title
stringlengths
1
96
text
stringlengths
4
719k
url
stringlengths
32
795
ရှမ်းရွာလေးရွာ၊ စဉ့်ကိုင်မြို့နယ်
ရှမ်းရွာလေးရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မုန့်ပေါင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၇၁၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မုန့်ပေါင်းကျေးရွာအုပ်စုတွင် ကျား ၄၁၅ ဦး၊ မ ၄၄၈ ဦး၊ လူဦးရေ စုစုပေါင်း ၈၆၃ ဦးနေထိုင်သည်။ ကိုးကား စဉ့်ကိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%9C%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%89%E1%80%B7%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အင်္ဂလိပ်-မြန်မာ စစ်ပွဲများ
ဥရောပတိုက်တွင် စက်မှုလက်မှု ထွန်းကားချိန်မှစ၍ ထွက်ကုန်ပစ္စည်းများသည် သုံးအားထက်ပိုလျက်ရှိရာ ဈေးကွက်ရှာရန်လိုလာခြင်း၊ ကုန်ပစ္စည်းများပြုလုပ်ရန် ကုန်ကြမ်းများလိုလာခြင်းတို့ကြောင့် နယ်ချဲ့ဝါဒသည်ပေါ်ပေါက်ခဲ့လေသည်။ သို့ဖြစ်ရကား ကုန်ပစ္စည်းအများဆုံးလုပ်နိုင်သော အင်အားနှင့်ပြည့်စုံသည့် အင်္ဂလိပ်တို့သည် နယ်သစ်၊ ဒေသသစ်များပိုင်ဆိုင်ရန် ပို၍ကြိုးစားကြလေသည်။ အိန္ဒိယနိုင်ငံဘက်တွင် ခြေကုပ်မိနေပြီဖြစ်သော အင်္ဂလိပ်တို့သည်မြန်မာတို့၏အင်အားကိုကြည့်၍ နယ်ချဲ့ရန် စိုင်းပြင်းလျက်ရှိကြလေသည်။ ယင်းသို့ စီးပွားရေးနယ်ချဲ့ရန် ကြိုးစားရင်းဖြင့်မြန်မာတို့နှင့် သုံးကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ကြရရာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်နိုင်ခဲ့ကြသည်။ ထိုအင်္ဂလိပ်- မြန်မာစစ်ပွဲသုံးပွဲစလုံးသည် ကုန်းဘောင်ခေတ်တွင် ဖြစ်ပွားခဲ့လေသည်။ ကုန်းဘောင်ခေတ်အစ အလောင်းဘုရားဘုန်းတန်ခိုး တက်ဖြိုးစအချိန်တွင် ပေါ်တူဂီ၊ ဒတ်ချ၊ ပြင်သစ်၊ အင်္ဂလိပ်လူမျိုးတို့သည် သံလျင်မြို့ကိုအခြေပြု၍ ကုန်ရောင်းကုန်ဝယ် လုပ်လျက်ရှိကြသည်။ အိန္ဒိယနိုင်ငံတွင် အခြေစိုက်ထားသော အင်္ဂလိပ်တို့၏ အရှေ့အိန္ဒိယကုမ္ပဏီသည် အလောင်းဘုရား၏ ခွင့်ပြုချက်ဖြင့် ဟိုင်းကြီးကျွန်းတွင် ဖွင့်လှစ်ထားရာမှ ရန်ကုန် နှင့်ပုသိမ်တို့တွင် ကုန်တိုက်များဆောက်လုပ်ခွင့်နှင့် ကူးသန်းရောင်းဝယ်ခွင့်ပါ ရရှိလေသည်။ ကူးသန်းရောင်းဝယ်ရေးစာချုပ်ကိုလည်း ချုပ်ဆိုသည်။ ယင်းသို့ အခွင့်အရေးများ ရရှိပါလျက် မြန်မာတို့အား ပုန်ကန်ရန်ကြံရွယ်ကြသော မွန်တို့အား အင်္ဂလိပ်တို့သည် လက်နက်များ ရောင်းချခဲ့လေသည်။ ထိုအခါ အလောင်းဘုရားသည် ပုသိမ်မြို့ဝန်အား ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့ကိုဆုံးမရန် အမိန့်ပေးသည်တွင် ထိုအရပ်ရှိ အင်္ဂလိပ်အများအပြား သေဆုံးကြရသည်။ အလောင်းဘုရားအား ဆက်ခံသော နောင်တော်ကြီးမင်းလက်ထက်တွင် အင်္ဂလိပ်တို့က ဟိုင်းကြီးကျွန်းအရေးတွင် သေဆုံးရသူများအတွက် လျော်ကြေးတောင်းဆိုလေသည်။ နောင်တော်ကြီးမင်းသည် အင်္ဂလိပ်တို့အား လျော်ကြေးမပေးရုံမက အလောင်းဘုရားနှင့် ချုပ်ဆိုခဲ့သော စာချုပ်ကိုလည်း အသိအမှတ်မပြုချေ။ သို့ရာတွင် ရန်ကုန်နှင့် ပုသိမ်မြို့များ၌ နောက်ထပ်ကုန်တိုက်များ ဖွင့်သည်ကိုကား သနားတော်မူသည်။ အင်္ဂလိပ်နယ်ချဲ့လက်အောက် မြန်မာတို့ရောက်ခဲ့ပုံ မြန်မာနိုင်ငံ ကုန်းဘောင်ခေတ်အတွင်း၌ မြန်မာနှင့် အင်္ဂလိပ်တို့သည် သုံးကြိမ်တိုင်တိုင် စစ်ခင်းခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ မှ ၁၈၂၆) ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၅၂ မှ ၁၈၅၃) တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၈၅ မှ ၁၈၈၆) ၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် အထက်အောက်မြန်မာနိုင်ငံတစ်ဝန်းလုံးသည် အင်္ဂလိပ်အစိုးရလက်အောက်ရောက်ရှိခဲ့ရလေသည်။ ထိုစစ်ပွဲသည် မြန်မာတို့ကို ထီးသုဉ်းနန်းသုဉ်း ဖြစ်စေသော နောက်ဆုံးစစ်ပွဲဖြစ်လေသည်။ မြန်မာနှင့် ဗြိတိသျှ စစ်မက်ဖြစ်ပွားခြင်းနှင့် မြန်မာနိုင်ငံ ကျဆုံးခြင်း မြန်မာတို့ နယ်မြေချဲ့ထွင်ရာ၌ ၎င်း၏ နယ်စပ်ဒေသများတစ်လျှောက်တွင် အကျိုးဆက်များ ရှိခဲ့သည်။ ထိုနယ်စပ် ဒေသများသည် ဗြိတိသျှပိုင် အိန္ဒိယသို့ ပိုမို နီးကပ်စွာ ရွေ့သွားခဲ့သည့်အတွက် စစ်ပြေးဒုက္ခသည်များ ပြဿနာနှင့်၊ စစ်တပ်မှ စစ်ဆင်ရေးပြုလုပ်မှုများသည် အလွယ်တကူ ခွဲခြား၍မရနိုင်သော နယ်စပ်နယ်မြေများသို့ ပျံ့နှံ့ခဲ့သည့် ပြဿနာ နှစ်မျိုးလုံး ရှိခဲ့သည်။ မြန်မာတို့၏ ဆက်လက်၍ နယ်မြေချဲ့ထွင်ခြင်းနှင့် တိုက်ရိုက်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေနှင့် ၎င်းကို တန်ပြန်ရန် ဗြိတိသျှနှင့် ထိုင်းတို့သည် ၁၈၂၄ ခုနှစ်တွင် ပူးပေါင်းခဲ့သည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) သည် ဗြိတိသျှတို့ အောင်ပွဲဆင်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ စစ်ပြေငြိမ်းရေး ရန္တပိုစာချုပ်(Treaty of Yandabo) ချုပ်ဆိုခြင်းဖြင့် မြန်မာတို့ သည် ယခင် သိမ်းပိုက်အောင်မြင်ထားသော အာသံ၊ မဏိပူရနှင့် ရခိုင်ဒေသများကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ ဗြိတိသျှတို့သည် အနာဂတ်တွင် မြန်မာသို့မဟုတ် ထိုင်းနှင့် ညှိနှိုင်းရေးလုပ်ရန်အတွက် အပေးအယူပစ္စည်းအဖြစ် အသုံးပြုရန် ရည်ရွယ်၍ တနင်္သာရီဒေသကိုလည်း သိမ်းပိုက်ခဲ့သည်။ နှစ်ပေါင်းတစ်ရာ ကျော်သွားသောအခါ၊ အိန္ဒိယနိုင်ငံရှိ ဗြိတိသျှတို့သည် နယ်မြေဒေသများကို အကြီးအကျယ် ချဲ့ထွင်သည့် ကာလတွင် မြန်မာနိုင်ငံ၏ သယံဇာတများနှင့် အဓိက နယ်မြေဒေသကြီးကို တပ်မက်လာသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ၁၈၅၂ ခုနှစ်တွင် လော့ဒ် ဒါလ်ဟိုဆီ (Lord Dalhousie) သည် ယခင်က ချုပ်ဆိုခဲ့သော စာချုပ်နှင့် ဆက်နွယ်သည့် အသေးအမွှား အချက်အလက်များကို အကြောင်းပြု၍ ရေတပ်ဗိုလ်ချုပ် လင်းဘတ်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ မြန်မာတို့သည် မဆိုင်းမတွ သဘောတူ ဆောင်ရွက်ပေးရာ ဗြိတိသျှတို့အတွက် စစ်ပွဲဖြစ်ပွားရခြင်း အကြောင်းရင်း ဖြစ်စေသည့် မြို့တော်ဝန်ကို ဖယ်ရှားခြင်းလည်း ပါဝင်လေသည်။ လင်းဘတ်သည် အစွန်းရောက် မေးခွန်းများ ထုတ်နိုင်သော အခြေအနေတွင် ရေတပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် လှုံ့ဆော်ခဲ့သည်။ ဤနည်းအားဖြင့် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲသည် ၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး အောက်မြန်မာနိုင်ငံဟု ပြန်လည်အမည်ပေးခေါ်ဆိုသော ပဲခူးဒေသကို ဗြိတိသျှတို့ သိမ်းပိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ စစ်ပွဲကြောင့် မြန်မာနိုင်ငံတွင် နန်းတွင်း ပုန်ကန်မှု ဖြစ်ခဲ့ပြီး ပုဂံမင်း (၁၈၄၆-၁၈၅၂) ၏နေရာတွင် အဖေတူအမေကွဲ ညီအစ်ကိုတော်သူ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) က နန်းတက်ခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ မင်းတုန်းမင်းသည် ဗြိတိသျှတို့၏ ကျူးကျော်မှုကို ခုခံရန်အတွက် မြန်မာနိုင်ငံ အခြေအနေနှင့် စီးပွားရေးကို ခေတ်မီအောင် ကြိုးစားခဲ့သည်။ မြို့တော်သစ် မန္တလေးကို တည်ထောင်ခဲ့ပြီး ဆက်လက်၍ ခိုင်ခံ့အောင်လည်း ပြုလုပ်ခဲ့သည်။ ဤနည်းသည် ဗြိတိသျှတို့၏ စစ်ရေးကျူးကျော်မှုကို ရပ်တန့်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။ သို့သော် မင်းတုန်းမင်းကြီး၏ သားတော် သီပေါမင်း (၁၈၇၈-၁၈၈၅ တွင် ထီးနန်းစိုးစံသည်) သည် အရည်အချင်းမပြည့်ဝသော မင်းဖြစ်ခဲ့ပြီး ပြင်သစ်တို့နှင့် ပူးပေါင်းရန် ရည်ရွယ်ခဲ့ကာ တိုင်းပြည်ကို ကောင်းစွာ မအုပ်ချုပ်နိုင်ပဲ နယ်စပ်ဒေသများတွင် ပြဿနာများ ဖြစ်ပွားစေခဲ့သဖြင့် ခမည်းတော် လက်ထက်က ချုပ်ဆိုခဲ့သော စာချုပ်ကို ချိုးဖောက်ရာ ရောက်ခဲ့သည်။ ဗြိတိသျှတို့သည် ၁၈၈၅ တွင် ထပ်မံ၍ စစ်ကြေညာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် မြန်မာနိုင်ငံ၏ ကျန်ရှိနေသောဒေသများကို သိမ်းပိုက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ဗြိတိသျှတို့ လက်အောက်သို့ လုံးလုံးလျားလျား ကျရောက်ခဲ့သည်။ ရည်ညွှန်းကိုးကား ကုန်းဘောင်ခေတ်
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AD%E1%80%95%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%20%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
ကျောက်စစ်ရွာ၊ ဆောမြို့နယ်
ကျောက်စစ်ရွာ ()သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၃၇၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကံချောင်းကျေးရွာအုပ်စုတွင် ကျား ၅၉၁ ဦး၊ မ ၆၇၉ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၇၀ ဦးနေထိုင်သည်။ ကိုးကား ဆောမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%B1%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မီးသွေးဘုတ်ရွာ၊ စဉ့်ကိုင်မြို့နယ်
မီးသွေးဘုတ်ရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၆၅၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မီးသွေးဘုတ်ကျေးရွာအုပ်စုတွင် ကျား ၄၃၀၄ ဦး၊ မ ၄၂၉၇ ဦး၊ လူဦးရေ စုစုပေါင်း ၈၆၀၁ ဦးနေထိုင်သည်။ ကိုးကား စဉ့်ကိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AE%E1%80%B8%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%98%E1%80%AF%E1%80%90%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%89%E1%80%B7%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
တံခွန်တိုင်ရွာ၊ သုံးခွ
တံခွန်တိုင်ရွာ၊ သုံးခွ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%81%E1%80%BD
ဂိုအာ
ဂိုအာပြည်နယ်သည် အိန္ဒိယကျွန်းဆွယ် အနောက်ဖက်ကမ်းခြေတွင် ရှိ၍ ပေါ်တူဂီတို့က ၁၅၁၀-ခုနှစ်တွင် သိမ်းပိုက်၍ အရှေ့တောင်အာရှရှိ ပေါ်တူဂီအင်ပါယာ၏ မြို့တော်အဖြစ် ပြုလုပ်ခဲ့သည်။ ပေါ်တူဂီဘုရင်ခံက အုပ်ချုပ်လျက် ရှိ၍ စတုရန်းမိုင် ၃၁၉၅၀ မိုင် ကျယ်ဝန်းသည်။ လူဦးရေ အားလုံးလိုလိုမှာ တိုင်းရင်းသား ဟိန္ဒူများသာဖြစ်သည်။ သံရိုင်းနှင့် မဂ္ဂနီ သတ္တုထွက်သည်။ သီဟိုဠ်သရက်စေ့၊ ဟင်းခတ်အမွေးအကြိုင်များကို ပို့ထုတ်သည်။ ပန်ဂျင်(နိုဗာဂိုအာ)မှာ မြို့တော်ဖြစ်သည်။ ကိုးကား ယခင် ပေါ်တူဂီ ကိုလိုနီများ
https://my.wikipedia.org/wiki/%E1%80%82%E1%80%AD%E1%80%AF%E1%80%A1%E1%80%AC
ဟွေဂျား (သစ်)ရွာ၊ မိုင်းဖျန်မြို့နယ်
ဟွေဂျား (သစ်)ရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းပေါက်-ဝအထူးဒေသ (၂)၊ မိုင်းဖျန်မြို့နယ်၊ တုံလုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၆၄၄၈ ဖြစ်သည်။ ကိုးကား မိုင်းဖျန်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%BD%E1%80%B1%E1%80%82%E1%80%BB%E1%80%AC%E1%80%B8%20%28%E1%80%9E%E1%80%85%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%BB%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဖါလာကုန်းရွာ၊ တံဘက်လှမ်း
ဖာလာကုန်းရွာ၊ တံဘက်လှမ်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%96%E1%80%AB%E1%80%9C%E1%80%AC%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%90%E1%80%B6%E1%80%98%E1%80%80%E1%80%BA%E1%80%9C%E1%80%BE%E1%80%99%E1%80%BA%E1%80%B8
ထွမ်ရှန်းရွာ၊ ကုန်းကြမ်းမြို့နယ်
ထွမ်ရှန်းရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်၊ ရှင်းဟွာ (ရှင်ဖျင်ကိုင်)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၀၀၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရှင်းဟွာ (ရှင်ဖျင်ကိုင်)ကျေးရွာအုပ်စုတွင် ကျား ၄၁၀၀ ဦး၊ မ ၃၇၀၄ ဦး၊ လူဦးရေ စုစုပေါင်း ၇၈၀၄ ဦးနေထိုင်သည်။ ကိုးကား ကုန်းကြမ်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%BD%E1%80%99%E1%80%BA%E1%80%9B%E1%80%BE%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပန်ဟင်လင်ရွာ၊ ကွတ်ခိုင်မြို့နယ်
ပန်ဟင်လင်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ဒေါင်နောကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၈၈၉၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဒေါင်နောကျေးရွာအုပ်စုတွင် ကျား ၆၄၈ ဦး၊ မ ၆၁၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၆၀ ဦးနေထိုင်သည်။ ဒေသအခေါ်မှာ ပန်ဟင်လိင် ဖြစ်သည်။ ကိုးကား ကွတ်ခိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%94%E1%80%BA%E1%80%9F%E1%80%84%E1%80%BA%E1%80%9C%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BD%E1%80%90%E1%80%BA%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မိုးညှင်းစလုံ
မိုးညှင်းစလုံ (ခေါ်) မိုးညှင်းစော်ဘွားစဝ်လုံသည် အေဒီ(၁၅၂၇-၁၅၄၃) ခုနှစ်၌ အင်းဝတွင် မင်းပြုသော သိုဟန်ဘွား၏ ဖခင်ဖြစ်သည်။ မိုးညှင်းမြို့ (မိုင်းယန်း)သည် မွန်ဂိုတို့ လက်ထက် ၁၂၈၉-ခုနှစ်မှစ၍ ရှိနေကြောင်း သိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာ ဖော်ပြထား၏။ ဧရာဝတီနှင့် ချင်းတွင်းမြစ် နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီး တစ်ခုဖြစ်ခဲ့သည်။ အေဒီ ၁၄၁၆-ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာစော်ကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ အေဒီ ၁၅၀၄-ခုနှစ်တွင် မိုးညှင်းစလုံသည် ဆင်မြင်း အလုံးအရင်းနှင့် ဒီပဲယင်းမြို့ကို တိုက်ခိုက်သိမ်းယူ တော်မူသည်။ အေဒီ ၁၅၂၃-ခုနှစ်တွင် မိုးညှင်းစလုံသည် မင်းကင်းမြို့ကို ဝိုင်းရံတိုက်ခိုက်သည်။ ။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိ တို့လည်း မြေတူးသို့ ချီတက်၍ ခုခံတော်မူသည်။ နရပတိတို့ မခုခံနိုင်၍ မြေတူးမြို့ကို မိုးညှင်းစလုံ ရလေသည်။ အေဒီ ၁၅၂၄-ခုနှစ်တွင် စစ်ကိုင်းသို့ ချီတက်သိမ်းပိုက်ပြန်သည်။ မိုးညှင်းစလုံသည် မြေဒူးနယ်၊ ဒီပဲယင်း၊ စည်ပုတ္တရာ စသည်တို့နှင့် အင်းဝနေပြည်တော် အစွန်အဖျားကို ထိပါးဖန်များခဲ့ရုံမက သက္ကရာဇ် ၈၈၆ ခုနှစ်တွင် စစ်ကိုင်းသို့ချီလာ၍ ကျောင်းကန်အိမ်ရာတို့ကို မီးတိုက်ကာ ဧရာဝတီအနောက်တစ်လွှား မြို့ရွာများကို တိုက်ခိုက်သိမ်းယူသည်မှာ သရက်မြို့သို့ တိုင်လေသည်။ ထိုကမှ ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစောနှင့် ပေါင်း၍ အင်းဝသို့ချီသည်။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် အုန်းပေါင်ခွန်မိန်းငယ်နှင့် ပူးပေါင်း၍ ခုခံသည်။ မခံနိုင်သဖြင့် ယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ဆုတ်ရလေရာ အင်းဝတွင် သတိုးမင်းစောအား ထားခဲ့၍ ဆင်ကောင်း၊ မြင်းကောင်းများ ယူကာ စစ်ကိုင်းဘက်သို့ ကူး၍ မိုးညှင်းပြန်လေသည်။ သို့ရာတွင် သတိုးမင်းစောသည် အင်းဝတွင်ရှိသော အကြီးအကဲတို့ကိုယူ၍ ပြည်သို့ပြန်ရာ ရွှေနန်းကြော့ရှင်နှင့် အုန်းပေါင်ခွန်မိန်းငယ်တို့သည် အင်းဝသို့ပြန်၍ အင်အား ထူထောင်ပြန်သည်။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းများ တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူ လေသည်။ ထိုအကြောင်းကို ကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈ ခုနှစ်(AD၁၅၂၇)တွင် သား သိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာ ဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်း အနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစလုံသည် ဟန်လင်းမှတစ်ဆင့် စစ်ကိုင်းသို့ ချီလာရာ အင်းဝကို ဝိုင်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်ခွန်မိန်းငယ် မရောက်သေးသောကြောင့် အင်အားမမျှသေး၍ ထွက်မတိုက်ချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့ကို ရှစ်ရက်ဝိုင်းရံခဲ့ပြီး နောက်ဆုံးတွင် ဆင်မြင်းအလုံးအရင်းနှင့် မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလျှင် မိုးညှင်းစလုံသည် သားတော်သိုဟန်ဘွားအား တိုက်ဆင် နှစ်ရာ၊ မြင်း လေးထောင်၊ စစ်သည်သူရဲ ခြောက်သောင်း ပေးခဲ့၍ အင်းဝတွင် မင်းပြုစေသည်။ ရွှေနန်းကြော့ရှင်၏တူတော် မင်းကြီးရန်နောင်သည်လည်း အင်းဝပျက်၍ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေလေသည်။ မိုးညှင်းစလုံက မင်းကြီးရန်နောင်ကို ခေါ်၍ "ငါ့သား သိုဟန်ဘွားသည် မြန်မာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင် ပဲ့ပြင်၍ စီရင်ခင်း၊ စီရင်ဖွယ် ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ"ဟု ဆိုကာ သိုဟန်ဘွားအား သွန်သင်ပဲ့ပြင်ရန် အမတ်ကြီး ခန့်ထားခဲ့သည်။ ပြင်စည်မြို့ကိုလည်း ပေး၍ စားစေသည်။ မိုးညှင်းစလုံသည် အင်းဝကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ ပြန်လေသည်။ (၈၉၄)-ခုနှစ်တွင် မိုးညှင်းစော်ဘွား စလုံသည် အင်းဝသို့ ဆင်းလာကာ သားတော်သိုဟန်ဘွားအားခေါ်၍ ပြည်သို့ချီတက်သည်။ ပြည်ဘုရင်ထွေးလည်း မိုးညှင်းစလုံတို့ကို တိုက်ခိုက်ရန် အင်အားမမျှသဖြင့် အထူးထူးသော ပုဆိုးကောင်းများကို ယူကာ အခြွေအရံ တစ်ထောင်ခန့်နှင့် ဆက်သအညံ့ခံသဖြင့် ဘုရင်ထွေးအားဖမ်း၍ အင်းဝသို့ ပြန်သည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး ပြန်လေသည်။ ဒီပဲယင်းသို့ ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ လွှတ်ပေးလေသည်။ မိုးညှင်းစလုံသည် မြေဒူးသို့ ရောက်လျှင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍ အနိစ္စရောက်လေသည်။ ကိုးကား အင်းဝမင်းဆက် မြန်မာနိုင်ငံ၏ သမိုင်း
https://my.wikipedia.org/wiki/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%8A%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%9C%E1%80%AF%E1%80%B6
ခိအိ - နဂရှိမဘူတာ
ခိအိ - နဂရှိမဘူတာ (紀伊長島駅 ခိအိ - နဂရှိမ- အဲခိ ) သည် ဂျပန်နိုင်ငံ၊ မိအဲခရိုင်၊ ခိတမုရိုတိုင်း၊ ခိဟိုခုမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%AD%E1%80%A1%E1%80%AD%20-%20%E1%80%94%E1%80%82%E1%80%9B%E1%80%BE%E1%80%AD%E1%80%99%E1%80%98%E1%80%B0%E1%80%90%E1%80%AC
ပေါ့ခင်ရွာ၊ ပင်လောင်းမြို့နယ်
ပေါ့ခင်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၂၆၁၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လွယ်မောကျေးရွာအုပ်စုတွင် ကျား ၄၄၉၂ ဦး၊ မ ၅၀၂၀ ဦး၊ လူဦးရေ စုစုပေါင်း ၉၅၁၂ ဦးနေထိုင်သည်။ ကိုးကား ပင်လောင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%B1%E1%80%AB%E1%80%B7%E1%80%81%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အပြင်အောင်ခြင်း
အပြင်အောင်ခြင်းရှစ်ပါး ပါဠိ+မြန်မာပြန် ၁။ မာရ်နတ်သားကို အောင်မြင်ခြင်း ဗာဟုံသဟဿ မဘိနိမ္မိတ သာ ဝုဓန္တံ၊ဂိရိမေခလံ ဥဒိတဃောရံသသေနမာရံ၊ ဒါနာဒိ ဓမ္မ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။လက်ရုံးတထောင် လက်နက်တထောင် ဖန်ဆင်းကာ ဂိရိမေခလာဆင်ကို စီး၍လာသော ကြမ်းတမ်းသော စစ်သည်ဗိုလ်ပါနှင့်တကွ မာရ်နတ်သားကို မြတ်စွာဘုရားသည် ဒါနပါရမီစသော တရားတော်အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ မာရ်နတ်သားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၂။ အာဠာဝက ဘီလူးကို အောင်မြင်ခြင်းမာရာတိရေက မဘိ ယုဇ္ဈိတ သဗ္ဗရတ္တိံ၊ ဃောရံ ပနာဠဝက မက္ခမ ထဒ္ဓ ယက္ခံ၊ခန္တိ သုဒန္တ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။ မာရ်နတ်သားထက် လွန်ကဲစွာ ညဉ့်လုံးပေါက် စစ်ထိုးနိုင်၍ ကြောက်ဖွယ်ကောင်းပြီး သူတပါးတို့ သည်းမခံနိုင်အောင် ကြမ်းတမ်းခက်မာသော အာဠာဝကဘီလူးကြီးကို မြတ်စွာဘုရားသည် သည်းခံတော်မူခြင်း, ကောင်းစွာယဉ်ကျေးစေတော်မူခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ အာဠာဝကဘီလူးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၃။ နာဠာဂိရိဆင်ကို အောင်မြင်ခြင်းနာဠာဂိရိံ ဂဇဝရံ အတိမတ္တ ဘူတံ။ ဒါဝဂ္ဂိ စက္က မသနိံဝ သုဒါရုဏန္တံ၊မေတ္တမ္ဗု သေက ဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။ တောမီး မိုးကြိုးစက်ကဲ့သို့ ကြမ်းကြုတ်၍ အလွန်မုန်ယစ်နေသော အဇာတသတ်မင်း၏ စီးတော်ဆင် နာဠာဂိရိကို မြတ်စွာဘုရားသည် မေတ္တာတော်ရေ သွန်းခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ နာဠာဂိရိဆင်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုအား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၄။ အင်္ဂုလိမာလကို အောင်မြင်ခြင်းဥက္ခိတ္တ ခဂ္ဂ မဘိဟတ္ထ သုဒါရုဏန္တံ၊ ဓာဝံ တိ ယောဇန ပထင်္ဂုလိမာလဝန္တံ၊ဣဒ္ဓါဘိ သင်္ခတ မနော ဇိတဝါ မုနိန္ဒော၊ တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။ သန်လျက်ကို လက်၌ မြှောက်မိုး၍ အလွန်ကြမ်းကြုတ်ရက်စက်သူ သုံးယူဇနာခရီးကို မမောမပန်း တဟုန်တည်း ပြေးစွမ်းနိုင်သူ လက်ညှိုးပန်းကုံးဆွဲထားသူ အင်္ဂုလိမာလ လူဆိုးကြီးကို မြတ်စွာဘုရားသည် ဖန်ဆင်းထားသော စိတ်တန်ခိုးဖြင့် အောင်တော်မူလေပြီ၊ အင်္ဂုလိမာလ လူဆိုးကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၅။ စိဥ္စမာဏကို အောင်မြင်ခြင်းကတွာန ကဋ္ဌ မုဒရံ ဣဝ ဂဗ္ဘိနိယံ၊ စိဉ္စာယ ဒုဋ္ဌဝစနံ ဇန ကာယ မဇ္ဈေ၊သန္တေ န သောမ္မ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။ တရားနာကြသော လူရှင်ရဟန်း ပရိသတ်တို့၏ အလယ်၌ သစ်သားကို ကိုယ်ဝန်ဆောင် မိန်းမ၏ ဝမ်းဗိုက်ကဲ့သို့ အတုပြု၍ လုပ်ဆောင်လာသူ စိဥ္စမာဏဝိကာ အမည်ရှိသော မိန်းမယုတ်၏ မဟုတ်မတရား စွပ်စွဲဖျက်ဆီးသော စကားကို မြတ်စွာဘုရားသည် ငြိမ်သက်ဖြူစင် ချမ်းအေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ စိဥ္စမာဏ မိန်းမယုတ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၆။ သစ္စကပရိဗိုဇ်ကို အောင်မြင်ခြင်းသစ္စံ ဝိဟာယ အဘိသစ္စက ဝါဒကေတုံ၊ ဝါဒါဘိရောပိတ မနံ အတိအန္ဓ ဘူတံ၊ပညာပဒီပ ဇလိတော ဇိတဝါ မုနိန္ဒော၊ တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။ မှန်သောစကားကို ပယ်၍ မမှန်ကို အမှန်လုပ်ကာ ဝါဒမှားကို တံခွန်အလား လွင့်ထူသွားသူ, မိမိ၏ဝါဒဖြင့် သူတပါးအို့အား နှိမ်နင်းလိုသော စိတ်ထားရှိသူ, အလွန်မိုက်မဲသည့် ကူဋဒန္တခေါ်သော သစ္စကပရိဗိုဇ်ကို မြတ်စွာဘုရားသည် ပညာတန်ဆောင် ဆီမီးရောင်ကို ညှိထွန်းတော်မူခြင်းဖြင့် အောင်တော်မူလေပြီ။ သစ္စကပရိဗိုဇ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၇။ နန္ဒောပနန္ဒ နဂါးကို အောင်မြင်ခြင်းနန္ဒောပနန္ဒ ဘုဇဂံ ဝိဝိဓံ မဟိဒ္ဓိံ၊ ပုတ္တေန ထေရဘုဇဂေန ဓုနာပယန္တော၊ဣဒ္ဓူပဒေသ ဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။ အထူးထူးအပြားပြား တန်ခိုးကြီးမားသော နန္ဒောပနန္ဒ နဂါးမင်းကို မြတ်စွာဘုရားသည် တပည့်သားဖြစ်သူ ရှင်မောဂ္ဂလာန်ကို နှစ်ဆကြီးသော နဂါးအသွင်ဖြင့် အခိုးအလျှံကို လွှတ်စေလျက် တန်ခိုးဖန်ဆင်းခြင်း၌ နည်းညွှန် ဥပဒေပေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ။ နန္ဒောပနန္ဒနဂါးမင်းကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ ၈။ ဗကဗြဟ္မာကို အောင်မြင်ခြင်းဒုဂ္ဂါဟ ဒိဋ္ဌိ ဘုဇဂေန သုဒဋ္ဌ ဟတ္ထံ၊ ဗြဟ္မံ ဝိဘူတိ တိမဟိဒ္ဓိ ဗကာ ဘိဓာနံ၊ဉာဏာဂဒေန ဝိဓိနာ ဇိတဝါ မုနိန္ဒော၊ တန္တေ ဇသာ ဘဝတု မေ ဇယမင်္ဂလဂ္ဂံ။ မကောင်းသောအယူ မိစ္ဆာဒိဋ္ဌိမြွေဆိုး လက်၌ကိုက်ခဲခြင်းခံရသူ ကျော်စော၍ ထွန်းလင်းတောက်ပသော ကြီးမားသော တန်ခိုးရှင် ဗကဗြဟ္မာကြီးကို မြတ်စွာဘုရားသည် ဉာဏ်တော်တည်းဟူသော အဆိပ်ဖြေဆေး အစီအရင်ဖြင့် အောင်တော်မူလေပြီ။ ဗကဗြဟ္မာကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ အပြင်အောင်ခြင်းရှစ်ပါးပါဌိ+မြန်မာပြန် ပြီး၏၊ အပြင်အောင်ခြင်း ရှစ်ပါးအနက် (၁) ယော မုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဂိရိမေခလံ၊ ဂိရိမေခလာ အမည်ရှိသော ဆင်ကို။ ဥဒိတံ၊ တက်စီးထသော။ အဘိနိမ္မိတသာ ဝုဓန္တံ၊ အလွန် ဖန်ဆင်းအပ်သော လက်နက်နှင့်တကွဖြစ်သော။ ဗာဟုံသဟဿံ၊ တစ်ထောင် သောလက်ရုံးရှိထသော။ ဃောရံ၊ ကြမ်းတမ်းစွာသော။ သသေနမာရံ၊ စစ်သည်နှင့်တကွသော မာရ်နတ်သားကို။ ဒါနာဒိ ဓမ္မ ဝိဓိနာ၊ ဒါနပါရမီအစရှိသော တရားတည်းဟူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေ ဇသာ၊ မာရ်နတ်သားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။ (၂) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ မာရာတိရေကံ၊ မာရ်နတ် သားထက်အလွန်။ သဗ္ဗရတ္တိံ၊ ညဉ့်သုံးယံပတ်လုံး။ အဘိ ယုဇ္ဈိတံ၊ အလွန်စစ်ထိုး နိုင်ထသော။ ဃောရံ၊ ကြောက်မက်ဖွယ်ရှိထသော။ အက္ခမံ၊ သူတစ်ပါးတို့ သည် သည်းခံနိုင်ခဲထသော။ ထဒ္ဓံ၊ ကြမ်းတမ်းခက်မာစွာထသော။ အာဠာဝကံ၊ အာဠာဝကအမည်ရှိသော။ ယက္ခံပန၊ ဘီလူးကိုကား။ ခန္တိ သုဒန္တ ဝိဓိနာ၊ သည်း ခံတော်မူခြင်းတည်းဟူသော ကောင်းစွာယဉ်ကျေးသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ အာဠာဝကဘီလူးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။ (၃) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဒါဝဂ္ဂိ စက္ကမသနိံဝ၊ တော မီးမိုးကြိုးစက်ကဲ့သို့။ သုဒါရုဏန္တံ၊ အလွန်ကြမ်းကြုတ်စွာထသော။ အတိမတ္တ ဘူတံ၊ အလွန်မုန်ယစ်စွာထသော။ နာဠာဂိရိံ၊ နာဠာဂိရိအမည်ရှိသော။ ဂဇဝရံ၊ မြတ်သော မင်းစီးဆင်ကို။ မေတ္တမ္ဗု သေကဝိဓိနာ၊ မေတ္တာတော်ရေကိုသွန်းခြင်း တည်းဟူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ နာ ဠာဂိရိဆင်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။ (၄) ယော မုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဥက္ခိတ္တ ခဂ္ဂမဘိဟတ္ထ သုဒါရုဏန္တံ၊ ချီအပ်သော သန်လျက်လက်၌ ရှိသည်ဖြစ်၍ အလွန်ကြမ်းကြုတ် စွာထသော။ တိယောဇနပထံ၊ သုံးယူဇနာရှိသော ခရီးကို။ ဓာဝံ၊ တဟုန်တည်း ပြေးစွမ်းနိုင်သော။ အင်္ဂုလိမာလဝန္တံ၊ လက်ညှိုးတည်းဟူသော ပန်းရှိသော ခိုးသူ ကို။ ဣဒ္ဓါဘိသင်္ခတ မနော၊ တန်ခိုးတော်အားဖြင့် ဖန်ဆင်းအပ်သော နှလုံး တော်ရှိသည်ဖြစ်၍။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ အင်္ဂုလိမာလအ မည်ရှိသော ခိုးသူကိုအောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော် အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာ သည်။ ဘဝတု၊ ဖြစ်စေသတည်း။ (၅) ယော မုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ကဋ္ဌံ၊ သစ်သားကို။ ဂဗ္ဘိနိယံ၊ ကိုယ်ဝန်ဆောင်သော။ ဥဒရံ ဣဝ၊ ဝမ်းကိုကဲ့သို့။ ကတွာန၊ ပြုလတ်၍။ ဇနကာယ မဇ္ဈေ၊ တရားနာပရိသတ်ဖြစ်သောလူ, ရဟန်းအပေါင်းတို့အလယ်၌။ စိဉ္စာယ၊ စိဉ္စမာနဝိကာ အမည်ရှိသောမိန်းမညစ်၏။ ဒုဋ္ဌဝစနံ၊ စွပ်စွဲသောအားဖြင့် ဖျက်ဆီးသော စကားကို။ သန္တေ န၊ ငြိမ်သက်စွာသော။ သောမ္မ ဝိဓိနာ၊ ဖြူစင် အေးချမ်းစွာသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ စိဉ္စာမာနဝိကာအမည်ရှိသော မိန်မညစ်၏စွပ်စွဲသော အားဖြင့် ဖျက်ဆီးသော စကားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင် ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။ (၆) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ သစ္စံ၊ မှန်သောစကား ကို။ ဝိဟာယ၊ စွန့်၍။ အဘိသစ္စက ဝါဒကေတုံ၊ မမှန်သည်ကို မှန်သည်ဟု ဆို အပ်သော ဝါဒတည်းဟူသော မှန်ကင်းရှိထသော။ ဝါဒါဘိရောပိတ မနံ၊ မိမိဝါဒ ဖြင့် သူတစ်ပါးတို့ကို နှိမ်နှင်းလိုသော စိတ်ရှိထသော။ အတိအန္ဓ ဘူတံ၊ အလွန် မိုက်လှစွာသော ကူဋဒန္တအမည်ရှိသောသစ္စကပရိဗိုဇ်ကို။ ပညာပဒီပဇလိတော၊ ပညာတော်တည်းဟူသော ဆီမီးတန်ဆောင်ကို ညှိထွန်းတော်မူသည်ဖြစ်၍။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ ကူဋဒန္တအမည်ရှိသော သစ္စကပရိ ဗိုဇ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အ ကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။ (၇) ယောမုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဝိဝိဓံမဟိဒ္ဓိံ၊ အထူးထူးအ ပြားပြားကြီးမားသောတန်ခိုးရှိသော။ နန္ဒောပနန္ဒဘုဇဂံ၊ နန္ဒောပနန္ဒအမည်ရှိ သော နဂါးမင်းကို။ ထေရဘုဇဂေန၊ ကြီးမြတ်သောနဂါးမင်းဖြစ်တော်မူသော။ ပုတ္တေန၊ သားတော်ရှင်မောဂ္ဂလာန်ကို။ ဓုနာပယန္တော၊ အခိုးအလျှံ လွှတ်ချေချွတ် ဖျက်ဆီးစေလျက်။ ဣဒ္ဓူပဒေသ ဝိဓိနာ၊ တန်ခိုးဖန်ဆင်းခြင်း၌ နည်းညွှန်ဥပဒေ သကို ပေးတော်မူသော အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ နန္ဒောပနန္ဒ အမည်ရှိသော နဂါးမင်းကို အောင်တော်မူ သော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။ (၈) ယော မုနိန္ဒော၊ အကြင်မြတ်စွာဘုရားသည်။ ဒုဂ္ဂါဟ ဒိဋ္ဌိ ဘုဇဂေန၊ မ ကောင်းသော အယူမိစ္ဆာတည်းဟူသော မြွေသည်။ သုဒဋ္ဌ ဟတ္ထံ၊ ပြင်းစွာကိုက် အပ်သော လက်ရှိထသော။ ဝိဘူတိ အတိမဟိဒ္ဓိံ၊ စိုးရတင့်တယ် အလွန်ကြီးကျယ်သော တန်ခိုး ရှိထသော။ ဗကာ ဘိဓာနံ၊ ဗကအမည်ရှိသော။ ဗြဟ္မံ၊ ဗြဟ္မာမင်းကို။ ဉာဏာဂ ဒေန၊ ဉာဏ်တော်တည်းဟူသော အဆိပ်ကို ဖျောက်တတ်သော ဆေးဟု ဆို အပ်သော။ ဝိဓိနာ၊ အစီအရင်ဖြင့်။ ဇိတဝါ၊ အောင်တော်မူလေပြီ။ တန္တေဇသာ၊ ဗကအမည်ရှိသော ဗြဟ္မာမင်းကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့်။ မေ၊ အကျွန်ုပ်အား။ အဂ္ဂံ၊ မြတ်သော။ ဇယမင်္ဂလံ၊ အောင် ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။ အပြင်အောင်ခြင်းရှစ်ပါးအနက် ပြီး၏။ ရှစ်လုံးဖွဲ့ ဓမ္မကဗျာ ၁။ဗောဓိညောင်နန်း အောင်ဝန်းရိပ်သာ၊ တထောင်လက်ရုံး စက်ဘုန်းလျှံဖြာ။ မာရ်နတ်မင်းနှင့် သင်းပင်းဗိုဇ်ပါ၊ တို့ဘုရား တရားတော်ဖြင်သာ။ အခေါင်နင်း အောင်ခြင်းလက်ဦးစွာ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ။ ၂။ အာဠာဝက ယက္ခယုတ်မာ၊ ညဉ့်သုံးယာမ်လုံး အုံးအုံးကြွက်ညာ။ လက်နက်မိုးဖြင့် ထစ်ကြိုးတိုက်လာ၊ ခန္တီထုံး ကျင့်သုံး-တို့မြတ်စွာ။ အခေါင်နင်း အောင်ခြင်း-ဒုတိယာ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ။ ၃။ နာဠာဂိရိ မည်ရှိထင်စွာ၊ တောမီးမိုးကြိုး စက်မျိုးပမာ။ ကြမ်းတမ်းရုန့်ရင်း မုန်ဆင်းသတ္တဝါ၊ မေတ္တာမိုး စွေဖြိုး-တို့မြတ်စွာ။ အခေါင်နင်း အောင်ခြင်း-တတိယာ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ။ ၄။ လက်ညှိုးစုံပန်း ဆင်မြန်းလျက်သာ၊ အဟိံသက စောရ-လူစွာ။ သတ်မည်ကောဟု လျင်ဆောလိုက်လာ၊ တန်ခိုးစွမါး ဖန်ဆန်း-တို့မြတ်စွာ။ အခေါင်နင်း အောင်ခြင်းစတုတ္ထာ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ။ ၅။ ကိုယ်ဝန်စွဲပိုက် ဝမ်းတိုက်တူစွာ၊ သစ်သားကိုလုပ် မိယုတ်စိဥ္စာ။ ပရိသတ်ထဲ စွပ်စွဲလေရာ၊ သာယာညင်း မိန့်လျှင်း တိူ့မြတ်စွာ။ အခေါင်နင်း အောင်ခြင်းပဥ္စမာ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ။ ၆။ အမှန်ပယ်ရှား အမှားကိုသာ၊ ဝါဒမှန်ကင်း ထောင်လျှင်းစိုက်ကာ။ လူ,ပရိဗိုဇ် အမိုက်သစ္စကာ၊ ပညာမီး ညှိသီး တို့မြတ်စွာ။ အခေါင်နင်း အောင်ခြင်းဆဋ္ဌမာ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ။ ၇။ မဟာနန္ဒော မာန်ပြောထူစွာ၊ နဂါးရန်ကြီး ဖျက်ဆီးစိမ့်ငှါ။ ဝဲရံထေရ်အား မခြားချိန်ခါ၊ လူ,ထိပ်မိုး တန်ခိုးညွှတ်ပြကာ။ အခေါင်နင်း အောင်ခြင်းသတ္တမာ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ။ ၈။ အယူဖောက်လွဲ မြွေခဲလက်မှာ၊ တန်ခိုးရှိန်အား ကြီးမားထင်စွာ။ ဗြဟ္မာဗက ဗာလယုတ်မာ၊ ဉာဏ်တော်ဆေး တိုက်ကျွေး-တို့မြတ်စွာ။ အခေါင်နင်း အောင်ခြင်းအဋ္ဌမာ၊ ငါတို့လဲ ထိုနဲ-အောင်စေပါ။ အောင်ခြင်းရှစ်ပါး ကဗျာများ၁။မာရ်နတ်အောင်ပွဲ လက်ရုံးတထောင် အသွင်ဆန်းနဲ့၊ ဆင်ကြမ်းကိုတဲ့ စီးလို့လာ။ မာရ်နတ်ဘုရင် ပလ္လင်လုဖို့၊ သေနင်ထုနဲ့ တိုက်ခိုက်တာ။ ပါရမီတွေ သက်သေပြုလို့၊ ဝသုန်မြေထု ညွန်ပြရာ။ မာရ်စစ်တွေဟာ ကျေကာပျက်လို့၊ ဟိုထွက်သည်ထွက် ပြေးရရှာ။ နဘံလွှမ်းမိုး ဖြန်းဖြန်းကျိုး၊ ပန်းမိုးချလို့ရွာ။ အဲဒါက ဘဂဝါ-အရဟ ပထမအောင်စဉ်ပါ။၂။ အာဠာဝက အောင်ပွဲ ဒေါသပြင်းစွာ တင်းမာလှ၊ မင်းမာရထက် ကြမ်းတမ်းစွာ။ လက်နက်ကိုးဖြာ မိုးရွာလစ်၊ ဘွဲ့ပြူပစ်လို့ စစ်ထိုးတာ။ ဗုဒ္ဓမြတ်စွာ မေတ္တာပွားလို့၊ သစ္စာတရားနဲ့ ချေပရာ။ လက်နက်တွေဟာ ခြေတော်အနီး၊ ပန်းစည်းပန်းဆုပ် ခြေသုတ်ပမာ။ အာဠဝက မာန်စွယ်ကျ၊ ဦးချဝပ်တွားလာ။ အဲဒါက ဘဂဝါ-သုဂတ ဒုတိယအောင်စဉ်ပါ။၃။ နာဠာဂိရိဆင် အောင်ပွဲ နာဠာဂိရိ ဆင်ပြောင်မိုက်ကို၊ သေရည်တိုက်လို့ ခိုင်းတဲ့ခါ။ လောင်မီးစံပုံ မာန်ဟုန်ပြင်းလို့၊ နင်းဖို့ သတ်ဖို့ အတင်းလာ။ ဓာတ်ဗြဟ္မစိုရ် လှစ်ကာနိုး၊ မေတ္တာမိုးနဲ့ သွန်းလိုက်တာ။ နှာမောင်းလေးကို ကွေးကာကုပ်လို့၊ ဒူးတုပ်ဝပ်တွား ညွှတ်သွားရှာ။ တိုက်ဆင်ပြောင်ကြီး လိမ္မာပြီး၊ ငြမ်ကြီးငြိမ်သက်လာ။ အဲဒါက ဘဂဝါ-ဇိန တတိယအောင်စဉ်ပါ။၄။ အင်္ဂုလိမာလ အောင်ပွဲ သန်လျက်ကို ယမ်းကာဝှေ့လို့၊ လမ်းလာသရွေ့ သတ်ဖြတ်ကာ။ လက်ချောင်းတွေကို သီကာတွဲလို့၊ လည်မှာဆွဲတဲ့ လူကြမ်းဟာ။ ဘုရားရှင်ကို လမ်းဝယ်တွေ့တော့၊ ဖမ်းမယ်ဟေ့လို့ ပြေးလိုက်ရာ။ တန်ခိုးတော်ဘိညာဉ် ထင်စွာပြုမှ၊ အင်္ဂုလိမာလ ညွတ်တွားလာ။ တရားရေအေး အမြိုက်ဆေး၊ တိုက်ကျွေးကျွတ်စေတာ။ အဲဒါက ဘဂဝါ-နုတ္တရ စတုတ္ထအောင်စဉ်ပါ။၅။ စိဥ္စမာဏ အောင်ပွဲ ပျဉ်ချပ်တွေကို ခံခွေပြုလို့၊ သန္ဓေအတုနဲ့ စိဥ္စမာ။ အရှက်ကွဲရုံ ဂုဏ်တော်ဖြုတ်ဖို့၊ သမုတ်စွပ်စွဲ လူထဲမှာ။ ငြိမ်းအေးမေတ္တာ ဓာတ်တရားကြောင့်၊ နတ်သိကြားတို့ မနေသာ။ ပျဉ်ကြိုးဖြေကာ ခြေကိုဖြတ်လို့၊ မြျေိုဟပ်တော့ ငရဲမှာ။ ဂုဏ်တော်တန်ခိုး ဆတမ်းပိုး၊ တိုးလို့တက်လို့လာ။ အဲဒါက ဘဂဝါ-ယှဉ်မရ ပဥ္စမအောင်စဉ်ပါ။၆။ သစ္စကပရိဗိုဇ် အောင်ပွဲ ဝါဒချင်းပြိုင် နိုင်မလားလို့၊ ဘုရားကိုတဲ့ အတ်တုလာ။ အယူတထောင် ဆောင်ကိုမိုက်တဲ့၊ ပရိဗိုဇ်ကွဲ့ သစ္စကာ။ မိမိကိုယ်ဟာ အတ္တလားလို့၊ မြတ်စွာဘုရား မေးတဲ့ခါ။ မသိတွေမှိုင် ဖြေနိုင်ဘဲမို့၊ ခွေယိုင်လဲလို့ ရှုံးရတာ။ တိတ္တိအမျိုး မာန်စွယ်ကျိုး၊ ငုံ့လျှိုးနေရရှာ။ အဲဒါက ဘဂဝါ-မြတ်လှ ဆဋ္ဌမအောင်စဉ်ပါ။၇။ နန္ဒေပနန္ဒ နဂါးမင်း အောင်ပွဲ နန္ဒောပနန် မျက်မာန်ကြွ၊ ခက်ထန်လှတဲ့ နဂါးဟာ။ မြင်းမိုရ်တောင်ကို ခွေပတ်ပြီးတော့၊ ကတ်သီးကတ်သတ် ရန်ပြုတာ။ ဘုရားသခင် မယှဉ်လောက်တော့၊ ရှင်မောဂ္ဂလာန်နဲ့ ပြိုင်စေရာ။ လက်ဝဲတော်ရံ ဈာန်တန်ခိုးနဲ့၊ မာန်ဟုန်ချိုးလို့ ဆုံးမတာ။ နတ်နဂါးမင်း ခြေတော်ရင်း၊ ဝပ်စင်းခယလာ။ အဲဒါက ဘဂဝါ-မြတ်လှ သတ္တမအောင်စဉ်ပါ။၈။ ဗကဗြဟ္မာ အောင်ပွဲ ''' ဗကဆိုသူ လူတမျိုးနဲ့၊ အယူဆိုးတဲ့ မိုးဗြဟ္မာ။ အနိစ္စကို နိစ္စပဲလို့၊ စိတ်ကစွဲလို့ လွဲခဲ့တာ။ တို့ဘုရားရှင် လျင်စွာကြွလို့၊ ထင်စွာပြတော့ မြတ်ဓမ္မာ။ တန်ခိုးချင်းတောင် တူသလားလို့၊ လူဘုရားက ပြတဲ့ခါ။ မိုးဗြဟ္မာကြီး မာန်ကွာပြီး၊ ရှုံးကြီးရှုံးရရှာ။ အဲဒါက ဘဂဝါ-မြတ်လှ အဋ္ဌမအောင်စဉ်ပါ။ ကိုးကား ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
အဲကမ္ဘောဇ
ကမ္ဘောဇလေကြောင်းလိုင်း () သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံသားပိုင် ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည်။ ကမ္ဘောဇ အုပ်စုကုမ္ပဏီ မှ ပိုင်ဆိုင်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ မှာ ရန်ကုန် - ပုဂံ - မန္တလေး - ဟဲဟိုး - ရန်ကုန် ခရီးစဉ် ဖြင့် စတင်ပြေးဆွဲခဲ့သည်။ ပျံသန်းရာမြို့များ ပြည်တွင်း ပုဂံ - ညောင်ဦးလေဆိပ် ဗန်းမော် - ဗန်းမော်လေဆိပ် ဟဲဟိုး - ဟဲဟိုးလေဆိပ် ကလေး - ကလေးမြို့လေဆိပ် ကော့သောင်း - ကော့သောင်းလေဆိပ် ကျိုင်းတုံ - ကျိုင်းတုံလေဆိပ် လားရှိုး - လားရှိုးလေဆိပ် မန္တလေး - မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် အခြေစိုက်လေဆိပ် မြိတ် - မြိတ်လေဆိပ် မြစ်ကြီးနား - မြစ်ကြီးနားလေဆိပ် ပူတာအို - ပူတာအိုလေဆိပ် စစ်တွေ - စစ်တွေလေဆိပ် ထားဝယ် - ထားဝယ်လေဆိပ် တာချီလိတ် - တာချီလိတ်လေဆိပ် သံတွဲ - သံတွဲလေဆိပ် ရန်ကုန် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဓိက အခြေစိုက်လေဆိပ် ပြည်ပ ထိုင်းနိုင်ငံ ချင်းမိုင် - ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေယာဉ်များ မတော်တဆမှုများ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သံတွဲလေဆိပ်တွင် ATR-72-500 မှာ လေယာဉ်ပြေးလမ်း ချော်ခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြေးလမ်းချော်ခဲ့သည်။ ထိခိုက်ဒဏ်ရာရရရှိမှု မရှိခဲ့ပေ။ ကိုးကား မြန်မာနိုင်ငံအခြေစိုက် လေကြောင်းလိုင်းများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%B2%E1%80%80%E1%80%99%E1%80%B9%E1%80%98%E1%80%B1%E1%80%AC%E1%80%87
ကရ​ဝိက်
ကရဝိက် (သို့) ကရဝိက် ဖောင်သည် ကန်တော်ကြီး၏ အရှေ့ဘက်ကမ်းနားတွင် တည်ရှိသည်။ ၎င်းဖောင်အား ဗိသုကာပညာရှင် ဦးငွေလှိုင် သည် တော်ဝင်ပြည်ကြီးမွန် ဖောင်အားအခြေခံ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉၇၂ ခုနှစ်၊ ဇွန်လတွင် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၇၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြီးစီးခဲ့သည်။ ဤဖောင်သည် ကွန်ကရစ် နှစ်ထပ်အမျိုးအစားဖြစ်ပြီး သံချောင်းများဖြင့် ပိုမိုခိုင်ခံ့အောင် ပြုလုပ်ပြီး အမိုးကိုပြာသာဒ် အမိုးဖြင့် တည်ဆောက်ထားသည်။ ဝေါဟာရဗေဒ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတွင် ကရဝိက်ဟု ရေးသည်။ ကရဝိတ်ဟုသော စကားလုံးသည် ပါဠိဘာသာ "ကရဝိက"မှ ဆင်းသက်လာပြီး သာယာသော အသံရှိသော ဒဏ္ဍာရီလာ ဆန်းကြယ်သော ငှက်ဖြစ်သည်။ ကရဝိတ်အယူအဆ ကရဝိက် ဆိုတာ ဆက်ရက်ငှက်ပါကွာလို့ ပြောသည့် လူများရှိကြရာ ထိုကဲ့သို့ပြောသူများကို မှားတယ်ဟု ငြင်းရန်ခက်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကရဝိက် အစပြုသော ကိန္နရာ၊ ကိန္နရီ၊ ဂဠုန်၊ ဟင်္သာ၊ ခြင်္သေ့၊ စာမရီ၊ နဂါး၊ နရား တို့မှာ ဆန်းကြယ်သော သတ္တဝါများအဖြစ် ပန်းချီဆရာ လက်စွမ်းရှိသလောက် ခြယ်လှယ်ထားသော အရာများ ဖြစ်သည်။ ကိန္နရာရုပ်ရေးသည့်အခါတွင် ငှက်၏ကိုယ်လုံးပေါ်၌ လူခန္ဓာကိုယ်တစ်ခု ထပ်ဆင့်တင်ပေးထားသော်လည်း ဆန်းကြယ်လှပသော သတ္တဝါတစ်ခုအဖြစ် လူအများ၏အမြင်တွင် မေးခွန်းမရှိပဲ လက်ခံလိုက်ကြခြင်း ဖြစ်သည်။ ပန်းချီဆရာက ဉာဏ်ရှိသလို ခြယ်လှယ်သည် ဆိုရာတွင် ပဒေသရာဇ်ခေတ်တွင်မှ စတင်သည်ဟု ဆိုသင့်သည်။ ကရဝိက်ငှက်သည် ဟိမဝန္တာ ဥဩ တစ်မျိုး ဖြစ်သည်ဟု ဆိုသည်။ အလွန်သာယာသော အသံများကို ကရဝိက်သံ၊ ကြိုးကြာသံများနှင့် နှိုင်းယှဉ်လေ့ရှိခြင်းကို ထောက်သော် ကရဝိက်ငှက်သည် အလွန်အသံသာယာသော ငှက်မျိုးဖြစ်ဟန်တူပေသည်။ ကရဝိက်ဖေါင်ဟုခေါ်သော ရေယာဉ်တွင် ကရဝိက်ငှက်၏ သဏ္ဌာန် တည်ဆောက်လေ့ ရှိကြသော်လည်း၊ နှုတ်သီးရင်အုပ် အတောင်နှစ်ဖက်နှင့် ငှက်တစ်ကောင်အဖြစ်ကိုသာ သာမန် အားဖြင့် သိကြရ၍ အမှတ်အသား အတိအကျ မရှိချေ။ ဤ ငှက်၏ဥ၊ အသိုက်နှင့် အလေ့အထများကိုလည်း တိကျစွာ ဖော်ပြထားခြင်း မရှိပေ။ ကိုးကား ရန်ကုန်မြို့
https://my.wikipedia.org/wiki/%E1%80%80%E1%80%9B%E2%80%8B%E1%80%9D%E1%80%AD%E1%80%80%E1%80%BA
ကျောင်းစုရွာ၊ ကံမမြို့နယ်
ကျောင်းစုရွာ ()သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ဂျွန်းတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၄၇၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဂျွန်းတောင်ကျေးရွာအုပ်စုတွင် ကျား ၆၁၄ ဦး၊ မ ၆၅၉ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၇၃ ဦးနေထိုင်သည်။ ကိုးကား ကံမမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%B6%E1%80%99%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
လွိုင်ညင်းရွာ၊ မန်မန်ဆိုင်မြို့နယ်
လွိုင်ညင်းရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ ဝိန်းကောင်-ဝအထူးဒေသ (၂)၊ မန်မန်ဆိုင်မြို့နယ်၊ မန် ဖိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၇၄၇၈ ဖြစ်သည်။ ကိုးကား မန်မန်ဆိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BD%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%8A%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%94%E1%80%BA%E1%80%99%E1%80%94%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ခခုမိုဒနိဘူတာ
ခခုမိုဒနိဘူတာ (角茂谷駅 ခခုမိုဒနိ - အဲခိ ) သည် ဂျပန်နိုင်ငံ၊ ခိုးချိခရိုင်၊ နဂအိုခတိုင်း၊ အိုးတိုယောမြို့တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ JR Shikokuမှတာဝန်ယူဆောင်ရွက်ပြီး ဘူတာနံပါတ်မှာ "D34" ဖြစ်သည်။ ကိုးကား ဂျပန်နိုင်ငံရှိ ဘူတာရုံများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%81%E1%80%AF%E1%80%99%E1%80%AD%E1%80%AF%E1%80%92%E1%80%94%E1%80%AD%E1%80%98%E1%80%B0%E1%80%90%E1%80%AC
လှထွေး
ဦးလှ​ထွေးမှာ ကယားပြည်နယ်လွှတ်​တော်၏လက်ရှိဥက္ကဋ္ဌဖြစ်သည်။ ယခင်က သမဝါယမဦးစီးဌာန၊ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနများတွင်အလုပ်လုပ်ခဲ့သည်။၂၀၁၅​ရွေး​ကောက်ပွဲတွင် ရှား​တောမြို့နယ်မဲဆန္ဒနယ်အမှတ်၂မှ ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ်အဖြစ်​ရွေး​ကောက်ခံရပြီး​နောက် ၂၀၁၆ ​ဖေ​ဖော်ဝါရီ၈ရက်​နေ့တွင် ပြည်နယ်လွှတ်​တော်ဥက္ကဋ္ဌဖြစ်လာသည်။ ကိုးကား http://www.kayahstate.gov.mm/index.php?option=com_content&view=article&id=127&Itemid=634
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%91%E1%80%BD%E1%80%B1%E1%80%B8
သဲချောင်းရွာ၊ မဘိမ်းမြို့နယ်
သဲချောင်းရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ ကွန်းချောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၀၈၄၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကွန်းချောင်းကျေးရွာအုပ်စုတွင် ကျား ၁၁၉၁ ဦး၊ မ ၁၁၀၉ ဦး၊ လူဦးရေ စုစုပေါင်း ၂၃၀၀ ဦးနေထိုင်သည်။ ကိုးကား မဘိမ်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B2%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%98%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
အရူး
အရူး (၈)မျိုး ကာမဝိတက် ရုပ်ပျက်အောင် ကြံလွန်ဖောက်ပြန် မှတ်ရန် ကာမရူး။ ဒေါသအမျက် ရုပ်ပျက်စေငြားလွန်ဆိုးဝါး မှတ်သား ဒေါသရူး။ တစ်ပါးသူကို ကြည်ဖြူကင်းလျက်ကိုယ့်ရုပ်ပျက်အောင် လွန်တတ်မာနထောင်တာက မှတ်ကြ မာနရူး။ အယူမှားဘက် ကြံဝိတက်ဖြင့်စွဲချက်လွန်နာ ထိုသူမှာ မှတ်ပါ ဒိဋ္ဌိ ရူး။ သေရည်သေရက် ရုပ်ဆင်းပျက်အောင်အရှက်မရှိ သောက်စားဘိ မှတ်သိ သူရာရူး။ စည်းစိမ်ယွင်းပျက် ဆွေမျိုးပျက်၍ရုပ်ပျက်အောင်ပေ အပူပွေ မှတ်လေ ဗျသနရူး။ ဘီလူးစုန်း-နတ် ဖမ်းစားအပ်၍ အမှတ်သတိလွတ်ကင်းဘိလျက် ရုပ်ဆင်းပျက် မှတ်ချက် ယက္ခရူး။ သည်းခြေပျက်၍ ရုပ်ပျက်အောင်ပေအကြံပွေ မှတ်လေ သည်းခြေရူး။ အရူးပျောက်ချင် ဘုရားရှင်၏ မဂ္ဂင်ဆေးမြတ်သောက်သုံးအပ် မှတ်ကြပါလေဦး။ ရူးသွပ်မှု
https://my.wikipedia.org/wiki/%E1%80%A1%E1%80%9B%E1%80%B0%E1%80%B8
လင်းဝေးရွာ၊ ရွာငံမြို့နယ်
လင်းဝေးရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လင်းဝေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၁၈၆၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လင်းဝေးကျေးရွာအုပ်စုတွင် ကျား ၁၁၆၈ ဦး၊ မ ၁၂၁၈ ဦး၊ လူဦးရေ စုစုပေါင်း ၂၃၈၆ ဦးနေထိုင်သည်။ ကိုးကား ရွာငံမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%BD%E1%80%AC%E1%80%84%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပစ်တိုင်းထောင်
ပစ်တိုင်းထောင်သည် မြန်မာ့ရိုးရာ ကစားစရာတစ်မျိုး ဖြစ်ပြီး ပစ်လိုက်တိုင်း ထောင်နေ၍ ပစ်တိုင်းထောင်ဟု ခေါ်သည်။ ကိုးကား
https://my.wikipedia.org/wiki/%E1%80%95%E1%80%85%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
အင်းဂရမ်းရွာ၊ အင်းဂရမ်း
အင်းဂရမ်းရွာ၊ အင်းဂရမ်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%82%E1%80%9B%E1%80%99%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%82%E1%80%9B%E1%80%99%E1%80%BA%E1%80%B8
မပုရေကျော်ရွာ၊ ကဇောင်း
မပုရေကျော်ရွာ၊ ကဇောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%99%E1%80%95%E1%80%AF%E1%80%9B%E1%80%B1%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%87%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
ပွား၊ ဦး (မြန်မာပညာရှိကြီး)
ဦး ပွား (၁၈၆၁-၁၉၄၀) သည် မြန်မာလူမျိုး စာပေပညာရှင်တစ်ဦး ဖြစ်သည်။ ဝေလမင်းသားစာပေဆုကို ပထမဆုံး ရယူခဲ့သူအဖြစ် ထင်ရှားသည်။ ဘဝဖြစ်စဉ် ၁၂၃၃ ခု၊ ဝါခေါင်လဆန်း ၆ ရက်၊ စနေနေ့တွင် ရမည်းသင်းခရိုင်၊ ရွာတန်းရွာနေ ဦးကျူး၊ ဒေါ်စံငြိမ်းတို့မှ မွေးသည်။ မွေးချင်း ၆ ယောက်အနက် အထွေးဆုံးသား ဖြစ်သည်။ ငယ်စဉ်ကပင် ရှင်ပြုကာ ရွာတန်းပင်ကျောင်းဆရာတော် ဦးသာသန၊ ထိန်ကန်ဆရာတော် အရှင် စက္ကိန္ဒ၊ အုတ်ဖိုဆရာတော် ဦးဝိသုဒ္ဓ၊ မန္တလေး ဂွေးချိုတိုက် အရှင် စာရိတ္တာဘိဓဇနှင့် ဥသျှစ်ပင်တိုက်ဆရာတော် အရှင်သီလာစာရဘိဓဇ မဟာရာဇာဓိရာဇဂုရု တို့ထံ၌ ပညာနို့ သောက်စို့သည်။ အသက် ၁၇ အရွယ်တွင် လူထွက်ကာ တောင်ငူနှင့် ပျဉ်းမနားတစ်ဝိုက်တွင် အရောင်းအဝယ်လုပ်ကာ အသက်မွေးသည်။ တောင်ငူရှိ ကုန်သည်ကြီးသမီး ဒေါ်ရွှေအိမ်နှင့် အိမ်ထောင်ပြုသည်။ တောင်ငူ၌ပင် နှစ် ၂၀ ခန့် နေထိုင်ဖြစ်သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်းလာကာ မြန်မာ့အလင်း အယ်ဒီတာအဖြစ် ၃ နှစ်ကြာ လုပ်ကိုင်သည်။ ထို့နောက် ကေတုမတီ ပုံနှိပ်တိုက် စာပြင်ဆရာအဖြစ် အလုပ်ဝင်သည်။ ဦးပွားအသက် ၄၇ နှစ်တွင် ဇနီး တိမ်းပါးသည်။ အစိုးရစာတော်ပြန်စာမေးပွဲကို ဝင်ဖြေရာ ပထမအဆင့်နှင့် အောင်ပြီး ၁၂၈၁ ခုတွင် စအမှုထမ်းသည်။ ၁၂၈၅ ခုအထိ ဖြစ်သည်။ ၁၂၈၅ ရန်ကုန်ကောလိပ်တွင် မြန်မာစာနည်းပြ ဖြစ်လာသည်။ ၎င်းကောလိပ်အား တက္ကသိုလ်အဖြစ် ပြောင်းသောအခါ ဂုဏ်ထူးဆောင်နည်းပြအဖြစ် ဆက်လုပ်ရာ ၁၂၉၇ ခု ရောက်မှ အငြိမ်းစား ယူသည်။ အင်္ဂလိပ်အစိုးရက ချီးမြှင့်သော တိုင်းကျိုးပြည်ကျိုးဆောင် (တီပီအက်စ်) () ဘွဲ့ရသည်။ ၁၉၃၈ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ပေးသော ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ ရခဲ့သေးသည်။ ဝေလမင်းသား စာပေဆု ၁၉၂၂ ခု၊ ဇန်နဝါရီလ ၂ ရက်မှ ၁၀ ရက်အထိ မြန်မာနိုင်ငံသို့ ဝေလမင်းသား လာလည်သည့်အခါ စာပေဆုတစ်ခု ချီးမြှင့်မည်ဖြစ်ကြောင်း ကျေညာသည်။ ဆုငွေမှာ ကျပ် ၁၀၀၀ ဖြစ်သည်။ ထိုစဉ်က ရွှေတစ်ကျပ်သား ငွေအစိတ်သာ ပေးရရာ ရွှေ ၄၀ သားခန့် အဖိုးရှိသည်။ ပြည်ထဲရေးဝန်ကြီး ဦးမေအောင်က ဆရာလွန်းအား ရေးသားပေးရန် တိုက်တွန်းသည်။ မလုပ်နိုင်ကြောင်း ငြင်းသဖြင့် ထိုစဉ်က မြန်မာစာနည်းပြ ဆရာပွားထံ မြားဦးလှည့်လာသည်။ ဆရာပွားက "ဝေလမင်းသား နားတော်သွင်း ဧချင်း" ကို ရေးပေးလိုက်ရာ တက္ကသိုလ်ကျောင်းသား မောင်ကျော်အေးက ဝေလမင်းသားအား ဖတ်ပြရသည်။ ထိုစာအတွက် ဆရာပွား စာပေဆု ရသည်။ ဘဝနိဂုံး ၁၃၁၂ ခု၊ နတ်တော်လဆန်း ၁ ရက် (၁၉၄၀ ခု၊ နိုဝင်ဘာလ ၂၉ ရက်) တွင် ကွယ်လွန်သည်။ ရေးသားတည်းဖြတ်ခဲ့သော စာအုပ်များ ဆရာပွား ရေးသား၊ တည်းဖြတ်ခဲ့သော စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည် - ကျမ်းကိုး 'တင့်တင့်' ၏ မှတ်စု။ မြဝတီ မဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၃ လာ 'သူရိန်' ၏ 'တောခို နေသော စာညွန့်များ' ဆောင်းပါး။ မြန်မာ အမျိုးသား စာရေးဆရာများ ၁၈၆၁ မွေးဖွားသူများ ၁၉၄၀ ကွယ်လွန်သူများ မြန်မာ စာရေးဆရာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%BD%E1%80%AC%E1%80%B8%E1%81%8A%20%E1%80%A6%E1%80%B8%20%28%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%BE%E1%80%AD%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%29
သရက်ချောင်းရွာ၊ သရက်ချောင်း
သရက်ချောင်းရွာ၊ သရက်ချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9E%E1%80%9B%E1%80%80%E1%80%BA%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%9B%E1%80%80%E1%80%BA%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
တဲကြီးကုန်းရွာ၊ စီပင်
တဲကြီးကုန်းရွာ၊ စီပင် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%90%E1%80%B2%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%AE%E1%80%95%E1%80%84%E1%80%BA
ကျောင်းစုရွာ၊ သင်တောကြီး
ကျောင်းစုရွာ၊ သင်တောကြီး ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ပြားချွိန်ရွာ၊ သိုင်းချောင်း
ပြားချွိန်ရွာ၊ သိုင်းချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%81%E1%80%BB%E1%80%BD%E1%80%AD%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
သုံးတောင်ရွာ၊ ပြင်ဦးလွင်မြို့နယ်
သုံးတောင်ရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၇၈၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သုံးတောင်ကျေးရွာအုပ်စုတွင် ကျား ၃၀၁၅ ဦး၊ မ ၃၂၃၉ ဦး၊ လူဦးရေ စုစုပေါင်း ၆၂၅၄ ဦးနေထိုင်သည်။ ကိုးကား ပြင်ဦးလွင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%A6%E1%80%B8%E1%80%9C%E1%80%BD%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မြန်မာယူနီကုဒ်နေ့ရက်စဉ်သမိုင်း
မြန်မာဘာသာအတွက် ယူနီကုဒ်စံသတ်မှတ်ချက် အဆင့်ဆင့် ပြောင်းလဲလာပုံ၊ နည်းပညာများတွင် အသုံးချလာနိုင်ပုံနှင့် မြန်မာပြည်တွင် ယူနီကုဒ်စနစ် မြန်မာဖောင့်များ အသုံးပြုရေး လှုပ်ရှားဆောင်ရွက်မှုများကို ရက်စွဲများဖြင့် ဖော်ပြပေးထားခြင်း ဖြစ်သည် ၁၉၉၅ ခုနှစ် ၁၉၉၅ ခုနှစ်တွင် မြန်မာအတွက် ကုဒ်ပွိုင့်ရရှိရန် မိုက်ကယ်အီဗာဆန်က Names of Burmese characters: comment on Unicode Technical Report #1 အား ယူနီကုဒ်ကွန်ဆိုဒီယမ်သို့ စတင်တင်သွင်းသည်။ ၁၉၉၇ ခုနှစ် ၁၉၉၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် မိုက်ကယ်အီဗာဆန်သည် Proposal for encoding the Burmese script in ISO 10646 အား တင်သွင်းခဲ့သည်။ ၁၉၉၈ ခုနှစ် ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ လန်ဒန်မြို့၌ ကျင်းပသည့် ISO/IEC JTC1/SC2/WG2 သို့ မြန်မာစာသုံး ကွန်ပျူတာစနစ်ဖြစ်မြောက်ရေးကော်မတီမှ လေ့လာသူအဖြစ်တက်ရောက်ခွင့်ရရှိခဲ့သည်။ ၁၉၉၈ တွင် မိုက်ကယ်အီဗာဆင်မှပင် ammendment တင်သွင်းခဲ့သည်။ ၁၉၉၈ ဇူလိုင် ၂၄ တွင် ကိုဇော်ထွဋ်မှ Response to Myanmar Proposal N1729 (Expert Contribution to Unicode Consortium) ကိုရေးသားခဲ့သည်။ ၁၉၉၉ ခုနှစ် ၁၉၉၉ ခုနှစ် မတ်လ၌ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ကျင်းပခဲ့သော ISO/WG2 အစည်းအဝေးကို မြန်မာနိုင်ငံမှ မြန်မာစာသုံး ကွန်ပျူတာစနစ်ဖြစ်မြောက်ရေးကော်မတီမှ တက်ရောက်ခဲ့သည်။ ၂၀၀၃ ခုနှစ် ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စ၍ အီလက်ထရောနစ် အမျိုးသားအဆင့်လုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင် ၁၇ ဦးပါဝင်သော အဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ငန်းစီမံချက်များချမှတ်လုပ်ဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက်မြန်မာအိုင်စီတီ ရက်သတ္တပတ်တွင် လင်းနပ်စ် မြန်မာစာ အထောက်အကူပြုစနစ်(စမ်းသပ်အဆင့် ၁)ကို ဖြန့်ချိခဲ့သည်။ ယင်းတွင် (၁) မြန်မာစာဘာသာပြန်ခြင်း (၂) မြန်မာစာစီစာရိုက်ပြုလုပ်နိုင်ခြင်း (၃) မြန်မာဘာသာဖြင့် အက္ခရာစဉ်ခြင်း (၄) မြန်မာဘာသာဖြင့် နေ့ရက်နှင့်အချိန်ဆက်တင်များပြုလုပ်ခြင်း (၅) မြန်မာဘာသာသုံး အင်တာနက် ဘရောက့်ဇာဖြင့် အင်တာနက်ကြည့်ရှုနိုင်ခြင်း(၆) မြန်မာဘာသာဖြင့် အီးမေးလ်အသုံးပြုနိုင်ခြင်း စနစ်တို့ကိုထည့်သွင်းပေးခဲ့သည်။ ၂၀၀၅ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့၌ ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(စမ်းသပ်အဆင့်)(မြန်မာဝမ်း)ကို ဖြန့်ချိခဲ့သည်။ ယင်းဖြင့် စာစီစာရိုက်ပြုလုပ်ခြင်း၊ စာရင်းဇယားများ ရေးဆွဲခြင်း၊ ဝက်ဘ်ပေ့များရေးသားခြင်း၊ မြန်မာဘာသာဖြင့် အီးမေးလ်ပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ် ၂၀၀၆ ခုနှစ် ဇူလိုင်လ၌ ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(စမ်းသပ်အဆင့်)(မြန်မာဝမ်း)၏ အားနည်းချက်များအား နှိုင်းယှဉ်ပြနိုင်ရန်နှင့် ISO Meeting 48 မှ လက်ခံနိုင်ရန်အတွက် အဆိုပြုတင်သွင်းသည့်စံ အသစ်ဖြင့် တီထွင်ထားသော ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(စမ်းသပ်အဆင့် ၂)(မြန်မာတူး)ကို ထပ်မံဖြန့်ချိခဲ့သည်။ ၂၀၀၇ ခုနှစ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ ယူနီကုဒ်သုံး မြန်မာစာလုံးစနစ်(စမ်းသပ်အဆင့် ၂)(မြန်မာတူး)မှ အားနည်းချက်များအား ပြင်ဆင်ပြီး ISO Meeting 48 မှ လက်ခံထားသည့် Unicode Standard 5.1.0 ပါစံအသစ်ဖြင့် ပြန်လည်တီထွင်ထားသော ယူနီကုဒ်သုံးမြန်မာစာလုံးစနစ်(မူ−၁)(မြန်မာသရီး)ကို ထပ်မံဖြန့်ချိခဲ့သည်။ ၂၀၁၁ ခုနှစ် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းမှ အွန်လိုင်းပေါ်ရှိ မြန်မာဝက်ဘ်ဆိုဒ်တချို့သည် စံနှုန်းအတိုင်းအတိအကျလိုက်နာထားသော ယူနီကုဒ်ဖောင့်များကို ပြောင်းလဲသုံးစွဲခဲ့ကြသည်။ ယင်းတို့ထဲမှ ထင်ရှားသည့် ဝက်ဘ်ဆိုဒ်များမှာ Myanmar IT Pro ၊ Myanmar Tutorial တို့ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှစပြီး မြန်စံ(Smart) စာစီစာရိုက်စနစ် အား ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့မှ အများပြည်သူအသုံးပြုနိုင်ရန် အခမဲ့ဖြန့်ချိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် Apple မှ ထုတ်လုပ်သည့် Mac OS Lion တွင် ယူနီကုဒ်စံနှုန်းကို လိုက်နာထားသည့် Myanmar Sangam MN ဖောင့်ပါဝင်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် မောင်မောင်ဆန်းမှ ရိုက်ကူး၍ သီဟ(Myanmar Tutorials)နှင့် ဟန်ဇော်တို့မှ သက်ဆိုင်ရာများသို့ မေးမြန်းထားသည့် ယူနီကုဒ်ခရီးစဉ် ဟု အမည်ရသော မှတ်တမ်းကားကို www.youtube.com တွင် လွှင့်တင်ခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် Microsoft မှ ထုတ်လုပ်လိုက်သည့် Microsoft Windows 8 Developer Preview တွင် Myanmar Text Regular ဟုအမည်ပေးထားသည့် ယူနီကုဒ်စံနှုန်းအား အတိအကျလိုက်နာထားသည့် ဖောင့်ပါဝင်ခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် Microsoft Windows 8 နှင့် Mac OS Lion တို့၌ စံသတ်မှတ်ချက်အား အတိအကျလိုက်နာထားသည့် မြန်မာယူနီကုဒ်ဖောင့်များ ပါဝင်လာကြောင်း သတင်းထုတ်ပြန်ချက် ကို ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းရှိ စာနယ်ဇင်းများသည် ယင်းသတင်းကို ဖော်ပြခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် 35th Internationalization and Unicode Conference သို့ မြန်မာနိုင်ငံမှ ဦးငွေထွန်း တက်ရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ် ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့၌ Google Inc. မှ ဥက္ကဋ္ဌ Eric Schmidt သည် ရန်ကုန်မြို့လို့ လာရောက်ခဲ့ပြီး ယင်းလာရောက်မှုအပြီး နောက်ရက်သတ္တပတ် အနည်းငယ်အကြာတွင် [www.google.com.mm] ဟူသည့် website လိပ်စာဖြင့် Google ၏ ဝန်ဆောင်မှုများတွင် မြန်မာဘာသာကို စတင်ထောက်ပံ့ပေးခဲ့သည်။ ၂၀၁၄ ခုနှစ် ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သော Google I/O 2014 ပွဲ၌ မိတ်ဆက်ပြသခဲ့သည့် Android 5 (Lollipop) ဗားရှင်းတွင် Noto San Myanmar ဟု အမည်ပေးထားသည့် ယူနီကုဒ်စံနှုန်းကို လိုက်နာထားသော မြန်မာဖောင့်နှင့်အတူ မြန်မာဘာသာကို System Language အနေနှင့် ပါဝင်လာခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် Google Translation အဖွဲ့က Google Translate ဝန်ဆောင်မှုတွင် မြန်မာဘာသာ ပါဝင်လာခြင်းကို "ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ဟူသော စာသားပါဝင်သည့် English <-> Burmese ဘာသာပြန်နမူနာ ဓာတ်ပုံနှင့်အတူ မိတ်ဆက်ကြေညာခဲ့သည်။ ၂၀၁၅ ခုနှစ် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် Facebook Inc. က ယင်း၏ လူမှုကွန်ယက်ဖြစ်သော [www.faceboook.com] တွင် မြန်မာဘာသာကို အများပြည်သူအတွက် စတင်ထည့်သွင်းပေးခဲ့ပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အဆင့်မြှင့်တင်ထားသော Google Translate App (iOS) နှင့်အတူ မြန်မာဘာသာကို လက်ရေးဖြင့် ရေးသားနိုင်သည့် စနစ်ကို Google Handwriting Keyboard ဝန်ဆောင်မှုတွင် စတင်မိတ်ဆက်ခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့၌ Android အတွက် အဆင့်မြှင့်တင်ဖြန့်ချိသော Google Handwriting App တွင် မြန်မာဘာသာကို ထည့်သွင်းပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ၂၇ ဧပြီ ၂၀၁၆ ရက်တွင် ကွန်ပျူတာသုံး မြန်မာစာစံစနစ်အတွက် အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုသည့် စာပေးပို့ခြင်းအတွက် change.org ၌ စစ်တမ်းကောက် လက်မှတ်ထိုးယူမှု တစ်ခု ပြုလုပ်ခဲ့ရာ ပါဝင်လက်မှတ်ထိုး ထောက်ခံသူ ဦးရေ ၈၀၀ ကျော်ရှိခဲ့သည် အဆိုပါစာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် အားလိပ်မူပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် အပါဝင်၊  သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော် နှင့် ဝန်ကြီးဌာန ၄ ခုတို့ထံ ပို့ဆောင်ခဲ့သည် ၁၇ ဇူလိုင် ၂၀၁၆ နေ့တွင် ကွန်ပျူတာသုံးမြန်မာစာစံစနစ်အတွက် အစိုးရက ဦးဆောင်ပေးပါရန် တောင်းဆိုသည့် စာပေးပို့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲကို Myanmar Unicode Area (MUA) အဖွဲ့က ပါဝင်ပြီး ပြုလုပ်ခဲ့သည်။ ပီကေကွန်ဒို အောက်ပုဇွန်တောင်လမ်းမကြီး၊ ပုဇွန်တောင်တွင်ရှိသည့် ပန်မြန်မာ ရုံးခန်းတွင် နေ့လယ် ၁ နာရီ၌ ကျင်းပခဲ့သည်။ ၂၄ ဇူလိုင်လ ၂၀၁၆ တွင် ကွန်ပျူတာသုံး မြန်မာစာ စံစနစ်ဆိုင်ရာ ဆွေးနွေးပွဲကို တက္ကသိုလ်စိန်ရတုခန်းမ၌ ပညာရေးဝန်ကြီးဌာနက ဦးဆောင် ကျင်းပခဲ့သည်။ ကိုးကား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့်အသင်းများ၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည့် ဒေါက်တာမြင့်မြင့်သန်း၏ ကွန်ပျူတာသုံးမြန်မာစာစနစ်အကောင်အထည်ဖော်ခြင်းဆောင်းပါး။ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့၏ အင်တာနက်စာမျက်နှာ။ ယူနီကုဒ်ကွန်ဖရင့်၏ အင်တာနက်စာမျက်နှာ ယူနီကုဒ်ကွန်ဆိုဒီယမ်၏ အင်တာနက်စာမျက်နှာ www.youtube.com Google Translate တွင် မြန်မာဘာသာပါဝင်လာကြောင်း ကြေညာထားသော အင်တာနက်စာမျက်နှာ Google Translate App (iOS) စာမျက်နှာ Google Handwriting App (Android) စာမျက်နှာ အစိုးရထံ ယူနီကုဒ် အသုံးပြုရေး တိုက်တွန်းသည့်စာ [15] နည်းပညာ
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9A%E1%80%B0%E1%80%94%E1%80%AE%E1%80%80%E1%80%AF%E1%80%92%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%9B%E1%80%80%E1%80%BA%E1%80%85%E1%80%89%E1%80%BA%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
သက္ကယ်ပုရွာ၊ ယင်းမာပင်မြို့နယ်
သက္ကယ်ပုရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၆၃၇ ဖြစ်သည်။ ကိုးကား ယင်းမာပင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%80%E1%80%B9%E1%80%80%E1%80%9A%E1%80%BA%E1%80%95%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9A%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%95%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မတ် ၁၈၈၃
(၁) ရက် (၂) ရက် (၃) ရက် (၄) ရက် (၅) ရက် (၆) ရက် (၇) ရက် (၈) ရက် (၉) ရက် (၁၀) ရက် (၁၁) ရက် (၁၂) ရက် (၁၃) ရက် (၁၄) ရက် (၁၅) ရက် (၁၆) ရက် (၁၇) ရက် (၁၈) ရက် (၁၉) ရက် (၂၀) ရက် (၂၁) ရက် (၂၂) ရက် (၂၃) ရက် (၂၄) ရက် (၂၅) ရက် (၂၆) ရက် (၂၇) ရက် (၂၈) ရက် (၂၉) ရက် (၃၀) ရက် (၃၁) ရက် ကိုးကား မတ် ၁၈၈၃
https://my.wikipedia.org/wiki/%E1%80%99%E1%80%90%E1%80%BA%20%E1%81%81%E1%81%88%E1%81%88%E1%81%83
လှေလှော်အင်း
လှေလှော်အင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%84%E1%80%BA%E1%80%B8
ပန်ဝပ်ရွာ၊ မိုင်းကိုင်မြို့နယ်
ပန်ဝပ်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၄၆၇၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟိုခဲကျေးရွာအုပ်စုတွင် ကျား ၁၉၆၄ ဦး၊ မ ၂၂၈၂ ဦး၊ လူဦးရေ စုစုပေါင်း ၄၂၄၆ ဦးနေထိုင်သည်။ ကိုးကား မိုင်းကိုင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%94%E1%80%BA%E1%80%9D%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဧပြီ ၁၈၈၉
(၁) ရက် (၂) ရက် (၃) ရက် (၄) ရက် (၅) ရက် (၆) ရက် (၇) ရက် (၈) ရက် (၉) ရက် (၁၀) ရက် (၁၁) ရက် (၁၂) ရက် (၁၃) ရက် (၁၄) ရက် (၁၅) ရက် (၁၆) ရက် (၁၇) ရက် (၁၈) ရက် (၁၉) ရက် (၂၀) ရက် (၂၁) ရက် (၂၂) ရက် (၂၃) ရက် (၂၄) ရက် စစ်ကြိုခေတ် အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့စဉ် အဖိနှိပ်အချုပ်ချယ်ခံ ဘ၀နှင့် ထောင်အတွင်း ရက်ပေါင်း (၁၆၆)ရက် အစာငတ်ခံကာ ပြည်သူလူထုအား နယ်ချဲ့ကျွန်သဘောက်ဘ၀မှ လွတ်မြောက်ရေးအတွက် အသက်အသေခံကာ တိုက်ပွဲဝင်သွားခဲ့သော ဆရာတော် ဦးဝိစာရကို ဖွားမြင်ခဲ့သည်။ (၂၅) ရက် (၂၆) ရက် (၂၇) ရက် (၂၈) ရက် (၂၉) ရက် (၃၀) ရက် ကိုးကား ဧပြီ ၁၈၈၉
https://my.wikipedia.org/wiki/%E1%80%A7%E1%80%95%E1%80%BC%E1%80%AE%20%E1%81%81%E1%81%88%E1%81%88%E1%81%89
ဖျောက်ဆိတ်ကုန်းရွာ၊ နတ်မောက်မြို့နယ်
ဖျောက်ဆိတ်ကုန်းရွာ ()သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ဘန်းကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၈၇၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘန်းကုန်းကျေးရွာအုပ်စုတွင် ကျား ၇၆၆ ဦး၊ မ ၁၀၄၆ ဦး၊ လူဦးရေ စုစုပေါင်း ၁၈၁၂ ဦးနေထိုင်သည်။ ကိုးကား နတ်မောက်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%86%E1%80%AD%E1%80%90%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%90%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရွှေစာရံရွာ၊ ပုသိမ်ကြီးမြို့နယ်
ရွှေစာရံရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၇၅၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေစာရံကျေးရွာအုပ်စုတွင် ကျား ၆၄၃၉ ဦး၊ မ ၅၈၀၀ ဦး၊ လူဦးရေ စုစုပေါင်း ၁၂၂၃၉ ဦးနေထိုင်သည်။ ကိုးကား ပုသိမ်ကြီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%85%E1%80%AC%E1%80%9B%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%AF%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကြက်သားဟင်းရွာ၊ ကျောက်ဆည်မြို့နယ်
ကြက်သားဟင်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကြက်သားဟင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၁၁၁၁ ဖြစ်သည်။ ကိုးကား ကျောက်ဆည်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%9E%E1%80%AC%E1%80%B8%E1%80%9F%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%86%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကျိုတို မျှော်စင်
သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် လေ့လာမှုဆိုင်ရာ မျှော်စင် တစ်ခုဖြစ်သည်။ အမြင့်ပေ သုံးရာနှစ်ဆယ့်ရှစ်တွင် လေ့လာမှုဆိုင်ရာ ကုန်းပတ်ရှိပြီး မိုးချွန်အမြင့်သည် ပေ လေးရာ့သုံးဆယ်ဖြစ်ကာ ကျိုတိုမြို့ရှိ အရှည်ဆုံး သံမဏိ မျှော်စင်ဖြစ်သည်။ ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်တစ်လုံးနှင့် ဈေးဆိုင်များပါဝင်သည့် ကိုးထပ် အဆောက်အဦးပေါ်တွင် တန်ချိန် ရှစ်ရာရှိသည့် ၎င်းမျှော်စင်တည်ရှိသည်။ အဆောက်အဦတစ်ခုလုံးသည် ကျိုတို ဘူတာ၏ ဆန့်ကျင်ဘက်တွင်ရှိသည်။ သမိုင်းကြောင်း ကျိုတို မျှော်စင်အား ၁၉၆၀ ပြည့်လွန် နှစ်များ အစောပိုင်းကတည်းက တည်ဆောက်ရန် ရည်ရွယ်ထားကာ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၆၄ ခုနှစ် နွေရာသီ အိုလံပစ်နှင့်တူ အချိန်မှီ တည်ဆောက် ပြီးစီးရန် စီစဉ်ခဲ့သည်။ ၁၉၆၃ခုနှစ် တွင် ကျိုတိုမြို့၏ ဗဟိုစာတိုက်ဟောင်း တည်ရှိရာ နေရာတွင် စတင်ခဲ့ပြီး ၁၉၆၄ နှစ်အကုန်ပိုင်းတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ (တိုကျို မျှော်စင် ကဲ့သို့သော) အခြားသော မျှော်စင်များနှင့် မတူညီသည်မှာ သတ္တု ရာဇမတ်ကွက် ဘောင် (metal lattice frames) များဖြင့် တည်ဆောက်ထားသည်။ ၎င်းကို အထူ ၁၂-၂၂ မီလီမီတာ (၀.၄၇ - ၀.၈၇ လက်မ) ရှိသည့် သံမဏိပြားများဖြင့် ဖုံးအုပ်ထားသည်။ ထို့နောက် ယင်းတို့ကို အတူတကွ ဂဟေဆက်ပြီး အဖြူရောင် ဆေးသုတ်ထားသည်။ The intended overall effect was for the tower to resemble a Japanese ဖယောင်းတိုင်. ကျိုတို တက္ကသိုလ်၌ အင်ဂျင်နီယာ ပါရဂူတစ်ဦးဖြစ်သည့် ကျွမ်းကျင်သူ တနဟရှိ မကိုတို (Makoto Tanahashi) ၏ အကြံဉာဏ်နှင့်အတူ ယာမာဒါ မာမိုရု (Mamoru Yamada) သည် ငလျင်နှင့် တိုင်ဖွန်းမုန်တိုင်း၏ ပြင်းအားကို ခုခံနိုင်ရန် တည်ဆောက်ထားသည်။ မျှော်စင် စီးပွားရေးဌာနခွဲ၏ အကြီးအကဲ ဖြစ်သူ တမူရ ဆွတ်ယိုရှီ (Tsuyoshi Tamura) မှ တစ်နာရီလျှင် ၂၀၁မိုင်နှုန်းဖြင့် တိုက်ခိုက်နိုင်သည့်လေနှင့် ကိုဘေး သို့မဟုတ်တိုကျိုငလျင်များထက် မဂ္ဂနီကျူ့ ပိုမိုမြင့်မားသည့်ငလျင်မှ ရှင်ကျန်ရစ်နိုင်သည်ဟု အခိုင်အမာဆိုထားသည်။ ၁၉၆၄ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် အများပြည်သူများ လာရောက်လည်ပတ်နိုင်ရန်အတွက် ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်လှစ်ခဲ့သည့် ပထမတစ်နှစ်အတွင်းမှာပင် မျှော်စင်သို့ လူတစ်သန်း လာရောက်ခဲ့ကြသည်။ Throughout the years, the tower's draw as a tourist attraction has diminished. ၁၉၉၉ ခုနှစ်တွင် လက်မှတ်ရောင်းအားသည် တစ်နှစ်လျှင် လေးသိန်း အောက်သို့ကျဆင်းသွားသည်၊ သို့မဟုတ် တစ်နေ့လျှင် ၁၁၀၀ ခန့်ဖြစ်သည်။ အငြင်းပွားမှု ကျိုတို မျှော်စင်သည် စီမံကိန်းရေးဆွဲစဉ် ကာလကတည်းက အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ လူထု ဆန့်ကျင်မှုသည် မျှော်စင်၏ ကုန်ကျစရိတ် သန်း ၃၈၀ (၁၉၆၃တွင် ဒေါ်လာ ၁.၀၅၆ သန်း) သာမက ပင်အပ်ပုံစံ မိုးချွန်အမြင့်သည် ရှေးဟောင်းမြို့တော်အတွက် ခေတ်မီလွန်းသည်ဟု လူအများက ယုံကြည်ကြသည်။ Facilities Kyoto Tower is split into two distinct structures. အဓိကတည်ဆောက်ပုံသည် အောက်တွင်ရှိသည့် အဆောက်အဦ၏အမိုးမှ စတင်သည့် steel spire ဖြစ်သည်။ ခရီးသွားများသည် လက်မှတ်များဝယ်ယူ၍ မျှော်စင်၏ ဓာတ်လှေကား ကိုးခုအနက်မှ တစ်ခုဖြင့် အမြင့်ပေ သုံးရာ့သုံးဆယ်ရှိ လူ ငါးရာဆန့်သည့် လေ့လာမှု့ဆိုင်ရာ ကုန်းပတ်သို့ လည်ပတ်နိုင်သည်။ ၎င်းနေရာတွင် ဂိမ်းစက်များ၊ အခမဲ့ ကြည့်ရှု့နိုင်သည့် တယ်လီစကုပ်များဖြင့် စီတန်းထားပြီး မြို့၏ မြင်းကွင်းကို ၃၆၀ ဒီဂရီ ကြည့်ရှု့နိုင်သည်။ ထိုနေရာမှ ကျိုတို တစ်မြို့လုံးနီးပါးကို တွေ့မြင်နိုင်သည်။ မြောက်ဘက်ရှိ ခိတယာမ တောင်တန်းအား မြင်ရချိန်တွင် အရှေ့ဘက်နှင့် အနောက်ဘက်အသီးသီးမှ ဟီဂရှီယာမတောင်တန်းနှင့် အာရာရှီယာမ တောင်တန်းများကို မြင်နိုင်သည်။ နေသာသည့် နေ့များတွင် တောင်ဘက်မှနေ၍ အိုဆာကာရှိ အဆောက်အဦတချို့ကို တွေ့မြင်နိုင်သည်။ ဒုတိယဖွဲ့စည်းပုံသည် တန်ချိန် ရှစ်ရာရှိသည့်မျှော်စင်အား အပြည့်အဝ ထောက်ခံပေးထားသည့် အမြင့် ၃၀.၈ မီတာရှိသည့် ကိုးထပ်တိုက်ဖြစ်သည်။ အဆောက်အဦ၏ ပထမထပ်သည် စာအုပ်ဆိုင်တစ်ဆိုင်၊ ယန်း ၁၀၀ ဆိုင်တစ်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်တစ်ဆိုင်နှင့် သွားဆေးခန်းတခန်းတို့ပါဝင်သည်။ အဆောက်အဦ၏ မြေအောက်ထပ်တွင် spa တခုရှိသည်။ Floors 5–9 are devoted to the 160-room, three-star Kyoto Tower Hotel. အထပ်သုံးထပ်ပါ Sky Lounge "空" KUU အမည်ရှိ စားသောက်ဆိုင်သည် အဆောက်အဦ၏ထိပ်တွင်ရှိသည့် မျှော်စင်၏အောက်ခြေအား စက်ဝိုင်းပုံစံ ဝန်းရံထားသည်။ လေ့လာမှုဆိုင်ရာကုန်းပတ်သို့ ဘီးတပ်ကုလားထိုင်ဖြင့် တက်ရောက်နိုင်ရန် ဆင်ခြေလျှောနှင့် stair lift ကဲ့သို့သော အရာများကို ထည့်သွင်းစီစဉ်ထားသည်။ ပြခန်း File:Kyoto Tower 5.JPG အခြားကြည့်ရန် မျှော်စင်များစာရင်း ကိုးကား ပြင်ပလင့်ခ်များ ကျိုတို မျှော်စင်၏ တရားဝင် စာမျက်နှာ (ဂျပန်ဘာသာဖြင့်) ကျိုတို ဟိုတယ်၏ တရားဝင် စာမျက်နှာ ဂျပန်နိုင်ငံရှိ လည်ပတ်စရာနေရာများ ဂျပန်နိုင်ငံရှိ အဆောက်အဦများ ဂျပန်နိုင်ငံရှိ မျှော်စင်များ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AD%E1%80%AF%E1%80%90%E1%80%AD%E1%80%AF%20%E1%80%99%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%85%E1%80%84%E1%80%BA
သိကြားပိုင်း
သိကြားပိုင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
ပလပ်ခပ်တဲ (အောက်)ရွာ၊ ရင်ဖန့်မြို့နယ်
ပလပ်ခပ်တဲ (အောက်)ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မိုင်းမော-ဝအထူးဒေသ (၂)၊ ရင်ဖန့်မြို့နယ်၊ ပလပ် ခပ် တဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၆၀၉၇ ဖြစ်သည်။ ကိုးကား ရင်ဖန့်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%9C%E1%80%95%E1%80%BA%E1%80%81%E1%80%95%E1%80%BA%E1%80%90%E1%80%B2%20%28%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%84%E1%80%BA%E1%80%96%E1%80%94%E1%80%B7%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရှားတိုင်းကြီးရွာ၊ ဆင်ပေါင်ဝဲမြို့နယ်
ရှားတိုင်းကြီးရွာ ()သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေမောင်းစွန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၈၆၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေမောင်းစွန်းကျေးရွာအုပ်စုတွင် ကျား ၁၃၀၆ ဦး၊ မ ၁၅၉၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၉၈ ဦးနေထိုင်သည်။ ကိုးကား ဆင်ပေါင်ဝဲမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%84%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%9D%E1%80%B2%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ခမ်းယုံးရွာ၊ ကွန်ဟိန်းမြို့နယ်
ခမ်းယုံးရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၃၈၈၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တာကော်ကျေးရွာအုပ်စုတွင် ကျား ၂၀၃၂ ဦး၊ မ ၂၀၁၂ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၄၄ ဦးနေထိုင်သည်။ ကိုးကား ကွန်ဟိန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%9F%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဘော်ဂါရွာ၊ မုံရွာမြို့နယ်
ဘော်ဂါရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၀၀၆ ဖြစ်သည်။ ကိုးကား မုံရွာမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%82%E1%80%AB%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AF%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပခန်းမင်းကြီးဦးရန်ဝေး
ကုန်းဘောင်ခေတ် နောက်ဆုံးပိုင်းကာလတွင် နန်းတက်လာသည့် မင်းတုန်းမင်း(၁၂၁၄-၁၂၄၀) လက်ထက်တွင် အထူးကျော်ကြားသည့်အမတ်ကြီးတစ်ဦးမှာ ပခန်းမင်းကြီးဦးရန်ဝေး ဖြစ်သည်။ မင်းတုန်း၊ ကနောင် ညီနောင်နှစ်ပါး လွှတ်တက်မင်းသားများဘဝက ဦးဝိသုဒ္ဓဘွဲ့အမည်ဖြင့် ရဟန်းပြုနေသူ ဦးရန်ဝေးသည် ပုံမှန်သီလပေးနေကြဖြစ်ပြီး ရဟန်းဝတ်ဖြင့် စာပေကျမ်းဂန်တို့ကို လေ့လာအားထုတ်ဖူးသဖြင့် အသိပညာဗဟုသုတနယ်ပယ်တွင် အထူးနှံစပ်သူဖြစ်သည်။ (နောင်တစ်ချိန်တွင် ကင်းဝန်မင်းကြီး ဦးကောင်း ဖြစ်လာမည့်သူမှာလည်း ထိုချိန်က ဦးဝိသုဒ္ဓထံတွင် ရဟန်းပြု တပည့်ခံနေသူဖြစ်သည်။ ဦးကောင်းက လူထွက်အလျှင်စောသည်။) မင်းတုန်းနှင့် ကနောင် မင်းသားနှစ်ပါး အမရပူရမှ ထွက်ကာ ရွှေဘိုသို့ပြောင်းရွှေ့ပြီး နောင်တော်ပုဂံမင်းအားပုန်ကန်သည့် အရေးတော်ပုံတွင် ရဟန်းပြုနေသည့် ဦးရန်ဝေးအား မင်းသမီးကြီး စကြာဒေဝီက တိုက်တွန်းသဖြင့် လူထွက်၍ ပူးပေါင်းခဲ့သည်။ အရေးတော်ပုံ အောင်မြင်သဖြင့် မင်းတုန်းမင်း နန်းတက်လျှင် ဦးရန်ဝေးအား သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ဖြင့် လွှတ်တက်ဝန်ကြီးရာထူးချီးမြှင့်ကာ ပခန်းမြို့အား စားစေသည်။ ထိုနောက်မှ သေနတ်စုဝန်၊ နိုင်ငံခြားရေးဝန်ကြီး စသည်ဖြင့် ခန့်အပ်ခံရသည်။ ဦးရန်ဝေးသည် ဘုရင်ဖြစ်သူ မင်းတုန်းမင်းကိုပင် အမိန့်ပယ်လှန်ကာ တိုင်းပြည်အရေးကိုရှေ့တန်းတင်၍ အားမနာတမ်း ဆုံးမပြောဆိုတတ်သူဖြစ်သဖြင့် နောက်ကွယ်တွင် အများက ပခန်းရှင်ဘုရင်ကြီး ဟုပင်အမည်ပေး ခေါ်ဆိုခြင်းခံခဲ့ရသည်။ မင်းတုန်းမင်းကိုယ်တိုင်ကလည်း ဦးရန်ဝေးအား ဆရာကြီး ဟုခေါ်လေ့ရှိသည်။ ငယ်ဘဝ ဦးရန်ဝေးကို သက္ကရာဇ် ၁၁၇၄-ခုနှစ်၊တပေါင်းလတွင် ပခန်းကြီးမြို့နယ်၊မုန်ညှင်းရွာတွင် ဘွားမြင်ခဲ့သည်။ လူအမည်မှာ ဦးရန်ဝေး ဖြစ်သည်။ အရွယ်ရောက်သည့်အခါ သာသနာ့ဘောင်ဝင်ရောက်၍ ဗန့်ကျီနယ်၊ပန်းထူးရွာဆရာတော် ရှင်ဥတ္တမရံသီထံ တွင် ပညာသင်ကြားခဲ့သည်။ ငယ်စဉ်ကပင် ရဟန်းပြုခဲ့ရာ ဘွဲ့မည်မှာ ရှင်ဝိသုဒ္ဓဖြစ်ပြီး ရဟန်းသာမဏေများကို စာပေပို့ချသည်။ ပုဂံမင်း(၁၂၀၈-၁၂၁၄)လက်ထက်တွင် အမရပူရနေပြည်တော်သို့ ကြွရောက်ကာ ဗားကရာတိုက်တွင် သီတင်းသုံးခဲ့သည်။ မင်းတုန်းမင်းသား၏အိမ်တော်သို့ ဥပုသ်နေ့တိုင်း သီလပေးတရားဟောကြွရပြီး မင်းကျောင်းဆရာတော်ဟု ထင်ရှားသည်။ ပညာလည်းတတ်၊ စိတ်ဓာတ်လည်း ခိုင်မာတည်ကြည်သဖြင့် မင်းတုန်းမင်းသားက ကြည်ညိုသည်။ နောက်တွင် မင်းတုန်းမင်း၏ အိမ်တော်တွင် အကြီးတော်အဖြစ် အမှုတော်ထမ်းသည်။ ထိုအချိန်က ပခန်းကြီးမြို့နှင့်တလုတ်မြို့ဝန်မှာ မင်းကြီးမဟာသူရိန် ဖြစ်သည်။ ပခန်းမင်းကြီးဦးရန်ဝေးသည် နဖူးကျယ်ကျယ်နှင့်ကျောက်ပေါက်မာသက်သက်ရှိပြီး သိက္ခာသမာဓိနှင့် ပြည့်ဝသော ဥပဓိရုပ်သွင်ရှိသည်။ မင်းတုန်းမင်းသည် ရွှေဘိုမြို့ကို သိမ်းယူပြီးနောက် ဝန်ကြီး၊ အတွင်းဝန်၊ လွှတ်တော်အရာရှိများမှစ၍ ဝန် အအုပ်အထိန်းများ ခန့်ထားတော်မူသည့်အခါ မင်္ဂလာအိမ်တော်ပါ အကြီးတော် ဦးရန်ဝေးကို မင်းကြီးမဟာမင်းလှစည်သူအမည်ဖြင့် အတွင်းဝန်ခန့်ထားခဲ့သည်။ နောက် သက္ကရာဇ် ၁၂၁၅-ခုနှစ်တွင် မကွေးမြို့စားဝန်ကြီး၊မင်းကြီး မဟာမင်းလှသီဟသူ၊ မိုင်းလုံမြို့စားဝန်ကြီး၊မင်းကြီးမဟာရာဇသင်္ကြန်၊ မြတောင်မြို့စားဝန်ကြီး၊မင်းကြီးမဟာမင်းလှ ကျော်သူတို့နှင့်တွဲဖက်ကာ အဂ္ဂသေနာပတိဝန်ကြီးအဖြစ် ခန့်ထားသည်။ မဟာဥကင်တော်ဖွင့်သည့်အခါ ပခန်းကြီး မြို့စား၊ ဝန်ကြီးကို သတိုးမင်းကြီးမဟာမင်းလှစည်သူဘွဲ့ ချီးမြှင့်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် သက္ကရာဇ် ၁၂၂၁-ခု နှစ်တွင် ရတနာပုံနန်းမြို့တော်ကိုတည်ထောင်တော်မူရာ နန်းမြို့ရိုး၏မြောက်ဘက်မျက်နှာ၊အလယ်အမိတ္တတံခါးကို ပုခန်းမင်းကြီးက ကြီးကြပ်ဆောက်လုပ်ရသည်။ ထိုတံခါးကို လေးသိန်းတံခါးဟုခေါ်ဝေါ်သည်။ သက္ကရာဇ် ၁၂၂၈-ခုနှစ်တွင် မြင်ကွန်းမြင်းခုံတိုင်အရေးတော် ပေါ်ပေါက်သည့်အခါ ဦးရန်ဝေးသည် မင်းတုန်းမင်း၏အပါးတော်မှ စောင့်ရှောက်ကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရသည်။ မြင်ကွန်းအရေးတော်အောင်မြင်ပြီးစီးသည့်အခါ ကနောင်မင်းသားကြီးနှင့်အတူ လုပ်ကြံခံရသည့် မြတောင်မြို့စား၊ သေနတ်ဝန်ကြီး၊ သတိုးမင်းကြီးမဟာ မင်းလှကျော်သူ တာဝန်ထမ်းရွက်ခဲ့သည့် သေနတ်ဝန်ကြီးအဖြစ် ထမ်းဆောင်ရသည်။ သေနတ်ဝန်ကြီးသည် အတွင်းကိုယ်ရံတော်စုကြီး ခြောက်ကြောင်းသေနတ်မှစ၍ အရပ်ရပ်သေနတ်အစုအမှုထမ်းများကို အုပ်ချုပ်ရခြင်းဖြစ်သည်။ မင်းတုန်းမင်းက ဦးရန်ဝေးအား လေးစားကြည်ညိုသဖြင့် ပခန်းဘုရင်ကြီး၊ ပခန်းမင်းကြီးဟု ခေါ်လေ့ရှိသည်။ ဦးရန်ဝေးသည် ပွင့်လင်းပြတ်သားပြီး ပရိယာယ်ဝေဝုစ် မနှော၊ သဘောထားရိုးသားစွာဖြင့် ဘုရင်မင်းမြတ်၏အမှားများကို ညွှန်ပြကန့်ကွက်တတ်သည်။ ဘုရင့်၏အပြုအမူ များ၊ အမိန့်တော်စာများကို တရားနည်းလမ်း မကျကြောင်း တွေ့ရှိပါက ဆုပ်ချေပစ်ဝံ့သည်အထိ သတ္တိရှိသည်။ တန်ခိုးအာဏာကို မည်သည့်အခါကမှ အလွဲသုံးစားလုပ်ခြင်းလည်း မပြုချေ။ နိုင်ငံခြားသားများအကြားမှာပင် အဂတိမဖက် မျှတသောသဘောထားရှိသည်ဟု ဂုဏ်သတင်းကြီးမားခဲ့သည်။ ဖိုက်၏မန္တလေးသွားမှတ်တမ်းတွင် ပခန်းဝန်ကြီးသည် သံကြီးတမန်ကြီးတို့လက္ခဏာနှင့်ပြည့်စုံသည်။ အရေးကြီးသည့်နိုင်ငံပြဿနာများကို စီမံခန့်ခွဲရန် လွှဲအပ်ခြင်းခံရသူဖြစ်ပြီး ဗဟုသုတြွကယ်ဝသည်ဟု ရေးသားခဲ့သည်။ မင်းတုန်းမင်းက သာသနာရေးကိစ္စများတွင်အသုံးပြုရန် အခွန်တော်ငွေ တိုးမြှင့်ကောက်ခံရန် စီစဉ်သည့်ကိစ္စ၊ ကရင်နီနယ်သိမ်းယူရန်ကိစ္စ၊ အမှုတော်ထမ်း၊ ဝန်စုမှူးစုများ ရာထူးဌာနန္တရအလိုက် မယားဦးရေကန့်သတ်ရန်ကိစ္စ၊ လွှတ်တော်ကိုကျော်လွန်၍ အဝေးမြို့ဝန်ခန့်ထားခြင်းကိစ္စ၊ ရွှေတိုက်တော်မှ ရွှေဒင်္ဂါးထုတ်၍ အမြတ်ယူခြင်းကိစ္စတို့ ကို အသက်စည်းစိမ်ကိုမငဲ့၊ တိုင်းသူပြည်သားတို့၏အကျိုးကို ရှေ့ရှုကာ ပွင့်လင်းပြတ်သားစွာ ဆောင်ရွက်ခဲ့သည်။ အိမ်ထောင်ရေး မင်းတုန်းမင်းနန်းတက်ပြီးနောက်တွင် မင်းတုန်းမင်းတရားကြီးက ဦးရန်ဝေးအား သာယာဝတီမင်း(ရွှေဘိုမင်း)၏ မိဖုရားငယ်တစ်ဦးဖြစ်သည့် သန်လျင်မြို့စားမိဖုရား သုသီရိမလ္လာစန္ဒာဝတီ(ထိပ်တင်ရှင်ဖွား)နှင့် လက်ဆက်စေသည်။ လစာရိက္ခာ ၂၀၀၀ကျပ်ကိုလည်း လစဉ်ချီးမြှင့်သည်။ ထင်ရှားသော အဖြစ်အပျက်များ ရွှေခိုးသူ ဦးရန်ဝေး တစ်ကြိမ်တွင် ဦးရန်ဝေး၏ နှမဖြစ်သူ ဒေါ်နီသည် နွမ်းပါးလှသဖြင့် ဦးရန်ဝေးထံသို့လာကာ အထောက်အပံ့တောင်းသည်။ ဦးရန်ဝေးအနေဖြင့်လည်း ရိက္ခာလစာ ၂၀၀၀ကျပ်တွင် ဝန်ကတော်အတွက် ၁၀၀၀၊ ငယ်သားများအတွက် ၅၀၀ နှင့် မိမိအတွက် ၅၀၀ကျပ် သုံးစွဲပြီးဖြစ်သဖြင့် အပိုအလျှံမရှိတော့ရာ အခက်ကြုံလေသည်။ ထိုစဉ် ရွှေပန်းတိမ်တော်သားများထံတွင် မင်းတုန်းမင်းအပ်ထားသော ရွှေပုခက် ပြုလုပ်ရာ ပိုလျှံနေသည့် ရွှေ၄၅ကျပ်သားတုံးတစ်တုံးကို ယူကာ နှမဖြစ်သူအားပေးသည်။ ထိုသတင်းကိုကြားသည့် မင်းတုန်းမင်းလည်း ယောအတွင်းဝန် ဦးဘိုးလှိုင်အား စေလွှတ်မေးမြန်းစေရာ ဦးရန်ဝေးက "ငါယူလာတာမှန်တယ်။ ငါ့မှာ နှမဒုက္ခသည်ကို ထောက်ပံ့ရန်တာဝန်ရှိသည်။ တခြားတံစိုးလက်ဆောင်လည်း ငါ့မယူ။ ထို့ကြောင့် ခိုးခြင်းခိုး ကိုယ့်ဘုရင့် ပစ္စည်းသာခိုးသည်။ နောင်သံသရာတွင် ဒီအပြစ်အတွက် အတုံ့အလှည့်ခံရလည်း ကိုယ့်ဘုရင်အိမ်မှာ ခွေးဖြစ်ဖြစ် ခံရတာမြတ်တယ်လို့အောက်မေ့ပြီး ငါယူခဲ့တယ်။" ဟု ဆိုလေသည်။ ထိုစကားကို ကြားသော် မင်းတုန်းမင်းလည်း သဘောကျလှသဖြင့် ရွှေတုံးကို ၁၀၀၀ဖြင့် ပြန်ရွေးယူပြီး၊ ဒေါ်နီကိုလည်း အနောက်ဆောင်မိဖုရားများမှ စောင့်ရှောက်စေသည်။ အခွန်ကိစ္စ တစ်ခါတွင်လည်း သာဿနာရေးကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် အခွန်ပိုမိုကောက်ခံလိုကြောင်း မင်းတုန်းမင်းက ဦးရန်ဝေးအား တိုင်ပင်သည်။ ကောက်ခံပုံမှာ တစ်အိမ်ထောင်ကို တစ်နှစ်အတွက် တစ်မတ်ဖြစ်သည်။ ဦးရန်ဝေးက "မဟာသမ္မတမင်းလက်ထက်မှစကာ ရှေးမင်းအဆက်ဆက်တို့သည် ဆယ်ဖို့တစ်ဖို့၊ ဆယ်ခိုင်တစ်ခိုင်သာ ဒဿမေဓ ကောက်ယူသည့် ထုံးစံရှိကြောင်း၊ မည်သည့်အကြောင်းကြောင်းကြောင့်မှ ပိုမိုမကောက်ခံသင့်ကြောင်း၊ ကောက်ယူမည်ဆိုလျှင် ရှေးအစဉ်အလာကို ဖောက်ဖျက်သည့်အတွက် ဥယျာဉ်ကိုမျောက်ဖျက်သည်နှင့် တူကြောင်း" စသဖြင့် သံတော်ဦးတင်ရာ မင်းတုန်းမင်းလည်း လက်လျှော့ရလေသည်။ ကရင်နီ အရေး ကရင်နီစော်ဘွားက မိမိနယ်အား သိမ်းပိုက်ပါရန် မင်းတုန်းမင်းအား စာပို့လျှောက်ထားလာသဖြင့် မင်းတုန်းမင်းက လွှတ်တော်အား သိမ်းပိုက်ခြင်းအတွက်အမိန့်ပြန်ရန် စေခိုင်းသည်။ ဦးရန်ဝေးက အမိန့်စာအား ဆုတ်ဖြဲ၍ "မင်းတို့မြင်တဲ့အတိုင်း လျှောက်တင်လိုက်" ဟုမင်းချင်းတို့အား ပြောလေသည်။ မင်းတုန်းမင်းလည်း အမျက်ကြီးစွာထွက်ကာ ဦးရန်ဝေးအား ဆင့်ခေါ်လေသည်။ ဦရန်ဝေးကလည်း "တိုင်းရေးပြည်မှုတွေနဲ့ လွှတ်တော်မှာ အလုပ်ရှုပ်နေတယ်။ အမိန့်တော်နဲ့ ဆင့်ခေါ်တိုင်း မလာနိုင်ဘူးလို့ လျှောက်လိုက်"ဟု ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လေသည်။ ထိုနောက် လေး၊ငါးရက်မျှ အခစားမဝင်ဘဲ နေလေသည်။ ငါးရက်ကြာမှ အခစားဝင်ရာ မင်းတုန်းမင်းက အဘယ့်ကြောင့် အမိန့်ကို ဖျက်သနည်းဟု မေးရာ "ကရင်နီသည် ယိုးဒယားနယ်စပ်ဖြစ်သည်။ ကိုယ့်ပိုင်နက်နယ်စပ်မှာ ရှိလာလျှင် ကုလားဖြူပိုင်နက်နှင့်လည်း နီးစပ်ကာ အယှက်အတင် အထွေးအရော ဖြစ်လာနိုင်မည်။ ကုလားဖြူတို့က ထကြွလာနိုင်သည်။ နှစ်စဉ်ဆက်သမြဲ လက်ဆောင်မဏ္ဍာတော်ကိုသာ အေးအေးဆေးဆေးယူသင့်သည်။ ကရင်နီးနယ်ကို သိမ်းလျှင် အကျိုးထက်အပြစ်က ပိုများမည်။ ပြီးတော့ မင်းမည်သည် မင်းနှင့်တူအောင် ကျင့်ရသည်။ သူတစ်ပါး ပြောတိုင်း မလုပ်သင့်။ လွှတ်တော်ကို မတိုင်ပင်ဘဲ အမိန့်တွေထုတ်လိုလျှင် ဘာ့ကြောင့် လွှတ်တော်ကို ထားဦးမည်နည်း။ ဖျက်သိမ်းလိုက်လျှင် ပိုကောင်းမည်။" ဟု ရှင်းလင်းဆုံးမလေသည်။ မင်းတုန်းမင်းလည်း ဆိုဖွယ်မရှိ၊ နားထောင်လို့သာနေရလေသည်။ မယားဦးရေ ကန့်သတ်မှု တစ်ကြိမ်တွင်လည်း မင်းတုန်းမင်းက "ငါ့အမှုထမ်း ဝန်စုမှူးစုတို့ဟာ မယားများစွာ ယူကြလို့ လစာရိက္ခာနဲ့ မလောက်မငဖြစ်၊ တံစိုးလက်ဆောင်တွေ စားဖြစ်နေကြသည်။ ဒါ့ကြောင့် ရာထူးဌာနန္တရ အလိုက် မယားဦးရေ ကန့်သတ်လျှင် ကောင်းမည်။" ဟုဆိုရာ ဦးရန်ဝေးကြားသော် "အေး၊ တိုင်းပြည်မှာ ဘုရင်ဟာ မယားအများဆုံးယူတဲ့ ပုဂ္ဂိုလ်ပဲ၊ ဒီတော့ ဘုရင်ကိုပါ ထည့်သွင်း ပညပ်မှ ဒီအမိန့်ဥပဒေဟာ တရားမျှတ မှန်ကန်မယ်" ဟုပြန်ပြောလေသည်။ ရာထူးခန့်ထားမှု လွှတ်တော်သို့ရောက်လာသည့် ရာထူးခန့်အပ်ရေးဆိုင်ရာ အမိန့်စာချွန်လွှာတို့ကို ဦးရန်ဝေးက ချိုးဖျက်ပြန်သည်။ အကြောင်းမှာ ထိုရာထူးများမှာ မိဖုရားငယ်တို့ အကြိုက် ၎င်းတို့၏ဆွေမျိုးသားချင်းများကို ခန့်ထားစေရန်ဖြစ်သည့်အတွက် ဖြစ်သည်။ မင်းတုန်းမင်းမေးသော် "လွှတ်တော်ဆိုတာ တိုင်းပြည်ကောင်းဖို့ ဘုရင့်အမိန့်တော်ကိုသာ နာခံပြီး အမှုတော်ထမ်းရွက်တာဖြစ်တယ်။ မိဖုရားများ အမိန့်ကိုတော့ နာခံဖို့မရှိပါ " ဟုပြန်လည် လျှောက်တင်လေသည်။ တစ်ကြိမ်တွင်လည်း လင်ဖြစ်သူ၏ လစာနှင့်မတန်အောင်ပင် မော်ကြွားပလွှားသည့် ဝန်ကတော်တစ်ယောက်အား လမ်းမလယ်တွင်ပင် ရိုက်နှက်စေသေးသည်။ ကွယ်လွန်ခြင်း ပခန်းမင်းကြီးဦးရန်ဝေးသည် ၁၂၃၇ခု၊ တော်သလင်းလ အသက် ၆၃နှစ်အရွယ်တွင် ကွယ်လွန်လေသည်။ ဦးရန်ဝေး ကွယ်လွန်ကြောင်း ကြားသော် မင်းတုန်းမင်းကိုယ်တိုင် မသာအိမ်သို့ ကြွာလာကာ "ဆရာကြီးသည် တိုင်းရေးပြည်မှုမှစ၍ ကျွန်ုပ်အကျိုးကို များစွာဆောင်ပါပေသည်။ ဆရာကြီးကျေးဇူး ကျွန်ုပ်ပေါ်တွင် ရှိပါပေသည်။ ဆရာကြီး၏ကျေးဇူးကို ကျွန်ုပ်က ကြီးကျယ်သောကျေးဇူး ပြန်၍မဆပ်နိုင်၊ မချီးမြှောက်နိုင် ကြွေးတင်လျက် ရှိခဲ့လေသည်။ ဆရာကြီးကဲ့သို့ ကျွန်ုပ်အပေါ် စောင့်ရှောက်ဆုံးမမည့် မင်းကြီး ပေါ်ပေါက်မည်မထင်ပေ။" ဟူ၍ ဝမ်းနည်းစကားဆိုလေသည်။ ဝန်ကတော် ထိပ်တင်ရှင်ဖွားမှာ ဦးရန်ဝေးထက် အသက်-၅ နှစ် ပိုကြီးသော်လည်း ဗြိတိသျှကိုလိုနီခေတ်၊ ၁၂၅၇-ခု နှစ်၊ ဝါခေါင်လဆန်း-၈ ရက်၊ တနင်္ဂနွေနေ့တွင် ကွယ်လွန်ခဲ့ရှာသည်။ ကိုးကား ကုန်းဘောင်ခေတ် မြန်မာ မှူးမတ်များ
https://my.wikipedia.org/wiki/%E1%80%95%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%A6%E1%80%B8%E1%80%9B%E1%80%94%E1%80%BA%E1%80%9D%E1%80%B1%E1%80%B8
ဖေါင်ကျောင်းရွာ၊ ပခုက္ကူမြို့နယ်
ဖေါင်ကျောင်းရွာ ()သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဖေါင်းကွဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၀၉၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဖေါင်းကွဲကျေးရွာအုပ်စုတွင် ကျား ၁၉၃၅ ဦး၊ မ ၂၄၆၁ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၉၆ ဦးနေထိုင်သည်။ ကိုးကား ပခုက္ကူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%81%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
စေမော်ရွာ
စေမော်ရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%85%E1%80%B1%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC
မာတင် လူသာ
မာတင်လူသာ(Martin Luther)(၁၄၈၃-၁၅၄၆)သည် ခရစ်ယာန်ကျောင်းတော်ကို ဆန့်ကျင်ပြီး ပရိုတက်စတင့်တော်လှန်ရေးကို အစပျိုးပေးခဲ့သူဖြစ်သည်။ သူ၏ တော်လှန်ရေးကြောင့် ခရစ်ယာန်ဘာသာကိုသာမက ကမ္ဘာ့သမိုင်း၏ စာမျက်နှာများပါ ပြောင်းလဲသွားခဲ့ရသည်။ ဘဝအစ မာတင်လူသာအား ဂျာမနီနိုင်ငံ၊အိုင်လဲဗန်မြို့တွင် ဖွားမြင်သည်။ ဖခင်၏တိုက်တွန်းချက်ကြောင့် ဥပဒေပညာကို သင်ယူခဲ့ဖူးသည်။ သို့သော် ပညာကုန်မသင်ဘဲ ဩဂတ်စတီးနီးယား ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ၁၅၁၂တွင် ပါရဂူဘွဲ့ ကို ဝတ်တင်ဘာ့ခ်တက္ကသိုလ်မှ ရရှိခဲ့သည်။ နောက် ထိုတက္ကသိုလ်အသိုင်းအဝန်းတွင် ပင်ပျော်ရွင်စွာနေထိုင်နေခဲ့သည်။ ဘာသာရေးအရ အလွန်ယုံကြည်သူ မာတင်လူသာသည် ခရစ်ယာန်ကျမ်းစာပါ လမ်းစဉ်များအတိုင်း လိုက်နာကျင့်သုံးနေထိုင်ခဲ့သည်ဟု ဆိုကြသည်။ မိမိကဲ့သို့ သာမန် ကျောင်းတော်ဂိုဏ်းအုပ်ကလေးသည်ပင်လျှင် ဤမျှ ဘာသာရေးကိုင်းရှိုင်းနေလျှင် အထက်နေရာတွင်ရှိကြသည့် ရောမမှဂိုဏ်းချုပ်၊ဂိုဏ်းအုပ် ဆရာတော်ကြီးများ ဆိုလျှင် သူတော်စင်ကြီးများသဖွယ် နေထိုင်ကြမည်ဟု ရိုးသားစွာယုံကြည်ခဲ့သည်။ သို့သော် ကျောင်းတော်မှ ဆောင်ရွက်ပုံ၊ အမိန့်ချပုံတို့ကို မူ စဉ်းစားဆင်ခြင်ဉာဏ်ရှိသည့် အခြားသူများနည်းတူ မကျေနပ်သော်လည်း တော်လှန်ပြောဆိုခြင်းမရှိခဲ့ပေ။ ဘာသာရေးတော်လှန်မှုစတင်ခြင်း သို့သော် ၁၅၁၀တွင် ရောမသို့သွားရောက်ခဲ့သောအခါ မိမိအထင်နှင့် အမြင်မှာတစ်ခြားစီဖြစ်နေသည်ကိုတွေ့ရတော့သည်။ ဘုန်းတော်ကြီးများအနေဖြင့် ဘာသာရေးကျင့်ဝတ်များကို လှစ်လျှူရှုကာ လူဝတ်ကြောင်များကဲ့သို့ပင် ပေါ့ပျက်ဆိုးသွမ်းနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် မာတင်လူသာအနေဖြင့် များစွာတုန်လှုပ်မိခဲ့ရှာသည်။ သို့သော် အမှန်တကယ် တော်လှန်ခြင်းအမှုကို ပြုသည်မှာ ကျောင်းတော်မှ အပြစ်လွှတ်လွှာများရောင်းချရာမှ အစပြုသည်။ ဗဟိုအဆင့်မှ ဂိုဏ်းအုပ်များ သုံးဖြုန်းပျော်ပါးရန် ငွေလိုသဖြင့် ယခုကဲ့သို့ ငွေရလမ်းရှာခြင်းဖြစ်သည်။ (အမှန်တွင် ခရစ်ယာန် ဘာသာအပြင် အခြားသော ထာ၀ရဘုရား အယူဝါဒများတွင် လူသားတို့တွင်ရှိသည့် အပြစ်မှာ ဘုရားသခင်နှင့်သာ တိုက်ရိုက်သက်ဆိုင်မှုရှိသည်။ ဘုရားသာလျှင် အပြစ်ပေးခွင့်၊အပြစ်မှနုတ်ခွင့်ရှိသည်။) ၁၅၁၇၊အောက်တိုဘာ၊၁၅တွင် မာတင်လူသာသည် စွဲချက် ၉၅ချက်ပါသည့် ကြေညာစာတမ်း(စွပ်စွဲချက်စာတမ်း)ကို ဝတ်တင်ဘာ့ခ်ကျောင်းတော် အဝင်တံခါးတွင် ချိတ်စွဲထားခဲ့သည်။ ထိုစွပ်စွဲချက်များတွင် ဂိုဏ်းအထက်ပိုင်းမှ အကျင့်ပျက်ပုံကို တိတိကျကျ စွပ်စွဲပြီးနောက် ယခုကဲ့သို့ အပြစ်လွှတ်လွှာများရောင်းချသည်ကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ရှုံ့ချထားသည်။ မိတ္တူတစ်စောင်ကို သာသနာပိုင်ထံသို့ ပို့ပြီး နိုင်ငံတစ်ဝန်းသို့လည်း ပုံနှိပ်ပြီး ဖြန့်ဝေပေးသည်။ ထိုကဲ့သို့ ဝတ်ကျောင်းငယ်လေးမှ စတင်လိုက်သည့် မာတင်လူသာ၏ တော်လှန်ရေးသည် လျင်မြန်စွာပင် ပြန့်နှံ့သွားပြီး မကြာမီ အချိန်အတွင်းမှာပင် ပုပ်ရဟန်းမင်း၏ ဩဇာကိုမခံတော့ဟု လူအများက အတိအလင်းပြောဆိုရဲလာသည်အထိပင် ဖြစ်လာတော့သည်။ ထို့ပြင် ကျောင်းတော်မှ ကောင်စီချုပ်များကိုလည်း မလေးစားနိုင်ကြောင်း၊ သမ္မာကျမ်းစာကိုသာ ရှေ့ဆောင်လမ်းပြ အဖြစ်သုံးစွဲတော့မည့်အကြောင်း၊ သာမန်လူတို့၏ အတွေးမျိုးဖြင့်သာ ဘာသာရေးကို ယုံကြည်လိုက်နာတော့မည့် အကြောင်းများကိုပါ ထင်ထင်ရှားရှားပင် သဘောထားများကို ပြသလာကြသည်။ ထိုကဲ့သို့သော အဖြစ်မျိုးကို ကျောင်းတော်အနေဖြင့် မည်သို့မျှ လက်ခံနိုင်စရာမရှိသဖြင့် မာတင်လူသာအား ကျောင်းတော်အရာရှိများ ရှေ့မှောက်သို့ အစစ်ဆေးခံရန် ဆင့်ခေါ်သည်။ အကြိမ်ကြိမ် စစ်ဆေးပြီးနောက် ဘာသာစွန့်စေသည်။ နောက် ၁၅၂၁တွင် မိစ္ဆာဒိဋ္ဌိအဖြစ် စွပ်စွဲပြီး မာတင်လူသာရေးခဲ့သမျှ စာတို့ကို မီးတိုက်ဖျက်ဆီးစေသည်။ ထိုခေတ်ကာလက ကျောင်းတော်၏ ဥပဒေများအရ မိစ္ဆာဒိဋ္ဌိဟု အစွပ်စွဲခံရလျှင် ထိုသူမှာ ကားစင်တင်မီးရှို့သတ်ဖြတ်ခံရမည် သာဖြစ်သည်။ သို့သော် မာတင်လူသာကို ဂျာမနီတစ်ဝန်းရှိ ပြည်သူတို့ကသာမက၊ ခရစ်ကျောင်းတော်မှ ဂိုဏ်းအုပ်များ၏ နိုင်ငံရေးဩဇာကိုပါ ပယ်လှန်လိုကြသည့် ဂျာမန်မင်းဆွေစိုးမျိုးတို့ကပါ ဝိုင်းဝန်းထောက်ခံကြသဖြင့် အကောင်အထည်မပေါ်ခဲ့ပေ။ မာတင်လူသာမှာမူ တစ်နှစ်မျှ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသေးသည်။ ဘာသာရေးရှေ့ဆောင်အဖြစ် ဇာတိဖြစ်သည့် အိုင်လဲဗန်တွင် နေထိုင်သွားပြီး ၁၅၄၆တွင် ကွယ်လွန်သည်။ စွမ်းဆောင်ချက်များ မာတင်လူသာ၏ ဘာသာရေးတော်လှန်မှုကြောင့် သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရသည်။ ပရိုတက်စတင့်တော်လှန်ရေးကြောင့် နောင်နှစ်ပေါင်း ၄၅၀အတွင်းတွင် ထိုပရိုတက်စတင့်ဝါဒကျင့်သုံးသည့် နိုင်ငံများမှ ထူးချွန်သူ လူစွမ်းကောင်း အများအပြားပေါ်ပေါက်လာရသည်။ တစ်နည်းဆိုရလျှင် ကျောင်းတော်၏ မျက်စိပိတ်၊ နားပိတ်ထားစေမှုကို ပယ်လှန်ပြီး အသစ်အဆန်းများဖန်တီးနိုင်သည့် အတွေးအခေါ်တို့ကို အုတ်မြစ်ချပေးခဲ့သည်ဟုဆိုနိုင်သည်။ ပြုပြင်ပြောင်းလဲရေး၏ အကျိုးဆက်အနေဖြင့် ဥရောပတစ်လွှားတွင် ဘာသာရေးစစ်ပွဲများ ရာစုနှစ်နှင့်ချီကာ တိုက်ခိုက်ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဂျာမနီတွင် ဖြစ်ပွားခဲ့သည့် နှစ်သုံးဆယ်စစ်မျိုးမှာ အင်မတန် ရိုင်းစိုင်းကြမ်းကြုပ်သည့် စစ်ပွဲဟု အများကအသိအမှတ်ပြုကြရသည်။ အကြီးဆုံးသောဘာသာမှ အကြီးဆုံးသော ဂိုဏ်းကွဲမှုကိုဖြစ်စေသော်လည်း ဘာသာဝင်တို့၏ ယုံကြည်ချက်ကိုမူ မပြောင်းလဲစေခဲ့ပေ။ လူသာ၊ မာတင်(ခရစ် ၁၄၈၃-၁၅၄၆) မာတင်လူသာသည် ဂျာမန်လူမျိုးဖြစ်၍ ခရစ်ယာန် သာသနာပြုပြင်ပြောင်းလဲရေးတွင် ဂျာမနီ၌ ခေါင်းဆောင်တော်လှန်သူဖြစ်သည်။ ခရစ်ယာန်ဂိုဏ်း တစ်ခုဖြစ်သောပရိုတက်စတန့်ဂိုဏ်းကို စတင်တည်ထောင်သူအဖြစ် မှတ်တမ်းတင်ထိုက်သူ လည်းဖြစ်သည်။ ထို့ပြင် သမ္မာကျမ်းကို အများပြည်သူတို့ နားလည်နိုင်စိမ့် သောငှာ ဂျာမန်ဘာသာသို့ ပြန်ဆိုခြင်းဖြင့်လည်း ဂျာမန်ဘာသာကိုမြှင့်တင် ခဲ့သည်။ မာတင်လူသာသည် ဆက်ဆွန်နီနယ် အိုက်စလေးဗင်မြို့တွင် ခရစ် ၁၄၈၃ ခုနှစ်၌ ဖွားမြင်သည်။ ဖခင်မှာ ချမ်းသာကြွယ်ဝသူ မဟုတ် သော်လည်း သားဖြစ်သူအားပညာတတ်စေလိုသဖြင့် မက်ဂဒီဗတ်နှင့် အိုင်းဇနတ်မြို့များရှိ စာသင်ကျောင်းများသို့ပို့၍ သင်ကြားစေသည်။ လူသာသည် ထိုကျောင်းများတွင် စာသင်နေခိုက် ဘုရားရှိခိုးကျောင်း ဓမ္မတီး ဝိုင်း၌ သီချင်းဆိုခြင်းဖြင့်လည်းကောင်း၊ ကြေးရတတ်များ၏ အိမ်ရှေ့တွင် ဓမ္မ သီချင်းများကို သိဆိုခြင်းဖြင့်လည်းကောင်း ကျောင်းစရိတ် အထောက်အပံ့ရရန် ကြိုးပမ်းခဲ့လေသည်။ လူသာသည် ၁၅ဝ၁ ခုနှစ်တွင် အားဖတ် တက္ကသိုလ်သို့ တက်ရောက်သင်ကြား၍ ၁၅ဝ၅ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိသည်။ ဦးစွာ၌ လူသာသည် ရှေ့နေလုပ်ရန် ရည်ရွယ်ခဲ့သော် လည်း တက္ကသိုလ်သင်တန်း နှစ်ကုန်ခါနီးတွင် စိတ်ပြောင်းသွားခဲ့လေသည်။ ထို အချိန်တွင် အနောက်ဥရောပတိုက်၌ သာသနာရေး လှုပ်ရှားနေချိန်ဖြစ်ရာ ထို အရေးတွင် စိတ်ပါဝင်စားပြီးလျှင် ၁၅ဝ၇ ခုနှစ်တွင် ရဟန်းဘောင်သို့ ဝင် ရောက်ခဲ့သည်။ ၁၅ဝ၈ ခုနှစ်တွင် ဗစ်တင်ဗတ်တက္ကသိုလ်၌ ဒဿနိကဗေဒ ပါမောက္ခအဖြစ် ခန့်ထားခြင်းခံရလေသည်။ ၁၅၁၁ ခုနှစ်တွင် လူသာသည် ရောမမြို့သို့ သွားရောက်ခဲ့သည်။ ၁၅၁၂ ခုနှစ်တွင် ဗြဟဒေဝဗေဒ ဆိုင်ရာ ပါရဂူဘွဲ့ကိုရရှိပြီးလျှင် ဗစ်တင်ဗတ်တက္ကသိုလ်၌ ဗြဟဒေဝဗေဒ ဆိုင်ရာ ပါမောက္ခအဖြစ် ခန့်ထားခြင်းခံရလေသည်။ ထိုအခါ သမ္မာ ကျမ်းစာ သင်တန်းတစ်ရပ် ဖွင့်လှစ်ပို့ချခဲ့ရာ လူသာသည် ဆရာတစ်ဦး အဖြစ် နာမည် ရခဲ့သည်။ သာသနာနယ်ဆိုင်ရာ ဘုန်းကြီးအဖြစ်နှင့်လည်း မိမိသာသနာနယ် ဆိုင်ရာ ဘုရားရှိခိုးကျောင်း၌ နေ့စဉ်တရားဟောခဲ့သည်။ ထိုအချိန်အခါက ခရစ်ယန်အယူဝါဒီတို့သည် မိမိတို့၏ အပြစ် တို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ခရစ်ယာန် သာသနာ့ အဖွဲ့က ပြဋ္ဌာန်းထားသည့် ဒဏ်ခံခြင်း၊ ဆုတောင်းခြင်း၊ အာဟာရ ဖြတ်ခြင်း၊ အလှူပေးခြင်း စသောအာပတ်ဖြေနည်းများကို လိုက်စားနေကြ၏။ ထိုအဖြစ် ကို လူသာ တွေ့ရှိသောအခါ များစွာစိတ်မချမ်းမသာဖြစ်ရ၏။ လူသာကမူ ခရစ်တော်၏တပည့်ကြီး စိန့်ပေါ၏ တရားစာများနှင့် စိန့်အော်ဂတ်စတင်း ၏ကျမ်းများကို ဖတ်ရှုခဲ့သူဖြစ်ပေရာ အထက်ပါနည်းအတိုင်း ပြုလုပ်ခြင်း ဖြင့် အပြစ်ဒဏ်မှ မလွတ်မြောက်နိုင်။ ခရစ်တော်ကို အကြွင်းမဲ့ယုံကြည်ကိုး စားခြင်းဖြင့်သာ အပြစ်မှ လွတ်မြောက်နိုင်မည်ဟု သဘောပေါက်ခဲ့လေသည်။ ထိုစဉ်က ပုပ်ရဟန်းမင်း ဒသမ လီယိုသည် ယိုဟန်းတက်ဇယ် အမည်ရှိသူ ပုဂ္ဂိုလ်တစ်ဦးအား အာပတ်ဖြေ ခွင့်လွှတ်နိုင်ရန် အာဏာပေး၍ ခွင့်ပြုထားသည့်အလျောက် တက်ဇယ်သည် ဗစ်တင်ဗတ်တက္ကသိုလ် အနီး တစ်ဝိုက်၌လာရောက်၍ ဟောပြောခဲ့သည်။ ရောမမြို့၌ ဆောက်လုပ်နေဆဲ ဖြစ်သော စိန့်ပေါကသီးဒရယ် ဘုရားရှိခိုးကျောင်းသို့ အလှူငွေထည့်ဝင်သူ များကိုလည်း အာပတ်ဖြေပေးလေသည်။ ဤသို့ဖြင့် ဘုန်းကြီးရဟန်းများက ဆင်းရဲသားတို့ထံမှ ဖြား ယောင်းငွေညှစ်နေသည့်အဖြစ်ကို လူသာတွေ့ရှိသောအခါ လူအပေါင်းတို့အဖို့ အကျိုးယုတ်သည့်အပြင် သာသနာ၏ အဆုံးအမနှင့်လည်း ဆန့် ကျင်သည် ဟု သဘောရကာ ဝေဖန်ရှုတ်ချသော စာတန်းကို လူသာကိုယ်တိုင်ရေး၍ ဗစ်တင်ဗတ် ဘုရားရှိခိုးကျောင်း၏ တံခါးဝတွင် ကပ်ထားခဲ့လေ သည်။ ယင်းသည် အချက်ကြီး ၉၅ ချက် ဟု ထင်ရှားလာခဲ့သည်။ ထိုအချိန် မှစ၍ လူသာနှင့် ခရစ်ယာန်သံဃာအဖွဲ့သည် ပဋိပက္ခဖြစ်လာသည်။ ဤ ပဋိပက္ခအတွင်း လူသာ၏ အယူအဆများမှာ လျင်မြန်စွာ ပျံ့နှံ့သွား ခဲ့သည်။ လူသာသည် ပုပ်ရဟန်းမင်း၏ ခေါင်းဆောင်မှုကိုပယ်သည်။ ခရစ် ယာန်ဘုန်းကြီးများသည် သာမန်လူထက် တန်ခိုးဣဒ္ဓိပါဒ် ရှိသည်ဟူသော အစွဲကို ချွတ်သည်။ ခရစ်ယာန် ဘုန်းကြီး၊ သီလရှင်တို့ အဓိဋ္ဌာန်ပြု သော အလုပ်သည် အလဟဿ ဖြစ်သည်ဟုဆိုသည်။ အဆုံး၌ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများသည်ပင် မလိုဟုပယ်လေသည်။ ထိုအခါ ပုပ်ရဟန်းမင်းက လူသာအား ခရစ်ယာန်သာသနာမှ ကြဉ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်ပေးပို့ခဲ့သော ပုပ်ရဟန်းမင်း၏ အမိန့်စာချွန်ကို လူသာသည် လူ အများရှေ့တွင် မီးတင်ရှို့လိုက်လေသည်။ ထိုအချိန်တွင် လူသာအား ထောက် ခံသူများစွာရှိလေသည်။ အမှန်သော်ကား လူသာသည် ရောမ ကက်သလစ် အသင်းတော်(ဗရင်ဂျီဂိုဏ်း)ကို တော်လှန်ရန် မရည်ရွယ်ခဲ့စေကာမူ သာသနာ ပြုပြင်ပြောင်းလဲရေးနှင့် ပရိုတက်စတန့်ဂိုဏ်း ပေါ်ပေါက်လာအောင် ဖန်တီး ရာရောက်သွားခဲ့လေသည်။ လူသာ၏ အချက်ကြီး ၉၅ ချက်ကို ဂျာမန်ဘာ သာနှင့် အခြားဘာသာများသို့ ပြန်ဆိုခဲ့၏။ ပုံနှိပ်စက်များ ပေါ်ခါစအချိန် ဖြစ်သောကြောင့် အဆိုပါအကြောင်းအရာတို့သည် ဥရောပ တစ်တိုက်လုံးသို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် လူသာကို ဘုရားရှိခိုးကျောင်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရဟု ပုပ်ရဟန်းမင်းက တားမြစ်ပိတ်ပင်ခဲ့သည်။ ထို့ပြင် ၁၅၂၁ ခုနှစ်၊ ဧပြီလတွင် ဗန်းမြို့၌ ကျင်းပမည်ဖြစ်သော နိုင်ငံတော် လွှတ်တော် အစည်းအဝေးသို့ လာရောက်၍ အစစ်ခံရမည်ဟု ဆင့်ခေါ်ခြင်း ခံရလေသည်။ ထိုလွှတ်တော် ကိုဆင့်ခေါ်သူမှာ ဧကရာဇ် ဘုရင်သစ် ပဉ္စမချား ဖြစ်၍ ထိုစဉ် အခါက ဩဇာကိတ္တိကြီးသော ဂျာမန်မင်းညီမင်းသား မှူးမတ်များ နှင့် သာသနာ့အဖွဲ့ဝင်များ တက်ရောက်ကြလေသည်။ လူသာသည် မိတ်ဆွေများက တားမြစ်သော်လည်း ဆင့်ခေါ်သည့် အတိုင်း တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးက သူဟောပြော ရေးသားခဲ့ သမျှကို ပြန်လည်ရုပ်သိမ်းရမည်ဟု အမိန့်ပေးခဲ့သော်လည်း လူသာ ကမူ မရုပ်သိမ်းသည့်အပြင် သူ၏အယူအဆများ၌ ပိုမိုစွဲမြဲနေခဲ့သည်။ လူသာက သူမှားကြောင်း ကျမ်းဂန်အထောက်အထားနှင် မပြနိုင်သမျှ မရုပ်သိမ်းနိုင်ဟု ဆိုလေသည်။ ထိုအခါ ဧကရာဇ်ဘုရင်က လူသာ၏ စာအုပ်မှန်သမျှကို မီးတိုက်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည့်အပြင် လူသာသည် မိစ္ဆာဒိဋ္ဌိဖြစ် ကြောင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့၏။ သို့သော် ဆက်ဆွန်နီနယ်စားကြီး ဖရက်ဒရစ်အား ပေးထားသည့်ကတိကြောင့် အိမ်သို့ပြန်ခွင့်ပြု လိုက်သည်။ အပြန်ခရီးတွင် လူသာသည် လူဆိုးများ၏ ဖမ်းဆီးခြင်းကိုခံရ၏။ အမှန်မှာ ဆက်ဆွန်နီနယ်စားကြီး၏ တပည့်များက လူသာအား တစ်ဖက် လှည့်ဖြင့် ဗတ်ဆုသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဤသို့ပြုရ ခြင်းမှာ လူသာအား အကာအကွယ်ပေးလိုသော်လည်း လူသိရှင်ကြား ပွင့်လင်းစွာ အကာအကွယ် မပေးဝံ့သောကြောင့်ဖြစ်၏။ လူသာသည် ဗတ်ဗုရဲတိုက်၌ ၁ဝ လမျှ နေထိုင်ခဲ့သည့်အတောအတွင်း ဓမ္မသစ်ကျမ်းကို မူရင်းဂရိဘာသာ မှ ဂျာမန်ဘာသာသို့ ပြန်ဆိုရေးသားခဲ့၏။ မာတင်လူသာသည် ရှေးဟောင်းအယူဝါဒများကို ပြုပြင်ပြောင်းလဲ ရန် ဆက်လက်၍ဆောင်ရွက်ခဲ့လေသည်။ ၁၅၂၂ ခုနှစ်၊ မတ်လ တွင် လူသာ သည် ဗစ်တင်ဗတ်သို့ပြန်ကာ ခရစ်ယာန် အသင်းတော်သစ် ထူထောင်ရေးကို လုံးပမ်းခဲ့လေသည်။ အသင်းတော်သစ်ဆိုင်ရာ စည်းကမ်းဥပဒေ များကိုလည်း ရေးဆွဲပေးခဲ့၏။ သာမန်လူများနားလည်အောင် အမေးအဖြေစာ များကို ရေး သား၍ တရားနာပရိသတ် အစုအဝေးအလိုက် ဓမ္မသီချင်းရင့်ကျူးခြင်းကို တီ ထွင်ခဲ့၏။ ဓမ္မသီချင်းများကိုလည်း စပ်ဆိုခဲ့သည်။ ထို့ပြင် ဘုန်းကြီးများ အိမ်ထောင်ပြုခွင့်ရှိကြောင်းကိုလည်း ဟောပြောခဲ့၍ မိမိကိုယ်တိုင် သီလရှင် လူထွက်တစ်ဦးနှင့် အိမ်ထောင်ပြုခဲ့လေသည်။ လူသာ၏ အိမ်ထောင်ရေးမှာ သာတောင့်သာယာရှိလေသည်။ လူသာသည် ၁၅၃၄ ခုနှစ်တွင် ဓမ္မဟောင်းကျမ်းကို ဂျာမန်ဘာ သာသို့ပြန်ဆိုခဲ့ရာ ထိုစဉ်က ကျန်းမာရေးချို့တဲ့နေသည့်အတွက် ပင်ပန်းကြီး စွာ ဆောင်ရွက်ခဲ့ရသည်။ စုစုပေါင်း စာအုပ်စာတန်းကြီးငယ် ၄ဝဝ ကျော် ပြုစုခဲ့သောဟူ၏။ မာတင်လူသာသည် ၁၅၃၆ ခုနှစ်တွင် ဖွားရာဇာတိဖြစ် သော အိုက်စလေးဗင်မြို့၌ ကွယ်လွန်လေသည်။ ကိုးကား ခရစ်ယာန်ဘာသာ နိုင်ငံတကာ ဘာသာရေး ခေါင်းဆောင်များ‎ ဂျာမနီနိုင်ငံ
https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%90%E1%80%84%E1%80%BA%20%E1%80%9C%E1%80%B0%E1%80%9E%E1%80%AC
သဲဖြူကုန်းရွာ၊ လှေကြီးပျက်
သဲဖြူကုန်းရွာ၊ လှေကြီးပျက် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9E%E1%80%B2%E1%80%96%E1%80%BC%E1%80%B0%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%BE%E1%80%B1%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%95%E1%80%BB%E1%80%80%E1%80%BA
ပုံညာဇွပ်ရွာ၊ အင်ဂျန်းယန်မြို့နယ်
ပုံညာဇွပ်ရွာ()သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၊ ဆွမ်ဖောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၀၄၃၈ ဖြစ်သည်။ ကိုးကား အင်ဂျန်းယန်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AF%E1%80%B6%E1%80%8A%E1%80%AC%E1%80%87%E1%80%BD%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%84%E1%80%BA%E1%80%82%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%9A%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဒေါင့်ချောင်းရွာ၊ ဓနိဆိပ်
ဒေါင့်ချောင်းရွာ၊ ဓနိဆိပ် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%84%E1%80%B7%E1%80%BA%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%93%E1%80%94%E1%80%AD%E1%80%86%E1%80%AD%E1%80%95%E1%80%BA
ပါတိမောက်
ပါတိမောက် ဆိုသည်မှာ ဂေါတမဘုရားက ရဟန်းတို့အား ဆုံးမညွှန်ကြားသောအရာများကို ဆိုလိုသည်။ လမ်းညွှန်သော ဩဝါဒပါတိမောက်နှင့် ကန့်သတ်သော အာဏာပါတိမောက်ဟူ၍ ၂ မျိုး ရှိသည်။ ဗုဒ္ဓဘာသာ
https://my.wikipedia.org/wiki/%E1%80%95%E1%80%AB%E1%80%90%E1%80%AD%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA
NGC 62
NGC 62 သည် စီတပ် ကြယ်စုတန်းမှ ခရုပတ်ပုံစံ ဂယ်လက်ဆီဖြစ်ပြီး ပြင်သစ် နက္ခတ္တပညာရှင် Édouard Stephan ဆိုသူမှ ၁၈၈၃ အောက်တိုဘာ ၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ရင်းမြစ် Deep Sky Log စီတပ် (ကြယ်စုတန်း)
https://my.wikipedia.org/wiki/NGC%2062
ဖိုးခမှီဒေါင့်အောက်စုရွာ၊ ဖိုးခမှီဒေါင့်
ဖိုးခမှီဒေါင့်အောက်စုရွာ၊ ဖိုးခမှီဒေါင့် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%99%E1%80%BE%E1%80%AE%E1%80%92%E1%80%B1%E1%80%AB%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%99%E1%80%BE%E1%80%AE%E1%80%92%E1%80%B1%E1%80%AB%E1%80%84%E1%80%B7%E1%80%BA
ပကွန်ရွာ၊ ပကွန်
ပကွန်ရွာ၊ ပကွန် ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%95%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%80%E1%80%BD%E1%80%94%E1%80%BA
မဉ္စပီဌသိက္ခာပုဒ်
မဉ္စပီဌသိက္ခာပုဒ် အမှုသည်—ရှင်ဥပနန္ဒ။ အမှု—မြင့်သောညောင်စောင်း(ခုဋင်) ပေါ်၌အိပ်မှု၊ အခြေရှည် ညောင်းစောင်း အိပ်ရာခုဋင်ကို ညောင်စောင်းဟု၎င်း, ထိုင်ခုံစားပွဲခုံ စသော ခုံအမျိုးမျိုးကို အင်းပျဉ်ဟု၎င်း ခေါ်၏၊ သာကီဝင် မင်းသားတို့တွင် အပါအဝင်ဖြစ်သော ရှင်ဥပနန္ဒသည် အတော်မြင့်သော ညောင်စောင်းပေါ်၌ အိပ်လေ့ရှိ၏၊ တနေ့သ၌ဘုရားရှင်သည် ကျောင်းစဉ် လှည့်၍ ကြည့်ရှုတော်မူသောအခါ ရှင်ဥပနန္ဒ၏ကျောင်း နားသို့ ရောက်တော်မူလေသော် ရှင်ဥပနန္ဒသည် မြတ်စွာဘုရားကို (သူ့ကိုယ်တိုင်ဟန်လှပြီ-ဟု ထင်နေသော) အိပ်ရာပေါ်၌ လျောင်းတော်မူရန် ဖိတ်မန်လေသည်၊ မြတ်စွာဘုရားသည် ထိုကျောင်းနားမှပင် ပြန်လှည့်တော်မူ၍ ရဟန်းများကိုခေါ်တော်မူပြီးလျှင်... “ဘိက္ခုတို့ ... ဤသူဟာ မဂ်ဖိုလ်မှ အချည်းနှီးသော = မဂ်ဖိုလ်မရသော မောဃပုရိသဖြစ်ကြောင်းကို သူ၏အဇ္ဈာသယ (သူ၏အလိုဆန္ဒ = သူကြိုက် နှစ်သက်ပုံ) ကြည့်သော အားဖြင့် သိနိုင်သည်၊ (ခမ်းခမ်းနားနား ဟန်ကြီး ပန်ကြီးနှင့် နေတတ်သူဟာ မဂ်ဖိုလ်ရဘို့ အရေးနှင့် အဝေးကြီးဖြစ်သည်)” ဟု မိန့်တော်မူလိုဟန်တူသည်၊ ဤသို့မိန့်တော်မူ၍ ခုဋင်အမြင့်ကြီးပေါ်မှာ ဟန်ကြီးပန်ကြီး အိပ်တတ်သော ရှင်ဥပနန္ဒကို ကဲ့ရဲ့ရှုံ့ချတော်မူပြီးလျှင် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။ သိက္ခာပုဒ် နဝံ ပန ဘိက္ခုနာ မဉ္စံ ဝါ ပီဌံ ဝါ ကာရယမာနေန အဋ္ဌင်္ဂုလပါဒကံ ကာရေတဗ္ဗံ သုဂတင်္ဂုလေန အညတြ ဟေဋ္ဌိမာယ အဋနိယာ။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။ မြန်မာပြန် အသစ်ဖြစ်သော ညောင်စောင်းကိုသော်၎င်း, အင်းပျဉ် ကိုသော်၎င်း ပြုစေလိုသောရဟန်းသည် အောက်၌ဖြစ်သော၊ ဘောင်ကိုကြဉ်၍ (တိုင်းသောအခါ ဘောင်အောက်ကိုသာ) ဘုရားရှင်၏ လက်သစ်တော်ဖြင့် လက်ရှစ်သစ် အခြေရှိအောင် ပြုစေနိုင်၏၊ ထိုလက်ရှစ်သစ်ပမာဏကို လွန်စေသော ရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ်အာပတ်သင့်၏။ မှတ်ချက် လက်သစ်တိုင်းရာ၌ ခုဋင်ပေါင် (ဘောင်) ကိုထည့်၍ မတိုင်းရ။ ပေါင်အောက်က ခြေသက်သက်ကိုသာ တိုင်းရသည်၊ ဘုရားရှင်၏ လက်သစ်တော်အားဖြင့် ရှစ်သစ်သည် မဇ္ဈိမပုရိသ တွက်ကိန်းဖြင့် (၃ ဆတက်၍) ၂၄-သစ် ရှိ၏ဟု ယူကြ၏။ ထို၂၄-သစ်ဖြင့် တိုင်းသောကြောင့်လည်း ယခုကာလ ခုဋင်(ခဋင်) ခြေထောက်များ ပညတ်တော်လာ ပမာဏထက် မပိုဟု ယူဆရသည်။ အကယ်၍ ယခုရိုးရိုး ရှစ်သစ်ဖြင့် တိုင်းလျှင်ကား ပမာဏထက် ပိုနေပေလိမ့်မည်။ ထိုကဲ့သို့ ပမာဏထက်ပိုသော ခုဋင်ကို အလုပ်ခိုင်း၍ရလျှင် ဤသိက္ခာပုဒ်အရ ရှေးဉုးစွာ ပိုသောပမာဏကိုဖြတ်ပစ်ပြီးမှ ပါစိတ်အာပတ်ကို ဒေသနာပြောရမည်။ ကိုယ်က အလုပ်မခိုင်းဘဲ လှူလာ၍ ရလျှင်ကား အာပတ်မသင့်၊ အသုံးပြုသောအခါ၌မူ ပမာဏထက်ပိုသမျှကို ဖြတ်ပစ်၍ဖြစ်စေ, မြေကြီး၌မြှုပ်၍ဖြစ်စေ, အပေါ်မှာ တန်းထိုး၍ ထိုတန်းပေါ်၌ ငြမ်းဆင်သလို တင်၍ဖြစ်စေ သုံးစွဲရမည်၊ ထိုသို့ မပြုပြင်ဘဲ သုံးစွဲလျှင်ကား သုံးတိုင်းသုံးတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ ထို့ကြောင့်လည်း ရှေးကဆရာတော်အချို့၏ အသုံးအဆောင် ခုဋင်ကလေးများမှာ ခြေထောက်ပုတိုတို နှင့် တွေ့ကြရပေသည်။ [တယောက်ထည်း မရွှေ့နိုင်လောက်အောင် ကြီးမားသော ခုဋင်ကြီးများကိုကား ဘူမိဂတိက(မြေနှင့်အလားတူ)ဟု ယူကြ၏။ ထို့ကြောင့် အခြေ ရှည်သော်လည်း သုံးစွဲကောင်း၏ဟု ယူကြသည်။] ကိုးကား ရဟန်းဝိနည်းများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%89%E1%80%B9%E1%80%85%E1%80%95%E1%80%AE%E1%80%8C%E1%80%9E%E1%80%AD%E1%80%80%E1%80%B9%E1%80%81%E1%80%AC%E1%80%95%E1%80%AF%E1%80%92%E1%80%BA
ထီးကုန်းရွာ၊ စဉ့်ကူးမြို့နယ်
ထီးကုန်းရွာ ()သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သာယာဝတီကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၀၁၉၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သာယာဝတီကျေးရွာအုပ်စုတွင် ကျား ၅၀၇ ဦး၊ မ ၆၂၃ ဦး၊ လူဦးရေ စုစုပေါင်း ၁၁၃၀ ဦးနေထိုင်သည်။ ကိုးကား စဉ့်ကူးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%91%E1%80%AE%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%85%E1%80%89%E1%80%B7%E1%80%BA%E1%80%80%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကျိန်းမြန်းရွာ၊ မိုင်းလားမြို့နယ်
ကျိန်းမြန်းရွာ ()သည် ရှမ်းပြည်နယ် (အရှေ့)၊ ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ်၊ မိုင်းမကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၃၃၉၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မိုင်းမကျေးရွာအုပ်စုတွင် ကျား ၃၂၃၄ ဦး၊ မ ၃၆၂၃ ဦး၊ လူဦးရေ စုစုပေါင်း ၆၈၅၇ ဦးနေထိုင်သည်။ ကိုးကား မိုင်းလားမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AC%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
တောင်သာယာရွာ၊ မင်းတပ်မြို့နယ်
တောင်သာယာရွာ()သည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်၊ မနာတာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၄၈၅၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မနာတာကျေးရွာအုပ်စုတွင် ကျား ၄၀၄ ဦး၊ မ ၄၅၅ ဦး၊ လူဦးရေ စုစုပေါင်း ၈၅၉ ဦး နေထိုင်သည်။ ကိုးကား မင်းတပ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9E%E1%80%AC%E1%80%9A%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကဒက်ခွရွာ၊ ညောင်ဝိုင်း
ကဒက်ခွရွာ၊ ညောင်ဝိုင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%92%E1%80%80%E1%80%BA%E1%80%81%E1%80%BD%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
တာတိုင်ရွာ၊ ပင်းတယမြို့နယ်
တာတိုင်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပင်ပျော်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၁၇၅၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပင်ပျော်ကျေးရွာအုပ်စုတွင် ကျား ၁၁၃၈ ဦး၊ မ ၁၂၄၀ ဦး၊ လူဦးရေ စုစုပေါင်း ၂၃၇၈ ဦးနေထိုင်သည်။ ကိုးကား ပင်းတယမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%9A%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
သပြေကုန်းရွာ၊ မိုင်းကိုင်း
သပြေကုန်းရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၆၅၉၀ ဖြစ်သည်။ ကိုးကား ဟုမ္မလင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%95%E1%80%BC%E1%80%B1%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8
လက်ဝဲချောင်းရွာ၊ ကြပ်စင်ချောင်း
လက်ဝဲချောင်းရွာ၊ ကြပ်စင်ချောင်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%B2%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BC%E1%80%95%E1%80%BA%E1%80%85%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8
လပ်ကီးကာဇူးရွာ၊ နန်းယွန်းမြို့နယ်
လပ်ကီးကာဇူးရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ လပ်ကီးလုံရာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၆၉၃၀ ဖြစ်သည်။ ဤရွာသည် တိမ်ကောသွားသည်။ ကိုးကား နန်းယွန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9C%E1%80%95%E1%80%BA%E1%80%80%E1%80%AE%E1%80%B8%E1%80%80%E1%80%AC%E1%80%87%E1%80%B0%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%9A%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဗြိတိသျှဘားမား၏ နန်းရင်းဝန်များ စာရင်း
ဤသည်မှာ မြန်မာကိုလိုနီ၏ နန်းရင်းဝန်များဖြစ်ကြသည်။ မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထုတ်ပြီး အုပ်ချုပ်ရေးအသစ်ပေးသောအခါ နန်းရင်းဝန်များကို ခန့်အပ်ခဲ့သည်။ နန်းရင်းဝန်ရာထူးသည် ဝန်ကြီးချုပ်ရာထူးနှင့်ဆင်တူသည်။ စာရင်း ဆက်စပ်ကြည့်ရန် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်များ စာရင်း ကိုလိုနီခေတ် အုပ်ချုပ်ခဲ့သော မဟာမင်းကြီးများနှင့် ဘုရင်ခံများ ကိုးကား ကိုလိုနီခေတ်
https://my.wikipedia.org/wiki/%E1%80%97%E1%80%BC%E1%80%AD%E1%80%90%E1%80%AD%E1%80%9E%E1%80%BB%E1%80%BE%E1%80%98%E1%80%AC%E1%80%B8%E1%80%99%E1%80%AC%E1%80%B8%E1%81%8F%20%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%20%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8
ခေတ္တာရွာ၊ ကန့်ဘလူမြို့နယ်
ခေတ္တာရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စပါယ်နံ့သာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၂၀၉၀၀ ဖြစ်သည်။ ကိုးကား ကန့်ဘလူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%B1%E1%80%90%E1%80%B9%E1%80%90%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%94%E1%80%B7%E1%80%BA%E1%80%98%E1%80%9C%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကျောက်ဖြူတောင်ရွာ၊ ကျောက်ဖြူတောင်
ကျောက်ဖြူတောင်ရွာ၊ ကျောက်ဖြူတောင် ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%96%E1%80%BC%E1%80%B0%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%96%E1%80%BC%E1%80%B0%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၆၀၀ ကျော် အကုန်အကျခံကာ တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် တည်ဆောက်ရန် လျာထားသော စီးပွားရေး စီမံကိန်းကြီးတစ်ရပ် ဖြစ်သည်။ ဆောက်လုပ်ရေး အစီအစဉ် ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကနဦးလေ့လာမှု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၀၈ ခုနှစ်မှ စ၍ ကနဦးလေ့လာမှုအဆင့် (Initial phase)၊ စမ်းသပ်ကွင်းဆင်းအဆင့် (Preparation Phase)နှင့် တည်ဆောက်မှု အဆင့် ၁ (Construction Phase 1)၊ အဆင့် ၂ (Construction Phase 2)၊ အဆင့် ၃ (Construction Phase 3) ဟူ၍ အဆင့် ၅ ဆင့်ခွဲ၍ စီမံကိန်းရေးဆွဲခဲ့သည်။ စမ်းသပ်ကွင်းဆင်းအဆင့်သည် ၂၀၀၈ ဇွန်လ မှ ၂၀၀၉ နှစ်ကုန်အထိ တနှစ်ခွဲ စီမံကိန်းဖြင့် ပြုလုပ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများအကြား မူဘောင်သဘောတူညီမှုစာချုပ် (Concession signing) ကို ၂၀၀၉ နိုဝင်ဘာလ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ တည်ဆောက်ရေးလုပ်ငန်း အဆင့် ၁ ကို ၂၀၁၀ မှ ၂၀၁၄ အထိ ၅ နှစ်စီမံကိန်းဖြင့်လည်းကောင်း၊ အဆင့် ၂ ကို ၂၀၁၃ မှ ၂၀၁၇ အထိလည်းကောင်း၊ အဆင့် ၃ ကို ၂၀၁၅ မှ ၂၀၁၉ အထိလည်းကောင်း အသီးသီးစီမံကိန်းချ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းမှာ ၂၀၁၀ မှ ၂၀၁၉ အထိ ၁၀ နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်မည့် စီမံကိန်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာ၀ပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြားဝင်ထွက်ဇုန်တို့ ပါဝင်သည်။ ထို ဆက်သွယ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းများကို နှစ် ၆၀ သက်တမ်းရှိ BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။ အထူးစီးပွားရေးဇုန်စီမံကိန်း အထူးစီးပွားရေးဇုန် စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လမှ ၂၀၀၉ မေလအထိ ၂၅၀ စတုရန်း ကီလိုမီတာကို လွှမ်းခြုံနိုင်သည့် ကွင်းဆင်းစမ်းသပ်မှု (land site survey) များ ပြုလုပ်ခဲ့သည်။ စက်မှုဇုန် ဇုန် အေ (Zone A) မှ ဇုန် အက်ဖ် (Zone F) အထိ ဇုန် ၆ ခု သတ်မှတ်ပြီး တည်ဆောက်သွားမည် ဖြစ်သည်။ ဇုန် အေ တွင် ရေနက်ဆိပ်ကမ်း ၂ ခု နှင့် အကြီးစား စက်မှုလုပ်ငန်းဇုန်တို့ ပါဝင်သည်။ ထို ရေနက်ဆိပ်ကမ်း ၂ ခုတွင် တန်ချိန် ၂ သောင်းမှ ၅ သောင်းအထိ တင်နိုင်မည့် သင်္ဘော ၂၅ စီး တပြိုင်နက်တည်း ကုန်တင်ကုန်ချလုပ်နိုင်မည့် ဆိပ်ခံတံတား ၂၂ ခု တည်ဆောက်မည်ဖြစ်သည်။ အကြီးစားစက်မှုလုပ်ငန်းတွင် သင်္ဘောကျင်း၊ ကုန်လှောင်ရုံ၊ သံမဏိစက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ကျောက်မီးသွေးစက်ရုံများ ပါရှိမည်ဖြစ်သည်။ ဇုန် ဘီ တွင် လောင်စာစွမ်းအင် ထုတ်လုပ်ရေး စက်ရုံများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ၊ ရေနံချက် စက်ရုံ၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ပြုပြင်ထိန်းသိမ်းရေးစက်ရုံ (combined cycle power plant) တို့ ပါဝင်သည်။ ဇုန် စီ တွင် ရေနံဓာတု ဆိုင်ရာ စက်မှုလုပ်ငန်းများ ပါဝင်သည်။ ဇုန် ဒီ တွင် အလတ်စား စက်မှုလုပ်ငန်းများဖြစ်သည့် အထည်အလိပ်စက်ရုံများ၊ ဆောက်လုပ်ရေး ပစ္စည်း စက်ရုံများ၊ ကားတာယာစက်ရုံများ စသည်ဖြင့် ပါဝင်မည်ဖြစ်သည်။ ဇုန် အီး တွင် အပေါ့စား စက်မှုလုပ်ငန်းများဖြစ်သည့် အဝတ်အစားစက်ရုံများ၊ အစားအသောက် ထုတ်လုပ်ရေး စက်ရုံ၊ လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စသည်ဖြင့်ပါဝင်သည်။ ဇုန် အက်ဖ်တွင် ကုန်တိုက်များ၊ ကုန်သွယ်ရေး အဆောက်အဦများ၊ အုပ်ချုပ်ရေး အဆောက်အဦများ၊ ကျောင်းများ၊ ဆေးရုံများ၊ လူနေအိမ်ရာများ ပါဝင်သည်။ စီမံကိန်း၏ အကောင်း၊ အဆိုး သက်ရောက်မှုများ (က) ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ထားဝယ်ဒေသမှ ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်းများ ပေါ်ပေါက်လာသည့်အတွက် ဒေသထွက် ကုန်စည်များ စီဆင်းမှုတိုးတက်လာမည်ဖြစ်သည်။ ယခင်က ကုန်ကြမ်းပစ္စည်းများ ထွက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးကွက်သို့ မရောက်နိုင်ဘဲ ဖြစ်ခဲ့ရာမှ ယခုအခါ ကုန်ကြမ်းပစ္စည်းများ ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။ ဥပမာ (ရာဘာ၊ ရေလုပ်ငန်းနှင့် မွေးမြူရေးထွက်ကုန်များ၊ စိုက်ပျိုးရေးထွက်ကုန်များ) နောက် အကျိုးဆက်တခုအနေနှင့် စီးပွားရေးဇုန် အနီးတဝိုက်ရှိ မြေကွက်များ အဆမတန် ဈေးမြင့်တက်လာမည် ဖြစ်သည်။ လျော်ကြေးငွေများ ရရှိနိုင်မည်။ သို့သော်လည်း မြေယာသိမ်းဆည်းမှုများ၊ ဒေသခံများ မောင်းထုတ်ခြင်းခံရခြင်းများ ဖြစ်လာဖွယ်ရှိသည်။ ထိုသို့သော သာဓကများလည်း မြန်မာနိုင်ငံတွင် များစွာရှိခဲ့သည်။ သဘာ၀ဓာတ်ငွေ့၊ ရေနံပိုက်လိုင်းသွားရာ လမ်းတလျှောက် ဒေသခံများပိုင်ဆိုင်သည့် မြေယာများ၊ ခြံမြေများ၊ လူနေအိမ်များကို လျော်ကြေးမပေးဘဲ အတင်းအကျပ်ဖယ်ခိုင်းခြင်း၊ ရေကာတာ တည်ဆောက်ရာတွင်လည်း ဒေသခံများအား မောင်းထုတ်ခြင်း၊ စက်မှုဇုန်များ၊ ကမ်းခြေများ တည်ဆောက်ရာတွင်လည်း ထိုသို့ သိမ်းဆည်းမှု၊ မောင်းထုတ်မှုများ အမြောက်အမြားရှိခဲ့သည်ကို တွေ့ရှိရပြီးဖြစ်သည်။ ထို့အပြင် ယခင် စစ်အစိုးရ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ကျင့်သုံးနေသည့် နောက်တနည်းမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့် တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ပြီး ရွာသားများ ထွက်ပြေးစေသည့်နည်း ဖြစ်သည်။ ဤသည်မှာ စီမံကိန်း မဖြစ်မြောက်မီ ကနဦး ခံစားရသော ဆိုးကျိုးသက်ရောက်မှုပင်ဖြစ်သည်။ တနည်းအားဖြင့် ကနဦးပေးဆပ် စတေးလိုက်ရသော အရင်းအမြစ်များပင် ဖြစ်ပေတော့သည်။ ထိုဒေသတလျှောက်ရှိ ပြည်သူများအနေဖြင့် ဆိုးကျိုးများကိုသာ ခံစားလိုက်ကြရသည်။ စီးပွားရေးဇုန်များ သတ်မှတ်လိုက်သည့်အတွက် ရုပ်ဝတ္ထုအကောင်အထည်များ သိသာစွာမြင်တွေ့လာရမည် ဖြစ်သည်။ ဒေသခံများ မမြင်ဖူးသည့် သင်္ဘောကျင်းများ၊ အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကုန်တိုက်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ အသက်မွေးဝမ်းကျောင်း သိပ္ပံများ၊ ခေတ်မီသော စက်မှုမြို့တော်ကြီးတခု ရုတ်တရက် လျင်မြန်စွာ ပေါ်ပေါက်လာသည်ကို တွေ့မြင်လာကြရမည်ဖြစ်သည်။ ဒေသခံများအနေဖြင့် ထိုသို့ပေါ်ပေါက်လာသော စက်မှုမြို့တော်ကြီးသို့ မည်သို့ချည်းကပ်ရမည်ဆိုသည်မှာ ပထမဆုံး ကြုံတွေ့ရမည့် စိန်ခေါ်မှုတရပ်ပင် ဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှုစရိတ်လည်း မြင့်မားလာမည်ဖြစ်သည်။ ထိုဒေသအတွင်းနေထိုင်သူများ အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်သော်လည်း ဒေသခံများအများစုသည် အသိပညာ၊ အတတ်ပညာရှင်များ မဟုတ်သောကြောင့် လစာနည်း အောက်ခြေသိမ်းအလုပ်၊ အခြေခံအလုပ်များကိုသာ ရရှိကြပေမည်။ မြန်မာနိုင်ငံသားတဦး၏ အခြေခံလုပ်အားခမှာ မြန်မာကျပ်ငွေ ၃၅၀၀ ရရှိနေကြသည်။ ယနေ့ကုန်ဈေးနှုန်း အရဆိုလျှင် လူတယောက်၏ နေထိုင်စားသောက်စရိတ် လောက်ငှရုံသာဖြစ်သည်။ လတ်တလောကာလတွင် အလုပ်လုပ်နေရသော မြန်မာပြည်များအား လုပ်ငန်းခွင်အတွင်း အနားယူရန် နေရာထိုင်ခင်းများစီစဉ်ပေးခြင်း၊ ညအိပ်ညနေအတွက် စီစဉ်ပေးရှိခြင်း၊ သက်သောင့်သက်သာ ဝယ်ယူစားသောက်နိုင်ရန် စီစဉ်ပေးခြင်း စသည့် အလုပ်သမားများအတွက် လူမှုဖူလုံရေး အစီအစဉ်များလည်း မရှိခဲ့ပေ။ စီမံကိန်း ပြီးစီးပါက လူနေမှုအဆင့်အတန်း (living standard) မြင့်တက်လာသည်နှင့်အမျှ လူနေမှု စရိတ်လည်း မြင့်မားလာမည်သာဖြစ်သည်။ သို့အတွက် အခြေခံ အလုပ်သမားများအနေဖြင့် ရရှိသော လုပ်အားခနှင့် ထိုမြင့်မားလာသော လူနေမှုစရိတ်များကို အမီလိုက်နိုင်ရန်အတွက်မှာ ကြီးစွာသော စိန်ခေါ်မှုတခုပင် ဖြစ်သည်။ ယခင်က ထိုမျှဝင်ငွေမရကြသော်လည်း မိရိုးဖလာလုပ်ငန်းများ၊ အသားကျနေပြီဖြစ်သော ပုံမှန်လုပ်ငန်းများဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြသည်။ တချို့ တံငါလုပ်ငန်းများဖြင့် အသက်မွေးမြူကြရာ အစားအသောက်အတွက် ပူပင်ကြောင့်ကြရန် မလိုပေ။ စက်မှုမြို့တော်ကြီး ဖြစ်လာသောအခါ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ငွေရှင်၊ ကြေးရှင်များက လက်ဝါးကြီး အုပ်လာမည်သာဖြစ်သည်။ ထိုအခါ ကိုယ့်လှေ၊ ကိုယ်ကျားဖြင့် ငါးဖမ်း၊ ကျားထောင်ရာမှ သူတပါး၏ အလုပ်သမားဖြစ်ကြရတော့မည်။ ထိုသို့ဆိုလျှင် ဖွံ့ဖြိုးလာသည့် အသီးအပွင့်တို့ကို ဒေသခံများ မည်မျှခံစားရမည်နည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။ (ခ) ပညာရေးကဏ္ဍ ပညာရေးကဏ္ဍကို ကြည့်လျှင်လည်း ပေါ်ပေါက်လာမည့် မစ်ရှင်ကျောင်းများ၊ ခေတ်မီသော သက်မွေးပညာရပ် သင်တန်းကျောင်းများကို ဒေသခံများ၏ မည်မျှသောရာခိုင်နှုန်းက သင်ယူခွင့်ရရှိကြည်မည်နည်း။ ယခင်နှင့် မတူသည့် မြင့်မားလှသည့် ကျောင်းစရိတ်များ ကာမိအောင် မိဘများက စွမ်းဆောင်နိုင်ကြမည်လော။ ခေတ်နှင့်အမီ လိုက်နိုင်လောက်သည့် ဝင်ငွေရရှိမှသာ ထိုပညာရပ်များကို သင်ကြားနိုင်ခွင့် ရရှိကြမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ယခင်ကဲ့သို့ ဘုန်းတော်ကြီး ပညာသင်ကျောင်းများ၊ အစိုးရကျောင်းများတွင်ပင် ဆက်လက် ပညာသင်ကြားရမည်သာဖြစ်သည်။ ထိုကျောင်းများ ဆက်ရှိလိမ့်မည် ဟုတ်မဟုတ်ကိုလည်း မည်သူမျှ မမှန်းဆ နိုင်သေးပေ။ ထိုအခါ ကွာဟလှသော ပညာရေးစနစ် ၂ ခုအကြားတွင် နိမ့်ကျသည့် ပညာရေးကိုပင် ဆက်လက် သင်ကြားရပေမည်။ အကျိုးဆက်အနေဖြင့် ဝင်ငွေကောင်းသော အလုပ်ရနိုင်ရန် အလှမ်းဝေးနေလိမ့်ဦးမည်။ လတ်တလော စားဝတ်နေရေးဖြေရှင်းရန်အတွက် အောက်ခြေအလုပ်များကိုပင် မဖြစ်မနေ လုပ်ကြရပေတော့မည်။ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းက ထိုဒေသခံများ၏ ပညာရေးမြင့်မားလာအောင် နောင်နှစ်ပေါင်း အတော်ကြာအောင် စောင့်ခိုင်းပေတော့မည်။ (ဂ) သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကဏ္ဍ သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကဏ္ဍအနေဖြင့် စက်ရုံကြီးများမှ ထွက်ရှိလာမည့် မီးခိုးများ၊ စွန့်ပစ် ပစ္စည်းများကြောင့် ထိုဒေသတွင် သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်မည်မှာ အသေအချာဖြစ်သည်။ ဤအချက်မှာ အစိုးရအနေဖြင့် အလေးအနက်ထားရမည့် ကိစ္စတခုဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရနှင့် လုပ်ငန်းရှင်များအကြား မည်သို့သော စီမံကိန်းချ ဆောင်ရွက်ထားသည်၊ မည်သို့ သဘောတူညီချက်များ ရှိထားသည်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စီမံကိန်းများချမှတ်ထားခြင်းလည်း အသေအချာ မရှိသေးပေ။ ဆိုးကျိုးများအနေဖြင့် ထိုဒေသရှိ သစ်တောများပြုန်းတီးခြင်းနှင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ မြစ်ချောင်းများ တိမ်ကောမှု၊ ရာသီဥတုမမျှတမှုစသည့် သဘာ၀ပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်ပေသည်။ ထိုမှတဆင့် ဒေသခံများ၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာ ကောင်းသောအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အထက်တွင် ဖော်ပြခဲ့သကဲ့သို့ စက်မှုမြို့တော်ကြီး၏ အင်္ဂါရပ်နှင့်အညီ ကျန်းမာရေးစရိတ်စကလည်း အလွန်အမင်း တက်လာမည်ဖြစ်သောကြောင့် ဒေသခံများ ဆေးကုသခွင့် ရရှိရေးသည်လည်း ကြီးစွာသော စိန်ခေါ်မှု တရပ်ပင်ဖြစ်တော့မည်။ (ဃ) လူမှုရေးကဏ္ဍ လူမှုရေးကဏ္ဍမှာ အဆိုးရွားဆုံး ရင်ဆိုင်ရမည့် စိန်ခေါ်မှုပင်ဖြစ်သည်။ ကိုယ့်ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် နှစ်ပေါင်းများစွာ အသားကျ နေပြီဖြစ်သော ထိုဒေသခံများသည် လူမှုရေးစိန်ခေါ်မှုအသစ်နှင့် ရင်ဆိုင်ကြရပေမည်။ စီမံကိန်း စတင်အခြေချသည့် နဘုလယ်လဲရှောင်ရွာသည် ထားဝယ်ဒေသ၏ ဘာသာစကား၊ ယဉ်ကျေးမှု အနက်ဆုံး နေရာဖြစ်သည်။ ယခုတော့ ထိုဒေသကို ဝါးမြိုခြင်းခံရပေတော့မည်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်မည့်၊ နိုင်ငံတကာမှ အမျိုးမျိုးသော မတူကွဲပြားသည့် လူမျိုးများ လာရောက်အခြေချမည့် ဒေသဖြစ်လာတော့မည်။ ထိုအခါ မည်သည့်ဘာသာစကားဖြင့် ပြောဆိုဆက်ဆံကြမည်နည်း။ ဖြစ်လာမည်မှာ အဓိကအားဖြင့် မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားသည် လူမျိုးတမျိုးနှင့်တမျိုး ဆက်ဆံရာတွင် လွယ်ကူသော ဘာသာစကားများဖြစ်၍ အသုံးအများဆုံး ဘာသာစကားများဖြစ်လာပေမည်။ နောင်နှစ်ပေါင်း ကြာလာသည်နှင့်အမျှ ဒေသခံစကားဖြစ်သည့် ထားဝယ်စကား တစတစ မှိန်းမှိန် လာမည်ကိုတော့ စိုးကြောက်ရပေသည်။ ရှေးသာဓကများအနေနှင့် ထားဝယ်ဒေသသို့ ပြောင်းရွှေ့အခြေချလာသော အစိုးရ အမှုထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများသည် မြန်မာဘာသာဖြင့်သာ ပြောဆိုသည့်အတွက် ထားဝယ်သားများ အနေဖြင့် သူတို့အား မြန်မာဘာသာဖြင့်သာ ပြောဆိုဆက်ဆံခဲ့ရသည်။ သို့သော်လည်း ရုံးများ၊ မိုင်းတွင်းများတွင် အများစုမှာ ဒေသခံများဖြစ်သည့်အတွက် ပြောင်းရွှေ့လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆက်ဆံမှုမှလွဲ၍ မိမိ ထားဝယ်ဘာသာစကားဖြင့်သာ ပြောဆိုဆက်ဆံကြသည်။ ယခုအခါ ထိုသို့ မဆိုစလောက်သော လူနည်းစု ပြောင်းရွှေ့လာမည်မဟုတ်ဘဲ၊ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ နေထိုင်အခြေချလာမည်ဖြစ်သည်။ ထိုအခါ မိမိဘာသာစကား သုံးစွဲမှုမှာ မသိမသာ တဖြည်းဖြည်းနှင့် တိမ်ကော ပျောက်ကွယ်မှာကို စိုးရိမ်စရာဖြစ်လာသည်။ ထိုနည်းတူစွာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများတွင်လည်း အခြားယဉ်ကျေးမှုများ အနည်းနှင့် အများဆိုသလို ထိုးဖောက် ဝင်ရောက်လာမည်သာဖြစ်သည်။ “မြေမြို၍ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည်” ဟု ဆိုင်းဘုတ်များ ရေးထားသည့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနကို သတိရမိသည်။ ထားဝယ်လူမျိုးများ အမြိုခံရတော့မည့် အရေးကိစ္စကို ထိုလူဝင်မှု ကြီးကြပ်ရေးဌာနက မည်သို့မျှ အရေးတယူ ဆောင်ရွက်လာတာ မတွေ့ရပေ။ တခြားလူမှုရေး ကဏ္ဍအနေဖြင့် မြန်မာနိုင်ငံတွင် ခေတ်အမီဆုံး မြို့ပြကြီး ဖြစ်ပေါ်လာသည်နှင့်အမျှ တပါတည်း ဖြစ်ပေါ်လာမည့် လူမှုဝန်းကျင်အသစ်လည်း ထပ်တူ ပေါ်ပေါက်လာမည်ဖြစ်သည်။ ဟိုတယ်များ၊ မိုတယ်များ၊ အပန်းဖြေစခန်များ၊ အနှိပ်ခန်းများ၊ ပျော်ပွဲစားရုံများ၊ ဗျစ်ရည်ဆိုင်များ၊ ပချုပ်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ ညကလပ်များ စသဖြင့် ဇိမ်ခံလူတန်းစားများအတွက် အသုံးအဆောင်အင်္ဂါရပ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုစားသုံးသူများ၏ လိုအင်ကို ဖြည့်ဆည်းပေးရန်အလို့ငှာ ထိုနေရာများတွင် ထားဝယ်၊ မြန်မာ အမျိုးသမီးများစွာ ပျော်တော်ဆက်အဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်ကြရပေလိမ့်မည်။ မြန်မာနိုင်ငံတွင် ထိုအခြေအနေကို လိုက်လျောညီထွေစွာ လိုက်ပါနိုင်ရန် လူမှုရေးစောင့်ရှောက်မှုစနစ် (Social welfare system) အဆင်သင့်မဖြစ်သေးပေ။ ဇိမ်မယ်များကို တွေ့ရှိပါက ဖမ်းဆီးအရေးယူခြင်းများကို ပြုလုပ်နေသော်လည်း ကူညီစောင့်ရှောက်မှုပေးရမည်ကိုမူ လျစ်လျူရှုထားခဲ့သည်။ ညကလပ်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များကိုလည်း တရားဝင်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နားလည်မှုများဖြင့်သာ ဖွင့်ခွင့်ပေးထားခဲ့သည်။ ထိုအခြင်းအရာများသည် အမျိုးသမီးများအား အလွယ်အကူ ပျက်စီးအောင်၊ ကူးစက်ရောဂါများ ပိုမိုပြန့်ပွားအောင် အထောက်အကူပေးသလို ဖြစ်နေပေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ထိုအခြေအနေများကို လိုက်ပါနိုင်အောင် လူမှုရေးစောင့်ရှောက်မှုစနစ် မြှင့်တင်ပေးခဲ့သည်။ မြှင့်တင်ပေးရန်လည်း လိုအပ်သည့် ဓနအင်အားရှိကြသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဟုဆိုသော်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့်မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိသေးချေ။ သို့အတွက် မည်သို့သော ကာကွယ်စောင့်ရှောက်မှုစနစ်များ ထားရှိမည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာအမျိုးကောင်း သားသမီးများအတွက် ရင်လေးစရာ စီမံကိန်းပင်။ ကိုးကား တနင်္သာရီတိုင်းဒေသကြီး
https://my.wikipedia.org/wiki/%E1%80%91%E1%80%AC%E1%80%B8%E1%80%9D%E1%80%9A%E1%80%BA%20%E1%80%9B%E1%80%B1%E1%80%94%E1%80%80%E1%80%BA%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%80%E1%80%99%E1%80%BA%E1%80%B8%20%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%BA%E1%80%B8
ဖာတန်ရွာ၊ ဝိုင်းမော်မြို့နယ်
ဖာတန်ရွာ()သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ လဖိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၅၈၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လဖိုင်ကျေးရွာအုပ်စုတွင် ကျား ၃၇၇ ဦး၊ မ ၃၇၉ ဦး၊ လူဦးရေစုစုပေါင်း ၇၅၆ ဦး နေထိုင်သည်။ ကိုးကား ဝိုင်းမော်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%AC%E1%80%90%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ပညာရဲရင့် ပွဲလယ်တင့်
ပညာရဲရင့် ပွဲလယ်တင့် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ပညာသည်လု့ဘဝတွင်အ‌‌ေရးကြီးပါသည်။ အနက်အဓိပ္ပာယ် ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သောသူသည် ပရိသတ်အလယ် ရဲရဲရင့်ရင့် ပြောဆိုဝံ့၍ တင့်တယ်သည်။ ကိုးကား မြန်မာဆိုရိုးစကားများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%B2%E1%80%9B%E1%80%84%E1%80%B7%E1%80%BA%20%E1%80%95%E1%80%BD%E1%80%B2%E1%80%9C%E1%80%9A%E1%80%BA%E1%80%90%E1%80%84%E1%80%B7%E1%80%BA
သိမ်ကုန်းရွာ၊ ကုလားကန်
သိမ်ကုန်းရွာ ()သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကုလားကန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၅၄၁၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကုလားကန်ကျေးရွာအုပ်စုတွင် ကျား ၁၄၃၆ ဦး၊ မ ၁၆၈၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၁၇ ဦးနေထိုင်သည်။ ကိုးကား တောင်တွင်းကြီးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%AF%E1%80%9C%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%BA
မျောက်ချင်းကွင်းရွာ၊ လေးကြီး
မျောက်ချင်းကွင်းရွာ၊ လေးကြီး ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%99%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%B1%E1%80%B8%E1%80%80%E1%80%BC%E1%80%AE%E1%80%B8
ဖလမ်မြောင်ရွာ၊ ရပ်စောက်မြို့နယ်
ဖလမ်မြောင်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၉၃၂၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အလယ်ချောင်းကျေးရွာအုပ်စုတွင် ကျား ၂၈၃၂ ဦး၊ မ ၂၇၇၀ ဦး၊ လူဦးရေ စုစုပေါင်း ၅၆၀၂ ဦးနေထိုင်သည်။ ကိုးကား ရပ်စောက်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%96%E1%80%9C%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%95%E1%80%BA%E1%80%85%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ငှက်ရွှေဝါခေါင်းမဲ
ငှက်ရွှေဝါခေါင်းမဲ (Oriolus xanthornus) သည် သစ်ပင်များတွင် အသိုက်ပြုလုပ်တတ်ပြီး ဥမှာ ၂ လုံးစီ ဥတတ်ကြသည်။ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရလေ့ရှိသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။ ကိုးကား အရှေ့တောင်အာရှတွင် တွေ့ရှိရသော ငှက်များ တောင်အာရှတွင် တွေ့ရှိရသော ငှက်များ နီပေါနိုင်ငံတွင် တွေ့ရှိရသော ငှက်များ
https://my.wikipedia.org/wiki/%E1%80%84%E1%80%BE%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%9D%E1%80%AB%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%B2
တာဆိုင်အောက်ရွာ၊ မိုးမောက်မြို့နယ်
တာဆိုင်အောက်ရွာ()သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တာဆိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၆၉၂၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တာဆိုင်ကျေးရွာအုပ်စုတွင် ကျား ၆၃၉ ဦး၊ မ ၆၃၈ ဦး၊ လူဦးရေစုစုပေါင်း ၁၂၇၇ ဦး နေထိုင်သည်။ ကိုးကား မိုးမောက်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%AC%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကုန်းသာ (အနောက်)ရွာ၊ ပျဉ်းမပင်လှ
ကုန်းသာ (အနောက်)ရွာ၊ ပျဉ်းမပင်လှ ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%20%28%E1%80%A1%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%BB%E1%80%89%E1%80%BA%E1%80%B8%E1%80%99%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%BE
ရှန်ဟဲပေါ်ကွန်ရွာ၊ နန်းယွန်းမြို့နယ်
ရှန်ဟဲပေါ်ကွန်ရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ရှန်ဟဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၀၀၅ ဖြစ်သည်။ ကိုးကား နန်းယွန်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%94%E1%80%BA%E1%80%9F%E1%80%B2%E1%80%95%E1%80%B1%E1%80%AB%E1%80%BA%E1%80%80%E1%80%BD%E1%80%94%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%9A%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကိုးတောင်ဘို့ရွာ၊ ကန့်ဘလူမြို့နယ်
ကိုးတောင်ဘို့ရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၈၄၇ ဖြစ်သည်။ ကိုးကား ကန့်ဘလူမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%98%E1%80%AD%E1%80%AF%E1%80%B7%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%94%E1%80%B7%E1%80%BA%E1%80%98%E1%80%9C%E1%80%B0%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကံလျှက်တောရွာ၊ အုတ်တွင်းမြို့နယ်
ကံလျှက်တောရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဘုရားကလေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၉၁၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘုရားကလေးကျေးရွာအုပ်စုတွင် ကျား ၇၄၂ ဦး၊ မ ၈၃၂ ဦး၊ လူဦးရေ စုစုပေါင်း ၁၅၇၄ ဦးနေထိုင်သည်။ ကိုးကား အုတ်တွင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%B6%E1%80%9C%E1%80%BB%E1%80%BE%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%AF%E1%80%90%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နန်းဟန်နွဲ့ (ရွာသစ်)ရွာ၊ ကလေးမြို့နယ်
နန်းဟန်နွဲ့ (ရွာသစ်)ရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၅၅၄၈ ဖြစ်သည်။ ကိုးကား ကလေးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%9F%E1%80%94%E1%80%BA%E1%80%94%E1%80%BD%E1%80%B2%E1%80%B7%20%28%E1%80%9B%E1%80%BD%E1%80%AC%E1%80%9E%E1%80%85%E1%80%BA%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကျီရပ်ကုန်းရွာ၊ အောင်လံမြို့နယ်
ကျီရပ်ကုန်းရွာ ()သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၆၅၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျီရပ်ကုန်းကျေးရွာအုပ်စုတွင် ကျား ၁၁၁၀ ဦး၊ မ ၁၂၇၄ ဦး၊ လူဦးရေ စုစုပေါင်း ၂၃၈၄ ဦးနေထိုင်သည်။ ကိုးကား အောင်လံမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BB%E1%80%AE%E1%80%9B%E1%80%95%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9C%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ကွမ်တာ (ရွာဟောင်း)ရွာ၊ မုဒုံမြို့နယ်
ကွမ်တာ ရွာဟောင်း'()သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၂၉၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကွမ်တာကျေးရွာအုပ်စုတွင် ကျား ၁၉၃၄ ဦး၊ မ ၂၁၂၈ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၆၂ ဦး နေထိုင်သည်။ ကိုးကား မုဒုံမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%90%E1%80%AC%20%28%E1%80%9B%E1%80%BD%E1%80%AC%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%29%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AF%E1%80%92%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရှရက်
ရှရက် () သည် ၂၀၀၁ ခုနှစ်က ထုတ်လုပ်သော အမေရိကန် အန်နီမေရှင်းဇာတ်လမ်းဖြစ်သည်။ သရုပ်ဆောင် မိုက် မိုင်ရာစ်၊ အက်ဒီ မာဖီ၊ ကင်မရွန် ဒိုင်ယာ၊ ဂျွန် လစ်သ်ဂိုး၊ နှင့် ဗင်းစင့် ကက်ဆဲလ် တို့ပါဝင်သည်။ ဒုတိယတွဲဖြစ်သည့် ရှရက် ၂ ကို ၂၀၀၄ ခုနှစ်တွင် လည်းကောင်း၊ တတိယတွဲဖြစ်သည့် ရှရက် တတိယ ကို ၂၀၀၇ ခုနှစ်တွင် လည်းကောင်း၊ စတုတ္ထတွဲဖြစ်သည့် ရှရက် ပြီးနောက်ထာဝရ ကို ၂၀၁၀ ခုနှစ်တွင် လည်းကောင်း။ သရုပ်ဆောင်သည် မိုက် မိုင်ရာစ် အဖြစ် ရှရက် (Shrek) အက်ဒီ မာဖီ အဖြစ် မြည်း (Donkey) ကင်မရွန် ဒိုင်ယာ အဖြစ် မင်းသမီး ဖီယိုနာ (Princess Fiona) ဂျွန် လစ်သ်ဂိုး အဖြစ် လော့ဒ် ဖားကွဒ် (Lord Farquaad) ဗင်းစင့် ကက်ဆဲလ် အဖြစ် "မွန်ဆီယာ" ရော်ဘင်ဟုဒ် ("Monsieur" Robin Hood) ခရစ် မီလာ အဖြစ် မျက်လှည့်ကြေးမုံ (Magic Mirror) ကိုးကား ပြင်ပလင့်ခ် ၂၀၀၁ ရုပ်ရှင်ဇာတ်ကားများ အမေရိကန် ရုပ်ရှင်ဇာတ်ကားများ အင်္ဂလိပ်ဘာသာစကား ရုပ်ရှင်ဇာတ်ကားများ အမေရိကန် ကာတွန်းရုပ်ရှင်ဇာတ်ကားများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%9B%E1%80%80%E1%80%BA
ပြောင်ကျရွာ၊ ကံမမြို့နယ်
ပြောင်ကျရွာ ()သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပယ်ကျကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၇၄၉၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပယ်ကျကျေးရွာအုပ်စုတွင် ကျား ၈၇၀ ဦး၊ မ ၈၅၈ ဦး၊ လူဦးရေ စုစုပေါင်း ၁၇၂၈ ဦးနေထိုင်သည်။ ကိုးကား ကံမမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%B6%E1%80%99%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဟိုဖယ်ရွာ၊ မောက်မယ်မြို့နယ်
ဟိုဖယ်ရွာ ()သည် ရှမ်းပြည်နယ် (တောင်)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၅၅၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကဒူးကြီးကျေးရွာအုပ်စုတွင် ကျား ၂၀၉၃ ဦး၊ မ ၂၁၁၆ ဦး၊ လူဦးရေ စုစုပေါင်း ၄၂၀၉ ဦးနေထိုင်သည်။ ဤရွာသည် တိမ်ကောသွားပြီ ဖြစ်သည်။ ကိုးကား မောက်မယ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AD%E1%80%AF%E1%80%96%E1%80%9A%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
တိုက်စု (ခ) မင်းလှလေး
တိုက်စု (ခ) မင်းလှလေး ကိုးကား မြန်မာနိုင်ငံ ရွာများ ရန်ကုန်တိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%85%E1%80%AF%20%28%E1%80%81%29%20%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%BE%E1%80%9C%E1%80%B1%E1%80%B8
ဒေါတဟေးရွာ၊ ရှားတောမြို့နယ်
ဒေါတဟေးရွာ()သည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်၊ သံလွင် (အရှေ့)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၈၇၅၉ ဖြစ်သည်။ ယခုအခါ ထိုရွာသည် တိမ်ကောသွားပြီ။ ကိုးကား ရှားတောမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%90%E1%80%9F%E1%80%B1%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
တောင်စီးရွာ၊ ကလေးမြို့နယ်
တောင်စီးရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ တောင်စီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၅၆၆၈ ဖြစ်သည်။ ကိုးကား ကလေးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%80%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ရှမ်းကုန်းရွာ၊ မိုးညှင်းမြို့နယ်
ရှမ်းကုန်းရွာ()သည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၆၆၅၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကြာကြီးကွင်းကျေးရွာအုပ်စုတွင် ကျား ၁၆၄၈ ဦး၊ မ ၁၇၃၅ ဦး၊ လူဦးရေစုစုပေါင်း ၃၃၈၃ ဦး နေထိုင်သည်။ ကိုးကား မိုးညှင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%8A%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မင်းယားရွာ၊ ဖောင်းပြင်မြို့နယ်
မင်းယားရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မင်းယားကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၆၂၈၆ ဖြစ်သည်။ ကိုးကား ဖောင်းပြင်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဝန်ကြီးချုပ်
ဝန်ကြီးချုပ်သည် ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် အစိုးရ အုပ်ချုပ်ရေးအဖွဲ့တွင် ရာထူးအမြင့်ဆုံး ဝန်ကြီးဖြစ်သည်။ စနစ်အတော်များများတွင် ဝန်ကြီးချုပ်သည် ဝန်ကြီးအဖွဲ့ရှိ အခြားဝန်ကြီးများကို ရွေးချယ်နိုင်သလို ရာထူးမှ ဖယ်ရှားနိုင်သည်။ အစိုးရအတွင်း ဝန်ကြီးများအား ဌာနတစ်ခုမှ အခြားဌာနသို့လည်း ပြောင်းရွှေ့ခန့်အပ်နိုင်သည်။ စနစ်အများစုတွင် ဝန်ကြီးချုပ်သည် ဝန်ကြီးအဖွဲ့၏ သဘာပတိ သို့မဟုတ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။ သမ္မတနှင့် ဝန်ကြီးချုပ် ပူးတွဲအုပ်ချုပ်သည့် နိုင်ငံများတွင်မူ ဝန်ကြီးချုပ်သည် နိုင်ငံတော်အကြီးအကဲက ချမှတ်ထားသော မူဝါဒများ၊ လမ်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အရာရှိဖြစ်သည်။ ဝန်ကြီးချုပ်များ အစိုးရ အကြီးအကဲများ အခွင့်အာဏာ ရာထူးများ
https://my.wikipedia.org/wiki/%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA
ညောင်ပင်တန်းရွာ၊ လေးအိမ်ကုန်း
ညောင်ပင်တန်းရွာ၊ လေးအိမ်ကုန်း ကိုးကား မြန်မာနိုင်ငံ ရွာများ ဧရာဝတီတိုင်းဒေသကြီးရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%B1%E1%80%B8%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%B8
အင်လမ်းဂါးရွာ၊ ဆွမ်ပရာဘွမ်မြို့နယ်
အင်လမ်းဂါးရွာ()သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဝါ့ဖေါင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၇၇၃၁ ဖြစ်သည်။ ကိုးကား ဆွမ်ပရာဘွမ်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%A1%E1%80%84%E1%80%BA%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%82%E1%80%AB%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%86%E1%80%BD%E1%80%99%E1%80%BA%E1%80%95%E1%80%9B%E1%80%AC%E1%80%98%E1%80%BD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ချောင်းကြားရွာ၊ ပေါက်ခေါင်းမြို့နယ်
ချောင်းကြားရွာ ()သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၁၅၀၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ငါးခူအိုင်ကျေးရွာအုပ်စုတွင် ကျား ၁၄၈၀ ဦး၊ မ ၁၆၄၄ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၂၄ ဦးနေထိုင်သည်။ ကိုးကား ပေါက်ခေါင်းမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
ဟိုအက်ရွာ၊ လင်ဟော်မြို့နယ်
ဟိုအက်ရွာ ()သည် ရှမ်းပြည်နယ် (မြောက်)၊ မိုင်းမော-ဝအထူးဒေသ (၂)၊ လင်ဟော်မြို့နယ်၊ ယုံ သင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၆၇၆၄ ဖြစ်သည်။ ကိုးကား လင်ဟော်မြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%9F%E1%80%AD%E1%80%AF%E1%80%A1%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%9C%E1%80%84%E1%80%BA%E1%80%9F%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
နန်းတပ်ရွာ၊ ပင်လည်ဘူးမြို့နယ်
နန်းတပ်ရွာ ()သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ နန်းတပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၅၃၀၂ ဖြစ်သည်။ ကိုးကား ပင်လည်ဘူးမြို့နယ်ရှိ ရွာများ
https://my.wikipedia.org/wiki/%E1%80%94%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%9B%E1%80%BD%E1%80%AC%E1%81%8A%20%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%98%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA
မင်းဖူးရွာ
မင်းဖူးရွာ ကိုးကား မြန်မာနိုင်ငံ ရွာများ ရခိုင်ပြည်နယ်ရှိ ရွာများ BotUpload
https://my.wikipedia.org/wiki/%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%96%E1%80%B0%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC