title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အရိုးပွရောဂါအကြောင်းသိထားသင့်သည်များ
National Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ နေရာ လို့အဓိပ္ပါယ်ရပါတယ်။ Osteoporosis ဟာ အရိုးရဲ့ အရည်အသွေးကျဆင်းခြင်းဖြစ်ပြီး အရိုးတစ်ရှူးတွေကျုံ့လာခြင်းဖြစ်တယ် လို့ Medilexicon’s medical dictionary က ပြောထားပါတယ်။လူတွေဟာ ပိုအသက်ရှည်လာကြပြီးတော့ အထိုင်များတဲ့ အလုပ်တွေကို လုပ်လာကြတာကြောင့် အရိုးပွခြင်းဟာလည်း ပိုမိုများပြားလာပါတယ်။ လေ့လာမှုတစ်ခုက မူဝါဒ ပြုလုပ်သူတွေနဲ့ Funding agencies တွေဟာ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ဒီကိစ္စကို လုံလောက်အောင်ထည့်သွင်း စဉ်းစားခြင်း မပြုဘူးလို့ဆိုပါတယ်။အရိုးပွခြင်းကို မကာကွယ်ဘူးဆိုရင် (သို့) မကုသဘူးဆိုရင် သူဟာ ဘယ်လိုနာကျင်မှုမျိုးကိုမှ ဖြစ်ခြင်းမရှိပဲ ပိုမိုဆိုးရွားလာကာ အရိုးကျိုးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံးကတော့ တင်ပါးဆုံရိုး၊ ကြောရိုးမနဲ့ လက်ကောက်ဝတ်က အရိုးတွေ ကျိုးနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ ဆေးရုံတက်ဖို့လိုအပ်ပြီး ခွဲစိတ်ကုသမှုလည်း လိုအပ်ပါတယ်။ သူဟာ မကုသရင် ယေဘုယျ အားဖြင့် လမ်းမလျှောက်နိုင်ခြင်းနဲ့ နောက်ဆုံးမှာ သေဆုံးခြင်းကို ပါ ဖြစ်စေနိုင်ပါတယ်။ ကျောရိုးမနဲ့ ကျောရိုးအဆစ်တွေကျိုးခြင်းကတော့ ခါးနာခြင်းနဲ့ ပုံပျက်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။အရိုးပွခြင်းဟာ အချိန်များစွာ ကြာမြင့်တဲ့အထိ တဖြည်းဖြည်း ဆိုးဝါးလာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ စစချင်းမှာ ဘာလက္ခဏာမှ မပြပဲ သူ့ကို သတိထားမိဖို့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ အရိုးပွခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့။မတ်တပ်ရပ်ရန် ခက်ခဲခြင်း။ထိုင်ရန် ခက်ခဲခြင်း။ ဒီလိုပုံစံမျိုးဟာ အရိုးပွရောဂါ ဖြစ်ပွားနိုင်တဲ့ အသက်ကြီးတဲ့ သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။တကယ်လို့ အရိုးသိပ်သည်းဆ (သို့) အလေးချိန်ဟာ ပိုပြီး လျော့ကျလာမယ်ဆိုရင် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးမထဲမှာ ရှိတဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေခြင်းကတောင် အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။အသက်ကြီးတဲ့သူတွေမှာ အရိုးကျိုးတဲ့အခါ အရိုးဟာ သူကိုယ်တိုင် ပြန်ပြီး မပြုပြင်နိုင်တော့တာကြောင့် ပိုခံစားရပါတယ်။ ဒီလို မပြုပြင်နိုင်တော့တဲ့ အရိုးတွေဟာ အဆစ်ရောင်ခြင်းကိုဖြစ်စေပြီး နောက်ဆုံးမှာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပါတယ်။ အသက်ကြီးသူ များစုဟာ အရိုးကျိုးပြီးရင် နောက်ပိုင်းမှာ မမှီခိုပဲ နေနိုင်သူ ရှားပါးပါတယ်။အရိုးပွခြင်းဟာ နာကျင်ခြင်းမရှိပေမယ့် ဒီအခြေအနေဟာ အရိုးတွေကို ပိုမိုလွယ်ကူစွာ ကျိုးစေနိုင်ပြီး အရိုးကျိုးခြင်းကတော့ အလွန်နာကျင်စေပါတယ်။ အရိုးပွခြင်းနဲ့ ဆက်စပ်နေတဲ့ အဖြစ်များတဲ့ နာတာရှည် နာကျင်မှုတစ်ခုကတော့ ကျောရိုးမ ကျိုးခြင်းပဲ ဖြစ်ပါတယ်။ဘယ်အရာတွေက အရိုးပွခြင်းဖြစ်ပွားနှုန်းကို ပိုမိုမြင့်တက်စေသလဲ။ ဘယ်ရောဂါတွေက အရိုးပွခြင်းနဲ့ ဆက်စပ်နေပါသလဲ။အရိုးပွခြင်းဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အရာတွေ အများအပြားရှိပါတယ်။ သူတို့တွေကတော့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
Radial Neuropathy (ရေဒီယယ် အကြောရောဂါများ)
ရေဒီယယ်အကြောသည် လက်မောင်းအနောက်(တရိုင်ဆက်) တံတောင်ဆစ်အပြင်ဘက်( အပြင်အရိုးဖု)ကိုပတ်ပြီး လက်ဖျံအတိုင်းဆင်းကာ လက်မနှင့် လက်ညိုးကြားတွင်အဆုံးသတ်သည်။ အကြောဆိုင်ရာရောဂါဟူသည် အာရုံကြောလုပ်ဆောင်မှုမကောင်းခြင်းဖြစ်ပြီး အာရုံကြောလမ်းကြောင်းတစ်နေရာရာတွင်အဖိခံရသောကြော်ဖြစ်သည်။ယောက်ျားလေးများတွင်ပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရေဒီယယ် အကြောရောဂါများရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။နာခြင်း။အားနည်းခြင်း။ထုံခြင်း။ကျဉ်ခြင်း။ထိုလက္ခဏာများသည် လက်ဖျံအနောက် လက်ဖမိုး လက်မ သို့မဟုတ် လက်ချောင်း(လက်ညိုး လက်ခလယ် လက်သူကြွယ်တပိုင်း) တွင်ဖြစ်တတ်သော်လည်း လက်ချောင်းထိပ်များတွင်မဖြစ်တတ်ပါ။ရေဒီယယ် အကြောရောဂါများ(ရေဒီယယ် အကြောကိုဖိခြင်း)သည် လက်မောင်းအနောက် လက်တံတောင်ဆစ် သို့မဟုတ် လက်ဖျံ အတွင်းကြွက်သားနေရာများတွင်ပိုဖြစ်တတ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။အဓိကဖြစ်စေသောအကြောင်းအရင်းများမှာ။အာရုံကြောကိုတိုက်ရိုက်ထိခိုက်မိခြင်း သို့မဟုတ် ကြွက်သားအား ကြာရှည်စွာဖိထားခြင်းကြောင့် ယောင်ခြင်း သို့မဟုတ် ဘေးရှိ အဂါၤများကိုထိခိုက်ခြင်းတို့ကြောင့်ဖြစ်သည်။အမြင့်ပိုင်း ရေဒီယယ် အကြောရောဂါများသည် ရယ်ဒီယယ်အကြောအား လက်တံတောင်ဆစ်အထက်တွင်ဖြစ်ကဖြစ်တတ်ပြီး ချိုင်းထောက်ကောင်းကောင်းအသုံးမပြုခြင်း သို့မဟုတ် ကုလားထိုင်တွင် လက်အားအနားယူမှုများခြင်းတို့ကြောင့်ဖြစ်သည်။ရေဒီယယ်အကြောသည် လက်မောင်းဆီအနောက်ရှိ အကွေးလမ်းကြောင်းတွင် လည်းဖိမိနိုင်သည်။ များသောအားဖြင့် အိပ်နေချိန် မလှုပ်ရှားတာကြာခြင်းတို့ကြောင့်ဖြစ်နိုင်သည်။(စနေည အကြောညှပ်ခြင်း)ဟုခေါ်သည်။တံတောင်ဆစ်၊လက်ဖျံကိုက်ခြင်းသည် လက်လှန်ခြင်းမှောက်ခြင်းကိုထပ်ခါထက်ခါလုပ်ရသူများသို့မဟုတ် လက်ဖျ့မှောက်ထားရသူ သို့မဟုတ် လက်ကောက်ဝတ်ကွေးခြင်း(ရေဒီယယ်အကြောပေါ်တွင်ဖိအားများစေသည်) သူတို့တွင်ပိုဖြစ်တတ်သည်။မူလီရစ်ရသူများ ဘောပင်ဖြင့်စာအကြာကြီးရေးရသူ စာရိုက်သူ(ဒယ်လွန်၊အယ်လစ်) တို့တွင်ပိုဖြစ်တတ်သည်။ရေဒီယယ်အကြော၏ခံစားမှုအပိုင်း ထိမိခြင်း(ဝါတာဘတ်လက္ခဏာ)သည် လက်ပတ်နာရီတင်းတင်းဝတ်ခြင်း ဆီးချိုရောဂါရှိခြင်း ရူမတွိုက်အဆစ်ယောင်ခြင်း သို့မဟုတ် သိုင်းရွိုက်အလုပ်လုပ်မှုနည်းသူများတွင်ပိုဖြစ်နိုင်သည်။ရေဒီယယ် အကြောရောဂါများဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။လိင်။ ယောကျာ်းလေးများတွင်နှစ်ဆခန့်ပိုဖြစ်တတ်သည်။အလုပ်အကိုင်။ အားသုံးရခြင်းနှင့် ခဏခဏပြန်လုပ်နေရသောအလုပ်သို့မဟုတ် အားနှင့် နေသောပုံစံ။အရက်စွဲခြင်း နှင့် ဆေးလိပ်သောက်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါသမိုင်းကြောင်းမေးခြ်ငး။ ဖြစ်သောနေရာအပေါ်လိုက်၍ လက္ခဏာကိုမေးသည်။ တံတောင်ဆစ်အပြင်တွင် စူးခြင်းပူခြင်း ကိုက်ခြင်းနှင့် လက်မောင်းအနောက် လက်မသို့မဟုတ် လက်ညိုး လက်ခလယ်နှင့်လက် သူကြွယ်အနည်းငယ်တွငာ်ခြင်းဖြင့်လာနိုငသည်။ လက်ခနှင့် လက်ညိုး(ပထမလက်ချောင်းအကြား)တွင်ထုံခြင်း သို့မဟုတ် ကျဉ်ခြင်းတို့ဖြစ်တတ်သည်။ အချိန်ကြာလာသည်နှင့် အားဖျော့လာခြင်း လက်ကျွမ်းကျင်မှုများမရျိတော့ခြင်းနှင့် လက်ကောက်ဝတ်နှင့်လက်လှုပ်ရှားမှုများတွင် အားမရှိသည်ခံစားရတတ်သည်။ တခါတရံ လက်ကောက်ဝတ်ကျနေခြင်း လက်မှောက်နေရာမှ မလှန်နိုင်ခြင်းတို့ဖြင့်လည်းပြတတ်သည်။ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ ဖြစ်သောနေရာတွင်မူတည်သည်။ စမ်းသက်မှုတွင် လူနာသည် လက်တံတောင်ဆစ်မဆန့်နိုင်ခြင်း လက်ကောက်ဝတ်ကျနေခြင်း လက်ခသို့မဟုတ်လက်ချောင်းများကျနေခြင်း နှင့် လက်အားလှန်ရန်ခက်ခဲခြင်းတို့ပြတတ်သည်။ ရေဒီယယ်ထိနေပြီး လက်ချောင်းများမဆန့်နိုင်ပါက ရေဒီယယ် လှိုင်ခေါင်းတွင်ထိနေခြင်းဖြစ်နိုင်သည်။ ရေဒီယယ်လှိုင်ခေါင်းအပြင်အရိုးဖု အရှေ့ တွင်ထိပါကနာခြင်းနှင့် လက်ကောက်ဝတ်ဆန့်ပါက လက်ညိုးဆန့်ပါက သို့မဟုတ် လက်ဖျံမှောက်ပါက နာခြင်း တို့ရှိနေနိုင်သည်။ ဒသိပ်မပြင်းထန်သောကိစ္စများတွင် ဆန့်ထားသောလက်ညိုးကိုဖိချိန်တွင် အားနည်းနေခြင်းသို့မုတ် လှန်ထားသောအချိန်တွင် လက်ပြန်မှောက်ရန်အားမရှိခြင်းတို့သာပြတတ်သည်။စမ်းသက်မှုများ။ လှုပ်စြစ်ဖင့်ကြွက်သားကိုရိုက်ခြင်း နှင့် အာရုံကြောသွားနှုန်းစမ်းသက်မှုများက ရေဒီယယ် အကြောရောဂါများဟုအတည်ပြုရန်အကူအညီပေးနိုင်သည်။ အစောပိုင်းသိပ်မပြင်းထန်သောကိစ္စများတွင်သိပ်အတည်မပြုနိုင်ပါ။ ဓါတ်မှန်ရိုက်ခြင်းက အရိုးမကောင်းမှုများမဟုတ်သည်ကိုဖယ်ရှားပေးနိုင်သည်။ အကယ်၍ ရေဒီယယ် အကြောရောဂါများကိုဖြစ်စေသော အလုံးဟုသံသယဖြစ်ပါက အန်အာအိုင်ကိုရိုက်လိုက်မည်။ လစ်နိုကိန်းထိုးခြင်း(အာရုံကြောကိုပိတ်သည်) ဖြင့် အာရုံကြောကိုဖိထားခြင်းရှိမရှိသိနိုင်သည်။ရေဒီယယ် အကြောရောဂါများကိုကုသရာတွင်ဖြစ်စေသောအကြောင်းနှင့် ဖြစ်သောနေရာအပေါ်တွင်မူတည်သည်.လက်ကောက်ဝတ်ပုံမှန်ပုံစံအတိုင်းထုပ်စီးစီးခြင်းက ဖြစ်သောနေရာကိုအနားယူစေပြီး ရေဒီယယ်အကြောကိုသွားစွခြင်းအားသက်သာစေသည်။လက္ခဏာများကိုဆေးဆိုင်တိုင်းရနိုင်သော စတီးရွီုက်မဟုတ်သည့် အယောင်ကျဆေး(အန်အက်အေအိုင်ဒီ) သို့မဟုတ် ကော်တီကိုစတီးရွိုက်ထိုးခြင်းဖြင့် အာရုံကြောအနားတွင်ယောင်ခြင်း ဖောင်းခြင်းကိုသက်သာစေနိုင်သည်။ရုပ်ပိုင်းဆိုင်ရာကုထုံးများက အာရုံကြောကိုဖိထားသည့်ပျော့နေသောတစ်သျူးအားမာလာခြင်းဖြင့်ဆွဲဆန့်စေခြင်း ဘေးနားရှိကြွက်သားများကိုသန်မာလာစေရန်သုံးသည်။ ဆေးဝါးမဟုတ်သောကုထုံးများတွင် အရေပြားအပေါ်အား လျှပ်စစ်ပေးလှုံဆော်ပေးခြင်း နှင့် အပ်စိုက်ကုသပေးခြင်းကလည်းအခြားအကူအညီဖြစ်သောကုထုံးအဖြစ်အသုံးပြု့သည်။ တန်းနစ်တတောင်စစ်(တံတောင်စစ်အပြင်အရိုးစစ်ယောင်ခြင်း)ကြောင့် ရေဒီယယ် အကြောရောဂါများကိုပိုဆိုးလာစေနိုင်သည်။စောင့်ကြည့်ကုသကုထုံးများမအောင်မြင်ပါက ခွဲစိတ်ခြင်းပြုလုပ်ခြင်း။ လက်သီးစုပ်နိုင်အားတဖြည်းဖြည်းအားနည်းလာခြင်း သို့မဟုတ် လက်ကောက်ဝတ် လက်ချောင်းဆန့်ခြင်း အားနည်းခြင်းနှင့်အတူ လျပ်စစ်ဖြင့်ရောဂါအတည်ပြုလေ့လာ ချက်များ သို့မဟုတ် ပုံရိပ်ဖော်သော်လေ့လာချက်များကပုံမမှန်သောပုံစံ (ဥပမာ အရိုး ကြွက်သားတောင့်ခြင်း သို့မဟုတ် အရွတ် အရည်အိတ် အလုံး) က အာရုံကြောကိုညစ်နေသည်ဟုယူဆပါက ခွဲလိမ့်မည်။ ခွဲစိတ်ခြင်းကို နေရာအလိုက်ထုံဆေးသို့မဟုတ် တကိုယ်လေးမေ့ဆေးထိုးပြီးခွဲနိုင်သည်။ ခွဲစိတ်နေချိန်တွင်လက်ဖျံ အလွှာနှင့် ဘေးနားကကြွက်သားအလွာများကိုဆွဲဆန့်ခြင်းဖြင့် ရေဒီယယ် လှိုင်ခေါင်းကိုချဲ့ပေးလိမ့်မည်။ မှောက်သောကြွက်သားအားခွဲပြီး အနောက် အင်တရိုဆက်အာရုံကြောကိုကြည့်ခြင်းတို့လည်းပါဝင်သည်။ဖြစ်နေသောနေရာကိုဖယ်ထုတ်ပြီး ခွဲကြောင်းကိုပိတ်ကာအနာကျက်ရန်စောင့်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ရေဒီယယ် အကြောရောဂါများကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကြွက်တက်ခြင်းကိုသက်သာစေပြီး ကြွက်သားများတောင့်တင်းစေခြင်း ကြွက်သားကျုံခြင်းကိုကာကွယ်ပေးခြင်း နှင့် သွေးတွင်းသကြားဓါတ်ထိန်းရာတွင်ကူညီပေးခြင်းတို့လုပ်ပေးသည်။ကျန်းမာသောအစာစားခြင်းဖြင့် အာဟာရချို့တဲ့ခြင်းနှင့် အစာအိမ်အူလမ်းကြောင်းလက္ခဏာများကိုသက်သာစေသည်။ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သည် သွေးလည်ပတ်မှုကိုမကောင်းစေပဲ အာရုံကြောဆိုင်ရာလက္ခဏာများကိုပိုဆိုးစေသည်။အချို့အာရုံကြောများကိုဖိထားသည့်နေထိုင်ပုံများကိုရှောင်ပါ။ဥပမာ ဒူးချိတ်ထိုင်ခြင်း။ဖြစ်သောနေရာတွင်နှိပ်နယ်ပေးခြင်းဖြင့် အာရုံကြောနှင့်သွေးလည်ပတ်မှုကိုနှုံဆော်ပေပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/radial-neuropathy-%e1%80%9b%e1%80%b1%e1%80%92%e1%80%ae%e1%80%9a%e1%80%9a%e1%80%ba-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bb%e1%80%ac/
အားဖြည့်အချိုရည်ဆိုရင် နိုးပါ လို့ မေမေတို့တွေးသင့်တဲ့အကြောင်းရင်း
အားဖြည့်အချိုရည်ဆိုတဲ့ နာမည်ကိုက ဝယ်သောက်ချင်စရာဖြစ်နေတာ။သောက်လိုက်ရင် အားပြည့်လန်းဆန်းမယ်ဆိုတော့ လူကြီးလူငယ်နှစ်သက်လောက်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာတောင် အားဖြည့်အချိုရည်ကိုအရမ်းအားမထားဖို့၊ စွဲမသောက်ဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတယ်ဆိုတော့ နုနယ်တဲ့ကလေးတွေအတွက်ဆို လုံးဝမရွေးချယ်သင့်တဲ့သောက်စရာတွေပါ။အချိုရည်ဆို လာထား အမြဲလက်ကမ်းနေတတ်တဲ့ ကလေးတွေကို စိတ်ကျေနပ်အောင်၊ငြိမ်ရင်ပြီးရော မလိုက်လျောသင့်ပါဘူး။ အားဖြည့်အချိုရည်တွေလို ကဖင်းဓါတ်များတဲ့သောက်စရာတွေက ကလေးတွေအတွက်ဘေးကင်းမှုမရှိနိုင်ပါဘူးနော်။အိမ်နား ကျောင်းနားက မုန့်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အားဖြည့်အချိုရည်တွေဟာဈေးနှုန်းအစားအစား၊ တံဆိပ်အမျိုးမျိုးနဲ့ ဆွဲဆောင်လျက်ရှိပါတယ်။ ဆယ်ကျော်သက်တွေမှာတောင် များများသောက်ဖို့မသင့်တော်တဲ့ ဒီအချိုရည်တွေကို ၅ နှစ်အောက်ကလေးတွေအတွက် လုံးဝကိုမတိုက်ကျွေးသင့်တာပါ။အားဖြည့်အချိုရည်အများစုက အချိုနဲ့ ကဖင်းပမာဏတပုံတပင်ပါဝင်တာဖြစ်ပြီး တစ်ဘူးမှာ တစ်ခါတလေကော်ဖီတစ်ခွက်စာကနေ သုံးခွက်စာလောက် ကဖင်းဓါတ်တွေပါနိုင်သေးတယ်။ အချိုများခြင်းကြောင့်လည်း ကလေးတွေသွားပျက်စီးစေတာနဲ့ အဝလွန်တာတွေဖြစ်စေနိုင်သေးတယ်။ပေးလာမယ့် အာဟာရဓါတ်ကမရှိသလောက်ဖြစ်ပြီး ဆိုးကျိုးကပိုများပါတယ်။နောက်ထပ်ပိုဆိုးတာက ကဖင်းဓါတ်များရင် ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတွေမှာအာရုံစူးစိုက်နိုင်စွမ်းနဲ့လေ့လာမှတ်သားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ကဖင်းသောက်သုံးမှုလွန်ကဲရင် –။ဒါပေမယ့် ၅ နှစ်အောက်ကလေးတွေမှာတော့ ကဖင်းပမာဏနည်းနည်းသောက်တာနဲ့ ဒီလက္ခဏာတွေခံစားရနိုင်ပါတယ်။ရောဂါအခံရှိတဲ့ကလေးတွေ ဒါမှမဟုတ်ဆေးတမျိုးမျိုးသောက်နေရတဲ့ကလေးတွေဆို ပိုဆိုးပါတယ်။ဒီလိုအန္တရာယ်များတဲ့သောက်စရာကို ကိုယ့်ရဲ့ကလေးတွေကို မတိုက်သင့်ဘူးဆိုတာမေမေတို့ သတိအမြဲထားကြပါနော်။ ဒီတော့ ဘာတွေတိုက်မလဲ။ ကလေးတွေအတွက် ဖွံ့ဖြိုးကြီးထွားမှုနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို အားဖြည့်ပေးနိုင်မှာက ဗီတာမင်နဲ့သတ္တုဓါတ်၊ အာဟာရဓါတ်တွေပါ။ဘေးဖြစ်စေမယ့်အရာတွေမပါဘဲ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြည့်ဆည်းပေးနိုင်မယ့်ဖြည့်စွက်အာဟာရတွေ အများကြီးပါ။ ကလေးတွေရဲ့ တစ်နေ့တာစားသုံးတဲ့အာဟာရကနေ မလုံလောက်တဲ့ဓါတ်တွေကို သူတို့ကဖြည့်ဆည်းပေးပါလိမ့်မယ်။ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ ယုံကြည်စိတ်ချရတဲ့ဖြည့်စွက်အာဟာရအမှတ်တံဆိပ်တွေကိုရွေးချယ်ပါ။အချိုရည်တောင်းနေရင် ရော့ အင့် ဆိုပြီး ဖြည့်စွက်အာဟာရတွေသာဖျော်တိုက်လိုက်၊ အနံ့အရသာက ကလေးတွေအကြိုက်ထုတ်ထားကြတာမို့ သဘောကျကြမှာပါ။ အရသာရိုးအီလာပြီး ကလေးကငြီးငွေ့လာပြီဆို အသီးအနှံလေးတွေနဲ့ပေါင်းစပ်ပြောင်းလဲလိုက်ပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/are-energy-drinks-safe-for-kids/
ခါးနာတာကို ဘယ်လိုကုသမလဲ
ခါးနာတာကို ဘယ်လိုကုသမလဲ ….. ခါးနာဝေဒနာကိုခံစားနေရတဲ့အခါ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပြုလုပ်ရတာ အခက်အခဲရှိလာပါတယ်။ ဒီဝေဒနာခံစားနေရသူအများအပြားဟာ ပုံမှန်လှုပ်ရှားမှုတွေကို ကောင်းစွာ ပြုလုပ်နိုင်ခြင်းမရှိဘဲ လစဉ်ဆရာဝန်နဲ့သွားရောက်ပြသပြီး ကုသမှုတွေကိုခံယူရလေ့ရှိပါတယ်။ သင်ဝေဒနာခံစားနေရတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လောက်ထိဆိုးရွားသလဲ၊ တခြားလိုအပ်ချက်တွေရော ဘာတွေရှိသေးလဲ အစရှိတဲ့အချက်တွေပေါ်မူတည်ပြီးခါးနာခြင်းကိုကုသမယ့်နည်းလမ်းတွေ ကွာခြားပါလိမ့်မယ်။ နာတာရှည်ခါးနာခြင်းအတွက် အသုံးဝင်ထိရောက်မယ့် ကုသမှုနည်းလမ်းတချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။ခါးနာတာကို ဘယ်လိုကုသမလဲ ဆိုတော့။ခါးနာဝေဒနာရှင်အများစုနဲ့ သင့်တော်တဲ့ပထမဆုံးကုသမှုနည်းလမ်းကတော့ ဆေးသောက်ခြင်းပဲ ဖြစ်ပါတယ်။ စစချင်းမှာ ဆရာဝန်ဆေးစာမလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုသုံးစွဲနိုင်ပြီး မသက်သာဘဲပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြသပြီး ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက် အသုံးပြုတဲ့ဆေးတွေကတော့-။•ပါရာစီတမောလိုမျိုး အလွယ်တကူဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ဒါမှမဟုတ် naproxen sodium၊ ibuprofen တို့လိုမျိုး စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲခြင်းအားဖြင့် လတ်တလောခါးနာခြင်းကို သက်သာစေပါလိမ့်မယ်။•ကြွက်သားတွေကိုဖြေလျှော့ပေးနိုင်တဲ့ ဆေးတွေဟာလည်း နောက်ကျောအတန်အသင့်နာကျင်ခြင်းကို သက်သာစေနိုင်မှာဖြစ်ပြီး ငိုက်မျည်းတာကိုတော့ ဖြစ်စေနိုင်ပါတယ်။• အကိုက်အခဲပျောက်ခရင်မ်၊ ဂျဲလ်၊ အရည်စတာတွေကိုလည်း နာကျင်တဲ့နေရာပေါ် အသာအယာပွတ်သပ်လိမ်းပေးနိုင်ပါတယ်။• codeine ဒါမှမဟုတ် hydrocodone အစရှိတဲ့ (စွဲလမ်းစေတတ်သော)အကိုက်အခဲပျောက်ဆေးအပြင်းစားတွေကိုလည်း ဆရာဝန်ရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ကာလတိုသုံးစွဲနိုင်ပါတယ်။• ricyclic antidepressants, amitriptyline စတဲ့ စိတ်ကျရောဂါပျောက်ဆေးတွေဟာလည်း ကာလရှည်နောက်ကျောနာကျင်ခြင်းအချို့ကို သက်သာစေတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။• ထိုးဆေးများ။ ။ အာရုံကြောအမြစ်တွေထဲကို ကော်တီဆုန်းထိုးဆေးထိုးသွင်းခြင်းဟာလည်းရောင်ရမ်းနာကျင်မှုတွေကိုသက်သာစေတယ်ဆိုပေမယ့် ဒီအာနိသင်ဟာ လအနည်းငယ်ပဲ ခံလေ့ရှိပါတယ်။နာတာရှည်ခါးနာခြင်းအတွက် ဆေးဝါးကုသခြင်းအပြင် နာကျင်မှုကို သဘာဝအတိုင်းထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဆရာဝန်တွေအနေနဲ့ညွှန်ကြားလေ့ရှိပါတယ်။• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း ။ ။ သင့်ဆရာဝန်အနေနဲ့ သင့်ကိုအရည်အချင်းပြည့်ဝတဲ့ ဆရာဆီလမ်းညွှန်ပေးမှာဖြစ်ပြီး အဆိုပါဆရာအနေနဲ့သင့်ကြွက်သားတွေသန်မာလာပြီး ကိုယ်နေဟန်ထား တိုးတက်မှန်ကန်လာစေဖို့လေ့ကျင့်ခန်းတွေကို သင်ကြားပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။• လှုပ်ရှားမှုကို ပိုမိုအဆင်ပြေအောင်လေ့ကျင့်ပေးတာ၊ နှိပ်နယ်ပေးတာစတဲ့ ကုသမှုတွေကိုလည်း ကျွမ်းကျင်သူတွေအကူအညီနဲ့ဆောင်ရွက်နိုင်ပါတယ်။• အပ်စိုက်ခြင်း ။ ။ ခန္ဓါကိုယ်ရဲ့နေရာအနှံ့အပြားကို အပ်အသေးလေးတွေနဲ့စိုက်ပြီးကုသခြင်းဟာလည်း နောက်ကျောနာကျင်မှုကို သက်သာစေနိုင်တယ်ဆိုတာသိရှိခဲ့ကြပြီး ဖြစ်ပါတယ်။• လျှပ်စစ်ဓါတ်အသုံးပြုပြီး ကုသခြင်း။ ။ အာရုံငါးပါးခံစားမှုကို ထိန်းချုပ်ထားတဲ့အာရုံကြောစနစ်ကို လျှပ်စစ်ဓါတ်ဗို့အားအနည်းငယ်ပေးပြီး ကုသခြင်းဟာလည်း နောက်ကျောနာကျင်ကိုက်ခဲမှုကို သက်သာလျော့ပါးစေနိုင်ပါတယ်။• အရေပြားအပေါ်ယံလွှာကို အပူဓါတ်သို့မဟုတ်အအေးဓါတ်ပေးပြီး ကုသခြင်း ။ ။ ရေခဲကပ်တာ၊ ရေနွေးကပ်တာ၊ diathermyလို့ခေါ်တဲ့ အပူဓါတ်ပေးပြီး ကုသတာစတဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။• အမူအကျင့်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ။ ။ Cognitive therapy လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေကို အသုံးပြုပြီး နာကျင်ခြင်းသက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။• လေ့ကျင့်ခန်းလုပ်ခြင်း။ ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကိုဆွဲဆန့်ဖြေလျှော့ပေးနိုင်ပြီး သန်မာစေတဲ့အပြင် ယောဂလိုလေ့ကျင့်ခန်းတွေပြုလုပ်ပေးမယ်ဆိုရင် ကိုယ်နေဟန်ထားကိုပါ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို ပိုဆိုးလာစေမယ်ဆိုရင်တော့ တချို့လေ့ကျင့်ခန်းတွေကိုရှောင်ကျဉ်တာ ဒါမှမဟုတ် မိမိနဲ့ကိုက်ညီအောင်မွမ်းမံတာမျိုး လုပ်ပေးရပါမယ်။အထက်မှာဖော်ပြခဲ့တဲ့ ကုသမှုနည်းလမ်းတွေနဲ့မသက်သာတာ ဒါမှမဟုတ် ပိုဆိုးလာတာမျိုးတွေအတွက် ခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်လေ့ရှိတဲ့ ခွဲစိတ်မှုနှစ်မျိုးကတော့။•ကျောရိုးဆစ်ကြား အချပ်ပြားဖယ်ထုတ်ခြင်း ။ ။ အနီးတဝိုက်ရှိအာရုံကြောတွေကိုဖိနေတာကနေ သက်သာရာရစေဖို့အတွက် ကျောရိုးဆစ်နှစ်ခုအကြားထဲက အဆစ်ခွေအချပ်ပြားရဲ့တစိတ်တပိုင်းကို ဖြတ်ထုတ်ရပါမယ်။• ကျောရိုးဆစ်ဖြတ်ထုတ်ခြင်း ။ ။ ပင်မကျောရိုးကြီးတည်ငြိမ်မှုရရှိပြီး နာကျင်တာတွေကို သက်သာစေဖို့အတွက်နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ကျောရိုးဆစ်တွေကို ဖြတ်ထုတ်ခြင်းပဲ ဖြစ်ပါတယ်။အထက်ဖော်ပြပါ ခွဲစိတ်မှုတွေဟာပင်မကျောရိုးကြီးထဲမှာရှိတဲ့ အာရုံကြောတွေအပေါ်ဖိနှိပ်ထားမှုကို ဖယ်ရှားပေးပြီး နာကျင်မှုတွေကိုသက်သာစေတာ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ ရာနှုန်းပြည့်အောင်မြင်မှုရှိချင်မှရှိမှာဖြစ်ပြီး အခြားသောဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အဆိုပါခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ပတ်သက်လို့ခွဲစိတ်မှုမပြုလုပ်မီ သင့်ခွဲစိတ်ဆရာဝန်နဲ့သေချာစွာတိုင်ပင်ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။ကျန်းမာရေးနဲ့သင့်လျော်ညီညွတ်တဲ့နေထိုင်မှုပုံစံအတိုင်း နေထိုင်ခြင်းဟာအကောင်းဆုံးသောကာကွယ်မှုဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ခံနိုင်ရည်နဲ့ခွန်အားကို မြှင့်တင်ပေးနိုင်ပြီးကြွက်သားတွေကိုလည်း ပိုပြီးထိထိရောက်ရောက်အလုပ်လုပ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို သင့်တော်မျှတတဲ့ပမာဏအတိုင်းအတာထဲမှာပဲ ရှိနေအောင်ထိန်းထားဖို့ကလည်း အရေးကြီးပါတယ်။ အဝလွန်ခြင်းဟာ နောက်ကျောကြွက်သားတွေကို ဒါဏ်ပိုဖြစ်စေတဲ့အတွက် ခါးနာခြင်းကိုကာကွယ်ဖို့အတွက် သင့်အနေနဲ့အဝလွန်နေပြီလို့ထင်ရင် ကိုယ်အလေးချိန်ချဖို့အမြန်ဆုံးကြိုးစားရပါမယ်။ မူမမှန်တဲ့အနေအထားနဲ့အချိန်ကြာကြာမတ်တပ်ရပ်တာ၊ ထိုင်တာ ဒါမှမဟုတ် အလေးအပင်တွေကိုမကြာခဏ‘မ’တာတွေဟာ ကျောရိုးကိုဒါဏ်ဖြစ်စေတဲ့အတွက် နောက်ကျောနာကျင်ခြင်းကို ခံစားရစေနိုင်ပါတယ်။ မှန်ကန်သင့်တော်တဲ့ဖိနပ်စီးတာ ဒါမှမဟုတ် အချိန်ကြာကြာထိုင်ရတော့မယ်ဆိုရင် ကျောမှီနဲ့ထိုင်တာ အစရှိတဲ့အချက်လေးတွေကို လိုက်နာကျင့်သုံးပေးရပါမယ်။ ဒီအချက်လေးတွေကိုပေါင်းစပ်လိုက်နာပေးမယ်ဆိုရင်တော့ သင့်အနေနဲ့နဂိုမူလအတိုင်းတဖန်ပြန်ပြီး လှုပ်ရှားသွားလာနိုင်မှာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က သင်ချမှတ်ထားတဲ့အစီအမံအတိုင်း တသွေမတိမ်းလိုက်နာဖို့ပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/back-pain-management/
ဆယ်ကျော်သက်တွေမှာ နာတာရှည်ခေါင်းကိုက်ခြင်းတွေကို ဘိုတောက်စ်ဘတ်တီးရီးယား နဲ့ ဘယ်လိုသက်သာစေမလဲ
နာတာရှည် ခေါင်းကိုက်ခြင်းတွေဟာ ကြောက်စရာကောင်းပါတယ်။ သူတို့ဟာ သင့်ရဲ့ ပညာရေးနဲ့ အလုပ်ကို ထိခိုက်စေရုံသာမက လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးတွေပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်မှု ရှိပါတယ်။ နာတာရှည် ခေါင်းကိုက်ခြင်းဟာ ကုသရခက်ခဲပြီး ကုသမှုအတော်များများနဲ့ မပျောက်ကင်းနိုင်ပါဘူး။ဒါပေမယ့် ၂၀၁၀ မှစပြီး သိပ္ပံပညာရှင်တွေဟာ အစွမ်းထက်တဲ့ ကုသနည်းတစ်ခုကို တီထွင်ခဲ့ကြပါတယ်။ Botox injection ပဲ ဖြစ်ပါတယ်။Clostridium botulinum ဟာ အစာတွေထဲမှာ ပါဝင်ပြီး သေစေနိုင်တဲ့ အဆိပ်ကို ထုတ်ပေးနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို အနည်းငယ်သာ အသုံးပြုမယ်ဆိုရင် ဒီအဆိပ်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ သူ့ကို Botox နာမည်နဲ့ ထုတ်လုပ်ကြပါတယ်။Botox ကို အောက်ပါအခြင်းအရာတွေ ကုသဖို့ အသုံးပြုကြပါတယ်။အသက် ၁၈ နှစ်အောက် (သို့) အခြား ခေါင်းကိုက်မှုတွေ ဖြစ်တဲ့ ပေါ်လိုက်ပျောက်လိုက် ခေါင်းကိုက်ခြင်း၊ cluster headache၊ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းတွေဟာ ကုသမှုနဲ့ မသင့်လျော်ပါဘူး။ကိုယ်ခန္ဓါအတွင်းကို ထိုးသွင်းလိုက်မယ်ဆိုရင် Botox ဟာ အာရုံကြောတွေကို ပိတ်ဆို့ပြီး ထိုးလိုက်တဲ့နေရာက ကြွက်သားအချို့ကို သေစေတာမို့ လူနာရဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။နာတာရှည် ခေါင်းကိုက်ခြင်းတွေကို ကုသဖို့အတွက် Botox ထိုးသွင်းခြင်းကို သုံးလတစ်ခါ ပြုလုပ်ကြပါတယ်။ ၂ ခါကနေ ၄ ခါအထိ ပြုလုပ်ရပြီး ဆေးတစ်ခါ ထိုးသွင်းခြင်းဟာ ပုံမှန်အားဖြင့် ၁၅ မိနစ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။Botox ဆေးထိုးမှုရဲ့ ဆိုးကျိုးတွေကြောင့် သူ့ကို နောက်ဆုံးကုသမှုအဖြစ် စဉ်းစားကြပါတယ်။ ဆရာဝန်တွေက လူနာတွေမှာ နာတာရှည် ခေါင်းကိုက်ခြင်းကို သက်သာစေဖို့ လူနေမှုပုံစံတွေ ပြောင်းလဲခြင်း၊ ဆေးတွေ ဖြစ်တဲ့ cyproheptadine, topiramate, amitriptyline သို့ gabapentin တို့ကို အစပိုင်းမှာ အသုံးပြုစေမှာ ဖြစ်ပါတယ်။Botox ထိုးသွင်းမှုကို အထက်ပါ ကုသမှုတွေ အစွမ်းမထက်မှသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ဆိုးကျိုးတွေကတော့။ခေါင်းကိုက်ခြင်းတွေကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b/
လိင်ဆက်ဆံပါ များရင် မိန်းမကိုယ် ကျယ်လာနိုင်သလား
မိန်းမကိုယ် ကျဉ်းဆေးတွေကို အွန်လိုင်းမှာ အများအပြားတွေ့လာရတာက အမျိုးသမီးတွေက ကိုယ့်ရဲ့ မိန်းမကိုယ်နဲ့ ပတ်သတ်ပြီး အကျဉ်းအကျယ်တွေကို အာရုံစိုက်လာတယ်ဆိုတဲ့ လက္ခဏာပါပဲ။ အမျိုးသားတွေက မိမိအိမ်ထောင်ဖက်အပေါ်မှာ စိတ်ပျက်သွားမှာကို စိုးရိမ်တာလည်း ပါနိုင်ပါတယ်။ အထူးသဖြင့်တော့ လိင်ဆက်ဆံပါ များရင် မိန်းမကိုယ် ကျယ်လာနိုင်သလား ဆိုပြီး စိုးရိမ်ကြပါတယ်။ မိန်းမကိုယ်က ထင်ထားသလောက် ကျဉ်းလွယ်ကျယ်လွယ်တဲ့ အင်္ဂါရပ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။မိန်းမကိုယ် (တစ်နည်းအားဖြင့် မွေးလမ်းကြောင်း)ရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းက အံ့သြစရာပါ။ မြင်သာအောင် ပြောရရင်  မျက်နှာသုတ်ပဝါတစ်ခုကို လုံးထွေးပြီး ခြေအိတ်ထဲကို ထည့်လိုက်ပါ။ ပြီးရင် ခြေအိတ်အဝကို လက်နှစ်ဖက်နဲ့ ညှစ်ပြီး ပိတ်ထားပါ။ ခြေအိတ်က မိန်းမကိုယ်ပါ။ မျက်နှာသုတ်ပဝါက မိန်းမကိုယ် ကြွက်သားတွေပါ။ ညှစ်ပိတ်ထားတဲ့ လက်နှစ်ဖက်က တင်ပဆုံကွင်းထဲက ကြွက်သားတွေပါ။လက်တွေ့မှာလည်း မိန်းမကိုယ်က ဒီလို အကြားအလပ်မရှိအောင် ပြည့်ကျပ်နေတာပါ။ ဒါ့ပြင် ကြွက်သားတွေကလည်း တခြားကြွက်သားတွေလိုပဲ ကျုံ့နိုင်ဆန့်နိုင်ပါတယ်။ လွယ်လွယ်နဲ့ ကျယ်သွားတယ်ဆိုတာမျိုး မရှိပါဘူး။ဥပမာ ပြရရင် ပါးစပ်ကို နားရွက်နားထိရောက်အောင် ဆွဲကြည့်၊ ပြီးရင် ပြန်လွှတ်ကြည့် ပါးစပ်ပြဲလာတယ်လို့မှ မရှိတာ။ နေ့တိုင်းဆွဲ နေ့တိုင်း ဒီတိုင်း ပြန်ဖြစ်ပါတယ်။ မိန်းမကိုယ်က ကြွက်သားတွေက ပါးစပ်က ကြွက်သားတွေထက်တောင် သန်မာပါသေးတယ်။ ဒီတော့လိင်ဆက်ဆံရုံနဲ့ မိန်းမကိုယ်က အလွယ်တကူ ကျယ်မလာပါဘူး။မိန်းမကိုယ် ကျယ်လာနိုင်တဲ့အချိန် ၂ခုပဲ ရှိပါတယ်။ ကလေးမွေးတာနဲ့ အသက်ကြီးလာတာပါ။ကလေးမွေးတာတောင်မှ အသက် ၃၀အောက်မှာ မွေးတယ်။ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ မွေးတယ်ဆိုရင် မကျယ်ပါဘူး။ ကလေးတစ်ယောက်လုံး ထွက်ထားတာတောင် မိန်းမကိုယ်က ပြန်ကျုံ့နိုင်ပါတယ်။မီးနေသည်တွေရဲ့ မျိုးပွားအင်္ဂါတွေက ၆လလောက်ဆိုရင် နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ။Kegel exercisesလို့ ခေါ်တဲ့ ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ရင် ပိုတောင်မကျယ်ပါသေးတယ်။ကလေးအများကြီး မွေးတဲ့သူ၊ ခပ်စိတ်စိတ်လေး မွေးတဲ့သူ၊ အသက်ကြီးမှ ကလေးမွေးတဲ့သူဆိုရင်တော့ ကျယ်နိုင်ခြေရှိပါတယ်။ ဒါကလည်း ဟောင်းလောင်းပေါက် ကျယ်သွားတာမဟုတ်ပါဘူး။ ကြွက်သားတွေ အားပျော့သွားလို့ ချောင်သွားတဲ့ သဘောပါပဲ။အသက်ကြီးလာရင် အထူးသဖြင့်သွေးဆုံးလာရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် မိန်းမကိုယ်ခြောက်သွေ့တာ၊ ကြွက်သားတွေ အားနည်းလာပြီး မိန်းမကိုယ်ချောင်သလို ဖြစ်တတ်ပါတယ်။ ဒါက ကလေးမွေးမွေး မမွေးမွေး ဖြစ်တတ်ပါတယ်။လိင်ဆက်ဆံတဲ့အချိန်မှာ မိန်းမကိုယ်ကြွက်သားတွေက တင်းထားတာတွေ လျှော့ထားပါတယ်။ ဒါက သဘာဝပါ။ ဒါမှ မိန်းမကိုယ်ထဲကို အမျိုးသားအင်္ဂါထည့်လို့ရမှာပါ။ ကျပ်လွန်းနေတယ်ဆိုရင် လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးက မိန်းမကိုယ်နာတာ၊ အတူနေဖို့ ခက်တာ ဖြစ်တတ်ပါတယ်။အတူနေလို့မရအောင် ကျပ်နေတယ်ဆိုရင် အမျိုးသမီးက လိင်ကိစ္စမှာ စိတ်မပါတာ၊ သက်သောင့်သက်သာ မဖြစ်သေးတာ၊ ကြောက်ပြီး ကြွက်သားတွေကို ညှစ်ထားတာ ဖြစ်နိုင်ပါတယ်။အဆင်သင့်ဖြစ်ပြီဆိုမှ မိန်းမကိုယ်ကြွက်သားတွေက အနည်းငယ် ချောင်လာပြီး ပြီးသွားပြီဆိုရင်တော့ နဂိုအတိုင်းပဲ ပြန်ဖြစ်သွားမှာပါ။ဒါကြောင့် အမျိုးသားက မိန်းမကိုယ်ချောင်တယ်လို့ ပြောတဲ့အခါ ကိုယ့်ကိုယ်ကို မလုံမလဲ မဖြစ်ပါနဲ့။ ဒါနဲ့လည်း အပျိုဟုတ်မဟုတ် ခွဲလို့ အဆင်မပြေပါဘူး။ မိန်းမကိုယ်ချောင်နေတာ မဟုတ်ဘဲလိင်တံသေးနေတာလည်း ဖြစ်နိုင်ပါတယ်။ဒီနောက်ပိုင်းမှာ အမျိုုးသမီးတွေက မိန်းမကိုယ်ချောင်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ များလာကြပါတယ်။ တကယ်လည်းပဲ ချောင်တယ်လို့ ခံစားရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်ရတာက ဒီနောက်ပိုင်းမှာ အမျိုးသမီးတွေက အိမ်ထောင်ပြုကလေးမွေးတာ နောက်ကျလာလို့ပါ။ အစောဆုံးဆိုရင်တောင် အသက် ၃၀၊ တချို့ဆို ၄၀ နားကပ်မှ ယူပြီး ကလေးမွေးကြပါတယ်။ သားဆက်ခြားဖို့လည်း အချိန်သိပ်မရှိတော့ ၂ယောက်၊ ၃ယောက်လောက် ခပ်စိတ်စိတ်လေး မွေးပြီးပြီဆိုရင် သွေးဆုံးချိန်ရောက်သွားပါပြီ။ ကလေးမွေးတာ၊ သွေးဆုံးတာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့အတွက် မိန်းမကိုယ်ချောင်တယ်လို့ ခံစားရတာပဲ ဖြစ်ပါတယ်။လက်ရှိမှာ မိန်းမကိုယ်ချောင်တာကို ဆေးတွေသောက်၊ ဆေးတောင့်တွေ ထည့်တာရှိပေမယ့် ဒါတွေက သိပ္ပံနည်းကျလေ့လာထားတာ မဟုတ်တဲ့အတွက် ဘာမှမပြောနိုင်ပါဘူး။ မဟုတ်တဲ့ဆေးတွေဖြစ်နေရင် ကောင်းကျိုးထက် ဆိုးကျိုး ပိုများမှာပါ။ခွဲစိတ်ပြုပြင်တာတွေ ရှိပေမယ့် ဒါက ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စိတ်ချရတဲ့ နေရာမှာ လုပ်မှ အဆင်ပြေပါတယ်။ ဒါ့ပြင် ငွေကုန်ကြေးကျလည်း များနိုင်ပါတယ်။ဒါကြောင့် မိန်းမကိုယ်ချောင်တယ်လို့ ပြောလာကြတဲ့ အမျိုးသမီးတွေကို ဆရာဝန်တွေက လေ့ကျင့်ခန်းပဲ ညွှန်လေ့ရှိပါတယ်။Kegel exercisesလို့ ခေါ်ပါတယ်။ တင်ပဆုံကွင်းက ကြွက်သားတွေကို သန်မာအောင် လုပ်တဲ့ နည်းလမ်းပါ။တင်ပဆုံးကွင်း ကြွက်သားတွေက လွဲပြီး ဗိုက်၊ ပေါင်၊ တင်ကြွက်သားတွေကို မသုံးပါနဲ့။ ပုံမှန်အတိုင်း အသက်ရှူပါ။ တစ်ခါလုပ် ၁၀ခါနဲ့ တစ်နေ့ကို ၂-၃ကြိမ် လုပ်ပေးပါ။ မိန်းမကိုယ်ကြွက်သားကလည်း တခြားကြွက်သားတွေလိုပဲ အချိန်ယူလေ့ကျင့်ရပါတယ်။ ၆လလောက်ဆိုရင် သိသာလာပါပြီ။ နောက်ပိုင်း ကျွမ်းသွားရင် လှဲရင်း၊ ထိုင်ရင်း၊ မတ်တပ်ရပ်ရင်း လုပ်လို့ရပါတယ်။ ဒီလေ့ကျင့်ခန်းက ဆီးမထိန်းနိုင်တာ၊ သားအိမ်ကျွံတာတွေကိုလည်း သက်သာစေပါတယ်။ဒီတော့ ကလေးအများကြီး မွေးထားတာနဲ့ အသက်ကြီး သွေးဆုံးတာကလွဲရင် မိန်းမကိုယ်က ချောင်ဖို့ ခက်ပါတယ်။ လိင်ဆက်ဆံပါများလို့ မိန်းမကိုယ်ချောင်တယ်ဆိုတာ မဟုတ်ပါဘူး။ မိန်းမကိုယ်ရဲ့ ကြွက်သားတွေက သင်ထင်ထားတာထက် အများကြီးသန်မာပြီး ကျုံ့နိုင်စွမ်းကောင်းပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/can-vagina-loose-due-to-frequent-sex/
ကြာဆေးနဲ့ ပတ်သက်ပြီး အမျိုးသားထုကြီး သိချင်နေတဲ့ မေးခွန်းတွေ
ပန်းသေပန်းညှိုးဖြစ်တဲ့ အမျိုးသားတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ အဓိက အားသာချက်တွေက။• လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်းကို မြင့်စေတယ်။•လိင်တံထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတယ်။• ဆက်ဆံအား ကောင်းစေတယ်။•သုက်လွှတ်ရန် အချိန်ပိုနှေးစေပါတယ်။ပန်းသေပန်းညှိုးဆိုတာ တိုတိုပြောရမယ်ဆိုရင် အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်တဲ့ ရောဂါပါ။ အသက်၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ဇရာကြောင့် ကျားဟော်မုန်းနည်းပြီးပန်းသေပန်းညှိုးဖြစ်လာတတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာပါ နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းကြောင့် ပန်းသေပန်းညှိုးနဲ့ ဆင်တူလက္ခဏာတွေ အဖြစ်များလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့်၊ သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေပါတယ်။လိင်တံထောင်မတ်ခြင်း ဖြစ်စေဖို့ ဦးနှောက်က အထိအတွေ့၊ စိတ်ခံစားချက်၊ မြင်ကွင်း စတာတွေနဲ့ လှုံ့ဆော်မှုကို ပေးပါတယ်။ အဲ့နောက်မှာ ခန္ဓာကိုယ်အနှံ့မှာ ရှိတဲ့ သွေးတွေဟာ လိင်အင်္ဂါထဲမှာ ရှိတဲ့ သွေးကြောထဲကို စီးဆင်းသွားပြီး ထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။ထောင်မတ်ခြင်းကို ထိန်းထားဖို့ သွေးကောင်းစွာ စီးဆင်းနေဖို့ လိုပါတယ်။ သုက်လွှတ်ပြီးပြီဆိုတာနဲ့ စုနေတဲ့ သွေးတွေဟာ ခန္ဓာကိုယ်နေရာအနှံ့ကို ပြန်လည်စီးဆင်းသွားပါတယ်။ ကြာဆေးဟာ လိင်အင်္ဂါနဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးကြောတွေကို ကျယ်သွားစေပြီး သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်စေပါတယ်။ သွေးစီးဆင်းမှုနှုန်း မြန်လာတာနဲ့အမျှ ထောင်မတ်မှုအား ပိုကောင်းလာတာပဲဖြစ်ပါတယ်။ကြာဆေး သောက်ပြီး နာရီဝက်မှ တစ်နာရီအတွင်း အာနိသင်စပြီး ပြလာပါတယ်။ထောင်မတ်ခြင်းမရှိတော့တဲ့တိုင်အောင် ဆေးအရှိန်ဟာ ခန္ဓာကိုယ်ထဲမှာ အကြာဆုံး ၄နာရီခန့် ရှိနေနိုင်ပါတယ်။ ကိုယ့်ရဲ့ စားသောက်တဲ့ အစာအာဟာရ၊ အိပ်ချိန်ပြည့်ဝမှု၊ ကျန်းမာရေးအခြေအနေ၊ အားကစား၊လေ့ကျင့်ခန်း လိုက်စားခြင်း ရှိမရှိ ပေါ်မူတည်ပြီး ဆေးအရှိန် ကြာမြင့်ချိန်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။ကြာဆေးနဲ့ မတည့်တဲ့ ကျန်းမာရေးအခြေအနေတွေ ရှိတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှပဲ သုံးသင့်ပါတယ်။ကြာဆေးက စိတ်ထင်သလို သောက်သင့်တဲ့ ဆေးတော့ မဟုတ်ပါဘူး။ကြာဆေးဟာ ဆေးပြင်းအမျိုးအစားထဲမှာ ပါဝင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေကလည်း တော်တော်လေးကို များနိုင်ပါတယ်။ အထူးသဖြင့် အာရုံကြောအားနည်းသူတွေ၊ နှလုံး၊ သွေးတိုးရောဂါရှင်တွေ၊ပန်းနာရင်ကျပ်ရှိသူတွေ၊ သွေးပေါင်ကျတတ်သူတွေ ဆရာဝန်နဲ့ အရင်ဆုံး ပြပြီးမှ သောက်တာ အကောင်းဆုံးပါပဲ။အသက်ကြီးပိုင်း အမျိုးသားတွေအတွက်ပန်းသေပန်းညှိုးကုသရာမှာ သုံးတယ်ဆိုပေမယ့်ဒါက တစ်ပွဲတိုးဆက်ဆံဖို့ပါပဲ။ပန်းသေပန်းညှိုးက တချို့သူတွေမှာ ထိုင်မှုပုံစံမှားယွင်းတာ၊စိတ်ကျန်းမာရေး၊ ရုပ်ကျန်းမာရေးပြဿနာတွေကြောင့် နောက်ဆက်တွဲဖြစ်တဲ့ ပြဿနာမို့ အဓိကအကြောင်းရင်းကို ကုသဖြေရှင်းခြင်းသည်သာ အမှန်ဆုံးဖြစ်မှာပါ။ မထောင်မတ်နိုင်ခြင်းကို ဖြစ်စေတဲ့ တရားခံကိုသာ ကုသပြီးသွားပြီဆိုရင် လိင်ဆက်ဆံတဲ့နေရာမှာ ပုံမှန်အတိုင်း သက်တောင့်သက်သာ ဖြစ်သွားမှာပါ။အဖြစ်များပြီး အန္တရာယ်သိပ်မရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့။• ခေါင်းကိုက်ခြင်း။• ကိုယ်လက်ကြွက်သား နာကျင်ကိုက်ခဲခြင်း။• အစာမကြေခြင်း။• ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း။• ခေါင်းမူးဝေခြင်း။• အမြင်အာရုံ မှုန်ဝါးလာခြင်း။•နှာစေးနှာပိတ်ခြင်း။• အသားအရေ နီမြန်းလာခြင်း ဖြစ်ပြီး။ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင်။• ၄နာရီနဲ့အထက် ကြာမြင့်စွာ လိင်တံထောင်မတ်နေခြင်း။• နားမကြားတော့ခြင်း။• အမြင်အာရုံ ပျောက်ဆုံးသွားခြင်း အထိ ဖြစ်နိုင်ပြီး အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လူငယ်အမျိုးသားတွေ စိတ်ထင်သလိုကြာဆေးဝယ်သောက်တာ၊ စွဲသောက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အကြောင်းရင်း အမျိုးမျိုးကြောင့် လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာပြပြီး အဓိကတရားခံအကြောင်းရင်းကို အဖြေရှာပြီး ကုသမှုခံယူလိုက်မှသာ ဒီပြဿနာကနေ လွတ်မြောက်နိုင်မှာပါ။ ကြာဆေးသောက်ခြင်းဟာ အလွယ်နည်းလမ်းတစ်ခုသာဖြစ်ပြီး မထောင်မတ်ခြင်းကို လုံးဝကုသပေးနိုင်တဲ့ ဖြေဆေးတော့ လုံးဝမဟုတ်ပါဘူးလို့ ထပ်မံမှာကြားချင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/faqs-erectile-dysfunction-medications/
ကျွန်တော့အမေရဲ့ ခါးနာရောဂါကို ကျွန်တော်ဘယ်လိုကူညီရမလဲ
သင့်ရဲ့အမေဟာ ခါးနာရောဂါခံစားနေရပါသလား ? သင်ဟာ သူမဒီရောဂါကြောင့်နာကျင်ရခြင်းကိုမြင်ပြီး ဝမ်းနည်းပါသလား ? သင်အကူအညီမဲ့သလိုခံစားနေစရာမလိုပါဘူး။ အခုပြောပြသွားမှာက သင့်အမေရဲ့ ခါးနာရောဂါကို ထိန်းချုပ်နိုင်အောင် စီမံခန့်ခွဲမှုလုပ်နိုင်ဖို့ သင်ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေပါ။သင့်အမေရဲ့ ခါးနာအခြေအနေကို သေချာသိအောင်အရင်လေ့လာပါ။ခါးနာခြင်းဆိုတာ နာကျင်ရုံသက်သက်မဟုတ်ဘဲ နာတာရှည်ဖြစ်သွားနိုင်တဲ့ ရောဂါတစ်ခုပါ။ သင့်အမေကိုကူညီနိုင်ဖို့အတွက်က သင်ကိုယ်တိုင်သူမရဲ့ အခြေအနေကိုနားလည်နိုင်ဖို့လိုပါတယ်။ ခါးနာခြင်းနဲ့ပတ်သက်သမျှ သင်လေ့လာနိုင်သမျှ လေ့လာခြင်းက သင့်အမေကို သက်တောင့်သက်သာဖြစ်အောင်ကူညီနိုင်ဖို့အတွက် အရေးပါပါတယ်။ ခါးနာခြင်းအကြောင်းလေ့လာခြင်းက သင့်ကိုကူညီရုံသာမက သင့်အမေကိုလည်း သူမရဲ့အခြေအနေကိုနားလည်စေနိုင်ဖို့ကူညီပေးပါတယ်။ သင့်အမေကလည်း သူမအတွက်သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမှာပါ။ သင်ခါးနာခြင်းအကြောင်း နားလည်လာသမျှ သူမကိုသင်ပိုပိုပြီး ကိုယ်ချင်းစာလာနိုင်မှာပါ။ ဒီလိုလေ့လာခြင်းကြောင့် သင့်ဟာ သူမအတွက် ခါးနာခြင်းအတွက် မှန်ကန်တဲ့အထူးကုဆရာဝန်ရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် သူမအတွက်သင့်တော်တဲ့ကုသမှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။အိမ်ရဲ့အသုံးအဆောင်တွေကို ပြန်လည်နေရာချပါ။သင့်အမေလှုပ်ရှားမှုနည်းလေ သူမသက်တောင့်သက်သာရှိလေ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အသုံးအဆောင်တွေကို ရင်ဘတ်လောက်အမြင့်ရှိတဲ့ နေရာရွှေ့ပါ။ ဒါက သင့်အမေကို ခါးကုန်းပြီး တစ်ခုခုကောက်ယူရခြင်းကြောင့် နာကျင်မှုဖြစ်ခြင်းကို လျှော့ချပေးမှာပါ။ ဒါ့အပြင် ခါးနာခြင်းအတွက် သီးသန့်လုပ်ထားတဲ့ ခေါင်းအုံးတွေ အိပ်ယာတွေ ထိုင်ခုံတွေကို သူမအတွက် စီစဉ်ပေးနိုင်ပါတယ်။ ဒါတွေက သူမရဲ့ကျောရိုးကို ပုံစံမှန်စေဖို့ကူညီပေးပါတယ်။လှေကားတွေဟာ ခါးနာနေတဲ့သူအတွက် အဓိကရန်သူပါ။ သင့်အမေရဲ့ အခန်းကိုမြေညီထပ်ကို ရွှေ့ထားပေးခြင်းက သူမကိုသက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။အပူ၊ အအေးကုထုံးကို အသုံးပြုပါ။သင့်အမေရဲ့ ခါးနာခြင်းအတွက် အပူ အအေး ကုထုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ သင့်အမေအတွက် သက်တောင့်သက်သာဖြစ်စေမယ့်ကုထုံးကိုပဲ ရွေးချယ်ပါ။ သူမဟာ အအေးထုပ်နဲ့ ပိုပြီးသက်တောင့်သက်သာဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ရေနွေးထုပ်နဲ့ ပိုပြီးသက်တောင့်သက်သာဖြစ်ချင်ဖြစ်မယ်။ သင့်အမေရဲ့ခါးကရောင်ရမ်းနေတယ်ဆိုရင်တော့ အအေးထုပ်ကပ်ခြင်းကပိုသင့်တော်ပါတယ်။ ရေနွေးထုပ်ကပ်ခြင်းကတော့ ကြွက်သားများတောင့်တင်းခြင်းနဲ့ အကြောညှပ်ခြင်းတွေအတွက် သင့်တော်ပါတယ်။သဘာဝ အထောက်အကူပြုဆေးဝါးတွေကို အသုံးပြုပါ။ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေအပြင်သဘာဝ အထောက်အကူပြုဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်အမေအတွက် သင့်တော်မယ့် သဘာဝ အထောက်အကူပြုအားဆေးတွေကို အသုံးပြုနိုင်ပါတယ်။ Glucosamine (500mgs, တစ်နေ့သုံးကြိမ်) Flaxseed oil (တစ်နေ့နှစ်ဇွန်း) Calcium နဲ့ Zinc (တစ်နေ့ 50 mg) Vitamin C (တစ်နေ့ 2000 mg) တွေကို ဆရာဝန်က အကြံပေးကောင်းပေးပါလိမ့်မယ်။ သင့်အမေကို တခြားသင်တိုက်နေတဲ့ ဆေးတွေကိုလည်း ဆရာဝန်သိပါစေ။ ဒီအထောက်အကူပြုအားဆေးတွေက သင့်အမေရဲ့ ဘက်စုံကျန်းမာရေးကို သိသိသာသာအထောက်အကူပြုနိုင်ပါတယ်။လေ့ကျင့်ခန်းတွေ လုပ်ပါစေ။ခါးနာနေတဲ့အချိန်မှာ လှဲအိပ်နေခြင်းက လွယ်ကူသက်သာတဲ့အလုပ်ပါ။ ဒါပေမယ့်အကောင်းဆုံး အကြံဉာဏ်တော့မဟုတ်ပါဘူး။ တစ်ခါတစ်လေ လှဲအိပ်နေခြင်းက ကြွက်သားအင်အား လျော့သွားမှုကြောင့် ခါးနာခြင်းပုံစံအသစ်တစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်အမေကို နေ့စဉ် လမ်းလျှောက်နိုင်ဖို့ ကူညီအားပေးပါ။ သူမအတွက် နာကျင်မှုမဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကိုပဲ ရွေးချယ်ပါ။ ရေကူးခြင်းကလည်း သူမအတွက်အထောက်အကူဖြစ်တဲ့ လေ့ကျင့်ခန်းပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက ကြွက်သားတွေရဲ့ အင်အားကိုတိုးလာစေပြီး ခါးနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ယောဂ ကျင့်ခြင်း။သင်အနေနဲ့ သင့်အမေကို ယောဂအတန်းတစ်ခုခုမှာ စာရင်းပေးသွင်းနိုင်ပါတယ်။ ယောဂကျင့်ခြင်းက သင့်အမေအတွက် စိတ်ဓါတ်ခွန်အားပေးဖို့ အကောင်းဆုံး ကျင့်စဉ်တစ်ခုပါ။ ယောဂ ကျင့်စဉ်က ခါးနာရောဂါအတွက် အသင့်တော်ဆုံးကျင့်စဉ်လို့တောင် သတ်မှတ်ခံထားရပါတယ်။ ခါးနာကိုလျှော့ချပေးတဲ့အပြင် ယောဂကျင့်သူတွေကို သင့်တော်တဲ့ အသက်ရှူနည်းအသစ်တွေကို သင်ပေးပါတယ်။ အသက်ကိုမှန်မှန်ကန်ကန်ရှူခြင်းက အာရုံကြောစနစ်ကို အထောက်အကူပြုပါတယ်။ ဒါကြောင့် သင့်အမေရဲ့ ခါးနာရောဂါနဲ့ ကြွက်သားတောင့်တင်းခြင်းတွေကို Yoga ကိင့်စဉ်က ဖြေလျော့ပေးပါလိမ့်မယ်။ခါးနာခြင်းဆိုတာ ပုံမှန်ဖြစ်လေ့ရှိတဲ့နာကျင်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့တော်တော်များများလည်း ကျွန်တော်တို့ အသက်ရှင်နေစဉ်ကာလတစ်ခုမှာ ခံစားရမယ့်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင်ချစ်တဲ့သုတစ်ယောက်ယောက် တစ်ခုခုနာမကျန်းဖြစ်တာနဲ့ အဲဒီအကြောင်းကိုသင်ကိုယ်တိုင်လေ့လာပြီး သင့်တော်တဲ့ဆရာဝန်ဆီကို ခေါ်သွားပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%b7%e1%80%a1%e1%80%99%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%81%e1%80%ab%e1%80%b8%e1%80%94/
သင့်သွားတွေကို ပိုမိုဖြူဖွေး တောက်ပလာစေဖို့ အိမ်မှာပဲလုပ်လို့ရတဲ့ သဘာဝနည်းလမ်း သုံးသွယ်
လူအတော်များများဟာ ဓါတုဗေဒပစ္စည်းတွေကို မသုံးချင်ကြတဲ့အတွက် သဘာဝနည်းလမ်းတွေနဲ့ သွားတွေကို ဖြူဖွေးတောက်ပအောင်လုပ်တာဟာ လူတွေကြားမှာ ရေပန်းစာလားပါတယ်။ ပိုမိုတောက်ပတဲ့ အပြုံးပိုင်ရှင်ဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို စမ်းကြည့်လိုက်ပါ။မုန့်ဖုတ်ဆိုဒါ နဲ့ သံပုရာရည် ပေါင်းထားတဲ့ သဘာဝသွားတိုက်ဆေး။မုန့်ဖုတ်ဆိုဒါ ဆိုလို့လည်း လန့်မသွားကြပါနဲ့ဦး။ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် လို့ ဓါတုဗေဒ အမည်ရတဲ့ မုန့်ဖုတ်ဆိုဒါဟာ အရမ်းကြီးမပြင်းဘဲ သွားတွေမှာရှိတဲ့ ဂျိုးတွေ၊အညစ်အကြေးတွေကို အသာအယာဖယ်ရှားပေးပြီး နဂိုမူလ သွားဖြူဖြူလေးတွေ ပြန်ဖြစ်စေပါတယ်။ ဒါ့အပြင် ဒီဆိုဒါဟာ အယ်လ်ကာလိုင်းဓါတ်များတဲ့အတွက် (အက်ဆစ်ရဲ့ ပြောင်းပြန်) သင်ဟာ အက်ဆစ်ဓါတ်ပါတဲ့ အစားအစာတွေကို စားလေ့ရှိသူတယောက် ဖြစ်မယ်ဆိုရင် ဆိုဒါကို အသုံးပြုခြင်းအားဖြင့် pHလို့ခေါ်တဲ့ ဓါတုဗေဒညွှန်းကိန်း တခုမှာ အက်ဆစ်ဘက်ရောက်မသွားအောင် (အက်ဆစ်ဓါတ်မများအောင်) ထိန်းပေးပါလိမ့်မယ်။ အက်ဆစ်ဓါတ်ဟာ သွားရဲ့ကြွေလွှာတွေတွေကို ဖျက်ဆီးပစ်တဲ့ အတွက် အယ်လ်ကာလိုင်းပါတဲ့ မုန့်ဖုတ်ဆိုဒါကို သုံးခြင်းအားဖြင့် အကျိုးရှိပါလိမ့်မယ်။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ သူနဲ့တွဲဖက်အသုံးပြုမယ့် (သဘာဝဂျီးချွတ်ဆေးတမျိုးဖြစ်တဲ့) သံပုရာရည်ရဲ့ အက်ဆစ်ဓါတ်ကိုလည်း လျှော့ချပေးပါလိမ့်မယ်။ အကောင်းဆုံးကတော့ ဆိုဒါနဲ့ရေရောပြီးတလှည့်၊ ဆိုဒါနဲ့ သံပုရာရည်ရောပြီးတလှည့် သုံးခြင်းပဲ ဖြစ်ပါတယ်။ဘာတွေလိုအပ်မလဲဆိုရင်။• မုန့်ဖုတ်ဆိုဒါ အနည်းငယ် (လက်ဖက်ရည်ဇွန်း လေးငါးဇွန်းစာ)။• သံပုရာရည် ဒါမှမဟုတ် ရေ အနည်းငယ် (ဆိုဒါနဲ့ ရောပြီး သွားတိုက်ဆေးလုပ်ဖို့ လုံလုံလောက်လောက်ရှိရပါမယ်)။• သွားပွတ်တံ။အသုံးပြုပုံ။ဆိုဒါအနည်းငယ် နဲ့ သံပုရာရည်ကို ရောပြီး (ဒါမှမဟုတ် ရေပေါ့) သွားတိုက်ဆေးလုပ်ပါ။ သွားကို အဝတ်သန့်သန့်နဲ့ တံတွေးတွေပြောင်အောင် ပွတ်ပစ်ပါ။ ရောပြီးသား သွားတိုက်ဆေးကို သွားပွတ်တံထဲ ထည့်ပြီး သွားတိုက်ပါ။ သွားတိုက်ဆေးကို တမိနစ်လောက်ထားပြီး ရေနဲ့ပြောင်အောင်ဆေးပါ(ကြွေလွှာကို ထိခိုက်မယ့် အက်ဆစ်ဓါတ်မကျန်အောင်)။ တကယ်လို့ သံပုရာရည်မသုံးဘဲ ရေကိုသုံးတယ်ဆိုရင်တော့ သုံးမိနစ်လောက် ထားလို့ ရပါတယ်။စတော်ဘယ်ရီ၊ ဆားနဲ့ မုန့်ဖုတ်ဆိုဒါ။စတော်ဘယ်ရီဟာ ဗီတာမင်စီ ကြွယ်ဝပြီး သွားကိုဝါစေတဲ့ ဂျီးဖတ်တွေကို ဖယ်ရှားရာမှာ အသုံးဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ အင်ဇိုင်းမ်တမျိုးဖြစ်တဲ့ မဲလစ်အက်ဆစ်ဟာဆိုရင်လည်း သွားမျက်နှာပြင်မှာ ရှိတဲ့ အညစ်အကြေးတွေ၊ အစွန်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆားကတော့ ဒီသွားတိုက်ဆေးရဲ့ ဖိုက်တာဖြစ်ပြီး သွားတွေကို အညစ်အကြေးဖြစ်စေတဲ့ အရာတွေကို ရှင်းလင်းသုတ်သင်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါကတော့ ဆားရဲ့ အလုပ်ကို အားဖြည့်ပေးတာဖြစ်တဲ့အတွက် အကယ်၍ မသုံးချင်ဖူးဆိုရင် ဖယ်ထားလို့ရပါတယ်။ဘာတွေလိုအပ်မလဲ?။• စတော်ဘယ်ရီ ခပ်ကြီးကြီး ၁လုံးကနေ သုံးလုံး။• ဆားနည်းနည်း။• မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက် (မထည့်ချင်လည်းရတယ်)။အသုံးပြုပုံ။စတော်ဘယ်ရီသီးတွေကို အဖတ်လေးတွေဖြစ်တဲ့အထိ ချေပါ။ ပြီးနောက် ဆားနည်းနည်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တဝက်စာ (ဆိုဒါကိုသုံးရင်ပေါ့)ကို ထည့်ပါ။ သွားကို တံတွေးတွေဘာတွေပေမနေအောင် တစ်ရှူးစနဲ့ သုတ်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ရောထားပြီးသား သွားတိုက်ဆေးကို သွားပွတ်တံထဲ ခပ်များများထည့်ပြီး သွားတိုက်ပါ။ ငါးမိနစ်လောက်ထားပြီး ရေသေချာဆေးပါ။ ညတိုင်းလုပ်ပါ။အုန်းဆီနဲ့အာလုပ်ကျင်းခြင်း။အုန်းဆီနဲ့အာလုပ်ကျင်းခြင်းဟာ ထူးခြားအကျိုးရှိပြီး သွားတွေဖြူဖွေးစေဖို့ ရှေးယခင်ထဲက ပြုလုပ်ခဲ့ကြတဲ့ နည်းလမ်းတမျိုးပါ။ အုန်းဆီနဲ့ အာလုပ်ကျင်းဖို့ဆိုတာ နည်းနည်းတော့ ထူးဆန်းပြီး စလုပ်ဖို့ရန် အနည်းငယ် ဝန်လေးနေပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းက သွားတွေကို တကယ်ပင် ဖြူဖွေးစေပါတယ်။ ပြောရလျင် ဂျီးချွတ်ခြင်းတမျိုးပင်ဖြစ်သည်။ အုန်းဆီတွင်ပါဝင်သော လောရစ်အက်ဆစ်သည် သွားတွေကိုဝါစေသည့် ဘက်တီးရီးယားပိုးများကို သတ်ပစ်နိုင်သည်။ ဒါ့အပြင် အုန်းဆီသည် ခံတွင်းကျန်းမာရေးကို ကောင်းစေပြီး ခံတွင်းရနံ့ သင်းပျံ့စေသည်။ဘာတွေလိုမလဲဆိုတော့။အုန်းဆီ လက်ဖက်ရည်ဇွန်းနဲ့ တဇွန်းစာ။အသုံးပြုပုံ။မနက်သွားမတိုက်ခင်မှာ အုန်းဆီ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက်ကို ပါးစပ်ထဲငုံပါ။(ရေလေးနည်းနည်းရောလို့ရသည်။ အုန်းဆီကို ပါးစပ်ထဲမှာ နှံ့အောင် ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် အာလုပ်ကျင်းပါ။ ပြီးနောက် ထွေးထုတ်ပစ်ပြီး ရေနဲ့ဆေးကာ သွားတိုက်ပါ။လိုက်နာသင့်တဲ့ အချက်လေးတွေ။• အချိန်မှန်မှန်လုပ်ပါ။ သွားတိုက်ဖို့ အချိန်သတ်သတ်မှတ်မှတ်ထားပြီး အချိန်မှန်တိုက်ပါ။ ဘာအကြောင်းကြောင့်မှ မပျက်ပါစေနဲ့။• သဘာဝပစ္စည်းမဟုတ်သော်ငြား 3% ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကိုလည်း သွားများဖြူဖွေးစေဖို့ သုံး၍ရပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဟာ သွားဖြူဆေးအတော်များများမှာ ပါပါတယ်။ ဒါပေမယ့် ပါဝင်နှုန်းပိုများသလို ဈေးလည်းပိုကြီးပါတယ်။• နောက်ဆုံးတချက်က လူတိုင်းလိုလို သိနေသော်ငြား ရှောင်ဖို့ခက်တဲ့ ကိစ္စလေးပါ။ ကိုလာတို့၊ကော်ဖီတို့လို အမဲရောင်အရည်တွေဟာ သွားကိုစွန်းစေတာကြောင့် မသောက်ဘဲ ရှောင်ကျဉ်သင့်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%b0%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Marigold (ထပ်တစ်ရာပန်း)
ထပ်တစ်ရာပန်းဆိုတာ အပင်တစ်မျိုးပါ။ ရာသီသွေးလာစေခြင်း နှင့် အဖျားကျစေခြင်းတို့အတွက် အသုံးပြုပါတယ်။ လည်ချောင်းနာ၊ ပါးစပ်နာ၊ ရာသီလာစဉ် သားအိမ်ညှစ်ခြင်း၊ ကင်ဆာနှင့် အစာအိမ်၊အူသိမ် အနာပေါက်ခြင်းတို့ကို ကုသရန်အတွက်လည်း သုံးပါတယ်။အောက်ပါတို့အတွက်လည်း အရေပြားကို လိမ်းနိုင်ပါတယ်။ထပ်တစ်ရာပန်းကို အခြားအရာများအတွက်လည်း အသုံးပြုပါသေးတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို မေးမြန်းပေးပါ။ထပ်တစ်ရာပန်းမှာ ပါတဲ့ ဓါတုပစ္စည်းတစ်မျိုးက ို တစ်ရှုးတွေ အသစ်ဖြစ်စေခြင်းအားဖြင့် အနာကျက်ခြင်း ကူညီပေးတယ်၊ လည်းချောင်းနဲ့ ပါးစပ်တွေမှာ ရှိတဲ့ ရောင်ရမ်းနာတွေကို လျော့နည်းစေတယ်လို့ သိရပါတယ်။နောက်ထပ်သိရှိလိုပါက ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ဆေးဖက်ဝင်အပင်၊ဖြည့်စွက်စာများအတွက် လိုက်နာရမည့် စည်းကမ်းများသည် ဓါတုဆေးဝါးများလောက် တင်းကြပ်မှုမရှိပါ။ ဘေးကင်းတယ် စိတ်ချမှုအတွက် နောက်ထပ်လေ့လာမှုတွေ လုပ်ရပါဦးမယ်။ ယင်းဆေးကို သုံးရင်ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေထက် ပိုများဖို့လိုပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။ကလေးတွေမှာ ကုသလိုသည့် နေရာတွင်သာ လိမ်းဆေးအဖြစ် အသုံးပြုသင့်ပါတယ်။ကိုယ်ဆောင် သို့မဟုတ် နို့တိုက်မိခင် ဖြစ်နေပါက ထပ်တစ်ရာပန်းကို သောက်သုံးမယ်ဆိုရင် စိတ်မချရလောက်ပါဘူး။ ရှောင်ကြဉ်တာ အကောင်းဆုံးပါ။ခွဲစိတ်ကုသခြင်းအတွက် အသုံးပြုသောဆေးများနှင့် ထပ်တစ်ရာပန်းကို ပေါင်းသုံးမယ်ဆိုရင် အလွန်အိပ်ချင်နေပါလိမ့်မယ်။ ခွဲစိတ်မှုမပြုလုပ်ခင် အနည်းဆုံး နှစ်ပတ်အလိုမှာ ထပ်တစ်ရာပန်း သောက်သုံးခြင်းကို ရပ်တန့်ပေးပါ။ယင်းပန်းက အရေပြားမှာ အဖုအပိမ့်တွေ ထွက်စေပါတယ်။လူတိုင်းတော့ ဆိုးကျိုးတွေ မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသော ဆိုးကျိုးများလည်း ရှိနိုင်ပါသေးတယ်။ ဆိုးကျိုးတစ်ခုခု ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတို့ ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ယင်းပန်းက သောက်သုံးလျက်ရှိသော ဆေးဝါးများ၊ လက်ရှိကျန်းမာရေး အခြေအနေတို့ဖြင့် သက်ရောက်မှုရှိပါတယ်။ အသုံးမပြုခင်မှာ ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။စိတ်ငြိမ်ဆေးဝါးများ။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။၅-၁၀ ဂရမ် ရှိတဲ့ ပန်းအခြောက်တို့ကို ၂၅၀ မီလီလီတာရှိသော ရေနွေးဆူဆူထဲထည့်ပြီး ပြုတ်နိုင်ပါတယ်။ ၁၀မိနစ် ၁၅မိနစ်လောက် ပြုတ်သင့်ပါတယ်။ တစ်ရက်ကို ၂ခွက် ၃ခွက်လောက် သောက်ပေးပါ။၉၀ရာခိုင်နှုန်း အယ်ကိုဟော ထဲတွင် ၁ အချိုး ၅ ဖြင့် ဖျော်ပြီး တင်ချာပြုလုပ်နိုင်ပါတယ်။ တင်ချာ ၅ စက်ကနေ ၁၀စက် (၁-၂ မီလီလီတာ) ကို တစ်နေ့ သုံးကြိမ် အသုံးပြုပေးပါ။ထပ်တစ်ရာပန်း ၂-၅ ရာခိုင်နှုန်းပါတဲ့ လိမ်းဆေးကို အသုံးပြုနိုင်ပါတယ် (ဥပမာ ၁၀၀ ဂရမ် လိမ်းဆေးတွင်၂-၅ ဂရမ် ထပ်တစ်ရာပန်း)။ တစ်နေ့ကို ၂ကြိမ်ကနေ ၄ကြိမ်အတွင်း လိုသလို လိမ်းနိုင်ပါတယ်။သောက်ရမည့် ထပ်တစ်ရာပန်း ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။ အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။ထပ်တစ်ရာပန်းကို အောက်ပါ ပုံစံတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/marigold-%e1%80%91%e1%80%95%e1%80%b9%e1%80%90%e1%80%85%e1%80%b9%e1%80%9b%e1%80%ac%e1%80%95%e1%80%94%e1%80%b9%e1%80%b8/
Lemon balm (ပူဒီနံ)
သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာများတွင် သုံးနိုင်ပါတယ်။ထို့ပြင် သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ရွက်ဟာ စိတ်ပူပန်မှုတွေ၊ အိပ်ရေးပျက်တာတွေနှင့် ကနာမငြိမ်ဖြစ်တာတွေကို ပျောက်ကင်းစေတယ်လို့ ယူဆကြတယ်။သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို အယ်ဇိုင်းမားရောဂါ၊ တက်ကြွလွန်စိတ်ဂနာမငြိမ်ရောဂါ၊ သိုင်းရွိုက်လည်ပင်းကြီးရောဂါ၊ လေပြွန်ယောင်ခြင်း၊ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ ယောင်ယမ်းခြင်း၊ အကျိတ်များနှင့် အင်းဆက်အကိုက်ခံတဲ့ဒဏ်ရာတွေအတွက် သုံးနိုင်ပါတယ်။သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို တခြားနေရာများတွင်လည်း အသုံးပြုနိုင်ပါတယ်။ ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်သူကို ထပ်မံသိလိုသောအချက်များ ရှိပါက မေးမြန်းနိုင်ပါတယ်။သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်အသုံးဝင်ပုံကို သေချာလေ့လာထားခြင်း မရှိသေးပါ။ တိုင်းရင်းဆေးဆရာ သို့မဟုတ် ဆရာဝန်ကို ထပ်မံသိလိုသောအချက်များ ရှိပါက မေးမြန်းနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အချို့မှာတော့။သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ဟာ အိပ်မပျော်ခြင်းနှင့် စိတ်ပူပန်ခြင်းတွေကို ဘယ်လိုပျောက်ကင်းစေနိုင်တာကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ဟာ ရေယုံကို ဘယ်လိုကုသနိုင်သလဲ။တခြားအသုံးဝင်သောနေရာများ။ထပ်မံသိလိုသော အချက်များရှိပါက တိုင်းရင်းဆေးဆရာနှင့် ဆွေးနွေးနိုင်ပါတယ်။သင်ဟာ အောက်ပါတို့မှ တစ်ခုခုခံစားရလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင် သို့မဟုတ် တိုင်းရင်းဆေးဆရာနှင့် ဆွေးနွေးပါ…။သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို ပုံမှန်သောက်ခြင်းဟာ ဆေးပုံမှန်သောက်ခြင်းလောက် တားမြစ်ခံထားရခြင်းမရှိပါဘူး။ ဘေးကင်းဖို့အတွက် လေ့လာမှုတွေလုပ်ဖို့ လိုပါသေးတယ်။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို သောက်သုံးခြင်းရဲ့ ကောင်းကျိုးတွေက ဆိုးကျိုးတွေထက် ပိုနိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များအတွက် တိုင်းရင်းဆေးဆရာ သို့မဟုတ် ဆရာဝန်နှင့် ဆွေးနွေးပါ။ကလေး ။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို ကလေးတွေ အအေးမိတာကို ကုဖို့သုံးပါတယ်။ ကလေးအသက်အရွယ်ကို ကျန်းမာရေးစောင့်ရှောက်သူကို ပြောပြခြင်းဖြင့် မှန်ကန်သော ပမာဏပေးနိုင်ပါလိမ့်မယ်။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ဟာ ကိုယ်ဝန်ဆောင်တွေမှာ သုံးဖို့ စိတ်ချရခြင်းရှိ၊ မရှိနှင့် ပတ်သတ်ပြီး လုံလောက်တဲ့ အချက်အလက်မတွေ့ရသေးပါး။ မသုံးခြင်းဟာ ပိုအန္တရာယ်ကင်းပါတယ်။ခွဲစိတ်ခြင်း။ ခွဲစိတ်မှုမတိုင်ခင် ၂ပတ်အလိုတွင် အသုံးပြုတာကို ရပ်ထားသင့်တယ်။ပါးစပ်မှသောက်ခြင်း။ ။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကြောင့် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း ၊ မူးဝေခြင်းနှင့် ရင်ကြပ်ခြင်း ဖြစ်စေနိုင်ပါတယ်။လိမ်းခြင်း။ ။ လိမ်းခြင်းကြောင့် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး အနာတွေဖြစ်သွားနိုင်ပါတယ်။လူတိုင်းက ဒီဆိုးကျိုးတွေကို မခံစားရပါဘူး။ ဒီထဲမှာ မပါတဲ့ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာနှင့် သေချာဆွေးနွေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ပါတဲ့ ဖြည့်စွက်စာတွေက သင်လတ်တလော သောက်ထားတဲ့ဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါ့ကြောင့် အသုံးမပြုခင် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာနှင့် သေချာဆွေးနွေးပါ။အိပ်ဆေးနှင့် သိုင်းရွိုက်ရောဂါ( လည်ပင်းကြီးရောဂါ)အတွက်သောက်သောဆေး။ ။ ဒီဆေးတွေနဲ့ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ဟာ ဓါတ်ပြုနိုင်ပါတယ်။ သင်ဟာ အိပ်မပျော်ခြင်းနှင့် လည်ပင်းကြီးရောဂါအတွက် ဒီဆေးတွေသောက်နေရလျှင် ဆရာဝန်နှင့် မေးမြန်းပြီးမှ သုံးသင့်ပါတယ်။HIV အတွက် သောက်ဆေးများ။ ။ HIV အတွက် သောက်နေရတဲ့ ဆေးများနှင့် သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်တို့ ဓါတ်ပြုခြင်းရှိ၊ မရှိ သေချာမသိရသေးပါ။ ဆေးသောက်နေစဉ်မှာ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို မသုံးသင့်ပါဘူး။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။လူကြီး။လူတွေပေါ်မူတည်ပြီး သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို သုံးနိုင်တဲ့ ပမာဏ ကွာခြားနိုင်ပါတယ်။ သုံးနိုင်တဲ့ပမာဏဟာ အသက်အရွယ်၊ ကျန်းမာရေးနှင့် တခြားအချက်တွေပေါ်လည်း မူတည်ပါတယ်။ သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို သုံးတာက အမြဲစိတ်မချရပါဘူး။ သင်နှင့် သင့်တော်သော ပမာဏကိုရရန် ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာနှင့် သေချာဆွေးနွေးပါ။သံပရိုနံ့ရှိတဲ့ ပူဒီနံအရွက်ကို အောက်တွင်ဖော်ပြထားတဲ့ ပုံစံမျိုးဖြင့် ရနိုင်ပါတယ်။Hello Health Group သည် ဆေးပညာနှင့် ပတ်သတ်သော အကြံများပေးခြင်း။ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မလုပ်ဆောင်ပေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/lemon-balm-%e1%80%95%e1%80%b0%e1%80%92%e1%80%ae%e1%80%94%e1%80%b6/
Transient global amnesia (အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ)
ရုတ်တရက်ဖြစ်သော ခဏတာ အတိတ်မေ့ရောဂါကိုဆိုလိုပြီး အဖြစ်များသော အာရုံကြောဆိုင်ရာရောဂါများဖြစ်သည့် အတက်ရောဂါ (သို့)လေဖြတ်လေငန်းရောဂါများကြောင့်ဖြစ်တတ်သည်။ ထိုကဲ့သို့အတိတ်မေ့နေစဉ်တွင် သိပ်မကြာခင်မှအဖြစ်အပျက်များသည် ရိုးရိုးရှင်းရှင်းပင် ပြန်စဉ်းစားမရပဲပျောက်ကွယ်ကုန်ကာသင်သည်မည်သည့်နေရာတွင် ရောက်နေသည်(သို့)မည်သို့ရောက်လာသည်ကို ပင်မမှတ်မိနိုင်တော့ပေ။ ပိုပြောရလျှင်ယခုဖြစ်ပျက်နေသောအရာများနှင့် ပတ်သတ်ကာသင်သည် ဘာကိုမျှမှတ်မိနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ပြင် သင့်အားဖြေထားပြီးသောအဖြေများကိုမမှတ်မိခြင်းကြောင့်။မေးပြီးသားမေးခွန်းများကိုလည်း သင်သည်ထပ်ကာထပ်ကာ မေးနေတတ်သည်။ လွန်ခဲ့သည့် တရက်၊တလ (သို့)တစ်နှစ် ကဖြစ်ပွားခဲ့သောသင့်အားမေးမြန်းပါကလည်း စိတ်ထဲတွင်မမှတ်မိပဲဟာတာတာဖြစ်နေတတ်သည်။ ထိုအတိတ်မေ့ရောဂါတွင် သင်သည် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မှတ်မိကာ သိကျွမ်းသူများကိုလည်း မှတ်မိသော်လည်း သင်၏မှတ်ဉာဏ်အချို့ပျောက်ဆုံးသွားမှုအား မလျော့ပါးသွားစေပါ။ ထိုကဲ့သို့ အတိတ်မေ့ခြင်းသည် ခဏသာဖြစ်ပြီး ပြန်ကောင်းသွားသောအခါ မှတ်ဉာဏ်သည်အကောင်းပကတိသာဖြစ်သည်။အတိတ်မေ့ခြင်းရောဂါသည် အဖြစ်နည်းပါးကာ အန္တာရယ်ပေးနိုင်စွမ်းလည်းနည်းပါးပြီး ပြန်ဖြစ်ရန်လည်းခဲယဉ်းတတ်သည်။ ထပ်မံသိရှိလိုပါက သင်၏ဆရာဝန်နှင့် ဆက်လက်ဆွေးနွေးပါ။မျက်မြင်သက်သေရှေ့တွင်ပင် ရုတ်တရက်မှတ်ဉာဏ်ဆုံးရှံူးခြင်း၊။အတိတ်မေ့သွားသော်လည်း မိမိဘယ်သူဘယ်ဝါဖြစ်သည်ကို မှတ်မိခြင်း၊ပုံမှန်သိစိတ်ရှိခြင်း ဥပမာ အကျွမ်းတဝင်ရှိသော ပစ္စည်းများကို မှတ်မိခြင်းနှင့် လမ်းများအားမှတ်မိခြင်း။ဦးနှောက်တစိတ်တပိုင်းအားထိခိုက်သွားသည့် လက္ခဏာ ဥပမာ အကြောသေခြင်း၊အကြောလိုက်ခြင်း(သို့)စကားလုံးများကိုနားမလည်ခြင်းစသည်တို့မရှိခြင်း၊အပိုဆောင်း သိရှိနိုင်သည့် အတိတ်မေ့ရောဂါ လက္ခဏာနှင့် ရောဂါရာဇဝင်တို့မှာ။24နာရီထက်မပိုသော အချိန်ကာလလောက်သာ အတိတ်မေ့ခြင်း၊။တဖြည်းဖြည်းပြန်မှတ်မိလာခြင်း၊အတိတ်မေ့နေစဉ်တွင် မတက်ခြင်း၊အတက်ရောဂါအခံမရှိခြင်း၊။ထိုလက္ခဏာများအပြင် အဖြစ်များသော အတိတ်မေ့ရောဂါမှာ တူညီသောမေးခွန်းအားထပ်ကာထပ်ကာ။မေးနေခြင်းဖြစ်သည် ဥပမာ ငါဒီမှာဘာလုပ်နေတာလဲ၊ငါတို့ဒီကို။ဘယ်လိုရောက်လာတာလဲစသည်ဖြင့်ဖြစ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘာဖြစ်သွားလဲကိုမမှတ်မိနိုင်သည်အထိလက်ရှိအခြေအနေကို ကောင်းနေရာမှ အတိတ်မေ့သွားသည့် မည်သူမဆို ကျန်းမာရေးစောင့်ရှောက်မှုရယူသင့်ပါသည်။ အကယ်၍လူတစ်ဦး။သည် ဆေးရုံကားမည်သို့ခေါ်ရမည်ပင် မသိသည့်အခြေအနေဖြစ်လောက်အောင် အတိတ်မေ့နေပါက သင်မှ ဆေးရုံကားအား ခေါ်ပေးလိုက်ပါ။အတိတ်မေ့ရောဂါသည် အန္တာရယ်မရှိသော်လည်း အခြားသောအတိတ်မေ့ပြီး အသက်စိုးရိမ်ရသည့် ရောဂါများနှင့် ခွဲခြားရန်မလွယ်ကူလှပေ။ အမှန်ဆိုရလျှင်အတိတ်မေ့ခြင်းသည် လေဖြတ်ခြင်း(သို့)အတက်ရောဂါတို့ကြောင့် ပိုအဖြစ်များသည်။ ဆေးပညာဖြင့်စစ်ဆေးခြင်းသည်သာ ရုတ်တရက် မှတ်ဉာဏ်ပျောက်ဆုံးခြင်း၏ အကြောင်းအရင်းကို။သိရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။အတိတ်မေ့ရောဂါ၏ ဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိနိုင်ချေ။ ခေါင်းကိုက်ခြင်းနှင့် အတိတ်မေ့ခြင်းတို့၏ဖြစ်ရသည့်အကြောင်းအရင်းများကို မည်သူမျှသေချာမသိကြသော်လည်း ထိုရောဂါနှစ်ခုကြားတွင် ပတ်သတ်မှုရှိကြောင်းသိရှိရသည်။ အတိတ်မေ့စေနိုင်သည်ဟု။အပြောများသည့် အချို့သောဖြစ်ရပ်များမှာ။ရေအေး(သို့)ရေနွေးထဲရုတ်တရက်စိမ်လိုက်ခြင်း။ပြင်းထန်စွာကိုယ်လက်လှုပ်ရှားမှုပြုခြင်း။လိင်ဆက်ဆံခြင်း။ဆေးပညာပိုင်းဆိုင်ရာ လုပ်ဆောင်မှုများ ဥပမာ သွေးကြောများအားဓါတ်မှန်ရိုက်ခြင်း(သို့)ကိုယ်အတွင်း။သို့မှန်ပြောင်းထည့်ကာကြည့်ရှူ၍ရောဂါရှာခြင်း။သိပ်မပြင်းထန်သော ခေါင်းထိခိုက်မှု။ယာယီစိတ်ဖိစီးမှု ဥပမာ ပြဿနာအရှုပ်အထွေးများ(သို့)သတင်းဆိုး (သို့) အလုပ် အလုပ်ဒဏ်ပိခြင်း စသည်တို့ဖြစ်သည်။အတိတ်မေ့ခြင်းရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အသက်50နှင့် 50ကျော်များသည် ငယ်ရွယ်သူများထက်စာလျှင်ပို၍အတိတ်မေ့နိုင်ချေများသည်။ခေါင်းကိုက်ရောဂါရှိလျှင်လည်း ခေါင်းကိုက်ရောဂါမရှိသူထက်စာလျှင်အတိတ်မေ့ခြင်းရောဂါဖြစ်နိုင်ချေကိုများပြားစေတတ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အဖြစ်များသော အတိတ်မေ့ခြင်းရောဂါ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။အတိတ်မေ့ခြင်းရောဂါကို အတည်ပြုပုံမှာ တူညီသောအတိတ်မေ့ခြင်းကို ဖြစ်စေနိုင်သည့် အခြားပိုဆိုပြင်းထန်ဆိုးဝါးသည့် ရောဂါများ ဥပမာ လေဖြတ်ခြင်း၊အတက်ရောဂါ(သို့)ခေါင်းထိခိုက်ဒဏ်ရာတို့။ကိုအတည်ပြုဖယ်ထုတ်ခြင်းပင်ဖြစ်သည်။ထိတွေ့ကိုင်တွယ်စမ်းသပ်ခြင်း။ကြွက်သားနှင့်အာရုံကြောစမ်းသပ်မှုများဖြစ်သည့် အကြောများ။၏တုံ့ပြန်မှုများ၊ကြွက်သားတင်းအား၊နှင့် တောင့်တင်းမှုပမာဏ၊အာရုံခံနိုင်မှုစွမ်းအား၊လမ်းလျှောက်ပုံ၊ကိုယ်အနေအထား၊ကိုယ်လက်များ၏တွဲဖက်လုပ်ဆောင်နိုင်မှုနှင့် ညီမျှမှုတို့ကို စစ်ဆေးခြင်းဖြစ်သည်။ သင်၏အတွေးအခေါ်၊ဆုံးဖြတ်မှုနှင့် မှတ်ဉာဏ်တို့ကို သိရှိစစ်ဆေးရန်လည်း ဆရာဝန်မှ မေးခွန်းအချို့မေးတတ်သည်။ဦးနှောက်ဓါတ်မှန်ရိုက်ခြင်း။နောက်ထပ်ခြေလမ်းတခုမှာ ဦးနှောက်၏လျှပ်စီးပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် သွေးလည်ပတ်ပုံတို့ရှိ မူမမှန်သည်များကို သိရှိနိုင်သည့်စစ်ဆေးမှုများအား ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကဲ့သို့စစ်ဆေးမှုအများစုမှာ မနာကျင်စေပဲ သံလိုက်ဓါတ်မှန်တခုရိုက်လျှင်2နာရီထက်မကြာပေ။ထိုသံလိုက်ဓါတ်မှန်စနစ်သည် သံလိုက်စက်ကွင်းနှင့်ရေဒီယိုလှိုင်းများအားအသုံးပြုကာ ဦးနှောက်၏ဒေါင်လိုက်ဖြတ်ထားသောရုပ်ပုံများကို ဖန်တီးရိုက်ထုတ်ပေးသည်။ ထိုသံလိုက်ဓါတ်မှန်စက်သည် ထောင့်ပေါင်းစုံမှ ကြည့်ရှူနိုင်သော 3 D ရုပ်ပုံများကိုထုတ်လုပ်ပေးနိုင်သည်။လျှပ်စစ်ဦးနှောက်ဓါတ်မှန် ခေါ်အီးအီးဂျီသည် ဦးနှောက်၏လျှပ်စီးမှုမှန်သမျှကို ဦးခေါင်းခွံအရေပြားတွင်ကပ်ထားသည့် လျှပ်စစ်အလက်ထရုတ်တိုင်များမှ တဆင့်ဖမ်းယူမှတ်သားသည်။ အတက်ရောဂါရှင်များ၏ဦးနှောက်လှိုင်းများတွင် တက်နေသည့်အချိန်မဟုတ်သော်လည်း ပြောင်းလဲမှုအချို့ကိုတွေ့ရတတ်သည်။ကွန်ပြူတာဓါတ်မှန်ခေါ်စီတီရိုက်ခြင်း။အထူးx rayကိရိယာအားသုံး၍ သင်၏ဆရာဝန်သည် ထောင့်ပေါင်းစုံမှပုံရိပ်များကိုရယူကာ ဦးနှောက်နှင့် ဦးခေါင်းခွံ၏ဒေါင်လိုက်၊အလွှာလိုက်ပုံရိပ်များဖြစ်ပေါ်ရန်ပေါင်းစပ်စေသည်။ ထိုစီတီရိုက်ရာမှ ဦးနှောက်ဖွဲ့စည်းပုံရှိ မူမမှန်သည့်အနေအထားများ ဥပမာကျဉ်းသွားခြင်း၊လွန်ကဲစွာဆွဲဆံ့ထားသကဲ့သို့ဖြစ်နေခြင်း (သို့) ပျက်စီးနေသောသွေးကြောများနှင့် လေဖြတ်နေသည်များကိုတွေ့ရှိနိုင်သည်။မည်သည့်ကုသမှုမှ မလိုအပ်ပါ။ သူ့ဘာသူပြန်ပျောက်သွားပြီး အတည်ပြုထားသော နောက်ဆက်တွဲ ရလဒ်များလည်းမရှိပေ။အတိတ်မေ့ခြင်းရောဂါ၏အကြောင်းအရင်းကို မသိရခြင်းနှင့် ပြန်လည်ဖြစ်ပွားမှုနှုန်းမှာ နည်းပါးသောကြောင့် ကာကွယ်ရန်စနစ်ကျသည့် နည်းလမ်းမရှိထားပေ။အကယ်၍သင်၏အတိတ်မေ့မှုသည် တခုသော လှုပ်ရှားမှုတခုခု ဥပမာ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်း(သို့)အေးစက်နေသောကန်ထဲတွင် ရေကူးခြင်း စသည်တို့ပြီးမှ ဖြစ်ပေါ်လာပါက သင်၏ဆရာဝန်နှင့် သင်၏မှတ်ဉာဏ်ပျောက်ဆုံးသွားစေနိုင်သည့်လုပ်ရပ်များကို ရှောင်ကြဉ်ခြင်း (သို့) လျှော့ချခြင်းတို့ကိုတိုင်ပင်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/transient-global-amnesia-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%90%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%b1/
ကလေးတွေရဲ့ အစားအသောက်နဲ့ပတ်သက်လို့ မိဘတွေသိထားသင့်တဲ့အချက်
မိဘတစ်ယောက်အနေနဲ့ အကြီးလေးဆုံးတာဝန်က သားသမီးကို အကောင်းဆုံးပျိုးထောင်မှုပါ။ ဒီတစ်ခေါက်တော့ သားသမီးကို အကောင်းဆုံးပျိုးထောင်ဖို့အတွက် မိဘတွေအနေနဲ့ အသုံးတည့်မယ့် အချက်လေးတွေကိုမေမေဖေဖေတို့နဲ့မျှဝေပေးပါရစေနော်။အရင်ဆုံးပြောပြချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ကလေးတစ်ယောက်ကောင်းမွန်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းကအာဟာရမျှတအောင်ကျွေးမွေးတဲ့ပုံစံကို ပျိုးထောင်ပေးလို့ရတယ်ဆိုတာပါ။ ကလေးတွေရဲ့စားသောက်မှုနဲ့ပတ်သက်လို့မိဘတွေကသေချာသိထားမှ ကလေးကိုကျန်းမာပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်မှာပါ။ ဒီတော့ ကလေးတွေရဲ့အစားအသောက်နဲ့ ပတ်သက်လို့ သိထားသင့်တာလေးတွေကို အတူတူကြည့်လိုက်ရအောင်နော်။ကလေးကိုဘာတွေကျွေးမလဲ ဆိုတာကို ဆုံးဖြတ်ပါ။ကလေးကအစားအစာတွေအကြောင်းကိုမသိသေးပါဘူး၊ ဒီတော့ရွေးချယ်ပေးဖို့က မိဘတွေမှာ တာဝန်အပြည့်ရှိနေပါတယ်။ ကလေးကို ဘယ်လိုအစားအစာတွေကျွေးမယ်၊ ဘယ်အချိန်မှာကျွေးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အဓိကတာဝန်ရှိသူတွေကမေမေဖေဖေတို့ပါ။ ကလေးကိုကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာတွေကို အချိန်ကိုက်ကျွေးမွေးပေးဖို့ သတိထားရပါမယ်။ အိမ်ရဲ့ရေခဲသေတ္တာနဲ့ ကြောင်အိမ်လိုမျိုး ပစ္စည်းတွေထည့်တဲ့နေရာမှာ ထည့်ထားပေးလိုက်ပါ။ သတိထားရမယ့်တစ်ချက်က အစားအစာ ၁၀ မျိုးမှာ ၁၀ မျိုးလုံးကို ကိုယ့်အကြိုက်ပဲဝယ်တာမျိုးမလုပ်ပါနဲ့။ တစ်ပတ်စာကျွေးမယ့်အစားအစာတွေထဲမှာ အာဟာရမပြည့်ရင်တောင် ကလေးကြိုက်တဲ့ မုန့်ကို တစ်ကြိမ်လောက်တော့ကျွေးဖို့လည်း သတိရပါ။ ဒါမှ သူတို့လည်း စိတ်ပျော်မှာလေ။ကလေးကို ဘယ်အချိန်မှာ ဘာစားမလဲ ကိုယ်တိုင်ရွေးချယ်ခိုင်းပါ။ကလေးကအရမ်းငယ်သေးရင်တော့ ဒီကိစ္စကို မိဘကစီစဉ်ပေးရမှာပါ။ ဒီလိုမဟုတ်ဘဲ ကလေးက သိတတ်တဲ့အရွယ်ရောက်ပြီဆိုရင်တော့ ကိုယ်ကျွေးချင်တဲ့ အစာအာဟာရတွေထဲမှာ ကလေးကို ဘယ်အချိန်မှာ ဘာကို စားချင်တာလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျရွေးချယ်ခွင့်ပေးလိုက်ပါ။ ဘယ်လောက်အတိုင်းအတာထိစားမလဲဆိုတာကိုရောပေါ့။အာဟာရြပည့်ဝနေအောင် ကိုယ့်ဘက်ကရွေးထားပြီးရင်တော့ ဒီတစ်ချက်လောက်တော့ ကလေးကိုရွေးချယ်ခွင့်ပေးလိုက်ပါ။ပန်းကန်ထဲကစားစရာတွေ ကုန်အောင်စားရမယ်ဆိုတဲ့ အယူကိုစွန့်ဖို့ပြင်ပါ။ကလေးကဗိုက်ဝသွားပြီဆိုရင် အတင်းအကျပ် ဆက်မစားခိုင်းပါနဲ့တော့။ မိဘတော်တော်များများက ပန်းကန်ထဲမှာထည့်ပေးထားတဲ့ထမင်း၊ဟင်းတွေကုန်အောင်စားဆိုတဲ့ ဆုံးမစကားနဲ့အတူ ကြီးပြင်းလာတာကြောင့် ရိုးရာမပျက်ထိန်းရင်း ကလေးတွေအလှည့်လည်းရောက်ရော လက်တွေ့အကောင်အထည်ဖော်လိုက်ရောလေ။ ဒါက တကယ်တော့ မဖြစ်သင့်ပါဘူး။ ကလေးတစ်ယောက်က သူဆန္ဒရှိသလောက်ပဲစားသင့်ပါတယ်။ မစားချင်တာကိုကြောက်စိတ်ကြောင့် အတင်းအကျပ်စားတာမျိုး မဖြစ်သင့်ပါဘူး။ ဒီတော့ ပန်းကန်ထဲထည့်ထားတာကို ကုန်အောင်စားရမယ်ဆိုတဲ့ အလေ့အထကို စွန့်ဖို့ပြင်ပါတော့နော်။ငယ်စဉ်ကတည်းက အကောင်းဆုံးပုံသွင်းပြုစုပါ။ကလေးတစ်ယောက်အစားရွေးတယ်ဆိုတာကို ငယ်စဉ်ကစားသောက်မှုအလေ့အထနဲ့လည်းဆိုင်ပါတယ်။ အစားတစ်ခုကိုကြိုက်တယ်၊ မကြိုက်ဘူးဆိုတာက ငယ်စဉ်က အစားအသောက်ကျွေးမွေးမှုပုံစံနဲ့ အများကြီးဆိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အစားအစာအစုံအလင်စားတတ်အောင်လေ့ကျင့်ပုံသွင်းပျိုးထောင်ပါ။ ကလေးကို အတင်းအကျပ်စားဖို့ ဖိအားပေးတာမျိုးမလုပ်ဘဲ နည်းနည်းလောက်စမ်းစားကြည့်ဖို့တိုက်တွန်းပေးပါ။ကလေးရဲ့စားသောက်မှုပုံစံက တသမတ်တည်းမရှိပါဘူး။ကလေးဆိုတိုင်း အချိုကြိုက်မှာပဲ၊ ပီဇာတွေ၊ ဘာဂါတွေကြိုက်မှာပဲ၊လို့တွေမထားပါနဲ့နော်။ အပြင်ထွက်စားတဲ့အခါမှာဖြစ်ဖြစ် အိမ်မှာ စားတဲ့အခါမှာဖြစ်ဖြစ် ကလေးကြိုက်တဲ့အစားအစာက ဘာလဲဆိုတာကိုသေချာမေးပြီးမှပြင်ဆင်ပေးပါ။ ကလေးတိုင်းက အကြိုက်မတူနိုင်သလို ကလေးတစ်ယောက်တည်းမှာလည်း အချိန်အခါအလိုက်အကြိုက်ပြောင်းလဲနေနိုင်ပါတယ်။ကလေးတွေအတွက်သောက်စရာကိုဂရုစိုက်ရွေးချယ်ပေးပါ။ကလေးတွေက အချိုရည်တွေနဲ့ အချိုကဲတဲ့အစားအစာေတွေကိုတော်တော်လေးသဘောကျတတ်ကြပါတယ်။ တကယ်တော့ ဒီသောက်စရာတွေက ကယ်လ်လိုရီပါဝင်မှုများပြီး အာဟာရပါဝင်မှုနည်းတတ်ကြပါတယ်။ ကလေးတွေအတွက်အကောင်းဆုံးသောသောက်စရာတွေကရေနဲ့နို့တို့ပါ။ သဘာဝအသီးကိုကြိတ်ထားတဲ့သစ်သီးဖျော်ရည်တွေကလည်း အဆင်ပြေပါတယ်။အစားအသောက်ကျွေးပြီး ချစ်ခြင်းမေတ္တာကိုမဖော်ပြပါနဲ့။ကလေးကိုချစ်တယ်ဆိုပြီ အစားအသောက်တွေအများကြီးကျွေးတာ၊ စားချင်တယ်ဆိုတိုင်းဝယ်ပေးတာမျိုးမလုပ်ပါနဲ့။ ကလေးကို ချစ်တယ်ဆိုတာကို အခြားနည်းလမ်းနဲ့ပြသဖို့စဉ်းစားပေးပါ။ ကလေးကို အာဟာရမျှတအောင်ကျွေးမွေးတာမျိုးက အဆင်ပြေပေမယ့် အလိုလိုက်ပြီး စားချင်တာမှန်သမျှကျွေးတာက ချစ်ရာမရောက်ပါဘူး။ ဒါကြောင့် ကလေးကို နည်းလမ်းမှန်မှန်နဲ့ချစ်ဖို့ကြိုးစားပါ။ကလေးအတွက်အကောင်းဆုံးရှေ့ဆောင်လမ်းပြလုပ်ပေးပါ။ကလေးတွေရဲ့ လက်ဦးဆရာကမိဘနှစ်ပါးပါ။ ကလေးတွေ က မိဘတွေကိုကြည့်ပြီး သင်ယူတာပါ။ ဒါကြောင့် ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင် ဂရုစိုက်နေထိုင်ပေးပါ။ အာဟာရပြည့်ဝအောင်စားပေးပါ။ အစားမစားဘဲနေတာမျိုး ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေစားတာမျိုး မလုပ်ပါနဲ့။တီဗွီနဲ့ကွန်ပျူတာအသုံးပြုချိန်ကို ကန့်သတ်ပါ– တီဗွီကြည့်တာ၊ ကွန်ပျူတာအသုံးပြုတာတွေက စားသောက်မှုပုံစံအပေါ်မှာ သက်ရောက်နေပါတယ်။ ဒါကြောင့် တီဗွီ နဲ့ ကွန်ပျူတာတွေအသုံးပြုတာအစား လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနေပေးပါ။ ကလေးကိုလည်း ကိုယ့်နဲ့အတူ တက်တက်ကြွကြွပါဝင်လုပ်ဆောင်ခိုင်းပါ။ ကိုယ်ရောစိတ်ပါကျန်းမာတဲ့ ကလေးလေးအဖြစ်ကြီးပြင်းလာမှာပါ။လေးစားမှုရှိပါ။ကလေးကိုဆက်ဆံတဲ့အခါလေးလေးစားစားလေးဆက်ဆံပေးပါ။ ကလေးမစားချင်တာကို အတင်းကျွေးတာမျိုး၊ ကိုယ်ဆန္ဒအတိုင်းကလေးကို လုပ်ခိုင်းတာမျိုးမလုပ်ပါနဲ့။ ကလေးကို အစားအသောက်ကစလို့ အရာရာတိုင်းမှာ စိတ်ကြိုက်ရွေးချယ်ခွင့်ပေးပြီး ကလေးရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပေးဖို့မမေ့ပါနဲ့။ဒီအချက်လေးတွေကို လက်တွေ့အသုံးချလို့ ကလေးနဲ့ကိုယ့်အကြားမှာ အကောင်းဆုံးသောဆက်ဆံရေးကိုတည်ဆောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နိုင်ကြပါစေကြောင်း။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/tips-for-parents/
ကလေးများတွင် Penumococcus ရောဂါပိုးကူးစက်ခြင်း
Pneumococcal ရောဂါပိုးကူးစက်ခြင်းသည် နှစ်စဉ် ကလေးငယ်ပေါင်း ၅၀၀၀၀၀ ကို သေဆုံးစေပါသည်။ သို့သော် လည်း စစ်တမ်းတစ်ခုအရ မလေးရှားမိခင်များ၏ ၉၆ ရာခိုင်နှုန်းသည် pneumococcus အကြောင်း တစ်လုံးမှ မသိ ပါ။ ၉၇ ရာခိုင်နှုန်းသည် ၎င်းအတွက် ကာကွယ်ဆေးရှိမှန်း မသိပါ။Streptococcus pneumoniae သို့မဟုတ် pneumococcus ဆိုသည်မှာ ၁၉ရာစု အနှောင်းပိုင်းတွင် အဆုပ်ရောင်ရောဂါ ဖြစ်စေသော အဓိကအကြောင်းရင်းဟု သိထားသော ဘတ်တီးရီးယား ရောဂါပိုး တစ်မျိုး ဖြစ်သည်။မွေးခါစမှ ၂၄လအတွင်း ကလေးငယ်များ၏ ခန္ဓါကိုယ် သည် သွေးထဲတွင် pneumococcal antibodies အလွန် နည်းပါသည်။ ထို့ကြောင့် ရောဂါဖြစ်နိုင်ချေ အများဆုံး ဖြစ်သည်။ ကိုယ်ခံအားနည်းသော ကလေးငယ်များ ( မွေးရာပါ သို့မဟုတ် အပြင်ပိုင်းအချက်များကြောင့်) နှင့် နာတာရှည် ရောဂါရှိသော ကလေးများသည် pneumococcal ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်သောသူများ ဖြစ်သည်။၎င်းသည် အဖျားတက်ခြင်း၊ အလွန်ခေါင်းကိုက်ခြင်း၊ မအီ မသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ အလင်း ကြောက်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ထိုင်းမှိုင်းတွေဝေခြင်း၊ ငယ် ထိပ် ဖောင်းကားခြင်းတို့ကို ဖြစ်စေနိုင်သည်။ သတိလစ်ခြင်း၊ တက်ခြင်းတို့လည်း ဖြစ်နိုင်သည်။သွေးထဲ ဘတ်တီးရီးယား ပိုးဝင်သောကလေးသည် အဖျားအလွန်တက်ပြီး အမြဲဒေါသ ထွက်နေသည်။ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း လည်း ဖြစ်နိုင်သည်။အဆုပ်ရောင်ခြင်းသည် ကလေးငယ်များကို အသက်ရှူရ ခက်ခဲစေသည်။ ရင်ဘတ်အောင့်ခြင်း၊ ချမ်းတုန်ခြင်း၊ အဖျား တက်ခြင်းနှင့် ချောင်းဆိုးခြင်းတို့သည် ထုံးစံ လက္ခဏာများ ဖြစ်သည်။နားရောင်ခြင်းခံစားရပါက ယာယီ အကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ အဖျားတက်ခြင်းတို့ ဖြစ်နိုင်သည်။၁၀-၁၄ရက် အအေးမိခြင်း၊ နှာရည်ယိုခြင်း စသော လက္ခဏာများ ရှိသည်။ လည်ချောင်းနာခြင်း၊ အသက်ရှူ ခက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မောပန်းခြင်းတို့ကို ဖြစ်စေ နိုင်သည်။Pneumococcal ရောဂါပိုးကူးစက်မှု၏ အစသည် တစ်ခါ တစ်ရံ မပြင်းထန်ဘဲ သိရှိရန်ခက်ခဲသည်ကို သတိပြုပါ။သင့်အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။ သင့် ကလေးသွားသော ကလေးစောင့်ရှောက်မှု စင်တာကိုလည်း သန့်ရှင်းရေး စည်းကမ်းများ လိုက်နာမှုရှိရန် လုပ်ပါ။ ကား အိပ် ဇောပိုက် သို့မဟုတ် ဆေးလိပ်ငွေ့စသော လေထုညစ်ညမ်းမှု များကို ရှောင်ပါ။ ထို့အပြင် ခန္ဓါကိုယ်မှ အာဟာရ ရယူမှု ကောင်းစေရန် သင့်ကလေးအား အနည်းဆုံး အသက် ၆လအထိ မိခင်နို့တိုက်ပါ။ သင့်ကလေးသည် နေမကောင်း သော လက္ခဏာများပြပါက နေ့ပိုင်းစောင့်ရှောက်မှုစင်တာသို့ မသွားခိုင်းပါနှင့်။ယနေ့ခေတ်တွင် ကာကွယ်ဆေး ၂မျိုး ရနိုင်ပါသည်။Pneumococcal polysaccharide ကာကွယ်ဆေး။ဤ ကာကွယ်ဆေးကို အသက်၂နှစ်အောက် ကလေးများတွင် အသုံးမပြုနိုင်ပါ။ ကိုယ်ခံအား တုံ့ပြန်မှု လုံလောက်စွာ မလှုံ့ဆော်နိုင်သောကြောင့် ဖြစ်သည်။Pneumococcal conjugate ကာကွယ်ဆေး။၎င်းသည် ၆လ အရွယ်ကလေးများတွင် အသုံးပြုနိုင်သော ကာကွယ်ဆေး အသစ်တစ်မျိုးဖြစ်သည်။ ကိုယ်ခံအားမှတ်ညဏ်နှင့် အစုလိုက် ကိုယ်ခံအားကို ဖြစ်စေသည်။ pneumococcal ရောဂါများကို ဤကာကွယ်ဆေး အမျိုးအစားဖြင့် ကာကွယ်နိုင်သည်။ကာကွယ်ဆေးထိုးခြင်း၏ အရေးပါမှု။ကာကွယ်ဆေးသည် ကလေးများတွင် ထပ်ခါထပ်ခါ ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်ပေးသည်။ ဘတ်တီးရီးယားကို လူထုအတွင်း ကူးစက်ပျံ့နှံ့ခြင်းကို ရပ်တန့်စေသည်။ ထို့အပြင် ကာကွယ် ဆေးထိုးခြင်းသည် ပဋိဇီဝဆေးသုံးရန် လိုအပ်မှုကို လျော့ချ ပေးနိုင်သည်။ထို့ကြောင့် ဘတ်တီးရီးယားများ ဆေးကိုခုခံခြင်း ကို လျော့ချပေးသည်။ ရောဂါပိုးကူးစက်ခံရပြီးသူများသည် လည်း ကိုယ်ခံအား ရနိုင်ပြီး နောက်တစ်ဖန် မကူးစက်နိုင်ပါ။ ထို့ကြောင့် သင့်ကလေးအား တတ်နိုင်သလောက် မြန်မြန် ကာကွယ်ဆေးထိုးနိုင်ရန် ဆရာဝန်ဆီ သွားရောက်ပြသပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-penumococcus-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%95%e1%80%ad%e1%80%af/
ကိုယ့်ရဲ့ ဇနီးသည် မဗိုက်ကလေးကို ကြင်နာပါ
ကြားဖူးပါတယ်။ကိုယ်ဝန်ဆောင်ထားတဲ့ဇနီးကို ရိုက်နှက်နှိပ်စက်တဲ့ ခင်ပွန်းမျိုး။ ဘယ်လိုများ လုပ်ရက်သလဲနော်။ တကယ်တော့ ကိုယ်ဝန်ဆောင်တယ် ဆိုတာ အမျိုးသမီးတွေအတွက် ဘဝမှာ စိတ်လှုပ်ရှားရဆုံးနဲ့ ခန္ဓာကိုယ်မှာ စိန်ခေါ်မှုအကြုံရဆုံးကိစ္စပါပဲ။ လူသားဆန်တဲ့ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင် ဇနီးသည် အတွက် အခုချိန်မှာ ပိုပြီးချစ်ခင်ကြင်နာပေးသင့်ပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ရဲ့ ဇနီးသည် မဗိုက်ကလေးကို ကြင်နာပါ လို့ ပြောရတာပါ။ဇနီးဖြစ်သူက ကိုယ့်ကလေးကိုကိုးလကြာအောင်ကိုယ်ဝန်လွယ်ထားရချိန်အတွင်းမှာ ကလေးရဲ့ဖခင်ဖြစ်တဲ့ ကိုယ်က အပြင်ကနေ စောင့်ရှောက်ကူညီပေးရမှာပါ။ အကောင်းဆုံးကတော့ သူ့အပေါ် စိတ်ရင်းနဲ့ စောင့်ရှောက်ဂရုစိုက်မှု ပြသပေးဖို့ဖြစ်ပါတယ်။ သူကြိုက်တဲ့အရာ၊ မကြိုက်တဲ့အရာတွေ၊ စိတ်စွဲလမ်းမှုတွေနဲ့ မဖြစ်စဖူးဖြစ်လာတဲ့အပြုအမူတွေကို နားလည်ပေးပါ။ကိုယ့်ရဲ့ ဇနီးသည် မဗိုက်ကလေးကို ကြင်နာပါ ဆိုရာမှာ။ကိုယ်ဝန်အကြောင်းကြားရတဲ့အချိန်မှာ တအားပျော်ရွှင်ဖို့ စိတ်မရှိရင်တောင်မှ စိတ်မဝင်စားသလိုအပြုအမူမျိုး နဲ့ မတုံ့ပြန်မိပါစေနဲ့။ ဇနီးသည်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့နဲ့ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာသင်ကသူ့အနားမှာရှိနေပေးဖို့ ဦးစားပေးလုပ်ဆောင်ပေးပါ။သူ့မှာ ဘယ်လိုတွေပြောင်းလဲနေသလဲဆိုတာ သင်သိလေ၊ နားလည်ပေးပြီး ဘယ်လိုကူညီရမလဲ ဆိုတာ ပြင်ဆင်နိုင်လေ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစာအုပ်တွေမှာဖခင်လောင်းတွေအတွက် အရမ်းကိုအသုံးဝင်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတဲ့ အထူးအပိုင်းတွေပါရှိတတ်ပါတယ်။ပုံမှန်ရက်ချိန်းတိုင်းမှာ ဆေးခန်းလိုက်ပို့ပေးတာက အကျိုးရှိတဲ့အချက်သုံးခုရှိပါတယ်။ ပထမအချက်- သင်က ကိုယ်ဝန်ဆောင်ကာလအတွင်း သူနဲ့အမြဲရှိနေပေးတယ်လို့ ဇနီးကို ပြသနိုင်သလို ဒုတိယအချက်က ကိုယ်ဝန်နဲ့ ပတ်သက်ပြီး သင်က အကုန်သိထားတဲ့အပြင် သူမအတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ ထင်မြင်စေပါတယ်။ နောက်ဆုံးအချက်က ဆရာဝန်ပြောသမျှကို ကူမှတ်ပေးထားပါ။ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ အမျိုးသမီးတွေရဲ့မှတ်ဉာဏ်က သိပ်မကောင်းတတ်ကြဘဲ စိတ်လှုပ်ရှားနေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဇနီးသည် မေ့နေတဲ့အချက်တွေ ရှိနေရင်တောင် သင်က ကူညီပေးနိုင်ပါတယ်။ ဒါဟာ အရမ်းအရေးကြီးလို့ ကိုယ်က အရမ်းအလုပ်များနေရင်တောင်မှ ရက်ချိန်းအတွက် ရအောင်အချိန်လုပြီး အဖော်လိုက်ပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာစိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ လိုအပ်ချက်များပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ဇနီးသည်ကို မလိုအပ်ဘဲ ဖိအားမပေးပါနဲ့။ အိမ်အလုပ်တွေကို ကူလုပ်ပေးခြင်းဖြင့်လည်း ဇနီးကို ပိုအနားရအောင် ကူညီပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလအတွင်း ဇနီးသည်ရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းတွေပြောင်းလဲစေပါတယ်။ တစ်ခါတစ်လေ စိတ်ပျော်မယ်၊ တစ်ခါတစ်လေ သင်ပါးစပ်ဟလိုက်တာနဲ့ သူရန်လုပ်ရင်လုပ်မယ်၊ တစ်ခါတစ်လေ အကြောင်းရင်းမရှိဘဲ ပေါက်ကွဲငိုယိုတာတွေ ရှိလာပါလိမ့်မယ်။ စိတ်ရှည်သည်းခံပေးလိုက်ပါ။ ဒါတွေဟာ ဟော်မုန်းကြောင့်ပဲလို့ နားလည်ပေးပါ။ကိုယ်ဝန်ဆောင်တွေက မကြာခဏ ဆီးသွားတတ်ပါတယ်။ မကြာခဏဆိုတာက နာရီဝက်တစ်ခါလောက်ကို သွားတတ်တာမျိုးပါ။ ဒီလိုဖြစ်လာတဲ့အခါ သူ့ကိုနားလည်ပေးပါ။ နေရာစီစဉ်ပေးပါ။ဒီနည်းက ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေအတိုင်း သူမကိုယ်တိုင် လိုက်နာစေဖို့ စိတ်ပိုင်းဆိုင်ရာအားပေးမှုတစ်ခု ပါပဲ။ ဇနီးသည်က အရက်နဲ့ ကော်ဖီရှောင်ရတဲ့အချိန်မှာ ကိုယ်လည်း မသောက်ပါနဲ့ (ဒါမှမဟုတ် အနည်းဆုံး တော့ သူ့ရှေ့မှာမသောက်ပါနဲ့)။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ဝန်ဆောင်နဲ့ သန္ဓေသားအတွက် အကျိုးရှိတာကြောင့် လမ်းအတူလျှောက်ပေးရင်း၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း တွေအတူလုပ်ပေးရင်းနဲ့ သူမကို အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။Morning sickness ဟာ ကလေးမွေးဖွားချိန်ကလွဲလို့ ကိုယ်ဝန်ဆောင်ကာလမှာ အဆိုးဆုံးအချိန်ဖြစ်ပါတယ်။ Morning sickness ကိုကိုယ်ဝန်ဆောင်အမျိုးသမီး ၇၅ ရာခိုင်နှုန်းမှာ ခံစားရတတ်ပြီး လက္ခဏာရပ်တွေကတော့ ခေါင်းကိုက်တာ၊ အိပ်ချင်စိတ်လွန်ကဲနေတာ၊ မအီမသာခံစားချက်တွေနဲ့ တစ်ခါတစ်ရံ ပျို့အန်တာတွေ ပါဝင်ပါတယ်။ ဒီအခြေအနေတွေက လွန်မြောက်လာအောင် သင့်အမျိုးသမီးကို ကြင်နာမှု ဖေးမမှုတွေနဲ့ ဂရုစိုက်ပေးပါ။သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ချစ်ခြင်းမေတ္တာနဲ့ လွှမ်းခြုံပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/be-kind-to-pregnant-mom-during-pregnancy/
ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ်
အမျိုးသမီးတ‌စ်ယောက်ရဲ့ ဆယ်ကျော်သက်လောက်ကစခဲ့တဲ့ ရာသီစက်ဝန်းဟာ သွေးဆုံးချိန် အသက်၅၀ ၀န်းကျင်‌လောက်ထိ‌ရေတွက်ကြည့်ရင် စုစုပေါင်းအကြိမ်ရေ ၅၀၀ လောက်ထိရှိပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းတိုင်းမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ၊ တက်ကြွဖျတ်လတ်မှုတွေ ပေးဆပ်လိုက်ရတယ်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ပျက်ကွက်သွားတယ် ဆိုရင်မတန်ဘူးလေနော်။   ။ပြီးတော့ရာသီစက်ဝန်းတိုင်းမှာ ပိုပြီးပင်ပန်းလွယ်၊ ထိရှလွယ်ဖြစ်နေတာဟာလည်း သဘာဝပဲမို့ ဒီလိုအချိန်တွေမှာ ဘယ်လိုပျော်ပျော်ရွှင်ရွှင်ပေါ့‌ပေါ့ပါးပါးဖြတ်သန်းကြမလဲ၊ ဒီကိစ္စကြောင့် ကိုယ့်ရဲ့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမပျက်ကွက်ရအောင် ဘယ်လိုပြင်ဆင်နေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။   ။ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ် ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။၁)ကြိုတင်ပြင်ဆင်ကြမယ်။ကြိုတင်ပြင်ဆင်ဖို့ ပထမဆုံးခြေလှမ်းက ကိုယ်ရဲ့ ရာသီစက်ဝန်းဟာ ဘယ်နေ့တွေလဲဆိုတာ သိဖို့ပါ။ ဒါကြောင့် ရက်မှတ်သားထားဖို့ လိုပါတယ်။ ရာသီစက်ဝန်း ပြန်လည်လာမယ့်အချိန်ကိုကြိုတင်သတိထားမိအောင် ပြက္ခဒိန်မှာမှတ်သားထားလို့ရသလို Hellosayarwonကသားဥကြွေခြင်းကို တွက်ချက်ခြင်းကျန်းမာရေး ကိရိယာတွေကို ကောင်းစွာအသုံးချပြီးပြင်ဆင်နိုင်ပါတယ်။ကိရိယာထဲမှာ ကိုယ့်ရဲ့ရာသီစက်ဝန်းပုံစံ (ဘယ်နှရက်တစ်ခါလဲ ၊ ဘယ်လောက်ကြာတတ်လဲ) စတာတွေကိုဖြည့်ထားလိုက်ရင် သူ့အလိုလိုတွက်ချက်ပြီး စက်ဝန်းပြန်လည်ခါနီးသတိပေးချက်တွေ၊။ဘယ်နေ့တွေ ဥကြွေမလဲ၊ ဘယ်နေ့တွေမှာအတူနေရင် ကလေးရနိုင်သလဲ စတာတွေပါ စုံစုံလင်လင်ဖော်ပြပေးလို့ ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်နိုင်မှာပါ။    ။၂) ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။ရာသီစက်ဝန်း အတွင်းမှာ လှုပ်လှုပ်ရှားရှားနေခြင်းက ငြိမ်နေတာထက်နာကျင်မှုကိုလျော့နည်းစေပါတယ်။ ဘာလို့ဆိုတော့ လေ့ကျင့်ခန်းလုပ်ရင်ထွက်လာတဲ့ endorphins ဆိုတဲ့ ဟော်မုန်းက နာကျင်မှုကို သက်သာစေတဲ့ action ရှိတာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် Gym ဆော့တာတို့၊ ပုံမှန်လုပ်နေကျ ရေကူးတာ၊ yoga၊ လေ့ကျင့်ခန်း လုပ်တာတို့ကို ရပ်လိုက်ဖို့မလိုဘဲ တပိုင်တနိုင် လုပ်ပေးနိုင်ပါတယ်။ (အရမ်းပြင်းပြင်းထန်ထန် မလုပ်မိဖို့တော့ သတိထားရမယ်နော်)။၃) ခန္ဓာကိုယ်ဟာရေဓာတ်ပြည့်ဝနေပါစေ။တချို့သော အမျိုးသမီးတွေဟာ ရာသီစက်ဝန်း အချိန်တွင်းမှာ ဗိုက်ထဲ မအီမလည်ဖြစ်ပြီး လေးပင်နေတတ်လို့ ရေသောက်ဖို့ကို လိုလိုလားလား မရှိဘဲ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် ရေဓာတ် ပြည့်၀နေခြင်းဟာလည်း လန်းလန်းဆန်းဆန်းဖြစ်နေစေဖို့ အဓိက အရေးကြီးတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်လို့  ရေနဲ့ ကိုယ်ကြိုက်တဲ့ juice တွေကို မကြာခဏ သောက်ပေးဖို့ တိုက်တွန်းပါရစေ။၄)အစားအသောက်ကို ရွေးချယ်စားပါ။သတိထားကြည့်လို့ရှိရင် ဒီရက်တွေမှာ အရင်ကထက် ပိုပြီး ဖွယ်ဖွယ်ရာရာ စားချင်နေတာကို တွေ့ရလိမ့်မယ်။ ဒါပေမယ့်လို့ မစားသင့်တာတွေဘဲ စားနေမိလို့ရှိရင် နာကျင်မှု‌‌ဝေဒနာဟာ ပိုဆိုးလာနိုင်လို့ အစားသောက်ကို သေချာရွေးချယ်စားပေးဖို့ လိုပါမယ်။အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပါ။ ကိုယ်ကြိုက်တဲ့ အသီးအနှံတွေကို ဝယ်ထားပြီးမကြာခဏ (တစ်နေ့ ၅ကြိမ်လောက်) စားပေးပါ။ စတော်ဘယ်ရီ၊ သဘော်၊ ဖရဲသီး၊ ပန်းသီးတို့လို ရေဓာတ်ပြည့်ဝတဲ့ အသီးတွေဖြစ်ရင် ပိုကောင်းပါတယ်။Calcium ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ နာကျင်မှုကိုလျော့နည်းစေပြီး Vitamin B6 ကတော့ ရာသီစက်ဝန်း မတိုင်မီနဲ့ စက်ဝန်းအတွင်းဖြစ်တတ်တဲ့ အတွေးများပြီး အိပ်မပျော်တာ၊ စိတ်ရှုပ်တတ်တာ၊ စိတ်ဓာတ်ကျတာတွေကို လျော့နည်းစေပါတယ်။Calcium ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့၊ ဒိန်ချဉ်၊ အစိမ်းရောင်အရွက်တွေဖြစ်ပြီး လိုအပ်ရင် Calcium supplement (500mg/day) ကိုလည်းသောက်သုံးပေးနိုင်ပါတယ်။ Vitamin B6 ကြွယ်ဝတဲ့အစားအစာတွေကတော့ ငါး၊ ကြက်သား၊ အာလူး၊ ကန်စွန်းဥ၊ အမဲသား စသည်တို့ဖြစ်ပြီး Vitamin B6 supplement ကို 50-100mg/day သောက်သုံးပေးနိုင်ပါတယ်။(အတက်ကျဆေးတွေ၊ theophylline လို့ခေါ်တဲ့ ပန်းနာရင်ကျပ်ပျောက်ဆေးတွေ သောက်နေရင်တော့ Vitamin B6 ကိုမသောက်သင့်ပါဘူး။) အရမ်းနာကျင်ကိုက်ခဲနေရင်တော့ acetaminophen (paracetamol) ၊ ibuprofen တို့လို အကိုက်အခဲပျောက်ဆေးတွေကို လိုအပ်သလို သောက်သုံးပေးနိုင်သလို အိမ်မှာဆိုရင် ဒဏ်ကြေဆေးပူပူလေးလိမ်းတာ၊ရေနွေးအိတ်ကပ်တာတွေကလည်း နာကျင်မှု‌ဝေဒနာကို အလျင်မြန် သက်သာစေပါတယ်။၅) ဘယ်လိုအစားသောက်တွေ ရှောင်ရမလဲ။ချောကလက်၊ အချိုအဆိမ့်၊ အငန်နဲ့ junk food (ကြက်ကြော်၊ ဘာဂါ)၊ caffeine၊ alcohol စတွေဟာ နာကျင်မှု‌‌‌‌‌‌‌‌‌‌ဝေဒနာကိုပိုဆိုးစေတတ်လို့ ရာသီစက်ဝန်းအတွင်းမှာ ရှောင်သင့်ပါတယ်။ အဲဒီအစား ginger ၊ mint ပါတဲ့ အရည်တွေ hot lemon tea စတာတွေကို သောက်သုံးနိုင်ပါတယ်။၆)အိပ်ရေးဝအောင် အိပ်ပါ။ရာသီစက်ဝန်းမတိုင်မီ တစ်ပတ်လောက်အလိုနဲ့ ရာသီစက်ဝန်းအတွင်း အရေးကြီးဆုံးကတော့ အိပ်ရေးဝအောင်အိပ်စက်ပေးဖို့ပါပဲ။ အဲဒီရက်တွေမှာ ခနွာကိုယ်ဟာ ကောင်းစွာပြန်လည်တည်ဆောက်ဖို့ တစ်ရက်ကိုအိပ်ချိန် ၈-၉နာရီလောက်ထိ လိုအပ်တတ်ပါတယ်။ ဒါကြောင့်ပုံမှန်နေ့တွေထက် စောစောအိပ်ရာဝင်ပေးဖို့နဲ့ နေ့လယ်နေ့ခင်း တရေးတမောအိပ်စက်ပေးဖို့ လိုအပ်ပါတယ်။၇) ကိုယ်လုပ်ချင်စိတ် ရှိမှလုပ်ပါ။ဒီရက်တွေမှာ မိမိကိုယ်ကိုနားလည်ပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ ရာသီစက်ဝန်းမှာ စိတ်သွားတိုင်း ကိုယ်မပါ လေးပင်နေတတ်တာဟာ သဘာဝဖြစ်လို့ တနေ့တာလုပ်ငန်းဆောင်တာတွေကို လောဘမကြီးဘဲ နားနားနေနေ လုပ်ဖို့တော့ လိုမယ်နော်။ ဒီလိုမှမဟုတ်ရင် ပုံမှန်ထက်ပိုနေတဲ့stressတွေဟာပိုပိလာပြီး မလိုလားအပ်တဲ့ပြဿနာတွေပေါ်ပေါက်လာတတ်လို့ပါ။၈) သက်တောင့်သက်သာရှိတဲ့လစဉ်သုံးလေးတွေရွေးချယ်သုံးပါ။လစဉ်သုံး (Pad သို့မဟုတ် tampon) ကတော့ ကိုယ်နဲ့အဆင်ပြေတာသုံးလို့ရပါတယ်။ အဓိကကတော့ မိမိကိုစိတ်လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ အမျိုးအစားကို သိရှိရွေးချယ်ထားဖို့လိုပါမယ်။ ဒီလိုမှမဟုတ်ရင် လစဉ်သုံးက သက်တောင့်သက်သာမရှိ၊ ယိုစိမ့်မှုတွေ ဖြစ်တာ‌ကြောင့် စိတ်မကြည်ရာကနေ စိတ်အနှောင့်ယှက်ဖြစ်နိုင်လို့ပါ။ဘယ်လိုအမျိုးအစားပဲသုံးသုံး ယိုစိမ့်မှုမရှိအောင်နဲ့ ဘက်တီးရီးယားမတွယ်ကပ်အောင် ၃-၄နာရီခြားတစ်ခါ လဲပေးဖို့တော့လိုပါမယ်နော်။ ( Menstrual cup သုံးတတ်သူတွေအဖို့တော့ ၁၂နာရီတစ်ခါသွန်ပေးဖို့လို့ပါတယ်။ )။၉)တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ရာသီစက်ဝန်းအတွင်းမှာ ရေပုံမှန်ချိုးပြီး လှလှပပနေမယ်၊ သုံးနေကျ ရေမွှေးသင်းသင်းလေး ဆွတ်ထားမယ်၊ အမျိုးသမီးအင်္ဂါတဝိုက်ကို မကြာခဏဆေးကြောသန့်စင်ပေးမယ်ဆိုရင်လည်း စိတ်ကြည်လင်လန်းဆန်းနေစေပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေမှာ ဧကန်မလွဲပါပဲ။၁၀)အတူနေလို့ရလား။ရာသီစက်ဝန်းအတွင်း အတူနေလို့ရပါတယ်။ ဆန္ဒပြီးမြောက်သွားချိန်မှာ ပိုမိုအိပ်ပျော်စေတာရယ်၊ ဦးနှောက်က  ထွက်တဲ့ endorphins ဟော်မုန်းက နာကျင်မှုကိုလျော့နည်းစေတာရယ်ကြောင့် သက်တောင့်သက်သာရှိစေပါတယ်။ ဒါပေမယ့် အတူနေချိန်မှာ အိပ်ရာပေါ်သွေးစွန်းတာ၊ ညစ်ပေသွားတာကတော့ စိတ်အနှောင့်ယှက်ဖြစ်စေမှာ ဧကန်ပါပဲ၊ ဒါကြောင့် အဲဒီအတွက်တော့ ကြိုတင်ပြင်ဆင်ဖို့လိုပါမယ်။နောက်တစ်ခုက ရှားရှားပါးပါး တချို့သူတွေမှာ ရာသီချိန်မှာ အတူနေရင်းက ကိုယ်ဝန်ရသွားတတ်ပါတယ်။ သွေးကနေတဆင့် ရောဂါတွေလည်း ကူးစက်တတ်လို့ အတူနေချိန်မှာ ကွန်ဒုံးသုံးဖို့ အကြံပေးပါရစေ။ကဲ….နောက်ဆုံး အရေးကြီးဆုံးတစ်ချက်ကတော့ ကိုယ့်ရဲ့ အိုပါးတွေ၊ လုပ်ဖော်ကိုင်ဖက် (ရင်းနှီးတယ်ဆိုရင်) တွေကို ကိုယ့်ရဲ့စက်ဝန်းကာလကို ဖြတ်သန်းနေရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားရင် သူတို့လည်းနားလည်ပေးနိုင်လို့ ရာသီစက်ဝန်းကို ပေါ့ပေါ့ပါးပါးနဲ့ အေးချမ်းစွာဖြတ်သန်းနိုင်မှာအမှန်ပါပဲ။  ။ရေးသားသူ- အမရာကျော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/to-be-happy-periods-time/
Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း)
လက်ဖျံကြောသေခြင်းဆိုသည်မှာ လက်ဖျံကြောရောဂါတစ်ခုဖြစ်သည်။ သင့်၏ပခုံးမှ လက်သန်းအထိ။ရှိသောအာရုံကြောကိုဆိုလိုသည်။ သင့်၏လက်ချောင်းလှုပ်ရှားမှုများ။အားကောင်းစေသော ကြွက်သားများအား လက်ဖျံကြောသည်ထိန်း။ချုပ်ပေးသည်။ သင့်လက်ဖျံရှိအရာဝတ္တုများအားတင်းကြပ်စွာ ဆုပ်ကိုင်ပေးသည့်အချို့သောကြွက်သားများအားလည်းထိန်းချုပ်။ပေးသည်။ သင့်လက်ဖျံကြောအားထိခိုက်မိပါက သင့်လက်တွင်။အာရုံခံစားမှုပျောက်သွား၍ ကြွက်သားအားနည်းလာတတ်သည်။သင့်၏အခြားသောအာရုံကြောများနှင့်မတူပဲ သင့်လက်ဖျံကြောသည် ကြွက်သား(သို့)အရိုးများနှင့်လမ်းကြောင်း တောက်လျှောက်ကာကွယ်ထားခြင်းမခံရပေ။ အချို့သောနေရာများတွင် သင့်အရေပြားနှင့်ထိုအာရုံကြောသည်နီးကပ်နေတတ်သည်။ဆိုလိုသည်မှာ လက်ဖျံကြောအားထိခိုက်မှုသည် အဖြစ်မများခြင်းမ။ဟုတ်ပေ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လက်ဖျံကြောသေခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အချိန်ကြာလာသည်နှင့်အမျှ အာရုံသိစိတ်နှင့်ထိန်းချုပ်မှုပျောက်လာသောအခါ သင့်လက်ရှိကြွက်သားများကို မာတောင့်လာစေပြီး လက်သည်းကဲ့သို့ကွေးကာ ပုံပျက်သွားစေသည်။ ပြင်းထန်သော။အခြေအနေများတွင်သာထိုကဲ့သို့ဖြစ်ပွားတတ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘာတွေက လက်ဖျံကြောသေခြင်း ဖြစ်ပွားစေသလဲ။မည်သည့်အကြောင်းကြောင့်ဖြစ်ပွားသည့်ကို မသိရသေးပေ။လက်ဖျံကြောသေခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်သည် ပထမဦးစွာ သင့်အားကိုယ်တွင်ကြည့်ရှူစစ်ဆေး။ကာ ရောဂါလက္ခဏာများအကြောင်းကို မေးမြန်းလိမ့်မည်။ အကယ်၍သင့်လက်အားထိခိုက်ဒဏ်ရာရပြီးမှဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာများအား။သင့်ဆရာဝန်အားပြောဖြစ်အောင်ပြောပြခြင်းဖြင့် ထိုကဲ့သို့ဖြစ်ပွား။နိုင်သည့်အကြောင်းအရင်းများကို ဆရာဝန်မှ လွယ်ကူစွာ သိသွားစေနိုင်သည်။ မည်ကဲ့သို့ထိခိုက်ဒဏ်ရာဖြစ်ပွားသည်၊မည်မျှ။ကြာမြင့်ပြီနှင့် မည်သည့်အရာများကသင့်လက္ခဏာများအား ပိုဆိုး(သို့)ပိုကောင်းစေသည်ကိုလည်း ဆရာဝန်များမှ မေးမြန်းတတ်ပါသည်။ ကိုင်တွယ်ကြည့်ရှူစစ်ဆေးရာတွင် ဆရာဝန်။သည်သင်မည်မျှသင့်လက်ချောင်းများကို လှုပ်ရှားနိုင်ကြောင်းနှင့် သင့်လက်အခြေအနေကို အကဲခတ်သည်။ ထိုစစ်ဆေးမှုအပြင် အခြားသောစစ်ဆေးမှုများမှာ။ထိုစစ်ဆေးမှုများသည် ရောင်ရမ်းမှုနှင့်လက်ဖျံကြော၏စွမ်းဆောင်ရည်တို့ကိုသိရှိအောင်။ဆောင်ရွက်ပေးနိုင်သည်။ ကောင်းစွာအလုပ်မလုပ်နိုင်သောအာရုံ။ကြောနေရာကိုလည်း သိရှိရန်ထိုစစ်ဆေးမှုများကကူညီပေးသည်။အာရုံကြောစစ်ဆေးမှုသည် ပြင်းထန်မှုကို ဆုံးဖြတ်ပေးနိုင်ပါသည်။အာရုံကြောတစ်ရှူးများသည် အခြားသောတစ်ရှူးများထက်စာလျှင်။ပို၍နှေးကွေးစွာ အနာကျက်ကျသော်လည်း အချို့သောလက်ဖျံကြောသေရောဂါလက္ခဏာများသည် ကုသမှုမပါပဲသက်သာလာတတ်ကြောင်းတွေ့ရသည်။ လက်ဖျံကြော။သေခြင်းအတွက် ပေးနိုင်သောကုသမှုများမှာ။အောက်ပါအတိုင်းဖြစ်သည်။ဆေးများ ဥပမာ gabapentin,carbamazepine သို့ phenytoin။အကယ်၍အာရုံကြော ထိခိုက်မှုသည် ပြင်းထန်ဆိုးဝါးပြီး မသက်သာလာပါက သင့်ဆရာဝန်သည်။ခွဲစိတ်ဖို့ညွှန်ကြားတတ်သည်။ လက်ဖျံကြောသေခြင်းကြောင့်သင့်၏။နေ့စဉ်လုပ်ငန်းများအားလုပ်ဆောင်ရန်ခက်ခဲလာသောအခါတွင်။လည်း ခွဲစိတ်ရန်လိုအပ်တတ်သည်။ အကယ်၍တံထောင်ဆစ်တွင်။အာရုံကြောအားဖိအားဖြစ်စေမှုသည် ဖြစ်ပွားရသည့် အကြောင်းအရင်းဖြစ်ပါက တံထောင်ဆစ်အနောက်မှထိုအာရုံကြော။အားတံထောင်ဆစ်အရှေ့သို့ရွှေ့ပေးရန်လိုအပ်တတ်သည်။အကယ်၍သင့်အာရုံကြောသည် ပုံမှန်စွမ်းဆောင်ရည်အတိုင်း ပြန်မကောင်းလာနိုင်တော့ဟု သင့်ဆရာဝန်မှ ယုံကြည်ပါက အရွတ်။ပြားအား ခွဲစိတ်ရွှေ့ပြောင်းရန်နောက်ထပ်ခွဲစိတ်မှုတခုလိုအပ်လာ။တတ်သည်။ ထိုသို့ခွဲစိတ်ချိန်တွင် အလုပ်လုပ်နေသေးသောအရွတ်ပြားကို မူရင်းအရိုးမှ။ရွှေ့ပြောင်းကာ အရိုးသစ်တခုဆီသို့ရွှေ့ပြောင်းရပါသည်။ ထိုသို့။ပြုလုပ်ခြင်းဖြင့် ကြွက်သားစွမ်းဆောင်ရည်အား ပြန်ကောင်းမွန်စေ။ကာ သင့်၏ပုံမှန်လုပ်ငန်းများအား ပြန်လည်လုပ်ကိုင်နိုင်စေပါသည်။ခွဲစိတ်မှုရလဒ်များသည်အများအားဖြင့်ကောင်းတတ်သော်လည်း အာရုံကြောများသည် အနာကျက်ရန် ကြန့်ကြာတတ်သည်။ လက်။ကောက်ဝတ်နှင့် လက်စွမ်းဆောင်ရည်အပြည့်အဝပြန်လည်ရရှိရန်။လပေါင်းများစွာ ကြန့်ကြာနိုင်သည်။ ခွဲစိတ်မှုအပြီးသင့်လက်တွင် အာရုံသိစိတ်နှင့် လှုပ်ရှားမှု ယာယီမျှ ပျောက်နေတတ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ဖျံကြောသေခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/ulnar-nerve-dysfunction-%e1%80%9c%e1%80%80%e1%80%ba%e1%80%96%e1%80%bb%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9e%e1%80%b1%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
နေ့စဉ် ပုံမှန် ခန္ဓါကိုယ်အရေပြား ထိန်းသိမ်းနည်း
သင့်အရေပြားဟာ ကိုယ်ခန္ဓါပေါ်မှာ အကြီးမားဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ သူဟာ ဖျားနာမှုတွေ၊ ရောဂါပိုးဝင်မှုတွေကို ပထမဆုံးကာကွယ်ပေးတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားကို ကျန်းမာအောင် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ သင့်မျက်နှာအတွက် ပုံမှန်ပြုလုပ်နေကျ အရာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓါအရေပြားအတွက်ရော။ ကိုယ်ခန္ဓါအရေပြားကိုလည်း ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။လည်ပင်းနဲ့ ရင်ဘတ်။မျက်နှာမှာသုံးတဲ့ ထုတ်ကုန်တွေကို လည်ပင်းနဲ့ ရင်ဘတ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အရေပြားကို ဂရုစိုက်ခြင်းဟာ မေးစေ့မှာတွင် အဆုံးမသတ်သွားသင့်ပါဘူး။ လည်ပင်းနဲ့ ရင်ဘတ်အရေပြားကို သန့်စင်ခြင်းနဲ့ ရေဓါတ်ဖြည့်တင်းပေးတဲ့ အကျင့်မရှိခဲ့ရင်တော့ အခုစတင် ပြုလုပ်သင့်ပါတယ်။ လည်ပင်းအရေပြားဟာ။မျက်နှာအရေပြားထက် ပိုမိုပါးလွှာတာကြောင့် အသက်ကြီးရင့်လာမှုကို ပိုမိုသိသာစေပါတယ်။ အရေးအကြောင်းတွေနဲ့ အရေပြားတွဲကျလာမှုကို ကာကွယ်ဖို့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ခရင်မ် တွေကိုလည်း လိမ်းသင့်ပါတယ်။လက်။လက်ဟာ အသက်ကြီးရင့်လာမှုကို ဖေါ်ပြတဲ့ အသိသာဆုံး အရာတစ်ခု ဖြစ်ပါတယ်။ သင့်လက်မှာ အမဲစက်တွေ ရှိနေတယ်ဆိုရင် alpha hydroxy acid အစရှိတာတွေကို လိမ်းနိုင်ပါတယ်။ လက်ကို နေပူခံလိမ်းဆေး လိမ်းပေးဖို့ မမေ့သင့်ပါဘူး။ SPH 30 နဲ့ အထက် လက်ခရင်မ်လိမ်းဆေး တွေကို ရှာဖွေ ဝယ်ယူနိုင်ပါတယ်။တံတောင်ဆစ်။တံတောင်ဆစ်ဟာ ခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့် တံတောင်ဆစ်ကိုလည်း ရေဓါတ်ထိန်းသိမ်းပေးသင့်ပါတယ်။ တံတောင်ဆစ်ကို ရေချိုးတဲ့အခါ သပွတ်သီးပင်ကို အသုံးပြုပြီး ချေးချွတ်သင့်ပါတယ်။ ပြီးရင်တော့ ခြောက်သွေ့အောင် သုတ်ပေးသင့်ပြီး ရေဓါတ်ထိန်းပေးတဲ့ အဆီတစ်မျိုးနဲ့ နှိပ်နယ်ပေးသင့်ပါတယ်။ ပြီးရင်တော့ ရေဓါတ်ပါဝင်မှုများတဲ့ ကိုယ်ခန္ဓါ လိမ်းဆေးကို လိမ်းပေးသင့်ပါတယ်။လက်မောင်းနောက်ဘက်။လူအတော်များများဟာ လက်မောင်းအနောက်ဘက်မှာ အဖုလေးတွေ ရှိတတ်ပါတယ်။ သူတို့ကို keratosis pilaris လို့ ခေါ်ပြီး လတ်တစ်အက်ဆစ် ပါဝင်တဲ့ ခန္ဓါကိုယ်လိုးရှင်း လိမ်းပေးခြင်းအားဖြင့် သက်သာလာနိုင်ပါတယ်။ ဆေးလိမ်းခြင်းကို ရပ်လိုက်ရင် အဖုပြန်ထလာနိုင်တာကြောင့် နေ့စဉ် အသုံးပြုသင့်ပါတယ်။ခြေထောက်။အမွေးရိတ်ခြင်းဟာလည်း ချေးချွတ်ခြင်းတစ်မျိုး ဖြစ်တာကြောင့် ပုံမှန်အမွေးရိတ်မယ်ဆိုရင် ချေးချွတ်ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အမွေးရိတ်ခြင်း အချို့ဟာ ခြောက်သွေ့စေပါတယ်။ သင့်ခြေထောက်အတွက် ရေချိုးစဉ် အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေက ကျလာတဲ့ ရေနွေးနဲ့ ဆပ်ပြာနဲ့တင် အဆင်ပြေပါတယ်။ ပြီးရင်တော့။ခြေထောက်တွေကို တံတောင်ဆစ်ကို လိမ်းသလို လိမ်းပေးသင့်ပါတယ်။ ခြောက်သွေ့အောင်သုတ်ခြင်း၊ ရေဓါတ်ဖြည့်ခြင်းတွေလုပ်ပေးရပါမယ်။ ဒူးခေါင်းအရေပြားက ကြမ်းတမ်းနေရင် နောက်တစ်ခါ ထပ်လုပ်သင့်ပါတယ်။ခြေဖဝါး။ခြေဖဝါးတွေဟာ ကိုယ်ခန္ဓါတစ်ခုလုံးမှာ လစ်လျူရှု အခံရဆုံး အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ Alpha hydroxy acid, lactic acid, urea အစရှိတဲ့ ချေးချွတ်ဆေးတွေပါဝင်တဲ့ လိုးရှင်းတွေ လိမ်းပေးခြင်းဖြင့် အကျိုးရှိနိုင်ပါတယ်။ ရေဓါတ်ပါဝင်မှုများတဲ့ moisturiser ကို ခြေဖဝါးပေါ်လိမ်းပြီး ပိုမိုချောမွေ့ကာ ပျော့ပြောင်းတဲ့ ခြေထောက်တွေ ပိုင်ဆိုင်ဖို့ ချည်နဲ့ လုပ်ထားတဲ့ ခြေအိတ်ဝတ်ထားနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%89%e1%80%ba-%e1%80%95%e1%80%af%e1%80%b6%e1%80%99%e1%80%be%e1%80%94%e1%80%ba-%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a/
ခရမ်းချဉ်သီး နီနီလေးကပေးတဲ့ကျန်းမာရေး
ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ​ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ခရမ်းချဉ်သီးမှာ အသားအရေကို​ကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီးအသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် ဟင်းရည်ထဲမှာထည့်ချက်တာ၊ ဟင်းအနှစ်ချက်တာမျိုးလုပ်ပေးတာက အဆင်ပြေစေမှာပါ။ခရမ်းချဉ်သီးမှာ ကယ်လ်ဆီယမ် နဲ့ဗီတာမင် Kတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်နှစ်ခုစလုံးက အရိုးတစ်ရှူးတွေတွေကအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အရိုးတွေကို သန်မာစေသလို လိုအပ်တဲ့အာဟာရတွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ဆေးလိပ်သောက်သုံးတဲ့အခါ ခန္ဓာကိုယ်မှာ နီကိုတင်းကြောင့် ထိခိုက်မှုတွေတော်တော်လေးဖြစ်နိုင်ပါတယ်။ ဒီထိခိုက်မှုကို နည်းစေချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးကို စားပေးပါ။ ခရမ်းချဉ်သီးမှာပါတဲ့ coumaric အက်ဆစ် နဲ့  chlorogenic အက်ဆစ်တို့က စီးကရက်ဆေးလိပ်ငွေ့မှာပါနေဲ့ ကာစီနိုဂျင်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါ။ ဒါကြောင့်ဆေးလိပ်သောက်ရတာကြိုက်တယ် မစွန့်လွှတ်နိုင်ဘူးဆိုရင် ခရမ်းချဉ်သီးကိုစားပေးဖို့ပြောပါရစေ။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသားအရေကိုရော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာတော့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေသလို သွေးတွင်းကအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အစိမ်းအတိုင်းစားရေးရင်တောင် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိအောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ခရမ်းချဉ်သီးမှာ ဗီတာမင် B နဲ့ ပိုတက်ဆီယမ်ပါဝင်နေမှုက သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးပေါင်ချိန်ကို အထိရောက်ဆုံးထိန်းညှိပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး ကို ပုံမှန်စားသုံးပေးတာက ရုတ်ရက်နှလုံးရပ်တာ၊လေဖြတ်တာလိုမျိုး အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ရောဂါတွေကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ခရမ်းချဉ်သီးမှာ ဗီတာမင် A ပါဝင်နေမှုက ဆံသားကို ကျန်းမာတောက်ပြောင်စေမှာပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။ ဆံသားကျန်မးာမှုနဲ့အတူ မျက်လုံး၊ အသားအရေ၊ အရိုး နဲ့သွားတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်။ခရမ်းချဉ်သီးကို အစေ့မပါဘဲစားပေးမယ်ဆိုရင် ကျောက်ကပ်ကိုကျန်းမာစေနိုင်ပြီးဆီးကျောက်တည်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ဗီတာမင် A ပါဝင်နေမှုက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ ကြက်မျက်သင့်တာ အပါအဝင် အမြင်အာရုံ ပြဿနာ အမျိုးမျိုးကို အထိရောက်ဆုံး ကာကွယ်ဖို့ဆိုရင် ခရမ်းချဉ်သီး စားပေးလို့ရပါတယ်။သွေးတွင်းသကြားဓာတ်ထိန်းသိမ်းဖို့အတွက်လည်း ခရမ်းချဉ်သီးကို စားပေးလို့ ရပါတယ်။ခရမ်းချဉ်သီးလေးကို တစ်နေ့တစ်လုံးလောက် စားဖြစ်အောင် စားလို့ အခုပြောတဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ………….။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-tomatoes/
ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး
အသီးအနှံများကိုလေ့လာကြည့်လျှင် အများစုမှာ ကျန်းမာရေး အတွက် အကျိုးပြုသည်ကို တွေ့ရပါမည်။ အရသာ ရှိရုံမျှမက ဗီတာမင် နှင့် အခြားသောအာဟာရဓာတ်များကိုလည်း ပေးစွမ်းနိုင်ပါသည်။ အသီးအနှံများကို စုံလင်စွာ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ခန္ဓာကိုယ်၏ လုပ်ငန်းများကိုလည်း ပိုမို ကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါသည်။ သို့သော်လည်း အသီးအနှံ အားလုံးတိုင်းမှာ သင်၏ ခန္ဓာကိုယ်ကို လှပစေနိုင်မည် မဟုတ်ပါ။ တချို့သီးနှံများမှာ လွန်ကဲစွာ စားသုံးပါကကိုယ်အလေးချိန်တိုးစေနိုင်သော အာနိသင်လည်း ရှိပါသည်။ ကဲ …. ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး က ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုးကတော့။မနက်စာအဖြစ် ငှက်ပျောသီးကို နှစ်သက်စွာ စားလေ့ ရှိကြသည်။ အရသာ ရှိပြီး ဗိုက်ဝစေသည့် အသီးကို မည်သူက မနှစ်သက်ဘဲ နေလိမ့်မည်နည်း။ သို့သော် ငှက်ပျောသီးတွင် အမျှင်ဓာတ် ၊ ပိုတက်စီယမ် နှင့် ဗီတာမင် စီတို့ ပါဝင်သည့် အပြင် ကယ်လိုရီ (၁၈၀) အထိ ရှိသည်ကိုတော့ သတိပြုရပေမည်။ ထို့ကြောင့်ငှက်ပျောသီးကို များပြားစွာ စားသုံးလျှင် ကိုယ်အလေးချိန် တိုးလာနိုင်ပါသည်။အရည်ရွှမ်း၍ အရသာ ရှိသော ချယ်ရီသီးကို မည်သူမျှ ငြင်းမည် မဟုတ်ပေ။ လူအများစုက နှစ်သက်စွာပင် အခြား အသီးများထက် ပို၍ စားသုံးတတ်ကြသည်။ ချယ်ရီသီးတွင် ပါဝင်သော ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်တွင်းမှ ပိုလျှံသော ဆိုဒီယမ်ဓာတ်ကို စွန့်ထုတ်စေခြင်းဖြင့် သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါသည်။ သို့သော်လည်း ချယ်ရီသီးတွင် သကြားဓာတ် များပြားစွာ ပါဝင်ခြင်းက ကိုယ်တွင်းသကြားဓာတ်ကို တိုးမြင့်စေနိုင်ပါသည်။ထောပတ်သီးသည် ကျန်းမာစေသော အဆီဓာတ် ပါသည့် အသီးအနှံ ဖြစ်ပါသည်။ ကိုယ်အလေးချိန် မတက်လိုပါက သင့်တော်ရုံသာ စားပေးသင့်ပါသည်။ခန္ဓာကိုယ်အတွက် အကျိုးပြုသော မိုနိုအဆီဓာတ်များ ပါဝင်သော်လည်း ကယ်လိုရီဓာတ်လည်း ပါဝင်သည့် အသီးဖြစ်ပါသည်။သဖန်းသီးတွင် အမျှင်ဓာတ် နှင့် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်သည်။ ကျန်းမာရေး အတွက်ကောင်းသည်ဟု ယူဆပြီး အလွန်အမင်း စားသုံးပါကကျန်းမာရေး အတွက် မသင့်တော်သလို ခန္ဓာကိုယ်လည်း ဝဖြိုးလာစေနိုင်သည်။ သဖန်းသီးတွင် သကြားဓာတ် များပြားစွာ ပါဝင်သည့် အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူများ သတိထား စားသင့်သည့် အသီးအနှံ ဖြစ်ပါသည်။သရက်သီးသည် အမျှင်ဓာတ် နှင့် ဗီတာမင်စီတို့ များစွာ ပါဝင်သော အသီး ဖြစ်သည်။ သို့သော် သကြားဓာတ်လည်း များစွာ ပါဝင်သည်ကို သတိပြုသင့်သည်။ ထိုမှတစ်ဆင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သည်။ ထို့ကြောင့် အသီး အလုံးလိုက် စားခြင်းထက် အချိုတည်းရုံ အနည်းငယ်သာ စားသုံးခြင်းက ပို၍ သင့်တော်ပါသည်။အသီးအနှံများသည် ကျန်းမာရေးနှင့် ညီညွတ်သည် ဆိုသော်လည်း ကိုယ်အလေးချိန် ချနေသူများအဖို့ အထက်ပါ အသီးအနှံများကို သတိပြု စားသုံးသင့်ပါသည်။ရေးသားသူ− Dr Ye  Pyae Hein။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/5-fruits-that-can-gain-weight/
သောက်သုံးရေကပေးတဲ့ ကျန်းမာရေး
တစ်နေ့တာမှာ အာခြောက်လို့၊ မောလို့ဆိုပြီး သောက်မိနေတဲ့ရေက ရေဆာပြေရုံ၊ အမောပြေစေရုံပဲလား။ ဒီလိုမဟုတ်ပါဘူးနော်။ သင်သောက်လိုက်တဲ့ ရေတစ်ခွက်စီတိုင်းက သင့်ကျန်းမာရေးကိုရော သင့်ခန္ဓာကိုယ်ကိုပါ အများကြီးအထောက်အပံ့ပေးနေပါတယ်နော်။ ဘယ်လိုတွေများထောက်ပံ့ပေးနေလဲ။ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကတဆင့် ပြောပြပေးမယ်နော်။ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေနဲ့ဖွဲ့စည်းထားတာပါ။ ဒီလောက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မတို့နေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ ၇၁ ရာခိုင်နှုန်းကိုလည်းရေတွေနဲ့ဖွဲ့စည်းထားတာပါ။ထမင်းအသက် ၇ ရက် ရေအသက် တစ်မနက်ဆိုတဲ့စကားလေးကလည်း ရေက ဘယ်လောက်ထိအရေးပါကြောင်းကိုဖော်ပြနေပါတယ်နော်။သင်က ပကတိကျန်းမာနေသူတစ်ဦးဖြစ်မယ်။ ပြောချင်တာကတော့ကျောက်ကပ်ရောဂါရှိမနေဘူးဆိုရင် တစ်နေ့ကိုအနည်းဆုံးရေ ၈ ခွက်သောက်သင့်ပါတယ်။ ဒီထက်ပိုသောက်လို့လည်းရပါတယ်။ တကယ်လို့ ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပေးပါ။ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက်ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ်။အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ ရာခိုင်နှုန်းလောက်အထိရှိနေတာကိုတွေ့ရပါတယ်။ ဒီလိုရေတွေရှိနေတာကပဲ သင့်ကို လိုသလိုလှုပ်ရှားလို့ရအောင် အကောင်းဆုံးထောက်ပံ့ပေးနေတာပါ။ တကယ်လို့သင့်အနေနဲ့သာ ရေကိုလုံလောက်အောင်မသောက်လို့ ဒီအရိုးအဆစ်လေးတွေထဲမှာ ရေနည်းသွားမယ်ဆိုရင် အဆစ်တွေကတောင့်တင်းပြီးအဆစ်နာတာ၊ လှုပ်ရှားရအဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်။တံထွေးနဲ့ အချွဲတွေကိုဖြစ်စေတယ်။တံထွေးက အစာကြေစေပြီး ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တံထွေးထွက်လာအောင်ထောက်ပံ့ပေးတာက သောက်သုံးလိုက်တဲ့ရေကပါ။ ခံတွင်း၊နှာခေါင်း နဲ့မျက်လုံးကို အစိုဓာတ်ရစေဖို့လည်း သောက်ရေကအကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ရေသောက်တာကခံတွင်းကျန်းမာစေနိုင်သလို အချိုစာတွေစားတာသောက်တာကြောင့်သွားမပျက်စီးအောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်တွင်းမှာအောက်ဆီဂျင်စီးဆင်းမှုကိုကောင်းမွန်စေနိုင်တယ်။သွေးရဲ့ ၉၀ ရာခိုင်နှုန်းကို ပါဝင်ဖွဲ့စည်းထားတဲ့အရာက ရေပါ။သွေးကအောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကိုပို့ဆောင်ပေးတာပါ။ ဒါကြောင့် ရေသောက်ပေးတာကသွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကောင်းစေမှာပါ။အသားအရေကိုကျန်းမာစေနိုင်တယ်။ရေဓာတ်မပြည့်ဝလို့ အသားတွေမွဲခြောက်တာက ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မျာပါ။ ဒီတော့ အသားအရေကိုရေဓာတ်ဖြည့်ဖို့ဆိုရင် အစိုဓာတ်ထိန်းခရင်မ်လူးတာထက် ရေသောက်တာကပိုထိရောက်ပါတယ်။အရေပြားပြဿနာကင်းပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကိုကာကွယ်ဖို့ဆို ရေသောက်ပါ။ဦးနှောက်ကိုကျန်းမာစေနိုင်တယ်။ရေဓာတ်ခမ်းခြောက်မှုက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ကောင်းမွန်ပြီး အတွေးစိတ်ကူးတွေဆန်းသစ်စေဖို့ရေသောက်ပေးပါ။ တွေးရကြပ်လာရင် ရေသောက်လိုက်ပါ။ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်။ရေကိုအရေပြားရဲ့အတွင်းလွှာမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်က ပူလာတဲ့အခါ ဒီသိမ်းဆည်းထားတဲ့ ရေတွေကချွေးအဖြစ်နဲ့ထွက်လာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။အပူရှပ်တာတွေမဖြစ်စေဖို့ဆိုရင်လည်း ရေကိုလုံလောက်အောင်သောက်သုံးဖို့လိုပါမယ်။အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်။အူမကြီးကောင်းကောင်းလုပ်ဆောင်နိုင်စေဖို့ ကရေဓာတ်လုံလောက်စွာရရှိဖို့လိုပါမယ်။ တကယ်လို့ရေဓာတ်ပြည့်ဝမှုမရှိတဲ့အခါ အစာအိမ်အက်ဆစ်တွေက ပြင်းနေတာမျိုး၊ အူတွေက အာဟာရစုပ်ယူနိုင်စွမ်းကျတာနဲ့ ဝမ်းချုပ်တာတွေခံစားရနိုင်ပါတယ်။  ရေသောက်နည်းတာက အစာမ​ကြေတာ၊ ရင်ပူတာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ကိုယ်တွင်းကအဆိပ်အတောက်တွေဖယ်ရှားပေးတယ်။ရေက ချွေး၊ဆီး၊ ဝမ်းတို့ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။သွေးပေါင်ထိန်းညှိပေးတယ်။ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက သွေးကိုပျစ်စေပြီးသွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ထိ်းညှိချင်တယ်ဆိုရင် ရေကို လုံလောက်တဲ့ပမာဏရအောင် သောက်ပါ။အသက်ရှုလမ်းကြောင်းကျန်းမာစေနိုင်တယ်။ရေဓာတ်ခမ်းခြောက်တဲ့အခါ  အသက်ရှုလမ်းကြောင်းတလျှောက်ခြောက်သွေ့မှုတွေဖြစ်ပြီး ဓာတ်မတည့်တာနဲ့ပန်းနာရင်ကျပ်ရောဂါတွေကိုပိုဖြစ်စေနိုင်ပါတယ်။ကိုယ်တွင်းမှာအာဟာရဓာတ်တွေပြန့်နှံ့ရောက်ရှိမှုကိုကောင်းစေတယ်။ရေကအာဟာရဓာတ်တွေကို ပျော်ဝင်စေပြီး ခန္ဓာကိုယ်အနှံ့စီးဆင်းရောက်ရှိမှုကိုကောင်းစေပါတယ်။ကျောက်ကပ်မပျက်စီးအောင် ကာကွယ်ပေးတယ်။ကျောက်ကပ်က ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးဖို့ အဓိကတာဝန်ယူထားတဲ့ အစိတ်အပိုင်းလေးတွေပါ။ ရေသောက်နည်းတာက ကျောက်ကပ်မှာကျောက်တည်တာအပါအဝင် အမျိုးမျိုးသော ကျောက်ကပ်ပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။ဝိတ်ကျစေနိုင်တယ်။သင်က ဝိတ်ချနေတာဆိုရင်တော့ ရေသာက်ပါလို့ပြောပါရစေ။ အကြောင်းကတော့ ရေသောက်တာက ကိုယ်အလေးချိန်ကျဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်လို့ပါ။ အစားမစားခင်ရေသောက်ခြင်းက အများကြီးမစားမိအောင်ကာကွယ်ပေးနိုင်သလို ဗိုက်ပြည့်တယ်လို့လည်း ခံစားရစေနိုင်ပါတယ်။ကဲ..အဖိုးအခမများတဲ့ရေက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုနိုင်တယ်ဆိုတော့ ဘာမှမစဉ်းစားနဲ့တော့ အခုကစပြီး သတိလေးထားလို့ ရေကို တစ်နေ့ အနည်းဆုံး ၈ ခွက်တော့ သောက်ဖြစ်အောင်သောက်ဖို့ တိုက်တွန်းပါရစေနော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-drinking-water/
ပဋိဇီဝဆေးကြောင့်ဖြစ်တဲ့ ကလေးတွေဝမ်းပျက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် Probiotics များ
ပဋိဇီဝဆေးတွေကြောင့်ဖြစ်ရတဲ့ ဝမ်းပျက်ခြင်း (ADD)ဆိုတာ colonial နဲ့ gastrotestinal microflora မညီမျှခြင်းကြောင့် ဖြစ်ရတဲ့ ရလဒ်ပါ။ ဒီအခြေအနေကတော့ ပဋိဇီဝဆေးတွေသောက်ရတဲ့ လူနာတွေမှာ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးပါပဲ။ ဒီဝမ်းပျက်ခြင်းကိုတော့ ဗိုက်ထဲမှာ သက်တောင့်သက်သာမဖြစ်ခြင်းနဲ့အတူ တစ်ရက်ကို ယေဘုယျအားဖြင့် အကြိမ်ပေါင်းများစွာ ဝမ်းအရည်တွေချည်းသွားတာမျိုးဖြစ်နိုင်ပါတယ်။Probiotic ဆိုတာဟာ ကောင်းမွန်တဲ့ဘက်တီးရီးယားတွေနဲ့ yeast တွေဖြစ်ပြီး သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်ကျန်းမာစေနိုင်ပါတယ်။ လူတိုင်းရဲ့အစာခြေလမ်းကြောင်းတွေမှာ လုံလောက်တဲ့ Probiotic တွေ ရှိနေပေမယ့်လည်း လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး လယ်ဗယ်တွေ ပြောင်းလဲတတ်ပါတယ်။Probiotic တွေ နည်းပါးခြင်း၊ မရှိခြင်းဟာ အစာမကြေခြင်းနဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်း နည်းပါးစေပါတယ်။ ဒါတွေအားလုံးဟာ လူတစ်ဦးချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထိခိုက်စေနိုင်ပါတယ်။Probiotics တွေပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကြောင့် သူတို့တွေကို အမျိုးမျိုးသော အစားအသောက်ထုတ်ကုန်တွေမှာ ထည့်ထားကြပြီး ဖြည့်စွက်စာတွေအဖြစ်လည်း ထုတ်လုပ်ကြပါတယ်။ တွေ့ရများတဲ့ Probiotics တွေမှာတော့ Lactobacillus (လူတွေရဲ့ အူသိမ်မှာတွေ့ရ) ၊ နဲ့ Bifidobacterium (အူမမှာတွေ့ရ) စတာတွေ ပါဝင်ပါတယ်။ဒီလိုဝမ်းပျက်တဲ့ ကိစ္စအများစုကိုတော့ အပျော့စား ကျန်းမာရေး ပြဿနာအဖြစ် ယူဆကြပြီး ဘာကုသမှုမှ မလုပ်ရင်တောင် ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ လူတွေရဲ့ အလုပ်နဲ့ လူမှုဘဝမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ လေ့လာမှု ၂၃ခုက ရရှိတဲ့ လေ့လာတွေ့ရှိချက်တွေကို အခြေခံပြောရရင်တော့ ADD ကို Probiotic တွေ သုံးစွဲခြင်းအားဖြင့် ကွာယ်နိုင်တယ်လို့ဆိုပါတယ်။ အူရဲ့ microflora လယ်ဗယ်ကို ပြန်လည် သိုလှောင်ခြင်း အားဖြင့်ပေါ့။အသက် ၂ပတ်မှ ၁၇နှစ်အထိ ပဋိဇီဝဆေးသုံးစွဲရတဲ့ ကလေးတွေ ၃၉၃၈ယောက်အတွက် ADD ကိုကာကွယ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲပ Probiotics တွေကို ပေးအပ်ခဲ့ပါတယ်။ လက်တွေ့မှာ probiotics တွေကို လက်ခံနိုင်ဖို့ အုပ်စုတွေလည်း အများကြီးရှိနေပါတယ်။ (Lactobacilli spp., Bifidobacterium spp., Streptococcus spp., ဒါမှမဟုတ် Saccharomyces boulardii တစ်မျိုးတည်းဖြစ်စေ၊ ပေါင်းစပ်လို့ဖြစ်စေ)၊ placebo ၊ အခြားသော ADD ကုသမှုတွေ (ဥပမာ – diosmectite သို့မဟုတ် ကလေးနို့မှုန့်) စသဖြင့်သော်လည်းကောင်း ကုသဖို့ မလိုအပ်ခြင်းသော်လည်းကောင်း စသဖြင့် အုပ်စုတွေ ကွဲပြားပါတယ်။ လေ့လာမှုတစ်ခုစီအတွက်ကြာချိန်ကတော့ ၁ပတ်မှ ၁၂ပတ် အထိပါ။လေ့လာမှုတွေရဲ့ အဆုံးမှာတော့ လေ့လာသူတွေဟာ placebo ထိန်းချုပ်တဲ့ အုပ်စုထဲက ကလေးတွေ (၇၆၆ယောက်)မှာ ADD ဖြစ်နိုင်ချေက တကယ်တမ်း probiotics အစစ်ကို စားသုံးခဲ့တဲ့ အုပ်စုတွေနဲ့ ယှဉ်ရင် ၁၁.၉%ကနေ ၂၈.၅%ထိ ပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ။် probiotic controlled အုပ်စုတွေနဲ့စာရင် placebo နဲ့ အခြားကုသမှုတွေ ဒါမှမဟုတ် ဘာကုသမှုမှ မခံယူခဲ့သူက ပိုပြီးပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို မကြာခဏ ခံစားရတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဥပမာ – အဖုထတာ၊ အော့အန်တာ၊ ဝမ်းချုပ်တာ၊ အရသာခံစားမှုအာရုံပြောင်းလဲသွးတာနဲ့ ရင်ဘတ်နဲ့ဝမ်းဗိုက်နာကျင်တာ စတာတွေပေါ့။Probiotics လက်ခံရရှိတဲ့ အုပ်စုတွေထဲမှာတော့ Lactobacillus rhamnosus နဲ့ Saccharomyces boulardii တွေက ADD ကုသမှုအတွက် အထိရောက်ဆုံး probiotics ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ အခြားသောလေ့လာမှုတွေ အလုပ်ရသေးခင်အချိန်ထိ ကလေးတွေမှာ မတူညီတဲ့ ခုခံအားစနစ်ကြောင့် probiotic ကုသမှုဟာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်နိုင်တာမို့ ဒီကုသမှုကို မပေးဖို့ အကြံပြုထားပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%95%e1%80%8b%e1%80%ad%e1%80%87%e1%80%ae/
ချိုချိုချဉ်ချဉ် ရှောက်ချိုသီးလေး စားရအောင်
ရှောက်ချိုသီးလေး ကို အကွင်းလိုက်လေးလှီး။ ဆားလေးနည်းနည်း၊သကြားပါတယ်ဆိုရုံလေးထည့်၊ ငရုတ်သီးအရောင်တင်မှုန့်လေးနဲ့ မွှေပြီးစားရတာကိုကြိုက်တယ်ဟုတ်။ ဖျော်ရည်ဖျော်သောက်ရင်လည်း ချိုချိုချဉ်ချဉ်လေးနဲ့ တော်တော်လေးခံတွင်းရှင်းစေတယ်နော်။ ဒီစားကောင်းတဲ့ ရှောက်ချိုသီးလေးကို စားသာစားနေရတယ်။ ဘာအကျိုးကျေးဇူးတွေများပေးလဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ရှောက်ချိုသီး ဆိုတာက ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီးတို့နဲ့ မျိုးရင်းတူတဲ့ အသီး တစ်မျိုးပါ။ အခွံက အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့ နဲ့ အဝါရောင် သန်းတာအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။အပေါ်ခွံအောက်မှာ ကျွဲကောသီးလိုမျိုး ဂွမ်းသား နည်းနည်းပါတတ်ပြီး အဖြူရောင် ဂွမ်းသားကို ဖယ်လိုက်ရင်တော့ လိမ္မော်သီးလိုမျိုး ပုံစံကို တွေ့ရမှာပါ။ ရှောက်ချိုသီး ကလည်း အမွှာလေးတွေနဲ့ပဲ ဆိုပေမယ့် လိမ္မော်သီးလို ခွာစားလို့ မရပါဘူး။ အကွင်းလိုက် လှီးပြီး ဒါမှမဟုတ် အစိတ်လေးတွေ စိတ်ပြီး စားရတာပါ။ရှောက်ချိုသီးက အိန္ဒိယ မျိုးရင်းပင်ဖြစ်ပြီး အရှေ့တောင် အာရှနေရာတော်တော်များများမှာ ပေါက်ရောက်ပါတယ်။ချိုချိုချဉ်ချဉ်နဲ့ စားရတာ အရသာရှိလှတဲ့ ရှောက်ချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲစားစား စားလို့ကောင်းပြီး အရသာရှိတဲ့ရှောက်ချိုသီးလေးက ခွာရတာ နည်းနည်းအလုပ်ရှုပ်ပေးမယ့် အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရစေနိုင်ပါတယ်။ရှောက်ချိုသီးက သံပရာမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး အစာခြေစနစ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရည်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပြီး အူနံရံတွေကို အာဟာရတွေစုပ်ယူမှုကောင်းအောင် ထောက်ပံ့ပေးသလို အစာခြေစနစ်တလျှောက်မှာရှိတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်၊ ဗိုက်ရစ်နာတာ၊ မအီမလည်ဖြစ်နေတာတွေကို သက်သာစေဖို့အတွက်လည်း ရှောက်ချိုသီးကို စားပေးလို့ရပါတယ်။ဗီတာမင် C ချို့တဲ့လာတဲ့အခါအအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ သွားဖုံးတွေ ရောင်ရမ်းတာမျိုးဖြစ်စေနိုင်သလို ခံတွင်းနဲ့ လျှာထဲမှာ အနာတွေဖြစ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ဒီပြဿနာတွေကင်းစေဖို့နဲ့ သက်သာဖို့အတွက်ဆိုရင် ရှောက်ချိုသီးဖျော်ရည် သောက်ပေးလို့ရပါတယ်။ရှောက်ချိုသီးမှာ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝသလို ဘက်တီးရီးယားတွေကို တိုက်ဖျက်လို့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ flavonoids limonin glucoside ပါဝင်နေပါတယ်။ ဒီလိုကြွယ်ဝမှုကြောင့်ပဲ ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေ၊ခံတွင်းအနာတွေမဖြစ်အောင်ကာကွယ်ပေးသလို သွေးစီးဆင်းမှုကောင်းပြီး ကိုယ်ခံအားကိုလည်း အကောင်းဆုံးအနေအထားဖြစ်အောင် တည်ဆောက်ပေးထားပါတယ်။ဗောက်ပြဿနာ၊ ဆံသားခြောက်တာတို့လိုမျိုးဦးရေပြားနဲ့ ဆံသားပြဿနာတွေ ကင်းစေဖို့ဆိုရင် ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ရှောက်ချိုသီးကို စားပေးပါ။ ဆံပင်အဖျားနှစ်ခွဖြစ်တာကိုလည်း ထိထိရောက်ရောက်သက်သာစေနိုင်မှာပါ။အသားအရေခြောက်နေတာ၊ အသားအရောင်မညီတာ၊ အသားကြမ်းတာတွေ သက်သာစေဖို့ဆိုရင် အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ရှောက်ချိုသီးကို စားပေးလို့ရပါတယ်။အနာကျက်မြန်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ အသားအရေကို အကောင်းဆုံးအစိုဓာတ်ဖြည့်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ဝက်ခြံနဲ့ အမျိုးမျိုးသော အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။အချိုရည်သောက်ချင်လာတဲ့အခါ သဘာဝအသီးအရသာစစ်စစ်နဲ့ ရှောက်ချိုသီး ဖျော်ရည်လေးကို သောက်ပေးပါ။ ဒီလိုသောက်ပေးတာက လိုအပ်တဲ့ရေဓာတ်ကိုဖြည့်ပေးနိုင်မယ့်အပြင် ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုပြည့်ဝအောင်ဖြည့်ပေးနိုင်မှာပါ။ အပူလျှပ်တာကို သက်သာစေဖို့လည်းသောက်ပေးလို့ရပါတယ်။ရှောက်ချိုသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက အဆစ်ရောင်ကြောင့်ဖြစ်တဲ့ အဆစ်တွေရောင်ရမ်းတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းအောင် အားဖြည့်ပေးနိုင်ပြီး အရိုးဆဲလ်တွေအသစ်ဖြစ်ပေါ်အောင်လှုံ့ဆော်ပေးသလို အရိုးတွေကို သန်မာစေမှာ အသေအချာပါ။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနေသလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အာနိသင်လည်းပါတာကြောင့် အမြင်အာရုံကို ကျန်းမာစေပြီး အမြင်အာရုံဆိုင်ရာ ပြဿနာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ရှောက်ချိုသီးမှာ ပါဝင်တဲ့ အက်ဆစ်က အစာခြေစနစ်လမ်းကြောင်းတလျှောက်ကအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်သလို အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက ဝမ်းမှန်စေဖို့ အထိရောက်ဆုံးပံ့ပိုးပေးနိုင်ပါတယ်။ ဝမ်းချုပ်တတ်ရင်တော့ ရှောက်ချိုသီးဖျော်ရည်ကို သောက်ပေးပါလို့ပြောပါရစေနော်။ရှောက်ချိုသီး မှာပါတဲ့ limonoids က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာကာကွယ်ချင်တယ်ဆိုရင် ရှောက်ချိုသီးလေးစားပေးလို့ရပါတယ်။ဝိတ်ချနေရတယ်။ အသီးဖျော်ရည်သောက်ချင်တယ်ဆိုရင် ရှောက်ချိုသီးကို ပျားရည်လေးနဲ့ရောပြီး ရေနွေးနွေးလေးနဲ့ ဖျော်လို့သောက်ပေးပါ။ သွေးတွင်းကိုလက်စထရောကျစေပြီး သွေးပေါင်ထိန်းညှိပေးသလို မလိုချင်တဲ့ ကိုယ်အလေးချိန်အပိုတွေကိုလည်း ကျစေမှာပါ။ရှောက်ချိုသီးမှာ ပိုတက်ဆီယမ်ပါဝင်နေမှုက ကျောက်ကပ်၊ ဆီးအိမ်တို့ကို ကျန်းမာစေပြီး ဆီးလမ်းကြောင်းမှာပိုးဝင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေဖို့ဆိုရင် ရှောက်ချိုသီးစားပေးလို့ရပါတယ်။ဒါတွေအပြင်ပန်းနာရင်ကျပ်၊ဂေါက်ရောဂါနဲ့ကားမူးတာသက်သာစေဖို့အတွက်လည်း ရှောက်ချိုသီးကို စားသုံးပေးလို့ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-mosambi/
မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ
မွေးကင်းစကလေးလေးတွေဟာ စစချင်း မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ အပြင်ကို ထွက်လာတဲ့တာကြောင့် သူတို့ရဲ့ အရေပြားလေးတွေဟာ အပြင်ဘက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် အရေပြား ပြဿနာတွေ အများကြီးဖြစ်နိုင်ပါတယ်။မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ ကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။မွေးကင်းစကလေးလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာများ ကတော့။ဒီ milia တွေကတော့ အရေပြားရှိ ဂလင်းတွေကထုတ်တဲ့ အရည်တွေကြောင့်ဖြစ်တတ်ပါတယ်။ milia လို့ခေါ်တဲ့ ကလေးလေးရဲ့ မျက်နှာပေါ်မှာ ဖြစ်လာတဲ့ သေးငယ်တဲ့ အဖြူရောင် (သို့) အဝါရောင် အလုံးလေးတွေဟာ တကယ်တော့ keratin နဲ့ အဆီ တွေပြည့်နေတဲ့ အရည်အိတ်တွေပဲဖြစ်ပါတယ်။milia တွေက သွားဖုံးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဒီလို အလုံးလေးတွေဟာ ကုသမှုခံယူစရာမလိုပဲ ဖြစ်ပြီး ရက်အနည်းငယ်အကြာ (သို့) ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ပြန်ကောင်းသွားနိုင်ပါတယ်။ အဆီတွေ၊ ခရင် တွေလိမ်းခြင်းက ဒီလို ဖြစ်တာကို ပိုဆိုးစေနိင်ပါတယ်။Miliaria ဆိုတာဟာ ကလေးလေးရဲ့ နောက်ကျော၊ ရင်ဘတ်၊ (သို့) လက်မောင်းအောက် တွေမှာ ဖြစ်လာတတ်တဲ့ အရည်(သို့) ပြည်တွေရှိနေတဲ့ သေးငယ်တဲ့ အရည်ကြည်ဖုလေးတွေ (သို့)သေးငယ်တဲ့ အနီရောင် အဖုလေးတွေ ဖြစ်ပါတယ်။ အဲဒါက အရေပြားမှာရှိနေတဲ့ ချွေးထုတ်တဲ့ ပြွန်တွေ ပိတ်သွားလို့ဖြစ်ရတာပါ။ ဒီလို အခြေအနေတွေကို ပူပြီး၊ စိုစွတ်တဲ့ နေရာဒေသတွေ မှာ တွေ့ရများပါတယ်။ (သို့) ကလေးကို အဝတ်အစားတွေအများကြီးနဲ့ အလွန်အကျွံ ထုတ်ထားရင် ဖြစ်နိုင်ပါတယ်။Cradle capဆိုတာကတော့ အရေပြားမှာ အဆီတွေအများကြီးထုတ်တာကြောင့် အရေပြားဆဲလ်တွေက ပုံမှန်အတိုင်း မကွာကျတော့ပဲ တစ်ခုနဲ့တစ်ခု ပူးကပ်နေပြီး ဖြစ်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးလေးရဲ့ ဦးရေပြားမှာ ချွဲကျိပြီးအဝါရောင်ရှိတဲ့ အကွက်လေးတွေ တွေ့ရတတ်ပါတယ်။၃၀% လောက်သော မွေးကင်းစ ကလေးလေးတွေရဲ့ ဘ၀ အစပထမ ၄လအတွင်းမှာ ဝက်ခြံ ဖြစ်တတ်ပါတယ်။( များသောအားဖြင့် ၂ ပတ်အကြာမှာ စဖြစ်လေ့ရှိသည်။) ကျွမ်းကျင်သူတွေကတော့ ဒီလို အနီရောင်(သို့) အဖြူရောင် ဝက်ခြံ အလုံးလေးတွေ ဖြစ်ရတာကတော့ မိခင်ဆီက ဟော်မုန်းတွေ ကလေးလေး ဆီရောက်သွားတာကြောင့် ဖြစ်ရတာလို့ ယုံကြည်ကြပါတယ်။ ဒီလို ဝက်ခြံတွေကလည်း သူ့ဘာသာသူ ပျောက်ကင်းသွားနိုင်တာကြောင့် အဆီတွေ၊ ခရင်တွေ မလိမ်းသင့်ပါဘူး။ အဲလို လိမ်းတာတွေက ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ဒီအခြေအနေကတော့ များသောအားဖြင့် ကလေးရဲ့ နောက်ကျော၊ မျက်နှာ၊ ရင်ဘတ်နဲ့ လက်မောင်းတွေမှာ တွေ့ရတတ်တဲ့ ပုံစံမမှန်တဲ့ အနီကွက်၊ အနီစက်တွေဖြစ်ပါတယ်။ တစ်ချို့ကလေးလေးတွေမှာ အလယ်မှာ အဝါဖျော့ရောင် အဖုလေးတွေရှိတတ်ပါတယ်။ ဒီအရေပြား ပြဿနာကလည်း ကလေးလေးကို အန္တရာယ် မပေးနိုင်တဲ့ အပြင် လအနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားမှာပါ။တစ်ချို့သော အမှတ်အသားတွေကတော့ အချိန်ကြာလာတာနဲ့ အမျှ မှေးမှိန်သွားပြီး တချို့ အမှတ်တွေကတော့ကလေးလေးရဲ့ ဘ၀ တစ်ခုလုံးမှာ ဆက်လက်ရှိနေနိုင်ပါတယ်။ တွေ့ရများတဲ့ မွေးရာပါအမှတ်အသား အမျိုးအစား တွေကတော့။– Mogolian spots ( မွန်ဂိုလီယမ် အစက်အပြောက်များ)။တွေက ၉၀%သော အာရှလူမျိုး၊ အမေရိကန်၊ အာဖရိကန်၊ နဲ့ Hispanic လူမျိုး ကလေးလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ အဲဒါတွေက ကလေးရဲ့ နောက်ကျော(သို့) တင်ပါးတွေမှာ အများဆုံးတွေ့ရတဲ့ စိမ်းပြာရောင်(သို့) အပြာရောင် မွေးရာပါအမှတ်အသားတွေပဲ ဖြစ်ပါတယ်။ အဲဒီ အမှတ်အသားတွေက ပြားကပ်နေပြီး ၂ နှစ်အကြာလောက်မှာ မှေးမှိန်သွားလေ့ရှိပါတယ်။– Stork bites pink birthmarks တွေကတော့ ပြားတဲ့ ပန်းရောင် အမှတ်အသားတွေ ဖြစ်ပြီး နှာတံ အပေါ်၊ မျက်ခွံအောက်ဘက်၊ (သို့) လည်ပင်း အနောက်ဘက်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီလို အမှတ်အသားတွေက အရှေ့ဘက်မှာ ရှိရင် “ Angel’s kiss- နတ်သမီးက နမ်းလိုက်တဲ့ အမှတ်အသား” လို့ တင်စားခေါ်ကြပြီး အဲလို အမှတ်အသားတွေက အနောက်ဘက်မှာရှိရင် “ stork bite – ငှက်ကျားက ကိုက်လိုက်တာကြောင့် ဖြစ်တဲ့ အမှတ်အသား” ဆိုပြီး ခေါ်ကြပါတယ်။– Infantile (သို့ စတော်ဘယ်ရီ)။Hemangiomas- တွေဟာ သွေးကြောတွေ နဲ့ပြုလုပ်ထားပြီး အဲဒီ မွေးရာပါ အမှတ်အသားတွေဟာ အချိန်ကြာလာတာနဲ့ အမျှ အရွယ်အစားရော၊ အမြင့်ပါ တဖြည်းဖြည်းကြီးလာပါတယ်။ ကလေးလေးရဲ့ အသက် ၂ပတ် မှ ၄ပတ် အတွင်းမှာ စဖြစ်လေ့ရှိပါတယ်။ ကုသမှု မခံယူဘဲ ဒီအမှတ်လေးတွေပျောက်ဖို့ကတော့ ၈ နှစ်လောက်ကြာနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/skin-conditions-and-birthmarks-in-newborns/
ကော့ပါး IUD နဲ့ ဟော်မုန်းIUD ဘာကွာသလဲ
IUD ဆိုတာသားအိမ်ထဲထည့်တဲ့ ပစ္စည်းရယ်လို့ အသိများကြပါတယ်။ သူ့မှာ ဟော်မုန်းပါတာရယ်၊ မပါတာရယ်ဆိုပြီး ၂မျိုးရှိပါတယ်။ ဟော်မုန်းမပါဘူးဆိုတာက ကော့ပါးနဲ့ လုပ်ထားတာပါ။ ဟော်မုန်းပါတာက ပရိုဂျက်စတင် (ပရိုဂျက်စတုန်း) ပါတာပါ။ သားအိမ်ထဲထည့်တဲ့ နည်းနဲ့ သန္ဓေတားမယ်ဆိုရင် ဒီနှစ်ခုထဲက ဘယ်ဟာကို ရွေးချယ်သင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ကော့ပါး  IUDက ကော့ပါးလို့ခေါ်တဲ့ ကြေးနီနဲ့ ပလတ်စတစ်နဲ့ လုပ်ထားတာပါ။ ကြေးနီက သုက်ပိုးကို သေစေတဲ့ သတ္တိရှိပါတယ်။ သုက်ကောင်က မမျိုးဥနဲ့ မတွေ့ခင် ကော့ပါးနဲ့ အရင်ထိတွေ့မိတဲ့အတွက် သေသွားပြီး မျိုးမအောင်နိုင်တော့ပါဘူး။ မတော်တဆ မျိုးအောင်သွားခဲ့ရင်တောင် သားအိမ်မှာ သွားတွယ်လို့မရအောင် တားဆီးပေးပါတယ်။ပရိုဂျက်စတင်ဟော်မုန်းအမျိုးအစား (levonorgestrel) ပါဝင်ပါတယ်။ သူက အာနိသင်ပြဖို့ တစ်ပတ်လောက်စောင့်ရပါတယ်။ ဒါကြောင့် ရာသီစလာတဲ့ရက်ကနေ တစ်ပတ်ကျော်မှ ထည့်မယ်ဆိုရင် ၇ရက်တိတိ ရက်ရှောင်တာ ဒါမှမဟုတ် အတူနေမယ်ဆိုရင်ကွန်ဒုံးသုံးတာ လုပ်ရပါတယ်။ ပရိုဂျက်စတင်က သားအိမ်ခေါင်း အချွဲကို ထူစေပြီး သားအိမ်နံရံကို ပါးစေပါတယ်။ ဒါကြောင့် သုက်ကောင်နဲ့ မမျိုးဥနဲ့ ပေါင်းစပ်မှာကို ကာကွယ်ပေးပါတယ်။ သားဥကြွေတာကိုလည်း တားဆီးပေးပါတယ်။-ဟော်မုန်းပါတာကို မသုံးချင်တဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။-ကျန်းမာရေးအခြေအနေအရ ဟော်မုန်းပါတာကို ရှောင်ဖို့လိုရင်လည်း ကော့ပါးIUDကို သုံးနိုင်ပါတယ်။-ကော့ပါး IUDက ချက်ချင်း သန္ဓေတားပေးနိုင်တဲ့ သတ္တိရှိတဲ့အတွက်အရေးပေါ်သန္ဓေတားနည်းလမ်းအနေနဲ့လမ်း သုံးလို့ရပါတယ်။ ဒါ့ပြင် ရာသီရက်ဝန်းရဲ့ ဘယ်အချိန်မှာမဆို ထည့်နိုင်ပြီး ထပ်ဆောင်းသန္ဓေတားနည်းလမ်း မလိုပါဘူး။-တစ်ခါထည့်ပြီးရင် ၁၀နှစ်လောက် သန္ဓေတားနိုင်ပါတယ်။-ဟော်မုန်းမပါတဲ့အတွက်  ရာသီလာတာကို အပြောင်းအလဲမဖြစ်စေပါဘူး။-ဟော်မုန်းပါတဲ့အတွက် ရာသီစက်ဝန်းကို ထိန်းညှိပေးနိုင်ပါတယ်။-ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။-ရာသီသွေးဆင်းများတာကို သက်သာစေပါတယ်။-တစ်ခါထည့်ပြီးရင် ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ၃-၅နှစ်အထိ ခံပါတယ်။–ရာသီသွေးဆင်းများနိုင်ပါတယ်။-ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းနိုင်ပါတယ်။-ရာသီချိန်မှာ ပိုပြီး ကိုက်ခဲနိုင်ပါတယ်။-ခေါင်းကိုက်တာ။-ဝက်ခြံထွက်တာ။-ဝလာတာ။-ရင်သားတင်းတာ။-စထည့်ထည့်ချင်း ပထမ၆လမှာ ရာသီမမှန်တာ။-စိတ်အတက်အကျမြန်တာ စတာတွေ ဖြစ်တတ်ပါတယ်။သန္ဓေတားနိုင်စွမ်းက သေချာအသုံးပြုမယ်ဆိုရင် ဟော်မုန်း IUDက လူ ၁၀၀၀မှာ ၂ယောက်ပဲ မတော်တဆ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ကော့ပါး IUD ကတော့ လူ၁၀၀၀မှာ ၈ယောက်ရနိုင်ခြေ ရှိပါတယ်။တူညီတဲ့ အချက်က နှစ်ခုလုံးကလိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်း မရှိပါဘူး။စျေးနှုန်းတွေ၊ ထည့်တဲ့၊ ထုတ်တဲ့ နည်းတွေကတော့ ၂ခုလုံးမှာ တူတူပဲ ဖြစ်ပါတယ်။ ထုတ်ပြီးရင်လည်း နှစ်ခုလုံးက သိပ်မစောင့်ရဘဲ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။သိစေချင်တာကတော့ သားအိမ်တဲ ထည့်တဲ့ ပစ္စည်းက နှစ်မျိုးရှိတယ်ဆိုတဲ့ အကြောင်းရယ်၊ မိမိ လိုအပ်ချက်အလိုက် နှစ်သက်ရာကို ရွေးချယ်နိုင်တယ်ဆိုတဲ့ အကြောင်းရယ်ပဲ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/copper-iud-vs-hormonal-iud/
မိဘများ အဝတ်မပါခြင်း။ သင့်ကလေးသည် ဘယ်အရွယ် ရောက်လျှင် သင် အဝတ်မပါသည်ကို မမြင်သင့်တော့သလဲ
မိဘများက ကလေးများကို ရေချိုးပေးခြင်းသည် လုပ်ရိုးလုပ်စဉ် ဖြစ်ပါသည်။ ကလေးငယ်များသည် အချိန်တိုင်း နီးပါး ဂရုစိုက်စောင့်ရှောက်မှု လိုအပ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း သင့်ကလေးမှ သင်အဝတ်မပါသောအခါ မေးခွန်းများ စတင်မေးသော သို့မဟုတ် ဟာသများလုပ်သော အချိန် ရှိလာမည်။ ထို့ကြောင့် ဘယ်အချိန်တွင် သင်သည် သင့်ကလေး ရှေ့တွင် ကိုယ်တုံးလုံးနေခြင်းကို ရပ်မလဲ။UCLA ရှိ The David Geffen School of Medicine မှ Dr. Stephanie Mihalas သည် ၈၀ပြည့်နှစ်တွင် စစ်တမ်းတစ်ခုဖြင့် အောက်ပါတို့ကို သက်သေပြခဲ့သည်။ မိဘများ အဝတ်မပါမှု ကို စောစီးစွာ ထိတွေ့ခြင်း ( မွေးခါစမှ အသက်၅နှစ်) သည် လိင်နှစ်မျိုးစလုံးအတွက် အရေပြားပွတ်တိုက်ခြင်းနှင့် စွဲလန်း ခြင်းကို နှစ်သက်စေသည်။ အသက် ၆နှစ်မှ ၁၁နှစ်တွင် ကလေးများသည် လိင်ပိုင်းဆိုင်ရာ အထိန်းအကွပ်လျော့ရဲခြင်း ပိုဖြစ်နိုင်သည်။ သို့သော်လည်း ဤအချက်အလက်များသည် မိဘများ ကလေးငယ်များရှေ့တွင် အဝတ်မပါခြင်း၏ သက်ရောက်မှု များဟု ခိုင်မာစွာပြောရန် မလုံလောက်ပါ။ လေ့လာမှုများစွာ မရှိသောကြောင့် ဖြစ်သည်။The Self-Aware Parent ၏ စာရေးဆရာ Dr. Fran Walfish က မိဘများအဝတ်မပါခြင်းကို ကလေးအသက် ၆ နှစ်ပြည့်သောအခါ ရပ်သင့်သည်ဟု အကြံပြုသည်။ ထိုအချိန် တွင် မိဘများသည် ကလေးရေချိုးရာတွင် အတူချိုးခြင်း၊ ကလေးရှေ့တွင် အဝတ်ချွတ်ခြင်း၊ သူတို့၏ သီးသန့်ကိုယ်အင်္ဂါ အပိုင်းများဖြင့် ထိတွေ့ခြင်းတို့ကို ရပ်တန့်သင့်သည်။ သို့သော် လည်း Carole Lieberman M.D သည် မိဘများ အဝတ်မပါ ခြင်းကို ပို၍စောသော ပို၍တိကျသော အသက် ၃နှစ်တွင် ရပ်သင့်သည်ဟု အကြံပြုသည်။ အကြောင်းမှာ အသက် ၃နှစ် သည် ကလေးငယ်၏ လိင်ပိုင်းဆိုင်ရာ စိတ်အခြေအနေ စတင် ဖွံ့ဖြိုးသော အချိန်ဖြစ်သောကြောင့်ဖြစ်သည်။အမှန်တကယ်တွင် ကလေးများရှေ့တွင် မိဘများ ကိုယ် တုံးလုံးနေခြင်းရပ်သော အချိန်သည် ယဉ်ကျေးမှုနှင့် နိုင်ငံ အမျိုးမျိုးအပေါ်မူတည်ပြီး ကွဲပြားပါသည်။ ထို့ကြောင့် ကလေး ၏ အပြုအမှုသည် မသက်သာမှုကို ပြသော ပို၍ရှင်းလင်းသော ညွှန်ပြမှုတစ်ခု ဖြစ်သည်။ မိဘများ ကလေးရှေ့တွင် အဝတ် စချွတ်ပါက ကလေးသည် မျက်နှာလွှဲခြင်း သို့မဟုတ် လက်ဖြင့် ဖုံးအုပ်ခြင်းပြုပါက ၎င်းသည် သူတို့ မသက်သာဖြစ်ခြင်းကို ပြခြင်းဖြစ်သည်။ကြီးပြင်းလာသည်နှင့်အမျှ ကလေးများသည် သူတို့ ခန္ဓါကိုယ်ကို စူးစမ်းရှာဖွေလာပြီး သီးသန့်ရေချိုးရန်ပင် တောင်းဆိုလာနိုင်သည်။ သို့သော်လည်း မိဘများသည် ကလေး တောင်းဆိုရာကို လိုက်လျောရန် မလိုပါ။ ကလေး သည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရန် စောလွန်းသ လား ဆုံးဖြတ်ပါ။ ထို့နောက် လိုအပ်သော ကိုယ်ရေးကိုယ်တာ ပေးရန် မှန်ကန်သောအချိန်ကို တွက်ချက်ပါ။တကယ်တော့ မိဘများ အဝတ်မဝတ်ခြင်းကို ရပ်တန့် ရန်အချိန် အတိအကျ မရှိပါ။ သို့သော်လည်း ကိုယ်ရေးကိုယ် တာအတွက် အကူးအပြောင်းအချိန် ရှိရမည်။ သင့်ကလေးမှ သူတို့ခန္ဓါကိုယ်နှင့် အခြားသူများ ခန္ဓါကိုယ်အကြောင်း ဘာတွေပြောသလဲကို နားထောင်ပါ။ အဝတ်မဝတ်ခြင်းကို အပျက်သဘောဖြင့် မပြောပါနှင့်။ သင့်ကလေးတွင် သူတို့လိင်အပေါ် မှားယွင်းသော အမြင်များ ဖြစ်စေနိုင်သော ကြောင့်ဖြစ်သည်။ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ် မပြောပါနှင့်။ မိဘများ အဝတ်မပါခြင်းကို ဘယ်အချိန်တွင် ရပ်ရမလဲ သိရှိရန် ကလေးဖြင့် သေချာဆွေးနွေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%99%e1%80%ad%e1%80%98%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%a1%e1%80%9d%e1%80%90%e1%80%b9%e1%80%99%e1%80%95%e1%80%ab%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%81%8b-%e1%80%9e%e1%80%84/
လိင်ဆက်ဆံပြီး ရင် ဒီလိုခံစားရတာ ပုံမှန်ပါ။
လိင်ဆက်ဆံပြီး ရင်တစ်ခါတလေမှာ ထူးခြားတဲ့ လက္ခဏာလေးတွေ ခံစားရတတ်ပါတယ်။လိင်ကိစ္စမို့လို့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆွေးနွေးတာမျိုးတွေ မရှိတာကြောင့် ဒါတွေက ကိုယ်တစ်ယောက်တည်းမှာများ ဖြစ်နေတာလားဆိုပြီး စဉ်းစားနေမိရင် ဒီအချက်တွေကို စစ်ဆေးကြည့်လိုက်ပါ။ပြီးမြောက်သွားတဲ့အခါ မိမိအဖော်ကို ပိုပြီးခင်တွယ်လာတာ သဘာဝပါ။ ဒီလို ဖြစ်ရတာ Love hormoneလို့ ခေါ်တဲ့အောက်စီတိုစင်ထွက်လာလို့ပါ။ ဒီဟော်မုန်းက အဖော်တွေကြားမှာ ခင်တွယ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးအေးနေပြီဆိုရင် အတူမနေဖြစ်တာ ကြာလို့များလားဆိုတာ စဉ်းစားကြည့်ပါ။ကွန်ဒုံးမသုံးထားဘူးဆိုရင်တော့ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်ကနေသုက်ရည်အနည်းငယ် ဆင်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ သုက်ရည်ကို မစုပ်ယူတဲ့အတွက် အပြင်ကို ဆင်းလာရုံအပြင် တခြားနည်းလမ်း မရှိပါဘူး။ဆီးသွားရင်း သွားရင်းနဲ့ အလိုလို ထွက်သွားပါလိမ့်မယ်။ မိန်းမကိုယ်ကို ဆေးကြောလို့ ရပေမယ့် အတွင်းထဲထိ နှိုက်ဆေးတာတော့ မလုပ်သင့်ပါဘူး။အမျိုးသမီးတွေသာမကဘဲ အမျိုးသားတွေပါ လိင်ဆက်ဆံပြီးရင် မျက်နှာ၊ ရင်ဘတ် စတာတွေ ရဲတက်လာပါတယ်။ ဒါက သွေးလည်ပတ်မှု ကောင်းလို့ ဖြစ်တာပါ။ တချို့တွေမှာ နာရီပိုင်းလောက် ကြာတတ်ပေမယ့် အများစုက မိနစ်အနည်းငယ်လောက်ဆိုရင် ပုံမှန်ပြန်ဖြစ်သွားပါတယ်။အထူးသဖြင့် အမျိုးသမီးတွေက ပြီးမြောက်သွားတဲ့အခါမှာ အတွင်းထဲကနေ ညှစ်ထားသလို ခံစားရတတ်ပါတယ်။ ရာသီလာလို့ဗိုက်အောင့်သလိုမျိုး ခံစားရပါတယ်။ တချို့ကတော့ ဆီးစပ်ကိုက်ပါတယ်။ အများစုက မပြင်းထန်ဘဲ ခဏလောက်နေရင် သက်သာသွားပါတယ်။ အမြဲတမ်းဖြစ်တယ်။ မသက်သာဘဲ ပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။လိင်ဆက်ဆံပြီးတဲ့နောက်မှာ အိပ်ချင်သလို ဖြစ်လာရင် ဒါပုံမှန်ပါပဲ။ အတူနေတာက ကယ်လိုရီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုကို လုပ်ရသလို ဖြစ်တဲ့အတွက် ပင်ပန်းပြီး အိပ်ချင်လာပါတယ်။ဒါ့ပြင်အန်ဒိုဖင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ထွက်ပါတယ်။ သူက မော်ဖင်းလိုမျိုး ငြိမ်စေတဲ့သတ္တိရှိတဲ့အတွက် အိပ်ငိုက်လာတာပဲ  ဖြစ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီး အိပ်ချင်တာကို တွေ့ရပါတယ်။လိင်ဆက်ဆံပြီးတဲ့နောက်မှာ လိင်အင်္ဂါတွေကနေ ယားသလို ခံစားရတတ်ပါတယ်။ ဖြစ်နိုင်တာတွေကတော့။-လိင်အင်္ဂါချင်း ပွတ်တိုက်မှုတွေ ဖြစ်တာ။-ဆီးခုံမွေးတွေ ပွတ်တိုက်မိတာ။-သုံးတဲ့ ချောဆီတွေ၊ ကွန်ဒုံးတွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။ဓာတ်မတည့်တာကြောင့်လို့ ယူဆရင် ပြောင်းသုံးကြည့်ပါ။ ယားတာ မသက်သာရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ အများစုကတော့ အနည်းငယ်ယားပြီး ခဏနေရင် ပျောက်သွားပါတယ်။ဒီလိုဖြစ်ရတာက pHနည်း (အက်စစ်ဓာတ်များ)တဲ့ မိန်းမကိုယ်အရည်နဲ့ pHများ (အယ်ကာလီများ)တဲ့ သုက်ရည်တို့ ပေါင်းပြီး အနံ့သစ်ထွက်လာလို့ပါ။ ဒါ့ပြင် ပေါင်ခြံကလည်း ချိုင်းလိုပဲ ချွေးဂလင်းတွေရှိတဲ့အတွက် ချွေးနံ့လည်း ထွက်နိုင်ပါတယ်။ဒါက သန့်ရှင်းရေး လုပ်လိုက်ရင် ပျောက်သွားပါတယ်။ ဆက်တိုက် ငါးညှီနံ့လိုလို၊ အနံ့ဆိုးတွေ ထွက်နေရင်တော့ ဆရာဝန်နဲ့ ပြပြီး ပိုးဝင်တာလားဆိုတာ စစ်ဖို့ လိုပါတယ်။ဒါက အတူနေလိုက်လို့ မိန်းမကိုယ် ချောင်သွားတာ မဟုတ်ပါဘူး။ မိန်းမကိုယ်က အဲ့လို လွယ်လွယ်နဲ့ မချောင်တတ်ပါဘူး။ ကြီးတယ်လို့ ထင်ရတာက အတူနေချိန်မှာ ပွတ်တိုက်မှု များလို့ပါ။ ပွတ်တိုက်မှုကြောင့် ရောင်ရမ်းတာမျိုးပါ။နောက်တစ်ခုက နှိုးဆွတာကြောင့်ပါ။ လိင်စိတ်ကြွရင် အမျိုးသားတွေ လိင်တံထောင်မတ်သလို အမျိုးသမီးတွေလည်း မိန်းမကိုယ်ဖောင်းလာတတ်ပါတယ်။ ခဏနေရင် သက်သာသွားပါလိမ့်မယ်။အတူနေပြီးရင် အမျိုးသားရော အမျိုးသမီးပါ လိင်အင်္ဂါတွေ နာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကတော့ ဖြစ်တတ်ပါတယ်။ ဒီလို နာတာက ထိခိုက်ဒဏ်ရာကြောင့် နာတာနဲ့ မတူဘူး။ မခံနိုင်အောင် နာတာလည်း မဟုတ်ဘူးဆိုရင်တော့ ပုံမှန်ပါပဲ။အထူးသဖြင့် အကြာကြီး အတူနေတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်။ ချောဆီသိပ်မထွက်ဘူးဆိုရင်တော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အတူနေတိုင်း နာနေမယ်။ တော်တော်နဲ့လည်း မပျောက်ဘူး။ နာမှာကြောက်လို့ အတူတောင် မနေတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုနေပါပြီ။အထူးသဖြင့်တော့ မိန်းမကိုယ် ခြောက်သွေ့နေမယ်။ ပွတ်တိုက်မှုလည်း များမယ်ဆိုရင် အတူနေပြီး သွေးဆင်းတာ ဖြစ်တတ်ပါတယ်။ နည်းနည်းပါးပါးဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ဒါပေမယ့် နေတဲ့အကြိမ်တိုင်း သွေးဆင်းနေမယ်။ များလည်း များမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။လိင်ဆက်ဆံပြီးချိန်မှာ ဒီပြဿနာတွေ ကြုံတွေ့ရတာ သဘာဝပါ။ တချို့ကိစ္စတွေက ဖြစ်လေ့ဖြစ်ထမို့လို့ စိုးရိမ်စရာ မဟုတ်ပေမယ့် သတိထားရမယ့် အခြေအနေတွေကိုလည်း သိထားသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/normal-things-that-can-happen-after-sex/
Stroke ( လေဖြတ်ခြင်း )
လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုဆီသို့ သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်လျှင်သော်လည်းကောင်း၊ လွန်စွာ လျော့နည်းလျှင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ Brain attack ဟုခေါ်ပါတယ်။ မိနစ်ပေါင်းလောက် သွေးစီးဆင်းမှု နည်းပါက ဦးနှောက်၏ တစ်ရှူးများထံ အောက်စီဂျင်နှင့် အာဟာရများ ရောက်မှု နည်းသွားပါတယ်။ ထိုအခါ ဦးနှောက် ဆဲလ်များ သေဆုံးသွား နိုင်ပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို ကာကွယ်ခြင်းအားဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။လေဖြတ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။-ခန္ဓာကိုယ် တစ်ခြမ်းရှိ မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်တို့ရုတ်တရက် အားနည်းလာခြင်း၊ ထုံကျင်လာခြင်း။-လက်နှစ်ဘက်ကိုခေါင်းပေါ် ပြိုင်တူမြှောက်ကြည့်ပါက လေဖြတ်သောလက်မှာ အောက်သို့ပြန်ကျသွားပါလိမ့်မယ်။ အလားတူပင်။– ပြုံးပြသောအခါ ပါးစပ်ရဲ့ တစ်ခြမ်းမှ သွားရည်ကျခြင်း၊ ရုတ်တရက် အမြင်အာရုံနှင့် အခြားသော အာရုံခံစားမှုများ ချို့ယွင်းခြင်း၊ စကားမပြောနိုင်တော့ခြင်း၊ စကားပြော မပီသခြင်း၊ သူများ စကားပြောသောအခါ နားမလည်ခြင်း တို့ဟာလည်း လေဖြတ်ခြင်းရဲ့ လက္ခဏာများ ဖြစ်ပါတယ်။ အချိန်ကြာလာသည်နှင့် အမျှ ထိုလက္ခဏာများ ပိုမိုဆိုးလာပါသည်။-ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းမှာ မျက်လုံးတစ်ဘက်တွင်သာ အဖြစ်များပါတယ်။ အမြင် အာရုံဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း တို့လည်းဖြစ်တတ်ပါတယ်။ ရုတ်တရက် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့ခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း၊ ကြို့ထိုးခြင်း၊ မြိုချရ ခက်ခဲခြင်း တို့ကိုလည်းတွေ့နိုင်ပါတယ်။-ရုတ်တရက် သတိလစ်၍ လဲကျသွားခြင်းဟာလည်း လေဖြတ်ခြင်း ရဲ့ လက္ခဏာတစ်ခုပါပဲ။သွေးကြော ပိတ်လျှင်သော်လည်းကောင်း၊သွေးကြောပေါက်ခြင်း/သွေးယိုခြင်းကြောင့်သော်လည်းကောင်း လေဖြတ်ခြင်းဖြစ်ရပါတယ်။  ဦးနှောက်သို့ သွေးစီးဆင်းမှု ခဏပြတ်သွားတဲ့အခြေအနေကိုတော့ Transient ischemic attack (လေဖြန်းခြင်း)လို့ခေါ်ပါတယ်။ဦးနှောက်သို့ စီးဆင်းသော သွေးလွှတ်ကြောမျာ ပိတ်ခြင်း၊ ကျဉ်းခြင်း၊ သွေးအရောက် အလွန်နည်းခြင်း တို့ကြောင့် လေဖြတ်ခြင်းဖြစ်ပါတယ်။ အဖြစ်အများဆုံးများမှာ။-Thrombotic stroke- ဦးနှောက်ထဲတွင် စီးဆင်းသော သွေးလွှတ်ကြော တစ်ခုခုတွင် သွေးခဲပိတ်ဆို့၍ ဖြစ်သော လေဖြတ်ခြင်းမျိုးဖြစ်ပါတယ်။ ပိတ်ဆို့သော အရာမှာ အဆီများစုပြုံခြင်းလည်းဖြစ်နိုင်ပါတယ်။ atherosclerosis ဟုခေါ်ပါတယ်။-Embolic stroke-  နဂိုအခံနှလုံးရောဂါ တစ်ခုခုကြောင့် သွေးခဲ ရုတ်တရက် ပြုတ်ထွက်ကာ ဦးနှောက်သွေးကြောထဲ သွားပိတ်ခြင်းဖြင့် လေဖြတ်ခြင်းကို ဖြစ်စေခြင်းဖြစ်ပါတယ်။ ထိုသွေးခဲကို embolus ဟုခေါ်ပါတယ်။ဦးနှောက်ထဲရှိ သွေးကြော တစ်ခုခု သွေးယိုခြင်း၊ ပေါက်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။ သွေးအလွန်တိုးခြင်း၊ သွေးခဲပျော်ဆေးများသောက်နေရခြင်း၊ သွေးကြောနံရံများတွင် အားပျော့သော နေရာလေးများရှိခြင်း တို့ကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ မွေးရာပါ အလွန်ပါးသော သွေးကြောများ ပေါက်ခြင်းကြောင့် လည်းဖြစ်တတ်ပါတယ်။ သို့သော် ရှားပါတယ်။ ဦးနှောက်သွေးယိုခြင်း အမျိုးအစားများမှာ။–Intracerebral hemorrhage– ဦးနှောက်ထဲရှိ သွေးကြောပေါက်ကာ ဘေးရှိ ဦးနှောက်တစ်ရှူးများသို့ သွေးများဝင်ရောက်ခြင်းဖြစ်ပါတယ်။သွေးတိုးခြင်း၊ ဦးခေါင်းပိုင်းထိခိုက်ခြင်း၊ သွေးကြောများ ပုံမှန်မဟုတ်သော ရောဂါဖြစ်ခြင်း၊ သွေးကြဲဆေးများ သုံးစွဲနေခြင်း စသည်တို့ကြောင့် ဦးနှောက်သွေးယိုတတ်ပါတယ်။–Subarachnoid hemorrhage– ဦးနှောက် ၏မျက်နှာပြင်ပေါ် သို့မဟုတ် မျက်နှာပြင်အနီးရှိ သွေးလွှတ်ကြောတစ်ခု ပေါက်ခြင်းကြောင့် ဦးနှောက်နှင့် ဦးခေါင်းခွံကြားနေရာထဲသို့ သွေးများဝင်သွားခြင်းဖြစ်ပါတယ်။ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။လေဖြတ်နိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။လူနာအား ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းပြုလုပ်ပြီး လိုအပ်တဲ့ စစ်ဆေးချက်များ ဆက်လုပ်ပါတယ်။အောက်ပါတို့ကို သွေးဖောက်စစ်ဆေးခြင်းဖြင့် လေဖြတ်ခြင်းနှင့် ဆင်တူတဲ့ အခြားရောဂါများကို သိရှိနိုင်ပြီး လေဖြတ်ခြင်းသေချာပါက မည်သည့် ကုသမှုပေးနိုင်မည်ကိုပါ သိနိုင်ပါတယ်။သွေးကြောပိတ်ခြင်းကြောင့်လား၊ သွေးကြောပေါက်ခြင်းကြောင့်လား အပေါ် မူတည်ပါတယ်။သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်ခြင်း။ဦးနှောက်သို့ သွေးလျင်မြန်စွာ ပြန်ရနိုင်ရန်။-လေဖြတ်ပြီး ၃ နာရီအတွင်း သွေးခဲဖျော်ဆေးကို သွေးပြန်ကြောမှ တစ်ဆင့် ပေးပါတယ်။ ပိုမြန်လျှင် ပိုကောင်းပါတယ်။ အသက်ရှင်နိုင်ချေကို မြင့်တက်စေပြီး နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ချပေးပါတယ်။-အရေးပေါ် ကုသနည်းများ။သေးငယ် ရှည်လျားသော ပိုက်ပျော့ တစ်ခုကို ပေါင်ရှိသွေးကြောမှ တစ်ဆင့် ဦးနှောက်သွေးကြောပိတ်သော နေရာထိထည့်သွင်းခြင်းဖြစ်ပါတယ်။ ထိုပိုက်တွင် သွေးခဲဖျော်ရန် ကိရိယာလေးပါ သွားပါတယ်။-အခြားနည်းလမ်းများ။သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ခြင်း။အရေးကြီးဆုံးမှာ သွေးတိတ်အောင်ထိန်းရန်နှင့် ဦးနှောက်ထဲ သွေးယိုခြင်း လျှော့ချရန် ဖြစ်ပါတယ်။-သွေးတိတ်ပါက ဂရုစိုက် ထောက်ပံ့မှုများ လိုအပ်ပါတယ်။ သွေးယိုသော နေရာကြီးပါက သွေးတိတ်ရန်၊ ဦးနှောက်တွင်း သွေးမတိုးစေရန် ခွဲစိတ်ခြင်းကို ပြုလုပ်ရနိုင်ပါတယ်။-ခွဲစိတ်ကုသနည်းများကို သွေးကြောပုံမမှန်ခြင်း အခြေအနေများဖြစ်တဲ့ aneurysm or arteriovenous malformation တို့တွင် ပြုလုပ်လေ့ရှိပါတယ်။လူနာအခြေအနေပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းများနဲ့ ကုသပေးသွားမှာပဲ ဖြစ်ပါတယ်။လေဖြတ်ခြင်း သည် အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ စောစောသိပြီး ဆေးရုံကို မြန်မြန်ရောက်ရင် ကုသမှုခံယူနိုင်ပြီး လူနာအသက်ရှင်နှုန်း များနိုင်ပါတယ်။ ကိုယ့်မှာ လေဖြတ်နိုင်တဲ့ အချက်တွေ ရှိနေရင်လည်း ကြိုပြီး ကာကွယ်ထားဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/stroke/
အမျိုးသားများအတွက် လွယ်ကူတဲ့ အရေပြားထိန်းသိမ်းနည်းများ
အမျိုးသားတွေရဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက ရိုးရှင်းပြီး သမာရိုးကျဖြစ်ကာ လွယ်ကူသင့်ပါတယ်။ အမျိုးသားတွေအနေနဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အမျိုးသမီးတွေလိုမျိုး အဆင့်ဆင့်လိမ်းခြယ်မှု တွေမလိုအပ်သလို ခရင်မ်တွေကိုလည်း အထူကြီးလိမ်းစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် အရိုးသားဆုံးပြောပြရမယ်ဆိုရင်တော့ အရမ်းကြည့်ရဆိုးနေတာမျိုးမဖြစ်စေဘဲ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းစေဖို့အတွက် အချိန်နည်းနည်းလောက်ပေးပြီး အရေပြားကို ထိန်းသိမ်းပေးသင့်ပါတယ်။ တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ မလိုအပ်ပါဘူး။ သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့တင် အရေပြားထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဖို့လုံလောက်ပါတယ်။ ကျွမ်းကျင်သူ တွေရဲ့ကျန်းမာ၊ သန့်စင်ပြီး အစိုဓါတ်ထိန်းသိမ်းနည်း အကြံပြုချက်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ။၁။ အရေပြားကိုသန့်စင်ပေးပါ။အမျိုးသားများစုဟာ နေ့အချိန်မှာ အရေပြားအချို့နေရာတွေမှာ အဆီပြန်လေ့ရှိပါတယ်။ အေးတဲ့ရာသီဥတုမှာတောင် အဆီပြန်လေ့ရှိပါတယ်။ အဆီပြန်လွန်းတဲ့အခါ အရေပြားစေးကပ်ပြီး ချွေးပေါက်ပိတ်တာမျိုးတွေကိုဖြစ်ပေါ်စေတဲ့အပြင် သင်တုန်းဓါးနဲ့ အမွေးမျှင်တွေကိုရိတ်တဲ့အခါ ချောချောမွေ့မွေ့ မဖြစ်စေပါဘူး။ ဒါကြောင့်မုတ်ဆိတ်မရိတ်ခင်မှာ ချွေးပေါက်တွေအဆီနဲ့ပိတ်မနေအောင် မျက်နှာသစ်ဆပ်ပြာ၊ ရေတို့နဲ့ မျက်နှာကို အရင်ဆုံး သန့်စင်ပေးပါ။၂။ မုတ်ဆိတ်ရိတ်ဖို့အသင့်ပြင်ပါ။သင်တုန်းဓါးနဲ့မျက်နှာပေါ်ကအမွေးမျှင်တွေကို မရိတ်ခင်မှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ပက်ဖျန်းပေးသင့်ပါ တယ်။ ဒီလိုလုပ်ဆောင်လိုက်တာက မျက်နှာပေါ်က ချွေးပေါက်လေးတွေကို ပွင့်စေပါတယ်။ အထက်ပါအဆင့်တွေကို လုပ်ဆောင်ပြီးပြီဆိုရင်တော့ မုတ်ဆိတ်ရိတ်ရာမှာသုံးတဲ့ ခရင်ခ်ကိုဖြစ်ဖြစ် ဂျယ်လ်တစ်မျိုးမျိုးဖြစ်ဖြစ် ညင်ညင်သာသာလိမ်းပေးပါ။ ဒီလိုပြုလုပ်ခြင်းက မျက်နှာကိုအစိုဓါတ်ရရှိပြီး နူးညံ့နွေးထွေးမှုကို ထိန်းပေးပါတယ်။ အရေပြားကနူးညံ့လေလေ မုတ်ဆိတ်ရိတ်ရတာ ပိုပြီးအဆင်ပြေလေလေပဲဖြစ်ပါတယ်။၃။ မုတ်ဆိတ်ကောင်းကောင်းရိတ်လို့ရစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းများ။နောက်ထပ်မုတ်ဆိတ်ရိတ်ရာမှာအသုံးပြုလို့ရမယ့် ရိုးရှင်းတဲ့နည်းလမ်းကတော့ ရေချိုးရင်း မုတ်ဆိတ်ရိတ်တာပဲဖြစ်ပါတယ်။ ရေချိုးရင်းမုတ်ဆိတ်ရိတ်တာက အချိန်သက်သာစေသလို အစိုဓါတ်ကိုလည်းထိန်းသိမ်းပေးပါတယ်။ ချွေးပေါက်တွေကိုလည်းပွင့်စေရုံသာမက အမွေးမျှင်တွေကို နူးညံ့စေသလိုရိတ်ရတာလည်း ပိုမိုလွယ်ကူအဆင်ပြေ စေပါတယ်။၄။ အမွှေးမျှင်တွေကို မွှေးညှင်းပေါက်နဲ့ လားရာ ဆန့်ကျင်ဘက်ကိုရိတ်တာမျိုးမလုပ်ပါနဲ့။မျက်နှာပေါ်က အမွေးမျှင်တွေကို မွှေးညှင်းပေါက်တွေနဲ့ဦးတည်ရာ ဆန့်ကျင်ပြီးရိတ်တာက အကောင်းဆုံးသောနည်းလမ်း တစ်ခုမဟုတ်ပါဘူး။ ဒီလိုမျိုးနည်းနဲံ အမွေးမျှင်တွေကိုရိတ်တာက အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေသလို မုတ်ဆိတ်မွေးတွေကိုလည်းပျက်စီးစေပါတယ်။ အရေပြားကို အထိအခိုက်နည်းစေမယ့်မုတ်ဆိတ်ရိတ်နည်းတစ်ခုကတော့ မွှေးညှင်းပေါက်တွေရဲ့လားရာအတိုင်းရိတ်ပေးတာပဲဖြစ်ပါတယ်။၅။ မှန်ကန်တဲ့မုတ်ဆိတ်ရိတ်ဓါးကိုရွေးချယ်ပါ။အသွားတစ်ခု (သို့) အသွားနှစ်ခုနဲ့ မုတ်ဆိတ်ရိတ်ဓါးကို ရွေးနိုင်ပါတယ်။ အချိန်တိုအတွင်းမှာ မုတ်ဆိတ်ရိတ်ပြီးချင်တယ်ဆိုရင်တော့ အသွား ၃ ခု ဒါမှမဟုတ် ၅ ခုပါတဲ့မုတ်ဆိတ်ရိတ်ဓါးကိုအသုံးပြုသင့်ပါတယ်။ သိထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ သင့်အနေနဲ့ ကိုယ်အသုံးပြုနေတဲ့ မုတ်ဆိတ်ရိတ်ဓါးကိုနှစ်ခြိုက်သဘောကျသင့်သလို မုတ်ဆိတ်ရိတ်ဓါးသုံးတဲ့အခါမှာလည်း အားအများကြီးမသုံးမိဖို့ အရေးကြီးပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ အားထည့်ပြီးရိတ်မယ်ဆိုရင် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်သလို ကြည့်ရဆိုးတဲ့ ပြတ်ရှဒဏ်ရာတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။၆. အချိန်ယူပြီးလုပ်ဆောင်ပါ။သင်တုန်းဓါးနဲ့မုတ်ဆိတ်ရိတ်ခရင်မ်တွေကို အလောတကြီးအသုံးပြုခြင်းက အရေပြားကိုထိခိုက်ပျက်စီးစေနိုင်သလို ထိရှလွယ်စေပါတယ်။ မနက်ခင်းအစမှာ မုတ်ဆိတ်ရိတ်ဖို့အချိန်အလုံအလောက်ယူပါ။ ရေချိုးနေစဉ် မုတ်ဆိတ်ရိတ်ဖို့ အချိန်အနည်းငယ်ပေးပါ။ မုတ်ဆိတ်ရိတ်ခရင်မ်ကိုအသုံးပြုပြီးမှမုတ်ဆိတ်ရိတ်ပေးပါ။၇။ နေ့ရောညပါ အစိုဓါတ်ထိန်းခရင်မ် အသုံးပြုပေးပါ။အစိုဓါတ်ထိန်းခရင်မ် (သို့) လိုးရှင်းတစ်မျိုးမျိုးကို နေ့ရောညပါ အရေပြားကိုလိမ်းပေးပြီး အစိုဓါတ်ကို ထိန်းသိမ်းပေးပါက မုတ်ဆိတ်ရိတ်တဲ့အခါ ပိုမိုချောမွေ့လွယ်ကူစွာရိတ်နိုင်မှာဖြစ်ပါတယ်။ အစိုဓါတ် ထိန်းထား တာကြောင့် အရေးပြားမှာထိရှတာတွေမဖြစ်အောင်ကူညီပေးသလို စပ်ဖျဉ်းဖျဉ်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဗီတာမင် အီး၊ shea သစ်ပင်မှရတဲ့အဆီထောပတ် (သို့) အဆီတစ်မျိုးမျိုးကို အသုံးပြုပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c%e1%80%bd%e1%80%9a-2/
အရိုးပွခြင်း
National Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။အရိုးပွတယ်ဆိုတာဘာလဲ။အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ နေရာ လို့အဓိပ္ပါယ်ရပါတယ်။ Osteoporosis ဟာ အရိုးရဲ့ အရည်အသွေးကျဆင်းခြင်းဖြစ်ပြီး အရိုးတစ်ရှူးတွေကျုံ့လာခြင်းဖြစ်တယ် လို့ Medilexicon’s medical dictionary က ပြောထားပါတယ်။လူတွေဟာ ပိုအသက်ရှည်လာကြပြီးတော့ အထိုင်များတဲ့ အလုပ်တွေကို လုပ်လာကြတာကြောင့် အရိုးပွခြင်းဟာလည်း ပိုမိုများပြားလာပါတယ်။ လေ့လာမှုတစ်ခုက မူဝါဒ ပြုလုပ်သူတွေနဲ့ Funding agencies တွေဟာ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ဒီကိစ္စကို လုံလောက်အောင်ထည့်သွင်း စဉ်းစားခြင်း မပြုဘူးလို့ဆိုပါတယ်။အရိုးပွခြင်းကို မကာကွယ်ဘူးဆိုရင် (သို့) မကုသဘူးဆိုရင် သူဟာ ဘယ်လိုနာကျင်မှုမျိုးကိုမှ ဖြစ်ခြင်းမရှိပဲ ပိုမိုဆိုးရွားလာကာ အရိုးကျိုးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံးကတော့ တင်ပါးဆုံရိုး၊ ကြောရိုးမနဲ့ လက်ကောက်ဝတ်က အရိုးတွေ ကျိုးနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ ဆေးရုံတက်ဖို့လိုအပ်ပြီး ခွဲစိတ်ကုသမှုလည်း လိုအပ်ပါတယ်။ သူဟာ မကုသရင် ယေဘုယျ အားဖြင့် လမ်းမလျှောက်နိုင်ခြင်းနဲ့ နောက်ဆုံးမှာ သေဆုံးခြင်းကို ပါ ဖြစ်စေနိုင်ပါတယ်။ ကျောရိုးမနဲ့ ကျောရိုးအဆစ်တွေကျိုးခြင်းကတော့ ခါးနာခြင်းနဲ့ ပုံပျက်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။အရိုးပွခြင်းရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ။အရိုးပွခြင်းဟာ အချိန်များစွာ ကြာမြင့်တဲ့အထိ တဖြည်းဖြည်း ဆိုးဝါးလာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ စစချင်းမှာ ဘာလက္ခဏာမှ မပြပဲ သူ့ကို သတိထားမိဖို့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ အရိုးပွခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့။မတ်တပ်ရပ်ရန် ခက်ခဲခြင်း။ထိုင်ရန် ခက်ခဲခြင်း။ ဒီလိုပုံစံမျိုးဟာ အရိုးပွရောဂါ ဖြစ်ပွားနိုင်တဲ့ အသက်ကြီးတဲ့ သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။တကယ်လို့ အရိုးသိပ်သည်းဆ (သို့) အလေးချိန်ဟာ ပိုပြီး လျော့ကျလာမယ်ဆိုရင် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးမထဲမှာ ရှိတဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေခြင်းကတောင် အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။အသက်ကြီးတဲ့သူတွေမှာ အရိုးကျိုးတဲ့အခါ အရိုးဟာ သူကိုယ်တိုင် ပြန်ပြီး မပြုပြင်နိုင်တော့တာကြောင့် ပိုခံစားရပါတယ်။ ဒီလို မပြုပြင်နိုင်တော့တဲ့ အရိုးတွေဟာ အဆစ်ရောင်ခြင်းကိုဖြစ်စေပြီး နောက်ဆုံးမှာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပါတယ်။ အသက်ကြီးသူ များစုဟာ အရိုးကျိုးပြီးရင် နောက်ပိုင်းမှာ မမှီခိုပဲ နေနိုင်သူ ရှားပါးပါတယ်။အရိုးပွခြင်းဟာ နာကျင်ခြင်းမရှိပေမယ့် ဒီအခြေအနေဟာ အရိုးတွေကို ပိုမိုလွယ်ကူစွာ ကျိုးစေနိုင်ပြီး အရိုးကျိုးခြင်းကတော့ အလွန်နာကျင်စေပါတယ်။ အရိုးပွခြင်းနဲ့ ဆက်စပ်နေတဲ့ အဖြစ်များတဲ့ နာတာရှည် နာကျင်မှုတစ်ခုကတော့ ကျောရိုးမ ကျိုးခြင်းပဲ ဖြစ်ပါတယ်။ဘယ်အရာတွေက အရိုးပွခြင်းဖြစ်ပွားနှုန်းကို ပိုမိုမြင့်တက်စေသလဲ။ ဘယ်ရောဂါတွေက အရိုးပွခြင်းနဲ့ ဆက်စပ်နေပါသလဲ။အရိုးပွခြင်းဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အရာတွေ အများအပြားရှိပါတယ်။ သူတို့တွေကတော့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%bd%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဘောက်တွေကို ဘယ်လိုဖယ်ရှားကြမလဲ
ဘောက်တွေကို ဆံပင်ကို ကျန်းမာအောင် ဂရုစိုက်ခြင်းနဲ့ ထိန်းချုပ်နိုင်ပါတယ်။ အိမ်မှာ အသုံးပြုလို့ရတဲ့ ရိုးရှင်းတဲ့ ဆေးတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ သဘာဝဆေးတွေဟာ အာနိသင်ပြဖို့ အချိန်ယူရပေမယ့် ပြဿနာကို လုံးဝ ဖြေရှင်းပေးနိုင်ပါတယ်။Asipirin မှာ ဘောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေနဲ့ တူညီတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Salicyclic acid ပါဝင်ပါတယ်။ ဆေးပြားနှစ်ပြားကို အမှုန့်ကျိတ်ပြီး အသုံးပြုနေကျ ခေါင်းလျှော်ရည် ပမာဏထဲထည့်ပြီး ခေါင်းလျှော်စဉ်မှာ အသုံးပြုသင့်ပါတယ်။ ဒီအရောကို ဆံပင်ပေါ်မှာ တစ်မိနစ်ကနေ နှစ်မိနစ်အထိ ထားသင့်ပြီး ခေါင်းလျှော်ရည်နဲ့ ထပ်လျှော်သင့်ပါတယ်။ခေါင်းကိုရှာလကာရည်သုံးပြီး လျှော်ဖို့ဆိုတာ ကြောက်စရာကောင်းတယ်လို့ ထင်ရပမယ့် သူဟာ ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းကို ဖြေရှင်းပေးတာကြောင့် ထိရောက်တဲ့နည်းတစ်မျိုးပဲဖြစ်ပါတယ်။ အရှင်းဆုံးပြောမယ်ဆိုရင်တော့ ဘောက်တွေဟာ အရေပြားဆဲလ်တွေ အလျင်အမြန် ရင့်ကျက်သေဆုံးပြီး ပုံလာကာ ယားယံမှုကို ဖြစ်ပေါ်စေပါတယ်။ ရှာလကာရည်ဟာ ဘောက်ဖြစ်စေတဲ့ မလိုချင်တဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ကိုလဲ မပိတ်စေပါဘူး။ မှိုပိုပွားခြင်းဟာလည်း ဘောက်ဖြစ်စေတာမို့ ရှာလကာရည်ဟာ မှိုကိုလည်း သတ်ပေးနိုင်ပါတယ်။ ဒါဟာ အခြားခေါင်းလျှော်ရည်တွေထက် ပိုမိုလွယ်ကူပြီး ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရေးတကြီး အစည်းအဝေးတွေ ရှိရင် ရှာလကာရည်နဲ့ ခေါင်းမလျှော်သင့်ပါဘူး။ နောက်တစ်ခါ မလျှော်မချင်း ခေါင်းမှာ ရှာလကာရည်အနံ့ နံနေမှာ ဖြစ်ပါတယ်။အုန်းဆီ ဟာ မှိုသတ်ဆေးဖြစ်တာကြောင့် ဘောက်ပျောက်စေပါတယ်။ သူဟာ ခြောက်သွေ့တဲ့ ဦးရေပြားကို စိုပြေစေပြီး ယားယံမှုကို သက်သာစေပါတယ်။ အုန်းဆီကို သံပုရာရည်တစ်ဝက်နဲ့ ရောမွှေသင့်ပါတယ်။ ပြီးရင် ဦးရေပြားပေါ်ကို ပွတ်ပေးပြီး မိနစ်အနည်းငယ်ကြာ နှိပ်နယ်သင့်ပါတယ်။ မိနစ် ၂၀ ကျော်ကြာရင်တော့ ရေဆေးချနိုင်ပြီ ဖြစ်ပါတယ်။ ဒီနည်းကို တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် ပြုလုပ်နိုင်ပါတယ်။သံပုရာရည်။ဘောက်ပျောက်ဆေးတွေဟာ ရေခဲသေတ္တာထဲမှာ တင်ရှိပါတယ်။ သံပုရာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို ဦးရေပြားပေါ်တင် နှိပ်နယ်ပြီး ရေဆေးချသင့်ပါတယ်။ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်နဲ့ ရောမွှေပြီး ရေဆေးချသင့်ပါတယ်။ ဒါကို ဘောက်ပျောက်သွားတဲ့အထိ အသုံးပြုသင့်ပါတယ်။ သံပုရာရည်ရဲ့ အက်ဆစ်ဓါတ်ဟာ ဦးရေပြားရဲ့ pH ကို ထိန်းညှိပေးပြီး ဘောက်ပျောက်စေမှာ ဖြစ်ပါတယ်။အတိအကျ သိရှိခြင်း မရှိပေမယ့် ဘောက်ထခြင်းနဲ့ နေရောင်ခြည်ဟာ ဆက်စပ်မှု ရှိပါတယ်။ နေရောင်ခြည်ထဲမှာ ကြာကြာနေရင် ဘောက်ထခြင်းသက်သာစေပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီက ခြောက်သွေ့တဲ့ ရာသီဥတုဟာ ဘောက်ကိုဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်နိုင်ပြီး နေရောင်ခြည် ရှားပါးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်ဟာ အဆီပိုတွေကို ခြောက်သွေ့စေပြီး နေရောင်ခြည် ရရှိခြင်းဟာ လူတွေကို ပျော်ရွှင်ကျန်းမာစေပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒါကို စမ်းကြည့်သင့်ပါတယ်။နေ့စဉ် နေရောင်ခြည်အောက်မှာ ၁၀-၁၅ မိနစ်အထိ နေသင့်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်နဲ့ အလွန်အမင်း ထိတွေ့ခြင်းဟာ သင့်အရေပြား၊ ဆံပင်နဲ့ ကျန်းမာရေးကို ထိခိုက်စေတာမို့ နေရောင်နဲ့ ထိတွေ့ချိန်ကိုတော့ ကန့်သတ်သင့်ပါတယ်။မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အဆီပိုတွေကို စုပ်ယူပေးပါတယ်။ သူဟာ ဦးရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး မှိုပေါက်ပွားခြင်းကြောင့် ဘောက်ဖြစ်စေခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဦးရေပြားကို ရေစွတ်ပြီး မုန့်ဖုတ်ဆိုဒါ လက်တစ်ဆုပ်စာကို ဦးရေပြားပေါ်တင်ပါ။ မိနစ်အနည်းငယ်ကြာရင် ရေနွေးနဲ့ ဆေးချပါ။ ဒါမျိုးကို တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်လောက် ရက်သတ္တပတ် အနည်းငယ်အထိ လုပ်ပေးသင့်ပါတယ်။ ဒီကုသမှုအပြီးမှာ ခေါင်းမလျှော်ဖို့ သတိရသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%98%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%96%e1%80%9a%e1%80%ba%e1%80%9b%e1%80%be/
အဆီပြန်တဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းကြမလဲ
လှပပြီး စတိုင်ကျတဲ့ ဆံပင်ဟာ သင့်ကို သပ်ရပ်စနစ်ကျသူအဖြစ် ညွှန်ပြပါတယ်။ ဒါပေမယ့် သင့်မှာ အဆီပြန်တဲ့ ဆံပင်ရှိနေခဲ့ရင် သင့်ဆံပင်ကို တစ်နေကုန် တောက်ပသန့်ရှင်းအောင် ထားဖို့ ခက်ခဲပါတယ်။ ဒီဆောင်းပါးမှာတော့ အဆီပြန်တဲ့ ဆံပင်ကို ဘယ်လိုဂရုစိုက်မလဲဆိုတာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ဆံပင်တွေကို လက်နဲ့ ထိခြင်းဟာ ပြဿနာအခံကို ထင်တာထက်ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။ ဥပမာ အဆီပါတဲ့ ဟင်းတွေကို ပြင်ဆင်ပြီး ဆံပင်ကို လက်နဲ့ ထိလိုက်တယ်ဆိုရင် ဒီအဆီတွေဟာ ဆံပင်ထဲကိုရောက်သွားပါလိမ့်မယ်။ ဒီလိုပဲ မိတ်ကပ်လိမ်းနေစဉ် အဆီပါတဲ့ အလှပြင်ပစ္စည်းတွေဟာ လက်မှာ ကပ်နေနိုင်တာကြောင့် ဒါဟာလည်း ဆံပင်ထဲရောက်သွားနိုင်ပါတယ်။ ဒီအခြေအနေကို ရှောင်ကျဉ်ဖို့ မိတ်ကပ် မလိမ်းစဉ် သင့်ဆံပင်ကို အနောက်မှာ။သပ်ရပ်စွာ ချည်နှောင်ထားသင့်ပါတယ်။ ဆံပင်ကို လက်နဲ့မဟုတ်ပဲဘီးနဲ့ ဖြီးသင့်တယ်ဆိုတာကိုလည်း သတိရသင့်ပါတယ်။သင်တခုခုသွားစရာရှိနေပြီး နောက်ကျနေပြီဆိုရင် ဆံပင်ကို အမြန်လျှော်ခြင်းဟာ လူတွေအများစု ကြုံတွေ့နေကျ ဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ကို အမြန်လျှော်မယ်ဆိုရင် ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေဟာ ဆံပင်အတွင်းမှာ ကျန်နေနိုင်ပြီး အဆီပိုထွက်နိုင်ပါတယ်။ ဒီလိုလုပ်မယ့်အစား ကလေးပေါင်ဒါ (သို့) dry shampoo ကို အသုံးပြုပြီး သင့်ဆံပင်ကို ခဏတာ ခြောက်သွေ့သန့်ှရှင်းအောင် လုပ်သွားသင့်ပါတယ်။ dry shampoo ကို ဆံပင်အရင်းနားကို ဖျန်းပေးပြီး လုံလောက်တဲ့ ပမာဏ အသုံးပြုဖို့ သတိရသင့်ပါတယ်။ ပေါင်ဒါ အသုံးပြုသူတွေမှာတော့ အသုံးပြုပြီးရင် ခေါင်းဖြီးပေးခြင်းဖြင့် သင့်ဆံပင်အတွင်းမှာ ရှိတဲ့ အဖြူတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။လူအတော်များများကတော့ ဒီလိုထင်ပြီး ဒါဟာ မှားယွင်းပါတယ်။ နေ့စဉ် ခေါင်းလျှော်ခြင်းဟာ အဆီတွေကို မပျောက်ကွယ်သွားစေတဲ့အပြင် အဆီပိုထွက်စေပြီး ဆံပင်ဟာ ဆီပိုများလာပါလိမ့်မယ်။ သဘာဝအတိုင်း အဆီထွက်တဲ့ ဆံပင်ရှိရင် နေ့စဉ် ခေါင်းလျှော်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ဒီအစား သင့်ဆံပင်ကို တစ်ပတ်မှာ ၃-၄ ကြိမ်လောက် လျှော်ပေးနိုင်ပါတယ်။ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတံဆိပ်ကို သေချာ ရွေးချယ်သင့်ပြီး အဆီထွက်တဲ့ ဆံပင်အတွက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုသာ သုံးစွဲသင့်ပါတယ်။ ဒီထုတ်ကုန်တွေဟာ သင့်ဆံပင်ကို အရမ်းခြောက်သွေ့မနေစေပဲ အဆီပိုတွေကို ဖယ်ရှားပေးတယ်ဆိုရင် ဒါဟာ သင်သုံးသင့်တဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။ သင်နဲ့ သင့်လျော်တဲ့ ထုတ်ကုန်ကို ရှာမတွေ့ခင်။တစ်လတစ်ခါမှာ clarifying shampoo ကို အသုံးပြုသင့်ပြီး သူဟာ အဆီပိုတွေနဲ့ သင့်ဆံပင်ပေါ်မှာ ရှိနေတဲ့ အခြားထုတ်ကုန်တွေ့ို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ သူ့ကို တစ်လတစ်ခါသာ အသုံးပြုသင့်ပြီး နေ့စဉ် အသုံးပြုခြင်းဟာ သူဖယ်ရှားပေးလိုက်တဲ့ အစိတ်အပိုင်းတွေကို တုန့်ပြန်တဲ့အနေနဲ့ ဆံပင်တွေက အဆီပိုထုတ်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။အဆီပြန်တဲ့ ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေသေးရင် သင့်စားသောက်ပုံဟာ အဆီထွက်ခြင်းနဲ့ ပတ်သက်နေမလားဆိုတာ သိရဖို့ အစားအသောက်ကျွမ်းကျင်ပညာရှင် ကို ဆက်သွယ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%a1%e1%80%86%e1%80%ae%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်
ဒီဘက်ခေတ် အမျိုးသားအများစုနဲ့ မစိမ်းကြတဲ့အထဲမှာ ကြာဆေးလည်း အပါအဝင်ပါပဲ။ကြာဆေးဆိုတာ အမျိုးသားတွေရဲ့ လိင်တံအတွင်း သွေးစီးဆင်းနှုန်းအားကောင်းစေပြီး ထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘယ်လိုဆေးမဆို အကျိုးအာနိသင်အပြင် ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်တယ်ဆိုတာကတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးမှာ အမျိုးသားတွေ စိတ်ဝင်စားကြတဲ့ ကြာဆေး ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးပေးနိုင်လဲ ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ် အနေနဲ့ ဘာတွေဖြစ်တတ်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။အမျိုးသားတွေရဲ့ပန်းသေပန်းညှိုးဖြစ်တဲ့ ဝေဒနာကို ကုသပေးတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ကိုယ်တိုင် သောက်သင့်တဲ့ အားပမာဏကို ချိန်ဆပြီးမှ ပေးရပါတယ်။ အရမ်းများလွန်းတဲ့ ပမာဏဆိုရင် လူနာအတွက် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ပြင်းထန်နိုင်လို့ပါ။ကြာဆေးမှာ Sildenafil ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပြီး သွေးကြောတွေကို ကျယ်စေကာ သွေးစီးဆင်းမှုနှုန်းကို မြန်စေပါတယ်။ လိင်တံထောင်မတ်နိုင်ဖို့လိင်တံရဲ့ အတွင်းမှာ ရှိတဲ့ သွေးကြောတွေထဲ ကောင်းစွာ သွေးစီးဆင်းဖို့ လိုပါတယ်။ ဒါမှသာ ထောင်မတ်ခြင်းဖြစ်စေပြီး နောက်ဆုံးသုက်လွှတ်ပြီးသွားပြီဆိုတော့မှ စုထားတဲ့ သွေးတွေဟာ ကိုယ်ခန္ဓာရဲ့ နေရာအနှံ့ကို ပြန်ရောက်သွားပါတယ်။ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်တွေကတော့။ဦးနှောက်ကနေတစ်ဆင့် လိင်အင်္ဂါထောင်မတ်လာစေဖို့ အမြင်အာရုံ၊ အထိအတွေ့အာရုံ၊ အနံ့အသက်အာရုံ၊ စိတ်ခံစားချက်တွေက လှုံ့ဆော်ပေးတယ်။ ဒီအခါ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ သွေးတွေဟာ လိင်အင်္ဂါအထဲသို့ စီးဝင်ပြီး ထောင်မတ်ခြင်း စတင်ဖြစ်လာတယ်။ကြာဆေးထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေဟာ သွေးလည်ပတ်မှုစနစ်ထဲ ရောက်သွားပြီးတာနဲ့ သွေးစီးဆင်းနှုန်းကို နာရီဝက်မှ တစ်နာရီအတွင်း အမြင့်ဆုံးအခြေအနေထိ ရောက်အောင် လှုံ့ဆော်ပေးတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြာဆေးသောက်ပြီး တစ်နာရီကနေ နှစ်နာရီအတွင်း ခန္ဓာကိုယ်တစ်ခုလုံးက သွေးပေါင်ကျသွားပြီး မူးဝေတာ၊ အမြင်အာရုံ မှုန်ဝါးလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ကြာဆေးရဲ့ အာနိသင်ဟာ သွေးစီးဆင်းနှုန်းကို မြင့်တက်စေတာဖြစ်ပြီး လိင်စိတ်ဆန္ဒ ထကြွမှုကိုတော့ ဘယ်လိုမှ သက်ရောက်မှုမရှိပါဘူး။ ဥပမာပြောရရင် ကိုယ်က ကြာဆေးဘယ်လိုသောက်သောက် လိင်ဆက်ဆံဖို့ စိတ်မပါရင်တော့ ထောင်မတ်ခြင်းသက်သက်ပဲ ဖြစ်နေမှာပါ။သောက်ပြီး နာရီဝက်ဆိုရင် ဆေးအာနိသင်ဟာ စပြတတ်ပြီး အများဆုံး ၄နာရီထိ ကြာနိုင်ပါတယ်။ အဲ့ထက်ပိုကြာနေပြီဆိုရင်တော့ Priapism လို့ခေါ်တဲ့ အချိန်ကြာမြင့်စွာ လိင်တံထောင်မတ်နေခြင်း အဆင့်ကို ရောက်နိုင်ပြီး မခံမရပ်နိုင်အောင် နာကျင်ခြင်းဝေဒနာ ခံစားရနိုင်ပါတယ်။ပီရိုးနီးရောဂါ(Peyronie’s Disease) လိုမျိုး ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်း ပြဿနာရှိသူတွေဆိုရင် ကြာဆေးကို မိမိသဘောနဲ့ မိမိမသောက်သင့်ပါဘူး။အဖြစ်များတဲ့ ကြာဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ခေါင်းကိုက်ခြင်း၊နှာစေးနှာပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ မူးဝေခြင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင် မေ့လဲခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ နားထဲမှ စူးကနဲ မြည်သံတွေ ကြားရခြင်း၊ အမြင်ဝါးလာခြင်းတွေကိုလည်း ကြုံရနိုင်ပါတယ်။ဒီဘေးထွက်ဆိုးကျိုးဟာ ဦးနှောက်အာရုံကြောနဲ့ ဆက်စပ်နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေမှာ ဖြစ်တဲ့ ပြဿနာတွေချည်းပါပဲ။များသောအားဖြင့် ကြာဆေးတွေဟာ ဆေးတောင့်၊ ဆေးပြားပုံစံနဲ့ ထုတ်လုပ်တတ်ပြီး အစာမရှိဘဲနဲ့လည်း သောက်လို့ရပါတယ်။ ပုံမှန်အားဖြင့်လိင်မဆက်ဆံခင် နာရီဝက်မှ တစ်နာရီအလို ခြားပြီး ကြိုသောက်ပေးရပါတယ်။ တစ်နေ့ကို တစ်လုံးထက်ပိုပြီး သောက်လို့မရပါဘူး။မျိုချလိုက်တဲ့ ကြာဆေးရဲ့ ၈၀ ရာခိုင်နှုန်းဟာ မစင်အဖြစ် စွန့်ထုတ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ဆီးထဲကနေ တစ်ဆင့် အပြင်ကို ပါသွားပါတယ်။ ကြာဆေးရဲ့ နောက်ထပ် ဘေးထွက်ဆိုးကျိုးကတော့ အစာမကြေဖြစ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ကြာဆေးဆိုတာ လိင်အင်္ဂါထောင်မတ်နိုင်စွမ်း တစ်ခုတည်းအတွက် မဟုတ်ဘဲ ခန္ဓာကိုယ်နေရာအနှံ့ကို သက်ရောက်မှုရှိစေပြီး လုပ်ဆောင်မှုတွေကို ကြန့်ကြာစေနိုင်တာကြောင့် ဘယ်လိုကြာဆေးတံဆိပ်ကိုမဆို ဆရာဝန်ရဲ့ ဆေးစာမပါဘဲ ကိုယ့်သဘောနဲ့ ကိုယ်ဝယ်သောက်တာမျိုး၊ အလွန်အကျွံသောက်တာမျိုး မလုပ်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/changes-in-your-body-after-taking-viagra/
ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ်
ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ်။ကလေးလေးတွေက ဖေဖေမေမေတို့ရဲ့ ချထားစရာမရှိအောင် ချစ်ရတဲ့သူလေးတွေပါ။ မွေးစကစလို့ ပြောင်းလဲလာမှုအဆင့်ဆင့်တိုင်းက ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေအပြည့်ပေါ့။ တစ်နေ့တစ်နေ့ ချစ်လို့လည်းမဝ ကြည့်လို့လည်းမဝသူလေးတွေက သူတို့လေးတွေပေါ့။ ဂရုစိုက်မိလေလေ ကလေးမှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘယ်လိုများအကျိုးသက်ရောက်မှုတွေရှိလဲဆိုပြီး သိချင်လေလေဟုတ်။ ဒီတစ်ခေါက်တော့မေမေဖေဖေတို့သိချင်နေလောက်မယ်ထင်တဲ့ ဘေဘီလေးတွေမျက်ဝတ်ထွက်ရတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်နော်။လူကြီးတွေ အရွယ်ရောက်နေတဲ့သူတွေမှာမှ မျက်ဝတ်ထွက်တတ်တာမဟုတ်ပါဘူး။ ကလေးငယ်လေးတွေမှာလည်း မျက်ဝတ်ထွက်တတ်ပါတယ်နော်။ လူရယ်လို့ဖြစ်လာရင် စားမယ်၊ သောက်မယ်၊ ငိုမယ်၊ အညစ်အကြေးတွေထွက်မယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပေါ့။ ကလေးမို့ အနံ့အသက်မပြင်းတာမျိုးဘဲဖြစ်နိုင်ပါတယ်။ မျက်ဝတ်က ပုံမှန်အတိုင်းဆိုရင် အဖြူရောင်ပဲပေါ့။ မျက်ဝတ်က အဖြူရောင်မဟုတ်ဘဲ၊ အဝါရောင်၊ အစိမ်းရောင်လေးတွေဖြစ်လာမယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုနေပြီဆိုတာကိုဖော်ပြနေတာပါ။ကလေးရဲ့မျက်လုံးမှာ အခုလိုမျိုးတွေတွေ့ရမယ်ဆိုရင်တော့ သတိထားဖို့လိုပါမယ်။ဘေဘီလေးတွေမှာ မျက်ဝတ်တွေထွက်နေရတာဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်နော်။မျက်ခွံတွင်း ပိုးဝင်ကူးစက်ခြင်း– မျက်လုံးအတွင်းပိုင်းကိုဘက်တီးရီးယားပိုးဝင်ကူးစက်မှု တစ်မျိုးပေါ့။မြင်သာတဲ့ လက္ခဏာတစ်ရပ်အနေနဲ့ အိပ်ရာကနေ နိုးလာတဲ့အခါ မျက်ဝတ်တွေကပ်နေတာကြောင့် မျက်လုံးဖွင့်ရခက်တာပါ။ မျက်လုံးတစ်ဖက်တည်းမှာဖြစ်နိုင်သလို နှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်ပါတယ်။ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်လုံးရောင်ရမ်းခြင်း– မျက်လုံးအတွင်းပိုင်းကို ဗိုင်းရပ်စ်ပိုးဝင်ရောက် ကူးစက်တာပါ။ မြင်သာတဲ့ လက္ခဏာအနေနဲ့ မျက်ဖြူသားတွေ နီနေမယ်။မျက်ရည်တွေထွက်နေမယ်။ မျက်ဝတ်လည်း အနည်းအကျဉ်းထွက်နိုင်ပါတယ်။ တစ်ဖက်တည်းမှာ ဖြစ်နိုင်သလို နှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်ပါတယ်။ပုံမှန်အတိုင်းထွက်တဲ့ မျက်ဝတ်– မျက်လုံးထောင့်လေးတွေမှာ တွေ့ရတတ်ပါတယ်။ အရောင်ကလည်း အဖြူရောင်ဖြစ်နေမယ်။ အလွယ်တကူဖယ်လို့ရနေမယ်၊ဆိုရင်တော့ ဒါကပုံမှန်အတိုင်းထွက်တဲ့ မျက်ဝတ်ပါ။ အဝတ်စသန့်သန့်လေးနဲ့ဖယ်ပေးရင်ကိုလုံလောက်နေပါပြီ။ ဂွမ်းစလေးကိုရေနွေးလေးစွတ်ပြီး ဖယ်ပေးလို့လည်းရပါတယ်။မျက်ရည်ပြွန် ပိတ်နေတာ–မွေးကင်းစ ကလေးငယ်၁၀ ရာခိုင်နှုန်းမှာဖြစ်နေကျ မျက်လုံးပြဿနာတစ်ခုပါ။ အမြဲလိုလိုမျက်ရည်ထွက်နေတာကမြင်သာတဲ့ လက္ခဏာတစ်ခုပေါ့။ တစ်ခါတလေဆို မျက်ရည်တွေတောင်ကျနေတတ်ပါတယ်။ မျက်ဖြူသားနီတာမျိုးမရှိသလို မျက်ခွံရောင်တာမျိုးလည်းမရှိပါဘူး။ မျက်ရည်ခဏခဏထွက်နေတာကြောင့် မျက်လုံးမှာ ပိုးဝင်ကူးစက်တာမျိုးတွေဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲအနေနဲ့ကတော့ မျက်ခွံတွေက မျက်ဝတ်တွေနဲ့ကပ်နေတာမျိုးဖြစ်လာနိုင်ပါတယ်။မျက်လုံးထဲကို တစ်ခုခုဝင်တာ– မျက်လုံးထဲကို သဲ၊ ဖုန်မှုန့်နဲ့ မသန့်ရှင်းတဲ့အရာတစ်ခုခုဝင်တာကြောင့်လည်း မျက်ဝတ်တွေထွက်နိုင်ပါတယ်။ ဒီအစအနလေးတွေက မျက်ခွံအောက်မှာ ကပ်တွယ်နေတတ်ပါတယ်။ မဖယ်ရှားပေးဘူးဆိုရင် မျက်လုံးကနေမျက်ဝတ်တွေထွက်ပြီး ဒီအစအနတွေကို အပြင်ကိုပြန်ထွက်အောင်လုပ်ဆောင်ပေးပါတယ်။အကောင်းဆုံးကတော့ မျက်လုံးကို ရေနွေးနွေးလေး နဲ့ သန့်စင်ပေးတာပါ။ ဂွမ်းစသန့်သန့်လေးကို အသုံးပြုပေးဖို့လိုပါမယ်။ မျက်လုံးတွေကို သန့်စင်နေအောင်ဂရုစိုက်တာက မျက်လုံးကို ဘက်တီးရီးယားတွေ မကူးစက်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မိခင်နို့ရည်ကိုလည်း အသုံးပြုပေးလို့ရပါတယ်။ မျက်လုံးထောင့်လေးတွေကို မိခင်နို့ရည်ညှစ်ထည့်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ မျက်စဉ်းတော့မခတ်ပါနဲ့။အခုပြောခဲ့တဲ့ လက္ခဏာတွေ ဘေဘီလေးမှာ မရှိဘဲ မျက်ဝတ်တွေ ထွက်နေမယ် ဆိုရင်တော့ သာမန်ထွက်တဲ့ မျက်ဝတ်ဖြစ်တာကြောင့် စိုးရိမ်စရာမလိုပါဘူးနော်။ဘေဘီလေးတွေလည်း ကိုယ်တွေလိုပဲ မျက်ဝတ်ထွက်တတ်ပါတယ် မေမေဖေဖေတို့ရေ……..။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/eye-pus-or-discharge/
Friedreich's Ataxia
Ataxia ဆိုသည်မှာ အစီအစဉ်ကျမှု မရှိခြင်းကို ဆိုလိုပါသည်။ အကြောင်းရင်းအမျိုးမျိုးရှိသော Ataxia အမျိုးမျိုးရှိပါသည်။ Friedreich’s Ataxia မှာ ထိုအရာများမှ တစ်ခုဖြစ်သည်။Friedreich’s Ataxia သည် ရှားပါးသော မျိုးရိုးဗီဇရောဂါတစ်ခုဖြစ်ပြီး လမ်းလျှောက်ရခက်ခြင်း၊ ခြေလက်များတွင် အာရုံခံစားနိုင်စွမ်း မရှိခြင်း၊ စကားကောင်းကောင်းမပြောတတ်ခြင်းတို့ ဖြစ်စေပါသည်။ ၎င်းကို Spinocerebellar degeneration ဟုလည်းခေါ်၏။ ထိုရောဂါမှာ ဦးနှောက်၊ အာရုံကြောမကြီးတို့တွင် ပျက်စီးမှုများ ဖြစ်စေနိုင်ပြီး နှလုံးကိုလည်း ထိနိုင်ပါသည်။နာမကျန်းမှုမှာ ယေဘုယျအားဖြင့် လမ်းလျှောက်ရခက်ခြင်းမှ စတင်လေ့ရှိသည်။ Friedreich’s Ataxia ရှိသောလူများတွင် ခြေချော် လက်ချော်ဖြစ်ခြင်း ခြေများတုန်ယင်နေခြင်းတို့ကို ကလေးဘ၀ သို့မဟုတ် မြီးကောင်ပေါက်စကပင် စခံစားရသည်။ ရှားပါးသောဖြစ်ရပ်များတွင်တော့ တစ်နှစ်သားနှင့် လူလတ်ပိုင်းများတွင် စပေါ်လာတတ်ပါသည်။ ရောဂါဆိုးလာသည်နှင့် ကျောရိုး၊ ခြေထောက်တို့တွင် အရိုးပုံစံပျက်ခြင်း၊ ခြေလက်များတွင် အာရုံခံစားမှုမရှိတော့ခြင်း၊ စကားပြောရခက်ခြင်း၊ ပုံမှန်မဟုတ်သော မျက်လုံးလှုပ်ရှားမှုများဖြစ်ခြင်း၊ နှလုံးရောဂါနှင့် ဆီးချို စသည်တို့ဖြစ်လာနိုင်ပါသည်။Friedreich’s Ataxia အတွက် ကုသရန်နည်းမရှိသော်လည်း လက္ခဏာများကို သက်သာစေသော ကုသမှုများ ရှိပါသည်။Friedreich’s Ataxia အရွယ်မရွေးဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။Friedreich’s Ataxia ကို အသက် ၂ နှစ်မှ ၅၀ အစောပိုင်းအတွင်း အတည်ပြုနိုင်ပါသည်။ သို့သော် ဖြစ်ရပ်အများစုမှာ ၁၀ – ၁၅ နှစ်အတွင်းတွင် အတည်ပြုနိုင်ခြင်းဖြစ်သည်။ လမ်းလျှောက်ခက်ခဲခြင်းမှာ ရောဂါကနဦးအစလက္ခဏာ ဖြစ်ပါသည်။ တခြားသောလက္ခဏာများမှာ –။ဤရောဂါရှိသောလူများမှာ နှလုံးရောဂါတစ်ချို့ပါ ဖြစ်လာနိုင်ပါသည်။ Friedreich’s Ataxia ရှိသော လူနာ ၇၅%မှာ နှလုံးမူမမှန်မှုများရှိကြ၏။ အဖြစ်အများဆုံးပုံစံမှာ နှလုံးကြွက်သားများ ထူလာခြင်း ဖြစ်ပါသည်။ နှလုံးရောဂါလက္ခဏာများတွင် နှလုံးတုန်ခြင်း၊ ရင်ဖက်အောင်ခြင်း၊ အသက်ရှုမဝခြင်းတို့ ပါဝင်ပါသည်။ Friedreich’s Ataxia မှာ ဆီးချိုကိုတောင် ဖြစ်လာစေနိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။Friedreich’s Ataxia မှာ “autosomal recessive transmission” အရ မိဘနှစ်ပါးလုံးစီမှ ဆက်ခံရသော မျိုးရိုးဗီဇရောဂါဖြစ်ပါသည်။ ထိုရောဂါမှာ FXN ဟုခေါ်သော ဗီဇနှင့် ဆက်စပ်မှုရှိ၏။ ပုံမှန်အားဖြင့် ထိုဗီဇမှာ တိကျသော DNA ၃၃ ခုကိုကော်ပီးပွားရန် လုပ်ဆောင်ပေးသည်။ Friedreich’s Ataxia ရှိသော လူများတွင်တော့ ထိုဖြစ်စဉ်မှာ အဆပေါင်း ၆၆ ဆမှ ၁၀၀၀ ထိအောင် ချဲ့ကားသွားကြောင်း U.S. National Library of Medicine’s Genetics Home Reference အရ သိရပါသည်။ ထို DNA များ လွန်ကျွံလာခြင်းက ဦးနှောက်မှ Cerebellum နှင့် အာရုံကြောမကြီးကို ပြင်းထန်စွာထိခိုက်စေပါသည်။Friedreich’s Ataxia မျိုးရိုးရှိသောလူများမှ ရောဂါဆက်ခံနိုင်ချေမြင့်ကြသည်။ ထိုပျက်စီနေသောဗီဇကို မိခင် သို့ ဖခင် တစ်ဦးဆီမှသာ ဆက်ခံထားရသည်လျှင် ထိုလူမှာ ရောဂါသယ်ဆောင်သူအဖြစ်သာ ဖြစ်လာနိုင်ပြီး လက္ခဏာများကို ခံစားရမည်မဟုတ်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ရောဂါရာဇဝင်မေးခြင်း သေချာစမ်းသပ်ခြင်းများ ပြုလုပ်ပါလိမ့်မည်။ အာရုံကြောကြွက်သားအဖွဲ့အစည်းအား စမ်းသပ်ခြင်းလည်း ပါပါလိမ့်မည်။ ထိုစမ်းသပ်ခြင်းမှာ အာရုံကြောဆိုင်ရာ ပြဿနာများကို အဓိကထား စမ်းသပ်ခြင်းမျိုးဖြစ်ပါသည်။ ပျက်စီးမှုကိုပြသော လက္ခဏာများမှာ ဟန်ချက်မညီခြင်း၊ reflexes များ ပျောက်သွားခြင်းနှင့် အဆစ်များတွင် အာရုံခံစားမှု မရှိတော့ခြင်းတို့ ဖြစ်ပါသည်။ဆရာဝန်သည် ဦးနှောက်နှင့် အာရုံကြောမအတွက် CT MRI ရိုက်ရန်ညွှန်ပါလိမ့်မည်။ MRI သည် ခန္ဓါကိုယ်အတွင်းပိုင်းဖွဲ့စည်းပုံများကို ပြသနိုင်ပါသည်။ CT scan က အရိုး၊ အင်္ဂါများနှင့် သွေးကြောများ၏ပုံရိပ်ကို ပြသနိုင်၏။ ဦးခေါင်း၊ ခါးရိုးနှင့် ရင်ဘတ်ဓါတ်မှန်များလည်း ရိုက်ရနိုင်ပါသည်။Friedreich’s Ataxia ကိုဖြစ်စေသော Frataxin ဗီဇပျက်ခြင်းရှိပါက မျိုးရိုးဗီဇစစ်ဆေးခြင်းတွင် တွေ့ရှိနိုင်သည်။ ဆရာဝန်သည် သင့်ကြွက်သားဆဲလ်များအတွင်းမှ လျှပ်စစ်လှုပ်ရှားမှုကို သိရှိနိုင်ရန်အတွက် Electromyography ပြုလုပ်ရန် ခိုင်းပါလိမ့်မည်။ အာရုံကြောလျှပ်စီးလွှတ်ခြင်းကို လေ့လာခြင်းက သင့်အာရုံကြောများမှ လှုံ့စော်မှုများကိုဘယ်လောက်မြန်မြန်ထုတ်နေကြောင်း သိရနိုင်ပါသည်။မျက်လုံးအာရုံကြောပျက်စီးမှုရှိမရှိသိစေရန် မျက်လုံးစစ်ဆေးမှုလုပ်ရနိုင်ပါသည်။ ထို့အပြင် ဆရာဝန်သည် နှလုံးရောဂါများကိုသိနိုင်ရန် echocardiograms နှင့် electrocardiograms များ ပြုလုပ်နိုင်ပါသည်။Friedreich’s ataxia သည် ကုသ၍မရပါ။ ကုသမှုသည် လက္ခဏာများသက်သာအောင်လုပ်ခြင်း၊ အခြေအနေပိုဆိုးမလာအောင်လုပ်ခြင်းနှင့် အသက်ရှည်အောင်လုပ်ခြင်းတို့တွင်သာ အဓိကထားပါသည်။ ကုသများမှာ –။Friedreich’s ataxia အား ကာကွယ်နိုင်မည့် နည်းလမ်းမရှိပါ။ ရောဂါမှာ မျိုးရိုးလိုက်သောရောဂါ ဖြစ်သောကြောင့် မျိုးရိုးဗီဇဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း စစ်ဆေးခြင်းများကို ကလေယူဖို့အစီအစဉ်ချကတည်းက ပြုလုပ်ထားရန် အကြံပေးထားပါသည်။ နှစ်သိမ့်ဆွေးနွေးပေးသူမှ ကလေးတွင် ဤရောဂါဖြစ်လာနိုင်သည့် ဖြစ်နိုင်ချေ သို့မဟုတ် လက္ခဏာမပြပဲ သယ်ဆောင်ထားရုံ ြ့ဖစ်နိုင်ချေတို့ကို တွက်ထုတ်ပေးပါလိမ့်မည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစားအသောက်နှင့် လေ့ကျင့်ခန်းများက Friedreich’s ataxia ရှိသောလူနာများ၏ နှလုံးရောဂါများကို သက်သာစေပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/friedreichs-ataxia/
ကွန်ဒုံးဝယ် နည်း လမ်းညွှန်
ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေကကိုယ်ဝန်လည်း တားပေးနိုင်တယ်။လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် ကွန်ဒုံးကို သုံးတဲ့သူက များများစားစား မရှိကြပါဘူး။ အကြောင်းအရင်းတွေ အများကြီး ရှိပေမယ့် အများစုပြောကြတာက ဘာ ကွန်ဒုံးဝယ် ရမလဲ မသိလို့ပါတဲ့။ ဒါလည်း ဟုတ်ပါတယ်။ ကွန်ဒုံးအမျိုးအစားတွေက အများကြီး ဖြစ်နေပြန်တော့ ဘာကို ရွေးရမလဲဆိုတာ ခက်နေမှာပါ။ မှားဝယ်လာပြန်ရင်လည်း သုံးမရဘဲ ငွေကုန်တာပဲ ရှိတာကြောင့် နောက်တစ်ခေါက်ဝယ်ဖို့ လက်တွန့်နေမှာ အမှန်ပါပဲ။ဒါထက်ပိုဆိုးတာက ဝယ်ပြီးမှ မတော်ရင် အတူနေတဲ့အခါ အဆင်မပြေဖြစ်ပြီး ကွန်ဒုံးကြီးက မမိုက်ပါဘူးကွာဆိုပြီး နောက်ကို သုံးတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ကွန်ဒုံးဝယ်နည်း လမ်းညွှန်ကို ပြောပြပေးပါ့မယ်။ဒါက အရေးကြီးဆုံးပါပဲ။ ကြီးလွန်းရင်လည်း ချောင်ပြီး အတူနေတဲ့အခါ ကျွတ်ကျနိုင်သလို ကျပ်လွန်းရင်လည်း လိင်တံကို ညှစ်ထားသလို ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဆိုဒ်ရွေးမှန်ဖို့ လိုပါတယ်။ မဝယ်ခင်မှာ ကိုယ့်ပစ္စည်းကိုယ် တိုင်းသွားဖို့ လိုပါတယ်။တိုင်းတည်းကတော့ အရှည်ရယ်၊ လုံးပတ်ရယ် နှစ်ခုတိုင်းရမှာပါ။ အင်္ကျီချုပ်တဲ့ ပေကြိုးနဲ့ တိုင်းရင် ပိုကောင်းပါတယ်။လိင်တံထောင်မတ်နေချိန်မှာ တိုင်းပါ။ အတူနေတဲ့အခါလည်း ထောင်မတ်နေချိန်မှာ ကွန်ဒုံးစွပ်ပြီး အတူနေမှာဟုတ်။အရှည်ကို တိုင်းမယ်ဆိုရင် အရင်းကနေ ဆီးခုံရိုးကို ဖိပြီး အဖျားထိတိုင်းသွားပါ။ ပေကြိုးကို တင်းတင်းဆွဲပါ။ လုံးပတ်ကျတော့ အကျယ်ဆုံးနေရာကို တိုင်းရမှာပါ။ ပေကြိုးနဲ့ အကျယ်ဆုံးနေရာက လိင်တံကို တစ်ပတ်ပတ်၊ ပေကြိုး နှစ်စထိတဲ့နေရာက နံပါတ်ကို ယူရမှာပါ။ကွန်ဒုံးအရွယ်အစားတွေက မီလီမီတာ၊ စင်တီမီတာတွေနဲ့ လာတာများပါတယ်။ ကိုယ်က တိုင်းတည်းက ဒါတွေနဲ့ တိုင်းချင် တိုင်းသွားပါ။ လက်မနဲ့ တိုင်းထားမိရင် မီလီမီတာ၊ စင်တီမီတာ ပြန်ပြောင်းပါ။ (၁လက်မမှာ ၂.၅၄ စင်တီမီတာ ဒါမှမဟုတ် ၂၅.၄ မီလီမီတာ ရှိပါတယ်။)။ဆိုဒ်သိပြီဆိုရင် ကိုယ်နဲ့ ကွန်ဒုံးရွေးလို့ရပါပြီ။ တချို့ကျတော့လည်း ကိုယ်နဲ့ အတိမဟုတ်ဘဲ နည်းနည်းလေး ကျပ်တာကို ရွေးကြပါတယ်။ စျေးကွက်ထဲမှာလည်း snug fitဆိုပြီး ရှိပါတယ်။ အင်္ကျီရွေးရင် Body fit ဝတ်သလိုပေါ့။ နည်းနည်းကျပ်တော့ ပိုပြီး ခံစားမှုကောင်းမလားဆိုပြီး ရွေးကြတာပါ။ နည်းနည်းကျပ်တာက ရပါတယ်။ အရေးကြီးတာ ချောင်လွန်း၊ ကျပ်လွန်း အစွန်း ၂ဖက်က လွတ်ဖို့ပါပဲ။ကွန်ဒုံးအများစုက latexနဲ့ လုပ်တာများပါတယ်။ ဒါပေမယ့် တချို့ကlatexနဲ့ ဓာတ်မတည့်တဲ့ ပြဿနာရှိနေပါတယ်။ ဒီလိုဆိုရင်တော့ တခြားအမျိုးအစားပြောင်းသုံးပါ။ Polyurethane ဆိုတာလည်း ရှိပါတယ်။ ဒါနဲ့ အစားထိုးပြီး သုံးကြည့်ပါ။Latex ပါတာ သုံးပြီး မတည့်ဘူးဆိုရင် နောက်တစ်ခါ ထပ်မသုံးဖို့ကိုပါ အကြံပေးပါရစေ။တချို့ကွန်ဒုံးတွေက Combo set တစ်ခါတည်း ချောဆီပါပါပြီးသားပါ။ ကွန်ဒုံးမှာ ချောဆီထည့်သုံးတာက အလွှာခြားတဲ့ ပြဿနာကို နည်းစေတယ်လို့ ဆိုပါတယ်။ ခံစားမှုကိုလည်း ပိုပြီးကောင်းစေပါတယ်တဲ့။ ကွန်ဒုံးမှာ ချောဆီမပါလို့ ကိုယ့်ဟာကိုယ် အပြင်က ဝယ်သုံးမယ်ဆိုရင် ရေ ဒါမှမဟုတ် ဆီလီကွန်အခြေခံထားတဲ့ ချောဆီကို သုံးနိုင်ပါတယ်။ (ရေကို အခြေခံထားကို ပိုပြီး သုံးစေချင်ပါတယ်)။အဆီကို အခြေခံထားတာ ဒါမှမဟုတ် အိမ်မှာရှိတဲ့ အဆီတစ်မျိုးမျိုးကို သုံးလိုက်တာတော့ ရှောင်သင့်ပါတယ်။ အဆီတွေကကွန်ဒုံးကို ပေါက်ပြဲတာ၊ ကျွတ်ထွက်တာတွေ ဖြစ်စေနိုင်လို့ပါ။အမျိုးသားတွေက အလွှာခြားရင် ကမ္ဘာခြားသလိုပဲလို့ ပြောကြတဲ့အတွက် နောက်ပိုင်းမှာ အလွှာတွေကို ပါးနိုင်သမျှ ပါးအောင် ထုတ်လာကြပါတယ်။ အလွှာပါးတာကို ကြိုက်ရင် Ultra thin, Extra thinတို့ကို ရွေးဝယ်နိုင်ပါတယ်။ကွန်ဒုံးတွေကို ဘယ်သူမှ ပီကေလို မစားပေမယ့် ကွန်ဒုံးတွေကို အရသာမျိုးစုံထုတ်ထားပါတယ်။ အကြောင်းကတော့ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ ပိုပြီး အဆင်ပြေအောင်ပါ။ Latexအနံ့တွေ၊ သုက်နံ့တွေကိုလည်း အုပ်ထားသလို ဖြစ်စေပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ဒါပေမယ့် ဒီလို ကွန်ဒုံးတွေက ပါးစပ်နဲ့ ဆက်ဆံတာအတွက်ပဲကောင်းပါတယ်။ မိန်းမကိုယ်ထဲ ထည့်မယ်ဆို ရေရှည်မှာမှိုစွဲတာဖြစ်နိုင်လို့ အတူနေခါနီးရင်တော့ အနံ့အရသာမပါတာ ပြောင်းသုံးသင့်ပါတယ်။ကွန်ဒုံးကို အမျိုးသားတွေ စိတ်ဝင်စားလာအောင်၊ ကွန်ဒုံးသုံးလိုက်လို့ စိတ်ကျေနပ်မှု နည်းသွားတယ်ဆိုတာ မဖြစ်ရအောင် အမျိုးမျိုးတီထွင်ပြီး ထုတ်လာကြပါတယ်။ ဥပမာ။–Dotted ကွန်ဒုံး: ကွန်ဒုံးမှာ အဖုလေးတွေ ပါတဲ့အတွက် အတူနေတဲ့အခါ ပိုပြိး စိတ်ကျေနပ်မှု ရစေပါတယ်။-Climax control : သူကတော့ နည်းနည်းလေး ခံစားမှု လျော့အောင်လုပ်ထားတဲ့အတွက် မြန်မြန်မပြီးဘဲ ကြာကြာနေနိုင်စေပါတယ်။-High motion : သူကတော့ အဝင်အထွက်ချောမွေ့စေအောင်ရယ်၊ ပွတ်တိုက်မှု နည်းအောင်ရယ် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ဒါကြောင့် ပြန်ချုံ့ပေးရရင်။ကျန်တာကတော့ ကိုယ့်အကြိုက်နဲ့ကိုယ် အလျင်းသင့်သလို ဝယ်ယူနိုင်ပါတယ်။ နောက်ပြီး အရေးကြီးတာက ပိုဝယ်ပါ။ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်ပဲ ဆက်ဆံလို့ရပါတယ်။ နောက်တစ်ခါထပ်နေမယ်ဆို နောက်တစ်ခု အသစ်သုံးရမှာ ဖြစ်လို့ အပိုဝယ်ဖို့ အကြံပြုချင်ပါတယ်။ခုမှ စသုံးမှာဆိုရင်တော့ ခုနက အခြေခံအချက်တွေကို သေချာစစ်ဆေးပါ။ နောက်ပိုင်းကျမှ ကိုယ်နှစ်သက်သလို အဖုပါတာ၊ မပါတာ၊ သုက်ထိန်းတာ မထိန်းတာ စသဖြင့် လိုအပ်ချက်အလိုက် ဝယ်ယူသုံးစွဲနိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/how-to-buy-condoms/
Odontoma (သွားအကျိတ်)
ပါးစပ်အတွင်းမှာပေါက်တဲ့ ကင်ဆာမဟုတ်တဲ့အကျိတ်ဖြစ်ပါတယ်။ သွားဖြစ်လာမယ့်တစ်ရှူးအနည်းငယ်သို့အားလုံးကနေ ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒီတစ်ရှူးတွေက သွားတစ်ချောင်းပုံစံဖြစ်အောင် စီစဉ်နိုင်တာမျိုးလည်းရှိသလို မစီစဉ်နိုင်တော့တာလည်းဖြစ်နိုင်ပါတယ်။ မျက်လုံးနဲ့မမြင်နိုင်ပါဘူး။ သွားကြွေလွှာ၊ အောက်ခံတစ်ရှူးတွေပေါင်းစပ်ထားတဲ့ ဒြပ်ထုကြီးက ပုံမှန်ဆိုလျှင် သွားနှင့် တပြေးညီကြီးထွားနေပါတယ်။ သို့သော် ၎င်း ဒြပ်ထုကြီးအစီအစဉ်မကျတော့ပဲ အစိတ်အပိုင်းတစ်ခုကဦးတည်ကြီးစိုးသွားနိုင်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သွားအကျိတ် ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။သွားအကျိတ်ဘယ်လိုဖြစ်လာလဲဆိုတာ တိတိကျကျသိတဲ့သူတစ်ယောက်မှမရှိပါ။ သို့သော် တချို့ကတော့ သွားအကျိတ်ဟာရောဂါပိုးဝင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းကနေတစ်ဆင့်ဖြစ်ပေါ်လာတယ်လို့ ထင်မြင်ကြပါတယ်။ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲခြင်း သို့မဟုတ် မျိုးရိုးလိုက်ခြင်းမှတစ်ဆင့်ဖြစ်ပေါ်လာတယ်လို့လဲ တချို့ သွားဆရာဝန်တွေက ယုံကြည်ကြပါတယ်။ ဥပမာ သွားအကျိတ်ဖြစ်ကောင်းဖြစ်စေနိုင်တဲ့ Gardener Syndrome ( ဥယဉ်မှူးရောဂါစု ) ဆိုတဲ့ မျိုးရိုးလိုက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါစုက သွားအကျိတ်အပါအဝင် ခန္ဓါကိုယ်နေရာအနှံ့မှာ အကျိတ်တွေဖြစ်စေနိုင်ပါတယ်။သွားအကျိတ် ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့်အရာမရှိဟု သိရှိရပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွားအကျိတ်ဟာ အပြင်ပိုင်းလက္ခဏာပြလေ့မရှိပါဘူး။ သွားအကျိတ်ကို သွားဆရာဝန်ဓါတ်မှန်ရိုက်ကြည့်မှတွေ့ရပါတယ်။ပေါက်တာနောက်ကျနေတဲ့သွား သို့မဟုတ် သွားမရှိခြင်းကိုနောက်ထပ်စမ်းသပ်မှုတွေ လိုအပ်တယ်ဆိုတာတော့ အမှန်ပါပဲ။သွားမှာပေါက်နေတဲ့ အကျိတ်ကို ဘာမှမလုပ်ခင် ဘယ်လိုအကျိတ်အမျိုးအစားလဲဆိုတာ သိအောင် အရင်စမ်းသပ်မှုတွေပြုလုပ်ရပါမယ်။ ထို့ပြင် နှူတ်ယူထားတဲ့ တစ်ရှူးရဲ့ အနုစိတ်ကြည့်ရှုစစ်ဆေးခြင်းကလဲ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေပေးစွမ်းနိုင်ပါတယ်။ ဆဲလ်အဆင့်တွေကိုလေ့လာကြည့်ရှူတဲ့ အခါမှာတော့ တချို့သော သွားကြွေလွှာ၊အောက်ခံတစ်ရှူးတွေက သွားပုံစံပေါက်နေတာတွေတွေ့ရတတ်ပါတယ်။ ဓါတ်မှန်ရိုက်ကြည့်လျှင် သွားနှင့် ဆင်တူတဲ့ အစိုင်အခဲအတုံးလေးတွေကိုတွေ့ရနိုင်ပါတယ်။ ဒီအကျိတ်ရဲ့ မာတဲ့နေရာကနေ လွယ်လွယ်ခွဲထုတ်လို့ရတာကြောင့် တခြားဖြစ်နိုင်တဲ့ အကျိတ်တွေနဲ့ ကွဲပြားစေပါတယ်။ ပိုရှုပ်ထွေးတဲ့ သွားအကျိတ်ကကျတော့ တိကျတဲ့ ပုံစံမရှိပါ။ သွားပုံစံလဲပေါက်နေခြင်းမရှိပါ။ ဆဲလ်အဆင့်မှာတော့ ၎င်းကပြွန်ပုံစံသွားအောက်ခံတစ်ရှူးအနေနဲ့ရှိနေပြီး အခေါင်းပေါက်နေရာလေးတွေကို ပိတ်ထားပါတယ်။ ဒီအဝိုင်းပုံစံနေရာလွတ်လေးတွေက အနည်ထိုင်သွားပေမယ့် တစ်ချိန်က သွားကြွေထည်လေးတွေကိုထိန်းထားပေးခဲ့ပါတယ်။ အစွန်ဖျားတွေမှာတော့ သွားအမြစ်တွေကိုဖုံးပေးတဲ့ ဆဲလ်အလွှာလေးတွေကို အဖုံးလေးတွေကဲ့သို့ဒြပ်ထုကို ဝန်းရံလျက်တွေ့ရှိရပါတယ်။CT scan (ကွန်ပြူတာဓါတ်မှန်) ရိုက်ကြည့်ခြင်းကလဲ သွားဆရာဝန်တွေအတွက် သွားအကျိတ်တွေကို ကောင်းစွာအထောက်အကူပြုပါတယ်။ တခါတရံမှာ သွားအကျိတ်က နှာခေါင်းပေါက်အတွင်းသို့ ပျံ့နှံ့သွားတတ်ပြီး ဓါတ်မှန်အပြင် အထူးကြည့်ရှုစစ်ဆေးဖို့ လိုအပ်လာနိုင်ပါတယ်။ တခါတရံမှာ MRI လို့ခေါ်တဲ့ သံလိုက်ဓါတ်မှန်ရိုက်ခြင်းက သွားအကျိတ်ကိုပြီးပြည့်စုံစွာလေ့လာအတည်ပြုလို့ရနိုင်ပါတယ်။သွားအကျိတ်ကို ကုသနိုင်တဲ့ တခုတည်းသော နည်းလမ်းကတော့ ခွဲစိတ်ခြင်းပဲဖြစ်ပါတယ်။ စောစောစီးစီးသိရှိပြီး ခွဲစိတ်ကုသလိုက်တာက လူနာအတွက် အလွန်အကျိုးရှိပါတယ်။ ကင်ဆာမဟုတ်ပဲ သာမာန်တစ်ရှူးတွေနဲ့ဖွဲ့စည်းထားတာကြောင့် ရိုးရိုးသွားနှုတ်သကဲ့သို့ပဲဖြစ်ပါတယ်။မြန်မြန်လဲ သက်သာနိုင်ပါတယ်။ ပိုရှုပ်ထွေးတဲ့သွားအကျိတ်တွေကတော့ ခွဲစိတ်ပြီးနောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်တဲ့အတွက် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ အဆက်အသွယ်မပြတ်စေတာကောင်းပါတယ်။သွားအကျိတ်ကို ကြိုတင်ကာကွယ်နိုင်တဲ့ အိမ်သုံးကုထုံးဟူ၍ မရှိသေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/odontoma-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%90%e1%80%ba/
ရှိသင့်တဲ့နှလုံးခုန်နှုန်း ကို ဘယ်လိုတွက်ချက်မလဲ။
နှလုံးခုန်တယ်လိုက်တိုင်းမှာ သွေးတွေက ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားတာကြောင့် ရှိသင့်တဲ့နှလုံးခုန်နှုန်း ရှိနေဖို့ လိုပါတယ်။ လူတိုင်းက နားနေတဲ့ အချိန်နဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ရှိတဲ့နှလုံးခုန်နှုန်းက မတူပါဘူး။ နှလုံးခုန်နှုန်းက များလွန်းရင်လည်း မကောင်းသလို နည်းလွန်းရင်လည်း မကောင်းတာကြောင့် ရှိသင့်တဲ့ ပမာဏအတွင်းမှာ ထိန်းထားဖို့ လိုပါတယ်။ ဒီလိုထိန်းဖို့ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်ရှိသင့်သလဲ။ ဘယ်လိုထိန်းမလဲဆိုတာ သိဖို့ လိုပါတယ်။ရှိသင့်တဲ့နှလုံးခုန်နှုန်းဆိုတာ သင်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ဖြစ်လာသင့်တဲ့ နှလုံးခုန်နှုန်းပဲ ဖြစ်ပါတယ်။ ဒါက ဂဏန်းတစ်ခုဆိုတာထက် rangeတစ်ခုထဲကို ဝင်နေရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ နှလုံးခုန်နှုန်းက နားနေချိန်ထက် များနေမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း လေ့ကျင့်ခန်း လုပ်နေရင်းနဲ့ ခဏရပ်ပြီး သင့်နှလုံးခုန်နှုန်းက ရှိသင့်တဲ့ ပမာဏထဲ ရောက်ရဲ့လားလို့ စစ်ဆေးနိုင်ပါတယ်။ဒီပေါ်မူတည်ပြီး များနေရင် လေ့ကျင့်ခန်းကိုလျှော့၊ နည်းနေရင် တိုးလို့ရပါတယ်။ ရှိသင့်တဲ့နှလုံးခုန်နှုန်းကို သုံးပြီး နှလုံးရောဂါအခြေအနေကိုလည်း စစ်ဆေးလို့ရပါတယ်။နားနေချိန်နှလုံးခုန်နှုန်းဆိုတာက လူတစ်ယောက်က စိတ်ရောကိုယ်ပါ အနားရနေချိန်မှာရှိတဲ့ နှလုံးခုန်နှုန်းပဲ ဖြစ်ပါတယ်။ မနက်စောစော အိပ်ရာနိုးပြီး အိပ်ရာထဲက မထခင်မှာ တိုင်းတာက အကောင်းဆုံးပါ။အရွယ်ရောက်ပြီးသား လူအများစုက ပုံမှန်အချိန်ဆို နှလုံးခုန်နှုန်းက ၆၀-၁၀၀ကြား ရှိပါတယ်။ ဒီဂဏန်းတွေက စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲ၊ ဆေးဝါးတွေ၊ သင်ဘယ်လောက် လှုပ်လှုပ်ရှားရှားနေသလဲဆိုတာပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဥပမာ ဝါရင့်အားကစားသမားတွေ၊ နှစ်ရှည်ကြာ လေ့ကျင့်ခန်းလုပ်လာတဲ့သူတွေဆို တစ်မိနစ်ကို နှလုံးခုန်နှုန်း ၄၀လောက်ပဲ ရှိပါတယ်။ ဒါပုံမှန်ပါပဲ။နားနေချိန် နှလုံးခုန်နှုန်းက နည်းလေကောင်းလေပါ။ ဆိုလိုတာက ခန္ဓာကိုယ်တစ်ခုလုံးကို သွေးပို့ဖို့ နှလုံးက သိပ်အလုပ်လုပ်စရာ မလိုဘူး။ နှလုံးကို ဝန်မပိစေဘူးဆိုတဲ့ သဘောပါ။လေ့လာချက်တွေအရနားနေချိန် နှလုံးခုန်နှုန်း မြန်နေတာ ကိုယ်လက်ကြံ့ခိုင်မှု မရှိတာ၊ သွေးဖိအားများတာ၊ ကိုယ်အလေးချိန်များတာတွေနဲ့ ဆက်စပ်နေပါတယ်တဲ့။တစ်ခုရှိတာက ကိုယ်က လေ့ကျင့်ခန်း လုပ်နေတဲ့ သူလည်း မဟုတ်ဘူး။ ပုံမှန်ဆို တစ်မိနစ်ကို အကြိမ်၇၀လောက် ခုန်နေတဲ့သူက ရုတ်တရက် ၄၀ဖြစ်သွားရင်တော့ သတိထားပါ။ရောဂါတစ်ခုခုဖြစ်နေနိုင်ပါတယ်။အများဆုံးရှိသင့်တဲ့ နှလုံးခုန်နှုန်းဆိုတာက သင့်ကျန်းမာရေးကို မထိခိုက်စေဘဲ နှလုံးက ဘယ်လောက်ထိ အမြန်ဆုံးခုန်နိုင်သလဲဆိုတာပါ။ ဒါက အသက်ပေါ်မူတည်ပြီး ကွာခြားပါတယ်။ အကြမ်းအားဖြင့် (၂၂၀-သင့်အသက်) ဖြစ်ပါတယ်။ဥပမာ သင်က အသက် ၂၀ဆိုရင် အများဆုံးရှိသင့်တဲ့ နှလုံးခုန်နှုန်းက ၂၀၀ဖြစ်ပါတယ်။ အသက် ၄၀ဆို ၁၈၀ ဖြစ်ပါတယ်။ ဒါက အကြမ်းဖျင်းပဲဖြစ်ပြီး လက်တွေ့မှာ ၁၅လောက် အတိုးအလျှော့ ရှိတတ်ပါတယ်။သင်လေ့ကျင့်ခန်း လုပ်နေပြီ။ နှလုံးခုန်နှုန်း ဘယ်လောက်ထိ တက်လာရမလဲဆိုတာကို အများဆုံးရှိသင့်တဲ့ နှလုံးခုန်နှုန်းနဲ့ ပြန်တွက်နိုင်ပါတယ်။ သင့်အနေနဲ့ အများဆုံးနှလုံးခုန်နှုန်းအတိုင်း ကွက်တိရှိစရာ မလိုပါဘူး။ အများဆုံးနှလုံးခုန်နှုန်းရဲ့ ၅၀-၈၅%ကြား ပြည့်မီရင်ရပါပြီ။အသင့်အတင့် လေ့ကျင့်ခန်းလုပ်နေချိန်ဆို အများဆုံးနှလုံးခုန်နှုန်းရဲ့ ၅၀-၇၀%၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်နေချိန်ဆို အများဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀-၈၅%လောက် ပြည့်မီရင် ရပါပြီ။ဒီတော့ အသက် ၂၀အရွယ် လူတစ်ယောက်က လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် နှလုံးခုန်နှုန်း ၂၀၀ရှိစရာ မလိုပါဘူး။ ၅၀-၈၅%ကြား ဖြစ်တဲ့ ၁၀၀-၁၇၀ နှလုံးခုန်နှုန်းရှိရင် ရပါပြီ။မြင်လွယ်အောင် သင်္ချာညီမျှခြင်းနဲ့ဆိုရင်တော့။ရှိသင့်တဲ့ နှလုံးခုန်နှုန်း= (၂၂၀-သင့်အသက်) x ၅၀မှ ၈၅%ကြား ကြိုက်ရာရာခိုင်နှုန်း။ဒီလိုတွက်ရင် rangeတစ်ခုရလာမှာဖြစ်ပြီး ဒီrangeထဲဝင်ရင်ရပါပြီ။ဒီတစ်ခါ လေ့ကျင့်ခန်းလုပ်ရင် နှလုံးခုန်နှုန်းကို တိုင်းထားကြည့်ပါ။ ရှိသင့်တဲ့ နှလုံးခုန်နှုန်းနဲ့ ပြန်တိုက်ကြည့်ပါ။ နည်းနေရင် လေ့ကျင့်ခန်းကို တိုးလုပ်ရမှာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အလွန်အမင်း ဖိအားမပေးပါနဲ့။ ခန္ဓာကိုယ်က ကျင့်သားမရသေးတဲ့အခါ ပိုပြီးပင်ပန်းပါလိမ့်မယ်။ တစ်ပတ်လောက်အချိန်ယူပြီး အများဆုံးနှလုံးခုန်နှုန်းရဲ့ ၅၀%လောက် ရောက်အောင်လုပ်ပါ။ နောက်အပတ်ကျ ၅၅%၊ နောက်တစ်ပတ်ကျ ၆၀% စသဖြင့် နှလုံးခုန်နှုန်း မြန်လာအောင် ကြိုးစားကြည့်ပါ။တစ်ခါတလေ နှလုံးခုန်နှုန်းကိုပဲ အာရုံစိုက်နေတာကြောင့် တခြားအချက်တွေကို လွတ်သွားတတ်ပါတယ်။ ဥပမာ လူက ချွေးတွေထွက်ပြီး မောဟိုက်နေပေမယ့် နှလုံးခုန်နှုန်း မကိုက်သေးဘူးဆိုပြီး ဆက်လုပ်နေတာ၊ ကိုယ်လက်တွေ နာနေပေမယ့် မနားတာက ရေရှည်မှာ လေ့ကျင့်ခန်းဆက်လုပ်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ရှိသင့်တဲ့နှလုံးခုန်နှုန်းက သင်လေ့ကျင့်ခန်းလုပ်တာ နည်းမှန်ရဲ့လားဆိုတာ စစ်ဆေးပေးတဲ့ နည်းလမ်းတစ်ခုပါ။ နည်းနေရင် တိုးလုပ်ဖို့ တွန်းအားတစ်ခုလောက်ပါပဲ။ ဒီဂဏန်းတွေကို အလွန်အကျွံစွဲလမ်းစေပြီး ခန္ဓာကိုယ်ကို ထိခိုက်စေတာမျိုးတော့ မဖြစ်သင့်ပါဘူး။နောက်ထပ်အရေးကြီးတာကလေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ဖို့ပါ။ အထူးသဖြင့် အသက်ကြီးတယ်၊ ရောဂါအခံရှိတယ်၊ အရင်က တစ်ခါမှမလုပ်ဖူးဘူးဆို ပိုပြီးလိုအပ်ပါတယ်။ သာမန်လူတွေကတော့ ကိုယ်နိုင်သလောက်နဲ့ စပြီး ဖြည်းဖြည်းချင်း တိုးသွားနိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/what-is-your-target-heart-rate/
လှုပ်ရှားရတာများတဲ့အရိုးအဆစ်တွေနားမှာ ဖြစ်တဲ့ဒဏ်ရာ ဘာတွေသတိထားရမလဲ
ချော်လဲလို့ ဒူးပြဲတယ်၊ လက်နဲ့ထောက်မိလို့ တံတောင်ဆစ်ပါပွန်းပဲ့တယ်ဆိုတာ ကလေးဘဝမှာအရင်းနှီးဆုံး အမှတ်တရတွေပါ။ တချို့ဆို ငါငယ်ငယ်ကဆော့ရင်းချော်လဲထားတာေလ၊ သစ်ပင်ပေါ်ကပြုတ်ကျထားတာေလ စသည်ဖြင့် မတော်တဆထိခိုက်ထားတဲ့အမာရွတ်လေးတွေတပြပြနဲ့ပြောပြလို့မဆုံး။ ဒီဒဏ်ရာတွေက ခုရောမဖြစ်တော့ဘူးလား။ထိခိုက်ဒဏ်ရာဆိုတာ အသက်အရွယ်မှမရွေးတာ။ မတော်တဆထိခိုက်မှုက နေရာမရွေး အချိန်မရွေးဖြစ်နိုင်ပါတယ်။ လှုပ်ရှားသွားလာနေရတဲ့လူတွေမှာ ကြိုတင်ကာကွယ်ဖို့ဆိုတာလည်းဖြစ်နိုင်ခြေနည်းတာကြောင့် ဘယ်လိုကုသစောင့်ရှောက်မလဲဆိုတာပဲ အရေးကြီးလာပါတယ်။ကွဲရှတာ၊ပွန်းပဲ့တာ၊ စူးမိတာ၊ခြစ်မိတာတွေက အချိန်တန်ရင်အနာကျက်သွားလေ့ရှိပေမယ့် အနာဖြစ်တဲ့အချိန်မကြာစေဖို့၊ ပိုးမဝင်စေဖို့ ဂရုစိုက်ရပါတယ်။ ဒါပေမယ့် တခြားနေရာတွေထက် အနာကျက်ဖို့နှေးနိုင်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေကရှိသေးတယ်။အကွေးအဆန့်လုပ်ရ၊လှုပ်ရှားရတာများတဲ့ အဆစ်တွေမှာဆိုရင်တော့ နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေကြောင့် အနာကျက်မယ်ကြံတိုင်းအရေပြားကိုဆွဲဖြဲသလို အနည်းငယ်နာကျင်ရတတ်သလို ထိမိပွန်းမိတာတွေလည်း များတတ်ပါတယ်။ အဲဒီလိုတံတောင်ဆစ်နဲ့ဒူးဆစ်တို့လို နေရာတွေမှာဖြစ်ပြီဆို အနာမြန်မြန်ကျက်စေဖို့ ဘယ်လိုဂရုစိုက်မလဲ။အနာကိုဆေးကြောသန့်စင်ပါ။အရင်တည်းကခေါက်ရိုးကျိုးနေတဲ့အသိက အနာဖြစ်ရင်အရက်ပြန်နဲ့ဆေး၊ အရက်ပြန်ဆွတ်တဲ့ဂွမ်းနဲ့ဖိထားရင် ပိုးမဝင်ဘူးလို့ မှတ်ယူထားကြပါတယ်။ အမှန်တော့ဒဏ်ရာသိပ်မနက်ရင်ရေနဲ့ဆေးကြောရုံနဲ့လုံလောက်ပါတယ်။ အညစ်အကြေးအမှုန်အမွှားတွေပါသွားစေဖို့ရေလောင်းချတာကောင်းပါတယ်။ရေနွေးပူပူနဲ့ အနာမဆေးပါနဲ့(ရေနွေးနဲ့ဖန်ရည်ဆေးခြင်း)။ရေနွေးဆွတ်ထားတဲ့ဂွမ်းနဲ့ အနာကိုသန့်ရှင်းရေးလုပ်တဲ့အခါ သတိထားသင့်ပါတယ်။ နည်းနည်းအအေးခံပြီးမှ လုပ်ပါ။ မတော်ရင်ရေနွေးပါထပ်လောင်ရနိင်သလို အရေပြားကိုခြောက်သွေ့စေနိုင်လို့ အနာကျက်တဲ့အခါအမာရွတ်ကျန်စေနိုင်ပါတယ်။သန့်စင်ပြီးတဲ့အနာကို ဘယ်လိုခြောက်သွေ့စေမလဲ။အနာကိုလေသလပ်ခံပြီးတော့ပဲခြောက်သွေ့စေလိုက်ပါ။ ဒါမှမဟုတ်ရင် ပိုးသတ်ထားတဲ့အနာကပ်ဂွမ်းစgauze လေးနဲ့ တို့သုတ်ပါ။ ရိုးရိုးဂွမ်းတွေနဲ့ အနာပေါ်မှာမသုံးပါနဲ့။ အနာထဲမှာ အမျှင်လေးတွေကပ်ငြိကျန်ခဲ့ရင် အနာကျက်ဖို့ပိုခက်စေပါလိမ့်မယ်။ပလာစတာကပ်ပါ။အကွေးအဆန့်များတဲ့ အဆစ်တွေမှာ အနာကျက်မြန်ဖို့ အရေးပါတဲ့အချက်တစ်ခုက ထပ်ကာထပ်ကာမထိခိုက်မိစေဖို့ဂရုစိုက်တာပါပဲ။ တိုက်မိခိုက်မိရင် အနာကပြန်ပွင့်သွားနိုင်တာကြောင့် ပလာစတာနဲ့ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ပိုးမဝင်အောင် ကာကွယ်ပါ။အနာကိုမထိတွေ့ခင် လက်ကိုသေချာဆေးပါ။ အနာကို ပိုးသတ်ဆေး၊အနာကျက်ဆေးထည့်ပါ။ ကပ်ထားတဲ့ပလာစတာ သို့မဟုတ် စည်းထားတဲ့ပတ်တီးကို တစ်နေ့တစ်ကြိမ်လဲပါ။ ညစ်ပေ၊ စိုစွတ်သွားတိုင်းလဲပါ။အရောင်ကျအောင် ဂရုစိုက်ပါ။ရောင်ရမ်းမှုကိုလျော့ကျစေဖို့ ရေခဲအိတ်ကို တဘက်တစ်ထည်နဲ့ပတ်ပြီး ဒူး သို့မဟုတ် တံတောင်ဆစ်မှာ တစ်နေ့လေးကြိမ်လောက် ၁၅ မိနစ်၊ မိနစ် ၂၀လောက်ကပ်ပေးပါ။Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%9c%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%9b%e1%80%90%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%9b%e1%80%ad/
Morton's Neuroma (မော်တန်အာရုံကြောအကျိတ်)
မော်တန်အာရုံကြောအကျိတ်ဆိုတာ ခြေဖဝါးကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပြီး နံပါတ်၃နဲ့၄ ခြေချောင်းကြားထဲက နေရာမှာ ပိုဖြစ်တတ်ပါတယ်။ မော်တန်အာရုံကြောအကျိတ်ဖြစ်ရင် ကျောက်ခဲပေါ်မှာ မတ်တပ်ရပ်နေမိသလို၊ ခြေအိတ်ကခေါက်နေသလို ခံစားရပါတယ်။မော်တန်အာရုံကြောအကျိတ်ဟာ ခြေချောင်းလေးတွေဆီသွားတဲ့ အာရုံကြောဝန်းကျင်က တစ်သျှူးတွေမာကြောလာလို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ခြေဖဝါးမှာ စူးရှပူပြင်းစွာ ခံစားရပါတယ်။ ခြေချောင်းများဟာ ပူလောင်နာကျင်ခြင်း၊ သို့မဟုတ် ထုံခြင်း ခံစားရပါတယ်။ဒေါက်မြင့်ဖိနပ်တွေဟာ မော်တန်အာရုံကြောအကျိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လူအများဟာ ကျယ်ပြီးနိမ့်တဲ့ ဖိနပ်ကို စီးလိုက်မှသာ သက်သာသွားတတ်ပါတယ်။ တခါတရံ ကော်တီကိုစတီးရွိုက်ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ခြေဖဝါးကို နာကျင်ထိခိုက်စေခြင်း မကြာခဏဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုဖြစ်နိုင်ခြေများပါတယ်။ နံပါတ်၃နဲ့၄ ခြေချောင်းတွေကြားမှာ မကြာခဏဖြစ်တတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ လေ့ကျင့်ခန်းလုပ်ရာမှ ဖိအားဖြစ်မိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။သိသာထင်ရှားတဲ့ အဖုအကျိတ်အနေနဲ့ ထွက်မလာပါဘူး။ အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။ရက်အနည်းငယ်ထက်ပိုပြီး ခြေဖဝါးမှာ နာကျင်မှုကို ခံစားနေရရင် သတိပြုသင့်ပါတယ်။ ခြေဖဝါးမှာ ပူလောင်နာကျင်မှုခံစားနေရခြင်းဟာ ဖိနပ်လဲခြင်း၊ ခြေထောက်ဖိအားနည်းစေဖို့ လှုပ်ရှားမှု ပြောင်းလဲခြင်းတွေ ပြုလုပ်လို့မှ မသက်သာရင် ဆရာဝန်ပြသင့်ပါတယ်။ခြေချောင်းကိုသွားတဲ့ အာရုံကြောကို ထိခိုက်ဒဏ်ရာရခြင်း၊ ဖိအားဖြစ်စေခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။အောက်ပါအချက်တွေက ဖြစ်စေပါတယ်။ဒေါက်မြင့်ဖိနပ်များစီးခြင်း။ဒေါက်မြင့်ဖိနပ်တွေ၊ တင်းကျပ်ပြီး ခြေဖဝါးနဲ့ မတော်တဲ့ ဖိနပ်တွေဟာ ဖိအားကို ပိုမိုဖြစ်စေပါတယ်။အားကစားအချို့။အနှေးလျှောက်ခြင်း၊ ပြေးခြင်း စတာတွေဟာ ခြေဖဝါးကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ နှင်းလျှောစီးခြင်း၊ တောင်တက်ခြင်း စတာတွေပြုလုပ်ဖို့ စီးရတဲ့ တင်းကျပ်တဲ့ ဖိနပ်များဟာလည်း ဖိအားကို ဖြစ်စေပါတယ်။ခြေဖဝါးပုံမကျခြင်း။ခြေမရောင်ခြင်း၊ ခြေမအောက်ဖက်ကောက်နေခြင်း၊ ခြေဖမိုးခုံးခြင်း၊ ခြေဖဝါးပြားခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်း နည်းလမ်းအချို့ဟာ ဒီနေရာမှာ ပိုမိုအသုံးဝင်ပါတယ်။ဓါတ်မှန်။ခြေထောက်ရဲ့အခြေအနေကို သိပြီး တခြားပြသနာ ဥပမာ ဖိအားကြောင့်ကျိုးခြင်း ရှိမရှိ သိရအောင် ဒီနည်းကို အသုံးပြုပါတယ်။အာထရာဆောင်း။အသံလှိုင်းတွေကတဆင့် ကိုယ်ခန္ဓါအတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံတွေကို ပုံဖော်ခြင်းဖြစ်ပါတယ်။ နူးညံ့တဲ့တစ်သျှူးတွေမှာ ဖြစ်တတ်တဲ့ပြသနာတွေကို သိနိုင်ပါတယ်။သံလိုက်လှိုင်းပုံရိပ်ဖော်ခြင်း (MRI)။နူးညံ့တဲ့တစ်သျှူးတွေကို ပုံဖော်ကြည့်ရှုနိုင်ပါတယ်။ ဈေးကြီးပါတယ်။ လက္ခဏာမပြတဲ့ အာရုံကြောအကျိတ်တွေကိုတောင် တွေ့နိုင်ပါတယ်။အောက်ပါနည်းလမ်းတွေ ရှိပါတယ်။ကာယကုသခြင်း။ရှူးဖိနပ်ထဲမှာ အခုအခံထည့်ပေးခြင်းဟာ ဖိအားကို သက်သာစေပါတယ်။ မိမိဖာသာ ရွေးချယ်ဝယ်ယူနိုင်သလို ဆရာဝန်ညွှန်ပြတဲ့ဒီဇိုင်းကို သီးသန့်ပြုလုပ်ပြီး မိမိခြေဖဝါးနဲ့ သင့်တော်အဆင်ပြေနိုင်တဲ့ ရှူးဖိနပ်ကို စီးနိုင်ပါတယ်။ခွဲစိတ်ခြင်း။ပုံမှန်ကုသနေကြနည်းလမ်းတွေနဲ့ မသက်သာရင် ဆရာဝန်ဟာ ခွဲစိတ်တဲ့နည်းကို ရွေးချယ်နိုင်ပါတယ်။စတီးရွိုက်ဆေးထိုးခြင်း။နာကျင်နေတဲ့နေရာကို စတီးရွိုက်ဆေးထိုးနိုင်ပါတယ်။ဖိအားလျော့စေရန်ခွဲစိတ်ခြင်း။တခါတရံမှာ အာရုံကြောအနီးတဝိုက်က ဖိအားဖြစ်စေတဲ့အရာတွေကို ခွဲစိတ်ဖယ်ထုတ်ပြီး ဖိအားကို သက်သာစေနိုင်ပါတယ်။အာရုံကြောကိုဖယ်ထုတ်ခြင်း။တခြားနည်းလမ်းတွေနဲ့ ပျောက်ကင်းမှုမရှိရင် ခွဲစိတ်ဖြတ်တောက်ပါတယ်။ ခွဲစိတ်မုအောင်မြင်ရင်တောင် ထိခိုက်မှုဖြစ်ထားတဲ့ ခြေချောင်းလေးတွေမှာ အမြဲတမ်း ထုံကျင်ကျန်ရစ်ခဲ့ပါတယ်။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။အရောင်ကျဆေးများသောက်ခြင်း။ဆရာဝန်ညွှန်းစာမလိုဘဲ ဝယ်ယူနိုင်တဲ့ibuprofen(Advil, Motrin IB) နဲ့naproxen(Aleve) စတဲ့ဆေးများဟာ ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်ပါတယ်။ရေခဲကပ်ခြင်း။ပုံမှန်ရေခဲကပ်ပြီး နှိပ်နယ်ခြင်းဟာ နာကျင်မှုကို လျော့ကျစေပါတယ်။ ရေခဲခွက်၊ အိတ်စတာနဲ့ နာတဲ့နေရာကို လှိမ့်ပေးနိုင်ပါတယ်။ဖိနပ်ပြောင်းစီးခြင်း။ဒေါက်မြင့်ပြီး တင်းကျပ်တဲ့ ရှူးဖိနပ်တွေကို ရှောင်ပါ။ ခြေချောင်းလေးတွေအတွက် နေရာလုံလုံလောက်လောက် ရှိတဲ့ဖိနပ်ကို စီးပါ။အနားယူပါ။လမ်းလျှောက်ခြင်း၊ အေရိုးဗစ်လုပ်ခြင်း၊ ကခြင်း စတဲ့ လှုပ်ရှားမှုတွေကို ရက်အနည်းငယ်လောက် လျှော့ချထားပါ။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/mortons-neuroma-%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%a1%e1%80%80%e1%80%bb%e1%80%ad/
လိင်ကုန်ကူးမှု (လိင်ကျွန်အဖြစ် ရောင်းစားခံရခြင်း)များမှ သင့်ကလေးကို ကာကွယ်ပါ
ကလေးတွေရဲ့ အပြစ်ကင်းစင်မှုနဲ့ ရိုးသားမှုတွေကြောင့် ရာဇဝတ်မှုတွေ၊ မရိုးသားတဲ့လှုပ်ရှားမှုတွေမှာ ကလေးတွေကို ချဉ်းကပ်ရလွယ်ကူတဲ့ ပစ်မှတ်တွေအဖြစ် သဘောထားလာကြပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ လူဆိုးဂိုဏ်းတွေကတော့ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ရွေးချယ်ပစ်မှတ်ထားလာကြပါတယ်။ ဒီလို မိန်းကလေးငယ်လေးတွေဆီက ရနိုင်မယ့် အကျိုးရလဒ်တွေကြောင့် ကမ္ဘာ့ ကြီးထွားနှုန်းအမြန်ဆုံးဖြစ်တဲ့ ရာဇဝတ်မှုတစ်ဖြစ်လဲ လိင်ကုန်ကူးမှုမှာ မိန်းကလေးတွေကို နေရာအနှံ့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ လိင်ဖျော်ဖြေတဲ့ အရာတွေအဖြစ် ရောင်းစားနေကြတာပါ။မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့ တန်ဖိုးရှိတဲ့ သမီးအတွက် ဒီလိုရာဇဝတ်မှုတွေကြား အဖမ်းမခံရစေဖို့ ထိထိရောက်ရောက် ဘယ်လိုကာကွယ်သင့်ပါသလဲ။ဒီမှာတော့ သင့်သမီးကို လိင်ကုန်ကူးခြင်းရဲ့သားကောင်အဖြစ်မှ ကာကွယ်နိုင်ဖို့ သင်လုပ်နိုင်တဲ့ အချက် ၅ချက်ကို ဖော်ပြပေးထားပါတယ်။အစမှာတော့ ဒါဟာ ရှုပ်ထွေးပြီး ရှင်းပြရတာ ဆိုးရွားနေပါလိမ့်မယ်။ နောက်ဆုံးရလဒ်ကတော့ ကြိုးစားမှုနဲ့ တကယ်ကို ထိုက်တန်ပါလိမ့်မယ်။ သင့်သမီးက ဒီနေရာမှာ ပူးပေါင်းဆောင်ရွက်လိုစိတ်နဲ့ ကူညီလိုစိတ်ရှိမယ်ဆိုရင် ဒီအလုပ်က သင်ထင်ထားတာထက် အများကြီးလွယ်ကူတယ်ဆိုတာ သေချာပေါက် တွေ့ရပါလိမ့်မယ်။ အခြားတစ်ယောက်က သင့်စကားကိုတက်တက်ကြွကြွ နားထောင်အောင် လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ အမိန့်ပေးတာတွေ၊ တွန်းအားပေးတာတွေနဲ့စာရင် သေချာရှင်းပြပေးတာ အကောင်းဆုံးပါပဲ။ အမိန့်ပေး၊ ဖိအားပေးတာမျိုးက တစ်ခါတလေမှာ သင်ပြောလိုက်တာနဲ့ လုံးဝဆန့်ကျင်ဘက်တွေ လုပ်တာမျိုး လုပ်မိတတ်ပါတယ်။သင့်ကလေးကို ဆိုရှယ်လ်မီဒီယာရဲ့နောက်ကွယ်က အန္တရာယ်တွေအကြောင်း သင်ပေးသင့်ပါတယ်။ ဘာကြောင့် သူမရဲ့ အတွင်းရေးတွေ၊ ကိုယ်ရေးကိုယ်တာတွေကို အွန်လိုင်းမှာ မပြောဖို့နဲ့ ဘယ်လောက်ပဲ ကောင်းတယ်လို့ထင်ရပါစေ ဘာကြောင့် မယုံကြည်သင့်ဘူးဆိုတဲ့ အကြောင်းတွေကို သေချာသင်ပေးပါ။ သင့်ကလေးက အခြေခံ အွန်လိုင်းလုံခြုံရေးနည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဥပမာ – ဘာမှန်းမသိတဲ့ ဖိုင်တွေကို ဗိုင်းရပ်စ်ပါမပါမစစ်ဆေးဘဲ ဖွင့်မိတာမျိုး မလုပ်မိအောင် စသဖြင့်ပေါ့။လူကုန်ကူးမှုဆိုတာ ဘာလဲဆိုတဲ့အကြောင်း သင်ယူပြီးတဲ့နောက်မှာ သင့်သမီးဟာ ဘယ်လို အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာမှ မပါဝင်မပတ်သက်မိအောင် ဘယ်လို ရှောင်ရှားရမယ်ဆိုတာ သင်သင့်ပါတယ်။ လူထူထပ်တဲ့နေရာတွေမှာဆိုရင် အုပ်စုနဲ့သာ နေသင့်ကြောင်း အကြံပေးပါ။ အန္တရာယ်ကောင်တွေဟာ တစ်ဦးတည်းနေတဲ့သူတွေကို ပစ်မှတ်ထားလေ့ရှိပါတယ်။သူစိမ်းတစ်ယောက်နဲ့စကားပြောတဲ့အခါ သူပေးသမျှမယူဖို့၊ ကျွေးသမျှ မစားဖို့နဲ့ စားပွဲပေါ်က ခဏထပြီး ပြန်ထိုင်တဲ့အချိန်မှာ စောစောကထားသွားခဲ့တဲ့ သောက်စရာကို ဆက်ပြီးမသောက်ဖို့တွေ ပြောပြသင်ကြားထားသင့်ပါတယ်။ ဒါဟာ လူကုန်ကူးသူတွေရဲ့ အသုံးအများဆုံး နည်းလမ်းတစ်ခုပါပဲ။ သောက်စရာတွေထဲကို “roofie” လို့ခေါ်တဲ့ အသိစိတ်ကင်းလွတ်သွားစေတဲ့ အရည်တစ်မျိုးကို ပစ်မှတ်သတိမထားမိတဲ့အချိန်ထည့်လိုက်တာပါ။အရေးအကြီးဆုံးကတော့ သူမဟာ ဘယ်သူနဲ့မဆို နှစ်ယောက်တည်းတွေ့ဖို့ ငြင်းဆန်ဖို့ပါပဲ။ တကယ်လို့များ နှောက်ယှက်မှု တစ်စုံတစ်ခုနဲ့ တွေ့ခဲ့မယ်ဆိုရင် တာဝန်ရှိသူတွေနဲ့ ချက်ချင်းဆက်သွယ်ဖို့က အရေးကြီးပါတယ်။ သူတို့ခိုင်းသမျှအတိုင်း လိုက်လုပ်နေမယ့်အစားပေါ့။သင်တို့နှစ်ယောက်လုံးအတွက် လျှို့ဝှက်စကားလုံးထားထားဖို့လိုအပ်တယ်လို့လည်း အထူးအကြံပြုထားပါတယ်။ အရေးပေါ်ကိစ္စတွေမှာ သုံးရမယ့် သင်္ကေတ ဒါမှမဟုတ် စာကြောင်းပေါ့။ ဥပမာ – “I’m OK” ဆိုတာက “Help” လို့ အဓိပ္ပါယ်ရတယ် ဆိုတာမျိုးပေါ့။သင့်သမီးရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေက အရေးကြီးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုံခြုံမှုလောက်တော့ အရေးမပါပါဘူး။ မိဘတွေဟာ ကလေးတွေဆီလာတဲ့ မတ်ဆေ့ခ်ျတွေနဲ့ မေးလ်တွေကို သိနိုင်ဖို့ ကလေးတွေဖုန်းရဲ့ လျှို့ဝှက်နံပတ်တွေကို သိထားဖို့လိုပါတယ်။ကလေးတွေရဲ့ ဆဲလ်ဖုန်းမှာ GPS ခြေရာခံစက်ကို တပ်ဆင်ထားပေးသင့်ပါတယ်။ ဒါမှ သူမ လက်ရှိရောက်နေတဲ့ နေရာကို ထောက်ပြနိုင်မှာဖြစ်ပြီး သူတို့သွားတဲ့ ဘယ်လိုပွဲမျိုး၊ နေရာမျိုးမဆို အချိန်နဲ့ နေရာကို သင့်ကိုပြောပြဖို့ သင်ထားပေးပါ။ကလေးတွေရဲ့ အပြုအမူပြောင်းလဲမှုတွေ၊ သူတို့ရဲ့ ပုံစံပြောင်းလဲသွားတာတွေကို သိရှိနိုင်ဖို့ ဆရာ၊ဆရာမတွေနဲ့ အထက်လူကြီးတွေကို ပုံမှန်စကားပြောဖြစ်အောင် ကြိုးစားပြီး ဆွေးနွေးပါ။သင့်ကလေးကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်မယ်ဆိုရင် သူတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာရှိနေတဲ့ သူတို့အတွက် အရေးကြီးသူတွေ၊ အပေါင်းအသင်းတွေကို သိထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက သင့်ကလေးအပေါ် အနှေးနဲ့ အမြန်လွှမ်းမိုးလာကြမှာပဲလေ။ ဒါကိုလုပ်မယ်ဆိုရင်တော့ သင်တို့အိမ်ကို ဖိတ်ကြားခြင်းဖြင့်သော်လည်းကောင်း သူတို့မိဘတွေနဲ့ စကားပြောခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ တကယ်လို့များ ဒီလူက သင့်သမီးရဲ့ ရည်းစားဖြစ်နေခဲ့မယ်ဆိုရင် ပိုပြိးတော့ ဂရုတစိုက် စစ်ဆေးသင့်ပါတယ်။သင့်ကလေးအပေါ် ကောင်းသောလွှမ်းမိုးခြင်းနဲ့ လွှမ်းမိုးမယ့်သူတွေနဲ့ ဝန်းရံထားပေးတာက ပြင်ပကမ္ဘာနဲ့ သူမကို အဆက်ဖြတ်လိုက်တာထက် ပိုပြီးကောင်းမွန်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို သူတို့ရွေးချယ်မှုပေါ်မူတည်ပြီး တေးဂီတ၊ သိုင်းပညာ ဒါမှမဟုတ် အားကစားစတဲ့ ကလပ်တွေ၊ သင်တန်းတွေ အနည်းဆုံးတော့ တစ်ခုမှာ ပါဝင်ခွင့်ပြုသင့်ပါတယ်။ ဒါဟာ သူတို့ရင်ဆိုင်ရမယ့် မကောင်းတဲ့ ပတ်ဝန်းကျင်၊ မကောင်းတဲ့ ဆွဲဆောင်မှုတွေကနေ အာရုံလွှဲပြောင်းပေးလိုက်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%80%e1%80%b0%e1%80%b8%e1%80%99%e1%80%be%e1%80%af-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%94/
စတော်ဘယ်ရီဖျော်ရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း
စတော်ဘယ်ရီဖျော်ရည်က သောက်ရတာအရသာရှိသလို လန်းဆန်းစေနိုင်ပါတယ်။ အကြောင်းကတော့ စတော်ဘယ်ရီသီးမှာအာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေသလိုဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအရသာရှိတဲ့ စတော်ဘယ်ရီဖျော်ရည်က ကျန်းမာရေးအတွက် အခုလို အထောက်အပံ့ပေးပါတယ်။စတော်ဘယ်ရီဖျော်ရည် ဆိုတာက စတော်ဘယ်ရီသီးလေးတွေကို ဖျော်ထားတဲ့ ဖျော်ရည်ကို ပြောတာပါ။ အသွင်အပြင်လေး လှသလို နီနီရဲရဲလေးနဲ့ ချိုတဲ့ စတော်ဘယ်ရီသီးလေးတွေကို ကြိတ်ခြေပြီး သကြားနဲ့ သောက်တာမျိုး ရှိသလို နို့စိမ်း၊ နို့ဆီ၊ နွားနို့တို့နဲ့ ရောပြီး ဖျော်ထားတဲ့ ဖျော်ရည်ကို ဆိုလိုတာပါ။စတော်ဘယ်ရီဖျော်ရည်တစ်ခွက်မှာ။အရသာရှိတဲ့ စတော်ဘယ်ရီသီးဖျော်ရည်လေးကို သောက်သုံးပေးတာကြောင့်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် C နဲ့ ဗီတာမင် Eပါဝင်မှုကြောင့် အရေးအကြောင်းတွေ၊ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။ အသက်အရွယ်ကြီးတာကြောင့်ဖြစ်လာတဲ့ တင်းတိတ်နဲ့ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။မဂ္ဂနိ့၊ ကော့ပါး၊ သံဓာတ်၊ ဖောစဖရိတ်၊ ပိုတက်ဆီယမ် နဲ့ ဇင့်တို့ပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ အရိုးမပါးအောင် အရိုးမပွအောင်ကာကွယ်ပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်မှုကြောင့် သွေးတိုး ကျစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်၊ သွေးကြောတွေကို ပြေလျော့စေနိုင်တာကြောင့် ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာနဲ့ နှလုံး သွေးကြောပိတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။စတော်ဘယ်ရီ မှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုသမားတွေ အတွက် သင့်တော်ပါတယ်။သံဓာတ်နဲ့ အခြား သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးလည်ပတ်မှု စနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ဗီတာမင် C၊ ellagic acid၊ phytonutrients နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်တာကြောင့် ကင်ဆာကို တိုက်ထုတ်ပေးနိုင်ပါတယ်။ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။ဗီတာမင် C၊ ellagic acid နဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် အနာကျက်ဖြစ်စဉ် မြန်ဆန်အောင် လှုံ့ဆော်ပေးပါတယ်။အဖျားကိုလည်း မြန်မြန် သက်သာစေနိုင်ပါတယ်။ထိခိုက်ဒဏ်ရာရသူတွေ၊ ခွဲစိတ်ထားတဲ့သူတွေ စားသုံးပေးသင့်ပါတယ်။စတော်ဘယ်ရီဖျော်ရည်ကို အရသာရှိရှိ​လေးသောက်ရင်း အခုပြောခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/benefits-of-strawberry-juice/
ကလေးတွေမှာ ဖြစ်တဲ့ စိတ်ရောဂါများ
Schizophrenia နဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာမူမမှန်မှုတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပြီး ထူးဆန်းတဲ့အတွေးတွေတွေခေါ်ခြင်း၊ အကြားအမြင် မှောက်မှားခြင်း၊ အပြုအမူနဲ့ ခံစားချက်တွေ ထူးထူးဆန်းဆန်းပြုမူပြောဆိုခြင်း စတာတွေပါ။ စိတ်ဝေဒနာရှင်တွေဖြစ်ပြီး မူးယစ်ဆေးအသုံးပြုခြင်းနဲ့ ဖိအားတွေလို ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေက ဦးနှောက်အနေအထားပေါ်မူတည်ပြီး ပိုကောင်းစေ၊ ဆိုးစေပါတယ။်။ကလေးတွေနဲ့ လူငယ်တွေ စိတ်ဝေဒနာခံစားရတဲ့အခါမှာ လုံးဝမမှန်ကန်တဲ့ စကာေးတွပြောတာမျိုးတွေ ဒါမှမဟုတ် အမှားအမှန်သေချာခွဲခြားမှု မလုပ်နိုင်တာတွေကို ခံစားရလေ့ရှိပါတယ်။ ဒါဟာ ငယ်ရွယ်တဲ့ကလေးတွေမှာတော့ ဖြစ်ခဲတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး အစောပိုင်းကာလတွေမှာ ဒီရောဂါရယ်လို့ လက်ညှိုးထိုးပြနိုင်ဖို့ ခဲယဉ်းပါတယ။်။ဒီစိတ်ဝေဒနာရဲ့ လက္ခဏာတွေကို အသက် ၁၂နှစ်မတိုင်ခင် တွေ့ရဖို့ ခဲယဉ်းပါတယ်။ အရွယ်ရောက်ပြီးနောက်မှာမှ စိတ်ဝေဒနာခံစားနေရသူတွေ ဒါမှမဟုတ် schizophrenia ခံစားနေရသူတွေကတော့ လူပျိုပေါက်၊ အပျိုပေါက်အရွယ်ကို ဖြတ်သန်းစဉ်မှာ လက္ခဏာတွေကို စတင် တွေ့ကြုံရမှာပါ။ ဒီစိတ်ဝေဒနာရဲ့ လက္ခဏာတွေကို စတင်တွေ့ရှိရတဲ့ ကာလကို Prodrome လို့ခေါ်ပါတယ်။ဒီအချိန်မှာ လူငယ်တွေဟာ သူတို့တွေ့ကြုံနေရတာတွေဟာ ထူးဆန်းနေတယ်ဆိုတာ ခံစားရမှာပါ။ ဒီပြဿနာတွေကိုလည်း မမေးမချင်းဝန်ခံဖို့လည်း ခဲယဉ်းနေတတ်ပါတယ်။ မိဘတွေဟာ အစောပိုင်းလက္ခဏာတွေ ပြမပြဆိုတာ အမြဲသတိရှိနေဖို့လိုသလို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးနေဖို့လည်း မရှိမဖြစ်ပါပဲ။Schizophrenia ရှိတဲ့ကလေးအများစုဟာ ဘာသာစကားသင်ယူမှုနဲ့ အခြားသော လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့ နှေးကွေးတတ်တယ်ဆိုတာကို ဒီစိတ်ဝေဒနာ လက္ခဏာတွေ မပြခင် ကာလအကြာကြီးမှာတည်းက တွေ့နိုင်ပါတယ်။ လက္ခဏာတွေဆိုတာကတော့ ယုံမှားသံသယဖြစ်ခြင်း၊ တွေဝေခြင်းနဲ့ ပုံမှန်မဟုတ်ဘဲ တွေးခေါ်နေခြင်းတွေပါပဲ။တစ်နှစ်အရွယ်အတွင်းမှာ ဒီကလေးတွေရဲ့ ၃၀%မှာ ယာယီလက္ခဏာတွေပြတတ်ပြီး ဖွံ့ဖြိုးမှု မူမမှန်ဖြစ်နေတာတွေ၊ ဥပမာ – လှုပ်ရှားနေခြင်း၊ ပုံမှန်မဟုတ်တဲ့ အပြုအမူများလုပ်ခြင်းနဲ့ လက်မောင်းခတ်နေခြင်းတို့တွေပါ။ ကလေးဘဝမှာ စိတ်ဝေဒနာခံစားနေရရင် ဖွံ့ဖြိုးမှု နှေးကွေးစေတတ်ပါတယ်။ ဥပမာ ပုံမှန်မဟုတ်တဲ့ တွားသွားခြင်းတွေနဲ့ ကလေးတွေဟာ ပိုပြီးဂရုစိုက်ဖို့လိုလာတာမျိုးနဲ့ အနှောက်အယှက်ပေးတာမျိုးတွေ ပိုလုပ်လေ့ရှိပါတယ်။မမျှော်လင့်ထားတဲ့ အတွေးတွေနဲ့ အပြုအမူပြောင်းလဲမှုတွေအပေါ် မျက်ခြေမပြတ်စောင့်ကြည့်ဖို့ကလည်း အထူးသဖြင့် အရေးပါပါတယ်။ အောက်ပါအချက်များစွာထဲက တစ်ခုခုဖြစ်လာပြီး တစ်ယောက်ယောက်က ပြောင်းလဲသွားတာမျိုးမဟုတ်ဘူးဆိုရင် ဖြစ်လာတဲ့ ပြဿနာကိုအဖြေရှာလို့ လက်ခံပေးလိုက်ပါ။ ဒီလက္ခဏာတွေဟာ လက်ရှိမှာ မူးယစ်ဆေးသုံးစွဲမှုတွေကြောင့်မဖြစ်ရသလို အခြားသော ကျန်းမာရေးအခြေအနေတွေကြောင့်ဖြစ်နေတာလည်း မဖြစ်ရပါဘူး။ဒီလိုအခြေအနေနဲ့ ကလေးတွေရဲ့ အပြုအမူတွေဟာ အချိန်တစ်ခုကြာလာတဲ့အခါ ပျောက်ကွယ်သွားနိုင်ပါတယ်။ စိတ္တဇဝေဒနာ တွေကတော့ ဖြည်းဖြည်းချင်းဖြစ်စေ ရုတ်တရက်ဖြစ်စေ သက်သာသွားနိုင်ပါတယ်။ ကလေးတွေနဲ့ လူငယ်တွေဟာ ပုံမှန်မဟုတ်တဲ့ကြောက်ရွံ့မှုတွေနဲ့ အတွေးတွေကို စတင်ပြောလာနိုင်ပါတယ်။မိဘတွေနား ကပ်စပြုလာပြီး အဓိပ္ပါယ်မရှိတဲ့ အကြောင်းတွေကို ပြောနေတတ်ပါတယ်။ သက်တူရွယ်တူတွေနဲ့ ပေါင်းသင်းနေသူတွေကတော့ ပိုပြီးရှက်တတ်လာတာ၊ တိတ်ဆိတ်လာတာမျိုးရှိနိုင်ပြီး သူတို့ကမ္ဘာထဲ သူတို့နေနေသလို ဖြစ်လာပါတယ်။စောစော ရောဂါအတည်ပြုပြီး ဆေးကုသမှုခံယူဖို့ကတော့ မဖြစ်မနေလုပ်ရမှပါ။ အထက်ဖော်ပြပါ ပြဿနာတွေရှိနေတဲ့ ကလေးတွေနဲ့ လူငယ်တွေမှာ တိုးတက်မှုတွေ တွေ့လာဖို့ကလည်း အထူးကို အရေးကြီးပါတယ်။ ဒီကလေးတွေအတွက် အခြားသော ကျွမ်းကျင်သူတွေက လုပ်ပေးတဲ့ တစ်ယောက်ချင်းစီအတွက် ကုသမှု လမ်းစဉ်တွေကလည်း လိုအပ်ပါသေးတယ်။ဆေးဝါးကုသခြင်းတွေနဲ့အတူ အခြားသောကုထုံးတွေဖြစ်တဲ့ မိသားစုနဲ့ကုသခြင်းတွေ အထူးအစီအစဉ်တွေ (wraparound services, အစောပိုင်းစိတ်ဝေဒနာကုထုံးတွေ) စတာတွေနဲ့ ပေါင်းစည်းပြီး ကုသဖို့လည်း လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်း (ဖိအားတွေလျော့အောင်ထိန်းခြင်း၊ ငါးကြိးဆီစားခြင်း)၊ အခြားသော ထောက်ပံ့မှုတွေ( ကုထုံးနဲ့ ကျောင်းရဲ့ အထောက်အပံ့) နဲ့ စိတ်ဝေဒနာကုသနိုင်တဲ့ဆေးဝါးတွေဟာ လက္ခဏာအများစုနဲ့ အတည်ပြုပြီးသား ပြဿနာတွေအတွက် အသုံးဝင်နိုင်ပါတယ်။ဆေးတွေအသုံးပြုမယ် မပြုဘူး၊ ဆေးကုမယ်မကုဘူးဆုံးဖြတ်ရတာ ခက်ခဲနိုင်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့ စိတ်ဝေဒနာကုသဆေးတွေ (atypical antipsychotic drugs) တွေဟာ ပိုပြီးအသုံးဝင်၊ အရေးကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ စံပြဆေးဝါးတွေနဲ့စာရင် ဘေးထွက်ဆိုးကျိုးပိုပြီးနည်းပါတယ်။ဒီဆေးတွေရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အလေးချိန်တိုးလာတာ၊ ဆီးချိုနဲ့ ကိုလက်စထရော လယ်ဗယ်မြင့်လာတာတွေ ဖြစ်စေနိုင်ပါတယ်။ မိဘတွေဟာ ကလေးတွေ၊လူငယ်တွေနဲ့အတူ တိုးတက်လာမှုတွေ၊ ရောဂါ အတည်ပြုမှုတွေနဲ့ ဒီဝေဒနာခံစားနေရတဲ့ ကလေးတွေအတွက် ကုထုံးတွေအကြောင်း စိတ်ရောဂါကုဆရာဝန်တွေနဲ့ဆွေးနွေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%99%e1%80%bd%e1%80%ac-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad/
သင်က ဘယ်လို အသားအရေမျိုးကို ပိုင်ဆိုင်ထားသလဲ။
ကိုယ့်အရေပြားကို ကိုယ်တိုင် မှန်မှန်ကန်ကန် ဂရုစိုက်နေတယ်ဆိုတာ သေချာပါသလား။ ကိုယ့်အရေပြား အမျိုးအစားကို မသိပဲနဲ့ အရေပြားကို ဂရုစိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သင့်မှာ လှပတဲ့အရေပြား ရှိခဲ့ရင်တောင်မှ ထိခိုက်လွယ်သောအရေပြား၊ ပုံမှန်၊ အဆီပြန်၊ ဒါမှမဟုတ် အသားခြောက်တဲ့ အရေပြား ရှိတယ်ဆိုတာ သိပါမှ ကိုယ်နဲ့သင့်တော်တဲ့ အလှအပ ထုတ်ကုန်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။၁။ မျက်နှာသစ်ပါ။ မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းထားရင် မျက်ကပ် ဖျက်တဲ့ ပစ္စည်းတွေနဲ့ ရေကို အသုံးပြုပြီး ဖျက်ပါ။၂။ အရေပြားကို တစ်နာရီလောက်ကြာအောင် အခြောက်ခံကြည့်ပါ။ ဒါဟာ သင့်အရေပြားကို သဘာဝအခြေအနေကို ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။၃။ မျက်နှာကို သုတ်ဖို့ တစ်ရှူးကို အသုံးပြုပါ။၄။ သင့်အရေပြား အမျိုးအစားကို သတ်မှတ်ပါ။ထိခိုက်လွယ်သော အသားအရည် – သူဟာ ပုံမှန် နေ့စဉ် သုံးနေကြ ပစ္စည်းမျိုးကို အသုံးပြုရုံနဲ့ အရေပြားဟာ အထိမခံနိုင်ပဲ နီခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ပုံမှန်သုံးနေကျ မျက်နှာသစ်ဆေးတွေကတောင် ဒီအသားအရည်သမားတွေအတွက် ယားယံစေပါတယ်။ဒါကြောင့် အရေပြား ခြောက်သွေ့သူတွေဟာ သူတို့အတွက် အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်ယူသင့်ပါတယ်။ ဒီ အသားအရည် အမျိုးအစား ရှိသူတွေဟာ အလှကုန် ပစ္စည်းတွေကို လက်မှာအရင် စမ်းသပ်သုံးစွဲသင့်ပါတယ်။ဘယ်လို အသားအရေရှိလဲဆိုတာ ကိုယ်တိုင် မခွဲခြားနိုင်ဘူးဆိုရင် ဆရာဝန်ထံကို သွားရောက် ပြသသင့်ပါတယ်။ အသားအရည် အမျိုးအစားဟာ အချိန်နဲ့ အမျှ ပြောင်းလဲတတ်တာကြောင့် အရေပြား ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ သင့်အသားအရည်ကို ဘယ်လို ကုသရမယ်ဆိုတာ မသိခင် အရေပြားကို ပုံမှန်စစ်ဆေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b9%e1%80%80-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8/
စပါးလင် (Lemongrass)
စပါးလင် (Lemongrass) က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။စပါးလင်ကို အစာအိမ် အောင့်ခြင်း၊ သွေးတိုးခြင်း၊ တက်ခြင်း၊ နာကျင်ခြင်း၊ အော့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆစ်များ နာကျင်ခြင်း (လေးဘက်နာ)၊ အဖျားတက်ခြင်း၊ အအေးမိခြင်းနှင့် အားအင်ကုန်ခန်းခြင်းတို့ သက်သာစေရန်အတွက် အသုံးပြုပါတယ်။ ပိုးသတ်ခြင်းနှင့် သွေးတိတ်စေခြင်းတို့တွင်လည်း အသုံးပြုပါသေးတယ်။အချို့သူတို့က ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့အတွက် စပါးလင်နှင့်စပါးလင်ဆီကို လိမ်းကြပါတယ်။စပါးလင်ဆီကို ကြွက်သားနာကျင်ခြင်းတို့အတွက် ရှုဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။အရေပြားပေါ်တွင် အသုံးပြုမယ်ဆိုရင် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်၊ သဲဝဲ၊ ပြတ်ရှရာများ၊ အရွတ်ရောင်၊ အဆစ်လွဲ၊ အဆစ်နာခြင်း တို့ကို သက်သာစေပါတယ်။စပါးလင် (Lemongrass) မှာ ဘက်တီးရီးယားနှင့် မှိုတို့ ပွားများခြင်းကို ဟန့်တားပေးသော၊ အနာသက်သာစေသော၊ အဖျားကျစေသော၊ သားအိမ်ကို လှုံ့ဆော်ပေးသော၊ ရာသီသွေးမှန်စေသော၊ ဓါတ်တိုးဆန့်ကျင်ပေးသော ဒြပ်ပစ္စည်းများ ပါဝင်ပါတယ်။အောက်ပါတို့ ဖြစ်လာပါက ဆရာဝန်၊ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။ဆေးဖက်ဝင်အပင်၊ဖြည့်စွက်ဆေးများအတွက် လိုက်နာရမည့် စည်းကမ်းများသည် ဓါတုဆေးဝါးများလောက် မတင်းကြပ်ပါ။ ဘေးကင်းစိတ်ချရမှုအတွက်တော့ နောက်ထပ်လေ့လာမှုတွေ လုပ်ရပါဦးမယ်။ ယင်းဆေးကို သုံးရင် ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဆိုးကျိုးတွေထက် ပိုများဖို့လိုအပ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။စပါးလင်ဆီကို အသုံးပြုတဲ့ အခါမှာ သတိထားသင့်ပါတယ်။ မျက်လုံးထဲ မဝင်ပါစေနှင့်။ အဖုအပိမ့်တွေ ထွက်လာမယ်ဆိုရင် အသုံးပြုပုံကို ပြောင်းရင်ပြောင်း မပြောင်းရင် ရပ်တန့်သင့်ပါတယ်။စပါးလင်ကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သောက်ဆေးအဖြစ်အသုံးပြုခြင်းက စိတ်မချရပါဘူး။ ယင်းက ရာသီသွေးဆင်းစေသောကြောင့် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်အတွင်းနှင့် နို့တိုက်နေစဉ်အတွင်းမှာ စပါးလင်သောက်သုံးမယ်ဆိုရင် ဘေးကင်းလားမကင်းဘူးလားဆိုတာ လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါဘူး။ ဘေးကင်းစွာနေထိုင်ပြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။စပါးလင်ကို သင့်တော်တဲ့ ပမာဏနဲ့ အသုံးပြုမယ်ဆိုရင်တော့ လူအများစုအတွက် ဘေးကင်းပါတယ်။ ရေတိုသုံးမယ်ဆိုရင်တော့ ဘေးကင်းမယ်လို့ ယူဆရပါတယ်။စပါးလင်အဆီနဲ့ ဓါတ်မတည့်သောသူတို့အတွက်ကတော့ အရေပြားယားယံခြင်း၊ နေမထိထိုင်မသာ ဖြစ်ခြင်း၊ အဖုအပိမ့်များထွက်ခြင်းနှင့် မီးနဲ့ ထိုးသကဲ့သို့ နာကျင်ခြင်းများ ခံစားရနိုင်ပါတယ်။ စပါးလင်ဆီက သွေးတွင်း သကြားဓါတ် ကျဆင်းစေပါတယ်။ ဆီချိုကျဆေး၊ သွေးပေါင်ကျဆေး သောက်သောသူများ့နှင့် ဆီးချိုသွေးချို၊ သွေးတွင်း သကြားဓါတ် ကျဆင်းတတ်သော သူများ အသုံးမပြုသင့်ပါ။လူတိုင်းတော့ ယင်းဆိုးကျိုးတွေ မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသောဆိုးကျိုးများလည်း ရှိပါသေးတယ်။ ဆိုးကျိုးတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။စပါးလင်နဲ့ ပတ်သတ်ပြီး အခြားဆေးတွေ၊ဖြည့်စွက်စာတွေနဲ့ သက်ရောက်မှုတွေဟာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒါပေမဲ့ လက်ရှိသောက်သုံးနေသောဆေးဝါးတွေ၊ ကျန်းမာရေးအခြေအနေတွေနဲ့တော့ သက်ရောက်မှုရှိနိုင်ပါတယ်။ အသုံးမပြုခင်မှာ ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ဆေးရည်အား စပါးလင်အခြောက်များကို သို့မဟုတ် အဆီကို ရေဖျော်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အခြားအဆီအမျိုးအစားများ မှလည်း ပြုလုပ်နိုင်ပါသေးတယ်။စပါးလင်၂ ဂရမ် ကို ရေဆူဆူ တစ်ခွက်ဖြင့် လက်ဖက်ရည် လုပ်သောက်နိုင်ပါတယ်။ လူကြီးများအတွက် တစ်ရက်ကို လေးကြိမ်အထိ သောက်သုံးနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်များသောသူတို့တွင် ပုံမှန်သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းနိုင်ရန်အတွက် တစ်ရက်ကို ၈၀ မီလီဂရမ် အထိ စပါးလင်အခြောက်များကို အခြားဆေးပင်များနှင့် တွဲသုံးနိုင်ပါတယ်။အသုံးပြုရမည့် စပါးလင် ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။စပါးလင်သည် အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။စပါးလင်ဆေးဟာ အောက်ပါပုံစံတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။စပါးလင်က ကျန်းမာရေးနဲ့ ညီညွတ်တာ မှန်ပေမယ့် အများကြီး စားရင် ရင်ပူတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် အများကြီး မစားပါနဲ့။ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/lemongrass-health-benefits/
Obesity (အဝလွန်ခြင်း)
Obesity (အဝလွန်ခြင်း) အကြောင်းကို လေ့လာကြည့်ရအောင်လား ……။အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်တွင်း အဆီဓာတ်အလွန်များတဲ့အခြေအနေပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ လူနာရဲ့ ခန္ဓာကိုယ်ပိုင်းထိခိုက်စေရုံသာမက တခြားသော ရောဂါများဖြစ်တဲ့နှလုံးရောဂါ၊ဆီးချိုသွေးချိုနဲ့သွေးတိုးခြင်းတို့ကိုလည်း ဖြစ်နိုင်စေပါတယ်။အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်များခြင်းဟာ မတူညီတဲ့ သဘောတရားနှစ်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန်များတာဟာ အရပ်အမြင့်ကိုလိုက်ပြီး ဖြစ်နိုင်ပြီး အဆီများခြင်းကြောင့်သာမက ကြွက်သားကြီးထွားခြင်းနဲ့ ခန္ဓာတွင်း ရေများနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေနှစ်ရပ်လုံးက ကျန်းမာရေးအခြေအနေပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။BMI25 ထက်များတဲ့ လူတွေကို ကိုယ်အလေးချိန်များသူများ၊ 30 နှင့် အထက်ကို ဝသော သူများ၊ 40 သို့ 40 ထက်များသူတွေကို အဝလွန်သူများလို့ခေါ်ပါတယ်။ BMI ဆိုတာ လူတစ်ယောက် ကိုယ်အလေးချိန်များနေလား ဆိုတာ သိအောင် တိုင်းတာနည်းတစ်မျိုး ဖြစ်ပါတယ်။ဒီမှာအလွယ်တကူတွက်နိုင်ပါတယ်။BMI = ကိုယ်အလေးချိန် (kg) / (အရပ်အမြင့်(m) x အရပ်အမြင့် (m))။လူအများစုအတွက် ခန္ဓာတွင်း အဆီပို ဘယ်လောက်ရှိလဲ ဆိုတာကို သိရှိရန် BMI က ကူညီပေးပါတယ်။ ဒါပေမယ့် BMI က အဆီကို တိုက်ရိုက်တွက်ပေးတာ မဟုတ်ပါဘူး။ ဥပမာ တချို့လူတွေမှာ အထူးသဖြင့် ကိုယ်ကာယ ကြံ့ခိုင်အောင် ကစားနေသော အားကစားသမားတွေရဲ့ BMI က အဆီပို မရှိသော်လည်း သူတို့ရဲ့ ကြီးထွားနေတဲ့ ကြွက်သား အလေးချိန်ကြောင့် ဝတဲ့ အထဲ ရောက်နေတတ်ပါတယ်။ ထို့ကြောင့် BMI ကို အားကိုးနေရုံနဲ့ သင့်ရဲ့ အဝလွန်နေမှုကို မသိရှိနိုင်ပါ။ သင့် BMI နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ရှိလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အဝလွန်ခြင်းကြောင့် ဆိုးရွားတဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ သွေးတိုးခြင်း၊ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် အဆစ်ရောင်ခြင်း၊ မောခြင်း၊ အိပ်နေရင်း အသက်ရှူမဝခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို လည်း ဖြစ်စေပါတယ်။သင် ဝနေပြီလို့ထင်လျှင် အထူးသဖြင့် ကိုယ်အလေးချိန်နှင့် ပတ်သက်ပြီး စိုးရိမ်နေလျှင် ဆရာဝန်နဲ့ ချက်ချင်းသွား ပြသင့်ပါတယ်။ သင်နဲ့ သင့်ဆရာဝန်က ဖြစ်လာနိုင်တဲ့ ရောဂါအခြေအနေတွေနဲ့ ကိုယ်အလေးချိန်လျှော့ချရန် အတူ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အဝလွန်ခြင်းက ကယ်လိုရီတွေ အများကြီး စုပ်ယူခြင်းကြောင့် ဖြစ်ရပါတယ်။ တချို့လူတွေမှာ အကြောင်းအရင်း သေချာမရှိဘဲ အဝလွန်လာတတ်ပါတယ်။ မျိုးရိုးဗီဇကြောင့် ( မိဘနှစ်ပါးဆီမှ ကလေးအတွက် ကိုယ်အလေးချိန်များစေတဲ့ မျိုးရိုးဗီဇများ ပါလာခြင်း)၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်များ( စိတ်ဖိစီးလျှင် စားခြင်း) သို့ လူမှု ယဉ်ကျေးမှု ပြောင်းလဲလာခြင်း ( စားစရာတွေ ပိုပေါလာခြင်း) တို့ကြောင့် လဲ ဖြစ်နိုင်ပါတယ်။အဝလွန်ခြင်းကို အတည်ပြုနိုင်ရန် ဆရာဝန်က လက်တွေ့စမ်းသပ်ခြင်း၊ ကျန်းမာရေး၊ စားသောက်မှုပုံစံ နှင့် လေ့ကျင့်ခန်းလုပ်မှု အတိုင်းအတာ တို့ကို မေးမြန်းပါလိမ့်မယ်။ထို့နောက် ဆရာဝန်က သင့်ရဲ့ ကိုယ်အလေးချိန်နှင့် ဆက်နွယ်တဲ့ ရောဂါများ ရှိနိုင် မရှိနိုင်အား သိနိုင်ရန် အသုံးအများဆုံးသော နည်းလမ်းနှစ်ခုနှင့် သင့် ရဲ့ ကိုယ်အလေးချိန်ကို တွက်ပါမယ်။အစားလျှော့စားခြင်း၊ လေ့ကျင့်ခန်းနဲ့ခွဲစိတ်မှုစသဖြင့် နည်းလမ်းများစွာ ပါတယ်။ အာဟာရ ဆရာဝန်တွေက သင့်အစားအသောက်ထဲမှာ အဆီနဲ့ကယ်လိုရီနည်းအောင် ချိန်ဆပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကတော့ အကောင်းဆုံးနည်းလမ်းပါပဲ။ တစ်နေ့တာ ကယ်လိုရီပမာဏ ဘယ်လောက်လိုအပ်လဲဆိုတာ သိချင်ရင်ဒီမှာတွက်ချက်ကြည့်လိုက်ပါ။တချို့ဆေးတွေကကိုယ်အလေးချိန်ကျအောင် လှုံ့ဆော်ပေးနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အစားအသောက်နှင့် လေ့ကျင့်ခန်းလုပ်ပြီး ဆရာဝန် ညွှန်ကြားချက်ရှိမှသာ ဆေးသောက်သင့်ပါတယ်။တက်ကြွတဲ့ လူနေမှု ဘဝပုံစံ ဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာတဲ့ စားသောက်မှု ပုံစံကို လိုက်နာနိုင်မှသာ ကိုယ်အလေးချိန်ကျပြီး ကျန်းမာလာမှာပါ။ ကိုယ်အလေးချိန်အား ဖြည်းဖြည်းမှန်မှန် ချခြင်းဟာ ကိုယ်အလေးချိန်ပြန်တက်ခြင်းကိုလည်း ရှောင်ကြဉ်ရာရောက်ပါတယ်။ အာဟာရဆရာဝန်က သင့်ကို အောက်ပါနည်းလမ်းတွေ သင်ပေးပါလိမ့်မယ်။စိတ်ဖိစီးလျှင် လမ်းဘေးစာ မစားမိအောင် စိတ်ဖိစီးမှု လျှော့ချပေးတဲ့ ယောဂ၊ လေ့ကျင့်ခန်းနှင့် တရားထိုင်ခြင်းနည်းလမ်းတွေ လည်း သိထားသင့်ပါတယ်။ ဆိုးရွားတဲ့ စိတ်ကျခြင်း သို့ စိတ်ဖိစီးခြင်းရှိနေလျှင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။တချို့ဆေးတွေကတော့ ကိုယ်အလေးချိန်ကျစေနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။တကယ်လို့ သင်ဟာ ဝနေလျှင် ( စံကိုယ်အလေးချိန် ၁၀၀ ရာခိုင်နှုန်း ထက်များနေလျှင် သို့ BMI 45 ထက်များနေလျှင် )၊ တခြား ကိုယ်အလေးချိန်ချတဲ့ နည်းလမ်းများ အသုံးမဝင်လျှင် ခွဲစိတ်ကုရန် စဉ်းစားရပါတော့မယ် ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အဝလွန်ခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/obesity/
အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော ဝက်ခြံအမာရွတ်များပျောက်ကင်းစေရန် ထိရောက်သောနည်းလမ်းများ
အလယ်လတ်နှင့် ပြင်းထန်အဆင့်ရှိ ဝက်ခြံများသည် အမာရွတ်များထင်ကျန်ခဲ့တတ်ကြသည်။ ဠင်းတို့ကို ဝက်ခြံချိုင့်ခွက်များဟုခေါ်သည်။ ဝက်ခြံပေါက်သောနေရာမှအရေပြား ပျက်စီးသွားခြင်းကြောင့် ထိုချိုင့်ခွက်များဖြစ်ပေါ်လာရခြင်းဖြစ်သည်။၎င်းတို့သည် အမြင်ဆိုးသော်လည်း ကုသ၍ရနိုင်ကြောင်း အမေရိကန်နိုင်ငံမှ အရေပြားဆရာဝန်များကဆိုထားသည်။ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများစွာရှိပါသည်။ အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်များမှလွဲ၍ အခြားဖုထစ်နေသောအမာရွတ်များကို ဆိုးကျိုးမရှိဘဲဖယ်ရှားနိုင်ပါသည်။လူတဦးနှင့် တဦးကုသမှုပုံစံခြင်းမတူညီပါ။ အမျိုးမျိုးသော နည်းလမ်းများဖြင့် အရွယ်ရောက်ပြီးသောလူများ၏ ဝက်ခြံအမာရွတ်များကို ကုသနိုင်ပါသည်။လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများရရှိရန် ဆရာဝန်နှင့် ပထမဦးစွာတိုင်ပင်သင့်ပါသည်။ ထိုအခါ ဆရာဝန်က သင့် အရေပြားနှင့် အမာရွတ်ပုံစံကိုသေချာစွာ သ်ရှိနိုင်ပေလိမ့်မည်။ သင့်ကိုဝက်ခြံပြသနာနှင့် ပက်သက်၍ခံစားရပုံနှင့် ဖြစ်စဉ်အချို့ကိုမေးမြန်းနိုင်သည်။ဆရာဝန်နှင့် သွားမပြမီ သင်သည် ဘာကြောင့်ဝက်ခြံကိုကုဖို့လိုအပ်တယ်ထင်လဲ။ ဝက်ခြံကုပြီးရင် သင့်အသားအရေကို ဘယ်အတိုင်းအတာအထိကောင်းဖို့မျှော်လင့်ထားသလဲ။ သင်သည် ကုသမှုနှင့် ပက်သက်ပြီး ပိုက်ဆံဘယ်လောက်အသုံးပြုမလဲ။ စသဖြင့် ကြိုစဉ်းစားထားပါ။အထက်ပါ အချက်များအပေါ်မူတည်ပြီး သင့်အရေပြားဆရာဝန်က သင်နှင့် အသင့်တော်ဆုံးဖြစ်မည့်ကုသမှုမျိုးကို ရွေးချယ်ပေးလိမ့်မည်။ ကုသမှုသည် အမာရွတ်ပုံစံနှင့် အမာရွတ်ဖြစ်သော နေရာပေါ်တွင်မူတည်ပြီး ကွာခြားမှုရှိသည်။အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်နှင့် ဖုထစ်နေသောအမာရွတ်ဟူ၍ ၂မျိုးရှိသည်။ အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်ရှိသော သူများတွင် ခွဲစတ်ကုသခြင်း၊ အရေပြားအသစ်ပြန်လည်မွေးဖွားခြင်း၊ အရေပြားပြည့်ဆေး ကျစ်ဆေးများသုံးခြင်း၊ ကော်လဂှင်ဓါတ်များပြန်ဖြည့်ပေးခြင်းနှင့် လျှပ်စစ်လှိုင်းများဖြင့် အရေပြားကိုပြုပြင်ခြင်း စသည့် နည်းလမ်းများအနက် ၂မျိုးနှင့်အထက်ကိုသုံး၍ကုသရသည်။ဖုထစ်နေသောအမာရွတ်များကိုမူ အထက်ပါနည်းလမ်းများနှင့်မဟုတ်ဘဲ ထိုအမာရွတ်တွင်းသို့ ထိုးဆေးများတိုက်ရိုက်ထိုးသွင်းခြင်းဖြင့် အရေပြားဆရာဝန်များက ကုသကြသည်။ တခါတရံတွင် Corticosteroids , 5FU < interferon ၊ ဓါတ်ရောင်ခြည် စသည်တို့နှင့်တွဲ၍ခွဲစိတ်မှုများကိုလည်းပြုလုပ်ကြသည်။အဆိုပါကုသမှုများသည် အမာရွတ်ပြန်ဖြစ်ခြင်းမှလည်းကာကွယ်ပေးသည်။ ဆရာဝန်အညွှန်းမပါဘဲ ဝယ်သုံးနိုင်သော အခြား အမာရွတ်ပျောက် ခရင်မ် များလည်းရှိပါသည်။ ၎င်းတို့ကလည်း သင့် အမာရွတ်များကို ကျုံ့သွားစေခြင်း၊ ချပ်သွားစေခြင်း ၊ အရောင်ဖျော့သွားစေခြင်း စသည်ဖြင့် ကူညီပေးလိမ့်မည်။အချို့သော အိမ်တွင်းကုထုံးများသည် သေးငယ်သောအမာရွတ်များနှင့် ဝက်ခြံကို ကုပ်ဖဲ့ခြင်း၊ ညှစ်ခြင်းကြောင့်ပိုးဝင်သွားခြင်းတို့ကို ပိုသက်သာစေလိမ့်မည်။အသုံးများသော အိမ်သုံးကုထုံးများမှာ စန္ဒကူးသား၊ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း ရှားစောင်း၊ ပန်းသီး၊ ဗီနီကာ၊ သံပုရာရည် ၊ပျားရည်၊ ရေ ၊ လာဗင်ဒါပန်းအဆီ၊ ပဲနံ့သာပင် နှင့် အခြားသော အသီးအရွက်များတို့ဖြစ်သည်။အချုပ်ဆိုရသော် သင်သည် သင့်ဝက်ခြံအမာရွတ်များအတွက် အဖြေရှာမရဖြစ်နေလျှင် မည်သည့်နည်းလမ်းများနှင့်မျှ မကုသသေးခင် အရေပြားဆရာဝန်နှင့် အရင်ဦးဆုံးတိုင်ပင်ပါ။ ဖော်ပြပါ အိမ်တွင်းကုထုံးများအပြင် အာဟာရပြည့်ဝအောင်စားသုံးခြင်းကလည်း သင့်ဝက်ခြံအနာကို လျှင်မြန်စွာကျက်စေရန်ကူညီပေးလိမ့်မည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne-scar-removal-for-teens/
သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ
သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg – 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 mmHg ဆိုရင်တော့ သွေးတိုး နေတာပါ။ဒါကို တစ်ကြိမ်တည်းတိုင်းကြည့်ရုံနဲ့ သွေးတိုးရှိနေပြီလို့ ဆုံးဖြတ်လို့ မရပါဘူး။ သေချာအောင် ဆေးရုံဆေးခန်းမှာ စနစ်တကျတိုင်းဖို့ လိုပါတယ်။သွေးတိုး ရှိတာကို သေချာ ဂရုမစိုက်ဘူးဆိုရင် နောက်ဆက်တွဲ အနေနဲ့။သွေးတိုးသမားတွေ အခုလိုလက္ခဏာတွေခံစားရရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။သွေးတိုးကြောင့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေကတော့။သွေးတိုးရောဂါရှိတာကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အထက်ပါ လက္ခဏာတွေ ခံစားရတဲ့အခါ နီးရာ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားသင့်ပါတယ်။ ဒါတွေက အရေးပေါ် လက္ခဏာတွေ ဖြစ်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ် ဖြစ်သွားနိုင်ပါတယ်။ခုလိုအချိန်မှာ အိမ်ကသွေးကျဆေးတွေ သောက်တာ၊ သွေးတိုးမြန်မြန်ကျအောင် မလုပ်သင့်ပါဘူး။ ဒီလိုအချိန်မှာ သွေးတိုးကို အမြန်ချတာက အန္တရာယ်ရှိတာကြောင့် တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါ။သွေးတိုးတာကကိုယ်တွင်းအင်္ဂါတွေထိခိုက် ပျက်စီးနိုင်ပါတယ်။ သွေးတိုးတဲ့အခါ ပြင်းထန်တဲ့ လက္ခဏာတွေ အနေနဲ့။သွေးတိုးရောဂါရှိသူတွေအနေနဲ့ မိမိရဲ့ သွေးတိုးကို ပုံမှန်မတိုင်းဘူး။ သေချာမကုသဘူးဆိုရင် အထက်ပါပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးနေဖို့၊ ရက်ချိန်းပြနေဖို့ လိုပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/what-is-hypertensive-emergency/
လေဆာကုထုံးနဲ့ melasma ကို ဘယ်လိုကုသမလဲ
အာရှအသားအရေဟာ ရောဂါအခြေအနေအမျိုးမျိုး ဖြစ်နိုင်ခြေရှိပြီး ရောဂါတစ်မျိုးကတော့ melasma လို့ခေါ်တဲ့ အရေပြားအရောင်ရင့်ခြင်း ပဲဖြစ်ပါတယ်။ သင့်မှာ melasma ရှိတာကြောင့် ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်မရှိဘူးဆိုရင် သင့်ကို သတင်းကောင်းပေးလိုပါတယ်။သိပ္ပံပညာရှင်တွေဟာ melasma ရဲ့ ကုသနည်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ဒါကတော့ လေဆာကုထုံးပဲဖြစ်ပါတယ်။သင့်အရေပြားရဲ့ အရောင်ကို melanin ပမာဏက ဆုံးဖြတ်ပေးပါတယ်။ melasma ဟာ melanin ပိုထုတ်ခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရောင်ရင့်ခြင်း တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ နဖူး၊ ပါး၊ အပေါ်နှုတ်ခမ်းနဲ့ မေးရိုးတစ်လျှောက်မှာ အညိုရောင် အစက်အပြောက်တွေ အဖြစ်တွေ့မြင်ရပြီး နေရောင်၊ ဟော်မုန်းကြောင့် ဖြစ်တာများပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဟော်မုန်းအစားထိုးကုသမှု ခံယူနေသူတွေမှာ melasma ကို တွေ့ရတာဖြစ်ပါတယ်။ နေရောင်ခြည် ရရှိမှုများတဲ့ နေရာတွေ ဖြစ်တဲ့ အာရှနဲ့ Mediterranean နေရာတွေမှာ နေထိုင်သူတွေဟာ အခြားနေရာတွေမှာ နေထိုင်သူတွေနဲ့ နှိုင်းယှဉ်ရင် melasma ဖြစ်နိုင်ခြေ ပိုများပါတယ်။လေဆာကုထုံးဟာ melasma ကုသမှုအတွက် လူကြိုက်အများဆုံး ကုထုံးတစ်ခုဖြစ်ပါတယ်။ အချို့လေဆာ အမျိုးအစားဖြစ်တဲ့ dual fractional laser ဟာ အရေပြား အရောင်ရင့်ခြင်းကို ကုသဖို့အတွက် အလွန်အစွမ်းထက်ပါတယ်။တကယ်တော့ ဒီနည်းပညာဟာ အစပိုင်းမှာ ဆေးမင်ကြောင်တွေကို ဖယ်ရှားဖို့အတွက် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ လေဆာကုသမှုဟာ ကုသလိုတဲ့နေရာက ပြဿနာကိုသာ ဖယ်ရှားပေးပြီး ဘေးပတ်ဝန်းကျင်က တစ်ရှူးတွေကို ထိခိုက်မှုမရှိတာကြောင့် လူကြိုက်များလာတဲ့ ကုထုံးတစ်ခု ဖြစ်ပါတယ်။သင့်အရေပြားအောက်မှာ melanin ဘယ်လို ပြန့်လဲဆိုတာပေါ် မူတည်ပြီး လေဆာကုထုံးမှာ ကန့်သတ်ချက်တွေရှိပါတယ်။ တကယ်လို့ သင့်မှာ mixed-type melasma (melanin ဟာ အရေပြားရဲ့ dermis ရော၊ epidermis မှာပါ ပြန့်နေခြင်း) ရှိတယ်ဆိုရင် dual fractional လေဆာကုထုံးဟာ ဒီအခြေအနေကို ကုသဖို့ ပျော့လွန်းနေနိုင်ပြီး ပိုပြင်းတဲ့လေဆာကုထုံးတွေကတော့ အရေပြားကိုပျက်ဆီးစေပြီး melasma ကို ပိုဆိုးစေနိုင်ပါတယ်။သင့်မှာ epidermal melasma ရှိတယ်ဆိုရင် အရောင်ရင့်ခြင်းဟာ အရေပြားမျက်နှာပြင်နားမှာ ရှိတာကြောင့် လေဆာကုထုံးကို ကောင်းစွာ တုန့်ပြန်နိုင်ပါတယ်။Melasma အတွက် လေဆာကုထုံးတွေကို တစ်မျိုးတည်း အသုံးမပြုပဲ အခြားကုသမှုတွေနဲ့အတူ အသုံးပြုကြပါတယ်။ ဥပမာ mixed-type melasma အတွက်ဆိုရင်တော့ သင့်ဆရာဝန်က dermabration နဲ့ Q-switched YAG laser လိုမျိုး လေဆာ အပျော့တစ်မျိုးကို ပေါင်းစပ် ကုသနိုင်ပါတယ်။ကုသမှုကို နှစ်လသုံးလ ကြာသည်အထိ သင့်အခြေအနေနဲ့ ကုသမှု တုန့်ပြန်ပုံတွေပေါ် မူတည်ကာ အကြိမ်များစွာ ပြုလုပ်သင့်ပါတယ်။ အသားအရောင် တောက်ပစေတဲ့ ဓါတုပစ္စည်းများ (hydroquinone, retinoids) တွေ ပါဝင်တဲ့ ခရင်မ်တွေကို လိမ်းဖို့ လိုအပ်နိုင်ပြီး melasma ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ SPF 15+ ပါတဲ့ နေပူခံလိမ်းဆေးကို နေ့စဉ်လိမ်းသင့်ပါတယ်။ အာရှရဲ့ အပူပိုင်းနိုင်ငံတွေမှာတော့ နေပူခံနိုင်အောင် SPF ပိုများများပါတဲ့ လိမ်းဆေးတွေ လိုအပ်နိုင်ပါတယ်။အခုခေတ်မှာတော့ အရေပြားအထူးကု ဆေးခန်း၊ ဆေးရုံတွေ အားလုံးလိုလိုမှာ melasma အတွက် လေဆာကုထုံးကို ရရှိနိုင်ပါတယ်။ ကုသမှုမပြုလုပ်မီမှာ လေဆာကုထုံးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ အားလုံးကို သိထားသင့်ပါတယ်။သင့်ရဲ့ အရေပြားဆရာဝန်က သင့်အရေပြားကို စစ်ဆေးပြီး ကုသမှုတွေ ပေးပါလိမ့်မယ်။ တခါတရံမှာ epidermal melasma အတွက် ကုသမှု မလိုအပ်တတ်ပါဘူး။ melasma ဟာ ကလေးမွေးအပြီး၊ နေပူခံလိမ်းဆေးတွေ အသုံးပြုအပြီးမှာ ပျောက်သွားနိုင်ပါတယ်။သင့်ဆရာဝန်က hydroquinone, azelaic acid, retinoic acid, nonphenolic bleaching agents, kojic acid.အစရှိတဲ့ လိမ်းဆေးတွေပါဝင်တဲ့ဆေးတွေကိုလည်း အကြံပြုနိုင်ပါတယ်။အတွေ့အကြုံရှိပြီး နာမည်ကောင်းရှိတဲ့ ပညာရှင်နဲ့ ကုသမှုခံယူဖို့လည်း အရေးကြီးပါတယ်။ လူနာတွေရဲ့ ထင်မြင်ချက်တွေ၊ ဝေဖန်မှုတွေကိုလည်း တောင်းကြည့်ဖို့ လိုပါတယ်။ ပညာရှင်ဆန်ပြီး လူသိများတဲ့ ဆေးခန်းတွေကိုသာ ရွေးချယ်သင့်ပါတယ်။လေဆာကုထုံးဟာ မှန်ကန်စွာ ဆောင်ရွက်ခြင်းမရှိရင် အပူလောင်ခြင်း၊ ထပ်မံ အရောင်ကျွတ်ခြင်းတွေ ဖြစ်စေနိုင်တာကြောင့် အန္တရာယ် ရှိပါတယ်။လေဆာကုထုံကို အသုံးပြုခြင်းဟာ အရေပြားကို နုပျိုစေပြီး နေလောင်မှု၊ အသက်ကြီးခြင်း၊ မျက်နှာ အသားအရေ ဆိုင်ရာ ရောဂါများကို သက်သာစေနိုင်ပါတယ်။ ကုသမှုတွေဟာ လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိပါတယ်။ ဈေးများပေမယ့် ရလဒ်တွေကတော့ ပိုမိုနုပျို၊ ချောမွတ်ပြီး ကျန်းမာတဲ့အရေပြားကို ရရှိမှာဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%9c%e1%80%b1%e1%80%86%e1%80%ac%e1%80%80%e1%80%af%e1%80%91%e1%80%af%e1%80%b6%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-melasma-%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad/
ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ
သင်ဟာ ကိုယ်လက်လှုပ်ရှားမှု လုပ်နေကျဖြစ်စေ၊ လုပ်နေကျ မဟုတ်တာဖြစ်စေ ကိုယ်ခန္ဓာ နာကျင်မှုတွေဟာ နေရာတိုင်းအချိန်တိုင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ထိုင်ရာက မထပဲနာကျင်မှု ဖြေဖျောက်စရာနည်းလမ်းတွေ ရှိနေပါတယ်။ ကဲ …. ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ ကတော့။၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။၂။ခြေထောက်တစ်ဖက်ကို ရင်ဘတ်အထိ မြှောက်ပြီးတော့ လက်တစ်ဖက်နဲ့ ကိုင်ထားပါ။၃။ ကိုယ်ခန္ဓါကို ရှေ့ကိုကုန်းပါ။၄။ ဒီပုံစံကို စက္ကန့် ၃၀ လောက်ပြုလုပ်ပါ။၅။ ခြေထောက်ကို ဖြည်းညင်းစွာ လွှတ်ပါ။၆။ နောက်အခြားတစ်ဖက်ကို ပါ ပြုလုပ်ပါ။၁။ အသက်ပြင်းပြင်းရှူပြီး ပုခုံးတွေကို နားရွက်ထံကို မတင်ပါ။၂။ ဒီအတိုင်း ၃ စက္ကန့်လောက် နေပါ။၃။ အသက်ရှူထုတ်ပြီး ပုခုံးကို ပြန်ချလိုက်ပါ။၄။ ၁၀ ကြိမ် (သို့) ဒီထက်ပိုပြီး ပြုလုပ်ပါ။ခြေထောက်နာခြင်း။၁။ ခြေထောက်တစ်ဖက်ကို အခြားခြေထောက်ရှေ့မှာထားပါ။၂။ နောက်က ခြေထောက်ကို ဖြောင့်ဖြောင့် ထားပြီး ခြေချောင်းတွေကို ခြေဖဝါးဘက်ကို ကွေးလိုက်ပါ။၃။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၄။ ခြေချောင်းတွေကို ဖြည်းဖြည်းချင်း ဖြောင့်လိုက်ပါ။၅။ ခြေထောက်ကို လဲပြီး ဒီပုံစံအတိုင်း အခြားတစ်ဖက်ကို ပြုလုပ်ပါ။၁။ လက်နှစ်ဘက်လုံးနဲ့ လက်သီးဆုပ် ပြုလုပ်ပါ။၂။ သင့်ရှေ့မှာ လက်သီးဆုပ်ကို ထားပါ။၃။ အဆစ်တွေနဲ့ လေထဲမှာ စက်ဝိုင်းပုံစံ ပြုလုပ်ပါ။၄။ ဦးတည်ရာ နှစ်ဘက်လုံးမှာ ဆယ်ကြိမ်ခန့် ပြုလုပ်ပါ။၁။ လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပြီး တံတောင်ဆစ်ကို တောင်ပံပုံစံ ဖြစ်အောင် လုပ်ပါး။၂။ လက်တွေကို အနောက်ဘက်ကို နှိမ့်ချပါ။ ဒါမှသာ ပုခုံးတွေက တစ်ခုနဲ့ တစ်ခုနီးကပ်လာပါလိမ့်မယ်။၃။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၄။ လက်တွေကို စစချင်းပုံစံဖြစ်အောင် ဖြည်းဖြည်းချင်း ပြန်လုပ်ပါ။၁။ ထိုင်ခုံအစွန်းမှာ မတ်မတ်ထိုင်ပါ။၂။ နောက်ကျောကို မတ်ထားပြီး ရင်ဘတ်ပိုင်းကို ညာဘက်ကို အနည်းငယ် လှည့်ပါ။၃။ အနောက်က ဘယ်ခြေထောက်ကို ဆန့်ထုတ်ပါ။၄။ ညာခြေထောက်ကို ၉၀ ဒီဂရီထားပါ။၅။ ရင်ဘတ်ကို မတ်ထားပြီး တင်ပါးဆုံးကို ဖိပါ။၆။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၇။ ဖြည်းညင်းစွာ လွှတ်ပြီး စစချင်း ပုံစံကို ပြန်သွားပါ။၈။ ဒီပုံစံအတိုင်း အခြားတစ်ဖက်ကို ပြုလုပ်ပါ။၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။၂။ ညာဘက်ခြေချင်းဝတ်ကို ဘယ်ဒူးပေါ်တင်ပါ။၃။ ရှေ့ကို ကုန်းပါ။၄။ တင်ပါးကြွက်သားတွေ တင်းမာလာတာကို ခံစားရပါလိမ့်မယ်။ လိုတာထက် ပိုမတင်းပါစေနဲ့။၅။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၆။ ဖြည်းဖြည်းချင်း ပြန်မတ်ပါ။၇။ ကျန်ခြေထောက်တစ်ဖက်နဲ့ ပုံစံတူ ပြုလုပ်ပါ။၁။ ကိုယ့်ကိုယ်ကို ဖက်ပါ။၂။ ညာလက်ကို ဘယ်ပုခုံးပေါ်တင်ပြီး ဘယ်လက်ကို ညာပုခုံးပေါ်တင်ပါ။၃။ အသက်ပြင်းပြင်း ရှူပါ။၄။ ဒ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၅။ ဖြည်းညင်းစွာ လွှတ်ပါ။၁။ ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။၂။ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပါ။၃။ လှုပ်ရှားမှုတစ်ခုအဖြစ် မတ်တပ်ရပ်ပါ။၄။ ဖြည်းညင်းစွာ ထိုင်ပါ။၅။ ဒီပုံစံအတိုင်း ၁၀ ကြိမ်ခန့် ပြုလုပ်ပါ။၁။ ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။၂။ ခေါင်ကို တစ်ဖက်ကို စောင်းပါ။၃။ ဒီအတိုင်း ၃၀ စက္ကန့်လောက် နေပါ။၄။ ခေါင်းကို အရင်ပုံစံကို ဖြည်းဖြည်းချင်း ပြန်ထားပါ။၅။ အခြားတစ်ဖက်ကိုလည်း တစ်ပုံစံတည်း ပြန်လည် ပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/home-remedies-for-aches/
Ophthalmoxerosis (မျက်ရည်ခမ်းခြောက်ခြင်း)
မျက်လုံးခြောက်ခြင်းသည် မျက်ရည်များမှ မျက်လုံးအတွက် လုံလောက်သည့်ချောဆီအဖြစ် မဆောင်ရွက်နိုင်သည့် အခြေအနေကို ခေါ်ပါသည်။ မျက်ရည်လွှာမကောင်းတော့ခြင်းကြောင့် မျက်လုံးတွင် မအီမသာခံစားရမှု အမြင်အာရုံမကောင်းမှုတို့ဖြင့် သတ်မှတ်နိုင်သည်။ဒီရောဂါသည် အလွန်အဖြစ်များ၏။ အထူအသဖြင့် အသက် ၄၀ အထက်တွင် အဖြစ်များသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။မျက်ရည်ခမ်းခြောက်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-။မျက်ရည်ဝဲခြင်း၎င်းသည် မျက်လုံးခြောက်ခြင်းအား ခန္ဓါကိုယ်မှ တုန့်ပြန်ခြင်းတစ်မျိုး ဖြစ်သည်။ပူပြင်းပြီး လေတိုက်သည့်ဒေသများ အပူချိန်မြင့်ပြီး စိုထိုင်းမှုနည်းသည့် ဒေသများတွင် အဆိုပါက လက္ခဏာများသည် ပိုဆိုးဝါးနိုင်၏။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရေ၊ အဆီနှင့် အကျိအချွဲများဖြင့် ပေါင်းစပ်ထားသည့် သင့်မျက်ရည်သည် မျက်လုံး၏မျက်နှာပြင်ချောမွတ် သန့်ရှင်းစေရန်နှင့် ပိုးကူးစက်မှုမရှိစေရန် ကာကွယ်ပေး၏။ မျက်လုံးခြောက်သွေ့ခြင်းသည့် မျက်ရည်မလုံလောက်ခြင်းကြောင့် ဖြစ်ရခြင်းပင်။မျက်ရည်ခမ်းခြင်းသည် မျက်ရည်မထုတ်နိုင်ခြင်း သို့မဟုတ် မျက်ရည်လွှာတွင် အငွေ့ပျံမှု များခြင်းကြောင့် ဖြစ်ရပါသည်။ ထို့ကြောင့် မျက်လုံးခြောက်သွေ့ခြင်းအား အုပ်စုနှစ်ခုခွဲနိုင်၏။မျက်ရည်အထုတ်နည်းခြင်းနှင့် အငွေ့ပျံမှုများခြင်းဟု ခွဲနိုင်ပါသည်။ အုပ်စုနှစ်စုလုံးတွင် မျက်ရည်လွှာ၏ hyperosmolarity နှင့် နောက်ဆက်တွဲ မျက်လုံးမျက်နှာပြင်ရောင်ခြင်းတို့သည် မျက်လုံးခြောက်သွေ့ခြင်းနှင့်ဆိုင်သော လက္ခဏာအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါသည်။မျက်ရည်ခမ်းခြောက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။အသက်အရွယ်ကြီးခြင်း –အသက်ကြီးသည့်အခါ မျက်ရည်ထုတ်လုပ်မှု မရှိတော့သလောက် ဖြစ်နိုင်သည်။အမျိုးသမီးဖြစ်ခြင်း –မျက်ရည်ခြောက်ခြင်းသည် အမျိုးသမီးများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်၊ သွေးဆုံးစဉ်၊ တားဆေးများသုံးလျှင် ဟော်မုန်းများ ပြောင်းလဲခြင်းရှိပါက အဖြစ်များသည်။အလုပ်အကိုင်နှင့် ပတ်ဝန်းကျင် အခြေအနေများတွင် စိုထိုင်းမှုနည်းခြင်း၊ အပူချိန်များခြင်း၊ လေနှင့်အထိများခြင်း၊ လေထုညစ်ညမ်းမှုများ ရှိခြင်း။ရောဂါများဖြစ်သော ဗီတာမင်အေချို့တဲ့ခြင်း၊ အသည်းရောင် စီပိုးရှိခြင်း၊ Sjogren’s syndrome, ဆီးချို။မျက်ကပ်မှန်တပ်ခြင်း။ဆေးများ –ကင်ဆာဆေးများ၊ ဆီးဆေးများ၊ စိတ်ကျရောဂါကုဆေးများ၊ antihistamines များနှင့် beta-adrenergic blocker များလို တစ်ချို့ဆေးများသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် မျက်လုံးခြောက်သွေ့ခြင်း ဖြစ်နိုင်ပါသည်။ဗီတာမင်အေနည်းသောအစားအစာများ သို့မဟုတ် အိုမီဂါ ၃ အဆီဓါတ်နည်းသော အစာများ စားခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်လုံးခြောက်ခြင်း၏ ပြင်းထန်မှုကို သတ်မှတ်နိုင်သော တိကျသည့်စစ်ဆေးမှုဆိုပြီး တစ်ခုတည်းမရှိပါ။ အောက်ပါစစ်ဆေးမှုများကိုတော့ ဖြစ်ရသည့်အကြောင်းရင်းများကို ဆုံးဖြတ်ရာတွင် အသုံးပြုနိုင်သည်။နားလည်တတ်ကျွမ်းစွာဖြင့် မျက်လုံးစစ်ဆေးခြင်း– လူနာလက္ခဏာများကို စမ်းသပ်ရုံဖြင့် မျက်လုံးခြောက်သွေ့ခြင်းအား သိနိုင်ပါသည်။ ပြည့်စုံသော စမ်းသပ်မှုတွင် ရောဂါဖြစ်ကြောင်း သိစေနိုင်သည့် အချက်များဖြစ်သည် မျက်ရည်ယိုခြင်း၊ blepharitis, မျက်တောင်အခတ်နည်းခြင်း၊ အမြင်အာရုံ မကောင်းခြင်းတို့ကို တွေ့ရနိုင်သည်။Schimer’s test –မျက်လုံးတစ်လုံးစီမှ မျက်ရည်ထုတ်သည့်ပမာဏကို သတ်မှတ်ရန်အတွက် သုံးသော စစ်ဆေးမှုတစ်ခုဖြစ်သည်။ ၅ မိနစ်အတွင်း ထွက်သော မျက်ရည်အား မီလီမီတာဖြင့် တိုင်းတာခြင်းဖြစ်သည်။မျက်ရည်အရည်အသွေးအားဆုံးဖြတ်ခြင်း –တစ်ချို့စစ်ဆေးမှုများတွင် အထူးဆိုးဆေးများပါသည့် မျက်စဉ်များကိုသုံးကာ မျက်လုံးမျက်နှာပြင်အခြေအနေအား ဆုံးဖြတ်နိုင်သည်။မျက်လုံးခြောက်သွေ့မှုအား ကုသခြင်းသည် မျက်ရည်ထွက်နှုန်းများစေရန်၊ မျက်ရည်အငွေ့ပျံနှုန်းနည်းစေရန်နှင့် မျက်ရည်ပြန်စုပ်ခြင်းကိုလျော့ကျစေရန်တို့အား ဦးတည်ရသည်။သာမာန် မျက်လုံးခြောက်သွေ့သောလူနာ အများစုအား OTC မျက်စဉ်းများ (မျက်ရည်တု) မှန်မှန်သုံးပြီး ကုသနိုင်သည်။ မျက်ရည်တုများကို မျက်လုံးခြောက်သွေ့ရောဂါရှိသည့်လူနာတွင် ထိခိုက်စေသည့်လက္ခဏာများ သက်သာလာစေရန် ပထမဆုံးသုံးရမည်ဖြစ်သည်။မျက်ရည်တုတွင် ပျစ်ခဲနှုန်းအားထိန်းရန် ဆဲလူးလို့စ်များပါ၏။ ပျံ့နှံ့စေသည့် ပစ္စည်းများ (polyethylene glycol or polyvinyl alcohol) သည် အငွေ့ပျံမှုအား ကာကွယ်ပေးနိုင်ပြီး ပိုးထိတွေ့မှုမှကာကွယ်ရန် preservative များလဲ ပါ၏။မျက်လုံးခြောက်သွေ့မှုများ အထောက်အကူပြုနိုင်သည့် ဆေးတစ်ချို့မှာ –။Cyclosporine လိမ်းဆေး– cyclosporine လိမ်းဆေးသည် ခုခံအားကိုဖိနှိပ်သောဆေးဖြစ်ပြီး နှိုင်းယှဉ်ပါက စိတ်ချရခြင်း၊ ဘေးထွက်ဆိုးကျိုးဒဏ်နည်းခြင်းနှင့် တစ်ချို့လူများတွင် သိသိသာသာ မျက်လုံးခြောက်သွေ့မှု လက္ခဏာများ လျော့ကျမှုရှိခြင်းတို့ တွေ့ရှိရပါသည်။Glucocorticoid မျက်စဉ်း– glucocorticoid မျက်စဉ်း ပမာဏအနည်းငယ်သုံးခြင်းသည် မျက်လုံးခြောက်သွေ့မှု လက္ခဏာများအား သက်သာစေပြီး ရေတိုကုသမှုတွင် အသုံးဝင်သည်။ Corticosteroid မျက်စဉ်းများကို အများအပြားသုံးလျှင် ဘေးထွက်ဆိုးကျိုး များစေပါသည်။မျက်ရည်ထွက်ရန်လှုံစော်ခြင်း –cholinergic များဟုခေါ်သည့် ဆေးများ (pilocarpine, cevimeline) တို့သည် မျက်ရည်ထွက်မှုကို အားပေးနိုင်သည်။ သို့သော် တခြားစနစ်လိုက်ထိသော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။ဗီတာမင်အေ –ဗီတာမင်အေမျက်စဉ်းများသည် မျက်လုံးခြောက်သွေ့မှုလက္ခဏာများကို သက်သာစေပါသည်။တခြားကုထုံးများသည်လည်း အသုံးဝင်နိုင်ပါသည် – ခွဲစိတ်ခြင်း၊ အထူးပြုလုပ်ထားသော မျက်ကပ်မှန်တပ်ခြင်း၊ အလင်းကုထုံးနှင့် မျက်ခွံနှိပ်နယ်ခြင်း။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကမျက်ရည်ခမ်းခြောက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် မျက်ရည်ခမ်းခြောက်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။Humidifier များသည် လူနာအချိန်အတော်ကြာ နေတတ်သည့်နေရာများတွင် အသုံးဝင်ပါသည်။မျက်လုံးအား လေမှုတ်မိခြင်း ဥပမာ ဆံပင်လေမှုန်စက်များ၊ ပန်ကာများ၊ လေအေးပေးစက်များ နှင့် တိုက်ရိုက်လေမှုတ်ခံခြင်းကို ရှောင်ပါ။မကြာခဏ မျက်တောင်ခတ်ပါ။ အထူးသဖြင့် အချိန်အတော်ကြာလုပ်သည့် အလုပ်များဖြစ်သော စာဖတ်စဉ် ကွန်ပြူတာသုံးစဉ်။ဆေးလိပ်သောက်ခြင်းကို ရပ်ပါ။ မီးခိုးများရှောင်ပါ။မျက်ရည်တုကို မှန်မှန်သုံးပါ။ငါးကြီးဆီများများစားပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/ophthalmoxerosis-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ
ကွန်ဒုံးသုံးတယ်ဆိုတာ ရည်ရွယ်ချက် နှစ်ခုနဲ့ပါ။ကိုယ်ဝန်တားချင်တာရယ်၊လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရယ်က ကာကွယ်ဖို့ပါ။ ဒါပေမယ့် ဘယ်အရာကမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ကွန်ဒုံးက လိင်ကတဆင့်ကူးစက်ရောဂါ တွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။ သူကာကွယ်မပေးနိုင်တဲ့ တချို့ရောဂါလေးတွေ ရှိနေပါသေးတယ်။ရေယုန်က အရေပြားချင်း ထိတွေ့ရာကနေ ကူးစက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်တွေဆိုရင် ပေါင်ခြံတို့၊ ဆီးခုံတို့မှာ ပေါက်လေ့ရှိပါတယ်။ ဒီလိုနေရာတွေကျ ကွန်ဒုံးစွပ်လို့ မရတဲ့အတွက် အတူနေလို့ အရေပြားချင်း ထိတွေ့တဲ့အခါ ကူးနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လတ်တလောမှာ လိင်အင်္ဂါရေယုန် ပေါက်နေရင် အတူနေတာကို ရှောင်သင့်ပါတယ်။HPV ဗိုင်းရပ်စ်တွေကလိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တယ်ဆိုပြီး လူသိများကြပါတယ်။ ဗိုင်းရပ်စ် အမျိုးပေါင်း ၂၀၀လောက်ရှိပြီး ဗိုင်းရပ်စ်တချို့ကပဲ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတာပါ။ ကြွက်နို့ကလည်း ရေယုန်လိုမျိုးပဲ ကွန်ဒုံးမကာနိုင်တဲ့ ပေါင်ခြံ၊ ဆီးခုံလိုနေရာမျိုးမှာ ဖြစ်တတ်ပြီး အရေပြားချင်းထိရုံနဲ့တင် ကူးစက်နိုင်ပါတယ်။ နောက်ပြီး ကြွက်နို့မပေါ်ဘဲ HPV ဗိုင်းရပ်စ်ရှိရုံနဲ့တင်ကိုလည်း ကူးစက်နိုင်ပါတယ်။Molluscum ကလည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အရေပြားမှာ အဖုလေးတွေ ပေါက်တတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလည်း မဟုတ်သလို နာတာရှည်ပြဿနာလည်း ပေးလေ့မရှိပါဘူး။ အရေပြားမှာ အဖုလေးတွေ ပေါက်ရုံကလွဲပြီး ထူးထူးခြားခြား လက္ခဏာ မရှိပါဘူး။ ကလေးတွေမှာဆို အချင်းချင်း ကူးတတ်ပေမယ့် လူကြီးတွေမှာတော့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။များသောအားဖြင့်တော့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် အရေပြားမှာ တွေ့ရတာ များပါတယ်။ ပိုးဝင်ပြီး ၂-၃လောက်နေမှ အရေပြားမှာ အဖုလေးတွေ ပေါ်လာတာပါ။ ယားပြီး တစ်ခါတလေ နာတတ်ပါတယ်။ မိန်းမကိုယ်အရေပြားမှာ ဖြစ်နေတဲ့အတွက် ကွန်ဒုံးကာကွယ်ပေးနိုင်တဲ့ အနေအထား မဟုတ်ပါဘူး။ဆစ်ဖလစ်က တစ်ခါတလေကျရင် မနာတဲ့ မာချပ်ချပ် အနာဝိုင်းလေးအနေနဲ့ တွေ့ရတတ်ပါတယ်။ အနာဖြစ်တဲ့နေရာကို ကွန်ဒုံးအုပ်နိုင်ခြေရှိမရှိ ဆိုတာပေါ်မူတည်ပြီး ကာကွယ်နိုင်သလားဆိုတာ ကွဲသွားပါတယ်။ လိင်တံမှာ ပေါက်နေရင်တော့ ကွန်ဒုံးစွပ်လိုက်ရင် အုပ်သွားမှာပါ။ တခြားနေရာဆိုရင်တော့ ထိတွေ့မိရင် ကူးနိုင်ခြေ ရှိပါတယ်။ကွန်ဒုံးမကာကွယ်နိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ တွေက အင်မတန်နည်းပါတယ်။ ဒီရောဂါတွေကို မကာကွယ်နိုင်လို့ဆိုပြီး ကွန်ဒုံးမသုံးရင် တခြားကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။ကွန်ဒုံးတွေက လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို၉၈ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။  ဒီထဲမှာHIVလို၊အသည်းရောင် အသားဝါဘီလို ရောဂါတွေလည်း ပါတာကြောင့် ဆက်သုံးသင့်ပါတယ်။ဒါ့ပြင် စနစ်တကျ သုံးမယ်ဆိုရင် ကိုယ်ဝန်တားပြီးသားပါ ဖြစ်သွားပါတယ်။စာတွေထဲမှာ ရေးထားတာကတော့ လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ချင်ရင် လိင်ဆက်ဆံမှုကို လုံးဝရှောင်လိုက်ပါတဲ့။ ဒါကတော့ အိမ်ထောင်လုံးဝမပြုဘူး။ လိင်ဆက်ဆံမှု လုံးဝမလုပ်ဘူးဆိုရင်တော့ ဟုတ်တာပေါ့။ သာမန် အိမ်ထောင်ပြု သားမွေးလုပ်မယ့်သူတွေကျတော့ ဒီနည်းလမ်းက လက်တွေ့မကျလှပါဘူး။လိင်ဆက်ဆံဖော်များမယ်ဆိုရင်တော့ ရောဂါကူးနိုင်ခြေက ပိုများနိုင်ပါတယ်။ ဒါ့ပြင် တစ်ယောက်ဆီကနေ နောက်တစ်ယောက်စီကို ရောဂါဖြန့်နေသလိုလည်း ဖြစ်နိုင်ပါတယ်။လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါကြွက်နို့၊ Molluscum၊ ဆစ်ဖလစ် စတဲ့ ရောဂါတွေရဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ များသောအားဖြင့် ဒီရောဂါတွေက အနာ၊ အဖု၊ အရည်ကြည်ဖု စတဲ့ လက္ခဏာတွေ ပြတတ်တာကြောင့် မိမိနဲ့ မိမိအဖော်ရဲ့ လိင်အင်္ဂါ၊ ပေါင်ခြံ၊ ဆီးခုံနဲ့ မိန်းမကိုယ်တစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အနာတွေ ရှိနေရင် လိင်မဆက်ဆံပါနဲ့။နောက်တစ်ခုသိထားရမှာက လက္ခဏာမပြပေမယ့် ကူးနိုင်ခြေ ရှိပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေက ပိုးဝင်တာနဲ့ တန်းပြီး လက္ခဏာပြတာ မဟုတ်ပါဘူး။ ရက်ပိုင်းကနေ လပိုင်းလောက်ထိ ကြာတတ်ပါတယ်။ တစ်ခါတလေ လုံးဝလက္ခဏာမပြတာလည်း ရှိပါတယ်။ ဒီလို လက္ခဏာမပြပေမယ့်လည်း ကူးသွားနိုင်ပါတယ်။ ဒါကတော့ တတ်နိုင်တဲ့အပိုင်း မဟုတ်တော့ပါဘူး။ ဒါဆိုရင်တော့ လက္ခဏာပြတာကို စောင့်ကြည့်ပြီး ကုသရုံပဲရှိပါတော့တယ်။# ဒီနေရာမှာ ကိုယ်တိုင် စစ်ဆေးကြည့်လိုက်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/stds-that-condoms-cannot-prevent/
ဝှေးစေ့အရွယ်အစား က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ
ဝှေးစေ့သည်သုက်ရည်များသိုလှောင် သိမ်းဆည်းထားခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အမျိုးသား မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ ၂ဘက် ရှိပါတယ်။ဝှေးစေ့ဟာ ဥ ပုံသဏ္ဍာန်အရွယ်အစားရှိပြီး ပျမ်းမျှ အရှည်ကတော့ ၁.၈ လက်မမှ ၂လက်မအဖြစ် သတ်မှတ်ထားပါတယ်။ ၁.၄ လက်မအောက် ငယ်တဲ့ ဝှေးစေ့အရွယ်အစား ကိုတော့ အရွယ်အစား သေးငယ်တယ်လို့ ယူဆနိုင်ပါတယ်။လိင်တံအရွယ်အစားလို မဟုတ်ဘဲ ကပ္ပာယ်အိတ်အတွင်းမှာ တည်ရှိနေတာဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တိုင်းတာဖို့တော့ နည်းနည်းခက်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လိင်အင်္ဂါကို အာထရာဆောင်း ရိုက်ကြည့်တာပါပဲ။အာထရာဆောင်းနဲ့ ရိုက်ကြည့်လိုက်တဲ့အခါ ကပ္ပာယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ရဲ့ အရွယ်အစားသာမက တခြားပုံမှန်မဟုတ်တဲ့ ပြဿနာတွေ၊ သွေးကြောထုံးနေခြင်း၊ ရောင်နေခြင်း ရှိမရှိကို စစ်ဆေးနိုင်ပါတယ်။Orchidometer လို့ခေါ်တဲ့ ကိရိယာနဲ့လည်းဝှေးစေ့အရွယ်အစားကို တိုင်းလို့ရပါတယ်။ အရွယ်အစားအလိုက် ဥပုံသဏ္ဍာန်ရှိတဲ့ ပုတီးလုံး အသေးမှ အကြီးထိ စီထားပြီး ကိုယ့်ရဲ့ ဝှေးစေ့နဲ့ တိုင်းထွာစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။၁။ ဝှေးစေ့သည်ကျားဟော်မုန်းထုတ်လုပ်ခြင်း၊ သုက်ရည်တွေကို သိမ်းဆည်းခြင်းတာဝန်ကို ထမ်းဆောင်ပေးပါတယ်။ အရွယ်အစားသေးတဲ့ ဝှေးစေ့ရှိတဲ့ အမျိုးသားတွေဟာ ပုံမှန်အမျိုးသားတွေထက် သုက်ရည်ထုတ်တာ ပိုနည်းနေနိုင်ပါတယ်။၂။ မျိုးအောင်ခြင်းအပေါ်မှာတော့ ဝှေးစေ့အရွယ်အစားက သက်ရောက်မှုမရှိပါဘူး။ ပြောရမယ်ဆိုရင် ဝှေးစေ့အရွယ်အစားသေးတဲ့ အမျိုးသားတွေမှာလည်း ပုံမှန်အမျိုးသားတွေလိုပဲမျိုးအောင်နိုင်စွမ်း မြင့်ပါတယ်။ မျိုးအောင်နိုင်ခြင်းအပေါ် သက်ရောက်မှုရှိစေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ အစာအာဟာရမပြည့်ဝခြင်း၊ အရက်သေစာသောက်စားခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။၃။ လေ့လာတွေ့ရှိချက်အရ ဝှေးစေ့အရွယ်အစားသေးတဲ့ အမျိုးသားတွေမှာ နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုထားပါတယ်။၄။ ဝှေးစေ့အရွယ်အစား သေးတဲ့ အမျိုးသားတွေဟာ ညဘက်မှာ ကောင်းစွာအိပ်မပျော်နိုင်တဲ့ရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။ တိုက်ရိုက်သက်ရောက်မှုရှိတာမျိုး မဟုတ်ဘဲ ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဝှေးစေ့အရွယ်အစား သေးငယ်သွားသလို ညအိပ်ချိန်ကိုလည်း အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ကျန်းမာရေးပိုဆိုးလာတာဖြစ်ပါတယ်။၁။ကျားဟော်မုန်းထုတ်လုပ်ခြင်းနည်းတဲ့ အမျိုးသားတွေဟာ ကြွက်သားထု၊ လိင်တံနဲ့ ဝှေးစေ့အရွယ်အစားတွေ သေးငယ်နေတတ်ပါတယ်။၂။ ကပ္ပာယ်အိတ်အတွင်းမှာ ရှိတဲ့ သုက်ပို့ပြွန်ရောင်ရမ်းခြင်း (Varicocele) ရောဂါကြောင့်လည်း ဝှေးစေ့အရွယ်အစား သေးနေတတ်ပါတယ်။ အဓိက သုက်ပို့ပြွန်များ ရောင်ရမ်းခြင်းကြောင့် ဝှေးစေ့အတွက် နေရာမကျန်တော့ဘဲ အရွယ်အစား ကျုံ့သွားပြီး ပိုပျော့လာတာပါ။၃။ ဝှေးစေ့က ကပ္ပာယ်အိတ်အတွင်းသို့ မကျလာခြင်း (Undescended Testes) ဟာ မွေးကတည်းက ပါလာတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခွဲစိတ်ကုသခြင်းဖြင့် ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းလို့ရပါတယ်။ မကုသဘဲ ဒီအတိုင်းထားထားရင်တော့ ဝှေးစေ့အရွယ်အစားက ပိုကျုံ့သွားတတ်ပါတယ်။၄။ အသက်အရွယ် ကြီးရင့်လာခြင်းကြောင့်လည်း ဝှေးစေ့အရွယ်အစား သေးငယ်သွားတတ်ပါတယ်။ဝှေးစေ့အရွယ်အစားသေးတာက သာမန်အားဖြင့်တော့ ပြဿနာမရှိပါဘူး။ လိင်မှုဘဝကိုရော မျိုးအောင်နိုင်စွမ်းကိုရောပေါ့။ ဒါပေမယ့် နဂိုအရွယ်ကနေ ရုတ်တရက် ကျုံ့သွားတယ်၊ သေးသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းရင်းကို ရှာကြည့်ဖို့လိုပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/testes-size-and-men-health/
ဆံသားနှစ်ခွတွေကို ဘယ်လိုဖယ်ရှားကြမလဲ
ဆံပင်ညှပ်ပြီးရင် ဆံပင်နှစ်ခွဖြစ်တာတွေကို ဖယ်ရှားလိုက်နိုင်ပေမယ့် ဒါဟာ ကြာကြာမခံပါဘူး။ သင့်ဆံပင်ကို ဘယ်လောက်ဂရုစိုက်စိုက် ဆံပင်နှစ်ခွဖြစ်ခြင်းတွကိုတော့ ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။ ဆံပင်ပျက်စီးစေတဲ့ အပူနဲ့သုံးရတဲ့ ကိရိယာတွေ၊ ခေါင်းဖီးခြင်း၊ ဆေးဆိုးခြင်းနဲ့ အခြားပါဝင်ပစ္စည်းတွေအကုန်လုံးဟာ ဆံပင်နှစ်ခွဖြစ်ခြင်းကို ဖြစ်စေပါတယ်။ဆံပင်နှစ်ခွဖြစ်ခြင်းကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အကုန်ဖြတ်ထုတ်လိုက်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ညှပ်တဲ့ အချိန်တွေကြားမှာ သူတို့ကို သတိမထားမိစေဖို့ ဂရုစိုက်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သင့်မီးဖိုချောင်ထဲမှာ အလွယ်တကူ ရရှိနိုင်တာကြောင့် အထူးပြုလုပ်ထားတဲ့ hair mask တွေ အဆီတွေကို မလိုအပ်ပါဘူး။အုန်းဆီရဲ့ အကျိုးကျေးဇူးတွေ အတော်များများကို ဖေါ်ပြခြင်းဟာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ နောက်ဆုံးလည်း ဖြစ်မှာ မဟုတ်ပါဘူး။ အုန်းဆီရဲ့ အကောင်းဆုံးအာနိသင်ကိုရဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။၁။ သေချာလျှော်ပြီး အဝတ်နဲ့ အခြောက်ခံထားတဲ့ ဆံပင်နဲ့ စတင်သင့်ပါတယ်။၂။ အုန်းဆီတစ်ဇွန်းကို သင့်ဆံပင်ထဲ စိမ့်ဝင်နေအောင် ပွတ်ပေးသင့်ပြီး အရင်းကစတင်ကာ အဖျားတွေကို ပွတ်ပေးသင့်ပါတယ်။၃။ ဆံပင်ကို ပျော့တဲ့ အဝတ်စ (သို့) ပလပ်စတစ် wrap နဲ့ ထုတ်ထားသင့်ပါတယ်။၄။ မိနစ် ၃၀ ကြာပြီးရင်တော့ ခေါင်းနှစ်ခါ ပြန်လျှော်သင့်ပါတယ်။ ဒါဟာ အသုံးမဝင်ဘူးလို့ ထင်ရပေမယ့် အိမ်မှာ ပြုလုပ်နည်းတွေဟာ သေချာမဆေးကြောရင် ဆံပင်ထဲမှာ ကျန်နေနိုင်ပါတယ်။၅။ နှစ်ပတ်တစ်ခါ ပြုလုပ်သင့်ပါတယ်။အုန်းဆီတွေဟာ အလွန်ပျစ်တာကြောင့် အနည်းငယ်နဲ့ စတင်ပြီး လိုမှ ထပ်ထည့်သင့်ပါတယ်။ဒါလုပ်တဲ့အတွက် သင့်ဆံပင်က သင့်ကို ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်။ ဒီနည်းမှာတော့ ထောပတ်သီး၊ ကြက်ဥ၊ သံလွင်ဆီအနည်းငယ်ပါဝင်ပြီး ပျက်စီးနေတဲ့ ဆံပင်တွေကို ပြန်ကောင်းလာစေမှာ ဖြစ်ပါတယ်။ လုပ်ဖို့လည်း လွယ်ကူပါတယ်။၁။ ပထမဦးစွာ ထောပတ်သီးကို လှီးပြီး ကြက်ဥနဲ့ ရောသင့်ပါတယ်။၂။ ဆိုင်တွေမှာ ဝယ်တဲ့ ပျော့ဆေးထက် အနည်းငယ် ပိုပျစ်လာအောင် သံလွင်ဆီကို ထည့်ပေးသင့်ပါတယ်။၃။ ဆံပင်ကို လိမ်းပေးပြီး ၁၀-၂၀ မိနစ်အထိ စောင့်ကာ ရေနွေးနဲ့ ဆေးကြောသင့်ပါတယ်။သဘာဝ omega 3 နဲ့ 6 ငါးကြီးဆီတွေဟာ ဆံပင်နှစ်ခွဖြစ်ခြင်းတွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။၁။ ဆေးတောင့်အနည်းငယ်ကို အုန်းဆီ၊ lavender တို့နဲ့ ဆော့ပန်ထဲမှာ ထည့်ပြီး အပူချိန်အနိမ့်မှာ ငါးမိနစ်လောက် အပူပေးသင့်ပါတယ်။၂။ ပန်းကန်လုံးအကြီးထဲကို လောင်းထည့်ပြီး သင့်ဆံပင်ကို ဒီအထဲနှစ်သင့်ပါတယ်။ အမြစ်တွေကိုတော့ ရှောင်ကျဉ်ဖို့ သတိရသင့်ပါတယ်။၃။ အဝတ် (သို့) ပလပ်စတစ် wrap နဲ့ ထုတ်ပြီး မိနစ် ၄၀လောက် စောင့်ဆိုင်းသင့်ပါတယ်။၄။ ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်လို့ ခေါင်းလျှော်ရည်ကို နှစ်ကြိမ်အသုံးပြုပြီး ရေပြန်ဆေးသင့်ပါတယ်။ပျားရည်နဲ့ သံလွင်ဆီဟာ ပျက်စီးနေတဲ့ ဆံပင်ကို သက်သာစေပြီး ဦးရေပြားခြောက်ခြင်းကိုကုသပေးကာ ဆံပင်ကို တောက်ပြောင်သန်စွမ်းစေတယ်လို့ Brown က ပြောပါတယ်။ နည်းလမ်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁။ သံလွင်ဆီ စားပွဲတင်ဇွန်း သုံးဇွန်းကို ပျားရည် နှစ်ဇွန်းနဲ့ ရောပြီး ခေါင်းလျှော်အပြီးမှာ ဆံပင်ကို လိမ်းပေးသင့်ပါတယ်။၂။ မိနစ် ၂၀-၃၀ လောက်ထားပြီး ရေဆေးချပါ။ ပြီးရင်တော့ လက်ကျန်တွေကို ရှင်းထုတ်ဖို့ အစိုဓါတ်ထိန်းပေးတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းပြန်လျှော်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%81%e1%80%bc%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%af/
လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား
အမျိုးသားတွေကြားထဲကလိင်ကိစ္စနဲ့ပတ်သက်ပြီး အရမ်းရေပန်းစားဆဲဖြစ်တဲ့ အလွဲတစ်ခုကို ပြောပါဆိုရင်တော့ မကြာခဏ ကိုယ့်လက်နဲ့ တစ်ကိုယ်တော် အာသာဖြေတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးပြဿနာကို စောစီးစွာ ခံစားရတယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ်ဆိုရင် လက်ဖြင့် အာသာဖြေခြင်း သည်ပန်းသေပန်းညှိုးကို မဖြစ်စေနိုင်ပါဘူးလို့ပဲ ဆိုရမှာပါ။လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ပန်းသေပန်းညှိုးဆိုတာ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာကျားဟော်မုန်းကျဆင်းခြင်း၊ အသက်အရွယ်နဲ့ ရောဂါတွေကြောင့် ပန်းသေပန်းညှိုးဝေဒနာကို ခံစားကြရပါတယ်။ခုနောက်ပိုင်းမှာ လူငယ်တွေမှာလည်း ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်မှီဝဲခြင်း၊ စိုးရိမ်ပူပန်စရာ၊ စိတ်ဖိစီးမှုတွေများနေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊အထိုင်များခြင်း စတဲ့ နေထိုင်မှုပုံစံတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ အဖြစ်များလာပါတယ်။အာသာဖြေခြင်းကို အမျိုးသားတွေရော အမျိုးသမီးတွေပါ လုပ်လေ့လုပ်ထရှိပါတယ်။ လက်ဖြင့် အာသာဖြေခြင်းဟာ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာမဖြစ်စေဖို့၊ လိင်ကိစ္စမှာ ပိုပြီး စွမ်းဆောင်နိုင်စေဖို့၊ သုက်လွှတ်မမြန်အောင်၊ ကိုယ်ခန္ဓာအထိအတွေ့နဲ့ပတ်သက်ပြီး နားလည်စေဖို့ ကူညီပေးနိုင်ပါတယ်။ အာသာဖြေခြင်းကို လူပျိုတွေရော၊ အိမ်ထောင်သည်တွေသာမက အသက်ကြီးပိုင်း အမျိုးသားတွေမှာပါ လုပ်လေ့လုပ်ထရှိပြီး ဒါဟာ ကျန်းမာရေးအရရော အိမ်ထောင်ရေးမှာပါ ပုံမှန်တွေ့နေကျ ကိစ္စတစ်ခုပါပဲ။အာသာဖြေခြင်းနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ အလွဲများစွာထဲမှာ ပန်းသေပန်းညှိုးဖြစ်စေတယ် ဆိုတာလည်း တစ်ခုအပါအဝင်ပါပဲ။ပန်းသေပန်းညှိုးဖြစ်ခြင်းဟာ စိတ်နဲ့ ရုပ်ခန္ဓာကျန်းမာရေးပြဿနာတွေ၊ နှစ်ရှည်လများ မှားယွင်းနေတဲ့ နေထိုင်မှုပုံစံတွေကြောင့်သာ ဖြစ်စေတာပါ။ အာသာဖြေလို့ ပန်းသေပန်းညှိုး ဖြစ်စေတယ်ဆိုတဲ့အချက်ကို မတွေ့ရသေးပါဘူး။လက်နဲ့ အာသာဖြေရုံလောက်ကပန်းသေပန်းညှိုး ဖြစ်စေတဲ့ အကြောင်းရင်း မဟုတ်ပါ။ မကြာခဏ အာသာဖြေသည့်တိုင် ကိုယ်က နိုင်နိုင်နင်းနင်းရှိတယ်ဆိုရင်ပေါ့။မကြာခဏ အာသာဖြေရင် ပန်းသေပန်းညှိုးဖြစ်တယ်ဆိုတာထက် ဘာကြောင့် မကြာခဏ အာသာဖြေနေတာလဲဆိုတာက ပြဿနာပါ။ ဥပမာ ကိုယ်က စိတ်ဓာတ်ကျနေတယ်။ ဒါမှမဟုတ် စိုးရိမ်ပူပန်စိတ်များနေတယ်ဆိုရင်လည်း စိတ်ပြေလက်ပျောက် မကြာခဏ အာသာဖြေကြပါတယ်။ဒီလို စိတ်ပိုင်းဆိုင်ရာ‌ပြဿနာတွေကြောင့် ပန်းသေပန်းညှိုးဖြစ်တာကို မကြာခဏ အာသာဖြေလို့ ပန်းသေပန်းညှိုးဖြစ်တာဆိုပြီး မှားတတ်ပါတယ်။ သိသာတဲ့အချက်ကတော့ အာသာဖြေတာကို ရပ်လိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မကုသဘူးဆိုရင် ပန်းသေပန်းညှိုးက ဆက်ရှိဦးမှာပါ။ဒါကြောင့် အာသာဖြေတာက ပန်းသေပန်းညှိုးကို ဖြစ်စေတာ မဟုတ်ပါ။ ဘာကြောင့် မကြာခဏအာသာဖြေနေရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်သင့်ပါတယ်။•အဝလွန်ခြင်း။• သွေးတိုးရောဂါ။• ဆီးချိုရောဂါ။• နှလုံးရောဂါ။• သွေးတွင်းကိုလက်စထရောများခြင်း။• ပါကင်ဆန်ရောဂါ။• အာရုံကြောအားနည်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေအပြင်။•စိတ်ဖိစီးမှုများခြင်း။• စိုးရိမ်ပူပန်လွန်ကဲတဲ့ ရောဂါတွေ။• စိတ်ကျရောဂါ။• စိတ်အတက်အကျမြန်ရောဂါ။• အကြောက်လွန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။၁။ လက်နဲ့အာသာဖြေတာ များလွန်းရင် မျက်စိကွယ်နိုင်တယ်။၂။ အာသာဖြေခြင်းကြောင့် လက်ဖဝါးတွေနဲ့ လက်ဖမိုးတွေမှာ အမွေးအမျှင်တွေ ပေါက်လာနိုင်တယ်။၃။ လူက ပိန်ပြီးညှက်နေတယ်ဆိုတာ အာသာဖြေလွန်းလို့ ဖြစ်နေတာ။၄။ အာသာဖြေလွန်းရင် ကျားဟော်မုန်းတွေ ခမ်းသွားနိုင်တယ်။၅။ အာသာဖြေတဲ့ အမျိုးသားတွေ မြုံတတ်တယ်။၆။ နေမကောင်းဖြစ်လွယ်ခြင်း၊ ကိုယ်ခံအားကျခြင်း၊ အာဟာရပြတ်လပ်ခြင်းတွေကိုလည်း ဖြစ်စေနိုင်တယ်။၇။ ကြွက်သားနဲ့ အရိုးအဆစ်ကြီးထွားနှုန်းကို နှေးကွေးစေနိုင်တယ် အစရှိသဖြင့် အလွဲတွေကတော့ အစုံပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ လူတွေပြောသမျှကို အရမ်းကြီး အယုံမလွယ်ဖို့၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး လေ့လာမှတ်သားဖို့၊ ကိုယ်သိထားတဲ့ ပညာတွေကို တခြားကျန်းမာရေးအသိမရှိတဲ့သူတွေဆီ မျှဝေပေးဖို့ လိုအပ်ပါတယ်။ကုသလို့ရပါတယ်။ အသက်ငယ်သေးတဲ့ သူတွေမှာတော့ ကုသဖို့ ပိုလွယ်ကူနိုင်ပါတယ်။ အဓိကအားဖြင့် ရုပ်နဲ့ ခန္ဓာပြဿနာကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲ လက္ခဏာဖြစ်တာကြောင့် ကိုယ်ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အဓိကအကြောင်းရင်းကို ဆရာဝန်အနေနဲ့ အဖြေရှာမှာ ဖြစ်ပါတယ်။ရုပ်ကြောင့် ဖြစ်တဲ့ ရောဂါဆိုရင် အဲ့ဒီရောဂါတွေကို အရင်ကုသရမယ်၊ မဟုတ်ရင်လည်း ရောဂါအခြေအနေကို ဆေးနဲ့ ထိန်းချုပ်ရမယ်။ စိတ်ကြောင့် ဖြစ်တဲ့ရောဂါမှာ စိတ်ကျရောဂါပျောက်ဆေး၊ စိတ်ငြိမ်ဆေးတွေနဲ့ဖြစ်စေ၊ စိတ်ရောဂါကုထုံးများနှင့် ကုသပြီးတော့ဖြစ်စေ ပန်းသေပန်းညှိုးပြဿနာကို ပျောက်ကင်းအောင် လုပ်လို့ရပါတယ်။နေထိုင်စားသောက်မှုပုံစံအနေနဲ့ အစာအာဟာရကို ဂရုစိုက်ပါ။ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇-၈နာရီ ရအောင်အိပ်ပါ။ လေ့ကျင့်ခန်း၊ အားကစားလုပ်ပါ။ စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင် ထားပါ။ ပျော်ရွှင်စွာနေပါ။ နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင် ကျော်ဖြတ်ပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/can-masturbation-cause-erectile-dysfunction/
Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ)
သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ။သည် ပြင်းထန်သော သွားဖုံးပိုးဝင်ခြင်းရောဂါဖြစ်ပြီး သွားကိုထောက်ပံ့ပေးနေသော အရိုးနှင့် တစ်သျူးများကို ပျက်စီးစေသောရောဂါဖြစ်သည်။ယင်းရောဂါသည် သွားနှင့် ခံတွင်း ကျန်းမာရေးဂရုစိုက်မှုနည်းသောကြောင့်ဖြစ်ပါသည်။ သွားကို အနည်းဆုံး တနေ့လျှင် ၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားသန့်ရှင်းမှုလုပ်ခြင်းနှင့် သွားဆရာဝန်နှင့် မှန်မှန်ပြကာ စစ်ဆေးမှုခံယူခြင်းတို့ပြုလုပ်ခြင်းနှင့် သွားနှင့် ခံတွင်းရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါသည် အဖြစ်များသော ရောဂါဖြစ်သော်လည်း ယင်းသို့မဖြစ်အောင်လွယ်ကူစွာ ကာကွယ်နိုင်သောနည်းလမ်းများ ရှိပါသည်။ ထို့ပြင် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်သောရောဂါဖြစ်ပါသည်။ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။e။ကျန်းမာသော သွားဖုံးများသည် ခိုင်မာပြီးပန်းရောင်ဖျော့ဖျော့အရောင်ရှိသည်။ သို့သော် ထိုသွားဖုံများသည် ချက်ချင်းဆိုသလိုပင် ရောင်လာခြင်း၊ အရောင်ညစ်လာခြင်းနှင့် နီရဲကာသွေးထွက်လာခြင်းတို့ဖြစ်နိုင်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ကိုယ်ခန္ဓာထဲတွင် ဟော်မုန်းဓါတ်များပြောင်းလဲခြင်းကိုဖြစ်စေသော ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာချိန်၊ အရွယ်ရောက်ကာစအချိန်နှင့် သွေးဆုံးချိန်များတွင် သွားဖုံးရောင်ခြင်းအများဆုံးဖြစ်တတ်ပါသည်။ထို့ပြင် အောက်ပါအခြေအနေများနှင့် ကြုံလာလျှင်လည်း သွားဖုံးများရောင်ရမ်းမှုကို ပိုဖြစ်စေပါသည်။ကင်ဆာရောဂါ၊ HIV ပိုးကြောင့် ခုခံအားကျဆင်းေစေသောရောဂါနှင့် ဆီးချိုရောဂါရှိသူများ သည် ရောဂါပိုး ပိုဝင်လွယ်ပြီး သွားပိုးစားခြင်း နှင့် သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါများဖြစ်နိုင်ချေမြင့်မားပါသည်။အချို့သောဆေးများသည် သွားနှင့်ခံတွင်း၊ သွားဖုံးများကို အကာအကွယ်ပေးသော တံတွေးများ ကိုနည်းစေသည်။ Dilantin ကဲ့သို့သော အတက်ပျာက်ဆေး နှင့် Procardia, Cardilac စသည့်နှလုံးဆေးများသည် သွားဖုံးသားများ မူမမှန်စွာကြီးထွားမှုကို ဖြစ်စေသည်။ဆေးလိပ်သောက်ခြင်းဖြင့် သွားဖုံးတစ်သျူးများ အသစ်ပြန်လည်မွေးဖွားရန် နှောင့်ယှက်မှုများဖြစ်စေပါသည်။သွားမှန်မှန် မတိုက်ခြင်း၊ သွားကြားများကို သန့်ရှင်းရေးမလုပ်ခြင်း စသည့်နေ့စဉ်သွားနှင့် ခံတွင်းသန့်ရှင်းရေးများ လုပ်ရန် ပျက်ကွက်ခြင်းကြောင့် သွားဖုံးရောဂါများ ပိုဖြစ်စေပါသည်။ထိုအချက်သည်လည်း သွားဖုံးရောဂါများ ပိုဖြစ်စေသော အချက်များထဲမှ တခုပင်ဖြစ်ပါသည်။သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွားဆရာဝန်က သင့်သွားများကို စစ်ဆေးပြီး အောက်ပါအချက်များကို ကြည့်လိမ့်မည်။ခွဲစိတ်စရာမလိုသော ကုသမှုများ။ရောဂါသည် ပြင်းထန်မှုမရှိသေးပါက အောက်ပါနည်းများဖြင့် ကုသနိုင်ပါသည်။ကျောက်ခြစ်ခြင်းသည် သွားမျက်နှာပြင်နှင့် သွားဖုံးအောက်ရှိ ဘက်တီးရီးယားများ နှင့် ကျောက်ဂျိုးများကို ဖယ်ရှားပေးခြင်းဖြစ်ပြီး ကိရိယာများ၊ အသံလှိုင်းဖြင့်ကုသသော ပစ္စည်းများနှင့် ပြုလုပ်ပါသည်။သွား၏ အမြစ်အပိုင်းကို ချောမွတ်အောင် စက်များဖြင့်ပြုလုပ်ပေးခြင်းဖြစ်ပြီး ထိုနည်းဖြင့် သွားဂျိုးများ နှင့် ဘက်တီးရီးသားအဆိပ်များကို လျော့နည်းစေပါသည်။ဘက်တီးရီးယားပိုးဝင်ခြင်းကို ထိန်းချုပ်ရန် ပိုးသတ်ဆေးများလိမ်းခြင်း၊ သောက်ခြင်းဖြင့် ကုသနိုင်ပါသည်။ခွဲစိတ် ကုသမှုများ။သင်သည် သွားနှင့် ခံတွင်းသန့်ရှင်းရေးကို မှန်မှန်ပြူလုပ်ပြီး အထက်ပါကုသမှုများကို ပြုလုပ်သော်လည်း သင့်ရောဂါသည် မသက်သာသေးပါက ခွဲစိတ်မှုများပြုလုပ်ရန်လိုအပ်ပါသည်။သွားပိုးပေါက်ကို သေးစေသော ခွဲစိတ်မှု။သွားဆရာဝန်သည် သွားဖုံးတွင်ခွဲကြောင်းပေးကာ သွားဖုံးတစ်သျူးကို အပေါ်သို့မြှင့်တင်ခြင်းဖြင့် သွားအမြစ်များကို ပြုပြင်ခြင်း နှင့် ဂျိုးများကို ဖယ်ရှားခြင်းတို့ကို ပြုလုပ်ပါသည်။သင်သည် သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါဖြစ်နေပါက သွားဖုံးသားများသည် ပျက်စီးလာပါသည်။ ထို့ကြောင့် ပျက်စီးနေသောသွားဖုံးသားများကိုပြန်လည်ခိုင်ခံ့အောင် ပြုလုပ်ပေးရပါမည်။အစားထိုးခြင်းကို လူနာ၏ အာခေါင်တစ်သျူးများမှသော်လည်းကောင်း၊ အခြားသူတဦး၏ တစ်သျူးများကို သော်လည်းကောင်း ယူပြီး ပျက်စီးနေသော နေရာတွင် အစားထိုးခြင်းဖြစ်သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် သွားဖုံးပျက်စီးမှုများကို လျော့နည်းစေပြီး အမြစ်များကိုလည်း နေရာတကျဖြစ်စေကာ သင့်သွားများကို လည်းပိုကြည့်ကောင်းစေပါသည်။သွား၏အမြစ်များကို ကာထားသော အရိုးများ ပျက်စီးသွားလျှင် အရိုးများကို အစားထိုးကုသနိုင်ပါသည်။အရိုးသည်လည်း သင့်ကိုယ်တိုင် အရိုးဖြစ်စေ၊ အခြားအလှုရှင် တယောက်ထံမှဖြစ်စေ ရရှိနိုင်ပါသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်သွားများကျိုးခြင်း ကိုကာကွယ်ပေးပြီး အရိုးများပြန်လည် ကြီးထွားလာစေရန် အမာခံ ပလက်ဖောင်းတစ်ခုဖြစ်စေပါသည်။ထိုနည်းဖြင့် ဘက်တီးရီးယားများကြောင့်ပျက်စီးနေသော အရိုးများကို ပြန်ကြီးထွားလာစေရန် ကူညီပေးပါသည်။ သွားဆရာဝန်သည် သင့်သွားအရိုးနှင့် သွားကြားတွင်ရှိသော နေရာတွင် ဇီဝနည်းဖြင့် ခန္ဓာကိုယ်နှင့် ကိုက်ညီအောင်ပြုပြင်ထားသော ပစ္စည်းတမျိုးကို ထဲ့ပြီး ဖာပေးခြင်းဖြစ်သည်။ထိုသို့ပြုလုပ်ခြင်းဖြင့် မလိုအပ်သည့်နေရာမှ တစ်သျူးများပိုလာခြင်းကို ကာကွယ်ပေးပြီး အရိုးများကို လည်းပိုကြီးထွားစေပါသည်။နောက်ထပ်နည်း တမျိုးမှာ အထူးပြုလုပ်ထားသော ဂျယ်လီတမျိုးကို ရောဂါဖြစ်နေသော သွားအမြစ်ထဲတွင် ထဲ့ပေးခြင်းဖြင့် သွားကြွေလွှာများကို ဖြည့်ခြင်းဖြစ်သည်။ အဆိုပါဂျယ်လီသည် လူတို့၏သွားကြွေလွှာတွင်ရှိသော ပရိုတင်းတမျိုးနှင့် တူအောင် ဖော်စပ်ထားခြင်းဖြစ်ပြီး အရိုးများ နှင့် တစ်သျူးများ၏ ကြီးထွားမှုကို အားပေးသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်သွားဖုံးနှင့်သွားတဝိုက်တွင်ဖြစ်သောရောဂါ။ဖြစ်သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/gum-and-periodontal-disease-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%90%e1%80%9d/
ကလေးတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ
ခံစားချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို အနိုင်ကျင့်ခြင်းဟာ ကလေးတွေရဲ့ စိတ်ဓာတ်ကို အဆိုးဘက်က လွှမ်းမိုးထားနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက သူ့ဘဝထဲက အပြုအမူတွေ၊ စကားတွေ၊ မိဘတွေရဲ့ အပြုအမူတွေ၊ ဂရုစိုက်သူတွေနဲ့ အခြားထင်ရှားတဲ့ ဖြစ်စဉ်တွေကြောင့်လို့ ဆိုပါတယ်။ ဒီတော့ ဗဟုသုတ အနေနဲ့ သိရှိနိုင်စေဖို့အတွက် ကလေးတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများ အကြောင်းကို လေ့လာလိုက်ရအောင်နော်။ကလေးတွေကို အနိုင်ကျင့်ခြင်းဟာ မိသားစုပုံစံအမျိုးမျိုးမှာ ရှိပါတယ်။ ဒါပေမဲ့ ဒီလို အနိုင်ကျင့်မှုမျိုးတွေဟာ ဒီလိုမိသားစုတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။Emotional abuse တွေမှာကလေးတွေကို ခြောက်လှန့်ခြင်း၊ လှောင်ပြောင်ခြင်း၊ တစ်ယောက်တည်းထားခြင်း၊ လျစ်လျူရှုထားခြင်း စတာတွေပါဝင်ပါတယ်။ ဒီလိုမျိုးတွေ ခံစားနေရတဲ့ ကလေးတွေဟာ အများအားဖြင့် အခြားသော အနိုင်ကျင့်မှု ပုံစံတစ်မျိုး ဒါမှမဟုတ် လျစ်လျူရှုထားတာမျိုးကို တစ်ချိန်တည်းမှာ ခံစားရနေနိုင်ပါတယ်။ဒါပေမဲ့ ဒါဟာ အမြဲတမ်းဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။ ဒီလို အနိုင်ကျင့်ခံနေရတဲ့ ဒါမှမဟုတ် လျစ်လျူရှုခံနေရတဲ့ ကလေးတွေနဲ့ မူကြိုအရွယ်ကလေးတွေဟာ ဒီလိုအဖြစ်မျိုးတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကလေးတွေက။ပိုကြီးတဲ့ ကလေးတွေမှာတော့ ဒါတွေဖြစ်တတ်ပါတယ်။ကလေးတွေရဲ့ ခံစားချက်တွေ အနိုင်ကျင့်ခံရခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ နှေးကွေးစေပြီး ခိုင်မာတဲ့ပေါင်းသင်းဆက်ဆံရေးတွေ ပြုလုပ်ဖို့ ခက်ခဲစေပါတယ်။ ဒါဟာ ကျောင်းမှာနဲ့ အလုပ်မှာတွေ ပြဿနာတွေဖြစ်စေနိုင်ပြီး ရာဇဝတ်မှုတွေကိုတောင် ကျူးလွန်စေနိုင်ပါတယ်။Purdue တက္ကသိုလ်က တင်ပြလိုက်တဲ့ လေ့လာမှုတစ်ခုမှာတော့ ကလေးဘဝမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ကလေးတွေမျာ ကင်ဆာဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ။်။သူတို့မှာ အရက်နဲ့ မူးယစ်ဆေးတွေ စွဲလမ်းနိုင်ခြေလည်း များပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကလေးတွေနဲ့ အကူအညီမရှာခဲ့တဲ့ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း သူတို့ကိုယ်တိုင် အနိုင်ကျင့်သူတွေ ဖြစ်နေတတ်ပြန်ပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ခံရတဲ့ကလေးတွေမှာ မကောင်းတဲ့ အပြုအမူတွေပါ ရှိနေတတ်ပါတယ်။ ဥပမာ ခိုးယူခြင်း၊ အနိုင်ကျင့်ပြီး ထွက်ပြေးခြင်း စသဖြင့်ပေါ့။ဒီလို အနိုင်ကျင့်ခံရမှုတွေဟာ ကလေးရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ၊ အစားအသောက်မူမမှန်တာတွေနဲ့ သူတို့ကိုယ်သူတို့ ဒုက္ခပေးခြင်းတွေ စတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ကလေးတစ်ယောက်ရဲ့ ငယ်စဉ်ကလေးဘဝ ဒါမှမဟုတ် လမ်းလျှောက်တတ်စအရွယ်က ခံစားခဲ့ရတဲ့ အရာတွေဟာ သူတို့ရဲ့ ဘဝတစ်ခုလုံးပေါ် အကျိုးသက်ရောက်စေပါတယ်။ အချို့သော လေ့လာမှုတွေကတော့ အသက်ငယ်ငယ်လေးမှာ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေဟာ ကလေးရဲ့ စားသောက်မှုနဲ့ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးမှုတွေနဲ့ ဆက်စပ်နေပါတယ်။ကလေးကကြီးလာတဲ့အခါမှာ အနိုင်ကျင့်မှုတွေကလည်း မရပ်တန့်သေးဘူးဆိုရင်တော့ ဒီအကျိုးသက်ရောက်မှုတွေက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ကာလကြာရှည် အနိုင်ကျင့်ခံလာရတဲ့ ဆယ်ကျော်သက်တွေဟာ ကိုယ့်ကိုယ်ကိုထိခိုက်အောင် လုပ်တတ်ကြပြီး အနိုင်ကျင့်မခံရတဲ့ကလေးတွေနဲ့စာရင် စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ကျရောဂါ စတာတွေကို ပိုပြီး ခံစားရနိုင်ချေ ရှိပါတယ်။စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းဟာ ကလေးရဲ့ ခံစားချက်တွေ ဖွံ့ဖြိုးမှုတွေအပေါ် ကန့်သတ်ထားနိုင်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေနဲ့ ခံစားချက်တွေကို အနီးစပ်ဆုံးဖော်ပြနိုင်တဲ့ စွမ်းရည်တွေအပါအဝင် သူတို့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းတွေကိုပါ ကန့်သတ်ထားနိုင်တာပါ။အိမ်မှာ အဆူခံ၊ အဆဲခံပြီး အရေးမပါဘူးလို့ သတ်မှတ်ခံထားရတဲ့ကလေးတွေဟာကိုယ့်ကိုကိုယ်ယုံကြည်မှုပြဿနာတွေနဲ့ ဒေါသကြီးတတ်တဲ့ ပြဿနာတွေကို ခံစားရတတ်ပါတယ်။မိဘတွေဆီက လိုချင်တဲ့ မေတ္တာတရားနဲ့ ဂရုစိုက်မှုကို ကို မရရှိတဲ့ကလေးတွေဟာ နောက်ပိုင်းတွေမှာလည်း အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ခိုင်မာတဲ့ သံယောဇဉ်ကို တည်ဆောက်နိုင်ဖို့ ခဲယဉ်းတာကို တွေ့ကြရပါတယ်။ကလေးတွေလိုပဲ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ လူကြီးတွေဟာလည်း အခြားသော ကလေးဘဝအကြမ်းဖက်မှု ပုံစံနောက်တစ်မျိုးကို ခံစားခဲ့ရသူတွေနဲ့ယှဉ်ရင် ဘဝကို ကျေနပ်မှုတွေ အရမ်းနည်းပါးပြီး အဆင့်မြင့် စိတ်ကျရောဂါနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ပိုပြီးခံစားရလေ့ရှိပါတယ်။စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းဟာ ကလေးတစ်ယောက်ရဲ့ အပြုအမူတွေကို ပြောင်းလဲသွားစေပါတယ်။ သူတို့တွေဟာ သူတို့ဘယ်လိုပြုမူနေတယ်ဆိုတာ ဂရုမစိုက်တော့သလို သူတို့ဘာတွေဖြစ်နေတယ်ဆိုတာလည်း ဂရုမစိုက်တော့ပါဘူး။ဒါဟာ အပြုအမူဆိုးတွေပါပဲ (Negative impulse behavior )။ ဒါမှမဟုတ် သူတို့တွေဟာ လူတွေက သူတို့ကို မနှစ်သက်အောင် ပြုလုပ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကိုတော့ ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်ခြင်း (self-isolating behavior )လို့ခေါ်ပါတယ်။စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရတဲ့ ကလေးတစ်ယောက် ပြန်လည်ကောင်းမွန်လာဖို့ဆိုတာ ရာနှုန်းပြည့်ဖြစ်နိုင်ပါတယ်။ အနိုင်ကျင့်ခံခဲ့ရတဲ့ကလေးတွေအတွက် အကူအညီတွေပေးတာက ပထမဆုံးနဲ့ အရေးအကြီးဆုံးခြေလှမ်းပါ။ နောက်ထပ် ဆက်ပြီးကြိုးစားရမှာကတော့ အနိုင်ကျင့်သူနဲ့ အခြားသော မိသားစုဝင်တွေကိုပါ ကူညီပေးနိုင်ဖို့ပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/child-emotional-abuse/
မျက်နှာပေါ်မှ မလိုလားတဲ့ အမွေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း
မျက်နှာပေါ်မှ မလိုလားတဲ့ အမေးအမျှင်များကိုဖယ်ရှားနိုင်မယ့် နည်းလမ်း၅ခု။ကျွန်တော်တို့အားလုံးမှာ မလိုလားတဲ့ မျက်နှာပေါ်ကအမွှေးအမျှင်တွေရှိတတ်ကြပါတယ်။ တစ်ခါတလေမှာအမွှေးတွေက ပါးပေါ် သို့မဟုတ် မေးစေ့ စတဲ့ တကယ့်နေရာတွေမှာမှပေါက်တတ်ကြပါတယ်။ ဒီမလိုချင်တဲ့အမွှေးတွေကို သင့်အသားအရေကို မထိခိုက်စေဘဲဖယ်ရှားနိုင်ဖို့က မသေချာပါဘူး။ သင်လုပ်သင့်တဲ့ အမွှေးအမျှင်ဖယ်ရှားတဲ့ နည်းလမ်း ၅ခုကို အောက်မှာဖော်ပြထားပေးပါတယ်။မျက်နှာရဲ့ဘယ်အစိတ်အပိုင်းကိုမဆိုWaxing လုပ်လို့အဆင်ပြေပြီး အမွှေးအမျှင်ကင်းတဲ့ အသားအရေကို ၄ပတ်ကနေ ၈ပတ်လောက်ထိ သင်ပိုင်ဆိုင်နိုင်မှာပါ။ သေသေချာချာလေးကြိုတင်ပြင်ဆင်ထားဖို့နဲ့ လုပ်ပြီးတဲ့အချိန်မှာ အသားအရေကိုဂရုစိုက်ဖို့ မမေ့ပါနဲ့။ waxing လုပ်ပြီးပြီဆိုရင် သင့်ရဲ့အရေပြားအပေါ်ဆုံးက ကာကွယ်ပေးနိုင်တဲ့အလွှာကိုဆုံးရှုံးထားတဲ့အတွက် chemical တွေ ဆဲလ်သေတွေဖယ်ရှားပေးနိုင်တဲ့ပစ္စည်းတွေကိုသုံးခြင်းနဲ့ နေပူဒဏ်ခံခြင်းကိုရှောင်ကြဉ်ပါ။သင်ဟာ ကျွမ်းကျင်ပညာရှင် တွေဆီမှာ waxing လုပ်တာပဲဖြစ်ဖြစ် သင်ကိုယ်တိုင် လုပ်တာပဲဖြစ်ဖြစ် အထိအခိုက်လွယ် (sensitive) တဲ့ အသားအရေအတွက်ထုတ်ထားတဲ့ ဖယောင်းကိုသာရွေးချယ်ပါ။ sensitive ဖြစ်တဲ့ နေရာတွေအားလုံးအတွက် သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ elastic wax ကို ခန္ဓါကိုယ်အပူချိန်အတိုင်းအသားပေါ်တင်ပြီးအသုံးပြုဖို့က အရေးကြီးပါတယ်။ ဒီလိုလုပ်တာက သင့်ကိုပိုပြီး သက်တောင့်သက်သာ ဖြစ်စေပါတယ်။Threading ဆိုတာ ပိုပြီးကြာကြာခံစေဖို့ အမွှေးအမျှင်တွေကို အမြစ်ကနေဖယ်ရှားပေးတဲ့အတွက် waxing နဲ့ဆင်တူပါတယ်။ တကယ်လို့ သင့်မှာ တကယ်တော်တဲ့ ပညာရှင် ရှိမယ်ဆိုရင် သူတို့က သင်မလိုချင်တဲ့ အမွှေးတွေအားလုံးနဲ့ ရှုပ်ထွေးကောက်ကွေးနေတဲ့အမွှေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိုဖယ်ရှားခြင်းက waxing လုပ်လို့ရလာတဲ့ result နဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒါက သင့်အရေပြားအပေါ်ဆုံးအလွှာကိုမပါသွားစေတာကြောင့် waxing လောက်တော့ နာကျင်မှာမဟုတ်ပါဘူး။ တကယ်လို့သင်ဟာ waxing လုပ်တာနဲ့ အဆင်မပြေခဲ့ရင် ဒီနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်။ waxing လုပ်ပြီးအဆင်မပြေခဲ့တဲ့လူတွေကတော့ ဒီနည်းလမ်းကိုကြိုးစားကြည့်ဖို့အားသန်ကြပါတယ်။ ဒီနည်းလမ်းနဲ့ အမွှေးအမျှင်ဖယ်ရှားပြီးရင် result က ၄ပတ်ကနေ ၈ပတ်ထိ ခံပါတယ်။အလှပြုပြင်ရေးစင်တာတွေမှာ tweezing ကို အပြီးသတ်အမွှေးအမျှင်ဖယ်ရှားဖို့အတွက်သုံးကြပါတယ်။ Green ဆိုသူကတော့ “ကျွန်တော်တို့က wax အရင်လုပ်လိုက်တယ်။ wax လုပ်ပြီးတာတောင် တစ်မွှေးနှစ်မွှေးကျန်နေသေးရင်တော့ ထပ်ပြီး wax လုပ်နေမဲ့အစား ဇာဂနာကိုင်ပြီးပဲ နှုတ်လိုက်တော့တာပဲ”လို့ပြောပါတယ်။ tweezing ဟာ အိမ်မှာအမွှေးအမျှင်ဖယ်ရှားဖို့အတွက် တကယ်အသုံးဝင်တဲ့နည်းလမ်းပါ။ Greenကတော့(ဥပမာ)တကယ်လို့ သင့်ပါးပေါ်မှာ သို့မဟုတ် မေးစေ့ပေါ်မှာ အမွှေးလေးတစ်မွှေးပေါက်နေခဲ့ရင် ဒီနည်းလမ်းကိုအသုံးပြုဖို့ အကြံပြုထားပါတယ်။ tweezing က waxing ထက်လည်းဈေးသက်သာတဲ့အပြင် ဇာဂနာနဲ့နှုတ်တဲ့အခါ အမြစ်ပါပါလာတာကြောင့် ကြာကြာခံတဲ့အချိန်အတိုင်းအတာနဲ့ရလဒ်ကလည်း waxing လုပ်တာနဲ့ အတူတူပါပဲ။မျက်နှာအတွက် လေဆာသုံးပြီး အမွှေးဖယ်ရှားခြင်းကလည်း လူကြိုက်များတဲ့နည်းလမ်းတစ်ခုပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် အမွှေးတွေရှိလာတဲ့နေရာတွေ (နှုတ်ခမ်းအထက်၊ ပါးသိုင်းမွှေးပေါက်တဲ့နေရာနဲ့ မေးစေ့တွေ)ကတော့ အလုပ်အများဆုံးနေရာတွေပါပဲ။ ကောင်းကျိုးတွေလား။ သင်မိနစ်၃၀ကြာတဲ့ တစ်ဆက်ရှင်သွားလိုက်တိုင်းမှာ အမွှေးတွေပြန်ပေါက်တဲ့အခါ ပိုပါးပြီး နည်းသွားတာတင်မကပါဘူး နောက်ပိုင်းမှာပါ တဖြည်းဖြည်းပေါက်တာကျဲသွားနိုင်ပါတယ်။ သင်လုပ်တဲ့နေရာနဲ့ လုပ်ခဲ့တဲ့အကြိမ်အရေအတွက်ပေါ်၄ပတ်ကနေ ၁၀ပတ်ကြာချိန်တိုင်းမှာ ပြန်လည်ထိန်းသိမ်းသင့်ပါတယ်။ လေဆာကုထုံးဟာ နဖူးပေါ်က အမွှေးအမျှင်တွေဖယ်ရှားဖို့အတွက် အကောင်းဆုံးလို့တော့ပြောလို့မရပါဘူး။ လူအများစုဟာ ငယ်ဆံပင်ကအရမ်းထူလွန်းနေတာရယ် လေဆာဒဏ်ခံနိုင်ဖို့ ရောင်ခြယ်ပစ္စည်းမလုံလောက်တာရယ်ကြောင့် နဖူးပေါ်ကအမွှေးတွေကို လေဆာကုထုံးနဲ့ဖယ်ရှားလို့မရပါဘူး။ ဒီနေရာကိုလုပ်ရင်ကတော့ မျက်လုံးကန်းသွားတာမျိုးထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ကဒီကုထုံးအသုံးပြုတော့မယ်ဆိုရင် အထူးပြုလုပ်ထားတဲ့ မျက်မှန်ကိုတပ်ကိုတပ်သင့်ပါတယ်။ဟုတ်ပါတယ်။ သင့်မျက်နှာက အမွှေးတွေကို သင်ရိတ်ပစ်နိုင်ပါတယ်။ တစ်ခုတော့သတိပြုပါ။ ဓါးက အမွှေးတွေကိုဖယ်ရှားတဲ့အခါမှာ အမြစ်ကနေပါလာမှာတော့မဟုတ်ပါဘူး။ သင်ရိတ်တယ်ဆိုတာ အပေါ်ယံတင်လေးပါ။ ရိတ်သင်ခြင်းဟာလည်းသင့်အသားအရေကို ထိခိုက်စေနိုင်ပြီး အနာတရဖြစ်စေနိုင်ပါတယ်။ တကယ်လို့သင်က ရက်အနည်းငယ်အတွင်းမှာထပ်ထပ်ရိတ်နေရတယ်ဆိုရင် အသားအရေကို ပုံမှန်ထိခိုက်နေစေမှာပါ။အရေးကြီးသောအချက် : သင်လုပ်နေဆဲအချိန်မှာတော့ ဒီနည်းလမ်းကထိရောက်နေမှာပါ။ ဒါပေမဲ့ အခြားနည်းလမ်းတွေလိုတော့ အမြဲလုပ်သင့်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%ac%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%99%e1%80%be-%e1%80%99%e1%80%9c%e1%80%ad%e1%80%af%e1%80%9c%e1%80%ac%e1%80%b8%e1%80%90%e1%80%b2/
ကလေးတွေ အရိုးသန်မာစေမယ့် ရိုးစင်းတဲ့ နည်းလမ်း ၃ သွယ်
ကလေးဘဝကတည်း အရိုးသန်မာအောင် အကောင်းဆုံး အုတ်မြစ်ချပေးနိုင်မှာ အရွယ်ရလာတဲ့အခါတော်ကာကျမှပါ။အရိုးတွေရဲ့ ဖွံ့ဖြိုးမှုကို အများဆုံးတည်ဆောက်ခဲ့တဲ့ကာလအပိုင်းအခြားဟာ ငယ်စဉ်အရွယ်ကနေစလို့ ဆယ်ကျော်သက်အရွယ်အတွင်းမှာပါ။ အသက် ၂၀လောက်ရောက်လာတဲ့အခါ အရိုးဖွံ့ဖြိုးမှုကပြီးစီးသလောက်ကိုရှိသွားပါပြီ။ အရွယ်ရောက်ပြီးသူတွေမှာဖြစ်တဲ့ အရိုးဖွံ့ဖြိုးမှုဆိုတာက ကျိုးပဲ့ပျက်စီးသွားတဲ့နေရာမှာ အစားပြန်ဖြည့်တဲ့ အဆင့်သာဖြစ်ပြီး ဖွံ့ဖြိုးမှုနှုန်းကတော်တော်လေးနှေးပါတယ်။အရွယ်ရလာလေ အရိုးတွေရဲ့ ကြံ့ခိုင်သန်စွမ်းမှုကလည်း ကျဆင်းလာလေပါ။ ကလေးအရွယ်မှာက အရိုးတွေဖွံ့ဖြိုးနိုင်တဲ့ အခွင့်အရေးအများဆုံးကာလပါ။ ငယ်စဉ်ကတည်းက အရိုးကောင်းစွာဖွံ့ဖြိုးပါမှ အသက်အရွယ်ရလာတဲ့အခါအရိုးပွတာ၊ အရိုးကျိုးလွယ်တာမျိုးအန္တရာယ်ကနေကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်ချစ်ရတဲ့ရင်နှစ်သည်းချာတွေကို အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးဆိုင်ရာပြဿနာတွေမခံစားရစေဖို့အတွက် ငယ်စဉ်ကတည်းသေချာလေးဂရုစိုက်ပေးပါနော်။အရိုးတွေကျန်မာကြံ့ခိုင်မှာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ ကိုယ့်အားကိုယ်ကိုးပြီး အကောင်းဆုံးလှုပ်ရှားသွားလာနိုင်မှာပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး သူများအကူအညီမပါဘဲ လှုပ်ရှားရမှုက အဖိုးမဖြတ်နိုင်လောက်အောင်ကိုတန်ဖိုးရှိတာပါ။ စိတ်သွားတိုင်းကိုယ်ပါဖို့ဆိုတာ အရိုးတွေ သန်စွမ်းကြံ့ခိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။အရိုးအတွက်အဓိကလိုအပ်တဲ့ ဒီအချက်လေး ၃ ခုကို ဂရုတစိုက်လုပ်ပေးရုံနဲ့ ကလေးကကျန်းမာသန်စွမ်းတဲ့အရိုးတွေနဲ့ တစ်ဘဝလုံးအရိုးပြဿနာကင်းနေတော့မှာပါ။(၁) ကလေးကို ဒါတွေကျွေးပါ။ကလေးတွေကို အစားအစာတွေပြင်ဆင်ပေးတဲ့အခါ အရိုးသန်မာစေဖို့ လိုအပ်တဲ့အာဟာရဓာတ်တွေသင့်တင့်မျှတစွာပါဝင်အောင်ပြင်ဆင်ပေးရပါမယ်။ ကလေးတွေအရိုးသန်မာကြံ့ခိုင်စေဖို့အတွက် မဖြစ်မနေလိုအပ်မယ့် ဓာတ်တွေကတော့ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ဗီတာမင် Kတို့ပါ။ကလေးအတွက် အစားအစာတွေပြင်ပေးတဲ့အခါ ဒီဓာတ်လေးတွေပါဝင်အောင်ဂရုစိုက်ပေးပါ။ခန္ဓာကိုယ်ကို ကယ်လ်ဆီယမ်တွေစုပ်ယူနိုင်အောင် ထောက်ပံ့ပေးရာမှာ အထောက်အကူပြုပေးပါတယ်။နေရောင်ကနေ ရနိုင်တယ်ဆိုပေမယ့် လုံလောက်အောင်ရရှိဖို့ကတော့ ခက်ပါတယ်။ အစားအသောက်တွေမှာလည်း ပါခဲတာမို့ လုံလောက်အောင်ရရှိဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းကဖြည့်စွက်ပေးတာပါ။ ကလေးအရွယ်ကတည်းက ဗီတာမင် Dဖြည့်စွက်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။ ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဗေဒပညာရှင်နဲ့တိုင်ပင်ပြီး ကလေးကို ဗီတာမင် Dဖြည့်စွက်ပေးပါ။(၃) ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ။လှုပ်ရှားပေးလေလေ အရိုးတွေနဲ့ကြွက်သားတွေက သန်မာလာလေလေပါ။ အရိုးတွေကြံ့ခိုင်ဖို့ ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပေးရမှာပါ။ ကလေးကို အတင်းအကျပ် လုပ်ခိုင်းတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကလည်း သူနဲ့အတူ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာမျိုးပါ။ ကလေးက ငယ်သေးရင်လည်း သူ့အတွက်လှုပ်ရှားရအဆင်ပြေစေမယ့် အနေအထားလေးတွေလုပ်ဆောင်ပေးပြီး ကလေးကို လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးလိုက်ပါ။ကဲ ရိုးစင်းတဲ့နည်းလမ်းလေးတွေသုံးလို့ ကလေးကို အရိုးတွေသန်မာအောင်ပြုစုပျိုးထောင်လိုက်ကြရအောင်လား။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/ways-to-build-strong-bones/
MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ
ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော နေ့စဉ်ဘဝမှာပါ ပိုပြီး ပျော်ရွှင်နိုင်မယ်ဆိုမှာပါ။1940 ဝန်းကျင်တူန်းကတော့ Meyersက လက်နဲ့ ဖြည့်ရတဲ့ personality test ဖောင်တွေကို စတင် ဖန်တီးပြီး သူတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေအပေါ်မှာ စပြီး စမ်းသပ်ခဲ့ပါတယ်။ ဒီစစ်ဆေးချက်ကို နောက်ထပ် နှစ်၂၀လောက်အထိ ဆက်လက်ပြုပြင်ပြောင်းလဲခဲ့ကြပါတယ်။ဒီလိုနဲ့ Myers-Briggs Type Indicator (MBTI) ဆိုပြီး ခုခေတ်လူတွေ အလွယ်တကူ စစ်ဆေးနိုင်တဲ့ testတစ်ခု ဖြစ်လာပါတယ်။MBTIရဲ့ အဓိပ္ပာယ်ကို မပြောခင် ကိုယ်က ဘာMBTIလဲဆိုတာ သိရအောင်https://www.16personalities.com/ဒီမှာ အရင်ဆုံး စစ်ဆေးကြည့်လိုက်ပါ။MBTIမှာ ISTJတို့ ENTPတို့လို ၄လုံးတွဲ စကားလုံးတွေ မြင်ဖူးမှာပါ။ အဲ့စာလုံး ၄လုံးမှာ သီးခြားအဓိပ္ပာယ်တွေ ရှိပြီး သူတို့တွေကို ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်ရည်ကိုယ်သွေး ဖြစ်လာပါတယ်။Extrovert, Introvert ဆိုတာကတော့ လူတိုင်းသိထားပြီးသား စကားလုံးတွေပါ။ Extrovert ဆိုတာက သူ့ရဲ့ energyကို အပြင်ကနေ ယူတတ်တဲ့သူတွေပါ။ သွားသွားလာလာနေရတာ၊ လူတွေ အများကြီးနဲ့ နေရတာ ကြိုက်ကြသူတွေပါ။Introvertတွေကတော့ သီးခြားနေရတာကို သဘောကျသူတွေပါ။ ကိုယ့်အတွေးလေးနဲ့ကိုယ် စီးမြောနေပြီး တစ်ယောက်တည်း နေရတာ၊ သူရင်းနှီးတဲ့သူတွေနဲ့ နေရတာကို သက်သောင့်သက်သာ ဖြစ်ကြသူပါ။ဒါကတော့ လူတစ်ယောက်က သူသိချင်တာတွေကို ဘယ်လိုရယူလဲဆိုတာကို အခြေခံထားတာပါ။ Sensing သမားတွေကတော့ ကိုယ်တိုင် လုပ်ကြည့်ပြီး သင်ယူလိုကြသူတွေပါ။ ဒေတာတွေ၊ အသေးစိတ်သွားတာတွေကို သဘောကျတတ်ပြီး တစ်ခုခုဆို ကိုယ်တိုင်လုပ်ရမှ ကျေနပ်ကြသူတွေပါ။Intuitionသမားတွေက ခန့်မှန်းတွက်ဆရတာကို ပိုကြိုက်ပါတယ်။ အခြေအနေတွေက ဘယ်လိုပုံစံသွားနေလဲ။ ဒီတိုင်းဆို နောက်ဘယ်နှနှစ်မှာ ဘာဖြစ်လာတော့မှာ စသဖြင့် ဖြစ်နိုင်ခြေတွေ၊ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အကြောင်းတွေကို တွေးရတာ ပိုကြိုက်ပါတယ်။ဒါကတော့ အပေါ်က Sensing ဒါမှမဟုတ် Intuition လုပ်ရာကနေ ရလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ဘယ်လိုဆုံးဖြတ်ချက်ချလဲဆိုတာကို ကြည့်တာပါ။Thinkingသမားတွေကတော့ ဒေတာတွေ၊ အချက်အလက်တွေပေါ် မူတည်ပြီး ဆုံးဖြတ်ပါတယ်။ သူတို့က ဆုံးဖြတ်ချက်ချတဲ့အခါ လက်တွေ့ကျကျ တွေးလေ့ရှိပါတယ်။ Feeling သမားတွေကတော့ ခံစားချက်ကိုပါ ထည့်သွင်းစဉ်းစားလေ့ ရှိပါတယ်။ဒါကတော့ တခြားလူတွေနဲ့ ဘယ်လိုဆက်ဆံလဲဆိုတာကို သုံးသပ်တာပါ။ Judgingသမားတွေကတော့ တိတိကျကျနဲ့ ခိုင်ခိုင်မာမာပဲ ဆက်ဆံပါတယ်။ Perceiving သမားတွေကတော့ ပြောင်းလွယ် ပြင်လွယ်ရှိပြီး လိုက်လျောညီထွေဖြစ်အောင် နေတတ်ပါတယ်။နောက်ပြီး Aနဲ့ Tဆိုတာလည်း ရှိပါတယ်။ ဥပမာ MBTIတစ်ခုတည်းမှာပဲ ISTJ-A တို့ ISTJ-Tတို့ ရှိနေတာမျိုးပါ။ A ဆိုတာက Assertiveကို ဆိုလိုတာဖြစ်ပြီး သူတို့တွေက ဒူပေဒဏ်ပေ ခံနိုင်ကြပါတယ်။နေ့စဉ်ဘဝရဲ့ ပြဿနာတွေကို အပြုံးမပျက် ရင်ဆိုင်နိုင်ကြပါတယ်။Turbulentသမားတွေကတော့ ဘာမဆို အင်တိုက်အားတိုက် ကြိုးစားလိုကြပြီးအောင်မြင်စိတ်ပြင်းထန်ကြသူများ ဖြစ်ပါတယ်။ လက်ရှိထက် ပိုပြီး ကောင်းအောင် ကြိုးစားကြပါတယ်။ ပြဿနာသေးသေးလေးတွေကို ကြိုမြင်တတ်ပြီး အကြီးကြီးတွေ ဖြစ်မသွားအောင် ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။Analyst ၄မျိုး။Diplomat ၄မျိုး။Sentinel ၄မျိုး။Explorer ၄မျိုး။အားသာချက်- သူတို့တွေက ဉာဏ်ကောင်းတွေ ဖြစ်ကြတာကြောင့်အသက်လည်း ပိုရှည်ကြပါတယ်။ လေ့လာချက်တွေက ဒီလိုပြောပေမယ့် ဘာကြောင့်လဲဆိုတာတော့ သေချာ မသိကြပါဘူး။ ဖြစ်နိုင်တာကတော့ သူတို့က ဉာဏ်ကောင်းတော့  ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ ဘယ်လိုကုသရမယ်၊ ဘာတွေပြင်ဆင်ထားရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားလို့လည်း ဖြစ်နိုင်ပါတယ်။အားနည်းချက်- သူတို့တွေက အလုပ်တွေအပေါ် အာရုံစိုက်လွန်းတော့ ကိုယ့်ကိုယ်ကို မေ့နေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့တာ၊ နေမကောင်းရင် ဆေးခန်းသွားဖို့ ပျက်ကွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။အားသာချက်- တည့်ထိုးတွေးတတ်ပြီး အတွေးအခေါ် ရှင်းလင်းတဲ့ Diplomatတွေက သူတို့ ကျန်းမာအောင် ဘယ်လိုနေရမလဲဆိုတာကို ကောင်းကောင်းသိကြပါတယ်။ ဒါ့ပြင် ကျန်းမာအောင် အစားအသောက်က ဘယ်လိုစားရမယ်၊ လေ့ကျင့်ခန်းက ဘယ်လိုလုပ်ရမယ် စသဖြင့် ထောင့်စေ့အောင်လည်း တွေးတတ်ပါသေးတယ်။ နေထိုင်မကောင်း ဖြစ်နေရင်တောင်  ‘ငါဖျားတယ်ဆိုတာ ငါ့ကိုယ်ငါ ဂရုစိုက်ဖို့ လိုသေးတယ်’လို့ သတိပေးလိုက်တာပဲဆိုပြီး တွေးတတ်ပါ‌သေးတယ်။ Diplomatတွေ တော်တော်များများက ကျန်းမာရေး လိုက်စားကြသူတွေ ဖြစ်တာကိုလည်း တွေ့ရပါတယ်။အားနည်းချက်- Diplomatတွေက တစ်ခါတလေတော့အလွန်အကျွံ အစားရှောင်တာ၊ သိပ္ပံနည်းကျ အတည်မပြုထားတဲ့ နည်းလမ်းတွေကို လုပ်တာမျိုးလည်း ရှိတတ်ပါတယ်။ သူတို့ရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှုတွေကြောင့် ကိုယ့်ကိုယ်ကို ဂရုမစိုက်မိတာမျိုးလည်း ရှိပါတယ်။အားသာချက်- Sentinel တွေက စည်းကမ်းရှိပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရကောင်းမှန်း သိတဲ့သူတွေပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သူတို့ လုပ်ရမယ့်အလုပ်ကို ကောင်းကောင်းနားလည်ကြပြီး ပုံမှန်လုပ်ဖြစ်ကြပါတယ်။ ဥပမာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။ အနားယူရမယ်။ ပုံမှန်ဆေးစစ်ရမယ် စသဖြင့်ပေါ့။ ဒါတင်မကသေးပါဘူး။ သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေကိုလည်း ရှောင်ကြပါသေးတယ်။အားနည်းချက်- Sentinel တွေက အလုပ်ကြိုးစားတဲ့သူတွေ ဖြစ်တာကြောင့် ရံဖန်ရံခါမှာအလုပ်လုပ်လွန်ပြီး စိတ်ဖိစီးတတ်ကြပါတယ်။ ဒီလို အလုပ်မှာ စိတ်နှစ်လိုက်မိရင် အနားယူဖို့လည်း မေ့တတ်ကြပါတယ်။ ဒါကြောင့် အလုပ်နဲ့ ကျန်းမာရေးကို မျှတအောင် လုပ်ဖို့ လိုပါတယ်။အားသာချက်-တက်တက်ကြွကြွနဲ့ လှုပ်လှုပ်ရှားရှားနေတတ်သူတွေ ဖြစ်တာကြောင့် ကျန်းမာရေးအတွက် သိပ်ပြီး ကြိုးစားစရာမလိုပါဘူး။ ဒါ့ပြင် ကျန်းမာရေးအတွက် အသစ်အသစ်သော နည်းလမ်းတွေကိုပါ စမ်းသပ်ကြည့်ကြပါသေးတယ်။ ပြဿနာကို ဖြေရှင်းရကြိုက်တာကြောင့် နေမကောင်းဖြစ်ပြီဆိုတာနဲ့ ဘယ်လိုသက်သာ‌အောင် လုပ်မလဲဆိုတာ ရှာဖွေပြီးသား ဖြစ်နေတတ်ပါတယ်။အားနည်းချက်- အသစ်အသစ်သော နည်းလမ်းတွေကို ရှာဖွေတာက ကျန်းမာရေးဘက်မှာတင် မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း ပါပါတယ်။ ဥပမာမူးယစ်ဆေးတွေ စမ်းသုံးကြည့်တာက စလို့ ကားကို စတန့်ထွင်ပြီး မောင်းတာ၊ အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်ကြည့်တာမျိုးတွေပေါ့။ ဒါကြောင့် အသစ်အဆန်းတွေ စမ်းသပ်မယ်ဆိုရင်တောင် ကိုယ့်ကို မထိခိုက်တာမျိုးကို လုပ်ဖို့ လိုပါတယ်။MBTIက ဘာပဲဖြစ်ပါစေ။ ကျန်းမာရေးကို ဂရုစိုက်တာက လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေကို သိထားတဲ့အခါကျတော့ ဘာတွေကို ရှောင်ရမယ်။ ဘာတွေကို လိုက်နာသင့်တယ်ဆိုတာကို ပိုပြီး နားလည်လို့ ကျန်းမာရေးကို ပိုဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/mbti-and-their-health/
ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက် အိမ်သုံးကုထုံးများ
ပိုးသားလိုနူးညံ့တဲ့ဆံကေသာကို ပိုင်ဆိုင်ရဖို့က မိန်းကလေးတွေရဲ့အိပ်မက်ပါ။ ဒါပေမယ့် ပြုလုပ်ရလည်း လွယ်ကူပြီး သုံးစွဲရင်လည်း ထိရောက်မှုရှိတဲ့ အိမ်တွင်းဆေးနည်းတွေ အများကြီးရှိတဲ့အတွက် ဒီလို ဆံသားကို ပိုင်ဆိုင်ဖို့က ထင်သလောက် မခက်ခဲပါဘူး။ အောက်ပါ ဆောင်းပါးကတော့ နူးညံ့တဲ့ ဆံပင်တွေ အတွက် အိမ်တွင်းသုံး နည်းလမ်းတွေ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။ပိုးသားလိုနူးညံ့တဲ့ ဆံပင်အတွက်အိမ်သုံးကုထုံးများကတော့။ကြက်ဥအသုံးပြုတဲ့ နည်းလမ်းတွေဟာ သင့်ဆံပင် ကျန်းမာတောက်ပြောင်စေဖို့ လိုအပ်တဲ့ protein ( အသားဓာတ်) များစွာပါဝင်ပါတယ်။ တစ်ပတ်တစ်ခါပြုလုပ်ပေးခြင်းဖြင့် အကောင်းဆုံးရလဒ်ကိုရနိင်ပါတယ်။ဘီယာဆိုတာ ထူးခြားတဲ့ဆံပင်ပျော့ဆေးတစ်မျိုးပါ။ ဘီယာထဲမှာ ပျော်ဝင်နေတဲ့ protein ဓာတ်တွေဟာ ပျက်စီးနေတဲ့ ဆံပင်အပြင်လွှာတွေနဲ့ အမြစ်တွေကိုပြုပြင်ရာမှာ ထိရောက်ပါတယ်။ အောက်ပါနည်းကို ၂ပတ်မှာတစ်ကြိမ် လုပ်ဆောင်ပေးခြင်းဖြင့်နူးညံ့တောက်ပြောင်တဲ့ဆံသားကို ရရှိနိုင်ပါတယ်။နူးညံ့တောက်ပြောင်တဲ့ ဆံသားကို ရရှိနိုင်ဖို့အတွက် သင့်ဆံသားကို အာဟာရဖြည့်ပေးဖို့ လိုပါလိမ့်မယ်။ သဘာဝအတိုင်း ဘာနဲ့မှမရောနှောတဲ့ အုန်းဆီစစ်စစ်ဟာ အကောင်းဆုံးရွေးချယ်စရာဖြစ်ပါတယ်။ အုန်းဆီဟာ အစိုဓာတ်နဲ့ ပျက်စီးနေတဲ့ ဆံပင်ဆဲလ်တွေကို ပြန်ကောင်းစေတဲ့အတွက် ဓာတုပစ္စည်းတွေ၊ အပူဒဏ်တွေကြောင့် ဆံပင်ပျက်စီးနေသူတွေအတွက် အလွန်ကောင်းမွန်ပါတယ်။နူးညံ့ချောမွေ့တဲ့ ဆံကေသာဆိုတာ အိပ်မက်တစ်ခု မဟုတ်တော့ပါဘူး။ သင်ကြိုက်တဲ့ နည်းလမ်းကို ပုံမှန်လေး သုံးပေးပါ။ ဒါဆို သင့်ဆံကေသာက အချိန်တိုတွင်းမှာ ကောင်းမွန်လာမှာဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/home-remedies-for-silky-hair/
Oral Thrush (ခံတွင်း မှက္ခရုဆိုတာဘာလဲ)
ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် စီမံနိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။အဖြစ်များသော လက္ခဏာများမှာ။ဆိုးရွားသော ကိစ္စများတွင် မှက္ခရုသည် အစာမျိုပြွန်ထိ ပျံ့နှံ့သွားနိုင်သည်။ အစာမျို ပြွန်ဆိုသည်မှာ ပါးစပ်နောက်ဖက်မှ အစာအိမ်ထိ ဆင်းသွားသော ကြွက်သားမျှင်များဖြင့် ဖွဲ့စည်းထားသော ပြွန်လမ်းကြောင်းဖြစ်သည်။ ထိုသို့ ဖြစ်ပွားခဲ့လျှင် သင်သည် အစာမြိုချရခက်ခဲပြီး အစာသည် လည်ပင်းတွင် တစ်နေသော ခံစားချက်ကို ခံစားရမည်။အစပိုင်းတွင် သင်သည် ခံတွင်း မှက္ခရုကို သတိပင်ထားမိမည် မဟုတ်ပါ။ နောက်ခံရောဂါပေါ် မူတည်ပြီး ရောဂါလက္ခဏာများသည် တဖြည်ဖြည်း ဖြစ်လာနိုင်သလို ရုတ်တရက်လည်း ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ရက်အနည်းငယ်မှ ရက်သတ္တပတ်ထိ၊ သို့မဟုတ် လပိုင်းအထိ ကြာနိုင်ပါသည်။ထို့ပြင် တစ်နှစ်အောက်ကလေးငယ်များသည် ခံတွင်းတွင် အဖြူဖတ်များ ရှိနေရုံသာမက အစာကျွေးရခက်ပြီး ဂျီကျတတ်သည်။ သူတို့အား နို့တိုက်စဉ် ရောဂါပိုးများသည် မိခင်ထံသို့ ကူးစက်နိုင်သည်။ ရောဂါပိုးသည် မိခင်ရင်သား နှင့် ကလေးပါးစပ် ကြားတွင် ကူးချည်၊ သန်းချည် သွားနေနိုင်သည်။ Candida မှိုပိုးကူးစက်နေသော ရင်သားပိုင်ရှင် အမျိုးသမီးများသည် အောက်ပါလက္ခဏာများကို ခံစားရမည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပုံမှန်အားဖြင့် သင့်ကိုယ်ခံအားစနစ်သည် ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးကဲ့သို့သော အန္တရာယ်ရှိသော ပိုးမွှားများကို တိုက်ထုတ်ပေးသည်။ ၎င်းသည် ခန္ဓါကိုယ်တွင် ပုံမှန်နေထိုင်သော ဇီဝပိုး အကောင်းနှင့် အဆိုးများကြား မျှခြေကို ထိန်းသိမ်းပေးသည်။ သို့သော် တစ်ခါတစ်ရံတွင် ထို ကာကွယ်ရေးလုပ်ငန်းစဉ်များသည် ကျရှုံးသွားပြီး Candida မှိုအရေအတွက် တိုးပွားလာပြီး ခံတွင်း မှက္ခရုဖြစ်ပွားစေသည်။ရောဂါ (သို့) Prednisone ကဲ့သို့သော ဆေးများ (သို့) သင့်ခန္ဓါကိုယ်ရှိ ဇီဝပိုးမွှားများကို ထိန်းညှိပေးသော သဘာ၀ မျှခြေ ကို ပျက်ယွင်းစေသော ပိုးသတ်ဆေးများကြောင့် ကိုယ်ခံအားနည်းသောအခါတွင် ခံတွင်းမှက္ခရုနှင့် အခြား Candida ပိုးဝင်ခြင်းများ ဖြစ်ပွားသည်။ခံတွင်းမှက္ခရု ပိုဖြစ်ပွားစေသော ရောဂါနှင့် အခြေအနေများမှာ။အခြား ဖြစ်ပွားစေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ခံတွင်း မှက္ခရု ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်အချက်များမှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်သွားဆရာဝန်က မှက္ခရု ရှိမရှိသိဖို့ သင့်ပါးစပ်ကို စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ပါးစပ်၊ လျှာ၊ ပါး အတွင်းရှိ ထင်ရှားသော အဖြူဖတ်များကို ရှာဖွေပါလိမ့်မည်။ ထိုအဖတ်များကို အသာအယာပွတ်သတ်လိုက်သောအခါတွင် နီရဲနာကျင်ပြီး သွေးအနည်းငယ်ထွက်နိုင်ပါသည်။ မှက္ခရုမှ တစ်ရှုးစကို မိုက်ခရိုစကုပ်အောက်တွင် စစ်ဆေးကြည့်သောအခါ ရောဂါ အတည်ပြုနိုင်ပါသည်။အစာမြိုပြွန်ထိ ကူးစက်သွားသော မှက္ခရုအတွက်မူ အခြားသော စစ်ဆေးမှုများ ထပ်မံလိုအပ်ပါသည်။ထိုစစ်ဆေးမှုများမှာ။ခံတွင်း မှက္ခရုကို မှိုပိုးသတ်ဆေးဖြင့် ကုသအောင်မြင်ပါသည်။ ထိုဆေးသည် အများအားဖြင့် ဂျယ်လ် (သို့) အရည်အနေဖြင့် လာပြီး ခံတွင်းအတွင်းပိုင်းထိ လိမ်းနိုင်ပါသည်။ သောက်ဆေး ဆေးပြား နှင့် ဆေးလုံးများအသွင်နဲ့လည်း တစ်ခါတစ်ရံ လာတတ်ပါသည်။ လိမ်းဆေးများသည် တစ်ရက်ကို အကြိမ်ပေါင်းများစွာ လိမ်းဖို့ လိုအပ်ပြီး ၇ ရက်မှ ၁၄ ရက်ပတ်ဝန်းကျင်ထိ လိမ်းရပါမည်။သောက်ဆေးများသည် တစ်ရက်ကို တစ်ကြိမ်သာ သောက်ရမည်။ ထိုဆေးများသည် များသောအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိတတ်ပါ။ သို့သော် အချို့သည် ပျို့အန်ခြင်း၊ လေကယ်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတတ်သည်။ သင့် သွားဆရာဝန်က သင့်အသက်အရွယ်နှင့် ရောဂါဖြစ်ရခြင်း အကြောင်းရင်းပေါ်မူတည်ပြီး သင့်အတွက် သီးသန့်ကုသမှုကို ပေးပါလိမ့်မည်။အကယ်၍ ပိုးသတ်ဆေး (သို့) ကော်တီကို စတီးရွိုက်များသည် သင့် ခံတွင်း မှက္ခရုကို ဖြစ်စေသော အကြောင်းရင်းများဆိုလျှင် ဆေးပြောင်းခြင်း (သို့) ဆေးပေးသည့် ပုံစံပြောင်းခြင်း (သို့) ဆေးလျှော့ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်သည်။Candida ပိုးဝင်ခြင်းသည် အခြား ရောဂါအခြေအနေတစ်ရပ်၏ လက္ခဏာလည်းဖြစ်နိုင်သောကြောင့် သင့်သွားဆရာဝန်က အထွေထွေရောဂါကု ဆရာဝန်၏ အကူအညီကို ယူဖို့ အကြံပြုနိုင်သည်။ သို့မှသာ အခံရောဂါဇာတ်မြစ်ကို ရှာဖွေကုသနိုင်မည်ဖြစ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခံတွင်းမှက္ခရု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/oral-thrush-%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%99%e1%80%bd%e1%80%80%e1%81%a1%e1%80%9b%e1%80%af%e1%80%86%e1%80%af%e1%80%ad%e1%80%90%e1%80%ac%e1%80%98%e1%80%ac/
ဆယ်တန်းစာမေးပွဲကြီးနီးလာပြီနော်။ ကိုယ့်ကလေးကို ဘာတွေကျွေးပြီး ဘယ်လိုပြုစုရမလဲ ။ ။
ကျောင်းသားဖြစ်ရင်တော့စာမေးပွဲနဲ့ ကင်းလွတ်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး စာမေးပွဲဖြစ်တဲ့ ဆယ်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ရောက်လာတော့မှာပါ။ ဒီလို စာမေးပွဲရာသီဆိုတာ ကလေးရော မိဘရော စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းကြတဲ့အချိန်ပါ။ ဒီအချိန်လေးက ကလေးရဲ့ ရှေ့လျှောက်ဘဝကို အဆုံးအဖြတ် ပေးနိုင်တာကြောင့် အတိမ်းအစောင်း နည်းနည်းလေးတောင်ခံလို့ မရတဲ့အတွက် ဒီ စာမေးပွဲရာသီ အတွင်းမှာ အားအင်တွေ ပြည့်နေအောင် မိဘတွေဘက်က ကိုယ့်ကလေးကို ဘယ်လို ပြုစု စောင့်ရှောက်ရမလဲ ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ် ။စာမေးပွဲ နီးလာပြီဆိုတာနဲ့ စာတွေကျက်ရတာ၊ပူပန်မှုတွေ များရတာနဲ ကလေးတွေ အစားဘက်ကို အာရုံ မရောက်နိုင်ကြတော့ပါဘူး။ အစားအသောက်ဆိုတာ အားအင်ပြည့်ဝနေဖို့ ခေါင်းကြည်နေဖို့ အတွက် တစ်ဘက်တစ်လမ်းက ကူညီပေးနေတာဆိုတော့ မိဘဖြစ်သူတွေကပဲ ကိုယ့်ကလေး စားရမယ့် အစားအသောက်တွေကို စီစဉ်ပေးရမှာပါ။ ဒီတော့ ဘာတွေ စီစဉ်ပေးကြမလဲ ။ ။အချိုပါတဲ့ အစားအသောက်တွေ ကိုယ်တွင်းကို ဝင်သွားတဲ့အခါမှာဂလူးကိုစ့်အဖြစ် ပြိုကွဲသွားပါတယ်။ စာကျက်ရတဲ့အချိန် စာတွေကို ဖတ်မှတ်နေရတဲ့အချိန်တွေဆို ဦးနှောက်အတွက် ဂလူးကိုစ့်က မရှိမဖြစ်ပါ။ ဒီတော့ အားပြည့်စေတဲ့နွားနို့တို့ ပေါင်မုန့်တို့ ကလေးကို များများကျွေးပါ။အဆီမပါတဲ့ အသားတွေဆိုတာကြက်သား၊ ငါးတို့ကို ပြောတာပါ။ဝက်သားတို့အမဲသားတို့မှာကျတော့ပြည့်ဝဆီတွေအများကြီးပါတဲ့အတွက် သင့်ဦးနှောက်ကို ထုံထိုင်းစေပါတယ်။ ကြက်သားတို့၊ ငါးတို့မှာကျတော့ပရိုတင်းဓါတ်တွေ အပြည့်အဝပါတဲ့အပြင် မှတ်ဉာဏ်ကောင်းဖို့အတွက် ဦးနှောက်ရဲ့ အဓိက အာဟာရဖြစ်တဲ့အိုမီဂါ 3လည်း အများကြီးပါတာကြောင့် ကြက်ပြုတ်ရည်တို့ ငါးတို့ဆိုတာ စာမေးပွဲဖြေနေတဲ့ကလေးတွေ စားကိုစားပေးသင့်တဲ့အရာတွေပါ။စာကျက်နေရင်း အိပ်ချင်လာတဲ့အခါ အပျင်းပြေဝါးဖို့ ဗန်ဒါစေ့၊ သစ်ကြားစေ့၊ နေကြာစေ့၊ သစ်အယ်သီးစေ့တွေကို ဝယ်ထားစေချင်ပါတယ်။ သူတို့မှာ ပါတဲ့ဗီတာမင် Eက သင်ဦးနှောက် နွမ်းနယ်နေတာကို ပြေပျောက်စေမယ့်အပြင် စားပြီးတာနဲ့ ဗိုက်ပြည့်စေမှာဖြစ်လို့ ဆာလောင်ခြင်းကနေလည်း ကင်းဝေးစေပါတယ်။ခုလို ရာသီမှာ ဈေးထဲမှာ အပေါဆုံးအသီးက ထောပတ်သီးပါ။ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတော်တော်များများ အာဟာရပြည့်နေအောင် ရဖို့အတွက် သွေးလည်ပတ်မှု ကောင်းမှ ရမှာပါ။ ထောပတ်သီးမှာပါတဲ့ဓါတ်တိုးဆန့်ကျင်အာနိသင်က သင့် မကောင်းတဲ့ ကိုလက်စရောတွေ သွေးထဲ လျော့ကျစေပြီး သွေးကြောကျဉ်းတာကို မဖြစ်အောင် တားဆီးပေးတာကြောင့် စာမေးပွဲအတွင် းအလုပ်အများဆုံးဖြစ်တဲ့ သင့်ဦးနှောက်လေးဆီ သွေးတွေ အပြည့်အဝ ရောက်နိုင်မှာပါ။ဘယ်လောက်ပဲ စားတယ်ပြောပြော အားဆေးတစ်လုံးမှာ ပါတဲ့ဗီတာမင် နဲ့ သတ္တုဓါတ်တွေအတိုင်း အကုန်စုံအောင် လိုက်စားဖို့ မဖြစ်နိုင်တာကြောင့် စာမေးပွဲဖြေနေတဲ့ ကလေးတွေကို အားပြည့်နေအောင် ဖြည့်စွက်အားဆေးတွေ တိုက်သင့်ပါတယ်။ဒါတွေကတော့ အရေးအကြီးဆုံးဖြစ်တဲ့ အစားအသောက်အပိုင်းပါ။ အစားအသောက်တင် မဟုတ်ပါဘူး။ စာမေးပွဲဖြေတော့မယ် ကိုယ့်ကလေးကို စိတ်ပိုင်းဆိုင်ရာ အားပေးရမယ့် တာဝန်တွေလည် းမိဘတွေမှာ ရှိပါသေးတယ်။ ။ကဲ ဒီလို စာမေးပွဲ ရာသီ အတွင်းမှာ စာမေးပွဲဖြေမယ့် ကလေးတွေက သာ ဘုရင်၊ သူတို့သာ အရေးအကြီးဆုံးပဲမို့ ဒီကလအတွင်းမှာ သူတို့ အတွက်ပဲ မိဘတွေ အနေနဲ့ စိတ်နှစ်ပြီး အားပေးဖို့ လိုတယ်နော် ။ ။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/exam-season/
အသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုလုပ်မလဲ
အသက်အရွယ်မရွေး ကလေးကနေ လူကြီးအထိ အသင့်စားလို့ရတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဈေးလည်းသက်သာတာမို့ အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ သိပ်သဘောကျကြပါတယ်။ အလုပ်အရမ်းများလွန်းသူတွေဆိုလည်း ဒီလိုအဆင်သင့်စားလို့ရတဲ့ အစားအသောက်တွေကို ပိုစားဖြစ်တတ်ကြပါတယ်။ဒါပေမယ့် အာဟာရတန်ဖိုးအရ ကြည့်ရင်တော့ ဒီအစားအသောက်တွေဟာ အာဟာရမပြည့်စဘဲ အဆီ၊ ဆိုဒီယမ်၊ ကြာကြာအထားခံစေတဲ့ ပစ္စည်းတွေနဲ့ သဘာဝမဟုတ်တဲ့ အရောင်ဆိုးမှုတွေ များများပါဝင်နေပါတယ်။ အချိုမှုန့်ရဲ့ အရသာကလည်း စားသုံးသူတွေကို စွဲငြိစေပါတယ်။ ဒါပေမယ့် အဲဒီအသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ခဏခဏစားဖို့ မသင့်တော်ပါဘူး။ခဏခဏစားမယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပြီး သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေပါတယ်။ ဒီခေါက်ဆွဲတွေကို ကြိုက်လည်းကြိုက်တယ်၊ ကျန်းမာရေးနဲ့ သင့်တော်အောင်လည်း စားချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့လိုပါတယ်။၁။ ဒီအတိုင်းမစားပစ်ပါနဲ့။ခေါက်ဆွဲထုပ်တွေကို မပြုတ်ဘဲ ချေပစ်ပြီး အမှုန့်နဲ့ရောစားပစ်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ မှားယွင်းတဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ပြုတ်ရတာကလည်း ရေနွေးထည့်ပြီး မိနစ်အနည်းငယ်စောင့်လိုက်ရုံနဲ့ ရတာမို့ ပြုတ်ပြီးမှ စားဖို့ပြောလိုပါတယ်။၂။ အချိုမှုန့်လျှော့စားပါ။ခေါက်ဆွဲထုပ်ထဲမှာ ပါဝင်တဲ့ အချိုမှုန့်က ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အချိုမှုန့်လျှော့လိုက်ရင် အရသာနည်းနည်းပေါ့ကောင်း ပေါ့သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ဝက်လောက်ပဲ ထည့်စားတာ ကောင်းပါတယ်။ ဒါမှမဟုတ်ရင် သင့်အိမ်မှာလုပ်ထားတဲ့ အမှုန့်တခုခုထည့်ပြီး အရသာရှိအောင် စားနိုင်ပါတယ်။၃။ ခေါက်ဆွဲစားတာ လျှော့ပါ။ဈေးဝယ်ထွက်တဲ့အခါ ခေါက်ဆွဲထုပ်တွေ အများကြီး ဝယ်မလာပါနဲ့။ တွေ့နေရင် စားမိတတ်လို့ပါ။ ခေါက်ဆွဲအစားများတာက သင့်ကို ဘာကောင်းကျိုးမှမပေးတာ သိစေချင်ပါတယ်။ အစာချေရလည်း ခက်စေပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပဲ စားပါ။၄။ အာဟာရညီညွှတ်မျှတစွာ စားပါ။ခေါက်ဆွဲမှာ ကာဗိုဟိုက်ဒြိတ်ပါတာကြောင့် တခြားဟင်းသီးဟင်းရွက်၊ ပဲ၊ ကြက်ဥတို့နဲ့ တွဲစားရင် အာဟာရစုံစုံလင်လင် ရနိုင်ပါတယ်။အဲဒီလိုမှ မလုပ်ချင်ဘူးဆိုရင်လည်း သင့်ဘာသာသင် အိမ်မှာ ခေါက်ဆွဲပြုတ်စားနိုင်ပါတယ်။ အသီးအရွက်နဲ့ အသားတချို့ထည့်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာရွေးနိုင်သလို ၄ရက်လောက်လည်း အထားခံပါတယ်။ ဗိုက်ဆာပြီဆိုတာနဲ့ ရေခဲသေတ္တာထဲကနေ ထုတ်ပြီး အဆင်သင့် ပြုတ်စားလိုက်ရုံပါပဲ။ဒီနည်းလမ်းတွေကတော့ သင်သိပ်ကြိုက်တဲ့ အသင့်စားခေါက်ဆွဲကို ကျန်းမာရေးညီညွှတ်အောင် စားသုံးနိုင်မယ့် နည်းလမ်းကောင်းတချို့ပဲ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%86%e1%80%bd%e1%80%b2%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af/
ဒူးထိခိုက်မှုတွေအတွက် အသင့်တော်ဆုံး ကုထုံးတစ်ခု
ဒူးဆစ်အတွင်းမှန်ပြောင်းဖြင့် စစ်ဆေးခြင်းဆိုတာ။ဒီကုထုံးက ဒူးထိခိုက်မှုတွေအတွက် အသုံးများတဲ့ ကုထုံးတစ်ခုပါ။ ဒီအသေးစားခွဲစိတ်ကုသမှုက Arthoscope လို့ခေါ်တဲ့ ကိရိယာကို အသုံးပြုပြီး လုပ်ဆောင်ရတာပါ။ဒူးနာမှုကိုဖြစ်စေတဲ့အကြောင်းအရင်းတွေက။ဘယ်လိုကောင်းကျိုးတွေရရှိမှာလဲ။ဒူးဆစ်အတွင်းမှန်ပြောင်းဖြင့် စစ်ဆေးခြင်းက အဆစ်အတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို ကြီးကြီးမားမားခွဲစိတ်တာမျိုးမလုပ်ဘဲ တိတိကျကျသိရှိနိုင်မှာပါ။ ဒူးဆစ်အတွင်းကအရိုးနုပျက်စီးခြင်း၊ အရွတ်စုတ်ပြဲတာ၊အရွတ်ထိခိုက်တာ၊အဆစ်ရောင်တာတွေလိုမျိုးအရိုးအဆစ်ထိခိုက်မှြုပဿနာတွေကို အထိရောက်ဆုံးကုသပေးနိုင်ပါတယ်။ နာကျင်မှုနည်းပြီးမြန်မြန်ပြန်လည်ကောင်းမွန်လာစေမှာပါ။ အကောင်းဆုံးကတော့ခွဲစိတ်ကုသမှုလုပ်ပြီးတဲ့အခါ အချိန်အကြာကြီးစောင့်စရာမလိုပဲ ပုံမှန်အတိုင်း လှုပ်ရှားမှုတွေလုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ထိခိုက်နိုင်ခြေဘယ်လောက်ရှိမလဲ။ဒီကုထုံးက စိတ်ချရတဲ့ ကုထုံးတစ်ရပ်ဆိုပေမယ့် ထိခိုက်နိုင်ခြေကတော့ မဆိုစလောက်ရှိပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေ နဲ့ အရိုးအဆစ်တွေရဲ့ အနေအထားပေါ်မှာမူတည်ပြီးဖြစ်ပေါ်လာနိုင်တဲ့ အနေအထားက ကွာခြားနိုင်ပါတယ်။ပြန်လည်နလန်ထူလာဖို့ အချိန်ဘယ်လောက်ယူရမလဲ။လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးပြန်လည်နလန်ထူလာတဲ့အချိန်ကလည်း မတူနိုင်ပါဘူး။ များသောအားဖြင့်ကတော့ခွဲစိတ်ကုသမှု ခံယူပြီး တစ်ပတ်အတွင်း ပြန်ကောင်းလာကြပါတယ်။ လုံးဝအရှင်းကြီးပြန်ကောင်းလာပြီး ပုံမှန်အတိုင်းလုပ်ရှားနိုင်ဖို့ဆိုရင်တော့ အချိန် တစ်လ၊ နှစ်လလောက်ကြာမြင့်နိုင်ပါတယ်။အခုလိုမျိုးကောင်းကျိုးများပြီး ထိခိုက်ထားတဲ့ ဒူးတွေကို ပုံမှန်အတိုင်းပြန်လည်လှုပ်ရှားနိုင်ဖို့ဒူးဆစ်အတွင်းမှန်ပြောင်းဖြင့်စစ်ဆေးခြင်း( Arthroscopy Of Your Knee) ကိုခံယူချင်တယ်ဆိုရင်တော့ပန်းလှိုင်စီလုံမှာ ကုသမှုခံယူလို့ရပါတယ်။ ဘာကြောင့် ပန်းလှိုင်စီလုံကိုရွေးချယ်ဖို့ပြောရတာလဲဆိုရင် ထိခိုက်မိတဲ့ အခါမြန်မြန်ဆန်ဆန်ကုသမှုပေးနိုင်လေလေ ထိရောက်မှုရှိလေလေဖြစ်တာကြောင့်ပါ။ ဒူးဆစ်အတွင်းထိခိုက်တာက မကုသဘဲ အချိန်အကြာကြီးထားမယ်ဆိုရင် မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးပြောရရင်နေ့စဉ်လှုပ်ရှားမှုတွေမှာထိခိုက်လာပြီး လမ်းလျှောက်ဖို့ လုံးဝအဆင်မပြေတော့ တဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးတွေမဖြစ်စေဖို့အတွက်ဆိုရင် ၂၄ နာရီပတ်လုံး ကုသမှုပေးတဲ့ ပန်းလှိုင်စီလုံက စိတ်အချရဆုံးဖြစ်မှာပါ။ပန်းလှိုင်စီလုံရဲ့ နောက်ထပ်အားသာချက်တစ်ခုက ဓါတ်မှန်နှင့်ပုံရိပ်ဖော်ခြင်း၊ ဓါတ်ခွဲစမ်းသပ်ခြင်းစတဲ့ ရောဂါရှာဖွေရေးဝန်ဆောင်မှုတွေ၊ အချိန်ပြည့်စောင့်ရှောက်မှုပေးနိုင်တဲ့ အရိုးအကြောထိခိုက်မှုဆိုင်ရာ ပါရဂူကြီးတွေ၊ မေ့ဆေးအထူးကုဆရာဝန်ကြီးတွေနဲ့ ခွဲစိတ်ခန်းအဖွဲ့၊ အထူးကြပ်မတ်ကုသဆောင်၊ ပစ္စည်းကိရိယာအစုံအလင်ကို အမြဲအဆင်သင့်ထားရှိတာက ထိခိုက်ဒဏ်ရာရရှိတဲ့လူနာကို ချက်ချင်းကုသမှုပေးနိုင်တာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%92%e1%80%b0%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%9e/
အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း များနေရင်
အမျိုးသမီးတွေ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်နေရင် ကိုယ်ဝန်ရှိနေတယ်လို့ ပြောလို့ရတာကြောင့် ဝမ်းသာစရာပါ။ အမျိုးသားတွေမှာ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်ရင်ရော ဝမ်းသာစရာလား။ မဟုတ်ပါဘူး။ ဒါက စိုးရိမ်စရာပါ။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်နေတာပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်း လို့ခေါ်တဲ့HCGက အမျိုးသားတွေမှာဆိုရင် ဦးနှောက်အကျိတ် (pituitary tumor)ကြောင့်ပဲဖြစ်ဖြစ်ဝှေးစေ့ကင်ဆာ(testicular tumor)ကြောင့်ပဲဖြစ်ဖြစ်ထွက်တတ်ပါတယ်။ ဒီမှာတော့ ဝှေးစေ့ကင်ဆာမှာဟော်မုန်းများတဲ့အကြောင်းကို ပြောပြပေးပါ့မယ်။အရင်ဆုံး ဝှေးစေ့က ဘာလုပ်ပေးတာလဲဆိုတာ ပြောပြပါ့မယ်။ ဝှေးစေ့က ကပ္ပာယ်အိတ်ထဲမှာရှိပြီး အမျိုးသားဟော်မုန်းတက်စထရိုစတီရုန်းနဲ့ သုက်ကောင်ကို ထုတ်ပေးပါတယ်။ ဝှေးစေ့ကင်ဆာက ဝှေးစေ့မှာရှိတဲ့ မျိုးပွားဆဲလ်တွေကဖြစ်တာပါ။ ဒီဆဲလ်တွေကနေ HCGကို  ထုတ်နေတာပါ။ ဖြစ်နှုန်းက ၁ရာခိုင်နှုန်းပဲ ရှိပေမယ့် သိထားရင်ကောင်းတာကြာင့် ဆက်လေ့လာကြည့်ရအောင်။ကင်ဆာကနဦးအဆင့်မှာ ရောဂါလက္ခဏာ ပြတာရှိသလို မပြတာလည်းရှိပါတယ်။ အတွေ့အများဆုံးလက္ခဏာကတော့ ဝှေးစေ့မှာ မနာဘဲ အကျိတ်ထွက်လာတာပါ။ အကျိတ်ထွက်တိုင်း ကင်ဆာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါ့ပြင်။ဝှေးစေ့မှာရှိတဲ့ဆဲလ်တွေ ပုံမမှန်ပွားရာကနေ အကျိတ်ဖြစ်လာတာပါ။ ဘာကြောင့် ပွားလဲဆိုတာတော့ မသိပါဘူး။ ဖြစ်နိုင်ချေများတဲ့သူတွေကတော့။အမေ့ဗိုက်ထဲမှာတုန်းက ယောကျာ်းလေးတွေရဲ့ ဝှေးစေ့က သူတို့ရဲ့ဗိုက်ထဲမှာရှိတာပါ။ မွေးခါနီးကျမှ ကပ္ပာယ်အိတ်ထဲကို ဆင်းလာတာပါ။ ဒါကပုံမှန်ပါ။ တချို့တွေမှာ ဝှေးစေ့ တစ်လုံး ဒါမှမဟုတ် နှစ်လုံးလုံး အောက်ကို မဆင်းဘဲ ဗိုက်ထဲမှာပဲရှိနေပါတယ်။ ဒီလိုလူမျိုးတွေထက် သူများတွေထက် ဝှေးစေ့ကင်ဆာဖြစ်နိုင်ချေများပါတယ်။ ခွဲစိတ်ပြီး ကပ္ပာယ်အိတ်ထဲ ထည့်ပြီးတာတောင်မှ ဖြစ်နိုင်ချေရှိပါသေးတယ်။Klinefelter syndromeလိုမျိုးမွေးရာပါရောဂါတွေမှာ ဝှေးစေ့ဖွံ့ဖြိုးမှု ပုံမမှန်တဲ့အတွက် ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ဝှေးစေ့ကင်ဆာက အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ၁၅-၃၅နှစ်ကြားဖြစ်တာအများဆုံးပါ။-အနီးအနားက ပြန်ရည်ကျိတ်ဆီကို ပြန့်ရင် ပြန်ရည်ကျိတ်တွေကြီးလာတာ၊ ခါးနာတာ။-အဆုတ်ကိုပျံ့ရင် အသက်ရှူရခက်တာ၊ မောတာ။-အသည်းကိုပျံ့ရင် ဗိုက်အောင့်တာ။-ဦးနှောက်ကိုပျံ့ရင် ခေါင်းကိုက်တာ၊ သတိလစ်တာဖြစ်တတ်ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် ကာကွယ်လို့မရပါဘူး။ စောစောသိအောင် ပုံမှန်စစ်ဆေးနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရင်သားစစ်ဆေးသလိုပဲ အမျိုးသားတွေလည်း ဝှေးစေ့ကို ကိုယ်တိုင်စစ်ဆေးလို့ရပါတယ်။ ရေချိုးပြီးခါစစမ်းရင် ပိုကောင်းပါတယ်။ စမ်းနည်းကတော့။ဒါကို တစ်လတစ်ခါလောက်တော့ စမ်းပေးပါ။ အမျိုးသားတွေက သာမန်အားဖြင့်လည်း ဝှေးစေ့နှစ်ဖက်က အနိမ့်အမြင့် မတူကြသလို အရွယ်အစားလည်း နည်းနည်းကွာပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကိုယ့်ရဲ့ နဂိုကွာခြားချက်ထက် ပိုကြီးနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသရပါမယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/high-hcg-in-man/
HIV ပိုးရှိသူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင်
HIVပိုးရှိတာနဲ့ပဲ လူတစ်ယောက်ကို ပစ်ပယ်ထားလိုက်ဖို့ဆိုတာ ဒီခေတ်ထဲမှာတော့ မရှိတော့ပါဘူး။ ကုသဖို့ဆေးတွေ မပေါ်လာသေးတဲ့တိုင်အောင် ရောဂါပိုးကို တခြားသူဆီ မပြန့်အောင် ထိန်းချုပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိနေပါပြီ။ ဒါပေမယ့်လည်း လူတွေမှာက ကြောက်စိတ်တစ်ခုစီ ရှိတတ်ကြတာ သဘာဝပါ။HIVပိုးနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကလူတွေက အထင်အမြင်သေးတာ၊ ကဲ့ရဲ့ရှုံ့ချတာတွေကို အမြဲလိုလို မြင်နေရတဲ့အခါ ဦးနှောက်က ဒီပြဿနာကို ကြောက်စရာကောင်းတယ်၊ ရွံစရာကောင်းတယ်ဆိုပြီး တရားသေယူဆတတ်ပါတယ်။အဲ့တော့ ကိုယ်လက်တွဲဖို့ ရည်ရွယ်ထားတဲ့သူမှာ မမျှော်လင့်ဘဲHIVပိုးရှိနေခဲ့မယ်ဆိုရင် အစပိုင်းမှာတော့ အနည်းငယ်တုန်လှုပ်မိမှာပါ။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ဘယ်သူကတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုရောဂါပိုးကူးစက်ခံရတဲ့အဖြစ်မျိုး လိုချင်ပါ့မလဲ။ အကယ်လို့ နားလည်လက်ခံပေးနိုင်တယ်ဆိုရင်ရော ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။ ဒါတွေအားလုံးကို ကိုယ့်ဘက်က စိတ်ပိုင်းဆိုင်ရာအနေနဲ့ အားလုံးပြင်ဆင်ထားဖို့ အရေးကြီးတယ်နော်။အိမ်ထောင်ဖက်ရယ်လို့ ဖြစ်လာတော့မယ်ဆိုရင်လိင်မှုကိစ္စတွေသည် မပါမဖြစ်ပါပဲ။ အဲ့တော့ နှစ်ဦးနှစ်ဘက် ဘေးကင်းစေဖို့ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပေးဖို့ အရမ်းအရေးကြီးပါတယ်။ ကွန်ဒုံးသုံးရတာ မကြိုက်ဘူး၊ ကလေးယူဖို့ စဉ်းစားထားတယ်ဆိုရင် HIV ပိုးကို ကာကွယ်ပေးနိုင်တဲ့ PrEP ဆေးတွေကို ပုံမှန်သောက်ပေးနေဖို့ လိုပါတယ်။HIVပိုးရှိမှမဟုတ်ပါဘူး။ ဘယ်လိုစုံတွဲမဆို ဒီကိစ္စက လက်မထပ်ခင်ရော၊ လက်ထပ်ပြီးသွားရင်ပါ အတူညှိနှိုင်းတိုင်ပင်ထားဖို့ အရေးကြီးပါတယ်။ မယူရင်တော့ ပြဿနာမရှိပေမဲ့ ယူဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ခင်ပွန်းရော၊ ဇနီးပါ ကျန်းမာရေးစစ်ဆေးထားဖို့ အရေးကြီးပါတယ်။ HIV ပိုးရှိတယ်ဆိုရင်တောင် ART ဆေးကို အမြဲပုံမှန်သောက်ပြီး သွေးထဲမှာ ပိုးကောင်ရေပမာဏ (Viral Load) မရှိသလောက် နည်းသွားတဲ့အခြေအနေမှာဆိုရင် ကိုယ့်ရဲ့ ကလေးကို မကူးစက်နိုင်ပါဘူး။မယူခင်တုန်းကတော့ ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပြီး လက်တွဲဖို့ ကြိုးစားတယ်၊ ယူပြီးတော်တော်ကြာသွားလို့ လင်မယားအဆင်မပြေ ဖြစ်တော့မှ ဒီပြဿနာကို ပြန်ပြီးအစဖော်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ အဲ့တော့ စစချင်း မယူခင်ကတည်းက ကိုယ်က ဒီကျန်းမာရေးအခြေအနေကို လက်ခံနိုင်လား၊ လက်မခံနိုင်ဘူးလားဆိုတာ သေချာစဉ်းစားပါ။ အဖြေတစ်ခုကို သေချာဆုံးဖြတ်ပြီးတာနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲကိစ္စတွေ အကုန်လုံးကို တာဝန်ခံနိုင်ဖို့ ပြင်ဆင်ပါ။နောင်တတရားနဲ့တော့ တစ်ဘဝလုံး စိတ်အညစ်ခံပြီး အသက်မဆက်ပါနဲ့။HIVပိုးရှိသူနဲ့ အတူနေထိုင်တဲ့သူတိုင်း ကိုယ့်ရဲ့ ကျန်းမာရေးကို အမြဲစစ်ဆေးနေဖို့ အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ်က ကျန်းမာနေလား၊ မကျန်းမာနေဘူးလား၊ ဘာတွေကို ဆောင်ရ၊ ရှောင်ရမလဲဆိုတာ သေချာသိမှာပါ။ ကျန်းမာရေးနဲ့ပတ်သက်လာရင် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ၊ စောစောသိလေ ကုသမှု အမြန်ဆုံးခံယူခြင်းဟာ ကိုယ့်ရဲ့ အိမ်ထောင်ရေးကို တည်မြဲစေတဲ့ အဓိကသော့ချက်ပါပဲ။HIV ပိုးသည်အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။ ကွန်ဒုံးအသုံးမပြုဘဲ ထိုးသွင်းဆက်ဆံတဲ့အခါ (ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း လိင်အင်္ဂါဖြင့် ထိုးသွင်းဆက်ဆံခြင်း) ကူးနိုင်ခြေက အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတွေ နည်းနိုင်သမျှ နည်းဖို့ ချောဆီကို သုံးပေးပါ။HIV နဲ့ပတ်သက်လာရင် လူ့ပတ်ဝန်းကျင်မှာ ထင်မြင်ပြောဆိုနေကြတဲ့ စကားလုံးတွေကို လိုက်ပြီးနားယောင်တာထက် ကိုယ်တိုင် လေ့လာထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ရောဂါအကြောင်းကို ကိုယ်က နားလည်လေ၊ ကိုယ့်အတွက် ဘေးကင်းမယ့် အခြေအနေကို ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်နိုင်လေပါပဲ။HIVရှိတဲ့သူကို လက်တွဲဖော်အဖြစ် ရွေးချယ်ခြင်း၊ မရွေးချယ်ခြင်းကတော့ ကိုယ့်ဆုံးဖြတ်မှုပါပဲ။ ဒါပေမယ့် ကိုယ့်အနေနဲ့ ဘယ်လိုနေထိုင်ပြုမူရင် နှစ်ဦးနှစ်ဘက်လုံးအတွက် အန္တရာယ်ကင်းတယ်ဆိုတာ ကြိုတင်သိထားရင် ဒီရောဂါပိုးဟာ လူတွေထင်ထားသလောက် ကြောက်ဖို့ မကောင်းဘူးဆိုတာ နားလည်မှာပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9d%e1%80%9c%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b2%e1%80%96/
သံပုရာရည် က သင့်ကို နုပျိုစေမယ်ဆိုတာ ဟုတ်ရဲ့လား
သံပုရာရည် သောက်ခြင်းက သင့်ကိုနုပျိုစေပါတယ်။ သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ဝက်ခြံတွေ၊ ချွေးပေါက်ကျယ်နေတာတွေကို သက်သာဖို့အတွက် သင်မနက်တိုင်း ဘာသောက်လေ့ရှိသလဲ စဉ်းစားကြည့်ပါ။ လက်ဖက်ရည်ပူပူ၊ ကော်ဖီ၊ ဒါမှမဟုတ်လည်း ရေတစ်ခွက်သောက်တဲ့လူ ရှိနိုင်ပါတယ်။ ဒါပေမယ့် သံပုရာရည်သောက်ဖို့တော့ စဉ်းစားသင့်ပါတယ်။ဖန်ခွက်ထဲမှာရေနွေးပူပူလေးနဲ့ သံပုရာသီးတစ်ခြမ်း ထည့်သောက်မယ်ဆိုရင် ကောင်းကျိုးက နှစ်ဆတောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် မနက်တိုင်း သံပုရာရည်သောက်ပြီး အသစ်ပြန်လည်မွေးဖွားလိုက်ပါ။သံပုရာရည်က သင့်ကျန်းမာရေး၊ အထူးသဖြင့် သင့်အရေပြားကို လှပစေပါတယ်။ ဈေးလည်းမကြီးဘဲနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။တခြားသော မယုံနိုင်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ တင်းတိပ်နဲ့ ဝက်ခြံတွေကို သက်သာစေတာမို့ အရေပြားဆရာဝန်တွေကလည်း ညွှန်းတတ်ကြပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအများစုမှာ သံပုရာပါနေတာပါ။ အဲဒီအပြင် သံပုရာသီးမှာပါတဲ့ ဗီတာမင်စီက ရောဂါပိုးတွေ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ မီးအပူလောင်မိရင်လည်း သံပုရာသီးနဲ့ ပျားရည်ကိုရောပြီး လိမ်းပေးရင်သက်သာပါတယ်။သံပုရာသီးဟာဗီတာမင်စီရစေနိုင်ပါတယ်။ အဲဒါက အရေးအကြောင်းတွေကို လျော့ပါးစေသလို ပျက်စီးသွားတဲ့ အရေပြားကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ အရေပြားရဲ့ ကျုံ့ကျယ်နိုင်စွမ်းဟာ အသက်(၄၀)ရောက်ရင် ရပ်တန့်သွားပါတယ်။ ဒါကြောင့်မို့ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်အရေပြားကို ဂရုစိုက်ဖို့လိုပြီး မနက်တိုင်း သံပုရာရည်သောက်တဲ့ အလေ့အကျင့်ကောင်းကို မွေးထားသင့်ပါတယ်။နောက်ပြီး သံပုရာမှာအဆိပ်အတောက်တွေကို ပြေစေတဲ့ ဓါတ်တွေပါဝင်တာမို့အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ သင့်အရေပြားကို ၁၀နှစ်လောက် နုပျိုစေမယ့်အပြင် အစာချေစနစ်၊ ဆံပင်ကို အကျိုးပြုပေးသလို၊ ဆီးချို၊ အဖျား၊ သွေးတိုးနဲ့ တခြားကျန်းမာရေးပြဿနာ တော်တော်များများကိုလည်း ကာကွယ်ပေးပါတယ်။သံပုရာမှာ ပါဝင်တဲ့ ဗီတာမင်စီက သင့်ရဲ့ ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ အယ်ကာလီဓါတ်နဲ့ ပိုတက်ဆီယမ်ကလည်း သင့်ကို စွမ်းအင်တွေ ရစေပါလိမ့်မယ်။သင့်အစာအိမ်ထဲ ဘာမှမရှိသေးခင်မှာ သံပုရာရည်သောက်ခြင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးပါတယ်။ ဆီးခဏခဏသွားခြင်းအားဖြင့် ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို လျော့နည်းစေပါတယ်။ အစာအိမ်အောင့်တာ၊နာတာတွေကိုလည်း သက်သာစေပါတယ်။သင်က အဝလွန်နေမယ်၊ဝိတ်လျှော့ချင်နေမယ်ဆိုလည်း ဒါက နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ သံပုရာသီးမှာပါတဲ့ စီထရစ်အက်ဆစ်က ကဆီဓါတ်စုပ်ယူမှုကို နှေးစေပြီး အဆီချေဖျက်မှုကို မြန်ဆန်စေပါတယ်။ ပိုပြီး ထိရောက်မှုရှိဖို့အတွက် ရေအေးအစား ရေနွေးနဲ့သောက်တာကတော့ ပိုကောင်းပါတယ်။နောက်ပြီး သင့်ဆံပင်တွေကိုလည်း သန်စွမ်းစေတာမို့ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်းတို့ကို သက်သာစေသလို သင့်ဆံပင်ကိုလည်း လှပစေပါတယ်။သံပုရာသီးမှာ သဘာဝအာနိသင်တွေ မြောက်များစွာ ရှိတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် နေ့စဉ် သံပုရာရည်ကို သောက်ခြင်းဖြင့် များပြားလှတဲ့ အကျိုးကျေးဇူးတွေနဲ့အတူ မယုံကြည်လောက်အောင် ပြောင်းလဲသွားတာကို သတိထားမိပါလိမ့်မယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/lime-juice-and-youthfulness/
ဒေါက်ဖိနပ်လေးတစ်ရံရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု။
ဖက်ရှင်ကျသူ တစ်ယောက်လို့ဆိုလိုက်ရင် ခေါင်းအစ ခြေအဆုံးအကုန် ဖက်ရှင်ကျနေသူ ဖြစ်ရပါမယ်။ ခေါင်းအစ ခြေအဆုံးဆိုတော့ ဒေါက်ဖိနပ်မြင့်မြင့်လေးတွေကလည်း ဖက်ရှင်ကျသူတွေအတွက် မပါမဖြစ်ပေါ့။ လှပတဲ့ဒေါက်ဖိနပ်လေးတစ်ရံကို ဝတ်ထားပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိသွားတဲ့ အပြင် ဆွဲဆောင်မှု လည်းပိုရှိသွားတယ်လို့ ထင်တတ်ကြတာ မိန်းကလေးတိုင်းပဲ။ဒေါက်ဖိနပ်လှလှလေးတစ်ရံကအရပ်ရှည်တဲ့သူတွေကို ပိုစတိုင်ကျ လှပစေရုံသာမက ပုနေတဲ့ မိန်းကလေးတွေအတွက်ဆို မရှိမဖြစ် အကူပစ္စည်းလေးတစ်ခုပေါ့။ ပွဲတွေတက်ပြီဆိုရင်လည်း ဒေါက်ဖိနပ်လေးနဲ့မှ ပွဲမတက်ရရင် ပွဲကိုမစည်တော့ဘူး။ မိန်းကလေးတွေရဲ့ အသည်းစွဲ ဒေါက်လှလှလေး တစ်ရံကနေ ကောင်းတဲ့ဘက်ကတွေးရင်တော့လှပမှုကို ယူဆောင်ပေးတယ်ပေါ့။ မကောင်းတဲ့ ဘက်ကတွေးရင်ရော ကိုယ်ခန္ဓါ အတွက် ဘယ်လိုဆိုးကျိုးတွေရှိ လဲ ကြည့်ရအောင်။ပင်မကျောရိုးကို ထိခိုက်ပြီး ခါးနာစေတယ်။ဒေါက်ဖိနပ်ြမင့်မြင့်လေးတစ်ရံဝတ်ပြီး လမ်လျှောက်တဲ့ အခါ ခြေလှမ်းမှန်ပြီးချော်မလဲအောင် ခြေထောက်လေးတွေကထိန်းထားရတဲ့ အပြင်ကျောရိုးပင်မကြီးကလည်း ဟန်ချက်ညီအောင် လိုက်ထိန်းပေးရပါတယ်။ ဒေါက်ဖိနပ်လေးတွေနဲ့ လမ်းလျှောက်တဲ့ အခါ ကိုယ်က ရှေ့ကို နဲနဲရောက်သွားပြီး ခါးကပိုကွေးသွားပါတယ်။ ထိုအခါ ကျောရိုးအောက်ပိုင်းက တင်းသွားပြီး အချိန်ကြာလာတဲ့ အခါ ခါးနာလာပါတော့တယ်။ ဒါကြောင့် ဒေါက်ဖိနပ်စီးတာများတဲ့ မိန်းကလေးအများစုမှာ အဖြစ်အများဆုံးကတော့ခါးအောက်ပိုင်းနာခြင်းပဲဖြစ်တယ်။ဒေါက်ဖိနပ်လေးတွေကြောင့် ဒူးခေါင်းမှာရော ဘယ်လိုဖြစ်တတ်သေးလဲ။ခါးပြီးတော့ ဆက်ဆင်းလာမယ်ဆိုဒူးခေါင်းပေါ့နော်။ ဟန်ချက်ညီတဲ့ လမ်းလျှောက်ခြင်းမှာ အဓိက အကျဆုံးလို့ ဆိုလို့ရတဲ့ဒူးခေါင်းလေးတွေက ဒေါက်ဖိနပ်စီးလိုက်တဲ့ အခါ ပိုပြီးအားစိုက် အလုပ်လုပ်ရပါတယ်။ ဒေါက်ဖိနပ်ဝတ်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ရင် ဒူးခေါင်းလေးတွေက ပုံမှန်ကွေးနေကြထက် ပိုကွေးပေးရပါတယ်။ ကြာလာတဲ့ အခါ ဒူးအရွတ်လေးတွေထိခိုက်လာပြီး ဒူးဆစ်ရောင်ကာ ဒူးနာလာပါတော့တယ်။ လေ့လာချက်များအရ ဒေါက်စီးတဲ့ မိန်းကလေး အများစု မှာ တခြားအဆစ်တွေရောင်တာထက် ဒူးဆစ်က ပိုရောင်ပြီး နာနိုင်တယ်နော်။တင်ပါးအပေါ် ဒေါက်ဖိနပ်တစ်ရံရဲ့ သက်ရောက်မှု။ဒေါက်ဖိနပ်တစ်ရံ စီးထားပြီဆို ကိုယ်ရဲ့ ဟန်ချက်ကလည်း လိုက်ပြောင်းပေးရပါတယ်။ ခါးလေးက မတ်သွားပြီး တင်လေးက မသိမသာ နောက်ကိုပစ်သွားပါတယ်။ ဒါ့အပြင် ပိုကွေးနေရတဲ့ ဒူးကလည်းတင်ပါးအပေါ် သွားသက်ရောက်ပြီး တင်ပါးအကြောညပ်တာတွေ ပိုဖြစ်တတ်ပါတယ်။ခြေဖဝါးလေးတွေကို ပိုနာကျင်စေတယ်။လမ်းလျှောက်ဖို့ အတွက် အရေးကြီးဆုံးက ခြေဖဝါးတစ်စုံပဲလေ။ ဒေါက်ဖိနပ်ဝတ်လိုက်ပြီဆိုတာနဲ့ ခြေဖဝါးလေးက အပြားလိုက်ရှိမနေတော့ဘဲ ခြေဖနောင့်လေးက ပိုမြင့်သွားပြီး ခြေချောင်းလေးတွေမှာ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ အားတွေပိုစု သွားတတ်ပါတယ်။ ကြာလာတဲ့ အခါ ခြေချောင်းလေးတွေ နာလာပြီး ခြေဖနောင့်လည်းအောင့်လာပါတော့တယ်။ ဝတ်ထားတဲ့ ဒေါက်က ရှေ့အပိတ်ဆိုရင်ခြေချောင်းလေးတွေ ပွန်းပြီး အရည်ကြည်ဖုလေးတွေတောင် ပေါက်နိုင်ပါသေးတယ်။ချော်လဲဖို့ အခွင့်အလမ်းပိုများတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်စီးထားပြီဆိုတာနဲ့ ခြေညှပ်ဖိနပ်တစ်ရံစီးထားတာထက်စာရင် ချော်လဲနိုင်ဖို့ အခွငိ့အလမ်းက ပိုများတယ်လေနော်။ ခြေဆစ်လွဲ၊ ဒူးဆစ်လွဲ၊ ခြေကျိုးလက်ကျိုးတာတွေ ပိုဖြစ်နိုင်တယ်လေ။ ဟန်ချက်ပျက်ဖို့ ကလည်းပိုလွယ် စီးထားတဲ့ ဒေါက်ကလည်း အမြင့်ဆိုတော့ ပိုချော်လဲနိုင်တာပေါ့။တစ်ခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေလိုပဲခါး၊ ဒူးခေါင်း၊ ခြေထောက်လေးတွေက လည်း အနားယူဖို့ အရေးကြီးတယ်နော်။ ဒေါက်ကြီးအမြဲ စီးထားရင် သူတို့လေးတွေ အနားမရဘဲ ဒဏ်ရာတောင်ရနိုင်သေးတယ်လေ။ တစ်ခါတစ်ရံ ဒေါက်ဖိနပ်စီးတာကလွဲလို့ နေ့စဉ် အတွက်ဆို ခြေညှပ်အပါးလေးတွေကို ပဲ ပိုရွေးချယ်သင့်တယ်နော်။ ဒေါက်စီးမယ်ဆိုရင်လည်း ကိုယ်နဲ့ကိုက်ညီတဲ့ အမြင့်၊ သင့်တော်တဲ့ size ကို ရွေးချယ်တတ်ဖို့ကလည်း လိုအပ်တယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%92%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%96%e1%80%ad%e1%80%94%e1%80%95%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9b%e1%80%b6%e1%80%9b%e1%80%b2%e1%80%b7-%e1%80%80/
Gingival Recession (သွားဖုံးလန်ခြင်း)
သွားဖုံးလန်ခြင်းဆိုသည်မှာ သွားဖုံးများ သွားမျက်နှာပြင်မှ နောက်သို့လန်ဆွဲသွားပြီး သွားမြစ်များပေါ်လာသော အခြေအနေကို ဆိုလိုသည်။ ၎င်းသည် သွားဖုံးရောဂါ (Periodontal) တစ်မျိုးဖြစ်၏။ ခံတွင်းကျန်းမာရေးမကောင်းခြင်း၏ နောက်ဆက်တွဲ ပြဿနာဖြစ်ပြီး သွားများဆုံးရှုံးရနိုင်သည်။တစ်ရှူးဆုံးရှုံးမှု အပြင်းအထန်ပေါ် မူတည်ကာ ကုသနိုင်သော နည်းလမ်းအမျိုးမျိုးရှိ၏။ စောစောသိ စောစောကုလျှင် အခြေအနေ ပိုကောင်းလေလေဖြစ်သည်။သွားဖုံးလန်ခြင်းသည် အသ်က ၄၀ ကျော်များတွင် အဖြစ်များသော်လည်း ဆယ်ကျော်သက် သို့မဟုတ် ၁၀ နှစ်ဝန်ကျင်းမှ စဖြစ်နိုင်ပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။သွားဖုံးလန်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-။သွားတိုက် သွားကြားထိုးပြီးနောက် သွေးထွက်ခြင်း။သွားဖုံးများ နာကျင်ရောင်ရမ်းခြင်း။သွားဖုံးများတစ်လျှောက် နာခြင်း။မြင်နိုင်သော သွားဖုံးကျုံ့ခြင်း။သွားအမြစ်များ ပေါ်ခြင်း။သွားကျိုးခြင်း။စောလျင်စွာ သိရှိကုသခြင်းဖြင့် အခြေအနေများ ပိုဆိုးမလာအောင် နောက်ထပ် အရေးပေါ်အခြေအနေများမဖြစ်အောင် တာဆီးနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သည့်အခြေအနေကို ကာကွယ်ရန် စောနိုင်သမျှ စောအောင် ဆရာဝန်နှင့် ဆွေးနွေးပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။သွားဖုံးလန်ခြင်းကိုဖြစ်စေသည့် အကြောင်းရင်းများစွာ ရှိပါသည်။သွားဖုံးရောဂါများ။သွားဖုံးနှင့် သွားများနေသားတကျ ဖြစ်နေစေရန် ထိန်းပေးသော အရိုးတို့ကို ဖျက်စီးနိုင်သည့် ဘက်တီးရီးယီးပိုများ ကူးစက်နိုင်သည်။ သွားဖုံးရောဂါများသည် သွားဖုံးလန်ခြင်း၏ အဓိက အကြောင်းရင်းပင်ဖြစ်သည်။သင့်ဗီဇ။တစ်ချို့လူများသည် သွားဖုံးရောဂါဖြစ်နိုင်ချေ ပိုများ၏။ အချက်အလက်အားဖြင့် လေ့မှုများတွင် ၃၀ % သောလူများသည် သွားကျန်းမာရေး ဂရုစိုက်မှုရှိရှိ မရှိရှိ သွားဖုံးရောဂါ ဖြစ်နိုင်ချေရှိပါသည်။သွားအကြမ်းပတမ်းတိုက်ခြင်း။သွားများကို နည်းလမ်းမမှန်ပဲတိုက်ခြင်း သို့မဟုတ် ကြမ်းတမ်းစွာတိုက်ခြင်း ပြုလုပ်လျှင် သွားကြွေလွှာများ ပြုန်းသွားနိုင်ပြီး သွားဖုံးလန်စေနိုင်ပါသည်။သွားကျန်းမာရေးမလုပ်ခြင်း။သွားမှန်မှန်မတိုက်ခြင်း၊ သွားကြားမထိုးခြင်းနှင့် ဘက်တီးရီးယားသေဆေးများဖြင့် ပါးစပ်သေချာမဆေးခြင်းတို့ ပြုလုပ်ပါက အကြွင်းအကျန်များမှ သွားချိုးများကိုဖြစ်စေနိုင်ပြီး သွားအထူးကုများမှသာ ဖယ်ရှားနိုင်သောအရာများဖြစ်ပါသည်။ သွားချိုးများသည် သွားဖုံးလန်ခြင်းကို ဖြစ်စေနိုင်ပါသည်။ဟော်မုန်းပြောင်းလဲခြင်း။အမျိုးသမီးများဘဝတစ်လျှောက်လုံး မဟော်မုန်း အတက်အကျများ ဥပမာ အပျိုဖော်ဝင်စ၊ ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်း စသည်တို့တွင် သွားဖုံးများကို အထိမခံဖြစ်စေနိုင်ပြီး သွားဖုံးလန်ခြင်းကို ပိုဖြစ်စေနိုင်ပါသည်။သွားဖုံးလန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။သွားချိုးများတည်ခြင်း။ဆေးလိပ်သောက်ခြင်း။သွားဖုံးရောဂါမျိုးရိုးရှိခြင်း။ဆီးချို။HIV/AIDS။အာခြောက်ခြင်းကို ဖြစ်စေနိုင်သည့် ဆေးများသည်လည်း သွားဖုံးလန်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အာခြောက်လျှင် ရှိသင့်သည့် တံတွေးပမာဏ မရှိတတ်ပါ။ တံတွေမလုံလောက်လျှင် သင့်ပါးစပ်မှ တစ်ရှူးများသည် ဘက်တီးရီးယားပိုး ကူးခြင်းနှင့် ထိခိုက်ဒဏ်ရာများကို ပိုဖြစ်စေနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွားဖုံးလန်ခြင်းနှင့် တခြားသောသွားဖုံးရောဂါများကို သွားဆရာဝန်မှ ရောဂါအမည်တပ်မည်ဖြစ်သည်။ စမ်းသပ်ကြည့်ရှု့ခြင်းဖြစ် ရောဂါအခြေအနေကို သိနိုင်ပါသည်။ သွားဖုံးခွက်များကိုတိုင်းတာရန် Probe တစ်ခုကိုလည်း အသုံးပြုနိုင်ပါသည်။Probe သည် သေးငယ်သော မနာကျင်စေသည့် ပေတံသုံး တိုင်းတာခြင်းဖြစ်သည်။ National Institute of Dental and Craniofacial Research အရ သာမှန် သွားဖုံးခွက်အရွယ်အစားသည် ၁-၃ မီလီမီတာသာ ရှိပါသည်။ ထိုထက်ကြီးပါက သွားဖုံးရောဂါ လက္ခဏာတစ်ခုပင်ဖြစ်သည်။သွားဖုံးလန်ခြင်းကိုသိသည်နှင့် သွားဖုံးအထူးကုဆီသို့ လွှဲကိုလွှဲရမည်ဖြစ်သည်။ ထိုအထူးကုမျိုးသည် သွားများနှင့် သွားဖုံးတစ်ရှူးများအား ကောင်းလာစေရန် ကုသရမည့်အစီအစဉ်ကို ဆုံးဖြတ်နိုင်ပါသည်။ ပထမဆုံးအနေဖြင့် သွားဖုံးများတွင် ပိုးကူးစက်မှုကို တွေ့ရပါက ပဋိဇီဝဆေးများကို ပေးမည်ဖြစ်သည်။သွားဖုံးလန်ခြင်း အပျော့စားများအား လန်နေသည့်နေရာတွင် သွားဆရာဝန်မှ အတွင်းထိသန့်ရှင်းပေးခြင်းဖြင့် ကုသနိုင်ပါသည်။ အတွင်းထိသန့်ရှင်းရာတွင် (tooth scaling နှင့် root planning ဟုလဲခေါ်သည်) သွားဖုံးလိုင်းအောက်ရှိ သွားချိုးများ အချပ်ပြားများကို ဂရုတစိုက်ဖယ်ရှာကာ ပေါ်နေသည့် အမြစ်နေရာအား ဘက်တီးရီးယားများ တွယ်ကပ်မရစေရန် ချောမွတ်အောင် ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။ ကျန်ရှိနေသည့် အန္တရာယ်များသော ဘက်တီးရီးယားများအတွက်မူ ပဋိဇီဝဆေးများကို သောက်ရမည်ဖြစ်သည်။အရိုးခွက်များ တိုက်စားမှုသည် အတွင်းထိနက်နေသောကြောင့် သွားဖုံးလန်ခြင်းအား အတွင်းထိသန့်ရှင်းမရနိုင်လျှင် ပျက်စီးသွားသည်များကို ပြုပြင်ရန်အတွက် သွားဖုံးခွဲစိတ်မှုလုပ်ရန် လိုအပ်နိုင်ပါသည်။အောက်ပါ ခွဲစိတ်မှုများကို သွားဖုံးလန်ရာတွင် အသုံးပြုပါသည်။Pocket depth reduction။ဒီခွဲစိတ်မှုတွင် သွားဆရာဝန် သို့ သွားအထူးကုမှ ထိခိုက်နေသည့် သွားဖုံးတစ်ရှူးများကို ပြန်စိပြီး အန္တရာယ်ပေးသည့် ဘက်တီးရီးယားများကို သွားဖုံးခွက်များအတွင်းမှ ဖယ်ရသည်။ထို့နောက် သွားအမြစ်ဖုံးအောင် သွားဖုံးတစ်ရှူးများကို နေသားတကျထားခြင်းဖြင့် သွားဖုံးပေါက်များကို ပိတ်ခြင်း သို့မဟုတ် အရွယ်အစားလျော့ခြင်းကို ပြုလုပ်ပါသည်။Regeneration။သွားဖုံးလန်ခြင်းကြောင့်သွားများကိုထောက်ပံ့ပေးသော အရိုးပျက်စီးခြင်းဖြစ်ပါက ပျက်သွားသောအရိုးများနှင့် တစ်ရှူးများ ပြန်ကောင်းအောင် regenetate လုပ်ဖို့ရာ လမ်းညွှန်ထားပါသည်။ Pocket depth reduction မှာကဲ့သို့ပင် သွားဆရာဝန်သည် သွားဖုံးတစ်ရှူးများကို ပြန်ဖုံးပြီး ဘက်တီးရီးယားများကို ဖယ်ရှားမည်ဖြစ်သည်။ပြန်လည်သန်စွမ်းသော အရာများ ဥပမာ အမြှေးပါးများ၊ အစားထိုးတစ်ရှူးများ သို့မဟုတ် တစ်ရှူးလှုံစော်သည့်ပရိုတင်းများကို သုံးပေးပြီး ခန္ဓါကိုယ်မှ အရိုးနှင့် တစ်ရှူးများအား သဘဝအတိုင်း ပြန်လည်သန်စွမ်းစေမည်ဖြစ်သည်။ ပြန်လည်သန်စွမ်းစေသည့်ပစ္စည်းများ ထည့်ပြီးလျှင် သွားဖုံးတစ်ရှူးများကို သွားမြစ်နှင့် သွားဖုံးအောင် ပြန်စေ့မည်ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကသွားဖုံးလန်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။သွားဖုံးလန်ခြင်းအား ကာကွယ်ဖို့အတွက် အကောင်းဆုံးသည် သွားဆရာဝန်နှင့်ပြကာ မှန်မှန်သန့်ရှင်းခြင်းများ ပြုလုပ်သင့်ပါသည်။ ရောဂါလက္ခဏာများ ဘာမှမခံစားရလျှင်တောင်မှ သွားဆရာဝန်သည် သွားဖုံးရောဂါ၏ အစောပိုင်း လက္ခဏာများကို ရှာတွေ့နိုင်ပါသည်။စမတ်ကျသည့် ခံတွင်းကျန်းမာရေးကို လိုက်စားခြင်းဖြင့် သွားဖုံးပြဿနာများကို ကာကွယ်နိုင်ပါသည်။ ပုံမှန်သွားကြားထိုးခြင်းနှင့် သွားတိုက်ခြင်းသည် ဘက်တီးရီးယားများ၊ စားကြွင်းစားကျန်များကို ဖယ်ရှားပေးနိုင်ပြီး ချပ်ပြားများနှင့် သွားချိုးများကိုတော့ သွားဆရာဝန်နှင့်မှ ဖယ်ရှားနိုင်မည်ဖြစ်သည်။သွားချိုးများသည် သွားဖုံးရောဂ်များနှင့် သွားဖုံးလန်ခြင်းကို ဖြစ်စေနိုင်ပြီး ထို့ကြောင့်ပင် တစ်နှစ်နှစ်ခါ သွားသန့်ရှင်းရေးလုပ်ခြင်းသည် ထိုကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရာတွင် အရေးပါခြင်းဖြစ်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/gingival-recession-%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%9c%e1%80%94%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
လေဆာကုသမှုတွေနဲ့ အရေပြားကို ဘယ်လိုနုပျိုအောင် လုပ်မလဲ
အရေပြား ထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေ အတွက်သာမက အမျိုးသားတွေအတွက်ပါ အကျိုးရှိပါတယ်။ အထူးသဖြင့် အရေပြား အရေးအကြောင်း၊ အမာရွတ်ရှိသူတွေဟာ အရေပြားကို ပိုမို ငယ်ရွယ်ချောမွတ်အောင် ပြုလုပ်ကြပါတယ်။ယခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာကြောင့် အရေပြားကို ငယ်ရွယ်နုပျိုစေနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ ယခုခေတ်မှာတော့ laser skin resurfacing နဲ့ laser skin tightening ကို လူကြိုက်များပါတယ်။ဒီကုထုံးဟာ အရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။ကုသမှုအပြီး အချိန်အနည်းငယ်ကြာချိန်မှာ သင့်အရေပြားဟာ ပိုမိုနုပျို ချောမွေ့နေတာကို ခံစားရနိုင်ပါတယ်။Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။Laser skin resurfacing ဟာ ပြီးပြည့်စုံတဲ့အရေပြားကို မဖြစ်ပေါ်စေပေမယ့် အရေပြားရဲ့ ပုံပန်းသဏ္ဍန်ကို တိုးတက်စေနိုင်ပါတယ်။ ဒီကုထုံးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးတွေကတော့။ဒီနည်းလမ်းဟာ အရေပြားရဲ့ အောက်ပိုင်းအလွှာတွေကို အေးစေချိန်မှာပဲ နက်နဲတဲ့ collagen အလွှာတွေကို အပူဖြည်းညင်းစွာ ပေးခြင်း ဖြစ်ပါတယ်။ ရလဒ်ကတော့ ပိုမို ငယ်ရွယ်သယောင်ထင်ရတဲ့ အရေပြား ရရှိမှာ ဖြစ်ပါတယ်။ အရေပြား တင်းရင်းစေခြင်းဟာ အရေပြားနုပျိုစေဖို့ လုံခြုံစိတ်ချရပြီး နာကျင်မှုကင်းဝေးစေတဲ့ နည်းတစ်မျိုး ဖြစ်ပါတယ်။အခြားကုသမှုတွေနဲ့ မတူပဲ Laser skin resurfacing ဟာ လူနာရဲ့ ရှိနှင့်ပြီးသားအရေပြားအပေါ်ယံလွှာကို ဖယ်ရှားပေးပြီး အရေပြား ပူလောင်ခြင်း၊ ပျက်စီးခြင်းတွေကို မဖြစ်စေနိုင်ပဲ အရေပြားအသစ် ဖြစ်ပေါ်လာခြင်းကို အားပေးပါတယ်။အရေပြားတင်းရင်းမှု အတွက် ကုသမှုခံယူတဲ့ လူနာတွေဟာ ဆိုးကျိုးအလွန်နည်းပါးပြီး ခဏတာ အနည်းငယ် နီရဲခြင်းကိုသာ ခံစားရနိုင်ပါတယ်။လေဆာကုသမှုဟာ အရေပြားကို နုပျိုစေပြီး နေလောင်ခြင်း၊ အသက်ကြီးခြင်း၊ အရေပြား ရောဂါတွေကို ကုသပေးနိုင်တာကြောင့် ဆေးပညာပိုင်းမှာ အလွန်လူကြိုက်များလာပါတယ်။ ကုသမှုတွေဟာ စိတ်ချရပြီး အလွန်အစွမ်းထက်ပါတယ်။ဈေးကြီးပေမယ့် ရလဒ်ကတော့ ပိုမိုနုပျိုချောမွေ့ကာ ကျန်းမာစေတဲ့ အရေပြားကို ရရှိမှာ ဖြစ်ပါတယ်။ ဘယ်လိုကုသမှုမျိုးယူသင့်သလဲ (resurfacing သို့ အရေပြားတင်းရင်းစေခြင်း) ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%9c%e1%80%86%e1%80%ac%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%94%e1%80%b2%e1%82%94-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8/
Xerostomia (ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)
Xerostomia ကို ပါးစပ်ခြောက်ခြင်းလို့ လူသိများပြီး ဒါဟာ သင့်ပါးစပ်ခြောက်နေတတ်တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် ပါးစပ်ခြောက်ခြင်းဟာ ပါးစပ်အတွင်းမှာ ရှိတဲ့ တံတွေးဂလင်းတွေက တံတွေးထွက်မှု လျော့နည်းခြင်း (သို့) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာ ပါးစပ်ခြောက်ခြင်းဟာ တံတွေးဂလင်းတွေကို ထိခိုက်စေတဲ့ အခြေအနေတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။တံတွေးကို အစာဝါးခြင်း၊ မျိုချခြင်း၊ အရသာခံခြင်း၊ စကားပြောခြင်းတွေအတွက် အသုံးပြုကြပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ပါးစပ်ခြောက်ခြင်းဖြစ်ရင် ပိုခက်ခဲနိုင်ပါတယ်။ တံတွေးဟာ ဘက်တီးရီးယားတွေ ထုတ်လုပ်လိုက်တဲ့ အက်စစ်တွေကို ခြေဖျက်ပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးကာ ဘက်တီးရီးယား ကြီးထွားနှုန်းကို ကန့်သတ်ပေးပြီး အစာတွေကို ဆေးကြောပေးပါတယ်။သင့်မှာ တံတွေးအလုံအလောက်မရှိပဲ ပါးစပ်ခြောက်တယ်ဆိုရင်တော့ အောက်ပါအခြေအနေတွေ ဖြစ်နိုင်ပါတယ်။ဝါးခြင်း၊ မျိုချခြင်း တွေမှာ ပြဿနာရှိခြင်းကြောင့် အာဟာရဓါတ်လုံလောက်စွာ မရရှိခြင်း။Xerostomia ဟာအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Xerostomia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Xerostomiaဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကတော့။အာရုံကြော ထိခိုက်ခြင်း။ ခေါင်း၊ လည်ပင်းတွေကို အာရုံကြော ထိခိုက်ခြင်းဟာ ပါးစပ်ခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။Xerostomia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ရေဓါတ်ခြောက်ခမ်းခြင်း- ရေဓါတ်ခြောက်ခမ်းနိုင်တဲ့ အခြေအနေတွေဖြစ်တဲ့ အဖျားတက်ခြင်း၊ ချွေးထွက်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးဆုံးရှုံးခြင်း၊ ပါးစပ်ခြောက်ခြင်းကို ဖြစ်စေတဲ့ မီးလောင်ခြင်း တွေပဲ ဖြစ်ပါတယ်။သင့်ဆရာဝန်နဲ့ သွားဆရာဝန်က သင့်မှာ ပါးစပ်ခြောက်ခြင်း ရှိတယ်ဆိုရင် ပါးစပ်ကို စစ်ဆေးခြင်း၊ ကျန်းမာရေး ရာဇဝင်ကို မေးမြန်းခြင်း၊ သင်သောက်နေတဲ့ ဆေးတွေကိုမေးမြန်းခြင်းကို ပြုလုပ်နိုင်ပါတယ်။ဆေးတွေကြောင့် မဟုတ်ခဲ့ရင်တော့ အခြားသွေးစစ်ဆေးမှု၊ imaging tests တွေ နဲ့ တံတွေး ဘယ်လောက်ထုတ်လဲဆိုတာ စစ်ဆေးတဲ့ စစ်ဆေးမှုတွေကို သင့်မှာရှိတဲ့ ပါးစပ်ခြောက်ခြင်းရဲ့ အကြောင်းရင်းကို အဖြေရှာဖို့ ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်ရောဂါဟာ Sjogren’s syndrome ကြောင့် ဖြစ်တယ်လို့ သံသယရှိရင် တံတွေးဂလင်းကို အသားစယူပြီး စစ်ဆေးနိုင်ပါတယ်။Xerostomia ကုသမှုဟာ အကြောင်းရင်းပေါ်မူတည်ပါတယ်။တကယ်လို့ သင့်မှာ ပါးစပ်ခြောက်ခြင်း ပြင်းထန်တယ်ဆိုရင် သင့်ဆရာဝန်နဲ့ သွားဆရာဝန်က။သွားကို ကာကွယ်ပါ။ သွားပိုးစားခြင်းကို ကာကွယ်ဖို့အတွက် သွားဆရာဝန်က fluoride ပါဝင်တဲ့ fluoride trays တွေကို သွားပေါ်မှာ မိနစ်အနည်းငယ် ဝတ်ဆင်စေနိုင်ပါတယ်။ သွားဆရာဝန်က သွားပိုးစားခြင်းကို ထိန်းချုပ်ဖို့ chlorhexidine အာလုပ်ကျင်းရည်ကိုလည်း အပတ်စဉ် အသုံးပြုစေနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Xerostomia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/xerostomia-%e1%80%87%e1%80%ae%e1%80%9b%e1%80%ad%e1%80%af%e1%80%85%e1%80%90%e1%80%ad%e1%80%af%e1%80%99%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8-%e1%80%b1%e1%80%81%e1%81%9a-%e1%80%95%e1%80%ab/
အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ
မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည်ပေးတယ်၊ သဘောပေါက်ပေးတယ်၊ လက်ခံပေးတယ်ဆိုတဲ့ ကိစ္စဟာအမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား။အခြေခံအားဖြင့် ဒီကနေ့ခေတ်မှာ လူတိုင်းဟာ သတင်းကို စားသုံးကြတယ်။ သတင်းဆိုတာမျိုးကလည်း သတင်းဌာနကတွေက ပြောဆိုတာတွေကို ချည်းဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုယ့်အသိုင်းအဝိုင်း ကိုယ့်အနီးအနားက အဖြစ်အပျက်တိုင်းက သတင်းလို့ဆိုပါတယ်။ဒီလို သတင်းကို စားသုံးကြတဲ့လူသားတွေဟာ ပတ်ဝန်းကျင်က ကြားရမြင်ရသမျှ သတင်းတွေ၊ အဖြစ်အပျက်တွေကြောင့်ပဲ စိတ်ပျော်ရွှင်မှု၊ ဝမ်းသာ၊ ဝမ်းနည်း၊ဒေါသထွက်တာတွေနဲ့စိတ်ဖိစီးမှုကို အမျိုးမျိုးအဖုံဖုံခံစားကြရပါတယ်။ဒါက လူ့သဘောပါပဲ။ စစ်ဖြစ်၊ ဆန္ဒပြ၊ ဗုံးကွဲ၊ကိုဗစ်ကပ်ဘေးစတဲ့ ဖြစ်ပျက်လာသမျှ အဖြစ်အပျက်တွေတိုင်းကြောင့် လူတိုင်းစိတ်ခံစားမှု တစ်စုံတစ်ရာတော့ ကြုံဆုံခံစားကြရတာပါပဲ။ ဒီလို ခံစားချက်တွေကြောင့် စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းစိတ်ပျက်ရတာတွေကို မဖြစ်မနေ ကြုံဆုံရမှာပါ။ခုလိုမျိုး Shocking Events တွေကို ရင်ဆိုင်လာရပြီဆိုရင် မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်နိုင်တယ်လို့ စိတ်ပညာရှင်တွေကဆိုကြပါတယ်။ ဘယ်လိုများ မျှဝေခံစားပြီး ကျော်ဖြတ်ကြမှာပါလဲ။မျှဝေခံစားလိုစိတ် ရှိခြင်းဟာ လူတစ်ဦးချင်းစီမှာ ရှိတတ်တဲ့ အမူအကျင့်ကောင်းတစ်ခုပါ။ ထိလွယ်ရှလွယ် စိတ်ခံစားချက်တွေကို မျှဝေနားထောင်ပေးမယ့်သူရှိရင် တဖက်သား စိတ်သက်သာရာရသွားတာမျိုးပေါ့။ တဖက်လူ ခံစားနေရတဲ့အခြေအနေကို နားထောင်ပေး၊ ဂရုစိုက်ပေး၊ နားလည်ပေးတဲ့ အခြေအနေတစ်မျိုးလို့ ဆိုရမှာပေါ့။မျှဝေခံစားတတ်သူတွေဟာ တဖက်သားရဲ့ အမြင်နဲ့ ခံစားချက်ကို နားလည်သဘောပေါက် လွယ်ကြတယ်။ ဒီလို မျှဝေခံစားနိုင်တာဟာ တခါတရံမှာတော့ နားလည်မှုလွဲမှားတာနဲ့ အလွန်အမင်း အိုဗာဖြစ်တာမျိုးတွေလို့ ရှုမြင်ခံရတတ်ပါသေးတယ်။ ကိုယ့်မိတ်ဆွေ၊ မိသားစုဝင်ထဲမှာ ဒီလို မျှဝေခံစားပေးတတ်သူ ရှိတယ်ဆိုရင် သင်ဟာ ကံထူးသူပါပဲ။လူတွေရဲ့ ၅၆% က သတင်းတွေနဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဖိစီးမှုခံစားရတတ်ပါတယ်။သတင်းဆိုးတွေ၊ အဖြစ်အပျက်ဆိုးတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ လူတွေရဲ့ အာရုံကြောကို အပြင်းအထန် လှုံ့ဆော်တတ်ပြီး စိတ်ခံစားမှုကို လွန်ကဲစေမှာပါ။ ဒီအခြေအနေကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ မျှဝေခံစားတာလို့ အေမေရိကန်စိတ်ပညာအသင်းက ဆိုပါတယ်။စိတ်ပညာရှင်တွေရဲ့ အဆိုအရတော့ လူတဖက်သားကို မျှဝေခံစားပေးခြင်းဟာ ကူးစက်လွယ်တဲ့ အပြုအမူဖြစ်ပြီးတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မျှဝေခံစားလိုစိတ် ဖြစ်ပေါ်လာစေမှာမို့ နှစ်ဦးလုံးအတွက် အကျိုးပြုတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အခက်အခဲ ကိုယ့်အခက်အခဲ အပြန်အလှန်ကူညီနိုင်တာပေါ့။တဖက်သားရဲ့ အခြေအနေကို နားထောင်ပေး၊ လက်ခံပေးပြီးအားပေးခြင်းအားဖြင့်စိတ်ဒဏ်ရာရနေသူ၊ စိတ်ထိခိုက်နေသူကို ပိုမိုသက်သာလျော့ပါးစေမှာဖြစ်သလို ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရှာမှာလည်း ပိုပြီး နားလည်သဘောပေါက်လွယ်သူဖြစ်လာစေမှာပါ။မျှဝေခံစားမှုရဲ့သဘောက အပြန်အလှန်ကူးစက်လွယ်တယ်လို့ အထက်မှာဆိုထားသလိုပဲ အပြန်အလှန်ဖေးမမှု၊ မျှဝေခံစားပေးမှုတွေလည်း ဖြစ်လာစေမှာမို့ နှစ်ဦးနှစ်ဝအကျိုးရှိစေတဲ့ လုပ်ရပ်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အခက်ခဲဆုံးအချိန်တွေကို ရင်းနှီးကျွမ်းဝင်ရသူတွေ၊ မိသားစုတွေနဲ့ မျှဝေပြီး စိတ်ပင်ပန်းမှုတွေကို လျှော့ချသင့်ကြောင်း မကြာခနတိုက်တွန်းနေရတာပေါ့။သတင်းဆိုးတွေ အဖြစ်အပျက်ဆိုးတွေကို ရင်ဆိုင်ရာမှာ တစ်ဖက်သားကို ရင်ဖွင့်ပြီး မျှဝေခံစားစေရုံနဲ့ မပြီးသေးပါဘူး။ တခြားသော နည်းလမ်းလေးတွေကိုလည်း သိနားလည်ထားဖို့ လိုအပ်ပါတယ်။ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ရင်ဆိုင်နေရပြီဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီးတော့လည်း ကိုယ့်ရဲ့ စိတ်ပင်ပန်းနေမှုတွေကို လျော့ပါးသက်သာအောင်လုပ်ဆောင်နိုင်သေးတာကြောင့်ပါ။ဒါတွေကတော့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/how-this-empath-copes-with-shocking-events/
ဆိုရီရေးစစ် (Psoriasis) ကို ကုသသော လိမ်းဆေး၊သောက်ဆေး၊ထိုးဆေးများ။
Psoriasis ရောဂါ ကို ကုသမှုများသည် ရောဂါပြင်းထန်မှုနှင့် ရောဂါပေါ် စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများပေါ်တွင် မူတည်သည်။ ကုသမှုများတွင် လိမ်းဆေး၊ အလင်းကုထုံးနှင့် သောက်ဆေး၊ ထိုးဆေးများဖြစ်ကြသည်။ ထိုကုသမှုများအားလုံးသည် တစ်ခုချင်းလဲသုံးနိုင်သည်၊ အခြားကုသမှုများနှင့်လည်း တွဲသုံးနိုင်သည်။လိမ်းဆေးများသည် သောက်ဆေးနှင့် ထိုးဆေးများနှင့် နှိုင်းယှဉ်လျင် သွေးကြောထဲသို့ စုပ်ယူမှုနှင့် အခြားနေရာများသို့ အကျိုးသက်ရောက်နိုင်ချေ အနည်းဆုံးဖြစ်သည်။ အသုံးများသော လိမ်းဆေးများတွင်hydrocortisone,fluocinonide, ortriamcinoloneကဲ့သို့သော corticosteroids များ၊ moisturizers,anthralin,calcipotriene, calcitriol,coal tar,tacrolimus, နှင့် tazarotene တို့ ပါဝင်သည်။ ခရမ်းလွန်ရောင်ခြည်ဖြင့်ကုသသော အလင်းကုထုံးသည်လည်း အရေပြားနေရာတစ်ခုပေါ်တွင်သာ သက်ရောက်မှုရှိခြင်းဖြစ်သည်။သောက်ဆေးနှင့်ထိုးဆေးများသည် ခန္ဓါကိုယ်တစ်ခုလုံးတွင် သက်ရောက်မှုရှိပြီး တခါတရံတွင် ခုခံအားစနစ်ပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသည်။ ထိုကုသမျှုများကို အလတ်စားနှင့် အပြင်းစားရောဂါများနှင့် psoriasis ကြောင့်ဖြစ်သော အဆစ်ရောင်ခြင်းများတွင် အသုံးပြုသည်။ လိမ်းဆေးနှင့်မသက်သာသော၊ အလင်းကုထုံးနှင့်ကုသမရသော လူနာများတွင်လည်း အသုံးပြုသည်။ အဆင့်မြင့်သောကုသမှုများအနေဖြင့်acitretin(Soriatane), apremilast (Otezla),cyclosporine, andmethotrexate(Trexall) or biologic therapies(injectable drugs), includingadalimumab(Humira),etanercept(Enbrel), etanercept-szzs (Erelzi),infliximab(Remicade), ixekizumab (Taltz), secukinumab (Cosentyx) and ustekinumab (Stelara) ကဲ့သို့သော သောက်ဆေး၊ထိုးဆေးများကို အသုံးပြုနိုင်ပါသည်။ ဆေးနှင့်ကုသခြင်းများအပြင်အလင်းကုထုံးနှင့် ခရမ်းလွန်ရောင်ခြည်နှင့် ခန္ဓါကိုယ်တစ်ခုလုံးသို့ကုသခြင်းများလည်း ပါဝင်သည်။သောက်ဆေးများနှင့် ထိုးဆေးများသည် လိမ်းဆေးများထက် အဆင်ပြေပြီး အကျိုးသက်ရောက်မှုပိုကောင်းသော်လည်း ခန္ဓါကိုယ်အနှံ့အပြားသို့ရောက်ရှိနိုင်သည့်အတွက် ဘေးထွက်ဆိုးကျိုးများလည်း ပိုရှိနိုင်ပါသည်။Psoriasis လူနာများသည် လိမ်းဆေးကို အစဉ်တစိုက်မသုံးကြသည်ကို စစ်တမ်းများက ဖော်ပြကြသည်။ အဘယ်ကြောင့်ဆိုသော် လိမ်းဆေးပုံစံအမျိုးမျိုးရှိခြင်းကြောင့် စိတ်ရှုပ်ကြရပြီး လိမ်းရသည်မှာ အဆင်မပြေကြပေ။ ထို့ကြောင့် လိမ်းဆေးကို မည်သို့စွဲမြဲသုံးရမည်ကို သိရှိရန်လိုပါသည်။ အသုံးအများဆုံးသော လိမ်းဆေးများမှာ clobetasol (Temovate),triamcinolone(Aristocort), fluocinolone (Synalar), andbetamethasone(Diprolene) တို့ပါဝင်သော စတီးရွိုက်လိမ်းဆေးများဖြစ်သည်။ Corticosteroids သည် အရောင်ကျစေပြီး ယာယံခြင်းကို သက်သာစေသည်။ ဖြစ်သောနေရာရှိ အရေပြားပေါ်သို့လိမ်းပေးခြင်းဖြင့်အသုံးပြုသည်။ လိမ်းဆေး ပမာဏသည် ရောဂါအခြေအနေပေါ်မူတည်သည်။ နေရာများများလိမ်းပေးလျှင် ခန္ဓါကိုယ်တွင် အချို့သော ဘေးထွက်ဆိုးကျိုးများရှိနှိုင်သည်။ အခြားသော လိမ်းဆေးများသည် ဗီတာမင် ဒီပါဝင်တတ်သော calcipotriene (Dovonex) ကဲ့သို့သော လိမ်းဆေးခရင်မ်များ၊ အဆီများဖြစ်သည်။ ထိုဆေးများကို အလတ်စားရောဂါကို ကုသရန် အသုံးပြုကြသည်။ တနေ့တွင် နှစ်ကြိမ်လိမ်းပေးရန်လိုပြီး ခရင်မ်၊ လိမ်းဆေးအဆီ၊ နှင့် အရည် ပုံစံများဖြင့်လာသည်။ အရေပြားကို ယောင်ရမ်းနာကျင်စေပြီး ၊ နေရာများများကို လိမ်းရန် အဆင်မပြေပေ။ မျကိနှာပေါ်၊ မျက်လုံးအနားတစ်ဝိုက်၊ နှာခေါင်းနှင့် ပါးစပ်တွင်းသို့ မဝင်အောင် သတိပြုရမည်။ တစ်ပတ်အတွင်း ၁၀၀ ဂရမ်ထက်ပိုပြီး အသုံးပြုမိပါကအန္တရာယ်ရှိကြောင်း သိထားသင့်ပါသည်။Taclonexဆေးသည်သူ၏ ဖြစ်နိုင်ချေများကို သက်သာစေရန် စတီးရွိုက်နှင့်တွဲပေးရသည်။ နောက်ဆုံးပေါ်ဆေးသစ်တစ်မျိုးမှာ ကတ္တရာစေးပါသောလိမ်းဆေးဖြစ်သည်။ Coal tar (DHS Tar,Doak Tar,Theraplex T) မီးသွေးတွင်ပါဝင်သော မတူညီသောပါဝင်ပစ္စည်းများကို တွဲထားသော ဆေးဖြစ်သည်။ လိမ်းဆေးအဖြစ်အသုံးပြုသလို ခေါင်းလျော်ရည်၊ ရေချိုးဆပ်ပြာ၊ ခရင်မ်၊ ဂျယ်လ်၊ လိမ်းဆေး၊ လိမ်းဆေးအဆီ၊ အနှစ် နှင့် အခြားပုံများနှင့်လည်း လာသည်။ အပျော့စားမှ အပြင်းစား ရောဂါအထိအသုံးပြုနိုင်ပါသည်။ လိမ်းရသည့် အရေအတွက်သည် ရောဂါပြင်းထန်မှုပေါ်မူတည်သည်။ ဘေးထွက်ဆိုးကျိုးများမှာ အနံ့မကောင်းခြင်း၊ နေရောင်နှင့်ထိတွေ့ရာတွင် ပို၍တုံ့ပြန်မှုဖြစ်ပေါ်ခြင်း၊ အမွှေးထွက်ရာအခြေများကို ရောင်ယမ်းစေသည်။Psoriasis တွင် ခုခံအားစနစ်ကြောင့်ဖြစ်သောကြောင့် biologic therapies နှင့် methotrexate, cyclosporine ကဲ့သို့သော အချို့သော သောက်ဆေးများသည် ခုခံအားစနစ်ကို ဦးတည်ကုသသည်။Acitretin(Soriatane၊ psoralens၊ Methoxsalen (Oxsoralen-Ultra) နှင့် trioxsalen၊ Trisoralen ကဲ့သို့သော Retinoids ဆေးများကို psoriasis အတွက် အဓိက အသုံးပြုကြပြီး အရေပြားနီရဲရောင်ယမ်းမှုကို လျော့ကျစေသည်။ ဆေးပမာဏကို လျော့ချရန်အတွက် အလင်းကုထုံးကဲ့သို့သော အခြားကုသမှုများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။Acitretin ကို ဆေးတောင့်အနေနှင့်ထုတ်လုပ်ထားပြီး တနေ့တစ်ကြိမ် အစာနှင့်အတူသောက်ရသည်။ အပြင်းထန်ဆုံး ဘေးထွက်ဆိုးကျိုးမှာ ထိုဆေးသည် ခန္ဓါကိုယ်ထဲတွင် အချိန်ကြာမြင့်စွာရှိနိုင်ပြီး မမွေးရသေးသော သန္ဓေသားကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အကယ်၍ သင်သည် ကလေးမွေးဖွားနိုင်သောအရွယ်ဖြစ်ပါက ဆေးအသုံးပြုနေစဉ်တွင် သန္ဓေတားဆေးသုံးသင့်သည်။Psoralens သည် ခရမ်းလွန်ရောင်ခြည်ကုထုံးနှင့် တွဲသုံးလျင် အရေပြားကို နေရောင်နှင့်အလင်းတွင် ပို၍ အကျိုးရှိစေသောကြောင့်၊ တွဲဖက်မကုသလျင် အခြားအကျိုးမရှိပါ။ ထို့ကြောင့် ထိုကုသမှုများကို တွဲဖက်ပြုလုပ်ရပါသည်။ ထိုကုသမှုကို PUVA ဟုခေါ်ပြီး ကို ခရမ်းလွန်ရောင်ခြည် ultraviolet A (UV-A) နှင့်တွဲ၍ အသုံးပြုသည်။ ဘေးထွက်ဆိုးကျိုးများမှာ နေလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်နိုင်ခြင်းနှင့် မျက်လုံးတိမ်ဖြစ်ခြင်း တို့ဖြစ်သည်။ အခြားအရေးကြီးသော ဆေးများမှာ–Adalimumab(Humira),etanercept(Enbrel),infliximab(Remicade),ustekinumab(Stelara), secukinumab (Cosentyx), ixekizumab (Taltz), methotrexate (Rheumatrex),cyclosporine(Sandimmune,Neoral), and apremilast (Otezla) ကဲ့သို့သော antimetabolites, immunosuppressives, biologic response modifiers ဆေးများဖြစ်ကြသည်။ ဤ ဆေးများသည် အားပြင်းသောဆေးများ ဖြစ်ကြပြီး အရောင်ကျခြင်းကို သက်သာစေကာ ခုခံအားစနစ်ကိုလည်း အကျိုးသက်ရောက်မှုရှိစေသည်။ သောက်ဆေး သိုမဟုတ် ထိုးဆေးအဖြစ် အသုံးပြုကြသည်။ ထိုဆေးများကို အခြားဆေးများနှင့် ကုသ၍ မသက်သာသော ပြင်းထန်သောရောဂါ အခြေအနေများအတွက် အသုံးပြုကြသည်။psoriasis ရောဂါအပျော့စား ကို လိမ်းဆေးနှင့်ကုသ ၍ ရသော်လည်း အလတ်စားမှ အပြင်းစား အမျိုးအစားများကို သောက်ဆေးများ၊ ထိုးဆေးများကို အသုံးပြု၍ ကုသပါသည်။ အချို့သော လူနာများတွင် ထိုးဆေးများ၊ သောက်ဆေးများကို ရလဒ်ပိုကောင်းစေရန်အတွက် လိမ်းဆေးနှင့်တွဲ၍ လည်း အသုံးပြုကြသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/psoriasis-treatment/
Astigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း)
မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော မျက်စိပြသနာ တခုဖြစ်ပါသည်။ ထိုသို့ဖြစ်ပါက မကုသဘဲထားလျှင် ရောဂါဖြစ်သောမျက်စိတဖက်တွင် အမြင်အာရုံချို့တဲ့ခြင်းဖြစ်နိုင်ပါသည်။ပုံမှန်အားဖြင့် လူတယောက်၏မျက်လုံးပုံစံသည် လုံးဝန်းပြီး မှန်ဘီလူးခုံးသည်လည်း အလိုက်သင့်ညီညာစွာ ခုံးနေသည်။ ထိုမှန်ဘီလူးခုံးသည် မျက်လုံးအနောက်တွင်ရှိသော အာရုံခံလွှာပေါ်သို့ အလင်းတန်းများစုဆုံလာစေရန်လုပ်ဆောင်ပေးခြင်း အမြင်အာရုံကိုကြည်လင်စေသည်။ မှန်ဘီလူးခုံးမညီညာသောရောဂါတွင် အထက်ပါဖြစ်စဉ်အတိုင်းမဖြစ်တော့ဘဲ အလင်းတန်းများ မစုဆုံတော့သောကြောင့် အလင်းပြန်မှုများ မူမမှန်ဖြစ်စေနိုင်သည်။ ထို့ပြင် မျက်လုံးသည် ဇွန်း၏ကျောဘက်ကဲ့သို့ဖြစ်သွားသောအခါ အလင်းတန်းများသည် တဖက်သို့ဦးတည်သွားပြီး အရာဝတ္ထု၏ အစိတ်အပိုင်း တချို့ကိုသာဖမ်းယူပေးသည်။၎င်းသည် အနီးအဝေးရှိ ဝတ္ထုများကို ဝါးသွားစေခြင်း၊ ပြန်သားစွာမမြင်ခြင်းတို့ဖြစ်စေသည်။မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း တွင် မျက်ကြည်လွှာခုံးခြင်းနှင့် မှန်ဘီလူးခုံးခြင်းဟူ၍၂ မျိုးရှိပါသည်။ မျက်ကြည်လွှာခုံးခြင်း ည် မျက်ကြည်လွှာ ပုံမကျခြင်းကြောင့်ဖြစ်ပြီး မှန်ဘီလူးခုံးခြင်းသည် မှန်ဘီလူး ပုံမကျခြင်းကြောင့်ဖြစ်သည်။ပုံမှန်အားဖြင့် လူတယောက်၏မျက်လုံးပုံစံသည် လုံးဝန်းပြီး မှန်ဘီလူးခုံးသည်လည်း အလိုက်သင့်ညီညာစွာ ခုံးနေသည်။ ထိုမှန်ဘီလူးခုံးသည် မျက်လုံးအနောက်တွင်ရှိသော အာရုံခံလွှာပေါ်သို့ အလင်းတန်းများစုဆုံလာစေရန်လုပ်ဆောင်ပေးခြင်း အမြင်အာရုံကိုကြည်လင်စေသည်။ မှန်ဘီလူးခုံးမညီညာသောရောဂါတွင် အထက်ပါဖြစ်စဉ်အတိုင်းမဖြစ်တော့ဘဲ အလင်းတန်းများ မစုဆုံတော့သောကြောင့် အလင်းပြန်မှုများ မူမမှန်ဖြစ်စေနိုင်သည်။ ထို့ပြင် မျက်လုံးသည် ဇွန်း၏ကျောဘက်ကဲ့သို့ဖြစ်သွားသောအခါ အလင်းတန်းများသည် တဖက်သို့ဦးတည်သွားပြီး အရာဝတ္ထု၏ အစိတ်အပိုင်း တချို့ကိုသာဖမ်းယူပေးသည်။၎င်းသည် အနီးအဝေးရှိ ဝတ္ထုများကို ဝါးသွားစေခြင်း၊ ပြန်သားစွာမမြင်ခြင်းတို့ဖြစ်စေသည်။မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်းကိုဖြစ်စေသော အကြာင်းများကို တိကျစွာမသိသေးသော်လည်း မျိုးရိုးလိုက်ခြင်းသည် ကြီးမားသော အချက်ဖြစ်နိုင်သည်။ မွေးရာပါလည်းဖြစ်နိုင်သလို မျက်လုံးကို ထိခိုက်မိခြင်းနှင့် မျက်စိခွဲစိတ်မှုခံ့ယူထားသောသူများတွင်လည်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် အနီးမှုန်ခြင်း နှင့် အဝေးမှုန်ခြင်းဟူ၍ ၂ မျိုးခံစားရနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မည်သည့်အကွာအဝေးတွင်မဆို ပုံရိပ်များ မပြတ်သားခြင်း၊ ဝါးခြင်းသည် ရောဂါ၏အဓိကလက္ခဏာဖြစ်ပါသည်။ မျက်စိညောင်းခြင်း၊ စွေခြင်း၊ ကျိန်းစပ်ခြင်း၊ခေါင်းကိုက်ခြင်း တို့လည်းဖြစ်နိုင်ပါသည်။ထိုသို့ဖြစ်ပါက ဆရာဝန်ထံသွားပြပြီး ရောဂါရှာဖွေသင့်သည်။ မျက်လုံးအမြင်အာရုံကို စစ်ဆေးသော စမ်းသပ်မှုများကိုလည်း ပြုလုပ်သင့်ပါသည်။အသုံးပြုလေ့ရှိသောကုသမှုပုံစံ၂မျိုးရှိပါသည်။ထိုကုသမှုသည် အတွေ့ရအများဆုံးနှင့် ထိုးဖောက်မှုအနည်းဆုံးကုသမှုဖြစ်ပါသည်။ အများအားဖြင့် မှန်ဘီလူးခုံးမညီညာမှုများကို မျက်မှန် များ၊ မျက်ကပ်မှန်များဖြင့် ပြုပြင်နိုင်သည်။ဆရာဝန်သည် သင့်အတွက် အလင်းရောင်များကို ဦးတည်ရာတည့်စေသော အထူးစီမံထားသည် မျက်ကပ်မှန်အပျော့စားကို တပ်ခိုင်းစေသည်။ ပိုဆိုးသော လူနာများတွင် လေအဝင်အထွက်ရှိသော တောင့်တင်းသည့်မျက်ကပ်မှန်များကို တပ်ရန်ညွှန်ကြားပါလိမ့်မည်။လူနာ၏မျက်လုံးအခြေအနေ ပိုဆိုးပါက ခွဲစိတ်မှုပြုလုပ်သင့်ပါသည်။ ထိုခွဲစိတ်မှုသည် လေဆာရောင်ခြည် နှင့် အသေးစားဓါးများကို အသုံးပြုကာ မျက်ကြည်လွှာပုံစံကို ပြုပြင်ခြင်းဖြင့် သင့်အတွက်တသက်သာ ကောင်းမွန်သွားမည်ဖြစ်သည်။ အသုံးများသော ခွဲစိတ်မှု ၃ မျိုးမှာ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/astigmatism-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%a1%e1%80%b1%e1%80%9b%e1%80%bd%e1%82%95%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%81%e1%80%b6/
ဒူးနာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ
ဒူးနာတယ်ဆိုတာတော်တော်များများဖြစ်တတ်ကြတဲ့ပြဿနာတစ်ခုပါ။ အသက်ကြီးသူတွေမှ ဒူးနာတာမဟုတ်ပါဘူး၊ ငယ်တဲ့သူတွေလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် ဒူးနာဝေဒနာခံစားရတတ်ပါတယ်။ ဒူးကိုအားစိုက်အသုံးပြုမှုများလွန်းခြင်း(ဥပမာ -လှေကားအတက်အဆင်းများလွန်းတာ)ထိခိုက်မှုတစ်ခုခုကြောင့်၊။အရိုးပွခြင်းကြောင့်၊အဆစ်နာ၊ဂေါက်ရောဂါစတာတွေကြောင့်ပါဝင်ပါတယ်။ဘာကြောင့်ပဲဖြစ်ဖြစ် ဒူးနာလာပြီဆိုရင်သက်သာအောင်အကိုက်အခဲပျောက်ဆေးသောက်လိုက်ရင်ပြီးပြီပဲထင်ကြတယ်။ ခဏသက်သာလိုက်၊ပြန်နာလိုက်၊ဆေးပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီးနောက်ဆုံးအစာအိမ်ထိတဲ့အထိဖြစ်လာနိုင်ပါတယ်။ဆေးကြောင့်သက်သာနေချိန်မှာပဲဖြစ်ဖြစ်၊ နာကျင်နေချိန်မှာပဲဖြစ်ဖြစ် သတိထားပြီး ဆင်ဆင်ခြင်ခြင်နေနိုင်ရင်ပျောက်ကင်းဖို့ ပိုမြန်ဆန်စေပါလိမ့်မယ်။ ဒါ့ကြောင့် ဒူးနာတဲ့အခါ သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေကို အကြံပြုပေးလိုက်ပါတယ်။၁) နာတယ်ဆိုပြီး အရမ်းငြိမ်မနေပါနဲ့။နာနေတဲ့ဒူး/ခြေထောက်ကို ညှာပြီး အနားပေးလွန်းရင်လည်း အဆစ်နာပိုဆိုးစေနိုင်တာ သင်သိရဲ့လား။ အရမ်းလှုပ်ရှားပေးဖို့မလိုပေမယ့် ပုံမှန်လှုပ်ရှားမှုတော့ရှိသင့်ပါတယ်။ ဒူးနာအတွက် သက်သာစေမယ့်ခပ်ဖြည်းဖြည်းလေ့ကျင့်ခန်းတွေရှိတာကြောင့် ဒူးကိုအရမ်းအားမပြုရဘူး၊ ဝန်မပိစေဘူးဆိုရင် လှုပ်ရှားလို့ရပါတယ်။၂) ဒူးစွပ် စွပ်ပါ။ဒူးက တော်တော်လေးနာတာဆိုရင် ဒူးစွပ် စွပ်ထားသင့်ပါတယ်။ ဒါမှ ဒူးဆစ်ရဲ့လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းကိုအထောက်အကူဖြစ်စေမှာပါ။ အနည်းအကျဉ်းနာတာဆိုရင် ဒူးစွပ်ကြောင့် ဒူးနားတဝိုက်ကြွက်သားတွေကိုအားနည်းစေပြီး ရေရှည်မှာ နာကျင်မှုပိုဆိုးစေနိုင်လို့ အမြဲစွပ်ထားဖို့မလိုပါဘူး။၃)ရေနွေးအိတ်ကပ်ပါ။နာကျင်ကိုက်ခဲမှုနဲ့ရောင်ရမ်းမှုတွေကို ခဏတာသက်သာစေဖို့ အထောက်အကူပြုပါတယ်။ လျှပ်စစ်နဲ့ပလပ်ထိုးအပူပေးရတဲ့ရေနွေးအိတ်တွေထက်ရေနွေးပူပူထည့်ပြီးသုံးရတဲ့ရေနွေးအိတ်တွေက ဒူးဆစ်ကို အပူဓါတ်ပေးနိုင်ဖို့ အာနိသင်ပိုကောင်းပါတယ်။၄) ကိုယ်အလေးချိန်လျှော့ချပါ။ကိုယ်အလေးချိန်များနေတဲ့သူတွေဟာ ထိုက်သင့်သလောက်ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အစားဆင်ခြင်တာတွေနဲ့အဆီချသင့်ပါတယ်။ ဒါမှ ဒူးဆစ်နဲ့ခန္ဓါကိုယ်အပေါ် သက်ရောက်နေတဲ့ဝန်တွေလျော့ပါးစေမှာဖြစ်ပါတယ်။၅)ဒူးဆစ်လှုပ်ရှားမှုရှိပါစေ။နာရီအတော်ကြာ ထိုင်နေပြီးတဲ့အခါ မိနစ် ၃၀လောက်တစ်ကြိမ် လမ်းခဏထလျှောက်တာ၊ ဒါမှမဟုတ် ထိုင်လျက်ကနေခြေထောက်လှုပ်ရှားပေးတာ(ဒူးဆစ်လှုပ်ရှားမှုအနည်းငယ်ပါအောင် ဟိုလှုပ်ဒီလှုပ်ဆိုလည်းရပါတယ်)မျိုး လုပ်သင့်ပါတယ်။ ကြာရှည်မတ်တပ်ရပ်နေချိန်မှာ (ဥပမာ အရောင်းဝန်ထမ်းလို ပုံသေရပ်နေရတဲ့အခြေအနေမျိုး) မိနစ် ၃၀လောက်တစ်ကြိမ် ဟိုလျှောက် ဒီလျှောက်လုပ်တာ ဒါမှမဟုတ် ခဏလောက်ထိုင်လိုက်တာမျိုး လုပ်သင့်ပါတယ်။၆)ရှောင်ကြဉ်ဖို့။ဆောင့်ကြောင့်ထိုင်တာ၊ခြေထောက်ချိတ်ထိုင်တာ၊လှေကားတက်တာတွေရှောင်ကြဉ်ရပါမယ်။ မလွှဲသာလို့လှေကားတက်ရမယ်ဆိုလည်း တည့်တည့်တက်တာထက်ဘေးလေးစောင်းပြီးဖြည်းဖြည်းချင်းတက်သင့်ပါတယ်။၇) ဖိနပ်။အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သက်တောင့်သက်သာဖြစ်မယ့်ဖိနပ်ကိုရွေးချယ်သင့်ပါတယ်။ ကိုယ်နေဟန်ထား ပုံစံမကျအောင်၊ ဒူးကိုဖိအားသက်ရောက်စေနိုင်တဲ့ ဖိနပ်မျိုး၊ဒေါက်မြင့်ဖိနပ်မျိုးကို မစီးသင့်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2/
ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား
ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား ။ မိုးရွာတာနဲ့ ဘာလို့များ အဆစ်အမြစ်တွေ ပိုကိုက်လာရတာလဲ။ ရာသီဥတုအေးတာနဲ့ ဘာလို့များ တဆစ်ဆစ်နာကျင်လာရတာလဲ။ ကိုယ်တိုင်မဟုတ်ပေမယ့်လည်း ကိုယ့်အဖိုးအဖွားတွေ၊ အဖေအမေတွေ ရာသီဥတုကြောင့် အဆစ်အမြစ်တွေကိုက်ခဲရတာကို ပြောနေတဲ့အချိန်တိုင်း ဘာမှလည်းမဆိုင်လောက်ပါဘူး တွေးနေမိလား။ဒါဟာ တကယ်မှဟုတ်ရဲ့လား။ အရင်တုန်းကတော့ ဒီအကြောင်းအရာတွေဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးလို့ ထင်ခဲ့ကြတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်သာ ဒီလိုမျိုးတွေ ဖြစ်နေတာလို့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် စနစ်တကျသုတေသနပြုပြီးတဲ့နောက်မှာတော့ ဒီအယူအဆတွေက မှန်သင့်သလောက် မှန်ကန်တယ်ဆိုတဲ့အကြောင်းသိလာရတယ်။မိုးမရွာခင်မှာကို အဆစ်အမြစ်တွေစနာလာတာဖြစ်နိုင်ပါတယ်။ တချို့အဖိုးအဖွားတွေမိုးမရွာခင်ကတည်းက မိုးရွာတော့မယ်ဆိုတာကို ကြိုသိနေတာမျိုးတောင်ဖြစ်ကြပါသေးတယ်။ ဘာကြောင့်ဆိုတဲ့အကြောင်း အတိအကျကြီး သက်သေမပြနိုင်သေးပေမယ့် ဒီလိုကြိုသိမှုတွေက အမှားတွေတော့မဟုတ်ပါဘူး။ဖြစ်နိုင်ခြေအရှိဆုံးသီအိုရီတစ်ခုကတော့လေထုဖိအား ပြောင်းလဲခြင်းပါ။ အဆစ်အမြစ်တွေကို အသားတစ်ရှူးတွေက ဝန်းရံထားတယ်။ ဒီအသားတစ်ရှူးတွေကို ကျစ်ကျစ်လစ်လစ်နဲ့ သူ့အတိုင်းရှိနေအောင်၊ အဆစ်အမြစ်တွေကို သွားပြီး ဖိမိမနေအောင် ပြင်ပမှာရှိတဲ့ လေထုဖိအားက ဖိအားပေးထိန်းချုပ်ထားတယ်။ ဒါပေမယ့် ရာသီဥတုအေးတဲ့အချိန်၊ မိုးမရွာခင်အချိန်တွေမှာ ပြင်ပမှာရှိတဲ့ လေထုဖိအားက ကျဆင်းသွားတယ်။ လေထုဖိအား ကျဆင်းသွားတဲ့နောက်မှာ တစ်ရှူးတွေကို ဖိအားပေးပြီး မထိန်းထားနိုင်တော့ဘူး။ ဒီတော့ တစ်ရှူးတွေကဖောင်းလာတယ်။ အဲဒါက အဆစ်အမြစ်တွေကို ဖိသလိုဖြစ်ပြီး ကိုက်ခဲမှုတွေစဖြစ်တော့တာပဲ။ဒီလိုလေထု အပြောင်းအလဲနဲ့ အဆစ်အမြစ်တွေ အပေါ်ကို သက်ရောက်မှုက တကယ်တမ်းတော့ အရမ်း သေးငယ်ပါတယ်။ သာမန်လူတွေအတွက် ဆိုရင် ဘယ်လိုမှ မသိသာနိုင်တဲ့ အရာတစ်ခုပေါ့။ ဒါပေမယ့် နဂို အဆစ်အမြစ်ကိုက်ခဲတတ်တဲ့ အခံရှိသူတွေ အတွက်ကတော့ အာရုံကြောတွေက အရမ်း အာရုံခံစားမှု အားကောင်းနေတော့ ဒီ အနည်းငယ် ပမာဏလေးကတောင် သိသာ ထင်ရှားတဲ့ နာကျင်ခံစားမှုတွေကိုဖြစ်စေပါတယ်။ပြဿနာကို သိပြီဆိုတော့ ဖြေရှင်းတဲ့ နည်းလမ်းတွေလည်း ရှိရမှာပေါ့။ရာသီဥတု အေးလို့၊ မိုးရွာလို့ အဆစ်အမြစ် ကိုက်သူတွေ အတွက် ဒီနည်းလမ်းတွေကို ကျင့်သုံးကြည့်လို့ ရပါတယ်။၁။ နွေးနွေးထွေးထွေး နေပါ။စောင် ထူထူ ခြုံပါ။ အဝတ်အစား ထူထူ ဝတ်ပါ။ အိမ်မှာ နွေးနွေးထွေးထွေး နေပါ။ ကိုက်တတ်တဲ့ အဆစ်အမြစ်တွေကို ရေနွေးအိတ် ကပ်ပါ။၂။ အဆစ်အမြစ်တွေ ရောင်ပြီး မဖောင်းလာအောင် ကြပ်စည်းထားပါ။ရေနွေးအိတ် ကပ်တာအပြင် အဆစ်အမြစ်တွေ မရောင်လာအောင် ကြပ်စည်းထာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒူးစွပ်၊ ခြေစွပ်၊ လက်စွပ်တွေက ဒါကို အကူအညီ ပေးနိုင်ပါလိမ့်မယ်။၃။ လှုပ်လှုပ်ရှားရှား နေပါ။မလှုပ်မရှား နေရင် အဆစ်တွေ ပိုပြီး တောင့်တင်း ကိုက်ခဲလိမ့်မယ်။ ပို နာကျင် ခံရခက်လိမ့်မယ်။ လှုပ်လှုပ်ရှားရှား နေပါ။၄။ စိတ် ကြည်ကြည်လင်လင် ထားပါ။နာတာရှည် အဆစ်အမြစ် ရောဂါ ရှိသူ အတွက်က ရာသီဥတု အေးပြီ ဆိုတာနဲ့ နာလာတတ်တော့ စိတ်ဓါတ် အလွယ်တကူ ကျတတ်ကြတယ်။ စိတ်ဓာတ် ကျတော့ ပိုပြီး နာကျင်တာကို ခံစား လာရတတ် ပါတယ်။ ဆိုတော့ စိတ်ဓါတ် မကျဘဲ လုပ်စရာ တစ်ခုခု ရှိနေအောင်နေပါ။ ဒီဝေဒနာက ခဏတာပဲဆိုတာကို သိထားပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/why-arthritis-worsens-when-cold/
အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း
thကလေးမလိုချင်သေးဘူး။ ဒါကြောင့်တားဆေးစားတယ်။ အမြဲတမ်းသောက်ရတဲ့သန္ဓေတားဆေးတော့မဟုတ်ဘူး။ အမြဲသောက်ဖို့ကျမေ့နေမှာစိုးလို့လေ။ ကွန်ဒုံးကျတော့လည်း မသုံးချင်ဘူး။ ဒါနဲ့ပဲ အလွယ်တကူဖြစ်တဲ့ အရေးပေါ်သန္ဓေတားဆေး ကိုပဲ သောက်နေမိတယ်ဆိုတဲ့သူတွေရှိနေသေးလား။ ဒါဆိုရင်တော့ ခဏခဏမသောက်ပါနဲ့လို့ပြောပါရစေ။အရေးပေါ်သန္ဓေတားဆေး က အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာသောက်ရတာပါ။ တကယ်လို့ ၇၂ နာရီကျော်သွားရင် အကျိုးမရှိပါဘူး။ ၇၂ နာရီအတွင်းသောက်ပေမယ့်သောက်ပြီး နာရီဝက် တစ်နာရီအတွင်းမှာ  ပြန်အန်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ထပ်သောက်ဖို့ လိုပါမယ်။ အရေးပေါ်သန္ဓေတားဆေးက တစ်လုံးတည်းပါတဲ့ ဆေးရှိသလို  ၂ လုံးပါတဲ့ဆေးလည်းရှိပါတယ်။သားဆက်ခြားနည်းကရွေးချယ်စရာတွေအများကြီးပါ။သားဆက်ခြားနည်းအများကြီးထဲကမှ အရေးပေါ်သန္ဓေတားဆေးကိုပဲ ခဏခဏသုံးမိနေတယ်ဆိုရင် ဒီအချက်လေးတွေကို သိထားတာကကောင်းပါတယ်။အရေးပေါ်သန္ဓေတားသောက်ဆေးက ရာနှုန်းပြည့်စိတ်ချရတာမျိုးမရှိပါဘူး။ အရေးပေါ်သန္ဓေတားသောက်ဆေးက ၆၂ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်ပဲ အကျိုးသက်ရောက်မှုရှိပါတယ်။ တကယ်လို့များ ဆေးသောက်ပြီး ၂ နာရီ ၃ နာရီအတွင်းမှာ ပြန်အန်ခဲ့လို့ ထပ်မသောက်မိဘူးဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။အရေးပေါ်သန္ဓေတားသောက်ဆေးက ကိုယ်ဝန်မရအောင်တားပေးနိုင်ရင်တောင် သင့်ကို လိင်ကနေတဆင့် ကူးစက်တတ်တဲ့ အိတ်ချ်အိုင်ဗွီ၊ ကာလသားရောဂါ၊HPVလိုမျိုးရောဂါပိုးတွေကို မကာကွယ်ပေးနိုင်ပါဘူး။အရေးပေါ်သန္ဓေတားသောက်ဆေးကဟော်မုန်းပါတာ​ကြောင့် ဆေးသောက်ပြီးချိန်ကနေ ၂ ရက် ၃ ရက်လောက်အထိ သွေးဆင်းတာမျိုးဖြစ်စေနိုင်ပါတယ်။ တကယ်လို့များသွေးက ၃ ရက်ကျော်တဲ့အထိ ဆက်ဆင်းနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာ အဆင်ပြေမှာပါ။အချို့အမျိုးသမီးတွေမှာ အရေးပေါ်သန္ဓေတားဆေးသောက်တဲ့အခါ မအီမသာဖြစ်တာမျိုးတွေ။ ခေါင်းကိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင် အော့အန်တာ၊ရေဓာတ်ဆုံးရှုံးတာတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ၂ ရက်ကြာတဲ့အထိ မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ဗိုက်အောင့်တာက အရေးပေါ်သန္ဓေတားဆေးသောက်ပြီးချိန်မှာလေဒီတော်တော်များများမှာ ခံစားရတတ်တဲ့ လက္ခဏာတစ်ရပ်ပါ။ ဗိုက်ထဲကအောင့်နေတာပါ။ ရေဓာတ်နည်းတာကြောင့် ဝမ်းချုပ်တာမျိုးလည်းခံစားရနိုင်ပါတယ်။ ကိုယ်တွင်းမှာ ရေဓာတ်နည်းတာကြောင့်ခြေကုန်လက်ပမ်းကျတာမျိုးလည်းရှိနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေ ခံစားရမှုနဲ့အတူ  နာကျင်မှုကပိုဆိုးလာမယ်။ အစားစားချင်စိတ်မရှိဖြစ်မယ်ဆိုခဲ့ရင်တော့ ဆေးကုသမှုခံယူဖို့ လိုပါပြီ။အရေးပေါ်သန္ဓေတားဆေးသောက်တဲ့အခါ ရာသီသွေးစောဆင်းတာမျိုးရှိနိုင်သလို ရာသီသွေးမဆင်းတာမျိုး၊ ရာသီလာချိန်မှာ အရမ်းနာကျင်ကိုက်ခဲတာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ရာသီသွေးက တစ်ပတ်ထက်နောက်ကျနေမယ်ဆိုရင်တော့ စစ်ဆေးမှုလုပ်ကြည့်ပါ။အရေးပေါ် သန္ဓေတားသောက်ဆေးကိုအတက်ရောဂါအတွက်သောက်ရတဲ့ဆေး၊တီဘီရောဂါသောက်ဆေး၊ မှိုပိုးကူးစက်ခံရတာသက်သာစေဖို့ သောက်ရတဲ့ဆေးတွေနဲ့ တွဲသောက်မိတဲ့အခါ တားဆေးအာနိသင် လျော့သွားတတ်ပါတယ်။အရေးပေါ်သန္ဓေတားဆေးက ကိုယ်အလေးချိန်များတဲ့သူတွေ (အထူးသဖြင့် အဝလွန်နေသူတွေ) မှာ သက်ရောက်မှုအားနည်းပါတယ်။ဒီတော့ အရေးပေါ်သန္ဓေတားဆေးသောက်မယ့်အစား အပေါ်မှာပြောခဲ့တဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခုခုကိုသုံးကြည့်ဖို့ တိုက်တွန်းပါရစေ လေဒီလေးတို့ရေ………။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/why-are-emergency-contraceptives-bad-for-you/
မှန်ကန်တဲ့ ဆံသားထိန်းသိမ်းမှုပစ္စည်းတွေ ဘယ်လိုရွေးချယ်ကြမလဲ
ဆံပင်အတွက် ထုတ်ကုန်တွေဟာ သင့်ဆံပင် ကျန်းမာပျော့ပျောင်းရဲ့လားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဓိကနေရာက ပါဝင်နေကြပါတယ်။ ဒီဆောင်းပါးမှာတော့ တစ်ယောက်ချင်းစီအတွက် ဘယ်လိုမှန်ကန်တဲ့ ထုတ်ကုန်တွေကို ရှာဖွေမလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။အဆီပြန်တဲ့ ဦးရေပြားအတွက် ရေဓါတ်ဖြည့်ပေးတဲ့၊ ပျော့ပျောင်းစေတဲ့၊ ဆံပင် ကောက်ထားသူတွေအတွက်ရည်ရွယ်ထားတဲ့ ထုတ်ကုန်တွေကို ရှောင်သင့်ပါတယ်။ ဒီထုတ်ကုန်တွေမှာ အရေပြားဆီထွက်ခြင်းကို အားပေးတဲ့ ဆေးတွေ ပါဝင်ပါတယ်။ခြောက်သွေ့တဲ့ ဦးရေပြားရှိတယ်ဆိုရင် sulfates, strengthening, fortifying, volumizing လို့ ရေးထားတဲ့ ထုတ်ကုန်တွေကို ရှောင်ကျဉ်သင့်ပါတယ်။ သူတို့တွေဟာ ဦးရေပြားလိုအပ်တဲ့ အစိုဓါတ်ကို ပျောက်ဆုံးစေမှာ ဖြစ်ပါတယ်။သင့်ဦးရေပြားက အနည်းငယ်ခြောက်ပေမယ့် ယားယံခြင်း မရှိရင် အစိုဓါတ်၊ ရေဓါတ်၊ ပျော့ပျောင်းမှုတွေကို မြင့်တက်စေတဲ့ တ်ပြီး သင့်ဦးရေပြားနဲ့ ကိုက်တဲ့ အရာကို အသုံးပြုသင့်ပါတယ်။ ဒီအခြေအနေမှာ ဆိုရင်တော့။အစမှာတော့ သင့်အတွက် မှန်ကန်တဲ့ ထုတ်ကုန်တွေကို ရှာဖွေလို့ မရတာမျိုး ဖြစ်နိုင်ပါတယ်။ အနည်းငယ်စမ်းသုံးကြည့်ပြီးရင်တော့ ဘယ်အရာက သင့်အတွက်အကောင်းဆုံးလဲဆိုတာ ပြောနိုင်မှာ ဖြစ်ပါတယ်။ ဈေးအရမ်းကြီးတဲ့ (သို့) လူတွေ အရမ်းကောင်းတယ်ထင်တဲ့ ထုတ်ကုန်တွေကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။ သင့်ဆံပင်ကို အကောင်းဆုံးအကျိုးရှိစေနိုင်မယ့် ထုတ်ကုန်တွေကိုသာ ရွေးချယ်သင့်ပါတယ်။သင့်ဦးရေပြား အမျိုးအစားကို ဆုံးဖြတ်ဖို့ ခက်ခဲနေရင် (သို့) မှန်ကန်တဲ့ ထုတ်ကုန်တွေကို ရှာဖွေဖို့ ခက်ခဲနေခဲ့ရင် ကျွမ်းကျင်သူတွေကို မေးမြန်းသင့်ပါတယ်။ မှန်ကန်တဲ့ ထုတ်ကုန်တွေ အသုံးမပြုခဲ့ရင် သင့်ဆံပင်ဟာ တောက်ပ ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%80%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%86%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad/
သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်
Introvert လို့ ပြောလိုက်ရင် လူကြောက်တတ်ပြီး လူတွေနဲ့ သီးခြားနေလိုတဲ့ပုံစံ၊ Extrovert ဆိုရင် သွက်သွက်လက်လက်နဲ့ ဆိုရှယ်ကျတဲ့ သူလို့ မြင်တတ်ကြမှာပါ။ ဒါတွေက ယေဘုယျဆန်လွန်းပြီး မတိကျသေးပါဘူး။ ဒါကြောင့် ဒီ‌ဆောင်းပါးမှာ သင်က introvert လား၊ extrovert လား ဆိုတာ သိရအောင် ပြောပြပေးပါမယ်။Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာက personality traitလို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါ။ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေထဲရဲ့ အစွန်းနှစ်ဖက်မှာ ရှိနေတဲ့ နှစ်ခုပါ။ ဒီကိုယ်ရည်ကိုယ်သွေးအမျိုးအစားတွေကို ၁၉၂၀ ဝန်းကျင်လောက်မှာCarl Gustav Jungဆိုတဲ့ ပုဂ္ဂိုလ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာ လူတစ်ယောက်က ပတ်ဝန်းကျင်က လူတွေနဲ့ ပြောဆိုဆက်ဆံပုံ၊ တုံ့ပြန်ပုံကို ကြည့်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို ဆက်ပြီး ကြည့်ကြည့်ရအောင်။Introvertလို့ ပြောလိုက်ရင် အများစုက လူကြောက်တယ်၊ ရှက်တယ်၊ လူတွေကြားမှာ မနေတတ်ဘူးလို့ မြင်တတ်ကြပါဘူး။ ဒါက မဟုတ်ပါဘူး။လူကြောက်တာ၊ ရှက်တာတွေက ဘယ်သူ့မှာမဆို ဖြစ်နိုင်ပါတယ်။ Introvertတိုင်းက လူကြောက်နေ၊ ရှက်နေတာမျိုး မဟုတ်ပါဘူး။ သူသက်သောင့်ဖြစ်တဲ့သူတွေနဲ့ဆို အစုအဖွဲ့လိုက် လုပ်ဆောင်ရတာမျိုးတွေ၊ အပြင်ထွက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။Introvert တွေက သူ့ရဲ့ energyကို သူ့ကိုယ်သူဆီကနေ ပြန်ယူတာမျိုးပါ။ တစ်ယောက်တည်း အလုပ်တွေ လုပ်နေမယ်၊ စာဖတ်မယ်၊ သူဝါသနာပါရာလေးတွေ လုပ်နေရတာကိုက သူ့အတွက် အနားယူခြင်းတစ်မျိုး၊ သက်သောင့်သက်သာ ဖြစ်စေတဲ့ နည်းလမ်းတစ်မျိုးပါပဲ။Introvertရဲ့ လက္ခဏာတွေက။ဒီနေရာမှာ တစ်ခုအထင်မှားကြတာက introvertတွေက ရှက်တတ်တယ်ဆိုတာပါ။ ရှက်တတ်တယ်ဆိုတာက တစ်ခုခုကို လုပ်ချင်ပေမယ့် ကြောက်လို့၊ ရှက်လို့ မလုပ်တာပါ။ Introvertတွေက မလုပ်နိုင်တာ မဟုတ်ဘဲ မလုပ်ချင်တာပါ။ သူ့အတွက် energyကုန်တဲ့ကိစ္စ၊ သူမကြိုက်တဲ့ ကိစ္စဖြစ်တာကြောင့် မလုပ်တာပဲ ဖြစ်ပါတယ်။Introvertတွေက လိုအပ်လို့ စင်ပေါ်တက်၊ လူရှေ့ စကားထွက်ပြောရမယ်ဆိုရင်လည်း လုပ်နိုင်ကြပါတယ်။Extrovert ဆိုလို့ရှိရင်တော့တက်ကြွပြီး ဆိုရှယ်ကျတာ၊ ဘယ်သူနဲ့ဖြစ်ဖြစ် အဖွဲ့ကျတာ၊ သူငယ်ချင်း အပေါင်းအသင်းများတာ စတာတွေကို ပြေးမြင်ကြမှာပါ။Extrovertက introvertနဲ့ ပြောင်းပြန် သူ့ရဲ့ energyကို ပတ်ဝန်းကျင်ကနေ ပြန်ယူတာပါ။ လူတွေနဲ့ ပြောဆိုဆက်ဆံနေရတာ၊ စွန့်စွန့်စားစား နေထိုင်ရတာ၊ တက်တက်ကြွကြွ သွားလာလှုပ်ရှားရာတွေက သူတို့အတွက် သက်သောင့်သက်သာနဲ့ ‌ပျော်စရာ ကောင်းနေလို့ပါ။Extrovertရဲ့ လက္ခဏာတွေကတော့။Introvertနဲ့ Extrovertမှာ ဘယ်ဟာပိုကောင်းတယ်ဆိုပြီး မရှိပါဘူး။ နှစ်ယောက်လုံးက သူနှစ်သက်တဲ့ ပုံစံနဲ့ နေကြတာ ဖြစ်လို့ သူတို့ရဲ့ ဖြစ်တည်မှုက သူတို့အတွက် အကောင်းဆုံးပါပဲ။Extrovertဆိုရင်လည်း လူတွေ စုစုစည်းစည်းနဲ့ နေမှသူ့အတွက် အဆင်ပြေနိုင်သလို Introvertတွေကလည်း သူ့ဟာသူ အေးအေးဆေးဆေး အတွေးထဲနစ်မြောနေရတာက သူ့အတွက် ပျော်စရာပါ။ နှစ်ခုလုံးမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိနေမှာ ဖြစ်ပါတယ်။ဒါကြောင့် ဘယ်ဟာက ဘယ်ဟာထက် ပိုကောင်းတယ်ဆိုပြီး မရှိပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ပျော်သလို နေတာကသာ အကောင်းဆုံးဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/are-you-introvert-or-extrovert/
ကလေးတွေမှာလည်း စိတ်ပူရတဲ့ ဘယ်ရီဘယ်ရီအန္တရာယ်
ဘယ်ရီဘယ်ရီဆိုတာthiamine deficiencyလို့ခေါ်တဲ့ ဗီတာမင် B1 ချို့တဲ့မှုကြောင့်ဖြစ်လာတဲ့ရောဂါပါ။wet beriberi နဲ့ dry beriberi ဆိုပြီး နှစ်မျိုးရှိတယ်။ ဘယ်ရီဘယ်ရီ အစိုနဲ့ အခြောက်ပေါ့လေ။Wet beriberi က နှလုံးနဲ့သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေတာဖြစ်ပြီး ပိုပြင်းထန်လာရင် နှလုံးပျက်စီးနိုင်ပါတယ်။Dry beriberi ကတော့ အာရုံကြောတွေကို ထိခိုက်စေပြီး ကြွက်သားအားနည်းစေတယ်၊နောက်ဆုံးမှာ မလှုပ်ရှားနိုင်တော့ဘဲဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ အစိုဖြစ်ဖြစ် အခြောက်ဖြစ်ဖြစ် ဘယ်ရီဘယ်ရီရောဂါဆိုတာ သေချာမကုသရင် အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာပါပဲ။ဗီတာမင် B1(thiamine) ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးရင်တော့ ဒီရောဂါဖြစ်နိုင်ခြေနည်းပါလိမ့်မယ်။ အရက်စွဲရောဂါရှိသူတွေမှာ အများဆုံးဖြစ်တတ်တယ်ဆိုပေမယ့် ဗီတာမင် B1 ချို့တဲ့လွန်းတဲ့အခြေအနေရှိသူတွေ ဘယ်သူမဆို ဒီအန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန်၊သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း၊ ဖျားနာခြင်းတို့ကြောင့် ဗီတာမင် B1 လိုအပ်မှုကို ပိုများစေနိုင်တာမို့ အဲဒီအခြေအနေတွေမှာဗီတာမင် B1 လုံလောက်အောင်နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။ဗီတာမင် B1 ဆုံးရှုံးမှုများစေတဲ့ အခြေအနေတွေထဲမှာ ဆီးဆေးသောက်သုံးနေရတာတွေ၊ကျောက်ကပ်ဆေးရတာ၊ ဝမ်းလျှောတာ စတာတွေပါဝင်ပါတယ်။ဗီတာမင် B1 ကြွယ်ဝတာတွေ စားပေမယ့်လည်း ခန္ဓါကိုယ်က စုပ်ယူနိုင်စွမ်းနည်းတာကတော့ အရက်စွဲခြင်း၊ ကာလတာရှည်အာဟာရချို့တဲ့ခြင်းနဲ့ဖောလိတ်ဓါတ် ချို့တဲ့ခြင်းတို့ကြောင့်ဖြစ်လာနိုင်ပါတယ်။ကလေးတွေမှာ ဗီတာမင် B1 ချို့တဲ့ခြင်း။စိုးရိမ်စရာရှိတာက ဒီရောဂါဟာ ကလေးတွေမှာလည်းဖြစ်နိုင်လို့ပါပဲ။ တကယ်လို့ –။အစပိုင်းမှာတော့ ကလေးက ဝမ်းချုပ်တာ၊ ငိုတာ၊ အငြိမ်မနေတာ၊ အန်တာတွေဖြစ်နိုင်ပါတယ်။ကလေးတွေမှာဖြစ်တတ်တဲ့ ဘယ်ရီဘယ်ရီက ပုံစံသုံးမျိုးရှိပါတယ်-။ဘယ်ရီဘယ်ရီရောဂါ နောက်ဆုံးအဆင့်ရောက်နေတဲ့သူမှာ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒီရောဂါကြောင့် ထိခိုက်ရတဲ့ နှလုံးပဲဖြစ်ဖြစ်၊ အာရုံကြောပဲဖြစ်ဖြစ်ပြန်ကုသလို့ပျောက်ကင်းနိုင်တယ်ဆိုပေမယ့်သေချာမကုသခဲ့ရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။ကလေးတွေမှာ ဘယ်ရီဘယ်ရီမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့က နို့ချိုတိုက်ကျွေးမယ့် မိခင်တွေရဲ့အာဟာရကို ဂရုစိုက်ဖို့ပါပဲ။ မိခင်နို့မဟုတ်ဘဲ နို့မှုန့်ကိုအားထားနေရတဲ့ကလေးတွေအတွက်တော့ မရှိမဖြစ်အာဟာရဓါတ်တွေပြည့်စုံအောင်ပေးနိုင်မယ့် နို့မှုန့်အမျိုးအစားကိုရွေးချယ်ဖို့လိုပါတယ်။ယေဘုယျအားဖြင့်တော့ -ပဲအမျိုးမျိုး၊ အစေ့အဆန်တွေ၊အသား၊ငါး၊ ဂျုံကြမ်း၊ နို့ထွက်ပစ္စည်း၊ ကညွတ်၊ဟင်းနုနွယ်တို့လို ဟင်းသီးဟင်းရွက်တွေစားပေးသင့်ပါတယ်။ လိုအပ်ရင် မိခင်တွေအနေနဲ့ ဗီတာမင်အားဆေးသောက်ပါ၊ဖြည့်စွက်အာဟာရသောက်ပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/beriberi-disease-in-kids/
လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ
ရောဂါတွေအများကြီး ရှိတဲ့အထဲကမှ အခုတစ်ခေါက်တော့လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ က ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတွေကြားက ဆက်ဆံရေးတွေကို ပျက်စီးစေနိုင်သလို အနာဂတ် မိသားစု စီမံကိန်းအပေါ်မှာပါ ထိခိုက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့် လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ အဖြစ်များတဲ့ ရောဂါတွေအကြောင်းနဲ့ ကာကွယ်နည်းတွေကို အတူတူလေ့လာရအောင်လား Helloဆရာဝန် ပရိသတ်ကြီးရေ …..။လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ (STDs) ဒါမှမဟုတ် လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ရောဂါများ (STIs)ဆိုတာက လူတစ်ဦးဆီကနေ အခြား တစ်ဦးဆီကို လိင်ဆက်ဆံရာကနေ တဆင့်ကူးစက်တတ်တဲ့ ရောဂါတွေပါ။ဒီလို ကူးစက်ခံရမှုက များသောအားဖြင့်မိန်းမကိုယ်နဲ့ ဆက်ဆံမှုကနေ ကူးစက်နိုင်သလို။ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (oral sex)၊စအိုကနေ လိင်ဆက်ဆံခြင်း (anal sex) တို့ကနေလည်း ကူးစက်နိုင်ပါတယ်။ဒီလို ကူးစက်နိုင်သလို တစ်ခါတလေမှာ ရုပ်ပိုင်းဆိုင်ရာ နီးနီးကပ်ကပ် ထိတွေ့မှုတွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့လိင်အင်္ဂါ ကြွက်နို့၊ရေယုန်စတဲ့ရောဂါတွေက အရေပြားချင်း ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေက အမျိုးအစား ၂၀ ကျော်လောက်ကို ရှိပါတယ်။ ဒီထဲမှာမှ အဖြစ်များတဲ့ ရောဂါတွေက။ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ နဲ့ ကပ်ပါးပိုးတွေက လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs)ကို ဖြစ်စေနိုင်ပါတယ်။လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs) အများစုက အမျိုးသားတွေမှာရောအမျိုးသမီးတွေမှာပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ ပိုပြီး ပြင်းထန်နိုင်ပါတယ်။အကယ်လို့ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ STD ရောဂါတွေ ရှိမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာပါ ကျန်းမာရေး ပြဿနာ ရှိနိုင်ပါတယ်။STDs ရောဂါတွေထဲက တစ်ခုခုကို ခံစားနေရတဲ့အခါလက္ခဏာ မပြတာမျိုး ရှိနိုင်သလို လက္ခဏာ နည်းနည်းလေးပဲ ပြတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကူးစက်တာကို သိနိုင်တာမျိုး ရှိသလို မသိတာမျိုးလည်း ရှိနိုင်ပါတယ်။ရောဂါ ရှိနေတာကို မသိဘဲ အတူနေမိရာကနေ ရောဂါပိုးတွေက တစ်ယောက်စီကနေ အခြား တစ်ယောက်စီကို ကူးစက်သွားတာပါ။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခံရတဲ့အခါ။အချို့သော STD ရောဂါတွေကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကနေတဆင့် သိရှိနိုင်သလို အချို့ကိုတော့ မိန်းမကိုယ်၊အမျိုးသား အင်္ဂါ၊စအို စတဲ့နေရာက ထွက်တဲ့ အရည်တွေ၊ တို့ဖတ်တို့ကို ရယူပြီး စစ်ဆေးရာမှ သိရှိနိုင်ပါတယ်။ဘက်တီးရီးယားတွေနဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်တဲ့ လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေကို သက်သာစေဖို့အတွက်ကAntibiotics( ပဋိဇီဝ ပိုးသတ်ဆေးတွေ) ကို အသုံးပြုလို့ ရပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ STD ရောဂါတွေကိုတော့ ပိုးသတ်ဆေးနဲ့ ကုသလို့ မရပါဘူး။ တခြားနည်းလမ်းတွေနဲ့ ကုသရပါတယ်။ ဥပမာ HIVဆိုရင် ဗိုင်းရပ်စ်ဆေးတွေနဲ့ ထိန်းရတာမျိုးပါ။ကွန်ဒုံးကို နည်းစနစ်မှန်မှန် အသုံးပြုတာက လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs) ကူးစက်နိုင်ခြေကို ရာနှုန်းပြည့်မဟုတ်တောင် သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ကွန်ဒုံး အသုံးပြုတဲ့အခါမှာလည်း ကိုယ်နဲ့ ဓာတ်တည့်တာမျိုး ဖြစ်ဖို့ လိုပါမယ်။အချို့သော STD ရောဂါတွေကို ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ရပါတယ်။ ဥပမာHPV (လိင်အင်္ဂါ ကြွက်နို့)၊အသည်းရောင် အသားဝါ ဘီပိုး (hepatitis B) တို့ပဲ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/about-sexually-transmitted-diseases/
ကျန်းမာသော အသားအရေ ရဖို့အတွက် စားသောက်စရာများ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ ကျန်းမာလှပတဲ့ အသားအရည်ကို ရရှိဖို့အတွက် အရေးကြီးပါတယ်။ အောက်ဖေါ်ပြပါအရာတွေကတော့ အစာအသောက်တွေထဲမှာ ထည့်သွင်းစားသောက်သင့်တဲ့ အရေပြားအတွက် အကျိုးရှိတဲ့ အစာတွေပဲဖြစ်ပါတယ်။လက်ဖက်စိမ်းမှာ အစွမ်းထက်တဲ့ antioxidant EGCG ပါဝင်ပြီး အရေပြားကို UV rays တွေကနေ ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းကို မျက်နှာပေါ် ပုတ်ပေးခြင်း (သို့) သောက်သုံးခြင်းအားဖြင့် အကျိုး ရှိနိုင်ပါတယ်။ လက်ဖက်စိမ်းဟာ နေလောင်ဒဏ်ကို ကာကွယ်ပေးရုံသာမက ပျက်စီးသွားတဲ့ အရေပြားတွေကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းသောက်သုံးခြင်းဟာ အရေပြားကို ရေဓါတ်ဖြည့်တင်းပေးပြီး နုပျိုစေပါတယ်။ဒိန်ချဉ်မှာ ပါတဲ့ vitamin A ဟာ collagen ထုတ်လုပ်မှုမှာ အလွန်အရေးပါပါတယ်။ အရေပြားဟာ collagen မရှိရင် ကျုံ့နိုင်ဆန့်နိုင်စွမ်းပျောက်ဆုံးပြီး ထူထဲထဲဖြစ်လာပါ လိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံးအာနိသင်ကိုရရှိဖု့ိ အဆီဓါတ်နည်းတဲ့ ဒိန်ချဉ်ကိုသာ စားသုံးသင့်ပါတယ်။လူအတော်များများက ချောကလက်ဟာ ဝက်ခြံပေါက်စေတယ်လို့ ယုံကြည်ကြပေမယ့် ဒါဟာ ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။ Dark chocolate နဲ့ သူ့ရဲ့ antioxidants တွေဟာ အရေပြားအတွက် ကောင်းမွန်ပါတယ်။ လေ့လာမှုတွေက နှလုံးနဲ့ သွေးကြောအတွက်သာမက သူဟာ အရေပြားကို UV rays တွေကနေ ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ သဘာဝ cocoa butter ကို အရေပြားပေါ်လိမ်းပေးခြင်းဟာ အရေပြားရဲ့ ရေဓါတ်ကိုထိန်းသိမ်းပေးပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။Whole grains တွေဟာ carbohydrates တွေအဖြစ်သာမက ပုံစံအမျိုးမျိုးနဲ့ လာကြပါတယ်။ Whole grains တွေမှာ niacin, folate, zine နဲ့ magnesium တွေပါဝင်ပြီး သူတို့တွေ အကုန်လုံးဟာ အရေပြားအတွက် ကောင်းမာန်ပါတယ်။ zinc ဟာ ကိုယ်ခံအားကိုလည်း တက်စေပါတယ်။Canned mustards တွေနဲ့ ဟင်းတွေထဲမှာ ထည့်ထားတဲ့ ဆနွမ်းမှုန့်ကို မြင်ဖူးမှာပါ။ ဆနွမ်းဟာ curcumin တစ်မျိုးဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက curcumin ဟာ အရေပြားကင်ဆာရဲ့ ရန်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် curcumin ဟာ အရေပြားရောင်ရမ်းခြင်းနဲ့ ပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။Vitamin C အကြောင်းပြောမယ်ဆိုရင် သံပုယိုသီးတွေ၊ လိမ္မော်သီးတွေကိုပဲ တွေးမိကြပါလိမ့်မယ်။ တကယ်တော့ သိပ္ပံပညာအရ vitamin C အကြွယ်ဝဆုံးဟာ ကီဝီသီးပဲဖြစ်ပါတယ်။ Vitamin C ဟာ connective tissue တွေကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ Vitamin C ချို့တဲ့ခြင်းဟာ အရေပြားအပါအဝင် ကိုယ်ခန္ဓါအတွင်းက ကိုယ်အင်္ဂါတွေမှာ ပြဿနာတွေကို ဖြစ်စေပါတယ်။သံလွင်ဆီမှာ ကျန်းမာတဲ့အဆီတွေနဲ့ antioxidant phytochemicals တွေ ပါဝင်ပါတယ်။ နှစ်ပေါင်းများစွာက တည်းက Mediterranean region က လူတွေဟာ သံလွင်ဆီကိုအရေပြားထိန်းသိမ်းမှု အပါအဝင် အကြောင်းအရာ အတော်များများအတွက် အသုံးပြုခဲ့ကြပါတယ်။ သံလွင်ဆီကို အရေပြားပေါ်ကို တိုက်ရိုက်လိမ်းနိုင်ပြီး အစားအသောက်တွေမှာလဲ ထည့်သွင်းစားသောက်နိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ ရယူနိုင်ပါတယ်။ သံလွင်ဆီကို atopic dermatitis ကို ကုသဖို့အတွက်လည်း အသုံးပြုကြပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1-%e1%80%9b%e1%80%96%e1%80%ad%e1%80%af%e1%80%b7/
အိမ်ထောင်ကွဲမိသားစုအတွင်း ကျန်းမာပျော်ရွှင်နေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်နည်း
လက်ထပ်လိုက်ပြီးတဲ့နောက်ပိုင်းတော့ ကွဲဖို့ကွာဖို့ ဘယ်သူမှ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝဆိုတာ နတ်သမီးပုံပြင်တွေလို သင့်ရဲ့ မင်းသားလေးနဲ့တွေ့ပြီး ထာဝရပျော်ရွှင်စွာ နေထိုင်သွားရလေသတည်းလို့ အဆုံးသတ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ်မှ မဟုတ်တာ။ တကယ်လို့များ သင်က ကံဆိုးစွာနဲ့ပဲ ကွာရှင်းခြင်းကသာ နှစ်ဦးနှစ်ဘက်လုံးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်နေတယ်လို့ တွေ့ရှိခဲ့ရင်လည်း နောက်ပိုင်းမှာ သင့်ကလေး ပိုကောင်းတဲ့ ဘဝရစေဖို့အတွက် အခွင့်အရေးရလာတယ်လို့သာ နှလုံးသွင်းပါ။ဒီမှာတော့ ပြိုကွဲသွားတဲ့ အိမ်ထောင်စုအတွင်းမှာ ကလေးတွေကို ဘယ်လို ပျော်ရွှင်ကျန်းမာအောင် ပြုစုပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ကျွန်တော်တို့အားလုံးသိထားကြသလို အိမ်ထောင်တွေကွဲကြပြီဆိုရင် မိဘတွေပဲ ခံစားကြရတာမဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေပါ ခံစားကြရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကွဲကွာမှုမျိုးက သင့်ကလေးအပေါ် ဘယ်လိုလွှမ်းမိုးထားတယ်ဆိုတာနဲ့ ဒီလို ရှုပ်ထွေးတဲ့ လွှမ်းမိုးမှုကြီးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ တကယ်ရောသိကြပါရဲ့လား။Stop Screaming and The Connected Father စာအုပ်ကို ရေးသားခဲ့သူ စိတ်ရောဂါအထူးကုရာဝန်ဖြစ်တဲ့ Carl Pickhardt ကတော့ အသက်အရွယ်နဲ့ လိင်ကွဲပြားမှုကိုလိုက်ပြီး အိမ်ထောင်ကွဲမိသားစုက ကလေးတွေဟာ ဒီလိုအခြေအနေတွေနဲ့ ကြီးပျင်းလာကြတယ်ဆိုပါတယ်။– ဒေါသနဲ့ စိတ်ဓါတ်ကျခြင်း။ ။ကလေးတွေမှာတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်မှု ယာယီပျောက်ဆုံးသွားတဲ့ထိဖြစ်နိုင်ပြီး separation anxiety disorder (တွယ်တာရတဲ့အရာကို ခွဲခွာရခြင်းကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ဒေါသ)၊ အိပ်ရာဝင်ချိန်တိုင်းငိုတာ၊ အိမ်သာအိုး(အိမ်သာဝင်တတ်ဖို့လေ့ကျင့်ခြင်း)တွေကို ဖျက်ဆီးပစ်တာနဲ့ အိပ်မက်ဆိုးတွေမက်တာမျိုးဖြစ်တတ်ပါတယ်။– ဒေါသတကြီးတုံ့ပြန်ခြင်း။ ။အရွယ်ရောက်လာတဲ့ကလေးတွေကတော့ ပုန်ကန်ပြီး မိဘတွေနဲ့ ဝေးဝေးနေလာပါတယ်။ အချို့တွေဆို လက်စားချေဖို့တွေပါ ကြံစည်တတ်လာပါတယ်။ အချို့ကိစ္စတွေမှာဆိုရင် ကလေးတွေဟာ သူတို့အဖေအမေအပေါ် မကျေနပ်ချက်တွေ စုပေါင်းပြီး လူတွေအပေါ်မုန်းတီးစိတ်တွေပါဝင်လာနိုင်ပါတယ်။ (ယောက်ျားမုန်းတိးရေး၊ မိန်းမမုန်းတီးရေး စသဖြင့်)။– သူတို့မိဘတွေဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်လည်ပေါင်းစည်းပြီး မိသားစုဇာတ်ပေါင်းခန်းလေးရောက်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ပြီး မျှော်လင့်ချက် အခိုင်အမာထားခြင်း။– ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ခြင်းအပေါ် အယုံအကြည်ကင်းမဲ့ခြင်း။ဒါပေမဲ့ မြောက်များလှစွာသော လေ့လာမှုတွေကလည်း အချို့ပြဿနာတွေက ကလေးတွေဟာ သူတို့မိဘတွေကွဲကွာသွားတဲ့အချိန်မှာ စိတ်သက်သာရာရပြီး ပျော်ရွှင်နေတာမျိုးတွေလည်းရှိနေတတ်တာကို တွေ့ရပြန်ပါတယ်။ သူတို့တွေဟာ ဒီအဖြစ်မျိုးဖြစ်လာဖို့ မျှော်လင့်နေပြီး ကွဲကွာသွားမှသာ သူတို့ရဲ့ ခံစားချက်တွေကို ရှာတွေ့လာတာပါ။၁။ အငြင်းပွားမှုတွေ၊ ဆူပူမှုတွေနဲ့ ကွဲကွာမှုတွေအတွက် ညှိနှိုင်းခြင်းတွေကို ကလေးတွေရဲ့ အဝေးမှာလုပ်ပါ။မိဘတွေကြားက အငြင်းပွားမှုတွေဟာ ကွဲပြီးမှဖြစ်စေ၊ မကွဲခင်ဖြစ်စေ ကလေးရဲ့ မှတ်ဉာဏ်ကို နာကျင်စေပြီး ကလေးရဲ့ အတွင်းစိတ်ကို ထိခိုက်စေပါတယ်။ တကယ်လို့ ဖြေရှင်းမရတော့ရင်လည်း အတိုင်ပင်ခံတစ်ယောက်ကိုရှာဖို့ ဆုံးဖြတ်ပါ။၂။ တစ်ယောက်အကြောင်းတစ်ယောက်မကောင်းပြောတာမျိုးကို ရှောင်ပါ။သင့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို သင်ကိုယ်တိုင်သိမ်းထားလိုက်ပါ။ မနေနိုင်ရင်တော့လည်း သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ဖြစ်စေ အိမ်အပြင် ကလေးရဲ့ မမြင်ကွယ်ရာမှာသာ ပြောပါ။၃။ ကွဲကွာပြီးနောက်မှာလည်း ရင့်ကျက်မှုနဲ့ အကောင်းမြင်စိတ်တွေပြပြီး ကလေးအတွက် စံပြဖြစ်အောင် နေပြပါ။အခြားသောကိစ္စတွေထက် ကလေးရဲ့စိတ်ကျန်းမာရေးနဲ့ ခံစားချက်တွေကို ရှေ့တန်းတင်ပါ။ ဖြစ်နိုင်မယ်ဆိုရင် အနာဂတ်မှာကြုံလာရမယ့် စီးပွားရေးဆိုင်ရာ ပြဿနာတွေနဲ့ အုပ်ထိန်းမှုနဲ့ပတ်သက်တဲ့ ပြဿနာတွေကို မကြေငြာခင် ကလေးတွေနဲ့အရင် အစီအစဉ်ဆွဲပါ။၄။ အသက်အရွယ်နဲ့လိုက်ပြီး သူတို့အပေါ်မှာ ရိုးသားပါ။ဒီအရေးပေါ်အခြေအနေတွေကို သူ့ကိုမပြောခင် သင်ပထမဆုံးလုပ်ရမယ့်အလုပ်က ရိုးသားဖို့ပါပဲ။ ကလေးတွေဟာ သင့်ရဲ့ ကွာရှင်းပြတ်စဲခြင်းနောက်ကွယ်က အကြောင်းရင်းတွေကို အသေးစိတ်သိဖို့ မလိုပေမယ့် ဘဝမှာ တွေ့ရလာနိုင်တဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ပြောစရာရှိတာကိုတော့ ပြောပြပါ။ ဖြစ်နိုင်မယ်ဆိုရင် သူတို့မေးတဲ့ မေးခွန်းတွေကိုလည်း ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြေဆိုပါ။ ပိုပြီးငယ်နေသေးတဲ့ကလေးတွေအတွက်တော့ အရိုးရှင်းဆုံးနည်းလမ်းကိုသာ အသုံးပြုပါ။ ပိုကြီးတဲ့ကလေးတွေ၊ ဆယ်ကျော်သက်တွေအတွက်တော့ သူတို့သိသင့်သိထိုက်တာလေးတွေကို ပြောပြဖို့ လိုအပ်ပါလိမ့်မယ်။ သေသေချာချာမပြောကြ မဆွေးနွေးကြခင်မှာ “ဘယ်မှာနေမှာလဲ” ဆိုတဲ့မေးခွန်းလို အခြေခံကျတဲ့မေးခွန်းတွေအပြင် “ ပိတ်ရက်တွေမှာရော တူတူနေလို့ရမှာလား” ဆိုတဲ့မေးခွန်းတွေကိုပါ ဖြေဆိုနိုင်ဖို့ ပြင်ဆင်ပါ။၅။ နှစ်ဘက်လုံးက ကလေးတွေရဲ့ ဘဝတွေထဲမှာ ပါဝင်ပတ်သက်နေပါစေ။ကလေးတွေနဲ့ သင့်ရဲ့ အိမ်ထောင်ဘက်ဟောင်း တွေ့မယ့်ကိစ္စတွေကို မတားမြစ်ပါနဲ့။ တကယ်တမ်းမှာလည်း သူတို့ကို ကလေးတွေဆီ မကြာခဏအိမ်လာလည်ဖို့၊ ဖုန်းခေါ်ဖို့နဲ့ စာရေးဖို့ တိုက်တွန်းပါ။ ကွာရှင်းပြတ်စဲတာက ကလေးတွေမဟုတ်ပါဘူး။ သင်က ကွာရှင်းထားတာပါ။၆။ သင့်ကလေးတွေအတွက်လည်း သင်က သူတို့ကို အရမ်းချစ်တယ်ဆိုတာ သိနေပါစေ။ ။သူတို့နဲ့ စကားပြောဖို့ အချိန်တွေဖန်တီးပါ။ အပြန်အလှန်ဆက်သွယ်ပါ။ သူတို့သင့်ကို လိုအပ်တိုင်း သင်ရှိနေပါစေ။ သူတို့ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပြီး သင့်ရဲ့ အဆုံးမရှိတဲ့အချစ်၊မပြောင်းလဲတဲ့ အချစ်တွေကိုလည်း သူတို့ကို ပြပါ။ သူတို့ဖာသာ ပြန်လည်ကုသနိုင်ဖို့ သင့်ရဲ့စကားလုံးတွေ၊နဲ့ အပြုအမူတွေဟာ ဒီလိုအခြေအနေမျိုးမှာ သိပ်ကို အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bd%e1%80%b2%e1%80%99%e1%80%ad%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%af%e1%80%a1%e1%80%90%e1%80%bd/
သင့်ကလေးကို စာဖတ်ဝါသနာပါအောင် အားပေးပါ
သင့်ကလေးကို ငယ်ရွယ်သော အချိန်မှစပြီး စာဖတ်ခြင်း အကျင့်ဖြစ်အောင် သွန်သင်ပေးခြင်းသည် သူတို့၏ နားလည် သဘောပေါက်မှုနှင့် အသိညဏ်ဖွံ့ဖြိုးမှုကို တိုးတက် စေသည်။ သင့်ကလေးသည် ဝတ္ထုစာအုပ်၊ မဂ္ဂဇင်း၊ ဆောင်း ပါး သို့မဟုတ် မွေးနေ့ကတ်တစ်ခုကို ဖတ်ရန်နှစ်သက်ပါက သူတို့သည် ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ်အရာများကို အမြဲ သင်ယူနိုင်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ထိုအကျင့် ကောင်းများကို အားပေးရမည်။ စာဖတ်ခြင်းကို ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းအောင် ကြိုးစားပေးသင့်သည်။မိဘများသည် သားသမီးများနှင့် စာအတူလိုက်ဖတ်ပေး ပါက စာဖတ်ခြင်းသည် ကလေးများအတွက် ပိုပြီး စိတ်ဝင်စား ဖွယ်ကောင်းနိုင်သည်။ အတူတူစာဖတ်ခြင်းသည် မိသားစု သံယောဇဉ်ကို ခိုင်မာစေရုံသာမက သင့်ကလေး၏ စာအုပ်များ အပေါ် ချစ်ခင်စိတ်ကိုလည်း ဖန်တီးပေးသည်။ သင့်ကလေးသည် ငယ်သေးပါက သင်သည် သူတို့ အိပ်ယာမဝင်ခင် စာဖတ် ပြပေးနိုင်သည်။ သူတို့ စာအုပ်များ အကြောင်း စဉ်းစားလိုက်တိုင်း စာဖတ်ခြင်းအကျင့်ကို ပျော်ရွှင်ဖွယ်အချိန်များနှင့်အတူ ပေါင်းဖက်ရရှိနိုင်သည်။အရွယ်ရောက်ပြီးသူများအတွက် ထုတ်ထားသော ပျင်း စရာစာအုပ်များ နှင့် သင်၏ တစ်ပြေးညီအသံဖြင့် သင့်ကလေး၏ စာဖတ်ခြင်းအကျင့်ကို မဖျက်ဆီးပစ်ပါနှင့်။ သူတို့ဆီမှ စိတ်ဝင်စားမှု ရအောင် စာဖတ်ခြင်းအပေါ် ကောင်းသော ထင်မြင်ချက်များကို ပြုလုပ်ပေးပါ။ သင့်ကလေး အား စာဖတ်ပြစဉ် သင်သည် ပို၍ ပျော်စရာကောင်းပြီး စိတ် လှုပ်ရှားဖွယ်ဖြစ်အောင် အသံတုများ၊ လက်ဟန်ခြေဟန် နှင့် လှုပ်ရှားမှုများ ဖန်တီးနိုင်သည်။တဖြည်းဖြည်းဖြင့် သင့် ကလေးသည် စာဖတ်ရန် ပျော်ရွှင်လာလိမ့်မည်။ စာဖတ်ခြင်း ပြီးဆုံးသွားပါက သင့်ကလေးအား အကြိုက်ဆုံး ဇာတ် ကောင် သို့မဟုတ် ပုံပြင်၏ အကြိုက်ဆုံးအပိုင်းတို့အကြောင်း ပြောပြခိုင်းပါ။ထို့အပြင် သင့်ကလေးကို စာပြီးရင်စာ ဖတ်မပြပါနှင့်။ သင်နှင့် သင့်ကလေးသည် ပုံပြင်တစ်လျှောက် တစ်ယောက် တစ်လှည့် ဖတ်ပြခြင်း လုပ်နိုင်သည်။ သူတို့ စကားလုံးတစ်ခု ကို အသံထွက်ရန် ခက်သည့်အခါမှသာ ကူညီပေးပါ။ သင့်ကလေး နားထောင်ပြီး လိုက်ပြောနိုင်ရန် စကားလုံးကို ဖြည်းဖြည်းနှင့် မှန်မှန် ဖတ်ပြပါ။သင်သည် စာဖတ်သူတစ်ယောက်မဟုတ်ဘဲ သင့် ကလေးအား စာဖတ်သူတစ်ယောက်အဖြစ် ပျိုးထောင်ပေး ခြင်းသည် အနည်းငယ် အူကြောင်ကြောင် နိုင်ပါသည်။ ထို့ ကြောင့် သင်သည် အချိန်ပို၍ စာဖတ်သင့်ပြီး သင့်ကလေး အား ထိုအချိန်များကို မြင်စေပါ။သင့်ကလေးအား ပို၍ စာဖတ်ခြင်းကို အားပေးရန် စာကြည့်တိုက် သို့မဟုတ် စာအုပ်ဆိုင်တွင် စာအုပ်များကို သူတို့ဘာသာ ရွေးခိုင်းပါ။ ကလေးငယ်များသည် သူတို့ ကြိုက်သောအရာများကို ပို၍ အသုံးပြုတတ်သည်။ ထို့အပြင် သင့်ကလေး မေးနိုင်သော မေးခွန်းများ အားလုံးကို ဖြေပေး ပါ။ သင်သည် အရာအားလုံး သိရန် မလိုပါ။ ထို့အစား သင်သည် သူတို့အား ဗဟုသုတ အသစ်များကို စာဖတ်ခြင်း ဖြင့် စိတ်ပါဝင်စားစွာ ရှာဖွေနိုင်ရန် ကူညီပေးပါ။စာဖတ်ခြင်း၏ အဓိပ္ပါယ်သည် စာအုပ်တစ်အုပ်တည်း ကိုမဆိုလိုပါ။ သင့်ကလေးအား စာအုပ် မျိုးစုံဖြင့် မိတ်ဆက် ပေးပြီး အချိန်တိုင်းဖတ်ရန် တွန်းအားပေးပါ။ ဥပမာ သင်သည် သင့်ကလေးအား စားသောက်ဆိုင်ရှိ စားသောက်ဖွယ်ရာ စာရင်း၊ မုန့်ဘူး၊ ဈေးဝယ်စင်တာမှ လက်ကမ်းစာစောင်များကို ဖတ်ခိုင်းပါ။ ၎င်းတို့အားလုံးတွင် အသုံးဝင်သော စကားစုများ၊ လေ့လာရန် စာလုံးများ ပါဝင်ပါသည်။ဤအကြံပြုချက်များသည် ငယ်ရွယ်သော စာဖတ်သူတစ် ယောက်အဖြစ် ပြုစုပျိုးထောင်ရန် လိုအပ်သော အရာများ ဖြစ်သည်။ အပြုသဘောဆောင်ပြီး ပျော်ရွှင်ဖွယ်ဖြစ်အောင် ဆောင်ရွက်ပါက သင့်တွင် စာအုပ်ကောင်းတစ်အုပ်ကို ချစ် မြတ်နိုးသော ကလေးတစ်ယောက် ရှိလာမည်မှာ သေချာပါ သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%ac%e1%80%96%e1%80%90%e1%80%ba%e1%80%9d%e1%80%ab%e1%80%9e%e1%80%94%e1%80%ac%e1%80%95/
Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)
ပါးစပ်အနာတွေကို canker sores လို့လဲခေါ်ပြီး သူတို့ဟာ ပါးစပ်အတွင်း (သို့) သွားဖုံးအောက်မှာ သေးငယ်ပြီး အနီရောင်ရှိကာ နာကျင်တဲ့ အနာတွေဖြစ်ပါတယ်။ တခါတလေဖြစ်တဲ့ ပါးစပ်အနာတွေဟာ အန္တရာယ်မရှိပဲ ပြန်ကောင်းသွားတတ်ပါတယ်။ သူတို့က နာကျင်မှုနဲ့ အစာစားဖို့ ခက်ခဲခြင်းကိုသာ ဖြစ်စေတာဖြစ်ပါတယ်။Mouth Ulcers ဟာ အလွန်အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Mouth Ulcers ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အမာရွတ်မကျန်ပဲ တစ်ပတ်မှ နှစ်ပတ်အတွင်း ကောင်းသွားတတ်တဲ့ ပါးစပ်အတွင်းမှာရှိတဲ့ ဘဲဥပုံ၊ စက်ဝိုင်းပုံ အနာတွေပဲဖြစ်ပါတယ်။ အရွယ်အစားဟာ ပါးစပ်အနာ အမျိုးအစားပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ Minor, major, Herpetiform canker sores တို့ ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။Cranker sores တွေနဲ့ အတူ အဖျားတက်ခြင်း။ပါးစပ်အနာဖြစ်ရခြင်း အကြောင်းရင်းတွေဟာ သေချာခြင်း မရှိပါဘူး။ သုတေသီတွေက အချက်တွေ အတော်များများ ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ရောဂါအခြေအနေတွေဖြစ်တဲ့ HIV/ AIDS, Behcet’s disease, Inflammatory bowel diseases, Celiac disease။Mouth Ulcers ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။လိင် – အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။Mouth Ulcers ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။လိင် – အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ပါးစပ်အနာတွေကို မျက်စိဖြင့်ကြည့်ရှုခြင်းအားဖြင့် သိနိုင်ပါတယ်။ အချို့အခြေအနေတွေမှာတော့ အခြားရောဂါတွေကို သိရှိဖို့ စစ်ဆေးမှုတွေ ပြုလုပ်ရနိုင်ပါတယ်။ အထူးသဖြင့် cranker sores တွေဟာ ပြင်းထန်ပြီး ဆက်ဖြစ်နေရင် ဖြစ်ပါတယ်။ကုသမှုဟာ ကြီးမားပြီး ကြာရှည်ကာ နာကျင်စေတဲ့ အနာတွေအတွက် လိုနိုင်ပါတယ်။အာဟာရ ဖြည့်စွက်စာတွေဖြစ်တဲ့ Folic acid, vitamin B6, vitamin B12 နဲ့ zinc တွေဟာ သင့်မှာ ချို့တဲ့နေရင် လိုအပ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Mouth Ulcers ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/mouth-ulcers-%e1%80%95%e1%80%ab%e1%80%b8%e1%80%85%e1%80%95%e1%80%ba%e1%80%a1%e1%80%94%e1%80%ac%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အမျိုးသားတွေပါ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းခြင်း
အသားအရေထိန်းသိမ်းတယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲ လိုအပ်တဲ့အရာလို့ သင်ယူဆထားပါသလား။ အသားအရေထိန်းသိမ်းတာဟာ အလှပြင်နည်းတစ်မျိုးပဲလား။ သင်ဟာ အမျိုးသားဖြစ်တဲ့အတွက် ရုပ်ရည်သွင်ပြင်ကို အရမ်းကြီးဂရုစိုက်စရာမလိုဘူးလို့ ထင်ပါသလား။ သင်ထင်တာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းရုပ်ရည်ချောမောကြည့်ကောင်းချင်တာအမှန်ပါ။ ဒီခေတ်ကြီးထဲမှာ သင့်အနေနဲ့ ရုပ်ရည်အလှအပ၊ ခန္ဓာကိုယ်အလှအပကို မထိန်းသိမ်းဘူးဆိုရင်ဆိုးကျိုးတွေအများကြီးကို ခံစားသွားရနိုင်ပြီးအရာရာမှာနောက်ကျကျန်နေမှာပဲ ဖြစ်ပါတယ် (အလုပ်မှာပဲ ဖြစ်ဖြစ်၊ကောင်မလေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့)။ အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေသာလုပ်ဆောင်သင့်တဲ့အရာမဟုတ်ပါဘူး။ဆရာဝန်တွေ၊ အလှအပရေးရာဆေးခန်းတွေဆီသွားပြီး နုပျိုအောင်ကြိုးစားနေတဲ့ ဒါမှမဟုတ် အရေပြားပေါ်ကအမာရွတ်တွေကိုဖယ်ရှားပစ်ဖို့အကြံဉာဏ်တောင်းခံနေတဲ့ အမျိုးသားတွေ တဖြည်းဖြည်းနဲ့များလာပြီဖြစ်ပါတယ်။ ရုပ်ရည်ကြည့်ကောင်းချောမောချင်တာဟာ လူ့သဘာဝဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းတာဟာ ရုပ်ရည်ကြည့်ကောင်းဖို့အတွက်သာမကဘဲ သင့်ကျန်းမာရေးကို အနှောင့်အယှက်ပေးနိုင်တဲ့ အရေပြားရောဂါတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာရှိတဲ့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေဟာ အရေပြားအတွက် လိုအပ်တဲ့အရာတွေကို ထောက်ပံ့ပေးပါတယ်။ သင့်မှာအမျိုးသမီးတွေထက် collagen ဓာတ်ပိုများများရှိတဲ့အတွက် အရေပြားကိုပိုမိုကျန်းမာသန်စွမ်းစေပြီး အရေတွန့်မှုတွေကနေလည်း ကာကွယ်ပေးထားပါသေးတယ်။ ဒါပေမယ့်ဒီလိုအမွှေးအမျှင်တွေပိုများတဲ့အတွက် သင့်မျက်နှာမှာရှိတဲ့ မွေးညှင်းပေါက်တွေကနေ ထုတ်လုပ်တဲ့ အဆီပမာဏကတော့ အမျိုးသမီးတွေထက် ပိုများတာမို့ဝက်ခြံဖြစ်ဖို့ပိုနီးစပ်ပါတယ်။ သင်အသက်ကြီးလာတာနဲ့အမျှ သင့်အသားအရေဟာလည်း အိုမင်းရင့်ရော်စပြုလာပါလိမ့်မယ်။ အမျိုးသမီးတွေနည်းတူ အမျိုးသားတွေဟာလည်း အရေပြားကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ ဒါကြောင့်သင့်အသားအရေကို ဒီနေ့ပဲစတင်ထိန်းသိမ်းလိုက်ရအောင်။မျက်နှာသစ်ဆေး။မျက်နှာသစ်ဆပ်ပြာနဲ့ သန့်စင်တဲ့ရေတို့ကို အသုံးပြုပြီးမျက်နှာသစ်ပေးခြင်းအားဖြင့် မွေးညင်းပေါက်တွေကို ပိတ်ဆို့ပြီးဝက်ခြံဖြစ်စေနိုင်တဲ့အဆီဓာတ်တွေ၊အညစ်အကြေးတွေနဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။အရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ပစ္စည်းတွေ (Moisturizers)။အရေပြားခြောက်သွေ့ခြင်းဟာ နှင်းခူ ဒါမှမဟုတ် ဘက်တီးရီးယားပိုးဝင်တာ အစရှိတဲ့အရေပြားရောဂါတွေကို ဖြစ်စေတာကြောင့် သင့်အရေပြားကို အစိုဓာတ်ထိန်းပေးထားဖို့ကလည်း အရေးပါတဲ့အချက်ဖြစ်ပါတယ်။မုတ်ဆိတ်ရိတ်ခြင်း။ရေနွေးနဲ့ မုတ်ဆိတ်ရိတ်တဲ့ခရင်မ် ဒါမှမဟုတ် ဂျဲလ်တို့ကို အသုံးပြုပြီး မုတ်ဆိတ်ရိတ်သင့်ပါတယ်။ ဓားသွားများများပါတဲ့ မုတ်ဆိတ်ရိတ်ဓားကို ရွေးချယ်တာဟာလူအများစုအတွက် အကောင်းဆုံးဖြစ်ပေမယ့် မုတ်ဆိတ် ၊နှုတ်ခမ်းမွှေးအမျိုးအစားပေါ်မူတည်ပြီး သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် မုတ်ဆိတ်ရိတ်ဓားကိုရွေးချယ်နိုင်ပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ ပုံမှန်အားဖြင့်အနာတွေ၊ အမာရွတ်တွေ ကျန်ခဲ့လေ့မရှိပါဘူး။ ရိတ်ပြီးတဲ့အခါ aftershave လို့ခေါ်တဲ့ မုတ်ဆိတ်ရိတ်ပြီးလိမ်းရတဲ့ ခရင်မ်လေးတွေနဲ့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ Moisturizers လေးတွေအသုံးပြုပေးမယ်ဆိုရင် ဆားဝက်ခြံတွေနဲ့ ingrown hair လို့ခေါ်တဲ့အမွှေးကအပြင်မထွက်ဘဲအထဲမှာ မြုံနေတာမျိုးတွေကိုကာကွယ်ပေးနိုင်ပါတယ်။Anti-oxidants ဓါတ်တွေဟာအိုမင်းရင့်ရော်မှုကနေကာကွယ်ပေးတဲ့အတွက် သင့်ကိုနုပျိုစေပါတယ်။ ထင်ရှားတဲ့ Anti-oxidants တွေဖြစ်တဲ့ ဗီတာမင်C၊ဗီတာမင် E ဒါမှမဟုတ် လက်ဖက်စိမ်းပါဝင်တဲ့ အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ အလှကုန်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။နေလောင်ခံခရင်မ် အသုံးပြုခြင်း။အရေပြားကင်ဆာ ဒါမှမဟုတ် အရေပြားထိခိုက်ခြင်းကို ဖြစ်စေတဲ့ခရမ်းလွန်ရောင်ခြည် A နဲ့ B တို့ကိုနေလောင်ခံခရင်မ်တွေက ကာကွယ်ပေးနိုင်ပါတယ်။ နေပူထဲထွက်တဲ့အခါ နေလောင်ခံဂျဲလ် ဒါမှမဟုတ် ဖြန်းဆေးစပရေးသုံးတာမျိုး ဒါမှမဟုတ်အင်္ကျီလက်ရှည်ဝတ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေအတွက်ရော အမျိုးသားတွေအတွက်ပါ အင်မတန်အရေးကြီးပါတယ်။ အသားအရေထိန်းသိမ်းခြင်းဟာ သင့်ကိုနုပျိုစေရုံသာမက နေလောင်ဒဏ်၊ အရေပြားကင်ဆာအစရှိတဲ့ ပြင်းထန်ဆိုးရွားပြီးအသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အရေပြားရောဂါတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ချင့်ချင့်ချိန်ချိန်သုခမိန်ဆိုတဲ့စကားအတိုင်းအသားအရေထိန်းသိမ်းဖို့အလှကုန်တွေရွေးချယ်ဝယ်ယူ အသုံးပြုရာမှာတော့မိမိအသားအရေနဲ့လိုက်ဖက်တဲ့ပစ္စည်းကိုမှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုဖို့တော့အရေးကြီးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%95%e1%80%ab-%e1%80%bb%e1%80%95%e1%80%b3%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%9e/
အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ ခဲ့ရင်
အတူနေပြီး ကိုယ်ဝန်မလိုချင်တဲ့အခါ အရေးပေါ်တားဆေး သောက်ကြပါတယ်။ အရေးပေါ်တားဆေးသောက်ပြီးတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တာကြောင့် ရာသီစက်ဝန်းမှာပါ လိုက်ပြီး အပြောင်းအလဲ ဖြစ်ပါတယ်။ အထူးသဖြင့် အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာ တဲ့အခါ ကိုယ်ဝန်ရှိတာလား။ ဆေးကြောင့် မလာတာလားဆိုပြီး ဒွိဟဖြစ်တတ်ကြပါတယ်။အရေးပေါ်တားဆေးတွေက ဟော်မုန်းပါတဲ့ ဆေးတွေဖြစ်တဲ့အတွက် ရာသီစက်ဝန်းကို အပြောင်းအလဲဖြစ်စေပါတယ်။ ဆိုလိုတာက ဆေးသောက်ပြီးတဲ့အခါ ရာသီစောလာတာ၊ နောက်ကျမှလာတာ၊ လုံးဝမလာတာ ဒါတွေ ဖြစ်တတ်ပါတယ်။ လာခဲ့ရင်တောင်  သွေးဆင်းတာ နည်းတာ၊ များတာ စတာတွေ ဖြစ်တတ်ပါတယ်။ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေ (ဥပမာ ရာသီက ၂ရက်လောက်လာပြီး ရပ်သွားတာ ဒါမှမဟုတ် တစ်ပတ်လောက်ကြာအောင် ဆင်းနေတာ) ဖြစ်တတ်ပါတယ်။ ဒါက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောလို့ရပါတယ်။ဒီလိုဖြစ်ရတာက အရေးပေါ်တားဆေးတွေမှာ ပါတဲ့ ဟော်မုန်းပမာဏက များလို့ပါ။ အရေးပေါ်ကိုယ်ဝန်တားရမှာ ဖြစ်တဲ့အတွက် ဟော်မုန်းများများသုံးမှ ကိုယ်ဝန်ကို တားနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် အရေးပေါ်တားဆေး တစ်ခါသောက်စာကပုံမှန်သန္ဓေတားဆေး ၂-၅လုံးစာလောက်နဲ့ ညီမျှနေပါတယ်။ဒါကြောင့် ရာသီစက်ဝန်းတွေ ကမောက်ကမ ဖြစ်ကုန်တာပါ။အရေးပေါ်တား‌ဆေးသောက်ပြီး ရာသီမလာ ခဲ့ရင် အများစုကတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ဖို့ များပါတယ်။ ဆေးသောက်ပြီး ကိုယ်ဝန်ရသွားတာလည်း ရှိတယ်ဆိုပေမယ့် ဒါက ရှားတော့ ရှားပါတယ်။ဆေးကိုသာ အချိန်မီသောက်ခဲ့တယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ အတူနေပြီး ၂၄နာရီအတွင်းမှာ ဆေးသောက်ခဲ့တယ်ဆိုရင် ကိုယ်ဝန်တားနိုင်ခြေက ၉၃%ထိ ရှိပါတယ်။အများစုက အရေးပေါ်တားဆေးသောက်ပြီး ရာသီမလာတဲ့အခါ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာတွေ ကြုံရတဲ့အခါ စိတ်ဖိစီးတတ်ပါတယ်။ စိတ်ကို အေးအေးထားပါ။ ဆေးကိုသာ သေချာ‌သောက်ထားရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ စိတ်ဖိစီးတဲ့အခါ ရာသီစက်ဝန်းကို ပိုထိခိုက်ပြီး ရာသီမလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာတွေ ပိုဆိုးတတ်လို့ပါ။အရေးပေါ်တားဆေးရဲ့ နောက်ထပ် ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ မအီမသာ ဖြစ်တာ၊ ရင်သားတင်းတာ စတာတွေ ခံစားရတတ်ပါတယ်။ ဒါတွေကလည်း ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေနဲ့ ဆင်တူနေပါတယ်။ ရာသီကလည်း မလာ၊ ဒီလို လက္ခဏာတွေလည်း ခံစားရတော့ ဆေးကြောင့်ပဲလား၊ ကိုယ်ဝန်များ ရှိသွားတာလားဆိုပြီး စိုးရိမ်နေရမှာပါ။ဒါဆိုရင်တော့ စိတ်ရှင်းသွားအောင် ဆီးစစ်ကြည့်လိုက်ပါ။ ကိုယ်ဝန်ရှိမရှိဆိုတာက လက္ခဏာတွေနဲ့ ခန့်မှန်းနေတာထက်စာရင် ဆီးစစ်ကြည့်လိုက်တာက ပိုပြီး သေချာပါတယ်။ ဘယ်တားဆေးကမှ ရာနှုန်းပြည့် ကိုယ်ဝန်မတားနိုင်တဲ့အတွက် မတော်တဆ ကိုယ်ဝန်ရသွားတာလည်း ဖြစ်နိုင်တာကိုး။ဒါကြောင့် တားဆေးသောက်ပြီး ၃ပတ်ပြည့်တဲ့အထိ ရာသီမလာသေးဘူးဆိုရင်ဆီးစစ်ကြည့်လိုက်ပါ။ တစ်ကြောင်းတည်းဆိုရင်တော့ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ ဆေးကြောင့်မလာတာ ဖြစ်ဖို့ များပါတယ်။ခုလောက်ဆို ဆရာဝန်တွေက ဘာကြောင့် အရေးပေါ်တားဆေးတွေကို ခဏခဏ မသောက်ခိုင်းလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ အရေးပေါ်တားဆေးတွေက ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေတာမျိုး မရှိပါဘူး။ဒါပေမဲ့လည်း ခဏခဏသောက်တဲ့အခါ ရာသီစက်ဝန်းကို ခဏခဏ အပြောင်းအလဲ ဖြစ်စေတာကြောင့် ရာသီမမှန်တဲ့ ပြဿနာဖြစ်လာပါတယ်။ သောက်တဲ့သူအနေနဲ့လည်း ဆေးကြောင့် ရာသီမလာတာလိုလို၊ ကိုယ်ဝန်ကြောင့် မလာတာလိုလိုနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ဒါကြောင့် အရေးပေါ်တားဆေးကို တကယ်အရေးပေါ် ဖြစ်မှပဲ သောက်ပါ။ ခဏခဏ အရေးပေါ်တတ်ရင် ရေရှည်တားနိုင်တဲ့ သန္ဓေတားနည်းလမ်းတစ်ခုခု (ဥပမာ ဆေးကတ်၊ ထိုးဆေး၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်း) ကို အသုံးပြုပါ။များသောအားဖြင့်တော့ အရေးပေါ်တားဆေးသောက်ပြီး ရာသီမမှန်တာက တစ်လလောက်ပဲ ခံရတာပါ။ ဟော်မုန်းအာနိသင်ကုန်ရင်ရာသီပြန်မှန်သွားပါတယ်။ ကိုယ်က ခဏခဏ သောက်တယ်၊ တစ်လတည်းမှာပဲ အကြိမ်ကြိမ်သောက်နေမယ်ဆိုရင်တော့ ရာသီမမှန်တာ ပိုကြာနိုင်ပါတယ်။အရေးပေါ်တားဆေးသောက်တဲ့အခါ ရာသီမမှန်တာ ဖြစ်တတ်တဲ့ကိစ္စပါ။ ဒါကို စိတ်ထဲမှာ လက်ခံလိုက်ဖို့ လိုပါတယ်။ ပြီးရင်တော့။ဒီအချက်တွေက ကိုယ်တွင်းက ဟော်မုန်းတွေကို မျှတစေဖို့ အထောက်အကူပြုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/amenorrhoea-after-emergency-pills/
Eyestrain (မျက်စိညောင်းခြင်း)
Eyestrain ဟာ မျက်လုံးကို ပြင်းထန်စွာသုံးစွဲခြင်း ဖြစ်တဲ့ ကားကြာရှည်မောင်းခြင်း၊ စာဖတ်ခြင်း၊ ကွန်ပျူတာသုံးခြင်းတွေကြောင့် ဖြစ်တဲ့ မျက်စိညောင်းခြင်း ဖြစ်ပါတယ်။မျက်စိ ပင်ပန်းခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အိမ်မှာ၊ အလုပ်ခွင်မှာ၊ အပြင်မှာ သတိထားပြီး ဂရုစိုက်ခြင်းဟာ မျက်စိညောင်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဒါပေမယ့် တခါတရံမှာ မျက်စိညောင်းခြင်းဟာ ကုသမှုလိုအပ်တဲ့ အခြေအနေတစ်ခုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။Eyestrain ဟာအလွန်အဖြစ်များပြီး အသက်မရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Eyestrain ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ယေဘူယျအသိပေးချက် – သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပန်ကာ၊ အပူ၊ အဲကွန်းမှ လေခြောက်တွေနဲ့ ထိမိခြင်း။Eyestrain ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။Refraction လိုနေစဉ် ဆရာဝန်နဲ့ မျက်စိ စစ်ဆေးမှု မပြုလုပ်ခြင်း တွေပဲဖြစ်ပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။မျက်စိဆရာဝန်က လက္ခဏာ ဖြစ်စေတဲ့ အကြောင်းရင်းတွေအတွက် မေးခွန်းတွေကို မေးမြန်းနိုင်ပါတယ်။ အမြင်အာရုံစစ်ဆေးဖို့ မျက်စိ စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။ယေဘုယျအားဖြင့် ကုသမှုမှာ နေ့စဉ် အကျင့်တွေ ပြောင်းလဲခြင်း၊ ပတ်ဝန်းကျင် ပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။ အချို့ကတော့ အခံရှိတဲ့ မျက်စိပြဿနာ ကုသခြင်းတွေ လိုအပ်နိုင်ပါတယ်။လူအချို့အတွက်ကတော့ ကွန်ပျူတာကြည့်စဉ်၊ စာဖတ်စဉ် မျက်မှန်တပ်ခြင်းဟာ မျက်စိညောင်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ သင့်ဆရာဝန်က မတူညီတဲ့ အကွာအဝေးတွေကို အာရုံစိုက်မှု ကောင်းမွန်စေဖို့ ပုံမှန် မျက်စိလေ့ကျင့်ခန်းတွေကို လုပ်ဖို့ အကြံပြုနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Eyestrain ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကွန်ပျူတာ အသုံးပြုခြင်းဟာ မျက်စိညောင်းခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကို ပြုလုပ်သင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/eyestrain-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%b1%e1%80%8a%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကလေးက ပိန်ပြီး ညှက်နေလို့ မေမေတွေ စိတ်ညစ်နေရပြီလား
ကလေးဆိုတာ စားချိန်တန် စား၊ကစားချိန်တန် ကစား၊ စာလုပ်ချိန်တန် စာလုပ်ရမယ့် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ကောင်းဖြစ်ပါတယ်။ ဒီလိုအရွယ်မှာ နေ့စဉ်လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလောက်စွာ မရတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှု နှေးပြီး ရောဂါတွေ အလွယ်တကူဖြစ်လာနိုင်တာ သဘာဝပါပဲ။ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို အဓိက အစားအသောက်ကနေ ရရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေဟာ နေ့စဉ် လုံလောက်တဲ့ အာဟာရဓါတ်တွေ မရရှိကြပါဘူး။ အဆီ၊ အငန်၊အချိုစားသုံးမှုများပြီးအဝလွန်ကြတယ်။ အာဟာရဓါတ်တွေ ချို့တဲ့နေတဲ့ ကလေးတွေမှာ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ခန္ဓါအရွယ်အစား သေးငယ်နေတယ်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ဖို့ အလားအလာ ပိုများလာပါတယ်။ကလေးအရွယ်မှာ ကျန်းမာကြံ့ခိုင်ပြီး ရောဂါဘယ ကင်းဝေးစေဖို့ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် A, B, C, D, E, K အပြင် ပရိုတင်းဓါတ်၊ ကယ်လ်စီယမ်ဓါတ်၊ သံဓါတ်၊ အိုင်အိုဒင်းဓါတ်၊ ဇင့်ဓါတ်အစရှိတဲ့ သတ္တုဓါတ်တွေကို နေ့စဉ် လုံလောက်စွာ ရရှိရပါမယ်။အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ ပဲနဲ့ အစေ့အဆန် အမျိုးမျိုး၊ သစ်သီးဝလံတွေ၊ ဥနဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ် ပုံမှန်ကျွေးပေးရပါမယ်။ အလွယ်တကူ ဝယ်စားလို့ရတဲ့ အသင့်စား Fast Food တွေ၊ တာရှည်ခံအောင် ဓါတုဗေဒနည်းလမ်းတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ၊ အချိုပါဝင်မှုများတဲ့ အစားအစာတွေ၊ အကြော်အလှော်တွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။၁။ မကြာခဏ ဖျားနာခြင်း၊နေမကောင်းဖြစ်ခြင်း။၂။ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း၊ ပျော်ရွှင်မှုမရှိခြင်း။၃။ အဝလွန်ခြင်း။၄။ ကိုယ်ခန္ဓါအရွယ်အစား သေးငယ်ခြင်း၊ ပိန်နေခြင်း။၅။ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း။၆။ မကြာခဏ ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း။၇။ ကိုယ်လက်မအီမသာဖြစ်ခြင်း။၈။ စာကို သေချာအာရုံစိုက် မလေ့လာနိုင်ခြင်းတွေ ဖြစ်ပါတယ်။ပရိုတင်းလို့ ခေါ်တဲ့ အသားဓါတ်ဟာ ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်ဖြစ်တဲ့ ကလေးတွေအတွက်တော့ အလွန်အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားတွေကို ကြီးထွားစေပြီး အရိုးအဆစ်တွေကို သန်မာစေတယ်။ တစ်နေ့တာအတွက် ခွန်အားတွေကို ပေးစွမ်းနိုင်တယ်။ အရေပြားကို ကြည်လင်တောက်ပစေတယ်။ အသားအရေနဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။အသားသိပ်မစားတဲ့ ကလေးတွေ၊ အစာအာဟာရမမျှတမှုကြောင့် ပရိုတင်းဓါတ်ချို့တဲ့တဲ့ ကလေးတွေ၊ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းဓါတ် ပမာဏ လုံလောက်စွာ မရရှိတဲ့ ကလေးတွေမှာ ဒီလိုကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။၁။ အသားအရေနဲ့ ဝမ်းဗိုက် ဖောရောင်တာ။၂။ အသည်းအဆီဖုံးတာ။၃။ ဆံသားပါးတာ၊ ပျက်စီးလွယ်တာ၊ဆံပင်မကြာခဏ ကျွတ်တာ။၄။ လက်သည်း၊ ခြေသည်းကျိုးလွယ်တာ။၅။ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်လှီနေတာ။၆။ ရှိသင့်ရှိထိုက်တဲ့ကိုယ်အလေးချိန်ထက် နည်းနေတာ။၇။ အရိုးအဆစ်တွေ ထိခိုက်ကျိုးပဲ့လွယ်တာ။၈။ ကြီးထွားမှု ရပ်တန့်သွားတာ၊ အရပ်မထွက်တော့တာ။၉။ ရောဂါ၊ နာမကျန်းတဲ့အခါ ဝေဒနာပိုပြင်းထန်တာတွေ ဖြစ်နိုင်ပါတယ်။အသားဓါတ် (ပရိုတင်းဓါတ်) ကြွယ်ဝတဲ့ အသား၊ ကြက်သား၊ ငါးအမျိုးမျိုး စားပေးပါ။ အသားမကြိုက်တဲ့ ကလေးတွေအတွက် နွားနို့၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေကို ပုံမှန်ကျွေးပါ။ အသားဓါတ်အပြင် အာဟာရဓါတ် ပါဝင်မှုများတဲ့ ပဲအမျိုးမျိုးနဲ့ ကြက်ဥတွေ ကျွေးလို့လည်း ရပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကျွေးဖို့လည်း မေ့ထားလို့ မဖြစ်ပါဘူး။အသက်အရွယ်အလိုက် ပရိုတင်းဓါတ် လိုအပ်မှုပမာဏ ကွာခြားသွားနိုင်တဲ့အတွက် ကိုယ့်ကလေးက တခြားကလေးတွေနဲ့ ယှဉ်လို့ ပိန်နေတယ်။ ပရိုတင်းနည်းနေတယ်လို့ မိဘတွေအနေနဲ့ သံသယရှိရင်တော့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ဖြည့်စွက်အားဆေးတွေ တိုက်ပေးလို့ ရသလို စားသောက်နေထိုင်မှု ပုံစံကိုလည်း ပြင်ပေးဖို့ လိုအပ်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/protein-malnutrition/
သွားကိုထိခိုက်စေတဲ့ နေ့စဉ်ဘဝ အမူအကျင့် ၁၁ ခု
ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ သွားတွေကြံ့ခိုင်စေဖို့ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် သင့်ရဲ့နေ့စဉ်ပြုလုပ်နေတဲ့အမူအကျင့်တွေကလည်း အရေးပါပါတယ်။ ဥပမာ -အစားအစာတွေက သွားပိုးစားခြင်းနဲ့တခြား သွားဖုံးရောဂါတွေဖြစ်စေတတ်လို့ တစ်နေ့ကိုသွားနှစ်ကြိမ်တိုက်ကြပါတယ်။ ဒါပေမယ့် သွားတိုက်ပုံ နည်းလမ်းမမှန်ရင်ကောင်းကျိုးထက် ဆိုးကျိုးတောင်ပိုများစေနိုင်ပါတယ်။နေ့စဉ် လုပ်နေကျ ဘယ်လိုအမူအကျင့်တွေက သွားကို ထိခိုက်ပျက်စီးစေနေသလဲ ကြည့်ရအောင်။တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်းကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်နိုင်ပေမယ့် တကယ်တမ်းသင်မသိတာက သွားကို ထိခိုက်စေတယ်ဆိုတဲ့အချက်ပါပဲ။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက်မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါထိခိုက်စေနိုင်ပါတယ်။လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။အာလူးကြော်စားမယ်ဆိုပါစို့။ မီးဖိုခန်းထဲဝင်ပြီး ကတ်ကြေးသွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလိုကိုက်ဖွင့်လိုက်တဲ့အချိန်မှာ သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ်ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို ကိုက်ဖွင့်ရင်ပိုဆိုးပါတယ်။ ဒီတော့ နည်းနည်းလေးအားထုတ်ပြီး ကတ်ကြေးသို့မဟုတ် ကိရိယာတစ်ခုခုသုံးမလား၊ တစ်သက်တာအတွက် အရေးကြီးတဲ့သွားကို အပျက်စီးခံမလား ဆိုတာ သင့်အပေါ်မူတည်ပါတယ်။ရေခဲတုံးတွေကအေးစိမ့်ပြီးမာကျောပါတယ်။ရေခဲတုံးဝါးစားခြင်းက သွားကိုကျိုးအက်မှုဖြစ်စေနိုင်ပြီး အကာအကွယ်ဖြစ်တဲ့ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ချက်ချင်းမဟုတ်ရင်တောင်မှနောက်ပိုင်းမှာကြွေလွှာနဲ့ပတ်သက်တဲ့ပြဿနာတွေပိုဖြစ်လာနိုင်ပါတယ်။ဒီအကျင့်ကိုဖျောက်ဖို့အတွက်တော့ရေခဲတုံးစားမယ့်အစားရေခဲရေပဲသောက်ဖို့ရွေးချယ်နိုင်ပါတယ်။ရေခဲတုံးကိုက်တတ်တဲ့အကျင့် ကိုဖျောက်ဖို့ခက်မယ်ဆိုရင်တော့ အအေးသောက်တဲ့အခါရေခဲတုံးမထည့်ဖို့ ဆိုင်ကိုပြောပါ။သွားပိုးစားခြင်းနဲ့ခံတွင်းနံ့ဆိုးခြင်းတို့အတွက် တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့် တိုက်ပုံတိုက်နည်းမှန်ကန်မှဖြစ်မှာပါ။ သွားဆိုတာ တိုက်လေဖြူလေပဲလို့ ထင်နေရင်မှားပါတယ်။ သွားအရမ်းတိုက်လွန်းရင်ကြွေလွှာတွေပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကိုထိခိုက်လွယ်စေပါတယ်။သွားတိုက်တဲ့အခါ သွားပွတ်တံပျော့ပျော့နဲ့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။ကျောင်းနေအရွယ်တုန်းက ပျင်းလာရင် အတော်များများက ခဲတံ သို့မဟုတ်ဘောပင်အဖုံးကို ကိုက်တတ်တဲ့အကျင့်ရှိကြပါတယ်။ ဒီအကျင့်က အသက်ကြီးလာတာတောင် မပျောက်ဘဲ ဆက်လုပ်နေကြတုန်းပါပဲ။ ဒီလိုကိုက်နေတာမျိုးက သွားတွေကို အနေအထားပျက်ယွင်းစေနိုင်ပြီး အသေးစားထိခိုက်ပွန်းပဲ့မှုတွေလည်းဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့်သင့်ကလေးက ဒါမှမဟုတ် တစ်ယောက်ယောက်က စားစရာမဟုတ်ဘဲ ခဲတံကိုက်နေတာတွေ့ရင် ချက်ချင်းတားပါ။ စိတ်ပူပန်မှု၊ ဖိစီးမှုကြောင့် ဒီအကျင့်ကိုလုပ်မိတာဆိုရင်နောက်မလုပ်မိစေဖို့ စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းကိစ္စတွေကို အရင်ဖြေရှင်းပါ။လူတချို့ကဒေါသထွက်လာတဲ့အခါ အံကြိတ်တတ်ကြပြီး တချို့ကတော့လေးလံတဲ့အရာဝတ္ထုတွေကို မ တဲ့အခါ အံကြိတ်တတ်ပါတယ်။ အံကြိတ်တဲ့အခါ သွားကို ဖိအားဖြစ်စေပြီး ကြာလာရင် ကျိုးအက်မှုဖြစ်လာနိုင်စေတဲ့ ပွန်းပဲ့တာတွေဖြစ်စေတဲ့အတွက် ဒီအကျင့်ကိုဖျောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်နေချိန်မှာ သွားမကြိတ်ဖို့တော့ သွားတွေကြားမှာ mouth guard တစ်ခုခု ကြားခံထားရှိပေးရင်ကောင်းပါတယ်။တစ်နေ့တာလုံးမှာရေအလုံအလောက်မသောက်ဘူးဆိုရင် ခန္ဓါကိုယ်ကရေဓါတ်ခန်းခြောက်လာနိုင်ပါတယ်။ရေဓါတ်ခန်းခြောက်ပြီ ဆိုရင် ခံတွင်းမှာ တံတွေးအထွက်နည်းစေပြီး အာခေါင်ခြောက်စေနိုင်ပါတယ်။ တံတွေးက အစားအစာနဲ့သောက်စရာတွေထဲက အက်စစ်တွေကိုပျော်ဝင်စေဖို့လုပ်ဆောင်ပေးတာကြောင့် အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့်ရေသောက်နည်းရင် တံတွေးနည်းမယ်၊ တံတွေးနည်းရင် သွားပိုးစားဖို့ အလားအလာပိုများမယ်။ဒီတော့ သွားကို ထိခိုက်မှုနည်းစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက်သောက်ဖို့မမေ့ပါနဲ့။ငယ်ငယ်တုန်းကတော့ လိမ္မော်သီး၊ရှောက်ချိုသီးစားရင် သွားနဲ့အခွံခွာတတ်ကြပါတယ်။ မိဘတွေကတော့ သွားပျက်စီးလိမ့်မယ် မလုပ်ရဘူးလို့ တားကြပါတယ်။မှန်ပါတယ်။ အက်စစ်ဓါတ်များတဲ့အစားအစာတွေ စားလွန်းရင် သွားကြွေလွှာပျက်စီးစေပါတယ်။ကြွေလွှာပျက်စီးရင် သွားပိုးစားစေတယ်၊ သွားကျဉ်ခြင်းနဲ့တခြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်က အက်စစ်ဓါတ်များတဲ့အစားအစာတွေ စားပြီး အနည်းဆုံး နာရီဝက်လောက်ကြာတဲ့အထိ သွားမတိုက်ဖို့ သတိထားပါ။တစ်နေ့တာမှာ သရေစာမုန့်တွေ အဆက်မပြတ်စားနေတာထက် ထမင်းသုံးနပ်အဝစားလိုက်တာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ မုန့်တွေလျော့စားပြီး ကျန်းမာရေးနဲ့ညီတဲ့အစာအာဟာရကိုရွေးချယ်ဖို့ကြိုးစားကြည့်ပါ။ အချိုရည်တွေကို တတ်နိုင်သလောက်လျှော့သောက်ပါ။ ခံတွင်းထဲက အစားအသောက်အကြွင်းအကျန်တွေဆီကနေ မကောင်းတဲ့ဘက်တီးရီးယားတွေဖြစ်လာစေနိုင်ပါတယ်။ဆိုဒါနဲ့အားဖြည့်အချိုရည်တွေမှာပါတဲ့ အက်စစ်ဓါတ်ဖြစ်စေတဲ့ pH level နဲ့ သကြားပါဝင်မှုမြင့်မားခြင်းတွေကြောင့်ကြွေလွှာပျက်စီးခြင်း၊ သွားပိုးစားခြင်း၊ သွားကျဉ်ခြင်း၊နဲ့ တခြားခံတွင်းပြဿနာတွေဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် အရက်၊ဘီယာတွေကလည်းကြွှေလွှာပျက်စီးစေပြီး တံတွေးထွက်ရှိမှုလျော့နည်းစေတာကြောင့် မကြာခဏအာခေါင်ခြောက်စေပါတယ်။ ခံတွင်းခြောက်သွေ့မှုဟာ သွားပိုးစားနိုင်တဲ့အန္တရာယ်ပိုများပြီး အနံ့ဆိုးနဲ့ ဘက်တီးရီးယားဖြစ်ပေါ်နိုင်ခြေများပါတယ်။သွားကြားထိုးတံတွေကို သွားကြားကအညစ်အကြေးတွေကိုဖယ်ရှားဖို့အတွက်ပဲ အသုံးပြုကြတာဖြစ်ပါတယ်။ သွားပေါ်မှာရှိနေတဲ့ သွားချေးတွေ၊ကွမ်းချိုးတွေကို ခွာချဖို့သုံးမယ်ဆိုရင် သွားကြွေလွှာတွေထိခိုက်ပြီး သွားမှာပွန်းပဲ့စေနိုင်ပါတယ်။သွားပဲ့ထားတဲ့နေရာတွေကြားကို သွားကြားထိုးတံနဲ့ ထိုးကလော်တာမျိုးကလည်းပြဿနာရှိပါတယ်။ ခဏခဏလုပ်ရင် သွားတွေကို ယိုင်စေပြီး သွားကျဲစေနိုင်ပါတယ်။ ဒါ့ကြောင့်သွားကြားထိုးတံကို အသုံးပြုတဲ့နေရာမှန်ကန်ဖို့ ဂရုစိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%85%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%94%e1%80%b1/
ဝှေးစေ့အောင့် တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံး
ဝှေးစေ့ဆိုတာ အမျိုးသားတို့ရဲ့လိင်အင်္ဂါအောက်မှာ ဆက်စပ်နေတဲ့ ကပ္ပာယ်အိတ်အတွင်းမှ ဥပုံသဏ္ဍာန်ရှိတဲ့ မျိုးပွားအင်္ဂါတွေပဲ ဖြစ်ပါတယ်။ နည်းနည်းလေးထိခိုက်မိရုံနဲ့ ဒဏ်ဖြစ်သွားနိုင်လောက်တဲ့အထိ နူးညံ့လွန်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။မတော်တဆပေါင်ခွကို ကန်မိလိုက်တာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်ရင်း ထိခိုက်တာ၊ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အစရှိသဖြင့် အကြောင်းအမျိုးမျိုး ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းရင်းအမှန်ကို သေချာသိဖို့ ဆရာဝန်နဲ့ သေချာသွားပြီး စစ်ဆေးမှုခံယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ဒီရောဂါတွေကြောင့် ဝှေးစေ့အောင့်တာဆိုရင်တော့ အိမ်မှာ အလွယ်တကူကုသရုံနဲ့ ပျောက်ကင်းမှာမဟုတ်ဘဲ ဆရာဝန်ဆီ သေချာသွားပြပြီး ကုသမှုခံယူမှ အဆင်ပြေမှာပါ။Testicular Torsion လို့ခေါ်တဲ့ သုက်ပို့ပြွန်လိမ်တဲ့ အခြေအနေမှာဆိုရင် ဝှေးစေ့အောင့်တဲ့ နာကျင်မှုဟာ မခံမရပ်နိုင်လောက်တဲ့အထိ ပြင်းထန်နိုင်ပြီး အရေးပေါ် ဆေးကုသဖို့ လိုအပ်ပါတယ်။ပုံမှန် ဝှေးစေ့အောင့် တဲ့ ဝေဒနာကိုတော့ အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင် လုပ်ပေးလို့ရပါတယ်။၁။ ဝှေးစေ့ကို ရေခဲဝတ်ကပ်ပေးပါ။ တစ်နေ့ကို ၂ကြိမ်လောက်လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်။၂။ရေနွေးနွေးနဲ့ စိမ်ချိုးပေးပါ။ ပူလွန်းတဲ့ ရေမဟုတ်ဘဲ ရေကျက်နွေးနဲ့ နာရီဝက်ခန့် စိမ်ထားခြင်းဟာ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေပြီး အရောင်ကျသွားစေနိုင်ပါတယ်။၃။ ပက်လက်လှဲအိပ်တဲ့အချိန် ဝှေးစေ့က အောက်ကို တွဲကျမနေစေဖို့ မျက်နှာသုတ်ပဝါ အသေးတစ်ထည် အောက်မှာ ခံထားပေးပါ။ အိမ်မှာနေရင် ဘောင်းဘီမဝတ်ပါနဲ့၊ ပုဆိုးပဲ ဝတ်ထားပါ။၄။ အပြင်သွားတဲ့အခါ အတွင်းခံမဝတ်ဘဲ မသွားပါနဲ့။ ကိုယ့်ပစ္စည်းကို လုံလုံခြုံခြုံ ထည့်သိမ်းလို့ရပြီး အံဝင်ခွင်ကျဖြစ်မယ့် အတွင်းခံအကျပ်မျိုး ဝတ်ပြီး အပြင်ထွက်ပါ။၅။ နာကျင်ကိုက်ခဲတဲ့ ဝေဒနာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေးတွေကို ဆေးဆိုင်တွေကနေ ဝယ်သောက်လို့လည်း ရပါတယ်။၆။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အလေးနည်းနည်းလျှော့ပါ။ ဝှေးစေ့အောင့်တာ မသက်သာသေးတဲ့အချိန်ထိ အောက်ပိုင်းထိုင်တာ နည်းနည်းရှောင်ပေးပါ။အိမ်တွင်းနည်းလမ်းတွေနဲ့ ကုသရာမှာ တစ်ပတ်လောက်ထိ မသက်သာဘူး၊ အောင့်တဲ့ ဒဏ်ရာ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ဝှေးစေ့မှာ အလုံးအကျိတ်တွေ စမ်းမိတာ၊ အောင့်ပြီးနောက်ပိုင်း အဖျားတက်လာတာ၊ ကပ္ပာယ်အိတ်အရေပြားက နီနေပြီး ကိုင်ကြည့်လိုက်တဲ့အခါ နွေးနေတာ၊ ပျော့စိစိဖြစ်နေတာ၊ သိသိသာသာကြီး ရောင်နေတာဆိုရင်လည်း အမြန်ဆုံး ပြကြည့်ပါ။ဆရာဝန်အနေနဲ့ ဝမ်းဗိုက်၊ ပေါင်ခြံ၊ ကပ္ပာယ်အိတ်အနေအထားကို လက်ဖြင့် စမ်းသပ်ကြည့်ရှုစစ်ဆေးပြီးနောက်မှာ အာထရာဆောင်းရိုက်တာ၊ ဆီးစစ်တာ၊ စအိုမှတစ်ဆင့် ဆီးကျိတ်စမ်းသပ်စစ်ဆေးခြင်း၊ အူကျွံခြင်းရှိမရှိကိုလည်း ထပ်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။ အကြောင်းရင်းအမှန်ကို သိပြီးသွားမှသာလျှင် ကိုယ့်ကျန်းမာရေးအခြေအနေကို သက်သာစေမယ့် ပဋိဇီဝဆေးပေးတာ၊ ခွဲစိတ်ကုသတာ၊ အကိုက်အခဲပျောက်ဆေးပေးတာ အစရှိတဲ့ ကုထုံးတွေကို စတင်မှာဖြစ်ပါတယ်။များသောအားဖြင့် ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေဟာ ကုသလို့လည်း လွယ်သလို ပျောက်ဖို့လည်း အချိန်အကြာကြီး မစောင့်ရပါဘူး။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် မပေါ့ဆဖို့နဲ့၊ အောင့်တယ်လို့ ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ပြဖို့ကို အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/self-help-tips-for-testicular-pain/
အချိန်ဆွဲတဲ့အကျင့် ကို ဘယ်လိုဖျောက်မလဲ
အချိန်ဆွဲတဲ့အကျင့် ကို ဘယ်လိုဖျောက်မလဲ မပြောခင် ဒီဆောင်းပါးလေးကို အချိန်မဆွဲဘဲ အခုတစ်ခါတည်း ဖတ်လိုက်ရအောင်နော်။ ၂-၃မိနစ်လောက်ပဲ ကြာမှာပါ။လုပ်စရာရှိတာကို ထမလုပ်ဘဲ ဟိုနေ့မှ လုပ်မယ်၊ ဒီဟာဖြစ်မှ လုပ်မယ်ဆိုတဲ့ အကျင့်က လူတိုင်းမှာ ရှိပါတယ်။ ကိုယ်တကယ်မအားလို့ အချိန်ရွှေ့လိုက်တာ၊ ရံဖန်ရံခါမှာ ပျင်းလို့ အချိန်ဆွဲတာက ပြဿနာ မဟုတ်ပေမယ့် အကျင့်တစ်ခုလို ဖြစ်လာပြီဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်။အချိန်ဆွဲတာကို သိပ္ပံဆန်ဆန်၊ ပညာရပ်ဆန်ဆန် စကားနဲ့ ပြောရရင် ‘ နောက်ဆက်တွဲတွေ ဖြစ်လာမှာ သိရဲ့သားရဲ့ အချိန်ဆွဲတာက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းတာပါ’တဲ့။ ထားပါလေ။ လိုရင်းပြောရရင်တော့ မလုပ်ချင်လို့ မလုပ်တာပါ။အချိန်ဆွဲတာက ပျင်းလို့ လို့ ပြောကြပေမယ့် တစ်ခါတလေမှာ ဒါက ကိုယ့်ရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။အချိန်ဆွဲတဲ့ လူတိုင်းတော့ မဟုတ်ပေမယ့် လူတချို့မှာ ဒီပြဿနာတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ခဏခဏ အချိန်ဆွဲတတ်တဲ့သူတွေမှာပေါ့။အပြုအမူပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပြောရရင်။စိတ်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ဆိုရင်တော့။တစ်ခါတလေကျတော့လည်း စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် မဟုတ်ဘဲ ကိုယ့်ဟာကိုယ် အကြောင်းရင်းမျိုးစုံပြပြီး မလုပ်တာလည်း ရှိပါတယ်။ ဥပမာ။တစ်ခါတလေဆို ဒီအလုပ်ကို မလုပ်ဘဲ အချိန်ဆွဲချင်လို့ တခြားအလုပ်တွေနဲ့ မရှုပ်ရှုပ်အောင် လုပ်နေတာလည်း ရှိပါတယ်။ ဥပမာ စာကျက်ပါဆိုမှ အခန်းထရှင်းတာ၊ အဝတ်လျှော်ချင်တာ။ ပုံမှန်အချိန်မှာ မလုပ်တဲ့ အလုပ်တွေနဲ့ ရှုပ်ပြလိုက်တာမျိုးပေါ့။နောက်ဆုံးကျတော့ အချိန်ဆွဲတာက ပျင်းလို့ မလုပ်တာလည်း ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာပါပဲ။အချိန်ဆွဲတာက နေရာတိုင်းမှာ တွေ့ရနိုင်ပါတယ်။ အိမ်မှာ အမေအလုပ်ခိုင်းတာကစလို့ ရုံးမှာ၊ ကျောင်းမှာ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ရံဖန်ရံခါမှ ဖြစ်တယ်၊ ဘယ်လောက်ပဲ အချိန်ဆွဲဆွဲ ကိုယ့်ရဲ့ နောက်ဆုံး deadlineကို မီတယ်ဆိုရင် ယေဘုယျအားဖြင့်တော့ ပြဿနာမရှိဘူးလို့ ပြောလို့ ရပါတယ်။ဒါပေမဲ့ ဒါက ရေရှည်မှာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝတွေကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သိထားရပါမယ်။ ဥပမာ အလုပ်မှာ အလုပ်တွေ မပြီးတဲ့အခါ၊ ကျောင်းပညာရေးကို ထိခိုက်လာတဲ့အခါ ပြဿနာဖြစ်လာပါပြီ။ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင်လည်း ကိုယ်ဆေးသောက်ဖို့၊ ဆေးစစ်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ခဏခဏ ဆွဲလာတဲ့အခါ ဒါက မကောင်းပါဘူး။ ဒါ့ပြင်။အကျင့်တစ်ခုအနေနဲ့ဆိုရင်တော့ ဒါက ပြင်လို့ ရပါတယ်။ နေ့ချင်းညချင်း ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် ဖြည်းဖြည်းချင်း ပြောင်းယူလို့ ရပါတယ်။တကယ်လို့ အပြုအမူပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် အချိန်ဆွဲနေတာ၊ ဒါက နာတာရှည်ရောဂါတစ်ခုလို ဖြစ်နေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေနဲ့ ပြသဖို့ လိုပါတယ်။အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲဆိုတော့။တစ်ရက်တည်းနဲ့ အလုပ်တွေကို အများကြီး လုပ်ရမယ်ဆို ဘယ်သူမှ မလုပ်ချင်ပါဘူး။ ဒါဆိုလူတိုင်း အချိန်ဆွဲမိမှာပါပဲ။ ဒါကြောင့်အလုပ်တွေကို ခွဲချလိုက်ပါ။ တစ်ကြိမ်မှာ နည်းနည်းစီ လုပ်ပါ။ဒီနေ့ သတ်မှတ်ထားတဲ့ အလုပ်တွေ ပြီးရင် ဘာလုပ်မယ်၊ ဘာပေးမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဆုချပါ။ ဒါက အလုပ်လုပ်ဖို့ စိတ်တက်ကြွစေနိုင်ပါတယ်။အနားမှာ ဖုန်းတွေ၊ TVတွေ ရှိနေရင် တော်တော်နဲ့ အလုပ်မလုပ်ဖြစ်ပါဘူး။ ဖေ့ဘွတ်လေး ခဏသုံးမယ်၊ ရုပ်ရှင်လေးတစ်ပိုင်းလောက် ကြည့်ပြီးမှ လုပ်မယ်နဲ့ အချိန်ဆွဲနေမိတတ်ပါတယ်။ မမြင်ရင် သိပ်မသုံးမိတာကြောင့် အလုပ်လုပ်မယ်ဆို ဖုန်းတွေ၊ TVတွေနဲ့ ဝေးဝေးနေပါ။အလုပ်က စလုပ်ဖို့သာ အချိန်ပေးပြီး မနည်းကိုယ့်ကိုယ်ကို တိုက်တွန်းနေရတာ၊ တကယ်တမ်း စလုပ်ဖြစ်ပြီဆိုရင် အရှိန်ရသွားပါတယ်။ အဲ့ဒီ ’စလုပ်’ဖြစ်ဖို့ဆိုတာက အခက်ဆုံးပါ။ အဲ့တော့ ကိုယ့်ကိုယ်ကို ‘တစ်မိနစ်’လောက်ပဲ လုပ်မယ်ဆိုပြီး စသတ်မှတ်ပါ။ ပြီးရင် ခဏနားပြီး နောက်ထပ် ‘တစ်မိနစ်’ ထပ်လုပ်ပါ။ ဒီလိုနဲ့ အရှိန်တင်ပါ။စာကျက်ဖို့ ရှိတယ်၊ ကျက်ရမှာ ပျင်းလို့ အချိန်ဆွဲနေတယ်ဆိုရင် အရင်ဆုံး စာကြည့်စားပွဲမှာ နေရာနည်းနည်း ရှင်းလိုက်ပါ။ ခဏနေရင် ကျက်မယ့် စာအုပ်လေးတွေ ထုတ်ထားလိုက်ပါ။ ပြီးရင် ကျက်မယ့် စာမျက်နှာကို လှန်ထားလိုက်ပါ။အလုပ်လုပ်တဲ့ သူတွေဆိုရင်လည်း laptopလေးကို သွားဖွင့်လိုက်၊ ကိုယ်လုပ်ရမယ့် ဖိုင်ကို သွားဖွင့်လိုက်နဲ့ ဖြည်းဖြည်းချင်း ချဉ်းကပ်ပြီး အလုပ်လုပ်ချင်လာအောင် ဆွဲဆောင်လို့ ရပါတယ်။ဒါက နည်းနည်းတော့ ရယ်စရာကောင်းပေမယ့် တစ်ခါတလေတော့ အလုပ်ဖြစ်ပါတယ်။ ဘယ်နေ့မှာ ‘ငါ ဒီစာ အရကျက်ပြီး နင့်ကို လာဆိုပြမယ်’၊ “ဒီလ ကုန်ရင် ဘယ်နှ‌ပေါင်ကျနေရမယ်’ စသဖြင့် ကြွားပြောထားတာကလည်း ကိုယ့်ကို တွန်းအားဖြစ်စေပါတယ်။ဒီတိုင်းဆို မလုပ်ဖြစ်လောက်ပေမယ့် သူများကို ကြွားထားတော့ မလုပ်ဖြစ်ရင် ရှက်စရာကြီးဆိုပြီး အလုပ်လုပ်ဖြစ်သွားပါတယ်။လူတွေအားလုံးက မနက်မိုးလင်းရင် ‘နောက်၅မိနစ်မှထမယ်’ ဆိုတာကနေ ညဘက် ‘ဒီရုပ်ရှင်တစ်ပိုင်းပြီးရင် အိပ်မယ်’ ဆိုတာအထိ အချိန်ဆွဲတတ်ပါတယ်။ နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ အချိန်ဆွဲပေမယ့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို မထိခိုက်ရင် ဘာမှမဖြစ်သေးပါဘူး။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေး၊ ကိုယ့်ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို ထိခိုက်လာရင်တော့ အချိန်ဆွဲတဲ့အကျင့် ကို ပြုပြင်ဖို့ လိုနေပါပြီ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-to-stop-procrastination/
HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့်
HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့် အကြောင်းကို ဗဟုသုတ အနေနဲ့ လေ့လာလိုက်ရအောင်နော်။ HIV ပိုးဆိုတာကိုယ်ခံအားစနစ်ကို အဓိက ပစ်မှတ်ထားပြီး ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမြစ်ပြတ်ကုသဖို့ရာ ဆေးမရှိသေးပေမယ့် ပိုးကို ဆက်မပြန့်သွားစေအောင်၊ ကိုယ်ခံအားစနစ်ကို မထိခိုက်စေအောင် ထိန်းထားပေးတဲ့ ဆေးတွေတော့ ပေါ်နေပါပြီ။ HIV ပိုးကူးစက်ခံရသူအနေနဲ့ ပိုးထိန်းဆေး ART ဆေးကိုသာ မသောက်ဘူးဆိုရင်တော့ AIDS ကိုရောက်သွားနိုင်တဲ့ အဆင့် ၃ဆင့်ကို မလွဲမသွေကျော်ဖြတ်ရနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီအဆင့်တွေကတော့။• အစောပိုင်းကာလ အဆင့် (Acute Stage)။• ကြားကာလ အဆင့် (Chronic Stage)။• နောက်ဆုံး အဆင့် (AIDS Stage/ Final Stage) ဆိုပြီး ၃ဆင့် ရှိပါတယ်။HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့် …. ဒီအဆင့်တွေနဲ့ပတ်သက်ပြီးတော့ တွေ့ကြုံရတတ်တဲ့ လက္ခဏာတွေနဲ့ ရောဂါရဲ့ သက်တမ်းအကြောင်းကိုပါ ပြောပြချင်ပါတယ်။၁။ အစောပိုင်းကာလအဆင့် (Acute Stage)။HIVပိုး ကူးစက်ခံရပြီး ၂ပတ်မှ ၄ပတ်အကြာမှာ လက္ခဏာစတင်ပြလာတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ အအေးမိတုပ်ကွေးလက္ခဏာနဲ့ တော်တော့်ကို ဆင်တူတဲ့အတွက် ကူးစက်ခံရတာမှန်းမသိဘဲ ရိုးရိုးအပြင်းဖျားတာလို့လည်း ထင်တတ်ကြပါတယ်။ ဒီအဆင့်မှာဆိုရင်။• ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း။•လည်ချောင်းနာခြင်း။• ပါးစပ်ထဲမှာ အဖြူရောင်အနာများ ပေါက်ခြင်း။• အလွန်အမင်း မောပန်းလွယ်ခြင်း။• ဖျားနာခြင်း။• ချမ်းသလို ဖြစ်ခြင်း။•ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း။• ပြန်ရည်ကြောများ ရောင်နေခြင်း။• ညဘက်တွေမှာ ချွေးစေးပြန်သလို ဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ဒီလက္ခဏာတွေ ဖြစ်ပြီး ပျောက်ကင်းဖို့ရန်အတွက် ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါတယ်။ တချို့တွေမှာ ဒီလိုလက္ခဏာတွေ လုံးဝမပြဘဲ အကောင်းအတိုင်း ရှိနေတာမျိုးလည်း တွေ့ရပေမယ့် နည်းနည်းတော့ ရှားပါတယ်။ ဒီအဆင့်မှာ ကိုယ်ထဲ HIV ပိုးဝင်ပြီး ကိုယ်ခံအားစနစ်ကို စတင်တိုက်ခိုက်နေတဲ့အပြင် တခြားသူတွေကိုလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။ဒီအဆင့်မှာတော့ ကိုယ်ထဲမှာHIVပိုးရှိနေတယ်ဆိုတာကို စစ်လို့ မရသေးဘဲ လက္ခဏာတွေ အားလုံးပျောက်ပြီးနောက် တစ်နည်းအားဖြင့် လိင်ဆက်ဆံပြီး ၃လပြည့်တဲ့နေ့မှာ စစ်မှသာ ပေါ်နိုင်ပါတယ်။ တစ်ခါတလေမှာ ၆လပြည့်မှ ပိုးကိုတွေ့ရတာမျိုးလည်း ဖြစ်တတ်ပါတယ်။၂။ ကြားကာလအဆင့် (Chronic Stage)။ပုံမှန်အားဖြင့် ART ဆေး (HIV ပိုးကို ထိန်းချုပ်ပေးတဲ့ဆေး) ကို သောက်တာအချိန်ကြာလာတဲ့သူတွေမှာ ဒီအဆင့်ကို မကျော်ဖြတ်ရတတ်ပါဘူး။ ပိုးကိုတွေ့တာ နည်းနည်းနောက်ကျနေတဲ့သူတွေမှာ ဒီအဆင့်ကို ဖြတ်ကျော်ရနိုင်ပါတယ်။ ကြားကာလအဆင့်မှာဆိုရင် ကိုယ်ခန္ဓာထဲမှာ ပြန့်နေတဲ့ HIV ပိုးကောင်ရေဟာ တော်တော်များနေပြီး ကိုယ်ခံအားစနစ်လည်း အထိုက်အလျောက်ကျဆင်းနေပြီလို့ ခန့်မှန်းလို့ ရပါတယ်။ ဒီအတွက်ကြောင့် ဖြစ်လာတတ်တဲ့ လက္ခဏာတွေဟာလည်း အစောပိုင်းကာလထက်ကို ပိုပြင်းထန်နေမှာပါ။ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်လဲဆိုရင်။• အစောပိုင်းကာလမှာ ဖြစ်သလို အအေးမိတုပ်ကွေးနဲ့ ဆင်တူတဲ့ လက္ခဏာမျိုးတွေ။•ချောင်းဆိုးခြင်း။• အသက်ရှူရခက်ခြင်း။•ကိုယ်အလေးချိန်တော်တော်ကျပြီး ပိန်ချုံးသွားခြင်း။• ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း။• ဘာလုပ်လုပ် မောပန်းပြီး အားမရှိသလို နုံးချိနေခြင်း။• အပြင်းဖျားခြင်းတို့ပဲ ဖြစ်ပါတယ်။အစောပိုင်းကာလကနေ နောက်ဆုံးအဆင့် AIDS ကို မရောက်ခင် ကြားကာလမှာ ၃နှစ်ကနေ ၁၀ နှစ်ထိ ကြာတတ်ပါတယ်။ ဒီကာလမှာလည်း ART ဆေးကို လုံးဝမသောက်ဘူးဆိုရင်တော့ AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါအဆင့်ကို လုံးဝရောက်သွားမှာပါ။၃။ နောက်ဆုံးအဆင့် (AIDS/ Final Stage)။ဒီအဆင့်မှာတော့ HIV ဗိုင်းရပ်စ်ပိုးကနေ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ကို လုံးဝရောက်သွားပါပြီ။ နောက်ဆုံးအဆင့်ရောက်နေတဲ့သူတွေရဲ့ကိုယ်ခံအားစနစ်ဟာ အလွန်အမင်းကို ဆုတ်ယုတ်နေပြီး CD4 ဆဲလ်ပမာဏဟာ ၂၀၀ အောက်ကို ရောက်နေပါတယ်။ တခြားရောဂါပေါင်းစုံလည်း ဝင်လာကာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်အားတွေလည်း ကျဆင်းနေပါပြီ။ တခြားသော လက္ခဏာတွေအနေနဲ့။• မကြာခဏ အပြင်းအထန်ဖျားနာခြင်း။• ညဘက်ချွေးစေးတွေ ထွက်ခြင်း။• ချမ်းသလိုလို ဖြစ်ပြီး တုန်နေခြင်း။• ပါးစပ်၊ လိင်အင်္ဂါနဲ့ စအိုဝပတ်လည်မှာ အနာတွေပေါက်နေခြင်း။• အရိုးပေါ်အရေတင် ပိန်ချုံးသွားခြင်း။• အရောင်မျိုးစုံရှိတဲ့ အင်ပျဉ်ကွက်ထခြင်း။• ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း။• ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းလာခြင်း။• နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်လာခြင်း စတာတွေကိုပါ တွေ့ရနိုင်ပါတယ်။ဒီအဆင့်ရောက်တော့မှART ဆေးကို သောက်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ ရောဂါဝေဒနာကို သက်သာစေနိုင်ပြီး နေထိုင်ရတဲ့သက်တမ်းကို အတော်အသင့်လောက် ပိုရှည်ကြာစေနိုင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝမျိုး ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်ုလိက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-symptoms-timeline/
ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား
ကြာဆေးဆိုတာ ပြောရမယ်ဆိုရင်လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေ တစ်ပွဲထိုးကိစ္စ ကြုံလာတိုင်း သောက်တတ်ကြတဲ့ ဆေးပေါ့။ ဒီဆေးက လိင်အင်္ဂါရဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုနှုန်း မြန်စေလို့ လိင်တံထောင်မတ်လာစေတယ်။ ပုံမှန်အားဖြင့် အသက် ၄၀-၆၀ နောက်ပိုင်း အမျိုးသားတွေမှာ အသက်အရွယ်ကြောင့် ကျားဟော်မုန်း ကျဆင်းလာပြီးပန်းသေပန်းညှိုး (Erectile Dysfunction) ဖြစ်နိုင်ပေမယ့် ဒီဘက်ခေတ်မှာတော့ အသက် ၂၀-၃၀ အရွယ် လူငယ်တွေမှာ ဆင်တူတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါတယ်။ အခုတစ်ခေါက်တော့ ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား စေနိုင်တယ်ဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။လိင်မဆက်ဆံခင် နာရီဝက်အလိုမှာ တစ်လုံးသောက်ပေးရုံနဲ့ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကို ကူညီပေးနိုင်တယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ (သုက်လွှတ်ဖို့) အချိန်ကို ကြာစေယ်။ဆရာဝန်ဆေးစာနဲ့မှ ဝယ်ရတဲ့ ဆေးဆိုပေမဲ့ ဒီမှာက အလွယ်တကူ ဝယ်ရောင်းနေကြတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာပါတယ်။ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့သူနဲ့သုက်လွှတ်မြန်သူတွေသာမက အချိန်ကြာမြင့်စွာ ဆက်ဆံလိုသူတွေနဲ့ အုပ်စုဖွဲ့ လိင်ဆက်ဆံလိုသူတွေပါ သုံးလာကြပါတယ်။ပန်းသေပန်းညှိုးအတွက် သောက်တဲ့ဆေးဆိုပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အမြဲတမ်း စွဲသောက်တဲ့အခါမှာ  ဆေးအကူအညီမပါဘဲ လိင်ဆက်ဆံလိုခြင်း မရှိတာ၊ တစ်ခုခု လိုအပ်နေတယ်လို့ ခံစားရတာမျိုးတွေ အဖြစ်များပါတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူတွေဆိုရင်လည်းခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာ၊ မျက်စိများ မှုန်ဝါးလာတာ၊ နားထဲ အသံစူးစူးတွေ ဝင်လာတာမျိုးတွေ ဖြစ်နိုင်ပြီး များသောအားဖြင့်တော့ နာရီပိုင်းခြားကနေ ရက်ပိုင်းအထိ ကြာနိုင်ပါတယ်။နောက်ဆုံး ကျန်းမာရေးသုတေသီများ စစ်ဆေးလေ့လာတွေ့ရှိတာကတော့ ကြာဆေးကို အမြဲတမ်းလိုလို စွဲသောက်တဲ့ အမျိုးသားတွေမှာ အမြင်ဝါးလာတာ၊ အရောင်တွေကို ခွဲခြားဖို့ ခက်လာတာ၊ အလင်းဒဏ်မခံနိုင်တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒါက နာရီပိုင်းကနေ ရက်ပိုင်းလောက်ထိ ကြာနိုင်ပြီး အသက်အန္တရာယ် ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ဆရာဝန်ရဲ့ ဆေးစစ်ချက်မပါဘဲ ကြာဆေးတွေကို အမြင့်ဆုံးအားပမာဏ (100mg)  သောက်တဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကကတော့ ကြာဆေးတွေတိုင်းမှာ ပါတဲ့ Sildenafil ဆိုတဲ့ ဒြပ်ပေါင်းကြောင့် ဖြစ်ရတာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏကို ကျော်လွန်ပြီး သောက်တယ်ဆိုမှသာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဆက်လက်လေ့လာဖို့လိုသေးတယ်ဆိုပေမဲ့ ကြာဆေးသောက်တတ်တဲ့ အမျိုးသား‌တွေ သတိထားရမဲ့ အချက်တစ်ခုပါ။ဒါကြောင့် စိတ်ထင်တိုင်း ကြာဆေးတွေကို အလွယ်တကူ ဝယ်ပြီး လျှောက်သောက်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြသတာမျိုး လုပ်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ပန်းသေပန်းညှိုးဖြစ်ရတဲ့ အကြောင်းရင်းအမှန်ကို သေချာသိပြီးမှသာ လိုအပ်တဲ့ ကုထုံးတွေ၊ ဆေးဝါးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။အဓိကဖြစ်စေတဲ့ အကြောင်းရင်းကိုသာ ထိန်းချုပ်နိုင်ရင် ကြာဆေးသောက်စရာမလိုဘဲ လိင်တံကောင်းစွာ ပြန်ပြီးထောင်မတ်လာနိုင်မှာပါ။ အသက်ကြီးပိုင်း အမျိုးသားတွေကိုတော့ အခြေအနေပေါ် မူတည်ပြီး ကျားဟော်မုန်း အစားထိုးတာမျိုး၊ ဆေးကို လိုမှ ညွှန်းပေးတာမျိုး လုပ်ဖို့တိုက်တွန်းမှာဖြစ်ပါတယ်။• ညအိပ်ချိန်ကို တစ်နေ့ ၇နာရီအထက် ရအောင်အိပ်စက်အနားယူခြင်း။• အစာအာဟာရကို စုံလင်စွာ စားသောက်ခြင်း။• အဆီ၊ အချိုများတဲ့ အစားအစာ၊ အသင့်စားအစားအစာတွေကို ရှောင်ကြဉ်ခြင်း။• ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်း၊ အားကစားများများ လုပ်ပေးခြင်း။• စိတ်ပျော်ရွှင်စွာ နေထိုင်ခြင်း။•စိတ်ဖိစီးမှုတွေကို ဖယ်ရှားခြင်း။• ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း။• ရေများများသောက်ခြင်း စတဲ့ နည်းလမ်းတွေကို လုပ်ပေးလို့ရပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/viagra-may-cause-visual-problems/
အရိုးကျန်းမာရေးအတွက် အစားအစာများ
အရိုးများဟာကိုယ်ခန္ဓါရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ကျန်းမာတဲ့ အရိုးများဖြစ်စေဖို့ သင့်အနေနဲ့ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်၊ ဗီတာမင်ဒီစတဲ့ အဟာဟာရဓါတ်တွေကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ ကယ်လ်စီယမ်ကို စုပ်ယူရာမှာလည်း အထောက်အကူပြုပါတယ်။ ဖော့စ်ဖရပ်ဟာ အရိုးနဲ့ သွေးထဲမှာရှိတဲ့ ကယ်လ်စီယမ်ဓါတ်ပမာဏကို မျှတစေပါတယ်။ အသက် ၁၉နှစ်ကနေ ၅၀အထိ အမျိုးသားရော အမျိုးသမီးများပါ နေ့စဉ် ကယ်လ်စီယမ်ဓါတ်ကို ၁၀၀၀ မီလီဂရမ် ရရှိဖို့လိုအပ်ပါတယ်။ အသက်ပိုကြီးတဲ့ အမျိုးသမီးတွေဟာနေ့စဉ် ၁၂၀၀ မီလီဂရမ်ကို လိုအပ်ပါတယ်။ ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့၊ ဒိန်ချဉ်၊ လိမ္မော်ရည်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။သင့်အရေပြားဟာ နေရောင်နဲ့ထိတွေ့တဲ့အခါ သင့်ခန္ဓါကိုယ်ကနေ ဗီတာမင်ဒီကိုထုတ်ပေးပါတယ်။ အစားအစာအနေနဲ့တော့ ဆယ်လ်မွန်ငါး၊ တူနာ၊ နို့ထွက်ပစ္စည်းတွေကနေလည်း ရရှိပါတယ်။ လူကြီးတွေဟာနေ့စဉ်ဗီတာမင်ဒီ ၆၀၀ IUခန့် လိုအပ်ပါတယ်။နို့။နို့ဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာ ဖြစ်တာကြောင့် ကယ်လ်စီယမ်ဓါတ် ရလိုသူများ သောက်သုံးသင့်ပါတယ်။ မကြာသေးမီက သုတေသီအချို့မှာ နို့ဟာ အရိုးတွေမှာရှိတဲ့ ကယ်လ်စီယမ်ကို ဆုံးရှုံးခြင်းတောင် ဖြစ်စေတယ်လို့ ငြင်းခုန်ခဲ့ပါတယ်။ ဒါကြောင့် အဆီနည်းတဲ့နို့ကို ၈အောင်စဝင်ခွက်နဲ့ တစ်နေ့ ခန့်မှန်းချေ ၃ခွက်လောက် အထိပဲသောက်ပေးသင့်ပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲများ။ကယ်လ်စီယမ်ရစေဖို့ ဟင်းသီးဟင်းရွက်မျိုးစုံကို စားသုံးနိုင်ပါတယ်။ အထူးသဖြင့်မုန်ညင်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ဆလတ်၊ တရုတ်နံနံ၊ ပန်းမုန်လာ၊ စမုန်စပါး၊ မုန်လာထုပ်၊ သခွားမွှေး၊ ပဲစိမ်း၊ ပဲပင်ပေါက်၊ ကညွတ်နဲ့ မှို စတာတွေဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်ကေ၊ ဘီတာကရိုတင်း၊ ဗီတာမင်စီ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ သံဓါတ်နဲ့ အမျှင်ဓါတ် စတာတွေ ပါဝင်ပါတယ်။ဆယ်လ်မွန်ငါး။ကယ်လ်စီယမ်ဓါတ် စုပ်ယူမှုကိုကောင်းစေပြီး အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်ဒီ အများအပြားပါဝင်တဲ့ ရင်းမြစ်ကတော့ ဆယ်လ်မွန်ငါးပဲ ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးဟာ အခြားစားစရာတွေနဲ့ယှဉ်ရင် ကယ်လ်စီယမ်နဲ့ ဗီတာမင် ဘီ ၁၂ ပိုကြွယ်ဝပါတယ်။ ဆယ်လ်မွန်ငါး အသားတုံးတစ်ဝက် (၁၅၄ ဂရမ်ခန့်)မှာ ကယ်လ်စီယမ်ဓါတ် ၂၀ မီလီဂရမ်ပါဝင်ပြီး ဒါဟာတစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၂ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ဒီထက်ပိုပြီးသိချင်ရင်တော့ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစာတွေအကြောင်းရှာဖတ်ခြင်း၊ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံတိုင်ပင်ခြင်းစတာတွေ ပြုလုပ်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%85/
HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ
HIV/ AIDS နဲ့ ပတ်သက်ပြီး ယခုချိန်ထိကို လူမှုပတ်ဝန်းကျင်က မှားယွင်းစွာ နားလည်လက်ခံထားကြတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ လူတွေ သိထားကြတဲ့ အလွဲတွေနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ချင်ပါတယ်။HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေက ဘာတွေများလဲ။HIV ဆိုတာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 cell တွေကို ဖျက်စီး ပစ်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ သန္ဓေသားကို နို့တိုက်ရာမှ ကူးစက်ပါတယ်။ ရောဂါပိုးရှိတဲ့ သုက်ရည်၊ သွေး၊မိခင်နို့ရည်တွေဟာ ကိုယ်ခန္ဓာ သွေးကြောထဲ တစ်နည်းနည်းနဲ့ ဝင်ရောက်သွားတဲ့အခါမှာ ရောဂါပိုး ကူးစက်နိုင်ပါတယ်။ HIV ပိုးကြောင့် ကိုယ်ခံအားစနစ် ဆုတ်ယုတ်ပျက်စီးလာပြီးမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ ခုခံအားကျဆင်းမှုရောဂါလို့ ခေါ်တဲ့ AIDS ရောဂါ အခြေအနေကို ရောက်ပြီး အသက်ဆုံးရှုံးရတာ ဖြစ်ပါတယ်။မဖြစ်ပါဘူး။ HIV ပိုးကူးစက်ခံရပြီး ၂ပတ်မှ ၆ပတ်အတွင်း အပြင်းဖျားတာ၊ ပါးစပ်တွင်း အနာပေါက်တာ၊ ခန္ဓာကိုယ်အနှံ့ အင်ပြင်ထတာ၊ လည်ချောင်းနာတာ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ မူးဝေမောပန်းပြီး ခေါင်းမူးခေါင်းကိုက်တဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ ၃လပြည့်ပြီးနောက် သွေးစစ်ကြည့်တဲ့အခါမှ ရောဂါပိုးရှိလား၊ မရှိဘူးလားဆိုတာကို သိနိုင်မှာပါ။ ကုသမှုမခံယူဘူးဆိုရင် HIV ပိုးဟာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 cell တွေကို ဖျက်ဆီးပစ်ပြီး ၃နှစ်မှ ၁၀ နှစ်အတွင်း ရောဂါပေါင်းစုံ ဝင်လာမယ်။ ကျန်းမာရေးအခြေအနေ ဆိုးရွားလာမယ်။ ကိုယ်ခံအားစနစ် အလွန်ပျက်စီးပြီး နောက်ဆုံးအခြေအနေ AIDS ရောဂါ ဖြစ်လာမှာပါ။လုံးဝမဟုတ်ပါဘူး။ART(Antiretroviral Therapy) လို့ ခေါ်တဲ့ ဆေးဝါးတွေဟာ သွေးထဲမှာ ရှိတဲ့ HIV ပိုးတွေကို ဆက်မပြန့်ပွားအောင်၊ CD4 cell တွေကို မဖျက်စီးနိုင်အောင် ထိန်းပေးနိုင်တဲ့အပြင် ပုံမှန်သောက်ပေးမယ်ဆိုရင် HIV ပိုးတွေကိုပါ လျော့နည်းသွားစေနိုင်ပါတယ်။ AIDS ရောဂါကြောင့် အသက်ဆုံးရှုံးရသူတွေဟာ HIV ပိုး ရှိမှန်း အလွန်နောက်ကျပြီးမှ သိတာကြောင့်၊ ဆေးကို အချိန်မှန်၊ ဂရုစိုက်ပြီး မသောက်တာကြောင့် ပိုးတွေဟာ ဆေးယဉ်သွားပြီး ဆေးမတိုးတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် HIV ပိုးရှိမှန်း သိပြီးတာနဲ့ARTဆေးကို ပုံမှန်သောက်ပေးနိုင်ရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်သွားနိုင်ပါတယ်။လုံးဝမရပါဘူး။ ART ဆေးဟာ နေ့စဉ် အချိန်မှန် သောက်ပေးနေရမယ့် ပိုးထိန်းဆေး ဖြစ်ပါတယ်။ ကိုယ့်မှာ ရောဂါပိုးရှိတဲ့အကြောင်း ဆေးစစ်ချက်ရပြီးတာနဲ့ ဆေး စသောက်ဖို့ လိုအပ်ပါတယ်။ ဆေးကို နေ့စဉ် နေ့တိုင်း အချိန်မှန် သောက်ပေးမယ်၊ ကျန်းမာရေးကို ဂရုစိုက်မယ်၊ အနေအထိုင်၊ အစားအသောက် ဆင်ခြင်မယ် ဆိုရင် အသက်ရှည်ရှည် နေထိုင်နိုင်တဲ့အပြင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူကိုပါ ကူးစက်နိုင်ခြေ မရှိသလောက် နည်းပါတယ်။ ရောဂါပိုးရှိတဲ့ မိခင်တွေအနေနဲ့လည်း ART ကို ပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေးကို လုံးဝမကူးစက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။လုံးဝမဟုတ်ပါဘူး။ အမျိုးသားမှာဖြစ်စေ၊ အမျိုးသမီးမှာ ဖြစ်စေ ရောဂါပိုးကို ထိန်းချုပ်နိုင်တဲ့ ART ဆေးကို နေ့စဉ် အချိန် သောက်ပေးမယ်၊ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်စားသောက်ပုံကို အရင်ကထက် ပိုပြီး ဂရုစိုက်ပေးမယ်ဆိုရင် ကလေးယူလို့ ရတဲ့အပြင် မွေးလာတဲ့ကလေးကိုလည်းHIVပိုး လုံးဝမကူးစက်သည်အထိ ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို အမြဲ မျက်ခြေမပြတ် စောင့်ကြည့်နေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။HIV ပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိင်ဆက်ဆံတဲ့အချိန်တိုင်းကွန်ဒုံးကို အသုံးပြုရပါမယ်။ ကွန်ဒုံးဟာ HIV ရောဂါပိုးအပြင် လိင်မှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ကလေးယူဖို့ စဉ်းစားတာကလွဲရင် လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးအသုံးပြုတာ အကောင်းဆုံးပါပဲ။ HIV ပိုးဆိုတာလိင်ဆက်ဆံတာ တစ်ခုတည်းကြောင့် ကူးစက်နိုင်တာ မဟုတ်ပါဘူး။ ရောဂါပိုးရှိတဲ့ သွေးတွေဟာ သွေးကြောထဲ တစ်နည်းနည်း ဝင်ရောက်သွားတာ ဥပမာ- ပါးစပ်၊ ခြေလက်၊ ကိုယ်ခန္ဓာပေါ်မှာ ရှိတဲ့ အနာနဲ့ ထိတွေ့မိတဲ့အခါ ရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။လုံးဝမရပါဘူး။ ရုပ်ရည်၊ ကိုယ်ခန္ဓာ အချိုးအစား၊ အရပ်အမောင်း၊ ကျန်းမာရေးအခြေအနေ တစ်ခုတည်းကို အပေါ်ယံကြည့်ပြီး HIV ပိုး မရှိနိုင်ဘူးလို့ တိတိကျကျ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။တချို့လူတွေမှာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ HIV ပိုး ရှိနေသည့်တိုင်အောင် ဘယ်လို လက္ခဏာ၊ နာမကျန်းဖြစ်ခြင်း၊ ရောဂါဖြစ်ခြင်း အမူအရာတွေ မတွေ့ရတတ်တာတွေ ရှိပါတယ်။HIV ပိုးဟာ တံတွေးကနေ တစ်ဆင့် မကူးစက်နိုင်သလို၊ ထိုင်ခုံတစ်ခုတည်းမှာ အတူထိုင်ခြင်း၊ ပစ္စည်းအတူအကွ သုံးစွဲခြင်းဖြင့်လည်း မကူးစက်နိုင်ပါဘူး။ ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ အသားချင်းထိတွေ့ခြင်း၊ လက်ကိုင်ခြင်းကနေလည်း လုံးဝမကူးစက်နိုင်ပါဘူး။HIV နဲ့ AIDS ရောဂါရှိနေသည့်တိုင်အောင် သေချာကုသမှုခံယူရင် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးကို အသုံးပြုပါ။ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို အမြဲ စောင့်ကြည့်စစ်ဆေးပါ။ လူသားတိုင်း ကျန်းမာပျော်ရွှင်ပြီး သာယာလှပတဲ့ ဘဝလေးတစ်ခု ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-aids-art/
အကြောက်တရား နဲ့ ကျန်းမာရေး
အကြောက်တရား နဲ့ ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲဆိုတာ ရှင်းပြချင်ပါတယ်။ကြောက်တယ်ဆိုတာက တစ်ခုခု အန္တရာယ် ကျရောက်တော့မယ်ဆိုပြီး အချက်ပြမှု တစ်ရပ်ရပ်အတွက် စိတ်ရောကိုယ်ပါ ကြိုတင် ပြင်ဆင်တာပါ။ ကြောက်တာက သဘာဝ ဖြစ်စဉ်တစ်ရပ် ဖြစ်သလို စွမ်းအားရှိတဲ့ အခြေခံကျတဲ့ ခံစားချက်တစ်ရပ်ပါ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် ကြုံတွေ့ရချိန်မှာ ဖြစ်ပေါ်လာတဲ့ အရာပါ။များသောအားဖြင့် အကြောက်တရားတွေက ခြိမ်းခြောက်မှုတွေကနေ အခြေခံလာတာ ဖြစ်သလို စိတ်ထဲမှာထိခိုက်မှုဖြစ်လာတော့မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တစ်ရပ်ရပ်ကို ခံစားရချိန်မှာ သူ့အလိုလို ခံစားဖြစ်ပေါ်လာတာပါ။ကြောက်တယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ အကြောက်တရားက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။အကြောက်တရား က သင့်ကို ကျန်းမာစေနိုင်ပါတယ်။ အကြောက်တရားက ရေရှည်မှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပေမယ့် ကာလတိုမှာတော့စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ကြောက်တိုင်း မကောင်းပေမယ့် တစ်ခါတလေမှာ ကြောက်တဲ့စိတ်ကြောင့် ကြိုတင်ကာကွယ်တာက ရောဂါတွေကနေ ကာကွယ်ပေးနိုင်သလို အန္တရာယ် ဖြစ်စေနိုင်တဲ့ အချို့ အခြေအနေတွေကနေလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။အဝလွန်မှာ ကြောက်တဲ့စိတ်နဲ့ မစားမိတာက မလိုအပ်ဘဲ ကိုယ်အလေးချိန် တက်မလာစေဖို့ ကာကွယ်ပေးပါတယ်။ ဒီလိုပါပဲအစားအစာတွေကို စားတဲ့ အခါ ရောဂါဖြစ်မှာစိုးရိမ်တဲ့စိတ်က ကျန်းမာအောင် စားသောက်မိစေပြီးကိုယ်အလေးချိန်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။ကြောက်တာက ရေရှည်မှာကိုယ်ခံအားစနစ်ကို ထိခိုက်စေပေမယ့် ယာယီမှာတော့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ။ အန္တရာယ်ကနေ ရှင်ကျန်ရစ်ရမယ်ဆိုတဲ့ အသိနဲ့ခန္ဓာကိုယ်က တုံ့ပြန်မှုက ကိုယ်ခံအားကို ယာယီတက်စေနိုင်ပါတယ်။ကြောက်ရတဲ့ အခြေအနေ တစ်ရပ်ရပ်ကို ကျော်လွှားပြီးတဲ့အခါ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားရပါတယ်။ ဥပမာ ရဟတ်စီးတာက ကြောက်စရာ ကောင်းတယ် ဒါပေမယ့် စီးရင်း ​ကြောက်နေတဲ့ အရာကို ပြေးတွေ့လိုက်တာက အောင်မြင်သွားပြီဆိုရင် အလိုလိုနေရင်း စိတလှုပ်ရှားစရာ ကောင်းလာပြီးပျော်ရွှင်မှုကို ခံစားရပါတယ်။ကြောက်နေတယ်ဆိုတဲ့အချိန်မှာ ​ကြောက်နေတဲ့အရာကို တွန်းလှန်မယ်ဆိုပြီး ရှိသမျှ အင်အားကို စုပြီး လုပ်ဆောင်တာက ရုတ်တရက်မှာ အင်အားတိုးစေပါတယ်။ ပုံမှန် အချိန်ထက်ကြောက်နေတဲ့အချိန်မှာ တစ်ခုခုကို တွန်းလှန်မယ်ဆိုတဲ့စိတ်နဲ့ လုပ်ဆောင်တဲ့အခါ ပိုပြီး အားပြည့်နေတတ်တယ်လေ။​ကြောက်တဲ့စိတ်က စိတ်ခံစားမှုကို အကောင်းဆုံး ထိန်းချုပ်နိုင်စေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ ထောက်ကူပေးပါတယ်။ ရေရှည်မှာ ကြောက်စိတ်က စိတ်ဖိစီးနိုင်စေတယ်ဆိုပေမယ့် ရေတိုမှာတော့ စိတ်ဖိစီးစရာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းစေနိုင်ပြီး စိတ်လက် ပြေလျော့စေပါတယ်။အကြောက်တရား အမြဲဖြစ်နေတာကကျန်းမာရေးကို ထိခိုက်စေပေမယ့် ခဏတဖြုတ် ​ဖြစ်စေတဲ့ အကြောက်တရားကတော့ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ပေးပါတယ်။ ဒါကြောင့် အကြောက်တရားကို ရေရှည် မွေးမထားဖို့တော့ လိုပါမယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/benefits-of-fear/
အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား
ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ အခုနောက်ပိုင်း ဟော့ဖြစ်နေပြီး အသောက်များလာကြပါတယ်။ဒီသစ်သီးဖျော်ရည်တွေကို နေ့စဉ်သောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေတယ်ဆိုပေမယ့် သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေတယ်လို့ London Smiling သွားနဲ့ခံတွင်းအဖွဲ့အစည်းက သွားဆရာဝန် Dr Uchenna Okoye က ဆိုပါတယ်။အဆိုပါ သစ်သီးဖျော်ရည်တွေဟာ သင့်ကို ပိန်သွယ်စေရုံသာမက ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် နှင်းခူလိုမျိုး အရေပြားရောဂါတွေကိုတောင် ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အဆိုပါ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုကို တဖက်တလမ်းက များပြားစေတဲ့အတွက် ဗီတာမင်ဓါတ်ချို့တဲ့မှုကို လျှော့ချပေးနိုင်တဲ့အပြင် အမျှင်ဓါတ်ရရှိမှုကိုလည်း များပြားစေတာကြောင့် အစာကြေဝမ်းမှန်စေတယ်လို့လည်း ဖျော်ရည်ပရိသတ်တွေက ပြောပါတယ်။သစ်သီးတွေမှာ ပါဝင်တဲ့ သကြားအချိုဓါတ်ဟာ သဘာဝအလျောက် ပါဝင်နေတာဖြစ်လို့ အဆိုပါ သကြားဓါတ်ကို ခန္ဓါကိုယ်အနေနဲ့ စွမ်းအင်အဖြစ် ပြောင်းလဲဖို့ ပိုမိုလွယ်ကူသလို အဆီအနေနဲ့ သိုလှောင်ထားနိုင်ချေလည်း နည်းတယ်လို့ ကျွန်တော်တို့ သိထားလေ့ရှိကြပါတယ်။ဒါပေမယ့် အချိုဓါတ်လွန်ကဲခြင်းဟာ ကျွန်တော်တို့တတွေရဲ့ သွားနဲ့ သွားဖုံးကို ပိုမိုယိုယွင်းပျက်စီးစေပြီး ဆိုးရွားတဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။သွားကြွေလွှာတွေကို ထိခိုက်စေတဲ့အပြင် သွားဖုံးတွေကိုလည်း ပျက်စီးစေပါတယ်။ တဖြည်းဖြည်းနဲ့ သင့်သွားတွေဟာ ပိုမိုယိုင်နဲ့ပျက်စီးလာမှာ ဖြစ်တာမို့ အဆိုပါ သစ်သီးဖျော်ရည်တွေကို အသုံးပြုပြီး သင့်ခန္ဓါကိုယ်က အဆိပ်အတောက်ဖယ်ရှားမှုကို ဆက်လက်ပြုလုပ်သွားမယ်ဆိုရင် နောက်ဆုံးမှာ သွားတွေကျွတ်ထွက်သွားပါလိမ့်မယ်။သစ်သီးအများစု (အထူးသဖြင့် ချဉ်တဲ့အသီးတွေ)ဟာ အက်ဆစ်ဓါတ်တွေ ပါဝင်တာကြောင့် သွားကို ပျက်စီးစေနိုင်ပါတယ်။ သံပုရာသီးက အဆိုးဆုံးပါပဲ။ သူတို့မှာ citric acid ပမာဏ မြင့်မားစွာ ပါဝင်တာမို့ သွားကြွေလွှာတွေကို တခဏအတွင်းမှာ ပျက်စီးစေနိုင်ပါတယ်။အဆိုပါ ကြွေလွှာတွေဟာ ဆိုးရွားစွာ တခါပျက်စီးပြီးရင် အသစ်ပြန်ဖြစ်ဖို့ ခက်ခဲပြီး ပြုပြင်ဖို့ မဖြစ်နိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။သွားအရောင်ပြောင်းခြင်း : သွားတွေဖြူဖွေးနေအောင် ကြွေလွှာတွေက လုပ်ပေးထားပါတယ်။ ကြွေလွှာတွေပျက်စီးတဲ့အခါ သွားအတွင်းဖက်မှာရှိတဲ့ dentin ဆိုတဲ့ ဓါတ်ပစ္စည်းတမျိုးက အပေါ်ယံကို ထွက်ပေါ်လာတာကြောင့် သွားတွေဟာ အဝါရောင်ပြောင်းလာရပါတယ်။သွားထပ်တွေ အကြည်ရောင် ဖြစ်လာခြင်း : သွားထိပ်တွေ အကြည်ရောင်ဖြစ်လာပြီဆိုရင် ကြွေလွှာတွေပါးလာပြီး လိုအပ်သလောက် ကြံ့ခိုင်မှုမရှိတော့ဖူးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။dentin ဟာ သွားအာရုံကြောတွေနဲ့ ထိစပ်လို့ နေပါတယ်။ ဒါကြောင့် သွားကြွေလွှာတွေပါးပြီး ပျက်စီးသွားပြီဆိုရင် ပေါ်လာတဲ့သွားအတွင်းဖက်အလွှာဟာ အေးတဲ့အစားအသောက်တွေကို စားသောက်ရင် မခံနိုင်ဘဲ ကျဉ်လာရပါတယ်။ဟုတ်ပြီ၊ အပေါ်မှာ ပြောပြခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်တော့လည်း ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေကို မသောက်တော့ဘဲ ရှောင်စရာတော့လည်း မလိုပါဘူး။အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုပေမယ့် သင့်အနေနဲ့ ထိခိုက်မှုတွေကို ကြိုတင်ရှောင်ရှားနိုင်ပါတယ်။ ဘယ်လိုကြိုတင်ကာကွယ်ရှောင်ရှားရမလဲဆိုတာကို အောက်မှာ မျှဝေပေးထားပါတယ်။အပူချိန်ကျသွားတဲ့အတွက် အက်ဆစ်နဲ့ သင့်သွားထိတွေ့နိုင်ချေ နည်းသွားပါလိမ့်မယ်။ဒီလိုတိုက်ခြင်းဟာ citric acid လောလောလတ်လတ်ဖျက်ဆီးထားတဲ့ သွားကြွေလွှာကို ပိုမိုပျက်စီးသွားအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ သွားမတိုက်မီ အာလုပ်ကောင်းကောင်း ကျင်းပါ။ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေအစား ခန္ဓါကိုယ်အတွက် လိုအပ်ပြီး အကျိုးလည်းရှိတဲ့ အဆီတွေကို ပြောင်းစားပါ။ သစ်သီးဖျော်ရည်တွေ ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအားလုံးကို အဆိုပါ အဆီတွေကနေ ပေးစွမ်းနိုင်တဲ့အတွက် သူတို့ဟာ သစ်သီးတွေနေရာမှာ ကောင်းစွာ အစားထိုးဝင်ရောက်နိုင်ပါလိမ့်မယ်။ဒါ့အပြင် သင့်သွားတွေကို ထိခိုက်မှာလည်း မပူရတော့ပါဘူး။ ရေတခွက်ထဲမှာ အဆီလေးတစက်နှစ်စက်လောက် ထည့်ပေးလိုက်ရုံပါပဲ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%a1%e1%80%9e%e1%80%ae%e1%80%b8%e1%80%96%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%bd/
ခြေထောက်ကျိုးတဲ့အခါ ဂရုစိုက်သင့်တဲ့အချက်များ
ချော်လဲလို့၊ အရိုက်နှက်ခံရလို့၊ ယာဉ်မတော်တဆမှုဖြစ်လို့ စသည်ဖြင့် ခြေထောက်ကျိုးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်အရိုးကျိုးအက်တဲ့အခါ ဆေးရုံကားက ချက်ချင်းမလာနိုင်သလို ဆေးရုံဆေးခန်းကို ချက်ချင်းရောက်နိုင်ဦးမှာမဟုတ်ပါဘူး။ ဖြစ်ဖြစ်ချင်းမှာ ဘေးကလူက စနစ်တကျကူညီစောင့်ရှောက်ပေးမှ ဆရာဝန်ဆီမရောက်ခင် ဝေဒနာလျော့ပါးရမှာပါ။ ကိုယ့်ရင်းနှီးချစ်ခင်ရသူ သို့မဟုတ် တခြားတစ်ယောက်ယောက်မှာ ခြေထောက်ကျိုးတဲ့အခါ အရေးပေါ်ပြုစုနိုင်အောင် ဒါလေးတွေသိထားသင့်ပါတယ်။ထပ်ပြီးထိခိုက်နိုင်ခြေရှိတဲ့ အခြေအနေမျိုးကနေ ရှောင်လွှဲဖို့က လွဲရင် လူနာကိုနေရာမရွှေ့ပါနဲ့။ ဆေးရုံမရောက်ခင်မှာ လုပ်ပေးထားသင့်တာက –။ခြေထောက်ကျိုးတာ၊ အက်တာ သက်သာဖို့က သိပ်မပြင်းထန်ရင် ၆ ပတ်ကနေ ၈ ပတ်အထိ ကြာနိုင်ပါတယ်။ ဒီကြားထဲမှာ ခြေပြန်မထောက်နိုင်သေးတဲ့အချိန်အထိ ချိုင်းထောက် သို့မဟုတ် ဘီးတပ်ကုလားထိုင်သုံးဖို့ လိုနိုင်ပါတယ်။ ပိုပြင်းထန်တဲ့ အရိုးကျိုးအက်မှုတွေကတော့ အပြည့်အဝပြန်ကောင်းဖို့ ၃ လကနေ ၆ လကြာနိုင်ပါတယ်။ကုသတဲ့အခါမှာလည်းကျောက်ပတ်တီးစည်းသင့်ရင်စည်း၊ ခွဲစိတ်သင့် ခွဲစိတ်ရတာမျိုး ခြေထောက်ကျိုးတဲ့ အခြေအနေကို မူတည်ပြီး ဆုံးဖြတ်ကြပါတယ်။ မြန်မြန်ပြန်ကောင်းဖို့ကတော့ ကိုယ်ဘယ်လောက် ဂရုတစိုက်နေထိုင်သလဲဆိုတာနဲ့ သက်ဆိုင်ပါတယ်။ နောက်ဆက်တွဲ ဂရုစိုက်စောင့်ရှောက်မှုက ကုသမှုနဲ့ဘေးအန္တရာယ်ကင်းမှုမှာ အရေးပါတဲ့အပိုင်းဖြစ်လို့ ဆရာဝန်နဲ့ ရက်ချိန်းမှန်အောင်ပြပါ။ ဆရာဝန်ညွှန်ကြားတဲ့ဆေးကို ဂရုစိုက်သောက်သုံးပါ။တကယ်လို့။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/self-care-for-broken-legs-at-home/