title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အဆစ်များတောင့်တင်းခြင်းကို သက်သာစေမည့် အစားအသောက်များ
အဆစ်များ တောင့်တင်းခြင်းဖြစ်ပါက သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာများကို နှောက်ယှက်ပါတယ်။ အဝတ်အစားဝတ်ခြင်း၊ ကွန်ပြူတာ စာရိုက်ခြင်း၊ စာရေးရန် ဘောပင်ကိုင်ခြင်း စသည်တို့ ခက်ခဲလာပါတယ်။ အားကစားလုပ်ခြင်း နှင့် ဆေးသောက်ဆေးလိမ်းခြင်းများ မှအပ အစားအသောက်များကလည်း ကူညီပေးနိုင်ပါတယ်။အိုးလစ် အဆီ သည် အဆစ်များ ရောင်ရမ်း တောင့်တင်းခြင်း ကို သက်သာစေပါတယ်။ အိုးလစ် အဆီ တွင် ပါဝင်သော oleocanthal ဓါတ်သည် စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများ ကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ extra virgin အိုးလစ် အဆီ သည် refined light အိုးလစ် အဆီ ထက်ပိုကောင်းပါတယ်။ အဆစ်များရောင်ခြင်းက နှလုံးကို ထိခိုက်စေပါတယ်။ ထို့ကြောင့် ကျန်းမာရေးနဲ့ ညီသော အဆီများ က နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ အိုးလစ် အဆီ ကို အသုပ်များ ၊ ချက်ပြုတ်ခြင်းများတွင် ထည့်သုံးနိုင်ပါတယ်။ အခြား သော ထောပတ်ကဲ့သို့ အဆီများကို အစားထိုးသုံးနိုင်ပါတယ်။အသီးအရွက်များက အမြဲ ကောင်းပါတယ်။ အစိမ်းရင့်ရောင် အသီးအရွက်များ သည် ခန္ဓါကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ အဆစ်များ တောင့်တင်းခြင်း အတွက် ကောင်းစေပါတယ်။ ပိုနေသော ကိုယ်အလေးချိန်ကို လည်း ကျစေပါတယ်။ ထို့ကြောင့် အဆစ်များအပေါ် သက်ရောက်သော ဖိအားကို နည်းစေပါတယ်။ မုန်လာဥနီ၊ ငရုတ်ကောင်း စသည်တို့က အဆစ်များ အတွက် အာဟာရများ ပါဝင်ပါတယ်။ အဆစ်များ ပျက်စီးပါက ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ အရောင်လည်း ကျစေပါတယ်။သို့သော် အသီးအရွက်များကို မချက်ပြုတ်ခင် သေချာစွာ ဆေးကြောသင့်ပါတယ်။ အသီးအရွက်များကို သုပ်ခြင်း၊ ပြုတ်ခြင်း များက ပိုကောင်းပါတယ်။ သင့်အတွက် ချက်ပြုတ်ရခက်ပါက စားသောက်ဆိုင်များတွင် သွားစားနိုင်ပါတယ်။ဆယ်လ်မွန်ငါး တွင် အိုမီဂါ အဆီအက်စစ်များ ပါဝင်ပါတယ်။ ၎င်းသည်လည်း ခန္ဓါကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ အဆစ်များ တောင့်တင်းခြင်း အတွက် ကောင်းစေပါတယ်။ ထို့ပြင် ဆယ်လ်မွန်ငါး တွင် ဗီတာမင် ဒီ ပါဝင်ပြီး အရိုးများအတွက် ကောင်းမွန်ပါတယ်။ အဆစ်များ ရောင်ရမ်းပါက အရိုးများပါ အားနည်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများကိုလည်း ကန့်သတ်ပစ်ပါတယ်။ ထိုအခါ အရိုးများ ပိုမို အားနည်းလာပြီး အဆစ်များကို မထောက်ပံ့ပေးနိုင်တော့ပေ။ ဆယ်လ်မွန်ငါး စားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ပဲတွင် သတ္တုဓါတ်၊ အမျှင်ဓါတ်၊ နှင့် ဗီတာမင် များစွာ ပါပါတယ်။ ကယ်လိုရီမပါဘဲ သင့်အား ဗိုက်ပြည့်အောင် ပြုလုပ်ပေးပါတယ်။ ထို့ကြောင့် ကိုယ်အလေးချိန်ကို ကျန်းမာစွာ ကျစေပါတယ်။ ထို့ကြောင့် အဆစ်များအပေါ် သက်ရောက်သော ဖိအားကို နည်းစေပါတယ်။ ပဲများ ချက်ပြုတ်စားရန် ခက်ခဲပါက ဆိုင်များတွင် ချက်ပြီးသား ပဲများဝယ်နိုင်ပါတယ်။အစေ့အနှံများ တွင် သတ္တုဓါတ်၊ အမျှင်ဓါတ်၊ နှင့် ဗီတာမင် များစွာ ပါပါတယ်။ ခန္ဓါကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ ကယ်လိုရီမပါဘဲ သင့်အား ဗိုက်ပြည့်အောင် ပြုလုပ်ပေးပါတယ်။ ထို့ကြောင့် ကိုယ်အလေးချိန်ကို ကျန်းမာစွာ ကျစေပါတယ်။ အစေ့အနှံများတွင် ဆန်၊ ဂျုံ၊ ပြောင်းတို့ပါဝင်ပါတယ်။ ဂလူတန် မပါသော အစေ့အနှံများ သည် အဆစ်ရောင်ခြင်းအတွက် ကောင်းပါတယ်။အဆစ်များ တောင့်တင်းခြင်းသည် ရောင်ရမ်းခြင်းနဲ့ အစပြုပါတယ်။ ကံကောင်းစွာဖြင့် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားခြင်းဖြင့် ရောင်ရမ်းတောင့်တင်းခြင်းကို သက်သာစေပါတယ်။သင့်ရဲ့ စားသောက်ပုံစံကို အခုပဲပြောင်းလဲပြီး တိုးတက်မှုကို ရယူလိုက်ပါ။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
နားအူတာ သက်သာစေမယ့် နည်းလမ်းကောင်းများ
နားအူတာ ကနားထဲမှာ တစီစီနဲ့ တော်တော် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာပါ။ တိတ်ဆိတ်နေတဲ့အချိန်ဆို ပိုဆိုးပါတယ်။ နားအူတာက အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲလည်း ဖြစ်နိုင်ပါတယ်။ တချို့က တစ်ခါတလေပဲ ဖြစ်ပြီး တချို့က ဆက်တိုက် ဖြစ်နေတာပါ။ အကောင်းဆုံးကတော့ နားအူစေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသတာပါပဲ။ ဒီလို ကုသနေတုန်းမှာ ဖြစ်ဖြစ်၊ လတ်တလောမှာ ဆေးခန်း မသွားနိုင်သေးလို့ ဖြစ်ဖြစ် အောက်ပါ နည်းလမ်းတွေကို စမ်းကြည့်နိုင်ပါတယ်။တချို့တွေက တစ်ခုခု စားလိုက်ရင်၊ သောက်လိုက်ရင်၊ ဆေးသောက်လိုက်ရင် နားအူတာ ပိုဆိုးလာတယ်လို့ ပြောကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူချင်မှ တူမှာပါ။ ကိုယ့်ကို ပိုဆိုးစေတဲ့အရာတွေကို ရှာကြည့်ပါ။ ဥပမာ တချို့က ကဖင်းပါတာတွေ သောက်မိရင် ပိုဆိုးတတ်ပါတယ်။ တချို့က အရက်သောက်တဲ့နေ့၊ အငန်စားတာ များတဲ့နေ့ဆို ပိုဖြစ်တတ်ပါတယ်။ကိုယ့်ကိုရော ဘာတွေက ပိုဆိုးစေတာလဲ။ ဒါကို ရှောင်လိုက်ရင် ခဏခဏ နားမအူတော့ဘူးပေါ့။ဆေးလိပ်က နားအူတာကို နည်းလမ်း ၂သွယ်နဲ့ ပိုဆိုးစေပါတယ်။ သွေးကြောတွေကို ထိခိုက်စေတာကြောင့် အကြားအာရုံကို ထိန်းချုပ်ပေးတဲ့ အာရုံကြောဆဲလ်တွေဆီကို သွေးကောင်းကောင်း မရောက်စေပါဘူး။ ဒါ့ပြင် ကိုယ်တွင်းက စနစ်တွေကို တက်ကြွစေပါတယ်။ ဒါကြောင့် နားအူတာ ပိုကျယ်လာပါတယ်။တိတ်ဆိတ်နေရင် နားအူတာက ပိုသိသာပါတယ်။ ဒါကြောင့် နားအူတာကို သတိမထားမိအောင် ဒါတွေကို လုပ်ပေးပါ။-သီချင်းသံ တိုးတိုးလေး ဖွင့်ထားပေးပါ။-ရေဒီယို နားထောင်ပါ။-ပန်ကာဖွင့်ထားပါ။-white-noise လို့ခေါ်တဲ့ အသံဆူဆူ၊ သဘာဝအသံတွေကိုလည်း ဖွင့်ထားပေးလို့ ရပါတယ်။ ဥပမာ မိုးရွာတဲ့အသံ၊ ပင်လယ်လှိုင်းပုတ်သံလိုမျိုးပါ။နားအူတာက ပထမဆုံး ဖြစ်ရင် ဖြစ်ဖြစ်၊ ခဏခဏ ပြန်ဖြစ်ရင်ဖြစ်ဖြစ် လူတွေက စိတ်ရှုပ်လာပါတယ်။ ဒီလို စိတ်ရှုပ်တာ၊ စိတ်ဖိစီးတာကလည်း နားအူတာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နေ့တိုင်း အချိန် ၁၅မိနစ်လောက်ပေးပြီး စိတ်ဖိစီးမှု လျှော့ချဖို့ မမေ့ပါနဲ့။ အောက်ပါ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ မိမိအဆင်ပြေရာကို လုပ်နိုင်ပါတယ်။–ယောဂကျင့်တာ။–တရားထိုင်တာ။-ကြွက်သားဖြေလျှော့တာ။-မျက်လုံးမှိတ်ပြီး မိမိသွားချင်တဲ့နေရာ၊ သာယာတဲ့နေရာကို မြင်ယောင်ကြည့်တာ စတာတွေပဲ ဖြစ်ပါတယ်။တရားထိုင်တာလိုမျိုး တိတ်တိတ်ဆိတ်ဆိတ် လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးဆိုရင် နောက်ကနေ အသံတစ်ခုခု ဖွင့်ထားပေးပါ။ ဒါမှ နားအူတာကို သတိမထားမိဘဲ ပိုပြီး အာရုံစိုက်လို့ ရမှာပါ။အိပ်ရေး မဝဘဲ နုံးပြီး အားနည်းတဲ့အခါ နားအူတာ ပိုဆိုးတတ်ပါတယ်။ နားအူတဲ့အသံကို ပိုကျယ်စေပါတယ်။ နားအူလို့ အိပ်မပျော်၊ အိပ်ရေးမဝလို့ နားပိုအူနဲ့ သံသရာလည်နေတတ်ပါတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့။-အိပ်ရာကို မှောင်ပြီး အေးနေအောင် ထားပါ။-အိပ်ခန်းက တိတ်ဆိတ်လွန်းနေရင် နားအူတာကို သတိမထားမိအောင် white-noise ဖွင့်ထားပေးပါ။-အိပ်ရာ ဝင်ချိန်၊ ထချိန် မှန်ပါစေ။-မအိပ်ခင်မှာ လုပ်ရမယ့် ပုံမှန်အလုပ်တွေ သတ်မှတ်ထားပါ။ ဥပမာ မအိပ်ခင်မှာ ရေချိုးမယ်၊ ပြီးရင် စာဖတ်မယ်၊ ပြီးရင် အသက်ရှူလေ့ကျင့်ခန်း လုပ်ပြီး အိပ်မယ် စသဖြင့်။-အိပ်ရာနဲ့ ခေါင်းအုံးတွေက သက်သောင့်သက်သာ ရှိပါစေ။-မအိပ်ခင် ၂-၃ နာရီအလိုလောက်ဆို ပြင်းထန်တွေ လေ့ကျင့်ခန်းတွေ လုပ်တာ၊ အရက်သောက်တာ၊ ကော်ဖီသောက်တာ၊ အစားစားတာ ရှောင်ကြဉ်ပါ။လေ့ကျင့်ခန်းလုပ်တာက အောက်ပါအချက်တွေကြောင့် နားအူတာကို သက်သာစေတာပါ။-စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။-အိပ်ပျော်စေတယ်။-နားအူတာကြောင့် ဖြစ်တဲ့စိတ်ကျရောဂါကို သက်သာစေတယ်။ခုမှ စလုပ်မှာဆိုရင် ဖြည်းဖြည်းချင်း လုပ်ပြီး တိုးသွားပါ။ သက်သောင့်သက်သာ စလုပ်ပါ။ ပုံမှန်လုပ်ဖြစ်အောင် အရင်ကြိုးစားပါ။  ဘာမှမလုပ်တတ်ရင် လမ်းလျှောက်တာက စလုပ်ပါ။ဆူဆူညံညံ အသံတွေက နားအူစေရခြင်းရဲ့ အဓိက အကြောင်းရင်းပါ။ ဒါ့ပြင် နားအူတာကိုလည်း ပိုဆိုးစေပါတယ်။ ဒါကြောင့် မိမိရဲ့ နားကို အသံဆူဆူတွေကနေ ဒီလို ကာကွယ်ပေးပါ။– နားကျပ်နဲ့ သီချင်းနားထောင်တဲ့အခါ အကျယ်ဆုံးတင်လို့ရတဲ့ အသံရဲ့ တစ်ဝက်ထက် ပိုမတင်ပါနဲ့။ တစ်နာရီထက်ပိုပြီး ဆက်တိုက် နားမထောင်ပါနဲ့။-ဆူညံတဲ့ပွဲတွေ (ဥပမာ ရှိုးပွဲ၊ ဘား၊ ကလပ်) သွားတဲ့အခါ နားကျပ်ear plugsတပ်ပါ။ ကိုယ်နဲ့ လက်တစ်ကမ်းအကွာမှာ ရှိတဲ့ လူက ပြောတာကို မကြားရဘူးဆိုရင် ဒီအသံက တော်တော်ကျယ်နေပါပြီ။ အကြားအာရုံ ပျက်စီးတာ၊ နားအူတာ ပိုဆိုးတာ ဖြစ်သွားနိုင်ပါတယ်။-မြက်ရိတ်စက်နဲ့ မြက်ရိတ်တဲ့အခါ၊ အသံဆူတဲ့ ကိရိယာတွေ သုံးတဲ့အခါ နားထဲမှာ ear plugs တပ်ပြီးမှ လုပ်ပါ။-ဆူညံတဲ့ စက်ရုံ၊ အလုပ်ရုံမှာ အလုပ်လုပ်တဲ့အခါ နားအကာအကွယ် အမြဲဝတ်ပါ။ဒီတိုင်း အကြောင်းအရင်း မရှိလည်း နားအူနိုင်သလို အောက်က ရောဂါအခံရှိရင်လည်း နားအူနိုင်ပါတယ်။ ဒီလို ရောဂါအခံရှိသူတွေ နားအူရင် ဆရာဝန်နဲ့ ပြပြီး ကုသမှု ခံယူသင့်ပါတယ်။–သိုင်းရွိုက်ရောဂါ။-သွေးတိုးရောဂါ။–Lyme disease။-Fibromyalgia။-နားဖာချေးပိတ်တာ။-မေးရိုးအဆစ်လွဲတာ။-ဦးနှောက်ထိခိုက်တာ။-လေဖြတ်တာ။-ဆီးချိုရောဂါ စတာတွေပဲ ဖြစ်ပါတယ်။ဆေးဝါးတွေကိုလည်း ဂရုစိုက်ပါ။ ဆေးအသစ်တစ်မျိုး စသောက်ပြီးမှ နားအူတာဆိုရင် ဆရာဝန်ကို ပြန်ပြောပြပါ။ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ နားအူတာ အထိုက်အလျောက် သက်သာမှာပါ။ နေ့စဉ် အလုပ်တွေ လုပ်မရအောင် နားအူရင်၊ ညဘက် အိပ်မရရင်၊ ပိုဆိုးလာရင်တော့ဆရာဝန်နဲ့ ပြသင့်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/home-care-for-tinnitus/
Macular Degeneration (မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း)
Macular degeneration ဆိုသည်မှာ လူအများစုတွင် အသက်အရွယ်ကြီးလာခြင်းကြောင့်ဖြစ်ခြင်းဖြစ်သည်။ အချို့လူငယ်များတွင်လည်း မွေးရာပါ ရောဂါကဲ့သို့ဖြစ်နိုင်သည်။၎င်းသည် တဖြည်းဖြည်းဖြင့် သင့်မျက်လုံး၏ နောက်ဘက်နေရာများ ပျက်စီးလာပြီး အလယ်တည့်တည့်ကို သေချာစွာ မမြင်ရတော့ခြင်းဖြစ်သည်။ ဘေးဘက်မြင်ကွင်းများ ထိခိုက်မှုမရှိပေ။ ၎င်းသည် ကြာရှည်ဖြစ်သော ရောဂါဖြစ်ပြီးပျောက်ကင်းအောင်ကုသ၍ မရပေ။ဤကျန်းမာရေးအခြေအနေသည်အလွန်ပင်အဖြစ်များသည်။ အမြင်အာရုံဆုံးရှုံးခြင်း၏ အဓိက အကြောင်းရင်းလည်းဖြစ်သည်။ အသက်အရွယ်မရွေးထိခိုက်နိုင်ပြီး အမျိုးသမီးများတွင် အမျိုးသားများထက် ပိုဖြစ်နိုင်သည်။၎င်းသည် အသက် ၆၀ နှင့် အထက်တွင် များသောအားဖြင့် ဖြစ်ပွားပြီး မျက်စိကွယ်ခြင်း၏ ၅၀% ကိုဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ အသက် ၅၀ အထက်တွင် ၇ ယောက်လျှင် တစ်ယောက်ထိခိုက်နိုင်သည်။ လေ့လာမှု တစ်ခုတွင် ၂၀၃၀ သို့ရောက်လျင် ၇၀%သောလူများတွင်macular degeneration ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။Macular denegeration ၏ လက္ခဏာများသည် သတိပြုမိရန်လွယ်ကူပြီး အောက်ပါတို့ပါဝင်သည်။– မျဉ်းဖြောင့်များကိုကြည့်လျှင် ပြတ်နေခြင်း၊ ဝါးနေခြင်း။– အလယ်တည့်တည့်တွင် အဖြူသို့မဟုတ်အမည်းနေရာများပေါ်နေခြင်း။– အရောင်ခွဲခြားမှုပြောင်းလဲခြင်း။– အလုပ်လုပ်ရန်အလင်းရောင် ပို၍လိုအပ်ခြင်း။– အလင်းရောင်အားနည်းခြင်းကို အသားမကျနိုင်ခြင်း။– ပရင့်ထုတ်ထားသော စကားလုံးများသည် ဝါးနေခြင်း။– မျက်နှာပုံပန်းသွင်ပြင်များကို မမှတ်မိနိုင်ခြင်း။အစောပိုင်းတွင် ပုံမှန်အားဖြင့် ရောဂါလက္ခဏာမပြပါ။ သို့သော် အလယ်အမြင်အာရုံဆုံးရှုံးခြင်း စတင်ဖြစ်ပွားနိုင်ပြီးတဖြည်းဖြည်းနှင့် ပိုဆိုးလာနိုင်သည်။ နောက်ပိုင်းတွင် သိသာစွာ အမြင်အာရုံ ဆုံးရှုံးနိုင်သည်။အထက်တွင် ဖော်ပြမထားသော ရောဂါလက္ခဏာများလည်း ရှိနိုင်သည့်အတွက် သင့်တွင်စိုးရိမ်နေသည်များရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Macular degeneration သည် သင့်ဘဝတွင် သိသာစွာထိခိုက်လာလျင် ဥပမာ စာဖတ်ခြင်း၊ ကားမောင်းခြင်း၊ ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာများကိုမမှတ်မိခြင်း စသည်ဖြင့် ဖြစ်လာလျင် ဆရာဝန်နှင့်ပြသပါ။Macular degeneration သည် ချော်လဲနိုင်ခြင်း၊ပြုတ်ကျနိုင်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ တင်ပါးဆုံရိုးကျိုးခြင်း နှင့်အခြားသူအပေါ် မှီခိုရခြင်းတို့ကို ပိုမိုဖြစ်စေနိုင်ပါသည်။လူတစ်ဦးတစ်ယောက်၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုများ မတူညီကြပါ။ သင့်အတွက် အကောင်းဆုံးအဖြေကိုရရှိနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပါ။အသက်ကြီးလာခြင်းကြောင့် အဆီဓါတ်များအနည်ထိုင်ခြင်းသည် မျက်လုံး မျက်ကြည်လွှာ၏အောက်တွင် အဖြူ သို့မဟုတ် အဝါရောင်နေရာ များကိုဖြစ်စေသည်။ ထိုနေရာများသည် မျက်ကြည်လွှာထဲမှ ဆဲလ်များကို အောက်ဆီဂျင်နှင့် အာဟာရရရှိခြင်းမှ တားဆီးထားသည်။ အလင်းရောင်ကို အာရုံခံသော ဆဲလ်များလည်း ပျက်စီးလာပြီး၊ Maculardegeneration ကို ဖြစ်စေသည်။ Dry maculardegeneartion ဟုလည်းခေါ်သည်။အခြားသောအမျိုးအစားဖြစ်သော wet။Macular degeneration သည် သိပ်အဖြစ်မများပေ။ ဖြစ်သည့် လူနာများ၏ ၁၀% သာရှိသည်။ ၎င်းသည် မျက်လုံးနောက်တွင်ရှိသော သွေးကြောများ ပုံမှန်မဟုတ်ပဲ ကြီးထွားခြင်းကြောင့်ဖြစ်သော သွေးနှင့် အရည်များ စိမ့်ထွက်ခြင်းကြောင့် မျက်လုံးကိုဒဏ်ရာရစေသည်။အသက်ငယ်ချိန်တွင် ဖြစ်သော macular degeneration သည် မွေးရာပါဖြစ်သည်။ မွေးရာပါဖြစ်သော ကြောင့် မျိုးရိုးဗီဇနှင့် သက်ဆိုင်ပြီး အချိန်ကြာလာလေလေ ပိုဆိုးလာလေလေဖြစ်သည်။အောက်ပါတို့သည် macular degeneration ကို ဖြစ်နိုင်ချေကို များစေသော အကြောင်းရင်းများဖြစ်ကြသည်။– ကျား၊မ။ ။ အမျိုးသမီးများတွင် ပိုဖြစ်နိုင်သည်။– အသက်အရွယ်။ ။ အသက်ကြီးလျင် ဖြစ်နိုင်ချေပိုများသည်။– ဆေးလိပ်သောက်သူများတွင် ၃-၄ ဆခန့် ဖြစ်နိုင်ချေပိုများသည်။– မိသားစု ရာဇဝင်ရှိခြင်း။ ။ ၅၀-၇၀% သော လူနာများသည် မျိုးရိုးလိုက်သော မိသားစုရာဇဝင် ရှိသည်။– နှလုံးရောဂါရှိခြင်း။– ကိုလက်စထရောများခြင်း။– မျက်လုံးအရောင်ဖျော့ခြင်း။– နေရောင်နှင့်ထိတွေ့မှုများခြင်း။– သွေးထဲတွင် antioxidants နည်းခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။MD ကို မျက်လုံးစစ်ဆေးခြင်းဖြင့် စောစီးစွာရောဂါသိရှိနိုင်သည်။အသက်ကြီးခြင်းကြောင့်ဖြစ်သော သို့မဟုတ် ငယ်ရွယ်စဉ်တွင်ဖြစ်သော macular degeneration ကို အောက်ပါအတိုင်းကုသနိုင်သည်။– ရောဂါတိုးတက်မှုကိုသက်သာစေရန် နှင့်မျက်လုံးအောက်တွင် သွေးကြောများကြီးလာမှုကို ကာကွယ်ရန် ဆေးပေးနိုင်သည်။– ခွဲစိတ်ကုသခြင်းနှင့် လေဆာကဲ့သို့သော အခြားသောကုသမှုများလည်း ရှိသည်။– မျိုးရိုးဗီဇဆိုင်ရာကုထုံးများတွင် မကောင်းသော gene ကိုကောင်းသော gene နှင့် လဲလှယ်ခြင်းလုပ်နိုင်သည်။– မျက်ကြည်လွှာမှ ပျက်စီးနေသောဆဲလ်များကို အစားထိုးခြင်းလည်း ပြုလုပ်နိုင်သည်။အောက်ပါတို့သည် macular degeneration ကို သက်သာစေနိုင်သော နေထိုင်သည့်ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများဖြစ်သည်။အာဟာရအစီအစဉ်တစ်ခုကိုပြုလုပ်ပြီး MD ဖြစ်နိုင်ချေကို လျော့ချပါ။– သဘာ၀ အစိမ်းရောင်ရှိသော အသီးအရွက်များ၊ သစ်သီးများကို နေ့စဉ်စားပါ။– အာဟာရတွင်ငါးကိုများများစားပါ။ အစေ့အဆံများလည်း စားပေးပါ။– ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ။သင့်တွင်အခြားသော မေးခွန်းများရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/macular-degeneration-%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%9c%e1%82%8a%e1%80%ac%e1%80%a1%e1%80%9c%e1%80%9a%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%9a/
Head injury (ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခြင်း)
ဦးနှောက်ဒဏ်ရာအပြင်းအထန်ရရှိခြင်းဆိုသည်မှာ ပြင်ပဒဏ်ရာတစ်ခုခုကြောင့်ဦးနှောက်ကို အလုပ်မလုပ်စေတော့တဲ့အခါဖြစ်ပေါ်လာပါတယ်။ ဦးခေါင်း သို့ ခန္ဓါကိုယ်ကိုအပြင်းအထန်ထိခိုက်မိတဲ့အခါဦးနှောက်ဒဏ်ရာရရှိခြင်းဖြစ်ပေါ်လာပါတယ်။ ကျည်ဆံ သို့ ဦးခေါင်းခွံအပိုင်းအစကဲ့သို့ဦးခေါင်းခွံထဲသို့ထိုးဖောက်နိုင်သည့်အရာများကြောင့်လည်းဦးနှောက်ဒဏ်ရာရရှိတတ်ပါတယ်။ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာမှပေးပို့ချက်များအရ အမေရိကန်တွင်နှစ်စဉ်ဦးခေါင်းထိခိုက်ဒဏ်ရာရရှိမှု ၁.၇ သန်းရှိပြီး ဦးခေါင်းဒဏ်ရာကြောင့်သေဆုံးခြင်းဟာ ဒဏ်ရာရရ၍ သေဆုံးရခြင်းတွေရဲ့ ၃၀.၅ ရာခိုင်နှုန်း ရှိပါတယ်။ ဆယ်ကျော်သက်အကြီးပိုင်းများဖြစ်တဲ့၁၅ နှစ်မှ ၁၉ နှစ်အထိ ၊ အသက်၆၅ နှစ်နှင့် အကြီးပိုင်းများ ၊ အသက်အရွယ်မရွေးယောက်ျားလေးများဟာ ဦးခေါင်းဒဏ်ရာရရှိနိုင်ချေအများဆုံးဖြစ်ပါတယ်။အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဦးခေါင်းဒဏ်ရာရရှိပြီးနောက်မှာ အောက်ပါရောဂါလက္ခဏာတွေဟာ နာရီပိုင်းမှရက်ပိုင်းအတွင်းပေါ်လာနိုင်သကဲ့သို့ဦးနှောက်ဒဏ်ရယးာအလယ်အလတ်မှ ပြင်းပြင်းထန်ထန်ရရှိပြီးတဲ့အခါမှာလည်း ရောဂါလက္ခဏာအအသေးစားများ ပေါ်လာနိုင်ပါတယ်။– မိနစ်ပိုင်းမှနာရီပိုင်းအထိသတိလစ်ခြင်း။– အမြဲခေါင်းကိုက်နေခြင်း သို့ ခေါင်းကိုက်ခြင်းပိုဆိုးလာခြင်း။– ခဏခဏမူးဝေပျို့အန်နေခြင်း၊။– တက်ခြင်း ၊။– မျက်လုံးသူငယ်အိမ်တစ်ဖက် သို့ နှစ်ဖက်စလုံးကျယ်လာခြင်း၊။– နှာခေါင်း သို့ နားမှ အရည်ကြည်များ ထွက်လာခြင်း ၊။– အိပ်နေရာမှ မနိုးတော့ခြင်း ၊။– လက်ချောင်း ခြေချောင်းများ ထုံနေခြင်း၊။– ခန္ဓါကိုယ်ကိုလိုက်လျောညီထွေဖြစ်အောင်မထိန်းချုပ်နိုင်တော့ခြင်း၊။– စိတ်ရှုပ်ထွေးခြင်း၊။– ဂျီကျခြင်း ၊ရန်လိုခြင်း သို့ အပြုအမူများပြောင်းလဲလာခြင်း၊။– စကားပြောလျက်လုံးထွေးလာခြင်း၊။– ကြာရှည်သတိလစ်ခြင်း နှင့်သတိလစ်ခြင်းနှင့်ဆိုင်သောပြသနာများ ၊။ဦးနှောက်ဒဏ်ရာရရှိသော ကလေးငယ်များနှင့် မွေးကင်းစကလေးများတွင် ခေါင်းကိုက်ခြင်း ၊ အာရုံကြောပြသနာများ ၊ စိတ်ရှုပ်ထွေးခြင်းများနှင့် အလားတူပြသနာများကို သင့်ကိုပြောပြနိုင်မည်မဟုတ်ပါ။ ဦးနှောက်ဒဏ်ရာရရှိသောကလေးငယ်များတွင် အောက်ပါလက္ခဏာများကို သင်တွေ့ရှိရပါလိမ့်မယ်။– အစာစားခြင်း သို့ နို့တိုက်ရသည့် ပုံစံများပြောင်းလဲလာခြင်း၊။– အမြဲငိုနေခြင်းနှင့် ချော့ရခက်လာခြင်း ၊။– ပုံမှန်မဟုတ်ပဲ လွယ်လွယ်ကူကူဂျီကျလာခြင်း ၊။– အာရုံစူးစိုက်နိုင်မှုနည်းလာခြင်း ၊။– အိပ်စက်သည့်အလေ့အထများပြောင်းလဲလာခြင်း ၊။– ဝမ်းနည်း အားငယ်လာခြင်း ၊။– အရုပ်များ သို့ လှုပ်ရှားမှုများကို စိတ်ဝင်စားမှုနည်းလာခြင်း။သင့်ရဲ့ကလေးဟာ ဦးခေါင်းဒဏ်ရာရရှိပြီး အပြုအမူပြောင်းလဲမှုတွေဖြစ်နေပြီဆိုလျှင်တော့ ဆရာဝန်နှင့် ပြသသင့်ပါပြီ။ဦးခေါင်းဒဏ်ရာရရှိပြီး ဦးနှောက်ဒဏ်ရာရရှိခြင်းရဲ့ရောဂါလက္ခဏာတွေဖြစ်နေပြီဆိုလျှင်တော့ ဆေးဝါးကုသမှုကိုချက်ခြင်းခံယူသင့်ပါပြီ။ဦးနှောက်ဒဏ်ရာရရှိစေသော အထူးသဖြင့် ပြင်းပြင်းထန်ထန်ဦးခေါင်းဒဏ်ရာရရှိစေသော အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။– ပြုတ်ကျခြင်း ။အိပ်ယာပေါ်မှပြုတ်ကျခြင်း၊ ရေချိုးခန်းထဲတွင်ချော်လဲခြင်း၊ လှေကားထစ်မှပြုတ်ကျခြင်းနှင့် အစရှိတဲ့ပြုတ်ကျခြင်းတွေက ဦးနှောက်ဒဏ်ရာရရှိခြင်းကိုဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့်သက်ကြီးပိုင်းဆယ်ကျော်သက်များနှင့် ကလေးငယ်များတွင်အဖြစ်များပါတယ်။– ယာဉ်တိုက်မှုများ ။ကား ၊ ဆိုင်ကယ် သို့ စက်ဘီးတိုက်မှုများ နှင့်လမ်းလျှောက်သူများတွင် ဦးနှောက်ဒဏ်ရာရရှိခြင်းအဖြ်းများကြပါတယ်။– ပြင်းပြင်းထန်ထန်ထိခိုက်မှုများ။ဦးနှောက်ဒဏ်ရာရရှိခြင်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခြင်းတွေဖြစ်တဲ့သေနတ်ဒဏ်ရာရရှိခြင်း ၊ အိမ်တွင်းရန်ဖြစ်ခြင်း သို့ ကလေးငယ်များနှိပ်စက်ခံရခြင်း ။ မွေးကင်းစကလေးငယ်ကိုပြင်းပြင်းထန်ထန်လှုပ်တဲ့အခါ ကလေးရဲ့ဦးနှောက်ဆဲလ်များပျက်စီးကုန်ပြီး ဦးနှောက်ထိခိုက်ဒဏ်ရာရရှိပါတယ်။-အားကစားထိခိုက်ဒဏ်ရာများ။ဦးနှောက်ဒဏ်ရာရရှိခြင်းဟာ ဘောလုံးကစားခြင်း၊လက်ဝေ့ထိုးခြင်း၊ဘေ့ဟ်ဘောကစားခြင်း၊စကိတ်စီးခြင်း၊ဟော်ကီရိုက်ခြင်းစတဲ့အားကစားများကြောင့်လည်းဒဏ်ရာရရှိနိုင်ပြီးလူငယ်များတွင်အဖြစ်များပါတယ်။– ပြင်းပြင်းထန်ထန်ပေါက်ကွဲခြင်း နှင့်စစ်ပွဲများမှရရှိသောဒဏ်ရယများ ။ပြင်းပြင်းထန်ထန်ပေါက်ကွဲခြင်းများဟာ ဦးနှောက်ဒဏ်ရာရရှိခြင်းရဲ့အဓိကအကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပြီး စစ်သားတွေမှာအဖြစ်များပါတယ်။ ဖြစ်စေမှုပုံစံကိုသေချာမသိသော်လည်း လေ့လာစမ်းသပ်သူများဟာ ဦးနှောက်ကိုဖြတ်သွားတဲ့ဖိအားလှိုင်းများဟာဦးနှောက်အလုပ်များကို သိသိသာသာနှောက်ယှက်စေတယ်လို့ယုံကြည်ကြပါတယ်။ဦးနှောက်ဒဏ်ရာအရနိုင်ဆုံးသူတွေကတော့..။– ကလေးငယ်များ အထူးသဖြင့် မွေးကင်းစမှ အသက်၄ နှစ်အထိကလေးငယ်များ ။– အသက်၁၅ နှင့် ၂၄ ကြားလူငယ်များ။– အသက်၇၅ နှစ်နှင့်အထက်လူကြီးများ ။၂၀၀၈ ခုနှစ်တွင်အောက်ပါအားကစားများဟာ ဦးနှောက်ဒဏ်ရာရရှိခြင်းကိုအများဆုံးဖြစ်စေခဲ့ပါတယ်။– စက်ဘီးစီးခြင်း၊ ဘောလုံးကန်ခြင်း၊ ဘက်စကတ်ဘောကစားခြင်း၊ ဘေ့စ်ဘောကစားခြင်း။အမေရိကမှ ဦးနှောက်ဒဏ်ရာဆိုင်ရာအဖွဲ့အစည်းထုတ်ပြန်ချက်အရ အောက်ပါအားကစားများဟာ အသက် ၅ နှစ်နှင့် ၁၈ နှစ်ကြားကလေးငယ်များတွင်ဦးနှောက်ဒဏ်ရာရရှိစေပါတယ်။– စက်ဘီးစီးခြင်း၊ ဘောလုံးကန်ခြင်း၊ ဘက်စကတ်ဘောကစားခြင်း၊ ဘေ့စ်ဘောကစားခြင်း ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဦးနှောက်ဒဏ်ရာရရှိခြင်းကို ချက်ချင်းမကုသလျှင် နောက်ဆက်တွဲပြသနာများအလွန်ဆိုးဝါးနိုင်တာကြောင့် ဆရာဝန်ဟာ ချက်ချင်းမြန်မြန်စမ်းသပ်ဖို့လိုအပ်ပါလိမ့်မယ်။ဦးခေါင်းဒဏ်ရာကိုခန့်မှန်းဖို့ရာ GCS ကိုအသုံးပြုပါတယ်။ ထိုအရာဟာ ဦးနှောက်မည်မျှပျက်စီးပြီးကြောင်း၊ ရောဂါလက္ခဏာ နှင့် မည်မျှပြင်းထန်ကြောင်းတို့ကိုအခြေခံကာပြုလုပ်ထားသည့်အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်ဟာဒဏ်ရာရရှိလာသောတစ်ယောက်ယောက်ကိုတွေ့ရှိခဲ့လျှင်ထိုလူနာရဲ့အခြေအနေကိုခန့်မှန်းနိုင်ဖို့အောက်ပါမေးခွန်းများမေးရပါမယ်။– ဘယ်လိုဒဏ်ရာရရခဲ့တာလဲ။– သတိမေ့ခဲ့သေးလား ။– သတိမေ့နေတာဘယ်လောက်ကြာပြီလဲ။– သတိရှိမှု ၊စကားပြောခြင်း နှင့် လိုက်လျောညီထွေရှိခြင်းတို့တွင်ပြောင်းလဲခြင်းရှိမရှိ သို့ အခြားရောဂါလက္ခဏာများ ။– ဘယ်နေရာမှာဦးနှောက်နဲ့အခြားအစိတ်အပိုင်းများ ထိခိုက်မိခဲ့တာလဲ။– ဒဏ်ရာရရှိစေတဲ့အားဘယ်လောက်ပြင်းကြောင်း ပြောပြနိုင်မလား ။ ဥပမာ လူရဲ့ခေါင်းကိုထိခိုက်မိတဲ့အခါ ထိုလူဟာ ဘယ်လောက်မထိလွင့်သွားသလဲ။– လူရဲ့ခန္ဓါကိုယ်ဟာ လည်သွားတာမျိုးဖြစ်ခဲ့သေးလား ။– CT နှင့် MRIBရိုက်ခြင်းများကို ဦးခေါင်းဒဏ်ရာရရှိတဲ့အခါစမ်းသပ်ဖို့အသုံးပြုပါတယ်။အလယ်အလတ်မှ ပြင်းပြင်းထန်ထန်ဦးနှောက်ဒဏ်ရာရရှိခြင်းများအတွင်အရေးပေါ်ကုသရေးရဲ့ရည်ရွယ်ချက်ကတော့ သွေးနှင့်အောက်စီဂျင်လုံလောက်စေရန် ၊ သွေးဖိအားပုံမှန်ဖြစ်စေရန်နှင့် အခြားဦးခေါင်းနှင့်လည်ပင်းဒဏ်ရာများမှကာကွယ်ပေးရန်ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသောလူများတွင်အခြားဒဏ်ရာများလည်းရှိနိုင်ပါသေးတယ်။ အရေးပေါ်ကုသခန်းတွင်အခြားကုသမှုများကတော့ ရောင်ခြင်း ၊သွေးထွက်ခြင်း သို့ ဦးနှောက်သို့အောက်စီဂျင်နည်းသွားခြင်းများကြောင့်ရရှိလာမယ့်ပျက်စီးမှုများမှကာကွယ်ပေးခြင်းဖြစ်ပါတယ်။ဒဏ်ရာရပြီးတဲ့အခါ နောက်ထပ်ထိခိုက်မှုတွေကိုလျော့ချပေးနိုင်မယ့်ကုသမှုတွေကတော့…။ဆီးဆေးများ ။ဆီးဆေးများဟာ ဆိးများများသွားစေပြီး တစ်ရှူးများရှိအရည်ပမာဏကိုလျော့ချပေးကာ ဦးနှောက်ရှိဖိအားများကိုကျစေပါတယ်။အတက်ကျဆေးများ ။ဦးနှောက်ဒဏ်ရာရရှိပြီးသူများဟာ ဒဏ်ရာရပြီးတစ်ပါတ်အတွင်းမှာ တက်နိုင်ချေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့်တက်ခြင်းကြောင့်ဖြစ်တဲ့ဦးနှောက်ဒဏ်ရာများကိုလျော့ချဖို့ အတက်ကျဆေးများကို တစ်ပါတ်အတွင်းပေးရပါမယ်။အချိန်ကြာကြာသတိမေ့နေစေမည့်ဆေးများ ။အချို့ဆရာဝန်များဟာ သတိမေ့နေတဲ့ဦးနှောက်ဟာ အလုပ်လုပ်ဖို့အောက်စီဂျင်နည်းနည်းပဲလိုတာကြောင့် ထိုဆေးများကိုအသုံးပြုပြီး သတိမေ့နေအောင်ပြုလုပ်ကြပါတယ်။ သွေးကြောများဟာ ဦးနှောက်ထဲမှာဖိမိနေပြီး ဦးနှောက်ဆဲလ်များသို့ အောက်စီဂျင်နှင့် အာဟာရများကိုလုံလုံလောက်လောက်မပို့နိုင်တဲ့အခါ ယခုနည်းဟာ အသုံးဝင်ပါတယ်။ဦးနှောက်တစ်ရှူးများကို ထပ်ပြီးထိခိုက်မှုမဖြစ်စေဖို့ ချက်ချင်းခွဲစိတ်ဖို့လိုပါလိမ့်မယ်။ ခွဲစိတ်ရာတွင်ပိတ်နေသာ သွေးကြောများကိုဖယ်ရှားခြင်း ၊ ဦးခေါင်းခွံအကွဲများကိုဖယ်ရှားခြင်း ၊ ဦးခေါင်းခွံဖွင့်ခြင်းတို့ကိုပြုလုပ်ပါလိမ့်မယ်။သင်ဟာပြင်းပြင်းထန်ထန်ဦးနှောက်ထိခိုက်မှုရရှိပြီးတဲ့အခါ ဦးနှေုက်ပြန်ပြီးအလုပ်လုပ်ဖို့ ပြန်လည်ပြုပြင်တည်ဆောက်ဖို့လိုပါလိမ့်မယ်။ ပြန်လည်ပြုပြင်သည့်ပုံစံမှာ ဒဏ်ရာကြောင့်ဦးနှောက်ရဲ့မည်သည့်လုပ်ဆောင်ချက်ပျက်စီးသွားသလဲဆိုတာအပေါ်မူတည်ပါတယ်။ဦးနှောက်ဒဏ်ရာရရှိတဲ့လူတော်တော်များများဟာလှုပ်ရှားမှုနှင့် စကားပြောရာတို့တွင်ပြန်လည်ကောင်းမွန်ဖို့အကူအညီလိုအပ်ပါတယ်။ကားပေါ်တွင်အမြဲခါးပတ်ပတ်ထားပါ ။ ခလေးငယ်များဟာ အမြဲကားနောက်ခန်းမှာပဲထိုင်သင့်ပြီးကလေးရဲ့အရပ်နဲ့အလေးချိန်နှင့်ကိုက်ညီမယ့်အကာအကွယ်ပေးနိုင်မယ့်ခုံများတ့်င်ထားပါ။ဆေးသုံးစွဲထားလျှင် ၊ မူးနေလျှင် ကားမမောင်းရပါ ။ ကားမမောင်းရန်သတိပေးထားသည့်ဆေးများသောက်ထားလျှင်လည်း မမောင်းသင့်ပါ ။စက်ဘီး၊ စကိတ် ၊ ဆိုင်ကယ်များစီးတဲ့အခါ ဦးခေါင်းကိုကာကွယ်ပေးနိုင်မည့်ဦးထုတ်ဆောင်းရပါမယ်။ ဘေ့စ်ဘော ၊ စကိတ် ၊ နှင်းလျောစီးခြင်း သို့ မြင်းစီးသည့်အခါများတွင်လည်းသင့်တော်မယ့်ဦးခေါင်းကာကွယ်ပေးနိုင်မည့်အရာကိုဝတ်ဆင်ရပါမယ်။– လှေကားထိပ်တွင်အကာအကွယ်ပေးနိုင်မည့်အရာများတပ်ဆင်ပါ ။– လှေကားတွင်အမှိုက်ပစ္စည်းများရှင်းလင်းနေပါစေ ။– ပြုတ်ကျခြင်းများမှကာကွယ်ရန် ပြူတင်းပေါက်အကာအကွယ်များတပ်ဆင်ပါ။– ရေချိုးခန်းများတွင်မချောမည့်အခင်းများတပ်ဆင်ပါ ။– ကစားကွင်းတွင်အကာအကွယ်ပေးနိုင်မည့်အရာများရှိပါစေ။– ကလေးများကို မီးသတ်လှေကားများပေါ်တွင် မကစားပါစေနှင့် ။အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/head-injury-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%91/
Lewy body dementia (လူဝီရူးသွပ်ရောဂါ)
အတိတ်မေ့ခြင်းရူးသွပ်ခြင်းဖြစ်ပြီးနေက် ဒုတိယအဖြစ်အများဆုံးဖြစ်ပါတယ်။ လူဝီအစိုင်အခဲများကြောင့်ဖြစ်တဲ့ ရူးသွပ်ခြင်းဖြစ်ပါတယ်။ လူဝီလို့ခေါ်တဲ့ပရိုတိန်းအစိုင်အခဲလေးတွေက တွေးခေါ်ခြင်း၊ မှတ်ဉာဏ်၊ နဲ့ ရွေ့လျားမှုတွေမှာပါတဲ့ဦးနှောက်အစိတ်အပိုင်းနေရာတွေမှာရှိတဲ့ အာရုံကြောတွေထဲမှာ ကြီးထွားနေရာယူလာကြပါတယ်။စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်ရည်တွေတွေ တဖြစည်းဖြည်းကျဆင်းလာစေပါတယ်။ အမြင်ထင်ယောင်ထင်မှားဖြစ်ခြင်း၊နဲ့ တက်ကြွမှုအာရုံစူးစိုက်မှုတွေမှာ ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ကြွက်သားများတောင့်တင်ခြင်း၊ ရွေ့လျားမှုလှုပ်ရှားမှုနှေးကွေးခြင်းနဲ့ လက်ခြေတုန်ခြင်းစတဲ့ ပါကင်ဆန်လက္ခဏာတွေလည်း ပြနိုင်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ဒိရောဂါထက်ပိုအဖြစ်များတာကတော့ ရူးသွပ်ခြင်းရောဂါတစ်မျိုးဖြစ်တဲ့ သတိမေ့ရောဂါဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လူဝီရူးသွပ်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ထင်ယောင်ထင်မှားဖြစ်ခြင်းက ပထမဆုံးစပေါ်တတ်တဲ့လက္ခဏာတွေထဲက တစ်ခုစြဖ်ပြီး မကြာခဏပြန်ပြန်ဖြစ်တတ်ပါတယ်။ အမှန်တကယ်မရှိတဲ့ ပုံသဏ္ဍာန်တွေ၊ တိရိစ္ဆာန်တွေနဲ့ လူတွေကို မြင်ယောင်ခြင်းဖြစ်ပါတယ်။ အသံ၊ အနံနဲ့ အတွေ့အထိပိုင်းဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။လှုပ်ရှားလုပ်ကိုင်နိုင်မှုဆိုင်ရာ ပြဿနာရှိခြင်း – လှုပ်ရှားမှုနှေးကွေးခြင်း၊ ကြွက်သားများတောင့်တင်ြးခင်း၊ နဲ့ ခြေလက်တုန်ခြင်း လမ်းလျှပ်တိုက်လျှောက်ခြင်းစတဲ့ ပါကင်ဆန်ရောဂါလက္ခဏာများတွေကို တွေ့နိုင်ပါတယ်။သွေးပေါ်င်ချိန်၊ သွေးခုန်နှုန်း၊ ချွေးထွက်ခြင်းနဲ့ အစာချေခြင်းဖြစ်စဉ်တွေကို အာရုံကြောအဖွဲ့အစည်းရဲ့တစ်စိတ်တစ်ပိုင်းက အုပ်ချုပ်ပေးပါတယ်။ ဒီရောဂါက ဒီအစိတ်အပိုင်းတွေကို မကြာခဏသက်ရောက်လေ့ရှိတာကြောင့် မူးဝေခြင်း၊ မေ့လဲခြင်းနဲ့ ဝမ်းချုပ်ခြင်းကဲ့သို့ဝမ်းဗိုက်ပိုင်းဆိုင်ရာပြဿနာတွေ ရလာနိုင်ပါတယ်။မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာများ =မရေမရာဖြစ်ခြင်း၊ အာရုံစူးစိုက်မှုနည်းခြင်း၊ အမြင်ပိုင်းဆိုင်ရာပြဿနာများနဲ့ မှတ်ဉာဏ်ပိုင်းဆုံးရှုံးမှုကဲ့သို့သော အယ်ဇိုင်းမားရောဂါအလားတူ လက္ခဏာတွေကို ပြနိုင်ပါတယ်။အိပ်စက်ခြင်းဆိုငရာ်အခက်အခဲများ– အာအီအမ်အိပ်စက်ခြင်းပြဿနာက အိပ်ပျော်နေစဉ် အိပ်မက်ထဲကအတိုင်း ပြင်ပမှာလိုက်လုပ်မိခြင်းကို ဖြစ်စေပါတယ်။အိပ်ချင်ငိုက်မြည်းခြင်း၊ ငေးမောတွေးဝေနေခြင်း၊ နေ့အချိန်အတွင်း အတော်ကြာငိုက်မျည်းနေခြင်း စကားပြောရာတွင် တောင်စဉ်ရေမရပြောခြင်း တွေဖြဖစ်နိုင်ပါတယ်။စိတ်ဓါတ်ကျခြင်း-နေမကောင်းဖြစ်နေစဉ်အတွင် း စိတ်ဓါတ်ကျဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။စိတ်တက်ကြွမှုမရှိခြင်းစိတ်အားထက်သန်မှုမရျိခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။လူဝီရူးသွပ်ခြင်းရောဂါက ဦးနှေက်ဆဲလ်တွေအတွင်း ပရိုတိန်းအစိုင်အခဲတွေဖြစ်ပေါ်လာတာကြောင့် ဖြစ်ပါတယ်။ ဒီပုံမှန်မဟတ်ုတဲ့အစိုင်အခဲလေးတွေကို လူဝီအစိုင်အခဲလေးတွေလို့ခေါ်ပါတယ်။ ဒီအတုံးအခဲလေးတွေကို ပါက်င်ဆန်ရောဂါမှာလည်း တွေ့နိုင်ပြီး စဉ်းစားတွေးခေါ်ခြင်း၊ အမြင်အာရုံနဲ့ ကြွက်သားများလှုပ်ရှားမှုစတဲ့ လုပ်ငန်းဆောင်တာတွေအတွက် တာဝန်ယူထားရတဲံ ဦးနှောက်အစိတ်အပိုင်းတွေမှာ စုပုံလာခြင်းဖြစ်ပါတယ်။ဘာကြောင့် စုပုံဖြစ်ပေါ်လာတယ်ဆိုတာနဲ့ ဦးနေျာကိုကို ဘယလိုထိခိုက်စေတယ်ဆိုတာကို တိတိကျကျရှင်းရှင်းလင်းလင်းမပြောနိုင်သေးပါဘူး။ ဦးနှာက်ဆဲလ်တွေကြား သတင်းပို့ဆောင်ခြင်းကို အဟန့်အထားဖြစ်စေခြင်းဖြင့် ဦးနှောက်ရဲ့ပုံမှန်လုပ်ငန်းတွေကို သက်ရောက်စေခြင်းကြောင့်လည်း တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။မိသားစုထဲမှာဖြစ်ဖူးခြင်းမရှိပဲနဲ့လည်း အဖြစ်များလေ့ရှိပါတယ်။ မျိုးရိုးလိုက်တာကတော့ အင်မတန်ရှားပါတယ်။ဖြစ်ပွားနိုင်ချေကိုမြင့်မားစေတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။အသက်၆၀အထက်။အမျိုးသားများ။လူဝီရူးသွပ်ရောဂါသို့ ပါကင်ဆန်ရောဂါမိသားစုတွင်း ဖြစ်ဖူးခြင်း။စိတ်ဓါ်တကျခြင်းနဲ့ဆက်နွှယ်နေတယ်လို့လည်း သုတေသနအချို့ကညွှန်ပြထားပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါအတွက် စမ်းသပ်စစ်ဆေးခြင်းနည်းလမ်းတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။အောက်ပါစစ်ဆေးစမ်းသပ်မှုတွေ လိုအပ်ပါလိမ့်မယ်။လူဝီရူးသွပ်ရောဂါရဲ့လက္ခဏာများရှိမရှိ စစ်ဆေးခြင်း။မေးခွန်းများတာဝန်များပေးပြီး စိတ်ပိုင်းအတွေးအခေါ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ရည်ကိုစစ်ဆေးခြင်း။အလားတူရောဂါတွေရဲ့လက္ခဏာတွေကို ကွဲကွဲပြားပြားခွဲနိုင်ဖို့ သွေးစစ်အဖြေရှာခြင်း။အမ်အာအိုင်၊ စီတီ၊ အက်စ်ပီအီးစီတီစသဖြင့် ဦးနှောက်စကန်ဖတ်ခြင်းတွေကနေ ရူးသွပ်ရောဂါလက္ခဏာတွေနဲ့ ဦးနှောက်ရဲ့အခြားပြဿနာတွေကိုပါသိနိုင်ပါတယ်။လတ်တလောမှာတော့ ဒီရောဂါကိုပျောက်ကင်းအောင် ရောဂါသက်သာအောင်နည်းပါးောအင် ကုသနိုင်မှုမရှိသေးပါဘူး။လက္ခဏာအချို့ကိုသက်သာစေနုငိတဲ့ကုထုံးတွေတော့ ရှီပေမယ့် နှစ်နဲ့ချီကြာနိုင်ပါတယ်။ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မရေမရာဖြစ်ခြင်း၊ အိပ်ချင်ငိုက်မြည်းခြင်း၊ ရွေ့လျားလှုပ်ရှားမှုဆိုင်ရာပြဿနာများနဲ့ ကောင်းကောင်းအိပ်စက်မရခြင်းတွေကို သက်သာစေတဲ့ဆေးများ။ဇီဝကမ္မကုထုံးများ၊ အလုပ်အကိုင်ဆိုင်ရာကုထုံးများ၊ လှုပ်ရှားမှုပြဿနာများအတွက် စကားပြောနဲ့ဘာသာစကားဆိုင်ရာကုထုံးများ၊ နေ့စဉ်လုပ်ငန်းဆောင်တာများနဲ့ ပေါင်းသင်းဆက်ဆံစေခြင်း စတဲ့ကုထုံးများ။စိတ်ဝေဒနာ်ဆိုင်ရာ ကုထုံးများ ( မှတ်ဉာဏ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဘာသာစကားဆိုင်ရာစွမ်းရည်တွေ တိုးတက်ဖို့အတွက် ရည်ရွယ်တဲ့လေ့ကျင့်ခန်းများ ဆောင်ရွက်မှုများ)။အားပေးကူညီမှုနဲ့ အကြံဉာဏ်များရရှိစေဖို့အတွက် မှတ်ဉာဏပိုင်းပြဿနာရှိတဲ့လူနာတွေကို အစည်းအဝေးများကျင်းပပေးခြင်း ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လူဝီရူးသွပ်ရောဂါကို။ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။လိုအပ်မယ်ဆိုရင် သူငယ်ချင်းတွေမိတ်တွေအပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေကို အကူအညီတောင်းပါ။ အိမ်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေက အကူအညီပေးနိုင်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်စွာနေထိုင်စားသောက်ခြင်း။ရောဂါအကြောင်း သိနိုင်သလောက် လေ့လာခြင်း-ဆရာဝန်တွေ၊ လူမှုရေးဝန်ထမ်းတွေနဲ့ စောင့်ရှော်ကရေးအသင်းအဖွဲပဆတွေကို မေးခွန်းများနေမးခြင်း။အားပေးကူညီသည့်အသင်းအဖွဲ့များနဲ့ ဆက်သွယ်ခြင်း –သင်က လူဝီရူးသွပ်ရောဂါနဲ့ပတ်သက်ပြီး စောင့်ရှေက်မှုပေးနေရသူဆိုရင် လူနာသတိမေ့သတိလစ်ခြင်းရှိမရှိ ဆေးတွေအပေါ်ဆိုးဆိုးရွားရွားတုန့်ပြန်ခြင်းရှီမရှိ သေချာအောင် အနီးကပ်စောင့်ကြည့်သင့်ပါတယ်။ မေရေမရာဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း စြဖ်နေချိန်တွေမှာ သံသယကိုပျောက်စေအောင်လည်း ကူညီပေးသင့်ပါတယ်။ကူညီစောင့်ရှောက်ပေးမယ့်သူတစ်ယောငက်အနေနဲ့ အောက်ပါအချက်တွေလိုပါတယ်။စကားကိုရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောခြင်း။မျက်လုံးချင်းဆုံပြီး စကားကိုရှင်းရှင်းနှေးနှေးပြောပါ။ လူနာရဲ့တုန့်ပြန်မှုကို မချေပပါနဲ့။ တစ်ချိန်မှာ စိတ်ကူးတစ်ခုကိုပဲ ပြောဆိုဆွေးနွေးပါ။ အရာဝတ္ထုတွေဆီညွှန်ပြပေးခြင်းစတဲ့ ခြေလက်အမူအရာပြခြင်း၊ အရိပ်အမြွက်ပေးခြင်းတွေကို အသုံးပြုပါ။လေ့ကျင့်ခန်းပြုလုပ်ဖို့ အားပေးပါ။အားကစားလေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့အကျိုးကျေးဇူေးတွက ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်ရည်တက်လာခြင်း၊ အမူအကျင့်များနဲ့ စိတ်ဓါ်တ်ကျလက္ခဏာများ သက်သာတိုးတက်လာခြင်းတွေ စြဖ်နိုင်ပါတယ်။ အချို့လေ့လာမှုတွေက လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဒီရောဂါသည်တွေမှာ မှတ်ဉာဏ်ပိုင်းဆေိုင်ရာဆုံးရှုံးမှုကို နှေးသွားစေနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာလှု့ဆော်ပေးခြင်း။ဂိမ်းများ၊ ဉာဏ်စမ်းပဟေဠိမာ်းနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကိုအသုံးချရတဲ့ အခြားလုပ်ဆောင်မှုတွေက စိတ်ပိုင်းဆိုင်ရာနိမ့်ကျခြင်းကို နှေ်းစေပါတယ်။ညဘက်မှာပုံမှန်အလေ့အထမွေးပေးခြင်း။အမူအကျင့်ဆိုင်ရာပြဿနာတွေက ညဘက်မှာပိုဆိုးလာတတ်ပါတယ်။ စိတ်အနှောင့်အယှက်ကင်းကင်း တီဗီကြည့်ခိုင်းခြ်ငး၊ ညစာရှင်းလင်းသိမ်းဆည်းခုငိးခြင်းနဲ့ မိသားစုဝင်တွေနဲ့တက်တက်ကြွကြွရှိနေစေခြင်းစသဖြင့် စိတ်ကိုတည်ငြိစေတဲံညဘက်အလေ့အထတွေကို ဖန်တီေးပးပါ။ မျက်စိလည်လမ်းပျောက်ခြင်းမဖြစ်ဖို့အတွက် ညမီးများထွန်းပေးထားပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/lewy-body-dementia-%e1%80%9c%e1%80%b0%e1%80%9d%e1%80%ae%e1%80%9b%e1%80%b0%e1%80%b8%e1%80%9e%e1%80%bd%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
Probiotics က ကောင်းလား၊ မကောင်းဘူးလား
အခုရက်ပိုင်း ကြော်ငြာတွေ မှာprobioticsအကြောင်းတွေ ပြောပြီးကြော်ငြာလာကြတော့ လူတော်တော်များများ ကတော့ probiotics က ကောင်းမှန်းတော့ သတိထားလာမိကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံကျန်းမာရေးအတွက် အကျိုးရှိနိုင်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြပေးချင်ပါတယ်။တကယ်တော့ probioticsဆိုတာ အသက်ရှိသေးတဲ့ဘက်တီးရီယားတွေပါပဲ။ ဘက်တီးရီးယားလို့ပြောတော့ ကျွန်တော်တို့ စိတ်ထဲ ဝင်လာတာကတော့ လူကို ဒုက္ခပေးစေတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ခန္ဓာကိုယ်မှာ မမြင်ရတဲ့ ပိုးမွှား သန်းပေါင်း များစွာရှိနေပါတယ်။ အကုန်လုံးက ဒုက္ခမဖြစ်စေပါဘူး။ တချို့ က ဒုက္ခပေးတာ ရှိသလို၊ တချို့ကျပြန်တော့လည်း လူ့ ခန္ဓာကိုယ် ကို ကောင်းကျိုးပေးနိုင်ပါတယ်။ probioticsဆိုတာ ကောင်းကျိုးပေးတဲ့ bacteria နှင့် yeast တို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့အူလမ်းကြောင်းတလျှောက်မှာ ပိုးမွှားမျိုးစုံ က နေရာအပြည့် ယူထားကြပါတယ်။ ကောင်းတဲ့ ဘက်တီးရီးယားတွေ ပါသလို၊ မကောင်းတဲ့ လူကို ဒုက္ခပေးနိုင်တဲ့ပိုးမွှားတွေကလည်း နေရာ ယူထားကြပါတယ်။အလွယ်ပြောရရင် ကျွန်တော်တို့ဝမ်းဗိုက်သက်သောင့်သက်သာဖြစ်စေဖို့ အတွက်က ကောင်းတဲ့ဘက်တီးရီးယားတွေ နေရာပိုယူထားပေးဖို့ လိုပါတယ်။ဥပမာ – ကျွန်တော်တို့ နေထိုင်မကောင်းလို့ပဲ ဖြစ်ဖြစ်၊ ချောင်းဆိုးလို့ပဲ ဖြစ်ဖြစ် ပိုးသတ်ဆေး Antibiotics တွေ သောက်လိုက်တော့ မကောင်းတဲ့ ပိုးမွှားတွေ နှင့် အတူ probioticsတွေ ပါ ရောပြီး သေသွားတတ်ပါတယ်။ နောက်ဆက်တွဲ ဘာဖြစ်တတ်လဲ ဆိုတော့ တချို့သော ပိုးသတ်ဆေးတွေ သောက်ရင် ဝမ်းလျှောတတ်ပါတယ်။ ဝမ်းလျှောတတ်တယ် ဆိုပြီး ဒီပိုးသတ်ဆေးတွေ မသောက်လို့ကလည်း မဖြစ်၊ သောက်တော့ သောက်ရမှာပါပဲ။ဒါပေမယ့် ဘာလုပ်သင့်လဲ ဆိုတော့ ပိုးသတ်ဆေး သောက်နေတဲ့ ကာလ အတွင်းမှာ သန့်ရှင်းတဲ့ ဒိန်ချဉ်တစ်ခွက်လောက် ပြန်သောက် ပေးလိုက်တာက ဆုံးရှုံးသွားတဲ့ probioticsတွေ ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ တချို့က လန့်ကြပါတယ်။ ဝမ်းလျှောနေတာ ဒိန်ချဉ်ကျွေးရင် ပိုဝမ်းလျှော ကုန်မှာပေါ့ဆိုပြီး။ တကယ်တော့ သန့်ရှင်း လတ်ဆတ်တဲ့ဒိန်ချဉ်ကတော့ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။အခုနောက်ပိုင်း လေ့လာချက် အချို့ မှာတော့ probioticsတွေက။အခု ကျွန်တော်ပြောထားတာတွေကတော့ ကောင်းကျိုးတွေ ချည်းပါပဲ။ ဒါပေမယ့် တချို့ တချို့သော သူတွေ မှာ ဆိုရင် probiotics နဲ့ မတည့်တာတွေ ရှိတတ်ပါတယ်။ ဥပမာ- ဗိုက်အောင့် ခြင်း၊လေပွခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဲ့လို ဖြစ်ရင်တော့သက်ဆိုင်ရာ ဆရာဝန်နှင့်ပြပြီး ဘယ်လိုမျိုး စားသောက်ရမလဲ ကို အသေးစိတ် တိုင်ပင်သင့်ပါတယ်။ Probiotics က ကောင်းလား၊ မကောင်းဘူးလား ဆိုတာ အဖြေထွက်ပြီဟုတ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/probiotics-good-or-bad/
ရာသီခွက် (Menstrual cups) လေးတွေအကြောင်း ပြောကြမယ်။
မိန်းကလေးတွေရဲ့ လစဉ် ကြုံတွေ့ရတဲ့ ရာသီလာခြင်းကို သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ လွတ်လပ်စွာ ဖြတ်သန်းနိုင်ဖို့အတွက် ရာသီလာစဉ် သုံးရတဲ့ အသုံးအဆောင်အမျိုးမျိုးကို ထုတ်လုပ်လာကြပါတယ်။ရာသီလာနေတဲ့ချိန်ဆိုရင် အနည်းနဲ့ အများတော့ စိတ်ကသိကအောက်ဖြစ်ရတာပါပဲနော်။ အထူးသဖြင့် ရာသီသွေးအများကြီးဆင်းတတ်တဲ့ သူတွေအတွက်ဆိုရင် လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် စွန်းထင်းသွားလေမလား။ ခရီးသွားတဲ့ချိန်နဲ့ ရာသီလာတဲ့ချိန်နဲ့ တိုက်ဆိုင်ရင်လည်း စိတ်တွေရှုပ်ရတယ်။ ဒီလိုပြဿနာတွေကို တတ်နိုင်သလောက် လျော့ချပေးဖို့ အတွက် လစဉ်သုံးပစ္စည်း အတောင်ပံပါ pad လေးတွေ၊ မိန်းမကိုယ်ထဲ ထိုးသွင်းတဲ့ tampon လေးတွေ၊ ခုနောက်ပိုင်း ခေတ်စားလာတဲ့ ရာသီခွက် (menstrual cups) လေးတွေ ဈေးကွက်ထဲမှာ အမျိုးမျိုးရှိနေပါတယ်။ ဒီထဲကမှ ပျိုမေတို့နဲ့ သိပ်မရင်းနှီးသေးတဲ့ Menstrual cups လေးတွေအကြောင်း ပြောပြချင်ပါတယ်။ရာသီခွက်ဆိုတာက ရာဘာသို့မဟုတ် စီလီကွန်နဲ့ လုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းပါ။ Tampon လိုပဲ မိန်းမကိုယ်ထဲ ထိုးသွင်းရတာဖြစ်ပြီးတော့ ရာသီသွေးတွေဟာ ခွက်ထဲမှာစုနေမှာဖြစ်ပါတယ်။ခွက်ဖြစ်တဲ့အတွက် tampon၊ pad တို့ထက် သွေးတွေကို ပိုစုဆောင်းနိုင်ပါတယ်။ ထည့်ထားပြီးရင် ၁၂ နာရီကြာ အသုံးပြုနိုင်ပါတယ်။ ပြန်ဆေးပြီး အသုံးပြုလို့ရတဲ့အတွက်လည်း ပတ်ဝန်းကျင်အတွက်လည်း ကောင်းပါတယ်။ခွက်ဆိုပေမဲ့ ရေခွက်ဆိုဒ်လောက်လို့ မထင်လိုက်ပါနဲ့နော်။ ခွက်လေးတွေက အသေးလေးပါ။ မိန်းမကိုယ်ကလည်း ကျုံ့နိုင်၊ ဆန့်နိုင်အား ကောင်းတာမို့ ဆန့်ပါတယ်။မိန်းမကိုယ်ထဲ ထည့်တဲ့ပစ္စည်းမို့ အပျိုရည်ပျက်မှာလား၊ အပျိုအမြှေးပါးပျက်စီးသွားမလားဆိုတဲ့ အတွေးတွေရှိနေကြပါတယ်။ ဒါ့အတွက်လည်း အပျိုရည်ပျက်ရလောက်အောင် ကြီးတဲ့ပစ္စည်းမဟုတ်သလို အပျိုအမြှေးပါးနားရောက်လောက်တဲ့အထိလည်း ထိုးသွင်းစရာမလိုပါဘူးနော်။ခွက် size လေးတွေက အမျိုးမျိုးလာပါတယ်။ ကိုယ့်ရဲ့ အသက်၊ ရာသီသွေးများ၊မများ၊ ကလေးမွေးဘူးလား၊ စတာတွေပေါ် မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ရာသီခွက်ကို ထည့်တဲ့ ပထမဆုံးအကြိမ်မှာတော့ ကသိကအောက်ဖြစ်ပါလိမ့်မယ်။ ခွက်ကို ချောဆီသုတ်လိမ်းပြီးထည့်တာ ပိုပြီးလွယ်ကူပါလိမ့်မယ်နော်။Tampon ထည့်ဖူးတဲ့သူဆိုရင်တော့ menstrual cup ကိုထည့်ရတာ လွယ်ကူပါလိမ့်မယ်။၁။ လက်သေချာဆေးပါ။၂။ ရေကို အခြေခံတဲ့ ချောဆီကို ခွက်ရဲ့ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။၃။ ခွက်ကို ထက်ခြမ်း ခေါက်ချိုးလိုက်ပြီး၊ ခွက်နှုတ်ခမ်းသားကို အပေါ်ထောင်ပြီး လက်တစ်ဖက်နဲ့ ကိုင်ပါ။၄။ မိန်းမကိုယ်ထဲ ထည့်ပါ။ တတ်နိုင်သလောက် မြင့်မြင့်ထည့်ထားပါ။၅။ မိန်းမကိုယ်ထဲ ရောက်သွားပြီဆိုရင် လှည့်လိုက်ပါ။ လှည့်လိုက်တဲ့ချိန်မှာ ခေါက်ချိုးထားတဲ့ ခွက်လေးဟာ ဖွင့်သွားပြီး သွေးယိုစိမ့်ခြင်းကို ကာကွယ်နိုင်တဲ့ ခွက်ကလေးဖြစ်သွားပါလိမ့်မယ်။မှန်မှန်ကန်ကန် ထည့်ထားတယ်ဆိုရင် မိန်းမကိုယ်ထဲမှာ ခွက်ရှိနေတာကို ခံစားရမှာမဟုတ်ပါဘူး။ လှုပ်လှုပ်ရှားရှား သွားသွားလာလာ လုပ်ရင်လည်း ထွက်မကျနိုင်ပါဘူးနော်။Menstrual cup ကို ရာသီသွေးနည်းများပေါ်မူတည်ပြီး ၆ နာရီကနေ ၁၂ နာရီကြား ထည့်ထားလို့ရပါတယ်။ ညဘက်အိပ်ရင် အသုံးပြုဖို့အတွက် အဆင်ပြေဆုံးပါ။၁၂ နာရီပြည့်ရင်တော့ ထုတ်သင့်ပါတယ်။ ယိုစိမ့်မှုတွေမဖြစ်အောင် သေချာဂရုတစိုက်ထုတ်ပေးပါ။ဘယ်လိုထုတ်ရမလဲ။၁။ လက်သေချာဆေးပါ။၂။ လက်ညှိုးနဲ့ လက်မကို အသုံးပြုပြီး ခွက်အောက်ခြေမှာရှိတဲ့ အတံလေးကို ဖြေးဖြေးချင်းဆွဲထုတ်ပါ။၃။ သွေးတွေလျှံမထွက်အောင် အောက်ခြေကို လက်နှစ်ချောင်းနဲ့ ညှစ်ထားပြီးမှ ဆွဲထုတ်ပါ။၄။ သွေးတွေကို အိမ်သာထဲမှာ သွန်ထုတ်ပြီး ပြန်သုံးလို့ရတဲ့ ခွက်ဆိုရင် သေချာဆေးကြော၊ ခြောက်သွေ့အောင်လုပ်ပြီးမှ ပြန်ထည့်သင့်ပါတယ်။အရည်အသွေးကောင်းတဲ့ menstrual cups တွေဆိုရင် ၆ လကနေ ၁၀ နှစ်အထိခံပါတယ်တဲ့။Menstrual cups တွေက pads တွေ tampon တွေထက် ဈေးများကောင်းများလိမ့်မယ်။ ဒါပေမဲ့ အကြာကြီးခံတဲ့အတွက် ငွေချွေတာရာလည်း ရောက်ပါတယ်။ဒါဆိုရင် menstrual cups ရဲ့ ကောင်းတဲ့အချက်လေးတွေကို ပြန်ပြောကြည့်ရအောင်။၁။ ပြန်သုံးလို့ရတဲ့အတွက် ငွေချွေတာနိုင်တယ်။၂။ tampon တွေလိုမျိုး မိန်းမကိုယ်ထဲထည့်တဲ့အခါ ယားယံတာမျိုးမဖြစ်ဘူး။၃။ Pads ရော tampons ရောထက် သွေးများများခံနိုင်တယ်။ ခဏခဏ လဲစရာမလိုဘူး။၄။ ပတ်ဝန်းကျင်အတွက်လည်း ကောင်းတယ်။၅။ လိင်ဆက်ဆံနေတဲ့ချိန်လည်း တပ်ထားလို့ရတယ်။၆။သားဆက်ခြားသားအိမ်ထဲထည့်တဲ့ပစ္စည်းနဲ့ အတူတူ ထည့်ထားလို့ရတယ်။၇။ ထည့်ထားပြီးရင် ရေကူးလို့ရတယ်။ဒါဆိုရင် မကောင်းတဲ့အချက်တွေကရော။၁။ ထည့်တဲ့၊ ထုတ်တဲ့ချိန်မှာ သွေးတွေပေပွနိုင်တယ်။၂။ ထုတ်ရသွင်းရ ခက်ခဲနိုင်တယ်။၃။ မိန်းမကိုယ်နဲ့ ကွက်တိဖြစ်တဲ့ ဆိုဒ်ကိုရှာရခက်နိုင်တယ်။၄။မိန်းမကိုယ်ယားယံတာ၊ အက်လာဂျီ (allergy) ဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ဘယ် ပစ္စည်းဘယ်လိုပဲကောင်းကောင်း၊ မိန်းကလေးတွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ် အကြောင်းကိုယ်ပဲ သိတာမို့ ကိုယ်နဲ့ အဆင်ပြေတာကို ပဲရွေးချယ်အသုံးပြုသင့်ပါတယ်။လစဉ်သုံးပစ္စည်းဝယ်တော့မယ်ဆိုရင် ဒီသုံးချက်ကို အလေးပေးစဉ်းစားပါ။ဈေးပိုသက်သာရဲ့လား။အသုံးပြုရလွယ်ကူရဲ့လား။ရာသီလာစဉ် ချစ်သူနဲ့ အတူနေမှာလား။ဒီမေးခွန်းသုံးခုလုံးရဲ့ အဖြေက Yes ဖြစ်မယ်ဆိုရင်တော့ ရာသီခွက်လေးတွေက အသင့်တော်ဆုံးဖြစ်မှာပါ။ သုံးသင့်၊ မသုံးသင့် မသေချာသေးဘူးဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ကို ပြသပြီး ဆွေးနွေးသင့်ပါတယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%81%e1%80%bd%e1%80%80%e1%80%ba-menstrual-cups-%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/
အာသီးရောင်ရင် ဘာဆေးသောက် ရမလဲ။
အာသီးရောင်ပြီဆိုရင် ဆေးခန်း ဒါမှမဟုတ် ဆေးဆိုင်ကို သွားပြီး ပိုးသတ်ဆေးလေးပေးပါ။အမောက်ဆေးလေး ပေးပါဆိုပြီး ဝယ်သောက်ကြတတ်ပါတယ်။ အာသီးရောင်တိုင်းမှာ ပိုးသတ်ဆေးသောက်ဖို့ လိုသလား။ မလိုဘဲ သောက်ရင် ဘာဖြစ်တတ်သလဲ။ အာသီးရောင်ရင် ဘာဆေးသောက် ရမလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်။အာသီးရောင်ရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် နှစ်ခုပဲရှိပါတယ်။(၁) ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့်ရယ်။(၂) ဘက်တီးရီးယားပိုး (အရပ်အခေါ်လေးဖက်နာပိုး) ဝင်တာကြောင့်ရယ်ပါ။အဲ့နှစ်ခုမှာ အဖြစ်အများဆုံးက ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့်ပါပဲ။ ခံတွင်းရဲ့ ဟိုဘက် ဒီဘက်မှာ ရှိနေတဲ့ အာသီးက တကယ်တော့ ခုခံအားတစ်ရှူးပါ။ ဒါကြောင့် ပြင်ပကနေ ပိုးဝင်လာတဲ့အခါ ခုခံအားက တုံ့ပြန်တာကြောင့် ရောင်တာ ဖြစ်ပါတယ်။အရပ်ထဲမှာ ပြောသလို ‌ရေခဲရေသောက်လို့ အာသီးရောင်တယ်ဆိုတာ မဟုတ်ပါဘူး။ ပိုးဝင်ကူးစက်တာကြောင့်ပဲ ဖြစ်ပါတယ်။အာသီးရောင်တာ အများစုက ဗိုင်းရပ်စ်ပိုးကြောင့်ပါ။ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေ သောက်နေလဲ အကျိုးထူးမှာ မဟုတ်ပါဘူး။ ကိုယ်ခံအားကနေ တိုက်ထုတ်မှာ ဖြစ်တဲ့အတွက် ခုခံအားကောင်းအောင် နေထိုင်ဖို့ လိုပါတယ်။များသောအားဖြင့်လည်း ဗိုင်းရပ်စ်ကြောင့် အာသီးရောင်တာက ၃-၄ရက်လောက်ဆို သက်သာသွားတတ်ပါတယ်။ သောက်နိုင်တဲ့ ဆေးတွေကတော့။အထူးသဖြင့် အာသီးရောင်လို့ နာနေပြီး ဖျားပါဖျားလာပြီဆိုရင် သောက်သင့်ပါတယ်။ဒီဆေးတွေက ဆရာဝန်ဆေးစာမလိုဘဲ ကိုယ့်ဟာကိုယ် ဝယ်သောက်လို့ ရပါတယ်။ ဒါကလွဲပြီး တခြားဆေးတွေ (အထူးသဖြင့် ပိုးသတ်ဆေး) တွေကို မသောက်သင့်ပါ။လူအများစုက အာသီးရောင်ပြီ ဆိုတာနဲ့ တန်းပြီးပိုးသတ်ဆေးသောက်တတ်ကြပါတယ်။ ဒါက မှားပါတယ်။ အာသီးရောင်တာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေးသောက်လို့လည်း အကျိုးမထူးပါဘူး။အကျိုးမထူးတဲ့အပြင် မလိုအပ်ဘဲ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံရတာ၊ ဆေးပမာဏတွေ မှားသောက်မိတာ (အထူးသဖြင့် ကလေးငယ်တွေမှာ) ဖြစ်တတ်ပါတယ်။ ပိုဆိုးတာက ဆေးပတ်လည်အောင် မသောက်ဘဲ လည်ချောင်းနာ သက်သာတာနဲ့ ရပ်လိုက်တာ၊ လည်ချောင်းနာတိုင်း ပိုးသတ်ဆေးပဲ သောက်နေတာကြောင့် နောက်ပိုင်းမှာ ဆေးမတိုးတော့တာတွေ ဖြစ်တတ်ပါတယ်။အာသီးရောင်တာကနေ လေးဖက်နာ ဖြစ်တတ်တယ်ဆိုပြီး ပန်နဆလင်တွေလည်း စွဲသောက်ကြတာကို တွေ့ရပါတယ်။ ဒါကလည်း အန္တရာယ်များတာကြောင့် ဒီလိုမလုပ်ဖို့ တားမြစ်လိုပါတယ်။ဒါကြောင့် အာသီးရောင်ပြီဆိုတာနဲ့ ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးမသောက်ဖို့ အကြံပြုချင်ပါတယ်။အာသီးရောင်တာက ဘက်တီးရီးယားကြောင့်ဖြစ်တယ်ဆိုရင် လိုပါတယ်။ ဒါပေမယ့် အာသီးရောင်တာက ဗိုင်းရပ်စ်ကြောင့်လား၊ ဘက်တီးရီးယားကြောင့်လားဆိုတာ အမြင်နဲ့ ခွဲလို့ မရပါဘူး။ ဆေးစစ်ကြည့်မှ သိမှာပါ။ဒါကြောင့် အာသီးရောင်ပြီဆိုရင် ၃-၄ရက်လောက် စောင့်ကြည့်ပါ။ အဲ့ဒီရက်တွေမှာ အနာသက်သာအောင် အပေါ်က ဆေး ၃မျိုးကို သောက်နိုင်ပါတယ်။ ရက်ကြာတာတောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြပါ။လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး ပိုးတွေ့တယ်ဆိုရင် ပိုးသတ်ဆေး ညွှန်ပါလိမ့်မယ်။ အဲ့ဒီအခါ ဆရာဝန်ညွှန်တဲ့ ဆေးပမာဏ၊ ရက်အတိုင်း ဆေးပတ်လည်အောင် သောက်ဖို့ လိုပါတယ်။ဆေးတွေ ဘာတွေ စစ်မနေတော့ပါဘူး။ ဒီတိုင်းပဲ ပိုးသတ်ဆေးသောက်လိုက်မယ်လေဆိုပြီး ပြောကြတာလည်း ရှိပါတယ်။ အဲ့လိုသောက်တာက အန္တရာယ်များပါတယ်။ပိုးသတ်ဆေးက ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်ရတဲ့ ဆေးဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် သောက်တဲ့အခါ အပေါ်မှာ ပြောခဲ့သလို ပိုးနဲ့ဆေးနဲ့ လွဲတာ၊ ဆေးပမာဏတွေ၊ ရက်တွေ လွဲသောက်တာ၊ မလိုအပ်ဘဲ ဆေးဒဏ်တွေ ခံရတာ၊ ကိုယ်သောက်နေတဲ့ ဆေးတွေနဲ့ ဓာတ်ပြုတာတွေ ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ နောက်ပိုင်းမှာ ပိုးသတ်ဆေး မတိုးတော့တာတွေ ဖြစ်လာနိုင်လို့ပါ။သောက်ရမယ့် မသောက်ရမယ့် ဆေးတွေ သိသွားပြီဆိုတော့ ထပ်ပြီးအိမ်တွင်းနည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အာသီးရောင်ပြီဆိုရင် ဆေးတွေသောက်တာအပြင် ခုပြောတဲ့နည်းလမ်းလေးတွေကို လိုက်လုပ်ပေးမယ်ဆိုရင် နာတာသက်သာပြီး မြန်မြန်ကောင်းလာမှာ ဖြစ်ပါတယ်။အာသီးရောင်တဲ့အခါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/dos-and-donts-with-medications-in-tonsillitis/
သွားကျန်းမာရေး - သွားကြွေလွှာ ပျက်စီးခြင်း
Erosion (တိုက်စားခြင်း)ဆိုတာ အက်ဆစ်ကြောင့် သွားကြွေလွှာတွေပျက်စီးခြင်းကိုခေါ်ပါတယ်။ ကြွေလွှာဆိုတာ မာကြောပြီး သွားကို ကာကွယ်ပေးနေတဲ့အလွှာပါ။ ဒီအလွှာက သူ့အောက်မှာရှိတဲ့ ထိခိုက်မခံတဲ့ သွားအလွှာ(dentine)ကိုကာကွယ်ပေးပါတယ်။ ဒီကြွေလွှာပျက်စီးသွားပြီဆိုရင် အောက်အလွှာဖြစ်တဲ့ dentine ကိုထိခိုက်စေမှာဖြစ်ပြီး နာကျင်မှုနဲ့ အထိခိုက်မခံနိုင်မှု စတာတွေကိုဖြစ်စေနိုင်ပါတယ်။သွားကြွေလွှာ ပျက်စီးခြင်း ရဲ့ လက္ခဏာတစ်ရပ်ကတော့ ချောမွတ်တောက်ပြောင်တဲ့ သွားရဲ့အလွှာဆုံးရှုံးသွားတာပါပဲ။သွားကြွေလွှာ ပျက်စီးခြင်း ဟာ သွားအမြစ်တွေကိုလည်း အပူတွေ အအေးတွေနဲ့ထိတွေ့မခံနိုင်အောင် ပြုလုပ်ပါသေးတယ်။နောက်ဘက်အံသွားတွေမှာ သွားကြွေလွှာ ပျက်စီးခြင်း ဖြစ်တဲ့အခါ သွားရဲ့ကိုက်ဝါးတဲ့မျက်နှာပြင်တွေပျက်စီးစေပါတယ်။ ပတ်ဝန်းကျင်က သွားမျက်နှာပြင်တွေဟာ တိုက်စားမှုကြောင့် ပျော်ဝင်သွားတဲ့အခါမှာ သွားဖာခြင်း က ပိုပြီးသင့်တော်လာပါတယ်။ကြွေလွှာပျက်စီးသွားတဲ့အခါမှာ သွားပိုးပေါက်တွေပိုပြီးဖြစ်လာနိုင်သလို သွားပျက်စီးနိုင်ချေလည်း ပိုများလာပတယ်။ သွားပျက်စီးမှုတွေဟာ မာကြောတဲ့ကြွေလွှာထဲဝင်လာပြီးတဲ့အခါမှာတော့ သွားရဲ့အဓိကကိုယ်ထည်ထဲကို ဝင်ဖို့ဝင်ပေါက်ရရှိသွားပါပြီ။အစမှာတော့ သွားပိုးပေါက်သေးသေးလေးတွေဟာပြဿနာမရှိလှပါဘူး။ ဒါပေမယ့် ပိုးပေါက်တွေကြီးလာတဲ့အခါနဲ့ သွားကိုထိုးဖောက်လာတဲ့အခါမှာ သူတို့တွေဟာ သေးငယ်တဲ့အာရုံကြောမျှင်တွေကိုထိခိုက်လာပါတော့တယ်။ ရလဒ်ကတော့ အလွန်အမင်းနာကျင်ရတဲ့ အနာပေါက်တွေ သို့မဟုတ် ပိုးဝင်သွားတာပါပဲ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အထက်ဖော်ပြပါအချက်တွေနဲ့ သွားမှာမူမမှန်တဲ့အခြေအနေတွေကိုသတိထားခဲ့မိရင် ချက်ချင်း သွားဆရာဝန်ဆီ သွားသင့်ပါတယ်။ကြွေလွှာပျက်စီးခြင်းဟာ အောက်ပါအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။• အချိုရည်အသောက်များခြင်း(phosphoric နဲ့ citric acid မြင့်မားခြင်း)။• အသီးဖျော်ရည်များ(အသီးဖျော်ရည်တွေမှာပါတဲ့ အချို့သော အက်ဆစ်တွေဟာ ဘက်ထရီအက်ဆစ်တွေထက်ပိုပြီး တိုက်စားနိုင်ပါတယ်။ )။• ခံတွင်းခြောက်ခြင်း သို့မဟုတ် တံတွေးစီးဆင်းမှုနည်းခြင်း။• အစားအစာ(သကြားနဲ့ ကစီဓါတ် ပါဝင်မှုများခြင်း)။• အစာအိမ်မှ အက်စစ်များ အထက်ပြန်ဆန်သော ရောဂါ(GERD)။• အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြဿနာများ။• ဆေးဝါးများ(aspirin, antihistamines)။• မျိုးရိုး (မျိုးရိုးလိုက်သောအခြေအနေ)။• ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ။သွားကြွေလွှာကိုကာကွယ်နိုင်ဖို့ သင်လုပ်နိုင်တဲ့အချက်အနည်းငယ်တော့ရှိပါတယ်။• အစာစားချိန်မှာသာ အက်ဆစ်ပါဝင်တဲ့စားစရာသောက်စရာတွေနဲ့ ဆိုဒါလို အမြှုပ်ပါတဲ့သောက်စရာတွေကို သုံးဆောင်ပါ။ ဒါက သွားကိုတိုက်ခိုက်နိုင်တဲ့ အက်ဆစ်ပမာဏကို လျှော့ချပေးနိုင်ပါတယ်။• အမြန်သောက်ပါ။ ပါးစပ်ထဲငုံထားတာမျိုးမလုပ်ပါနဲ့။ ဒါမှမဟုတ် သောက်လိုက်တာနဲ့ ပါးစပ်နောက်ကိုရောက်သွားပြီး သွားနဲ့ကြာကြာထိတွေ့တာမျိုးမဖြစ်စေဖို့ ပိုက်ကိုသုံးပါ။• အစာစားပြီးချိန်မှာ ချိစ့် ဒါမှမဟုတ် နို့နဲ့အဆုံးသတ်လိုက်တာက အက်ဆစ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။• စားပြီးတဲ့အခါ သကြားမပါတဲ့ ပီကေဝါးပါ။ ဒါကတံတွေးပိုမိုထွက်စေပြီး စားပြီးတဲ့အခါ ပါးစပ်ထဲအက်ဆစ်တွေဖြစ်လာတာကို ဖယ်ရှားပေးနိုင်ပါတယ်။• အက်ဆစ်ပါဝင်တဲ့အရာတွေကို စားပြီးသောက်ပြီးလို့ သွားမတိုက်ခင်မှာ အနည်းဆုံး၁နာရီခန့်ခြားပေးပါ။ ဒါကလည်း သင့်ရဲ့သွားတွေကို သူ့ရဲ့သတ္တုဓါတ်တွေကိုပြန်လည်စုစည်းဖို့ အချိန်ပေးလိုက်တာပါပဲ။• သွားကို ညဘက်တစ်ခါ၊ နေ့လည်ဘက်တစ်ခါ (အနည်းဆုံး) ဖလိုရွိုက်ပါဝင်တဲ့သွားတိုက်ဆေးနဲ့တိုက်ပေးပါ။ ခေါင်းသေးပြီး အလယ်အလတ်ကနေ နူးညံ့ပျော့ပျောင်းတဲ့အမွေးတွေပါတဲ့ သွားတိုက်တံကို သုံးပါ။သင်ဟာ စားနေတဲ့အချိန်မှာ နာကျင်နေရင် သို့မဟုတ် စူးစူးရှရှနာကျင်နေရင် နာကျင်မှုကိုသက်သာစေဖို့ အောက်ပါအချက်တွေပြုလုပ်ကြည့်ပါ။• သွားပိုးပေါက်ထဲဝင်နေနိုင်တဲ့အစာကိုရှင်းထုတ်ဖို့အတွက် ရေနွေးနဲ့ အာလုတ်ကျင်းပေးပါ။ သွားပွတ်ကြိုးကိုသုံးပြီး သွားပိုးပေါက်ထဲဝင်နေတဲ့အစာ သို့မဟုတ် သွားကြားညှပ်နေတဲ့အစာတွေကိုဖယ်ရှားပေးပါ။• နာကျင်နေတဲ့သွား သို့မဟုတ် သွားဖုံးတစ်သျှူးတွေပေါ်မှာ aspirin ကိုမသိပ်ပါနဲ့။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%b1/
ကာလကြာရှည် နာကျင်မှုတွေနဲ့ အိပ်စက်နေရခြင်းအတွက် လူသိနည်းသေးတဲ့ အချက် (၅)ချက်
Chronic pain လို့ခေါ်တဲ့ နာကျင်မှုတွေနဲ့ နေရောင်တွေကွယ်ပျောက်လို့ ညရောက်တဲ့ချိန်ထိတောင် မပျောက်သွားတဲ့ ဒီနာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒီနာကျင်မှုတွေဟာ သင့်ရဲ့ အိပ်စက်ခြင်းကိုပါ ထိခိုက်စေပါတယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ကိစ္စသေးသေးလေးမဟုတ်တော့ပါဘူး။မအိပ်စက်နိုင်ဘူးဆိုတာက သင့်ရဲ့ နာကျင်မှုတွေက ပိုဆိုးလာတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီမှာတော့ သင်ခံစားနေရတဲ့ နာကျင်မှုတွေနဲ့အတူ အိပ်စက်နိုင်ဖို့ နည်းလမ်း (၅)ခု ကို ဖော်ပြပေးထားပါတယ်။သင်ပင်ပန်းပြီး အိပ်ချင်နေတဲ့အချိန်မျိုးမှာမှ အိပ်ရာဝင်ပါ။ အိပ်ချင်စိတ်နည်းနည်းလေးမှ မရှိသေးဘူးဆိုရင် အိပ်ဖို့ မကြိုးစားပါနဲ့။ အိပ်စက်ဖို့ အာရုံစိုက်နေခြင်းက ဖိအားတွေနဲ့ အကြောက်တရားတွေကို ပိုမိုခံစားရစေပါတယ်။သင့်ကို သက်တောင့်သက်သာအနားယူစေနိုင်ပြီး အိပ်ချင်လာစေနိုင်တဲ့ အရာအချို့ကို ပြုလုပ်နိုင်ပါတယ်။ ဥပမာ စာအုပ်ဖတ်တာမျိုး၊ သီချင်းနားထောင်တာမျိုးပေါ့။ အပျော့စား လေ့ကျင့်ခန်းတွေကလည်း ကူညီပေးနိုင်ပါတယ်။ဒါပေမဲ့ လှဲနေပြီး နာရီဝက်ကြာပြိးတဲ့ထိ အိပ်မပျော်နိုင်သေးဘူးဆိုရင် အိပ်ရာပေါ်ကထပြီး တကယ့် အိပ်ချင်စိတ်ကို စောင့်ဆိုင်းပါ။ နောက်တစ်ရက်မှာတော့ ဆရာဝန်ကို အကူအညီတောင်းနိုင်ပါတယ်။သင်က အေးစိမ့်နေတဲ့အခန်းထဲမှာမှ အိပ်ပျော်နိုင်တယ်ဆိုတာကို သင်မသိတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ အိပ်စက်ခြင်းအတွက် အကောင်းဆုံး အပူချိန်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိသလို လူတစ်ဦးတစ်ယောက်ချင်းစိပေါ် မူတည်ပါတယ်။ သင့်အတွက် သင့်လျော်မယ့် အပူချိန် အတိအကျကို သိနိုင်စေဖို့ အိပ်စက်တိုင်းမှာ အခန်းအပူချိန်ကို ချိန်ညှိနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို သက်တောင့်သက်သာဖြစ်စေသလို သင့်ရဲ့ စိတ်ပိုင်းဆိုင်ရခံစားချက်တွေကိုရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ တိုးတက်စေပါတယ်။ ဒါတွေက သင့်ရဲ့ နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။ အကြောလျှော့ခြင်း ဒါမှမဟုတ် အပျော့စားလေ့ကျင့်ခန်းတွေက သဘာဝအတိုင်း သက်သာပျောက်ကင်းစေနိုင်တဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ အိပ်ရာမဝင်ခင်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက မကြာခင်မှာ သင့်ကို အိပ်ချင်စေလာပါလိမ့်မယ်။အိပ်တော့မယ်လို့ လှဲလိုက်တဲ့အချိန်မှာ သင်စိုးရိမ်နေတဲ့အရာတွေ၊ စိတ်ပူနေတဲ့အရာတွေက သင့်အတွေးတွေထဲ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာပါလိမ့်မယ်။ ဒါတွေက သင့်အတွက် စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့အပြင် အိပ်ချင်စိတ်ဖြစ်ပေါ်လာဖို့လည်း ခဲယဉ်းစေပါလိမ့်မယ်။ သင့်ရဲ့ပူပန်မှုတွေကိုတော့ အဲ့ဒါတွေကို ရေးချထားလိုက်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။အိပ်ရာမဝင်ခင်မှာ သင်ဘာတွေစိတ်ပူနေတယ်ဆိုတာ ချရေးထားပါ။ (အထူးသဖြင့် သင့်ရဲ့ နာကျင်မှုတွေ အကြောင်းပေါ့။)။ပြီးရင် လွှင့်ပစ်လိုက်ပါ။ ဒါတွေအားလုံးနဲ့ ငါနဲ့ မဆိုင်တော့ဆိုတာမျိုး ကိုယ့်ကိုကိုယ်ပြောပါ။ ဒိအချိန်ဟာ အိပ်ရမယ့်အချိန်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီးကာမှ သင့်ပြဿနာတွေကို ဖြေရှင်းလို့ ရပါသေးတယ်။သင့်မှာ chronic pain ရှိနေခဲ့ရင် ဒါတွေကိုတော့ ခေါင်းအုံးတစ်လုံးက ကူညီပေးနိုင်ပါလိမ့်မယ်။– ပက်လက်လန်လှဲလိုက်တဲ့အချိန်မှာ ခေါင်းအုံးတစ်လုံးကို ဇက်အောက်မှာထားပါ။ တစ်ခါတလေ ကျောအောက်ပေါ့။ ခေါင်းအုံးတွေက သင်မတ်တပ်ရပ်နေသလို ဖြစ်နေစေဖို့အတွက် သင့်ရဲ့လဲလျောင်းနေတဲ့ ခန္ဓါကိုယ်ကြီးကို ထောက်ပံ့ပေးပါလိမ့်မယ်။– ဘေးစောင်းအိပ်တတ်ရင်တော့ မတ်တပ်ရပ်နေသလိုဖြစ်စေဖို့အတွက် ပိုထူတဲ့ခေါင်းအုံးကို အသုံးပြုပါ။ ခေါင်းနဲ့ လည်ပင်းက ခေါင်းအုံးရဲ့ အလယ်မှာ ရှိနေရပါမယ်။– သင့်ရဲ့အိပ်စက်နိုင်စွမ်းတွေနဲ့ သင့်ရဲ့ နာကျင်မှုတွေကို မသက်သာစေတဲ့အဆုံးတော့ မှောက်ရက်အိပ်တာက သင့်အတွက် ကောင်းမွန်မှာလည်း မဟုတ်ပါဘူး။သင့်မှာ chronic pain တစ်ခါဖြစ်လိုက်ပြီဆိုရင်တော့ ဒါက တစ်သက်လုံးစာပါပဲ။ ဒိနာကျင်မှုဟာ သင့်ရဲ့ နေ့စဉ်ဘဝကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အိပ်စက်တဲ့နေရာမှာပေါ့။ အိပ်ရေးမဝခြင်းဟာ အခြားသော ပြင်းထန်တဲ့ ပြဿနာတွေကိုပါ ဦးတည်သွားစေပါတယ်။ဒါပေမဲ့ သင်က သင့်ရဲ့ အိပ်စက်ခြင်းအလေ့အထတွေကို ထိန်းညှိနိုင်တယ်။ သင့်ရဲ့ ခွန်အားတွေကို ပြန်ဖြည့်ပေးနိုင်တယ်။ ပြိးတော့ သင့်ရဲ့ နာကျင်မှုတွေကို ရင်ဆိုင်နေနိုင်ပါသေးတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%80%e1%80%ac%e1%80%9c%e1%81%be%e1%80%80%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9-%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%94/
Pudendal Nerve Entrapment (အာရုံကြော ထိခိုက်ခြင်း)
Pudendal အာရုံကြော ပျက်စီးခြင်းသို့မဟုတ် ထိခိုက်ခြင်းမှအစပြုတဲ့ (နာတာရှည်) တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှု ရောဂါအမျိုးအစားဖြစ်ပါတယ်။pudendal အာရုံကြောက တင်ပါးဆုံမှာ အဓိကအာရုံကြော ဖြစ်ပြီး။– တင်ပါး အောက်ပိုင်း။– တင်ပါးနဲ့လိင်အင်္ဂါအကြားဧရိယာ (perineum)။– မစင်စွန့် အင်္ဂါ (rectum)။– မအင်္ဂါ , နှုတ်ခမ်းသားနဲ့ clitoris။– အမျိုးသားများတွင်ကပ်ပယ်အိတ်နှင့်လိင်တံ။စတာတွေကို အာရုံကြော ထောက်ပံ့မှုပေးပါတယ်။Pudendal အာရုံကြော နာကျင်တာဟာ အလွန်မသက်မသာနဲ့စိတ်ပျက်စရာဖြစ်နိုင်ပေမယ့် အကူအညီပေးနိုင်သလို ကုသမှုတွေကလည်း များစွာ ရှိပါတယ်။အလွန် အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။အဓိကလက္ခဏာကတော့ တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှု ဖြစ်ပါတယ်။ အဆိုပါ pudendal အာရုံကြောကထောက်ပံ့ထားတဲ့ ဘယ်နေရာ မဆိုထိခိုက်စေနိုင်ပါတယ်။နာကျင်မှု တွေကတော့-။မီးလောင်သလို, ကြိတ်ခွပစ်သလို, ထိုးဆွသလို သို့မဟုတ် ဆွဲဆိတ်သလို အာရုံခံစားရခြင်း။တဖြည်းဖြည်းသို့မဟုတ်ရုတ်တရက်ဖြစ်လာခြင်း ငြိမ်တဲ့အခါ တစ်ခါတစ်လေ ဆိုးရွားလာပြီး တစ်ချို့လူတွေမှာ ပြန်ကောင်းလာခြင်း။ထိုင်တဲ့အခါပိုဆိုးလာပြီး မတ်တပ်ရပ်သို့မဟုတ်လဲလျောင်းသည့်အခါနှင့် ပြန်ကောင်းလာတာ စတာတွေဖြစ်ပါတယ်။အခြားရောဂါလက္ခဏာများပါဝင်နိင်ပါတယ်။တင်ပါးဆုံတွင်းဧရိယာမှာ အပ် ဒါမှမဟုတ် တစ်ခါသုံးဆေးထိုးအပ်နှင့် ထိုးသလို နာခြင်း။ပိုပြီး နာကျင်နေခြင်း– သင့်အနေနဲ့ အလင်းထိရုံ သို့မဟုတ်အဝတ်ဝတ်တာနဲ့ တောင် မသက်မသာဖြစ်နေခြင်း။ရောင်ရမ်းခြင်း ဒါမှမဟုတ် တင်ပါးဆုံ တွင်းမှာ တစ်ခုခုရှိနေတယ်လို့ ခံစားနေရခြင်း– ဂေါက်သီးသို့မဟုတ်တင်းနစ်ဘောလုံးနဲ့ တူ။မကြာခဏသို့မဟုတ်ရုတ်တရက်အိမ်သာသွားဖို့လိုအပ်နေခြင်း။လိင်ဆက်ဆံရာတွင် နာကျင်ခြင်း။ပြီးမြောက်ဖို့ ခက်ခဲခြင်း။အမျိုးသားတွေမှာ ထောင်မတ်နိုင်စွံမ်း ကျဆင်းခြင်း စတာတွေဖြစ်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှု ရှိပါကချက်ချင်းသင့်ဆရာဝန်ကိုဆက်သွယ်ပါ။ နာကျင်မှု ဖြစ်ပေါ်လျှင်အကြံဉာဏ်ရှာဖို့ နှာင့်နှေးမနေပါနဲ့။ အစတည်းကကုသမှုမရှိဘူး ဆိုရင် Pudendal အာရံကြော နာတာက ပိုဆိုးနိုင်ပါတယ်။ စောစောကုသမှုက ပိုမိုထိရောက်ပါတယ်။နာကျင်မှုကြောင့် စိတ်ဖိစီးမှုက လည်း မကုပဲထားရင် သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်သိသိသာသာသက်ရောက်မှုရှိနိုင်ပါတယ်။။အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။pudendal အာရုံကြော ဖိမိတာ , ပျက်စီးတာ တွေက ဖြစ်နိုင်ပါတယ်။ဖြစ်နိုင်တဲ့ အကြောင်းတရားများကတော့ –။– အနီးအနားမှာရှိတဲ့ ကြွက်သားသို့မဟုတ်တစ်သျှူးများက pudendal အာရုံကြောကို ဖိထားခြင်း – တစ်ခါတစ်ရံ pudendal nerve entrapment သို့မဟုတ် alcock canal syndrome ရောဂါဟုခေါ်ပါတယ်။– (နှစ်တွေလတွေချီပြီး ) အချိန်ကြာမြင့်စွာထိုင်ခြင်း, စက်ဘီးစီးခြင်း, မြင်းစီးခြင်း သို့မဟုတ်ဝမ်း ချုပ် ခြင်း စတာတွေက ဒီတင်ပါးဆုံတွင်းဧရိယာမှာ အသေးစားပျက်စီးဆုံးရှုံးမှုတွေ ထပ်ခါတလဲလဲ ဖြစ်ပေါ်စေနိုင်ပါတယ်။– တင်ပါးဆုံတွင်းဧရိယာမှာ ယခင်ခွဲစိတ်ဖူးတာ ရှိခြင်း။– အရိုးကျိုးခြင်း။– ကလေးမွေးဖွားစဉ်အတွင်း pudendal အာရုံကြောပျက်စီးမှု – လအနည်းငယ်အကြာမှာ ပြန်ကောင်းနိုင်ပါတယ်။– pudendal အာရုံကြောပေါ် အကျိတ်ဖိမိခြင်း။အချို့ကိစ္စများတွင် ဖြစ်ပွားမှု သတ်သတ်မှတ်မှတ် မရှိပါ။အောက်ပါအချက်တွေက ဖြစ်စေပါတယ်။စက်ဘီးစီးခြင်း။အထိုင်များခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်ကသင့်ရောဂါလက္ခဏာတွေအကြောင်းကိုမေးမြန်းပါလိမ့်မယ် ။ သင့်နာကျင်မှုဖြစ်ပွားတဲ အကြောင်းရင်းကိုသိရဖို့ စစ်ဆေးမှုတွေလည်း လုပ်ဆောင်ပါလိမ့်မယ်။pudendal neuralgia(အာရုံကြော ရောင်ရမ်းနာ ) ရှိနိုင်တယ်လို့ထင်ရင် ဒါမှမဟုတ် နာကျင်မှုဖြစ်စေတဲ့အရာကိုသေချာမသိရင် နောက်ထပ်စမ်းသပ်မှုတွေ အတွက် အထူးကုတစ်ယောက်ကို ညွှန်းပေးပါလိမ့်မယ်။ဒီစမ်းသပ်မှုတွေကတော့ –။– အင်္ဂါဇာတ်သို့မဟုတ် စအိုအိမ် စစ်ဆေးမှုတွေမှာ ဆရာဝန်က ဖိအားအနည်းငယ်သက်ရောက်တဲ့ အခါ နာကျင်မှုဖြစ်တာ ရှိမရှိကြည့်ပါလိမ့်မယ်။– သံလိုက်ပုံရိပ် (MRI) scan – pudendal အာရုံကြော ပြသနာများကို စစ်ဆေးဖို့ နှင့်သင့်နာကျင်မှု၏အခြားဖြစ်နိုင်သောအကြောင်းရင်းများကို လေ့လာဖို့ သုံးနိုင်ပါတယ်။– အာရုံကြောလေ့လာမှုများ – သင့် စအိုဝထဲကို သေးငယ်တဲ့ကိရိယထည့်သွင်းပြီး လျှပ်စစ်လိုင်း လွှင့်ကာ အာရုံကြောအလုပ်လုပ်ပုံကို စစ်ဆေးနိုင်ပါတယ်။သတင်းပို့နှင့်အတူအနီးအနားမှာအာရုံကြောကိုလှုံ့ဆော်ရန်အသုံးပြုသည်။– အာရုံကြောထိုးဆေးများ – အကိုက်အခဲပျောက်ဆေးတွေ ထိုးထည့်ပြီး နာကျင်မှုသက်သာအောင်လုပ်တာဖြစ်ပါတယ်။pudendal အာရုံကြောနာတာအတွက် ကုသမှုကတော့။– စက်ဘီးစီးခြင်း, ဝမ်းချုပ်ခြင်း , အထိုင်များခြင်းတွေက နာကျင်မှုကို ပိုဆိုးစေသောအရာဖြစ်တဲ့အတွက်ရှောင်ရှားသင့်ပါတယ်။ အလယ်မှာ ကွက်လပ်လေးပါတဲ့ ကူရှင်တွေနဲ့ ထိုင်တာ ဝမ်းချုပ်တာကို ကုသတာတွေ လုပ်နိုင်ပါတယ်။နာကျင်မှု သက်သာရန်ဆေးဝါးများ -သာမန် paracetamol လို အကိုက်အခဲပျောက်ဆေးထက် အာရုံကြောနာကျင်မှုအတွက် အထူးဆေးဝါးတွေဖြစ်ပါတယ်။Physiotherapy – သင့်ရဲ့တင်ပါးဆုံတွင်းကြမ်းပြင်ကြွက်သား (ဆီးသွားတာကို ထိန်းပေးတဲ့ ကြွက်သား) နှင့် pudendal အာရုံကြောကို ထိခိုက်စေတဲ့ ကြွက်သားတွေကို ပျော့ပျောင်းအောင် physiotherapist ကသင်ပေးနိုင်ပါတယ်။Painkilling ထိုးဆေးများ – ထုံဆေးနှင့် Steroid လိုဆေးတွေကို လအနည်းငယ် တစ်ကြိမ်ထိုးပေးတာနဲ့ နာကျင်မှုသက်သာစေပါတယ်။decompression surgery – တစ်ရှူ းတွေက အာရုံကြောအပေါ်ကိုဖိနေတာဆိုရင် , အာရုံကြောကနေဝေးရာကို ပြန်ထားပေးဖို့ ခွဲစိတ်မှုတွေက သင့်နာကျင်မှုကို သက်သာစေပါလိမ့်မယ်။အာရုံကြော နှိုးဆွခြင်း – အထူး ကိရိယာလေးကို အရေပြားအောက်ထည့်ထားပြီး လျှပ်စစ်အပျော့စားတစ်ခုထုတ်လွှတ်ကာ နာကျင်မှုပို့ပေးတဲ့ သတင်းအချက်အလက်ကို နှောင့်ယှက်ပေးပြီး အနာသက်သာစေတဲ့နည်းဖြစ်ပါတယ်။အောက်ပါ နေထိုင်မှုပုံစံတွေက PNE နဲ့ သင့်တော်ပါတယ်။ဆီးဝမ်းသွားမှုကို ဂရုစိုက်ခြင်း : ဆီစ ဝမ်းသွားတဲ့အခါ အောင့်မထားပါနဲ့ ။ အာရုံကြောကို ပိုဆန့်သလိုဖြစ်စေပါတယ်။ ဝမ်းနှုတ်ဆေးလည်း ရှောင်ကြဉ်ပါ။ Physiotherapy လေ့ကျင့်ခန်းတွေက ကောင်းမွန်တဲ့ အလေ့အထရအောင် ကူညီပေးနိုင်ပါတယ်။အထိုင်ဂရုစိုက်ခြင်း : perineum ( အထိုင်ရိုး အတွင်းရှိဧရိယာ) ကို မထိုင်မိအောင် ရှောင်တာဟာ အာရုံကြောကို မဖိမိအောင် ကာကွယ်ပေးပါတယ်။special coccyx-cut-out memory foam cushions ဝယ်ပြီး perineum နေရာကို ဝိတ်နဲ့မထိုင်မိအောင် ပြုပြင်နိုင်ပါတယ်။အထိုင်လျော့တာကလည်း ကူညီပေးနိုင်ပါတယ်။ – စားပွဲမှာမတ်တပ်ရပ်တာ , laptop ကို သေတ္တာပေါ်မှာသုံးတာ ဒါမှမဟုတ် a portable desk raiser နဲ့သုံးတာတွေက သက်သာစေပါတယ်။အာရုံကြော ထိခိုက်စေတဲ့ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများကိုရှောင်ရှားပါ။အကြီးမားဆုံးအန္တရာယ်ကတော့ စက်ဘီးစီးတာနဲ့ မြင်းစီးတာမှာ အချိန်ဖြုန်းနေကြတာပါပဲ။ လျော့ချရမယ့် အခြားလှုပ်ရှားမှုများ ကတော့ trampoline jumping ,bench pressing နှင့်လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာတွေ ဖြစ်ပါတယ်။Osteopathy နှင့် physiotherapy တွေက သင်နဲ့ သက်ဆိုင်တဲ့ ခဏလျော့ချထားရမယ့် လှုပ်ရှားမှုတွေကို ပြသပြီး ကူညီပေးနိုင်ပါတယ်။သင့်ရဲ့လိင်ဘဝကို ညှိယူပါ – တစ်ချို့သူတွေမှာ လိင်ကိစ္စက နာကျင်မှုကို ပိုဆိုးစေပါတယ်။နာကျင်မှုမဖြစ်အောင် ရှောင်ရှားနေချိန်မှာ သင့်ရဲ့လိင်မှု ဘဝကို ထိန်းသိမ်းထားဖို့ နည်းလမ်း များစွာရှိပါတယ်။ သင့်ရဲ့ဆရာဝန်က ကူညီပေးနိုင်ပါလိမ့်မယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/pudendal-nerve-entrapment-%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/gym-and-acne/
ခံတွင်း မှက္ခရု
ခံတွင်းမှိုပိုးဝင်ခြင်း(ခံတွင်း မှက္ခရု)ဟာ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုးက သင့်ရဲ့ပါးစပ်နံရံတွေမှာပေါက်ဖွားကပ်တွယ်နေတဲ့အခြေအနေမျိုးပါ။ Candida ဆိုတာ ကတော့ ပါးစပ်တွင်းမှာရှိတဲ့ ပုံမှန်အင်္ဂါတစ်ခုဖြစ်ပြီး တစ်ခါတလေမှာ ပိုပြီးကြီးထွားလာတတ်ကာ ရောဂါလက္ခဏာတွေဖြစ်စေပါတယ်။ဒီရောဂါဟာ ခရင်မ်နဲ့တူတဲ့အဖြူရောင် အနာ တွေကို လျှာပေါ်နဲ့ ပါးစောင်တွေမှာအများအားဖြင့်ဖြစ်ပေါ်စေတတ်ပါတယ်။ တစ်ခါတလေမှာ ဒီရောဂါဟာ အာခေါင်၊သွားဖုံး သို့မဟုတ် အာသီး တွေ သို့မဟုတ် လည်ချောင်းအနောက်ဘက်ကိုတောင် ကူးစက်ပြန့်နှံ့နိုင်ပါသေးတယ်။လူတိုင်းမှာ ခံတွင်း မှက္ခရု ဖြစ်နိုင်သော်လည်း ကလေးငယ်တွေ၊သက်ကြီးပိုင်းတွေနဲ့ ခုခံအားကျဆင်းနေတဲ့သူတွေ သို့မဟုတ် ကျန်းမာရေးမကောင်းသူ သို့မဟုတ် ဆေးသောက်နေရသူတွေမှာ အဖြစ်များပါတယ်။ ခံတွင်း မှက္ခရု ဆိုတာ သင်ကျန်းမာရေးကောင်းနေရင်တော့ မှုလောက်စရာပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ကကိုယ်ခံအားနည်းနေမယ်ဆိုရင်တော့ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပိုပြီးပြင်းထန်မှာဖြစ်ပြီး ထိန်းချုပ်ရလည်းခက်ခဲပါလိမ့်မယ်။အစမှာတော့ သင်ဟာ ရောဂါလက္ခဏာတွေကို သတိတောင်ထားမိမှာမဟုတ်ပါဘူး။ အခြေခံအကြောင်းရင်းတွေပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေဟာ ဖြည်းဖြည်းချင်းဖြစ်လာနိုင်သလို ရုတ်တရက်လည်းပေါ်လာနိုင်ပြီး ရက်တွေ၊ရက်သတ္တပတ်တွေနဲ့လတွေထိ ကြာမြင့်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့။• လျှာ၊ပါးစောင်နဲ့ တစ်ခါတစ်ရံ အာခေါင်၊သွားဖုံးနဲ့ အာသီးတွေမှာ ခရင်မ်ပုံအဖြူရောင်အနာ တွေတွေ့ရတတ်ပါတယ်။• အနာကအနည်းငယ်ပြင်းထန်လာပြီး ချိစ့်ပုံစံတစ်မျိုး လိုမျိုးဖြစ်လာပါတယ်။• နီရဲနေတာ သို့မဟုတ် နာကျင်တောတွေ ဖြစ်တတ်ပြီး ပြင်းထန်လာတဲ့အခါမှာ စားတဲ့နေရာနဲ့ မြိုချတဲ့နေရာတွေမှာအခက်အခဲတွေဖြစ်လာနိုင်စေပါတယ်။• အနာတွေကို ပွတ်တိုက်လိုက်ရင် ဒါမှမဟုတ် ခြစ်ချလိုက်ရင် သွေးထွက်လာနိုင်ပါတယ်။• ပါးစပ်ထောင့်မှာနီရဲအက်ကွဲခြင်းတွေဖြစ်လာနိုင်ပါတယ် (အထူးသဖြင့် အံကပ်၊ သွားတုတပ်တဲ့သူတွေမှာ)။• ပါးစပ်ထဲမှာ ဂွမ်းတွေပြည့်နေသလိုခံစားရစေနိုင်ပါတယ်။• အရသာခံနိုင်စွမ်း လျော့ကျလာပါတယ်။ပိုပြီးပြင်းထန်တဲ့ ကိစ္စရပ်တွေမှာ အနာတွေဟာ အစာမျိုပြွန် ထိ ပြန့်နှံ့သွားနိုင်ပါတယ်။ အစာမြိုပြွန် ဆိုတာ ပါးစပ်နောက်ပိုင်းကနေ အစာအိမ်ထိရောက်တဲ့ ကြွက်သားပြွန်ပါ။ ဒီလိုဖြစ်တာကို မှိုပိုးကြောင့် အစာမျိုပြွန် ရောင်ခြင်း လို့ခေါ်ပါတယ်။ ဒါတွေဖြစ်လာခဲ့ရင် သင်ဟာ အစာမြိုချရာမှာခက်ခဲနိုင်ပြီး လည်ချောင်းထဲအစာနင်နေသလိုခံစားနေရမှာပါ။ထူးခြားတဲ့ အဖြူရောင်အဖတ်တွေဖြစ်ရင် သင့်ကလေးဟာ အစာကျွေးရခက်တာ သို့မဟုတ် ဇီဇာကြောင်တာ နဲ့ ဒေါသထွက်လွယ်တာ စတာတွေဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ကလေးဆီကနေ သင့်ဆီကို မိခင်နို့တိုက်ကျွေးစဉ်မှာ ကူးစက်တတ်ပါသေးတယ်။ ကူးစက်မှုဟာ သားမြတ်နဲ့ ကလေးပါးစပ်ကြားထဲမှာ အပြန်ပြန်အလှန်လှန် သွားနေတော့မှာပါ။ရင်သားဟာ candida ကူးစက်ခံရပြီဆိုရင် အောက်ပါလက္ခဏာတွေပြပါတယ်။• နို့သီးခေါင်းတွေဟာ အများအားဖြင့် နီရဲနေကာ အထိမခံဖြစ်တတ်ပြီး ယားယံအက်ကွဲနေတတ်ပါတယ်။• နို့သီးခေါင်းတစ်ဝိုက်က အညိုရောင်အကွက်မှာ အရောင်တောက်တဲ့ သို့မဟုတ် အရည်ခွံကွာတဲ့အစလေးတွေဖြစ်နေတတ်ပါတယ်။• ကလေးကိုနို့တိုက်ကျွေးစဉ်မှာ ပုံမှန်မဟုတ်တဲ့နာကျင်မှုတွေဖြစ်တတ်ပါတယ်။• ရင်သားအတွင်းထဲမှာ တစ်ခုခုနဲ့အထိုးခံရသလိုနာကျင်နေတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင်နဲ့ သင့်ကလေးရဲ့ပါးစပ်ထဲမှာ နာကျင်စေတဲ့အဖြူရောင်အနာတွေရှိတယ်ဆိုရင် ဆရာဝန်သို့မဟုတ် သွားဆရာဝန်ကိုပြပါ။ တကယ်လို့ ပိုးဝင်တာက နည်းနည်းကြီးတဲ့ကလေးတွေ သို့မဟုတ် ဆယ်ကျော်သက်တွေမှာဆို ဆေးဝါးသုံးပြီး ပြုစုပါ။ အခြားသောကျန်းမာရေးအခြေအနေတွေ သို့မဟုတ် ကုသမှုတွေကလည်း ဒီရောဂါကိုဖြစ်ပွားစေနိုင်ပါတယ်။အောက်ဖော်ပြပါအချက်တွေဟာ ခံတွင်း မှက္ခရု ဖြစ်နေစဉ်မှာ အကူအညီပေးနိုင်ပါလိမ့်မယ်။• ခံတွင်းသန့်ရှင်းရေးကောင်းကောင်းလုပ်ပါ။ တစ်ရက်အနည်းဆုံး၂ကြိမ် သွားတိုက်ပြီး အနည်းဆုံး၁ကြိမ် သွားကြားထိုးပါ။ ရောဂါကင်းသွားသည်ထိ သွားပွတ်တံကိုမကြာခဏလဲလှယ်ပါ။ တကယ်လို့သင်ဟာ လက်မှာအားမရှိတာမျိုး လက်လှုပ်ရှားမှုမြန်မြန်မလုပ်နိုင်တာမျိုးဆိုရင် လျှပ်စစ်သွားပွတ်တံက သွားတိုက်ရာမှာပိုပြီးလွယ်ကူစေမှာပါ။ ခံတွင်းသန့်ဆေးရည် နဲ့ ဖျန်းဆေးတွေကို ရှောင်ပါ။ (သင့်ဆရာဝန်က အထူးပြုလုပ်ထားတဲ့ ခံတွင်းသန့်စင်ဆေးရည်ကို ညွှန်ကြားခဲ့မယ်ဆိုရင်တော့ သုံးပါ)။ ဒါတွေက ခံတွင်းရဲ့ပုံမှန်ရနံ့ကိုပြောင်းလဲစေပါတယ်။ သွားတိုက်တံတွေကို ဝေမျှမမသုံးပါနဲ့။ အံကပ်နဲ့သွားတုတွေကို ဘက်တီးရီးယားရှင်းပြီး သန့်စင်နေစေဖို့အတွက် ဘယ်နည်းလမ်းကအကောင်းဆုံးဖြစ်မလဲဆိုတာကို သွားဆရာဝန်ကိုမေးပါ။• ဆားရည်နွေးနဲ့အာလုတ်ကျင်းပါ။ လက်ဖက်ရည်ဇွန်းတစ်ဝက် (၂.၅မီလီလီတာ)ရှိတဲ့ဆားနဲ့ ရေနွေးတစ်ခွက် (၂၃၇မီလီလီတာ)နဲ့ရောဖျော်လိုက်ပါ။ ရလာတဲ့အရည်ကိုငုံပြီးပြန်ထွေးပါ။ မြိုမချပါနဲ့။• ရင်သားအခံ(pads) တွေကိုအသုံးပြုပါ။ တကယ်လို့သင်က နို့တိုက်ကျွေးနေတဲ့မိခင်ဖြစ်ပြီး မှိုကူးစက်တာခံနေရတယ်ဆိုရင်ရင်သားအခံ (Pads) ကိုသုံးပြီး အဝတ်အစားတွေပေါ် မှိုမကူးအောင်လုပ်ပါ။ ပလတ်စတစ်အကာမပါတဲ့ pad ကိုရှာပါ။ ပလတ်စတစ်အကာက candida ကြီးထွားမှုကို အားပေးပါတယ်။ တကယ်လို့သင်က တစ်ခါသုံးရင်သားအခံ တွေကိုအသုံးမပြုဘူးဆိုရင် ရင်သားအခံ တွေနဲ့ အတွင်းခံ ဘရာစီယာတွေကို ရေပူတွေ ချွတ်ဆေးတွေသုံးပြီးလျှော်ပါ။အောက်ပါအချက်တွေကတော့ candida ပိုးဝင်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။• အာလုတ်ကျင်းပါ။ တကယ်လို့သင်က ကော်တီကိုစတီးရွိုက်ရှူဆေး သုံးရတဲ့သူဆိုရင် ခံတွင်းကိုရေနဲ့ပဲအာလုတ်ကျင်းဖို့ သို့မဟုတ် ဆေးကိုအသုံးပြုပြီးတိုင်း သွားတိုက်ဖို့မမေ့ပါနဲ့။• တစ်ရက်ကိုအနည်းဆုံး၂ကြိမ် သွားတိုက်ပြီး နေ့စဉ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း သွားကြားထိုးပါ။• အံကပ်/သွားတုကို နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။ သင့်ရဲ့အံကပ်၊သွားတုအမျိုးအစားကို သန့်စင်ဖို့အကောင်းဆုံးနည်းလမ်းကိုသိရဖို့ ဆရာဝန်ကိုမေးပါ။• သွားဆရာဝန်နဲ့ ပုံမှန်ပြပါ။ အထူးသဖြင့် သင့်မှာဆီးချိုရှိနေရင် သို့မဟုတ် အံကပ်၊သွားတုတပ်ဆင်ထားရင်ပေါ့။ ဆရာဝန်နဲ့တွေ့ဖို့ အကြိမ်ရေဘယ်လောက်လာရမလဲ ဘယ်အချိန်တွေလာရမလဲဆိုတာကို မေးပါ။• စားတဲ့နေရာမှာသတိထားပါ။ သကြား ပါဝင်တဲ့အစားအစာတွေစားခြင်းကိုကန့်သတ်ပါ။ ဒါတွေက candida ကြီးထွားမှုကို အားပေးပါတယ်။• သင့်မှာ ဆီးချိုရောဂါရှိတယ်ဆိုရင် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပါ။ သွေးတွင်းအချိုဓါတ်ကို ကောင်းမွန်စွာထိန်းညှိနိုင်ခြင်းဟာ တံတွေးထဲမှာပါဝင်တဲ့သကြားပမာဏကိုလျှော့ချပေးနိုင်ပြီး candidaကြီးထွားမှုကို လျော့ကျစေပါတယ်။• ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဖြစ်တတ်တဲ့ မိန်းမကိုယ်ပိုးဝင်ခြင်း ကို တတ်နိုင်သမျှအမြန်ဆုံး ကုသပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%be%e1%80%80%e1%80%b9%e1%80%81%e1%80%9b%e1%80%af/
စူးစူးရှရှနာကျင်မှုများနဲ့ ကာလကြာရှည် နာကျင်မှုများ ခါးနာမှုအတွက် ကုထုံးများ
နောက်ကျောနာကျင်ခြင်း၊ ခါးနာခြင်းတွေဟာ ကျောရိုးမှာ ဖြစ်နေတဲ့ ဖိအားတွေကြောင့်ဖြစ်ရတာပါ။ ဒီဖိအားတွေဟာလည်း ဒဏ်ရာရခြင်း၊ ရောဂါ ဒါမှမဟုတ် ခန္ဓါကိုယ်လှုပ်ရှားမှုမမှန်ခြင်းတွေကြောင့် ဖြစ်တာပါ။ ကျောအောက်ပိုင်း စူးစူးရှရှနာကျင်မှုဟာ ရုတ်တရက်ဖြစ်လာတတ်ပြီး ပြင်းပြင်းထန်ထန်နာကျင်တာမျိုးဖြစ်ကာ ရက်အတန်ကြာ ဒါမှမဟုတ် ရက်သတ္တပတ် အတန်ကြာပြီးမှ သက်သာလာတတ်ပါတယ်။ဒါပေမဲ့ ဒါကို သေချာ မကုသရင်တော့ နာတာရှည် နာကျင်မှုတွေဖြစ်နိုင်ပြီး နောက်ထပ်နောက်ထပ် စမ်းသပ်ကုသမှုတွေ အများကြီးလိုအပ်လာပါလိမ့်မယ်။ကျောနာခြင်း၊ ခါးနာခြင်းတွေဟာ ဒဏ်ရာရရှိမှုပမာဏတွေ ၊ ဘယ်လောက်နာကျင်ရလဲဆိုတာတွေ ဒါမှမဟုတ် ကာလဘယ်လောက်ကြာရှည် နာကျင်ခဲ့တာလဲဆိုတာတွေပေါ်မူတည်ပြီး အပျော့စားအခြေအနေကနေ ပြင်းထန်တဲ့အခြေအနေတွေထိ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ခါး စူးရှစာနာကျင်မှုဟာ ရုတ်တရက်ဖြစ်လာတတ်ပြိး အများအားဖြင့် ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်လောက် ကြာမြင့်တတ်ပါတယ်။ နာကျင်မှု ရင်းမြစ်တွေဟာ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်ရောင်တာတွေ ဒါမှမဟုတ် အရိုးချပ်ပြားတွေကြောင့် ဖြစ်နေတတ်ပါတယ်။ကာလကြာရှည် နာကျင်မှုကတော့ ၃လအထက်ကြာတဲ့ နာကျင်မှုတွေနဲ့ ၃လကျော်ကြာတာတောင် ပိုဆိုးမယ်ဆိုရင်တော့ နာတာရှည်ခါးနာခြင်းလို့ ရောဂါအတည်ပြုပါတယ်။ ဒီလို ကာလကြာရှည်ခါးနာတဲ့ လက္ခဏာရှိတဲ့ လူနာတွေဟာ နာကျင်မှုကျွမ်းကျင်သူ (pain specialist) တွေဆီကို သွားပြသင့်ပါတယ်။ခါးနာမှုအတွက် ကုထုံးတွေကတော့ လူနာရဲ့ ဆေးမှတ်တမ်းရာဇဝင်နဲ့ နာကျင်မှုအမျိုးအစား၊ ပြင်းထန်မှုပေါ်မူတည်ပြိး ကွဲပါတယ်။ ယေဘုယျအားဖြင့်တော့ ခါးနာမှုအများစုဟာ ခွဲစိတ်မှုတွေမလိုအပ်ဘဲ ရက်သတ္တပတ် ၆ပတ်အတွင်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ လေကျင့်ခန်းလုပ်ခြင်းကလည်း ကုသမှုအစီအစဉ်တွေမှာ အမြဲတမ်း ပါဝင်လေ့ရှိပါတယ။်။ခါးနာခြင်းကိုတော့ OTC အနာသက်သာဆေးတွေနဲ့ အိမ်တွင်းကုသမှုတွေနဲ့ အစပြုပြီး ကုသလေ့ရှိပါတယ်။ပါရာစီတမောဟာ အများအားဖြင့်တော့ ရှေးဦး ကုသမှုနည်းလမ်းတွေထဲက တစ်ခုပါပဲ။ အချို့သောသူတွေအတွက်တော့ non-steroidal anti- inflammatory drugs (စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေး ၊ NSAID)တွေ ဥပမာ- ibuprofen တွေက ပိုပြီး အလုပ်ဖြစ်ပါတယ်။ဒါပေမဲ့ အနာသက်သာဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေလည်းရှိနေပါသေးတယ်။ အချို့ဆေးတွေဆို စွဲလမ်းစေတတ်ပါတယ်။ ဒါကတော့ သင့်ကျန်းမာရေးအခြေအနေပေါ်လည်း မူတည်ပါသေးတယ်။အချို့သူတွေကတော့ ရေပူချိုးခြင်း၊ ဒါမှမဟုတ် ပူနွေးနေတဲ့ ရေဘူးကို နာကျင်တဲ့နေရာမှာ ထားလိုက်ခြင်းက နာကျင်မှုတွေကို သက်သာစေတယ်လို့ဆိုပါတယ်။ ရေခဲကိုတော့ သင့်ခန္ဓါကိုယ်ပေါ် ဘယ်တော့မှ တိုက်ရိုက်မတင်ပါနဲ့။ အအေးလောင်ခြင်းက ပိုပြီးဖြစ်လွယ်ပါတယ်။ ခန္ဓါကိုယ်၊ အရေပြားပေါ်မတင်ခင် ရေခဲကို အဝတ်နဲ့ပတ်တာ၊ အိတ်နဲ့ထည့်ပြီး ကပ်ပေးတာက ပိုပြီး အလုပ်ဖြစ်ပါလိမ့်မယ်။အနားယူဖို့ကြိုးစားတာကတော့ နာကျင်မှုတွေကို သက်သာစေတဲ့ သော့ချက်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ သင့်အခြေအနေကို စိုးရိမ် စိတ်ပူနေခြင်းကြောင့် ကြွက်သားတင်းခြင်းက သင့်အခြေအနေကို ပိုဆိုးစေပါတယ်။ ဖိအားတွေလျော့ကျစေဖို့ အနားယူနိုင်မယ့် နည်းလမ်းများကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။တကယ်လို့ သင်က ဘေးတစောင်းအိပ်တတ်သူဆိုရင် ခြေထောက်ကို ရင်ဘတ်ထိ ဆွဲတင်ပါ။ ပြီးရင်တော့ ခြေထောက်တွေကြားမှာ ခေါင်းဦးပါးပါးလေးတစ်ခု ထားဖို့ မမေ့ပါနဲ့။ ပက်လက်အိပ်တယ်ဆိုရင်တော့ ဒူးအောက်မှာ ခေါင်းအုံးတွေကိုထားတာက သင့်ခါးရဲ့ ပုံမှန်အကွေးကို ထိန်းသိမ်းထားရာရောက်ပါတယ။်။ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်နောက်ကျောကို ကျန်းမာကြံ့ခိုင်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ ယောဂတို့လို ပုံမှန်လေ့ကျင့်ခန်းတွေက သင့်လျော်ပါတယ်။ အဓိက အချက်ကတော့ သင်စိတ်ပျော်စေမယ့် လေ့ကျင့်ခန်း၊ လှုပ်ရှားမှုကို ရွေးချယ်တာက နာကျင်မှုတွေမရှိစေဘဲ သင့်ကို သက်သာစေပါတယ်။တကယ်လို့များ ရက်သတ္တ၆ပတ်နဲ့အထက် ခါးနာ၊ ကျောနာခဲ့ရင် (ကာလရှည် ခါးနာမှုလို့သိပါတယ်။) ကုသမှုနည်းလမ်းတစ်ခုတည်းက သင့်ရဲ့နာကျင်မှုတွေကို ရပ်တန့်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးမျိုးသော ကုသမှုတွေကို လိုအပ်ပါတယ်။တကယ်လို့များ အကိုက်အခဲပျောက်ဆေးတေါက အလုပ်မဖြစ်တော့ဘူးဆိုရင် သင့်ကို tricyclic antidepressants (TCA)ဆေးတွေ ညွှန်းပေးပါလိမ့်မယ်။ amitriptyline တို့လိုပေါ့။ TCAတွေက နဂိုကတေ့ စိတ်ကျရောဂါကို ကုသဖို့ ရည်ရွယ်တာပေမယ့် ကာလကြာရှည်နာကျင်မှုအချို့ကို ကုသဖို့အတွက်လည်း အသုံးဝင်ပါတယ်။အချို့သော ရုပ်ပိုင်းဆိုင်ရာကုသမှုတွေ ဥပမာ အေရိုးဗစ်နဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေဟာ သင့်ကြွက်သားတွေကို သန်မာစေဖို့နဲ့ သင့်ရဲ့ ကိုယ်နေဟန်ထားကို တိုးတက်စေဖို့အတွက် အသုံးဝင်ပါတယ်။ဒီမှာတော့ လက်ကိုသုံပြီးကုသခြင်း( manipulation) တွေ၊ mobilization တွေနဲ့ နှိပ်နယ်ခြင်းတွေပါဝင်ပါတယ်။ ဒီကုသမှုတွေဟာတော့ ခါးနာမှုက ပြင်းထန်လွန်းပြီး သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်စွမ်းတွေတောင် လျော့ကျသွားတဲ့ လူနာတွေအတွက် အသုံးဝင်ပါတယ်။အပ်စိုက်ခြင်းကတော့ ခါးနာခြင်းကို လျော့ကျစေတယ်လို့ သက်သေတွေ ရှိနေပြီးသားပေမယ့် ဒီကုသတဲ့ ပုံစံမျိုးကို တစ်ကမ္ဘာလုံးအသုံးပြုနေတာတော့ မဟုတ်သေးပါဘူး။ခါးနာမှုအတွက် ခွဲစိတ်ခြင်းကတော့ အခြားသောကုသမှုတွေအားလုံး အရာမထင်ဘဲ ခါးနာခြင်းကသာ အလွန်ပြင်းထန်ပြီး သင်လမ်းမလျှောက်နိုင်တော့တဲ့အခါ ဒါမှမဟုတ် သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့တောင် ခဲယဉ်းနေတဲ့အခါမျိုးမှသာ ညွှန်းဆိုပါတယ။်။ဒါပေမဲ့ ခွဲစိတ်ခြင်းကလည်း ရာနှုန်းပြည့်အောင်မြင်နေတာမဟုတ်သလို ခွဲစိတ်ပြီးတဲ့နောက်မှာလည်း ခါးနာခြင်းက ကျန်ရစ်နေနိုင်ပါသေးတယ်။ ခွဲစိတ်ကုသဖို့ မဆုံးဖြတ်ခင်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ အကျိုးဆက်တွေ၊ ကောင်းကျိုးတွေကို ခွဲစိတ်ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%85%e1%80%b0%e1%80%b8%e1%80%85%e1%80%b0%e1%80%b8%e1%80%9b%e1%80%be%e1%80%9b%e1%80%be%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%bb%e1%80%ac/
ခါးဆစ်ရိုးကျွံခြင်း အတွက် ခွဲစိတ်ကုသမှု
ကျောရိုးဆစ်ပြားတွေဆိုတာ ကျောရိုးတွေကြားမှာ တည်ရှိပါတယ်။ သူတို့တွေက ထိခိုက်မှုတွေလျော့ချတာ ,ခန္ဓါကိုယ်ကို ထောက်ပံ့ပေးတာ ,ပုံမှန် လုပ်ရှားမှုလုပ်တာတွေဖြစ်ဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် မူမမှန်ကိစ္စတွေ ဥပမာ အဆစ်ကျွံတာတွေဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်မှုကလိုလာပါလိမ့်မယ်။ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ကို slipped disc, ဒါမှမဟုတ် prolapsed disc ဆိုပြီး သိထားကြပါတယ်။ ကျောရိုးမကြီးရဲ့ အရိုးနုပြား ကံျွထွက်လာတဲ့အခါ အလယ်က ပျော့ပြောင်းတဲ့နေရာဟာ အက်ကွဲကြောင်းကနေတဆင့် အပြင်အမာနေရာကို ထွက်လာသောအခါ, အနီးအနားက အာရုံကြောတွေအပေါ် ဖိအားသက်ရောက်နိုင်ပြီး နောက်ကျော နာကျင်မှုကိုဖြစ်ပေါ်စေခြင်းသာမက ခြေထောက်တွေ နာကျင်မှုလည်း ရှိနိုင်ပါတယ်။ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဟာ လူကြီးများမှာ အဖြစ်အများဆုံးကျောရိုးပြဿနာဖြစ်ပါတယ်။အများစု ကိစ္စတွေမှာ herniated disc ကို, အနားယူခြင်း , လေ့ကျင့်ခန်းလုပ်ခြင်း နှင့်ဆေးကုသမှုခံယူခြင်း စတာတွေနဲ့ အချိန်ကြာလာတာနဲ့အမျှတိုးတက်နိုင်ပါတယ်။ သို့သော်ခွဲစိတ်မှုလိုတာတွေကတော့-။– သင်က ရက်သတ္တပတ် တော်တော်အကြာထိ ပြင်းထန်တဲ့နာကျင်မှုရှိပြီး ပျောက်လည်းပျောက်မသွားဘူးဆိုရင် ။ သာမန် လုပ်ငန်းဆောင်တာတွေ ဥပမာ လမ်းလျှောက်တာ သို့မဟုတ် မတ်တပ်ရပ်တာ စတဲ့လှုပ်ရှားမှုတွေကိုတောင် ဆက်လုပ်ဖို့ ခက်ခဲနေတယ်ဆိုရင် ခွဲသင့်ပါတယ်။– နေ့စဉ်လှုပ်ရှားမှုများလုပ်ဖို့အတွက် အကိုက်အခဲပျောက်ဆေး အပြင်းစားတွေသုံးနေရတယ်ဆိုရင် ခွဲသင့်ပါတယ်။– သင့်ရဲ့ခြေထောက်အချိန်ကြာလာတာနဲ့အမျှအားနည်းလာခြင်းနှင့် ခြေထောက်ထုံကျင်မှု ခံစားရရင်။– သင့် ဆီးအိမ်နှင့်အူများ၏ထိန်းချုပ်မှုဆုံးရှုံး နေရင်(သင့် ဆန္ဒမပါပဲနဲ့ ဆီးနှင့်မစင်တွေ အလိုလျောက်ထွက်ကျလာတာမျိုးဖြစ်ရင် )။– ဆေးဝါးနှင့်ကုထုံးများကဲ့သို့သော အခြား ခွဲစိတ်မှုမပါတဲ့ ကုသမှုတွေက သင့်အတွက်ထူးခြားမှုမဖြစ်စေဘူးဆိုရင် ခွဲစိတ်မှုလိုအပ်လာပါပြီ။သင့်ရဲ့ ပထမဆုံးခွဲစိတ်မှုလုပ်ပြီးတဲ့အခါ အချို့သောအပိုဆောင်းခွဲစိတ်မှုတွေ လိုအပ်နိုင်ပါသည်။ အချို့ကိစ္စမှာ ခွဲစိတ်ကုသပြီးတဲ့အခါ သင်၏ဆရာဝန်က နာလနထမြန်စေဖို့ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေ အကြံပြုပါလိမ့်မယိ။ဆေးရုံမှာ ခါးဆစ်ရိုးခွဲစိတ်ဖို့ သင်ရွေးချယ်စရာ ခွဲစိတ်နည်းတွေ များစွာရှိပါတယ်။ ဒါဟာသင့် အခြေအနေနှင့်ဆရာဝန်၏ထောက်ခံချက်ပေါ်တွင်မူတည်ပါတယ်။ဒီလုပ်ထုံးလုပ်နည်းရဲ့ ရည်မှန်းချက်ကတော့ ဒဏ်ဖြစ်နေတဲ့ ခါးရိုးဆစ်ကို ဖယ်ရှားပစ်ဖို့ဖြစ်ပါတယ်။ ဤခွဲစိတ်မှုကို ဆေးရုံမှာပဲလုပ်ဆောင်နိုင်ပါတယ်။ ဒီခွဲစိတ်မှုမှာ သင့်ကို မေ့ဆေးပေးထားပါလိမ့်မည်။ သင့် ဘေးကအရာတွေကို သတိပြုမိမှာ မဟုတ်သလို နာကျင်မှုလည်း မခံစားရပါ။ ပြီးတော့ ဒီခွဲစိတ်နေတဲ့အကြောင်းကိုတောင် သတိရလိမ့်မည်မဟုတ်ပါ။ခွဲစိတ်ဆရာဝန်က ရောဂါဖြစ်တဲ့နေရာကို ခွဲပြီး herniated disc ကိုကြည့်ဖို့ ကြွက်သားနှင့်အာရုံကြောတွေကို ဘေးတွန်းထားပါမယ်။ ပြီးရင် အာရုံကြောပေါ်ဖိထားတဲ့ ဖိအားကိုဖယ်ရှားနိုင်ရန် ပျက်စီးနေတဲ့ ကျောရိုးနုဆစ်ကို ဖယ်ရှားပစ်ပါလိမ့်မယ်။ထို့နောက်ခွဲစိတ်ဆရာဝန် က ဒဏ်ရာကိုချုပ်ရိုးနဲ့ ပိတ်လိုက်ပါလိမ့်မယ်။ဒါကသေးငယ်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ဒါဟာဆေးရုံ သို့မဟုတ်ပြင်ပလူနာကျန်းမာရေးစင်တာတွေမှာ ထုံဆေး ဒါမှမဟုတ် မေ့ဆေးသုံးပြီး လုပ်ဆောင်နိုင်ပါတယ်။ခွဲစိတ်ဆရာဝန်က သင်၏နောက်ကျောမှာ ( 2.5 မှ 4 စင်တီမီတာခန့် )သေးငယ်တဲ့အပေါက်လေးဖောက်ပါလိမ့်မယ်။ အဏုကြည့်မှန်ပြောင်းကိုလည်း အသုံးပြုနိုင်ပါတယ်။ ပြီးတော့ ဒဏ်ဖြစ်နေတဲ့ အရိုးပြားကိုဖယ်ထုတ်ပြီး ခွဲရာကိုပြန်ပိတ်လိုက်ပါမယ်။Endoscopic microdiscectomy surgery ကို micordiscetomy လိုပဲ ဆေးရုံ သို့မဟုတ်ပြင်ပလူနာကျန်းမာရေးစင်တာတွေမှာ လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းမှာ ပါးလွှာသောပြွန်ကို ခန္ဓါကိုယ်ထဲသွင်းထားပြီး သေးငယ်တဲ့ကင်မရာကိုသုံးကာ ခွဲစိတ်သည့် အချိန်မှာဖြစ်သမျှကို ကြည့်ရှုလုပ်ဆောင်ပါတယ်။သင်ရွေးချယ်တဲ့ လုပ်ရိုူလုပ်စဉ်ပေါ်မူတည်ပြီး 2 မှ 8 ပတ်ကြာကျမှ အလုပ်ပြန်လုပ်ဖို့ အကြံပြုပါလိမ့်မည်။ ဒါပေမယ့် သင်အတွက် ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ သင့် အခြေအနေမှာသင့်ဆရာဝန်က အထူး ညွှန်ကြားချက်ပေးနိုင်ပါတယ်။ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဖြစ်တဲ့ လူအများစုဟာသူတို့ရဲ့အခြေအနေတိုးတက်စေဖို့ ခွဲစိတ်ကုသမှုမျိုး မလိုအပ်ပါဘူး။ သို့သော် သင် ခွဲစိတ်ကုသမှုယူမယ်ဆိုပါက အကောင်းဆုံးပြင်ဆင်မှုတွေအတွက် သင့်ဆရာဝန်နှင်အသေအချာဆွေးနွေးပါ။Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%81%e1%80%ab%e1%80%b8%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%bd%e1%80%b6%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%90%e1%80%bd/
Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း)
Otitis externa ဆိုတာ နားရဲ့ အပြင်ပြွန်လမ်းကြောင်းကို အုပ်ထားတဲ့ အရေပြားအလွှာပါးလေးမှာ ရောဂါးပိုးဝင်ခြင်းကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်တတ်သော်လည်း တစ်ခါတလေ မှိုကြောင့်လည်း ဖြစ်တတ်ပါတယ်။နားပြွန်လမ်းကြောင်း ဆိုတာ နားစည်ကနေ နားအပြင်ဘက်ကို ဆက်ထားတဲ့ လိုဏ်ခေါင်းပေါက်ဖြစ်ပါတယ်။ Otitis externa ဟာ ပုံမှန်အားဖြင့် သင်ရေကူးပြီး နောက်တစ်နေ့မှာ ဖြစ်တတ်ပြီး ရက်တို သို့မဟုတ် နာတာရှည်လည်း ဖြစ်တတ်ပါတယ်။ဒီရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး ရေမကြာခဏကူးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးချိုရှိတဲ့ သူတွေ (သို)့ အရေပြားဓါတ်မတည့်တတ်တဲ့ သူတွေ နဲ့ နားဖာချေး ထုတ်တာ နည်းတဲ့ သူတွေမှာ ဒီရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ (နားဖာချေးသည် အမှုန် နဲ့ ပိုးမွှားများ နားစည်တွင်း မဝင်အောင် ကာကွယ်ပေးသော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည်။) ဒီဖြစ်နိုင်ချေတွေကို လျှော့ချခြင်းဖြင့် ရောဂါကို ကုသလို့ရနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Otitis externa ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း(otitis externa) ရဲ့ လက္ခဏာတွေပြနေရင် ဆရာဝန်နဲ့ ဆက်သွယ်ပါ။ အောက်ပါ အချက်တွေ ဖြစ်လာလျှင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ (သို)့ ဆေးရုံးသွားပါ။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဒီရောဂါဟာ ညစ်ညမ်းနေတဲ့ ရေထဲမှာ ရေကူးပြီးနောက် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် pseudomonas နဲ့ တခြား ဘက်တီးရီးယားတွေက otitis externa ကိုဖြစ်တတ်ပါတယ်။ တချို့ကိစ္စတွေမှာ မှိုကြောင့်ဖြစ်တတ်ပါတယ်။တခြားဖြစ်ပွားစေတဲ့ အရာများမှာ။နာတာရှည် otitis externa ကို ဖြစ်စေတဲ့ အရာများမှာ။Otitis externa ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသုံးဆောင်ပစ္စည်းတွေ၊ဆံပင်ဖြန်းဆေးတွေ သို့ ဆံပင်အရောင်ဆိုးဆေးတို့ကို ဓါတ်မတည့်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ရဲ့ ဆရာဝန်က သင့်ရဲ့နားကို ကြည့်ရှုစမ်းသပ်ပြီး ပိုဆိုးတဲ့ သို့ ပြန်ဖြစ်တဲ့ ရောဂါတွေမှာ နားအတွင်းက အရည်ကိုယူပြီး လေ့လာမှုတွေ ပြုလုပ်ပါလိမ့်မယ်။များသောအားဖြင့်တော့ ပဋ္ဋိဇီဝပါတဲ့ နားခပ်ဆေးကို ၁၀ ရက်ကနေ ၁၄ ရက်အတွင်း ချပေးရပါတယ်။တခြားကုသနည်းတွေကတော့။လက္ခဏာတွေ သက်သာသွားပြီးနောက် ၇ ရက် ကနေ ၁၀ရက်အထိ နားကို ရေမဝင်ပါစေနဲ့။နာတာရှည် Otitis externa ဖြစ်နေတဲ့သူတွေကတော့ နောက်ဆက်တွဲရောဂါတွေ ကာကွယ်ရန် ကာလရှည် ဆေးကုသမှုတွေ သို့ ပုံမှန်ရက်ချိန်း စမ်းသပ်မှုတွေလုပ်သင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Otitis externa ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• နားထဲ ရေမဝင်အောင် ဂရုစိုက်ပါ။ ရေကူးတဲ့ နားစွပ် သို့ ခေါင်းစွပ်များ စွပ်ထားပါ။• သင့်နားပိတ်နေလျှင် (သို)့ ကုနေရင်း နားကိုက်တာပိုဆိုးလာလျှင် ဆရာဝန် ကိုပြောပါ။• နားခပ်ဆေး တွေကို ညွှန်ကြားသည့်အတိုင်း သုံးပါ။• သင့်နားကိုက်တာဟာ ဆရာဝန် မညွှန်ထားတဲ့ ဆေးတွေသုံးပြီး ပိုဆိုးလာတယ်ဆိုလျှင် ဆရာဝန်ခေါ်ပါ။• ဆေးစကုပြီးနောက် အဖျားတက်လာလျှင်လည်း သင့်ဆရာဝန်ကိုပြောပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/otitis-externa-%e1%80%94%e1%80%ac%e1%80%b8%e1%80%a1%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80/
ကလေးများသွားပိုးစားခြင်း
ကလေးများသွားပိုးစားခြင်းဆိုသည်မှာ သင့်တော်သောကုသမှုမခံယူပါက နာကျင်ခြင်းနှင့် ပိုးဝင်ခြင်းများကိုခံစားရစေနိုင်ပါသည်။ကလေးများသွားပိုးစားခြင်းဆိုသည်မှာ အစားအစာထဲတွင်ပါဝင်သော သကြားဓါတ်များသည် ကလေး၏သွား အတွင်း ကပ်တွယ်နေသောအခါတွင် ဖြစ်ပွားတတ်ပါသည်။ ပါးစပ်ထဲတွင်ရှိသောဘတ်တီးရီးယားပိုးများသည် ကလေးငယ်များစားသော အစာမှသကြားများကို စားသုံးသည်။ ထို့နောက် အက်ဆစ်များထုတ်လုပ်ကာ သွားများကိုဖျက်ဆီးပစ်သည်။ ထိုအခြေအနေသည် အရှေ့သွားများတွင်ဖြစ်လေ့ဖြစ်ထရှိသော်လည်း အခြားသွားများတွင်လည်းဖြစ်ပွားနိုင်သည်။ အကယ်၍ သွားပိုးစားခြင်းကို မကုသဘဲထားပါက အစာစားနည်းခြင်း စကားပြောရာတွင် အခက်အခဲဖြစ်ခြင်းနှင့် ကြီးသွားများ မညီမညာဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ထိုကြောင့်သင့်ကလေးတွင်သွား၌အမဲစက်များပေါ်ခြင်းစသောသွားပိုးစားလက္ခဏာများသတိထားမိပါက သင်သည်သင့်ကလေးကိုကုသမှုခံယူနိုင်ရန် အနီးစပ်ဆုံးသောသွားဆရာဝန်ထံခေါ်သွားသင့်ပါသည်။ ကံကောင်းသည်က သင့်ကလေးသွားပိုးစားခြင်းကိုကာကွယ်နိုင်မည့် နည်းလမ်းများစွာရှိပါသည်။ အကောင်းဆုံးနည်းလမ်းကတော့ စောစောစီးစီးကပင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများကို လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ။လူများစွာယူဆကြသည်မှာ ကလေးများ၏ငယ်သွားများသည် ကြီးသွားများနှင့်အစားထိုးမည်ဖြစ်သောကြောင့် အလွန်အရေးမကြီးဘူးဟု ထင်မြင်တတ်ကြပါသည်။ ထိုအရာသည်အလွန်လွဲမှားသောအယူအဆမှားဖြစ်ပါသည်။ သင့်ကလေးသည် အစာစားရန်စကားပြောရန်နှင့် ပုံမှန်ကြီးသွားများဖွံ့ဖြိုးတိုးတက်လာနိုင်ရန် ငယ်သွားများကိုလိုအပ်ပါသည်။ သင်သည်သင့်ကလေးတွင်ကျန်းမာရေးနှင့်ညီညွတ်သော ကြီးသွားများပေါက်ပွားလာနိုင်စေရန် သင့်ကလေးတွင်ရှိသောမကောင်းသည့်အစာစားခြင်းအကျင့်ဆိုးများကိုဖယ်ရှားပေးရပါမည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84/
လမ်းလျှောက်တတ်ခါစ သင့်ကလေး၏ ကိုယ်ရည်ကိုယ်သွေး အမျိုးအစား
ကလေးမွေးဖွားချိန်မှစ၍ သူတို့လေးတွေကို ပြုစုပျိုးထောင်စဉ်တစ်လျှောက် သင်သည် မိဘတစ်ယောက်အနေဖြင့် ကလေး၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်ပြီး အတော်အသင့် သတိပြုမိနိုင်ပါသည်။ လေ့လာသူများက ကလေးတစ်ယောက်၏ သိသာထင်ရှားသော ကိုယ်ရည်ကိုယ်သွေးကို ဖော်ထုတ်ဖို့ နည်းလမ်းမျိုးစုံ စမ်းသပ်ကြိုးစားခဲ့ကြသည်။ လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်တွင် အတွေ့ရအများဆုံး ကိုယ်ရည်ကိုယ်သွေး သုံးမျိုးအကြောင်းကို ဤဆောင်းပါးတွင် ဆက်လက်ဖတ်ရှုလေ့လာကြည့်ပါ။ထိုအကြောင်းများကို သိရှိခြင်းအားဖြင့် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းကောင်းများကို လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။ကျွမ်းကျင်ပညာရှင်များ၏အဆိုအရ လမ်းလျှောက်တတ်ခါစ ကလေးများတွင် အခြေခံအားဖြင့် ကိုယ်ရည်ကိုယ်သွေး သုံးမျိုးရှိပါသည်။ထိန်းရလွယ်သော ကလေးငယ်ကို ပိုင်ဆိုင်ရခြင်းသည် အတွေ့ရနည်းသည်တော့ မဟုတ်ပါ။ ကလေးအားလုံး၏ တစ်ဝက်နီးပါးသည် ပြောရဆိုရလွယ်ကူသော ကလေးများအဖြစ် ယူဆ၍ ရပါသည်။ သင်သည် သူတို့လေးတွေ၏ အပြုအမူကို လေ့လာခြင်းအားဖြင့် သတိထားမိနိုင်ပါသည်။ သူတို့သည် တက်ကြွပုံပေါ်ပြီး အလွယ်တကူ ဒေါသထွက်ခြင်း မရှိ ၊ ကျွေးတာစားပြီး နေရာသစ်၊လူသစ်များနှင့် ရင်းနှီးလွယ်ကြသည်။ ထိုသို့သော ကလေးမျိုးကို ပြုစုပျိုးထောင်ရခြင်းသည် မိဘတွေအတွက် အတော်လေး သက်သာစေပါသည်။သို့သော် မကောင်းသော အချက်အချို့လည်း ကျန်ပါသေးသည်။ ထိုသို့သော ကလေးများသည်သူတို့ဖာသာ သူတို့ နေတတ်ပြီး လူအုပ်ထဲတွင်ပျောက်သွားခြင်း၊ တစ်ယောက်တည်း တီဗွီကြည့်နေခြင်း (သို့) သင်နှင့် အချိန်အကြာကြီး အတူမနေခြင်း တို့ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြေခံအားဖြင့် အခြားသော ကလေးများလောက် အာရုံစိုက်မှုကို မလိုအပ်သောကြောင့် ဖြစ်သည်။ သင်လုပ်ရမည်မှာ သင့်ကလေး အခြားသူများကို ဂရုမစိုက်တတ်သောသူ ၊ လျစ်လျူရှုတတ်သောသူ မဖြစ်သွားအောင် သတိထားဖို့ပဲဖြစ်သည်။ကလေးထက်ဝက်လောက်က ပြောရဆိုရ၊ ထိန်းသိမ်းရလွယ်ကူသော ကလေးများဖြစ်ပြီး ၁၅ ရာခိုင်နှုန်းလောက်ကတော့ အလွယ်တကူ ရှက်တတ်သော ကလေးများ ဖြစ်သည်။ သူတို့လေးတွေ အသက် ၉ လလောက် ရောက်သောအခါတွင် သူတို့၏ ကိုယ်ရည်ကိုယ်သွေး လက္ခဏာများကို ကြည့်ရှုခြင်းအားဖြင့် သတိထားမိနိုင်သည်။ ရင်းနှီးလွယ်သော ကလေးများသည် လူစိမ်းများနှင့်တွေ့လျှင် အလွယ်တကူ ပြုံးပြတတ်ပြီး ရှက်တတ်သော ကလေးများကမှု သူတို့ မျက်နှာကို ဖွက်ခြင်း (သို့) မျက်မှောင်ကြုတ်ခြင်းများကို ပြုလုပ်ကြသည်။သင်၏ရှက်တတ်သောကလေးငယ်သည် မရင်းနှီးသော နယ်မြေစိမ်းကို အလွန်ကြောက်လန့်တတ်သည်။ သူတို့သည် ကိုယ်တိုင်ပါဝင်သူများထက် ဘေးကနေ စောင့်ကြည့်လေ့လာတတ်သော ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အတွက် တစ်စုံတစ်ခုတွင် ပါဝင်ဆောင်ရွက်ရန် တစ်ဆင့်မှ တစ်ဆင့်သို့ ပြောင်းလဲဖို့ အချိန်အများကြီး ယူရသောကြောင့်ဖြစ်သည်။ ရှက်တတ်သော လမ်းလျှောက်တတ်ခါစ ကလေးများအတွက် မိသားစုနှင့် ပတ်ဝန်းကျင်၏ ဖယ်ကြဉ်မှုကို ခံရခြင်းသည် ကြောက်မက်ဖွယ် အတွေ့အကြုံဖြစ်ပြီး ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည်။ သို့ဖြစ်၍ ထိုသို့သော ကလေး မိဘများသည် သူတို့ကလေးများအား တည်ငြိမ်ပြီး အပြောင်းအလဲများ ကို ကျင့်သားရလာဖို့ ဂရုစိုက် လေ့ကျင့်ပေးရမည်။ရှက်တတ်သော ကလေးများနှင့် ဆန့်ကျင်ဖက် တက်ကြွသော ကလေးများသည် အလွန်ပျော်တတ်ရွှင်တတ်ပြီး၊ ခွန်အားပြည့်ဝ၊ တက်ကြွဖျတ်လတ်ကာ၊ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး အာခံတတ်သည်။ သူတို့သည် ခေါင်းမာပြီး သူတို့ မပျော်ရွှင်သော အချိန်မျိုးတွင် အော်ဟစ်တတ်ကြသည်။ ထိုသို့သော ကလေးမျိုး၏ မိဘသည် သူတို့၏ကောင်းသော အချက်များကို နှစ်သက်ပေးရမည်။ သူတို့သည် ချစ်စရာကောင်းပြီး တီထွင်ဖန်တီးတတ်သော ဉာဏ်လည်းရှိသည်။သူတို့၏ ခံစားချက်များကို ကောင်းမွန်သော နည်းလမ်းနှင့် ထုတ်ဖော်တတ်ဖို့ လမ်းညွှန်ပေးရန် လိုအပ်သည်။ သင်သည် သူတို့ကို အပြင်ပေးထွက်ဆော့ခြင်းဖြင့် သူတို့၏ စွမ်းအားများကို အသုံးချဖို့ အခွင့်အရေးပေးနိုင်သည်။ သူတို့သည် တစ်ခါတစ်ရံ အလွန်ခေါင်းမာသောကြောင့် သူတို့ လေးတွေ စိတ်ချလုံခြုံပြီး တည်ငြိမ်လာအောင် ထိန်းသိမ်းဖို့ သင်သည် အလွန်တရာ စိတ်ရှည်ဖို့ လည်း လိုအပ်သည်။အတိုချုပ်ဆိုရလျှင် လမ်းလျှောက်တတ်ခါစ သင့်ကလေးသည် ရှက်တတ်သူပဲဖြစ်ဖြစ်၊ ခေါင်းမာသူပဲဆိုဆို၊ ဘယ်လိုကိုယ်ရည်ကိုယ်သွေး အမျိုးအစားပိုင်ရှင်ဖြစ်ပါစေ သင်သည် ကြမ်းတမ်းသော နည်းလမ်းများအသုံးပြုပြီး သူတို့၏ ကိုယ်ရည်ကိုယ်သွေးကို မငြင်းဆန်သင့်ပါဘူး။ သင့်ကလေး၏ နေ့စဉ်အပြုအမူများကို သတိပြုခြင်းအားဖြင့် သူတို့ကိုယ်ရည်ကိုယ်သွေး၏ ကောင်းသောအချက်များကို ပျိုးထောင်ပေးပြီး မကောင်းသောအချက်များကို ထိန်းချုပ်နိုင်အောင် သင်ကြားနိုင်ပါသည်။ သူတို့နှင့် အတူတကွလုပ်ဆောင်ခြင်းအားဖြင့် သင့်ကလေးငယ်အား သူ့ကိုယ်သူယုံကြည်စေပြီး သူတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုများကို ရှာဖွေတတ်စေပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%81%e1%80%ab%e1%80%85-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80/
ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး
ဝက်ခြံတွြေဖစ်နေတယ်။နေ့တိုင်း ဝက်ခြံကြောင့် စိတ်အနှောင့်အယြှက်ဖစ်ရလို့ ဝက်ခြံတွေပျောက်ချင်နေတယ်။ ဒါပေမယ့်ဆေးဝါးတွေ မသုံးချင်ဘူး။ သဘာဝနည်းလေးနဲ့ပဲသက်သာအောင်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် ဝက်ခြံသက်သာစေမယ့် သဘာဝကုထုံးလေးတွေကို မျှဝေပါရစေ။(၁)လက်ဖက်ဆီ။(၅)လက်ဖက်စိမ်းရေနွေးကြမ်း။ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့်ချွေးပေါက်တွေကို သန့်စင်စေပြီး အဆီပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်တွေကို ကျန်းမာစေနိုင်ပြီး အရေပြားပေါ်က အဆီပိုတွေ၊ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်မှာပါ။ လက်ဖက်စိမ်းရေနွေးကြမ်းကို ဂွမ်းစလေးမှာ ဆွတ်ပြီး ဝက်ခြံရှိတဲ့နေရာတွေကို အသာအယာတို့ပြီး သန့်စင်ပေးရုံပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b1%e1%80%85%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%a1%e1%80%9c%e1%80%bc%e1%80%9a%e1%80%b9/
ဆံပင်တွေ ကျွတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေပြီလား
ဆံပင်တွေတနေ့တခြားပါးလာတာ သတိထားမိကြမှာပေါ့။ စဉ်းစားရတာ၊ ဦးနှောက်ခြောက်ရတာများလို့ ဆံပင်တွေကျွတ်ရတယ်လို့ပြောကြတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားကျွတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်ဆံပင်ကျွတ်တာ အဲဒီထက်ပိုတယ်လို့ထင်တယ်၊ မှန်ထဲကြည့်လိုက်ရင်လည်း အရင်နဲ့မတူတော့တာ သိလာတယ်၊ခေါင်းဖြီးလိုက်တိုင်း စိတ်ညစ်ရတာ တကယ်ပါပဲ။လူတစ်ယောက်ရဲ့အသွင်အပြင်မှာ ဆံပင်ပုံစံက သိပ်ကိုအဓိကကျပါတယ်။ ဆံပင်ညှပ်ဆိုင်တွေ၊ စင်တာတွေ နဲ့ ဆံသားအလှပညာရှင်တွေ ဘာလို့ ဝင်ငွေတွေကောင်းနေတယ်ထင်ပါသလဲ။ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမရှိရင်၊ ဆံပင်ပျက်စီးနေရင်၊ ဆံပင်နည်းလွန်းရင် (ထိပ်ပြောင်လုလု) ဘယ်လောက်ချောနေပါစေ ကြည့်မကောင်းပါဘူး။ ဆံသားအလှအတွက် ညှပ်တယ်၊ ပုံသွင်းတယ်၊ အရောင်ဆိုးတယ် ဆိုတာ မလုပ်ဖူးတဲ့သူမရှိသလောက်ပါပဲ။ လူကြီးတွေတောင် ဆံပင်အနက်ဆိုးကြတာပဲ။လုပ်ငန်းခွင်မှာအောင်မြင်မှုအတွက်ဆိုလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကရှိနေမှဖြစ်မှာ၊ အသွင်အပြင် ကြည့်ကောင်းနေဖို့ကလည်း အရေးပါတယ်လေ။ဆံပင်ကျွတ်တယ်ဆိုတာ သဘာဝပဲဆိုပေမယ့် ဆံပင်ပါးလာတာက သိသာလာပြီဆို အကြောင်းရင်းတစ်ခုခုရှိနေနိုင်ပါတယ်။ ခန္ဓါကိုယ်မှာ ဓါတ်တခုခုအားနည်းလို့လား၊စိတ်ဖိစီးနေလို့လား၊ သောက်နေရတဲ့ ဆေးကြောင့်လား၊ရောဂါတစ်ခုခုရဲ့လက္ခဏာများဖြစ်နေမလား စသည်ဖြင့် သို့လောသို့လောတွေနဲ့ စိတ်ပူရပါတယ်။ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းတွေက တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပေမယ့် အဖြစ်များတာက –။ပရိုတင်းဓါတ်ဟာ ဆံပင်အတွက်အပါအဝင် ခန္ဓါကိုယ်ရဲ့တစ်ရှူးတွေတည်ဆောက်ရာမှာ အရေးပါပါတယ်။ ကိုယ်စားတဲ့အစာအာဟာရတွေထဲမှာ ပရိုတင်းဓါတ်အလုံအလောက်ပါဝင်ရဲ့လား သတိထားကြည့်ပါ။ ပဲ၊နွားနို့၊ ကြက်ဥအကာနဲ့omega-3 fatty acidsပါဝင်မှုများတဲ့ငါးတွေစားပါ။ အပူအစပ်တွေ အရမ်းစားတာလည်း ဆံပင်ကျွတ်စေနိုင်တယ်နော်။ဆံပင်ကျန်းမာရေးအတွက်ကဗီတာမင် Aကအရေးပါပါတယ်။ အစိမ်းရောင်များတဲ့အသီးအရွက်တွေ၊ မုန်လာဥနီနဲ့ ကြက်ဥ စားပါ။ဗီတာမင်B12 ကသွေးနီဥဆဲလ်တွေဖြစ်ပေါ်မှုကို အားပေးတယ်၊ ဗီတာမင် E ကသွေးလည်ပတ်မှုကောင်းတယ်။ ဒါတွေအကုန်လုံးက ဆံပင်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်၊ကော့ပါး၊ သံဓါတ်၊ မဂ္ဂနီဆီယမ်နဲ့ဇင့်ဓါတ်တွေကလည်း အရေးပါတဲ့သတ္တုဓါတ်တွေဖြစ်ပါတယ်။ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ကဖင်းပါတာတွေသောက်တာက ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး ဆံပင်ကျွတ်ခြင်းကို အားပေးတာကြောင့် တတ်နိုင်သလောက်လျှော့ပါ။နောက်အကျင့်ဆိုးတစ်ခုကရေကို လုံလောက်အောင်မသောက်တာပါပဲ။ တစ်ရှူးတွေကျန်းမာရေးအတွက် ရေဓါတ်ပြည့်ဝနေဖို့လိုပါတယ်။ ဂက်စ်ပါတဲ့အချိုရည်တွေသောက်တာတော့ရှောင်ပါ။စိတ်ဖိစီးမှုနဲ့ဒေါသစိတ်က ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းတွေထဲရှေ့ကပါဝင်နေပါတယ်။ စိတ်ကိုအေးချမ်းအောင်ထားနိုင်ဖို့ဒေါသတွေလျှော့ပါ၊ဖြေလျှော့ဖို့နည်းလမ်းရှာပါ။ တရားထိုင်တာ၊ယောဂကစားတာတွေက အကူအညီဖြစ်ပါလိမ့်မယ်။ဦးရေပြားကို ဆေးအဆီနဲ့ နှိပ်နယ်ပေးခြင်းက ဆံပင်အမြစ်တွေကို နှိုးဆွပေးနိုင်ပြီး ဆံပင်ပိုများစေနိုင်ပါတယ်။ သံလွင်ဆီ၊ လာဗင်ဒါဆီ၊ ရို့စ်မေရီ စတဲ့အဆီတွေ လိမ်းပြီး ဆံသားကို ဂရုစိုက်ပေးပါ။ သဘာဝပါဝင်ပစ္စည်းတွေဆိုတော့ဘေးဥပါဒ်ကင်းမကင်းကိုလည်း စိတ်ပူစရာမလိုပါဘူး။နောက်ဆုံး အချက်ကတော့ ဆံပင်ကိုဖြီးတဲ့အခါ၊လျှော်တဲ့အခါ၊ရေသုတ်တဲ့အခါ ညှာတာဖို့၊ ကြင်နာဖို့ပဲဖြစ်ပါတယ်။ဆံပင်ကပါးနေလို့ ပြန်မွေးမြူနေရတဲ့ကြားထဲ ရှိတဲ့ဆံပင်လေးတွေကို ထပ်မထိခိုက်စေဖို့ပါ။ ခေါင်းလျှော်ပြီးရင် ဆံပင်ခြောက်ခံစက်ကို အပူပြင်းပြင်းနဲ့ မသုံးပါနဲ့၊ ဖြောင့်စက်တွေ အရမ်းမဆွဲပါနဲ့။ ဆံပင်အရောင် ခဏခဏ မပြောင်းပါနဲ့။ ဆံသားနူးညံ့ပြီး အစိုဓာတ် ထိန်းနိုင်ဖို့ ဆံပင်ခြောက်ခါနီးလေးမှာhair spray တစ်မျိုးမျိုးသုံးပေးပါ။ခေါင်းဖြီးတဲ့အခါ အရမ်းကြမ်းကြမ်းဆွဲမဖြီးပါနဲ့။ဒီလောက် အချက်အလက်တွေ သိထားပြီးပြီဆိုတော့ ထိပ်ပြောင်မှာကို သိပ်ကြောက်မနေနဲ့တော့နော်။ ဆံသားအလှအတွက် အချိန်မီ ပြန်ကုစားလိုက်ကြပါတော့လို့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/low-confidence-cause-of-lose-hairs/
ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး
ကျန်းမာရေးဂရုစိုက်ပါ ဆိုတဲ့ စကားထဲမှာ ခေါင်းအစ ခြေအဆုံး ကျန်းမာရေး အကုန်လုံး အကျုံးဝင်ပေမယ့် လူတွေက ခြေထောက်ကျန်းမာရေးကို လျစ်လျူရှု့ ထားတတ်ကြတယ်နော်။ တကယ်တော့ နေ့တိုင်း စိတ်ရှိတိုင်း သွားလာလှုပ်ရှားတာတွေကို မညည်းမညူ လုပ်ပေးတဲ့ခြေထောက်လေးတွေကို မေ့ထားတတ်ကြတယ်နော်။ ခြေထောက်လေးတွေလည်း ကျန်းမာဖို့ လိုပါတယ်နော်။ ဒီတစ်ခေါက်တော့ ဂရုစိုက်ဖို့လိုတဲ့ ခြေထောက်ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ခြေထောက်မှာခန္ဓာကိုယ်ရဲ့ အရိုး ၂၅ ရာခိုင်နှုန်းပါဝင်နေသလို အဆစ်က ၁၈ ရာခိုင်နှုန်း နဲ့ ကြွက်သား ၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။ တကယ်လို့ ခြေထောက်လေးမှာသာကျန်းမာရေးချို့ယွင်းမှုတစ်ခုခုဖြစ်မယ်ဆိုရင်တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်တော့မှာ မဟုတ်သလို ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တာတွေကလည်း အများကြီးပါ။ တစ်ကိုယ်လုံးကို ဟန်ချက်ညီအောင်ထိန်းထားပေးတဲ့အစိတ်အပိုင်းကိုသေချာလေးဂရုစိုက်ဖို့ လိုမယ်နော်။လူတော်တော်များများက ရေသာချိုးလိုက်ကြတာ၊ ခြေထောက်ကို သေချာတိုက်တယ်ဆိုသူက ရှားပါတယ်နော်။ ခန္ဓာကိုယ်ရေစိုနေရင် သုတ်တတ်ပေမယ့်ခြေထောက်များရေစိုနေကြည့် သုတ်ခဲကြတယ်နော်။ ခြေထောက်ကို သေချာဂရုမစိုက်တဲ့အခါ အခုလို ပြဿနာတွေတက်လာနိုင်ပါတယ်နော်။ခြေထောက် ကျန်းမာဖို့က လူတိုင်းအတွက် အရေးကြီးတာပါ။ ဆီးချို ရောဂါ ရှိသူတွေမှာဆိုရင် ခြေထောက် ကျန်းမာရေးက အလေးထားလုပ်ဆောင်သင့်တဲ့ အချက် တစ်ခုပါနော်။ ဒီတော့ နေ့စဉ် လှုပ်ရှားမှုမှာ အရေးကြီးတဲ့ ခြေထောက်လေးတွေကို နေ့စဉ် ဒီလိုလေး ဂရုစိုက်ပေးပါနော်။အခု ပြောခဲ့တဲ့ အချက်လေးတွေကို သတိထား လုပ်ဆောင်လို့ ခြေထောက်ကို နေ့တိုင်း ဂရုစိုက်ပြီး ကျန်းမာ ပျော်ရွှင်တဲ့ ဘဝ နေထိုင်မှု ပုံစံကို ဖန်တီးလိုက်ပါနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-take-care-of-foot-hygiene/
ထမင်းကြမ်း အပါအဝင် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုး
မီးဖိုချောင်မှာ မကုန်သင့်တာ မကုန်အောင်၊ အလဟဿမဖြစ်အောင်၊ အလေအလွင့်နည်းအောင် စီမံနိုင်ရင် အိမ်ထောင်ရှင်မ ပီသတယ်လို့ ချီးကျူးကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့စီမံကွပ်ကဲမှုအောက်က အစားအသောက်တွေက ဘေးကင်းဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ကိုယ့်မိသားစုကို အဆိပ်တွေကျွေးနေသလို ဖြစ်နေပါလိမ့်မယ်။ နှမျောသင့်တာ နှမျောပါ။ ဒါပေမယ့် ကျန်းမာရေးအသိတော့ ရှိထားဖို့အရေးကြီးပါတယ်။ဒီလိုပြောလို့ ကျန်သမျှ အစားအသောက်တွေကို နေ့မကူးစေဘဲ လွှင့်ပစ်ရမယ်လို့ မဆိုလိုပါဘူး။ အရင်နေ့ကကျန်တဲ့ ဘယ်အစားအစာကိုမဆို မသိုးရင်စားလို့ရတယ်၊ပြန်နွှေးလိုက်ရင် ပိုးသေတာပဲ ဘာမှမဖြစ်ဘူး ဆိုတဲ့အတွေးကို အမြဲမတွေးစေချင်တာပါ။ပြန်နွှေးစားလို့ရတဲ့ အစားအစာ၊ ပြန်မနွှေးသင့်တဲ့အစားအစာဆိုတာရှိပါတယ်။ကြောင်အိမ်ထဲပဲ သိမ်းထားထား၊ ရေခဲသေတ္တာထဲပဲ ထည့်ထည့် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။(၁) နိုက်ထရိတ်ပါဝင်မှုများတဲ့အသီးအရွက်တွေ။ဟင်းနုနွယ် ဒါမှမဟုတ် အစိမ်းရောင် အသီးအရွက်တွေ၊ မုန်လာဥနီ၊ တရုတ်နံနံ စတာတွေကိုပြန်နွှေးမစားသင့်ပါဘူး။ နိုက်ထရိတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကိုနောက်တစ်ကြိမ် အပူပြန်ပေးတဲ့အခါ အဆိပ်အတောက်အဖြစ် ပြောင်းလဲစေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိတွေဖြစ်လာစေနိုင်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်ကို ပြန်နွှေးလိုက်တဲ့အခါ သူ့မှာပါတဲ့သံဓါတ်ကို ဓါတ်တိုးစေနိုင်တယ်။ သံဓါတ်ကို ဓါတ်တိုးခြင်းဖြစ်စေတဲ့အခါ အန္တရာယ်ရှိတဲ့ free radicalsတွေကိုဖြစ်လာစေပြီး ကလေးမရနိုင်ခြင်း၊ ကင်ဆာရောဂါ စတာတွေအထိ ဦးတည်စေနိုင်ပါတယ်။(၂)ထမင်း။ဒီစာရင်းမှာ ထမင်းလည်းပါတယ်ဆိုလို့ မအံ့သြသွားပါနဲ့။ ထမင်းကြမ်း ပြန်နွှေးစားရင်းက အစာအဆိပ်သင့်စေနိုင်တယ်လို့ အစားအစာဘေးကင်းရေးပညာရှင်တွေက သတိပေးထားပါတယ်။ Bacillus cereus လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပါတယ်။ အပူပေးလိုက်ရင် ဒီဘက်တီးရီးယားကို သေစေနိုင်ပေမယ့် အစာအဆိပ်သင့်စေနိုင်တဲ့ ပိုးမှုန်တွေကို ချန်ရစ်ခဲ့နိုင်ပါတယ်။ ထမင်းကိုပြန်အပူပေးပြီး အခန်းအပူချိန်မှာထားလိုက်တာနဲ့ ပိုးတွေက ပွားလာပြီးအစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်ပါတယ်။(၃) ကြက်ဥ၊ ဘဲဥ။ကြက်ဥ၊ဘဲဥကို ပရိုတင်းကြွယ်ဝတဲ့ အာဟာရအရင်းအမြစ်တွေအဖြစ် အားထားကြပါတယ်။ ဒါပေမယ့်ပြုတ်ပြီးသား သို့မဟုတ် ချက်ပြီးသား ကြက်ဥ၊ဘဲဥကို ခဏခဏ ပြန်နွှေးရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါ့ကြောင့် ချက်ပြီး၊ပြုတ်ပြီးရင် အကြာကြီးမထားပါနဲ့။ ပြန်မနွှေးပါနဲ့။ ပရိုတင်းများတဲ့အစားအစာမှာ နိုက်ထရိုဂျင်တွေများတာကြောင့် ကျန်နေရင် မနွှေးဘဲ အအေးသာစားလိုက်ပါ။(၄)ကြက်သား။ကြက်သားဟင်းတွေ ကျန်နေရင် သိမ်းထားကြမှာပဲ။ ပြန်နွှေးစားမယ်ပေါ့။ နှမျောတာနဲ့နွှေးစားလိုက်၊ မကုန်လိုက်ရေခဲသေတ္တာထဲပြန်သိမ်းလိုက်၊ နောက်နေ့ ပြန်နွှေးစားလိုက်။ ဒါပေမယ့် ရေခဲသေတ္တာထဲက ထုတ်လိုက်တဲအချိန်မှာ သူ့မှာပါတဲ့ ပရိုတင်းကပြောင်းလဲသွားပါလိမ့်မယ်။ ဒါကိုစားမိတဲ့အခါ အစာခြေစနစ်မှာပြဿနာပေါ်လာနိုင်ပါတယ်။(၅)အာလူး။အာလူးမှာ ဗီတာမင် B6 ၊ ပိုတက်ဆီယမ်၊ ဗီတာမင် C ကြွယ်ဝတယ်ဆိုပေမယ့် အခါခါပြန်နွှေးပြီးစားရင် အစာအဆိပ်သင့်စေနိုင်တဲ့ Clostridium botulinum ဘက်တီးရီးယားကိုဖြစ်လာစေနိုင်ပါတယ်။ အခန်းအပူချိန်မှာ ထားရင်တောင် ပိုးကပေါက်စေတာမို့ ဖြစ်နိုင်ရင် ရေခဲသေတ္တာထဲထည့်ထားပါ၊ ပြန်မနွှေးပါနဲ့။ ၁ရက်၂ရက်အတွင်း မစားနိုင်ရင် လွှင့်ပစ်ပါ။(၆) မှို။မှိုကတော့ ချက်ပြီးတာနဲ့ အကုန်စားပစ်သင့်တဲ့အရာပါ။ ကျန်နေရင်ကို သိမ်းမထားသင့်ပါဘူး။ မှိုမှာ ပရိုတင်းကြွယ်ဝပြီး သတ္တုဓါတ်တွေများကြီးပါတာမို့ ပြန်နွှေးလိုက်ရင် ပရိုတင်းတွေပျက်စီးစေနိုင်တဲ့အပြင် အစာခြေစနစ်မှာပါ ထိခိုက်စေနိုင်ပါတယ်။ ပြန်နွှေးလိုက်ရင် ဓါတ်တိုးပြီး နိုက်ထရိုဂျင်နဲ့ free radicalsတွေပါဝင်တဲ့ အဆိပ်အတောက်တွေထွက်ရှိစေနိုင်ပါတယ်။အစားအသောက်တွေကို သိမ်းဆည်းစီမံတဲ့အလုပ်က ချက်တာပြုတ်တာထက်ကို ပိုအရေးကြီးပါတယ်။ အစားအသောက်ဘေးကင်းရေးဟာ အိမ်ရှင်မတွေ မဖြစ်မနေဂရုစိုက်ရမယ့်အပိုင်းဖြစ်လို့ ကိုယ့်မိသားစုရဲ့ကျန်းမာရေး ကိုယ့်လက်ထဲမှာရှိနေတယ်ဆိုတာ မမေ့ပါနဲ့နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%94%e1%80%bd%e1%80%be%e1%80%b1%e1%80%b8%e1%80%99%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%85/
ဆိတ်နို့ သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
နို့လို့ ပြောလိုက်တယ်ဆိုရင် လူတော်တော်များများ ပြေးမြင်ကြတာကနွားနို့ကိုပါ။ ဒါပေမယ့် သောက်လို့ရတာက နွားနို့တစ်ခုတည်း မဟုတ်ပါဘူး။ဆိတ်နို့၊ ကျွဲနို့နဲ့ မြင်းနို့တို့ကလည်း သောက်လို့ရပါတယ်။ ဆိတ်နို့ဆိုရင် နွားနို့ထက် ပိုမွှေးသလို ပိုလည်းဆိမ့်ပါတယ်။ ဒီတစ်ခေါက်တော့ သောက်ရတာဆိမ့်ပြီး အရသာရှိလှတဲ့ ဆိတ်နို့အကြောင်းလေး နည်းနည်းလောက်ပြောပြပါရစေ။ဆိတ်နို့ ကအရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း တော်တော်လေးများပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့အာဟာရဓာတ်တွေစုံလင်စွာ ပါဝင်နေတဲ့အတွက် သောက်သုံးဖို့ သင့်တော်တဲ့ နို့တစ်မျိုးပါ။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သကြားဓာတ်၊ဆိုဒီယမ်တို့ ပါဝင်နေသလို ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်တို့လိုမျိုးသတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ဗီတာမင်တွေအနေနဲ့ကတော့ ဗီတာမင် A၊ ဗီတာမင် B နဲ့ ဗီတာမင် C တို့ပါဝင်နေပါတယ်။ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလိုအရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။ဆိတ်နို့ က နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်သလိုအစာမကြေတာမျိုးဖြစ်မှာကိုလည်း မစိုးရိမ်ရပါဘူး။ အစာအိမ်ဝေဒနာရှိသူတွေအတွက်လည်း သောက်သုံးပေးလို့ရပါတယ်။ဆိတ်နို့ရဲ့ အားသာချက်တစ်ခုကနွားနို့ထက်အာဟာရပါဝင်မှုများတာပါ။ အစာမကြေတာမျိုးမရှိဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပဲဖြစ်ပါတယ်။အာဟာရပြည့်ဝတဲ့ ဆိတ်နို့ကခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ဗီတာမင် Bနဲ့ကယ်လ်ဆီယမ်တို့ကို ၄၀ ရာခိုင်နှုန်းအထိ ဖြည့်တင်းပေးပါတယ်။သံဓာတ်ဖြည့်တင်းပေးတာကြောင့်သွေးအားနည်းရောဂါနဲ့ သံဓာတ်ချို့တဲ့တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဆိတ်နို့မှာပါတဲ့ Fatty Acids က ခန္ဓာကိုယ်အတွက် အကျိုးပြုပြီး သွေးတွင်းကိုလက်စထရောပမာဏတိုးတာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။ လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့ အခြားသော နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မခံစားရအောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးတိုးကျစေနိုင်ပါတယ်။ဆိတ်နို့ မှာ နွားနို့ထက် ဆီလီနီယမ်ပါဝင်မှု ပိုများပါတယ်။ ဒီဓာတ်ကကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ ခန္ဓာကိုယ်ကိုဖျားနာမှုတွေ ကင်းဝေးအောင် လုပ်ဆောင်ပေးပြီး ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးပါတယ်။ပရိုတင်းကြွယ်ဝတာကြောင့် ဆိတ်နို့က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေ၊ကြွက်သားတွေနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုးဖို့အထောက်အပံ့ပေးပါတယ်။ ကျန်းမာပြီး ခန္ဓာကိုယ်ကြီးထွားသန်မာစေဖို့ သောက်သုံးပေးသင့်ပါတယ်။ဆိတ်နို့က သွေးတွင်းမှာရှိနေတဲ့ အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး အကျိုးပြုကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာ၊ လေပွတာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေနိုင်ပါတယ်။ဆိတ်နို့ မှာပါတဲ့ အကျိုးပြု ကိုလက်စထရောတွေနဲ့ fatty Acid တို့က အသားအရေကို စိုပြည်လှပစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်ပြီး အသားအရေကို စိုပြည်လှပစေမှာ အသေအချာပါ။ ဆိတ်နို့မှာပါတဲ့ Latic အက်ဆစ်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းလက်တောက်ပစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%86%e1%80%ad%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%9b%e1%80%be%e1%80%ad%e1%80%99/
ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့အမူအကျင့်မှား (၅) မျိုး
အသက်အရွယ် ကြီးလာတာနဲ့အမျှ အရေပြားတွေ လျော့တွဲလာတတ်တာ သဘာဝတရားပါ။ ဒါပေမယ့် ရင်သား တစ်ရှူးတွေကတော့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် ရင့်ရော်မှု ၂ နှစ်၊ ၃ နှစ် ပိုစောတယ်လို့ သုတေသနက ဆိုပါတယ်။ဒါမှမဟုတ်ရင်တော့ ရင်သား လျော့တွဲမှု ဖြစ်လာတာဟာ အရွယ်မတိုင်ခင် အလှပျက်ယွင်းစေနိုင်တဲ့ အမူအကျင့်တွေ လုပ်မိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရင်သား အလှပျက်စေနိုင်တဲ့ သင့်ရဲ့ အမူအကျင့်မှား တွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲ အတူတူ လေ့လာ ကြည့်ရအောင်နော်။မိန်းကလေးတွေမှာ ရင်သား တင်းရင်းမှုမရှိဘဲ လျော့တွဲလာတာက အလှပျက်စေပါတယ်။ ဒါကလည်း သဘာဝဆိုတာထက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ အမှုမဲ့အမှတ်မဲ့အမူအကျင့်တွေကြောင့်လည်း ဖြစ်နိုင်တာပေါ့။ ဥပမာ- အားကစားဝတ်စုံမဝတ်ဘဲ လေ့ကျင့်လှုပ်ရှားတာမျိုးက အရွယ်မတိုင်ခင် ရင်သားလျော့တွဲစေတဲ့အမူအကျင့်တွေထဲမှာ ပါဝင်ပါတယ်။(၁) ဆိုဒ်မတော်တဲ့ဘရာစီယာကို ဝတ်တာ။ဒီအချက်ကို မိန်းကလေး အတော်များများ လုပ်မိတတ်ပါတယ်။ ကိုယ့်ရဲ့ အတွင်းခံဆိုဒ်က ကိုယ့်ရင်သားကို လုံလုံလောက်လောက် ပုံစံတကျ ထိန်းပေးထားနိုင်ဖို့ အဓိကပါပဲ။ သိပ်ကျပ်နေတာ၊ သိပ်ချောင်နေတာ၊ အတွင်းခံဆိုဒ် ကြီးနေတာ၊ သေးနေတာတွေက ပြဿနာရှိနိုင်ပါတယ်။ ကိုယ်က ပိန်သွားတဲ့အခါ မတော်တော့တဲ့ဆိုဒ်ကို ဆက်မဝတ်ပါနဲ့။ တော်မယ့်ဆိုဒ်ကို ထပ်ဝယ်ပါ။ ချောင်နေတဲ့ ဘရာကို ဝတ်မယ်ဆိုရင် လူက လှုပ်ရှားလိုက်တိုင်း ရင်သားက လှုပ်ခါတာကြောင့် ရင်သား အရေပြားနဲ့ တစ်ရှူးတွေကို ထိခိုက်လေ ဖြစ်ပါလိမ့်မယ်။(၂) ဝလာတာ။ကိုယ်အလေးချိန်တွေ တိုးလာတာကြောင့်လည်း ရင်သား တွဲကျလာစေပါတယ်။ ဝပြီး ပြန်ပိန်သွားရင်လည်း လျော့တွဲဦးမှာမို့ ပြန်တင်းရင်းစေဖို့ လေ့ကျင့်ခန်းတွေ လုပ်ရပါလိမ့်မယ်။(၃) စားသောက်ပုံ မမှန်တာ။အပေါ်မှာ ပြောခဲ့သလိုပဲ မကြာခဏ ပိန်လိုက်၊ ဝလိုက်ဖြစ်တာက ခန္ဓာကိုယ် တင်းရင်းကျစ်လျစ်မှုကို ကောင်းကျိုး မပေးနိုင်ပါဘူး။ အစားအသောက်ကို ပုံမှန်အတိုင်းအတာ တစ်ခု သတ်မှတ်ပြီး စနစ်တကျ စားသောက်ပါ။အဆီချ dietလုပ်လိုက်၊ ပြန်စားလိုက်၊ ဝိတ်ပြန်တက်လာလိုက်၊ ပြန်ချလိုက် ဆိုရင် အရေပြားက တင်းရင်းမှာ မဟုတ်တော့ပါဘူး။ အချိန်တို အတွင်းမှာ မကြာခဏ ဝိတ်ကျလိုက်၊ တက်လိုက် ဖြစ်နေတာက ရင်သား လျော့တွဲစေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။(၄)နေလောင်တာ။နေလောင်ခြင်းရဲ့ ဆိုးကျိုးက အသားမည်းသွားရုံ တစ်ခုတည်း မကပါဘူးနော်။ခရမ်းလွန် ရောင်ခြည်တွေကြောင့် အရေပြားကို ထိခိုက်စေတယ်၊ အရေးအကြောင်းတွေ ဖြစ်စေတယ်၊ အရွယ်မတိုင်ခင် ရင့်ရော်စေတယ်လေ။ အရေပြား တင်းရင်းမှုကို လျော့ရဲစေလို့ ရင်သား အလှကိုပါ ပျက်ယွင်းစေနိုင်ပါတယ်။(၅) ကိုယ်နေဟန်ထား မမှန်တာ။ကိုယ့်ရဲ့ နေပုံထိုင်ပုံတွေက ပုံစံ မမှန်ခဲ့ရင် (ဥပမာ လက်ပြင်ကိုင်း ထားတာ၊ ခါးကို မတ်မတ် မထားတာ)ရင်သား တွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ခန္ဓာကိုယ်ကို မတ်မတ်ထားဖို့ သတိထားပါ။ အားကစား လုပ်တဲ့အခါလည်း အနေအထား မှန်ဖို့ နည်းပြဆရာနဲ့ သေချာ ကစားပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/5-habits-that-can-ruin-your-breasts/
မည်သည့်အကြောင်းများကြောင့် မွေးကင်းစကလေးများတွင် အသားဝါခြင်း ဖြစ်ရသလဲ
မွေးကင်းစကလေးများ၏ အသားအရေနှင့် မျက်လုံးများဝါလာခြင်းကို စပြီးသတိပြုမိပါက ထိုကလေး၏ ကိုယ်ထဲတွင် အဝါဓါတ်များနေပြီ ဖြစ်ပါသည်။သွေးထဲတွင်ရှိသော အဝါဓါတ် (Bilirubin)များ ပိုလျှံနေခြင်းကြောင့် အသား၊ မျက်လုံးများဝါခြင်းဖြစ်ရပါသည်။ ထိုအဝါဓါတ်များသည် ကိုယ်ထဲမှ သုံးစွဲပြီးသား သွေးနီဥများ ပြိုကွဲရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ထိုအဝါဓါတ်များကို သွေးထဲမှတဆင့် အသည်းမှ စစ်ယူပြီး အစာချေစနစ်ထဲသို့ စွန့်ထုတ်ပါသည်။ မွေးကင်းစကလေးများတွင် အသည်းသည် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသည့်အတွက် အဝါဓါတ်များကို စွန့်ထုတ်နိုင်ခြင်းမရှိသေးသည့်အတွက် အသားဝါလာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မွေးကင်းစကလေးများတွင်အသားဝါခြင်းသည် ဇီဝဖြစ်စဉ်ကြောင့် ဝါခြင်းဖြစ်ပြီး ၂ ရက် ၃ ရက်သားခန့်တွင် စတင်ဖြစ်ပေါ်လေ့ရှိပါသည်။အခြားသော အကြောင်းများကြောင့် အသားဝါခြင်းများသည် အထက်ဖော်ပြပါဖြစ်စဉ်ထက် စောပြီး ဝါလေ့ရှိပါသည်။ ထိုသို့ဖြစ်စေနိုင်သော အကြောင်းများမှာ။· အတွင်း ကလီစာများတွင် သွေးထွက်ခြင်း။· သွေးဆိပ်တက်ခြင်း။· ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများ ဝင်ခြင်း။· အမေ့သွေးနှင့် ကလေးသွေးတို့ သဟဇာတ မဖြစ်ခြင်း။· အသည်း၏ လုပ်ငန်းဆောင်တာများ မူမမှန်ခြင်း။· အင်ဇိုင်းဓါတ်များ ချို့တဲ့ခြင်း။· သွေးနီဥများ မူမမှန်ခြင်း တို့ဖြစ်ပါသည်။·လမစေ့မီ မွေးခြင်း။၃၈ ပတ်မတိုင်မီ မွေးသောကလေးများသည် အဝါဓါတ်များကို လျှင်မြန်စွာ မစွန့်ထုတ်နိုင်သေးသည့်အတွက် အသားဝါခြင်းဖြစ်ရသည်။ ထို့ပြင် ထိုကလေးများသည် အစားနဲခြင်း၊ အူလမ်းကြောင်းများလှုပ်ရှားမှုနည်းခြင်းတို့ကြောင့် ဝမ်းမှတဆင့် အဝါဓါတ်စွန့်ထုတ်မှုနည်းခြင်းကြောင့်လည်း အသားဝါစေနိုင်ပါသည်။·ကလေးမွေးစဉ်တွင် ကလေးအားထိခိုက်မိခြင်းကြောင့် သွေးခြေဥခြင်း။ကလေးများသည် မွေးဖွားနေစဉ်အတွင် သွေးခြေဥခြင်းများစွာဖြစ်ပါက သွေးနီဥများ ပြိုကွဲပျက်စီးသည့်အတွက် အဝါဓါတ်များခြင်းဖြစ်ပါသည်။·သွေးအမျိုးအစား။အမေ့သွေးသည် ကလေးသွေးနှင့် သဟဇာတ မဖြစ်ပါက ကလေးသည် အချင်းမှတဆင့် ခုခံစွမ်းများရရှိကာ သွေးနီဥများ ပြိုကွဲပျက်စီးသည့်အတွက် အဝါဓါတ်များခြင်းဖြစ်ပါသည်။·မိခင်နို့တိုက်ခြင်း။မိခင်နို့စို့သော ကလေးများ၊ အထူးသဖြင့် ထိန်းရခက်သော ကလေးများ သို့မဟုတ် မိခင်နို့ တမျိုတည်းသာသောက်သော ကလေးများသည် အသားဝါနိုင်ခြေ ပိုများပါသည်။ ရေဓါတ်နည်းခြင်း၊ အာဟာရတန်ဖိုးနည်းစွာရရှိခြင်းတို့သည် အသားဝါခြင်းကို စဖြစ်စေပါသည်။ သို့သော် မိခင်နို့သည် ဆိုးကျိုးများထက် ကောင်းကျိုးများ ပိုဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ထောက်ခံထားပါသည်။အသားဝါခြင်း၊ မျက်လုံးဝါခြင်းများကို ၂ ရက် ၃ ရက်သားခန့်တွင်စတင် ဖြစ်ပေါ်ပါသည်။ ကလေး၏မျက်နှာတွင် အဝါရောင်စဖြစ်လာပြီးနောက် ရင်ဘတ် ၊ ဝမ်းဗိုက်ပိုင်းနှင့် ခြေထောက်များသို့ ဝါသွားခြင်းဖြစ်ပါသည်။ မျက်လုံးများဆီသို့ပါ အဝါဓါတ်များ ပြန့်နှံ့သွားနိုင်ပါသည်။မိဘများအနေဖြင့် အသားဝါနေသော ကလေးကို ဂရုစိုက် စောင့်ကြည့်ရမည်ဖြစ်ပါသည်။ အသားညိုသော ကလေးမျာတွင် အသားဝါခြင်းကို သတိပြုမိခဲပါသည်။ သင့်ကလေးကို အသားဝါနေကြောင်း သံသယရှိလျှင် နှာသီးထိပ်ဖျား သို့မဟုတ် နဖူးကို ဖိခြင်းဖြင့် စမ်းသပ်ကြည့်နိုင်ပါသည်။ ထို့နောက် ပြန်လွှတ်လိုက်ပါ။ ပြန်လွှတ်လိုက်ချိန်တွင် အသားသည် ဝါပြီး ကျန်ခဲ့ပါက သင့်ကလေးတွင် အဝါဓါတ်များနေပြီဖြစ်ပါသည်။အသားဝါသော မွေးကင်းစကလေးများတွင် အများစုသည် ကုသရန်မလိုပါ။ အသားဝါခြင်း အပျော့စားအဆင့် ၊ အလယ်လတ်အဆင့်များသည် အသားဝါပြီး ၁ ပတ် ၂ ပတ်ခန့်အကြာတွင် ပျောက်ကင်းသွားတတ်ပါသည်။ ထိုအချိန်တွင် ကလေးငယ်၏ကိုယ်တွင်း အင်္ဂါများ ဖွံ့ဖြိုးလာခြင်းကြောင့် အဝါဓါတ်များကို စွန့်ထုတ်ပစ်လိုက်ခြင်းဖြစ်ပါသည်။ထို့ကြောင့် မိခင်နို့ကို ပုံမှန်အတိုင်းတိုက်ကျွေးခြင်း၊ ဖော်မြူလာဖြင့်ဖော်စပ်ထားသော နို့မှုန့်များတိုက်ခြင်းဖြင့် အဝါဓါတ်များသည် မစင်ထဲတွင် အလိုလို ပါသွားမည်ဖြစ်ပါသည်။ အချို့သော ကလေးများတွင် ကလေးဆရာဝန်သည် မိခင်နို့တိုက်ခြင်းကို ခဏရပ်ထားရန် အကြံပေးပါလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် မိခင်သည် ကိုယ်ထဲမှ သဘာဝအလျောက်ထွက်နေသော နို့ရည်ကို ညှစ်ထုတ်နေပါ။ ထို့နောက် ကလေးကို အဝါဓါတ်များပျောက်သွားချိန်မှသာလျှင် နို့စတိုက်ပါ။အဝါဓါတ် အလွန်အကျွံများသော ကလေးများတွင် အလင်းရောင်ကုထုံးဖြင့် ကုသခြင်းသည် အဝါဓါတ်များကို လျော့နည်းစေပါသည်။ နည်းမျိုးစုံဖြင့်ကုသသော်လည်း အဝါဓါတ်များ လျော့သွားခြင်းမရှိပါက သွေးသွင်းခြင်းဖြင့် ကုသနိုင်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%99%e1%80%8a%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%b1/
ခြေထောက်ဒဏ်ရာရနေချိန်မှာတောင် လုပ်နိုင်ဦးမယ့် လေ့ကျင့်ခန်းများ
ခြေထောက်ဒဏ်ရာရတယ်ဆိုတာဟာ တကယ်ကို အနှောက်အယှက်တစ်ခုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်တယ်လေ။ ကျွန်တော်တို့အများစုဟာ အိမ်မှာတစ်နေကုန်ထိုင်ပြီး ခြေထောက်ဒဏ်ရာပြန်ကောင်းလာဖို့ စောင့်ဆိုင်းမနေနိုင်ကြဘူးလေ။အထူးသဖြင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်နေသူတွေပေါ့။ သူတို့အတွက် ဒီအခြေအနေကြီးကို ရင်ဆိုင်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒါပေမဲ့ သင့်ခြေထောက်ပြန်ကောင်းလာဖို့ စောင့်ဆိုင်းနေတဲ့အချိန်အတွင်းမှာ သင်လုပ်နိုင်သေးတဲ့ လေ့ကျင့်ခန်းအချို့ရှိနေပါသေးတယ်။ခြေထောက်ကို ဆက်တိုက် အလုပ်လုပ်ခိုင်းခြင်းက ပြန်လည်ကောင်းမွန်လာမယ့်အချိန်ကို ပိုပြီးကြာမြင့်စေပါတယ်။ ဒါတွေကပဲ သင့်ခြေထောက်ကောင်းဖို့အတွက် အနားယူဖို့အချိန် လိုတယ်လို့ ဆိုနေတာပေါ့။ တကယ်လည်း ခြေထောက် ပုံမှန်အခြေအနေပြန်ရောက်ဖို့ အရေးကြီးတဲ့အချိန်ပါပဲ။ဒါကြောင့် ကုသမှုခံယူပြီးတဲ့ ပထမတစ်ပတ်မှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့ လှုပ်ရှားမှုတွေ ဥပမာ ပြေးခြင်း၊ ခုန်ခြင်း စသဖြင့် မလုပ်ဖို့ အကြံပြုထားတာပါ။ ဒဏ်ရာရသွားတဲ့အပိုင်းတွေကို လေ့ကျင့်ခန်းမလုပ်ခင် ကောင်းကောင်းအနားပေးလိုက်ပါဦး။သင်ပထမဆုံးသတိထားရမယ့် အရာကတော့ သင့်ခြေထောက်အခြေအနေအကြောင်း ဆရာဝန်နဲ့ဆွေးနွေးသင့်တာပါ။ သင်ကဒဏ်ရာရနေပေမယ့် အချို့သော လေ့ကျင့်ခန်းတွေကို လုပ်လို့ ရမရဆိုတာ အတည်ပြုဖို့ လိုအပ်ပါတယ်။ ဒါက သင့်ခြေထောက်ကို နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့ပါ။လေ့ကျင့်ခန်းမလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းအနည်းငယ်လုပ်ဖို့မမေ့ပါနဲ့။ အကြောလျှော့လေ့ကျင့်ခန်းတွေကို ပိုလုပ်ပါ။ဒီလေ့ကျင့်ခန်းတွေကတာ့ အဓိကအားဖြင့်သင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုသာ အာရုံစိုက်ပါတယ်။ သူတို့မှာ crunches တွေ၊ ခြေထောက်မခြင်းတွေနဲ့ stability ball push-ups (ဘောလုံးပေါ်ခြေထောက်တင်လို့ ဒိုက်ထိုးခြင်း) တွေပါဝင်ပြီး ဒါတွေက သင့်ခြေထောက်ကို ဘယ်လိုမှမထိခိုက်စေဘဲ ကြွက်သားတွေကို သန်မာစေပါတယ်။ဒါကတော့ မြန်ဆန်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး ခဏတဖြုတ်ပြန်နားတဲ့လေ့ကျင့်ခန်းမျိုးကိုဆိုလိုတာပါ။ ဒီလိုလေ့ကျင့်ခန်းမျိုးဟာ သင့်ရဲ့ နှလုံးခုန်နှုန်းကို တိုးမြင့်စေပြီး အဆီတွေကို ပိုလောင်ကျွမ်းစေကာ သင့်ခြေထောက်ပေါ်တော့ ဘယ်လို ဖိအားမျိုးမှ သက်ရောက်စေမှာမဟုတ်ပါဘူး။ဒီလေ့ကျင့်ခန်းတွေကလည်း ကောင်းပါတယ်။ သူ့မှာတော့ ရေကူးခြင်း၊ rowing machines (လှေလှော်ခတ်နေပုံလေ့ကျင့်ရသော စက်)၊ နဲ့စက်ဘီးစီးခြင်း စတာတွေပါဝင်ပါတယ်။ ရေကူးတာကတော့ ခြေထောက်မှာဒဏ်ရာနဲ့လူအပါအဝင် လူတိုင်းနဲ့ သင့်လျော်ပါတယ်။ဒါ့အပြင် ရေကူးခြင်းက သင့်ရဲ့ ကျန်းမာရေး အလုံးစုံကို ကောင်းမွန်စေပါတယ်။ တကယ်လို့များ ရေဘယ်လိုကူးရမယ်ဆိုတာ မသိရင် ရေအောက်ထဲပြေးတာမျိုးကြိုးစားကြည့်ပါ။အခြားသောရွေးချယ်မှုကတော့ rowing machines တွေဖြစ်ပြီး ဒါတွေက သင့်ခန္ဓါကိုယ် အပေါ်ပိုင်းအတွက်ကောင်းမွန်ပြီး ခြေထောက်လှုပ်ရှားမှုကတော့ နည်းပါးပါတယ်။ဒါကြောင့် ခြေထောက်ပေါ်မှာ အလေးချိန်တွေပိုမပေးပါနဲ့။ သင့်ရဲ့ လေ့ကျင့်ခန်းတွေကို သင်မလွတ်ချင်ဘူးမဟုတ်လား။ ဒီလိုကုသနေဆဲကာလမှာ သင်ရွေးချယ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ တကယ်လို့ သင်လုပ်နေတဲ့အလုပ်က ခြေထောက်အတွက် ဒဏ်ရာရနိုင်မယ်လို့ ထင်နေတယ်ဆိုရင်တော့ ဆရာဝန်ကိုဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံပါ။လေ့ကျင့်ခန်းကို သင့်လျော်ရာ ဆင်ဆင်ခြင်ခြင်ရွေးချယ်မယ်ဆိုရင်တော့ သင့်ခြေထောက်ကလည်း မကြာခင်မှာပဲ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပြီး မကြာခင်မှာတော့ ပုံမှန်အလုပ်လုပ်နိုင်တော့မှာပါပဲ။သင်နာကျင်နေတဲ့အချိန်တွေမှာတော့ ကိုယ့်ကိုကိုယ်ဖိအားတွေအရမ်းမပေးပါနဲ့။ မဟုတ်ရင်ဆရာဝန်ဆီ နောက်တစ်ခါပြန်သွားနေရပါလိမ့်မယ်။ လုပ်နေတဲ့လေ့ကျင့်ခန်း အားလုံးကို ရပ်ပစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ခြုံပြောရရင်တော့ ခန္ဓါကိုယ် ကြံ့ခိုင်နေဖို့အတွက်ရော ခြေထောက်ဘေးကင်းဖို့ပါ လေ့ကျင့်ခန်းတွေကို ဆင်ခြင်ရွေးချယ်ဖို့ပါပဲ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%bc%e1%80%b1%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%92%e1%80%8f%e1%80%ba%e1%80%9b%e1%80%ac%e1%80%9b%e1%80%94%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99/
Psoriatic Arthritis (Psoriasis ကြောင့်အဆစ်ရောင်ခြင်း)
Psoriasis အဆစ်ရောင်ခြင်းဆိုတာ Psoriasis ရောဂါရှိတဲ့လူတွေမှာ ဖြစ်တတ်သော အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ Psoriasisဆိုတာဟာ အနီရောင်အကွက်တွေ၊ ငွေရောင်အကြေးခွံတွေဖြစ်စေသော အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ လူအများစုကတော့ Psoriasis အရေပြားရောဂါအရင်စဖြစ်တတ်ပြီး အဆစ်ရောင်ခြင်းက နောက်ကနေလိုက်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံ အရေပြားလက္ခဏာမပေါ်ပဲ အဆစ်ရောင်ခြင်းတွေ စတင်တတ်ပါတယ်။အမျိုးသား Psoriasis အဖွဲ့အစည်း(NPF)ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်လူမျိုး ၂ရာခိုင်နှုန်းလောက်မှာ Psoriasis ဖြစ်လျက်ရှိပါတယ်။ Psoriasis ဖြစ်နေတဲ့သူတွေထဲမှ ၁၀ရာခိုင်နှုန်းနဲ့ ၃၀ရာခိုင်နှုန်းကြားလောက်ဟာ အဆစ်ရောင်တတ်ကြပါတယ်။ဒါပေမယ့်လည်း အန္တရယ်ရှိအချက်များကို လျော့ချခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Psoriasis အဆစ်ရောင်ရောဂါဆိုတာဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတဲ့ နာတာရှည်ရောဂါတစ်ခုပါ။ ဒါပေမယ့်လည်း ပိုးဆိုးလာလိုက် သက်သာသွားလိုက်ဖြစ်နေတဲ့ အချိန်လည်းရှိတတ်ပါတယ်။ခန္ဓါကိုယ်တစ်ဖက်တစ်ချက်ထဲမှာလည်း ဖြစ်နိုင်သလို၊ နှစ်ဖက်လုံးမှာလဲ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ များသောအားဖြင့် လေးဖက်နာရောဂါနဲ့ ဆင်တူပါတယ်။ ထိုရောဂါနှစ်ခုလုံးရှိ အဆစ်တွေမှာ ပူ၊နီ၊နာ၊ရောင် လက္ခဏာတွေရှိနေပါတယ်။Psoriasis အဆစ်ရောင်ခြင်းဟာ အောက်ပါတို့ကို ဖြစ်စေပါလိမ့်မယ်။လက်ချောင်း၊ခြေချောင်းတွေဟာ ရောင်ရမ်းပြီး ဝက်အူချောင်းပုံစံဖြစ်နေပါလိမ့်မယ်။ သိသာထင်ရှားတဲ့ အဆစ်ပြဿနာတွေ မပြခင်မှာပဲ ရောင်ရမ်းခြင်းတွေ၊ ပုံစံပျက်ခြင်းတွေ အရင်ပေါ်ပေါက်လာနိုင်ပါတယ်။နာကျင်ခြင်းဟာ အကြောတွေ၊အရွတ်တွေ အရိုးကို တွယ်ဆက်ထားတဲ့နေရာမှာ ဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် ခြေဖနောက်ရှိ အာခိလိအရွတ်နဲ့ ခြေဖဝါးရှိ အရွတ်တို့ပဲဖြစ်ပါတယ်။အချို့လူတွေမှာ Psoriasis အဆစ်ရောင်ခြင်းကြောင့်ပဲ Spondylitis လို့ခေါ်တဲ့ ရောဂါတစ်မျိုးရရှိလာပါတယ်။ ထိုရောဂါကတော့ ကျောရိုးကြားထဲမှာရှိတဲ့ အဆစ်တွေ၊ ကျောရိုးနဲ့တင်ပဆုံရိုးကြားမှာရှိတဲ့ အဆစ်တွေရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။ထိုရောဂါဟာ မြန်မြန်သိ၊မြန်မြန်ကုသရင် ပိုမဆိုးလာနိုင်အောင် ကာကွယ်ပေးထားနိုင်ပြီး အရေးပေါ်အခြေအနေတွေကိုလည်း တားဆီးနိုင်မှာပါ။ ဒါကြောင့် ဆရာဝန်နဲ့ တတ်နိုင်သမျှ မြန်မြန်ပြဖို့ လိုအပ်ပါတယ်။အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိနေမယ် ဒါမှမဟုတ် သိလိုတာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။ဘာတွေကြောင့် ဖြစ်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။ ဒါပေမယ့်လည်း မျိုးရိုးလိုက်တာကြောင့်လို့ ယူဆရပါတယ်။ Psoriasisအဆစ်ရောင်ရောဂါရှိတဲ့သူ ၄၀ရာခိုင်နှုန်းလောက်မှာ အဆစ်နဲ့အရေပြားပြဿနာတွေရှိတဲ့ မိသားစုဝင်ရှိနေတယ်လို့ တွေ့ရှိရပါတယ်။Psoriasis ရှိတဲ့သူ ၃ပုံ၁ပုံလောက်ဟာ အဆစ်ရောင်နိုင်ပါတယ်။ Psoriasis ဆိုတာဟာ တံတောင်ဆစ်၊ ဒူး၊ ခြေကျင်းဝတ်၊ ခြေဖဝါးနဲ့ လက်တို့မှာ အနီရောင်အကွက်နဲ့ ငွေရောင်အကြေးခွံတွေ ဖြစ်နေသော အရေပြားရောဂါပါ။ ကိုယ်ခံအားစနစ်ဟာ အပြင်ကဝင်ရောက်လာတဲ့ အရာတွေကို တိုက်ရမယ့်အစား ခန္ဓါကိုယ်ကို ပြန်တိုက်နေလို့ပဲဖြစ်ပါတယ်။Psoriasis အဆစ်ရောင်ခြင်းဟာ အသက်၃၀နဲ့ ၅၀ကြားမှာ စပေါ်နိုင်သော်လည်း ကလေးဘဝမှာကတည်းလည်း ရှိနေနိုင်ပါတယ်။ လူတိုင်းမဟုတ်သော်လည်း တော်တော်များများက အရေပြားရောဂါအရင်စဖြစ်ကြတာပါ။အောက်ပါတို့ရှိနေပါက Psoriasis အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။Psoriasis ရှိနေခြင်းဟာ အဆစ်ရောင်ခြင်းအတွက် ကြီးမားတဲ့ အန္တရယ်တစ်ခုပါပဲ။ လက်သည်းတွေမှာ Psoriasis ဖြစ်နေတာဆိုရင်တော့ ပိုကြောက်ရပါတယ်။Psoriasis အဆစ်ရောင်ခြင်းရှိတဲ့သူတွေမှာ ထိုရောဂါခံစားနေရတဲ့ မိဘတွေ၊ မောင်နှမသားချင်းတွေ ရှိနေတတ်ကြပါတယ်။လူတိုင်းဖြစ်နိုင်သော်လည်း အသက်၃၀နဲ့ ၅၀ကြားလူတွေမှာ ပိုဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ထိုရောဂါရှိနေမယ်လို့ သံသယရှိမယ်ဆိုရင် ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ပြီး အောက်ပါအခြားစစ်ဆေးမှုအချို့ကိုလည်း ပြုလုပ်ခိုင်းပါလိမ့်မယ်။ဓါတ်မှန်ရိုက်ခြင်းက Psoriasis အဆစ်ရောင်ခြင်းလား၊ အခြားအဆစ်ရောင်ခြင်းလားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်။MRI က ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး အားပြင်းတဲ့ သံလိုက်စက်ကွင်းတွေနဲ့ ခန္ဓါကိုယ်ရှိတစ်ရှုးတွေကို အသေးစိတ် ပုံရိပ်ဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ ထိုနည်းပညာဟာ ခြေဖဝါးနဲ့ ခါးတို့မှာရှိတဲ့ အရွတ်၊အကြောတွေရဲ့ ပြဿနာကို စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။RF ဟာ လေးဖက်နာမှာသာတွေ့ရတဲ့ သွေးထဲရှိ ပဋိပစ္စည်းဖြစ်ပြီး Psoriasis အဆစ်ရောင်ခြင်းမှာ များသောအားဖြင့် မတွေ့ရတတ်ပါဘူး။ဝေဒနာခံစားနေရတဲ့ အဆစ်ကနေပြီး အပ်ဖြင့် အရည်အနည်းငယ် စုပ်ထုတ်ခြင်းဖြစ်ပါတယ်။ များသောအားဖြင့် ဒူးဆစ်ပါ။ ထိုအရည်တွေထဲမှာ Uric acid ပုံဆောင်ခဲတွေ တွေ့မယ်ဆိုရင် Psoriasis အဆစ်ရောင်ခြင်းမဟုတ်တော့ဘဲ ဂေါက်ရောဂါဖြစ်သွားပါပြီ။ကုသမှုမရှိတဲ့အတွက်ကြောင့် အဆစ်ရောင်ခြင်း၊နာခြင်းတွေသက်သာစေဖို့နဲ့ မသန်းမစွမ်းဖြစ်ခြင်းမှ ကွာကွယ်နိုင်စေဖို့သာ ပြုလုပ်နိုင်ပါတယ်။Psoriasis အဆစ်ရောင်ခြင်းကို ကုသတဲ့ ဆေးဝါးတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ထိုဆေးဝါးတွေဟာ အနာသက်သာစေပြီး အရောင်ကျစေပါတယ်။ထိုဆေးဝါးဟာ Psoriasisအဆစ်ရောင်ခြင်းကို နှေးကွေးစေပြီး အဆစ်တွေ၊ အခြားတစ်ရှုးတွေကို လုံဝပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။Psoriasis အဆစ်ရောင်ခြင်းမှာ ထိန်းချုပ်မရဖြစ်နေသော ကိုယ်ခံအားကို ဖိနှိပ်ဖို့အတွက် အသုံးပြုပါတယ်။တီအန်အက်အယ်ဖာဟာ ခန္ဓါကိုယ်ကထုတ်တဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေသော ပစ္စည်းပါ။ ထိုဆေးဝါးဟာ ရောင်ရမ်းခြင်း၊နာကျင်ခြင်းတွေနဲ့ အဆစ်တောင့်တင်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ထိုဆေးဝါးဟာ ရောင်ရမ်းခြင်းကို မြန်မြန်သက်သာစေပြီး တစ်ခါတစ်ရံ အဆစ်ထဲကို တိုက်ရိုက်ထိုးထည့်ပါတယ်။Psoriasis အဆစ်ရောင်ခြင်းကြောင့် ပျက်စီးသွားသော အဆစ်ကို သတ္ထုနဲ့ ပလတ်စတစ်တို့ဖြင့် ပြုလုပ်ထားသော အဆစ်တုဖြင့် အစားထိုးခြင်းဖြစ်ပါတယ်။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းတွေက Psoriasis ကြောင့် အဆစ်ရောင်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။အဝလွန်ခြင်းက အဆစ်ရောင်စေနိုင်ပြီး သွားလာလှုပ်ရှားရ ခက်ခဲစေပါတယ်။ ကိုယ်အလေးချိန်ကျဖို့ လိုအပ်နေတယ်ဆိုရင် စားသောက်မှုပုံစံနဲ့ ပတ်သတ်ပြီး ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ပျင်းရိလေးကန်စွာနေထိုင်နေခြင်းက ခန္ဓါကိုယ်ကို နှေးကွေးစေပြီး အဝလွန်ခြင်းနဲ့ အခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်ပြုလုပ်ဖို့ ဘယ်လိုကိုယ်လက်လှုပ်ရှားမှုတွေက သင့်တော်တယ်ဆိုတာကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ ရေထဲမှာပြုလုပ်ရသော အားကစားတွေက အခြားသော အားကစားတွေထက် အဆစ်တွေပေါ်မှာ ပိုညင်သာပါတယ်။လှုပ်လှုပ်ရှားရှားနေမယ်ဆိုရင် နေရထိုင်ရမသက်မသာဖြစ်စေပြီး၊ ဒဏ်ဖြစ်စေပါတယ်။မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/psoriatic-arthritis-psoriasis-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc/
Epilepsy: Complex Partial Seizures (တက်ခြင်း( ရှုပ်ထွေးလှသောတစ်ဝက်တစ်ပျက်တက်ခြင်း))
ရှုပ်ထွေးလှတဲ့တစ်ဝက်တစ်ပျက်တက်ခြင်းဆိုသည်မှာ အာရုံစူးစိုက်မှုချို့ယွင်းပြီးသတိလက်လွတ်တက်ခြင်းမျိုးဖြစ်ပါတယ်။ဒီလိုတက်ခြင်းဟာဦးနှောက်ရဲ့နေရာတစ်နေရာကနေစပြီးများသောအားဖြင့် ဦးနှောက်ရဲ့ဘေးဘက်ဖြစ်လေ့ရှိပါတယ်။တက်တဲ့လူများတွင်ယခုပုံစံမျိုးဟာအဖြစ်အများဆုံးဖြစ်ပါတယ်။ ဒီလိုတက်ခြင်းဟာ ဦးနှောက်လေဖြတ်ထားတဲ့လူတွေမှာတွေ့ရလေ့ရှိပါတယ်။ တက်တဲအြခါ ခြေ ၊ လက်တွေနဲ့ အခြားအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုဟာမထိန်းချုပ်နိုင်အောင်ဖြစ်လာတတ်ပါတယ်။ ယခုလိုတက်ခြင်းဟာ အချိန်အရမ်းတိုပြီး တက်တဲ့လူဟာလည်း ပတ်ဝန်းကျင်ကိုသတိထားမိမှာမဟုတ်ပါဘူး။ သူတို့ဟာအချိန်ခဏလေး သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရောဂါကိုသက်သာအောင်ကုသနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကတော့အများကြီးရှိပါတယ်။ သို့သော်လည်းရောဂါလက္ခဏာများဟာ တက်နေတဲ့အချိန်မှာသာဖြစ်လေ့ရှိပြီး အခြားအချိန်မှာမဖြစ်ပါဘူး။ တက်တဲ့အခါလည်းမိနစ်အနည်းငယ်သာကြာတတ်ပါတယ်။ဦးနှောက်ရဲ့ထိပ်ပိုင်းမှစပြီးဖြစ်တဲ့တက်ခြင်းဟာ ဦးနှောက်ဘေးဘက်မှစဖြစ်တဲ့တက်တာထက် ပိုပြီးအချိန်တိုလေ့ရှိပါတယ်။ ရောဂါလက္ခဏာများဟာ ရုတ်တရက်ပေါ်လာပြီး တက်တဲ့ရောဂါရှိတဲ့လူဟာလည်း သူ့မှာရောဂါလက္ခဏာတွေဖြစ်နေမှန်းသတိထားမိမှာမဟုတ်ပါဘူး။ ထိုသူများဟာ..။အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး ပိုပြီးသိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အထက်ဖော်ပြပါရောဂါလက္ခဏာများရှိနေပြီဆိုလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး ။ သင့်အတွက် အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါ။ဘာတွေက တက်ခြင်းအတွက်အန္တရာယ်ရှိစေသလဲ။တက်ခြင်းကိုဖြစ်စေနိုင်တဲ့အန္တရာယ်ရှိတဲ့အရာတွေကတော့…။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကုသမှုတစ်ခုကိုဆုံးဖြတ်ချက်မချမီ ဆရာဝန်သည် လူနာဟာ အတက်ရောဂါရှိတာသေချာဖို့ အတည်ပြုဖို့လိုပါတယ်။ ဆရာဝန်ဟာ အတက်ရောဂါရှိတဲ့လူနာနဲ့ သူတက်စဉ်ကဘေးမှာရှိခဲ့တဲ့လူတွေဆီမှ ရနိုင်သမျှအချက်အလက်များကို စုဆောင်းဖို့လိုပါတယ်။ ဆရာဝန်ဟာ မတက်မီ ၊ တက်နေစဉ် နှင့် တက်ပြီးတဲ့အချိန်မှာဘာတွေဖြစ်သလဲဆိုတာသိရှိဖို့လိုပါတယ်။ဆရာဝန်ဟာ အတက်ရောဂါရှိတယ်လို့ သံသယရှိလျှင်တော့ အတည်ပြုဖို့ စမ်းသပ်မှုများပြုလုပ်ပါလိမ့်မယ်။ ပထမဆုံးဦးနှောက်ကိုEEG ရိုက်ပါလိမ့်မယ်။ သို့သော်လည်းတိကျစေရန် EEG ဟာ တက်တာကိုမှတ်တမ်းတင်ဖို့လိုပါတယ်။CTscan နှင့် MRI တို့ရိုက်ပြီးတက်စေတဲ့အကြောင်းရင်းကိုရှာဖွေဖို့လိုပါတယ်။ သွေးစစ်ခြင်းနှင့်အာရုံကြောစစ်ဆေးခြင်းတို့ကိုပြုလုပ်ဖို့လိုပါလိမ့်မယ်။ ဒီလိုလုပ်ခြင်းဟာ စမ်းသပ်နေစဉ် တက်တာကိုမမြင်ပဲနဲ့ ရောဂါဖြစ်စေတဲ့အကြောင်းကို သိရှိစေနိုင်ပါတယ်။ရောဂါစမ်းသပ်အတည်ပြုပြီးတာနဲ့တက်ခြင်းအတွက်ကုသမှုများစွာရှိပါတယ်။ ဖြစ်နိုင်တဲ့ကုသမှုတွေကတော့ …။ကုသမှုများဟာ တက်စေတဲ့အကြောင်းအရင်း ၊အခြားကျန်းမာရေးအခြေအနေများနှင့် အခြားအရာများအပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/epilepsy-complex-partial-seizures-%e1%80%90%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%82%90%e1%82%88%e1%80%95%e1%80%b9%e1%80%b1%e1%80%91%e1%80%bc%e1%80%b8%e1%80%9c%e1%80%bd/
ကလေးများ၏သွားကျန်းမာရေးအတွက်စားသင့်သောအစားအစာ(၅)မျိုး
သင့်ကလေးဟာ သူတို့ရဲ့သွား ကောင်းမွန်စွာဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရလုံလောက်စွာ ရရှိဖို့လိုအပ်ပါတယ်။ ထို့ကြောင့်မိဘများအနေနှင့် ကလေးပထမအသက်သုံးနှစ်အရွယ်တွင် ကလေး၏သွားကျန်းမာရေးကိုအထူးဂရုစိုက်သင့်ပါသည်။ မနက်စာ၊နေ့လည်စာ၊ ညစာ ထိုသုံးနပ်အပြင် အခြားအစားအစာများ ထပ်ကျွေးခြင်းက ကလေးရဲ့သွားကျန်းမာရေးအတွက် လိုအပ်တဲ့သတ္တုဓါတ် ၊ဗီတာမင် ၊ အမျှင်နှင့်ကျန်းမာသောအဆီများကိုရရှိစေပါသည်။ ကလေးသွား ဖွံဖြိုးဖို့အတွက် အာဟာရဓါတ်ပြည့်ဝပြီး အရသာရှိသော အစာ ၅ မျိုးကို အောက်တွင် ဖော်ပြသွားပါမည်။အကယ်၍ သဘာဝအလျောက်ရရှိသော ဝါးစား၍ရသည့်ကြွပ်ဆတ်သော အစားအစာကို သင်၏ကလေးကိုကျွေးလိုပါက မုန်လာဥ၊ပန်းပွင့်၊ဗိုလ်စားပဲ စသော ကြွပ်ဆတ်သော ဟင်းသီးဟင်းရွက်များကိုကျွေးနိုင်ပါသည်။ ထိုဟင်းသီးဟင်းရွက်များတွင် ကလေးများသွားတိုက်ပြီးနောက် ကျန်ရှိနေနိုင်သည့်သွားပေါ်ရှိ သွားချီး များကိုဖယ်ရှားပေးသည့်အစွမ်းသတ္တိရှိပါသည်။ မိဘများသည်ကလေးများပုံမှန်ဝါးစားနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်သွားရည်စာ(သို့) ဟင်းသီးဟင်းရွက်အချိုပွဲများကိုကျွေးသင့်ပါသည်။ကလေးပါးစပ်ထဲတွင်ရှိသော ဘက်တီးရီးယားပိုးမွှားပေါင်းများစွာကြောင့်ဖြစ်ပွားနိုင်တဲ့ သွားဖုံး ရောင်ခြင်းကိုကာကွယ်နိုင်ဖို့အတွက် သင့်ကလေး ၏ နေ့စဉ်အစားအစာ တွင်ဗီတာမင်စီကြွယ်ဝသောအသီးများ ပါသင့်ပါသည်။ ဗီတာမင်စီကြွယ်ဝသောအစားအစာများစွာရှိပါသည်။ဥပမာ- လိမ္မော်သီး၊ သံပုရာသီး၊ကီဝီသီး၊သင်္ဘောသီး တို့ဖြစ်ကြပါသည်။ ဘယ်ရီသီးများသည်လည်း အာဟာရှိပြီးစားလို့ကောင်းသောနေ့စဉ် စားနိုင်သော အသီးများပင်ဖြစ်ပါသည်။ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ဘလက်ဘယ်ရီကဲ့သို့သော ဘယ်ရီသီးများသည် အရသာရှိရုံသာမက အာဟာရနှင့်ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝပါသည်။ ဘယ်ရီသီးများနှင့်အခြားဗီတာမင်စီပြည့်ဝသော အသီးအနှံများသည် ကလေး၏ ပါးစပ်ထဲတွင်ရှိသော ဘက်တီးရီးယားများကို ဖျက်ဆီးပေးပြီး သွားဖုံးများကို ကျန်းမာကြံ့ခိုင်စေပါသည်။အကယ်၍သင့်ကလေးသည်အသက်သုံးနှစ်ကျော်ပြီဆိုပါက နေကြာစေ့ကဲ့သို့သောအစေ့အဆံများကိုစတင်ကျွေးနိုင်ပါပြီ။ ထိုအစေ့များသည်သတ္တုဓါတ်၊ကျန်းမာရေးနှင့်ညီညွတ်သောအဆီ၊အသားဓါတ်နှင့်အမျှင်ဓါတ်ကြွယ်ဝရုံသာမကဘက်တီးရီးယားများ ကိုကာကွယ်ပေးနိုင်ပြီးသွားများအတွက် လိုအပ်သောသဘာဝအဆီများကို ပေးစွမ်းပါသည်။ အစေ့အဆံများတွင် ပါဝင်သောသဘာဝဆီသည် သွားကြွေလွှာများကိုကြံ့ခိုင်စေပြီး အချို့အစေ့များသည်သွားအတွက် လိုအပ်သောကယ်လ်စီယမ်ကို ပေးစွမ်းပါသည်။ အစေ့အဆံများအားလုံးကိုရေခဲသေတ္တာထဲတွင်သိုလှောင်ရန်အကြံပြုထားပါသည်။ အဘယ်ကြောင့်ဆိုသော်အစေ့အဆံများပျက်စီးခြင်းမှကာကွယ်ရန်ဖြစ်ပါသည်။အကယ်၍သင်ဟာသစ်သီးတွေ(သို့မဟုတ်)ဟင်းသီးဟင်းရွက်သွားရည်စာတွေပြင်ဆင်ပေးဖို့အတွက်မအားလပ် ဘူးဆိုပါက ပီကေတစ်ဘူးဝယ်ပေးခြင်းက ပိုပြီးသင့်တော်ပါသည်။ ပီကေအများစုသည်ပါးစပ်ထဲတွင်ရှိသော သဘာဝကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး သွားချီးများကိုဖယ်ရှားပေးပါသည်။ ထို့အပြင် သကြားမပါဝင်သော ပီကေများသည် ထမင်းစားပြီးသောအချိန်တွင်စားပါကသင့်ကလေးကိုသွားပိုးစားခြင်းမှကာကွယ်ပေးပြီး ခံတွင်းနံ့သင်းစေပါသည်။သကြားမပါဝင်သောနို့ထွက်ပစ္စည်းများသည်ကလေး၏သွားအတွက်အလွန်လိုအပ်ပါသည်။ဥပမာဆိုရသော် ချိစ့် သည်ကလေး၏တံတွေးထွက်ခြင်းကို လှုံ့ဆော်ပေးပြီး ၎င်းတွင်ပါဝင်သောကယ်လ်ဆီယမ်သည် အက်ဆစ်များကြောင့် သွားများပျက်စီးခြင်းမှ ကာကွယ်ပေးပြီး လိုအပ်သော သတ္တုဓါတ်များ ဖြည့်စွမ်းပေးပါသည်။ ကလေးများအကြိုက်နို့ထွက်ပစ္စည်းများဖြစ်သည့်နို့၊ဒိန်ချဉ် နှင့် သကြားမပါသော ရေခဲမုန့်များသည် သွားအတွက် လိုအပ်သည့် ကယ်လ်စီယမ်နှင့် ဖော့စ်စဖိတ်ကိုဖြည့်စွမ်းပေးပါသည်။ ဗီတာမင် များထပ်ဖြည့်ထားသော နို့များသည်လည်းကလေးများကိုဗီတာမင်ဒီ ဖြည့်စွမ်းပေးပါသည်။ ထိုဗီတာမင်သည် ခန္ဓါကိုယ်မှ ကယ်လ်စီယမ်ကို အကျိုးရှိစွာ အသုံးချရန် ကူညီပေးပါသည်။အတိုချုပ်ပြောရသော်သင့်ကလေး၏သွားကျန်းမာရေးအတွက်အလိုအပ်ဆုံးများမှာ ပါးစပ်တွင်းရှိ အက်ဆစ်ဓါတ်များကို ဖယ်ရှားပေးပြီး ကျန်းမာရေးနှင့် မညီညွတ်သော ဘက်တီးရီးယားများကို ဖျက်ဆီးပေးသည့်အပြင် သွား၏ကြွေလွှာများကို ပြန်လည်ပြင်ဆင်ရာတွင် လိုအပ်သော ဗီတာမင်များနှင့် တံတွေးထုတ်လုပ်ခြင်းကိုလှုံဆော်ပေးသောသတ္တုဓါတ်များပါဝင်သည့်အစားအစာများ နှင့်သောက်စရာများပင်ဖြစ်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%81%8f%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1/
Polymyalgia rheumatica (ပိုလီမိုင်ရယ်လ်ဂျီးရား ရုမတစ်ကာ)
ကြွက်သားတွေနာကျင်ခြင်းတောင့်တင်းခြင်းကိုဖြစ်စေတဲ့ ရောင်ရမ်းခြင်းရောဂါဖြစ်ပါတယ်။ အထူးသဖြင့် ပခုံးတွေမှာဖြစ်ပါတယ်။ လက္ခဏာတွေက မြန်မြန်ပြလေ့ရြှိပီး မနက်ပိုင်းတွေမှာပိုဆိုးပါတယ်။အများစုက အသက်၆၅နှစ်အထက်တွေဖြစ်ပါတယ်။ အသက်၅၀အောက်တွေမှာ ဖြစ်တာအလွန်ရှားပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ မြောက်ပိုင်းဥရောပအနွယ်ဝင်တွေနဲ့ စကန်ဒီနေဗီယန်အနွယ်တွေမှာ ပိုဖြစ်ပွားနိုင်ချေများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။polymyalgia rheumatica ရဲ့ ရောဂါလက္ခဏာတွေကတော့ ခန္ဓါကိုယ်နှစ်ခြမ်းစလုံးမှာ ဖြစ်လေ့ရှိပါတယ်။ပထမဆုံးလက္ခဏာအနေနဲ့ ပခုံးနာကျင်ခြင်းအောင့်ခြင်း။လည်ပင်၊ လက်မောင်းအထက်ပိုင်း၊ တင်ပါး၊ တင်ပဆုံရိုးနဲ့ ပေါင်နာကျင်ခြင်း အောင့်ခြင်း ကိုက်ခဲခြင်း။သက်ရောက်ခံရတဲ့ ဖြစ်ပွားတဲ့နေရာမှာ တောင့်တင်းခြင်း အထူးသဖြင့်မနက်ပိင်းတွေမှာ ဒါမှမဟုတ် အချိန်အကြာကြီးမလှုပ်ရှားဘဲနေတာမျိုးတွေမှာ ဖြစ်ပါတယ်။ဖြစ်ပွားတဲ့နေရာမှာ အကန့်အသတ်နဲ့သာလှုပ်ရှားနိုင်ခြင်း။လက်ကောက်ဝတ်၊ တံတောင်ဆစ်နဲ့ဒူးခေါင်းတွေမှာ နာကျင်ခြင်း၊ တောင့်တင်းခြင်း( အဖြစ်တော့နည်းပါတယ်။ )။ပိုပြီးယေဘုယျကျတဲ့လက္ခဏာတွေကတော့။မဆိုသလောက်ဖျားခြင်း။မောပန်းနွမ်းနယ်ခြင်း။နုံးခြင်း။အစားစားလိုစိတ်မရှိခြင်း။မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း။စိတ်ဓါတ်ကျခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ကိုက်ခဲခြင်းနာကျင်ခြင်း တောင့်တင်းခြင်းတွေခံစားခဲ့ရမယ်ဆိုရင် ပြသသင့်ပါတယ်။အအိပ်ပျက်မယ်ဆိုရင်။အဝတ်အစားဝတ်ခြင်းလိုမျိုး နေ့စဉ်လှုပ်ရှားမှုတွေကို အနှောင့်အယှက်ဖြစ်နေခေဲ့မယ်ဆိုရင်။ဘောကြာင့်ဖြစ်ရတယ်ဆိုတာကို မသိရသေးပါဘူး။ အချို့သောဂျင်းတွေနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေက ရောဂါဖြစ်နိုင်ချေကိုများစေပါတယ် ပတ်ဝန်ကျင်အကြောင်းအရာတွေကလည်း ရောဂါကြိးထွားရာမှာ အဓိကကျပါတယ်။ နောက်ပိုင်းအသစ်တွေ့ရှိချက်တွေမှာ စက်ဝန်းအလိုက်ဖြစ်ပြီး ရာသီအလိုက်ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်ကူးစက်ပိုးဝြင်ခင်းလိုမျိုး ပတ်ဝန်းကျင်တွန်းအားတွေက ရောဂါကိုဖြစ်စေတယ်လို့အကြံပြုကြပါတယ်။ လက္ခဏာတွေမြန်မြန်ဖြစ်လာခြင်းက ကူးစက်ပိုးကြောင့်ဖြစ်တယ်လို့ ယူဆကြပါတယ်။ တကယ်တမ်းမှာတော့ ဆက်နွှယ်နေတာတော့ မတွေ့သေးပါဘူး။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်အရွယ်-အသက်ကြီးတဲ့လူတွေမှာ လုံးဝနီးပါးအဖြစ်များပါတယ်။ ပျမ်းမျှအသက်ကတော့ ၇၃နှစ်ဖြစ်ပါတယ်။အမျိုးသားအမျိုးသမီး-အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေနှစ်ဆပိုများပါတယ်။လူမျိုးနဲ့နေထိုင်ရာဒေသ– မြောက်ပိုင်းဥရောပလူဖြူတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လူပတ်ရောဂါနဲ့ အဆစ်ရောင်ရောဂါတွေလို ရောင်ရမ်းခြင်းဆိုင်ရာအခြားရောဂါတွေနဲ့ လက္ခဏာတွေကအလားတူနေပါတယ်။ တိကျတဲ့အဖြေရှာအတည်ပြုခြင်းရနိုင်ဖို့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေ၊ ရောင်ရမ်းခြင်းနဲ့ သွေးဆိုင်ရာပုံမမှန်ခြင်းများအတွက် မြောက်များလှစွာသော စစ်ဆေးခြင်းများပြုလုပ်ပေးပါလိမ့်မယ်။သင့်ရဲ့ရွေ့လျားလှုပ်ရှားနိုင်မှုကို အကဲဖြစတ်ဖို့အတွက် လည်ပင်းလက်မောင်းနဲ့ခြေသလုံးတွေကို ဖြည်းညြဖ်းညင်ညင်သာသာရွေ့စေပါလိမ့်မယ်။ ဒီရောဂါရှိနေပြိလို့သံသယရှိလာတဲ့အခါမှာ ခန္ဓါကိုယ်တွင်းရောင်ရမ်းခြင်းလက္ခဏာတွေကို စစ်ဆေးဖို့အတွက် သွေးဖောက်စစ်ခြင်းများကို ပြုလုပ်ရနိုင်ပါတယ်။ သွေးနီဥအနည်ထိုင်နှုန်းနဲ့ ဆီရီအတ်တစ်ပရိုတိန်းပမာဏ ကို တိုင်းတာပေးပါလိမ့်မယ်။ ဒိပမာဏနှစ်ခုအလွန်အမင်းပုံမှန်မဟုတ်ဘဲများနေခြင်းက ရောင်ရမ်းခြင်းရှိနေပြီလို့ ယူဆနိုင်ပါတယ်။အဆစ်နဲ့တစ်ရှူးတွေမှာ ရောင်ရမ်းခြင်းရှိမရှိစစ်ဆေးဖို့အတွက် အယ်ထရာဆေင်းရိုက်ပေးနိုင်ပါတယ်။ အယ်ထရာဆောင်းက ကြိမ်နှုန်းမြင့်အသံလှိုင်းတွေကိုအသုံးပြုပြီး ခန္ဓါကိုယ်အနှံမှာရှိတဲ့ အစိတ်အပိုင်းတွေကို တိကျတဲ့ပုံရိပ်တွေအဖြစ်ပုံဖော်ပေးပါတယ်။ လက္ခဏာတူတဲ့အခြားအခြေအနေတွေကနေ ခွဲခြားရာမှာအကူအညီပေးနိုင်ပါတယ။်။ဒိရောဂါနဲ့ နားထင်သွေးလွှတ်ကြောရောင်ရမ်းခြင်းက ဆက်နွှယ်နေတာကြောင့် ဆရာဝန်က အသားစနမူနာယူချင်ပါလိမ့်မယ်။ နားထင်နေရာက သွေးလွျှွှ်ကြောတစ်ရှူးနမှုနာသေးသေးလေးဖယ်ထုတ်ခြင်းက အလွန်ရိုးရှင်းပြီးအန္တရာယ်နည်းပါတယ်။ တစ်ရှူးနမူနာကို ဓါတ်ခွဲခန်းကိုပို့ပြိး ရောင်ရမ်းခြင်းလက္ခဏာတေါကို ခွဲခြမ်းစိတ်ဖြာမှာဖြစ်ပါတယ်။ သွေးကြာတွေရောင်ရမ်းခြင်းဖြစ်နေပြီလို့ သံသယရှိတဲ့အခါမှသာလျှင် တစ်ရှူးနမူနာယူဖို့လိုပါတယ်။နားထင်သွေးလွှတ်ကြောရောင်ခြင်းအတွက် လက္ခဏာများ။နာတာရှည်ခေါင်းကိုက်ခြင်း။အမြင်ဝါးခြင်း နှစ်ထပ်မြင်ခြင်း။အမြင်အာရုံဆုံးရှုံခြင်း။ဦးရေတင်းခြင်း။မေးရိုးနာကျြင်ခင်း။လက္ခဏာတွေသက်သာစေဖို့အတွက ်ဆေးတွေပါပါတယ်။ မကြာခဏရောဂါပြန်ထခြင်း အဖြစ်များပါတယ်။ပရတ်နီဆုန်းလိုမျိုး ကော်တီကိုစတီးရွိုက်သောက်ဆေးပမာဏနည်းနည်းက ကုသရာမှာသုံးလေ့ရှိပါတယ်။ ကုသမှုအစပိုင်းနေ့စဉ်ပမာဏကတော့ ၁၂ကနေ၂၅မိလီဂရမ်တစ်နေ့စာဖြစ်ပါတယ်။ပထမနှစ်ရက်သုံးရက်အတွင်းမှာ နာကျင်ခြင်းတောင့်တင်းဖြင်း စပြီးသက်သာနိုင်ပါတယ်။ ကုသမှုကမထိရောက်ဘူးဆိုရင် အဆစ်ရောင်အထူးကုဆရာဝန်ဆီ လွှဲပေးပါလိမ့်မယ်။ကုသမှုစပြီး နှစ်ပတ်ကနေလေးပတ်ကြာပြီးနောက် သင့်လက္ခဏာနဲ့ သွေးစစ်တဲ့အဖြေပေါ်မူတည်ပြီး ဆေးပမာဏကိုဖြည်းဖြည်းချင်းလျှော့ပေးပါလိမ့်မယ်။ လက္ခဏာတွေ နောက်ထပ်ပြန်ပေါ်ခြင်းမရှိဘဲ ဆေးပမာဏကိုနည်းနိုင်သမျှနည်းစေနိုင်ဖို့ ဖြစ်ပါတယ်။လူနာအများစုမှာ ကော်တီကိုစတီးရွိုက်ကုသမှုကု အနည်းဆုံးတစ်နှစ်ဆက်ပေးဖို့လိုပါတယ်။ ကုသမှုထိရောက်မရောက်၊ ဘေးထွက်ဆိုးကျိုးတွေရှိနေမနေ စောင့်ကြည့်နိုင်ဖို့ ဆရာဝန်နဲ့မကြာခဏပြသဖို့ လိုပါလိမ့်မယ်။ဆေးကိုမြန်မြန်လျှော့ချလိုက်ခြင်းက ရောဂါပြန်ထစေပါတယ်။ လူနာ၃၀ကနေ၆၀ရာနှုန်းမှာ ကော်တီကိုစတီးရွိုက်လျှော့ချပြိး ရောဂါအနည်းဆုံးတစ်ကြိမ်ပြန်ထနိုင်ပါတယ်။ ယာယီဆေးပမာဏတိုးပေးခြင်းဖြင့် ရောဂါပြန်ထခြင်းကိုကုသနိုင်ပြီး နောက်ပြန်လျှော့ချသွားရမှာစြဖ်ပါတယ်။ကော်တီကိုစတီးရွိုက်ရေရှည်အကြာကြီးစွဲသုံးခြင်းက ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးများစွာကို ဖြစ်စေပါတယ်။ ဆရာဝန်က သင့်ပြဿနာတွေအတွက် အနီးကပ်စောင့်ကြည့်ပေးပါလိမ့်မယ်။ ဆေးပမာဏကိုချိန်ညှိပေးပြီး ကော်တီကိုစတီးရွိုက်ကုသမှုအပေါ်တုန့်ပြန့်မှုတွေကို ကွပ်ကဲနိုင်တဲ့ကုသမှုတွေကို ညွှန်ကြားပါလိမ့်ယမ။် ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့။ကိုယ်အလေးချိန်တက်ခြင်း။အရိုးပါးခြင်း- အရိုးသိပ်သည်းဆနည်းခြင်း၊ အရိုးအားနည်းခြင်း။သွေးတိုးခြင်း။ဆီးချို။မျက်လုံးတိမ်စွဲခြင်း။ဆရာဝန်က ကော်တီကိုစတီးရွိုက်ကုသမှုကြောင့်အရိုးပါးခြင်းကို ကာကွယ်ုဖိအတါက ်ကယ်ဆီယမ်နဲ့ဗီတာမင်ဒီဖြည့်စွက်ဆေးများ နေ့စဉ်မှီဝဲဖို့ညွှန်းပါလိမ့်ယ် အမေရိကန်အဆစ်အမြစ်ရောင်အဖွဲ့အစည်းက ကော်တီကိုစတီးရွိုက် မှီဝဲနေရသူများအတွကိ နေ့စဉ်ဆေးပမာဏကို သတ်မှတ်ပေးထားပါတယ်။ကယ်ဆီယမ် ၁၂၀၀မှ ၁၅၀၀မီလီဂရမ်။ဗီတာမင်ဒီ ၈၀၀မှ ၁၀၀၀ အိုင်ယူ။အဆုတ်ရောင်ကာကွယ်ဆေးထိုးခြင်း။ပရတ်နီဆိုလုန်း တစ်နေ့၂၀မီလီဂရမ်သို့ အထက်ပိုသုံးနေတယ်ဆိုရင် အဆုတရောင်ကာကွယ်ဆေးထုးဖို့ ဆရာဝန်ကညွှန်ကြားပါလမ်မယ်။အမေရိကန်နဲ့ဥရောပ အဆစ်အမြစ်ရောင်အဖွဲ့အစည်းက ကော်တီကိုစတီးရွိုက်သုံးပြုလူနာအချို့မှာ မီသိုထရတ်ဆိတ်သုံးဖို့အကြံပြုပါတယ်။ ဒီဆေးက ခုခံအားစနစ်ကိုချပေးတဲ့ သောက်ဆေးဖြစ်ပါတယ်။ ကုသမှုအစပိင်းမှာသို့ နောက်ပိုင်းမှာအသုံးဝင်ပါတယ်။ ရောဂါပြန်ထတာမျိုး သို မဟုတ့် ကော်တီကိုစတီးရွိုက်ဆေးမတိုးတာမျိုးတွေမှာ ဖြစ်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေက ကောင်းကျိုးရနိုင်ပါတယ်။ နေ့စဉ်အလုပ်တွေကိုဆောင်ရွက်နိုင်စွမ်း၊ သန်မာခြင်းနဲ့ ဆီလျော်အောင်လုပ်ဆောင်နုငိငြခ်းကု ပြန်ရဖို့ကြိုစားနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာကုထုံးက ကောင်းမကောင်းသင့်တော်မတော် ဆရာဝန်နဲပဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် polymyalgia rheumatica ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွှတ်စွာစားသောက်ခြင်း- အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ ကောက်နှံစစ်စစ်များ၊ အဆီမပါတဲ့အသားနဲ့ နှိ့ထွက်ပစ္စည်းတွေကို စားပါ။ အရည်ပုံခြင်းနဲ့သွေးုတိုးခြင်းကိုကာကွယ်ဖို့အတွက် ဆားလျှော့စားပါ။လေ့က်ျငခန်းပုံမှန်ပြုလုပ်ပါ။ ကျနးမာတဲ့ကိုယ်အေလးချိန်ကိုထိန်းနိုင်ဖို့နဲ့ အရိုးနဲ့ကြွက်သားတွေကိုနသန်မာဖို့အတွက ် လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ဆရာဝန်နဲပတုင်ပင်ပါ။အထောက်အပံ့ပေးကိရိယာများ အသု့းပြုခြင်း – ဘီးပါတဲ့ခရီးဆောင်အိတ်၊ ပစ္စည်းတင်တွန်းလှည်း၊ ရေချိုးခန်းအကိုင်တန်းတွေနဲ့ အခြားအကူပစ္စည်းကိရိယာတွေက နေ့စဉ်တာဝန်တွေကို ပိုမိုလွယ်ကူစေပါလိမ့်မယ်။ ခွာနိမ့်ဖိနပ်အပါးလိုမျိုး လဲကျနိုင်ချေနည်းစေတာမျိုးကို ရွေးချယ်ပါ။ တောင်ဝှေး သို့အခြားသောလမ်းလျှောက်အကူပစ္စည်းတွေက မလဲကျသွားအောင်း မထိခိုက်အော်ငကာကွယ်ဖိုပအတွက် သင့်တော်မတော် ဆရာဝန်နဲ့တိုင်ပင်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/polymyalgia-rheumatica-%e1%80%95%e1%80%ad%e1%80%af%e1%80%9c%e1%80%ae%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%9a%e1%80%ba%e1%80%9c%e1%80%ba%e1%80%82%e1%80%bb%e1%80%ae/
မိုးရာသီ နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီလိုကာကွယ်ကြမယ်
လူတစ်ယောက်ကို အရင်ဆုံးကြည့်ရင် မျက်နှာကနေပဲ စကြည့်တတ်ကြတာနော်။ ဒီတော့နှုတ်ခမ်းသားက ခြောက်ပြီး အက်ကွဲနေမယ်၊ မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင်တော့ အလှပျက်ရပြီပေါ့။ နှုတ်ခမ်းခြောက်တယ်ဆိုတာဆောင်းရာသီမှာမှ ဖြစ်နိုင်တာမဟုတ်ဘူးနော်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရော၊ ခုလို အေးမြပြီး မိုးတဖွဲဖွဲဖြစ်နေတဲ့ မုတ်သုံရာသီမှာပါ နှုတ်ခမ်းခြောက်ပြီး ကြမ်းသွားနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ မုတ်သုံရာသီအတွက် နှုတ်ခမ်းသားမပျက်စီးစေဖို့ ကာကွယ်ပုံနည်းလမ်းတွေကို အဓိက ပြောပြပေးချင်ပါတယ်။၁။နှုတ်ခမ်းခြောက်နေတယ်ဆိုပြီး လျှာနဲ့ လျက်တဲ့ အကျင့်ကိုဖျောက်ပါ။ တံတွေးနဲ့ စိုသွားတော့ နှုတ်ခမ်းလေး ပြောင်လက်သွားမှာပဲလို့ ထင်တတ်ကြပေမယ့် ဒီအကျင့်က ကိုယ့်ရဲ့ နှုတ်ခမ်းကို ပိုခြောက်အောင် နှိုးဆွပေးလိုက်သလို ဖြစ်စေပါတယ်။ ဒါ့အပြင်ပါးစပ်ထဲမှာရှိနေတဲ့ အင်ဇိုင်းတွေက အစာခြေဖို့အတွက် ကူညီပေးတာဖြစ်လို့ နှုတ်ခမ်းပေါ် ရောက်သွားတဲ့အခါ အရေပြားကို ယားယံစေနိုင်လို့ပါ။၂။ ကိုယ်ခန္ဓာအရေပြားအတွက် Scrub တိုက်ပြီး ကြေးချွတ်ပေးဖို့လိုသလို နှုတ်ခမ်းကိုလည်း Scrub တိုက်သင့်ပါတယ်။ မကြာခဏဆိုသလို အပြင်က ဖုန်မှုန့်တွေကပ်နေတာ၊နေရောင်ခြည်ဒဏ်ေကြာင့် နှုတ်ခမ်းအပေါ်ယံ အရေပြားမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးသွားတဲ့အခါ ဒီဆဲလ်တွေကို ချွတ်ချဖို့အတွက် Scrub တိုက်ပေးရပါမယ်။၃။ မျက်နှာသစ်ပြီးတဲ့အခါ နှုတ်ခမ်းကို အပြောင်အတိုင်း မထားပါနဲ့။ နှုတ်ခမ်းလှအဆီ (Lip Balm) ကို ပါးပါးလေး လိမ်းပေးပါ။ သူက အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပြီး နှုတ်ခမ်းသားအက်ကွဲတာကို ကုသပေးနိုင်တယ်။ အဆီဓာတ်ပါဝင်မှုကြောင့် နှုတ်ခမ်းသားကို ခြောက်မသွားစေဘဲ စိုလက်လက်လေး ဖြစ်နေစေပါတယ်။ပြင်ပနေရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်တယ်နော်။၄။ နှုတ်ခမ်းကို သွားတိုက်တံနဲ့ ခြစ်ချတာ၊ လက်နဲ့ ပွတ်သပ်ကိုင်တွယ်တာ၊ နှုတ်ခမ်းအရေပြားကို လက်နဲ့ခွာတာမျိုးတွေ မလုပ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်ပြီး အသားပပ်နေတဲ့အချိန်ဆိုရင် ပိုပြီးတောင် မလုပ်သင့်ပါဘူး။ အဆီနည်းနေတဲ့အချိန် နှုတ်ခမ်းသားကို ပိုခြောက်ပြီး အက်ကွဲနိုင်လို့ပါ။၅။ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေက ဘယ်အချိန်ပဲဖြစ်ဖြစ် စိုလက်ပြီး ကြည်လင်ဝင်းပနေမှာအသေအချာပါပဲ။၆။ ဗီတာမင် စီ ပါဝင်တဲ့ အစားအစာတွေ၊ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေကိုလည်း စားပေးပါ။ အစားအစာကနေ လုံလောက်မှုမရှိဘူးလို့ ထင်ရင် ဗီတာမင် စီ အားဆေးတွေကို သောက်ပေးလို့ရပါတယ်။ရာသီဥတုအေးတဲ့ ခုလိုအချိန်ကာလဆိုရင် နှုတ်ခမ်းခြောက်ပြီးအသားပပ်တာတွေ အဖြစ်များတာကြောင့်  နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီနည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်နော်။ အရေပြားဆိုတာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae-%e1%82%8f%e1%82%88%e1%80%90%e1%80%b9%e1%80%81%e1%80%99%e1%80%b9%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%95%e1%80%ba/
Intracranial hematoma (ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်း)
ဦးခေါင်းခွံထဲမှာသွေးတွေစုနေတာကိုဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်းလို့ခေါ်ပါတယ်။သွေးစုခြင်းကဦးနှောက်တစ်ရှူးတွေအတွင်းမှာဖြစ်ဖြင်းဒါမှမဟုတ် ဦးခေါင်းခွံအောက်မှာစုခြင်းတွေကနေဦးနှောက်သားကိုဖိမိနိုင်ပါတယ်။ဦးခေါင်းခွံအတွင်းသွေးလုံးဖြစ်ခြင်းကအသက်အန္တရာယ်ကိုစိုးရိမ်ရပါတယ်။-epidural hematomas ဂျ ူရာအလွှာနားတွင် သွေးလုံးဖြစ်ခြင်းဦးခေါင်းခွံနဲ့ ဦးနှောက်ကိုအုပ်ထားတဲ့။အပြင်လွှာကြားမှာသွေးလုံးစုခြင်းကိုခေါ်ပါတယ်။-subdural hematomas ဂျ ူရာအလွှာအောက်တွင် သွေးလုံးဖြစ်ခြင်း။ အပြင်အလွှာနဲ့ အလည်အလွှာကြားမှာဖြစ်ခြင်းကိုခေါ်ပါတယ်။-intracerebral hematomas ဦးနှောက်အတွင်းမှာသွေးလုံးဖြစ်ခြင်း ။PasteTextHere။ဦးခေါင်းကိုထိမိခိုက်မိတာမျိုးကြောင့် သင့်ဆီမှာဦးခေါင်းခွံအတွင်းမှာသွေးလုံးဖြစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေ ပြလာနိုင်ပါတယ် တစ်ခါတစ်လေမှာတော့ လချီကြာပြီးမှ ပေါ်လာတာတွေရှိပါတယ်။ ခေါင်းကိုဒဏ်ရာရပြီးနောက်မှာသင်ဟာဘာမှမဖြစ်ပဲကောင်းနေနိုင်ပါတယ်။၎င်းကို lucid interval ဆိုပြီးခေါ်ပါတယ်။သို့သော်လည်းအချိန်ရလာတာနဲ့အမျှ သင့်ဦးနှောက်မှာဖိအားတွေဖြစ်လာပြီးအောက်ပါပြောပြမယ့် ရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။-ခေါင်းကိုက်ခြင်း။-အန်ခြင်း။-မူးဝေခြင်းနဲ့ သတိလစ်ခြင်း။-မူးခြင်း။-စိတ်ရှုပ်ထွေးခြင်း။-သူငယ်အိမ်အရွယ်အစားမတူညီခြင်း။-စကားပြောမပီသခြင်း။ဦးနှောက်ထဲကိုသွေးစီးဆင်းတာများသောကြောင့် ဒါမှမဟုတ် သင့်ဦးနှောက်နဲ့ ဦးခေါင်းခွံကြားနေရာကျဉ်းသွားသောကြောင့် အခြားရောဂါလက္ခဏာတွေကတော့။-မကြည်မလင်ဖြစ်နေခြင်း။-တက်ခြင်း။-သတိလစ်ခြင်း။((အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အောက်မှာပြောထားတဲ့အချက်တွေထဲသင့်မှာရှိခဲ့ရင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။-သတိလစ်ခြင်း။-ခေါင်းကြာရှည်စွာကိုက်နေခြင်း။-အန်ခြင်းအားနည်းခြင်း အမြင်ဝါးခြင်းနှင့် တည်ငြိမ်မှုမရှိခြင်း။(သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။)။အများအားဖြင့် သွေးကြောတေကွက ွနေသွေးယိုလို့ နောက်ပြီးဦးနှောက်ကိုကာထားတဲ့ အပြင်ဘက်နဲ့အလည်က အလွှာမှာသွေးယိုတာကနေလည်းဖြစ်စေပါတယ်။ဦးခေါင်းခွံအလွှာအောက်တွင်သွေးလုံးဖြစ်ခြင်းမှာ သွေးလွှတ်ကြောတွေကနေသွေးယိုစီးမှုကြောင့်ဖြစ်ရပါတယ်။ဦးခေါင်းခွံအလွှာအောက်တွင်သွေးလုံးဖြစ်ခြင်းမှာချက်ခြင်းဖြစ်ခြင်း၊ အချိန်အနည်းငယ်ကြာမှဖြစ်ခြင်း၊နဲ့ အချိန်ကြာမှဖြစ်ခြင်းဆိုပြီးရှိပါတယ်။-ရုတ်တရက်ချက်ခြင်းဖြစ်ခြင်း။ ဒီပုံစံကတော့ အရမ်းဆိုးတဲ့ဦးခေါင်းထိခိုက်မှုဒဏ်ကြောင့် ဖြစ်ရပြီးရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ပေါ်လာတတ်ပါတယ်။-အချိန်အနည်းငယ်ကြာမှဖြစ်ခြင်း။ ရောဂါလက္ခဏာတွေ ပေါ်လာဖို့ အချိန်ယူပါတယ်တစ်ခါတစ်လေထိခိုက်ဒဏ်ရာရပြီးရက်တွေ အပတ်တွေကြာမှဖြစ်လေ့ရှိပါတယ်။-အချိန်ကြာမှဖြစ်ခြင်း.တအားမပြင်းထန်တဲ့ခေါင်းဒဏ်ရာရခြင်းများ၊ဒီလိုဟာမျိုးကတော့ ဖြည်းဖြည်းချင်းသွေးစိမ့်ထွက်တာမျိုးဖြစ်တတ်ပြီးရောဂါလက္ခဏာတွေဟာလတွေ အပတ်တွေ အချိန်တွေကြာလှမှ ဖြစ်လာတတ်ပါတယ်။ သင်ကဘယ်အချိန်ကခေါင်းဒဏ်ရာရသလဲဆိုတာတောင်မှတ်မိမှာမဟုတ်တော့ပါဘူး။ဥပမာအားဖြင့် သင်က ကားထဲဝင်ခါနီးခေါင်းနဲ့တိုက်မိလိုက်တယ်ဆိုရင် ခေါင်းထဲမှာသွေးယိုနေတာမျိုးဖြစ်တတ်ပါတယ် တကယ်လို့ သင်ကသွေးကြဲဆေးတွေသောက်နေရတယ်ဆိုရင်ပေါ့။ဦးနှောက်အလွှာတစ်ဝိုက်တွင် ဖြစ်သောသွေးလုံးဖြစ်ခြင်းကတော့ဦးနှောက်ရဲ့ အပြင်လွှာနဲ့အလယ်လွှာကြားမှာသွေးလွှတ်ကြောဒါမှမဟုတ် သွေးပြန်ကြောမကြီးတွေကနေသွေးယိုလ့ိုဖြစ်ရပါတယ်။ ဒီလိုသွေးထွက်ခြင်းဟာ ဦးခေါင်းခွံကျိုးပဲ့ရာကနေသွေးကြောကိုဆွဲဖြဲသလိုဖြစ်ပြီး ဖြစ်တတ်တာမျိုးပါ။ အဖြစ်အများဆုံးအကြောင်းကတော့ ထိခိုက်ဒဏ်ရာရခြင်းကနေပါပဲ။ဦးနှောက်အတွင်းမှာသွေးတွေ အိုင်နေခြင်းကိုဦးနှောက်အတွင်းသွေးလုံးဖြစ်ခြင်းလို့ခေါ်ပါတယ်။ထိခိုက်ဒဏ်ရာရခြင်း၊ သွေးကြောပေါက်ခြင်း၊ သွေးပြန်ကြောဆိုင်ရာပုံစံပျက်ခြင်း၊ သွေးတိုးခြင်း၊ အလုံးအကြိတ်ဖြစ်ခြင်းတို့တွေ အပါအဝင် အခြားအကြောင်းများစွာရှိပါတယ်။ သွေးတွေဦးနှောက်ထဲကိုအစဉ်အဆက်မပြတ် စီးယိုနေခြင်းမျိုးရောဂါတွေရှိပါတယ်။ဦးနှောက်ကိုထိခိုက်ဒဏ်ရာရတာကနေပြီးတော့ အရမ်းဆိုးတဲ့ ဦးနှောက်ထဲသွေးလုံးဖြစ်ခြင်းတွေရရှိတတ်ပါတယ်။ဦးခေါင်းဒဏ်ရာရခြင်း၊ဆိုင်ကယ်သို့မဟုတ် စက်ဘီးလဲခြင်းတိုက်ခြင်းများ၊ပြ ုတ်ကျခြင်း၊ တိုက်ခိုက်ခံရခြင်း၊အားကစားပြုလုပ်ခြင်းများမှရသောဒဏ်ရာများစတာတွေက ဦးခေါင်းခွံအတွင်းသွေးယိုစေသောအဖြစ်အများဆုံးအကြောင်းတွေဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ ခေါင်းဒဏ်ရာရခြင်းကနေတောင်မှ သွေးလုံးတည်ဖြင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒဏ်ရာကမပြင်းထန်ဘူး၊ ပွန်းပဲ့ဒဏ်ရာတွေမရှိဘူးပွင့်ထွက်နေတဲ့ဒဏ်ရာတွေမရှိရင်တောင်မှပဲအရမ်းဆိုးတဲ့ခေါင်းဒဏ်ရာရခြင်းမျိုးဖြစ်နိုင်ပါတယ်။ ဒီအန္တရာယ်ဟာအသက်ကြီးတာနဲ့အမျှ ပိုတိုးလာပါတယ်။ပိုပြီးအန္တရာယ်ရှိတဲ့လူများကတော့။-အက်စ်ပရင် သောက်နေခြင်းနှင့် အခြားသွေးကျဲဆေးများသောက်နေခြင်း။-အရက်သောက်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အချိန်ကြာပြီးမှဖြစ်တဲ့ ဦးခေါင်းခွံအောက်သွေးလုံးဖြစ်ခြင်းဟာပိုပြီးတော့အဖြေရှာရခက်တတ်ပါတယ် ဘာလို့လဲဆိုတော့ ဒဏ်ရာရချိန်နဲ့ ရောဂါလက္ခဏာဖြစ်ချိန်တို့ဟာအချိန်ကွာဟနေလို့ပါ။ အသက်ကြီးတဲ့လူတွေမှာတစ်ဖြည်းဖြည်းနဲ့ မှတ်ဉာဏ်တွေယိုယွင်းကုန်တာမူးနောက်တာတွေဖြစ်ခြင်းကိုအသက်ကြီးလို့ဖြစ်တဲ့ သတိမေ့တတ်တဲ့ရောဂါနဲ့ သွေးလုံးဖြစ်ခြင်းနဲ့ လွဲမှားကောက်ချက်ကြတတ်ပါတယ်။CT ရိုက်ကြည့်ခြင်းနဲ့ ချက်ချင်းဖြစ်တာလားအချိန်နည်းနည်းကြာပြီးမှဖြစ်တာလားအချိန်တအားကြာမှဖြစ်တာလားထောက်လှမ်းလို့ရပါတယ်။MRI ရိုက်ခြင်းနဲ့ အချိန်အကြာကြီးနေမှဖြစ်လာတဲ့ သွေးလုံးဖြစ်ခြင်းမျ ိုးကိုတိတိကျကျ အဖြေပေးလို့ရပါတယ်။သေးတဲ့ သွေးလုံးတွေရယ် ရောဂါလက္ခဏာမပြတဲ့ ဟာတွေရယ်ကိုထုတ်ပစ်စရာမလိုပါဘူး။ သင့်ရဲ့ရောဂါလက္ခဏာတွေပေါ်လာတာတွေရယ် ဒဏ်ရာရပြီးနောက်ဆိုးလာတာတွေရယ် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာဘာချ ို့ယွင်းချက်တွေရှိလာနိုင်မလဲဆိုတာတွေကို။ဦးခေါင်းခွံအတွင်းဖိအားကိုအမြဲတိုင်းတာနေခြင်း CT တွေခဏခဏရိုက်ခြင်းနဲ့ စောင့်ကြည့်လို့ရပါတယ်။သင်ကတကယ်လို့သွေးကြဲဆေးတွေသောက်နေမယ်ဆိုရင် ၎င်းတို့ကတော့ warfarin လိုမျိုးဆိုရင် သွေးကြဲဆေးအာနိသင်ကိုပြောင်းပြန်လုပ်ပေမယ့် ကုသမှုခံယူပြီးသွေးယိုတာလျှော့ချရမှာပါ။ ဗီတာမင်ကေနဲ့ သွေးရည်ကြည်လတ်လတ်ဆတ်ဆတ်သွင်းခြင်းတို့ကိုအသုံးပြုလို့/ရပါတယ်။သွေးလုံးကုသမှုမှာ ခွဲစိတ်ရတာပါဝင်ပါတယ်။ ဘယ်ပုံစံနဲ့ခွဲစိတ်မလဲဆိုတာကတော့သွေးလုံးပေါ်မူတည်ပါတယ်။ ရွေးချယ်နိုင်တာတွေကတော့။-ခွဲစိတ်ပြီးသွေးတွေစီးဆင်းစေခြင်း။ တကယ်လို့သွေးတွေကတစ်နေရာထဲရှိနေခဲ့ရင် ခဲနေတာမဟုတ်ခဲ့ရင် သင့်ဆရာဝန်ကနေပြီးတော့burr holeလို့ခေါ်တဲ့ ဦးခေါင်းခွံမှာအပေါက်လေးဖောက်ပြီးတော့ သွေးတွေကိုစုပ်ထုတ်ပေးခြင်းပြုလုပ်ပေးပါလိမ့်မယ်။Craniotomy ကြီးမားတဲ့သွေးလုံးတွေကိုတော့ သင့်ဦးခေါင်းခွံတစ်စိတ်တစ်ပိုင်းကိုဖြတ်ထုတ်ပြီးသွေးတွေကိုဖယ်ထုတ်တာမျိုးပြုလုပ်ခြင်းဖြစ်ပါတယ်။ဦးခေါင်းခွံအတွင်းသွေးခဲခြင်းကိုကုသပြီးနာလန်ထဖို့ဆိုတာအချိန်ကြာပါတယ်ဒါ့အပြင် လုံးဝအကောင်းထိနာလန်ထဖို့လည်းမလွယ်ပါဘူး။ ဒဏ်ရာရပြီး နာလန်ထဖို့အကောင်းဆုံးအချိန်ကတော့ သုံးလလောက်အတွင်းပဲဖြစ်ပြီးအဲ့နောက်ပိုင်းမှာတော့ တိုးတက်ဖို့ ကောင်းလာဖို့ အချိန်ကြာတတ်ပါတယ်။ တကယ်လို့သင့်မှာဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ပြသနာတွေဆက်လက်ကျန်ရှိနေမယ်ဆိုရင် သင်ကကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဟာတွေအတွက်ကုထုံးတွေလိုပါလိမ့်မယ်။-ညကိုအိပ်ရေး၀၀အိပ်ခြင်းနှင့် နေ့ခင်းဘက်တွေမှာပင်ပန်းချိန်တွေမှာအနားယူခြင်း။-သင်ကကျန်းမာသန်စွမ်းလာတယ်လို့ခံစားရချိန်မှာပုံမှန်ပြ ုလုပ်နေကြအလုပ်တွေကို ပြန်လုပ်ပေးခြင်း။-သင့်ဆရာဝန်က ကောင်းတယ်လို့မပြောမချင်းအားကစားပြုလုပ်ခြင်းများတွင်ပါဝင်ခြင်းမပြုပါနဲ့။-သင် ကားပြန်မမောင်းခင် အားကစားတွေပြန်မလုပ်ခင် စက်ဘီးတွေပြန်မစီးခင် ဒါမှမဟုတ် လေးလံတဲ့ စက်တွေ အသုံးမပြုခင်မှာသင့်ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။-ဆေးတွေမသောက်သုံးခင်မှာသင့်ဆရာဝန်နဲ့တိုင်ပင်ပါ။-သင့်က ပြီးပြည့်စုံစွာမကောင်းသေးချိန်မှာအရက်မသောက်ပါနဲ့။အရက်သောက်ခြင်းကနာလန်ထခြင်းကိုအဟန့်အတားဖြစ်စေပြီးဒုတိယအကြိမ် အန္တရာယ်ဖြစ်ခြင်းကိုဖြစ်စေပါတယ်။-သင်မှတ်ဉာဏ်မှာစဉ်းစားမရတာတွေကိုစာနဲ့ချရေးထားပါ။-အရေးကြီးတဲ့ ဆုံးဖြတ်ချက်မချခင်တွေမှာသင်ယုံကြည်ရတဲ့ သူတစ်ယောက်ယောက်နဲ့ စကားပြောပါ။(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/intracranial-hematoma-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%bc%e1%80%b6%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1/
ဆား နဲ့ ကျန်းမာရေး
ဆားတွေအများကြီးမစားနဲ့သွေးတိုးလိမ့်မယ်။ ကျန်းမာအောင်အငန်လျှော့စားလေဆိုတဲ့စကားတွေက ပုံမှန်လိုလိုကြားနေရတဲ့ စကားသံပါနော်။ ဒါဆို ဆားက မစားဘဲနေရမှာလား။ ဆားလုံးဝမစားရတော့ဘူးလား။ ဆားက စားတာနဲ့ ကောင်းကျိုးမပေးဘဲ ဆိုးကျိုးတွေပဲဖြစ်နေတာလားဆိုပြီးမေးစရာလေးရှိလာပါပြီ။ ဒီအမေးတွေကို ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။ဆားကသွားနဲ့ခံတွင်းအတွက်ကောင်းတယ်ဆိုတာကပြောနေစရာမလိုအောင်အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါဆို ဆားကကျန်းမာရေးအတွက်ကောင်းတယ်ပြောရမှာလား။ တကယ်တော့ ဆားက လုံးဝမစားဘဲနေရမယ့် အရာတော့မဟုတ်ပါဘူး။ ဆားက သွားနဲ့ခံတွင်းရောဂါအတွက်တင်မဟုတ်ပါဘူး။ ဆားက ကူးစက်ရောဂါအတွက်ရော အနာတွေကို သက်သာစေဖို့အတွက်ပါ အသုံးတည့်ပါတယ်။ဆားကို စားနေကျအစားအသောက်တွေထဲမှာ ဆားထည့်စားတာ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ရေဓါတ်ပြည့်ဝစေတယ်။ခန္ဓါကိုယ်မှာ ဆိုဒီယမ် နဲ့ ပိုတက်ဆီယမ် မျှတနေမှကောင်းကောင်းလှုပ်ရှားနိုင်မှာပါ။ ဒါမှလည်း လိုအပ်တဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်တင်းနိုင်မှာပါ။ ခန္ဓါကိုယ်မှာရေဓါတ်မျှတချင်တယ်ဆိုရင် ဆားကို အတန်အသင့်စားသုံးပေးပါ။နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်။ဆားက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ပင်လယ်ဆားက စားပွဲတင်ဆားနဲ့မတူပါဘူး။ဆေးဖက်ဝင်ပါတယ်။ ပင်လယ်ဆားမှာ သဘာဝအတိုင်း သတ္တုဓါတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ကြွက်မတက်အောင်ကာကွယ်ပေးတယ်။ပင်လယ်ဆားမှာပါတဲ့ ဓါတ်က ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ်ဓါတ်ကိုထောက်ပံ့ပေးပြီးကြွက်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆားမှာပါတဲ့ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်တို့ကကြွက်သားတွေအတွက် လိုအပ်တဲ့ အာဟာရတွေကိုထောက်ပံ့ပေးပြီး ကြွက်သားတွေကို ကြွက်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆားဓါတ်မလုံလောက်တဲ့အခါ နှလုံးခုန်မမှန်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက်ပန်းကျတာ၊ တက်တာလိုမျိုးဝေဒနာတွေခံစားရနိုင်ပါတယ်။အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်။ဆိုဒီယမ်က ခန္ဓါကိုယ်ထဲကရေစီးဆင်းမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုကအာရုံကြောစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။ ဦးနှောက်အနေနဲ့ကလည်း ကျန်းမာနေဖို့က ဆိုဒီယမ်နဲ့ အခြားဓါတ်တွေမျှတနေဖို့လိုပါမယ်။ ဒါကြောင့်ဆားကို အတန်အသင့်လောက်တော့ စားသုံးဖို့လိုပါမယ်။အိပ်ရေးဝစေတယ်။ဆားက အိပ်စက်ခြင်းကို အထောက်အပံ့ပေးပါတယ်။ အများကြီးစားမိရင်တော့သွေးပေါင်တက်ပြီး အိပ်ချင်တာမျိုးဖြစ်လာစေနိုင်ပါတယ်။ ဆားက ကိုယ်တွင်းရဲ့ ဆိုဒီယမ်မညီမျှမှုမဖြစ်အောင် ထိန်းညှိပေးပြီး ကိုယ်တွင်းရေဓါတ်ကိုပြည့်ဝစေနိုင်တာကြောင့်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးတာကကောင်းကောင်းအိပ်စက်ဖို့အထောက်အပံ့ပေးနိုင်တာပါ။ဆားကအများကြီးစားရင် သွေးတိုးတယ်ဆိုပေမယ့် နည်းနည်းပဲစားမယ်ဆိုရင်လည်းခန္ဓါကိုယ်မှာ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။အရာရာကတန်ဆေးလွန်ဘေးဆိုသလိုပါ။ ဆားက မစားရင်လည်း ခန္ဓါကိုယ်အတွက် မကောင်းသလို အရမ်းစားလွန်းပြန်ရင်လည်း ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့နေ့စဉ် ဆားကို ၆ ဂရမ်လောက်ထက်တော့ ပိုမစားသင့်ပါဘူး။ တစ်နေ့တာမှာ လူတစ်ယောက်အနေနဲ့ ဆိုဒီယမ်ပမာဏ ၂.၅ ဂရမ်ပဲလိုအပ်ပါမယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားပါဝင်နေမှာဖြစ်တဲ့အတွက်နေ့စဉ် ဆားကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက်ပဲ စားသုံးပေးဖို့လိုပါမယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ ဒီပမာဏက အကောင်းဆုံးပါ။ အရမ်းငယ်လွန်းတဲ့ကလေးတွေအနေနဲ့ ကတော့ ဆားကို ၁ ဂရမ်လောက်ပဲစားသုံးပေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%86%e1%80%ac%e1%80%b8-%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8/
သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုခံယူပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ ပြဿနာများ
သွားနဲ့ခံတွင်းဆိုင်ရာ ကုသမှုတွေခံယူပြီးရင် လူတွေဟာအများအားဖြင့်တော့ သွားဘက်ဆိုင်ရာပြဿနာတွေဖြစ်တတ်ကြပါတယ်။ အဖြစ်အများဆုံးကတော့ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ သွားအိမ်ခြောက်သွေ့ခြင်း၊ အရိုးတွင်း ပိုးဝင်ခြင်း၊ သွေးထွက်ခြင်းနဲ့ မေးရိုးတစ်သျှူးပျက်စီးသေဆုံးခြင်း စတာတွေဖြစ်ပါတယ်။ ကြည့်လိုက်ကြရအောင်။ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်း။အချို့သော သွားဘက်ဆိုင်ရာကုထုံးတွေလုပ်ပြီးသွားရင် ရောင်ရမ်းခြင်းဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် သွားနှုတ်ခြင်းနဲ့ သွားခွဲစိတ်ခြင်း စတာတွေလုပ်ပြီးရင်ပေါ့။ ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ဖို့ သို့မဟုတ်လျှော့ချနိုင်ဖို့အတွက် ရောင်ရမ်းနေတဲ့မျက်နှာပြင်ကို ရေခဲကပ်ပေးပါ။ ရေခဲအိတ်ကို မျက်နှာပေါ်မှာ ၂၅မိနစ်ခန့်ထားသင့်ပြီး ၅မိနစ်ခန့်ဖယ်ရှားလိုက်ပါ။ ဒါကိုပဲထပ်ခါ ထပ်ခါပြန်လုပ်ပါ။ ဒီနည်းလမ်းက ပထမ ၁၈နာရီအတွင်းမှာအသုံးပြုလို့ရပါတယ်။ ၃ရက်ကြာပြီးတဲ့နောက်မှာမှ ရောင်ရမ်းခြင်းက မလျော့သွားသေးဘူး သို့မဟုတ် မပျောက်သွားသေးဘူးဆိုရင် ကုသမှုခံယူထားတဲ့နေရာမှာ ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်ဆီသွားပြီး စစ်ဆေးကြည့်သင့်ပါပြီ။သွားအိမ်ခြောက်သွေ့ခြင်း (dry socket)။Dry socket ဆိုတာ သွားနှုတ်လိုက်ပြီးရင်ခံစားရမယ့် နာကျင်တဲ့အခြေအနေမျိုးပါ။ ဒီအခြေအနေက သွားဖယ်ရှားလိုက်ပြီးတဲ့အခါမှာ ကျန်ခဲ့တဲ့အပေါက်အတွင်းက အရိုးပေါ်နေတာကိုဖော်ပြပါတယ်။ dry socket ဟာ သွားကိုဆွဲနှုတ်လိုက်ပြီးတဲ့နောက်မှာ socket ထဲမှာပုံမှန်ရှိရမယ့်သွေးခဲပျောက်ဆုံးသွားတာကြောင့် ဒဏ်ရာပျောက်ကင်းနိုင်စွမ်းကို ကြန့်ကြာစေနိုင်ပါတယ်။ အများအားဖြင့် သွားနှုတ်ပြီးတဲ့နောက်မှာ ၂ရက် သို့မဟုတ် ၃ရက်နေရင် အနာလျော့သွားရမှာဖြစ်ပေမယ့် သွားနှုတ်ထားတဲ့နေရာကသွေးခဲဆုံးရှုံးသွားတာကြောင့် ရုတ်တရက် နာကျင်မှုကပိုတိုးလာနိုင်ပြီး တစ်ခါတလေမှာ နားကိုက်ခြင်းကိုပါ ဖြစ်စေပါတယ်။ ဒီနာကျင်မှုကတော့ ၁ပတ်ကနေ ၂ပတ်လောက်ကြာတဲ့အချိန်မှာ အလိုလိုပျောက်သွားနိုင်ပါတယ်။ နာကျင်မှုပျောက်သွားစေဖို့ သွားဆရာဝန်က ထုံဆေး ဆွတ်ထားတဲ့ ပတ်တီးစ ကို သွားခေါင်းပေါက် (socket) ထဲထည့်ပေးလိုက်နိုင်ပါတယ်။ ပြီးရင်တော့ သူက ပတ်တီးစ ကို တစ်ရက်တစ်ခါနှုန်းနဲ့ ၁ရက်မှ ၃ရက်ထိ နာတာ ရပ်သွားသည့်တိုင်အောင် လဲလှယ်ပေးနိုင်ပါတယ်။ဆေးလိပ်သောက်သူတွေက အခြားသူတွေထက် ဒီဝေဒနာကိုပိုခံစားရပါတယ်။ ဒါကြောင့် သွားမနှုတ်ခင်နဲ့ နှုတ်အပြီးမှာ ဆေးလိပ်မသောက်သင့်ပါဘူး။ အမျိုးသမီးတွေမှာတော့ dry socket ဖြစ်နိုင်ချေ ပိုမြင့်မားပါတယ်။Osteomyelitis (အရိုးတွင်းပိုးဝင်ခြင်း)။Osteomyelitis ဆိုတာ အရိုးမှာပိုးဝင်ခြင်းဖြစ်ပြီး အများအားဖြင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တတ်ပါတယ်။ ပါးစပ်ထဲမှာဖြစ်တဲ့ Osteomyelitis ဟာ အောက်မေးရိုးကို ပိုးဝင်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် လူနာဟာ အဖျားဝင်တတ်ပြီး ပိုးဝင်တဲ့နေရာမှာ ရောင်ရမ်းနာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ဆရာဝန် သို့မဟုတ် သွားဆရာဝန်က ဓါတ်မှန် ကိုသုံးပြီးရောဂါရှာဖွေပါလိမ့်မယ်။ တကယ်လို့ အရိုးပိုးဝင်ခြင်း ဖြစ်နေတာဆိုရင် ပဋိဇီဝဆေး တွေကို အချိန်အတော်ကြာသောက်ရပါလိမ့်မယ်။သွေးထွက်ခြင်း။သွားနှုတ်လိုက်ပြီးရင်တော့ သွေးထွက်ကြတာပါပဲ။ သွေးပမာဏအနည်းငယ်ဟာ တံတွေးနဲ့ရောသွားတဲ့အခါ တကယ်ရှိတာထက် ပိုပြီးသွေးထွက်များသယောင် ထင်ရပါတယ်။ ပထမတစ်နာရီအတွင်းမှာ သွေးထွက်တာရပ်သွားအောင် သွားနှုတ်လိုက်တဲ့နေရာမှာ ဖိအားတစ်ခုပေးထားလို့ရပါတယ်။ ဥပမာ ဂွမ်းစလေးကိုက်ထားတာမျိုး။ သွေးထွက်တာရပ်သွားတဲ့အထိ ဂွမ်းကို ၂ကြိမ်မှ ၃ကြိမ် လဲလှယ်ပေးရပါလိမ့်မယ်။ ဂွမ်းစဟာ သွားနှုတ်ထားတဲ့နေရာမှာ အနည်းဆုံး၁နာရီအထိ နေရာမရွေ့ဘဲရှိနေဖို့ အရေးကြီးပါတယ်။ သွေးထွက်တဲ့ပြဿနာအဖြစ်များရခြင်းအကြောင်းရင်းက သွေးထွက်လားမထွက်လားသိရအောင် ဂွမ်းစကိုမကြာခဏဖယ်ကြည့်နေလို့ဖြစ်ရတာပါ။ တကယ်လို့ သွေးထွက်တာက ၁နာရီကျော်သွားတာတောင်မရပ်သေးဘူးဆိုရင် သွားဆရာဝန်ကိုပြောပါ။ သွေးတွေကိုဖယ်ရှားပြီး ချုပ်ပစ်ဖို့လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။Aspirin (သို့) warfarin ကဲ့သို့သော သွေးခဲတွေကို ကာကွယ်ပေးနိုင်တဲ့ဆေးတစ်မျိုး ကို ပုံမှန်သောက်နေရသူတွေဟာ သွားမနှုတ်ခင်တစ်ပတ်လောက်အလိုတည်းက ဆရာဝန်ကိုဒီအကြောင်းပြောထားသင့်ပါတယ်။ ဒီဆေးတွေကသွေးထွက်နှုန်းပိုများစေလိုပါ။ ခွဲစိတ်မှုမလုပ်ခင် ဆရာဝန်နဲ့ သွားဆရာဝန်တွေဟာ သောက်နေတဲ့ဆေးပမာဏကိုထိန်းညှိတာ သို့မဟုတ် ဆေးသောက်ခြင်းကိုယာယီရပ်ဆိုင်းတာတွေလုပ်ခိုင်းနိုင်ပါလိမ့်မယ်။မေးရိုးတစ်သျှူးများ ပျက်စီးသေဆုံးခြင်း။ဒါကတော့ မေးရိုးနဲ့ သွားဖုံးတစ်သျှူးတွေထိတွေ့မှုဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ ဒီအခြေအနေဟာများသောအားဖြင့် နာကျင်ခြင်း၊ သွားကျွတ်ခြင်းနဲ့ ပြည်တည်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေဟာလည်း သွားဘက်ဆိုင်ရာကုသမှုတစ်ခုခုခံယူပြီးတဲ့အချိန်မှာ ဖြစ်နိုင်ချေပိုများပါတယ်။ bisphosphonates လို့သတ်မှတ်ထားတဲ့ဆေးတွေသုံးစွဲနေရတဲ့လူနာတွေဟာ ဒီရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ဒါတွေမဖြစ်အောင်ကာကွယ်ဖို့ ကုသမှုမစခင် သင့်ကျန်းမာရေးအခြေအနေအားလုံးကို ရှင်းလင်းသွားအောင် သွားဆရာဝန်ကိုပြောပြသင့်ပါတယ်။သွားဘက်ဆိုင်ရာကုသမှုခံယူပြီးတဲ့နောက်ဖြစ်လာတဲ့ နာကျင်မှုတွေဟာ အလယ်အလတ်စားကနေ ပြင်းပြင်းထန်ထန်နာကျင်မှုတွေထိဖြစ်နိုင်ပါတယ်။ အခြေအနေအများစုမှာ နာကျင်မှုကိုသက်သာစေတဲ့ဆေးတွေ ပဋိဇီဝသောက်ဆေးတွေကိုသောက်နိုင်ပြီး ပိုးသတ်ဆေးပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/orthodontics/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b/
ပြင်းထန်တဲ့ ဒူးနာကျင်မှုတွေအတွက် အဖြစ်များတဲ့ အကြောင်းရင်း(၅)ချက်
ဒူးနာကျင်မှုတွေဟာ သင့်ကို မသက်မသာဖြစ်စေပြီး သွားလာလှုပ်ရှားရ ခက်ခဲစေပါတယ်။ ပြင်းထန်တဲ့ဒူးနာကျင်ခြင်းတွေဟာ မရွေ့လျားနိုင်တာမျိုးထိတောင် ဖြစ်စေတတ်ပါတယ်။ ဒီပြဿနာတွေအတွက် ကုသမှုနည်းလမ်းတွေရှိနေပေမယ့် အချိန်ကာလတစ်ခုထိတော့ ဒီနာကျင်မှုတွေကို ခံစားနေရဦးမှာပါ။ ပြင်းထန်တဲ့ ဒူးနာကျင်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် သူ့ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။ပြင်းထန်တဲ့ဒူးနာကျင်မှုတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘောလုံး၊တင်းနစ် စတဲ့ အားကစားတွေနဲ့ အလုပ်တွေ၊ မတော်တဆမှုတွေကရတဲ့ ဒဏ်ရာတွေဟာ အရွတ်နဲ့ ကြွက်သားကြောတွေကို စုတ်ပြဲစေခြင်းဖြစ်စေနိုင်ပါတယ်။အရွတ်ဟာ အဆစ်မှာ အရိုးတွေကို ဆက်သွယ်ထားတာဖြစ်ပြီး ကြွက်သားကြောကတော့ ကြွက်သားနဲ့ အရိုးကို ဆက်ထားပေးတာပါ။ တကယ်လို့များ ဒူးရဲ့ဘေးက ကြွက်သားကြောနဲ့ အရွတ်တွေ စုတ်ပြဲခဲ့မယ်ဆိုရင် သင်အနားယူလိုက်ရင်တောင်မှ နာကျင်မှုကို ခံစားရမှာပါ။ နာကျင်မှုတွေဟာ ဒူးပေါ် အလေးချိန်တင်လိုက်ရင် ပိုပြီးဆိုးရွားနိုင်ပါတယ်။ရောင်ယမ်းခြင်း၊ ပူနွေးခြင်းနဲ့ အညိုအမည်းစွဲခြင်းတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ သင့်ဒူးက သင့်ထိန်းချုပ်မှုအောက်မှာမရှိဘဲ ခါယမ်းနေတာမျိုးတွေကို ခံစားရနိုင်ပါတယ။်။ဒဏ်ရာရရှိခြင်းဟာ ဒူးမှာရှိတဲ့ အရိုးတွေနဲ့ အခြားသောအစိတ်အပိုင်းတွေ ဥပမာ- အဆစ် စတာတွေကို ပျက်စီးစေနိုင်ပြီး ကျိုးပဲ့ခြင်းနဲ့ သွေးထွက်ခြင်းတွေ အဆစ်ထဲမှာ ဖြစ်စေနိုင်ပါတယ်။ ဒူးထဲမှာ ပူနွေးနေတာ၊ မာကြောနေတာ၊ ရောင်ယမ်းနေတာနဲ့ အညိုအမည်းစွဲတာတို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒူးအခြေအနေက ပိုဆိုးလာပြီး ရောင်ရမ်းတာလည်း ဖြစ်လာတယ်ဆိုရင် ဆေးရုံကို ချက်ချင်းသွားပါ။တကယ်လို့ သင့်ရဲ့ ဒူးခေါင်းရိုး ဒါမှမဟုတ် ဒူးက အခြားအရိုးတွေ ကျိုးပဲ့နေတယ်ဆိုရင် ဒူးထဲမှာ ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ် ။ တစ်ခါတလေမှာ ဘာမဟုတ်တဲ့ အပိုင်းအစလေးကတောင် အဆစ်တွေ ဒါမှမဟုတ် ဒူးရဲ့ soft tissues (နူးညံ့တဲ့ တစ်သျှူး)တွေကို ပျက်စီးစေနိုင်ပါတယ်။ဒူးအကြောရောင်နာမှာတော့ အဆစ်အကြောရောင်နာ (rheumatoid arthritis) ၊ ဒူးရိုးအကြောရောင်နာ (osteoarthritis) ၊ lupus နဲ့ လေးဘက်နာတို့ပါဝင်ပါတယ်။ဒါကတော့ အဆစ်နဲ့ ဒူးမှာရှိတဲ့ အခြားတစ်သျှူးတွေကို ထိခိုက်စေပြီး ရောင်ရမ်းစေပါတယ်။ ဒါဟာ ခုခံအားစနစ်ချွတ်ယွင်းမှုရောဂတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က သူ့ရဲ့ ကိုယ်ပိုင်တစ်သျှူးအကောင်းတွေ (ဒီတစ်သျှူးတွေမှာ ဘာပြဿနာမှမရှိလည်း) ကို တိုက်ခိုက်တဲ့အခါဖြစ်ပါတယ်။အဆစ်ထဲမှာ နာကျင်မှု၊ တောင့်တင်းမှု၊ ပူနွေးမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီရောဂါဟာ သင့်ရဲ့ ရွေ့လျားနိုင်မှုကို ထိခိုက်စေနိုင်ပါလိမ့်မယ်။ တစ်ခါတရံမှာ ရင်ဘတ်ထဲမှာ နာကျင်တာမျိုးကိုတောင် ခံစားရနိုင်ပါတယ်။ဒါကတော့ အဆစ်ရဲ့ အဖြစ်အများဆုံးသော degenerative disorder ပါပဲ။ Cartilageဆိုတာ ကော်လာဂျင်အများစုနဲ့လုပ်ထားတဲ့ တစ်သျှူးပါ။ သူကတော့ ဒူးရဲ့ အရိုးတွေကြားမှာ တည်ရှိပြီး ထိခိုက်ပျက်စီးမှု (shock)တွေကို စုပ်ယူပါတယ်။ အချိန်တွေကြာလာတဲ့အခါ cartilage ဟာ ပြိုကွဲသွားပြီး ကြားခံမှု(cushion)လည်း လျော့နည်းလာပါတယ်။အရိုးတွေဟာ တစ်ခုနဲ့တစ်ခုပွတ်တိုက်ပြီး နာကျင်မှု၊ တောင့်တင်းမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားလာရပါတယ်။ အရိုးတွေပွတ်တိုက်ခြင်းဟာ အဆစ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒူးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေနဲ့ အရွတ်တွေရဲ့ အားနည်းမှုနဲ့ တောင့်တင်းမှုကိုလည်း သင်ခံစားရနိုင်ပါတယ်။Rheumatoid arthritis လိုပါပဲ။ Lupus ကလည်း ခုခံအားမူမမှန်တဲ့ ပြဿနာပါ။ သူကတော့ သင့်ရဲ့ ခုခံအားစနစ်က ခန္ဓါကိုယ်ထဲက ကျန်းမာတဲ့တစ်သျှူးတွေကို တိုက်ခိုက်တဲ့ဆီက စပါတယ်။ Lupus ဟာ ဒူးကိုသာမက အရည်ပြား၊ ဦးနှောက်၊ ကျောက်ကပ်နဲ့ ခန္ဓါကိုယ်ရဲ့ အခြားသော အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတယ်။ဒူးအတွင်းမှာ နာကျင်မှုအပြင် ရင်ဘတ်တွင်းမှာ နာကျင်မှုတွေ ပုံမှန်အသက်ရှူဖို့တောင်ခက်ခဲနေမှုတွေကို ခံစားရနိုင်ပါတယ်။ အဖျား၊ သက်တောင့်သက်သာမရှိခြင်း၊ ပါးစပ်နာခြင်းတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။လေးဘက်နာကတော့ ဇီဝဖြစ်စဉ်ပြဿနာပါ။ ယူရစ်အက်စစ်က သွေးထဲမှာ စုပုံလာတဲ့အခါ ကျောက်တွေကိုဖြစ်ပေါ်စေပြီး အဆစ်တွေကို ရောင်ရမ်းလာစေပါတယ်။ ရောင်ရမ်းခြင်းဟာ ဒူးမှာရှိတဲ့ နေရာတစ်ခုတည်းမှာသာ စဖြစ်ပြီး နောက်မှာတော့ အခြားသော အဆစ်တွေကိုပါ ပြန့်နှံ့သွားပါတော့တယ်။ဒူးအနောက်ဘက်မှာ အရည်တွေစုပုံလာတဲ့အခါ baker cyst ဖြစ်ပေါ်လာပါတယ်။ ဒါကတော့ နာကျင်မှုကိုမဖြစ်စေဘဲ သက်တောင့်သက်သာမရှိတာလောက်ပဲဖြစ်စေတာပါ။ ဒီ cyst ပေါက်ထွက်သွားတဲ့အချိန်မှ နာကျင်မှုကို ခံစားရပါတယ။် ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်းတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ နာကျင်မှုကလည်း ပြင်းထန်နိုင်ပါတယ်။ဒီရောဂါကတော့ ဒူးက အပြည့်အဝမဖွံ့ဖြိုးသေးခင်မှာ ဖြစ်ခဲ့တဲ့ ဒဏ်ရာကြောင့်ဖြစ်ရတာပါ။ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ နီရဲမှုတွေဖြစ်နိုင်ပါတယ်။ တကယ်လို့သင်က ဘောလုံး၊ ဘော်လီဘော၊ ဘက်စကတ်ဘောတွေ ကစားတယ်ဆိုရင်တော့ ဒီပြဿနာဖြစ်နိုင်ချေများပါတယ်။အဖြစ်များတဲ့ အရိုးမှာပိုးဝင်ခြင်းကတော့ osteomyelitis ပါ။ ဒါဟာ ဘက်တီးရီးယား ဒါမှမဟုတ် မှိုကြောင့်ဖြစ်နိုင်ပါတယ်။ ဒူးရိုးနဲ့ အခြားသော တစ်သျှူးတွေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ကြက်သီးထတာမျိုးနဲ့ ဖျားတာမျိုးကို ခံစားရနိုင်ပါတယ်။ ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေလည်း ပိုးဝင်တဲ့ နေရာတစ်ဝိုက်မှာ ဖြစ်နိုင်ပါတယ်။Septic arthritis ကတော့ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ခွဲစိတ်မှု တစ်ခုခုကြောင့် ဘက်တီးရီးယား သို့မဟုတ် မှိုက အဆစ်ထဲဝင်တဲ့အခါ ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ အဆစ်နာကျင်ခြင်းကို ခံစားရပြီး ရောင်ရမ်းခြင်း၊ နီရဲခြင်း သို့မဟုတ် အဖျားတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါဟာ အဖြစ်အများဆုံးသော acute arthritis (ထိပ်တန်း အကြောရောင်နာ) အမျိုးအစားပါပဲ။ပြင်းထန်တဲ့ ဒူးနာကျင်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ ပိုးဝင်ခြင်း ဒါမှမဟုတ် အကြောရောင်နာတို့လိုပေါ့။ ဘာတွေက ဒူးနာကျင်မှုကို ဖြစ်စေနိုင်တယ်ဆိုတာကိုသိထားတာက သင့်ဒူးကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေ ရှာဖွေတဲ့အခါ အသုံးဝင်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%99%e1%80%be/
နှာစေးနှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံ
နှာစေးနှာပိတ်တဲ့အခါအိပ်ရတာ အင်မတန်ခက်ပါတယ်။ တချို့တွေမှာ အိပ်ရေးပျက်တဲ့အထိ ပြင်းထန်ပါတယ်။ တရှုံ့ရှုံ့နဲ့ နှာရည်ကျနေလို့၊ နှာခေါင်းပိတ်ပြီး အသက်ရှူရကျပ်နေလို့ အိပ်မရတာကို လူတိုင်းကြုံဖူးမှာပါ။ ဒီတော့ နှာစေးနှာပိတ်သူများအတွက် အိပ်စက်နည်းပုံစံကို မျှဝေပေးချင်ပါတယ်။ မအိပ်ခင်မှာ ဘာတွေလုပ်မလဲ။ ဘယ်လိုပုံစံနဲ့ အိပ်ကြမလဲဆိုတာကို လေ့လာကြည့်ရအောင်။နှာစေးနှာပိတ်တဲ့သူတွေက ကောင်းကောင်းအိပ်ပျော်စေဖို့ မအိပ်ခင်မှာ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။နှာစေးတယ်ဆိုရင် Antihistamineပါတဲ့ဆေး၊ နှာပိတ်တယ်ဆိုရင် decongestant နှာပွင့်ဆေးတွေကို မအိပ်ခင်မှာ သောက်ပေးပါ။ အထူးသဖြင့် Antihistamineတွေက အိပ်ငိုက်တတ်ပါတယ်။ ဒါကြောင့် အိပ်ခါနီးသောက်လိုက်ရင်  ငိုက်ပြီး အလုပ်မလုပ်နိုင်မှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ဒီဆေးတွေက အအေးမိဖျားနာပျောက်ဆေးတွေမှာ တွဲပြီးပါတတ်ပါတယ််။ ဆေးတစ်မျိုးသောက်လိုက်တာနဲ့ နှာရည်ယိုတာရော၊ နှာပိတ်တာရော သက်သာစေပါတယ်။ အထူးသဖြင့် အအေးမိတာကြောင့် နှာရည်ယို နှာပိတ်တာဆိုရင် ဒီလိုဆေးမျိုးတွေက ပိုပြီးသင့်တော်ပါတယ်။တကယ်လို့ နောက်ထပ် ဆေးတစ်မျိုးမျိုးထပ်သောက်မယ်ဆိုရင်တော့ ဆေးတွေ ထပ်မနေအောင် ပါဝင်ပစ္စည်းတွေကို သေချာစစ်ပါ။ဆားရည်က နှာခေါင်းကို ပွင့်စေသလို နှာခေါင်းတွင်းရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ မအိပ်ခင်မှာ နှာခေါင်းကို ဆားရည်လေးနဲ့ ဆေးပေးပါ။ နှာခေါင်းတစ်ဖက်ကနေ ဆားရည်ထည့်လိုက်ရင် နောက်တစ်ဖက်ကနေ ပြန်ထွက်လာတဲ့ ကောက်လေးနဲ့ နှာခေါင်းဆေးဘူး (nasal rinse)တွေလည်း ရှိပါတယ်။အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်မယ်ဆိုရင်တော့ ရေသောက်ရေခွက်တစ်ခွက် (၂၅၀ မီလီလီတာ)မှာ ဆားလက်ဖက်ရည်ဇွန်းဝက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းဝက် ထည့်ပြီး ဆေးနိုင်ပါတယ်။နှာပိတ်နေလို့ အိပ်မရဘူး။ အိပ်ပျော်အောင် အရက်သောက်ပြီး အိပ်မယ်လို့ မလုပ်ရပါဘူး။ အရက်က ရေဓာတ်ခမ်းခြောက်စေတဲ့အတွက် နှာရည်ယို နှာပိတ်တာကို ပိုဆိုးစေပါလိမ့်မယ်။ ကော်ဖီကလည်း ဒီလိုပါပဲ။ အိပ်မပျော်ဘဲ လန်းနေတာကတစ်မျိုး၊ ရေဓာတ်ခမ်းခြောက်တာက တစ်မျိုး၊ နှစ်မျိုးပေါင်းပြီး နှာပိတ်တာကို ပိုဆိုးစေမှာပါ။အစိုထိန်းစက်ကြောင့် နှာခေါင်းအတွင်းမှာ စိုစွတ်နေပြီး အသက်ရှူရတာ လွယ်ကူစေမှာပါ။ တကယ်လို့ အစိုထိန်းစက်မရှိရင်တော့ အိပ်ခါနီးမှာ ရေနွေးငွေ့ရှူပေးပါ။ ဇလုံထဲကို ရေနွေးပူထည့် ခေါင်းပေါ်မှာ ပဝါအုပ်ပြီး အငွေ့ရှူပေးပါ။ အပူမလောင်အောင်တော့ သတိထားပါ။နှာစေးနှာပိတ်နေတဲ့အခါ သာမန်ညတွေထက် ပိုပြီး အိပ်ပျော်ဖို့ ခက်မှာပါ။ ဒီတော့ လွယ်လွယ်ကူကူနဲ့ အနှောင့်အယှက်ကင်းကင်း အိပ်နိုင်အောင် အခန်းကို အေးနေအောင်ထားပါ။ မှောင်ပြီး တိတ်ဆိတ်နေပါစေ။အိပ်ခါနီးမှ သောက်ရင်တော့ တစ်ညလုံး အိမ်သာထသွားနေရတာနဲ့ အိပ်လိုက်ရမှာ မဟုတ်ပါဘူး။ ဒီတော့ တစ်နေကုန် ရေများများသောက်ပါ။ အိပ်ခါနီး နာရီပိုင်းလောက်အလိုဆို ရေသောက်တာကို လျှော့ပါ။ လုံးဝမသောက်တာမျိုး မဟုတ်ဘဲ လျှော့သောက်ပါ။ ညတစ်ရေးနိုးရင်လည်း အာစွတ်ရုံ ထသောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်တဲ့အခါ နှာစေးနှာပိတ်တာ ပိုဆိုးတတ်ပါတယ်။နှာစေးနှာပိတ်တဲ့အခါမကြာခဏအသုံးလိုနိုင်တဲ့ တစ်ရှူး၊ ရေဘူး၊ နှာခေါင်းဆေးရည်၊ အမှိုက်ပုံး စတာတွေကို အိပ်ရာနား ယူထားပါ။ မဟုတ်ရင် ခဏခဏထယူနေရတဲ့အတွက် အိပ်ရေးပျက်ပါတယ်။မအိပ်ခင်မှာ ပြင်စရာရှိတာ ပြင်ပြီးပြီဆိုရင် ဘယ်လိုအိပ်ကြမလဲဆိုတာကို ဆက်ပြောရအောင်။ နှာပိတ်တာက နိုးနေချိန်၊ ထိုင်နေချိန်ဆို မသိသာပေမယ့် လှဲလိုက်ရင် ပိုဆိုးလာပါတယ်။ နှာခေါင်းထဲက အချွဲတွေက အနောက်ကို ပိုရောက်သွားလို့ပါ။ဒီတော့ အိပ်တဲ့အခါမှာ ခေါင်းအုံးလေးတွေ ဆင့်ပြီး ခေါင်းကို မြှင့်ထားပါ။ ဒါမှ အချွဲတွေ အောက်ကို ကျမှာပါ။ အိပ်တဲ့ပုံစံကလည်း ပက်လက်အိပ်တာထက် ဘေးစောင်းအိပ်နိုင်ရင် ပိုကောင်းပါတယ်။ပက်လက်အိပ်တဲ့အခါကျ အချွဲတွေက အနောက်မှာ သွားစုလို့ပါ။ ဘေးစောင်းအိပ်ရင်တော့နှာပိတ်တာအထိုက်အလျောက် သက်သာပါတယ်။ ဒါပေမယ့် တစ်ဖက်တည်းကို အကြာကြီး စောင်းအိပ်ရင် အဲ့ဖက်က နှာပိတ်လာပါလိမ့်မယ်။ ဒီတော့ တစ်ဖက်ကို စောင်းလိုက်၊ နှာပိတ်လာရင် နောက်တစ်ဖက်ကို ပြန်စောင်းလိုက် အိပ်နိုင်ပါတယ်။ပက်လက်ပဲအိပ်အိပ်၊ စောင်းပဲအိပ်အိပ် ခေါင်းမြှင့်ထားဖို့က ပိုအရေးကြီးပါတယ်။# ကိုယ်ခံအား ကောင်းစေဖို့ နည်းလမ်းများ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/sleep-tips-and-best-sleep-positions-for-nasal-congestion/
လက်ရေးလက်သားသည် ကလေးများအတွက် ဘာကြောင့် အရေးပါသလဲ
စက်မှုနည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများ လျှင်မြန်နေသော ယနေ့ခေတ်ကြီးထဲတွင် ပုံမှန်အတိုင်းလက်ဖြင့် ရေးသားမည့်အစား ကွန်ပျူတာဖြင့် လက်ရေးလက်သားများအတိုင်း ပုံနှိပ်ခြင်းများကို ပြုလုပ်နိုင်လာကြပါသည်။ သို့သေည် ထိုသို့သော တိုးတက်ပြောင်းလဲမှုသည် ကောင်းသောပြောင်းလဲခြင်းဖြစ်မဖြစ် လူထုကြားတွင် စဉ်းစားစရာတစ်ခုဖြစ်နေပါသည်။ထိုသို့သမာရိုးကျဖြစ်သော လက်ဖြင့်စာရေးခြင်းစနစ် အားနည်းလာခြင်းချိန်တွင် ကလေးများအတွက်မူ ထိုစနစ်ရှိနေခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်း အောက်ဖော်ပြပါများအရ သိရှိနိုင်ပါသည်။ကွန်ပျူတာ ကီးဘုတ် တွင် စာရိုက်ခြင်းနှင့် နှိုင်းစာသော် လက်ဖြင့်စားရေးခြင်းသည် သင့်ကလေး၏ အသိအမြင်စွမ်းရည်ကို ပိုတိုးတက်စေပါသည်။· လက်ချောင်းလေးများကို အစီအစဉ်အတိုင်း လှုပ်ရှားခြင်းဖြင့် သင့်ကလေး၏ ဦးနှောက်ထဲရှိ အမြင်နှင့် လှုပ်ရှားမှုကို ဆက်စပ်ထားသော စွမ်းရည်များတိုးတက်လာခြင်း၊ ဘာသာစကားများကို မှတ်သားတတ်လာခြင်း၊ မှတ်ဉာဏ်ကို တိုးတက်စေခြင်း၊ စာလုံးလေးများ ရေးသားပုံကို မှတ်သားခြင်းဖြင့် အာရုံစူးစိုက်မှုတိုးလာခြင်း စသည့် အကျိုးများရရှိစေနိုင်ပါသည်။ ထို့ကြောင့် လက်ဖြင့် စာမရေးသော ကလေးသည် စာဖတ်ခြင်း၊ လေ့လာသင်ယူမှု ပေါင်းသင်းဆက်ဆံမှုစွမ်းရည်များ နှောင့် နှေးခြင်းတို့ဖြစ်လာမည်ဖြစ်ပါသည်။· ၂၀၁၄ တွင် သုတေသီများက ကလေးများကို အုပ်စု ၂စုခွဲပြီး သုတေသနပြုစုခဲ့ပါသည်။ ပတမအုပ်စုသည် ၃ နှစ်အရွယ်ကလေးများဖြစ်ပြီး ဒုတိယအုပ်စုသည် ထိုကလေးများကိုပင် ၄ နှစ်ကြာမြင့်သော် လေ့လာဆန်းစစ်ခြင်းဖြစ်ပါသည်။ပျမ်းမျှ အယောက် ၁၀၀၀ သောကလေးများတွင် တွေ့ရှိချက်အရ ကလေးများသည် အသက်ငယ်စဉ်ကတည်းက စာရေးနည်းများကို သင်ထားခြင်းဖြင့် ကျောင်းနေရွယ် ရောက်ချိန်တွင် လုပ်ဆောင်မှုများသည် အခြားကလေးများထက် သာနေကြောင်း တေါ့ရပါသည်။ ထို့ကြောင့် ကလေးများကို တတ်နိုင်သမျှ စောစောအရွယ်တွင် စာရေးခြင်းကို သင်ပေးလေလေ သူတို့သည် ဗူးများကို ဖွင့်ခြင်း၊ ရှုးဖိနပ်ကြိုးများကို ချည်ခြင်း စသည့် အလုပ်များကို ပိုပြီးသင်ယူနိုင်စွမ်းမြန်လေလေဖြစ်ပါသည်။ထိုသို့ပြုလုပ်ပေးခြင်းသည် စာရေးမသင်မီ အစမ်းလေ့ကျင့်ပေးသည့် သဘောဖြစ်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်များသည် သူတို့အကြောင်းသူတို့ ရင်းနှီးလာခြင်း၊ အလုပ်များကို ကြိုးစားလုပ်ဆောင်လိုစိတ်များဖြစ်လာခြင်း၊ လက်တွင်ရှိသောကြွက်သားများကို အားကောင်းစေလာခြင်းတို့ဖြစ်ကာ စာရေးသင်ချိန်တွင်လည်း စာလုံးများကို လေ့လာနိုင်စွမ်းများမြင့်တတ်လာစေပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေး၏ ဖန်တီးနိုင်မှုစွမ်းအားနှင့် စိတ်ပျော်ရွှင်မှုကို ရရှိစေရန် ခဲတံများ၊ဖယောင်းခဲများ ဝယ်ပေးခြင်း၊ ရောင်ခြယ်ရန် ရောင်စုံခဲတံများ၊ မာကာပင်များ၊ မြေဖြူခဲများဝယ်ပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါသည်။ထိုအချက်ကို မိဘအများစုက မေ့လျော့နေတတ်ကြပါသည်။ ထို့ကြောင့် စာလုံးလေးများကို ရေးနည်းကို သင်ပေးနေချိန်တွင် ခဲတံကို ကိုင်နည်းကို ပြသပေးခြင်း၊ အနေအထားမှန်မှန်ထိုင်းရန် သင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။ကလေးများသည် စပြီး စာရေးသင်ချိန်တွင် အောက်ပါအချက်များ အဖြစ်များတတ်ပါသည်။o စာရေးရမည့်အစား ပုံများဆွဲနေခြင်း။o စာလုံးများကို ပြောင်းပြန်ရေးခြင်း။o စာလုံးအရွယ်အစား ကြီးကြီးရေးခြင်း။o စာလုံးအကြီးများသာရေးခြင်း။o ခဲတံကို မြဲအောင် မကိုင်နိုင်ခြင်း တို့ဖြစ်တတ်ပါသည်။ထို့ကြောင့် မိဘများအနေဖြင့်ကလေးများကို စာရေးသင်ရာတွင် ထိရောက်စေမည့် နည်းများအသုံးပြုကာသင်ကြားခြင်းဖြင့် ထိုစဉ်တွင် ဖြစ်လာမည့် အခက်အခဲအချို့ကို အချိန်မကုန်ဘဲ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%9c%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac/
ဂလူတာသိုင်းအုန်းအကြောင်း တစေ့တစောင်း
ဂလူတာသိုင်းအုန်းသည် အရေပြားပေါ်နှင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကြောင့်ပို၍ပို၍လူသိများလာသည်။ ဓါတုဓါတ်တိုးဆန့်ကျင်သောအရာများ၏ခေါင်ချုပ်ဖြစ်ပြီး အရေပြားဖြူလိုပါက အရေးပါဆုံးအရာလည်းဖြစ်သည်။ သို့သော် ဂလူတာသိုင်းအုန်းအကြောင်းသီးသန့်တော့မဟုတ်ပါ။ဂလူတာသိုင်အုန်းသည် ခန္ဓါကိုယ်မှထုတ်သောအလွန်စိတ်ဝင်စားစရာကောင်းပြိး အလွန်သေးငယ်သောမောလီကျူးဖြစ်သည်။ တကယ်တော့ ဂလူတာသိုင်းအုန်းကို ခန္ဓါကိုယ်ရှိဆဲလ်တိုင်းတွင်တွေ့နိုင်သည်။ အရေးပါဆုံးသော ဓါတုဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ခြင်းမှာ ဆဲလ်အတွင်းတိုင်းတွင်ရနိုင်သောကြောင်ဖြစ်သည်။ အရေပြားကိုဂရုစိုက်ရာတွင် ဗီတာမင်စီနှင့် ဗီတာမင်အီးကိုသင့်စိတ်တွင်အရင်ရောက်နိုင်သည်။ သို့သော်ဂလူတာသိုင်အုန်းသည် ဓါတုဓါတ်တိုးဆန့်ကျင်ပစ္စည်းသည်မိခင်ကြီးဖြစ်သည်။ ဗီတာမင်စီနှင့် အီးသည် ဆဲလ်အတွင်းဖြစ်ပြီး ပျက်စီးခြင်းကိုဖြစ်စေတတ်သော ရေဒီကယ်အလွတ်ကိုဓါတ်ပြယ်စေခြင်းကြောင့်ကျန်းမာရေးကိုကောင်းစေသည်။ ဂလူတာသိုင်အုန်းက ဆဲလ်ထဲတွင်ရှိပြီး ရေဒီကယ်များကို ဓါတ်ပြယ်စေသည့်အပြင် ခုခံအားစနစ်ဆဲလ်တွင်နေပြီး ရောဂါများကိုတိုက်ထုတ်ပေးသည်။အစားအစာစားခြင်းဖြင့်အလွယ်တကူရနိုင်သည်။ ဂလူတာသိုင်အုန်းရနိုင်သောအစာများစွာရှိသည်။ ထောပတ်သီး ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းသစ်ကြံပိုးခေါက် နှင့် အရွတ်တော်တော်များများ ဥပမာပန်းမုန်လာမျိုး ဂေါ်ဖီ ဟင်းနုနွယ် အသားစသည်တို့မှရနိုင်သည်။ ပုံမှန်အားဖြင့်သင်နေ့တိုင်းစားနေသောအစာမှတစ်ဆင့် ဂလူတာသိုင်အုန်းကိုရသည်။ သင်အစာတွင် လတ်ဆတ်သောအသီးအရွတ် အသားများဖြင့်စားခြင်းမှ သင့်ခန္ဓါကိုယ်မှလိုအပ်သောဂလူတာသိုင်အုန်းကိုရစေသည်။ဂလူတာသိုင်အုန်းကို အရေပြားဖြူရန်ဂရုစိုက်ရန်အကောင်းဆုံးပါဝင်ပစ္စည်းအဖြစ်လူသိများသော်လည်း အရင်က ဂျပန်ဆရာဝန်များက အသဲအင်ဇိုင်းများ ထိန်းရန် ပြင်ရန် အသုံးပြုခဲ့ကြသည်။ ဂလူတာသိုင်အုန်းကို သောက်ဆေးအဖြစ် အရက်သမားများပန်းနာဥရင်ကြပ် ကင်ဆာ နှလုံးရောဂါနှင့် ခုခံအားစနစ်မကောင်းသောရောဂါ ရှိသူများကိုကုသရန် သို့မဟုတ် ကာကွယ်ရန်ပေးခဲ့ကြသည်။မတောမဆဆိုသလို ဂလူတာသိုင်အုန်းပေးသောလူများတွင် ကုသမှုမယူမှီအချိန်ထက် အသားအရည်ပိုတောက်ပလာသည်ကိုတွေ့ရသည်။ ထိုနောက် ဂလူတာသိုင်အုန်းကို အသားဖြူချင်သောလူများတွင် အဓိက ပါဝင်ပစ္စည်းအဖြစ်သုံးလာရသည်။ အရေပြားအရောင်ကို မယ်လနိုဆိုက်မှထုတ်သော မယ်လနင်ဖြင့်ထိန်းထားသည်။ ဂလူတာသိုင်အုန်းသည် ထိုမလနိုဆိုက်ကိုနည်းစေခြင်းဖြင့်အရေပြားကိုပိုတောက်ပစေသည်။ဗီတာမင်စီသည် ခုခံအားစနစ်တခုတည်းကိုကောင်းစေရုံသာမက အရေပြားပေါ်တွင်လည်းကောင်းသောအကျိုးအာနိသင်ကိုပေးသည်။ အဓိကအားဖြင့် ဗီတာမင်စီကို ဂလူတာသိုင်အုန်းနှင့်တွဲပေးပါက ဗီတာမင်စီ၏ဓါတ်တိုးပစ္စည်ဆန့်ကျင်သောအာနိသင်ကိုဂလူတာသိုင်အုန်းကများစေပြီး ခန္ဓကိုယ်ရှိဂလူတာသိုင်အုန်းပမာဏကို ဗီတာမင်စီကများစေသည်။ ဗီတာမင်စီနှင့် ဂလူတာသိုင်အုန်းနှစ်ခုလုံးက အရေပြားကိုတောက်ပပြီး ပေါင်းပေးပါက အရေပြားဖြူခြင်းကိုရနိုင်သည်။လေ့ကျင့်ခန်းလုပ်ခြင်း ဥပမာ အယ်ရိုးဗစ် လမ်းလျောက်ခြင်းသန်မာအောင်ကစားခြင်း တို့ကသင့်အားကောင်းကျိုးများစွာရစေသည့်အပြင် ဂလူတာသိုင်အုန်းပမာဏကိုပါ များစေနိုင်ကြောင်းသင်သိပါသလား။ ထိုအပြင် လေ့ကျင်ခန်းလုပ်ခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းစေခြင်း အဆိပ်အတောက်ဖယ်ခြင်းကိုကောင်းစေခြင်းနှင့် ဓါတုဓါတ်တိုးပစ္စည်းဆန့်ကျင်သောအာနိသင်ကိုများစေခြင်းတို့လုပ်ပေးနိုင်သည်။ဂလူတာသိုင်အုန်းက အသက်ကြီးခြင်း ကင်ဆာ နှလုံးရောဂါ အတိတ်မေ့ရောဂါနှင့်တော်တော်များများကိုကာကွယ်ပေးရာတွင်နာမည်ကြီးသည်။ ကုသမှုတော်တော်များများ စိတ်ကွန့်မြူးခြင်းမှ အယ်ဇိုင်းမာရောဂါအထိလိုအပ်နိုင်သည်။ သို့သော် ဂလူတာသိုင်အုန်းကို အချို့သောရည်ရွယ်ချက်များကြောင့်သုံးမည်ဆိုပါကဆရာဝန်နှင့်တိုင်ပင်သင့်သည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%82%e1%80%9c%e1%80%b0%e1%80%90%e1%80%ac%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/
သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု
နေ့စဉ်ရေချိုးတာ၊မျက်နှာသစ်တာတွေ လုပ်တယ်။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ကနေ ၂ ကြိမ်၊ ၃ကြိမ်လောက်ထိခေါင်းလျှော်တာတွေကို လုပ်ပေမယ့် နေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်တဲ့အခါ သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု ရှိနေပါတယ်။ဒါကတော့ နားရွက် အနောက်ဖက်ပိုင်းလေးပါ။ နားထဲကနားဖာချေးတွေကို သန့်ရှင်းဖို့ သတိရတတ်ကြပေမယ့် နားရွက်နောက်ဖက်ပိုင်းက ဖုန်မှုန့်တွေ၊ ချေးတွေကိုတော့ သန့်ရှင်းဖို့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ နားရွက်နောက်ဖက်ပိုင်းကလည်း သေချာလေး သန့်ရှင်းဖို့ လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခုပါ။နားအတွင်းပိုင်းကို သေချာလေး သန့်ရှင်းဖို့ လိုသလိုနားရွက် နောက်ဖက်ပိုင်းကိုလည်း သေချာလေး သန့်ရှင်းပေးဖို့ လိုပါမယ်။နေ့စဉ် လှုပ်ရှားမှုတွေကြောင့် နားရွက်နောက်ဖက်ပိုင်းမှာဖုန်မှုန့်တွေ၊ ချေးတွေ ရှိနေနိုင်ပါတယ်။ဒီ ဖုန်မှုန့်တွေ၊ ချေးတွေက အချိန်ကြာလာတဲ့အခါ ဂျွတ်သဘောမျိုး ဖြစ်လာပြီး နားရွက် နောက်ဖက် အရေပြားမှာ အနာဖြစ်တာ၊ အသားကွဲပြီး နားကွဲနာဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ဒါကလည်းအရေပြားကို ထိခိုက်စေနိုင်တဲ့ အရေပြား ပြဿနာတစ်မျိုးပါပဲ။ အရေပြား ထိခိုက်မှုကနေ ပိုးဝင်ကူးစက်မယ်ဆိုရင် မလိုအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် နားရွက် နောက်ဖက်ပိုင်းကို သန့်ရှင်းဖို့ လိုမယ်လို့ ပြောရတာပါ။နားရွက် နောက်ဖက်ပိုင်းကို နားကွဲနာ၊ အရေပြား ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် အခုလိုလေး သန့်ရှင်းရေး လုပ်ဖို့ လိုပါမယ်။အဝတ်စသန့်သန့်လေးမှာ ရေနွေးနွေးလေး ဆွတ်ပြီး နားရွက် နောက်ဖက်ပိုင်းကို ခပ်ဖွဖွလေး ပွတ်ပြီး သန့်စင်ပေးပါ။ ပြီးရင်တစ်သျှူးစသန့်သန့်လေးနဲ့ ခြောက်အောင် သုတ်ပေးပါ။အုန်းဆီက အရေပြားပေါ်က ချေးတွေကို ဖယ်ရှားပေးနိုင်သလိုအစိုဓာတ်လည်း ထိန်းပေးပါတယ်။ ဒါကြောင့် နားရွက်နောက်ဖက်မှာ ခပ်ပါးပါးလေး လိမ်းပြီး ၁၀ မိနစ်လောက်ထားလို့ ဂွမ်းစသန့်သန့်လေးနဲ့ သန့်ရှင်းပေးလိုက်ပါ။ ဝက်ခြံထွက်တတ်မယ်ဆိုရင်တော့ ဝက်ခြံအတွက် အသုံးပြုရတဲ့ မျက်နှာသစ်ဆေးလေးနဲ့ သေချာလေး သန့်စင်ပေးပါ။ဘေဘီလေးတွေအတွက် အသုံးပြုတဲ့ ပိုးသတ်ထားတဲ့ wet tisssues နဲ့လည်း နားရွက် နောက်ဖက်ပိုင်းကို သန့်ရှင်းရေး လုပ်ပေးလို့ ရပါတယ်။ အရမ်း ဖိပွတ်တာမျိုး မလုပ်ဖို့တော့ လိုပါမယ်။ခေါင်းလျှော်တဲ့အခါတိုင်း ခေါင်းလျှော်ရည်နဲ့ နားရွက်နောက်ကို ဆေးကြော သန့်စင်တာကလည်း ထိရောက်တဲ့ နားနောက်ဖက် သန့်စင်နည်းပါ။ ရေသေချာလေး ဆေးဖို့တော့ လိုပါမယ်။မျက်နှာသစ်ဆေးက မျက်နှာကိုတင် သန့်စင်ပေးတာ မဟုတ်ပါဘူး။ နားရွက်နောက်ဖက်ပိုင်းကိုလည်း အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။ လက်ထဲမှာ အမြှုပ်ထအောင် ပွတ်ထားတဲ့ မျက်နှာသစ်ဆေးကို နားရွက်နောက်ဖက်ပိုင်းကို စက်ဝိုင်းပုံ ပွတ်ပြီး သန့်ရှင်းရေး လုပ်ပေးလို့ ရပါတယ်။ ရေသေချာလေး ဆေးဖို့တော့ လိုပါမယ်။မျက်နှာပေါ်က မိတ်ကပ်တွေ အညစ်အကြေးတွေကို သန့်စင်ဖို့ သုံးလေ့ရှိတဲ့ Micellar water ကို နားရွက်နောက်ဖက် သန့်စင်ဖို့ အသုံးပြုပေးလို့ ရပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားရင်း နားရွက်နောက်ဖက်ကိုပါ ဂွမ်းစလေးနဲ့ တဆက်တည်း သန့်စင်ဖို့ပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချပေးလိုက်ပါ။ကဲ …… သန့်ရှင်းရေးလုပ်ဖို့ မေ့နေတတ်တဲ့ အစိတ်အပိုင်းလေး တစ်ခု ကို အခုလိုလေး သန့်ရှင်းရေး လုပ်ပြီး အသားအရေကို ထိန်းသိမ်းလိုက်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/how-to-clean-back-of-ears/
ကလေးတွေကို အော်ဂဲနစ် အစားအသောက်တွေကျွေးခြင်းနှင့် သိစရာများ
လူအများအပြားကတော့ အော်ဂဲနစ်အစားအစာတွေရဲ့ မြင့်မားတဲ့ ဈေးနှုန်းကို ဂရုမထားပဲ သားသမီးတွေကို ကျွေးဖို့ အကြံပြုကြပါတယ်။ ပိုးသတ်ဆေး မပါဝင်တာကြောင့်အော်ဂဲနစ်အစားအစာတွေက ကလေးတွေအတွက် ကောင်းတယ်လို့ယုံကြည်ပါတယ်။ သင်အော်ဂဲနစ်အစားအစာကို ပိုက်ဆံပိုပေးဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် သင့်၊မသင့်ကို အောက်ကဆောင်းပါးမှာ ဖတ်ကြည့်နိုင်ပါတယ်။ပြောနေစရာတောင် မလိုပါဘူး။ ပိုးသတ်ဆေးတွေကို အထူးသဖြင့်လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နှင့် သစ်သီးများထဲတွင်အများဆုံး တွေ့နေကြပါတယ်။ ပိုးသတ်ဆေးတွေက စိုက်ခင်းကိုဖျက်စီးတတ်တဲ့ မှို၊ အင်းဆက်ပိုးမွှားများနှင့်ရောဂါများမဖြစ်အောင် ကောက်ပဲသီးနှံများကိုကာကွယ်စောင့်ရှောက်ကူညီပေးပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပိုးသတ်ဆေးတွေက လူ့ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်ရှိပါတယ်။ ဒီဓာတုပစ္စည်းတွေက ကင်ဆာ၊ အဆုတ်ရောဂါ၊ မျိုးဆက်ပွားပြဿနာများနှင့် endocrine စနစ်များမမှန်ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အမူအကျင့်မမှန်ခြင်း၊ သင်ယူမှုစွမ်းရည်ကျခြင်းများနှင့် ဦးနှောက်နှင့်အာရုံကြောစနစ်ပင် ရေရှည်ပျက်စီးမှုဖြစ်နိုင်ပါတယ်။ပိုးသတ်ဆေးနှင့်ထိတွေ့မှု ရှည်လျားသည်ဖြစ်စေ တိုသည်ဖြစ်စေ သင့်ကလေး၏ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ တကယ်တော့တချို့ဆိုးကျိုးတွေကလည်း ချက်ချင်း မပေါ်တတ်သေးပါဘူး။ကလေးတွေက အစားအစာ အရေအတွက်ကိုကန့်သတ်ပြီး စားတတ်တဲ့အတွက် ပိုးသတ်ဆေးတွေပါတဲ့ အစားအသောက်တွေ ပိုစားမိဖို့ အလားအလာရှိပါတယ်။ ဒါ့ပြင် သူတို့က လူကြီးများထက် သူတို့ရဲ့ခန္ဓာကိုယ်အလေးချိန်ထက် ပိုပြီး အစားအစာကိုစားကြပါတယ်။ကလေးများက ပိုမိုလွယ်ကူစွာ ပိုးသတ်ဆေးကိုစုပ်ယူနိုင်ပါတယ်။ သူတို့ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းက ဖွံ့ဖြိုးဆဲဖြစ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် အဆိပ်ကို မချေဖျက်နိုင်ပါဘူး။ နောက်ဆုံးအနေနဲ့ ပိုးသတ်ဆေးဟာ သူတို့တွေရဲ့ ကျန်းမာတိုးတက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အာဟာရစုပ်ယူရာမှာ ဟန့်တားနိုင်ပါတယ်။သင်သိထားဖို့လိုတာက ပိုးသတ်ဆေးနဲ့ ထိတွေ့နိင်ချေရှိတဲ့နည်းက အစားအစာတစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာပါပဲ။ သောက်ရေမှတဆင့်လည်း ထိတွေ့နိုင်ပါသေးတယ်။ပိုးသတ်ဆေးတွေကို သင်၏အိမ်သို့မဟုတ်ခြံမှာ သုံးထားတယ်ဆိုရင် သင်ကလေးနဲ့ ထိတွေ့ဖို့ မြင့်မားသောအခွင့်အလမ်းရှိပါတယ်။ သင်တောင် သင့်ရဲ့ဖိနပ်ကနေ အိမ်ကို ပိုးသတ်ဆေးတွေ ကပ်ပါလာနိုင်တယ်။ အဲ့အခါ ကလေးက ကြမ်းပြင်ပေါ်မှာကစားရင်းနဲ့ ဓာတုပစ္စည်းတွေ မျိုချမိတာ သို့မဟုတ် ကြမ်းပြင်ကနေတစ်ခုခုကိုပါးစပ်ထဲ ထည့်လိုက်တာတွေ ဖြစ်တတ်ပါတယ်။အဖြေကတော့ တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပါတယ်။ မကြာသေးခင်က သုတေသန၂ခုကို ပြန်လည်သုံးသပ်ရာမှာ အော်ဂဲနစ်အစားအစာများက ဒီတိုင်း ဆေးတွေနဲ့ စိုက်ပျိုးတဲ့ အစားအစာများထက်အာဟာရပိုကောင်းတယ်ဆိုတဲ့ သက်သေအထောက်အထားများတွေ့ရှိခဲ့ခြင်း မရှိပါဘူး။ အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးထားတဲ့ အစားအစာများစားသုံးခြင်းက ပိုးသတ်ဆေးနဲ့ သင့်ထိတွေ့မှုလျှော့ချပေးနိုင် ပေမဲ့သူတို့ကသူတို့သမားရိုးကျ စီပွားဖြစ် စိုက်ပျိုးတာတွေနဲ့ တူညီတဲ့ အာဟာရတန်ဖိုးပဲ ရှိပါတယ်။ ဒါ့အပြင် (ဝက်သားကဲ့သို့) အချို့သောအော်ဂဲနစ်အသားတွေက ဘက်တီးရီးယားကြီးထွားမှု လျော့နည်းစေတဲ့ antibacterial ဂုဏ်သတ္တိတွေလည်း ရှိမနေပါဘူး။သင့်မှာ စိုက်စရာခြံတွေဝန်းတွေ ရှိရင် သင့်ကိုယ်ပိုင်အော်ဂဲနစ်အသီးအနှံနှင့်ဟင်းသီးဟင်းရွက်အချို့စိုက်ဖို့ စဉ်းစားပါ။ ဥယျာဉ်စိုက်တာက အစာအာဟာရနှင့် ပတ်သက်ပြီး သင့်ကလေးကိုသင်ပေးဖို့ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ကလေးတစ်ယောက်ပျိုးထောင်ရတယ်ဆိုတာ စိတ်ရှည်မှု၊အလေ့အကျင့်နဲ့ အတွေ့အကြုံများစွာလိုတဲ့အတွက် မလွယ်ပါဘူး။ မတူညီတဲ့ နည်းလမ်းတွေကနေ အကောင်းဆုံးတစ်ခုကို သင့်ကလေးအတွက်ရွေးပေးရမှာကလည်း မိဘတွေတာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်သာ တတ်နိုင်တယ်ဆိုရင် ကလေးနဲ့ပိုးသတ်ဆေးတွေထိတွေ့မှုနည်းစေဖို့ အော်ဂဲနစ်အစားအသောက်တွေ ဝယ်ယူတာ စိုက်ပျိုးတာတွေ လုပ်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba-%e1%80%a1%e1%80%b1%e1%80%ac%e1%80%ba%e1%80%82%e1%80%b2%e1%80%94%e1%80%85%e1%80%ba/
လမ်းလျှောက်တတ်စ ကလေးငယ်များအတွက် အကျိုးရှိစေမည့်သွားတိုက်နည်း ခြောက်သွယ်
ကလေးငယ်များ အထူးသဖြင့်လမ်းလျှောက်တတ်စအရွယ်များသည် သွားတိုက်ခြင်းကို နှစ်မြို့လေ့မရှိကြပေ။ သွားတိုက်ချိန်များတွင် သင်၏ကလေးနှင့် နပန်းလုံးနေရသကဲ့သို့ အချို့ရက်များတွင် အော်ဟစ်ငိုယိုခြင်း ဝုန်းဒိုင်းကြဲခြင်းဖြင့် သင်၏ရေချိုးခန်းအား ရှုပ်ပွညစ်ပတ်စေလိမ့်မည်။ ကလေးများသည် သွားမတိုက်လိုကြပေ။ အချို့ရက်များတွင်တော့ သင်သွားတိုက်ပေးတာမခံလိုဘဲ သူတို့ဘာသာသွားတိုက်ဖို့ တောင်းဆိုလိမ့်မည်။ သင်ခွင့်ပြုလိုက်လျှင်တော့ သင်ထင်မှတ်မထားလောက်အောင် ရေချိုးခန်းတစ်ခုလုံး ရေများ သွားတိုက်ဆေးများနှင့် ပွပေနေသည်ကို တွေ့ရပေမည်။ ကဲ ဒီလိုဆို သင့်ကလေး၏ သွားတိုက်ချိန်ကို ပျော်စရာကောင်းပြီး သွားတွေစင်ကြယ်အောင်တိုက်ပေးနိုင်မည့် အချိန်လေးဖြစ်အောင် ဘယ်လိုပြောင်းလဲကြမလဲ။ပထမဆုံးအကြိမ်တွင် ကလေးများကို မိမိနှစ်သက်ရာသွားတိုက်တံနှင့်သွားတိုက်ဆေးရွေးချယ်ခိုင်းပါ။ မိမိကလေး၏ အသက်ပေါ်မူတည်ပြီး သင့်တော်သောသွားတိုက်တံတွေထဲမှာမှ သူအနှစ်သက်ဆုံးသွားတိုက်တံကိုရွေးချယ်ခိုင်းပါ။ ကလေးငယ်သည် သူကြိုက်သော သွားတိုက်တံ အပိုင်ရပြီဆိုတာနှင့် ညမနက်သွားတိုက်ချိန်များမြန်မြန်ရောက်ချင်နေလိမ့်မည်။ကလေးများကို သွားဘယ်လိုတိုက်ရမလဲဆိုတာကို ချက်ချင်း အတင်းအကြပ်ပြသပြီး တွန်းအားမပေးပါနှင့်။ ဖြည်းဖြည်းချင်းသာ သင်ပေးပါ။ ရှေးဦးစွာ သင်၏ကလေးကို ၎င်းတို့လက်နှင့် သွားတိုက်တံကိုကျင့်သားရအောင် ကိုင်ခိုင်းပါ။ သုံးပြီးသား သွားတိုက်တံတွင် ဘက်တီးရီးယားပိုးပေါင်းများစွာပါဝင်နိုင်တာကြောင့် သုံးပြီးသား သွားတိုက်တံကိုမကိုင်ခိုင်းပါနှင့်။ ထိုအစား သွားတိုက်တံအသစ်တစ်ခုကို ပေးထားပြီး အရုပ်ကဲ့သို့ ဆော့ကစားပါစေ။ ကလေးငယ်များ သွားတိုက်တံ၏ အမွေးနုလေးများနှင့်ကျင့်သားရလာပြီဆိုပါက သွားတိုက်နည်းစတင်သင်ကြားပေးနိုင်ပါပြီ။ ကလေးငယ် အန္တရာယ်ကင်းစေရန် သွားတိုက်တံကိုင်နေစဉ် ကလေးငယ်အနားတွင်ရှိနေပေးပါ။သင့်ကလေးကို သင့်အားသွားတိုက်ပေးစေပြီး သင်ကတစ်ပြန် သင့်ကလေးကို သွားတိုက်ပေးပါ။ ဤကဲ့သို့ တစ်ယောက်တစ်ပြန်သွားတိုက်ကစားခြင်းဖြင့် ပိုမိုပျော်ရွှင်စရာကောင်းသော သွားတိုက်ချိန်ကိုဖန်တီးနိုင်သည်။ကလေးငယ်ရှေ့တွင် သွားတိုက်ပြပါ။ ထို့နောက်ကလေးငယ်ကိုထိုပုံစံအတိုင်း လိုက်တု၍သွားတိုက်စေပါ။ကလေးငယ်များကို ခြောက်လှန့်စေခိုင်းခြင်းသည် ကောင်းမွန်သောနည်းလမ်းတစ်ခု မဟုတ်သော်လည်း အချို့အချိန်များတွင် အသုံးပြုနိုင်ပါသည်။ သို့သော်လည်း သွားဆရာဝန်များ သွားဆေးခန်းသုံးကိရိယာများကို အသုံးပြု၍ခြောက်လှန့်ခြင်း( ဥပမာ သွားဆရာဝန်ကြီးက မိမိသွားမတိုက်လျှင် သွားတွေကိုနှုတ်ပစ်မှာနော်) မျိုးမပြုလုပ်သင့်ပါ။ ထိုအစား သွားမတိုက်ပါက ပိုးမွှားအင်းဆက်များ ပါးစပ်ထဲတွင် နေထိုင်ကျက်စားနေမည် ဟူသော ပုံပြင်ဇာတ်လမ်းများ ပြောပြ၍ ခြောက်ခြင်းသည် ပို၍အကျိုးရှိစေနိုင်ပါသည်။နည်းပညာအကူအညီရယူခြင်းသည် ကိစ္စအတော်များများကို ပိုမိုလွယ်ကူစေပါသည်။ ပျော်ရွင်စရာကောင်းသော သွားတိုက်ချိန်ကို မဖန်တီးနိုင်ဘူးဆိုပါက အိုင်ဖုန်းအပလီကေးရှင်းစတိုးတွင် Star Teeth ဟုခေါ်သော အပလီကေးရှင်းကို ရယူအသုံးပြုနိုင်ပါသည်။ အချိန်နှစ်မိနစ်သတ်မှတ်သည့်ခလုတ်နှိပ်ပြီး နှစ်မိနစ်မှ သုညရောက်သည်အထိ ဖုန်းမှရေတွက်ပေးပါလိမ့်မည်။ ထိုအချိန်တွင် ကလေးကို သွားပြီးအောင် တိုက်နိုင်ပါသည်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/effective-tooth-brushing-tips-for-toddlers/
မြင်သူတိုင်းငေးတဲ့ ခြေထောက်လှလှလေးဖြစ်ဖို့
လူတစ်ယောက်ကိုစကြည့်ရင်မျက်နှာကနေစကြည့်တယ်နော်။ပြီးရင် ဘယ်အစိတ်အပိုင်းကိုဆက်ကြည့်မိမယ်ထင်လဲ။လက်နဲ့ခြေထောက်လေးတွေပါ့။ လူတစ်ယောက်ကို စွဲဆောင်မှုရှိစေတဲ့အချက်တွေထဲမှာ မျက်နှာသွင်ပြင်လှတာက အရေးပါသလိုခြေထောက်လေးတွေ လက်လေးတွေဖြူဖွေးသန့်စင်မှုကလည်းတော်တော်လေးအရေးပါတာပါ။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်ကြီးကို စွဲဆောင်မှုပြည့်ဝတဲ့သူတစ်ဦးဖြစ်စေဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ခြေချောင်းလေးတွေ ဖြူဖွေးသန့်စင်အောင်ဘယ်လိုလုပ်ရမလဲပြောပြပါရစေနော်။ဒီအမေးကို အင်း….လုပ်တာပေါ့။နေ့တိုင်းပဲလေလို့ ဖြေလိုက်မိတယ်ဆိုရင်တော့ ပရိသတ်ကြီးက စမတ်ကျတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာသေချာနေပြီနော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လူတော်ေ်တာ်များများကရေသာချိုးလိုက်ကြတာ၊ခြေထောက်ကိုကြေးတွန်းဖို့ကျတော့မေ့နေတတ်တယ်လေ။ တကယ်တော့ရေချိုးတိုင်းမှာခြေထောက်ကြေးတွန်းတဲ့အလေ့အကျင့်ကိုမွေးမြူသင့်ပါတယ်။ ဒါမှလည်း ကြည့်လိုက်တိုင်းခြေထောက်လေးတွေကဖြူဖွေးသန့်စင်နေတော့မှာပေါ့။ကိုယ့်ရဲ့ခြေထောက်လေးကိုမြင်သူငေးရတဲ့ခြေထောက်လေးဖြစ်စေဖို့ဆိုရင် မဖြစ်မနေလုပ်ရမှာကကြေးချွတ်သန့်စင်ဖို့ပါ။ခြေထောက်ကိုကြေးချွတ်သန့်စင်ဖို့ ဒါလေးတွေလိုပါမယ်။ခြေထောက်ကို အခုပြောပြမယ့်နည်းလေးတွေထဲက ကိုယ်နှစ်သက်လွယ်ကူတဲ့နည်းနဲ့ကြေးချွတ်လို့ရပါတယ်။သံပရိုသီးသုံးမယ်။ခြေထောက်ကကြေးတွေကိုဖယ်ရှားပေးပြီးခြေထောက်ကွဲတာကို သက်သာစေနိုင်ပါတယ်။ ဇလုံထဲကိုရေနွေး တဝက်လောက်ထည့်လိုက်ပါ။ပြီးရင်ရေနွေးထဲကို သံပရိုသီး အရည်ညှစ်ထည့်လိုက်ပါ။ ဒီရောစပ်ထားတဲ့ရေခပ်နွေးနွေးလေးထဲကိုခြေထောက်တွေကို မိနစ် ၂၀လောက်စိမ်ထားပေးပါ။ပြီးရင်တော့ကြေးတွန်းကျောက်ကိုသုံးလို့ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ပြီးရင်တော့ခြေထောက်ကိုရေခြောက်အောင်သုတ်ပြီးအစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခု လူးပေးလို့ရပါတယ်နော်။ဗီနီကာသုံးမယ်။ခြေဆီထွက်တာ၊ခြေထောက်အနံ့ဆိုးတာတွေကို ပါသက်သာစေနိုင်တာပါနော်။ရေနွေးထဲကို ဗီနီကာလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးရေအေးသွားတဲ့အထိစိမ်ပေးပါ။ ၁၀ မိနစ်ကနေ မိနစ် ၂၀လောက်ထိစိမ်ပေးပါနော်။ပြီးရင်တော့ ပုံမှန်အတိုင်းရေချိုးသန့်စင်လိုက်ပါ။ပျားရည်သုံးမယ်။ခြေထောက် အသားခြောက်သူတွေအတွက် အသုံးတည့်မယ့် နည်းလမ်းလေးပါနော်။ ခြေထောက်အသားအရေလေး အိစက်နေစေချင်သူတွေ လုပ်သင့်ပါတယ်နော်။ ခုံတစ်ခုမှာ ထိုင်လို့ ခြေထောက်ကို ပျားရည်နဲ့ ၁၀ မိနစ်လောက်နှိပ်ပေးပါ။ ပြီးရင် ခြေထောက်ကို ရေနွေးနွေးလေးထဲမှာ စိမ်လို့ ကြေးတွန်းကျောက်ကို သုံးပြီး ဆဲလ်သေတွေကို ဖယ်ရှားလိုက်ပါ။ပြီးရင်တော့ တဘက်နဲ့ ရေခြောက်အောင်သုတ်ပြီး ခရင်မ်တစ်ခုခုလူးပေးပါ။ခရမ်းချဉ်သီးသုံးမယ်။ခြေထောက် အရေပြားပေါ်က နေလောင်ကွက်တွေကို သက်သာစေမယ့် နည်းလေးတစ်ခုပါ။ဖနောင့်ကွဲတတ်သူတွေအနေနဲ့ နေ့တိုင်းလုပ်ပေးလို့ရပါတယ်နော်။ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းလိုက်ပြီး ဖနောင့်ကွဲတဲ့နေရာတွေကို ပွတ်ပေးလိုက်ပါ။ပြီးရင်တော့ အပေါ်မှာပြောခဲ့သလိုပါပဲနော်။ ရေနွေးနွေးလေးထဲကို ခြေထောက်ထည့်စိမ်ပြီး ကြေးတွန်းကျောက်နဲ့ ကြေးတွန်းလိုက်ပါ။ ပုံမှန်လေးလုပ်ပေးရင် သိသာတဲ့ရလဒ်ကို ရလာမှာပါနော်။ကြက်သွန်နီကိုသုံးမယ်။ခြေဖနောင့်ကွဲလို့ နာတောင်နာတယ်ဆိုတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ အနံ့တော့ပြင်းနိုင်ပေမယ့် တကယ်ကိုလည်း ထိရောက်ပါတယ်နော်။ တစ်ပတ်ကို နှစ်ကြိမ်လောက် သုံးပေးရင်တောင် တော်တော်လေးသက်သာစေမှာပါ။ ရေနွေးထဲကို ကြက်သွန်နီတစ်လုံးကနေရတဲ့ သတ္တုရည်ကို ထည့်လိုက်ပါ။ ပြီးရင် ခြေထောက်ကို မိနစ် ၂၀လောက်ထည့်စိမ်လို့ ကြေးချွတ်လိုက်ပါနော်။ နောက်တစ်ဆင့်ကတော့ ရေခြောက်အောင်သုတ်ပြီး ခရင်မ်လူးပေါ့။ဆားကိုသုံးမယ်။အလွယ်ဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။ခြေထောက်ပေါ်က ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ လက်ဖဝါးထဲမှာ ဆားထည့်ပြီး ခြေဖဝါးမှာ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးထဲမှာ ၁၀ မိနစ်လောက် ထည့်စိမ်ပေးလိုက်ပါ။ ပြီးရင်တော့ ကြေးတွန်းကျောက်ကို သုံးလို့ ကြေးတွေစင်အောင်တွန်းပေတော့။ ပြီးရင် ရေဆေးချပြီး ခြေထောက်ကို ရေခြောက်အောင်သုတ်လို့ ခရင်မ်တစ်ခုခုလူးပေးနော်။ဒီနည်းလေးတွေကိုသုံးလို့ ကိုယ့်ခြေထောက်လေးတွေကိုမြင်သူငေးအောင်လုပ်လိုက်တော့နော်………………………။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/ways-to-properly-clean-your-fee/
ရင်သားကင်ဆာ - မိမိကိုယ်ကို စမ်းသပ်နည်းနှင့် ဓါတ်ခွဲစမ်းသပ်နည်းများ
ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်ပြီး အမျိုးသမီး ၂၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း အထိ ခံစားနေရပါတယ်။ ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ စောစီးစွာ တွေ့ရှိရင် ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် ရင်သားတွေကို ပုံမှန် စမ်းသပ်စစ်ဆေးခြင်းဟာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို စောစောသိရှိနိုင်ပါတယ်။ အမျိုးသမီးတွေ စမ်းသပ်နည်းဟာ အတော်ရိုးစင်းပါတယ်။ပက်လက်လှဲပြီး ညာပုခုံးရဲ့အောက်မှာ ခေါင်းအုံးတစ်ခုကို ထားလိုက်ပါ။ ဘယ်ဘက်လက်မှာ လက်သုံးချောင်းနဲ့ အနည်းငယ်ဖိပြီး စက်ဝိုင်းပုံသဏ္ဍန် အပေါ်ကနေ အောက်ကို စမ်းသပ်ပါ။ ရင်ညွန့်ရိုးရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်း၊ ချိုင်းကြားတွေမှာ ရင်သားပြောင်းလဲမှုတွေကို အာရုံခံပါ။ ဘယ်ဘက်ရင်သားစမ်းသပ်ဖို့အတွက် ညာဘက်လက်ကို အသုံးပြုပါ။လက်ကို ခေါင်းနောက် (သို့) ဘေးမှာ ထားပါ။ ရင်သားနှစ်ဖက်လုံးမှာ ပုံမမှန်မှုတွေ၊ အရည်ထွက်မှုတွေ၊ အရေပြား အထဲဝင်ခြင်း၊ နို့သီးခေါင်းပုံ မမှန်ခြင်း တွေကို စစ်ဆေးကြည့်ပါ။ အရည်ထွက် မထွက်သိစေဖို့ နို့သီးခေါင်းကို ညှစ်ကြည့်ပါ။ညာဘက် လက်မောင်းနဲ့ လက်ကို ကုပ်ပိုးမှာထားပါ။ ဘယ်ဘက်လက်ချောင်းတွေနဲ့ ညာဘက်ရင်သားတွေကို အကျိတ်ရှိမရှိ၊ အရေပြား ပြောင်းလဲမှုရှိမရှိ စစ်ဆေးပါ။ ဒီလို ပုံစံအတိုင်း ဘယ်ဘက် ရင်သားကိုလည်း ပြုလုပ်ပေးပါ။ကိုယ်တိုင်စမ်းသပ်ခြင်းဟာ ရင်သားကင်ဆာကို စောစီးစွာ တွေ့ရှိဖို့ အရေးကြီးတဲ့အဆင့် ဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုတိကျတဲ့ အဖြေတွေ ရရှိချင်ရင်တော့ အမျိုးသမီးတွေဟာ ဆေးရုံ (သို့) ဆေးခန်းတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ အောက်ဖေါ်ပြပါ နည်းလမ်းတွေကတော့ ရင်သားကင်ဆာကို အတည်ပြုပေးနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ဆဲလ်တွေကို စစ်ဆေးဖို့အတွက် သေးငယ်တဲ့အပ်ကို ယူပြီး လိုအပ်တဲ့ ဆဲလ်ပမာဏကို စုပ်ယူခြင်း ဖြစ်ပါတယ်။ ပိုမိုထူပြီး သေးတဲ့ အကျိတ်တွေ အတွက်ကတော့ အကျိတ်ရဲ့ ရောဂါပုံစံကို ပိုမိုသိရှိစေဖို့အတွက် ကြီးကြီး လှီးနိုင်ပါတယ်။ ရင်သားကင်ဆာမှာ ဆဲလ်တွေဟာ ကင်ဆာဆဲလ်တွေ ဟုတ်မဟုတ်၊ အခြားနေရာတွေကို ပြန့်မပြန့် ခွဲခြားနိုင်ပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ ခွဲစိတ်မှု တစ်ခုဖြစ်ပြီးတော့ နာကျင်ခြင်းမရှိသလို မေ့ဆေးပေးဖို့လည်း မလိုအပ်ပါဘူး။သူ့ကို ရောဂါလက္ခဏာတွေကလည်း ကင်ဆာမဟုတ်လို့ အတည်မပြုနိုင်သလို စုပ်ထုတ် စစ်ဆေးခြင်းကလည်း ရင်သားကင်ဆာလို့ အတည်မပြုနိုင်တဲ့ အခြေအနေတွေမှာ အသုံးပြုပါတယ်။ အာထရာဆောင်းကြည့်ပြီး ထုံဆေးနဲ့ အသားစ ယူနိုင်ပါတယ်။ ဆေးရုံတက်စရာ မလိုပါဘူး။ ဒါပေမယ့် အခုခေတ်မှာတော့ FNA က ပိုမိုတိကျတဲ့ အဖြေထွက်တယ်ဆိုတာ သိလာကြတာကြောင့် အကျိတ်တစ်ခုလုံး အသားစယူခြင်းကို လုပ်တာနည်းလာကြပါတယ်။ဒီစစ်ဆေးမှုဟာ အကျိတ်တွေတင်မကပဲ ပြန်ရည်ကျိတ်တွေ အတွက်လည်း အသုံးပြုနိုင်ပြီး ကုသမှုမပြုခင် လိုအပ်တဲ့ ရုပ်သွင်ကို သိရှိစေဖို့ အသုံးပြုပါတယ်။ ဒီစစ်ဆေးမှုဟာ ကုသမှုကို တုန့်ပြန်ခြင်း ရှိမရှိကိုလည်း စစ်ဆေးနိုင်ပါတယ်။ estrogen receptor ကို ရှာဖွေခြင်း၊ free estradiol ပမာဏကို သွေးအတွင်း တိုင်းတာခြင်း။အထက်ဖော်ပြပါ နည်းတွေမှာ မပါဝင်ပဲ အခြားရောဂါအတည်ပြုနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်၊ အာထရာဆောင်း၊ မမ်မိုဂရမ်ရင်သားသီးသန့် ဓါတ်မှန်ရိုက်ခြင်း (Mammongram) အစရှိတာတွေ ပါဝင်ပါတယ်။ရောဂါအတည်ပြုခြင်းနဲ့ စောစီးစွာ ရောဂါတွေ့ရှိခြင်းဟာ ရင်သားကင်ဆာနဲ့ အခြားကင်ဆာကုသခြင်းမှာ အလွန်အရေးကြီးပါတယ်။ ရင်သားကင်ဆာ စစ်ဆေးမှုကို အသက် ၃၅ နှစ်ကစပြီး ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နှစ်တိုင်းပြုလုပ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80%e1%80%af%e1%80%ad%e1%80%9a%e1%80%b9%e1%80%80/
အသားအရေစိုပြည်လှပအောင် ဘာတွေစားရမလဲ
အလှကုန်ပစ္စည်းများ သုံးစွဲတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များ စားပေးခြင်းဟာ အသားအရေကို စိုပြည်လှပစေပါတယ်။ အောက်ဖော်ပါ အစားအစာများကို လေ့လာကြည့်ပါ။အသားအရေ စိုပြည်လှပစေဖို့ ပရိုတိန်းနဲ့ အဆီဓါတ်ကို လိုအပ်ပါတယ်။ ငါး၊ ဥများ၊ ကြက်သား၊ အမဲသား စတာတွေစားသုံးရင် ပရိုတိန်းဓါတ်များစွာ ရရှိစေပါတယ်။ ဒါ့အပြင် အသားအရေစိုပြည်ဖို့ အဆီဓါတ်ကိုလည်း လိုအပ်ပါသေးတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး စတာတွေအပြင် ပဲပိစပ်၊ သစ်ကြားသီးစေ့၊ မက်မွန်စေ့ စတာတွေမှာ အဆီဓါတ် ပါဝင်ပါတယ်။ငါးများဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများအတွက် ရင်းမြစ်ကောင်းဖြစ်ရုံသာမက အရည်အသွေးမြင့် ပရိုတိန်းတွေလည်း ပါဝင်ပါတယ်။ အဲဒီပရိုတိန်းတွေဟာ ဆဲလ်တွေကို ပြုပြင်နိုင်ပြီး ဆဲလ်အကာမြှေးတွေကို ထိန်းသိမ်းပေးတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ် (EFA) တွေကို ထုတ်လုပ်ပေးပါတယ်။ EFA များဟာ ရေဓါတ်ကို ထိန်းသိမ်းထားနိုင်တာမို့ သူတို့တောင့်တင်းလေ အသားအရေဟာ ပိုမိုကြည်လင်တောက်ပလေ ဖြစ်ပါတယ်။ငါးမှာ DMAE လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ဒြပ်ပေါင်း တမျိုးလည်းပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းဟာ အာရုံကြောတွေနဲ့ ကြွက်သားများကျုံ့ခြင်း၊ အရေပြားတင်းအား စတာတွေကို လှုံ့ဆော်ပေးပါတယ်။ဒါဟာ အသားအရည် စိုပြည်လှပစေပြီး မျက်နှာကို တင်းရင်းသန့်ရှင်းစေပါတယ်။ အသားအရေတောက်ပဖို့အတွက် ရေချိုငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ မက်ကရယ်ငါး၊ တူနာငါး စတာတွေကို တပတ်မှာ ၃ရက်လောက် စားပေးနိုင်ပါတယ်။ အသားအရေတင်းရင်းဖို့အတွက်တော့ သစ်ကြားသီးစေ့၊ နှမ်းကြတ်စေ့ဆီ၊ ပဲပိစပ်ဆီ၊ ဖရုံစေ့၊ နေကြာစေ့ စတာတွေ စားပေးနိုင်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အသားအရေပေါ်မှ အရေးအကြောင်းများကို ဖယ်ရှားပေးနိုင် တားဆီးပေးနိုင်ပါတယ်။ ဘလူးဘယ်ရီ၊ ရပ်စ်ဘယ်ရီ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ အာလူး စတဲ့ အပင်တွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာလည်း အသားအရေအတွက် ဓါတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ကီဝီသီး၊ စတော်ဘယ်ရီ စတာတွေမှာ တွေ့နိုင်ပါတယ်။ဗီတာမင်များဟာ အသားအရေအတွက် မရှိမဖြစ် ဖြစ်ပါတယ်။ အထူးသဖြင့် ဗီတာမင်အေနဲ့အီး ဖြစ်ပါတယ်။ ဗီတာမင်အေဟာ အသားအရေကို ဖွံ့ဖြိုးစေပြီး အိုမင်းရင့်ရော်လာခြင်းကနေ ကာကွယ်ပေးပါတယ်။ အရေပြားရဲ့ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နုပျိုစေပါတယ်။ အောက်ပါအတိုင်း ၂မျိုး တွေ့ရပါတယ်။အခွံမာစေ့နဲ့ တခြားအစေ့အဆန်တွေမှာလည်း ဗီတာမင်အီး ကြွယ်ဝပါတယ်။အသားအရေစိုပြည်ဖို့အတွက် သတ္တုဓါတ်များရဲ့။အရေးပါပုံကို မေ့ထားလို့ မရပါဘူး။ ကောက်နှံများ၊ ပင်လယ်စာ၊ မှို စတာတွေဟာ သတ္တုဓါတ်တွေကို ထောက်ပံ့ပေးနိုင်ပြီး အကျိအချွဲများ ထွက်ခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။ အရေပြားပြသနာများ လျော့နည်းစေနိုင်ပါတယ်။ ပုစွန်၊ ဂဏန်းစတဲ့ အခွံမာ ရေနေသတ္တဝါတွေမှာ တွေ့နိုင်ပါတယ်။ဒါကြောင်ပ အသားအရေသိပ်မစိုလွန်း မခြောက်လွန်းအောင် ပုစွန်၊ ခရု၊ ဂုံး စတာတွေကို နေ့စဥၤ စားပေးသင့်ပါတယ်။ ဇင့်ဓါတ်ဟာလည်း မှို၊ ချိစ် စတဲ့ အစားအစာတွေမှာ ရရှိနိုင်ပါတယ်။အထက်ပါအချက်တွေကို လိုက်နာရင် အကြာကြီး စောင့်စရာတောင်မလိုဘဲ သင့်အသားအရေဟာ ပိုပြီး စိုပြည်လှပလာပါလိမ့်မယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%85%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%9c%e1%80%be%e1%80%95%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
Subconjunctival Hemorrhage (မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း )
မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းဖြစ်လျှင် ရုတ်တရက် မျက်စိများနီရဲလာပြီး ယင်းဖြစ်စဉ်သည် အဖြစ်များပြီး သင်နှင့် သင့်ပတ်ဝန်းကျင်ရှိလူများအတွက် သတိပြုစရာတစ်ခုဖြစ်လာပါသည်။မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းသည် မျက်ကြည်လွှာအောက်ရှိသွေးကြောများ ပေါက်ခြင်းကြောင့် အလိုအလျောက်နီရဲလာခြင်းဖြစ်ပြီါ် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်။ယင်းသည် မျက်လုံးတဖက်တည်းတွင် အဖြစ်များပြီး မျက်လုံးနှစ်ဖက်လုံးတွင် ဖြစ်ခဲပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ပထမအဆင့်တွင် မျက်လုံးနီရဲခြင်းမျှသာဖြစ်ပြီး မည်သည့်ရောဂါလက္ခဏာများကို မျှ မခံစားရပါ။ မှန်ထဲတွင်ကြည့်သော အခါ၊ သူတပါးက မိမိ မျက်စိနီနေကြောင်းပြောသော အခါမှသာလျှင် သိရပါသည်။မျက်လုံးအလွှာအောက်ရှိသွေးကြောများပေါက်ခြင်းကြောင့် မျက်စိနီရဲခြင်း သည် သိသာသောကြောင့် ယေဘူယျအားဖြင့် ရောဂါသတ်မှတ်ရန် လွယ်ကူပါသည်။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်း ကို ဖြစ်စေသော သိသာသောအကြောင်ရင်းများ မရှိပါ။ မျက်လုံးနီနေကြောင်း သင့်ကို သူများကပြောမှ သင်သတိထားမိနိုင်သည်။ သို့သော် ပြင်ပမှ အရာဝတ္ထုများဝင်ရောက်ခြင်းကြောင့် ပိုးဝင်ပြီး မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းဖြစ်နိုင်သည်။ (၂၄ နာရီအတွင်းမသက်သာလျှင် ဆေးခန်းသွားပြပါ။)။မျက်စိနီခြင်းသည် မျက်ကြည်လွှာထိခိုက်မိခြင်း၊ မျက်ကပ်မှန်များ တပ်ခြင်းကြောင့် မျက်ကြည်လွှာပွန်းခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါသည်။ ထို့ပြင် အောက်ပါထိခိုက်မှုများကြောင့်လည်း ဖြစ်နိုင်ပါသည်။ဖစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်စ်နီရဲခြင်းဖြစ်လျှင် အမြင်အာရုံကို စမ်းသပ်ရန်အတွက် ဘောပင်အရွယ်ရှိသော ဓါတ်မီးအသေးစားဖြင့် စမ်းသပ်စစ်ဆေးပါသည်။ထိုသို့ စစ်ဆေးမှုရလဒ်အဖြများနှင့် လူနာ၏ရာဇဝင် ကိုပေါင်းစပ်ကာ ဆရာဝန်ကလိုအပ်သည်များကို ဆက်လက်ကုသပါလိမ့်မည်။မျက်စိနီရဲခြင်းသည် မျက်ကြည်လွှာအောက်ရှိသွေးကြောများပေါက်ခြင်းကြောင့် သွေးထွက်ခြင်းဖြစ်ပါက ထိုသွေးများသည် ၁ ပတ် ၂ ပတ်အတွင်း အလိုလိုခြောက်သွားမည်ဖြစ်ပြီး မည်သည့်ဆိုးရွားသည့် လက္ခဏာများကိုမှ ခံစားရမည်မဟုတ်ပါ။သို့သော် အမြင်လွှာတွင်သွေးထွက်ခြင်း နှင့် မကြာခဏ မျက်စိနီခြင်းများဖြစ်လာလျှင်သွေးမတိတ်ရသည့် အကြောင်းများကို စနစ်တကျစစ်ဆေးရန်လိုအပ်လာနိုင်သည်။မျက်စိနီသူများကို ဆရာဝန်က ပဏာမကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကုသနိုင်သော်လည်း အချို့လူနာများကို မျက်စိဆရာဝန်ထံသို့ ချက်ချင်းလွှဲရန် လိုအပ်ပါသည်။ဖြစ်သောအကြောင်းရင်းများ အပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။ မျက်စိအပြင်ပိုင်းတွင်ဖြစ်ပါက ၁ ပတ်မှ ၃ ပတ်ကြာလျှင် ပျောက်ကင်းသွားမည်ဖြစ်သည်။မကြာခဏ သွေးထွက်နေပါက ဗီတာမင် C ၅၀၀ မီလီဂရမ် တနေ့ ၂ကြိမ်သောက်ခြင်း နှင့် အခြားသောကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သလိုလုပ်ရပါမည်။ဥပမာ- မျက်စိအနာဒဏ်ရာဖြစ်ခြင်းနှင့် အခြားသော မျက်စိရောဂါများကို စစ်ဆေးခြင်း တို့ဖြစ်ပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်မျက်ကြည်လွှာအောက်တွင်သွေးထွက်ခြင်းဖြစ်သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/subconjunctival-hemorrhage-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%9c%e1%80%bd%e1%80%be%e1%80%ac%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%bd/
ကလေးများတွင် ချာချာလည်အောင် မူးဝေခြင်းကိုဖြစ်စေသော အကြောင်းများက ဘာတွေလဲ
သင့်ကလေးသည် မတ်တပ်ရပ်လျက်အနေအထားတွင် ရှိနေသော်လည်း သူ့ကို ဆွဲလှည့်ထားသလို မူးဝေခြင်း၊ လှုပ်ရှားနေသလို ခံစားရခြင်းများသည် ချာချာလည်အောင်မူးဝေခြင်းပင်ဖြစ်သည်။ ယင်းသည် လူကို နေထိုင်ရခက်စေသော်လည်း စိုးရ်မ်စရာ ကျန်းမာရေး အခြေအနေတော့မဟုတ်ပါ။ ထိုရောဂါသည် သက်သာမှုရရှိစေရန် ကုသနိုင်သောရောဂါဖြစ်ပါသည်။ကျွန်ုပ်တို့ ခန္ဓါကိုယ် တွင် နား၏အတွင်းပိုင်းသည် ခန္ဓါကိုယ်၏ ဟန်ချက်ကို ထိန်းပေးရာတွင် အရေးပါပါသည်။ ထို့ပြင် ခန္ဓါကိုယ်၏လှုပ်ရှားမှုများနှင့် အနေအထားများကို ပါထိန်းပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ခန္ဓါကိုယ်၏ဟန်ချက်အနေအထားအားလုံးသည် နားအတွင်းပိုင်းအပေါ်မူတည်နေခြင်းဖြစ်သည်။ လှုံ့ဆော်မှုများသည် ဦးနှောက်မှတဆင့် နားအတွင်းပိုင်းသို့ရောက်ရှိကာ ထိုမှတဆင့် မျက်လုံးများ နှင့် အခြားသော ကိုယ်ခန္ဓါ အစိတ်အပိုင်းများသို့ရောက်ရှိခြင်းဖြစ်ပြီး လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။ချာချာလည်အောင်မူးဝေရခြင်း အကြောင်းကို တိကျစွာမသိသေးပါ။ သို့သော် ကလေးများတွင် နားအတွင်းပိုင်းတွင် ပြသနာများရှိခြင်းကြောင့် ဦးနှောက်မှ အချက်ပေးစနစ်များ မှားယွင်းကယ ချာချာလည်အောင်မူးဝေခြင်းဖြစ်ပါသည်။ ကလေးများတွင် အဖြစ်များသော နားအတွင်းပိုင်းရောဂါ လက္ခဏာများမှာ အောက်ပါတို့ဖြစ်ပါသည်။အအေးမိခြင်း၊ ဓါတ်မတည့်မှုများဖြစ်ခြင်း၊ လေအိတ်ငယ်များတွင် ပိုးဝင်ခြင်း စသည်တို့သည် နားနှင့် လေအိတ်များကို ဆက်ထားသော နားပြွန်ထဲတွင် အရည်များစုပုံလာခြင်းကို ဖြစ်စေနိုင်ပါသည်။·ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခြင်း။တခါတရံတွင် ကလေးများသည် ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နားအတွင်းပိုင်းတွင် ဒဏ်ဖြစ်ပြီး ချာချာလည်အောင်မူးခြင်းဖြစ်ရပါသည်။ တခါတရံတွင် ဦးခေါင်းကို ထိခိုက်မိခြင်းကြောင့် နားအတွင်းတွင် ဒဏ်မဖြစ်ဘဲ ဦးနှောက်ထဲတွင် ဒဏ်ဖြစ်သွားပြီး ခေါင်းမူးခြင်း၊ ချာချာလည်အောင်မူးဝေခြင်းတို့ကို ခံစားရတတ်ပါသည်။·မီးနီးယားရောဂါစု။ယင်းသည် နားထဲတွင် အရည်များစုဝေပြီး နားလေထွက်ခြင်း၊ ချာချာလည်အောင်မူးခြင်းတို့ဖြစ်သော ရောဂါဖြစ်ပြီး နောက်ပိုင်းတွင် နားအူခြင်း၊ နားမကြားတော့ခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုရောဂါသည် ဖြစ်ခဲသော်လည်း ကလေးများတွင် ဖြစ်နိုင်ကြောင်းတွေ့ရသည်။·ရုတ်တရက်ချာချာလည်အောင်မူးခြင်း။ထိုသို့ဖြစ်ခြင်းသည် ကလေးဘဝတွင် အဖြစ်များပြီး ချာချာလည်အောင်မူးခြင်းမပြင် ဟန်ချက်မညီမျှခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် တစ်နှစ်အတွင်း၊ တစ်လအတွင်း အကြိမ်ကြိမ်ဖြစ်နိုင်ပြီး အသက် ၈ နှစ်ခန့်အထိဖြစ်နိုင်ပါသည်။·မိုင်ဂရိန်း ခေါင်းကိုက်ရောဂါ။ထိုရောဂါသည် ဦးနှောက်အောက်ပိုင်းရှိသွေးလွှတ်ကြောများတွင် သွေးလည်ပတ်မှုမမှန်ကန်ခြင်းကြောင့်ဖြစ်ခြင်းဖြစ်ပြီး ခေါင်းကိုက်ခြင်း နှင့် ချာချာလည်အောင်မူးခြင်းတို့ ခံစားရနိုင်ပါသည်။ ခေါင်းကိုက်ခြင်းဝေဒနာ ပြင်းထန်လေလေ ချာချာလည်အောင်မူးခြင်းကို ဆိုးရွားစွာ ခံစားရလေလေဖြစ်ပါသည်။ကလေးဆရာဝန်များသည် ကလေးများခံစားနေရသော ဝေဒနာများကို စစ်ဆေးမေးမြန်းခြင်းသည် ချာချာလည်အောင်မူးခြင်းရောဂါကို သိရှိစေနိုင်သည့် အဓိကနည်းလမ်းဖြစ်ပါသည်။ အထူးသဖြင့် ကလေးများ၏ ဦခေါင်းများနှင့် နားများကို စစ်ဆေးခြင်းပြုလုပ်ရပါသည်။ ထိုရောဂါအတွက် တိကျသော စစ်ဆေးရှာဖွေမှုများ မရှိသေးသော်လည်း အချို့သော ကလေးများတွင် ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်းတို့ဖြင့် ချာချာလည်အောင်မူးခြင်းကို ဖြစ်စေနိုင်သော အခြားကျန်းမာရေးပြသနာများကို သိရှိစေနိုင်ပါသည်။ချာချာလည်အောင်မူးခြင်းသည် ဆေးကုသမှုမလိုဘဲနှင့် အလိုလိုပျောက်ကင်းနိုင်သောရောဂါဖြစ်ပါသည်။ နားအတွင်းပိုင်းပြသနာကြောင့် ချာချာလည်အောင်မူးခြင်းဖြစ်သော ကလေးများတွင် ကလေးဆရာဝန်ပေးသောဆေးများကို မှီဝဲခြင်းဖြင့် သက်သာစေနိုင်ပြီး ဟန်ချက်များကိုလည်း မှန်လာစေမည်ဖြစ်ပါသည်။ အများဆုံးအသုံးပြုသော ဆေးများမှာ။· ဟစ်စတာမင်းဓါတ်ကို ဆန့်ကျင်သောဆေးများ သည် နားအတွင်းပိုင်းပြသနာများကို သက်သာစေပါသည်။· လိုအပ်လျှင် အမူးပျောက်ဆေးများထပ်ပေးပါသည်။· နားအတွင်းပိုင်းပိုးဝင်ခြင်းသံသယရှိပါလျှင် ဘက်တီးရီးယား၊ ဗိုင်းရပ်သတ်ဆေးများ၊ အရောင်ကျဆေးများကို ပေးပါသည်။ကလေးများအနေနှင့် ဟန်ချက်ကို ထိန်းပြီး ကစားခြင်း၊ လှုပ်ရှားမှုများပြုလုပ်ခြင်းတို့ကို ရောဂါမပျောက်မချင်း ရှောင်ကျဉ်သင့်ပါသည်။ ယင်းတို့မှာ စကိတ်စီးခြင်း၊ စက်ဘီး၊ စကူတာစီးခြင်း၊ ဒလှိမ့်တုံးများဖြင့် စကိတ်စီးခြင်း၊ ကာမောင်းခြင်းစသည်တို့ဖြစ်ပါသည်။အောက်ပါအချက်များဖြစ်ပါက ကလေးဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်ပါသည်။· ချာချာလည်အောင်မူးခြင်းမကြာခဏဖြစ်နေလျှင်၊ ဖြစ်လာလျှင်လည်း အချိန်ကြာမြင့်စွာ ခံစားနေရလျှင်။· ကလေးငယ်သည် မလှုပ်ရှားနိုင်လောက်အောင် ပြင်းထန်စွာ မူးဝေခြင်းဖြစ်လျှင်။· ချာချာလည်အောင်မူးခြင်းနှင့် အတူ နားအူခြင်း၊ နားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နားပိတ်ခြင်း သို့မဟုတ် နားမကြားခြင်း စသည့် နားပြသနာများနှင့် တွဲပြီး ခံစားရလျှင်။· ကလေးများသည် စိတ်အာရုံများရှုပ်ထွေးပြီး နေ့စဉ်လှုပ်ရှားမှုများ မပြုလုပ်နိုင်တော့လျှင် ကလေးဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%81%e1%80%bb%e1%80%ac%e1%80%81%e1%80%bb%e1%80%ac%e1%80%9c/
ကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ ကြက်မျက်သင့်ရောဂါ
ညအချိန်ဟာကလေးငယ်လေးတွေအတွက် ကြောက်စရာဖြစ်ပါတယ်(အထူးသဖြင့် သူတို့လေးတွေမှာ ညဖက်ရောက်ရင် ဘာကိုမှ ကောင်းကောင်းမမြင်ရတော့တဲ့ အမြင်ဆိုင်ရာ ပြဿနာတွေပါ ရှိနေရင်ပေါ့)။ညဖက်ရောက်ရင် ဘာကိုမှ ကောင်းကောင်းမမြင်ရတော့တဲ့ အဆိုပါ ပြဿနာကို ကြက်မျက်သင့်ရောဂါလို့ခေါ်ပြီး ကလေးငယ်ရဲ့မျက်ကြည်လွှာမှာရှိတဲ့ ဆဲလ်တွေကောင်းစွာ အလုပ်မလုပ်နိုင်တော့ရင် ဒါမျိုးဖြစ်လာနိုင်ပါတယ်။ကြက်မျက်သင့်ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိပေမယ့်ဗီတာမင် Cချို့တဲ့ခြင်းကတော့ အဓိက တရားခံပဲ ဖြစ်ပါတယ်။ကြက်မျက်သင့်ရောဂါဖြစ်နေတဲ့ ကလေးရဲ့မျက်လုံးဟာ ညအမှောင် ဒါမှမဟုတ် အလင်းရောင်ခပ်မှိန်မှိန်ပဲ ရှိတဲ့အချိန်တွေမှာဆိုရင် သေချာမမြင်ရတော့တဲ့အတွက် လုံးဝလင်းထိန်နေတဲ့ အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ သူတို့လေးတွေဟာ မျက်စိမမြင်သူနဲ့ ဘာမှမခြားဖူး ဖြစ်နေပါလိမ့်မယ်။ကြက်မျက်သင့်ရောဂါဟာ ကလေးငယ်တွေမှာ အများဆုံး ဖြစ်လေ့ရှိပါတယ်။ အမှောင်ကို အရမ်းကြောက်တာ၊အလင်းမှိန်မှိန်ပဲရှိတဲ့ အခန်းထဲမှာ လမ်းလျှောက်တဲ့အခါ ပစ္စည်းတွေကို ဟိုတိုးဒီတိုး ဝင်တိုက်မိတာ၊ညဖက်အိပ်မပျော်တာမျိုးတွေဟာ ကြက်မျက်သင့်ရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ကြက်မျက်သင့်ရောဂါ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် မျက်ကြည်လွှာမှာရှိတဲ့ ဆဲလ်တွေကောင်းစွာ အလုပ်မလုပ်နိုင်တော့တာကြောင့် ဖြစ်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းဟာ အကြောင်းရင်းခံ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ကလေးတွေမှာ အများဆုံးဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့။တကယ်လို့ သင့်ကလေးဟာ အမှောင်ကြောက်နေတယ်ဆိုရင် ကလေးကို သေချာဂရုစိုက်ပြီး လေ့လာပါ။ ညအိပ်မီးလေးထွန်းပေးထားရင်ရော ကြောက်နေတုန်းပဲလား၊မကြောက်တော့ဖူးလားဆိုတာကို တချက်ကြည့်ပါ။နောက်တစ်ချက်အနေနဲ့ သင့်မိသားစုဝင်တွေထဲမှာ ညဖက်အမြင်အာရုံချို့တဲ့သူတွေ ရှိသလားဆိုတာကို စဉ်းစားပါ။ သင့်ကလေးရဲ့အမူအကျင့်တွေကို သေချာ စောင့်ကြည့်ပြီး ညအမှောင်နဲ့ ကလေးရဲ့ အကြောက်တရားတို့အကြားမှာ သေချာပေါက်ဆက်စပ်မှုရှိမရှိ ကလေးဆရာဝန်ကို ပြောပြပါ။ကြက်မျက်သင့်ရောဂါကို မျက်စိအထူးကုဆရာဝန်က ဖော်ထုတ်ကုသပေးနိုင်ပါတယ်။ ကြက်မျက်သင့်ရောဂါဖြစ်ပွားပြီဆိုရင် မျက်မှန်ဆိုင်သွားပြီး မျက်မှန်အသစ်လုပ်ပေးရုံနဲ့တော့ ပြေလည်မှာမဟုတ်တဲ့အတွက် မျက်စိအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။ညဖက်အမြင်အာရုံချို့တဲ့ခြင်းနဲ့ ဆက်စပ်ပြီး ရောဂါရာဇဝင်အသေးစိတ်ကို ဆရာဝန်က မေးမြန်းပါလိမ့်မယ် (ညဖက်မှာ အမြင်အာရုံချို့တဲ့တာ ဘယ်လောက်အထိ ဆိုးသလဲ၊ဖြစ်နေတာကြာပြီလား၊ဖြည်းဖြည်းချင်း ပိုဆိုးလာတာလား ဒါမှမဟုတ် ရုတ်တရက်ထဖြစ်တာလား စသဖြင့်ပေါ့)။ပြီးရင် မျက်စိကို စမ်းသပ်ပါမယ်။slit lamp examination လို့ခေါ်တဲ့ အလင်းစူးစူးသေးသေးလေးကို သုံးပြီး မျက်လုံးတွင်းရှိအင်္ဂါတွေကို စစ်ဆေးတာမျိုးလည်း ပြုလုပ်ကောင်းပြုလုပ်ပါလိမ့်မယ်။ ပုံမှန်ပြုလုပ်နေကျ အဆိုပါ စစ်ဆေးမှုတွေကနေ ရရှိလာတဲ့ အဖြေရလာဒ်တွေအပေါ်မူတည်ပြီး နောက်ထပ်စမ်းသပ်မှုတွေကို လိုအပ်သလို ဆက်လက်ပြုလုပ်ပါလိမ့်မယ်။သင့်ကလေး ကြက်မျက်သင့်ရောဂါ ဖြစ်ပွားနေပြီဆိုရင် ကုသရမယ့် နည်းလမ်းပုံစံက ရောဂါဖြစ်ပွားရခြင်းရဲ့ နောက်ခံအကြောင်းရင်းပေါ် မူတည်ပါတယ်။ သင့်ကလေး အဝေးမှုန်နေတာဆိုရင် မျက်မှန်တပ်ဖို့လိုမှာဖြစ်ပြီး retinitis pigmentosa ဝေဒနာခံစားနေရတဲ့ ကလေးတွေကတော့ docosahexaenoic acid, ဒါမှမဟုတ် DHA နဲ့ ဗီတာမင် A တို့ သုံးစွဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။သင့်ကလေးရဲ့ ဗီတာမင် A ပမာဏ နည်းပါးနေရင် ဗီတာမင် ဖြည့်စွက်အားဆေးတွေ သုံးစွဲဖို့ သင့်ဆရာဝန်က အကြံပြုမှာဖြစ်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာသုံးစွဲရမှာပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာနေထိုင်သူအများစုကတော့ အာဟာရပြည့်ဝမှန်ကန်စွာ စားသုံးလေ့ရှိကြတဲ့အတွက် ဗီတာမင် A ချို့တဲ့လေ့မရှိပါဘူး။ဗီတာမင် A ချို့တဲ့ခြင်းအတွက် ဗီတာမင် A ဖြည့်စွက်အားဆေးအပြင်ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကိုပါ စားသောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။retinitis pigmentosa လိုမျိုး မျိုးရိုးဗီဇကြောင့် ကြက်မျက်သင့်ရောဂါဖြစ်ပွားရင်တော့ ကုသလို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မျိုးရိုးဗီဇဖောက်ပြန်ခြင်းကြောင့် မျက်ကြည်လွှာထဲမှာ အရောင်ခြယ်ပစ္စည်းတွေစုပုံလာတာကို ခွဲစိတ်ကုသလည်း အကျိုးမရှိလို့ဘဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%bd%e1%80%ab%e1%80%b8%e1%80%90%e1%80%90%e1%80%ba%e1%80%90/
ကလေးများကို မည်သည့်အိမ်မွေးတိရိစ္ဆာန်များ ပေးမွေးသင့်သလဲ
အိမ်မွေးတိရိစ္ဆာန်လေးများသည် အိမ်သားများအတွက် ကိုယ်ရောစိတ်ပါပျော်ရွှင်စေကြောင်း ကျွန်ုပ်တို့ မငြင်းနိုင်ပါ။ အိမ်မွေးတိရိစ္ဆာန်လေးများရှိခြင်းဖြင့် ကလေးများအတွက်လည်း သက်ရှိ သတ္တဝါတစ်ကောင်ကို ဘယ်လိုပြုစုပျိုးထောင်သလဲ သိမြင်စေပါသည်။ အိမ်မွေးတိရိစ္ဆာန်လေးများကို ဂရုစိုက်ခြင်းဖြင့် သင့်ကလေးသည် တာဝန်ယူချင်စိတ်ရှိခြင်း၊ စိတ်ချယုံကြည်ခြင်း စသည့် စိတ်နေသဘောထားများကို လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။အိမ်မွေးတိရိစ္ဆာန်လေးများကို မွေးထားခြင်းဖြင့် တစ်ယောက်တည်း ကယောင်ခြောက်ချားဖြစ်ခြင်း၊ အထီးကျန်ဆန်ခြင်းတို့ကို ပြေဖျောက်ပေးခြင်း၊ အော်တစ်ဇင်ရောဂါရှိသော ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ တိုးတက်လာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိပါသည်။ ထို့ကြောင့် မည်သည့် အိမ်မွေးတိရိစ္ဆာန်လေးများသည် ကလေးများနှင့် မိသားစုဝင်များအတွက် စိတ်ချရသလဲ လေ့ လာကြည့်ကြပါစို့။အိမ်တွင် ငါးလေးများ စမွေးခြင်းသည် ကလေးများအတွက် ကောင်းသော ရွေးချယ်မှုဖြစ်ပါသည်။ ငါးကန်ထဲတွင် ငါးများရေကူးသွားနေသည်ကို ကြည့်ခြင်းဖြင့် စိတ်ဖိစီးမှုများကို ပြေပျောက်စေသကဲ့သို့ ကလေးများသည် ငါးအမျိုးအစားများကို လေ့လာခြင်းဖြင့် အသိဉာဏ်တိုးစေပါသည်။ သို့သော် သင့်အနေဖြင့် ယဉ်ပါးသော ဘီတာငါးကဲ့သို့သော အိမ်မွေးငါးများကိုမွေးခြင်းဖြင့် အလုပ်မရှုပ်စေဘဲ ပြုစုစောင့်ရှောက်ရလည်း လွယ်ကူမည်ဖြစ်ပါသည်။ဘီတာငါးသည် အိမ်မွေးငါးအမျိုးဖြစ်ပြီး ရေအနည်းငယ်ရှိရုံနှင့် အသက်ရှင်ပါသည်။ ထို့ကြောင့် ထိုငါးအတွက် ရေထဲသို့အောက်ဆီဂျင်လွှတ်ပေးခြင်း၊ အပူများပေးခြင်း၊ ဇကာများတပ်ဆင်ခြင်း၊ ဓာတုအားဆေးများသုံးရခြင်း စသည်တို့ ပြုလုပ်ပေးရန် မလိုပါ။အိမ်မွေးကြွက်ကလေးများမွေးခြင်းသည် အသက်၅နှစ်အထက် ကလေးများအတွက် သင့်တော်ပါသည်။ သူတို့သည် နေရာကျယ်ကျယ်မလိုခြင်း၊ ပျိုးထောင်ရလွယ်ကူခြင်း၊ တစ်နိုင်တစ်ပိုင်ရှိခြင်း၊ အလွန်အမင်းဂရုစိုက်ရန်မလိုအပ်ခြင်းတို့ကြောင့် မွေးရအဆင်ပြေပါသည်။ ယင်းတို့မှာ ဟမ်းစတားကြွက်ဖြူလေးများ၊ ပူးလေးများ၊ ကြွက်မြီးရှည်များ စသည်တို့ဖြစ်ပါသည်။အများစုသော အိမ်မွေးကြွက်လေးများသည် သူတို့အတွက် နေရာများများစားစားပေးရန် မလိုပါ။ ထို့ကြောင့် သင်သည် ခြံဝင်းနှင့် နေသူမဟုတ်လျှင် ထိုအကောင်လေးများသည် မွေးရန်သင့်တော်သော အကောင်လေးများဖြစ်ပါသည်။ ဟမ်းစတားကြွက်လေးများသည် ချစ်စရာကောင်းခြင်း၊ အသိဉာဏ်ရှိခြင်း၊ လူနှင့် မစိမ်းခြင်းတို့ကြောင့် မွေးသင့်သော အိမ်မွေးတိရိစ္ဆာန်လေးများ ဖြစ်ပါသည်။ပါပီခွေးလေးများသည် ကလေးများအကြိုက် အမျိုးအစားများဖြစ်ပါသည်။ အကယ်၍ သင့်ကလေးအတွက် ခွေးလေးများ မွေးမည်ဆိုလျှင် အိမ်အလုပ်များကို သင်ကိုယ်တိုင်နိင်နင်းမှ အဆင်ပြေလိမ့်မည်။ ခွေးအမျိုးအစားအားလုံးသည် ကလေးများနှင့် အဆင်မပြေပါ။ ခွေးမွေးလျှင် အစာ၀၀ကျွေးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်း၊ ကစားရန် နေရာ အလုံအလောက်ရှိခြင်း၊ တိရိစ္ဆာန်ဆေးခန်းမှန်မှန်ပြကာ ကာကွယ်ဆေးများထိုးပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်း စသည်တို့ပြုလုပ်ပေးရပါမည်။ အောက်ပါတို့သည် အိမ်တွင် မွေးရအဆင်ပြေစေသော ခွေးမျိုးနွယ်များ ဖြစ်ပါသည်။ကြောင်များသည် ကလေးများအကြိုက်ဖြစ်ပါသည်။ အမွေးဖွာသောကြောင်များကို လူတိုင်းက ချစ်ကြပါသည်။ ခွေးများနှင့် မတူဘဲကြောင်များသည် အမှီအခိုကင်းကြပြီး ဂရုတစိုက်ပြုရန် သိပ်မလိုအပ်ပါ။ ခွေးများထက်စာလျှင် ကြောင်များသည် သခင်၏ယုယမှုကို မလိုအပ်လှပါ။ သို့သော် ခွေးများကဲ့သို့ပင် တိရိစ္ဆာန်ဆေးခန်းမှန်မှန်ပြကာ ကာကွယ်ဆေးများထိုးပေးခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ သင့်အိမ်တွင် နေရာကျယ်ကျယ်မရှိလျှင် ကြောင်များသည် ကလေးများအတွက် အဖော်ကောင်းများဖြစ်ပါသည်။ အောက်ပါတို့သည် အိမ်တွင် မွေးရအဆင်ပြေစေသော ကြောင်မျိုးနွယ်များ ဖြစ်ပါသည်။အချုပ်ဆိုရသော် အိမ်မွေးတိရိစ္ဆာန်များနှင့် အတူကြီးပြင်းလာသော ကလေးများသည် ပျော်ရွှင်ခြင်း၊ အမှတ်တရများစွာရှိခြင်း စသည့် အကျိုးများခံစားရမည်ဖြစ်ပါသည်။ တိရိစ္ဆာန်များသည် သူတို့သခင်ကို အတိုင်းအဆမဲ့ချစ်ကြပါသည်။ သင့်ကလေးကို အိမ်မွေးတိရိစ္ဆာန် ဝယ်ပေးမည်ဆိုလျှင် တိရိစ္ဆာန်ကို မည်သို့ပြုမူဆက်ဆံရမည်ကို ကလေးအား သေချာစွာ သင်ပေးပါ။ မွေးမည့် တိရိစ္ဆာန်အမျိုးအစားကို မိသားစုနှင့် တိုင်ပင်ပြီးရွေးချယ်ပါ။ သင့်အိမ်အနေအထား၊ နေထိုင်မှုအပေါ်မူတည်ပြီး အိမ်မွေးတိရိစ္ဆာန်များကို ဝယ်မလာမီ သေချာစွာ ရွေးချယ်သင့်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%8a%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%a1%e1%80%ad%e1%80%99%e1%80%ba/
ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ
ကလေးတိုင်း မဟုတ်ပေမယ့် အချို့ကလေးတွေက အနိုင်ကျင့်လိုစိတ် ရှိကြပါတယ်။ ဒီလိုမျိုး ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ ဆိုတာကို မေမေတို့ သိပါရဲ့လား …..။အခြားကလေးတွေကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အကြောင်းအရာများက လှုံ့ဆော်ပေးပါသလဲ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဒီဆောင်းပါးမှာ ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ ဆိုတာကို ပြောပြသွားမှာ ဖြစ်ပါတယ်။ကလေးများကို အနိုင်ကျင့်ချင်စိတ်ဖြစ်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲဆိုတော့။ပထမအချက် အနေနဲ့မိသားစုဘဝက အနိုင်ကျင့်ရခြင်းရဲ့ ပထမဆုံးအကြောင်းအရင်း ဖြစ်ပါတယ်။ အိမ်မှာ မိဘများအချင်းချင်း၊ မိသားစုဝင်များ၊ မောင်နှမများအကြား အနိုင်ကျင့်မှုများကို ကလေးတွေက မြင်နေရခြင်းကြောင့် အတူယူပြီး အဲ့အတိုင်း ပြုမူခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မိဘတွေသူတို့ အပေါ် ဘယ်လိုဆက်ဆံသလဲဆိုတာပေါ် မူတည်ပြီး သူတို့ကလည်း အခြားကလေးများကို ဆက်ဆံပုံ ကွာသွားခြင်းဖြစ်ပါတယ်။ကလေးတွေက သူတို့စိတ်ရဲ့ လှုံ့ဆော်မှုများနဲ့စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တဲ့စိတ်ရောဂါများကို ခံစားနေရရင် အနိုင်ကျင့်ခြင်းကို ပြုလုပ်မိဖို့ ပိုလွယ်ပါတယ်။ ဒီလို ကလေးတွေက စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ စိတ်ရှိရာ ပြုလုပ်ခြင်း၊ တပါးသူရဲ့ စိတ်ခံစားချက်ကို ကိုယ်ချင်းမစာဘဲ ပြုလုပ်ခြင်း စသည့် မူမမှန်တဲ့ အမူအကျင့်များရှိတတ်ကြပါတယ်။ဒီလိုမူမမှန်တဲ့ စိတ်အခြေအနေကို မိဘများက တတ်နိုင်သလောက် စောစော သတိမပြုမိဘဲ ကလေး အရွယ်ရောက်လာချိန်မှ သိရင် ကုရခက်နိုင်ပါတယ်။ဒီလိုမဟုတ်ဘဲမိဘများကသူတို့ကလေးက စိတ်ရောဂါခံစားနေရလို့ အနိုင်ကျင့်တာဆိုပြီး စိတ်ရောဂါကို အပြစ်ပုံချပြီး လွှတ်ပေးထားခြင်းမျိုးဆိုရင်တော့ ကလေးကို အနိုင်ကျင့်ခွင့်ပေးသလို ဖြစ်သွားပါလိမ့်မယ်။ဟော်လန်နိုင်ငံ Groningen တက္ကသိုလ် ပါမောက္ခRene Veenstra၏ပြောကြားချက်အရ အနိုင်ကျင့်ခြင်းများပြုလုပ်ခြင်းသည် အချစ်ခံချင်သောကြောင့် မဟုတ်ပါ။ သူတို့ကို သတိထားမိလာအောင်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုပါသည်။အနိုင်ကျင့်လိုက်လျှင် သူတို့သည် နာမည်ကြီးသွားမည်ဟု ခံယူထားကြသည်။ ကျောင်းတွင် အနိုင်ကျင့်နိုင်သူသည် ခွန်အားကြီးသည်ဟု အများက သတိထားမိပြီး နာမည်ကြီးမှုကို သူတို့လိုချင်ကြပါသည်။ထို့ပြင် ထိုသို့အနိုင်ကျင့်ခြင်းဖြင့် သူတို့သည် ပြသနာ အတော်အများကို ဖြေရှင်းတတ်ကြသည်။ စိတ်ခံစားမှုများကို ထိန်းချုပ်ပြီး အခြားသူများကို လေးစားမှုဖြင့် ဆက်ဆံမည့်အစား အကြမ်းဖက်လိုက်ခြင်းဖြင့် ပြသနာတစ်ခုကို အလွယ်တကူ အနိုင်ယူလိုက်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူတို့သည် ဘဝတွင် ပြသနာများကို မည်သို့ ဆီလျော်စွာဖြေရှင်းရမည်ကို မလေ့လာဖူးခဲ့သောကြောင့် ဖြစ်သည်။ အနိုင်ကျင့်သူများသည် အခြေအနေတရပ်ကို သေချာစွာ စဉ်းစားတွေးခေါ်ပြီး ချဉ်းကပ်ခြင်းမပြုဘဲ အနိုင်ကျင့်ခြင်းဖြင့်သာ အဆုံးသတ်လိုက်ကြပါသည်။အနိုင်ကျင့်သောသူသည် သူကိုယ်တိုင်အနိုင်ကျင့် ခံနေရသောကြောင့် သူတပါးကို အနိုင်ကျင့်ခြင်းဖြစ်နိုင်ပါသည်။ သူနာကျင်သလို သူများကိုလည်း နာကျင်အောင်ပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ကို အနိုင်ကျင့်သောသူကို ပြန်အနိုင်ကျင့်ခြင်း သိုကမဟုတ် အခြားသော သူ့ထက်အားနည်းသော သားကောင်အပေါ် အနိုင်ကျင့်ခြင်တို့ ပြုလုပ်ခြင်းဖြစ်ပါသည်။ယနေ့ခေတ်တွင် အင်တာနက်ကွန်ယက်များ ကျယ်ပြန့်လာသည်နှင့်အမျှ ရုပ်ရှင်များ၊ ကာတွန်းများ သည် ကလေးများနှင့် လက်တကမ်းအနေအထားဖြစ်ပါသည်။ သို့သော် မကောင်းသော အချက်ကလေးမျာမှာ ကလေးများသည် ထိုရုပ်ရှင်များထဲမှ အနိုင်ကျင့်ခြင်း၊ တိုက်ခိုက်ခြင်း ၊ အကြမ်းဖက်ခြင်းများကိုအတုမြင် အတတ်သင်လာကြခြင်းဖြစ်ပါသည်။ထိုသို့သော အနိုင်ကျင့်တတ်သည့် အမူအကျင့်များကို ပျောက်သွားစေရန် မိဘများက ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းများပြုလုပ်ပေးသင့်ပါသည်။ အချို့သော ကလေးများသည် သူတို့ကိုယ်သူတို့ အနိုင်ကျင့်သော အမူအရာများပြုလုပ်နေကြောင်း ရှင်းပြ၍ မရလောက်အောင် အသက်ငယ်ရွယ်နေတတ်ကြပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/motivates-someone-to-become-bully/
ခါးနာနိုင်ခြေကို ဘာတွေက မြင့်မားစေတာလဲ
ခါးနာနေပါသလား။ ဘာတွေကဖြစ်စေတာလဲဆိုတာကော သိပါသလား။ ခါးပိုနာအောင်ဘာတွေက လုပ်နေတာလဲဆိုတာကော သိပါသလား။ အောက်ပါဆောင်းပါးမှာ သင်သိချင်တာတွေ ရှိပါတယ်။ခါးနာခြင်းဟာ အသက်ကြီးတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အသက်ကြီးခြင်းဇီဝဖြစ်စဉ်တွေဟာ ခါးနာခြင်းကို ပိုအားပေးလာပါတယ်။ အသက်၃၀နဲ့အထက်ရှိနေပြီဆိုရင်တော့ ခါးနာနိုင်ခြေများနေပါပြီ။ကိုယ်လက်လှုပ်ရှားမလုပ်ခြင်းက ခါးနာစေပါတယ်။ အသုံးမပြုတဲ့ ကြွက်သားတွေဟာ အားနည်းလာပြီး ခန္ဓါကိုယ်ကို ကောင်းကောင်းမထောက်ပံ့နိုင်တော့ပါဘူး။ အချိန်တော်တော်ကြာလှုပ်လှုပ်ရှားရှားမရှိဘဲနေလာရာကနေ ချက်ချင်းကြီး အလွန်အကျွန် ခန္ဓါကိုယ်ကို အလုပ်ပေးလိုက်ရင် ခါးနာသွားနိုင်ပါတယ်။ ခန္ဓါကိုယ်ကို သိပ်အလုပ်မပေးတဲ့ အပျော့စားလေ့ကျင့်ခန်းတွေကိုသာ ဖြည်းဖြည်းသက်သာလုပ်သွားပါ။ကိုယ်အလေးချိန်များနေမယ်၊ အဝလွန်နေမယ်ဆိုရင် သင့်ခါးက အလေးချိန်အမြောက်အများကို သယ်ဆောင်ထားရပါတယ်။ ကိုယ်အလေးချိန်များနေခြင်းက ခါးပေါ်မှာသာမက အဆစ်တွေပေါ်မှာလည်း ဖိအားတွေသက်ရောက်နိုင်ပါတယ်။ကုန်း၊ကွ၊ဆွဲ၊တင်၊မ၊ချ စတဲ့ ကျောကိုအလုပ်ပေးရတဲ့အလုပ်တွေ လုပ်နေမယ်ဆိုရင် ခါးနာခြင်း၊ ဒဏ်ဖြစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ဆန့်ကျင်ဘက်အနေဖြင့် တစ်နေကိုယ်ဘာမှလှုပ်လှုပ်ရှားရှားမလုပ်ရဘဲ ထိုင်ခုံပေါ်မှာ အေးဆေးထိုင်လုပ်ရတဲ့ အလုပ်ဆိုလျင်လည်း ခါးနာနိုင်ပါသေးတယ်။အထက်ပါအလုပ်တွေက သင့်ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ခါးကိုထိခိုက်မှုမရှိဘဲ လှုပ်လှုပ်ရှားရှားလုပ်နေရမယ့်အလုပ်မျိုးကို ရှာလုပ်သင့်ပါတယ်။ ဒါမှမဟုတ်လည်း အလုပ်အတွင်းမှာ ခဏနားပြီး အပျော့စားလေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။ဆေးလိပ်သောက်ခြင်းက ခါးနာခြင်းကို တိုက်ရိုက်ဖြစ်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ခါးအောက်ပိုင်းနာကျင်ခြင်းနဲ့ စိုင်ရာတစ်အာရုံကြောနာကျင်ခြင်းတို့ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။ ဆေးလိပ်သောက်ခြင်းက ကြွက်သားနှင့်အာရုံကြောများကို ထိခိုက်နိုင်ပါတယ်။ခါးမှာဒဏ်ဖြစ်ထားမယ်၊ ခွဲစိတ်ထားမယ်ဆိုရင်လည်း ပြန်လည်ကောင်းမွန်ခြင်းအတွက် ဆေးလိပ်ကကောင်းကျိုးပေးမှာမဟုတ်ဘူး။ ပြန်ကောင်းဖို့ ကာလာကြာရှည်သွားပါမယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ခြင်းဖြင့် မိမိကိုယ်ကို ကုသနိုင်ပါတယ်။ရောဂါတွေရှိနေတဲ့လူတစ်ယောက်ဟာ ရောဂါကင်းစင်နေတဲ့လူထက်တော့ ခါးနာနိုင်ခြေပိုများမှာပါ။ ထိုရောဂါတွေမှာ ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။ အချို့ကင်ဆာတွေဟာ ကျောရိုးကိုပြန့်နှံ့သွားပြီး ခါးနာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ ကမ္ဘာဆွဲအားဗဟိုချက် ပြောင်းလဲသွားနိုင်ပါတယ်။ ဟန်ချက်ညီနေစေဖို့ ကိုယ်နေကိုယ်ထားပြောင်းလဲသင့်ပါတယ်။ ကိုယ်နေကိုယ်ဟန်မမှန်ရင် ခါးနာလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာလည်း ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်။ မြင့်တက်လာတဲ့ကိုယ်အလေးချိန်က ကျောရိုးမကြီးမှာ သွားပြီးသက်ရောက်ပါတယ်။ ကလေးမွေးဖို့အတွက် တင်ပဆုံရိုးမှာရှိတဲ့ အရွတ်တွေကို ခန္ဓါကိုယ်က လျော့ရဲ့သွားအောင်လုပ်လိုက်ပါတယ်။ ဒါကြောင့် ခါးရဲ့ အထောက်အပံ့တွေ လျော့ကျသွားပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ကိုယ်နေကိုယ်ဟန်မှန်နေဖို့နဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့အရေးကြီးပါတယ်။ဘာတွေက ခါးနာစေတယ်ဆိုတာ တိတိပပမသိရသေးသော်လည်း ဆက်စပ်မှုရှိတဲ့ အရာတွေကိုတော့ တွေ့ရှိထားပါပြီ။ ခါးနာခြင်းကို ကာကွယ်နိုင်ဖို့အတွက် အထက်ပါအချက်အလက်တွေကို တစ်ချက်လောက်ကြည့်ပေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံ့ပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%80/
သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ
စိတ်ရဲ့ အလုပ်လုပ်ပုံဟာ ရှုပ်ထွေးတယ်ဆိုတာ  သွေးဆုံးခါနီး အမျိုးသမီးတစ်ယောက်ကို ကြည့်ရင် သိသာနိုင်ပါတယ်။ သွေးဆုံးတဲ့အချိန်မှာ အဲဒီအမျိုးသမီးကိုယ်တိုင်တောင် သူ့စိတ်အတွေး ဘယ်လိုဖြစ်နေလဲ ဆိုတာ သိဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ အကြောင်း ပြောပြပေးချင်ပါတယ်။သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ လူတိုင်းက သူ့ကို ရူးနေပြီလို့ စွပ်စွဲလို့ရလောက်အောင် ခြောက်ခြားစရာ ကာလပေါ့။ အမျိုးသမီးတွေအတွက်သွေးဆုံးချိန်ဟာ ဘဝရဲ့ သိသာထင်ရှားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပါတယ်။ မ ဟော်မုန်းဓာတ် ကျဆင်းခြင်းကြောင့် ဇီဝဖြစ်စဥ်တွေ  ကမောက်ကမဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ ဖြစ်လာတာပါပဲ။ သည်လိုအချိန်မှာ စိတ်တွေလည်း ဖရိုဖရဲဖြစ်မယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးနော်။ ဒါ့ကြောင့် သည်ဆောင်းပါးမှာ ကနဦးအနေနဲ့  အမျိုးသမီးတစ်ယောက် သွေးဆုံးချိန်မှာ တွေ့ကြုံရမယ့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေက ဘာတွေလဲ ဆိုတာရယ် …ဒါတွေကို အတတ်နိုင်ဆုံး ဘယ်လိုကျော်လွှားမလဲ ဆိုတာရယ် ကို ပြောပြပေးချင်ပါတယ်။ သွေးဆုံးချိန် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ တွေ အကြောင်းကိုတော့ ဆောင်းပါးသတ်သတ် ရေးပေးပါဦးမယ်။သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ ကတော့ စိတ်ဓာတ်ကျခြင်း၊ ညအိပ်မပျော်ခြင်း၊ စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း၊ စိတ်နေစိတ်ထား အပြောင်းအလဲများခြင်း၊ အာရုံမစိုက်နိုင်ခြင်းတို့ဟာသွေးဆုံးခါနီး အမျိုးသမီးတွေအတွက် အစောဆုံး တိုက်ပွဲခေါ်သံတွေပါပဲ။ ဒီ အခြေအနေမျိုးကို သွေးဆုံးချိန် မတိုင်မီ ၄ နှစ်လောက်ကနေ စလို့ သွေးဆုံးပြီးနောက် နှစ်အနည်းငယ်အထိ ကြုံနေရနိုင်ပါတယ်။စိတ်ဓာတ်ကျခြင်း။စိတ်ဓာတ်ကျခြင်းက သက်လတ်အမျိုးသမီးတိုင်းလိုလို ကြုံရပေမဲ့ မဟော်မုန်းဓာတ်လျော့သွားတဲ့ သွေးဆုံးခါနီး အမျိုး သမီးတွေမှာ ပိုပြီး ဆိုးပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက အမျိုးသမီးအများစုဟာ သွေးဆုံးမှာကို အရမ်းစိုးရိမ်ပူပန်နေကြလို့ပါပဲတဲ့။ နေထိုင်လို့ကောင်းပါ့မလား ၊ ရောဂါတွေ ဝင်လာမလား ၊အိမ်ထောင်ရေးသုခတွေလျော့သွားမလား စတဲ့ပူပန်မှုတွေဟာ မဟော်မုန်းဓာတ် လျော့သွားလို့ဖြစ်တဲ့ ညှိုးနွမ်းစိတ် အပေါ် ထပ်ဆင့်ပြီး စိတ်အခြေအနေကို ပိုဆိုးစေတာပါပဲ။ သည်အချိန်ကို အမျိုးသမီးဘဝရဲ့ အဆုံးသတ်အဖြစ် သတ်မှတ်လိုက်မိတဲ့အခါ  အဲဒီအတွေးကိုယ်တိုင်က စိတ်ဓာတ်ကျခြင်းကို သယ်ဆောင်လာတာပါပဲ။ ဒါကို ရင်ဆိုင်ဖို့ အကောင်းဆုံးလက်နက်ကတော့ ဝါသနာပါရာကို လိုက်စားခြင်း၊ ယောဂကျင့်စဥ်၊ အာနာပါန ကျင့်စဥ်တွေ နဲ့ စိတ်ကို အနည်ထိုင် ငြိမ်သက်စေခြင်းပါပဲ။ ပျော်ရွှင်မှုဆိုတာ ရှာယူလို့ရမှန်းသိသွားတဲ့ အခါ အကြောင်းမဲ့ စိုးရိမ်စိတ် တွေ ဝင်မလာတော့ဘဲ စိတ်တွေ ငြိမ်သက်အေးဆေးသွားမှာပါ။ ဝါသနာတူတွေနဲ့ အတူတူ ပျော်မွေ့ရင်း စကားပြောဖော်တွေရလာတဲ့အခါ ကိုယ့်ကိုယ်ကို သွေးဆုံးခါနီးဆိုတာ မေ့သွားတဲ့အထိ ပျော်ဖို့ကောင်းလာပါလိမ့်မယ်။အကြောက်လွန် အစိုးရိမ်လွန် စိတ်ရောဂါဝေဒနာ (Panic disorder)။သွေးဆုံးခါနီးအဆင့်မှာ သည်ရောဂါ ရှိနှင့်ပြီးသားဆိုရင် ပိုဆိုးလာနိုင်ပြီး မရှိသေးရင်လည်း ရှိလာနိုင်ခြေ များပါသတဲ့။ များသောအားဖြင့် လောကဓံ ဆိုးဆိုး၊ အတိတ်ဆိုးဆိုး ဖြစ်ရပ်တွေ ရှိထားဖူးတဲ့ အမျိုးသမီး နဲ့ အိမ်တွင်းအောင်းနေရတာများတဲ့ အိမ်ရှင်မတွေမှာ ပို အတွေ့ရများပါတယ်။ သည်လိုမျိုးကြုံရင်တော့ ပေါ့မနေဘဲ ကျွမ်းကျင်စိတ်ပညာရှင်နဲ့ စိတ်ကုထုံး ယူသင့်ပါတယ် ( စိတ်ရောဂါကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လို့လည်း ရပါတယ်။ )။အစွဲအလမ်းကြီး ရောဂါဝေဒနာ (Obsessive compulsive disorder – OCD)။ရောဂါအသစ် စတာ ( ဒါမှမဟုတ် ) ရှိရင်းစွဲ ရောဂါ ပိုဆိုးလာတာ( ဒါမှမဟုတ် ) ရောဂါလက္ခဏာပုံစံမှာ အပြောင်းအလဲဖြစ်တာမျိုး ကြုံရနိုင်ပါတယ်။ သူကလည်း ဟော်မုန်းဓာတ်အတက်အကျနဲ့ ဆိုင်တတ်တာမို့ဟော်မုန်းကုထုံးယူတာမျိုး လုပ်သင့်သလို စိတ်ကုထုံးယူတာမျိုးလည်း လုပ်သင့်ပါတယ်။ နှစ်ခု လုံးတွဲလုပ်ရင်တော့ တုံ့ပြန်မှု ပိုကောင်း ပိုသိသာပါတယ်။စိတ်အတက်အကျ ရောဂါဝေဒနာ (Bipolar disorder)။ဒါကတော့ ရောဂါရှိရင်းစွဲ အမျိုးသမီးများတွေကို လေ့လာထားရာမှာ သွေးဆုံးခါနီးအချိန်ဆို ရောဂါလက္ခဏာ ပိုဆိုးလာတာကို ကြုံတွေ့ရပါတယ်။ ရာခိုင်နှုန်း တအားမများပေမဲ့ တွေ့ရတတ်တဲ့ အခြေအနေမို့ ဗဟုသုတ အနေနဲ့ ထည့်ပေးထားတာပါ။ သူလည်းပဲ စိတ်ကုထုံးယူသင့်တဲ့ အခြေအနေပါပဲ။ အခန့်မသင့်ရင် သောက်ဆေးနဲ့ပါ ထိန်းရတတ်ပါတယ်။စိတ်ကစဉ့်ကလျား ရောဂါ (Schizophrenia)။သည်ရောဂါက များသောအားဖြင့် အပျိုပေါက်အရွယ်မှာ သူ့အလိုလို ဖြစ်ပေါ်လာပါတယ်။ တချို့ကတော့ မီးယပ်ကိုင်တယ် ဆိုပြီး အယူအဆလွဲတတ်ကြပါသေးတယ်။ အသက် ၄၅-၅၀ နှစ်အတွင်း အမျိုးသမီးတွေကတော့ ဖြစ်ပွားနှုန်း ဒုတိယအမြင့်ဆုံးပါပဲတဲ့။ အမျိုးသားတွေ သည်ရောဂါ မဖြစ်သလောက် ရှားပါတယ်။ ဒါကို ကြည့်ရင်စိတ်ကစဉ့်ကလျားရောဂါကို ဖြစ်စေဖို့ (သို့) ရှိပြီးသားရောဂါကို ပိုဆိုးစေဖို့ရာ မဟော်မုန်းဓာတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ သူသည်လည်း စိတ်ရောဂါ အဆင့်မို့ စိတ်ရောဂါကုဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ကုသရမှာပါပဲ။အိပ်စက်ချိန် အပြောင်းအလဲများ။သွေးဆုံးတော့မယ့် အမျိုးသမီး တစ်ဝက်ကျော်လောက်ဟာ ညအိပ်မပျော်တာကို တွေ့ရပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါ စိတ်အလိုမကျတာ၊ စိတ်တိုတာ၊ စိတ်ဖိစီးတာ နဲ့ စိတ်ဓာတ်ကျလက္ခဏာ ပြနိုင်ခြေပိုများတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာမှာပါ အကျဖက်ကို ဦးတည်လာပါလိမ့်မယ်။ သည်လို အိပ်မရဖြစ်ခြင်းကမဟော်မုန်းဓာတ်ပမာဏ ကျဆင်းခြင်းနဲ့လည်း ဆက်စပ်ပါတယ်။ အဓိက ကတော့ Luteinizing Hormone ပေါ့ ။ သည်အတွက်ကတော့ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ tips တွေရေးပေးထားတဲ့ ဆောင်းပါးရှိတာမို့ ရှာပြီး ပြန်ဖတ်ကြည့်စေချင်ပါတယ်။ ကြိုးစားကြည့်တာကတော့မမှားပါဘူး။  ကိုယ်ခန္ဓာအပြင်ကနေ ဟော်မုန်းဓာတ်ဖြည့်ပေးတဲ့ ကုထုံးကတော့ ပိုထိရောက်ပြီး တုံ့ပြန်မှုကောင်းတွေရထားတယ်လို့ သိရပါတယ်။ သည်အကြောင်းကိုလည်း ဆောင်းပါး သီးသန့်ရေးပေးပါ့မယ်။ အိပ်ဆေးလိုမယ်ဆိုရင်တော့ melatonin သောက်ဆေးအနည်းငယ် ကူပေးနိုင်ပါတယ်။လိင်စိတ်ကျဆင်းခြင်း။သည် ဖြစ်ရပ်က အပျိုကြီးတွေအပေါ်မှာ သက်ရောက်မှု သိပ်မရှိပေမယ့် အိမ်ထောင်သည် အမျိုးသမီးတွေ အတွက်ကတော့ အိပ်မက်ဆိုး သဖွယ်ပါပဲ။ မဟော်မုန်းကျဆင်းလာတာနဲ့ အမျှ ဆန့်ကျင်ဘက် လိင်အပေါ် လိင်စိတ်တိမ်းညွှတ်မှု နည်းပါးလာပြီး အိပ်ရာကိစ္စတွေ စိတ်မပါဖြစ်လာတတ်ပါတယ်။ သည်လိုအချိန်မျိုးမှာ မိမိရဲ့ အိမ်ထောင်ဖက်က နားလည်မှုရှိတဲ့ သူဖြစ်ဖို့ အရေးကြီးပါတယ်။ လိင်စိတ်တိမ်းညွတ်မှုနည်းသွားတာဟာ မေတ္တာ မရှိတော့လို့ မချစ်တော့လို့ မဟုတ်ဘူးဆိုတာအိမ်ထောင်ဖက်ကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့ နဲ့ အချိန်ပေးဆွေးနွေးဖို့ လိုပါမယ်။ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်ကို တခြားနည်းတွေနဲ့လည်းပြလို့ရတာမို့ မစိုးရိမ်ကြဖို့ပြောချင်ပါတယ်။ ( သည်အကြောင်းလည်း ကြုံရင် ဆောင်းပါးရေးပေးပါဦးမယ်။)။မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – နှင်းနုအေး။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/menopause-mood-changes/
Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ
Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ ….. အခုခေတ် မိန်းကလေးတွေဟာ ကိုရီးယားမလေးတွေလို သဘာဝဆန်ဆန်လေး ပင်ကိုယ်အလှနဲ့ လှချင်တဲ့သူ များပါတယ်။ ဒီတော့ မိတ်ကပ်ဆိုလည်း ခပ်ပါးပါးလေး လိမ်းတာမျိုး ရှိလာပါတယ်။ ပင်ကိုယ်အလှနဲ့ လှပဖို့ဆိုတာ အရေးအကြောင်း၊ ဝက်ခြံ၊ တင်းတိပ်၊ မျက်ကွင်းညိုတာတွေ၊ အသားအရေခြောက်တာတွေ မရှိမှ ဖြစ်မှာပါ။ဒီတော့ မိတ်ကပ်လိမ်းတာထက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ (Skin Care) တွေကို ပိုပြီး ဦးစားပေး သုံးလာကြပါတယ်။ Skin Careတွေထဲမှာ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်၊ တိုနာ၊ Eye Cream၊ Essence အများကြီးပါပဲ။ ဒီလို အများကြီးကို အချိန်မှန်အောင် သုံးတတ်ဖို့တော့ လိုပါတယ်။ Skin Care တွေ အများကြီး ဝယ်ထားပြီး ဘယ်ဟာအရင်စသုံးရမလဲမသိရင်တော့ ဖတ်ကြည့်ပါဦးနော်။Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ ဆိုတော့။Skin Care စလုပ်ပြီဆိုရင်တော့ ပထမဆုံးအနေနဲ့မိတ်ကပ်ဖျက်ဆေး ဒါမှမဟုတ် cleansing oilတွေ သုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို အရင်ဖယ်ရှားလိုက်ပါ။ နောက်ပြီးရင်တော့ ရေဓာတ်များများ ပါဝင်တဲ့ Cleanser သုံးပေးဖို့ လိုပါတယ်။ ဒါက အညစ်အကြေးတွေကို နှစ်ဆ သန့်စင်စေပါတယ်။သန့်စင်တဲ့ ကိစ္စတွေပြီးပြီဆိုရင်တော့ တိုနာအလှည့်ရောက်ပါပြီ။ တိုနာကတော့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပြီး ချွေးပေါက်တွေ ကျယ်တာကိုလည်း သက်သာစေပါတယ်။ တိုနာကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာမှာ ပွတ်တာမျိုး လုပ်နိုင်ပါတယ်။တိုနာ အဆင့်ပြီးပြီဆိုရင်တော့ Essence လိမ်းလို့ ရပါပြီ။ Essence ဟာလည်း Toner၊ Serum နဲ့ သဘောတရားတူညီပါတယ်။ သူကတော့ ရေဓာတ်လည်း ဖြည့်ပေးသလို ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်ပြန်လည် ဖြစ်ပေါ်ဖို့ အထောက်အကူပြုပါတယ်။Mask ကတော့ ပျိုပျိုမေလေးတွေ တစ်ပတ်ကို တစ်ခါ၊ နှစ်ခါလောက် ကပ်ကြတဲ့ ပစ္စည်းပါ။ Mask တွေဟာ အသားအရေထိန်းသိမ်းဖို့အတွက် အကောင်းဆုံး ဖြစ်ပြီး ကိုယ့်အသားအရေ အမျိုးအစားအလိုက် ရွေးချယ်လို့ ရနိုင်ပါတယ်။မျက်လုံးအတွက်တော့ Eyecream လေး လိုအပ်တာပေါ့နော်။ မျက်လုံးနားတဝိုက်မှာ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်း ဖြစ်ခြင်းနဲ့ ရေဓာတ်လိုအပ်တာတွေကို ကောင်းမွန်စေပါတယ်။ လက်ချောင်းလေးတွေနဲ့ ညင်သာစွာ ထိတွေ့ပါ။ အတင်းပွတ်တာမျိုး မလုပ်နဲ့နော်။ရေဓာတ်အားဖြည့်ခရင်မ် (moisture) ကတော့ အသားအရေ ကြည်လင်တောက်ပစေပြီး စိုစိုလေး ဖြစ်နေစေမှာပါ။ Emulsion၊ Gel ပုံစံ အမျိုးမျိုး ရှိပါတယ်။ နေ့တိုင်းသုံးလို့ ရပါတယ်။နေလောင်ကာခရင်မ်(sunscreen)ကလည်း မရှိမဖြစ် လိုအပ်ပါတယ်နော်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ပျိုပျိုမေလေးမှာ အပေါ်မှာ ပြောပြခဲ့တဲ့ အသားအရေထိန်းသိမ်းခရင်မ်တွေတော့ ရှိတယ်။ မိတ်ကပ်လည်း လိမ်းချင်တယ်ဆိုရင်တော့ ဘယ်အရာတွေ အရင်လိမ်းမလဲ သိဖို့လိုပါတယ်။မနက်ခင်း မိတ်ကပ်မလိမ်းခင်မှာ Cleanser သုံးပါ။ ပြီးရင်Toner လေး ထပ်သုံးပါ။ နောက်တော့ ရေဓာတ်ဖြည့်ခရင်မ်နဲ့ နေလောင်ကာခရင်မ် လိမ်းပြီးမှ မိတ်ကပ်လိမ်းပါ။ ကိုယ်က ရေဓာတ်ဖြည့် ခရင်မ် မလိမ်းဘူးဆိုရင် Essence ဒါမှမဟုတ် Emulsion လေး လိမ်းလို့ ရပါတယ်။ညဘက်ရောက်ပြီဆိုရင်တော့ မနက်က လိမ်းသမျှ မိတ်ကပ်တွေ ဖျက်ဖို့ မိတ်ကပ်ဖျက်ဆေး အရင်သုံးပါ။ ပြီးရင်တော့ Toner သုံးပြီး Essence ထပ်လိမ်းနိုင်ပါတယ်။ နောက်ဆုံးတော့ Night Cream လေး လိမ်းလိုက်ပါ။ တစ်ပတ် တစ်ခါ၊ နှစ်ခါတော့ Mask တွေ သုံးနိုင်ပါတယ်။ရေးသားသူ- Eaindray Kha။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-use-skin-care-properly/
သင့်ကလေးသည် ဘယ်အချိန်မှာ လိင်ပြောင်းရန်လိုအပ်ပါသလဲ
သင့်ကလေးသည် ယောကျာ်း မိန်းမ ခွဲမရသော လိင်ဖြင့် မွေးဖွားလာပါက သူတို့ကို လိင်းပြောင်းရန်လိုအပ်ပါသည်။ ထိုသို့ပြောင်းလဲခြင်းကို လိင်ပြောင်းခြင်းဟုခေါ်ပါသည်။ ယင်းသည် ခွဲစိတ်မှုတစ်ခုမဟုတ်ပါ။ ထိုသို့ လိင်ပြောင်းရန် များစွာသော အဆင့်များကို ပြုလုပ်ရပါသည်။လိင်ပြောင်းခြင်းသည် အပြောင်းခံရသူများသည် လောကကြီးတွင် ဖြစ်တည်မှု တမျိုးဖြစ်သွားစေပါသည်။ သင့်ကလေးသည် သူ့စိတ်ထဲတွင်ဖြစ်နေသော လိင်စိတ်အပေါ်မူတည်ပြီး အဝတ်အစားများကိုဝတ်ဆင်ခြင်း၊ ဆံပင်ပုံစံများကို ပြောင်းလဲခြင်းတို့ ပြုလုပ်မည်ဖြစ်ပါသည်။ထို့ပြင် သူတို့ စိတ်ထဲတွင်ဖြစ်နေသော လိင်စိတ်အပေါ်မူတည်ပြီး နာမည်များပြောင်းလဲ ခေါ်စေလိုခြင်း၊ နာမ်စားများပြောင်းလဲ အသုံးပြုစေလိုခြင်းများဖြစ်လာမည်ဖြစ်ပါသည်။ထိုသို့ပြောင်းလဲမှုများကို အိမ်မှာနေချိန်တွင် စသတိထားမိမည်ဖြစ်ပြီး သင့်အနေနှင့် ကူညီဖေးမပေးပါမှ နောက်ကြာလာလျှင် သူနှင့် လိင်တူကလေးများကြားထဲတွင် လူဝင်ဆန့်လာမည်ဖြစ်ပါသည်။လိင်ပြောင်းထားသောကလေးများသည် အရွယ်ရောက် ချိန်တွင် အခက်ခဲဆုံးအချိန်များကို ကြုံရတတ်ပါသည်။ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်များတွင် ကိုယ်ခန္ဓါတွင် ဟော်မုန်းများ ထုတ်လွှန်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာကြပါသည်။ ထိုအရာများသည် သင့်ကလေးကို ကသိကအောင့် ဖြစ်ကောင်းဖြစ်စေနိုင်ပါသည်။ ထိုအခါ သင့်အနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီး ကလေးကို ဟော်မုန်းဆေးများ ထိုးခြင်း၊ အသားထဲတွင် မြှုပ်ခြင်းများပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခန္ဓါ၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ထိန်းချုပ်နိုင်ပါသည်။ထို့ပြင် ထိုသို့ဆေးများဖြင့် ကုသခြင်းဖြင့် သင့်ကလေး၏ကိုယ်သည် ပုံမှန်အရွယ်ရောက်ချိန်တွင်ဖြစ်သော မျက်နှာ အမွှေးအမျှင်များရှည်လာခြင်း၊ ရင်သားများကြီးထွားလာခြင်း၊ အသံများ ပြောင်းလာခြင်းစသည့် ပြောင်းလဲမှုများ ကိုမဖြစ်တော့ပါ။ သို့သော် ထိုဟော်မုန်းဆေးမျာကို ရပ်တန့်လိုက်လျှင် ထိုပြောင်းလဲမှုများကို ခံစားရမည်ဖြစ်ပါသည်။ ဟော်မုန်းတားဆေးများသည် ယေဘူယျအားဖြင့် စိတ်ချရပြီး အထူးသဖြင့် အရွယ်ရောက်စောသော ကလေးများအတွက် အများဆုံး အသုံးပြုပါသည်။သင့်ကလေးသည် သူ့ကို ပြောင်းလဲထားသော လိင်အတိုင်း လိင်စိတ်များကိုဖြစ်စေလိုလျှင် သူတို့သည် အီစထရိုဂျင် သို့မဟုတ် တက်စထရို စတီရုန်းဟော်မုန်းများကို သောက်သင့်ပါသည်။ သင့်ကလေးသည် ထိုဟော်မုန်းဆေးများကို တသက်လုံးသောက်ရန် လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။ သေချာသော အရာတစ်ခုမှာ လိင်နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဟော်မုန်းများမှီဝဲခြင်းသည် သင့်ကလေးကို နောင်တွင် ကိုယ်ဝန်ရရန်ခက်ခဲစေပါသည်။ ထို့ကြောင့် ထိုဟော်မုန်းဆေးများ မသောက်မီ သုတ်ကောင်များ၊ မျိုးဥမျာကို အေးခဲပြီး သိမ်းထားရန်လိုပါသည်။ ထိုသို့ပြုလုပ်ရန် ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ပြီး မှ ဆုံးဖြတ်ချက်ချသင့်ပါသည်။ခွဲစိတ်ပြုပြင်ခြင်းသည် လိင်ပြောင်းလဲခြင်းတွင် အကြီးမားဆုံးအဆင့်ဖြစ်ပါသည်။ သင့်ကလေးသည် အရွယ်ရောက်ချိန်တွင် သူ့လိင်အင်္ဂါနှင့် အသံများကို ပြောင်းလဲချင်စိတ်များဖြစ်မိပါလိမ့်မည်။ လိင်ပြောင်းထားသော ကလေးအများစုသည် သူတို့ပြောင်းထားသောလိင်နှင့် သူတို့၏ လိင်စိတ်ကိုထပ်တူညီစေချင်ကြပါသည်။ ထို့ကြောင့် အသက် ၁၈ နှစ်ပြည့်မှ ခွဲစိတ်ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ရန် ထောက်ခံချက်များရှိသော်လည်း လူတစ်ဦးချင်း၏ စိတ်သဘောထားအပေါ်မူတည်ပြီး ဆရာဝန်များက ခွဲစိတ်ပြုပြင်မှုများကို ပြုလုပ်ပေးကြပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%8a%e1%80%b9-%e1%80%98%e1%80%9a%e1%80%b9%e1%80%a1%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%99%e1%80%bd/
လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ ။ ။
ကိုယ်ဝန်ကြောင့်၊ ကိုယ်အလေးချိန် အပြောင်းအလဲကြောင့် နဲ့ ကြွက်သားတွေတက်လာတာကြောင့်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အကြောပြတ်ရာတွေ ပေါ်လာလေ့ရှိပါတယ်။ ဒီလို ကိုယ်အလေးချိန်တက်လာတော့ ဝိတ်ပြန်ချဖို့ လေ့ကျင့်ခန်းတွေပြန်လုပ် အဲဒီမှာ တစ်ခါထပ်ပြီး အကြောကပြတ်နဲ့ သံသရာဆုံးတော့မှာ မဟုတ်ပါဘူး။အကြောပြတ်ရာတွေဆိုတာလည်း တစ်ခါဖြစ်ဖူးရင် တစ်သက်လုံးဆက်ရှိနေမယ့်အရာတွေပါ။ အကြောပြတ်ရာတွေက ကျန်းမာရေးကို ဘာထိခိုက်မှုမှ မပေးပေမယ့် အကျည်းတန်တယ်ဆိုတာတော့ အားလုံးသိကြမှာပါ။ ဒီတော့ ဒီလို လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ ။ ။လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ ဆိုတော့။ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေစားပါ ။ ။အသီးအရွက်တွေ၊ အစေ့အဆံတွေနဲ့ အဆီမပါတဲ့ အသားတွေဟာ ကျန်းမာရေးအတွက် တကယ်ကိုအကျိုးပြုတဲ့ အစားအစာတွေပါ။ အကြောပြတ်ရာတွေဖြစ်တာဟာ အရေပြားဆွဲဆန့်တာများတာနဲ့ ကော်လာဂျင်နည်းတာကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ဗီတာမင် A၊ဗီတာမင် C၊ ဗီတာမင် E လိုမျိုး အသားအရေအတွက်ကောင်းတဲ့ ဗီတာမင် တွေရယ် ကော်လာဂျင်များတဲ့ အစားအစာတွေရယ် စားပေးသင့်ပါတယ်။ကိုယ်မနေတဲ့ ဝိတ်တုံးတွေရဲ့ အလေးချိန်ကို လျှော့လိုက်ပါ။ ။လေ့ကျင့်ခန်း လုပ်တဲ့အခါ ဇောမကြီးပါနဲ့။ ဖြည်းဖြည်းချင်း တိုးပြီး လုပ်သွားပါ။ အလေးမမယ်ဆိုလည်း ဒီလိုပါပဲ။ တန်းပြီး အလေးတုံးအကြီးတွေကို မမလိုက်ပါနဲ့။ အရေပြားနဲ့ ကြွက်သားမျှင်တွေကို ဆွဲဆန့်လိုက်သလို ဖြစ်ပြီး အကြောပြတ်ရာတွေ ဖြစ်လာတတ်ပါတယ်။လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ပါ။ မလုပ်ခင်လည်းအကြောလျှော့ပါ။လေ့ကျင့်ခန်းကို တန်းပြီးလုပ်တာထက်စာရင် လေ့ကျင့်ခန်း မလုပ်ခင် သွေးပူအောင် အရင်လှုပ်ရှားမှုလေးတွေလုပ်ပြီး အကြောလျှော့ပါ။ ပြီးမှ ကိုယ်လုပ်ချင်တဲ့ လေ့ကျင့်ခန်းကိုလုပ်ပါ။ လေ့ကျင့်ခန်း အားလုံးလုပ်ပြီးတဲ့ အချိန်မှာလည်း အကြောပြန်လျှော့ဖို့ မမေ့ပါနဲ့။  အကြောတွေတင်းနေတဲ့အခါ အရေပြားကို ရုတ်တရက် ဆွဲဆန့်လိုက်တာ၊ ကြွက်သားမျှင်တွေ ပြတ်တာဖြစ်တတ်ပြီး အကြောပြတ်ရာတွေ ပေါ်လာတတ်ပါတယ်။ရေများများသောက်ပါ။အသားအရေက ရေဓာတ်ပြည့်ဝနေရင်လည်း အကြောပြတ်ရာတွေ ဖြစ်နိုင်ခြေနည်းပါတယ်။ ခြောက်သွေ့နေတဲ့ အသားရေက ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေထက်စာရင် အကြောပြတ်ရာ ဖြစ်လွယ်ပါတယ်။အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။အကြောပြတ်ရာတွေ ထိန်းလိုက်မရအောင်ပေါ်လာပြီဆိုရင် ဆေးခန်းသွားပြီး ဆရာဝန်နဲ့ တိုင်ပင်ကာ tretinoin cream လိမ်းပေးလို့ရပါတယ်။ စိတ်ရှည်ရှည်နဲ့ ဖြစ်တဲ့နေရာကို ဆေးမှန်မှန် လိမ်းပေးဖို့တော့လိုပါလိမ့်မယ်။ လိမ်းဆေးတွေက ဖြစ်နေတဲ့ အကြောပြတ်ရာတွေကို အရှင်း မပျောက်စေပေမယ့် ထင်းနေတဲ့ အကြောပြတ်ရာတွေကို မှိန်စေပြီး နောက်ထပ် အကြောပြတ်ရာတွေ ထပ်ဖြစ်မလာအောင် တားဆီးပေးမှာပါ။အသားအရေထိန်းလိမ်းဆေးတွေ သုံးပေးလို့ရပါတယ်။လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်ပြီးလို့ ရေချိုးပြီးချိန် နဲ့ အိပ်ရာဝင်ချိန် တိုင်းမှာ အကြောပြတ်ရာတွေကို ကာကွယ်ပေးမယ့် လိမ်းဆေး အဆီတွေ မှန်မှန် လိမ်းပေးပါ။အကြောပြတ်ရာတွေ နဲ့ပတ်သက်ပြီး နောက်ထပ်သိထားသင့်တဲ့အချက်တွေကတော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/how-to-prevent-stretch-mark/
မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ
မေးစေ့ အောက်မှာ အဆီတက်နေတာ မှန်ကြည့်တိုင်း သတိထားမိလာတယ်။ ဒါကို မေး နှစ်ထပ် လို့ ခေါ်ကြတယ်လေ။ ဝလာတဲ့ လက္ခဏာ တစ်ခု ဖြစ်သလို တချို့တွေ လူမဝလည်း မေးစေ့ အောက်က အဆီ ရှိနေလို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။မျက်နှာလေး သွယ်လျ လှပနေဖို့ V shape ဆေးတွေ၊ နည်းလမ်းတွေတောင် သုံးကြတဲ့ ခေတ်မှာ မေးနှစ်ထပ် ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲလို့။ အဲဒါကြောင့် ဒါလေးတွေ လုပ်ကြည့်နော်။ပီကေ ဝါးရင် ပါးတွေ၊ မေးစေ့ တစ်ဝိုက် အစိတ်အပိုင်း အကုန်လုံး လှုပ်ရှားရတာမို့ လေ့ကျင့်ခန်း လုပ်သလို ဖြစ်စေနိုင်ပါတယ်။ပီကေ ဝါးနေတဲ့ အချိန်ဆို မေးစေ့ ကလည်း အငြိမ်မနေရတဲ့ အတွက် မေးကို နှစ်ထပ် ဖြစ်စေတဲ့ အဆီတွေ လောင်ကျွမ်းသွားမှာပါ။မေးအဆီ ကျစေမယ့် လေ့ကျင့်ခန်းတွေထဲက အကောင်းဆုံး ဥပမာ ကတော့ နှုတ်ခမ်း စူတဲ့ လေ့ကျင့်ခန်းပါပဲ။ ခေါင်းကို နည်းနည်းလေး အပေါ်မော့ပါ၊ နှုတ်ခမ်း နှစ်ခုကို စူနိုင်သလောက် ဖြည်းဖြည်းချင်း စူထုတ်ပါ၊ ၁၀ စက္ကန့်လောက် နေရင် ပြန်ဖြေလျှော့ပါ။ကြက်ဥအကာချည်း သက်သက်ကိုပျားရည်၊သံပရာရည်၊ နို့ စားပွဲတင်ဇွန်း တစ်ဇွန်းစီ နဲ့ ရောခေါက်ပြီး မေးစေ့ တစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာအောင် ထားပြီး ရေ ပြန်ဆေးချပါ။ တစ်နေ့ တစ်ကြိမ် လုပ်ပေးပါ။ဒါက အဆီကျစေတာမျိုး မဟုတ်ပေမယ့် အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး တင်းရင်းစေပါတယ်။လက်ဖက်စိမ်း (green tea) လက်ဖက်ခြောက် ကို ရေနွေးထဲ ထည့်ခတ်ပြီး ပျားရည်လေး ရောပြီး ပူပူလေးသောက်ပေးပါ။သံလွင်ဆီ ကို အပူနည်းနည်း ပေးပြီး မေးစေ့ အောက်နား ကို တစ်ညလုံး လိမ်းထား( ဒါမှမဟုတ် ) တစ်နာရီ နှစ်နာရီလောက် လိမ်းထားပြီး ရေဆေးချပါ။ တစ်နေ့ တစ်ကြိမ်လောက် လုပ်ပေးပါ။သံလွင်ဆီ မှာပါတဲ့ဗီတာမင် Eရဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် သင့်အသားအရေ ထိခိုက် ပျက်စီးတာကို တားဆီးပေးမယ့်အပြင် အရေပြားအတွက် လိုအပ်တဲ့ အစိုဓာတ်လည်း ရစေတာကြောင့် အသက်အရွယ်အရ ဖြစ်တဲ့ အသားအရေ လျော့တွဲလာခြင်း ကို အကောင်းဆုံး ကာကွယ်ပေးမှာပါ။မေးစေ့ နား တစ်ဝိုက်ကိုနှိပ်နယ်ပေးတာကြောင့်သွေးလည်ပတ်မှုတွေ ကောင်းသွားပြီး မေးစေ့ အောက်က အဆီ တွေ လောင်ကျွမ်းသွားမှာပါ။ ဒီတိုင်း နှိပ်နယ်တာပဲ ဖြစ်ဖြစ် အဆီ တစ်မျိုးမျိုး လိမ်းပြီးပဲ နှိပ်တာပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/how-to-reduce-under-chin-fat/
မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ
ရှေ့က ရေးခဲ့တဲ့ estrogen မ ဟော်မုန်းအကြောင်း ကို ဖတ်ထားခဲ့ရင်တော့ သည်ဆောင်းပါးကို ပိုပြီး ထဲထဲဝင်ဝင် နားလည်နိုင်ပါလိမ့်မယ်။ သွေးဆုံးတယ်ဆိုတာ တကယ်တော့ သားဥအိမ်က သားဥမကြွေတော့တာကိုပြောတာပါပဲ။ သွေးဆုံးတာက ရာသီမလာရုံသက်သက်ပဲ မဟုတ်ပါဘူး။ ပျိုဖော်ဝင်စတုန်းကလို ဟော်မုန်းအပြောင်းအလဲတွေ ထပ်ဖြစ်လာနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။တချို့က ရာသီသွေးမဆင်းတော့ရင် သွေးဆုံးပြီဆိုပြီးလည်းပြောကြတယ်။ တစ်နည်းအားဖြင့် မှန်ပါတယ်။ ပေါ်ပေါ်ထင်ထင်ကြည့်ပြီး သိလို့ရတာက သည်အချက်ပဲ ရှိတာကိုး။ ဘယ်အသက်အရွယ်မှာ သွေးဆုံးတယ်ဆိုတာကတော့ မျိုးရိုးနဲ့လည်းဆိုင်ပါတယ်။အများစုကတော့ ၄၅-၅၀ ပတ်ချာလည်တွေမှာ သွေးဆုံးလေ့ရှိကြပါတယ်။  အချိန်ကိုတော့ အကြမ်းဖျင်းအနေနဲ့ တစ်နှစ်စောင့်ကြည့်ရပါတယ်။ တစ်နှစ်တိတိ ဘာပြင်ပ ပယောဂမှ မပါဘဲကို သားဥ မကြွေတော့လို့ ဓမ္မတာသွေးမဆင်းတော့တဲ့ အချိန်ဆိုရင်တော့ သွေးဆုံးပြီလို့ ပြောလို့ ရပါတယ်။ဘာလို့လဲဆိုတော့ သွေးဆုံးပြီးတာတောင်မှ သွေးပြန်ဆင်းတာမျိုးကြုံတတ်လို့ပါ။ ဒါက ရောဂါပိုင်းဖြစ်သွားပြီမို့ နောက်မှ သက်သက်ရှင်းပြပါ့မယ်။ အဓိကသိစေချင်တာက တကယ်တမ်း သွေးဆုံး၊ မဆုံးဆိုတာက သားဥကြွေမကြွေနဲ့ပဲ ဆုံးဖြတ်ပါတယ် ဆိုတာရယ်၊ သွေးဆုံးတယ်ဆိုတာ ရောဂါ မဟုတ်ဘဲ သဘာဝသာဖြစ်တယ်ဆိုတာရယ်ပါ။သည်သဘာဝက အဓိက အားဖြင့် estrogen နဲ့ သူနဲ့မိတ်ဖက် progesterone မ ဟော်မုန်းတို့ ကျဆင်းမှုနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ရှေ့ဆောင်းပါးမှာ  ပြောခဲ့ပြီးတဲ့ အတိုင်း သားဥကြွေရာမှဖြစ်တဲ့ သားဥတွင်းကနေ estrogen ကို အဓိကထုတ်တယ်။ ခု သားဥမကြွေလို့ သားဥတွင်း မရှိတော့တဲ့ အချိန်မှာ မူလ ရှိရင်းစွဲ estrogen ပမာဏကနေ ထိုးဆင်းသွားမှာပဲ။ အဓိက အရင်းအမြစ် ပျောက်သွားတာကိုး။ အဲ့လိုအချိန်မှာ ကိုယ်ထဲ estrogen များများစားစား ရှိစဥ်က ပုံမှန်အဆင်ပြေနေခဲ့တဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေ ဟာ အပြောင်းအလဲကြီး ပြောင်းလဲ ကုန်ကြတယ်။သည်ပြောင်းလဲမှု ကို အသားမကျသေးတဲ့အခါသွေးဆုံးကိုင်တယ်ဆိုပြီးပြောကြတာပါပဲ။ သည်ဟာကလည်း ရောဂါ ကြီးကြီးမားမားရယ် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးနဲ့ တစ်ဦးတော့ မတူနိုင်ဘူးပေါ့လေ။ ကျန် အရင်းအမြစ်တွေဖြစ်တဲ့ adrenal gland၊ အဆီဆဲလ်တွေ၊ အသည်း၊ ရင်သားအဆီနဲ့ ဦးနှောက် တို့က ဘယ်လောက်ထိထုတ်ပေးနေနိုင်သေးလဲ ဆိုတာပေါ်လည်း မူတည်သေးတာကို။ ဘာအပြောင်းအလဲတွေဖြစ်မလဲ ကြည့်ကြရအောင်။မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ ဆိုတော့။(၁) မ မျိုးပွါးအင်္ဂါအဖွဲ့အစည်း အားလျော့လာမယ်။မွေးလမ်းကြောင်းနဲ့ သားအိမ်အတွင်းလွှာတွေ အကာအကွယ် အားနည်းတာကြောင့် မွေးလမ်းကြောင်း ပိုးဝင်လွယ်မယ်။ ရင်သား၊ တင်သား နဲ့ သားအိမ်ထိန်းကြွက်သားတွေ လျော့ရဲလာမယ်။ သည်အချက်ရဲ့ အကျိုးဆက်အနေနဲ့။၁။ ဆီးသွားတဲ့အခါ ပြဿနာရှိလာတတ်တယ်။ အလေးအပင်မတဲ့အခါ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ ဆီးမထိန်းနိုင်တာ၊ ဆီးထွက်ကျတာ၊ ဆီးတစ်စက်တစ်စက် ယိုတာ၊ ဆီးသွားလို့ အားမရတာ စတာတွေဖြစ်လာမယ်။၂။ သားအိမ်ကျွံကျတတ်တယ်။ သားအိမ်ထိန်း ကြွက်သားတွေ တင်းတင်းရင်းရင်း မရှိတော့တဲ့အတွက် သားအိမ်ဟာ မူလနေရာကနေ အောက်ကိုလျှောလာတတ်ပြီး ဆီးအိမ်ကိုသွားဖိတဲ့ အခါ အပေါ်က ဆီးပြဿနာ သံသရာလည်မယ်။ ခါးနာပြီး နေမထိထိုင်မသာ ဖြစ်တတ်တယ်။၃။ အိမ်ထောင်ရေးသုခ မပြည့်ဝတော့ဘူး။ သဘာဝချောဆီထွက်စေတဲ့ estrogen နည်းသွားပြီမို့ အမျိုးသားနဲ့အတူနေတဲ့အခါ နာကျင်မှုပိုလာနိုင်တယ်။ ဒါက လိင်စိတ်တိမ်းညွှတ်မှု ကျဆင်းသွားတာကြောင့်လည်း  ပါပါတယ်။သည် ပြဿနာရဲ့ အဖြေကတော့ kegel exercise ( ကီးဂဲလ် လေ့ကျင့်ခန်း) ပါပဲ။ သူက တင်ပဆုံနဲ့သားအိမ်ထိန်းကြွက်သားတွေကို အားကောင်းလာအောင်ပြန်လေ့ကျင့်ပေးတဲ့ နည်းပါပဲ။ သူ့နာမည်အတိုင်း google မှာရှာရင်ကို လေ့ကျင့်ခန်း အမျိုးအစားတွေ အတော်များများ ထွက်လာမှာပါ။ အမျိုးသမီးတွေအတွက် အလွယ်ဆုံး kegel exercise တစ်မျိုး ပေးရရင် “ဆီးထွက်မကျအောင် ညှစ်ပြီးထိန်းထားသလိုမျိုး ကြွက်သားတွေကို ညှစ်ညှစ်ပေးတာပါပဲ”။ ထိုင်နေရင်လည်း လုပ်လို့ရတာမို့ သတိရတိုင်း ဆက်တိုက်ဆိုသလို လုပ်ပေးနိုင်ရင် အကျိုးရှိပါတယ်။(၂) ကိုယ်အလေးချိန်တက်လာမယ်။Estrogen ဟာ ခန္ဓာကိုယ်ကောက်ကြောင်းလှစေတယ်ဆိုတော့ သူ နည်းသွားတာနဲ့ ကောက်ကြောင်းပျောက်တာပါပဲ။ အဆီကို နေရာတကျဖြစ်အောင် ဖြန့်ပေးမယ့်သူ မရှိတော့ဘူးကိုး။ ဇီဝကမ္မဖြစ်စဥ်တွေလည်း နှေးသွားတော့ အဆီတွေက စုချင်သလိုစုပုံပြီး ခါးတုတ် ဗိုက်ပူ ဖြစ်လာတော့တာပဲ။နောက်ပြီး ဝလာတာရဲ့အကျိုးဆက် ဖြစ်လာနိုင်တဲ့ရောဂါကတော့ Sleep apnea (အိပ်ပျော်ချိန် အသက်ရှူမမှန်ခြင်း) ပဲ။ ကိုယ်အလေးချိန်တက်လာတာနဲ့ အမျှ လည်ပင်းတစ်ဝိုက် အဆီပိုအိတ်တွေ စုလာတာကြောင့်ရယ် ကြွက်သားနဲ့ အရေပြား တင်းအားတွေ လျော့ပြီး လေပြွန်ကို သွားဖိသလိုဖြစ်တာ ကြောင့်ရယ် Sleep apnea ဖြစ်ဖို့ ပိုအခြေအနေပေးသလိုဖြစ်သွားတာပါ။သည်မှာ အရေးကြီးတာကတော့ ကိုယ်အလေးချိန်ထိန်းထားဖို့ပါပဲ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီအောင် အစားအသောက်ပုံစံပြင်ဖို့က အဓိက ကျပါတယ်။ သည်နည်းနဲ့သာ ခန္ဓာကိုယ် ပုံမပျက်အောင် ထိန်းထားနိုင်ပါလိမ့်မယ်။(၃) အရိုးပါး အရိုးပွလာနိုင်ခြေ များမယ်။Estrogen ကအရိုးသိပ်သည်းဆကို များစေတယ်။ အရိုးတည်ဆောက်တဲ့နေရာမှာ estrogen က ဆဲလ် အပျက်ကိုနှေးစေပြီး အဖြစ်ကိုမြန်စေတယ်လို့ ဆိုခဲ့တော့ ခု သူနည်းသွားတဲ့ အချိန် အားလုံးပြောင်းပြန်ဖြစ်ပြီပေါ့နော်။ ဒါပေမယ့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတိုင်းအရိုးပါးအရိုးပွ ရောဂါကြီး ဖြစ်ကို ဖြစ်လာတော့မယ်ရယ် မဟုတ်ပါဘူးနော်။ကြိုတင်ပြင်ဆင်ထားဖို့သာ သတိပေးချင်တာပါ။ ကိုယ်က သွေးမဆုံးခင်ကတည်းက နွားနို့ပုံမှန်သောက်ပေးတာ၊ အရိုးပြုတ်ရည် သောက်ပေးတာ၊ calcium အားဆေးသောက်တာ စတဲ့ ဖြည့်တင်းမှုတွေ ကြိုလုပ်ထားရင် တအားကြောက်စရာမလိုပါဘူး။ မပြင်ဆင်ထားဘူးဆိုရင်တော့ ရောဂါအဆင့်ကိုပြောင်းသွားနိုင်တာမို့ စိုးရိမ်ရဖွယ်ရှိပါတယ်။အရိုးပွရောဂါရှိလာပြီဆိုရင်  ထိခိုက်ဒဏ်ရာရလိုက်တာနဲ့ အရိုးကျိုးနိုင်ခြေ များပါတယ်။ များသောအားဖြင့် ခါးရိုး၊ တင်ပါးဆုံရိုးနဲ့ ပေါင်ရိုးတွေ၊ လက်ကောက်ဝတ်ရိုးတွေ ကျိုးလွယ်တဲ့အတွက် သတိထားသင့်ပါတယ်။အရိုးကျိုးရာကနေ အိပ်ရာထဲလဲတဲ့အထိ မသန်မစွမ်းဖြစ် သွားနိုင်တာမို့ မပေါ့ကြဖို့မှာပါရစေ။(၄) အရေပြား ပြဿနာတွေ ကြုံရမယ်။Estrogen ဓာတ် လျော့နည်းလာတာနဲ့ အမျှ အရေပြားမှာ တင်းအားလျော့ပြီး ပျော့တွဲလာမယ်။ ထိခိုက်ဒဏ်ရာ ရလွယ် ပိုးဝင်လွယ်မယ်။ အရွယ်ကျလွယ်ပြီး အိုရုပ်ပေါက်လာမယ်။ လိုအပ်တဲ့ ရေဓာတ်နဲ့ အဆီဓာတ် ခမ်းခြောက်လာမှာမို့ အသားခြောက်ပြီး နီစပ်ဖျဉ်း ဖြစ်လာတတ်တယ်။ ဆံပင်တွေ အကျွတ်များပြီး ထိပ်ပြောင်လာနိုင်သေးတယ်။သည်အချိန်မျိုးမှာ အပူအစပ်တွေ ၊ ကဖင်းဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုလာနဲ့ တခြား ဂတ်စ်ပါတဲ့ အချိုရည်တွေ ၊ အရက်သေစာ နဲ့ ဆေးလိပ်သောက်တာတွေကို ရှောင်ပေးသင့်ပါတယ်။ ဖြေရှင်းနည်း အနေနဲ့ကတော့ ရေများများသောက်ပေးတာ၊ ပုံမှန် အသားရေထိန်းသိမ်းဖို့ အလှဆီ လိမ်းတာ ကနေ Collagen ဖြည့်စွက်စာ သောက်တာ၊ Vitamin C သောက်တာ၊ဟော်မုန်းကုထုံးယူတာ၊ အလှအပရေးရာဆေးကုသမှုခံယူ တာမျိုး အထိ လုပ်လို့ရပါတယ်။(၅) မှတ်ဉာဏ်စွမ်းအားလျော့နည်းလာမယ်။ဒါကတော့ သွေးဆုံးတဲ့ အမျိုးသမီးမှ မဟုတ်ပါဘူး။ အသက်ရလာသူအတော်များများ ကြုံရတဲ့ ပြဿနာရယ်မို့ အထူးအထွေရှင်းမပြတော့ပါဘူး။ အာနာပါန၊ယောဂကျင့်စဥ်နဲ့ စိတ်အာရုံစူးစိုက်မှုကိုကောင်းစေတဲ့ ကစားနည်း လေ့ကျင့်ခန်းတွေနဲ့ မှတ်ဉာဏ်တိုးအောင် ပြန်လည်တည်ဆောက်ယူလို့ရပါတယ်။(၆) နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်လာမယ်။Estrogen ကျဆင်းလာတဲ့အခါမှာ သွေးကြောပျော့ပြောင်းမှုအားနည်းလာပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ချေလည်း မြင့်တက်လာတာပါပဲ ။မကောင်းတဲ့ သွေးတွင်းအဆီဓာတ်LDL ပမာဏကလည်း မြင့်လာဦးမှာမို့ နှလုံးသွေးကြောပိတ် သွေးကြောကျဉ်း ရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ကယ်လိုရီ များတဲ့ အစားအစာတွေ၊ အငံဓာတ်၊ အချိုဓာတ် ကဲလွန်းတဲ့ အစားအစာတွေ ကိုရှောင်ရပါမယ်။ပြောခဲ့ပြီးတဲ့အတိုင်း သည် လက္ခဏာတွေက ရောဂါ ကြီးကြီးမားမား မဟုတ်ပေမဲ့ မိမိရဲ့ နေ့စဥ်ဘဝကို ထိခိုက်လောက်အောင် ဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။မ ဟော်မုန်းကို အခြေခံပြီးဖြစ်တတ်တဲ့ တကယ့်ရောဂါတွေ အကြောင်းကိုတော့ နောက်ဆောင်းပါးမှာ ဖော်ပြပေးပါဦးမယ်။ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – နှင်းနုအေး။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/menopause-health-conditions/
ခြေသလုံးနောက်နားလေးမှာ အကြောပြတ်ရာ အဖြူတွေ ရှိနေလို့ စိတ်ညစ်နေလား ။ ။
စကတ် ၊ ဘောင်းဘီတိုတိုလှလှလေးတွေ ဝတ်မယ်ဆိုတိုင်း ခြေသလုံး ဒူးနောက်နားမှာရှိတဲ့အကြောပြတ်ရာအဖြူလေးတွေကြောင့် ယုံကြည်မှု ရှိရှိမဝတ်ရဲ့တဲ့ အခြေအနေတစ်ခု ရောက်နေပြီလား။အကြောပြတ်ရာတွေဆိုတာ နာကျင်တဲ့ဝေဒနာတွေကို မဖြစ်စေပေမယ့် အလှအပရှုထောင့်ဘက်က ကြည့်မယ်ဆိုရင် အကျည်းတန်တဲ့အရာတွေပါ။ ဒီလို အကြောပြတ်ရာအဖြူတွေ ဘာ့ကြောင့် ဖြစ်ရတာလဲ ။အရေပြားမှာရှိတဲ့ dermis layer ဆိုတာ အရေပြားတစ်ခု ကျုံ့နိုင် ဆန့်နိုင်မှုကို ထိန်းချုပ်တဲ့နေရာတစ်ခုပါ။ ဒါပေမယ့်ကိုယ်ဝန်ဆောင်ချိန် ေလ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားတဲ့အချိန်တို့မှာ dermis layer ထိခိုက်သွားပြီး အရေပြားအောက်မှာရှိတဲ့ ကော်လာဂျင်တွေ ပြတ်သွားတတ်ပါတယ်။ အဲလိုနဲ့ အကြောပြတ်ရာတွေ စပေါ်လာရတာပါ။ ဒီလိုအကြောပြတ်ရာတွေဖြစ်တတ်တဲ့နေရာကတော့။ဒီအထဲမှာ မိန်းကလေးတွေ စိတ်အညစ်ရဆုံးက ခြေသလုံးနောက်ပိုင်းက အကြောပြတ်ရာ အဖြူတွေ ဖြစ်ပါတယ်။အရွယ်ရောက်ချိန် ကိုယ်ခန္ဓါဖွံ့ဖြိုးလာတဲ့အခါ ။ ။ခြေသလုံးက အကြောပြတ်ရာ အများစုဟာ ရုတ်တရက် ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်တဲ့ အချိန်တွေဖြစ်တဲ့ အရွယ်ရောက်ခါစနဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ ပြဿနာပါ။ ခြေသလုံးကအကြောပြတ်ရာတွေက ကန့်လန့်စင်းဆိုရင် အရပ်ရှည်လာတာကြောင့် ဖြစ်တာဖြစ်ပြီး အကြောပြတ်ရာတွေက ဒေါင်လိုက်ဖြစ်နေမယ်ဆိုရင်တော့ ရုတ်တရက်ကိုယ်အလေးချိန်တက်လာတာ၊ ခြေသလုံးမှာ အဆီတွေစုပြီး ကြွက်သားတွေ ကြီးလာတာကြောင့် ဖြစ်နိုင်ပါတယ်။ကိုယ်ခန္ဓါအောက်ပိုင်းကို ကြံ့ခိုင်အောင် ဝိတ်မတဲ့အခါ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တဲ့အခါမျိုးတွေမှာ ခြေသလုံးမှာ အကြောပြတ်ရာအဖြူလေးတွေ သိသိသာသာရှိနေတတ်ပါတယ်။ အထိုင်အထမှာ အရေပြားရဲ့ကျုံ့အားဆန့်အား မြန်မြန်လုပ်ရတာနဲ့ နောက်ပိုင်း ကြွက်သားတက်လာတာကြောင့် ဒီလို အကြောပြတ်ရာတွေ ဖြစ်ရတာပါ။အရေပြားအရောင်၊ ကျုံနိုင်ဆန့်နိုင်အား၊ ကိုယ်တွင်းကော်လာဂျင်တွေနဲ့ ဟော်မုန်းအပြောင်းအလဲဆိုင်ရာ မျိုးရိုးဇီဇတွေဟာ အကြောပြတ်ခြင်းကို ဖြစ်စေတဲ့အကြောင်းအချက်တွေပါ။ မဲတဲ့အသားထက် ဖြူတဲ့အသားအရေမှာ အကြောပြတ်ရာတွေ ပိုဖြစ်နိုင်ပြီး အသားစိုပြေနေတဲ့သူတွေထက်အသားခြောက်တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ပန်းရောင်၊ အဖြူရောင် ခရမ်းရောင် အ ကြောပြတ်ရာ တော်တော်များများ တစ်ခါဖြစ်ဖူးပြီးရင် တစ်သက်လုံ းရှိနေမယ့် အရာတွေပါ။ ဒါပေမယ့် အချိန်ကြာလာရင်တော့ မှိန်သွားပါလိမ့်မယ်။ ။ဒီတော့ ဖြစ်နေတဲ့ အကြောပြတ်ရာတွေ မှိန်သွားအောင် လုပ်လို့ရတဲ့နည်းလေးတွေ မရှိဘူးလား ။ ။အကြောပြတ်ရာ သက်သာစေမယ့် နည်းလမ်းလေးတွေ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/stretch-mark/
မ သဘာဝ ရဲ့ အဓိက ဇာတ်ဆောင် Estrogen
အရွယ်စုံ အမျိုးသမီးတွေရဲ့ နေ့စဉ် ဘဝမှာရော မသဘာဝ ကိုဖော်ဆောင်ရာမှာပါ အတော်လေးအရေးပါတဲ့ မ ဟော်မုန်းဓာတ် ( estrogen ) အကြောင်းကို လက်လှမ်းမီသလောက် ပြောပြပေးချင်စိတ်ဖြစ်လာတာမို့ သည်ဆောင်းပါးလေးကို ရေးပါတယ်။ ဆေးပညာရှုထောင့်ချည်း သတ်သတ်မဟုတ်ဘဲ မိမိကိုယ်ထဲမှာရှိနေတဲ့ ဓာတ်တစ်ခုရဲ့ အလုပ်လုပ်ပုံနဲ့ ကောင်းကျိုးလေးတွေကို သိထားစေချင်တာပါ။ ရာသီမမှန်ဘူး၊ နေမထိထိုင်မသာဖြစ်တယ်၊ အသားအရေ မွဲပြီး ခြောက်တယ်၊ အိမ်ထောင်ရေးသုခ မပြည့်ဝဘူး၊ သွေးဆုံးကိုင်ချင်တယ် စတဲ့ အမျိုးသမီး အများစုအတွက် မရိုးနိုင်တဲ့ ပြဿနာတွေရဲ့ အစက သည်ဟော်မုန်းဖြစ်နေတာကြောင့်ပါ။ သူ့အကြောင်းကို သေချာသိပြီးသွားပြီဆိုရင်တော့ သူမရှိတော့တဲ့ သွေးဆုံးချိန်မှာ ကြုံရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ လေးတွေ အကြောင်းကို လည်း သီးသန့်ဆောင်းပါး လေးတွေနဲ့ ပြောပြပေးသွားပါမယ်။မ ဟော်မုန်းဓာတ် လို့သာပြောပေမယ့် အမျိုးသားတွေမှာလည်း ထွက်ပါသတဲ့။ ကျား ဟော်မုန်းတွေဖြစ်တဲ့ androgen တို့၊ testosterone တို့ နဲ့ မ ဟော်မုန်း estrogen ဟာ ခန္ဓာကိုယ်တွင်းမှာ တစ်မျိုးကနေတစ်မျိုး ပြောင်းယူလို့ရတဲ့ ဖြစ်စဥ်တွေရှိနေလို့ပါ။ အမျိုးသမီးတွေမှာ estrogen ကို အဓိကအားဖြင့် မ သားဥတွင်း ကနေ အဓိကထုတ်ပါတယ်။ သည်နေရာမှာ  သားဥအိမ်နဲ့ သားဥတွင်း ကွာခြားပုံလေးကို နည်းနည်းရှင်းပြချင်ပါတယ်။ များသောအားဖြင့် စာတွေမှာ မ ဟော်မုန်းကို သားဥအိမ်ကထုတ်တယ် ဆိုပြီး သိကြတော့ “သွေးဆုံးသွားလည်း သားဥအိမ်ကြီးက ရှိနေတာဟာကို ဘာလို့များ estrogen မထုတ်တော့ သလဲ” ဆိုပြီး မေးစရာရှိနေပါတယ်။ တကယ်က အမျိုးသမီးတွေ အပျိုဖော်ဝင်လို့ သွေးသားဖွံဖြိုးတဲ့ အရွယ်ရောက်ရင် သားဥအိမ်က သားဥထုတ်ပါတယ်။ သားဥလေးရင့်မှည့်လာပြီဆိုရင် ကြွေပါပြီ။ သူကြွေလို့ သုတ်နဲ့တွေ့ရင် သန္ဓေအောင်မယ်။ မတွေ့ရင် အဟောသိကံဖြစ်ပြီး ရာသီသွေးဆင်းတာပါပဲ။ သွေးဆုံးတယ် ဆိုတဲ့ အဓိပ္ပာယ်က သားဥ မကြွေတော့ဘူး လို့ပြောတာပါ။ ခုန စကားကို ဆက်ရရင်  သားဥရှိတဲ့နေရာမှာ သားဥတွင်း ဖြစ်ပါတယ်။ အဲ့ဒီ သားဥတွင်းကမှသာ estrogen ထုတ်တာပါ။ ဆိုလိုတဲ့သဘောက သားဥ မကြွေတော့တာနဲ့ သားဥ တွင်းဖြစ်မလာတော့သလို estrogenလည်း မထုတ်ပေးတော့ပါဘူး။ ဒါဆို estrogen မပါမဖြစ် ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တချို့အတွက်ကျ ဘယ်လိုလုပ်ကြမလဲပေါ့။ သားဥတွင်းက ထုတ်ပေးသလောက်မများပေမယ့်  ကျောက်ကပ်အပေါ်နားလေးမှာရှိတဲ့ adrenal gland လို့ခေါ်တဲ့ အကျိတ်တစ်မျိုး၊ အဆီဆဲလ်တွေ၊ အသည်း၊ ရင်သားအဆီနဲ့ ဦးနှောက် တို့ကလည်း estrogen ထုတ်ပေးပါသတဲ့။ Estrogen မှာမှ Estrone, Estradiol, Estriol နဲ့ Estetrol ဆိုပြီး ၄ မျိုးပြန်ခွဲပါတယ်။ အလွယ်ဆို E1, E2,E3 နဲ့ E4 ပေါ့။အဲ့ဒီထဲမှာ တကယ်ဇာတ်လိုက်က E2 ပါ။ သူက သွေးသားဖွံဖြိုးတဲ့ အရွယ်ကနေ သွေးဆုံးတဲ့ အချိန်ထိ မ သဘာဝကို ကြိုးကိုင်ချယ်လှယ်ပါတယ်။ သွေးဆုံးသွားပြီဆိုရင်တော့ E1က တခြားဇီဝဖြစ်စဥ်တွေ အတွက်ဦးဆောင်ပေမယ့် E2လောက်မစွမ်းတော့ပါဘူး။ E3 နဲ့ E4ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာသာတွေ့ရတဲ့ ဟော်မုန်းအမျိုးအစားတွေပါပဲ။Estrogen က ဘာလုပ်ပေးသတဲ့လဲ။(၁) မ မျိုးပွါးအင်္ဂါ အဖွဲ့အစည်း ဖွံ့ဖြိုးဖို့ အတွက်အဓိက လုပ်ဆောင်ပါတယ်။မ မျိုးပွါးအင်္ဂါ အဖွဲ့အစည်း လို့ပြောရတဲ့ အကြောင်းအရင်းက သားအိမ်တစ်ခုထဲ မကလို့ပါပဲ။ရင်၊တင်၊ ပေါင်ရင်း တွေမှာ အဆီ တွေကို ကောင်းစွာ ဖြန့်ပေးတဲ့ အတွက် ရင်သားဖွံ့ဖြိုးလာမယ်၊ တင်သားစွင့်ကားလာမယ်၊ ကောက်ကြောင်းတွေ ပေါ်လွင်ထင်ရှားလာမယ်။ ခန္ဓာကိုယ် အသွင်အပြင် ကို ပိုပြီး မိန်းမဆန်လာစေမယ်။ မွေးလမ်းကြောင်းကနေစလို့ သားအိမ်အထိ အတွင်းလွှာတွေ ရင်ကျက်ဖွံ့ဖြိုးလာပြီး သန္ဓေလာတွယ်တဲ့အခါ အသင့်ဖြစ်စေအောင် ပြင်ဆင်ပေးနိုင်တယ်။ ဆန့်ကျင်ဘက်လိင် အပေါ်တိမ်းညွှတ်စိတ် ဖြစ်စေအောင်လည်း ကူညီပေးပြီး အတူနေတဲ့အခါ နာကျင်မှုနည်းအောင် မိန်းမကိုယ်မွေးလမ်းကြောင်းကို ချောမွေ့စေတယ်။ ပြီးတော့ သားဥမှန်မှန်ကြွေပြီး ဓမ္မတာ မှန်စေမယ်။ သည်အချက်ဟာ မျိုးဆက်ပွါးကျန်းမာရေးမှာရော သားဆက်ခြားကျန်းမာရေးမှာပါ အရေးကြီးတဲ့ အချက်ပါ။ ဓမ္မတာ စက်ဝန်း ပုံမှန်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကလေးယူချင်ရင်လည်းလွယ်လွယ်ကူကူ ရက်တွက်ယူလို့ရသလို ကလေး မလိုချင်သေးရင်လည်း ရက်ရှောင်နည်း ကို သုံးလို့ရတာမို့ပါ။ ( သည်နှစ်မျိုးစလုံး အကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ် သတ်သတ် ရေးပေးပါမယ်။)။(၂) ကိုယ်ဝန်ဆောင်ချိန်မှာရော မွေးဖွားရလွယ်ကူအောင်ပါ ကူညီတယ်။အဓိကတော့ E3 နဲ့ E4ပေါင်းပြီး  သားအိမ်ကြွက်သားတွေ ကြီးထွားအားကောင်းလာကာ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေပိုတိုးလာစေပါတယ်။ ဒါမှ သန္ဓေသားလေးကြီးလာတာနဲ့ အမျှ သားအိမ်လည်း လိုက်ကြီးလာနိုင်မှာကိုး။ ပြီးတော့ မွေးလမ်းကြောင်းချောမွေ့ပျော့ပြောင်းပြီး မွေးဖွားရလွယ်ကူအောင် ကူညီပေးတယ်။ ရင်သားတွေကို နို့တိုက်ဖို့ရာ အဆင်သင့်ဖြစ်အောင် ကူတဲ့နေရာလည်း သူပါတာပဲ။ သူနဲ့အတူ မိတ်ဖက်ဟော်မုန်းတွေလည်း ရှိသေးတာမို့ ကိုယ်ဝန်ဆောင်စဥ် ဟော်မုန်းအပြောင်းအလဲတွေ အကြောင်းကိုလည်း သပ်သပ်ပြောပြပေးဖို့ စီစဥ်ထားပါတယ်။(၃) Estrogen ဟာ ကိုယ်နေဟန်ထားလှစေတယ်။သူက အဆီကို နေရာတကျဖြစ်အောင် နေရာချပေးတဲ့ ဟော်မုန်းပါလို့ အပေါ်မှာပြောခဲ့တယ်နော်။ အဲ့ဒါ အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို မြန်စေတယ်။ ဇီဝဖြစ်ပျက်နှုန်းမြန်ရင် ခန္ဓာကိုယ်ကအဆီပိုစုဖို့ ခဲယဥ်းတယ် ( အစားအသောက် မထိန်းဘဲ နင်းကန်စားတဲ့သူတွေတော့ မပါဘူးပေါ့နော် )။ သည်တော့ ခန္ဓာကိုယ်မှာ အဆီရှိသင့်တဲ့နေရာရှိပြီး မရှိသင့်တဲ့နေရာက ကျစ်လစ်နေတယ်။ ခါးသိမ်ပြီး ရင်နေတင်ကျ လှတယ်ဆိုတဲ့ guitar shape ဟာ estrogen ကြောင့်ပါပဲ။(၄) Estrogen များရင် ပုပြီး နုပါသတဲ့။ခန္ဓာကိုယ်မှာ ခြေဆံ လက်ဆံ ရှည်တယ်ဆိုတာက ခြေရိုးလက်ရိုး အစွန်တွေကနေ ရှည်ထွက်တာပါ။ အစွန်မှာရှိတဲ့ အရိုးပြား မပိတ်မချင်း အရပ်က ထပ်ရှည်နိုင်ပါတယ်။ မိန်းကလေးတွေဆို ပျမ်းမျှအနေနဲ့  ၁၂နှစ်ကနေ ၁၆အတွင်း ပိတ်တတ်ပါတယ်။ estrogen များရင်ကျတော့ သည် အရိုးပြားက မြန်မြန်ပိတ်တာမို့ အရပ်ဆက်မထွက်တာမျိုးဖြစ်တတ်ပါတယ်။ estrogen ရဲ့ အရိုးပေါ်နောက်ထပ် သက်ရောက်မှုက တော့ သိပ်သည်းဆများစေတာပါ။ အရိုးတည်ဆောက်တဲ့နေရာမှာ အရိုးဆဲလ်အဟောင်းလေးတွေ ပျက်ပျက်သွားတဲ့နေရာမှာ အရိုးဆဲလ် အသစ်ကလေးတွေက အစားထိုးထိုးသွားရပါတယ်။ သည်နေရာမှာ estrogen က အပျက်ကိုနှေးစေပြီး အဖြစ်ကိုမြန်စေပါသတဲ့။(၅) အရေပြား အလှကို အထောက်အကူပြုပါသတဲ့။ဘယ်နေရာက အရေပြားကိုမဆို ပါနော်။ တင်းရင်းလှပ နေတယ်ဆိုတာ estrogen ကြောင့်ပါပဲ။ အရေပြားကို အားရှိစေတဲ့အတွက် တော်ရုံတန်ရုံ ပိုးမွှားနဲ့ အရေပြားရောဂါ ဝင်ရောက်ဖို့ ခက်ပါတယ်။ အရေပြားဆဲလ်တွေရဲ့ သက်တမ်းကိုရှည်စေတာမို့ အရွယ်တင်စေတယ်။ ရေဓာတ်ကိုထိန်းပေးတဲ့ အပြင် လိုအပ်တဲ့ အဆီဓာတ်ကိုလည်း ထုတ်ပေးတာမို့ အသားအရေချောမွေ့ပြီး ကိုယ်ရောင်ကိုယ်ဝါ လင်းစေတယ်။ခေတ်စကားနဲ့ပြောရရင်တော့ glow နေစေတာပေါ့ကွယ်။ နောက်တစ်ခုကတော့ အရေပြားမှာရှိတဲ့  melanin ခေါ် ရောင်ခြယ် ပစ္စည်း မျိုးကွဲ နှစ်မျိုးရှိတာမှာ pheomelanin ခေါ် အနီရောင်ခြယ် ပစ္စည်း ထွက်တာကို အားပေးပြီး eumelanin ခေါ် အမည်း/အညိုရောင်ခြယ်ပစ္စည်း ထွက်တာကိုတော့ လျော့စေပါသတဲ့။(၆) အာရုံကြောအဖွဲ့အစည်းကို များစွာ အကျိုးပြုတယ်။estrogen ဟာ ဓာတ်တိုးဆန့်ကျင်တဲ့သဘောသတ္တိရှိတာမို့ အာရုံကြောဆဲလ်တွေကို အပျက်နှေးအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခု က Verbal memory လို့ခေါ်တဲ့ စကားလုံးကြွယ်ဝမှုနဲ့ cognitive function ခေါ် မှတ်သိမှု ( သည်နေရာမှာ သည်ဟာကို မှတ်ဉာဏ် လို့ပြောဖို့ထက် တင်္ခဏုပ္ပတ္တိဉာဏ် ခေါ် ဖြတ်ထိုးဉာဏ် လို့ပြောချင်ပါတယ် ) ကို အထောက်အပံ့ပေးပါသတဲ့။ ဒါကြောင့် အမျိုးသမီးတွေ စကားတတ်တာဖြစ်မယ်နော။(၇) နှလုံး ကို ကာကွယ်ပေးနိုင်တဲ့ သတ္တိရှိတယ်။သိကြတဲ့အတိုင်း estrogen မှာ အတွင်းလွှာတွေကို ပျော့ပြောင်းစေတဲ့ သတ္တိရှိတယ်လေ။ သည်တော့ နှလုံးသွေးကြော နံရံ အလွှာတွေကို ပျော့ပြောင်းစေပြီး သွေးကြောနံရံထူတာ ပိတ်တာမျိုးကို လျော့ပါးစေပါတယ်။ ပြီးတော့ estrogen က သွေးတွင်းအဆီတွေထဲမှာ ကောင်းကျိုးပေးတဲ့အဆီ HDL ကိုများစေပြီး မကောင်းတဲ့ အဆီ LDL ကို ကျစေတယ်။ estrogen ဟာ သည်လို သွယ်ဝိုက်သောနည်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပြီး နှလုံးကို ကာကွယ်ပေးတာပါပဲ။(၈) ခုခံအားစနစ်မှာလည်း ပါတယ်။estrogen မှာ အရောင်ကျစေတဲ့ သတ္တိ ရှိပြီး ရောဂါပိုးတွေရဲ့ ခံတပ်ဖြစ်တဲ့ သွေးဖြူဥတွေရဲ့ လှုပ်ရှားမှုကို အားကောင်းစေပါတယ်။ ( သည်အရောင်ကျစေတဲ့ သတ္တိကလေ ဘယ်မှာသွား အထောက်အကူပြုသေးလဲ ဆိုရင် ရောဂါပိုးကြောင့် သွေးကြောရောင်တာမျိုးကို သက်သာစေပြီး သွေးကြောတွေ ထိခိုက်ပျက်စီးတာကို လျော့စေတယ်လေ။)။(၉) အသည်းကနေ protein ဓာတ် ထုတ်တဲ့ ဖြစ်စဥ်မှာကူညီတယ်။အထူးသဖြင့် lipoprotein  နဲ့ clotting factor လိုမျိုး ကိုယ်တွင်းဇီဝဖြစ်စဥ်တွေအတွက် မရှိမဖြစ်အရေးပါတဲ့ အခြေခံ protein ဓာတ်တွေ ထုတ်တဲ့နေရာမှာ ကူညီပေးပါတယ်။(၁၀) အူလှုပ်အားကို နှေးစေတဲ့အတွက် အစာချေဖျက်စုပ်ယူမှုကို လုံလောက်စွာဖြစ်စေတယ်။သည်လောက်ဆို မ ဟော်မုန်းအကြောင်းကို တော်တော်လေးခြုံငုံမိသွားလောက်ပြီထင်ပါတယ်။ ဘာလို့သည်လောက်ရှည်ရှည်ဝေးဝေးရှင်းပြရလဲ လို့မေးရင် နောက်ထပ်ပြောပြချင်တဲ့ အကြောင်းအရာတွေကို နားလည်ဖို့ရာ ဒါက အခြေခံမိုလို့ပါ။ သည် မ ဟော်မုန်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ၊ ဟော်မုန်းကုထုံးတွေ အကြောင်း ဆက်ပြီး ပြောပြသွားဖို့ ရှိသေးတာမို့ စောင့်ဖတ်ပေးကြပါဦးနော်။ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – နှင်းနုအေး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/role-of-estrog/
ခံတွင်းခြောက်ခြင်း
Xerostomia လို့ခေါ်တဲ့ခံတွင်းခြောက်ခြင်းဟာ တံတွေးအထွက်နည်းခြင်းကြောင့်ဖြစ်ရတာပါ။ ဒါဟာရောဂါတစ်ခုတော့မဟုတ်ပေမယ့် ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို antihistamines၊ နှာပိတ်သက်သာဆေး၊ အကိုက်အခဲပျောက်ဆေး၊ဆီးဆေး နဲ့အခြားသောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။တံတွေးဟာ သွားတွေမပျက်စီးအောင်နဲ့ ပါးစပ်ထဲမှာရှိတဲ့ နူးညံ့တဲ့တစ်သျှူးတွေ၊ မာကျောတဲ့တစ်သျှူးတွေ စတာတွေကို ကျန်းမာနေစေဖို့ ထိန်းညှိပေးတဲ့ ခံတွင်းရဲ့အခြေခံတိုက်စစ်လည်းဖြစ်ပါတယ်။ တံတွေးဟာ အစာတွေနဲ့ အခြားသောအပိုင်းအစတွေကိုဖယ်ရှားရှင်းလင်းပေးပြီး ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကထုတ်လွှတ်လိုက်တဲ့ အက်ဆစ်တွေကို ဓါတ်ပြယ်စေပါတယ်။ ဒါတင်မကပါဘူး ရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့အရာတွေကိုလည်း ပါးစပ်ထဲမှာထုတ်ပေးတဲ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေဝင်ရောက်လာမှုနဲ့ကြီးထွားလာမှုတို့ကို ရှေ့တန်းက ကာကွယ်ပေးနေတာပါ။ခံတွင်းခြောက်တာနဲ့ဆက်စပ်နေတဲ့ အဖြစ်များတဲ့ပြဿနာတွေကတော့ လည်ချောင်းကြာရှည်နာခြင်း၊ ပူလောင်နေသလိုခံစားရခြင်း၊ စကားပြောရ ဒုက္ခရောက်ခြင်း၊ မြိုချရခက်ခြင်း၊ အသံဝင်ခြင်း၊သို့မဟုတ် နှာခေါင်းလမ်းကြောင်းခြောက်သွေ့ခြင်း စတာတွေပါဝင်ပါတယ်။ အချို့အခြေအနေတွေမှာ ခံတွင်းခြောက်ခြင်းဟာ Sjőgren’s syndrome (ရှိုးဂရင်း ရောဂါ) ရဲ့လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါသေးတယ်။ Sjőgren’s syndrome ဆိုတာဟာ နာတာရှည်ခုခံအားဆိုင်ရာပြဿနာဖြစ်ပြီး ဒီအခြေအနေမှာ ခန္ဓါကိုယ်ထဲက ခုခံအားဟာ သူ့ကိုယ်ပိုင် အစိုဓါတ်ထုတ်ပေးတဲ့ဂလင်းတွေ၊ မျက်ရည်ဂလင်းနဲ့ တံတွေးဂလင်းတွေအပြင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ မှားယွင်းပြီးတိုက်ခိုက်နေတာမျိုးပါ။တကယ်လို့သင်က တံတွေးအထွက်နည်းတယ်ဆိုရင် အချိန်တိုင်းသို့မဟုတ် အချိန်အများစုမှာ အောက်ပါလက္ခဏာတွေကို ခံစားနေရမှာပါ။• ပါးစပ်ထဲမှာခြောက်ကပ်နေခြင်း။• ရေမကြာခဏဆာခြင်း။• ပါးစပ်တွင်းအနာဖြစ်ခြင်း၊ (ပါးစပ်ထောင့်တွေကွဲတာ သို့မဟုတ် အနာဖြစ်တာ၊ နှုတ်ခမ်းကွဲတာ စတာမျိုးတွေပါ။)။• လည်ချောင်းခြောက်ခြင်း။• ပါးစပ်ထဲမှာ အထူးသဖြင့် လျှာမှာ ပူနေတာ သို့မဟုတ် တဆစ်ဆစ်နေတဲ့ ခံစားမှုမျိုးရနေခြင်း။• လျှာဟာ ခြောက်သွေ့နီရဲပြီးနာကျင်နေခြင်း။• စကားပြောရာမှာပြဿနာရှိခြင်း သို့မဟုတ် အရသာခံရာမှာ ၊ ဝါးတဲ့နေရာမှာ၊ မြိုချတဲ့နေရာမှာ အဆင်မပြေဖြစ်ခြင်း။• အသံဝင်ခြင်း၊ နှာခေါင်းလမ်းကြောင်းခြောက်ခြင်းနဲ့ လည်ချောင်းနာခြင်း။• ခံတွင်းနံ့ဆိုးခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။တကယ်လို့သင်က ခံတွင်းခြောက်ခြင်းရဲ့ သင်္ကေတနဲ့ လက္ခဏာတွေကို ခံစားလာရတယ်ဆိုရင် သွားဆရာဝန် သို့မဟုတ် မိသားစုဆရာဝန်နဲ့ သွားတွေ့ပါ။ခံတွင်းခြောက်ခြင်းဟာ အဖြစ်များပြီး များသောအားဖြင့်တော့ ကာကွယ်လို့ရပါတယ်။ အော်ပါအချက်တွေကို လိုက်နာကြည့်ပါ။• တစ်ရက်ကို ရေ ၂လီတာသောက်ပါ။ ဒါက ၂၅၀မီလီလီတာရှိတဲ့ ဖန်ခွက်၈ခွက်စာရေပမာဏပါပဲ။• အိမ်မှာရေငွေ့ပေးစက်ကိုသုံးပါ။ အထူးသဖြင့် အိပ်ခန်းထဲမှာပေါ့။• ပါးစပ်နဲ့အသက်ရှူမယ့်အစား နှာခေါင်းနဲ့ရှူပါ။• ခံတွင်းခြောက်စေတဲ့ ဆေးတွေမသောက်ပါနဲ့။ အဆိုပါဆေးတွေထဲမှာ ဆီးဆေး၊ antihistamines နဲ့ နှာပိတ်သက်သာဆေး စတာတွေပါဝင်ပါတယ်။ သင့်ဆရာဝန်က အခြားဆေးတစ်ခုကို ညွှန်းပေးနိုင်ပါလိမ့်မယ်။• ကဖိန်းပါတဲ့သောက်စရာတွေ၊ ဆေးရွက်ကြီးနဲ့ အရက်စတာတွေကိုရှောင်ပါ။ ဒီအရာအားလုံးဟာ ခံတွင်းထဲမှာခြောက်သွေ့နေမှုကို ပိုတိုးလာစေပါတယ်။ဆရာဝန်နဲ့ သွားဆရာဝန်တွေဆီက အကြံပေးချက်တွေအပြင် အောက်ပါအချက်တွေကလည်း သင့်ရဲ့ဝေဒနာတွေကို သက်သာစေမှာပါ။• တစ်နေ့လုံး သင့်ခံတွင်းကို အစိုဓါတ်ပေးနိုင်အောင် ရေသို့မဟုတ် သကြားမပါတဲ့အရည်ကိုသောက်ပါ။ သို့မဟုတ် ရေခဲတုံးတေါကို ငုံထားပါ။ ဝါးတာနဲ့မြိုချရတာကို အဆင်ပြေစေဖို့ အစာစားတဲ့အချိန်မှာ ရေသောက်ပေးပါ။• သကြားမပါတဲ့ပီကေကိုဝါးပါ။ သို့မဟုတ် သကြားမပါတဲ့ချိုချဉ်အမာတွေငုံပါ။ ဒါပေမယ့်အချို့လူတေအတွက် သကြားမပါတဲ့ပီကေနဲ့ချိုချဉ်တွေမှာတွေ့ရတဲ့ xylitol ဟာ များများစားရင် ဝမ်းပျက်ခြင်း သို့မဟုတ် ဗိုက်အောက်ပိုင်းအောင့်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။• Biotene Oral Balance လိုမျိုး Carboxymethyl cellulose သို့မဟုတ် hydroxyethyl cellulose ပါဝင်တဲ့ ဆေးဆိုင်မှာ ကိုယ်တိုင်ဝယ်လို့ရတဲ့ တံတွေးအစားထိုးပစ္စည်းတွေကို သုံးကြည့်ပါ။• ပါးစပ်နဲ့အသက်မရှူဘဲ နှာခေါင်းနဲ့အသက်ရှူပါ။ ညဘက်တွေမှာ ပါးစပ်နဲ့အသက်ရှူတာဖြစ်စေနိုင်တဲ့ အိပ်ဟောက်ခြင်းကိုကုသဖို့နည်းလမ်း ရှာပါ။• ညဘက်ဆို အခန်းထဲကို အခန်းတွင်းရေငွေ့ပေးစက်ကိုသုံးပြီး အစိုဓါတ်ပေးပါ။• နှုတ်ခမ်းခြောက်တာတွေ ကွဲတာတွေကိုချောမွေ့သွားစေဖို့ နှုတ်ခမ်းကိုအစိုဓါတ်ဖြည့်ပါ။ရောဂါအခြေအနေပိုဆိုးသွားစေမယ့်ပစ္စည်းတွေကိုရှောင်ပါ။ ဒီပစ္စည်းတွေကတော့။• အရက်နဲ့ ကဖိန်းဓါတ်တွေ။ ဒီပစ္စည်းတွေဟာ ခြောက်သွေ့နာကျင်ခြင်းတွေကိုဖြစ်စေပါတယ်။ alcohol ပါတဲ့ခံတွင်းသန့်စင်ဆေးရည်ကို မသုံးပါနဲ့။• ဆေးရွက်ကြီးနဲ့ပတ်သက်တာမှန်သမျှ မသုံးပါနဲ့။ တကယ်လို့ သင်က ဆေးရွက်ကြီးကို ရှူတယ်၊ ဝါးတယ်ဆိုရင် ရပ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ဆေးရွက်ကြီးပါဝင်ပစ္စည်းတွေဟာ ခံတွင်းကိုခြောက်သွေ့နာကျင်စေပါတယ်။• antihistamines နဲ့ နှာပိတ်သက်သာဆေး လို ဆေးမျိုး။ ဒါတွေက ခံတွင်းခြောက်ခြင်းကို ပိုဆိုးစေပါတယ်။• သကြားသို့မဟုတ် အက်ဆစ်ဓါတ်ပါဝင်တဲ့ အစာတွေနဲ့ချိုချဉ်တွေ။ ဒါတွေက သွားပျက်စီးနိုင်ချေကို ပိုများစေပါတယ်။ စပ်တဲ့အစာတွေနဲ့ ဆားငံတဲ့အစာတွေကိုလည်းရှောင်ပါ။ သူတို့ကလည်း ခံတွင်းနာကျင်ခြင်းကိုဖြစ်စေပါတယ်။တံတွေးဟာသွားနဲ့ခံတွင်းကို ကျန်းမာရေးကောင်းအောင်ထိန်းသိမ်းပေးတဲ့နေရာမှာ အရေးကြီးလှပါတယ်။ အောက်ပါအချက်တွေကိုလိုက်နာခြင်းက ခံတွင်းခြောက်တာကိုသက်သာစေပြီး သွားတွေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။• ဖလိုရွိုက်သွားတိုက်ဆေးနဲ့သွားတိုက်ပြီး သွားကြားထိုးပါ (ကြိုးဖြင့်)။ သင်ဟာ ဆေးပါတဲ့ဖလိုရွိုက်သွားတိုက်ဆေးတွေ၊ betaie ပါဝင်တဲ့သွားတိုက်ဆေးတွေ သို့မဟုတ် ဘက်တီးရီးယားအက်ဆစ်တွေကို ဓါတ်ပြယ်စေတဲ့ သွားတိုက်ဆေးဂျယ်တွေ သုံးရင် ပိုအဆင်ပြေနိုင်မလားဆိုတာ သွားဆရာဝန်ကိုမေးပါ။• ညအိပ်ရာမဝင်ခင် ဖလိုရွိုက်ပါတဲ့ ခံတွင်းသန့်ဆေးရည်ကိုသုံးပါ။ သို့မဟုတ် ဖလိုရွိုက်ဂျယ်နဲ့ သွားတိုက်ပါ။• တစ်နှစ်ကို အနည်းဆုံး၂ကြိမ်သွားဆရာန်နဲ့တွေ့ပြီး သွားပျက်စီးတာကို ကာကွယ်နိုင်ဖို့ သွားအခြေအနေစစ်ဆေးခြင်းနဲ့ သွားချိုးတွေဖယ်ရှားခြင်းစတာတွေကို ပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%81%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ပါးစပ် အပူလောင်သလို ခံစားရသော ပြဿနာစု
Burning Mouth Syndrome ဆိုတာ လူနာအများစုက သူတို့ပါးစပ်တွေအပူလောင်နေသလိုခံစားနေရတယ်လို့ဖော်ပြလေ့ရှိပြီး ပါးစပ်တွင်း ပုံမှန်ခံစားမှုမရှိခြင်းလို့ သတ်မှတ်ကြတဲ့ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ များသောအာဖြင့် ဒီလိုခံစားမှုဟာ ပါးစပ်ရဲ့အရှေ့ပိုင်းမှာဖြစ်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ နှုတ်ခမ်းအတွင်းသားမျက်နှာပြင်တွေမှာ၊ အာခေါင်ပေါ်မှာ နဲ့ လျှာထိပ်နဲ့ဘေးတွေမှာ ခံစားရလေ့ရှိပါတယ်။ အချို့လူနာတွေက လျှာမှာပဲဖြစ်တတ်ပေမယ့် ဖော်ပြပါနေရာတွေအားလုံးမှာဖြစ်ကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။ အချို့လူနာတွေကတော့ အရသာခံအာရုံဆုံးရှုံးသွားတတ်တာ သို့မဟုတ် အရသာပြောင်းပြီးရနေတာမျိုး (ခါးတာလို သို့မဟုတ် ဆားငန် တာလိုအရသာမျိုး) ဖြစ်တတ်ပါတယ်။ အခြားလူနာတွေကတော့ သူတို့ပါးစပ်ဟာ ခြောက်ကပ်နေတာ ဒါမှမဟုတ် ကပ်စေးစေးဖြစ်နေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးတွေခံစားနေရပေမယ့်လည်း ပါးစပ်နံရံတွေကတော့ ပုံမှန်အတိုင်းလိုဖြစ်နေမှာပါ။ဒီရောဂါအဖြစ်များတဲ့လူတွေကတော့ သွေးဆုံးပြီးအမျိုးသမီးတွေပါ။ သင့်မှာလည်း လျှာ၊အာခေါင်၊နှုတ်ခမ်း၊ သွားဖုံးတွေ သို့မဟုတ် ပါးစောင်တွေမှာ ပူလောင်နေတဲ့ခံစားချက်မျိုးရနေတာလည်း ရှိနိုင်ပါတယ်။အချို့လူတွေအတွက်တော့ ဒီခံစားမှုဟာ နံနက်ခင်းမှာစတင်ပြီး ညနေစောင်းတဲ့အချိန်မှာအဆိုးဆုံးဖြစ်ကာ ညပိုင်းမှာပြန်သက်သာသွားတတ်ပါတယ်။ အချို့လူတွေကတော့ အချိန်တိုင်း ပူလောင်နေသလိုခံစားရှာပါ။ ကျန်လူနာ တွေကတော့ နာတဲ့ခါ နာလိုက်တယ် ပြီးရင်ပြီးသွားတာပါပဲ။ အခြားလက္ခဏာတွေမှာ လျှာတွေပါးစပ်တွေ ထုံနေတာ သို့မဟုတ် ကျဉ်နေတာ၊ သတ္တုအရသာရသလိုဖြစ်နေတာ သို့မဟုတ် ခံတွင်းခြောက်တာ နာတာ စတာတွေလည်းပါဝင်ပါတယ်။ လူတွေကတော့ ဒီရောဂါကိုဖော်ပြတဲ့အခါမှာ ပူကျက်နေတဲ့အရာတွေကိုစားလိုက်သောက်လိုက်မိတဲ့အခါ အပူလောင်သွားတဲ့ခံစားမှုမျိုးလို့ ဖော်ပြလေ့ရှိပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ခံတွင်းအခြေအနေနဲ့ပတ်သက်လို့ ဆရာဝန် သို့မဟုတ် သွားဆရာဝန်ကိုအရင်ဆုံးပြသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါဟာ အခြားကျန်းမာရေးအခြေအနေတွေနဲ့ဆက်စပ်နေလို့ပါပဲ။ ဆရာဝန် သို့မဟုတ် သွားဆရာဝန်က သင့်ကို အခြားသောရောဂါ အထူးကုဆရာဝန်တွေဆီလည်း ညွှန်းလိုက်နိုင်ပါတယ်။ ဥပမာ- အရေပြားအထူးကု၊ နား၊နှာခေါင်း၊ လည်ချောင်း အထူးကု သို့မဟုတ် အခြားရောဂါအထူးပြုဆရာဝန်တစ်ယောက်ယောက်ဆီကိုပေါ့။ဒီရောဂါမဖြစ်အောင်ကာကွယ်တဲ့နည်းလမ်းကတော့ ခုထိမရှိသေးပါဘူး။ ဒါပေမယ့် ဆေးရွက်ကြီး၊ အက်ဆစ်ပါဝင်တဲ့စားစရာတွေ၊ အစပ်တွေနဲ့ ကာဗွန်ပါတဲ့သောက်စရာတွေ၊ စိတ်ဖိစီးမှုများတာတွေကို လျှော့ချနိုင်မယ် ရှောင်နိုင်မယ်ဆိုရင် ဒီရောဂါကြောင့် မသက်မသာဖြစ်နေတာတွေကို လျော့ကျစေနိုင်တာ နဲ့ ပိုဆိုးမလာစေအောင် ကာကွယ်ပေးနိုင်တာမျိုးတော့ လုပ်ပေးနိုင်ပါလိမ့်မယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပထမဆုံးအနေနဲ့ သွားဆရာဝန်က သင့်ရောဂါဖြစ်ရခြင်းအကြောင်းရင်းဟာ ခံတွင်းကျန်းမာရေးအခြေအနေနဲ့ (ဥပမာ- သွားတု၊ အံကပ် သို့မဟုတ် ခံတွင်းခြောက်ခြင်း) ပတ်သက်နေတာလားဆိုတာကို အရင်ဆုံးရှာဖွေပါလိမ့်မယ်။ ဟုတ်ခဲ့တယ်ဆိုရင် သွားဆရာဝန်နဲ့အဖွဲ့က သွားတု(သင်တပ်ထားတယ်ဆိုရင်ပေါ့)ကို စစ်ဆေးပါလိမ့်မယ်။ ပြီးတော့ သွားတုကိုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ သင်နဲ့ ဓါတ်မတည့်မှုရှိသလားဆိုတာကို ဆန်းစစ်ပါလိမ့်မယ်။ သူတို့ဟာခံတွင်းခြောက်ခြင်းကို သက်သာစေမယ့်ပစ္စည်းတွေ ဒါမှမဟုတ် မှိုကူးစက်ခြင်းကို ကုသရှင်းလင်းနိုင်မယ့် ပစ္စည်းတွေကို ညွှန်းပေးနိုင်ပါသေးတယ်။ရောဂါကြောင့်ဖြစ်တဲ့လက္ခဏာနဲ့ ခံစားမှုတွေလျော့နည်းသွားအောင် အောက်ပါအချက်တွေကိုအိမ်မှာပြုလုပ်သင့်ပါတယ်။• ရေမကြာခဏသောက်ပါ။• ရေခဲငုံပါ သို့မဟုတ် ဝါးပါ။• သကြားမပါတဲ့ ပီကေဝါးပါ။ ဒါက တံတွေးပိုထွက်စေပြီး ခံတွင်းခြောက်တာကို ရပ်တန့်သွားစေပါတယ်။• ပါးစပ်အခြေအနေပိုဆိုးသွားစေမယ့်အရာတွေကိုရှောင်ပါ။ ဥပမာ-ပူစပ်တဲ့အစားအစာမျိုး၊ အရက် ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်လိုမျိုး၊ အက်ဆစ်ဓါတ်ပါဝင်တဲ့အသီးတွေနဲ့ဖျော်ရည်တွေလိုမျိုး စတာတွေကိုရှောင်ပါ။• ဆေးရွက်ကြီးနဲ့ အရက်ရှောင်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%95%e1%80%ab%e1%80%b8%e1%80%85%e1%80%95%e1%80%b9-%e1%80%a1%e1%80%95%e1%80%b0%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%9e%e1%80%9c%e1%80%ad%e1%80%af-%e1%80%81%e1%80%b6%e1%80%85%e1%80%ac/
ရင်သားကင်ဆာစစ်ဆေးမှုများ- ဆန်ကာတင်စစ်ဆေးနည်းများ
ရင်သားကင်ဆာဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အမျိုးသမီးတွေအတွက် အန္တရာယ်ရှိပါတယ်။ ၂၅ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း အထိ အမျိုးသမီးတွေဟာ ရောဂါခံစားနေရပါတယ်။ ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ အကောင်းဆုံးကုသနိုင်ပြီး စောစီးစွာ တွေ့ရှိရင် အမြစ်ပြတ်အောင် ကုသနိုင်ပါတယ်။ ရောဂါကို စောစီးစွာ တွေ့ရှိစေဖို့ ကိုယ်တိုင် စမ်းသပ်တဲ့နည်းလမ်းအပြင် အခြားနည်းတွေ အများကြီးလည်း ရှိပါသေးတယ်။ ကုသမှုကို ပိုမိုလွယ်ကူစေဖို့ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးမှုကိုလည်း ပြုလုပ်နိုင်ပါတယ်။သူဟာ စစ်ဆေးမှုတွေရဲ့ ပထမအဆင့်ဖြစ်ပါတယ်။ ဒီနည်းဟာ mammograms တွေ ပါဝင်ပါတယ်။ သေးငယ်တဲ့ calcification points တွေကို ရှာဖွေဖို့ X-ray အနည်းငယ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ Mammography ဟာ ရင်သားကင်ဆာ ထိန်းချုပ်မှုမှာ အလွန်အရေးကြီးပါတယ်။ လေ့လာမှု အတော်များများက Mammography ဟာ ၁နှစ် (သို့) ၂နှစ် တစ်ခါ ပြုလုပ်ပေးရင် ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းကို အသက် ၄၀ အထက် မိန်းမတွေမှာ ၃၀ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ဒီနေ့အထိကတော့ Mammography ဟာ အကောင်းဆုံးရောဂါ ရောဂါအစောပိုင်းကို စစ်ဆေးနည်းဖြစ်ပြီး ရောဂါလက္ခဏာမပြတဲ့ ကင်ဆာတွေကိုပါ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။Breast Ultrasound ဟာ နှုန်းမြင့်အသံလှိုင်း တွေကို အသုံးပြုပြီး ပုံရိပ်တွေကို တည်ဆောက်တာဖြစ်ပါတယ်။ အသံလှိုင်း တွေဟာ ရင်သားကို ဖြတ်သန်းပြီး အခြားတစ်ရှူးတွေကို ပြန်ကန်ထွက်ကာ ရင်သားအတွင်းမှာ ပုံရိပ်ကို ဖြစ်ပေါ်စေပါတယ်။ အာထရာဆောင်း နဲ့ ရင်သား စစ်ဆေးခြင်းဟာ ရိုးရှင်းခြင်း၊ စိတ်ချရခြင်း၊ ဈေးသက်သာခြင်း၊ မြန်ဆန်ခြင်း၊ အဆိပ်သင့်မှု မရှိခြင်း၊ ကိုယ်ခန္ဓါထိုးဖေါက်မှု မရှိခြင်း၊ နာကျင်မှု မရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိတာကြောင့် အရွယ်မရွေး အသုံးပြုနိုင်ပါတယ်။ ရင်သားအာထရာဆောင်း ဟာ ပျက်စီးနေတဲ့ အရည်ကျိတ်တွေကို အကျိတ်အမျိုးအစားနဲ့ အရွယ်အစားကို ခွဲခြားပေးနိုင်ပါတယ်။ ပြီးတော့ Xray ရဲ့ အန္တရာယ်တွေ မရှိတာမို့ ကိုယ်ဝန်ဆာင် အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေ မှာလည်း အသုံးပြုနိုင်ပါတယ်။MRI ဟာ နောက်ဆုံးပေါ်နည်းပညာဖြစ်ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုကာ ဗီယက်နမ်မှာ ၁၉၉၆မှာ စတင် အသုံးပြုခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ဆဲလ်တွေရဲ့မတူညီတဲ့ ပျက်စီးမှုတွေကို magnetic resonance ကို အသုံးပြုပြီး ဆန်းစစ်တာဖြစ်ပါတယ်။ MRI ဟာ ဆဲလ်တွေရဲ့ ဇီ၀ ရော ဓါတုဖြစ်စဉ်ကိုပါ စစ်ဆေးပေးနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ဈေးကြီးပါတယ်။ MRI ဟာ X-rays တွေထက်ပိုပြီး အာရုံခံနိုင်မှု ပိုမိုမြင့်မားပေမယ့် တခါတလေမှာ X-ray မှာ မြင်နိုင်တာမျိုးကို လွတ်သွားတတ်ပါတယ်။ ဒါကြောင့် MRI ကို အခြား စစ်ဆေးမှုတွေ ဖြစ်တဲ့ X-rays (သို့) ရင်သားအာထရာဆောင်းတို့နဲ့ သာတွဲဖက်အသုံးပြုသင့်ပါတယ်။ MRI ဟာ ကိုယ်ခန္ဓါအတွင်းမှာ ရှိတဲ့ သတ္တုပါရှိတဲ့ အစားထိုးပစ္စည်းတွေနဲ့ ဓါတ်ပြုနိုင်တာကြောင့် သတိထား ဆောင်ရွက်သင့်ပါတယ်။artificial radioactive isotopes (လူလုပ် ရေဒီယို သတ္တိကြွ အိုင်စိုတုတ်ပစ္စည်းများ)နည်းလမ်းဟာ ကိုယ်ခန္ဓါအတွင်းရှိ အင်္ဂါတွေဖြစ်တဲ့ သိုင်းရွိုက်၊ နှလုံး၊ အရိုး၊ အဆုတ်၊ ကျောက်ကပ် အစရှိတာတွေကို စစ်ဆေးပေးနိုင်ပြီး scintigraphy လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ရဲ့ အလုပ်လုပ်ပုံကို သိရှိနိုင်ပြီးတော့ ဒဏ်ရာဖြစ်ပွားမှုတွေနဲ့ အခြားရောဂါရှာဖွေတဲ့ နည်းလမ်းတွေ မသိနိုင်တဲ့ အရိုးကို ကင်ဆာရောဂါ ပျံ့နှံ့ခြင်းတွေကိုပါ သိရှိနိုင်ပါတယ်။ဒီနည်းလမ်းကို ခွဲစိတ်မှု မပြုခင် ကင်ဆာနေရာရှာဖွေခြင်းနဲ့ ကင်ဆာပျံ့နှံ့ခြင်းတွေကို သိရှိဖို့ အသုံးပြုပါတယ်။ artificial radioactive isotopes နည်းလမ်းတွေဟာ X-ray ထက် ပိုပြီး အာရုံခံနိုင်စွမ်းများပြီး လူနာတွေအတွက် စိတ်ချရပါတယ်။ ရောဂါကြိုတင် စစ်ဆေးခြင်းနဲ့ အမည်တပ်ခြင်းတွေဟာ ရင်သားကင်ဆာ ကုသမှုအတွက် အလွန်အရေးကြီးပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%85%e1%80%85%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%bb/
နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း (၃) မျိုး
မိန်းကလေးတွေမှာ ပေါ့ပေါ့ပါးပါးလေးပဲ အလှပြင်ပြင်၊ ပွဲတက်ဖို့ အတွက်ပဲ အလှပြင်ပြင် နှုတ်ခမ်းနီ ကတော့ မပါမဖြစ် ပဲနော်။ ဘာလို့လဲဆိုတော့ မျက်ခုံးမွေးလေး ဆွဲပြီး နှုတ်ခမ်းနီလေး ဆိုးရင်ကို တော်တော်လေး ကြည့်ကောင်းနေပြီလေ။ ဒီတော့ နှုတ်ခမ်းနီ ကတော့ မဖြစ်မနေ လိုပါတယ်။ နှုတ်ခမ်းနီ ဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေကတော့ နှုတ်ခမ်းနီကို ဆိုးနည်း အမျိုးမျိုးနဲ့ ပြောင်းပြီး ဆိုးကြည့်ကြဖို့ ဆန္ဒရှိကြပါတယ်။ နှုတ်ခမ်းနီဆိုးရတာ ကြိုက်တဲ့ မိန်းကလေးတွေအတွက် နှုတ်ခမ်းနီဆိုးနည်း (၃) မျိုး က ဘာတွေဖြစ်မလဲဆိုတာဖတ်ကြည့်ပါဦးနော်။နှုတ်ခမ်းနီဆိုးနည်းတွေ ကတော့  –။နှုတ်ခမ်းနီ ဆိုးနည်း နည်းလမ်း(၁) ကတော့ ခပ်ထူထူကြီး မဖြစ်နေဘဲ အရောင်လင်းလင်း စိုစိုလေးရှိချင်တဲ့ မိန်းကလေးတွေအတွက် အကောင်းဆုံးပါနော်။ ပုံမှန် အားဖြင့်တော့ ဒီလို ပုံစံလေး ဆိုးမယ် ဆိုရင် အနီရောင်ကို ရွေးချယ်လေ့ ရှိကြပေမယ့် တခြား လိမ္မော်ရောင်၊ ခရမ်းဖျော့ရောင်လေးတွေနဲ့လည်း စမ်းသပ်ပြီး ဆိုးနိုင်ပါတယ်နော်။ပထမဆုံး နှုတ်ခမ်းမှာ Balmလိုလေး အဖြူဖျော့ဖျော့လေး ဆိုးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းနီကို အောက်နှုတ်ခမ်းနဲ့ အလယ်(အတွင်းသား) နေရာမှာပဲ ဆိုးပေးပါ။ အရောင်တောက်ချင်ရင်တော့ ထူထူလေးဆိုးလိုက်ပါ။ပြီးရင် အပေါ်ဘက်ကို ဆိုးပေးပါ။ လက်ချောင်းလေးနဲ့ နှုတ်ခမ်းသားလေး အပြည့် ဖြစ်သွားအောင် ဖြည်ချလိုက်ပါ။ ဒါဆိုရင်တော့ အောက်က အဖြူရောင်လေးနဲ့ ရောသွားပြီး ငုံဖူးပြီး အရောင်လင်းတဲ့ နှုတ်ခမ်းတစ်စုံ ရရှိပါပြီ။နည်းလမ်း(၂) ကတော့ နှုတ်ခမ်းသား ထူထူလေးနဲ့နှုတ်ခမ်းနီအပြည့်ဆိုးချင်သူတွေအတွက် အသုံးဝင်မှာပါ။ ကြိုးဆွဲ နှုတ်ခမ်းနီ လိုမျိုး နှုတ်ခမ်းနီကို သုံးရင် ပိုကောင်းပါတယ်နော်။ပထမဆုံး နှုတ်ခမ်းနီ မဆိုးခင်နှုတ်ခမ်းပေါ်ကို concealer လေး အရင် ဖုံးအုပ်ပေးပါ။ ပြီးရင် နှုတ်ခမ်းအပေါ်ဘက် အလယ်မှာ ကြက်ခြေခတ်ပုံစံလေး ဆွဲပါ။ ပြီးရင် အောက်နှုတ်ခမ်း အပြင်ဘက်ကို ခပ်ဝိုက်ဝိုက်လေး ဆိုးပါ။ အဲဒါပြီးရင်တော့ နှုတ်ခမ်းဘောင်အနားတွေ ပြည့်အောင် ဆိုးလိုက်ပါ။ နောက်ဆုံးအဆင့် ရောက်မှ အတွင်းသားတွေရော အပြည့်ဆိုးလိုက်ပါ။ခုလိုမျိုး အပြင်ဘောင်တွေကို အရင်ဖော်ပြီးမှ ဆိုးတာက နှုတ်ခမ်းသားကို ထူသယောင်ဖြစ်စေပြီး တိလည်း တိကျပါတယ်။ အရောင်ပြည့်ပြည့်လေးနဲ့ လှနေမှာပါ။နည်းလမ်း(၃) ကတော့ နှုတ်ခမ်းနီ အရောင် နှစ်ရောင်စပ်ပြီး ဆိုးတာမျိုးပါ။ပထမဆုံး နှုတ်ခမ်းသားလေး နူးညံ့ဖို့နဲ့ စိုစိုလေး ဖြစ်ဖို့ Lip Balm လေး ဆိုးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းအလယ်မှာ အဖြူရောင်လေး ဒါမှမဟုတ် ကိုယ် စပ်ဆိုးချင်တဲ့ အရောင်တစ်ရောင် ဆိုးလိုက်ပါ။ နောက်ထပ် တစ်ရောင်နဲ့ နှုတ်ခမ်းဘောင် အနားလေးတွေ အနားသတ်ဆိုးလိုက်ပါ။ ခုနက အဖြူဘေးနားမှာ နှုတ်ခမ်းနီ ဆိုးလိုက်ပါ။ လက်ချောင်းလေးတွေနဲ့ နှုတ်ခမ်းနီလေးတွေ ဖြန့်လိုက်ပြီဆိုရင်တော့နှစ်ရောင်စပ်နှုတ်ခမ်းနီလေးရပြီနော်။ကဲ..ပျိုပျိုမေတို့ရေ နှုတ်ခမ်းလေး ပိုမိုလှပဖို့ ဆိုးကြည့်ပါဦးနော်။ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းသား မခြောက်အောင် lip balmလေး ခံဆိုးပေးဖို့၊ ပြီးရင်လည်း သေသေချာချာ ပြန်ဖျက်ဖို့ မမေ့ကြနဲ့ဦးနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-use-lipsticks-effectively/
အလှအပနဲ့ပတ်သက်လို့ ဒါတွေလုပ်မိနေပြီလား
ကြည်လင်ပြီး အနာအဆာကင်းတဲ့မျက်နှာလေးက အလှတိုးစေတဲ့အချက်တစ်ခုပေါ့။ အသားအရေထိန်းသိမ်းမှုက လူတိုင်းလိုလိုလုပ်သင့်တဲ့အရာတစ်ခုပါ။ ဒီလိုလုပ်တဲ့အခါ အသားကိုကြည်လင်လှပလိုစိတ်နဲ့ လုပ်မိတာတွေကြောင့်အသားအရေပိုကောင်းမသွားဘဲ ထိခိုက်တာမျိုးဖြစ်စေဖို့ ဒီဆောင်းပါးလေးထဲကနေပြောပြပေးပါရစေနာ်။ လုပ်မိနေတယ်ဆိုရင်လည်း ဆင်ခြင်လို့ရတာပေါ့။မျက်နှာကိုMicellar Waterနဲ့သစ်ပြီးရင်ရေနဲ့ပြန်သစ်စရာမလိုဘူး။ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ Micellar Water ကမျက်နှာကို အတွင်းပိုင်းအထိသန့်စင်ပေးတယ်ဆိုပေမယ့် မျက်နှာပြန်သစ်ဖို့တော့ လိုမှာပါ။ မျက်နှာ မသစ်ဘဲထားလိုက်ရင် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ဆဲလ်သေတွေကို ခဏခဏဖယ်ရှားလေလေ အသားအရေကြည်လေလေပဲ။တစ်ပတ်ကို နှစ်ကြိမ်ဆိုရင်ကို လုံလောက်ပါပြီ။ တစ်ပတ်ကို နှစ်ကြိမ်ထက်ကျော်ပြီး မျက်နှာပေါ်ကဆဲလ်သေတွေကို မဖယ်ရှားသင့်ပါဘူး။ အသားအရေကို ကြည်လင်စေတယ်ဆိုတာထက် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်နှစ်ကြိမ်လောက်ပဲလုပ်ပေးပါ။ဝက်ခြံထွက်နေလည်း ဆဲလ်သေတွေဖယ်ရှားလို့ရပါတယ်။ဝက်ခြံထွက်နေတဲ့အချိန်မှာဆဲလ်သေတွေဖယ်ရှားတာက အခန့်မသင့်ရင် ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေအရမ်းကြီးနေပြီဆိုရင် ဆဲလ်သေတွေဖယ်ရှားတာမျိုးမလုပ်သင့်ပါဘူး။နေလောင်ကာခရင်မ်က မဖြစ်မနေလူးစရာမလိုဘူး။နေလောင်ကာခရင်မ်ကကျော်မသွားသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုပါ။ အပြင်မထွက်ခက်နာရီဝက်အလိုတိုင်းမှာ မျက်နှာအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို လူးပေးပါ။ ဒါမှနေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်မှုမရှိအောင်ထိန်းသိမ်းနိုင်မှာပါ။မျက်နှာပေါင်းတင်တဲ့အခါMaskကပ်ပြီးတစ်ညလုံးအိပ်လို့ရတယ်။Mask ကမျက်နှာအသားအရေကို ထိန်းသိမ်းပေးနိုင်တယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့အချိန်အတိုင်းကပ်တာက အဆင်ပြေဆုံးပါ။ တစ်ညလုံးကပ်ထားမယ်ဆိုရင် မျက်နှာကရေဓါတ်တွေပါဆုံးရှုံးစေနိုင်ပါတယ်။မျက်နှာသစ်တဲ့အခါ တစ်ကြိမ်တည်းနဲ့မလုံလောက်ဘူး။မျက်နှာသစ်တဲ့အခါ အသားပေါ်မှာ အဆီတွေကျန်နေလို့ဆိုပြီး နှစ်ကြိမ်လောက်ထပ်သစ်ပစ်တာမျိုးက အသားအရေအတွက် ပိုထိရောက်မသွားဘဲ အဆီတွေကိုကုန်သွားစေလို့ အသားအရေခြောက်သွေ့ပျက်စီးလွယ်ပါတယ်။မျက်နှာကို အပြင်ကပြန်လာတိုင်း သစ်ရမယ်။ဒီအယူအဆကမှားပါတယ်။ မျက်နှာသစ်တာက မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်သစ်ရင်ကို လုံလောက်ပါပြီ။ ခဏခဏသစ်တာက မျက်နှာအသားအရေကို ထိခိုက်စေနိုင်ပါတယ်။ အရမ်းကိုဖ်ုထူတဲ့နေရာမျိုးကပြန်လာရင်တော့တစ်မျိုးပေါ့။Night Creamကို မဖြစ်မနေလူးစရာမလိုဘူး။ဒီအယူအဆကမှားနေပါတယ်။ မျက်နှာအပါအဝင်ခန္ဓါကိုယ်ပေါ်ကဆဲလ်တွေက ညအိပ်ချိန်မှာ လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပြီး အသစ်ပြုပြင်တာပါ။ ဒါကြောင့် ညအိပ်ရာမဝင်ခင် Night Cream လူးပေးတာက အသားအရေကိုကြည်လင်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။လည်ပင်းအသားအရေကို အထူးတလည်ဂရုစိုက်နေစရာမလိုဘူး။လည်ပင်းအသားအရေကလည်း မျက်နှာအသားအရေလိုပဲ ဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် မျက်နှာအတွက်လူးတဲ့အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို လည်ပင်းကိုလည်း သုံးပေးပါ။ပေါင်းတင်တာက ညဘက်အကောင်းဆုံးပဲ။ဒါကမှားတယ်မဆိုသာပေမယ့် အပြည့်အဝလည်းမမှန်ပါဘူး။ မျက်နှာကို မနက်ခင်းမှာကြေးချွတ်သန့်စင်ပြီးပေါင်းတင်ပေးတာက မျက်နှာ အသားအရေလေးကို ကြည်လင်လန်းဆန်းပြီး တစ်နေ့တာလုံး ကြည့်ကောင်းနေစေမှာပါ။ဒီအချက်လေးတွေကို သတိထားပြီး အသားအရေကို ကြည်လင်ပြီး အပြသ်အနာအဆာကင်းအောင်စောင့်ရှောက်လိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9c%e1%80%bd%e1%80%a1%e1%80%95%e1%80%94%e1%80%b2%e1%82%94%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%82%94-%e1%80%92%e1%80%ab%e1%80%b1%e1%80%90/
မနေ့က ရေနွေး ပြန်နွှေးမသောက်သင့်တဲ့အကြောင်းရင်း
ရေကိုကျိုချက်ပြီးသောက်ပါ ဆိုတာ ကျန်းမာရေးအသိပညာဖြန့်ဝေတဲ့အခါတိုင်း ပြောလေ့ရှိကြတဲ့စကား။ ဒါပေမယ့် ကျိုချက်တိုင်းဘေးကင်းတာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျိုချက်ပြီးသားရေနွေးပူကို မပူတော့ရင်ဖြစ်ဖြစ်၊ နောက်တစ်နေ့ကြာသွားရင်ဖြစ်ဖြစ် နှမျောပြီး ပြန်နွှေးသောက်ကြလို့ပါပဲ။ သင်ရော ဓာတ်ဘူးထဲက ရေနွေးအကျန်တွေကို ဘာလုပ်ပစ်လဲ၊ သွန်ပစ်လား၊ပြန်နွှေးသောက်တာလား။အခုဆို သုံးမိနစ်အမြန်တည် လျှပ်စစ်ရေနွေးအိုးတွေ အသုံးများလာတော့ ပိုဆိုးပါတယ်။ လိုတဲ့အချိန် အမြန်တည်လို့ရတော့ တချို့ကကော်ဖီတစ်ခွက်စာယူသောက်လိုက်၊ ကျန်တာဒီအတိုင်းထားလိုက်၊ လိုရင်ပလပ်ထိုးပြီးပြန်နွှေးလိုက် လုပ်တတ်ပါတယ်။ ဒါပေမယ့် ပြဿနာက ဆူပြီးသားရေကို ပြန်မတည်ဖို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ရေကိုပြန်တည်ရင် သူ့မှာပါတဲ့ပျော်ဝင်ဓာတ်ပစ္စည်းတွေရဲ့ ပမာဏတိုးလာနိုင်ပါတယ်။ ပြန်တည်တဲ့ရေမှာ အန္တရာယ်ဖြစ်လာနိုင်တဲ့ ဓာတ်တွေက –။ဒီလိုမျိုး ဘေးကင်းမှုကို စိတ်မချရတဲ့အကြောင်းရင်းကြောင့် ပြန်တည်တဲ့ရေ၊ ပြန်နွှေးတဲ့ရေကို ကလေးငယ်တွေ နို့ဘူးဖျော်ဖို့မသုံးသင့်ပါဘူး။ သတိဆိုတာ ပိုတယ်မရှိဘူးဆိုတဲ့အတိုင်း ရေနွေးကို လိုသလောက်ပဲတည်၊ ပိုတာစွန့်ပစ်တာကောင်းပါတယ်။ ရေကို နွှေးသောက်နေကျပဲ ဘာမှမဖြစ်ခဲ့ဖူးဘူးဆိုပြီး ဆက်မလုပ်သင့်ပါဘူး။ ချက်ချင်းတော့ ကျန်းမာရေးပြဿနာ ထမဖြစ်နိုင်ဘဲ ရေရှည်မှာဘေးမကင်းမှာ စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် အကြံပြုချင်တာက ဖြစ်နိုင်ရင် ဘယ်အစားအသောက်ကိုမဆို အဟောင်းတွေ၊ အကျန်တွေ မစား၊ မသောက်ပါနဲ့၊ လိုသလောက်ကိုပဲ စီစဉ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%99%e1%80%94%e1%80%b1%e1%80%b7%e1%80%80-%e1%80%9b%e1%80%b1%e1%80%94%e1%80%bd%e1%80%b1%e1%80%b8-%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%94%e1%80%bd%e1%80%be%e1%80%b1%e1%80%b8%e1%80%99%e1%80%9e/
အီစထရိုဂျင်ဟော်မုန်းကို သဘာဝအလျောက်မြှင့်တင်ပေးနိုင်ဖို့
အီစထရိုဂျင်နဲ့ပရိုဂျက်စထရုန်းဟာ အမျိုးသမီးတွေအတွက် အလွန်အရေးကြီးတဲ့ ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးတယောက်ရဲ့ ကြန်အင်လက္ခဏာတွေ ပြည့်စုံဖို့နဲ့မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကိစ္စတွေအတွက် အီစထရိုဂျင်က အရေးပါပါတယ်။ အီစထရိုဂျင်ဟော်မုန်း လျော့နည်းခဲ့ရင် ကိုယ်စိတ်နှစ်မျိုးစလုံးရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အီစထရိုဂျင်ဟော်မုန်းကို သဘာဝအလျောက်မြှင့်တင်ပေးနိုင်ဖို့ ဘယ်လို အစားအသောက်တွေ စားပေးရမလဲဆိုတာပဲ ဖြစ်ပါတယ်။ပဲပိစပ်ကနေထုတ်လုပ်လိုက်တဲ့ အစားအသောက်တွေ (ဥပမာ တိုဖူး၊ မီဆိုခေါ် ဂျပန်ဟင်းခတ်မှုန့်) စတာတွေမှာ ဖိုင်တိုအီစထရိုဂျင်လို့ခေါ်တဲ့ ဓာတ်ပစ္စည်းကြွယ်ဝပါတယ်။ ဖိုင်တိုအီစထရိုဂျင်ဟာ အီစထရိုဂျင်နဲ့ ဆင်တူပြီး အာနိသင်လည်း တူညီပါတယ်။သုတေသနတွေ့ရှိချက်တွေအရ ပဲပိစပ်စားသုံးမှု မြင့်မားသူတွေမှာ အီစထရိုဂျင်အာနိသင်ရရှိတာကြောင့် ရင်သားကင်ဆာနဲ့ဆက်စပ်ပြီး သေဆုံးခြင်းတွေ လျော့နည်းတယ်လို့ သိရပါတယ်။နှမ်းကြတ်စေ့မှာလည်း ဖိုင်တိုအီစထရိုဂျင် ပါဝင်ပါတယ်။ အီစထရိုဂျင်နဲ့ အာနိသင်ဆင်တူတာကြောင့် နှမ်းကြတ်စေ့ပုံမှန်စားသုံးသူတွေမှာ သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။နှမ်းစေ့ ဒါမှမဟုတ် နှမ်းဆီကို စားသုံးသူတွေမှာလည်း ဖိုင်တိုအီစထရိုဂျင်ကို ရရှိနိုင်ပါတယ်။ အီစထရိုဂျင် အာနိသင်ကို ရရှိစေတဲ့အပြင် အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ဗီတာမင် B အုပ်စုဟာ ကိုယ်ခန္ဓာထဲမှာ အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းနဲ့ ပုံမှန်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ လှုံ့ဆော်ပေးခြင်းအတွက် အရေးပါပါတယ်။ ဗီတာမင် B နည်းပါးရင် အီစထရိုဂျင်လည်း လျော့နည်းတတ်တာကို တွေ့ရပါတယ်။သုတေသနတွေအရ ဗီတာမင် B2 နဲ့ B6 ဟာ အီစထရိုဂျင်နဲ့ ဇီဝဖြစ်ပျက်မှုအတွက် ပံ့ပိုးပေးပြီး ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ဗီတာမင် D ဟာလည်း အီစထရိုဂျင်ထုတ်လုပ်ခြင်းအတွက် အရေးပါပါတယ်။ ဗီတာမင် D ဟာ ဟော်မုန်းအနေနဲ့လည်း လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် D နဲ့ အီစထရိုဂျင်ပေါင်းစပ်လုပ်ဆောင်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ လျော့နည်းစေပါတယ်။ဘိုရွန်ဆိုတဲ့ နာမည်ကို သိပ်မကြားဖူးကြပေမယ့် ကိုယ်ခန္ဓာအတွက် အရေးပါတဲ့ သတ္တုဓာတ်မျိုး ဖြစ်ပါတယ်။ ဘိုရွန်ဟာ တက်စတိုစထရုန်းအတွက်ရော အီစထရိုဂျင်အတွက်ပါ ဇီဝဖြစ်ပျက်မှုတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ခန္ဓာကနေ အီစထရိုဂျင်ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်အောင် ကူညီပေးပါတယ်။DHEA ဆိုတာဟာ dehydroepiandrosterone လို့ခေါ်တဲ့ ဟော်မုန်းဖြစ်ပြီး အီစထရိုဂျင်နဲ့ တက်စတိုစထရုန်းနှစ်မျိုးစလုံးအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သုတေသနများအရ DHEA ဟာ ကိုယ်ခန္ဓာအပေါ်မှာ အီစထရိုဂျင်လိုပဲ တူညီတဲ့အာနိသင်ပေးပါတယ်။Evening primrose oil (EPO) မှာ Omega 6 ပါဝင်မှုများပြီး ဓမ္မတာလာချိန် ဝေဒနာများ သက်သာစေဖို့နဲ့ သွေးဆုံးချိန်ကြုံတွေ့ခံစားရတာတွေ သက်သာစေဖို့ အထောက်အကူပြုပါတယ်။ EPO မှာလည်း အီစထရိုဂျင်နဲ့ တူညီတဲ့ အာနိသင်မျိုး ပါဝင်တာကြောင့် သွေးဆုံးချိန်မှာ အီစထရိုဂျင်နည်းသွားတဲ့ အမျိုးသမီးတွေအတွက် အသုံးပြုနိုင်ပါတယ်။အထက်ပါ အစားအစာများနဲ့ ဗီတာမင်တွေအပြင် ဆေးဘက်ဝင်အပင်များကနေ ထုတ်လုပ်ထားတဲ့ အားဖြည့်ဓာတ်စာတွေလည်း ရှိပါသေးတယ်။ Red clover၊ ချက်စတာဘယ်ရီ၊ Dong Quai စတဲ့ ဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်ထားတဲ့ ဓာတ်စာတွေဟာ အီစထရိုဂျင်အာနိသင် ပိုမိုလိုအပ်သူတွေအတွက် အထောက်အကူပေးပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေ လိုသေးတာကြောင့် အလွန်အကျွံစားတာမျိုး မလုပ်သင့်ပါဘူး။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/female-hormonal-imbalance/how-to-increase-estrogen/
ကျောနာခြင်း ( ခါးနာခြင်း )တွေကို သဘာဝအတိုင်းသက်သာစေနိုင်မယ့် နည်းလမ်း (၆)သွယ်
သင့်ဘဝတစ်သက်တာလုံးမှာ ခါးနာတာေတွ၊ ကျောနာခြင်း တွေကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားဖူးမှာပါ။ တစ်ခါတလေမှာ ပြင်းထန်တတ်ပါတယ်။ ဆိုလိုတာက ခါးနာခြင်း က ဆိုးလွန်းလို့ နေ့စဉ်လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်ခြေထောက်တွေကျဉ်နေတာမျိုးပေါ့။ဒီလိုအခြေအနေမျိုးတွေမှာ ဆရာဝန်တွေဆီ အရင်သွားသင့်ပါတယ။် ဒါပေမဲ့ ခါးနာတဲ့အခြေအနေအားလုံးက ဆေးခန်းသွားနေဖို့လိုတာမဟုတ်ပါဘူး။ ဒီနာကျင်မှုတွေကို သဘာဝအတိုင်း သက်သာအောင် လုပ်ယူလို့ရပါတယ်။နံနက်နိုးလာတဲ့အချိန်မှာ ကျောနာ၊ ခါးနာတာတွေက ပိုဆိုးနိုင်ပါတယ်။ မထိုင်နိုင်လောက်တဲ့ထိ နာကျင်တောင့်တင်းနေတာတွေကို ခံစားရမှာပါ။ပက်လက်လှန်နေစဉ် ဒါမှမဟုတ်လည်း မှောက်ခုံအနေအထားမှာ ကျောပေါ်မှာ၊ ကျောအောက်မှာ စသဖြင့် အနွေးအိတ်လေးထားသင့်ပါတယ်။ အပူဓါတ်က ကြွက်သားတွေကို သွေးပူစေပြီးတောင့်တင်းမှုတွေကိုလျှော့ချပေးပါတယ်။ပြီးတော့ နောက်ကျောကသွေးစီးဆင်းမှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ရေနွေးအိတ်တွေ၊ အပူဓါတ်ပေးတာတွေကို အလွန်အကျွံမလုပ်ပါနဲ့။ ဒါက သင့်အရည်ပြားတစ်သျှူးတွေကို ပျက်စီးစေနိုင်ပါတယ်။ဒီယောဂကတော့ လူတွေကို ရယ်မောခြင်းအားဖြင့် သူတို့ရဲ့ကျန်းမာရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးတဲ့ ယောဂလေ့ကျင့်ခန်းပုံစံတစ်မျိုးပါ။ သင်ရယ်လိုက်တဲ့အချိန်မှာ ခန္ဓါကိုယ်က အောက်စီဂျင်တွေ ပိုမိုရယူနိုင်ပြီး ဖိအားတွေကိုလျှော့ချပေးလို့ endorphin တွေကို ပိုပြီးထုတ်လွှတ်ပေးပါတယ။် (endorphinဆိုတာကတော့ သဘာဝအတိုင်းနာကျင်မှုတွေကို သက်သာစေနိုင်တဲ့ ဟော်မုန်းပါ။ )။ဒါ့အပြင် ရယ်မောခြင်းယောဂဟာ အပျော့စား ကာယလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ တကယ်လို့များ တခြားလေ့ကျင့်ခန်းတွေက ပြင်းထန်ပြီး နောက်ကျောကို နာကျင် ထိခိုက်စေနိုင်တယ်ဆိုရင်ဒီလေ့ကျင့်ခန်းကို ရွေးချယ်နိုင်ပါတယ်။အိမ်မှာဖြစ်စေ၊ ကျန်းမာရေးစင်တာတွေမှာပဲဖြစ်စေ ပုံမှန်အနှိပ်ခံနိုင်ပါတယ်။ နှိပ်ခြင်းက ဖိအားတွေကို လျှော့ချပေးပြီးကြွက်သားတွေကို အနားရစေတဲ့အပြင် သင့်ခန္ဓါကိုယ်က endorphin ထုတ်ပေးခြင်းကို အားပေးပါတယ။် စားပွဲပေါ်မှာ ဒါမှမဟုတ် အနှိပ်ထိုင်ခုံပေါ်မှာ အနှိပ်ခံနိုင်ပါတယ်။ ဒါက ကျောနာခြင်း အတြက္ သင့်ရဲ့လိုအပ်ချက်ပေါ်ပဲ မူတည်ပါတယ်။ သင်လုပ်ရမှာကတော့ သက်တောင့်သက်သာ အနားယူဖို့နဲ့ နောက်ကျောနာကျင်မှုတွေကို ကုသနိုင်ဖို့ ဒီကုထုံးကို ဝကွက်အပ်ထားလိုက်ရုံပါပဲ။အိပ်စက်တဲ့ပုံစံက ကျောနာ၊ ခါးနာတဲ့ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ အချို့သော အနေအထားတွေက ခါးနာတာကို ပိုဆိုးစေပေမယ့် အချို့သော အနေအထားတွေကတော့ လျော့ကျစေပါတယ်။ ဒါကြောင့် ဘာကသင့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကို ရှာဖွေဖို့ ပုံစံအမျိုးမျိုးနဲ့ အိပ်ကြည့်ပါ။အထူးသဖြင့် recline position(ကျောတစ်ဝက် မှီပြီး အိပ်စက်တဲ့ပုံစံ) ကတော့ ခါးနာသက်သာစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ အထူးပြုလုပ်ထားတဲ့ ခုံမှာဖြစ်စေ၊ သက်တောင့်သက်သာရှိတဲ့ အိပ်ရာပေါ်မှာဖြစ်စေ၊ အိပ်စက်ခြင်းတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ဒီလို မော်ဒန်ခေတ်ကြီးမှာ တစ်နေ့လုံး စားပွဲပေါ်ကမထဘဲ အလုပ်လုပ်နေတာမျိုး ၊ စာလုပ်နေတာမျိုးဟာ တွေ့ရများလှပါတယ။် ဒါပေမဲ့ အကြာကြီးထိုင်မနေပါနဲ့။ မိနစ် ၂၀ကြာတိုင်းမှာ ထိုင်နေရာက ထလို့ အကြောလျှော့တာမျိုးတွေ၊ အထူးသဖြင့် နောက်ကျော၊ ခြေထောက်တွေနဲ့လက်မောင်းတွေကို အကြောလျှော့တာ၊ဆန့်တာမျိုး စသဖြင့် လုပ်ပေးနိုင်ပါတယ်။အပျော့စားလေ့ကျင့်ခန်းတွေကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ သူတို့တွေက သင့်ရဲ့ကြွက်သားတွေကို အနားယူစေပြီးခန္ဓါကိုယ်ကိုလည်း သွေးပူစေပါတယ်။ကျောနာ၊ ခါးနာဖြစ်တဲ့အချိန်မှာ ကြွက်သားတွေ သန်မာနေဖို့ အရေးကြီးပါတယ်။ သန်မာတဲ့ကြွက်သားတွေ၊ ဥပမာ ခါးနဲ့ တင်ပါးဆုံကွင်းလိုနေရာမျိုးက ကြွက်သားတွေ သန်မာနေခြင်းက နောက်ကျောကို ပိုပြီးကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးနိုင်ပါတယ်။ပြင်းထန်တဲ့ နောက်ကျောနာကျင်မှုတွေအတွက် ဆေးဝါးကုသမှုပြုလုပ်တာကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုပြဿနာအများစုက မပြင်းထန်တာကြောင့် နာကျင်မှုသက်သာစေတဲ့ သဘာဝဆေးနည်းတွေသုံးတာက ကြိုးစားကြည့်သင့်တဲ့ အရာတစ်ခုပါပဲ။အထက်ဖော်ပြပါ နည်းလမ်းတွေကို လုပ်ကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ နာကျင်မှုတွေ ပြန်လည်တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့ရမှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%94%e1%80%ac%e1%80%81%e1%80%bd%e1%80%84%e1%80%bb%e1%80%b8-%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bd%e1%80%84%e1%80%bb%e1%80%b8%e1%80%b1/
Airsickness (လေယာဉ်မူးခြင်း)
လူးလွန့်နေတဲ့လှေပေါ်မှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ လှေပေါ်မှာဝမ်းဗိုက်မအီမသာ ဖြစ်တဲ့အခါ ယာဉ်မူးခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။လေယဉ်မူးခြင်းဆိုတာကတော့ လေယာဉ်မောင်းသူတွေနဲ့ ခရီးသည်တွေမှာ ခံစားရတဲ့ ပြသနာဖြစ်ပါတယ်။ လေကြောင်းခရီးသွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ပျံသန်းမှုစတင်လေ့ကျင့်ခါစမှာ ကိုယ်ခန္ဓါကနေ ရွေ့လျားနေတဲ့အရာတွေနဲ့ လိုက်ပါချိန်ညှိဖို့ ကြိုးစားရင်း မူးဝေခြင်းဖြစ်တတ်ပါတယ်။ လူအများစုဟာလည်း ပထမအကြိမ်လေယဉ်စီးတဲ့အခါ ဖြစ်တတ်ပါတယ်။ ဖြေရှင်းနည်းတွေတော့ ရှိပါတယ်။အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အောက်ပါအချက်တွေကတော့ အတွေ့များတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။လေယာဉ်မူးခြင်းဆိုတာ မတူညီတဲ့အချက်ပြမှုတွေကို သိနိုင်အောင် ကြိုးစားရာမှာ ကိုယ်ခန္ဓါကနေ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ လေယာဉ်ဖြစ်စေ ကားဖြစ်စေ ရွေ့လျားနေတဲ့ ယာဉ်ထဲမှာ နားရဲ့အတွင်းပိုင်း ပြွန်စနစ်ဟာ ရွေ့လျားမှုကို ခံစားရပေမယ့် မျက်စိရဲ့ အမြင်ကို ဦးနှောက်ကနေ ရွေ့လျားမှုမရှိသလို လက်ခံပါတယ်။လေယာဉ်ပျံသန်းချိန်မှာ မျက်စိဟာ ကိုယ်ခန္ဓါအနေနဲ့ မရွေ့လျားသယောင် ထိန်းညှိပေးပါတယ်။ သင့်ခန္ဓါကို (အထူးသဖြင့် အတွင်းနား)ဟာ အမှန်တကယ်ရွေ့လျားမှုနဲ့ မြေဆွဲအားကို သိရှိခံစားရပြီး ဦးနှောက်ကို အချက်ပြပါတယ်။ အဲဒီအခါမှာ ဒီအချက်ပြမှုတွေဟာ ရှုပ်ဖေထွးသွားပြီး ပျို့အန်ချင်စိတ်နဲ့ တခြားလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ယေဘုယျအားဖြင့် လေယာဉ်မူးခြင်း အပါအဝင် ယာဉ်မူးခြင်းတွေဟာ လူနာရဲ့ ရာဇဝင်နဲ့ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေကနေ ရောဂါအတည်ပြုပါတယ်။ လူနာတဦးချင်းရဲ့ ပြောပြလာတဲ့ လက္ခဏာတွေဟာ ရောဂါအတည်ပြုဖို့ လုံလောက်ပါတယ်။ များသောအားဖြင့် ဓါတ်ခွဲစစ်ဆေးမှု မလိုအပ်ပါဘူး။ပျို့န်ခြင်းကို လျှော့ချဖို့ ဆေးဝါးများ သုံးစွဲနိုင်ပါတယ်။ဆေးအချို့ဟာ ဆရာဝန်ညွှန်းစာ လိုပါတယ်။ ခရီးမထွက်ခင် သောက်သုံးထားရင် အကောင်းဆုံးပါပဲ။အောက်ပါအချက်တွေကိုလည်း ကြိုးစားကြည့်နိုင်ပါတယ်။အောက်ပါအချက်တွေကို ရှောင်ကြဉ်ပါ။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက လေယာဉ်မူးခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအချက်တွေဟာ အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/airsickness-%e1%80%9c%e1%80%b1%e1%80%9a%e1%80%ac%e1%80%89%e1%80%ba%e1%80%99%e1%80%b0%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/going-braless/
ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင်
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ၊ ရင်ပူတာ၊ ပျို့အန်ချင်တာတွေကို ခံစားရသလို နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားရကြပါတယ်။ ဒါကြောင့်လည်း မိခင်ဖြစ်ရတာ မလွယ်ဘူး။ မိခင်မေတ္တာက အတော်လေး ကြီးမားတယ်လို့ ဆိုကြတာပါ။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ တော်တော်များများ ခံစားရနိုင်တဲ့ ရင်ပူတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင် သက်သာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုဖြစ်တာကြောင့် ရင်ပူတာက အဖြစ်များပါ။ရာသီသွေးပေါ်ချိန်မှာလည်း ဟော်မုန်း ပြောင်းလဲတာကြောင့် ဖြစ်တတ်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဟော်မုန်းပြောင်းလဲမှုအပြင် ဗိုက်ထဲက ဘေဘီလေး ကြီးထွားဖွံ့ဖြိုးလာတာကြောင့် အစာအိမ်ပေါ်မှာ ဖိအားဖြစ်စေပြီး အစာခြေအက်ဆစ်တွေက အစာရေမြိုကနေတစ်ဆင့် လည်ချောင်းဆီ ပြန်ဆန်တက်တာကြောင့် ရင်ပူတာကို ဖြစ်စေနိုင်ပါတယ်။ဒီလို ရင်ပူတာကို အလွယ်ကူဆုံးနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။[embed-health-tool-due-date]။ကိုယ်ဝန်ဆောင်မေမေ ရင်ပူခဲ့ရင် ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ရင်ပူတာကို သက်သာစေမယ့် နည်းလမ်းတစ်ခုက နွားနို့သောက်တာပါ။ နွားနို့ဆိုတဲ့နေရာမှာ အဆီထုတ်ထားတဲ့ နို့က အကောင်းဆုံး ဖြစ်မှာပါ။ နို့က အစာအိမ်နံရံတွေကို အလွှာပါးလေး တစ်ခုလို ကာကွယ်ပေးရင်းရင်ပူတာကို သက်သာစေဖို့လုပ်ဆောင်ပေးပါတယ်။ပန်းသီးက အစာအိမ်ထဲက အက်ဆစ်တွေကို ထိန်းညှိပေးပြီး ရင်ပူတာကို သက်သာစေပါတယ်။ ရင်ပူတာ သက်သာစေဖို့ပန်းသီးစားမယ်ဆိုရင်တော့ အခွံကို သေချာရေစင်အောင်ဆေးပြီး အခွံပါ စားပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူလာပြီဆိုရင် နို့အေးတစ်ခွက်လောက် သောက်တာဖြစ်ဖြစ်၊ ရေခဲမုန့် နည်းနည်းလောက် စားပေးတာဖြစ်ဖြစ် လုပ်ပေးလို့ ရသလို ရေအေးအေးလေး သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် ရင်ပူလာပြီဆိုရင် အေးတာလေးတစ်ခုခု စားလိုက်ပါ။ခရက်ကာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ခရက်ကာက ရင်ပူစေနိုင်တဲ့ အစာအိမ်ထဲက ပိုနေတဲ့ အက်ဆစ်တွေကို စုပ်ယူပေးပြီး ရင်ပူသက်သာအောင် လုပ်ဆောင်ပေးပါတယ်။အကျိုးပြုဘက်တီးရီးယားလေးတွေ ပါတဲ့ ဒိန်ချဉ်က ရင်ပူတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ရင်ပူနေတယ်ဆိုရင် ဒိန်ချဉ် ၁ ဇွန်း ၂ ဇွန်းလောက် သောက်ပေးပါ။သင်္ဘောသီးမှည့်က ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမချုပ်အောင် ကူညီပေးသလို ရင်ပူတာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ရင်ပူနေပြီဆိုရင် သေချာ မှည့်နေတဲ့ သင်္ဘောသီးလေးကို တစ်စိတ်လောက် စားပေးပါ။ချင်း (ဂျင်း) က အစာအိမ်ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေကျန်းမာစေဖို့လည်း ချင်း (ဂျင်း) က ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ရင်ပူလာပြီဆိုရင် ချင်း (ဂျင်း)လေး နည်းနည်းလောက် စားပေးလိုက်ပါ။ အစာခြေအက်ဆစ်တွေ အစာရေမျိုးထဲ မရောက်အောင် တားဆီးပေးရင်း ရင်မပူအောင် ကာကွယ်ပေးမှာပါ။အစားစားပြီးချိန်မှာ အချိုမပါတဲ့ ပီကေကို နာရီဝက်လောက် ဝါးပေးတာက ရင်ပူတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခု စားပြီးတိုင်း ရင်ပူတာကို မခံစားချင်ဘူးဆိုရင် ပီကေလေး ဝါးပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတွေကို ထင်သလို သောက်လို့ မဖြစ်တာကြောင့် မသောက်ခင်မှာ အဆင်ပြေမလားဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသင့်တော်ဆုံး ဖြစ်မယ့် လေဆေး တစ်ခုခုကို သောက်ပေးတာမျိုး လုပ်ပေးပါ။ဒီနည်းလမ်းလေးတွေက ဘေးကင်းလွယ်ကူစွာနဲ့ ကိုယ်ဝန်ဆောင်မေမေ ရင်ပူတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/home-remedies-for-heartburn-during-pregnancy/
ဦးနှောက်ကျန်းမာရေးအတွက် အစားအစာများ
ခန္ဓါကိုယ်၏ တခြားအစိတ်အပိုင်းများကဲ့သို့ပင် ဦးနှောက်သည်လည်း တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲပါသည်။ အသက် ၂၀ ပြည့်ခါနီးသည်နှင့် ဦးနှောက်ကြီးရင့်မှုဖြစ်စဉ်ကို စတင်ခံစားရပြီး တစ်ချို့အာရုံကြောဆဲလ်များ ဆုံးရှုံးရပါမည်။သို့သော် သုတေသနများက နေ့စဉ် အစားအသောက်များ၌ စမတ်ကျသည့် အစားအသောက်များကို ထည့်သွင်းစားသုံးလျှင် အသက်ကြီးသည့်တိုင် ကျန်းမာသောဦးနှောက်ကို ထိန်းသိမ်းထားနိုင်ကြောင်း သက်သေပြထား၏။သုတေသီများက ဘလူဘယ်ရီပါသော အစားအသောက်များသည် သင်ယူမှုနှင့် လုပ်ရှားမှုဆိုင်ရာ စွမ်းရည်းများကို တိုးတက်စေကြောင်း တွေ့ထား၏။ ဘလူးဘယ်ရီများသည် ဦးနှောက်အား ဓါတ်တိုးစေမည့် ဖိစီမှုများဒဏ်မှ ကာကွယ်ပေးပြီး အသက်ကြီးခြင်းဆိုင်ရာ ရောဂါများဖြစ်သည့် အဲလ်ဇိုင်းမားရောဂါ သို့မဟုတ် ဒီမန်းရှားရောဂါများကို လျော့ချပေးနိုင်ကြောင်း သက်သေပြထားပါသည်။သိပ္ပံပညာရှင်များက ဒိန်ချဉ်၊ အုတ်ဂျုံ သို့မဟုတ် မနက်စာတို့တွင် ဘလူးဘယ်ရီ တစ်ခွက်စာ ထည့်စားပေးခြင်းဖြင့် ဦးနှောက်ကြီးရင့်မှုအား လျော့ချပေးနိုင်မည်ဟု ဆိုသည်။ဆာမွန်ငါး၊ ရေနက်ပိုင်းတွင်နေသောငါးများသည် အဆီအက်စစ်များကြွယ်ဝပြီး ဦးနှောက်လုပ်ငန်းစဉ်များအတွက် လိုအပ်သော အိုမီဂါ ၃ အဆီများ ပါရှိပါသည်။ အိုမီဂါ ၃ တွင် ရောင်ရမ်းမှုကိုကျစေသည့် ဂုဏ်သတ္တိလည်းရှိသည်။ ဆာဒင်းနှင့် ပင်လယ်ငါးသလောက်လို အဆီပါသည့် ငါးများတွင် ထိုအဆီဓါတ် ပါရှိပါသည်။ဗင်တာမင်အီ ပေါများစွာပါသော ခွံမာသီးများနှင့် အစေ့အဆန်များသည် အသက်ကြီးသာသည်နှင့် သတိရှိမှု ကျဆင်းသွားခြင်းအား နည်းပါးသွားအောင် အကူအညီပေးပါသည်။ ခွံမာသီးများကို လှော်ထား ဖုတ်ထားစသည့် ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်ပါသည်။ သို့သော် ဆီးချိုသမားများကတော့ ခွံမာသီးများတွင်ပါသော ဆားပမာဏကို သတိပြုရပါမည်။ထောပတ်သီးနှင့် ဘလူးဘယ်ရီသီးများသည် ဦးနှောက်ကျန်းမာရေးကိုကောင်းစေသော အကောင်းဆုံးအစားအစာများဖြစ်သည်။ ထောပတ်သီး၌ အဆီများပါသော်လည်း မပြည့်ဝဆီများသာဖြစ်သောကြောင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါသည်။ ထောပတ်သီးသည် သွေးဖိအားကို ကျစေနိုင်သောကြောင့် သွေးတိုးကိုကျစေပြီး ဦးနှောက်ကျန်းမာရေးကို ကောင်းစေပါသည်။ ထောပတ်သီး၌ ကယ်လိုရီ အများအပြားပါသည်ကို သိထားပါ။ သိပ္ပံပညာရှင်များက တစ်ရက်လျှင် အလုံးဝက် သို့ တစ်လုံး၏ ၄ပုံ၁ပုံသာ စားသင့်ကြောင်း ညွှန်ကြားထားပါသည်။သလဲသီးဖျော်ရည်များတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါသည်။ ၎င်းသည် ခန္ဓါကိုယ်ကိုယ်ကာကွယ်ပေးပြီး အထူးသဖြင့် ဦးနှောက်ကို ဓါတ်တိုးပစ္စည်းများနှင့် မထိမိစေရန် ကာကွယ်ပေးပါသည်။ ချဉ်သောအသီးများနှင့် အရောင်စုံသောဟင်းသီးဟင်းရွက်များကို ဦးနှောက်ဓါတ်စာဟု သတ်မှတ်ကြသည်မှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ ရှိသောကြောင့် ဖြစ်ပါသည်။လက်ဖက်ရွက်တွင် ဓါတ်တိုးဆန့်ကျင့်ပစ္စည်းများပါပြီး အထူးသဖြင့် သွေးစီးဆင်းမှုကောင်းစေသော catechines အမျိုးအစားများ ပါ၏။ သို့သော် လက်ဖက်ရွက်ကို လတ်လတ်ဆတ်ဆတ် ကြိုချက်ရန်လိုသည်။ အခြောက်မှုန့်များ သုပ်စားသည့်လက်ဖက်များတွင်တော့ ဘယ်ဓါတ်တိုးဆန့်ကျင်ပစ္စည်းမှ ပါမည်မဟုတ်ပါ။ချောကလက်အမည်းများတွင် ဖလာဗိုနွိက်များပါပြီး ဦးနှောက်ကို အမှန်အားမြှင့်ပေးနိုင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည်။ ၎င်းတွင် သဘာဝလှုံစော်ပစ္စည်းများဖြစ်သည် ကဖိန်းဓါတ်ပါပြီး အာရုံစိုက်အားကောင်းစေကာ စိတ်အခြေအနေကို တိုးတက်စေပါသည်။ ပန်းသီး၊ အနီရောင်နှင့် အညိုရောင် စပျစ်သီများ၊ ဝိုင်နီ၊ ကြက်သွန်နီ၊ လက်ဖက်ရွက်နှင့် ဘီယာတို့သည် ဖလာဖိုနွိက်ကြွယ်ဝသော အစားအစာများဖြစ်သည်။ကိုက်လန်၊ ဟင်းနုနယ်၊ ပန်းမုန်လာစိမ်းတို့တွင် ဗီတာမင်အီးနှင့် ဖောလစ်အက်စစ်များ ကြွယ်ဝ၏။ အစိမ်းရင့်ရောင် ဟင်းရွက်များသည် သွေးတွင်းမှ ဟိုမိုစစ်စတီရင်း အမိုင်နိုအက်စစ်ကို လျော့ချစေနိုင်ပါသည်။ ၎င်းအက်စစ်သည် သွေးတွင်း၌ များပြားလာပါက ဦးနှောက်အတွင်းရှိအာရုံကြောဆဲလ်များကို သေစေနိုင်ပြီး နှလုံးရောဂါ ဖြစ်စေနိုင်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd/
ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။
လေဒီလေးအတော်တော်များများလစဉ်တိုင်းရောက်လာမှာကို ကြောက်ကြတဲ့ အချိန်တစ်ခုရှိတယ်။ ဒါကတော့ရာသီလာတဲ့အချိန်ပေါ့။ ရာသီလာချိန်မှာ ဆို နေရတာ စိတ်ခံစားမှုက မကောင်းသလို ခန္ဓာကိုယ်ထဲမှာလည်း နေရထိုင်ရ အဆင်မပြေတာမျိုးတွေ ခံစားရနိုင်ပါတယ်။ဒါပေမယ့် ဘယ်လိုပဲ မရောက်ချင်ဘူးပြောပြော တစ်လတစ်ခါကတော့ ဒီလို အချိန်ကာလကို ရင်ဆိုင်ဖြတ်သန်းရတာပါပဲ။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာဖျားချင်သလိုလို ခံစားနေရတာဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။အချို့ လေဒီလေးတွေဆိုရင်ရာသီမလာခင် အစောပိုင်းကာလတွေမှာကလည်းက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလိုအဆစ်တွေ နာတာကိုလည်း ခံစားရပါတယ်။ဒီလိုခံစားရတာကရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့်ဝက်ခြံထွက်တာ၊ အသားအရောင် ညစ်တာ၊ ဗိုက်အောင့်တာတွေတင် ခံစားရတာမဟုတ်ပါဘူး။ အချို့ လေဒီလေးတွေ ဆိုရင် ဝမ်းချုပ်တာ၊ဝမ်းပျက်တာလိုမျိုးအစာခြေစနစ် ပြဿနာတွေကို ခံစားရပါသေးတယ်။အချို့ကတော့ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ခေါင်းကိုက်တာ၊ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ လေပွတာ၊ မအီမသာ ဖြစ်တာ၊ အော့အန်တာ၊ နှာစေးသလို ခံစားရတာတွေအထိ ခံစားရတာမျိုး ရှိပါတယ်။ဒီလက္ခဏာတွေ ခံစားရတဲ့ အဓိက အကြောင်းအရင်းကတော့ ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာအက်စထရိုဂျင် ပမာဏကျသွားတာကြောင့်ပါ။ အက်စထရိုဂျင် ဟော်မုန်းပမာဏက ရာသီမလာခင် ရက်သတ္တပတ် အနည်းငယ်လောက် ကတည်းက ကျလာတတ်တာပါ။ ဒါကြောင့်လည်း ရာသီအ​ကြို လက္ခဏာကို ခံစားရတာပေါ့။ ဒီလို ဟော်မုန်း ပြောင်းလဲတာကအိပ်စက်မှုအပါအဝင် အခြားသော အရာတွေ အပေါ်မှာပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ညီးစီစီ ဖြစ်တာမျိုး ခံစားရနိုင်တာပါ။ရာသီလာချိန်မှာ ဒီလို မအီမသာ ဖြစ်တာတွေကို ခံစားရစေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက Prostaglandins ပါ။ ဒီဓာတုပစ္စည်းက ဗိုက်ရစ်နာတာ၊ ဝမ်းလျှောတာ၊ပင်ပန်းနွမ်းနယ်တာ၊ အော့အန်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ကိုက်ခဲတာတွေကို ခံစားရစေပါတယ်။ခန္ဓာကိုယ် အပူချိန်အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာတုပ်ကွေးဖြစ်နေသလို၊ ချမ်းစိမ့်စိမ့် ဖြစ်နေသလို ခံစားရတာပါ။ဒီခံစားရမှုတွေကို ရာသီမလာခင် အကြိုကာလကနေ ရာသီလာနေစဉ် တလျှောက် ခံစားရပြီး ရာသီလာရက် ပြီးသွားချိန်မှာ သက်သာသွားနိုင်ပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှု ရယူဖို့ အကြံပြုပါရစေ။ဒါ​ကြောင့် ရာသီလာနေစဉ်မှာ အာဟာရပြည့်ဝအောင်စားတာ အချို၊ အငန်ကဲတာတွေကိုလျှော့စားတာမျိုး လုပ်သင့်ပါတယ်။ရေလည်း ပြည့်ပြည့်ဝဝသောက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ကောင်းစွာ အနားယူပေးပါ။ လိုအပ်ရင် ဆေးသောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/why-feeling-sick-during-period/
ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား!
သွေးတိုးရောဂါဆိုတာက စိုးရိမ်စရာကောင်းတဲ့ နာတာရှည် ကျန်းမာရေးပြဿနာပါ။ လူတော်တော်များများက သွေးတိုးတာကို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုလို့ မယူဆဘဲ အမှုမဲ့ အမှတ်မဲ့နေကြပေမယ့် သွေးတိုးရောဂါက အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း သွေးတိုးရောဂါကို ခံစားရနိုင်သလို ကိုယ်ဝန်ဆောင်သွေးတိုးက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီတော့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့သွေးပေါင်ချိန်ထက်များနေတဲ့ အခြေအနေ တစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိ တောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင် သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီဆိုတာသေချာနေပါပြီ။အခုလို အခြေအနေရှိသူတွေမှာ အခြားသူတွေထက် ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်နိုင်ခြေ တော်တော်လေး များပါတယ်။ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား ဆိုတော့ ရပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်ရတဲ့ အကြောင်းအရင်း တိတိကျကျကို အဖြေမထုတ်နိုင်သေးတာကြောင့် လုံးဝမဖြစ်အောင်  ကာကွယ်ဖို့က အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်နိုင်ခြေကို လျှောချနိုင်ဖို့ လုပ်ဆောင်ပေးလို့ ရမယ့် အကောင်းဆုံးသော နည်းလမ်းတွေက။ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းတာက ကိုယ်ဝန်ဆောင်သွေးတိုးကိုရောကိုယ်ဝန်ဆောင်ဆီးချိုကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ စတင် စီစဉ်ချိန်ကတည်းက ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိအောင် ထိန်းပါ။နေ့စဉ် စားသုံးမှုမှာ အသီးအနှံတွေ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးပေးပါ။ နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ပါဝင်အောင် စားသုံးပေးပါ။ ဆားကို လျှော့စားပါ။ အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့ အစားအစာတွေကို မစားပါနဲ့။ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာရော ကိုယ်ဝန်ဆောင်ချိန်မှာပါ လမ်းလျှောက်တာ၊ယောဂလေ့ကျင့်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာလိုမျိုး ကျန်းမာရေးတွေကို လုပ်ဆောင်ပေးပါ။ တစ်ပတ်ကို ၄ ရက် ကနေ ၅ ရက်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဆေးလိပ်နဲ့ အရက်ပါတဲ့ သောက်စရာတွေက သွေးတိုးစေနိုင်ပါတယ်။ ဒါ့ပြင် မွေးလာမယ့်ကလေးကိုလည်း အင်္ဂါမစုံတာ၊ ကလေးအသေမွေးတာ၊ လမစေ့ ပေါင်မပြည့်မွေးတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မှ မဟုတ်ဘဲ ကိုယ်ဝန်ယူမယ်လို့ စပြီး စီစဉ်တည်းက ဆေးလိပ်၊ အရက် လုံးဝဖြတ်လိုက်ပါ။အငန်ကဲတဲ့ အစားအစာတွေကိုကိုယ်ဝန်ဆောင်ချိန်မှာရော ပုံမှန်အချိန်တွေမှာပါ ရှောင်ဖို့ လိုပါမယ်။ နေ့စဉ် စားသုံးမှုမှာ ဆား အပါအဝင် အငန်ဓာတ်ပါတဲ့ စားစရာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။ ဒီလို စားတာက ကိုယ်ဝန်ဆောင် သွေးတိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်သုံးပေးပါ။ ဒီလိုမျိုး ရေများများ သောက်ပေးတာက ကိုယ်ဝန်ဆောင်ချိန် ရေဓာတ် လိုအပ်ချက်ကို ဖြည့်ပေးနိုင်သလို ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးဝဝအိပ်တာ၊ သက်တောင့်သက်သာ အနားယူတာတွေက ကိုယ်ဝန်ဆောင်သွေးတိုးဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို လျှော့ချဖို့ဆိုရင် အိပ်ရေးဝဝ အိပ်ရင်း ပြည့်ဝတဲ့ အနားယူချိန် ရှိအောင် လုပ်ဆောင်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/how-to-prevent-gestational-hypertension/
အသက်ရှည်ရာ အနာမဲ့ကြောင်း
အသက်ရှည်ရှည် ကျန်းကျန်းမာမာနေရဖို့ဆိုတာ မျိုးရိုးဗီဇပေါ် မူတည်တယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့ မျိုးရိုးဗီဇဟာ အနည်းငယ်လောက်သာ လွှမ်းမိုးပြီး ပတ်ဝန်းကျင်ပြင်ပ အကြောင်းခြင်းရာတွေဖြစ်တဲ့ စားသောက်မှု၊ နေထိုင်မှုပုံစံတွေက အဓိကကျပါတယ်။ ဘဝတစ်သက်တာမှာ မည်သို့မည်ပုံနေထိုင်သွားတယ်ဆိုတဲ့အချက်က သင့်ကိုယ်စိတ်ကျန်းမာရေးကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ယခု ဆက်လက်ဖော်ပြသွားမှာကတော့ အသက်ရှည်စွာနဲ့ အနာရောဂါကင်းရှင်းအောင် ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးသွားသင့်သလဲ ဆိုတာပါပဲ။အစားကုန်အောင်စား ဆိုတဲ့ စကားရှိပေမယ့် တရားလွန်စားသောက်မိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ စားမိတဲ့ ကယ်လိုရီပမာဏနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အကြား ဆက်နွယ်မှုရှိပါတယ်။ ကယ်လိုရီလျှော့စားနိုင်ရင် သက်တမ်းပိုမိုကြာရှည်နိုင်မှာ ဖြစ်ပါတယ်။ ကယ်လိုရီလျှော့ခြင်းအားဖြင့် ကိုယ်အလေးချိန်နဲ့ ဝမ်းဗိုက်အဆီတွေ လျှော့ချရာရောက်ပြီး နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။အစေ့အဆန်တွေမှာ ပရိုတိန်း၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ နိုင်ယာဆင်၊ ဗီတာမင် B6 နဲ့ ဗီတာမင် E စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။ နှလုံးရောဂါ၊ သွေးတိုးခြင်း၊ ဆီးချို၊ ကင်ဆာရောဂ်အချို့ စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုး စတာတွေကို စားသုံးပေးခြင်းဟာ ရောဂါများကို ကာကွယ်ပေးပြီး သက်ရှည်ကျန်းမာဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ အသီးအနှံများကို များများစားပေးရင် ကင်ဆာ၊ နှလုံးရောဂါ၊ စိတ်ကျခြင်း၊ အရွယ်မတိုင်ခင်သေဆုံးခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။အပင်တွေကရတဲ့ အစားအစာတွေမှာ polyphenol၊ carotenoids၊ ဖောလိတ်နဲ့ ဗီတာမင် C စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။လှုပ်ရှားတက်ကြွစွာ နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၅မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုပေးသင့်ပါတယ်။ နေ့စဉ် ၁၅မိနစ် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သွားရင် အရွယ်မတိုင်မီ သေဆုံးခြင်းကို ၄%လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းအားဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ဦးနှောက်ဆီကို အောက်ဆီဂျင်ပါတဲ့ သွေးတွေများများ ရောက်နိုင်ပါတယ်။ ကြွက်သားများသန်စွမ်းကြံ့ခိုင်စေပါလိမ့်မယ်။ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါမျိုးစုံဖြစ်နိုင်ပြီး စောစီးစွာ သေဆုံးနိုင်ပါတယ်။ ဆေးလိပ်ကြောင့် ကိုယ်တိုင်သောက်သုံးသူကိုသာမကဘဲ တဆင့်ခံအငွေ့ရှူရှိုက်ရသူများကိုပါ ရောဂါဘယဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူများဟာ မသောက်သူများထက် စောစီးစွာ သေဆုံးနိုငခြေ သုံးဆပိုများတယ်လို့ ဆိုပါတယ်။ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။အရက်ကို အလွန်အကျွံသောက်သုံးရင် အသည်း၊ နှလုံး၊ ပန်ခရိယ စတာတွေနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ စောစီးစွာ သေဆုံးနိုင်ခြေလည်း ဖြစ်ပေါ်စေပါတယ်။ တော်သင့်ရုံသောက်သုံးဖို့ဆိုရင် အမျိုးသမီးများအနေနဲ့ တစ်ရက်မှာ ၁-၂ယူနစ်နှုန်းနဲ့ တစ်ပတ်မှာ ၇ ယူနစ်၊ အမျိုးသားများအနေနဲ့ တစ်နေ့မှာ ၃ယူနစ်နှုန်းနဲ့ တစ်ပတ်မှာ ၁၄ယူနစ် ဖြစ်ပါတယ်။ မသောက်ရင်တော့ အကောင်းဆုံးပါပဲ။ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းခြင်းဟာ အသက်ရှည်စေပါတယ်။ ပျော်ပျော်နေတတ်သူများဟာ စောစောသေဆုံးနိုင်ခြေကို ၃.၇% လျှော့ချပေးတယ်လို့ ဆိုပါတယ်။ သုတေသနတခုမှာ ဖော်ပြချက်အရလည်း ပျော်ပျော်နေတတ်သူများဟာ ပုံမှန်လူတွေထက် ၁၈% ပိုအသက်ရှည်တယ်လို့ သိရပါတယ်။ ပျော်ရွှင်စွာနေတတ်သူများမှာ ဆီရိုတိုနင်၊ ဒိုပါမင်း စတဲ့ဟော်မုန်းတွေ ပိုမိုထွက်ရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။စိတ်ဖိစိးခြင်း၊ ပူပန်တတ်ခြင်းဟာ သင့်ကို အသက်တိုစေပါတယ်။ စိတ်ဖိစီးသူ၊ ပူပန်တတ်သူများဟာ နှလုံးရောဂါ၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း စတဲ့ရောဂါတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ စိတ်ဖိစိးမှု များနေချိန်မှာ ပျော်ရွှင်ရယ်မောခြင်း၊ အကောင်းမြင်ခြင်း စတာတွေ ပျောက်ဆုံးနေတတ်ပါတယ်။ လေ့လာချက်တခုအရ အဆိုးမြင်တတ်သူများဟာ အကောင်းမြင်တတ်သူများထက်စာရင် စောစီးစွာ သေဆုံးနိုင်ခြေ ၄၂% ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးအသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားသူများဟာ အသက်ရှည်နိုင်ခြေ ပိုများပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အပြုသဘောဆောင်ခြင်းဟာ သင့်ရဲ့ဦးနှောက်၊ နှလုံး စတာတွေကိုပါ အကျိုးပြုပါတယ်။ ဟော်မုန်းနဲ့ ကိုယ်ခံအားဆိုင်ရာ လုပ်ငန်းတာဝန်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။ နာတာရှည်ရောဂါတွေရဲ့ ဘေးကနေ ကင်းဝေးစေနိုင်ပါတယ်။ မိတ်မဆွေသူငယ်ချင်း၊ မိသားစုဝင် စသဖြင့် အချင်းချင်း ချစ်ခင်ရင်းနှီးစိတ်နဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခြင်းဟာ သင့်ရဲ့ကိုယ်ရောစိတ်ပါ ကျန်းမာရေးကို အကျိုးဖြစ်ထွန်းစေပါတယ်။အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်က ဆဲလ်တွေရဲ့လုပ်ငန်းတာဝန်တွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ညစဉ် အချိန်တခုမှာ သတ်သတ်မှတ်မှတ် အိပ်ရာဝင်ခြင်း၊ မနက်တိုင်း အချိန်တခုမှာ သတ်သတ်မှတ်မှတ်နိုးထခြင်း စတာတွေဟာ သက်ရှည်ကျန်းမာစေမယ့် အမူအကျင့်တွေ ဖြစ်ပါတယ်။ အိပ်ချိန်နည်းလွန်းခြင်းရော များလွန်းခြင်းပါ မကောင်းတဲ့ အမူအကျင့် ဖြစ်ပါတယ်။ တညကို ၅-၇ နာရီထက်လျော့ပြီး အိပ်စက်ခြင်းဟာ စောစီးစွာ သေဆုံးနိုင်ခြေ ၁၂% ပိုများပြီး ၈-၉နာရီထက်ပိုပြီး အိပ်စက်ခြင်းဟာလည်း လူ့သက်တမ်းကို ၃၈%ထိ လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။အိပ်ချိန်နည်းလွန်းခြင်းဟာ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း စတာတွေကို ဖြစ်နိုင်ခြေမြင့်စေပြီး အိပ်ချိန်များလွန်းခြင်းဟာ စိတ်ဓာတ်ကျခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ယနေ့ သတင်းမီဒီယာခေတ်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လွယ်လင့်တကူ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ဂရုပြုရာမှာကတော့ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ မှားယွင်းတဲ့ အချက်အလက်တွေနောက် လိုက်ပါယုံကြည်မိခြင်းဟာ သင့်ကျန်းမာရေးအတွက် လမ်းလွဲစေနိုင်ပါတယ်။ အတည်မပြုနိုင်တဲ့ ဆေးမြီးတိုများ၊ ကုထုံးများနောက်ကို နားမယောင်မိဖို့ လိုပါတယ်။ နေထိုင်မကောင်းဖြစ်ရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ဆီမှာပဲ ပြသသင့်ပါတယ်။ ၆လတကြိမ်ခန့် ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/habits-linked-to-a-long-life/
ရာသီလာချိန် ဖျားချင်သလို ဖြစ်တာကို သက်သာစေဖို့
လေဒီလေးတွေဟာ လတိုင်းရာသီမလာခင် အစောပိုင်းကာလတွေမှာက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကို ခံစားကြရပါတယ်။ ဖျားချင်သလို လို ခံစားရတဲ့ လေဒီလေးတွေလည်း ရှိပါတယ်။ဒီလို ခံစားရမှုတွေကြောင့် လစဉ်ရာသီလာမှာကိုတောင် ကြောက်နေပြီဆိုတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး လစဉ်ရာသီလာတိုင်း ဖျားချင်သလိုလို ခံစားနေရတဲ့ ပြဿနာကို ဖြေရှင်းလိုက်ပါ။ဒီလိုခံစားရတာကရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ အသားအရောင် ညစ်တာ၊ ဗိုက်အောင့်တာတွေတင် ခံစားရတာမဟုတ်ပါဘူး။ အချို့လေဒီလေးတွေဆိုရင်ဝမ်းချုပ်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရပါသေးတယ်။အချို့ကတော့ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ လေပွတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ နှာစေးသလို ခံစားရတာတွေအထိ ခံစားရတာမျိုး ရှိပါတယ်။ဒီလက္ခဏာတွေ ခံစားရတဲ့ အဓိက အကြောင်းအရင်းကတော့ ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ပမာဏကျသွားတာကြောင့်ပါ။ ရာသီလာချိန်မှာ ဒီလို မအီမသာဖြစ်တာတွေကို ခံစားရစေတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုက Prostaglandins ပါ။ဒီဓာတုပစ္စည်းက ဗိုက်ရစ်နာတာ၊ ဝမ်းလျှောတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အော့အန်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ကိုက်ခဲတာတွေကို ခံစားရစေပါတယ်။ ခန္ဓာကိုယ်အပူချိန်အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ တုပ်ကွေးဖြစ်နေသလို၊ ချမ်းစိမ့်စိမ့်ဖြစ်နေသလို ခံစားရတာပါ။ရာသီလာချိန်မှာ ဖျားချင်သလို ဖြစ်တာကို သက်သာစေဖို့ဆိုရင်။ရာသီလာချိန်မှာ ယောဂ လေ့ကျင့်တာ၊ အနှိပ်ခံတာ၊ တရားထိုင်တာလိုမျိုး စိတ်အပန်းပြေစေမယ့် အရာ​တွေကို လုပ်ဆောင်ပေးပါ။လေ့ကျင့်ခန်း မှန်မှန်လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ရာသီလာချိန်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ဆောင်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ဖျားချင်သလို ခံစားရတာကို သက်သာစေနိုင်ပါတယ်။ မလာခင်တည်းက ကြိုလုပ်ထားရင် ပိုကောင်းပါတယ်။ရာသီမလာခင် နှစ်ပတ်လာက်အလိုကတည်းက ဆား၊ အချို၊ ကဖင်းစတာတွေကို လျှော့ပါ။ ငှက်ပျောသီး၊ ထမင်း၊ ပေါင်မုန့်မီးကင်စတာမျိုးတွေကို စားပေးပါ။ ရေပြည့်ပြည့်ဝဝ သောက်ပါ။ညတိုင်းမှာ အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်စက်ပါ။ ဒီလို အိပ်စက်တာက ကျန်းမာရေးအတွက် ကောင်းသလို ရာသီလာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ဆေးလိပ်သောက်တာက ရာသီလာချိန် ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ပါ။ချင်း (ဂျင်း) ကကျန်းမာရေးအတွက် ကောင်းသလို အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ချင်း (ဂျင်း) ရေနွေးကြမ်းသောက်တာက ရာသီလာစဉ် ဖျားချင်သလို ဖြစ်တာ အပါအဝင် မအီမသာခံစားရတာတွေကို သက်သာစေနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/ways-to-releive-feeling-sick-during-period/
ဇက်ကြောတောင့်တင်းတာသက်သာစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်း
စာအုပ်နဲ့မျက်နှာမခွာရလို့၊ အလုပ်စားပွဲကနေ ဖင်ကြွမရလို့၊ ဖုန်းတကိုင်ကိုင်မို့လို့၊ တီဗီရှေ့မှာတောက်လျှောက်မော့နေလို့၊ ကွန်ပျူတာရှေ့ကျောက်ချနေလို့၊ ဂိမ်းဆော့တာများလို့ စတဲ့အကြောင်းကြောင်းကြောင့် ဇက်ကြောတက်၊ အကြောတောင့်တင်းတာတွေဖြစ်တတ်တယ်နော်။ ဒီလိုဖြစ်လာရင် ဘာလုပ်လဲ ခဏထပြီး ဟိုလျှောက်ဒီလျှောက်လုပ်တယ်၊ခြေလက်တွေ ဟိုဆန့်ဒီဆန့်နဲ့ အညောင်းဆန့်တတ်ကြပါတယ်။ ဒါပေမယ့်ပြန်ဖြစ်တာပဲ။ဘာလို့လဲဆိုတော့ အညောင်းဆန့်တဲ့အခါ နည်းမမှန်သေးလို့ပါ။ ဇက်ကြောတောင့်တင်းတာသက်သာစေမယ့်လေ့ကျင့်ခန်းလေးလုပ်ကြည့်ရင်ခေါင်းမူးနေတာ၊ အိပ်ငိုက်နေတာပါပျောက်သွားဦးမှာ။ အကြောပြေပြီးခေါင်းကြည်စေမယ့် ဒီလေ့ကျင့်ခန်းကတော်တော်များများသိထားပြီးသားပါ။ တဂျွတ်ဂျွတ်နဲ့မြည်အောင် ဇက်ချိုးတာထက် ဒီနည်းလေးကိုပဲ စနစ်တကျလုပ်ပါ၊ တကယ်သိသာပါတယ်။ငုံ့၊ မော့ –ထိုင်လျက်အနေအထားမှာပဲလုပ်လို့ရပါတယ်။ မတ်မတ်နေပြီး ဦးခေါင်းကို (မေးစေ့က ရင်ညွန့်ကိုထိတဲ့အထိ)ဖြည်းဖြည်းချင်း ငုံ့ချပါ။ ၅ စက္ကန့်လောက်ထားပြီးမှ နဂိုပုံစံပြန်နေပါ။မေးကိုမော့ပါ(မျက်နှာကြက်ဆီမော့ကြည့်ပါ)။ ၁၀ စက္ကန့်ထားပြီး နဂိုပုံစံပြန်နေပါ။ဘေးစောင်း –ဦးခေါင်းကိုတဖြည်းဖြည်းဘေးဘက်စောင်းပါ။ နားရွက်က ပခုံးကိုထိတဲ့အထိ။ ၅ စက္ကန့်လောက်ထားပြီး နဂိုအနေအထားပြန်နေပါ။ ဘယ်၊ညာ တစ်ဖက်ကို ငါးကြိမ်လောက် လုပ်လို့ရပါတယ်။ဇက်ကြောနဲ့ နောက်ကျောကြွက်သားတွေအတွက် အကြောလျှော့ချင်တယ်ဆို ဒါတွေလည်း လုပ်လို့ရတယ်။ဘေးလှည့် –မတ်မတ်နေပြီး ဦးခေါင်းကို ဘယ်ဘက်လှည့်၊နဂိုပုံစံပြန်နေပါ။ ညာဘက်လှည့်နဂိုပုံစံပြန်နေပါ။ တလှည့်စီ ငါးကြိမ်လောက်လုပ်ပါ။လက်မောင်းဝိုက် –မတ်မတ်နေပြီး လက်မောင်းနှစ်ဖက်ကို တန်းတန်းဆန့်ပါ။ စက်ဝိုင်းပုံသဏ္ဍာန်ဝိုင်းပြီးလှည့်ပါ။ရှေ့ဘက်ကိုငါးကြိမ်၊နောက်ဘက်ကို ငါးကြိမ် စက်ဝိုင်းလှည့် ဝိုက်ပေးပါ။ အားစိုက်စရာမလိုပေါ့ပေါ့ပါးပါးဖြေလျှော့ပြီး လှည့်ရုံပါပဲ။ လက်ပြင်ကြားက အကြောပြေသွားတာခံစားမိပါလိမ့်မယ်။အဲ… ကိုယ်က ဇက်ကြောတောင့်တင်းတာလောက်မကဘဲ အကြောတင်သလို၊ အုန်းလွဲသလိုဖြစ်နေတယ်ဆိုရင်တော့မလုပ်နဲ့ပေါ့။ နာကျင်မှုတစ်ခုခုရှိနေတယ်ဆို ဆရာဝန်နဲ့တိုင်ပင်ပြီးမှလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%87%e1%80%80%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%84%e1%80%b9-%e1%80%98%e1%80%ac/
လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း
သောက်ရတာကြိုက်တဲ့ လေဒီတို့ ဒီ ဆောင်းပါး ခေါင်းစဉ်ကို မြင်မိပါစေနော်။ ဒီနေ့ခေတ်မှာ အရာရာ ရင်ဘောင်တန်းနိုင်ပြီ ဆိုပေမယ့် ပုရိသတွေနဲ့ ယှဉ်မသောက်ကြဖို့ သတိလေး ပေးလိုက်ချင်လို့ပါ။ လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း ကိုတော့ ကိုယ်တိုင် ဖတ်ကြည့်လိုက်တော့နော်။လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း ကတော့ သောက်တာချင်း တူတူကို မိန်းကလေးတွေက ယောကျာ်းလေးတွေထက်အရက်နာကျတဲ့ ဝေဒနာ ပိုခံစားရလို့ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို လေ့လာတွေ့ရှိခဲ့တဲ့ သုတေသန တစ်ခု အကြောင်း ဆက်ပြီး ကြည့်ရအောင်။အမေရိကန် သုတေသန ပညာရှင်တွေကအရက်နာကျခြင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေကို တိုင်းတာဖို့ အရက်နာကျ လက္ခဏာ တိုင်းတာမှု စနစ်သစ် တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။ဒီတိုင်းတာမှုမှာရေဓာတ်ခမ်းခြောက်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အားနည်းခြင်း၊ အာရုံစိုက်မရခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ အိပ်မရခြင်းတို့လို အရက်နာကျ လက္ခဏာ ၁၃ မျိုးကို ဖြစ်လေ့ရှိမှုနဲ့ ပြင်းထန်မှုတို့အပေါ် အဆင့်တွေ သတ်မှတ်ခဲ့ပါတယ်။ဒါကို စမ်းသပ်နိုင်ဖို့ သုတေသီတွေက တက္ကသိုလ်ကျောင်းသား ၁၂၃၀ ဦးကို ပြီးခဲ့တဲ့ နှစ်အတွင်း သူတို့ရဲ့ သောက်တတ်တဲ့ အလေ့အကျင့်နဲ့ အရက်နာကျ လက္ခဏာတွေ အကြောင်း စစ်တမ်း ကောက်ယူခဲ့ပါတယ်။စစ်တမ်းမှာ ကျောင်းသားတွေရဲ့ အယ်လ်ကိုဟော သောက်သုံးမှု ရာဇဝင်၊ အရက်ကြောင့် ဖြစ်တဲ့ ပြဿနာတွေ၊ ဒီလို ပြဿနာတွေ ရှိခဲ့တဲ့ မိသားစု ရာဇဝင်တွေကိုလည်း မှတ်တမ်း ယူခဲ့ပါတယ်။ဒီ သုတေသန ရလဒ်တွေကိုAlcoholism: Clinical and Experimental Researchစာစောင်မှာ စက်တင်ဘာလက ဖော်ပြခဲ့တာပါ။လေ့လာမှု အရ သောက်လိုက်တဲ့အယ်လ်ကိုဟောပမာဏချင်း မတူတာတောင် အရက်နာကျတဲ့ လက္ခဏာတွေမှာ လေဒီတို့ က ပိုပြီးဆိုးဆိုး ခံစားရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် မိန်းကလေးတွေမှာ ယောကျ်ားလေးတွေထက် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖြစ်နိုင်ခြေ ပိုများပြီး အရက်နာကျ လက္ခဏာကို ခံစားရတာ အချိန်လည်း ပိုကြာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ဒါတင်မကသေး ပါဘူးနော်။ အရင်တည်းက အရက်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရဖူးသူတွေမှာ အရက်နာကျ လက္ခဏာ ပိုခံစားရလေ့ရှိပါတယ်တဲ့။လူဦးရေ ၇၆၀၀၀ ကို လေ့လာခဲ့တဲ့ ဒိန်းမတ်နိုင်ငံက နောက်ထပ် သုတေသနတစ်ခုကလည်း အလားတူတွေ့ရှိချက်ကို ထုတ်ဖော်ခဲ့ပါတယ်။နွမ်းနယ်နေတာ၊ အာခေါင်ခြောက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ အစားပျက်တာ၊ ခေါင်းမူးတာ၊ ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ရင်တုန်တာတို့လိုအရက်နာကျတဲ့လက္ခဏာတွေက လေဒီတို့ မှာ ပိုဆိုးတတ်တယ်လို့ သူတို့ကလည်း ဖော်ပြခဲ့ပါတယ်။ကဲ… လေဒီတို့ရေ။ ကြည့်ကျက်သောက်ကြပါနော်။ အရက်နာကျ လက္ခဏာမှာတောင် ပိုဆိုးနေတာ၊ အရက်ကြောင့်ဖြစ်မယ့် ပိုအန္တရာယ်ကြီးတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဆိုရင် ဘယ်လိုနေမယ်သုတေသနတွေ မရှိလာသေးတော့ မသိနိုင်ပါဘူး။ တခြားနေရာ ရင်ဘောင်တန်းပါ၊ အရက်မှာတော့ ယှဉ်မသောက်ပါနဲ့လို့ အကြံပေးလိုက်ပါရစေ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/hangovers-worse-women/
Dermatitis (အရေပြားယောင်ခြင်း)
ဖြစ်စေသောအကြောင်းအရာများစွာရှိပြီး ပုံစံမျိုးစုံလဲရှိသည်။ အနီကွက်များတွင် ယောင်ပြီးရဲနေလိမ့်မည်။အရေပြားယောင်ခြင်းဖြစ်ပါက ရေကြည်ဖုထွက်ခြင်း စိမ်ထွက်မှုများဖြစ်ပြီး အမာရွတ်တတ်ခြင်းများဖြစ်နေတတ်သည်။ဥပမာ နှင်းခူ၊ ဖောက်ထခြင်း နှင့် အနီစက်ထခြင်း တို့သည် အရာဝတ္ထုများဖြစ်သည့်(ဥပမာ အဆိပ် ဆပ်ပြာ နစ်ကယ်ပါသောလက်ဝတ်လက်စားများကြောင့်ဖြစ်တတ်သည်။အရေပြားယောင်ခြင်းသည်ဖြစ်လေ့ဖြစ်ထရှိပြီး ရောဂါကူးစက်ခြင်းမဖြေစေတတ်သော်လည်း သင့်အား သက်တောင့်သက်သာမရှိစေခြင်းဖြစ်တတ်သည်။ ကိုယ်ကိုကိုဂရုစိုက်ခြင်းနှင့် ဆေးဝါးအကူအညီများဖြင့် ကုသနိုင်သည်။အရေပြားယောင်ခြင်း သည် အဖြစ်များသော နှာတာရှည် သို့မဟုတ် ပြန်ဖြစ်တတ်သည် အရေပြားယောင်ယမ်းခြင်းရောဂါတစ်မျိုးဖြစ်သည်။ ကလေးများတွင် ၁၅ မှ၂၀ရာခိုင်နှုန်းထိဖြစ်တတ်ပြီး လူကြီးတွင် ၁ မှ ၃ ရာခိုင်နှုန်းထိဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အရေပြားယောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ရောဂါလက္ခဏာပေါ်မူတည်၍ရောဂါလက္ခဏာပြောင်းလဲနိုင်သည်။နှင်းခူ။ကလေးဘဝတွင်စဖြစ်တတ်ပြီး နီယားသော်အကွက်များပေါ်တတ်သည်။ အဓိက တတောင်အကွေး နှင့် ဒူးနောက်ပိုင်း လည်ပင်းအရှေ့ပိုင်းတွင်ဖြစ်တတ်သည်။ ကုတ်ပါက အရေများထွက်လာပြီး အမာရွတ်တက်နိုင်သည်။ သက်သာပြီး နောက်တခါပြန်ဖြစ်တတ်သည်။ထိတွေ့မှုကြောင့်အရေပြားယောင်ခြင်း။သင့်အရေပြားအား ဓါတ်မတည့်သော အရာနှင့်ထိမိချိန်တွင် ဖြစ်တတ်သည်။ ဖြစ်စေသောအရာများဥပမာ အဆိပ် ဆပ်ပြာ နွယ်ပင် နှင့် အဆီများထိတွေ့ခြင်းကြောင့် ဖြစ်တတ်သည်။ အနီကွက်များသည် ပူပြီးယားတတ်သည်။ အရေကြည်ဖုလဲဖြစ်တတ်သည်။အဆီအိတ်နှင့်ဆိုင်သော အရေပြားယောင်ခြင်း။အနီကွက်ထခြင်းအရေပြားကွာခြင်း နှင့် ဖောက်ထခြင်းတို့ဖြစ်တတ်သည်။ ခန္ဓါကိုယ်၏အဆီရှိသောနေရာများတွင်ဖြစ်တတ်သည် ဥပမာ မျက်နှာ ရင်ဘတ်အပေါ်ပိုင်းနှင့်နောက်ပိုင်း။ အကြာကြီးဖြစ်ပြီး သက်သာချိန် ပြန်ဖြစ်ချိန်များရှိတတ်သည်။ ကလေးများတွင် ဤရောဂါကို ကလေးများတွင် ခရာဒယ်ကတ် ဟုခေါ်သည်။စောစောသိပြီး စောစောကုပါက ရောဂါဆိုးလာခြင်းကိုကာကွယ်နီုင်သည်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။အကြောင်းအရာပေါင်းဆုံစုဆုံခြင်းကြောင့်ဖြစ်သည်။ဥပမာ အရေပြားခြောက်ခြင်း ဗီဇပြောင်းလဲခြင်း၊ခုခအားမကောင်းခြင်း ၊အရေပြားပေါ်တွင် ဘက်တီးရီးယားများဖြစ်ခြင်း၊ ပတ်ဝန်းကျင်အခြေအနေများ။ဓါတ်မတည့်သောအရာများကိုတိုက်ရိုက်ထိတွေ့မှုကြောင့်ဖြစ်နိုငသည်။ဥပမာ အဆိပ် နွယ်ပင် နစ်ကယ်ပါသောလက်ဝတ်လက်စား သန့်စင်ပေးသောပစ္စည်းများ ရေမွေးများ၊အလှကုန်များ ၊နှင့် ကြာရှည်ခံပစ္စည်းများ။အရေပြားရှိ အဆီအိတ်တွင်ရှိသော မှီုကြောင့်ဖြစ်တတ်သည်။ ထိုသူများတွင် ရာသီအပြောင်းအလဲတိုင်းပြန်ဖြစ်တတ်သည်။အရေပြားယောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။အသက်အရွယ်မျိုးစုံတွင် ဖြစ်တတ်ပြီး သို့သော် နှင်းခူသည် ကလေးများတွင်ဖော်ပြတတ်သည်။ကိုယ်တိုင်တွင် သို့မဟုတ် မိသားစုမျို့းရိုးတွင် နှင်းခူ ဓါတ်မတည့်ခြင်း မြက်သီးနှာဆေးဖျား သို့မဟုတ်ပန်းနာရင်ကြတ် တို့သည် အရေပြားယောင်ခြင်းကိုပိုဖြစ်တတ်သည်။သတ္ထု သို့မဟုတ် ဓါတုဖျော်ရည်များနှင့်ထိတွေ့မှုဖြစ်သောအလုပ်များတွင် ပိုဖြစ်တတ်သည်။ ကျန်းမာရေးလုပ်သားဖြစ်ပါကလည်းပိုဖြစ်တတ်သည်။မွေးရာပါနှလုံးရောဂါ၊ပါကစ်ဆိုနက်ဆန် ရောဂါ ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါများတွင် အဆီအိတ်ကြောင့်ဖြစ်သည့်အရေပြားယောင်ခြင်းကိုပိုဖြစ်တတ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအားသံသယဖြစ်ပါက စမ်းသပ်ခြင်းများလုပ်သင့်သည်။သင့်အရားကပ် ပလာစတာများဖြင့် စမ်းသက်သည်။ ထိုစမ်းသက်မှုများတွင် အရေကပ်လွှာ အောက်တွင် ပစ္စည်းတမျိုးခြင်းဆီအား အနည်းငယ်စီထည့်၍ ကပ်ပြီး စမ်းသက်သည်။ရက်အနည်းငယ်ကြာချိန်တွင် အရေပြားကပ်အားခွာ၍ သင်နှင့် မတည့်သောအရာကိုရှာလိမ့်မည်။ ထိုသို့စမ်းသက်ခြင်းသည် အရေပြားယောင်ခြင်းပြီးနှစ်ပါတ်အကြာတွင်ဆောင်ရွက်သင့်သည်။ တိကျသော ဓါတ်မတည့်မှုရှိပါကဤသို့စမ်းသက်ခြင်းသည် အသုံးဝင်လှသည်။လူတယောက်ချင်းစီ၏အခြေအနေပေါ်မူတည်၍ အရေပြားယောင်ခြင်းအားကုသမှုမျိုးစုံဖြစ်နိုင်သည်။ အောက်မှာပြထားသောလူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများအပြင် အောက်ပ်ကုသမှု တစ်ခုသို့မဟုတ် တစ်ခုထက်ပိုလိုအပ်တတ်သည်။ကောတီကိုစတီးရိုက်လိမ်းခြင်း။ခုခံအားစနစ် အတွက် လိမ်းဆေးများ(ကယ်ဆီနီယူရင် ပိတ်သောဆေးများ)။ဖြစ်သောနေရာများအား အလင်းပြကုသခြင်း(သဘာ၀ သို့မဟုတ် ဖန်တီးထားသောအလင်း)။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအရေပြားယောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အရေပြားယောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ရေချိုးချိန်သတ်မှတ်ပါ။၅မိနစ် မှ၁၀ မိနစ်ထိုရေချိုးပါ။ ရေနွေးသုံးပါ။ ရေချိုးဆီများလဲအသုံးဝင်နိုင်သည်။ဆပ်ပြာမဟုတ်သောသန့်စင်ဆေး။အနံမပါ ဆပ်ပြာမဟုတ်သောသန့်စင်ဆေးမျိုးရွေးပါ။ အချို့ဆပ်ပြာများသည် အရေပြားအားခြောက်သွေ့စေသည်။ကိုယ်အားဖြည်းညင်းစွာသုတ်ပါ။ရေချိုးပြီးပါက သင့်အရေပြားအား လက်ဖြင့်သက်ချက်ပြီး မှ ပျော့ပြောင်းသော အဝတ်ဖြင့်သုတ်ပါ။အရေပြားကိုအစိုဓါတ်ဖြည့်တင်းပါ။သင့်အရေပြားအား အဆီ ဓါတ်လိမ်းပေးပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/dermatitis/dermatitis-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%b1%e1%80%9a%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Bruises (သွေးခြည်ဥခြင်း)
သွေးခြည်ဥခြင်းဆိုတာအဖြစ်များတဲ့အရေပြားမှာအရောင်ပြောင်းခြင်းတစ်မျိုးဖြစ်ပြီး ၎င်းက ဒဏ်ရာတစ်ခုခုရပြီးတဲ့နောက် အရေပြားအောက်ကသွေးကြောသေးသေးလေးတွေပေါက်ခြင်းကြောင့်ဖြစ်ရတဲ့ ရလာဒ်ဖြစ်ပါတယ်။ အရေပြားအောက်ကပျက်စီးသွားတဲ့သွေးကြောတွေကနေသွေးတွေစုပြီးအရေပြားပေါ်မှာအမဲကွက် အပြာကွက်တွေမြင်လာရတာကိုဆိုလိုပါတယ်။ ဒီလိုအမှတ်တွေဟာသွေးနီဥတွေနဲ့သူ့မှာပါတဲ့ ပါဝင်ပစ္စည်းတွေ အရောင်ပြောင်းခြင်းကြောင့်ရခြင်းဖြစ်ပါတယ်။အရမ်းကိုတွေ့ရများပါတယ်။ မည်သည့်အသက်အရွယ်မဆိုလူနာတိုင်းခံစားရနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်အချက်တွေကိုလျှော့ချခြင်းနဲ့ စီမံဆောင်ရွက်နိုင်ပါတယ်။(အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။)။စစချင်းမှာတော့ လတ်လတ်ဆတ်ဆတ် သွေးခြည်ဥခြင်းမျိုးဟာအနီရောင်ကစဖြစ်ပါတယ်။ နောက်ပြီးတော့ နာရီအနည်းငယ်ကြာမှ အပြာရောင်နဲ့ ခရမ်းရောင်ရင့်ရင့်ကိုပြောင်းပါတယ်ပြီးရင် ရက်အနည်းငယ်ကြာလို့ အနာကျက်ခံနီးရင် အဝါရောင်ဒါမှမဟုတ် အစိမ်းရောင်အဖြစ်ပြောင်းပါတယ်။-သွေးခြည်ဥခြင်းကများသောအားဖြင့် ထိရင်နာပါတယ် ပြီးတော့တစ်ခါတစ်လေအစောပိုင်းရက်တွေမှာတအားနာတတ်ပါတယ်။ ဒါပေမယ့် အရောင်ဖျော့လာတာနဲ့အမျှ နာကျင်တာကလည်း သက်သာသွားတတ်ပါတယ်။-သွေးခြည်ဥခြင်းမှာအရေပြားပေါက်ပြဲခြင်းမရှိတဲ့အတွက် ပိုးဝင်နိုင်တဲ့အခြေအနေတော့မရှိတော့ပါဘူး။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အောက်မှာပြောပြမယ့်အချက်တွေသင့်မှာရှိနေရင် သင့်ဆရာဝန်ကိုဆက်သွယ်သင့်ပါတယ်။-အက်စ်ပရင်သောက်နေချိန် ဒါမှမဟုတ် အခြားသွေးကြဲဆေးတွေသောက်နေချိန် သွေးခြည်ဥခြင်းများဖြစ်ခဲ့လျှင်။-သွေးခြည်ဥတဲ့နေရာမှာ ယောင်ခြင်းနာကျင်ခြင်းများဖြစ်ခဲ့လျှင်။-ပြင်းပြင်းထန်ထန်ခိုက်မိခြင်း ဒါမှမဟုတ် လဲကျခြင်း တို့ကနေ သွေးခြည်ဥခြင်း။-အရိုးကျိုးတာကို သံသယရှိတဲ့ နေရာမှာ သွေးခြည်ဥခြင်း။-နှစ်ပတ်အတွင်းမှာ သွေးခြည်ဥခြင်း မသက်သာလျှင် ဒါမှမဟုတ် သုံးပတ် လေးပတ်ကြာပြီးနောက်မှာအရှင်းမပျောက်သေးလျှင်။-လက်သည်းအောက်မှာ သွေးခြည်ဥခြင်းဖြစ်ပြီး နာကျင်နေတယ်ဆိုလျှင်။-သွေးခြည်ဥတာနဲ့တွဲပြိး သွားဖုံး နှာခေါင်းနှင့် ပါးစပ်မှသွေးယိုခြင်း။-သွေးခြည်ဥတာနဲ့တွဲပြီး ဆီး ဝမ်းထဲသွေးပါခြင်းနှင့် မျက်လုံးမှသွေးထွက်ခြင်း။-ဖြေရှင်းလို့မရတဲ့သွေးခြည်ဥခြင်းမျိုး ခဏခဏဖြစ်နေခဲ့လျှင်။-နာကျင်မှုမရှိတဲ့သွေးခြည်ဥခြင်း။-ထိခိုက်ဒဏ်ရာရထားခြင်းမရှိပဲ တစ်နေရာထဲမှာ ခဏခဏ သွေးခြည်ဥနေခြင်း။-သင်ခြေထောက်မှာ အမည်းရောင်သွေးခြည်ဥခြင်းမျိုးမဆိုရှိနေခဲ့လျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။တစ်ချို့သောလူတွေဖြစ်တဲ့ အားကစားသမားတွေ၊ အလေးမတဲ့လူတွေမှာ ပြင်းပြင်းထန်ထန် အားကစားလုပ်ခြင်းကြောင့် သွေးခြည်ဥခြင်းဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုသွေးခြည်ဥခြင်းမျိုးဟာ အရေပြားအောက်မှ သွေးကြောသေးသေးလေးတွေပြဲခြင်း စုတ်ခြင်းကြောင့်ရရှိပါတယ်။-လွယ်လွယ်ကူကူ ဖြစ်လေ့ရှိတဲ့ ရှင်းပြလို့မရတဲ့ သွေးခြည်ဥခြင်းမျိုး ဒါမှမဟုတ် မည်သည့်အကြောင်းပြချက်မှ ရေရေရာရာမရှိတဲ့သွေးခြည်ဥခြင်းတွေဖြစ်ခဲ့ရင် သွေးနဲ့ဆိုင်တဲ့ မူမမှန်တဲ့အခြေအနေတစ်ခုခုဖြစ်နေတယ်လို့ ညွှန်ပြနိုင်ပါတယ်။ တကယ်လို့ သွေးခြည်ဥခြင်း က နှာခေါင်းသွေးယိုခြင်းနဲ့ သွားဖုံးသွေးယိုခြင်းတွေနဲ့ တွဲပြီးဖြစ်ခဲ့မယ်ဆိုရင် သွေးရောဂါတစ်ခုခုနဲ့တွဲတယ်လို့ ညွှန်ပြခြင်းဖြစ်ပါတယ်။-ဘယ်တုန်းကရထားတဲ့ဒဏ်ရာမှန်းမသိပဲပေါင်တို့ ခြေသလုံးတို့မှာဖြစ်တဲ့ သွေးခြည်ဥခြင်းများဟာ ကုတင်တိုင်နဲ့တိုက်မိလို့ ဒါမှမဟုတ် တစ်ခြားအရာတွေနဲ့တိုက်မိလို့ ဖြစ်ရပါတယ်။-အသက်ကြီးရင့်တဲ့လူတွေရဲ့ အရေပြားဟာပိုပြီး သွေးခြည်ဥခြင်းဖြစ်တတ်ပါတယ် ဘာကြောင့်လဲဆိုတော့ အသက်ကြီးတာနဲ့အမျှ အရေပြားကပိုပြီးပါးလာလို့ပါ။-သွေးကျဲဖို့အတွက်ဆေးသောက်ရတဲ့လူတွေမှာ သွေးခြည်ဥခြင်းတွေက အတွေ့ရများတတ်ပါတယ်။-လက်ဖမိုးတွေနဲ့ လက်မောင်းနောက်တွေမှာ သွေးခြည်ဥခြင်းမျိုးဖြစ်ရခြင်းမှာ နေလောင်လို့ကြောင့်ဖြစ်စေ ဒါမှမဟုတ် အရေပြားပါးလို့ဖြစ်စေ ဖြစ်ရပါတယ်။သွေးခြည်ဥခြင်းကို ဖြစ်စေတဲ့အန္တရာယ်ဖြစ်စေတဲ့အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့။-လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တဲ့ တစ်ချို့လူတွေ ဥပမာ အားကစားသမားတွေနဲ့ အလေးမတဲ့သူတွေမှာ သွေးခြည်ဥခြင်းကိုဖြစ်စေပါတယ်။-အသက်အရွယ်။ အသက်ကြီးရင့်တဲ့လူကြီးတွေဟာ အရေပြားက အသက်ကြီးလာတာနဲ့ ပါးလာတဲ့အတွက် ပိုပြီး သွေးခြည်ဥလွယ်ပါတယ်။ သွေးကြောတွေကို ထောက်ကူထားတဲ့ တစ်ရှုးတွေဟာလည်းအသက်ကြီးတာနဲ့အမျှ ပိုပြီးထိခိုက်လွယ်လာတတ်ပါတယ်။-ဗီတာမင်စီ ချို့တဲ့ခြင်း (ascorbic acid ချို့တဲ့ခြင်း ဒါမှမဟုတ် သွားဖုံးသွေးယိုခြင်း)။-အရက်သောက်ခြင်း။-အချို့သော ကျန်းမာရေး အခြေအနေများ လူကီးမီးယား၊သွေးကျဲရောဂါ၊အသည်းရောဂါ၊ Cushingရောဂါ၊ မားဖန်း ဆင်ဒရုန်း၊ အယ်လာ ဒန်းလော့ ဆင်ဒရုန်း၊ သံဓါတ်ချ ို့တဲ့သော သွေးနီဥကျရောဂါ၊ aplastic anemia တို့ဟာ သွေးယိုခြင်းနဲ့ သွေးခြည်ဥခြင်းတို့ကို ဖြစ်စေပါသည်။-အချို့သောဆေးဝါးများကိုသောက်နေတဲ့လူများမှာလည်း သွေးခြည်ဥခြင်း လွယ်လွယ်ကူကူဖြစ်စေပါတယ်။ ဒီဆေးတွေကတော့ စတီးရွိုက်မပါသော အယောင်ကျစေသောဆေးများ (aspirin ,ibuprofen)၊ သွေးကျဲဆေးများ (warfarin,clopidogrel, heparin) နှင့် ကင်ဆာကုသရာမှာသုံးတဲ့ ဆေးအချို့ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တကယ်လို့ထိခိုက်ဒဏ်ရာရခြင်းကနေသာ သွေးခြည်ဥခြင်းဖြစ်တယ်ဆိုတာသေချာရင် သင့်ဆရာဝန်က အရိုးကျိုးခြင်း ကိုသံသယမရှိဘူးဆိုရင် တစ်ခြားစမ်းသပ်မှုတွေ လုပ်လိမ့်မည်မဟုတ်ပါ။-တကယ်လို့ အရမ်းနာတယ် ယောင်ရမ်းနေတယ်ဆိုရင် ဆရာဝန်က အဲ့နေရာကို ဓါတ်မှန်ရိုက်ကြည့်ပြီး အရိုးကျိုးခြင်းရှိမရှိရှာပါလိမ့်မယ်။-တကယ်လို့ သွေးခြည်ဥခြင်းက ဘာအကြောင်းမှမရှိပဲဖြစ်ရင် မကြာခဏဖြစ်တတ်ရင် သင့်ဆရာဝန်က သွေးရောဂါတစ်ခုခုများဖြစ်နေမလားဆိုပြီးသွေးစစ်ကြည့်ပါလိမ့်မယ်။-သွေးခြည်ဥခြင်းက ပုံစံမျိုးစံ အခြေအနေမျိုးစုံဖြစ်နေပြီး အနာကျက်လိုက် ဖြစ်လာလိုက်ဆိုပါက သင့်ဆရာဝန်က ကိုယ်ထိလက်ရောက် ပြ ုမူခြင်းများခံထားရမလားဆိုပြီး သတိထားပါလိမ့်မယ်။ဆရာဝန်တွေမှာလည်း သွေးခြည်ဥခြင်းကိုကုသဖို့အထူး ကုသမှုမရှိကြပါဘူး အိမ်မှာလုပ်လို့ရတဲ့နည်းတွေဖြစ်တဲ့ရေခဲကပ်ခြင်း နှင့်နောက်ပိုင်းအပူကပ်ခြင်း၊အနာသက်သာစေတဲ့ဆေးများသောက်ခြင်း နှင့် တတ်နိုင်ပါက သွေးခြည်ဥတဲ့နေရာကို မြှောက်ထားခြင်းတို့ ပြ ုလုပ်ပေးနိုင်ပါတယ်။အိမ်တွင်းအကြမ်းမှုခံရတယ်လို့သံသယရှိရင်တော့ လူမှုရေးစောင့်ရှောက်သူများထံ လွှဲအပ်ပေးပို့ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။ဒဏ်ရာရပြီးပြီးချင်း မှာ သွေးခြည်ဥတာက နီရဲနေတုန်းမှာ ကုသမှုပေးခြင်းကပဲ အထိရောက်ဆုံးအချိန်ဖြစ်ပါတယ်။-အေးတဲ့ ရေခဲအိတ် ဒါမှမဟုတ် ခဲထားတဲ့ဟင်းသီးဟင်းရွက်အိတ်နဲ့ ဖြစ်တဲ့နေရာကို မိနစ် ၂၀မှ၃၀ထိဖိပေးထားခြင်းဖြင့် အနာကျက်တာကိုမြန်စေပြီး အယောင်ကျစေပါတယ်။ ရေခဲကို အရေပြားနဲ့တိုက်ရိုက်ထိပြီးမကပ်ပါနဲ့။ ရေခဲကို အရင်ဆုံး ပုဝါနဲ့ပတ်လိုက်ပါ။-တကယ်လို့ ခြေထောက်တွေ ခြေချောင်းတွေရဲ့ နေရာတော်တော်များများမှာ သွေးခြည်ဥခြင်းဖြစ်ပါက ခြေထောက်ကို ဒဏ်ရာရပြီးပြီးချင်း ၂၄နာရီအတွင်းမှာ အပေါ်ကိုတင်နိုင်သမျှတင်ထားပါ။-acetaminophen အနာသက်သာဆေးတွေကို အနာသက်သာစေဖို့ ဆေးဗူးပေါ်က အညွှန်းအတိုင်း သောက်ပါ။ အက်စ်ပရင် နှင့် ibuprofen သောက်ခြင်းကိုရှောင်ပါ ဘာလို့လဲဆိုတော့ သူတို့က သွေးခဲခြင်းကို နှေးစေတဲ့အတွက် သွေးထွက်ခြင်းကို ပိုကြာစေပါတယ်။-၄၈နာရီကြာပြီးနောက်မှာ အဝတ်နွေးနွေးလေးနဲ့ သွေးခြည်ဥတဲ့နေရာကို ၁၀မိနစ်ခန့် ဒါမှမဟုတ် တစ်ရက်ကို ၂မိနစ် ၃မိနစ်ခန့် အပူကပ်ပေးခြင်းနဲ့ သွေးခြည်ဥတဲ့နေရာကိုသွေးလျှောက်တာများစေပြီး သက်သာစေပါတယ်။ သွေးခြည်ဥခြင်းမှ အရောင်လေးတွေဖျော့သွားပါလိမ့်မယ်။(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/bruises-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%81%e1%80%8a%e1%80%b9%e1%80%a5%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ!
ကိုယ်ဝန်ဆောင် ဆီးချိုဆိုတာက ဆီးချို အမျိုးအစား တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတာကြောင့် ကိုယ်ဝန်ဆောင် ဆီးချိုလို့ ခေါ်တာပါ။ ကိုယ်ဝန်ဆောင် ဆီးချိုက မိခင်နဲ့ ကလေး ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကလေးမွေးဖွားပြီး နောက်ပိုင်းမှာလည်း မိခင်မှာ အမျိုးအစား – ၂ ဆီးချို ခံစားရနိုင်ခြေကို များစေပါတယ်။ ဒီတော့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ပိုင်ဆိုင်နိုင်စေဖို့နဲ့ မိခင်ရော ကလေးမှာပါ ကိုယ်ဝန်ဆောင်ဆီးချိုကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင် ဆီးချို ဆိုတာက ကိုယ်ဝန်မဆောင်ခင်တုန်းက ဆီးချိုမရှိဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ် ကာလတွေမှာ အများဆုံး တွေ့ရပါတယ်။ကိုယ်ဝန်ဆောင် ဆီးချို ခံစားရတဲ့အခါသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဗိုက်ထဲက ကြီးထွားနေတဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင် ဆီးချိုက ပြင်းထန်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာနိုင်တယ် ဆိုပေမယ့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူမယ်။ ဆရာဝန် လမ်းညွှန်ချက်တွေကို လိုက်နာမယ်။ အနေအထိုင် အစားအသောက် ဂရုစိုက်မယ်ဆိုရင် ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်မှာပါ။နောက်တစ်ခုက ကိုယ်ဝန်ဆောင် ဆီးချို ခံစားရသူတွေဟာ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်က ပုံမှန် ပြန်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့်အမျိုးအစား (၂) ဆီးချိုမဖြစ်စေဖို့တော့ သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခု မကပါဘူး။ အဓိကကတော့ ကိုယ်တွင်းမှာအင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခန္ဓာကိုယ်ကအင်ဆူလင်ကို လုံလောက်စွာ ရရှိဖို့ လိုပါတယ်။ခန္ဓာကိုယ်က အင်ဆူလင် မရရှိတဲ့အခါ စားလိုက်တဲ့ သကြားဓာတ်တွေကို ကယ်လိုရီအဖြစ် မပြောင်းလဲနိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာပါတယ်။ ဒီလိုသွေးတွင်းသကြားဓာတ်မြင့်တက်မှုက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်စေပါတော့တယ်။ ဒီအချက်အပြင်။နောက်ဖြစ်နိုင်ခြေရှိတဲ့ အချက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာတွေကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ Human placental lactogen လို့ခေါ်တဲ့ (hPL) ဟော်မုန်း၊ human placental growth hormone လို့ခေါ်တဲ့ (hPGH) ဟော်မုန်း၊ Oestrogen နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ များစွာ ထွက်ရှိပါတယ်။ ဒီဟော်မုန်းတွေထဲက HPL ဟော်မုန်းက အင်ဆူလင် ထိရောက်မှုကို လျော့နည်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင် ဆီးချိုက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရတဲ့အခါ။ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ ဆိုတော့။ကိုယ်ဝန်ဆောင်ဖို့စတင်ပြင်ဆင်ချိန်က စလို့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရအောင် ထိန်းပေးပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာရော ကလေးမွေးဖွားပြီးချိန် အထိပါ ကိုယ်အလေးချိန်ကို ထိန်းထားတာက ကိုယ်ဝန်ဆောင်ဆီးချို ကင်းဝေးစွာနဲ့ ကိုယ်ဝန်ဆောင်နိုင်မယ့် နည်းလမ်း တစ်ခုပါ။ကိုယ်အလေးချိန် အရမ်းများနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်မဆောင်ခင်ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် လျှော့ချပါ။ ကိုယ်အလေးချိန် များလေလေ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နိုင်ခြေ များလေလေပါ။အချိန်ရမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ချိန်ကနေစလို့ ကိုယ်ဝန်ဆောင်နေစဉ်မှာရော ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့်လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပေးပါ။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပြီး ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ကိုယ်ဝန်အပ်တဲ့အခါ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပေးပါလိမ့်မယ်။ ရက်ချိန်းပြတဲ့အခါမှာလည်း လိုအပ်ရင် လိုအပ်သလို စစ်ဆေးပါလိမ့်မယ်။ ပုံမှန်စစ်လို့ သံသယရှိရင် သကြားရည်သောက်ပြီး စစ်တာတွေ လုပ်ဖို့ လိုပါတယ်။ ဆီးချိုရှိမှန်း စောစောသိတာကလည်း ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ဖို့ ကာကွယ်ပေးနိုင်ပါတယ်။နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ပါဝင်စေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံစတာတွေကို စားပေးဖို့ လိုပါမယ်။အထူးသဖြင့် သကြား၊ အချိုရည်တွေ၊ အချိုပွဲမုန့်တွေကို လျှော့စားပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို လျှော့စားတာကလည်း ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးနိုင်မှာပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/how-to-prevent-gestational-diabetes/
ဝက်ခြံနှင့်ပတ်သတ်ပြီး သိထားသင့်သော အချက်၄ချက်
ဘဝမှာတစ်ခါတော့ ဝက်ခြံပေါက်ဖူးပါလိမ့်မယ်။ သူတို့ဘယ်လိုပုံစံမျိုးလဲဆိုတာကိုတော့ သတိပြုမိပါလိမ့်မယ်။ ဒါပေမယ့်လည်း ထိုဝက်ခြံတွေကို ဘယ်လိုကုသရမလဲ၊ ဘယ်လိုကာကွယ်ရမလဲနဲ့ ဘာတွေကဖြစ်စေတယ်ဆိုတာကိုတော့ သိချင်လောက်မှာပါ။ အောက်ဖော်ပြပါ ဆောင်းပါးကတော့ ဝက်ခြံနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးမှာပါ။တစ်ခါတစ်ရံ လူပျိုဖော်၊အပျိုဖော်ဝင်တဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပေါက်တတ်ပါတယ်။အမွေးအမျှင်ဆဲလ်တွေ၊ အရေပြားဆဲလ်တွေနဲ့ အဆီပိုတွေစုပေါင်းပြီး အမွေးပေါက်တွေကို ပိတ်လိုက်ပါတယ်။ အစိုင်အခဲကြီးဖြစ်လာပါတယ်။ ထိုအစိုင်အခဲထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး အရေပြားအောက်တွင် ရောင်ရမ်းလာပါတယ်။ ထိုအစိုင်အခဲပြိုကွဲပျက်စီးပြီးတဲ့နောက်မှာ ဝက်ခြံတွေပေါ်ပေါက်လာပါတယ်။ များသောအားဖြင့် အမွေးပေါက်တွေပိတ်လို့ဖြစ်ရတာပါ။ဘာတွေကြောင့်ဖြစ်ရတယ်ဆိုတာကတော့ တိတိပပ မသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း ဝက်ခြံဖြစ်စေတဲ့ အခြားအကြောင်းအရင်းအချို့တော့ ရှိပါတယ်။· ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပေါက်နိုင်ခြေအများဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် အဆီဂလင်းတွေဟာ အဆီတွေကို လိုတာထက်ပိုထုတ်လာလို့ပဲ ဖြစ်ပါတယ်။ အဆီတွေများလေ ဝက်ခြံပေါက်နိုင်လေပါပဲ။· ကိုယ်ဝန်ရှိခြင်း၊ တားဆေးအသုံးပြုခြင်းတို့ကြောင့်လည်း ဟော်မုန်းအပြောင်းအလဲဖြစ်နိုင်ပါတယ်။· မိဘတွေမှာ ဝက်ခြံပေါက်မယ်ဆိုရင် သင့်မှာလည်း ပေါက်နိုင်ပါတယ်။· ဆေးဝါးအချို့၏ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဝက်ခြံပေါက်နိုင်ပါတယ်။· မိတ်ကပ်တွေကြောင့် ဝက်ခြံပေါက်နိုင်ပါတယ်။ အဆီတွေနဲ့ပေါင်းပြီး အမွှေးပေါက်ပိတ်နိုင်ပါတယ်။ဝက်ခြံတွေကို အိမ်တွင်းဆေးနည်းအချို့နဲ့ကုသနိုင်ပါတယ်။ ကုသမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။· ဝက်ခြံအခြေအနေတွေတိုးတက်စေရန်။· နောက်ထပ်ပြန်မဖြစ်စေရန်။· အမာရွတ်မကျန်စေရန်။· စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုသရန်။အသုံးများတဲ့ ကုသနည်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။·အသားအရေထိန်းသိမ်းခြင်း။ဝက်ခြံမဖြစ်ကတည်းက ကာကွယ်ဖို့အရေးကြီးပါတယ်။ သန့်သန့်ရှင်းရှင်းနဲ့ အစိုဓါတ်ပြည့်ပြည့်၀၀ရရှိပါစေ။·အလွယ်တကူဝယ်ယူရရှိနိုင်သော ဆေးဝါးများအသုံးပြုခြင်း။ပူ၊နီ၊နာ၊ရောင်ကျစေဖို့နဲ့ အမာရွတ်တွေ နည်းစေဖို့ သောက်ဆေး၊လိမ်းဆေးတွေ အသုံးပြုနိုင်ပါတယ်။ အိုင်ဗျူပရိုဖန်နဲ့ ပါရာစီတမောတို့က အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ဆေးတွေ ဖြစ်ပါတယ်။·ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများသောက်သုံးခြင်း။အလွယ်တကူဝယ်ယူရရှိနိုင်မယ့်ဆေးတွေနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သောက်ရပါတော့မယ်။ ဘယ်ဆေးသောက်ရမယ်ဆိုတာကတော့ သင့်ဆရာဝန် ဒါမှမဟုတ် အရေပြားကျွမ်းကျင်ပညာရှင်ပေါ်မှာ မူတည်ပါတယ်။·ခွဲစိတ်ကုသခြင်း။တစ်ခါတစ်ရံမှာ ဝက်ခြံအနာတွေနဲ့ အမာရွတ်တွေဖယ်ရှားဖို့ ခွဲစိတ်ကုသမှုကို အကြံပြုထားပါတယ်။ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကို ကုသခြင်းက ရှုပ်ထွေးလွန်းတာကြောင့် မဖြစ်ခင်က ကာကွယ်သင့်ပါတယ်။ ဒါဆိုရင်ဖြင့် ဝက်ခြံကိုကာကွယ်ဖို့ ဘာတွေ လုပ်သင့်သလဲ။·အရေပြားကို သန့်သန့်ရှင်းရှင်းထားပါ။အိပ်ရာနိုးပြီးနဲ့ မအိပ်ခင်မှာ ရေသန့်သန့်၊ ဆပ်ပြာပျော့ပျော့ခြင့် တစ်နေ့နှစ်ကြိမ်ရေပတ်တိုက်ပေးပါ။ ရေကတော့ ကြက်သီးနွေးဖြစ်သင့်ပါတယ်။ အားကစားလုပ်ပြီးတဲ့ အခါမှာလည်း သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချွေးကြောင့်ဝက်ခြံပေါက်နိုင်လို့ပါ။ ဆပ်ပြာပြင်းပြင်းနဲ့ ချေးပြင်းပြင်းချွတ်ခြင်းကို ရှောင်ကျဉ်ပါ။ ဝက်ခြံတွေပိုဆိုးနိုင်စေပါတယ်။ မိတ်ကပ်တွေကို မိတ်ကပ်းဖျက်ဆေးတွေနဲ့ တတ်နိုင်သမျှမြန်မြန် ဖယ်ရှားပေးပါ။·ဆံနွယ်တွေသန့်ရှင်းနေပါစေ။ခေါင်းပုံမှန်လျော်ပေးပါ။ ဆံပင်ရှိ ပိုးတွေက အရေပြားကို ရောက်နိုင်ပါတယ်။·ဝက်ခြံမညှစ်ပါနှင့်။ဝက်ခြံညစ်ခြင်းက ပိုးဝင်စေပြီး အမာရွတ်တွေကျန်စေပါတယ်။·နေမလောင်ပါစေနှင့်။နေပူခံလိမ်းဆေးလိမ်းထားပါ။ လိမ်းဆေးက SPF30 နှင့်အထက် ရှိရပါမယ်။ နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားပျက်စီးစေပြီး ကင်ဆာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ နေရောင်ပိုမိုကာကွယ်နိုင်ဖို့ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်နှင့် ဦးထုပ်တို့ကို ဝတ်ရပါမယ်။·ကုသမှုနဲ့ပတ်သတ်ပြီး ဆရာဝန်ဖြင့် တိုင်ပင်ပါ။ဝက်ခြံတွေ လျင်လျင်မြန်မြန်ထိထိရောက်ရောက် သက်သာပျောက်ကင်းစေနိုင်မယ့်ကုသနည်းတွေကို ရွေးချယ်နိုင်ပါလိမ့်မယ်။ဝက်ခြံဆိုတာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ။ ဘယ်သူမှ တိတိပပမသိကြပါဘူး။ ဒါပေမယ့်လည်း ဝက်ခြံတွေ ဂရုစိုက်ဖို့နဲ့ မဖြစ်အောင်ကာကွယ်ဖို့နည်းလမ်းတွေကိုတော့ သိရှိနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8-%e1%80%9e/
ခြေထောက်အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရ
သင့်ကျန်းမာရေးကိုဂရုစိုက်ရာမှာ အထူးသဖြင့်သင့်ခြေထောက်ကျန်းမာရေးကို ဂရုစိုက်ရာမှာ အာဟာရကအရေးကြီးတယ်ဆိုတာကို မငြင်းနိုင်ပါဘူး။ လေ့ကျင့်ခန်းနဲ့ နေထိုင်မှုပုံစံအပြင် သင်နေ့စဉ်အာဟာရကလည်း သင့်ခြေထောက်ကျန်းမာရေးကို အဆုံးအဖြတ်ပေးပါတယ်။ အောက်ပါကျွန်ုပ်တို့ရဲ့ အကြံပြုချက်တွေအတိုင်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရပုံစံကို တည်ဆောက်နိုင်ပါတယ်။ဆော်လမွန်ငါးကဲ့သို့သောအဆီကြွယ်ဝတဲ့ငါးတွေနဲ့ ငါးကြီးဆီတွေမှာ အိုမီဂါသရီးကြွယ်ဝစွာ ပါဝင်ပါတယ်။ အိုမီဂါသရီးက ရောင်ရမ်းခြင်းကိုထိထိရောက်ရောက် သက်သာနိုင်ပါတယ်။ သင့်နေ့စဉ်အစားအစာမှာ အိုမီဂါသရီး၊ အိုမီဂါဆစ်သင့်တင့်မျှတစွာပါဝင်သင့်တဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ ဒီအာဟာရတွေညီညီမျှမျှပါဝင်ဖို့အတွက်ဆိုရင် ငါးများများစားခြင်းက အကူအညီပေးနိုင်ပါတယ်။သင့်ခန္ဓါကိုယ်ကြီးထွားလာနေစဉ်မှာ သင့်အရိုးတွေသန်မာဖို့ ကယ်ဆီယမ်လုံလုံလောက်လောက် လိုပါတယ်။ ကြီးထွားဖွံ့ဖြိုးနေတဲ့အရွယ်မှာ ကယ်ဆီယမ်ကောင်းကောင်းလုံလုံလောက်လောက်ရဖို့ အင်မတန်လိုအပ်ပါတယ်။ နောက်ပိုင်းအသက်တွေမှာ အရိုးပါးခြင်းမြဖ်စ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်မရွေး ဘယ်လိုကျန်းမာရေးအခြေအနေမှာပဲဖြစ်ဖြစ် ကယ်ဆီယမ်ကအမြဲလိုအပ်ပါတယ်။ကြီးထွားတဲ့အရွယ်ကျော်လွန်သွားပြီးနောက်မှာတောင် ကယ်ဆီယမ်ကိုလိုအပ်နေပါသေးတယ်။ အမျိုးသမီးများဓမ္မတာသွေးဆုံးစဉ်မှာ တဖြည်းဖြည်းအရိုးပါလာခြင်းကို မကာကွယ်ပေးနိုင်ပေမဲ့လည်း လုံလောက်တဲ့ကယ်ဆီယမ်ပမာဏက အရိုးကျိုးနိုင်ချေမှာ ကာကွယ်ပေးနိုင်ပါတယ်။သင့်အစားအစာမှာ ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာကိုစားပေးခြင်းဖြင့် သင့်ခန္ဓါကိုယ်အတွက် ကယ်ဆီယမ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ဒိန်ချဉ်၊ ထောပတ်၊ 300 mgကယ်ဆီယမ်ပါဝင်တဲ့ ရှစ်အောင်စအလေးချိန်နို့တစ်ဖန်ခွက်၊ အရိုးနဲ့တွဲသောဆာဒင်းငါးများနဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီစိမ်းကဲ့သို့သော အစိမ်ရောင်အရွက်များကို စားသုံးပေးနိုင်ပါတယ်။ အခြားကယ်ဆီယမ်ဖြည့်စွက်စာတွေကို မှီဝဲချင်တယ်ဆိုရင် သင့်ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ကယ်ဆီယမ်စုပ်ယူနိုင်မှုအတွက် ဗီတာမင်ဒီလိုအပ်ပါတယ်။ နေ့စဉ်ဗီတာမင်ပမာဏ 400 IU to 1000IUအသုံးပြုသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေက ဗီတာမင်ဒီလုံလုံလောက်လောက် ပေးနိုင်ပါတယ်။နို့မှာဆိုရင် နို့တစ်ခွက်မှာ ဗီတာမင်ဒီ100IUပါပါတယ်။ သင့်အစားအစာမှာ ဗီတာမင်ဒီလုံလုံလောက်လောက်မပါခဲ့ဘူးဆိုလျှင် ဖြည့်စွက်စာမှီဝဲခြင်းနဲ့ ပတ်သက်ပြီးသင့်ဆရာဝန်နဲ့ တိုင်ပငိနိုင်ပါတယ်။ ပမာဏအများကြီးဖြည့်စွက်မိခြင်းကြောင့် အဆိပ်သင့်ခြင်းတွေလည်းဖြစ်နိုင်ပါတယ်။သင့်ခြေထောက်ကိုတိုက်ခိုက်တဲ့ ဘတ်တီးရီးယားတွေကို တန်ပြန်တိုက်ခိုက်ဖို့နဲ့ အနာ၊ခြေထောက်အနာသို့အရေကြည်ဖုတွေရှိခဲ့ရင် အကျက်မြန်ဖို့ သင့်ခုခံအားစနစ်ကကောင်းမွန်ရပါမယ်။ မှို၊ ကြက်သွန်ဖြူ၊ ဒိန်ချဉ်၊ ဂျုံ၊ ဘာလီ၊ ငါး၊ ကြက်စွပ်ပြုတ်၊ အမဲသား၊ ကန်စွန်းဥနဲ့ လက်ဖက်ရည်က သင့်ခုခံအားစနစ်ကိုအားကောင်းစေပါတယ်။ဗီတာမင်ဒီလိုပဲ ခန္ဓါကိုယ်ကကယ်ဆီယမ်တွေကို စုပ်ယူနိုင်ဖို့ မက်ဂနီဆီယမ်လိုအပ်ပါတယ်။ ခြေထောက်ကျန်းမားရေးအတွက်နဲ့ ခြေဖဝါးအရွတ်ပြားအတွက် မရှိမဖြစ်အရေးပါတဲ့အာဟာရဖြစ်ပါတယ်။ကယ်ဆီယမ်မက်ဂနီဆီယမ်မမျှတခြင်းက ကယ်ဆိယမ်ချို့တဲ့ခြင်းအတွက် အကြောင်းပြချက်ဖြစ်ပါတယ်။ ဒီအာဟာရနှစ်ခုကိုမျှမျှတတမှီဝဲခြင်းက သင့်ခန္ဓါကိုယ်အတွက် မက်ဂနီဆီယမ်ထောက်ပံ့ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဟင်းနုနွယ်၊ ဖရုံစေ့၊ ပဲဖြူလေး၊ ပဲနက်၊ garbanzos,ပဲနီကလေး၊ pinto beans၊ ဆန်လုံးညို၊ လူးဆပ်ပြောင်းစသည့်နှံစားကောကနှံ၊ ထောပတ်သီး၊ ငှက်ပျောသီး၊နဲ့ သဖန်းသီးကတွတ်သီးခြောက် တွေကိုစားပေးနိုင်ပါတယ်။ကျန်းမာတဲ့ခြေထောက်ရရှိဖို့အတွက် ပထမဆုံးလိုအပ်တာကတော့ ကျန်းမာတဲ့အာဟာရမျှမျှတတရရှိဖို့ပဲ ဖြစ်ပါတယ်။ အခြားကျန်းမာရေးအခြေအနေရှိပြီး သင့်အာဟာရအတွက်ဘယ်လိုစီစဉ်ရမလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%81%e1%80%bc%e1%80%b1%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1/
ချော့မွေ့လှပသော အသားအရေ ရရှိပိုင်ဆိုင်စေမယ့် အစားအစာများ
အချို့အစားအစာတွေမှာပါတဲ့ ပစ္စည်းအချို့က အရေပြားအတွက် အကျိုးရှိကြပါတယ်။ ဒါအပြင် ပျော့ပြောင်းနူညံ့စေနိုင်သလို အသက်ကြီးရင့်မှုဖြစ်စဉ်တွေကိုလည်း ကာကွယ်ပေးပါတယ်။ အစားအသောက်ကလည်း သင်သုံးတဲ့ အလှကုန်ပစ္စည်းတွေလောက်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။ လှပကောင်းမွန်တဲ့ အသားအရေရရှိဖို့ အောက်ပါအစားအစာများကို စားသုံးသင့်ပါတယ်။ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေထဲမှာ စတော်ဘယ်ရီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတို့ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဖိစီးမှုဆန့်ကျင်ပစ္စည်းတို့ ပြည့်ဝနေပါတယ်။ ဗီတာမင်စီပါဝင်မှုကလည်း လိမ္မော်သီး၊ စပျစ်သီးတို့ထက် မြင့်မားပါတယ်။ မကြာသေးခင်က လေ့လာတွေ့ရှိချက်များအရ ဗီတာမင်စီပြည့်ဝအစားအစာတွေစားတဲ့လူတွေက မစားတဲ့လူတွေထက် ပါးရေတွန့်ခြင်းနှင့် အသက်ကြီးခြင်းနဲ့ ဆက်စပ်တဲ့ အရေပြားပြဿနာဖြစ်နိုင်ခြေနည်းနေတာကို တွေ့ရပါတယ်။ ဓာတ်တိုးပစ္စည်းတွေက ဆဲလ်တွေနဲ့ ကော်လဂျင်တွေကို ဖျက်စီးပြစ်ပါတယ်။ဒါကြောင့် ပါးရေတွန့်ပြီး အရေပြားရေပြားပြဿနာအများအပြား ဖြစ်လာရတာပါ။ ၁ပတ်၂ကြိမ်လောက် ဘယ်ရီသီးနဲ့လုပ်ထားတဲ့ မျက်နှာဖုံးဖြင့် ပေါင်းတင်ပေးပါ။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အရေပြားပိုမို ချောမွေ့လာကာ ရေဓာတ်လည်းပြည့်ဝလာပါလိမ့်မယ်။လိမ္မော်သီး၊ မုန်လာဥနဲ့ သခွားမွှေးတို့ဟာ ဗီတာမင်အေနဲ့ ပြည့်ဝနေပါတယ်။ ဆရာဝန်တွေကတော့ ဆေးပေးတဲ့အခါမှာ Retinoids ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။ အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥတွေနဲ့ အဆီနည်းတဲ့နို့ထွက်ပစ္စည်းတွေမှာလည်း ထိုဗီတာမင်ကို တွေ့ရှိနိုင်မှာပါ။ ဗီတာမင်အေပါဝင်တဲ့ အရေပြားအလှကုန်တွေ အသုံးပြုခြင်းက ပါးရေတွန့်ခြင်းနဲ့ အညိုကွက်များကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံနဲ့ အခြားအရေပြားပြဿနာကုသတဲ့ နေရာတွေမှာလည်း အသုံးပြုကြပါသေးတယ်။သင့်အရေပြားကို နေလောင်တာတွေ၊ ဓာတ်တိုးပစ္စည်းတွေနဲ့ ရောင်ရမ်းမှုတွေကနေ ကာကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင့်နောက်တစ်ခုကတော့ ဗီတာမင်အီးပဲဖြစ်ပါတယ်။ ဟင်းရွက်ဆီ၊ အခွံမာသီး၊ သံလွင်သီး၊ ဟင်းနုနွယ်နဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်ရွက်တို့ဟာ ဗီတာမင်အီး အမြောက်အများပါဝင်နေတဲ့ အစားအစာတွေဖြစ်ပါတယ်။သံလွင်ဆီမှာ ဓာတ်တိုးဆန့်ကျင်နဲ့ အရောင်ကျစေတဲ့ ဂုဏ်သတ္တိတွေ ရှိတာကြောင့် အသားအရေအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးရှိပါတယ်။ အသားအရေကို ချော့မွေ့စေတာကြောင့် ရှေးရောမလူမျိုးဟာ သံလွင်ဆီကို အရေပြားလှဖို့ အသုံးပြုကြပါတယ်။ ဒါ့အပြင် ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးနိုင်သလို ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။ အရေပြားခြောက်နေမယ်ဆိုရင် သံလွင်ဆီလိမ်းပေးခြင်းက သက်သာစေမယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။လက်ဖက်ရည်ကြမ်းမှာ ဓာတ်တိုးပစ္စည်းတွေကိုဖယ်ရှားနိုင်ပြီး ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပါတယ်။ Case Western Reserve တက္ကသိုလ်နှင့် Birmingham ရှိ Alabama တက္ကသိုလ်တို့၏ လေ့လာချက်က လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဟာ အရေပြားကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးတယ်လို့ ပြောထားပါတယ်။သင့်စားသောက်ပုံစံကို အစိမ်းရောင်ရှိဟင်းသီးဟင်းရွက်များ၊ ချောကလက်ကြမ်းနှင့် ရှောက်မျိုးနွယ်အသီးတို့လိုမျိုး ကျန်းမာရေးအတွက် သင့်လျော်မယ့် အစားအစာတွေနဲ့ ဖြည့်စွက်ခြင်းက နှလုံးရောဂါနဲ့ ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးတယ်ဆိုတာ သိပြီးလောက်ပြီဖြစ်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%99%e1%80%bd%e1%80%b1%e1%80%b7%e1%80%9c%e1%80%be%e1%80%95%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1/
သင့်ခြေထောက်ကျန်းမာရေးကို အာဟာရတွေက ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲ
သင့်ခန္ဓါကိုယ်အတွက်သာမဟုတ်ဘဲ သင့်ခြေထောက်အတွက်လည်း သူ့ဆိုင်ရာတာဝန်ကို ထမ်းဆောင်ဖို့ အာဟာရနဲ့အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် လျစ်လျူရှုထားမိတတ်ကြပါတယ်။ သင့်ခြေထောက်ကျန်းမာရေးကို အာဟာရတွေက ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲဆိုတာကို သိရင်တော့ သင့်အာဟာရပုံစံကိုချက်ချင်းပြောင်းလဲပစ်ဖို့ စဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။ခြေထောက်ရောင်ရမ်းခြင်းက အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။အချို့သောအစားအစာတွေက တစ်ရှူးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခြေဖဝါးအရွတ်ပြားရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေမှာ ခြေဖဝါးအောက်၊ ခြေဖနောင့်၊နဲ့ ခြေထောက်မည်သည့်နေရာမှာမဆို တစ်ရှူးအတက်ထွက်ခြင်းနဲ့ အလွန်အမင်းနာကျင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ရောင်ရမ်းခြင်းကိုပိုဆိုးစေတဲ့ အစားအစာအချို့ရှိပါတယ်။ သန့်စင်ထားတဲ့ကောက်နှံတွေ၊ သကြားနဲ့ အဆင့်သင့်စားနိုင်အောင်ပြုလုပ်ထားတဲ့ အစာတွေမှာပါတဲ့ မကျန်းမာတဲ့အဆီ၊ အနီရောင်အသားတွေမှာပါတဲ့ ပြည့်ဝဆီ၊နဲ့ ပြောင်းဖူး၊ ပဲ၊ နေကြာဆီတွေကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီတွေမှာပါတဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ရောင်ရမ်းခြင်းကိုပိုဆိုးစေနိုင်တဲ့ အခြားအချက်ကတော့ ကောက်ပဲသီးနှံကဲ့သို့သော ယေဘုယျအစားအစာတွေနဲ့ ကြာရှည်ဓတ်မတည့်မှုကြောင့် ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်ကတော့ သကြားလုံး၊ ဂျုံ့မှုန့်ဖြူ၊ ပါစတာကဲ့သို့သော သကြားပမာဏကိုတက်စေတဲ့ အစားအစာအများကြီးစားမိခြင်းကြောင့် ဖြစ်ပါတယ်။သွေးလွှတ်ကြောရောဂါနဲ့ ဆီးချိုးေရောဂါတွေက အောက်ပိုင်းအစွန်အဖျားတွေကိုသွေးပို့ပေးတဲ့သွေးလွှတ်ကြောတွေကို ပျက်စီးစေခြင်းဖြင့် ခြေထောက်ကိုထိခိုက်စေပါတယ်။ဒိလိုအခြေအနေတွေကနေရှောင်ချင်တယ်ဆိုရင် အာဟာရမျှမျှတတသင့်တင့်အောင် စားဖို့လိုပါတယ်။ ဆား၊ မကျန်းမာစေတဲ့အဆီ၊ ပြည့်ဝဆီပါဝင်မှုနည်းတဲ့အစားအစာ၊ အသီးအနှံဟင်းသီးဟင်းရွက်တွေက သွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။အိုမီဂါသရီးမှီဝဲခြင်းကလည်း သွေးလွှတ်ကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ချေကို နည်းစေပါတယ်။ဆီးချိုရောဂါခံစားနေရမယ်ဆိုရ်င ကျန်းမာသင့်တင့်တဲ့အစားအစာတွေက သင့်ခြေထောက်ကို နောက်ဆက်တွဲရလဒ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အသီးအနှံ၊ အဆီမပါတဲ့အသား၊ အဆီသကြားကန့်သတ်ပမာဏပါဝင်တဲ့ အာဟာရပုံစံကို သတ်မှတ်ထားသင့်ပါတယ်။သကြားများများစားခြင်းက ခြေထောက်နဲ့ကျန်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်ေးတွမှာ မှိုစွဲခြင်းကိုဖြစ်စေနိုင်ပါတယ်။ မှိုစွဲခြင်းတွေရှိနေမယ်ဆိုရင် သကြားကိုရှောင်သင့်ပါတယ်။ခြေချင်းဝတ်ရောင်ခြင်းက အရေမ်းနာကျင်စေနိုင်ပါတယ်။ အခြားကုသမှုတွေအများကြီးရှိပေမဲ့ သကြားရှောင်ခြင်းက အထောက်အကူပေးနိုင်ပါတယ်။ အုန်းရေနဲ့သခွားသီးကို သဘာဝဆီးရွှင်ဆေးအနေနဲ့ အသုံးပြုနိုင်ပြီး ရောင်ရမ်းခြင်းတွေကိ ု သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် မတ်တပ်ရပ်နေစဉ်မှာ သင့်ခြေထောက်ကသင့်ခန္ဓါကိုယ်အလေးချိန်တစ်ခုလုံးကို။ထိန်းပေးထားတယ်ဆိုတာကို မမေ့ဖို့အရေးကြီးပါတယ်။ သင့်ကိုယ်အလေးချိန်များလေ သင့်ခြေထောက်အပေါ်ဖိအားများလေ ဖြစ်ပါတယ်။ အဝလွန်သူတွေမှာ သူတို့ရဲ့ကိုယ်အလေးချိန်ကြောင့် ခြေထောက်နဲ့ကျန်းမာရေးပြဿနာတွေအလွန်များပြားလှပါတယ်။အဝလွန်ခြင်းက သင့်ခြေထောက်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ပြီး ထိခိုက်မှုဖြစ်နိုင်ချေပိုများပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ကြီးမားတဲ့အကျိုးသက်ရောက်မှုကောင်းကောင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်အာဟာရပုံစံကိုပြောင်းလဲပြီး အာဟာရပြည့်ဝအောင် ကြိုးစားသင့်ပါတယ်။သင့်ခြေထောက်ကျန်းမာရေးကို အစားအစာတွေကသက်ရောက်မှုပေးနိုင်ပေမဲ့လည်း လူအများစုက ဒီကိစ္စနဲ့ပတ်သက်ပြီး အထင်အမြင်သေးကြပါတယ်။ အာဟာရသင့်တင့်မျှတခြင်းက သင့်ခြေထောက်နဲ့သင့်တစ်ကိုယ်လုံးအတွက် အကျိုးသက်ရောက်မှုကောင်းစေပါတယ်။ အာဟာရပုံစံမှားယွင်းနေမယ်ဆိုရင် ပြောင်းလဲဖို့သင့်အတွက်အအချိန်တန်နေပါပြီ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%b1%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8/
ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ
တကယ်လို့ သင်က ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အဆိုးဆုံး ဓါတ်မတည့်မှုကလည်းရှိနေတယ်ဆိုရင် သင့်အတွက်တော့ သိပ်မလွယ်ကူလှပါဘူး။ ခွေးတွေနဲ့ ဓါတ်မတည့်ခြင်းဟာ အသက်ရှူကြပ်ခြင်းနဲ့ နှာချေခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရင်ကြပ်ရောဂါရှိသူတွေဟာ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြေကာင့် ဘယ်အမျိုးအစားက သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို သင်လေ့လာထားသင့်ပါတယ်။များသောအားဖြင့်တော့ မိသားစုထဲက လူအားလုံး၊ အိမ်ရှိလူအကုန်ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ဓါတ်မတည့်မှု ရှိနေတာမျိုး မဟုတ်ပါဘူး။ အလားတူပဲ သင့်မှာ သင့်အမေရဲ့ မျက်နှာနဲ့ အဖေ့အပြုးံတွေရှိနေတယ်မဟုတ်လား။ ဖြစ်နိုင်တာကတော့ ဓါတ်မတည့်တဲ့ မျိုးရိုးက သင့်ဆီရောက်လာတာဖြစ်မှာပါ။ တကယ်လို့သင့်မှာ အခြားသော ဓါတ်မတည့်မှုတွေ သို့မဟုတ် ရင်ကြပ်ရောဂါတွေ ရှိနေခဲ့ရင် အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုကလည်း ပိုဖြစ်နိုင်ပါတယ်။ဓါတ်မတည့်မှုဖြစ်တတ်တဲ့လူတွေမှာ တုံ့ပြန်မှုအားအရမ်းကိုကောင်းတဲံ့ (Oversensitive) ခုခံအားစနစ်ရှိကြပါတယ်။ သူတို့ရဲ့ခန္ဓါကိုယ်ဟာ အန္တရာယ်မရှိတဲ့အရာတွေကိုလည်း အလွန်အကျွံတုံ့ပြန်တတ်ကြပါတယ်။ ဘယ်လိုအရာတွေလဲဆိုတော့ ခွေးမွေး (dander) လိုအရာမျိုးပေါ့။ ပြီးတော့ ဒါတေကို ဘက်တီးရီးယားတို့ ဗိုင်းရပ်စ်တို့လိုပဲ တိုက်ထုတ်ပစ်လိုက်ပါတယ်။ နှာချေခြင်းနဲ့ မျက်ရည်ကျခြင်းတွေဟာ ခန္ဓါကိုယ်က ဓါတ်မတည့်တဲ့ပစ္စည်းတွေကို တိုက်ထုတ်လိုက်တာ ဒါမှမဟုတ် စွန့်ထုတ်လိုက်တာကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ဟုတ်တာပေါ့။ သင်ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့သောခွေးအမျိုးအစားတွေဟာ ဓါတ်မတည့်မှုဖြစ်တာ နည်းပြီး အချို့ကတော့ လုံးဝမဖြစ်စေတာမျိုးလည်း ရှိပါတယ်။ပထမဆုံး.. ရိုးရိုးသားသားပြောကြည့်မယ်ဆိုရင် ၁၀၀% ဓါတ်မတည့်မှုမဖြစ်စေတဲ့ ခွေးအမျိုးအစားကတော့ မရှိပါဘူး။ ကျွမ်းကျင်သူတွေက “ ခန့်မှန်းရလွယ်ပြီး တစ်သမတ်တည်း” (predictable and consistent coats) လို့ခေါ်တဲ့ ဓါတ်မတည့်သူတွေနဲ့ ပိုပြီးသင့်လျော်တဲ့ ခွေးအမျိုးအစားတွေတော့ရှိပါတယ်။ ဒီအမျိုးအစားတွေဟာ အမွေးမကျွတ်တာကြောင့် skin dander တွေလည်း ပိုနည်းနိုင်ပါတယ်။ skin dander ဆိုတာ ခွေးအမွေးမှာရှိတဲ့ အရာတစ်ခုဖြစ်ပြီး လူတွေကို ဓါတ်မတည့်မှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းပေါ့။ဒီမှာတော့ ယေဘုယျအားဖြင့် ဓါတ်မတည့်တဲ့သူတွေအတွက် သင့်လျော်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတဲ့ ခွေးအမျိုးအစား ၁၁မျိုးကို ဖော်ပြပေးလိုက်ပါတယ်။– Bedlington Terrier။– Chinese Crested။– Bichon Frise။– Irish Water Spaniel။– Poodles (toy, miniature, standard)။– Kerry Blue Terrier။– Maltese။– Portuguese Water Dog။-Xoloitzcuintli။– Schnauzers (miniature, standard, giant)။– Soft Coated Wheaten Terrier။ဘယ်ခွေးအမျိုးအစားက သင့်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီပြည့်စုံသလဲဆိုတာကို အရင်ဆုံး သေချာဆုံးဖြတ်ပါ။ ဒါဟာ ဓါတ်တည့်သူဖြစ်စေ။ မတည့်သူဖြစ်စေ လူတိုင်းလုပ်ရမယ့် အရာတစ်ခုပါပဲ။ ခွေးအမျိုးအစားတစ်မျိုးချင်းစီမှာ ကိုယ်ရည်ကိုယ်သွေးတစ်ခုချင်းစီရှိကြပြီး အပြုအမူတွေလည်း ကွာခြားကြပါတယ်။ လေ့လာမှုတွေလုပ်ပြီးတဲ့နောက် ဘယ်အမျိုးအစားက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ရွေးချယ်ပြီးတဲ့နောက်မှာတော့ နေထိုင်ရာနေရာကို ပြင်ဆင်ရတော့မှာပါ။ ခွေးတစ်ကောင်ကို ပိုင်ဆိုင်လာမယ့်အလျောက် dander တွေကပ်နေနိုင်တဲ့ ခန်းစည်းရှည်တွေ၊ ကော်ဇောတွေ၊ ကူရှင်အထူကြီးတွေနဲ့ ပရိဘောဂတွေ ဒါမှမဟုတ် ချည်ထည်တွေ နဲ့ အခြားသော ကော်ဇောအပိုတွေကို ဖယ်ရှားလိုက်ပါ။ခွေးကိုရွေးချယ်ပြီးတဲ့နောက်မှာ သင့်ခွေးကို ပုံမှန်ရေချိုးသန့်စင်ပေးဖို့ မမေ့ပါနဲ့။ ဒါဟာ သင့်အိမ်ပတ်ဝန်းကျင်မှာ dander တွေ လျော့နည်းသွားစေပါတယ်။ ပုံမှန် တံမြက်စည်းလှည်းတာ ဖုန်စုပ်တာ စသဖြင့် လုပ်ပေးသင့်ပါတယ်။အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကတော့ သင့်ခွေးကို နေရာတိုင်းသွားခွင့်မပြုဘဲ ကန့်သတ်ထားဖို့ပါပဲ။ ဥပမာ – မိသားစုအခန်းတွေ ဒါမှမဟုတ် မြေအောက်ခန်းတွေပေါ့။ တကယ်လို့ သင့်မှာ ဓါတ်မတည့်မှုတွေရှိနေတယ်ဆို သင့်ခွေးကို သင့်အိပ်ရာနား မလာစေသင့်ပါဘူး။ ဒါမှမဟုတ် ပိုပြီးစိတ်ချရအောင် သင့်အခန်းနားကိုကို အကပ်မခံပါနဲ့။တကယ်လို့သင်က ဘယ်ခွေးအမျိုးအစားကမှ ဓါတ်မတည့်စေတဲ့ပစ္စည်းတွေ ၁၀၀% ကင်းရှင်းနေတာမဟုတ်ဘူးဆိုတာ သိရပြီဆိုရင် ၊ dander ကို ပိုဂရုစိုက်လို့ ရှင်းလင်းပေးမယ်ဆိုရင် ကျွန်တော်တို့လို ဓါတ်မတည့်တဲ့သူတွေတောင်မှ ခွေးတစ်ကောင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးလေးကို ပိုင်ဆိုင်နိုင်ပါပြီ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်။ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/%e1%80%81%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%95%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%90%e1%80%ad%e1%80%9b%e1%80%85%e1%80%b9/
ကိုလက်စထရောကျစေမည့် ဆေးဖက်ဝင်များ
လူသားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အပင်တွေနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေကို အစားအစာချက်ပြုတ်ရာမှာသာမက ဆေးဖြစ်ဝါးဖြစ် ပုံစံနဲ့လည်း အသုံးပြုခဲ့ကြပါတယ်။ အဆိုပါဆေးဖက်ဝင်တွေဟာ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး ကျန်းမာရေးကိုကောင်းမွန်စေတယ်လို့ လူအများက လက်ခံယုံကြည်ထားကြပါတယ်။ ဒီယူဆချက်မှန်မှန်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ လေ့လာဖတ်ရှူနိုင်ပါတယ်။ကြက်သွန်ဖြူက သွေးတွင်းကိုလက်စထရောပမာဏကို ရာခိုင်နှုန်းအတိုင်းအတာတစ်ခုအထိ လျော့ချပေးနိုင်ကြောင်း လေ့လာစမ်းသပ်မှုအချို့က သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်ဟာ ကြာရှည်မခံတဲ့အတွက် ကြက်သွန်ဖြူကထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာနဲ့ဆေးဝါးများ အသုံးပြုခြင်းက သင့်ကျန်းမာရေးအတွက် အားကိုးရလောက်တဲ့ အထောက်အကူ ရစေမှာမဟုတ်ပါဘူး။ ပိုဆိုးတဲ့အချက်ကတော့ ကြက်သွန်ဖြူကို အချို့သောကျန်းမာရေးအခြေအနေရှိသူတွေ စားသုံးမိရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုတေသနတွေမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဥပမာ ကြက်သွန်ဖြူက သွေးခဲခြင်းကို တားဆီးပိတ်ပင်ပြီး သွေးယိုခြင်းကို ပိုဆိုးစေတဲ့အတွက် ခွဲစိတ်ကုသမှုခံယူရမယ့် လူနာတွေ၊ Coumadin ကဲ့သို့ သွေးကျဲဆေးသောက်နေရတဲ့လူနာတွေ မစားသုံးသင့်ပါဘူး။တရုတ်ရိုးရာ တိုင်းရင်းဆေးပညာမှာ astragalus ကို ကိုယ်ခံအားကောင်းစေဖို့ အဓိကအသုံးပြုတာ ဖြစ်ပါတယ်။ Astragalus ဟာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ခိုက်နိုင်ပြီး ရောင်ရမ်းခြင်းကို သက်သာစေတယ်လို့ လူအများက ယုံကြည်ထားကြပြီး ခန္ဓါကိုယ်ကို ဖိစီးမှုဒဏ်အမျိုးမျိုးကနေ ကာကွယ်ပေးတယ်လို့လည်း ယူဆထားကြပါတယ်။ ဒါ့အပြင် ၎င်းက နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးပြုနိုင်ကြာင်း လေ့လာစမ်းသပ်မှုတစ်ချို့မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီအချက်တွေအားလုံးကို လူသားနဲ့စမ်းသပ်ပြီး သိပ္ပံနည်းကျသက်သေပြနိုင်ဖို့ အလှမ်းဝေးလျက်ရှိနေပါသေးတယ်။ Astragalus ရဲ့ ကိုလက်စထရောပမာဏနဲ့ နှလုံးကျန်းမာရေးအပေါ် သက်ရောက်မှုကို အခိုင်အမာကောင်ချက်ဆွဲနိုင်ဖို့ နောက်ထပ်သုတေသနပေါင်းများစွာ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။Guggulipid ဆိုတာ mukul myrrh သစ်မွှေးပင်ကရရှိတဲ့ သစ်စေးကို ခေါ်တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က စတင်အခြေတည်ခဲ့တဲ့ Ayurvedic တိုင်းရင်းဆေးပညာအရ ၎င်းသစ်စေးကို ရည်ရွယ်ချက်များစွာအတွက် အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။ အိန္ဒိယဆေးပညာဆိုင်ရာ လေ့လာစမ်းသပ်မှုတွေက ၎င်းသစ်စေးဟာ သွေးတွင်းစုပေါင်းကိုလက်စထရောနဲ့ မကောင်းတဲ့ LDL ကိုလက်စထရောပမာဏကို ထိထိရောက်ရောက် လျော့ချပေးနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဆိုပါလေ့လာမှုတွေဟာ ရှိသင့်ရှိထိုက်တဲ့ စံသတ်မှတ်ချက်တွေနဲ့ မပြည့်စုံတဲ့အတွက် သိပ္ပံနည်းကျခိုင်မာမှန်ကန်တယ်လို့ သတ်မှတ်ခြင်း မခံခဲ့ရပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ guggulipid ရဲ့ သွေးတွင်းကိုလက်စထရောချပေးနိုင်တဲ့ အာနိသင်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့အခါမှတော့ အကျိုးသက်ရောက်မှုမရှိတာကို တွေ့ရှိခဲ့ရတဲ့အတွက် guggulipid အပေါ် စိတ်ဝင်စားအာရုံစိုက်မှုတွေလည်း တဟုန်ထိုးလျော့နည်းကျဆင်းသွားခဲ့ပါတယ်။ စနစ်တကျ သုတေသနပြု စမ်းသပ်ထားခြင်းမရှိသရွေ့ guggulipid အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ၊ အသုံးပြုရင်လည်း ထိရောက်မှုရှိမရှိဆိုတာ အခိုင်အလုံပြောဆိုနိုင်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။သဘာဝအပင်တွေနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေမှာ သူ့ကောင်းကျိုးအားသာချက်နဲ့သူ ရှိပါတယ်။ အထူးသဖြင့် ဒီအရာတွေကို ဆရာဝန်ဆီက ဆေးစာမပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ အချို့သော သဘာဝဆေးဖက်ဝင်တွေက သင့်ရဲ့ အဓိကကုသမှုအစီအစဉ်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်ပါတယ်။ ဒါပေမယ့် သဘာဝဆေးဖက်ဝင်တွေမှာ ကောင်းကျိုးနည်းတူ ဆိုးကျိုးတွေလည်း ရှိနေနိုင်တယ်ဆိုတာကိုတော့ အမြဲသတိပြုသင့်ပါတယ်။ ကိုလက်စထရောကျဆင်းစေဖို့ သဘာဝကုထုံးကိုချည်းပဲ သီးသန့်အားကိုးနိုင်ကြောင်း လက်တွေ့သက်သေပြထားတဲ့ သိပ္ပံနည်းကျ လေ့လာစမ်းသပ်ချက် တစ်ခုမှမရှိသေးတဲ့အလျောက် ဒီဆေးဖက်ဝင်တွေကိုပဲ လုံးလုံးလျားလျား အသုံးပြုမနေဖို့ အကြံပြုလိုပါတယ်။ ွှနောက်တစ်ချက်က ဆေးပင်နဲ့ဟင်းခပ်အမွှေးအကြိုင်အများစုဟာ မိမိကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီအောင် စနစ်တကျထိန်းညှိဖော်စပ်ထုတ်လုပ်ထားတာ မဟုတ်တဲ့အတွက် မခန့်မှန်းနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်သဘာဝဆေးဖက်ဝင်ကိုမဆို အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ အသုံးပြုသင့်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%80%e1%80%ba%e1%80%85%e1%80%91%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%85%e1%80%b1%e1%80%99%e1%80%8a%e1%80%b7%e1%80%ba-%e1%80%86%e1%80%b1%e1%80%b8/
အမျိုးသားတိုင်း အလေးတုံးမလိုဘဲ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ
လေ့ကျင့်ခန်းကို လူတော်တော်များများက လုပ်ရမှာ ပျင်းကြပါတယ်။ အချိန်မရှိတာထက် လုပ်ချင်စိတ်မရှိတာက ပိုများနေတတ်ကြတာကိုး။ တကယ်တော့ လေ့ကျင့်ခန်းဆိုတာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ အလှအပအတွက်သာမကကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အထူးသဖြင့်အမျိုးသားတွေလို တစ်နေ့လုံး အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ရတာ၊စိတ်ဖိစီးမှုပြဿနာတွေ အမြဲကြုံနေရတဲ့သူတွေအတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးပြီး စိတ်အာရုံတက်ကြွနေဖို့ အရေးကြီးပါတယ်။ခုလို Covid-19 ကြောင့်Gymတွေလည်း ပိတ်၊ အပြင်လည်း မသွားရ၊ တစ်နေကုန် အိမ်မှာပဲ ထိုင်ပြီး အလုပ်လုပ်ရင် လုပ်၊ မလုပ်ရင်လည်း အိပ်ရာပေါ်မှာပဲ လှဲနေတဲ့အခါ လူက လေးလံထိုင်းမှိုင်းပြီး ပျင်းရိလာတတ်ပါတယ်။ စားထားသမျှကလည်းလေ့ကျင့်ခန်း မလုပ်တော့ ကယ်လိုရီတွေ လောင်ကျွမ်းမှု အရမ်းနည်းပြီး အဆီတက်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် အလေးမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်အိပ်ခန်းထဲမှာ လုပ်လို့ ရမယ့် လေ့ကျင့်ခန်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ကျန်းမာတက်ကြွပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသားတိုင်း မဖြစ်မနေလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ဒိုက်ထိုးတဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ရင်အုပ်၊ လက်မောင်း၊ ပုခုံးတွေကို အားသုံးပြီး လုပ်ရတာဖြစ်တယ်။ တခြားဘာပစ္စည်းကိရိယာမှ မလိုဘဲ လုပ်ချင်စိတ်ရှိရုံနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒိုက်ထိုးခြင်းဖြင့် ရင်အုပ်ကို ကျယ်စေတယ်။ ခါးကို မတ်စေတယ်။ လက်မောင်းကြွက်သား တောင့်တင်းသန်မာစေတယ်။အားအင်ပိုမို စိုက်ထုတ်နိုင်စေတယ်။ အလေးအပင်တွေကိုလည်း ကောင်းကောင်း မ နိုင်လာမယ်။ ဒါကြောင့် အမျိုးသားတိုင်း မနက်နိုးလာပြီဆိုရင် ကိုယ်တတ်နိုင်သလောက် အကြိမ်ရေအလိုက် နေ့စဉ် ဒိုက်ထိုးပေးသင့်ပါတယ်။ မနက်ပိုင်း မဟုတ်လည်း ကိုယ်ရေချိုးခါနီးအချိန်လေး၊ ညနေဘက် အစာမစားခင်လေးမှာ လုပ်ပေးနိုင်ပါတယ်။အပြင်ထွက်ပြီးလမ်းလျှောက်မှရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်အိမ်ခန်းလေးထဲမှာပဲ အိမ်ရှေ့နဲ့ နောက်ဖေးကို ၁၀ မိနစ်လောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လို့ ရပါတယ်။ လမ်းလျှောက်ပေးရုံနဲ့ ခေါင်းမကြည်၊ စိတ်ညစ်နေတာတွေကို ပျောက်ကင်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ ပေါင်နဲ့ ခြေသလုံး ကြွက်သားတွေ၊ အကြောတွေ တင်းနေတာကို ပြေလျော့စေတယ်။ လမ်းလျှောက်ရင်း အသက်ကို ပုံမှန်ရှူရှိုက်တဲ့လေ့ကျင့်ခန်းပါ တွဲလုပ်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာက အောက်စီဂျင်လုံလောက်စွာ ရရှိပြီး သွေးလည်ပတ်မှု မြန်စေဖို့ ကူညီပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ ခါးကို မတ်မတ်ထားပြီး အသက်ပုံမှန်ရှူရင်း လျှောက်ပေးမယ်ဆိုရင် ခါးကိုင်းနေတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်မှာပါ။ထိုင်ထပုံမှန် လုပ်ပေးခြင်းဖြင့် ပေါင်နဲ့ ခြေသလုံးတွေ ပိုသန်မာလာစေတယ်။ အလေးအပင်တွေ မတဲ့နေရာမှာလည်း ခါးကို သက်တောင့်သက်သာဖြစ်စေပြီး အားအင်ပိုစိုက်ထုတ်လာနိုင်မယ်။ ဒါ့အပြင် အဓိကအားသာချက်ကတော့တင်ပါးကြွက်သားတွေကိုလည်း သန်လာစေတာပါပဲ။ တင်ပါးကြီးဖို့ဆိုတာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တယ်လို့ ထင်ရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ လိင်မှုကိစ္စ ထမ်းဆောင်ရာမှာ အမျိုးသားတွေအတွက် သက်လုံကောင်းဖို့ လိုအပ်တဲ့အပြင် ကိုယ့်ရဲ့ အဖော်ကိုပါ စိတ်တိုင်းကျစေဖို့၊ အားသွန်ခွန်စိုက် စွမ်းဆောင်ပေးဖို့အတွက်တင်ပါးကြွက်သားက ကူညီပေးနိုင်ပါတယ်။အမျိုးသားတွေရဲ့ ဝမ်းဗိုက်က မလိုအပ်တဲ့ အဆီပိုတွေကို ကျစေတယ်။ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ ဝမ်းဗိုက်ကြွက်သားကိုလည်း ကြံ့ခိုင်စေပါတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေနိုင်တယ်နော်။ အထူးသဖြင့် six packs ဝမ်းဗိုက်ကြွက်သားအတုံးလေးတွေ လိုချင်တယ်ဆိုရင်တော့ အိပ်ထ မတင်ကို တစ်နေ့ အနည်းဆုံး အကြိမ် ၃၀ ခန့် ကိုယ်နိုင်သလောက် လုပ်ပေးသင့်ပါတယ်။ အစာစားချိန်နဲ့တော့ အနည်းဆုံး နာရီဝက် တစ်နာရီခန့် ခြားပေးဖို့တော့ သတိထားပေးပါ။လုပ်ချင်စိတ်တစ်ခုတည်းရှိရုံနဲ့ ဘာအလေးမှ မလိုဘဲ အိမ်မှာ ကိုယ်တိုင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၄ မျိုးကို ပြောပြပေးလိုက်တယ်နော်။ မနက်ပိုင်း နိုးလာတဲ့အချိန် လေ့ကျင့်ခန်းလုပ်ပြီးရင် ချွေးနည်းနည်းတိတ်အောင် စောင့်ပြီးမှ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး မနက်စာစားလိုက်ရုံပဲဆိုတော့ အချိန်လည်း သိပ်ပေးစရာမလိုတော့ပါဘူး။ လေ့ကျင့်ခန်း စတင်လုပ်ဖို့ နောက်ကျသွားတဲ့အချိန်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ကျန်းမာကြံ့ခိုင်ပြီး သာယာလှပတဲ့ ဘဝလေးပိုင်ဆိုင်ရဖို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ကြစို့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%af%e1%80%b6/
ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ
ကလေး တစ်ယောက် ပြုစုပျိုးထောင်ရတာမှာ နို့စို့အရွယ်က သိပ်ပြဿနာမရှိပေမယ့် တခြားအစားအစာတွေ စားတတ်လာပြီဆိုတာနဲ့ အလုပ်က စပါပြီ။ ဘာလေးကျွေးရမလဲ၊ ဘာလေးတွေက ကလေး အတွက်ကောင်းမလဲ၊ ဒါက ကလေးနဲ့ တည့်ပါ့မလား၊ ကလေးကို မကျွေးသင့်တာတွေ ဘာတွေဖြစ်မလဲ ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ မေးခွန်းပေါင်းများစွာနဲ့ မေမေတို့ခေါင်းစားရပါတော့တယ်။လမ်းလျှောက်တတ်စအရွယ်ရောက်တဲ့အထိ ဒီလိုဂရုစိုက်လာခဲ့ပေမယ့်သရေစာတွေ စစားတတ်တဲ့ ဒီအရွယ်မှာ လူကြီးစားသမျှအကုန်မိတ်ဆက်ကျွေးလိုက်လို့တော့ မဖြစ်သေးဘူးနော်။ နောက်တစ်ချက်က စျေးကွက်မှာရှိသမျှ အစားအသောက်တွေ ကလေးကို အကုန်မကျွေးလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ မေမေတို့ သိပ်သတိမထားမိကြတဲ့ အန္တရာယ်တွေရှိနေနိုင်လို့ပါပဲ။ကလေးတို့ရဲ့ကျန်းမာတဲ့ဖွံ့ဖြိုးမှုအတွက် အားပေးမယ့် အစားအသောက်ဖြစ်စေဖို့က ထမင်းအပြင် သရေစာတွေကလည်း သက်ရောက်မှုများပါတယ်။ ကလေးကို ကျွေးတဲ့သရေစာမုန့်နဲ့ သောက်စရာတွေက ဘေးကင်းစိတ်ချရမှုမရှိဘူးဆိုရင် ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် ကလေး အဝလွန်၊ကလေးဆီးချိုစတဲ့ ကြောက်စရာရောဂါတွေအထိ ဖြစ်လာနိုင်ပါတယ်။အားရှိတယ်၊ ဉာဏ်ကောင်းတယ်၊ သွက်လက်ထက်မြက်စေတယ်လို့ အာဟာရဖြည့်စွက်ထားတဲ့ သောက်စရာတွေ မှန်သမျှမှာ အရသာရှိစေဖို့ အချိုဓာတ်လုံလုံလောက်လောက်ပါတယ်ဆိုတာ မေ့မနေစေချင်ပါဘူး။ အာဟာရ ဖြစ်စေချင်ဇောနဲ့ အချိန်တိုင်းပုံမှန်တိုက်နေမယ်ဆို အဝလွန်ခြင်းအန္တရာယ်က ကြောက်ဖို့ကောင်းပါတယ်နော်။ အချိုဓာတ်က လိုတာထက်လွန်ကဲရင် ကလေးအတွက် ဘေးဖြစ်နိုင်ပါတယ်။တိုက်လို့မရတာတော့ မဟုတ်ပေမယ့် မကြာခဏ သို့မဟုတ် များများတိုက်ကျွေးလို့မသင့်ပါဘူး။ သကြားဓာတ်ကများရတဲ့အထဲ အချိုရည်တချို့မှာပါတဲ့ အရောင်ဆိုးဆေးတွေ၊ အနံ့အတု၊ အရသာအတုတွေကြောင့် ဘေးဖြစ်စေနိုင်ပါသေးတယ်။ အသီးဖျော်ရည်ဆိုလည်း ပမာဏကို မလွန်ကဲပါစေနဲ့။ ကိုယ်တိုင်ဖျော်တိုက်ချင်တယ်ဆိုသကြားအချိုထပ်မထည့်ဘဲ ကလေးနှစ်သက်တဲ့ အသီးအနှံတွေကို ထိုက်သင့်တဲ့ပမာဏ ချင့်ချိန်တိုက်ပါ။အသင့်စားခေါက်ဆွဲတွေမှာ ဓာတုပစ္စည်း‌တွေ၊တာရှည်ခံပစ္စည်းတွေ ပါဝင်နေတာ မမေ့ပါနဲ့။ တာရှည်ခံအောင်ပြုပြင်စီမံထားတဲ့ အစားအသောက်တွေနဲ့ အသင့်စား အစားအစာတွေလည်း ရှောင်သင့်တဲ့အထဲမှာပါပါတယ်။သကြားလုံး၊ အချိုရည်၊ အချိုများတဲ့မုန့်တွေက အများကြီးစားလို့မသင့်တော်ပါဘူး။ သွားပိုးစားမယ်၊ အဝလွန်မယ့်အန္တရာယ်တွေ ရှိသလို ချောင်းဆိုးရင်ကျပ်ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုဆိုးတာက အဝလွန်ရာကနေ အမျိုးအစား ၂ ဆီးချိုသွေးချိုဖြစ်နိုင်တဲ့အန္တရာယ်လည်း များစေပါလိမ့်မယ်။ယိုးဒယားအသားကင်တွေ၊ ရယ်ဒီမိတ်အသားလုံးတွေမှာ နိုက်ထရိတ်ပါဝင်မှုမြင့်မားလို့ ကင်ဆာအန္တရာယ် စိုးရိမ်ရပါတယ်။ အသားချောင်း၊ ဟော့ဒေါ့တို့မှာ ဆိုဒီယမ်နဲ့တိရစ္ဆာန်အဆီတွေ ပါဝင်မှုလည်းများတာကြောင့် ကလေးအတွက် အာဟာရကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။ကြက်ကြော်စားမယ်ဆို လူကြီးတွေစားသလို ဆော့စ်လေးနဲ့ တို့ရမှကျေနပ်တာလား။ တစ်ခါတလေးစားတာထက်ကျော်လွန်ပြီး မကြာခဏစားခွင့်ပေးထားတယ်ဆိုရင် အချဉ်ရည်တွေမှာပါတဲ့အရောင်ဆိုးဆေးတွေ၊ တာရှည်ခံပစ္စည်းတွေလို ပါဝင်ပစ္စည်းတချို့က ကလေးတွေအတွက် မသင့်တော်ပါဘူး။ကလေးတွေအတွက် ဓာတ်မတည့်မှုဖြစ်နိုင်တဲ့ စားစရာတွေအများကြီးရှိပါတယ်။ ဥပမာ- ကြက်ဥ၊မြေပဲ၊ ဂျုံ၊ အချဉ်သီးတချို့၊ ပင်လယ်စာ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး။ ကလေးကို အစားအစာတွေ မိတ်ဆက်ကျွေးပြီဆိုရင် သူ့မှာဓါတ်မတည့်တဲ့စားစရာတွေရှိနေသလားဆိုတာ သတိထားမှတ်သားပါ။ပြီးရင် ကလေးနဲ့ဓါတ်မတည့်တဲ့စားစရာတွေကို မပါအောင် သတိထားကျွေးပါ။ ကလေးရဲ့သရေစာမုန့်က ဓာတ်မတည့်တဲ့အရာဖြစ်နေခဲ့ရင် အန္တရာယ်ရှိပါတယ်။ဂက်စ်ပါတဲ့အချိုရည်တွေ၊ အချိုပြင်းတဲ့အချိုရည်တွေက အဝလွန်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေများစေနိုင်ပါတယ်။ ကယ်လိုရီနဲ့ အာဟာရဓာတ်ကင်းမဲ့တဲ့ ဒီအချိုရည်တွေက ကလေးရဲ့နုနယ်တဲ့ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေတာပဲရှိပါလိမ့်မယ်။ ဒီလိုအချိုရည် တစ်ပုလင်းလောက်မှာ သကြား ၆၀ ဂရမ်လောက်ပါဝင်တတ်တာမို့ ကလေးရဲ့တစ်နေ့တာမှာ ရရှိသင့်တဲ့ပမာဏထက် လေးဆကျော် ပိုများနေနိုင်ပါတယ်။အကောင်းဆုံးအကြံပေးချင်တာက ကလေးကို လူကြီးစားသမျှတွေ မကျွေးဖို့ပါပဲ။ ကလေးရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ဒီလိုသရေစာတွေကို လက်မခံနိုင်သေးသလို ဘေးဖြစ်စေနိုင်တဲ့ပါဝင်ပစ္စည်းတွေကြောင့် ကြီးထွားဖွံ့ဖြိုးမှုမှာလည်း ထိခိုက်နိုင်ပါသေးတယ်။ သရေစာမုန့်တွေကိုလည်း အသင့်စားတွေ ဝယ်ကျွေးမယ့်အစား တတ်နိုင်သလောက် အိမ်မှာကိုယ်တိုင်လုပ်ကျွေးတာ ပိုကောင်းပါတယ်။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/snacking-mistakes/
ကိုယ်ဝန်ဆောင်မေမေ ခရမ်းသီး စားလို့ရလား
ကိုယ်ဝန်ရှိပြီဆိုတဲ့ မေမေတိုင်း သူတို့ရဲ့ အချိန်တွေကို ဘာကိုတော့ စားလို့ ရတယ်။ ဘာကိုတော့ စားလို့ မရဘူး ကလေးထိခိုက်မှာစိုးလို့ဆိုပြီး မှတ်ရတာ၊ လူကြီးသူမတွေရဲ့ စကားတွေကို နားထောင်ရင်း ကုန်ဆုံးကြတာ များပါတယ်။ ဥပမာကိုယ်ဝန်ဆောင်နေချိန်မှာ အယ်လ်ကိုဟော ပါတာတွေ မသောက်ရဘူး။ ပြဒါးများတဲ့ ငါးနဲ့ ပင်လယ်စာတွေ မစားရဘူး။ သေချာကျက်အောင် မချက်ထားတဲ့ အသားတွေ မစားဘူး စသဖြင့်ပေါ့။ ဒီလို မစားရတဲ့အထဲမှာ ဘာတွေပါသေးလဲ။ ခရမ်းသီး ကိုရော ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့ရလားဆိုပြီး သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ခရမ်းသီး ဆိုတာက ခရမ်းရောင်ရှိတဲ့ အသီးတစ်မျိုးပါ။ အခွံက ခရမ်းရောင် ရှိပြီး အတွင်းသားက အဖြူရောင် ခပ်ပွပွလေးပါ။ အူတိုင်မှာ အစေ့လေးတွေပါပါတယ်။ ရှည်မြောမြောလေးတွေ ရှိသလို ပုလုံးလုံးလေးတွေလည်း ရှိပါတယ်။ခရမ်းသီးမှာ။ခရမ်းသီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာမိခင်ကို ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးပြီး ကလေးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးတာကို သက်သာစေဖို့ဆိုရင် ခရမ်းသီး စားပေးလို့ ရပါတယ်။ အကြောင်းကတော့ ခရမ်းသီးမှာ သီရာမင်း၊ ဘိုင်အိုဖလေဗာနွိုက်၊ ရီဗိုဖလာဗင်တို့ ပါဝင်နေတာကြောင့် သွေးပေါင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ခရမ်းသီးမှာ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် B အုပ်စုတွေ နဲ့ နီကာဆင်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဗိုက်ထဲက ရင်သွေးလေးကို ကြီးထွားစေဖို့ ထောက်ကူပေးပါတယ်။ခရမ်းသီးမှာ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး အကျိုးပြုတဲ့ ကိုလက်စထရောတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ခရမ်းသီးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အူတွေကို လှုပ်ရှားမှု ကောင်းစေပြီးကိုယ်ဝန်ဆောင် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။သွေးနီဥဆဲလ်တွေက သန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အာရုံကြောဆဲလ်တွေ၊ ဦးနှောက်ဆဲလ်တွေ၊ ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မိခင်ရော ကလေးအတွက်ပါ လုံလောက်တဲ့ သံဓာတ်ကို ဖြည့်ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ဝန်ဆောင်ဆီးချိုက အဖြစ်များပါတယ်။ ခရမ်းသီးက အမျှင်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး ကိုယ်ဝန်ဆောင်ဆီးချိုကို ကာကွယ်ချင်တယ်ဆိုရင် ခရမ်းသီး စားပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnant-mom-can-eat-eggplant/
ဒူးနာသက်သာစေမယ့် အိမ်တွင်းဆေးဆရာ (၅) ဦး
ဒူးနာတယ်ဆိုတာ တစ်ကြိမ်တစ်ခါဖြစ်ပြီး ပျောက်သွားတတ်တဲ့အရာမဟုတ်။ ခုသက်သာသွားလည်း အခန့်မသင့်တိုင်းပြန်ပြန်ဖြစ်တတ်တဲ့ ဒဏ်ပါ။ လမ်းလျှောက်ရင်းနဲ့၊လှေကားတက်ဆင်းရင်းနဲ့၊ အထိုင်အထလုပ်ရင်းနဲ့ မျက်ခနဲဖြစ်ပြီဆို သွားပြီလေ။ ဒူးနာရတဲ့အကြောင်းရင်းတွေက အဆစ်နာရောဂါလား၊ ထိခိုက်မှုရှိလို့လား၊ အရိုးပွနေတာလားအမျိုးမျိုးရှိနိုင်တယ်။ ဒူးအဆစ်ထဲမှာ ပြဿနာရှိနေတာလား၊ အရွတ်တွေထိထားတာလားဆိုတာ စစ်ဆေးကုသမှုလုပ်ပြီးမှ သိနိုင်မှာပါ။ဆရာဝန်နဲ့ ကုပြီးပြီပဲထားပါဦး၊ သက်သာပြီးနောက်ပိုင်း တော်ရုံနည်းနည်းနာတာလောက်တော့ ခဏခဏဆေးခန်းမပြေးနိုင်ကြဘူးမဟုတ်လား။ အချိန်လည်းပေးရမယ်၊ ငွေလည်းရှိရမယ်၊ အတူလိုက်ပို့ပေးမယ့်သူလည်းရှိရမယ် ဆိုတော့ ဒဏ်ကြေဆေးနဲ့ ပလာစတာပဲ အားကိုးကြရတာပဲ။ ဒီလိုအချိန်မှာ အပြင်ကဝယ်စရာမလိုဘဲ အိမ်မှာရှိတတ်တဲ့ပစ္စည်းတွေနဲ့ပဲ သဘာဝနည်းနဲ့ ကုသနိုင်မယ်ဆို ပိုအဆင်ပြေနိုင်မလား။ ဒူးနာသက်သာစေမယ့် အိမ်တွင်းဆေးဆရာတွေကို မိတ်ဆက်ပေးလိုက်ပါမယ်။ဒီသုံးမျိုးရောစပ်ထားတဲ့ မနက်စာမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့ပါဝင်တဲ့အပြင် နာနတ်သီးမှာရောင်ရမ်းမှုလျော့ကျစေတဲ့ bromelainဒြပ်ပေါင်းပါဝင်လို့ နာကျင်တာ၊ ရောင်ရမ်းတာတွေသက်သာစေနိုင်ပါတယ်။ကွေကာကြမ်း(အုတ်ဂျုံ)ကို ကျိုပြီးရေတစ်ခွက်၊ လိမ္မော်ရည်တစ်ခွက်၊ အတုံးသေးတုံးထားတဲ့ နာနတ်သီး ပန်းကန်လုံးသုံးလုံးစာ၊ သစ်ကြံပိုးခေါက်အမှုန့်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း လိုအပ်ပါတယ်။ အုတ်ဂျုံကလွဲပြီး ကျန်တာအကုန် blender နဲ့ကြိတ်ချေပါ။ ပြီးမှ အုတ်ဂျုံကို နည်းနည်းချင်းထည့်ထည့်ပြီး ပျစ်နှစ်လာတဲ့အထိ ဆက်ကြိတ်ပါ။ချင်းမှာ gingerol ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်လို့ ရောင်ရမ်းခြင်းနဲ့ ကြွက်သားနာကျင်ခြင်းကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီအာနိသင်အတွက် သူ့ကို စားလည်းရ၊ လိမ်းလည်းရပါတယ်။ ချင်းက အစိုပဲဖြစ်ဖြစ်၊ အခြောက်ခံထားတဲ့အမှုန့်ဖြစ်ဖြစ် အာနိသင်ရှိတာကြောင့် ဘယ်အစားအစာမှာဖြစ်ဖြစ် အမှုန့်လေးထည့်စားလည်းရတယ်။ ဒူးနာနေတုန်း ဆက်တိုက်သောက်ပေးလို့ အဆင်ပြေတာကတော့ ချင်းရေနွေးကြမ်းပါပဲ။ နုတ်နုတ်စဉ်းထားတဲ့ ချင်းနှစ်ဇွန်းစာကိုရေနွေးထဲထည့်တည်ပါ(ဆယ်မိနစ်လောက်)၊ပြီးရင် အဖတ်တွေစစ်ထုတ်ပစ်ပါ။ ချင်းရေနွေးထဲကို ပျားရည်ထည့်၊ ကြိုက်တတ်ရင် သံပရာရည်ညှစ်ပြီးနေ့တိုင်းသောက်လို့ရပါတယ်။ ချင်းကဆေးဖက်ဝင်တဲ့ တခြားအာနိသင်တွေလည်းရှိလို့ ဘေးမရှိနိုင်ပါဘူး။နှမ်းဆီကို တရုတ်နဲ့ အိန္ဒိယတိုင်းရင်းဆေးမှာ ကျန်းမာရေးပြဿနာအတော်များများအတွက် သုံးကြပါတယ်။ နှမ်းဆီက ကြွက်သားနာကျင်တာ၊ အရိုးအဆစ်နာ၊ ထိခိုက်နာကျင်တာတွေအတွက် သက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့အခါ နှမ်းဆီလိမ်းလို့ရတယ်။ ဆီကိုနွေးနွေးလေးအပူပေးပြီး လိမ်းရင် ပိုကောင်းပါတယ်။နောက်တစ်ခုက အတည်ပြုထားတဲ့ သိပ္ပံလေ့လာမှုမရှိသေးပေမယ့် နှမ်းဆီကို သံပရာသီးနဲ့ရောလိမ်းရင် ပိုသက်သာတယ်လို့တချို့က ယုံကြည်ပါတယ်။ ဘယ်လိုလဲဆိုတော့သံပရာသီးကို လှီး၊ စိတ်ပြီး နှမ်းဆီထဲနှစ်၊ သံပရာစိတ်ကိုကိုင်ပြီး ဒူးမှာပွတ်လိမ်းရတာပါ။ သံပရာစိတ်နဲ့ နှိပ်နယ်တာပေါ့။ဟင်းချက်တိုင်း အမြဲပါလေ့ရှိတဲ့ နနွင်းက အနာကျက်စေနိုင်တာကိုတော့ သိကြပါတယ်။ သူ့မှာ အကိုက်အခဲပျောက်ဆေးအာနိသင်ပါနေတာက ibuprofenနဲ့ တန်းတူလောက်ရှိတယ်လို့ လေ့လာမှုတွေကပြောပါတယ်။ curcuminဒြပ်ပေါင်းပါဝင်မှုများလို့ အကိုက်အခဲပျောက်၊ အရောင်ကျစေတဲ့ အာနိသင်တွေရှိနေတာဖြစ်ပါတယ်။နနွင်းကို ပုံမှန်စားသုံးပေးရင် အရိုးပွရောဂါ၊ လေးဖက်နာရောဂါဖြစ်နိုင်ခြေနည်းစေတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့်ပဲ ဟိုးယခင်တည်းက မြန်မာ့ရိုးရာမှာ နနွင်းနဲ့ ဆားမီးဖုတ်၊ လက်ဖက်ခြောက်ကို အချိုးညီညီရောစပ်ထားတဲ့ နနွင်းဆေးကို ပုံမှန်သောက်ခိုင်းကြတာဖြစ်ပါလိမ့်မယ်။ ဒူးနာတဲ့အချိန် နနွင်းရေနွေးကြမ်းဖြစ်ဖြစ် နနွင်းဆေးဖြစ်ဖြစ်သောက်ပေးလို့ရပါတယ်။မုန်ညင်းဆီကို သံလွင်ဆီနည်းနည်းရောပြီးဖြစ်ဖြစ် သူ့ချည်းပဲဖြစ်ဖြစ် ဒူးမှာလိမ်းပေးရင် ဒူးနာသက်သာစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီး အရောင်ကျစေတယ်၊ နာကျင်မှုလည်းလျော့စေတယ်။ နောက်တစ်နည်းက မုန်ညင်းဆီထဲ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူထည့်ပြီး မီးပျော့ပျော့နဲ့ ၁၀ မိနစ်လောက်အပူပေးပါ။ အဲဒီဆီကို အအေးခံပြီး နှိပ်နယ်လိမ်းပါ။ allicinဒြပ်ပေါင်းပါဝင်မှုကြောင့် ကြက်သွန်ကလည်း အရောင်ကျစေနိုင်စွမ်းရှိပါတယ်။ဒီနည်းလေးတွေက ကုသမှုနေရာမှာ အစားထိုးဖို့တော့မဟုတ်ဘူးနော်။ ဒူးနာတာကို မကုသဘဲထားတာကြာရင်၊ ကြိတ်ခံစားတာကြာရင် အရိုး၊အဆစ်၊အရွတ်၊ကြွက်သားတို့မှာ မလိုအပ်ဘဲနောက်ဆက်တွဲပြဿနာတွေဖြစ်လာရတာမကောင်းပါဘူး။ဖြစ်နိုင်ရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။ အပေါ်မှာပြောခဲ့သလို အနည်းအကျဉ်းနာကျင်တာမို့၊ ဆေးခန်းမသွားဖြစ်လို့၊ အခြေအနေမပေးလို့၊ ဒဏ်ကြေဆေးတွေမလိမ်းချင်လို့ စတဲ့အနေအထားတွေမှာသာ ဒီသဘာဝနည်းလေးတွေကို စမ်းကြည့်ပါ။ဘေးဥပါဒ်ဖြစ်စရာမပါတဲ့ အိမ်သုံးပစ္စည်းတွေနဲ့မို့ ဝေဒနာသက်သာ၊ စရိတ်သက်သာစေဖို့ အကြံပြုလိုက်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%90%e1%80%bd/
null
null
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%ad%e1%80%af-%e1%80%a1%e1%80%bb%e1%80%99%e1%80%b2%e1%81%be%e1%80%80%e1%80%b6%e1%80%b3%e1%80%9b%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%9b/
null
null
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%92%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%81%be%e1%80%80%e1%80%ad%e1%80%99/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/what-will-happen-when-pregnant-mom-eating-too-much-salt/
လှပသောနှုတ်ခမ်းများကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသမီးအများစုအတွက် နှုတ်ခမ်းလေးတွေဟာ အလွန်အရေးကြီးပြီး မျက်နှာရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင်သန်းပြီး ပျော့ပြောင်းနေစေဖို့ နည်းလမ်းလေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။လူတိုင်း တစ်နေ့ကို ရေနှစ်လီတာလောက် သောက်ဖို့ လိုအပ်ပါတယ်။ ရေအလုံအလောက်သောက်ခြင်းဟာ တစ်နေ့တာလုံး လန်းဆန်းနေရုံသာမက နှုတ်ခမ်းနဲ့ အသားအရေ အတွက်လည်း ရေဓါတ်ဖြည့်တင်းပေးပါတယ်။နှုတ်ခမ်းခြောက်လာရင် လူတွေဟာ သူတို့ရဲ့ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်ကြပါတယ်။ ဒါဟာ နှုတ်ခမ်းသားပျော့ပြောင်းစေဖို့အတွက် အကျိုးမရှိတဲ့အပြင် နှုတ်ခမ်းသားကို ကာကွယ်ပေးတဲ့ အလွှာတစ်လွှာကို ပျက်စီးစေပြီး ခြောက်သွေ့စေတယ်လို့ Robert Brodell က ပြောပါတယ်။ ဒီလိုလုပ်မယ့်အစား နှုတ်ခမ်းအဆီ အသုံးပြုခြင်းနဲ့ ရေလုံလောက်စွာ သောက်ခြင်းဟာ နှုတ်ခမ်းကို လျက်စရာမလိုပဲ နှုတ်ခမ်းသား နူးညံ့စေနိုင်ပါတယ်။လူအချို့မှာ ဒီအကျင့်မရှိပေမယ့် ချေးချွတ်ခြင်းကို တစ်ပတ်တစ်ခါ ပြုလုပ်သင့်ပါတယ်။ ချေးချွတ်ဆေးတွေကို စတိုးဆိုင်တွေကနေ ဝယ်ယူရရှိနိုင်ပြီး ကိုယ်တိုင်လည်း ပြုလုပ်နိုင်ကာ သူတို့အကုန်လုံးဟာ အကျိုးရှိ ပါတယ်။ နှုတ်ခမ်းအရေပြားဟာ မျက်နှာအရေပြားလိုပါပဲ။ ချေးချွတ်ခြင်းဟာ နှုတ်ခမ်းအရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပစ်ပြီး နှုတ်ခမ်းတွေကို ပျော့ပြောင်းချောမွေ့လာစေပါတယ်။လူအများစုဟာ အရေပြားအတွက် နေလောင်ခံခရင်မ်တွေကို လိမ်းကြပေမယ့် အချို့ကတော့ နှုတ်ခမ်းကို နေပူဒဏ်က ကာကွယ်ဖို့ မေ့လျော့နေလေ့ရှိပါတယ်။ နှုတ်ခမ်းအတွက်ကိုတော့ နေလောင်ခံခရင်မ်ကို အသုံးမပြုသင့်ပဲ SPF ပါတဲ့ lip balm (နှုတ်ခမ်းအဆီ) ကို အသုံးပြုခြင်းဟာ နှုတ်ခမ်းကို ကာကွယ်ပေးနိုင်ပါတယ်။ သူတို့တွေထဲက အချို့ကတော့ Dior Addict Lip Glow နဲ့ Givenchy lip balm တို့ပဲ ဖြစ်ကြပါတယ်။ခြောက်တဲ့ နှုတ်ခမ်းနီတွေဟာ ချစ်စရာကောင်းပြီး လှပတာကြောင့် အမျိုးသမီးတွေဟာ အထူးပွဲတွေအတွက် သူတို့ကို အမြဲသုံးစွဲလေ့ရှိပါတယ်။ ဒါပေမယ့် နှုတ်ခမ်းနီ အခြောက်တွေဟာ အလွန်ခြောက်သွေ့ပါတယ်။ ဒီနှုတ်ခမ်းနီတွေ အသုံးပြုတဲ့ အခါ နှုတ်ခမ်းကို ဘယ်လိုကာကွယ်ရမလဲ။ lip balm (နှုတ်ခမ်းနီအဆီ) တွေကို အသုံးပြုသင့်ပါတယ်။ နှုတ်ခမ်းနီ မဆိုးခင်မှာ ဓါတုပစ္စည်းတွေကနေ ကာကွယ်ဖို့ lip balm (နှုတ်ခမ်းနီအဆီ) ကို အရင်ဆိုး သင့်ပါတယ်။နောက်ဆုံးကတော့ တစ်နေ့တာရဲ့အဆုံးမှာ နှုတ်ခမ်းနီတွေကို ဖျက်ပေးဖို့ သတိရသင့်ပါတယ်။ အမျိုးသမီး အများစုဟာ နှုတ်ခမ်းနီကို နေ့စဉ် အသုံးပြုကြပြီး ပြန်ဖျက်ဖို့ကျတော့ မေ့တတ်ကြပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံဆီ အစရှိတာတွေကို မိတ်ကပ်ဖျက်ဖို့ ရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ နှုတ်ခမ်းကို ကာကွယ်ပေးရုံသာမက ရေဓါတ်ဖြည့်တင်း ပေးနိုင်ပါတယ်။သင်ဟာ အမျိုးသမီးတစ်ဦးဆိုရင် လှပတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေဖို့ အထက်ပါအချက်တွေကို သိထားသင့်ပါတယ်။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%9c%e1%80%bd%e1%80%95%e1%80%b1%e1%80%9e%e1%80%ac%e1%82%8f%e1%82%88%e1%80%90%e1%80%b9%e1%80%81%e1%80%99%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95/
အားကစားလုပ်တော့မယ်ဆိုရင် အားကစားသုံးဘရာစီယာ (Sport bra) ကို မဖြစ်မနေ ဝတ်ပါ။
ကျွန်မတို့အမျိုးသမီးတွေဟာ အားကစားသုံးဘရာစီယာ (Sport bra) ကို ဝယ်ဖို့လက် တွန့်နေတတ်ကြပါတယ်။ နံပါတ်(၁)အချက်ကတော့ ဈေးကြီးလို့ပါ။ နံပါတ်(၂)ကတော့ အားကစားသုံးဘရာစီယာ (Sport bra) တွေကို မရှိမဖြစ် အသုံးလိုတဲ့ပစ္စည်းအနေနဲ့ မသတ်မှတ်ထားလို့ပါ။ မည်သို့ပင်ဆိုစေကာမူ ဘယ်လို အလုပ်မျိုးကို လုပ်တော့မယ်ဖြစ်စေ သီးသန့်ပစ္စည်းဆိုတာ ရှိပါတယ်။ ဆိုလိုရင်းကတော့ အားကစား လုပ်တော့မယ်ဆိုရင် သူ့အတွက်သီးသန့်ထုတ်ထားတဲ့ Sport Bra လိုအရာမျိုးတွေ၊ Shoe မျိုးတွေကို သာ ဝတ်ဆင်အသုံးပြုသင့်ပါတယ်။ အကြီးမားဆုံးမေးခွန်းကတော့Gym ဆော့တဲ့အခါSport bra ကို မဖြစ်မနေ ဝတ်ဆင်သင့်သလားဆိုတာပါပဲ။ဒီဆောင်းပါးလေးမှာတော့ အောက်ပါမေးခွန်းလေးတွေကို ဖြေထားပါတယ်။(၁)   အမျိုးသမီးတွေဟာ Sport bra မပါဘဲ ဘာလို့အားကစားလုပ်ကြသလဲ။(၂)   Sport Bra မဝတ်ဘဲ Gymဆော့မိတဲ့အခါ ဘာတွေဖြစ်မှာလဲ။(၃)   အားကစားလုပ်နေချိန်အတွင်းမှာ ပုံမှန်ဘော်လီ (ဘရာစီယာ)ကို ဝတ်လို့ရသလား။(၄)   Sport Bra တစ်ခုမှာ ဘယ်လိုအရည်အသွေးတွေနဲ့ ပြည့်စုံသင့်သလဲ။(၅)   Sport Bra အစား ဘာတွေအသုံးပြုလို့ ရနိုင်မလဲ။(၁) Sport Braမဝတ်ဆင်ဘဲအားကစားလုပ်ရခြင်း။Sport Bra မဝတ်ဆင်ဘဲ အားကစားလုပ်တာဟာ သိပ်မထူးဆန်းတော့ပါဘူး။(၂)Sport Braမဝတ်ဘဲလေ့ကျင့်ခန်းလုပ်တဲ့အခါဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ။Bra မဝတ်ဘဲ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရင်သားကို အကြီးအကျယ်ပုံပျက်စေနိုင်ပါတယ်။ ရင်သားဆိုတာ ပြင်ပအင်္ဂါတစ်ခုပါ။ အရေပြားနဲ့ နူးညံ့လှတဲ့အရွတ်တွေနဲ့သာ ခန္ဓာကိုယ်ကို တွယ်ဆက်ထားတာပါ။ ရင်သားရဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အရာတွေကတော့ အဆီတစ်ရှူးတွေနဲ့ အရည်တွေပါ။ခန္ဓာကိုယ်ကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်ခြင်း၊ ခုန်ပေါက်ခြင်းကြောင့် ရင်သားဟာ ခန္ဓာကိုယ်နဲ့ထပ်တူ လိုက်လံလှုပ်ရှားပေးရပါတယ်။ လေ့ကျင့်ခန်းလုပ်အပြီးမှာတော့ ရင်သားထဲက နာကျင်မှုတွေ၊ မအီမသာဖြစ်မှုတွေကို ခံစားရမှာပါ။ ဒီလိုနာကျင်မှုတွေဟာ ပုခုံးနဲ့ကျောရိုးပေါ်ပိုင်းအထိလည်း သက်ရောက်နိုင်ပါတယ်။ထပ်ခါထပ်ခါ Sport Bra မပါဘဲ ပြုလုပ်တဲ့အခါ ရင်သားဟာ ဆွဲဆန့်သွားပြီး သာမန်ပုံစံကို ပြန်မရနိုင်တော့ပါဘူး။ နောက်ပိုင်းမှာတော့ ရင်သားဟာ အိကျ (လျော့ကျပြီး)အကြောပြတ်ရာတွေ ပေါ်လာနိုင်ပါတယ်။(၃) Gymဆော့နေစဉ်မှာပုံမှန်(သာမန်)Braဝတ်လို့ရလား။ပုံမှန်ဝတ်ဆင်နေကျ ဘော်လီ (Bra)တွေဟာ ရင်သားအတွက် ကမ္ဘာမြေကြီးရဲ့ဆွဲအားကို ဆန့်ကျင်ပေးကာ ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေပါတယ်။ ခုန်မနေရင်တော့ ဒါဟာအဆင်ပြေမှာပါ။ ဒါပေမယ့် ပြေးခြင်း၊ ခုန်ခြင်းလို စွမ်းအင်များစွာသုံးရတဲ့ကိုယ်လက်လှုပ်ရှားမှုမျိုးမှာ ဆိုရင်တော့ သာမန် Bra နဲ့ မလုံလောက်တော့ပါဘူး။သုတေသနတွေအရ အားကစားတွေမှာ သင့်ရဲ့စွမ်းဆောင်ရည်ဟာ ဝတ်ဆင်ထားတဲ့ Bra တွေနဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ သာမန် Bra တွေနဲ့ Gym ဆော့တဲ့အခါ စိတ်ဓာတ် တက်ကြွမှုလည်း မရှိနိုင်တော့ပါဘူး။ ဒါဆိုရင်တော့ ခဏခဏပျက်ကွက်လာပါလိမ့်မယ်။ ဒီထက်ဆိုး လာရင်တော့ Gym ကို ဆက်မဆော့ကြတော့တဲ့အထိတောင် ဖြစ်လာနိုင်ပါတယ်။(၄) ဘယ်လိုSport Braမျိုးကိုရွေးချယ်သင့်သလဲ။ရင်သားရဲ့ အရွယ်အစားနဲ့ လုပ်မယ့်လေ့ကျင့်ခန်းအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ Sport Bra နှစ်မျိုးနှစ်စားရှိပါတယ်။Compression Sport bra (ဖိသိပ်ထားမယ့် Bra) – ဒီ Bra ကတော့ ရင်သားကို ဖိအားပေးထားမှာပါ။ ရင်သားသေးတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ရင်သား အလယ်အလတ် အရွယ်အစားရှိတဲ့ အမျိုးသမီးတွေလည်း အသုံးပြုနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ အတွက်ပါ။Encapsulated sport bras: (အုပ်မိုးထားမယ့် Bra) – ဒါကတော့ ပုံမှန် Bra တွေအတိုင်း ရင်သားကို ထိန်းပေးထားနိုင်တဲ့ bra ပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာ ရင်သားရဲ့လှုပ်ရှားမှုကို ဟန့်တားရာမှာ ပိုမိုထိရောက်ပါတယ်။Sport Bra ကုမ္ပဏီတော်တော်များများဟာ အပေါ်မှာဖော်ပြထားတဲ့ Bra အမျိုးအစားနှစ်မျိုးလုံးကို ရောနှောပြီး ထုတ်တတ်ကြပါတယ်။ ဒါဟာပိုကောင်းပါတယ်။လေ့ကျင့်ခန်းရဲ့ပြင်းအားပေါ်မူတည်ပြီးလည်းအမျိုးအစားကွဲပြားစွာထုတ်လုပ်ထားကြတာရှိ ပါတယ်။ Low impact (ပြင်းအားနည်း)၊ Medium impact (ပြင်းအား အလယ်အလတ်)နဲ့ high impact (ပြင်အား များ)တဲ့ လေ့ကျင့်ခန်းဆိုပြီး ခွဲခြားထားကြပါတယ်။(၅) Sport Braအစားသုံးလို့ရတာမျိုး ရှိသလား။Sport Bra ကို ဝတ်ဆင်ခြင်းသည်သာ အကောင်းဆုံးပါ။ ဒါပေမဲ့ သင်နေထိုင်ရာဒေသမှာ Sport Bra ကိုဝယ်လို့ မရနိုင်ရင်တော့ ဒါတွေသုံးနိုင်ပါတယ်။Sport Bra ဝယ်ယူဖို့ ခက်ခဲတော့မှသာ ဖော်ပြပါ Bra တွေကို သုံးစွဲသင့်ပါတယ်။ Sport Bra ရနိုင်ရင်တော့ Sport Bra ပဲဝတ်ပါ။အပြေးသမားတစ်ယောက်ဟာအားကစားဖိနပ်တစ်စုံမရှိဘဲ ဘယ်လိုမှကောင်းကောင်း မပြေးနိုင်ပါဘူး။ ဖိနပ်ဟာ အသက်တမျှအရေးကြီးပါတယ်။ဒီလိုပါပဲ။ အမျိုးသမီးတွေဟာ လေ့ကျင့်ခန်းလုပ်ရာမှာ Sport Bra ကို မရှိမဖြစ် မလိုအပ်ဘူးလို့ ထင်နေကြပါတယ်။ ဒါဟာဆိုးရွားလှတဲ့ အမှားကြီးပါ။ ခန္ဓာကိုယ်လှပဖို့ ကြိုးစားနေသူ အမျိုးသမီး တစ်ယောက်အတွက် Sport Bra ဟာ မရှိမဖြစ်ပါပဲနော်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/sport-bra/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9-%e1%81%82%e1%81%80%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9-%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9/
null
null
allergies
allergies
https://hellosayarwon.com/allergies/food-allergies/how-to-know-your-allergic-food/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/dangerous-kitchenware-in-your-home/
မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဝါသနာကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ
ကလေးဆိုတဲ့အရွယ်ကို အရာရာကို စူးစမ်းလေ့လာချင်စိတ်ရှိပြီး အတုမြင်အတတ်သင်ကြမယ့် အရွယ်ကောင်းတစ်ခုပါပဲ။ ပြောရမယ်ဆိုရင် လူကြီးတစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင်လျှောက်လှမ်းဖို့ ပထမဆုံး ခြေလှမ်းစတင်ရမယ့် အရွယ်ပဲပေါ့။ ဒီတော့မိဘတွေအနေနဲ့ ကိုယ့်ကလေးမှာ ဘယ်လိုဝါသနာတွေ ရှိလဲ၊ ဘယ်လိုနေရာမှာ ထက်မြက်လဲ၊ သူတို့လေးတွေရဲ့ အရည်အချင်းကို ဘယ်လိုသွေးပေးရမလဲဆိုတာ သိမှပဲ ကလေးရဲ့ ကောင်းမွန်စွာ ကြီးပြင်းလာနိုင်မှုမှာ အထောက်အကူဖြစ်မှာပါ။ကလေးတစ်ယောက် ကိုယ်သဘောကျတာကို လုပ်နေရတဲ့အချိန်ဟာ သူတို့လေးတွေအတွက်တော့ ပျော်စရာအကောင်းဆုံးအချိန်ပါပဲ။ ဒါ့အပြင် ဝါသနာဆိုတာ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သလို ကိုယ်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူချင်စိတ် ရှိစေတယ်။ ကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာနိုင်သလို သူတို့တွေ ကြိုးစားရင် ဘာမဆိုဖြစ်အောင် လုပ်နိုင်တဲ့စိတ်ကို ပုံသွင်းပေးတယ်။ ဒီတော့ အောင်မြင်ထက်မြက်တဲ့ အနာဂတ်တစ်ခုဆီသို့ အရောက်ပို့ဆောင်ပေးနိုင်တဲ့ ခြေလှမ်းဆိုလည်း မမှားလောက်ပါဘူးနော်။မိဘတွေအများစုက ဒီဘက်ခေတ်မှာ ကလေးရဲ့ ပညာသင်ကြားမှုအပိုင်းမှာပဲ အာရုံစိုက်တတ်ကြပြီး ကျန်တဲ့ကိစ္စတွေကို မေ့လျော့ထားတတ်ကြပါတယ်။ စာချည်းပဲ လုပ်နေရတဲ့ ကလေးတစ်ယောက်ဟာပျော်ရွှင်မှု၊ ကလေးတွေမှာ ရှိသင့်တဲ့ လွတ်လပ်မှုတွေလည်း ပျောက်ဆုံးသွားမှာ ဖြစ်သလိုတီထွင်ဖန်တီးနိုင်စွမ်းတွေလည်း ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ပညာရေးကိုလည်း အလေးထားသင့်သလို ကိုယ့်ကလေးရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးနဲ့ အနာဂတ်အတွက် သင့်တော်တဲ့ ဝါသနာတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ မြေတောင်မြှောက်ပေးတာတွေ လုပ်သင့်ပါတယ်။ ဒါဆို အရင်ဆုံး ဘယ်ကနေစလုပ်မလဲဆိုရင်။၁။ ကိုယ့်ကလေးက ဘာကိုဝါသနာပါလဲဆိုတာ အရင်ဆန်းစစ်လေ့လာဖို့ လိုပါတယ်။ ဥပမာ – အားကစားလုပ်ရတာ ဝါသနာပါတာလား၊ ဂီတ၊ ပန်းချီ၊ အနုပညာဘက်လား၊ သိပ္ပံပညာကို စိတ်ဝင်စားလား အစရှိသဖြင့်ပေါ့။၂။ အမြဲတမ်း ကလေးနဲ့ စကားပြောနေပါ။ ကလေးနဲ့ မိဘကြားမှာ လွတ်လွတ်လပ်လပ် ရင်ဖွင့်လို့ရတဲ့ ဆက်သွယ်မှုတစ်ခု ရှိနေပါစေ။၃။ ကလေးက ဝါသနာပါတာ မရှိဘူး ဒါမှမဟုတ် ဘာကို ဝါသနာပါလဲဆိုတာ မသိရင် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ အကြိုက်၊ ပုံစံ၊ စိတ်နေသဘောထားနဲ့ ကိုက်ညီမယ်ထင်တာတွေကို အစမ်းလုပ်ကြည့်ခိုင်းတာ၊အိမ်အလုပ်တွေကို ဝိုင်းကူလုပ်ခိုင်းကြည့်တာ၊ ဟင်းချက်တဲ့အချိန် ဘေးနားကနေ ဝိုင်းကူတာ၊ နေရာဒေသ အသစ်တွေကို အလည်အပတ်အဖြစ် ခေါ်သွားတာ၊အားကစားလေ့ကျင့်တာမျိုးတွေ လုပ်ခိုင်းကြည့်ပါ။ ကလေးဆိုတဲ့အရွယ်က အရာရာကို သင်ယူလိုစိတ် ပြင်းထန်တတ်တဲ့အတွက် သူတို့လေးတွေ ကြိုက်မယ့်ဝါသနာတစ်ခုကို အချိန်တိုအတွင်း ရှာတွေ့မှာပါ။၄။ ကလေးတစ်ယောက်က သူဘာတွေ ဝါသနာပါလဲဆိုတာ ပြောပြတဲ့အခါ အကောင်းဘက်က တွေးပြီး လက်ခံပါ။ မှားတယ်၊ မှန်တယ်၊ ကောင်းတယ်၊ ဆိုးတယ်ဆိုပြီး ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ကလေးကို လုပ်ချင်တာလုပ်ခွင့်ပေးထားလိုက်ပါ။၅။ ဝါသနာဆိုတာ ကလေးတွေရဲ့ စိတ်ကိုပျော်ရွှင်စေဖို့အတွက် အားလပ်ချိန်တွေမှာ လုပ်သင့်တဲ့အရာတစ်ခုပါ။ ဒီအတွက် ကလေးက အရမ်းတော်နေစရာမလိုပါဘူး။ ဥပမာပြောရရင် ကိုယ့်ကလေးက ပန်းချီဆွဲရတာ ဝါသနာပါတယ်၊ ဒါပေမယ့် သူဆွဲနေတဲ့ပုံက သိပ်ကြည့်လို့အဆင်မပြေဘူး၊ ဆွဲထားတာ သိပ်မလှဘူးဆိုပါစို့။ ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ အပြစ်တင်တာ၊ ဝေဖန်တာ၊ အမှားထောက်ပြလိုက်တာ၊ တခြားသူနဲ့ နှိုင်းယှဉ်လိုက်တာမျိုး လုံးဝမလုပ်သင့်ဘူးဆိုတာ သိထားပါ။ဒီအပြုအမူက ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ သူမလုပ်နိုင်ဘူးဆိုတဲ့ အတွေးမှားတွေကို ရိုက်သွင်းပေးလိုက်တာနဲ့ အတူတူပါပဲ။ အဲ့ဒီအစား ကလေးကို အားပေးပါ၊ ချီးမွမ်းပါ၊ ထပ်ပြီးကြိုးစားဖို့ကိုလည်း မှာပါ၊ ကလေးက ဘာပဲလုပ်လုပ် မိဘတွေအနေနဲ့ အမြဲတမ်း အနောက်ကနေ ပံ့ပိုးပေးနေမယ်ဆိုတဲ့အကြောင်းကို ကလေးရဲ့ရင်ထဲ စွဲနေအောင် ပြောပြပေးပါ။၆။ ကလေးတစ်ယောက်ရဲ့ဝါသနာဘာလဲဆိုတာ သိပြီးရင် မိဘတွေအနေနဲ့ ဒီဝါသနာနဲ့ပတ်သက်ပြီး လေ့လာရှာဖွေတာတွေ၊ ဝါသနာကို မြှင့်တင်ပေးနိုင်မယ့် အထောက်အကူပစ္စည်းတွေ ဝယ်ပေးတာ၊ သူတို့ရဲ့ ဝါသနာနဲ့ သက်ဆိုင်နေတဲ့ နယ်ပယ်တစ်ခုမှာ အောင်မြင်နေသူတွေရဲ့ အကြောင်း ကလေးကို ပြောပြတာမျိုး လုပ်ပေးလို့ရပါတယ်။၇။ ဝါသနာတစ်ခု ရွေးချယ်ရာမှာ ကလေးရဲ့ စိတ်ဆန္ဒသည်သာ ၁၀၀ ရာခိုင်နှုန်း အဓိကကျပါတယ်။ ဝါသနာတစ်ခုနောက်လိုက်ဖို့ အတင်းဖိအားပေးတာမျိုး မလုပ်သင့်သလိုမိဘတွေရဲ့ စိတ်တိုင်းကျရွေးချယ်ထားတဲ့ ဝါသနာတစ်ခုကို ကလေးကိုအတင်းလုပ်ခိုင်းတာတွေ မလုပ်ပါနဲ့။ကဲ ဒါဆိုရင် ကလေးရဲ့အနာဂတ်လှပစေဖို့ ရတက်မအေးဖြစ်နေတဲ့ မိဘတွေလည်း ကိုယ်သိပ်ချစ်ရတဲ့ကလေးအတွက် ဝါသနာကို ပြုစုပျိုးထောင်ဖို့ ဒီနေ့ကစပြီး ကြိုးစားလိုက်ကြရအောင်နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/how-to-nurture-your-child/
null
null
allergies
allergies
https://hellosayarwon.com/allergies/nose-eye/nonallergic-rhinitis-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9b%e1%80%b1/