title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!
မီဆိုဟင်းရည်ကို လူတော်တော်များများ သိထားပြီးဖြစ်မှာပါ။ အထူးသဖြင့်ဂျပန်စာကြိုက်သူလေးတွေပေါ့။ ခံတွင်းရှင်းစေပြီး စားရတာ ခံတွင်းတွေ့လှတဲ့ မီဆိုဟင်းရည်ကို ပုံမှန်စားဖြစ်နေတဲ့မေမေ တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော ဆက်သောက်လို့ရမလား! ကိုယ်ဝန်ဆောင် မေမေ မီဆိုသောက်ရင် ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မီဆိုဟင်းရည်ဆိုတာက အချဉ်ဖောက်ထားတဲ့ပဲပိစပ်ကို အနှစ်လုပ်ပြီး ပြင်ဆင်ရတဲ့ ဟင်းရည် တစ်မျိုးပါ။ မီဆိုဟင်းရည်ထဲမှာ ပဲပြား၊ တို့ဟူး၊ ရေညှိ၊ ကြက်သွန်မြိတ်စတာတွေကို ထည့်သွင်းပြင်ဆင်လေ့ ရှိကြပါတယ်။မီဆိုက အာဟာရပြည့်ဝပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်တယ်လို့ လူသိများကြပါတယ်။ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား! ဆိုတော့ ရပါတယ်။ တစ်ခုတော့ သတိထားရမှာကတော့ ဆား အများကြီးပါတာမျိုး မဟုတ်ဖို့ပါ။ ဒါကြောင့် မဝယ်ခင်မှာကတည်းက ပါဝင်ပစ္စည်းတွေကို သေချာဖတ်ဖို့ လိုပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာမီဆိုဟင်းရည်သောက်ပေးတာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။အစာခြေစနစ် ကျန်းမာစေတယ်။မီဆိုမှာအကျိုးပြု ဘက်တီးရီးယားလေးတွေနဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ဝန်ဆောင်မေမေကိုဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန် လေပွတာ၊လေထိုးအောင့်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်ခံအား ကောင်းစေတယ်။ပဲပိစပ်ကို အချဉ်ဖောက်ထားတဲ့ မီဆိုဟင်းရည်မှာ ပရိုတင်း ပြည့်ဝစွာ ပါဝင်နေတာကကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာအရိုးသိပ်သည်းဆကောင်းစေဖို့ ထောက်ကူပေးပါတယ်။သန္ဓေသား ဖွံ့ဖြိုးမှုကို ထောက်ကူပေးတယ်။မီဆိုဟင်းရည်မှာ ဗီတာမင် E၊ ဗီတာမင် K၊ ဗီတာမင် B နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးကိုပါ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေပြီးသန္ဓေသားကို ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အဝမလွန်အောင် ထိန်းပေးတယ်။မီဆိုဟင်းရည်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီးကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။စိတ်ဖိစီးမှု ကင်းစေတယ်။ဗီတာမင် နဲ့ သတ္တုဓာတ် တော်တော်များများ ပါဝင်နေတဲ့ မီဆိုဟင်းရည်က စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး စိတ်ဖိစီးမှု ကင်းစေဖို့နဲ့ကိုယ်ဝန်ဆောင်ချိန် စိတ်ခံစားမှုပြောင်းလဲတာတွေကို သက်သာစေနိုင်ပါတယ်။သွေးလည်ပတ်မှု ကောင်းစေတယ်။မီဆိုဟင်းရည်မှာ ဗီတာမင် K ပါဝင်နေတာက သွေးတိတ်စေဖို့ လုပ်ဆောင်ပေးသလို ကိုယ်တွင်းသွေးလည်ပတ်မှု ကောင်းစေဖို့နဲ့ သွေးတွင်းအောက်ဆီဂျင် တိုးစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ဓာတ်ဆားဓာတ်တွေ ပြည့်ဝစေတယ်။မီဆိုဟင်းရည်က ဓာတ်ဆားဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတဲ့ ဟင်းရည် တစ်မျိုးပါ။ ချွေးထွက်များတာ၊ အန်တာတွေကြောင့် ကိုယ်တွင်းက ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတာကို သက်သာစေဖို့ မီဆိုဟင်းရည်ကို သောက်ပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်မေမေအနေနဲ့မီဆိုသောက်မယ်ဆိုရင်။မေမေက သွေးတိုးတတ်တာမျိုး၊ ဓာတ်မတည့်တာမျိုးတွေ ရှိမယ်ဆိုရင် ဖြစ်ဖြစ်၊ ဂလူတန် ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင်ဖြစ်ဖြစ် မသောက်သင့်ပါဘူး။# ဘေဘီလေးကို ဘယ်နေ့ မွေးဖွားမလဲဆိုတာကို ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/miso-soup-during-pregnancy-is-it-safe/
ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဒီနည်းလမ်းတွေကိုကျင့်သုံးပါ
ကိုယ့်ရင်နှစ်သည်းချာ ရတနာလေးတွေ ကိုယ့်မျက်စိအောက်မှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းကဆန္ဒပါ။ ကိုယ်ဝန်စဆောင်တည်းက ဗိုက်ထဲကလေးအတွက် ဆုတောင်းလိုက်ရတာ အမော။ မွေးပြီးတော့လည်း ကိုယ့်ကလေးတွေကို ညဏ်ရည်ပိုင်းမှာရော ကိုယ်ခန္ဓါကြီးထွားမှု အပိုင်းမှာရော သူများတွေထက် မသာရင်တောင် တန်းတူတော့ ဖြစ်စေချင်ကြတာချည်းပဲလေ။ ဒါတွေက ကလေးပေါ်မှာပဲ မူတည်နေတဲ့ အရာတွေ မဟုတ်ပါဘူး။ မိဘတွေဘက်လည်း သေချာ ဂရုစိုက် ပြင်ဆင်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။မွေးပြီး ၆ လလောက်အထိကိုတော့မိခင်နို့တစ်မျိုးတည်းပဲတိုက်ပြီး ၆လကျော်ရင်တော့ဖြည့်စွက်စာတွေ ကျွေးရတယ်ဆိုတာ အာလုံးသိပြီးဖြစ်မှာပါ။ အရေးကြီးဆုံးအချိန်က ၂ နှစ်ကျော်တဲ့ အချိန်ပါ။ ၂ နှစ်ကျော်ဆိုရင် ကလေးက စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရရော ဖွံ့ဖြိုးနေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂ နှစ်ကျော်ပြီဆို ကလေးက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေတဲ့ အချိန်၊ သင်ယူနေတဲ့ အချိန်ဖြစ်တဲ့ အပြင် ၃ နှစ်ဆို မူကြိုကျောင်းတွေကို ပို့ရတော့မှာဆိုတော့ ကိုယ့်ကလေးသူများတွေကြားထဲ ဖွံ့ဖြိုးမှုအပိုင်းမှာရော၊ ညဏ်ရည်အပိုင်းမှာရော မသာလွန်ရင်တောင် နိမ့်ကျမနေဖို့တော့ အရေးကြီးတယ်လေ။ ဒါကြောင့် ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုကို မိဘတစ်ယောက်အနေနဲ့ ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာလေးတွေ အကြံပြုချင်ပါတယ်။ ။အစားအသောက်က ကလေးတစ်ယောက်ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှု အတွက် အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါတယ်။ ပြဿနာက ကလေးအများစုက ငယ်တုန်းအချိန်ဆို အဆော့ပဲမက်ပြီး အစားသိပ်မမက်ကြတာဖြစ်ပါတယ်။ ကိုယ့်ကလေးကိုအာဟာရြပည့်စေချင်ပါတယ်ဆိုမှ သူတို့က မစားဖြစ်နေတော့ထမင်းကျွေးချိန်ရောက်ပြီဆို အမေတွေအမြဲခေါင်းခဲရပါတယ်။ ကလေးတစ်ယောက်က တစ်နေ့ထမင်း၃ နပ်၊ သရေစာ ၂ ခါနဲ့ ရေများများသောက်ဖို့လိုအပ်ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ နို့နဲ့ အသီး တစ်ခုခုကတော့ မပါမဖြစ်ကျွေးရပါမယ်။ နောက်ပြီး အာဟာရ အုပ်စုကြီး ၃ ခု မျှတအောင် မေမေတို့ အနေနဲ့ အစားအသောက်တွေကိုပြင်ဆင်သင့်ပါတယ်။ ထမင်းမစားဘဲ အရမ်းကြီး အချိုများတဲ့ အရည်တွေ၊အသင့်စားသရေစာတွေချည်းပဲ ကလေးတွေစားနေလို့ဖြစ်ပါဘူး။ လုံးဝ ဘာမှကိုမစားတဲ့ ကလေးတွေ အတွက်ကတော့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ အာဟာရနို့မှုန့်တွေ ဖျော်တိုက်ပါ။ သူတို့ဆီမှာ ကလေးတစ်ယောက် အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေ အချိုးညီမျှစွာ ပါပါတယ်။ကလေးတစ်ယောက်ရဲ့ အိပ်ချိန်က ၈ နာရီ မှ ၁၀ နာရီ အတွင်းရှိသင့်တဲ့အတွက် ကလေးတွေကို စောစော အိပ်ရာဝင်ခိုင်းပါ။ အိပ်ရေးဝမှလည်း ကိုယ်တွင်း ခုခံအားစနစ်က အားရှိမှာဖြစ်ပါတယ်။ ခုလို ဆော့စရာဂိမ်းတွေ၊ ရုပ်ရှင်တွေ ပေါများနေတဲ့ ခေတ်ကြီးမှာ ကလေးတစ်ယောက် အချိန်မှန်အိပ်ဖို့ ငယ်ငယ်တည်းက လေ့ကျင့်ထားပေးသင့်ပါတယ်။ အိပ်ချိန်ပြည့်အောင် အိပ်တာနဲ့ ကလေးရဲ့ညဏ်ရည်နဲ့က တိုက်ရိုက် အချိုးကျဆက်စပ်နေပါတယ်။ကျောင်းသွားရမယ့် အရွယ်ရောက်ရင်လည်း ကိုယ့်ကလေးကိုချစ်လွန်းလို့ ကျောင်းနောက်ကျ အပ်တာမျိုးက မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေတတ်ပါတယ်။ ကလေးကို ကျောင်းပေးသွားတော့မှ ကလေးတစ်ယောက် စိတ်ပိုင်းဆိုင်ရာအနေနဲ့ ကိုယ့်အားကိုယ်ကိုးတတ်လာမယ်၊ တစ်ချို့ အခက်အခဲတွေကို ဖြေရှင်းတတ်လာမယ်၊ ဗဟုသုတတွေ ရလာမယ်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်လာမယ်။ ကလေးရဲ့ အနာဂတ်ကို ဦးစားပေးစဉ်းစားတဲ့ မိဘတစ်ယောက်အနေနဲ့ကလေးပညာရေးကို ဦးစားပေးသင့်ပါတယ်။ ကိုယ့်ကလေးထူးချွန်လို့ ရလာတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ဘူးလေ။ ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ညဏ်ရည်ပိုင်းဆိုင်ရာ ဖွံဖြိုးအောင် အကောင်းဆုံး တည်ဆောက်ပေးနိုင်တာကပညာရေးပဲမဟုတ်လား။ဒါဟာ တော်တော်လေးကို အရေးကြီးပါတယ်။ ခုလိုမျိုး စမတ်ဖုန်းတွေ ပေါများတဲ့ ခေတ်ကြီးမှာ ကိုယ့်ကလေး မျက်နှာတစ်ချိန်လုံး ဖုန်းနဲ့အပ်မနေဖို့ ပိုလို့တောင် အရေးကြီးပါတယ်။ ကလေးပညာရေး က အရေးကြီးတယ်ဆိုပြီး အိမ်စာကိုအတင်းလည်း မလုပ်ခိုင်းပါနဲ့။ အမေတစ်ယောက်ရဲ့ တာဝန်တွေထဲမှာ ကိုယ့်ကလေးရဲ့ အချိန်တွေကို စီမံခန့်ခွဲတတ်ဖို့လည်းပါပါတယ်။ စားချိန်၊ အိပ်ချိန်၊ စာလုပ်ချိန်၊ ကစားချိန် အကုန်လုံးကို စီမံတတ်ရပါမယ်။ အကောင်းဆုံးကတော့ အားကစားတစ်မျိုးမျိုးကို ငယ်ငယ်ကတည်းက လိုက်စားခိုင်းတာမျိုးပါ။ စက်ဘီးစီးတာ၊ ဘောလုံးကန်တာလိုမျိုးပေါ့။ ကလေးကို ချစ်လွန်းလို့ အိမ်ထဲမှာပဲ နေခိုင်းတာမျိုးမလုပ်ဘဲ သူငယ်ချင်းတွေနဲ့ ပေးဆော့ပါ။ ကိုယ်လက်လှုပ်ရှားဆော့ကစားတာဟာ သင့်ကလေးရဲ့သင်ယူနိုင်စွမ်းကိုမြင့်မားလာစေပြီး ကိုယ်ခန္ဓါကြီးထွားဖို့ အတွက်လည်း အထောက်အကူပြုပါတယ်။အသက် ၂ နှစ်ကျော်တာနဲ့ ကလေးတစ်ယောက်က ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်၊ အရာရာကို လေ့လာသင်ယူချင်စိတ်တွေ ရှိနေပါပြီ။ အနီးနားမှာ ရှိနေတဲ့ မေမေတို့၊ ဖေဖေတို့ကို သူတို့ သိချင်တဲ့ အရာတွေ အကြောင်း တတွတ်တွတ်နဲ့ တစ်ချိန်လုံးမေးတော့မှာပါ။ အဲ့ဒီလိုမျိုးအချိန်မှာ မေမေ၊ဖေဖေတို့ ဘက်က စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးဖို့ လိုအပ်ပါတယ်။ လေ့လာစူးစမ်းချင်စိတ်ဟာ ကလေးတစ်ယောက်ရဲ့ ညဏ်ရည်ဖွံ့ဖြိုး အစပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေသင့်ကလေးကို အချိန်ပေးပါ။ ကလေးနဲ့အတူတူ အချိန်ဖြုန်းပါ။ ကလေးမေးသမျှကို စိတ်ရှည်ရှည်ပြန်ဖြေပေးပါ။ ငယ်ငယ်ထဲက မိဘတွေ ဂရုစိုက်တာခံရတဲ့ ကလေးတစ်ယောက်က အနာဂတ်မှာ လူကောင်းတစ်ယောက်ပဲဖြစ်ဖို့ရှိပါတယ်။ကိုယ်ပျိုးထောင်ထားတဲ့ ပန်းပင်လေး အစွမ်းကုန်ပွင့်လန်းပြီး ပွဲလယ်တင့်နေတာကို ဥယျာဉ်မှူးတိုင်း မြင်ချင်ကြပါတယ်။ ပျိုးထောင်တဲ့နေရာမှာလည်း မျိုးစေ့ဝယ်ပြီး မြေကြီးပေါ်ချထားလိုက်ရုံနဲ့အပင်ကောင်း တစ်ပင် ဖြစ်မလာနိုင်ပါဘူး။ သေချာ ပေါင်းသင်၊ ရေလောင်း၊ မြေသြဇာတွေထည့်ပြီး တယုတယစောင့်ရှောက်မှသာ ပွဲလယ်တင့်နိုင်တဲ့ ပန်းကောင်းတစ်ပွင့်ဖြစ်မှာပါ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/67300/
Tinea Cruris (ပေါင်ခြံပွေး)
မှိုကြောင့်ဖြစ်တဲ့အရေပြားကူးစက်မှုတစ်မျိုး ဖြစ်ပါတယ။် ပေါင်ခြံ၊ မျိုးပွားအင်္ဂါတစ်ဝိုက်၊ ပေါင်အပေါ်ဘက်အတွင်းခြမ်း၊။တင်ပါးတွေမှာတွေ့ရလေ့ရှိပါတယ်။ အတွေ့ရများဆုံးလက္ခဏာကတော့ ဖြစ်တဲ့နေရာမှာစက်ဝိုင်းပုံအနီအဖုအပိမ့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာအဖြစ်များလေ့ရှိပါတယ်။ကျားမမရွေး၊ လူမျိုးမရွေးပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာအနေများရင်ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာပိုတွေ့ရလေ့ရှိပါတယ်။ အမျိုးသားတွေဟာပေါင်ခြံနေရာမှာအရေပြားခေါက်တွေ ပိုများပြီးကူးစက်ပိုးတွေကိုအလွယ်တကူလက်ခံနိုင်ပါတယ်။ အတွင်းခံကျပ်ကျပ်၊ အဝတ်အစားကျပ်ကျပ် ဝတ်လေ့ရှိတဲ့လူတွေ၊ ချွေးအများကြီးထွက်လေ့ရှိသူတွေ ၊ ကိုယ်ခံအားကျဆင်းနေသူတွေမှာပိုဖြစ်နိုင်ချေရှိပါတယ်။အတွေ့ရများတဲ့လက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာကြီးထွားလေ့ရှိတတ်မှိုတွေကြောင့် ဖြစ်ပါတယ်။ ဒီမှိုပိုးကူးစက်ခံရနိုင်တဲ့အကြောင်းရင်းတွေကတော့။ကုသလို့ပျောက်ကင်းနိုင်ပေမဲ့ ဖြစ်နိုင်တဲ့အကြောင်းတွေကိုမရှောင်ဘူးဆိုရင်တော့ ပိုဆိုးလာနိုင်ပါတယ်။ ဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အန္တရာယ်တွေကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အယားဖုရဲ့ ပုံပန်းသွင်ပြင်နဲ့နေရာပေါ်မူတည်ပြီးအတည်ပြုနိုင်ပါတယ်။ သင့်ရဲ့လက္ခဏာတွေနဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်ကမေးပါလိမ့်မယ်။ အကူးစက်ခံရတဲ့အရေပြားကိုဓါတ်ခွဲစစ်ဆေးခြင်းတွေ တစ်ခါတရံပြုလုပ်နိုင်ပါတယ်။ ထုတ်ယူထားတဲ့အရေပြားစကိုအနုကြည့်မှန်ပြောင်းအောက်တွင်ကြည့်ခြင်း၊ ပိုးမွေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ဆေးဆိုင်တွေမှာ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ အလွယ်တကူဝယ်ယူရနိုင်တဲ့ မှိုကိုဆန့်ကျင်တဲ့ လိမ်းဆေး၊ ဖြန်းဆေးနဲ့ ပေါင်ဒါစတာတွေနဲ့ ကုနိုင်ပါတယ်။အရမ်းကြာနေမယ်၊ ဆိုးရွားနေမယ်၊ ပြန်ပြန်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ကုသနည်းအဆင့်ဆင့်တွေကတော့ပထမဆုံးပွေးကွက်ကိုရေနဲ့ဆပ်ပြာနဲ့ဆေးရပါမယ်။ အဲ့ဒီအကွက်ပေါ်မှာမှိုသတ်ဆေးလိမ်းဆေးလိမ်းပေးရပါမယ်။terbinafine(သို့) miconazole (သို့) clotrimazoleစတာတွေပါဝင်တဲ့ မှိုသတ်ဆေးပေါင်ဒါတွေ လိမ်းပေးနိုင်ပါတယ်။ Lamisil ၊ Lotrimin၊ Micatin ၊ Monistatစတဲ့ နာမည်တွေနဲ့ ဝယ်ယူနိုင်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဝယ်ယူနိုင်တဲ့ဆေးတွေဖြစ်ပါတယ်။ ဆေးညွှန်းအတိုင်းသုံးသင့်ပြီးလက္ခဏာတွေသက်သာသွားတာနဲ့ ရပ်လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဆေးပတ်လည်အောင်မသုံးဘူးဆိုရင် ပြန်ဖြစ်လာနိုင်တဲ့အတွက်ကြောင့် အရေးကြီးပါတယ်။ နှစ်ပတ်ကြာအခြေအနေမတိုးတက်လာဘူးဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။သောက်ဆေးတွေလည်း သောက်ရနိုင်ပါတယ်။ အချိန်အကြာကြီးလနဲ့ချီပြီးတောင် သောက်ရနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ပေါင်ခြပွေးကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/tinea-cruris-%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%95%e1%80%bc%e1%80%b8/
အပြေးလေ့ကျင့်ခြင်းနှင့် စိတ်ကျန်းမာရေး
ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာရေးအတွက် အထောက်အကူပြုပေးတယ်ဆိုတာ အထွေအထူးပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုဆိုတဲ့အထဲမှာ လုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေက အများကြီးပါ။ ဒီလေ့ကျင့်ခန်းတွေ ထဲမှာမှ အပြေးလေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေလား……..။အပြေးလေ့ကျင့်တဲ့အခါ။•အိပ်ပျော်စေတယ်။• စိတ်ခံစားမှုကောင်းတယ်။• အင်အားပြည့်ဝစေတယ်။• ခန္ဓာကိုယ် သန်မာတယ်။• သက်လုံကောင်းတယ်။•သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်တယ်။• နှလုံးကျန်းမာစေနိုင်တယ်။•အဆုတ်ကျန်းမာစေနိုင်တယ်။အပြေးလေ့ကျင့်ပေးတဲ့အခါ အခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။စိတ်ဖိစီးမှုပြေလျော့စေတယ်။ကိုယ်တွင်းမှာ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ Endorphinsဟော်မုန်းထွက်ရှိတဲ့အခါ ခန္ဓာကိုယ်မှာ နာကျင်မှုတွေ သက်သာစေနိုင် သလို စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီဟော်မုန်းထွက်ရှိမှုကများလာပြီး စိတ်ဖိစီးမှုတွေကို သိသိသာသာပြေလျော့စေမှာပါ။ ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့ဖို့ဆိုရင်တော့ တစ်နေ့ကို ၁၅ မိနစ်လောက် ပုံမှန်အပြေးလေ့ကျင့်ပါ။စိတ်ဓာတ်ကျတာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။အပြေးလေ့ကျင့်တာက စိတ်ဖိစီးမှုကိုတင်ပြေလျော့စေတာမဟုတ်ဘဲ စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ဓာတ်ကျမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အပြေးလေ့ကျင့်တာက လေ့ကျင့်ချိန်ကြာလာလေလေ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကောင်းလာလေလေပါ။အာရုံစူးစိုက်မှုကောင်းစေပါတယ်။အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ချင်တယ်ဆိုရင်တော့ အပြေးလေ့ကျင့်ပါလို့ ပြောပါရစေနော်။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ အပြေးလေ့ကျင့်တာက စိတ်ခံစားမှုကိုကောင်းစေတဲ့ norepinephrine ဟော်မုန်းထွက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အာရုံစိုက်နိုင်စွမ်းနဲ့ပတ်သက်ပြီး ပြဿနာရှိသူတွေ အနေနဲ့လည်း အပြေးလေ့ကျင့်တာက နည်းလမ်းကောင်းတစ်ရပ်ပါ။သင်ယူမှုစွမ်းရည်ကောင်းမွန်စေနိုင်ပါတယ်။အပြေးလေ့ကျင့်တာက ဦးနှောက် ဖွံ့ဖြိုးမှုကိုရော ဦးနှောက်စွမ်းဆောင်ရည်ကိုပါကောင်းမွန်စေနိုင်ပါတယ်။ အပြေးလေ့ကျင့် တာက အာရုံကြောဆဲလ်အသစ်တွေဖြစ်ပေါ်စေပြီး သင်ယူမှုစွမ်းရည်ကောင်းမွန်စေနိုင်ပါတယ်။မှတ်ဉာဏ်ကောင်းမွန်စေနိုင်တယ်။အပြေးလေ့ကျင့်မှုက ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး မှတ်မိနိုင်စွမ်းတိုးစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်စွမ်းရည်ကျဆင်းတာကို အကောင်းဆုံး ကာကွယ်ပေးနိုင်သလို အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသေးတယ်။ယုံကြည်မှုတိုးစေနိုင်ပါတယ်။ပုံမှန် အပြေးလေ့ကျင့်သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်ဝကြပါတယ်။ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေ ကြောင့် စိုးရိမ်မှုကင်းစေသလို လုပ်ဆောင်မှုတိုင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည်မငပြည့်ဝနေစေမှာပါ။ ဒါကြောင့် နေ့ရက်တိုင်းကို ယုံကြည်မှုရှိရှိ ဖြတ်သန်းချင်တယ်ဆိုရင် အပြေးလေ့ကျင့်ဖို့ ပြောပါရစေ။ဖန်တီးမှုစွမ်းရည်ကောင်းစေနိုင်တယ်။တစ်နေ့တာကို ချွေးထွက်အောင်အပြေးလေ့ကျင့်မှုနဲ့စတင်လိုက်ပါ။ဒီလိုလုပ်ဆောင်မှုက အသားအရေကိုကြည်လင်စေတာ၊ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေတင်တာတင်မကဘဲ သင့်ရဲ့ ဖန်တီးနိုင်စွမ်းကိုပါတိုးတက်စေနိုင်ပါသတဲ့။အလုပ်ခွင်မှာ ဖန်တီးနိုင်စွမ်း ကောင်းဖို့ဆိုရင် မနက်ခင်းတိုင်း ထသာပြေးတော့လို့ ပြောပါရစေနော်။ကဲ..ဘယ်လိုလဲ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါရဖို့ မနက်ဖြန်မနက်ကစလို့ချွေးထွက်အောင် ပြေးလိုက်ကြစို့လား Helloဆရာဝန် ပရိသတ်ကြီးရေ…………….။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7/
Blood Disorders (သွေးရောဂါများ)
သင့်ရဲ့သွေးထဲမှာ အရည်နှင့်အစိုင်အခဲဓါတ် ၂မျိုးပါဝင်ပါတယ်။ သွေးရည်ကြည်ကို ရေ၊ ဆားနှင့် ပရိုတင်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။ သင့်သွေးထဲမှာ အစိုင်အခဲအနေနဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတို့ ပါဝင်ပါတယ်။သွေးရောဂါတွေက သွေးထဲမှာရှိတဲ့ အစိုင်အခဲတွေရဲ့ အရည်အသွေးနှင့် လုပ်ငန်းတာဝန်ကို ပျက်စီးစေပါတယ်။တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို ကျဆင်းစေနိုင်ပါတယ်။တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို များစေနိုင်တယ်။တခြားသွေးရောဂါတွေက သွေးနီဥနဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ ပရိုတင်းဓါတ်ကို ပျက်စီးပြီး ကိုယ်ခံအားကျခြင်းနှင့် သွေးခဲစေရန်လုပ်ဆောင်ပေးတာတွေကို ကျဆင်းစေတယ်။သွေးရောဂါတွေက တော်တော်လေးတွေ့ရများတယ်။ အသက်အရွယ်၊ ယောကျာ်းမိန်းမ မရွေးဖြစ်တတ်တယ်။ ဒါပေမယ့် ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ထိန်းချုပ်လို့ရပါတယ်။ထပ်မံသိလိုသော အချက်များ ရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။သွေးရောဂါရဲ့ လက္ခဏာများမှာ-။ယေဘူယျအားဖြင့် သွေးရောဂါတွေက အောက်ပါအခြေအနေတွေမှာ သွေးထွက်များတတ်တယ်။ဒီအထဲတွင် မပါသော လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ သင့်ရောဂါအခြေအနေနှင့် ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။ဒီအပေါ်မှာမပါတဲ့ ရောဂါလက္ခဏာအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ လူတိုင်းရဲ့ ကိုယ်ဟာ တုံ့ပြန်မှုမတူနိုင်ပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးခြင်းက အကောင်းဆုံးပါပဲ။သွေးရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ။မျိုးရိုးဗီဇ။သွေးရောဂါတွေက မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်မိဘနဲ့ မွေးချင်းတွေထဲမှာ သွေးရောဂါရှိလျှင် သင်လည်းဖြစ်နိုင်ပါတယ်။ရောဂါတစ်ခုခုရဲ့ နောက်ဆက်တွဲအဖြစ်။ဥပမာ polycythemia vera ရောဂါကြောင့် သင့်ကိုယ်ခန္ဓါက သွေးနီဥတွေအများကြီး ထုတ်ပေးပါတယ်။ သင့်ရဲ့ကိုယ်ခံအားကို ပြန်တိုက်သောရောဂါ lupus, ကြောင့် ကိုယ်ခံအားတွေက သွေးဥမွှားတွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါက သင်ထိခိုက်ဒဏ်ရာရလျှင် သွေးထွက်တာအချိန်ကြာစေပါတယ်။ရောဂါပိုးဝင်ခြင်း။တချို့ရောဂါပိုးတွေက သွေးထဲမှာရှိတဲ့ သွေးဖြူဥပမာဏကို လျော့နည်းစေပါတယ်။ တချို့ကတော့ သွေးဖြူဥတွေကို များစေနိုင်တယ်။အာဟာရချို့တဲ့ခြင်း။သံဓါတ်စုပ်ယူရာတွင် အနှောက်အယှက်ဖြစ်ပါက ကိုယ်ခန္ဓါအတွက် လုံလောက်တဲ့ သွေးနီဥတွေကို မထုတ်လုပ်နိုင်ဘဲ သွေးရောဂါဖြစ်စေနိုင်ပါတယ်။သွေးရောဂါကို အဖြစ်များစေတဲ့ အချက်တွေ များစွာရှိပါတယ်။ ဒါတွေကတော့-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်သွေးထဲမှာရှိတဲ့ ပြဿနာတွေကို သိဖို့ ဆရာဝန်မှာ သင့်ကိုအောက်ပါ စစ်ဆေးမှုများလုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ပုံမှန်အားဖြင့် သွေးဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တာကိုပြင်ဖို့အတွက် ဆရာဝန်က ဆေးတေပေးလေ့ရှိကြတယ်။ သင့်ရောဂါက အရမ်းမဆိုးလျှင် ဆေးသောက်ရုံနှင့် အဆင်ပြေပါတယ်။ဆေးသောက်လို့ မသက်သာလျှင် သင်ရဲ့ ပျက်ဆီးနေတဲ့ ရိုးတွင်းခြင်ဆီကို ပြင်ဆင်ဖို့ သို့မဟုတ် အစားထိုးဖို့အတွက် ရိုးတွင်းခြင်ဆီအစားထိုးနည်း သုံးနိုင်ပါတယ်။ဒါ့အပြင် သွေးသွင်းခြင်းဖြင့် ဆုံးရှုံးပျက်ဆီးသွားတဲ့ သွေးဆဲလ်တွေကို ပြန်အစားထိုးနိုင်ပါတယ်။ သွေးသွင်းဖို့အတွက် ကျန်းမာတဲ့အလှူရှင်ဆီက သွေးကို သွင်းဖို့လိုအပ်ပါတယ်။သွေးရောဂါကို ကာကွယ်ဖို့ လိုအပ်တဲ့ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။သွေးရောဂါကိုကာကွယ်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ သင်ဟာ ရောဂါလက္ခဏာတစ်ခုခုကို တွေ့ရှိလျှင် ရောဂါကို စောစီးစွာ သိရှိပြီး ကုသခြင်းဖြင့် ပိုကောင်းတဲ့ရလဒ်ကို ရနိုင်ပါတယ်။လုံလောက်တဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကလည်း သင့်ကို သွေးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။ သင့်မိဘတွေမှာ သွေးရောဂါရှိလျှင် သင့်မှာဖြစ်နိုင်ခြေရှိတဲ့အတွက် ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးသင့်ပါတယ်။မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်အတွက် အကောင်းဆုံးအဖြေကို ရယူလိုက်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/blood-disorders-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ!
ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော်များများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်လာတတ်ကြ ပါတယ်။ ဒီလို ကိုယ်အလေးချိန် တက်လာတာက ပုံမှန်ပဲ ဆိုပေမယ့် အချို့သူတွေမှာတော့ ကိုယ်အလေးချိန် တက်လာတာက ပုံမှန်ထက် ပိုနေပါတယ်။ ဒီအခြေအနေကအဝလွန်တာကို ရောက်လာပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ! ဆိုတာကို  ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်မယ်ဆိုရင်။ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ ဘာတွေ သတိထားရမလဲ! ဆိုတော့။ကိုယ်ဝန်ဆောင်ချိန်မှာ တော်တော်များများ လက်ခံထားတာက ၂ ယောက်စာ စားရမယ်လို့ပေါ့။ တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုပြီး စားပေးတာမျို မလိုပါဘူး။ အာဟာရ ပြည့်ဝအောင် စားပေးရင်ကို အဆင်ပြေပါတယ်။နောက်ပြီး အဆီများတာ၊ အချိုကဲတာတွေကို ရှောင်ပါ။ ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ဆီကြော်စာတွေကို  ရှောင်ပေးပါ။ကယ်လ်လိုရီကိုလည်း ချိန်ဆပြီး စားပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ အစားစားချင်စိတ်က ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ ဒီလိုအစားစားချင်စိတ်များပေမယ့် စားချင်တိုင်း မစားဖို့ လိုပါမယ်။ အစားကို အကြိုက် စားမိတာကက အဆီတက်ပြီး ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။ဒါကြောင့် အစားကို တစ်ထိုင်တည်း တဝကြီး တရစပ် စားတာမျိုး မလုပ်ပါနဲ့။အစားကို တစ်နေ့ကို ၃ ကြိမ်လောက် ခွဲပြီး နည်းနည်းချင်းစီ စားပေးတာကကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝစေဖို့ထောက်ကူပေးနိုင်ပါတယ်။ ၂ နာရီခြား ၃ နာရီခြား တစ်ခါ အစားကို နည်းနည်းချင်းစီ စားပေးပါ။  နို့ နဲ့ သစ်သီးဖျော်ရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုကကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမချုပ်စေဖို့ကာကွယ်ပေးသလို အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ဟင်းသီးဟင်းရွက်တွေကို စားပေးလို့ ရသလို ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ နှံစားသီးနှံတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ စားပေးပါ။ပရိုတင်းက ကိုယ်ခံအား ကောင်းစေနိုင်သလို အဆာခံနိုင်စေပြီး အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါကြောင့် ဖျားနာမှု ကင်းပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့ရောကိုယ်ဝန်ဆောင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အတွက် ပရိုတင်း ကြွယ်ဝတာကို စားပေးပါ။ပရိုတင်း ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ ကြက်သား၊ အဆီမပါတဲ့ အနီရောင် အသား၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အခွံမာသီး၊ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့လည်း လိုပါမယ်။ ဒါကြောင့် ဒိန်ချဉ်နဲ့ နို့ထွက်ပစ္စည်းတွေကို ပုံမှန်လေး စားပေးလို့ ရပါတယ်။ နို့ထွက်ပစ္စည်းတွေအပြင် ကယ်လ်ဆီယမ် ကြွယ်ဝတဲ့အယ်လ်မွန်စေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဆယ်လ်မွန်ငါး စတာတွေကို စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေဖို့ဆိုရင် ရေကိုလည်း လုံလောက်အောင် သောက်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ တစ်နေ့ကို ရေ ၁၂ ခွက် ကနေ ၁၄ ခွက် သောက်ပေးပါ။ ရေကို တတ်နိုင်သမျှ များများလေး သောက်ပေးပါ။ ဒီလို သောက်ပေးတာကအဝမလွန်စေဖို့ကူညီပေးသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/how-to-prevent-overweight-during-pregnancy/
မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ!
ရေခဲကပ်တယ်ဆိုတာကို တော်တော်များများ သိထားမိနိုင်တာကထိခိုက်ဒဏ်ရာတွေကိုပဲ ကပ်တာ၊ အရိုးအဆစ်တွေ နာတာ၊ ကြွက်သားတွေ နာကျင်တာကို သက်သာစေဖို့ပဲ အသုံးပြုကြတယ်လို့ သိထားကြတာပါ။ တကယ်ကတော့ရေခဲကိုမျက်လုံးလေးတွေကိုလည်း ကပ်ပေးလို့ ရပါတယ်။ ဒီတော့ ဆက်ပြောချင်တာက မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ! ဆိုတာပါ။ ကဲ …. အတူတူ ကြည့်လိုက်ရအောင်နော်။မျက်လုံးကို ရေခဲကပ်ပေးတာကမျက်လုံး ရောင်ရမ်းတာ၊ နာကျင်တာ နဲ့မျက်လုံးခြောက်သွေ့တာတွေကို သက်သာစေနိုင်ပါတယ်။ မျက်စိနာကျင်တာကို သက်သာစေဖို့လည်း  ရေခဲဝတ် ကပ်ပေးလို့ ရပါတယ်။မျက်လုံးကို ရေခဲဝတ်နဲ့ ကပ်ပေးတာက မျက်လုံးတဝိုက်က သွေးကြောလေးတွေကို ကျန်းမာစေပြီး မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။အချို့​သော မျက်လုံးပြဿနာတွေအတွက်တော့ ရေခဲဝတ် ကပ်ပေးတာထက် ရေနွေးအိတ်ကပ်တာက ပိုသက်သာစေပါတယ်။မျက်လုံးခြောက်တာ။မျက်လုံးခြောက်တာက အဖြစ်များတဲ့ ပြဿနာပါ။ မျက်လုံး ခြောက်ပြီဆိုရင်။မျက်လုံးခြောက်တယ်ဆိုတာက မျက်ရည်ထုတ်တဲ့ ဂလင်းတွေက လုံလောက်တဲ့ အစိုဓာတ် မထိန်းနိုင်တာကြောင့်ပါ။ မျက်လုံးခြောက်တာကို ရေခဲကပ်ပေးတာက သက်သာစေသလို အချို့သော အခြေအနေမျိုးတွေမှာ မျက်စဉ်း ခတ်တာ၊မျက်ရည်တုခတ်တာမျိုးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။မျက်စိခြောက်တာကို ရေခဲဝတ် ကပ်ပေးတာက မျက်ရည်တု ခတ်သလို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။မျက်စိရောင်တာ။မျက်စိရောင်တာက ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်သလို ပိုးဝင်ကူးစက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အခြေအနေတွေကို ခံစားရတဲ့အခါ မျက်လုံးတွေ နီရဲပြီး မျက်စိရောင်တာကို ခံစားရနိုင်ပါတယ်။ မျက်စိရောင်တဲ့အခါ။ဒီအခြေအနေကို သက်သာစေဖို့အတွက် မျက်လုံးကို ရေခဲဝတ်ကပ်ပေးလို့ ရပါတယ်။ ဒါပေမယ့် ရေခဲထည့်ပြီး ကပ်မယ့် တဘက်စကတော့ သန့်စင်နေဖို့ လိုပါမယ်။ မျက်စိရောင်တဲ့အခါ မျက်လုံးက အရမ်းနာပြီး ပုံမှန်ထက်မျက်ဝတ်တွေပိုထွက်တာ၊ အလင်းဒဏ်ကို မခံနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။မျက်စိနာစေနိုင်တဲ့ အကြောင်းအရာတွေကတော့ အများကြီးပါ။ဒီလို မျက်စိနာတဲ့အခါ မျက်စိနာတာကြောင့် ရောင်တာကို သက်သာစေဖို့အတွက် ရေခဲဝတ်လေး ကပ်ပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက မျက်စိနာတာကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒီလို မျက်စိနာချိန်မှာ မျက်လုံးကို မပွတ်မိဖို့ လိုပါမယ်။ တကယ်လို့ မျက်စိနာတာက ဓာတုပစ္စည်း တစ်ခုခုနဲ့ ထိတွေ့မိတာကြောင့် ဖြစ်မယ်ဆိုရင်တော့ မျက်လုံးကို ရေသန့်သန့်နဲ့ ဆေးပြီး ချက်ချင်း ကုသမှု ခံယူပါ။မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာ။အချို့သူတွေမှာ အခြားသူတွေထက် ပိုပြီးမျက်ကွင်းညိုတာမျိုးတွေ ရှိသလိုမျက်အိတ်ဖောင်းတာမျိုးလည်း ရှိပါတယ်။ ဒီလို မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေက အသက်အရွယ်ရလာချိန်မှာ ပိုဖြစ်တတ်ပြီး အခုလို အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီအခြေအနေကို သက်သာစေဖို့အတွက် မျက်လုံးတဝိုက်ကို ရေခဲဝတ် ကပ်ပေးလို့ ရပါတယ်။ ရေခံကပ်တာက မျက်ကွင်းညိုတာကိုရော မျက်အိတ်ဖောင်းတာကိုပါ အတိုင်းအတာ တစ်ခုအထိ သက်သာစေနိုင်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/ice-cooling-benefits-for-eyes/
ကျွန်ုပ်တို့အားလုံးအတွက်စိုးရိမ်ဖွယ် ဆိုးရွားလာသောလေထုအရည်အသွေး
၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကမ္ဘာပေါ်တွင်လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေမှုကိုတိုင်းတာတွက်ချက်ရန် လေထုအရည်အသွေးပုံစံတစ်ခု ထုတ်ဝေခဲ့သည်။ ထိုပုံစံသည် ကျေးလက်နှင့် မြို့ပြနေရာပေါင်း ၃၀၀ ကျော်တွင် မြေပြင်လေထု တိုင်းတာစက်များ၊ဂြိုလ်တုမှတစ်ဆင့်တိုင်းတာချက်များနှင့် လေ၏သွားရာလမ်းကြောင်းပုံစံများမှ ရရှိသော အချက်အလက်များပေါ်တွင် အခြေခံထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အင်္ဂလန်နိုင်ငံ Bath တက္ကသိုလ်တု့ိ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာ Flavia Bustreo ကထိုလေထုပုံစံတွင် လေထုညစ်ညမ်းသောနိုင်ငံများ၏ နေရာများနှင့်တကွ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အရည်အသွေး တိုးတက်မှုလေ့လာချက်တို့ကိုဖော်ပြထားကြောင်း ပြောပါသည်။ ထိုပုံစံမှရရှိသောအဖြေတွင် လူသား တို့နေထိုင်သော ကမ္ဘာပေါ်ရှိနေရာများ၏ ၉၂ ရာခိုင်နှုန်းတွင် လေထုအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခွင့်ပြုသောပမာဏထက် ဆိုးရွားနေကြောင်း ဖော်ပြထားရာ စိုးရိမ်ဖွယ်ဖြစ်ပါသည်။လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင် လူအသေအပျောက်အများဆုံး အကြောင်းအရင်းတစ်ခုဖြစ်သည်။ တိုးတက်လာသော လူမှုအဖွဲ့အစည်းတွင်စွမ်းအင်ပိုမိုလိုအပ်လာသဖြင့် လောင်စာဆီများမှ ထွက်ရှိသော မီးခိုးငွေ့များနှင့်ဓါတ်ငွေ့များသည်လည်း ပိုမိုများပြားလာရသည်။ ထိုအန္တရာယ်ရှိသော ဓါတုပစ္စည်းများသည် ပတ်ဝန်းကျင်တွင်များပြားလာပါက လေထုအရည်အသွေးကို ထိခိုက်စေသည်။ လေထုကိုညစ်ညမ်းသော ပစ္စည်းများဥပမာ-ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့၊ ဆာလဖာဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ နှင့် အငွေ့ပျံနိုင်သော ဒြပ်ပေါင်းများသည် တစ်ခုနှင့်တစ်ခုဖွဲ့စည်းပုံ ၊ဓါတ်ပြုနိုင်စွမ်း ၊ ထုတ်လွှတ်နိုင်စွမ်း ၊ ပြိုကွဲနိုင်စွမ်းနှင့် ပျံ့နှံ့စီးဝင်နိုင်စွမ်း ကွဲပြားကြသည်။မကြာသေးမီကပြုလုပ်သောလေ့လာချက်တစ်ခုတွင် လေထုညစ်ညမ်းစေမှု အဖြစ်ဆုံး အဆိုးဆုံးဓါတ်ငွေ့များမှာ အောက်ပါတို့ဖြစ်သည်။(၁) နိုက်ထရိုဂျင်အောက်ဆိုဒ် ( NO )။အက်ဆစ်မိုးများရွာခြင်း၊ အသက်ရှူရခက်စေသော မီးခိုးမြူများဖြစ်စေခြင်း စသည်တို့ကို ဖြစ်စေနိုင်သော ဓါတ်ငွေ့ ဖြစ်သည်။ အိမ်သုံးကားများ ၊ ကုန်တင်ကားများ ၊ စက်တပ်လှေများနှင့် စက်မှုလုပ်ငန်းများ ၊ ဘိလပ်မြေ ထုတ်လုပ်ခြင်းတို့မှထိုဓါတ်ငွေ့ ကိုထုတ်လွှတ်သည်။ ထိုဓါတ်ငွေ့သည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ခေါင်းကိုက်ခြင်း ၊ အဆုတ်ရောဂါများ ၊ မျက်စိနာမျက်စိကျိန်းစပ်ခြင်း ၊ ခံတွင်းပျက်ခြင်း တု့ိကို ဖြစ်စေတတ်ပါသည်။(၂)အိုဇုန်း (O3)။လေထုထဲတွင် စထရာတိုစဖီးယား ဟုခေါ်သော အလွှာတစ်ခုရှိပြီးထိုအလွှာထဲတွင် အောက်ဆီဂျင်မော်လီကျူး ၃လုံးဖြင့်ဖွဲ့စည်းထားသော အိုဇုန်းဓါတ်ငွေ့ကိုသဘာဝအတိုင်းတွေ့ရသည်။ ထိုအလွှာသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကျွန်ုပ်တို့ကိုကာကွယ်ပေးသည်။ သို့သော် မြေပြင်ရှိလေထုထဲတွင် ထိုအိုဇုန်းဓါတ်ငွေ့မှာ နေရောင်ခြည်နှင့် စက်ပစ္စည်းများမောင်းနှင်ရာမှ ထွက်သောဓါတ်ငွေ့တု့ိဓါတ်ပြုရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အိုဇုန်းပါဝင်သောမီးခိုးငွေ့များကို ရှူမိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ပန်းနာရင်ကျပ်ရောဂါများနှင့် အဆုတ်ရောဂါများကို ပိုမိုဆိုးရွားပြင်းထန်စေတတ်သည်။(၃) လေထုထဲရှိအမှုန်အမွှားများ။ဓါတုပစ္စည်းများလောင်ကျွမ်းခြင်း၊ စက်မှုလုပ်ငန်းများနှင့် ယာဉ်ယန္တရားများမောင်းနှင်ခြင်း တို့မှ သေးငယ်၍ ရှူရှိုက်မိတတ်သောအမှုန်များထွက်ပေါ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အမှုန်များပေါ်တွင်ပြုလုပ်သော လေ့လာမှုတွင် လွန်စွာသေးငယ်သောအမှုန် ( အချင်း ၂.၅ မိုက်ခရွန်) တစ်မျိုးဖြစ်သည့် PM 2.5 ကိုပါထည့်သွင်းလေ့လာခဲ့သည်။ လေထုညစ်ညမ်းမှုသည် အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေခြင်းသာမက နာတာရှည်ဝေဒနာများခံစားရစေခြင်း ၊ အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုပါ ရောဂါရေစေခြင်း ၊ နှလုံးရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ အပြင် အဆုတ်ကင်ဆာရောဂါဖြစ်ပွားစေသည်အထိဖြစ်စေနိုင်ပါသည်။ ထိုအမှုန်အမွှားများနှင့် ထိတွေ့ရှူရှိုက်ရဖန် များပါက အရွယ်မတိုင်မီသေဆုံးခြင်းကိုပါဖြစ်စေနိုင်သည်။ဒေါက်တာBustreo ၏ပြောပြချက်အရလေထုညစ်ညမ်းခြင်းကြောင့် ထိခိုက်ခံစားရသူများမှာအမျိုးသမီးများ ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်သည်။ လူတစ်ဦးအနေဖြင့် ကျန်းမာစေရန် မွေးဖွားသည့်အချိန်မှ သေဆုံးသည်အထိ သန့်ရှင်းသောလေကိုသာ ရှူရှိုက်သင့်သည်ဟုဆိုပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှစာရင်းပြုစုရာတွင် လေထုညစ်ညမ်းမှုကြောင့်ရောဂါဖြစ်၍ သေဆုံးမှုသည် ကြောက်မက်ဖွယ်ဖြစ်နေသည်ကိုတွေ့ရသည်။-တစ်နှစ်လျှင်လူပေါင်း ၃ သန်းခန့်သည်လေထုညစ်ညမ်းမှုကြောင့်သေဆုံးကြသည်။-၂၀၁၂ ခုနှစ်တွင်လေထုညစ်ညမ်းမှုကြောင့်သေဆုံးမှုသည် ၆.၅ သန်းအထိမြင့်တက်ခဲ့သည်။(ကမ္ဘာတစ်ဝန်းသေဆုံးမှု၏ ၁၁.၆ ရာခိုင်နှုန်း ထိရှိသည်။)။မကူးစက်သောရောဂါများ( နှလုံးရောဂါ ၊ လေဖြတ်ရောဂါ ၊ နာတာရှည်အဆုတ်ရောဂါနှင့် အဆုတ်ကင်ဆာရောဂါ) တို့ဖြစ်ပွား၍သေဆုံးမှုသည် ၉၄ ရာခိုင်နှုန်း ရှိသည်။ လေထုညစ်ညမ်းခြင်းသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း ဖြစ်စေပါသည်။လထုညစ်ညမ်းမှု၏အဓိကအကြောင်းအရင်းများမှာခရီးသွားမှုများပြားလာခြင်း၊ အိမ်သုံးပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများလောင်ကျွမ်းခြင်း ၊ ကျောက်မီးသွေးဓါတ်အားပေးလုပ်ငန်းများမှ မီးခိုးမှုန်များထွက်ရှိခြင်းနှင့် စက်မှုလုပ်ငန်းများကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ကန္တာရနှင့် နီးသောဒေသများတွင် မီးခိုးမုန်တိုင်းများကြောင့် လေထုအရည်အသွေးကျဆင်းခြင်းမျိုးလည်းတွေ့ရပါသည်။လေထုညစ်ညမ်းမှုကြောင့်သေဆုံးရခြင်းများ၏ ၉၀%နီးပါးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ရတတ်ပြီး အများစုမှာ အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသနိုင်ငံများဖြစ်သည်။ မြို့ပြတွင်လေထုညစ်ညမ်းမှု ပို၍များပြားနိုင်သည်ဟု တွေးထင်ဖွယ်ရှိသော်လည်း ကျေးလက်ဒေသတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားနေခြင်းမျိုးလည်းရှိတတ်သည်။အာရှနိုင်ငံများ ပတ်ဝန်းကျင်လေ့လာစောင့်ကြည့်မှုဌာန၏ ထုတ်ပြန်ချက်အရလေထုညစ်ညမ်းကိန်း(API) မှာပျမ်းမျှ ၃၈ တွင်ရှိသဖြင့်အခြေအနေမဆိုးဟုဆိုနိုင်ပါသည်။လေထုညစ်ညမ်းကိန်း(API)ဆိုသည်မှာ နေရာတစ်ခုတွင်ရှိသော လေထုအရည်အသွေးကိုဖော်ပြသော အညွှန်းကိန်းဖြစ်သည်။ လေထုညစ်ညမ်းစေသောဓါတ်ငွေ့များ – ဆာလဖာဒိုင်အောက်ဆိုဒ် ၊ နိုက်ထရိုဂျင်အောက်ဆိုဒ် ၊ ကာဗွန်မိုနောက်ဆိုဒ် ၊ အိုဇုန်းနှင့် PM10 စသည်တို့၏ပျမ်းမျှပါဝင်မှုကို တိုင်းတာတွက်ချက်ရသည်။ လေထုတွင်း အဓိကအများဆုံးပါဝင်ေသော ပစ္စည်း၏ပမာဏကိုလိုက်၍ လေထုညစ်ညမ်းကိန်းကိုသတ်မှတ်ကြသည်။ ယေဘူယျအားဖြင့် PM10 ဟုခေါ်သောအမှုန်တစ်မျိုးသည် အများဆုံးဖြစ်နေတတ်သည်။ ထိုအမှုန်ပါဝင်မှုကိုလိုက်၍ လေထုညစ်ညမ်းကိန်းကိုသတ်မှတ်ကြပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%ac%e1%80%b8%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%a1%e1%80%90%e1%80%bd/
ကျောရိုးနာခြင်းကိုဘယ်လိုဖြေရှင်းမလဲ
ကျောရိုးနာခြင်းကိုလူအများစုကြုံတွေ့ဖူးကြမှာပါ။ ကျောရိုး နာကိုက်ခြင်းကလူကိုစိတ်ညစ်ညူးစေသောကြောင့်အတတ် နိုင်ဆုံးကုသသင့်ပါတယ်။ ကျောရိုးနာခြင်းကိုကုသရန်နည်း လမ်းအချို့ကိုအောက်တွင်ဖော်ပြထားပါတယ်။ကျောရိုးနာသောပုံစံပေါ်မူတည်၍ဆရာဝန်ကအောက်ပါ ဆေးများကိုညွှန်ကြားပါလိမ့်မည်။ကျောရိုးနာသောအခြေအနေကိုထိရောက်စွာဖြေရှင်းနိုင် ရန်ကျန်းမာရေးအသိလိုအပ်ပါတယ်။ တက်ကြွစွာနေခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ စိုးရိမ်ပူပန်မှုနည်းအောင်နှင့် နောင် အခါတွင်မထိခိုက်မိစေရန်သတိထားခြင်းစသည်တို့ကိုအသိ ပညာပေးသင့်ပါတယ်။ကိုယ်ကာယလေ့ကျင့်ခန်းသည်ကျောရိုးနာခြင်းကိုကုသရာ တွင်အလွန်အရေးကြီးပါတယ်။ ကိုယ်ကာယလေ့ကျင့်ရေး ပညာရှင်များကအနာသက်သာစေရန်ကုသမှုအမျိုးမျိုးကို ပေးပါလိမ့်မည်။ အနာသက်သာလျှင်ကျောရိုးနှင့် ဗိုက်ရှိ ကြွက်သားများပြန်လည်သန်စွမ်းလာစေရန်လေ့ကျင့်ခန်း များသင်ကြားပေးပါလိမ့်မည်။အချို့သောလူအနည်းစုသည်ခွဲစိတ်ကုသဖို့လိုအပ်ပါလိမ့် မည်။ ကျောရိုးနာပြီးခြေထောက်တစ်လျှောက်နာကျင်သော အခါ သို့ ကြွက်သားများအားနည်းလာသောအခါများတွင် ခွဲစိတ်ကုသပါကသက်သာနိုင်ပါတယ်။ ထို့ပြင်ကျောရိုးနှင့် အာရုံကြောမ ဖွဲ့စည်းပုံမမှန်သောအခြေအနေများတွင်ခွဲစိတ် ကုသသင့်ပါတယ်။ယင်းအခြေအနေများသည်အာရုံကြောထိခိုက်ခြင်း သို့ အခြားရောဂါတစ်ခုခုရှိသည်ကိုညွှန်ပြသောကြောင့်ကုသရန် လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
Urticaria (အင်ပျဉ်ထခြင်း)
ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်နေရာထက်ပိုပြီး ပျံ့သွားနိုင်တဲ့ ယားယံစေတဲ့အဖုအပိမ့်ကြီးဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ အသက်အန္တရာယ်မပေးနိုင်ပေမဲ့ ညအိပ်ချိန်(သို့ ) တစ်နေ့လုံးမသက်မသာခံစားရနိုင်ပါတယ်။အဖြစ်များပါတယ်။ မိန်းမတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြာင်းတွေကိုရှောင်ခြင်းဖြင့် မဖြစ်အောင်ကာကွယ်နိုင်ပါတယ။်။ယာယီအင်ပျဉ်ထခြင်း ကအဖြစ်များတယ်။ လူ ၅ယောက်မှာတစ်ယောက် ဖြစ်နိုင်ချေရှိပါတယ်။ နာတာရှည် အင်ပျဉ်ထခြင်း ကတော့အဖြစ်နည်းပါတယ်။ ကလေးတွေ၊အသက်၃၀နဲ့ ၆၀ကြား အမျိုးသမီတွေ၊ ဓါတ်မတည့်တဲ့ ရောဂါရှိဖူးသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။တွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့။ဒီလက္ခဏာတွေက မကြာမကြာပြန်ဖြစ်တတ်ပြိးတော့ ကာလကို ခန့်မှန်းလို့မရနိုင်ပါဘူး လနဲ့ နှစ်နဲ့ချီပြိးတော့လည်း ကြာနိုင်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့ အခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ သင့်မှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့သွားပြ ဆွေးနွေးသင့်ပါတယ်။အောက်ဖော်ပြပါအခြေအနေတွေမှာ သွားပြသင့်ပါတယ။်။အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။အချို့သောဆဲလ်တွေက ဟစ်စ်တမင်း (Histamine) နဲ့ အခြားသောပစ္စည်းတွေ သွေးထဲကိုထုတ်လွှတ်လိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။အောက်ပါအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကိုယ်ခန္ဓါပိုင်းစမ်းသပ်မှုတွေ မေးခွန်းတွေကတစ်ဆင့် အဖြေထုတ်နိုင်ပါတယ်။ သင်ဘာတွေလုပ်လဲ ဘာဆေးတွေသောက်လ ဲ (ဆေးဖက်ဝင်တိုင်းရင်းဆေး၊ဖြည့်စွက်ဆေး) ဘာတွေစားလဲ ဘယ်အချိန်တွေမှာစပေါ်တာလ ဲ ဘယ်လောက်ကြာလဲ စတာတွေသိဖို့လိုပါတယ်။ သေချာချင်ရင် သွေးစစ်ဆေးခြင်းတွေ ဓါတ်မတည့်မှုဆိုင်ရာစစ်ဆေးခြင်းတွေ လိုပါလိမ့်မယ်။ရက်ကြာကြာဖြစ်နေတာမဟုတ်ဘုူးဆိုရင် ကုသမှုမလိုတတ်ပါဘူး။ ဟစ်စ်စတမင်းကိုတားတဲ့ဆေး (Antihistamine) တွေက သက်သာစေနိုင်ပါတယ်။ စတီးရွိုက်ဆေးတွေကိုလည်း အခြေအနေဆိုးနေမယ်ဆိုရင် ယာယီသုံးနိုင်ပါတယ။်။ဖြစ်ရတဲ့အကြာင်းရင်းတွေကိုကုသတာက ပိုအရေးကြီးပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့အိမ်သုံးကုထုံးတွေက အင်ပျဉ်ထခြင်းကိုကုသရာမှာ နဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေမှာ အကူအညီပေးပါတယ်။• ပေါ့ပါးချောင်ချိတဲ့အဝတ်အစားကို ဝတ်ဆင်ခြင်း။• ကုတ်ခြင်းနဲ့။ဆပ်ပြာအပြင်းစားတွေ အသုံးပြုခြင်းကို ရှောင်ခြင်း။• ဖြစ်တဲ့နေရာကို ရေ၊ ရေအေးဝတ်၊ အေးမြစေတဲ့လိုးရှင်းလိမ်းပေးခြင်း၊ ယပ်ခတ်ပေးခြင်း။• ဘယ်နေရာ ဘယ်အချိန်မှာဖြစ်တာလဲ သင်ဘာတွေလုပ်လဲ ဘာတွေစားလဲ စတာတွေကိုမှတ်ထားခြင်း။• ဖြစ်စေနိုင်တဲ့အကြာင်းတွေကိုရှောင်ခြင်း။သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/urticaria-%e1%80%a1%e1%80%84%e1%80%b9%e1%80%95%e1%80%ba%e1%80%a5%e1%80%b9%e1%80%91%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ပြေးတာက သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်
မနက်ခင်းစောစောလေး အပြေးလေ့ကျင့်တာကခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေနိုင်သလိုကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်လည်း အထိရောက်ဆုံးလေ့ကျင့်ခန်းတွေထဲကတစ်ခုပေါ့။ဦးနှောက်ကနေစလို့ တစ်ကိုယ်လုံးကျန်းမာနေစေဖို့ဆိုရင် အပြေးလေ့ကျင့်တာကို လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။လေ့လာမှုတော်တော်များများအရ သိလိုက်ရတာက အပြေးလေ့ကျင့်ပေးတာကဦးနှောက်ကို ကျန်းမာစေနိုင်သလို အရွယ်တင်နုပျိုစေနိုင်တယ်ဆိုတဲ့အချက်ပါ။ အပြေးလေ့ကျင့်တာရဲ့ အကျိုးကျေးဇူးက ဒီလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကျန်းမာစေနိုင်သလို ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သက်တမ်းပိုရှည်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။မဲလ်ဘုန်းမှာရှိတဲ့ University of Sydney ကသုတေသီတွေကတော့ နေ့စဉ်ပုံမှန် အပြေးလေ့ကျင့်တာကရောဂါအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အပြေးလေ့ကျင့်တာကစိတ်ရောကိုယ်ပါကျန်းမာစေဖို့အကောင်းဆုံးအားဖြည့်ပေးနိုင်ပြီး တစ်နေ့တာလှုပ်ရှားမှုတွေမှာ တက်ကြွလန်းဆန်းစွာနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။နှစ်ပေါင်းအတော်ကြာ စန်စတကျလေ့လာခဲ့တဲ့ သုတေသနပြုမှုများစွာလုပ်ခဲ့ပြီး လေ့လာမှု ၁၄ ခုအတွင်း လူအယောက် ၂၃၂၁၄၉ ဦးကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုတွေမှာ တွေ့ရှိခဲ့ရတဲ့ လေ့လာမှုတွေအရ နေ့စဉ် အပြေးလေ့ကျင့်ပေးတာက အမျိုးသားတွေရောအမျိုးသမီးတွေမှာပါ သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။အပြေးလေ့ကျင့်တာကနှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပြီးကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၃ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါကျန်းမာစေဖို့အတွက် တစ်ပတ်ကို အနည်းဆုံး ၇၅ မိနစ်ကနေ မိနစ် ၁၅၀ လောက်အထိ အပြေးလေ့ကျင့်ပေးဖို့ပြောပါရစေ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%90%e1%80%ac%e1%80%80-%e1%80%9e%e1%80%b1%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%80%e1%80%ad/
Freckles (မှဲ့ခြောက်)
မှဲ့ခြောက်ဆိုတာ အရေပြားပေါ်ရှိ သေးငယ်သော အညိုရောင်အစက်များ ဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင် အနီရောင်၊ အဝါရောင်၊ သံချေးရောင်၊ အညိုဖျော့ရောင်၊ အညိုရောင်မှတစ်ဆင့် အမဲရောင်သို့ပြောင်သွားတတ်ပါတယ်။ မှဲ့ခြောက်ဟာ နေရောင်နှင့် ထိတွေ့မှုများသောနေရာများတွင် ပိုတွေ့ရများပါတယ်။ မှဲ့ခြောက်တွေဟာ တခါတရံကျလျှင် စုပြီးအကွက်များအဖြစ် ပါးပြင်၊ နှာခေါင်း၊ လက်မောင်းနှင့် ပခုံးပေါ်တွင် တွေ့ရများပါတယ်။မှဲ့ခြောက်တွေက အရေပြားကင်ဆာအဖြစ်ပြောင်းခြင်း၊ အသက်အန္တရာယ်ဖြစ်စေခြင်း မရှိပါ။အဖြစ်များတဲ့ မှဲ့ခြောက် ၂မျိုးမှာ သဘာဝအတိုင်းဖြစ်သောမှဲ့ခြောက်နှင့် နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တို့ဖြစ်ကြပါတယ်။ နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တွေဟာ ပိုမဲပြီး ပိုလည်းကြီးတတ်ပါတယ်။ မကြာခဏ နေလောင်ခံရသော လူတွေရဲ့ ပုခုံးနှင့် ကျောဘက်အပေါ်ပိုင်းတွေမှာ တွေ့ရများပါတယ်။မှဲ့ခြောက်တွေဟာ အလွန်အဖြစ်များပါတယ်။ အသက် ၁-၂နှစ် ကလေးများမှာတောင် ဖြစ်တတ်ပါတယ်။ မှဲ့ခြောက်ဟာ အသားဖြူတဲ့သူများနှင့် ဆံပင်နီသော လူများတွင် အဖြစ်များကြပါတယ်။မှဲ့ခြောက်ဆိုတာ အရေပြားပေါ်ရှိ သေးငယ်သော အစက်များဖြစ်ပြီး အရောင်ရင့်တတ်ကြပါတယ်။ နေရောင်နှင့် ထိတွေ့သောအခါ မှဲ့ခြောက်ကို ပိုပြီးမြင်နိုင်ပါတယ်။ သိပ္ပံပညာရှင်များရဲ့ အဆိုအရ နေရောင်နှင့် ထိတွေ့မှုများသောအခါ မှဲ့ခြောက်များ ပိုပြီးဖြစ်တတ်တယ်လို့ သိရပါတယ်။အန္တရယ်မရှိလျှင် မှဲ့ခြောက်ကို ကုသရန် မလိုအပ်ပါဘူး။ သို့သော် မှဲ့ခြောက်က သင့်ကို ကြည့်မကောင်းတဲ့ ပုံစံကို ဖြစ်စေနိုင်ပါတယ်။ သင်ဟာ မှဲ့ခြောက်တွေကို ဖယ်လိုပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်တော်သော မှဲ့ခြောက်ကုထုံးကို ရှာဖွေသင့်ပါတယ်။အန္တရယ်မရှိလျှင် မှဲ့ခြောက်ကို ကုသရန် မလိုအပ်ပါဘူး။ သို့သော် မှဲ့ခြောက်က သင့်ကို ကြည့်မကောင်းတဲ့ ပုံစံကို ဖြစ်စေနိုင်ပါတယ်။ သင်ဟာ မှဲ့ခြောက်တွေကို ဖယ်လိုပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်တော်သော မှဲ့ခြောက်ကုထုံးကို ရှာဖွေသင့်ပါတယ်။မှဲ့ခြောက်ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ယင်းတို့မှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မှဲ့ခြောက်ကို မျက်စိဖြင့်မြင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ကိုယ်လုံးကို သေချာစစ်ဆေးခြင်းဖြင့် သင့်အခြေအနေကို ပိုပြီးသိရှိနိုင်ပါတယ်။ ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်များတွင် မှဲ့ခြောက်ပိုအဖြစ်များပါတယ်။ သေချာစွာ စစ်ဆေးခြင်းဖြင့် အရေပြားဆရာဝန်မှ သင့်အား နေ့စဉ်သုံး အသားရည်ထိန်းသိမ်းသည့် ပစ္စည်းများပေးရန် ပိုမိုလွယ်ကူပါလိမ့်မယ်။မှဲ့ခြောက်ဟာ အန္တရာယ်အရာယ်မရှိသလို ကုသရန်လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် သင်ဟာ မှဲ့ခြောက်နှင့် ပတ်သတ်ပြီး စိတ်အနှောက်အယှက်ဖြစ်ပြီး ကုသမှုခံယူလိုပါက မှဲ့ခြောက်ဖျက်ရန် အောက်ပါနည်းများကို အသုံးပြုနိုင်ပါတယ်။အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက သင့်ကို မှဲ့ခြောက်မှ ကာကွယ်ပေးပါလိမ့်မယ်။ထပ်မံသိလိုသော အကြောင်းအရာများအတွက် ဆရာဝန်နှင့်တိုင်ပင်၍ ပိုမိုကောင်းမွန်သော အဖြေများကို ရယူနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/freckles-%e1%80%99%e1%80%bd%e1%80%b2%e1%82%94%e1%80%b1%e1%80%bb%e1%80%81%e1%80%ac%e1%80%80%e1%80%b9/
လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား
လိင်တံထိပ်အရေပြားဖြတ်ခြင်း (Circumcision) ကို များသောအားဖြင့် မွေးပြီးကာစ ကလေးအရွယ်မှာကတည်းက လုပ်ကြပါတယ်။ အရင်တုန်းကတော့ ဘာသာရေး၊ လူမျိုးရေးအယူဝါဒတွေကြောင့် ဖြတ်ပစ်တတ်ကြပေမယ့် ခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို အလေးပေးတဲ့အနေနဲ့ ဒီအပြုအမူကို မိဘတွေကိုယ်တိုင်က လိုလိုလားလား လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါဆို ငယ်ငယ်က မလုပ်ခဲ့ရလို့ ကြီးလာမှ အရေပြားဖြတ်လို့ရလားဆိုပြီး မေးစရာရှိလာပါတယ်။ပြောရမယ်ဆိုရင် ဒီလိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ အသက်အရွယ်မရွေး လုပ်လို့ရပြီး အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ အသက်ကြီးမှ ကိုယ်ဆန္ဒရှိလို့ ဖြတ်ချင်တယ်ဆိုလည်း ဖြတ်လို့ရပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူကြီးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်လို့ ဘာကောင်းကျိုးရနိုင်မလဲ၊ ဘာအတွက် လုပ်သင့်လဲ၊ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။ဒီကိစ္စမှ အသိနောက်ကျတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်မိဘတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတများစွာမရှိလို့ မလုပ်ခဲ့ရရင်တောင် ဒီဘက်ခေတ်အမျိုးသားတွေမှာ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရင်ကလောက် ရှက်မနေတော့ပါဘူး။ ဒီတော့ ကျန်းမာရေးကို ရှေးရှုပြီး ခုလို အသေးစားခွဲစိတ်မှုမျိုးကို အရဲစွန့်လုပ်ကြတာဖြစ်ပါတယ်။ ကလေးဘဝမှာကတည်းက လုပ်ထားရင်တော့ သိပ်ပြဿနာမရှိပေမယ့် အသက်ကြီးမှ ဖြတ်ရင်တော့ နည်းနည်းပိုဂရုစိုက်ဖို့လိုတာပေါ့။ အထူးသဖြင့်။၁။ လိင်တံထိပ်အရေပြား ဖြတ်ခြင်းကြောင့် ချွေး၊ အညစ်အကြေး၊ အဆီတွေပိတ်မိခြင်းမရှိတဲ့အတွက် အဖြူဖတ်လည်းနည်းသွားသလိုလိင်တံအနံ့ဆိုးလည်း သက်သာသွားပါတယ်။၂။ ပွန်းပဲ့စရာအရေပြား မရှိတော့တာကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံတဲ့အခါHIVနဲ့ ကာလသားရောဂါကူးစက်ခံရဖို့ အခွင့်အလမ်းနည်းသွားပါတယ်။၃။ လိင်တံက သန့်ရှင်းနေတဲ့အတွက်ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သလို ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။၄။ အရေပြားမှိုစွဲခြင်း၊ ယားယံခြင်း၊ ရေယုန်ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရနိုင်ခြေ နည်းသွားပါတယ်။၅။ လိင်တံကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။မွေးကင်းစကလေးတွေမှာမဟုတ်ဘဲ အသက်ကြီးမှ လိင်တံထိပ်အရေပြား ဖြတ်တဲ့အခါ အနည်းငယ် ဂရုစိုက်ပေးဖို့တော့ လိုအပ်ပါတယ်။ လူကြီးတွေအတွက် ခွဲစိတ်မှုဟာ အသေးစားခွဲစိတ်မှုလို့သာ ဆိုနိုင်ပေမယ့် မိနစ် ၃၀ မှ တစ်နာရီအထိ ကြာမြင့်နိုင်ပါတယ်။ အရင်ဆုံး နာကျင်မှုသက်သာစေဖို့ ထုံဆေးကို မေ့ဆေးဆရာဝန်က ထိုးပေးမှာဖြစ်ပါတယ်။ထုံဆေးအရှိန်ရလာတဲ့အခါ ဆရာဝန်အနေနဲ့ လိင်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့အရေပြားကို ဘယ်လောက်ထိဖြတ်ဖို့လိုအပ်လဲဆိုတာ အရင်ဆုံးစစ်ဆေးမှာဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုကို မှတ်ထားပြီးတဲ့အခါ လိုအပ်တဲ့ပမာဏအတိအကျကို ခွဲစိတ်ဖြတ်တောက်သွားမှာပါ။သွေးတိတ်သွားအောင် အပူပေး၊ ပိုးသတ်ပြီးနောက် အနာအမြန်ကျက်စေဖို့ ချုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လိင်အင်္ဂါကို ထိခိုက်ပွန်းပဲ့ခြင်းကနေ ကာကွယ်ပေးဖို့ dressing နဲ့ အုပ်ပေးလိုက်မှာပါ။ နားနေရာအခန်းကို လိုက်ပို့ပြီးနောက် တခြားပြဿနာမရှိဘူးဆိုရင်တော့ ဆေးရုံကနေ ဆင်းလို့ရပါပြီ။ခွဲစိတ်ပြီးပြီးချင်းနဲ့ ခွဲစိတ်ပြီး ရက်အနည်းငယ်ကြာပြီးနောက်မှာ လိင်အင်္ဂါတစ်ဝိုက်မှာ ရောင်တာ၊ နာကျင်တာ၊ စပ်တဲ့ဝေဒနာ အနည်းနဲ့အများ ခံစားရနိုင်ပါတယ်။ ခွဲပြီးကာစရက်အနည်းငယ်အတွင်းမှာလိင်တံကိုအုပ်ထားတဲ့ dressing ကို သန့်ရှင်းအောင်ထားဖို့၊ ရေမစိုစေဖို့ သေချာဂရုစိုက်ပေးရပါမယ်။ ခွဲပြီး ၃ရက်အကြာမှာ အခြေအနေကို လေ့လာဖို့နဲ့ dressing လဲပေးဖို့ ဆေးခန်းကို ပြန်သွားပြဖို့လိုပါတယ်။ပုံမှန်အားဖြင့် ၂ပတ်မှ ၃ပတ်အတွင်း သက်သာကျောက်ကင်းသွားနိုင်ပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာကင်းစေဖို့ ခွဲပြီးတစ်ပတ်လောက်ကို အလုပ်ခွင့်တင်ပြီး အိမ်မှာအေးအေးဆေးဆေး အနားယူဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒဏ်ရာမကျက်မချင်း လေ့ကျင့်ခန်းတွေကို နားထားဖို့လိုသလို ခွဲပြီး ၆ပတ်လောက်အထိတစ်ကိုယ်ရေအာသာဖြေခြင်း၊ လိင်မှုကိစ္စတွေကို လုံးဝရပ်ထားရပါမယ်။ ခွဲပြီးကာစမှာ အနည်းနဲ့ အများနာကျင်နိုင်တဲ့အတွက် ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေးကို သေချာသောက်ပေးဖို့လိုပါတယ်။အိမ်မှာနေတဲ့အခါ လေဝင်လေထွက်ကောင်းစေဖို့ ပုဆိုး၊ ဘောင်းဘီအပွဝတ်လို့ ရသလို အပြင်သွားမယ်ဆိုရင်လည်း ဂျင်းဘောင်းဘီလို သိပ်ကြပ်တဲ့ ဘောင်းဘီမျိုးကို ရှောင်ပေးပါ။ ချောင်ချိတဲ့ အတွင်းခံမျိုးကိုသာ ဝတ်ဆင်ပြီး လိင်တံထိပ်ခေါင်းကို အပေါ်ဘက် (ချက်ပေါက်ရှိရာ ဘက်) သို့ ထားထားပြီးမှ ဝတ်ပေးပါ။ ခုန်တာ၊ အလေးမတာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေကို ရပ်ထားပေးပါ။သေချာဂရုစိုက်မယ်ဆိုရင် အနာထဲပိုးဝင်တာ၊ အနာကျက်နှေးတာမျိုး မဖြစ်စေဘဲ စောစောစီးစီး ပျောက်ကင်းသွားမှာမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။ တစ်ခုသတိထားဖို့ လိုတာကတော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဟာ ကာယကံရှင်ရဲ့ သဘောတူညီမှုနဲ့သာ ပြုလုပ်ပေးရမှာဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေးဝါဒတွေနဲ့ မသက်ဆိုင်ဘဲ ကျန်းမာရေး၊တစ်ကိုယ်ရေသန့်ရှင်းရေးအလေးပေးတဲ့အနေနဲ့ လုပ်တဲ့အပြုအမူဖြစ်တာမို့ သေချာစဉ်းစားဆုံးဖြတ်ပြီးမှ လုပ်တာအကောင်းဆုံးပါပဲ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/circumsicion-in-old-age/
ကလေးတွေအတွက် ဘယ်လိုဖျော်ရည်တွေက သင့်တော်မလဲ
ကလေးတွေကျန်းမာပြီးကြီးထွားလာနိုင်ဖို့အတွက် နေ့စဉ်ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ စုံလင်စွာ ရရှိဖို့ အလွန်အရေးကြီးပါတယ်။ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမဲ့ အစားအစာတွေကို စုံလင်စွာ စားသောက်ဖို့ လိုသလို ကိုယ့်ကလေးနဲ့ သင့်လျော်မယ့် ဖျော်ရည်တွေကိုလည်း ဖြည့်စွက်စာအနေနဲ့ တိုက်ကျွေးလို့ ရပါသေးတယ်။ကလေးတွေကို ဘယ်အချိန်မှာ ဖျော်ရည်စတိုက်လို့ ရပြီလဲ။ကလေးတွေကို အသက် ၆လ အရွယ် အထိမိခင်နို့တစ်မျိုးတည်းကိုသာ သေချာတိုက်ကျွေးသင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့အာဟာရဓာတ်တွေဟာ ကလေးတွေကို ကောင်းစွာ ကြီးထွားစေဖို့ အထောက်အကူပေးနိုင်ပါတယ်။ အသက် ၆လ နောက်ပိုင်းမှာ မိခင်နို့အပြင် ဖြည့်စွက်စာ၊ ရေ၊ အာဟာရဖြည့်နို့တွေ၊ တိရစ္ဆာန်ကရတဲ့ နို့တွေ တိုက်လို့ ကျွေးလို့ရပါပြီ။ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာစေတဲ့ အစားအစာထက် အသင့်စားသုံးနိုင်တဲ့ Junk Food တွေကိုသာ ပိုမိုစားလာကြတာ သဘာဝပါပဲ။ ဒီတော့ ကိုယ့်ရဲ့ ကလေးကို အစာစားရတာ ရိုးမသွားအောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေကို ကိုယ်တိုင်ကြိတ်ပြီးဖြည့်စွက်စာဖျော်ရည်အနေနဲ့ တိုက်ပေးလို့ရပါတယ်။ဘယ်လို ဖျော်ရည်တွေကို တိုက်ပေးသင့်လဲ။ဗီတာမင်C ၊ ဗီတာမင် A ၊ ဖောလစ်အက်ဆစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်အနေနဲ့ တိုက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ လိမ္မော်သီး၊ သံပုရာသီး၊ သစ်တော်သီး၊ သရက်သီး၊ လိုင်ချီးသီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး အစရှိတဲ့ သစ်သီးဝလံတွေကို သေချာကြိတ်ပြီး တိုက်လို့ ရသလို မုန်လာဥနီ၊ ခရမ်းချဉ်သီးစတာတွေနဲ့လည်း ဖျော်တိုက်လို့ ရပါတယ်။ အစပိုင်းမှာတော့ သစ်သီး တစ်မျိုးတည်းကိုပဲ ကြိတ်ပြီး ဖျော်တိုက်ကြည့်ပါ။ ကိုယ့်ကလေးက ကျင့်သားရသွားပြီဆိုမှ အသီး ၂မျိုး၊ ၃မျိုး ရောကြိတ်ပြီး ဖျော်တိုက်ရင် ပိုကောင်းပါတယ်။ကလေးတွေကို ဖျော်ရည်တိုက်တဲ့အခါ ဘာတွေ သတိထားရမလဲ။အစာကြေစေမယ့် ပမာဏနည်းနည်းသာ ဖျော်ရည်ကို တိုက်ပေးသင့်ပါတယ်။ စတိုးဆိုင်မှာ ဝယ်လို့ရတဲ့ ဖျော်ရည်တွေဟာ ကုန်ကျစရိတ် ပိုများတဲ့အပြင်သကြားပါဝင်နှုန်းများတဲ့အတွက် ကိုယ်တိုင်ဖျော်တာ အကောင်းဆုံးပါပဲ။ ဖျော်ရည်ကို ကိုယ်တိုင်ဖျော်စပ်တဲ့အခါမှာလည်း သကြားမထည့်ပဲ ရေများများနဲ့ ဖျော်ရပါမယ်။ လတ်လတ်ဆတ်ဆတ် ဖျော်ပြီးတာနဲ့ ကလေးတွေကို တိုက်ဖို့ အရေးကြီးပါတယ်။ အစာစားနေတဲ့အချိန်မှာလည်း ဖျော်ရည်အနည်းငယ် ရောတိုက်ပေးလို့ အဆင်ပြေပါတယ်။ဖျော်ရည် ဖျော်စပ်တဲ့အခါမှာ မလိုအပ်ပဲ ဆား၊ သကြား၊ပျားရည်၊ တခြားအမွှေးအကြိုင်တွေ ထည့်တာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့်  ကလေးတွေကို ဖျော်ရည်တိုက်တဲ့အခါမှာ ပျားရည်ထည့်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ရဲ့ ကလေးကို ဖျော်ရည်အနည်းငယ် တိုက်ကြည့်ပြီး ဓာတ်တည့်၊ မတည့်ကို အရင်စစ်ဆေးသင့်ပါတယ်။ကလေးတွေကို အချိုရည် ဘာကြောင့် မတိုက်သင့်တာလဲ။အချိုရည်မှာ ကိုယ်ခန္ဓာကို အကျိုးဖြစ်စေတဲ့ အာဟာရဓာတ်တွေ မပါဝင်တဲ့အပြင် သကြားပါဝင်မှုများလို့ သွားတွေကို ပျက်စီးစေတယ်။ တချို့အချိုရည်တွေမှာကဖင်းဓာတ်တွေပါဝင်လို့ ကလေးတွေ ညဘက်မှာ ကောင်းစွာအိပ်စက်နိုင်ဖို့ကို အဟန့်အတားဖြစ်စေတယ်။ သွေးတွင်း သကြားဓာတ်တိုးစေလို့ ဆီးချိုရောဂါ၊ အဝလွန်ရောဂါတွေကို ဖြစ်လာဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် ကိုယ့်ကလေးတွေကို အအေး၊ အချိုရည်တွေ သောက်တဲ့အကျင့် မဖြစ်လာအောင် သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%96%e1%80%bb%e1%80%b1%e1%80%ac/
ခါးဆစ်ချော်ခြင်းကြောင့် နာကျင်မှုဝေဒနာ ခံစားနေရသူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ
ခါးဆစ်ချော်ခြင်းဝေဒနာ ခံစားနေရသူများတွင် ထိုသို့နာကျင်ခြင်းများကို သက်သာစေရန်၊ ကာကွယ်နိုင်ရန်မှာ လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်မှု ကုထုံးများ ခံယူခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အကွေးအဆန့်များ ပြုလုပ်နိုင်သလို နာကျင်မှုများလည်း သက်သာစေပါသည်။ အောက်ပါအချက်များသည် လေ့ကျင့်ခန်းများ မပြုလုပ်မီ သင်သိထားသင့်သော အချက်များဖြစ်ပါသည်။ကျောရိုးတွင် ပြသနာဖြစ်ခြင်းကြောင့် ခါးဆစ်ချော်ခြင်း ဖြစ်ရပါသည်။ ခါးဆစ်ချော်ခြင်း ဆိုသည်မှာ ကျောရိုးဆစ်သည် ယင်းအောက်တွင် ရှိသော အဆစ်ပေါ်မှ ချော်ထွက်သွားခြင်းဖြစ်ပါသည်။ ထိုဖြစ်စဉ်ကြော်င့ အချို့က မည်သည့်ဝေဒနာမျှ မခံစားရသော်လည်း အချို့မှာ ဝေဒနာများကို ပြင်းထန်စွာ ခံစားရတတ်ပါသည်။ယင်းတို့မှာ။ခါးနာခြင်း၊ တင်ပါးနာခြင်း (ခါးနေရာတွင် အဆစ်ချော်ခြင်း)၊ လည်ပင်းနှင့် ပုခုံးများ နာကျင်ခြင်း (လည်ပင်းနေရာတွင် အဆစ်ချော်ခြင်း)။နာကျင်မှုသည် ခြေသလုံးတောက်လျှောက် ပြန့်နှံ့သွားခြင်း။ခြေထောက်များ ထုံကျဉ်ခြင်း၊ အားနည်းခြင်း။လမ်းလျှောက်ရခက်ခြင်း၊လည်ပင်းကောင်းစွာ လှုပ်နိုင်ခြင်း။ခါးကုန်းခြင်း၊ ခေါင်းငြိမ့်ခေါင်းမော့လုပ်ခြင်းတို့တွင် နာကျင်မှုများ ပိုပြင်းထန်ခြင်းတို့ဖြစ်ပါသည်။ခါးနေရာတွင် အဆစ်ချော်ခြင်းသည် အဖြစ်အများဆုံးဖြစ်ပါသည်။လည်ပင်းအဆစ်ချော်ခြင်းသည် အဖြစ်နည်းသော်လည်း အချို့သူများတွင် တွေ့ရပါသည်။လေ့ကျင့်ခန်းများကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုကို သက်သာစေရန်၊ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်စေရန်နှင့် ဒဏ်ဖြစ်ခြင်းကို လျော့ကျစေရန် ဖြစ်ပါသည် ။ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်းများ။ဝမ်းဗိုက်ကြွက်သားများကို လေ့ကျင့်ခန်းများပြုလုပ်ပေးရန် အရေးကြီးပါသည်။ ဝမ်းဗိုက်ကြွက်သားများ ကြံ့ခိုင်နေမှသာ ကျောရိုးကို ကောင်းကောင်း ထောက်ပံ့နိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အောက်ပါလေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါသည်။· ကျောချပြီး လဲလျောင်းပါ။ ခြေဖဝါးများကိုလည်း ကြမ်းပြင်ပေါ်တွင် ချထားပါ။· သင့်လက်များကို လည်ပင်းအောက်တွင်ထားပြီး ခေါင်းကိုကြွပေးပါ။ ထိုအခါ သင့်ဗိုက်ရှိကြွက်သားများ ကျုံ့သွားပါလိမ့်မည်။· ထို့နောက် ကြမ်းပြင်ပေါ်တွင် ဖြေးညှင်းစွာ လဲလျောင်းလိုက်ပါ။· ၁၀ ကြိမ် ပြုလုပ်ပါ။· ပြီးလျှင် ခဏနားပါ။· နောက် ၂ ကြော့ ပြုလုပ်ပါ။အကယ်၍ သင်သည် ခါးဆစ်ချော်ခြင်းကြောင့် ကောင်းစွာ မလှုပ်နိုင်လျှင် ခေါင်းကို များစွာ မကြွပါနှင့်။ တတ်နိုင်သလောက်သာ လုပ်ပါ။ သို့သော် လည်ပင်းဆစ်များတွင် ပြသနာရှိပါက ထို လေ့ကျင့်ခန်းများကို မပြုလုပ်သင့်ပါ။ပေါင်အနောက်ဖက်ရှိကြွက်သားများကို ဆန့်ထုတ်ခြင်း။ခါးနေရာတွင် အဆစ်ချော်နေသူများသည် ပေါင်အနောက် ကြွက်သားများတင်းနေသည်ကို ခံစားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ထိုကြွက်သားကို ဆန့်ထုတ်ပေးသော လေ့ကျင့်ခန်းများက သင့်ကို သက်တောင့်သက်သာဖြစ်အောင် ကူညီပေးပါလိမ့်မည်။ အောက်ပါအတိုင်း ပြုလုပ်ကြည့်နိုင်ပါသည်။· ပက်လက် လဲလျောင်းလိုက်ပါ။· သင့်ခြေတစ်ဖက် ကို ဆန့်ဆန့်ထားပြီး ကြိမ်းပြင်နှင့် ၉၀ ဒီဂရီအနေအထား မြှောက်တင်လိုက်ပါ။· သင့်လက်ဖြင့် ထိုခြေထောက်ကို ရင်ဘတ်ဆီသို့ ဦးတည်ပြီး ဆွဲသွင်းပါ။· ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ထားပါ။· ကြွက်သားများကို ဖြေလျော့ လိုက်ပါ။· အထက်ပါနည်းအတိုင်း နောက်ခြေတဖက်ကို ပြုလုပ်ပါ။ထိုလေ့ကျင့်ခန်းများ ပြုလုပ်နေချိန်တွင် ပေါင်အနောက်ဖက်ရှိကြွက်သားများ ဆန့်သွားသည့် ခံစားမှုမျိုး ခံစားရပါလိမ့်မည်။နောက်ကျောရှိကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ။ကျောရိုးပေါ်တွင် ဖိအားများသက်ရောက်ခြင်းကြောင့်လည်း ခါးဆစ်ချော်ခြင်း ကို ဖြစ်နိုင်ခြေများစေပါသည်။ နောက်ကျောရှိကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများသည် ကျောရိုးပေါ်တွင် ဖိအားများသက်ရောက်ခြင်းကို နည်းစေပါသည်။ အောက်ပါအတိုင်း ပြုလုပ်ကြည့်နိုင်ပါသည်။· ကျောချပြီး လဲလျောင်းပါ။ ခြေဖဝါးများကိုလည်း ကြမ်းပြင်ပေါ်တွင် ချထားပါ။· နောက်ကျောကို ကြမ်းပြင်ပေါ်သို့ ဖိချပါ။· ထို့နောက် ကျောနှင့် ဗိုက်ရှိကြွက်သားများကို အားပြုပြီး ကျောကော့ပြီး ခြေတစ်ဖက်ကို အပေါ်သို့ကြွပါ။· ၈ စင်တီမီတာခန့်ကြွပါ။· ဖြေးဖြေးပြန်ချပါ။· အထက်ပါနည်းအတိုင်း နောက်ခြေတဖက်ကို ပြုလုပ်ပါ။· အကြိမ် ၂၀ ပြုလုပ်ပါ။ထို လေ့ကျင့်ခန်းသည် နောက်ကျောရှိကြွက်သားများကို သန်မာစေပါသည်။လည်ပင်းရှိ ကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ။လည်ပင်းဆစ်ချော်သူများတွင် လည်ပင်းကို အနောက်သို့ဆွဲထားသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် လည်ပင်းကို အနေအထား မှန်စေပါသည်။ ထို့ပြင် လည်ပင်းရိုးကိုလည်း ထောက်ပံ့အား ကောင်းစေပါသည်။· နံရံမှ ခြေဖဝါးများကို ၈စင်တီမီတာအကွာတွင် ရပ်ပါ။· ကျောရိုးကို နံရံနှင့် ဆန့်ကျင်ဘက်အနေအထားတွင်ထားပါ။· ခေါင်းနှင့် ကျောအပေါ်ပိုင်းကို နံရံကိုထိသည်အထိ နောက်ပြန်ကော့ပါ။· ထိုအနေအထားတွင် မေးစေ့ထားပြီး ခေါင်းကိုလည်း နောက်ပြန်တည့်တည့်ထားပါ။ အောက်ကို မကြည့်ပါနှင့်။ ၅ စက္ကန့် ငြိမ်နေပါ။· မူလအနေအထားအတိုင်း ပြန်နေပါ။· ထိုသို့ ၁၀ ကြိမ် ပြန်လုပ်ပါ။ထို လေ့ကျင့်ခန်းများကို တနေ့လျှင် အကြိမ်များစွာပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်လည်ပင်းပေါ်တွင် ဖိအားသက်ရောက်မှုများ မှန်လာစေသလို လည်ပင်းအနေအထားကိုလည်း မှန်လာစေပါသည်။· သင်ပြုလုပ်မည့်လေ့ကျင့်ခန်းများနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် တိုင်ပင်မှုများပြုလုပ်သင့်ပါသည်။ အချို့လေ့ကျင့်ခန်းများသည် သင့်အတွက် ကောင်းသော်လည်း အချို့သည် ပိုဆိုးစေနိုင်သောကြောင့် ဖြစ်ပါသည်။· ကြမ်းပေါ်တွင် လဲလျောင်း ပြုလုပ်ရမည့် လေ့ကျင့်ခန်းများ အတွက် အခင်းဖျာတစ်ခုထားရှိခြင်းဖြင့်၊ သင့်ကို ထိခိုက်နိုင်မှုများ၊ ချော်ထွက်ခြင်းများမှ ကာကွယ်နိုင်ပါသည်။· လေ့ကျင့်ခန်းများကို နည်းစနစ်မှန်စွာ ပြုလုပ်ရန် ကျွမ်းကျင်သော နည်းပြလိုအပ်ပါသည်။· အချို့သောလေ့ကျင့်ခန်းများ မပြုလုပ်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဒဏ်ဖြစ်ခြင်းများကို လျှော့ချနိုင်ပါသည်။· လေ့ကျင့်ခန်းပြုလုပ်စဉ် သင့်တော်သော အားကစားပစ္စည်း၊ ရှုးဖိနပ်များနှင့် အဝတ်အစားများကို ဝတ်ဆင်ခြင်းက သင့်ကို သက်တောင့်သက်သာရှိစေပါသည်။· သင့်ကို ပြင်းပြင်းထန်ထန်ဖြစ်စေမည့် လေ့ကျင့်ခန်းများကို ရှောင်ကြဉ်ပါ။အချုပ်ဆိုရသော် ကျောရိုးအဆစ်ချော်ခြင်းများအတွက် ပြုလုပ်ရသော လေ့ကျင့်ခန်းများသည် နာကျင်မှုကို သက်သာစေသလို အကွေးအဆန့်ပြုလုပ်ရာတွင် ကောင်းမွန်စေနိုင်ပါသည်။ သို့သော် လူတိုင်းသည် ထိုလေ့ကျင့်ခန်းများနှင့် မသက်သာသောကြောင့် သင့်အခြေအနေနှင့် သင့်တော်သော လေ့ကျင့်ခန်းများဖြစ်အောင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/spondylolisthesis-treatment/
သားအိမ်ခေါင်းကင်ဆာကုသပြီးနောက် နေထိုင်နည်း
သားအိမ်ခေါင်းကင်ဆာ ကုသမှု ပြီးတာနဲ့ သင့်စိတ်ထဲမှာ ပေါ်လာမယ့် ပထမဆုံး မေးခွန်းက ငါနောက်ဆို ကျန်းမာအောင် ဘယ်လိုနေရမလဲ ဆိုတာပါပဲ။ တကယ်လို့ အဖြေကို မစဉ်းစားရသေးဘူးဆိုရင် အခု ပြောပြသွားမှာတွေက သင့်ရဲ့ ကျန်တဲ့နှစ်တွေမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမလဲ ဆိုတာပါ။သင့်ကင်ဆာကို ပြုစုစောင့်ရှောက်သူတွေနဲ့ မှန်မှန် ဆွေးနွေးခြင်းက သင့်ကို အကူအညီပေးပါလိမ့်မယ်။ ဒါက သင့်ရဲ့ ကုသမှုပြီးနောက် အခြေအနေကို ထိန်းချုပ်ပေးလို့ပါ။ သူတို့ကို သင်ခံစားနေရတာတွေ အပြင် ထူးဆန်းတဲ့ လက္ခဏာတွေကိုပါ ပြောပြထားပါ။ ဒါက ကင်ဆာ ပြန်မဖြစ်အောင် ကူညီပေးပါတယ်။သင့်ဆရာဝန်တွေက တစ်ခုခု မူမမှန်တာ ကြိုသိတဲ့အခါ သင်နဲ့ သင့်လျော်မယ့် ဆေးတွေကို ပေးပြီး ကြိုတင်ကာကွယ်လို့ ရပါတယ်။ သူတို့က တစ်ခုခု ဖြစ်ရင်လည်း ပိုမဆိုးလာဖို့ တတ်နိုင်တဲ့နေရာကနေ ကာကွယ်ပေးမှာပါ။ ဒီလို ဆရာဝန်ဆီ နောက်ပိုင်း မှန်မှန်သွားတာက သင့်စိတ်ကို အေးချမ်းစေပါလိမ့်မယ်။ကျန်းမာစွာ စားသောက်ခြင်းက ကင်ဆာ ပြန်ကောင်းခါစ လူတွေအတွက် အရေးကြီးပါတယ်။ ကျန်းမာစေတဲ့ အစားအသောက်တွေက သင် နာလန်ထရာမှာ ကူညီတဲ့အပြင် နှလုံးရောဂါ သွေးတိုး အဝလွန်ခြင်းနဲ့ ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒီလို စားသောက်တာက သင့်ကို ကျန်းမာနေစေပါလိမ့်မယ်။အောက်ဖော်ပြပါ နာမည်ကြီး အစားအသောက် ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေကို လိုက်နာသင့်ပါတယ်။• လတ်ဆတ်တဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက်များနဲ့ အသင့်စား မဟုတ်တဲ့ အစားအစာများ၊ အဆီနည်းသော နို့ထွက်ထုတ်ကုန်များ၊ ဆန်၊ ဂျုံမား၊ အဆီနည်းသော ပရိုတိန်းများကို စားသင့်ပါတယ်။ တစ်ရက်ကို အသီးအရွက် နှစ်ခွက်နဲ့ တစ်ဝက် စားပေးတာ အကောင်းဆုံးပါ။• ဆယ်လမွန်ငါးမှာပါတဲ့ omega 3 fatty acid လိုမျိုး ကျန်းမာစေတဲ့ အဆီတွေ စားပါ။• အဆီနည်းတဲ့ ပရိုတိန်းတွေကို ရွေးပါ၊ ဥပမာ – ငါး၊ အဆီမပါတဲ့ အသားများ၊ ဥ၊ အစေ့အဆံတွေနဲ့ ပဲတောင့်ရှည်တွေပဲ ဖြစ်ပါတယ်။• နေ့စဉ် ဗိုက်တာမင် လုံလုံလောက်လောက် စားပါ။• အသင့်ပြင်ဆင်ထားတဲ့ အစားအစာတွေ အသားတွေကို မစားမိအောင် ရှောင်ပါ။လူနာတစ်ယောက်ရဲ့ နာလန်ထချိန်မှာ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှု၊ ရောဂါပြန်ဖြစ်မှာ ကြောက်လန့်မှု တွေကြောင့် မကောင်းတဲ့အတွေးတွေ ဖြစ်နိုင်ပါတယ်။ရောဂါတစ်ခုက တခြားရောဂါတစ်ခုကို ဖြစ်စေနိုင်ပြီး အိပ်မရခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ် မကောင်းခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအတွေးတွေ မဖြစ်ဖို့ သင်လှုပ်ရှားမှု တစ်ခုခု ဇောက်ချလုပ်ဖို့ လိုပါလိမ့်မယ်။ မှတ်တမ်းရေးခြင်း၊ အထောက်အကူပြု အသင်းအဖွဲ့တွေမှာ ပါဝင်ခြင်း၊ အနားယူခြင်း နည်းလမ်းတွေကလည်း သင့်ကို ခံစားရ သက်သာလာစေပါမယ်။သင် အရက်သောက်ချင်တယ် ဆိုရင်လည်း ထိန်းသောက်ပါ။ အသက်အရွယ်အလိုက် သောက်သင့်တဲ့ ပမာဏတွေ ရှိပါတယ်။ ကျန်းမာတဲ့ အရွယ်ရောက်သူတွေ ထဲမှာတော့ အမျိုးသမီး အသက်အရွယ်တိုင်းနဲ့ အမျိုးသား ၆၅ နှစ် ကျော်သူတွေက တစ်ရက် တစ်ခွက်သာ သောက်သင့်ပြီး အမျိုးသား ၆၅ နှစ်အောက်တွေက တစ်ရက် နှစ်ခွက်သောက်လို့ ရပါတယ်။လေ့လာမှုတွေ အရ တစ်နေ့ကို အရက် တစ်ခွက် သောက်တာက နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့စေတယ် ဆိုပေမယ့် အရက်သောက်ခြင်းက ကင်ဆာ ပြန်ဖြစ်စေနိုင်ပါတယ်။ လိုအပ်ရင်တော့ သင့်ဆရာဝန်နဲ့ အရက်သောက်သင့်၊ မသောက်သင့် ဆွေးနွေးပါ။လူနာ တစ်ယောက်ချင်းစီက ကုသမှုအပြီး သူတို့ရဲ့ ကိုယ်အလေးချိန်ကို သင့်လျော်တဲ့ ထိန်းညှိမှုတွေ လုပ်ပေးရပါမယ်။ သင်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်နဲ့ အဲဒီ ကိုယ်အလေးချိန် ရအောင် ဘယ်လို လုပ်ရမလဲ ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင့် ကိုယ်အလေးချိန်က သင့် အစားအသောက်နဲ့ ဆက်စပ်နေတာ သိသာပါတယ်။သင့် အနေနဲ့ သင့် အစားအစာတွေမှာ ဖယ်သင့်တာ၊ ထည့်သင့်တာတွေကို ဆရာဝန်တွေ၊ အစားအသောက် ကျွမ်းကျင်သူတွေ အကြံပေးချက်အတိုင်း လုပ်သင့်ပါတယ်။ သူတို့ရဲ့ လမ်းညွှန်မှုတွေနဲ့ ကင်ဆာကုသမှုတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ မအီမသာဖြစ်ခြင်း၊ နာကျင်မှု ဖြစ်ခြင်းနဲ့ တခြား ပြဿနာတွေကို သက်သာစေပါလိမ့်မယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cervical-cancer-cancer/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%80%e1%80%af%e1%80%9e%e1%80%bc-2/
ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ ။
ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ ဆိုရိုးစကားလေးကြားဖူးမှာပါ။ မိန်းကလေးတွေမှာမီးယပ်ပြဿနာ အဖြစ်များသလိုဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေက ယောကျာ်းလေးတွေမှာ အများဆုံးဖြစ်တဲ့ ဝေဒနာတစ်ခုပါ။ ဆီးလမ်းကြောင်းပြဿနာတွေထဲမှာမှ ဒီနေ့ပြောပြပေးချင်တာကကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ အကြောင်းပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ ။Testicles လို့ခေါ်တဲ့ဝှေးစေ့က သုက်ပိုးတွေကို လိင်တံpenisဆီရောက်အောင်ပို့ပေးတဲ့ ပြွန် epididymis ရောင်တဲ့ ပြဿနာဖြစ်ပါတယ်။ ရောင်လာတဲ့ ဒဏ်က ဝှေးစေ့ကိုပါရောက်သွားပြီး ဝှေးစေ့ပတ်လည်ပါလိုက်ရောင်လာတာကို epididymo-orchitis လို့ခေါ်ပါတယ်။• လက္ခဏာတွေကတော့ ကပ္ပာယ်အိတ်ပတ်လည်မှာ နာကျင်မှု၊ ရောင်ရမ်းမှုတွေလည်းဖြစ်နေတတ်ပြီး ကိုင်ကြည့်လိုက်တဲ့အခါ ပူနေတာမျိုးတွေ ရှိတတ်ပါတယ်။• ကလေးအရွယ်နဲ့ မြီးကောင်ပေါက် အရွယ်တွေမှာ ပိုဖြစ်နိုင်တယ်ဆိုပေမယ့် အရွယ်ရောက်ပြီးသား သူတွေမှာလည်း ဖြစ်တတ်ပါတယ်။• chlamydia ၊ gonorrhoea တို့လို လိင်ကတဆင့် ကူးစက်တတ်တဲ့ ဘက်တီးရီးယားအကောင်တွေနဲ့ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကြောင့် အဖြစ်များပါတယ်။• ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုတော့ ကုသနည်းကပဋိဇီဝပိုးသတ်ဆေးတွေ၊အကိုက်အခဲပျောက်ဆေးတွေနဲ့ ကပ္ပာယ်အိတ်ပေါ် ရေခဲကပ်တာတွေပဲ ဖြစ်ပါတယ်။•ဝှေးစေ့ပတ်လည်နံရံက အရည်တွေစိမ့်ထွက်ပြီး ကပ္ပာယ်အိတ်ကြီးတဲ့ ပြဿနာတစ်ခုပါ။• ကိုင်ကြည့်လိုက်ရင် ပျော့ပျောင်းနေတတ်ပြီး နာတာ ထုံတာတွေလည်း မရှိပါဘူး။• မွေးကင်းစကလေးတွေမှာ ဖြစ်တတ်သလို အရွယ်မရွေးဖြစ်နိုင်ပါတယ်။•ကပ္ပာယ်အိတ်ကြီးတာ အခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရောဂါဇာစ်မြစ်ကို သေချာရှာကုသဖို့လိုပါတယ်။• များနေတဲ့အရည်တွေကို အပ်နဲ့စုပ်ထုတ်တာလည်းရှိသလို ခွဲစိတ်မှုလုပ်ပြီး ကုသတာမျိုးလည်းရှိပါတယ်။•Testiclesနှစ်လုံးကို ကပ္ပာယ်အိတ်ထဲမှာ သုက်လွှတ်ပြွန်ဖြစ်တဲ့တဲ့ spermatic cordက ချိတ်ဆွဲထားလေ့ရှိပါတယ်။ တစ်ရံတစ်ခါ ဒီ သုတ်လွှတ်ပြွန်လိမ်သွားပြီး ဝှေးစေ့ဆီသွေးရောက်တာ နည်းသွားတာ ဝှေးစေ့တစ်ရှူးတွေ ပုပ်သွားတတ်ပါတယ်။• လက္ခဏာတွေကတော့ ဝှေးစေ့မှာ ရုတ်တရက်နာလာတာ၊ ကပ္ပာယ်အိတ်ရောင်လာတာ၊ အဖျားတက်တာနဲ့ ပျို့အန်ချင်တာတွေပဲ ဖြစ်ပါတယ်။• ဝှေးစေ့ဆီသွေးမရောက်ဘဲ ပုပ်သွားနိုင်တာကြောင့် ဒီပြဿနာဟာ ကုသမှု အမြန်ခံယူဖို့လိုအပ်တဲ့ပြဿနာတစ်ခုပါ။•ခြေသလုံးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဆိုပေမယ့် ရံဖန်ရံခါ သွေးကြောထုံးတွေက ကပ္ပာယ်အိတ်အတွင်းမှာလည်း ဖြစ်တတ်ပါတယ်။• အဓိက လက္ခဏာတွေကတော့ ဘယ်ဘက်ဝှေးစေ့မှာ အမြဲရှိတတ်ပြီး နာကျင်မှု မရှိပါဘူး။ တီကောင်လို တွန့်လိမ်လိမ်သွေးကြောထုံးတွေကို ကပ္ပာအိတ်မှာမြင်ရတတ်ပြီး မတ်တပ်ရပ်လိုက်ရင် ပိုသိသာပါတယ်။ ကြီးနေတဲ့သွေးကြောထုံးကြီးတွေက သုက်လွှတ်ပြွန်ကို သွားပိတ်မိတတ်တာကြောင့် ကလေးရနိုင်ချေကို ထိခိုက်နိုင်ပါတယ်။• နာမည်ကြီးကုသမှု တစ်ခုကတော့ embolization လို့ခေါ်ပြီး အပြားလေးတစ်ပြားကို သွေးကြောထဲထည့်ကာ ကြီးနေတဲ့ သွေးကြောကို ပိတ်လိုက်တဲ့ နည်းဖြစ်ပါတယ်။ဒါတွေကတော့ ကင်ဆာမဟုတ်တဲ့ဝှေးစေ့မှာ ဖြစ်နိုင်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မနာဘူးပြောပြော ကိုယ့်ကပ္ပာယ်အိတ်တွေက ပုံမှန်မဟုတ်တော့ရင် ဘာကြောင့်ဖြစ်ရတာလဲဆိုတာ သေချာသိရအောင် ဆရာဝန်ဆီအမြန်ဆုံး သွားပြဖို့ မမေ့နဲ့နော် ။ ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/testicles/
Tinea Pedis (ခြေထောက်ပွေးစွဲခြင်း)
ခြေထောက်အရေပြားပေါ်မှိုစွဲခြင်းဖြစ်ပြီးတစ်ခါတရံမှာခြေသည်းတွေလက်တွေဆီကိုကူးသွားနိုင်ပြီးတစ်ဦးမှတစ်ဦးအလွယ်တကူကူးစက်နိုင်ပါတယ်။ အားကစားသမားတွေမှာအများဆုံးတွေ့ရတတ်လို့ အားကစားခြေထောက်မှိုလို့လည်းခေါ်ကြပါတယ်။ ဖိနပ်၊ခြေအိတ်၊ရေကူးကန်၊အများပိုင်နေရာတွေမှာရှိတဲ့ပစ္စည်းခေတ္တသိမ်းနိုင်တဲ့ဗီရိုတွေ၊အများသုံးရေချိုးခန်းကြမ်းပြင်တွေအစရှိတဲ့ပူနွေးစွတ်စိုတဲ့နေရာတွေမှာတွေ့ရများတတ်ပါတယ်။ဘယ်အရွယ်မှာမဆိုဖြစ်နိုင်ပြီၤးအရွယ်ရောက်ပြီးသူတွေမှာကလေးတွေထက်ဖြစ်နိုင်ချေပိုရှိပါတယ်။ အမျိုးသားတွေမှာပိုတွေ့ရတတ်ပါတယ်။ ရှူးဖိနပ်ခပ်ကျပ်ကျပ်စီးတဲ့လူတွေအများသုံးရေချိုးခန်းတွေရေကူးကန်တွေအသုံးပြုလေ့ရှိသူတွေမှာပိုတွေ့ရတတ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ခပ်ငယ်ငယ်အမျိုးသားတွေမှာတွေ့ရများဆုံးဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကိုရှောင်ခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ ထပ်မံသိရှိလိုသည်များကိုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။တွေ့ရများတဲ့လက္ခဏာတွေကတော့။အခြားလက္ခဏာတွေကည်းရှိနေနိုင်ပါသေးတယ်။ လက္ခဏာတွေတစ်ခုခုနဲ့ပတ်သက်ပြီးစိုးရိမ်နေမယ်ဆိုရင်ဆရာဝန်နဲ့သွားပြသင့်ပါတယ်။ဆေးမြီးတိုတွေနဲ့ကုသလို့ ရက်သတ္တပတ်တွေကြာတဲ့အထိမသက်သာဘူးဆိုရင်သွားပြသင့်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင်၊ခြေထောက်ပိုးဝင်နေတယ်လို့သံသယရှိရင် ၊ အလွန်အမင်းရောင်နေခြင်း၊နီနေခြင်း၊ အရည်ထွက်ခြင်း၊ ဖျားနာခြင်းတွေရှိခဲ့မယ်ဆိုရင် အမြန်ဆုံးသွားပြသင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။တစ်ရှူးအသေတွေဖြစ်တဲ့အမွေးတွေခြေသည်းတွေနဲ့ အရေပြားအပေါ်ယံလွှာတွေမှာရှင်သန်တဲ့အနုကြည့်မှန်ပြောင်းနဲ့သာမြင်နိုင်တဲ့မှိှုတစ်မျိုးကြောင့်ဖြစ်ပါတယ်။ ခြေထောက် မှိုစွဲခြင်းကိုဖြစ်စေနိုင်တဲ့မှိုအမျိုးအစားတွေကတော့။အလွယ်တကူကူးစက်စေနိုင်တဲ့အကြောင်းတွေကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သာမန်မှာဆိုရင်ဆရာဝန်ကအခြေအနေကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။ သေချာချင်တယ်ဆိုရင်တော့။ရောဂါ အမျိုးအစားနဲ့အခြေအနေအဆိုးအကောင်းပေါ်မူတည်ပြီးသင့်တော်တဲ့ကုသမှုတွေလိုအပ်ပါလိမ့်မယ်။ နောက်တစ်ခါပြန်မဖြစ်အောင် ဆေးပတ်လည်ဖို့တော့လိုပါလိမ့်မယ်။ပထမဆုံးအနေနဲ့ clotrimazole (Lotrimin)၊ miconazole (Micatin)၊ terbinafine (Lamisil)၊ tolnaftate (Tinactin)ကဲ့သို့သောဆေးစာမလိုဘဲအပြင်က ဝယ်လို့ရသော လိမ်းဆေးများကိုအသုံးပြုနိုင်သည်။ဒီလိမ်းဆေးတွေနဲ့တင် မသက်သာလာဘူးဆိုရင် (သို့) ပိုဆိုးလာမယ်ဆိုရင်ဆရာဝန် ရဲ့ ညွှန်ကြားချက်အတိုင်းကုသဖို့လိုလာပါလိမ့်မယ်။ ဆရာဝန်သည်အောက်ပါဆေးများကို ညွှန်ကြားနိုင်သည်။အောက်ဖော်ပြပါလူနေမှုပုံစံနဲ့အိမ်သုံးကုထုံးကခြေထောက်ပွေးရောဂါကုသရာတဲ့နေရာမှာနဲ့လိုက်လျောညီထွေအောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင်သင့်အတွက်သင့်တော်တဲ့အဖြေရှာနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။HelloHealthGroupသည်ဆေးပညာဆိုင်ရာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။PasteTextHere။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/tinea-pedis-%e1%80%b1%e1%80%bb%e1%80%81%e1%80%b1%e1%80%91%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%95%e1%80%bc%e1%80%b8%e1%80%85%e1%80%bc%e1%80%b2%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Hydrocele( မုတ္တရောဂါ ) ဝှေးစေ့ပတ်လည်အရည်စုပြီး ကပ္ပယ်အိတ်ကြီးလာတဲ့ ပြဿနာ ။ ။
ဝှေးစေ့မှာ အရည်အိတ်စုပြီးကြီးလာတာ ၊အူကျြပီး ဝှေးစေ့ကြီးလာတာ စတဲ့ပြဿနာတွေဟာ အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေပါ။ စစချင်းဖြစ်ခါစတွေဆို နာကျင့်တဲ့ ပြဿနာတွေတော့မရှိပေမယ့် နေရထိုင်ရ သွားရ လာရတာတွေကို သက်တောင့်သက်သာမရှိဖြစ်စေမှာပါ။ ပြီးတော့ ဒီလို ဝှေးစေ့အရည်စုပြီး ကြီးလာတဲ့ပြဿနာတွေဟာ ရှားပါးတဲ့ ဖြစ်စဉ်တွေ မဟုတ်တာကြောင့် အမျိုးသားတိုင်း သိရအောင်ဒီတောင်းပါးလေးကို ဝေမျှပေးချင်ပါတယ်။ဝှေးစေ့ပတ်လည်မှာ အရည်တွေစိမ့်ထွက်လာပြီး စုလာရာကနေကပ္ပယ်အိတ်ကြီး ကြီးလာတဲ့ပြဿနာပါ။ ကလေးငယ်ငယ်လေးတွေမှာလည်း ဖြစ်နိုင်သလို လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။Hydrocele ရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်တာပဲ ဖြစ်ပါတယ်။ တစ်ချို့အပ်နဲ့အ ရည်စုတ်ထုတ်ပြီး ကုသတတ်ကြပေမယ့် စုပ်ထုတ်ပြီး ၂ လအတွင် း အရည်တွေ ပြန်စုလာတတ်လို့ မကြာခဏ စုပ်ထုတ်တာမျိုး လုပ်ရတတ်ပါတ်ယ။ ခွဲစိတ်ကုသပြီးနောက်ပိုင်းhydroceleပြန်ဖြစ်တာ အင်မတန်ရှားတာကြောင့် ခွဲစိတ်ကုသတာကသာ အကောင်းဆုံးပါ။အူကျတာရော အရည်စုတာရော ၂ ခုလုံးက ကပ္ပအိတ်ကြီးလာခြင်းကို ဖြစ်စေတယ်ဆိုပေမယ့်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/hydrocele-%e1%80%99%e1%80%af%e1%80%90%e1%81%b1%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%b1%e1%80%9d%e1%80%bd%e1%80%b8%e1%80%b1%e1%80%85%e1%80%b7%e1%80%95%e1%80%90%e1%80%b9%e1%80%9c/
ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ
ခါးနေရာတွင် အဆစ်ချော်ခြင်းသည် အဖြစ်အများဆုံး အဆစ်ချော်ခြင်း ဖြစ်ပါသည်။ ထိုပြသနာကို ကုသရန် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သော်လည်း သင့်ကိုသက်သာစေမည့် လေ့ကျင့်ခန်းများ ရှိသလို သင်ရှောင်ကျဉ်ရမည့် လေ့ကျင့်ခန်းများလည်း ရှိပါသည်။ ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ အကြောင်းကို အောက်ပါဆောင်းပါးတွင် လေ့လာကြည့်ပါ။ခါးဆစ်ချော်ခြင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ခါးဆစ်ချော်နေသူများတွင်ပင်မကျောရိုးမကြီးတွင် ပြသနာဖြစ်နေခြင်းဖြစ်သည့် အတွက် ကျောရိုးအဆစ်များလည်း ပုံမှန်မအနေအထားအတိုင်း မဖြစ်တော့ပါ။ ခါးအောက်ပိုင်းတွင် နာကျင်ခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ အားနည်းခြင်းတို့ဖြစ်ပါမည်။ တခါတရံတွင် တင်ခံကြောကို ထိမိခြင်းကြောင့် ခြေသလုံးနာခြင်းပါ ဖြစ်နိုင်ပါသည်။ထိုပြသနာများ အတွက် ပထမအဆင့် အနေနှင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကုသနိုင်ပါသည်။· လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နောက်ကျော၊ တင်ပါး၊ တင်ပါးဆုံ ကြွက်သားများကို သန်မာစေပြီး ခါးကျောရိုးကိုလည်း အထောက်အပံ့ကောင်းစေပါသည်။ ထိုသို့ ကြွက်သားထောက်ပံ့မှုများကောင်းခြင်းဖြင့် ပင်မကျောရိုးမတွင် ဒဏ်ဖြစ်ခြင်းကို လျှင်မြန်စွာ အနာကျက်မြန်စေပြီး ထိခိုက်ဒဏ်ရာများလည်း မဖြစ်အောင်လျှော့ချပေးနိုင်ပါသည်။· လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကျောရိုးဆစ်များ နေရာလွဲချော်ခြင်းကိုလည်း နေရာမှန်သွားစေပါသည်။· လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဒဏ်ဖြစ်နေသော နေရာကို သွေးလည်ပတ်မှုကောင်းစေပါသည်။· လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ပင်မကျောရိုးကို ကိုယ်အလေးချိန်များစွာသက်ရောက်ခြင်းကို လျော့ချပေးခြင်းဖြင့် ခါးရိုးဒဏ်ဖြစ်ခြင်းကို လျော့နည်းစေပါသည်။ခါးအောက်ပိုင်း အရိုးကွင်းလေ့ကျင့်ခန်း။ခါးအောက်ပိုင်းတွင် အကောက်အကွေးများလွန်းသော အနေအထားများကြောင့် ခါးအောက်ပိုင်းနေရာတွင် နာကျင်လာခြင်းကို ခါးအောက်ပိုင်း အရိုးကွင်လေ့ကျင့်ခန်းများပြူလုပ်ခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ထိုသို့ပြုလုပ်ရန်။· လေ့ကျင့်ခန်းများ ပြုလုပ်ရန် အတွက်သင်သည် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းရမည်။ အောက်ခံ ဖျာတစ်ချပ်ကို အသုံးပြုခြင်းဖြင့် သင့်ကို လေ့ကျင့်ခန်းများ ပြုလုပ်စဉ် ဘေးမချော်သွားအောင် ကူညီပေးပါသည်။· သင့်ခေါင်းအောက်တွင် စာအုပ် ပါးပါးတစ်အုပ်ထားပါ။· ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် ထားပါ။· ကိုယ်ခန္ဓါ အပေါ်ပိုင်းကို ဖြေလျော့ထားပါ။· သင့်ခါးကို ဖြေးညင်းစွာဖိထားပါ။ သင့်ဝမ်းဗိုက်ရှိ ကြွက်သားများ ဆန့်သွားခြင်းကို ခံစားရပါလိမ့်မည်။· ခါးအရိုးကွင်းကို သင့်ခြေဖနောင့်များဆီသို့စောင်းပါ။ ထိုအချိန်တွင်လည်း ကြွက်သားများ ဆန့်သွားခြင်းကို ခံစားရပါလိမ့်မည်။· ထို အနေအထားအတိုင်း ၁၀-၁၅ စက္ကန့်ခန့်ထားပြီး ပြေလျော့လိုက်ပါ။· ဖော်ပြပါအတိုင်း နောက်တကျော့ ၁၀ကြိမ် ပြန်လုပ်ပါ။ဒူးနှင့် ရင်ဘတ်ထိသော လေ့ကျင့်ခန်းများ။ထို လေ့ကျင့်ခန်းသည် သင့်နောက်ကျောရှိကြွက်သားများကို သန်မာစေပါသည်။ထိုသို့ပြုလုပ်ရန်။· လဲလျောင်းပါ။· ဒူးများကို ကွေးပါ။· ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် ထားပါ။· သင့်ခြေတဖက်ကို ရင်ဘတ်ဆီသို့ လက်ဖြင့် ဆွဲသွင်းပါ။ ခြေနှစ်ဖက်စလုံးကို ဆွဲမသွင်းပါနှင့်။· ထို အနေအထားအတိုင်း ၁၀-၁၅ စက္ကန့်ခန့်ထားပြီး ပြေလျော့လိုက်ပါ။· ဖော်ပြပါအတိုင်း နောက်တကျော့ ၁၀ကြိမ် ပြန်လုပ်ပါ။ဝမ်းဗိုက်ရှိကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ။ထိုလေ့ကျင့်ခန်းများသည် နောက်ကျောဘက်ရှိ ကျောရိုးကို ထောက်ပံ့ပေးနေသော ကြွက်သားများကို သန်မာစေပါသည်။ထိုသို့ပြုလုပ်ရန်။· လေ့ကျင့်ခန်းများ ပြုလုပ်ရန် အတွက်သင်သည် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းရမည်။ အောက်ခံ ဖျာတစ်ချပ်ကို အသုံးပြုခြင်းဖြင့် သင့်ကို လေ့ကျင့်ခန်းပြုလုပ်စဉ် ဘေးမချော်သွားအောင် ကူညီပေးပါသည်။· သင့်ခေါင်းအောက်တွင် စာအုပ် ပါးပါးတစ်အုပ်ထားပါ။·ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် ထားပါ။· ကိုယ်ခန္ဓါ အပေါ်ပိုင်းကို ဖြေလျော့ထားပါ။· သင့်အစာအိမ်နေရာတလျှောက် အသံထွက်လာသည့်ပုံစံဖြစ်အောင် အသက်ရှုထုတ်ပါ။· ထို အနေအထားအတိုင်း ၁၀-၁၅ စက္ကန့်ခန့်ထားပြီး ပြေလျော့လိုက်ပါ။· ဖော်ပြပါအတိုင်း နောက်တကျော့ ၁၀ကြိမ် ပြန်လုပ်ပါ။လည်ပင်များကို လှည့်ခြင်း၊ စောင်းခြင်း။လည်ပင်များကို အနေအထားမှန်စွာ လှည့်ခြင်း၊ စောင်းခြင်းဖြင့် ပင်မကျောရိုးရှိကြွက်သားများနှင့် ဝမ်းဗိုက်ရှိကြွက်သားများကို သန်မာစေပါသည်။ သို့သော် အလွန်အကျွံ လှည့်ခြင်း၊ စောင်းခြင်း ပြုလုပ်လျှင် လည်ပင်းကို ဒဏ်ဖြစ်စေပါသည်။ ဥပမာ- လည်ပင်းကို ခြေဖျားများနှင့်ထိသည်အထိ ပြုလုပ်ခြင်းမျိုးကို ရှောင်ကျဉ်သင့်ပါသည်။လေးချိန်များသော ဝိတ်တုံးများကို မခြင်း။ဝိတ်မသော အခါ ခါးကို ဒဏ်ဖြစ်စေပြီး ခါးဆစ်ချော်စေပါသည်။ ထို့ကြောင့် အလေးချိန်များသော ပစ္စည်းများကို မမခင် သင့်ခြေထောက်များကို ပခုံးအကျယ်အတိုင်းခွဲထားပြီး ခြေတဖက်ကို ရှေ့ထုတ်ထားပါ။ ဒူးများနှင့် တင်ပါးဆုံများကိုသာ ကွေးပြီး တင်ပါးကို အပြင်ဘက်သို့ကော့ထားပါ။ ထို့နောက် အရှေ့တည့်တည့်ကြည့်ပြီး ဖြေးဖြေးချင်းမပါ။မည်သို့ပင်ဖြစ်စေကာမူ အလေးချိန်များသော ပစ္စည်းများကို မမသင့်ပါ။ပြင်းထန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း။သင့်တွင် ခါးဆစ်ချော်ခြင်း ဝေဒနာများ ခံစားနေရလျှင် တက်ကြွစွာ နေထိုင်သင့်ပါသည်။ ထို့ပြင် ဘတ်စကတ်ဘောကစားခြင်း၊ ဘောလုံးကစားခြင်း စသည့် ပြင်းထန် လေ့ကျင့်ခန်းများသည် ခါးအရိုးဆစ်များကို အနာကျက်နှေးစေခြင်းကြောင့် ထိုလေ့ကျင့်ခန်းများကို ရှောင်ကျဉ်သင့်ပါသည်။အချုပ်ဆိုရသော် သင်သည် ခါးအရိုးဆစ်များချော်နေပါက သင့်ခါးသည် ဒဏ်ဖြစ်လွယ်သောကြောင့် သင့်ခါးကို ပိုမဆိုးသွားစေမည့် လေ့ကျင့်ခန်းများကို ရွေးချယ်ပြီး စနစ်တကျ ပြုလုပ်သင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/exercises-for-spondylolisthesi/
ညနေဘက် အိပ်ရင် ဖျားတတ် သလား
လူကြီးတွေက ညနေဘက် မအိပ်ရဘူး။ ညနေဘက် အိပ်ရင် ဖျားတတ် တယ်ဆိုပြီး ပြောကြတာ ရှိပါတယ်။ တစ်ခါတလေ ကိုယ်ကလည်း ညနေဆို ပင်ပန်းလို့ အိပ်ချင်၊ ဖျားမှာကလည်း ကြောက်နဲ့ ဘာလုပ်ရမှန်း မသိဖြစ်နေမှာပါ။ ဒီနေ့တော့ ဒီအကြောင်းလေးကို ရှင်းပြပေးပါမယ်။ညနေပိုင်းမှာ အိပ်ရုံနဲ့ ဖျားတယ်လို့ ပြောဖို့က ခက်ပါတယ်။ လူကိုဖျားစေတဲ့ တခြားအကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။လူကြီးတွေက မအိပ်နဲ့လို့ ပြောပေမယ့် ပင်ပန်းပြီး ညနေဘက်ဆို အိပ်ပျော်ပျော် သွားကြသူတွေ ရှိပါတယ်။ သူတို့တွေလည်း လူတိုင်း မဖျားပါဘူး။ တစ်ယောက်တည်းမှာတောင်မှ ညနေအိပ်တိုင်း အမြဲမဖျားတဲ့သူတွေ ရှိပါတယ်။ညနေဘက်အိပ်ရင် ဖျားတာက ရောဂါ‌ကြောင့်၊ အိပ်တာကြောင့်ဆိုတာထက် တိုက်ဆိုင်မှုကြောင့် ဖြစ်တာ များပါတယ်။ဖြစ်နိုင်တဲ့ အချက်တွေကတော့။ဘယ်အချိန်ပဲ အိပ်အိပ်၊ အိပ်ပြီး နိုးလာရင် စစချင်းဆို ခေါင်းမကြည်တတ်ပါဘူး။ အဲ့တာ အိပ်တာကနေ နိုးထဖို့ ခန္ဓာကိုယ်က အသားမကျသေးလို့ပါ။ အဲ့တာကို Sleep inertiaလို့ ခေါ်ပါတယ်။Sleep inertiaဖြစ်တဲ့အခါ ငြီးစီစီနဲ့ ခေါင်းတွေ နောက်ပြီး နေမကောင်းချင်သလိုလို၊ ကိုယ်လက်နာသလိုလို ဖြစ်တတ်ပါတယ်။ တချို့ဆို ပျို့အန်တတ်ပါတယ်။ဒီSleep inertiaကြောင့်ဖြစ်တဲ့ လက္ခဏာတွေက နာရီဝက်၊ ၁နာရီလောက် ကြာတတ်ပါတယ်။ တချို့တွေမှာဆို ၂နာရီလောက်ထိ ကြာတတ်ပါတယ်။တချို့တွေက ညနေစောင်းအိပ်ရင် ဖျားတာကို ‌ဆောင်းတွင်းလို အချိန်မျိုးမှာအများဆုံးကြုံရတယ်လို့ ဆိုပါတယ်။ ဆောင်းတွင်းမှာ ညနေစောင်းလောက်ဆို အေးတတ်တော့ လူက အလိုလိုနေရင်း အိပ်ချင်တာပေါ့။အအေးမိတာ၊ တုပ်ကွေးဖြစ်တာ ဖြစ်လွယ်တဲ့ ရာသီဆိုတော့ နဂိုတည်းက ကိုယ်က အအေးမိပြီး နုံးသလိုလို ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပဲ အိပ်ချင်တော့ အိပ်လိုက်မယ်။ အိပ်တာနဲ့ ဖျားတာနဲ့ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်။တကယ်ကတော့ အိပ်အိပ် မအိပ်အိပ် အအေးမိ၊ တုပ်ကွေးပိုးဝင်ထားရင် ဖျားတာက ဖျားတာမှာပဲ။တချို့က ဖျားတာက သက်သာနေပြီ။ ညနေပိုင်းအိပ်လိုက်တာ ပြန်ဖျားသွားတယ်၊ မနက်က ဆေးသောက်ပြီး အဖျားကျပြီးသားကိုဆိုပြီး ပြောတတ်ပါတယ်။ ဒါကတော့ ဆေးပတ်လည်အောင် မသောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ဖျားရင် သောက်တတ်ကြတဲ့ပါရာစီတမောက ၄နာရီကနေ ၆နာရီလောက်ထိပဲ အာနိသင်ရှိပါတယ်။ နေ့လယ်စာစားပြီးခါစက သောက်ထားရင် ညနေစောင်းလောက်ဆို အာနိသင်ပြယ်ပြီး အဖျားပြန်တက်လာပါပြီ။ညနေမှာအိပ်လိုက်မိတဲ့အခါကျတော့ ဆေးအာနိသင်ပြယ်တဲ့အချိန်နဲ့ တိုက်သွားပြီး အိပ်လိုက်လို့ ပြန်ဖျားတယ်လို့ ထင်ကြတာပါ။တီဘီရောဂါ၊ ခုခံအားကမောက်ကမဖြစ်တဲ့ Autoimmune ရောဂါ၊ ကင်ဆာ စတာတွေက ရောဂါရဲ့ သဘာဝအရကို ညနေဆို အဖျားတက်တတ်ပါတယ်။ ညနေစောင်း အိပ်တာနဲ့များ တိုက်ဆိုင်သွားရင် အိပ်လို့ ဖျားတယ်လို့ အထင်မှားတတ်ပါတယ်။ညနေပိုင်းမှာ အိပ်ပြီး နိုးလာတဲ့အခါ လန်းလန်းဆန်းဆန်းဖြစ်အောင်။ရံဖန်ရံခါ ဖျားတာက ပြဿနာမဟုတ်သလို အအေးမိ၊ တုပ်ကွေးကြောင့်ဆိုရင်လည်း ရက်ပိုင်းလောက်နေရင် သက်သာသွားနိုင်တာကြောင့် ဒါကလည်း သိပ်ပြီး အ‌ရေးကြီးလှတာ မဟုတ်ပါဘူး။အရေးကြီးတာက တီဘီရောဂါ၊ ခုခံအားကမောက်ကမဖြစ်တဲ့ Autoimmune ရောဂါ၊ ကင်ဆာ စတာတွေကြောင့် ဖျားတာပါ။ဒါကြောင့် ညနေပိုင်း ဒါမှမဟုတ် ညဘက်ရောက်တာနဲ့ အိပ်အိပ် မအိပ်အိပ် ဖျားလာရင် သတိထားပါ။ နီးစပ်ရာဆေးရုံဆေးခန်းမှာ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/napping-in-the-evening-and-sick/
Sickle Cell Anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ)
sickle cell anemia ဆိုတာ မွေးရာပါသွေးအားနည်း ရောဂါတစ်မျိုးဖြစ်ပါတယ်။ sickle cell ဆိုတာ ခန္ဓါကိုယ် အနှံ့ အောင်ဆီဂျင် ဖြန့်ဝေရန် ကျန်းမာတဲ့ သွေးနီဥဆဲလ်လေးတွေ လုံလုံလောက်လောက် မရှိတော့ တဲ့ အခြေအနေကို ခေါ်ပါတယ်။ပုံမှန်အားဖြင့် သွေးနီဥလေးတွေက ခန္ဓါကိုယ်အနှံ့မှာ ရှိနေပြီး သွေးကြောအတွင်း လွယ်လွယ်ကူကူ ဖြတ်သန်းကာ အောက်ဆီဂျင် ပို့ဆောင်ခြင်း လုပ်ငန်းကို လုပ်ဆောင်နေကြပါတယ်။ sickle cell anemia ရောဂါ ဖြစ်တဲ့ အခါ ဒီသွေးနီဥဆဲလ်တွေဟာ sickle cell ဟုခေါ်သော လခြမ်းကွေး ပုံသဏ္ဍာန် အဖြစ်ပြောင်းသွားကာ တောင့်ပြီး စေးကပ်ကုန်ပါတယ်။ (ပုံမှန်တွင် သွေးနီဥသည် လုံးဝန်းသော ပုံစံရှိပါတယ်။)။ဒီလို ပုံစံမမှန်တော့တဲ့ ဆဲလ်တွေက သွေးကြောသေးသေးလေးတွေထဲ ဖြတ်သွားဖို့ခက်ခဲစေပြီး သွေးစီးဆင်းမှု သို့ အောက်ဆီဂျင် ပို့ဆောင်ခြင်း လုပ်ငန်းစဉ်ကို နှေးကွေး ရပ်တန့်စေပါတယ်။ ဒီအခြေအနေက တစ်ရှူးတွေနဲ့ အင်္ဂါတွေကို သွေးလုံလောက်စွာ မရောက်စေပဲ ပျက်စီးစေပါတယ်။Sickle cell (လခြမ်းကွေးပုံသဏ္ဍာန် သွေးနီဥ) ဖြစ်စေတဲ့ မျိုးရိုးဗီဇဟာ အာဖရိက၊ အိန္ဒိယ၊ မြေထဲပင်လယ်၊ ဆော်ဒီ အာရေဗျ၊ ကာတာကျွန်း၊ အမေရိကတိုက် အလယ်ပိုင်းနှင့်တောင်ပိုင်းမိသားစု တွေကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ လခြမ်းကွေးပုံသဏ္ဍာန် သွေးနီဥ ရှိတဲ့ လူနာတွေက အသားရေ နက်မှောင်တာ ပိုများပါတယ်။အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့။ဒီရောဂါဟာ မွေးရာပါဖြစ်ပြီး အသက် ၄ လ လောက်အကြာမှာ ရောဂါလက္ခဏာအသစ်တွေ ပေါ်လာတတ်ပါတယ်။ဒီရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ကျောက်ကပ်၊ မျက်လုံးပြဿနာတွေ အပါအဝင် ခြေထောက်ပုပ်ခြင်း၊ လေဖြတ်ခြင်း၊ နှင့် ရောဂါပိုးဝင်ခြင်းများ ဥပမာ အဆုတ်ရောင်ခြင်း တို့ဖြစ်ကြပါတယ်။ ပိုဆိုးတဲ့ ရောဂါတွေမှာဆိုလျှင် ရိုးတွင်းချဉ်ဆီမှ သွေးနီဥထုတ်လုပ်မှု ရပ်တန့်တဲ့ အထိ ဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Sickle cell anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ) ကို မွေးကင်းစ ကလေးတွေမှာသာ တွေ့ရများသော်လည်း သင့်မှာ အောက်ပါရောဂါ လက္ခဏာတွေဖြစ်လာပါက ဆရာဝန်နဲ့ ချက်ချင်းသွားပြသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဒီရောဂါဟာ သွေးကို အနီရောင်ဖြစ်စေတဲ့ သံဓါတ်များစွာပါဝင်သော ဟီမိုဂလိုဘင်ကို ဖြစ်စေသည့် မျိုးရိုးဗီဇဆဲလ်တွေမှာ သန္ဓေပြောင်းလဲခြင်းကြောင့် ဖြစ်စေပါတယ်။ ဟီမိုဂလိုဘင်က သွေးနီဆဲလ်တွေကို အဆုတ်မှခန္ဓါကိုယ်အနှံ့သို့ အောက်ဆီဂျင်သယ်ဆောင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ဒီရောဂါ ဖြစ်တဲ့ အခါ ပုံစံမမှန်တဲ့ ဟီမိုဂလိုဘင် တွေက သွေးနီဆဲလ်တွေကို မာပြီး စေးကပ် ပုံပျက်စေပါတယ်။ ဒီသန္ဓေပြောင်း ဗီဇ ဟာဆိုလျှင် မျိုးရိုးတစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းသွားပါတယ်။ဒီရောဂါရှိနေတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာသူများတွင် အောက်ပါကဲ့သို့ ဖြစ်နိုင်ပါတယ်။ဒီရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အဓိကအကြောင်းအရာမှာ မိဘတွေမှာ ဒီရောဂါ ရှိနေတာပဲ ဖြစ်ပါတယ်။ sickle cell trait ရှိနေတယ်ဆိုတာက မိဘတွေရဲ့ ဗီဇဆဲလ်တစ်ခုက ပုံမှန် ဟီမိုဂလိုဘင် ဖြစ်နေပြီး ကျန်တစ်ခုမှာ လခြမ်းကွေးသွေးနီဥ ဗီဇ ဖြစ်နေတာကြောင့် သွေးထဲမှာ ပုံမှန် ဟီမိုဂလိုဘင် ရော ပုံမှန်မဟုတ်တဲ့ ဟီမိုဂလိုဘင် ရောပါနေခြင်းဖြစ်ပါတယ်။သို့သော်လည်း ၎င်းမိဘတွေကနေ ကျန်းမာတဲ့ ကလေးတွေ မွေးဖွားနိုင်သလို ၂၅ ရာခိုင်နှုန်း ကတော့ ဒီရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင်နှင့် သင့်မိသားစုရဲ့ ကျန်းမာရေးအခြေအနေပေါ်တည်ပြီး သို့ ဟီမိုဂလိုဘင် သန္ဓေပြောင်းလဲခြင်းကို သိရှိရန် သွေးစစ်ခြင်းများပေါ်မူတည်ပြီး ရောဂါကို အတည်ပြုနိုင်ပါတယ်။မွေးပြီးပြီးချင်း မွေးကင်းစကလေးအား သွေးစစ်ခြင်းဖြင့် ကလေးတွေမှာ အစောပိုင်း ရောဂါရှာဖွေခြင်းများ ပြုလုပ်နိုင်ပါတယ်။sickle cell ကို လုံးဝပျောက်ကင်းအောင် ကုသလို့မရပါ။ ကုသမှုတွေက ရောဂါလက္ခဏာတွေထိန်းချုပ်ရန်နှင့် အနာသက်သာစေခြင်းသာ ဖြစ်ပါတယ်။သင် သို့မဟုတ် သင့်ကလေးမှာ အရမ်းနာကျင်နေလျှင် သို့ ဆေးကုသော်လည်း မသက်သာလျှင် ဆရာဝန်က အသားထဲ သို့ အရိုးအဆစ်တွေထဲ ဘိန်းပါဝင်တဲ့ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေကို တိုက်ရိုက်ထိုးသွင်းပါလိမ့်မယ်။ Hydroxyurea က ခဏခဏနာကျင်ခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။သင် သို့ သင့်ကလေးငယ်မှာ ပုံမှန်အားဖြင့် ရေ နှင့် အာဟာရများ ပိုလျှံစွာလိုအပ် သကဲ့သို့ သွေးသွင်းခြင်းများ လည်း လိုအပ်ပါလိမ့်မယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပုံမမှန်သွေးနီဥ ရှိတဲ့ သွေးတွေကို ကျန်းမာတဲ့ သွေးတွေက အစားထိုးပါလိမ့်မယ်။ကလေးတွေမှာ ရောဂါပိုးများအား ကာကွယ်ရန် ပဋိဇီဝဆေးများ မကြာခဏလိုပါလိမ့်မယ်။ဆရာဝန်က သင့်ကို သို့မဟုတ် သင့်ကလေးအား ရိုးတွင်းချင်ဆီ အစားထိုးခွဲစိပ်ကုသခြင်းပြုလုပ်နိုင်သော်လည်း ဒီနည်းလမ်းဟာ အလွန်ရှုပ်ထွေးပြီး အောင်မြင်ဖို့ရာ အခြေအနေများစွာ လိုအပ်ပါလိမ့်မယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် sickle cell anemia (မွေးရာပါ သွေးနီဥ ပုံပျက်သော သွေးအားနည်းရောဂါ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ရန် ရေများစွာ သောက်ပါ။• ဖောလစ် များစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်စိမ်းများစားခြင်းဖြင့် ကျန်းမာတဲ့စားသောက်မှု ပုံစံကို ကျင့်ကြံပါ။• ခံနိုင်အားကောင်းအောင် ပေါ့ပါးတဲ့ လေ့ကျင့်ခန်းလုပ်ပါ။• ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းကာကွယ်ဆေးထိုးပါ။• Pressure chamber မပါပဲ လေယာဉ်နှင့် ခရီးမသွားပါနဲ့။• အကိုက်အခဲ ပျောက်ဆေးတွေကို အလွဲသုံးစား မသောက်ပါနဲ့။ အကိုက်အခဲ ပျောက်ဆေးတွေက သင် နဲ့ သင့်ကလေးရဲ့ ရောဂါ ကို ကုသရာမှာ ပါဝင်သော်လည်း ဆရာဝန် ညွှန်ကြားမှု ဖြင့်သာ သောက်သင့်ပါတယ်။• အရက်၊ ဘီယာ နဲ့ မူးယစ်ဆေးတွေကို နာကျင်မှု သက်သာစေရန် အလွဲသုံးစားမပြုရပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/sickle-cell-anemia-%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%94%e1%80%ae%e1%80%a5-%e1%80%95%e1%80%b6%e1%80%af%e1%80%95/
Heat Rash (မိတ်ထွက်ခြင်း)
အပူလွန်ကဲတာကြောင့် မိတ်ထွက်ခြင်းဟာ အင်မတန်အဖြစ်များပြီး ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ အဖြစ်များလေ့ရှိပါတယ်။ မိတ် ဟာပုံမှန်အားဖြင့် နာကျင်လေ့မရှိပေမယ့် အင်မတန်ယားယံစေတာမို့ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် တချက်တချက် စူးခနဲ နာသလို ခံစားရလေ့ရှိတာကြောင့် သင့်ကို စိုးရိမ်ပူပန်စိတ်တွေ ဖြစ်စေနိုင်ပြီး တချို့ မိတ်ဖုလေးတွေဟာ သွားထိရင် နာတတ်ပါတယ်။ မိတ်ထွက်တာဟာ ပုံမှန်အားဖြင့် အထူးတလည်ကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားလေ့ရှိပေမယ့် အရမ်းကြီးဆိုးရွားလာရင်တော့ ဆေးကုသမှုခံယူဖို့လိုမှာဖြစ်ပြီး အကောင်းဆုံးကုသမှုကတော့ သင့်အရေပြားကို အေးမြအောင်ထားတာနဲ့ တတ်နိုင်သမျှ ချွေးမထွက်အောင် ကာကွယ်တာပဲ ဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဓိက တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ဦးခေါင်း၊လည်ပင်း နဲ့ ပုခုံးတို့မှာ သေးငယ်ပြီး ယားယံစေတဲ့ အဖုလေးတွေ ပေါက်လာတာ ဖြစ်ပါတယ်။ မိတ်ပေါက်နေတဲ့ နေရာတွေကို အဝတ်အစားနဲ့ ထိမိတာ ဒါမှမဟုတ် ကုတ်တဲ့အခါ အင်မတန် အနေရအထိုင်ရ ခက်စေပြီး ရှားရှားပါးပါးဆိုသလို အရေပြားပိုးဝင်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ချွေးဂလင်းရဲ့ပြွန်တွေကို ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ပိတ်ဆို့စေသလဲဆိုတာကို မူတည်ပြီးတော့ မိတ်ဖုတွေကို အမျိုးအစား ခွဲခြားနိုင်ပြီး အမျိုးအစားတခုချင်းစီမှာ သက်ဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ချွေးဂလင်းပြွန်တွေ ပိတ်ဆို့တာကြောင့် မိတ်ပေါက်ရပါတယ်။ ချွေးဂလင်းပြွန်တွေ ဘာလို့ပိတ်ဆို့ရသလဲဆိုတာ အတိအကျ မသိရသေးပေမယ့် အောက်ဖော်ပြပါ အချက်တွေကတော့ တစိတ်တဒေသပါဝင်နေမှာပါ။အပူကြောင့် မိတ်ပေါက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အလှုပ်အရှားများခြင်း ။ ။ ချွေးအလွန်အကျွံထွက်စေတဲ့ လှုပ်ရှားမှုတွေ (အထူးသဖြင့် ချွေးအငွေ့ပျံဖို့ မလွယ်ကူတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့အခါ) ပြုလုပ်ရင် ပိုပြီး မိတ်ပေါက်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။သင့်ဆရာဝန်အနေနဲ့ မိတ်တွေရဲ့ ပုံစံကို ကြည့်ရုံနဲ့ အလွယ်တကူ အဖြေရှာ အတည်ပြုနိုင်မှာဖြစ်ပြီး ဒါဟာ အရေးကြီးစိုးရိမ်စရာ ကိစ္စလည်း မဟုတ်ပါဘူး။မိတ်တွေဟာ ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်သွားလေ့ ရှိပြီး အနည်းငယ် ဆိုးရွားလာရင်တော့ ရောဂါလက္ခဏာတွေသက်သာသွားဖို့နဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် မိတ်ဖုလေးတွေကို calamine lotion ၊ anhydrous lanolin နဲ့ စတီးရွိုက် အစရှိတဲ့ လိမ်းဆေးရည်တွေ လိမ်းပေးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/heat-rash-%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ
ဘယ်လိုရောဂါပဲ ဖြစ်နေပါစေ၊ စိတ်ရောဂါ ဆိုတာ ပေါ့ဆလို့မရတဲ့ ပြဿနာပါ။ လူတော်တော်များများက စိတ်ဆိုတာ ကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ် ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ လူသားတစ်ဦးပင်ဖြစ်နေပါစေ စိတ်က အနည်းငယ်တော့ ယိုင်သွားတတ်ပါတယ်။ အထူးသဖြင့် အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ ပါတယ်။အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ နေပါတယ်။ ဒီလိုပြောရတာက စစ်တမ်းကောက်ယူချက်အရ အမျိုးသမီးတွေမှာ စိတ်ရောဂါ ဖြစ်ဖို့ ပိုလွယ်ကူပေမယ့် သူတို့တွေက ကိုယ့်ရဲ့ရောဂါအခြေအနေကို နားလည်လွယ်ပြီး ကုသဖို့ကိုလည်း အားတက်သရောရှိကြပါတယ်။ အမျိုးသားတွေကတော့ ဒါနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ စိတ်ရောဂါ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ ကုသဖို့ကို အင်မတန်ဝန်လေးတတ်ကြပါတယ်။ဒီပြဿနာ ဘယ်ကစလာလဲဆိုတော့ လူတွေ နားလည်သတ်မှတ်ခံယူထားတဲ့ယောက်ျားပီသမှုဆိုတဲ့ အရာကြီးက အဓိကတရားခံပါပဲ။ ယောက်ျားမှန်ရင် စိတ်ဓာတ်မာရမယ်၊ မျက်ရည်မကျရဘူး၊ စိတ်ဓာတ်မယိုင်လဲရဘူး။တစ်အိမ်ထောင်လုံး၊ တစ်မိသားစုလုံးရဲ့ တာဝန်ဝတ္တရားတွေဟာ ယောက်ျားတွေပဲ ထမ်းရွက်ရတာ၊ စိတ်ဓာတ်ပျော့ညံ့တယ်ဆိုတာ ယောက်ျားမပီသတာ အစရှိသဖြင့် လူ့ပတ်ဝန်းကျင်ဘောင်က စည်းမျဉ်းသဘောတရားတွေ သတ်မှတ်လိုက်ပါတယ်။  ဒီသဘောတရားတွေနဲ့ ကြီးပြင်းလာရတဲ့ သူတွေကစိတ်ဓာတ်ကျ‌နေရင်တောင် လူများသိအောင် မဖော်ပြတတ်၊ ကိုယ့်မှာရှိတဲ့ ပြဿနာကို မိသားစုတွေနဲ့ ရင်မဖွင့်ရဲဘဲ တစ်ယောက်တည်းကြိတ်မှိတ်သည်းခံကြပါတယ်။  ဖြစ်လာရင်လည်း ကုသမှုခံယူရမှာ ရှက်တာရော၊ တခြားသူတွေသိသွားတဲ့အခါ ကဲ့ရဲ့မှာရော စိုးရိမ်စိတ်တွေက အမျိုးသားတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို လမ်းဆုံးထိရောက်အောင် တွန်းပို့လိုက်တော့တာပါပဲ။အမျိုးသားတွေဟာ စိတ်ရောဂါ နဲ့ပတ်သက်ပြီး ကုသမှုမခံယူချင်ရုံသာမက ကိုယ့်မှာ ဒီလိုပြဿနာတွေရှိတယ်ဆိုတာလည်း ဘယ်သူ့ကိုမှ မသိစေချင်တတ်ပါဘူး။ သူတို့စိတ်ထဲမှာ စိတ်ရောဂါဆိုတာ ပျော့ညံ့ခြင်း၊သိမ်ငယ်စရာကောင်းခြင်း၊ အောက်ကျခြင်း၊ ယောက်ျားမဆန်ခြင်းဆိုပြီး သတ်မှတ်ထားတတ်ကြပါတယ်။ အဲ့တော့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် ရောဂါဖြစ်နိုင်ခြေ ပိုနည်းပေမယ့် တကယ်တမ်း ရောဂါဖြစ်လာတဲ့အခါ ကုသမှုမခံယူဘဲ အခြေအနေပိုဆိုးလာတတ်ကြတာပါ။တကယ်တော့ စိတ်ရောဂါ ဆိုတာ လူတိုင်းမှာရှိပါတယ်။ စိုးရိမ်စိတ်၊ ကြောက်ရွံ့မှု၊အထီးကျန်ခြင်း၊ ပူလောင်ခြင်း၊ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း၊ ဒါတွေက မိန်းကလေးတွေမှာမှ မဟုတ်ပါဘူး။ ယောက်ျားလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ အခက်အခဲပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ သဘောပေါက်ထားတယ်ဆိုရင်တော့ စိတ်ရောဂါ ကုထုံးပညာရှင် (Therapist) တွေနဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။ဘယ်အရာမဆို တစ်ယောက်တည်း ကြိတ်မှိတ်ပြီး မခံစားပါနဲ့။ မိသားစုနဲ့ မျှဝေပါ။ ကိုယ့်ရဲ့ နာကျင်မှုကို ရင်ဖွင့်ပါ။ ဘေးနားမှာ ကိုယ့်လက်ကို တွဲပြီး ကူပေးမယ့်သူဆိုတာ အနည်းဆုံးတစ်ယောက်တော့ ရှိတတ်ကြစမြဲပါပဲ။ လူတိုင်း စိတ်ရော ကိုယ်ပါ ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်တွေကို အကောင်းဆုံး ဖြတ်ကျော်သွားနိုင်ပါစေလို့ ဆုတောင်းရင်း…။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/mens-mental-health-stigma/
ဦးနှောက်အကျိတ်ကို ကုသကာကွယ်ရန် နည်းလမ်းများ
အခြားကင်ဆာအမျိုးအစားတွေလိုပဲ သေချာပေါက် အန္တရာယ်များတယ်လို့မဆိုလိုပေမယ့်လည်း ဦးနှောက် အကျိတ်ကတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်နေပါသေးတယ်။ လူတွေဟာ သိပ်မနောက်ကျခင်ကတည်းက ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိထားသင့်ပါတယ်။ ဒါ့ပြင် ကံမကောင်းစွာပဲ ဦးနှောက် အကျိတ်ဖြစ်လာခဲ့မယ်ဆိုရင် ဒါကို ကုသဖို့ သင့်တော်တဲ့ နည်းလမ်းတွေဟာလည်း အရေးကြီးပါတယ်။ဦးနှောက်အကျိတ်ဆိုတာ အကြောင်းမပြောခင် အကျိတ်ဆိုတာ ဘာလဲဆိုတာ သိသင့်ပါတယ်။ပုံမှန်အတိုင်းဆိုရင် ကိုယ်ခန္ဓါအတွင်းက ဆဲလ်တွေဟာ ပွားများတယ်၊ အိုလာတယ်၊ ပြီးတော့ သေဆုံးကြပြီး ဆဲလ်အသင့်တွေက သူတို့နေရာကို ယူကြပါတယ်။ ကင်ဆာဆဲလ်တွေကတော့ ဘယ်တော့မှ မသေကြပါဘူး။ သူတို့ဟာ စုပြုံပြီး ပွားလာကာ ပုံမှန်မဟုတ်တဲ့ တစ်ရှူး အစုအဝေးကြီး ဖြစ်လာကြပါတယ်။ ဒါကို အကျိတ်လို့ ခေါ်ပါတယ်။ဦးနှောက်အကျိတ်တွေဟာ ဦးနှောက်ထဲမှာ တည်ရှိပါတယ်။ ဦးနှောက်အကျိတ်တွေဟာ ဦးနှောက်နဲ့ အာရုံကြော စနစ်ကို ဖြစ်စေတဲ့ ဆဲလ်အမျိုးမျိုးက စတင်ဖြစ်ပေါ်လာပါတယ်။ သူတို့ကို စတင်ဖြစ်ပေါ်လာတဲ့ ဆဲလ်ပုံစံကို အမည်ပြုပြီး ခေါ်ဝေါ်ကြပါတယ်။ လူကြီးတွေမှာ အဖြစ်အများဆုံး ဦးနှောက်အကျိတ်တွေကတော့ Gliomas နဲ့ astrocytic အကျိတ်တွေ ဖြစ်ကြပါတယ်။ Astrocytes နဲ့ Glial cells တွေဟာ အာရုံကြောတွေကို ကျန်းမာသန်စွမ်းစေဖို့ အကူအညီပေးပါတယ်။ဒုတိယ အဖြစ်အများဆုံးကတော့ meningeal tumours တွေ ဖြစ်ပါတယ်။ ဒီအကျိတ်တွေဟာ ဦးနှောက်နဲ့ ကြောရိုးမကို ဖုံးကွယ်ထားတဲ့ ပါးလွှာတဲ့ တစ်ရှူးဖြစ်တဲ့ ဦးနှောက်မြှေး (meninges) အတွင်းမှာ ဖြစ်ပေါ်တာဖြစ်ပါတယ်။ဦးနှောက်အကျိတ်လို့ ရောဂါအတည်ပြုလိုက်ပြီဆိုရင် သူတို့ိကို ဖယ်ရှားဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။• ခွဲစိတ်ကုသခြင်း – ဒီပထမ နည်းလမ်းကို ဦးနှောက်အကျိတ်တွေကို ကုသဖို့အတွက် ရွေးချယ်နိုင်ပါတယ်။• ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း – အခြေအနေ အတော်များများမှာ အကျိတ်ဟာ ခွဲစိတ်ကုသမှုနဲ့ ရောက်ရှိနိုင်ခြင်းမရှိတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါဆိုရင် အကျိတ်ကို သေးသွားအောင် (သို့) သေသွားအောင် (သို့) ပွားနှုန်းနည်းသွားအောင် ဆရာဝန်တွေက ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို အသုံးပြုကြပါတယ်။• တစ်ခါတလေမှာ ဆရာဝန်တွေဟာ အကျိတ်ကိုကုသဖို့ နှစ်နည်းလုံးကို အသုံးပြုကြပါတယ်။ ခွဲစိတ်ကုသမှုကို။အကျိတ်ကိုဖယ်ရှားဖို့ အသုံးပြုပြီး ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကိုတော့ ကျန်ခဲ့တဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားဖို့ အသုံးပြုပါတယ်။• ဦးနှောက်အတွင်းဘက်ရောက်နေတဲ့ အကျိတ်တွေ အတွက် ဆရာဝန်တွေက အဆုံးစွန်ဆုံး ဓါတ်ရောင်ခြည်ပမာဏကို အသုံးပြုတဲ့ Gamma knife ကို အသုံးပြုကြပါတယ်။အကျိတ် (သို့) ကင်ဆာကုသနည်းတွေဟာ ကျန်းမာရေးကို များစွာ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေဟာ လူနာတွေကို ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ ဆေးကုသမှုပြီးရင် ပြန်လည်ထူထောင်ဖို့ အစီအစဉ်တွေကို သေချာစွာ ပြောပြထားမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်မှု လုပ်ငန်းမှာတော့ ကျွမ်းကျင်သူ အမြောက်အမြား ပါဝင်မှာဖြစ်ပါတယ်။• ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူဟာ အင်အားနဲ့ ညီမျှမှုစတဲ့ ခန္ဓါကိုယ်ပိုင်းဆိုင်ရာ အစွမ်းကို ပြန်လည် ရရှိစေမှာ ဖြစ်ပါတယ်။• စကားပြော ကျွမ်းကျင်သူတွေကတော့ စကားပြောခြင်း၊ မြိုချခြင်းနဲ့ တွေးတောခြင်းတို့အတွက် ကူညီပေးမှာဖြစ်ပါတယ်။• လုပ်ကိုင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ဖို့ ကူညီမှာ ဖြစ်ပါတယ်။ကွန်ပျူတာ နဲ့ဖုန်းကဲ့သို့သော လျှပ်စစ်ပစ္စည်းတွေကို သတိထားပါ။ လျှပ်စစ်သံလိုက်စက်ကွင်းဟာ အကျိတ်နဲ့ ကင်ဆာရရှိနှုန်းကို မြင့်တက်စေပါတယ်။အကျိတ် (သို့) ကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ကျစေတဲ့ အရာအများအပြား ရှိပါတယ်။ ဒါပေမယ့် ဦးနှောက်အကျိတ်ရရှိခဲ့မယ်ဆိုလည်း မကြောက်ရွံ့သင့်ပါဘူး။ ထိရောက်တဲ့ ကုသမှုတွေ ရှိနေပါပြီ။ လိုအပ်တာက ကျန်းမာတဲ့ လူနေမှုဘဝပုံစံနဲ့သာ နေထိုင်ရန်ဖြစ်သည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%af%e1%80%9e%e1%80%80/
ခံတွင်းကျန်းမာရေး အတွက် သိသင့်သော အချက် ၁၀ ချက်
ခံတွင်းသန့်ရှင်းမှုသည် လူတစ်ယောက်တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိမရှိကို ထင်ထင်သာသာဖော်ပြတဲ့ နေရာဖြစ်တယ်။ သန့်ရှင်းတဲ့ ခံတွင်းတစ်ခုရဖို့ မနက်တစ်ကြိမ် ညတစ်ကြိမ်သွားတိုက်ရုံနဲ့ သန့်ရှင်းကျန်းမာသော ခံတွင်း တစ်ခုရနိုင်မည်ဟု အာမ မခံ။ စကားပြောလိုက်တိုင်း သွားလေးတွေဖြူစင်ပြီး ခံတွင်းနံ့ လေးမွှေးမွှေးနှင့် ဆွဲဆောင်မှုရှိချင်သည်မှာ လူတိုင်းဖြစ်သည်။ မမွှေးရင်တောင် ခံတွင်းဆိုးခြင်းကိုတော့ မလိုချင်ကြပေ။ ဒါ့ကြောင့် ပြုံးလိုက်တိုင်းဖွေး ပြောလိုက်တိုင်းမွှေးနေမည့် ခံတွင်းတစ်ခုပိုင်ဆိုင်ဖို့ ဘယ်လိုအချက်တွေကို လိုက်နာရမလဲ။သွားတိုက်ရာတွင် တိုက်တယ်ဆိုရုံ အဖြစ်လောက် သွားတိုက်ရင် သွားကြားထဲ ကျန်နေတဲ့ အစာတွေ မထွက်တဲ့ အပြင် ပိုတောင် ညပ်နေနိုင်သေးတယ်နော်။ ကြာလာတော့ အစာတွေနဲ့ ဘက်တီးရီးယားတွေ ဓါတ်ပြု အက်စစ်ထွက် သွားပိုးစားတာတွေဖြစ်ရော။ သွားကို အဖြစ်ပဲတိုက်တော့ သွားဖြူလာမှာလည်းမဟုတ်ဘဲ သွားဝါတာတွေက ဆက်ဖြစ်နေဦးမှာပဲ။ အဲတော့ သွားကို စနစ်တကျ ဘယ်လိုတိုက်ရမလဲ ဆိုတာပြောပြပေးမယ်နော်။ သွားရဲ့ ရှေ့မျက်နှာပြင် အတွက်ဆို သွားပွတ်တံကို သေချာကိုင် အပေါ်အောက် ဘေးတိုက် သွားတိုက်ရမယ်။ အရှေ့ကိုတိုက်တာနဲ့တင် မပြီးသေးဘူးနော်။ သွား အနောက်မျက်နှာပြင်ကိုလည်း သေချာနှံ့စပ်အောင်တိုက်ရမယ်။ သွားရဲ့ အတွင်းပိုင်း အံသွားတွေကိုလည်း တိုက်ခဲ့ရမယ်နော်။ ဒါမှသွားကြားထဲက အစာတွေ အကုန်ထွက် သွားမျက်နှာပြင်ပေါ်ကျန်နေတဲ့ အစွန်းတွေလည်း အကုန်ပြောင်မှာနော်။ သွားကို စနစ်တကျ တိုက်တတ်ဖို့ကလည်း ခံတွင်းကျန်းမားရေး အတွက် အရေးကြီးတယ်နော်။သွားဆိုတာ မနက် တစ်ကြိမ်၊ ည တစ်ကြိမ် တစ်နေ့နှစ်ကြိမ်တိုက်ရတာတော့ သိကြပါတယ်။ ခက်တာက မနက်အိပ်ရာထရင် အလုပ်သွား ကျောင်းသွားခါနီးမို့ မြန်မြန်တိုက်၊ ညဆိုလည်း အိပ်ခါနီးဆိုတော့ အိပ်ချင်နေလို့ မြန်မြန်တိုက်။ ကျန်းမာတဲ့ ခံတွင်းတစ်ခု ပိုင်ဆိုင်ချင်ရင်တော့ ခုလိုမျိုးတွေလုပ်လို့ မရပါဘူး။ သွားတစ်ခါတိုက်ရင် အနည်းဆုံ ၂မိနစ်ကြာသင့်ပါတယ်။ အချိန်မှတ်ရတာ ခက်ခဲနေရင် အလွယ်ဆုံးကတော့ ကြိုက်တဲ့ သီချင်းတစ်ပုဒ်ဖွင့်ပြီး သွားတိုက်နေရင်းနားထောင်ပါ။ သီချင်းတစ်ပုဒ်က ၃ မိနစ်ကျော်လောက်ကြာတော့ သီချင်းပြီးခါနီးရင် သွားတိုက်တာရပ်လိုက်။ အဲဒါဆို ၂မိနစ်လည်းပြည့် သွားတိုက်ရတာလည်း မပျင်းတော့ဘူး။သွားတိုက်တံ အားလုံးမှာ လက်ကိုင်တစ်ခုနဲ့ အမျှင်လေးတွေနဲ့ လုပ်ထားတဲ့ သွားပွတ်တံ ထိပ်လေးတစ်ခုစီပါကြတယ်လေ။ မတူတာက တစ်ချို့သွားပွတ်တံ က အမျှင်လေးတွေက ကြမ်းပြီး တစ်ချို့သွားပွတ်တံက အမျှင်လေးတွေက နူးညံ့နေတာပဲ ။ တစ်ချို့တွေရှိတယ်။ သွားပွတ်တံ အမျှင်လေးတွေက နုနုလေးတွေဆို သွားချေး မစင်ဘူးဆိုပြီး မာတဲ့ ကြမ်းတဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကိုပဲ ရွေးတိုက်ကြတယ်။ သွားပွတ်တံ အမျှင်နုနုလေးတွေကလည်း ကြမ်းတဲ့မာတဲ့သွားပွတ်တံအမျှင်လေးတွေလိုပဲ သွားမျက်နှာပြင်က သွားချေးကို ဖယ်ရှားနိုင်စွမ်းရှိတဲ့ အပြင် အမွှေးလေးတွေက ပါးလွှာပြီး တစ်မျှင်ချင်းလုပ်ထားတာဖြစ်လို့ သွားကြားထဲထိဝင်ရောက်နိုင်ပြီး အစာတွေညပ်နေတာကို ထုတ်ပေးနိုင်တဲ့အပြင် သွားဖုံးကိုလည်း မထိခိုက်စေဘူး။ ဒါကြောင့် သွားပွတ်တံတွေမှာ extra soft သွားပွတ်တံရယ်လို့ ပေါ်လာတာပေါ့။ မှန်ကန်တဲ့ သွားပွတ်တစ်ခုကို ရွေးဝယ်တတ်ဖို့လည်း အရေးကြီးတယ်နော်။သွားပွတ်တံဆိုတာလည်း ပါးစပ်ထဲရောက်ရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေနဲ့တွေ့ ၊ ပါးစပ်ထဲက ပြန်ထုတ်ပြီး ထားတော့လည်း ရေချိုးခန်းထဲ များသောအားဖြင့် ထားကြတာလေ။ အဲ့တော့ သူ့မှာ ဘက်တီးရီးယားတွေ အများကြီးကပ်နေနိုင်တာပေါ့။ ဒါကြောင့်တိုက်နေတဲ့ သွားပွတ်တံကို ၃လ တစ်ကြိမ်လဲပေးသင့်တယ်။ သွားပွတ်တံကိုရေချိုးခန်း အိမ်သာအနီးအနားမှာ မထားသင့်ပါ။ခံတွင်းသန့်ရှင်းဖို့ လို့ဆိုလိုက်တာနဲ ပြေးမြင်မိကြတာက သွား။ မေ့ကျန်ခဲ့တာက လျှာ။ ခံတွင်းမှာ သွားအပြင် လျှာလည်းရှိသေးတယ်နော်။ ခံတွင်းနံ့ဆိုးရခြင်းရဲ့ အဓိက အချက်ကတော့ လျှာမှာ ဘက်တီးရီးယားတွေ ပေါက်ပွားနေခြင်းဖြစ်တယ်။ လျှာကိုလည်း လျှာပွတ်ကြိုးလေးတွေနဲ့ သန့်စင်ပေးမယ်ဆိုရင် မမွှေးရင်တောင် ခံတွင်းနံ့တော့ မဆိုးနိုင်တော့ဘူးပေါ့။ ခုဆို လျှာပွတ်ကြိုးလေးတွေကိုလည်း အလွယ်တကူ ဝယ်လို့ရနေပြီဖြစ်တယ်။ချိုတာတွေ အစားများရင် သွားပိုးစားမယ်။ ချဉ်တာတွေ အစားများရင် သွားကျဉ်မယ်။ အရောင်ရင့်တာတွေ အစားများရင် သွားမှာလည်း အရောင်တွေ ကျန်ခဲ့မယ်။ မာလွန်းတာတွေ စားရင် သွားဖုံးထိခိုက်မယ်။ ပူလွန်းတာတွေ စားရင် လျှာကျွတ်မယ်။ ကွမ်စား ဆေးလိပ်သောက်တာတွေကလည်း ခံတွင်းကျန်းမာရေးကို ထိခိုက်စေတယ်နော်။ အစားအစာတွေကိုလည်း သေချာရွေးချယ်စားမယ် စားပြီးတိုင်းလည်း သွားတိုက်ပေးမယ်၊ခံတွင်းကို ပြန်ဂရုစိုက်ပေးမယ်ဆို သန့်ရှင်းကျန်းမာတဲ့ ခံတွင်းတစ်ခု ပိုင်ဆိုင်နိုင်မှာပါ။ပန်းသီးတစ်လုံးနေ့စဉ် စားပေးရင် သွားဆရာဝန် မလိုဘူးဆိုတဲ့ ဆိုရိုးလေးကြားဖူးမှာပါ။ ပန်းသီးတစ်ကိုက်ကိုက်လိုက်ရင် သွားကြွေလွှာကို သန့်ရှင်းပေးပြီးသားဖြစ်တယ်။ ပန်းသီးမှာ ပါတဲ့ အက်စစ် တစ်မျိုးက သွားချေးတွေကို သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိတယ်။ တခြား ပန်းသီးလိုပဲ ခံတွင်းကို သန့်စင်စေတဲ့ အရာတွေက မုန်လာဥနီ၊ ပေါက်ပေါက်ဆုပ် တို့ဖြစ်တယ်။ ကြိုက်တဲ့ သူတွေ အတွက်ကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့နော်။အစာစားပြီးတိုင်း ပလုတ်ကျင်းတဲ့ အလေ့အကျင့် လေးလုပ်ထားမယ်ဆို အစာတွေကျန်ခဲ့ခြင်း၊ အစာညပ်ခြင်းတွေကို သက်သာစေတယ်။ ခံတွင်းနံ့ ကောင်းမကောင်း သိချင်ရင် လက်ဝါးလေးခံ လေတစ်ချက်မှုတ်ထုတ်ပြီး အနံ့ခံကြတယ်မဟုတ်လား။ ချိန်းထားတဲ့ ကိစ္စကလည်းရှိ အပြင်လည်းရောက်နေတော့ သွားတိုက်လို့ကလည်း မရဖြစ်နေရင် ခံတွင်းနံ့ပျောက်ဆေးရည်နဲ့ပလုတ်ကျင်းလိုက်ရင် ခံတွင်းသန့်သွားမှာပါ။ အလွယ်တကူဝယ်လို့ရတဲ့ ပူစီနံပါတဲ့ ပူရှိန်းပီကေတွေ ဝါးရင်လည်း ခံတွင်းနံ့ဆိုးတာ သက်သာတယ်နော်။ရေများများသောက်လိုက်ရင် ခံတွင်းထဲရှိတဲ့ ဘက်တီးရီးယားပိုးတွေ ရေနဲ့ အတူပါသွားပြီး ခံတွင်းလည်းရှင်းသွားတယ်လေ။ အဲတော့ ရေမကြာ ခဏသောက်ပေးရင် ခံတွင်းကို သန့်စင်ပေးရာရောက်တယ်။ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုထိရောက်တယ်နော်.။ သွားဆရာဝန်ဆီကိုသွားကိုက်သွားနာမှ မသွားဘဲ တစ်နှစ်တစ်ကြိမ် ပုံမှန်သွားပြီးခံတွင်းကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8-%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ကိုယ့်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ
ကျောင်းနေအရွယ်ပြီးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်လာတဲ့အခါ ကိုယ်တတ်ထားတဲ့ ပညာ၊ အရည်အချင်းတွေပေါ် မူတည်ပြီး နယ်ပယ်အမျိုးမျိုးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်တတ်စွမ်းသလောက် ကြိုးစားရင်း ကိုယ့်ဘဝအနာဂတ်ကိုလည်း အရောင်ထွက်အောင် သွေးနေရတာ လူတိုင်းနီးပါးပါပဲ။ အဲ့တော့ အလုပ်လုပ်တာကလည်း ကိုယ့်ဘဝအတွက် ကောင်းတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေး ကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူးနော်။အထူးသဖြင့် တစ်နေကုန် ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်ပြီးကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်ကို ပြောင်းလဲစရာမလိုဘဲ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေအဓိက စားပေးသင့်လဲ၊ ဒီလိုအချိန်အကြာကြီးထိုင်နေတဲ့အခါ ကိုယ့် ကျန်းမာရေး ကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာကို သိထားမှ ဖြစ်မှာပါ။ဒီဘက်ခေတ်မှာ လူတော်တော်များများ ရုံးကို ရောက်ပြီဆိုတာနဲ့ ထိုင်ခုံနဲ့တင်ပါးကို ကော်နဲ့ကပ်ထားသလို မထတမ်း မခွာတမ်း အလုပ်လုပ်နေကြရတယ်နော်။ အိမ်ပြန်ရောက်တော့လည်း တစ်နေကုန် ပင်ပန်းလာတဲ့အရှိန်နဲ့ ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဖုန်းသုံးရ၊ တီဗီကြည့်ရ၊ ရုံးကပါလာတဲ့အလုပ်တွေ လုပ်ရတာနဲ့ပဲ အချိန်ကုန်ရပြန်တယ်။ အဲ့လို အထိုင်တွေများလာခြင်းရဲ့ နောက်ကွယ်မှာ ကိုယ်မသိလိုက်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက လိုက်ပါနေတာကိုတော့ သေချာသိထားဖို့ လိုပါတယ်။ဒီနေရာမှာ ကျန်းမာရေး နဲ့ အလှအပ ရှုထောင့် ၂မျိုးကနေ ခွဲပြီး ပြောပြပေးချင်ပါတယ်။ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာအနေနဲ့။•အဝလွန်လာမယ်။• ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဖြစ်လာနိုင်ခြေကို မြင့်တက်စေတယ်။• စားလိုက်တဲ့အစားအစာကနေ အဆီနဲ့ ကယ်လိုရီလောင်ကျွမ်းမှု နှေးကွေးလာမယ်။• ကိုယ်တွင်းကလီစာတွေက အဆီဖုံးလာမယ်။• အမြဲတမ်းထိုင်နေရတဲ့အခါ သွေးလည်ပတ်စီးဆင်းနှုန်း နှေးကွေးလာမယ်။• လေးလံထိုင်းမှိုင်းလာမယ်။• ကိုယ့်အလုပ်ကလွဲရင် တခြားပင်ပန်းလောက်မယ့် အရာမှန်သမျှ လုပ်ချင်စိတ်မရှိတော့ဘဲ ပျင်းလာမယ်။• အရိုးအကြောတွေက အားနည်းပြီး အရိုးပါးရောဂါဖြစ်ဖို့ ပိုလွယ်လာမယ်။• အမောမခံနိုင်၊ သက်လုံမကောင်းတော့တဲ့အတွက် လိင်ပိုင်းဆိုင်ရာနဲ့ အိမ်ထောင်ရေးသုခ မပြည့်စုံမှုတွေ ကြုံလာမယ်။• စောစီးစွာ သေဆုံးနိုင်ပါတယ်။အလှအပရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း။• ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ သို့မဟုတ် တစ်နေရာတည်း ကွက်ပြီး ဗိုက်ပူလာမယ်။• ဝမ်းဗိုက်အဆီဖုံးပြီး ဗိုက်ရွှဲလာမယ်။• တင်ပါး ပြားချပ်လာမယ်။• ခါးကိုင်းပြီးတော့ ရှူနာရှိုက်ကုန်း ဖြစ်လာမယ်။• ကြွက်သားထု ရှိနေသင့်တဲ့နေရာတွေမှာ အဆီတွေနဲ့ ပြည့်ပြီး အသားက လျော့တိလျော့ရွဲဖြစ်လာမယ်။•ဇီဝကမ္မဖြစ်စဉ်ဖြစ်ပျက်မှုနှေးကွေးလာခြင်းကြောင့် အိုမင်းရင့်ရော်လာမှာပါ။ဒီတော့ အထိုင်များတဲ့သူတွေ ကိုယ့် ကျန်းမာရေး အတွက် ဘာတွေကို ပြင်ဆင်သင့်လဲ။ပုံမှန်ဆိုရင်တော့ အမြဲထိုင်နေရတဲ့သူတိုင်း နာရီဝက်ခြား တစ်ခါလောက် လမ်းထလျှောက်တာမျိုး လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အစည်းအဝေးခန်းထဲ ရောက်နေတာ၊ အပြင်ထသွားလို့ မရအောင် အလုပ်များလွန်းနေတဲ့သူအတွက်တော့ ဒီနည်းလမ်းက အဆင်ပြေမှာ မဟုတ်တဲ့အတွက် အလုပ်ချိန်ပြင်ပမှာ ရှိတဲ့ ကိုယ့်ရဲ့ တစ်နေ့တာကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဘာတွေ ပြင်ဆင်ရမလဲဆိုရင်။• အလုပ်သွားတဲ့အခါ တတ်နိုင်သလောက် စက်လှေကားကို မသုံးပါနဲ့။ ရိုးရိုးလှေကားနဲ့ အတက်အဆင်း လုပ်ပါ။• အလုပ်မသွားခင် မနက်ပိုင်းကို လမ်းထလျှောက်ပေးပါ။• ရေမချိုးခင်ဒိုက်ထိုးပါ။ ထိုင်ထလေ့ကျင့်ခန်း လုပ်ပါ။• အဆီတက်စေမယ့် အစားအသောက်တွေ ရှောင်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစားပေးပါ။ နွားနို့၊ ဥ၊ ပဲ၊ အသားတွေကို လုံလောက်စွာ စားပေးပါ။• ရေများများသောက်ပါ။ ကော်ဖီ၊ ဆိုဒါဓာတ်များတဲ့ အအေးတွေ၊အရက်သေစာ တတ်နိုင်သလောက် ရှောင်ပါ။• အလုပ်က ပြန်တဲ့အချိန်မှာ Gym ကစားဖို့အတွက် သီးသန့်အချိန်ပေးပါ။ နည်းပြရဲ့ ညွှန်ကြားမှုနဲ့အတူ သေချာကစားပေးပါ။• အားရက်တွေမှာရေကူးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ သို့မဟုတ် အကလေ့ကျင့်တာ တစ်ခုခု လုပ်ပေးပါ။• ယောဂကျင့်ပါ။လူဆိုတာ ကျန်းမာရေး ကောင်းမှ လုပ်ငန်းခွင်မှာလည်း အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်နိုင်မှာဖြစ်သလို အသက်ရှည်ရှည် ကျန်းကျန်မာမာနဲ့ နေထိုင်သွားနိုင်မှာပါ။ ဒါကြောင့် ထိုင်ရာကနေ မထနိုင်လောက်အောင် အမြဲတမ်းအလုပ်လုပ်နေရတဲ့သူတိုင်း ခုပြောပြခဲ့တဲ့ နေထိုင်မှုပုံစံတွေကို သေချာလိုက်နာပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ထပ်ပြီး အကြံပေးလိုက်တယ်နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/tips-for-those-who-have-prolong-sitting-time-at-work/
အခုတလော ဝိတ်ချနေတဲ့လူတွေကြားမှာ ခေတ်စားနေတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိထားတဲ့ ဆိုးကျိုး
အခုတလော ဆိုရှယ်မီဒီယာကတဆင့် မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet စတဲ့ Carbohydrate (ကစီဓါတ်၊သကြားဓါတ်) ကို သိသိသာသာ နည်းအောင် လျှော့ချပြီး အဆီ နှင့်အသားကို အလေးပေးစားရတဲ့ ဝိတ်ချတယ်ဆိုတဲ့ Diet Plan နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုးကျိုးရလဒ်တစ်ခု ထုတ်ပြန်လာတာရှိပါတယ်။ အဲ့ဒါကတော့ ကာဗိုဟိုက်ဒရိတ် သိသိသာသာ လျှော့ချထားတဲ့ Diet ပုံစံ တွေ စားရင်Atrial Fibrillation(AF) လို့ခေါ်တဲ့ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိကြောင်းဆိုပြီးတွေ့ရှိလာပါတယ်။ဒီ ကာဗိုဟိုက်ဒရိတ် လွန်စွာလျှော့ချထားတဲ့Diet ပုံစံတွေကိုမွေးရာပါ နှလုံးရောဂါ၊ နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါရှိတဲ့သူတွေ၊ အနေနဲ့ ဒီ diet ပုံစံ လုံးဝ လိုက်မလုပ်သင့်ပါဘူး။ အန္တရာယ်အရမ်းများပါတယ်။ပုံမှန်ဝိတ်ချချင်ရင်တော့ Balance Diet Contribution နဲ့ စားသောက်ပြီးဝိတ်ချတာကအကောင်းဆုံးပါ။ဆိုလိုတာကတော့ ကာဗိုဟိုက်ဒရိတ် ကို ၄၅ ကနေ ၆၅ ရာခိုင်နှုန်း အထိ စားပေးလို့ရပါတယ်။ protein (အသားဓါတ်) ကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းစားပေးပြီး အဆီဓါတ် ကတော့ ၃၀ ကနေ ၃၅ ရာခိုင်နှုန်းအထိ စားပေးတာကို balanced diet လို့ခေါ်ပါတယ်။အဓိက ဝိတ်ချတော့မယ် ဆိုရင် အဓိက သော့ချက်ကတော့ စားနေတဲ့ပမာဏကိုလျှော့ချလိုက်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့လို မဟုတ်ဘဲ အဆီတုံးတွေ စားတာ၊ ထောပတ် တွေ အများကြီးစားတာ ဟာ မှန်ကန်တဲ့ ဝိတ်ချနည်း မဟုတ်တဲ့ အပြင် သေချာ မပြင်ဆင်တတ်၊အာဟာရဗဟုသုတ တိတိကျကျ မသိဘဲ လိုက်လုပ်မိပါက ပြည့်ဝဆီ saturated fat တွေ အရမ်းများလာနိုင်သလို အကျိုးဆက်အနေနဲ့ သွေးတွင်းကိုလက်စထရောတက်ခြင်း၊သွေးတိုးရောဂါ၊ဆီးချိုရောဂါစတာတွေ ပါ ဖြစ်တတ်ပါတယ်။အကယ်၍ ကိုယ်တိုင်သေချာ တတ်ကျွမ်းလို့ ketogenic diet လိုမျိုး အဆီအရမ်းများတဲ့ အစားအစာတွေ ချက်စားရင်တောင်မှ ကောင်းကျိုးရှိတယ်ဆိုပြီး ပြောကြပေမယ့် ယခုအချိန်အထိ သဘောထားကွဲလွဲမှုတွေ ရှိနေသေးတဲ့အတွက် ကျွန်တော့် အနေနဲ့ တော့ တိတိကျကျ အဖြေမရမချင်း လိုက်မလုပ်ဘဲBalanced Dietဝိတ်ချနည်းဖြင့်သာ ဝိတ်ချဖို့ တိုက်တွန်းချင်ပါတယ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/ketogenic-diet/
အိပ်မက်တွေကို မမှတ်မိတာ ဘာကြောင့်လဲ
ညအိပ်ပြီဆို လူတော်တော်များများ အိပ်မက်မက်ကြပါတယ်။ အိပ်မက်တွေက သိပ္ပံပညာအရလည်း ဆန်းကျယ်သလို အရပ်ထဲမှာလည်း သူ့နည်းနဲ့သူ အဓိပ္ပာယ် ကောက်ယူချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီလို အဓိပ္ပာယ်ကောက်ဖို့အတွက်ဆို အိပ်မက်တွေကို မှတ်မိနေမှ ဖြစ်မှာမလား။ ညတိုင်းအိပ်မက်မက်ကြပေမယ့် မနက်ရောက်လာရင် တော်တော်များများက မမှတ်မိတော့ပါဘူး။ အိပ်မက်တွေကို မမှတ်မိတာ ဘာကြောင့်များပါလိမ့်။အိပ်မက် ဘာကြောင့်မက်ရတယ်ဆိုတာကို သိပ္ပံနည်းအရ ရေရေရာရာ ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။ ယူဆချက်တွေ အမျိုးမျိုးရှိပေမယ့် လုံလောက်တဲ့ သက်သေပြချက်တွေတော့ မရှိသေးပါဘူး။အများစု ယူဆထားကြတာကတော့ နေ့ဘက်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ညဘက်မှာ ဦးနှောက်က မှတ်ဉာဏ်အဖြစ် သိမ်းဆည်းရင်း ခွဲခြမ်းစိတ်ဖြာနေတာကြောင့်လို့ ယူဆထားကြပါတယ်။လူတွေအိပ်တဲ့အခါ cycle ၂ခုနဲ့ အိပ်ပါတယ်။REMရယ် Non-REMရယ်ပါ။ အိပ်မက်အများစုကတော့ REM အဆင့်မှာ မက်ကြပါတယ်။ Non-REMမှာလည်း မက်တတ်ပေမယ့် အတွေးသာသာ မရေမရာ အိပ်မက်တွေပဲ မက်ပါတယ်။စအိပ်ပျော်ပြီး မိနစ် ၉၀လောက်ဆို REMအဆင့်ကို ရောက်လာပြီး မိနစ်အနည်းငယ်ကြာပါတယ်။ ပြီးရင် Non-REM အဆင့်ကို ပြန်ရောက်ပါတယ်။ ဒီလိုနဲ့ တစ်ဆင့်ဆီ လည်ပတ်နေပါတယ်။ အိပ်မက်တွေကတော့ စအိပ်ပျော်ပျော်ချင်း REMအဆင့်နဲ့ နိုးခါနီး ၁နာရီအတွင်းမှာ အဖြစ်အများဆုံးပါ။လူတော်တော်များများက အိပ်မက်တွေကို မမှတ်မိတတ်ကြပါဘူး။ နိုးနိုးချင်းမှာ မှတ်မိကောင်း မှတ်မိနိုင်ပေမယ့် ကြာလာရင် မေ့သွားကြတာပါပဲ။ မှတ်မိတယ်ဆိုရင်တောင်  တစ်စွန်းတစ်စလောက်ပဲ မှတ်မိတတ်ကြပါတယ်။ အစအဆုံး မှတ်မိသူက ခပ်ရှားရှားပါ။ တစ်ညကို အိပ်မက်က ၄ခုကနေ ၆ခုလောက်အထိ မက်တတ်တော့ ဒါတွေအကုန်လုံးကို မှတ်မိကြမှာလည်း မဟုတ်ပါဘူး။အိပ်မက်တွေ ဘာလို့ မမှတ်မိတာလဲဆိုတာနဲ့ ပတ်သက်လို့ ဘာကြောင့် အိပ်မက်တွေ မက်တာလဲဆိုတဲ့ မေးခွန်းလိုပဲ အကြောင်းရင်း ရေရေရာရာ မရှိပါဘူး။လေ့လာချက်တွေအရဦးနှောက်တွင်းက ဓာတုပစ္စည်းတွေ အပြောင်းအလဲဖြစ်လို့ မမှတ်မိတော့တာ ဖြစ်နိုင်သလို ဦးနှောက်တွင်းက နေရာလေးတွေ တစ်ယောက်နဲ့ တစ်ယောက် ဖွဲ့စည်းပုံ အနည်းငယ်ကွဲပြားလို့လည်း ဖြစ်နိုင်ပါတယ်။နောက်ထပ် ယူဆချက်တစ်ခုကတော့ အိပ်မက်တွေကို အသေးစိတ် မှတ်မိနေရင် လက်တွေ့ဘဝနဲ့ ကင်းကွာသွားမှာစိုးလို့ ဦးနှောက်က အလိုအလျောက် မေ့ပစ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်တဲ့။သဘာဝအရကို နိုးလာတာနဲ့ အိပ်မက်တွေက ဦးနှောက်ထဲကနေ တဖြည်းဖြည်း မှေးမှိန်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်မက်မက်ရာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက နိုးလာတာနဲ့ ပျောက်သွားလို့ပါ။ ဒါကြောင့် အိပ်မက်တွေကို သတိမရတာ ပုံမှန်ပါပဲ။ဒါပေမဲ့ တစ်ခါတလေမှာတော့ အိပ်မက်တွေကို မမှတ်မိတာက တချို့သော ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။ ဥပမာ။အိပ်မက်အများစုက REM အဆင့်မှာ ဖြစ်တာဆိုတော့ အိပ်မက်မမက်ဘူး ဒါမှမဟုတ် လုံးဝသတိမရဘူးဆိုရင် REM အဆင့် မရှိလိုက်တာ ဖြစ်နိုင်ပါတယ်။ REMဆိုတာ လူတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ဖြစ်တာကြောင့် ဒါမရှိရင် အိပ်ရေးမဝဘူးလို့ အကြမ်းအားဖြင့် ပြောလို့ ရပါတယ်။ပြောရမယ်ဆိုရင် ဒီလို စိတ်ကျန်းမာရေးပြဿနာအများစုက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် သူနဲ့ တစ်ဆက်တည်း အိပ်မက် မမက်တာ၊ မမှတ်မိတာတွေ ဖြစ်တတ်ပါတယ်။ဒါ ပြဿနာ မဟုတ်ပါဘူး။ သာမန်လူတွေအနေနဲ့လည်း အိပ်မက်ကို မမှတ်မိတာ ဖြစ်တတ်ပါတယ်။ အိပ်မက်ကို မမှတ်မိသည်ဖြစ်စေ၊ မှတ်မိသည်ဖြစ်စေ အရေးကြီးတာက အိပ်ရေးဝဖို့၊ အိပ်ပျော်ဖို့ပါပဲ။ အိပ်ရေးဝတယ်၊အိပ်ပျော်တယ်ဆိုရင် အိပ်မက်တွေကို မှတ်မိမိ မမှတ်မိမိ အရေးမကြီးပါ။အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေက အိပ်မက်တွေ မမှတ်မိတာနဲ့ ဆက်စပ်တဲ့ ကျန်းမာရေး အခြေအနေတွေကို ပြောပြထားတာ ဖြစ်ပြီး ဖြစ်ကို ဖြစ်မယ်လို့ ပြောတာ မဟုတ်ပါဘူး။အိပ်မက်ဆိုတာက ကိုယ်အစိုးရတဲ့ ကိစ္စမဟုတ်တော့ ဘာမက်ပါလို့ ပြောလို့မရသလို့ မမေ့ပါနဲ့လို့လည်း တားလို့ မရပါဘူး။ ဒါပေမဲ့ အသုံးဝင်နိုင်တဲ့ နည်းလမ်းတချို့တော့ ရှိပါတယ်။ ဒါတွေကတော့။ဒီနည်းတွေက တကယ်မှတ်မိအောင် ကူညီနိုင်မလား အတိအကျ မပြောနိုင်ပေမယ့် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အိပ်မက်တွေဆိုတာ ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေ မဟုတ်ဘူးမလား။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/why-we-cant-remember-dreams/
ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာဟုသိရှိပြီးနောက် သင့်ခင်ပွန်းသည်(သို့) ဘဝလက်တွဲဖော်ကို ဖွင့်ပါပြာရန် အကြံပြုချက် ၈မျိုး
ရင်သားကင်ဆာသည် သင့်ဘဝကိုခြိမ်းခြောက်ရုံသာမက သင့်ကိုစောင့်ရှောက်သူ အထူးသဖြင့် ခင်ပွန်းသည်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်စေပါသည်။ အကယ်၍ အသက်အန္တရာယ် ခြိမ်းခြောက်သည့် ဤရောဂါကို ကိုယ်ဝန်ဆောင်စဉ်သိရှိပါက သင်နှင့် သင့်ဘဝလက်တွဲဖော်တွင် ရောဂါကို အတူတကွ ဘယ်လိုအနိုင်ယူမလဲဆိုသည့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုရှိရမည်။ကိုယ်ဝန်ဆောင်စဉ်ဖြစ်သည့် ရင်သားကင်ဆာကို သင့်လက်တွဲဖော်နှင့် ကိုင်တွယ်ရန် အောက်ပါအကြံပြုချက် ၈မျိုးက ကူညီပေးနိုင်ပါသည်။သို့မှသာ သင့်ခင်ပွန်းသည် ရောဂါအကြောင်းနားလည်ရန် အခွင့်အရေးရနိုင်မည်ဖြစ်သည်။ ဆက်လက်ပြီး ကုသမှုနည်းလမ်းများနှင့် သင်ခံစားရမည့်ဆိုးကျိုးများကိုသိရှိကာ ကောင်းကောင်းပြင်ဆင်နိုင်မည်။ထို့ပြင် ကျန်းမာရေးစောင့်ရှောက်သူက ဘာပြောသည်ကို ထပ်၍ရှင်းပြစရာ မလိုသည့်အပြင် သူတို့သောကကို ဆရာဝန်ထံတိုက်ရိုက်မေးမြန်းနိုင်ပါသည်။ကင်ဆာကိုကုသရန် အလို့ဌာ သင်သည် ခွဲစိတ်ခြင်း၊ ဆေးသွင်းခြင်းနှင့် အခြားကုသမှုများကို တွေ့ကြုံရမည်။ ဤကုသမှုများသည် သင့်ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို များစွာထိခိုက်နိုင်ပါသည်။သင့်လိင်စိတ်သည် ဟော်မုန်းအပြောင်းအလဲများကြောင့် နည်းသွားပါသည်။ ထို့ကြောင့် သင့်လက်တွဲဖော်နှင့် ဤပြောင်းလဲမှုများအကြောင်းကို အရိုးသားဆုံးနှင့် အပွင့်လင်းဆုံးပြောကာ ကုသမှုခံယူစဉ် တစ်လျှောက် နားလည်ပေးရန် တောင်းဆိုပါ။သင်မှ အကောင်းမြင်နိုင်သော်လည်း သင့်ဘဝလက်တွဲဖော်တွင် ဆန့်ကျင်ဘက်ခံစားချက်များရှိနိုင်သည်။ ဥပမာ သင်မှ သုတေသနများစွာ ပိုလုပ်ချင်သည့် အချိန်တွင် လက်တွဲဖော်မှ ဆရာဝန်၏ကုသမှုအတိုင်း လုပ်ရန်တွန်းအားပေးနိုင်သည်။သင်တို့နှစ်ယောက်ကြားမှ ကွဲပြားမှုကို ဖြေရှင်းရန် သင့်ခင်ပွန်းနှင့် အတူသင့် အတွေးကို မျှဝေသင့်သည်။အကြောင်းမှာ ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာရှိလျှင် ကလေး၏ဖွံဖြိုးမှုကို ထိခိုက်စေနိုင်သည့် အထောက်အထားမရှိသဖြင့်ဖြစ်သည်။ သင်မှ သင့်အဖော်ကို နောက်ပိုင်းတွင် ကလေးတွင် ရင်သားကင်ဆာဖြစ်နှုန်း အနည်းငယ်ရှိသည်ကို ပြောပြသင့်သည်။ရင်သားကင်ဆာကို အနိုင်ယူရာတွင် အလွန်ပင်ပန်းသောကြောင့် နေ့စဉ်ကိစ္စများဖြစ်သည့် ထမင်းချက်ခြင်း၊ အခြားကလေးများစောင့်ရှောက်ခြင်း တို့တွင် သင့်အဖော်၏ အကူအည်ီလိုနိုင်သည်။ရင်သားကင်ဆာဟု သိရှိခြင်းသည် သင့်အတွက်အတွေ့အကြုံဆိုးသာမက သင့်အဖော်တွင်လည်း မကောင်းသော သက်ရောက်မှု ဖြစ်စေပါသည်။ သင့်အဖော်၏လိုအပ်ချက်ကို မေးမြန်းပြီး သူတို့လုပ်ချင်တာကို လုပ်ဖို့အားပေးခြင်းသည် ပို၍ကောင်းပါသည်။သူတို့ကို မကောင်းသော စိတ်ခံစားမှုများ ဝေးအောင် မိတ်ဆွေများတွေ့ဆုံပွဲ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်၊ အပန်းဖြေခရီးသွားခြင်းတို့ ပြုလုပ်ရန် အားပေးပါ။သို့သော်သင့်အဖော်သည်လည်း တစ်ချိန်တည်းမှာပင် ဤရောဂါနှင့် ပတ်သက်၍ ခံစားရမည်ဖြစ်သည်။ ကုသမှုခံယူသည့်အပြင် သင်နှင့် သင့်ခင်ပွန်း၏ အကြိုက်ဆုံးလှုပ်ရှားမှုများကို ကြိုးစာပြီးပြုလုပ်ခြင်းသည် နှစ်ဦးစလုံးကို စိတ်အားတက်စေမည်ဖြစ်သည်။ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာဟုသိရှိခြင်းသည် အမေနှင့် ဖခင်ဖြစ်သူနှစ်ယောက်လုံးအတွက် အလွန်ပင်စိတ်ပင်ပန်းစေပါသည်။ သင့်ခံစားချက်များကို ပွင့်လင်းစွာပြောပြပြီး လက်တွဲဖော်၏ သောကများကို မျှဝေခြင်းက ဤရောဂါကို အတူရင်ဆိုင်ရန် ကူညီပေးမည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။အကယ်၍ ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာရှိသည့် သောကများကို နှစ်ဦးလုံးဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ် ရယူသင့်ပါသည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8/
ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ
ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ …… အမျိုးသားတွေရဲ့ လိင်တံအတွင်းမှာ အသေးငယ်ဆုံးသော ဖိအား၊ အထိအတွေ့ကို ခံစားသိရှိနိုင်တဲ့ အာရုံကြောတွေ ပါဝင်ပါတယ်။ ဒီအာရုံကြောတွေက အကြောင်းအမျိုးမျိုးကြောင့် အားနည်းသွားတာ၊ ထိခိုက်မိတဲ့အခါမျိုးမှာ လိင်တံက အနည်းငယ် သို့မဟုတ် လုံးဝထုံကျဉ်သွားတတ်ပါတယ်။ဒီနေ့ပြောပြပေးမှာကတော့ အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ လိင်တံထုံကျဉ်ခြင်းကို ဖြစ်စေတဲ့ အပြုအမူတွေနဲ့ လိင်ကျန်းမာရေးပြဿနာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။ကိုယ့်ရဲ့ ငယ်ပါကို ကိုယ်တိုင် သို့မဟုတ် တခြားတစ်ယောက်က ထိလိုက်တဲ့အခါ အထိအတွေ့နဲ့ ပတ်သက်ပြီး ခံစားမိတာလည်း မရှိ၊ ထောင်မတ်လာတာမျိုးလည်း မရှိတော့တဲ့အခြေအနေဖြစ်ပါတယ်။ တစ်ခါတလေ အထဲမှာ သွေးစီးဆင်းမှု လုံးဝရပ်တန့်သွားသလိုလည်း ခံစားရနိုင်ပါတယ်။ တခြားလက္ခဏာတွေအနေနဲ့။များသောအားဖြင့် ထိခိုက်မိတာ၊ နေထိုင်မှုပုံစံမှားယွင်းတာ၊ တစ်ကိုယ်ရေအာသာဖြေခြင်း၊ လိင်ဆက်ဆံခြင်း ပုံစံအနေအထား မမှန်တာ၊ အားကစားအပြင်းအထန် လုပ်တာကြောင့် လိင်တံဟာ ထုံကျဉ်သွားနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး တချို့နေရာတွေပဲ ကွက်ပြီး ထုံနေတာမျိုးလည်း ရှိသလို လိင်အင်္ဂါတစ်ခုလုံး ထုံကျဉ်နေသလို ဖြစ်နိုင်ပါတယ်။၁။ ထိခိုက်မိခြင်း။မတော်တဆ ထိခိုက်မိတာ၊ လိင်အင်္ဂါတစ်ဝိုက်ကို အကန်ခံရတာ၊ အထိုးခံရတာ အစရှိသဖြင့် မတော်တဆထိခိုက်မှုတွေကြောင့် လိင်တံအတွင်းမှာ ရှိတဲ့ သွေးကြော၊ အာရုံကြောတွေကို ထိခိုက်မိပြီး ထုံကျဉ်သွားနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီထုံကျဉ်မှုဟာ ရက်အနည်းငယ်သာကြာတတ်ပြီး အချိန်တော်တော်ကြာလို့မှ လုံးဝပြန်မကောင်းလာဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။၂။ စက်ဘီး၊ ဆိုင်ကယ် အကြာကြီးစီးခြင်း။စက်ဘီးပေါ် အချိန်အကြာကြီးထိုင်ပြီး စီးမိတဲ့အခါ လိင်တံ၊ဝှေးစေ့နဲ့ လိင်အင်္ဂါနဲ့ စအိုကြားနေရာကို ဖိအားသက်ရောက်မှုဖြစ်စေပြီး သွေးကြောအတွင်း သွေးစီးဆင်းမှုနည်းကာ လိင်တံထုံသွားစေနိုင်ပါတယ်။၃။ အချိန်ကြာကြာ ထိုင်ခြင်း။သက်သောင့်သက်သာ မဖြစ်တဲ့ ထိုင်ခုံတွေမှာ ထိုင်တာ၊ ထိုင်တဲ့အနေအထားကြောင့်လိင်တံပတ်လည်မှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဖိအားသက်ရောက်သွားပြီး ထုံကျဉ်နေတတ်ပါတယ်။၄။ တစ်ကိုယ်ရေသန့်ရှင်းမှု ပစ္စည်းများ။အနံ့ပြင်းလွန်းတဲ့ ဓာတုဗေဒပစ္စည်း အများအပြား ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာတွေဟာလိင်အင်္ဂါအရေပြားကို ယားယံစေပြီး အခန့်မသင့်ရင် ထုံသွားတဲ့အထိ ပြင်းထန်နိုင်ပါတယ်။၅။ ကျပ်လွန်းတဲ့ အတွင်းခံတွေ ဝင်ခြင်း။အတွင်းခံဘောင်းဘီကို ကျပ်သိပ်နေအောင် ဝတ်ထားတဲ့အခါ လေဝင်ပေါက်ပိတ်သွားသလို လိင်အင်္ဂါရော ကပ္ပာယ်အိတ်ပါ အထဲမှာ စုပြုံပြီးထိုးထည့်သွားသလို ဖြစ်နေတဲ့အတွက် ယားယံခြင်း၊ အသားထဲက ဆူးစူးသလို ဖြစ်ခြင်း၊ အရေပြားနီရဲခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။၆။ တစ်ကိုယ်ရေအာသာဖြေခြင်း။ထောင်မတ်နေတဲ့ လိင်တံဟာ ထိခိုက်ပွန်းပဲ့မှု ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ ကိုယ်က အားသုံးပြီး တစ်ကိုယ်ရေအာသာဖြေလိုက်တဲ့အခါ အရေပြားထိခိုက်ပွန်းပဲ့ပြီးသွားပြီး သူ့နောက်မှာ အရေပြားအရောင်ပြောင်းလဲသွားခြင်း၊ ယားယံခြင်း၊ ပိုးဝင်ခြင်း၊ ထုံကျဉ်တာတွေကပါ လိုက်လာပါတယ်။ အထူးသဖြင့် နေ့စဉ်နေ့တိုင်း အာသာဖြေတာ၊ မလိုအပ်ဘဲ လိင်တံကို ကိုင်ပြီး အာသာဖြေဖို့ ကြိုးစားတာတွေကြောင့်လည်း လိင်တံက ထုံကျဉ်သွားတတ်ပါတယ်။၇။ ကျားဟော်မုန်း နည်းနေခြင်း။တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ကျားဟော်မုန်းဟာ အမျိုးသားတွေရဲ့လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေး၊ စိတ်ရောဂါအမျိုးမျိုးကြောင့် ကျားဟော်မုန်းတွေ ကျလာတဲ့အခါ အမျိုးသားတွေအနေနဲ့ လိင်စိတ်ဆန္ဒနည်းလာတာ၊ လိင်တံမထောင်မတ်နိုင်တာ၊ ထောင်မတ်နေစဉ်မှာလည်း ထုံကျဉ်သလိုဖြစ်ပြီး ပြန်ပျော့ခွေသွားတာမျိုး ဖြစ်နိုင်ပါတယ်။၈။ အာရုံကြော ပြဿနာ။ဆီးချိုကြောင့် ဖြစ်တဲ့ အာရုံကြောစနစ်ချို့ယွင်းခြင်း၊ ဦးနှောက်၊ အမြင်၊ ခါးရိုးမှာရှိတဲ့ အာရုံကြောစနစ် အားနည်းခြင်း၊ ကင်ဆာရောဂါကုထုံးတွေကြောင့်လည်း လိင်အင်္ဂါအပြင် ခန္ဓာကိုယ်အောက်ပိုင်းမှာ ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။၉။ ပီရိုးနီးရောဂါ။ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်းကို ဖြစ်စေတဲ့ အမျိုးသားရောဂါဖြစ်ပြီး လိင်တံအတွင်းမှာ ရှိတဲ့ တစ်ရှူးတွေ ပျက်စီးကာ အမာရွတ်တွေဖြစ်ကျန်ရစ်ခဲ့တာကြောင့် ဒီရောဂါဝင်လာရတာပါ။ ဒီရောဂါရှိသူတွေမှာလည်း ရံဖန်ရံခါ လိင်တံထုံကျဉ်ခြင်း ဖြစ်တတ်ပါတယ်။၁၀။ ဆီးကျိတ်ကင်ဆာဖြစ်နေသူတွေ။အကြောင်းအမျိုးမျိုးကြောင့် ဆီးကျိတ်ကြီးနေတာ၊ ဆီးကျိတ်ကင်ဆာဖြစ်နေတဲ့သူတွေမှာ မကြာခဏ ဆီးသွားချင်တာ၊ ဆီးသွားရခက်တာ၊ လိင်အင်္ဂါအရေပြားထဲမှ စူးနေသလို ခံစားရတာ၊ ထုံကျဉ်သလိုခံစားရတာဖြစ်နိုင်ပါတယ်။ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။ ထိခိုက်မှုကြောင့် ဖြစ်တဲ့ လိင်တံထုံကျဉ်ခြင်းကတော့ အချိန်သိပ်ပေးစရာမလိုဘဲ လက္ခဏာက သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ ကျန်းမာရေးပြဿနာကြောင့် ဖြစ်တာဆိုရင်တော့ သူ့ကိုဖြစ်စေတဲ့ အဓိကတရားခံရောဂါကို အမြစ်ပြတ်ကုသနိုင်မှ ဒီလက္ခဏာက ပျောက်သွားမှာပါ။ ဆေးဝါးအနေနဲ့ ဆရာဝန်နဲ့ အရင်ပြသပြီး ကိုယ့်ရောဂါကို ထိန်းချုပ်ပေးနိုင်မယ့် ဆေးဝါးတွေကို ညွှန်းပေးတဲ့အတိုင်း သောက်ဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/causes-of-numbness-in-penis/
အသားအရေ လှပဖို့ စားသင့်တဲ့ အစားအစာများ
သင်စားလိုက်တဲ့ အစားအစာတွေဟာ သင့်အပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးရှိတာမို့ အသားအရေ ကျန်းမာလှပဖို့အတွက် အစားအသောက်တွေကို မှန်မှန်ကန်ကန် ရွေးချယ်စားသောက်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ တခါတရံမှာ အသားအရေလှဖို့အတွက် အလှကုန်ပစ္စည်းတွေအသုံးပြုတာထက်စာရင် အစားအသောက် မှန်ကန်စွာ စားသောက်တာက ပိုပြီး အကျိုးဖြစ်ထွန်းစေတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မေးစရာ ရှိလာတာက အသားအရေ လှဖို့အတွက် ဘယ်လိုအစားအသောက်မျိုးတွေကို စားရမှာလဲ။သင့်အသားအရေဟာ အလှတရားရဲ့ အရေးပါတဲ့ မျက်နှာစာပါ။ လူတိုင်းဟာ သင့်ကိုတွေ့တာနဲ့ အသားအရေကို လှမ်းကြည့်လေ့ရှိတာမို့ အသားအရေ လှပအောင် ထိန်းသိမ်းဖို့ အရမ်း အရေးကြီးပါတယ်။ အစားအစာတွေကို မှန်ကန်သင့်တော်စွာ ရွေးချယ်စားသုံးမယ်ဆိုရင် သင်မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေလှပဖို့အတွက် အောက်ပါ အစားအသောက်တွေကို နေ့စဉ်စားသင့်ပါတယ်။ဒီပစ္စည်းတွေမှာ ဝက်ခြံကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ အချို့သော လူတွေဟာ (ရောဂါတခုခုရှိတာကြောင့်) အစားအစာမှာ ပါဝင်လာတဲ့ beta-carotene ဓါတ်ကို ခန္ဓါကိုယ်အတွက် အသုံးဝင်မယ့် ဗီတာမင် အေအဖြစ် မပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင်အေစစ်စစ် ပါဝင်တာမို့ လူတိုင်းရဲ့ အသားအရေအတွက် အကျိုးရှိပါတယ်။ အဆီနည်းတဲ့ ဒိန်ချဉ်ဟာ လူ့ခန္ဓါကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ပါဝင်တာမို့ အထူးအကျိုးရှိပြီး အသားအရေအတွက်လည်း ကောင်းပါတယ်။ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဖြစ်ပြီး ဗီတာမင် အေ ပမာဏအရမ်းများရင် အဆိပ်အတောက်ဖြစ်စေတာမို့ ဗီတာမင်အေ ပါဝင်တဲ့ အစားအစာတွေကို အလွန်အကျွံတော့ မစားသင့်ပါဘူး။ဘယ်ရီသီးတွေ ဖြစ်တဲ့ ဘလူးဘယ်ရီသီး ဒါမှမဟုတ် စတော်ဘယ်ရီသီးတွေဟာ အရသာရှိရုံသာမက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမြောက်အမြား ပါဝင်တာမို့ သင့်အသားအရေနဲ့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ အဆိုပါ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အရေပြားဆဲလ်တွေကို နေရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အတွက် နေရောင်ကြောင့် အသားအရေထိခိုက်မှုကို လျော့နည်းစေပါတယ်။ ဒါတင်မကသေးပါဘူး၊ဘယ်ရီသီးတွေဟာ သင့်အရေပြား အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ဒီအစားအသောက်တွေဟာ ဖက်တီးအက်ဆစ် (fatty acid) ကို အဓိက ပေးစွမ်းတာ ဖြစ်ပြီး fatty acids ဟာ အရေပြား နဲ့ အသားအရေကို ကျန်းမာလှပစေတာမို့ သင့်အသားအရေကို အစိုဓါတ်ပိုမို ရရှိစေကာ အမာရွတ်တွေ ဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ သင့်အသားအရေပိုမို နုပျိုလာမယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဖြစ်စဉ်တွေဟာ နှလုံးရောဂါကို ဦးတည်စေပြီး နှလုံးရောဂါဟာ အရေပြားဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် fatty acids ဟာ အရေပြားနဲ့ နှလုံးကျန်းမာရေးအတွက် အလွန်ပဲ အရေးကြီးလှပါတယ်။အိုမီဂါ ၃ နဲ့ အိုမီဂါ ၆ တို့ဟာ ခန္ဓါကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ fatty acids တွေဖြစ်ပြီး သင့်တင့်လျောက်ပတ်သလို စားသုံးနိုင်ပါတယ်။ အဆိုပါ အဆီတွေကို ငါးအမျိုးအစားအချို့နဲ့ ဖလက်ရှ်စေ့အဆီတို့ကနေတဆင့် ရရှိနိုင်ပါတယ်။ပေါင်မုန့်၊ဂျုံတို့လို အစေ့အဆံတွေကတဆင့် ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ဆယ်လီနီယန် (selenium) လို့ခေါ်တဲ့ သတ္တုဓါတ်တမျိုး ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေရောင်ခြည်ဒါဏ်ဟာ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အသားအရေ ခြောက်သွေ့ခြင်း နဲ့ အရေတွန့်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အတွက် အန္တရာယ်ရှိပြီး selenium ဟာ သင့်အရေပြားကို အဆိုပါ နေရောင်ခြည်ဒါဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် selenium ဟာ အရေပြားကင်ဆာဖြစ်ပွားနိုင်ချေကိုလည်း လျော့နည်းစေပါတယ်။လူ့ခန္ဓါကိုယ်မှာ ရေဓါတ် ၇၀ ရာခိုင်နှုန်းလောက် ပါဝင်ဖွဲ့စည်းထားတာမို့ ရေဟာ ခန္ဓါကိုယ်အတွက် အကျိုးရှိကောင်းမွန်ကြောင်းကို လူတိုင်းသိရှိပြီး ဖြစ်ပါတယ်။ ရေဟာ သင့်ခန္ဓါကိုယ်ကို သွယ်လျလှပစေတဲ့အပြင် အရေပြားအစိုဓါတ်ကိုလည်း ထိန်းသိမ်းပေးနိုင်တဲ့အတွက် အရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားပစ်ရာမှာလည်း ပါဝင်ကူညီပေးနိုင်တာမို့ သင့်အသားအရေကို ပိုမိုကျန်းမာလှပစေမှာပဲ ဖြစ်ပါတယ်။လက်ဖက်စိမ်းမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လက်ဖက်စိမ်းကို ပါးစပ်က သောက်နိုင်သလို အရေပြားပေါ်လည်း လိမ်းနိုင်ပြီး ခရမ်းလွန်ရောင်ခြည်တွေဒါဏ်ကနေ ကာကွယ်ပေးပါတယ်။အသားအရေလှဖို့အတွက် အလှကုန်ပစ္စည်းတွေကို အသားပေါ်လိမ်းတဲ့နည်းတူ အစားအသောက်မှန်မှန်ကန်ကန် စားဖို့ကလည်း အရေးကြီးလှပါတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်သင့်တော်တဲ့ အစားအစာတွေဟာ သင့်အသားအရေကို လှပကျန်းမာစေလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်မှာဖော်ပြခဲ့တဲ့ အာဟာရဓါတ်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ အစားအစာတွေ စားသုံးခြင်းဟာလည်း အသားအရေထိန်းသိမ်းရာမှာ ထည့်သွင်းဆောင်ရွက်သင့်တဲ့ အရေးကြီး အချက်တချက်ပဲ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b-%e1%80%9c%e1%80%bd%e1%80%95%e1%80%96%e1%80%ad%e1%80%af%e1%82%95-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%90/
သွားဖုံးရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ
သွားဖုံးရောဂါမှာ ပထမအဆင့်ကသွားဖုံးရောင်ခြင်း(Gingivitis ) ဖြစ်ပါတယ်။ Gingivitis ဖြစ်လာပြီဆိုရင် သွားဖုံးတွေက ရဲလာမယ်၊ ရောင်ရမ်းလာမယ်၊ ထိတာနဲ့သွေးထွက်လွယ်တယ်။ ခံတွင်းသန့်ရှင်းမှုမလုံလောက်တဲ့အခါ ဖြစ်လာတတ်တဲ့ သွားဖုံးရောင်ခြင်းက စစချင်းမှာ လက္ခဏာသိပ်မသိသာတဲ့အတွက် အမှုမဲ့အမှတ်မဲ့နေလိုက်ကြတာပဲများပါတယ်။ ဆက်ပြီးသေချာဂရုမစိုက်မိကြပါဘူး။ ဒါပေမယ့် ဂရုစိုက်ထိန်းသိမ်းလို့ရတဲ့အဆင့်ကို လျစ်လျူရှုခဲ့တော့ နောက်ပိုင်းမှာ periodontitis လို့ခေါ်တဲ့ တကယ့်သွားဖုံးရောဂါနဲ့ပက်ပင်းတိုးမှာ သေချာပါတယ်။သွားဖုံးရောင်တဲ့အဆင့်မှာ ဂရုမစိုက်၊ မဆင်ခြင်ခဲ့တဲ့အခါperiodontitisအဆင့်ကိုရောက်လာနိုင်ပါတယ်။ သွားမှာကပ်ငြိနေတဲ့သွားချေးတွေ၊အညစ်အကြေးတွေက သွားဖုံးအစပ်အောက်နားထိပြန့်သွားနိုင်တာကြောင့် အဲဒီမှာပါလာတဲ့ဘက်တီးရီးယားတွေရဲ့အဆိပ်အတောက်တွေက သွားဖုံးကို ဒုက္ခပေးလာတာပေါ့။ ဘက်တီးရီးယားတွေကြောင့် သွားဖုံးတွေကိုတာရှည်ရောင်ရမ်းစေပြီး သွားကိုအထောက်အပံ့ပေးတဲ့ တစ်ရှူးနဲ့အရိုးတွေကို ပျက်စီးစေနိုင်ပါတယ်။ တဖြည်းဖြည်း သွားဖုံးနဲ့သွားရဲ့ကြားထဲမှာ ကွာဟလာပြီး ရောဂါပိုးဝင်လာပါတယ်။ ရောဂါအဆင့်တက်လာတာနဲ့ အဲဒီကွာဟတဲ့နေရာက ပိုနက်ရှိုင်းလာပြီး ပိုပိုပျက်စီးလာပါတယ်။ နောက်ပိုင်းမှာတော့ သွားကျွတ်တာတွေ၊ နှုတ်ပစ်ရတာတွေဖြစ်လာနိုင်ပါတယ်။ကျန်းမာတဲ့သွားဖုံးတွေက ချပ်ချပ်ရပ်ရပ်နဲ့ ပန်းရောင်ဖျော့ဖျော့ရှိနေပြီး သွားနဲ့လည်းကွာဟမနေဘဲ ပုံစံတကျရှိနေပါတယ်။ သွားဖုံးရောဂါဖြစ်နေပြီဆိုရင်တော့ ဒီလက္ခဏာတွေဖြစ်လာတတ်ပါတယ် –။သွားချေးတွေက သွားဖုံးရောဂါဖြစ်စေတဲ့အဓိကအကြောင်းရင်းပါပဲ။ ဒါပေမယ့် ဒီရောဂါဖြစ်လာစေဖို့ ပံ့ပိုးနေတဲ့ တခြားအကြောင်းအချက်တွေလည်းရှိနေတယ်ဆိုတာ သိစေချင်ပါတယ် –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%90%e1%80%bd%e1%80%b1-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba/
လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား
လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့်ပန်းသေပန်းညှိုးရောဂါဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါပဲ။ အလွယ်ပြောရမယ်ဆိုရင် ထိုးသွင်းဆက်ဆံခြင်းပြုတော့မယ့်အချိန်မှာ လိင်တံပျော့ကျသွားတာ၊ ထောင်မတ်ဖို့ အချိန်စောင့်ရတာပါ။ အမျိုးသားတစ်ယောက်မှာ ရှိတဲ့ ကျားဟော်မုန်းပမာဏသည် လိင်တံထောင်မတ်ခြင်းကို လွှမ်းမိုးနေတဲ့ အဓိကဟော်မုန်းဆိုလည်း မမှားပါဘူး။ ကျားဟော်မုန်းအပြင် တခြားအချက်တွေကလည်း လိင်တံထောင်မတ်နိုင်စွမ်းကို လွှမ်းမိုးနေပါတယ်။ ဥပမာ လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ရုပ်ခန္ဓာကျန်းမာရေးရောစိတ်ကျန်းမာရေးနှစ်မျိုးလုံးက လိင်တံထောင်မတ်နိုင်ခြင်းကို သွားပြီး လွှမ်းမိုးနိုင်တယ်ဆိုတာ အရင်ဆုံးသိထားဖို့ လိုပါတယ်။ ရုပ်ခန္ဓာအရဆိုရင်တော့ သွေးကြောတွေ ကျဉ်းလာတဲ့ရောဂါ (atherosclerosis) ကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ အမျိုးသားတွေအတွက် လိင်တံထောင်မတ်နိုင်ဖို့ အထဲက သွေးကြောတွေထဲကို သွေးအပြည့်အဝစီးဆင်းရပါတယ်။ ဒီလိုသွေးစီးဆင်းမှုကြောင့် သွေးကြောတွေဟာ ဖောင်းလာပြီး ထောင်မတ်ခြင်းကို ဖြစ်စေတာပါ။ သွေးကြောတွေ ကျဉ်းသွားတဲ့အခါလိင်တံအတွင်း သွေးအလုံအလောက်ပို့ဆောင်ပေးနိုင်ခြင်းမရှိတော့ပါဘူး။ကိုလက်စထရောတွေ များလာတဲ့အခါ ကိုယ်ခန္ဓာထဲက သွေးကြောတွေက ကျဉ်းမြောင်းသွားနိုင်ပါတယ်။ ဒါ့အပြင် သွေးကြောထဲမှာ သွေးအပြင် ကိုလက်စထရော၊ အဆီဓာတ်တွေ စုပုံလာတာကြောင့် သွေးအလုံအလောက်မစီးဆင်းနိုင်တော့တဲ့အတွက် လိင်တံထောင်မတ်ခြင်းကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ပန်းသေပန်းညှိုးဖြစ်ခြင်းဟာ ကိုလက်စထရောများခြင်းနဲ့ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ကိုလက်စထရောများတဲ့ အစားအစာတွေ၊ အဆီ၊ အငန်များလွန်းတဲ့ အစားအစာတွေဟာ သွေးတွင်းကိုလက်စထရောကို မြင့်တက်စေရုံသာမက သွေးတိုး၊ နှလုံးရောဂါတွေကိုပါ ဖြစ်စေနိုင်ပြီး ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံးမယ်ဆိုရင်တော့ အသက်ကြီးလာရင်တောင်မှ ဒီလိုပြဿနာတွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် ပန်းသေပန်းညှိုးမဖြစ်စေဖို့။ပုံမှန်အားဖြင့်တော့ အသက်ကြီးတဲ့အမျိုးသားတွေမှာ ကျားဟော်မုန်းပမာဏ ကျဆင်းလာခြင်းကြောင့် ပန်းသေပန်းညှိုးရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရ အသက် ၃၀ အောက်လူငယ်တွေမှာပါ ပန်းသေပန်းညှိုးအစပျိုးလာပြီဆိုတာ တွေ့ရှိရပါတယ်။များသောအားဖြင့် စိတ်ဖိစီးမှုတွေ၊ အချစ်ရေး၊ မိသားစုနဲ့ ပတ်သက်ပြီး အဆင်မပြေတာ၊ လိင်မှုကိစ္စအတွက် စိုးရိမ်ပူပန်စိတ် များလွန်းနေတာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်သောက်တာတွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ စားခြင်းကြောင့် ပိုအဖြစ်များလာတာပါ။ထိုးသွင်းဆက်ဆံမှု ပြုတဲ့အချိန်မှာ လိင်တံမထောင်မတ်နိုင်တော့တဲ့ ပြဿနာတွေ မကြာခဏ ကြုံလာရတာ၊ မနက်နိုးလာတဲ့အခါ ထောင်မတ်မနေတာ၊ ထောင်မတ်နိုင်စွမ်းကို အချိန်ကြာကြာမထိန်းထားနိုင်တာ အစရှိတဲ့ ပြဿနာတွေ မကြာခဏ ကြုံနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ လိင်မှုကိစ္စဆိုင်ရာ ပြဿနာတွေ မေးမြန်းပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ဒီစစ်ဆေးမှုတွေထဲမှာ တခြားကိုယ်မသိသေးတဲ့ ရောဂါရှိ၊ မရှိ အရင်ဆုံးစစ်ဆေးမှာဖြစ်ပြီး လိင်တံ၊ ဝှေးစေ့မှာ မူမမှန်တာ၊ ဆီးကျိတ်ကင်ဆာဖြစ်နေလား စတာတွေအပြင် သွေးနဲ့ ဆီးကိုပါ စစ်ဆေးမှာဖြစ်ပါတယ်။ ကျန်းမာရေးအရ အကုန်ကောင်းတယ်ဆိုရင်တော့ စိတ်ကြောင့်ဖြစ်နိုင်ခြေ ပိုများတဲ့အတွက် စိတ်ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပေးသွားမှာပါ။ ပန်းသေပန်းညှိုးကို အမြစ်ပြတ်ကုသချင်ရင်တော့ သူ့နောက်ကွယ်က အဓိကတရားခံကို အကြောင်းရင်းကို အရင်ဆုံးဖြေရှင်းနိုင်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ကိုယ့်မှာ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံလာရပြီဆိုတာနဲ့ ဆရာဝန်နဲ့ ပြဖို့ မရှက်သင့်ပါဘူး။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/can-high-cholesterol-cause-erticle-dysfunction/
လေဆာနှင့် မျက်ရစ်ပြင်ခြင်း
လေဆာအသုံးပြုပြီး မျက်ရစ်ပြုပြင်ခြင်းဟာ မျက်ရစ်တွဲကျခြင်းကို ပြုပြင်နိုင်ဖို့အတွက် မလိုအပ်တဲ့ အရေပြား၊ကြွက်သားနဲ့ အဆီတွေဖယ်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ သင်အသက်ကြီးလာတာနဲ့အမျှ မျက်ခွံတွေဟာ လျော့ရဲလာပြီး ထောက်မပေးထားတဲ့ ကြွက်သားတွေကလည်း တဖြည်းဖြည်းနဲ့ အားနည်းလာပါပြီ။တချိန်တည်းမှာပဲ မျက်ခွံရဲ့ အပေါ်နဲ့ အောက်ဖက်တွေမှာ အဆီတွေကလည်း စုပုံလာတာကြောင့် မျက်ခုံးရော၊မျက်ခွံကပါ အောက်ကို တွဲကျလာပါတယ်။ ပိုဆိုးတာက ဒီလိုမျိုးမျက်လုံးဘေးတဝိုက်မှာ အရေပြားတွဲကျနေတာကြောင့် သူတို့အနေနဲ့ ဘေးဖက်ကို ကောင်းကောင်းမမြင်ရတော့တဲ့အတွက် ပိုပြီးအိုမင်းနေသလို ဖြစ်လာရပါတယ်။အခု ခွဲစိတ်ပြုပြင်မှုက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ်နဲ့ပဲ ဒီကုသမှုကို ခံယူနိုင်ပါတယ်။ မျက်ရစ်ပြင်ခြင်းဟာ သင့်အတွက်တကယ်သင့်တော်တဲ့ ကုသမှုဟုတ်မဟုတ်ကို သိရှိနိုင်ဖို့ အရင်ကြိုးစားရပါမယ်။သင့်အနေနဲ့ ဒီကုသမှုကနေ ဘာတွေမျှော်လင့်ထားသလဲ။ မျက်ရစ်ပြင်ခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာလဲ ဆိုတာကို သိရှိအောင် အရင်လုပ်ရပါမယ်။ လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းဟာ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံမှာရှိတဲ့ မလိုလားအပ်သော ဆဲလ်အပိုတွေကို ဖယ်ရှားရှင်းလင်းပစ်တာ ဖြစ်ပါတယ်။ဒီကုသမှုကို ခံယူခြင်းအားဖြင့် သင့်အမြင်အာရုံပိုကောင်းလာနိုင်ပြီး သင့်မျက်ဝန်းအစုံဟာ ပိုမိုတက်ကြွငယ်ရွယ်တဲ့ပုံ ပေါက်သွားမှာ ဖြစ်ပါတယ်။အောက်ပါအခြေအနေတွေမှာ လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းကို ပြုလုပ်သင့်ပါတယ်။·မျက်ခွံတွေ မို့ဖောင်းနေခြင်း။·အပေါ်နဲ့ အောက်မျက်ခွံတွေ ထပ်နေတာကြောင့် မြင်ကွင်းကွယ်ခြင်း (ကောင်းစွာ မမြင်ရတော့ခြင်း)။·အောက်မျက်ခမ်းတွဲကျနေတာကြောင့် အောက်မျက်ဖြူသားပေါ်နေခြင်း။·မျက်ခွံမှာ အရေပြားတွေ လိုတာထက်ပိုနေခြင်း။·လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းကို မျက်ခုံးပင့်တင်ခြင်း၊မျက်နှာအရေပြား ပင့်တင်ခြင်း ဒါမှမဟုတ် အရေပြားပြုပြင်ခြင်း အစရှိတဲ့ ခွဲစိတ်မှုတွေနဲ့လည်း တချိန်တည်းမှာ ပူးတွဲပြုလုပ်နိုင်ပါတယ်။· မြန်ဆန်၊စိတ်ချရခြင်း။· နာကျင်မှုမရှိခြင်း။· အမာရွတ်မကျန်ရှိခြင်း။· မျက်ခွံအရေပြားကိုပဲ ခွဲစိတ်တာဖြစ်တဲ့အတွက် အမြင်အာရုံကို ထိခိုက်မှုမရှိစေခြင်း။· ခွဲစိတ်တဲ့ အရာလေးဟာ အင်မတန်သေးငယ်တဲ့အတွက် အမာရွတ်မကျန်ရှိခြင်း။· တခါခွဲစိတ်ပြီးရင် နောက်တကြိမ်ပြန်ဖြစ်တော့လေ့ မရှိခြင်း၊ကာလကြာရှည် အာနိသင် ရရှိခြင်း။· ခွဲစိတ်မှုပြုလုပ်ပြီး မူလအတိုင်းပြန်ဖြစ်ရန် အချိန်များစွာ မကြာမြင့်ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။· ပြုလုပ်တဲ့ဆရာဝန်ရဲ့ ကျွမ်းကျင်မှုအားနည်းရင် လေဆာအလင်းတန်းတွေကြောင့် မျက်စိထိခိုက်နိုင်ခြင်း။· ကုသမှုပြုလုပ်ပြီးနောက် ချက်ချင်းဆိုသလို အဆီအိတ် ပြန်လည်ဖြစ်ပေါ်လာနိုင်ခြင်း။· အလှအပရေးရာ ဆေးခန်းကို ကြိမ်ဖန်များစွာ သွားရောက်ပြသရတဲ့အတွက် အချိန်ကုန်လူပန်းဖြစ်ပြီး ငွေကုန်ကြေးကျပါ များခြင်း စတာတွေပဲ ဖြစ်ပါတယ်။ဒါပေမယ့် မျက်လုံးအဆီကြောင့်ဖြစ်တဲ့ကိစ္စတွေမှာတော့ လေဆာအသုံးပြုမျက်ရစ်ဖော်ခြင်းဟာ အသုံးမဝင်ပါဘူး။ ဘာလို့လဲဆိုတော့ လေဆာက အသားအရေအိုမင်းရင့်ရော်ခြင်းကို ရေရှည်မကုသပေးနိုင်လို့ပဲ ဖြစ်ပါတယ်။မျက်လုံးတဝိုက်က အရေပြားဟာ သင့်ခန္ဓါကိုယ်ရဲ့ ထိရှအလွယ်ဆုံး အရေပြားဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုမျိုးနည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ဒါ့အပြင် သင့်မျက်စိကို ထိခိုက်မှုမရှိဖို့ကလည်း အင်မတန်အရေးကြီးတာမို့ လူသိများထင်ရှားပြီး တကယ်အရည်အသွေးရှိတဲ့ အလှအပရေးရာ ဆေးခန်း ဒါမှမဟုတ် ဆရာဝန်ကို ဂရုတစိုက်ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%9c%e1%80%86%e1%80%ac%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9b%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%bb%e1%80%81/
ပြုပြင်ထားတဲ့ အစားအစာတွေကိုကြိုက်တတ်တာလား။ အသက်တိုမယ်နော် သတိထား
တိုးတက်လာတဲ့ လူနေမှုပုံစံနဲ့အတူ လူအများကြားမှာ ရေပန်းစားလာတဲ့စားသောက်မှုအလေ့အထလေးတစ်ခု ရှိပါတယ်။ ဒါကတော့ အရသာလည်းရှိ ပြင်ဆင်ရတာလည်းမြန်တဲ့ ပြုပြင်ထားတဲ့အစားအစာ (Processed Food)တွေ စားသုံးလာကြတာပါ။ ဒီအစားအစာတွေက စားလိုက်တုန်း စိတ်ကျေနပ်မှုရနိုင်ပေမယ့် ရေရှည်မှာဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားမိရဲ့လား။ ရေရှည်အတွက် မကောင်းတာတော့ အမှန်ပါပဲ။ ဘယ်လိုမျိုး ဆိုးကျိုးဖြစ်နိုင်တာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ပြုပြင်ထားတယ်ဆိုကတည်းက သဘာဝမဟုတ်တော့ဘူးဆိုတာကို သက်သေပြနေတာပါပဲ။ အရိုးစင်းဆုံးတွေးမယ်ဆိုရင်တောင် ဒီအစားအစာထဲမှာ တာရှည်ခံအောင် ထည့်ထားတာတွေ၊ အရသာကောင်းအောင် ပြုပြင်ထားတာတွေ ပါနေမယ်ဆိုတာ သိသာပါတယ်။ စားကောင်းတဲ့အရသာတွေရဲ့ စွဲဆောင်မှုကြောင့် တစ်ခါတစ်လေကနေ အမြဲလိုလို စားနေမိနိုင်ပါတယ်နော်။ပြုပြင်ထားတဲ့ အစားအစာတွေကအာဟာရပါဝင်မှုနည်းသလို အလွန်အမင်းပြုပြင်ထားတဲ့ ရလဒ်အနေနဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် ပါဝင်မှုကလည်း တော်တော်လေးနည်းပါးပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပေါချင်းလောချင်းပါနေတာက အချိုဓာတ်၊ အငန်ဓာတ်နဲ့ ပြည့်ဝဆီတွေပါ။ ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးတဲ့အခါ စားမိနိုင်သေးတာတွေကတာရှည်ခံဓာတုပစ္စည်းတွေနဲ့ သဘာဝမဟုတ်တဲ့ အချိုဓာတ်တွေပါ။ ဒီလောက်ဆိုရင်တော့ ကျန်းမာရေးအတွက် ကောင်းဖို့မရှိဘူးဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် လိုမယ်မထင်ပါဘူးနော်။ အရသာရှိရှိလေးနဲ့ ဗိုက်ပြည့်စေပေမယ့် ရေရှည်မှာကျခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေခံစားလာရနိုင်ပါတယ်။ အခုနောက်ပိုင်းမှာဆီးချိုရောဂါခံစားရတာတွေ များလာတယ်။အဝလွန်လာကြတယ်။ ခန္ဓာကိုယ်ရဲ့ခုခံအားတွေကျလာတယ်ဆိုတာရဲ့ အဓိက တရားခံတွေက အခြားမဟုတ်ပါဘူး။ ပြုပြင်ထားတဲ့ အစားအစာတွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးမိနေတာကြောင့်ပါ။ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ ပတ်သက်လို့ နောက်ထပ်ပြောစရာရှိတာတစ်ခုက အစားအစာတွေကို ထုပ်ပိုးထားတဲ့ ပလပ်စတစ်တွေ နဲ့ ဗူးတွေပါ။ ဒီထုပ်ပိုးတဲ့ပစ္စည်းတွေထဲမှာ BPA (bisphenol A) ပါဝင်နေပြီး ထုပ်ပိုးထားတဲ့အစားအစာတွေပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ BPA က ဟော်မုန်းပမာဏကိုထိခိုက်စေပြီး အမျိုးသမီးတွေမှာ မျိုးပွားစနစ်ကို ထိခိုက်စေနိုင်ပါတယ်လို့ ၂၀၁၅ ခုနှစ်အောက်တိုဘာလက သဘာဝပတ်ဝန်းကျင်သုတေသနပြုရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဂျာနယ်မှာထုတ်ဝေခဲ့တဲ့လေ့လာမှုမှာပါရှိပါတယ်။ဒီလိုမျိုး အာဟာရနည်းပါးပြီး စွဲလမ်းစေတတ်တဲ့ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးပါဝင်နေတဲ့ အရာတွေပါ။ ဒီအစားအသောက်နဲ့ ပတ်သက်ပြီး လေ့လာမှုတစ်ရပ်လုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုအတွင်း လူအယောက် ၄၄၅၅၁ ဦးကိုလေ့လာခဲ့ပါတယ်။လေ့လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ၇၃ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။လေ့လာမှုမှာ ပါဝင်သူတွေထဲက ၃၄ ရာခိုင်နှုန်းက နေ့စဉ်ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးခဲ့ကြပါတယ်။ လေ့လာမှုရလဒ်အနေနဲ့ကတော့ ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးသူတွေက အခြားသူတွေနဲ့နှိုင်းစာရင် အသက်သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်းကျော်ပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။အချို၊အငန်လွန်ကဲလွန်းတဲ့ ပြုပြင်ထားတဲ့အစားအစာတွေကြောင့် ခန္ဓာကိုယ်မှာရောဂါတွေခံစားရနိုင်ပါတယ်။ဒီလို နာတာရှည်ရောဂါတွေ ခံစားရစေမှတော့ ပြုပြင်ထားတဲ့အစားအစာတွေက အသက်တိုစေတယ်ဆိုတာ တကယ်ကိုသေချာနေပြီလေ။ ဒီနေ့ခေတ်ထဲမှာ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ရခက်ပေမယ့် အပိုပါမလာတဲ့ အသက်တစ်ချောင်းကို နှမြောရင်တော့ ဆင်ခြင်ပါလို့ တိုက်တွန်းပါရစေနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%95%e1%80%bc%e1%80%af%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%90%e1%80%b1/
အမျိုးသား အသားအရေ ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီး သင်မသိသေးသော (၁၁)ချက်
အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသားတွေမှာလည်း အရေးကြီးပါတယ်။ သင်ဟာ အမျိုးသားတစ်ဦးဖြစ်တဲ့အတွက် အသားအရေထိန်းသိမ်းခြင်းဟာ သင်နဲ့ မဆိုင်ဖူးလို့ ထင်နေပါသလား။ အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေအတွက်ပဲလို့ ယူဆထားပါသလား။ သင့်အနေနဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် အားကစားလုပ်တာမှာသာ စိတ်နှစ်ထားပါသလား။ ဒါပေမယ့် သင့်အနေနဲ့ ရုပ်ရည် ကြည့်ကောင်းချင်တယ် ဒါမှမဟုတ် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသားအရေထိန်းသိမ်းတာကို အခုပဲ စလုပ်သင့်ပါပြီ။သင့်အနေနဲ့ moisturizer သုံးစရာမလိုဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် moisturizer မသုံးလည်း အဆင်ပြေနိုင်ပေမယ့် အသားအရေခြောက်သွေ့တတ်သူဆိုရင်တော့ moisturizer အသုံးပြုခြင်းဟာ သင့်အသားအရေအတွက် ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အသားအရေ ခြောက်သွေ့ခြင်းဟာ နှင်းခူဖြစ်ဖို့ အခွင့်အလမ်း ပိုများစေတဲ့အပြင် အသားရောင်ကိုလည်း မူမမှန် ဖြစ်စေလို့ပါ။ ဒါကြောင့် သင့်အနေနဲ့ ဆပ်ပြာ ဒါမှမဟုတ် မျက်နှာသစ်ဆေးဝယ်ယူတဲ့အခါသင့်အသားအရေကို အစိုဓါတ်ထိန်းပေးနိုင်မယ့် ပစ္စည်းမျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။လူတွေရဲ့ အသားအရေဟာ တစ်ဦးနဲ့တစ်ဦး မတူတဲ့အတွက် ဒီအချက်ဟာ မှန်ပါတယ်။ အမျိုးသမီးသုံး moisturizer ဟာ အမျိုးသမီးတွေအတွက်သာ စီမံထုတ်လုပ်ထားတာဖြစ်ပြီး အမျိုးသမီးတွေရဲ့ အသားအရေဟာ အမျိုးသားတွေနဲ့ မတူတဲ့အတွက် အမျိုးသားတွေအနေနဲ့ သူတို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ အစိုဓါတ်ထိန်းပစ္စည်း (moisturizer)ကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။အမျိုးသမီးတွေနည်းတူ အမျိုးသားတွေရဲ့ အရေပြားဟာလည်း နေလောင်ဒါဏ်ကြောင့် ပျက်စီးနိုင်ပါတယ်။ နေလောင်ခြင်းဟာ အရေပြားကင်ဆာဖြစ်နိုင်ချေကို ပိုလာစေသလို အသားအရေပျက်စီးတာ ဒါမှမဟုတ် အလျင်အမြန် အိုမင်းရင့်ရော်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့နေရောင်ခြည်နဲ့ ထိတွေ့ရတော့မယ်ဆိုရင် အင်္ကျီလက်ရှည်တွေ ဝတ်တာ၊နေလောင်ခံ ခရင်မ်လိမ်းတာမျိုးကို ပြုလုပ်ပြီး ကြိုတင်ကာကွယ်နိုင်သလို မနက်ဆယ်နာရီနဲ့ နေ့လည်နှစ်နာရီကြားမှာလည်း အပြင်မထွက်သင့်ပါဘူး။ဘယ်လိုပဲ ဖြစ်ဖြစ် သင့်အနေနဲ့ တစ်ချိန်လုံး အိမ်တွင်းပုန်းနေဖို့ မဖြစ်နိုင်တဲ့အတွက် နေရောင်နဲ့တော့ ထိတွေ့နေရဦးမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ပြတင်းဘေးမှာ နေမယ် ဒါမှမဟုတ် ဝရန်တာမှာ နေမယ်ဆိုရင်လည်း နေရောင်နဲ့ ထိတွေ့နေနိုင်သေးတဲ့အတွက် နေလောင်ခံခရင်မ်ကို နေ့စဉ်လိမ်းထားသင့်ပါတယ်။အမျိုးသမီးတွေမှာ ဆားဝက်ခြံတွေ မထွက်အောင် ကာကွယ်ပေးနိုင်တဲ့ estrogen လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးရှိတဲ့အတွက် သူတို့တွေနဲ့စာရင် အမျိုးသားတွေမှာ ဆားဝက်ခြံတွေ ပိုထွက်တတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေအနေနဲ့ သူတို့နှာခေါင်းမှာ ဆားဝက်ခြံတွေ တွေ့မယ်ဆိုရင် ပျောက်ကင်းသွားအောင် အားကြိုးမာန်တက် ဖယ်ရှားလေ့ရှိပေမယ့် ယောက်ျားတွေကတော့ ဒီလိုမျိုးမဟုတ်ပါဘူး။ အမျိုးသားတွေအနေနဲ့ ဆားဝက်ခြံတွေကို ကာကွယ်ဖို့အတွက် သူတို့မျက်နှာမှာရှိတဲ့ ချွေးထွက်ပေါက်တွေ ပိတ်ဆို့နေတာကို ဖယ်ရှားပစ်ဖို့ လိုပါလိမ့်မယ်။ ဆားဝက်ခြံတွေကို မညှစ်ပစ်ဘဲ မျက်နှာသန့်စင်ဆေး ဒါမှမဟုတ် မျက်နှာဖုံးကို အသုံးပြုပြီး အဆီတွေနဲ့ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ချွေးပေါက်တွေအတွက် ပိုပြီး အကျိုးရှိအောင် လိုးရှင်းလေးတွေကို ထပ်မံလိမ်းပေးရမှာပါ။အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ချွေးပိုထွက်လေ့ရှိပြီး ချွေးထွက်တာဟာ ဝက်ခြံနဲ့ အစက်အပြောက်တွေကို ပိုဆိုးစေပါတယ်။ အစက်အပြောက်တွေဟာ မျက်နှာ၊ကျောဖက်၊လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ထွက်တတ်ပါတယ်။ မျက်နှာသစ်ဆေးတွေအသုံးပြုတာ ဒါမှမဟုတ် ရေချိုးတဲ့အခါ သေချာဂျီးတွန်းပေးတာတွေလုပ်မယ်ဆိုရင် ဝက်ခြံကို ကုသနိုင်မှာ ဖြစ်ပေမယ့် အရမ်းပူလွန်းတဲ့ ရေနဲ့ ချိုးတာ၊ကြမ်းကြမ်းတမ်းတမ်း ဂျီးတွန်းတာတွေဟာ အရေပြားကို ပျက်စီးထိခိုက်စေနိုင်တာမို့ ရှောင်ကြဉ်ရပါမယ်။ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသားရော၊အမျိုးသမီးတွေမှာပါ ဒီလိုအနေအထားမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ နှင်းခူဖြစ်ခြင်းဟာ တံတောင်ဆစ်နဲ့ ဒူးဆစ်တို့ကို ခြောက်သွေ့ တွန့်ခေါက်ကြမ်းတမ်းစေနိုင်ပါတယ်။ ဒါကြောင့် သင့်တံတောင်နဲ့ ဒူးတို့မှာ အဆိုပါ အခြေအနေတွေ ဖြစ်ပေါ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပြီး တကယ်လို့ အစိုဓါတ်ထိန်းပစ္စည်း (moisturizer)နဲ့လည်း မသက်သာဘူးဆိုရင် အောက်ပါနည်းလေးတွေကို သုံးကြည့်နိုင်ပါတယ်။• ကြက်သီးနွေးရေနဲ့ ရေချိုးခြင်း။• ၅မိနစ်ကနေ ၁၀မိနစ်လောက် ရေချိုးခြင်း။• ကြမ်းတမ်းတဲ့ ဆပ်ပြာတွေကို ရှောင်ရှားခြင်း။• နူးညံ့ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။အမွှေးရိတ်တာဟာ သင့်မျက်နှာမှာရှိတဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် သင့်အတွက် အကျိုးရှိစေပါတယ်။ အရေပြားဆဲလ်သေတွေဟာ ချွေးပေါက်တွေကို ပိတ်ဆို့ပစ်နိုင်တဲ့အတွက် ဝက်ခြံတွေကို ပိုဖြစ်စေတဲ့အပြင် သင့်အရေပြားကို မည်းစေသလို ပိုပြီးတော့လည်း အိုမင်းရင့်ရော်စေပါတယ်။မှားပါတယ်။ အမျိုးသားတွေအနေနဲ့ မုတ်ဆိတ်ရိတ်ပြီးရင် အစိုဓါတ်ထိန်းပေးထားဖို့ လိုပါတယ်။ သင့်အနေနဲ့ မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ မျက်နှာအရေပြားပေါ်က အညစ်အကြေးတွေ၊ပိုးမွှားတွေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် aftershave လို့ခေါ်တဲ့ မုတ်ဆိတ်ရိတ်အပြီးမှာသုံးရတဲ့ ခရင်မ်လေးတွေကို အသုံးပြုကောင်းပြုပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါ aftershave တွေဟာ အရက်ပျံပါဝင်တာမို့ သင့်အရေပြားကို ပိုမိုခြောက်သွေ့စေပြီး အလွယ်တကူ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ သင့်အရေပြားကို အစိုဓါတ်ထိန်းပေးထားနိုင်ဖို့အတွက် moisturizer အပျော့စားလေးတွေကို အသုံးပြုရပါမယ်။ဒီပစ္စည်းတွေဟာ သူတို့ရဲ့ နာမည်အတိုင်းပါပဲ၊ အရေပြားအတွက်ပဲ အာနိသင်ရှိတာ ဖြစ်ပြီး သင့်ဆံပင်နဲ့ မုတ်ဆိတ်ရဲ့ အမာအပျော့ကို ပြောင်းလဲမပေးနိုင်ပါဘူး။ရေနွေးဟာ သင့်အမွှေးအမျှင်တွေကို နူးညံ့စေတဲ့အတွက် ရိတ်ရတာ ပိုလွယ်စေပြီး ဓါးတစ်ချောင်းထက်ပိုပါတဲ့ မုတ်ဆိတ်ရိတ်တံဟာ သင့်မျက်နှာနဲ့ လည်ပင်းရဲ့ အနိမ့်အမြင့်၊အကွေးအကောက်တွေနဲ့ နေသားတကျဖြစ်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မုတ်ဆိတ်ရိတ်ရင် အသုံးပြုတဲ့ဂျဲလ် ဒါမှမဟုတ် ဆပ်ပြာမြှုပ်ကို အသုံးပြုမယ်ဆိုရင် မုတ်ဆိတ်ရိတ်ရတာ ပိုလို့တောင် လွယ်ကူအဆင်ပြေပါဦးမယ်။ဆေးလိပ်သောက်တာဟာ အချိန်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။ ဆေးလိပ်ဟာ သင့်အရေပြားမှာ ရှိတဲ့ အသားအရေတင်းရင်းစေသော ကော်လဂျင် (collagen) ဓါတ်ကို လျော့နည်းစေတဲ့အပြင် ထုတ်လုပ်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အရေပြားဆီကို သွေးအရောက်နည်းစေတဲ့အတွက် သင့်အရေပြားအနေနဲ့ သွေးကသယ်ဆောင်လာမယ့် အောက်ဆီဂျင်ဓါတ်နဲ့ အာဟာရဓါတ်တွေကိုပါ လျော့နည်းရရှိစေတာကြောင့် ဆေးလိပ်သောက်ခြင်းဟာ သင့်အရေပြားကို အလွန်အမင်းထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ချက်ချင်း ဖြတ်သင့်ပါတယ်။အသားအရေ ထိန်းသိမ်းတာဟာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တာလို့ သင့်အနေနဲ့ တခါတရံ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွေးအခေါ်တွေကို ပြောင်းလဲလိုက်ပါတော့။ ဘာလို့လဲဆိုတော့ အမျိုးသမီးရော၊အမျိုးသားပါ အသားအရေထိန်းသိမ်းဖို့ တကယ်ပဲ လိုအပ်လို့ဖြစ်ပါတယ်။ သင့်အနေနဲ့ အသားအရေထိန်းသိမ်းရေး စတင်ပြုလုပ်ဖို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ အရင် သေချာစွာ လေ့လာရပါဦးမယ်။ ပြီးမှ မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး အသားအရေထိန်းသိမ်းရမှာပဲ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b-%e1%80%91%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%9e/
ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ
ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ တွေကို ပြောပြပေးချင် ပါတယ်။ ရှောက်ရွက် က ထိုင်းအစားအစာတွေတိုင်း လိုလိုမှာ တွေ့ရတတ်တဲ့ အမွှေးအကြိုင် တစ်ခုပါ။ တို့ဟူးသုပ်၊ ငါးဖယ်သုပ်၊ ကင်းမွန်သုပ်တွေထဲ ထည့်စားရင်လည်း အနံ့အရသာ ပြည့်စုံစေတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးပေါ့။ တို့စားရင်လည်း မွှေးမွှေးလေးနဲ့ခံတွင်းပါ ရှင်းသေးတယ်နော်။ ရှောက်ရွက်ရဲ့ အသုံးတည့်မှုက ဒီလောက်ပဲလား။ ဒီထက်မကတဲ့ ကျန်းမာရေး အကျိုးထူးတွေ ပိုင်ဆိုင်ထားတဲ့ ရှောက်ရွက်လေး အကြောင်း နည်းနည်းလောက် ဆွေးနွေးကြရအောင်လား။ရှောက်ရွက်မှာကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ဗီတာမင် C၊ ရှောက်မျိုးနွယ်ဝင် အပင်တွေမှာ ပါတဲ့ဗီတာမင်တစ်မျိုး ဖြစ်တဲ့ ဗီတာမင် P တို့ အဓိက ပါဝင်နေ ပါတယ်။ရှောက်ရွက် က ဖလေဗာနွိုက် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်နှလုံးရောဂါနဲ့ကင်ဆာဝေဒနာ ခံစားနေရသူတွေ အတွက် သင့်တော်ပါတယ်။ အစားများလို့ မအီမသာ ဖြစ်တာ၊ ပင်ပန်းနုံးချိတာ၊ အော့အန်တာ၊ ဗိုက်မကောင်းတာတွေ အတွက်လည်း ရှောက်ရွက်ကို ရေစင်စင်လေး ဆေးပြီး ဝါးစားလိုက်ရုံပါ။ ဝမ်းသွားနေသူတွေ အနေနဲ့ ရှောက်ရွက် နုနုလေးကို ဝါးစားပေးလို့ ရသလို ရှောက်ရွက် ပြုတ်ရည် သောက်ပေးလို့လည်း ရပါတယ်။အနာတွေ၊ပြတ်ရှ ဒဏ်ရာတွေအနာစိမ်းတွေ ဖြစ်တဲ့အခါမှာလည်း အနာကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ရှောက်ရွက်ကို ရေစင်အောင်ဆေးပြီး သတ္တုရည်ကို စွတ်ပေးလို့ ရပါတယ်။ အဆစ်အမြစ်တွေ ရောင်တာ၊ အကြောအခြင်တွေ ရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေနိုင် ပါသေးတယ်။သွေးကြောတွေကို ကျန်းမာစေပြီး ကိုယ်ခံအား စနစ်ကိုလည်း ကျန်းမာစေနိုင် ပါတယ်။အာရုံကြောတွေကျန်းမာစေဖို့ အသုံးပြုလို့ ရသလို သွေးတိုးတာ၊အစာခြေစနစ်မှာ ဖြစ်တဲ့ အနာတွေကို သက်သာစေဖို့ အတွက်လည်း အသုံးပြုလို့ ရပါတယ်။ ညဘက် အိပ်မပျော်သူတွေ အတွက်လည်း အစွမ်းထက်တဲ့ သဘာဝဆေး တစ်မျိုးပါ။ အအေးမိတာ၊ အစာမကြေတာ၊ဝမ်းချုပ်တာ၊ပန်းနာရင်ကြပ်ခံစားနေရတာ၊ လေပြွန်ရောင်ရမ်းတာ၊အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါခံစားနေရတာ၊ ဗီတာမင် C ချို့တဲ့မှုတွေကို သက်သာစေနိုင် ပါတယ်။ စိတ်ငြိမ်စေပြီး အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်း ကိုက်တာခံစားနေရမယ် ဆိုရင်တော့ ရှောက်ရွက်ကို ရေနွေးဆူဆူထဲမှာ ၁၀ မိနစ်လောက် စိမ်ပြီး ရလာတဲ့ အရည်ကို သောက်ပေးပါ။ နေ့စဉ် နှစ်ခွက် ပုံမှန် သောက်ပေးမယ် ဆိုရင် ခေါင်းကိုက်တာ သက်သာသွားမှာပါ။ ပန်းနာရင်ကြပ် ရှိသူတွေ အနေနဲ့လည်း ရှောက်ရွက်ကို ဆေးဖြစ်ဝါးဖြစ် စားပေးသင့်ပါတယ်။ဒီလောက် ဆိုရင်တော့ ရှောက်ရွက်လေးက ဟင်းလျာတွေကိုပဲ အနံ့အရသာ ပြည့်စုံစေတာလား၊ ကျန်းမာရေးကိုပါ အထောက်အကူ ပြုလားဆိုတာကို သဲသဲကွဲကွဲ သိလောက်မယ် ထင်ပါတယ်နော်။ ရှောက်ရွက် နုနုလေးတွေကို ကျန်းမာရေးအတွက် စားလိုက်ကြရအောင်လား…….။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/lemon-tree-leaves-benefits/
ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော်
ဆီးချိုသွေးချိုဆိုတာ လူကြီးတွေမှာ (အထူးသဖြင့် သက်ကြီးပိုင်းတွေ) မှာပဲ ဖြစ်တတ်တဲ့ရောဂါတစ်ခုလို့ ထင်ကြပါတယ်။ ခုခေတ် ဟိုမှာဒီမှာ ကြားရလွန်းလှတဲ့ဆီးချိုရောဂါဆိုတာ တကယ်တော့ အရွယ်သုံးပါးမရွေးပါဘူးနော်။ သက်ကြီးပိုင်းတင်မကဘူး၊ လူငယ်၊လူလတ်မကျန် ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော် ။ဆီးချိုသွေးချိုရောဂါနှစ်မျိုးထဲမှာ မွေးရာပါဖြစ်တဲ့အမျိုးအစား ၁အန္တရာယ်အတွက်တော့ ကြိုတားဆီးလို့မရနိုင်ပေမယ့် အကြောင်းရင်းခံတချို့ကြောင့်နောက်ပိုင်းမှဖြစ်လာနိုင်တဲ့အမျိုးအစား ၂အတွက်တော့ ကြိုတင်ကာကွယ်လို့ရပါတယ်။ ပြဿနာက အမျိုးအစား ၂ ရဲ့လက္ခဏာကို မသိလိုက်တာမျိုးရှိတတ်တာပါပဲ။ အများစုကရောဂါတဖြည်းဖြည်းအဆင့်တက်လာတာကို မသိလိုက်ဘဲ လက္ခဏာလည်း သိပ်မတွေ့ရတတ်ပါဘူး။ကလေးမှာ အဖြစ်များတာက အမျိုးအစား (၁) ဆီးချိုရောဂါဆိုပေမယ့် တစ်ခါတလေ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ တခြားအမျိုးအစား ဆီးချိုရောဂါတွေ ဖြစ်နိုင်တာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာပေါ့။  ဒါကြောင့် ကိုယ့်ကလေးမှာ ဆီးချိုအန္တရာယ်ရှိမရှိကို သိနိုင်ဖို့ ဒီလက္ခဏာ (၆) ခုကို အဓိကသတိထားကြည့်သင့်ပါတယ်။ ကလေးက –။(၁) ပုံမှန်ထက်ပိုပြီးမောပန်းအားကုန်လွယ်သလား။ကလေးတွေ ကစားနေကျအတိုင်း နည်းနည်းပြေးလွှားဆော့လိုက်ရုံနဲ့ ကိုယ့်ကလေးက ပုံမှန်ထက် ပိုမောနေလား၊ နုံးချိပြီးခွေသွားရောပဲလား သတိထားကြည့်ပါနော်။ ကလေးပုံစံက ပုံမှန်ထက် တအားပိုပင်ပန်းနေပြီး အိပ်ချင်နေပုံရတယ်ဆိုရင် သွေးတွင်းသကြားဓာတ်အပြောင်းအလဲကြောင့် အားကုန်နွမ်းနယ်နေတာဖြစ်နိုင်ပါတယ်။(၂) ခဏခဏ ဆီးသွားနေလား။သွေးထဲမှာရှိတဲ့ သကြားဓာတ်ပမာဏက လွန်ကဲနေရင် ခန္ဓာကိုယ်က ပိုလျှံနေတဲ့သကြားဓာတ်တွေကို ဆီးနဲ့အတူ စွန့်ထုတ်လေ့ရှိပါတယ်။ ဒါဆို ကလေးက ခဏခဏ ရှူးပေါက်တာ၊ ဆီးအများကြီးသွားတာ (ပုံမှန်ထက်ပိုပြီး) တွေဖြစ်လာပါလိမ့်မယ်။(၃)ရေတအားတောင်းနေလား။ခဏနေ သောက်ချင်ပြန်ပြီ၊ ခဏနေ ရေတောင်းသောက်ပြန်ပြီ၊ ပုံမှန်ထက်ပိုပြီး ရေဆာနေတတ်တဲ့ကလေးတွေမှာ သွေးတွင်းသကြားဓာတ်မြင့်နေလို့ ဖြစ်နိုင်ပါတယ်။(၄) အချိန်တိုင်းလိုလို ဆာနေသလား။ဆီးချိုရောဂါရှိတဲ့ကလေးတွေမှာ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ လုပ်ဆောင်ချက်ကောင်းမွန်စေဖို့ အားဖြည့်ပေးမယ့် အင်ဆူလင်တုံ့ပြန်နိုင်စွမ်း မကောင်းတာ တွေ့ရပါတယ်။ ဒါကြောင့် လေးတွေက ဆာလောင်မှုကို အရင်ကထက်ပိုပြီးမကြာခဏခံစားမိကြပါတယ်။ ဆာလောင်မှုနဲ့ စားချင်သောက်ချင်စိတ်လွန်ကဲတဲ့ ဒီအခြေအနေကို polyphagia သို့မဟုတ် hyperphagia ဖြစ်တယ်လို့ ခေါ်ပါတယ်။(၅) ထိခိုက်ဒဏ်ရာတွေ အနာကျက်နှေးသလား။ကလေးမှာဖြစ်လာတဲ့ အနာလေးတွေ ဒါမှမဟုတ်ထိခိုက်ပွန်းပဲ့တာလေးတွေမှာ အနာတော်တော်နဲ့မကျက်တာ၊ သေချာဂရုစိုက်လည်း အနာကျက်နှေးနေတာတွေကအမျိုးအစား၂ ဆီးချိုရောဂါရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။(၆) အသားအရေ ညစ်လာသလား။အင်ဆူလင်ရဲ့ တုံ့ပြန်လုပ်ဆောင်နိုင်စွမ်းမကောင်းတာက အသားအရောင်ကို ညစ်စေပါတယ်။ အထူးသဖြင့် ချိုင်းနဲ့ လည်ပင်းအသားအရေကိုပေါ့။ ကလေးမှာ အမျိုးအစား ၂ ဆီးချိုရောဂါရှိနေရင် အသားအရေက အရင်လိုမဟုတ်ဘဲ ညိုညစ်ညစ်ဖြစ်လာတဲ့နေရာတွေ ရှိလာတတ်ပါတယ်။ဘာကြောင့်ဖြစ်ရသလဲ။ဆီးချိုရောဂါဖြစ်လာစေတဲ့အကြောင်းရင်းထဲမှာ မိသားစုမျိုးရိုးနဲ့ မျိုးဗီဇတို့ ပါဝင်နေပေမယ့် လှုပ်ရှားမှုနည်းခြင်း၊ အဆီပိုများနေခြင်း(အထူးသဖြင့် ဝမ်းဗိုက်အဆီ)၊ အစားအသောက်နဲ့နေထိုင်မှုပုံစံတို့ကလည်း အရေးပါတဲ့အချက်တွေဖြစ်ပါတယ်။ မွေးရာပါမဟုတ်တဲ့ အမျိုးအစား ၂ ဆီးချိုရောဂါအန္တရာယ်ဖြစ်နိုင်ခြေများစေနိုင်တဲ့အချက်တွေက –။ကလေးကို ဆီးချိုအန္တရာယ် ကာကွယ်ရအောင်။ကလေးကို ဆီးချိုမဖြစ်စေဖို့ အဓိကအားဖြင့် ဒီသုံးချက်နဲ့ကာကွယ်ပေးနိုင်ပါတယ်။ကလေးမှာ ကိုယ်အလေးချိန်များနေပြီး ဆီးချိုဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်တွေရှိနေပြီဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးမှုခံယူပါ။ အကြံပြုချက်တွေအတိုင်း လိုက်နာပြီး ကလေးရဲ့နေထိုင်စားသောက်မှုပုံစံကို ကူညီပြောင်းလဲပေးလိုက်ပါ။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေကို ရောဂါကင်းဝေးပြီး ကျန်းမာစွာကြီးထွားဖွံ့ဖြိုးနိုင်အောင် ဖန်တီးပေးနိုင်ရင် ဘာနဲ့မှလဲမရတဲ့ မိဘတွေရဲ့ပီတိပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/child-with-diabetes/
အဆုတ်ကင်ဆာအတွက် အသက်ရှူလေ့ကျင့်ခန်း
အသက်ရှူလေ့ကျင့်ခန်းတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေရုံသာမက သွေးပေါင်ကို ထိန်းပေးပြီး စိတ်တည်ငြိမ်စေတာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ အသည်းကင်ဆာရှိသူ အတော်များများ (သို့) အဆုတ်ကို ပြန့်လာတဲ့ ကင်ဆာရှိသူတွေဟာ မောခြင်းကို ခံစားရတတ်ပါတယ်။ သင့်မှာ ဒီလက္ခဏာ ရှိနေပြီဆိုရင် အသက်ရှူခြင်းကို ဘယ်လို ထိန်းချုပ်သင့်တယ်ဆိုတာ သိသင့်ပါတယ်။အသက်ရှူခြင်းကို မလေ့ကျင့်မီ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်သင့်ပါတယ်။ စိတ်ကို လျှော့ထားနိုင်စေတဲ့ စိတ်တည်ငြိမ်ရာ နေရာကို ဖန်တီးသင့်ပါတယ်။ သင့်ကို သက်တောင့်သက်သာ ရှိစေတဲ့ အဝတ်အစားကို ဝတ်ဆင်သင့်ပြီး ကြွက်သားတွေကို လျှော့သင့်ပါတယ်။ဒီနည်းဟာ ရိုးရှင်းပြီး နေရာတိုင်း အချိန်တိုင်းမှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းကို တည်ထွင်ခဲ့တဲ့ ယောဂနည်းပြဆရာက ဒီလေ့ကျင့်ခန်းဟာ အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး၊ အာရုံစူးစိုက်မှုကို မြင့်တက်စေကာ၊ စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါဟာ သင့်ကို ပိုမို အိပ်ပျော်စေပါတယ်။ဘယ်လိုလုပ်ရမလဲ –သင်သက်တောင့်သက်သာ ရှိတဲ့ ပုံစံကို ရပြီဆိုရင် ၄ အထိရေတွက်ပြီး နှာခေါင်းကနေ အသက်ရှူပါ။ ပြီးရင်တော့ ၄ အထိ ရေတွက်ပြီး နှာခေါင်းက နေရှူထုတ်ပါ။သင့်မှာ အဆုတ်ကင်ဆာ ရောဂါရှိတယ်ဆိုရင် မောပန်းခြင်းအပြင် စိတ်ဖိစီးခြင်း၊ စိတ်ပူခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ကို လျော့ကျစေပြီး သင့်ကို စိတ်တည်ငြိမ်စေပါတယ်။ဘယ်လိုလုပ်ရမလဲ –လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး နောက်တစ်ဖက်ကို ဗိုက်ပေါ်တင်ပါ။ အသက်ပြင်းပြင်းရှူပါ။ အသက်ပြင်းပြင်းရှူဖို့ diaphragm ရင်ဝမ်းခြားကြွက်သား ကိုအသုံးပြုဖို့လိုတယ်ဆိုတာ သတိရပါ။ သင်တတ်နိုင်သလောက် အသက်အောင့်ထားပြီး ဖြည်းညင်းစွာ ရှူထုတ်ပါ။ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓါတစ်ခုလုံးကို အသက်ရှူပြီး လျှော့ဖို့ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဖို့အတွက် အသက်အောင့် ထားဖို့ လိုအပ်ပြီး ခေါင်းမူးခြင်းကို ကာကွယ်ဖို့ တတ်နိုင်သလောက်သာ အသက်အောင့်ထားသင့်ပါတယ်။ဘယ်လိုလုပ်ရမလဲ –သက်တောင့်သက်သာ ရှိတဲ့ ပုံစံ ဖြစ်အောင်နေပါ။ ဖြစ်နိုင်ရင် အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း အကောင်းဆုံးဖြစ်တဲ့ ထိုင်နေတဲ့ ပုံစံနဲ့ နေသင့်ပါတယ်။ မျက်လုံးကို မှိတ်ပြီး ကြွက်သားအုပ်စု တစ်စုစီကို ၂-၃ စက္ကန့်အကြာလောက် တင်းလိုက်လျှော့လိုက် ပြုလုပ်ပါ။ ခြေထောက်နဲ့ ခြေချောင်းတွေက စတင်သင့်ပြီး ဒူးခေါင်း၊ ပေါင်၊ အနောက်ဘက်၊ ရင်ဘတ်၊ လက်မောင်း၊ လက်၊ လည်ပင်း၊ မေးရိုးနဲ့ မျက်လုံးတွေဆီကို သွားပါ။ သင်ဒီလိုလုပ်နေစဉ်မှာ ဖြည်းညင်းစွာ အသက်ရှူပါ။ဒီလေ့ကျင့်ခန်းဟာ အသက်ရှူစဉ်မှာ စိတ်ကပါ လိုက်ပါဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ Guided visualization ဟာ စိတ်ဖိစီးဖို့ကောင်းတဲ့ အရာတွေကို စဉ်းစားမယ့်အစား သင်သွားလိုတဲ့နေရာတွေကို ရောက်နေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ဘယ်လိုလုပ်ရမလဲ –ဒီနည်းကို မပြုလုပ်မီ သင့်ကိုပျော်ရွှင်စေတဲ့ နေရာတစ်ခုကို စဉ်းစားသင့်ပါတယ်။ စိတ်ညစ်စရာကောင်းတဲ့ အတွေးတွေကို အစားထိုးဖို့ ကောင်းမွန်တဲ့ ပျော်စရာကောင်းတဲ့ အတွေးတွေကို အာရုံစိုက်ပြီး အသက်ပြင်းပြင်းရှူသင့်ပါတယ်။ဒီလေ့ကျင့်ခန်းဟာ ရူးမိုက်တယ်လို့ ထင်ရပေမယ့် တကယ် အကျိုးရှိပါတယ်။ ဒီလေ့ကျင့်ခန်းဟာ စိတ်တည်ငြိမ်ညီမျှမှုကို ဖြစ်စေပြီး ဦးနှောက်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်ကို ဆက်သွယ်ပေးပါတယ်။ ဒီနည်းဟာ သင့်နှာခေါင်း ပိတ်မနေမှသာ ပြုလုပ်သင့်ပါတယ်။ ဥပမာ လေ အလွယ်တကူ ဝင်ထွက်ခြင်း မပြုနိုင်တဲ့ လေ လမ်းကြောင်း ကျဉ်းခြင်းတွေ ဖြစ်နေရင် မပြုလုပ်သင့်ပါဘူး။ဘယ်လိုလုပ်ရမလဲ –စတင်ဖို့အတွက် သင့်နှာခေါင်းပေါက်ဝမှာ လက်မနဲ့ လက်သူကြွယ်ကို ထားသင့်ပြီး ညာဘက်နှာခေါင်းဝမှာ ညာဘက်လက်မကို ထားကာ ဘယ်ဘက် နှာခေါင်းပေါက်ဝမှာတော့ လက်သူကြွယ်ကို ထားသင့်ပါတယ်။ အသက်ကို ဝဝရှူနိုင်ဖို့ လက်မကို မထားသင့်ပြီး လက်မကို ပြန်ဖိပိတ်သင့်ပါတယ်။ တချိန်ထဲမှာပဲ ဘယ်ဘက်နှာခေါင်းပေါက်ဝက လက်သူကြွယ်ကို မပြီး လေကို ထုတ်သင့်ပါတယ်။အသက်ရှူခြင်းဟာ လူအတော်များများက သူတို့ အသက်ရှူမှု မှားယွင်းနေတယ်ဆိုတာ မသိပဲ နေ့စဉ်နဲ့ အမျှ ပြုလုပ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ အသက်ရှူနည်းတွေကို ပြုလုပ်ခြင်းဟာ အထူးသဖြင့် အဆုတ်ကင်ဆာ ရှိသူတွေမှာ စိတ်အပန်းပြေရုံသာမက စိတ်ကို တိုးတက်စေနိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%a1%e1%80%90%e1%80%bd%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%be/
သွေး အကြောင်းသိကောင်းစရာ
သွေးဟာ ကိုယ်ခန္ဓါတစ်ခုလုံး အနှံ့ စီးဆင်းနေတဲ့ အသက်ရှင်သန်ဖို့ကို ထိန်းသိမ်းပေးတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။သွေးရဲ့ လုပ်ငန်းဆောင်တာဟာ ဘာလဲ။သွေးဟာ ကိုယ်ခန္ဓါအနှံ့က တစ်ရှူးတွေကို အောက်ပါအရာတွေ သယ်ဆောင်ပေးပါတယ်။သွေးဟာ ကိုယ်ခန္ဓါအနှံ့က တစ်ရှူးတွေဆီက အောက်ပါအရာတွေကို သယ်ဆောင်သွားပါတယ်။သွေးရဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ။သွေးရဲ့ ပါဝင်ပစ္စည်းတွေကတော့ သွေးဆဲလ်တွေ နေဖို့အတွက် သွေးရည်ကြည် ပါဝင်ပြီး အောက်ပါ အရာတွေလည်း ပါဝင်ပါတယ်။သွေးနီဥ – အောက်ဆီဂျင်ကို အဆုတ်ကနေ ကိုယ်ခန္ဓါအနှံ့ကို ပို့ဆောင်ပေးပါတယ်။သွေးဖြူဥ – ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပြီး ကိုယ်ခံအားစနစ်မှာ ကူညီပေးပါတယ်။ပါဝင်တဲ့ သွေးဖြူဥတွေကတော့ –။သွေးဆဲလ်တွေကို ဘယ်မှာ ပြုလုပ်တာလဲ။သွေးဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီထဲမှာ ပြုလုပ်တာဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီဟာ ပျော့ပြောင်းပြီး ရေမြုပ်ကဲ့သို့ ပစ္စည်းတစ်မျိုးဖြစ်ပြီး အရိုးတွေရဲ့ အလည်ဗဟိုမှာ တည်ရှိကာ သွေးဆဲလ်တွေရဲ့ ၉၅ ရာခိုင်နှုန်း ကို ထုတ်ပေးပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ရဲ့ ရိုးတွင်းခြင်ဆီဟာ တင်ပဆုံရိုး၊ ရင်ဘတ်ရိုးနဲ့ ကြောရိုးမအတွင်းမှာ အများဆုံးရှိတတ်ပါတယ်။သွေးဆဲလ်တွေကို ထိန်းညှိပေးတဲ့ အခြားအင်္ဂါနဲ့ စနစ်တွေလဲ ကိုယ်ခန္ဓါထဲမှာ ရှိပါတယ်။ ပြန်ရည်ကျိတ်တွေ၊ သရက်ရွက်နဲ့ အသည်းတို့ဟာလဲ ဆဲလ်တွေ ထုတ်လုပ်ခြင်း၊ ဖျက်ဆီးခြင်းနဲ့ ပုံသဏ္ဍာန်ပြောင်းခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ ဆဲလ်အသစ် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကို Haematopoiesis လို့ ခေါ်ပါတယ်။ရိုးတွင်းခြင်ဆီထဲမှာ စတင်ဖြစ်ပေါ်တဲ့ သွေးဆဲလ်တွေကို ပင်မဆဲလ် Stem cells တွေလို့ ခေါ်ပါတယ်။ ဒီ ပင်မဆဲလ်တွေဟာ သွေးဆဲလ်တွေ အကုန်လုံးရဲ့ စစချင်းအဆင့်ဖြစ်ပါတယ်။ Stem cells တွေ ရင့်ကျက်လာရင် သွေးဖြူဥ၊ သွေးနီဥနဲ့ သွေးခဲစေသော သွေးမွှားဥ အစရှိတဲ့ ကွဲခြားတဲ့ ဆဲလ် တွေ ဖြစ်လာကြပါတယ်။ မရင့်ကျက်သေးတဲ့ သွေးဆဲလ်တွေကိုတော့ blasts တွေလို့ ခေါ်ကြပါတယ်။ အချို့ Blasts ဆဲလ်တွေဟာ ရိုးတွင်းခြင်ဆီထဲမှာ ရင့်ကျက်လာဖို့ နေပြီးတော့ အချို့ကတော့ အခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေထဲကို ခရီးသွားပြီး ရင့်ကျက်ပြီး လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်တဲ့ သွေးဆဲလ်တွေ ဖြစ်လာကြပါတယ်။သွေးဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာက ဘာလဲ။သွေးနီဥရဲ့ အဓိက အလုပ်ကတော့ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သယ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ Haemoglobin ဟာ သွေးနီဥတွေထဲမှာ ပါဝင်တဲ့ အရေးကြီးတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်ကို အဆုတ်ကနေ ကိုယ်ခန္ဓါ အနှံ့အပြားကို ပို့ဆောင်ပေးပါတယ်။သွေးဖြူဥရဲ့ အဓိက လုပ်ငန်းကတော့ ရောဂါ ကာကွယ်ဖို့ပါပဲ။ သွေးဖြူဥ အမျိုးအစားတွေ အများကြီး ရှိပြီးတော့ တစ်ခုဆီမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနဲ့ ကပ်ပါးရောဂါတွေကို တိုက်ထုတ်တဲ့ အခန်ုးကဏ္ဍတစ်ခုစီ ပါဝင်ပါတယ်။ ရောဂါပိုးကာကွယ်ဖို့အတွက် အရေးအကြီးဆုံး သွေးဖြူဥ အမျိုးအစားတွေကတော့။ရောဂါတိုက်ထုတ်ရုံတင်မကပဲ ဆဲလ်သေတွေ၊ တစ်ရှူး အပျက်အစီးတွေနဲ့၊ သွေးနီဥအိုတွေကို ဖျက်ဆီးပေးခြင်းအားဖြင့်လည်း အနာကျက်မှုကို အားပေးပါတယ်။သွေးထဲကို ဝင်ရောက်လာတဲ့ allergens (ဓါတ်မတည့်မှုကို ဖြစ်စေသော ပစ္စည်း) ကဲ့သို့သော ပြင်ပပစ္စည်း ဝင်ရောက်မှုကိုလည်း တားမြစ်ပေးပါတယ်။ကင်ဆာဖြစ်စေတဲ့ သန္ဓေပြောင်းဆဲလ် တွေကနေလဲ ကာကွယ်ပေးပါတယ်။သွေးခဲစေတဲ့ သွေးမွှားဥတွေ ရဲ့ အဓိက တာဝန်ကတော့ သွေးခဲခြင်းကို ဖြစ်စေခြင်း ဖြစ်ပါတယ်။ ဒီဆဲလ် တွေဟာ အခြား ဆဲလ်တွေနဲ့ ယှဉ်ရင် အရွယ်အစား အလွန်သေးငယ်ပါတယ်။ သူတို့ဟာ အစုအဝေးနဲ့ ဖြစ်ပေါ်ပြီးတော့ သွေးကြောနံရံမှာ သွားပိတ်ပြီး သွေးတိတ်စေပါတယ်။သွေးဆဲလ်အရေအတွက် အပြည့်အစုံ တိုင်းတာချက် CBC ဆိုတာဘာလဲ။CBC ဟာ မတူညီတဲ့ သွေးဆဲလ်တွေရဲ့ အရွယ်အစား၊ အရေအတွက်နဲ့ ရင့်ကျက်မှုကို တိကျတဲ့ သွေးပမာဏတစ်ခုအတွင်း တိုင်းတာခြင်းပဲဖြစ်ပါ တယ်။ CBC ကို တိုင်းတာခြင်းအားဖြင့် ထုတ်လုပ်မှုအပိုင်းသော်လည်းကောင်း၊ ဖျက်ဆီးခြင်း အပိုင်းသော်လည်းကောင်း ပုံသဏ္ဍာန် မမှန်မှုတွေကို သိရှိနိုင်ပါတယ်။ ပုံမှန် အရေအတွက်၊ အရွယ်အစား၊ ရင့်ကျက်မှုကနေ ကွာခြားမှု ရှိခြင်းဟာ ကူးစက်ရောဂါပိုးဝင်ရောက်ခြင်း (သို့) ရောဂါဖြစ်နေပြီဆိုတာကို ပြသပါတယ်။ ကူးစက်ပိုး ဝင်ပြီဆိုရင် သွေးဖြူဥ အရေအတွက်ဟာ မြင့်တက်တတ်ပါတယ်။ ကင်ဆာ အတော်များများဟာ ရိုးတွင်းခြင်ဆီက သွေးဆဲလ်ထုတ်လုပ်မှုကို အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ မရင့်ကျက်တဲ့ သွေးဖြူဥ ဆဲလ်တွေ များနေခြင်းဟာ သွေးကင်ဆာနဲ့ ဆက်နွယ်မှု ရှိနိုင်ပါတယ်။ Haemoglobin နည်းနေခြင်းဟာတော့ သွေးအားနည်းခြင်းနဲ့ Sickle cell disease (သွေးနီဥ ပုံစံပျက်သော သွေးအားနည်းရောဂါတစ်မျိုး) တွေကြောင့် ဖြစ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%9b/
စတော်ဘယ်ရီ နဲ့ အလှအပရေးရာ
အရောင်အသွေး၊ အနံ့အရသာပြည့်စုံတဲ့ စတော်ဘယ်ရီ သီးလေးတွေက စားလို့တင်အရသာရှိတာမဟုတ်ပါဘူး။ လေဒီလေးတွေရဲ့ အလှအပရေးရာအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဘယ်လိုများ အသုံးဝင်လဲ တူတူကြည့်ရအောင်လား……။အရောင်နီနီရဲရဲ အနံ့မွှေးမွှေးလေးရှိပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ စတော်ဘယ်ရီ သီးလေးက ပေးတဲ့ကျန်းမာရေး အာနိသင်က တော်တော်လေးတော့များပါ။ ဒါတွထဲကမှ အလှအပအတွက် ဘယ်လိုတွေထောက်ပံ့ပေးလဲဆိုတာကို ပြောပြပေးပါရစေလား။ဝိတ်ကျစေနိုင်တယ်။သွယ်လျလှပပြီးအဆီပိုကင်းတဲ့ခန္ဓာကိုယ်အချိုးအစားက ပျိုမေလေးတွေကို အလှတိုးစေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ စတော်ဘယ်ရီ မှာပါတဲ့ ellagic acid နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေး နိုင်ပါတယ်။နာတာရှည်ရောင်ရမ်းမှုတွေကြောင့် ဝိတ်တက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်တွင်းကဟော်မုန်းတွေကိုလည်း အကောင်းဆုံးထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဝိတ်ကျစေဖို့ အားပေးတဲ့ ဟော်မုန်းတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။နောက်တစ်ချက်က anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစားစားချင်စိကို ထိန်းညှိ ပေးနိုင်တဲ့ adiponectin ခေါ်တဲ့ ဟော်မုန်းထွက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ ဒီဟော်မုန်းကအဆီတွေကို အကောင်းဆုံး ချေဖျက်ပေးနိုင်ပါတယ်။အသားအရေကျန်းမာစေနိုင်တယ်။စတော်ဘယ်ရီ အပါအဝင် ဘယ်ရီသီးတော်တော်များများမှာ အရေပြားပေါ်ကဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှား ပေးပြီး အရေပြားဆဲလ်တွေအသစ်ဖြစ်ပေါ်မှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ alpha-hydroxy အက်ဆစ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။စတော်ဘယ်ရီမှာပါတဲ့ salicylic အက်ဆစ် နဲ့ ellagic အက်ဆစ်တွေကအသားအရောင်မညီတာ၊ အရေပြားမှာ အစက်အပြောက်တွေမဖြစ်အောင် ကာကွယ်ပေးသလို အရေပြားပေါ်က အမဲစက်တွေ၊ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီးချွေးပေါက်တွေကို ထိန်းညှိပေးပြီး အသာအးရေကို တင်းရင်းလှပစေနိုင်ပါတယ်။ ဝက်ခြံတွေမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင် C ကြွယ်ဝမှုကလည်း အသာအးရေကို ကြည်လင်ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အသားအရေ ကောင်းခြင်းကို ဖြစ်စေပြီး ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေနိုင်ပါတယ်။နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ်ကနေလည်း အသားကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အပြုံးလှစေဖို့ အရေးပါတဲ့သွားတွေကို ကျန်းမာစေတယ်။လှပတဲ့ အပြုံးကလည်း လေဒီလေးတွေကို အလှအပတိုးစေတဲ့ အချက်တွေထဲကတစ်ခုပါ။ သွားတွေက အရောင်ပြောင်း နေမယ်။ သွားပိုးစားနေမယ်ဆိုရင် ပြုံးရင်လှဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့ ဖြူဖွေးကြံ့ခိုင်ပြီး လှပတဲ့ သွားနဲ့ခံတွင်းနံ့ဆိုးကင်းတဲ့ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် စတော်ဘယ်ရီစားပေးလို့ရပါတယ်။အရွယ်တင်နုပျိုစေနိုင်တယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု၊အရွယ်မတိုင်ခင် အိုမင်းမှုဖြစ်စေတာတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူးဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်တဲ့ lycopene ပါဝင်နေမှုက အရွယ်တင်စေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။ဆံပင်မကျွတ်အောင်ကာကွယ်ပေးတယ်။ဆံပင်က ဒုတိယမျက်နှာပါ။ ပိတုန်းရောင်ဆံသားထူထူထဲထဲလေးကလေဒီတွေကို အလှတိုးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဆံသားကျန်းမာရေးကို ဂရိုစိုက်ဖို့ကလည်း လေဒီလေးတိုင်း မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။  စတော်ဘယ်ရီမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက ဆံသားကျန်းမာရေးကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ သံဓာတ်စုပ်ယူမှုကို ကောင်းစေနိုင်ပါ တယ်။ ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကသံဓာတ်နည်းလို့ပါ။ ဒါကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ ကင်းစေချင်ရင် စတော်ဘယ်ရီ စားပြီး ဆံသားကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-of-strawberries-for-skin/
အခုတလော လူပြောများနေတဲ့ Hydrogenated Vegetable Oil အကြောင်း
ပထမဆုံးအနေနဲ့Hydrogenated Vegetable Oilဆိုတာ တစ်နည်းအားဖြင့်Trans Fatအုပ်စုဝင်တစ်မျိုးဖြစ်တယ်ဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်။Trans Fat ဆိုတာ မြန်မာလိုအသွင်ပြောင်းဆီလို့ အလွယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/hydrogenated-vegetable-oil/
နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ
နေရောင်ကနေ ကာကွယ်ဖို့နေလောင်ကာခရင်မ်ကို လူးနေကြတယ်။ ဒါပေမယ့်နေလောင်ကာခရင်မ်ကို နေမလောင်အောင်သာလူးမိနေတယ်။ နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ ကတော့ အများကြီးများဖြစ်နေလား….. ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။နေလောင်ကာခရင်မ်ဆိုတာကနေရောင်ခြည်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်တွေဖြစ်ကြတဲ့UV-Aနဲ့UV-Bတို့ကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် ကာကွယ်​ပေးတာပါ။ နေရောင်ခြည်ကခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုပေးစွမ်းတယ်ဆိုပေမယ့် မွန်းတည့်ချိန်မှာ ပူတဲ့နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က။နေလောင်ကာခရင်မ်ကို လိမ်းသာလိမ်းနေရတယ်။ မေးချင်နေတဲ့ မေးခွန်းတွေအများကြီးဟုတ်။ နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ ရဲ့ အဖြေကို တူတူကြည့်ရအောင်လား။နေလောင်ကာခရင်မ်မလိမ်းခင် ဗူးကိုလှုပ်ဖို့လိုမလား………။နေလောင်ကာခရင်မ်လိမ်းရင် ဗူးကိုလှုပ်ဖို့လိုပါမယ်။ အကြောင်းကတော့ နေလောင်ကာခရင်မ်ဗူးကို လှုပ်လိုက်မှာ ပါဝင်ပစ္စည်းတွေ ရောစပ်မှုပိုကောင်းပြီးအာနိသင်ထိရောက်မှုကောင်းစေမှာပါ။အသားညိုတယ် နေလောင်ကာခရင်မ်လိမ်းဖို့လိုပါ့မလား…………။အသားညိုလည်း နေရောင်ကြောင့် ထိခိုက်နိုင်ခြေက ရှိတုန်းပါပဲ။ ဒါကြောင့် အသားညိုတယ်ဆိုရင်တောင်မှ နေလောင်ကာခရင်မ်ကို လိမ်းဖို့လိုအပ်နေဆဲပါ။နေလောင်ကာခရင်မ်ကိုနေပူထဲထွက်ခါနီးလိမ်းရုံပဲ မဟုတ်လား…..။နေလောင်ကာခရင်မ်ကို နေပူထဲမထွက်ခင် အနည်းဆုံး ၁၅ မိနစ်လောက် ကြိုလိမ်းပေးပါ။ ဒါမှစိမ့်ဝင်မှုကောင်းပြီး  အသားအရေကို နေရောင်ကနေ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။တစ်ခါလိမ်းရင် လုံလောက်ပြီလား…..။နေလောင်ကာခရင်မ်ကို မနက်ကနေ ညအထိတစ်ကြိမ်တည်းလိမ်းနေရုံနဲ့မလုံလောက်ပါဘူး။ နေရောင်ထဲထွက်ခါနီး အနည်းဆုံး ၁၅ မိနစ် အလိုမှာလိမ်းပါ။ ပြီးရင် တစ်နာရီခွဲကြာတိုင်း တစ်ခါပြန်လိမ်းပါ။ ရေကူးပြီးချိန်၊အားကစားလုပ်ပြီးချိန်နဲ့ချွေးတွေအများကြီးထွက်ပြီးချိန်တိုင်းမှာ နေလောင်ကာခရင်မ် ပြန်လိမ်းပေးပါ။နေရောင်ထဲထွက်မှ လိမ်းရမှာလား…….။နေရောင်ထဲထွက်မှ၊ ကမ်းခြေကို ခရီးသွားမှ နေလောင်ကာခရင်မ်ကို လိမ်းရတာမဟုတ်ပါဘူး။ နေရောင်ဝင်နိုင်တဲ့နေရာမှာ နေမယ်။ ရုံးခန်းထဲမှာ အလုပ်လုပ်မယ်၊ ကားမောင်းမယ်စတဲ့အချိန်တွေမှာလည်း နေလောင်ကာခရင်မ်ကို လိမ်းဖို့လိုပါမယ်။နေလောင်ကာခရင်မ်ကနေရောင်ခြည်ကိုပဲကာကွယ်နိုင်တာလား…….။မဟုတ်ပါဘူး။ နေလောင်ကာခရင်မ်က နေရောင်ခြည်အပြင် ဖုန်း၊ လက်ပ်တော့နဲ့ စခရင်မ်တွေကနေထွက်တဲ့ အလင်းရောင်တွေကို ကာကွယ်ပေးနိုင်ပါတယ်။နေ့တိုင်းလူးဖို့ လိုလို့လား……..။လိုပါတယ်။ နေလောင်ကာခရင်မ်ကို နေ့တိုင်းလိမ်းပေးတာကအရေးအကြောင်းတွေနဲ့ အရွယ်မတိုင်ခင်အိုမင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အသားကို တိုက်ရိုက်လိမ်းပေးရမှာလား………..။နေလောင်ကာခရင်မ်ကို အသားကိုတိုက်ရိုက်လူးပေးတာထက် လက်ထဲကိုထည့်ပြီး လက်ဖဝါးနှစ်ခုမှာပွတ်လို့ အသားပေါ်ကို လူးပေးတာက စိမ့်ဝင်စုပ်ယူနိုင်စွမ်းပိုကောင်းစေနိုင်ပါတယ်။ချွေးပေါက်ပိတ်ဆို့နိုင်ခြေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံး လိမ်းလို့ရလား…….။နေလောင်ကာခရင်မ်ကို မျက်နှာမှ၊ လက်မှရယ်မဟုတ်ပါဘူး။ နေရောင်နဲ့ထိတွေ့မိနိုင်တဲ့ နေရာတိုင်းကို လိမ်းလို့ရပါတယ်။နေလောင်ကာခရင်မ်တိုင်း အတူတူပဲလား……။နေလောင်ကာခရင်မ်တိုင်းကမတူပါဘူး။ အဆီကိုအဓိကထားထုတ်ထားတာနဲ့water-baseဆိုပြီး ကွာပါတယ်။ အဆီပြန်တတ်တဲ့သူ ဝက်ခြံဖြစ်လွယ်တဲ့သူတွေအနေနဲ့ကတော့ ချွေးပေါက်မှာ ပိတ်ဆို့မှုတွေမဖြစ်စေဖို့ water-base ကို သုံးတာ အကောင်းဆုံးဖြစ်မှာပါ။ အသားခြောက်တတ်ရင်တော့ အဆီပါတဲ့ နေလောင်ကာခရင်မ်က အဆင်အပြေဆုံးဖြစ်မှာပါ။ကုန်ဆုံးရက်ကို ဂရုစိုက်ဖို့လိုလို့လား……..။လိုပါတယ်။ နေလောင်ကာခရင်မ်က ကုန်ဆုံးရက်နီးတဲ့အခါ ၊ ကုန်ဆုံးရက်ကျော်သွားတဲ့ အခါမျိုးမှာဆိုရင် ထိရောက်မှုအာနိသင်ကလည်း နည်းသွားနိုင်ပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ်ဝယ်တဲ့အခါ ကုန်ဆုံးရက်ကို ဂရုစိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/ques-to-sunscreen/
ကျောရိုးနေရာလွဲခြင်း ပုံစံ၃ မျိုး
ကျောရိုးနေရာလွဲခြင်းဆိုသည်မှာကျောရိုးပြဿနာတစ်ခုဖြစ်ပြီး ကျောရိုးဟာ သူ့မူလနေရာမှလွဲချော်သွားခြင်းဖြစ်ပါတယ်။ လူတွေမှာဖြစ်တဲ့ကျောရိုးနေရာလွဲခြင်းပုံစံမျိုးစုံရှိပါတယ်။ ယခုဆောင်းပါးကတော့ သင့်ကို ကလေးနဲ့လူကြီးတွေမှာအဖြစ်တတ်တဲ့ အဖြစ်အများဆုံးပုံစံ ၃ မျိုးကို ဖော်ပြသွားမှာဖြစ်ပါတယ်။မွေးရာပါကျောရိုးနေရာလွဲနေခြင်းဆိုသည်မှာမွေးဖွားသည့်အချိန်ကတည်းက ကျောရိုးပုံစံမမှန်ခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတွင် ကျောရိုးဟာ ပုံမှန်ဖြစ်ပေါ်မလာတဲ့အခါ ကလေးရဲ့ကျောရိုးများဟာ နေရာလွဲသွားနိုင်ချေပိုများသွားပါတယ်။အကယ်၍ ကလေးဟာ နာကျင်မှုမခံစားရလျှင်ဖြစ်စေ ကျောရိုးနေရာလွဲ ခြင်းဟာ ပိုဆိုးမလာလျှင် ဖြစ်စေ အိမ်တွင်းကုသမှုများနှင့် ကုသနိုင်ပါတယ်။ဒါကတော့ အဖြစ်အများဆုံးကျောရိုးနေရာလွဲတဲ့ပုံစံဖြစ်ပြီး အသက်ကြီးတဲ့လူတွေမှာပိုပြီးဖြစ်လေ့ရှိပါတယ်။အသက်ကြီးလာ၍ကျောရိုးနေရာလွဲသွားခြင်းဟာ အသက်ကြီးလို့ဖြစ်တဲ့သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ကျောရိုးကြားထဲရှိ ကျောရိုးပြားများဟာ ရေဓါတ်နည်းလာတဲ့အခါ ကျောရိုးကို ကာကွယ်ပေးနိုင်စွမ်းနည်းလာပြီး အဆစ်ရောင်ခြင်း နှင့် ကျောရိုးပျက်စီး၍ နေရာလွဲ ခြင်းတို့ ဖြစ်ပေါ်လာရပါတယ် ။ အရွတ်များ ၊ ကျောရိုးပြားများ နှင့် အရိုးများဟာ အားနည်းလာပြီး ကျောရိုးကိုပုံမှန်အနေအထားမှာရှိအောင် ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ပါဘူး ။ ဆက်ထားတဲ့အဆစ်များဟာလည်း အသက်ကြီးလာတဲ့အခါ အရွယ်အစားကြီးလာပြီး ပွတ်တိုက်မှုများစွာဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ကျောရိုးများဟာ တစ်ခုပေါ်တစ်ခု လွဲချော်ကုန်ပါတယ်။ကျောရိုးနေရာလွဲခြင်းဟာခါးနေရာတွင်အဖြစ်များလေ့ရှိပြီး လည်ပင်းနေရာတွင်လည်းဖြစ်တတ်ပါတယ်။ကျော ၊ လည်ပင်းနှင့် ခြေထောက်များ နာကျင်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံသင်လမ်းလျှောက်တဲ့အခါ ဖြစ်ဖြစ် ၊အချိန်အကြာကြီး မတ်တပ်ရပ်နေတဲ့အခါဖြစ်ဖြစ် နာကျင်မှုဟာ ပိုဆိုးလာတတ်ပါတယ်။ အခြားရောဂါလက္ခဏာများဖြစ်တဲ့ ပေါင်ရှေ့ရှိကြွက်သားများ တင်းလာခြင်း နှင့် ခြေထောက်များအားနည်းလာခြင်းတို့ကိုလည်းခံစားရနိုင်ပါတယ်။ကျောရိုးနောက်မှာရှိတဲ့ အဆစ်နှစ်ခုကိုဆက်သွယ်ပေးထားတဲ့အရိုးတစ်ခုရှိပါတယ် ။ ထိုအရိုးတွင်အနည်းငယ်ကျိုးသွားတဲ့အခါ ကျောရိုးနေရာလွဲ ခြင်းဖြစ်ပေါ်လာရပါတယ်။ ခါးနေရာတွင်အဖြစ်များပြီး ဖိအားအများဆုံးခံရသောနေရာဖြစ်သောကြောင့် ဖြစ်ပါတယ် ။ အရိုးတစ်ခုဟာ သွေးအလုံအလောက်မရတော့တဲ့အခါ ဖိအားများကိုမခံနိုင်ပဲ ကျိုးလွယ်လာပါတယ်။ယခုပုံစံမျိုးဟာ ကလေးများတွင်မတွေ့ရသောကြောင့် မွေးရာပါရောဂါတစ်ခုတော့မဟုတ်ပါဘူး ။ကျိုးတာအသေးအမွှားလေးဆိုလျှင်တော့ မနာကျင်ပါဘူး။ အကယ်၍ နာကျင်မှုခံစားလာရလျှင်တော့ ထိုနေရာဟာ အရိုးကျိးတဲ့နေရာဖြစ်လေ့ရှိပါတယ်။ နာကျင်မှုဟာ ပုခုံး ၊ လက်မောင်း ၊ တင်ပါး နှင့် ခြေထောက်များသို့လည်း ပျံ့နှံ့သွားလေ့ရှိပါတယ်။ သင်လမ်းလျှောက်တဲ့အခါ ၊မတ်တပ်ရပ်တဲ့အခါ ၊ခါးကုန်းလိုက်တဲ့အခါ သို့လည်ပင်းကိုမော့လိုက်တဲ့အခါ နာကျင်မှုဟာပိုဆိုးလာတတ်ပါတယ်။ သင်ဟာတစ်ခါတစ်ရံမှာ ခြေထောက်နှင့် ဒူးအောက်ပိုင်းနေရာများတွင် အားနည်းသလိုခံစားရနိုင်ပါတယ် ။ကျောရိုးနေရာလွဲ ခြင်းတွင်ပုံစံမျိုးစုံရှိပါတယ်။ အဖြစ်အများဆုံးကတော့ အထက်ဖော်ပြခဲ့တဲ့ ၃ မျိုးပဲ ဖြစ်ပါတယ် ။ မွေးရာပါကျောရိုးနေရာလွဲ ခြင်းကတော့ ကလေးများတွင်အဖြစ်များပြီး ကျောရိုးပျက်စီး၍ နေရာလွဲရခြင်းကတော့ အသက်ကြီးလာ၍ ပျက်ဆီးတဲ့ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဆက်ထားသောအရိုးကျိုး၍ ကျောရိုးနေရာလွဲ ခြင်းကတော့ သင့်ကျောရိုးမှာရှိတဲ့အရိုးကျိုးသွားတဲ့အခါ ဖြစ်ပေါ်လာပါတယ်။Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%b1%e1%80%9b%e1%80%ac%e1%80%9c%e1%80%bd%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%95%e1%80%b6/
နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့
နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာအသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ပါဝင်ပါတယ်။နွေရဲ့ နေရောင်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်။နေပူဒဏ်ကြောင့်မျက်လုံးလေး မထိခိုက်စေဖို့ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။နေတွေ အရမ်းပြင်းနေချိန်မှာ အပြင်ထွက်တာမျိုး မလုပ်ဘဲ အရိပ်ထဲမှာပဲ နေပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးကို နေပူဒဏ်ကနေ ကာကွယ်ပေးပြီး အပူဒဏ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။နေပူထဲမှာ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း မျက်လုံးကို နေရောင်ဒဏ်ကနေ ကာကွယ်ဖို့အတွက်ဦးထုပ် ဆောင်းတာထီးဆောင်းတာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးပြီး နေပူဒဏ်ကြောင့် မျက်လုံး မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။နေကာမျက်မှန် တပ်ပါ။နေကာမျက်မှန် တပ်တာကလည်း မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ မျက်လုံးတွေကို နေပူဒဏ်ကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။နေကာ မျက်မှန်ဆိုတဲ့နေရာမှာလည်း ခရမ်းလွန်ရောင်ခြည်တွေကို သေသေချာချာ ကာကွယ်ပေးနိုင်တာမျိုး ဖြစ်အောင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ မဟုတ်ရင် မျက်လုံးကို ပိုထိခိုက်စေနိုင်လို့ပါ။နေပူပူမှာ အသားအရေ ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့ လိုသလို မျက်လုံး ကျန်းမာစေဖို့အတွက်လည်း ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် အပူရှိန်ကြောင့် မျက်လုံး မထိခိုက်စေဖို့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ပြည့်အောင် သောက်ပေးပါ။မျက်လုံး ကျန်းမာစေဖို့အတွက် ဗီတာမင် A ပါပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားပေးလို့ ရပါတယ်။ တစ်နေ့တာရဲ့ စားသုံးမှုမှာ မုန်လာဥနီ၊ ပန်းသီး၊ ဇီးပန်းသီးလိုမျိုး အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားသုံးပေးပါ။မျက်လုံးကို ရေအေးဝတ် ကပ်ပေးတာမျိုး၊ သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကို အအေးခံပြီး ကပ်ပေးတာ၊ သခွားသီး ကပ်ပေးတာတွေကလည်း မျက်လုံး အမြင်အာရုံကောင်းစေပြီး မျက်လုံး နေလောင်တာကို သက်သာစေမှာပါ။အပူဒဏ်ကြောင့် မျက်လုံးတွေ တအားခြောက်လာတဲ့အခါ မျက်သားခြောက်ပြီး ကျိန်းစပ်တာမျိုး မဖြစ်စေဖို့အတွက် မျက်လုံးကို ရေဓာတ်ဖြည့်ပေးပြီး မျက်သားခြောက်တာကို သက်သာစေနိုင်မယ့် မျက်စဉ်းမျိုး ရွေးခတ်ပေးပါ။အိပ်ရေး ဝဝအိပ်တာက မျက်လုံးကိုရော အမြင်အာရုံကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးလေးကို ကျန်းမာစေနိုင်ဖို့ ဆိုရင် ညစဉ် အိပ်ချိန် အနည်းဆုံး ၇ နာရီ ပြည့်အောင် အိပ်ပေးပါ။ကဲ ….. နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ဂရုစိုက်လိုက်စို့နော်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/summer-and-eye-care/
သွားများကို သဘာဝအတိုင်း ဖြူဖွေးစေနိုင်သည့် နည်းလမ်း (၆) မျိုး
လူတော်တော်များများက သူတို့ရဲ့သွားအရောင်က အဝါရောင်ပေါက်နေတဲ့ အတွက်ကြောင့် ဓါတ်ပုံရိုက်တဲ့အခါမှာ သွားကို ဖုံးထားကြလေ့ရှိပါတယ်။ လှပတဲ့ သွားတွေဟာ ဒီနေ့ခေတ်လို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်ကြီးမှာ မရှိမဖြစ်အရာတစ်ခု ဖြစ်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်ချက်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် လူတော်တော်များများက သူတို့ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာကြတာကိုတွေ့ရပါတယ်။ သွားတွေဟာ လူတွေနဲ့တွေ့တဲ့အခါမှာ ပထမဆုံး သတိပြုမိခံရတဲ့ အရာတစ်ခုဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ မိမိကိုယ်ကို ယုံကြည်ချက်အတွက် ပြယုဂ်တစ်ခုလည်း ဖြစ်ပါသေးတယ်။ ဒါ့ကြောင့် ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက်သာမက အသွင်အပြင်အတွက်ပါ အရေးကြီးတဲ့ သွားတွေကို စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။သွားတွေဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုဝါလာနိုင်ဆိုပေမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို သေချာဂရုစိုက်မယ်ဆိုရင် ဒီလို သွားဝါခြင်းကို အပြည့်အဝတားဆီးနိုင်ပါတယ်။ ဒီနေ့ခေတ်ကြီးမှာ သွားဖြူစေနိုင်တဲ့ ဆေးဝါးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့အပြင် သဘာဝအတိုင်း ရရှိနိုင်တဲ့ နည်းလမ်းတွေကလည်း သွားအပေါ်ယံကြွေလွှာ (enamel) ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။သွားတွေဘာကြောင့် ဝါရတာလဲ။သွားတွေ ဝါရခြင်းဟာ အကြောင်းရင်း နှစ်ချက်ကြောင့် ဝါရတာ ဖြစ်ပါတယ်။ ပထမဆုံးတစ်ချက်က။(၁) သွားအပေါ်ယံကြွေလွှာ (enamel) ပါးလာခြင်း။သွားတွေရဲ့ အပေါ်ဆုံး အလွှာဟာ သွားအပေါ်ယံကြွေလွှာ (enamel) လို့ခေါ်ပြီး သွားရဲ့ အရောင်ကို အဖြူရောင် ဖြစ်စေတဲ့ အရာ ဖြစ်တဲ့ အပြင် သွားအတွင်းထဲက အစိတ်အပိုင်းတွေကို ကာကွယ်ပေးထားတဲ့ အရာလည်း ဖြစ်ပါတယ်။ သွားအပေါ်ယံကြွေလွှာ (enamel) ရဲ့အောက်မှာ ကယ်လ်ဆီယမ်ပါဝင်တဲ့ တစ်ရှုးဖြစ်တဲ့ Dentin ရှိပြီး Dentin ရဲ့ အရောင်ဟာ အဝါရောင် – အညိုရောင်ရှိပါတယ်။ ဒါကြောင့် သွားအပေါ်ယံကြွေလွှာ (enamel) ပါးသွားတဲ့အခါမှာ သွားတွေဟာ ပိုဝါလာတာ ဖြစ်ပါတယ်။ သွားအပေါ်ယံကြွေလွှာ (enamel)တွေဟာ အက်ဆစ်များတဲ့အစားအစာတွေ၊ သွားဖုံးရောဂါတွေနဲ့ အသက်အရွယ်ကြောင့် ဝါလာနိုင်ပြီး တစ်ချို့လူတွေကျတော့ သဘာဝအတိုင်းကို သွားအပေါ်ယံကြွေလွှာ (enamel) ပါးနေကြတာ ဖြစ်ပါတယ်။(၂) အစွန်းအထင်းများ ။သွားအပေါ်ယံကြွေလွှာ (enamel) နဲ့ သွားအတွင်းပိုင်း အစိတ်ပိုင်းတွေမှာ အစွန်းအထင်းတွေ ဖြစ်သွားခြင်းကြောင့် သွားဝါလာနိုင်ပါတယ်။ တစ်ချို့သော စားစရာနဲ့ သောက်စရာတွေကလည်း သွားတွေကို အရောင်စွန်းစေနိုင်တဲ့အပြင် သွားအပေါ်ယံကြွေလွှာ (enamel) ကိုပါးလာစေနိုင်ပါသေးတယ်။အဲ့ဒါတွေကတော့။သွားတွေကို သဘာဝအတိုင်း ဖြူအောင် ဘယ်လို လုပ်ကြမလဲ။(၁) အစားအစာ စားသောက်မှု ပုံစံကို ပြောင်းလဲပါ။ဒီနည်းလမ်းကတော့ သွားကို အရောင်စွန်းစေတဲ့ အစားအစာတွေ ကိုရှောင်ကြဉ်ဖို့ပါပဲ။ ဝိုင်နဲ့ လက်ဖက်ရည်တွေမှာပါဝင်တဲ့ Tannins ဓါတ်ပေါင်းဟာ သွားကို အရောင်စွန်းစေနိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီ၊ ဆိုဒါတွေနဲ့ သစ်သီးဖျော်ရည်တွေကလည်း သွားတွေကို အရောင်စွန်းစေနိုင်ပါတယ်။ အက်ဆစ်များတဲ့ အစားအစာတွေကလည်း သွားအပေါ်ယံကြွေလွှာ (enamel) ကိုပါးစေနိုင်တဲ့အတွက် သွားပိုဝါလာစေနိုင်ပါတယ်။ ဒါကြောင့် သွားဝါနေတဲ့ လူတွေ အနေဖြင့် ဒီလို ရှောက်မျိုးနွယ်အသီးတွေ၊ ကော်ဖီနဲ့ ဆိုဒါတို့ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလို အစားအစာတွေ စားသုံးပြီးတဲ့ အခါမှာလည်း ပလုတ်ကျင်းပေးသင့်ပါတယ်။ ဒါပေမဲ့ ဒီလို အစားအစာတွေ စားသုံးပြီးပြီးခြင်းမှာတော့ သွားချက်ခြင်း မတိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အက်ဆစ်ပါဝင်တဲ့ အစားအစာတွေဟာ သွားအပေါ်ယံကြွေလွှာ (enamel) ကို အားနည်းစေပြီး အဲ့အချိန်မှာ သွားတိုက်ရင် သွားအပေါ်ယံကြွေလွှာ (enamel)တွေပိုပါးသွားနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ သွားတိုက်မယ်ဆိုရင်လည်း အနည်းဆုံး မိနစ် ၃၀ ခန့်စောင့်ပြီးမှ သွားတိုက်သင့်ပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေကလည်း နီကိုတင်း အစွန်းတွေကို ဖြစ်နိုင်တဲ့အတွက် သွားဝါနေတဲ့လူတွေဆိုရင် ဆေးလိပ်သောက်တဲ့အကျင့်ကို ဖြတ်သင့်ပါတယ်။ ဒီလို ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖြတ်ခြင်းဖြင့် သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါကိုလည်း ကာကွယ်နိုင်မှာ လည်း ဖြစ်ပါတယ်။၂။ ဆီဖြင့် ပလုတ်ကျင်းပေးခြင်း။ (Oil pulling)။ဒီနည်းလမ်းဟာ ရှေးကတည်းက ကျင့်သုံးလာခဲ့တဲ့ နည်းလမ်းဖြစ်ပြီး သဘာဝထွက်အဆီများနဲ့ ၅ မိနစ်ခန့် ပလုတ်ကျင်းပေးတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သွားကို သန့်ရှင်းစေရုံသာမက ခံတွင်းကျန်းမာရေး အတွက်လည်း ကောင်းမွန်ပါတယ်။ ဒီနည်းလမ်းဟာ ပုံမှန် သွားတိုက်ခြင်းကို အစားထိုးလို့ရတဲ့ နည်းလမ်းတော့မဟုတ်ပေမဲ့ လေ့လာချက်တစ်ချို့က သွားကို ဆီဖြင့် ပလုတ်ကျင်းပေးခြင်းက သွားကို ဖြူစေနိုင်တယ်လို့ ဆိုထားကြပါတယ်။ သွားကို ဆီဖြင့် ဆေးရာမှာ အသုံးပြုနိုင်တဲ့ ဆီတွေကတော့ အုန်းဆီ၊ နေကြာဆီ၊ နှမ်းဆီ တို့ ဖြစ်ပါတယ်။ ဆီဖြင့် ပလုတ်ကျင်းရမယ့်အချိန်ကတော့ သွားတိုက်ပြီး လုပ်ရင် အကောင်းဆုံး ဖြစ်ပြီး ပါးစပ်ထဲ ဆီထည့်ကာ မိနစ် အနည်းငယ်ခန့် ပလုတ်ကျင်းပေးပြီး ထွေးထုတ်ရုံပဲ ဖြစ်ပါတယ်။၃။ မုန့်ဖုတ် ဆိုဒါဖြင့် သွားတိုက်ပေးခြင်း။မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ သွားပေါ်မှ အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။ လူတော်တော်များများက မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ သွားများကို ထိခိုက်စေနိုင်တယ်လို့ ထင်ခဲ့ကြပေမဲ့ ၂၀၁၇ ခုနှစ်ကလေ့လာချက်တစ်ခုအရ မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ သွားပေါ်က အစွန်းအထင်းများကို ဘာထိခိုက်မှုမှ မရှိစေဘဲ ဖယ်ရှားနိုင်ကြောင်းတွေ့ခဲ့ကြပါတယ်။ Dentistry ဂျာနယ်ရဲ့ လေ့လာချက်တစ်ခုမှာ မုန့်ဖုတ်ဆိုဒါ (sodium bicarbonate) သွားတိုက်ပေးခြင်းဟာ သွားချိုးများကို ဖယ်ရှားပေးနိုင်ကြောင်းတွေ့ရှိခဲ့ပြီး မုန့်ဖုတ်ဆိုဒါ (sodium bicarbonate) တွေဟာ ဘတ်တီးရီးယားတွေနဲ့ သွားချိုးများကို ဖယ်ရှားပေးနိုင်ရုံသာမကဘဲ သွားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။၄။ Hydrogen peroxide ကို အသုံးပြုပါ။Hydrogen peroxide ဟာ သွားအရောင်စွန်းခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ အားပျော့တဲ့ အစွန်းချွတ်ဆေး ဖြစ်ပြီး သွားအကောင်းဆုံး ဖြူစေဖို့ မုန့်ဖုတ်ဆိုဒါနဲ့ Hydrogen peroxide ကို အသုံးပြုပြီး တစ်ပတ်ကို တစ်ခါ သွားတိုက်သင့်ပါတယ်။ Hydrogen peroxide ဟာ သွားအထဲက ဘတ်တီးရီးယားတွေကို သတ်ပစ်နိုင်ပြီး ဓါတု သွားဖြူဆေးတွေမှာလည်း Hydrogen peroxide ပါဝင်နေပါတယ်။ လေ့လာချက်တွေအရ မုန့်ဖုတ်ဆိုဒါနဲ့ Hydrogen peroxide ၁ ရာခိုင်နှုန်းပါဝင်တဲ့ သွားတိုက်ဆေးတွေဟာ သွားကို သိသိသာသာ ဖြူလာစေနိုင်တယ်လို့ ဆိုပါတယ်။ Hydrogen peroxide ကို ရေများများရောပြီး အသုံးပြုမယ်ဆိုရင် ကိစ္စမရှိပေမဲ့ Hydrogen peroxide ပြင်းအားများနေမယ်ဆိုရင် သွားဖုံးယားယံခြင်းနဲ့ သွားကျင်ခြင်းတွေ ဖြစ်ပွားလာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းဟာ ခဏခဏ လုပ်သင့်တဲ့ နည်းလမ်းတစ်ခုမဟုတ်ဘဲ တစ်ပတ်ကို တစ်ခါခန့်သာ ပြုလုပ်သင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Hydrogen peroxide ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ပလုတ်ကျင်းဆေး အဖြစ် အသုံးပြုဖို့ပါ။ ဒါပေမဲ့ အသုံးပြုတဲ့အခါ အားပျော့သွားအောင် အမြဲတမ်းရေရောဖို့လိုပါတယ်။ များသောအားဖြင့် ဆေးဆိုင်တွေမှာ ရောင်းနေကြတဲ့ Hydrogen peroxide တွေဟာ ၃ ရာခိုင်နှုန်း အရည်တွေ ဖြစ်ပြီး ၁.၅ ရာခိုင်နှုန်းဖြစ်အောင် ရေနဲ့ ဆတူရောပြီး ပလုတ်ကျင်းနိုင်ပါတယ်။ နောက်ထပ် အသုံးပြုနိုင်တဲ့ နည်းလမ်းကတော့ မုန့်ဖုန်ဆိုဒါနဲ့ Hydrogen peroxide ကိုရောပြီး သွားတိုက်ဆေးကဲ့သို့ သွားတိုက်ဖို့ပါ။ သွားတိုက်မယ်ဆိုရင် Hydrogen peroxide ၂ ဇွန်းနဲ့ မုန့်ဖုန်ဆိုဒါ ၁ ဇွန်းကို ရောပြီးသွားတိုက်နိုင်ပါတယ်။ ဒါပေမဲ့ အထက်က ပြောသလို အကြိမ်ကြိမ် အခါခါ တိုက်နေရင် သွားအပေါ်ယံကြွေလွှာ ပျက်ဆီးနိုင်တာကြောင့် တစ်ပတ်မှာ တစ်ခါ ခန့်သာ တိုက်သင့်ပါတယ်။၅။ အသီးများစားသုံးပေးခြင်း။နာနတ်သီးမှာ ပါဝင်တဲ့ Bromelain အင်ဇိုင်းနဲ့ သင်္ဘောသီးမှာ ပါဝင်တဲ့ Papain အင်ဇိုင်းတို့ဟာ သွားများကို ဖြူဖွေးစေနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်ကလေ့လာချက်အရ ဒီအင်ဇိုင်း ၂ မျိုးမှာ သွားကို ဖြူစေနိုင်တဲ့ ဓါတုပစ္စည်းတွေ ပါဝင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ Bromelain အင်ဇိုင်းဟာ သွားအပေါ်ယံက အစွန်းများကို ဖျက်ပေးနိုင်တဲ့အပြင် သွားချိုးတက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ papain အင်ဇိုင်းကလည်း သွားအစွန်းတွေကို ချွတ်ပေးနိုင်ပြီး papain အင်ဇိုင်းဟာ သင်္ဘောသီး အမှည့်တွေထက် အစိမ်းတွေမှာ ပိုများပါတယ်။၆။ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်း။ဒီနည်းလမ်းကတော့ သွားဝါခြင်းကို ကာကွယ်ချင်တဲ့ လူတွေအနေနဲ့ လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ ခံတွင်းကျန်းမာရေး အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကတော့ သွားပုံမှန်တိုက်ခြင်းနဲ့ dental floss (သွားသန့်ရှင်းရသော ကြိုးမျှင်တို့ဖြင့် သန့်ရှင်းခြင်း ) တို့ ဖြစ်ပါတယ်။ သွားတိုက်တာကတော့ အားလုံးသိပြီးသားမို့ ဒီဆောင်းပါးမှာ flossing အကြောင်းကိုပဲ ရှင်းပြသွားပါ့မယ်။ flossing ဆိုတာ သွားတိုက်တံ အလွယ်တကူ မရောက်နိုင်တဲ့နေရာတွေက သွားချိုးတွေနဲ့ အစားအစာ အကြွင်းအကျန်တွေကို သန့်ရှင်းရတဲ့ နည်းလမ်းဖြစ်ပါတယ်။ သွားတိုက်တံတွေ အနေနဲ့ သွားဖုံးနဲ့ သွားနှစ်ခုကြားက နေရာတွေကို မရောက်နိုင်ကြဘဲ ကြာရင် ဒီလို သွားချိုးတွေက သွားကို ပျက်ဆီးစေနိုင်တဲ့အပြင် ခံတွင်းရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအချိန်မှာ flossing က အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ flossing လုပ်ဖို့ အတွက် ပထမဆုံးဆုံး ၁၈ လက်မခန့်ရှိတဲ့ ကြိုးမျှင်ရှိဖို့လိုပြီး လက်ခလယ် ၂ ချောင်းမှာ အစွန်း ၂ ဖက်ကို ချည်ထားကာ သွားရဲ့ကြားအတွင်းက နေရာတွေကို ပျော့ပြောင်းစွာ အထက်နဲ့ အောက် သန့်ရှင်းရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ သွားသန့်ရှင်းကြိုးမျှင်နဲ့ သန့်ရှင်းတဲ့ အခါ အားသုံးမိရင် သွားဖုံးတစ်ရှုးတွေကို ဒဏ်ရာရစေနိုင်တဲ့အတွက် ပျော့ပြောင်းစွာ အသုံးပြုဖို့ လိုပါတယ်။ဒါ့အပြင်တစ်ခြားသောခံတွင်း သန့်ရှင်းရေးဆိုင်ရာ နည်းလမ်းတွေကတော့-။မလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကတော့ သံပုရာ၊ လိမ္မော်နဲ့ ပန်းသီးမှ ထုတ်လုပ်တဲ့ ရှာလကာရည်တွေ၊ မီးသွေးတွေနဲ့ သွားသန့်ရှင်းတာမျိုးကို မလုပ်ဆောင်သင့်ပါဘူး။။ကမ္ဘာပေါ်မှာ လူအနည်းငယ်ကသာ သဘာဝအတိုင်း သွားဖြူဖွေးနေကြတာပါ။ သွားဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုဝါလာနိုင်တဲ့ အတွက် ခံတွင်းကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်းတို့က သွားတွေကို တောက်ပနေစေမှာဖြစ်ပါတယ်။ သွားဝါခြင်းဟာ ကျန်းမာရေးကြောင့် ဖြစ်ရတဲ့ ပြဿနာ မဟုတ်ပေမဲ့ သွားဆရာဝန်နဲ့ ပြသခြင်းက ကြွေသွား ပွန်းခြင်းတွေနဲ့ သွားပျက်ဆီးခြင်းတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ နည်းလမ်းတွေဟာ အိမ်မှာ ကိုယ့်ဘာသာ လုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး သွားဆရာဝန်နဲ့ သွားရောက်ပြသမယ်ဆိုရင် အခြားသော သွားဖြူနည်းစနစ်တွေနဲ့ ကုသနိုင်ဦးမှာပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/six-natural-ways-to-whiten-your-teeth/
ခြေစွပ်တွေကို တစ်ချိန်လုံးဝတ်ထားရမှာလား
Orthotics တွေကို insoles, footbeds (ရှူးဖိနပ်ထဲထည့်ရတဲ့ ခြေနင်းပြား) လို့လည်း ခေါ်ကြပြီး ရှူးဖိနပ်ထဲထည့်လို့ ခြေထောက်ရဲ့အရိုးတွေ ပြန်ညီသွားအောင်နဲ့ နာကျင်မှုတွေသက်သာဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခုပါ။ လူနာအများစုက ခြေထောက်ပြဿနာတွေအတွက် အမေးများကြတဲ့မေးခွန်းကတော့ သူတို့တွေဟာ orthotics တွေကို တစ်သက်လုံးဝတ်ထားရမှာလားဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ အဆိုပါမေးခွန်းကို ဖြေရှင်းပေးနိုင်မယ့် အဖြေပါဝင်ပါတယ်။Orthotics တွေ မလိုအပ်ဘူး။ သူတို့မှာ သိသာထင်ရှားတဲ့ အကျိုးသက်ကရောက်မှုလည်းမရှိဘူး ဆိုတဲ့ အမြင်တွေကြားကပဲ ခြေဖဝါးချိုင့်ခွက်မရှိတဲ့သူတွေဟာ Orthotics ကို သုံးရင် ပိုပြီးသက်တောင့်သက်သာရှိနေကြဆဲပါ။ ခြေထောက်ပြဿနာအမျိုးမျိုးအတွက် Orthotics တွေလည်း အမျိုးအစားအများကြီးရှိပါတယ်။ Orthotics တွေဟာ ခြေထောက်နဲ့ မြေကြီးကြားမှာ ကူရှင်တစ်ခုအဖြစ်ဆောင်ရွက်ပေးပြီး ခြေထောက်ကိုဖြတ်သွားတဲ့ ဖိအားတွေအတွက် လမ်းကြောင်းတွေ ပြောင်းလဲပေးပါတယ်။Orthotics တွေမှာ Placebo သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ တီထွင်မှုတွေအလုပ်ဖြစ်ပြီလို့ထင်ရတဲ့အခါဟာ လူနာတွေကို ပိုပြီးသက်သာအောင်လုပ်ပေးနိုင်တဲ့အချိန်တွေမဟုတ်ပါလား။ အချို့လူတွေကတော့ custom orthotics တွေကို ချက်ချင်းအသားကျသွားကြပြီး သူတို့ရဲ့ အကျိုးသက်ရောက်မှုကို ချက်ချင်းခံစားကြရပေမယ့် အချို့လူတွေကတော့ အသားကျအောင် အချိန်ယူရပါတယ်။အမြဲတမ်း ဒါကြီးကို ဝတ်နေရမှာလား.. ဒီဟာဝတ်ပြီး အချိန်တစ်ခုကြာလာတဲ့အချိန်မှာ ဒါမပါဘဲလည်း ခြေထောက်တွေက ကောင်းကောင်းအလုပ်လုပ်နိုင်မှာလား.. ဒါတွေကတော့ ခြေထောက်ပြဿနာရှိတဲ့လူတွေ အမေးများတဲ့ မေးခွန်းတွေပါပဲ။ ဒီမေးခွန်းတွေဖြေဖို့ဆိုရင်တော့ ကျွန်တော်တို့ဟာ Orthotics တွေကို မျက်မှန်တွေနဲ့ယှဉ်ကြည့်ရတော့မယ်နဲ့ တူပါတယ်။မျက်မှန်တွေက မျက်လုံးတွေကို ပြန်ကုသပေးတာမဟုတ်ပါဘူး။ မြင်ကွင်းကိုပဲကောင်းမွန်စေတာပါ။ လူတွေက မျက်မှန်ချွတ်လိုက်တဲ့အခါမှာ မျက်လုံးဟာ ချို့ယွင်းဆဲပါပဲ။ အချို့လူတွေကတော့ မျက်မှန်တွေကို တစ်စုံတစ်ခုကို ဖတ်ချင်တဲ့အခါမှ၊ သို့မဟုတ် တစ်ခုခုလုပ်ချင်တဲ့အခါမှ လိုအပ်တဲ့အခါမှ ထုတ်တပ်လို့ရပေမယ့် အချို့လူတွေကတော့ တောက်လျှောက်တပ်ထားရတော့တာပါပဲ။Orthotics တွေဟာ မျက်မှန်တွေလိုပါပဲ။ သူတို့တွေက ခြေထောက်ကို မပြုပြင်ပေးပါဘူး။ ခြေထောက်အလုပ်လုပ်ပုံကိုသာ ပြင်ပေးတာပါ။ ဒါကိုဝတ်ထားမယ်ဆိုရင် သူက သင့်ခြေထောက်ကို အနေအထားမှန်ကန်စေပြီး နာကျင်မှုတွေသက်သာစေပါလိမ့်မယ်။ ဒါပေမဲ့ မဝတ်တော့ဘူးဆိုရင်တော့ အရင်ကနာကျင်မှုတွေ ပြန်ရောက်လာမှာပါပဲ။ဒါကိုဝတ်ခြင်းမဝတ်ခြင်းဆိုတာ သင့်ခြေထောက်ရဲ့လိုအင်တွေနဲ့ ဘယ်ခြေထောက်က မှားယွင်းနေတာလဲဆိုတာပေါ် မူတည်ပါတယ်။ အချို့လူတွေက ဒါကို ပြေးတဲ့အချိန်မှာသာလိုပါတယ်။ ပြေးတာရပ်လိုက်တဲ့အချိန်မှာ ချွတ်ထားလို့ရပါပြီ။ လိုလည်းမလိုတော့ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ခြေထောက်ပြဿနာကို ဆိုးပြီး လမ်းလျှောက်တိုင်းခြေထောက်နာနေတယ်ဆိုရင်တော့ တစ်နေ့လုံးနီးပါး ဝတ်ဆင်ထားရမှာပါ။သင့်ရဲ့ Orthotics က ကောင်းကောင်းအလုပ်လုပ်သေးသလားဆိုတာကို နှစ်တိုင်း စစ်ဆေးသင့်ပါတယ်။ နူးညံ့တဲ့ Orthotics တွေကတော့ ခဏပဲ ခံပါလိမ့်မယ်။ ပုံမှန်ခန္ဓါကိုယ်ပုံစံမျိုးနဲ့ နေ့တိုင်းဝတ်မယ်ဆိုရင်တော့ Orthotic ရဲ့ ပုံမှန်သက်တမ်းဟာ ၂နှစ်ကနေ ၃နှစ်ကြားခံနိုင်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%81%e1%80%bc%e1%80%b1%e1%80%85%e1%80%bd%e1%80%95%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%85%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%b6/
သုက်ရည်ကျဲလာခြင်း က အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား
သုက်ရည်ဆိုတာ အမျိုးသားများလိင်စိတ်ဆန္ဒပြီးမြောက်ချိန်မှာ သုက်ပို့ပြွန်ကနေ အပြင်ဘက်က ထုတ်လွှတ်လိုက်တဲ့ အရည်ဖြစ်ပါတယ်။ သုက်ရည်တွင် သုက်ပိုးများနှင့် ဆီးကျိတ်ဂလန်းက အရည်များ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့်သုက်ရည်သည် ပျစ်ပြီး အဖြူရောင် သို့မဟုတ် နို့နှစ်ရောင်ရှိပါတယ်။ ဒါဆို သုက်ရည်ကျဲလာခြင်း က ပြဿနာတစ်ခုလား။၁။ သုက်ပိုးကောင်ရေ နည်းသွားခြင်း။ဝှေးစေ့တွင် သိမ်းဆည်းထားတဲ့ သုက်ပိုးများ နည်းလာတဲ့အခါ လိင်အင်္ဂါကနေ ထွက်လာတဲ့ သုက်ရည်ဟာလည်း ကျဲသွားတတ်ပါတယ်။ ဝှေးစေ့အကြော ရောင်ရမ်းခြင်း၊လိင်မှတစ်ဆင့်ရောဂါများ ကူးစက်ခံရခြင်း၊ ဝှေးစေ့တွင် အကျိတ်ဖြစ်နေခြင်း၊ကျားဟော်မုန်းနည်းလာခြင်း၊ကိုယ်ခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ သုက်ပို့ပြွန် ထိခိုက်မိခြင်းကြောင့် သုက်ပိုးကောင်ရေ နည်းသွားနိုင်ပါတယ်။၂။ မကြာခဏ သုက်လွှတ်ခြင်း။မကြာခဏသုက်လွှတ်တဲ့အခါ သုက်ပိုးများ နည်းသွားသလို သုက်ရည်ဟာလည်း စေးပျစ်ခြင်းမရှိတော့ဘဲ ကျဲသွားတတ်ပါတယ်။ အထူးသဖြင့် တစ်နေ့ကို တစ်ကြိမ်ထက် ပိုပြီး သုက်လွှတ်တဲ့အခါသုက်ရည်ကျဲနေပြီး ပမာဏနည်းနေတာကို တွေ့ရနိုင်ပါတယ်။ ပုံမှန်အတိုင်း သုက်ရည်ပမာဏနဲ့ ပျစ်နေဖို့အတွက် ခန္ဓာကိုယ်က နာရီအနည်းငယ်ခန့် အားပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။၃။ ဇင့်ဓာတ်ချို့တဲ့ခြင်း။ဇင့်ဓာတ်သည် သုက်ပိုးကို ထိခိုက်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို တိုက်ခိုက်ပေးတဲ့အတွက် ဇင့်ဓာတ်ချို့တဲ့နေစဉ် အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအတွင်းက အချို့သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သုက်ပိုးများကို တိုက်ခိုက်ပြီး သုက်ပိုးလျော့နည်းခြင်း၊ သုက်ရည်ကျဲလာခြင်း ကို ဖြစ်စေပါတယ်။၄။ သုက်လွှတ်မြန်ခြင်း။သုက်လွှတ်မြန်တဲ့ အမျိုးသားတွေဟာလိင်စိတ်ဆန္ဒအထွတ်အထိပ်ကို ရောက်နေစဉ်မှာ သို့မဟုတ် မရောက်ခင်မှာ စောစီးစွာ သုက်လွှတ်တတ်ပါတယ်။ ဒီအခါ ထွက်လာတဲ့ သုက်ရည်ဟာ ပမာဏ အနည်းငယ်သာထွက်လာတတ်ပြီး ပိုပြီးလည်း ကျဲနေနိုင်ပါတယ်။ပြဿနာအရတော့ ကြီးကြီးမားမား မရှိတာများပါတယ်။ များသောအားဖြင့် တစ်ကိုယ်ရေအာသာဖြေတာ များတဲ့ အမျိုးသားတွေမှာ သုက်ရည်ကျဲတဲ့ ပြဿနာအတွေ့များပြီး အာသာဖြေတဲ့ အကြိမ်ရေကို လျှော့ချလိုက်ခြင်းဖြင့် ပုံမှန်ပျစ်ကျဲမှုအဆင့်ကို ရောက်သွားစေနိုင်ပါတယ်။သုက်ရည်နည်းသွားခြင်းကြောင့် သုက်ရည်ကျဲတဲ့ သူတွေကတော့ ကလေးယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာ က​လေးရနိုင်ခြေကို ရာခိုင်နှုန်းအနည်းငယ်တော့ လျော့နည်းသွားစေပါတယ်။လိင်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်စေနိုင်ပါဘူး။များသောအားဖြင့် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲရုံနဲ့ ရပါတယ်။ အဓိက ပြောင်းလဲဖို့ လိုအပ်တာကတော့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်မျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/is-watery-semen-a-problem/
ကျွန်တော့် ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတယ်ဆရာ
အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူး ပတ်လည်မှာ Hirsutoid Papillomas လို့ခေါ်တဲ့ အဖြူရောင် ကြာဆူးလို အဖုသေးသေးလေးတွေ ပေါက်တတ်တာ သဘာဝပါပဲ။ ငယ်ပါမှာ ကြာဆူးလိုအဖုတွေ တစ်နေရာထဲမှာ အပြုံလိုက်စုပေါက်တာမျိုးလည်း ရှိသလို ထိပ်ပတ်ပတ်လည်မှာ အတန်းလိုက်ကြီး ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒီလိုမျိုး ကြာဆူးလို အဖုတွေက ထိပ်ပတ်လည်ကလွဲပြီး တခြားနေရာတွေမှာတော့ မပေါက်နိုင်ပါဘူး။ သူ့ကို လူတော်တော်များများက လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ အရေပြားယားနာ၊ ကြွက်နို့ ဒါမှမဟုတ်တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်းကြောင့် ဖြစ်တဲ့ အဆီဖုတွေနဲ့ အမှတ်မှားတတ်ကြပါတယ်။တကယ်တော့ ဒီလို ကြာဆူးပုံစံ အဖုသေးသေးလေးတွေက ကျန်းမာပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့ အမျိုးသားတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။ကြာဆူးလို အဖုလေးတွေ ပေါက်နေတာကလွဲပြီး တခြားလက္ခဏာမျိုးတွေတော့ မရှိပါဘူး။ များသောအားဖြင့် လူပျိုဖြစ်ကာစအရွယ်မှာ စပေါက်လာပြီးတော့ ကြီးလာတဲ့အထိ ဒီပုံစံအတိုင်းပဲ ရှိနေတတ်ပါတယ်။အကယ်လို့ ပေါက်နေတဲ့ အရေပြားတစ်ဝိုက်က အမြဲလိုလို ယားယံနေတယ်၊ နေရထိုင်ရ ခက်စေတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြကြည့်လိုက်တာ ပိုကောင်းပါတယ်။အကြောင်းအရင်းတိတိကျကျ ရှာဖွေနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဒါကယားနာဖြစ်တာ၊ မသန့်ရှင်းတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ကူးစက်ခံရတာမျိုးလည်း မဟုတ်သလို တခြားသူကို ကူးစက်နိုင်တာမျိုးလည်း မရှိပါဘူး။လက်ရှိ ၄၃ ရာခိုင်နှုန်းသော အမျိုးသားဦးရေမှာ ဒီလို လိင်တံထိပ်ပတ်လည် ကြာဆူးလို ပေါက်နေတတ်ပါတယ်။ လူပျိုဖြစ်ကာစအရွယ်မှာ ဖြစ်တတ်ပြီး လူမည်းတွေ၊လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့သူတွေမှာ ပေါက်နိုင်ခြေ ပိုများပါတယ်။ဒါဟာ ကျန်းမာရေးပြဿနာတစ်ခု မဟုတ်တဲ့အတွက် စိုးရိမ်ဖို့လည်း မလိုသလို ကုသဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် ဒီလိုကြာဆူးတွေ ကိုယ့်လိင်အင်္ဂါပတ်လည်မှာ ရှိနေလို့ စိတ်ထဲမလုံသလို ရှက်သလိုဖြစ်နေတာ၊အိမ်ထောင်ဖက်ရဲ့ တောင်းဆိုမှုကြောင့်ဆိုရင်တော့ ကုသလို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။ဒီနည်းလမ်းတွေဟာ ကုသခံရသူအတွက် ဘေးဥပါဒ်ဖြစ်စေခြင်းမရှိသလို နောက်ဆက်တွဲဆိုးကျိုးတွေလည်း တော်တော်လေးနည်းပါတယ်။ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတာက အန္တရာယ်မရှိတဲ့အတွက် ဒီတိုင်းထားလိုက်လို့ရပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသလို့ ရပါတယ်။ ကြွက်နို့ သို့မဟုတ် မှိုယားနာပျောက် လိမ်းဆေးတွေကိုကိုယ့်သဘောနဲ့ ကိုယ်ဝယ်လိမ်းတာမျိုး လုံးဝ မလုပ်ရပါဘူး။ အခန့်မသင့်ရင် အရေပြား ယားယံတာ၊ အမာရွတ် ထင်တာမျိုး ဖြစ်နိုင်ပါတယ်။ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ကြာဆူးလို အဖုတွေဟာ လူပျိုဖြစ်စ အရွယ်မှာ ပေါက်တတ်ပြီး အသက်ကြီးလာတာ နဲ့အမျှ ကြီးထွားမှုရပ်တန့်သွားပါတယ်။ အဖုတွေကတော့ သူ့နေရာမှာ နဂိုအတိုင်း ကျန်ရစ်နေခဲ့မှာပါ။လိင်ဆက်ဆံဖော်ကိုလည်း မကူးစက်စေနိုင် ပါဘူး။ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းတာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါမျိုးလည်း မဟုတ်တဲ့အတွက် သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/causes-of-pearly-penile-papules/
သားအိမ်ခေါင်းကင်ဆာကြောက်လန့်မှုနဲ့ ဘယ်လို သဟဇာတဖြစ်အောင် နေထိုင်မလဲ
သင့် သားအိမ်ခေါင်း ကင်ဆာကို အောင်မြင်စွာ ကုသပြီးနောက်ပိုင်းမှာ ပြန်ဖြစ်မှာ ကြောက်လန့်တဲ့စိတ် ဖြစ်နိုင်ပါတယ်။ ဒီလို ကြောက်လန့်မှုက သင့်နာလန်ထမှုကို အထောက်အကူ မပြုတဲ့အပြင် သင့်ဘဝကိုပါ မကောင်းတဲ့ သက်ရောက်မှုတွေ ရှိစေပါတယ်။ သင့်အနေနဲ့ နည်းလမ်း တစ်ခုခုကို အသုံးပြုပြီး ဒါကို ထိန်းချုပ်ဖို့ လိုပါတယ်။ကုသပြီးကင်ဆာက နဂိုနေရာမှာဖြစ်ဖြစ် ကိုယ်ရဲ့တခြားနေရာမှာပဲ ဖြစ်ဖြစ် ပြန်ဖြစ်တာကို ဆိုလိုတာပါ။ အဲဒါကို metastasis လို့ ခေါ်ပါတယ်။ သင့်ရဲ့ကိုယ် တခြား အစိတ်အပိုင်းတစ်ခုမှ ကုသပြီးသား ကင်ဆာအဟောင်းနဲ့ မသက်ဆိုင်တဲ့ ကင်ဆာအသစ်လည်း ဖြစ်နိုင်ပါတယ်။သားအိမ်ခေါင်းကင်ဆာ ပြန်ဖြစ်တယ် ဆိုတာက ကုသမှုတွေဟာ ကင်ဆာဆဲလ် အားလုံးကို မသတ်လိုက်နိုင်တဲ့ အတွက်ပါ။ စစ်ဆေးမှုတွေက ကင်ဆာဆဲလ် တချို့ကို မတွေ့မိခဲ့လို့ပါ။ ဒါကြောင့် အဲဒီဆဲလ်တွေက ကျန်နေခဲ့ပြီး နောက်ပိုင်းမှာ ပြန်ပေါ်လာပြီး ကင်ဆာ ပြန်ဖြစ်တတ်ပါတယ်။ကုသမှုအပြီးမှာ ပြန်ဖြစ်မှာ ကြောက်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် အလွန်အမင်း စိုးရိမ်ခြင်းကတော့ သင့်ဘဝကို ထိခိုက်စေနိုင်သလို သင့်ပန်းတိုင်တွေ အစီအစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုအရ ကင်ဆာပြန်ဖြစ်ပြီးမှ အသက်ရှင်သူတွေက ၁ ကနေ ၃ ရာခိုင်နှုန်း အထိပဲ ရှိပါတယ်လို့ သက်သေပြခဲ့ပါတယ်။ ဒါ့ကြောင့် သင် မကြောက်ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အောက်ပါ အချက်လေးတွေ ပေးလိုက်ပါတယ်။သင့် မသိစိတ်ကနေ စိုးရိမ်ကြောင့်ကြမှုနဲ့ ကြောက်လန့်မှုတွေကို ဖြစ်စေတဲ့အရာတွေ ရှိပါတယ်။ ဒါတွေက သင် ကင်ဆာရှိမှန်း စသိတဲ့နေ့ရဲ့ နှစ်ပတ်လည်နေ့၊ ဒါမှမဟုတ် နောက်ဆက်တွဲ ဆရာဝန် ချိန်းဆိုမှုတွေ ဖြစ်ပါတယ်။ ဒီကြောက်လန့်မှုတွေကို ရင်ဆိုင်ဖို့ သင့်အနေနဲ့ ကြောက်လန့်မှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကို သိရပါမယ်။ ဒါ့အပြင် ကင်ဆာအကြောင်း မတွေးမိအောင် လှုပ်ရှားမှု တစ်ခုခု လုပ်နေလည်း အဆင်ပြေပါတယ်။ သင့်စိုးရိမ်မှုကို ဘာက သက်သာစေလဲ ရေးမှတ်ထားပြီး သင့်ကိုယ်သင် အကောင်းမြင်ပါ။သင့်အနေနဲ့ သားအိမ်ခေါင်းကင်ဆာ ပြန်ဖြစ်တာကို ကြောက်လန့်နိုင်ပါတယ်။ အဲဒါကို စိတ်ထဲမှာ တစ်မိနစ်၊ တစ်နာရီ ဒါမှမဟုတ် တစ်နေ့လုံး ထည့်ထားလို့ ရပါတယ်။ သင့်ကို ရူးသွားနိုင်လောက်တဲ့အထိ မတွေးနေဖို့ဘဲ လိုတာပါ။ သင့်စိတ်ကို ကန့်သတ်ထားပြီး အချိန်ပြည့်ရင် လုပ်စရာရှိတာ ဆက်လုပ်ပါ။သင်ချစ်ရတဲ့သူတွေကို သင့်ကြောက်လန့်မှုတွေ အကြောင်း ရင်ဖွင့်တာက ဒီကြောက်လန့်မှုကို ရင်ဆိုင်ဖို့ အသုံးဝင်တဲ့ နည်းလမ်းပါ။ သင် အကူအညီလိုနေကြောင်း ပြောရင် သူတို့က ကူညီဖို့ အသင့်ရှိနေသူတွေပါ။ဒီလို ရင်ဖွင့်လိုက်ခြင်းက သင့်ရဲ့ မကောင်းတဲ့ အတွေးတွေကို ပျောက်သွားစေတဲ့အပြင် သင့် မိသားစုကိုလည်း သင် ဘာခံစားနေရလဲ သိစေပါတယ်။ သင့်ရဲ့ ကြောက်လန့်မှုကို ရင်ဆိုင်ဖို့ သူတို့ရဲ့ အထောက်အကူပြုမှုနဲ့ အားပေးမှုကို သင်လှိုက်လှိုက်လှဲလှဲ လိုလားကြောင်း သူတို့သိပါစေ။သင်ကျန်းမာနေရင် သားအိမ်ခေါင်းကင်ဆာ ပြန်မဖြစ်ပါဘူး။ ဒါ့ကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းက လိုအပ်ပါတယ်။ ကျန်းမာတဲ့နေထိုင်မှုပုံစံက သင့်ရဲ့ ကျန်းမာရေး တစ်ခုလုံးကို မြှင့်တင်ပေးပါလိမ့်မယ်။ သင် ထိန်းချုပ်နိုင်တဲ့ အရာတွေကိုပဲ အာရုံစိုက်ပါ။ ဥပမာ – အာဟာရနဲ့ လေ့ကျင့်ခန်း။ ဒါတွေက ကင်ဆာကို သင့်ဆီက ဝေးဝေးသွားစေပါတယ်။သင့် သားအိမ်ခေါင်းကင်ဆာ ပြန်ဖြစ်လာမှာကို မကြောက်ဘဲ နေချင်သလား။ အဲဒါဆိုရင်တော့ ကာကွယ်မှု အတွက် နောက်ဆက်တွဲ စစ်ဆေးချက်တွေက အရေးကြီးပါတယ်။ ကုသမှုအပြီး စောင့်ကြည့်မှုတွေကိုလည်း မလွတ်ပါစေနဲ့။ ဒါတွေက အရေးပေါ် လက္ခဏာတွေကို သိစေပြီး စောစော တိုက်ဖျက်နိုင်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cervical-cancer-cancer/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%b1%e1%81%be%e1%80%80/
Neutropenia (သွေးဖြူဥနည်းခြင်း (နူထရိုပန်းနီးယား))
သွေးဖြူဥနည်းတယ်ဆိုတာ နူထရိုဖေးလ်လို့ခေါ်တဲ့ သွေးဖြူဥများ ရှိသင့်တာထက် ပိုနည်းနေတာကို ခေါ်တာပါ။ သွေးဖြူဥတော်တော်များများဟာ နူထရိုဖေးလ်တွေဖြစ်ပါတယ်။ရိုးတွင်းခြင်ဆီမှာ ဖြစ်တည်ကာ သွေးအတွင်းတွင် ခရီးနှင်ပြီး ရောဂါဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားကြပါတယ်။ ထိုးဖောက်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို သတ်ဖို့ ဓါတုပစ္စည်းတွေ ထုတ်ပေးပါတယ်။ ဘက်တီးရီးယားကြောင့် အဓိကဖြစ်တဲ့ ရောဂါတွေကို တိုက်ခိုက်သော နေရာတွင် အလွန်အရေးပါပါတယ်။လူကြီးတစ်ယောက်အနေဖြင့်ဆိုရင် သွေး၁မိုက်ခရိုလီတာတွင် နူထရိုဖေးလ် အရေအတွက် ၁၅၀၀ထက် နည်းနေပြီဆိုရင် နူထရိုပန်းနီးရားလို့ ပြောလို့ရပါတယ်။ ကလေးတွေ အတွက် ဆိုရင်တော့ နူထရိုပန်းနီးယား ရှိလားဆိုတာ အတည်ပြုဖို့က အသက်အရွယ်လိုက် ကွဲပြားပါတယ်။နူထရိုဖေးလ် အရေအတွက်ဟာ တစ်ချို့လူတွေမှာ သာမန်ထက် လျော့နည်းနိုင်သော်လည်း ရောဂါဝင်နိုင်ခြေတော့ မနည်းသွားကြပါဘူး။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့ရဲ့ နူထရိုပန်းနီးယားဟာ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။သွေး၁မိုက်ခရိုလီတာမှာ နူထရိုဖေးလ်အရေအတွက် ၁၀၀၀ အထူးသဖြင့် ၅၀၀ အောက် ရောက်နေပြီဆိုရင်တော့ နူထရိုပန်းနီးယားလို့ အမြဲတစေ ယူဆနိုင်ပါတယ်။ ထိုအခါ ခံတွင်းနဲ့ အစာအိမ်အူလမ်းကြောင်းမှာ ရှိတဲ့ သာမန်ဘက်တီးရီးယားတွေတောင်မှ ဒုက္ခပေးနိုင်သွားပါပြီ။နူထရိုပန်းနီးယားအမျိုးအစား ၄မျိုးရှိပါတယ်။ထိုအမျိုးအစားဟာ မွေးကနည်းက နူထရိုပန်းနီးယားဖြစ်လာတာပါ။ ပြင်းထန်သော နူထရိုပန်းနီးယားကို Kostmann Syndrome လို့ ခေါ်ပါတယ်။ နူထရိုဖေးလ်သွေးဖြူဥဟာ တော်တော်လေးကို နည်းပါးသွားတာပါ။ တချို့အခြေအနေတွေမှာတော့ နူထရိုဖေးလ်ရှိကို မရှိတာပါ။ ယင်းက မွေးကင်းစကလေးငယ်တွေကို ရောဂါပိုးဝင်နိုင်ခြေ အလွန်အမင်း မြင့်မားစေပါတယ်။ထိုအခြေအနေကလည်း မွေးရာပါပဲ ဖြစ်ပါတယ်။ နူထရိုဖေးလ်အရေအတွက်တွေဟာ ၂၁ရက် စက်ဝန်းဖြင့်လိုက်ကာ ပြောင်းလဲနေပါတယ်။ ရှိသင့်တဲ့ အရေအတွက်ထက် နည်းပါးသွားပါတယ်။ နူထရိုဖေးလ်နည်းပါးသွားခြင်းက ရက်အနည်းငယ်ခန့် ကြာမြင်နိုင်ပါတယ်။ စက်ဝန်းရဲ့ ကျန်တဲ့ အချိန်တွေမှာတော့ ပုံမှန် အရေအတွက် ရှိနေမှာပါ။ ထိုသံသရာ စက်ဝန်းဟာ ထပ်ကာ ထပ်ကာ ဖြစ်နေမှာပါ။ယင်းအခြေအနေမှာ ခန္ဓါကိုယ်က နူထရိုဖေးလ်တွေကို တိုက်ခိုက်ဖို့ ပဋိပစ္စည်းတွေ ထုတ်ပေးပါတယ်။ ထို့နောက် နူထရိုဖေးလ်များကို သတ်ပြစ်လိုက်ပါတယ်။ ထို့ကြောင့် နူထရိုပန်းနီးယား ဖြစ်ပေါ်လာပါတယ်။ ထိုရောဂါဟာ မွေးပြီးနောက်မှ ဖြစ်တတ်တာပါ။မည်သူမဆို၊ မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်နိုင်ပါတယ်။ ဘာကြောင့်ရယ်လို့ တိတိကျကျမသိပါဘူး။နူထရိုပန်းနီးယားဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရှောင်သင့်သည်များကိုရှောင်၊ ဆောင်သင့်သည်များကို ဆောင်ကာ ဖြစ်နိုင်ခြေကို လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။သူတစ်ခုတည်းဆိုရင်တော့ လက္ခဏာ မပြပါဘူး။ တစ်ချို့အခြေအနေတွေမှာ အကြောင်းကြောင်းကြောင့် သွေးစစ်ကြည့်မှ နူထရိုပန်းနီးယားရှိမှန်း သိကြတာပါ။ဒါပေမဲ့ နူထရိုဖေးလ် နည်းစေတဲ့ အကြောင်းအရင်းတွေ၊ ရောဂါရင်းမြစ်တွေကနေတော့ လက္ခဏာတွေ ပြနိုင်ပါတယ်။နူထရိုပန်းနီးယားကြောင့် ရောဂါတွေဖြစ်နိုင်ပါတယ်။ အများစုကတော့ ခံတွင်းနဲ့ အရေပြားတို့လို့ အကျိအချွဲ အကာအရံတွေမှာ ဖြစ်တတ်ကြပါတယ်။ထိုရောဂါများက အောက်ပါများကဲ့သို့ ဖြစ်တတ်ပါတယ်။အောက်ပါတို့ကြောင့် စိုးရိမ်ရသောပိုးဝင်နိုင်ခြေ မြင့်မားသွားနိုင်ပါတယ်။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဖြင့် ပြသပေးပါ။အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်ဖြင့် ပြပေးရပါမယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓါကိုယ်ချင်း မတူပါဘူး။ သင့်တော်တဲ့ ဖြေရှင်းနည်း ရရှိဖို့ ဆရာဝန် ဖြင့် ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါ။နူထရိုပန်းနီးယားဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။နူထရိုဖေးလ်ထုတ်လုပ်မှုနည်းပါးသွားစေသော အကြောင်းအရင်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။နူထရိုပန်းနီးယားဖြစ်စေသော ရောဂါပိုးဝင်ခြင်းများကတော့ အောက်ပါတို့ပဲ ဖြစ်ပါတယ်။နူထရိုဖေးလ်ပျက်စီးမှု များပြားခြင်းသည် ခန္ဓါကိုယ်ရှိ ခုခံကာကွယ်ရေးစနစ်က တိုက်ခိုက်ပြစ်လို့ ဖြစ်ပါတယ်။ ထိုအခြေအနေသည် အောက်ပါကဲ့သို့သော မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်ခြင်း အခြေအနေများဖြင့် ဆက်စပ်နေပါတယ်။နူထရိုပန်းနီးယားဟာ ဆေးဝါးအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။နူထရိုပန်းနီးယား အတွက် အန္တရယ်ရှိစေတဲ့ အရာများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကုသမှုကို ဆုံးဖြတ်တဲ့ အခါမှာ နူထရိုပန်းနီးယားရဲ့ ပြင်းထန်မှုနဲ့ ရောဂါရင်းမြင်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။ မပြင်းထန်တဲ့ အခြေအနေမျိုးမှာ ကုသစရာမလိုပါဘူး။အခြေအနေတော်တော်များများမှာ ခြင်ဆီဟာက သူ့ဘာသာ ပြန်ကောင်းသွားပြီ သွေးဖြူဥတွေကိုလည်း အလုံအလောက် ပြန်လည်ထုတ်လုပ်လာနိုင်တာကြောင့် နူထရိုပန်းနီးယားဟာ သူ့ဘာသာ သက်သာသွားမှာပါ။နူထရိုပန်းနီးယားအတွက် ကုသနည်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။နူထရိုပန်းနီးယားကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။အောက်ပါလူနေမှုဘဝပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများက နူထရိုပန်းနီးယား အား ရင်ဆိုင်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။မေးစရာများရှိပါက ပိုမိုနားလည်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/white-blood-cell-disorder/neutropenia-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%96%e1%80%bc%e1%80%b0%e1%80%a5%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%b0%e1%80%91/
ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း
အမျိုးသားတစ်ယောက်ရဲ့လိင်တံဟာ ဘယ်ဘက် သို့မဟုတ် ညာဘက်ကို အနည်းငယ်ကွေးကောက်တာ သဘာဝပါပဲ။အာသာဖြေတာ၊အတွင်းခံအတွင်း ထည့်ထားတဲ့ ပုံစံအနေအထားပေါ် မူတည်ပြီး အနည်းငယ်တော့ စောင်းသွားတတ်ပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သတိထားဖို့လိုတာကတော့လိင်ဆက်ဆံနေစဉ်၊ တစ်ခုခုနဲ့ ထိခိုက်မိပြီး လိင်တံကောက်သွားခြင်းကြောင့် နောက်ဆက်တွဲဝင်လာတတ်တဲ့ ပီရိုးနီးရောဂါ (Peyronie’s disease) ပဲ ဖြစ်ပါတယ်။ထောင်မတ်လာချိန်မှာ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ကွေးကောက်သွားစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ နောက်ပိုင်းအမျိုးသားတွေမှာတော့ ပိုအဖြစ်များပါတယ်။ လိင်တံထောင်မတ်စဉ် အလွန်အမင်းနာကျင်ပြီး ထိုးသွင်းဆက်ဆံဖို့ အခက်အခဲဖြစ်စေတဲ့အတွက် ကိုယ့်မှာ ဒီရောဂါရှိတယ်လို့ သံသယဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။အကြောင်းရင်းအတိအကျကို ရှာဖွေတွေ့ရှိခြင်း မရှိသေးမဲ့ တစ်ကိုယ်ရေအာသာဖြေနေစဉ်၊ လိင်ဆက်ဆံစဉ် အနေအထားမမှန်တာ၊ ထိခိုက်မိပြီး တစ်ရှူးတွေ ကျိုးပဲ့သွားတာ၊ လိင်တံကို မာလွန်းတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဖခင်မျိုးရိုးမှာ ပီရိုးနီးရောဂါရှိခဲ့ဖူးတာ၊ အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။လိင်တံက ပုံမှန်ထက် ကွေးကောက်လွန်းနေတာ၊ ထောင်မတ်နေစဉ် အလွန်အမင်းနာကျင်တာတွေ ဖြစ်လာပြီဆိုရင် အရင်ဆုံးဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့လိင်တံကို အနီးကပ်တိုင်းတာစစ်ဆေးမှာဖြစ်ပြီး လိင်တံရဲ့ ကိုယ်ထည်မှာ အဖုအလုံးတွေ ရှိမရှိ၊ ထောင်မတ်နေစဉ် လိင်တံအရှည်၊ လုံးပတ်တွေကို အာထရာဆောင်းရိုက်ခြင်း၊ X-Ray ရိုက်ပြီး စစ်ဆေးသွားမှာပါ။လက်ရှိအချိန်မှာတော့ ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးပါဘူး။ ဒါပေမယ့် နာကျင်မှုကို ပျောက်ကင်းစေပြီး ပုံမှန်အတိုင်း လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကုသနည်းတချို့တော့ ရှိပါတယ်။ပီရိုးနီးရောဂါကြောင့် နောက်ဆက်တွဲ လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြေရှင်းပေးဖို့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲပေးရင် အဆင်ပြေနိုင်ပါတယ်။ ဥပမာ – ဆေးလိပ်ဖြတ်၊အရက်လျှော့သောက်တာ၊ တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲတာကို ရှောင်ကြဉ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့တော့ လိုအပ်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/peyronies-disease/peyronies-disease/
Skin Care တွေအလွန်အကျွံ လုပ်မိနေပြီလား......
အသားအရေလေး ကျန်းမာလှပဖို့အတွက်အသားအရေထိန်းသိမ်းမှု(Skin Care) လုပ်ဖို့လိုတယ်ဆိုပေမယ့် အသားအရေထိန်းသိမ်းမှုဆိုတာကလည်း တန်ဆေး လွန်ဘေး ဆိုသလိုပါ။ ဒီတစ်ခေါက်တော့ အသားအရေကောင်းချင်ဇောနဲ့ အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပြီလားဆိုတာကို ပြောပြပေးပါရစေ။အသားအရေထိန်းသိမ်းမှုကအသားအရေကျန်းမာရေးအတွက် လိုအပ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ဆဲသေလ်ဖယ်ရှားတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် မျက်နှာ ကို Sheet Mask ကပ်တယ်ဆိုတာလောက်ကတော့ ပုံမှန်ပါပဲ။ ဒီလိုမှမဟုတ်ဘဲ နေ့တိုင်းလိုလိုဆဲလ်သေတွေဖယ်ရှားမယ်။ ညတိုင်း Sheet Mask တွေကပ်နေမယ်ဆိုရင်တော့ အသားအရေကျန်းမာဖို့ထက် ကိုယ့်လက်နဲ့ ကိုယ့်အသားအရေကို ထိခိုက်စေနေတာပါပဲ။သင့်မှာ အခုလိုလက္ခဏာတွေပြနေပြီဆိုရင်တော့ သင်က အသားအရေထိန်းသိမ်းမှုကိုအလွန်အကျွံလုပ်မိနေပါပြီ။အသားက တင်းတင်းကြီး ဖြစ်နေမယ်။အသားအရေထိန်းသိမ်းမှုတွေ လုပ်နေပေမယ့် အသားအရေက အရင်ကထက်ပိုပြီး တင်းတင်းကြီးဖြစ်လာမယ်။ မျက်နှာသစ်ပြီးတိုင်း အသားက စိုစိုအိအိလေးဖြစ်မနေဘဲ တင်းတင်းကြီးဖြစ်နေမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်နေသလို ခံစားရမယ်ဆိုရင် အသားအရေထိန်းသိမ်းမှုကိုအလွန်အကျွံလုပ်မိတာကြောင့် အရေပြားပေါ်က pH ပမာဏ မညီမျှတာမျိုးဖြစ်နေပါပြီ။ အရေပြားမှာpH ပမာဏညီမျှနေမှဆဲလ်အသစ်တွေဖြစ်ပေါ်စေမှာဖြစ်သလို ကော်လာဂျင်အသစ်တွေလည်း ဖြစ်ပေါ်စေမှာပါ။ရောင်ရမ်းမယ်။ဆဲလ်သေတွေဖယ်ရှားလွန်းတဲ့အခါ အသားအရေက ထိခိုက်လွယ်ပြီး ဘက်တီးရီးယားကူးစက်မှုတွေ အလွယ်တကူဖြစ်လာသလို အရေပြားက သက်တောင့်သက်သာမရှိဘဲ အရေပြားမှာ ရောင်ရမ်းတာမျိုးတွေရှိလာနိုင်ပါတယ်။မျက်နှာသစ်လိုက်တဲ့အခါတိုင်း အရေပြားက ကျိန်းစပ်စပ်ဖြစ်မယ်ဆိုရင် ဒါက အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိတာကြောင့် အရေပြားရောင်ရမ်းနေတာပါ။အရေပြားမှာ အဖုလေးတွေဖြစ်မယ်။ဆွယ်တာတွေမှာ အသီးလေးတတွေထသလိုမျိုးပဲ မျက်နှာအသားအရေမှာ ချောမွေ့မနေဘဲ လက်နဲ့ ပွတ်လိုက်တဲ့အခါ အဖုလေးတွေလို စမ်းမိနေမယ်ဆိုရင် သေချာတာက အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေတာပါ။ နောက်တစ်ခုက အသားအရေထိန်းသိမ်းမှုအတွက် တွဲသုံးနေမိတဲ့ ပစ္စည်းတွေက ပြဿနာတစ်ခုခုရှိနေပြီဆိုတာပါ။အသားအရေက ခြောက်သွေ့ပြီးအဖက်တွေလန်မယ်။အေးမြတဲ့ ရာသီဥတုအခြေအနေမျိုးမဟုတ်ဘဲ အသားအရေက ဆောင်းတွင်းမှာ ခြောက်သလိုမျိုး ခြောက်သွေ့လာမယ်။ရေသောက်နေတာတောင် အသားကခြောက်နေဆဲပဲဖြစ်မယ် နောက်တစ်ချက်ကအရေပြားမှာ အဖက်ကလေးတွေ လန်နေမယ်ဆိုရင်တော့ သေချာတာ အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေတာဖြစ်နိုင်သလို သုံးနေတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက အသားအရေနဲ့ မလိုက်ဖက်တာမျိုးဖြစ်နိုင်ပါတယ်။အသားရောင် ပြောင်းလာမယ်။မျက်နှာပေါ်မှာ အသားရောင်က မညီဘဲဖြစ်မယ်။ မျက်လုံး၊နှာခေါင်းနဲ့မေးစေ့တဝိုက်မှာ အမည်းစက်လေးတွေထွက်မယ်ဆိုရင်တော့ သုံးတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းထဲမှာ အက်ဆစ်ပါဝင်မှုများနေတာပါ။ အသားကခြောက်နေမယ်။ တင်းတင်းကြီးဖြစ်မယ်။ အရောင်ကလည်း ပုံမှန် မဟုတ်ဘူးဖြစ်နေမယ်ဆိုရင် အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပါပြီ။အဆီပြန်မယ်။အသားကအဆီတွေပြန်ပြီး ခပ်ပြောင်ပြောင်ကြီးဖြစ်နေမယ်။ ဘာလူးလူးအဆင်မပြေလောက်အောင်ကို အဆီတွေထွက်နေမယ်ဆိုရင် သေချာတာက အသားအရေကို အလွန်အကျွံ Skincare မိပါပြီ။ဝက်ခြံတွေထွက်မယ်။အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာပါတဲ့ အမွှေးနံ့တွေ နဲ့ အဆီတွေက အသားအရေမှာ ဝက်ခြံဖြစ်တာနဲ့အဆီဖုလိုမျိုး အဖုလေးတွေကို ဖြစ်စေနိုင်ပါတယ်။ သာမန်ထက် ကျော်လွန်တဲ့ အဆင့်မှာ ဒီလို အရေပြားပြဿနာတွေကို ခံစားရစမြဲပါ။အသားအရေကို အထိုက်အလျောက်ပဲ စောင့်ရှောက်ပါ။ အလွန်အကျွံမစောင့်ရှောက်ပါနဲ့။ ကျန်းမာတဲ့ အလှတရားကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေကြောင်း……။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/overdoing-it-with-your-skin-car/
အသည်းကင်ဆာရောဂါသည်တွေအတွက် အစားအစာများ
လတ်ဆက်သော အသီးများတွင် အသည်းကင်ဆာကို လွယ်ကူစွာ တိုက်နိုင်သော Phytochemicals နှင့် ဗီတာမင် များ ပါဝင်ပါသည်။ ဓါတုကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးနှင့် အခြားဆေးများနှင့် အတူဘဲ လတ်ဆက်သော အသီးကုထုံး ဖြင့် ပျက်စီးသွားသော ကင်ဆာဆဲလ်များကို ပြန်တည်ဆောက် ခြင်းသည် အလွန်ထိရောက်သည်။ဘေးထွက်ဆိုးကျိုးလည်း မဖြစ်စေပါ။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ငြီးငွေ့ သွားပါက သစ်သီး ဖျော်ရည်များ ပြောင်းသောက်နိုင်သည်။ ၎င်းသည် ခန္ဓါကိုယ်တွင်းသို့ ပို၍လွယ်ကူစွာ ရောက်နိုင်သည်။ဤအသီးသည် အရှေ့တောင်အာရှ၊ အနောက် အိန္ဒိယ နှင့် ဟာဝိုင်အီ တို့တွင် သဘာဝအတိုင်းပေါက်သည်။ အသီးသည် အစောပိုင်း အဆင့် ကင်ဆာကာကွယ်မှုတွင် အကျိုးရှိသည်။ ကင်ဆာဆဲလ်များကို သတ်နိုင်ပြီး သွေးဖြူဥများကို ထုတ်ပေး သည်။ ဆဲလ် အမြှေးပါးကို ကျယ်စေပြီး ကင်ဆာ တိုက်ဖျက် သည့် အာဟာရများ စုပ်ယူမှုကို အားကောင်းစေသည်။မုန်လာဥနီတွင် အယ်ဖာ ကယ်လိုတင်းပါဝင်ပြီး ၎င်းသည် အစွမ်းထက်သော ကင်ဆာ ကာကွယ်ဆေးတစ်ခု ဖြစ်သည်။ ကင်ဆာဖြစ်စေသော ပစ္စည်းများနှင့် ထိတွေ့ပါက ကယ်လို တင်းသည် ဝင်ရောက်ခြင်းကို ပိတ်ပင်ပြီး အရေပြားကင်ဆာ အကျိတ်ကို တားဆီးပေးသည်။ အင်္ဂလန်နှင့် ဒိန်းမတ်ရှိ လေ့ လာမှုများအရ မုန်လာဥနီ တွင်တွေ့ရသော ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်သည့် Falcarinol သည် ဓါတ်ခွဲခန်း စမ်းသပ် ကြွက်များ၏ သုံးပုံတစ်ပုံကို လျော့ကျစေသည်။လေ့လာမှုများအရ ရှောက်ခါးသီးကြီးသည် ကင်ဆာဖြစ်နိုင် ချေကို လျော့ချပေးနိုင်သည်။ ရှောက်ခါးသီးကြီးတွင် phytochemical ( အာဟာရတစ်မျိုး) ဖြစ်သော limonene ပါဝင်သည်။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ကင်ဆာဖြစ် စေသော ပစ္စည်းများကို တိုက်ထုတ်ကာ ကင်ဆာ ကာကွယ် ပေးသည်။ ၎င်းတွင် ရင်သား ကင်ဆာဖြစ်စေသော ပစ္စည်းများကို ခန္ဓါကိုယ်မှ ဖယ်ရှားပေးနိုင်သော monoterpene လည်း ပါဝင်သည်။ ထို့အပြင် ရှောက်ခါးသီး ကြီးတွင် ဗီတာမင် စီ အများအပြား ပါဝင်ပြီး ခန္ဓါကိုယ် ကြံ့ခိုင် အောင် တစ်နေ့လုံး လှုပ်ရှားနိုင်အောင် ကူညီပေးသည်။ဤအသီးတွင် ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများစွာ ပါဝင် သည်။ ကင်ဆာကို တိုက်ခိုက်ရန် လျို့ဝှက်လက်နက်တစ်ခု ဖြစ်သည်။ သလဲသီး ဖျော်ရည်တွင် folate ၊ ပိုတက်စီယမ်၊ ဗီ တာမင် အီး၊ polyphenols နှင့် pantothenic acid တို့ ပါဝင် သည်။ ၎င်းတို့သည် အဆုတ်ကင်ဆာဆဲလ်များ ကြီးထွားမှုနှင့် ပျံ့နှံ့မှုကို လျော့ချပေးသည်။အနီရောင် စပျစ်သီးတွင် ကင်ဆာကိုတိုက်ရန် အစွမ်းထက် သော ဓါတ်တိုးဆန့်ကျင်ပစ္စည်း resveratrol ပါဝင်သည်။ စပျစ်သီးတွင် ကင်ဆာဖြစ်နိုင်ချေကို မြင့်စေသော အင်ဇိုင်းများ ကို အလွယ်တကူ တားမြစ်နိုင်သော resveratrol ဒြပ်ပေါင်း များလည်း ပါဝင်သည်။ ကျွမ်းကျင်သူများက စပျစ်သီးစားခြင်း သည် လူ့ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်အတွက် အကျိုးရှိ သည်ဟု ဆိုသည်။မုန်လာဥဖြူကို ကင်ဆာကုသရန် ရာစုနှစ်များစွာကြာ အသုံးပြုခဲ့ကြသည်။ မုန်လာဥဖြူ အမြစ်သည် သွေးနီဥများကို အသစ်ဖြစ်ပွားစေပြီး ပျက်စီးနေသော ကင်ဆာဆဲလ်များကို အောက်စီဂျင် ထောက်ပံ့ပေးသည်။ အထူးသဖြင့် ၎င်းသည် အသည်း၊ ကျောက်ကပ်နှင့် ပြန်ရည်ကြောများကို အဆိပ်အ တောက်ဖယ်ပေးသည်။ ကျန်းမာသော ဆဲလ်များ အသစ်ဖြစ် ပေါ်စေသည်။မင်းကွတ်သီးသည် အပူပိုင်းဒေသ အရှေ့တောင်အာရှ တွင် ဇာတိဖြစ်သည်။ မင်းကွတ်သီးဖျော်ရည်တွင် ကင်ဆာနှင့် ဘတ်တီးရီးယားများကို တိုက်ထုတ်သော polysaccharide ဒြပ်ပေါင်းများ ပါဝင်သည်။ ၎င်းတို့သည် ကင်ဆာဆဲလ်များ သန္ဓေပြောင်းခြင်းကို တားမြစ်ပြီး ကင်ဆာဆဲလ် ပျံ့နှံ့မှုကို ကာကွယ်ပေးသည်။ဒူးရင်းသြဇာ အသီးကို ကင်ဆာဓါတုကုထုံး ကုသမှု အများစုတွင် အသုံးပြုသည်။ Xeronine ဟူသော ဓါတုပစ္စည်း သည် ကင်ဆာအား ပြင်းထန်သော ကိုယ်ခံအားတုံ့ပြန်မှုကို ထုတ်ပေးသည်။ ထိုင်း ကိုကင်းသည် ကင်ဆာဆဲလ်များကိုသာ သတ်ပြီး ဓါတုကုထုံးကဲ့သို့ ခန္ဓါကိုယ်၏ အခြား အစိတ်အပိုင်းများကို မထိခိုက်စေပါ။ ဒူးရင်းသြဇာ ဖျော်ရည် သည် အဆုတ်၊ ဆီးကျိတ်၊ ရင်သား နှင့် အူမကြီး ကင်ဆာများ ကို ကုသနိုင်သည်။ဘလူးဘယ်ရီသီးတွင် တွေ့ရသော anthocyanin သည် ကင်ဆာအားလုံးကို ကာကွယ်နိုင်ပါသည်။ ထို့အပြင် ထိုအသီးတွင် ထိရောက်သော ကင်ဆာ တိုက်ဖျက်သည့် ellagic acid နှင့် anthocyanin ဟူသော ဒြပ်ပေါင်းများ ပါဝင် သည်။ ဘလူးဘယ်ရီသီးများ ပုံမှန်စားခြင်းသည် အရေပြား၊ ဆီးအိမ်၊ အဆုတ် နှင့် သွေးကင်ဆာများ ကာကွယ်နိုင်သည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/fruits-for-liver-cancer/
ကလေးကို စိတ်ကူးဉာဏ်ရင့်သန်စေဖို့ လုပ်ပေးသင့်တဲ့ အရာ (၅)မျိုး
ကလေးကို တီထွင်ဖန်တီးမှုကောင်းမွန်သူအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်ပေးဖို့ကမိဘတွေမှာတာဝန်ရှိတယ်ဆိုတာကိုပြောပြနေစရာမလိုအောင်သိထားပြီးဖြစ်မှာပါ။ မိဘတိုင်းအနေနဲ့လည်း သားသမီးတွေကို စိတ်ကူးဉာဏ်ရင့်သန်ပြီး ဖန်တီးမှုကောင်းမွန်တဲ့သူတွေအဖြစ် ကြီးပြင်းစေချင်ကြမှာပါ။ ဒါပေမယ့် ဒီဆန္ဒကို အကောင်အထည်ဖော်ဖို့က တစ်ခါတစ်လေမှာ အဆင်မပြေတာမျိုးရှိပါတယ်။ တစ်နေ့တာမှာ များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရင်း ကလေးတွေကိုပြုစုပျိုးထောင်ဖို့အတွက် အချိန်မပေးနိုင်တာမျိုးကြုံရနိုင်သလို ကလေးတွေက ကိုယ့်ကိုလိုအပ်မယ်ဆိုတာကိုမေ့နေတာမျိုးလည်းရှိနိုင်ပါတယ်။ကံကောင်းတာတစ်ခုက ကလေးတွေက သူတို့သဘာဝအလျောက် အရမ်းကိုစိတ်ကူးဉာဏ်ရင့်သန်ကြပြီးမွေးလာကတည်းက ဖန်တီးလိုစိတ်တွေပါလာကြတာပါ။ သူတို့လေးတွေက အသစ်အဆန်းတွေကို ဖန်တီးလိုကြပြီး အတွေ့အကြုံအသစ်တွေနဲ့ပတ်ဝန်းကျင်အသစ်တွေကို ထိတွေ့တဲ့အခါ စူးစမ်းလိုစိတ်နဲ့အတူ ဖန်တီးဆန်းသစ်လိုစိတ်ကအလိုလိုဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့အနေနဲ့ မိမိရင်သွေးကို ဖန်တီးမှုစွမ်းရည်ကောင်းမွန်တဲ့ ကလေးတစ်ဦးအဖြစ်ကြီးပြင်းလာစေဖို့ဆိုရင် ကလေးရဲ့ လုပ်ဆောင်မှုတွေကို အားပေးပေးဖို့လိုသလို ကလေးတွေရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ သွားရောက်ထိန်းချုပ်မိတာမျိုး မဖြစ်စေဖို့ သတိထားသင့်ပါတယ်။ ငယ်စဉ်ကတည်းက စိတ်ကူးဉာဏ်ရင့်သန်တဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ တီထွင်ဖန်တီးမှုကောင်းသူတွေအဖြစ်အရွယ်ရောက်လာတတ်ကြပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်သူတွေကပြဿနာတွေကိုလည်းကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။၁။စာဖတ်ပါစေ။ကလေးကိုစာဖတ်ဝါသနာပါအောင်ပျိုးထောင်ပေးပါ။ စာဖတ်တာက ကလေးကိုစိတ်ကူးဉာဏ်ရင့်သန်လာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။ ဒါကြောင့်ကလေးကို ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါအောင် ကိုယ်တိုင်လည်း စာဖတ်ပေးပါ။ ပုံပြင်စာအုပ်ဖတ်ပြတာလိုမျိုးအလေ့အထလေးတွေလုပ်ဆောင်ပေးပါ။ စာများများဖတ်လေလေ ကလေးကစိတ်ကူးဉာဏ်ကောင်းလေလေပါ။ ဒါကြောင့် ကလေးကို ငယ်ငယ်ကတည်းကစာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးပါ။၂။ပုံပြောပြပါ။ကလေးတုန်းက အပျော်ဆုံးအချိန်ကမေမေဖေဖေတို့က ပုံပြင်ပြောပြတဲ့အချိန်ပါ။ ပုံပြင်ထဲက ဇာတ်ကောင်လေးတွေအတိုင်း လိုက်ခံစားတတ်တဲ့အလေ့အထ ကလေးတိုင်းလိုလိုမှာရှိတတ်ပါတယ်။ ဒါကြောင့် ကလေးကို အားကျအတုယူစရာကောင်းတဲ့ ဇာတ်ကောင်လေးတွေပါဝင်နေတဲ့ ပုံပြင်မျိုးကိုများများပြောပြပေးပါ။ ပုံပြင်တွေက ကလေးကိုပြဿနာဖြေရှင်းနိုင်စွမ်းလည်း တိုးတက်စေနိုင်ပါသေးတယ်။ ဒီတော့ ကလေးတွေကို ညအိပ်ရာမဝင်ခင် ပုံပြင်ပြောပြဖြစ်အောင်ပြောပြလိုက်ပါနော်။၃။ ကလေးကိုစိတ်ကြိုက်ရွေးချယ်ခွင့်ပေးပါ။ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အခွင့်အရေးပေးလိုက်ပါ။စားစရာသောက်စရာဖြစ်ဖြစ် ဝတ်စရာဖြစ်ဖြစ် သူတို့စိတ်ကြိုက်ရွေးချယ်ခွင့်ပေးလိုက်ပါ။ ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ခွင့်ပေးတာက ဘဝတစ်လျှောက်လုံး ကိုယ့်ကိုကိုယ်ကောင်းကောင်းထိန်းသိမ်းနိုင်စေဖို့ အထောက်အကူဖြစ်စေမှာပါ။ စိတ်တိုင်းကျလုပ်ဆောင်ခွင့်ရရှိမှုက စိတ်ကြိုက်ဖန်တီးနိုင်စွမ်းရဲ့ အခြေခံအုတ်မြစ်တစ်ခုပေါ့။၄။ ဖန်တီးလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးပါ။ကလေးတွေရဲ့မိဘတွေက ကလေးတွေနဲ့အတူ ဖန်တီးလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေ ကစားနည်းတွေမှာ အတူပါဝင်လုပ်ဆောင်ပေးတာက ကလေးကို စကားကြွယ်စေနိုင်သလို ကလေးရဲ့တွေးတောမှုစွမ်းရည်ကို ပိုပြီးကောင်းမွန်စေနိုင်တယ်၊လို့ လေ့လာမှုအရသိရပါတယ်။ ဒါကြောင့်ကလေးနဲ့အတူတူ လက်ချောင်းတွေသုံးပြီးဆေးခြယ်တာ colour clays(ရောင်စုံရွှံ့စေး)တွေသုံးပြီး ပုံဖော်ကစားတာမျိုးအတူ ကစားပေးပါ။ ဒီလိုတီထွင်ဖန်တီးရတဲ့ ကစားနည်းတွေက ကလေးရဲ့ဖန်တီးနိုင်မှုစွမ်းရည်ကိုတိုးတက်စေနိုင်ပါတယ်။၅။တီဗွီနဲ့ဖုန်းကြည့်ချိန်တွေကို ကန့်သတ်ပါ။ကလေးတွေကိုငြိမ်နေအောင်ဆိုပြီးတီဗွီပေးကြည့်တာ၊ဖုန်းပေးသုံးတာ၊ Tabletတွေပေးသုံးတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်ပေးတာက အချိန်ကြာလာနဲ့အမျှ ကလေးကိုထိခိုက်စေနိုင်တာတွေအများကြီးပါ။ ဒါကြောင့် ကလေးကို တီဗွီပေးကြည့်မယ့်အစား ဖုန်းပေးသုံးမယ့်အစား စာအုပ်ပေးဖတ်တာမျိုး၊ အရုပ်တွေနဲ့ပေးကစားတာမျိုးပဲလုပ်ပေးပါ။နောက်ထပ်လုပ်နိုင်တာတစ်ခုက ကလေးကိုပန်းခြံကိုခေါ်သွားပြီးပြေးပြေးလွှားလွှားဆော့ခိုင်းလိုက်ပါ။ ကလေးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တီဗွီရှေ့မှာ မကုန်ဆုံးဖို့ ဂရုစိုက်ပေးပါ။ကလေးကို ဉာဏ်ကောင်းကျန်းမာတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေဖို့ဆိုရင်ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ဖြစ်အောင်လုပ်ပေးဖို့ လိုသလို ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ အာဟာရမျှတအောင်ကျွေးမွေးပေးဖို့လိုအပ်ပါမယ်။ ကလေးရဲ့အာဟာရထဲမှာ အာဟာရပြည့်ဝပြီး ဉာဏ်ရည်တိုးတက်ကောင်းမွန်စေတဲ့DHA,Omega 3နဲ့Omega 6တို့ပါဝင်အောင် ထည့်သွင်းကျွေးမွေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဒါတွေပါဝင်တဲ့အာဟာရဖြည့်စွက်စာတွေကို ကျွေးမွေးနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/5-tips-encourage-your-childs-imiganation/
Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ)
အတွေ့ရများဆုံးသွေးဆဲလ်အမျိုးအစားဖြစ်တဲ့ သွေးနီဥဆဲလ်တွေဟာ သွေးစီးကြောင်းကနေ တစ်ဆင့် တစ်ရှူးတွေဆီကိုလိုအပ်တဲ့ အောက်ဆီဂျင်တွေ ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ အိုမင်းသွားတဲ့ သွေးနီဥဆဲလ်တွေနေရာမှာ အသစ်တွေအစားထိုးဖို့ ဗီတာမင်ဘီနဲ့ ဖောလစ်အက်ဆစ်က အဓိက လုပ်ဆောင်ပေးပါတယ်။ သွေးနီဥဆဲလ်လောင်းလေးတွေ ရင့်ကျက်တဲ့ သွေးနီဥဆဲလ်အဖြစ် ပြောင်းလဲလာဖို့ လိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်။ ဒီအာဟာရတွေချို့တဲ့သွားချိန်မှာတော့ သွေးနီဥဆဲလ်လောင်း ဘဝနဲ့တင်ပျက်စီးသွားပါတယ်။ ရင့်ကျက်သော သွေးနီဥဆဲလ်ဖြစ်ပွားမှုနည်းသွားပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။အဖြစ်များတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။အတွေ့ရများတဲ့လကဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဗီတာမင်ဘီနဲ့ ဖောလစ်အက်ဆစ် လုံလုံလောက်လောက် မရရှိခြင်းကြောင့်ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်။ကိုယ့်ဆဲလ်ကိုယ်ပြန်တိုက်ခြင်းကြောင့် အစာအိမ်က ဗီတာမင်ဘီစုပ်ယူမှု နည်းသွားစေပါတယ်။ ထို့ကြောင့်ဖြစ်တဲ့ pernicious anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါရှိနေခြင်း။ဖောလစ်အက်ဆစ်ဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ။အကယ်၍ သင့်မှာအောက်ပါ အချက်များရှိနေလျှင် သင်သည်ဖောလစ်အက်ဆစ်ဓါတ်ချို့တဲ့နိုင်ချေ များပါတယ်။ဗီတာမင်ဘီချို့တဲ့ သွေးအားနည်းရောဂါ။အောက်ပါအချက်များရှိလျှင် ဗီတာမင်ဘီဓါတ် ချို့တဲ့နိုင်ချေများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာ၊ ရောဂါရာဇဝင်တွေနဲ့ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေကနေ တစ်ဆင့်ရောဂါအမည်တပ်နိုင်ပါတယ်။ဒီလိုရောဂါမျိုးအတွက်ဆိုရင် သွေးဖောက်စစ်ဆေးခြင်းက ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ယေဘုယျအားဖြင့်တော့ ဖြည့်စွက်ဆေးတွေက်ု ထိုးဆေးအနေနဲ့ရော သောက်ဆေးပုံစံနဲ့ပါ ပေးနိုင်ပါတယ်။ ဗီတာမင်ဘီ၁၂ဖြည့်စွက်ဆေးက်ုတော့ ထိုးဆေးပုံစံနဲ့ ပထမဆုံးပေးပါတယ်။ ချို့တဲ့မှုအဆင့် အခြေအနေပေါ်မူတည်ပြီး ကုသမှုပုံစံတွေလည်း ကွဲနိင်ပါတယ်။ ဗီတာမင်ဘီ၁၂ဖြည့်စွက်ဆေးပြားကို အစာတစ်ခုနဲ့ တစ်ခုကြားသောက်ခြင်း၊ ပုံမှန်ဆေးထိုးခြင်းနဲ့ အာဟာရပြည့်ဝစွာစားဖို့ လိုပါတယ်။ ဖောလစ်ပမာဏကိုထိန်းထားနိုင်ဖို့အတွက်ေ ဖာလစ်အက်ဆစ်ဖြည့်စွက်ဆေးပြားတွေလည်း သောက်ရပါမယ်။ ကုသမှုက လေးလလောက် ကြာလေ့ရှိပါတယ်။အောက်ဖော်ပြပါလူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးတွေက သင့်အနေနှင့် ဗီတာမင်ဘီ၁၂နှင့်ဖောလစ်ဓါတ်ချို့တဲ့သွေးအားနည်းရောဂါကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်မှုရှိတဲ့ အစာအုပ်စုစုံစုံလင်လင်စားခြင်း။ဖောလစ်အက်ဆစ်ပြည့်ဝသောအစာများ။• အစိမ်းရောင်ဟင်းသီးဟင်းရွက်များ။• အစေ့အဆံများ။• ပေါင်မုန့် ၊ကွေကာ၊ ခေါက်ဆွဲဆန်ကဲ့သို့သော ကောက်ပဲသီးနှံများ။• အသီးနှင့်အသီးဖျော်ရည်များ။ဗီတာမင်ဘီ၁၂ ဓါတ် ပြည့်ဝသောအစာများ။• ဥအမျိုးမျိုး။• ကောက်နှံကဲ့သို့သော အင်အားကိုဖြစ်စေတဲ့အစာတွေ။• နို့ထောပတ်၊ဒိန်ချဉ်။• အနီရောင်အသား၊အခွံမာရှိ သောရေသတ္တဝါများ။အကယ်၍သင့်မှာမေးခွန်းတွေရှိရင်သင့်အတွက်သင့်တော်တဲ့အဖြေရှာနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/vitamin-b12-and-folate-deficiency-anemia-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%b9%e1%80%98%e1%80%ae%e1%81%81%e1%81%82%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%9e/
Thrombophlebitis (သွေးပြန်ကြောရောင်ခြင်း)
thrombophlebitis ဆိုသည်မှာ သွေးပြန်ကြောရောင်ယမ်းပြီး သွေးခဲဖြစ်ပေါ်ခြင်းဖြစ်သည်။ သွေးပြန်ကြောရောင်လျင် သွေးစီးဆင်းမှုနှေးသွားပြီး သေးငယ်သော သွေးခဲလေးများ သွေးပြန်ကြောထဲတွင် ဖြစ်ပေါ်နိုင်သည်။ သွေးပြန်ကြောရောင်လျှင် နာကျင်ခြင်း၊ နီရဲရောင်ယမ်းခြင်း၊ လက်မောင်း၊ ခြေထောက်များရောင်ယမ်းခြင်းတို့ဖြစ်နိုင်သည်။ခြေထောက်ရှိသွေးပြန်ကြောများတွင် လက်နှင့် လည်ပင်းရှိသွေးကြောများထက် ပိုဖြစ်တတ်သည်။ အရေပြားမျက်နှာပြင်နှင့် နီးကပ်သောနေရာရှိ သွေးပြန်ကြောရောင်လျှင် thrombophlebitis agriculture ဟုခေါ်သည်။သွေးပြန်ကြောရောင်လျှင် အသက်မသေနိုင်သော်လည်း အရေးကြီးသော အန္တရာယ်မှာ သွေးခဲများသည် အတွင်းပိုင်းရှိ သွေးပြန်ကြောများထဲသို့ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သွေးခဲအကြီးများ ရောက်သွားပါက သွေးကြောပိတ်ခြင်းဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် အရေးကြီးသော အခြေအနေဖြစ်ပြီး ထိုသွေးခဲများ ကွဲထွက်ပြီး အဆုတ်သို့ ရောက်ရှိပိတ်ဆို့ပါက ဟုခေါ်သော အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိဖြစ်နိုင်ပါသည်။သွေးပြန်ကြောရောင်ခြင်းသည် အသက် ၆၀ နှင့်အထက်လူနာများတွင် အဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင်လည်း မီးမဖွားခင် အချိန်တွင် သွေးကြောရောင်ယမ်းခြင်းရှိနိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အဖြစ်အများဆုံးမှာ နီရဲခြင်း၊ရောင်ယမ်းခြင်း၊ ဖြစ်သောနေရာတွင် အပူချိန်မြင့်နေခြင်း ဖြစ်သည်။ သွေးပြန်ကြောရောင်နေသော နေရာတွင် မာတင်းတင်းဖြစ်နေပြီး နာကျင်မှုကို ခံစားရနိုင်သည်။ ထို့အပြင် လူနာတွင် အဖျားရှိနေနိုင်သည်။အထက်တွင် ဖော်ပြမထားသော လက္ခဏာများလည်း ရှိနိုင်သည့် အတွက် သင့်တွင် တစ်စုံတစ်ရာ စိတ်ပူပန်မှုရှိနေလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သင့်ခြေထောက်တွင် နီရဲရောင်ယမ်းနာကျင်မှုများရှိပါက သို့မဟုတ် သင့်တွင် သွေးပြန်ကြောပိတ်စေနိုင်သော အကြောင်းရင်းများရှိပါက ဆရာဝန်နှင့် ပြသပါ။ သင့်တွင် ခြေထောက်နာကျင်ရောင်ယမ်းနေပြီး အသက်ရှူရခက်ခဲခြင်းနှင့် ရင်ဘတ်အောင့်ခြင်းပါ ရှိနေပါက အရေးပေါ်ဌာနသို့ အမြန်ဆုံးသွားပါ။ဤလက္ခဏာများသည် အတွင်းပိုင်းသွေးကြောများ ပိတ်ခြင်းကြောင့် ဖြစ်နိုင်သည်။ သွေးကြောထဲရှိ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သို့ရောက်ရှိသွားသည့် အခြေအနေဖြစ်နိုင်ပါသည်။သင့်တွင် အထက်ပါလက္ခဏာများတွေ့ပါက ဆရာဝန်နှင့် ပြသဆွေးနွေးပါ။ လူတစ်ယောက်ချင်းစီသည် ခန္ဓါကိုယ်တုံ့ပြန်မှု မတူညီသည့်အတွက် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရှာရန်သင်၏ ဆရာဝန်နှင့် ပြသဆွေးနွေးပါ။သွေးပြန်ကြောပိတ်သည့် အကြောင်းရင်းသည် သွေးခဲကြောင့်ဖြစ်သည်။ သွေးခဲများသည် ပုံမှန်သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေသော အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ အောက်ပါ အခြေအနေများကြောင့် သွေးခဲဖြစ်ပေါ်နိုင်ပါသည်။သွေးပြန်ကြောရောင်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သော အကြောင်းရင်းများတွင် အောက်ပါအချက်များပါဝင်သည်။ပေးထားသော အချက်အလက်များသည် ကျန်းမာရေးအကြံပြုချက်အတွက် အစားထိုးရန်မဟုတ်သောကြောင့် သတင်းအချက်အလက်ပိုမိုရရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်များမှ ရောင်ယမ်းနေသောနေရာကို စစ်ဆေးကြည့်ပြီး ရောဂါကို သိရှိနိုင်သည်။ ဆရာဝန်မှ အတွင်းပိုင်းသွေးပြန်ကြောများတွင် သွေးခဲဖြစ်နေသည်ကို သံသယရှိလျှင် ultrasound ရိုက်ရန်ပြောနိုင်သည်။ D-dimer ဟု ခေါ်သော သွေးစစ်ဆေးမှုကိုလည်း လုပ်နိုင်သည်။ thrombus phlebitis agriculture ရောဂါအတွက် သီးသန့်လုပ်ဆောင်သော စစ်ဆေးမှုတော့မဟုတ်ပါ။thrombophlebitis agriculture ကိုကုသရာတွင် အနားယူခြင်းနှင့် ဖြစ်ပွားသောခြေထောက်ကို ကောင်းစွာဂရုစိုက်ခြင်းတို့ ပါဝင်သည်။ ဆေးခြေအိတ်စွပ်ရသည်လည်း ဖြစ်နိုင်သည်။ သွေးပြန်ကြောဖောင်းသောလူနာများတွင် ခြေအိတ်စွပ်ခြင်းကို အတွင်းပိုင်း သွေးကြောများပိတ်ခြင်းကို ကာကွယ်ရန်အသုံးပြုပါသည်။ သင်၏ ဆရာဝန်မှ အရောင်ကျရန်နှင့် အနာသက်သာစေရန် အရောင်ကျဆေးများကို ပေးနိုင်သလို ပိုးဝင်နေသူများတွင် ပိုးသတ်ဆေးလည်း ပေးနိုင်ပါသည်။သွေးပြန်ကြောရောင်သော လူနာများတွင် ဆေးကုသပြီး ၇ရက်မှ ၁၀ ရက်အတွင်းတွင် သက်သာလာနိုင်ပါသည်။အောက်ပါတို့သည် ဤရောဂါကို သက်သာအောင် ပြုလုပ်နိုင်သော နည်းလမ်းများဖြစ်ပါသည်။• ဆေးလိပ်ဖြတ်ခြင်း။• အဝလွန်နေလျှင် ကိုယ်အလေးချိန်လျော့ချပါ။• ကား သို့မဟုတ် လေယာဉ်ကို အချိန်အကြာကြီးစီးလျှင် မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို ထ၍ ပြုလုပ်ပါ။သင့်တွင် မေးမြန်လိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရှာဖွေပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/thrombophlebitis-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84/
လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ်
လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ် ….. ဘာတွေဖြစ်မလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။လိင်တံထိပ်အရေပြား မဖြတ်ခင် သိထားရမယ့် အချက်တွေကတော့။လိပ်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာ ဖြစ်ပါတယ်။ သူ့ကို Circumcision လို့ခေါ်ပါတယ်။ အများအားဖြင့်တော့ ယောက်ျားလေးတွေ မွေးပြီးကာစမှာ သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် မိဘတွေကိုယ်တိုင် ဆရာဝန်လက်ထဲအပ်ပြီး ဖြတ်လိုက်တာမျိုးလည်း ရှိသလို အသက်ကြီးမှ အကြောင်းအမျိုးမျိုးကြောင့် လုပ်တာ၊ ဘာသာရေးအယူဝါဒတွေကြောင့် လုပ်တာ အစရှိသဖြင့် အစုံပါပဲ။ တကယ်တော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကို ကာယကံရှင်အနေနဲ့ သေချာဆုံးဖြတ်ဖို့ လိုပါတယ်။လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့အခါ အဆီတွေ၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ သုက်ရည်တွေက အရေပြားရဲ့အောက်မှာ သွားပြီး စုပုံနေတတ်ပါတယ်။ ကြာလာတဲ့အခါ အဖြူရောင်အရိအချွဲတွေ ဖြစ်ပြီး လိင်တံကနေ အောက်သိုးသိုးအနံ့တွေ ထွက်လာပါတယ်။ ဒီအရိအချွဲကနေ ဘက်တီးရီးယားပိုးတွေ ပွားများလာပြီး အဖတ် သို့မဟုတ် အခဲ အခြေအနေကို ရောက်ပါတယ်။ ဒီအခြေအနေမှာဆိုရင် အမျိုးသားတွေလည်းလိင်တံအနံ့ဆိုးတွေ အမြဲထွက်နေသလို ဆီးလမ်းကြောင်းပိုးဝင်ဖို့လည်း ရာခိုင်နှုန်း ပိုများပါတယ်။အဲ့ဒါကြောင့် ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတိုင်း ရေချိုးတဲ့အခါ ဒီအရေပြားကို နောက်လှန်ဆွဲချပြီး ဆေးကြောဖို့ လိုပါတယ်။ ဒီလို ပုံမှန်ဆေးကြောပေးနိုင်ရင်တော့ ပြဿနာမရှိပေမဲ့ ရေရှည် ကျန်းမာရေးနဲ့ သန့်ရှင်းမှုကို ဦးစားပေးတဲ့အနေနဲ့ ကလေးဘဝမှာကတည်းက ယောက်ျားလေးတွေကို လိင်တံထိပ်အရေပြား ဖြတ်ပေးလိုက်တာ ဖြစ်ပါတယ်။တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ကျန်းမာရေးဟာ အမြဲဆက်စပ်နေတယ်ဆိုတာ သိထားမှာပါ။ ဒီလို သန့်ရှင်းရေးအားနည်းသွားတဲ့အခါ ကျန်နေတဲ့ အဖြူရောင်အရိအချွဲတွေက လိင်အင်္ဂါကို ယားယံစေတယ်၊ နီရဲစေတယ်။ အရေပြား ပြဿနာဖြစ်ဖို့ ပိုလွယ်လာတယ်။ အထူးသဖြင့် သန့်ရှင်းမှုနည်းလို့ ဖြစ်တတ်တဲ့ ရောဂါတွေကတော့။နောက်တစ်ချက်ကတော့ ထိပ်အရေပြား ဖြတ်ထားသူတွေမှာ မဖြတ်ထားသူတွေထက်လိင်မှတစ်ဆင့် ရောဂါကူးစက်နိုင်ခြေနည်းသွားသလို ထိပ်အရေပြား ပွန်းပဲ့ထိခိုက်တာ၊ ယားယံတာ အလွန်နည်းသွားပါတယ်။ကလေးဘဝမှာကတည်းက လိင်တံထိပ်အရေပြား ဖြတ်တောက်ထားတာ အကောင်းဆုံးပါပဲ။ ခွဲစိတ်ပြီးတဲ့နေ့မှာပဲ အိမ်ပြန်အနားယူလို့ရပြီး ဆေးရုံအကြာကြီးတက်စရာမလိုပါဘူး။ ပုံမှန်ဆိုရင် တစ်လလောက်နဲ့ အနာကျက်သွားနိုင်ပါတယ်။ ဒီကြားထဲမှာ လိင်အင်္ဂါကို သေချာသန့်ရှင်းအောင် ထားဖို့လိုသလို ဆရာဝန်နဲ့လည်း ပုံမှန်ပြသပြီး စစ်ဆေးသင့်ပါတယ်။ လူတွေထင်ထားသလို လိင်တံအရေပြားဖြတ်လို့ တိုဝင်သွားတာ၊ နဂိုအရွယ်ထက် သေးသွားတယ်ဆိုတာတော့ လုံးဝမဟုတ်တဲ့အတွက် သိပ်ပြီးမစိုးရိမ်ပါနဲ့လို့ အကြံပေးလိုက်ပါတယ်နော်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/facts-to-know-before-circumcision/
Acute Lymphocytic Leukemia (ရုတ်တရက်ပြင်းထန် lymphocyte များသည့် သွေးကင်ဆာ (acute lymphocytic leukaemia))
acute lymphocytic leukaemiaသွေးကင်ဆာသည် သွေးနှင့်ရိုးတွင်းခြင်ဆီကင်ဆာတစ်မျိုးဖြစ်ပါသည်။ အမျိုးအစား ၂မျိုး ခွဲခြားထားပါသည်။ ရုတ်တရက်ပြင်းထန် စွာ ဖြစ်ခြင်း နှင့် နာတာရှည် ဖြစ်ခြင်းတို့ဖြစ်သည်။ ရုတ်တရက်ပြင်းထန်သော lymphocyte (သွေးဖြူဥဆဲလ်တစ်မျိုး) များသည့်သွေးကင်ဆာတွင်ဆဲလ်များသည် လျင်မြန်စွာ ကြီးထွားပြီးသွေးဆဲလ်များ၏ ဖွံဖြိုးမှုကိုထိခိုက်စေပါသည်။ အထူးသဖြင့် အထိခိုက်ခံရဆုံးသောဆဲလ်များမှာ B lymphocyte နှင့် T lymphocyte တို့ဖြစ်ပါသည်။acute lymphocytic leukaemia၏ ရောဂါလက္ခဏာများသည် ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မောပန်းခြင်း၊ ဖျော့တော့ခြင်း နှင့် အရေပြားပေါ်တွင် အညိုမဲကွက်များပေါ်ခြင်းတို့ဖြစ်ပါသည်။ လူနာများသည် အသည်းရောင်ခြင်း၊ lymph node(ပြန်ရည်ကျိတ်)များ ကြီးခြင်း နှင့် မှတ်ညဏ်ပျောက်ဆုံးခြင်းများလည်း ဖြစ်နိုင် ပါသည်။ အထက်တွင် ဖော်ပြမထားသောလက္ခဏာများလည်းရှိနိုင်ပါသည်။ ရောဂါလက္ခဏာများ နှင့် ပတ်သက်၍ မေးလိုသည်များရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဖော်ပြထားသောရောဂါလက္ခဏာများရှိပါကဆရာဝန်ခေါ်ပါ သို့မဟုတ် ဆေးရုံတို့သွားပါ။ နောက် ကျပါကရောဂါသည် ဆိုးရွှားလာပြီးကုသ၍ မရနိုင်တော့ပါ။ မေးလိုသည်များရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေနွေးပါ။အရိုးဆဲလ်များ၏ DNA များပျက်စီးပါကရုတ်တရက် ပြင်းထန်သော lymphocyte များသည့်သွေးကင်ဆာ ဖြစ်ပွားပါသည်။ ထိုရောဂါသည် ကျန်းမာသောဆဲလ်များကို ကြီးထွားမှု ရပ်တန့်စေပြီးသေစေပါသည်။ သို့သော်လည်းရောဂါဖြစ်ပွားသောဆဲလ်များသည် သန်မာလာပြီးကွဲပွားလာပါသည်။လက်ရှိတွင် ဘာကြောင့် DNA သန္ဓေပြောင်းခြင်းများသည် သွေးကင်ဆာဖြစ်စေသလဲကိုရှင်းလင်းစွာမသိရသေးပါ။ သို့သော်လည်းဆရာဝန်များသည် သုတေသနများ ပြုလုပ်ခဲ့ပြီးacute lymphocytic leukaemiaသည် မျိုးရိုးဆက်ခံခြင်းကြောင့် မဟုတ်မှန်းတွေ့ရှိရပါသည်။acute lymphocytic leukaemia ဖြစ်ပွားနိုင်ချေကိုမြင့်စေသောအချက်များစွာရှိပါသည်။ အောက်ပါတို့ပါဝင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။acute lymphocytic leukaemiaကိုအတည်ပြုရန် သွေးစစ်ခြင်းနှင့် ရိုးတွင်းခြင်ဆီစစ်ခြင်းတို့ကိုလုပ်ဆောင်ရပါမည်။ ရိုးတွင်းခြင်ဆီကိုအဏု ကြည့်မှန်ပြောင်းဖြင့် စစ်ဆေးပြီး ခြင်ဆီအတွင်းပုံမှန် မဟုတ် သောဆဲလ်များရှိသလားရှာဖွေနိုင်ပါသည်။ ရင်ဘတ်အားဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း နှင့်အာထရာဆောင်းရိုက်ခြင်းတို့လည်းလုပ်နိုင်သည်။acute lymphocytic leukaemiaသည် ကုသ၍ ပျောက်ကင်းပါသည်။ ကင်ဆာဆေးကုထုံးသည် ဤရောဂါကုသမှု၏ အဓိကနည်းလမ်းဖြစ်ပါ သည်။လူနာများသည် သွေးသွင်းခြင်း၊ ကင်ဆာဆေးကုထုံး နှင့် ဓါတ် ရောင်ခြည် ကုထုံးတို့ပြုလုပ်ရန် ဆေးရုံတက်ရပါမည်။ ကုသခြင်းတွင် အဆင့် လေးဆင့် ပါဝင်ပါသည်။ အဆင့် နှစ်ခုသည် ဆေးဖြင့်ကုသခြင်းဖြင့် စတင်သည်။ လူနာသည် အဖျားသက်သာလာပါကအဆင့်သုံးကို ပြုလုပ်ပါသည်။ ဦးနှောက်အားဓါတ်ရောင်ခြည်ကုထုံးနှင့် ဓါတုကုထုံးတို့ ပြုလုပ်ကာကင်ဆာဆဲလ်များကိုဖယ်ရှားပါသည်။ဆရာဝန်သည် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းကိုအကြံပြုနိုင်ပါသည်။ ပင်စည်ဆဲလ် အစားထိုးခြင်းဟုလည်းခေါ်ပါသည်။ ပင်စည်ဆဲလ်များပါဝင်သောကျန်းမာသောရိုးတွင်းခြင်ဆီကို ခန္ဓါကိုယ်တွင်းထိုးသွင်းလိုက်ပါသည်။ ထိုအခါ ပင်စည်ဆဲလ်များသည် ပုံမမှန်သောဆဲလ်များကိုအစားထိုးရန် ကျန်းမာသောဆဲလ်အသစ်များထုတ်လုပ် ပါလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် acute lymphocytic leukaemiaကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် acute lymphocytic leukaemiaကိုထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/acute-lymphocytic-leukemia-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%94%e1%80%b9-lymphocyte-%e1%80%99/
ဝက်ခြံအမာရွတ်တွေကုသမှု နည်းလမ်းများ
ဝက်ခြံအမာရွတ်တွေပေါ်လာရင် သူသူကိုယ်ကိုယ် ပျောက်ကင်းအောင် ကုသချင်မှာ သဘာဝပါ။ ဒီအမာရွတ်တွေဟာ ဝက်ခြံပေါက်ခဲ့တဲ့ကာလတွေကို ပြန်သတိပေးနေသလို ဖြစ်တဲ့အပြင် ရုပ်ရည်ကိုလည်း ထိခိုက်စေပါတယ်။ ကံကောင်းတာက ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကုသမှုနည်းလမ်းတွေ ရှိနေတာပါပဲ။ကုသမှုနည်းလမ်းတွေ အမြောက်အများရှိပြီး ရေပန်းအစားဆုံး နည်းတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ဒီဆေးဝါးတွေဟာ သင့်ရဲ့ ဝက်ခြံအမာရွတ်ကို လုံးဝပျောက်သွားအောင် ဒါမှမဟုတ် မှိန်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဆေးတွေဟာ ဈေးမကြီးသလို အလွယ်တကူလည်း ဝယ်ယူရရှိနိုင်ပါတယ်။ တကယ်လို့ သင့်အမာရွတ် နီရဲရောင်ရမ်းနေတယ်ဆိုရင် သက်သာသွားအောင် အဆိုပါဆေးတွေက ကူညီပေးနိုင်သလို အမာရွတ်တွေကြောင့် မည်းနေတဲ့ နေရာတွေကိုလည်း မူလအသားရောင် ပြန်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဝက်ခြံအခြေအနေ ဆိုးရွားလာရင်တော့ ပိုပြီးသင့်တော်တဲ့ ဆေးဝါးတွေကို သုံးစွဲဖို့လိုလာပြီဖြစ်တဲ့အတွက် အရေပြားအထူးကုဆရာဝန်နဲ့ သွားရောက်ပြသရမှာ ဖြစ်ပါတယ်။ဒီနည်းတွေဟာ သင့်အရေပြားရဲ့ အလွှာတလွှာကို ကွာသွားစေမှာဖြစ်ပြီး အသစ်ဖြစ်လာတဲ့ အရေပြားဟာ ပိုလို့ နူးညံ့မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အရေးအကြောင်းတွေကို လျော့နည်းစေတဲ့အပြင် ဝက်ခြံအမာရွတ်တွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဒါပေမယ့် ဒီလိုနည်းလမ်းကို အသုံးပြုခြင်းဟာ သင့်အရေပြားကို အနည်းငယ်ထိခိုက်စေနိုင်တာမို့ ပိုးဝင်ခြင်းအစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ဒီနည်းလမ်းမှာဆိုရင် အဆီ သို့မဟုတ် အသားအရေတင်းရင်းစေသော ကော်လဂျင် (collagen) ဓါတ်ကို အမာရွတ်ရှိတဲ့နေရာက အရေပြားထဲကို ထိုးသွင်းပါလိမ့်မယ်။ ဒီနောက်မှာ ထိုးထည့်လိုက်တဲ့ အရည်တွေဟာ ပြန့်ကားသွားပြီး အရေပြားကို ဆွဲဆန့်ပါလိမ့်မယ်။ ဒီလို အရေပြားတင်းပြီး ဆန့်သွားတဲ့အခါ အတင်းကြီးပြူးပြဲကြည့်မှသာ အမာရွတ်ကို မြင်ရမှာ ဖြစ်ပါတယ်။ မကောင်းတဲ့အချက်က ဒီလိုဆေးထိုးတာဟာ ယာယီသာ အကျိုးသက်ရောက်မှုရှိစေတာ ဖြစ်တဲ့အတွက် အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ထိုးရမှာပဲ ဖြစ်ပါတယ်။စိန်ပုံစံဘီးလေး သို့မဟုတ် ဘရပ်ရှ် ကိရိယာလေးကို အသုံးပြုပြီး အရေပြားရဲ့ အပေါ်ယံလွှာကို တိုက်စားဖယ်ထုတ်ပစ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သင့်အရေပြားကို ထိခိုက်စေပြီး သွေးထွက်စေပါတယ်။ ဒီနောက်မှာ ပိုပြီးနူးညံ့တဲ့ အရေပြားအသစ် ပြန်ထွက်လာမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ ပိုပြီးနုပျိုသွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးပြီး ဝက်ခြံအမာရွတ်တွေကို ကုသနိုင်တဲ့အတွက် အမာရွတ်ရှိတဲ့ နေရာတွေဟာ တခြားအရေပြားဧရိယာတွေနဲ့ တပြေးညီဖြစ်သွားမှာ ဖြစ်ပါတယ်။ဒီနည်းလမ်းမှာတော့ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းသက်သာစေဖို့အတွက် လေဆာကို အသုံးပြုမှာ ဖြစ်ပြီး သင့်အသားအရေကို ပိုကြည့်ကောင်းလာစေပါလိမ့်မယ်။ ဒါဟာ ဝက်ခြံအမာရွတ်တွေကို ကုသတဲ့ နည်းအသစ်ပဲ ဖြစ်ပါတယ်။ အမာရွတ်တွေရှိတဲ့ အရေပြားအဟောင်းကို လောင်ကျွမ်းဖျက်ဆီးပစ်ပြီး အရေပြားအသစ်ပြန်လည်ထွက်လာစေတာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သင့်အရေပြားရဲ့ အရောင်အသွေးကို ယာယီပြောင်းလဲစေပြီး ဘေးထွက်ဆိုးကျိုးကတော့ အင်မတန်ရှားပါးပါတယ်။ဒီနည်းလမ်းမှာ အသုံးပြုတဲ့ အလင်းဟာ စိတ်ချရပြီး သင့်အရေပြားကို မထိခိုက်စေပါဘူး။ အလင်းသုံးကုသခြင်းဟာလည်း အထက်က နည်းလမ်းတွေနည်းတူ အမာရွတ်တွေရှိတဲ့ အရေပြားအဟောင်းကို လောင်ကျွမ်းဖျက်ဆီးပစ်ပြီး အရေပြားအသစ်ပြန်လည်ထွက်လာစေတာပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကုသမှုခံယူပြီးနောက်မှာ သင့်အမာရွတ်တွေ တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သင့်အရေပြား ပြန်လည်ကောင်းမွန်လာဖို့ အချိန်အနည်းငယ်သာကြာစေမယ်ဆိုပေမယ့် အလင်းရဲ့ အာနိသင်အပြည့်အဝရတဲ့အထိ ကုသမှုကို အကြိမ်များစွာ ခံယူရမှာ ဖြစ်ပါတယ်။တချို့လူနာတွေမှာ အမာရွတ်တွေဟာ အလွန်ဆိုးရွားပြီး နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်နေပြီဆိုရင်တော့ ဒီအမာရွတ်တွေကို ဖယ်ရှားပစ်ဖို့အတွက် အရေပြားခွဲစိတ်ကုသမှု ခံယူရတော့မှာပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်အနေနဲ့ အမာရွတ်တွေကို လှီးဖြတ်ပြီး အရေပြားအသစ်နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသခြင်းဟာ အမာရွတ်တွေကို လုံးဝဥဿုံဖယ်ရှားပေးနိုင်မှာ မဟုတ်ပေမယ့် အများကြီးသက်သာသွားမှာပဲ ဖြစ်ပါတယ်။ဝက်ခြံအမာရွတ်တွေဟာ သင့်ဘဝကို ထိခိုက်မှုတွေရှိလာနိုင်ပေမယ့် သင့်အနေနဲ့ အမျိုးမျိုးသော ကုသမှုနည်းလမ်းတွေကို ခံယူပြီး အမာရွတ်တွေကို လုံးဝပျောက်ကင်းသွားအောင် ဒါမှမဟုတ် သက်သာသွားအောင် ပြုလုပ်နိုင်ပါတယ်။ အမာရွတ်အမျိုးအစားနဲ့ သင့်ကျန်းမာရေး အခြေအနေတို့ပေါ်မူတည်ပြီး နည်းလမ်းတခု ဒါမှမဟုတ် တခုထက်ပိုတဲ့ နည်းလမ်းတွေကို ပေါင်းစပ်ပြီး အသုံးပြုနိုင်ပါတယ်။ သင်ပြုလုပ်လိုက်သမျှတွေဟာ သင့်အရေပြားပေါ်ကို အကျိုးသက်ရောက်မှုရှိလာမှာ ဖြစ်တဲ့အတွက် ကုသမှု မခံယူမီအချိန်မှာ ဆရာဝန်နဲ့ သေချာစွာ ဆွေးနွေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%82%88-%e1%80%94/
ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။
ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။လူကြီးတစ်ယောက်ချောင်းဆိုးချွဲကြပ်ရင် ဆေးလေးဝယ်သောက်လိုက်တာဟာ ကိစ္စမရှိပေမယ့် ကလေးအရွယ်တွေကျတော့ တွေ့ကရာဆေးသောက်လို့ မရပါဘူး။ ကလေးဆေးတွေက ပမာဏကို ချိန်တွက်ပြီးမှ သောက်ရတာကြောင့် သေချာနားမလည်ရင် ပိုသောက်မိသွားပြီး ကလေးမှာ အန္တရာယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူကြီးတွေတောင် ခံရတာ နုနယ်တဲ့ကလေးတွေဆို ပြောစရာလိုမယ်မထင်ပါဘူး။ ဒါကြောင့် အိမ်က ကိုယ့်ကလေးတွေချောင်းဆိုးချွဲကြပ်ရင် ဆေးတွေတိုက်ဖို့ မစဉ်းစားဘဲ သဘာဝကုထုံးလေးတွေနဲ့အရင် သက်သာအောင်လုပ်ကြည့်ပါ။ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။ ဘာတွေလဲ ဆိုတော့။အိပ်ချိန်ဆို ကလေး ကျော၊ ပခုံးနဲ့ ခေါင်းအောက်မှာ ခေါင်းအုံးလေးတွေထားပေးပါ။ ဒါမှချွဲတွေ အပေါ်ကို ပြန်တက်မလာလို့လည်ချောင်းယားသက်သာသွားပြီး ချောင်းဆိုးချင်တော့မှာ မဟုတ်ပါဘူး။ ခေါင်းကိုကိုယ်ထက်မြင့်နေအောင်ထားလိုက်တာကြောင့် ကလေး အသက်ရှူရတာလည်း ပိုကောင်းသွားပါလိမ့်မယ်။မိုးလင်းပြီဆိုတာနဲ့ ရေချိုးခန်းထဲက ရေပူပိုက်ကို ဖွင့်ပြီးတံခါးပိတ်ထားလိုက်ပါ။ ပြီးတာနဲ့ကလေးကို ချီပြီး ရေနွေးငွေ့ပြည့်နေတဲ့ ရေချိုးခန်းထဲမှာ ဝင်ထိုင်နေပါ။ ရေနွေးငွေ့တွေကြောင့် ကလေးရဲ့နှာခေါင်းနဲ့ လည်ချောင်းထဲမှာ ရှိတဲ့ချွဲတွေ တဖြည်းဖြည်း ပျော်လာပြီး ကလေး ဟတ်ထုတ်ရ လွယ်သွားပါလိမ့်မယ်။ ကလေးဟတ်ထုတ်ရခက်နေရင် ချွဲတွေကျေဖို့အတွက် ကလေးကျောကို ဖြည်းဖြည်းလေးပုတ်ပေးပြီး ကူညီပေးပါ။ ဒါကလည်း ကလေးချွဲကြပ်တာကို သက်သာစေမယ့် နည်းတစ်မျိုးပါ။ညဘက်ကလေးအိပ်ချိန်ဆို ရေငွေ့ပေးစက်လေးဖွင့်ပေးထားလိုက်ပါ။ ရေငွေ့ပေးစက်ကထွက်တဲ့လေတွေဟာ အသက်ရှူလမ်းကြောင်းကို စိုစွတ်စေလို့ ချွဲတွေပျော်အောင် ကူညီပေးပါလိမ့်မယ်။ ချွဲတွေ မကြပ်တော့ရင်အသက်ရှူရကောင်းသွာပြီး ချောင်းဆိုးချင်မှာလည်း မဟုတ်တော့ပါဘူး။ မနက်ရောက်ရင်တော့ အခန်းထဲက ရေငွေ့တွေ ခြောက်အောင် ပြတင်းပေါက်ကို ဖွင့်ထားပါ။ အခန်းထဲမှာ ရေငွေ့တွေ အများကြီးစုလာရင် မှိုတွေ ပေါက်တတ်လို့ပါ။အိပ်ခါနီး ကလေး ရင်ဘတ်ပေါ်ကို ရင်လူးဆေး လိမ်းပြီး လက်နဲ့ ဖြည်းဖြည်းလေး ပွတ်ပေးပါ။ ချွဲတွေ ကြေသွာပြီး ကလေးလည်း ချောင်းမဆိုးချင်တော့လို့ အိပ်ရေးပျက်ရတဲ့ ညတွေထဲက သင်လွတ်မြောက်သွားမှာပါ။ ကလေးအသက် ၂ နှစ်ကျော်မှ ရင်လူးဆေးသုံးတာ ပိုကောင်းပါတယ်။ရေဟာ လည်ချောင်းထဲမှာ ကြပ်နေတဲ့ ချွဲတွေကို ပျော်စေလို့ ဟတ်ထုတ်ရ လွယ်စေတဲ့အပြင် လည်ချောင်းထဲမှာ ရှိနေတဲ့ ပိုးတွေကိုလည်း အစာအိမ်ထဲကို ရောက်သွားစေပြီး ပိုးတွေသေစေပါတယ်။အရည်များများဆို လူတိုင်းက ရေကိုပဲပြေးမြင်တတ်ကြပြီးနွားနို့ကို မေ့နေကြပါတယ်။ နွားနို့ဟာ ရေဓါတ်ကြွယ်ဝတဲ့အပြင်ခုခံအားကို ကောင်းစေတဲ့ပရိုတင်းဓာတ်ေတွ အများကြီး ပါတာကြောင့် သင့်ကလေး ဆိုးနေတဲ့ ချောင်း အမြန်ဆုံးပျောက်သွားမှာပါ။ဒါတွေဟာ ကလေးကို ဆေးမတိုက်ချင်ရင် ချောင်းဆိုးသက်သာအောင်လုပ်လို့ရတဲ့ သဘာဝ ကုထုံးတွေပဲဖြစ်ပါတယ်။ ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/natural-remedies-for-your-child-cough/
သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
ဝက်ခြံတွေဟာ အရေပြားရောဂါတမျိုး ဖြစ်ပြီး ပျောက်သွားတဲ့အခါမှာလည်း အမာရွတ်တွေ ကျန်ခဲ့စေနိုင်တဲ့အတွက် သင့်အသားအရေရဲ့ အလှအပနဲ့ နူးညံ့ချောမွေ့မှုတို့ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဝက်ခြံတွေကို ကာကွယ်နိုင်ဖို့အတွက် သင့်အသားအရေကို ထိန်းသိမ်းခြင်းဟာ အရေးပါလာပါတယ်။ ဒီတော့ ဝက်ခြံကင်းပြီး ကျန်းမာစေဖို့အတွက် သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတော့ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုပြီး ဝက်ခြံကို ကာကွယ်နိုင်ပါတယ်။သင့်အနေနဲ့ ဝက်ခြံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသားအရေကို အမြဲတမ်း သန့်ရှင်းအောင် ထားဖို့က အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။ ဒါဟာ အသားအရေထိန်းသိမ်းခြင်းလုပ်ငန်းစဉ်ရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။အဆီနဲ့ အရေပြားဆဲလ်သေတွေ ရောနှောပြီး ချွေးထွက်ပေါက်တွေကို ပိတ်ဆို့ကာ ဝက်ခြံဖြစ်စေနိုင်တဲ့အတွက် သင့်မျက်နှာအရေပြားကို စင်ကြယ်အောင် စနစ်တကျ ဆေးကြောသန့်စင်မှသာ အညစ်အကြေးတွေ၊ အဆီပိုတွေနဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ သင့်အသားအရေကို ကာကွယ်ပေးပြီး အစိုဓာတ်ထိန်းသိမ်းပေးနိုင်တဲ့ အဆီတွေအားလုံးကို မျက်နှာအလွန်အကျွံသစ်ခြင်းက ဖယ်ရှားပစ်လိုက်နိုင်လို့ပါပဲ။ဆပ်ပြာအကြမ်းစားတွေ၊ ခပ်ကြမ်းကြမ်း ချေးချွတ်ပွတ်တိုက်တာတွေနဲ့ ဂျီးတွန်းဝတ်အကြမ်း အသုံးပြုခြင်းဟာ အရေပြားကို ထိခိုက်စေနိုင်ပါတယ် (အထူးသဖြင့် ထိရှလွယ်တဲ့ အသားအရေ ပိုင်ရှင်တွေကိုပေါ့)။ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ဆပ်ပြာအပျော့စားတို့ကို သုံးပြီး သင့်အရေပြားကို သန့်စင်နိုင်ပါတယ်။သင့်လက်ကို အသုံးပြုပြီးမျက်နှာအရေပြားကို အသာအယာဆေးကြောသန့်စင်ပါ။ ပြီးရင် ရေဆေးပစ်ပြီး ခပ်ဖွဖွသုတ်ပါ။ သင်အသုံးပြုတဲ့ ဆပ်ပြာအပျော့စား ဒါမှမဟုတ် မျက်နှာသစ်ဆေးတွေဟာ အဆီမပါဝင်သင့်ပါဘူး။သင့်အသားအရေဟာ ဘယ်လိုအမျိုးအစားပဲ ဖြစ်ဖြစ် (အဆီပြန်တာ၊ ခြောက်သွေ့တာ ဒါမှမဟုတ် ထိရှလွယ်တာ) အစိုဓာတ် လုံလောက်ပြည့်ဝစွာရရှိအောင် ထိန်းသိမ်းထားဖို့က အရမ်းအရေးကြီးပါတယ်။ အစိုဓာတ်ဟာ ဝက်ခြံဖြစ်စေနိုင်တဲ့ အသားအရေ အဆီပြန်မှုကို တိုက်ထုတ်ပေးပါတယ်။နေလောင်ကာ ခရင်မ်တွေလိမ်းခြင်းဟာ သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်တဲ့နေရာမှာ အင်မတန် အရေးကြီးလှပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာ သင့်အသားအရေကို အားနည်းပျက်စီးစေပါတယ်။ နေရောင်ခြည်က ဝက်ခြံတွေကို ပိုဆိုးစေတဲ့အပြင် ဝက်ခြံအမာရွတ်တွေကို သိသာစေပါတယ်။ဒီဆေးတွေဟာ ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို သတ်ပစ်နိုင်တဲ့အတွက် အရေပြားအောက်မှာ ဝက်ခြံတွေဖြစ်ပေါ်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ အလွယ်တကူ ဝယ်သုံးလို့ရတဲ့ ဆေးတွေမှာ ပါဝင်လေ့ရှိတဲ့ ပစ္စည်းတွေက benzoyl peroxide၊ salicylic acid (beta-hydroxy acid)၊ glycolic acid (alpha-hydroxy acid) အစရှိတာတွေပဲ ဖြစ်ပြီး သင်ဟာ ထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်ဆိုရင်တော့ ဒီဆေးတွေကို သတိထား သုံးစွဲသင့်ပါတယ်။အဆီပိုတွေဟာ အရေပြားဆဲလ်အသေတွေနဲ့ ရောနှောပူးပေါင်းပြီး မွေးညှင်းပေါက်တွေကို ပိတ်ဆို့စေနိုင်တာမို့ ဝက်ခြံဖြစ်စေပါတယ်။ ဒါကြောင့် “အဆီဓာတ်လုံးဝ မပါဝင်ပါ” လို့ အညွှန်းစာရေးထားတဲ့ အလှကုန်ပစ္စည်းတွေကိုသာ ရွေးချယ်သုံးစွဲရမှာ ဖြစ်ပါတယ်။မျက်နှာကို ညစ်ပတ်တဲ့ အရာတွေနဲ့ မထိတွေ့ပါစေနဲ့။“ညစ်ပတ်တဲ့ အရာ” တွေထဲမှာ သင့်လက်လည်း ပါဝင်ပါတယ်။ ညစ်ပေနေတဲ့ သင့်လက် ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုဟာ မျက်နှာပေါ်ကို ဘက်တီးရီးယားပိုးမွှားတွေ သယ်ဆောင်ဖြန့်ဝေပေးနိုင်ပြီး ဝက်ခြံကို ပိုဆိုးစေပါလိမ့်မယ်။သင့်အနေနဲ့ တနေကုန် မိတ်ကပ်လိမ်းထားရပေမယ့် ပင်ပန်းနေတာမို့ မိတ်ကပ်ဖျက်ဖို့ကို အပျင်းတစ်ကောင်း တစ်နေပါလိမ့်မယ်။ ဒါပေမယ့် မိတ်ကပ်မဖျက်ဘဲ အိပ်ခြင်းဟာ မွေးညှင်းပေါက်တွေကို ပိတ်ဆို့စေတာမို့ အသားအရေကို ထိခိုက်စေပါတယ်။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သင့်မျက်နှာမှာ ထွက်ရှိလာတဲ့ အဆီနဲ့ ချွေးတွေဟာ ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးနွေးနဲ့ ငါးမိနစ် ဆယ်မိနစ်လောက် ရေချိုးပေးပါ။ ရေအကြာကြီးစိမ်ချိုးခြင်းဟာ သင့်အသားအရေကို ခြောက်သွေ့စေတဲ့အတွက် ရှောင်ကြဉ်ရပါမယ်။ဝက်ခြံတွေကို ဆိတ်ဆွနေခြင်းဟာ ပိုးဝင်စေပြီး အမာရွတ်တွေ ထင်ကျန်စေတဲ့အတွက် ထပ်မံကုသဖို့ လိုအပ်လာနိုင်တာကြောင့် လက်မဆော့ပါနဲ့။ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုလွယ်ပြီး အကျိုးလည်း ပိုရှိပါတယ်။ ဝက်ခြံကုသတာဟာ ရှုပ်ထွေးခက်ခဲပေမယ့် ကာကွယ်ရတာ အင်မတန်ရိုးရှင်းပါတယ်။ ဝက်ခြံဟာ လူအများစုမှာ ဖြစ်လေ့ရှိတယ်ဆိုပေမယ့် အထက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ဝက်ခြံအန္တရာယ်ကနေ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/acne-prevention/
ကျောရိုးကွေးနေခြင်းကိုခွဲစိတ်ခြင်း,အန္တရာယ်ရှိသည်များနှင့် ခွဲစိတ်ပြီးဂရုစိုက်ရမည့်အရာများ
ကျောရိုးကွေးခြင်းကိုခွဲစိတ်သည်ဆိုသည်မှာ ပြင်းပြင်းထန်ထန်ကျောရိုးကွေးနေမှုကို သက်သာကောင်းမွန်စေပြီး ကျောရိုးကွေးနေခြင်းကိုကုသပေးတဲ့ခွဲစိတ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ ကျောရိုးကို ပုံမှန်အတိုင်းတော့ပြန်မဖြစ်စေပါဘူး။ ခွဲစိတ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျောရိုးကို ညီညီမျှမျှဖြစ်စေပြီး ကျောရိုးကွေးခြင်းပိုဆိုးလာသည်မှကာကွယ်ရန်ဖြစ်ပါတယ်။ဤသို့ပြုလုပ်ခွဲစိတ်ရာတွင် ခွဲစိတ်ဆရာဝန်များဟာ အရိုးများကိုဆက်နေစဉ်မှာ တုတ်ချောင်းကဲ့သို့အချောင်းလေးများကိုသုံးပြီး ကျောရိုးကိုကိုင်တွယ်ထိန်းချုပ်ထားပါတယ်။ အရိုးတွေဆက်သွားတာနှင့်အမျှ ကျောရိုးဟာ တည်ငြိမ်သွားပြီး အနာဂါတ်မှာပိုဆိုးမလာနိုင်တော့ပါဘူး။ အကယ်၍တုတ်ချောင်းလေးများကိုမဖယ်ဘူးဆိုလျှင် သူတို့ဟာ အနီးရှိတစ်ရှူးများကို အန္တရာယ်ပေးပါလိမ့်မယ်။အခြားကုသမှုများကဲ့သို့ပင် ကျောရိုးကွေးခြင်းကိုကုသရာမှာလည်း အန္တရာယ်များရှိပါတယ်။လေဖြတ်ခြင်း ။လေဖြတ်ခြင်းဟာ ခွဲစိတ်ရာမှာအများဆုံးဖြစ်နိုင်တဲ့အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့ဖြစ်ခြင်းမှာအယောက်တစ်ထောင်မှတစ်သောင်းတွင်တစ်ယောက်သာဖြစ်လေ့ရှိပြီး အရမ်းရှားပါးပါတယ်။ ခွဲစိတ်နေစဉ်လေဖြတ်ခြင်းမှကာကွယ်ရန် အာရုံကြောမကြီးကိုအထူးနည်းလမ်းများဖြင့် စီယဉ်ထားထားသင့်ပါတယ်။– SSEPs and MEPs .ထိုအရာများဟာ သင့်ခြေထောက်မှလျှပ်စစ်ဓါတ်ပိုအသုံးပြုပြီး ဦနှောက်မှအချက်ပြမှုများ နှေးသွားခြင်းရှိမရှိ ဖော်ပြပေးနေမှာဖြစ်ပါတယ်။– ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှသင့်ကို ခွဲစိတ်နေစဉ် နှိုးပြီး သင့်ခြေထောက်ကို လှုပ်လို့ရမရ မေးပါလိမ့်မယ်။ နာကျင်မှာမဟုတ်ပါဘူး။ ခွဲစိတ်ပြီးတဲ့အခါမှာလည်းသင်ဟာဒါကိုမှတ်မိမှာမဟုတ်ပါဘူး။အကယ်၍ အာရုံကြောမကြီးအတွင်းပိုင်းမှာ ပုံမှန်မဟုတ်သောအရာတစ်ခုပေါ်လာခဲ့ပါက ဆရာ့ဝန်မျဟာ ခွဲစိတ်မှုကိုရပ်တန့်လိုက်မှာဖြစ်ပါတယ် ။ သို့သော်လည်း ဒီလိုဖြစ်ရပ်မျိုးဟာ အရမ်းရှားပါးပါတယ် ။သွေးထွက်ခြင်း။သွေးထွက်ခြင်းကတော့ ခွဲစိတ်မှုရဲ့အန္တရာယ်ရှိတဲ့အရာတစ်ခုအဖြစ်အမြဲဖြစ်နေတတ်ပါတယ်။ သင်ဟာခွဲစိတ်စဉ်နှင့် ခွဲစိတ်ပြီးစဉ်မှာသွေးအနည်းငယ်ဆုံးရှုံးသွားမည်ဖြစ်ပါတယ်။ သို့သော်လည်း သင့်တော်တဲ့နည်းလမ်းများဖြင့် သွေးများဆုံးရှုံးရခြင်းကိုထိန်းချုပ်နိုင်ပါတယ်။ သွေးသွင်းရခြင်းဟာ ရှားသော်ငြားလည်း သင်ဟာမခွဲစိတ်မီလိုအပ်လျှင် သွေးလှူရန်တောင်းဆိုနိုင်ပါတယ်။ ဆရာဝန်များဟာလည်း ခွဲစိတ်နေစဉ်မှာသွေးများကိုစုစည်းထားမည်ဖြစ်ပြီး သင့်ကိုပြန်လည်ထည့်သွင်းပေးမှာပဲ ဖြစ်ပါတယ်။လေဖြတ်ခြင်းနှင့် သွေးထွက်ခြင်းများအပြင် အခြားအန္တရာယ်ရှိသည်များလည်း ဖြစ်နိုင်ပါသေးတယ် ။ အဲ့ဒါတွေကတော့….။– တုတ်ချောင်းလေးများကျိုးခြင်း ၊။– ကူးစက်ပိုးဝင်ရောက်ခြင်း ၊။– ကျောရိုးကို ပြန်မတည့်နိုင်ခြင်း ၊။– ခွဲစိတ်ပြီးနောက်ပိုင်းမှာကျောရိုးကွေးခြင်းဟာ ပိုမိုဆိုးရွားလာခြင်း တို့ ဖြစ်ပါတယ်။ခွဲစိတ်ပြီးနောက်ပိုင်း ၂ ရက်ကနေ ၃ ရက်မှာ သင့်ရဲ့ကိုယ်ကိုအနည်းငယ်စတင်လှုပ်ရှားလာနိုင်ပါပြီ ။ သင့်ရဲ့အခြေအနေနဲ့ ပြန်ကောင်းလာမှုနှုန်းအပေါ်မူတည်ပြီး ဆေးရုံတွင် ၄ ရက်မှ၇ရက်အထိဆက်လက်နေရန်တော့ လိုအပ်ပါလိမ့်မယ်။ ၂ ပါတ်မှ ၄ ပါတ်အတွင်းတွင်ပုံမှန်ဘဝကဲ့သို့နေထိုင်နိုင်ပြီဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုများကိုတော့ အားလုံးကောင်းသွားမှသာလုပ်ရပါမယ်။အလေးအပင်များမခြင်း ၊ကိုယ်ကိုကွေးရန် လိမ်ရန်လိုသည် လှုပ်ရှားမှုများမလုပ်ရပါဘူး ။ အရိုးများပေါင်းသပ်နေစဉ်မှာ ကျောရိုးမကြီးတည်ငြိမ်နေစေရန် ဆရာဝန်ဟာ သင့်ကို ခါးထိန်းချုပ်ပေးသည့်ဝတ်စုံကိုဝတ်ဆင်ရန် အကြံပေးပါလိမ့်မယ်။ ခွဲစိတ်ပြီး ၆ လမှ ၁၂ လအကြာမှာတော့ လှုပ်ရှားမှုအားလုံးကိုပြန်လည်လုပ်နိုင်ပါပြီ ။ခွဲစိတ်ပြီး တစ်နှစ် မှ နှစ်နှစ်အတွင်း ဓါတ်မှန်အမြဲရိုက်ပြီးအခြေအနေကို စောင့်ကြည့်နေရန်လိုအပ်ပါတယ် ။ အရိုးမာဖြစ်သွားတဲ့အချိန်အထသင်ဟာ မည်သည့်ကုသမှုမျှ လိုအပ်မည်မဟုတ်ပါ ။အကယ်၍ သင်ဟာ မိန်းကလေးဖြစ်ခဲ့လျှင် ကိုယ်ဝန်ဆောင်၍ မိန်းမကိုယ်မှ ပုံမှန်အတိုင်းပင်ကလေးမွေးဖွားနိုင်ပါတယ်။အကယ်၍ သင့်ရဲ့ကျောရိုးကွေးနေခြင်းဟာ ပိုဆိုးလာလျှင်တော့ ခွဲစိတ်ရန်လိုအပ်ပါပြီ ။ ခွဲစိတ်ခြင်းဟာ လေဖြတ်ခြင်းနှင့် သွေးထွက်ခြင်းကဲ့သို့ အန္တရာယ်များရှိသော်လည်း ထိုအဖြစ်များဟာ ရှားပါး၍ ထိန်းချုပ်၍ရပါတယ် ။ ဒါ့အပြင် အကောင်းဆုံးသက်သာကောင်းမွန်လာဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်များကို မလွဲမသွေလိုက်နာရပါမယ်။Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bd%e1%80%b1%e1%80%b8%e1%80%94%e1%80%b1%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
ကိုယ့်သားသမီးကို ဆေးကျောင်းထားတော့မယ်ဆိုရင်
၁၆ နှစ်အရွယ်ကလေးတွေ တက္ကသိုလ်ရွေးချယ်ဖို့ အဆုံးအဖြတ်ပေးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ အောင်စာရင်းထွက်ဖို့က တဖြည်းဖြည်း နီးကပ်လာပါပြီ။ မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးကို ကောင်းပေ့၊ညွန့်ပေ့ဆိုတဲ့ အရာတွေအားလုံးကိုပဲ ပိုင်ဆိုင်ချင်၊ဖြစ်စေချင်တာ မိဘတိုင်းရဲ့ အဖြူရောင်အတ္တပါ။ ဒီနေရာမှာ ဆေးတက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဆိုလိုချင်တာမဟုတ်ဘဲ စာတော်တဲ့ ကလေးအများစုရဲ့ မိဘတွေ ကြံစည်လေ့ရှိတဲ့ ကိုယ့်သားသမီးကို ဆေးကျောင်းထားပြီး ဆရာဝန်ဖြစ်စေမဟဲ့ဆိုတဲ့ အတွေးအမြင်ကို ဆွေးနွေးသွားဖို့ပဲ ရည်ရွယ်ပါတယ်။ အောင်စာရင်းထွက်လို့ ကိုယ့်သားသမီးကလည်း ဆေးကျောင်းအမှတ်မှီတယ်၊မိမိကိုယ်တိုင်ကလည်း ဆေးကျောင်းတက်စေချင်တယ်ဆိုတဲ့ မိဘများ ဒီဆောင်းပါးလေးကို အရင်ဖတ်ရှုပြီး ကလေးများနဲ့ ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။၁။ မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးကို ဘာလို့ ဆေးကျောင်းထားချင်တာလဲ။ဆရာဝန်ဖြစ်စေချင်လို့ ဆိုပြီးတော့ အလွယ်မဖြေပါနဲ့။ ဆရာဝန်ကြီးတွေကို မြင်ပြီး အားကျကာ သားသမီးကို အဲ့သလို ဖြစ်စေချင်တာလား၊ငွေကြေးချမ်းသာစေချင်တာလား၊ဂုဏ်ရှိစေချင်တာလား၊လူ့အသက်တွေကို ကယ်တင်တဲ့ လူကောင်းလူမွန်ဖြစ်စေချင်တာလား၊ကိုယ့်တုန်းက ဆရာဝန်မဖြစ်ခဲ့ရလို့ သားသမီးကို ဖြစ်စေချင်တာလား၊သူငယ်ချင်းတွေရဲ့ သားသမီးတွေ၊အိမ်နီးနားချင်းတွေရဲ့ သားသမီးတွေက ဆရာဝန်မို့လို့ အားကျပြီး ဖြစ်စေချင်တာလား …… ဒီ ‘လား’ပေါင်းများစွာကို ရိုးရိုးသားသားနဲ့ စိတ်ထဲမှာ ဖြေကြည့်ပါ။ ဒါဆိုရင် သင့်အတ္တအတွက်လား၊သားသမီးကောင်းဖို့အတွက်လားဆိုတာ ပမာဏ ပေါ်ပေါက်လာပါလိမ့်မယ်။ ထပ်ပြောပါမယ် …. ရိုးသားပါ။၂။ သင့်ကလေးအတွက် အဆင်ပြေနိုင်မလား။အဆင်ပြေတယ်ဆိုတဲ့ စကားဟာ အဓိပ္ပါယ်အများကြီး ရှိပါတယ်။ သင့်ကလေးဟာ သွေးကြောက်တတ်သူလား၊ဖိအားဒါဏ်တွေကို မခံနိုင်ဘဲ ရှပ်ပြာရှပ်ပြာ လုပ်တတ်သူလား၊အကောင်ပလောင်လေးတွေကို ခွဲရစိတ်ရတာ စိတ်ဝင်စားတတ်သူလား၊စာကျက်ရတာ ပျော်လား၊ပျင်းလား၊ဆရာဝန်တဦးအပေါ် သူဘယ်လိုမြင်သလဲ၊ဘယ်လို ခံယူချက်ထားသလဲ စတဲ့အချက်တွေကို ဆွေးနွေးဆန်းစစ်ပါ။ ခုနက ပြောတဲ့ အချက်တွေမှာ အရေးအကြီးဆုံးအချက်ကို ကျွန်တော်တမင်ချန်ထားပစ်ခဲ့ပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ ဝါသနာပါရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။ ဝမ်းနည်းဖို့ကောင်းတာက ကျွန်တော်တို့နိုင်ငံမှာ ဒီမေးခွန်းဟာ ချောင်ထိုးခံထားရပါတယ်။ ဝါသနာပါသူအဖို့ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်း ပင်ပန်းပါစေ ကြံ့ကြံ့ခံနိုင်ပေမယ့်၊စကတည်းက ဝါသနာမပါ၊ခံယူချက် မခိုင်မာသူအဖို့ မြူမှုန်လောက် အခက်အခဲကပဲ သူ့ကို ကျရှုံးစေပါလိမ့်မယ်။ ဒါကြောင့် ဆေးပညာရပ်ကို တစ်သက်တာဆည်းပူးဖို့ သင့်ကလေး ဝါသနာ ပါမပါ ဆန်းစစ်ပါ။၃။ သင့်အတွက်ရော အဆင်ပြေနိုင်မလား။သားသမီးကို ဆေးကျောင်းထားရတာ မိဘတွေအတွက်လည်း စိန်ခေါ်မှုများပါတယ်။ တနယ်တကျေးမှာ သွားတက်ရမယ်ဆိုရင် ပိုဆိုးပါလိမ့်မယ်။ ကျောင်းလခဆိုပြီး သိန်းရာနဲ့ချီ တလုံးတည်း ကုန်တာမျိုး မဟုတ်သည့်တိုင် နေရေးထိုင်ရေး (ကိုယ်နေထိုင်ရာ မြို့မှာပဲ ကျောင်းတက်ရတယ်ဆိုရင်တော့ ဒီစားရိတ်မကုန်ဘူးပေါ့)၊သွားရေးလာရေး၊စားရေးသောက်ရေး၊ကျူရှင်လခ၊စာအုပ်ဖိုး စသဖြင့် ငါးနှစ်ခြောက်နှစ် ရေရှည်အကုန်အကျ ခံရပါမယ်။ ရပါတယ်ခင်ဗျာ၊ရပါတယ်ရှင် ကျွန်တော်တို့မိဘတွေကတော့ ကိုယ့်သားသမီး ဆရာဝန်ကြီး၊ဆရာဝန်မကြီး ဖြစ်ရင်ကျေနပ်ပါပြီ။ ကျောင်းပြီးရင်တော့ မိဘကို ပြန်ကြည့်နိုင်မှာပါ ဆိုတဲ့ အတွေးမျိုး တွေးမယ်ဆိုရင်လည်း နောက်တခါ ထပ်စဉ်းစားပါ။ ဆရာဝန်တယောက်အတွက် တည်ငြိမ်တဲ့ ဝင်ငွေ (ဆေးကုသခြင်းသက်သက်ကနေ) ရဖို့၊မိဘကို ပြန်ထောက်ပံ့နိုင်ဖို့ဆိုတာ အသက်သုံးဆယ်မတိုင်ခင်လောက်မှာ အတော်လေး ခက်ခဲပါတယ်။ အကြောင်းသင့်ရင် အသက်လေးဆယ်လောက်ထိတောင် မိဘက တင်ကျွေးထားရနိုင်ပါတယ်။ ပြီးရင် ဘွဲ့လွန်ဆက်တက်မယ်၊အစိုးရအလုပ်ဝင်မယ်၊နယ်ပြောင်းရမယ် စသဖြင့် အချိုးအကွေ့တွေကလည်း မြင်ရတွေ့ရပါလိမ့်ဦးမယ်။ ဆိုလိုချင်တာကတော့ အပျက်ဖက်က ပြောတာမဟုတ်ပေမယ့် ငွေကြေးမျှော်ကိုးရုံသက်သက်နဲ့တော့ သားသမီးကို ဆရာဝန် မလုပ်ခိုင်းဖို့ပါပဲ။ နောင်တလှလှကြီး ရသွားပါလိမ့်မယ်။ ဆရာဝန်အလုပ်ဆိုတာ ကာယကံရှင် ဝါသနာပါမှ ဖြစ်နိုင်သလို ဘေးက မိသားစုဝင်တွေကလည်း အင်မတန် ပါရမီဖြည့်ရတယ်ဆိုတာ ပြောမယုံ ကြုံမှ သိပါလိမ့်မယ်။၄။ ကိုယ့်သားသမီး ဆရာဝန်ဖြစ်လို့ ဘာတွေကောင်းကျိုးရှိမလဲ။မိဘတယောက်အနေနဲ့ ပီတိဖြစ်ရ၊ဂုဏ်ယူရပါမယ်။ လူ့အသက်တွေကို ကယ်တင်နေတဲ့ မွန်မြတ်လှတဲ့ အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်နေသူတယောက်ကို မွေးထုတ်ပေးလိုက်နိုင်တဲ့အတွက် လောကီ၊လောကုတ် နှစ်ဖြာ အကျိုး များပါမယ်။ ကိုယ်ကိုယ်တိုင် နေထိုင်မကောင်းဖြစ်တာပဲဖြစ်ဖြစ်၊မိသားစုတွင်း ညရေးညတာ ကျန်းမာရေးပြဿနာတခုခုနဲ့ ရင်ဆိုင်ရတာပဲဖြစ်ဖြစ် အားကိုးရပါမယ်။ ဆေးအကြောင်းဝါးအကြောင်း၊ဓါတ်ခွဲစမ်းသပ်မှုတွေအကြောင်း ဂဃနဏ သိရပါမယ်။ ဆေးရုံဆေးခန်းတက်ရင် သားသမီးရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ဆရာတွေ၊တပည့်တွေ နေရာတိုင်းမှာ ရှိနေမှာမို့ အားကိုးရပါမယ်။ အကူအညီရပါမယ်။ ကျန်းမာရေး အသိပညာတွေ တိုးပွားပါမယ်။ သားသမီးနောင်ရေးအတွက် စိတ်အေးရပါမယ် စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရပါလိမ့်မယ်။၅။ ဒါဖြင့် မကောင်းတဲ့အချက်တွေကရော။ဂျူတီတွေ နေ့ရောညပါ ဆင်းရတဲ့ လုပ်ငန်းသဘောသဘာဝ ဖြစ်တာမို့ အသက်ကြီးတဲ့အထိ သားသမီး ဝေယျာဝစ္စတွေကို လုပ်ပေးရပါမယ်။ ကံကောင်းရင် မြေးပါ နှစ်ဆယ့်လေးနာရီ ထိန်းရပါလိမ့်ဦးမယ်။ ကိုယ်နေထိုင်မကောင်းဖြစ်လို့ သားသမီးမျက်နှာလေးတွေ့ချင်၊ဆရာဝန် သားသမီးလေးကို ဘေးနားရှိနေစေချင်တဲ့အချိန်မျိုးမှာ သားက၊သမီးက ဆေးရုံမှာ ဂျူတီဆင်းနေရတာမျိုး၊နယ်မှာ တာဝန်ထမ်းနေရတာမျိုး ဖြစ်နေပါလိမ့်မယ်။ အသက်သုံးဆယ့်ငါးနှစ်လောက် ရှိနေပြီဖြစ်တဲ့ သားလေး၊သမီးလေးအတွက် ‘စာကျက်’ရင်း မအိပ်ချင်အောင် လက်ဖက်သုပ်ပေးရပါဦးမယ်၊ကော်ဖီဖျော်ပေးရပါဦးမယ် စသဖြင့်ပေါ့လေ။ တခြား စီးပွားရေးဆိုင်ရာ ကိစ္စတွေလည်း ရှိနေသေးပြီး ချမ်းသာပြေလည်တဲ့ မိသားစုမျိုးဆိုရင် အကြောင်းမဟုတ်ပေမယ့် သာမန်လူတန်းစား မိသားစုအတွက်တော့ အနည်းနဲ့ အများ ဝန်ပိပါလိမ့်မယ်။၆။ တခြားရော ဘာတွေ ရှိသေးလဲ။ပစ္စည်းတခု ကောင်းမကောင်း၊ခရီးသွားစရာ နေရာတခု အဆင်ပြေမပြေကို တကယ်အပ်ကျမတ်ကျ သိသူဆိုတာ လက်တွေ့သုံးစွဲဆောင်ရွက်နေသူတွေပါပဲ။ ဒါကြောင့် ဒီခေတ်မှာ review ရေးတာ ခေတ်စားလာခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံး ပေးလိုတဲ့အကြံကတော့ ကိုယ့်ပတ်ဝန်းကျင်က နီးစပ်တဲ့ ဆရာဝန်ကြီးကြီး၊ဆရာဝန်သေးသေး၊ဆရာဝန်ပေါက်စ၊ဆေးကျောင်းသား၊ဆရာဝန့်မိဘ စသူတွေဆီမှာ မေးမြန်းပါ၊နှီးနှောပါ။ လူတန်းစားအသီးသီး၊အလွှာအသီးသီးက ဆရာဝန်မိသားစုတွေဆီ ချဉ်းကပ်ပြီး (အသိမိတ်ဆွေတွေထဲကပေါ့လေ) အကြံဉာဏ်တောင်းပါ။ ဒါဆိုရင် သင့်အတွက် ထည့်သွင်းစဉ်းစားစရာ အချက်အလက်လေးတွေ ရှိလာမှာပဲ ဖြစ်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့ သားသမီးတွေကို ဆေးကျောင်းထားတော့မယ်ဆိုရင် ကြိုတင်စဉ်းစားထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ လုပ်ပြီးမှ အဆင်မပြေတော့လို့ ပြန်ပြင်မယ်ဆိုရင် တချို့အရာတွေက လွယ်လွယ်ကူကူ ပြင်နိုင်ပေမယ့် အချို့အရာတွေကတော့ ပြန်ပေးဆပ်ရမယ့် တန်ဖိုးကြီးပါတယ်။ ငွေဆိုရင်တောင် ပြန်ရှာလို့ ရနိုင်သေးပေမယ့် အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေကိုတော့ ဘယ်နည်းနဲ့မှ အစားပြန်မရနိုင်တော့ပါဘူး။ ဒါကြောင့် ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊စိတ်နေစိတ်ထား၊အထုံဝါသနာ၊မိသားစုအခြေအနေ စသဖြင့် ဘက်ပေါင်းစုံထောင့်ပေါင်းစုံကနေ ကျေလည်အောင် ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆုံးဖြတ်ချက် ချသင့်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%86%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%b1/
ထန်းသီးနုနုလေး စားပေးသင့်တဲ့အကြောင်းအရင်း
ထန်းသီးနုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါပဲ။ ဆိုးဆေးတွေ၊ပြုပင်ထားတဲ့ အချိုဓါတ်တွေကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီလေးပေါ့။နွေရာသီမှာ ထန်းသီးနုနုချိုချိုလေးကိုပင်ပွားလေးနဲ့ရောလို့ နို့စိမ်းလေး၊ရေခဲလေးနဲ့ရာစပ်လိုက်ရင် ထန်းသီးဖော်ရည်ချိုအေးမွှေးလေးက ရင်အေးစေသလို စိတ်ကျေနပ်မငလည်းရစေတာအမှန်ပါ။ ထန်းသီး မနုမရင့်လေးတွေကိုလည်းကျောက်ကျောထိုးစားလို့ရပါသေးတယ်နော်။ ဒီလိုအမျိုးမျိုးအဖုံဖုံစားလို့ရတဲ့ ထန်းသီးနုနုလေးက စားကောင်းရုံတင်လား။ နိုးပါ။ ကျန်းမာရေးအတွက်လည်းကောင်းစေပါသေးတယ်နော်။ ကဲ …. ထန်းသီးနုနုလေး စားပေးသင့်တဲ့အကြောင်းအရင်း ကို အတူတူ ကြည့်လိုက်ရအောင်နော်။အညာဒေသတွေရဲ့ အမှတ်အသားလို့တောင်ပြောလို့ရတဲ့ ထန်းပင်လေးက သားသမီးတစ်ယောက်ထက်တောင်ပိုပြီး အသုံးကျသေးတယ်၊လို့ပြောတာကိုကြားဖူးကြလား။ ထန်းပင်ရဲ့ အရွက်က အမိုးမိုးလို့ရတယ်။ ထန်းသီးအဆံကစားလို့ရတယ်။ ထန်းသီးမှည့်သွားရင်လည်း အနှစ်တိုက်ပြီး ထန်းသီးမုန့်လုပ်စားလို့ရတယ်။ အမြစ်ကလည်း စားလို့ရပါတယ်။ ထန်းပင်ကအိုသွားလို့ ခုတ်လှဲရပြီဆိုရင်လည်း ပင်စည်ကို ကြမ်းခင်းအဖြစ်သုံးလို့ရပါသေးတယ်။ ထန်းရည်နဲ့ထန်းလျက်ကလည်း ထန်းပင်ကနေရတဲ့ အရာတွေပါပဲ။ ကဲ ဘယ်လောက်တောင်အသုံးဝင်လိုက်သလဲနော်။ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံလေးပါ။ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးတွေပေါ့။ ထန်းသီးတစ်လုံးမှာ ၃ ခုဒါမှမဟုတ် ၄ ခုထိပါတတ်ပါတယ်။ အသီးရဲ့ လုံးပတ်က ၄ လက်မကနေ ၇ လက်မလောက်ရှိတတ်ပါတယ်။ ထန်းသီးဆံလေးရဲ့ အခွံက အဝါရောင်လိုလိုလေးသန်းနေတတ်ပြီး အတွင်းကအဆံက အဖြူရောင်လေးပါ။ နုရင်တော့ ခပ်ကြည်ကြည်လေးပါ။ အရမ်းနုရည် အရည်လည်းရွှမ်းပါသေးတယ်နော်။အဆီလုံးဝမပါဝင်ဘဲပရိုတင်းကြွယ်ဝတဲ့ အသ်းတစ်ခုပါ။ ဒါတင်မကပါဘူး။ဖော့စဖရိတ်ဓါတ်လည်းကြွယ်ဝပါသေးတယ်။ ဒီဓါတ်တွေအပြင် ထန်းသီးမှာ။ထန်းသီးနုနုလေး စားပေးသင့်တဲ့အကြောင်းအရင်း ကတော့။ဆီးချိုသမားတွေအတွက် သင့်တော်တယ်– ထန်းသီးမှာ ဗီတာမင် B၊ ဗီတာမင် C၊ သံဓါတ်၊ ဇင့်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ဖော့စဖရိတ်၊ သီရာမင်း နဲ့ ရိုင်ဗိုဖလာဗင်တို့အပြင် ခန္ဓါကိုယ်အတွက်အထောက်အကူပြုတဲ့ ဗီတာမင် နဲ့သတ္တုဓါတ်တွေပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။အရေပြားအတွက်ကောင်းတယ်-နွေရာသီမှာပေါက်တတ်တဲ့ မိတ်တွေ သက်သာစေဖို့လည်း ထန်းသီးကို အသုံးပြုလို့ရပါတယ်။ စားပေးလို့ရသလို မိတ်တွေပေါ်မှာ ထန်းသီးရဲ့ ဂျယ်လီသားကို ကပ်ပေးမယ်ဆိုရင်လည်း မိတ်တွေသက်သာစေမှာ အမှန်ပါ။ မိတ်ကြောင့်ဖြစ်တဲ့ အရေပြားယားယံမှုကို သက်သာစေမှာ အမှန်ပါ။ ရေကျောက်ပေါက်နေသူတွေအနေနဲ့လည်း ထန်းသီးစားပေးမယ်ဆိုရင်ရေကျောက်ေကြာင့်ဖြစ်တဲ့ အရေပြားယားယံမှုကိုသက်သာစေမှာပါ။ ထန်းသီးရဲ့ အရေပြားအတွက်ပေးတဲ့အကျိုးကျေးဇူးနောက်တစ်ခုကတော့အနာကျက်မြန်စေတာပါ။ ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေ စားပေးသင့်ပါတယ်နော်။နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ် –ထန်းသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ မအီမသာဖြစ်တာ၊အော့အန်နေတာတွေကို သက်သာစေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ သန်ကျစေနိုင်သလိုအသည်းကအဆိပ်အတောက်တွေကိုပါဖယ်ရှားပေးပါတယ်။ဆီးချို ရှိမယ်ဆိုရင်တော့ မစားခင်မှာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင် ဆီးချို ရှိမယ်ဆိုရင်လည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အများကြီး စားမိရင် ဝမ်းသွားစေနိုင်တာကြောင့် အလွန်အကျွံ မစားဖို့လည်း လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-palmyra/
အိမ်ထောင်ပြုခြင်း,ချိန်းတွေ့ခြင်းနှင့်ရင်သားကင်ဆာ
အချစ်၊ မိသားစုနဲ့ လိင်မှုရေးရာတွေက လူ့ဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေပါ။ ရင်သားကင်ဆာရှိတဲ့အမျိုးသမီးတွေအတွက်ကတော့ ချိန်းတွေ့ခြင်းနဲ့ အိမ်ထောင်ပြုခြင်းအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ ရင်သားကင်ဆာလူနာတစ်ယောက်အနေနဲ့ သင်သာမန်လူတစ်ယောက်လိုနေနိုင်ဖို့ ထိုက်တန်တယ်ဆိုတာ သင်သိချင် သိပါလိမ့်မယ်။ ပြောင်းလဲမှုတစ်ချို့သာလိုတာပါ။လက်ထပ်ပြီးသားလူတွေက ရင်သားကင်ဆာကနေရှင်သန်ကြတာများပါတယ်။လေ့လာမှုတွေအရ လက်ထပ်ပြီးသားအမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် ရင်သားကင်ဆာကို ပိုတိုက်ခိုက်နိုင်ကြတာတွေ့ရပါတယ်။ ဒါကိုရှင်းပြလို့ရပါတယ်။ သင့်မှာ သင့်ကိုချစ်တဲ့သူတွေ သင့်မိသားစုတွေရှိပြီး သူတို့ကသင့်ကို ကူညီထောက်ပ့ပေးမှာမို့လို့ပါဘဲ။ စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးခြင်းက သင်ကကုသမရတဲ့ရောဂါနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အကောင်းဆုံး ကူညီထောက်ပ့မှုပါဘဲ။သင့်ရဲ့အိမ်ထောင်ဖက်က သင်နဲ့အတူဆရာဝန်ချိန်းဆိုမှုတွေ အတူသွားပြီး မှတ်စုတွေမှတ်ခြင်း၊ သင်သတိထားသင့်တာတွေကိုသတိပေးခြင်းအပြင် သင့်ကိုကန်းမာဖို့ စီစဉ်ပေးနိုင်ပါတယ်။ သူတို့က သင့်ကို အိမ်မှုရေးရာတွေမှာလည်း ကူညီနိုင်ပါတယ်။ ဥပမာ – ချက်ပြုတ်ခြင်း၊ ဈေးသွားခြင်း၊ ရင်သားကင်ဆာကိုတိုက်ခိုက်ရာမှာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။သင်အိမ်ထောင်မရှိသူလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။သင်သိထားရမှာက လူတိုင်းက သင့်တိုက်ပွဲကိုမပါဝင်နိုင်ပါဘူး။ တကယ်လို့သင်လက်ထပ်ထားရင် အိမ်တွင်းရေးအဆင်မပြေမှုတွေကြုံရပြီးနောက်ဆုံးအိမ်ထောင်ကွဲတဲ့ထိဖြစ်နိုင်ပါတယ်။ ဒါကသင်တို့က်ဆံရေးက ထင်သလောက်မခိုင်မြဲတာကြောင့်လည်းပါပါလိမ့်မယ်။ တကယ်လို့သင်က အိမ်ထောင်မရှိသူဆိုရင် သင့်ကိုယ်ပိုင်မိသားစုကိုရဖို့ ခက်ခဲပါလိမ့်မယ်။သင့်အနေနဲ့ ဒီအချက်တွေကိုလက်ခံနိုင်ရပါမယ်။ ဒါပေမယ့် ဘဝကိုလက်မလျှော့လိုက်ပါနဲ့။ သင့်မှာတခြားဂရုစိုက်စရာတွေရှိပါသေးတယ်။ သင့်မိဘတွေ၊ ကလေးတွေ၊ သူငယ်ချင်းတွေ၊ အလုပ်နဲ့ တခြားသင်စိတ်ဝင်စားတာတွေရှိပါသေးတယ်။ချိန်းတွေ့တာကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုပေမယ့် သင့်မှာရင်သားကင်ဆာရှိနေရင်တော့ သင့်အနေနဲ့ ဖိတ်ခေါ်မှုကိုလက်ခံသင့်လား မခံသင့်လားစဉ်းစားရပါတော့မယ်။ အောက်က အချက်လေးတွေက သင့်ကိုကူညီပါလိမ့်မယ်။သင့်ကိုယ်သင်ချစ်ပါ။သင့်မှာရင်သာကင်ဆာရှိတဲ့အခါ သင့်ပုံပန်းသွင်ပြင်နဲ့ ကျန်းမာရေးအခြေအနေကြောင့် သင့်ကိုယ်သင်ယုံကြည်မှုပျောက်ဆုံးနိုင်ပါတယ်။ ဘေးလူတွေ သင့်ကိုဘယ်လိုမြင်လဲ ဂရုမစိုက်ပါနဲ့။ သင့်မှာရှိတာကို သင်ချစ်ပါ။ သင့်ကိုယ်သင်မှမချစ်ရင် ဘယ်သူမှ သင့်ကိုမချစ်နိုင်ပါဘူး။ရိုးသားပါ။သင့်အခြေအနေထက် သင့်အကြောင်းပိုပြောပြပါ။ တကယ်လို့သူက သင့်ကိုလက်ခံမယ့်ပုံမမြင်ရင် သူ့ကိုသင့်သူငယ်ချင်းလုပ်လိုက်ပါ။ တကယ်လို့ နှစ်ယောက်လုံးက ဆကဆံရေးတစ်ခုကို အတည်တကျချင်တယ်ဆိုရင်တော့ သင့်ရင်သားကင်ဆာအကြောင်းကိုအတွင်းကျကျပြောပြပြီး သင်ဘယ်လိုဖြတ်ကျော်နေရလဲ သူသိအောင်လုပ်ပါ။သင့်အဖော်နေရာကနေ ခံစားကြည့်ပါ။တကယ်လို့သင်က ကင်ဆာရှိတဲ့သူတ်ယောက်ကို ချိန်းတွေ့နရတယ်ဆိုရင် သူတို့ကျန်းမာရေးအခြေအနေကိုသိပြီးတောင်မှ သင်သူတို့ကိုချစ်ဦးမှာလား ? ဆုံးဖြတ်ချက်တွေအားလုံးမှာ သူ့အကြောင်းပြချက်နဲ့ သူရှိပါတယ်။ သင့်မေခွန်းအတွက် သင့်ကိုယ်ပိုင်အဖြေတစ်ခုရမှာပါ။မကောင်းမမြင်ပါနဲ့။နောက်ဆုံးမှာ ဒီတုက်ပွဲအတွက် သင်တစ်ယောက်တည်းကျန်ခဲ့ပါလိမ့်မယ်။ အကောင်းမြင်တတ်ပါ။ သင့်ဘဝမှာ သင်လုပ်နိုင်တဲ့ ပျော်စရာတွေအများကြီးရှိပါသေးတယ်။ သင့်မိသားစုတွေ၊ သူငယ်ချင်းတွေ၊ သူအပေါင်ူအဖော်တွေရှိပါသေးတယ်။ သင့်ရဲ့ လက်ရှိဘဝကဆက်သွားနေမှာပါ။ သင်တစ်ခါဘဲ အသက်ရှင်တယ်ဆိုတာ သတိရထားပါ။ (YOLO, you only live once !!)။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%af%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba/
အသည်းကင်ဆာရှိသော ကလေးကို ဘယ်လိုအစာ ကျွေးမွေး မလဲ, အာဟာရက ဘယ်လိုအရေးပါသလဲ
ကောင်းမွန်သော အာဟာရသည် ကလေးများအားလုံး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ အစာတွင် မတူညီသော အာဟာရများစွာပါဝင်သည်။ ဥပမာ ပရိုတိန်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္ထုဓါတ်များ ဖြစ် သည်။ အသည်းသည် အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ကောင်းမွန်သော အာဟာရနှင့် ကြီးထွားမှုတွင် အရေးပါ ပါသည်။v အသည်းသည် သည်းခြေရည်ကို ထုတ်ပေးပြီး အစာ အတွင်းမှ အဆီများကို စုပ်ရန် ကူညီသည်။v အသည်းသည် အစာအတွင်းမှ အာဟာရများကို ခန္ဓါကိုယ်မှ ကြီးထွားရန်နှင့် ပုံမှန်လုပ်ငန်း လုပ်နိုင် ရန် လိုအပ်သော အရာများနှင့် စွမ်းအင် အဖြစ် ပြောင်းပေးသည်။အသည်းရောဂါကြောင့် အသားဝါနေသော ကလေးများ သည် နို့များများ သောက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နို့မှ အာဟာရများကို မချေဖျက်နိုင်သော်ကြောင့် ဖြစ်သည်။ ၎င်းသည် သူတို့အား ဆာလောင်မှုကို ခံစားရစေ သည်။ ထို့ကြောင့် ခဏခဏ အစာစားချင်ကြသည်။အသည်း ရောဂါရှိသော ကလေးများသည် အစာစားချင်စိတ် အလွန် နည်းပြီး စွမ်းအင်နှင့် ပရိုတိန်း လိုအပ်မှုများသည်။ လိုအပ်မှု များပြီး စားသုံးမှုနည်းခြင်းသည် အာဟာရ ချို့တဲ့ခြင်းကို ဖြစ်စေသည်။ တစ်ဖန် အာဟာရ ချို့တဲ့ခြင်းသည် ကြီးထွားမှု နည်းခြင်း၊ စွမ်းအင်ကုန်ဆုံးခြင်း နှင့် ရောဂါပိုးကူးစက်နိုင်ချေ မြင့်ခြင်း တို့ကို ဖြစ်စေသည်။ ထို့ကြောင့် အာဟာရကို အထူးဂရုပြုရန် အလွန် အရေးကြီးသည်။ သင်၏ အာဟာရမှူးထံမှ အကြံညဏ်နှင့် အကူအညီ ရယူပါ။အသည်းရောဂါကြောင့် နို့သောက်နည်းပြီး ကောင်းစွာ မဖွံ့ဖြိုးသော ကလေးများသည် ပုံမှန်နို့များနှင့် အနံ့ အရသာ မတူသော အထူးဖော်စပ်ထားသော နို့စသောက်ရန် လိုသည်။ ပုံမှန် ကလေးနို့တွင် Long Chain Fat (LCT) ပုံစံဖြင့် အဆီများ ပါဝင်ပြီး ကောင်းစွာ စုပ်နိုင်ရန် သည်းခြေရည် စီးဆင်းမှု ကောင်းရန် လိုသည်။ သင့်ကလေးသည် အသားဝါနေပါက သည်းခြေရည် စီးဆင်းမှု ပျက်ယွင်းပြီး အဆီကို လွယ်ကူစွာ မစုပ်ယူနိုင်ဟု ဆိုလိုသည်။ ထို့ကြောင့် သင့်ကလေးသည် အလွန်သောက်သော်လည်း မကြီးထွားပါ။အထူးဖြည့်စွက်စာတွင် Medium Chain Fat (MCT) ဟုခေါ်သော အဆီပါပြီး သည်းခြေရည် မလိုအပ်ဘဲ လွယ်ကူ စွာ စုပ်နိုင်သည်။ အာဟာရပညာရှင်သည် သင့်ကလေး အတွက် အကောင်းဆုံးနို့ကို အကြံပြုပေးပါမည်။ သင့်ကလေး သည် ပုံမှန်အလေးချိန်ရှိရန် အရေးကြီးပါသည်။အာဟာရ ပညာရှင်နှင့် ဆက်သွယ်ရန် လိုအပ်သည်။ ထိုမှသာ ကိုယ် အလေးချိန်ကျခြင်း သို့မဟုတ် အစားအသောက်နှင့် ဆိုင် သော ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ မိခင်နို့ တိုက်ကျွေးပါပြီး ကလေးကောင်းစွာ ကြီးထွားပါက သင် ဆက်တိုက်ရန် တွန်းအားဖြစ်နေပါမည်။ သို့သော်လည်း ကလေး ဆက်လက် ကြီးထွားမှု သေချာစေရန် မိခင်နို့အပြင် အထူးဖြည့်စွက်စာ ထပ်ပေးရန် လိုအပ်ပါသည်။အာဟာရပညာရှင်က အကောင်းဆုံးနည်းကို အကြံပြုပါ မည်။ ကယ်လိုရီ အပို ထောက်ပံ့ပေးသော အပိုစာများကို ကလေး၏ ဖြည့်စွက်စာထဲသို့ ပေါင်းထည့်ရန် လိုသည်။ အာ ဟာရပညာရှင်သည် ၎င်းတို့ကို ညွှန်ကြားပေးပါလိမ့်မည်။အခဲ အစာများကို အသက် ၄-၆လအတွင်း စတင်စားနိုင် သည်။ မည်သည့်ကလေးမဆို ထိုကဲ့သို့ စတင်ရသည်။ ကျန်း မာရေးစောင့်ရှောက်သူသည် ပုံမှန်နို့ဖြတ်ခြင်းအကြောင်းကို ပြောပြပြီး လိုအပ်ပါက အာဟာရပညာရှင်မှ ပို၍ အသေးစိတ် သော အကြံညဏ်များ ပေးလိမ့်မည်။အသည်းရောဂါရှိသော ကလေးသည် အထူးအစားအစာ များကို ရှောင်ရန် မလိုပါ။ သင့်ကလေးသည် အလွန်မစားနိုင် လျှင်တောင် ပုံမှန် အစာကျွေးရန်၊ မိသားစု ထမင်းစားချိန် တွင် ပါဝင်ရန် အရေးကြီးသည်။ ၎င်းသည် လူမှုဖွံ့ဖြိုးမှု၏ အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်။ စကားပြောရာတွင် သုံးသော ကြွက်သားများ တည်ဆောက်ရာတွင်လည်း အရေး ပါသည်။ယေဘုယျအားဖြင့် အသက်ပိုကြီးသော ကလေးများသည် ပုံမှန်စားသောက်မှုရှိသည်။ မိသားစု၊ သူငယ်ချင်းများနှင့် တူညီသော အစားအစာ စားသည်။ သူတို့သည် များသော အားဖြင့် အစားအသောက်ထဲမှ အဆီအမျိုးအစားကို ပြောင်း ရန် မလိုပါ။ ကယ်လိုရီ ဆုံးရှုံးခြင်းကို ထပ်မံစားခြင်းဖြင့် အစား ထိုးနိုင်သည်။ သို့သော်လည်း အာဟာရပညာရှင်သည် အချို့ အစားအစာများရှောင်ရန် သို့မဟုတ် အပို မုန့်ပဲသရေစာများ၊ ဖြည့်စွက်စာများ စားရန် အကြံပြုလိမ့်မည်။ကောင်းမွန်သော အာဟာရသည် သင့်ကလေး၏ အသည်းရောဂါကို ထိန်းချုပ်ရန် အရေးကြီးသည့် အပိုင်းတစ် ခုဖြစ်သည်။ အကူအညီ သို့မဟုတ် အကြံညဏ် လိုအပ်ပါက သင့်ကလေးကို ကုသပေးနေသော ယူနစ်မှ အာဟာရ ပညာရှင်ကို အကူအညီတောင်းနိုင်သည်။ အာဟာရပညာရှင် နှင့် တွေ့ခြင်းမှာ အကူအညီရသည်။ သူတို့သည် သင့်ကလေး တွင်ဖြစ်နိုင်သော အစာစားခြင်းဆိုင်ရာ ပြဿနာများ အခက် အခဲများအပေါ် အကြံညဏ်များ ကမ်းလှမ်းရန် အသင့်ရှိပါ သည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%9b%e1%80%ad%e1%80%bd%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad/
ကလေးတွေမှာ တွေ့ရတတ်တဲ့ အာဟာရဓာတ်ချို့တဲ့မှု ပြဿနာ
လူတွေရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ဗီတာမင်ဓာတ်တွေ၊အာဟာရဓာတ်တွေရရှိမှ ကိုယ်ခန္ဓာက ကောင်းစွာဖွံ့ဖြိုးကြီးထွားပြီး သာမန်လူတွေထက်ကိုယ်ခံအားရော ကျန်းမာရေးပါ ပိုကောင်းမှာပါ။ ကလေးတွေအရိုးသန်မာဖို့၊ ကိုယ်ခန္ဓာကြီးထွားဖို့၊ ကျန်းမာရေးကောင်းဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံအချို့မှာ ရှိတဲ့ ကလေးတွေဟာ နေ့စဉ် လုံလောက်တဲ့ အစာအာဟာရတွေ မရရှိကြပါဘူး။ ဒီလိုကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်တာ၊ ကျန်းမာရေးချူချာတာ၊ အလွယ်တကူ ဖျားနိုင်တာ၊ ကိုယ်ခံအားနည်းတာအပြင် တခြားသော ဘေးဒုက္ခတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။ဒါကြောင့် ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်အကြောင်း၊ ပြင်ဆင်ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးလာဖို့နဲ့ ရောဂါဘယ ကင်းရှင်းဖို့အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် A, B, C, D, E, K အပြင် ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ အိုင်အိုဒင်းဓာတ်၊ ဇင့်ဓာတ် အစရှိတဲ့ သတ္တုဓာတ်တွေကို နေ့စဉ် လုံလောက်စွာရရှိဖို့ အလွန်အရေးကြီးပါတယ်။ဒီလိုအာဟာရဓာတ်တွေကို မျှတဖို့အတွက် အဓိက ပြင်ပေးရမယ့်အရာက ကလေးတွေရဲ့ စားသောက်နေထိုင်မှုပုံစံပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေဟာ ကလေးတွေရဲ့ အာဟာရဓာတ်ချို့တဲ့မှုနဲ့ အများကြီး သက်ဆိုင်မှုရှိနေပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ကလေးတွေဟာကျန်းမာသန်စွမ်းပြီး ကိုယ်ခန္ဓာအတွက် အကျိုးရှိမယ့် အစားအစာထက် အလွယ်တကူ ဝယ်စားလို့ရတဲ့ အသင့်စား Fast food တွေ၊ အချိုစာတွေ၊ မုန့်ပဲသရေစာတွေကို ပိုမိုစားလာကြပါတယ်။ ဒါဟာ ကလေးတွေ အာဟာရဓာတ်ချို့တဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုပါ။ဆီ၊ ဆား၊ သကြား ပါဝင်မှုများတဲ့ အစားအစာတွေကို စားမယ့်အစား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဂျုံနဲ့လုပ်တဲ့အစားအစာတွေ၊ အဆီလျှော့ထားတဲ့ နို့ထွက်ပစ္စည်းတွေ၊ လတ်ဆတ်တဲ့ အသားငါး၊ ကြက်သား၊ ကြက်ဥ၊ ပဲ၊ အစေ့အဆန်တွေကို နေ့စဉ် စားသုံးဖို့ အလေ့အကျင့် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။ ဆေးဝါးတွေ၊ ဖြည့်စွက်စာတွေထက် အစားအစာကိုပဲ အဓိက မှန်ကန်စွာစားသုံးပေးရင် ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဆေးဝါးထက် သဘာဝအစားအစာကနေ ရတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်တာကြောင့်ပါ။ဗီတာမင် A။အသား၊ နွားနို့၊ ကြက်ဥ၊ လိမ္မော်သီး၊ မုန်လာဥ၊ ကန်စွန်းဥ တွေကနေ ရနိုင်ပါတယ်။ ဗီတာမင် A ဓာတ်ဟာ အမြင်အာရုံကောင်းစေဖို့၊ အသားအရေလှပစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ကိုယ်ခန္ဓာ ကြီးထွားသန်စွမ်းစေဖို့ အကျိုးပြုပါတယ်။ဗီတာမင် B အုပ်စု။အသား၊ ငါး၊ ပေါင်မုန့်၊ ကောက်ပဲသီးနှံ၊ နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ အစေ့အဆံနဲ့ ဟင်းသီဟင်းရွက်တွေမှာ အများအပြားတွေ့ရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အထောက်အကူပေးပြီး မှတ်ဉာဏ်ချို့ယွင်းတာ၊ စိတ်ဓာတ်ကျရောဂါတွေ၊သွေးအားနည်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အနီရောင်သွေးဆဲလ်တွေကို ထုတ်လုပ်ပေးနှုန်းကိုလည်း မြှင့်တင်ပေးပါတယ်။ဗီတာမင် C။သံပုရာသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီးလို ချဉ်တဲ့ သစ်သီးဝလံတွေ၊ အာလူး၊ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ အရေပြားထဲက ကော်လဂျင်တွေကို တည်ဆောက်ပေးလို့ အသားအရေလှပကြည်လင်စေတယ်။ စားလိုက်တဲ့အစားအစာထဲက သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူပေးမှုကို ကူညီပေးတယ်။ သွား၊ သွားဖုံးနဲ့အရိုးကျန်းမာစေပြီးခန္ဓာကိုယ်ထဲဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဗီတာမင် D။အပြင်ထွက်တဲ့အခါမှာ ကိုယ့်အသားအရည်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ နေရောင်ခြည်ကနေ ရနိုင်သလို အဆီများတဲ့ ငါးတွေ၊ ကြက်ဥအနှစ်၊ ထောပတ်တွေမှာလည်း အနည်းငယ် ပါဝင်ပါတယ်။ ဗီတာမင် D ဟာ ကယ်လ်စီယမ်ကို ကောင်းစွာ စုပ်ယူပေးနိုင်လို့ အရိုးနဲ့ ကြွက်သားကို ကျန်းမာကြံ့ခိုင်စေပါတယ်။ဗီတာမင် E။နေကြာစေ့လို အစေ့အဆန်တွေမှာ အများဆုံး ပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အရေပြားနဲ့ မျက်လုံးကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ ဓာတ်လည်း ဖြစ်ပါတယ်။ဗီတာမင် K။ဂေါ်ဖီပန်းပွင့်၊ ကန်စွန်းရွက်တို့လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကလည်း ရနိုင်သလို ကြက်ဥ၊ ပဲတွေကနေလည်း ရနိုင်ပါတယ်။ ဗီတာမင် K ဟာ သွေးအမြန်တိတ်စေဖို့ ကူညီပေးပြီး အရိုးတွေကိုလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ဖောလစ်အက်ဆစ် (Folic Acid)။အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသည်း၊ ပဲ၊ ဂျုံ၊ ကောက်ပဲသီးနှံမှာ ပါဝင်ပါတယ်။ ကလေးတွေရဲ့ အရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေလည်း ဖောလစ်အက်ဆစ် လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။ကယ်လ်စီယမ်။နွားနို့နဲ့ နို့ထွက်အစားအစာတွေ၊ ဆာဒင်း၊ ဆော်လ်မွန်ငါးလို အရိုးပါဝါးစားလို့ရတဲ့ ငါးတွေ၊ တို့ဟူးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ကယ်လ်စီယမ်ဓါတ်ဟာ သွားနဲ့ အရိုးကို ကြံ့ခိုင်စေဖို့အတွက် ကူညီပေးနိုင်တဲ့ သတ္တုဓါတ်ဖြစ်ပါတယ်။အိုင်အိုဒင်းဓာတ်။ပင်လယ်စာ၊အိုင်အိုဒင်းဆားကနေ ရရှိနိုင်ပြီး ကလေးတွေရဲ့ ဉာဏ်ရည်ကို ထက်မြက်စေတယ်။ ကိုယ်တွင်း တစ်ရှူးတွေကို ကောင်းစွာ ကြီးထွားစေဖို့နဲ့ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အထောက်အကူပေးလို့ အိုင်အိုဒင်းဓာတ်ကို ပြည့်ဝစွာ ရရှိဖို့ အရေးကြီးပါတယ်။သံဓာတ်။အသား၊ ကြက်သား၊ ပင်လယ်စာ၊ အခြောက်ခံထားတဲ့ ပဲတွေ၊ ကြက်ဥအနှစ်တွေမှာ အများဆုံးတွေ့ရပါတယ်။ သံဓာတ်ဟာ အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးတဲ့နေရာမှာ ကူညီပေးလို့ အမောခံနိုင်တယ်၊ ဖြစ်လာမယ့် ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တယ်၊ သွေးအားနည်းရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနေတယ်။ဇင့်ဓာတ်။အသား၊ ကြက်သာ၊ ပင်လယ်စာ၊ နွားနို့၊ အစေ့အဆန်၊ တို့ဟူး၊ ကောက်ပဲသီးနှံတွေမှာ တွေ့နိုင်ပါတယ်။ အနာကျက်မြန်စေပြီး ကိုယ်ခံအားကောင်းစေတယ်။ ကလေးတွေကိုလည်း ကျန်းမာပြီး ကြံ့ခိုင်သန်စွမ်းစေပါတယ်။စားသောက်နေထိုင်မှုပုံစံဟာ အာဟာရချို့တဲ့မှု ပြဿနာပေါ် အများကြီး အကျိုးသက်ရောက်မှုရှိစေတဲ့အတွက် ကိုယ့်ကလေးရဲ့ အစာစားပုံတွေကို အမြဲဂရုစိုက် ကြည့်ရှုနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကလေးမှာ တခြားရောဂါ ရှိနိုင်လား၊ ဘယ်လိုအစားအစာတွေနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာကို ကိုယ်တိုင်လည်း စောင့်ကြည့်ဖို့ လိုအပ်သလို ဆရာဝန်နဲ့လည်း သေချာပြသပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။သရေစာတွေ၊ ကိတ်မုန့်၊ အချိုစာတွေ အမြဲစားတတ်ရင်လည်း တခြားအစားအစာကို ပြောင်းကျွေးသင့်ပါတယ်။ တချို့ကလေးတွေက အစားအစာတွေ အများကြီး စားပေမယ့် အာဟာရမပါတွေပဲ စားနေတာကြောင့် ဝပဲ ဝလာပြီး အာဟာရ မပြည့်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်ကြီး ကြီးနေပေမယ့် ဖျားနာလွယ်ပါတယ်။နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပေးနိုင်ဖို့နဲ့ ခန္ဓာကိုယ် ကောင်းစွာ အလုပ်လုပ်နိုင်ဖို့၊ ကျန်းမာစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝစွာ ရရှိဖို့ဟာ ကလေးတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ ကလေးတွေ အသက်ငယ်ရွယ်စဉ်ကနေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေဖို့ အစာအာဟာရတွေကို သေချာဂရုစိုက်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1/
အားဖြည့်ဆန် ဆိုတာဘာလဲ
အခုနောက်ပိုင်းမှာ ကျွန်တော်တို့တွေထမင်းစားရင် ဖွေးနေမှ ဖြူနေမှ ဆိုပြီး ရေအထပ်ထပ်ဆေး၊ ဆန်ဖွတ်ကတည်းက ဖြူဖွေးတဲ့ အဆင့်ထိ ဖွတ်လိုက်တော့ နဂိုဆန်မှာ ပါဝင်တဲ့ဗီတာမင်နှင့်သတ္တုဓာတ်တွေဆုံးရှုံးကုန်ပါတယ်။ မပါသလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့် အခု နောက်ပိုင်း ဆန်တွေမှာ ဗီတာမင်တွေ ထပ်ဖြည့်ထားတဲ့ အားဖြည့်ဆန် (Fortified Rice) တွေ ထုတ်လာကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ ဖြစ်သေးတဲ့အာဟာရဆိုင်ရာ ကျန်းမာရေး ဗဟုသုတ နည်းနေသေးတဲ့ နိုင်ငံတွေ မှာ အခုလိုမျိုး အားဖြည့်ဆန် တွေ ထုတ်လာကြတာ တော်တော်လေး ကောင်းကျိုးတွေရှိပါတယ်။ကလေးငယ်တွေ အတွက်မျက်စိအားကောင်းစေတဲ့ အပြင်ကိုယ်ခံအားကောင်းစေတဲ့ အတွက်နှာစေး၊ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ကို ကာကွယ်ပေးပါတယ်။ဦးနှောက်နှင့် အာရုံကြောကျန်းမာရေး အတွက်အရေးပါသလို နှလုံးကျန်းမာရေး အတွက်လည်း အသုံးဝင်ပါတယ်။ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေ မှာ အရေးပါတဲ့ အခန်းကဏ္ဍ ကပါဝင်ပါတယ်။အရေပြားကျန်းမာရေး၊ အာရုံကြော၊ အသည်း နှင့် မျက်စိကျန်းမာရေး အတွက် ဗီတာမင် B6 ကို ပြည့်ဝအောင်စားပေးဖို့လိုအပ်ပါတယ်။ထို့အတူ B12 ကလည်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာ တစ်ခုဖြစ်တဲ့ Neurotransmitter Signaling မှာ ပါဝင်တဲ့ အတွက် အာရုံကြောအားနည်းနေသူများ၊ B12 ချို့တဲ့ရင် ဖြစ်တတ်တဲ့ ခြေလက် ထုံကျဉ် နေသူများ အနေနဲ့ မဖြစ်မနေလိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါ။ဇင့်ဓာတ် ခေါ် သွပ်ဓာတ် ကတော့ ကလေးငယ်တွေမှာ ဝမ်းလျှောရင် ပေးလေ့ရှိပါတယ်။ သူက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး နောက်ထပ်ဝမ်းလျှောမှာကိုလည်း ကာကွယ်ပေးပါတယ်။ တခြားထူးထူးခြားခြား ကောင်းစေတာလည်းရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ဆံပင်ကျွတ်တာကို ကာကွယ်ပေးခြင်း၊ အစားအသောက်ပျက်၊ ပါးစပ်ပျက်နေသူများ အတွက် ပုံမှန်ပြန်ဖြစ်စေခြင်း၊ မျိုးဆက်ပွားကျန်းမာရေး ကိုကောင်းမွန်စေခြင်း (မျိုးအောင်ခြင်း) စတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။လူတိုင်းသိတဲ့ အတိုင်း သံဓာတ်ချို့တဲ့ရင် သွေးအားနည်းရောဂါ ဖြစ်လာပါတယ်။ အဆိုးဆုံး ကလေးငယ်တွေ မှာ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာစေပြီး ဦးနှောက်နှင့် အာရုံကြော ဖွံဖြိုးမှု့ ကိုပါ နှောင့်နှေးလာစေပါတယ်။ လူကြီးတွေမှာဆိုရင်လည်း နုံးတာမျိုး၊ အလုပ်လုပ်ချင်စိတ်မရှိတာမျိုး၊ အလွယ်တကူမောပန်း နွမ်းနယ်တာမျိုး တွေဖြစ်တတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့မြန်မာ လူမျိုးတွေ မှာ သံဓာတ်ချို့တဲ့နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားနေတဲ့ ပုံစံအရ ကျွန်တော်တို့က အသားစားတာနည်းတဲ့ အတွက်ကြောင့်ပါ။သံဓာတ်ကလည်း အဓိကအနေနဲ့ အနီရောင်ရှိတဲ့ အသားများ (ဝက်သား၊ အမဲသား၊ ဆိတ်သား) နှင့် သံဓာတ်တွေ အများကြီးစုထားတဲ့ ကလီစာ ဖြစ်တဲ့ ဝက်အသည်း၊ ကြက်အသည်း၊ အမဲအသည်းတွေမှာ အဓိက ပါပါတယ်။ အရွက်တွေ ဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကန်ဇွန်းရွက်တွေမှာ သံဓာတ်ပါဝင်ပေမယ့်လည်း တကယ့် တကယ်တမ်း ခန္ဓာကိုယ်က ထိုအရွက်တွေက သံဓာတ်ကို အများကြီးမစုပ်ယူနိုင်ပါ။ဒါကြောင့် သံဓာတ်ကို အနီရောင် အသား နှင့် အသည်းကနေပဲ အဓိကရပါတယ်။ ဒါပေမယ့် အနီရောင် အသား တွေ ဆိုတာကလည်း တစ်ပတ်ကို ၂ ရက်ထက် ပိုစားလို့မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကင်ဆာဖြစ်တတ်လို့ပါ။ အသည်းကလည်း ကိုလက်စထရောများတဲ့အတွက် နေ့စဉ်စားလို့ မသင့်တော်ပါ။ ဒါကြောင့် တစ်နေ့တာ သံဓာတ် ပြည့်မီဖို့အတွက် သံဓာတ်အားဆေး ဒါမှမဟုတ် အားဖြည့်ဆန် တွေကို ဖြည့်စွက်စားပေးဖို့လိုအပ်လာပါတယ်။သွေးနီဥ အတွက် မဖြစ်မနေလိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဖောလစ်အက်ဆစ် ချို့တဲ့ရင်သွေးအားနည်းရောဂါဖြစ်တတ်ပါတယ်။ ထို့အပြင် ဆဲလ်အသစ်တွေဖြစ်စေပြီး ဆဲလ်တွေကိုလည်း ထိန်းသိမ်းပေးတဲ့အပြင် ပုံမှန် ဆဲလ်တွေကနေ ကင်ဆာဆဲလ် ပြောင်းလာသွားမှာကိုလည်း ကာကွယ်ပေးပါတယ်။ ဖောလစ်အက်စစ်ဓာတ်ကို ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း၊ ကညွှတ်၊ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများ၊ လိမ္မော်သီး၊ အသည်း စတာတွေမှာ တွေ့ရတဲ့ အပြင် အခုနောက်ပိုင်း အားဖြည့်ဆန်တွေ မှာ ပါထည့်လာကြပါတယ်။နိုင်ယာစင် ဆိုတာ ဗီတာမင် B3 ပါ။ သူက သွေးတွင်း ကိုလက်စထရော ကိုကျစေပြီးနှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တက်စေသည့်အပြင် အခုနောက်ပိုင်းအဆစ်အမြစ်ရောင်တာကိုလည်း သက်သာစေတာကိုတွေ့လာရပါတယ်။အကျဉ်းချုပ်အားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အာဟာရ ချို့တဲ့နှုန်းတွေက အင်မတန်မြင့်လာပါတယ်။ ဒါကြောင့် အာဟာရဓာတ် ထပ်ဖြည့်ထားတဲ့ အားဖြည့်ဆန်တွေကို စားပေးခြင်းအားဖြင့် ဒီပြဿနာတွေကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်သိရသလောက် ဈေးကွက်ထဲ ရောင်းနေတဲ့ အားဖြည့်ဆန် တွေက ရိုးရိုးဆန်တွေနဲ့ ဈေးသိပ်မကွာတဲ့အတွက် လူတော်တော်များများအတွက် အဆင်ပြေကြမယ်လို့ ထင်ပါတယ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/fortified-rice/
မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက သိနိုင်မယ့် ရောဂါတွေက ဘာတွေဖြစ်မလဲ
မျက်လုံးတွေ ကြည့်ရတာ မကောင်းလို့ ဖြစ်ဖြစ်၊အဝေးမှုန်လာလို့ဖြစ်ဖြစ်၊ စာလုံးသေးသေးလေးတွေဆို မမြင်ရလောက်အောင်ကို အနီးမှုန်လာလို့ ဖြစ်ဖြစ် မျက်လုံး ကျန်းမာရေး ကောင်းရဲ့လားဆိုပြီး မျက်လုံး ကျန်းမာရေးကို စစ်ဆေးတာက မျက်လုံးကျန်းမာရေးကိုတင် မဟုတ်ဘဲ အပိုဆုအနေနဲ့ သိရတဲ့ အခြားသော ကျန်းမာရေး အခြေအနေတွေပါ ရှိသေးတယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက ဘယ်လို ကျန်းမာရေး အခြေအနေတွေကို သိရှိနိုင်သေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မျက်လုံးဆိုတာက ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ပြတင်းပေါက်ပါ။ ဒီလိုပြောရတာကမျက်လုံးတွေက ခန္ဓာကိုယ် အနှံမှာ ရှိနေတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ၊ တွယ်ဆက်တစ်ရှူးတွေရဲ့ လုပ်ဆောင်မှုတွေကို တိုက်ရိုက်မြင်တွေ့နေရတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာ ခံစားနေရပြီဆိုရင် အများစုကို မျက်လုံးတွေကနေတဆင့် တွေ့ရှိနိုင်ပါတယ်။မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက သိနိုင်မယ့် ရောဂါတွေက ဘာတွေဖြစ်မလဲ ဆိုတော့။သွေးကြောဖောင်းခြင်း ဆိုတာက သွေးကြောနံရံတွေမှာ ပူဖောင်းလိုမျိုး ဖောင်းလာရာကနေ သွေးကြောနံရံတွေ အားနည်းလာပြီး သွေးကြောပေါက်ပြဲသွားတဲ့ အခြေအနေပါ။ ဒီကျန်းမာရေးအခြေအနေက ခေါင်းတစ်ခြမ်း ပြင်းပြင်းထန်ထန် ကိုက်တာ၊ မျက်နှာနဲ့ ခန္ဓာကိုယ် အကြောသေတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုမှာပါ။ဦးနှောက်အကျိတ်တွေက ဦးနှောက်ထဲမှာ ဖိအားများစေပြီး မျက်လုံးနောက်ဖက်ခြမ်းနားမှာ ရောင်ရမ်းတာကို ဖြစ်စေသလို အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်အကျိတ် ကြီးလာရင် အမြင်အာရုံ ထိခိုက်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ကင်ဆာအမျိုးအစား အချို့ကို မျက်လုံးစစ်ဆေးမှုကနေတဆင့် အသေးစိတ် သိရှိနိုင်ပါတယ်။ အရေပြားကင်ဆာကမျက်ခွံနဲ့ မျက်လုံးအပြင်ဘက် မျက်နှာပြင်တွေကို ထိခိုက်စေနိုင်ပါတယ်။ သွေးကင်ဆာဖြစ်နေတာကိုလည်း မျက်လုံးတွေကနေတဆင့် သိနိုင်ပါတယ်။မျက်ကြည်လွှာထဲမှာရှိတဲ့ သွေးကြောသေးသေးလေးတွေကနေ အဝါရောင်အရည် ဒါမှမဟုတ် သွေးတွေ စိမ့်ထွက်နေတာက ဆီးချို ရောဂါခံစားနေရပြီဆိုတဲ့ လက္ခဏာပါ။ ဆီးချိုက အခြားလက္ခဏာတွေ မပေါ်ခင် မျက်လုံးတစ်ရှူးတွေမှာ စတွေ့ရနိုင်ပါတယ်။နှလုံးရောဂါကိုလည်း မျက်လုံးစစ်ဆေးရင်းနဲ့ သိရှိနိုင်ပါတယ်။ မျက်ကြည်လွှာကို စစ်ဆေးမှုကနေ နှလုံးကျန်းမာရေး အခြေအနေကို သိရှိနိုင်ပါတယ်။မျက်လုံးနောက်ဖက်ခြမ်းထဲက သွေးကြောလေးတွေကနေ သွေးထွက်တာက သွေးတိုးနေတာရဲ့ လက္ခဏာတစ်ခုပါ။ မျက်လုံးထဲက သွေးကြောတွေ နီရဲနေတာက သွေးတိုးနေတယ်ဆိုတာကို သိရှိစေနိုင်ပါတယ်။မျက်နက်ဝန်းဘေးနားမှာ အဝါရောင် ဒါမှမဟုတ် အပြာရောင် အရစ်လေးတွေ ရှိနေတာက သွေးတွင်းကိုလက်စထရော များနေတာပါ။ များသောအားဖြင့် အသက် ၄၀ အောက် လူတွေမှာ အတွေ့ရ များပါတယ်။မျက်သားတွေခြောက်တာ၊ ညဘက်မှာ မျက်လုံး မမြင်ရဘဲကြက်မျက်သင့်တာတွေက နေ့စဉ် စညးသုံးမှုကနေ ဗီတာမင် A လုံလောက်စွာ မရရှိတာကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် A ချို့တဲ့နေတယ်ဆိုတာကို ဖော်ပြနေတာပါ။မျက်လုံး ကျန်းမာရေး စစ်ဆေးမှုကနေ အခုလို ရောဂါတွေကို သိရှိနိုင်ပါတယ်။ ဒါတွေအပြင် အဆစ်ရောင်နာ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခံ ထားရတာ၊ ပြန်ရည်ကျိတ်မှာ ပြဿနာရှိနေတာတွေကိုလည်း သိရှိနိုင်ပါသေးတယ်။ဒါကြောင့် အမြင်အာရုံကိုရော အချို့သော ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်တဲ့ အနေနဲ့ အသက် ၄၀ ကျော်လာပြီဆိုရင် မျက်စိစမ်းသပ်တာမျိုး ပုံမှန် လုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/surprising-diseases-that-an-eye-exam-can-uncover/
မနက်အစောကြီးနိုးပြီး ပြန်အိပ်မရ တာ ဘာကြောင့်လဲ
မနက်အစောကြီးနိုးတာ မကောင်းဘူးလားလို့ ခေါင်းစဉ်ကြည့်ပြီး တွေးမိနိုင်ပေမယ့် ဒါက လူတိုင်းဖြစ်ချင်တဲ့ မနက်စောစော နိုးတာမျိုး မဟုတ်ပါဘူး။ မနက်စောစောနိုးတယ်ဆိုပေမယ့် ညကလည်း စောစောအိပ်ထားတာ မဟုတ်ပါဘူး။ ညကိုလည်း သန်းခေါင်ကျော်လောက်မှ အိပ်ပြီး မနက်ကျ ၃-၄နာရီလောက်တည်းက နိုးနေတာမျိုးပါ။ မနက်အစောကြီးနိုးပြီး ပြန်အိပ်မရ တော့ပါဘူး။ ဒါက ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။မနက်အစောကြီးနိုးပြီး ပြန်အိပ်မရတာကSleep maintenance insomniaလို့ ခေါ်တဲ့ အိပ်မပျော်ခြင်း ရောဂါတစ်မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ တချို့တွေကလည်း Early morning awakening insomnia လို့ ခေါ်ပါတယ်။ ကိုယ်အိပ်ရာထမယ်လို့ မှန်းထားတဲ့ ဒါမှမဟုတ် အိပ်ရာထသင့်တဲ့ အချိန်ထက် စောနိုးနေတာမျိုးပါ။ညကလည်း နောက်ကျမှအိပ်၊ မနက်ကျ စောနိုး၊ ပြန်အိပ်လို့လည်း မရတဲ့အခါကျတော့အိပ်ရေးမဝဘဲ နောက်နေ့မှာ လူက ငိုက်နေတာ၊ လေးလံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တခြားသော အိပ်မပျော်ခြင်းအမျိုးအစားတွေလိုမျိုးပဲ ကျန်းမာရေး ထိခိုက်တတ်ပါတယ်။အိပ်မပျော်စေတဲ့ အကြောင်းတစ်ခုခု ရှိနေတာ။မနက်စောစောနိုးနေတာ အိပ်မပျော်ခြင်း ရောဂါတစ်မျိူးလို့ ပြောခဲ့ပါတယ်။ ဘာလို့ ဒီလို အိပ်မပျော်ရတာလဲဆိုတာကတော့ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဥပမာ။ဒီအချက်တွေကြောင့် ညဘက်မှာ အိပ်မပျော်သလို မနက်မှာ စောစောနိုးလာပြီးရင်လည်း ပြန်အိပ်ဖို့ ခက်တတ်ပါတယ်။စိတ်ဖိစီးမှုများတာ။စိတ်ဖိစီးမှုများလွန်းတာက ခန္ဓာကိုယ်တစ်ခုလုံးကို အဆိုးတွေချည်း ဖြစ်စေပါတယ်။ အိပ်စက်ခြင်းအပါအဝင်ပေါ့။ညဘက်ဆိုရင် တစ်နေ့တာလုံး စိုးရိမ်စရာ‌တွေ၊ စိတ်ညစ်စရာတွေက ခေါင်းထဲကို အစီအရီရောက်လာတာကြောင့် အိပ်ပျော်ဖို့ ခက်သလို မနက်ကိုလည်း အစောကြီး နိုးနေတတ်ပါတယ်။ နိုးလာပြီးရင်လည်း စိတ်ညစ်စရာတွေကို ထပ်တွေးမိနေတာကြောင့် ပြန်အိပ်ပျော်ဖို့ ခက်တတ်ပါတယ်။အသက်ကြီးလာတာ။အသက်ကြီးလာလို့ မနက်စောစောတွေ နိုးနေတာက သဘာဝပါ။ လူကြီးတွေကို ကြက်အိပ်ကြက်နိုးလို့ ပြောကြတယ်မလား။ အသက်ကြီးလာတာနဲ့အမျှ လူကြီးတွေက အအိပ်အနေနည်းလာကြတာ ပုံမှန်ပါပဲ။လူကြီးတွေက အိပ်ပျော်ဖို့လည်း ခက်သလို မနက်ဆိုလည်း စောစောနိုးနေတတ်ပါတယ်။ ပြန်လည်း မအိပ်ကြပါဘူး။ ဒါက ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် လူကြီးတွေမှာ တစ်နေ့တာ ရှိသင့်တဲ့ အိပ်စက်ချိန်တော့ ပြည့်အောင် အိပ်ဖို့ လိုပါတယ်။ဟော်မုန်းအပြောင်းအလဲ။ဟောမုန်းအပြောင်းအလဲကြောင့်လည်း မနက်အစောကြီးတွေ နိုး‌နေတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။ အမျိုးသမီးတွေရဲ့ ဟော်မုန်းအပြောင်းအလဲအဖြစ်ဆုံး ကာလတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးခါနီးအချိန်နဲ့သွေးဆုံးပြီး အချိန်တွေပါ။ဥပမာ ကိုယ်ဝန်ဆောင်ချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲကြောင့်အပြင် ဗိုက်ဖောင်းလာတာ၊ ရင်ပူတာ၊ ကြွက်တက်တာ စတာတွေကြောင့် အိပ်ရခက်တတ်ပါတယ်။ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်ဆိုရင်လည်း ချွေးစေးတွေထွက်တာ၊ ကျောပူခေါင်းပူဖြစ်တာကြောင့် အိပ်မပျော်တတ်ပါဘူး။ဆေးဝါးတွေ။ကိုယ်သောက်နေတဲ့ ဆေးဝါးတွေကလည်း အိပ်စက်ခြင်းအ‌ပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာ beta blockerလို သွေးကျဆေးဆိုရင် အိပ်စက်ခြင်းကိုဖြစ်စေတဲ့ မယ်လတိုနင် ထုတ်တာကို အနှောင့်အယှက်ဖြစ်စေလို့ အိပ်ပျော်ဖို့ ခက်စေနိုင်ပါတယ်။ဆီးဆေးတွေဆိုရင်လည်း အိပ်ခါနီးသောက်မိရင် တစ်ညလုံး ဆီးထသွားနေရတာနဲ့ ကောင်းကောင်းအိပ်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မနက်ပိုင်း ဒါမှမဟုတ် ညနေအစောပိုင်းမှာ သောက်ပါ။စိတ်ရောဂါကုဆေးတွေဆိုရင် အိပ်ဖို့ခက်တာက သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါ။ညကိုလည်း နောက်ကျမှအိပ်၊ မနက်ကိုလည်း အစောကြီးနိုးပြီး ပြန်လည်း အိပ်မရဘူးဆိုရင် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ အမူအကျင့်တွေကို အောက်ပါအတိုင်း ပြောင်းလဲကြည့်ပါ။ပိတ်ရက်ဖြစ်ဖြစ်၊ ဖွင့်ရက်ဖြစ်ဖြစ် အိပ်ချိန် ထချိန် မှန်အောင် ကြိုးစားပါ။ ဒါက ခန္ဓာကိုယ်ထဲကဇီဝနာရီကို အကျင့်ဖြစ်အောင် လုပ်တာပါ။ ဒါ့ပြင် အိပ်ရေးဝစေဖို့ တစ်ရက်ကို အိပ်ချိန် ၇-၈နာရီထားပါ။အိပ်ခါနီးရင် ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကို ရှောင်ပါ။ မျက်စိကြောင်စေမယ့် ဖုန်းသုံးတာ၊ TVကြည့်တာတွေလည်း ရပ်ပါ။ အိပခါနီးမှ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ ရေများများသောက်တာလည်း ရှောင်ပါ။ ညဘက်တွေ ရှူးထပေါက်နေရပါလိမ့်မယ်။အိပ်ခါနီးလေလေ သက်သောင့်သက်သာနဲ့ အနားယူနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ညဘက်တွေ စော‌စောအိပ်နိုင်အောင် နေ့ခင်းဘက်တွေမှာ မအိပ်ပါနဲ့။ ပင်ပန်းလို့ မှေးမယ်ဆိုရင်တောင် မိနစ် ၂၀၊ နာရီဝက်ထက် မပိုအောင် ဂရုပြုပါ။အိပ်ခန်းက မှောင်ပြီး တိတ်ဆိတ်နေမယ်။ အခန်းအပူချိန်ကလည်း အသင့်အတင့် အေးတယ်ဆိုရင် အိပ်ပျော်ဖို့ လွယ်မှာပါ။ အထူးသဖြင့် သွေးဆုံးထားတဲ့ အမျိုးသမီးတွေဆို ညဘက် ပူလို့ အိပ်မပျော်တတ်ကြတော့ ဒီနည်းက အသုံးဝင်မှာပါ။ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း အိပ်ရတာ သက်သောင့်သက်သာဖြစ်အောင် ကိုယ်ဝန်ဆောင်ခေါင်းအုံးနဲ့ အိပ်တာ၊ ဘေးမှာ ခေါင်းအုံးတွေ ခု ခံပြီး အိပ်နိုင်ပါတယ်။နာရီကြည့်လိုက်၊ နောက်ကျနေပြီး အိပ်မပျော်သေးဘူးလားဆိုပြီး စိတ်ညစ်လိုက်၊ ဘာလို့ အိပ်မပျော်သေးတာလဲဆိုပြီး စိုးရိမ်လိုက်က အိပ်ဖို့ ပိုခက်ခဲစေပါတယ်။ နာရီကိုဟိုဘက်လှည့်ပြီး ကိုယ့်ဟာကို အိပ်ပျော်ဖို့သာ ကြိုးစားပါ။အိပ်ခါနီး နွားနို့သောက်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ယောဂကျင့်တာ စသဖြင့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကိုယ်နှစ်သက်ရာ နည်းလမ်းတစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်ကြည့်ပါ။မနက်စောစောနိုးတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ ညဘက်လည်း မအိပ်၊ မနက်လည်း စောစောနိုးနေမယ်ဆိုရင် အိပ်ချိန်မပြည့်ဘဲ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ခုပြောတဲ့နည်းတွေနဲ့ ပြောင်းလဲကြည့်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/early-morning-awakening-and-cannot-sleep-back/
ကလေးကို ဒါတွေမကျွေးပါနဲ့
ကလေးကိုအာဟာရြပည့်ဝပြီး ကျန်းမာတဲ့အစားအသောက်တွေကျွေးချင်တဲ့ဆန္ဒ မိဘတိုင်းလိုလိုမှာရှိကြပါတယ်။ တစ်ခါတလေစားကောင်းလို့ ကိုယ်က သူတို့ကိုကျွေးချင်ပေမယ့် ကလေးတွေရဲ့အစာခြေစနစ်က လူကြီးတွေလိုမျိုး အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ ဒါပေမယ့် အရာရာတိုင်းက ကိုယ့်အတွက် သင့်တော်တယ်ဆိုရင်တောင် ရင်သွေးလေးနဲ့ သင့်တော်ဖို့က သိပ်မဖြစ်နိုင်ပါဘူး။ ဒီတော့ ကလေးကို ဘာတွေမကျွေးသင့်ဘူးလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။အသင့်စား အစားအစာတွေ။ဈေးဝယ်စင်တာမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ အသင့်စား အစားအစာတွေကအဆီနဲ့အငန်ဓါတ်ကဲပါတယ်။ လူကြီးတွေအတွက်တောင် ကျန်းမာရေးထိုက်စေနိုင်တဲ့ ဒီအစားအစာတွေက ကလေးတွေကို မကျွေးသင့်ဘူးဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒါကြောင့် ကလေးတွေကိုဈေးဝယ်ခေါ်သွားတဲ့အခါ ကလေး လက်ညှိုးထိုးတိုင်း မဝယ်ပေးပါနဲ့။ပြုပြင်ထားတဲ့အသားတွေ။ပြုပြင်ထားတဲ့ အသားတွေမှာ ဆားနဲ့ နိုက်ထရိတ်တွေအများကြီးပါဝင်နေတတ်ပါတယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အမဲသားဆီသွတ်ဗူးတွေအလွန်အကျွံစားသုံးမှုကနှလုံးရောဂါ၊အစာအိမ်နဲ့ အူမကြီးကင်ဆာအပါအဝင် နာတာရှည်ရောဂါတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတွေကိုပြုပြင်ထားတဲ့အသားတွေမကျွေးပါနဲ့။သကြားလုံးတွေ။အချိုတွေအလွန်အကျွံစားသုံးမှုက ကလေးရဲ့သွားကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အချိုအရမ်းများတဲ့ သကြားလုံးတွေ၊ သွားမှာ ကပ်နိုင်တဲ့တော်ဖီတွေမကျွေးပါနဲ့။ သကြားလုံးတွေက အခန့်မသင့်ရင် နင်တာနဲ့ အသက်ရှုကြပ်တာကိုဖြစ်စေနိုင်ပါသေးတယ်။အချိုရည်တွေ။အက်ဆစ်ဓါတ်ပါဝင်နေတဲ့ အချိုရည်တွေက ကလေးရဲ့ ထွက်ခါစသွားလေးတွေကို ထိခိုက်စေနိုင်ပါတယ်။နောက်တစ်ချက်က အချိုရည်မှာပါတဲ့ပြုပြင်ထားတဲ့ အချိုဓါတ်တွေနဲ့ အခြားသောဓါတ်တွေက ကလေးရဲ့ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ အချိုရည်တွေထဲမှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေတဲ့ အာဟာရဓါတ်တစ်ခုမှာမပါဝင်ပါဘူး။ ဒါကြောင့် ကလေးတွေကို အချိုရည်တွေမတိုက်ပါနဲ့။အာလူးကြော်။ကလေးရော လူကြီးပါကြိုက်တဲ့ စားစရာလေးပါ။ ဒါပေမယ့် ကလေးတွေအတွက် အာလူးကြော်က မစားသုံးသင့်တဲ့ အစားအစာတစ်မျိုးပေါ့။ အာလူးကြော်မှာပြည့်ဝဆီတွေအများကြီးပါဝင်နေပါတယ်။ ဒါကြောင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေဖို့ဆိုတာထက် ကျန်းမာရေးအတွက်မကောင်းဖို့ကပိုများနေလို့ ကလေးတွေကို အာလူးကြော်မကျွေးပါနဲ့။ကိတ်မုန့်နဲ့ဒိုးနတ်စ်တွေ။ကလေးတိုင်းကြိုက်တဲ့ အစားအသောက်ပေါ့။ ဒါပေမယ့် ဒီမုန့်တွေထဲမှာ အချိုဓါတ်နဲ့ပြည့်ဝဆီတွေများစွာပါဝင်နေတာကြောင့် ကလေးကို အဝလွန်စေနိုင်ပါတယ်။နောက်တစ်ချက်က ကလေးရဲ့သွားတွေကိုထိခိုက်စေနိုင်တာပါ။ ဒါကြောင့် ကလေးကကြိုက်တယ်ဆိုတိုင်း ကိတ်မုန့်တွေ၊ ဒိုးနတ်စ်တွေကျွေးတာမျိုး မလုပ်ပါနဲ့။ကော်ဖီ၊လက်ဖက်ရည်။ကဖင်းဓါတ်ပါတဲ့သောက်စရာတွေက ကလေးငယ်တွေအတွက် လုံးဝမသင့်တော်ပါဘူး။ ကလေးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့်သောက်စရာက မိခင်နို့၊ နို့မှုန့်ကိုဖော်ထားတဲ့နို့ နဲ့ နွားနို့တို့ပါ။ လက်ဖက်ရည်ထဲမှာပါတဲ့tannin ဓါတ်က ကလေးရဲ့ ခန္ဓါကိုယ်က စားလိုက်တဲ့အစားအစာထဲမှာပါတဲ့ သံဓါတ်စုပ်ယူမှုကို ထိခိုက်စေနိုင်ပါသေးတယ်။ ဒါကြောင့် သားသားမီးမီးတွေကိုကဖင်းပါတဲ့သောက်စရာတွေ မတိုက်ပါနဲ့။မိဘတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာလေးတွေကို အာဟာရပြည့်ဝအောင်ကျွေးမွေးရင်း ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးလေးတွေဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေကြောင်း…….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/food-to-avoid-in-kids/
သွားနဲ့သွားဖုံးကျန်းမာရေးအတွက် သွားပွတ်တံ
သွားပွတ်တံနဲ့ပတ်သက်ပြီး ဘာတွေသတိထားရမလဲ။သွားနဲ့ခံတွင်းကျန်းမာရေးအတွက်သွားပွတ်တံက အရေးပါတဲ့အသုံးအဆောင်ဖြစ်လို့ ဒီအချက်တွေသိထားသင့်တယ်နော်။သွားနဲ့သွားဖုံးကျန်းမာရေးက ပစ်ထားလို့ရတဲ့အရာတစ်ခုမဟုတ်ဘူး။ ဂရုစိုက်ရတာလွယ်သလို ဖြစ်သလိုပစ်ထားလိုက်လို့ရှိရင်လည်း တစ်သက်လုံးဆိုးကျိုးရှိနိုင်မယ့် နောက်ဆက်တွဲတွေအများကြီးဖြစ်နိုင်တယ်။ အလွယ်ဆုံးဂရုစိုက်နိုင်တဲ့နည်းလမ်းကတော့ ကောင်းမွန်သင့်တော်တဲ့ သွားပွတ်တံကို ရွေးချယ်ဖို့ပါပဲ။ ဒါကြောင့် သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် အဓိကကျတဲ့သွားပွတ်တံကို အသေအချာရွေးချယ်ပြီး သွား၊ ခံတွင်းနဲ့ ခန္ဓါကိုယ်ကျန်းမာရေးကို ဂရုစိုက်နိုင်ကြပါစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac/
Deep Vein Thrombosis (သွေးပြန်ကြော သွေးခဲပိတ်ခြင်း)
သွေးပြန်ကြော သွေးခဲပိတ်ခြင်း ဆိုသည်မှာ သွေးပြန် ကြော တွင်းတွင် သွေးများခဲသော အခါဖြစ်သော ရောဂါတစ် မျိုးဖြစ်ပါသည်။ ထိခိုက်သော သွေးပြန်ကြောများသည် များသောအားဖြင့် ခြေထောက်ကြွက်သားမျာတွင် နက်ရှိုင်း စွာ ရှိပါသည်။ အခြားနေရာများတွင်လည်း ဖြစ်နိုင်ပါသည်။ သွေး ခဲသည် သွေးစီးဆင်းမှုကို နှေးစေပါသည်။ ဖြစ်သောနေရာတွင် ရောင် ခြင်း၊ နီခြင်း၊ နာကျင်ခြင်းတို့ဖြစ်လာပါသည်။ သွေးခဲသည် အ ဆုတ်ဆီသို့ ရောက်ရှိပါက အဆုတ်တွင် သွေးကြောပိတ်ခြင်း ဖြစ်ပွားပြီး ပြင်းထန်သော အသက်ရှူမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ပါသည်။သွေးပြန်ကြော သွေးခဲပိတ်ခြင်းသည် မည်သူမဆိုတွင် ဖြစ် နိုင်ပါသည်။ သို့သော် အသက် ၆၀ကျော် လူများတွင် အများ ဆုံး ဖြစ်ပွားပါသည်။ ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု မရှိ သူများ၊ ကိုယ်ဝန်သည် များနှင့် သွေးရောဂါရှိသူ များသည် သွေးခဲခြင်း ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါ သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။ရောဂါဖြစ်သောသူများ၏ တစ်ဝက်တွင်သာ ရောဂါလက္ခ ဏာများ ပေါ်ပါသည်။ ထို ရောဂါလက္ခဏာများသည် ခြေ ထောက်တွင် ဖြစ်ပွားပါသည်။ ၎င်းတို့တွင်-။အချို့လူများသည် ရောဂါလက္ခဏာများ မပြမချင်း သွေး ပြန်ကြော သွေးခဲကို သတိမထားမိပါ။ ရောဂါလက္ခဏာများ မှာ-။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အောက်ပါတို့ရှိပါက သင့်ခန္ဓါကိုယ်ရှိ သွေးပြန်ကြောများ တွင် သွေးခဲများ ဖြစ်ပေါ်နိုင်သည်။သွေးပြန်ကြော သွေးခဲခြင်း ဖြစ်နိုင်ချေကိုမြင့်စေသော အချက်များစွာ ရှိပါသည်။ အချက်များများရှိလေ ရောဂါပြင်း ထန်နိုင်လေဖြစ်ပါသည်။ ဖြစ်နိုင်ချေမြင့်စေသော အချက်များ မှာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးပြန်ကြော သွေးခဲခြင်း ကို အတည်ပြုရန် ဆရာဝန် သည် ရောဂါလက္ခဏာများအကြောင်း မေးမြန်းပြီး စစ်ဆေးမှု ပြုလုပ်ပါလိမ့်မည်။ သွေးပြန်ကြော သွေးခဲခြင်းဟု သံသယ ရှိ ပါက ဆရာဝန်သည် အတည်ပြုရန် အောက်ပါစစ်ဆေးမှုများ ကို လုပ်ဆောင်ပါမည်။အချို့ရှားသော ကိစ္စများတွင် sonogram နှင့် သွေးစစ်ခြင်း တို့ဖြင့် ဆုံးဖြတ်ချက်မချနိုင်ပါက ဆရာဝန်သည် အထူးဓါတ် မှန်ရိုက်ခြင်း (venography) ကို ပြုလုပ်နိုင်သည်။ ၎င်းသည် ဆိုးဆေးကို သွေးပြန်ကြောတွင်း ထိုးသွင်းပြီး သွေးခဲသည် သွေးစီးကြောင်းကို ပိတ်နေသလား ကြည့်ရှုခြင်း ဖြစ်ပါသည်။ကုသမှုသည် သွေးကျဲဆေး (heparin) ကိုချက်ချင်း ထိုး ပေးပြီး သွေးခဲဖြစ်ခြင်းကို ကာကွယ်ပါသည်။ Heparin သည် သွေးကြောတွင်း ထိုးခြင်း သို့မဟုတ် အရေပြားအောက်ထိုး ခြင်း တို့ဖြင့် ပေးနိုင်ပါသည်။ ဆရာဝန်က ဘယ်နည်းလမ်း သည် သင့်အတွက် အကောင်းဆုံးဖြစ်မည်ကို ဆုံးဖြတ်ပါ မည်။ ဆရာဝန်သည် သွေးခဲကို ကြီးခြင်းကို တားရန်၊ နောက်ထပ် သွေးခဲ များဖြစ်ပေါ်ခြင်းကို ရပ်ရန် သွေးကျဲဆေး (warfarin) ကိုသောက်ရန် ညွှန်ကြားပါမည်။ ရက်အနည်း ငယ်အထိ Heparin နှင့် Warfarin နှစ်မျိုးလုံး အသုံးပြုနိုင် ပါသည်။ Warfarin သည် သွေးတွင်းတွင် လိုချင်သော ပမာဏ ရောက်ပါက heparin ကိုရပ်ပြီး warfarin ကို ရောဂါ အခြေအနေကို မူတည်၍ များသောအားဖြင့် ၆လ သို့မဟုတ် ပို၍ကြာစွာ ဆက်သောက်ပါ။ တစ်ခါတစ်ရံတွင် ဘဝတစ် လျှောက်ကုသမှုလည်း လိုအပ်နိုင်ပါသည်။ warfarin ဆေး ပမာဏ မှန်စေရန် သွေးစစ်ကြည့်ရန်လည်း လိုအပ်ပါသည်။Heparin မသောက်နိုင်ပါက သွေးခဲခြင်းကိုကုသရန် thrombin inhibitors များ အသုံးပြုနိုင်ပါသည်။သွေးကျဲဆေးများ မသောက်နိုင်ပါက သို့မဟုတ် ထိုဆေး များဖြင့် အလုပ်မဖြစ်ပါက ဆရာဝန်သည် သွေးပြန်ကြော စစ်သည့်ကိရိယာ ကို အသုံးပြုနိုင်သည်။ စစ်သည့် ကိရိယာ ကို vena cava ဟုခေါ်သော သွေးပြန်ကြောကြီးတွင် ထိုးသွင်းပါသည်။ ထိုစစ်သည့် ကိရိယာ သည် သွေးခဲများကို အဆုတ်သို့ မရောက် ခင် တားပေးပြီး အဆုတ်တွင်သွေးခဲပိတ်ခြင်းကို ကာကွယ် ပေးပါသည်။ သို့သော်လည်း စစ်သည့် ကိရိယာသည် သွေးခဲအသစ်များ ဖြစ်ပေါ်ခြင်းကို တားဆီးမပေးနိုင်ပါ။ဆရာဝန်သည် ခြေထောက်ရောင်ခြင်းကို သက်သာစေရန် အထူးပြုလုပ်ထားသော ခြေအိတ်ရှည်ဝတ်ရန် အကြံပြု နိုင်ပါ သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် သွေးပြန်ကြော သွေးခဲခြင်းကို ကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် သွေးပြန်ကြော သွေးခဲခြင်း ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/deep-vein-thrombosis-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%81%e1%80%b2%e1%80%95/
အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့
ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ၊ ဒေါသဖြစ်စရာတွေ ကြုံလို့အားရပါးရ ငိုလိုက်တယ်။ ငိုတာမှ တွေးမိတိုင်း ငိုထားတာ၊ တစ်ညလုံးလိုလို အိပ်မပျော်မချင်း ငိုထားမိတယ်။ ငိုတုန်းကတော့ စိတ်ခံစားမှုအတိုင်း ငိုထားမိတာ နောက်နေ့မနက်လည်း ရောက်ရောမျက်လုံးတွေက မို့အစ်နေလို့ အပြင်ကို ဘယ်လို ထွက်ရမလဲ မသိဘူးဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားလို့ ဖတ်ကြည့်လိုက်ဦးနော်။မျက်လုံးထဲကမျက်ရည်တွေဆိုတာက semipermeable အမြှေးပါးကနေတဆင့် ဖြတ်ပြီး စီးဆင်းလာတာပါ။ ငိုတဲ့အခါမျက်လုံးကြွက်သားတွေက မျက်ရည်ကို ညှစ်ထုတ်ရတဲ့ အားစိုက်မှုကြောင့် မျက်လုံးထဲက သွေးကြောငယ်လေးတွေ ပျက်စီးရပါတယ်။ ဒီလိုပျက်စီးမှုကြောင့် မျက်လုံးတွေ မို့အစ်တာဖြစ်တတ်ပါတယ်။ဒီလို မျက်ရည်တွေ စီးကျလာပြီးတဲ့အခါမျက်လုံးတဝိုက်က တစ်ရှူးတွေက ဆားဓာတ်ကို ပြန်လည် ထိန်းညှိရပါတယ်။ ဒီလို ထိန်းညှိရတာကြောင့်လည်း မျက်လုံးတွေက မို့အစ်ရတာပါ။ ငိုနေတုန်းမှာ မျက်လုံးတွေကို ပွတ်မယ်ဆိုရင် ငိုပြီးချိန် မျက်လုံးမို့အစ်မှုက ပိုဆိုးနိုင်ပါတယ်။အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့ဒီနည်းလမ်းလေးတွေကိုအသုံးပြုပေးလို့ ရပါတယ်။ရေအေးဝတ် ကပ်တာက မျက်လုံးတွေ မို့အစ်တာကို သက်သာစေနိုင်ပါတယ်။ အရေပြားတွေ မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေက ငိုထားလို့ မို့အစ်နေမယ်ဆိုရင် အဝတ်စသန့်သန့်လေးကို ရေအေးအေးလေး ဆွတ်ပြီး မျက်လုံးတွေအပေါ်မှာ မိနစ် ၂၀ ကနေ ၃၀ လောက် ကပ်ထားပေးပါ။ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေခဲကပ်ပေးလို့လည်းရပါတယ်။ ရေခဲကပ်ပေးတဲ့အခါအရေပြားပေါ်ကို တိုက်ရိုက် ကပ်တာမျိုး မလုပ်ပါနဲ့။ အရေပြားအအေးဒဏ်ကြောင့် လောင်စေနိုင်လို့ပါ။ ၁၀ မိနစ်လောက် ကပ်ပြီးတိုင်း နာရီဝက်၊ ၁၅ မိနစ်လောက် နားပေးပါ။ဒီလို ကပ်ပေးတာက မျက်လုံးတဝိုက်က သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေနိုင်မှာပါ။ရေစင်အောင်ဆေးထားတဲ့ စတီးဇွန်း သန့်သန့်လေးကို ရေခဲသေတ္တာ အပေါ်ကန့်ထဲ ထည့်ပြီး အအေးခဲ ထားလိုက်ပါ။ ပြီးရင် ဇွန်းအေးအေးလေးနဲ့ မျက်လုံးကို ကပ်ပေးပါ။ ခပ်ဖွဖွလေး ဖိကပ်ပေးပါ။ ဒါမှ မျက်လုံးတဝိုက် သွေးစီးဆင်းမှု ကောင်းစေမှာပါ။ ဘေဘီလေးတွေရဲ့သွားယားကိုက်လေးတွေကို အအေးခံပြီးတော့လည်းမျက်လုံးပေါ်မှာ ကပ်ပေးလို့ ရပါတယ်။သခွားသီးကို ခပ်ပါးပါး လှီးပြီး ရေခဲသေတ္တာထဲ ထည့်လို့ အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။အာလူးတွေကို အဝိုင်းလိုက် ခပ်ပါးပါးလေး လှီးပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကလည်း tannins နဲ့ ကဖင်း ပါဝင်တာကြောင့် ငိုထားပြီး မို့အစ်နေတဲ့ မျက်လုံးတွေကို အရောင်ကျစေနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်ကို အအေးခံပြီး မျက်လုံးတွေပေါ်မှာ ကပ်ပေးတာက မျက်လုံးအရောင်ကျစေနိုင်ပါတယ်။အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်ကို မျက်လုံးပေါ်မှာ မကပ်ခင် မိနစ် ၂၀ လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပေးပါ။ ပြီးရင် မိနစ် ၃၀ လောက် မျက်လုံးပေါ်မှာ ကပ်ပေးရုံပါ။ငိုထားပြီး ညအိပ်လို့ မျက်လုံး မို့အစ်မှာ စိုးရိမ်တယ်ဆိုရင် ညအိပ်တဲ့အခါ ခေါင်းအုံးကို ခပ်မြင့်မြင့်လေး အုံးပေးပါ။ ဒီလို အိပ်ပေးတာက မျက်လုံးတဝိုက်မှာ အရည်စုတာကို သက်သာစေပြီး မျက်လုံး မို့အစ်တာကို သက်သာစေမှာပါ။မျက်ခွံနဲ့ မျက်လုံးတဝိုက်ကို ခပ်ဖွဖွလေး နှိပ်နယ်ပေးတာကလည်း မျက်လုံးတဝိုက်ကို သွေးစီးဆင်းမှု ကောင်းစေပြီး မျက်လုံး မို့အစ်တာကို သက်သာစေနိုင်ပါတယ်။အရမ်းငိုထားလို့မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/home-remedies-for-eye-relief-after-crying/
ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိနေတယ်ဆိုတဲ့ လက္ခဏာ (၇) ခု
သွားနဲ့ခံတွင်းဆိုတာ တကယ်လိုဂရုစိုက်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ခံတွင်းကျန်းမာမှအနံ့ဆိုးခြင်း၊ သွားပျက်စီးခြင်းနဲ့သွားဖုံးရောဂါတွေဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှာဖြစ်ပါတယ်။သွားနဲ့ခံတွင်းကျန်းမာရေးကို ဘာလို့ဂရုစိုက်သင့်တာလဲဆိုတာလည်း အရေးပါတဲ့အကြောင်းရင်းရှိပါတယ်။ ခံတွင်းမကျန်းမာရင် သို့မဟုတ်သွားဖုံးရောဂါရှိနေရင် နှလုံးရောဂါ၊လေဖြတ်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်းတို့ိလိုပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလိုပဲ ခံတွင်းမှာက ဘက်တီးရီးယားတွေအများကြီးရှိပါတယ်။ အများစုကတော့ အန္တရာယ်မပေးပါဘူး။ ပုံမှန်အားဖြင့်နေ့တိုင်းသွားတိုက်တာ၊ သွားပွတ်ကြိုးသုံးတာ လိုမျိုး ခံတွင်းသန့်ရှင်းရေးဂရုစိုက်မှုတွေနဲ့ ခန္ဓါကိုယ်ရဲ့ခုခံမှုစနစ်ကြောင့် ဒီဘက်တီးရီးယားတွေကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေးဂရုမစိုက်မိတာနဲ့ ဘက်တီးရီးယားတွေကရောဂါပိုးဝင်တာတွေဖြစ်စေနိုင်တဲ့အဆင့်ထိရောက်ရှိလာနိုင်ပါတယ်။အဲဒီလိုဖြစ်လာပြီဆိုရင် ဘယ်လိုလက္ခဏာတွေသိသာလာလဲ သတိထားမိကြရဲ့လား။ လက္ခဏာတစ်ခုခုဖြစ်လာရင် ဆေးသောက်လိုက်ဖို့ပဲ အာရုံစိုက်ကြပြီး တကယ့်အကြောင်းရင်းခံဖြစ်တဲ့ ခံတွင်းသန့်ရှင်းရေးကိုမေ့နေကြတတ်ပါတယ်။ ဒီလက္ခဏာမျိုးတွေဖြစ်လာရင်တော့ သွားနဲ့ခံတွင်းမှာပြဿနာရှိနေပြီလို့ သိလိုက်ပါတော့ –။(၁)သွားကိုက်ခြင်း။သွားကိုက်တာက အဖြစ်များကြတဲ့ပြဿနာတစ်ခုပါ။ သွားကိုက်ပြီဆို ပါးတွေရောင်၊ သွားဖုံးတွေရောင်ပြီး အစားမစားနိုင်၊ ဆန်ပြုတ်သောက်ရတာပါပဲ။ သွားပိုးစားခြင်းကြောင့်ဖြစ်တတ်ပေမယ့် သွားဖုံးရောဂါရှိနေတဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။(၂)သွားကျဉ်ခြင်း။အပူ ၊ အအေး ဘာပဲသောက်သောက် သွားကျဉ်ရတယ်ဆိုရင် သွားမှာပျက်စီးနေပြီ၊ ကျိုးပဲ့နေပြီ၊ သွားကြွေလွှာတွေပါးကုန်ပြီး ဒါမှမဟုတ် သွားအမြစ်ကိုပါထိခိုက်နေပြီဆိုတဲ့ ရလဒ်တွေအထိဖြစ်လာနိုင်တဲ့လက္ခဏာအစပါ။(၃)သွားဖုံးသွေးယိုခြင်း။သွားဖုံးက ခဏခဏသွေးထွက်တယ်၊ နာနေတယ်ဆိုရင်gingivitis သွားဖုံးရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။ တခါတလေမဟုတ်ဘဲ သွားတိုက်တိုင်းသွေးထွက်တာ သို့မဟုတ် ထိတာနဲ့ထွက်တာ၊ရောင်လာတာဆိုရင် စစ်ဆေးကုသမှုခံယူသင့်ပါတယ်။(၄)ပါးစပ်အနာများ။ခံတွင်းမှာဖြစ်တဲ့အနာတွေ၊အတွင်း ပါးစောင်မှာ အဖြူကွက်တွေဖြစ်တာ၊ မှိုပိုးဝင်တဲ့အနာတွေဖြစ်တတ်ပါတယ်။ တချို့က မသိမသာဖြစ်ပေမယ့် ဆိုးရွားလာတဲ့အခါရောဂါတစ်ခုခု သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးဝင်ခြင်း၊ သွားတု(စိုက်ထားတဲ့သွား၊အံကပ်၊သွားဖာထားခြင်း)တွေကြောင့်ဖြစ်လာတဲ့ပြဿနာတွေရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ တစ်ပတ်နဲ့အထက် ပိုကြာလာတဲ့ခံတွင်းအနာတွေကို ဆရာဝန်ပြဖို့လိုပါတယ်။(၅)ခံတွင်းနံ့ဆိုးခြင်း။ခံတွင်းနံ့ဆိုးတယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစာတွေကြောင့်၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာကြောင့်၊ တံထွေးခန်းခြောက်တာကြောင့်၊ဆေးလိပ်သောက်တာကြောင့် ၊ တခြားရောဂါတွေကြောင့် စတဲ့အကြောင်းရင်းတွေပါဝင်ပါတယ်။ သွားပြေးတိုက်ပြီးတာတောင် ခံတွင်းနံ့ဆိုးနေတာ တာရှည်လာရင်သွားဖုံးရောဂါလက္ခဏာဖြစ်နေနိုင်ပါတယ်။(၆)သွားမှာ ပြဿနာပေါ်လာခြင်း။သွားပဲ့ခြင်း၊ သွားကျိုးခြင်း၊ သွားကရှည်ထွက်လာသလိုဖြစ်ခြင်း တို့လို ပုံမှန်မဟုတ်တဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။ သွားကရှည်ထွက်လာသလိုထင်ရတာက သွားဖုံးတွေကျုံ့သွား/တိုသွားတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါတွေက သွားဖုံးရောဂါရဲ့လက္ခဏာဖြစ်နေနိုင်ပေမယ့် သွားကျွတ်တဲ့အဆင့်ကိုရောက်ရင်တော့ အန္တရာယ်အဆင့်ကိုရောက်နေပြီဖြစ်ပါတယ်။ သွားဖုံးတစ်ရှူးတွေနဲ့မေးရိုးကိုထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံးကုသဖို့လိုပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ နှလုံးရောဂါ၊လေဖြတ်ခြင်းနဲ့တခြားရောဂါတွေဖြစ်လာနိုင်လို့ပါပဲ။(၇)သွားအရောင်ပြောင်းလာခြင်း။သွားအရောင်ပြောင်းလာတယ်စေတဲ့အကြောင်းရင်းထဲမှာ ကော်ဖီ၊လက်ဖက်ရည်သောက်တာများလို့၊ ဆေးလိပ်သောက်လို့၊အသက်အရွယ်ကြောင့်၊ မျိုးဗီဇကြောင့်၊ ထိခိုက်မှု သို့မဟုတ်ဆေးဝါးတွေကြောင့်စတဲ့ အကြောင်းရင်းတွေလည်းပါဝင်ပါတယ်။ဒီလက္ခဏာတွေရှိနေရင်တော့ သွားမှန်မှန်တိုက်ပြီး သန့်ရှင်းရေးကိုဂရုစိုက်သင့်ပြီနော်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%99%e1%80%bd%e1%80%ac-%e1%80%bb%e1%80%95/
ခံတွင်းကျန်းမာစေမယ့် အမူအကျင့် ၈ ခု
သွားတိုက်မယ်၊ သွားပွတ်ကြိုးအသုံးပြုမယ်၊ ပလုတ်ကျင်းမယ်ဆိုတာတွေက မဖြစ်မနေလုပ်ကိုလုပ်ရမယ့် အခြေခံအကျဆုံးသွားနဲ့ခံတွင်းထိန်းသိမ်းမှုနည်းလမ်းတွေပေါ့။တစ်နေ့တာလုံးလူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာအရေးပါတဲ့ ခံတွင်းကျန်းမာဖို့က အရေးကြီးပါတယ်။ ခံတွင်းကျန်းမာနေမှခံတွင်းနံ့ဆိုးကင်းစင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးသလိုပတ်ဝန်းကျင်ကသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ကင်းမှာပါ။သွားနဲ့ခံတွင်းကျန်းမာရေးအတွက်နောက်ထပ်ဂရုပြုရမယ့်အချက်ကတော့ သွားနဲ့ခံတွင်းကိုထိခိုက်စေမယ့်အမူအကျင့်တွြေဖစ်တဲ့ဆေးလိပ်သောက်တာ အချိုတွအများကြီးစားတာ၊သွားနဲ့ခံတွင်းကို သန့်ရှင်းရေးမလုပ်တာမျိုးကိုရှောင်ရှားဖို့ပါ။ ဒီတော့ သွားနဲ့ခံတွင်းကျန်းမာစေဖို့မွေးမြူသင့်တဲ့ အကျင့်တွေရှိနေပါတယ်။ ဒီနေရာမှာမေးစရာရှိနေတာက သွားနဲ့ခံတွင်းကျန်းမာဖို့အတွက် သီးသန့်ဂရုစိုက်မွေးမြူရမယ့် အကျင့်တွေရှိနေတာလားပေါ့။ သွားနဲ့ခံတွင်းကျန်းမာစေမယ့် အမူအကျင့်တွေကရှိနေပါတယ်။သွားနဲ့ခံတွင်းကျန်းမာစေဖို့မွေးမြူရမယ့် အမူအကျင့်တွေက အရမ်းကြီးမခက်လှပါဘူး။ ပုံမှန်လုပ်နေကျအမူအကျင့်တွေကို နည်းနည်းသတိထားပေးလိုက်ရင်ကိုရပါပြီ။(၁) သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်တဲ့အစားအစာတွေစားသုံးပေးပါ-နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အချိုများတဲ့အစားအစာတွေနဲ့သွားမှာကပ်နိုင်တဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။ ပထမဆုံးလုပ်ရမှာက အချိုများတဲ့ စားစရာသောက်စရာတွေကို နည်းနည်းချင်းလျှော့စားသွားပါ။ အရင်ကတည်းက အချိုများတဲ့ အစားအစာတွေကို မကြိုက်တာဆိုရင်တော့ အိုကေပေါ့။ သွားနဲ့ခံတွင်းအတွက် အထောက်အပံ့ပေးနိုင်မယ့် ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် D တို့ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ။(၂) တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ– ဒါကပြောတော့သာလွယ်တာ၊ တကယ်လုပ်ဖို့ကျခက်တယ်နော်။နေ့စဉ် အလေ့အကျင့်မွေးမြူပေးမှရမှာပါ။ မနက်တစ်ကြိမ်ကတော့ လူတိုင်း သွားတိုက်ဖြစ်ပေမယ့် ညအိပ်ရာဝင်ခါနီးကိုတော့ သွားမတိုက်ဖြစ်ကြပါဘူး။ ဒါကြောင့် မနက်နိုးရင်တစ်ကြိမ် ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်တတ်တဲ့အလေ့အကျင့်ကိုမွေးမြူပေးပါ။(၃) အစားစားပြီးတိုင်း ပလုတ်ကျင်းပါ –အစားစားပြီးတိုင်း ပလုတ်ကျင်းတာကအလေ့အကျင့်ကောင်းတစ်ခုပါ။ ဒီလိုလုပ်ပေးတာက ခံတွင်းထဲမှာ အစားအစအနတွေကျန်မနေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာစေဖို့ဆိုရင် အစားစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။(၄)သွားတိုက်နည်းမှန်ကန်အောင်လုပ်ဆောင်ပါ –သွားတိုက်တဲ့အခါ သွားတိုက်တဲ့ပုံစံမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါဖြည်းဖြည်းညင်ညင်သာသာနဲ့သေချာသန့်ရှင်းပေးပါ။ သွားတိုက်တဲ့အခါ သွားမှာကပ်ညှိနေတဲ့ သွားချေးနဲ့အခြားသောအရာတွေကို ဖယ်ရှားနိုင်ဖို့အတွက် စက်ဝိုင်းပုံစံတိုက်ပေးပါ။ သွားတိုက်နည်း ပုံစံမှန်မှလည်း သွားနဲ့သွားဖုံးရောဂါတွေကို ကာကွယ်နိုင်မှာပါ။(၅) ခံတွင်းသန့်ရှင်းတဲ့အခါ လျှာကိုပါ သန့်ရှင်းပေးပါ –လျှာမှာလည်းကပ်ညှိနေတာတွေရှိနိုင်ပါတယ်။ ဒီအရာတွေကခံတွင်းနံ့ကိုဆိုးစေရုံတင်မဟုတ်ဘဲ အခြားသော သွားနဲ့ခံတွင်းပြဿနာတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါတိုင်း သွားတွေကိုတိုက်ပြီးပြီဆိုရင် လျှာကိုလည်း သွားပွတ်တံနဲ့ သန့်စင်ပေးပါ။(၇)ရေများများသောက်ပါ –ရေကကျန်းမာရေးအလုံးစုံအတွက် အကောင်းဆုံးသောသောက်သုံးစရာအဖြစ် ရပ်တည်နေဆဲပါပဲ။ အသားအရေ၊ ဆံသား၊ ကိုယ်ခံအားတွေအတွက်တင်မဟုတ်ပါဘူး။ သွား၊ သွားဖုံး နဲ့ ခံတွင်းကျန်းမာစေဖို့အတွက်လည်းရေကအဓိဇာတ်လိုက်ပါ။ ဒီတော့နေ့စဉ်ရေဓါတ်ပြည့်ဝအောင်သောက်သုံးပေးပါ။ ခံတွင်းနဲ့သွားအတွက်ဆိုရင်တော့ အစားစားပြီးတိုင်းရေသောက်ပေးဖို့ပြောပါရစေ။(၈) တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ် သွားဆေးခန်းပြပါ –ဒီအချက်ကလည်း ချန်ထားခဲ့လို့လုံးဝမဖြစ်တဲ့ အရေးပါတဲ့အချက်တစ်ခုပါ။ သွားတွေကိုက်မှ ကျိုးမှဆိုတာထက် သွားနဲ့ခံတွင်းပြဿနာမရှိလည်း အနည်းဆုံး တစ်နှစ်ကို နှစ်ကြိမ်သွားဆေးခန်းသွားပြပြီး လိုအပ်တဲ့ ကုသမှုတွေခံယူပေးပါ။အခုပြောခဲ့တဲ့အမူအကျင့်လေးတွေကို ကိုယ်ပိုင် အလေ့အထလေးတွေဖြစ်လာအောင်မွေးမြူပျိုးထောင်ပြီး သွားနဲ့ခံတွင်း ကျန်းမာရေးကိုစောင့်ရှောက်လိုက်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%85%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%a1%e1%80%99/
အားဆေး သောက်စရာ တကယ်မလိုဘူးလား ။ ။
ကိုယ်နေ့တိုင်းစားနေတဲ့ ထမင်းတွေ၊ ဟင်းတွေကနေဗီတာမင်နဲ့ သတ္တုဓါတ်ေတွအကုန်ရနေတာပဲ။ ကိုယ်ကလည်း စားနိုင်နေတာပဲ ဘာကြောင့် အားဆေး တွေ ထပ်သောက်ဖို့လိုဦးမှာလဲ ဆိုပြီး မရှင်းဖြစ်နေကြတဲ့သူတွေအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ အားလုံးသိချင်နေကြတဲ့ မေးခွန်းတွေအတွက် အချက် ၅ ချက်နဲ့ ဖြေပြပေးချင်ပါတယ်။ဗီတာမင်နဲ့ သတ္တုဓါတ်ေတွအာလုံး ရနိုင်ဖို့အတွက် အစားအစားတွေအားလုံးကို မျှတအောင်စားပေးရမှာ မှန်ပေမယ့် လူတွေက သူတို့ကြိုက်တာကိုပဲ ပိုစားကြတဲ့သူချည်းပါ။အသားကြိုက်တဲ့သူတွေက အသားတွေချည်းစားမိမယ်၊သတ်သတ်လွတ်သမားေတွကလည်း အသားမစားဘူး။ ဒီလိုနဲ့ စားစရာ အသီးသီးကရတဲ့အာဟာရဓါတ်တွေ မစားဖြစ်တော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေချို့တဲ့ကုန်ရော။ ။ခေတ်မီ စိုက်ပျိုးရေး စနစ်မှာသဘာဝမြေသြဇာသုံးပြီး စိုက်ပျိုးရေးလုပ်တဲ့ တောင်သူဦးကြီးတွေ အရမ်းရှားသွားပါပြီ။ သီးနှံအထွက်ကောင်းဖို့၊ အရွယ်ကြီးဖို့အတွက် တွင်တွင်သုံးကြတဲ့ဓါတ်မြေသြဇာေတွကြောင့် အသီးအနှံ၊ အစားအသောက်တွေထဲ ပါတဲ့ အာဟာရဓါတ်တွေ အကုန် ပျက်စီးကုန်ကြပါတယ်။ ကိုယ်ဘယ်လောက် စားစား ရသင့်တဲ့ အာဟာရတွေ မရတော့တဲ့အတွက်ဖြည့်စွက်အားဆေးေတွဆိုတာ ပေါ်လာရတာပါ။အသက်ကြီးလာတော့ ခန္ဓါကိုယ် ယန္တရားကြီးက အရင်ကလို စွမ်းအင်တွေထုတ်ပေးလိုက်၊ အစားအစာတွေ ဖြိုခွဲပြီး အာဟာရစုပ်ယူလိုက်၊ လိုအပ်တာတွေကို သိမ်းထားလိုက်ဆိုတာမျိုးတွေကို တက်တက်ကြွကြွ မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် အသက်ကြီးရင် အစားစားချင်စိတ်လည်း နည်းသွားတဲ့အတွက်ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့တာပိုပြီးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖြည့်စွက် အားဆေးတွေ သောက်ဖို့ အသက်ကြီးတဲ့သူတွေက ပိုတောင် လိုအပ်ပါတယ်။ဖြည့်စွက်အားဆေးတွေဆိုတာ မကောင်းတဲ့ ဓါတုပစ္စည်းတွေကိုဓါတ်တိုးဆန့်ကျင်ေပးတဲ့ဗီတာမင် A,C,E တို့ကို အဓိကထားပါဝင်အောင် ထုတ်လုပ်ထားတာပါ။ ဗီတာမင် A,C,E ပါတဲ့ အစားအစာတွေကို နေ့တိုင်း စားဖြစ်ချင်မှ စားဖြစ်မှာပါ။ ဒါပေမယ့် ဗီတာမင် A,C,E ပါတဲ့ ဖြည့်စွက်အားဆေးတွေကိုတော့ တစ်နေ့တစ်လုံးမှန်မှန်သောက်ပေးလို့ရပါတယ်။ အများကြီးလိုက်ဝယ် လိုက်စားနေစရာမလိုပါဘူး။ ဆေးလေးတစ်တောင့်ကို တစ်နေ့တစ်လုံး သောက်ပေးရုံပါပဲ။ ဒါဆို မကောင်းတဲ့ ဓါတု ပစ္စည်းတွေ သွေးထဲစုနေမှာကို စိတ်ပူစရာ မလိုတော့ဘူးနော်။ ။အသက်ကြီးလာရင် အဖြစ်များတတ်တဲ့ နှလုံးရောဂါ၊သွေးတွင်း အဆီများတဲ့ရောဂါ၊ တွေလိုမျိုး ကုသဖို့ ဈေးကြီးတဲ့ရောဂါတွေ မဖြစ်အောင်လည်း ဖြည့်စွက်အားဆေးတွေက ကြိုတင်ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်၊ ကျန်းမာရေးနဲ့ညီညွတ်တာတွေလည်းစား၊ အားဆေးလည်းတစ်နေ့တစ်လုံး ပုံမှန်သောက်လို့ကတော့သင့်ကျန်းမာရေး ဒေါင်ဒေါင်မြည်နေမှာ အသေအချာပါ။ ။ကဲ ဒီလောက်ဆို ဖြည့်စွက် အားဆေး လေးတွေ ဘာကြောင့် သောက်ပေးဖို့လိုအပ်လဲဆိုတာ သိသွားကြပြီလို့ထင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/supplements/
အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ
အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ က ဘာတွေ ဖြစ်မလဲ။ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်တဲ့အခါအမျိုးသားတွေဟာ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရှိနေတဲ့တိုင်အောင် ဆရာဝန်နဲ့ သွားရောက်ပြသခြင်းမရှိတာကို တွေ့ရပါတယ်။ နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုများ မပြုလုပ်ခြင်း၊ အချို့သော ကျန်းမာရေးလက္ခဏာများကို လျစ်လျူရှုခြင်း၊ လိုအပ်သည့်အခါမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လက်တွန့်ခြင်းကြောင့် မလိုအပ်ဘဲ ရောဂါဒဏ်ကို ပိုခံရတဲ့အပြင် အသက်ဆုံးရှုံးမှုလည်း ပိုဖြစ်နိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ အမျိုးသားများ လုံးဝမပေါ့ဆသင့်တဲ့ ကျန်းမာရေးလက္ခဏာများကို ပြောပြသွားမှာဖြစ်ပြီး ဒီလက္ခဏာတွေထဲက တစ်ခုခုကို ကိုယ်အမြဲ ကြုံတွေ့ခံစားနေရတယ်ဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ ကတော့။ရင်ဘတ်အောင့်တယ်၊ အသက်ရှူမဝဘူးဆိုတာ ပုံမှန်ကျန်းမာနေတဲ့ သူတစ်ယောက်မှာ မတွေ့ရတဲ့ လက္ခဏာပါ။ အဆုတ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းချက်တွေ ရှိနေတာ၊ နှလုံးသွေးကြောကျဉ်းတာမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားလက္ခဏာအနေနဲ့။ကိုယ်အလေးချိန် ရုတ်တရက်တက်လာတယ်ဆိုတာအထိုင်များတာ၊ အဆီအစိမ့်စားတာ စတာတွေကြောင့်လည်း ဖြစ်နိုင်သလို အဆီနည်းပြီး ကြွက်သားထုတက်လာလို့ ကိုယ်အလေးချိန် တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျတာမှာတော့ နည်းနည်းပြဿနာရှိပါတယ်။ ပေါင်ချိန်တစ်ဝက်နည်းပါးကို လပိုင်းလေးအတွင်းမှာ ကျသွားတာဆိုရင်တော့ ကင်ဆာရောဂါ သို့မဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ၊ကိုယ်ခံအားမှာ ချို့ယွင်းမှုတစ်ခုခု ရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ဝမ်းရဲ့ အရောင်အဆင်းသည် ကိုယ်စားလိုက်တဲ့အစားအစာပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းအမည်း၊ သွေးပါတဲ့ ဝမ်းတွေ သွားတယ်ဆိုတာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိတဲ့ လက္ခဏာတွေပါ။ တစ်ရက်၊ နှစ်ရက်လောက်ပဲ မည်းပြီး နောက်ရက်မှာ ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားတယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပါဘူး။ဝမ်းအမည်းတွေဟာအစာအိမ်အူလမ်းကြောင်းအပေါ်ပိုင်းမှာ သွေးယိုစီးတာကို ပြနေတာ ဖြစ်နိုင်သလို သွေးဝမ်းသွားခြင်းဆိုတာ မကြာခဏ ဝမ်းချုပ်လွန်းတာ သို့မဟုတ် အစာအိမ်အူလမ်းကြောင်း အောက်ပိုင်းမှာ သွေးယိုစီးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရောင်အနည်းငယ် ဖျော့တယ်ဆိုရင်တော့ အသည်း သို့မဟုတ် သည်းခြေပြွန်မှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့သွားပြသပြီး သွေးဝမ်းသွားတဲ့အခြေအနေ၊ လိပ်ခေါင်းရှိမရှိ သို့မဟုတ် အစာအိမ်မှာ အနာ ပေါက်နေသလားဆိုတာကို စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ရေများများသောက်လို့ ဆီးမကြာခဏသွားတာမျိုးမဟုတ်ဘဲ အကြောင်းမရှိ ဆီးခဏခဏ ထသွားနေတာ၊ နည်းနည်းနဲ့ ခဏခဏသွားတာ၊ဆီးသွားပြီးသည့်တိုင်အောင် ဆီးသွားချင်စိတ်က ကျန်နေသေးတာ စတဲ့ ပြဿနာတွေဟာ ဆီးချိုရောဂါရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ဆီးကျိတ်ကြီးသူတွေမှာ မကြာခဏ ဆီးသွားချင်တာအပြင် ဆီး သို့မဟုတ်သုက်ရည်ထဲ သွေးပါနေခြင်း၊ တင်ပဆုံရိုးနေရာတစ်ဝိုက်မှာ နေရတာမသက်သာခြင်း စတဲ့ ပြဿနာတွေပါ တွေ့ရတတ်ပါတယ်။ အသက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။အမျှင်စားသုံးမှုနည်းသူတွေ၊ ရေသောက်နည်းသူတွေ၊ အသက် (၅၀) နဲ့အထက် လူကြီးပိုင်းတွေမှာ ဝမ်းချုပ်တာ အဖြစ်များပါတယ်။ တစ်ခါတရံ ဝမ်းချုပ်တာ ပြဿနာမရှိပေမယ့် နေ့စဉ်ရက်ဆက်ဝမ်းချုပ်တာက ကျန်းမာရေးအရ တစ်ခုခု ချို့ယွင်းတာလည်း ဖြစ်နိုင်သလို ဝမ်းချုပ်ခြင်းကြောင့်လည်း နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်တာမျိုးလည်း ရှိပါတယ်။ဝမ်းချုပ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့စအိုကွဲခြင်း၊ စအိုလမ်းကြောင်း ပွန်းပဲ့ထိခိုက်မိခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အစာအိမ်ထဲမှာ အကျိတ်တွေ ဖြစ်နေပြီး အူမကြီးကို ပိတ်မိသွားတဲ့အခါမှာလည်း ဝမ်းချုပ်တတ်ပါတယ်။ပန်းသေပန်းညှိုးဆိုတာ အသက်ကြီးပိုင်းအမျိုးသားတွေမှာ ကျားဟော်မုန်း ကျဆင်းခြင်းကြောင့် ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးပါ။ လူငယ်တွေမှာတော့ နေထိုင်စားသောက်မှုပုံစံ မှားယွင်းတာ၊ သွေးတွင်း အဆီနဲ့ ကိုလက်စထရော များလွန်းတာ၊ အိပ်ချိန်နည်းတာ၊ လှုပ်ရှားမှုမရှိတာကြောင့် လိင်တံထောင်မတ်နိုင်မှု ကျဆင်းတာမျိုး ကြုံရတတ်ပါတယ်။နောက်ထပ် သတိထားရမှာတစ်ခုကတော့ လူငယ်ပိုင်းတွေမှာ လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်းဟာ စိတ်ဖိစီးမှု၊ စိုးရိမ်မှုလွန်ကဲခြင်း၊ စိတ်ကျရောဂါ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေရခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ရောဂါဆိုတာ လူ့ခန္ဓာကိုယ်ကို ဆိုးရွားတဲ့ သက်ရောက်မှုမျိုး ဖြစ်စေတဲ့အတွက် မိမိကိုယ်ကို ထိန်းချုပ်တာ သို့မဟုတ် နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်နဲ့ သွားရောက်ပြသပြီး စိတ်ကုထုံး ခံယူတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။ရင်ပူတယ်ဆိုတာ အစာအိမ်ကနေ စားချင့်ရည်ပြန်ကန်တက်ခြင်းကြောင့် ဖြစ်ရတာပါ။ ပုံမှန် အဆီအစိမ့်တွေ အလွန်အကျွံ စားပြီးရင် ရင်ပူတာဖြစ်တတ်ပေမယ့် အကြောင်းရင်းမရှိဘဲ မကြာခဏ ရင်ပူတာမျိုးဆိုရင်တော့ ကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။GERD လို့ ခေါ်တဲ့ အစာအိမ်အူလမ်းကြောင်းစားချဉ့်ရည်ပြန်ကန်တက်တဲ့ ရောဂါသည် အကြောင်းရင်းမရှိဘဲ အစာအိမ်မှ စားချဉ်ရည်က လည်ချောင်းအထိ နောက်ပြန်စီးဆင်းတဲ့အတွက် ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။ မကုသဘဲ ပစ်ထားမယ်ဆိုရင် စားချဉ်ရည်အက်စစ်ဟာ လည်ချောင်းမှာရှိတဲ့ တစ်ရှူး​တွေကို ပျက်စီးစေပြီး ယားယံကာ အနာပေါက်စေနိုင်ပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ဟောက်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာတော့ ရယ်စရာဟာသတစ်ခုလို ပြက်ရယ်ပြုတတ်ကြပေမယ့် တကယ်ဖြစ်နေသူအနေနဲ့ အသက်အန္တရာယ် ကြီးမားစွာ ဖြစ်စေနိုင်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ အဓိက အိပ်ပျော်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားခြင်းကြောင့် ပါးစပ်ကနေ လေတွေ ပြန်ကန်တက်လာတဲ့အတွက် ဟောက်သံဖြစ်ပေါ်လာရတာပါ။ဟောက်တတ်သူတွေမှာ အိပ်ချိန်အပြည့်အဝရခဲ့ရင်တောင် မနက်နိုးလာရင် အိပ်ရေးမဝဘဲ ပင်ပန်းနုံးချိနေတတ်ခြင်း၊ အန္တရာယ်များလွန်းတဲ့အခြေအနေမှာ အိပ်နေစဉ် အသက်ရှူရပ်ပြီး သေဆုံးသွားနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အဝလွန်သူတွေ၊ အမျိုးအစား (၂) ဆီးချိုရောဂါရှင်တွေမှာလည်း ပိုဖြစ်နိုင်ခြေရှိပါတယ်။လေ့ကျင့်ခန်းလုပ်လို့ ရင်အုပ်ကြွက်သား ကြီးထွားလာတာမျိုး မဟုတ်ဘဲ နို့ဆူထွက်လာပြီး အမျိုးသမီးများကဲ့သို့ ရင်သားကြီးလာတဲ့ပုံစံမျိုးပါ။စိတ်ဖိစီးမှုများလွန်းတာ၊ ကျားဟော်မုန်း ကျဆင်းပြီး မဟော်မုန်းတွေ တိုးလာတာ၊ ရင်သားကင်ဆာကြောင့် ရင်သားကြီးလာနိုင်ပါတယ်။ ရင်သားကို စမ်းသပ်ကြည့်လို့ အဖုအလုံး စမ်းမိတာ၊ တစ်ရှူးများ မာပြီး ခဲနေသလို ခံစားမိတာ၊ အနီရောင်နို့သီးခေါင်းက အမည်းရောင်ကို ပြောင်းလဲသွားတာ၊ နို့သီးခေါင်းထိပ်ကနေ နို့တွေ ထွက်လာတာ စတဲ့ လက္ခဏာများတွေ့ရပါက ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ဒီလက္ခဏာ (၉) ခုကတော့ အမျိုးသားများ လုံးဝမပေါ့ဆသင့်တဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ (၂၁) ရာစုလို ခေတ်မီတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရောဂါတစ်ခုခု ခံစားနေရတာကို ဘယ်သူမှ ဖွင့်မပြောဘဲ ကိုယ့်ဘာသာ ကျိတ်ပြီးခံစားနေလို့တော့ ဘာအကျိုးထူးမှ မရပါဘူး။ တစ်ခုခု စိတ်ထဲမှာ မသင်္ကာရင် ဆရာဝန်နဲ့ အမြန်ပြပြီး စစ်ဆေးကုသမှုခံယူပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/symptoms-that-men-should-not-ignore/
အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ
မျက်လုံးတွေက ကြည့်ရင်းနဲ့ ကျိန်းစပ်လာတယ်။ အာရုံစိုက်ရတာလည်း အတော်လေး ခက်နေတယ်။အိပ်ငိုက်တာမဟုတ်ဘဲ မျက်လုံးတွေ က ဝေဝါးလာပြီဆိုရင် အိပ်ရေးများ ပျက်ထားလားဆိုတာကို သေချာ စဉ်းစားကြည့်ပါ။ညဘက်တွေမှာအိပ်ရေးပျက်တာကအမြင်အာရုံကို ထိခိုက်စေနိုင်သလို တစ်နေ့တာ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရာမှာလည်း အာရုံစိုက်ဖို့ ခက်ခဲပြီး မျက်လုံးတွေက အရမ်းပင်ပန်းနေတာမျိုး ခံစားရနိုင်ပါတယ်။ဒီတစ်ခေါက်တော့ အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ သက်သာစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါသက်သာစေဖို့ အခုလို နည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။အိပ်ရေးပျက်ထားတာကြောင့်မျက်လုံးတွေ ပင်ပန်းနေချိန်မှာ တီဗွီ၊ ကွန်ပျူတာ၊စမတ်ခ်ဖုန်းလိုမျိုး စခရင်မ်တွေကို ထိတွေ့တာက မျက်လုံးတွေကို ပိုပင်ပန်းစေနိုင်ပါတယ်။ဒါကြောင့် မျက်လုံးတွေ ပင်ပန်းနေချိန်မှာ စခရင်မ်တွေကို မကြည့်ဘဲနဲ့ အနားပေးလိုက်ပါ။ မဖြစ်မနေ အလုပ်လုပ်ဖို့ လိုမယ်ဆိုရင်လည်း 20-20-20 rule ကို အသုံးပြုပေးပါ။ သဘောကတော့ စခရင်မ်ကြည့်တာ မိနစ် ၂၀ကြာတိုင်းမှာ ပေ ၂၀ အကွာက အရာဝတ္ထု တစ်ခုခုကို မိနစ် ၂၀ ကြည့်ပေးဖို့ပါ။ မဟုတ်ရင်လည်း ခါးကို မတ်မတ်လေး ထိုင်ပြီး ခြေလက်တွေကို ဆန့်လို့ မျက်လုံးကို ခဏလောက် ပိတ်ထားပေးပါ။ စိမ်းစိမ်းစိုစို မြင်ကွင်းလေးတွေကို ကြည့်ပေးလို့လည်း ရပါတယ်။အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်နေချိန်မှာ ဓာတ်မတည့်စေတဲ့အရာတွေနဲ့ ထိတွေ့တာက မျက်လုံး ကျိန်းစပ်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ဓာတ်မတည့်တာကြောင့်မျက်လုံးတွေ ကျိန်းစပ်တာ၊ ယားယံတာ၊ ရောင်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ မျက်လုံးကို ရေဓာတ်ဖြည့်ဖို့ လိုပါမယ်။ ဒါကြောင့် မျက်လုံးကိုမျက်လုံးခြောက်တာကို သက်သာစေဖို့ ထုတ်ထားတဲ့ မျက်စဉ်း ခပ်ပေးလို့ ရပါတယ်။မျက်စဉ်းမရှိဘူးဆိုရင် ရေသန့်သန့်လေး ခပ်ပေးလို့လည်း ရပါတယ်။ ရေများများ သောက်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေများများ သောက်တာကမျက်လုံးကျန်းမာရေးကောင်းစေနိုင်သလို တစ်ကိုယ်လုံး ကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။မျက်လုံးတွေ အရမ်း ကျိန်းစပ်လာပြီဆိုရင် လက်ဖဝါး နှစ်ဖက်ကို သေချာ သန့်စင်အောင်ဆေးပြီး ခြောက်သွေ့အောင် သုတ်လို့ တော်တော်လေး ပူလာတဲ့အထိ ပွတ်ပေးပါ။ ပြီးရင် မျက်လုံးပေါ်မှာ အပူငွေ့ ကုန်သွားတဲ့အထိ အုပ်ထားပေးပါ။ဒီလို အုပ်ထားချိန်မှာ မျက်လုံးကို မှိတ်ထားပေးပါ။မျက်လုံးကို ရေအေးဝတ်ကပ်တာ၊ ရေအေးအေးလေးနဲ့ သစ်ပေးတာတွေကလည်း အိပ်ရေးပျက်တာကြောင့်မျက်လုံး ကျိန်းစပ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေ အရမ်း ပင်ပန်းနေမယ်ဆိုရင်မျက်လုံး ကြွက်သားတွေကို ပြေလျော့စေဖို့ ရေအေးဝတ်ကပ်ပေးတာ။ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာကလည်း သက်သာစေမယ့် နည်းလမ်းလေးတွေပါ။အိပ်ရေးပျက်တာကြောင့် မျက်လုံး ကျိန်းစပ်တာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ရပ်ကတော့ အိပ်ရေးဝဝ အိပ်လိုက်တာပါ။ မျက်လုံးကို လုံလုံလောက်လောက် အနားပေးနိုင်ဖို့ တရေးလောက်အိပ်ရေးဝဝအိပ်လိုက်ပါ၊၊။ကဲ …….. အိပ်ရေးပျက်တာကြောင့် မျက်လုံးကျိန်းစပ်နေပြီဆိုရင်တော့ ဒီနည်းလေးတွေ သုံးပြီး ဖြေရှင်းဖို့ ပြောပါရစေ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/remedy-for-eye-pain-due-to-lack-of-sleep/
ကလေးအတွက် ဘေးကင်းတဲ့ ကစားစရာလေးတွေ ဘယ်လိုရွေးမလဲ
ကစားစရာတွေနဲ့ ကလေးတွေဆိုတာ ခွဲထားလို့မရတဲ့ သူငယ်ချင်းတွေပါပဲ။ ကလေးတွေရဲ့ပျော်ရွှင်မှု၊ တက်ကြွမှု၊ ဖွံ့ဖြိုးမှုတွေကို ကစားစရာပစ္စည်းလေးတွေက အထောက်အကူပြုနေသလို ကလေးဘဝရဲ့အမှတ်တရများစွာကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ကလေးပစ္စည်းအရောင်းဆိုင်တွေရောက်ရင် အသစ်အဆန်းလေးတွေ၊ ကိုယ့်ကလေးကြိုက်လောက်တဲ့ အမျိုးအစားတွေမြင်ရင် ဝယ်ချင်လာကြမှာ မိဘတိုင်းပါပဲ။ဆွေမျိုးတွေနဲ့မိတ်ဆွေတွေကလည်း ကလေးအတွက်ကစားစရာလက်ဆောင်တွေပေးကြမှာပဲ။ သူကလေ အိမ်မှာ ကစားစရာတွေ၊ အရုပ်တွေပုံနေတာ၊ အရုပ်သူဌေး ဆိုပြီး မိဘတွေကပြောတတ်ကြပါတယ်။ ကလေးမှာ ကစားစရာများတိုင်း အကုန်ပေးမကိုင်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကလေးတွေအတွက်ဘေးကင်းစိတ်ချရစေဖို့ အသက်အပိုင်းအခြားအလိုက် ခွဲခြားထားတဲ့ကစားစရာတွေကိုပဲပေးသင့်ပါတယ်။ ဥပမာ ပလတ်စတစ်ဓါးလို အရာမျိုးကို တစ်နှစ်ဝန်းကျင်ကလေးကို မပေးသင့်တာမျိုး။ကလေးငယ်လေးတွေအတွက် အရေးကြီးဆုံးကဘေးအန္တရာယ်ကင်းကင်းနဲ့ကြီးပြင်းလာဖို့ဖြစ်တဲ့အတွက် ကစားစရာရွေးချယ်ရာမှာလည်း ကလေးနှစ်သက်တာ၊လှတာ၊ဈေးကြီးတာတွေထက်ဘေးကင်းရေးကိုပိုအလေးထားသင့်ပါတယ်။ ဒါဆိုကလေးအတွက် အန္တရာယ်ကင်းတဲ့ကစားစရာဘယ်လိုရွေးရမလဲ။ သိပ်တော့မခက်ပါဘူး။ ဒီအချက်လေးတွေဖတ်ထားရင်ပဲတော်တော်လုံလောက်နေပါပြီ။ခဲဓါတ်ပါတာတွေရှောင်ပါ။ခဲဓါတ်ကို အိမ်သုတ်ဆေးတွေထုတ်လုပ်ရာမှာထည့်သွင်းအသုံးပြုလေ့ရှိပြီး ကလေးကစားစရာတွေမှာတော့ သုံးတဲ့ဆေးရောင်၊ ပလတ်စတစ် ဒါမှမဟုတ် သံသတ္တုတွေမှာပါတဲ့ခဲဓါတ်ကိုတွေ့ရတတ်ပါတယ်။ သတ္တု သို့မဟုတ် ပလတ်စတစ်တွေနဲ့လုပ်တဲ့ အရုပ်ကားလေးတွေ၊ စက်ရုပ်တွေမျိုးကို နည်းနည်းအရွယ်ကြီးလာတဲ့ ကလေးတွေဆို သိပ်စိတ်မပူရပေမယ့်တွေ့ရာပါးစပ်ထဲကောက်ထည့်တတ်တဲ့ ကလေးပိစိတွေနဲ့တော့ မဖြစ်ပါဘူး။ ခဲဓါတ်ပါတဲ့ကစားစရာကို လျှာနဲ့လျက်မိတာ၊ ပါးစပ်ထဲထည့်ထားတာ၊ ကိုက်ဝါးနေတာတွေကတဆင့် ခဲဆိပ်သင့်နိုင်ပါတယ်။အရည်အသွေးညံ့တဲ့ပလတ်စတစ်ကစားစရာတွေ မပေးပါနဲ့။ကလေးက တစ်ခါဆော့ပြီးပစ်ထားမှာ၊ ခပ်ပေါပေါတွေဝယ်ပေးထားမယ်၊ ပျက်လည်းလွှင့်ပစ်လိုက်ရုံပဲလို့ သဘောမထားကြပါနဲ့။ တန်ဖိုးရှိတဲ့ကစားစရာတစ်ခုထက်ဈေးချိုတဲ့ကစားစရာငါးခုလောက်ပဲဝယ်ပေးလိုက်ရင် ကလေးကပိုပျော်ရင်ပျော်ပါလိမ့်မယ်။ ဒါပေမယ့်ဘေးကင်းစိတ်ချရဖို့အတွက်ကတော့ မဖြစ်နိုင်ဘူး။ အဲဒီပစ္စည်းတွေမှာ အန္တရာယ်ရှိဓါတုပစ္စည်းတွေ၊ အဆိပ်သင့်စေမယ့်ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားတာဖြစ်နိုင်ပါတယ်။PVC (polyvinyl chloride) မပါတာကိုရွေးပါ။အသုံးများတဲ့ ဒီပလတ်စတစ်မှာvinyl chloride၊ dioxin နဲ့ phthalates တို့လို အန္တရာယ်ရှိဓါတုပစ္စည်းတွေပါဝင်နိုင်ပါတယ်။ အဲဒီဓါတုတွေက ပန်းနာရင်ကျပ်၊ဓါတ်မတည့်မှုတွေနဲ့လည်း ဆက်နွှယ်နေပါတယ်။ ကလေးကစားစရာတွေမှာအသုံးများကြပေမယ့်PVC-free ကစားစရာတွေလည်းရှိပါတယ်။ ကစားစရာဝယ်ရင် label မှာသေချာဖတ်ပါ။BPA (bisphenol A) မပါတာကိုရွေးပါ။ပလတ်စတစ်အရုပ်တွေနဲ့ တစ်ခါသုံးအအေးခွက်တွေမှာသုံးတတ်တဲ့ ဓါတုပစ္စည်းBPA က ကလေးငယ်တွေမှာ ဖွံ့ဖြိုးမှုပိုင်းထိခိုက်စေနိုင်ပြီး အာရုံစိုက်နိုင်စွမ်းရောဂါတွေ၊ ကင်ဆာ၊ ပျိုဖော်ဝင်စောစေခြင်းနဲ့ အဝလွန်ခြင်းတွေဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် Plan toys၊ Wonder world အမှတ်တံဆိပ်တွေလိုအဆိပ်သင့်ဓါတုပစ္စည်းတွေကင်းပြီး ဘေးကင်းမှုကိုစိတ်ချရတဲ့ ကစားစရာလေးတွေရှာဝယ်ကြည့်ပါ။ပိစိလေးတွေသတိထားပါ။သုံးနှစ်အောက် ကလေးတွေအတွက်က ကစားစရာအစိတ်အပိုင်းတွေက သူ့ပါးစပ်ထဲထည့်လို့မဆံ့လောက်တဲ့အရွယ်အစားဖြစ်နေသင့်ပါတယ်။ ပါးစပ်ထဲဆံ့လို့ကတော့ကောက်ထည့်လိုက်တာနဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်တဲ့အန္တရာယ်ရှိပါတယ်။ထုတ်လုပ်မှုသေသပ်တဲ့ကစားစရာတွေကိုရွေးပါ။လွယ်လွယ်နဲ့ပြုတ်လွယ်၊ ကျိုးပဲ့လွယ်တဲ့ကစားစရာမျိုးတွေကို ဝယ်မပေးပါနဲ့။ အစ်ကိုတွေ၊ အစ်မတွေ၊ဆွေမျိုးတွေဆီက လက်ဆင့်ကမ်းတဲ့ ကစားစရာအဟောင်းတွေလည်း စိတ်မချရပါဘူး။ သူတို့ဆီကပြုတ်ထွက်လာနိုင်တဲ့ ကြယ်သီး၊ဘက်ထရီ၊ အရုပ်မျက်လုံး၊ ပလတ်စတစ်အပိုင်းအစ စတာတွေက ကလေးရဲ့ပါးစပ်ထဲရောက်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%98%e1%80%b1%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%85%e1%80%ac/
ဆေးဖက်ဝင်တဲ့ ဆေးခြောက်စေ့
ဆေးခြောက်ပင်က ကျန်းမာရေးအတွက် ဆေးဝါးအနေနဲ့ အသုံးပြုလို့ရတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဆေးခြောက်ရွက်ကတင် ဆေးဖက်ဝင်တာမဟုတ်ပါဘူး။ ဆေးခြောက်စေ့ ကလည်း ဆေးဖက်ဝင်ပါတယ်။ဆေးခြောက်စေ့ မှာ အပင်ကနေရတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာအစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေပါ ပါဝင်နေပါတယ်။ဒါ့အပြင် နာကျင်မှု ကိုသက်သာစေနိုင်တဲ့ gamma-linolenic acid (GLA) လည်းပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာပါတဲ့ အမိုင်နိုအက်ဆစ်ကနှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို နှလုံးသွေးကြောတွေတောင့်တင်းတာကြောင့်ရုတ်တရက်နှလုံးရပ်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဆေးခြောက်စေ့ကအရေပြားပြဿနာတွေနဲ့ နာကျင်ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်ပါသေးတယ်။သက်သတ်လွတ်စားသုံးသူတွေအတွက် ပရိုတင်းကြွယ်ဝစွာထောက်ပံ့ပေးနိုင်ပါတယ်။ ဆေးခြောက်စေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကနေ ၃ ဇွန်းစာလောက်မှာ ပရိုတင်းက ၁၁ ဂရမ်အထိပါဝင်နေတာပါ။ဒီပမာဏက အမဲသား၊ သိုးသား ၁.၂ ဂရမ်ကနေ ရရှိတဲ့ ပရိုတင်းပမာဏနဲ့ အတူတူပါပဲ။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ဆေးခြောက်စေ့မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉ မျိုးတောင်ပါဝင်နေပါသေးတယ်။ဒီအမိုင်နိုအက်ဆစ်တွေကို ပုံမှန်အစားအစာတွေကနေရရှိနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အစာချေဖျက်ရာမှာ လွယ်ကူတဲ့ ပရိုတင်းကြွယ်ဝမှုကခန္ဓာကိုယ်ကိုပရိုတင်းလိုအပ်ချက်မရှိအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဆေးခြောက်စေ့မှာပါတဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်မြင့်တက်မှုဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပြီး သွေးတွင်းကိုလက်စထရောပမာဏကိုလည်း အကောင်းဆုံးထိန်းချုပ်ပေးနိုင်ပါတယ်။အမျှင်ဓာတ်ကြွယ်ဝမှုကအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဆေးခြောက်စေ့ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာမှာ အမျှင်ဓာတ်ကတစ်နေ့တာလိုအပ်ချက်ရဲ့ ၁၄.၄ ရာခိုင်နှုန်းအထိပါဝင်နေပြီး အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ဆေးခြောက်စေ့မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ၂၀ ရာခိုင်နှုန်းနဲ့ ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်နေပါတယ်။ ဝမ်းမှန်စေပြီး အူနံရံတွေကို အာဟာရဓာတ်တွေအကောင်းဆုံး စုပ်ယူနိုင်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။လေဒီလေးတွေဟာ တစ်လမှာတစ်ကြိမ်တော့ ရာသီမလာခင်နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း သွေးဆုံးအကြိုလက္ခဏာတွေကို ခံစားရနိုင်ပါသေးတယ် ဆေးခြောက်စေ့ကတော့ ဒီပြဿနာတွေကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။ကိုယ်တွင်းမှာ prolactin လို့ခေါ်တဲ့ ဟော်မုန်းတုံ့ပြန်မှုပြင်းထန်တဲ့အခါမှာ ရာသီမလာခင်နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ ဆေးခြောက်စေ့မှာပါတဲ့ Gamma-linolenic acid (GLA) ကနာကျင်ကိုက်ခဲမှုကိုဖြစ်စေနိုင်တဲ့ prolactinဟော်မုန်းထုတ်လွှတ်မှုကို လျှော့ချပေးနိုင်တဲ့ prostaglandin E1 ပါဝင်နေတာကြောင့် ရာသီမလာခင်မှာဖြစ်တတ်တဲ့ ရင်သားတွေ တင်းတာ၊စိတ်ဓာတ်ကျတာ၊ နာကျင်ကိုက်ခဲတာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ဆေးခြောက်စေ့ကို ပုံမှန်စားသုံးပေးတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါ တယ်။ ဆေးခြောက်စေ့မှာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးကြောတွေကို ပြေလျော့စေနိုင်တဲ့ နိုက်ထရစ်အောက်ဆိုဒ်ကို ထုတ်လွှတ်ပေးနိုင်တဲ့ amino acid arginine ကြွယ်ဝစွာပါဝင်နေပါတယ်။ amino acid arginine ကြွယ်ဝမှုကပဲ နှလုံးရောဂါကိုဖြစ်စေတဲ့ ပြဿနာအရင်းခံတစ်ခုဖြစ်တဲ့ C-reactive protein (CRP) ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဆေးခြောက်စေ့က သွေးတိုးကျစေနိုင်သလို သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရုတ်ရက်နှလုံးမရပ်အောင်ကာကွယ်ပေးသလို ရုတ်တရက်နှလုံးရပ်တာကနေ ပြန်သက်သာလာတဲ့သူတွေကိုလည်း ကျန်းမာအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ဆေးခြောက်စေ့မှာ fatty acids ကြွယ်ဝစွာပါဝင်နေမှုက အသားအရေကျန်းမာစေဖို့ အထောက်အကူပြုပေးနိုင်သလို အရေပြား ပြဿနာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ကိုယ်ခံအားကိုကောင်းစေနိုင်ပြီး အရေပြားခြောက်သွေ့ယားယံတာ၊နှင်းခူအပါအဝင် ပြင်းထန်အရေပြားပြဿနာတော်တော်များများကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။ အသားအရေကျန်းမာစေဖို့ ဘေးကင်းစိတ်ချရတဲ့ သဘာဝရဲ့ လက်ဆောင်တစ်ခုဆိုလည်း မမှားပါဘူး။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-hemp-seeds/
သိုင်းရွိုက်ရောဂါများ (၂) - Radioiodine Therapy (အိုင်အိုဒင်းဓါတ်ရောင်ခြည်ဆေးကုထုံး)
Radioiodine Therapy ဆိုတာဘာလဲ။Radioiodine therapy ဆိုတာ သိုင်းရွိုက်ဂလင်းမူမမှန်ခြင်း (Toxic multinodular goitre) ဖြစ်နေတဲ့ လည်ပင်းကြီးရောဂါခံစားနေရသူတွေ သို့မဟုတ် Graves’ disease ပြန်ပေါ်တဲ့ဝေဒနာရှင်တွေကို ကုသလေ့ရှိတဲ့ ကုထုံးဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အစားအသောက်တွေထဲက ရရှိတဲ့ အိုင်အိုဒင်းကို အသုံးပြုပြီး ဟော်မုန်းထုတ်လုပ်ပေးတာဖြစ်ပါတယ်။ Radioiodine therapy မှာ ရေဒီယိုသတ္တိကြွအာနိသင်ရှိတဲ့ အိုင်အိုဒင်းအမျိုးအစားကိုသုံးတာဖြစ်ပါတယ်။ အဲဒီအိုင်အိုဒင်းက သိုင်းရွိုက်ဟော်မုန်းတွေထုတ်လုပ်မှုနည်းစေဖို့ သိုင်းရွိုက်ဂလင်းထဲမှာစုစည်းပြီး သိုင်းရွိုက်တစ်ရှူးရဲ့တစ်စိတ်တစ်ပိုင်းကိုဖျက်ဆီးပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ လူနာအများစုက ” ရေဒီယိုသတ္တိကြွ ” ဒါမှမဟုတ် “ဓါတ်ရောင်ခြည်”ဆိုတာကြားလိုက်တာနဲ့ ကုသမှုခံယူဖို့ စိုးရွံ့ကြောက်လန့်တတ်ကြပါတယ်။အမှန်တော့ ဒီကုထုံးဟာ အသုံးများတဲ့အပြင် အများကလက်ခံထားပြီးသားကုသမှုပုံစံတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်တည်းက လူနာသန်းပေါင်းများစွာအတွက် အသုံးပြုလာတာပါ။ Radioiodine ကို ဆေးတောင့်ပုံစံ သို့မဟုတ် ဆေးရည်ပုံစံနဲ့ ပေးတာဖြစ်ပြီး ဆေးဒဏ်သိပ်ပြင်းလေ့မရှိတဲ့အတွက် ခံစားရအဆင်မပြေတာတွေမဖြစ်စေနိုင်ပါဘူး။ကုထုံးခံယူဖို့ သင့်တော်ခြင်းရှိမရှိ။Radioiodine ကို အသက် ၁၅ နှစ်-၁၆ နှစ်အထက်ရှိသူ ဘယ်သူ့ကိုမဆို ပေးနိုင်ပါတယ်။ အချက်အလက်တွေအရ ကလေးတွေမှာ ဒီဆေးသုံးတာအရမ်းတွေ့ရခဲပါတယ်။ Radioiodine ကို အသက် ၁၂ နှစ်နဲ့အောက်အရွယ်တွေမှာ အသုံးမပြုရပါဘူး။ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်– Radioiodine က မမွေးဖွားသေးတဲ့သန္ဓေသားနဲ့ မိခင်နို့သောက်သုံးနေဆဲ ကလေးတွေကိုထိခိုက်စေနိုင်တာကြောင့် မိခင်လောင်းတွေနဲ့နို့တိုက်မိခင်တွေ ကုသမှုမခံယူရပါ။ကုထုံးမခံယူခင် ဘာတွေလုပ်ဖို့လိုအပ်သလဲ။ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကို ဂရုတစိုက်ဖတ်ရှု၊နားထောင်ဖို့အရေးကြီးပါတယ်။ ကုထုံးခံယူပြီးနောက်ပိုင်း ကိုယ့်ရဲ့မိသားစု၊သူငယ်ချင်းမိတ်ဆွေ၊နဲ့အပြင်လူတွေကို ဓါတ်ရောင်ခြည်ထိတွေ့မှုလျော့နည်းစေဖို့ လိုက်နာရမယ့် ကြိုတင်သတိပေးချက်တွေအများကြီးရှိပါတယ်။ Radioiodine ကုထုံးမခယူခင် တစ်ပတ်အလိုမှာ သိုင်းရွိုက်ဆေးဝါးတွေ ရပ်ထားဖို့ ဆရာဝန်က အကြံပြုပါလိမ့်မယ်။ကုထုံးခံယူပြီးနောက်ပိုင်း ဘာတွေလုပ်ဖို့လိုသလဲ။၁။ ပထမ ၁ရက် – ၂ရက်အတွင်း သိုင်းရွိုက်မှာ Radioiodine တွေစုလာပါလိမ့်မယ်။ ကျန်တာတွေကိုတော့ ခန္ဓါကိုယ်ထဲကနေ ဆီးကတဆင့် အများဆုံးစွန့်ထုတ်မှာဖြစ်ပြီး တံတွေးနဲ့ချွေးကနေ နည်းနည်းစီစွန့်ထုတ်ပါမယ်။ ဒါ့ကြောင့် သိုင်းရွိုက်ထဲမှာ အိုင်အိုဒင်းတွေကို ဖယ်ရှားနိုင်ဖို့ ပထမနှစ်ရက်တာအတွင်း ရေ/အရည်များများသောက်ပေးသင့်ပါတယ်။၂။ ကိုယ်တိုင်ဆင်ခြင်သတိထားဖို့-။၃။ အစားအသောက်တွေ ပြင်ဆင်တာ ဝင်မလုပ်ပါနဲ့။၄။ နမ်းရှုပ်တာ၊ ပွတ်သီးပွတ်သပ်နေတာတွေ ရှောင်ပါ။၅။ ကုသမှုခံယူတဲ့နေ့မှာ အိမ်ပြန်လာတဲ့အခါ လူအများနဲ့ဘတ်စ်ကားမစီးပါနဲ့။၆။ ပထမနှစ်ရက်အတွင်း လူစည်တဲ့နေရာတွေကိုသွားလာခြင်းရှောင်ပါ။ ဥပမာ ကျောင်း၊ ရုပ်ရှင်ရုံ။၇။ ၂ ပတ် – ၃ ပတ်လောက်အတွင်း သီးခြားအိပ်ပါ။၈။ ၁ ပတ်-၃ပတ်အတွင်းမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နီးနီးကပ်ကပ်၊ ကြာရှည်စွာမနေပါနဲ့( အနည်းဆုံး လက်တစ်ကမ်းအကွာမှာနေပါ)။၉။ အလုပ်ခွင် – အလုပ်အနေအထားကိုမူတည်ပြီး ၁ ပတ်ကနေ ၃ ပတ်အတွင်း ခွင့်ယူထားဖို့စီစဉ်သင့်ပါတယ်။၁၀။ ကလေးယူဖို့ – ကုသမှုခံယူထားတဲ့ အမျိုးသားတွေဟာ ကုထုံးနောက်ပိုင်းလေးလအတွင်း သားသမီးမယူသင့်သေးပါဘူး။ အမျိုးသမီးတွေကတော့ ကုသမှုခံယူပြီးနောက်ပိုင်း ခြောက်လအတွင်း ကိုယ်ဝန်မဆောင်သင့်ပါ။၁၁။ ခရီးသွားခြင်း – ကုသမှုခံယူပြီးနောက်ပိုင်း ပြည်ပခရီးသွားလို့ရတယ်ဆိုပေမယ့် ၂ပတ်-၃ပတ်တော့စောင့်သင့်တယ်လို့ အကြံပြုကြလေ့ရှိပါတယ်။ လေဆိပ်တွေမှာ ရေဒီယိုသတ္တိကြွစစ်ဆေးရေးနဲ့ပတ်သက်ပြီးပြဿနာဖြစ်နိုင်တဲ့အတွက် Radioiodine ကုသမှုခံယူထားကြောင့် ဆရာဝန်ရဲ့သက်သေခံချက်ကိုယူသွားသင့်ပါတယ်။ရေရှည်မှာဖြစ်လာနိုင်တဲ့ Radioiodine ရဲ့ အကျိုးဆက်။Radioiodine က ဟော်မုန်းနည်းတဲ့ လည်ပင်းကြီးရောဂါ (hypothyroidism)ဖြစ်လာစေနိုင်ပါတယ်။ ဒီအခြေအနေက ကုသမှုခံယူပြီး လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်အတွင်းမှာတောင် ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့သိုင်းရွိုက်လုပ်ဆောင်ချက်တွေကို အမြဲသိရှိနိုင်ဖို့အတွက် ပုံမှန်သွေးစစ်မှုတွေ ပြုလုပ်ဖို့အရေးကြီးပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%81%82/
မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့
ခုနကအထိ မျက်လုံးတွေက အကောင်းပါ။ ညအိပ်ခါနီးတုန်းကအထိလည်း မျက်လုံးတွေက မို့အစ်နေတာမျိုး မရှိပါဘူး။ အခုမှ မျက်လုံးက ကြည့်မကောင်းလိုက်တာဆိုပြီး မှန်ထဲ ကြည့်လိုက်မှ မျက်လုံးတွေက ရောင်နေတယ်။ နှာစေးလွန်းလို့လို့ မျက်လုံးတွေကရောင်နေတယ်။ ဘာကြောင့်မှန်း မသိ မျက်လုံးတွေက ရောင်နေတယ်ဆိုတဲ့ သူတွေ ရှိလား …. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့ ဘာတွေ လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။မျက်လုံးတွေ ရောင်ရတဲ့ အကြောင်းအရင်းက တစ်ခု မကရှိနိုင်ပါတယ်။မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ရေအေးဝတ် ကပ်တာက မျက်လုံးတွေ မို့အစ်တာကို သက်သာစေနိုင်ပါတယ်။အရေပြားတွေ မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေက ရောင်နေမယ်ဆိုရင် အဝတ်စသန့်သန့်လေးကို ရေအေးအေးလေး ဆွတ်ပြီး မျက်လုံးတွေအပေါ်မှာ မိနစ် ၂၀ ကနေ ၃၀ လောက် ကပ်ထားပေးပါ။ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေခဲကပ်ပေးလို့လည်းရပါတယ်။ ရေခဲကပ်ပေးတဲ့အခါအရေပြားပေါ်ကို တိုက်ရိုက် ကပ်တာမျိုး မလုပ်ပါနဲ့။ အရေပြားအအေးဒဏ်ကြောင့် လောင်စေနိုင်လို့ပါ။ ၁၀ မိနစ်လောက် ကပ်ပြီးတိုင်း နာရီဝက်၊ ၁၅ မိနစ်လောက် နားပေးပါ။ရေစင်အောင်ဆေးထားတဲ့ စတီးဇွန်း သန့်သန့်လေးကို ရေခဲသေတ္တာ အပေါ်ကန့်ထဲ ထည့်ပြီး အအေးခဲ ထားလိုက်ပါ။ ပြီးရင် ဇွန်းအေးအေးလေးနဲ့ မျက်လုံးကို ကပ်ပေးပါ။ ခပ်ဖွဖွလေး ဖိကပ်ပေးပါ။ ဒါမှ မျက်လုံးတဝိုက် သွေးစီးဆင်းမှု ကောင်းစေမှာပါ။ ဘေဘီလေးတွေရဲ့သွားယားကိုက်လေးတွေကို အအေးခံပြီးတော့လည်းမျက်လုံးပေါ်မှာ ကပ်ပေးလို့ ရပါတယ်။သခွားသီးကို ခပ်ပါးပါး လှီးပြီး ရေခဲသေတ္တာထဲ ထည့်လို့ အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။အာလူးတွေကို အဝိုင်းလိုက် ခပ်ပါးပါးလေး လှီးပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကလည်း tannins နဲ့ ကဖင်း ပါဝင်တာကြောင့် ရောင်နေတဲ့ မျက်လုံးတွေကို အရောင်ကျစေနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်ကို အအေးခံပြီး မျက်လုံးတွေပေါ်မှာ ကပ်ပေးတာက မျက်လုံးအရောင်ကျစေနိုင်ပါတယ်။အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်ကို မျက်လုံးပေါ်မှာ မကပ်ခင် မိနစ် ၂၀ လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပေးပါ။ ပြီးရင် မိနစ် ၃၀ လောက် မျက်လုံးပေါ်မှာ ကပ်ပေးရုံပါ။မျက်စဉ်းခတ်တာကလည်း မျက်လုံးတွေ ရောင်တာကို သက်သာစေနိုင်မယ့် နည်းလမ်းတစ်ရပ်ပါ။ မျက်လုံးခြောက်တာကို သက်သာစေနိုင်သလို မျက်စိ ဓာတ်မတည့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ မျက်စိနာတာကို သက်သာစေဖို့ဆိုရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ မျက်စဉ်း ခတ်ပေးလို့ ရပါတယ်။အချို၊ အငန် အစားများတာကြောင့်လည်း မျက်လုံးတွေ ရောင်နိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေ ရောင်နေမယ်ဆိုရင် အချိုအငန်စတာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။ခန္ဓာကိုယ်ထဲမှာ ရေလုံလောက်မှု မရှိတာကလည်း မျက်လုံးတွေကို ရောင်စေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ ဒါကြောင့် မျက်လုံးရောင်နေတာကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက် ပြည့်အောင် သောက်ပေးပါ။မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။အပေါ်က ပြောပြခဲ့တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် မျက်လုံးတွေ ရောင်တာက မသက်သာဘူးဆိုရင် ဒါမှမဟုတ် အချိန်တော်တော်ကြာတဲ့အထိ မျက်လုံးကရောင်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ မျက်လုံးရောင်တာက ပိုပိုဆိုးလာမယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာလေး ပြသကြည့်ဖို့ လိုပါမယ်။အချို့သော မျက်လုံးရောင်တာတွေက ကြီးမားတဲ့ကျန်းမာရေး ပြဿနာတွေရဲ့ အစောပိုင်း လက္ခဏာတွေဖြစ်နေနိုင်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/home-remedies-for-swollen-eyes/
ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ်ရှိလား
လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ခေါင်းမူးနေတုန်း အိပ်ရင် သေတတ်တယ်။ ဘယ်တုန်းကတော့ ဘယ်သူ ခေါင်းမူးတာကို လှဲအိပ်လိုက်တာ သေသွားတယ်။ ခေါင်းမူးနေရင် မအိပ်ရဘူး စသဖြင့်ပေါ့။ ခေါင်းမူးနေတုန်း အိပ်တာက တကယ်ပဲ အန္တရာယ်ရှိလားဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ် ရှိမရှိဆိုတာက ဘာကြောင့်ခေါင်းမူးတာလဲဆိုတာ‌ပေါ် မူတည်ပါတယ်။ခေါင်းမူးစေတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပြီး တချို့က အန္တရာယ်မရှိပါဘူး။ တချို့ကတော့ ချက်ချင်း ဆေးကုဖို့လိုတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ဆေးကုဖို့လိုတဲ့ အခြေအနေမှာ သွားအိပ်နေရင်တော့ သေချာပေါက် အသက်အန္တရာယ်ဖြစ်မှာပါ။ ဒီလိုမဟုတ်ဘဲ ပင်ပန်းလို့ ခေါင်းမူးတာဆိုရင်တော့ အိပ်ပြီး နားလိုက်မှ သက်သာမှာပေါ့။ ဒါကြောင့် ဘာကြောင့်မူးလဲဆိုတာကို အရင်သိဖို့ လိုပါတယ်။ခေါင်းမူးစေတဲ့ အကြောင်းရင်းတွေကိုတွေထဲမှာအဖြစ်များတဲ့ အကြောင်းရင်းတွေကတော့။ဒီထဲမှာ အန္တရာယ်ရှိတဲ့ မူးခြင်းတွေကတော့ လေဖြန်းတာ၊ နှလုံးစည်းချက်မမှန်တာ၊ သွေးတွင်းသကြားဓာတ်နည်းတာ၊ သွေးထွက်လို့ သွေးပေါင်ကျပြီး မူးတာတွေပဲ ဖြစ်ပါတယ်။ခေါင်းမူးလာရင် အရင်ဆုံး ဘာကြောင့် မူးလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါမှ အိမ်မှာပဲ လှဲနေမလား၊ ချက်ချင်းဆေးရုံသွားရမှာလားဆိုတာ သိနိုင်မှာပါ။ လူနာတွေအနေနဲ့ကတော့ ဘာကြောင့်မူးလဲဆိုတာကို ခွဲနိုင်ချင်မှ ခွဲနိုင်မှာပါ။ ဒါပေမဲ့ မှန်းကြည့်လို့တော့ ရပါတယ်။ဥပမာ အလုပ်တွေ လုပ်ပြီး ချွေးတွေအများကြီးထွက်နေတာ၊ အထိုင်အထမှာ မိုက်ခနဲ ဖြစ်သွားတာ ဒါတွေက ခဏလောက်နားလိုက်ရင် သက်သာသွားမှာပါ။လိပ်ခေါင်းဖြစ်နေတဲ့ လူတစ်ယောက်က ဝမ်းထဲမှာ သွေးတွေအများကြီး ထွက်တယ်။ မူးလာတယ်ဆိုရင် ဒါသွေးပေါင်ကျနေတာပါ။ ဆေးရုံသွားဖို့ လိုတာပေါ့။လူနာတွေ အနေနဲ့ ဘာကြောင့် မူးတာလဲဆိုတာ မခွဲနိုင်ရင်တော့ အခုပြောမဲ့ အန္တရာယ်ရှိ လက္ခဏာတွေကို မှတ်ထားပါ။ ဒီလက္ခဏာတွေနဲ့  ခေါင်းမူးတာနဲ့ တွဲနေရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း သွားဖို့ လိုပါတယ်။ဒါတွေဖြစ်လာရင် အိပ်လည်း မအိပ်ပါနဲ့။ အိမ်မှာလည်း မနေပါနဲ့။ ဆေးရုံ၊ ဆေးခန်းကိုသာ အမြန်ဆုံးသွားရပါမယ်။ ဆေးရုံသွားတဲ့ လမ်းတလျှောက်မှာ နားနားနေနေ နေပါ။ မှေးပြီး လိုက်သွားလို့ ရပါတယ်။ဒီလက္ခဏာတွေ မရှိရင်တော့ စောင့်ကြည့်နိုင်ပါတယ်။ ခေါင်းမူးနေတဲ့အချိန်မှာ။အန္တရာယ်ရှိ လက္ခဏာတွေ မရှိဘူး။ တအားလည်း နုံးပြီး အိပ်ချင်တယ်ဆိုရင် ဘေးလူကို ပြောပြီး အိပ်ပါ။ ဒါမှ ဘေးကလူတွေက ကိုယ့်ကို စောင့်ကြည့်နိုင်မှာပါ။ အိပ်ရမှာ ကြောက်တယ်ဆိုရင်လည်း သက်သောင့်သက်သာနဲ့ မှေးနေလို့ ရပါတယ်။ဒါတွေလုပ်ပြီးတာတောင် အမူးက မသက်သာဘူးဆိုရင်၊ ခဏခဏ ပြန်ဖြစ်ရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာတာ၊ ဆေးကုတာတွေ လုပ်ရပါမယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/can-i-sleep-when-i-feel-dizzy/
Blue block မျက်မှန် တွေက တကယ်ပဲ မျက်စိကို ကာကွယ်ပေးသလား။
ခုလို တစ်နေကုန် အိမ်မှာပဲနေရ၊ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတဲ့ အချိန်မှာ ဖုန်းကြည့်တာ၊ ကွန်ပျူတာ ကြည့်တာက ပိုပြီး များလာပါတယ်။ အရင်ကဆို အစည်းအဝေးတွေကို လူချင်းတွေ့ပြီး လုပ်ကြပေမယ့် ခုဆို အွန်လိုင်းကနေပဲ လုပ်ကြပါတယ်။ ကလေးတွေဆိုရင်လည်း အွန်လိုင်းကနေပဲ စာသင်ကြတဲ့အတွက်Screen timeတွေ ပိုများလာကြပါပြီ။ ဒါကြောင့် မျက်စိ မထိခိုက်စေဖို့ Blue block မျက်မှန် တွေ တပ်လာကြပါတယ်။ ဒါတွေက တကယ်ပဲ အကျိုးရှိရဲ့လား။Blue block မျက်မှန် တွေကblue lightတွေကို ကာကွယ်ပေးပါတယ်။ ရောင်စဉ်တန်းမှာ အရောင်မျိုးစုံပါပြီး blue lightက ၄၃၅- ၅၀၀ နာနိုမီတာ ရှိပါတယ်။ မျက်လုံးက မြင်နိုင်တဲ့ အတိုဆုံးလှိုင်းဆိုလည်း ဟုတ်ပါတယ်။ Blue light က သဘာဝအားဖြင့်လည်း နေရောင်ခြည်မှာ တခြားရောင်စဉ်တန်းတွေနဲ့ ရောပါလေ့ရှိသလို နေ့စဉ် သုံးနေတဲ့ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်းရဲ့ မျက်နှာပြင်က ထွက်တဲ့ အလင်းတန်းမှာလည်း ပါလေ့ရှိပါတယ်။Blue lightနဲ့ ပတ်သက်ပြီး ပြောကြတာတွေ အများကြီး ရှိပါတယ်။အမြင်အာရုံကို ပျက်စီးစေတယ်။မျက်ရိုးကိုက်စေတယ်။ အိပ်ရေး ပျက်စေတယ် စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။  ဒါနဲ့ ပတ်သက်ပြီးAmerican Academy of Opthalmologyက ခုလို ရှင်းပြထားပါတယ်။ကွန်ပျူတာတို့၊ ဖုန်းတို့က ထွက်တဲ့ အလင်းရောင်တွေက မျက်လုံးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက် ခိုင်ခိုင်လုံလုံမရှိသေးပါဘူး။The National Library of Medicineက လေ့လာချက်မှာဆိုရင် ကွန်ပျူတာက ထွက်တဲ့UVA/ UVBတွေက ပြောပလောက်အောင် ရှိနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။နောက်တစ်ခုက မျက်ရိုးကိုက်တာပါ။ ဒါကလည်း Blue lightတွေက တိုက်ရိုက်ဖြစ်စေတယ်ဆိုတာထက် ဖုန်းတွေ၊ ကွန်ပျူတာတွေကို သုံးတဲ့ ပုံစံတွေကြောင့်ပါ။ ဥပမာ ကွန်ပျူတာကို အကြာကြီး သုံးတဲ့အခါ မျက်တောင်ခတ်ဖို့ နည်းသွားပါတယ်။ အလင်းမှိန်တဲ့အခါ စူးစိုက်ပြီး ကြည့်ရပါတယ်။ အနားမယူဘဲ ဆက်တိုက်ကြည့်ပါတယ်။ ဒါတွေက မျက်ရိုးကိုက်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ပြောရမယ်ဆိုရင် Blue lightတွေကြောင့်ဆိုတာထက် သုံးပုံသုံးနည်း မမှန်လို့ ဖြစ်ရတာပါ။Blue light တွေက ကိုယ်ထဲကအိပ်စက်ခြင်း စက်ဝန်းကိုတော့ ထိခိုက်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာတို့၊ ဖုန်းတို့ အသုံးများတဲ့သူတွေက ညဘက် အိပ်ပျော်ဖို့ ခဲယဉ်းတာပါ။Blue block မျက်မှန် တွေက တခြားမျက်မှန်တွေနဲ့ မတူတာက။မျက်လုံးပျက်စီးတာတွေ ကာကွယ်စေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေကအစ Blue block မျက်မှန်တွေကို ပေးတပ်ကြတာမျိုး ရှိပါတယ်။ ဒါပေမယ့် Blue block မျက်မှန်တွေက သိပ်ပြီး အကျိုးထူးလှတယ်ရယ်လည်း မဟုတ်ပါဘူး။ တပ်မယ်ဆိုရင်တော့ အောက်ပါ ကောင်းကျိုးတွေ ရစေနိုင်ပါတယ်။Blue block မျက်မှန်တွေက blue lightတွေကို ကာကွယ်ပေးတဲ့အတွက် ကိုယ်ထဲကမယ်လတိုနင်တွေ ကမောက်ကမဖြစ်တာကို သက်သာစေပါတယ်။ ဒါကြောင့် ညဘက်ကို အိပ်ပျော်စေပါတယ်။Blue block မျက်မှန် တွေက မျက်ရိုးမကိုက်အောင် ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် သွယ်ဝိုက်သော နည်းလမ်းတွေနဲ့တော့ သက်သာစေနိုင်ပါတယ်။ ဥပမာ ညဘက်အိပ်ပျော်လို့ မျက်လုံး အနားရပြီး မျက်ရိုးကိုက်တာ သက်သာတာ၊ အလင်းစူးသက်သာလို့ အားစိုက်မကြည့်ရတာကြောင့် မျက်ရိုးမကိုက်တာ စသဖြင့် သွယ်ဝိုက်ပြီး သက်သာစေနိုင်ပါတယ်။Blue block မျက်မှန်တွေ သုံးပေမယ့် အိပ်ခါနီး ဖုန်းသုံးနေမယ်ဆိုရင် ညဘက် အိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ Blue block မျက်မှန်ကြီး တပ်ထားပေမယ့် မျက်လုံးကို အနားမပေးဘဲ ဆက်တိုက် သုံးနေမယ်ဆိုရင်လည်း မျက်ရိုးက ကိုက်နေဦးမှာပါပဲ။ဒီတော့ Blue block မျက်မှန်တပ်ခြင်း မတပ်ခြင်းထက် ကိုယ့်ရဲ့ screen timeကို ထိန်းချုပ်ထားတာ၊ မျက်လုံးကို အနားပေးတာက ပိုပြီး အရေးကြီးပါတယ်။Blue block မျက်မှန်တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ မျက်လုံးညောင်းသက်သာအောင် အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။မျက်ရိုးကိုက်တာ တော်တော်များများက ကွန်ပျူတာ၊ ဖုန်း အသုံးလျှော့ပြီး အနားယူလိုက်ရင် သက်သာသွားပါတယ်။ ဆက်တိုက် မသက်သာဘူးဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/can-blue-block-glasses-prevent-eye-damage/
အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း
နေရောင်ခြည်နုနုလေးက ကျန်းမာရေးအတွက်ကောင်းတယ်။ခန္ဓာကိုယ်အတွက် ဗီတာမင် D ဖြည့်စွက်ပေးတယ်ဆိုပေမယ့် နေ့လယ်ခင်းမှာ ပူတဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်အသားအရေကို ထိန်းသိမ်းချင်တယ်ဆိုရင် မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုကနေလောင်ကာခရင်မ်လိမ်းတာလည်း အပါအဝင်ပါ။ ဒီတစ်ခေါက်တော့ အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း ကို ဖော်ပြပေးလိုက်ပါတယ်။နေလောင်ကာခရင်မ်လိမ်းသင့်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။နေလောင်ကာခရင်မ်ဆိုတိုင်း အသားအရေကို ကာကွယ်မှုပေးနိုင်ပြီ မဆိုသာပါဘူး။ သေချာလေးရွေးချယ်ဖို့လိုပါမယ်။ အကြောင်းကအသားအရေအမျိုးအစားမတူညီမှုကလည်း နေလောင်ကာခရင်မ်ရဲ့ ထိရောက်မှုအပေါ်မှာ သက်ရောက်နေတာကြောင့်ပါ။နေရောင်ဒဏ်ကနေ ကာကွယ်ဖို့ အသင့်တော်ဆုံး နေလောင်ကာခရင်မ်ကို ရွေးချယ်လို့အသားအရေကို ဒီနေ့ပဲ စောင့်ရှောက်လိုက်ရအောင်လား……….။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/ways-to-choose-sunscreen-by-skin-types/
လည်ချောင်းနာခြင်းကို သက်သာစေသော နည်းလမ်း ၅မျိုး
လူများသည် မကြာခဏ လည်ချောင်းနာ တတ်ကြသည်။ ၎င်းသည် လည်ချောင်းတွင် နာကျင်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ဤဆောင်းပါးတွင် လည်ချောင်းနာခြင်းကို ဘယ်လို ကျော်လွှားမလဲကို ဖော်ပြ ထားပါသည်။လည်ချောင်းနာခြင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ခြောက်သွေ့သောလေ၊ ဓါတ်မတည့်မှုများ သို့မဟုတ် တုပ်ကွေး၊ အအေးမိခြင်း၊ ရေကျောက်၊ ဝက်သက် စသော ရောဂါများကြောင့် ဖြစ်နိုင်သည်။လည်ချောင်းနာခြင်းသည် ဆိုးရွားပါက ဆရာဝန်အကူ အညီလိုအပ်ပြီး မဆိုးရွားပါက အောက်ဖော်ပြပါ အိမ်သုံးကုထုံး များဖြင့် ကုသနိုင်သည်။နွယ်ချို အမြစ်များကို ရေနှင့် ရောဖျောပါက အကျိုး ထိရောက်သော အာလုပ်ကျင်းဆေးရည်ကို ရရှိသည်။ ဤ ဆေးဖက်ဝင်သည် လည်ချောင်းနာခြင်းနှင့် ခွဲစိတ်ပြီးနောက် ချောင်းဆိုးခြင်းကို သက်သာစေနိုင်သည်။ပျားရည်ကို အနာပျောက်စေသော အရာအဖြစ် သိကြ သည်။ ပျားရည်သည် လည်ချောင်းနာခြင်းကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။ ပျားရည်ကို လက်ဖက်ရည်ဖြင့် ရော၍ဖြစ်စေ၊ တစ်မျိုးတည်း ဖြစ်စေ သုံးနိုင်သည်။ လည်ချောင်းနာခြင်းကို သက်သာစေသည့်အပြင် ညဘက် ချောင်းဆိုးခြင်းကိုလည်း သက်သာစေသည်။ဆားရည်ဖြင့် အာလုပ်ကျင်းပါက လည်ချောင်းနာခြင်း ပျောက်ကင်းနိုင်သည်။ ဆားကို ရေနွေးဖြင့် ဖျော်ပါ။ ဆားရည်သည် လည်ချောင်းနာခြင်းကို သက်သာစေသည်။ စိမ့်ရည် ထွက်ခြင်း ကို နည်းစေသည်။ လည်ချောင်းတွင်းရှိ ဘတ်တီးရီးယားများကို သတ်ပေးသည်။ လည်ချောင်း သန့်ရှင်းပြီး အနာသက်သာစေရန် ၃နာရီတစ်ခါ ဆားရည်ဖြင့် အာလုပ်ကျင်းပေးပါ။ပူရှိန်းသကြားလုံးသည် ခံတွင်းရနံ့ ကောင်းစေသည့်အပြင် လည်ချောင်းနာခြင်းကိုလည်း သက်သာစေနိုင်သည်။ ထို့အပြင် ပူရှိန်းသကြားလုံးတွင် ပါဝင်သော methol သည် အချွဲအကျိ များထွက်ခြင်းကို နည်းစေပြီး ချောင်းဆိုးသက်သာစေသည်။ ပူရှိန်းသကြားလုံးသည် အရောင်ကျသော၊ ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယားများ သေစေသော စွမ်းရည်လည်းရှိသည်။ ထိုစွမ်းရည်များသည် အနာသက်သာစေရန် ကူညီပေးသည်။ကမ်မိုမိုင် လက်ဖက်ရည်ကို လည်ချောင်းနာခြင်း သက်သာ စေသော ဆေးအဖြစ် သုံးစွဲကြသည်။ ၎င်းသည် လည်ချောင်းနာခြင်းကို ကုသရာတွင်သုံးသော ရှေးအကျဆုံး ဆေးဖက်ဝင် တစ်မျိုး ဖြစ်သည်။ ထို့အပြင် ကမ်မိုမိုင် လက်ဖက်ရည်သည် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး လည်ချောင်းနာခြင်းကို ဖြစ်စေသော အရာများကို ပိုပြီး ခုခံနိုင် စေသည်။လည်ချောင်းနာခြင်းသည် ရက်အတန်ကြာ အိမ်သုံးကုသမှု ဖြင့် သက်သာမလာပါက သင့်တော်သော ဆေးပညာ အကူအညီရယူပါ။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/%e1%80%9c%e1%80%8a%e1%80%b9%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%ac%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%80/
Hemolytic-Uremic Syndrome (ပျက်စီးသွေးနီဥများကြောင့် ကျောက်ကပ်ထိခိုက်သော ရောဂါ )
Hemolytic-uremic syndrome (HUS) ဆိုသည်မှာ အ စာခြေစနစ်တွင် ရောဂါပိုးကူးစက်ခြင်းကသွေးနီဥများကိုပျက် စီးစေသောအဆိပ်အတောက် ပစ္စည်းများကိုထုတ်လွတ်သောအခါ ဖြစ်ပွားသောရောဂါတစ်မျိုး ဖြစ်ပါသည်။ထိုရောဂါ စတင် ဖြစ်ပွားပါကပျက်စီးသွားသောသွေးနီဥများသည် ကျောက်ကပ်ရှိ စစ်ထုတ်ခြင်းစနစ်ကိုစတင်ပိတ်ဆို့ပြီးအသက်အန္တရာယ်စိုးရိမ်ရသော HUS နှင့်ဆိုင်သောကျောက် ကပ်ပျက်စီးမှု ဖြစ်နိုင်ပါသည်။HUS သည် ပြင်းထန်သောရောဂါတစ်ခုဖြစ်သော်လည်းအချိန်မီသင့်တော်သောကုသမှု ခံယူပါကလူတော်တော်များများတွင် အပြည့်ပြန်လည် ကောင်းမွန် လာနိုင်ပါသည်။ အထူးသဖြင့် ငယ်ရွယ်သောကလေးများတွင် ဖြစ်နိုင်ပါသည်။HUS သည်လူတိုင်းတွင် ဖြစ်နိုင်သော်လည်း အသက်၄နှစ် အောက် ကလေးများတွင် ပို၍ ဖြစ်နိုင်ပါသည်။ အန္တရာယ်ဖြစ် စေသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါရခြင်းကိုနည်းအောင်ပြုလုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hemolytic-uremic syndrome၏ အဖြစ်များသောရောဂါ လက္ခဏာများမှာအဖျားတက်ခြင်း၊ ပျို့တက်ခြင်း၊ အော့အန် ခြင်း၊ ဝမ်းဗိုက်တွင်နာကျင်ခြင်း နှင့် သွေးပေါင်တက်ခြင်းတို့ ဖြစ်ပါသည်။ ဆီးသွားနည်းခြင်းဆီးမသွားခြင်း နှင့် အနီရောင် ဆီးများသွားခြင်းလည်းဖြစ်နိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင် သို့မဟုတ် သင့်ကလေးတွင် ရှင်းမပြနိုင်သောအညို မဲစွဲခြင်း၊ ပုံမှန်မဟုတ်ဘဲသွေးထွက်ခြင်း၊ ခြေလက်များဖောယောင်ခြင်း၊ အလွန် မောပန်းခြင်း နှင့် ဆီးသွားမှုနည်းခြင်း နှင့် ရက်အတန်ကြာဝမ်းလျှောခြင်းတို့ဖြစ်ပါကဆရာဝန်နှင့် အမြန် ပြသပါ။ သင် သို့မဟုတ် သင့်ကလေးသည် ၁၂နာရီကျော် ကြာသည်အထိဆီးမသွားပါကအရေးပေါ် စောင့်ရှောက်မှု ရှာဖွေခံယူပါ။အဖြစ်များသောအကြောင်းရင်းမှာ VTEC ( verocyte-oxin-producing Escherichia coli) ဟုခေါ်သောဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါသည်။ သို့သော်လည်းတစ်ခါ တစ်ရံအခြားအစာအိမ်နှင့် အူလမ်းကြောင်းရောဂါပိုးကူးစက် မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ထို့အပြင် ဓါတုကုထုံး၊ ကိုယ် ခံအားကျစေသော cyclosporine ဆေး၊ Quiineကဲ့သို့ ဆေးများသို့မဟုတ် ဆေးကုသမှုအချို့ ခံယူထားသူများသည် လည်း HUS ဖြစ်နိုင်ပါသည်။Hemolytic-uremic syndrome ဖြစ်နိုင်ချေကို မြင့်စေသောအချက်များမှာ-။ကလေးငယ်များနှင့် အသက်ကြီးသောအရွယ်ရောက်ပြီးသူများသည် HUS ကြောင့် အပြင်းအထန်ဖျားနာနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကျန်းမာရေးစောင့်ရှောက်သူသည် သေချာစွာ ကြည့်ရှု စစ်ဆေးပြီးဆေးမှတ်တမ်းယူခြင်းဖြင့် ရောဂါအဖြေရှာ နိုင်ပါ သည်။ သွေးနှင့် ဆီးနမူနာများစစ်ခြင်း၊ ဝမ်းစစ်ခြင်းတို့ကိုလည်းပြုလုပ်နိုင်ပါသည်။ကျန်းမာရေးစောင့်ရှောက်သူသည် ကျောက်ကပ်ပျက်စီးမှုကိုစစ်ဆေးရန် Ultrasonography ရိုက်ခြင်းကိုညွှန်ကြားနိုင်ပါသည်။ ထိုမနာကျင်စေသောစစ် ဆေးမှုသည် အသံလှိုင်းများကိုအသုံးပြုကာကိုယ်တွင်းအင်္ဂါ များကို ကြည့်ရှုနိုင်ပါသည်။ အခြားကျောက်ကပ်စစ်ဆေးမှု များကိုလည်း ပြုလုပ်နိုင်ပါသည်။HUS အတွက် ကုသမှုများမှာ-။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် Hemolytic-uremic syndromeကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် Hemolytic-uremic syndrome ကိုထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/hemolytic-uremic-syndrome-%e1%80%95%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ae%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%94%e1%80%ae%e1%80%a5%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1/
ပြေးခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့အခါ
အပြေးလေ့ကျင့်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါတယ်။ ပြေးခြင်းဟာ စိုးရိမ်ပူပင်မှုတွေကို လျော့ကျစေပြီး စိတ်အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ အပြေးလေ့ကျင့်ခြင်းကို နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုအဖြစ် အလွယ်တကူ ပြုလုပ်နိုင်ပေမယ့် လိုတာထက်ပိုပြီး အားစိုက်မိမယ်ဆိုရင်တော့ ထိခိုက်ဒဏ်ရာ ရနိုင်ချေ အလွန်များသလို ပြန်ကောင်းလာဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။သင့်မိသားစုဝင်တစ်ယောက်ယောက် အပြေးလေ့ကျင့်ရာကနေ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် သူဟာ နာကျင်မှု၊ မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် သင့်ရဲ့ အနီးကပ် ပြုစုစောင့်ရှောက်မှုကို အထူးလိုအပ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူနာကို ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ထိခိုက်ဒဏ်ရာ ရထားသူကို အနားပေးခြင်းဟာ ပထမဆုံးနဲ့ အရေးအကြီးဆုံး လုပ်ရမယ့် ကုသမှုဖြစ်ပါတယ်။ အထူးသဖြင့် လူနာရဲ့ဒူးကို တတ်နိုင်သမျှ အနားပေးပါ။ အနာတရဖြစ်ထားတဲ့ နေရာများကို ဂရုတစိုက် ဖုံးအုပ်ကာကွယ်ထားပါ။ ဒူးအောက်မှာ ခေါင်းအုံးခပ်သေးသေးတစ်လုံး ထားပေးခြင်းက လူနာကို ပိုပြီးသက်သောင့်သက်သာ ရှိစေပါတယ်။ ဒဏ်ရာကို ဝန်ပိစေမယ့် လှုပ်ရှားမှုများ မပြုလုပ်မိအောင် သတိထားပါ။ရေခဲကပ်ခြင်းက နာကျင်မှုနဲ့ ရောင်ရမ်းခြင်းတို့ကို သက်သာစေပါတယ်။ ရေခဲကို ပဝါ သို့မဟုတ် တဘက်နှင့်ထုပ်ပြီး ထိခိုက်ဒဏ်ရာရထားတဲ့ နေရာများပေါ် တစ်ကြိမ်လျှင် နာရီဝက်နှုန်းဖြင့် နှစ်နာရီဲခြား၊ သုံးနာရီခြားတစ်ခါ ပုံမှန်ကပ်ပေးပါ။ ထိခိုက်ဒဏ်ရာ ရရှိပြီး ပထမ ၄၈နာရီမှ ၇၂နာရီအထိ ဒါမှမဟုတ် အရောင်ကျသွားတဲ့အထိ ရေခဲကပ်ပေးပါ။ ရေနွေးဖြင့်ရေချိုးခြင်း၊ ရေနွေးစိမ်ခြင်း၊ ရေနွေးအိပ်ကပ်ခြင်း၊ အရက်သောက်ခြင်း စတာတွေက ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားစေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ဒဏ်ရာရထားတဲ့နေရာပေါ် ဖိပေးခြင်းဟာ ရောင်ရမ်းခြင်းကို သက်သာစေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကြပ်စည်းခြင်း၊ ပတ်တီးစည်းခြင်း၊ ဒူးစွပ်ကဲ့သို့ အစွပ်စွပ်ခြင်း စတာတွေဟာလည်း ခြေထောက်လှုပ်ရှားမှုကို ထိန်းချုပ်ပေးသလို နောက်ထပ် ထိခိုက်ဒဏ်ရာမရအောင်လည်း ကာကွယ်ပေးပါတယ်။ ဒဏ်ရာပေါ် ဖိပေးနိုင်တဲ့ ကိရိယာတွေကို ဆေးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် ဒဏ်ရာကို တင်းတင်းကျပ်ကျပ် ကြပ်စည်းခြင်းဟာ လူနာကို နေရခက်စေတဲ့အပြင် သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ် ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ လူနာ ညအိပ်ရာမဝင်ခင် စည်းထားသမျှကို ဖယ်ရှားဖို့ မမေ့ပါနဲ့။လူနာအိပ်ချိန်၊ အနားယူချိန်တွေမှာ ဒဏ်ရာရထားတဲ့နေရာအောက် ခေါင်းအုံးများခုပေးပြီး ဒဏ်ရာကို နှလုံးတည်နေရာရဲ့ အထက်မှာရှိနေအောင် မြှောက်ထားပေးခြင်းအားဖြင့် ၎င်းနေရာမှာ စုနေတဲ့အရည်တွေကို ဒဏ်ရာနဲ့ဝေးရာသို့ စီးဆင်းစေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။တခါတရံမှာ သင့်အနေနဲ့ ဘယ်လိုအခြေအနေမျိုးက ဆေးကုသမှုခံယူဖို့ လိုအပ်တယ်ဆိုတာ အလွယ်တကူ မသိနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အသေးစားနဲ့ အလတ်စား ထိခိုက်ဒဏ်ရာတွေကို အိမ်မှာတင် ပျောက်ကင်းအောင် ကုသနိုင်ပေမယ့် အကြီးစားထိခိုက်ဒဏ်ရာတွေ ရလာခဲ့ရင်တော့ ဆေးရုံဆေးခန်းမှာ ကုသမှုခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဆရာဝန်ထံ သွားရောက်ပြသသင့်တဲ့ လက္ခဏာတွေကတော့။နာကျင်မှုဝေဒနာ သက်သာလာတာနဲ့အမျှ ဒဏ်ရာရထားတဲ့နေရာက ကြွက်သားနဲ့ အဆစ်တွေကို အပြည့်အဝလှုပ်ရှားနိုင်တဲ့ထိ ဖြည်းဖြည်းချင်း ဆန့်ထုတ်လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။ ဆန့်ထုတ်လေ့ကျင့်ခန်းကို တစ်နေ့လျှင် အကြိမ်များစွာ ပြုလုပ်နိုင်ပြီး ဒီလိုလုပ်ပေးခြင်းအားဖြင့် ဒဏ်ရာသက်သာမှုကို ပိုမိုမြန်ဆန်စေသလို ကြွက်သားနဲ့အဆစ်များ တောင့်တင်းမသွားအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။လုံးလုံးလျားလျား အနားယူခြင်းဟာ အမြဲတစေ ကောင်းမွန်တဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ရရှိထားတဲ့ ထိခိုက်ဒဏ်ရာတွေကနေ နလံထူဖို့ ပြေးခြင်းအစား အခြား စိတ်ချရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေက ကိုယ်နဲ့သင့်တော်မလဲ ဆိုတာကိုတော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ဟာ သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှု ပါဝင်တဲ့အပြင် ထိခိုက်ဒဏ်ရာနည်းပါးတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။အပြေးလေ့ကျင့်နေကျ လူတစ်ယောက်ဟာ အခြားကိုယ်လက်လှုပ်ရှားမှုတွေ လုပ်နေပေမယ့်လည်း ပြေးရာမှာ အဓိကအသုံးပြုရတဲ့ ကြွက်သားတွေကိုတော့ အရင်ကလောက် လေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒဏ်ရာသက်သာလာတဲ့အခါ အပြေးလေ့ကျင့်မှုကို ဖြည်းဖြည်းချင်း ပြန်လည်စတင်ခြင်းအားဖြင့် နောက်တစ်ကြိမ် ဒဏ်ရာထပ်မရအောင် ကာကွယ်သင့်ပါတယ်။ မိမိပြေးနေကျ ခရီးအကွာအဝေးရဲ့ တစ်ဝက်လောက်ကို စတင်လေ့ကျင့်ပြီး ရက်သတ္တပတ် နှစ်ပတ်မှ လေးပတ်အတွင်း နဂိုခရီးအကွာအဝေးရောက်တဲ့အထိ တဖြည်းဖြည်း တိုးသွားသင့်ပါတယ်။ ဒါမှမဟုတ် ပြေးတလှည့်၊ လမ်းလျှောက်တလှည့် လေ့ကျင့်ရင်း နောက်ပိုင်းမှာ ပြေးတဲ့အချိန်အတိုင်းအတာကို ဖြည်းဖြည်းချင်း တိုးသွားနိုင်ပါတယ်။အပြေးလေ့ကျင့်နေကျ လူတစ်ယောက်အနေနဲ့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်အတွင်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး စိတ်ဖိစီးမှုဒဏ်ကို အလွယ်တကူ ခံရတတ်ပါတယ်။ ဒီလိုအချိန်မှာ လူနာနဲ့ အနီးကပ်နေပြီး စိတ်ရှည်သည်းခံဖို့ အားပေးသင့်ပါတယ်။ ဒဏ်ရာပြန်ကောင်းလာဖို့ အချိန်ယူရမယ်ဆိုတာကို လူနာသဘောပေါက်အောင် ရှင်းပြပါ။ အကောင်းမြင်စိတ်ရှိသူဟာ ပိုပြီးလျင်လျင်မြန်မြန် နေကောင်းလာနိုင်ပါတယ်။အပြေးလေ့ကျင့်ခြင်းကြောင့် ရလာတဲ့ ထိခိုက်ဒဏ်ရာတွေ လုံးဝသက်သာပျောက်ကင်းဖို့ လိုအပ်တဲ့အချိန်ပမာဏဟာ အကြောင်းရင်းအမျိုးမျိုးအပေါ် မူတည်ပေမယ့် ဒီအခြေအနေမှာ စိတ်ရှည်သည်းခံပြီး နည်းလမ်းရှာဖွေ ဖြေရှင်းမယ်ဆိုရင် လူနာအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ လူနာကို လိုတာထပ်ပိုပြီး အားမစိုက်မိဖို့ အမြဲအားပေးပါ။ အခုပြောခဲ့တဲ့ အကြံပြုချက်တွေအတိုင်း လူနာကို ဂရုတစိုက် ပြုစုပေးမယ်ဆိုရင် အချိန်အနည်းငယ်အတွင်း ပြန်ကောင်းလာမှာ အသေအချာပါပဲ။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/%e1%80%b1%e1%80%bb%e1%80%95%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80/
အိပ်ရာထနောက်ကျပေမယ့် နေ့စဉ်ဘဝမှာ အလုပ်ဖြစ်စေဖို့
အိပ်ရာထ နောက်ကျတာကြောင့်  မနက်ဆို အုတ်အော်သောင်းနင်းနဲ့ ဂယက်ထတာတွေ ဖြစ်ဖူးပါသလား။အိပ်ရာထနောက်ကျလို့မနက်စာလွတ်တာ၊ ရုံးနောက်ကျတာတွေရော ကြုံဖူးပါသလား။ မနက်ကို စောစောထဖို့  ကြိုးစားပေမယ့် ဘယ်လိုမှ မအောင်မြင်ဘဲ ညဆို မအိပ်ချင် မနက်ဆို မထချင်တဲ့ သံသရာထဲမှာ လည်နေတယ်ဆိုရင် ကြာလာရင် ကိုယ့်ကိုယ်ကို စိတ်ပျက်လာမှာပါ။ အိပ်ရာထနောက်ကျပေမယ့် နေ့စဉ်ဘဝမှာ အလုပ်ဖြစ်စေဖို့ နည်းလမ်းလေးတွေ ရှိပါသေးတယ်။ကျန်းမာရေးရှုထောင့်အရ ကြည့်ကြည့်၊ လူမှုဘဝရှုထောင့်ကနေ ကြည့်ကြည့် စောစောအိပ်ပြီး စောစောထတာက အကောင်းဆုံးပါ။ ဒါပေမဲ့ ဒီနေ့ခေတ်ကြီးမှာ စောစောအိပ် စောစောထဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာပဲ။တစ်နေကုန် ပင်ပန်းထားတဲ့အတွက် ညဘက်မှ အပန်းဖြေတဲ့ အနေနဲ့ ဂိမ်းဆော့ချင် ဆော့မယ်၊ ရုပ်ရှင်ကြည့်ချင် ကြည့်မယ်။ ဒါမှမဟုတ်အလုပ်မှာ overtime ဆင်းရတာတွေ ရှိမယ် စသဖြင့်ပေါ့။ဒီနေ့ခေတ်ရဲ့ နေထိုင်မှုအရ အများစုက ည ၁၂နာရီ၊ ၁ချက်ထိုးလောက်မှ အိပ်ဖြစ်ကြတယ်လေ။ မနက်ကျတော့ ၆နာရီ၊ ၇နာရီလောက် ပြန်ထ၊ တစ်ခါတလေ မနက်စာမစား၊ ရေမချိုးဘဲ ပိုအိပ်လိုက်မိကြတာပေါ့။ညဘက်ကို စောစောအိပ်မယ်ကြံတော့လည်း ကိုယ်က ညဆို မျက်လုံးက ပြူးကျယ်နေရော။ မနက်ကျတော့လည်း မထချင်။ ကြာလာတော့ ကိုယ့်ကိုယ်ကို မသိမသာနဲ့ အပြစ်တင်စိတ်လေး ဖြစ်လာတာပေါ့။ငါဘာဖြစ်လို့ အမြဲအိပ်ရာထ နောက်ကျတာလဲ။ ရုံးချိန်မီအောင် မနည်းသွားနေရတာလဲ။ သူများတွေလို မနက်စာစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်လည်း မရှိ။ ကိုယ့်ကိုယ်ကိုလည်း တိုးတက်အောင် မလုပ်နိုင်။ ညနောက်ကျမှအိပ်တဲ့ အကျင့်ဆိုးကို ဘာလို့ မပြင်နိုင်တာလဲ ဆိုပြီးတော့ပေါ့။ဒီအတွက်ကြောင့်နဲ့တော့ ကိုယ့်ကိုယ်ကို အပြစ်မတင်လိုက်ပါနဲ့။ ကိုယ့်ရဲ့ အချိန်စီမံခန့်ခွဲမှုကို ပြန်ပြီး ချိန်ညှိလိုက်ရုံနဲ့ မနက်နောက်ကျမှ ထတာတောင်productive ဖြစ်အောင်လုပ်လို့ ရပါသေးတယ်။မနက်အိပ်ရာထ နောက်လို့ ကိုယ့်ကိုယ်ကို productive မဖြစ်ဘူးလို့ မတွေးပါနဲ့တော့။ ခုပြောတဲ့ နည်းတွေနဲ့ တစ်နေ့တာကို စတင်လိုက်ရအောင်ပါ။မနက်ကျရင် ဝတ်မယ့်အင်္ကျီ၊ စီးမယ့် ဖိနပ်၊ ရုံးကို ယူသွားမယ့် စာရွက်စာတမ်း စတာတွေကို အဆင်သင့်ပြင်ထားပါ။ မဖြစ်မနေ ယူသွားဖို့ လိုတဲ့အရာတွေကို ကိုယ်မြင်နိုင်ပြီး လက်လှမ်းမီတဲ့ နေရာမှာ ထားပါ။ဒါဆိုရင် မနက်ကျ မေ့ကျန်တာ၊ ဗရုတ်သုတ်ခနဲ့ ရှိတာကောက်စွပ်ပြီး ရုံးသွားရတဲ့ ဒုက္ခကင်းသွားမှာပါ။အိမ်မှာ ရုံးအလုပ်တွေ မလုပ်ချင်ဘူးဆိုပေမယ့် productiveဖြစ်ဖို့ဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူပြီးနိုင်မယ့် အလုပ်တွေကို ကြိုလုပ်ထားသင့်ပါတယ်။အနည်းဆုံးတော့ နောက်ရက် လုပ်ရမယ့် ရုံးအလုပ်တွေကို listလုပ်ထားရင် နောက်နေ့ ရုံးတက်တဲ့အခါ အလုပ်ရှုပ်သက်သာမှာပါ။အလုပ်က ပြန်လာရင် ကိုယ့်မှာ လေ့ကျင့်ခန်း လုပ်ဖို့၊ gymသွားဖို့ အချိန်ရှိပါသလား။ အချိန်ရှိရင်တော့ ဒီအဆင့်ကို ကျော်သွားနိုင်ပါတယ်။ မဟုတ်ရင်တော့ မနက်ကို ၅မိနစ် လေ့ကျင့်ခန်း လုပ်ဖို့ ပြင်ဆင်ပါ။၅မိနစ်လောက် အချိန်ရှိရင် အနည်းဆုံးတော့ အကြောလျှော့လို့ ရပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီ ဥပမာ ခေါင်း၊ ခါး၊ ခြေ၊ လက် စသဖြင့် အကြောလျှော့ပါ။ ၅မိနစ်စာလောက်ဆို ရပါပြီ။ စစချင်းမှာ ၅မိနစ်ထိ မသွားနိုင်သေးရင် ၁မိနစ်၊ ၂မိနစ် စသဖြင့် တိုးပြီး လုပ်သွားပါ။ဘာမှမလုပ်ဖြစ်တာထက်စာရင် ၅မိနစ်လောက် လုပ်နိုင်လဲ မဆိုးဘူးမလား။ညတည်းက မနက်မှာ စားဖို့မနက်စာကို ကြိုပြင်ထားလို့ ရပါတယ်။ ဥပမာ overnight oat ပြင်ထားမလား၊ ပေါင်မုန့်ယိုသုတ်နဲ့ ကော်ဖီနဲ့ သောက်မလား စသဖြင့်ပေါ့။ ကိုယ်က မုန့်ဟင်းခါး၊ အသုပ် စားတတ်တာဆိုရင်တော့ ရုံးသွားရင်းနဲ့ လမ်းမှာစားဖို့ အချိန်တစ်ခု ဖယ်ထားပါ။ထမင်းချိုင့်ထည့်သူဆိုရင်လည်း ညတည်းက ဟင်းကို လုံးပြီး မနက်ကျ မြန်မြန်ပြန်နွေးပြီး ထည့်သွားလို့ ရပါတယ်။ ဒီနည်းနဲ့ စားဖို့ သောက်ဖို့ အချိန်အများကြီး မပေးရအောင် လုပ်နိုင်ပါတယ်။ကိုယ်က မနက်ကို စောစောထသည်ဖြစ်စေ၊ နောက်ကျမှ ထသည်ဖြစ်စေ အလုပ်ကိုတော့ အချိန်မီ သွားရမှာပါ။ ကိုယ်က ဘတ်စ်ကားနဲ့ သွားတာလား၊ ဆိုင်ကယ်နဲ့ သွားတာလား၊ လမ်းတွေက ဘယ်အချိန်မှာ ပိတ်တတ်လဲ စတာတွေကို လေ့လာထားပါ။တစ်ခါတလေမှာ ၁၀မိနစ်လောက် စောထွက်မိတာက ရုံးကို အချိန်မီအောင် ကူညီပေးနိုင်ပါတယ်။ကိုယ်က မနက်ပိုင်းကို မထနိုင်ဘူး။ ညကိုတော့ နောက်ကျမှ အိပ်လည်း ရတယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်တွေ၊ အစီအစဉ်တွေကို ညဘက်ကို ရွှေ့ထားပါ။ ဥပမာ ကိုယ်တက်ချင်တဲ့ သင်တန်းတွေကို ရုံးဆင်းချိန် ရွှေ့ထားတာ၊ ညဘက်တွေမှာ စာကျက်တာ စသဖြင့်ပေါ့။မနက်မှာ မထနိုင်ဘူးဆိုရင် ညဘက်မှာ အချိန်ပိုလုပ်ပြီးဖြစ်ဖြစ် ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ရမှာပါ။ ဒီလိုမှ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ နည်းသွားမှာပါ။ကိုယ်တစ်နေ့တာမှာ လုပ်ရမယ့် အလုပ်တွေ၊ ဖြစ်ချင်တာတွေကို ချရေးထားပါ။ ဘယ်အလုပ်က မနက်မှာ လုပ်ကို လုပ်ရမှာလဲ။ ဘယ်ဟာတွေကတော့ ညနေဘက်၊ ညပိုင်းမှာ လုပ်လို့ အဆင်ပြေလဲဆိုတာကို ရွေးပါ။တစ်နေ့တာ ကုန်သွားတဲ့အခါ ကိုယ်အလုပ်ဘယ်နှခုပြီးလဲ။ ဘာတွေ ပြုပြင်ဖို့လိုလဲဆိုတာ သုံးသပ်ပါ။ ဒါဆို ကိုယ့်ရဲ့ အချိန်ကို ပိုပြီး စီမံခန့်ခွဲတတ်လာမှာပါ။မနက်နောက်ကျမှာ နိုးသူအများစုက ဖြစ်နိုင်ရင်ညစောစောအိပ်ပြီး မနက်စောစောထချင်ကြသူတွေချည်းပါပဲ။ ကိုယ့်ရဲ့ အခြေအနေကြောင့် မပြောင်းလဲတာ ဖြစ်နိုင်သလို ဘယ်လိုပြင်ပြင် ပြင်မရတော့လို့လည်း ဖြစ်နိုင်ပါတယ်။တကယ်လို့ ညစောစောအိပ်ပြီး မနက်စောစောထဖို့ အစီအစဉ်ရှိတယ်ဆိုရင်ဒီအချက်တွေကိုလိုက်နာကြည့်ပါ။မနက်စောစော မထနိုင်သေးရင် ခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ တစ်နေ့တာကို productiveဖြစ်အောင် ကြိုးစားပါ။ တစ်ချိန်တည်းမှာပဲ စောစောအိပ် စောစောထဖို့ ကြိုးစားကြည့်ပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/productive-tips-for-late-risers/
အိပ်ရေးပျက်တာက အမြင်အာရုံကို ဘယ်လို ထိခိုက်စေသလဲ........
အိပ်ရေးပျက်တာက မကောင်းဘူးဆိုတာကိုတော့ တော်တော်များများက သိထားပြီးသား ဖြစ်မှာပါ။ အိပ်ရေးပျက်တာကကိုယ်ခံအားကို အားနည်းစေပြီးဖျားနာလွယ်တယ်။ စိတ်ဖိစီးစေပြီး ရေရှည်မှာ စိတ်ဓာတ်ကျလာစေနိုင်တယ်ဆိုတာကိုတော့ အားလုံးလိုလို သိထားပြီးသားပါ။နောက်တစ်ချက်က အိပ်ရေးပျက်တာကဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်တယ်ဆိုတာပါ။ အိပ်ရေးပျက်တဲ့အခါ အာရုံစူးစိုက်ဖို့ ခက်လာပြီး ဖန်တီးနိုင်စွမ်းတွေလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ဒီအချက်တွေတင် မဟုတ်ဘဲ အိပ်ရေးပျက်တာကြောင့်နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ထိခိုက်လာစေနိုင်တဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ယနေ့ခေတ်မှာ ညဘက်ကို ဖုန်းသုံးရင်း၊ ဂိမ်းဆော့ရင်းနဲ့ အိပ်ရေးဝဝ အိပ်မိတယ်ဆိုသူက ခပ်ရှားရှားပါ။ ညတိုင်းမှာအိပ်ချိန် ပြည့်ဝတဲ့သူဆိုတာ လက်ချိုးရေလို့ရတဲ့ အနေအထားပါ။ အိပ်ရေးပျက်တာက နောက်တစ်နေ့တာရဲ့ လုပ်ဆောင်နိုင်စွမ်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့မျက်လုံးလေးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ညဘက်တွေမှာ အိပ်ရေးပျက်တာက အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အိပ်ရေးပျက်တာကမျက်လုံးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အမြင်အာရုံနဲ့ မျက်လုံးတွေ ကျန်းမာစေဖို့ဆိုရင် ညဘက်တိုင်းမှာ ပြည့်ဝတဲ့အိပ်စက်ချိန်ရှိဖို့လိုပါမယ်။အိပ်ရေးပျက်တာကြောင့် အခုလိုမျိုး အမြင်အာရုံ ပြဿနာတွေ ခံစားရနိုင်ပါတယ်။လေ့လာမှုတွေအရ မျက်လုံးတွေ ကျန်းမာစေဖို့ဆိုရင် တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၅ နာရီ ရှိဖို့ လိုပါမယ်။ အိပ်ချိန် ၅ နာရီဆိုတာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချိန်ကို ပြောတာပါ။တကယ်လို့ ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိဘူးဆိုရင် မျက်လုံးတွေက လုပ်ငန်းဆောင်တာတွေကို ပြည့်ပြည့်ဝဝ မလုပ်ဆောင်နိုင်ပါဘူး။ အိပ်ရေးပျက်တာကြောင့် သိသိသာသာ ထိခိုက်စေနိုင်တဲ့ မျက်လုံး ပြဿနာတစ်ခုက မျက်လုံး အကြောဆွဲတာပါ။ မျက်ခမ်းသားတွေ လှုပ်လာပြီး  တစ်ခုခုကို စိုက်ကြည့်ဖို့ ခက်လာတာမျိုးပါ။မျက်လုံး ဖျတ်ခနဲ ပိတ်ပိတ်သွားတာက ကြီးကြီးမားမား ထိခိုက်စေတာမျိုး မဟုတ်ဘူးဆိုပေမယ့် တော်တော်လေးတော့ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တာပါ။ ကာလတို အိပ်ရေးပျက်မှုရဲ့ အကျိုးဆက်ပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့အိပ်ရေးဝဝ အိပ်တာပါပဲ။ဒါ့အပြင် အိပ်ရေးပျက်တာကြောင့် မျက်လုံးသွေးကြောတွေရောင်တာ၊မျက်လုံးညောင်းတာ၊ မျက်လုံးခြောက်တာ၊ အလင်းစူးရင် မျက်လုံးက မခံနိုင်တာ၊ မျက်လုံးထဲမှာ ချောဆီအလုံအလောက် မရှိတာမျိုးတွေကို ခံစားရနိုင်သလို အမြင်အာရုံ ဝေဝါးတာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ဒါတွေအပြင် ပြင်းထန်တဲ့ အကျိုးဆက် အနေနဲ့ Anterior Ischemic Optic Neuropathy (AION) ကို ခံစားရနိုင်ပါတယ်။ ညဘက် အိပ်မပျော်တာကြောင့်လည်း ရေရှည်မှာ အမြင်အာရုံကို ပြင်းပြင်းထန်ထန် ထိခိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။အိပ်ရေးပျက်တာ များလာတာကြောင့် အသက်ရလာတဲ့အခါ မျက်လုံးထဲက သွေးကြောတွေ ရောင်ရမ်းတဲ့ ပြဿနာကိုလည်း ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မျက်လုံးထဲက သွေးကြောတွေဆီကို သွေးစီးဆင်းရောက်ရှိမှု မလုံလောက်တာကြောင့်အာရုံကြောတွေထိခိုက်ပျက်စီးတာ၊ အမြင်အာရုံ ဆုံးရှုံးတာမျိုးအထိ ခံစားရနိုင်ပါတယ်။အိပ်ရေးပျက်တာက ရေရှည်မှာ မျက်လုံးကိုရော အမြင်အာရုံကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါတွေအပြင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ညစဉ်တိုင်းမှာ အိပ်ချိန် ပုံမှန် ရှိအောင် သေချာလေး ဂရုစိုက်စေချင်ပါတယ်။ နောက်တစ်ချက်ကတော့ ညအိပ်ခါနီးမှာ ဖုန်းသုံးတာ၊ကွန်ပျူတာ အသုံးပြုတာမျိုးတွေ မလုပ်ပါနဲ့။အိပ်ရာမဝင်ခင်မှာ စာအုပ်ဖတ်ပါ။ချာမိုမိုင်း ရေနွေးကြမ်းလေးတစ်ခွက်လောက် သောက်ပါ။ တရားထိုင်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ တစ်နေ့တာလုံးမှာ ကဖင်း ပမာဏကို ကန့်သတ်ထားပေးပါ။ အိပ်ချိန်နဲ့ကပ်ပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်း လုပ်တာမျိုး မလုပ်ပါနဲ့။တစ်နေ့တာလုံးမှာ ပင်ပန်းထားတဲ့ မျက်လုံးလေးတွေကို ညဘက်ရောက်တဲ့အခါ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိအောင် သေချာလေး ဂရုစိုက်ပေးရင်း မျက်လုံးလေးတွေကို ကျန်းမာရေးနဲ့ ပြည့်စုံအောင် သေချာလေး ဂရုစိုက်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/lack-of-sleep-affect-your-vision/
အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ
အမျိုးသားတွေဟာ လိင်မှုရေးရာကိစ္စတွေနဲ့ ပတ်သက်လာရင် လွန်ကဲစွာ စွဲလမ်းနှစ်ခြိုက်တတ်ကြပြီး လိင်စိတ် လွန်ကဲတတ်ကြတယ်လို့ လူအတော်များများက ထင်ထားကြပါတယ်။ စာအုပ်တွေ၊ ရုပ်ရှင်တွေနဲ့ တီဗီအစီအစဉ်တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေ၊ ဇာတ်ဝင်ခန်းတွေမှာ အမျိုးသားတွေရဲ့လိင်စိတ် လွန်ကဲမှုကို ဖော်ပြထားတတ်ကြပါတယ်။အမျိုးသမီးတွေကိုကျတော့ စိတ်ကူးယဉ်ဆန်ပြီး အချစ်တစ်ခုတည်းကိုသာ တပ်မက်ကြသလို ရိုက်ကူးထားတာကို တွေ့နိုင်ပါတယ်။ တကယ့်လက်တွေ့မှာ အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ ကရော ဘယ်လိုရှိမလဲ။အမျိုးသားတွေရဲ့ လိင်စိတ်က လွန်ကဲတယ်လို့ ဖော်ပြယူဆထားကြတာဟာ အမှန်တရားလား။ ကဲ အောက်မှာ ထင်မြင်ယူဆချက်အချို့ကို ဖြေရှင်းချက်တွေနဲ့တကွ ကြည့်လိုက်ကြရ အောင်။(၁)အမျိုးသားတွေဟာအချိန်ပြည့်လိင်ကိစ္စကို တွေးတောနေတတ်တယ်။အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်က လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်အရ ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်ဟာ တစ်နေ့မှာ လိင်မှုကိစ္စအကြောင်းကို ၁၉ ကြိမ်လောက် တွေးတောပါသတဲ့။ အမျိုးသမီးတစ်ယောက်ဟာတော့ လိင်ဆက်ဆံမှုအကြောင်းကို ၁၀ ကြိမ်လောက် တွေးတောတယ်လို့ ဆိုထားပါတယ်။သို့သော် အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ တွေးတောမှုအကြောင်း ဖွင့်ဟပြောကြားရာမှာ အမျိုးသမီးတွေထက် သက်သောင့်သက်သာပိုရှိပြီး မရှက်မကြောက်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။(၂)အမျိုးသားတွေဟာအမျိုးသမီးတွေထက်တစ်ကိုယ်ရည်အာသာဖြေခြင်း(Masturbation)ကိုပိုလုပ်တတ်တယ်။၂၀၀၉ ခုနှစ်တုန်းက တရုတ်ပြည်နယ်မှာ Masturbation နဲ့ပတ်သက်တဲ့ သုတေသနတစ်ခုကို လူငယ်အယောက် ၆၀၀ နဲ့ ပြုလုပ်ခဲ့ပါတယ်။ ၄၈.၈ ရာခိုင်နှုန်းသော မိန်းကလေးတွေနဲ့ ၆၈.၇ ရာခိုင်နှုန်းသော ယောက်ျားလေးတွေဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းကို ပြုလုပ်ကြပါသတဲ့။ဒီသုတေသနကို ခြုံငုံလေ့လာလိုက်တဲ့ အခါမှာတော့ အရွယ်ရောက်ပြီးသူများဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းအပေါ် မကောင်းဘူးလို့ ယူဆထားကြပါတယ်။ ရှက်စရာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပုံပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေပါ။(၃)အမျိုးသားတွေဟာလိင်ခံစားမှုအထွတ်အထိပ်ရောက်ဖို့ ၂ မိနစ်မှ ၇ မိနစ်အထိ ကြာမြင့်ပါ တယ်။လိင်စိတ်တစ်ခုပြီးမြောက်ဖို့အတွက် (Orgasm ရဖို့ရန်အတွက်) အဆင့်လေးဆင့်ကို ကျော်ဖြတ်ရ ပါတယ်။အမျိုးသားရော၊ အမျိုးသမီးရောမှာ ဒီလေးဆင့်လုံးဖြတ်သန်းရမှာပါ။ လိင်မှုကိစ္စတစ်ခုရဲ့ ကြာမြင့်ချိန်ကို သတ်မှတ်ဖို့က ခက်ခဲပါတယ်။ စိတ်လှုပ်ရှားပြီး အရှိန်တက်နေတဲ့ ပထမအဆင့်နှစ်ခုဟာ မိနစ်ပိုင်းများစွာကနေ နာရီပေါင်းများစွာထိကြာနိုင်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး လုံးဝမတူပါဘူး။(၄)  အမျိုးသားတွေဟာ ဘာအနှောင်အဖွဲ့မှမပါတဲ့လိင်ဆက်ဆံမှုကို အမျိုးသမီးတွေထက် ပိုလုပ်ကြပါတယ်။နိုက်ကလပ်တွေ၊ ဘားတွေမှာ သဘောကျနှစ်ခြိုက်တဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ညတစ်ညကို အတူတူပျော်ရွှင်ရင်ခုန်စွာ ဖြတ်သန်းတဲ့ လိင်မှုကိစ္စကို ဆိုလိုတာပါ။ ဟုတ်ပါတယ်။ အမျိုးသားတွေဟာ (non-string attached) ဆိုတဲ့ ဘာအနှောင်အဖွဲ့မှမပါတဲ့ (one night stand) တစ်ညတာ ကုန်ဆုံးခြင်းမျိုးကို ပိုမိုပြုလုပ်တတ်ကြပါတယ်။အမျိုးသမီးတွေရော မလုပ်ကြဘူးလား။ မဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ စိတ်ချလုံခြုံရတဲ့ အခြေအနေမျိုးတွေမှာဆိုရင်၊ မိမိစိတ်ကို လုံခြုံပြီး ဘာအန္တရာယ်၊ ဘာအကျိုးဆက်မှ မရှိနိုင်တဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့ လက်ခံကြပါတယ်။ဒါကို ကြည့်မယ်ဆိုရင် လူမှုပတ်ဝန်းကျင်က ထင်မြင်ယူဆချက်တွေနဲ့ အမျိုသားတွေ လိင်မှုကိစ္စအပေါ် သတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေရဲ့ လိင်မှုစိတ်သဘောထားအပေါ်မှာ အတော်လေး လွှမ်းမိုးထားပုံရပါတယ်။ အန္တရာယ်ကင်းပြီး ဖောက်ပြန်ခြင်းမဟုတ်တဲ့ လိင်မှုကိစ္စများဟာ အဆင်ပြေပါတယ်။ မိမိရဲ့ လိင်စိတ်ကို ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေနဲ့ မထိန်းချုပ်ထားသင့်ပါဘူး။(၅)လိင်တူအမျိုးသား (Gay)တွေဟာအမျိုးသမီးအချင်းချင်းစိတ်ဝင်စားသူ (Lesbian)တွေထက်လိင်ဆက်ဆံမှုအကြိမ်ရေ ပိုများကြပါတယ်။ဒီထင်မြင်ယူဆချက်ကို မှန်သလား မှားသလား ပြောရတာဟာ ခက်လှပါတယ်။ လိင်တူအမျိုးသား၊ အမျိုးသမီးတွေနဲ့ သာမာန်ချစ်သူစုံတွဲတွေ ဒါမှမဟုတ်  ဘယ်လိုပါတနာတွေဖြစ်စေ လိင်ဆက်ဆံမှု အတွေ့အကြုံမျိုးစုံ ရှိနိုင်ပါတယ်။သာမန်အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးနဲ့လိင်ဆက်ဆံဖို့ အခက်အခဲ အနည်းငယ်ရှိနိုင်ပေမယ့် လိင်တူအမျိုးသားစုံတွဲကတော့ အခက်အခဲမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲကိစ္စတွေလည်း ပိုရှင်းပါတယ်။ ဥပမာ ကိုယ်ဝန်ရှိသွားနိုင်ခြင်း။ ထို့အတူပဲ လိင်တူအမျိုးသမီး (Lesbian) စုံတွဲတွေမှာလည်း သူတို့ရဲ့ လိင်ဆက်ဆံမှုပုံစံဟာ တစ်ခြားစုံတွဲတွေထက် ကွဲပြားခြားနားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ဟာ သတ်မှတ်ဖို့ရန် ခက်ခဲပါတယ်။(၆)အမျိုးသားတွေဟာအမျိုးသမီးတွေထက်စာရင်စိတ်ကူးယဉ်ဆန်တဲ့အချစ်ကိုစိတ်ဝင်စားမှု နည်းပါးကြပါတယ်။ချစ်သူအပေါ် စိတ်လှုပ်ရှားရင်ခုန်ခြင်းဟာ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ ရှိနိုင်တာမို့ ဒီအချက်က မှားနိုင်ပါတယ်။ သို့သော်လည်း အမျိုးသားတို့ရဲ့ ထုံးစံအတိုင်း နုရွတဲ့အရာမျိုးကို သိပ်စိတ်မဝင်စားကြဘဲ ပြတ်ပြတ်သားသားနဲ့ အလုပ်တစ်ခုကိုပြုလုပ်တတ်ကြတာမို့ ဒီအချက်က မှန်တယ်လို့လည်း ပြောလို့ရနိုင်ပါသေးတယ်။လိင်စိတ်ကို ဘယ်လိုကိရိယာ၊ ဘယ်လိုနည်းပညာနဲ့မှ တိုင်းတာလို့မရပါဘူး။ ဦးနှောက်ထဲမှာရှိတဲ့ အစိတ်အပိုင်းအချို့ဟာ လိင်မှုကိစ္စတစ်ခုကို တွေးတောလိုက်တာနဲ့ စိတ်ကြည်နူးခြင်း၊ စိတ်ပျော်ရွှင်တက်ကြွခြင်းတွေနဲ့တကွ လိင်စိတ်ကိုနိုးထစေပါတယ်။ ဒီအခါ အမျိုးသားတို့ရဲ့ လိင်အင်္ဂါဟာ ထောင်မတ် လာရပါတယ်။ လိင်စိတ်ကြွစေတဲ့ ပုံတွေကိုကြည့်ရှုတဲ့အခါ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်လိင်စိတ်နိုးကြားခြင်းပိုများတယ်လို့လည်း ဆိုထားပါတယ်။ဒါ့ပြင် Testosterone ဆိုတဲ့ ကျား ဟော်မုန်းရှိခြင်းကြောင့် လိင်စိတ်ဖြစ်ရခြင်းပါ။ ကျားဟော်မုန်းပမာဏဟာ မနက်မှာအမြင့်ဆုံးဖြစ်ပြီး၊ ညအခါမှာ ကျဆင်းပါတယ်။ အမျိုးသားတွေရဲ့ ဆယ်ကျော်သက် အချိန်မှာ ကျားဟော်မုန်းပမာဏဟာ အများဆုံးဖြစ်ပြီး ဒီထက်အသက်ကြီးလာတာနဲ့အမျှ တဖြည်း ဖြည်းကျဆင်းလာပါတယ်။အမျိုးသားတွေမှာ လိင်စိတ်ဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်သလို တစ်ချိန်နဲ့တစ်ချိန်လည်း မတူညီနိုင်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံခြင်းဟာ ကျန်မာရေးအကျိုးကျေးဇူးတွေရှိနေပါတယ်။အထက်ပါ အကြောင်းအရာတွေအရ အမျိုးသားတွေရဲ့ လိင်စိတ်ဟာ အမျိုးသမီးတွေထက် ပိုမြင့်မားတယ်လို့ တထစ်ချမဆိုလိုနိုင်ပါဘူး။ ဒါပေမယ့် ရာခိုင်နှုန်းတစ်ခုအထိ ရောင်ပြန်ဟပ်နေတာဖြစ်လို့ အမျိုးသားတွေရဲ့ လိင်စိတ် (Male Sexual Drive) အကြောင်းကို ယခုလို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/sex-drive-how-do-men-women-compare/
ညအိပ်မပျော်တာ ခံစားနေရတာလား!
အရင်က အိပ်မပျော်တာကို လူကြီးတွေမှာ ခံစားရတာ များပေမယ့် အခုနောက်ပိုင်းမှာတော့ လူလတ်ပိုင်းတွေမှာပါ ခံစားလာရပါတယ်။ တစ်ခါတလေမှာ အချို့တွေက ကိုယ်တိုင်မှာ အိပ်မပျော်တာကို ခံစားနေရလားဆိုတာကိုတောင် မသိကြတာမျိုးလည်း ရှိပါတယ်။ ဒီတော့ ကိုယ်တိုင်ရော ညအိပ်မပျော်တာ ခံစားနေရတာလား! ဆိုတာကို သိနိုင်စေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးလိုက်ပါတယ်။ညဘက် အိပ်မပျော်ဘူးဆိုတာက အိပ်သင့်တဲ့သလောက် မအိပ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ အိပ်ရေးဝဝ မအိပ်ရတဲ့ သဘောပေါ့။ ကောင်းကောင်း မအိပ်ရတာ၊ အိပ်ပျော်ဖို့ ခက်တာ၊အိပ်ချင်စိတ်ရှိပေမယ့် အိပ်လို့ မရတာမျိုးတွေပေါ့။ အချို့သောသူတွေအတွက်ကတော့ အိပ်မပျော်တာက ကြီးမားတဲ့ နှောင့်ယှက်မှု တစ်ခုကြီးပါ။ခန္ဓာကိုယ်ကအိပ်စက်မှုကို လိုအပ်တဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။အိပ်ရေးပျက်တာက စိတ်ကြည်လင်မှု နည်းစေသလို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး လူလတ်ပိုင်းတွေ အနေနဲ့ဆိုရင် ညဘက်တွေကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရှိဖို့ လိုသလို လူကြီးတွေ နဲ့ ကလေးငယ်တွေဆိုရင် ပိုပြီး လိုအပ်မှာပါ။ညဘက်တွေမှာ အိပ်မပျော်တာအိပ်ရေးပျက်တာရက်တွေ ရှည်ကြာလာတဲ့အခါ အခုလိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။ညအိပ်မပျော်ဘူးဆိုတဲ့နေရာမှာ ရေတိုနဲ့ ရေရှည်ဆိုပြီး ခွဲလို့ရပါတယ်။ အကြမ်းအားဖြင့် အိပ်မပျော်တာ ၃လအောက်ဆို ရေတို၊ ၃လအထက်ဆို ရေရှည်ပါ။ ရေတို အိပ်မပျော်ခြင်းတွေကတော့ နေထိုင်မကောင်းဖြစ်တာ၊ရုတ်တရက် စိတ်ဖိစီးစရာကိစ္စတွေနဲ့ ကြုံတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ ၃လနဲ့အထက် အိပ်မပျော်တော့ဘူးဆိုရင်တော့ ရေရှည်/ နာတာရှည် အိပ်မပျော်တာ ဖြစ်သွားပါပြီ။အိပ်မပျော်တာက ကာလရှည်ကြာလာတဲ့အခါ မနက်ပိုင်းမှာ အလုပ်ကောင်းကောင်း မလုပ်နိုင်တာတွေ ဖြစ်လာာသလို ကာယကံရှင်ကိုယ်တိုင်ကလည်း ညဘက်တွေ အိပ်မပျော်ရကောင်းလားဆိုပြီး စိတ်ညစ်လာပါတယ်။ အိပ်မပျော်တာက နာတာရှည်ဖြစ်လာပြီဆိုရင် လူတစ်ယောက်ရဲ့ အလုပ်နဲ့ လူမှုဆက်ဆံရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ညအိပ်မပျော်တာ ခံစားနေရတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေကတော့ –။ညဘက် အိပ်မပျော်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းက ရေရေရာရာ တိတိကျကျတော့ မရှိပါဘူး။ လေ့လာမှုတွေအရ သိရတာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်နေတာက ခဏခဏ နိုးနေတာ၊ မနက်ခင်းကို အစောကြီး နိုးနေတာ၊ မျက်စိကြောင်ပြီး အိပ်မရတာတွေက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒီအချက်တွေအပြင် အသက်အရွယ်ကြီးရင့်လာတာ၊ စီးပွားရေး အခြေအနေ မကောင်းတာ၊ ဆီးချိုလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာကို ခံစားနေရတာ၊ နာတာရှည် နာကျင်မှု ဝေဒနာကို ခံစားနေရတာ၊ စိတ်ဓာတ်ကျနေတာ၊ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ညဘက် အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင်။[/summary]။# အချိန်တိုအတွင်း အိပ်ပျော်စေဖို့။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/is-feeling-insomnia-symptoms/
ညဘက်မှာရော နေလောင်ကာခရင်မ် လိမ်းမလား...မလိမ်းဘူးလား.....
နေလောင်ကာခရင်မ်ကို နေ့ဘက်မှာ နေရာင်ဒဏ်ကနေ ကာကွယ်ဖို့ လိမ်းတာက သဘာဝကျပါတယ်။ ညဘက်မှာတော့ နေရောင်မရှိလို့ လူးစရာလိုမယ်မထင်ပါဘူးဆိုတာ အများက လက်ခံထားတဲ့အချက်တစ်ခုပါ။ ဒီတစ်ခေါက်တော့ ညဘက်မှာရော နေလောင်ကာခရင်မ် လူးဖို့လိုမလား… ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ…ဆိုတာတွေကို ပြောပြပေးချင်ပါတယ်။ဒါကတော့ ရှင်းပါတယ်။ နေလောင်ကာခရင်မ် ဆိုမှတော့အသားအရေကိုနေရောင်ဒဏ်ကနေ ကာကွယ်ပေးတာပေါ့။ နေရောင်ကြောင့်။နေလောင်ကာခရင်မ်က နေရောင်ဒဏ်ကနေအသားအရေကို ကာကွယ်ပေးတယ်ဆိုမှတော့ ညဘက်လူးဖို့လိုပါ့မလား……. လို့မေးစရာ အကြောင်းရှိပါမယ်။ ညဘက်မှာ နေလောင်ကာခရင်မ်ကိုလိမ်းပြီး အိပ်မယ်ဆိုရင် ချွေးပေါက်တွေပိတ်ဆို့လို့ဝက်ခြံတွေထွက်မယ်၊ အသားအရေကို ထိခိုက်စေမယ်လို့ ယူဆစရာရှိပါတယ်။ ဒါက မမှန်ဘူးလားဆိုတော့ ထိုက်သင့်သလောက်တော့ မှန်ပါတယ်။ဒီလိုဖြစ်ရတာရဲ့ အဓိကအကြောင်းအရင်းက နေလောင်ကာခရင်မ်မှာပါတဲ့ ပါဝင်ပစ္စည်းကြောင့်ပါ။ နေလောင်ကာခရင်မ်က အဆီပါဝင်မှုများမယ်၊ အရမ်းပျစ်နေမယ်ဆိုရင်တော့ ညဘက်လိမ်းအိပ်တာက အသားအရေကချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်တာကြောင့် ဝက်ခြံထွက်တာ၊ အဆီဖုဖြစ်တာတွေကိုဖြစ်စေနိုင်ပါတယ်။ နေလောင်ကာခရင်မ်က ဒီလိုအမျိုးအစားဆိုရင် ညဘက်မှာ လိမ်းအိပ်တာက အသားအရေကို အာဟာရဖြည့်ပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။နေလောင်ကာခရင်မ် (အထူးသဖြင့် ဝက်ခြံထွက်တတ်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ နေလောင်ကာခရင်မ်) က ချွေးပေါက်ပိတ်ဆို့မှုမရှိဘဲ ဝက်ခြံတွေကိုသက်သာစေနိုင်တဲ့ အာနိသင်တောင်ရှိတယ်၊လို့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒါကြောင့် ညဘက်အိပ်ခါနီးမှာ water-base အမျိုးအစားဖြစ်ပြီးnon – comedogenicဆိုတဲ့ စာတန်းပါတာမျိုးကိုရွေးချယ်ပါ။ ဒီလိုအမျိုးအစား နေလောင်ကာခရင်မ်က ချွေးပေါက်ပိတ်ဆို့မှုကင်းစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာပါ။ညဘက်အိပ်တဲ့အခါ နေလောင်ကာခရင်မ်လူးပေးတာက အသားအရေအတွက် အကျိုးရှိတယ်ဆိုတာနဲ့ တစ်နေကုန်လိမ်းထားတဲ့ နေလောင်ကာခရင်မ်ကို မသန့်စင်ဘဲ အိပ်လိုက်လို့ရတယ်လို့ အတွေးမမှားစေချင်ပါဘူး။ ဒါကမျက်နှာအသားအရေကို ထိခိုက်စေပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာတစ်နေကုန်လိမ်းထားတဲ့ ပြင်ဆင်ခြယ်သမှုတွေနဲ့ နေလောင်ကာခရင်မ်တို့ကို သန့်စင်ပြီးမှာ သန့်စင်ခြောက်သွေ့နေတဲ့ မျက်နှာပေါ်မှာ နေလောင်ကာခရင်မ်ကို လိမ်းပေးပါ။ ဒါက အသားအရေကို ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ paranoid ကိုတော့ရှောင်ပါ။ ဒါက နေရောင်ဒဏ်က ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ညဘက်လိမ်းမိရင်တော့ ချွေးပေါက်ပိတ်ဆို့မှုကြောင့် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ညဘက်က နေရောင်နဲ့မှမထိတာ နေလောင်ကာခရင်မ် လိမ်းဖို့မလိုဘူးဆိုတဲ့ အယူအဆက မှားတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အလုံးစုံမှန်တယ်လို့လည်း မဆိုသာပါဘူး။ အကြောင်းက ညဘက်မှာ နေရောင်နဲ့ မထိတွေ့ပေမယ့် မီးအလင်းရောင်၊ တီဗွီဖန်သားပြင်က အလင်းရောင်၊ဖုန်းမျက်နှာပြင်က အလင်းရောင်။ ကွန်ပျူတာမျက်နှာပြင်က အလင်းရောင်တွေနဲ့ ထိတွေ့မိနေနိုင်ဆဲပါ။ ဒီအလင်းရောင်တွေက နေရောင်လောက်မဟုတ်ဘူးဆိုပေမယ့် အသားအရေကို အထိုက်အလျောက် ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် နေရောင်ကရော စခရင်မ်တွေကနေထွက်တဲ့ အလင်း​ရောင်တွေကြောင့်ပါ အသားအရေထိခိုက်မှုကင်းစေဖို့ ညဘက်တွေမှာလည်း မျက်နှာကို သန့်စင်ပြီးရင် နေလောင်ကာခရင်မ်ခပ်ပါးပါးလေးလိမ်းပေးသင့်ပါတယ်။ ညမအိပ်ခင်ဖေ့ဘုတ်ခ်သုံးတယ်။ ဂိမ်းဆော့တယ်ဆိုတဲ့လေဒီလေးတို့ရေ စခရင်မ်က အလင်းရောင်တွေကြောင့် အသားအရေထိခိုက်မှုကင်းစေဖို့ ညအိပ်ရာမဝင်ခင် နေလောင်ကာခရင်မ်လေးလိမ်းပေးနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/should-you-wear-sunscreen-at-night/
ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ
သားသားမီးမီးတွေကို ကျန်းမာကြံ့ခိုင်ပြီးအရပ်ရှည်ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ကလေးတွေ အရပ်ရှည်ပြီး ကိုယ်ခန္ဓာကြီးထွားစေဖို့ အစာအာဟာရက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နေ့စဉ်အစာအာဟာရမျှတစေဖို့ ချက်ပြုတ်ရာမှာ ခေါင်းစားနေရတဲ့မေမေတွေအတွက် ဝယ်လို့လည်း လွယ်ကူပြီး ကလေးတွေ ကြိုက်လောက်မယ့်အပြင် ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကို ဝေမျှပေးချင်ပါတယ်။ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကတော့။ကလေးတွေကို ကြီးထွားစေဖို့နဲ့ အရပ်ရှည်စေဖို့ ကူညီပေးနိုင်တဲ့ အာဟာရတွေထဲမှာပရိုတင်းဓာတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကြက်ဥမှာ ပရိုတင်းဓာတ်နဲ့အာဟာရတွေများစွာ ပါဝင်တဲ့အပြင် ကလေးတွေလည်း ကြိုက်နှစ်သက်ကြတဲ့ အစားအစာပါပဲ။ မနက်စာကို ကြက်ဥကြော်နဲ့ ထမင်းဖြစ်စေ၊ ကြက်ဥပြုတ်နဲ့ နွားနို့ပူပူလေး တစ်ခွက်ဖြစ်စေ ကိုယ်ကလေးကို ကျွေးပေးနိုင်ရင် ကောင်းပါတယ်။နွားနို့မှာအရိုးကို ကြံ့ခိုင်သန်စွမ်းစေတဲ့ ကယ်လ်စီယမ်ဓာတ်တွေအပြင် အရပ်ရှည်စေတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ သေသေချာချာ ပိုးသတ်ထားတဲ့  နို့တွေကို တစ်နေ့ နှစ်ခွက် ပုံမှန်တိုက်ပေးခြင်းဖြင့် ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ကြက်သားနဲ့ ပတ်သက်ပြီး ချက်ထားတဲ့ ဟင်းတော်တော်များများကို ကလေးအများစု ကြိုက်နှစ်သက်ကြပါတယ်။ ကြက်သားမှာ ပရိုတင်းဓာတ်တွေ ပေါကြွယ်ဝလို့ အရပ်ရှည်ကြီးထွားစေတယ်။ကျန်းမာရေးနဲ့လည်း ညီညွတ်စေတယ်။ ကြော်မလား၊ ဟင်းအနေနဲ့ပဲ ချက်မလား၊ ဟင်းရွက်ကြော်မှာ ကြက်သားရောချက်မလား၊ မနက်စာ ထမင်းပူပူလေးနဲ့ ကြက်သားနဲ့ပဲ ကျွေးမလား၊ မေမေတွေအတွက်လည်း ချက်ပြုတ်ရတာ လွယ်ကူစေတဲ့ အစားအစာပါပဲ။ဟင်းသီးဟင်းရွက်တွေမှာ ကလေးအတွက် အာဟာရဖြစ်စေတဲ့ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တာ သိကြမှာပါ။ ဟင်းနုနွယ်ရွက်တွေမှာ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် အရပ်ရှည်ဖို့နဲ့ဉာဏ်ရည်ထက်မြက်စေဖို့ သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေပါ ပါဝင်ပါတယ်။ကိုယ့်ကလေးက ဟင်းသီးဟင်းရွက်တွေ မကြိုက်လို့ စိတ်ညစ်နေတယ်ဆိုရင် မုန်လာဥနီကို အသားတစ်မျိုးမျိုးနဲ့ ရောချက်ပြီး ကျွေးလို့ ရပါတယ်။ မုန်လာဥနီမှာမျက်စိအားကောင်းစေတဲ့ ဗီတာမင် A အပြင် ကိုယ်ခန္ဓာကြီးထွားသန်စွမ်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကလေးတွေအတွက် ပုံမှန်ချက်ကျွေးသင့်တဲ့ အစားအစာလည်း ဖြစ်ပါတယ်။ မုန်လာဥနီကို သစ်သီးတွေနဲ့ ရောကြိတ်ပြီးဖျော်ရည်အနေနဲ့ တိုက်ရင်လည်း အဆင်ပြေတယ်နော်။ကလေးတွေ ကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပေးစွမ်းနိုင်တဲ့ အစားအစာတွေထဲမှာ သစ်သီးတွေလည်း ပါဝင်ပါတယ်။ အသီးအနှံတွေမှာ အမျှင်ဓာတ်၊ အာဟာရဓာတ်များစွာ ပါဝင်တဲ့အတွက် သေချာပြင်ဆင် လှီးစိတ်ပြီး ကျွေးလို့လည်း ရသလို ဖျော်ရည်အနေနဲ့ သကြားမထည့်ပဲ ကြိတ်ပြီး ဖျော်တိုက်လို့ အဆင်ပြေလွယ်ကူပါတယ်။အရပ်ရှည်ပြီး အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေဖို့ ဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓာတ်အပြင် တခြားသော အာဟာရများစွာ ပါဝင်တဲ့ ဒိန်ချဉ်ဟာ ကလေးတွေအတွက်တော့ နေ့စဉ်ပုံမှန်စားပေးသင့်တဲ့ အစားအစာပါပဲ။ကလေးတွေ အရပ်ရှည်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွားလာစေဖို့ နေ့စဉ်အစာအာဟာရကို မေမေတွေအနေနဲ့ သေချာပြင်ဆင်ချက်ပြုတ်ပေးဖို့ လိုအပ်တဲ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ဟာလည်း အရေးကြီးပါတယ်။ မနက်ခင်း လမ်းထလျှောက်တာ၊ ပြေးတာ၊ ရေကူးတာဟာ ကလေးတွေကို အရပ်ရှည်စေဖို့နဲ့ ကိုယ်ခန္ဓာကြီးထွားစေဖို့ အထောက်အကူဖြစ်စေပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/kids-to-grow-tall/
Rhabdomyosarcoma (ရာဘ်ဒိုမိုင်ရိုဆာကိုးမား)
Rhabdomyosarcoma ဆိုသည်မှာ အလျင်အမြန် ကြီးထွားလွယ်သော ကင်ဆာတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ် အနှံ့အပြားမှ တစ်ရှူးပျော့များ (ဥပမာ ကြွက်သား)တွင် ဖြစ်ပေါ်နိုင်ပါသည်။ စိတ်ဖြင့်ထိန်းချုပ်နိုင်သော ကြွက်သား (လက်မောင်း၊ ခြေထောက်)တို့တွင် ဖြစ်တတ်၏။ ထိုကြွက်သားများကို အရိုးမှီကြွက်သား သို့မဟုတ် အစင်းပါကြွက်သားများဟုခေါ်ပါသည်။ Rhabdomyosarcoma အဖြစ်များသောနေရာများမှ ခေါင်း၊ လည်ပင်း၊ ဆီးအိမ်၊ မိန်းမကိုယ်၊ လက်၊ ခြေ နှင့် ခန္ဓါကိုယ်ထည်ပိုင်းတို့ဖြစ်သည်။ Rhabdomyosarcoma တွင် ကင်ဆာဆဲလ်များမှာ မရင့်ကျက်သေးသည့် ကြွက်သားဆဲလ်များနှင့်တူ၏။Rhabdomyosarcoma အမျိုးအစား နှစ်မျိုးရှိပါသည်။တတိယတစ်မျိုးဖြစ်သော Anaplastic Rhabdomyosarcoma မှာ အဖြစ်အနည်းဆုံးဖြစ်သည်။ ကလေးများထက် လူကြီးများတွင် အဖြစ်များ၏။ဒီရောဂါသည် အဖြစ်များ၏။ ၎င်းသည် ကလေးများတွင် အနည်းငယ် ပိုဖြစ်နိုင်၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။Rhabdomyosarcoma၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။Rhabdomyosarcoma ဖြစ်ရသည့် အကြောင်းရင်းကို တိတိကျကျမသိရပါ။ ဖြစ်နိုင်သမျှ မြန်မြန်သိရန် သုတေသီများ ကြိုးစားနေကြပါသည်။တစ်ရှူးပျော့ ဆာကိုမားကင်ဆာမှာ ယခင်တခြားကင်ဆာဖြစ်ခဲ့ဖူးပြီး ဓါတ်ရောင်ခြည်နှင့် ကုသမှုခံယူပြီးနောက် ဖြစ်လာတတ်သည်။ ဆာကိုမားကင်ဆာသည် ဓါတ်ရောင်ခြည်ကုထုံးပြီးနောက် အနည်းဆုံး ၁၀ နှစ်ကြာမှ ပေါ်လာခြင်းဖြစ်သည်။တစ်ချို့သော ဓါတုပစ္စည်းများနှင့် ထိတွေ့မိခြင်းသည် တစ်ချို့ဆာကိုးမားများဖြစ်လာနိုင်ချေနှင့် ဆက်စပ်မှု ရှိနိုင်ပါသည်။ ထိုဓါတုပစ္စည်းများတွင် ပလက်စတစ်လုပ်ရာတွင်သုံးသော ဗနိုင်းကလိုရိုက်နှင့် ပေါင်းသတ်ဆေးတစ်ချို့နှင့် ဒိုင်အိုဇင်တို့ပါဝင်ပါသည်။တစ်ချို့သော မွေးရာပါအခြေအနေများသည် လူတစ်ဦး၏ Rhabdomyosarcoma ဖြစ်နိုင်ချေကို တိုးပွားစေပါသည်။ ၎င်းတို့တွင် ဤကင်ဆာမျိုးနှင့် တခြားကင်ဆာမျိုးများကို ဖြစ်စေနိုင်သည့် ဗီဇမူမမှန်မှုများ ပါဝင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အလုံးတစ်ခုကိုစမ်းမိပါက ကွန်ပျူတာဓါတ်မှန်၊ သို့မဟုတ် တစ်ခါတစ်လေ သံလိုက်ဓါတ်မှန် ရိုက်ရပါလိမ့်မည်။ ရောဂါအမည်တပ်ခြင်းကိုတော့ အလုံးမှအသားစယူကာ အဏှကြည့်မှန်ပြောင်းနှင့် စစ်ဆေးခြင်းဖြင့် ပြုလုပ်ရသည်။ တစ်ခါတစ်လေ အလုံးတစ်ခုလုံးကို ဖယ်ထုတ်ရသည်လည်းရှိ၏။ကင်ဆာပျံ့မပျံ့ဆုံးဖြတ်နိုင်ရန် ရင်ဘတ် ကွန်ပျူတာဓါတ်မှန်၊ အရိုးဓါတ်မှန်မျာ ပြုလုပ်ရသလို၊ ချဉ်ဆီနမူနာယူပြီးစစ်ဆေးခြင်းများပါ ပြုလုပ်ရပါမည်။ကွန်ပျူတာဓါတ်မှန်မှာ ခန္ဓါကိုယ်အတွင်း ကလီစာများကို 3D ပုံစံတည်ဆောက်ပေးသော ဓါတ်မှန်တစ်မျိုးဖြစ်သည်။ မလုပ်ခင် ၄ နာရီအလိုလောက်မှ အစာမစား ရေမသောက်ရန် ညွှန်ကြားပါလိမ့်မည်။ပုံရိပ်များ ရှင်းရှင်းလင်းလင်းမြင်ရစေရန် ဆိုးဆေးထိုးခြင်း သောက်ခြင်းများပါ ပြုလုပ်ရနိုင်ပါသည်။သံလိုက်ဓါတ်မှန်သည်လည်း ကွန်ပျူတာဓါတ်မှန်နှင့် တူသည်။ မတူသည်မှာ ၎င်းသည် ဓါတ်မှန်အစား သံလိုက်ကိုသုံးပြီး ကိုယ်ခန္ဓါကန့်လန့်ဖြတ်ပုံများကို တည်ဆောက်ပေးမည်ဖြစ်သည်။ကုထုံးများတွင် ခွဲစိတ်ခြင်း၊ ကင်ဆာဆေးသွင်းခြင်းနှင့် တစ်ခါတစ်ရံ ဓါတ်ရောင်ခြည်ပြခြင်းတို့ ပါဝင်ပါသည်။ခွဲစိတ်ဆရာဝန်သည် အကျိတ်လုံးအား တတ်နိုင်သလောက် အကုန်ဖယ်ရှားပါလိမ့်မည်။ ထိုသို့လုပ်ရာတွင်လည်း ခန္ဓါကိုယ်ပုံစံမပျက် မထိခိုက်အောင် အတတ်နိုင်ဆုံးပြုလုပ်ပါလိမ့်မည်။ သို့သော် ထိုသို့လုပ်ရသည်မှာ အလွန်ခက်ခဲကြောင်း သိထားပါ။ တစ်ချို့ဖြစ်ရပ်များတွင် ဆရာဝန်မှ ခြေလက်တစ်ခုလုံး ဖယ်ပစ်လိုက်ရတာမျိုးလည်း ရှိပါသည်။ တစ်ချို့တွင်တော့ ခြေလက်ကို ဒီတိုင်းပြန်ရနိုင်တာမျိုးလည်းရှိ၏။ကင်ဆာဆေးသွင်းကုထုံးမှာ ကင်ဆာဆဲလ်များကို သတ်ပေးသော ဆေးများကိုသုံးရခြင်းဖြစ်သည်။ vincristine, actinomycin D, cyclophosphamide, doxorubicin, ifosfamide, and etoposide) စသည်များကို ခွဲစိတ်ပြီးနောက် အမြဲလိုလိုပေးရ၏။ ၎င်းသည် အကျိတ်ဖယ်ပြီးနောက် ကျန်နေခဲ့နိုင်သည့် ကင်ဆာဆဲလ်များကို သတ်ပေးပါလိမ့်မည်။ ထို့အတူ တခြားအစိတ်အပိုင်းများတွင် ရှိနေနိုင်သော ကင်ဆာဆဲလ်အိတ်လေးများကိုပါ သတ်ပေးနိုင်ပါသည်။ဓါတ်ရောင်ခြည်ကုထုံးကိုတော့ များသောအားဖြင့် ခွဲစိတ်ပြီးနောက် ကင်ဆာကျန်နေသေးလျှင် သို့မဟုတ် ကင်ဆာမှာ အန္တရာယ်များနေပြီဟုယူဆလျှင် ပေးလေ့ရှိပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကRhabdomyosarcomaကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။ဤရောဂါအတွက် ကာကွယ်နိုင်သည့် အန္တရာယ်ရှိအချက်များ မရှိပါ။ ဤကင်ဆာမျိုးနှင့် တခြားကင်ဆာများ ဖြစ်လာနိုင်ကြောင်းရှိမရှိ မိသားစုဝင်များတွင် သိလိုပါက ဗီဇစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/rhabdomyosarcoma-%e1%80%9b%e1%80%ac%e1%80%98%e1%80%b9%e1%80%92%e1%80%ad%e1%80%af%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%ad%e1%80%af%e1%80%86%e1%80%ac%e1%80%80%e1%80%ad%e1%80%af/
အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။
အစာတစ်လုတ်ကို အခါ ၃၀ လောက် ဝါးစားသင့်တယ် ဆိုတဲ့အကြောင်းကို ငယ်ငယ်တုန်းက ကြားဖူးကောင် း ကြားခဲ့ဖူးပါလိမ့်မယ်။ ခက်တာက ကြားဖူးပြီး လိုက်မလုပ်ကြတဲ့သူ ၁၀၀ မှာ ၉၇ ယောက်လောက်ရှိနေပါတယ်။ အစားတွေ အများကြီးစားချင်တဲ့ စိတ်နဲ့ အစားကို မြန်မြန်စားတာမျိုး၊ ကျောင်းသွား အလုပ်တစ်ဖက်နဲ့မို့ အစားကို မြန်မြန်စားဖြစ်နေကြတဲ့သူတွေ တစ်ပုံကြီးပါ။ တစ်ချို့ကလည်း အစားစားမြန်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ကြတဲ့သူတွေရှိပါတယ်။ အဲလို အစားကိုသေချာ ကြေညက်အောင် ဝါးမစားရင်တဖြည်ဖြည်းချင်းနဲ သင့်အစာအိမ်ကျန်းမာရေး ပြဿနာတက်တတ်တယ်ဆိုတာ သင်သိပါသလား ။အစားကို ဝါးစားတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ ဘယ်အစားအသောက်ကိုမဆို ပျော့ပျောင်းသွားအောင် သွားတွေကို ကြိတ်ချေလိုက်တာဖြစ်ပါတယ်။ အစားကို ဝါးစားခြင်းဟာ အစာခြေစနစ်ရဲ့ ပထမဆုံး အလုပ် ဆိုလည်း မမှားပါဘူး။ ဒီတော့ အစားကို ဘယ်နှစ်ခေါက်လောက် ဝါးမှ ကြေညက်တယ်လို့ ယူဆရတာလဲ ။ ။ကျွမ်းကျင်ပညာရှင်တွေ ပြောကြတာကတော့ ဘာပဲစားစား ပျှမ်းမျှ အနေနဲ့ ၃၂ ခါလောက် ဝါးစားပေးရင် စားလိုက်တဲ့ အစာတွေ ကြေညက်တယ်လို့ ဆိုကြပါတယ်။ဒါတွေက အပြောသာရှိတာပါ တကယ်တမ်း လိုက်လုပ်ဖို့ကို ဘယ်သူမှ စိတ်မရှည်ပါဘူး။ ဒါတွေက အစားကို ကြေညက်အောင် ဝါးခြင်းက ဘာကောင်းကျိုးတွေ ရှိလဲဆိုတာ မသိကြသေးလို့ပါ။ဒီလို အစားကိုကြေညက်အောင် ဝါးမစားတဲ့အခါ အစာအိမ်က သူလုပ်နိုင်တာထက်ပိုပြီး လုပ်ရတဲ့အခါကျတော့။အစာအိမ်ဆိုတာ ကိုယ်စားလိုက်သမျှ အစားအသောက်တွေကို ဒိုင်ခံတာဝန်ယူပေးနေရတဲ့ နေရာဖြစ်တာကြောင့် သူကျန်းမာမှ သင်လည်းကျန်းမာမှာနော် ။ ကြေညက်အောင် ဝါးမစားတဲ့သူတိုင်း ကျန်းမာရေးထိခိုက်မယ်လို့ မဆိုလိုပေမယ့် ကြေညက်အောင် ဝါးစားတာက သင့် အစာအိမ်အတွက် အထောက်အကူပြုတဲ့ အရာဆိုလည်း မမှားဘူးနော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/chewing-food/
သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အရေးအကြီးဆုံး သွားပွတ်တံ
လူတစ်ယောက်၏ တစ်ကိုယ်ရည်သန့်ရှင်းမှုအား တိုင်းတာခြင်းကိစ္စတွင် ခံတွင်းသန့်ရှင်းမှုကိုလည်း မေ့ထား၍မရ။ စားချင်တိုင်းစားနေသော လူတို့၏ခံတွင်းအား သန့်ရှင်းအောင်ထားရန် အရေးကြီး၏။ ခံတွင်း ကျန်းမာရေးအား ဂရုစိုက်ခြင်းကိစ္စသည် ရှေးခေတ်များထဲက ရှိခဲ့သည့် အလေ့အထ ဖြစ်သည်။ ရှေး အခါများက ခုခေတ်လို သွားပွတ်တံများ မရှိသေးသည့် အတွက်ကြောင့် နည်းမျိုးစုံနဲ့ခံတွင်းသန့်ရှင်းေအာင်လုပ်ခဲ့ကြတယ်။နာမည်ကြီး နည်းတစ်ချို့ကတော့ ဆားနဲ့ သွားတိုက်တာ၊ မီးသွေးနဲ့သွားတိုက်တာ၊ ဆီနဲ့ပလုတ်ကျင်းတာတွေပါ။ အဲ့နည်းတွေက ကောင်းတာလည်းရှိသလို ဆားဖြင့် သွားတိုက်ခြင်းဖြင့် ဆားများမျိုချမိတတ်၍ သွေးတိုးခြင်း၊ မီးသွေးဖြင့် သွားတိုက်ခြင်းကြောင့် သွားကြွေလွှာ ပျက်စီးခြင်း၊ ဆီနဲ့ ပလုတ်ကျင်းရင်လည်း အဝင်ဆိုးတဲ့ဆိုးကျိုးတွေရှိခြင်းကြောင့် နောက်ပိုင်းလူတွေက အများကြီး သုံးရအဆင်ပြေမယ့် သွားပွတ်တံကို စတင်တီထွင်ခဲ့တယ်။ သုံးရလည်း အဆင်ပြေပြီး သန့်ရှင်းတဲ့အတွက်ကြောင့် နောက်ပိုင်းတွင် သွားပွတ်တံသုံးသူများပြားလာခဲ့တယ်။ ခေတ်မီအဆင်ပြေလှတဲ့ သွားပွတ်တံတွေရဲ့ အရင်းအမြစ်က တရုတ်ကစတာဖြစ်တယ်။ ခုခေတ်မှာတော့ အိမ်တိုင်းတွင် မရှိမဖြစ်ဆောင်ထားရတဲ့ သွားပွတ်တံတွေကို ပုံစံမျိုးစုံဖြင့်ရနိုင်နေပြီဖြစ်တယ်။လက်ဖြင့်ကိုင်၍ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း၊ သွာပွတ်တံထိပ်မှ အမျှင်များသည် သွားကြားထဲအထိ ဝင်ရောက်နိုင်ပြီး သင့် သွားကြားရှိ အစာဟောင်းများအား သန့်စင်ပေးခြင်းဖြင့် သွားပိုးပေါက်များမဖြစ်အောင်ကာကွယ်ပေးခြင်း၊ သွားတင်မက သွားဖုံးကျန်းမာရေးကိုပါ ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်ပြီးသားဖြစ်ခြင်းတို့ကြောင့်သွားပွတ်တံကို အသုံးပြုဖို့လိုအပ်တာဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးတာ၊ သွားတွေသွားဖုံးတွေထိခိုက်ပြီး ရုပ်ဆိုးပန်းဆိုးဖြစ်တာတွေလည်း မရှိတာက နောက်ထပ်ကောင်းကျိုးတွေပေါ့။ လက်ကိုင်လေးကိုကိုင် သွားပွတ်တံထိပ်က အမျှင်လေးတွေပေါ် သွားတိုက်ဆေးလေးတင်ပြီး ပါးစပ်ထဲထည့် နှံ့စပ်အောင်တိုက်လိုက်ရုံပဲ။ ခံတွင်းကျန်းမာရေးအတွက် သွားပွတ်တံနဲ့ သွားတိုက်ဆေးက မရှိမဖြစ်လိုအပ်ချက်တွေဖြစ်ပါတယ်။သင်စားလိုက်သောအစာများတွင် ချိုသော သကြားနှင့် စေးသော ကစီ ဓါတ်များ၊ အသားမျှင်များပါသောကြောင့် သင်ဝါးလိုက်သော အခါတွင် သွားကြားထဲတွင် စားကြွင်းစားကျန်တစ်ချို့ ကျန်နေတတ်ပါတယ်။ ကျန်ခဲ့သော စားကြွင်းစားကျန်များက ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးများနဲ့ ဓါတ်ပြု့ပီး အက်စစ်ဓါတ်တစ်မျိုးထွက်ကာ သွား၏ကြွေလွှာများကို ဖျက်စီးပြီးတော့ သွားပိုးပေါက်လေးတွေကိုဖြစ်စေတယ်။ ကျန်ခဲ့တဲ့ စားကြွင်းအကျန်များ သွားဖုံးတွင် ကပ်တာ ကြာလာရင် သွားဖုံးအားထိခိုက်စေပြီးသွားဖုံးရေစီးကမ်းပြိုခြင်းရောဂါများဖြစ်စေတယ်။ သွားဖုံးများနီလာခြင်း၊ ဖောင်းလာခြင်း၊ ရောင်၍နာလာခြင်း၊ သွေးထွက်ခြင်း များသည် ရေစီးကမ်းပြိုခြင်း၏ အစ လက္ခဏာများ ဖြစ်တယ်။ ဤသို့ဖြစ်လာလေလေ ဘက်တီးရီးယားတွေပိုပျော်လေလေဖြစ်ပြီး သွားဖုံးမှာလည်း ပြည်တွေတည်လာတော့ သွားကိုထောက်ပံ့ထားတဲ့ အရိုးလည်းတဖြည်းဖြည်းဆွေးလာ၊ ပြီးတော့ သွားတွေ ကျွတ်ထွက်ခြင်း၊ သွားကျိုးခြင်းတွေပါ ဆက်တိုက်ဖြစ်လာတယ်။ အဆိုးဆုံးကတော့ ဒီကနေ ရောဂါပိုးတွေက သွေးထဲကိုရောက်သွားပြီး ဦးနှောက်၊ နှလုံးနဲ့ အခြားသော အရေးကြီးကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်ပျက်စီးစေတော့တာပါပဲ။သွားပွတ်တံက သွား၏မျက်နှာပြင်မှာ ကျန်နေသော သွားချေးများကင်းစင်သွားသည့်အပြင် သွားတိုက်တံထိပ်မှ အမျှင်လေးများက သွားကြားထဲရှိ စားကြွင်းကျန်များကိုပါ ဖယ်ထုတ်ပေးသည့် အတွက်ကြောင့်သွားပိုးပေါက်များမဖြစ်စေရန်ကာကွယ်ပြီးသားဖြစ်တယ်။ သွားဖုံးကျန်းမာလာအောင်လှုံ့ဆော်ပေးတာနဲ့ သွားဖုံးပေါ်က ရောဂါပိုးတွေကိုဖယ်ရှားပေးတာက သွားဖုံးအပြင် ဒီကနေ ရောဂါတွေတခြားနေရာကို ပျံ့နှံ့မသွားအောင်ပါ ကာကွယ်ပြီးသားဖြစ်တယ်။သွားပွတ်တံကို ရွေးချယ်တော့မယ်ဆိုရင် သွားနှင့်သွားဖုံးကို ထိခိုက်ခြင်း မရှိစေရန်အတွက် နူးညံ့သော သွားပွတ်တံများကို ရွေးချယ် ဝယ်ယူသင့်သည်။ ကြည့်သင့်တာတွေကတော့ Brush (အမျှင်လေးများ) ပျော့ပျော့၊ အရွယ်အစားအလောတော်၊ သွားနဲ့ သွားဖုံးအတွင်းထဲထိ ဝင်နိုင်မယ့်ပုံစံမျိုးနဲ့ ကိုင်ပြီးတိုက်တဲ့အခါ စီးစီးပိုင်ပိုင်နဲ့ ကိုင်လို့ကောင်းမယ့်ပုံစံမျိုးဟုတ်မဟုတ်ကို ကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့တစ်သက်လုံးအသုံးပြုသွားရမယ့် သွားနဲ့ခံတွင်းအတွက် သွားပွတ်တံဖြစ်ရင်ပြီးရော ရွေးချယ်လို့မရနိုင်ဘူးလေ။ လူတွေမှာ သွားနဲ့ခံတွင်း လိုအပ်ချက်မတူညီတတ်ကြဘူး။ သွားဖုံးတွေထိရှလွယ်တဲ့သူ၊ သွားတွေမကောင်းတဲ့သူစသဖြင့်ပေါ့။ မတူညီတဲ့ သွားနဲ့ သွားဖုံးပေါ်မူတည်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးကိုရွေးချယ်သင့်ပါတယ်။ အကောင်းဆုံးကတော့ သွားဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကိုယ်နဲ့ လိုက်ဖက်ညီမယ့် သွားပွတ်တံအမျိုးအစားကို ဝယ်ယူသင့်ပါတယ်။ဘယ်လိုသွားတိုက်ရမလဲ။သွားပွတ်တံရွေးချယ်ပြီးရင် နောက်ဆက်တွဲ သွားတိုက်တံပုံက အရေးကြီးတယ်။ သွားကို တစ်နေ့ကို နှစ်ခါတော့ တိုက်သင့်တယ်။ တစ်ခါတိုက်ရင် နှစ်မိနစ်လောက် ကြာသင့်တယ်။ ကြာရင်ပြီးရောမဟုတ်ဘဲ သွားရဲ့ အရှေ့အနောက်မျက်နှာပြင်တွေအကုန်စုံအောင်တိုက်ရမယ်။ သွားတိုက်တယ်လို့ပြောပေမယ့် လျှာကိုပါတိုက်ရမယ်။ အဲဒါမှ ခံတွင်းအနံ့ဆိုးတွေကိုပါ ကာကွယ်ပြီးဖြစ်မယ်။ အရေးကြီးတာက သွားပွတ်တံကို ၃လ တစ်ခါလဲပေးရမယ်။ တိုက်လို့ရသေးတာပဲဆိုပြီးဆက်တိုက်နေရင် မထိရောက်တော့ဘူး။ဒီလောက်ဆိုရင်သွားနဲ့ခံတွင်းကျန်းမာရေးအတွက် သွားပွတ်တံက ဘယ်လိုအရေးပါလဲဆိုတာနဲ့ ဘယ်လိုရွေးချယ်တိုက်ကြမလဲဆိုတာ နားလည်မယ်လို့ထင်ပါတယ်။ မှန်ကန်သော သွားပွတ်တံ တစ်ချောင်းကို ရွေးချယ်ခြင်းဖြင့် သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးနိုင်ကြပါစေ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99/