sentence_id
int64
1
15.7M
text
stringlengths
3
11.1k
15,728,301
ဒီဇိုင်းက Google Keep နဲ့ဆင်ပြီး မှတ်စုတွေကို စီစဉ်တကျ နေရာချနိုင်ပါတယ်။
15,728,302
မှတ်စုနောက်ခံအတွက် အရောင်တွေ ထည့်သွင်းနိုင်ပါတယ်။
15,728,303
မှတ်စုအတွက် password ဒါမှမဟုတ် pin ကို ထည့်သွင်းတာ၊ အကြောင်းအရာအလိုက် ရှာဖွေတာနဲ့ theme ကိုပြောင်းလဲနိုင်ပါတယ်။
15,728,304
PotatoNotes ကို အခမဲ့ရယူနိုင်ပါတယ်။
15,728,305
ဒါပေမဲ့ sync လုပ်ဆောင်ချက်တော့ မပါဝင်လာပါဘူး။
15,728,306
တို့နည်းပညာဟာ အမေရိကန် ဇီဝကုမ္ပဏီ အားထရပ်စ်က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ရက်ပိုင်းနဲ့ အကဲဖြတ်နိုင်မယ်လို့ စင်ကာပူပညာရှင်တွေက ဆိုပါတယ်။
15,728,307
သွားတွေကို ဖြူလာစေဖို့အတွက်ဆို တစ်ကယ်က အလှအပထွက်ကုန်တွေ သွားတိုက်ဆေးများစွာရှိပါတယ်။
15,728,308
ဒါပေမယ့် သွားတွေကိုဖြူစေတဲ့ ထုတ်ကုန်အများစုက ဓာတုပစ္စည်းတွေသုံးထားပြီး သင့်သွားတွေကို အရောင်တင်ပေးတာပါ။
15,728,309
ဒါကြောင့် သင့်အနေနဲ့ သွားတွေကိုလည်းဖွေးလာစေချင်တယ်၊ ဓာတုပစ္စည်းတွေကိုလည်းရှောင်ရှားလိုတယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ သဘာ၀ထွက်ကုန်တွေနဲ့အိမ်မှာ အလွယ်လုပ်နိုင်မယ့်နည်းလမ်းလေးတွေမျှ၀ေပေးလိုက်ပါတယ်။
15,728,310
ဘာကြောင့်သွားတွေ၀ါလာလဲ။
15,728,311
အကြောင်းအချက်များစွာကသွားတွေကိုမှိုင်းလာစေပြီး သူ့ရဲ့တောက်ပမှုကို တဖြည်းဖြည်းဆုံးရှုံးလာစေပါတယ်။
15,728,312
အချို့အစားစာတွေက သွားတွေရဲ့အပြင်ဆုံးအလွှာက ကြွေထည်ကို စွန်းထင်းလာစေပါတယ်။
15,728,313
အဲ့ဒီအရာတွေဟာသွားပေါ်မှာစုပုံလာတဲ့အခါ သူတို့ကို အ၀ါရောင်အဖြစ်ပြောင်းသွားစေတာပါ။
15,728,314
ဒီလိုသွားတွေ ၀ါသွားတာမျိုးက ပုံမှန်သွားတိုက်တာနဲ့ သွားသန့်ရှင်းရေးအမြဲလုပ်ရင် အဖြူရောင်သွားတွေကိုပြန်လည်ရရှိစေမှာပါ။
15,728,315
ဒါပေမယ့် တစ်ခါတစ်လေကျတော့ ဒီအ၀ါရောင်အစွန်းအထင်းတွေ ချေးတွေဟာ သွားရဲ့အောက်လွှာကကြွေလွှာတွေကိုပါ အ၀ါရောင်တွေဖြစ်စေပါတယ်။
15,728,316
Oil Pullingလို့ခေါ်တဲ့ ဒီနည်းလေးက အိန္ဒိယရိုးရာဆေးနည်းတစ်လက်ဖြစ်ပီးတော့ ပါးစပ်သန့်ရှင်းရေးနဲ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားဖို့ပဲဖြစ်ပါတယ်။
15,728,317
အစဉ်အလာအားဖြင့်ဆီနဲ့အဆိပ်အတောက်တွေကို ဆွဲထုတ်တဲ့နည်းအတွက် နေကြာဆီ သို့မဟုတ် နှမ်းဆီကို အင်ဒီယန်းများကအသုံးများကြပါတယ်။
15,728,318
သင့်အနေနဲ့တော့ ဘယ်လိုဆီကိုမဆိုသုံးပြီးလုပ်နိုင်ပါတယ်။
15,728,319
လူတော်တော်များများကတော့ Coconut oilအုန်းဆီကို အများဆုံးသုံးကြပါတယ်။
15,728,320
သူက ကောင်းမွန်တဲ့အရသာလည်းရှိတယ်။
15,728,321
ကျန်းမာရေးအကျိူးကျေးဇူးတွေလည်းများစွာရှိလို့ပါပဲ။
15,728,322
ပီးတော့သူ့မှာ lauric acidပါ၀င်ပြီးတော့ ဒီအက်ဆစ်က ရောင်ရမ်းတာတွေကိုလျော့နည်းစေသလို ဘက်တီးရီးယားတွေကိုလည်းသတ်နိုင်ပါတယ်။
15,728,323
ဒီသွားကုထုံးကိုဘယ်လိုလုပ်ရမလဲဆိုတော့ ဇွန်းတစ်ဇွန်းစာဆီကို ပါးစပ်ထဲထည့်ပြီး သင့်ရဲ့သွားတွေကိုတိုက်ချွတ်ဆေး ကြောပါ။
15,728,324
အခဲလည်းဖြစ်နေနိုင်တဲ့အတွက် အချိန်အနည်းငယ်ကြာရင်တော့ အရယ်ပျော်သွားပါလိမ့်မယ်။
15,728,325
ပီးရင်ပလုတ် ကျင်းသလို၁၅မိနစ်လောက်မိနစ်၂၀လောက် လည်ပတ်စေပါ၊ သင့်ပါးစပ်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေကိုဒါကဖယ်ရှားပစ်ပီးသင့်ရဲ့ ၀ါနေတဲ့ သွားချေးတွေကို ချွတ်ပေးပါလိမ့်မယ်။
15,728,326
ဒီလုပ်ဆောင်မှုက သင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်တွေကိုထုတ်ပေးမှာဖြစ်သလို၊ အဓိကအနေနဲ့ ပါးစပ်ကျန်းမာရေးတိုးတက်စေရန်သာမကသင့်ကျန်းမာရေးအလုံးစုံတိုးတက်စေရန်ဖြစ်ပါတယ်။
15,728,327
ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်လို့ခေါ်တဲ့ အဖြူရောင်ပေါင်ဒါမှုန့်တွေကို များသောအားဖြင့်မုန့်ဖုတ်တဲ့နေရာမှာသုံးကြပါတယ်။
15,728,328
မုန့်ဖုတ်ဆိုဒါရဲ့သဘာ၀ဂုဏ်သိက္ခာက အဖြူရောင်ဖြာထွက်စေတဲ့ဂုဏ်သတ္တိရှိတာပါ။
15,728,329
ဒီ့အတွက်ကြောင့်လည်း စီးပွားဖြစ်သွားတိုက်ဆေးတွေမှာ ပါ၀င်ပစ္စည်းအဖြစ်သူကရေပန်းစားပါတယ်။
15,728,330
သူကအလွန်ပျော့ပြောင်းတဲ့ပွန်းစားခြင်းဖြစ်ပြီး သွားတွေရဲ့အေပါ်ယံမျက်နှာပြင်က အညစ်အကြေးအစွန်းထင်းတွေအတွက်ဖယ်ရှားပေးပါတယ်။
15,728,331
နောက်Baking Sodaလို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါမှာ အယ်ကာလိုင်းပါ၀င်တဲ့အတွက် ဘက်တရီးယားတွေကို မကြီးထွားအောင်တားဆီးပေးပါတယ်။
15,728,332
ဒီဟာက ညတိုင်းအတွက် သင့်သွားတွေကို ဖြူဖွေးတောက်ပေစေတဲ့ဆေးတစ်လက်တော့မဟုတ်ပါဘူး။
15,728,333
လော့လာမှုတွေအရမုန့်ဖုတ်ဆိုဒါပါ၀င်တဲ့သွားတိုက်ဆေးတွေက သာမန်သွားတိုက်ဆေးတွေထက်သိသိသာသာအကျိုးသက်ရောက်မှုတွေရှိစေတယ်လို့ဆိုပါတယ်။
15,728,334
ဒီကုထုံးကိုသုံးဖို့အတွက်ဆို မုန့်ဖုန်ဆိုဒါတစ်ဇွန်းကို ရေလက်ဖက်ရည်ဇွန်း ၂ဇွန်းနဲ့မျှတအောင်ရောပါ။
15,728,335
ပြီးရင်သွားတိုက်ဆေးနဲ့ရောပြီးတိုက်ပါ။
15,728,336
ဒီလုပ်ငန်းကို တစ်ပတ်မှာ အကြိမ်အနည်းငယ်ပြုလောက်ကြည့်ပါ။
15,728,337
သင့်ရဲ့သွားတွေဖြူဖွေး၀င်းလက်လာပါလိမ့်မယ်။
15,728,338
လောဘကြီးပြီး ခနခနတော့မလုပ်မိပါစေနဲ့။
15,728,339
တန်ဆေးလွန်ဘေးဆိုတာရှိပါတယ်။
15,728,340
ဒီ ဆန္ဒပြပွဲဟာ တရားတဲ့ စည်းမျဉ်းကို ပြည်သူတွေက အာခံတဲ့ ပထမ ခြေလှမ်း အဖြစ် ရည်ရွယ်တာ ဖြစ်ပါတယ်။
15,728,341
ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ၁၈ရာစု အလယ်ပိုင်းခေတ်လောက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်မှာရှိတဲ့ ဗဟိုပန်းခြံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
15,728,342
မဟန်တန်ရပ်ကွက် အလယ်ပိုင်း အပေါ်ဘက်မှာ တည်ရှိတဲ့ အဲ့ပန်းခြံကြီးဟာ ကျယ်ဝန်းသော မြို့ပြ ဥယျာဉ်ကြီး တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံတွင် လူအများဆုံး လာရောက်လည်ပတ် အပန်းဖြေတဲ့ နေရာလို့ ပြောလို့ရပါတယ်။
15,728,343
ဒါ့အပြင် ကမ္ဘာပေါ်မှာ ရုပ်ရှင်ဇာတ်ကားများ အများဆုံးလာရောက် ရိုက်ကူးလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
15,728,344
နယူးယောက်မြို့လယ် ပန်းဥယျာဉ်ဟာ သက္ကရာဇ် ၁၈၅၇ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ နိုင်ငံပိုင် ဥယျာဉ်တစ်ခုဖြစ်ပါတယ်။
15,728,345
အဲ့အချိန်အခါတုန်းက ဥယျာဉ် အကျယ်အဝန်းဟာ ၇၇၈ ဧက ရှိခဲ့ပါတယ်။
15,728,346
ပန်းဥယျာဉ်ဆိုပြီး မဖြစ်ပေါ်မီ ၁၈၅၈ ခုနှစ်တွင် ဥယျာဉ်စီမံကိန်း ဒီဇိုင်းပြိုင်ပွဲ ကျင်းပခဲ့ရာ အမျိုးသား မြေယာ အလှဖော်ထုတ်ရေးနှင့် ဗိသုကာပညာရှင်များအဖြစ် ထင်ရှားလာခဲ့တဲ့ ဖရက်ဒရစ်လောအုန်းစတက် နှင့် ကဲလ်ဗတ်စ်ဗောက် ဆိုသူတို့က ဆုရရှိခဲ့ကြပါတယ်။
15,728,347
သူတို့နှစ်ဦးဟာ နယူးယောက်မြို့လယ် ဥယျာဉ်စီမံကိန်းကို အစိမ်းရောင်ရပ်ကွက်စီမံကိန်းဟု အမည်ပေးခဲ့ကြပြီး ဥယျာဉ်ကို အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
15,728,348
၁၈၅၈ ခုနှစ်မှာတော့ ဥယျာဉ်တည်ဆောက်ရေးလုပ်ငန်းကို ထပ်မံဆောက်ရွက်ခဲ့ပြီး အများပြည်သူများ အသုံးပြုနိုင်ရန် ဖွင့်လှစ်ခဲ့ပါတယ်။
15,728,349
ကျန်ရှိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းများကို အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာပဲ ဆက်လက်ဆောင် ရွက်ခဲ့ပြီး ၁၈၇၃ ခုနှစ်မှာ လက်ရှိအကျယ်အဝန်းကို ၈၄၃ ဧက အထိ တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။
15,728,350
နိုင်ဂျီးရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းတွေက စိတ်ဆိုးဒေါသနဲ့ ဝေဖန်ကန့်ကွက်နေတဲ့ကြားက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး တိုက်ဖျက်ရေးမှာ ကူညီဖို့ တရုတ်ဆေးပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ အနောက်အာဖရိက နိုင်ဂျီးရီးယားနိုင်ငံဆီ ရောက်ရှိလာပါတယ်။
15,728,351
လေယာဉ်အပြည့် ဆေးဝါးထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ပြီးနောက်မှာ အဘူဂျာလေဆိပ်ဆီ ရောက်ရှိလာတဲ့ ၁၅ ဦးပါ တရုတ်ဆေးပညာရှင်အဖွဲ့ကို အကြီးတန်းတာဝန်ရှိသူတွေက ကြိုဆိုကြပါတယ်။
15,728,352
COVID19 ရောဂါစတင်ဖြစ်ပွားပေါ်ပေါက်ရာ တရုတ်နိုင်ငံဟာ ၎င်းရဲ့ ပုံရိပ်ကို ပြန်လည်အရောင်တင်နိုင်ရေးအတွက် ကမ္ဘာ့အနှံ့ဆီ ဆေးပညာရှင်တွေနဲ့ အထောက်အပံ့တွေ ဖြန့်ဝေပေးပို့လျက် ရှိနေတာလည်း ဖြစ်ပါတယ်။
15,728,353
ဒါပေမယ့် နိုင်ဂျီးရီးယားနိုင်ငံဆီ အခု ဆေးပညာရှင်တွေ စေလွှတ်ရာမှာတော့ နိုင်ငံရဲ့ အကြီးဆုံး ဆေးပညာရှင်သမဂ္ဂက စိတ်ဆိုးဒေါသထွက်စွာ ကန့်ကွက်ထားကြတာ ဖြစ်ပါတယ်။
15,728,354
အာဖရိကရဲ့ လူဦးရေအများဆုံး နိုင်ဂျီးရီးယားနိုင်ငံဆီ ခုလို တရုတ်ဆေးပညာရှင်တွေ လာရောက်မယ့် အစီအစဉ်ဟာ မနှစ်မြို့ဖွယ် အခြေအနေအောက်မှာ ရောဂါတိုက်ဖျက်ရေး တိုက်ပွဲဝင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအ တွက် ရှက်ဖွယ်ရာ ဖြစ်စေတယ်လို့ နိုင်ဂျီးရီးယားဆေးပညာရှင်အသင်းက တနင်္ဂနွေနေ့မှာ ဝေဖန်ရှုတ်ချခဲ့ပါတယ်။
15,728,355
တရုတ်ဆရာဝန်တွေကို ဖိတ်ခေါ်ဖို့ အစိုးရက ဆက်လက် လုပ်ဆောင်တယ်ဆိုရင်တော့ ရှေ့တန်းမှာ ရောဂါတိုက်ရေး စွမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာပဲ ဖြစ်တယ်။
15,728,356
လို့ ထုတ် ပြန်ချက်မှာ ဝေဖန်ကန့်ကွက်ထားတာ ဖြစ်ပါတယ်။
15,728,357
တာဝန်ရှိသူတွေကတော့ တရုတ်ဆေးပညာရှင်အဖွဲ့ဟာ ကပ်ရောဂါဘေး ကိုင်တွယ်ဖြေရှင်းရေးမှာ ဌာနေအာဏာပိုင်တွေကို အကြံဉာဏ်တွေ ပေးပြီး ကူညီသွားမှာဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။
15,728,358
ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ၂၅၄ ဦး ကူးစက်ခံရပြီး ခြောက်ဦး သေဆုံးပြီဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ အားနည်းတဲ့ ကျန်းမာရေးစနစ်နဲ့ လူဦးရေသိပ်သည်းဆ မြင့်မားတာကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတွက် ခုခံစွမ်းအား အလွန်နည်းပါးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
15,728,359
15လူတို့သည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊ 16ယေရုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တပါး အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ။
15,728,360
20ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။
15,728,361
ဒါကြောင့် သုံးစွဲသူက ကျန်းမာရေးအေဂျင်စီတွေက ဖန်တီးထားတဲ့ app တွေကို အသုံးပြုနိုင်ပါမယ်။
15,728,362
အဲဒီ app တွေက COVID19 ရောဂါရှိသူနဲ့ ဆက်သွယ်တဲ့အခါမှာ သတိပေးသွားပါမယ်။
15,728,363
တကယ်လို့ app ကိုမထည့်သွင်းထားရင် API ကိုသုံးလို့မရပါဘူး။
15,728,364
အနာဂတ်မှာ Apple နဲ့ Google က operating system ထဲလုပ်ဆောင်ချက်ကို တိုက်ရိုက်ထည့်သွင်း တည်ဆောက်သွားမှာပါ။
15,728,365
ဖုန်းပေါ်မှာ ကျန်းမာရေးအေဂျင်စီတွေက app မရှိလည်း COVID19 ရှိသူတွေနဲ့ ဆက်ဆံတဲ့အခါ သတိပေးသွားမှာ ဖြစ်ပါတယ်။
15,728,366
မန္တေလးတိုင်း ခ်မ်းအေးသာစံမြို့နယ် ဂြျန်းဗလီအတြင်းမွာ ဖြင့္လွစ္ထားတဲ့ အျေခခံဘာသာရေးစာသင်ကေ်ာင်းကို တပ္မေတာ် ကြည်း၊ ရေ၊ လေနဲ့ စေတနာရွင်ျပည်သူတြေ ပူးပေါင်းလှူဒါန်းတဲ့ ငြေနဲ့ ပစ္စည်းတြေကို တပ္မေတ္ကာာကြယ်ရေးဦးစီးခ်ုပ္က စက္တင္ဘာလ ၁၁ ရက်နေ့ မနက္မွာ ဂြျန္ဗလီ တာဝန်ရွိသူတြေကို ပေးအပ္လှူဒါန်းခဲ့ပါတယ်။
15,728,367
ျမန္မာနိုင်ငံမွာ နေတယ်၊ ျမန္မာျပည္မွာ နေတယ်၊ ျမန္မာနိုင်ငံရဲ့ အရိပ်အာဝါသေအာက္မွာ နေကြပြီး ျမန္မာနိုင်ငံမွာ လုပ္ကိုင္စားသောက် နေထိုင်ကြသူတြေ ျဖစ္တဲ့အတြက် နိုင်ငံရဲ့ ကောင်းရာကောင်းကိုးကို လုပ္ဖို့ တာဝန်ရွိတယ်။
15,728,368
က်န္တောို့တင် တာဝန်ရွိတာ မဟုတ္ဘူး နိုင်ငံမွာ နေတဲ့သူတိုင်းမွာ တာဝန်ရွိတယ်။
15,728,369
ဒါကြောင့် က်န္တောို့ဟာ လုပ္တဲ့ကိုင္တဲ့နေရာ ကိုယ့်ဒေသ တိုးတက်အောင် တူညီတဲ့ စိတ္ဓာတ်တြေနဲ့ ညီညီညြတ်ညတ္လြုပ္ဖို့ လိုအပ္တယ် လို့ တပ္မေတာ် ကာကြယ်ရေးဦးစီးခ်ုပ် ဗိုလ္ခ်ုပ္မှူးကြီး မင်းအောင္လှိုင္က ေျပာပါတယ်။
15,728,370
ဂြျန်းဗလီ အျေခခံဘာသာရေးစာသင်ကေ်ာင်းက တာဝန်ရွိသူ ဟာဂ်ီကိုညီညီက က်န္တောို့အေနနဲ့ အခုလို တပ္မေတ္ကာာကြယ်ရေးဦးစီးခ်ုပ္ကိုယ္တိုင် လာရောက္လှူဒါန်းတဲ့အတြက် အတိုင်းမသိ ဝမ်းသာကေ်နပ္မိပါတယ် လို့ ေျပာပါတယ်။
15,728,371
တပ္မေတ္ကာာကြယ်ရေးဦးခ်ုပ်၊ တပ္မေတာ် ကြည်း၊ ရေ၊ လေနဲ့ စေတနာရွင် မိသားစုတြေက ငြေက်ပ် သိန်း ၃၀၊ နယူးစတာကုမ္ပဏီမွ ဆန် ၅၀ အိတ္နဲ့ ငြေက်ပ် ၁၀ သိန်း၊ သဇင်ကေ်္ကာုမ္ပဏီက ဆန်အိတ် ၃၀၊ အောင်ျမင်သူ ကုမ္ပဏီက ဆန်အိတ် ၅၀ တို့ကို လှူဒါန်းခဲ့ပါတယ်။
15,728,372
တပ္မေတာ် ကာကြယ်ရေးဦးစီးခ်ုပ္နဲ့ တာဝန်ရွိသူတြေဟာ စက္တင္ဘာ ၁၁ ရက်နေ့ မနက် ၉ နာရီကလည်း မန္တေလး မဟာအောင်ေျမမြို့နယ် မစိုးရိမ္တိုက်သစ် နာယကဆရာတော်ကြီးတြေကို ဆြမ်းကပ္လှူဒါန်းခဲ့ပါတယ်။
15,728,373
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အချိန်အတော်ကြာရရှိခဲ့ဖူးတဲ့ အဆိုတော် ငယ်ငယ်ဟာ လက်ရှိမှာတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ ဘဝကိုပြည့်စုံစွာဖြတ်သန်းနေပါတယ်။
15,728,374
သူက ယနေ့မှာသူချစ်တဲ့ ပရိသတ်တွေအတွက် အသက်အန္တရာယ်နဲ့ ကင်းဝေးစေဖို့ အဲယားကွန်းရဲ့ ပြဿနာတစ်ခုကို ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေနဲ့ ပြောပြလာခဲ့ပါတယ်။
15,728,375
သူမပြောပြခဲ့တာကတော့ ညနေ ၄နာရီ လောက်က ပါ။
15,728,376
ဒီနေ့အလုပ်များလို့ သူ နေ့လည်မှ အိပ်သွားတာ။
15,728,377
ခြင်ဆေးဘူးကို နမ်းကြည့်တော့လဲ အနံ့မရဘူး။
15,728,378
ဘေးအိမ်က လာတာဖြစ်မယ် ဆိုပြီး ရေချိုးခန်းထဲ ဝင်တော့ အနံ့မရတော့ဘူး။
15,728,379
ကိုဘိုကြီးကမြန်မြန် နှိူပြီး ac ပိတ်လိုက်တော့ ရှူး ဆို အသံကြီးနဲ့ အငွေ့တွေ ထွက်လာတယ်။
15,728,380
ac gas ပေါက်သွားတာ။
15,728,381
တနာရီကျော်လောက် gas က ဆက်ထွက်နေတယ်။
15,728,382
အားလုံး သတိထားရအောင်ပါ သူငယ်ချင်းကို ph ဆက်ပြောတော့ သူ့သူငယ်ချင်း တစ်ယောက် အဲ့လို ac gas ပေါက်တာ ကို ရှူမိလို့ ဆုံးသွားတယ်လို့ ပြောပါတယ်။
15,728,383
အားလုံး ဂရုစိုက်ကြပါ နော် လို့ ဆိုကာ အရမ်းအန္တရယ်များတဲ့ အဲ့ယားကွန်းရဲ့ ပြဿနာတစ်ခုကို ပြောပြလာခဲ့ပါတယ်။
15,728,384
ယခုလို ပူအိုက်နေတဲ့ ရာသီဥတုမှာ အဲ့ယားကွန်းရှိတဲ့ အိမ်တိုင်းလိုလို အဲ့ယားကွန်းဖွင့်ကြမှာပါ။
15,728,385
သို့ပေမယ့် အဲ့ယားကွန်းကြောင်ဖြစ်တက်တဲ့ အသက်အန္တရာယ်ရှိတဲ့ အချက်တွေကိုလဲ သတိထားဖို့လိုပါတယ်။
15,728,386
အထူးသဖြင့် ယခုလို အဲယားကွန်း ဂက်စ်ပိုက်လိုင်းပေါက်တဲ့ ပြဿနာမျိုးကတော့ အထူးသတိထားသင့်တဲ့ ပြဿနာမျိုးပါ။
15,728,387
အားလုံးသောပရိသတ်တွေ အန္တရာယ် ကင်း ကြပါစေနော်။
15,728,388
မျိုးတုံးအန္တရာယ်ကြုံနေရတဲ့ ပင်လယ်လိပ် ၁၀၀နီးပါးလောက်ဟာ လူတွေအိမ်ပြင်မထွက်ပဲ ခြေချုပ်နေနေကြတာကြောင့် လူသူကင်းဆိတ်နေတဲ့ ဘရာဇီးကမ်းခြေ သဲသောင်ပြင်ပေါ်မှ လွတ်လွတ်လပ်လပ် ဥနေကြတယ်လို့ ဆိုပါတယ်။
15,728,389
ဘရာဇီး အရှေ့မြောက်ပိုင်းပြည်နယ် ပါနန်ဘူကိုက ပေါ်လစ္စတာမြို့ကလေးရဲ့ ကမ်းရိုးတန်းဟာ အရင်တုန်းကဆိုရဥင် အပန်းဖြေသူတွေနဲ့ ပြည့်နှက်နေတတ်ပြီး လိပ်ကလေးတွေ ဥခွံထဲက ခွဲထွက်လာတဲ့ အံ့ဖွယ်သရဲမြင်ကွင်းကို ရှုစားနိုင်တဲ့ နေရာလေးလည်း ဖြစ်ပါတယ်။
15,728,390
ဒီနှစ်ကတော့ တမူထူးခြားတယ်လို့ ပြောရမှာပါ။
15,728,391
ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ အုပ်ချုပ်ရေးမှူး ပေါ်လို ကာမာရာက မြို့ကို တစ်စိတ်တစ်ပိုင်း ပိတ်ခိုင်းလိုက်ပြီး မြို့သူမြို့သားတွေကိုလည်း အိမ်မှာပဲ နေကြဖို့ တိုက်တွန်းလိုက်သလို၊ ကမ်းခြေတွေမှာ စုဝေးခွင့်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။
15,728,392
မတ်လ ၂၂ရက်နေ့မှာတော့ စွန်နှုတ်သီးပယ်လယ်လိပ် ၉၇ကောင်ဟာ ပထမဆုံးအကြိမ် သူတို့ပတ်လည်မှာ စောင့်ကြည့်နေသူတွေမရှိဘဲ ဥခွံထဲက လွတ်လွတ်လပ်လပ်ထွက်လာပြီး အတ္တလန္တစ်သမုဒ္ဒရာကို မျက်နှာမူခွင့် ရကြပါတယ်။
15,728,393
ဒါပေမယ့်လည်း အဲဒီနေရာမှာ တာဝန်ကျနေတဲ့ အစိုးရလုပ်သားတွေက လိပ်ပေါက်ကလေးတွေ ပင်လယ်ထဲဆင်းသွားပုံကို အမိအရ ဓာတ်ပုံရိုက်ယူထားကြပါတယ်။
15,728,394
စွန်နှုတ်သီးပင်လယ်လိပ်တွေကို WWF အဖွဲ့ကြီးက အထူးစိုးရိမ်ရလောက်အောင် မျိုးတုံးအန္တရာယ်ကြုံနေရတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ထားတာကြောင့် ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။
15,728,395
စွန်နှုတ်သီးပင်လယ်လိပ်တွေဟာ အရှည် ၁၁၀စင်တီမီတာ၊ ၈၅ကီလိုဂရမ်အထိ ကြီးထွားနိုင်ကြပြီး သန္တာကျောက်တန်းထူထပ်တဲ့နေရာတွေမှာ အနေများကြလို့ လူတွေ ငါးဖမ်းကြတဲ့နေရာမှာ ဆွမ်းခံရင်း ငှက်သင့်ဆိုသလို ပိုက်ကွန်တွေထဲ ငြိပါလာတာမျိုး ရှိတတ်တယ်လို့ ဆိုပါတယ်။
15,728,396
ဥက အကောင်ပေါက်လာပြီးတဲ့နောက်မှာလည်း ငှက်သုတ်တဲ့ အန္တရာယ်ကို ကြုံရသလို၊ လူတွေနင်းမိတာလည်း ခံကြရတာကြောင့် အခုအချိန်မှာတော့ လူတွေ အပြင်ကိုမထွက်ကြတာကြောင့် အန္တရာယ်ကင်းလွတ်လပ်နေကြတယ်လို့ ဆိုပါတယ်။
15,728,397
ကျွန်တော်တို့အလုပ်သမားတွေရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ ဒီနေ့ဝန်ကြီးချုပ်နဲ့တွေ့ဆုံခွင့်ရဖို့လာခဲ့တာ ဖြစ်ပါတယ်။
15,728,398
အဲ့ဒီမှာ နံနက်ပိုင်းက မြို့တော်ဝန်နဲ့တွေ့ ခွင့်ရတယ်။
15,728,399
မြို့တော်ဝန်ကတော့ အလုပ်ရှင်ကို သူတို့ခေါ်တွေ့ပြီး မနက်ဖြန်စက်ရုံကို သူရော ဝန်ကြီးချုပ်ရောလိုက်ပါပြီး ညှိနှိုင်း ဆောင်ရွက်ပေးမယ်ပြောတယ်။
15,728,400
ကျွန်တော်တို့အလုပ်သမားတွေ အနေနဲ့တော့ ဝန်ကြီးချုပ်နဲ့တွေ့ဆုံခွင့်ရဖို့လာတာဖြစ်တဲ့အတွက် ဝန်ကြီးချုပ်နဲ့တွေ့ပြီး ဝန်ကြီးချုပ် ကိုယ်တိုင်ပြောမှ ယုံမယ်ဆိုပြီး ဆက်စောင့်နေတာ ညနေ ၄ နာရီမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။