title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
နှလုံးသွေးကြောကျဉ်းကုသမှုတစ်ခုဖြစ်တဲ့ Stent ( စတန့်)ထည့်တယ်ဆိုတာဘာလဲ ။
ငယ်ငယ်ရွယ်ရွယ်တုန်းက စားချင်တာတွေ မဆင်မခြင်စားခဲ့ကြတာကတစ်ကြောင်း ေလ့ကျင့်ခန်းမလုပ်ခဲ့တာကြတစ်ကြောင်း နှလုံးကျန်းမာအောင် မထိန်းခဲ့မိတာကတစ်ကြောင် း အသက်ကြီးလာတော့ ဝလာတာကတစ်ကြောင်းနဲ့နှလုံးသွေးကြောကျဉ်းတဲပြဿာတွေ အဖြစ်များလာတာ အားလုံးသိကြမှာပါ။နှလုံးသွေးကြောဆိုတာကလည်း အရေးကြီးတယ်မလား။ ကျဉ်းရာကနေ နောက်ပိုင်းနှလုံးသွေးကြောပိတ်သွားတာမျိုးကနေ အသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်တယ်လေ။ကျဉ်းနေတဲ့နှလုံးသွေးကြောကြောင့် လှုပ်လှုပ်ရှားရှားလုပ်လိုက်တိုင်း မောလို့ ဆေးခန်းသွားပြတဲ့အခါ နှလုံးသွေးကြောကျဉ်းနေပြီလို့ အဖြေထွက်တာနဲ့ ဆရာဝန်က Stent ထည့်ပြီးနှလုံးသွေးကြေြာပန်ချဲ့ဖို့လိုကြောင်း ပြောပါလိမ့်မယ်။ ဒီတော့ Stent ဆိုတာဘာလဲ၊ သူက ဘယ်လိုကောင်းကျိုးတွေ ရှိလို့လဲဆိုတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြပေးမှာပါ။Stent ဆိုတာ သတ္တု( ဒါမှမဟုတ်) ပလတ်စတစ်နဲ့လုပ်ထားတဲ့ သေးငယ်တဲ့ ပိုက်လေးတစ်ချောင်းပါ။ ပိတ်နေတဲ့သွေးကြောတွေ ပြန်ပွင့်ဖို့၊ ကျဉ်းနေတဲ့ သွေးကြောတွေ ပြန်ကျယ်စေဖို့ ဒီ Stent လေးထည့်ပြီး ပုံမှန်သွေးလည်ပတ်မှု ရအောင်လုပ်လို့ရပါတယ်။ သွေးကြောကြီးတွေအတွက်တော့ specialized fabric နဲ့ပြုလုပ်ထားတဲ့ Stent-grafts တွေ ထည့်ရပါတယ်။နှလုံးသွေးကြောကျဉ်းတာ ပိတ်တာအတွက် stent ထည့်ပြီးကုသတာအပြင် stent က။ဒီလို ပြင်ဆင်တဲ့နေရာမှာ ကိုယ်ဘယ်နေရာမှာstentထည့်မှာလဲ ဘယ်သွေးကြောအတွက် ဘယ်လမ်းကြော်ငးအတွ်က ထည့်မှာလဲဆိုတာပေါ် မူတည်ပြီး ကွဲပြားမှုတွေ ရှိပါတယ်။ Stent ကို များသောအားဖြင့် သွေးကြောတွေ အတွက်ပဲ သုံးကြတာဆိုတော့ သွေးကြောတွေထဲ stent မထည့်ခင် လူနာဘက်က ပြင်ဆင်ထားဖို့လိုတဲ့အချက်လေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။နှလုံးသွေးကြောထဲ ပိုက်ထည့်ရမယ်ဆိုတော့ ခွဲစိတ်မှု အကြီကြီးလုပ်ရမှာပဲလို့ ထင်နေကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ တကယ်တော့ Stent ထည့်ပြီး နှလုံးသွေးကြောချဲ့တဲ့ ခွဲစိတ်မှုဟာ ခွဲစိတ်ရာ အကြီးကြီးမလိုဘဲ သေးသေးလေးနဲ့တင်ပြီးသွားတဲ့ ခွဲစိတ်မှု တစ်ခုပါ။ပေါင်ကြား( ဒါမှမဟုတ်) လက်မောင်းအတွင်း တစ်နေရာမှာ ခွဲစိတ်ရာသေးသေးလေးပေးပြီး ကင်မရာတပ်ဆင်ထားတဲ့ catheter ကနေတစ်ဆင့် လိုချင်တဲ့နေရာရောက်အောင် Stent ကို ထည့်လေ့ရှိပါတယ်။ ဒီလိုထည့်နေချိန် သွေးကြောတွေကို ပိုပြီးမြင်သာစေဖို့အတွက် ဆရာဝန်ကနေangiogramလို့ခေါ်တဲ့ သွေးကြောတွင်းဆေးရည်ထိုးသွင်းပုံရိပ်ဖော်ခြင်းနည်းပညာကို သုံးမှာ ဖြစ်ပါတယ်။ဒီလို နည်းပညာတွေကိုသုံးပြီး ပျက်စီးနေတဲ့သွေးကြောနေရာကို သိမယ်၊ အဲဒီနေရာရောက်အောင် stent ထည့်ပြီး ပြုပြင်ပေးမယ်၊ ပြီးရင် stent ကလွဲပြီး ကျန်တာတွေအားလုံးကို ပြန်ထုတ်၊ ခွဲစိတ်ရာကို ပြန်ချုပ်မှာ ဖြစ်ပါတယ်။သူကလည်းခွဲစိတ်မှု တစ်ခုဖြစ်တာကြောင့် နောက်ဆက်တွဲ ပြဿနာလေးတွေ ရှိပါတယ်။ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/stent-surgery/
သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ
သွေးတွင်းကိုလက်စထရောများတာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာတွေကို ခံစားရနိုင်ခြေတော်တော်လေးများစေပါတယ်။ သွေးတွင်းကိုလက်စထရောများရတဲ့ အဓိကအချက်ထဲမှာအစားအသောက်ကြောင့်လည်း ပါပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောမများရလေအောင် ဘာတွေကို ဘယ်လိုအစားအစာတွေကိုရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြောပြပေးပါရစေ။ သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။အာဟာရဓာတ်ကြွယ်ဝသလို ကိုလက်စထရောပါဝင်မှုလည်း များပါတယ်။ ဒါပေမယ့် ဥအမျိုးမျိုးမှာပါတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောကို အန္တရာယ်ဖြစ်စေနိုင်တဲ့အထိတော့ မမြင့်တက်စေနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကြက်ဥ ၁ လုံးကနေ ၃ လုံးအထိစားပေးလို့ရပါတယ်။ကြက်ဥက ကိုလက်စထရောကြွယ်ဝသလို ဗီတာမင် A၊ ဗီတာမင် B နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။အဆီများတဲ့ အစားအစာတစ်ခုဖြစ်သလို ကိုယ်လက်စထရောပါဝင်မှုလည်း အနည်းငယ်တော့များပါတယ်။ ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် B တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ချိစ်ကို တစ်နေ့ကို တစ်အောင်စ ကနေ နှစ်အောင်စလောက်အထိစားပေးလို့ရပါတယ်။ဂုံး၊ ကမာ၊ ဂဏန်း၊ ပုစွန်တို့လိုမျိုး ပင်လယ်စာတွေမှာ ပရိုတင်း၊ ဗီတာမင် B၊ သံဓာတ် နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေသလို ကိုလက်စထရောပါဝင်မှုကလည်း တော်တော်လေးများပါတယ်။ ဒါပေမယ့်ကျန်းမာရေးထိခိုက်လောက်တဲ့အထိတော့ ကိုလက်စထရောပါဝင်မှု မများပါဘူး။နှလုံး၊ ကျောက်ကပ်၊ အသည်းတို့က အာဟာရပါဝင်မှုများတဲ့ လိမ္မော်ရောင်အသားတွေပါ။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို ဗီတာမင် B12၊ သံဓာတ်နဲ့ ဇင့်တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုလက်စထရောပါဝင်မှု မြင့်မားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ဓာတ်တွေပါဝင်နေတာကြောင့် အတန်အသင့်စားသုံးပေးလို့ရပါတယ်။အာဟာရကြွယ်ဝသလို အရသာလည်းရှိပြီး ကိုလက်စထရောပါဝင်မှုလည်းများပါတယ်။ ဆာဒင်းငါးတွေမှာ သံဓာတ်၊ ဆီလီနီယမ်၊ဇင့်၊ကော့ပါး၊ မဂ္ဂနီဆီယမ် နဲ့ဗီတာမင် Eတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အာဟာရကြွယ်ဝသလို ကိုလက်စထရောလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။အခုပြောခဲ့တဲ့အစားအစာတွေက ကိုလက်စထရောပါဝင်မှုများတယ်ဆိုပေမယ့် တခြားအာဟာရတွေလည်း ပါဝင်တာကြောင့် အသင့်အတင့်စားသုံးပေးဖို့သင့်တော်ပါတယ်။ရှောင်သင့်တဲ့ အစားအစာတွေက။ဆီကြော်စာတွေကတော့ ကိုလက်စထရောပါဝင်မှုများပြီးကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့် လုံးဝမစားသင့်ပါဘူး။ ဆီကြော်စာ တော်တော်များများမှာ အသွင်ပြောင်းဆီတွေ ပါဝင်နေတာကြောင့် စားသုံးမိတာများလေလေ ကျန်းမာရေးကို ထိခိုက်စေနိုင်လေလေဖြစ်ပါတယ်။ ဒီအစားအစာတွေကို အများကြီးစားသုံးမိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ၊အဝလွန်နဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတွေပိုများနိုင်ပါတယ်။ဒါတွေကနာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်တာကြောင့် မစားသင့်ဘူးဆိုတာ အသေအချာပါ။ ကိုလက်စထရောပါဝင်မှုများတဲ့ အစားအစာတွေကို အမြဲလိုလိုစားနေမယ်ဆိုရင် နှလုံးရောဂါ၊ဆီးချိုနဲ့ အဝလွန်တာတွေဖြစ်စေနိုင်ပါတယ်။အဆီတွေပါဝင်မှုများသလို အချိုတွေ၊ အငန်တွေလည်း ကဲပါတယ်။ ဒီအစားအစာတွေကို အများကြီးစားမိတာက သွေးတွင်းအဆီဓာတ်တင်မဟုတ်ဘဲသွေးတိုးစေနိုင်သလိုသွေးတွင်းသကြားဓာတ်ကိုပါ မြင့်တက်စေနိုင်ပါသေးတယ်။ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပြုပြင်ထားတဲ့ အစားအစာတွေကို အများကြီးမစားဖို့ပြောပါရစေ။အချိုပွဲတွေဆိုတဲ့နေရာမှာ ကွတ်ကီးတွေ၊ ရေခဲမုန့်၊ အချိုရည်အပါအဝင် ကိုလက်စထရောပါဝင်မှုများတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ အများကြီး ပါဝင်နေပါတယ်။ ဒီအစားအစာတွေကခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုပေးတာပါ။ ဒါ့ကြောင့် သွေးတွင်းကိုလက်စထရောများပြီး အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ၊ သိမြင်မှုစွမ်းရည်ကျဆင်းတာနဲ့ အခြားသော ကင်ဆာရောဂါတွေမဖြစ်စေဖို့အတွက် အချိုပွဲတွေကို တတ်နိုင်သမျှ လျှော့စားပေးဖို့လိုပါမယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/foods-that-can-increase-blood-cholesterol/
နို့ဘူးမှ နွားနို့သို့ ပြောင်းလဲတိုက်ကျွေးဖို့အကောင်းဆုံးနည်းလမ်းကဘာလဲ
ကလေးများသည် နွားနို့ကို မိခင်နို့ သို့မဟုတ် နို့မှုန့်လာက် လွယ်လွယ်ကူကူနှင့် အပြည့်အ၀ မချေဖျက်နိုင်ပါဘူး။ နွားနို့တွင် အသားဓါတ်ပရိုတင်းနှင့် သတ္တုဓါတ်များ များပြားစွာပါဝင်ပါသည်။ ၎င်းတို့သည် ကလေး၏ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသော ကျောက်ကပ်အပေါ်တွင် ဖိအားတစ်ခုဖြစ်စေနိုင်ပါသည်။ နွားနို့တွင် သံဓါတ်၊ ဗီတာမင်စီနှင့် အခြားအာဟာရများ အလုံအလောက် မပါဝင်ပါ။ ကလေးအချို့တွင် သံဓါတ်ချို့တဲ့သော သွေးအားနည်းခြင်းဖြစ်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့တွင်ပါဝင်သော အသားဓါတ်ပရိုတင်းသည် အစာချေစနစ်၏ လမ်းကြောင်းကို ထိခိုက်စေကာ ဝမ်းထဲတွင် သွေးပါနိုင်သောကြောင့်ဖြစ်စေသည်။ ထို့အပြင်နွားနို့သည် ကြီးထွားနေသောကလေးများကို ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ မပေးစွမ်းနိုင်ပါ။ သို့သော်လည်း သင့်ကလေးသည် နွားနို့်သောက်ရန် အဆင်သင့်ဖြစ်ပြီဆိုပါက နွားနို့သည် အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊သစ်သီးများနှင့် အသားများဖြစ်သော အစာအမာများ၏ ညီမျှသောအာဟာရအတွက် အားဖြည့်ပေးနိုင်သည်။နွားနို့တွင် ကယ်လ်စီယမ်များစွာပါဝင်သည်။ ကယ်လ်စီယမ်သည် အရိုးနှင့်သွားများ ကျန်းမာစေသည်။ သွေးခဲခြင်းနှင့်ကြွက်သားထိန်းချုပ်မှုကို ပုံမှန်ဖြစ်စေသည်။ နွားနို့သည် ဗီတာမင်ဒီ၏ အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ ဗီတာမင်ဒီသည် ခန္ဓါကိုယ်မှ ကယ်လ်စီယမ်စုပ်ယူဖို့အတွက် ကူညီပေးပြီး အရိုးကြီးထွားရေးအတွက် အရေးကြီးဆုံးဖြစ်သည်။ နွားနို့သည် ကြီးထွားဖွံ့ဖြိုးမှုအတွက် အသားဓါတ်ပရိုတင်းနှင့် ကလေးများတစ်နေ့တာလိုအပ်သည့် စွမ်းအင်ပမာဏဖြည့်စွမ်းပေးဖို့ ကာဗိုဟိုက်ဒရိတ်များလည်း ထောက်ပံ့ပေးပါသည်။ အကယ်၍ကလေးများသည် ကယ်လ်စီယမ်လုံလောက်စွာရရှိမည်ဆိုပါက သွေးတိုး၊ လေဖြတ်၊ အူမကြီးကင်ဆာနှင့် တင်ပါးဆုံရိုးကျိုးမှုများ အသက်ကြီးလာလျှင်ဖြစ်နိုင်ခြေ နည်းသွားပါသည်။အချို့ကလေးများသည် နွားနို့ကို ချက်ချင်းသောက်ကြသည်။ သို့သော်လည်း အချို့ကလေးများသည် နွားနို့သောက်ရန်အတွက် နှောင့်နှေးကြသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် နို့မှုန့်၊ မိခင်နို့များနှင့်စာလျှင် အရသာ၊ အပူချိန်နှင့် ပုံစံကွဲပြားသောကြောင့်ဖြစ်သည်။ အကယ်၍ သင့်ကလေးသည် နွားနို့မသောက်ချင်ဖြစ်နေပါက အစပိုင်းတွင် နွားနို့ကိုမိခင်နို့သို့မဟုတ်နို့မှုန့်နှင့်ရောပြီး တိုက်ကြည့်ပါ။ ဥပမာ နို့မှုန့်သို့မဟုတ် မိခင်နို့သုံးပုံနွားနို့တစ်ပုံဖျော်စပ်ပါ။ ကလေးသောက်ပါက အချိုးပမာဏကို တဖြည်းဖြည်း ပြောင်းလဲသွားပြီး နွားနို့တစ်ရာ ရာခိုင်နှုန်းသောက်သည်အထိ ပြောင်းလဲပါ။ အကယ်၍သင့်ကလေးသည်နွားနို့ မသောက်ချင်ဘူးဆိုပါက နို့နှင့်နို့ထွက်ပစ္စည်းများမှ ရရှိသော အာဟာရများရရှိဖို့ခက်ခဲပါလိမ့်မည်။ သို့သော်လည်း သင့်ကလေး၏ ကွေကာအုတ်ဂျုံမနက်စာများ၊ ဟင်းချိုများထဲတွင် ရေအစား နွားနို့ ထည့်တိုက်ခြင်းအားဖြင့် စမ်းသပ်ကြည့်နိုင်ပါသည်။အကယ်၍ ကလေးငယ်များသည် နွားနို့ကိုအခြေခံထားသော နို့မှုန့်များကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ သောက်နိုင်ပါက ပုံမှန်နွားနို့သောက်သောအခါတွင်လည်း ပြဿနာမရှိနိုင်ပါ။ အသက်တစ်နှစ်အထိ မိခင်နို့တိုက်သော ကလေးများတွင်တောင်မှ နွားနို့ကို ပုံမှန် သောက်နိုင်လေ့ရှိကြပါသည်။ အဘယ်ကြောင့်ဆိုသော် မိခင်နို့တွင်ပါသော နို့ပရိုတင်းဓါတ်နှင့် ထိတွေ့ပြီး၍ဖြစ်ပါသည်။အကယ်၍ သင့်ကလေးသည် ဆရာဝန်၏ညွှန်ကြားချက်အရ ပဲနို့ကိုအခြေခံ၍ပြုလုပ်သော နို့မှုန့်ကို သောက်နေသည်ဆိုပါက နွားနို့မတိုက်မီ သင့်ဆရာဝန်နှင့် အရင်တိုင်ပင်စစ်ဆေးပါ။ သင့်ဆရာဝန်သည် ဗီတာမင်ဒီနှင့်ကယ်လ်စီယမ်ပြည့်ဝသော ပဲနို့နှင့် စတင်ခိုင်းနိုင်ပါသည်။တကယ်တော့ နွားနို့ကိုဓါတ်မတည့်မှုများသည် အဖြစ်နည်းပါသည်။ နွားနို့ဓါတ်မတည့်ခြင်း၏ အဓိကလက္ခဏာများကတော့ –။• အနီကွက်များသို့မဟုတ် အင်ပြင်များ (ပါးစပ်သို့မဟုတ်မေးစေ့တစ်ဝိုက်တွင်ဖြစ်လေ့ရှိသည်)။• ဗိုက်အောင့်ဗိုက်နာ။• ဝမ်းပျက်ဝမ်းလျှော။• အန်ခြင်း။• ရောင်ရမ်းလာခြင်း။• ယားယံခြင်း။နာတာရှည်နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူလျှင်တရွှီရွှီမြည်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းစသည်တို့သည် သင့်ကလေး၏ အသက်ရှူစနစ်ပေါ်တွင် လွှမ်းမိုးနေသော နွားနို့ ဓါတ်မတည့်ခြင်း လက္ခဏာရပ်များဖြစ်နိုင်ပါသည်။ အကယ်၍ သင့်ကလေးသည် ထိုလက္ခဏာရပ်များထဲမှ တစ်ခုခုဖြစ်ပေါ် လာပါက ကလေးဆရာဝန်နှင့်တိုင်ပင်ပါ။အောက်ပါလက္ခဏာရပ်များဖြစ်ပေါ်လျှင် အနီးစပ်ဆုံး အရေးပေါ်ဌာနမှဆရာဝန်ထံသို့ ကလေးကို ခေါ်သွားပါ။• အလွန်ဖြူဖျော့နေလျှင် သို့မဟုတ် အလွန်အားနည်းနေလျှင်။• ခန္ဓါကိုယ်တစ်ခုလုံး အင်ပြင်များထနေလျှင်။• ခေါင်း သို့မဟုတ် လည်ပင်းတွင် ဖောင်းကားရောင်ရမ်းလာသည်များရှိလျှင်။• သွေးဝမ်းသွားလျှင်။အထက်ပါအချက်များဖြစ်နေပါက အသက်အန္တရာယ်တွေ့ကြုံနိုင်သော ဓါတ်မတည့်မှုဖြစ်နေသည်ဟု ညွှန်းဆိုပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%94%e1%80%ad%e1%80%af%e1%82%95%e1%80%98%e1%80%b0%e1%80%b8%e1%80%99%e1%80%bd-%e1%82%8f%e1%80%bc%e1%80%ac%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%82%95%e1%80%9e%e1%80%ad%e1%80%af%e1%82%95-%e1%80%b1/
သိထားသင့်သော သန္ဓေတားနည်း အသစ်၄မျိုး
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးယူဖို့ အစီအစဉ် မရှိသေးတဲ့ မိန်းမတွေနဲ့၊ ယောက်ျားတွေအတွက် သန္ဓေတားနည်းတွေလည်း အများအပြား ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိကအားဖြင့် မိန်းမများသာ အသုံးပြုနေတဲ့ ယခင် သန္ဓေတားဆေးတွေနဲ့ မတူတာက ဒီလို သန္ဓေတားနည်း အသစ်တွေဟာ အမျိုးသားများ အတွက်ပါ ထုတ်လုပ်ထားခြင်း ဖြစ်လို့ပါ။မိန်းမသုံး ကွန်ဒုံး ဆိုတာ ပေါ်ပေါက်ခဲ့တာ အချိန်အနည်းငယ် ကြာခဲ့ပြီးဖြစ်ပေမယ့် ယောက်ျားသုံး ကွန်ဒုံးတွေထက်စာရင် အသုံးပြုမှု နည်းနေတာ တွေ့ရပါတယ်။မိန်းမသုံး ကွန်ဒုံးတွေဟာ ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အလွန်ပါးလွှာပြီး ကျုံ့နိုင် ဆန့်နိုင်စွမ်းလည်း ရှိပါတယ်။ ယောက်ျား တစ်ယောက်နဲ့ လိင်မဆက်ဆံခင်မှာ ကွန်ဒုံးရဲ့ အစိတ်အပိုင်း တစ်ခုကို သုတ်ကောင်တွေ သားအိမ်ထဲ မဝင်အောင် အတားအဆီးဖြစ်ဖို့ မိန်းမကိုယ် လမ်းကြောင်းထဲ ထည့်ရပါတယ်။ ကလေး မရအောင်တားတဲ့ နည်းအနေနဲ့ အသုံးပြုနိုင်ခြင်း အပြင် ယောက်ျားသုံး ကွန်ဒုံးလိုပဲ မိန်းမသုံး ကွန်ဒုံးများဟာ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်တဲ့ ရောဂါများ နဲ့ HIV ကူးစက်နိုင်တာကို လျော့နည်းစေနိုင်ပါတယ်။မိန်းမသုံး ကွန်ဒုံးဟာ အသုံးပြုပြီးရင် ဖယ်ရှားလို့ရပါတယ်။ တစ်ခါသုံးဖြစ်တဲ့အတွက် တစ်ကြိမ်အသုံးပြုပြီးပါက သေသေချာချာ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။Vasalgel ဆိုတာ ဟော်မုန်းနဲ့ မဆိုင်တဲ့ Parsemus ဆိုတဲ့ ဖောင်ဒေးရှင်း အဖွဲ့တစ်ဖွဲ့က လတ်တလော ရှာဖွေတွေ့ရှိ တီထွင်ထားတဲ့ ယောက်ျားသုံး သန္ဓေတားနည်း တစ်ခု ဖြစ်ပါတယ်။ Parsemus ဖောင်ဒေးရှင်းဟာ ကွန်ဒုံးတီထွင် ပြီးကတည်းက ပထမဦးဆုံး အမျိုးသားတွေ အသုံးပြုနိုင်တဲ့ သန္ဓေတားနည်းကို လက်ခံ အတည်ပြုခဲ့တဲ့ FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး) ဖြစ်ပါတယ်။Vasalgel ဆိုတာ polymer (ပေါ်လီမာ) တစ်ခုဖြစ်ပြီး vasalgel ဆေးကို ယောက်ျားလေးမှာ ရှိတဲ့ ကပ်ပယ်အိတ် မှတဆင့် သုတ်ကောင်သယ်တဲ့ ပြွန်ထဲကို ထိုးထည့်ရပါတယ်။ လူတွေ ပြောနေကြသလို လိင်တံ၊ ဝှေးစေ့တွေထဲကို ထိုးရတာ မဟုတ်ပါဘူး။ ထိုးပြီးတာနဲ့ vasalgel ဟာ သုတ်ကောင်တွေကို ပိတ်ဆို့စေခြင်းဖြင့် သုတ်ကောင်တွေ ထွက်မလာအောင် တားမြစ်ပေးပါတယ်။ ဒါပေမယ့် တခြား အရည်တွေကတော့ ဖြတ်လို့ရပါတယ်။ခန္ဓါကိုယ်ထဲ ဝင်ပြီးချိန်မှာ vasalgel ဟာ သုတ်ကောင်တွေ ထွက်မလာအောင် စတင်တားပြီး vasalgel ထိုးပြီးမှ ကလေးလိုချင်ရင်တော့ နောက်တစ်ကြိမ် (ဒုတိယအကြိမ်) ဆေးထိုးနိုင်ပါတယ်။ ဒုတိယအကြိမ် ထိုးခြင်းက ပထမ ဆေးအာနိသင်ကို ပျက်ပြယ်စေနိုင်လို့ပါ။Gendarussa ဆိုတာကတော့ vassalgel မသုံးချင်ရင် သုံးနိုင်တဲ့ တခြားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ gendarussa ဆိုတာ ဟော်မုန်းနဲ့ မဆိုင်တဲ့ သန္ဓေတားနည်း တစ်မျိုးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ လူသားများဖြင့် စမ်းသပ်ခြင်း အဆင့် ၂ ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။Gendarussa ဟာ သီးသန့် သေသေချာချာ ဓါတုနည်းပညာတွေနဲ့ ဆေးတောင့်ပုံစံ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ gendarussa ဆေးဟာ သုတ်ကောင်ရဲ့ ခေါင်းပိုင်းမှာရှိတဲ့ enzyme (အင်ဇိုင်း) တွေကို ဖျက်ဆီးနိုင်ပါတယ်။ အဲဒီလို ဖျက်ဆီးလိုက်ခြင်းက သုတ်ကောင်တွေကို မိန်းမမျိုးဥထဲ မဖောက်နိုင်တော့အောင် လုပ်ပေးပါတယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင်တော့ သုတ်ကောင်နဲ့ မမျိုးဥလေးတွေပေါင်းပြီး သန္ဓေအောင်တာကို တားလိုက်တဲ့သဘော ဖြစ်ပါတယ်။အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ ဆေးပညာ ထောက်ခံချက် ရထားပြီးဖြစ်လို့ ပထမဆုံး ရွေးချယ်သင့်တာတွေ ဖြစ်ပေမယ့် တခြား clean sheets pill လိုမျိုး ရွေးချယ်စရာတွေလည်း ရှိပါတယ်။ clean Sheets pill ဟာ သုတ်ရည်ထွက်ခြင်းကို တားဆီးပေးပြီး လိင်ခံစားမှု အထွတ်အထိပ် ရောက်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။Clean sheets pill ဟာ အခု လက်ရှိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ ထုတ်လုပ် တီထွင်နေဆဲ ဖြစ်ပါတယ်။ ဇီဝ နည်းပညာတွေနဲ့ ပြုလုပ်တဲ့အတွက် သုတေသနပညာရှင်များ တီထွင်ဆဲဖြစ်ပါတယ်။ဒီလို သန္ဓေတားနည်း အသစ်တွေသာ အပြီးသတ် လုပ်ဆောင်ပြီး လူတွေအတွက် ဆိုးကျိုးမရှိနိုင်ဘဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်တယ်ဆိုရင် မိန်းမတွေရော ယောက်ျားတွေ အတွက်ပါ မလိုချင်ဘဲ ကိုယ်ဝန်ရခြင်း၊ ကလေးရခြင်း ဆိုတဲ့ ကြောက်လန့်မှုတွေကနေ လွတ်မြောက်နိုင်စေမှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%9e%e1%80%ac-%e1%80%9e%e1%80%b1%e1%82%8f%e1%81%b6%e1%80%90%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9/
မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့
အရေပြားမှာ ယားယံမှုဖြစ်တာက တော်တော်လေး စိတ်မသက်မသာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ သာမန်အရေပြားပေါ်မှာဖြစ်တဲ့ ယားယံမှုကတောင် ကသိကအောက်ဖြစ်စေနိုင်တယ်ဆိုရင် မိန်းမကိုယ် လိုမျိုးနေရာမှာ ယားယံမှုခံစားရရင်တော်တော် စိတ်ရှုပ်စရာကောင်းမယ်နော်။ ဒီလိုဖြစ်တဲ့အခါ မိန်းကလေးတော်တော်များများက ရှက်တာကြောင့် ဆရာဝန်ပြဖို့ မလုပ်ကြသလို မိခင်၊ အမလိုမျိုး မိသားစုဝင်တွေကိုတောင် ဖွင့်ဟတိုင်ပင်ခဲကြပါတယ်။ ဒီဆောင်းပါးလေးမှာ လေဒီလေးတို့ သိထားသင့်တဲ့ မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့ဘယ်လို လုပ်ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။မိန်းမကိုယ်ယားယံတာကို သက်သာစေဖို့ ဆိုရင်။ရေများများသောက်ပေးပါ-ရေများများသောက်ပေးတဲ့အခါ မိန်းမကိုယ်မှာဖြစ်နေတဲ့ မှိုပိုးကူးစက်မှုကြောင့် ယားယံတာကို ခန္ဓာကိုယ်က မြန်မြန်တုံ့ပြန်ဖယ်ရှားနိုင်စေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ဒိန်ချဉ်သောက်ပေးပါ –ဒိန်ချဉ်မှာအကျိုးပြုဘက်တီးရီးယားဖြစ်တဲ့Lactobacillus acidophilusပါဝင်နေတာကြောင့် ဘက်တီးရီးယားပေါက်ဖွားမှုကြောင့်ဖြစ်တဲ့ မိန်းမကိုယ် ယားယံတာကို သက်သာစေနိုင်မှာပါ။ အမျိုးသမီးတွေအနေနဲ့ ဒိန်ချဉ်ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မှိုပိုးကူးစက်ခံရမှုနဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မိန်းမကိုယ်ယားယံမှုပြဿနာကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။ရေအေးအေးနဲ့ ဆေးကြောပေးပါ –မိန်းမကိုယ်ကို ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပေးတာကလည်း ယားယံမှုကို သက်သာစေမှာပါ။ ရေနဲ့ ဆေးကြောသန့်စင်တဲ့အခါ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာမျိုးမလုပ်မိဖို့တော့လိုပါတယ်။ရေခဲဝတ်ကပ်ပေးပါ– မိန်းမကိုယ် အပြင်ဘက်ကို ရေခဲဝတ်နဲ့ ကပ်ပေးတာကလည်း မိန်းမကိုယ်ယားယံမှုကို သက်သာစေပါတယ်။ အဝတ်စသန့်သန့်ကို ရေခဲရေစွတ်ပြီး ၅ မိနစ် ကနေ ၁၀ မိနစ်အထိ ကပ်ပေးလို့ရပါတယ်။ ရေခဲအိတ် ကပ်ပေးလို့လည်း ရပါတယ်။ ရေခဲအိတ်ကပ်တဲ့အခါမှာ တိုက်ရိုက်ကပ်တာမျိုးမလုပ်ဘဲရေခဲအိတ်ကို အဝတ်စသန့်သန့်လေးနဲ့ ထုပ်ပြီးမှ ကပ်ပေးပါ။အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ်မဝတ်ပါနဲ့– မိန်းကလေးတော်တော်များများ လုပ်မိနေတဲ့အရာတစ်ခုက ကိုယ်လုံးအလှပေါ်စေချင်တဲ့ဆန္ဒနဲ့ အဝတ်အစားတွေကို တင်တင်းကျပ်ကျပ်ဝတ်တာပါ။ အတွင်းခံကို တင်းတင်းကျပ်ကျပ်ဝတ်ဆင်မှုကလည်း မိန်းမကိုယ်ယားယံစေတဲ့ အချက်တွေထဲကတစ်ခုပါ။ လေဝင်လေထွက်မကောင်းစေတဲ့ အဝတ်အစားတွေက အနံ့အသက်ဆိုးတွေကို ဖြစ်စေသလို အရေပြားယားယံမှုကိုပါ ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ်ဝတ်တာမျိုးကို တတ်နိုင်သမျှရှောင်ပါ။ချည်သားကိုဝတ်ဆင်ပေးပါ–အတွင်းခံရွေးချယ်တဲ့အခါ နိုင်လွန်ပါတဲ့ အတွင်းခံမျိုးကို မရွေးချယ်ပါနဲ့။ ချည်သားစစ်စစ်နဲ့လုပ်ထားတဲ့ အတွင်းခံမျိုးကိုပဲရွေးချယ်ဝတ်ဆင်ပေးပါ။ ချည်သားက အရေပြားထိခိုက်မှုကို နည်းစေသလို လေဝင်လေထွက်ကောင်းတာကြောင့် အနံ့အသက်ဆိုးဖြစ်ပေါ်တာနဲ့ အရေပြားယားယံမှုတွေကို သက်သာစေမှာပါ။ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့– အမျိုးသမီးတွေအနေနဲ့ ညအိပ်တဲ့အချိန်မှာတော့ အတွင်းခံဝတ်အိပ်တာမျိုး မလုပ်သင့်ပါဘူး။ ညအိပ်တဲ့အခါ ချည်သားဘောင်းဘီပွပွလေးဝတ်ဆင်တာလောက်နဲ့တင် အဆင်ပြေနေပါပြီ။ တစ်နေကုန်လုံး ဝတ်စုံအပြည့်အစုံဝတ်ဆင်ပြီးပြီမို့ ကျန်းမာလန်းဆန်းတဲ့ လေဒီလေးဖြစ်စေဖို့ ညအိပ်ချိန်မှာတော့ သက်သောင့်သက်သာနေဖို့ မမေ့ပါနဲ့။အစိုဓာတ်ထိန်းပစ္စည်း တစ်ခုခုသုံးပေးပါ– ဒါက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့မှုကြောင့် ယားယံတာဆိုရင်တော့ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းကရင်မ်ကို သုံးပေးနိုင်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ– ဒါကတော့ လေဒီလေးတွေအတွက် လိုလည်းလိုအပ်သလို ထိရောက်မှုလည်းရှိတဲ့ နည်းလမ်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် စမတ်ကျကျလှပဖို့ဆိုတဲ့နေရာမှာ တစ်ကိုယ်ရေသန့်ရှင်းရေးကတော်တော်လေးအရေးပါပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလွန်အကျွံမလုပ်မိဖို့လည်း လိုအပ်ပါသေးတယ်။ရေချိုးတဲ့အခါတိုင်းမိန်းမကိုယ်ကို သန့်စင်ဆေးကြောပေးပါ။ လက်ကိုအရှေ့ဘက်ကနေ အနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။ ဆပ်ပြာတွေသုံးပြီး သန့်စင်တာမျိုး မလုပ်ပါနဲ့။ ရေသန့်သန့်နဲ့ သန့်စင်ပေးလို့ရပါတယ်။တကယ်လို့ မိန်းမကိုယ် ယားယံတာက မသက်သာဘူး။ ပုံမှန်မဟုတ်တဲ့ အဖြူတွေ၊ အရည်တွေ ဆင်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြပေးဖို့ လိုပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/how-to-relieve-vaginal-itchness/
နှလုံးကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့ လက္ခဏာ (၈) မျိုး
နှလုံးအတွက်အန္တရာယ်အများဆုံးအဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ ရင်ဘတ်အောင့်တာပါပဲ။ နှလုံးသွေးကြောပိတ်နေတာ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းတာဆိုရင် ရင်ဘတ်ထဲအောင့်တယ်၊ တင်းကျပ်ကျပ်ကြီးဖြစ်နေတယ်၊ ဖိထားသလို ခံစားရတယ်။ဒီခံစားချက်ကို ဘယ်လိုခေါ်ဆိုလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တချို့က ရင်ဘတ်မှာအလေးကြီးဖိထားသလို ခံစားရတယ်ပြောပေမယ့် ပူလောင်နေတယ်၊ ဖိညှပ်သလိုနာတယ် လို့လည်း တချို့က ပြောကြပါတယ်။ဒီဝေဒနာက တစ်ခါဖြစ်ရင် မိနစ်ပိုင်းလောက်ကြာရှည်တတ်တယ်၊ နားနေချိန်မှာလည်းဖြစ်တတ်တယ်၊ လှုပ်ရှားလိုက်ချိန်မှာလည်းဖြစ်တတ်တယ်။ ဝေဒနာက ခဏလေးပဲဖြစ်တာဆိုရင်၊ ဒါမှမဟုတ်အောင့်တဲ့နေရာကို ထိလိုက်၊ဖိလိုက်ရင် ပိုနာတာဆိုရင် နှလုံးကြောင့်မဟုတ်ဘူးလို့ ပညာရှင်တွေကပြောပါတယ်။ ဒါပေမယ့် ရင်ဘတ်မအောင့်ဘဲလည်း နှလုံးပြဿနာဖြစ်နေနိုင်တယ်၊ heart attackဖြစ်နိုင်တယ်ဆိုတာ သတိမမေ့ပါနဲ့။Heart attackြဖစ်တဲ့အချိန်မှာ တချို့လူတွေဟာ ဒီလက္ခဏာတွေခံစားရတတ်တယ်။ ပျို့အန်တာမျိုးလည်း ရှိတတ်တယ်။ ဒီလိုလက္ခဏာမျိုးကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုခံစားရတတ်ပါတယ်။ ဗိုက်အောင့်တိုင်းတော့ ဒီလိုမဟုတ်ပေမယ့်heart attackဖြစ်ချိန်မှာ ဗိုက်အောင့်တတ်တာကို သတိထားဖို့လိုပါတယ်။Heart attack ရဲ့ သိသာထင်ရှားတဲ့ နောက်လက္ခဏာတစ်ခုက ဘယ်ဘက်တစ်ခြမ်းလုံးကိုဖြာထွက်သွားတဲ့ နာကျင်မှုပါပဲ။ စစချင်းမှာ ရင်ဘတ်အောင့်ရာကနေ ဘယ်ဘက်လက်မောင်းပါအောင့်တာ၊ကိုက်တာဖြစ်လာတတ်တယ်။ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးကသွေးအလုံအလောက်မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကိုအောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့သွေးဖိအားကိုမြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတု့ိဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။အကြောင်းရင်းမည်မည်ရရ မရှိဘဲချွေးတွေအများကြီးထွက်ပြီးအေးစက်လာတာကheart attack အန္တရာယ်ကို အချက်ပြတာဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေနဲ့ အတူတွဲပြီးဖြစ်လာမယ်ဆိုရင်ဆေးရုံမှာ ချက်ချင်းကုသမှုခံယူတာကောင်းပါတယ်။အများအားဖြင့်တော့ ချောင်းဆိုးဝေဒနာတိုင်းက နှလုံးကြောင့်မဟုတ်ကြပါဘူး။ ဒါပေမယ့် ကိုယ့်မှာ နှလုံးရောဂါရှိတယ် ဒါမှမဟုတ်ဖြစ်နိုင်ခြေရှိနေတယ်ဆိုရင် ဒီလက္ခဏာမျိုးကို အမှုမဲ့အမှတ်မဲ့ မနေသင့်ပါဘူး။ ကာလတာရှည်နေတဲ့ချောင်းဆိုးက အဖြူရောင် သို့မဟုတ် ပန်းရောင်သမ်းတဲ့ သလိပ်တွေထွက်နေတုန်းပဲဆိုရင် နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတဲ့လက္ခဏာတစ်ခုပါ။ နှလုံးက ခန္ဓါကိုယ်က လိုအပ်သလောက်မလုပ်ပေးနိုင်တော့တာကြောင့် အဆုတ်ထဲကိုသွေးပြန်ယိုစိမ့်လာစေတာဖြစ်ပါတယ်။အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာခြေထောက်ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်းဖြစ်တတ်ပါတယ်။ ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ခြေထောက်ဖောရောင်ခြင်းကခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။ ရုတ်တရက်ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%99/
Osgood-Schlatter Disease (အဆစ်နာရောဂါ)
အဆစ်နာခြင်းဟာ ဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိပြီး အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်ထိခိုက်ဒဏ်ရာ နဲ့ အဆစ်ရောင်ရောဂါရဲ့ လက္ခဏာအနေနဲ့ဖြစ်တတ်ပါတယ်။ အဖြစ်များသော အဆစ်နာရခြင်းအကြောင်းရင်းများကို အောက်တွင် ဖော်ပြထားပါသည်။သက်ကြီးရွယ်အိုတွေမှာ အဆစ်နာခြင်းတဖြည်းဖြည်းဆိုးလာရခြင်းဟာ osteoarthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ Osteoarthritis ဟာ UK မှာ အဖြစ်များဆုံးအဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆစ်တစ်နေရာ (သို့) တစ်နေရာထက်ပိုပြီး ထိခိုက်နိုင်ပါတယ်။အရိုးအဆစ်ရောင် ရောဂါကြောင့် နာကျင်မှု၊တောင့်တင်းမှုတွေ ဖြစ်စေနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ အရိုးရဲ့ အပေါ်ရံ အကာကို ထိခိုက်စေပြီး အဆစ်တစ်ဝိုက်နဲ့ အတွင်းပိုင်းမှာရှိတဲ့ တစ်ရှူးတွေကို ရောင်စေသောကြောင့်ဖြစ်တယ်။တစ်ခါတလေ လူငယ်တွေမှာလဲ ဖြစ်တတ်ပါတယ်။ အထူသဖြင့် အဝလွန်သူ ၊ ယခင်က အဆစ်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရဖူးသူ လူငယ်တွေမှာဖြစ်တတ်ပါတယ်။အဆစ်ကိုကာထားသော တစ်ရှူးအလွှာရောင်ခြင်း။တကယ်လို့ မကြာသေးခင်ကအဆစ်တွေထိခိုက်ထားပြီး ရုတ်တရက် ပြန်နာလာလျှင် ဖြစ်နိုင်ချေရှိတာက traumatic synovitis လို့ခေါ်တဲ့ အဆစ် နဲ့အရွတ် တွေ မှာကာထားတဲ့ တစ်ရှူးအလွှာတွေရောင်ခြင်းကြောင့် ဖြစ်ပါတယ်။ နီခြင်း၊ ပူခြင်းတော့ မရှိတတ်ပါ။ဂေါက် (သို့ )ဂေါက်နဲ့ဆင်တူသောရောဂါ။တကယ်လို့ အဆစ်အပေါ်က အရေပြား ပူပြီးနီလာမယ်၊နာကျင်တာလဲ ခဏခဏပိုဆိုးလာမယ်ဆိုလျှင် ဖြစ်နိုင်ချေများတာက ဂေါက် (သို)့ ဂေါက်နဲ့ဆင်တူသော အဆစ်ရောင်ရောဂါတစ်မျိုးကြောင့်ဖြစ်ပါတယ်။ ဂေါက်ဆိုတာ uric acid (စွန့်ထုတ်ပစ္စည်းတစ်မျိုး)တွေ ခန္ဓါကိုယ်မှာ စုပုံလာခြင်းကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုပါ။ uric acid တွေ ထုတ်လုပ်မှုများနေရင် (သို့) ကျောက်ကပ်က ကောင်းကောင်းမစွန့်ထုတ်နိုင်တော့ရင် ခန္ဓါကိုယ်မှာ စုပုံလာပါတယ်။Uric acid တွေများလာတဲ့ အခါ အဆစ်တွေထဲမှာ ပုံဆောင်ခဲတွေဖြစ်လာပါတယ်။၎င်း ပုံဆောင်ခဲတွေက အဆစ်တွေကို ရောင်စေပြီး ပိုပြီးနာကျင်လာစေတယ်။ သင်ဟာ ကောင်းစွာ လှုပ်ရှားမှုမပြုနိုင်တော့ပဲ ဖျားလဲဖျားနိုင်ပါတယ်။ဂေါက်ဟာ အများအားဖြင့် တခြားအဆစ်တွေကိုမထိခိုက်ခင်မှာ ခြေမကို အရင်ထိခိုက်တတ်ပါတယ်။ ဂေါက်ရောဂါကို မှန်ကန်စွာအဖြေရှာဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုသမှုခံယူလျှင် နောက်ပိုင်း အဆစ်တွေနာခြင်းနဲ့ မလှုပ်ရှားနိုင်ခြင်းတို့ကို ကာကွယ်နိုင်ပါသောကြောင့်ဖြစ်တယ်။ဂေါက်နဲ့ဆင်တူသောရောဂါ (pseudogout) ဟာ ဂေါက်ရောဂါ နဲ့အခြေအနေခြင်း တူပါတယ်။ သူ့မှာလည်း ကယ်လ်စီယမ်ပုံဆောင်ခဲတွေက အဆစ်အတွင်းနဲ့ပတ်လည်မှာ အနည်ထိုင်ပါတယ်။ မတူတာက pseudogout က ဒူးဆစ်ကို အရင်ထိပါတယ်။ဒူးဆစ်ကာအရိုး အနောက်ဘက် အရိုးနုတွေ ထိခိုက်ခြင်း။အတက်အဆင်းလုပ်လျှင် ဒူးနာတာ ပိုဆိုးလာခြင်းဟာ chrodromalacia patellae လို့ခေါ်တဲ့ ဒူးဆစ်ကာအရိုး ထိခိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ သူလည်း နီခြင်း ပူခြင်းတို့ မဖြစ်စေပါဘူး။အကြောင်းရင်းကို သေချာမသိရသော်လည်း ဒူးကို အလွန်အကျွံအသုံးပြုခြင်းနဲ့ ဆက်စပ်နိုင်ပါတယ်။ဒီပြဿနာကို အရောင်ကျဆေး၊ ရေခဲအုပ်ခြင်းနှင့် အနားယူခြင်းတို့ဖြင့် ဖြေရှင်းလို့ရပါတယ်။အဆစ်တွေကြား သွေးယိုခြင်း။တကယ်လို့ မကြာသေးခင်က အရွတ်ပြဲခြင်း၊ဒူးခေါင်းရိုးကျိုးခြင်းကဲ့သို့သော ဒူးခေါင်းကို ထိခိုက်ဒဏ်ရာဖြစ်ထားလျှင် ဒူးဆစ်တွေကြား သွေးထွက်တာကို ဖြစ်စေပါတယ်။ အဲ့ဒါကို haemarthrosis လို့ ခေါ်ပါတယ်။Warfarin လိုမျိုး သွေးကျဲဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။Haemarthrosis ရဲ့ လက္ခဏာတွေဟာ ဒူးရောင်ခြင်း၊ ပူခြင်း၊ တောင့်ခြင်း နှင့် သွေးခြေဥခြင်းတို့ဖြစ်ပြီး ထိခိုက်ပြီးပြီးချင်း ပေါ်လာတတ်ပါတယ်။ဒူးရောင်နေလျှင် ဆေးရုံကို ချက်ချင်းသွားပြီး ကုသမှု ခံယူသင့်ပါတယ်။အောက်ပါ အကြောင်းရင်းများကြောင့် ရုတ်တရက် ဒူးနာခြင်းကို ဖြစ်စေသော်လည်း အဖြစ်နည်းပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Hello Health Group သည်ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့်ကုသပေးခြင်းများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/osgood-schlatter-disease-%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%94%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
အမျိုးသမီးကွန်ဒုံး (Diaphragm)
အမျိုးသမီးသုံးကွန်ဒုံး (Diaphragm) ဆိုတာက ပျော့ပျောင်းပြီးလိုသလို ပုံစံချလို့ရတဲ့ ဆီလီကွန်ခွက်တစ်ခုပဲဖြစ်ပါတယ်။ ဒီအမျိုးသမီး ကွန်ဒုံး ကို လိင်မဆက်ဆံခင်မှာ သုက်ပိုး တွေနဲ့ မမျိုးဥတွေကို မထိတွေ့မိစေအောင် အကာအကွယ်ပေးဖို့အတွက် အမျိုးသမီး မျိုးပွားအင်္ဂါကို ထည့်သွင်းဖို့ အထူးထုတ်လုပ် ထားတာဖြစ်ပါတယ်။ ဒီနည်းက လူသိများတဲ့ သားဆက်ခြားနည်းတစ်ရပ်ဖြစ်ပါတယ်။အမျိုးသမီးကွန်ဒုံး ကိုပိုပြီး ထိထိရောက်ရောက်ဖြစ်စေဖို့ အတွက်ခွက်အတွင်းနဲ့အနားဝကို သုက်သတ် ဆေး ခရင်မ် အနည်းငယ်လူးပေးပါ။ အမျိုးသမီးကွန်ဒုံး ကိုမျိုးပွားအင်္ဂါအတွင်း မထည့်ခင်မှာ လက်ကို သန့်ရှင်းအောင် ဆေးကြောပါ။ မတ်တပ်ရပ်အနေ အထား နဲ့ထည့်သွင်းနိုင်သလို ထိုင်နေတဲ့ အနေအထားမှာလည်း ထည့်သွင်းလို့ရပါတယ်။ သက်တောင့်သက်သာဖြစ်တဲ့အနေအထားမှာ လုပ်ဆောင်ပါ။ ယောနိဝကိုကျယ်အောင်လုပ်ပြီး အမျိုးသမီးကွန်ဒုံး ကိုထည့်သွင်းပါ လက်ညိုးကို အသုံးပြုပြီး အမျိုးသမီးကွန်ဒုံး ကိုခေါက်ပြီး အတွင်းထဲကိုရောက်အောင်ထည့်ပါ။ ဒီ အမျိုးသမီးကွန်ဒုံး ကသားအိမ်အဝကို အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။လိင်ဆက်ဆံပြီး ၆နာရီလောက် အနည်းဆုံးထားပြီးမှ အမျိုးသမီးကွန်ဒုံး ကိုဖယ်ရှားပါ။ နေရာတကျဖြစ်နေ မယ် ဆိုပါက လိင်ဆက်ဆံမှုကိုတစ်ကြိမ်မက လုပ်ဆောင်နိုင်ပါတယ်။ သန္ဓေတည်မှုလုံးဝ မဖြစ်စေဖို့အတွက် အမျိုးသမီးကွန်ဒုံး ကိုဖယ်ရှားခါနီးမှာ သုက်သတ်ဆေးကို ထပ်ပြီးလိမ်းပေးပါ။ လိင်ဆက်ဆံပြီးနောက် ၂၄ နာရီအတွင်းမှာ အမျိုးသမီးကွန်ဒုံး ကို ကိုဖယ်ရှားပေးဖို့တော့ လိုပါမယ်။ အမျိုးသမီးကွန်ဒုံး ကိုထုတ်ဖို့အတွက် လက်ချောင်းတွေကို သုံးပြီး အနားကွပ်တွေကို ကိုင်ပြီး ဆွဲထုတ်ပေးရမှာဖြစ်ပါ တယ်။ အဲ့ဒီနောက်မှာတော့ အမျိုးသမီးကွန်ဒုံး ဆပ်ပြာနဲ့ရေအသုံးပြုပြီး သန့်ရှင်းအောင်ထားပြီး လေနဲ့အခြောက်ခံပေးပါ။အမျိုးသမီးကွန်ဒုံး ဟာလုံခြုံမှုပေးစွမ်းရုံသာမက အသုံးပြုရတာလည်းလွယ်ကူတာကြောင့် အိတ်ကပ်ထဲမှာ အမြဲထည့်သယ်သွားပေးပါ။ ပိုအရေးကြီးတာတစ်ခုက သင်နဲ့သင့်အဖော်က ဒီပစ္စည်းကြောင့် ပုံမှန်အနေအထားနဲ့မတူဘူးလို့ မခံစားရစေဖို့ပဲဖြစ်ပါတယ်။ အချို့အမျိုးသမီး တွေ အတွက်တော့ အမျိုးသမီးကွန်ဒုံး ထည့်ရတာက ခက်ခဲနိုင်ပါတယ်။ အမျိုးသမီးကွန်ဒုံး ရဲ့ ထိရောက်မှု အပေါ် သက်ရောက် နိုင်တဲ့ အချက်တော်တော် များများရှိပါတယ်။ လိင်ဆက်ဆံတဲ့အနေအထားနဲ့ အမျိုးသား လိင်အင်္ဂါအရွယ်အစားက အမျိုးသမီးကွန်ဒုံးကို မတော်တဆ အနေအထား ပျက်ယွင်း သွားတာမျိုးတွေဖြစ်ပေါ် စေနိုင်ပါတယ်။ အမျိုးသမီးအများစုက သုက်သတ်ဆေး အသုံးပြုရတာ အဆင်ပြေတယ်ဆိုပေမယ့်လည်း အမျိုးသမီးအချို့မှာတော့ သုက်သတ်ဆေးမှာ ပါတဲ့ nonoxynol-9 ကြောင့်အနေရခက်တာ မျိုးတွေဖြစ်ပေါ်ပါတယ်။ အကျိုးဆက်အနေနဲ့က တော့ ဆီးလမ်းကြောင်းပိုးဝင်တာ၊အမျိုးသမီး အင်္ဂါမှာ ပုံမှန်မဟုတ်တဲ့နီမြန်းရောင်ရမ်းတာ တွေဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။အမျိုးသမီးကွန်ဒုံး ကသန္ဓေတားဖို့အတွက် ပြာင်းလဲထားတဲ့ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါတယ်။ သင့်အနေနဲ့ သန္ဓေတားဆေးတွေကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်မှာကို စိုးရိမ်တဲ့အခါ သုံးစွဲလို့ရအောင်တီထွင်ထားတာဖြစ်ပါတယ်။ အမျိုးသမီးကွန်ဒုံး (Diaphragm) ဟာ ပုံမှန် ကွန်ဒုံးနဲ့ တော့ မတူပါဘူး။ လိင်မှတစ်ဆင့် ကူးစက်ရောဂါ တွေကို အကာအကွယ်မပေးနိုင်ဘူး ဆိုတာ ကိုတော့ သတိရပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%80%e1%80%bd%e1%80%94%e1%80%ba%e1%80%92%e1%80%af%e1%80%b6%e1%80%b8-diaphragm/
ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတွေမှာ ကူးစက်နိုင်ခြေ ပိုများတဲ့ Omicron မျိုးစိတ်
နိုဝင်ဘာလကုန်ပိုင်းလောက်ကတည်းက လူတွေရဲ့ အတွေးထဲမှာကာကွယ်ဆေးထိုးဖို့ဆိုတဲ့ အတွေးကိုကျော်ပြီး စိုးမိုးလာတဲ့ အတွေးကomicron မျိုးစိတ်ကိစ္စ ဖြစ်မယ် ထင်ပါတယ်။ လောလောဆယ်မှာ ဒီဗိုင်းရပ်စ်က ဘယ်လို ကူးစက်တာလဲ။ ဘယ်သူတွေမှာ ပိုကူးစက်ခံရနိုင်လဲ။ အရင်မျိုးစိတ်တွေထက် ပိုပြင်းထန်မလား။ ကူးစက်နှုန်းရော ပိုမြန်မလားဆို​ပြီး သိချင်နေလောက်ပါတယ်။ဒီသိချင်နေမယ့် မေးခွန်းလေးတွေအတွက် နောက်ဆုံးရ အချက်အလက်လေးတွေကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ကိုဗစ် မျိုးစိတ်သစ်တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင်မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်က ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားပြီးSpike proteinအမျိုး ၃၀ ကျော် ပါဝင်နေတဲ့coronavirusမျိုးစိတ် B.1.1.529 ပါ။Alpha၊Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြားဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။Omicron ဆိုတာက မျိုးဗီဇ ပြောင်းလဲထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးဖြစ်တာကြောင့် ကူးစက်ပုံကတော့ အရင် ကိုဗစ်ဗိုင်းရပ်စ်တွေ ကူးစက်သလိုပဲ။ကိုဗစ် ဗိုင်းရပ်စ်တွေထဲမှာ အသစ်ထွက်ရှိလာတဲ့ Omicron မျိုးစိတ်က ပိုပြီး ကူးစက်နှုန်း မြန်တယ်လို့ သုတေသီတွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။ နောက်ထပ် သတိထားရမယ့် တစ်ချက်က အရင် ကိုဗစ် မျိုးစိတ်တွေတုန်းက တစ်ခါ ကူးစက်ဖြစ်ပွားပြီးသူတွေမှာ ထပ်မံ ကူးစက်ခံရတာ မရှိသလောက် နည်းခဲ့ပေမယ့် ဒီမျိုးစိတ်မှာတော့ ရောဂါ ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများနေတယ် ဆိုတာပါ။လက်ရှိရလဒ်တွေအရ တောင်အာဖရိက ဒေသတွေမှာ ကိုဗစ် ဖြစ်ဖူးသူတွေမှာ Omicron မျိုးစိတ် ကူးစက်မှု ပိုများနေပါတယ်။ မျိုးဗီဇ ပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတဲ့အတွက် ဒီမျိုးစိတ်က ကူးစက်ခံရဖူးသူတွေရဲ့ကိုယ်ခံအားဆဲလ်တွေကိုလည်း ကောင်းကောင်းရှောင်တိမ်းနိုင်ပြီး ထပ်မံ ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်။Beta တွေ၊ Delta တွေတုန်းက ရောဂါတစ်ကြိမ် ဖြစ်ပွားပြီးသူတွေမှာ ခန္ဓာကိုယ်မှာantibody တွေထွက်ရှိနေပြီး ဖြစ်ပြီးသားသူမှာ ထပ်ဖြစ်တယ်ဆိုတာက ရှားပါတယ်။ ဒါပေမယ့် အခု နောက်ဆုံး ထွက်ရှိထားတဲ့ Omicron ကတော့ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေက Deltaထက် ၂.၄ ဆလောက် ပိုများနေပါတယ်။အရင် မျိုးစိတ်တွေလိုပဲ ကိုဗစ် ကူးစက်ခံရနိုင်ခြေ မြင့်သူတွေက။Omicron ကလည်း ကိုဗစ် မျိုးစိတ် တစ်ရပ်ဖြစ်တာကြောင့် ကိုဗစ်ဗိုင်းရပ်စ်တွေကို ကာကွယ်သလိုမျိုး။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-infection-rate/
မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ်
အမျိုးသမီးတိုင်းက အလှအပကိုမြတ်နိုးတတ်ကြသူတွေပါ။ တစ်ကိုယ်လုံးကျန်းမာလှပနေအောင် ဂရုစိုက်ဖို့ကို ငယ်ငယ်က မေမေတွေက တာဝန်ယူထားပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ မေမေကလမ်းညွှန်သူအဖြစ်ရောက်သွားပြီး ကိုယ်တိုင်ကိုယ်ကျဂရုစိုက်ရပါပြီ။မေမေတွေက သမီးချောလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ အစစအရာရာ ဂရုစိုက်ပေးကြပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ မေမေ့ကိုတောင် ဖွင့်တိုင်ပင်ဖို့ ခက်တဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ အရှက်ကြီးတတ်တဲ့ မိန်းကလေးရဲ့သဘာဝကြောင့် ဖွင့်တိုင်ပင်ဖို့ ခက်ခဲတတ်တဲ့ပြဿနာလေးတွေကို ဒီဆောင်းပါးကဖြေရှင်းပေးနိုင်မှာပါ။မိန်းမကိုယ်မှာဖြစ်နိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်မယ် ဆိုတာက လေဒီလေးတိုင်း ကျန်းမာစေဖို့ အတော်လေး အရေးပါပါတယ်။ မိန်းကလေးတစ်ယောက်အရွယ်ရောက်လာတဲ့အခါ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရသလို မိန်းမကိုယ်လေးကျန်းမာဖို့ကိုလည်း သေချာဂရုစိုက်ရပါတယ်။မိန်းကလေးတစ်ယောက် ပြည့်ပြည့်ဝဝကျန်းမာလှပဖို့ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လိုသလို မိန်းမကိုယ်ကအနံ့အသက်ဆိုးကင်းစင်ပြီး ရောဂါပိုးကူးစက်ခံရတာတွေကင်းဖို့လည်းလိုမှာပါ။ တစ်ခါတလေမှာမိန်းမကိုယ်က ဆင်းတဲ့အရည်တွေက နံနေတာမျိုး၊ အရောင်ပြောင်းနေတာမျိုးဖြစ်မယ်ဆိုရင် ရောဂါပိုး ကူးစက်ခံထားရတာမျိုး ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ကုသမှု ခံယူတာမျိုး လုပ်ဖို့လိုနိုင်ပါတယ်။ ဒီလိုအချိန်မှာ အခြားသူတွေကိုမေးမြန်းရမှာခက်နေတယ်ဆိုရင်တော့ ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါ။သင်ဟာ –။အခုပြောပြမယ့် ရိုးစင်းတဲ့နည်းလမ်းတွေက မိန်းမကိုယ်မှာ ရောဂါပိုးကူးစက်ခံရနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါ တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ကုသမှုကိုခံယူဖို့လိုအပ်ပါမယ်။ရောဂါအခြေအနေကိုလိုက်ပြီး ကုသမှုနဲ့ဆေးညွှန်းလည်း ကွာခြားနိုင်တာကြောင့်ပါ။အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာနေပေမယ့် မိန်းမကိုယ်မှာ မှိုပိုးကူးစက်ခံရမှုက မသက်သာဘဲဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသကြည့်ပေးပါ။ကျန်းမာပျော်ရွှင် လန်းဆန်းတဲ့ လေဒီလေး တစ်ယောက် အနေနဲ့ နေ့ရက်တိုင်းကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုက်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/vaginal-discharge-and-infection/
Manna
အသုံးပြုပုံ။Manna ကို ဘယ်နေရာတွင် သုံးသနည်း။Manna သည် အပင်တစ်မျိုးဖြစ်သည်။ Manna မှရသော သစ်စေးခြောက်ကို ဆေးဖော်စပ်ရာတွင်သုံးသည်။Manna၏ သစ်ဆေးခြောက်ကို ဝမ်းချုပ်ခြင်းများအတွက် ဝမ်းနှုတ်ဆေးအဖြစ်သုံးသည်။ ဝမ်းချုပ်ခြင်းကြောင့် စအိုဝကွဲသွား၍ မစင်တုံးဖြတ်သွားသော အခါ နာကျင်တတ်သည်။ Manna ကိ ု ထိုနာကျင်မှု လျော့ပါးစေရန်အတွက် နှင့် လိပ်ခေါင်းရောဂါ၊ နှင့် စအိုခွဲစိတ်ခြင်းပြီးပြီးချင်းဝမ်းသွားသောအခါ ဝမ်းပျော့စေရန်သုံးသည်။Manna ဘယ်လို အလုပ်လုပ်သလဲဆိုတာ သေချာလေ့လာထားခြင်းများ မရှိသေးပါ။ သင့်ဆရာဝန် ၊ တိုင်းရင်းဆေးသမားတော်များနှင့်အသေးစိပ် ဆွေးနွေးသင့်ပါသည်။ manna တွင် mannitol ဟုခေါ်သော ဓါတုပစ္စည်းပါသည့်အတွက် အူအတွင်းရှိဝမ်းများ ပျော့စေရန်အတွက်သုံးသည်။သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။Manna မသုံးခင် သင့်အနေနှင့်ဘာတွေ သိထားသင့်သနည်း။သင်သည် ကိုယ်ဝန်ရှိနေ ၊ နို့တိုက်နေသော မိခင်ဖြစ်နေပါက Manna မသုံးခင် ဆရာဝန် တိုင်းရင်ဆေးသမားတော်များနှင့် အရင်ဆွေးနွေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် သင်ကလေးနို့တိုက်တော့မည်ဆိုလျှင် ကလေးကို မထိခိုက်အောင် ဘာဆေးပဲသောက်သောက် ဆရာဝန်၏ညွှန်ကြားမှု အောက်တွင်သာ သောက်သင့်ပါသည်။ ဆေးများဟုဆိုရာတွင် ဆရာဝန်မညွှန်ဘဲ သင်ဝယ်သောက်နေသော ဆေးများလည်း ပါဝင်သည်။ သင့်တွင် Manna နှင့် ဓါတ်မတည့်လျှင် ( သို့မဟုတ်) အခြားသောဆေးများ၊ တိုင်းရင်းဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်အားပြောပြထားသင့်သည်။ သင့်တွင် ဖျားနာခြင်း၊ တစ်စုံတစ်ရာ ပုံမှန်မဟုတ်ခြင်း၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများ၊ အခြားသော အစာဓါတ်မတည့်ခြင်း၊ ဆိုးဆေးများနှင့်ဓါတ်မတည့်ခြင်း၊ တာရှည်ခံအောင် လုပ်ထားသော အရာများ၊ တိရိစ ္ဆာန်များနှင့် ဓါတ်မတည့်မှု များရှိပါက ဆရာဝန်အား ကြိုပြောပြထားသည်။ဖြည့်စွက်စာများထက်စာရင် ဆေးများကို အထိန်းအကွပ်နှင့် ပို၍သောက်သင်ပါသည်။ Manna သောက်ခြင်းသည် စိတ်ချ၍ ရမရအား ရှာဖွေရန် လေ့လာမှုများပို၍ လုပ်ရန် လိုအပ်ပါသည်။ Manna ဖြည့်စွက်စာအား သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများအား မသောက်ခင် အရင် ချိန်ဆသင့်ပါသည်။ ပို၍ အသေးစိပ်သိရှိရန် ဆရာဝန်များနှင့် ဆွေးနွေးသင့်ပါသည်။Manna ကို အချိန်အတိုအတွင်းသာသုံးမည်ဆို လူအများစု အတွက် စိတ်ချရသည်။အထူးသတိပြုသင့်သော အချက်များနှင့် သတိပေးချက်များ။ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များတွင် Manna သုံးလျှင် စိတ်ချ၍ ရမရ မသိသောကြောင့် ပို၍ စိတ်ချရစေရန် မသုံးသည်က အကောင်းဆုံး့ဖြစ်သည်။အူပိတ်ခြင်းရောဂါများတွင် manna ကို လုံးဝ မသုံးသင့်ပါ။အချို့ သောသူများတွင် manna သည် ပျို့ အန်ခြင်းနှင့် လေထခြင်းများဖြစ်စေသည်။လူတိုင်းထို ဘေးထွက်ဆိုးကျိုးများ မခံစားရပါ။ ဖော်ပြမထားသော ဆိုးကျိုးများလည်း ရှိနိုင်သေးသည့် အတွက် သင်တစ်စုံတစ်ခု မူမမှန် ဖြစ်နေသည်ဟု သတိထားမိပါက ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ဓါတ်ပြုခြင်းများ။Manna သုံးခြင်းဖြင့် မည်ကဲ့သို့သော ဓါတ်ပြုခြင်းများ ရရှိနိုင်သနည်း။Manna သည် သင့်လက်ရှိ ကျန်းမာရေး အခြေအနေ ပေါ်တွင် သက်ရောက်မှုများရှိနိုင်သဖြင့် မသုံးခင် ဆရာဝန် တိုင်းရင်းဆေးသမားတော်များနှင့် ဆွေးနွေးသင့်ပါသည်။Manna နှင့် ဓါတ်ပြုသောပစ္စည်းများမှာ။Digoxin ( Lanoxin)။Manna သည် ဝမ်းပျော့ဆေးတစ်ခုဖြစ်သည်။ ဝမ်းပျော့ဆေးတို့သည် ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည်။ လျော့နည်းစေသည့် ပိုတက်စီယမ် ပမာဏသည် Digoxin ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ ခံစားရစေသည်။Wafarin ( Coumadin) သွေးကျဲဆေး။Mannaကို ဝမ်းပျော့ဆေးအဖြစ်သုံးသောကြောင့် တစ်ချို့ သောလူများတွင Manna သည် ဝမ်းလျှောခြင်းကိုဖြစ်စေသည်။ ဝမ်းလျှောခြင်းသည် wafirin ၏ဘေးထွက်ဆိုးကျိုးဖြစ်သော သွေးကျဲခြင်းကို ပို၍ဆိုးစေခြင်းဖြင့် သွေးထွက်ခြင်းကိုပိုဖြစ်စေသည်။ အကယ်၍ သင်သည် wafirin သောက်နေသော လူနာဖြစ်ပါက manna အများကြီး မသောက်မိစေရန် သတိပြုရမည်။Diuretic ( ဆီးဆေး)။Mannaသည် ဝမ်းပျော့ဆေးဖြစ်သည်။ တစ်ချို့သော ဝမ်းပျော့ဆေးများသည် ကိုယ်တွင်း ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည်။ ဆီးဆေးများသည်လည်း ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည့်အတွက်ကြောင့် ဆီးဆေးနှင့် Manna အတူတူ တွဲသုံးလျှင် ကိုယ်တွင်း ပိုတက်ဆီယမ် မာဏကို တော်တော်လျော့နည်းစေမည်ဖြစ်သည်။ပိုတက်စီယမ် လျော့နည်းစေသော ဆီးဆေးများမှာ။chlorothiazide (Diuril), chlorthalidone (Thalitone), furosemide (Lasix), hydrochlorothiazide (HCTZ, Hydrodiuril, Microzide), တို့ဖြစ်သည်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ဆေးပမာဏ။အောက်ပါဖော်ပြချက်များသည် ဆေးတိုင်းအတွက် မဟုတ်ပါ။ Manna..မသုံးခင် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်သည်။Manna သောက်သင့်သော ပုံမှန် ပမာဏသည် မည်မျှနည်း။Manna သောက်သင့်သောပမာဏသည် လူနာတိုင်းတွင် မတူပေ။ သောက်သင့်သော ဆေးပမာဏသည် သင့် ကျန်းမာရေး၊ အသက်အရွယ်၊ နှင့် အခြားသော အခြေအနေများအပေါ်တွင် မူတည်သည်။ တိုင်ရင်းဆေးများသည် အမြဲစိတ်ချရသည်ဟု မပြောနိုင်ပေ။ သင့်တော်သော ပမာဏ သောက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပေသည်။Manna ကိ ုအောက်ပါ ပုံစံများဖြင့်ရနိုင်သည်။Manna အပင်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/manna/
Pseudogout ()
Pseudogout ဆိုသည်မှာ တစ်ခု သို့မဟုတ် ပို၍များသော အရိုးအဆစ်များတွင် ရုတ်တရက် နာကျင်ရောင်ရမ်းခြင်း ဖြစ်စေသော အဆစ်အမြစ်ရောင်နာတစ်မျိုး ဖြစ်သည်။ ရက် များ သို့မဟုတ် အပတ်များအထိ ကြာနိုင်သည်။ အဖြစ် အများဆုံး အဆစ်မှာ ဒူးခေါင်းဖြစ်သည်။အခြားထိခိုက်နိုင် သော အဆစ်များမှာ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ တံ တောင်ဆစ်၊ နှင့် ပခုံးတို့ဖြစ်သည်။ gout ရောဂါနှင့် ဆင်တူ သော်လည်း ဖြစ်စေသော အကြောင်းရင်းမှာ မတူပါ။ Pseudogout ဟူသော အဓိပ္ပါယ်မှာ gout ရောဂါအတု ဖြစ်သည်။Pseudogout သည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင် သော်လည်း အသက် ၆၀ ကျော်သူများတွင် များသောအား ဖြင့် ဖြစ်ပွားသည်။ လေ့လာမှုများအရ Pseudogout လူနာ တစ်ဝက်သည် အသက် ၈၅ နှစ်ကျော် ဖြစ်သည်။ အဆစ် များတွင် ထိခိုက် ဒဏ်ရာကြီးစွာ ရသောသူများသည် pseudogout ဖြစ်ပွားနိုင်သည်။Pseudogout ၏ ရောဂါလက္ခဏာများမှာ အဆစ်နာခြင်း၊ ရောင်ခြင်း၊ ပူနွေးပြီး နီရဲခြင်း တို့ဖြစ်ပါသည်။ ၎င်းတို့သည် လျင်မြန်စွာ စတင်ဖြစ်ပွားပါသည်။ နာကျင်မှုသည် ဆက်တိုက် ဖြစ်ပေါ်ပြီး အဆစ်ကို လှုပ်ရှားသောအခါ ပို၍ ဆိုးပါသည်။ လမ်းလျှောက်ခြင်း၊ အဝတ်အစားဝတ်ခြင်း နှင့် ပစ္စည်းမခြင်း စသော လှုပ်ရှားမှုများ ပြုလုပ်ရန် ခက်ခဲပါသည်။တစ်ခါတစ်ရံ အဆစ်တစ်ခုထက် ပို၍ ထိခိုက်စေပါသည်။ ရောဂါ လက္ခဏာ ပြမှု သည် ဘယ်အချိန်မဆို ဖြစ်ပွားနိုင်သည်။ ခွဲစိတ်မှု သို့မဟုတ် ဖျားနာခြင်းစသော အကြောင်းကိစ္စများသည် ရော ဂါလက္ခဏာများကို အစပျိုးနိုင်ပါသည်။ ကုသမှုအပြီး ရက်အ နည်းငယ်အတွင်းတွင် ရောဂါလက္ခဏာများ ပျောက်ကင်း သွားနိုင်ပါသည်။မကုသပါက လက္ခဏာများသည် သီတင်း ပတ် အနည်းငယ် သို့မဟုတ် ပို၍ ကြာနိုင်ပါသည်။ အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ရုတ်တရက် ပြင်းထန်စွာ အဆစ်နာခြင်း နှင့် ရောင်ရမ်း ခြင်း ဖြစ်ပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ ဆရာဝန်နှင့် ပြသရန် ကြန့်ကြာလေ ရောဂါပိုဆိုးလေဖြစ်ပြီး နာတာရှည် နာကျင်ခြင်းကို ဖြစ်စေသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။Pseudogout သည် ထိခိုက်သော အဆစ်အတွင်း Calcium pyrophosphate dehydrate crystals များပါရှိခြင်း ကြောင့်ဖြစ်ပါသည်။ ထို ကျောက်မှုန်များသည် အသက်ကြီး လေ ပိုများလာလေဖြစ်သည်။ အသက် ၈၅နှစ်ကျော်သော လူများ၏ တစ်ဝက်နီးပါးတွင် တွေ့ရှိရပါသည်။သို့သော် ကျောက်မှုန် အနယ်ကျမှုဖြစ်သူတိုင်း pseudogout မဖြစ်နိုင် ပါ။ အချို့လူများတွင် ရောဂါလက္ခဏာများ ဖြစ်ပြီး အချို့တွင် မဖြစ်ပွားခြင်းမှာ ဘာကြောင့်ဆိုသည်ကို ရှင်းလင်းစွာမသိပါ။ ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်ခြင်းမဟုတ်ပါ။ အခြားသူများ သို့ ကူးစက်ပျံ့နှံ့ခြင်းလည်း မရှိပါ။Pseudogout ဖြစ်နိုင်ချေကို မြင့်စေသော အချက်များမှာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Pseudogout ၏ ရောဂါလက္ခဏာများသည် gout နှင့် အ ခြား အဆစ်အမြစ်ရောင်နာ အမျိုးအစားများ၏ လက္ခဏာနှင့် ဆင်တူပါသည်။ ထို့ကြောင့် ဆရာဝန်သည် ရောဂါအဖြေရှာ နိုင်ရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ဓါတ်ခွဲခန်း စစ်ဆေးမှုများ။ သွေးစစ်ခြင်းသည် thyroid နှင့် parathyroid glands ပြဿနာများကို စစ်ဆေးနိုင်ပါ သည်။ pseudogout နှင့် ဆက်စပ်သော သတ္တုဓါတ်မမျှမှု များကိုလည်း စစ်ဆေးနိုင်ပါသည်။ အဆစ်မှ အရည်များ ထုတ်ယူပြီး pseudogout ကျောက်မှုန်များ ကို အဏုကြည့် မှန်ပြောင်းဖြင့် စစ်ဆေးကြည့်ရှုနိုင်ပါသည်။ပုံရိပ်ဖော်သော စစ်ဆေးမှုများ။ ထိခိုက်သော အဆစ်ကို ဓါတ်မှန်ရိုက်ခြင်းသည် အဆစ်ပျက်စီးမှုနှင့် အဆစ်၏ အရိုးနု အတွင်း ကျောက်မှုန်များ အနယ်ကျခြင်းကို ဖော်ထုတ်တွေ့ရှိ နိုင်ပါသည်။ကျောက်မှုန်များကို ဖယ်ထုတ်ရန် လက်ရှိတွင် နည်းလမ်း မရှိသေးသော်လည်း ဆေးများဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ပါသည်။ ibuprofen, naproxen, indomethacin စသော စတီးရွိုက်မပါသော အကိုက်အခဲ ပျောက်ဆေး (NSAIDs) ကို ကုသမှုအတွက် အသုံးပြုနိုင်ပါ သည်။တစ်ခါတစ်ရံ ပို၍ ပြင်းသော အကိုက်အခဲပျောက်ဆေး များ (prednisone, colchicines) တို့ လိုအပ်ပါသည်။ အဆစ် မှ အရည်များ ဖယ်ထုတ်ပြီး အဆစ်တွင်းသို့ cortisone ထိုးခြင်း သည် အသုံးများသော ကုသမှုတစ်မျိုး ဖြစ်သည်။ Cortisone ထိုးခြင်းသည် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို အမြန်ဆုံးနှင့် ပြီးပြည့်စုံဆုံး သက်သာစေပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Pseudogout ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Pseudogout ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/pseudogout/
Scoliosis (ကျောရိုးစောင်းခြင်း)
ကျောရိုးစောင်း ရောဂါဆိုသည်မှာ ကျောရိုးသည် သွေဖယ် ၍ အပြည့်ကွေးသွားသော အခြေအနေတစ်ခု ဖြစ်ပါသည်။ ကွေးသွားသော ကျောရိုး၏ ဒီဂရီကို ထောင့်ဖြင့် တိုင်းတာ နိုင်သည်။ ထောင့်ကျယ်လေ ကျောရိုးစောင်း ရောဂါ ပြင်းထန်လေဖြစ်သည်။ကလေးငယ်များတွင် ကျောရိုးသည် ၃၀ ဒီဂရီ အောက် ကွေးသော အဆင့်တွင် ရှိပါက တင်းကျပ်စွာ စောင့်ကြည့်ရန်မလိုပါ။ ပိုဆိုးလာ သည်မှာလည်း ရှားပါးပါသည်။ ကျောရိုးစောင်းခြင်းသည် ၅၀-၇၅ ဒီဂရီဖြစ်ပါက ဆရာဝန်ဆီမှ အားကောင်းသော ကုသမှု ခံယူရပါမည်။ကျောရိုးစောင်းရောဂါသည် ကလေးဘဝတွင် စတင်လေ့ ရှိပြီး လူကြီးအရွယ်တွင် ပိုဆိုးလာပါသည်။ကျောရိုးစောင်း လူနာအများစုသည် အသက်ငယ် ( ၁၀နှစ်အောက်) တွင် စတင်ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ကျောရိုးစောင်းရောဂါ ဖြစ်သော ကလေးအများစုသည် ရောဂါလက္ခဏာများ မရှိသော်လည်း တစ်ဖက်သို့စောင်း၍ ခါးကုန်းခြင်း သို့မဟုတ် ရှေ့သို့ကုန်းရာတွင် ပုခုံးတစ်ဖက် သည် အခြားတစ်ဖက်ထက် မြင့်နေခြင်း တို့ဖြစ်နိုင်ပါသည်။ ကလေး၏ တင်ပါးဆုံသည်လည်း မညီဖြစ်ကာ တစ်ဖက်သို့ စောင်းနေနိုင်ပါသည်။အရွယ်ရောက်ပြီးသူများတွင် ကျောရိုးနာကျင်ခြင်းသည် ပြင်းထန်သော ကျောရိုးစောင်းရောဂါ၏ အတွေ့ရအများဆုံး လက္ခဏာဖြစ်ပါသည်။ ရောဂါလက္ခဏာများမှာ – အရပ်နိမ့် ခြင်း၊ နံရိုး ထောင်တက်ခြင်း သို့မဟုတ် ဝခြင်းကြောင့် မဟုတ်ဘဲ ခါးတိုင်း ပြောင်းလဲခြင်းတို့ဖြစ်ပါသည်။ ခါးပြောင်း လဲမှုဖြစ်လေ သင့်အခြေအနေ ဆိုးရွားလာလေ ဖြစ်သည်။ကျောရိုးသည် ဆိုးရွားစွာ ကွေးလာပါက လူနာသည် မောပန်းခြင်း၊ ကျောရိုးနာခြင်း နှင့် အသက်ရှုကြပ်ခြင်း တို့ကို အဆိုးဆုံး ခံစားရမည်။ ကျောရိုးစောင်းရောဂါသည် အထူး သဖြင့် ဆယ်ကျော်သက်များတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ များကိုလည်း ပြင်းထန်စွာ ဖြစ်စေပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ကျောရိုးတွင် ပုံမှန်မဟုတ်သော လက္ခဏာများ အထူး သဖြင့် ကျောတွင် သတိထားမိပါက ဆရာဝန်နှင့် သွား ရောက် ပြသရန် လိုအပ်ပါသည်။အနည်းငယ်သာ ကွေးပါက သင်သည် မည်သည့် လက္ခဏာမှ ခံစားရမည် မဟုတ်ပါ။ သို့သော် အခြားသူများ မြင်နိုင်ပါသည်။ ထို့ကြောင့် သင့် သူငယ်ချင်း သို့မဟုတ် ဆွေ မျိုးထဲတွင် မတ်မတ်ရပ်နေသော်လည်း ကျောရိုး မမတ်ပါက သူတို့ကို ဆရာဝန်ဆီသို့ တတ်နိုင်သလောက် အမြန် သွား ရောက်ပြသရန် ပြောသင့်ပါသည်။ကျောရိုးကွေးခြင်းကို ဖြစ်စေသော အကြောင်းရင်းများ ကို တိကျစွာ မသတ်မှတ်နိုင်သေးပါ။ မျိုးဗီဇ အချက်များ ကြောင့် ဖြစ်နိုင်ပါသည်။အရွယ်ရောက်ပြီးသူများတွင် ဖြစ် သော ကျောရိုးစောင်းရောဂါသည် ရှားပါးသော မွေးရာပါ ချို့ ယွင်းချက်များဖြစ်သော-။ကြောင့် ဖြစ်ပါသည်။သင့်မိသားစုတွင်းတွင် ကျောရိုးစောင်းရောဂါ ဖြစ်ဖူးပါက သင့်တွင် ဖြစ်နိုင်ချေ မြင့်ပါသည်။လူအတော်အများသည် လမ်းလျှောက်ပုံမမှန်ခြင်း၊ အာဟာရ နည်းပါးခြင်း၊ သို့မဟုတ် လေ့ကျင့်ခန်း အမှားများ ပြုလုပ်ခြင်းကြောင့် ကျောရိုးစောင်း ရောဂါ ဖြစ်သည်ဟု ယူဆ ကြသော်လည်း ထိုအရာများမှာ မှားယွင်းပါသည်။ထို အချက်များသည် ကျောရိုးစောင်းရောဂါကို မဖြစ်စေသော် လည်း အခြားရောဂါများ ဖြစ်သော မျက်ကြည်လွှာ အာရုံ ခံစားမှု ယိုယွင်းလာခြင်း၊ ကျောရိုးနာဗ်ကြိုး ရောင်ရမ်းခြင်း သို့မဟုတ် ထိခိုက်ခြင်း တို့ကို ဖြစ်စေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ကျောရိုးအား စစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း ဖြင့် ကျောရိုးစောင်းခြင်းကို အတည်ပြု နိုင် ပါသည်။ နှစ်အနည်းငယ်အကြာက ရိုက်ထားသော ကျောရိုး ဓါတ်မှန်ရိုပါက ဆရာဝန်သည် လွယ်ကူစွာ နှိုင်းယှဉ်ကြည့် နိုင်ပြီး ပို၍ကောင်းမွန်သော ရောဂါအဖြေရှာခြင်းကို ပြုလုပ် နိုင်ပါသည်။ ဆရာဝန်သည် ကျောရိုးအကွေးကို တိုင်းတာ ခြင်း လည်းပြုလုပ်နိုင်ပါသည်။ဖွံဖြိုးဆဲကာလတွင် ကျောရိုးသည် တဖြည်းဖြည်းကွေး လာခြင်းသည် နာကျင်မှုမဖြစ်စေပါ။ ကုသမှုခံယူရန် လိုအပ် ပါသည်။ ကွေးကောက်လာသော အခြေအနေတွင် နာကျင် လာပြီး တက်နိုင်သလောက် အမြန်ကုသရန် လိုအပ်ပါသည်။ဆေးလုပ်နည်းများ သို့မဟုတ် နေထိုင်စားသောက်မှု သည် ကွေးသွားသော နေရာများကို ပြန်ကောင်းအောင် မလုပ်နိုင်သော်လည်း သင်သည် နာကျင်မှုကို မခံနိုင်ပါက ဆရာဝန်သည် အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျ ဆေးများကို သောက်ရန် ညွှန်ကြားပါလိမ့်သည်။ဆရာဝန်သည် ကျောရိုးစောင်းခြင်း၏ ဖြစ်စဉ်ကို စောင့် ကြည့်ရန် ပုံမှန် ဓါတ်မှန် ရိုက်ပါမည်။ ကွေးသော နေရာများ ကိုကာကွယ်ရန် သိုင်းကြိုးဝိုင်ယာကို အသုံးပြုနိုင်သော် လည်း ကွေးသော နေရာများကို မပျောက်ကင်းစေပါ။ သိုင်း ကြိုးဝိုင်ယာသည် ကလေးများတွင် ခွဲစိတ် ကုသမှု ပြုလုပ်ခြင်းကို ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါသည်။ကွေးခြင်းသည် တိုးတက်လာပြီး ပြင်းထန်စွာ နာကျင်လာ ပါက ခွဲစိတ်ပြီး ကျောရိုးပြန်ဆက်ခြင်းကို ပြုလုပ်ရမည် ဖြစ် သည်။ ခွဲစိတ်ခြင်းကို မပြုလုပ်ခင် ဆရာဝန်သည် ကျောနာ ခြင်းသည် အခြားရောဂါကြောင့် မဟုတ်ကြောင်း သေချာ အောင် စစ်ဆေးရပါမည်။လေ့ကျင့်ခန်းများနှင့် လျှပ်စစ်ခြင်း ကြွက်သားအား လှုံ့ ဆော်ခြင်းသည် ကျောရိုးကွေးခြင်း ခံစားနေရသော လူများ ကို အကူအညီ မပေးနိုင်ပါ။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ကျောရိုးစောင်း ရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ကျောရိုးစောင်း ရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/scoliosis-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%85%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သင့်ကလေး၏ မုန့်ပဲသရေစာ စားခြင်းနှင့်ပတ်သက်ပြီး သင်ဘာတွေသိသင့်သလဲ
မုန့်ပဲသရေစာစာစားခြင်းသည် တစ်ကမ္ဘာလုံးရှိ ကလေးများတွင် တွေ့ရသော အဓိကအစားစားခြင်း အလေ့အထဖြစ်လာသည်။ ယနေ့ခေတ် ကလေးများသည် တစ်နေ့ထက်တစ်နေ့ မုန့်ပဲသရေစာ ပိုစားလာသည်။ သင်သိသင့်တာကတော့ ဤအလေ့အကျင့်သည် သင့်ကလေး၏ အစာစားချင်စိတ်ကို ပျက်စီးစေနိုင်ရုံသာမက ကလေးများတွင် အဝလွန်ခြင်းနှင့် အဝလွန်ခြင်းဆိုင်ရာပြဿနာများ ဖြစ်စေနိုင်သည်။ကျန်းမာရေးနှင့်ညီညွတ်သော မုန့်ပဲသရေစာစားခြင်း အလေ့အထများကို အာဟာရဆရာဝန်များမှ အောက်ပါအတိုင်း လမ်းညွှန်ပေးထားသည်။မိဘအများစုသည်ကလေးများ ထမင်းစားပွဲတွင်ထိုင်၍ ထမင်းစားရန်ငြင်းဆိုကြခြင်းနှင့်ပတ်သက်ပြီး အလွန်စိတ်ဒုက္ခရောက်ရသည်။ ကလေး၏ အစာစားချင်စိတ်သည် တစ်နှစ်နှင့်တစ်နှစ်ပြောင်းလဲနိုင်သော်ငြားလည်း အဓိကအားဖြင့် အစာမစားချင်ဖြစ်ခြင်း၏ အဓိကအကြောင်းရင်းမှာ မုန့်ပဲသရေစာစားခြင်းကြောင့်ဖြစ်သည်။ မိဘအချို့သည် သူတို့၏ကလေးများကို ထမင်းစားချိန်မတိုင်ခင် ကွတ်ကီးများသကြားလုံးများစားခွင့်ပြုကြသည်။ ထို့ကြောင့် ထမင်းစားချိန်တွင် ထမင်းစားရတော့မည်ဆိုပါက အစာစားချင်စိတ်လျော့ပါးစေသည်။ သို့ဖြစ်၍ သရေစာများကို ထမင်းစားချိန်မတိုင်မီ အနည်းဆုံးတစ်နာရီလောက်အချိန်တွင် မကျွေးသင့်ပါ။ အကယ်၍ သင့်ကလေးသည် ထမင်းစားချိန်မတိုင်မီ ဗိုက်ဆာသည်ဆိုပါက အဓိကထမင်းစားချိန်ကိုသာ ရှေ့နည်းနည်းတိုး၍ကျွေးသင့်သည်။ကားထဲတွင် အစာစားခြင်းသည် ကလေးများဗိုက်ဆာခြင်းကြောင့် ဂျီကျခြင်းများကို ကာကွယ်ပေးနိုင်သည်။ သို့သာ်လည်း လမ်းသွားနေစဉ် သရေစာစားခြင်းသည် အစားပေါ်တွင်အာရုံစိုက်ဖို့အတွက် ခက်ခဲစေသည်။ သို့ဖြစ်၍ ကလေး တကယ်ဗိုက်ဆာနေသလား ဗိုက်ပြည့်နေပြီလား သေချာလေ့လာပြီးမှကျွေးပါ။ ထိုသို့မဟုတ်ပါက ကလေးများသည် အစာကိုတဇွတ်ဇွတ်တောက်လျှောက်စားနေတတ်သည်။ ထိုပြဿနာကိုဖြေရှင်းရန်အတွက် မိဘများသည် သစ်သီးများသို့မဟုတ် ခရက်ကာများစသည်တို့ကိုလွယ်ကူသော ထုပ်ပိုးမှုဖြင့်ယူဆောင်သွားသင့်ပြီး ပမာဏအနည်းငယ်သာ ယူဆောင်သွားသင့်ပါသည်။ ကလေးများဗိုက်ဆာလျှင် ကျွေးနိုင်စေရန်ဖြစ်ပါသည်။ သင့်ကလေးများသရေစာများကိုသာ တစ်ချိန်လုံးစားခြင်းမှ ကာကွယ်နိုင်စေရန် အခြားစိတ်ဝင်စရာကောင်းသော အရုပ်များ၊ ဇာတ်ကားများ၊ သီချင်းများ၊ ဂိမ်းများနှင့် စာအုပ်များသယ်ဆောင်သွားသင့်ပါသည်။အကယ်၍သင့်လျော်သောပမာဏတစ်ခုသာပေးမည်ဆိုပါက သရေစာစားခြင်းသည်လည်းအကျိုးရှိသောနည်းလမ်းများစွာရှိပါသည်။ ကလေးများသည် အစာစားရမည်ဆိုလျှင် ဂျီးများတတ်ကြသည်။ စားပွဲပေါ်တွင်ထိုင်ပြီး ထမင်းစားစေခြင်းသည် အတော်ပင်အားစိုက်ရသည့်အလုပ်တစ်ခုဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော သရေစာစားခြင်းသည် ထိုအခက်အခဲကိုဖြေရှင်းပေးနိုင်သည်။ သင့်ကလေးအား သစ်သီးများကို အပိုင်းပိုင်းလှီးထားသောသရေစာမျိုး၊ အသားညှပ်ပေါင်မုန့်၊ ပျားရည်၊ ဟင်းသီးဟင်းရွက်၊ နို့ထွက်ပစ္စည်းစသော သရေစာများကျွေးနိုင်ပါသည်။ သို့မဟုတ် သင်သည်အသားညှပ်ပေါင်မုန့်များကို ဂျမ်နှင့်ထောပတ်သုတ်ကာ ရေခဲသေတ္တာထဲတွင် ထိန်းသိမ်းထားနိုင်ပါသည်။ ထိုအခါတွင် သင့်ကလေးဗိုက်ဆာသောအခါတွင် အလွယ်တကူယူစားနိုင်ပါသည်။သရေစာစားခြင်းသည် အမြဲတမ်းမကောင်းသည်တော့မဟုတ်ပါ။ တစ်ခါတစ်လေတွင် ကလေးငယ်၏ ခန္ဓာကိုယ်တွက် လိုအပ်သော အာဟာရပေးစွမ်းနိုင်သည်။ အလားတူပင် ကျွန်ုပ်တို့သည် စွမ်းအင်ပမာဏပြည့်ဝသည့် အစားအစာများ ဥပမာ- အာလူးကြော်၊ သကြားလုံး၊ ကွတ်ကီများစသော သရေစာများကို မကြာခဏစားခြင်းသည် ကလေးဘဝတွင်ကိုယ်အလေးချိန်တက်ခြင်းနှင့် အဝလွန်ခြင်းတို့ဖြစ်ပွားနိုင်သည်ကိုလည်းသတိပြုသင့်ပါသည်။ သို့သော်လည်းသရေစာများ လုံးဝမစားခိုင်းခြင်းသည် ကောင်းသောအဖြေတစ်ခုမဟုတ်ပါ။ ကျွန်ုပ်တို့သည် သရေစာများ၏ ပမာဏကို ကန့်သတ်ပေးခြင်းအားဖြင့် ကလေး၏သရေစာစားခြင်းကို ထိန်းချုပ်နိုင်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%81%8f%e1%80%99%e1%80%af%e1%80%94%e1%80%b7%e1%80%ba%e1%80%95%e1%80%b2-%e1%80%9e%e1%80%9b%e1%80%b1%e1%80%85%e1%80%ac-%e1%80%85/
အိပ်ချိန်နည်းလွန်း၊များလွန်းသူတွေမှာ Heart attack ဖြစ်နိုင်ခြေပိုများ
ကျန်းမာရေးအတွက် အိပ်ချိန်မှန်ဖို့အရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် မှန်မှန်အိပ်တယ်ထင်လား။ နိုးပါနော်။ အိပ်ချိန်မှန်အောင်ဂရုစိုက်တဲ့သူနည်းပါတယ်။အလုပ်များရင် ညနက်တာ၊ မိုးလင်းပေါက် ဂိမ်းဆော့တာ ၊ အရေးကြီးကိစ္စရှိလို့ အစောကြီးအိပ်ရာထရတာ၊ ပိတ်ရက်ဆို နေမြင့်တဲ့ထိ လှိမ့်အိပ်တာ၊ ဒါတွေအကုန်လုံးက အိပ်ချိန်ကို ပုံမှန်မထားရှိလို့ပါ။ အကျိုးဆက်ကတော့ ကျန်းမာရေးအတွက် အမျိုးစုံတဲ့ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။လေ့လာမှုအသစ်အရတော့ အိပ်စက်ချိန်ပုံမှန်မရှိတာ၊ မလုံလောက်တာက နှလုံးကျန်းမာရေးကိုထိခိုက်နိုင်ကြောင်းသေချာစေပါတယ်။ အိပ်စက်ချိန်အတိုင်းအတာက လူတစ်ယောက်ရဲ့ နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေအန္တရာယ်ကို လွှမ်းမိုးနိုင်ပါတယ်လို့ သုတေသနတွေ့ရှိချက်အသစ်ကဆိုပါတယ်။အမေရိကန်နဲ့ဗြိတိန်သုတေသီတွေကဗြိတိန်နိုင်ငံအတွင်းက အသက် ၄၀- ၆၉ နှစ်အတွင်းရှိ လူဦးရေ ၄၆၁၃၄၇ ဦးရဲ့ အိပ်စက်မှုအလေ့အထနဲ့ ကျန်းမာရေးမှတ်တမ်းတွေကိုလေ့လာခဲ့တာဖြစ်ပြီးAmerican College of Cardiologyဂျာနယ်မှာဖော်ပြခဲ့တဲ့သုတေသနဖြစ်ပါတယ်။တစ်ညကိုအိပ်ချိန် ၆ နာရီမပြည့်တဲ့သူတွေက နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများတယ်လို့ သုတေသနက ဆိုပါတယ်။ တစ်ညကို ၉ နာရီကျော်အောင်အိပ်တဲ့သူတွေကတော့ ဒီအန္တရာယ် ၃၄ ရာခိုင်နှုန်းပိုများပါတယ်။အိပ်ချိန် ၆ နာရီကနေ ၉ နာရီအတွင်းရှိတဲ့သူတွေက နှလုံးလုပ်ဆောင်ချက်ရပ်ဆိုင်းနိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။လေ့လာသူတွေက နှလုံးကျန်းမာရေးနဲ့အိပ်စက်ခြင်းကို သက်ရောက်မှုရှိနိုင်တဲံအချက်တွေကို ဖယ်ထားပြီး ဆန်းစစ်ဖို့ကြိုးစားခဲ့ကြတာပါ။ အဲဒီအချက်တွေထဲမှာ ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ကျန်းမာရေး၊ ဝင်ငွေ၊ ပညာရေး၊ဆေးလိပ်သောက်ခြင်း၊စတာတွေပါဝင်ပါတယ်။တစ်ညကို ၅ နာရီအိပ်စက်တဲ့သူတွေဟာ ၇နာရီကနေ ၈ နာရီအတွင်းအိပ်စက်သူတွေထက် နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၅၂ ရာခိုင်နှုန်းပိုများပါတယ်။ တစ်ညကို ၁၀ နာရီအိပ်စက်သူတွေကတော့ ဒီအန္တရာယ် နှစ်ဆပိုများပါတယ်တဲ့။ဒါ့ကြောင့် အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအကြံပြုချက်က –။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%81%8a%e1%80%99%e1%80%bb%e1%80%ac/
ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး
မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ လစဉ်ကြုံတွေ့ရတဲ့ရာသီစက်ဝန်းကို ရှောင်လွှဲမရနိုင်ပါဘူး။ ရာသီသွေးဆင်းတယ်ဆိုတာ ညစ်ညမ်းတဲ့အရာမဟုတ်ပေမယ့် ရာသီလာစဉ်အချိန်အတွင်းမှာ ပုံမှန်ထက်ပိုပြီးသန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ရောဂါပိုးတွေ မဝင်နိုင်အောင် မကြာခဏဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ဒါဆို ဘာနဲ့သန့်စင်မလဲ။ ပုံမှန်ဆိုရေချိုးတဲ့အခါရေချိုးဆပ်ပြာနဲ့၊ သန့်စင်ခန်းမှာဆို ရိုးရိုးဆပ်ပြာနဲ့ ပျိုမေတို့ ဆေးကြောသန့်စင်မိကြသလား။ မလုပ်ရပါဘူးနော်။ ရာသီလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ဆို ရိးရိုးရေ ဒါမှမဟုတ် အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပဲ သင့်တော်ပါတယ်။မိန်းမကိုယ်ဟာ နုနယ်ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းမို့ ရှိသင့်တဲ့pH အဆင့်နဲ့ မကိုက်ညီရင်တောင် အဆင်မပြေပါဘူး။သန့်ရှင်းရေးကို ဖြစ်သလိုလုပ်လို့ အခန့်မသင့်ရင်ယားယံတာ၊အရေပြားထိခိုက်တာ၊ရောင်ရမ်းတာ စတဲ့ လက္ခဏာတွေတင်မကဘဲ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေအထိဖြစ်လာစေနိုင်ပါတယ်။ ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ဓမ္မတာလာနေစဉ်အတွင်းမှာ ယောနိဝ အရေပြားနေရာတွေလို သေးငယ်တဲ့ ကြားတွေထဲမှာရာသီသွေးတွေကပ်ကျန်နေတတ်လို့ သေချာသန့်စင်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့်လစဉ်သုံးပစ္စည်းလဲတဲ့အခါမှာ ကြိုကြိုကြားကြားအကုန် သေချာသန့်စင်သင့်ပါတယ်။မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိထားတဲ့ သဘာဝကာကွယ်မှုစနစ်ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေပါဝင်တဲ့ ဆပ်ပြာတွေကြောင့်အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်လို့ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်တယ်၊ ဆပ်ပြာပြင်းလို့ မိန်းမကိုယ်အရေပြားကို ပူတာ၊ လောင်တာ၊စပ်တာ၊ရောင်ရမ်းတာ၊ ဓာတ်မတည့်တာတွေဖြစ်လာစေနိုင်တယ်။ရေချိုးတဲ့အခါခပ်နွေးနွေးရေနဲ့ပဲ ချိုးပါ။ ရာသီလာချိန်မှာ ရေအေးတွေနဲ့ မချိုးပါနဲ့။ ရေချိုးသိပ်မကြာဖို့ ဂရုစိုက်ပါ။ အအေးထက် ကြက်သီးနွေးရေကနာကျင်ကိုက်ခဲမှုတွေပိုသက်သာစေနိုင်တယ်။ ရောဂါပိုးတွေ သန့်စင်ဖို့ ပိုအဆင်ပြေနိုင်ပါတယ်။ဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့ ဆေးကြောသန့်စင်သင့်ပါတယ်။ စအိုဘက်ကနေ အရှေ့ကို ဆေးကြောမိတယ်ဆိုရင် မိန်းမကိုယ်နဲ့ဆီးလမ်းကြောင်းအဝကို စအိုတဝိုက်က ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်လို့ပါ။ ရေချိုးတဲ့အခါ တင်ပါးအနောက်ပိုင်းနဲ့ စအိုဘက်ကိုလည်း သေချာသန့်စင်ပေးသင့်ပါတယ်။ပုံမှန်ရေချိုးနေတဲ့သူဖြစ်ပေမယ့်ရာသီဥတုအေးလို့ဆိုပြီး ရေမချိုးတာတွေမလုပ်ပါနဲ့။ ရာသီလာနေချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးက ပိုအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ ရေစိမ်ပြီး အကြာကြီးမဟုတ်ဘဲ ပုံမှန် ရေချိုးသန့်စင်ရမှာပါ။ အေးနေတယ်ဆို ရေနွေးစပ်ပြီးချိုးပါ။ ရေကပူလွန်းရင် အသားအရေအစိုဓာတ်ထိန်းနိုင်တော့မှာမဟုတ်လို့ ကြက်သီးနွေးရေနဲ့ ချိုးတာကသာ အကောင်းဆုံးပါ။ ရေချိုးတယ်ဆိုတာခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက်တင်မကပါဘူး။ရာသီလာစဉ်ကိုက်ခဲမှုဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ရေချိုးတာပဲဖြစ်ဖြစ် သန့်စင်ဆေးရည် သုံးတာပဲဖြစ်ဖြစ် ပြီးတဲ့အခါ တဘက်သန့်သန့်နဲ့ ညင်ညင်သာသာ တို့သုတ်ပါ။ မိန်းမကိုယ် တဝိုက်မှာ မခြောက်သွေ့ဘဲ အဝတ်အစား မဝတ်ပါနဲ့။ စိုစွတ်နေတဲ့ အရေပြားကို ဖုံးအုပ်လိုက်တဲ့အခါ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေအတွက် ပေါက်ဖွားရာ ဖန်တီးသလို ဖြစ်စေနိုင်ပါတယ်။လစဉ်သုံးပစ္စည်းကို အနည်းဆုံး ၄-၆နာရီခြားတော့ လဲပေးပါ။ ရာသီသွေးဆိုတာ ခန္ဓာကိုယ်ထဲမှာဘာမှမဖြစ်ပေမယ့် စွန့်ထုတ်လိုက်တာနဲ့ ပြင်ပပိုးမွှားတွေ ကပ်ငြိနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းကိုမလဲဘဲ ကြာနေရင် အညစ်အကြေးဟောင်းတွေနဲ့ စိုစွတ်နေတဲ့အတွက် ယောနိဝတဝိုက်မှာ ပေနေမယ်၊ ချွေးတွေရှိမယ် ဆိုရင် ပူနွေးစိုစွတ်နေတဲ့ ဒီဧရိယာမှာ ဘက်တီးရီးယားတွေက ပွားများရှင်သန်နေနိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်တာ၊ မှိုပိုးဝင်တာတွေ၊ အရေပြားနီရဲရောင်ရမ်းတာတွေ၊ ပွန်းတာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးဆင်းတာများတယ်ဆိုရင်တော့ ဒီထက် မကြာခဏလဲပေးပါ။တစ်နေကုန် အတွင်းခံတွေ၊ padတွေ ခံထားတဲ့အခါ ပေါင်ပွန်းတာ၊ အရေပြားလောင်တာ ဖြစ်လာနိုင်ပါတယ်။ လစဉ်သုံးပစ္စည်းကို မလဲဘဲ အကြာကြီးနေတဲ့အခါလည်း ဒီလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရာသီလာတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်စေဖို့ မကြာခဏ သန့်စင်ပါ၊ ပိုးမွှားကင်းစင်စေမယ့် အမျိုးသမီးသန့်စင်ဆေးရည်ကို သုံးပါ။ လစဉ်သုံးပစ္စည်းကို အသစ်လဲပါ။ရာသီလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းလေး သိလောက်ပြီထင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/periods-hygeine/
သကြားကကျန်းမာအတွက် မကောင်းဘူးလို့ ပြောရတဲ့ အကြောင်းအရင်း
တစ်ခုခုစားရင် ချိုမှကြိုက်တယ်ဆိုပြီး အချိုတွေချည်းလှိမ့်စားမနေပါနဲ့။သကြားဓါတ်က လိုအပ်တယ်ဆိုပေမယ့် များလာရင်တော့ ခန္ဓါကိုယ်ကို ထိခိုက်မှုအကျိုးဆက်ကတော်တော်လေးများပါတယ်။ဘေဘီလေးတွေကိုကျ အချိုအများကြီးမစားနဲ့ပြောပြီး ကိုယ်တိုင်ကျစားနေမိသေးတဲ့ လူကြီးတို့ရေ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်နော်။သကြားဆိုတာက များသောအားဖြင့်အစားအစာတွေနဲ့သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ကာဗိုဟိုက်ဒရိတ်တစ်မျိုးပါ။ကော်ဖီနဲ့ အခြားသောမြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကိုတွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်းသကြားက မပါမဖြစ်ပါရသေးတယ်နော်။သကြားကစွဲလမ်းစေတတ်တဲ့သဘောရှိပါတယ်။ အချိုရည်တွေ၊ ဒိုးနတ်စ်လိုမျိုး မုန့်ချိုချိုလေးတွေကို တစ်ခါလောက်စားပြီးရင်နောက်ထပ်စားချင်လာတယ်ဆိုတာက သကြားကြောင့်ဖြစ်လာတဲ့ စွဲလမ်းမှုပါ။ သကြားက စွဲလမ်းစေတတ်လားဆိုတာကို အတည်ပြုချင်ရင်ဘေဘီလေးတွေကိုသာကြည့် စစားဖူးထဲကက အချိုအရသာကိုစားဖူးလို့ တစ်ချိန်လုံး သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့အချိုရည်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်စားရင်းငယ်သွားလေးတွေက သွားပိုးစားတာကို သာကြည့်တော့လေ။သကြားက အချိုဓါတ်ကိုပေးစွမ်းတယ်။ခန္ဓါကိုယ်မှာ အင်အားပြည့်စေဖို့ သကြားဓါတ်ကို လိုအပ်တယ်ဆိုပေမယ့် အများကြီးစားမိရင်တော့ ဆိုးကျိုးက မသေးပါဘူး။အဝလွန်လာမယ်။သကြားအများကြီးစားမိတဲ့အခါ ခန္ဓါကိုယ်ကမလိုအပ်ဘဲ ဝိတ်တက်လာမှာ အသေအချာပါ။ စားလိုက်တဲ့ အစားအသောက်ချင်းတူတူပဲဆိုရင်တောင်မှ အချိုပါဝင်မှုများနေတဲ့ အစားအသောက်တွေက ဝိတ်တက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ သကြားများများစားမိလေလေ ကိုယ်တွင်းမျာ ကယ်လ်လိုရီ စုပုံမှုက များလာလေလေပါ။နောက်တစ်ချက်က သကြားကဆာလောင်မှုကိုဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အချိုများများစားတာက ခန္ဓါကိုယ်ကို ဝလာစေဖို့ တွန်းအားပေးနေတာပါပဲ။နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေမယ်။အချိုများတဲ့ အစားအစာတွေကို စားတာက နှလုံးရောဂါအပါအဝင် များစွာသောရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ သကြားစားသုံးမှုများတာက အဝလွန်စေတာ၊ ခန္ဓါကိုယ် အစိတ်အပိုင်းတွေရောင်ရမ်းတာ၊သွေးတွင်း အဆီဓါတ်များတာ၊သွေးတွင်း သကြားဓါတ်များတာ၊သွေးတိုးတာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။အသည်းအဆီဖုံးတာ၊သွေးကြောပိတ်တာကိုဖြစ်စေနိုင်ပါတယ်။အာဟာရချို့တဲ့စေမယ်။သကြားက အာဟာရပါဝင်မှုမရှိပါဘူး။ ခန္ဓါကိုယ်မှာ အကျိုးမပြုတဲ့ အဆီတွေတက်စေရုံကလွဲလို့ လိုအပ်တဲ့ အာဟာရကို လုံးဝမဖြည့်ပေးနိုင်တာ အသေအချာပါ။ ဒါကြောင့် အချိုစာတွေပဲစားနေမယ်၊ ထမင်းမစားဘူး၊ အခြားအားဖြစ်စေတဲ့ အစားအစာတွေကို မစားဘူးဆိုရင် ကြာရင် အာဟာရချို့တဲ့လာမှာ အသေအချာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%81%be%e1%80%80%e1%80%ac%e1%80%b8%e1%80%80%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%99%e1%80%b1%e1%80%80%e1%80%ac/
ကိုယ့်မှာ နှလုံးရောဂါရှိနေတာ သိနိုင်မယ့် လက္ခဏာ (၉) ခု
နှလုံးရောဂါရှိနေပြီလားလို့ ကိုယ့်ကိုယ်ကို သံသယရှိတဲ့အချိန်တွေရှိတတ်ပါတယ်။မောတယ်၊ ရင်ဘတ်အောင့်တယ်(တခါတလေလေထိုးတာဖြစ်နေတတ်တယ်) ဆိုရင် ငါတော့နှလုံးရောဂါဖြစ်နေပါပြီဆိုပြီး စိတ်ပူနေတတ်တာက ပြဿနာမရှိပေမယ့် တကယ်တမ်းဆေးကုသဖို့လိုအပ်နေတဲ့သူတွေကရောဂါကိုစောစောမသိလို့ အချိန်မီမကုသနိုင်တာမျိုး၊ ရုတ်တရက် နှလုံးရပ်မှသိရတာမျိုးက အန္တရာယ်ကြီးပါတယ်။ဒီလက္ခဏာတွေဖြစ်လာတယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်ဖို့ အချက်ပြနေတာပါ။(၁)အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာ(ညအိပ်ချိန်တအားဟောက်တာ)။ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကိုအောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့သွေးဖိအားကိုမြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတု့ိဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဟောက်တတ်တဲ့အကျင့်ဆိုတာ ကုသလို့ရပါတယ်။(၂) အနီရောင်သမ်းတဲ့ရည်ကြည်ဖုတွေထွက်တာ။သွေးတွင်းအဆီဓါတ်triglyceride ပမာဏအရမ်းများနေရင် လက်ဆစ်၊ခြေဆစ်နဲ့ တင်ပါးမှာ ရည်ကြည်ဖုလေးတွေဖြစ်လာတဲ့ လက္ခဏာရှိတတ်ပါတယ်။သွေးထဲမှာ ဒီအဆီတွေများနေတဲ့အခါသွေးကြောမာစေတာနဲ့ နှလုံးရောဂါ၊လေဖြတ်ခြင်းအန္တရာယ်တွေပါ စိုးရိမ်ရပါတယ်။(၃) လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း အားနည်းတာ။လက်ရဲ့ဆုပ်ကိုင်နိုင်အားက နှလုံးကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖော်ပြနိုင်တာ သင်သိပါသလား။ သုတေသနတွေအရ လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်း၊ ဖျစ်ညှစ်နိုင်အားကောင်းတယ်ဆိုရင် နှလုံးရောဂါအန္တရာယ်နည်းပါတယ်တဲ့။ အရာဝတ္တုတစ်ခုခုကို ဆုပ်ကိုင်နိုင်ဖို့မလွယ်ဘူး၊ လက်မမြဲဘူး၊ မဖျစ်ညှစ်နိုင်ဘူး ဆိုရင် ကိုယ့်မှာပြဿနာတစ်ခုခုရှိနေဖို့ ရာခိုင်နှုန်းများပါတယ်။(၄) လက်သည်းအောက်မှာ အမည်းစက်လေးတွေပေါ်နေတာ။ထိမိခိုက်မိတာလည်း မဟုတ်ဘဲ လက်သည်းမှာ အမည်းစက်လေးတွေပေါ်လာတာကendocarditisလို့ခေါ်တဲ့ နှလုံးနံရံ သို့မဟုတ် အဆို့ရှင်ပိုးဝင်ခြင်းရောဂါဖြစ်နေတာကိုဖော်ပြတာဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ ဆီးချိုသွေးချိုရှိနေရင်လည်း ဒီလက္ခဏာဖြစ်တတ်တယ်။ ဆီးချိုရှိနေရင် နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။(၅) ခေါင်းမူးတာ။ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးကသွေးအလုံအလောက်မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။(၆)အသားအရောင်ပြောင်းလဲတာ။လက်ချောင်း၊ခြေချောင်းတွေပြာနေတာ၊ ညိုလာတာတွေက နှလုံးသွေးကြောကျဉ်း သို့မဟုတ် ပိတ်ဆို့နေတဲ့အတွက် သွေးလည်ပတ်မှုမကောင်း၊ အောက်ဆီဂျင်မလုံလောက်တာကြောင့်ပါ။ ကိုလက်စထရောအဆီချေးတွေ စုလာတဲ့အခါသွေးကြောငယ်တွေထဲမှာ ပိတ်ဆို့လာပြီး ဒီလက္ခဏာဖြစ်စေတာပါ။ လက်ဖဝါး၊ခြေဖဝါးအရေပြားအောက်မှာသွေးယိုသလို အကွက်အပြောက်တွေဖြစ်လာနိုင်ပါတယ်။(၇) အသက်ရှူရအဆင်မပြေတာ။အသက်ရှူမဝတာက နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးခုန်စည်းချက်မူမမှန်ခြင်း၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းခြင်း တို့ရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ အရင်လုပ်ဆောင်ရအဆင်ပြေနေကျ အလုပ်တွေကို အခုလုပ်တဲ့အခါ အသက်ကို မနည်းလုရှူနေရတာမျိုး ဒါမှမဟုတ် လှဲအိပ်လိုက်ရင် အသက်ရှူရခက်တာမျိုးဆို ဆရာဝန်ပြပါ။(၈) ခြေထောက်အောက်ပိုင်းဖောရောင်တာ။အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာခြေထောက်ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်းဖြစ်တတ်ပါတယ်။ ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ခြေထောက်ဖောရောင်ခြင်းကခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။ ရုတ်တရက်ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။(၉) မောဟိုက်ခြင်း။အိပ်ရေးပျက်ထားတာကြောင့် ချည်းပဲမထင်ပါနဲ့။ နှလုံးကြွက်သားအားနည်းရင်လည်း လူကိုပင်ပန်းစေပြီးဒေါင်းသွားစေနိုင်ပါတယ်။ ဒီလက္ခဏာသက်သာသွားချိန်မှာချောင်းဆိုးတာ၊ဖောရောင်တာလိုမျိုး တခြားလက္ခဏာတွေရှိသလား သတိထားကြည့်ပါ။ကိုယ့်ကိုယ်ကိုချစ်တယ်ဆို ဘယ်လိုလက္ခဏာမျိုးနဲ့မှ မပေါ့ဆပါနဲ့။ ပုံမှန်ထက် ထူးခြားနေတာရှိရင် ဟိုဟာကြောင့်နေမှာပါ၊ ဒီဟာကြောင့်နေမှာပါတွေးပြီး ကိုယ့်ဘာသာမဆုံးဖြတ်ပါနဲ့။ ကျန်းမာရေးစစ်ဆေးပြီးစောစောကုသလေ အန္တရာယ်ဖြစ်နိုင်ခြေနည်းလေပါပဲ။ဖြစ်လေ့ဖြစ်ထရှိတာတွေကိုလေ့လာ၊ ဖတ်ရှု၊ မှတ်သားရင်း ကျန်းမာရေးဗဟုသုတတွေ စုဆောင်းသင့်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%99%e1%80%bd%e1%80%ac-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%bd/
Martagon (လီလီပန်းမျိုးနွယ်ဝင် အပင်)
Martagon ကို ဘယ်မှာသုံးသနည်း။Martagon သည် အပင်တစ်မျိုးဖြစ်သည်။ အရွက်၊ ပင်စည်၊နှင့် ပန်းပွင့် ကိုဆေးဖော်စပ် ရန်အတွက် သုံးသည်။Martagon ကို ကိုယ်ခန္ဓါတွင် အရည်များစုခြင်း၊ နှင့် ဓမ္မတာလာခြင်းနှင့် ပက်သက်သော ပြဿနာများတွင်သုံးသည်။Martagon ကို တရံတစ်ခါ အနာများပေါ်သို့ တိုက်ရိုက်လိမ်းခြင်းဖြင့် အနာကျက်ရန်သုံးသည်။Martagon ဘယ်လို အလုပ်လုပ်သလဲဆိုတာ သေချာလေ့လာထားခြင်းများ မရှိသေးပါ။ သင့်ဆရာဝန် ၊ တိုင်းရင်းဆေးသမားတော်များနှင့်အသေးစိတ် ဆွေးနွေးသင့်ပါသည်။သတိပေးချက်များနှင့် သတိထားရမည့် အချက်များ။Martagon မသုံးခင်ဘာတွေ သိထားသင့်သနည်း။သင်သည် ကိုယ်ဝန်ရှိနေ ၊ နို့တိုက်နေသော မိခင်ဖြစ်နေပါက Martagon မသုံးခင် ဆရာဝန် တိုင်းရင်ဆေးသမားတော်များနှင့် အရင်ဆွေးနွေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် သင်ကလေးနို့တိုက်တော့မည်ဆိုလျှင် ကလေးကို မထိခိုက်အောင် ဘာဆေးပဲသောက်သောက် ဆရာဝန်၏ညွှန်ကြားမှု အောက်တွင်သာ သောက်သင့်ပါသည်။ ဆေးများဟုဆိုရာတွင် ဆရာဝန်မညွှန်ဘဲ သင်ဝယ်သောက်နေသော ဆေးများလည်း ပါဝင်သည်။ သင့်တွင် Martagon နှင့် ဓါတ်မတည့်လျှင် ( သို့မဟုတ်) အခြားသောဆေးများ၊ တိုင်းရင်းဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်အားပြောပြထားသင့်သည်။ သင့်တွင် ဖျားနာခြင်း၊ တစ်စုံတစ်ရာ ပုံမှန်မဟုတ်ခြင်း၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများ၊ အခြားသော အစာဓါတ်မတည့်ခြင်း၊ ဆိုးဆေးများနှင့်ဓါတ်မတည့်ခြင်း၊ တာရှည်ခံအောင် လုပ်ထားသော အရာများ၊ တိရစ္ဆာန်များနှင့် ဓါတ်မတည့်မှု များရှိပါက ဆရာဝန်အား ကြိုပြောပြထားသည်။ဖြည့်စွက်စာများထက်စာရင် ဆေးများကို အထိန်းအကွပ်နှင့် ပို၍သောက်သင့်ပါသည်။ Martagon သောက်ခြင်းသည် စိတ်ချ၍ ရမရအား ရှာဖွေရန် လေ့လာမှုများပို၍ လုပ်ရန် လိုအပ်ပါသည်။ Martagon ဖြည့်စွက်စာအား သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများအား မသောက်ခင် အရင် ချိန်ဆသင့်ပါသည်။ ပို၍ အသေးစိတ်သိရှိရန် ဆရာဝန်များနှင့် ဆွေးနွေးသင့်ပါသည်။Martagon သည် မည်မျှစိတ်ချရသနည်း။Martagon ဘယ်လောက်စိတ်ချရတယ်ဆိုတာနှင့် ဘာဘေးထွက်ဆိုးကျိုးများရှိသနည်းဆိုတာ သေချာလေ့လာထားခြင်းများမရှိသေးပါ။အထူးသတိပြုရမည့် အချက်များနှင့် သတိပေးချက်များ။ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များတွင် Martagon သုံးလျှင် စိတ်ချ၍ ရ၊မရ မသိသောကြောင့် ပို၍ စိတ်ချရစေရန် မသုံးသည်က အကောင်းဆုံးဖြစ်သည်။Martagon သုံးလျှင် မည်ကဲ့သို့သော ဆိုးကျိုးများသင်တွေ့ရမည်နည်း။သင့်တွင် ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ တွေ့ကြုံရပါက ဆရာဝန်၊ တိုင်းရင်ဆေးသမားတော်များနှင့် ဆွေးနွေးသင့်သည်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Martagon သုံးခြင်းဖြင့် ဘယ်လို ဓါတ်ပြုခြင်းတွေရရှိနိုင်သနည်း။Martagon သည် သင့်ကျန်းမာရေး အပေါ်တွင် သက်ရောက်မှုရှိသောကြောင့် ဆေးမသောက်ခင် ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ဆေးပမာဏ။အောက်ပါဖော်ပြချက်များသည် ဆေးတိုင်းအတွက် မဟုတ်ပါ။ Martagon..မသုံးခင် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်သည်။Martagon သောက်သင့်သော ပုံမှန် ပမာဏသည် မည်မျှနည်း။Martagon သောက်သင့်သောပမာဏသည် လူနာတိုင်းတွင် မတူပေ။ သောက်သင့်သော ဆေးပမာဏသည် သင့် ကျန်းမာရေး၊ အသက်အရွယ်၊ နှင့် အခြားသော အခြေအနေများအပေါ်တွင် မူတည်သည်။ တိုင်ရင်းဆေးများသည် အမြဲစိတ်ချရသည်ဟု မပြောနိုင်ပေ။ သင့်တော်သော ပမာဏ သောက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပေသည်။Martagon ကို မည်ကဲ့သို့သော ပုံစံများဖြင့်ရနိုင်သနည်း။Martagon ကို အောက်ပါပုံစံများဖြင့်ရနိုင်သည်။Martagon အပင်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/martagon-%e1%80%9c%e1%80%ae%e1%80%9c%e1%80%ae%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%82%8f%e1%80%bc%e1%80%9a%e1%80%b9%e1%80%9d%e1%80%84%e1%80%b9-%e1%80%a1/
စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား
မြန်မာလူမျိုးအများစုအတွက် စည်သွပ်ဘူးပိတ် အစားအစာဆိုတာ ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့၊ ချက်ထားပြီးသားအသား၊ ငါးမျိုးစုံ၊ ဒါမှမဟုတ် ပဲအမျိုးမျိုးကို ပြုတ်ပြီးတော့ဖြစ်ဖြစ် စည်သွပ်ဘူးထဲ ထည့်ပိတ်ကာ တာရှည်ခံအစားအစာအဖြစ် အချိန်အကြာကြီးသိုလှောင်ပြီး စားသုံးလို့ရအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အဲ့တော့ တာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ ထိခိုက်စေတယ်ဆိုတော့ စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား ဆိုတာ ကြည့်လိုက်ကြရအောင်လား။စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား ဆိုတော့။စည်သွပ်ဘူးပိတ်အစားအစာတွေဆိုတာ။အစားအစာတွေကို ချက်ပြုတ်ပြီးတဲ့အခါ လေအလုံပိတ် အလူမီနီယမ်သတ္တုဘူးထဲ ထည့်ပြီး ကြာရှည်ခံစေဖို့ အနည်းငယ်ပြုပြင်ရပါတယ်။ ၁၈ ရာစုအစပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး ခုခေတ်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ လူတော်တော်များများက စားသုံးလျက်ရှိပါတယ်။ အဓိကကတော့ လတ်လတ်ဆတ်ဆတ် စားစရာတွေဟာ သိပ်ပြီးကြာရှည်မခံဘဲ ပျက်စီးပုပ်သိုးလွယ်တာကြောင့် စည်သွပ်ဘူးထဲ အလုံပိတ်ကာ လေဘေး၊ မီးဘေးကာလ၊ ပင်လယ်၊ လေထဲ ရက်ပေါင်းများစွာ ခရီးထွက်နေရတဲ့အခါ လွယ်ကူအဆင်ပြေစေပါတယ်။အရင်ဆုံး စားစရာကို လိုသလို လှီးစိတ်ကာ စည်သွပ်ဘူးထဲ ထည့်ပါတယ်။ ပြီးသွားတော့မှ စည်သွပ်ဘူးထဲ ပိတ်ပြီး အပူပေးကာ မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို သတ်ပစ်ပြီး မပုပ်သိုးသွားစေဖို့ ပြုလုပ်ရပါတယ်။ စည်သွပ်ဘူးတွေဟာ ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်အခန်းအပူချိန်မှာ ထားထားရင်တောင် အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅နှစ်အထိ မပျက်စီးဘဲ သိမ်းဆည်းထားနိုင်ပါတယ်။ အများစုကတော့ သစ်သီး၊ဟင်းသီးဟင်းရွက်၊ ချက်ပြီးသားအသားဟင်းတွေ၊ ပဲအမျိုးမျိုး၊ စွပ်ပြုတ်၊ အသား၊ ပင်လယ်စာတွေကို ထုပ်ပိုးသိမ်းဆည်းတတ်ကြပါတယ်။အာဟာရတန်ဖိုးပြောင်းလဲမှုရှိသလား။စည်သွပ်ဘူးထဲ အလုံပိတ်ထားတဲ့အခါပရိုတင်းဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတဲ့ အာဟာရတန်ဖိုးဟာ လျော့နည်းသွားခြင်းမရှိပါဘူး။ ဗီတာမင် ဘီ နဲ့ ဗီတာမင် စီလိုမျိုး ရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဓါတ်တွေကတော့ ပြင်းထန်စွာ အပူပေးလိုက်တဲ့အခါ အနည်းငယ်လျော့သွားနိုင်ပါတယ်။ ဒီတော့ အာဟာရတန်ဖိုးဟာ ပြောင်းတာလည်း ရှိသလို မပြောင်းလဲဘဲ နဂိုအတိုင်း ရှိနေတာမျိုးလည်း ရှိနိုင်ပါတယ်။လူတွေက ဘာကြောင့် စည်သွပ်ဘူးပိတ်အစားအစာတွေကို စားသုံးမှုများလာကြတာလဲ။၁။ လတ်လတ်ဆတ်ဆတ် အစားအစာတွေလိုမျိုး အချိန်ကုန်ခံ ချက်ပြုတ်စရာမလိုဘဲ မိနစ်အနည်းငယ်ပေးပြီး အပူပေးရုံနဲ့ နဂိုအရသာအတိုင်း စားသုံးနိုင်ပါတယ်။၂။ ဈေးလဲသက်သာတယ်။ အခြေခံလူတန်းစားအများစုအတွက် တတ်နိုင်တဲ့ ငွေကြေးပမာဏဖြစ်တယ်။၃။ ရေခဲသေတ္တာတင်မကဘဲ အခန်းအပူချိန်မှာ သိမ်းဆည်းထားနိုင်တယ်။၄။ အချိန်ကြာကြာ သိမ်းဆည်းထားလို့ရတဲ့အတွက် အခုလို ရေဘေးသင့်ကာလတွေ၊ မုန်တိုင်းဒဏ်သင့်ကာလတွေမှာ လိုရမယ်ရ အိမ်မှာ ရိက္ခါသဘောအနေနဲ့ ဆောင်ထားလို့ရတယ်။ကျန်းမာရေးအတွက် မကောင်းတဲ့ အချက်တွေက ဘာတွေလဲ။၁။ ကြာရှည်ခံအောင် ဓါတုဗေဒနည်းစနစ်နဲ့ ပြုပြင်ထားတဲ့အစားအစာဖြစ်တာကြောင့် ရေရှည်စားမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်။၂။ အရသာထူးကဲစေဖို့ ဆား၊ သကြား၊အချိုမှုန့်ပမာဏကို လိုအပ်သည်ထက် ပိုသုံးထားတတ်တယ်။၃။ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ပါလာနိုင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တယ်။၄။ ကျန်းမာရေးမကောင်းတဲ့သူတွေဆိုရင် အာဟာရဓါတ်ပိုမိုလိုအပ်တာကြောင့် စည်သွပ်ဘူးပိတ် အစားအစာတွေကို မစားသုံးသင့်ပါဘူး။ဒါကြောင့် တတ်နိုင်ရင်တော့ အစားအစာတွေကို ကိုယ်တိုင်ဝယ်ယူချက်ပြုတ်ပြင်ဆင်ပြီး စားပေးပါ။ စည်သွပ်ဘူးပိတ်အစားအစာတွေကို တစ်ခါတလေမှပဲ စားပါ။ အခုလို မိုးဘေး၊ လေဘေးရာသီမျိုးမှာ အိမ်မှာ စည်သွပ်ဘူးအနည်းငယ် ဝယ်ပြီး ဆောင်ထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတိုင်း အလွယ်လမ်းကိုပဲ လိုက်မယ်ဆိုရင်တော့ အရင်ဆုံးထိခိုက်မှာ ကိုယ့်ရဲ့ကျန်းမာရေးပဲဆိုတာ ဂရုပြုဆင်ခြင်ဖို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/canned-food-good-or-bad/
ကိုယ်နဲ့ ဘယ်ပရိုတင်း powder က အသင့်တော်ဆုံးလဲ ။
ကြွက်သားတက်ချင်လို့၊အဆီပိုတွေ လောင်ကျွမ်းစေချင်လို့ဆိုပြီး ပရိုတင်းဖျော်ရည်တွေသောက်ကြပါတယ်။ ပရိုတင်းမှုန့်သောက်ချင်လို့ဆိုပြီး ဝယ်သောက်တော့မယ်ဆိုရင် အားလုံး စပြီးသိချင်ကြတာက ဘယ်နှစ်မျိုးရှိလဲ။ ဘယ်ဟာက ပိုကောင်းလဲ၊ ဘယ်အမျိုးအစားက ကိုယ်နဲ့ ပိုသင့်တော်မလဲဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။Whey ပရိုတင်းဆိုတာ နို့ကလာတဲ့ ပရိုတင်းမှုန့်တစ်မျိုးဖြစ်ပြီး နို့ကနေ ထုတ်ထားတဲ့ ပရိုတင်းမှုန့်တစ်မျိုး ဖြစ်ပါတယ်။ ကြွက်သားတည်ဆောက်ဖို့နဲ့ တည်ဆောက်ပြီးသားကြွက်သားတွေကို ဆက်ထိန်းထားနိုင်ဖို့၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီးရင် ကြွက်သားပြန်လည် သန်မာစေဖို့အတွက် သူက ကူညီပေးနိုင်မှာပါ။ အစာခြေရလွယ်ကူတဲ့အပြင် အစားစာချင်စိတ်ကိုပါ လျှော့ချပေးလို့ဝိတ်ချနေသူများအတွက်ပါ သင့်တော်ပါတယ်။Wheyလိုပဲ Casein ပရိုတင်း ကလည် းနို့ကနေ ရတဲ့ ပရိုတင်းတစ်မျိုးပါ။ ဒါပေမယ့် Whey ထက်စာရင် Casein က အစာခြေရပိုခက်ပြီး စုပ်ယူချိန်လည်း ကြာနေတတ်ပါတယ်။ အစာခြေရခက်ပြီး အစာအိမ်ထဲ ကြာကြာရှိတာကြောင့်ကယ်လိုရီစားနှုန်းလျှော့ရတဲ့အဝလွန်တဲ့သူတွေ ကြွက်သားပြန်တည်ဆောက်ဖို့အတွက် Casein ပရိုတင်းက ကူညီပေးနိုင်မှာပါ။ဥအမျိုးမျိုးဟာပရိုတင်းဓါတ်အကြွယ်ဝဆုံ းအစားအစာတွေ ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် အနှစ်ထက်စာရင် အကာကပဲ ပရိုတင်းဓါတ်ကြွယ်ဝတာဖြစ်လို့ ပရိုတင်းများများရချင်တဲ့သူတွေကြက်ဥအကာကိုသာ စားသင့်ပါတယ်။ နွားနို့နဲ့ ဓါတ်မတည်တဲ့သူတွေအတွက် အစာခြေရလွယ်ကူ အာနိသင်လည်း အများကြီးရှိတဲံ ဥတွေက ထုတ်ထားတဲ့ ပရိုတင်းက အသ့င့်တော်ဆုံး ဖြစ်မှာပါ။ပ ဲ ဆိုတာလည်း ဥ တွေလိုပဲပရိုတင်းကြွယ်ဝတဲ့ အစားအစာဆိုတာ အားလုံးသိကြမှာပါ။ ပဲ ဖြစ်တာကြောင့် အမျှင်ဓါတ်လည်းကြွယ်ဝတဲ့အပြင် နွားနို့တို့ ဥတို့နဲ့ ဓါတ်မတည့်တဲ့သူတွေ သတ်သတ်လွတ်သမားတွေအတွက် အထူးသင့်တော်တဲ့ ပရိုတင်းအမျိုးအစားတစ်ခုပါ။သူကလည်း အပင်ကရတဲ့ပရိုတင်းတစ်မျိုးပါ။ အိုမီဂါ 3 Fatty acid နဲ့ အခြား အမိုင်နိုအက်ဆစ်တွေပါဝင်တယ်ဆိုပေမယ့် အမိုင်အက်ဆစ် ၂ မျိုးဖြစ်တဲ့ lysine နဲ့ leucineကိုတော့သူ့ဆီမှာ မတွေ့ရပါဘူး။ကိုယ်ခန္ဓါတည်ဆောက်ဖို့အတွက် ဆန်လုံးညိုက ထုတ်ထားတဲ့ပရိုတင်းက ကူညီပေးနိုင်တယ်ဆိုပေမယ့် သူ့ဆီမှာ အမိုင်နိုအက်ဆစ်တွေနဲ့ လိုင်စင်းတော့ မပါလို့ ပရိုတင်းလို့ အတပ်ပြောလို့မရပါဘူး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/protein-powder/
သင့်ကလေးကို အပြင်ခေါ်သွားမယ်ဆိုရင် ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ
လေကောင်းလေသန့်ရှူရှိုက်ရတာနဲ့ပတ်ဝန်းကျင်အပြောင်းအလဲဟာ သင့်ကလေးအတွက်ရော သင့်အတွက်ပါ အရမ်းအကျိုးရှိပါတယ်။ ဒါကြောင့် သင့်ကလေးက လသားလေးပဲရှိသေးတယ်ဆိုရင်တောင် ရာသီဥတုသာသာယာယာရှိတဲ့နေ့တွေမှာ ကလေးနဲ့အတူ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ လျှောက်လည်သင့်ပါတယ်။ ယေဘုယျအနေနဲ့သင့်ကလေးကိုသင်ဝတ်ထားတဲ့ အဝတ်အစားထက် တထပ်ပိုပြီးဝတ်ပေးသင့်ပါတယ်။သင်နဲ့သင့်ကလေး အပြင်ကို ထွက်လည်သင့်ပါတယ်။ ရောဂါပိုးမွှားတွေကူးစက်နိုင်ချေများတဲ့အတွက် လူထူထပ်တဲ့နေရာတွေဆီ မွေးကင်းစကလေးတွေကို ခေါ်မသွားဖို့ကလေးအထူးကုဆရာဝန်အများစုက အကြံပေးလေ့ရှိကြပေမယ့် လုံလောက်မှန်ကန်တဲ့ကြိုတင်ကာကွယ်မှုလေးတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပြင်ဖက်လမ်းထွက်လျှောက်တာဟာ လူတိုင်းအတွက်အကျိုးရှိကောင်းမွန်တဲ့အရာတခုဖြစ်ပါတယ်။ အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေတဲ့ ဖေဖေမေမေတို့အတွက်ပေါ့။အပူဒဏ်ကိုကာကွယ်မယ်: မနက်စောစော ဒါမှမဟုတ် ညနေစောင်းချိန်လေးတွေမှာ အပြင်ထွက်မယ်ဆိုရင် ပြင်းထန်တဲ့အပူရှိန်ကို ရှောင်ရှားပြီးသား ဖြစ်စေမှာပါ။ သားသားမီးမီးလေးတွေကို ဦးထုပ်လေးဆောင်းပေးထားမယ်၊ ချည်ထည်အရောင်ဖျော့ဖျော့လးတွေ ဝတ်ပေးထားမယ်ဆိုရင် ချစ်ဖို့လည်းကောင်း၊ အပူဒါဏ်ကနေလည်း ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ သတိထားရမှာက နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့စေဘဲ အရိပ်ထဲမှာပဲ ကလေးကိုရှိနေစေဖို့ပါ။ ရေဖြန်းလို့ရတဲ့ ဗူးဗူးလေးတွေ၊ ပုလင်းလေးတွေကို ဆောင်ထားပါ။ ရေကူးကန်ထဲမှာ၊ ရေကန်ထဲမှာ ဒါမှမဟုတ် စမ်းချောင်းထဲမှာ သင့်ရင်သွေးလေးနဲ့အတူရေဆော့တာဟာလည်း တကယ်ပျော်ဖို့ကောင်းပြီး လန်းဆန်းစေမှာပါ။စိုစွတ်ပြီးချမ်းအေးတဲ့ ရာသီဥတုကနေ ကာကွယ်မယ်: ရင်သွေးလေးကို အင်္ကျီပါးပါးလေးတွေ အထပ်ထပ်ဝတ်ပေးပါ။ နွေးနွေးထွေးထွေးရှိတဲ့ဦးထုပ်လေးတွေ၊ လက်အိတ်လေးတွေနဲ့ခြေစွပ် ဒါမှမဟုတ် ဖိနပ်လေး စီးပေးထားပါ။ သင်အစိုးရိမ်လွန်ပြီး အထပ်တရာပလာတာ လုပ်ထားလို့သားသားလေး၊ မီးမီးလေး အိုက်မနေတာသေချာစေဖို့အင်္ကျီတွေအောက်က အသားလေးကို စမ်းကြည့်ပေးပြီး လိုအပ်ရင် တလွှာလောက်ကို ချွတ်ပစ်ပါ။ ယေဘုယျအနေနဲ့တော့ ဘယ်အရွယ်ကလေးကိုပဲဖြစ်ဖြစ် လူကြီးဝတ်ထားတာထက် တထပ်ပိုပြီး ဝတ်ပေးထားရပါမယ်။လေဒါဏ်က ကာကွယ်မယ်: လေအရမ်းတိုက်တဲ့အတွက် ကလေးအနေနဲ့နေမထိထိုင်မသာဖြစ်နေမယ်။ ပြီးတော့သင်ကလည်း ကာပေးထားလို့မဖြစ်နိုင်ဖူးဆိုရင်တော့ အိမ်ထဲပြန်ဝင်တာ အကောင်းဆုံးပါပဲ။ဆီးနှင်းဒါဏ်က ကာကွယ်မယ်: ကလေးတွေမပြောနဲ့လူကြီးတွေတောင် နှင်းမှုန်လေးတွေကြားမှာ ဆော့ကစားရတာကိုပျော်ပါတယ်။ ဒါပေမယ့် အပျော်ကနေ အပျက်မဖြစ်စေဖို့ သင့်ရင်သွေးလေးကို နှင်းကာဝတ်စုံလေး ဝတ်ပေးထားရပါမယ်။သင့်ရင်သွေးလေးရဲ့အရေပြားဟာ နေရောင်ခြည်ဒါဏ်ကို အသက်ခြောက်လလောက်ထိ ကောင်းကောင်းမခံနိုင်သေးပါဖူး။ ဒါကြောင့် သင့်ကလေးကို နေရောင်ခြည်နဲ့ထိတွေ့မှုမရှိအောင်ထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာကိုသာမက တဆင့်ပြန်လာတဲ့နေရောင် (ဥပမာ- ရေကတဆင့်၊ သဲကတဆင့် ဒါမှမဟုတ် ကွန်ကရစ်တွေကတဆင့် အလင်းပြန်တာမျိုးတွေကိုဆိုလိုတာပါ)တွေနဲ့ထိတွေ့တာကိုပါ ဆိုလိုပါတယ်။ တကယ်လို့နေပူနေတဲ့အချိန်မှာ ကလေးကိုအပြင်ခေါ်သွားမှဖြစ်မယ့် အခြေအနေမျိုးဆိုရင် အရောင်တောက်တောက်၊ ခပ်ပါးပါးအဝတ်လေးတွေကို ဝတ်ဆင်ပေးပြီး မျက်နှာကိုနေမထိစေဖို့အတွက် ဦးထုပ်လေးပါဆောင်းပေးထားရပါမယ်။ ကလေးကို တစ်နေရာတည်းမှာ ထိုင်ခိုင်းထားရမယ် ဒါမှမဟုတ် လှဲခိုင်းထားရမယ်ဆိုရင် အရိပ်ရှိတဲ့နေရာ ဖြစ်ပါစေ။ ဒါ့အပြင်။နေမြင့်လာတာနဲ့အမျှ နေထိုးတဲ့နေရာရွေ့လာရင် ကလေးကို အရိပ်ထဲမှာပဲဆက်ရှိနေဖို့နေရာလိုက်ပြောင်းပေးပါ။ အကယ်၍ ကလေးကိုအုပ်ထား၊ ကာထားဖို့အဝတ်၊ အင်္ကျီ၊ ဘောင်းဘီအရှည်၊ ဦးထုပ်၊ အရိပ်စတာတွေ မရနိုင်ခဲ့ဖူးဆိုရင်တော့ နေရောင်နဲ့ထိတွေ့နိုင်တဲ့ကလေးရဲ့ခန္ဓါကိုယ်နေရာတွေကို နေလောင်ခံခရင်မ်လိမ်းပေးလို့ရပါတယ်။ မျက်နှာလေး ဒါမှမဟုတ် လက်လေးတွေမှာ လိုအပ်သလို နည်းနည်းလိမ်းပေးနိုင်ပါတယ်။ ဓါတ်မတည့်တာမျိုးတွေ ရှိမရှိသိနိုင်ဖို့အတွက် ရင်သွေးလေးရဲ့ ကျောဖက်အသားပေါ်မှာ နည်းနည်းလေးလိမ်းကြည့်ပြီး ကြိုစမ်းထားပါ။ နေလောင်ခံခရင်မ်ဟာေ နရောင်ထိတွေ့နိုင်တဲ့ခန္ဓါကိုယ်နေရာအားလုံးမှာ လိမ်းနိုင်တာမှန်ပေမယ့် ကလေးမှာ လိမ်းမှာဖြစ်လို့မျက်လုံးထဲမဝင်အောင် သတိထားဖို့တော့လိုပါလိမ့်မယ်။ရာသီဥတုပူတဲ့ကာလတွေမှာ နောက်ထပ်သတိထားရမယ့်အချက်က ကလေးအသုံးအဆောင်ပစ္စည်းတွေ (ဥပမာ- ကလေးထိုင်တဲ့ကားကူရှင်၊ ကလေးတွန်းလှည်းစတာတွေ)ကို နေပူထဲမှာ အကြာကြီးမထားမိဖို့ပါ။ ဘာလို့လဲဆိုတော့ ဒီလိုထားမိရင် ပလတ်စတစ်နဲ့သတ္တုတွေက သင့်ကလေးကို အပူလောင်စေနိုင်လို့ပါပဲ။ သင့်ကလေးနဲ့ထိတွေ့မယ့်ပစ္စည်းတွေအားလုံးရဲ့အပူချိန်ကို သင်ကိုယ်တိုင်ဦးစွာစမ်းကြည့်ဖို့ မမေ့ပါနဲ့။အရမ်းအေးတဲ့အချိန်မျိုး ဒါမှမဟုတ် မိုးတွေအရမ်းကောင်းနေတဲ့အချိန်တွေမျိုးမှာ ကလေးကို အိမ်ထဲမှာပဲ တတ်နိုင်သလောက်ထားပါ။ တကယ်လို့ကလေးကိုပါခေါ်ပြီး မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် ကလေးကိုအနှီးနဲ့သေချာပတ်ပါ။ ပြီးတော့ သူတို့လေးတွေရဲ့ ခေါင်းနဲ့နားရွက်ကို သေချာလုံအောင် နွေးနွေးထွေးထွေးရှိတဲ့ ဦးထုပ်ဆောင်းပေးပါ။ မျက်နှာကို လေစိမ်းတွေတိုက်မှာစိုးရ င်စောင်လေးနဲ့ပါ ကာပေးထားနိုင်ပါသေးတယ်။မြက်ပင်လေးတွေကို ဝီစီလုပ်ဆော့တာ၊ ဇီးသီးတွေ၊ မရမ်းသီးတွေစားတာ၊ ပုဏ္ဏရိပ်ပန်းလေးတွေနဲ့ဆော့တာ: အပင်တွေ၊ ပန်းတွေဟာ ကလေးဘဝရဲ့မငြီးငွေ့နိုင်တဲ့ ဆော့စရာ၊ ပျော်စရာတွေပါ။ ဒါပေမယ့် သင့်အနေနဲ့သတိထားသင့်တာလေးတွေလည်း ရှိနေပါသေးတယ်။• အဆိပ်အတောက်ရှိတဲ့အပင်တွေ၊ နွယ်ပင်တွေက ဘယ်လိုပုံစံတွေရှိလဲလေ့လာပါ။ poison oak၊ poison sumac နဲ့ poison ivy လို့ခေါ်တဲ့အပင်တွေဟာ အရေပြားနဲ့ထိတွေ့တဲ့အခါ ဓါတ်မတည့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ poison oak နဲ့ poison ivy နှစ်မျိုးလုံးဟာ အစိမ်းရောင်တောက်တောက်အရွက်တွေရှိပြီး ပင်စည်တွေမှာကပ်ပေါက်လေ့ရှိပါတယ်။• သင့်ကလေးမှာ ဓါတ်မတည့်တဲ့အကွက်တွေဖြစ်နေပြီလို့ထင်ရင် ကလေးဆရာဝန်နဲ့အမြန်ပြပါ။• ကလေးတွေဟာစူးစမ်းချင်တဲ့အတွက် ပါးစပ်ထဲ တွေ့ကရာထည့်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့သောအပင်တွေကို စားရင် အဆိပ်သင့်စေပါတယ်။သင့်ကလေးဝတ်ထားတဲ့အဝတ်အစားက ရာသီဥတုနဲ့သင့်တော်မှုရှိမရှိသိနိုင်ဖို့ကလေးရဲ့လက်လေးတွေ၊ ခြေထောက်လေးတွေနဲ့ရင်ဘတ်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။ သူတို့ရဲ့ ခြေ၊ လက်လေးတွေဟာ ခန္ဓါကိုယ်ထက်အနည်းငယ်ပိုအေးနေသင့်ပါတယ်။ အေးစက်နေရမှာတော့မဟုတ်ပါဖူး။ ရင်ဘတ်ကတော့ နွေးနွေးလေးရှိနေသင့်ပါတယ်။ တကယ်လို့ခြေ၊လက်တွေနဲ့ရင်ဘတ်တွေအားလုံးေ အးစက်နေတယ်ဆိုရင်တော့ကလေးကို နွေးထွေးတဲ့အခန်းထဲခေါ်သွားပြီး အပေါ်ကထပ်ဝတ်ထားတာတွေကို ဖယ်ပစ်ပါ။ ပြီးရင် ပူပူနွေးနွေးအစားအစာတခုခု ကျွေးပြီး သင့်ခန္ဓါကိုယ်က အနွေးဓါတ်ရအောင်ထွေးပွေ့ထားပါ။ သတိထားသင့်တဲ့အချက်က ခန္ဓါကိုယ်အပူချိန်ပုံမှန် ပြန်မဖြစ်သေးခင်ကလေးကိုအဝတ်စားတွေနှစ်ထပ်သုံးထပ်ဝတ်ပေးတာ၊စောင်တွေခြုံပေးတာဟာဟာအအေးဓါတ်ကိုအချိန်ကြာကြာထိန်းထားသလို ဖြစ်စေနိုင်တဲ့အတွက်တခြားနည်းတွေကို သုံးပြီးတော့သာ နွေးထွေးအောင် လုပ်ပေးသင့်ပါတယ်။အင်းဆက်တွေအားလုံးဟာ လိပ်ပြာလေးတွေလိုချစ်ဖို့ကောင်းနေတာချည်း မဟုတ်ပါဖူး။ ဒါ့ကြောင့် သူတို့ကိုသတိထားရပါမယ်။• ခြင် : ခြင်တွေသင့်ခြံတွင်းမှာ ဘယ်လိုပေါက်ပွားနိုင်လဲဆိုတာ အရင်လေ့လာပါ။ ဒါ့အပြင် ဒီနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးလွန်တုပ်ကွေးလိုမျိုးရောဂါတွေအကြောင်းလည်း သိထားရပါမယ်။• သန်း : သန်းဟာ စိုစွတ်ပူနွေးတဲ့နေရာတွေ (အထူးသဖြင့် မြက်ပင်ထူထပ်တဲ့နေရာတွေ) မှာရှင်သန်ကျက်စားလေ့ရှိတဲ့အတွက် ကလေးကို ဒီလိုနေရာမျိုးတွေ ခေါ်မသွားသင့်ပါဖူး။ သန်းကို မြင်ရလွယ်အောင် သင့်ကလေးကိုအရောင်တောက်တောက်အင်္ကျီအဝတ်အစားတွေ ဝတ်ပေးထားပါ။ အိမ်ထဲ ပြန်ဝင်တဲ့အခါသင့်ကလေးရဲ့အရေပြားနဲ့ဆံပင်တွေထဲမှာ သန်းတွေတွယ်နေမနေကို သေချာစစ်ဆေးပါ။ ပြင်းထန်တဲ့ Lyme disease ဆိုတဲ့ရောဂါကို သယ်ဆောင်တဲ့သန်းဟာနှ မ်းစေ့တဝက်အရွယ်လောက်သာ ရှိတယ်ဆိုတာကို သတိထားပါ။ အကယ်၍ ကလေးကိုသန်းတွယ်ခဲ့ရင်လည်းေ သချာဖယ်ရှားပြီး ဆရာဝန်နဲ့သွားရောက်ပြသပါ။• တုပ်တတ်၊ကိုက်တတ်တဲ့အင်းဆက်တွေ : ပျား၊ပိတုန်းနဲ့တခြားအန္တရာယ်ရှိတဲ့ အင်းဆက်တွေဟာ သူတို့ကိုလာထိမှသာ ပြန်လည်ရန်မူလေ့ရှိတာပါ။ ဒါပေမယ့် ကလေးတွေအနေနဲ့မတော်တဆဆိုသလို ပျား၊ ပိတုန်းစတဲ့အန္တရာယ်ရှိ အင်းဆက်တွေကို သွားဆွတတ်ပါတယ်။ တကယ်လို့သင့်ကလေး ပျား ဒါမှမဟုတ် ပိတုန်း တုပ်ခံရပြီဆိုရင် ရောင်ရမ်းနာကျင်တာတွေ ဖြစ်လာလေ့ရှိပြီး နာရီပိုင်းအတွင်းမှာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အရေးကြီးတာက အသားထဲစိုက်ဝင်နေတဲ့ အဆိပ်ရှိဆူးကိုဖယ်ထုတ်ပစ်ဖို့ပါပဲ။ ခရက်ဒစ်ကတ် ဒါမှမဟုတ် လက်သည်းကိုသုံးပြီး အလျားလိုက်အသာလေး ကလော်ထုတ်ပါ။ ဒီနောက်အဝတ်တခုကို ရေအေးအေးထဲမှာစိမ်ပြီး အတုပ်ခံထားရတဲ့နေရာတဝိုက်ကို ဖိကပ်ပေးထားမယ်ဆိုရင် နာကျင်ရောင်ရမ်းတာတွေကို သက်သာစေမှာပါ။• ဓါက်မတည့်တာ : ရှားရှားပါးပါးဆိုသလို သင့်ကလေးအနေနဲ့ပျားဆိပ်နဲ့ဓါတ်မတည့်တာမျိုး ဖြစ်တတ်ပြီး ဒါဟာ အရမ်းအန္တရာယ်ကြီးတဲ့အခြေအနေဖြစ်ပါတယ်။ ကလေးကိုယ်အနှံ့အပြားမှာ အကွက်တွေ၊ အစက်တွေ ထွက်လာတာ၊ အသက်ရှုကျပ်လာတာ၊ လျှာ၊ လက်တွေ ဒါမှမဟုတ် မျက်နှာတခုလုံး ထူအမ်းလာတာ၊ အားအင်ကုန်ခမ်းတာနဲ့သတိလစ်သွားတာတွေဟာ ဓါတ်မတည့်ခြင်းရဲ့ ပြဿနာတွေပါ။• အင်းဆက်ဖြန်းဆေး : “တမိသားစုလုံးအတွက် သုံးစွဲနိုင်ပါသည်” လို့စာတန်းပါတဲ့ ဖြန်းဆေးတွေကို ကလေးအသက်နှစ်လလောက်ရတာနဲ့စတင်သုံးစွဲနိုင်ပါပြီ။ ကလေးရဲ့ခန္ဓါကိုယ်မှာ အင်းဆက်ကာကွယ်ဆေးတခုခုသုံးမယ်ဆိုရင်ကလေးအထူးကုဆရာဝန်နဲ့အရင်တိုင်ပင်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%81%e1%80%b1%e1%80%ab%e1%80%ba%e1%80%9e%e1%80%bd/
နနွင်း
နနွင်းကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။နနွင်းဟာ နနွင်းပင်ကရရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်ပြီး နနွင်းပင်ရဲ့အမြစ်ကို ဆေးအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာကို တွေ့မြင်နိုင်ပါတယ်။နနွင်းကို အဆစ်ရောင်ခြင်း၊ ရင်ပူခြင်း၊ အဆစ်ကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ Crohn’s ရောဂါ၊ အူလမ်းကြောင်းအနာဖြစ်သည့်ရောဂါ၊ bypass surgery ခေါ် ခွဲစိတ်ကုသခြင်းတစ်မျိုး၊ သွေးယိုခြင်း၊ ဝမ်းပျက်ခြင်း၊ လေထိုးလေပွခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မျက်စိဝါ၊ အသားဝါခြင်း၊ အသည်းရောဂါ၊ Helicobacter pylori ပိုး ကူးစက်ခံရခြင်း၊ အစာအိမ်အနာများ၊ Irritable bowel syndrome ခေါ် အူလမ်းကြောင်းရောဂါတစ်မျိုး၊ သည်းခြေအိတ်ရောဂါများ၊ သွေးတွင်းကိုလက်စထရောပမာဏ များပြားခြင်း၊ lichenus planus ခေါ် အရေပြားရောဂါတစ်မျိုး၊ ဓါတ်ရောင်ခြည်ကုထုံးကြောင့် အရေပြားရောင်ရမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ကျန်းမာရေးပြဿနာအမျိုးမျိုးအတွက် အသုံးပြုကြပါတယ်။ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အအေးမိဝေဒနာ၊ အဆုတ်ပိုးဝင်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊ အနာကြီးရောဂါ၊ ဖျားနာခြင်း၊ ဓမ္မတာလာစဉ် ဖြစ်တတ်သည့်ဝေဒနာများ၊ အရေပြားယားယံခြင်း၊ ကင်ဆာရောဂါများ၊ စိတ်ကျဝေဒနာ၊ အယ်လ်ဇိုင်းမားခေါ် မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ၊ မျက်စိအလယ်လွှာရောင်ရမ်းခြင်း၊ သွေးချိုဆီးချိုရောဂါ၊ ခန္ဓါကိုယ်တွင်း ရေဆွဲခြင်း၊ သန်ထခြင်း၊ systemic lupus erytheromatus (SLE) အမည်ရှိ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာ ရောဂါတစ်မျိုး၊ တီဘီရောဂါ၊ ဆီးအိတ်ရောင်ရမ်းခြင်းနဲ့ ကျောက်ကပ်ရောဂါတွေအတွက်လည်း နနွင်းကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။အချို့လူတွေကတော့ နာကျင်မှုဝေဒနာ၊ ပွေး၊ အဆစ်လွဲခြင်း၊ ရောင်ရမ်းခြင်း၊ အညိုမဲစွဲခြင်း၊ မျှော့တွယ်ခြင်း၊ မျက်စိပိုးဝင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ ခံတွင်းထဲအနာပေါက်ခြင်း၊ အနာပိုးဝင်ခြင်းနဲ့ သွားဖုံးရောဂါတွေအတွက် လိမ်းဆေးအဖြစ် အသုံးပြုကြသလို အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါရှိသူတွေမှာ ဝမ်းနုတ်ဆေးအဖြစ်လည်း အသုံးပြုကြပါသေးတယ်။အစားအသောက်နဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ နနွင်းကရတဲ့အဆီကို ရေမွှေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုပြီး နနွင်းပင်ရဲ့ သစ်စေးကိုတော့ အစားအသောက်တွေမှာ အနံ့အရသာနဲ့အရောင်ထွက် ကောင်းမွန်စေဖို့ အသုံးပြုကြတယ်လို့ သိရပါတယ်။နနွင်းဟာ Javanese turmeric အမြစ် (Curcuma zedoaria) နဲ့ မတူညီပါဘူး။နနွင်းက ခန္ဓါကိုယ်အတွက် ဘယ်လိုအလုပ် လုပ်သလဲ။နနွင်းမှာ ရောင်ရမ်းခြင်းကို လျော့ပါးသက်သာစေတဲ့ curcumin နဲ့ အခြားဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် နနွင်းဟာ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါအမျိုးမျိုးကို ကုသရာမှာ အသုံးဝင်တယ်လို့ သိရပေမယ့် ၎င်းရဲ့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်များ မပြုလုပ်ရသေးပါဘူး။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် ဆွေးနွေးပါ။သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။နနွင်းကို အသုံးမပြုခင်မှာဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။သာမန်ဆေးဝါးများ အသုံးပြုခြင်းထက်စာလျှင် အပင်မှရရှိသည့်ဆေးဝါးများ အသုံးပြုခြင်းက ကန့်သတ်ချက်ပိုနည်းပေမယ့် စိတ်ချရမှုအတိုင်းအတာကို အဆုံးအဖြတ်ပေးဖို့ လေ့လာစမ်းသပ်မှုများ ဆက်လက်ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ဆေးပင်အသုံးပြုခြင်းမှ ရရှိလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင့်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ တိုင်ပင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။နနွင်းဟာအသုံးပြုဖို့ စိတ်ချရရဲ့လား။နနွင်းကို သောက်ဆေး သို့မဟုတ် အရေပြားလိမ်းဆေးအဖြစ် ၈လအထိ စိတ်ချစွာအသုံးပြုနိုင်တယ်လို့ ယူဆထားပါတယ်။၎င်းကို ဝမ်းနှုတ်ဆေး သို့မဟုတ် ပလုတ်ကျင်းဆေးရည်အဖြစ် ရေတိုအသုံးပြုမယ်ဆိုရင်လည်း အန္တရာယ်ဖြစ်နိုင်ခြေနည်းပါတယ်။အထူးသတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်နေချိန်။ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်တွေမှာ နနွင်းကို အစားအသောက်တွေမှာ ပါဝင်နေကျပမာဏအတိုင်း စိတ်ချစွာစားသုံးနိုင်ပေမယ့် ကိုယ်ဝန်ဆောင်နေစဉ် ကာလတလျှောက်မှာတော့ သောက်ဆေးအဖြစ် အသုံးပြုဖို့ စိတ်မချရပါဘူး။ နနွင်းဟာ ဓမ္မတာလာခြင်းကို အားပေးပြီး သားအိမ်ကိုလှုံ့ဆော်မှုပေးတဲ့အတွက် ကိုယ်ဝန်ထိခိုက်နိုင်ချေ ရှိပါတယ်။ ဒါ့အပြင် ၎င်းကို ကလေးနို့တိုက်နေချိန်မှာ ဆေးအဖြစ်အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ သေသေချာချာ မသိရသေးတဲ့အတွက် အသုံးမပြုတာက သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။သည်းခြေပြဿနာများ။နနွင်းဟာ သည်းခြေပြဿနာတွေကို ပိုဆိုးစေနိုင်တဲ့အတွက် သင့်မှာ သည်းခြေကျောက်တည်နေရင်၊ သည်းခြေပြွန်ပိတ်ဆို့နေရင် နနွင်းအသုံးမပြုသင့်ပါဘူး။သွေးမတိတ်သည့်ရောဂါများ။နနွင်းဟာ သွေးခဲနှုန်းကို နှေးကွေးစေတဲ့အတွက် သွေးမတိတ်တဲ့ရောဂါ ရှိသူတွေမှာ အလွယ်တကူ အညိုမဲစွဲနိုင်ချေနဲ့ သွေးယိုနိုင်ချေ မြင့်စေပါတယ်။သွေးချိုဆီးချိုရောဂါ။နနွင်းမှာပါဝင်တဲ့ curcumin ဓါတ်ဟာ သွေးချိုဆီးချိုဝေဒနာရှင်တွေမှာ သွေးတွင်းသကြားဓါတ်ပမာဏကို အန္တရာယ်ရှိလောက်တဲ့အနေအထားအထိ ကျဆင်းစေနိုင်တဲ့အတွက် သတိနဲ့ယှဉ်ပြီး အသုံးပြုသင့်ပါတယ်။အစာအိမ်အက်ဆစ်များလျှံတက်ခြင်း (GERD)။နနွင်းဟာ အချို့လူတွေရဲ့ အစာအိမ်ကို ထိခိုက်စေနိုင်ပြီး GERD လို အစာအိမ်ပြဿနာတွေကို ပိုဆိုးရွားစေနိုင်ပါတယ်။ဟော်မုန်းနှင့်သက်ဆိုင်သည့် ရောဂါများ။နနွင်းမှာပါဝင်တဲ့ curcumin အမည်ရှိ ဓါတုပစ္စည်းမှာ အီစထရိုဂျင်ဟော်မုန်းနဲ့ အလားသဏ္ဍာန်တူတဲ့ အာနိသင်ရှိပါတယ်။ သီအိုရီအရပြောရရင် နနွင်းဟာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်တစ်ရှူးနေရာလွဲမှားခြင်း၊ သားအိမ်အလုံးတည်ခြင်း စတဲ့ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမယ့် အချို့သုတေသနတွေမှာ နနွင်းဟာ အချို့သော ကင်ဆာဆဲလ်တွေအပေါ် အီထစရိုဂျင်ရဲ့ သက်ရောက်မှုကို လျော့နည်းစေတယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်ကိုမူတည်ပြီး စဉ်းစားမယ်ဆိုရင်တော့ နနွင်းဟာ အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေအပေါ် ကောင်းကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သင်ဟာ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ ရောဂါတစ်ခုခု ခံစားနေရမယ်ဆိုရင်တော့ နနွင်းကို သတိနဲ့ယှဉ်ပြီး အသုံးပြုသင့်ပါတယ်။သန္ဓေမအောင်ခြင်း။နနွင်းသောက်သုံးတဲ့ အမျိုးသားတွေမှာ တက်စတိုစတီရုန်းဟော်မုန်း လျော့နည်းပြီး သုတ်ကောင်တွေရဲ့လှုပ်ရှားမှု အားနည်းလာနိုင်တဲ့ အလားအလာရှိတဲ့အတွက် သန္ဓေအောင်နိုင်ချေကို ကျဆင်းစေပါတယ်။ ဒါကြောင့် ကလေးယူဖို့ ကြိုးစားနေသူတွေအနေနဲ့ နနွင်းကို သတိထားပြီး သောက်သုံးဖို့ လိုအပ်ပါတယ်။သံဓါတ်ချို့တဲ့ခြင်း။နနွင်းကို ပမာဏအများအပြား သောက်သုံးရင် ခန္ဓါကိုယ်ရဲ့ သံဓါတ်စုပ်ယူမှု ထိခိုက်နိုင်တဲ့အတွက် သံဓါတ်ချို့တဲ့နေသူတွေ အထူးသတိပြုသင့်ပါတယ်။ခွဲစိတ်ကုသမှု။နနွင်းမှာ သွေးခဲမှုကို နှေးကွေးစေနိုင်တဲ့ အာနိသင်ရှိတဲ့အတွက် ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ်နဲ့ ပြုလုပ်ပြီးချိန်တွေမှာ သွေးယိုနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမပြုလုပ်ခင် ရက်သတ္တပတ် ၂ပတ်ခန့် ကြိုတင်ပြီး နနွင်းအသုံးပြုမှုကို ရပ်ထားဖို့ လိုပါလိမ့်မယ်။ဘေးထွက် ဆိုးကျိုးများ။နနွင်းကဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။နနွင်းကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်လေ့ဖြစ်ထနည်းပေမယ့် အချို့လူတွေမှာတော့ အောက်ဖော်ပြပါ လက္ခဏာတွေ ရှိလာနိုင်ပါတယ်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။သက်ရောက်ဓါတ်ပြုမှုများ။ဘယ်လိုဆေးဝါးတွေနဲ့ ကျန်းမာရေးအခြေအနေတွေကနနွင်းနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။နနွင်းဟာ သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးများ၊ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးအသုံးမပြုခင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။နနွင်းနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့ သွေးခဲမှုကို နှေးကွေးစေတဲ့ ဆေးဝါးများ။နနွင်းဟာ သွေးခဲမှုကို နှေးကွေးစေနိုင်တဲ့အတွက် ၎င်းကို asipirin, clopidogrel (Plavix), diclofenac (Voltaren, Cataflam), ibuprofen (Advil, Motrin), naproxen (Anaprox, Naproxyn), dalteparin (Fragmin), enoxaparin (Lovenox), heparin, warfarin (Coumadin) စတဲ့ အလားတူအစွမ်းသတ္တိရှိတဲ့ ဆေးဝါးတွေနဲ့ တွဲပြီးအသုံးပြုမယ်ဆိုရင် အလွယ်တကူ အညိုအမဲစွဲနိုင်ချေနဲ့ သွေးယိုနိုင်ခြေ မြင့်လာမှာဖြစ်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။အသုံးပြုရန်အညွှန်း။ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးပင်ပညာရှင်နှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။နနွင်းကို ပုံမှန်အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။အရွယ်ရောက်ပြီးသူများ။သောက်ဆေးအဖြစ် အသုံးပြုရန်။သို့မဟုတ် နနွင်းကထုတ်လုပ်တဲ့ C3 Complex, Sami Labs LTD ဆေးဝါးကို ငရုတ်ကောင်း (black pepper သို့မဟုတ် long pepper) နဲ့တွဲပြီး ရက်သတ္တပတ် ၄ပတ်အထိ နေ့စဉ်သောက်သုံးရန်။သို့မဟုတ် နနွင်းကထုတ်လုပ်တဲ့ Turmacin, Natural Remedies Pvt. Ltd. ဆေးဝါး ၅၀၀ မီလီဂရမ်ကို တစ်နေ့ ၂ကြိမ်၊ ရက်သတ္တပတ် ၆ပတ်အထိ နေ့စဉ်သောက်သုံးရန်။သို့မဟုတ် နနွင်းနဲ့ phosphatidylcholine ပါဝင်တဲ့ Meriva, Indena ဆေးဝါးကို တစ်နေ့ ၂ကြိမ်၊ ၂လမှ ၃လအထိ သောက်သုံးရန်။ကလေးငယ်များ။သောက်ဆေးအဖြစ် အသုံးပြုရန်။သွေးတွင်းကိုလက်စထရောပမာဏများခြင်းအတွက် – အသက် ၁၅နှစ်နှင့်အထက် ကလေးများတွင် နနွင်းဆေး ၁.၄ဂရမ်ကို တစ်နေ့ ၂ကြိမ်ခွဲပြီး ၃လအထိ နေ့စဉ်သောက်သုံးရန်။အသက်၊ ကျန်းမာရေး စတဲ့ လူတစ်ဦးချင်းစီရဲ့ အခြေအနေအပေါ်မူတည်ပြီး ဆေးသောက်သုံးရမယ့် ပမာဏ ကွဲပြားခြားနားနိုင်ပါတယ်။ အပင်ကထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ သုံးစွဲဖို့ အမြဲတစေစိတ်ချရတဲ့ အနေအထားမှာ မရှိတဲ့အတွက် သင်သောက်သုံးရမယ့် အတိုင်းအတာပမာဏကို သိရှိဖို့ သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။နနွင်းကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။နနွင်းကို အပေါ်ခွံပါဝင်တဲ့ ဆေးတောင့်၊ ဆေးမှုန့်၊ ဆေးရည်၊ လက်ဖက်ရည် ပုံစံများဖြင့် ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%94%e1%82%8f%e1%80%bc%e1%80%84%e1%80%b9%e1%80%b8/
ကိုဗစ်ကာကွယ်ဆေး နဲ့ မေးခွန်းများစွာ
ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရနေပြီဆိုတော့ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်လို့ သိချင်နေမယ့် မေးခွန်းတွေလည်း အများကြီးရှိ နေနိုင်ပါတယ်။ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိချင်နေလောက်မယ့်မေးခွန်းလေးတွေကို ဆောင်းပါးလေးထဲကနေတဆင့် ဖြေပေးလိုက်ပါတယ်။ဟုတ်။ ထိုးလို့ ရပါတယ်။ ကလေးက အသက် ၁၂ နှစ် နဲ့အထက် ဖြစ်မယ်ဆိုရင် Pfizerကာကွယ်ဆေး ထိုးလို့ ရပါပြီ။ ၁၂ နှစ်အောက်ကလေးတွေမှာရော ကာကွယ်ဆေးက ထိရောက်မှု ရှိမလားဆိုတာကို လိုအပ်တဲ့သုတေသနပြုမှုတွေ လုပ်ဆောင်နေပါတယ်။အခုထိ လုပ်ဆောင်ပြီးသမျှ လေ့လာမှုတွေအရကတော့  PfizerCOVID-19ကာကွယ်ဆေးက ကလေးတွေမှာလည်း စိတ်ချရပါတယ်။ ကာကွယ်ဆေး ဆိုတာမျိုးက လူတွေကို မထိုးပေးခင်မှာ အမျိုးမျိုးသော စမ်းသပ်မှုတွေကို လုပ်ဆောင်ထားပြီးသားပါ။ အမေရိကန်က ကလေး ၁ သန်းကျော်ဟာ ကာကွယ်ဆေး ထိုးနှံပြီးကြပြီဖြစ်ပါတယ်။ စိုးရိမ်လောက်တဲ့ လက္ခဏာ တစ်စုံတရာမှ တွေ့ရှိရတာမျိုး မရှိပါဘူး။အခြား ကာကွယ်ဆေးတွေလိုပဲ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ လက်မောင်းနာတာ၊ကိုယ်လက်တွေ ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊အဖျားတက်တာ၊ ခြေကုန်လက်ပမ်းကျတာလိုမျိုး သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကို တစ်ရက် ကနေ နှစ်ရက်လောက်အထိ ခံစားရနိုင်ပါတယ်။ဒါကကိုယ်ခံအားစနစ်က ကာကွယ်ဆေးကို တုံ့ပြန်နေတာဖြစ်ပြီးဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ လေ့ကျင့်နေတဲ့သဘောပါ။ နားလည်လွယ်အောင် ပြောပြရရင် ဆေးအောင်တာပါ။ စိုးရိမ်စရာ မလိုတဲ့ အခြေအနေပါ။ကိုဗစ် ကာကွယ်ဆေးထိုးလို့ ကိုဗစ် မဖြစ်ပါဘူး။ အခုထိလည်း ကာကွယ်ဆေး ထိုးလိုက်လို့ ကိုဗစ် ကူးစက်ခံလိုက်ရတဲ့သူရယ်လို့ မရှိသေးပါဘူး။ ကာကွယ်ဆေးမှာကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ တစ်စိတ်တစ်ပိုင်းသာ ပါဝင်တာဖြစ်တဲ့အတွက် ကာကွယ်ဆေးကနေ ကိုဗစ် ကူးစက်တာမျိုး မဖြစ်နိုင်ပါဘူး။ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မေမေတွေလည်း ကာကွယ်ဆေး ထိုးမယ်ဆို ထိုးလို့ရပါတယ်။ ကနဦး လေ့လာမှုအတွင်း ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကို ထည့်သွင်း လေ့လာခဲ့တာမျိုး မရှိပေမယ့် ကာကွယ်ဆေးရဲ့ လုပ်ဆောင်မှုအရ ကာကွယ်ဆေးက ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေအတွက်လည်း စိတ်ချရနိုင်ခြေ ရှိပါတယ်။ ဒီနေရာမှာ သတိထားရမယ့် တစ်ချက်က ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ပါ။ကိုဗစ် ကူးစက်ခံရဖူးတယ်ဆိုရင်တောင် ကာကွယ်ဆေး ထိုးဖို့က လိုအပ်ဦးမှာပါ။ ကိုဗစ် ကူးစက်ခံရပြီး သက်သာသွားချိန်မှာ ကာကွယ်ဆေး ထိုးတာကြောင့် ထိခိုက်တာမျိုးလည်း မရှိပါဘူး။ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့်ခန္ဓာကိုယ်မှာခုခံအားထွက်နေတယ်ဆိုပေမယ့်လည်း ခုခံအားက ဘယ်လောက်ထိပဲ ခံမယ်ဆိုတာ မသိနိုင်တာကြောင့် ကာကွယ်ဆေး ထိုးထားတာက အကောင်းဆုံး ပါပဲ။ရပါတယ်။ American Academy of Pediatrics (AAP) ကတော့ အသက် ၁၂ နှစ် နဲ့ အထက် ကလေးတွေကို နှစ်စဉ် ထိုးနေကျ ကာကွယ်ဆေးတွေနဲ့အတူ တစ်ချိန်တည်းမှာ ထိုးနှံလို့ရတယ်လို့ ထောက်ခံထားပါတယ်။ ဒါကြောင့် ကလေးက တုပ်ကွေးကာကွယ်ဆေး ထိုးထားလည်း ကိုဗစ် ကာကွယ်ဆေး ထိုးလို့ ရပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/questions-answers-about-vaccines/
လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ
ကျန်းမာရေးကောင်းတဲ့ အမျိုးသားတိုင်းအတွက် လိင်တံထောင်မတ် တယ်ဆိုတာ ပုံမှန်အခြေအနေ တစ်ရပ်ပါပဲ။ များသောအားဖြင့် လိင်တံထောင်မတ်လာတဲ့အခါ တစ်ကိုယ်ရေ အာသာဖြေလိုက်ရင် စိတ်ပေါ့ပါးပြီး ပြန်ပျော့ကျသွားတာပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး အာသာဖြေလို့ မရတဲ့ အခြေအနေမျိုး (ဥပမာ –လုပ်ငန်းခွင်ထဲမှာ၊ အသိမိတ်ဆွေတွေ၊ မိန်းကလေးတွေနဲ့ စကားပြောနေချိန်၊ လမ်းလျှောက်နေတဲ့အချိန်) မှာ ရုတ်တရက်ထောင်မတ်လာရင် ဘောင်းဘီကနေ ထိုးထိုးထောင်ထောင်နဲ့ ရှက်ကိုးရှက်ကန်း ဖြစ်ရသလို အများအမြင်မှာလည်း မသင့်တော်ဘူးလေ။ ဒီတော့ လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ဒီလိုအခြေအနေမျိုးကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်း ၆မျိုးကို အခုဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။၁။ အထိအတွေ့ကြောင့် လိင်စိတ်ထလာခြင်း (Reflexogenic)။၂။ လိင်ပိုင်းဆိုင်ရာ အတွေး၊ စိတ်ကူးတွေ ဝင်လာချိန်မှာ လိင်စိတ်ထကြွခြင်း (Psychogenic)။၃။ အိပ်နေချိန်မှာ လိင်စိတ်ထလာခြင်း (Nocturnal) အခြေအနေ ၃မျိုးကြောင့်လိင်တံထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။လိင်တံထောင်မတ် စေတဲ့ တာဝန်ကို အဓိကထမ်းဆောင်နေတာကတော့ testosterone လို့ ခေါ်တဲ့ ကျားဟော်မုန်းပါပဲ။ စတင်ထောင်မတ်ချိန်မှာ လိင်တံရဲ့ သွေးကြောထဲကို သွေးအနည်းငယ် စီးဆင်းလာတယ်။ ဒီကနေ လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်လာမယ်။ လိင်တံကြွက်သားတွေဟာ တဖြည်းဖြည်းနဲ့ တင်းမာလာပြီး လုံးဝထောင်မတ်တဲ့ အခြေအနေကို ရောက်ရှိပါတယ်။အိပ်ပျော်နေစဉ်မှာ ဘယ်လိုအတွေး၊ အိပ်မက်မှ မမက်ဘဲ လိင်တံထောင်မတ်တာမျိုးတွေဟာလည်း ပုံမှန်အခြေအနေတစ်ခုပါပဲ။ အမျိုးသားတစ်ယောက် ညဘက်အိပ်နေချိန်မှာ ၅ ကြိမ်ထိ သူ့အလိုလို လိင်တံထောင်မတ်မှုကို ဖြစ်စေပြီး တစ်ကြိမ်လျှင် မိနစ် ၃၀ခန့် ကြာမြင့်နိုင်ပါတယ်။တစ်ကိုယ်ရေ အာသာဖြေလို့ မရတဲ့ အချိန်မှာ ရုတ်တရက် လိင်တံထောင်မတ်လာပြီဆိုရင်။အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ ကိုယ်က စိတ်ပါလာလို့ မဟုတ်ဘဲ အောက်က ညီလေးက ဆန္ဒပြလာပြီဆိုရင် အကောင်းဆုံးက ထိုင်ချလိုက်ပါ။ အသက်ကို ဖြည်းဖြည်းချင်း ရှူပြီး စိတ်ကို တည်ငြိမ်စွာ ထားပေးရမှာပါ။ အချိန်အနည်းငယ်အတွင်းမှာ ပြန်ကျသွားပါလိမ့်မယ်။တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်နိုင်မှုကို ထိန်းချုပ်ပေးလို့ မလိုလားအပ်တဲ့ လိင်စိတ်ထစေတဲ့ အတွေးတွေ ဝင်မလာစေဖို့ ကူညီပေးနိုင်ပါတယ်။ ပီပီပြင်ပြင် ထိုင်နေဖို့ မလိုပါဘူး၊၊ အသက်ရှူသွင်း ရှူထုတ်တာကို ခဏလောက် အာရုံစိုက်ထားလိုက်ပါ၊၊။လိင်စိတ်ကို ဖြစ်စေမယ့် အတွေးတွေ ဝင်လာပြီဆိုရင် အကောင်းဆုံးကတော့ အလုပ်တစ်ခု ထလုပ်လိုက်တာပါပဲ။ ကိုယ့်ရဲ့ အတွေးအာရုံတွေကို တခြားနေရာမှာ အာရုံစိုက်လိုက်တာ၊ ဦးနှောက်နဲ့ သေချာစဉ်းစားရမယ့် အရာရာတစ်ခုခုကို လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ။ဥပမာ – လိင်တံရုတ်တရက်ထောင်မတ်လာချိန်မှာ မတ်တပ်ရပ်နေတာဆိုရင် အထဲထည့်ထားတဲ့ အင်္ကျီကို အပြင်ထုတ်ဝတ်တာဖြစ်စေ၊ ထိုင်လိုက်တာ၊ တစ်နေရာကို လမ်းထလျှောက်လိုက်တာမျိုး ပြုလုပ်ပေးလို့ ရပါတယ်။၅။ ရေချိုးပါ။ရေချိုးလိုက်တဲ့အခါ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေပြီး ကိုယ်ခန္ဓာက တင်းမာနေတဲ့ ကြွက်သားတွေသာမက ကိုယ့်ရဲ့ ဖွားဖက်တော် တင်းမာနေတာကိုပါ ပြေလျော့သွားစေပါတယ်။ အကယ်လို့ ကိုယ်က အပြင်မှာ ရောက်နေတာဆိုရင်လည်း လက်ဆေးလိုက်တာမျိုး၊ မျက်နှာသစ်လိုက်တာမျိုးကလည်း အဆင်ပြေပါတယ်။၆။ ညင်သာတဲ့ လေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။ဟိုနားဒီနား လမ်းထလျှောက်တာ၊ ထိုင်ထလုပ်တာ၊ ဇက်လေ့ကျင့်ခန်းလုပ်ပေးတာမျိုးနဲ့ ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒကို ထိန်းချုပ်ပေးလို့ရပါတယ်။ကျန်းမာတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့မှာ အကြိမ်ပေါင်းများစွာ လိင်တံထောင်မတ် တာဟာ စိုးရိမ်စရာ ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်း ၆ချက်ကို သေချာလိုက်လုပ်ပေးမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ရှက်စရာအခြေအနေတွေ ကြုံတွေ့နိုင်စရာမရှိတော့ဘူးပေါ့။ဒီလိုမှမဟုတ်ဘဲ ၄နာရီအထက်ကြာအောင် ထောင်မတ်မှုက ကျမသွားဘူးဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ရဲ့ လိင်အင်္ဂါမှာ ပြဿနာတစ်ခုခု ရှိ၊ မရှိကို စစ်ဆေးသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/how-to-deal-with-erection-in-public/
မိန်းမကိုယ်မှ အရည်ဆင်းခြင်း
မိန်းမကိုယ်မှ အရည်ဆင်းခြင်း အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အမျိုးသမီးတွေရဲ့မိန်းမကိုယ်ကထွက်တဲ့အရည်ဟာ မမျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ မိန်းမကိုယ်နဲ့သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေက ထုတ်လုပ်တဲ့အရည်ဟာ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးခြင်းအားဖြင့် မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးမွှားကူးစက်ခံရခြင်းရန်က ကာကွယ်ပေးပါတယ်။မိန်းမကိုယ်မှ အရည်ဆင်းခြင်း နဲ့ ပတ်သက်ပြီး သိထားဖို့ လိုမှာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။များသောအားဖြင့် မိန်းမကိုယ်မှ အရည်ဆင်းခြင်းဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ရာသီစက်ဝန်းအပေါ်မူတည်ပြီး ဆင်းတဲ့ အရည်ပမာဏ၊ အနံ့၊ အရောင် (အကြည်ရောင်မှ နို့ကဲ့သို့ အဖြူရောင်) ကွဲပြားနိုင်ပါတယ်။ သားဥကြွေချိန်၊ ကလေးနို့တိုက်နေချိန်နဲ့ ကာမဆန္ဒတက်ကြွနေချိန်တွေမှာ အရည်ဆင်းများနိုင်သလိုကိုယ်ဝန်ဆောင်ချိန်ဒါမှမဟုတ်တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုမစိုက်နိုင်ချိန်တွေမှာ ထွက်တဲ့အနံ့တွေဟာလည်း ကွဲပြားနိုင်ပါတယ်။ဒီပြောင်းလဲမှုတွေဟာ စိုးရိမ်စရာမရှိပေမယ့် မိန်းမကိုယ်ကဆင်းတဲ့ အရည်ရဲ့ အရောင်၊ အနံ့၊ အပျစ်အကျဲ စတာတွေ သိသိသာသာ ထူးခြားလာမယ်၊ တစ်ပြိုင်တည်းမှာပဲ မိန်းမကိုယ်ယားယံမယ်၊ ပူစပ်ပူလောင် ဖြစ်လာမယ်ဆိုရင်တော့ ဒါဟာ ပိုးဝင်ခြင်း သို့မဟုတ် အခြား ကျန်းမာရေးပြဿနာတစ်ခုခုကို ညွန်ပြနေတာ ဖြစ်ဖို့များပါတယ်။မိန်းမကိုယ်မှာ ပုံမှန်ရှိနေကျ ဘက်တီးရီးယားတွေ မျှခြေပျက်တဲ့အခါ မိန်းမကိုယ်အရည်ရဲ့ အနံ့၊ အရောင်၊ အပျစ်အကျဲ စတာတွေကို ပြောင်းလဲမှုဖြစ်စေပါတယ်။ ၎င်းအခြေအနေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့။ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ်အရည်များအကြောင်း အောက်ပါအတိုင်း ဆက်လက်လေ့လာနိုင်ပါတယ်။သွေးရောင် သို့မဟုတ် အညိုရောင်အရည်– ရာသီစက်ဝန်းမမှန်တဲ့လက္ခဏာ ဖြစ်နိုင်သလို တစ်ခါတရံမှာ သားအိမ်ခေါင်းနဲ့ သားအိမ်အတွင်းပိုင်းနံရံကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နေတတ်ပါတယ်။ မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်ကိုက်ခြင်း စတဲ့ လက္ခဏာတွေနဲ့တွဲပြီး ဖြစ်ပေါ်တတ်ပါတယ်။အရောင်မှိုင်းမှိုင်း သို့မဟုတ် အဝါရောင်အရည်– ဆီးပူညောင်းကျရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ရာသီလာချိန် တစ်ခုနဲ့တစ်ခုကြား သွေးဆင်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးစပ်ကိုက်ခြင်း စတဲ့ လက္ခဏာတွေနဲ့ ပူးတွဲဖြစ်ပေါ်တတ်ပါတယ်။အမြုပ်သဏ္ဍာန်၊ အဝါရောင် သို့မဟုတ် အစိမ်းရောင်၊ အနံ့ဆိုးဆိုးအရည်– Trichomoniasis ခေါ် ကပ်ပါးကောင်ကူးစက်ခံရမှုကြောင့်ဖြစ်ပြီး ဆီးသွားစဉ် နာကျင်ခြင်း၊ ယားယံခြင်းတို့ကိုပါ ခံစားရတတ်ပါတယ်။ပန်းရောင်အရည် –ကလေးမွေးပြီး သားအိမ်နံရံကြွေကျခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။အဖြူရောင်၊ စေးပျစ်ပျစ် အရည် –ကပ်ပါးမှိုကူးစက်ခံရခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ထူးထူးခြားခြား ငါးညှီနံ့ထွက်လေ့ရှိပြီး အဖြူရောင်မဟုတ်ဘဲ မီးခိုးရောင်၊ အဝါရောင်အရည်လဲ ဖြစ်နိုင်ပါတယ်။သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ကျန်းမာရေးရာဇဝင်နဲ့ ခန္ဓာကိုယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လက္ခဏာတွေအကြောင်း မေးမြန်းမှာဖြစ်တဲ့အတွက် အောက်ဖော်ပြပါမေးခွန်းတွေကို မျှော်လင့်ထားဖို့ လိုပါလိမ့်မယ်။အထက်ပါမေးခွန်းတွေ မေးမြန်းပြီးတဲ့အခါ ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်နိုင်ဖို့ မိန်းမကိုယ်အရည်နမူနာ ဒါမှမဟုတ် သားအိမ်ခေါင်းကဆဲလ်တွေကို နမူနာယူဖို့ လိုအပ်နိုင်ပါတယ်။မိန်းမကိုယ်အရည်ဆင်းစေတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုနည်းလမ်းတွေလည်း ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဥပမာ ကပ်ပါးမှို ကူးစက်ခံရခြင်းအတွက် မိန်းမကိုယ်အတွင်းပိုင်းကို မှိုသတ်ဆေးခရင်မ် သို့မဟုတ် ဂျယ်လ် လိမ်းပေးရမှာဖြစ်ပြီး ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးတောင့် သို့မဟုတ် ပိုးသတ်ဆေးခရင်မ် အသုံးပြုရမှာ ဖြစ်ပါတယ်။ Trichomoniasis ခေါ် ကပ်ပါးကောင်ကူးစက်ခံရခြင်းကိုတော့ metronidazole  သို့မဟုတ် tinidazole နဲ့ ကုသရမှာ ဖြစ်ပါတယ်။မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းစေတတ်တဲ့ ကူးစက်ရောဂါတွေရဲ့ရန်က ကာကွယ်နိုင်အောင် အောက်ပါအကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/v-disch/
မမျိုးပွားအင်္ဂါများ ရောင်ရမ်းသည့်ရောဂါ
လုံခြုံစိတ်ချရမှုမရှိတဲ့လိင်ဆက်ဆံမှုကတဆင့်သားဥပြွန်၊သားအိမ်နဲ့ သားဥအိမ်များကို ကလာမိုင်းဒီးယား သို့မဟုတ်ဆီးပူညောင်းကျရောဂါကူးစက်ခံရခြင်းကို မမျိုးပွားအင်္ဂါများ ရောင်းရမ်းသည့်ရောဂါ (Pelvic inflammatory disease/ PID) လို့ခေါ်ပါတယ်။ဒီရောဂါရှိသူတွေဟာ အပျော့စားကနေ အပြင်းစား ရောဂါလက္ခဏာတွေ ခံစားရနိုင်သလို ရောဂါလက္ခဏာ လုံးဝမပြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ဒီရောဂါရှိ၊မရှိ စောစော စမ်းသပ်စစ်ဆေးရှာဖွေခြင်းအားဖြင့် အဆိုပါပြဿနာတွေ ဖြစ်လာနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း၊ မမျိုးပွားအင်္ဂါများ စမ်းသပ်စစ်ဆေးခြင်း၊ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးခြင်း၊ သွေးနှင့်ဆီး ပိုးဝင်ခြင်းရှိမရှိ စစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုများ ပြုလုပ်ပြီး PID ရှိ၊ မရှိ ရှာဖွေအတည်ပြုနိုင်ပါတယ်။ အာလ်ထရာဆောင်း သို့မဟုတ် CAT (CT) scan ရိုက်ခြင်းအားဖြင့်လည်း မမျိုးပွားအင်္ဂါတွေရဲ့ အခြေအနေ၊ သားဥပြွန်နဲ့ သားဥအိမ်များ ပြည်တည်ခြင်း ရှိမရှိ၊ နေရာလွဲမှား သန္ဓေတည်ခြင်းရှိ၊ မရှိ သိရှိနိုင်ပါတယ်။PID ဖြစ်ရခြင်းရဲ့ အဓိကတရားခံဖြစ်တဲ့ ပိုးဝင်ခြင်းကို ကုသဖို့ ရက်သတ္တပတ် ၂ပတ်အထိ ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးရဖို့ရှိသလို မိမိသောက်ရမယ့် အကြိမ်ရေနဲ့ ဆေးပမာဏအတိုင်း မပျက်မကွက် အတိအကျသောက်သုံးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် PID ရောဂါရှိသူ အမျိုးသမီးတိုင်း ကုသမှုစတင်ပြီး ၂ရက် ၃ရက်အတွင်း အခြေအနေတိုးတက်မှုရှိမရှိ ပြန်လည်စစ်ဆေးမှုခံယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အဖျားတက်ခြင်း၊ အော့အန်ခြင်း၊ ဆေးသောက်ရုံနှင့် ရောဂါမသက်သာခြင်း၊ကိုယ်ဝန်ရှိခြင်းစတဲ့ အခြေအနေတွေမှာ ဆေးရုံတက်ကုသရမှာဖြစ်ပြီး မမျိုးပွားအင်္ဂါတွေ ပြည်တည်တဲ့အဆင့်ထိ ရောက်လာခဲ့ရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။PID သာမက လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရရှိမလာအောင် ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု အလေ့အကျင့်များကို လိုက်နာဆောင်ရွက်ဖို့နဲ့ လိင်ဆက်ဆံတဲ့ အဖော်အရေအတွက်ကို တတ်နိုင်သမျှ ကန့်သတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ရော သင့်အဖော်ပါ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး အဆိုပါရောဂါတွေရှိ၊မရှိ ပုံမှန်စစ်ဆေးဖို့ အလွန်အရေးကြီးကြောင်း အသိပေးလိုပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/pelvic-i-d-c-p/
မွေးရာပါ ပြာနှမ်းနှလုံးရောဂါကုသခြင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။
မွေးရာပါပြာနှမ်းခြင်း နှလုံးရောဂါ Tetralogy of Fallot ဆိုတာ ဖြစ်တဲ့သူ သိပ်မရှားလှတဲ့ရောဂါတစ်ခုပါ။ မွေးကင်းစကလေးအရွယ်တည်းက ဒီရောဂါရှိမရှိသိနိုင်ပြီး နာမည်အတိုင်း ဖြစ်တဲ့သူကအသက်ရှူရကြပ်တာ၊ နှုတ်ခမ်းတွေ၊ အသားအရေတွေနဲ့ လက်သည်းတွေပြာနှမ်းတဲ့ဝေဒနာကိုခံစားရလေ့ရှိပါတယ်။ ဒီတော့ ကိုယ့်ကလေးမှာ ဒီလို မွေးရာပါပြဿနာရှိနေခဲ့မယ်ဆိုရင်တော့ ခုပြောပြမယ့်မေးခွန်းတွေ မေမေတို့ခေါင်းထဲမှာ တန်းစီနေလိမ့်လို့ထင်ပါတယ် ။မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါကိုပြသဖို့ဆို ကလေးဆရာဝန် ( ဒါမှမဟုတ် )နှလုံးအထူးကု ဆရာဝန်ကို အဓိက ရွေးချယ်ရမှာ ဖြစ်ပါတယ်။အများစုကတော့ မျိုးရိုးမလိုက်တတ်ဘူးဆိုပေမယ့် ကံမကောင်းစွာနဲ့ ၁၅ ရာခိုင်နှုန်းကတော့ tetralogy of Fallot ရှိနေတဲ့ မိဘတွေဆီက မျိုးရိုးဗီဇက ကလေးတွေဆီ ရောက်သွားနိုင်ပါတယ်။နှလုံးဖြစ်နေတဲ့ ချို့ယွင်းချက် ပြဿနာ ၄ ခုစပ်ထားတာကြောင့် သေချာ ခွဲစိတ်ကုသမှု မခံယူရင် နောက်ပိုင်း ေအာက်ဆီဂျင်ကောင်းကောင်းမရတော့ဘဲ အသက်အန္တရယ်ထိခိုက်စေပါတယ်။ခွဲစိတ်ကုသပြီးတာနဲ့ tetralogy of Fallot နှလုံးရောဂါ ခံစားနေရတဲ့ ကလေးအများစုက သာမာန်အတိုင် ပြန်ဖြစ်သွားမှာပါ။ ဒါပေမယ့်ခွဲစိတ်ပြီးနောက်ပိုင်း ရက်ချိန်းမှန်မှန်ဆေးပြန်ပြဖို့၊ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ နှလုံပိုးဝင်ရောင်ရမ်းတာ မဖြစ်ဖို့အတွက်ေ ဆးမှန်မှန်သောက်ဖို့တွေအပြင်သွားနဲ့ခံတွင်းသန့်ရှင်းရေးမှန်မှန်လုပ်ပေးဖို့လိုအပ်ပါတယ်။နှလုံးဖွင့်ပြီးခွဲစိတ်တဲ့ ခွဲစိတ်မှုတွေမှာတော့ ရင်ဘတ်အလယ်နားလောက်မှာ အမာရွတ်တွေကျန်နေတတ်ပါတယ်။ နောက်ပြီး chest tube ရင်ဘတ်ပိုက်ဖောက်ထားတဲ့ အရှိန်နဲ့ အမာရွတ်အသေးလေးတွေ ကျန်နေတတ်ပါတယ်။ ဒီ အမာရွတ်တွေက ကလေးအများစုမှာ ပျောက်သွားတတ်တယ်ဆိုပေမယ့် အကုန်အရှင်းပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူး။ကိုယ့်ဆီမှာ tetralogy of Fallot နှလုံးရောဂါရှိတယ် ။ အိမ်ထောင်ကျသွားတော့ ကလေးယူချင်တယ်ဆိုရင် ကလေးယူမယ်လို့မဆုံးဖြတ်ခင်တည်းက ဆရာဝန်တွေနဲ့သေချာဆွေးနွေးသင့်ပါတယ်။ လိုအပ်တဲ့ နှလုံးစစ်ဆေးမှုတွေဖြစ်တဲ့ echocardiogram တို့MRIတို့ရိုက်ပြီး စစ်ဆေးရဦးမှာမို့လို့ပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/congenital-heart-disease/surgery-2/
မိန်းမကိုယ်ဘာကြောင့်နံသလဲ
မိန်းမကိုယ်ဘာကြောင့်နံသလဲ။မိန်းမကိုယ်ဟာ ဘယ်လိုအမွှေးနံသာ သုံးသည်ဖြစ်စေ နံနေတာ ကြုံရနိုင်ပါတယ်။အမျိုးသမီးအချို့ဟာ သဘာဝအရကို အနံ့ပြင်းများ ထုတ်လွှတ်တတ်ပြီး တချို့ကတော့ ဒီလိုမဟုတ်ကြပါဘူး။ ချွေးထွက်များခြင်း၊ အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း စတာတွေဟာ ဒီအစိတ်အပိုင်းတွေရဲ့ အနံ့ကို ယာယီ ပြောင်းလဲစေပါတယ်။ ဒါပေမယ့် မိန်းမကိုယ်မှာ ရနံ့တစ်ခုတော့ အမြဲရှိပါတယ်။ဒီလိုဆိုရင်တော့ မိန်းမကိုယ်ရဲ့ အနံ့ပြောင်းလဲခြင်းဟာ သာမန်ပြောင်းလဲမှုလား၊ ရောဂါကြောင့်လားဆိုတာ ခွဲခြားသိဖို့ လိုနေပါပြီ။ဓမ္မတာကာလပြီးဆုံးချိန် ဒါမှမဟုတ်သုတ်ရည်နဲ့ထိတွေ့ပြီးချိန်မှာ သတ္တုနံ့ရတတ်ပါတယ်။ နှစ်ခုစလုံးဟာ မိန်းမကိုယ်ထဲက pH ဓါတ်ကို ဘေ့စ်ဘက်ကို ပိုများစေပါတယ်။ ဒါကြောင့် အနံ့ပြောင်းခြင်း ဖြစ်ပါတယ်။ ကိစ္စ၂ခုလုံးဟာ ယာယီပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ အနံ့ပြောင်းတာ ကြာနေမယ်ဆိုရင်၊ ယားယံနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။ရမြဲအနံ့ထက် ပိုပြီးပြင်းရှရှရတဲ့ အကြောင်းကတော့ ချွေးအရမ်းထွက်ခြင်း၊ တင်းကြပ်တဲ့ အောက်ခံဘောင်းဘီ၊ ဓါတုဗေဒနည်းနဲ့ ထုတ်ထားတဲ့ ချည်နဲ့ ရက်လုပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဘောင်းဘီတွေကြပ်ပြီး လေဝင်လေထွက် မကောင်းရင် အနံ့ပိုပြင်း တတ်ပါတယ်။ အဲ့ဒီအခါ ဆပ်ပြာခပ်ပျော့ပျော့နဲ့ ဆေးပေးခြင်း၊ အောက်ခံအဝတ် မကြာခဏလဲပေးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီမယ့် ကိစ္စတွေတော့ မလုပ်ပါနဲ့။ကျန်းမာရေးသိပ်မကောင်းတဲ့အခါမျိုးမှာ ဒီအသုံးအနှုန်းနဲ့ သင့်တော်ပါတယ်။သိပ်ပြီးဆိုးတဲ့အနံ့ဆိုရင် မိန်းမကိုယ်မှာ ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ vaginosis နဲ့ trichomoniasis ဆိုပြီး ၂မျိုး ရှိပါတယ်။ vaginosis ကတော့ မိန်းမကိုယ်တွင်းမှာ ဘက်တီးရီးယား ဟန်ချက်မညီခြင်းနဲ့ ဆက်စပ်နေပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတော့မဟုတ်ပေမယ့် ဆက်ဆံဖော်အသစ်တွေ့တဲ့အခါ ပိုဖြစ်စေနိုင်ပါတယ်။မှိုပိုးဝင်ခြင်းတိုင်းမှာ အနံ့မရတတ်ပါဘူး။ တခြားလက္ခဏာတွေဖြစ်တဲ့အဖြူဆင်းခြင်း၊ ယားယံခြင်းတို့ကြုံမှ သတိထားမိတတ်ပါတယ်။ တခါတရံ ပေင်မုန့်နံလို ရတတ်ပေမယ့် မှိုနံ့ရတာမျိုးလည်း ရှိတတ်ပါတယ်။ အနံ့ရခြင်းတခုကပဲ မှိုပိုးဝင်ခြင်းကိုပြတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါပေမယ့် vaginosis ရောဂါဖြစ်ခြင်း၊ မိန်းမကိုယ်ကို ယားယံစေတဲ့ တခြားရောဂါပိုးဝင်ခြင်း စတာတွေနဲ့ ခွဲခြားနိုင်ပါတယ်။မိန်းမကိုယ်ကနေ ပုပ်တဲ့အနံ့ကို ရုတ်တရက် ဆိုးဆိုးရွားရွား ရလာရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပြီးခဲ့တဲ့ ဓမ္မတာကိစ္စအတွက် tampon သုံးပြီး မေ့ကျန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့သားဖွားမီးယပ်ဆရာဝန်ဟာ ကြာရှည်စွာ မေ့ထားခဲ့တဲ့ tampon ကို ထုတ်ယူပေးနိုင်တာကြောင့် ချိန်းဆိုပြသဖို့ မရှက်ပါနဲ့။အမျိုးသမီးတွေမှာ ပိုမိုရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေရှိပြီး အမြဲဂရုစိုက်ဖို့ မလွယ်ကူပါဘူး။ မိန်းမကိုယ်အနံ့ဟာ သန့်ရှင်းရေးကိစ္စကလွဲလို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ် ဆေးကြောဖို့ မမေ့ပါနဲ့။ အနံ့မပါတဲ့ ခပ်ပျော့ပျော့ ဆပ်ပြာကို သုံးပါ။ အိမ်သာဝင်ရင် ရှေ့ကနေနောက်ကို ဆေးကြောပါ။ ရေမချိုးဖြစ်ရင်တောင် အတွင်းခံကို နေ့စဉ်လဲပါ။မိန်းမကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားတာများရင် ဖြစ်တတ်ပါတယ်။ အရည်ဆင်းခြင်းဟာ ဒီပြဿနာရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ အနံ့လည်း ရတတ်ပါတယ်။ ဒီရောဂါကို မကုခင်မှာ တခြားရောဂါ အမျိုးအစားတွေ မဟုတ်ဘူးဆိုတာ သေချာစေရပါမယ်။ ကုသမှုမှာ မိန်းမကိုယ်လိမ်းတဲ့ ဂျယ်လ်အဆီများ၊ ပဋိဇီ၀ သောက်ဆေးများ ပါဝင်ပါတယ်။လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ကပ်ပါးပိုးကြောင့်ဖြစ်တတ်ပြီး အမျိုးသားများရော အမျိုးသမီးများမှာပါ တွေ့နိုင်ပါတယ်။ ရောဂါဖြစ်တိုင်းမှာ လက္ခဏာ မပြတတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ်က အရည်ဆင်းတာ၊ ဆီးသွားရင် အစိမ်းရောင်သမ်းပြီး အမြှုပ်တွေ ဖြစ်နေတာ၊ ဆီးသွားရင်ပူတာ၊ လိင်ဆက်ဆံစဉ် နာကျင်တာ၊ လိင်အင်္ဂါ ယားယံတာ စတာတွေ ရှိ၊မရှိ စစ်ဆေးရပါမယ်။ ရောဂါရှာဖွေခြင်းကတော့ စစ်ဆေးတဲ့နေရာမှာ ကပ်ပါးပိုး ရှိ၊မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး ကုသပြီးချိန်မှာလည်း ပြန်ဖြစ်တတ်ပါတယ်။Candida လို့ခေါ်တဲ့ မှိုကြောင့် ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ပူခြင်း၊ ရောင်ရမ်းခြင်း၊ ယားခြင်း၊ အရည်ဆင်းခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မိန်းမနဲ့ ယောက်ျားကြား ကူးစက်နိုင်ပါတယ်။ မှိုစွဲပျောက်စေတဲ့ဆေးတွေလိမ်းခြင်း၊ သောက်ခြင်းနဲ့ ကုသနိုင်ပါတယ်။Chlamydia နဲ့ Gonorrhea ၂မျိုးစလုံးဟာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်ပြီးမိန်းမကိုယ်မှာ အနံ့ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်ပိုင်းမြှ အလွယ်တကူ ကုသနိုင်ပေမယ့် သေချာမကုသရင် ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သူတို့ဟာ ရောဂါလက္ခဏာပြတာရှိသလို မပြဘဲလည်း ဖြစ်တတ်ပါတယ်။ ဆီးသွားစဉ် နာကျင်ခြင်း၊ ပြည်လို အရည်ဆင်းခြင်း စတာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီအခြေအနေ မဖြစ်အောင် လိင်မှုကိစ္စ ရှောင်ကြဉ်ခြင်း ဒါမှမဟုတ် ဆက်ဆံနေစဉ် အကာအကွယ်သုံးခြင်း စတာတွေ လိုက်နာရပါမယ်။ဒီရောဂါဟာလည်း လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့သားအိမ်၊ မျိုးဥအိမ်၊မျိုးဥပြွန်စတာတွေကို ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဖျားခြင်း၊ အရည်ဆင်းခြင်း၊ ဝမ်းဗိုက်နဲ့ ဆီးစပ်အောင့်ခြင်း၊လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး မကုသဘဲထားလိုက်ရင် ဆိုးရွားတဲ့ ကျန်းမာရေးပြသနာ ဥပမာ-မြုံခြင်း ဖြစ်နိုင်ပါတယ်။HPV ဗိုင်းရပ်စ်ပိုးဟာ သားအိမ်ကင်ဆာ ဖြစ်ပွားစေပါတယ်။ ဒီကင်ဆာဟာ သားအိမ်အောက်ပိုင်းမှာ ဖြစ်တတ်ပါတယ်။ ပိုဆိုးလာတဲ့ သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေကတော့ လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း၊ အနံ့ဆိုးသော အရည်များဆင်းခြင်း၊ ဆီးစပ်နာကျင်ခြင်း စတာတွေ ဖြစ်ပါတယ်။လိင်ဆက်ဆံဖော် အများကြီးရှိရင်၊ ငယ်ရွယ်စဉ်မှာ လိက်ဆက်ဆံရင်၊ ဆေးလိပ်သောက်ရင်၊ကိုယ်ခံအားကျဆင်းရင်၊ တခြား လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါရှိရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွာနိုင်ခြေ များပါတယ်။ကင်ဆာအဆင့်ပေါ် မူတည်ပြီး ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။မိန်းမကိုယ်မှာ ဖြစ်တတ်ပေမယ့် ရှားပါတယ်။ စောစီးစွာသိရင် အလွယ်တကူ ကုသနိုင်ပါတယ်။ ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ပိုဆိုးလာတဲ့အခါ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ဒီလက္ခဏာတွေရှိရင် ဆရာဝန်ပြသသင့်ပါတယ်။ ကင်ဆာ စတင်ဖြစ်ပေါ်တဲ့နေရာကို မူတည်ပြီးတော့ မိန်းမကိုယ်ကင်ဆာကို လေးမျိုးခွဲခြားနိုင်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်တဲ့ဆေးတွေ သုံးတာများရင်၊ လိင်ဆက်ဆံဖော်များရင်၊ ဆေးလိပ်သောက်ရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။မိန်းမကိုယ်ကင်ဆာလို့ ရောဂါအမည်တပ်လိုက်ပြီဆိုရင် ဆရာဝန်ဟာ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်နဲ့ အူမကြီးကို ဆက်တဲ့အပေါက် ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဝမ်းသွားတဲ့အခါ၊ လေလည်တဲ့အခါ မိန်းမကိုယ်ထဲကို ရောက်သွားတတ်ပါတယ်။ဒီရောဂါဟာ ကသိကအောက်နိုင်ပြီး ဆက်ဆံရေးပျက်ယွင်းခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်ကို ပြသဖို့ ခက်ပေမယ့် ခွဲစိတ်ဖို့ လိုအပ်တတ်တာမို့ ပြရပါမယ်။ဒီပြဿနာရဲ့ တခြားလက္ခဏာတွေကတော့ အနံ့ဆိုးတဲ့အရည်များ မိန်းမကိုယ်မှဆင်းခြင်း၊ မိန်းမကိုယ်နေရာမှနာခြင်း၊ မကြာခဏပြန်ဖြစ်ခြင်း၊ မိန်းမကိုယ်မှ ဝမ်းသွားခြင်း၊ လေလည်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Crohn ရောဂါ၊ ဆီးစပ်နေရာတွင် ကင်ဆာကုသခြင်း၊ ခွဲစိတ်ခြင်း စတာတွေဟာ ဒီအနာကို ဖြစ်ပေါ်စေပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/causes-vaginal-odour/
ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ
ကိုယ်ဝန်ရဖို့ ခက်နေမယ်ဆိုရင် ပထမဆုံးစိတ်ထဲမှာ ပေါ်လာတာကတော့ မျိုးအောင်ခြင်းဆိုင်ရာဆေးခန်းတွေကို သွားဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုသမှုမယူခင်မှာ စားသောက်မှုပုံစံပြောင်းလဲခြင်းကဲ့သို့သော လူနေမှုဘဝပုံစံပြောင်းလဲခြင်းများ ပြုလုပ်ကြည့်ဖို့ အကြံပြုပါတယ်။ အံသြစရာကောင်းတာက စားသောက်ခြင်းပုံစံက သုက်ပိုးကျန်းမာရေးအပေါ်မှာ ကြီးမားစွာ သက်ရောက်မှုရှိနေတာပါ။ ကဲ …. ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ လေးတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကျန်းမာသန်စွမ်းသော သုက်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်ပေးသင့်တာလေးတွေက။၁။ ကြက်ဥ။ကြက်ဥက သုက်ပိုး အရေအတွက်နဲ့ လှုပ်ရှားနိုင်မှုကို မြင့်တင်ပေးဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ဗီတာမင် အီးနဲ့ ပရိုတင်းဓါတ်တွေ ပြည့်ဝနေတဲ့ ကြက်ဥဟာ သုက်ပိုး အရေအတွက် ကျစေသောဓါတ်တိုးပစ္စည်းများ၏ အန္တရာယ်မှ ကာကွယ်ပေးပါတယ်။၂။ ဟင်းနုနွယ်။ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးတွေ ထုတ်လုပ်ဖို့ ဖောလစ်အက်စစ် လိုအပ်ပါတယ်။ ခန္ဓါကိုယ်က ဖောလစ်အက်စစ် အလုံအလောက် မရှိဘူးဆိုရင် ပုံသဏ္ဍာန်မမှန်တဲ့ သုက်ပိုးတွေကို ထုတ်လုပ်လာနိုင်ပါတယ်။ ယင်းသုက်ပိုးတွေဟာမမျိုးဥထံသို့ရောက်ရှိဖို့၊ ထိုးဖောက်ဝင်ရောက်ဖို့ စွမ်းအားမရှိပါဘူး။ ဒါ့အပြင် ပုံသဏ္ဍာန်မမှန်တဲ့ ကလေးမွေးနိုင်ခြေ ရာခိုင်နှုန်းလည်း များသွားပါတယ်။ ဖောလစ်အက်စစ်ရရှိဖို့ ဟင်းနုနွယ်နဲ့ အခြား အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များ စားသုံးပေးရပါမယ်။၃။ ငှက်ပျောသီး။ငှက်ပျောသီးမှာ သုက်ပိုး ထုတ်လုပ်မှုနဲ့ သုက်ပိုး ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးသော ဗီတာမင် အေ၊ ဘီ ၁ နဲ့ စီတို့ ပြည့်ဝစွာ ပါဝင်ပါတယ်။ ငှက်ပျောသီးတွင် ပါဝင်သော ရှားပါးအင်ဇိုင်း ဗရိုမယ်လိန်ကလည်း သုက်ပိုး အရေအတွက်နဲ့ လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ရပါတယ်။၄။ အနက်ရောင်ချောကလက်။ချောကလက်နက်မှာသုက်ရည်ပမာဏနဲ့ သုက်ပိုး အရေအတွက် မြင့်မားစေသော အမီနိုအက်ဆစ်တစ်မျိုးဖြစ်သည့် အယ်လ်အာဂျနင်းအိတ်ခ်ျစီအယ် ပါဝင်ပါတယ်။ ဒါ့အပြင် လူတော်တော်များက ချောကလက်နက်ဟာ လိင်ဆက်ဆံမှု ပြီးမြောက်ခြင်းကို ပိုမိုပြင်းထန်စေတယ်လို့ ယုံကြည်ကြပါတယ်။၁။ စည်သွတ်ဘူး အစားအစာများ။ပလတ်စတစ်ထုတ်ပိုး ပစ္စည်းများတွင် ပါဝင်သောဟော်မုန်းပျက်ပြားစေသည့် BPA ဒြပ်ပေါင်းက သုက်ပိုးများ မကျန်းမာခြင်းကို ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်ကြပါတယ်။ စည်သွတ်ဘူး အတွင်းပိုင်းတို့တွင် သုတ်ထားသော ရီဆင်ဒြပ်ပေါင်းမှာ BPA အများအပြားပါဝင်နေပါတယ်။ ဒါကြောင့် လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်များနှင့် ဖန်ပုလင်းထဲတွင် ထည့်ရောင်းသော အစားအစာများကို ရွေးဝယ်တာ အကောင်းဆုံးပါပဲ။၂။ အရက်။အရက်က သုက်ပိုး ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သိရပါတယ်။ ကလေးရဖို့ ခက်ခဲနေမယ်ဆိုရင်တော့အရက်သောက်ခြင်းကို ပြန်လည်ချင့်ချိန်ဖို့ လိုအပ်နေပါပြီ။ အရင်တုန်းက အရက်အလွန်အကျွံ သောက်ခဲ့ဖူးလား။ သောက်ခဲ့ဖူးမယ်ဆိုရင် မိမိကိုယ်ကို ပြန်လည်စီစစ်ပြောင်းလဲပါ။ အရက်ကို သင့်တော်တဲ့ ပမာဏနဲ့ သောက်မယ်ဆိုရင် မျိုးအောင်နိုင်စွမ်းကို ပြန်လည်ရရှိနိုင်ပါတယ်။၃။ ပြည့်ဝဆီများ။ပြည့်ဝဆီနဲ့ မပြည့်ဝခြင်းတစ်နေရာတည်းသာ ပါဝင်သည့် အဆီများ ( ဥပမာ စက်ရုံထုတ်အသားများ၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း) တို့က သုတ်ပိုး မကျန်းမာ မသန်စွမ်းခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ သင့်သုက်ပိုးများ ဘေးကင်းရန်အတွက် ထိုသို့သောအဆီများ ပါဝင်သည့် အစားအစာများ လျော့စားပေးပါ။ မပြည့်ဝခြင်း မြင့်မားသော အဆီများ အထူးသဖြင့်အိုမီဂါ ၆နဲ့ အိုမီဂါ ၃ အဆီတို့ကို ပြောင်းလဲစားသောက်ပေးပါ။ ထိုအဆီတို့ကို သစ်ကြားသီး၊ ချီယာစေ့နဲ့ အိုမီဂါ ၃အားဆေးများမှာ တွေ့နိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/food-to-increase-sperm-count/
မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ
ဒီတစ်ခေါက်တော့ ချစ်တင်းနှောချိန်မှာ ကြုံရတတ်တဲ့ အကြောင်းအရာလေး တစ်ခု ဖြစ်တဲ့ မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ ဆိုတာကို ပြောပြပေးသွားချင်ပါတယ်။မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်း နာကျင်ခြင်းနဲ့ နေရထိုင်ရခက်တာမျိုးတွေ ဖြစ်မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မွေးလမ်းကြောင်းဟာသေးလွန်းနေတယ်လို့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် အမှန်တရားက ဘယ်မွေးကြောင်းက လိင်ဆက်ဆံဖို့ အတွက် ကျပ်တယ်ဆိုတာ မရှိပါဘူး။ လိင်စိတ် မပြင်းထန်သေးတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ၃ လက်မကနေ ၄ လက်မ အထိ ရှည်ပါတယ်။ ဒီအတိုင်းအတာက လိင်တံတစ်ချို့နဲ့ Sex Toy တစ်ချို့ အတွက် ကျပ်ကောင်းကျပ်နေနိုင်ပေမဲ့ လိင်စိတ်တက်ကြွလာတဲ့ အခါမှာ မွေးလမ်းကြောင်းဟာ ပိုရှည်ပြီး ကျယ်လာပါတယ်။ဒါ့အပြင် လိင်စိတ်များပြားနေတဲ့ အချိန်မှာ မွေးလမ်းကြောင်းကနေ သဘာဝ ချောဆီတွေလည်း ထွက်လာတဲ့ အတွက် မွေးလမ်းကြောင်း ကျပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တကယ်တော့ မွေးလမ်းကြောင်း ကျပ်ပြီး လိင်ဆက်ဆံချိန်မှာ နာကျင်နေတယ်ဆိုတာ သင်ဟာ မြေစမ်းခရမ်းပျိုး အဆင့်လို့ခေါ်တဲ့ လိင်စိတ်ထကြွဖို့အတွက်လုပ်ဆောင်ရတဲ့အဆင့်ကို ကောင်းကောင်း မလုပ်ဆောင်ခဲ့ရသေးဘူးဆိုတာ ပြနေပါတယ်။ ဒါက မွေးလမ်းကြောင်းကျပ်တာ မဟုတ်ပါဘူး။ ဒါ့အပြင် လိင်ဆက်ဆံချိန် နာကျင်တယ်ဆိုတာ ကူးစက်ရောဂါ ခံစားနေရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ သန္ဓေသားဘဝမှာ ဖြစ်ပေါ်တဲ့ ပြဿနာများကြောင့် ဖြစ်ရတဲ့ မွေးရာပါ မူမမှန်မှုတွေကြောင့် ဖြစ်ရတာပါ။အသက်ကြီးလာတာနဲ့ အမျှ မွေးလမ်းကြောင်းကလည်း ပြောင်းလဲလာပါတယ်။ မွေးလမ်းကြောင်းဟာ လိင်ဆက်ဆံဖို့နဲ့ကလေးမွေးဖွားဖို့ အတွက် လုပ်ဆောင်ရတဲ့ အင်္ဂါတစ်ခု ဖြစ်တာကြောင့် ဒီဖြစ်ရပ် နှစ်ခုလုံးက မွေးလမ်းကြောင်းရဲ့ ပုံစံနဲ့ ကျပ်ခြင်း၊ ချောင်ခြင်းကို ပြောင်းလဲစေနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေ သိထားမယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရင် အမြန်ဆုံး သိလာမှာဖြစ်ပါတယ်။မွေးလမ်းကြောင်းဆိုတာ လိင်စိတ်ထကြွချိန်မှာ ပြန့်ကားပြီး ရှည်လာတတ်တဲ့ အင်္ဂါ တစ်ခုပါ။ လိင်စိတ်နှိုးဆွခံရတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ပိုရှည်လာပြီး သားအိမ်နဲ့ သားအိမ်ခေါင်းကို ခန္ဓါကိုယ် အတွင်းသို့ ပိုပြီး တွန်းပို့လိုက်ပါတယ်။ ဒီလိုတွန်းပို့လိုက်တာကြောင့် လိင်တံ ပဲ ဖြစ်ဖြစ်၊ Sex Toy ပဲ ဖြစ်ဖြစ် ဒီအရာတွေဟာ လိင်ဆက်ဆံချိန်မှာသားအိမ်ခေါင်းကိုထိပြီး နာကျင်တာမျိုးတွေ မဖြစ်စေနိုင်တော့နိုင်ပါဘူး။ ဒါ့အပြင် မွေးလမ်းကြောင်းဟာ သဘာဝ ချောဆီ တစ်မျိုးကိုလည်း စစ်ထုတ်ပေးတဲ့ အတွက် လိင်ဆက်ဆံချိန်မှာ နာကျင်မှုနဲ့ကျပ်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။အကယ်၍ လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်း ချောဆီက မထွက်လာဘူးဆိုရင် နာကျင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်းချောဆီထွက်ဖို့ဆိုရင် လုံလောက်တဲ့ မြေစမ်းခရမ်းပျိုး အဆင့် ( လိင်စိတ်ကို နှိုးဆော်တဲ့ အဆင့်)ရှိဖို့ လိုပြီး ဒီလို လိင်စိတ်ကို လှုံ့ဆော်ပေးတာတောင် ချောဆီက မထွက်ဘူးဆိုရင် ရေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီကို အသုံးပြုနိုင်ပါတယ်။ မွေးလမ်းကြောင်းလည်း ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုမို့လို့ ချို့ယွင်းတဲ့ အချိန်တွေရှိလာနိုင်ပြီး လိင်ဆက်ဆံချိန် နာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ လေ့လာချက်အရ အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့်ဟာ မွေးလမ်းကြောင်း ထိုးသွင်းလိင်ဆက်ဆံချိန်ကြရင် နာကျင်မှုကို ခံစားကြရကြောင်းဆိုပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံချိန်တိုင်း အမြဲနာကျင်နေမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွား ရောက်ပြသသင့်ပါတယ်။ကလေးမွေးဖွားတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ကလေးမွေးပေးဖို့ အတွက်ပိုကြီးပြီး ကျယ်ပြန့်လာနိုင်ပါတယ်။ ဒါပေမဲ့ မွေးဖွားပြီးချိန်မှာ မွေးလမ်းကြောင်းဟာ သူ့ပုံမှန် အရွယ်အစား ပြန်ဖြစ်သွားနိုင်ပါတယ်။ ဒီလို ပုံမှန်အရွယ်အစားအတိုင်းဖြစ်ဖို့ အချိန်တစ်ခုတော့စောင့်ရပြီး ချက်ခြင်းတော့ ပုံမှန်အတိုင်းဖြစ်သွားမှာမဟုတ်ပါဘူး။ မွေးလမ်းကြောင်းရဲ့ သဘာဝ အရွယ်အစားနဲ့ ကျုံ့နိုင်၊ ချဲ့နိုင်စွမ်းဟာ အသက်ကြီးလာတာနဲ့ အမျှ ပြောင်းလဲလာနိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ဒီပြောင်းလဲမှုတွေနဲ့ လိုက်လျောညီဖြစ်အာင် တင်ပါးဆုံအောက်ခြေ ကြွက်သားများ သန်မာအောင် လေ့ကျင့်တာမျိုးတွေ လုပ်သင့်ပါတယ်။မွေးလမ်းကြောင်းကို ကျပ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီအထဲက အများစုကို အလွယ်တကူကုသလို့ရပါတယ်။ အကြောင်းရင်းတွေကတော့-။လိင်စိတ် နှိုးဆော်တဲ့အချိန်မှာ ခန္ဓါကိုယ်ကနေ သဘာဝချောဆီထွက်ရှိလာမှာ ဖြစ်ပါတယ်။ လိင်စိတ်နှိုးဆော်ဖို့အတွက် မြေစမ်းခရမ်းပျိုးအဆင့်ကို အချိန်ပိုယူသင့်ပြီး မွေးလမ်းကြောင်းအစေ့ (Clitoris) ကိုလှုံ့ဆော်ခြင်းဖြင့်လည်း မွေးလမ်းကြောင်း ချောဆီထွက်နိုင်ပါတယ်။ ဒါပေမဲ့ လိင်စိတ်နှိုးဆော်ပြီးတဲ့ အချိန်မှာတောင် လိင်ဆက်ဆံခြင်းက နာကျင်နေမယ်ဆို ချောဆီများကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေဟာ မွေးလမ်းကြောင်းရဲ့ အရွယ်အစားနဲ့ အတိုင်းအတာကို မပြောင်းလဲစေနိုင်ပါဘူး။ ဒါပေမဲ့ STI တွေဟာ လိင်ဆက်ဆံချိန်မှာ ပိုပြီး နာကျင်စေနိုင်ပါတယ်။တင်ပါးဆုံ ဧရိယာတစ်ဝိုက်နဲ့လိင်အင်္ဂါများ ထိခိုက်ဒဏ်ရာ ရထားခြင်းက လိင်ဆက်ဆံရာမှာ ပိုပြီး နာကျင်စေနိုင်ပါတယ်။ ဒီလို ဒဏ်ရာမျိုးတွေရှိနေမယ်ဆိုရင် အပြည့်အဝ ပျောက်ကင်းသည်အထိ လိင်မှုကိစ္စတွေကနေ ရှောင်ဖို့လိုပါတယ်။သင်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံထားရမယ်ဆိုရင်လည်း သေသေချာချာ မကုသရသေးခင်အထိလိင်ဆက်ဆံခြင်းက သင့်အတွက် အမြဲခက်ခဲနေနိုင်ပါတယ်။တစ်ချို့သောအမျိုးသမီးတွေမှာ အရမ်းထူတဲ့ အပျိုမြှေးတွေ ရှိတတ်ကြပါတယ်။လိင်ဆက်ဆံချိန်မှာလိင်တံ (သို့မဟုတ်)Sex Toy က ဒီအပျိုမြှေးကိုသွားထိနိုင်ပြီး နာကျင်နိုင်ပါတယ်။အပျိုမြှေးက စုတ်ပြဲသွားမယ်ဆိုရင် လိင်ဆက်ဆံချိန် ထိတာနဲ့ နာကျင်စေနိုင်ပါတယ်။Vaginismus ဆိုတာဟာ မွေးလမ်းကြောင်းထဲ လိင်တံ (သို့မဟုတ်) မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရတဲ့ tampon တောင့်နဲ့ Sex Toy လို ပြင်ပ အရာတွေ ဝင်သွားတဲ့ အချိန်မှာ မွေးလမ်းကြောင်း ကြွက်သားတွေ ကြုံသွားတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ များသော အားဖြင့် စိတ်ရှုပ်ခြင်းနဲ့ အကြောက်တရားကြောင့် ဖြစ်တတ်ကြပြီး ဒီလိုအခြေအနေခံစားနေကြရတဲ့ အမျိုးသမီးတွေမှာ Tampon ထည့်သွင်းတဲ့အခါမျိုး တင်ပါးဆုံကျန်းမာရေး စစ်ဆေးတဲ့ အခါမျိုးမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒီဝေဒနာကို ကုသဖို့အတွက် ကုသမှု နည်းစနစ်တွေ များစွာပါဝင်ပြီး လိင်ပိုင်းဆိုင်ရာ ကုသမှု အပြင် စကားပြောဆိုပြီး ကုသရတဲ့ နည်းလမ်းတွေပါ ပါဝင်ပါတယ်။ပတ်ဝန်းကျင်မှာ ပြောလေ့ပြောထရှိတတ်တဲ့ စကားတွေကြောင့် သင်ဟာ မွေးလမ်းကြောင်းက အရမ်းချောင်နေမှာကို စိုးရိမ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဆိုတွေက မမှန်ပါဘူး။ ကလေးမွေးဖွားခြင်းဟာ မွေးလမ်းကြောင်းရဲ့သဘာဝအနေအထားအတိုင်း ကျပ်ခြင်းကို ပြောင်းလဲစေနိုင်တယ်ဆိုပေမဲ့ မွေးလမ်းကြောင်းက ကလေးမွေးဖွားပြီးသွားတာနဲ့ ပုံမှန်အချိန်ကို ပြန်ရောက်သွားနိုင်ပါတယ်။ ဒီလို အခြေအနေဟာ မူလအခြေအနေနဲ့ မတူတော့တာကို ခံစားရနိုင်ပေမဲ့ ပုံမှန်အတိုင်းမတင်းကျပ်တော့တာတော့ မဟုတ်ပါဘူး။ သင်ဟာ လတ်တလော မီးဖွားထားမယ်ဆိုရင် တင်ပါးဆုံအောက်ခြေ ကြွက်သားကို လေ့ကျင့်ပြီး မူရင်း ကြွက်သားသန်မာမှုကို ရအောင် လေ့ကျင့်လို့ရပါတယ်။ သန်မာတဲ့ တင်ပါးဆုံ အောက်ခြေ ကြွက်သားရှိခြင်းဟာ မွေးလမ်းကြောင်းရဲ့ ပုံစံကို ပြောင်းလဲစေမှာတော့ မဟုတ်ပေမဲ့မွေးလမ်းကြောင်းကို ပိုမို ထိန်းချုပ်လာနိုင်စေပြီး လိင်ဆက်ဆံမှုကို ပိုပြီးသာယာလာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တင်ပါးဆုံ ကြွက်သားသန်မာခြင်းဟာ မီးဖွားအပြီးမှာ ဖြစ်တတ်တဲ့ ဆီးထွက်ကျခြင်းကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလို တင်ပါးဆုံ ကြွက်သားတွေ သန်မာဖို့အတွက် လုပ်နိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ Kegel လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။Kegel လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အကောင်းဆုံးကတော့ ဆီးသွားနေတဲ့ အချိန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆီးသွားချိန်မှာ ဆိုရင် သင် ဘယ်ကြွက်သားကို ညှစ်နေလဲဆိုတာ သိနိုင်လို့ ဖြစ်ပါတယ်။ သင့်ရဲ့ ဆီးသွားမှု ပုံစံပြောင်းလဲသွားရင်သင်ဟာ မှန်ကန်တဲ့ တင်ပါးဆုံအောက်ခြေ ကြွက်သားနဲ့ လေ့ကျင့်နေတာ ဖြစ်ပြီးတော့ ဆီးသွားမှု ပုံစံမပြောင်းလဲသွားရင်တော့ သင်ဟာ မှန်ကန်တဲ့ ကြွက်သားကို မညှစ်နိုင်သေးဘူးလို့ ဆိုရမှာပါ။လေ့ကျင့်ရမယ့် ပုံစံကတော့ ဆီးသွားနေချိန်မှာ ဆီးသွားနေတာ ရပ်သွားအောင် တင်ပါးဆုံ ကြွက်သားများကို အသုံးပြီးပြီး ညှစ်လိုက်ပါ။ပထမဆုံး အကြိမ်မှာတော့ သင် ကောင်းကောင်း လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။ လုပ်ရမှာက တင်ပါးဆုံ အောက်ခြေ ကြွက်သွားတွေကို ညှစ်ပြီး စက္ကန့် အနည်းငယ်လောက် ဆီးအောင့်ထားလိုက်ပါ။ အဲ့နောက် ဆီးပြန်ထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ဆီးသွားတဲ့ အခါတိုင်း မလုပ်ပါနဲ့။ သင့်အနေနဲ့ ဘယ်ကြွက်သားကို တင်းကြပ်ရမလဲဆိုတာ မသိသေးခင်အထိ သာ လုပ်ပါ။ သင်အနေနဲ့ ဆီးသွားချိန်မှာ ဒီလိုလေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်လည်း ပုံမှန်အချိန်မှာ မွေးလမ်းကြောင်းထဲ လက်ချောင်း ၁ ချောင်း (သို့မဟုတ်) ၂ ချောင်းခန့်ထည့်ပြီး တင်ပါးဆုံ အောက်ခြေကြွက်သားများကို ညှစ်ကြည့်ပါ။ သင့်လက်ချောင်းကနေမွေးလမ်းကြောင်း အနည်းငယ်ကျပ်လာကြောင်းခံစားရတယ်ဆိုရင် သင်ဟာ ကြွက်သားများကို မှန်မှန်ကန်ကန် အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒီလို ညှစ်ရတဲ့ လေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ဆောင်ပါ။ လေ့ကျင့်ခန်း အရေအတွက်တော့ တစ်နေ့ကို ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ပါ။ တစ်ခြားလေ့ကျင့်ခန်းတွေလိုပဲ စိတ်ရှည်မယ်၊ ပုံမှန်လေ့ကျင့်နေမယ်ဆိုရင် သင့်အတွက်အကျိုးကျေးဇူး တွေကိုတွေ့လာမှာ ဖြစ်ပြီး နှစ်လမှ သုံးလအတွင်းမှာ လိင်ဆက်ဆံချိန် ခံစားမှု ပိုကောင်းမွန်လာတာကို တွေ့ရမှာဖြစ်ပါတယ်။သွေးဆုံးခြင်းက သင့်ရဲ့ မွေးလမ်းကြောင်းအပေါ် ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ အီစရိုဂျင် ပမာဏ နည်းသွားတာနဲ့ သင့်ရဲ့ သဘာဝချောဆီလည်း နည်းပါးသွားမှာ ဖြစ်ပြီး လိင်ဆံချိန်မှာ ပိုပြီး နာကျင်လာမှာ ဖြစ်ပါတယ်။ ဒီလို အခါမျိုးမှာ စတိုးဆိုင်တွေမှ ဝယ်ယူနိုင်တဲ့ ရေမှ ထုတ်လုပ်တဲ့ ချောဆီတွေကို အသုံးပြုနိုင်ပါတယ်။ မွေးလမ်းကြောင်းတစ်ရှုးဟာ ဒီအသက်အရွယ်ရောက်လာတာနဲ့ ပိုမို ပါးလာမှာ ဖြစ်ပါတယ်။ ဒီလို ပါးလာခြင်းကြောင်းမွေးလမ်းကြောင်းကမချောင်သွားပေမဲ့ လိင်ဆက်ဆံချိန်မှာ ခံစားရတဲ့ အထိအတွေ့ကတော့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။နိဂုံး။မွေးလမ်းကြောင်းတွေ အားလုံးဟာ တစ်ခုနဲ့ တစ်ခု လုံးဝမတူပါဘူး။ ဒါကြောင့် တစ်ခြားလူတစ်ယောက်ရဲ့ မွေးလမ်းကြောင်းနဲ့ သင်ရဲ့ မွေးလမ်းကြောင်းနဲ့ နှိုင်းယှဉ်ပြီး ပုံမှန် ဟုတ်၊ မဟုတ်ဆုံး ဖြတ်လို့ရမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ခန္ဓါကိုယ်ကို အသိဆုံးလူဟာသင်ကိုယ်တိုင်ပါ။ ဒါကြောင့် လိင်ဆက်ဆံချိန် တစ်ခုခု ထူးခြားနေမယ်ဆိုရင် ရပ်တန့်ပြီး ကုသဖို့ နည်းလမ်းကို ရှာဖွေသင့်ပါတယ်။ လိင်ကိစ္စဟာ မသက်မသာ ဖြစ်နေရမယ့် ကိစ္စတစ်ခုမဟုတ်တာကြောင့် လိင်ဆက်ဆံချိန်မှာ ကျပ်ခြင်းကြောင့် နာကျင်ခြင်းကို ခံစားရမယ်ဆိုရင် ကြိတ်မှိတ်သည်းမခံသင့်ပါဘူး။ ဒီလို ဖြစ်ရတဲ့ဝေဒနာတော်တော်များများဟာ အလွယ်တကူ ကုသလို့ရနိုင်ပါတယ်။ သင့်အနေနဲ့ လိင်ဆက်ဆံချိန် နာကျင်ခြင်း၊ သက်တောင့်သက်သာ မရှိခြင်းနဲ့ သွေးထွက်ခြင်းတို့ကို ကြုံရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/why-vagina-is-to-tight/
အသက်ရှည်ကျန်းမာချင်ရင် နွားနို့ပုံမှန်သောက်ပါ
သဘာဝကရတဲ့ နွားနို့ဟာ ကျွန်တော်တို့လူတွေရဲ့ ခန္ဓါကိုယ်အတွက် တော်တော်လည်း အကျိုးဖြစ်စေပြီး အာဟာရရှိတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် နေ့စဉ်မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရတွေထဲမှာ နွားနို့ကိုလည်း ထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ နွားနို့ဆိုတဲ့နေရာမှာ နွားကရတဲ့ နို့တစ်မျိုးတည်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဆိတ်နို့၊ သိုးနို့၊ပဲနို့၊ ဒိန်ချဉ် စတာတွေလည်း ပါဝင်ပါတယ်။ ဒီတော့ နွားနို့ကနေ ရနိုင်တဲ့ အာဟာရတန်ဖိုးနဲ့ ဘာကြောင့် တစ်နေ့ကို နွားနို့တစ်ခွက် အနည်းဆုံး သောက်ပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။နွားနို့တစ်ခွက်မှာ အဓိက ပရိုတင်းဓါတ်၊ အဆီဓါတ်နဲ့ကယ်လိုရီအများဆုံးပါဝင်ကြပီး ကယ်လ်စီယမ်ဓါတ်၊ ဗီတာမင် ဒီ၊ ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဇင့်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ အိုမီဂါ-၃ ငါးကြီးဆီ၊ ပိုတက်စီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်၊ ဆယ်လီနီယမ်ဓါတ်တွေလည်း ပါဝင်ပါတယ်။ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓါရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး ကြီးထွားဖွံ့ဖြိုးကာ အရပ်ရှည်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ကိုယ်တွင်းအင်္ဂါများ ပုံမှန်အလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ အနာကျက်မြန်စေတယ်။ ကြွက်သားထုကို တည်ဆောက်ပေးပြီး အရိုးအဆစ်တွေကို သန်မာစေဖို့ ကူညီပေးပါတယ်။ နွားနို့တစ်ခွက်မှာ အရည်အသွေးမြင့် ပရိုတင်းဓါတ် ၈ ဂရမ် ပါဝင်တာကြောင့် တစ်ခွက်သောက်ပေးရုံနဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓါတ် တော်တော်များများကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။အရည်ဖြစ်တာကြောင့် နွားနို့ကနေ ရတဲ့ကယ်စီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်၊ ဖော့စဖရပ်စ်ဓါတ်တွေကို ကိုယ်ခန္ဓါက ကောင်းစွာ စုပ်ယူနိုင်စေတယ်။ ဒီအာဟာရဓါတ်တွေကို အရိုးနဲ့ သွားမှာ သိုလှောင်ထားပြီး ကျန်းမာကြံ့ခိုင်စေတယ်။ တစ်နေ့ နွားနို့တစ်ခွက် သောက်ပေးမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရိုးပါးရောဂါတွေ၊ အရိုးအဆစ် အလွယ်တကူ မထိခိုက်၊ မကျိုးပဲ့စေဖို့ ကာကွယ်ပေးတယ်။ အမာစာတွေ စားလို့လည်း သွားကြွေလွှာပျက်စီးတာ၊ သွားကျိုးပဲ့တာ မဖြစ်စေပါဘူး။လူတိုင်းမှာ အသက်အရွယ်နဲ့ လိုက်တဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ပိန်တဲ့သူဆိုရင် ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်စေဖို့၊ ဝတဲ့သူတွေဆိုရင်လည်း ကိုယ်ခန္ဓါသွယ်လျစေဖို့ နွားနို့ပုံမှန်သောက်သင့်ပါတယ်။ နွားနို့သောက်ပြီးသွားတဲ့အခါ ဗိုက်ကို လုံးဝပြည့်သွားစေပြီး အစာထပ်စားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ နွားနို့သောက်ပြီးလေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ခွန်အားပြည့်စေပြီး ပိုအားစိုက်ထုတ်နိုင်စေတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ ကြွက်သားတွေကို အလျင်အမြန်ပြန်လည်တည်ဆောက်ပေးပြီး ကိုယ်ခန္ဓါမှာ အဆီတွေကို ဖယ်ရှားပေးကာ ကြွက်သားတွေနဲ့ ပြည့်နှက်စေပါတယ်။နွားနို့ဟာ နှလုံးကို ကျန်းမာစေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေပြီး အာရုံစူးစိုက်မှုအားကောင်းစေတယ်။ စိတ်ဖိစီးမှုကို ကျစေပြီး ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းတာကို သက်သာစေတယ်နော်။ ဒါပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတာကြောင့် နွားနို့ကို တစ်နေ့တစ်ခွက်လောက်သာ သောက်သင့်ပါတယ်။ အထူးသဖြင့် ဗိုက်အောင့်ဗိုက်နာတာမျိုး မဖြစ်စေဖို့ သဘာဝနွားနို့စစ်စစ်ကိုသာ သေချာကျိုချက်ပြီး သောက်ဖို့ အကြံပေးလိုက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9b%e1%80%84%e1%80%b9/
သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက်။ ။
သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက် ရှိပါတယ်။ ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။သင့်ကိုယ်ခန္ဓါမှာရှိတဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သင်မသိတာ ရှိရင် မေးဖို့ ဝန်လေးပြီး ရှက်မနေသင့်ပါဘူး။ တခြား နေမကောင်းတာသွားပြတဲ့ ဆရာဝန်ဆီမှာဆို ဝေဒနာတွေကို ရွှန်းရွှန်းဝေအောင်ပြောကြတယ်မလား။ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတို့သဘာဝ အတိုင်းမိန်းမကိုယ်နဲ့ ပတ်သက်လာရင် သူငယ်ချင်းကြားထဲမှာလည်းမပြော၊ အိမ်မှာလည်း မပြော၊ သားဖွားမီးယပ်ဆရာဝန်ဆီရောက်လည်း မေးလည်းမမေးရဲ ၊ ပြောရမှာလည်းရှက်၊ ပြဖို့လည်း ဝန်လေးနေကြပါတယ်။ ဒါကြောင့် မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတွေ နည်းရခြင်းဖြစ်ပါတယ်။ ဒါမျိုးတွေ ဖြစ်စရာမလိုပါဘူး။ ကိုယ်ဖြစ်နေတာတွေကို ကိုယ်ပြောမှ၊ မေးမှ ပြောပြမယ့်သူကလည်း သင်ဘာသိချင်တာ၊ ဘာပြောချင်တာတွေကို နားလည်မှာဖြစ်ပါတယ်။ ဒါကြောင့်သားဖွားမီးယပ်ဆရာဝန်ဆီရောက်ရင် သင်သိချင်နေတဲ့ ၊ မေးသင့်တဲ့ မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ မေးခွန်း ၅ ချက်လောက်ကို ရှက်မနေဘဲ ဆရာဝန်ဆီကနေ မေးလိုက်ပါ။ သင့်စိတ်ထဲ အမြဲ မတင်မကျ ဖြစ်နေတာ တွေ ရှင်းလင်းသွားမှာပါ။ ။သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက် ကတော့။၁။ မိန်းမကိုယ်ကကဆင်းတဲ့ အရည်တွေဟာ အနံ့ရှိတတ်လား။ ။မိန်းမကိုယ်ကနေအရည်ဆင်း၊ အချွဲဆင်းတယ်ဆိုတာ သဘာဝဖြစ်ပြီး သင်က ကလေးမွေးနိုင်တဲ့ အရွယ်ရောက်နေပြီ၊ သားဥကြွေနေပြီဆိုတာကို ပြောပြနေတာဖြစ်ပါတယ်။ ပြီးရင် မိန်းမကိုယ်တွင်းက pHနဲ့ အကျိုးပြု ဘက်တီးရီးယားတွေကြောင့် ဆင်းလာတဲ့ အရည်တွေက အနံ့ ရှိတတ်ပါတယ်။ ပုံမှန်ဖြစ်လို့ သင့်အနေနဲ့ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့်မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ဆိုးဆိုးဝါးဝါးနံနေမယ်၊ ပုပ်အဲ့အဲ့ အနံ့တွေ ဖြစ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ သတိထားရမယ့် အပိုင်းကို ရောက်လာပါပြီ။ မိန်းမကိုယ်တွင်းကို ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ လက္ခဏာဖြစ်လို့ပါ။ ပုံမှန်ထွက်တဲ့ အနံ့တွေဆိုရင် စိုးရိမ်စရာမရှိတဲ့ အပြင် သင့်အဖော်အတွက်ဆို ဆွဲဆောင်စရာ တစ်ခုလိုတောင်ဖြစ်နေဦးမှာပါ။၂။ မိန်းမကိုယ်ကနေ ဆင်းတဲ့ အရည်ပမာဏ ကဘယ်လောက်ရှိသင့်သလဲ။ ။မိန်းမကိုယ်ကနေ အရည်ဆင်းတယ်ဆိုတာ လူတိုင်း ပုံသေ ဘယ်လောက်ပဲဆင်းရမယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်၊ ဟော်မုန်းတွေနဲ့ အချိန်အခါပေါ်မူတည်ပြီးလည်း ကွဲပြားနိုင်ပါတယ်။ သာမန်ဆို အတွင်းခံ ဘောင်းဘီလေး စိုရုံလောက်သာ ဆင်းသင့်ပါတယ်။ ရာသီလာခါနီးမှာ ဟော်မုန်းတွေကြောင့် ပိုဆင်းနိုင်တာတွေလည်း ရှိပါတယ်။လိင်မှုကိစ္စ ဆောင်ရွက်ခါနီးရင်တော့ မိန်းမကိုယ်ကနေ အရည်တစ်မျိုးဆင်းလာတတ်ပြီး ပုံမှန်ထက် ပမာဏများတတ်ပါတယ်။ ဒါကတော့ ပုံမှန်ကိစ္စ ဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။ အဲလို အချိန်တွေက လွဲလို့ တခြား အချိန်တွေမှာမိန်းမကိုယ်က အရည်တွေ အရမ်းဆင်းနေပြီး အတွင်းခံ ဘောင်းဘီကိုပေါက်ကာ ထဘီတွေမှာပါ စိုတယ်ဆိုရင်တော့ စိုးရိမ်စရာ ရှိနေပါပြီ။မိန်းမကိုယ်ပိုးဝင်တာနဲ့ ဆက်စပ်နေလို့ပါ။၃။မိန်းမကိုယ်ယားတာက ပုံမှန်ပဲလား။ ။ကိုယ်ပေါ်က နေရာတစ်ခုခုမှာ ယားတယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ ဒါကြောင့် မိန်းမကိုယ်ယားတယ်ဆိုတာလည်း ပုံမှန် မဟုတ်တဲ့ ကိစ္စ တစ်ခုပါ။ မိန်းမကိုယ်ယားတယ်ဆိုတဲ့ အကြောင်းတွေမှာ ထိပ်ဆုံးကတော့ မိန်းမကိုယ်ပိုးဝင်တာဖြစ်ပါတယ်။ မိန်းမကိုယ်လည်းယားတယ်၊ အတွင်းခံဘောင်းဘီတွေမှာလည်း အဖြူဖတ်တွေ ကပ်နေသလိုမျိုးဖြစ်နေတယ်ဆို မိန်းမကိုယ်ပိုးဝင်တာသေချာသွားပါပြီ။ အသက်ကြီးလာလို့ မိန်းမကိုယ်ခြောက်ပြီးယားတာ၊ ဓါတ်မတည့်တာ တစ်ခုခုကြောင့်ယားတာတွေ၊ အတွင်းခံ မသန့်တာတွေကြောင့် လည်း ယားနိုင်ပါသေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိန်းမကိုယ်ယားပြီဆိုတည်းက ပုံမှန်မဟုတ်တာ တစ်ခုခုဖြစ်နေလို့ပါ။၄။ မိန်းမကိုယ်ဆိုတာ ဘယ်လိုပုံစံမျိုးရှိလဲ။ ။မိန်းမကိုယ်မှာ မအင်္ဂါစေ့(clitoris)၊ မိန်းမကိုယ်ဝ(vagina)၊ အပြင်နှုတ်ခမ်းသား( labia Majora)၊ အတွင်းနှုတ်ခမ်းသား ( labia Minora)ဆိုပြီး မျက်လုံးနဲ့ ကြည့်လို့ရတဲ့ အပြင်က အပိုင်းတွေပါပါတယ်။ အပြင်နှုတ်ခမ်းသားက ထူပြီး အတွင်းနှုတ်ခမ်းသားနဲ့ မအင်္ဂ ါစေံကို ဖုံးထားပေးပါတယ်။ အတွင်းနှုတ်ခမ်းသားကတော့ မိန်းမကိုယ်အဝကို ဖုံးထားပေးပါတယ်။ အတွင်းဘက်မှာဆိုရင်တော့ အပျိုစင် အမှေးပါး(hymen) ၊ မိန်းမကိုယ်ဝနဲ့ ဆက်နေတဲ့ ရှည်လျားပြီး ပြွန်သဏ္ဍန်ရှိတဲ့ မွေးလမ်ကြောင်းရှိပြီး သားအိမ်(uterus)နဲ့ သားဥအိမ်( ovaries) တို့ပါပါတယ်။၅။ မိန်းမကိုယ်အနားတစ်ဝိုက်မှာ ပေါက်တတ်တဲ့ အဖုတွေက ဘာတွေလဲ။ စိုးရိမ်ရလား။ ။မိန်းမကိုယ် အနားတစ်ဝိုက်မှာ အဖု ပေါက်လာတယ်၊ စမ်းမိတယ်ဆို မိန်းကလေးတိုင်း လန့်သွားတတ်ကြပါတယ်။ ဘာတွေဖြစ်ကုန်ပြီးလဲပေါ့။ ရောဂါတွေဘာတွေဖြစ်ကုန်ပြီလားပေါ့။ မိန်းမကိုယ်မှာ များသောအားဖြင့် ပေါက်တတ်တာက ကြွက်နို့်ပါ။ သူက အရေပြားပေါ်မှာ ပေါက်တာဖြစ်ပြီး မာမာခဲခဲလေးဖြစ်နေတတ်ပါတယ်။ ကြွက်နို့ပေါက်ရတာက လိင်ဆက်ဆံရာမှ တဆင့်ကူးစက်တတ်တဲ့ ပိုးဝင်တာကြောင့်ဖြစ်တာများပြီး စိုးရိမ်စရာရှိပါတယ်။ နောက်ဖြစ်တတ်တာ တစ်ခုကတော့ မိန်းမကိုယ်ဆေးရင်း နဲ့ အရေပြားအောက်မှာ အလုံးစမ်းမိတာဖြစ်ပါတယ်။ ဒါကလည်း ပိုးဝင်တာကြောင့် မိန်းမကိုယ်မှ ရှိတဲ့ ပိုးဝင်တာကိုကာကွယ်တဲ့ ပြန်ရည်ကြောအဖုလေးတွေက ပိုးကို ဖမ်းပြီး သတ်နေတဲ့ အတွက်ကြောင့် ရောင်ပြီးကြီးလာရတာဖြစ်ပြီး အရေပြားအောက်မှာ ပျော့ပျော့အခဲလေး စမ်းမိတတ်ပါတယ်။ဝက်ခြံလည်း မိန်းမကိုယ်မှာ တရံတစ်ခါ ပေါက်တတ်ပါတယ်။ သာမန်ဆို မိန်းမကိုယ်မှာ ဘာအဖုမှ ရှိမနေသင့်ပါဘူး။ဒါတွေကတော့ သားဖွား မီးယပ်ဆရာဝန်ဆီရောက်ရင် သင့်အနေနဲ့ ရှက်မနေဘဲ မေးကြည့်သင့်တဲ့ မေးခွန်း ၅ ချက်ဖြစ်ပါတယ်။ ဒါမှလည်း သင့်စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာတွေ ရှင်းသွားပြီး ရလာတဲ့ ဗဟုသုတတွေကို အခြားသူတွေကို ပြန်လည်ဝေမျှနိုင်မှာဖြစ်ပါတယ်။ ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/5-ques-about-vagina/
ကိုဗစ်ဖြစ်ပြီးရင် ရာသီထိမ် သွားတတ်သလား။
ကိုဗစ်ဖြစ်ပြီးရင် လူနာက ချောင်းဆိုးကျန်ခဲ့တယ်၊ မောတာ ကျန်ခဲ့တယ်၊ နုံးနေတုန်းပဲလို့ ပြောကြသလို အမျိုးသမီးတွေဆီကလည်း ကိုဗစ်ဖြစ်ပြီးတဲ့အချိန်မှာရာသီထိမ် သွားတယ်ဆိုတဲ့ ပြဿနာတွေ ပြန်ကြားရပါတယ်။ ကိုဗစ်က ရာသီကို ထိမ်စေနိုင်သလား။ကိုဗစ်နဲ့ ရာသီစက်ဝန်းနဲ့ တိုက်ရိုက် သက်ဆိုင်မှု ရှိမရှိဆိုတာကတော့ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ကိုဗစ်ကြောင့် ဖြစ်လာတဲ့စိတ်ဖိစီးမှုကတော့ ရာသီကို ထိမ်စေနိုင်ပါတယ်။ ကိုဗစ်ရောဂါ ခံစားနေရတဲ့ အမျိုးသမီးက သာမန်ထက်တော့ စိတ်ဖိစီးနေမှာ အမှန်ပါပဲ။ ဒီအခါမှာ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်တဲ့ ဦးနှောက်ထဲက hypothalamic pituitary adrenal (HPA) axis ကို သက်ရောက်မှု ရှိစေပါတယ်။စိတ်ဖိစီးနေတဲ့ အချိန်မှာ HPA axisကနေ ကော်တီစောဟော်မုန်းကို ထုတ်ပါတယ်။ တစ်ခါတလေမှ ထွက်ရင် ပြဿနာ မဟုတ်ပေမယ့် ခဏခဏ ထွက်နေမယ်။ အကြာကြီး ထွက်နေမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို ထိခိုက်မှု ရှိနိုင်ပါတယ်။ကိုဗစ်လိုမျိုး နာတာရှည် စိတ်ဖိစီးစေတဲ့ အကြောင်းရင်းကြောင့် HPA axis ကမောက်ကမ ဖြစ်ပြီး ရာသီလာတာကို ထိန်းချုပ်တဲ့အီစထရိုဂျင်နဲ့ပရိုဂျက်စတုန်းလျော့နည်းသွားပါတယ်။ ဒီတော့ ရာသီထိမ် တာ၊ မမှန်တာတွေ ဖြစ်လာပါတယ်။HPA axis လုံးဝရပ်သွားရင် ရာသီထိမ်သွားပြီး တော်တော်များများ ရပ်သွားရင်တော့ရာသီမမှန်တာ၊ သွေးဆင်းနည်းသွားတာ၊ နည်းနည်းနဲ့ ခဏခဏ ဆင်းနေတာတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်လို ဖြစ်သွားမလဲဆိုတာကတော့ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ကိုဗစ်ကာလအတွင်းမှာ အမျိုးသမီးတွေ အနေနဲ့။-ရာသီမမှန်တာ၊ လာလိုက်၊ မလာလိုက် ဖြစ်တာ။–တစ်လတည်း ၂ကြိမ်လာတာတွေ၊ ၂လမှ တစ်ကြိမ်လာတာတွေ ဖြစ်တာ။-ရာသီနည်းသွားတာ၊ များလားတာ။-ရာသီရက်တိုတာ၊ ရှည်တာ။-အတွင်းခံမှာ သွေးလေးစွန်းရုံလောက်လိုက် အကြာကြီး ဆင်းနေတာ၊ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာ စတာတွေ ကြုံရနိုင်ပါတယ်။ကိုဗစ်ဖြစ်နေတဲ့ သူမှ မဟုတ်ပါဘူး။ ဒီကပ်ရောဂါကာလမှာ အမျိုးသမီး တော်တော်များများက ရာသီမမှန်ဘူး။ ထိမ်သွားတဲ့ ပြဿနာ ကြုံရပါတယ်။ အကြောင်းရင်းတွေကတော့။ကိုဗစ်ကာလမှာ အရင်ကထက် ပိုပြီး စိတ်ဖိစီးစရာတွေက များလာပါတယ်။ ကိုဗစ် ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ လူမှုရေး ပြဿနာတွေ၊ စီးပွားရေး ပြဿနာတွေကြောင့် အမြဲလိုလို စိတ်ဖိစီးနေကြပါတယ်။ ကြာလာတော့ ရာသီစက်ဝန်းကို ထိခိုက်လာပါတယ်။ကိုဗစ်ဖြစ်သွားတာ၊ ကိုဗစ်ကြောင့် ချစ်ခင်ရသူတွေ ဆုံးရှုံးသွားတာမျိုး ရှိရင် ပိုဆိုးပါတယ်။ စိတ်ဖိစီးမှုတွေ ရုတ်တရက် တက်လာပြီး တစ်ခါတည်း ရာသီထိမ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ကိုဗစ်ကာလမှာ အိမ်ထဲမှာပဲ နေတာများတော့ လှုပ်ရှားမှု နည်းတာ၊ အထိုင်များတာ၊ အစားတွေ ပိုစားမိတာကြောင့် ဝိတ်တက်လာပါတယ်။ ဝိတ်တက်ပြီးအဝလွန်တာကလည်း ရာသီထိမ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ချက် ဖြစ်ပါတယ်။တစ်ခါ ကိုဗစ်ဖြစ်တော့လည်း အားရှိအောင် စားရမယ် ဆိုပြီး စားမိပြန်ရော။ ဒီတော့ အဝလွန်လာပြီး ရာသီထိမ်တာမျိုး ဖြစ်တတ်ပါတယ်။တချို့ကျတော့ ကိုဗစ်ဖြစ်ပြီးမှ ရာသီထိမ် သွားတာလည်း ရှိပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာPost Covid syndromeတွေထဲမှာ ရာသီထိမ်တာလည်း ပါပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်က ရာသီထိမ်စေတာလား ဒါမှမဟုတ် ကိုဗစ်ဖြစ်နေတုန်းက စိတ်ဖိစီးမှုတွေကြောင့်လားဆိုတာတော့ ပြောရခက်ပါတယ်။ ခုထက်ထိတော့ ကိုဗစ်ဗိုင်းရပ်စ်က ရာသီစက်ဝန်းကို တိုက်ရိုက် ထိခိုက်စေတာမျိုး မတွေ့ရသေးပါဘူး။အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက် ရာသီထိမ် ပြီဆိုရင် အရင်ဆုံး စဉ်းစားရမှာ ကိုယ်ဝန်ပါ။ ကိုဗစ်ကာလ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒါကို အရင်စဉ်းစားရမှာပါ။ ဆေးခန်းသွားပြလည်း ဒါပဲ အရင်စစ်မှာပါ။ အိမ်ထောင်ရှိတဲ့သူဆို ပိုပြီး သတိထားသင့်ပါတယ်။စစ်လိုက်လို့ မရှိဘူးဆိုရင်၊ တခြားလည်း ဘာလက္ခဏာမှ ထူးထူးခြားခြား မခံစားရဘူးဆိုရင် တစ်လ နှစ်လလောက် ရာသီထိမ်တာက ပြဿနာ မဟုတ်ပါဘူး။သွေးပေါ်ဆေးတွေ၊ အပုပ်ချဆေးတွေ၊ သွေးဆေးတွေ ဘာမှမလိုပါ။ ရာသီတစ်လ ၂လလောက် မလာလို့ ဘာမှမဖြစ်ပါ။ သွေးတွေလည်း စုမနေပါ။ ဆင်းစရာ သွေးမရှိလို့ မဆင်းတာပဲ ဖြစ်ပါတယ်။လုပ်သင့်တာက စိတ်ဖိစီးမှု လျှော့ချပါ။ ကိုယ့်စိတ်ကို သက်သာအောင် ထားပါ။ ဖြစ်တတ်တာက စိတ်ဖိစီးလို့ ရာသီထိမ်၊ ရာသီထိမ်တော့ ကြောက်လန့်ပြီး စိတ်ဖိစီး၊ တစ်ခါ စိတ်ဖိစီးတော့ ရာသီက မလာနဲ့ ပတ်ချာလည်နေတတ်ပါတယ်။ ဒါကြောင့် စိတ်ကို သက်သောင့်သက်သာ ထားပါ။အဝမလွန်အောင် ထိန်းပါ။ အထိုင်မများပါစေနဲ့။ လှုပ်လှုပ်ရှားရှားနေပါ။ အစားများများ စားတာထက် အာဟာရရှိတာတွေကို ဦးစားပေးစားပါ။၂လလောက် နေလို့မှ ရာသီပြန်မလာဘူး။ ကိုယ်ဝန်လည်း မရှိဘူးဆိုရင်တော့ တခြားရောဂါတစ်ခုခု ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပြီး လိုတာတွေ ဆက်စစ်ဆေးသင့်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-and-amenorrhoea/
သားသားမီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ကြမလဲ ........
ကမ္ဘာ့နိုင်ငံ တော်တော်များများမှာကိုဗစ်ရဲ့ အခုနောက်ဆုံး မျိုးဗီဇ ပြောင်းလဲထားတဲ့Omicron မျိုးစိတ်က ပြန့်နှံ့နေပါတယ်။ သူ့ရှေ့က ထွက်ရှိခဲ့တဲ့ မျိုးစိတ်တွေတုန်းကလည်း လူကြီးတွေရော ကလေးတွေမှာပါ ကူးစက်မှုတွေ ရှိခဲ့ပါတယ်။လူကြီး နဲ့ ကလေးတွေရဲ့ကိုယ်ခံအား တုံ့ပြန်ပုံချင်း ကွာခြားတာကြောင့် လက္ခဏာ ခံစားရတာတွေ။ရောဂါ ပြင်းထန်မှုတွေ ကွာခြားတာတော့ ရှိတာပေါ့။ ဒါဆို မိဘတွေအနေနဲ့ မေးစရာ ရှိနေနိုင်တာက အခုနောက်ဆုံး ထွက်ရှိလာတဲ့ Omicron  မျိုးစိတ်ကရော ကလေးတွေကို ကူးစက်နိုင်လား….. ကူးစက်ခံရရင်ရော ပိုပြီး ပြင်းထန်နိုင်လား။ ဆိုတာတွေ ဖြစ်မယ် ထင်ပါတယ်။သားသားမီးမီးတွေကိုကမ္ဘာ့ကပ်ရောဂါကိုဗစ်ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ ဗီဇပြောင်း မျိုးစိတ် Omicron အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။သားသားမီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ကြမလဲဆိုတာကို မပြောခင်မှာ Omicron အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ကိုဗစ် မျိုးစိတ်သစ်တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင် မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်ကSpike proteinအမျိုး ၃၀ ကျော်မှာ ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားတဲ့coronavirusမျိုးစိတ် B.1.1.529 ပါ။Alpha၊Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြားဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။ဒီအဖြေကို တိတိကျကျ မသိရသေးပေမယ့် ဒီဗိုင်းရပ်စ်ကလည်း ကိုဗစ်ဗိုင်းရပ်စ် အမျိုးအစား ဖြစ်တာကြောင့် ကလေးတွေကို ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ကလေးတွေကို အတတ်နိုင်ဆုံး ကာကွယ်ထားတာကတော့ အကောင်းဆုံးပါ။ဒီအဖြေကိုလည်း တိတိကျကျ မသိရသေးပါဘူး။ အခုထိ အဖြေရှာနေဆဲပါ။ ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတာကြောင့် အတိအကျ သိရဖို့ လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။ဒီမေးခွန်အတွက် အဖြေကလည်း အပေါ်မှာ ပြောခဲ့သလိုပဲ အတိအကျ ပြောနိုင်ဖို့ ခက်ပါတယ်။ကူးစက်နှုန်း ပိုမြန်လားဆိုတာကို သေသေချာချာ သိရှိဖို့ အချိန် ၂ ပတ်လောက်တော့ စောင့်ကြည့်လေ့လာရဦးမှာပါ။ဒီဗိုင်းရပ်စ်က မျိုးဗီဇ ပြောင်းလဲမှု များစွာ လုပ်ထားတဲ့အတွက် လူကြီး ကိုယ်ခံအားကိုတောင် ကောင်းကောင်း ရှောင်တိမ်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ဖွံ့ဖြိုးဆဲ ဖြစ်တဲ့ ဘေဘီလေးတွေမှာဆိုရင် ရောဂါ ကူးစက်နိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပြီးကိုယ်ခံအားက ခုခံနိုင်စွမ်းလည်း နည်းနိုင်ပါတယ်လို့ သုတေသီတွေက မှတ်ချက်ပြုထားကြပါတယ်။ ပိုတိကျအောင်တော့ ဆက်လက်လေ့လာရဦးမှာ ဖြစ်ပါတယ်။သားသားမီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဗိုင်းရပ်စ်နဲ့ ထိတွေ့မှုကို လျှော့ချဖို့ပါ။ ဒီတော့ Omicron ကူးစက်ခံရတာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။အခုပြောခဲ့တဲ့ အချက်လေးတွေကို သေချာ ဂရုစိုက် လုပ်ဆောင်ပေးပြီး သားသားမီးမီးတွေကို Omicron ကနေ ကာကွယ်ပေးလိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-covid-and-kids/
ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား
အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား သေးလားဆိုတာပါပဲ။ အရွယ်အစား ပုံမှန်ရှိတဲ့သူကလည်း ထပ်ပြီး ကြီးချင်ကြတယ်။ ပုံမှန်ထက် အနည်းငယ်ကြီးနေတဲ့အမျိုးသားတွေကလည်း ထပ်ပြီး ကြီးဖို့ ကြိုးစားကြတယ်။ အပြာရုပ်ရှင်တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ကိုယ့်အရွယ်အစားကို သေးတယ်လို့ မြင်လာကြတယ်။သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ မိန်းကလေးတွေကလည်း လိင်တံအရွယ်ကြီးမှ စိတ်ကျေနပ်မှု အပြည့်အဝရနိုင်မယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလိုက်ကြတာပေါ့။ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေရင် ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါ။အရှည်ဟာ ပျော့နေတဲ့အချိန်မှာ ၂.၈လက်မ မှ ၃.၉လက်မ (၇-၁၀ စင်တီမီတာ) ရှိပြီး မာနေတဲ့အချိန်မှာ ၄.၇လက်မ မှ ၆.၃လက်မ (၁၂-၁၆ စင်တီမီတာ) ရှိပြီး၊။လုံးပတ်အနေနဲ့ ပျော့နေရင် ၃.၅လက်မ မှ ၃.၉လက်မ (၉-၁၀ စင်တီမီတာ) ရှိပြီး ထောင်မတ်နေချိန်မှာ ၄.၇လက်မ (၁၂ စင်တီမီတာ) လုံးပတ်အရွယ်အစား ဆိုရင် ပုံမှန်အရွယ်အစားလို့ သတ်မှတ်နိုင်ပါတယ်။ ဒါတွေက ယေဘုယျသာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။လိင်တံအရွယ်အစားပျော့နေချိန်နဲ့ ထောင်မတ်နေချိန်ဟာ တိုက်ရိုက်အချိုးမကျဘူးလို့လည်း ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် ပျော့နေချိန်မှာ တော်တော်လေး သေးတယ်လို့ ထင်မှတ်ရတဲ့ လိင်တံဟာ ထောင်မတ်လာချိန်မှာ ပုံမှန်ထက် ပိုပြီး ကြီးလာနိုင်တာမျိုးလည်း ရှိပါတယ်။ပျော့ခွေနေတဲ့အချိန်မှာ အရှည်ဟာ ၁.၆လက်မ (၄ စင်တီမီတာ) ထက်နည်းနေပြီး ထောင်မတ်နေချိန်မှာ ၃လက်မ (၇.၅ စင်တီမီတာ) ထက် တိုနေရင် လိင်တံအရွယ်အစား သေးတယ်လို့ အကြမ်းအားဖြင့် ယူဆလို့ ရပါတယ်။အမျိုးသားတွေ ထင်နေသလို အမျိုးသမီးတွေဟာ လိင်တံအရွယ်အစား ကြီးမှ ကြိုက်နှစ်သက်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တမ်းကောက်ယူချက်အရ ၈၅ ရာခိုင်နှုန်းသော မိန်းကလေးတွေဟာ ကိုယ့်ချစ်သူ၊ ခင်ပွန်းရဲ့လိင်တံအရွယ်အစားမည်မျှပင်ရှိနေကာမူ စိတ်တိုင်းကျတယ်လို့ ဆိုထားပါတယ်။အံ့သြစရာကောင်းတာက လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ် အဖြစ်အများဆုံးသူတွေဟာ အမျိုးသားတွေကိုယ်တိုင် ဖြစ်နေတာပါပဲ။ ပုံမှန်အရွယ်အစား ရှိတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ဖွားဖက်တော်ကို သေးငယ်တယ်လို့ ထင်မှတ်ထားကြပါတယ်။ တကယ်တော့ အပေါ်က မိမိရဲ့ လိင်တံကို ငုံ့ကြည့်တာနဲ့ ဘေးဘက်၊ အရှေ့ကနေ ကြည့်တဲ့ ရှုထောင့်အမြင်ဟာ ကွာခြားနိုင်ပါတယ်။အမျိုးသမီးတွေဟာ အရွယ်အစားထက် လုံးပတ်ကိုတော့ ပိုသဘောကျတတ်ပြီး ကိုယ့်ချစ်သူရဲ့ ငယ်ပါ အရွယ်သေးငယ်မှုဆိုတာ သူတို့အတွက်တော့ သိပ်ပြီး မပြောပလောက်တဲ့ အသေးအဖွဲပြဿနာလို့ ဆိုထားပါတယ်။အပြာရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြည့်ခြင်းဟာ အမျိုးသားတွေရဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်အရွယ်အစားနဲ့ ပတ်သက်ပြီး သိမ်ငယ်စိတ်တွေ ဝင်လာစေနိုင်တဲ့အပြင် ရံဖန်ရံခါမှာ လိင်မှုကိစ္စ၊ အိမ်ထောင်ရေးမှာပါ ထိခိုက်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်၊ လူတွေအမြင်မှာကလည်း လိင်တံကြီးမှ ယောက်ျားပီသတယ်ဆိုတဲ့ ခေတ်အလွဲတွေ ရှိနေတော့ ပုံမှန်အရွယ်အစား ရှိရင်တောင် သေးသလိုလို၊ ယောက်ျားမပီသတော့သလိုလို၊ ကိုယ်ကပဲ လူစဉ်မမီတော့သလို သိမ်ငယ်စိတ်တွေ၊ စိတ်မလုံခြုံမှုတွေ ဖြစ်လာမယ်။ဈေးကွက်ထဲမှာကလည်း မကြာခဏဆိုသလို လိင်တံကြီးဆေး၊ ထွားဆေးဆိုပြီး ရောင်းတဲ့အခါ ပစ္စည်းရောက်ထွက်ဖို့ကို ဦးတည်ပြီး လိင်တံကြီးမှ အလုပ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေ ပေးပို့နေတာဆိုတော့ ပုရိသတွေအနေနဲ့ ကိုယ့်ရဲ့ မွေးရာပါ ဖွားဖက်တော်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာမှာပေါ့။တကယ်တော့ လိင်တံအရွယ်အစားဆိုတာ မွေးလာကတည်းက ဘုရားပေးတဲ့ ဆုပါပဲ။ ဈေးကွက်ထဲက ကြီးဆေး၊ ထွားဆေးတွေ၊ လိင်တံ ထောင်မတ်စေတဲ့ စက်ကိရိယာတွေ အမှန်တကယ်အလုပ်ဖြစ်တယ်ဆိုတာ ဘယ်ဆေးပညာဌာနမှလည်း အာမခံချက်မျိုး မရှိပါဘူး။နောက်ထပ်တစ်ချက်ကတော့ ဘဝဟာ ရုပ်ရှင်ထဲကလို ပုံပြင်ဇာတ်လမ်း မဆန်ဘူးဆိုတာပါပဲ။ အပြာရုပ်ရှင်တွေထဲမှာ မင်းသမီးတွေက လိင်တံကြီးတာကိုမှ သာယာတယ်၊ စိတ်တိုင်းကျတယ်ဆိုပြီးလိင်စိတ်ကို ထကြွစေဖို့ သက်သက် အမြင်ကို ဖြစ်စေပေမယ့် တကယ့်လက်တွေ့ဘဝ ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကတော့ ဒီလို ထင်ချင်မှ ထင်မှာပါ။ လိင်မှုကိစ္စမှာ ၂ဦး ၂ဖက် အပြည့်အဝ စိတ်တိုင်းကျဖို့၊ လိင်စိတ်ဆန္ဒ ပြီးမြောက်မှု ဖြစ်စေဖို့ ဒီ အရွယ်အစားဆိုတာကြီးက ထင်ထားသလောက် အရေးမပါပါဘူးဆိုတာကို ပုရိသတိုင်း သိထားသင့်တယ်နော်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/why-men-are-insecure-about-penis-size/
လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ
လိင်တံတွေရဲ့ ပုံစံအရွယ်အစား၊ အရောင်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီတော့ အမျိုးသား အများစုက သူတို့ရဲ့လိင်တံအရွယ်အစား၊ ပုံစံနဲ့ ပတ်သက်ပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒီလို စိုးရိမ်တတ်စေတဲ့အကြောင်းရင်းတွေထဲမှာ လက်သည်အများကြီးပါဝင်ပြီး ဒီလို လိင်တံသေးတယ်လို့ ထင်စေတဲ့အကြောင်းရင်းတွေရဲ့ ပထမတစ်ချက်က အမျိုးသားအများစုဟာ ပုံမှန်လိင်တံအရွယ်အစားက ဘယ်လိုလဲ ဆိုတာ မသိကြလို့ပါ။ ကဲ …. လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ က ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။နောက်တစ်ချက်ကတော့ အပြာကားတွေက ပေးတဲ့ အချက်အလက်အမှားတွေကြောင့် ဖြစ်ပါတယ်။အပြာကားထဲမှာ ပုံဖျက်ထားတဲ့ လိင်တံအရွယ်အစားတွေကြည့်ရင်း ယောက်ျားလေး အများစုက သူတို့ရဲ့ လိင်တံက သေးနေလွန်းတယ်လို့ ထင်တတ်ကြပါတယ်။နောက်တစ်ချက်က စိတ်ပိုင်းဆိုင်ရာ ဖြစ်ပြီး သာမန်လိင်တံအရွယ်အစားရှိတဲ့အမျိုးသားတွေက သူတို့တွေရဲ့ လိင်တံက အရမ်းသေးငယ်နေတယ်လို့ ထင်ကြတာ ဖြစ်ပါတယ်။ ဒါဟာ Penile dysmorphic disorder လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာ ဖြစ်ပြီး အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ လိင်တံအရွယ်အစားကို အလွန်အကျွံစိုးရိမ်နေကြတာ ဖြစ်ပါတယ်။ Penile dysmorphic disorder ကတော့ micropenis ဝေဒနာနဲ့ မတူဘဲ ပုံမှန်အရွယ်ရှိနေတဲ့ လိင်တံအရွယ်အစားကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ဒါ့ကြောင့် လိင်တံကသေးလွန်းနေတယ်လိုထင်ရင် ဒီဆောင်းပါးမှာ ဖော်ပြသွားမယ့် အချက်တွေကို လေ့လာဖတ်ရှုနိုင်ပါတယ်။လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ ကတော့။၁။ လိင်တံတစ်ခုရဲ့ ပျှမ်းမျှ အရှည်နဲ့လုံးပတ်က ဘယ်လောက်ရှိသလဲ။BJU International ဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရတော့ ပျော့ခွေနေတဲ့အချိန် လိင်တံရဲ့ ပျှမ်းမျှ အရှည်က ၃.၆ လက်မခန့်ရှိပြီး ဆွဲဆန့်ထားရင်တော့ ၅.၃ လက်မ ရှိပါတယ်။ ပျော့ခွေနေတဲ့အချိန် လိင်တံတစ်ခုရဲ့ လုံးပတ်ဟာ ၃.၇ လက်မခန့် ရှိတယ်လို့ဆိုထားပြီး ထောင်မတ်နေတဲ့အချိန်မှာတော့ လုံးပတ်ဟာ ၄.၆ လက်မခန့် ရှိတယ်လို့ဆိုထားပါတယ်။ ဒီလေ့လာချက်ကိုတော့ ဆရာဝန်တွေ လူနာတွေရဲ့ လိင်တံအရွယ်အစားအကြောင်း ဆွေးနွေးတဲ့အချိန်နဲ့ လိင်တံဆိုဒ်ကြောင့်ကွန်ဒုံးပေါက်ပြဲမှုတွေကြားဆွေးနွေးရာမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။လိင်တံအရွယ်အစားနဲ့ လုံးပတ်က ထင်နေကြသလောက် အိမ်ထောင်ဖက်အတွက် တကယ်အရေးပါရဲ့လား။ဒီမေးခွန်းရဲ့ အဖြေကတော့မှန်လည်းမှန်နိုင်သလို မှားလည်းမှားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာတစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်းက ကွဲပြားနိုင်လို့ပါပဲ။ တချို့သူတွေကတော့ ရှည်ပြီး လုံးပတ်ကြီးတဲ့လိင်တံတွေကိုနှစ်သက်ကြသလို တချို့အဖော်တွေကတော့ တိုပြီး လုံးပတ်သေးတဲ့ လိင်တံကို ပိုသဘောကြပါတယ်။ တကယ်အရေးကြီးဆုံးကတော့ ကိုယ်ရဲ့လိင်တံအရွယ်အစားကို ကိုယ်ကျေနပ်ဖို့ပါပဲ။ ကိုယ်လိင်တံရဲ့ အရွယ်အစားနဲ့ ပုံစံအပေါ် ကျေနပ်မှုရှိတတ်မယ်ဆိုရင် ဒီလို အခိုက်အတန့်မှာ ယုံကြည်မှု ရှိပြီးစွမ်းဆောင်မှုပိုကောင်းလာစေမှာ ဖြစ်ပါတယ်။လိင်မှုဘဝကို ပိုတိုးတက်အောင် ဘယ်လို လုပ်ကြမလဲ။ပုံစံအနေအထားနဲ့လိင်ဆက်ဆံမှုပုံစံက လိင်စိတ်ခံစားနိုင်စွမ်းနဲ့ သာယာမှုအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ပုံစံအနေအထား အမျိုးမျိုးပြောင်းလဲခြင်းက သင့်နဲ့ သင့်အဖော်ဖြစ်သူရဲ့လိင်မှုဘဝအပေါ် ကျေနပ်စွမ်းကို တိုးတက်စေနိုင်ပါတယ်။လိင်တံကြီးချင်ရင် လေစုပ်စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေလုပ်သင့်သလား။အမျိုးသားတိုင်း သူတို့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက်တော့ အနည်းငယ်ပိုကြီးစေချင်ကြတာပါပဲ။ ဒီအတွက်ကြောင့်လည်း တစ်ကမ္ဘာလုံးမှာသာမက မြန်မာနိုင်ငံမှာပါ လိင်တံကို ပိုကြီးစေတယ်ဆိုတဲ့ ဆေးနည်းတွေ၊ နည်းလမ်းတွေ ပေါင်းစုံရှိနေကြပါတယ်။ ဒါပေမဲ့ ပြဿနာက လိင်တံကြီးစေတယ်ဆိုတဲ့ နည်းလမ်းတွေအားလုံးနီးပါးက တကယ်အလုပ်မဖြစ်ပါဘူး။ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ လိင်တံရဲ့ ပျှမ်းမျှ အရှည်ဟာ ၅ လက်မကနေ ၆ လက်မ ကြားရှိပြီး လုံးပတ်ကတော့ ၄ လက်မ ကနေ ၅ လက်မကြားရှိပါတယ်။ ပျော့ခွေနေတဲ့အချိန်မှာတော့လိင်တံတွေအရွယ်အစားက ပိုသေးနိုင်ပါတယ်။ဒါပေမဲ့ တချို့ အမျိုးသားတွေကျတော့ ဆေးပညာအရ “micropenis” လို့ခေါ်တဲ့ လိင်တံတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ဟာ အင်မတန် ရှားပါးပြီး အမျိုးသား ဝ.၆ ရာခိုင်နှုန်းမှာသာ “micropenis” ဝေဒနာ ရှိကြပါတယ်။ “micropenis” ဟုတ်၊ မဟုတ်ဆိုတာ ဘယ်လိုသတ်မှတ်မလဲဆိုတော့ ဆန့်ပြီးတိုင်းတာရတဲ့ လိင်တံအရှည် ၃. ၆၆ လက်မနဲ့ အောက် ရှိနေရင် “micropenis” လို့ သတ်မှတ်လို့ရပါတယ်။“micropenis” ဝေဒနာဟာ ငယ်စဉ်က မျိုးရိုးဗီဇနဲ့ ဟော်မုန်း ပြဿနာတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး အသက်ကြီးလာတဲ့အချိန် ဆီးကျိတ်ကင်ဆာ ခွဲစိတ်မှုနဲ့ Peyronie’s disease လို့ခေါ်တဲ့ လိင်တံအတွင်း အမာရွတ်တစ်ရှူးတွေ ဖြစ်ပေါ်မှုကြောင့် ဖြစ်တဲ့ အမျိုးသားလိင်တံရောဂါတို့ကြောင့်လည်း လိင်တံသေးနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာချက်တွေအရ လိင်တံကြီးချင်နေတဲ့ အမျိုးသားတွေရဲ့ လိင်တံဟာ သာမန်အရွယ်အစားတွေဖြစ်ပြီး သူတို့တွေဟာ လိင်တံသေးနေတယ်လို့ ထင်နေကြတာ ဖြစ်ပါတယ်။အောက်မှာတော့ လိင်တံကြီးစေတယ်ဆိုပြီး ဆိုထားတဲ့ နည်းလမ်းတွေအကြောင်း အသေးစိတ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။၁။ လေစုပ်စက် (vacuum pump)။ဒီ Pump ကတော့ လေစုပ်ထုတ်ပေးတဲ့ ပစ္စည်း ဖြစ်ပြီး ဒီပစ္စည်းကို လိင်တံထဲကို စွပ်လိုက်ရင် လေဟာနယ်ကြောင့် သွေးတွေ လိင်တံတွင်းပိုဝင်လာပြီး။ထောင်မတ်လာစေကာ အနည်းငယ်ပိုကြီးလာစေတဲ့ ပစ္စည်း ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ လိင်တံကို သွေးထိန်းစည်း (tourniquet) တစ်ခုနဲ့ လိင်တံတွင်းက သွေးတွေ ပြန်မထွက်အောင် စည်းထားရပါတယ်။ဒါပေမဲ့ ဒီပစ္စည်းကြောင့် လိင်တံထောင်မတ်ပြီး ကြီးလာတာဟာ လိင်တံကို သွေးထိန်းစည်း (tourniquet) စွပ်ထားတဲ့အချိန်မှာသာ ထောင်မတ်နေမှာ ဖြစ်ပြီး ဒီပစ္စည်းကို မိနစ် ၂၀ ကနေ ၃၀ အထိ စွပ်ထားရင် တစ်ရှူးတွေကို ထိခိုက်နိုင်ပါတယ်။ ဒီပစ္စည်းဟာအမှန် ပန်းသေ၊ ပန်းညှိုးခြင်းအတွက် သုံးရတဲ့ပစ္စည်းဖြစ်ပြီး လိင်တံအရွယ်အစားကို တကယ်မကြီးလာစေနိုင်ပါဘူး။၂။ အလေးချိန်များနဲ့ လိင်တံကို ဆွဲထားခြင်း။လိင်တံက ကြွက်သားမဟုတ်တဲ့အတွက် အလေးချိန်တွေနဲ့ ဆွဲထားခြင်းက သိသိသာသာ ကြီးလာစေမှာ မဟုတ်ပါဘူး။ အလေးနဲ့ ပျော့ခွေနေတဲ့ လိင်တံကိုဆွဲထားခြင်းက အနည်းငယ်တော့ ရှည်လာစေနိုင်ပါတယ်။ဒါပေမဲ့ ဒီနည်းလမ်းကို လုပ်ဖို့က စိတ်ရှည်ဖို့ လိုပါတယ်။ ဒီနည်းလမ်းသုံးမယ်ဆိုရင် တစ်နေ့ ၈ နာရီလောက် ၆ လခန့်ဆက်တိုက် အလေးဆွဲထားမယ်ဆိုရင်တော့ လက်မဝက်လောက်ရှည်လာရင်တောင် ဒီနည်းလမ်းက အလုပ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကတော့ တစ်ရှူးတွေ ပေါက်ပြဲခြင်း၊ သွေးကြောတွေ ပေါက်ပြဲခြင်းနဲ့ တခြား ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။၃။ လိင်တံကြီးစေတယ်ဆိုတဲ့ ဆေးတွေ၊ အားဖြည့်စာတွေ၊ လိမ်းဆေးတွေနဲ့ ခရမ်တွေ။အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Beverly Hills မြို့ရှိ ဆီးလမ်းကြောင်းနဲ့ မျိုးပွား အင်္ဂါအထူးကု ဆရာဝန် Jennifer Berman ကတော့။“လိင်တံကြီးစေတယ်ဆိုတဲ့ ဆေးတွေ၊ အားဖြည့်စာတွေ၊ လိမ်းဆေးတွေနဲ့ ခရမ်တွေဟာ အလုပ်မဖြစ်ပါဘူး။ ကျွန်မ အနေနဲ့ ဒီပစ္စည်းတွေက အဓိပ္ပာယ်မရှိဘူးလို့ကို စိတ်ချလက်ချပြောနိုင်ပါတယ် ” လို့ဆိုပါတယ်။၄။လိင်တံကြီးစေနိုင်တဲ့ခွဲစိတ်မှုများ။ပုံမှန်အားဖြင့် လိင်တံကို ကြီးစေနိုင်တဲ့ ခွဲစိတ်မှု (၂) မျိုးရှိပါတယ်။ပထမတစ်ခုကတော့လိင်တံကို ရှည်စေတဲ့ ခွဲစိတ်မှုဖြစ်ပြီး လိင်တံကို ဆီးခုံရိုးနဲ့ ချိတ်ပေးထားတဲ့အရွတ်ကို ဖြတ်ပေးတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒီနည်းလမ်းက လိင်တံကို တစ်လက်မအောက်တော့ရှည်လာပါတယ်။ ဒါပေမဲ့ ဒီခွဲစိတ်မှုဟာ လိင်တံကို တကယ်ရှည်စေတာ မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းက လိင်တံကို အပြင်ထုတ်တဲ့နည်းသာ ဖြစ်ပါတယ်။လိင်တံ လုံးပတ်ကို ပိုကြီးစေတဲ့ ခွဲစိတ်မှု။လိင်တံသေးနေတယ်လို့ ထင်တဲ့အမျိုးသားတွေအတွက်ကတော့ လိင်တံ အတွင်း အဆီ၊ဆီလီကွန်နဲ့ တစ်ရှူးတွေကို ထည့်သွင်းတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက အမေရိကန် ဆီးလမ်းကြောင်းကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းက ဒီနည်းလမ်းတွေဟာ စိတ်မချရဘဲ လိင်တံရဲ့ အရှည်နဲ့ လုံးပတ်ကိုထိထိရောက်ရောက် မကြီးစေနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ဘယ်ကျန်းမာရေး အဖွဲ့အစည်းမှ ဒီခွဲစိတ်မှုတွေကို ခွင့်မပြုထားဘဲ ဒီခွဲစိတ်မှုတွေဟာ ကူးစက်ရောဂါတွေ၊ နာဗ်ကြောထိခိုက်မှုတွေ၊ လိင်ခံစားမှု လျော့ကျသွားတာတွေနဲ့ လိင်တံ မထောင်မတ်နိုင်တော့တာမျိုးတွေအထိ ဖြစ်စေနိုင်ပြီး ပိုဆိုးတာက ခွဲစိတ်မှုကြောင့် အမာရွတ်ဖြစ်သွားပြီး ရှိရင်းစွဲ လိင်တံအရှည်ထက်တောင် ပိုသေးသွားတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။လိင်တံလုံးပတ်ကို ကြီးစေနိုင်တဲ့ ခွဲစိတ်မှုတွေက ပိုအန္တရာယ်များပြီး လိင်တံတွင်း အဖုအထစ်တွေကို ဖြစ်စေနိုင်ပါတယ်။ လေ့လာချက်တွေအရလည်း ဒီလိုခွဲစိတ်မှုတွေကို လုပ်ခဲ့တဲ့ အမျိုးသား ၄၂ ယောက်မှာ ၃၅ ယောက်သာ ရလာဒ်ကို ကျေနပ်တယ်လို့ ဆိုပြီး တစ်ဝက်ခန့်ကတော့ ခွဲစိတ်မှု ထပ်လုပ်ကြတယ်လို့ ဆိုပါတယ်။ဒါ့ကြောင့်ကိုယ့်လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဒီနည်းလမ်းတွေ စမ်းကြည့်မယ့်အစား ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေနဲ့ တကယ်ထိရောက်မှု ရှိရဲ့လားဆိုတာကို အရင်တိုင်ပင်သင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/things-you-need-to-know-about-penis-size/
Omicron Variant ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ......
ကိုဗစ် ဖြစ်ပွားခဲ့တာမြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ (၂) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီလို (၂) နှစ် ပြည့်တော့မယ့်အချိန်မှာကာကွယ်ဆေးတွေလည်း ထုတ်လုပ်နိုင်ခဲ့သလိုကိုဗစ်ဗိုင်းရပ်စ်ကလည်း ဗီဇ အဆင့်ဆင့် ပြောင်းလဲခဲ့ပါတယ်။ကာကွယ်ဆေးတွေကို လူအများစု ထိုးနှံပြီးတာကြောင့် ကိုဗစ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အနည်းငယ် လျော့ကျလာဖွယ်ရှိသလို လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်တော့မယ်လို့ မျှော်လင့်နေချိန်မှာပဲ ကိုဗစ်ဗိုင်းရပ်စ်က နိုဝင်ဘာ လကုန်ပိုင်းလောက်မှာမျိုးဗီဇ ပြောင်းလဲပြီး Omicron ဆိုတဲ့ နာမည်နဲ့ နိုင်ငံ အတော်များများမှာ ကူးစက် ဖြစ်ပွားမှုတွေ စတင်ခဲ့ပြီပဲ ဖြစ်ပါတယ်။Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ကိုဗစ် မျိုးစိတ်သစ်တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင် မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်က ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားပြီးSpike proteinအမျိုး ၃၀ ကျော် ပါဝင်နေတဲ့coronavirusမျိုးစိတ် B.1.1.529 ပါ။Alpha၊Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြားဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။အခုထိတော့ ဒီ Omicron မျိုးစိတ်ကြောင့် ကိုဗစ်ကို အရင်တုန်းက မျိုးစိတ်တွေ ကူးစက်ခံရတာထက် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်လားဆိုတာကို အတိအကျ မသိရသေးပါဘူး။အခုထိတော့ တောင်အာဖရိကဒေသတွေမှာ ရောဂါ ကူးစက်မှုကြောင့် ဆေးရုံ တက်ရောက်ကုသမှု ခံယူနေရသူ တော်တော်များပါတယ်။ ဒီလို ကူးစက်ခံရသူတွေထဲမှာ အသက် ၂၀ ဝန်းကျင်တွေ တော်တော်လေးများပါတယ်။ အကြောင်းကတော့ တောင်အာဖရိက လူဦးရေရဲ့ ၆ ရာခိုင်နှုန်းကပဲ အသက် ၆၅ နှစ် အထက်တွေ ဖြစ်နေတာကြောင့်ပါ။ဒီလို ခံစားရတဲ့ လူငယ်တွေမှာ  ပြင်းပြင်းထန်ထန် ခံစားရတာ မရှိပေမယ့် သက်ကြီးပိုင်းတွေမှာတော့ ပြင်းထန်နိုင်မလာဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ အခုထိတော့ ဒီမျိုးစိတ် ကူးစက်ခံရရင်ရောဂါ လက္ခဏာပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်လားဆိုတာကိုတော့ အတိအကျ ပြောဖို့ စောဦးမှာပါ။Omicron မျိုးစိတ်မှာ spike protein များစွာ ပါဝင်နေတာကြောင့် လက်ရှိ ကာကွယ်ဆေးတွေကကိုယ်ခံအားအနေနဲ့ ကိုဗစ်ဗိုင်းရပ်စ်ကို သိရှိအောင် လုပ်ဆောင်ပေးနိုင်စွမ်း နည်းနေနိုင်ပါတယ်။ ဒါကြောင့် ထိရောက်မှု ကျနိုင်မလားဆိုတာကို သုတေသီတွေလည်း စိုးရိမ်နေကြပါတယ်။အခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Omicron variant ကူးစက်ခံရသူတွေမှာ လက္ခဏာ မပြတာမျိုး ရှိနိုင်သလို မြင်နေကျ မဟုတ်တဲ့ လက္ခဏာတွေကိုလည်း တွေ့ရှိရပါတယ်။ Delta ကူးစက်ခံရတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့လည်း ကွာခြားနေတာမျိုး ရှိပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။လက်ရှိအထိ တွေ့ရှိထားရတဲ့ လက္ခဏာတွေကတော့ Omicron variant ကူးစက်ခံရသူတွေမှာ။ကိုဗစ်ဆိုတာ ခန္ဓာကိုယ်မှာ ကူးစက်ခံရပြီဆိုကတည်းက ထိခိုက်မှုတွေရှိနိုင်တာကြောင့် ကာကွယ်မှု နည်းလမ်းတွေကို သေချာလေး လိုက်နာဖို့ ပြောပါရစေ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/symptoms-of-omicron-variant/
သင့်ကလေးမှာ စိတ်ကူးယဉ်သူငယ်ချင်းတယောက်ရှိနေပြီဆိုရင် ဘာလုပ်မလဲ
မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေဟာ မမြင်ရတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနေတာ ဒါမှမဟုတ် ဆော့ကစားနေတာမျိုးကို။တွေ့ဖူးကြမှာပါ။ ဒါဟာ ပုံမှန်မဟုတ်တဲ့အတွက် မိဘတွေအနေနဲ့ စိုးရိမ်မှုတွေရှိမှာဖြစ်သလို ဒါဟာဘာဖြစ်တာများလဲလို့ သိချင်ကြမှာလည်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့လည်း မစိုးရိမ်ပါနဲ့။ သင့်ဘေဘီလေးအနေနဲ့ စိတ်ကူးယဉ်သူငယ်ချင်းတယောက် ရနေတာလည်း ဖြစ်နေနိုင်ပါတယ်။အသက်နှစ်နှစ်ခွဲအရွယ် ကလေးလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေ ရှိတတ်ကြတယ်လို့လေ့လာမှုတခုက ဆိုပါတယ်။ ဒါဟာလက်တွေ့ဘဝကို ကျော်လွန်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတရပ်ဖြစ်တယ်လို့ပြောလေ့ရှိကြပါတယ်။ ကလေးတွေရဲ့ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေဟာ သူတို့လေးတွေသိတဲ့ သူတယောက်ယောက် ဒါမှမဟုတ် ပုံပြင်ထဲ၊ တီဗီထဲက ဇာတ်ကောင်တယောက်ယောက် ဖြစ်နိုင်သလို လုံးဝစိတ်ကူးယဉ်ဖန်တီးထားတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုစိတ်ကူးယဉ်သူငယ်ချင်းရှိခြင်းဟာ ကလေးတွေအပေါ်ဘယ်လိုလွှမ်းမိုးမှုရှိစေနိုင်သလဲဆိုတာကိုတော့ ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူတွေက ဆွေးနွေးလေ့လာနေကြဆဲ ဖြစ်ပါတယ်။ တချို့တွေက ဒါဟာဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတခုလို့ယူဆကြသလို တချို့တွေကျပြန်တော့လည်း ဒါဟာကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့သဘာဝမျှသာလို့ပြောကြပြန်ပါတယ်။ကလေးတွေက ဘာလို့စိတ်ကူးယဉ်သူငယ်ချင်းတွေကိုဖန်တီးရတာလဲ။ အကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။ သင်ညတိုင်း ဖတ်ပြလေ့ရှိတဲ့ အိပ်ယာဝင်ပုံပြင်တွေဟာ သူတို့လေးတွေရဲ့ နူးညံ့အပြစ်ကင်းစင်လှတဲ့ စိတ်အပေါ်အများကြီးလွှမ်းမိုးမှုရှိစေပါတယ်။ ဒါကြောင့် ကလေးတွေဟာသူတို့ပုံပြင်ထဲကတဆင့်သိခဲ့ရတဲ့ နတ်သမီး၊ နတ်သားလေးတွေ၊ ဟယ်ရီပေါ်တာလို စုန်းကဝေလေးတွေ၊ ဖရိုဒိုလို hobbit လေးတွေ၊သူရဲကောင်းတွေ၊ စွမ်းအားရှင်တွေကို အပြင်မှာတကယ်ရှိနေတယ်လို့ ယုံကြည်လာပြီးသူတို့လေးတွေရဲ့သူငယ်ချင်းအဖြစ် ဖန်တီးလာပါတော့တယ်။ တခါတလေကျပြန်တော့လည်း သင့်ရင်သွေးလေးဟာ အထီးကျန်ပြီးခံစားချက်လေးတွေရှိနေတဲ့အခါ သူတို့မှာရင်ဖွင့်ဖို့၊ စကားပြောဖို့အဖော်လိုအပ်လာပါတယ်။ ဒီလိုနဲ့သူတို့လေးတွေ စိတ်အားငယ်ချိန်မှာ အားပေးနှစ်သိမ့်ပေးနိုင်သလို ပြောသမျှကိုလည်း နားထောင်ပေးမယ့်စိတ်ကူးယဉ်သူငယ်ချင်းလေးတယောက်ထွက်ပေါ်လာပါတယ်။စိတ်ကူးယဉ်သူငယ်ချင်းဟာ ကလေးတွေရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အလိုကျမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်အားငယ်မှု၊ သူတို့လေးတွေရဲ့အကြိုက်အစရှိတဲ့ကလေးတွေရဲ့ အတွင်းစိတ်ကို ထင်ဟပ်စေပါတယ်။ လေ့လာမှုအများအပြားအရစိတ်ကူးယဉ်သူငယ်ချင်းတွေနဲ့ စကားပြောလေ့ရှိတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ဘာသာစကားစွမ်းရည် ပိုမိုတိုးတက်လာသလို အသိပညာဗဟုသုတ ရယူနိုင်စွမ်းလည်း ပိုမိုလျင်မြန်မြင့်မားတယ်လို့သိရပါတယ်။ဒီတော့ ကောက်ချက်ချနိုင်တာကသင့်ကလေးမှာစိတ်ကူးယဉ်ကမ္ဘာထဲက သူငယ်ချင်းတွေရှိနေပြီဆိုရင် သူတို့လေးတွေအနေနဲ့စိန်ခေါ်မှုတွေ၊အဆင်မပြေမှုတွေ(ဥပမာ- ပတ်ဝန်းကျင်အသစ်နဲ့နေသားကျအောင် နေနေရတာမျိုး)နဲ့ရင်ဆိုင်နေရတာကြောင့် ဖြစ်ဖို့များပါတယ်။သင့်အနေနဲ့ကလေးမှာစိတ်ကူးယဉ်သူငယ်ချင်းရှိနေတယ်ဆိုတာကို လက်ခံသင့်ပါတယ်။ တကယ်လို့သင့်အနေနဲ့လက်မခံဘဲနေမယ်ဆိုရင် ဒီအခြေအနေဟာ ဖြစ်သင့်တာထက် ပိုပြီးကြာသွားပါလိမ့်မယ်။ ဒီတော့ သင့်အနေနဲ့လုပ်သင့်တာကသူတို့လေးတွေရဲ့ စိတ်ကူးယဉ်မှုကိုလက်ခံပေးပြီး စောင့်ကြည့်နေဖို့ပါ။ မကြာခင်မှာ သူတို့ဒီအကြောင်းကို မေ့သွားပါလိမ့်မယ်။ ဒါ့အပြင် သင့်အနေနဲ့ဒီအခြေအနေကိုအသုံးချပြီး သင့်ကလေးရဲ့စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်ပါသေးတယ်။ စိတ်ကူးယဉ်သူငယ်ချင်းလေးအတွက် လုပ်ပေးတယ်ဆိုပြီး နိစ္စဓူဝလုပ်ရမယ့်တချို့လွယ်ကူတဲ့တာဝန်လေးတွေကို ခိုင်းပေးပါ (အိပ်ရာသိမ်းခိုင်းတာစသဖြင့်ပေါ့)။တကယ်လို့သင့်ကလေးအနေနဲ့စိတ်ကူးယဉ်သူငယ်ချင်းနဲ့ပဲ တချိန်လုံးစကားပြောနေတယ်ဆိုရင်တော့ ရင်သွေးလေးဘာတွေတွေးနေလဲဆိုတာ သိအောင်လုပ်ပါ။ သားသားမီးမီးတို့ဘာတွေးနေလဲဆိုတာပဲ သိချင်တာဖြစ်ပြီး သူငယ်ချင်းဘာတွေးနေလဲ သိချင်တာမဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းပြောပြပါ။ တခါတလေ သင့်ကလေးအနေနဲ့သူတို့အခန်းကို ပွရှုပ်ဗြောင်းဆန်နေအောင်လုပ်ထားပြီး မမြင်ရတဲ့သူငယ်ချင်းကိုအပြစ်ပုံချမယ်ဆိုရင် စိတ်မဆိုးပါနဲ့၊ ဒေါသတကြီးမဆူပါနဲ့။ အဲ့ဒီလိုလုပ်မယ့်အစား “သားသား/မီးမီးရဲ့သူငယ်ချင်းဟာ အခန်းကိုရှင်းပေးနိုင်မှာမဟုတ်တဲ့အတွက် ကိုယ့်ဖာသာရှင်းရမယ်” ဆိုတဲ့အကြောင်းကို နားဝင်အောင်ပြောပြပါ။ စိတ်ဆိုးဒေါသထွက်ရတာက လွယ်ပါတယ်။ ပိုအရေးကြီးတဲ့အချက်က ထိခိုက်ဒါဏ်ရာရမှု ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်အခြေအနေတခုခုကြောင့်လည်း တချို့ကလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်း ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးလို့သင်ထင်တယ်ဆိုရင်တော့ သင့်အနေနဲ့ကလေးစိတ်ပညာရှင် ဒါမှမဟုတ် အတိုင်ပင်ခံကျွမ်းကျင်သူတွေနဲ့ဆက်သွယ်ပြီး ပြသ အကူအညီတောင်းခံသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%b0%e1%80%b8%e1%80%9a%e1%80%89%e1%80%ba%e1%80%9e/
သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ
သင်တို့ လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ကလေးအတွက်ရော၊ သင်တို့အတွက်ပါ မမေ့နိုင်တဲ့ အဖြစ်အပျက် တခု ဖြစ်သွားမှာ အသေအချာပါပဲ။ ဒါဖြင့် သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ။ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပါ။ သင်စိတ်သက်သာရာ ရသင့်တဲ့အချက်က ဒါမျိုး အခြေအနေ ကြုံတွေ့ရတာဟာ သင်တယောက်တည်း မဟုတ်ပါဘူး။ ဟုတ်ပြီ၊ ဒါဖြင့် ကလေးက မြင်သွားပြီဆိုရင် ဘယ်လိုတွေ ဆက်လုပ်သင့်လဲ။ဒီလို အချိန်မျိုးမှာ သင်တို့အခန်းထဲကို ကလေးဝင်လာခဲ့ရင် သင်ပူထူလန့်ဖြန့်သွားမှာ အသေအချာပါပဲ။ ဟုတ်ပြီ၊ မလန့်သွားပါနဲ့။ အာရုံကို ပြန်စုစည်းပါ (အဝတ်အစားတွေကိုရောပဲပေါ့)။ ချက်ချင်းကြီး အလန့်တကြားနဲ့ ရှင်းပြဖို့မကြိုးစားပါနဲ့။ဒီလို ပူထူပြီး ရှက်နေတဲ့အခြေအနေမျိုးမှာ သင်ပထမဆုံးပြောမိတဲ့စကားဟာ အသင့်တော်ဆုံး၊ အကောင်းဆုံး တုန့်ပြန်မှု စကား မဟုတ်ဖို့ အတော်များပါတယ်။ ဒါ့ပြင် မလိုတာတွေ အများကြီးပြောမိတာ၊ အမှားမှားအယွင်းယွင်းတွေ ပြောမိတာမျိုးပဲ ဖြစ်ဖို့ရှိပါတယ်။သင့်ကလေးက အရမ်းငယ်လွန်းသေးတယ်ဆိုရင် သူမြင်လိုက်ရတာဟာ ဘာမှန်းတောင်သိမှာမဟုတ်ပါဖူး။ ပုံမှန်အပြုအမူတခုလို့ပဲ ထင်မှာပါ။ ဒါဆိုရင်တော့ သင်တို့အနေနဲ့ အလုံးကြီးကျသွားလို့ ရပါတယ်။”ဖေကြီးနဲ့မေကြီးက ချစ်လို့ဖက်ထားတာ၊ သမီးလေး/သားလေးလည်းလာလေ” စသဖြင့် ရောချလိုက်ပါ။ ကလေးပိစိတွေကိုတော့ ဒီနည်းသုံးရင် အဆင်ပြေသွားလောက်ပါတယ်။တကယ်လို့ သင့်ကလေးက မေးခွန်းတွေထုတ်ခဲ့မယ်ဆိုရင်တော့ သင်ဖြေလို့ရမယ့် အဖြေ ၇မျိုးကို အောက်မှာ ရေးပေးထားပါတယ်။ ဒီအဖြေတွေဟာ သင့်အမြင်မှာတော့ ပေါကြောင်ကြောင်နိုင်ကောင်းနိုင်နေမှာဖြစ်ပေမယ့် ကလေးလေးတွေအတွက်တော့ လုံလောက်တဲ့အဖြေတွေ ဖြစ်မှာပါ။၁။”အရမ်းပူလို့ သားသားရ/မီးမီးရ” ။ သင်တို့တွေအဝတ်အစားမပါဘဲ ချွေးတလုံးလုံးဖြစ်နေတာ ဘာလို့လဲဆိုတာကို ရှင်းပြနိုင်မယ့်အကြောင်းပြချက်ကလည်း သိပ်တော့မရှိလှပါဖူး။ ဒီတော့ အိုက်နေတယ်လို့သာ ရဲရဲကြီး ပြန်ဖြေလိုက်ပါ။၂။”ဘာကိုပြောတာလဲ သားသား/မီးမီး။ ဖေကြီးတို့ ဘာလုပ်နေလို့တုန်း” ထူးထူးခြားခြားဘာမှလုပ်မနေတဲ့ အထာဖမ်းပြီး ရုပ်တည်နဲ့သာ ပြန်မေးလိုက်ပါ။ သူတို့လေးတွေ တကယ်ထင်သွားပါလိမ့်မယ်။၃။”ဖေကြီးက မေကြီးကို မာဆတ်လုပ်ပေးနေတာ/နှိပ်ပေးနေတာ” တကယ်လို့ သင့်ကလေးက နှိပ်ပေးတယ်ဆိုတာကို နားလည်နေတဲ့အရွယ်ဆိုရင်တော့ ဒါကသိပ်မအိုကေလောက်ပါဖူး။ ဒါပေမယ့် ငယ်သေးတဲ့ကလေးဆိုရင်တော့ မေကြီးကြွက်သားတွေ နာနေလို့ ဖေကြီးကကူပေးနေတယ်လို့ထင်သွားမှာပါ။၄။”ကျောက်ရုပ်လုပ်တမ်းကစားနေတာ” ကလေးတွေက အရုပ်လေးတွေကို အင်္ကျီဝတ်ပေးတမ်းကစားလေ့ ရှိတာကြောင့် ဒီတခါတော့ သင်တို့အင်္ကျီချွတ်တမ်းကစားနေတာလို့ ယုံသွားပါလိမ့်မယ် (လို့မျှော်လင့်ရပါတယ်)။၅။”ချစ်လို့ ဖက်ထားကြတာ သားသား/မီးမီးရဲ့” ကလေးလေးတွေဟာပွေ့ဖက်ရတာကို သဘောကျနှစ်ခြိုက်တာမို့ လူကြီးတွေလည်း ဒီလိုပဲလို့ သူတို့ယူဆပါလိမ့်မယ်။၆။”မေမေ့မျက်စိထဲ အမှုန်ဝင်သွားလို့ဖယ်ပေးနေတာကွ” ကလေးဝင်လာတဲ့အချိန်မှာ မေမေ့မျက်စိနဲ့ ဖေဖေက အဝေးကြီးမှာ ရှိနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ကလေးခန္ဓာဗေဒနဲ့ပတ်သက်ပြီး သိပ်မသိသေးဖို့နဲ့ မေးခွန်းတွေ ထပ်မမေးတော့ဖို့ မျှော်လင့်ရမှာပါပဲ။၇။”ဖေကြီးတို့ အတူတူနေနေတာ ကလေးရဲ့” ဒါဟာ လိမ်ရာမကျတဲ့ မုသားစကားပါ။နောက်တနေ့မနက်ရောက်တဲ့အခါ။ဒီလိုကသောင်းကနင်းအဖြစ်လေး ဖြစ်သွားပြီး နောက်နေ့မနက်ရောက်တဲ့အခါ သင့်ကလေးနဲ့ မျက်နှာစုံညီတွေ့ပြီး အကျိုးအကြောင်းပြောတာဟာ မရိုင်းတဲ့အကြံပါ။ညကသူလေး အခန်းထဲဝင်လာတာဟာ ဘာအပြစ်မှမရှိကြောင်းကို သေချာသိပါစေ။ အသက် ၅နှစ်အထက်ကလေးတွေဆိုရင် အရွယ်နဲ့သင့်တော်တဲ့ စကားလုံးလေးတွေကို သုံးပြီးရှင်းပြနိုင်ပါတယ်။အချက်အလက်တိကျတဲ့၊ မရှုပ်ထွေးတဲ့ အသုံးအနှုန်းတွေကိုသုံးပါ။ ကလေးမေးသမျှကိုဖြေပေးပါ။ ဒါပေမယ့် လိုတာထက်ပိုမပြောမိဖို့နဲ့ မမေးတာကို လျှောက်မဖြေမိစေဖို့ သတိထားပါ။မိဘနဲ့သားသမီးကြားမှာ မျိုးဆက်ပွားကျန်းမာရေးပညာပေးတဲ့အခါ အဓိကပန်းတိုင်က ကလေးမေးတာတွေကို လိုအပ်တာထက်မပိုစေဘဲ ရိုးရိုးသားသားဖြေပေးဖို့နဲ့ သူတို့လေးတွေ နောက်နောင်သိချင်တာရှိရင် ထပ်လာမေးရဲအောင် လမ်းဖွင့်ပေးထားဖို့ပဲ ဖြစ်ပါတယ်။အနှစ်ချုပ်မှတ်ဖို့။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/what-to-do-when-your-kids-walk-in-on-you-having-sex/
လူတိုင်း စိုးရိမ်နေတဲ့ Omicron အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။
တောင်အာဖရိကမှာ တွေ့ရှိခဲ့တဲ့ Omicron ကြောင့် ကမ္ဘာတလွှားက နိုင်ငံတွေမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒီစိုးရိမ်မှု မြင့်တက်နေတဲ့ omicron နဲ့ ပတ်သက်ပြီး သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ကိုဗစ် မျိုးစိတ် အသစ်ကို Omicron လို့ အမည် ပေးထားပြီး နောက်ဆုံး ထွက်ရှိထားတဲ့ မျိုးစိတ် ဖြစ်သလို ဗီဇပြောင်းလဲမှု များစွာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။coronavirusမျိုးစိတ် B.1.1.529 ပါ။ အခုချိန်ထိ တွေ့ရှိသမျှ မျိုးစိတ်တွေထဲမှာ အရှည်ဆုံးသော မျိုးဗီဇ ပြောင်းလဲထားတဲ့မျိုးစိတ်ပါ။ဒီ Omicron ဗိုင်းရပ်စ်က Delta၊ Alpha၊ Beta နဲ့ Gamma တို့ ပေါင်းစပ်ထားတဲ့ မျိုးဗီဇ အဆင့်ဆင့် ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။လက်ရှိအထိ တွေ့ရှိသမျှထဲမှာ စိုးရိမ်စရာ အကောင်းဆုံး မျိုးစိတ်တစ်ခုလို့ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ ဒီမျိုးစိတ် က ကိုဗစ် မျိုးစိတ်တွေဖြစ်တဲ့Alpha မျိုးစိတ်၊Delta မျိုးစိတ် နဲ့ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ခုပါ။တောင်အာဖရိကရဲ့ Epidemic Response and Innovation စင်တာရဲ့ ဒါရိုက်တာကတော့ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြားဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေတယ်လို့ ဆိုပါတယ်။အခုတွေ့ရှိတဲ့Omicron မျိုးစိတ်က အကြိမ် ၅၀ ကျော် မျီုးဗီ ဆင့်ကဲ ပြောင်းလဲထားတာ ဖြစ်ပြီးဗိုင်းရပ်စ်ထဲမှာတင်spike proteinအမျိုး ၃၀ ကျော် ပါဝင်နေပါတယ်။ သဘောကတော့ဗီဇပြောင်းလဲမှုများစွာ လုပ်ဆောင် ထားနိုင်တာကြောင့်ကိုယ်ခံအားဆဲလ်တွေကို ကောင်းကောင်းရှောင်တိမ်းပြီး ဆဲလ်တွေထဲကို အလွယ်တကူ ဝင်ရောက်နိုင်တာပါ။ကူးစက်နှုန်းကလည်း မြန်နိုင်ခြေ ရှိပါတယ်။ ကာကွယ်ဆေးတွေ သက်ရောက်မှု ရှိနိုင်လားဆိုတာကိုတော့ ဆက်ကြည့်လိုက် ရအောင်နော်။တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ Omicron ဗိုင်းရပ်စ်ကို သုတေသီတွေက အသေးစိတ် လေ့လာမှုတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခြား ဗီဇပြောင်း မျိုးစိတ်တွေကလည်းကာကွယ်ဆေး သက်ရောက်မှုကွာခြားတာရှိသလို အခု မျိုးစိတ်သစ်ကလည်း ဗီဇ ပြောင်းမှု ၅၀ နဲ့spike protein၃၀ လောက်ပါဝင်နေတာကြောင့်ကိုယ်ခံအားဆဲလ်တွေကို ကောင်းကောင်းရှောင်တိမ်းနိုင်တာကြောင့်ကာကွယ်ဆေး သက်ရောက်မှုကလည်း ကွာခြားနိုင်ပါတယ်။ဘာမယ့် ၂ ပတ် အတွင်းမှာတော့ ဒီ မျိုးစိတ် အသစ်အပေါ် ကာကွယ်ဆေး သက်ရောက်မှုရှိလားဆိုတာကို လေ့လာနေမှုရဲ့ ပထမဆုံးရလဒ်ကို သိရှိရမှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-covid-variant/
ကိုဗစ် Antibody ထွက်ရင် စိတ်ချရပြီလား။
ကိုဗစ်တတိယလှိုင်း ငြိမ်စ ပြုလာပြီ။ ဖြစ်တဲ့ သူတွေကလည်း ပြန်ကောင်းလာပြီဆိုတော့ တချို့က ကိုယ်ခံအား ထွက်ပြီလား မသိဘူးဆိုပြီးAntibody ဖောက်စစ်တတ်ကြပါတယ်။ Test kitလေးတွေနဲ့ စစ်ပြီး Ig G ထွက်ပြီ၊ Ig Mထွက်ပြီ စသဖြင့်ပြောလေ့ရှိပါတယ်။ ဒီလိုအဖြေတွေ ထွက်ရင် စိတ်ချရပြီလား။ အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ်နေလို့ရပြီလား ဆိုတာကို ပြောပြပေးပါမယ်။Antibodyဆိုတာ ရောဂါပိုးဝင်လာတဲ့အခါ ခန္ဓာကိုယ်က ခုခံပြီး တိုက်ထုတ်ပေးတဲ့ ပစ္စည်းတွေလို့ အလွယ်မှတ်ထားလို့ရပါတယ်။ ဒီပရိုတင်းတွေက ရောဂါပိုးကို မှတ်ထားတာကြောင့် နောက်တစ်ခါ ဝင်လာရင် အလွယ်တကူ တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီး ပြောရရင် ကိုဗစ်ပိုးကူးခံရပြီး ရက်ပိုင်းကနေ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ Antibodyထွက်လာပါတယ်။ ဒါပေမယ့် သွေးထဲမှာ ဘယ်လောက်ကြာကြာနေနိုင်လဲဆိုတာကိုတော့ လေ့လာဆဲပဲ ဖြစ်ပါတယ်။မရပါဘူး။ Antibodyစစ်ပြီးကိုဗစ်ရှိမရှိပြောလို့မရပါဘူး။ တစ်ခါတလေမှာ Antibody မထွက်သေးခင် သွားစစ်လိုက်လို့ နဂ္ဂတစ်ပြတာ ဖြစ်နိုင်သလို၊ ကိုဗစ် မဟုတ်တဲ့ တခြားကိုရိုနာဗိုင်းရပ်စ်တွေကြောင့် ပေါ့စတစ်ပြတာလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ခုလက်ရှိမှာ ရောဂါရှိသလား၊ သူများကို ကူးနိုင်သလားဆိုတာကို Antibody စစ်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ပေါ့စတစ်ဆိုရင်။-လူနာက အရင်တုန်းက ကိုဗစ်ကူးထားဖူးတယ်လို့ ပြောတာပါ။-Ig Gရော Ig Mရော ပေါ့စတစ်ဆိုရင် ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်က ရောဂါပိုးကူးထားတယ်လို့ ဆိုလိုချင်တာပါ။-Ig Gပဲ ပေါ်တော့တယ်ဆိုရင် ဖြစ်တာနည်းနည်း ကြာနေပါပြီ။ဒါပေမယ့် ပေါ့စတစ်ဖြစ်တာကို ကြည့်ပြီး။-ပြန်ကောင်းလာပြီလို့ ပြောလို့မရပါဘူး။ လူနာက ရောဂါရဲ့ ဒဏ်ကို ဆက်ပြီး ခံနေရတာ ဖြစ်နိုင်ပါတယ်။ ဥပမာ cytokine strom။-Antibodyက နောက်ထပ်ဝင်လာမယ့် ပိုးကို တားနိုင်တယ်လို့ ပြောလို့မရပါဘူး။ (နောက်ထပ် ကူးမကူးဆိုတာNeutralizing Antibodyနဲ့ပဲ ဆိုင်ပါတယ်။ ဒါကို Test kitနဲ့ စစ်ပြီး မသိနိုင်ပါဘူး)။-Antibodyပမာဏကို မသိနိုင်ပါဘူး။ သိချင်ရင် ELISAလို့ ခေါ်တဲ့ နည်းနဲ့ စစ်ရမှာပါ။နဂ္ဂတစ်ဆိုတာ။-လူနာက ကိုဗစ်မကူးဖူးတာ။-ပိုးတော့ကူးထားတယ်။ ကူးတာ မကြာသေးလို့ Antibodyမထွက်သေးတာ။-Antibodyတော့ ထွက်တယ်။ ဒါပေမယ့် နည်းလွန်းလို့ စစ်တဲ့အခါ မပေါ်တာ။-Antibody လုံးဝမထွက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ဒါကို အတိအကျပြောလို့ မရပါဘူး။ယေဘုယျအားဖြင့်တော့ ပိုးဝင်တယ်။ ပိုးဝင်ပြီး ထွက်တဲ့ Antibodyက Neutralizing အမျိုးအစားဖြစ်မယ်။ များများထွက်မယ်ဆိုရင်တော့နောက်ထပ်မကူးအောင် အချိန်တစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။ ခက်တာက အဲ့နှစ်ခုလုံးကို test kit နဲ့ စစ်လို့ မပေါ်ပါဘူး။ ဓာတ်ခွဲခန်းတွေမှာ စစ်မှပဲ သိနိုင်ပါတယ်။ကိုဗစ်ကမျိုးဗီဇပြောင်းနေတာကြောင့် ခုထွက်တဲ့ Antibodyက နောက်ထပ်မျိုးဗီဇကို ကာကွယ်ပေးနိုင်ပါ့မလားဆိုတာ ပြောရခက်ပါတယ်။ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကိုဗစ် Antibodyနဲ့ ပတ်သက်လို့ နောက်တစ်ခါ မကူးအောင် သွေးထဲမှာ Antibodyဘယ်လောက်ရှိရမလဲ။ Antibodyတွေက ဘယ်လောက်ခံသလဲဆိုတာ လေ့လာဆဲပဲ ရှိပါတယ်။Antibodyထွက်ပြီးရင် သူများကို မကူးနိုင်တော့ဘူးလို့ ယတိပြတ် ပြောလို့မရပါဘူး။ ကိုယ်တိုင်ထွက်ထားတဲ့သူတောင် နောက်တစ်ခါ ဖြစ်နိုင်ခြေ ရှိရင် သူများကိုလည်း ကူးနိုင်ခြေ ရှိတယ်ဆိုတာ သိထားရပါမယ်။ခြုံပြောရမယ်ဆိုရင် Antibodyကို test kitတွေနဲ့ စစ်ပြီး စိတ်မချလိုက်ပါနဲ့။ ထွက်တာပဲ ရှိပြီး ဘာမှထူးထူးခြားခြား လုပ်လို့မရလို့ပါ။ Antibodyထွက်တာသည် immunity certificate ရောဂါပြီးကြောင်း လက်မှတ်ရသွားတာ မဟုတ်ပါ။ ကိုယ်ကိုယ်တိုင် ရောဂါပြီးသလား။ သူများကို မကူးနိုင်တော့ဘူးလားဆိုတာကို  Antibody ထွက်မထွက်နဲ့ ဆုံးဖြတ်လို့ မရပါ။ဒါကြောင့် Antibodyထွက်ပြီးလည်း စိတ်မချလိုက်ပါနဲ့။ အထူးသဖြင့် test kitနဲ့ စစ်ထားရင် ပိုပြီး သတိထားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ရောဂါပြီးတယ်လို့ ယူဆပြီး ပေါ့ပေါ့ဆဆနေမိရင် ကိုယ်ရော သူများပါ ဒုက္ခရောက်သွားနိုင်ပါတယ်။ Antibody ထွက်ပြီးပြီ၊ အလုပ်ပြန်လုပ်တော့မယ်ဆိုရင်လည်း အရင်လို။–နှာခေါင်းစည်းတပ်ပါ။–လက်ဆေးပါ။–လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/is-covid-antibody-immunity-certificate/
Hamstring Strain (ပေါင်နောက်ကြွက်သားစု ထိခိုက်ခြင်း)
ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် ပေါင်အနောက်ရှိ ကြွက်သားလေးခုပါဝင်သော ကြွက်သားအုပ်စုအားလျင်မြန်စွာကွေးခြင်း ပြင်းထန်စွာဆန့်ထုတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာပါသည်။ ပေါင်အနောက်ကြွက်သားများကိုဆန့်ထုတ်ခြင်းသည် ကြွက်သားနှင့် အရွတ် များကိုမတူညီသောအတိုင်းအတာများဖြင့် ပျက်စီးခြင်းကို ဖြစ်စေပါသည်။ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းတွင် ထိုကြွက်သားအုပ်စုအတွင်းမှ တစ်ခုနှင့် တစ်ခုအထက် သည် မနိုင်ဝန်ထမ်းရသည်။ ကြွက်သားသည် စတင်၍ စုတ်ပြဲလာပါသည်။ ပြေးခြင်းခုန်ခြင်း နှင့် ရုတ်တရက်ရပ်၍ပြန်စရသောလှုပ်ရှားမှုများလုပ်ရပါက ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းကိုရနိုင်ပါသည်။ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် အဖြစ်များပြီးမည်သည့် အသက်အရွယ် တွင်မဆို ဖြစ်နိုင်ပါသည်။ အမျိုးသားများတွင် ပို၍ဖြစ်ပွားတတ်ပါသည်။ အပြေးစကိတ်စီးဘောလုံးဘတ်စကတ်ဘောစသောကစားသမားများတွင် ဖြစ်ပွားပါသည်။အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းအပျော့စားများသည် အရမ်းမနာကျင်စေပါ။ သို့သော် ပြင်းထန်သောဒဏ်ဖြစ်ခြင်းကမူလမ်းမလျှောက်နိုင် မတ်တပ်မရပ်နိုင်အောင် အပြင်းအထန် နာကျင်စေပါသည်။ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်း ၏ အဖြစ်များသောရောဂါလက္ခဏာများမှာ။စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွှားခြင်းကိုရပ်တန့် ပေးပြီးနောက်ထပ်အရေးပေါ်အခြေအနေဖြစ်ခြင်းကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန်သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် အချိန်မီ ပြသပါ။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။ပေါင်အနောက်ကြွက်သားများသည် တင်ပါးဆုံမှ ဒူးအောက်အနားထိပေါင်အနောက် တစ်လျှောက် တန်းနေသော ကြွက်သားသုံးခုပါဝင်သောအုပ်စုတစ်ခု ဖြစ်သည်။ ဤ ကြွက်သားများသည် ခြေထောက်ကိုဖြောင့်တန်းစွာဆန့်ထုတ်ရန်နှင့် ဒူးကွေးရန် ပြုလုပ်ပေးပါသည်။ဤ ကြွက်သားများထဲမှ တစ်ခုသည် ခန္ဓါကိုယ် လှုပ်ရှားမှုများပြုလုပ်နေစဉ် ကန့်သတ်မှု အားကျော်လွန်၍ ဆန့်မိသောအခါ ဒဏ်ရာရပါတော့သည်။အောက်ပါတို့ရှိပါကသင်သည် ပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းဖြစ်နိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဤရောဂါရှိသည်ဟုဆရာဝန်ကသံသယရှိပါကရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း ပြုလုပ်ပါမည်။ ဆရာဝန်သည် ခြေထောက်ဒဏ်ရာဘယ်လိုရရှိသည်ကိုတိကျသောမေးခွန်းများမေးပါလိမ့် မည်။ သွေးစစ်ခြင်းနှင့် ဓါတ်မှန်ရိုက်ခြင်းစသောစစ်ဆေးမှုများလည်း ပြုလုပ်နိုင်သည်။­­မပြင်းထန်သောပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် အလိုလို ပြန်လည် ကောင်းမွန်လာနိုင်သည်။ သင်သည် အချိန်ပေးရန်သာလိုအပ်ပါသည်။ပြန်လည်ကောင်းမွန်ခြင်းကို မြန်ဆန်စေရန် သင်သည် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။ဆိုးရွားသောကိစ္စများတွင် ကြွက်သားစုတ်ပြဲသွားသောအခါ ခွဲစိတ်ကုသမှု ခံယူရပါသည်။ ခွဲစိတ် ဆရာဝန်သည် ကြွက်သားများကို ပြန်လည်ပြင်ဆင်၍ တပ်ဆင်ပေးပါသည်။ပြန်လည်ကောင်းမွန်ချိန်သည် ပေါင်နောက်ကြွက်သားများကိုဘယ်လောက်ဆိုးရွှားစွာထိခိုက်စေမှု အပေါ်တွင် မူတည်ပါသည်။ လူတစ်ယောက်နှင့် တစ်ယောက် ပြန်လည် ကောင်းမွန်နိုင်စွမ်းမတူသည်ကိုသတိပြုပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။ပြန်လည်ကောင်းမွန်လာပါကသင်သည် ကြွက်သားဒဏ်ဖြစ်ခြင်းကိုမဆိုးရွှားစေသောလှုပ်ရှားမှုများကိုသာလုပ်ဆောင်ပါ။ ဥပမာအပြေးသမားများသည် ရေကူးကန်ထဲတွင် အနားယူုခြင်းများလုပ်သင့်ပါသည်။ ဘာလုပ်လုပ် အလျင်စလိုမလုပ်သင့်ပါ။အောက်ပါတို့မဖြစ်သေးဘဲအရင်ကလှုပ်ရှားမှုများ ပြန်လုပ်ရန် မကြိုးစားပါနှင့်။အောက်ပါ အကျိုးရှိသောနည်းလမ်းများဖြင့် ရောဂါဖြစ်ပွားနိုင်မှု ကိုလျော့ချနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/hamstring-strain-%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%af/
မိန်းမကိုယ် ချွေးစော်မနံအောင် ဘယ်လိုကာကွယ်မလဲ
ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်မှာ ချွေးထွက်တတ်ကြပါတယ်။  ချွေးထွက်တယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓာရဲ့အပူချိန်ကို ထိန်းညှိပေးဖို့အတွက် ချွေးပေါက်တွေကနေ ချွေးအဖြစ် အပြင်ကို ထွက်လာရတာပဲဖြစ်ပါတယ်။ချွေးစော်နံတယ်ဆိုတာကတော့ ချွေးပေါက်ထဲမှာ ချွေးအပြင် အဆီတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အောင်းနေတာကြောင့် ချွေးနံ့တွေ ထွက်လာရတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ချွေးစော်မနံအောင် ဘယ်လိုကာကွယ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။အတွင်းခံဘောင်းဘီတွေ တစ်နေကုန်ဝတ်ဆင်တာရော၊ လေဝင်ပေါက်ထွက်ပေါက် မရှိဘဲ ပိတ်မိနေတာ၊ အရေပြားနဲ့ အဝတ်အစား မကြာခဏ ပွတ်တိုက်မိပြီး ချွေးထွက်၊ ချွေးပေါက်ထဲကို ဘက်တီးရီးယားပိုးတွေဝင်ပြီး မကောင်းတဲ့ အနံ့အသက်တွေထွက်လာတတ်ပါတယ်။ ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေနေ အနံ့အသက်က အနည်းနဲ့ အများတော့ ရှိနေဦးမှာပဲဆိုပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု မကျစေဖို့၊ အနံ့ဆိုးတွေ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။မိန်းမကိုယ် ချွေးစော်မနံအောင် ဒီလို ကာကွယ်နိုင်ပါတယ်။၁။ချည်သားအတွင်းခံတွေကိုသာ ဝတ်ဆင်ပါ။ ချည်သားတွေက ချွေးစုပ်ယူမှု ပိုအားကောင်းတဲ့အပြင် လေဝင်လေထွက်ပေါက်လည်း ရှိစေတဲ့အတွက် အထဲမှာ အောင်းနေတဲ့ ချွေးတွေကို အမြန်ခြောက်စေကာ အသားကို အေးမြစေပါတယ်။၂။ အတွင်းခံသည် ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွက် ချောင်နေတာမျိုး၊ အရပ်ကျပ်နေတာမျိုး မဟုတ်ဘဲ အနေတော်ဆိုဒ် ဖြစ်နေရမှာပါ။၃။ အရမ်းကျပ်တဲ့ ဂျင်းဘောင်းဘီ၊ ဘောင်းဘီအတိုတွေအစား ထမီ၊ စကပ်မျိုးတွေ များများဝတ်ဆင်ပေးပါ။၄။ ချွေးထွက်များလွန်းတဲ့သူ၊ တစ်နေရာက တစ်နေရာကို ပွဲဆက်ပြီး သွားရမယ့်သူတွေဆို အိတ်ထဲမှာ အတွင်းခံ ဘောင်းဘီတစ်ထည် လိုလိုမယ်မယ် ဆောင်သွားပါ။ အပြင်မှာ နေတာ အရမ်းကြာသွားလို့၊ တစ်နေကုန် ချွေးတွေနဲ့  ရွှဲနေတယ်ဆိုရင် အိမ်သာထဲဖြစ်ဖြစ် သွားပြီး လဲလိုက်ပါ။ ဝတ်ပြီးသား အတွင်းခံကိုတော့ အိတ်တစ်ခုထဲ ထည့်ပြီး အလုံပိတ်ထားပါ။၅။Gymကစားတဲ့၊ အားကစားလုပ်တဲ့ လေဒီလေးတွေဆိုရင် အိမ်ပြန်ပြီး ချွေးခြောက်တဲ့အထိ မစောင့်ဘဲ Gym မှာ ရေမိုးချိုးပြီး သန့်ရှင်းတဲ့ အဝတ်အစားလဲပြီးမှ ပြန်ပါ။၆။ အမွေးအမျှင်တွေ အရမ်း ထူလွန်းနေတယ်ဆိုရင် မိန်းမကိုယ် နေရာတစ်ဝိုက် bikini wax လုပ်တာ၊ အမွေးရိတ်တာ ဒါမှမဟုတ် အိမ်မှာပဲ ကပ်ကြေးနဲ့ ပါးပါးလေးဖြစ်အောင် ညှပ်ထားပါ။ အမွေးဆိုတာ ထူလွန်းရင်လည်း ချွေးနဲ့ အညစ်အကြေးတွေ အောင်းပြီး အနံ့ဆိုးထွက်ဖို့ ပိုလွယ်လို့ပါ။၇။ ချွေးနံ့ ပျောက်အောင်ဆိုပြီး ရေမွှေးစွတ်တာ၊ အမွှေးနံ့သာဖျန်းတာ မလုပ်ပါနဲ့။ အရေပြားကို ယားယံစေပြီး ဘက်တီးရီးယားပိုးတွေ ပိုပေါက်စေနိုင်လို့ပါ။၈။ ရေကို ပုံမှန်ချိုးပေးပါ။ မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ ဆပ်ပြာ အပြင်းစားတွေ မသုံးဘဲ ရေများများ ဒါမှမဟုတ်  မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ အရှေ့မှ အနောက်သို့ ဖြည်းဖြည်းချင်း ပွတ်ဆွဲပြီး ဆေးကြောပါ။သိထားရမှာ တစ်ခုကတော့ ဘယ်လောက်ပဲတစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်နေပါစေ။ အနံ့အသက်က အနည်းငယ်တော့ စွဲကျန်နေမှာပဲ။ အရမ်းစိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်မနေဖို့သာ အဓိကကျတာပါ။မိန်းမကိုယ်သန့်ရှင်းရေးက အမျိုးသမီးတွေအတွက် အရေပြားပြဿနာတွေနဲ့ မှိုစွဲတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တာကြောင့် သေချာတော့ ဂရုစိုက်သင့်တယ်နော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/how-to-prevent-sweaty-vagina/
စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက
စံပယ်ပန်း လေးရဲ့ အမွှေးနံ့က လူကိုလန်းဆန်းစေနိုင်ပါတယ်။ မနက်ခင်းလေနုအေးအေးလေးမှာ စံပယ်နံ့လေးသင်းနေတာက စိတ်ကိုအတော်လေးကြည်လင် လန်းဆန်းစေနိုင်ပါတယ်။ စံပယ်ရဲ့ အာနိသင်က ဒီလောက်နဲ့ ပြီးမသွားသေးပါဘူး။ စံပယ်ပန်းကဆေးဖက်လည်းဝင်ပါသေးတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ပန်းလေးတစ်မျိုးပေါ့။ ဒီတစ်ခေါက်တော့ စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက ဘယ်လိုလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အဆင်းရော အချင်းပါပြည့်စုံတဲ့စံပယ်ပန်း က။စံပယ်ပန်းကို ရေနွေးကြမ်းအဖြစ် သောက်သုံးတာက အရသာရှိသလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက။စံပယ်ပန်း ရေနွေးကြမ်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကာလတွေကတည်းက ကိုယ်အလေးချိန်ကျစေဖို့အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းကဇီဝတွင်းဖြစ်စဉ်ကို တိုးတက်စေနိုင်ပါတယ်။သုတေသနလုပ်ဆောင်ချက်တွေအရ နေ့စဉ် စံပယ်ပန်းရေနွေးကြမ်း သောက်သုံးပေးမှုက ကင်ဆာကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ စံပယ်ပန်းရေနွေးကြမ်းက ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်သလို အခြားနာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ဆီးချို ကာကွယ်ချင်သူတွေအတွက်ရော ဆီးချိုရှိနေတာကြောင့်သွေးတွင်း သကြားဓာတ်ကို ထိန်းညှိချင်နေသူတွေအတွက်ပါ အဆင်ပြေတဲ့သောက်စရာလေးတစ်ခုပါ။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ နေ့စဉ် စံပယ်ပန်း ရေနွေးကြမ်းတစ်ခွက်လောက်တော့ သောက်ပေးပါ။ စံပယ်ပန်းရေနွေးကြမ်းသောက်သုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို နည်းစေနိုင်ပါတယ်။စံပယ်ပန်းရဲ့ ရနံ့က စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များနေရင် စံပယ်ပန်းရေနွေးကြမ်းလေးသောက်ပြီး စာအုပ်ဖတ်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။နေ့စဉ် စံပယ်ပန်းလက်ဖက်ခြောက်သောက်သုံးပေးမယ်ဆိုရင် အစာအိမ် အူလမ်းကြောင်းကျန်းမာမှာပါ။ နောက်တစ်ခုကအနေနဲ့က အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေကို ကာကွယ်ရာလည်းရောက်မှာပါ။ဝမ်းမှန်စေပြီး အစာခြေအင်ဇိုင်းတွေ ပိုမိုထွက်ရှိလာအောင်လည်း လှုံ့ဆော်ပေးနိုင်မှာပါ။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းက ရောဂါတော်တော်များများကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ ခဏခဏဖျားတတ်လို့ စိတ်ညစ်နေသူတွေ စဉ်းစားသင့်တဲ့ နည်းလမ်းကာင်းတစ်ခုပါ။ နေ့စဉ် စံပယ်ပန်းရေနွေးကြမ်း တစ်ခွက်သောက်သုံးပေးပြီး ကိုယ်ခံအားကို မြှင့်တင်လိုက်ပါ။ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့်လေးဖက်နာပိုးကြောင့်ဖြစ်တဲ့ အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အဆစ်အမြစ်တွေ ရောင်ရမ်းတာကို သက်သာချင်တယ်ဆိုရင် စံပယ်ပန်းရေနွေးကြမ်းကို သောက်သုံးပေးပါ။အရေပြားနဲ့ ခန္ဓာကိုယ်တွင်းကို ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။ မသန့်ရှင်းတဲ့ အစားအစာတွေမှာပါတဲ့ ဘက်တီးရီးယားတွေကြောင့် ဝမ်းပျက်ဝမ်းလျှောတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ၊ ချောင်းဆိုးနဲ့ လည်ချောင်းနာတာလိုမျိုး ဘက်တီးရီးယားတွေ ကူးစက်ခံရတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။စံပယ်ပန်းရေနွေးကြမ်းမှာ လက်ဖက်ရဲ့ ကဖင်းဓာတ်နဲ့ စံပယ်ပန်းရဲ့ ရနံ့တို့ကြောင့် စိတ်ကို ကြည်လင်လန်းဆန်းနေစေမှာ အသေအချာပါ။ အာရုံစူးစိုက်မှုကို ပိုကောင်းစေနိုင်သလို တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေမှာပါ။အသက်ရှည်ရှည်နေနိုင်ဖို့ နှလုံးကျန်းမာရေးက တော်တော်လေး အရေးကြီးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး လေဖြတ်တာ၊ သွေးခဲပိတ်ဆို့တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်တစ်ချက်က သွေးတိုးကျစေနိုင်တာပါ။စံပယ်ပန်း ရေနွေးကြမ်းသောက်သုံးမှုက အသားအရေအတွက်လည်း အထောက်အပံ့ဖြစ်ပါတယ်။ ဝက်ခြံနဲ့ အရေပြားပေါ်က ထိခိုက်ဒဏ်ရာတွေ၊ အမာရွတ်တွေ သက်သာစေဖို့အတွက်လည်း စံပယ်ပန်းရေနွေးကြမ်းကို အသုံးပြုပေးလို့ရပါတယ်။ ဝက်ခြံတွေအတွက် စံပယ်ပန်းရေနွေးကြမ်းကို ဂွမ်းလေးနဲ့ တို့ပြီး ဝက်ခြံတွေကို စွတ်ပေးရမှာပါ။မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာစေဖို့အတွက်ကတော့ စံပယ်ပန်းရေနွေးကြမ်းကို တစ်နေ့ ၂ ခွက် ကနေ ၃ ခွက်လောက်အထိသောက်ပေးပါ။ အနာတွေကိုတော့ စံပယ်ပန်းရေနွေးကြမ်း ခပ်နွေးနွေးလေးနဲ့ဆေးပေးလို့ရပါတယ်။ဒီလောက်အသုံးတည့်တဲ့ စံပယ်ပန်းရေနွေးကြမ်းကို အခုပဲသောက်လိုက်ကြမလား Hello ဆရာဝန် ပရိသတ်ကြီးရေ……။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-jasmine-tea/
အိမ်မှာသုံးတဲ့ သွေးပေါင်ချိန်စက် သုံးနည်းမှန်ရဲ့လား
နောက်ဆက်တွဲဆိုးကျိုးတွေများလွန်းတဲ့ အဓိကအရင်းခံတစ်ခုအဖြစ် သွေးတိုးရောဂါကို စိတ်ပူနေရတဲ့ ဒီကနေ့ခေတ်မှာသွေးပေါင်ချိန်စက်တစ်ခုတော့ ရှိထားသင့်ပါတယ်နော်။ဆေးဆိုင်တွေ၊ဆေးခန်းတွေမှာ ချိန်လို့ရပေမယ့် ကိုယ်လိုတဲ့အချိန်အလွယ်တကူ သိရှိနိုင်ဖို့၊ အချိန်နဲ့တပြေးညီသွေးဖိအားကိုစစ်ဆေးနိုင်ဖို့ ကိုယ်တိုင်တိုင်းကြည့်တာကောင်းပါတယ်။ ဒါပေမယ့် အိမ်မှာသုံးနေပေမယ့် နည်းလမ်းရောမှန်ရဲ့လား၊ တိုင်းတာမှုရလဒ်တွေ တိကျမှန်ကန်ရဲ့လား သိဖို့တော့အရေးကြီးပါတယ်။ နည်းလမ်းမှန်မှ ရလဒ်မှန်ကန်မယ်၊ ရလဒ်ကို အတိအကျသိနိုင်မှသွေးဖိအားအတက်အကျကို ထိန်းနိုင်မယ်။သွေးပေါင်ချိန်စက် ဘယ်အမျိုးအစားကိုပဲသုံးသုံး အသုံးပြုတဲ့နည်းလမ်းနဲ့ တိုင်းတာပုံ မှန်ကန်ဖို့လိုပါတယ်။ အရင်ဆုံး –။သွေးဖိအားကို တစ်ခါတိုင်းရင် နှစ်ကြိမ်၊ သုံးကြိမ် တိုင်းတာပြီး အကြိမ်အများဆုံးရတဲ့အဖြေကို အစွန်းထွက်ဂဏန်းကို နီးစပ်ရာဘက် အမှန်ယူသင့်ပါတယ်။သွေးဖိအားအဖြေကို ကိန်းဂဏန်းနှစ်လုံးနဲ့ ပြလေ့ရှိပြီး ပထမဂဏန်းက အပေါ်သွေးဖိအား ဖြစ်ပြီး ဒုတိယဂဏန်းက အောက်သွေးဖိအား ဖြစ်ပါတယ်။ အပေါ်သွေးဖိအား 120 mm Hg အာက် ဖြစ်ပြီး အောက်သွေးဖိအားမှာ 80 mm Hg အောက် ဆို ပုံမှန် ဖြစ်ပါတယ်။ အပေါ်သွေးဖိအား 140 mm Hg အထက် ဒါမှမဟုတ် အောက်သွေးဖိအား 90 mm Hg အထက် ရှိနေရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။သွေးဖိအားဟာ 120/80 နဲ့ 140/90 ကြား ရှိနေမယ်ဆိုရင်တော့ ဒါကို သွေးမတိုးမီ အကြိုအခြေအနေလို့ ခေါ်ပါတယ်။ ဒီအခြေအနေကို သွေးတိုးတယ်လို့ မသတ်မှတ်နိုင်ပေမယ့် သွေးတိုးနိုင်ခြေ အလွန်များတဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%85%e1%80%80%e1%80%b9-%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%94/
အတက်ရောဂါရှိခြင်းဟာ မျိုးအောင်နိုင်စွမ်းပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။
အတက်ရောဂါရှိခြင်းဟာ အမျိုးသမီးများနှင့်အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ယူဆထားကြပါတယ်။ အမှန်မှာတော့ အတက်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတွေထက်စာရင် ကိုယ်ဝန်ရဖို့ အချိန်ပိုကြာနိုင်ပါတယ်။ ဒါ့အပြင်ဝက်ရူးပြန်ရောဂါရှိသော အမျိုးသားများဟာလည်း ရောဂါမရှိသောသူများထက်စာလျှင် မျိုးအောင်မှု မြန်ဆန်ခြင်းမရှိတာ ဖြစ်နိုင်ပါတယ်။တကယ်လို့ သင်ဟာ ကိုယ်ဝန်ရဖို့ကြိုးစားနေသော်လည်း မရနိုင်သေးတဲ့အခါ သင့်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်များက သင်ကိုယ်ဝန်မရခြင်းရဲ့အကြောင်းအရင်းကို အဖြေရှာနိုင်ပြီးလိုအပ်ပါက ကုသမှုပြုရန်အကြံပေးနိုင်ပါတယ်။အတက်ရောဂါဟာ အမျိုးသားများရဲ့မျိုးအောင်နိုင်စွမ်းကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။ဝက်ရူးပြန်ရောဂါ ရှိသော အမျိုးသားများ၏ မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ကောင်းစွာမလုပ်ဆောင်နိုင်ခြင်းဟာ အချိုးမညီစွာပဲ သိသိသာသာမြင့်တက်လျက်ရှိပါတယ်။ ၎င်းဟာ အမျိုးသားများတွင် လိင်အင်္ဂါကောင်းစွာ မတောင့်တင်းနိုင်ခြင်း နှင့်သုတ်ပိုးများတွင် ပုံမှန် မဟုတ်သော လက္ခဏာများတွေ့ရခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပြီး မျိုးအောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းကို အကျိုးသက်ရောက်နေတဲ့ အရာအချို့ကတော့။• အတက်ရောဂါ ပျောက်ဆေးတွေဟာသင့်ရဲ့ သုတ်ပိုးထုတ်လုပ်မှုပမာဏကို လျော့ကျစေနိုင်ပါတယ်။ သို့မဟုတ် ၎င်းသုတ်ပိုးရဲ့ အရည်အသွေးကိုလည်းထိခိုက်စေနိုင်ပါတယ်။ Carbamazepine နဲ့sodium valproate တွေလို ဆေးမျိုးတွေဟာ ဒီလိုဘေးထွက် ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။• သင့်မှာ ကျားဟော်မုန်းဖြစ်တဲ့ testosteroneဟော်မုန်း ပမာဏဟာ ပုံမှန်ထက်လျော့နည်းနေနိုင်ပါတယ်။• ဝက်ရူးပြန်ရောဂါရှိသော အမျိုးသားဖြစ်စေ၊ မရှိသောအမျိုးသားဖြစ်စေ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများကို ထိခိုက်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ ပင်ပန်းခြင်း၊ ဖျားနာခြင်း၊ အရက်သောက်ခြင်းနှင့်နာတာရှည်ရောဂါရှိခြင်း စတာတွေပဲဖြစ်ပါတယ်။မျိုးအောင်ခြင်းဆိုင်သော ပြဿနာများကိုကုသခြင်း။တကယ်လို့ သင်ဟာလည်း ကလေးရဖို့ ကြိုးစားနေသူဖြစ်ပြီး သင့်ရဲ့လက်တွဲဖော်ကလည်း ကိုယ်ဝန်ဆောင်ရန်အချိန်ကျပြီး ကြိုးစားနေသူဖြစ်လျှင် သင့်ရဲ့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ဒီလိုကလေးမရခြင်းဟာ သင်နဲ့သာမက သင့်ရဲ့လက်တွဲဖော်နှင့်ပတ်သက်တဲ့အကြောင်းအရာများစွာကြောင့် ဖြစ်နိုင်ပါတယ်။တကယ်လို့ သင့်ရဲ့ဆရာဝန်က သင့်မှာဝက်ရူးပြန်ရောဂါရှိနေ၍ ကလေးမရခြင်းသို့မဟုတ် အတက်ရောဂါအတွက်သောက်သောဆေးများကြောင့် ကလေးမရသေးခြင်းဟု ယူဆလျှင်သင့်ရဲ့အတက်ပျောက်ဆေးတွေကိုပြောင်းလဲပေးပါလိမ့်မယ်။ တကယ်လို့ သင့်ရဲ့ သုတ်ပိုးအရည်အသွေး သို့မဟုတ် အရေအတွက်ကို စိတ်ပူတယ်ဆိုရင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ သင့်ရဲ့သုတ်ပိုးကိုစစ်ဆေးဖို့ရာ ဆရာဝန်များအတွက်လွယ်ကူပါတယ်။အတက်ရောဂါဟာ အမျိုးသမီးများရဲ့မျိုးအောင်နိုင်စွမ်းကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။တက်ရောဂါ ရှိတဲ့ အမျိုးသမီးတွေဟာမရှိသူများထက်စာရင် မျိုးအောင်ခြေလျော့နည်းနိုင်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ သားဥကြွေစဉ် အချိန်တစ်ဝိုက်မှာ တက်ခြင်း ဖြစ်ခဲ့ရင် မျိုးအောင်ခြင်းဖြစ်စေတဲ့ အချိတ်အဆက်လမ်းကြောင်းတွေကို ပျက်စီးနိုင်ပါတယ်။ မျိုးအောင်ခြင်းကို ထိခိုက်စေသော ပိုပြီးအသေးစိတ်ကျတဲ့ အကြောင်းအရာတွေထဲမှာ အောက်ပါတို့ ပါဝင်ပါတယ်။ဝက်ရူးပြန်ရောဂါရှိတဲ့ အမျိုးသမီးများဟာpolycystic ovarian syndromeခေါ်သော သားဥအိမ်ပေါ်တွင် အရည်အိတ်များဖြစ်သည့် ရောဂါကဲ့သို့မျိုးမအောင်ခြင်းကို ဖြစ်စေသောအကြောင်းအရင်း အချို့ရှိပါတယ်။ ဝက်ရူးပြန်ရောဂါရှိတဲ့ အမျိုးသမီးများဟာ ရာသီစက်ဝန်းပုံမှန် မဟုတ်တာလည်း ဖြစ်နိုင်ပါတယ် သို့မဟုတ် မျိုးဥကိုကောင်းစွာ မထုတ်နိုင်တဲ့ အတွက်ကိုယ်ဝန်ရရန် ပိုပြီး ခက်ခဲနိုင်ပါတယ်။ အချို့သော အတက်ရောဂါပျောက်ဆေးတွေဟာ သင့်ရဲ့ သားဥမှာ ရှိတဲ့ ဟော်မုန်း ပမာဏတွေကိုထိခိုက်နိုင်ပါတယ်။ ဒါဟာ မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါရှိတဲ့ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်ဖို့ရာ လိုအပ်သော ဟော်မုန်းတွေဟာ ပုံမှန်မရှိတတ်ပါဘူး။သင်ဟာကိုယ်ဝန်ရပြီဆိုတာနဲ့ သင့်ရဲ့အတက်ရောဂါကို ထိန်းချုပ်ဖို့ရာ ပို၍အရေးကြီးလာပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ တက်ခြင်းဟာ သင့်ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သင်ကိုယ်တိုင်ဟာ လဲကျနိုင်တဲ့အပြင် တက်နေစဉ်တွင်လည်း ကလေးမှာ အောက်စီဂျင် ပျက်လတ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ကလေးကိုဒဏ်ရာရစေနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးအသေမွေးခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေပါတယ်။သင့်ဆရာဝန်က သင့်ကိုအကြံပေးနိုင်တဲ့ကုသမှု တစ်ခုကတော့ဟော်မုန်းအခြေခံထားသည့် မျိုးအောင်ဆေးများသောက်ရန် ဖြစ်ပါတယ်။ အချို့သော ဝက်ရူးပြန်ရောဂါ ရှိတဲ့အမျိုးသမီးတွေဟာ ဒီဆေးတွေကိုသောက်နေစဉ်မှာ ပိုပြီးတက်တယ်လို့ဆိုကြပါတယ်။ သို့သော် ဒီဟော်မုန်းအခြေခံ မျိုးအောင်ဆေးများကိုသောက်ခြင်းမှ မရပ်ပစ်ပါနှင့်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုဖြစ်ခြင်းဟာ သင့်မှာ ဝက်ရူးပြန်ရောဂါရှိနေ၍ သို့မဟုတ် အတက်ရောဂါအတွက်သောက်သောဆေးများကြောင့်သာဖြစ်ပါတယ်။ အထူးသဖြင့် ဦးနှောက်နှင့်ကျောရိုးနာ့ဗ်ကျောမကို ထိခိုက်စေသောအာရုံကြောပြွန်ချို့ယွင်းခြင်းကဲ့သို့ ကလေးများတွင် မွေးရာပါချို့ယွင်းမှုများဖြစ်နိုင်ခြေကို လျော့ကျစေရန် ဝက်ရူးပြန်ရောဂါ ရှိတဲ့ အမျိုးသမီးတွေဟာသူတို့ ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားမီကတည်းက ဖောလစ်အက်စစ် ဝ.၄ မီလီဂရမ်ကို အနည်းဆုံး တစ်နေ့တစ်ကြိမ်သောက်သင့်ပါတယ်။အတက်ရောဂါ ဟာအမျိုးသမီးများ၊ အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းကိုအကျိုးသက်ရောက် နိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေး အခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ရန် တိကျသေချာတဲ့နည်းလမ်းများကို ရယူနိုင်ရန် ဆရာဝန်နှင့်ချက်ချင်း ဆက်သွယ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးကိုရော သင့်ကလေးရဲ့ကျန်းမာရေးကိုပါ ကာကွယ်ပေးနိုင်ရန်ကူညီနိုင်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%bd%e1%80%ad%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%9f%e1%80%ac-%e1%80%80%e1%81%bd%e1%80%bc/
Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ
Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင် ပါတယ်။တိုက်ဖွိုက်အူရောင်ငန်းဖျားရောဂါ အကြောင်း အားလုံးကြားဖူးကြမှာ။ အစားအစာတွေ မသန့်ရှင်းရာကနေ ပါလာတဲ့ Salmonella typhi ဘက်တီးရီးယားဟာ ကိုယ်ထဲကို ရောက်သွားတဲ့အခါမှာ တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါကို ဖြစ်စေပါတယ်။လက္ခဏာတွေကတော့။နာမည်ကိုတည်းက အူရောင်ငန်းဖျားရောဂါ ဖြစ်တဲ့အတွက် တိုက်ဖိုက်ဖြစ်နေချိန် ကိုယ်တွင်းက အူလေးတွေ ရောင်နေမှာ ကျိန်းသေတာကြောင့် အူအတွက် အဆင်ပြေမယ့် အစားအစာတွေ ရွေးစားဖို့လိုအပ်သလို အားရှိစေမယ့် အစားအစာတွေ စားပေးဖို့လည်းလိုပါတယ်။စားသင့်တာတွေက။( ၁ )ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေဦးစားပေးစားပါ။ဗီတာမင်Aဗီတာမင် B နဲ့ ဗီတာမင် C တို့ဟာ ခုခံအားအတွက် အရေးပါတဲ့ ဗီတာမင်ဖြစ်တာကြောင့် ရောဂါပိုးဝင်နေတဲ့အချိန် ခုခံအားပြန်အားရှိစေဖို့ ဗီတာမင် A,B,C ကြွယ်ဝတဲ့အစားအစာတေကို စားပေးပါ။ လိမ္မောသီး၊ မုန်လာဥနီ။ သံပရာသီး ဟင်းနုနွယ်တို့ကို စားပေးဖိုကလိုပါတယ်။( ၂ ) ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့အစားအစာတွေ ။တိုက်ဖိုက်ရောဂါဖြစ်နေတဲ့အချိန် အစားမစားနိုင်တာကတစ်ကြောင်း၊ အားနည်းနေတာက တစ်ကြောင်းနဲ့ကိုယ်အလေးချိန်ကျသွားတတ်ပါတယ်။ ဒါ့ကြောင် အားပြန်ပြည့်စေဖို့ ပြန်ပြီး စိုစိုပြေပြေဖြစ်စေဖို့ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေစားပါ။ အသားပြုတ်ပျော့ပျော့Aလးတွေ စားပေးဖို့လိုသိလိုအာလူးဆို့ကန်စွန်းဥတို့လည်း စားပေးလို့ရပါတယ်။( ၃ )အိုမီဂါ 3 ကြွယ်ဝတဲ့အစားအစာတွေကိုများများစားပါ့။အိုမီဂါ 3 ကကိုယ်တွင်းရောင်ရမ်းခြင်းကိုလျော့ကျစေတာကြောင့်အူရောင်တာ သက်သာစေဖို့အိုမီဂါ 3ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။( ၄ ) ရေများများသောက်ပါ။ရေဓါတ်ဆိုတာ ကိုယ်တွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ အကောင်းဆုံး အရာတစ်ခုပါ။ နောက်ပြီးအူရောင်ငန်းဖျားရောဂါ ဖြစ်နေတဲ့အချိန် တက်နေတဲ့ ကိုယ်အပူချိန်ကြောင့် ရေဓတ်ခမ်းခြောက်မှာ ဖြစ်သလို ပျို့အန်တာ၊ ချွေးစေးတွေပြန်တာကြောင့်လည်း ရေဓါတ်ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် ရေများများပြန်သောက်ပေးဖို့လိုပါတယ်။( ၅ ) အစားပျော့ပျော့စားပါ။အူရောင်ငန်းဖျားရောဂါကြောင့် အူတွေအားနည်းနေမှာဖြစ်တဲ့အတွက် အစာခြေရလွယ် အာဟာရလည်းရှိမယ့် ကြက်သားဆန်ပြုတ် မြူစွမ်ပြုတ်တို့ကို အဓိကစားပါ။ကြက်ဥပြုတ်တို့ ဟင်းသီးဟင်းရွက်ပြုတ်တို့လည်း စားပေးလို့ရပါတယ်။အစား အားလုံးကို သန့်သန့်ရှင်းရှင်းထားပါ။ ယင်နားမခံပါနဲ့။ လက်သေချာ ဆေးပြီးမှ အစားစားပါ။ ဆရာဝန် ပေးတဲ့ ဆေးကို မှန်မှန်သောက်ပါ။ ကောင်းကောင်း အိပ်စက်အနားယူပါ။ ဒါဆိုရင်တော့ ဖြစ်နေတဲ့ တိုက်ဖွိုက် အမြန်ဆုံး ပျောက်သွားမှာ အသေအချာပါ ။ ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/typhoid/
Cervical Disc (လည်ပင်းအဆစ်ကြားအချပ်ပြား)
ကျောရိုးမကြီး၏ လည်ပင်းပိုင်းကိုအရိုး (ကျောရိုးဆစ်) ၇ခုဖြင့် ပြုလုပ်ထားပြီးခေါင်းအုံးကဲ့သို့ သောအချပ်ပြား (disc)များဖြင့် ပိုင်းခြားထားပါသည်။ ထိုအချပ်များသည် ဦးခေါင်းနှင့် လည်ပင်းထိခိုက် မှု တို့ကိုလျော့နည်းစေပါသည်။အရိုးများကြားတွင် ကြားခံကူရှင် အနေဖြင့် ဆောင်ရွက်ပြီးခေါင်း နှင့် လည်ပင်းကိုကွေးညွှန့် ရန် ခွင့်ပြုပေးပါသည်။ Cervical disc syndrome သည် ကျောရိုးမ၏ လည်ပင်းအပိုင်းမှ နာကျင်မှုများ ဖြစ်ခြင်းကိုဆိုလိုပါသည်။Cervical disc သည် ရုံးအလုပ်သမားများ နှင့် ကျောင်းဆရာများကဲ့သို့ အလုပ်အကိုင် များတွင် ပို၍ ဖြစ်ပွားပါသည်။ အသက် အလယ်အလတ်များတွင် ပို၍ ဖြစ်ပွားပါသည်။လည်ပင်းနာခြင်း၊ထုံကျဉ်ခြင်းတို့သည် ပခုံး၊ ကျောအပေါ်ဘက်၊ လက်မောင်း နှင့် လက် အထိရောက်ရှိနိုင်ပါသည်။ အချို့သူများတွင် အားနည်းခြင်း၊ကိုယ်ဟန်အနေအထားမထိန်းနိုင်ခြင်းနှင့်လမ်းလျှောက်ရာတွင်ခက်ခဲခြင်းတို့ဖြစ်တတ်ပါသည်။ဖောင်းကား၍ဘေးထွက်လာသောအချပ်ပြားများ(bulging disc)ကြောင့် ဖြစ်သောနာကျင်မှုသည် ချောင်းဆိုးနေချိန် ရယ်နေချိန် လှုပ်ရှားနေချိန် တွင် ပို၍ ဆိုးရွှားပါသည်။အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍သင့်ဆီတွင်ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။လမ်းလျှောက်ရာတွင်ခက်ခဲခြင်း၊ အားနည်းခြင်း၊ ခြေလက်များလှုပ်မရခြင်း နှင့် ဆီးဝမ်းမထိန်း နိုင်ခြင်းတို့ဖြစ်ပွားပါကဆရာဝန် နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။အများစုသည် အသက်ကြီး၍ disc များယိုယွင်းပျက်ဆီးလာမှု ကြောင့် ဖြစ်သည်။ ကိုယ်နေဟန်ထားမမှန်ကန်မှု နှင့် ပစ္စည်းများအားစိုက်၍မချီရသောအလုပ်လုပ်ရခြင်းသည် Cervical disc ကိုပို၍ဆိုးရွှားစေပါသည်။ disc များသည် တဖြည်းဖြည်းပျက်စီးလာပြီးပါးလာပါသည်။ disc များကြားမှနေရာသည် ကျဉ်းမြောင်းလာပြီးကျောရိုးဆစ် တစ်ခုနှင့် တစ်ခုပွတ်တိုက်လာပါသည်။ကျောရိုးဆစ် ၏ အစွန်းနားများပွန်းပဲ့ ပျက်စီးလာပါသည်။ ထိုအခါ အရိုးအတက်များ ဖြစ်ပေါ်လာပြီးကျောရိုးတွင်းရှိ နာဗ့်ကြောမကြီးကိုစတင် ဖိမိပါတော့သည်။ နာဗ့်ကြောသည် အနှောင့်အယှက် ခံရသောအခါ နာကျင်ခြင်း၊ ကျိန်းစပ်ခြင်း၊ ထုံထိုင်းခြင်း နှင့် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။အလားတူပြောင်းလဲမှုများနှင့် ဒဏ်ရာရမှု များသည် disc ပတ်လည်ရှိ အရိုးနှအထူများကိုထိုးဖောက်ကာကျောရိုးတွင်းရှိ နာဗ်ကြောမကြီးကိုဖိ နိုင်ပါသည်။Cervical discကိုဖြစ်ပွားနိုင်ချေမြင့်စေသည့် အကြောင်းရင်းများများစွာရှိပါသည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအဖြေရှာခြင်း။ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ့အမြဲတိုင်ပင်ဆွေးနွေးပါ။Cervical disc ဟုတ်မဟုတ်ကိုဘယ်လိုအဖြေရှာအတည်ပြုသလဲ။လည်ပင်းအရိုးဆစ်အားဓါတ်မှန် ရိုက်ခြင်း နှင့် ခန္ဓါကိုယ် စစ်ဆေးခြင်းတို့ဖြင့် ရောဂါ အဖြေရှာ နိုင်ပါသည်။ MRI (သံလိုက်ဓါတ်မှန်)ရိုက်ခြင်း၊ electromyography နှင့် နာဗ့်ကြော၏ ကူးလျှောက်ခြင်းအလျင် ကိုစမ်းသပ်သော EMG,NCV တို့ကိုလည်းလုပ်ဆောင်နိုင်ပါသည်။အများစုကိုနာကျင်မှုထိန်းချုပ်ခြင်းနှင့်အရောင်ကျဆေးများအသုံးပြုခြင်းဖြင့်ကုသနိုင်ပါသည်။ အရိုးအထူးကု၊မေ့ဆေးအထူးကု၊အာရုံကြောအထူးကုဆရာဝန်တို့ဖြင့် ပြသနိုင်ပါသည်။ ရှေးရိုးစွဲကုသခြင်းများကိုလည်းလုပ်ဆောင်နိုင်ပါသည်။ ရှေးရိုးစွဲကုသခြင်းများတွင်နာသောနေရာပေါ်သို့အပူကပ်ပေးခြင်းနဲ့အထူးလေ့ကျင့်ခန်းများပါဝင်ပါသည်။မေ့ဆေးအထူးကုဆရာဝန်များသည်steroidနှင့်မေ့ဆေးများကိုလည်ပင်းကျောရိုးဆစ်canalအတွင်းသို့ထိုးသွင်းခြင်းဖြင့်နာကျင်မှုကိုသက်သာရန် ဆောင်ရွက်ပေးပါသည်။ရောဂါလက္ခဏာများသည်ရက်သတ္တပတ်အနည်းငယ်အတွင်းပျောက်သွားတတ်ပါသည်။ အခြားကုသမှုများဖြင့်မသက်သာမှသာနောက်ဆုံးနည်းလမ်းအနေဖြင့် ခွဲစိတ်ကုသခြင်းကို ပြုလုပ်ပါ။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကCervical discကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် Cervical disc ကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/cervical-disc-%e1%80%9c%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%81%be%e1%80%80%e1%80%ac%e1%80%b8%e1%80%a1%e1%80%81%e1%80%ba%e1%80%95%e1%80%b9/
စိတ်ကျရောဂါနှင့် လိင်မှုကိစ္စ
စိတ်ကျန်းမာရေးနဲ့ လိင်မှုဘဝ သာယာမှုဆိုတာ အမြဲဆက်စပ်နေတဲ့ အရာတွေပါ။ စိတ်သွားမှ ကိုယ်ပါမယ်။ ကိုယ့်ရဲ့ စိတ်က ကျန်းမာနေမှ ကိုယ်ခန္ဓာက ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ စိတ်ခွန်အားတွေ ဖြစ်စေမယ်။ ဘဝက ပျော်ရွှင်သာယာနေတဲ့အချိန်မှာ လိင်မှုဘဝ သာယာဖို့အတွက် ကြိုးပမ်းနိုင်တာပေါ့။စိတ်ကသာ ပြိုလဲပြီဆိုရင် အရာရာက ပြိုလဲရတော့တာပါပဲ။ အထူးသဖြင့် စိတ်ကျရောဂါတွေ၊စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ ဘယ်လိုမှ လိင်စိတ်ဆန္ဒ ဖြစ်လာတော့မှာ မဟုတ်သလို ကိုယ့်ချစ်သူ၊ အိမ်ထောက်ဖက်ကိုလည်း စိတ်တိုင်းကျစေဖို့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ စိတ်ကျရောဂါကြောင့် ကိုယ့်ရဲ့ လိင်မှုဘဝကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမျိုးမှာ မရှိတဲ့ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ အတွေးထဲမှာပဲ လှောင်ပိတ်ပြီး ကိုယ့်စိတ်ကို ဒုက္ခပေးဖို့ ကြိုးစားတယ်။ ကြာလာတာနဲ့အမျှ ဘဝကြီးဟာ နေထိုင်ရတာ အဓိပ္ပာယ်မဲ့လာသလို ခံစားရပြီး ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင်နဲ့ အိပ်ရာထဲ လဲသွားမယ်။ နောက်ဆုံး ကိုယ့်အသက်ကိုပါ ထိခိုက်စေနိုင်သည်အထိ သေကြောင်းကြံစည်မှုတွေ ဖြစ်လာနိုင်ပါတယ်။ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ အခက်အခဲတွေ၊ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှု၊ ပတ်ဝန်းကျင်၊ မိသားစုတွေကြောင့် ကိုယ့်ရဲ့ အတွေးအခေါ်၊ သိစိတ်၊ မသိစိတ်၊ အပြုအမူပေါ်မှာ မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ဖြစ်စေတယ်။ ဒီလို မကောင်းတဲ့ အတွေးတွေ ခေါင်းထဲ ပြည့်နှက်ရာမှ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာမှာ ပြဿနာတွေ ပိုရှုပ်ထွေးလာစေနိုင်ပါတယ်။စိတ်ရဲ့ ကျန်းမာရေးဟာ လူသားတိုင်းရဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးကြီးပါတယ်။ ဒီတော့ အရာရာကို တောင့်ခံထားမယ့် စိတ်က လဲပြီဆိုရင် ကိုယ့်အတွက် ဘာကိုမှ လုပ်ချင်စိတ်၊ စိတ်ဝင်စားတဲ့ ခံစားချက်တွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် စိတ်ကျရောဂါ ရှိနေတဲ့သူတွေမှာ ပုံမှန်လူတွေလို လိင်မှုကိစ္စ ပြီးမြောက်မှု ဆန္ဒအထွတ်အထိပ်ကို ရောက်သွားသည့်တိုင်အောင် သာယာမှု၊ ပျော်ရွှင်မှု၊ ပြီးပြည့်မှုကို မခံစားရတော့ပါဘူး။အမျိုးသမီးတွေမှာ ကလေးမွေးပြီးချိန်၊ သွေးဆုံးချိန်၊ အလုပ်နဲ့ မိသားစုတာဝန်မမျှတာကြောင့် စိတ်ကျရောဂါဖြစ်နိုင်ပြီး မိမိကိုယ်ကိုယ် တန်ဖိုးမထားတော့ခြင်း၊ ဘဝဟာ တန်ဖိုးမဲ့လာသလို ခံစားရခြင်းအပြင် လိင်မှုကိစ္စ ဆက်ဆံရဖို့ စိတ်ပါဝင်စားမှု နည်းလာတတ်ပါတယ်။ အမျိုးသားတွေမှာ အလုပ်ခွင်နဲ့ လူမှုရေးရာပြဿနာတွေကြောင့် စိတ်ဖိစီးမှုတွေ များလာတာ၊ မိမိကိုယ်ကိုယ် တန်ဖိုးထားစိတ် နည်းလာတာ၊ အတိတ်မှာ လုပ်ခဲ့မိတဲ့ အမှားတွေကြောင့် အပြစ်တင်စိတ်တွေဟာ စိတ်ကျရောဂါကို ဖြစ်စေနိုင်တဲ့ အဓိကတရားခံတွေပါပဲ။ အမျိုးသားတွေမှာ အဓိကဖြစ်ရတဲ့ ပြဿနာကတော့ လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။စိတ်ကျရောဂါရှင်တွေမှာ အများဆုံး တွေ့ရတတ်တဲ့ နောက်ထပ် ပြဿနာကတော့ မိမိကိုယ်ကိုယ် တန်ဖိုးမထားတော့တာပါပဲ။ ကိုယ့်ကိုယ်ကိုယ်တောင် မချစ်မှတော့ တခြားသူတစ်ယောက်ကို စိတ်နှစ်ပြီး ချစ်ဖို့ဆိုတာ ပိုပြီးတောင် မလွယ်ကူပါဘူး။ ဒီလိုအခြေအနေမှာ လူတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာထက်စွဲလမ်းစိတ်တွေ ဖြစ်တည်လာပြီး တွယ်တာမှု၊ အားကိုးမှုတွေ ဖြစ်လာပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဆန့်ကျင်ဘက် စွဲလမ်းစိတ်ကြောင့် နဂိုရှိနေတဲ့ စိတ်ကျန်းမာရေးဟာ ပိုဆိုးလာပြီး လူမှုရေး၊ အချစ်ရေးမှာလည်း ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ခံစားချက်တွေ ပြင်းထန်နေတာ၊ ထိခိုက်ခံစားဖို့ လွယ်ကူနေတဲ့အချိန်မှာ နောက်ဆုံးလိင်ဆက်ဆံခဲ့စဉ်က နာကျင်မှုတွေ၊ အဆင်မပြေမှုတွေကို ပြန်တွေးရင်း လိင်မှုကိစ္စကို ပြုလုပ်ဖို့ ရှောင်တတ်ကြပါတယ်။စိတ်က ညစ်နေပြီဆိုရင် အားမရှိသလို၊ ပင်ပန်းသလို ဖြစ်နေတတ်တာ သဘာဝပါပဲ။ စိတ်ကျရောဂါဝေဒနာ ခံစားနေရတဲ့သူတွေမှာ ညဘက်တွေ ကောင်းစွာ အိပ်စက်အနားယူခြင်း မပြုတာ သို့မဟုတ် အချိန်အကြာကြီး အိပ်စက်တဲ့ အပြုအမူတွေကြောင့် ပိုပြီး မောပန်းလွယ်တတ်ပါတယ်။ ဒီလိုမျိုး စိတ်ရော၊ လူပါ ပင်ပန်းနေပြီဆိုမှတော့ လိင်ဆက်ဆံဖို့အတွက် အားစိုက်ထုတ်ရမှာကို နှစ်သက်နိုင်တော့မှာ မဟုတ်ပါဘူး။စိတ်ကျန်းမာရေးကြောင့် ဖြစ်တဲ့ ပြဿနာဖြစ်တဲ့အတွက် အဓိကစိတ်ကျရောဂါကို ပျောက်ကင်းအောင် ကုသဖို့ ကြိုးစားသင့်ပါတယ်။ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးတာဖြစ်စေ၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဖြစ်စေ သေချာတိုင်ပင်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို အဖြေရှာနိုင်မယ်ဆိုရင် ကုသဖို့ လွယ်ကူပါတယ်။ကိုယ့်မှာ စိတ်ကျရောဂါ သို့မဟုတ် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ ရှိရင် ကိုယ့်ရဲ့ မိသားစု၊ အိမ်ထောင်ဖက်၊ ချစ်သူကို ပြောပြထားဖို့ လိုအပ်ပါတယ်။ ဒီလိုမှပဲ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ ကိုယ့်ကျန်းမာရေး ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့ အားပေးကူညီမှုတွေ ပေးနိုင်မှာပါ။စိတ်ကျန်းမာရေးပြဿနာမို့ ရှက်တဲ့စိတ်နဲ့ မကုဘဲ ပစ်ထားလိုက်တာမျိုး မလုပ်ပါနဲ့။ အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ကုသမယ်ဆိုရင် အမြန်ဆုံး ပျောက်ကင်းပြီး သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေး ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%99%e1%80%be/
သင့်တော်တဲ့ ကလေးအထူးကု ဆရာဝန်တယောက်ကို ဘယ်လိုရွေးချယ်မလဲ
ကလေးအထူးကုဆရာဝန်တွေဟာ အရမ်းအလုပ်များတဲ့အတွက် သူတို့နဲ့ရက်ချိန်းယူဖို့က တခါတလေ နည်းနည်းတော့ခက်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို ကလေးအထူးကုဆရာဝန်တယောက်နဲ့ပထမဆုံးအကြိမ် ပြသမယ်ဆိုရင် သင့်အနေနဲ့ဆရာဝန်ကို မျက်နှာချင်းဆိုင်တွေ့ပြီး စကားအနည်းငယ်တော့ အရင်ပြောဖို့လိုအပ်တဲ့အတွက် ရက်ချိန်းကို ရအောင်ယူရပါမယ်။ ဒါမှသာ ဒီဆရာဝန်ဟာ သင့်ကလေးအတွက် မှန်ကန်သင့်တော်တဲ့ ဆရာဝန်တယောက်ဟုတ်မဟုတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။သင့်အနေနဲ့ ဆရာဝန်ကို ထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။ဘာတွေကိုလေ့လာရမလဲ။•သန့်ရှင်းမှု: ဒါဟာပထမဆုံး လေ့လာသင့်တဲ့အချက်ဖြစ်ပါတယ်။ လူနာတွေစောင့်ဆိုင်းရတဲ့နေရာဟာ သန့်ရှင်းသပ်ယပ်နေရမှာ ဖြစ်ပြီးလူနာစမ်းသပ်ခန်းဟာလည်း လုံခြုံစိတ်ချမှုရှိရမှာဖြစ်တဲ့အပြင် ပိုးမွှားကင်းစင်သန့်ရှင်းနေရမှာ ဖြစ်ပါတယ်။•ဆရာဝန်ရဲ့ဆက်ဆံရေး: ဒါကတော့ လူနာတယောက်နဲ့တယောက် အယူအဆမတူတတ်တဲ့အတွက် သင်ဘယ်လိုတွေးလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ တချို့လူနာတွေက ဖော်ရွေနွေးထွေးတဲ့ဆရာဝန်ကို သဘောကျသလိုတချို့ကျပြန်တော့လည်း ခပ်တည်တည်နဲ့တိတိကျကျ ပြတ်ပြတ်သားသားအလုပ်လုပ်တတ်တဲ့ ဆရာဝန်ကိုမှ ပိုပြီးအမှတ်ပေးတတ်ကြလို့ပါ။•ဝန်ထမ်းတွေရဲ့လုပ်ကိုင်ဆောင်ရွက်ပုံ၊ ကိုယ်ရည်ကိုယ်သွေး: တချို့မိဘတွေအတွက် ဒီအချက်ဟာအရေးကြီးပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေ ဆရာဝန်နဲ့ဒါမှမဟုတ် သင်နဲ့ဘယ်လိုဆက်ဆံပြောဆိုလဲဆိုတာကို သင့်အနေနဲ့အကဲခတ်နိုင်ပါတယ်။•ဆေးခန်းတည်နေရာ: ကလေးတွေဟာ ဖျားနာ၊ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာ အိမ်ကနေ ဘယ်မှမသွားချင်ကြပါဖူး။ ဒါကြောင့် အိမ်နားအနီးတဝိုက်မှာရှိတဲ့ ဆေးခန်းဟာ ဝေးတဲ့ဆေးခန်းထက် ပိုအဆင်ပြေပါတယ်။•စောင့်ဆိုင်းရတဲ့အချိန်: ဆေးခန်းထဲမှာစောင့်နေတဲ့ ကလေးလူနာလေးတွေ ဘယ်လောက်များလဲ တချက်လေ့လာမယ်ဆိုရင် ဒီဆရာဝန်ဟာ ကြည့်နိုင်တဲ့လူနာပမာဏထက်ပိုပြီး ရက်ချိန်းပေးထားခြင်းရှိမရှိကို သိသာစေနိုင်မှာပါ။ကလေးအထူးကုဆရာဝန်နဲ့တွေ့တဲ့အချိန်ကျရင် မေးမယ့်မေးခွန်းလေးတွေကိုကြိုတင်ပြီး ချရေးထားသင့်ပါတယ်။ အထူးသဖြင့်-။• ဆရာဝန်ရဲ့ ဆေးကုသမှုသက်တမ်း။• အထူးပြုဘာသာရပ်။• ဘယ်အရွယ်ကလေးတွေကို ကုရတာများလဲ။ အထက်တန်းကျောင်းသားအရွယ်တွေလား။ ဒီထက်ငယ်တဲ့ ကလေးတွေလား။• ဘယ်နေ့တွေ ဆရာနားလဲ။• ဘယ်သားဖွားမီးယပ်ဆရာဝန်နဲ့တွဲဖက်ပြီး အလုပ်လုပ်သလဲ။• ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့ကလေးတွေအတွက် အချိန်သက်သက်သတ်မှတ်ပေးထားတာမျိုးရှိလား။• ကလေးအထူးကုဆရာဝန်တယောက်အနေနဲ့ကလေးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး အစိုးရိမ်ဆုံးကဘာလဲ။• စကားပြောတာနဲ့လှုပ်ရှားသွားလာမှု ပုံမှန်ထက်နောက်ကျတဲ့ကလေးမျိုး၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာပြဿနာရှိတဲ့ကလေးမျိုးတွေကို တခြားကျွမ်းကျင်ပညာရှင်တွေဆီ လွှဲတာမျိုးတွေရှိလား။• အရေးပေါ်မဟုတ်တဲ့ မေးစရာမေးခွန်းလေးတွေရှိရင် ဆရာဝန်ဆီဆက်သွယ်လို့ရမယ့် အကောင်းဆုံးနည်းလမ်း။• ဆရာဝန်ကိုယ်တိုင်မှာရော ကလေးတွေရှိလား။ ရှိတယ်ဆိုရင် ဒီလိုကလေးရှိတာက ဆေးကုသတဲ့နေရာမှာအထောက်အကူဖြစ်လား ဒါမှမဟုတ် အနှောင့်အယှက်ဖြစ်စေလား။• ဆရာဝန်အနေနဲ့ဒီအနီးနားတဝိုက်က ဘယ်ဆေးရုံမှာတာဝန်ကျလဲ။ လုပ်ပိုင်ခွင့်ရှိလဲ။• သဘာဝဆေးနည်းတွေအပေါ်မှာရော ဘယ်လိုသဘောထားအမြင်ရှိလဲ။• လူနာတွေနဲ့မိသားစုဝင်တွေကို ကျန်းမာရေးအသိပညာပေးနိုင်ဖို့ဘယ်လိုတွေစီမံထားလဲ။• အထူးတလည် ကုသမှုပေးရမယ့်ကလေးလူနာတွေ ဒါမှမဟုတ် ဒါဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ကလေးတွေကို ကုသတဲ့အတွေ့အကြုံဘယ်လောက်ရှိလဲ။• အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေရှိနေတဲ့ ကလေးတွေရဲ့မိဘတွေကို ဆရာဝန်အနေနဲ့ဘယ်လိုကူညီထောက်ပံ့မှုတွေပေးနိုင်လဲ။• နိုင်ငံရဲ့လက်ရှိကျန်းမာရေးစောင့်ရှောက်မှုအနေအထားကို ဘယ်လိုမြင်သလဲ။ အပြောင်းအလဲတွေပေါ်ကိုရော ဘယ်လိုမြင်လဲ။ ဆရာဝန်ရဲ့ လက်ရှိကုသနေတဲ့ အနေအထားကိုရော ကျန်းမာရေးစနစ်အပြောင်းအလဲတွေက ဘယ်လိုမျိုးရိုက်ခတ်မှုရှိနိုင်လဲ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%91%e1%80%b0%e1%80%b8%e1%80%80%e1%80%af-%e1%80%86/
အိပ်ရေးဝဝ အိပ်ပျော်စေဖို့
ညဘက်တွေအိပ်မပျော်တဲ့ ဝေဒနာဟာ အတော်ခံရခက်ပါတယ်။ လူက အိပ်ချင်ပေမယ့် အိပ်မပျော်တာ၊ အချိန်လွန်မှန်း သိနေပြီး မျက်လုံးတွေ မှိတ်ထားပါလျက်နဲ့ အိပ်ပျော်မသွားတာ၊ အတွေးတွေ လွန်ပြီး အိပ်မရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ကြတဲ့သူတွေကလည်း အများသား။ ဒီတော့အိပ်ဆေးမကူရပါဘဲသဘာဝနည်းလမ်းတွေနဲ့ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဘယ်လိုလုပ်ကြမလဲ။အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဆိုရင်။စနေ၊ တနင်္ဂနွေလေးပဲ အိပ်ရတာကို၊ မနက်မထပါဘူး။ ဘာလဲ။ ညနေထိ အိပ်မှာဆိုရင်တော့ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး ခံစားလိုက်ပါဦးရှင်။ ဘယ်လို ပိတ်ရက်ပဲ ဖြစ်ဖြစ်၊ ညတိုင်း ပုံမှန် အိပ်မယ်၊ မနက်ပုံမှန်ထမယ် ဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝနာရီတွေကိုလည်း မှန်ကန်စေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို အထိုက်အလျောက် ပြေလည်သွားစေနိုင်မှာပါ။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေဟာ သွေးလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်ကိုလည်း အထိုက်အလျောက် မောပန်းစေတာမို့ ကောင်းကောင်း အိပ်ပျော်စေပါတယ်။လေ့ကျင့်ခန်း လုပ်ဆိုလို့လည်း အားကြီးနဲ့ ပြင်းပြင်းထန်ထန်တွေ မလုပ်နဲ့ဦးနော်။ ယောဂတို့၊ အေရိုးဗစ်တို့လို လေ့ကျင့်ခန်းမျိုးတွေဆို အဆင်ပြေပါတယ်။ အိပ်ခါနီးမှ လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ဖုန်းနဲ့ တက်ဘလက်တွေက ထွက်တဲ့ အလင်းရောင်တွေကအိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ မီးရောင်က ဦးနှောက်ကို “မအိပ်နဲ့ဦး။ ဒါက နိုးနေရမယ့် အချိန်” ဆိုပြီး သတိပေးနေတာကြောင့် အိပ်မယ် ဆိုရင် အလင်းရောင် ထွက်တဲ့ အရာတွေကို ရှောင်ပါ။ မီးပိတ်အိပ်ပါ။သရဲ ကြောက်တတ်လို့ မီးကို ဖွင့်မှကို ဖြစ်မယ် ဆိုရင်တော့ ညအိပ်မီး မှိန်မှိန်လေး ထွန်းအိပ်ပါ။ဟိတ်။ အဝေးကြီး လျှောက် မစဉ်းစားနဲ့။ အိပ်ရာ ပေါ်မှာ စားတာ၊ သောက်တာ၊ TV ကြည့်တာ၊ ဖုန်းကြည့်တာ၊ Laptop ကြီး ဖွင့်ထားတာ၊ အလုပ်လုပ်တာမျိုး မလုပ်ပါနဲ့။ဦးနှောက်ကို အကျင့်လုပ်ပေးပါ။ ဒါတွေ လုပ်မယ့် အစား စာဖတ်တာ၊တရားထိုင်တာနဲ့ Soothing Music (စိတ်ငြိမ် စေမယ့် သီချင်း အေးအေးလေးတွေ) ဖွင့်ထားတာမျိုး လုပ်ပါ။အိပ်ခန်းကို သက်သောင့်သက်သာ ဖြစ်အောင် ထားတာ၊ မအိပ်ခင် နွားနို့ တစ်ခွက် သောက်တာ ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ရေချိုးပေးတာကလည်း နှစ်ခြိုက် ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။အိပ်စက်ခြင်းက လှပတဲ့ အရာ တစ်ခုပါ။ အိပ်ရေး မဝရင် စိတ်မကြည်တာ၊ ခေါင်းကိုက်တာ အပြင်အသားအရေကိုပါ ပျက်စီးစေတာကြောင့် ဒီရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ အိပ်မပျော်ခြင်းကို ကုစားလိုက် ကြရအောင်။ရေးသားသူ- Wathun Myat Chel။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/tips-for-sound-sleep/
သွေးလည်ပတ်မှုကောင်းစေမယ့် နည်းလမ်း (၅) သွယ်
လူ့ခန္ဓါကိုယ်အနှံ့ကို သွေးကြောတွေနဲ့ ကွန်ရက်ဖြန့်ကြက်လွှမ်းခြုံထားတဲ့ သွေးလည်ပတ်မှုစနစ်က ကျန်းမာရေးအတွက် သိပ်ကိုအရေးကြီးပါတယ်။သွေးလည်ပတ်မှုမကောင်းခြင်းက အဝလွန်ခြင်း၊သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုရောဂါတို့လို တခြားကျန်းမာရေးပြဿနာတွေရဲ့လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ဒါတွေမဖြစ်အောင် သွေးလည်ပတ်မှုကောင်းချင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမယ့် (၃) ချက်ရှိတယ် –။နေ့စဉ်သွားလာနေထိုင်မှုပုံစံတွေထဲ ဒီအချက်တွေကို ဂရုစိုက်ပေးရင်သွေးလည်ပတ်မှုကောင်းပြီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။ကိုယ်အလေးချိန်သိပ်မများ၊ သိပ်မနည်းဘဲ ပုံမှန်ထိန်းထားနိုင်တယ်ဆိုရင်သွေးလည်ပတ်မှုပိုကောင်းစေနိုင်တယ်။ လူတစ်ယောက်က ကိုယ်အလေးချိန်များနေတယ်ဆိုရင်သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုတော့ ပုံမှန်ရှိသင့်ပါတယ်။ အားကစားတွေ၊ workout တွေမလုပ်နိုင်ရင်တောင် ခပ်ဖွဖွပြေးတာ၊သွေးပူလေ့ကျင့်ခန်းလုပ်တာလောက်တော့ လုပ်သင့်ပါတယ်။ယောဂ ကစားတာကလည်း လှုပ်ရှားမှုမျိုးစုံပါဝင်တာမို့ ခပ်ပျော့ပျော့နဲ့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။သွေးပြန်ကြောတွေကို ဖိလိုက်လွှတ်လိုက် လှုပ်ရှားမှုတွေဖြစ်စေတာမို့သွေးလည်ပတ်မှုကိုလည်း ပိုကောင်းစေပါတယ်။ သုတေသနတွေအရယောဂကစားခြင်းက နှလုံးသွေးကြောစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်တို့အတွက် အကျိုးရှိတယ်လို့တွေ့ရှိထားပါတယ်။အကျိုးပြုအဆီဓါတ် omega-3fatty acidsတွေများတဲ့ ငါးတွေကို စားရင် နှလုံးသွေးကြောကျန်းမာရေးနဲ့သွေးလည်ပတ်မှုကို ပိုကောင်းစေနိုင်တယ်လို့လေ့လာတွေ့ရှိထားပါတယ်။ အဆီများတဲ့ငါးတွေက – ဆယ်လ်မွန်ငါး၊ မက်ခရယ်ငါး၊ ဆာဒင်း၊ တူနာ တို့ပါဝင်ပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေအတွက်တော့ ကိုက်လန်၊ ပင်ပွားစေ့၊ အခွံမာသီးနဲ့အစေ့အဆန်တွေကို စားလို့ရပါတယ်။ခပ်ကြမ်းကြမ်းအနှိပ်ခံဖို့မဟုတ်ပါဘူးနော်။ Spa သွားပြီးတော့လည်းငွေကုန်စရာမလိုပါဘူး။ ကိုယ့်ရဲ့ခြေထောက်၊ ခြေမျက်စိ၊ ခြေဖဝါးတို့ကို သံလွင်ဆီလေးနဲ့ အသာအယာနှိပ်နယ်ပေးလို့ရပါတယ်။ လက်ချောင်းထိပ်လေးနဲ့ ခပ်ဖွဖွနှိပ်နယ်ပေးတာကသွေးကြောတွေကိုကျယ်စေပြီး ကြွက်သားတွေကိုပြေလျော့စေတယ်၊ရောင်ရမ်းမှုတွေကို သက်သာစေတယ်။သံဓါတ်ဟာသွေးလည်ပတ်မှုစနစ်အတွက် မရှိမဖြစ်အရေးပါတဲ့သတ္တုဓါတ်ဖြစ်ပါတယ်။ သူက သွေးနီဥဆဲလ်တွေမှာအဓိကပါဝင်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်ဖို့ကို သံဓါတ်လိုအပ်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ ဟင်းနုနွယ်၊ ပဲနဲ့ အသည်း စတာတွေကနေ ရရှိနိုင်ပါတယ်။ဒါပေမယ့် အားဆေးတွေသောက်၊ သံဓါတ်ကြွယ်ဝတာတွေစားလွန်းရင် သံဓါတ်လွန်ကဲတတ်တာ သတိပြုပါ။ သံဓါတ်လွန်ကဲတဲ့အခါ နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်နော်။ ၂၀၁၃ ခုနှစ်က သုတေသနအရ ခန္ဓါကိုယ်ထဲ သံဓါတ်လွန်ကဲနေခြင်းက ကိုလက်စထရောများခြင်း၊ ခါးပတ်လည်အဆီများခြင်းတို့နဲ့ ဆက်နွှယ်နေတာတွေ့ရပါတယ်။ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက် အဓိကကျတဲ့သွေးလည်ပတ်မှုစနစ်ကိုကောင်းအောင် ဂရုစိုက်ပေးလိုက်ပါ။ နေရတာ ထူးခြားလာပါလိမ့်မယ်နော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%9c%e1%80%8a%e1%80%b9%e1%80%95%e1%80%90%e1%80%b9%e1%80%99%e1%82%88%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%85%e1%80%99%e1%80%9a/
အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ
မိန်းကလေးတွေအတွက်တော့လိင်မှုကိစ္စဆောင်ရွက်ရဖို့ အမြဲစိုးရိမ်နေရတာ၊ စဉ်းစားတွေးတောစရာတွေ များတာ သဘာဝပါပဲ။ချစ်သူ၊ လင်မယားရယ်လို့ ဖြစ်လာပြီဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှက်နေလို့တော့ ဘယ်ဖြစ်မလဲ။ သိထားဖို့ လိုအပ်တာကတော့ လိင်မှုကိစ္စဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အရေးကြီးဆုံး အရာတွေထဲက တစ်ခုဆိုတာပါပဲ။ဒါပေမဲ့လည်း ကိုယ်က ဒီလို ကိစ္စတွေ ဆောင်ရွက်ဖို့ကို အဆင်သင့်ဖြစ်နေမှ၊ စိတ်ပါနေမှ အဆင်ပြေမှာပါ။ အထူးသဖြင့် ပုံမှန်လိင်ဆက်ဆံမှုမျိုးမှာတောင် တွေဝေနေတတ်တဲ့ မိန်းမသားတွေအတွက် အနောက်တံခါးထဲ (စအိုဖြင့်) လိင်ဆက်ဆံရမှာကို ပိုပြီးတောင် စိုးရိမ်ပူပန်နေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ စအိုဖြင့် လိင်ဆက်ဆံခြင်းမပြုမီ ဘာတွေသိထားသင့်လဲ၊ ဘာတွေကို ကြိုပြီး ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ဘယ်သူ့ရဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါစေ ဒီလိုအပြုအမူအတွက် ၂ဦး၂ဖက် သဘောတူညီမှု ရယူဖို့ လိုပါတယ်။ ကိုယ့်အတွက် ဒီလိုလိင်ဆက်ဆံမှုမျိုးဟာ သက်သောင့်သက်သာ ဖြစ်စေနိုင်မလား။ ပိုပြီး ထိခိုက်နာကျင်စေနိုင်မလား ဒါမှမဟုတ်ရှက်စရာကိစ္စကြီး တစ်ခုလို ဖြစ်နေလား။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြည့်ပါ။အထူးသဖြင့် ပထမဆုံးအကြိမ် ဖြစ်နေတယ်ဆိုရင် မိန်းကလေးတွေအတွက် ကြောက်ရွံ့စိတ်ဖြစ်နေမှာ အသေအချာပါပဲ။ ဒီနာကျင်ရတော့မယ်ဆိုတဲ့ စိတ်က ဝင်နေရင် ဘယ်လိုမှ သာယာမှုကို ခံစားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်အမျိုးသားပဲ ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်မှုကိစ္စမပြုလုပ်ခင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုပြောထားဖို့ လိုပါတယ်။ကိုယ့်ချစ်သူအတွက် ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ငြင်းဆန်နေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ ပထမဆုံးတစ်ခေါက် ဆက်ဆံမှု ပြုခဲ့စဉ်က သူ့အတွက် သည်းမခံနိုင်ရလောက်တဲ့ နာကျင်မှုဝေဒနာတွေ ခံစားခဲ့ရတာ၊ အကြောင်းအမျိုးမျိုးကြောင့်ပွန်းပဲ့ထိခိုက်မှုမျိုးတွေ ဖြစ်ခဲ့ဖူးတာဆိုရင်တော့ ဒီလိုလိင်ဆက်ဆံရဖို့ ကြောက်စိတ်တွေ တော်တော်လေး ဝင်နေမှာပါ။ ဒီလိုအရာမျိုးတွေ ရှိ၊ မရှိဆိုတာ ကိုယ့်ဘက်ကလည်း ပြောပြပေးဖို့လိုပါတယ်။ ဒါမှပဲ ရှေ့ဆက်သင့်၊ မဆက်သင့် ပြန်တွေးဖို့၊ နှစ်ယောက်လုံး သက်သောင့်သက်သာဖြစ်စေဖို့ ပြင်ဆင်သင့်တာတွေ ကြိုပြီး ပြင်ဆင်လို့ ရမှာပါ။လိင်မှုကိစ္စ မပြုလုပ်ခင် မစားသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ အထူးသဖြင့် စအိုဖြင့် လိင်ဆက်ဆံမှု မပြုခင် ဝမ်းသွားချင်စိတ်ကို နှိုးဆွပေးနိုင်တဲ့ အစေ့အဆန်၊ အခွံမာသီး၊ စပ်လွန်းတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေ၊ အသားတွေ အများကြီးစားတာ၊ လေပွစေနိုင်တဲ့ ကဖင်းဓာတ်ပါတဲ့ အအေး၊ကော်ဖီ၊ ဖျော်ရည်တွေကို ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါပဲ။ ကိုယ့်အတွက် သက်သောင့်သက်သာ ဖြစ်စေဖို့အပြင် မလိုလားအပ်တဲ့ ဝမ်းထွက်တဲ့ အခြေအနေမျိုး မကြုံရအောင် ကာကွယ်ပေးရပါမယ်။ အစာစားတော့မယ်ဆိုရင်လည်း အနည်းဆုံး လိင်ဆက်ဆံခြင်း မပြုခင် ၂နာရီလောက် ခြားပြီး စားပေးဖို့ လိုပါတယ်။အနောက်တံခါးထဲ လိင်ဆက်ဆံခြင်း ပြုရာမှာ ဗိုက်ထဲမှာ ဝမ်းမကျန်နေဖို့၊ သန့်ရှင်းနေဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှပဲ ကိုယ်ရော၊ ကိုယ့်ချစ်သူပါ အနံ့အသက်ကင်းကင်းနဲ့ ချစ်စခန်းဝင်နိုင်မှာပေါ့။ ဒါကြောင့် တစ်နာရီလောက် ကြိုတင်ပြီး ဝမ်းသွားထားပါ။လိင်ဆက်ဆံခြင်းမပြုခင်မှာ စအိုတစ်ဝိုက်ကို သေချာဆေးကြောထားပါ။ လိုလိုမယ်မယ် အနံ့မွှေးပြီး စုပ်ယူမှုအားကောင်းတဲ့ wet tissue ဆောင်ထားတာဖြစ်စေ၊ ဆက်ဆံမှု ပြုတဲ့နေရာမှာ မပေကျံအောင် မျက်နှာသုတ်ပဝါ တစ်ထည် ခံထားတာဖြစ်စေ လုပ်ပေးလို့ ရပါတယ်။သူစိမ်းနဲ့ ဖြစ်စေ၊ ကိုယ့်ချစ်သူနဲ့ဖြစ်စေ လိင်ဆက်ဆံတိုင်းအကာအကွယ်သုံးဖို့ မမေ့သင့်ပါဘူး။ အထူးသဖြင့် မိန်းမကိုယ်လိုမျိုး ချောဆီမထွက်ဘဲ အတွင်းနံရံတွေ နူးညံ့လွန်းတဲ့ စအိုဝဟာ ပွန်းပဲ့ထိခိုက်ဖို့ အင်မတန်လွယ်ကူပါတယ်။ ဒီအခါ ကိုယ့်ချစ်သူမှာ ရောဂါပိုးရှိနေရင် သွေးကြောထဲ အလွယ်တကူရောက်သွားပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရဖို့ အခွင့်အလမ်း ပိုများသွားနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ကွန်ဒုံးကို အသုံးပြုဖို့က မဖြစ်မနေ အရေးအကြီးဆုံးပါပဲ။အပေါ်မှာ ပြောခဲ့သလိုပါပဲ။ စအိုဝဟာ မိန်းမကိုယ်လို မဟုတ်ဘဲ အတွင်းသားနံရံ အင်မတန်နူးညံ့ပြီး ဝင်ဖို့အတွက် လမ်းကြောင်းကျပ်လွန်းပါတယ်။ အစကတည်းက ကိုယ်က အင်နဲ့ အားနဲ့ ဆောင့်ပြီး ထိုးသွင်းမှု ပြုလိုက်ရင် ကိုယ့်ချစ်သူအတွက် ဒါဟာ နာကျင်ဖွယ်ရာ၊ ထိတ်လန့်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခုလို စိတ်ထဲမှာ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် မလောပါနဲ့။ အစပိုင်းကို ဖြည်းညင်းစွာ စတင်ပါ။ လိုအပ်ရင် ချောဆီကို အသုံးပြုပါ။ ကိုယ့်ချစ်သူကိုလိင်စိတ်ထကြွစေဖို့ နှိုးဆွပေးပါ။ အဆင်သင့်ဖြစ်ပြီဆိုမှ အရှိန်ကို ဖြည်းဖြည်းချင်း စတင်မြှင့်ပေးတာ ပိုကောင်းပါတယ်။အမျိုးသားတွေအနေနဲ့ တစ်ဦးတည်း ဆောင်ရွက်နေရတာ မဟုတ်တဲ့အတွက် လိင်ဆက်ဆံနေစဉ်မှာ ရေငုံနှုတ်ပိတ် နေတဲ့ အကျင့်ကို ဖျောက်ဖို့ ကြိုးစားပါ။ သူ့အတွက် သက်သောင့်သက်သာဖြစ်စေလား၊ မခံမရပ်နိုင်အောင် နာကျင်နေလား မေးမြန်းပါ။ နာကျင်မှုဒဏ်ကြောင့် ရပ်ပေးဖို့ သူ့ဘက်က တောင်းဆိုလာရင် ရှေ့ဆက်မတိုးပါနဲ့။ ဒီတစ်ကြိမ်မှာ မအောင်မြင်နိုင်ရင် ထပ်ပြီး ကြိုးစားခွင့်ရှိပါသေးတယ်။ လိင်ဆက်ဆံမှုဆိုတာ ရှက်ရွံ့စရာထက် နှစ်ဦးနှစ်ဖက် သာယာနေဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိထားပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/what-to-prepare-before-anal-sex/
နှလုံးသွေးကြော ကျဉ်းရောဂါက ပြန်ပျောက်သွားတတ်လား ။ ။
မောမောနေလို့ ဆိုပြီး ဆေးခန်းသွားပြတဲ့လို့ECGဆွဲဓါတ်မှန်ရိုက်ကြည့်တဲ့အခါ နှလုံးသွေးကြောကျဉ်းနေတယ်ဆိုတဲ့ အဖြေပြန်ထွက်လာခဲ့ရင် လူတိုင်းလန့်သွားကြမှာပါ။ နှလုံးသွေးကြောဘာ့ကြောင့်ကျဉ်းတာလဲ၊ ဘယ်လိုကာကွယ်ရမလဲ။ ပြန်ရော ပျောက်သွားတတ်လားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီဝင်လာမှာ ကျိန်းသေပါတယ် ။အဓိက မြင့်တက်နေတဲ့ေသွးတွင်းကိုလက်စရောကြောင့် ပါ။ ကိုလက်စရော ရှိသင့်တာထက်ပိုများနေတဲ့ သူတွေရဲ့ သွေးကြောနံရံလေးတွေမှာ အဆီတွေ တဖြည့်းဖြည်းစုပုံလာပြီးနောက်ပိုင်း သွေးကြောတွေမာခဲလာကာ ေသွးကြောကျဉ်းလာပါတယ်။ ပျော့ပျောင်းလွယ်ဖြစ်ရမယ့် သွေးကြောလေးတွေ မာလာတာကြောင့် ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ နှလုံးဆီကို သွေးရောက်တာနည်းသွားမှာ ဖြစ်တဲ့အပြင် စုပုံနေတဲ့ သွေးကြောနံရံက အဆီလေးတွေ ကွာထွက်ကုန်ပြီးနှလုံးသွေးကြောပိတ်တဲ့ ပြဿနာတွေကိုပါ ဖြစ်စေတတ်ပါတယ်။နှလုံးသွေးကြောက တစ်ခါကျဉ်းဖူးရင် ပုံမှန် ပြန်မဖြစ်နိုင်တော့ပါဘူး။ နှလုံးသွေးကြော တစ်ခါကျဉ်းဖူးတဲ့လူနာတစ်ယောက်အတွက် အရေးကြီးဆုံးက ရောဂါပိုဆိုးမလာအောင် တားဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ပိုဆိုးမလာအောင် တားဖို့ဆို များနေတဲ့ကိုလက်စရောကို ပြန်ကျအောင်ထိန်းဖို့နဲ့ အခြား စားသောက်မှုတွေ နေထိုင်မှု ပုံစံတွေကို ပြောင်းဖို့လိုအပ်ပါတယ်။ ကျဉ်းနေတဲ့သွေးကြောကို ခွဲစိတ်မှုပြုလုပ်ပြီးပြန်ချဲ့တာ၊ ပိတ်နေတဲ့သွေးကြောကို stent ထည့်တာမျိုးတွေ လုပ်လို့ရပါတယ်။ကိုလက်စရေြာပန်ကျအောင် ထိန်းဖို့က ကိုလက်စရောများစေတဲ့ အစားအသောက်တွေကို အဓိက ရှောင်ရမှာဖြစ်ပြီး တက်နေတဲ့ ကိုလက်စရောပြန်ကျဖို့ ဆေးသောက်ရမှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/arteriosclerosis/
အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မီးဖိုချောင်ထဲက ဆေးဝါးတစ်ခု
ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြတဲ့ လေးညှင်းပွင့်လေးက ဟင်းကိုတင် အနံ့အရသာတိုးစေတာမဟုတ်ဘဲ။ခန္ဓာကိုယ်ကိုလည်း ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါသေးတယ်တဲ့။ ဒီတစ်ခေါက်တော့ ကမ္ဘာ့နိုင်ငံအသီသီးက လူတော်တော်များများခံစားနေရတဲ့နာတာရှည်ရောဂါတွေအတွက်လေးညှင်းပွင့်က ဘယ်လောက်အထိအသုံးဝင်လဲဆိုတာကို ပြောပြပေးပါရစေနော်။လေးညှင်းပွင့်ဆိုတာက အပွင့်သေးသေးလေးတွေပါ။ လေးညှင်းပွင့်လို့ဆိုပေမယ့် ပန်းလိုနုနုလေးမဟုတ်ပါဘူး။ မာမာလေးဖြစ်ပြီး အရွယ်အစားကလည်း ခပ်သေးသေးလေးပါ။ ဒီလေးညှင်းပွင့်ကိုမဆလာကြိတ်တဲ့အခါမှာထည့်သုံးတတ်ကြပါတယ်။ အများအားဖြင့်တော့ အိန္ဒိယအစားအစာတွေမှာ တွေ့ရများပါတယ်။ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြု​ကြတဲ့ လေးညှင်းပွင့်လေးက ဟင်းကိုအနံ့အရသာပြည့်စေရုံတင်မဟုတ်ပါဘူး။ အခုလိုလည်း အသုံးဝင်ပါသေးတယ်။နှလုံးရောဂါ။လေးညှင်းပွင့်ကို နှလုံးရောဂါ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုပေးလို့ရပါတယ်။ လေးညှင်းပွင့်ကသွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေအတွင်းမှာ အဆီစုပုံမှုတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပြီး နှလုံးသွေးကြောတွေအတွင်းမှာ  သွေးစီးဆင်းရောက်ရှိမှုကောင်းပါတယ်။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။ လေးညှင်းပွင့်မှာပါတဲ့ Eugenol ဒြပ်ပေါင်းက သွေးကြောတွေထဲမှာ အဆီတွေစုပုံနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ဆီးချိုရောဂါ။အမျိုးအစား -၂ ဆီးချိုရှိသူတွေအနေနဲ့ တစ်နေ့ကို လေးညှင်းပွင့် တစ်ပွင့်ပုံမှန်စားသုံးပေးတာက သွေးချိုကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကို ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ လေးညှင်းပွ့်ကို အသုံးပြုလို့ရပါတယ်။ ဒီအတိုင်းရေစင်အောင်ဆေးပြီးဝါးစားလို့ရသလိုရေနွေးနဲ့စိမ်သောက်တာ ဟင်းထဲထည့်ချက်တာမျိုးလုပ်ပြီးလည်း စားလို့ရပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%9c%e1%80%b1%e1%80%b8%e1%80%8a%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%95%e1%80%b1%e1%80%b8%e1%80%90%e1%80%b2/
ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ်
ညဂျူတီ ဆင်းရတဲ့အလုပ်ဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အမျိုးသမီးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတင်းဆိုးတစ်ခုပါပဲနော်။ သူနာပြု၊ ဆရာဝန် တို့လို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဆိုရင် ညဂျူတီနဲ့မကင်းနိုင်သလို ညဘက်အလုပ်လုပ်တတ်တဲ့ အလုပ်များသူ လေဒီတို့အတွက်လည်း မကြာခဏအိပ်ရေးပျက်ရတာပါပဲ။ဒီလိုညဘက်အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်ထက် သွေးဆုံးချိန်စောနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။Human Reproductionဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီသုတေသနအရ တစ်ခါတလေမှ ညဆိုင်းအလုပ်လုပ်သူ အမျိုးသမီးတွေမှာတောင်စောစီးစွာသွေးဆုံးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင်နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။အသက် ၄၅ နှစ်မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာ အလုပ်လုပ်ချိန်က အရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့နိုင်တယ်လို့ ကနေဒါနိုင်ငံ University of Dalhousie မှ ဦးဆောင်သုတေသီ David Stock ကပြောပါတယ်။ ဒီလိုအလုပ်လုပ်ခြင်းကြောင့် ကိုယ်တွင်းဇီဝနာရီကို ကမောက်ကမဖြစ်စေတာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းစရာတွေရရှိစေနိုင်တယ်။ညဘက်အချိန်မှာ အလုပ်လုပ်တဲ့ဖိစီးမှုက သွေးဆုံးချိန်ပိုစောစေနိုင်တဲ့အကြောင်းရင်းတွေထဲ ပါဝင်နေတာပါ။စိတ်ဖိစီးမှုဟော်မုန်းတွေကလည်း အက်စထရိုဂျင်လို မဟော်မုန်းတွေကို အနှောင့်အယှက်ပေးတာကြောင့်သွေးဆုံးချိန်စောစေနိုင်ပါတယ်။ ညဘက်အလုပ်လုပ်ခြင်းကြောင့် သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့အရာတွေကို ဆက်ကြည့်ရအောင် . . .။ညဘက် အိပ်ရမယ့်အချိန်မအိပ်ဘဲ အလုပ်လုပ်ခြင်းက သင့်ခန္ဓာကိုယ်ကို သူ့သဘာဝအတိုင်းလည်ပတ်နေတဲ့ နရီစည်းချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်စေဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။ လူတစ်ယောက် အိပ်စက်နေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးမယ်၊ ထိခိုက်မှုတွေကိုပြန်ကုစားတယ်၊ စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။ ဒါပေမယ့် မအိပ်လိုက်တဲ့အခါ ဒီဖြစ်စဉ်ကို ကြားဖြတ်နှောင့်ယှက်မိတဲ့အတွက်ကျန်းမာရေးထိခိုက်မှုက တစ်ခုတည်းမကတော့ပါဘူး။British Medical Journalဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ ညဆိုင်းအလုပ်လုပ်ခြင်းက နှလုံးရုတ်တရက်ရပ်နိုင်ခြေ ၇ ရာခိုင်နှုန်းပိုများစေနိုင်တယ်လို့ သိရပါတယ်။Occupational and Environmental Medicineဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအရ ညဆိုင်းအလုပ်လုပ်တာက အဝလွန်ခြင်း၊ စိတ်ပူပန်ခြင်းနဲ့ စိတ်ကျခြင်းတို့လို ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ ညဘက်အလုပ်လုပ်သူတွေဟာ စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့နေရာမှာ အဓိကအရေးပါတဲ့ ဦးနှောက်တွင်း serotonin ပမာဏကို လျော့နည်းစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ညဘက်အလုပ်လုပ်တာများတဲ့သူတွေမှာ စိတ်ကျဝေဒနာ ပိုဖြစ်လွယ်နိုင်ပါတယ်။Obesity Reviewsမှာ ဖော်ပြခဲ့တဲ့ သုတေသနအရ ညဘက်အလုပ်လုပ်သူတွေဟာ အဝလွန်နိုင်ခြေ ၂၉ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ တစ်ခါတလေမှ ညဘက် အလုပ်လုပ်တာ၊ ညဆိုင်းဆင်းတာထက် ညဆိုင်းချည်းပဲ ဆက်တိုက်ဆင်းသူတွေမှာ အန္တရာယ်ပိုများတယ်လို့ဆိုပါတယ်။ ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအသောက်တွေရယ်၊ လှုပ်ရှားမှုနည်းတာရယ်အပြင် ဟော်မုန်းပမာဏမညီမျှတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့ leptin ဟော်မုန်းပမာဏဟာ ညဆိုင်းသမားတွေဆီမှာလျော့နည်းနေနိုင်ပါတယ်။ ဒါ့ကြောင့် နေ့ဘက်အလုပ်လုပ်သူတွေနဲ့ယှဉ်ရင် ညဘက်အလုပ်လုပ်ရင်း အစားတွေပိုစားမိကြသလို ပိုပြီးဆာလောင်လွယ်စေတယ်လို့ ဆိုပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/night-shifts-may-raise-risk-of-early-menopause/
ကျန်းမာရေးကောင်းမွန်စေဖို့ ကျွဲကောသီးစားကြစို့
ရှောက်သီးအကြီးစားလို့ ဆိုရလောက်အောင် ရှောက်သီးပုံစံနဲ့ ချဉ်တဲ့အရသာ ရှိတဲ့ ကျွဲကောသီးကတော့ တော်တော်များများ ကြိုက်တဲ့အသီးပါ။ အချိုအရသာပါတဲ့ ကျွဲကောသီးလည်း ရှိပါတယ်။ ကျွဲကောသီးဟာ ရာသီစာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတစ်မျိုးပါ။ ကျွဲကောသီးရဲ့ သိပ္ပံအမည်ကတော့Citrus maximaပဲ ဖြစ်ပါတယ်။နှလုံးကျန်းမာရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ ကျွဲကောသီး စားပေးဖို့ လိုပါတယ်။ ကျွဲကောသီးမှာ မဂ္ဂနီဆီယမ် ဓါတ်တွေ ပါဝင်တာကြောင့် နှလုံး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။အနာတွေရှိပြီး အနာတော်တော်နဲ့ မကျက်ဘဲ ရင်းနေတယ်ဆိုရင် ပိုးမွှားတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျွဲကောသီးဟာ ဒီလိုမျိုး ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့အအပြင် အအေးမိ ဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။ဗီတာမင် အေ ပါဝင်မှုကတော့ အသားအရေအတွက် အထူးကောင်းမွန်စေပါတယ်။ ကျွဲကောသီးမှာ ဗီတာမင် အေ များများ ပါဝင်တာကြောင့် အရေပြားအတွက် သွေးလည်ပတ်မှု ရရှိစေပြီး မျက်ကွင်းညိုတာတွေ လျှော့ချပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းတာတွေကို လျှော့ချပေးနိုင်တဲ့ collagen လည်း ပါဝင်သေးတာမို့ နုပျိုစေမှာပါ။ ကျွဲကောသီး စားသုံးခြင်းဟာ အစက်အပျောက်တွေကို လျှော့ချပေးနိုင်သလို ဝက်ခြံတွေ မဖြစ်အောင်လည်း ထိန်းသိမ်းပေးပါတယ်။ကျွဲကောသီးဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်းကြောင့် နာကျင်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကျွဲကောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါပဲ။ကျွဲကောသီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ရင်သားကင်ဆာနဲ့ အူကင်ဆာတွေ ဖြစ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ Estrogen ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကိုလည်း ထိန်းချုပ်ထားပေးပြီး အမျှင်ဓါတ်ကတော့ အူမကြီး ကင်ဆာ မဖြစ်ဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ကျွဲကောသီးမှာ အချဉ်ဓါတ်နဲ့ အမျှင်ဓါတ် များများပါဝင်တာဟာ အငြင်းပွားစရာ လိုမယ်တောင် မထင်ပါဘူး။ တစ်နေ့ကို အမျှင်ဓါတ်(၂၅%) ရရှိမှသာ အစာခြေစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်ပြီး ဝမ်းချုပ်ခြင်းကင်းဝေးမှာပါ။ နောက်ပြီးတော့ ကျွဲကောသီး စားသုံးခြင်းဟာ အစားစားချင်စိတ်ကိုလည်း တိုးတက်စေပါသေးတယ်။အလုပ်တွေ ပင်ပန်းတဲ့အခါနဲ့ ကြွက်သားတွေ တောင့်တင်းအောင် အလုပ်လုပ်တဲ့အခါမှာ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ချင်ဘူးဆိုရင်တော့ ကျွဲကောသီးလေး ကြိုတင်စားသုံးပေးဖို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ကျွဲကောသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က ကြွက်သားတင်းမာမှုကို ပြေလျော့စေတာကြောင့်ပါ။ကျွဲကောသီး များများ စားပေးသင့်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ကျွဲကောသီးဟာ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ခန္ဓါကိုယ်အလေးချိန် ကျစေတာကြောင့်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဝတယ်လို့ ခံစားနေရရင်တော့ ကျွဲကောသီးလေး စားပေးပါ။ ကျွဲကောသီးမှာ ပိန်စေနိုင်တဲ့ အင်ဇိုင်းဓါတ်တွေ ပါဝင်ပါတယ်။ကျွဲကောသီး စားသင့်တဲ့ အကြောင်းပြချက်တွေကို သိရပြီဆိုတော့ ကျွဲကောသီးပေါ်ချိန်ကျ မမေ့မလျော့စားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%80%85%e1%80%b1/
Kefir (ကီဖာ)
အသုံးပြုပုံ။Kefir ကို ဘယ်နေရာတွင် သုံးသနည်း။Kefir သည် နိကို အချဉ်ဖောက်ခြင်းမှ ရသည်။Kefir ကို အစာမကြေခြင်း၊ အစာအိမ် ရောဂါ၊ lactose (လက်တို့စ်) ဓါတ်မတည့်ခြင်း၊ antibiotic ( ပိုးသတ်ဆေး) များကြောင့် ဝမ်းလျှောခြင်း၊ နှင့် သွေးတွင်း အဆီများခြင်းတွင် သုံးသည်။Kefirသည် ဘယ်လို အလုပ်လုပ်သနည်း။Kefir ၏ အလုပ်လုပ်ပုံကို သေချာစွာလေလာထားမှုများ မရှိသေးပါ။ အသေးစိပ်အား သင့်ဆရာဝန် နှင့်ဆွေးနွေးပါ။ သို့သော် Kefirတွင် ပေါက်ပွားနေသော ဘက်တီးရီးယား နှင့် တစေး များပါဝင်သည်။ သူတို့၏ အစွမ်းသည် နို့ အပေါ်တွင်သက်ရောက်ပြီး အစာကြေစေသော အင်ဇိုင်း နှင့် ဓါတုပစ္စည်းများထွက်စေသည်။သတိထားသင့်သော အချက်များနှင့် သတိပေးချက်များ။Kefir မသုံးခင် ဘယ် အချက်တွေကို သင်သိသင့်သနည်း။သင့်ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် တိုင်းရင်းဆေးပညာရှင် များနှင့် ဆွေးနွေးပါ။သင်သည် ကိုယ်ဝန်ရှိနေလျှင် (သို့မဟုတ်) နို့တိုက်နေလျှင် ပို၍ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သင်ကလေးယူရန် ( သို့မဟုတ်) ကလေးနို့တိုက်နေလျှင် ဆရာဝန်၏ ညွှန်ကြားချက်အောက်တွင်သာ ဆေးများကို သောက်သင့်သည်။ ဆေးများဟုဆိုရာတွင် ကိုယ့်သဘောနှင့် ဝယ်သောက်နေသော ဆေးများလည်းပါသည်။ သင့်တွင် Kefir နှင့် ဓါတ်မတည့်လျှင် ( သို့မဟုတ်) အခြားသောဆေးများ၊ တိုင်းရင်းဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်အားပြောပြထားသင့်သည်။ သင့်တွင် ဖျားနာခြင်း၊ တစ်စုံတစ်ရာ ပုံမှန်မဟုတ်ခြင်း၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများ၊ အခြားသော အစာဓါတ်မတည့်ခြင်း၊ ဆိုးဆေးများနှင့်ဓါတ်မတည့်ခြင်း၊ တာရှည်ခံအောင် လုပ်ထားသော အရာများနှင့် တိရိစ ္ဆာန်များနှင့် ဓါတ်မတည့်မှု များရှိပါက ဆရာဝန်အား ကြိုပြောပြထားသည်။ဖြည့်စွက်စာများထက်စာရင် ဆေးများကို အထိန်းအကွပ်နှင့် ပို၍သောက်သင်ပါသည်။ Kefir သောက်ခြင်းသည် စိတ်ချ၍ ရမရအား ရှာဖွေရန် လေ့လာမှုများပို၍ လုပ်သင့်ပါသည်။ Kefir ဖြည့်စွက်စာအား သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများအား မသောက်ခင် အရင် ချိန်ဆသင့်ပါသည်။ ပို၍ အသေးစိပ်သိရှိရန် ဆရာဝန်များနှင့် ဆွေးနွေးသင့်ပါသည်။Kefir ဖြည့်စွက်စာသည် ဘယ်လောက်စိတ်ချရသနည်း။Kefir ကို အရွယ်ရောက်ပြီးသူအများစု ၆လ ကြာသည်အထိ သောက်လျှင် စိတ်ချရနိုင်သည်။အထူးသတိထားရမည့် အချက်နှင့် သတိပေးချက်များ။ကလေးများ ။ အသက် ၁နှစ်မှ ၅နှစ် အတွင်းကလေးများသည် Kefir ဖြည့်စွက်စာ ကို ၁၀ရက်အထိ သောက်လျှင် စိတ်ချရသည်။ကိုယ်ဝန်ဆောင်များနှင့် နို့်တိုက်မိခင်များ ။ သင်ကိုယ်ဝန်ဆောင်နေစဉ် (သို့မဟုတ်) နို့တိုက်နေစဉ် Kefirဖြည့်စွက်စာ သောက်လျှင် စိတ်ချ၍ ရမရ လေ့လာထားမှုများ လုံလောက်စွာမရှိသေးသဖြင့် ပို၍စိတ်ချရစေရန် မသောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ခုခံအားကျဆင်းမှု ကူးစက်ရောဂါ နှင့် အခြားခုခံအားကျစေသော အခြေအနေများ ။ Kefirတွင် ပေါက်ပွားနေသော ဘက်တီးရီးယားပိုးများနှင့် တဆေးပါသည့် အတွက်ကြောင့် ခုခံအားနည်းသော ရောဂါများဖြစ်နေသော လူုနာများတွင် ရောဂါပိုးများ ပို၍ဝင်နိုင်သည်။Kefir မှ မည်သို့သော ဘေးထွက်ဆိုးကျိုးများရနိုင်သနည်း။စစချင်းသောက်သူများတွင် Kefir သည် အူများတောင့်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို ဖြစ်နိုင်သည်။လူတိုင်း ဤဘေးထွက် ဆိုးကျိုးများကို မတွေ့နိုင်ပေ။ ဖေြာ်ပမထားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သေးသည့်အတွက်ကြောင့် သင့်တွင် တစ်စုံတစ်ရာ မူမမှန်ဖြစ်သည်ဟု သတိထားမိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Kefir သောက်ခြင်းဖြင့်မည်သို့သော ဓါတ်ပြုခြင်းများဖြစ်နိုင်သနည်း။Kefir သည် သင့်ကျန်းမာရေး အပေါ်တွင် သက်ရောက်မှုရှိသောကြောင့် ဆေးမသောက်ခင် ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။Kefir နှင့် ဓါတ်ပြုသော ပစ္စည်းများတွင်။ခုခံအားကို ကျဆင်းစေသော ဆေးများ ပါဝင်သည်။ Kefirတွင် အသက်ရှိနေသော ဘက်တီးရီးယားနှင့် တစေးများပါဝင်သည်။ ကိုယ်တွင်းရှိ ခုခံအား စနစ်သည် ဘက်တီးရီးယားနှင့် တစေးများကို ခုခံပေးပြီး ရောဂါပိုးများ မဝင်အောင် ကာကွယ်ပေးတယ်။ ခုခံအားကျဆင်းစေသော ဆေးများကို Kefir နှင့် တွဲသောက်လျှင် ရောဂါပိုးများပိုဝင်နိုင်ပြီး သင်ဖျားနာနိုင်ခြင်းများ ပိုဖြစ်နိုင်သည်။အချို့သော ခုခံအားကျဆင်းစေသည့် ဆေးများဖြစ်သော azathioprine (Imuran), basiliximab (Simulect), cyclosporine (Neoral, Sandimmune), daclizumab (Zenapax), muromonab-CD3 (OKT3, Orthoclone OKT3), mycophenolate (CellCept), tacrolimus (FK506, Prograf), sirolimus (Rapamune), prednisone (Deltasone, Orasone), corticosteroids (glucocorticoids) များကိုလည်း Kefir နှင့်တွဲသောက်ရန် မသင့်တော်ပါ။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။သောက်သင့်သော ပမာဏ။အောက်ပါဖော်ပြချက်များသည် ဆေးတိုင်းအတွက် မဟုတ်ပါ။ Kefir..မသုံးခင် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်သည်။Kefir သောက်သင့်သော ပမာဏ။Kefir သောက်သင့်သောပမာဏသည် လူနာတိုင်းတွင် မတူပေ။ သောက်သင့်သော ဆေးပမာဏသည် သင့် ကျန်းမာရေး၊ အသက်အရွယ်၊ နှင့် အခြားသော အခြေအနေများအပေါ်တွင် မူတည်သည်။ ဖြည့်စွက်စာများသည် အမြဲစိတ်ချရသည်ဟု မပြောနိုင်ပေ။ သင့်တော်သော ပမာဏ သောက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပေသည်။Kefir ကို ဘယ်လိုပုံစံမျိုးဖြင့် ရနိုင်သနည်း။Kefir ကိုအောက်ပါ ပုံစံများဖြင့်ရနိုင်သည်။Kefir အစိမ်း။သောက်ဆေး ကပ်ဆူးလ်များ။Kefirပါသော ထုတ်ကုန်များ ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/kefir-%e1%80%80%e1%80%ae%e1%80%96%e1%80%ac/
ဂျုံနဲ့ လုပ်ထားတဲ့အစားအစာတွေစားခြင်းရဲ့ အကျိုးကျေးဇူးများ
ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတော်တော်များများကို မနက်စာအဖြစ် ပိုပြီး အစားများကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ မနက်ခင်းရတဲ့ အဆာပြေ မုန့်တော်တော်များများဟာ ဂျုံနဲ့ လုပ်ထားကြတာပါ။ အီကြာကွေး၊ ပလာတာ၊ အုန်းနို့ခေါက်ဆွဲ ခေါက်ဆွဲကြော်၊ ပေါင်မုန့်တွေဟာ ဂျုံရဲ့ အရင်းအမြစ်တွေပါပဲ။ ဒီတော့ ကိုယ်ရဲ့ နေ့စဉ်စားသုံးမှုထဲမှာ ပါဝင်တဲ့ ဂျုံက ကိုယ့်ကျန်းမာရေးကို ဘယ်လောက်အထိ အကျိုးပြုသလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှလည်း အစားလည်းဆေး ဆေးလည်းအစာ ဖြစ်ပြီး ကျန်းမာနုပျိုလှပစေမှာပါ။ဒီနေ့ခေတ်မှာ တော်တော်များများဟာ ဝလာကြတယ်၊ တချို့ဆို အဝလွန်ရောဂါတောင် ဖြစ်ပါတယ်။ အသင့်စားအစားအစာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက အဝလွန်ခြင်းကို ဖြစ်စေတာပါ။ ဂျုံစားတာကတော့ အားပြည့်စေပေမယ့် အဝလွန်ခြင်း ဖြစ်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ American Journal of Clinical Nutrition ကတော့ ဂျုံကို အဝလွန်တဲ့သူတွေတောင် စားလို့ရတဲ့ အစားအစာလို့ ဆိုထားပါတယ်။ဂျုံစားသုံးခြင်းဟာ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါသေးတယ်။ ဒါ့အပြင် ခန္ဓါကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေကို လျှော့ကျစေပြီး နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ဂျုံမှာ မဂ္ဂနီဆီယမ် တော်တော်များများ ပါဝင်ပြီး အင်ဇိုင်းဓါတ်လည်း (၃၀၀) ထက်ပိုပြီး ပါဝင်ပါတယ်။ ဒီအင်ဇိုင်းဓါတ်တွေဟာ ခန္ဓါကိုယ်မှာ အင်ဆူလင်နဲ့ ဂလူးဂိုစ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါတယ်။ FDA အရတော့ ဂျုံပါဝင်တဲ့ အစားအစာတွေဟာ ကိုလက်စထရောနဲ့ ပြည့်ဝဆီတွေကို လျှော့ချပေးတာကြောင့် ကင်ဆာဖြစ်ခြင်းနဲ့ ဆီးချိုဖြစ်တာကို ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပုံမှန်စားသုံးမယ်ဆိုရင် သကြားဓါတ်ကို ထိန်းပေးတာကြောင့် ဆီးချိုတက်တာကို မဖြစ်စေပါဘူး။UK Women’s Cohort Studyကတော့ အမျှင်ဓါတ် များများ စားသုံးခြင်းဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ပေးတယ်လို့ ရှာဖွေတွေ့ရှိထားပါတယ်။ တစ်နေ့ကို (၃၀) ဂရမ်လောက် စားပေးမယ်ဆိုရင်မှာ ရင်သားကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပါ။ ဂျုံမှာ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ သွေးဖိအား များခြင်းကို ထိန်းချုပ်ပေးတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်။ ဂျုံမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေလည်း ပါဝင်သေးတာကြောင့် ကျန်းမာရေး ကောင်းမွန်စေဖို့ အထောက်အကူ ပြုပါသေးတယ်။ခန္ဓါကိုယ်မှာ ရှိတဲ့ သွားအပါအဝင် အရိုးအဆစ်တွေ အားလုံးသန်မာစေဖို့အတွက် ကယ်လ်စီယမ်ဓါတ်တွေ လိုအပ်ပါတယ်။ တစ်နေ့ကို ကယ်လ်စီယမ် ပမာဏ(၁၀၀၀) မီလီဂရမ် လိုအပ်တာကြောင့် ဂျုံစားပေးဖို့ လိုပါတယ်။ဂျုံမှာ ဗီတာမင်ဘီဓါတ်ဖြစ်တဲ့ Thiamin၊ Riboflavin တွေပါဝင်တာကြောင့် ဇီဝဖြစ်ပျက်မှုကို ကောင်းစေသလို ဖောလစ်အက်ဆစ်လည်း ပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ဒါဟာ မေမေလောင်းရော၊ သန္ဓေသားကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ ဖောလစ်အက်ဆစ်ဓါတ် ဖြစ်တာကြောင့် မေမေလောင်းတို့ ဂျုံစားပေးဖို့ တိုက်တွန်းပါရစေ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%82%e1%80%bb%e1%80%af%e1%80%b6%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac/
သင့်ကလေးကိုသစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကျွေးသောအခါဘာတွေသိထားသင့်သလဲ
သူငယ်ချင်းများနှင့် ဆွေမျိုးသားချင်းများသည် သင့်ကလေးကို ဘယ်လိုအစားအစာမျိုးကို ဘယ်အချိန်မှာ ကျွေးရမလဲဆိုသည်ကို အကြံဉာဏ်များပေးကြပါသည်။ သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ သင့်ကလေးကို အသက်ခြောက်လရောက်မှသာ အစာအမာများစတင်ကျွေးဖို့ အကြံပြုထားပါသည်။ ဘယ်လိုအစားအစာမျိုးတွေ အရင်စကျွေးသင့်သလဲ။ ကလေးဆရာဝန်အများစုကတော့ အစေ့အဆံများ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စတင်ကျွေးခြင်းက ကျန်းမာစေပြီး လက်ခံနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။အသက်ခြောက်လကျော်သော ကလေးများကို ဓါတ်မတည့်ခြင်းဖြစ်လေ့ဖြစ်ထရှိသော အစားအစာများ စတင်ကျွေးခြင်း မပြုလုပ်သင့်ကြောင်း အကြံပြုထားပါသည်။ ဆိုလိုသည်ကတော့ မိသားစုထဲတွင်ဓါတ်မတည့်ခြင်း ဖြစ်စဉ်ဖြစ်ဖူးခဲ့သောကလေးများသို့မဟုတ် အစာဓါတ်မတည့်ခြင်းဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိသော ကလေးများတွင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည်ကလေးများကို ပထမဆုံး ကျွေးကြည့်သင့်သော အစားအစာဖြစ်သည်ဟုဆိုလိုပါသည်။ဟင်းသီးဟင်းရွက်များနှင့်သစ်သီးများသည် ဗီတာမင်စီနှင့် ဖောလိတ်အက်ဆစ်ကဲ့သို့သောအရေးကြီးသည့် ဗီတာမင်များ၏ အဓိကအရင်းအမြစ်များဖြစ်သည်။ အချို့သောဟင်းသီးဟင်းရွက်များသည် ကင်ဆာ၊ နှလုံးရောဂါဖြစ်ပွားခြင်းများကို ကာကွယ်လျော့ချနိုင်စွမ်းရှိသည်ဟုဆိုကြသည်။ ကလေးများကို ကျွေးသင့်သောအစားအစာများမှာ အာလူး၊ ကန်စွန်းဥ၊ မုန်လာဥဝါ စသော ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်၍သော်လည်းကောင်း၊ ငှက်ပျောသီး၊ ထောပတ်သီး၊ သစ်တော်သီး၊ ဖရဲသီး စသော အသီးအနှံများကိုသော်လည်းကောင်း စတင်ကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ သင်သည် သင့်ကလေးကို နောက်ထပ်ချိုသောအစားအစာတစ်ခု မကျွေးခင် လက်ရှိ စားနေကျအစားအစာနှင့် ရင်းနှီးစေရန်အချိန်စောင့်သင့်သည်။ သင်သည် လေးရက်စည်းမျဉ်းကို လေ့လာသင့်သည်။ လေးရက်စည်းမျဉ်းဆိုသည်မှာ သင့်ကလေးသည်အစားအစာတစ်ခုပေါ်တွင် မည်ကဲ့သို့တုံ့ပြန်သည်ကို စောင့်ကြည့်ရန်အတွက် တူညီသောအစားအစာကို လေးရက်တိတိကျွေးဖို့ဖြစ် သည်။ သို့မဟုတ် သင်သည်ကလေးငယ်ကို အစာအမာများနှင့် စွဲဆောင်ဖို့အတွက် သစ်သီးများနှင့် အရင်ဆုံးစကြည့်သင့်သည်။ သင့်ကလေးငယ်ကိုသစ်သီးများ၊ဟင်းသီးဟင်းရွက်များ စတင်ကျွေးမွေးခြင်းသည် နောက်ပိုင်းတွင်အစားအစာများ၏ ချိုမြိန်သော အရသာနှင့်ရင်းနှီးသွားမည်ဖြစ်သည်။ မည်သည့်နည်းလမ်းကို သင်ရွေးသည်ဖြစ်စေကလေးကို ကျွေးသောအစားအစာသည် ကလေးနှင့်တည့်လား၊ မတည့်လား သေချာစွာလေ့လာသင့်ပါသည်။သင်သည်ကလေးများကိုသစ်သီးများ စတင်ကျွေးမည်ဆိုပါက ကလေး၏အစားအစာထဲတွင် ဟင်းသီးဟင်းရွက်များလည်း ထည့်ကျွေးသင့်ပါသည်။ အချို့ကလေးများသည် အစားအစာထဲတွင်ဟင်းသီးဟင်းရွက်များကို အလွယ်တကူလက်ခံလေ့ရှိကြပြီး ထိုအချက်သည်ကလေးများအတွက်ကျန်းမာရေးနှင့်ညီညွတ်သောအလေ့အကျင့်များတည်ဆောက်ပေးရန်အကောင်းဆုံးအခြေအနေဖြစ်ပါသည်။ သို့သော်လည်း အချို့သောအခြေအနေများသည် ကလေးရောမိဘများအတွက်ပါပိုမိုပြီးစိတ်ဖိစီးမှုဖြစ်စေပါသည်။ ဤကဲ့သို့ကိစ္စရပ်မျိုးတွင်သင်သည် ရက်အနည်းငယ်အထိ အစားအသောက်စာရင်းထဲတွင်ထိုအစားအစာများ ခဏဖယ်ထားပြီး ရက်အနည်းငယ်ကြာမှပြန်လည်ထည့်ပြီးကျွေးမွေးသင့်ပါသည်။ သို့မဟုတ် သင်သည်ကလေးကြိုက်သော အစားအစာများနှင့် အနည်းငယ်ရောကျွေးပြီး တဖြည်းဖြည်းနှင့်ပမာဏတိုးကျွေးသွားရန်ဖြစ်ပါသည်။ အစာ စားခြင်းသည် ကလေးများအတွက် ပျော်ရွှင်ဖွယ် စိတ်ဝင်စားစရာကောင်းအောင်ပြုလုပ်ပေးပါ။ သင့်ကလေးသည် အရသာမျိုးစုံစားနေကျဖြစ်သွားပြီဆိုပါက သင်သည်အစားအစာများကို နေ့စဉ်အဆင်ပြေသလိုမျိုးစုံရောကျွေးနိုင်ပြီဖြစ်ပါသည်။ဤသို့ဖြင့်သင့်ကလေးသည် အစာစားရခြင်းကို မငြီးငွေ့စေပါဘူး။ လုံလောက်သောအာဟာရလည်း ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။မိဘများစွာသည် ပိုးသတ်ဆေးများနှင့်ကင်းဝေးပြီးအန္တရာယ်ကင်းသော အော်ဂင်းနစ်သဘာဝအစားအစာများနှင့်စတင်ကြသည်။ လတ်ဆတ်သန့်ရှင်းသော ဟင်းသီးဟင်းရွက်သစ်သီးဝလံများသည် သင်ထင်သလောက်မလွယ်ကူပါဘူး။ သင့်ဒေသထွက်ပစ္စည်းများသည် သယ်ပို့ရသည့်အကွာအဝေးနီးသောကြောင့် ပိုမိုလတ်ဆတ်ကာ ဈေး လည်းသက်သာပါသည်။ သင့်ကလေးကိုကျွေးမည့်ဟင်းသီးဟင်းရွက်များသစ်သီးများသည် ကျန်းမာရေးစံနှုန်းများနှင့်ကိုက်ညီမှုရှိမရှိ သေချာစွာကြည့်ပါ။ ပုံသဏ္ဍာန်နှင့်အနံ့ကို သေချာကြည့်ရွေးပါ။ သင့်ကလေးနှင့် အစာအတူစားပါ။ ဟင်းသီးဟင်းရွက်အသီးအနှံမျိုးစုံ စားကြည့်ပါ။ ကလေး၏အာရုံစူးစိုက်မှုရရှိစေရန် ချက်ပြုတ်ထားသောဟင်းသီးဟင်းရွက်များအစား ဟင်းသီး ဟင်းရွက်အစိမ်းများ စမ်းသပ်စားသောက်ကြည့်ပါ။ ရောင်စုံပန်းကန်ပြားပေါ်တွင် ဟင်းသီးဟင်းရွက်ရောင်စုံ တင်ကာ လှလှပပလေးပြင်ဆင်ဖို့မမေ့ပါနှင့်။ ရေခဲသေတ္တာထဲတွင် ဟင်းသီးဟင်းရွက်သစ်သီးများထားရှိပြီး သရေစာတစ်ခု မြန်မြန်ကောက်လုပ်လိုက်ခြင်းသည် လည်းကောင်းပါသည်။ အစားအစာအသစ်များ တီထွင်ဖန်တီးဖို့အတွက်အချိန်အလုံအလောက်မရှိလျှင် သင့်ကလေး၏ နေ့စဉ်အစားအစာထဲတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ ပမာဏများများ ထည့်ကျွေးပေးပါ။နို့တိုက်ပြီးသောကာလတွင် သင့်ကလေးကို ဟင်းသီးဟင်းရွက် ၊သစ်သီးဝလံများကျွေးခြင်းသည် အကြံဉာဏ်ကောင်းတစ်ခု ဖြစ်ပါသည်။ သင့်ကလေးသည် အာဟာရမျိုးစုံရသည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်အလေ့အထများ ရရှိမည်ဖြစ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%85%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94/
Ankylosing Spondylitis (ကျောရိုးဆစ်မူမမှန်ရောင်ရမ်းနာကျင်သော ရောဂါ)
ANKYLOSING SPONDYLITIS သည် နာကျင်စေသောအရိုးအဆစ်ရောင်သောအခြေအနေတစ်ခု ဖြစ်ပါသည်။ ကျောဘက်အောက်နားရှိ အဆစ်များသည် ပေါင်းစပ်သွားပြီးကုန်းကွသောကိုယ်နေကိုယ်ထားကို ဖြစ်စေပါသည်။မကြာခဏအထိခိုက်ဆုံးနေရာများမှာကျောပြင်အောက်နား၊ ရင်အုပ် နှင့် လည်ပင်းတို့ဖြစ်ပါ သည်။ အခြားထိခိုက်သောနေရာများမှာတင်ပါးဆုံ၊ ပခုံး၊ ဒူး နှင့် ခြေချင်းဝတ် တို့ဖြစ်ကြပါသည်။ မျက်လုံး၊ နှလုံး နှင့် အဆုတ်ကဲ့သို့သောအခြားကိုယ်အင်္ဂါအစိတ်အပိုင်းများလည်းထိခိုက်နိုင်ပါသည်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားများတွင် အမျိုးသမီးများထက် သုံးဆပို၍ ဖြစ်ပွားပါသည်။ ငါးရာခိုင်နှုန်းတွင်သာအသက်လေးဆယ့်ငါးနှစ် ကျော်မှ ရောဂါလက္ခဏာရတတ်ပါသည်။ ရောဂါသည် လူနာ၏ ကျန်ရှိသောဘဝတစ်လျှောက်ထိခိုက်စေပါသည်။ANKYLOSING SPONDYLITIS၏အဖြစ်အများဆုံးရောဂါလက္ခဏာသည်တဖြည်းဖြည်းချင်းစတင်လာသောကျောနာခြင်း ဖြစ်ပါသည်။ မနက်စောစောတောင့်တင့်ခြင်း နှင့် နာကျင်ခြင်းများသည် လေ့ကျင့်ခန်းလုပ်သောနေ့များအတွင်းသက်သာသွားနိုင်ပါသည်။ အိပ်ပျော်နေချိန်တွင် နာကျင်မှုကြောင့် လန့်နိုးခြင်းများလည်း ဖြစ်တတ်ပါသည်။အများအားဖြင့် နာကျင်ခြင်းသည် နောက်ကျောအောက်ဘက်မှ စတင်ပြီးကျောရိုးတစ်ခုလုံးသို့ ပျံ့နှံ့ သွားပါသည်။နောက်ကျောအောက်ဖက်မှ နာကျင်ခြင်းနှင့် ကြွက်သားများအကြောဆွဲခြင်းသည် ခန္ဓါကိုယ် ကိုအရှေ့သို့ကုန်းခြင်းဖြင့်သက်သာအောင်ပြုလုပ်၍ရပါသည်။ ထို့ကြောင့် ကုန်းကွသောအခြေအနေကိုလုပ်ယူရင်းနောက်ပိုင်းတွင်ခါးကုန်းသောအခြေအနေသို့ရောက်ရှိသွားတတ်ပါသည်။ အချို့လူများတွင် ကျောရိုးသည် သိသာစွာဖြောင့်မတ်နေပြီးတောင့်တင်းနေတတ်ပါသည်။ကျောရိုးသည် ကွေးဆန့်ခြင်း ပြုလုပ်ရခက်ခဲလာပြီးတောင့်တင်းကာနာကျင်လာပါသည်။ တင်ပါးဆုံ၊ ဒူး နှင့် ပုခုံးကဲ့သို့သောအရိုးအဆစ်ကြီးများကိုပါဆက်လက်ထိခိုက်စေပါသည်။အစာစားချင်စိတ်လျော့နည်းခြင်း၊ အဖျားအနည်းတက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ မောပန်းနွမ်းနယ် ခြင်း၊ သွေးအားနည်းခြင်းတို့သည် နောက်ကျောနာခြင်းနှင့်တွဲဖက်၍ဖြစ်ပေါ်လာပါသည်။ရောဂါသည်မျက်လုံး၊ နှလုံး နှင့် အဆုတ်ကဲ့သို့ ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်းထိခိုက် စေပါသည်။ ANKYLOSING SPONDYLITISရှိသောသူများတွင် မျက်လုံးတွင်ရောင်ရမ်းခြင်း၊ မျက်စိနာခြင်း၊ နီရဲခြင်း၊ အမြင်အာရုံနှင့်ပြတ်သားမှု ဆုံးရှုံးခြင်းတို့ပါ တွဲဖြစ်တတ်ပါသည်။အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင်ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။ဖြစ်ပွားစေသောအကြောင်းရင်းကိုမသိရှိပါ။ ဖြစ်နိုင်တာကတော့ မျိုးရိုးဗီဇ (မိဘမှသားသမီးသို့ ဆင်းသက်လာသော) နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်ပါသည်။ ရောဂါဖြစ်စေနိုင်သောအဓိကဗီဇမျိုးစေ့သည် HLA-B27 ဖြစ်ပါသည်။ဗီဇမျိုးစေ့ရှိခြင်းသည် သင့်အားANKYLOSING SPONDYLITISရောဂါကျိန်းသေရမည်ဟုမဆိုလိုပေ။ သိပ္ပံပညာရှင်များသည် မကြာသေးမီကပင် ရောဂါဖြစ်စေသော HLA-B27 နှင့်အတူ IL23R,ERAP1ဟူသောဗီဇမျိုးစေ့နှစ်ခုကိုထပ်မံရှာဖွေတွေ့ရှိခဲ့ကြသည်။ကျောရိုးအဆစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအဖြေရှာခြင်း။ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ANKYLOSING SPONDYLITISကိုဘယ်လိုရှာဖွေစစ်ဆေးမလဲ။ဆရာဝန်သည် ဆေးပညာနှင့်ဆိုင်သော်မှတ်တမ်းယူခြင်း၊ ဆေးစစ်ဆေးမှုပြုလုပ်ခြင်း နှင့် အောက်ဘက် ခါးပိုင်းကျောရိုးကိုဓါတ်မှန်ရိုက်ခြင်းတို့ပြုလုပ်နိုင်ပါသည်။ဓါတ်မှန်တွင် ခါးပိုင်းကျောရိုးနှင့် တင်ပါးဆုံကိုဆက်သွယ်ထားသောအရိုးအဆစ်၏ ရောင်ရမ်းခြင်းနှင့် ပူးကပ်ခြင်းတို့ကိုမြင်နိုင်ပါသည်။ ဆရာဝန်သည် MRI လုပ်ဆောင်ရန်လည်းညွှန်ကြားနိုင်ပါသည်။ ဆရာဝန်သည် အရိုးအဆစ်အထူးကုဆရာဝန်ကြီးများထံသို့ သွားရန် ညွှန်ကြားနိုင်ပါသည်။ဆေးပညာနှင့်ဆိုင်သောမှတ်တမ်းယူခြင်း။ဆေးပညာနှင့်ဆိုင်သော်မှတ်တမ်းယူခြင်းတွင် အောက်ပါမေးခွန်းများပါဝင်ပါသည်။ကိုယ်ခန္ဓါစစ်ဆေးစမ်းသပ်မှုတွင် ဆရာဝန်သည် ရင်အုပ်၊ ခြေဖနောင့်၊ တင်ပါးဆုံ နှင့် ကျောရိုးတလျှောက် နာကျင်မှုများကဲ့သို့သောရောဂါလက္ခဏာများကိုရှာဖွေစစ်ဆေးနိုင်ပါသည်။ ဆရာဝန်သည် သင့်အားမတူညီသောဦးတည်ရာများသို့ ကွေးညွှတ်ခြင်းလှုပ်ရှားခြင်းများနှင့် အသက်ပြင်းပြင်းရှူခြင်းတို့ကို ပြုလုပ် ခိုင်းပြီးရောဂါများကိုစစ်ဆေးနိုင်ပါသည်။ဓါတ်မှန်ရိုက်ခြင်းနှင့် MRI ရိုက်ခြင်းများကို ပြုလုပ်နိုင်ပါသည်။ သို့သော် ထိုအရာများသည် ကန့်သတ်ချက်များရှိပါသည်။ ဓါတ်မှန်ရိုက်ခြင်းသည် ကျောရိုးနှင့် အရိုးအဆစ်များ၏ ပြောင်းလဲမှုကိုတွေ့မြင်ရသော် လည်းဓါတ်မှန်တွင်မြင်ရသောရောင်ရမ်းမှုများ ဖြစ်ပေါ်ရန်မှာ နှစ်ပေါင်းများစွာ ကြာပါသည်။MRI သည်စောသောရောဂါစစ်ဆေးမှုများအတွက် အသုံးပြုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် MRI သည် ဓါတ်မှန် တွင် မမြင်ရသေးခင် အရိုးနှင့် တစ်ရှူးပျော့များ၏ ထိခိုက်မှုများကို ပြသနိုင်သောကြောင့် ဖြစ်သည်။အဓိကသွေးစစ်ဆေးမှုဖြင့် HLA-B27 မျိုးဗီဇကိုစစ်ဆေးနိုင်သည်။ သို့သော်လည်းဤစစ်ဆေးမှုသည် ကန့်သတ်ချက်ရှိပြန်သည်။ မျိုးဗီဇရှိနေခြင်းက ဖြစ်ပွားနိုင်ချေမြင့်မားနေမှုကို ပြသသော်လည်းကျိန်းသေရှိနေမည်ဟုမဆိုလိုနိုင်ပါ။ မျိုးဗီဇသည် ရောဂါမရှိသောရောဂါမဖြစ်ပွားနိုင်သောလူများတွင်လည်းတွေ့နိုင်ပါသည်။ANKYLOSING SPONDYLITISကိုလုံးဝပျောက်ကင်းအောင် ကုသမှု မရှိပါ။ ကုသမှုများသည် နာကျင်မှုနှင့် တောင့်တင်းမှု သက်သာစေရန် ပို၍ ဗဟိုပြုထားသည်။ အောက်ပါတို့ပါဝင်သည်။Aspirin,Ibuprofen(Advil,Motrin),Naproxen(Aleve,Naprosyn)ကဲ့သို့သောအကိုက်အခဲပျောက်ဆေးများသည် အလွယ်တကူဝယ်၍ရရှိနိုင်ပြီးကိုက်ခဲမှုများနှင့် ရောင်ရမ်းမှုများကိုသက်သာစေပါသည်။နာကျင်မှုနှင့် ရောင်ရမ်းမှုကို ထိန်းချုပ်ရန် Corticosteroid ကုထုံး (prednisone) ကဲ့သို့သောအားပြင်းသောဆေးများလည်းလိုအပ်နိုင်သည်။နာကျင်မှုနှင့် အဆစ်ထိခိုက်မှု ဆိုးရွှားလာပါကခွဲစိတ်ကုသမှု ခံယူနိုင်ပါသည်။လေ့ကျင့်ခန်းများသည်လည်းကိုယ်နေကိုယ်ထားနှင့် အသက်ရှူမှုကိုတိုးတတ်စေပြီးအဆစ်ရောင်ခြင်းကိုလျော့ချပေးပါသည်၊ ညဖက်တွင် ပက်လက်လန်၍ အိပ်စက်ခြင်းသည်လည်းသင့်အားပုံမှန် ကိုယ်နေဟန်ထားရအောင် ကူညီပါလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကANKYLOSING SPONDYLITISကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်ANKYLOSING SPONDYLITISကိုကုသသောနေရာတွင်အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/ankylosing-spondylitis-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%ba%e1%80%99%e1%80%b0%e1%80%99%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%b1/
ကျန်းမာအောင် ဘယ်လိုစားသောက်ကြမှာလဲ? သက်သက်လွတ်လား? အသား၊ ငါးလား?
လူတစ်ချို့ဟာသက်သက်လွတ်စားတာကို ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် စားသောက်ကြပါတယ်။ သက်သက်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ အသား၊ ငါးတွေကို စားသုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင်ကြသူတွေလည်း ရှိကြပါတယ်။ဒီအယူအဆတွေဟာ ဘယ်လောက် မှန်ကန်မှုရှိပါသလဲ? သက်သက်လွတ်စားသင့်သလား? ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား? အသားတွေငါးတွေကို ရှောင်ကျဉ်သင့်သလား?။အရင်ဆုံး သက်သက်လွတ်နဲ့ ပတ်သက်ပြီး ရှင်းပြလိုပါတယ်။ သက်သက်လွတ်စားတဲ့ ပုံစံ နှစ်မျိုးနှစ်စားရှိပါတယ်။Lacto-ovoနဲ့ Strict (Vegan) ဆိုပြီးတော့ပါ။ Lacto-ovo Vegetarian တွေဟာ တိရိစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် နို့၊ ဒိန်ချဉ် ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားပဲ အသီးအရွက်သီးသန့်ကိုသာ စားသောက်ကြသူတွေဖြစ်ပါတယ်။ဆရာဝန်တွေကတော့ သက်သက်လွတ်စားတာဟာ ကိုယ်အလေးချိန်လျှော့ဖို့အတွက် အလွန်သင့်လျော်ကောင်းမွန်တဲ့နည်းလမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။အသီးအရွက်တွေကို အခြေခံထားတဲ့ အစားအစာတွေဟာ အာဟာရဓာတ်ကြွယ်ဝသလို ခန္တာကိုယ် ကျန်းမာကြံ့ခိုင်ဖို့လည်း အားပေးပါတယ်။Academy of Nutrition and Dietetics ရဲ့ သုတေသနပြုချက်တွေအရဆိုရင် သက်သက်လွတ်စားပြီး ဝိတ်ချတာဟာ နှလုံးရောဂါဖြစ်နိုင်ချေ အနည်းပါးဆုံး ဝိတ်ချတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုထားပါတယ်။ သက်သက်လွတ်စားသူတွေဟာLipoprotein CholesterolLevels နည်းပါးမှုကြောင့် သွေးတိုးနိုင်ချေနဲ့ ဆီးချိုဖြစ်နိုင်ချေကို ကာကွယ်ပြီးသားဖြစ်သလို ကင်ဆာနဲ့ နာတာရှည်ရောဂါတွေဖြစ်ပွားနိုင်ချေလည်း နည်းပါးပါတယ်။အဲဒီလို တစ်ထစ်ချယုံကြည်ဖို့တော့ ခက်ခဲပါတယ်။ အသားတွေ၊ ငါးတွေဟာ လူတွေမှာလိုအပ်တဲ့ ပရိုတိန်း၊ သံဓာတ်၊ ဇင့်၊ မဂ္ဂနီဆီယမ်နဲ့ဗီတာမင် ဘီအုပ်စုတွေကို ဖြည့်ဆည်းပေးနိုင်ပြီး ကိုယ်ခန္တာကို ဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်စေပါတယ်။ အသားတွေကို သင့်လျော်ရုံစားသောက်ပေးတာဟာ ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုရှိပါတယ်။ ဒီလိုမဟုတ်ပဲ ဝက်သားလိုအစားအစာမျိုးကို နေ့စဉ်ရက်ဆက် အလွန်အကျူးစားသောက်နေမိမယ်ဆိုရင်တော့ ကိုယ်အလေးချိန်တိုးလာမှာဖြစ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်မှာအမှန်ပါပဲ။ဒါပေမယ့်လည်း အာဟာရဗေဒကျွမ်းကျင်သူတွေကတော့ အစားအသောက်ကို ဘယ်လိုပုံစံမျိုးနဲ့စားသည်ဖြစ်စေ အခြေခံအာဟာရဖြည့်စွက်မှုပိုင်းမှာ ချို့ယွင်းချက်မရှိအောင် စားသောက်မှုပုံစံကို ဂရုတစိုက်ရွေးချယ်စားသောက်ဖို့ အကြံပေးထားကြပါတယ်။ ဥပမာပြောရရင် အာလူးကြော်ဟာ သက်သက်လွတ်စာဖြစ်ပေမယ့် ဝိတ်တက်နိုင်တယ်ဆိုတာမျိုးဖြစ်ပါတယ်။ နောက်ပြီး ချိစ်အပြည့်နဲ့ အသီးအရွက်ဘာဂါကိုအာလူးချောင်းကြော်နဲ့ နေ့တိုင်းတွဲဖက် စားသောက်နေတဲ့ သူတစ်ယောက်ဟာ ငါးဟင်းကိုသာ နေ့တိုင်းစားသောက်တဲ့သူထက် ကျန်းမာရေးပို ကောင်းမွန်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သစ်သီးဝံလံ၊ သစ်ဥသစ်ဖုနဲ့ အသီးအရွက်ကထွက်ရှိတဲ့ အစားအစာတွေကိုချည်း စားသောက်တယ်ဆိုပေမယ့်လည်း စားသောက်တဲ့အစားအစာဟာ ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုရှိနေဖို့ လိုအပ်တယ်လို့ လမ်းညွှန်နေကြတာပါ။လေ့လာချက်တွေအရ သက်သက်လွတ်သမားတွေဟာ အသီးအရွက်တွေ သစ်သီးဝလံတွေကို အဓိကစားသောက်ကြပေမယ့်ဆန်၊ ပဲ၊ ဂျုံ၊ ပဲပိစပ်၊ အစေ့အဆံတွေ၊ ဆီ၊ ဆားနဲ့ ချိစ်လိုအရာတွေကို လျှော့ချသုံးစွဲဖို့ ပျက်ကွက်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုသာပြုလုပ်နေမိမယ်ဆိုရင် သက်သက်လွတ်စားသောက်နေပေမယ့်လည်း ကျန်းမာရေးကို အထောက်အကူပြုမှာမဟုတ်ပဲ ကိုယ်အလေးချိန်တိုးလာတာနဲ့ ရောဂါဘယတွေကို ဖိတ်ခေါ်နေသလိုသာဖြစ်နေမှာပါ။ကျွမ်းကျင်သူတွေကတော့ သက်သက်လွတ်စားတာမျိုးထက် နေ့စဉ်စားသောက်မှုပုံစံမှာ အသီးအရွက်တွေကို အဓိကထား ထည့်သွင်းစားသောက်ကာ အားလပ်ရက်တွေမှာလည်း မကြာခနဆိုသလိုအသားကြီး၊ ငါးကြီးတွေ မျှမျှတတစားသောက်ပေးတာမျိုးပြုလုပ်ဖို့ အဓိကထား အကြံပေးကြပါတယ်။ ဒီလိုနည်းလမ်းမျိုးဟာ ကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အကူပြုစေမှာ ဖြစ်သလို ကိုယ်အလေးချိန် လျှော့ချဖို့အတွက် နည်းလမ်းကောင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့်ပရိုတိန်း၊ ဗီတာမင် ဘီ၊ အိုအိုဒင်း၊ သွပ်၊ သံ၊ ဖက်တီ အက်ဆစ်နဲ့ ဗီတာမင် ဒီ ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ ငါးကို မကြာခန ဖြည့်စွက်စားပေးဖို့ တိုက်တွန်းလိုပါတယ်။ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့လည်း လူ့ခန္တာကိုယ်ထဲက အဆီတွေတိုင်းဟာ လူတွေကို ဘေးဒုက္ခပေးနေတာမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တစ်ချို့ အဆီတွေဟာ လူ့ကျန်းမာရေးအတွက် အထူးလိုအပ်တာမို့ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒီလို အဆီမျိုးတွေကိုသံလွင်ဆီ၊ အစေ့အဆံနဲ့ ဆယ်လ်မွန်၊ မကက်ရယ်၊ တူနာ၊ ဆာဒင်းနဲ့ ထရောက်တ်ငါးတွေကနေလည်း ရနိုင်ပါတယ်။တကယ်လို့ ကိုယ်က သက်သက်လွတ်ပဲ စားချင်တဲ့သူဆိုရင်တော့ အောက်ပါ လမ်းညွှန်ချက်လေးတွေကို သတိထား လိုက်နာပေးဖို့ လိုအပ်ပါမယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%85%e1%80%ac%e1%80%b8%e1%80%9e/
သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ
သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ ……သားအိမ်တွင်း အလုံးအကျိတ်ဖြစ်လို့၊ ရာသီသွေးဆင်း နာကျင်မှုတွေ ခံစားရလို့၊ ကင်ဆာရှိနေလို့ စတဲ့ ဘယ်အကြောင်းရင်းတွေကြောင့်ဖြစ်ဖြစ် သားအိမ် ထုတ်ရပြီဆိုတာဟာ အကြီးစား ခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှု နောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေး အခြေအနေ၊ ခွဲစိတ်မှု နည်းလမ်းတို့ကို မူတည်ပြီး ပြန်လည်ကျန်းမာမယ့် ကြာချိန် ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်း ဂရုစိုက်မှုက မကောင်းခဲ့ရင် ပြန်လည် သက်သာဖို့ အချိန် ပိုကြာနိုင်ပါတယ်။သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ ဆိုတော့။(၁) ကိုယ်လက်လှုပ်ရှားမှု နဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ။ခွဲစိတ်မှု နောက်ပိုင်းမှာ နားနားနေနေ နေရမယ်ဆိုပေမယ့် လုံးဝ မလှုပ်ရဲဘဲ ငြိမ်နေတာလည်း မကောင်းပါဘူး။ အနီးအနား လမ်းလျှောက်တာလောက် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေက ခန္ဓါကိုယ်ကို ပြန်လည် ကုစားပေးနိုင်စွမ်း ရှိပါတယ်။ ကိုယ်နိုင်သလောက် အတိုင်းအတာကို ဖြည်းဖြည်းချင်း စမ်းလုပ်ကြည့်ပါ။ မခွဲစိတ်ခင်က ထက်တော့ ပိုပင်ပန်းရ၊ ပိုဂရုစိုက်ရနိုင်ပေမယ့် ခဏလောက် နားနားပြီး လှုပ်ရှားပေးလို့ ရပါတယ်။(၂) အလေးအပင် မ မ ပါနဲ့။ခွဲစိတ်ပြီး အနည်းဆုံး ၆ ပတ်လောက် အတွင်းတော့ အလေးအပင်တွေ မ မ ပါနဲ့။အနာချုပ်ရိုး ပြန်ကွဲသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ လှုပ်ရှားမှု လိုတယ် ဆိုပေမယ့် ခွဲစိတ်ပြီး အနည်းဆုံး ၆လအတွင်းမှာ သိပ်ပြီး အားစိုက်ရတဲ့ လှုပ်ရှားမှုတွေ၊ အိမ်အလုပ်တွေကို မလုပ်ပါနဲ့။(၃) အာဟာရ ပြည့်ဝမျှတအောင် စားပါ။အားရှိအောင် စားပါဆိုတာက တွေ့သမျှ အကုန် အများကြီး စားဖို့ မဟုတ်ပါဘူး။ အာဟာရကြွယ်ဝတဲ့ အစားအစာမျိုးစုံကို ညီညွတ်မျှတအောင် စားတတ်ဖို့အရေးကြီးပါတယ်။ ဥပမာ အသားဓါတ်၊ အမျှင်ဓါတ်၊ အကျိုးပြုအဆီဓါတ်တွေ(အစေ့အဆန်တွေ၊ ငါး) ပါဝင်တဲ့ အစာအာဟာရကို စားပါ၊ တစ်နေ့ ရေ ၈ ခွက်သောက်ပါ။ ခွဲစိတ်မှု နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ဖို့ အမျှင်ဓါတ်က အရေးကြီးပါတယ်။ ရေသောက် နည်းလို့၊ လှုပ်ရှားမှု မရှိလို့၊ အမျှင်ဓါတ် မစားလို့ ဝမ်းချုပ်ခဲ့ရင် ဝမ်းပျော့ဆေးတွေ သောက်ရနိုင်ပါတယ်။(၄) ချုပ်ရိုးကို သန့်ရှင်းမှုဂရုစိုက်ပါ။ခွဲစိတ်မှု နောက်ပိုင်းမှာအနာချုပ်ရိုး ရောဂါပိုး မဝင်စေဖို့ အရေးကြီးပါတယ်။ ခွဲစိတ်ပြီးကာစမှာ အနာကို ရေမထိစေဖို့ ဂရုစိုက်ရမယ်၊ ဖုန်နဲ့ အညစ်အကြေးတွေမကပ်ငြိအောင် ဂရုစိုက်ရမယ်၊ မပွန်းပဲ့စေဖို့ သတိထားရမယ်။ ချုပ်ရိုးမှာ နီမြန်းလာတာ၊ ရောင်ရမ်းလာတာ၊ အရည်ထွက်လာတာ တွေ့ရရင် အနာပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ဖြစ်လာရင် ဒါမှမဟုတ် ကိုယ်ပူလာရင် ဆရာဝန် ပြန်ပြပါ။(၅) အပြောင်းအလဲတွေကို လက်ခံပေးပါ။သားအိမ် ခွဲထုတ်ပြီးနောက် ပထမရက်အနည်းငယ်အတွင်း အဖြူဆင်းတတ်တာ ပုံမှန်ပါပဲ၊ တစ်ခါတလေသွေးဆင်းတတ်ပါတယ်။ တစ်ရက်၊နှစ်ရက်ကနေ ရှစ်ပတ်လောက်အထိဖြစ်နိုင်ပါတယ်။သားဥအိမ်ဖယ်ထုတ်တာအပါအဝင် သားအိမ် တစ်ခုလုံး ဖယ်ထုတ်လိုက်ရပြီးနောက် အရေပြားမှာ ပူရှိန်းရှိန်း ခံစားရတာ၊ ညဘက်ချွေးထွက်တာ၊ မိန်းမကိုယ် ခြောက်သွေ့တာ တို့လို သွေးဆုံးလက္ခဏာတွေလည်းခံစားရနိုင်တယ်။ ဒါ့အပြင် စိတ်ကျခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ ပိုပင်ပန်းလွယ်လာခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေအကုန်လုံးက လျော့ပါးမသွားဘဲ တာရှည်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြန်ပြီးတိုင်ပင်သင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/recovery-from-abdominal-hysterectomy/
ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု
လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လူတော်တော်များများရင်ထဲမှာ သဘောကျပေမဲ့ မျိုသိပ်ထားတဲ့ အရာလေးတွေ ရှိမှာပါ။တင်ပါးလှလှလေး၊ မျက်နှာချောချောလေး မြင်ရင် သဘောကျတယ်ဆိုတာကတော့ ပုံမှန်လူတိုင်းမှာ ရှိတဲ့ လိင်စိတ်စွဲလမ်းမှုပါပဲ။ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းခြင်း (Fetish) ဆိုတာကတော့ လိင်မှုကိစ္စနဲ့ မသက်ဆိုင်တဲ့အရာတွေ ဥပမာ ခြေထောက်၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေ မြင်ရင်၊ မလျှော်ထားတဲ့ ခြေအိတ်၊ စွပ်ကျယ်၊အတွင်းခံအစရှိတဲ့ အဝတ်အစားတွေကို မြင်နေရတဲ့အခါ၊ နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွခြင်းမျိုးကို ဆိုလိုပါတယ်။ဒီလိုအပြုအမူတွေဟာ ကျား၊ မ အသက်အရွယ်မရွေး ရှိနေပြီးအမျိုးသားတွေမှာ ပိုပြီး အတွေ့များပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိတဲ့ အပြုအမူလို့ ယူဆထားကြပေမယ့် ဒီလိင်စိတ်စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ ဘဝနဲ့ လူမှုရေးကိစ္စတွေမှာ ပြဿနာနဲ့ ကြုံလာရပြီဆိုရင်တော့ လိင်မှုကိစ္စဆိုင်ရာ အကြံပေးသူ၊စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါပြီ။အကြောင်းအရင်း တိတိကျကျမရှိပါဘူး။ တချို့တွေမှာလူပျို၊ အပျိုမဖြစ်ခင် ကလေးဘဝမှာကတည်းက ခံစားမိတဲ့ လိင်စိတ်စွဲလမ်းမှု တွေ ရှိနိုင်ပါတယ်။တချို့သော အခြေအနေတွေမှာ ငယ်ငယ်လေးနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားမိတာ၊ တခြားသူတွေရဲ့ မသင့်လျော်တဲ့ လိင်ဆက်ဆံခြင်း အပြုအမူတွေကို မြင်မိတာ၊လိင်ပိုင်းဆိုင်ရာစော်ကားခံရတာတွေကြောင့် ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စွဲလမ်းခြင်း အပြုအမူတွေဟာ ကြီးလာတဲ့အချိန်မှာ ပေါ်လာတတ်ကြပါတယ်။လူတစ်ယောက်ရဲ့ လိင်နဲ့ မသက်ဆိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအပေါ် လိင်စိတ်ဖြစ်ခြင်းဟာ အတွေ့အများဆုံးပါပဲ။ သူ့ကို Partialism – ကိုယ်လက်အင်္ဂါပေါ် လိင်စိတ်ဖြစ်ပေါ်ခြင်းလို့လည်း ခေါ်ပါတယ်။အဓိကအားဖြင့် လက်၊ ခြေထောက်၊ အမွေးအမျှင်၊ မျက်လုံး၊ တင်ပါး၊ ရင်သား၊ရင်အုပ်၊ နှာခေါင်း၊ ချက်၊ဝမ်းဗိုက်၊ နားရွက်၊ လည်ပင်း၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေကို မြင်တဲ့အခါ၊ အတွေးအာရုံထဲ ပေါ်လာတဲ့အခါ၊ ထိတွေ့နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွလာပါတယ်။တက်တူးတွေ၊ နားနဲ့ ကိုယ်ခန္ဓာပေါ်မှာ အပေါက်ဖောက်တာ၊ ကိုယ်ခန္ဓာအရွယ်အစား၊ ထွက်လာတဲ့ အရည် (သုက်ရည်၊ တံတွေး၊ ဆီး) တွေနဲ့ ပတ်သက်ပြီး လိင်စွဲလမ်းမှု ဖြစ်ပေါ်လာတာတွေလည်း ရှိပါတယ်။ တခြားတစ်ယောက် ဝတ်ထားပြီးသား အဝတ်အစားတွေ (အထူးသဖြင့် အနံ့နံနေတဲ့ ခြေအိတ်၊ အသားကပ်ဘောင်းဘီ၊ စွပ်ကျယ်၊အတွင်းခံဘောင်းဘီ၊ ဘရာစီယာ) တွေကို နမ်းရှုံ့ရတာ၊ ကိုင်ထားနေချိန်မှာ လိင်စိတ်ဖြစ်တာမျိုးတွေလည်း အတွေ့များပါတယ်။ပုံမှန်မဟုတ်တဲ့ နေရာမှာ လိင်ဆက်ဆံခြင်း၊ လူတွေအများကြီး ရှိတဲ့ နေရာ (ကား၊ ဘတ်စ်ကား၊ အိမ်သာ၊ ဆိုင်၊ ကျောင်း) မှာ၊ လူမြင်ကွင်းမှာ၊ တစ်ယောက်ထက် ပိုပြီး လူအများကြီးနဲ့ လိင်ဆက်ဆံရတာကို သဘောကျတာတွေဟာလည်း ပုံမှန်မဟုတ်တဲ့ လိင်စွဲလမ်းစိတ် (Fetish) ထဲမှာ ပါဝင်ပါတယ်။နာကျင်မှု၊ နှိပ်စက်ခံရမှုအပေါ် ပြုသူအနေနဲ့၊ အပြုခံရသူအနေနဲ့ သာယာခြင်း (BDSM)၊ ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေ အသုံးပြုပြီး လိင်မှုကိစ္စ ပြုလုပ်ရတာကို သာယာခြင်း၊ အမွေးပွပွ အဝတ်အစားတွေ၊ တိရစ္ဆာန်လို ဝတ်စားဆင်ယင်ပြီး လိင်ဆက်ဆံရတာကို သဘာကျတာတွေကတော့ အပေါ်မှာ ပြောထားတဲ့ Fetish တွေလောက် အတွေ့မများပါဘူး။ပုံမှန်မဟုတ်တဲ့၊ ပုံမှန်ထက် အနည်းငယ် လွန်ကဲတဲ့ လိင်စိတ်စွဲလမ်းမှု လို့ ဆိုလို့ ရပေမယ့် များသောအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ မိမိကိုယ်တိုင် သို့မဟုတ် ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်၊ လိင်ဆက်ဆံဖော်နဲ့ သေချာညှိနှိုင်းကြည့်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်၊ လိင်မှုကိစ္စမှာလည်း ပြဿနာမရှိဘူးဆိုရင် ရပါပြီ။ဒီလိုစိတ်စွဲလမ်းမှုတွေ များလာတာ၊ ကိုယ့်ရဲ့ အတွေးအာရုံထဲမှာ ဒီအကြောင်းကိုပဲ အမြဲစိတ်ရောက်နေတာ၊ ကိုယ့်ရဲ့ လိင်စိတ်ကို ထိန်းချုပ်မရတာကြောင့် ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်မှာ ပြဿနာတွေ၊ အရှက်ရစရာတွေ ဖြစ်လာမယ်။ တခြားသူအပေါ် ဒီစိတ်ကြောင့်ပဲ ထိခိုက်မှုတွေ ဖြစ်စေတဲ့အခါ၊ လိင်မှုကိစ္စ ဆောင်ရွက်နေချိန်မှာလည်း သာယာမှုကို အပြည့်အဝမရတော့ဘူးဆိုရင်တော့ ထိန်းချုပ်ကြည့်သင့်တယ်လို့ ယူဆနိုင်ပါတယ်။ထိန်းချုပ်တယ်ဆိုတာကလည်း လုံးဝဖျောက်ဖျက်ပစ်လိုက်ခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ လိင်စိတ်ကို စိတ်နဲ့ ရအောင် ထိန်းချုပ်တာကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။လိုအပ်လာရင်တော့စိတ်ရောဂါကုထုံးပညာရှင်၊ လိင်မှုကိစ္စဆိုင်ရာ အကြံပေးသူတစ်ဦးဦးနဲ့ တိုင်ပင်ပြီး ကိုယ့်ရဲ့ လိင်စိတ်ကို စိတ်ကုထုံးနဲ့ ကုသမှု ခံယူနိုင်ပါတယ်။များသောအားဖြင့် လူတွေက ဒါမျိုးလိင်စိတ်စွဲလမ်းခြင်းကို ရှက်ရွံ့စရာ၊ မှားယွင်းတဲ့ ကိစ္စလို့ လက်ခံယူဆထားကြပေမယ့် တကယ်တော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေထဲက တစ်ခုပါပဲ။ ကိုယ်က လူတိုင်းနဲ့ လိုက်ပြီးတော့ တူစရာတော့မလိုပါဘူး။ ကိုယ့်ရဲ့ အရှိကိုအရှိအတိုင်းပဲ ဘဝကိုရော၊ လိင်မှုကိစ္စကိုပါ အကောင်းဆုံးကျော်ဖြတ်သွားဖို့တော့ အရေးကြီးတာပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/strange-sexual-addiction/
Osteoporosis (အရိုးပွရောဂါ)
အရိုးပွရောဂါဆိုသည်မှာ အရိုး၏ သိပ်သည်းဆများ ဆက်တိုက် ဆုံးရှုံးခြင်းနှင့် အရိုး ပါးလာခြင်းဖြစ်သည်။ အရိုးသည် ပို၍ ကြွပ်ဆတ်လာကာ ကျိုးပဲ့လွယ်ပြီး အသေးစား ထိခိုက်မှု ဖြစ်လျှင်ပင် ကျိုးလွယ်လာပါသည်။ ကိုယ်အလေးချိန်ကျခြင်း နှင့် ကျောနာခြင်းတို့လည်း အဖြစ်များသည်။အမျိုးသမီးများ သည် သွေးဆုံးပြီး၌ အရိုးပွရောဂါဖြစ်နိုင်ချေ မြင့်သည်။ အရိုး ပွရောဂါနှင့် ဆက်စပ်သော အရိုးကျိုးမှုများသည် အများအား ဖြင့် တင်ပဆုံ၊ လက်ကောက်ဝတ်နှင့် ကျောရိုးတွင် ဖြစ်ပွား သည်။ သို့သော် မည်သည့်အရိုးမဆို ထိခိုက်နိုင်ပါသည်။ အချို့ ကျိုးသွားသော အရိုးများသည် ပြန်လည်မကောင်းမွန် လာတော့ပါ။ အထူးသဖြင့် တင်ပါးဆုံရိုးကျိုးပါက ဆိုးဝါးသည်။အရိုးပွရောဂါသည် အသံတိတ် ရောဂါဖြစ်သည်။ အရိုးမကျိုးမချင်း မသိရှိနိုင်ပါ။ လူအများက အရိုးပွရောဂါ သည် သဘာဝအတိုင်းဖြစ်ပြီး အသက်ကြီးရာတွင် ရှောင်လွှဲ၍ မရဟု ထင်ကြသည်။ သို့သော်လည်း ကျန်းမာရေး ပညာရှင် များက ယခုတွင် အရိုးပွရောဂါကို ကောင်းစွာ ကာကွယ်နိုင်ပြီ ဟုဆိုကြပါသည်။ အရိုးပွရောဂါ ဖြစ်ပြီးသူများသည်ပင် ရောဂါ ဆိုးရွားမှုကို နှေးစေသော ကာကွယ်စေနိုင်သော နည်းလမ်း များကို လုပ်ဆောင်ကာ နောက်ထပ် အရိုးကျိုးမည့် အန္တရာယ် ကို လျော့ချနိုင်ပြီ ဖြစ်သည်။အရိုးပွရောဂါသည် အမျိုးသားများရော အမျိုးသမီးများ တွင်ပါ ဖြစ်ပွားသည်။ လူမျိုးပေါင်းစုံတွင် ဖြစ်ပွားသည်။ သို့ သော် လူဖြူ နှင့် အာရှအမျိုးသမီးများ (အထူးသဖြင့် သွေးဆုံး အပြီး အသက်ကြီးသော အမျိုးသမီးများ) သည် ဖြစ်နိုင်ချေ အမြင့်ဆုံး ဖြစ်သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် အရိုးပွရောဂါ ဖြစ်နိုင်မှုကို ကန့်သတ် နိုင်ပါ သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။ရောဂါ အစောပိုင်းတွင် လက္ခဏာများ မပေါ်ပါ။ အချိန် ကြာပါက ကျောနာခြင်း၊ လည်ပင်းနာခြင်း၊ ကိုယ်နေကိုယ် ထား ကုန်းခြင်း၊ အရပ် တဖြည်းဖြည်း နိမ့်လာခြင်းတို့ ဖြစ်နိုင် သည်။ အချို့တွင် ပထမဆုံး လက္ခဏာသည် အရိုးကျိုးခြင်း (နံရိုး၊ လက်ကောက်ဝတ် နှင့် တင်ပါးဆုံ) ဖြစ်သည်။ ကျောရိုး သည် ပြားကာ ကျိုးနိုင်ပြီး ၎င်းသည် အဖြစ်အများဆုံးဖြစ် သည်။ တင်ပါးဆုံရိုးကျိုးခြင်းသည် မသန်စွမ်းမှုကို အဆိုးဆုံး ဖြစ်စေသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင်သည် စောစီးစွာ သွေးဆုံးခြင်း၊ လများစွာ corticosteroids ဆေးများ သောက်နေရခြင်း သို့မဟုတ် သင့်မိဘ တစ်ဦးဦးတွင် တင်ပါးဆုံကျိုးဖူးခြင်းတို့ ဖြစ်ဖူးပါက သင်သည် ဆရာဝန်နှင့် အရိုးပွခြင်းအကြောင်း ဆွေးနွေးတိုင်ပင်သင့် သည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။ပုံမှန်အရိုးဖြစ်ပေါ်မှုတွင် ကယ်စီယမ်နှင့် ဖော့စဖိတ် သတ္ထု ဓါတ်များ လိုအပ်သည်။ ခန္ဓါကိုယ်သည် ကယ်စီယမ်ကို အစားအစာမှ မရရှိပါက အရိုးထုတ်လုပ်မှုနှင့် အရိုးတစ်ရှူး များ ထိခိုက်နိုင်သည်။အရိုးပွခြင်း၏ အဓိကဖြစ်စေသော အကြောင်းရင်းမှာ အသက်ကြီးခြင်းဖြစ်သည်။ ထိုအချိန်သည် အမျိုးသမီးများ တွင် သွေးဆုံးခြင်း မဟော်မုန်းကျချိန်၊ အမျိုးသားများတွင် ကျားဟော်မုန်းကျချိန် ဖြစ်သည်။အရိုးသည် အသစ်ဖြစ်မှု ပုံမှန်အခြေအနေတွင်ရှိသည်။ အရိုးသစ်များ ပြုလုပ်ပြီး အရိုးဟောင်းများ ပျက်စီးသည်။ ငယ်ရွယ်စဉ်တွင် အရိုးသစ်ဖြစ်နှုန်းသည် အရိုးဟောင်းပျက်စီး နှုန်းထက် မြန်ကာ အရိုးအလေးချိန် တက်သည်။ လူအများ သည် အသက် ၃၀ အစောပိုင်းတွင် အရိုးအလေးချိန် အမြင့် ဆုံးသို့ ရောက်သည်။ အသက်ကြီးလာသောအခါ အရိုး အလေးချိန်သည် ကျဆင်းလာသည်။အရိုးပွမှုရောဂါဖြစ်နိုင်နှုန်းသည် သင်ငယ်ရွယ်စဉ်က ဘယ်လောက် အရိုးအလေးချိန် ရခဲ့သည့်အပေါ် တစ်စိတ် တစ်ပိုင်းအားဖြင့် မူတည်သည်။ အရိုးအလေးချိန် များများရခဲ့ လေ အသက်ကြီးသောအခါ အရိုးပွရောဂါ ဖြစ်နိုင်ချေ နည်း လေဖြစ်သည်။ဖြစ်နိုင်ချေမြင့်စေသော အချက်များမှာ ကိုယ်အလေးချိန် ကျခြင်း၊ နေထိုင်မှု အကျင့်များ ( အထိုင်များခြင်း သို့မဟုတ် မလှုပ်ရှားခြင်း)၊ အရက်သောက်ခြင်း၊ စီးကရက်သောက်ခြင်း၊ အစာစားမှု ရောဂါများ၊ အချို့ဆေးများသောက်ခြင်း၊ အချို့ နာတာရှည်ရောဂါများ၊ ကြာရှည်စွ အိပ်ယာပေါ်တွင် လဲနေရ ခြင်း၊ မလှုပ်ရှားနိုင်ခြင်းတို့ ဖြစ်သည်။အချက်များစွာသည် အရိုးဆုံးရှုံးမှုနှင့် အရိုးပွခြင်းကို ဦးတည်နိုင်သည်။ အချို့ကို ပြောင်းလဲယူ၍ မရသော်လည်း အချို့ကို ပြောင်းလဲနိုင်သည်။သင်မပြောင်းလဲနိုင်သော အချက်များမှာ-။• လိင်။အမျိုးသမီးများသည် အမျိုးသားများထက် အရိုးပွရောဂါ ပိုဖြစ်နိုင်သည်။•အသက်။အသက်ကြီးလေ အရိုးပွရောဂါ ဖြစ်နိုင်ချေ မြင့်လေဖြစ်သည်။•ခန္ဓါကိုယ် အရွယ်အစား။ပိန်သော ပါးသော အမျိုး သမီးများသည် ဖြစ်နိုင်ချေ ပိုမြင့်သည်။•မိသားစုမှတ်တမ်း။အရိုးပွရောဂါသည် မိသားစုတွင်း တွင် ဖြစ်ပွားနိုင်သည်။ မိသားစုဝင် တစ်ဦးတွင် အရိုး ပွခြင်း သို့မဟုတ် အရိုးကျိုးခြင်း ရှိဖူးပါက သင့်တွင် ဖြစ်နိုင်ချေ မြင့်ပါသည်။သင်ပြောင်းလဲ၍ ရသော အခြား အချက်များမှာ-။• လိင်ပိုင်းဆိုင်ရာ ဟော်မုန်းများ။ရာသီမလာခြင်း၊ သွေးဆုံးခြင်းကြောင့် မဟော်မုန်းနည်းခြင်းသည် အမျိုးသမီးများတွင် အရိုးပွရောဂါကို ဖြစ်စေသည်။ အမျိုးသားများတွင် ကျားဟော်မုန်းနည်းခြင်းသည် အရိုးပွရောဂါကို ဖြစ်စေသည်။•ဝမည်စိုး၍ အစားအလွန်အကျွံရှောင်သော စိတ်ဝေဒနာတစ်မျိုး ခံစားနေရသောသူများတွင် အရိုးပွခြင်းကို ဖြစ်စေသည်။•ကယ်စီယမ် နှင့် ဗီတာမင် ဒီ ။ကယ်စီယမ် နှင့် ဗီတာမင် ဒီ နည်းသော အစားအစာသည် အရိုး ဆုံးရှုံးမှုကို ပိုဖြစ်စေသည်။• ဆေးဝါး။ အချို့ဆေးများသည် အရိုးပွ ရောဂါဖြစ်နိုင်ချေကို မြင့်စေသည်။•လှုပ်ရှားမှု။လေ့ကျင့်ခန်း မလုပ်ခြင်း၊ ကြာရှည်စွာ အိပ်ယာတွင် လဲနေခြင်းသည် အရိုးများကို အားပျော့ စေသည်။•စီးကရက် ။ဆေးလိပ်သောက်ခြင်း သည် အရိုး၊ နှလုံးနှင့် အဆုတ်တို့အတွက် မကောင်းပါ။• အရက်သောက်ခြင်း။အရက်အလွန်အကျွံ သောက်ခြင်း သည် အရိုးဆုံးရှုံးမှု နှင့် အရိုးကျိုးခြင်းကို ဖြစ်စေသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အရိုး သတ္ထုသိပ်သည်းဆ စစ်ဆေးမှုသည် အရိုးကျန်းမာ ရေးကို စစ်ဆေးရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ဤ စစ်ဆေးမှုသည် မနာကျင်ပါ။ ကုတင်ပေါ်တွင် လဲလျောင်းကာ scanner မှ ခန္ဓါကိုယ်အပေါ် ဖြတ်သွားပါသည်။ ဖြစ်ပွားမှု အများစုတွင် အရိုးအနည်းငယ်ကိုသာ စစ်ဆေးပါသည်။ အများအားဖြင့် တင်ပဆုံ၊ လက်ကောက်ဝတ်နှင့် ကျောရိုးတို့ ဖြစ်ပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းသည် အရိုးကျိုးနိုင်ချေကို လျော့ချနိုင်သည်။ ပုံမှန်အလေးမသော အလုပ်များ၊ ကြွက် သားသန်မာစေသော လေ့ကျင့်ခန်းများ လုပ်ခြင်း၊ ဆေးလိပ် ဖြတ်ခြင်း၊ အရက်သောက်မှုကို ကန့်သတ်ခြင်းတို့ ပြုလုပ်ပါ။ကယ်စီယမ် (တစ်နေ့လျှင်အနည်းဆုံး ၁၂၀၀ မီလီဂရမ်) နှင့် ဗီတာမင် ဒီ (တစ်နေ့လျှင် အနည်းဆုံး ၈၀၀ IU) လုံလောက်စွာ စားပါ။ ကယ်စီယမ် ထောက်ပံ့စာများသည် ကယ်စီယမ် စားသုံးမှုကို များစေပြီး ဗီတာမင် ဒီ သည် ခန္ဓါ ကိုယ်မှ ကယ်စီယမ်စုပ်ယူမှုကို ကူညီပေးသည်။ကုသမှုသည် အရိုးဆုံးရှုံးမှုကို နှေးစေရန် သို့မဟုတ် ရပ်ရန်ဖြစ်ပြီး ချော်လဲ မှုများကို နည်းအောင်ပြုလုပ်၍ အရိုးကျိုးမှုကို ကာကွယ်ပါ။Alendronate စသော biphosphonates တို့ပါဝင်သော ဆေးအမျိုးမျိုး ကိုအသုံးပြုနိုင်သည်။ ကယ်စီယမ်၊ ဗီတာမင်ဒီ တို့ လုံလောက်စွာ ထောက်ပံ့မှုရယူပါ။စုပေါင်း ကုသမှု အစီအစဉ်တွင် ကောင်းမွန်သော အာဟာ ရ၊ လေ့ကျင့်ခန်း တို့အပေါ် အာရုံစိုက်မှုနှင့် အရိုးကျိုးခြင်း ဖြစ်စေသော ချော်လဲခြင်းတို့ကို ကာကွယ်ရန်တို့ ပါဝင်သည်။ ဆရာဝန်သည် အရိုးဆုံးရှုံးမှုကို ရပ်နိုင်၊ နှေးနိုင်သော သို့မဟုတ် အရိုးသစ် တည်ဆောက်နိုင်သော၊ အရိုးသိပ်သည်း ဆကို မြင့်စေသော ဆေးများထဲမှ တစ်မျိုးမျိုး သောက်ရန် ညွှန်ကြားပါမည်။ ထိုသို့ဖြင့် အရိုးကျိုးနိုင်ချေကို လျော့ချနိုင် သည်။အာဟာရ။ကျွန်တော်တို့စားသော အစားအစာများတွင် ဗီတာ မင်၊ သတ္ထုဓါတ်နှင့် ခန္ဓါကိုယ်ကျန်းမာအောင် ထိန်းသိမ်း ပေးသော အခြား အရေးကြီးသည့်အာဟာရများ မျိုးစုံပါဝင် သည်။ ထိုအာဟာရများ အားလုံးကို မျှတသော အချိုးအစား ဖြင့် လိုအပ်သည်။ အထူးသဖြင့် အရိုးများသန်မာရန် ကယ်စီ ယမ်နှင့် ဗီတာမင် ဒီ တို့လိုအပ်သည်။လေ့ကျင့်ခန်း။လေ့ကျင့်ခန်းလုပ်ခြင်းသည် အရိုးပွရောဂါ ကာကွယ်ရန်နှင့် ကုသမှု အစီအစဉ်တွင် အရေးပါသည်။ လေ့ ကျင့်ခန်းသည် အရိုးကျန်းမာရေးကို ကောင်းစေရုံသာမက ကြွက်သားသန်မာမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် မျှခြေတို့ ကိုကောင်းစေပြီး အလုံးစုံကျန်းမာရေးကို ကောင်းစေသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် အရိုးပွရောဂါရှိသူအတွက် ကောင်းသော်လည်း အရိုးများအပေါ် ရုတ်တရက် သို့မဟုတ် ပြင်းထန်သော ဒဏ်မဖြစ်စေသင့်ပါ။ကုထုံးဆေးများ သုံးခြင်း။ အရိုးပွရောဂါကို ကာကွယ်ရန် ကုသရန် ဆေးများစွာ ရှိသည်။ ဥပမာ- bisphosphonates၊ estrogen agonists/antagonists၊ calcitonin၊ parathyroid ဟော်မုန်း၊ estrogen ကုထုံး၊ ဟော်မုန်းကုထုံး။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အရိုးပွရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။• ရောဂါလက္ခဏာများနှင့် ကျန်းမာရေး အခြေအနေ တိုးတက်မှုကို စောင့်ကြည့်ရန် ဆရာဝန်နှင့် တွေ့ဆုံ မှုများ ပြုလုပ်ပါ။• ဆရာဝန် ညွှန်ကြားချက်များကို နားထောင်ပါ။ သောက်သုံးရန် ညွှန်ကြားမထားသော ဆေးများ မသောက်ပါနှင့်။ ဆေးသောက်ရန် မမေ့ပါနှင့်။• ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းများ အတွက် ရုပ်ပိုင်းဆိုင်ရာ ကုထုံးဆရာဝန် သို့မဟုတ် ပြန်လည်ထူထောင်မှု အထူးကု ဖြင့် တိုင်ပင်ပါ။• ကယ်စီယမ်နှင့် ဗီတာမင်ဒီ ကြွယ်ဝသော အစာများ စားပါ။ ဥပမာ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ငါး၊ ပဲ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ။• ဆေးလိပ်မသောက်ပါနှင့်။• အရက် အလွန်သောက်ခြင်း ရှောင်ပါ။ တစ်နေ့လျှင် အရက် နှစ်ခွက်ထက်ပို၍ သောက်ခြင်းသည် အရိုး ဖြစ်ပေါ်မှုကို နှေးစေသည်။ အရက်မူးနေပါက ချော် လဲနိုင်ချေ မြင့်ပါသည်။• ချော်လဲမှုကို ကာကွယ်ပါ။ မချောသော ဖိနပ်အောက် ခံဖြင့် ဒေါက်နိမ့်သော ဖိနပ်များ စီးပါ။ သင့်အိမ် အတွင်းတွင် ချောလဲမှုကို ဖြစ်စေနိုင်သော လျှပ်စစ် ကြိုးများ၊ ကြမ်းခင်း၊ ချောသော မျက်နှာပြင်များကို စစ်ဆေးပါ။ အခန်းကို အလင်းကောင်းစွာ ရအောင် ထားပါ။ ရေချိုးခန်းတံခါး အတွင်းနှင့်အပြင်တွင် လက်ကိုင်တန်းများ တပ်ပါ။ အိပ်ယာမှ လွယ်ကူစွာ ဝင်နိုင်ထွက်နိုင်အောင် ပြုလုပ်ပါ။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/osteoporosis-%e1%80%a1%e1%80%9b%e1%80%af%e1%80%ad%e1%80%b8%e1%80%95%e1%80%bc%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ကလေးကိုရိုက်ပြီးဆုံးမ မှာလား ဆိုးကျိုးတွေရှိနိုင်ပါတယ်
သင်ဟာ ကလေးကိုရိုက်ပြီးဆုံးမ တတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။မိဘတွေဟာ ကလေးတွေကို ရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးမှ ဆုံးမသင့်သလောက်ဆုံးမမယ်ဆိုရင် အကောင်းဆုံးပါ။မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကိုရိုက်ပြီးမှ သနားပြီးပြန်ငိုတဲ့ တချို့မိဘတွေလည်း ရှိပါတယ်။ နောက်တစ်ချက်က အခုလိုရိုက်ခံရအောင် ကလေးက သူ့ဘာသာဖန်တီးခဲ့တာလို့ တွေးတာဖြစ်ပါတယ်။ အရိုက်ခံရအောင်လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာမဟုတ်ဘူးလို့ တွေးကြတာပါ။ကလေးတစ်ယောက်ကအရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊ နားလည်မှတ်သားနိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်လို ကလေးက သတိအနေအထားနဲ့ သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ ကလေးတွေကို ဆုံးမတဲ့အခါ ရိုက်တဲ့နည်းပဲ ကျင့်သုံးခဲ့ရင် ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးကျိုးသက်ရောက်မှုတွေရှိလာစေနိုင်ပါတယ်။ကိုယ့်မိဘတွေရဲ့ ယုံကြည်ချက်၊ အယူအဆ၊ ထုံးတမ်းစဉ်လာတွေကို လက်ခံနာယူတာကောင်းပေမယ့် သူတို့မှန်တယ်ထင်ခဲ့တဲ့အရာတိုင်းကို လိုက်နာလက်ခံရတော့မှာ မဟုတ်ပါဘူး။ ကလေးတွေကို ထိန်းကျောင်းမွေးမြူတဲ့နေရာမှာ အစွန်းမရောက် မှန်ကန်လောက်တဲ့ နည်းလမ်းသစ်တွေကို လိုက်လုပ်ကြည့်ပါ။ ကလေးကိုရိုက်ဆုံးမ ခြင်းကြောင့် နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေထဲက တချို့ကိုဖော်ပြလိုက်ပါတယ်။မိဘတွေက ကလေးတွေထက် လူကောင်ပိုကြီး၊ အားပိုကြီးကြပါတယ်။ ကလေးတွေထက် ပိုသိတယ်၊ ဦးနှောက်ဉာဏ်ရည်ပိုသာသလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း ပိုကောင်းပါတယ်။ ဒီလိုမိဘတွေက ကလေးတွေကို အလွယ်တကူရိုက်မယ်ဆိုရင် အားနည်းသူကို ရိုက်တာက မှန်တယ်၊ အနိုင်ရနိုင်တယ်လို့ မှတ်ယူသွားစေနိုင်ပါတယ်။ဒီလိုပုံစံနဲ့ ကြီးပြင်းလာတဲ့ကလေးတွေက ကျောင်းမှာ ကိုယ့်ထက်ငယ်တဲ့ တခြားကလေးတွေကို ရိုက်တဲ့လူတွေ ဖြစ်လာရင် ဒါမှမဟုတ် အရွယ်ရောက်လာလို့အိမ်ထောင်ကျတဲ့အခါ မိန်းမကိုရိုက်နှက်တတ်တဲ့သူဖြစ်လာရင် အံ့သြစရာမရှိတော့ပါဘူး။ကိုယ့်ကလေးကို ရိုက်ဆုံးမဖို့ ကိုယ့်စိတ်ကိုယ်ခွင့်ပြုထားတယ်ဆိုရင် အင်အားသုံးအနိုင်ယူတတ်သူ ဖြစ်မှန်းမသိဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ လူကြီးတွေကအပြင်မှာ စိတ်ဖိစီးလာ၊ ပင်ပန်းလာ၊ စိတ်တိုလာပြီး အိမ်ပြန်လာတဲ့အခါ ကလေးက လာနှောင့်ယှက်တာ၊ စိတ်ရှုပ်စေတာတွေ လုပ်လာရင် တစ်ချက်ထရိုက်လိုက်တာနဲ့ ကိုယ်စိတ်ပေါ့ပါးသွားသလို ခံစားလာရတတ်ပါတယ်။ဒီလိုမသိစိတ်က ခံစားချက်ကြောင့်ပဲ အစလုပ်မိရင်နောက်ပိုင်းမှာ ပိုပိုပြီးရိုက်မိလာပြီး ပိုကြမ်းလာနိုင်ပါတယ်။ စိတ်လိုက်မာန်ပါဆိုတာ ဘယ်အရာမှမကောင်းပါဘူး။အသက်ပိုကြီးတဲ့၊ လူကောင်ပိုကြီးတဲ့သူတွေက ငယ်တဲ့သူတွေ၊ သေးတဲ့သူတွေကို ရိုက်လို့ရတယ်။ အနိုင်ယူလို့ရတယ်ဆိုတဲ့အတွေး ကလေးတွေမှာ ရသွားစေမှာပါ။ ကလေးကို တခြားတစ်ယောက်ယောက်အပေါ်  ရိုက်နှက်ဖို့ ကိုယ်ကသင်ပေးသလို ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ကိုယ့်သားသမီးက မိဘထက် လူကောင်ပိုကြီးလာတဲ့အရွယ်ရောက်ချိန်ကျရင် ဘယ်လိုတွေဖြစ်မယ်ထင်ပါသလဲ။ မိဘကို ပြန်အနိုင်မကျင့်လာဘူးလို့ ပြောနိုင်ပါသလား။အရိုက်ခံရတဲ့ကလေးတွေက အကြမ်းနည်းသုံးရင် ဘဝရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ထင်လာတတ်ပါတယ်။ ငါမကြိုက်တာမလုပ်နဲ့၊ လုပ်ရင်ရိုက်မယ် ဆိုတဲ့ပုံစံက ကလေးကိုယ်တိုင်က အနိုင်ကျင့်ဗိုလ်ကျတဲ့စိတ်အတွေးကို ဆက်ခံရယူသွားနိုင်ပါတယ်။ကိုယ့်ကိုကာကွယ်ပေးမယ်လို့ ထင်ထားတဲ့သူတွေဆီက ရိုက်တာခံရတဲ့ကလေးတွေက “ငါဘာများ ဖြစ်နေပြီလဲ၊ အချစ်မခံရတော့ဘူးလား” စတဲ့အတွေးတွေနဲ့ ယုံကြည်မှု ပျောက်လာနိုင်ပါတယ်။သုတေသနအသစ်တစ်ခုအရ အရွယ်ရောက်ပြီးသူတွေမှာတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ငယ်ဘဝက စည်းကမ်းသွင်းခံရတဲ့ဖြစ်ရပ်တွေနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ကလေးကို ရိုက်မိတဲ့အချိန်မှာတော့ ရေရှည်စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်စေဖို့တော့ မိဘတွေက ရည်ရွယ်မယ်မထင်ပါဘူး။ ဒါပေမယ့် သတိထားသင့်တဲ့အချက်ပါ။ကိုယ်ငယ်ငယ်က အရိုက်ခံရတဲ့အခါမျိုးကို မှတ်မိလား။ ငါ့မိဘက ငါ့ကိုချစ်လွန်းလို့ ရိုက်ခဲ့တာပဲလို့ တွေးခဲ့မိပါ့မလား။ မတွေးနိုင်လောက်ပါဘူး။ ကလေးအနေနဲ့ကတော့ ငါ့ကိုမချစ်တော့ဘူးလို့ တွေးမိမှာပါ။ ရိုက်ဆုံးမခြင်းက ကလေးနဲ့သင့်ကြားက ရင်းနှီးမှု၊ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ကြောက်စိတ်ဝင်နေတဲ့အချိန်မှာ သင်ယူမှတ်သားနိုင်ဖို့က မဖြစ်နိုင်ပါဘူးလို့ သုတေသနတွေက ထောက်ပြပါတယ်။ ကလေးကို ဒါလုပ်ဦးမလား၊ နောက်တစ်ခါဆိုးဦးမလားဆိုပြီး ရိုက်ဆုံးမတာက မှတ်မသွားစေနိုင်ဘဲ အကျိုးမထူးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ကလေးကို မှတ်မှတ်သားသားဖြစ်စေချင်တယ်ဆိုရင် ကြောက်စိတ်တိုးလာဖို့ထက် ကြောက်စိတ်လျော့အောင် အရင်လုပ်ပါ။ရိုက်ဆုံးမခြင်းရဲ့ရလဒ်ကတော့ ရိုက်တတ်တဲ့အဖေ သို့မဟုတ် အမေ မရှိတဲ့အခါ ကလေးကိုတားမရ၊ ပြောစကားနားမထောင်တာ ဖြစ်တတ်ပါတယ်။ ဒီလိုနေလို့ရတာ သိလာတဲ့ကလေးက ရိုက်တတ်တဲ့ အဖေ သို့မဟုတ် အမေရဲ့ မျက်စိရှေ့မှာနေဖို့ ရှောင်တတ်လာပါတယ်။ကိုယ်ထိလက်ရောက်ဆုံးမတဲ့နည်းက ကလေးတွေကြားမှာ စံနမူနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကလေးတွေဟာ သူတို့အပြစ်လုပ်လို့ ဆုံးမခံရတဲ့ ပြစ်ဒဏ်အနေနဲ့ အရိုက်ခံရတဲ့အဖြစ်ကြောင့် ကျောင်းတွေမှာ အချင်းချင်းရန်လိုတတ်လာတယ်လို့ American Academy of Pediatrics က ပြောပါတယ်။ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပေးခံရတဲ့အခါ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။ ရိုက်ခံရရင် ကလေးရဲ့ဦးနှောက်မှာ သင်ယူလေ့လာနိုင်စွမ်းအတွက် အရေးပါတဲ့grey matterအပိုင်းကို ဆုတ်ယုတ်စေတယ်လို့ သုတေသနက ဆိုပါတယ်။ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတွေမှာ စိတ်ခံစားချက်ပိုင်းမှာလည်း ထိခိုက်စေပါတယ်။ နှုတ်နဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ ကြမ်းကြမ်းဆက်ဆံခံရတဲ့ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုရှိနေတတ်ပြီး အရွယ်ရောက်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေး အရည်အချင်းတွေကျဆင်းတာ၊ ပူပန်စိတ်နဲ့ စိတ်ကျရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ကလေးက ပြောမရလို့ အစပိုင်းမှာ ဒေါသထွက်ပြီး ကလေးကိုရိုက်မိတော့မယ်ဆိုရင် အဲဒီအနေအထားကနေ ခဏလောက်ခွာထွက်လိုက်ပါ။ ခဏလောက်စိတ်ငြိမ်အောင်ထားပြီးမှ ပြောဆိုဆုံးမလို့ရမယ့် တခြားနည်းလမ်းကိုစဉ်းစားပါ။ကလေးက ပြောစကားနားမထောင်တာ၊ ပြောတဲ့အတိုင်းမလုပ်တာဆိုရင် မိဘက ရိုက်ရတော့မယ့် အနေအထားဖြစ်နေပါတယ်။ နောက်ဆုံးတော့ အပြုအမူမှန်ကန်အောင်လို့ ရိုက်လိုက်ရပါတယ်။နောက်တစ်နည်းကတော့ ကလေးကို မျက်နှာချင်းဆိုင်သေချာကြည့်ပြီး ကြင်ကြင်နာနာ စကားပြောပါ။ ကိုယ်ဖြစ်စေတဲ့အရာကို သူ့ကို ခပ်ရှင်းရှင်းနဲ့ တည်တည်တံ့တံ့ပြောပါ။ အဲဒီအချိန်မှာ ရင်းနှီးပြီးသားအမူအရာနဲ့ အရောမဝင်လိုက်ပါနဲ့။ ဥပမာ- သား..မင်းခဏတိတ်တိတ်နေရင် ကောင်းမယ်ကွာ လို့ ခပ်ဆတ်ဆတ်အသံနဲ့ သတိပေးလိုက်တာမျိုး။ကလေးကို ရွေးချယ်စရာတွေ ပေးလိုက်တာက ရိုက်နှက်ဆုံးမခြင်းအစား သုံးလို့ရမယ့်နည်းလမ်းပါ။ ကလေးက ထမင်းစားပွဲမှာ မစားဘဲ စားစရာတွေနဲ့ ကစားနေတယ်ဆိုရင် “စားစရာတွေကို ဆော့နေတာရပ်မလား ဒါမှမဟုတ် စားပွဲက ဖယ်မလား”လို့ မေးလိုက်ပါ။ကလေးက ဆက်ဆော့ဖို့ကို ရွေးတယ်ဆိုရင် စားပွဲကနေဖယ်ပြီး အာရုံပြောင်းပြီးပဲဖြစ်ဖြစ် ညင်ညင်သာသာပြောပြသွန်သင်ပါ။ မဆော့တော့ဘဲ တကယ်ထမင်းစားမယ်ဆိုရင်တော့ စားပွဲကို ပြန်လာစားလို့ရတယ်လို့ ပြောလိုက်ပါ။ကလေးက ခံပြောနေရင် မိဘက ရိုက်နှက်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင်တော့ ကိုယ့်သားသမီးအတွက် ချက်ချင်းရှောင်လိုက်တာအကောင်းဆုံးပါပဲ။ ဒေါသနဲ့တော့ မထားခဲ့ပါနဲ့။ ပြောသင့်တာကို ပုံမှန်လောက်ပြောပြီး ထွက်ခဲ့ပါ။နောက်တစ်ကြိမ် သူ့ဘက်က လေးလေးစားစားနဲ့ ဆက်ဆံတဲ့အချိန်မှ စကားပြန်ပြောပါ။ဒေါသစိတ်ဟာလူ့အဖွဲ့အစည်းမှာ အကြမ်းဖက်မှုဖြစ်လာစေတဲ့ အကြောင်းရင်းခံဖြစ်ပါတယ်။ မိသားစုတစ်ခုမှာ ဖြစ်လာသမျှပြဿနာတွေကို အားမသုံးဘဲ၊ အကြမ်းနည်းမသုံးဘဲ ဘယ်လိုအတူပူးပေါင်း၊ ဖြေရှင်းကြမလဲဆိုတာကို သိမှ မိသားစုမည်ပါတယ်။တခါတရံမှာ အလွန်အကျွံမဟုတ်ဘဲ အတန်အသင့် ရိုက်ဆုံးမမှဖြစ်တဲ့ အချိန်မျိုးရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြေရှင်းနိုင်မယ့် တခြားနည်းလမ်းတွေအများကြီးရှိသေးတာကြောင့် ကလေးတွေကို အလားအလာကောင်းစေဖို့ ပျိုးထောင်ရင်း မိသားစုကို ထိန်းသိမ်းနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/adverse-effects-of-beating-kids/
အဆုတ်ကို သန့်စင်စေမယ့် အစားအစာ (၁၀) မျိုး
အဆုတ် ကျန်းမာရေးက ဘယ်လောက် အရေးကြီးလဲဆိုတာ အသက်ရှူတိုင်း သတိရနေသင့်တာပါ။ အသက်ကောင်းကောင်းရှူနိုင်မှ အဆုတ်က ကျန်းမာမှာ ဖြစ်သလို လေထု ညစ်ညမ်းစေတဲ့ အရာ မှန်သမျှ အဆုတ်ရဲ့ ရန်သူပါပဲ။ လေရှူသွင်းလိုက်တိုင်း ကိုယ့်ပတ်ဝန်းကျင်လေထုထဲက အန္တရာယ်ရှိတဲ့ အရာဝတ္တုတွေကို အဆုတ်က လက်ခံရရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆုတ်ကို သန့်စင်စေမယ့် အစားအသောက်တွေကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဒါမှ အဖြစ်များတဲ့ ရောဂါတွေကို ကာကွယ်နိုင်မယ်၊ အဆုတ်ကို အားကောင်းစေမယ်။ ဒီတစ်ခေါက်တော့ အဆုတ်ကို သန့်စင်စေမယ့် အစားအစာ တွေအကြောင်း ပြောပြပေးချင်ပါတယ်။ပန်းနာရင်ကျပ်၊လေပြွန်ရောင်၊ အဆုတ်ရောင်တို့လို အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဟာ မဖြစ်အောင်ရှောင်လို့ရတဲ့ရောဂါတွေဖြစ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုရှိမယ်၊လေထုညစ်ညမ်းတာတွေမရှူရှိုက်မိအောင်သတိထားမယ်၊ဆေးလိပ်မသောက်ဘူးဆိုရင် အများစုက ဒီရောဂါတွေကိုရှောင်နိုင်ပါလိမ့်မယ်။ ဒီအချက်တွေကို လိုက်နာနိုင်ဖို့က ကျန်းမာပြည့်စုံတဲ့ အာဟာရအထောက်အပံ့ကို ရရှိနိုင်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့အစားအစာတချို့ကို အကြံပေးလိုက်မယ်နော်။အဆုတ်ကို သန့်စင်စေမယ့် အစားအစာ တွေကတော့။(၁)ကြက်သွန်ဖြူ။ကြက်သွန်ဖြူက allicin ပါဝင်မှု မြင့်မားလို့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိ မျိုးစုံ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းက ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကို သက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။(၂) ချင်း။ချင်း(ဂျင်း)ကလည်း အရောင်ကျစေတဲ့ အာနိသင်ကြောင့် အဆုတ်ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်း ထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။(၃) နနွင်း။ချင်းနဲ့ ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာ ထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့ အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေပါတယ်။(၄) ပန်းသီး။ပန်းသီးမှာ ဗီတာမင်ဓါတ်တွေ အစုံအလင်ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့ flavonoidsတွေ ပါဝင်ပါတယ်။ သူတို့ကြောင့် အမျိုးမျိုးသော အဆုတ်ရောဂါတွေကို ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။(၅) ဘယ်ရီသီး။ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ရက်စဘယ်ရီ အသီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနဲ့ ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။(၆) ကမ္ဗလာသီး။ကမ္ဗလာသီးဟာ အဆုတ်ကို ပံ့ပိုးတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများကြီး ပါဝင်ပါတယ်။ အဆုတ်ကို ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေ ထိတွေ့လာတဲ့အခါ ကမ္ဗလာသီးက အဆုတ်ကို သန့်စင်ပေးပါလိမ့်မယ်။(၇) သလဲသီး။သလဲသီးမှာ သဘာဝ အစွမ်းအာနိသင်တွေ အများကြီး ပါဝင်ပါတယ်။ သလဲသီးက အဆုတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်ပွားမှုကို နှေးစေပြီး မြန်မြန်သက်သာစေနိုင်ပါတယ်။(၈) အခွံမာသီး၊အစေ့အဆန်တွေနဲ့ ပဲအမျိုးမျိုး။သူတို့တွေမှာ ပန်းနာရင်ကျပ်ရှိသူတွေ အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်တွေ အများကြီး ပါဝင်ပါတယ်။ သူတို့က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းစေပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။ ဥပမာPistachiosဆိုရင် အဆုတ်ကင်ဆာ ကာကွယ်နိုင်တယ်၊ ကိုလက်စထရောကျစေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။(၉) ဂေါ်ဖီထုပ်မျိုးနွယ်တွေ။ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့လို မျိုးနွယ်တူအုပ်စုက ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ အပြည့်အဝပါဝင်တာကြောင့် အဆုတ်အပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေကင်းအောင် သန့်စင်ပေးနိုင်ပါတယ်။(၁၀) carotenoidsကြွယ်ဝတဲ့အစားအစာ။carotenoidsဆိုတာ အဆုတ်ကင်ဆာကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့တတ်တယ်။ သူက ခန္ဓါကိုယ်ထဲရောက်တဲ့အခါ ပန်းနာရင်ကျပ်အတွက် အကျိုးထိရောက်တဲ့ ဗီတာမင်အေ အဖြစ်ပြောင်းလဲသွားပါတယ်။carotenoids ပါဝင်တဲ့အစားအစာတွေက မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဖရုံသီးတို့ပါဝင်ပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကရေသောက်ပါ။အဆိပ်အတောက်ဖယ်ရှားသန့်စင်တဲ့နေရာမှာရေက အသုံးဝင်ဆုံး ပါပဲ။ဖျော်ရည်၊ အချိုရည်တွေထက် ရိုးရိုးရေကိုပဲရွေးချယ်သင့်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အစားအစာတွေကို ပေါင်းစပ်စားသုံးမယ်၊ နေ့စဉ်အာဟာရမှာ ထည့်သွင်းမယ်ဆိုရင် အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာနိုင်ဖို့ မဝေးတော့ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-to-cleanse-your-lungs/
Pfizerရဲ့ ကိုဗစ်ကုသဆေး အသုံးပြုခွင့်ရတော့မှာလား
နိုဝင်ဘာ ၄ရက်နေ့က ဗြိတိန်အစိုးရက U.S.-based Merck & Co Inc(MRK.N)နဲ့ Ridgeback Biotherapeutics က ပူးပေါင်းထုတ်လုပ်ထားတဲ့Lagevrio (molnupiravir)ကို အရေးပေါ်အသုံးပြုခွင့်ပြုခဲ့ပါတယ်။ ဒါနဲ့ မရှေးမနှောင်းမှာပဲPfizerကလည်း သူရဲ့ ကိုဗစ်ကုသဆေးPAXLOVID™ကို US FDAကနေ အရေးပေါ်အသုံးပြုခွင့်ရအောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။ကပ်ရောဂါသမိုင်းကြောင်းမှာတော့ ဒါက အင်မတန်အံ့သြဖွယ်ရာပါပဲ။ အချိန်တိုလေးအတွင်းမှာ ကာကွယ်ဆေးရော၊ ကုသဆေးပါ ပေါ်လာတာပါ။ Pfizerရဲ့PAXLOVID™အကြောင်းကိုလည်း ဆက်ပြီး လေ့လာကြည့်ရအောင်။Brand နာမည်PAXLOVID™ ဖြစ်ပြီး သောက်ဆေး အမျိုးအစား ဖြစ်ပါတယ်။ သူရဲ့ အရှည်ကောက်ကတော့ PAXLOVID™ (PF-07321332; ritonavir)ပါ။PF-07321332ကကိုဗစ်ဗိုင်းရပ်စ်ပွားဖို့ အရေးပါတဲ့ အင်ဇိုင်းဖြစ်တဲ့ SARS-CoV-2-3CL proteaseကို ပိတ်ချလိုက်ပါတယ်။ ဒါကိုritonavirပမာဏ အနည်းငယ်နဲ့ တွဲပေးပါတယ်။ ဒီလိုတွဲပေးလိုက်တာက ခန္ဓာကိုယ်ကနေ PF-07321332 ဖျက်ဆီးတာကို နှေးစေတဲ့အတွက် ကိုယ်ထဲမှာ ကြာကြာနေပြီး ဗိုင်းရပ်စ်ကို ကြာကြာတိုက်နိုင်ပါတယ်။Phase 2/3 EPIC-HR လေ့လာချက်အရ ရောဂါပြင်းထန်နိုင်ခြေရှိတဲ့သူတွေမှာ ဆေးရုံတင်ရတာနဲ့ သေနှုန်းကို ၈၉ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ( MRK.NကLagevrioကတော့ ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။)။သောက်ဆေး အမျိုးအစားဖြစ်တဲ့အတွက် ဆရာဝန်က ညွှန်လိုက်ရုံနဲ့ အိမ်မှာတင် သောက်လို့ရပါတယ်။ ဆေးရုံတက်ပြီး ဆေးသွင်းစရာ မလိုတော့ပါဘူး။ တစ်ခုရှိတာက ဗိုင်းရပ်စ်ပွားတာကို တားတာဖြစ်တဲ့အတွက် ရောဂါလက္ခဏာ ပြပြီး ၃-၅ရက်အတွင်း သောက်ဖို့ လိုပါတယ်။ တစ်နေ့ ၂ကြိမ်နဲ့ ၅ရက်သောက်ဖို့ လိုပါတယ်။နောက်ထပ်အားသာချက်တွေကတော့ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိထားရင်လည်း ကူးစက်ခံရမှုနည်းအောင် သောက်ထားနိုင်ပါတယ်။ ဒါ့ပြင် လက်ရှိမှာ စိုးရိမ်နေရတဲ့ ကူးစက်နှုန်းမြန်တယ်လို့ ယူဆထားကြတဲ့မျိုးဗီဇကွဲကိုဗစ်ဗိုင်းရပ်စ်တွေအတွက်လည်း သုံးနိုင်ပါတယ်။PfizerကPAXLOVID™ နဲ့ ပတ်သက်ပြီး လေ့လာမှု ၃ခုလုပ်ခဲ့ပါတယ်။ပထမတစ်ခုက EPIC-HR  (Evaluation ofProteaseInhibition forCOVID-19 inHigh-Risk Patients) ကိုဗစ်ရောဂါ ကူးနိုင်ခြေများပြီး ကူးခဲ့ရင် ပြင်းထန်နိုင်တဲ့ သူတွေမှာပါ။ ၂၀၂၁၊ ဇူလိုင်လမှာ စစမ်းခဲ့ပြီး Phase 2/3ကို ရောက်သွားပါပြီ။ ၈၉ ရာခိုင်နှုန်း လျှော့ချနိုင်တယ်ဆိုတာ Phase 2/3ရလဒ်ပါ။ လက်ရှိမှာ စမ်းသပ်ချက်ကို ခဏနားထားပြီး အရေးပေါ် အသုံးပြုခွင့်ကို လျှောက်ထားဆဲ ဖြစ်ပါတယ်။ဒုတိယတစ်ခုက EPIC-SR (Evaluation ofProteaseInhibition forCOVID-19 inStandard-Risk Patients)ပါ။ ဒါက ဆေးရုံတက်ရနိုင်ခြေ၊ သေဆုံးနိုင်ခြေ နည်းတဲ့သူတွေပါ။ ကာကွယ်ဆေးထိုးပြီးပေမယ့် ကိုဗစ်လက္ခဏာ ပြတဲ့သူတွေ၊ ပြန်ဖြစ်ခဲ့ရင် ပြင်းထန်နိုင်တဲ့ သူတွေလည်း ပါပါတယ်။ ဒါကတော့ ၂၀၂၁၊ သြဂုတ်လမှာ Phase 2/3ကို ရောက်နေပြီး ဆက်ပြီးလည်း စမ်းသပ်နေပါတယ်။နောက်ဆုံးတစ်ခုကတော့ EPIC-PEP (Evaluation ofProteaseInhibition forCOVID-19 inPost-ExposureProphylaxis) ပါ။ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိခဲ့ရင်ကူးစက်နိုင်ခြေလျှော့အောင် လုပ်ပေးနိုင်မလားဆိုပြီး စမ်းသပ်တာပဲ ဖြစ်ပါတယ်။ စက်တင်ဘာမှာ Phase 2/3ကို ရောက်နေပြီး ဆက်လက် စမ်းသပ်နေပါတယ်။လက်ရှိအချိန်ထိတော့ ဆေးသုံးစွဲခွင့်ကို ပိတ်ပင်ရလောက်အောင် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီထက်ပိုသေချာတဲ့ အချက်အလက်တွေကို ချပြဖို့ လိုသေးတယ်လို့ ပညာရှင်တချို့က ထောက်ပြကြပါတယ်။ ဥပမာ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီ စတာတွေကို ထိခိုက်နိုင်သလား။ ကိုယ်ဝန်ဆောင်တွေ သုံးလို့ရမလား စသဖြင့်။လက်ရှိအချိန်မှာ ကိုဗစ်ကုသဆေးတွေ အလျိုလျိုပေါ်လာတာ သတင်းကောင်းပါ။ ဒါပေမယ့် ဒါကကာကွယ်ဆေးကို အစားထိုးဖို့ မဟုတ်ပါဘူး။ ကာကွယ်ဆေးနဲ့ ကုသဆေးနဲ့က လုပ်ဆောင်ပုံခြင်း မတူသလို နှစ်ခုလုံးက ကပ်ရောဂါကို အဆုံးသတ်စေဖို့ အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကိုလည်း မပျက်မကွက်ထိုးဖို့ လိုအပ်နေပါသေးတယ်။(ဤဆောင်းပါးသည် ၂၀၂၁၊ နိုဝင်ဘာ ၅ရက်နေ့က အကြောင်းအရာများဖြစ်ပြီး အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။)။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/pfizer-paxlovid/
ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ
မိန်းကလေးတွေ အတွက်ဓမ္မတာလာချိန်ဆိုတာ အလုပ်ရှုပ်တဲ့ အချိန် တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့ မရတဲ့ ဓမ္မတာဆိုတော့ ဒီလို ထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲ ရှိတော့တာပေါ့ ။ ။ ဒီတော့ ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။မိန်းမကိုယ်မှာ ကိုယ်ပိုင် အနံ့ တစ်မျိုး ရှိတတ်တယ် ဆိုပေမယ့်ရာသီလာချိန် မှာတော့ အနံ့တွေ ပြောင်းသွားတတ်ပါတယ်။ရာသီလာတယ် ဆိုတာ ညစ်ညမ်းတဲ့ အရာတော့ မဟုတ်ပေမယ့်အနံ့ဆိုးမထွက်အောင်၊ မလိုလားအပ်တဲ့ ရောဂါပိုးတွေ မဝင်နိုင်အောင် ရာသီလာစဉ် အချိန် အတွင်းမှာ ပုံမှန်ထက် ပိုပြီး သန့်ရှင်းမှု ရှိဖို့ အရေးကြီးပါတယ်။မိန်းမကိုယ်မှာ အကျိုးပြု ဘက်တီးရီးယားတွေကို ထိန်းညှိထားတဲ့ သဘာဝ ကာကွယ်မှု စနစ် ရှိပါတယ်။ အမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ဆပ်ပြာတွေကြောင့် အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်လို့ ရောဂါပိုးဝင်ဖို့ လွယ်ကူစေနိုင်ပါတယ်။ ဆပ်ပြာရဲ့ အပြင်းစား အက်ဆစ်ကြောင့် မိန်းမကိုယ် အရေပြားကို ပူတာ၊ လောင်တာ၊ စပ်တာ၊ ရောင်ရမ်းတာ၊ ဓာတ်မတည့်တာတွေ ဖြစ်လာစေနိုင်တယ်။ ဒါကြောင့် မိန်းမကိုယ်အတွင်းပိုင်းကို သန့်ရှင်းရေး လုပ်တော့မယ်ဆို ဆပ်ပြာ လုံးဝ မသုံးပါနဲ့။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/bad-ordour/
ကိုယ်ဝန်ဆောင် မေမေတွေ သိချင်နေမယ့် ကိုရိုနာ ဗိုင်းရပ်စ် အကြောင်း
ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်ရောဘေဘီလေး ကျန်းမာစွာ မွေးဖွားလာစေဖို့စောင့်ရှောက်ပေးနေတဲ့ ဖေဖေရော မျှော်လင့်တဲ့ အချက်တစ်ခုက ဘေဘီလေး ကျန်းကျန်းမာမာ မွေးဖွားလာဖို့နဲ့ မွေးဖွားပြီးချိန်မှာလည်း ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ပါ။ ဒီ မျှော်လင့်ချက်က အခုလိုကိုဗစ်ရောဂါတွေဖြစ်ပွားနေချိန်မှာ ပိုလို့တောင် ကြီးမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာကိုရိုနာ ဗိုင်းရပ်စ်က ဘယ်လို ထိခိုက်မှုတွေ ဖြစ်စေနိုင်လဲ။ ဘေဘီလေးကိုရော ထိခိုက်နိုင်လားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ကိုယ်ဝန်ဆောင် မေမေတွေက အခြားသူတွေထက်ကိုဗစ် ကူးစက်ခံရနိုင်ခြေပိုများသလားဆိုတာကိုတော့ သုတေသီကိုယ်တိုင် သေသေချာချာ အဖြေမထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေအနေနဲ့ ကိုယ်ခံအား ပြောင်းလဲမှု ဖြစ်တာကြောင့် ရောဂါတွေ ကူးစက်ခံရနိုင်ခြေက ပုံမှန်အချိန်ထက် ပိုများနေပါတယ်။ကိုယ်ဝန်ဆောင်တွေမှာ ကိုဗစ် ကူးစက်ခံရတဲ့အခါ အခြားသူတွေထက်တော့ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး နည်းလမ်းကကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ် ကူးစက်ခံရတာမျိုး မဖြစ်စေဖို့အတွက်ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကို လုပ်ဆောင်တာက အကောင်းဆုံး ဖြစ်မှာပါ။ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မခံရဖို့ ကိုယ့်ကိုယ်ကို အကောင်းဆုံး ကာကွယ်ဖို့ လိုပါမယ်။ ဒါကြောင့် ကိုဗစ် မကူးစက်စေဖို့အတွက် ဒါလေးတွေကို လိုက်နာလုပ်ဆောင်ဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာကိုဗစ် ကူးစက်ခံရမယ်ဆိုရင်လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုး ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ အသေလေး မွေးဖွားတာမျိုး ဖြစ်နိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ် ကူးစက်ခံရတာမျိုး မရှိစေဖို့ သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ဘေဘီလေးကို မွေးဖွားချိန်မှာ မေမေ့ဆီကနေ ဘေဘီလေးဆီကို ကိုဗစ် ကူးစက်နိုင်သလားဆိုတာကိုတော့ လေ့လာမှုတွေ လုပ်ဆောင်နေဆဲပါ။ ကိုရိုနာဗိုင်းရပ်စ်က ရေမြွာရည်ထဲမှာ မရှိသလို မိခင်နို့ရည်ထဲမှာလည်း မရှိပါဘူး။ဒါပေမယ့် မေမေက ဘေဘီလေးကို နို့တိုက်လို့ရပါတယ်။ ဘေဘီလေးကို နို့မတိုက်ခင် မချီခင်တွေမှာ လက်ကို သေချာ သန့်စင်အောင် ဆေးကြောပြီး မတ်ခ် တပ်ဖို့ လိုပါမယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/can-baby-get-covid-from-mother/
ပင်ပန်း နေတဲ့ မနက်ခင်းမှာ အားဖြည့်ပေးနိုင်မယ့် အစားအစာတွေ
အရင်ရက်က ပင်ပန်း ထားတာ၊ အလုပ်တွေများထားတာ၊ အိပ်ရေးပျက်ထားတာ၊ စိတ်ဖိစီးတာတွေကြောင့် အိပ်ရာထတဲ့အချိန်မှာ ပင်ပန်းနွမ်းလျနေတာမျိုး ဖြစ်ဖူးတယ်မလား။ အိပ်ရာထဲက ထဖို့ကို အတော်အားယူပြီး ကိုယ့်ဘာသာတိုက်ပွဲဝင်နေရတာ သိပ်တော့မလွယ်ဘူးလေ။ ဒီလိုအချိန်မျိုးမှာ လူကို လန်းဆန်းအားပြည့်လာအောင် အစားအစာလေးတွေနဲ့ ဆွဲဆောင်ရတော့မှာပဲ။ ပင်ပန်း နေတဲ့ မနက်ခင်းမှာ အားဖြည့်ပေးနိုင်မယ့် အစားအစာတွေ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။စူပါအစားအစာလို့ ခေါ်လို့ရတဲ့ ခွန်အားတိုးအစားအသောက်တွေကတော့ အဆီအဆိမ့်နဲ့ လူကို ဝိတ်တက်စေမယ့် အရာတွေ မပါပါဘူးနော်။ ဒီစာရင်းမှာ အသီးအနှံတွေနဲ့ အသီးအရွက်တွေသာ ပါမယ်ဆိုတာ ကြိုပြောထားပါရစေ။ တာရှည်ခံပစ္စည်းပါတဲ့ ပြုပြင်အစားအစာတွေ၊ အဆီ၊အငန်များတာတွေနဲ့ဆို ပင်ပန်း နေတဲ့လူက မသက်သာဘဲ ပိုတောင် ခေါင်းစိုက်သွားပါလိမ့်မယ်။ပင်ပန်း နေတဲ့အချိန် ရာသီပေါ်အသီးအနှံလေးတွေ၊ အစေ့အဆန်နဲ့ ပေါ့ပေါ့ပါးပါး အသီးအရွက်ဟင်းလျာလေးတွေနဲ့ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဖြေထုတ်လိုက်ပါ၊ အားဖြည့်လိုက်ပါ။ထောပတ်သီး။ထောပတ်သီးမှာဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊အကျိုးပြုအဆီတွေကြွယ်ဝလို့ နာရီအတော်ကြာတဲ့အထိ ခန္ဓာကိုယ်ကို အားပြည့်နေစေမှာပါ။ အမျှင်ဓာတ်လည်း ပါဝင်မှုများလို့ သွေးတွင်းသကြားကို ထိန်းပေးနိုင်တယ်။ထောပတ်သီးကို မနက်စာမှာ ထည့်စားတာ ဒါမှမဟုတ် ဖျော်ရည်တွဲသောက်တာလည်း အဆင်ပြေပါတယ်။ဖရဲသီး။ရေဓာတ်မပြည့်ဝတဲ့အချိန်မျိုးမှာ လူက ဘယ်လိုမှနေလို့မကောင်းနိုင်ပါဘူး။ အရင်နေ့က ရေဓာတ်လုံလောက်အောင်မရရှိထားရင် ဒီလိုမနက်မှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့ ဖရဲသီးကို တစ်နေ့တာရဲ့ ဘယ်အချိန်မှာဖြစ်ဖြစ် စားပေးသင့်ပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် အမိုင်နိုအက်စစ်တွေလည်း ပါဝင်ပါတယ်။ဗာဒံစေ့။ဗာဒံစေ့မှာ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ အကျိုးပြုအဆီတွေ အများကြီးပါဝင်ပါတယ်။ ခွန်အားအဖြစ်ပြောင်းလဲသွားမှာဖြစ်တဲ့ ဗီတာမင် ဘီအုပ်စုလည်း ကြွယ်ဝတဲ့အပြင် ကြွက်သားညောင်းညာမှုကို သက်သာစေမယ့် မဂ္ဂနီဆီယမ်လည်း ပါဝင်မှုများပါတယ်။ကိုက်လန်။ကိုက်လန်ရွက်မှာ ခွန်အားပြည့်ဖို့ မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သံဓာတ်ကြွယ်ဝသလို ကယ်လ်စီယမ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီအုပ်စုဝင်တွေ အများကြီးပါဝင်ပါတယ်။ငှက်ပျောသီး။ငှက်ပျောသီးက လှုပ်ရှားသွားလာနေတဲ့ ခန္ဓာကိုယ်ကို လောင်စာဖြည့်ပေးမယ့် အစားအစာတစ်မျိုးပါပဲ။ပိုတက်စီယမ်ကြွယ်ဝတဲ့ဒီအသီးက အမျှင်ဓာတ်လည်းများတယ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီတွေ အများကြီးပါသေးတယ်။ကြက်ဥနဲ့ ငှက်ပျောသီး၊ နို့ ပါတဲ့ မနက်စာကို စားမယ်ဆို ပိုပြီးပြည့်စုံတာပေါ့။ ငှက်ပျောသီးမှည့်က အစိမ်းထက် ခွန်အားပိုဖြစ်စေတယ်။ကြက်ဥ။ကြက်ဥတစ်လုံးမှာ အရည်အသွေးမြင့်ပရိုတင်းနဲ့အကျိုးပြုအဆီတွေပါဝင်ပြီး တစ်နေ့တာလုံးအတွက် တာရှည်ခံတဲ့ ခွန်အားပြည့်ခြင်းကို ရရှိနိုင်ပါတယ်။ကြက်ဥဟာ သံဓာတ်၊ ဗီတာမင် ဒီ၊ ကိုလင်းဓာတ်၊ ဗီတာမင် B12 အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ကိုလက်စထရောလျှော့စားနေသူကလွဲလို့ မနက်စာမှာ ထည့်စားတဲ့အခါကြက်ဥအနှစ်ရော၊အကာပါ စားဖို့ မမေ့ပါနဲ့။ အနှစ်က အာဟာရအပြည့်ဆုံးအပိုင်းဖြစ်နေလို့ပါ။နွမ်းနယ်နေတဲ့ စိတ်နဲ့ ခန္ဓာ အားပြည့် လန်းဆန်း စေနိုင်ဖို့ တစ်နေ့တာမှာ မနက် ဖြစ်ဖြစ် နေ့လယ် ဖြစ်ဖြစ် ဒီအစားအစာတွေ ထဲက ရွေးချယ်စားသုံးကြည့်လိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/fruit-combos-for-breakfast/
Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ)
Lumbosacral radiculopathy ဆိုသည်မှာ ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများနှင့် အာရုံကြော အမြစ်များ နဲ့ဆက်စပ်သော ရောဂါတစ်ခု ဖြစ် သည်။ရောဂါသည် လူဦးရေ၏ ၃-၅ ရာခိုင်နှုန်းတွင် ဖြစ်ပွား သည်။ အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီစွာ ဖြစ် ပွားသည်။ အသက် ၄၀ အမျိုးသားများ နှင့် အသက် ၅၀-၆၀ အမျိုးသမီးများတွင် ပို၍ ဖြစ်ပွားသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် lumbosacral radiculopathy ရောဂါဖြစ်ပွားနှုန်းကို ကန့်သတ်နိုင်သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။Lumbosacral radiculopathy ၏ ရောဂါလက္ခဏာများ မှာ လက်မောင်း၊ ခြေထောက် တွင် ထုံကျဉ်ခြင်း၊ ကြွက်သား များ အားနည်းခြင်းတို့ဖြစ်သည်။ အဖြစ်အများဆုံး လက္ခဏာ မှာ sciatica ဖြစ်သည်။ ထိုရောဂါမှာ ခန္ဓါကိုယ်တွင် အရှည်ဆုံး အာရုံ ကြောဖြစ်သော sciatic nerve တစ်လျှောက် နာကျင်ခြင်းဖြစ် သည်။ ထို အာရုံကြောသည် တင်ပါးမှ ခြေထောက်အထိ (ပေါင်နှင့် ခြေထောက် အနောက်ဘက်) အထိသွယ်တန်းနေ သည်။ Sciatica သည် ကျောရိုးဆစ် ကျွံခြင်းကဲ့သို့ ပြဿနာ ၏ လက္ခဏာတစ်ခုဖြစ်သည်။ အခြားလက္ခဏာများမှာ ထုံကျဉ် ခြင်း၊ စပ်ဖျဉ်းဖျဉ်းနေခြင်း၊ ဆီး နှင့် ဝမ်းသွားရာတွင် မထိန်း ချုပ်နိုင်ခြင်းတို့ ဖြစ်သည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းတွင် ရောဂါအခြေ အနေသည် မတူညီနိုင်ပါ။ ရောဂါအဖြေရှာခြင်းများ ကုသခြင်း များပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံး ကုသမှုကို ရယူပါ။ဆေးကုသနေစဉ်တွင် သက်သာမလာပါက ဆရာဝန်အား အထူး ကုသမှုအစီအစဉ် စတင်ရန် မေးမြန်းပါ။ကျောရိုးဆစ် ကျွံခြင်း (ကျိုးခြင်း သို့မဟုတ် ချော်ခြင်း)မှ ဖိအားသည် အာရုံကြောအမြစ်များကို ရောင်ရမ်းခြင်း ဖြစ်စေ သောကြောင့် Lumbosacral radiculopathy ဖြစ်ပွားသည်။ အခြားဖြစ်စေသော အကြောင်းရင်းမှာ ကျောရိုးဆစ် ပျက်စီး ခြင်းကြောင့်ဖြစ်သည်။ ကျောရိုးဆစ်ရှိ အရိုးနု အပိုင်းများသည် ကျောရိုးမ၏ အရိုး (ကျောရိုး) များကြားတွင် ရှိပါသည်။ ၎င်း တို့သည် ကျောရိုး လှုပ်ရှားသောအခါ ထိခိုက်မှုကို လျော့ချ ပေးသော ကြားခံအဖြစ် ဆောင်ရွက်ပေးပါသည်။ အချိန်ကြာ သောအခါ အမျှင်များသည် ကျောရိုးဆစ်အပြားကို ပြဲစေ သည်။ ဂျယ်လီကဲ့သို့ အရည်များသည် ကျောရိုးဆစ်အပြား၏ အလယ်မှ ထွက်လာပြီး အာရုံကြောအမြစ်များအပေါ် ဖိအား သက်ရောက်စေကာ ရောဂါလက္ခဏာများကို ဖြစ်စေသည်။ ကျောရိုးမ ကျဉ်းခြင်း၊ အကျိတ်၊ ရောဂါပိုးကူးစက်ခြင်း နှင့် ထိခိုက်ဒဏ်ရာရခြင်းစသော အခြားအကြောင်းရင်းများလည်း ရှိပါသေးသည်။ရောဂါဖြစ်နိုင်ချေကိုမြင့်စေသော အချက်များစွာ ရှိပါ သည်။ အောက်ပါတို့ ပါဝင်ပါသည်။• အသက်အရွယ်။ အသက်ကြီးသူများသည် ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။• ပြင်းထန်စွာ လှုပ်ရှားခြင်း။• ကျောရိုးနှင့် ဆိုင်သော အခြားအခြေအနေများ ရှိခြင်း ၊ ခါးနာခြင်း။ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား ရောဂါ မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက် များအတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် သင့်သော်သော ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓါကိုယ် စစ်ဆေးခြင်း တို့အပေါ်မူတည်၍ ရောဂါအဖြေရှာ နိုင်သည်။ အထူးသဖြင့် ကျောရိုးနှင့် ခြေထောက်အား စစ်ဆေးခြင်း ဖြစ်သည်။ ကြွက်သား သန်မာမှုနှင့် တုံ့ပြန်မှုတို့ ကိုစစ်ဆေးသည်။ လူနာအများစုသည် ဆေးသောက်ခြင်း ဖြင့် ကျန်းမာရေးအခြေအနေ တိုးတက်လာပါသည်။ ဆရာဝန် သည် တစ်ခါတစ်ရံ ပုံရိပ်ရယူရန်ပင် မလိုအပ်ပါ။ ဆက်တိုက် နာကျင်မှုများအတွက် ဆရာဝန်သည် ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန် ရိုက်ခြင်း၊ ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း၊ လျှပ်စစ်ဖြင့် စစ်ဆေး ခြင်းတို့ကို ပြုလုပ်နိုင်သည်။လူနာအများစုသည် ကုသရန်မလိုပါ။ အိမ်တွင် ကိုယ်တိုင် စောင့်ရှောက်မှု နည်းလမ်းများဖြင့် နာကျင်ခြင်း သက်သာပါ သည်။ ထိုနည်းလမ်းများမှာ အပူ သို့မဟုတ် အအေး ကပ်ခြင်း ၊ ကြွက်သားများ ဖြေလျော့ခြင်း နှင့် အနာပျောက်ဆေးများ သုံးခြင်းတို့ ဖြစ်သည်။ လူနာများသည် တတ်နိုင်သမျှ မြန်မြန် လှုပ်ရှားသင့်သည်။ ပြန်လည်ထူထောင်ခြင်းသည် ထိခိုက်မှု အသစ်များကို ကာကွယ်နိုင်သည်။ရက်ရှည် နာကျင်ပါက လက္ခဏာများ ကို သက်သာစေရန် ကိုယ်အလေးချိန်ချခြင်း၊ ကျန်းမာရေး ကလပ်တစ်ခုနှင့် ဆက်သွယ်ခြင်း စသော လူနေမှုပုံစံ ပြောင်း လဲခြင်းများကို ပြုလုပ်သင့်သည်။ ထိုလေ့ကျင့်ခန်းများသည် ကိုယ်နေဟန်ထားကို ကူညီပေးပြီး ကျောဘက် ကြွက်သား များကို ကျန်းမာသန်စွမ်းစေသည်။ ခံနိုင်ရည်ကိုလည်း တိုး တတ်စေသည်။စတီးရွိုက်မပါသော အရောင်ကျဆေးများ၊ ကြွက်သား ဖြေလျော့ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ နှင့် စတီး ရွိုက် ထိုးဆေးများ အသုံးပြုနိုင်သည်။ ထိုကုသမှုများသည် အကျိုးသက်ရောက်မှု မရှိပါက သို့မဟုတ် လက္ခဏာအချို့ ကိုသာ သက်သာစေပါက လူနာသည် ခွဲစိတ်မှု ခံယူရန် လို အပ်သည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Lumbosacral radiculopathy ကို ထိန်းချုပ်နိုင်ပါသည်။• လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အန္တရာယ်ဖြစ်စေသော အချက်များသည် နာကျင်မှုကို ပြန်လည် ဖြစ်ပေါ်စေ သည်။ ခါးပိုင်း ကြွက်သား နှင့် နောက်ကျောကြွက်သားများ ကို အထူးဂရုစိုက်ပါ။ ထို ကြွက်သားများသည် ကျောရိုးနှင့် ကိုယ်နေဟန် ထား တည့်မတ်ရန် လိုအပ်သည်။• ထိုင်စဉ် မတ်တပ်ရပ်စဉ် တစ်စုံတစ်ခု မစဉ် ကောင်းမွန်သော ခန္ဓါကိုယ်နှင့် ကိုယ်နေဟန်ထား ရှိ အောင် လေ့ကျင့်ပါ။ အလေးအပင်များကို သင့်တော် စွာ မတင်ပါ၊ သယ်ယူပါ။• နာကျင်မှုကို ထိန်းချုပ်ရန် သင်ကိုယ်တိုင်၏ ကျန်းမာ ရေး အခြေအနေကို သိရှိပါ။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/lumbosacral-radiculopathy-%e1%80%81%e1%80%ab%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8-%e1%82%8f%e1%80%bd/
အသက်၁နှစ်ကနေ ၂နှစ်ကြားရှိ ကလေးတွေကိုအသီးအရွက်သစ်သီးတွေကျွေးတဲ့အခါဘာတွေသိထားသင့်သလဲ
သင့်ကလေး အသက် ၁နှစ် ပတ်ချာလည်အရွယ်မှာ ထမင်းအပါအဝင် အစားအစာတွေ စတင်ကျွေးဖို့ကြိုးစားရတာဟာ စိန်ခေါ်မှုကြီးတစ်ခုပါ။ အသက် ၁ နှစ်၂ နှစ် အရွယ်ကလေးတွေအနေနဲ့ အစာအာဟာရအဖြစ် မိခင်နို့ကို အဓိကအားပြုနေရာကနေ အစားအသောက်မျိုးစုံကိုစတင်စားလာရပါတော့မယ်။ အနံ့အရသာအမျိုးမျိုး၊ အမျိုးအစားအဖုံဖုံရှိတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားတတ်လာအောင် ကလေးတွေကို မိတ်ဆက်သင်ကြားပေးရမှာက မိဘတွေရဲ့အဓိကတာဝန် ဖြစ်လာပါတော့တယ်။ ကလေးတွေဖက်ကကြည့်ပြန်ရင်လည်း ဒါဟာသူတို့ရဲ့ဘဝလေးမှာ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ကာလဖြစ်ပြီး အစားအစာတွေ (အထူးသဖြင့်ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေ) ကိုစတင်ပြီး စားရပါတော့မယ်။အမျှင်ဓါတ်ဆိုတာဟာ တခြားအာဟာရဓါတ်တွေလို သင့်ခန္ဓါကိုယ်ကနေမချေဖျက်နိုင်တဲ့ ဓါတ်တစ်မျိုးဖြစ်ပြီး အပင်တွေကနေ ရရှိစေနိုင်ပါတယ်။ အမျှင်ဓါတ်ဟာ aချဖျက်ခြင်းမခံရဘဲ အစာချေ လမ်းကြောင်းတလျှောက်ကို ဖြတ်သန်းသွားနိုင်တာမို့သင့်ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ aပျာ်ဝင်နိုင်တဲ့အမျှင်ဓါတ်နဲ့မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ဟာ ကလေးရဲ့ဝမ်းကိုပျော့စေပြီး ဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်တဲ့အတွက် အစာချေစနစ်အတွက် အကျိုးရှိစေပါတယ်။ ဂျုံစပါး၊ ပြောင်းဖူးအစေ့တို့ကနေ မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ကိုရရှိနိုင်ပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေမှာလည်း ဒီအမျှင်ဓါတ်ပါဝင်ပါသေးတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေကျတော့ သွေးတွင်းကိုလက်စထရောပမာဏကို ကျစေပြီး သကြားဓါတ်ကိုလည်း ထိန်းချုပ်ပေးတာမို့နှလုံးနဲ့သွေးကြောအဖွဲ့အစည်းအတွက်အကျိုးပြုပါတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဘာလီ၊ အုတ်ဂျုံ နဲ့ပဲအမျိုးမျိုးကနေရရှိနိုင်ပါတယ်။ ကလေးတွေကို ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေစကျွေးတဲ့အခါတဖြည်းဖြည်းချင်းစီ ပမာဏကိုတိုးပြီးကျွေးသွားရပါမယ်။ အသီးအရွက်တွေ၊ သစ်သီးတွေကို သင့်ကလေးစိတ်ဝင်စားလာအောင်လုပ်ဖို့အချိန်ကြာမယ်၊ မကြာဘူးဆိုတာကတော့ သူလေးအပေါ်ပဲမူတည်ပါတယ်။ အသက်၁နှစ်ကနေ၃နှစ်အရွယ်ကြား ကလေးတွေအတွက် တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓါတ်ပမာဏကတော့ ၁၉ဂရမ် ဖြစ်ပါတယ်။ကန်စွန်းဥဟာ နူးညံ့တယ်၊ ချေရလွယ်တယ်၊ပြီးတော့အရသာလည်းချိုတာမို့သင့်ကလေးကို စတင်မိတ်ဆက်ပေးဖို့အကောင်းဆုံးအသီးအနှံတွေထဲကတခုဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေသောအဓိက သတ္တုဓါတ်နဲ့ဗီတာမင်တွေဖြစ်တဲ့ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်စီတို့လည်း ကန်စွန်းဥမှာကြွယ်ဝစွာပါဝင်ပါသေးတယ်။ ဗီတာမင်အေ၊ ဘီ၊ စီနဲ့အရိုးတွေကျန်းမာသန်စွမ်းစေတဲ့ကယ်လ်ဆီယမ်ဓါတ်ကိုတော့မုန်လာဥနီကနေရရှိနိုင်ပါတယ်။လိမ္မော်ရောင်အစားအစာတွေပြီးရင်အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့အစိမ်းရောင်ပဲတွေဖက်ကိုလှည့်ကြစို့။ ပဲစိမ်းကိုအိမ်မှာချက်ရတာအင်မတန်လွယ်ကူပြီးသူတို့မှာကလေးရဲ့ခုခံအားစနစ်ကိုပိုကောင်းစေတဲ့ဗီတာမင်အေနဲ့ကေတို့အပြည့်အဝပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ပဲစိမ်းဟာသင့်ကလေးအနေနဲ့အခြားသောအစိမ်းရောင်ရှိတဲ့အသီးအရွက်တွေရဲ့အရသာကိုအကျွမ်းတဝင်ရှိစေဖို့၊နှစ်ခြိုက်စေဖို့အတွက်လည်းအထောက်အကူပြုပါသေးတယ်။ ခရမ်းသီးဟာလည်းအရသာကောင်းရုံတင်သာမက ဗီတာမင်အေနဲ့ဘီ၆တို့အလျှံပါယ်ပါဝင်တာကြောင့် သင့်ကလေးနဲ့မိတ်ဆက်ပေးသင့်တဲ့အသီးအနှံတစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်ရီသီးဟာ ကလေးတွေအရမ်းကြိုက်ကြတဲ့အသီးတစ်ခု ဖြစ်ပါတယ်။ တခြားအစားအစာတွေမှာပါဝင်တဲ့ သံဓါတ်စုပ်ယူမှုကိုအားကောင်းစေပြီးကင်ဆာနဲ့နှလုံးရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့ဗီတာမင်စီနဲ့ဗီတာမင်အီးတွေဘယ်ရီသီးမှာပေါများစွာပါဝင်ပါတယ်။ သူတို့ဟာအနံ့အရသာကောင်းရုံတင်မကအရောင်ကလည်းဆွဲဆောင်မှုရှိတာမို့ကလေးတွေအတွက်စားချင်စိတ်၊ စူးစမ်းလိုစိတ် ဖြစ်စေပါတယ်။သင့်ကလေးကိုအသီးအနှံ၊ဟင်းသီးဟင်းရွက်တွေကျွေးတဲ့အခါ သန့်ရှင်းလတ်ဆတ်မှုရှိဖို့ကိုလည်း အထူးဂရုပြုရပါမယ်။ သင့်ကလေးရဲ့ကိုယ်ခံအားစနစ်ဟာ ပြီးပြည့်စုံစွာဖွံ့ဖြိုးမှုမရှိသေးတဲ့အတွက် အစားအစာတွေမှာပါလာတဲ့ဘက်တီးရီးယားပိုးမွှားတွေရဲ့ ဒုက္ခပေးမှုကိုအလွယ်တကူခံရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်ပိုးသတ်ဆေးလုံးဝမသုံးထားတဲ့အော်ဂဲနစ်သဘာ၀ အသီးအနှံတွေကိုပဲဝယ်ယူချက်ပြုတ်သင့်ပါတယ်။ ဘက်တီးရီးယားတွေဟာအပူချိန်မြင့်မားလာတဲ့အခါစ တင်ပေါက်ပွားတာ ဖြစ်တဲ့အတွက်အစားအစာတွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါအချိန်အကြာကြီးအပူပေးချက်ပြုတ်တာမျိုးမလုပ်မိဖို့လည်းအေ ရးကြီးပါတယ်။ ပိုလျှံတဲ့အစားအစာတွေကိုရေခဲသေတ္တာထဲထည့်သိမ်းထားရမှာဖြစ်ပြီးကလေးကိုမကျွေးခင်မှာလည်းပုပ်သိုးနေတာမျိုးရှိမရှိသေချာစစ်ဆေးရမှာ ဖြစ်ပါတယ်။တနေ့ကို၂ကြိမ်၃ကြိမ်လောက်ကျွေးသင့်ပြီးကလေးတွေမှာတစ်နပ်တလေလောက်မစားတာက ဖြစ်တတ်တာမျိုးမို့စိုးရိမ်စရာမရှိပါဘူး။ ဆာလောင်တာ၊ ဗိုက်ပြည့်တာအစရှိတဲ့ ကလေးရဲ့သဘာဝတုန့်ပြန်ထိန်းညှိမှုတွေကိုဘယ်တော့မှ လျှော့မတွက်ပါနဲ့။သင့်တင့်မျှတပြီးအာဟာရပြည့်ဝတဲ့အစားအစာစားသုံးမှုပုံစံကို လေ့ကျင့်ပေးထားမယ်ဆိုရင် သင့်ကလေးဟာအစာစားဖို့ ငြင်းဆန်ဂျီကျနေမှာမဟုတ်ပါဘူး။ သင့်ကလေးအစားစားတာနဲ့ပတ်သက်လို့စိုးရိမ်မှုတစုံတရာရှိနေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%81%81%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%80%e1%80%94%e1%80%b1-%e1%81%82%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1/
Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း
မနက်ခင်းကို သူများတွေလိုမုန့်ဟင်းခါး၊အသုပ်တွေစားရတာမကြိုက်ဘဲOatmealလေးကို သစ်သီးလေးတွေနဲ့ တွဲဖက်ပြီးစားရတာကိုဖြစ်ဖြစ် အုတ်ဂျုံနဲပလုပ်ထားတဲ့ မုန့်ကိုဖြစ်ဖြစ်စားရတာကို သဘောကျတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သင့်အတွက်သတင်းကောင်းရှိပါတယ်။Oatmealမှာ။စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့အရသာရှိတဲ့ Oatmealက စားလို့ကောင်းရုံတင်၊အာဟာရြပည့်စေရုံတင်မဟုတ်ဘဲ။ အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်။ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တစ်ခုပါ။ အပင်ကနေရတဲ့ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းမှာ နိုက်ထရစ်အက်ဆစ်ထွက်ရှိမှုတိုးစေပြီးသွေးတိုးကျစေနိုင်သလိုသွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။အရေပြားယားယံတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။အင်ဆူလင်တုံ့ပြန်မှုကောင်းစေတယ်။ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ပါဝင်နေတာကြောင့် အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့ စားပေးသင့်ပါတယ်။အကျိုးပြုကိုလက်စထရောပမာဏ တိုးစေနိုင်တယ်။Oatmealမှာbeta-glucan ပါဝင်နေတာကြောင့်သွေးတွင်း အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးထဲမှာ အကျိုးပြုကိုလက်စထရောပမာဏတိုးချင်တယ်ဆိုရင် Oatmeal ကိုစားပေးလို့ရပါတယ်။အစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးစေတယ်။ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေကိုလျော့ကျစေတယ်။ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းက Oatmealကျွေးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်မှာပါ။ဝမ်းမှန်စေနိုင်တယ်။အမျှင်ဓါတ်ကြွယ်ဝမှုကြောင့်အစာခြေစနစ်ကို ကျန်းမာစေပြီးနေ့စဉ်ဝမ်းမှန်စေပါတယ်။ ဒါကြောင့်ဝမ်းမှန်ချင်သူတွေအနေနဲ့ Oatmealကိုစားပေးလို့ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-eating-oats-and-oatmeal/
ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော်
ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော် ….. ဒီခေတ်ကြီးထဲမှာ ညဘက်ကို စောစောအိပ်စက် အနားယူတယ်ဆိုတာ တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှစမတ်ဖုန်းတွေ၊ အင်တာနက်တွေကို တွင်ကျယ်စွာ အသုံးပြုလာကြသလိုအရက်ဆိုင်၊ ဘား၊ ကလပ်တွေဟာလည်း နေရာတိုင်းလိုလို အပြိုင်အဆိုင် ဖွင့်နေပြီဆိုတော့ လူငယ်တွေအတွက်အိပ်ရေးပျက်တယ်ဆိုတာ သိပ်ပြီး ဂရုစိုက်စရာ မလိုတဲ့ အရာတစ်ခုလိုပါပဲ။ဒီလိုမျိုး အိပ်ချိန်နည်းပြီး အမြဲ အိပ်ရေးအပျက်ခံတယ်ဆိုတာ လူငယ်ဘဝကိုယ်ခံအားကောင်းနေစဉ်မှာတော့ သိပ်ပြီး သိသာမှာ မဟုတ်ပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးက သိသိသာသာ ဆုတ်ယုတ်လာတာကို တွေ့ရမှာပါ။ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော် လို့ ဘာကြောင့် ပြောရတာလဲဆိုတော့ လောကမှာ အကြွေးတင်လို့ ဘယ်လိုမှ ပြန်ဆပ်လို့ မရတဲ့အထဲမှာအိပ်ချိန်ဟာလည်း တစ်ခုအပါအဝင်ပါ။ နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကိုတော့ ခဏအနားယူတယ်လို့သာ သတ်မှတ်ပြီး ညအိပ်ချိန်အဖြစ် အကြွေးပြန်ဆပ်တယ်ဆိုပြီး ယူဆလို့တော့ မရဘူးနော်။ဒါက ညမအိပ်တဲ့သူတိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ ကိစ္စပါ။ လူတွေဟာ တစ်နေ့လုံး အလုပ်လုပ်ပြီး ပင်ပန်းသလိုပဲ ကိုယ်တွင်းအင်္ဂါတွေဟာလည်း ပင်ပန်းပြီး အနားယူဖို့ လိုအပ်ပါတယ်။စားလိုက်သမျှ အစာတိုင်းကိုချေဖျက်ပေးနေရတဲ့ အစာအိမ်သည်လည်း ဒီအချိန်မှာပဲ ကောင်းကောင်း အနားယူလို့ ရမှာပါ။ဒီလိုမျိုး အိပ်စက်နေရမယ့်အချိန်မှာ လူတွေက မျက်လုံးပွင့်နေတော့ ဗိုက်ကဆာတဲ့ အသိကဝင်တယ်။ ဗိုက်မဆာရင်တောင်ရုပ်ရှင်ကြည့်နေရတာ၊ ဖုန်းသုံးနေရတာဆိုတော့ တစ်ခုခုတော့ စားလိုက်ရမှဆိုတော့ အသိစိတ်က ဝင်လာပါတယ်။အဲဒီလို ညအချိန်မှာ အစာတွေပိုစားလေ၊အစာအိမ်က ကောင်းကောင်းမချေဖျက်နိုင်တော့ဘဲအစာမကြေတာ၊ ရင်ပြည့်တာ၊ လေပွတာ၊ဗိုက်အောင့်ဗိုက်နာ ဖြစ်တာအပြင် အစာအိမ်ရောဂါ ရတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။တခြားပြဿနာအနေနဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က သေချာမလောင်ကျွမ်းနိုင်တဲ့အခါ အဆီပိုတွေ ထွက်လာပြီး လူကအဝလွန်လာမယ်။ နောက်ဆက်တွဲ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေပါ ရလာနိုင်ပါတယ်။ညဘက်မအိပ်တဲ့ သူတိုင်းဟာ ရုပ်ရှင်ကြည့်ရင်ကြည့်၊ မကြည့်ရင် ဖုန်းစကရင်ကို တောက်လျှောက် ကြည့်နေကြတာပါပဲ။ အလုပ်လုပ်တဲ့သူတွေကလည်း မီးအရောင်မှိန်မှိန်လေးမှာ မျက်လုံးကို အားစိုက်ပြီးကွန်ပျူတာသုံးနေရတာ၊ စာရင်းအင်းတွေ တွက်ချက်တာမျိုး တွေ့ရပါတယ်။ညမှောင်တဲ့အချိန်မှာ ဒီလို အလင်းတွေကို အားစိုက်ကြည့်နေခြင်းက မျက်လုံးရဲ့ မျက်ကြည်လွှာကို ပါးသွားစေသလိုမျက်စိမှုန်တာ၊ မျက်စိတိမ်ဖုံးတာ၊မျက်စိစွံတာ၊ မျက်စိ စူးအောင့်တာ၊ မျက်သားခြောက်တာအပြင် မျက်စိကွယ်တာအထိ ဖြစ်နိုင်ပါတယ်။ဦးနှောက်အာရုံကြောစနစ်သည်လည်း အနားယူရမယ့်အချိန်မှာ အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ဟော်မုန်းတွေကို ဆက်တိုက်ထုတ်လွှတ်ပေးနေမယ်။အိပ်ချိန်ကို အပြည့်အဝအိပ်ခဲ့ရင်တောင် နောက်နေ့ မနက်နိုးထလာရင် အိပ်ရေးမဝသလို ခေါင်းမူးခေါင်းကိုက်တာ၊ မျက်စိစူးအောင့်တာ၊ မောပန်းပြီး အားမရှိသလို ဖြစ်နေတာ စတာတွေကို ခံစားရနိုင်ပါတယ်။လူတွေ အိပ်ပျော်နေချိန်မှာ လူ့အရေပြားက ပျက်စီးနေတဲ့ ဆဲလ်အဟောင်းတွေကို ပြန်လည်ပြုပြင်ပေးသလို ဆဲလ်အသစ်တွေကိုလည်း ပြန်လည်ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး ပုံမှန်လည်ပတ်နေမှ အရေပြားက တင်းတင်းရင်းရင်းနဲ့ နဂိုအတွင်း ဖြူစင်ဝင်းပနေမှာပါ။အိပ်ရမယ့်အချိန်မှာ မအိပ်ဘဲနေလိုက်တော့အရေပြားက ဆဲလ်အဟောင်းတွေကို ပြုပြင်လို့ မရတော့သလို ဆဲလ်အသစ်တွေလည်း ထုတ်လုပ်ခြင်း မရှိတော့တာကြောင့် အရေပြားက မွဲခြောက်ခြောက်ဖြစ်ပြီး အရောင်မှိန်လာမယ်။အရေးအကြောင်းတွေ ထင်ပြီး ရုပ်ရည်ကို အိုမင်းရင့်ရော်လာစေနိုင်ပါတယ်။ဒီခေတ်ထဲမှာ ကလေးအစ လူကြီးအဆုံးစိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေနဲ့ ပိုပြီး ရင်ဆိုင်လာရတဲ့အတွက် စိတ်ကျန်းမာရေး ပြဿနာများကို ခံစားရပါတယ်။စိတ်ဖိစီးမှုဆိုတာ စိတ်ကျန်းမာရေး ပြဿနာပေါင်းစုံ ဝင်လာစေဖို့ ဖွင့်ထားတဲ့ တံခါးပေါက်တစ်ခုလိုပါပဲ။အိပ်စက်လိုက်တဲ့အခါမှသာ ဦးနှောက်အာရုံကြောတွေဟာ အနားရသွားသလို ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကလည်း တင်းမနေဘဲ လျော့ကျသွားတာကြောင့် ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေဟာ လျော့ကျသွားမှာပါ။ဒီတော့ ညမအိပ်လေ၊ လူတွေက စိတ်ညစ်လေ၊ ဦးနှောက်က ပိုပြီးပင်ပန်းလေ၊ စိတ်မကြည်လေ ဖြစ်ပြီး စိတ်ကျန်းမာရေးက ပိုမိုဆိုးရွားလာမှာပါ။ပြင်ပကနေ ဝင်လာတဲ့ ရောဂါပိုးမှန်သမျှကို တိုက်ထုတ်ဖို့ကိုယ်ခံအားစနစ်က အပြင်းအထန် အလုပ်လုပ်ရပါတယ်။ ရောဂါအသစ်အဆန်းတွေ ပိုပြီး ဝင်လာလေ၊ ကိုယ်ခံအားစနစ်က အလုပ်လုပ်ရလေ၊ သွေးဖြူဆဲလ်တွေက တဖြည်းဖြည်း နည်းလာလေဖြစ်လို့ ဒီဆဲလ်တွေကို ပြန်ပြီး အစားထိုးဖို့အတွက် ကောင်းကောင်း အိပ်စက် အနားယူဖို့ လိုအပ်လာပါတယ်။လူတွေက မအိပ်ဘဲ နေလိုက်တာ၊ အိပ်စက်ချိန် နောက်ကျသွားတဲ့အခါကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ ဆဲလ်တွေကို ပြန်လည်တည်ဆောက်ဖို့ အချိန်နည်းသွားတာကြောင့် တဖြည်းဖြည်း ကိုယ်ခံအားကျဆင်းလာပြီး ဖျားနာတာ၊ ရောဂါဘယတွေ ဖြစ်ဖို့ ပိုပြီး လွယ်လာတော့မှာပါ။ဒါကြောင့် လူငယ်တွေရော၊ လူကြီးတွေပါ တတ်နိုင်သလောက် ညအိပ်ချိန်ကို ပေါ့ပေါ့လေး မထားဘဲ စောစောအိပ်ကြတာ အကောင်းဆုံး ဖြစ်မှာပါ။ ကျန်းမာရေးဆိုတာ ငယ်တုန်းမှာတော့ အမှုမဲ့အမှတ်မဲ့ နေလို့ရတယ်ဆိုပေမယ့် အသက်ကြီးလာပြီး ကိုယ်ချစ်ရတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ရတဲ့အချိန်ကျမှ ကျန်းမာရေးမကောင်းလို့ ဒုက္ခခံစားနေရမယ်ဆိုရင် ကိုယ်ရော ကိုယ့်မိသားစုပါ ပူလောင်ရမှာကို အမြဲရင်ထဲမှာ မှတ်ထားပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/how-late-sleep-affects-longevity/
Kale (ကိုက်လံ)
အသုံးပြုပုံ။Kale ကို ဘယ်မှာသုံးသနည်း။ကိုက်လံသည် အရောင်ရင့်သော ဟင်းချက်စားလို့ရတဲ့ အသီးအရွက် တစ်မျိုးဖြစ်သည်။ကိုက်လံကို ဆေးဘက်ဝင် အရွက်တစ်မျိး အဖြစ်လည်း သုံးနိုင်သေးသည်။Kaleကို ပါးစပ်မှ စားခြင်းဖြင့် ကင်ဆာဖြစ်စေသော အရာများကို ဓါတ်တိုးဆန့်ကျင်ပေးပြီး ဆီးအိတ်ကင်ဆာဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ နှလုံးရောဂါ၊ အူရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ Crohn’s ရောဂါ၊ ဆီးချို၊ များ မဖြစ်အောင် ကာကွယ်ပေးပြီး အရက်မူးသမားများအတွက် အမူးပြေဆေး၊ အဖြစ်သုံးနိုင်ခြင်း ။ အပူရှပ်ခြင်း၊ သွေးတွင်း အဆီများခြင်း၊ အမြင်အာရုံဆုံးရှူံးသွားခြင်း( macular degeneration) များကို လျှော့ချပေးနိုင်ပြီး အနာကျက်ခြင်းကို မြန်စေပါသည်။ကိုက်လံဘယ်လို အလုပ်လုပ်သလဲဆိုတာ သေချာလေ့လာထားခြင်းများ မရှိသေးပါ။ သင့်ဆရာဝန် ၊ တိုင်းရင်းဆေးသမားတော်များနှင့်အသေးစိပ် ဆွေးနွေးသင့်ပါသည်။ Kaleတွင် ကင်ဆာကို ကာကွယ်ပေးသော ဓါတုပစ္စည်းများပါဝင်သည်။ Kaleတွင်ပါဝင်သော ပစ္စည်းများသည် ဓါတ်တိုးဆန့်ကျင်စေသော အာနိသင်လည်းရှိသည်။ကိုက်လံ မသုံးခင် သင့်အနေနှင့် ဘာတွေသိထားသင့်သနည်း။သင်သည် ကိုယ်ဝန်ရှိနေ ၊ နို့တိုက်နေသော မိခင်ဖြစ်နေပါကကိုက်လံမသုံးခင် ဆရာဝန် တိုင်းရင်ဆေးသမားတော်များနှင့် အရင်ဆွေးနွေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် သင်ကလေးနို့တိုက်တော့မည်ဆိုလျှင် ကလေးကို မထိခိုက်အောင် ဘာဆေးပဲသောက်သောက် ဆရာဝန်၏ညွှန်ကြားမှု အောက်တွင်သာ သောက်သင့်ပါသည်။ ဆေးများဟုဆိုရာတွင် ဆရာဝန်မညွှန်ဘဲ သင်ဝယ်သောက်နေသော ဆေးများလည်း ပါဝင်သည်။ သင့်တွင် Kale နှင့် ဓါတ်မတည့်လျှင် ( သို့မဟုတ်) အခြားသောဆေးများ၊ တိုင်းရင်းဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်အားပြောပြထားသင့်သည်။ သင့်တွင် ဖျားနာခြင်း၊ တစ်စုံတစ်ရာ ပုံမှန်မဟုတ်ခြင်း၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများ၊ အခြားသော အစာဓါတ်မတည့်ခြင်း၊ ဆိုးဆေးများနှင့်ဓါတ်မတည့်ခြင်း၊ တာရှည်ခံအောင် လုပ်ထားသော အရာများ၊ တိရိစ ္ဆာန်များနှင့် ဓါတ်မတည့်မှု များရှိပါက ဆရာဝန်အား ကြိုပြောပြထားသည်။ဖြည့်စွက်စာများထက်စာရင် ဆေးများကို အထိန်းအကွပ်နှင့် ပို၍သောက်သင်ပါသည်။ Kale သောက်ခြင်းသည် စိတ်ချ၍ ရမရအား ရှာဖွေရန် လေ့လာမှုများပို၍ လုပ်ရန် လိုအပ်ပါသည်။ Kale ဖြည့်စွက်စာအား သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများအား မသောက်ခင် အရင် ချိန်ဆသင့်ပါသည်။ ပို၍ အသေးစိပ်သိရှိရန် ဆရာဝန်များနှင့် ဆွေးနွေးသင့်ပါသည်။ကိုက်လံကို အစားအစာ အဖြစ် သင့်တော်သော ပမာဏ သာ စားမည်ဆို စိတ်ချ၍ ရပါသည်။ ဆေးအဖြစ် ပမာဏများများသုံးစွဲ မည်ဆိုလျှင် ဘာဘေးထွက်ဆိုးကျိုးများဖြစ်မည်ဆိုတာ မသိနိုင်၍ စိတ်ချ၍ မရနိုင်ပါ။အထူးသတိထားသင့်သော အချက်များနှင့် သတိပေးချက်များ။ကိုယ်ဝန်ဆောင် နှင့်နို့တိုက်ကျွေးခြင်း များတွင် Kale ကို ဆေးပမာဏ လောက်များများသုံးလျှင် စိတ်ချ၍ရမရ မသိရသောကြောင့် စိတ်ချရစေရန် အစားအစာ ပမာဏလောက်သာ စားသုံးသင့်ပါသည်။ကိုက်လံစားခြင်းဖြင့် ဘာဆိုးကျိုးတွေ ရရှိနိုင်သနည်း။သင်တွင့် ဘေးထွက်ဆိုးကျိုးများ ခံစားနေရသည်ဟု ထင်နေပါက ဆရာဝန် တိုင်းရင်းဆေး သမားတော်များနှင့် ဆွေးနွေးသင့်သည်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ကိုက်လံသောက်ခြင်းဖြင့် ဘာဓါတ်ပြုခြင်းများ ဖြစ်နိုင်သနည်း။ကိုက်လံသည် သင့်ကျန်းမာရေး အပေါ်တွင် သက်ရောက်မှုရှိသောကြောင့် ဆေးမသောက်ခင် ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။သုံးသင့်သော ပမာဏ။အောက်ပါဖော်ပြချက်များသည် ဆေးတိုင်းအတွက် မဟုတ်ပါ။ Kale..မသုံးခင် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်သည်။ကိုက်လံ သောက်သင့်သော ပုံမှန် ပမာဏသည် မည်မျှနည်း။ကိုက်လံသောက်သင့်သောပမာဏသည် လူနာတိုင်းတွင် မတူပေ။ သောက်သင့်သော ဆေးပမာဏသည် သင့် ကျန်းမာရေး၊ အသက်အရွယ်၊ နှင့် အခြားသော အခြေအနေများအပေါ်တွင် မူတည်သည်။ ဖြည့်စွက်စာများသည် အမြဲစိတ်ချရသည်ဟု မပြောနိုင်ပေ။ သင့်တော်သော ပမာဏ သောက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပေသည်။ကိုက်လံကို အောက်ပါ ပုံစံများဖြင့်ရရှိနိုင်ပါသည်။ကိုက်လံအစိမ်း။ဖျော်သောက်၍ရသော ပေါင်ဒါ အမှုန့်။ကိုက်လံကပ်ဆူးလ်ဆေးတောင့်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/kale-%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%9c%e1%80%b6/
Blood pressure မဟုတ်တဲ့ Pulse pressure အကြောင်း ။ ။
သွေးပေါင်တော့အားလုံးချိန်ဖူးကြမှာပါ ။သွေးတိုးရှိမရှိ သိချင်ရင်သွေးပေါင်ချိန်လိုက်လို့ရလာတဲ့အပေါ်သွေး( systolic pressure) ဘယ်လောက် အောက်သွေး (diastolic Pressure) ဘယ်လောက်ဆိုတာနဲ့ ဆုံးဖြတ်ကြတာမလား။ ဒီ systolic pressure ရော diastolic Pressure ရောက blood pressure ( သွေးပေါင်ချိန်)တွေပါ။သွေးတိုးရှိမရှိ သူတို့က ဆုံးဖြတ်ပေးတာပေါ့။ဒီနေ့ပြောမယ့် အကြောင်းလေးကျတော့ လူတိုင်း သိပြီးသားနီးပါဖြစ်နေတဲ့ blood pressure အကြောင်းမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ systolic pressure ထဲက diastolic Pressure ကို နှုတ်လိုက်ရင် ရလာတဲ့pulse pressureအကြောင်းပါ။ pulse pressure လေးက သွေးတိုးရှိမရှိကို ဖော်ပြပေးတာမဟုတ်ဘဲ ကိုယ့်နှလုံးအခြေအနေကို ဖော်ပြပေးတဲ့ အရာလေးပါ။ ဒီတော့ သူကလည်း အရေးကြီးတာပဲပေါ့။အပေါ်သွေးထဲကနေ အောက်သွေးပမာဏကို နှုတ်လိုက်ရင် Pulse pressure ရတယ်ဆိုတော့ ၁၂၀ထဲက ၈၀ ကိုနှုတ် Pulse pressure ၄၀ လောက်ရတယ်။ ဒါက ပုံမှန်ရှိသင့်တဲံ Pulse pressure ပမာဏပါ။ ၄၀ အတိအကျမဟုတ်ဘဲ ၄၀ – ၆၀ ကြားထဲဆိုလည်း ပုံမှန်ပါပဲ။မဟုတ်ပါဘူး။ pulse pressure များနေတာ ၊နည်းနေတာ တွေလည်းရှိတတ်ပါတယ်။အသက်ကြီးလာရင်သွေးကြောတွေ တောင့်သွားတတ်တာကြောင့် Pulse pressure လည်းလိုက်တက်လာလေ့ရှိပါတယ်။ တစ်ချို့ အပေါ်သွေးပေါင်ချိန်များပြီး အောက်သွေးပေါင်ချိန်နည်းနေတဲ့ (ဥပမာ- 150-85) တို့ အပေါ်သွေးပုံမှန် အောက်သွေးကျနေတဲ့ ( 120/60) လူတွေမှာဆို အပေါ်သွေး အောက်သွေး ခြားနားချက်က ၆၀နှင့် အထက်မှာ ရှိနေတတ်ပါတယ်။ ဒီလို pulse pressure ၆၀ ထက်များနေတာကို wide pulse pressure လို့ခေါ်ပါတယ်။wide pulse pressureတွေ့နိုင်တဲ့ရောဂါတွေကတော့။ဒီ wide pulse pressure ရှိသူတွေက နောက်ပိုင်းကျရင် နှလုံးရောဂါနဲ့ လေဖြတ်တဲ့ ဝေဒနာခံစားရနိုင်ဖို့ အလားအလာများပါတယ်။Pulse pressure ပုံမှန် ပမာဏက ၄၀ – ၆၀ ကြားဆိုတော့ ၄၀ အောက်နည်းသွားရင် Narrow pulse pressure လို့ခေါ်ပါတယ်။ ဒီလို Narrow pulse pressure ဖြစ်နေပြီဆိုရင်နှလုံးက ကောင်းကောင်းမညှစ်နိုင်တော့ဘူးဆိုတာကို ဖော်ပြပါတယ်။heart failure( နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ရောဂါ ) ပိုင်ရှင်တွေမှာ ဆို ၄၀ လောက်ပုံမှန်ရှိရမယ့် pulse pressure က ၂၀ လောက်ပဲ ရှိနေတတ်ပါတယ်။ နှလုံးရောဂါဖြစ်နေတဲ့သူတွေမှာ low pulse pressure ဖြစ်နေပြီဆိုတာနဲ့ သေချာ သတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဒ့ါကြောင့်သွေးပေါင်ချိန်လိုက်လို့ ၁၂၀/၆၀ ဖြစ်နေတယ် သွေးမတိုးပါဘူးဆိုပြီး အေးဆေးလုပ်နေလို့မရပါဘူး။ နှုတ်လိုက်ရင် ၆၀ လောက်ဖြစ်နေတာကြောင့် wide pulse pressure ဖြစ်နေတာကို သတိထားရပါတယ်။ သွေးတိုးသမားတွေဆိုပိုလို့တောင်သတိထားရပါဦးမယ်။ ချိန်လိုက်လို့ ၁၈၀/၁၂၀ ဖြစ်နေတယ်ဆို တကယ်ကို အန္တရာယ်များတဲ့ အနေအထားပါ။ နောက်ပြီး ၁၀၀/၈၀ သမားတွေလည်း သတိထားရပါဦးမယ်။ သွေးပေါင်ချိန် blood pressure ကတော့ ပုံမှန်ဖြစ်နေသယောင်ယောင်ရှိနေပေမယ့် နှုတ်လိုက်ရင် ၂၀ ဖြစ်နေတာကြောင့် low pulse pressure ဖြစ်နေပါပြီ။ ဒ့ါကြောင့် ကိုယ်သွေးပေါင်ချိန်တိုင်း blood pressure အပြင် အပေါ်သွေးထဲက အောက်သွေးကို နှုတ်ပြီး pulse pressure ဘယ်လောက်ရှိလဲဆိုတာတွက်ကြည့်ဖို့လည်း မမေ့ပါနဲ့။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/pulse-pressure/
(၁၇နှစ်အောက်ကလေးများတွင်အဖြစ်များသောအဆစ်ရောင်ခြင်းတစ်မျိုး)နဲ့ပတ်သက်ပြီးသိထားရမယ့်အချက်၂၀။
ကလေးတစ်ယောက်က JRA ဖြစ်နေပြီဆိုရင် မိဘတစ်ယောက်ဖြစ်တဲ့ သင့်အနေနဲ့ JRA နဲ့ပတ်သက်သမျှကို သိထားချင်ကြမှာ အမှန်ပါဘဲ။JRAနဲ့ပတ်သက်ပြီး လေ့လာမှုတွေ များစွာရှိပါတယ်။ သင့်အတွက် အထောက်အကူဖြစ်စေဖို့ JRA နဲ့ ပတ်သက်တဲ့အချက်၂၀ကို ပြောပြသွားမှာပါ။• Juvenile rheumatoid arthritis ကိုjuvenile arthritis လို့လည်းေ ခါ်ပါတယ်။ သူ့မှာ လက္ခဏာများစွာရှိပါတယ်။• JRA က ရောဂါမဟုတ်ပါဘူး။ ကလေးတွေမှာဖြစ်တဲ့အဆစ်ရောင်ခြင်းနဲ့autoimmune အခြေအနေတွေအတွက် ကိုယ်စားပြုတဲ့ အခေါ်အဝေါ်သာဖြစ်ပါတယ်။• JRA အမျိုးအစားတွေထဲမှာ Juvenile dermatomyositis (အရေပြားတွေအနီစက်ထပြီး ကြွက်သားရောင်ရမ်းခြင်းရောဂါတစ်မျိုး) Juvenile lupus (ကိုယ်ခံစနစ်က အလုပ်အလွန်အကျွံ လုပ်ပြီး ချို့ယွင်းခြင်းရောဂါတစ်မျိုး)Juvenile scleroderma (အရေပြားကြွက်သားအရိုးနဲ့တစ်ရှူးတွေကို ထိခိုက်စေခြင်းရောဂါတစ်မျိုး) Kawasaki ရောဂါ (နှလုံးသွေးကြောတွေကိုထိခိုက်စေသောရောဂါတစ်မျိုး) တွေပဲဖြစ်ပါတယ်။• JRA ကအသက်၁၇နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာပိုဖြစ်ပါတယ်။• JRA ဘာကြောင့်ဖြစ်ရလဲဆိုတာ မသိပေမယ့်မျိုးရိုးလိုက်ခြင်းနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။• အသက်၁၈နှစ်အောက် အမေရိကန်ကလေးငယ်၂၉၄၀၀၀ ဟာ JRA ကိုခံစားနေရပါတယ်။• JRA ကကုသလို့ရပါတယ်။ JRA ဖြစ်နေတဲ့ကလေးငယ်တွေအနေနဲ့ သာမန်ဘဝကိုပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။• JRA ရဲ့လက္ခဏာတွေကတော့ တောင့်တင်း၊ တုန်ရီ၊ ပျော့ခွေ၊ အဖျားတက်၊ အနီစက်ထွက်ခြင်းနဲ့ လည်ပင်း နဲ့တခြားကိုယ်ခန္ဓါ၌ရှိသော သွေးဖြူဥ အကျိတ် (Lymph Node) များ ရောင်ရမ်းခြင်းတို့ဖြစ်ပါတယ်။• JRA ဟာ အမြင်အာရုံနဲ့ပတ်သက်ပြီး မျက်စိကန်းတဲ့အထိ ချို့ယွင်းနိုင်တဲ့အပြင် ကလေးရဲ့ကြီးထွားနှုန်းကိုလည်း အဟန့်အတားဖြစ်စေပါတယ်။• JRA ရဲ့လကဏာတွေက ဆင့်ကဲပြောင်းလဲလာတတ်ပြီး လကဏာမပြတော့ခြင်း ဒါမှမဟုတ် ပိုဆိုးလာပြီး အလွန်အမင်းနာကျင်ခြင်းများဖြစ်နိုင်ပါတယ်။• JRA ဖြစ်နေတဲ့ ကလေးငယ်တွေဟာ သူ့တို့ရဲ့အခြေအနေကို မသိတဲ့ရွယ်တူတွေရဲ့အနိုင်ကျငြ့်ခင်းခံရကောင်းခံရနိုင်ပါတယ်။ သူတို့ကိုသာမန်ကလေးအတိုင်း ဆက်ဆံပေးဖို့က အရေးကြီးပါတယ်။ မိဘတွေနဲ့ ဆရာဆရာမတွေကလည်း JRA အကြောင်း လေ့လာနိုင်သလောက် လေ့လာထားဖို့လည်း လိုပါတယ်။• JRA ရဲ့ဇစ်မြစ်ကို ရှာဖွေသတ်မှတ်ဖို့က ခက်ခဲပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဆစ်နာခြင်းက အခြေအနေတွေအများကြီးမှာ ဖြစ်နိုင်တာမို့လို့ပါ။ JRA ရဲ့ဇစ်မြစ်ကို အမြန်ဆုံးရှာဖွေပြီး အမြန်ဆုံးကုသမှုခံယူတာက ရလဒ်ကောင်းတွေကို ရစေပါတယ်။• JRA ဖြစ်ကြောင်း အတည်ပြုဖို့အတွက် ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကို ပြုလုပ်ပါလိမ့်မယ်။ သင့်ကလေးရဲ့ ရောဂါလက္ခဏာတွေနဲ့မိသားစုမျိုးရိုးကိုပါ စစ်ဆေးပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ခြင်းလိုမျိုး စစ်ဆေးချက်တွေကိုလည်း လုပ်ခိုင်းပါလိမ့်မယ်။• တကယ်လို့ သင့်ကလေးဟာ အဆစ်နာ၊ တောင့်တင်း၊ ရောင်ရမ်းခြင်းတွေကို တစ်ပတ်ကျော်တဲ့အထိဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပါ။• အရွယ်ရောက်ပြီး သူတွေမှာဖြစ်တဲ့ JRA လိုပဲ ကလေးငယ်တွေမှာလည်း အရိုးများတိုက်စားခံရခြင်း၊ ခြေလက်များပုံစံမမှန်ကြီးထွားခြင်းစတာတွေကို ဖြစ်စေပါတယ်။• တခါတစ်လေမှာ ရောဂါလက္ခဏာတွေက သက်သာလာပြီး ပျောက်ကင်းသွားတဲ့အထိ ရှိနိုင်ပေမယ့် တချို့အခြေအနေတွေမှာ ပိုဆိုးလာတတ်ပါတယ်။• မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲခြင်းကလည်း လူကိုရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေ ဝင်ရောက်လွယ်စေတယ်လို့ ယုံကြည်ကြပါတယ်။• ကံမကောင်းစွာနဲ့ပဲ JRA ကိုအမြစ်ပြတ်ကုသမယ့်ဆေးမရှိပါဘူး။ ဆေးသောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းတွေကတော့ ရောင်ရမ်းခြင်းနဲ့နာကျင်မှုကို လျှော့ချပေးနိုင်ပါလိမ့်မယ်။• JRA ရှိတဲ့ကလေးငယ်တွေအတွက် သူတို့ရဲ့စိတ်အခြေအနေကို ထိန်းချုပ်တတ်ဖို့နဲ့ ပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့လိုအပ်ပါတယ်။• JRA ရှိနေတဲ့ကလေးငယ်တွေ လှုပ်ရှားဖို့ခက်ခဲနေတဲ့အချိန်မှာ တက်တက်ကြွကြွဖြစ်ဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းတွေက ရောဂါလက္ခဏာတွေကို ထိန်းထားနိုင်ပြီး သူတို့ရဲ့အဆစ်တွေကို ပိုပြီးလှုပ်ရှားစေလာနိုင်ပါတယ်။ ရေကူးခြင်းလိုမျိုး လေ့ကျင့်ခန်းကလည်း သူတို့ရဲ့နာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်။အရေးအကြီးဆုံးက JRA ဖြစ်နေတဲ့ သင့်ကလေးငယ်ကို ချစ်ခင်ကြင်နာထောက်ပံ့ပေးဖို့ပဲ ဖြစ်ပါတယ်။ သင့်ကလေးရဲ့စိတ်အခြေအနေကို ကောင်းမွန်စေဖို့အတွက် သူနဲ့သူဘယ်လိုခံစားနေရလဲဆိုတာ စကားပြောပေးပါ။ သူကျောင်းမှာ ဝန်မပိစေဖို့ကိုလည်း ဆရာမတွေနဲ့ ဆွေးနွေးထားပါ။ ပိုကြီးအရေးကြီးတာက သင့်ကလေးကို မချုပ်ချယ်ဘဲ အထောက်အပံ့ပေးဖို့ဖြစ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/%e1%81%81%e1%81%87%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac/
ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု
ချောင်းဆိုးတာ က ပြောတော့သာ ဘာမှမဟုတ်သလိုနဲ့ လူကြားထဲမှာ ချောင်းဆိုးချင်ရင် တော်တော်လေးတော့ နေရခက်တယ်နော်။ ချောင်းဆိုးချင်တာ အောင့်ထားလို့မရတဲ့ ပြဿနာ တစ်ခုပါ။ ဒီ ပြဿနာကို ဖြေရှင်းဖို့ ဆေးတွေသောက်တာအပြင် တခြားဘာလုပ်လို့ရသေးလဲလို့ သိချင်တဲ့ Hello ဆရာဝန် ပရိသတ်ကြီးများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ချောင်းဆိုးတိုင်းတော့ ဆေးသောက်ဖို့ မလိုသေးပါဘူး။ အများစုက အလိုလိုသက်သာသွားတာကြောင့် ၁ရက်၊ ၂ရက်တော့ စောင့်ကြည့်နိုင်ပါတယ်။ ဒီကြားထဲမှာ ကိုယ်တိုင်လုပ်လို့ရတဲ့ ချောင်းဆိုးတာကို သက်သာစေမယ့်အိမ်တွင်းကုထုံးတွေအများကြီး ရှိပါတယ်။ ဥပမာ ပြောပြရရင်။ချောင်းဆိုးနေတာကို ပျောက်ကင်းစေမယ့်ချောင်းဆိုးပျောက်ဆေးထက် စွမ်းတဲ့ နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကတော့ အလုပ်လည်း မရှုပ်ဘဲ ဆေးသောက်ရမှာကြောက်သူတွေ အတွက်လည်း အဆင်ပြေစေနိုင်မယ့် နာနတ်သီး ဖျော်ရည် သောက်ပေးခြင်း ပါပဲ။ နာနတ်သီး ဖျော်ရည် သောက်ပေးခြင်းကြောင့်။နာနတ်သီးဖျော်ရည်မှာ bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်နေတာကြောင့်နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ချွဲတွေကို ပျော်စေနိုင်ပါတယ်။ ဒါတွေတင်လား ဆိုတော့ မဟုတ်ပါဘူး။ နာနတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်သလို အမြင်အာရုံကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကြောင့်အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မဂ္ဂနိစ် ပါဝင်နေတာကြောင့်ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပါသေးတယ်။ဒါတွေအပြင် နာနတ်သီးမှာ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း၊ ကော့ပါး၊ ဇင့်၊ ဖောလိတ်တို့လည်း ပါဝင်နေပါသေးတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလို ချောင်းဆိုးတာ၊ ချွဲကျပ်တာကိုလည်း သိသိသာသာ သက်သာစေမှာပါ။ချောင်းဆိုးတာကို သက်သာစေဖို့ နာနတ်သီးဖျော်ရည် သောက်မယ်ဆိုရင်တော့။ဒီရာသီမှာ ချောင်းကလည်းဆိုးနိုင်သလို နာနတ်သီးကလည်း ပေါတဲ့အချိန်ဆိုတော့ ချောင်းဆိုးလို့ ဆေးသောက်ရမှာ ကြောက်တဲ့သူလေးတွေ အနေနဲ့ နာနတ်သီးဖျော်ရည်လေး သောက်လို့ အောင့်ရခက်တဲ့ လူကြားထဲချောင်းဆိုးချင်တဲ့ ပြဿနာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ရအောင်လား…….။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/pineapple-juice-work-for-cough-relie/
null
null
allergies
allergies
https://hellosayarwon.com/allergies/other-allergies/%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%81%8f%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80/
Tung Seed (တန်းစေ့)
အသုံးပြုခြင်း။တန်းစေ့ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။တန်းစေ့ဆိုတာ တန်းပင်ရဲ့အသီးက ရတဲ့အစေ့ကို ခေါ်တာဖြစ်ပါတယ်။ တန်းစေ့ဟာ အလွန်အဆိပ်ပြင်းပြီး အစိမ်းအတိုင်းစားမိရင် အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ဒါပေမယ့်လည်း တန်းစေ့ကထွက်တဲ့အဆီနဲ့ အဆံကို ဆေးအဖြစ် အသုံးပြုနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။တန်းစေ့ကို ပန်းနာရင်ကြပ်ရောဂါနဲ့ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ ဝမ်းရောဂါတွေကို ကုသဖို့အသုံးပြုကြသလို ဆံပင်ပေါက်စေဖို့အတွက် ဦးရေပြားပေါ်လိမ်းကြတယ်လို့လည်း သိရပါတယ်။တန်းစေ့က ခန္ဓါကိုယ်အတွက် ဘယ်လိုအလုပ် လုပ်သလဲ။တန်းစေ့မှာ အူလမ်းကြောင်းကို လှုံ့ဆော်ပေးပြီး ချွေးထွက်ခြင်းကို အားပေးတဲ့ပစ္စည်းတွေ အများအပြားပါဝင်တဲ့အပြင်ဆိုင်ယာနိုဒ်ကဲ့သို့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေလည်း ပါဝင်တယ်လို့ သိရှိရပေမယ့် ၎င်းရဲ့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်များ မပြုလုပ်ရသေးပါဘူး။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် ဆွေးနွေးပါ။သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။တန်းစေ့ကို အသုံးမပြုခင်မှာဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။သာမန်ဆေးဝါးများ အသုံးပြုခြင်းထက်စာလျှင် အပင်မှရရှိသည့်ဆေးဝါးများ အသုံးပြုခြင်းက ကန့်သတ်ချက်ပိုနည်းပေမယ့် စိတ်ချရမှုအတိုင်းအတာကို အဆုံးအဖြတ်ပေးဖို့ လေ့လာစမ်းသပ်မှုများ ဆက်လက်ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ဆေးပင်အသုံးပြုခြင်းမှ ရရှိလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင့်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ တိုင်ပင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။တန်းစေ့ဟာအသုံးပြုဖို့ စိတ်ချရရဲ့လား။တန်းစေ့မှာ ဆိုင်ယာနိုဒ်နဲ့ အလားသဏ္ဍာန်တူတဲ့ ဓါတုပစ္စည်းတစ်မျိုးနဲ့ အခြားအဆိပ်အတောက်များ ပါဝင်တဲ့အတွက် တစ်စေ့လောက်စားမိရုံနဲ့ ပြင်းပြင်းထန်ထန် အဆိပ်သင့်နိုင်ပါတယ်။တန်းစေ့ကို အရေပြားလိမ်းဆေးအဖြစ် အသုံးပြုဖို့ စိတ်ချရခြင်းရှိ၊မရှိ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။အထူးသတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်နေချိန်။တန်းစေ့ဟာ ဘယ်သူ့အတွက်မဆို သောက်ဆေးအဖြစ်အသုံးပြုဖို့ လုံးဝစိတ်မချရပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေချိန်တွေမှာ သောက်သုံးမိရင် မိခင်ကိုရော ကလေးကိုပါ ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။ဘေးထွက် ဆိုးကျိုးများ။တန်းစေ့ကဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။တန်းစေ့ကို သောက်သုံးမိရင် ပြင်းထန်တဲ့ အစာအိမ်နာ၊ အော့အန်ခြင်းနဲ့ အသက်ရှုလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။သက်ရောက်ဓါတ်ပြုမှုများ။ဘယ်လိုဆေးဝါးတွေနဲ့ ကျန်းမာရေးအခြေအနေတွေကတန်းစေ့နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။တန်းစေ့ဟာ သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးများ၊ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးအသုံးမပြုခင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။အသုံးပြုရန်အညွှန်း။ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးပင်ပညာရှင်နှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။တန်းစေ့ကို ပုံမှန်အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။အသက်၊ ကျန်းမာရေး စတဲ့ လူတစ်ဦးချင်းစီရဲ့ အခြေအနေအပေါ်မူတည်ပြီး ဆေးသောက်သုံးရမယ့် ပမာဏ ကွဲပြားခြားနားနိုင်ပါတယ်။ အပင်ကထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ သုံးစွဲဖို့ အမြဲတစေစိတ်ချရတဲ့ အနေအထားမှာ မရှိတဲ့အတွက် သင်သောက်သုံးရမယ့် အတိုင်းအတာပမာဏကို သိရှိဖို့ သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။တန်းစေ့ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။တန်းစေ့ကို သဘာဝအတိုင်းရရှိတဲ့ အစေ့၊ အစေ့မှထုတ်လုပ်တဲ့ အဆီ ပုံစံများဖြင့် ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/tung-seed-%e1%80%90%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%85%e1%80%b7/
ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး
အခုအချိန်ထိ လုံးဝ မပြီးပြတ်သေးတဲ့corona virusကို သတိထားနေရဆဲ ဖြစ်သလို ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးဖျားနာမှု တွေကလည်း ဖြစ်ပွားနေတာကြောင့် ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေကို ဂရုတစိုက် ရွေးချယ် စားသောက်ပေးဖို့ အလွန် အရေးကြီး လှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ တွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ တွေကတော့။၁ – အချဉ်ဓာတ်ပါသော အသီးများ။အအေးမိဖျားနာပြီးကာစ တော်တော်များများက အချဉ်ဓာတ်ပါတဲ့ ဗီတာမင်စီ ဖြည့်တင်းဖို့လို့ပါတယ်။ ဘာလို့လည်းဆိုတော့ ဗီတာမင်စီ ကကိုယ်ခံအားကိုတက်စေနိုင်လို့ပါ။ရောဂါတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥအရေအတွက်ကိုလည်း ဗီတာမင်စီက တိုးတက်စေပါတယ်။အချဉ်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ အသီးတွေကတော့။– ရှောက်ခါးသီး ( ဂရိတ်ဖရု )။–လိမ္မော်သီး။– ကဗ္ဗလာသီး။–သံပုရာသီး။– ရှောက်သီး။– ကျွဲကောသီး အစရှိသည်တို့ပဲဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ကတော့ သင့်ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်၊ မသိုလှောင်နိုင်တဲ့အတွက် နေ့စဉ်လုံလောက်တဲ့ ဗီတာမင်ပမာဏရရှိအောင် စားသုံးပေးနိုင်ဖို့လုံလောက်ပါတယ်။အချဉ်ဓာတ်ပါဝင်တဲ့ အသီးတော်တော်များများမှာ ဗီတာမင် စီဓာတ်ပါဝင်တဲ့အတွက် ရွေးချယ်စားသုံးစရာတွေကတော့ အများကြီးရှိနေပါတယ်။၂ – ငရုတ်ပွသီး။အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာပဲ ဗီတာမင် စီပါတယ်လို့ထင်နေရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။သာမန်အချဉ်ဓာတ်ပါတဲ့ အသီးတွေထက်ငရုတ်ပွသီးမှာ ဗီတာမင်စီ နှစ်ဆလောက်ပိုပြီးပါဝင်နေတာကို အံအားသင့်ဖွယ်တွေ့ရှိပါတယ်။ ဘီတာကယ်ရိုတင်း ( beta carotene ) လို့ခေါ်တဲ့ဓာတ်ပေါင်းတစ်မျိုးလည်း ပါဝင်သေးတာကြောင့် ကိုယ်ခံအားကောင်းလာစေယုံသာမက အသားအရေကိုလည်း လှပလာစေပါလိမ့်မယ်။၃ – ပန်းဂေါ်ဖီ။ပန်းဂေါ်ဖီမှာ ဗီတာမင်အပြင် သတ္ထုဓာတ်တွေနဲ့ပြည့်နက်နေပါတယ်။ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အပြင်အခြားသော အမျှင်ဓာတ်နဲ့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်တဲ့ ဓာတ်ပေါင်းတွေပါဝင်တဲ့အတွက် ပန်းဂေါ်ဖီက သင့်ရဲ့ထမင်းစားပွဲပေါ်က ကျန်းမာရေးနဲ့အညီညွတ်ဆုံး အသီးအရွက်တွေထဲက တစ်ခုဆိုရင်မမှားပါဘူး။၄ –ကြက်သွန်ဖြူ။ကြက်သွန်ကို နေရာအနှံအပြားက ဟင်းပွဲတိုင်းလိုလိုမှာတွေ့နိုင်ပါတယ်။ ဟင်းပွဲတွေအတွက် အရသာတင်မကပဲ ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ အရာတခုပဲဖြစ်ပါတယ်။၅ –ဂျင်း။နေမကောင်းဖြစ်တဲ့အခါတိုင်း ဂျင်းပြုတ်ရည် ဒါမှမဟုတ် ဂျင်းတက်လေးတွေပါတဲ့ စွပ်ပြုတ်ပူပူလေးသောက်ပေးရတာကို လူတိုင်းကြုံဖူးမှာပါ။ဂျင်းရဲ့အစွမ်းကတော့ ကိုယ်ခံအားတက်စေပြီး လည်ချောင်းနာတာတွေအပြင် အခြားသောရောင်ရမ်းခြင်းတွေကိုပါသက်သာစေပါတယ်။၆ –မြင်းခွာရွက်။မြင်းခွာရွက်ကလည်း ကိုယ်ခံအားကောင်းစေတဲ့အပြင် ဗီတာမင်စီ၊ အိုမင်းမှုကို ကာကွယ်ပေးတဲ့ဒြပ်ပေါင်းတွေနဲ့ ဘီတာကယ်ရိုတင်း တို့ပါဝင်တာကြောင့် ပုံမှန်စားသုံးပေးသင့်ပါတယ်။၇ –ဒိန်ချဉ်။ဒိန်ချဉ်မှာ ကိုယ်ခံအားကောင်းနိုင်တဲ့ ဓာတ်ပေါင်းစုံအပြင် ဗီတာမင်ဒီလည်း ပေါများစွာပါဝင်ပါတယ်။ ဗီတာမင်ဒီ က ရောဂါပိုးတွေကိုတိုက်ထုတ်မယ့် ခန္ဓာကိုယ်ရဲ့စနစ်တွေကို အများကြီးအထောက်အကူပြုပါတယ်။သကြားတွေ၊ အခြားအရသာတွေနဲ့ ပြုပြင်ထားတဲ့ ဒိန်ချဉ်တွေကိုရှောင်ပါ၊ မပြုပြင်ထားတဲ့ ဒိန်ချဉ်က ရောဂါပိုးတွေကိုပြန်လည်တိုက်ထုတ်မဲ့ ခုခံအားတပ်တွေကို အများကြီးပိုပြီးအားပေးပါတယ်။၈ –သစ်ကြားသီး။ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ဗီတာမင်ဒီက ဗီတာမင်စီနောက်မှာရှိနေပါတယ်။နို့ဆီခွက်တစ်ဝက်လောက်ရှိတဲ့ သစ်ကြားသီးစေ့ပမဏက တစ်နေ့လိုအပ်တဲ့ ဗီတာမင်ဒီအပြည့်အဝနီးပါးရှိတာကြောင့် ရံဖန်ရံခါမှာတော့ သစ်ကြားသီးကို စားသုံးပေးသင့်ပါတယ်။၉ –နနွင်း။ဟင်းပွဲပေါင်းများစွာမှာ ပါဝင်နေတဲ့ ဒီအဝါရောင်အမုန့်လေးတွေကလည်း ဖျားနာယောင်ရမ်းခြင်းကို ကျစေတဲ့အာနိသင်ရှိကြောင်းတွေ့ရှိခဲ့တာကြာပါပြီ။၁၀ –လက်ဖက်စိမ်း။လက်ဖက်စိမ်းရဲ့ကောင်းကျိုးကတော့ လူတိုင်းသိနေပြီးသားဖြစ်တဲ့အတွက် အထူးတလည်ရှင်းပြနေစရာမလိုတော့ပါဘူး။T cell လို့ခေါ်တဲ့ ရောဂါပိုးတွေတိုက်ထုတ်တဲ့ ဆဲလ်တစ်မျိုးထုတ်လုပ်တဲ့နေရာမှာလိုအပ်တဲ့ အမိုင်နိုအက်စစ် (Amino acid) ကို လက်ဖက်စိမ်းထဲမှာလည်း ပေါပေါများများတွေ့နိုင်ပါတယ်။၁၁ –သင်္ဘောသီး။တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်စီရဲ့ 224 ရာခိုင်နှုန်းက သင်္ဘောသီးတစ်လုံးထဲမှာတင် ပါဝင်နေပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်၊ ဗီတာမင်ဘီနဲ့ ဖော်လစ်အက်စစ်ဓာတ်တွေလည်းပေါများစွာပါဝင်ပါတယ်။၁၂ –ကီဝီသီး။ကီဝီကလည်း သင်္ဘောသီးလို လိုအပ်တဲ့ဓာတ်ပေါင်းစုံပါဝင်တဲ့အပြင် တနေ့တာပုံမှန်လှုပ်ရှားနိုင်ဖို့အတွက် ခန္ဓာကိုယ်ကိုလည်း ထိန်းညှိပေးပါတယ်။၁၃ – အသား။နေမကောင်းတဲ့အချိန်မှာ ကြက်စွပ်ပြုတ်လေးသောက်လိုက်ရရင် အားတွေရှိသွားမယ်ဆိုတဲ့ စကားနဲ့သိပ်စိမ်းကြမယ် မထင်ပါဘူး။ ဥစားလို့ရတဲ့ အသားတွေဖြစ်တဲ့ ကြက်၊ဘဲနဲ့ ကြက်ဆင်သားတွေက ဗီတာမင် B6 ကြွယ်ဝစွာပါဝင်ပါတယ်။၁၄ –နေကြာစေ့။နေကြာစေ့တွေထဲမှာ မက်ဂနီဆီယမ်၊ ဖော့စ်ပရပ်နဲ့ ဗီတာမင်B6၊ ဗီတာမင် E တို့ပြည့်ပြည့်ဝပါဝင်ပါတယ်။၁၅ – အခွံပါသောအကောင်များ။ကိုယ်ခံအားတက်စေတဲ့ အစားအစာစာရင်းထဲမှာ အခွံပါတဲ့အကောင်တွေပါမယ်လို့ထင်ထားမှာ မဟုတ်ပါဘူး ဒါပေမယ့်သူတို့တွေမှာ ဇင့်ဓာတ်တွေများစွာပါဝင်နေပါတယ်။ဗီတာမင်ဓာတ်တွေလိုပဲ ဇင့်ဓာတ်ကလည်း ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့အတွက် အရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/best-foods-for-immune/
ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ side effect ခံစားရခြင်း၊ မခံစားရခြင်းဆိုတာ
ကာကွယ်ဆေးထိုးပြီးတဲ့အခါ အချို့တွေမှာ ဖျားတာ၊ ကိုယ်နွေးတာ၊ ခြေလက်တွေ ကိုက်ခဲတာလိုမျိုးside effectလေးတွေကို ခံစားကြရပြီး  အချို့တွေမှာတော့ ဘာထူးထူးခြားခြား လက္ခဏာမှ မခံစားရတာမျိုးတွေ ရှိပါတယ်။ ဒါက ဘာကြောင့်လဲ။ ဘယ်လိုတွေ ကွာခြားလဲဆိုတာကို သိချင်နေမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက သေချာစမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်ပြီးမှ ထုတ်လုပ်ထားတာပါ။ ရောဂါကို ကာကွယ်ဖို့နဲ့ ကူးစက်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ရည်ရွယ်ပြီး ထုတ်ထားတာပါ။ ကာကွယ်ဆေးဆိုတဲ့ သဘောကတော့ ဆေးထိုးပြီးတဲ့အခါ side effectအနည်းအကျဉ်းကို ခံစားရစမြဲပါ။လူတွေရဲ့ခန္ဓာကိုယ်က တုံ့ပြန်မှုကို လိုက်ပြီးတော့ ခံစားရတဲ့ လက္ခဏာတွေကတော့ ကွာခြားနိုင်ပါတယ်။ အချို့မှာ တော်တော်လေး ပြင်းထန်နိုင်ပြီး အချို့မှာတော့ သိပ်မပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ကာကွယ်ဆေး ထိုးပေမယ့် ထူးထူးခြားခြား လက္ခဏာ တစ်ခုတလေတောင် မခံစားရသူတွေလည်း ရှိနိုင်ပါတယ်။အဓိကကတော့ကိုယ်ခံအားတုံ့ပြန်မှုကွာခြားတာကြောင့်ပါ။ကာကွယ်ဆေး ထိုးပြီး side effectခံစားရတယ်ဆိုတာ ခန္ဓာကိုယ်က ပြင်ပက ဝင်ရောက်လာတဲ့antigen တွေနဲ့ ထိတွေ့မှုဖြစ်ပြီး တုံ့ပြန်မှု ဖြစ်လာတာပါ။ ကာကွယ်ဆေးကို ကိုယ်ခံအား တုံ့ပြန်တဲ့ သဘောပါ။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာဖျားတာ၊ ပင်ပန်းသလို ခံစားရတာ၊ ခြေကုန်လက်ပမ်းကျတာ၊ ကြွက်သားတွေနာတာ၊ ကိုယ်လက်တွေ ကိုက်ခဲတာ၊ ချမ်းတုန်တာတွေကို ခံစားရတာပါ။ကာကွယ်ဆေးအပေါ် ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အတိုင်းအတာပေါ် မူတည်ပြီးရောင်ရမ်းတာမျိုးတွေပါ ခံစားရတာမျိုး ရှိနိုင်ပါတယ်။ ဒီအခြေအနေတွေက ကာကွယ်ဆေးထိုးပြီးချိန်မှာ ကြုံတွေ့ရမယ့် ပုံမှန် အခြေအနေတစ်ရပ်ပါ။ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဆေးရဲ့ side effectကို လူတိုင်း အနည်းနဲ့အများ ခံစားကြရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ ကာကွယ်ဆေးကတော့ တူပေမယ့် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုက ကွာခြားတာကြောင့် ကာကွယ်ဆေးရဲ့ side effectကို ခံစားရတာခြင်း မတူကြပါဘူး။လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ခံအားက ကာကွယ်ဆေးမှာပါတဲ့ antigen ပေါ်တုံ့ပြန်ပုံ ကွာခြားတာကြောင့် ခံစားရတဲ့ side effect ကလည်း မတူတာပါ။ ကာကွယ်ဆေး အစောပိုင်း စမ်းသပ်ချက်တွေအရတော့ ကာကွယ်ဆေးထိုးနှံသူ ၅၀ ရာခိုင်နှုန်းကျော်ဟာ side effectတစ်စုံတစ်ခုမှ ခံစားရတာမျိုး မရှိပါဘူး။အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ ကိုယ်ခံအားတုံ့ပြန်မှု၊အရောင်ကျဆေးတွေသောက်နေရသလားဆိုတဲ့အချက်တွေပေါ် မူတည်ပြီး ခံစားရတဲ့ ကာကွယ်ဆေးရဲ့ side effectတွေက ကွာခြားနိုင်ပါတယ်။စစ်တမ်းတွေအရ ကာကွယ်ဆေးတွေ ကျား/မ ကွာခြားမှုကို လိုက်ပြီး တုံ့ပြန်ပုံခြင်း ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ကာကွယ်ဆေးရဲ့ side effectကို ပိုမိုပြင်းထန်စွာ ခံစားကြရပါတယ်။အကြောင်းကတော့ ကိုယ်ခံအားစနစ်မှာ ပါဝင်ဖွဲ့စည်းထားတဲ့ဟော်မုန်းတွေရဲ့ ကွာခြားမှုနဲ့ တုံ့ပြန်ပုံ ကွာခြားတာကြောင့်ပါ။ အီစထရိုဂျင် ဟော်မုန်း ပိုမြင့်လေလေ ကာကွယ်ဆေးကြောင့် ရောင်ရမ်းမှုကို ခံစားရနိုင်ခြေ များလေလေ ဖြစ်သလို side effectခံစားရတဲ့ ကာလ ကြာလေလေပါ။ဒါကြောင့်လေဒီလေးတွေက အမျိုးသားတွေထက် ကာကွယ်ဆေးရဲ့ side effectကို ပိုခံစားကြရတာပါ။ကာကွယ်ဆေးထိုးပြီးချိန်မှာ ဖျားတာ၊ ကိုက်ခဲတာတွေက ကာကွယ်ဆေးကို ကိုယ်ခံအားက တုံ့ပြန်တာကြောင့် ဖြစ်တာဆိုတော့ ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဘာလက္ခဏာ တစ်စုံတရာမှ မခံစားရတာက ဆေးမအောင်တာလားဆိုပြီး စိုးရိမ်စရာ ရှိနိုင်ပါတယ်။တကယ်ကတော့ မဟုတ်ပါဘူး။ ကာကွယ်ဆေးကို ကိုယ်ခံအားက မတုံ့ပြန်တာ၊ မသိရှိတာမျိုး မဟုတ်ပါဘူး။ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဘာမှ မခံစားရပေမယ့်လည်း ကာကွယ်ဆေးက ခန္ဓာကိုယ်ထဲ ရောက်ရှိသွားချိန်မှာ ကိုယ်ခံအားကလည်း သိသလို ကာကွယ်ဆေးက ခန္ဓာကိုယ်ကိုရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ အကောင်းဆုံး လုပ်ဆောင် ပါလိမ့်မယ်။ဒါကြောင့် ဆေးအောင် မအောင်ကို ကာကွယ်ဆေးထိုးပြီး side effectsခံစားရခြင်း ရှိမရှိနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ Antibody စစ်ပြီးမှပဲ သိနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/why-do-some-people-get-side-effects-and-some-dont/
မေမေက ကိုဗစ် ဖြစ်နေရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား .....
ကိုဗစ်က လူတိုင်းရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အရာ တစ်ခုပါ။ ကိုဗစ်က လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပေမယ့် ကိုဗစ် ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရသူတွေက ကလေးတွေ၊သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေပါ။ကိုဗစ်က အသေအပျောက်ရှိပေမယ့် အချို့တွေမှာ ပြန်ကောင်းလာတတ်ပါတယ်။ ကိုဗစ်က ပြန်ကောင်းလာသည့်တိုင်ခန္ဓာကိုယ်မှာ တစ်ခုခုကတော့ ထိခိုက်စမြဲပါ။ ဒါကြောင့် ကိုဗစ်ကို မဖြစ်ခင်ကကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးပါ။အခုဆိုရင် ကိုဗစ် ကာကွယ်ဆေးတွေလည်း ထိုးနှံလို့ရနေပြီဖြစ်တာကြောင့် ကြိုတင်ကာကွယ်မှု နည်းလမ်းတွေကို ဆက်လက်လုပ်ဆောင်ရင်းကာကွယ်ဆေး ထိုးထားတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ဒီတစ်ခေါက်ကတော့နို့တိုက်မေမေတွေကိုဗစ်ဖြစ်တဲ့အခါ စိတ်ပူနေမိတဲ့ အကြောင်းအရာလေး တစ်ခုဖြစ်တဲ့ ကိုဗစ်ဖြစ်ရင် ဘေဘီလေးကို နို့ဆက်တိုက်လို့ ဖြစ်ပါ့မလားဆိုတဲ့ ကိစ္စလေးကို ပြောပြပေးသွားပါမယ်။နို့တိုက်မိခင် အနေနဲ့ ကိုဗစ် ကူးစက်ခံထားရတယ်ဆိုပေမယ့် ရောဂါလက္ခဏာ အရမ်း မပြင်းထန်ဘူး။ အစားကိုလည်း ပုံမှန်အတိုင်း ပြည့်ပြည့်ဝဝ စားနိုင်မယ်။ အသက်ရှူရ ခက်ခဲနေတာမျိုးလည်း မရှိဘူးဆိုရင်တော့ ဘေဘီလေးကို မိခင်နို့ ဆက်လက်တိုက်ကျွေးလို့ ရပါတယ်။ဒီလို ပြောရတာက ကိုရိုနာဗိုင်းရပ်စ်က မိခင်နို့ကနေတဆင့် ဘေဘီလေးကို မကူးစက်နိုင်လို့ပါ။ ဒါပေမယ့် သတိထားရမှာကတော့ကိုရိုနာဗိုင်းရပ်စ်က စကားပြောတာ၊ နှာချေတာ၊ချောင်းဆိုးတာတွေကနေတဆင့် ထွက်ကျလာတဲ့ တံထွေး အမှုန်တွေမှာပါနေနိုင်တယ်ဆိုတာပါ။ဒါကြောင့် ဘေဘီလေးကို စကားပြောတာ၊နှာချေတာ၊ ချောင်းဆိုးတာတွေကနေတဆင့် ထွက်ကျလာတဲ့ တံထွေး အမှုန်တွေနဲ့ မထိတွေ့မိအောင် ဂရုစိုက်ဖို့ လိုပါမယ်။ဒါကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီ ဘေဘီလေးကိုမိခင်နို့ဆက်တိုက်ချင်တယ်ဆိုရင်။နောက်ထပ် နည်းလမ်းတစ်ခုကတော့ မေမေ့နို့ကို ညှစ်ထုတ်ပြီး ဘေဘီလေးကို ဘူးထဲထည့်တိုက်တာပါ။ ဒီလိုမတိုက်ခင်မှာ။အခြား ဂရုစိုက်ရမယ့် အချက်တွေကတော့။အခုလို အခြေအနေမျိုးဆိုရင် ကိုဗစ် ကုသရေး စင်တာတွေကို သွားရောက်ဖို့ လိုပါမယ်။ မေမေ့အနေနဲ့။ဘေဘီလေးမှာလည်း အဖျားရှိပြီး အသက်ရှူရခက်မယ်ဆိုရင် ကုသမှု အမြန်ဆုံး ရယူဖို့ လိုပါမယ်။ မေမေအနေနဲ့ ကိုဗစ် ဖြစ်နေရင် နို့ဆက်တိုက်ရမလားဆိုတာကို သေချာ သိနိုင်ဖို့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-positive-breastfeeding-mom-can-breastfeed-baby/
ခါးနာတဲ့ သင့်ဇနီး မယားကို သင်ဘယ်လိုကူညီရမလဲ
ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက် နာကျင်ခံစားနေရတာကို မြင်ရတာဟာ အရမ်းဘဲခက်ခဲလွန်းတဲ့အရာပါ။ အထူးသဖြင့် သင့်ရဲ့ဇနီးမယား နာကျင်ခံစားနေရတယ် ဆိုရင်ပေါ့။ သူမဟာ ခါးအောက်ပိုင်းနာခြင်းကြောင့် ပျော်ရွှင်တော့မှာမဟုတ်တော့သလို ဒါကပဲ သင့်ကို သူမဆီက ရှောင်ခွာလိုစိတ် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါဟာ အိမ်ထောင်ရေးမှာ ကြီးမားတဲ့အဟန့်အတားကြီးတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရှောင်ပုန်းမနေပါနဲ့။ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အခုပြောပြမှာကတော့ သင့်ဇနီးကို ကူညီနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ပွင့်ပွင့်လင်းလင်းပြောဆိုကြပါ။ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံခြင်းက အိမ်ထောင်ရေးမှာ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ သင့်အနေနဲ့ သူမရဲ့ ခါးနာခြင်းအကြောင်းကို ပြောဆိုပြီး သူမရဲ့နာကျင်မှုကို နားလည်အောင်လုပ်ပါ။ သူမဟာ သူမနာကျင်နေတယ်ဆိုတာကို သင့်ကိုရော သူမရဲ့အနီးကလူတွေကိုပါ ဖုံးကွယ်ထားဖို့ ကြိုးစားနိုင်ပါတယ်။အကြောင်းကတော့ သူမဟာ သူမချစ်တဲသူတွေအပေါ် သူမကြောင့် ဝန်မပိစေချင်လို့ပါ။ သူမဟာ သူမအားနည်းနေတယ်လို့လည်း အမြင်ခံမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ သူမကိုရှင်းပြရမှာက သူမနာကျင်လို့ရကြောင်း၊ တင်းခံထားဖို့မလိုကြောင်း၊ သင်ဟာ သူမအတွက် အကူအညီပေးဖို့အမြဲအဆင်သင့်ဖြစ်နေကြောင်း နားလည်အောင်ရှင်းပြပေးပါ။ သူမရဲ့နာကျင်မှုအခြေအနေကို နေ့စဉ်မေးမြန်းခြင်းက အရေးကြီးပါတယ်။ ဒီလိုမေးဖို့ အကောင်းဆုံးပုံစံက သူမရဲ့နာကျင်မှုကို ၁ ကနေ ၁၀ အကြား သတ်မှတ်ခိုင်းခြင်းပဲဖြစ်ပါတယ်။ နာကျင်မှုအခြေအနေက အမြဲတမ်း မတူညီနိုင်ပါဘူး။ သူမရဲ့နာကျင်မှုအခြေအနေကို သိထားခြင်းက သူမကိုသက်တောင့်သက်သာဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ သင့်ကိုသိစေပါတယ်။အရမ်းကြီး အစိုးရိမ်မလွန်ပါနဲ့။သင့်အနေနဲ့ သူမကို သူမရဲ့ခါးနာခြင်းအကြောင်း ပြောခြင်း ဂရုစိုက်ပေးခြင်းကကောင်းပေမယ့် သူမဘာလုပ်လုပ် အသေးစိတ်ဂရုစိုက်နေရမယ်လို့တော့ မဆိုလိုပါဘူး။ အစီအရင် ခံစာတစ်ခုမှာ အသေးစိတ်ဂရုစိုက်ခံနေရတဲ့ ဇနီးတစ်ယောက်က သူမရဲ့နာကျင်မှုက မသက်သာဘူးလို့ဆိုပါတယ်။ ဒီလိုအသေးစိတ်ဂရုစိုက်ခြင်းက သူမရဲ့နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုတွေအပေါ် အဟန့်အတားဖြစ်စေပါတယ်။ သင့်အနေနဲ့ အသေးစိတ်ဂရုစိုက်ခြင်းက သူမရဲ့နာကျင်မှုကိုသက်သာစေတယ်လို့ ထင်ကောင်းထင်နေနိုင်ပေမယ့်တကယ်တော့ သူမရဲ့ ခါးနာခြင်းကို ထိန်းချုပ်နိုင်စွမ်းလျော့သွားစေပါတယ်။ သူမကို အသေးစိတ်ဂရုစိုက်တာမျိုးမလုပ်တော့ဘဲ သူမရဲ့ခါးနာရောဂါနဲ့ သူမလိုက်လျောညီထွေဖြစ်အောင် တချို့နေရာတွေလွှတ်ထားပေးသင့်ပါတယ်။ ပန်းကန်စင်အမြင့်ကြီးပေါ်မှာ ပန်းကန်တွေ ခွက်တွေတင်ထားပြီး သူမလိုအပ်ချိန်တိုင်း သင်ကယူပေးနေမည့်အစား ရင်ဘတ်လောက်အမြင့်ရှိတဲ့ ပန်းကန်စင်ကိုပြောင်းလဲပြီး သူမကိုယ်တိုင်ယူလို့ရအောင်ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက သူမရဲ့ခါးနာရောဂါနဲ့ သူမကိုလိုက်လျောညီထွေဖြစ်စေပါတယ်။သင်ကိုယ်တိုင်လည်း ခါးနာခြင်းအကြောင်းကို လေ့လာပါ။သင့်ရဲ့ဇနီးခံစားနေရတဲ့ ခါးနာခြင်းအကြောင်းကို သင်ကိုယ်တိုင်နားလည်ထားခြင်းက သူမကျန်းမာရေးအတွက် ရွေးချယ်မှုမှန်ကန်အောင် ညွှန်းပြနိုင်မှာပါ။ သင့်အနေနဲ့ သင့်ဇနီးခံစားနေရတဲ့ ခါးနာရောဂါဟာ တကယ်ပြင်းထန်ပြီး သေရာပါဖြစ်သွားနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ တစ်ခါတစ်လေ သူမဟာ အခြေအနေကောင်းပြီး ဘာနာကျင်မှုမှ မခံစားရတဲ့အထိကောင်းနိုင်ပေမယ့် တစ်ခါတစ်လေကျပြန်လည်း နာကျင်မှုအရမ်းပြင်းထန်ပြီး လှုပ်လို့မရတဲ့ထိလည်း အခြေအနေဆိုးနိုင်ပါတယ်။ သင်ကိုယ်တိုင် ခါးနာခြင်းအကြောင်း အကျွမ်းတဝင်နားလည်ထားခြင်းက သုမရဲ့နာကျင်မှုကိုထိန်းညှိခြင်း ခန့်မှန်းပေးခြင်းတို့ကို ပြုလုပ်လာနိုင်ပါတယ်။ နာကျင်မှုကို ဘယ်လိုထိန်းညှိပြီး လျှော့ချရမလဲဆိုတာက လူတစ်ဦးတစ်ယောက်စီချင်းအတွက် အရမ်းခက်ခဲပါတယ်။ သင့်အနေနဲ့ နာကျင်မှုကို ဘယ်လိုလျှော့ချရမလဲဆိုတာကို နားလည်ထားခြင်းက သင့်ဇနီးရဲ့ နာကျင်မှုကို အတူတိုက်ခိုက်ရာမှာ ကူညီနိုင်ပါတယ်။သင့်ဇနီးကို ကျောရိုးဆန့်ခြင်း ပြုလုပ်ဖို့သတိပေးပါ။ကျောရိုးဆန့်ခြင်းက ခါးနာခြင်းအတွက် အရမ်းထိရောက်ပါတယ်။ သူမကိုကျောရိုးနေ့တိုင်းဆန့်ခိုင်းပါ။ ထိုင်ခုံမှာပဲ တစ်နေကုန်ထိုင်နေခြင်း ကုတင်ပေါ်မှာ တစ်နေကုန်လှဲအိပ်နေခြင်းတို့က ခါးနာရောဂါကို ပိုပြီးဆိုးရွားလာစေနိုင်ပာ်တယ်။ ခါးနာခြင်းအတွက် ကျောရိုးဘယ်လိုဆန့ရမလဲဆိုတဲ့ နည်းလမ်းတွေ လေ့ကျင့်ခန်းတွေ သက်သက်ရှိပါတယ်။ အထူးကုများက မိနစ် ၂၀ တစ်ခါ မတ်တပ်ရပ်ပြီး ကျောရိုးဆန့်တန်း လေ့ကျင့်ခန်းများကိုလုပ်ဖို့ အကြံပြုထားပါတယ်။ သင်လည်း သင့်ဇနီးနဲ့အတူ ဒီလေ့ကျင့်ခန်းတွေကို လိုက်လုပ်နိုင်ပါတယ်။ သူမကို စိတ်ဓါတ်တက်ကြွအောင် ပြုလုပ်ပေးခြင်းက သူမကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ယောဂ ကျင့်စဉ်ကဲ့သို့ ကျောရိုးကိုဆန့်တန်းစေနိုင်တဲ့ လေ့ကျင့်ခန်းတွေက ခါးနာခြင်းအတွက် အထူးသင့်တော်ပါတယ်။သူမအတွက် သင်အမြဲတမ်းရှိနေကြောင်း သူမသိပါစေ။သင့်ဇနီးဟာ သူမလုပ်နေကျ လုပ်ပေးရမယ့်အရာတစ်ခုခုကို မလုပ်နိုင်တော့တဲ့အတွက် သူမကိုယ်သူမ အပြစ်တင်နေပါလိမ့်မယ်။ သင်ပြောပြပေးရမှာက သင်နဲ့ သင်မိသားစုက သူမကိုအမြဲချစ်နေမှာဖြစ်ကြောင်း အမြဲကူညီပေးမှာဖြစ်ကြောင်းပါ။ သူမရဲ့ အိမ်မှုရေးရာတွေကို သင်ပါအတူတူလုပ်ပြီး ကူညီပေးလိုက်ပါ။ သူမရဲ့ ခါးနာရောဂါက သူမကိုတချို့အလုပ်တွေ မလုပ်နိုင်စေတော့တာမှန်ကောင်းမှန်နိုင်ပေမယ့် ဒီအချက်ကြောင့် သူမဟာတခြားသူများအပေါ်မှာ မှီခိုနေရမယ်လို့တော့ မဆိုလိုပါဘူး။ သူမရဲ့နာကျင်မှုကို သူမကိုယ်တိုင်ထိန်းညှိနိုင်ဖို့ သင်ကူညီပေးလိုက်ပါ။ ဒီနည်းကသာ သူမကိုကူညီဖို့ အကောင်းဆုံးနည်းပါ။ခါးနာခြင်းက တစ်ခါတစ်လ နာတာရှည်ရောဂါအထိဖြစ်သွားနိုင်ပါတယ်။ သင့်ရဲ့ အားပေးမှုက သင်ထင်တာထက်ပိုပြီး သူမအတွက်အရေးကြီးပါတယ်။ သူမရဲ့ဆရာဝန်နဲ့ သေချာဆွေးနွေးပြီး သူမသက်တောင့်သက်သာဖြစ်စေဖို့ ကူညီပေးပါ။ သူမဟာ နှုတ်ကဖွင့်ပြောချင်မှ ဖွင့်ပြောမယ်ဆိုပေမယ့် သူမဟာ သင့်ရဲ့အားပေးမှု ဂရုစိုက်မှုတွေကို စိတ်ထဲက နှစ်နှစ်ကာကာ ကျေးဇူးတင် အသိအမှတ်ပြုနေမှာပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%87%e1%80%94%e1%80%ae%e1%80%b8-%e1%80%99%e1%80%9a%e1%80%ac%e1%80%b8%e1%80%80/
ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေ အာသာဖြေတာ အန္တရာယ်ရှိ၊ မရှိ
ကိုယ်ဝန်ဆောင်ချိန်မှာမှ စိတ်ဆန္ဒပိုပြင်းပြလာတတ်တဲ့ အမျိုးသမီးတချို့အတွက်တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့ပတ်သက်ပြီး သိသင့်တာတွေကိုပြောပြပေးချင်ပါတယ်။အမျိုးသမီးတွေကကိုယ်ဝန်ဆောင်ချိန်မှာစိတ်ခံစားချက်အများကြီးအပြောင်းအလဲဖြစ်နိုင်ပါတယ်။ တချို့ ကျတော့ကိုယ်ဝန်ဆောင်ချိန်မှာလိင်ကိစ္စကိုလုံးဝစိတ်မဝင်စားတဲ့သူတွေရှိသလို ပိုပြီးဆန္ဒပြင်းထန်လာသူတွေလည်း ရှိတာပါပဲ။ ကိုယ်ဘယ်လိုပဲခံစားရ ခံစားရ< ဒါသဘာဝအရဖြစ်တာလို့ပဲ မှတ်ယူလိုက်ပါ။ Morning sickness လို့ခေါ်တဲ့ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်တာ၊အစားအသောက်ပျက်တာတွေကိုတောင် တစ်ယောက်နဲ့တစ်ယောက်ခံစားရပုံခြင်းမတူဘူးမဟုတ်လား> လိင်စိတ်ပိုပြင်းထန်လာတဲ့ အမျိုးသမီးတွေကို ပြောချင်တာက ကိုယ့်ရဲ့ကိုယ်ဝန်ကိုဆရာဝန်နဲ့သေချာပြသထားတယ်၊ လိုအပ်တဲ့အားဆေးတွေလည်း သောက်သုံးနေတယ်၊ကိုယ်ဝန်အခြေအနေလည်းကောင်းတယ်ဆိုရင် အမျိုးသားနဲ့အတူနေလို့ရသလို တကိုယ်ရည်အာသာဖြေရင်လည်း ပြဿနာမရှိဘူးဆိုတာပါပဲ။ တကိုယ်ရည်အာသာဖြေလိုက်တာကြောင့်လိင်စိတ်လျော့ကျသွားပြီး စိတ်ဖိစီးမှုတွေတောင်သက်သာသွားနိုင်ပါသေးတယ်။ကိုယ်ဝန်ဆောင်တွေ တစ်ကိုယ်ရေ အာသာဖြေရင် ကျန်းမာရေးအရဒီလိုကောင်းကျိုးတွေခံစားရနိုင်ပါတယ်။–စိတ်ဖိစီးမှုလျော့ကျသွားမယ်။–         ပိုပြီးအိပ်ရေး၀၀အိပ်ပျော်မယ်။–         ကိုယ်ဝန်ဆောင်ချိန်မှာခံစားရတတ်တဲ့ ကြွက်သားနာကျင်ခြင်း၊ ကိုက်ခဲခြင်းတွေကိုသက်သာစေတယ်။–         နေလို့ထိုင်လို့ကောင်းပြီး စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေထွက်လာစေတယ်။အောက်ပါအခြေအနေတစ်ခုခုရှိနေရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ကိုယ်ရေ အာသာဖြေတာ (ဒါမှမဟုတ်)လိင်ဆက်ဆံတာကိုရှောင်ရှားသင့်ပါတယ်။–         သတ်မှတ်ချိန်ထက်ကလေးစောမွေးနိုင်တဲ့လက္ခဏာတွေရှိနေရင် (ဒါမှမဟုတ်) အရင်ကိုယ်ဝန်မှာ ကလေးစောမွေးဖူးရင်။–         အချင်းကပ်တဲ့ပြဿနာရှိနေရင်။–မိန်းမကိုယ်အားနည်းနေရင်။–         မိန်းမကိုယ်က သွေးဆင်းနေရင်။–         သားအိမ်ကအရမ်းညှစ်နေရင်။စတဲ့အခြေအနေတွေရှိနေရင်တော့ မိခင်နဲ့ကလေးကို အနည်းနဲ့အများထိခိုက်နိုင်တဲ့အတွက် ရှောင်ရှားသင့်ပါ တယ်။ လိင်ဆန္ဒအထွတ်အထိပ်ရောက်ပြီး ပြီးမြောက်သွားခြင်းက သားအိမ်ကြွက်သားတွေကိုညှစ်စေပါတယ်။ ဒါက ကလေးထွက်လာအောင်အားပေးတဲ့အခြေအနေဖြစ်တဲ့အတွက် ကလေးစောမွေးတာမျိုးဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ မိန်းမကိုယ်အဝကသာမန်အချိန်ထက် ပိုနူးညံ့နေနိုင်ပါတယ်။ ဒါ့ကြောင့် အာသာဖြေရင်းမတော်တဆထိခိုက်ပွန်းပဲ့တာတွေဖြစ်နိုင်တဲ့အတွက် လက်သည်းသေချာညှပ်ထားဖို့ လိုပါတယ်။ ပြီးရင်လက်ကိုလည်းဆပ်ပြာနဲ့သေချာသန့်စင်အောင်ဆေးကြောပါ။ ထိခိုက်မိပြီးပိုးဝင်သွားရင် မိခင်ရော ကလေးရောအတွက်အန္တရာယ်ရှိလို့ပါ။ တကယ်လို့ကိုယ်က sex toy တွေသုံးပြီးအာသာဖြေလေ့ရှိတဲ့သူဆိုရင် လည်း ဆက်လက်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ sex toy တွေလုံးဝသန့်ရှင်းနေဖို့တော့လိုအပ်ပါတယ်။တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တစ်ကိုယ်ရေ အာသာဖြေပြီးချိန်မှာ သားအိမ်အနည်းငယ်အောင့်တာ ကိုခံစားရတတ်ပါတယ်။ အထူးသဖြင့် မွေးဖို့နီးလာရင် ပိုဖြစ်တတ်ပါတယ်။ ဆန္ဒပြီးမြောက်သွားချိန်မှာ သားအိမ်ကြွက်သားတွေညှစ်တဲ့အတွက်ဒီလိုအောင့်တာခံစားရတာဖြစ်နိုင်ပါတယ်။ တကယ်လို့ သားအိမ်ညှစ်ပြီးအောင့်နေတာပြန်ပျောက်မသွားဘဲ ပိုနာကျင်လာတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့ လိုအပ်ပါပြီ။ များသောအားဖြင့်တော့ ဒီလိုအောင့်တာတွေက မိနစ်ပိုင်းလောက်ပဲကြာပြီးပြန်သက်သာသွား တတ်ပါတယ်။မိခင်အတော်များများက အာသာဖြေလိုက်လို့ကလေးကို ထိခိုက်သွားမှာစိုးရိမ်တတ်ကြပေမဲ့ ကိုယ်ဝန်မှာ ပြဿနာမရှိရင် ဒါကစိုးရိမ်စရာလုံးဝမလိုအပ်ပါဘူး။ တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောဝပါပဲ။ ကိုယ်ရဲ့လိင်စိတ်ကို အန္တရာယ်ကင်းကင်းဖြေလျှော့ပေးနိုင်တဲ့ နည်းတစ်ခုဆိုလည်းမမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအထွက်များလာတာကြောင့် တစ်ခါတစ်ရံလိင်စိတ်ပြင်းထန်နေတာမျိုးတွေခံစားရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူမသိသူမသိနဲ့ ကိုယ့်ဖာသာအာသာဖြေပြီး ဆန္ဒတွေလျော့ကျသွားအောင်လုပ်ဖို့စိတ်ကူးကောင်းစိတ်ကူးမိနိုင်ပါတယ်။ တကယ်လို့ကိုယ့်ကိုယ်ဝန်က ကျန်းမာတယ်၊ စိုးရိမ်စရာအခြေအနေလည်းမရှိဘူးဆိုရင် တစ်ကိုယ်ရေ အာသာဖြေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်လို့ ပြောလိုက်ပါရစေ။Dr. Htoo Tint။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/is-masturbation-dangerous-during-pregnancy/
ကလေးများနှင့် ကျောင်းမနေခင်အရွယ်ကလေးများအတွက် ဘေးကင်း စိတ်ချရသော ကစားစရာများရွေးချယ်ခြင်း
ကစားစရာအရုပ်များသည် ကစားရန်အတွက်သာမဟုတ်ပေ။ ၎င်းတို့သည် သင့်ကလေးအတွက် လောကကြီးကို ဆက်သွယ်ရန်၊ စူးစမ်းရန်အတွက် အသုံးဝင်သော စိတ်ဝင်စားဖွယ်ရာ ပစ္စည်းတစ်ခုလည်းဖြစ်သည်။ကစားစရာများသည် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့သော်တခါတရံတွင် ၎င်းတို့သည် ကလေးအတွက် အန္တရာယ်ရှိနိုင်ပါသည်။ထို့ကြောင့် မိဘတိုင်းသည် ကလေးအတွက် သင့်တော်သော ကစားစရာကို ရွေးချယ်ပေးနိုင်ရန် ကစားစရာများ၏ စိတ်ချရမှုကို သိထားသင့်ပါသည်။ကလေး၏ ဘေးကင်းရေးအတွက် မိဘများသည် ကလေး၏ အသက်နှင့် သင့်တော်သော ကစားစရာကို ရွေးချယ်ပေးသင့်ပါသည်။ ကစားစရာများပေါ်တွင် အသက်ညွှန်ကြားချက်မပါလျင် မဝယ်ပါနှင့်။အောက်ပါတို့သည် ကလေးများနှင့် ကျောင်းမတက်ခင်အရွယ်ကလေးများနှင့်သင့်တော်သော ကစားစရာများကိုဖော်ပြထားခြင်းဖြစ်သည်။တစ်နှစ်မှ သုံးနှစ်သား ကလေး။ဆေးခြယ်သည့် မှင်တံ၊ ပုံဆွဲသည့် ခဲတံ၊ ရွှံ့ဖြင့်ပြုလုပ်သော အရုပ်၊ သစ်သားတုံးများ။ရုပ်သေး၊ ကစားစရာဖုန်း၊ အရုပ်ဝတ်ပေးရသော အရုပ်မ၊ နှင့် အဆင်တန်ဆာများ။ရုပ်ပုံများ၊ အရောင်စုံဖော်ပြချက်များပါသောစာအုပ်။အရုပ်ဆက် ပဟေဠိကားချပ်၊ ဘောလုံးများ။အသက် သုံးနှစ်မှ ခြောက်နှစ် ကျောင်းမတက်ခင်အရွယ်ကလေး။ပိုမိုခက်ခဲသော အဆောက်အအုံများဆောက်ရန် အတုံးများ။ဆေးခြယ်ခြင်း၊ ဆေးခြယ်သည့် စုတ်တံ။ဆောက်လုပ်ရေးပစ္စည်းပုံစံထုပ်များ၊ မီးဖိုချောင်ကစားစရာများ။တေးဂီတသံထွက်သော တူရိယာများ၊ ကီးဘုတ်၊ ပတ္တလားစသည်။ကလေးများသည် သက်ဆိုင်ရာ အရွယ်အလိုက်ကစားစရာများအပြင် ပို၍ငယ်ရွယ်သော ကလေးများအတွက် ကစားစရာများကိုလည်း ကစားနိုင်သည်ကို သိထားရမည်။ကစားစရာ၏ ထုပ်ပိုးမှုတွင် ထုတ်လုပ်သည့် နေရာ၊ လုပ်ငန်း၊ နှင့် သက်တမ်းကုန်ဆုံးရက်ပါသင့်သည်။ ကစားစရာတွင်ပါသော ကြိုးသည် အရှည်ကြီးမဖြစ်သင့်ပေ။ ကစားစရာသည် အရမ်းလေးလံပြီး သင့်ကလေးပေါ်သို့ ပြုတ်ကျနိုင်သည့် ကစားစရာမျိုးမဖြစ်သင့်ပေ။အသင့်တော်ဆုံး ကစားစရာသည်။–မီးလောင်ခံနိုင်သော အဝတ်စဖြင့်လုပ်ထားသော ကစားစရာ။-လျော်ဖွတ်သန့်စင်နိုင်သော တိရိစ္ဆာန်ရုပ်များ။– ခဲ သို့မဟုတ် အဆိပ်ဖြစ်စေနိုင်သော အရာများ မပါသော ကစားစရာများ။-ချွန်ထက်သော အစွန်းများ မရှိသော ကစားစရာများ။-ကလေး၏ အသက်ရှူလမ်းကြောင်းတွင် မဆို့နိုင်စေရန် မကျိုး၊ မပျက်နိုင်သောကစားစရာများ။သင့်ကလေး မျိုမချနိုင်စေရန် ကစားစရာ၏ အရွယ်အစားသည် ၆ စင်တီမီတာ အနည်းဆုံးရှည်ပြီး၊ ၃စင်တီမီတာ အချင်းရှိရမည်။ လျှပ်စစ်နှင့် လုပ်သော ကစားစရာများသည် သက်ဆိုင်ရာ စိတ်ချရသော အဖွဲ့အစည်းမှ စစ်ဆေးစမ်းသပ်ပြီးကြောင်း ဖော်ပြချက်ပါရမည်။အားဖြည့်ဓါတ်ခဲများဖြင့် ပြုလုပ်ထားလျှင် ကလေးကို ဓါတုအဆိပ်မသင့်စေရန် ဓါတ်ခဲနေရာကို သေချာစွာ ပိတ်ထားသင့်သည်။ အသံထွက်သော တူရိယာများသည် ကလေးအတွက် ခံနိုင်သော အသံ အနေအထားသာဖြစ်ရမည်။ အသံသည် အရမ်းကျယ်နေလျှင် ကလေး၏ အကြားအာရုံကို ထိခိုက်စေနိုင်သည်။ပတ်ဝန်းကျင်သက်ရောက်မှုများကြောင့် ကစားစရာ၏ ဘေးကင်းစိတ်ချရမှုသည် အချိန်ကြာလျင် လျော့နည်းလာနိုင်သည်။ ထို့ကြောင့် မိဘများသည် ကစားစရာများ၏ ဘေးကင်းစိတ်ချရမှုကို အချိန်ကျ စစ်ဆေးသင့်သည်။ကလေးများသည် သူတို့၏ ဗဟုသုတကို တိုးပွားစေပြီး၊ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေသော၊ တီထွင်ဉာဏ်ကို တိုးတက်စေသော ကစားစရာများကို ဆော့ကစားသင့်သည်။ဥပမာအားဖြင့် သစ်သားပုံစံတုံးများနှင့် ကစားစရာ ပုံစံခဲများသည် ကလေး၏ တီထွင်စိတ်ကူးဉာဏ်အတိုင်း ဖန်ုတီးပုံဖော်ခွင့် ပေးသည့် ကစားနည်းများဖြစ်သည်။ သင်ကြားရေး ရည်ရွယ်ချက်ဖြင့် အသုံးမပြုနိုင်သော ကစားစရာများကို ငွေကုန်ခံပြီး မဝယ်သင့်ပေ။ သင့်ကလေးသည် ရက်အနည်းငယ်ကြာလျှင် ကစားရခြင်းကို ငြီးငွေ့သွားမည်သာဖြစ်သည်။Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။Signature Page။Content Contributor (CC)။Name: Dr. Su Sandy။Signature:။Date: 25.8.2017။Line Editor (LE)။Name:။Signature:။Date:။Medical Contributor (MC)။Name:။Signature:။Date:။Managing Editor (ME)။Name:။Signature:။Date:။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%b1%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84/
နှလုံးရောဂါခံစားရနိုင်ခြေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့အရာတစ်ခု (သို့မဟုတ်) သွေးအမျိုးအစား
အခုလေ့လာမှုအပြင် အခြားလေ့လာမှုတွေ့ရှိချက်တွေကိုပါ သုံးသပ်မှုကနေ သိရှိလာရတဲ့ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်တွေကတော့။အေသွေး။သွေးတွင်းမှာ အကျိုးပြု ကိုလက်စထရော (LDL) နည်းပြီး အကျိုးမပြု ကိုလက်စထရော များတာကြောင့်သွေးတွင်းမှာ ကိုလက်စထရောများပြီးသွေးကြောေတွ ပိတ်ဆို့တာကြောင့်ပါ။အေဘီသွေး။ရောင်ရမ်းမှုကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုရောင်ရမ်းမှုကသွေးကြောတွေရဲ့ လုပ်ဆောင်မှုအပေါ်ထိခိုက်မှုဖြစ်ပြီးသွေးကြောတွေ ကောင်းကောင်းအလုပ်မလုပ်ဆောင်နိုင်မှုရဲ့ အကျိုးဆက်အနေနဲ့ နှလုံးရောဂါခံစားရနိုင်ခြေမြင့်ရတာပါ။ဘီသွေး။ကိုယ်တွင်းမှာ စိုးရိမ်ပူပန်မှုတွေမြင့်တက်စေတဲ့ ဓါတ်တွေ အခြားသွေးအမျိုးအစားတွေထက် ပိုများနေတတ်ပါတယ်။စိတ်ဖိစီးမှုများတတ်သူလေးတွေပေါ့။ ဒီစိတ်ဖိစီးမှုကပဲ ကျန်းမာရေးအပေါ်မှာ ထိခိုက်လာစေတာပါ။အိုသွေး။သွေးစီးဆင်းမှုကောင်းမွန်စေတဲ့ အားသာချက်ရှိသလို ကိုယ်တွင်း ဇီဝတွင်းဖြစ်ပျက်မှုဖြစ်စဉ်ကလည်း အခြားသွေးအမျိုးအစားတွေထက်ပိုမြင့်သူတွေပေါ့။ သွေးခဲတာမျိုးဖြစ်နိုင်ခြေနည်းပါတယ်။ အားနည်းချက်ကတော့ ထိခိုက်မှုတွေဖြစ်တဲ့အခါသွေးတိတ်ဖို့ အချိန်ကြာတတ်တာပါ။မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်ပေမယ့် နှလုံးရောဂါဖြစ်နိုင်ခြေကတော့နည်းပါတယ်။ဒါကြောင့်သွေးအမျိုးအစားအလိုက် ကျန်းမာရေးကို ဂရုစိုက်လို့ နှလုံးရောဂါကင်းပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ဖန်တီးလိုက်ပါနော်………………….။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9/
ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး
ဇီးသီးလေး ကြိုက်သူလေးတွေရှိလား။ ဒါဆိုရင်တော့ဇီးသီးစားသုံးပေးတာကခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို အသားအရေကိုပါ လှပစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဇီးသီးစားသုံးတာကြောင့် အသားအရေကို ဘယ်လိုအထောက်အကူပြုပေးနိုင်လဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ ဇီးသီးလေးကို စားသုံးပေးတာက။(၁)အသားအရေကို အစက်အပြောက်ကင်းစေနိုင်တယ်။မွမွလေး နဲ့ အရသာရှိတဲ့ ဇီးသီးလေး ကို စားသုံးပေးတာက အသားအရေကို ကြည်လင်စေပြီး အရေပြားပေါ်ကအမည်းစက်တွေနဲ့ တင်းတိပ်တွေကို သက်သာစေနိုင်သလို အသားအရောင်မညီတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စားတာအပြင် ဇီးသီးကို မျက်နှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ဘယ်လိုပေါင်းတင်ရမှာလဲ……။မှည့်နေတဲ့ အရွယ်တော်ဇီးသီး ၂ လုံး ၃ လုံးလောက်ကို ဇလုံတစ်ခုထဲမှာ ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ကိုမျက်နှာနဲ့ လည်ပင်းပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ်လောက် ထားပေးပါ။ ပြီးသွားရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးရင်ကို အဆင်ပြေပါတယ်။(၂) အရေပြားနဲ့ဆံသားကို နေရောင်ဒဏ်က ကာကွယ်ပေးတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကို နေရာင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆံသားတွေကိုလည်း နေရောင်ကြောင့် ပျက်စီးမှုမရှိအောင် အထိရောက်ဆုံး ကာကွယ်ပေးထားပါတယ်။ စားသုံးပေးလို့ရသလို အရေပြားနဲ့ ဆံသားမှာ တိုက်ရိုက်ပေါင်းတင်ပေးလို့လည်း ရပါတယ်။ဘယ်လိုလုပ်ရမှာလဲ……။ဇီးသီးကို ရေနွေးနွေးလေးနဲ့ပြုတ်ပြီး အစေ့ကိုဖယ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာ၊လည်ပင်းနဲ့ ဆံသားတွေမှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးနဲ့ဆေးချလိုက်ပါ။(၃) အသားအရေကို ကြည်လင်စေနိုင်တယ်။ဗီတာမင် Cနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေနိုင်သလို အရေပြားပေါ်ကအမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေနိုင်ပြီး သွေးစီးဆင်းမှုကို ကောင်းစေနိုင်ပါတယ်။ဘယ်လိုလုပ်ရမှာလဲ……။ဇီးသီးကိုကြိတ်ခြေပြီးပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ရောလိုက်ပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားလိုက်ပါ။ စက်ဝိုင်းပုံစံအတိုင်းနှိပ်နယ်ပေးပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။(၄) အရေးအကြောင်းတွေသက်သာစေနိုင်တယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှု၊ ဗီတာမင် E ပါဝင်မှု၊ ဘီတာကယ်လ်ရိုတင်းပါဝင်မှုတွေကအရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်သလို မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဆဲလ်တွေကို အပူဒဏ်၊ စိတ်ဖိစီးမှု နဲ့ အခြားအချက်တွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ပေပါတယ်။ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးပြီး အသားအရေကို ကျန်းမာနုပျိုစေနိုင်ပါတယ်။ဘယ်လိုလုပ်ရမှာလဲ……။မှည့်နေတဲ့ ဇီးသီးကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကိုrose waterဒါမှမဟုတ် သခွားရည်တို့နဲ့ ရောလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရင် အဆင်ပြေပါတယ်။(၅)ဝက်ခြံသက်သာစေနိုင်တယ်။ဗီတာမင် C နဲ့ ဗီတာမင်  A ပါဝင်တာကြောင့် အဆီပြန်တာကို သက်သာစေနိုင်ပြီ အဆီဖု၊ ဝက်ခြံ၊ ဆားဝက်ခြံတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းစေနိုင်ပြီးအသားအရေမွဲခြောက်မှုကင်းစေနိုင်ပါတယ်။ အရေပြားပျက်စီးမှု မရှိအောင် ကာကွယ်ပေးသလို ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဓာတ်မတည့်မှုတွေကို သက်သာစေပြီး အသားအရေကို နူညံ့စေနိုင်သလို အရေပြားက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ဘယ်လိုလုပ်ရမှာလဲ……။ကြိတ်ခြေထားတဲ့ ဇီးသီးအနှစ် တစ်ခွက်စာကို သခွားရည်နဲ့ရောစပ်ပြီး ရလာတဲ့အနှစ်ကို မနက်ခင်းတိုင်း မျက်နှာပေါ်မှာ လိမ်းပေးရုံပါ။ ၁၀ မိန်စလောက်ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။(၆)ဆံသားကျန်းမာစေနိုင်တယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက အပူဒဏ်၊ ချွေး နဲ့ ဖုန်မှုန့်တွေကြောင့် ဆံသားခြောက်သွေ့ ပျက်စိးတာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် A ပါဝင်နေမှုက ဆံသားကို အရင်းကနေ အဖျားထိအားဖြည့်ပေးပြီးဆံပင်ကျွတ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဗောက်ထတာ၊ ဆံသားကျိုးပျက်တာ၊ ဆံသားမွဲခြောက်ခြောက်ဖြစ်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ဘယ်လိုလုပ်ရမှာလဲ……။မှည့်နေတဲ့ ဇီးသီးတစ်လုံးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် ဒိန်ချဉ်၊ သံပရိုရည်တို့နဲ့ ဆတူရောပြီး အနှစ်ဖြစ်အောင် မွှေပါ။ ရလာတဲ့ အနှစ်ကို ဆံသားမှာလိမ်းပေးပြီး တစ်ပတ်ကို ၂ ကြိမ် ပေါင်းတင်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ခေါင်းကို ပုံမှန်လျှော်နေကျအတိုင်း လျှော်ချလိုက်ပါ။(၇) မျက်လုံးအောက်မှာမျက်အိတ်ဖောင်းတာတွေကို သက်သာစေနိုင်ပါတယ်။ဇီးသီးက မျက်လုံးအောင်မှာ ရှိတဲ့ နူးညံ့တဲ့ အသားအရေကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ မျက်ကွင်းညိုသူတွေအတွက်လည်း အဆင်ပြေပါတယ်။ဘယ်လိုလုပ်ရမှာလဲ……။ဇီးသီးကို ခပ်ပါးပါးလေးလှီးပါ။ ရလာတဲ့ အလွှာလေးတွေကို မျက်လုံးအောက်မှာ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်ကပ်ပေးပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/health-benefits-of-plums/
သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး
ဒီကာလပြီးဆုံးတဲ့အခါနှလုံးသွေးကြောရောဂါအန္တရာယ် ရှိနေတဲ့ ပါဝင်သူတွေ အားလုံးကို ဆေးစစ်လေ့လာတဲ့အခါ အုပ်စု သုံးခုလုံးက သူတွေမှာ နှလုံးကျန်းမာရေးက အတိုင်းအတာ တစ်ခု အထိ အရင်ထက် ပိုကောင်းလာတာ တွေ့ရပါတယ်။ပြည့်ဝဆီကို ရှောင်ပြီး သစ်ကြားသီးက ဖြစ်စေ၊ဟင်းသီးဟင်းရွက်ဆီတွေက ဖြစ်စေ မပြည့်ဝဆီနဲ့ အစားထိုးတာက နှလုံးသွေးကြော နဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ဒါပေမယ့် သစ်ကြားသီးချည်းပဲ စားသုံးခဲ့တဲ့ အုပ်စုကတော့ တခြားအုပ်စုတွေထက် ပိုပြီး သွေးဖိအားကျတာ တွေ့ရပါတယ်။“သစ်ကြားသီးစားတဲ့သူတွေက သစ်ကြားသီးမှာပါတဲ့အလားတူ fatty acids တွေစားခဲ့ကြတဲ့သူတွေထက် အကျိုးကျေးဇူးပိုများနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် သူ့မှာပါတဲ့ အကျိုးပြုအဆီဓါတ်ဆိုတာထက်ပိုတဲ့ ဇီဝဒြပ်ပေါင်းတွေကြောင့် သစ်ကြားသီးစားတာက အကျိုးပိုများနေတာဖြစ်နိုင်တယ်။ ဥပမာ အမျှင်ဓါတ်လိုမျိုးပေါ့။ ဒါ့ကြောင့် fatty acids တွေဖြည့်ဆည်းရုံနဲ့ မတူညီနိုင်တာ” လို့ ဦးဆောင်သုတေသီProf. Penny Kris-Etherton ကပြောပါတယ်။Pennsylvania State University သုတေသီတွေရဲ့ ဒီလေ့လာမှုကိုJournal of the American Heart Associationဂျာနယ်မှာဖော်ပြခဲ့ပါတယ်။သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ခေါ်တဲ့ အပင်ထွက်omega-3 ပါဝင်လို့ သွေးဖိအားအပေါ်အကျိုးပြုသက်ရောက်မှုရှိစေတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။ဒါပေမယ့် သစ်ကြားသီးရဲ့ ALA က နှလုံးကျန်းမာရေးကို ပိုကောင်းစေတာလား၊ ဒါမှမဟုတ် polyphenols လိုသစ်ကြားသီးရဲ့တခြား ပါဝင်ပစ္စည်းတွေကပဲ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့သူတွေမှာ သွေးတိုးကို ထိန်းပေးနိုင်တာလား ဆိုတာ သုတေသီတွေက လေ့လာအဖြေထုတ်ဖို့ ဆက်လက် လေ့လာနေကြတာဖြစ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/walnuts-lowers-high-blood-pressure-risk/
ရာသီစောစောလာစေမယ့် နည်းလမ်း (၇) ခု
တစ်ခုတော့ရှိတာပေါ့။ ရာသီစောစောလာစေမယ့် နည်းလမ်း တွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်မှာပါ။ ရာသီဆိုတာက ဟော်မုန်းအပြောင်းအလဲဖြစ်ရင် တစ်လတလေ မလာတာလည်း ဖြစ်နိုင်လို့ တအားကြီး မစိုးရိမ်လည်း ရပါတယ်။ အတင်းကြီး မဖြစ်မနေ လာအောင် လုပ်စရာ မလိုပါဘူး။ အရင်ဆုံး ရာသီလာအောင် ကူညီပေးမယ့် အစားအသောက်လေးတွေ ပြောပြပေးပါမယ်။ရာသီစောစောလာစေမယ့် နည်းလမ်း တွေကတော့။(၁) နာနတ်သီး။နာနတ်သီးမှာ အက်စထရိုဂျင်နဲ့ တခြားဟော်မုန်းတွေကို သက်ရောက်မှုရှိနိုင်တဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်တဲ့ bromelain ကြွယ်ဝပါတယ်။လေ့လာချက်တွေအရ Bromelain က ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေတယ်။ ရာသီမမှန်ဖြစ်စေတဲ့ အကြောင်းရင်း တချို့ကို နာနတ်သီးက ကူညီကုစားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီစောလာချင်တဲ့ သူတွေရော၊ ရာသီမမှန်တဲ့ သူတွေပါ နာနတ်သီး စားပေးလို့ ရပါတယ်။(၂) ဗီတာမင် စီ (Vitamin C)။ဗီတာမင် စီ ပါတဲ့ အစားအသောက်တွေ အများကြီးစားရင် ရာသီလာစေနိုင်တယ်လို့ အတော်များများက ယုံကြည်ထားကြပါတယ်။ ဒါဟာ ဗီတာမင် စီ က အက်စထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ပမာဏ အပေါ် သက်ရောက်မှု ရှိနိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီဟော်မုန်းနှစ်မျိုးလုံးက ဘယ်အချိန်မှာ ရာသီလာမလဲ ဆိုတာနဲ့ သက်ဆိုင်နေတာပါ။ဆေးပညာအထောက်အထား အတိအကျ မရှိပေမယ့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် စီကို သင့်တင့်စွာ စားသုံးတာက အန္တရာယ် မရှိပါဘူး။ ဗီတာမင် စီ ကြွယ်ဝတာတွေက –။ချင်း ကတော့ မိန်းကလေးတွေရဲ့ ရာသီစက်ဝန်းနဲ့ ပတ်သက်ရင် ဟိုအရင်တည်းက သုံးကြတဲ့ ဆေးဖက်ဝင်ပစ္စည်းပါပဲ။ရာသီလာချိန် ကိုက်ခဲမှုလျော့ပါးစေဖို့၊သွေးသားသန့်စင်စေဖို့ ဆိုပြီး ရာသီလာချိန်မှာ ချင်းရေနွေးကြမ်း သောက်လေ့ရှိကြပါတယ်။အလွှာပြားလေးတွေ လှီးထားတဲ့ ချင်းကို ရေနွေးဆူဆူမှာ ခတ်ပြီး ၅ မိနစ်လောက် တည်ပါ။ အရည်ကို ယူပြီး ပျားရည် သို့မဟုတ် သကြားလေး ထည့်သောက်ပါ။(၄) တရုတ်နံနံ။တရုတ်နံနံမှာ ဗီတာမင် စီ ပါဝင်မှု ပမာဏ မြင့်မားသလို သားအိမ် ကျုံ့ဆန့်နိုင်အားကို ကောင်းစေတဲ့ apiol ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါ့ကြောင့် တရုတ်နံနံခတ်ထားတဲ့ ဟင်းချို သို့မဟုတ် ရေနွေးကြမ်းကို သောက်ပေးသင့်ပါတယ်။ရေနွေးပူ တစ်ခွက်ထဲ တရုတ်နံနံခတ်၊ ၅ မိနစ်လောက်နှပ်ထားပြီး သောက်ပါ။ ဒါပေမယ့် apiol က ကိုယ်ဝန်ဆောင်တွေအတွက် မသင့်တော်တာကြောင့် ကိုယ်ရာသီမလာတာ ကိုယ်ဝန်ကြောင့်လို့ ယူဆရင် မသောက်သင့်ပါဘူး။(၅) ကိုယ်လက်လေ့ကျင့်ခန်း။လေ့ကျင့်ခန်းဆိုတိုင်း အကြမ်းကြီးတွေ မလုပ်ပါနဲ့။ တချို့တွေမှာ အားစိုက်ရတဲ့ လေ့ကျင့်ခန်း အကြမ်းတွေ လုပ်တာကြောင့်ရာသီမမှန်ဖြစ်တတ်ကြလို့ပါ။ ဒါ့ကြောင့် ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှု၊ အားကစားလေးလုပ်ပေးတာက ဟော်မုန်းတွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပြီး ရာသီစက်ဝန်းကို မှန်စေနိုင်ပါတယ်။(၆) ရေနွေးနဲ့ရေချိုး။ရေနွေးနဲ့ရေချိုးတာက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ထဲက ဖိစီးမှုတွေကို သက်သာလျော့ပါးစေပါတယ်။ အနွေးဓာတ် ပေးတာကပြေလျော့စေရုံတင် မကပါဘူး။ သွေးလည်ပတ်မှုကို ကောင်းစေပြီး ရာသီစက်ဝန်းကို မြန်လာအောင် ညင်သာစွာနဲ့ ကူညီပေးပါတယ်။ ဗိုက်အောက်ပိုင်းနားကိုရေနွေးပုလင်းလေး ကပ်ပေးတာ၊ ရေနွေးအိတ် ကပ်တာလည်း ရပါတယ်။(၇) စိတ်ဖိစီးမှုကိုလျှော့။စိတ်ဖိစီးမှု ပြင်းထန်နေရင် ရာသီမမှန် ဖြစ်တတ်တယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။ စိတ်ဖိစီး၊ လူပင်ပန်းနေရတဲ့ ကာလတွေမှာ ရာသီလာနောက်ကျတာ၊ ထိမ်တာတွေ ဖြစ်တတ်တယ်ဆိုရင် စိတ်ကိုဖြေလျှော့တာ အကောင်းဆုံး နည်းပါပဲ။ ယောဂကစားတာ၊ စာဖတ်တာ၊ တရားထိုင်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာလိုမျိုး စိတ်ပေါ့ပါးစေမယ့် အလုပ်တွေ လုပ်ကြည့်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/how-to-get-your-period-faster/
Knee Swelling (ဒူးရောင်ခြင်း)
ဒူးနာခြင်းဆိုတာက ဒူးရဲ့အရှေ့ဘက် ဒူးခေါင်းအောက် သို့မဟုတ် ဒူးဆစ်အတွင်းထဲက နာတာကို ခေါ်ခြင်းဖြစ်တယ်။ ူးနာတာက ဒူး၊ ဒူးခေါင်း၊ ဒူးဆစ်၊ ဒူးရွတ် စတဲ့ ဒူးရဲ့ နေရာအစုံက ဘယ်အရိုးတွေက မဆိုဖြစ်နိင်ပါတယ်။ဒူးနာတယ်ဆိုတာ မရေရာတဲ့ ရောဂါအဖြေတစ်ခုဖြစ်ပါတယ်။ တချို့တွေက သိပ်မဆိုးလှတဲ့ လက္ခဏာတွေ ပြတတ်သလို တချို့တွေမှာတော့ ဒူးနာတာ တော်တော် ဆိုးနိုင်ပါတယ်။ နာတဲ့ နေရာက ရောဂါရဲ့ ဖြစ်ပွားမှု အကြောင်းအရင်းဖြစ်နိုင်တာကြောင့် အရေးကြီးပါတယ်။ဒူးနာတာက အလွန်အဖြစ်များပြီး ဒူးနာတာကို ဖြစ်စေတဲ့ အကြောင်းကို သိပြီး ဖယ်ထုတ်လိုက်နိုင်လျှင် သူ့ဖာသာ ပျောက်သွားနိုင်ပါတယ်။ ဒူးနာခြင်းက အသက်ကြီးသူတွေမှာ ပြိုဖစ်နိုင်သော်လည်း အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နာတဲ့ နေရာက ဖြစ်တဲ့နေရာကို ပြနိုင်တာ ကြောင့် အရေးကြီးပါတယ်။ ကိုက်ခဲခြင်း၊ ရောင်ခြင်း နှင့် တခါတရံ တစစ်စစ် ဖြစ်နေတဲ့ ခံစားချက်တွေကတော့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။ တခါတရံ ဒူးမြတ်သွားတတ်ပါတယ်။ အဲ့ဒါက အဆစ်ကြားထဲက အရွတ်လေးပြဲသွားပြီး ညပ်သွားတာကြောင့် ဒူးက မကွေးနိုင် မဆန့်နိုင်တော့ပဲ ရပ်သွားတာဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• သင့်ဖာသာ ကုနေပြီး ရောဂါလက္ခဏာတွေက မသက်သာလျှင်။• ကာယလေ့ကျင့်ခန်း သို့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ လုပ်နေပြီး ပိုဆိုးလာလျှင်။• ဆေးဝါးတွေရဲ့ ဘက်ထွက်ဆိုးကျိုးတွေ ခံစားရလျှင်။• သင့်ဒူးက ပုံပျက်လာလျှင်။• သင့်မှာ အဖျားတက်လာပြီး နီလာလျှင်၊ ဒူးတစ်ဝိုက်မှာ ပူလာပြီး ရောင်လာလျှင်။• ဖြစ်တဲ့ ဒူးရဲ့ တကောက်ကွေးမှာ နာကျင်ခြင်း၊ ရောင်ခြင်း၊ထုံခြင်း နှင့် တစစ်စစ်ဖြစ်နေလျှင်။• ဒူးမြတ်သွားလျှင် သို့ နာကျင်စွာ အသံမြည်နေလျှင် (မနာပဲ မြည်တာ ဘာမှ မဖြစ်ပါ။)။ဖြစ်နိုင်တာတွေကတော့ ဒူးအရွတ်ပြဲခြင်း၊ လွဲခြင်း၊ အရိုးနုပြုတ်ထွက်ခြင်း၊ ဒူးခေါင်း သို့ ဒူးဆစ်တစ်ခုလုံး အဆစ်ရောင်ခြင်းတို့ဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့။• လွဲခြင်း နှင့် ဆွဲခြင်း။• ဒူးရှေ့ဘက်ခြမ်းနာခြင်း(ဒူးခေါင်းတစ်ဝိုက်နာခြင်း)။• Menisci သို့ အရိုးနု ထိခိုက်ခြင်း။• အရိုးအဆစ်ရောင်ရောဂါ။• အရွတ်ရောင်ရောဂါ။• ဒူးညိုမဲရောင်ရောဂါ (အိမ်အကူဒူးခေါင်းရောဂါ)။• အဆစ်အတွင်း သွေးထွက်ခြင်း။• Osgood-Schlatter’s Disease။• ဂေါက်ရောဂါ။• ပိုးဝင် အဆစ်ရောင်ရောဂါ(ဒူးဆစ်တွင်း ပိုးဝင်ခြင်း)။knee pain( ဒူးနာခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• ကိုယ်အလေးချိန်များခြင်း။• ဇီဝယန္တရားပြသနာများ။• ကြွက်သားကျုံ့နိုင်ဆန့်နိင်စွမ်း မရှိခြင်း။• တချို့သော အားကစားနည်းများ။• ထိခိုက်မှု ရှိဖူးခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ကျန်းမာရေးရာဇဝင်မေးခြင်း နှင့် လက်တွေ့စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီး ရောဂါကို အဖြေရှာ အတည်ပြုနိုင်ပါတယ်။ ဒူးခေါင်းအား ဓါတ်မှန်ရိုက်ခြင်း နှင့် တခါတရံ သွေးစစ်ခြင်းတို့လဲ လုပ်နိုင်ပါတယ်။ ဒူးခေါင်းအတွင်း အရည်ရှိနေလျှင် ဆရာဝန်က ဒူးခေါင်းအား အပ်နဲ့ ဖောက်ပြီး အရည်ကို စုပ်ထုတ်ပါလိမ့်မယ်။ ပြီးနောက် ၎င်းအရည်ကို ဓါတ်ခွဲခန်းပို့ စစ်ဆေးပါတယ်။ပထမ အရေးကြီးဆုံးကတော့ ဖြစ်စေတဲ့ အရာကို တွေ့အောင်ရှာရပါမယ် အထူးသဖြင့် လှုပ်ရှားမှု တစ်ခုခု ဥပမာ လမ်းလျှောက်မြန်ခြင်း သို့ လက်တလော အနှေးလမ်းလျှောက်လေ့ကျင့်ခန်း စထားလျှင် စသဖြင့် သိအောင် အရင်လုပ်ရပါမယ်။ ဘေးတိုက်လှုပ်ရှားမှုတွေ ပါဝင်တဲ့ အားကစားနည်းကို ကစားတဲ့ လူတော်တော်များများမှာ ဒူးနဲ့ ပတ်သတ်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။၎င်းလှုပ်ရှားမှုတွေကို ရပ်ပြီး ၂ ပတ်မှ ၆ ပတ်အတွင်း လက္ခဏာတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်ပါတယ်။ တရားဝင် ဝယ်လို့ရတဲ့ steroid မပါတဲ့ အရောင်ကျဆေးတွေ ဖြစ်တဲ့ ibuprofen သို့ naproxen တို့ကလည်း ရောင်ခြင်းနှင့် ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။ ဒီဆေးတွေက အစာအိမ်ကို ဒုက္ခပေးနိုင်တာမို့ အစာနှင့် တွဲသောက်သင့်ပါတယ်။ အနာရှိသူတွေ သို့ သွေးထွက်နာရှိသူတွေကတော့ ဒီဆေးတွေ မသောက်ခင် ဆရာဝန်နဲ့ ဦးဆုံးတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။ဒူးခေါင်းနာတာကတော့ ကာယပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်တွေနဲ့ quadriceps muscle ( ပေါင်ရှေ့ကြွက်သား) နှင့် ပေါင်နောက်ကြွက်သား နှင့် ခြေသလုံးကြွက်သား တို့ကို သန်မာစေပါတယ်။ အရွတ်လွဲခြင်းကတော့ အချိန်ယူပြီး အနားယူလိုက်လျှင် ပြန်ကောင်းနိုင်ပါတယ်။ ဒူးတစ်ဝိုက် အရွတ်စုတ်ပြဲခြင်းကတော့ တခါတရံ ဒူးခေါင်းကို အသေထားခြင်း သို့ ပြင်းထန်တဲ့ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုအပ်နိုင်ပါတယ်။ ဒူးနာခြင်းက အချိန်ကြာလာပြီး သို့ ပိုဆိုးလာတယ်ဆိုလျှင် ခွဲစိပ်ဆရာဝန်က သင့်ကို ခွဲစိပ်ဖို့ (arthroscopy) လုပ်ဖို့ပြောပါလိမ့်မယ်။ရောဂါလက္ခဏာတွေ သက်သာသွားပြီးနောက်မှာတော့ လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း ပြန်စလာနိုင်ပါတယ် ဥပမာ လမ်းလျှောက်တာ သို့ စက်ဘီးနင်းတာတို့ လုပ်လို့ရပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် knee pain( ဒူးနာခြင်း) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းဆေးသောက်ပါ။• နာကျင်မှုကိုဖြစ်စေတဲ့ လှုပ်ရှားမှုတွေကို ရပ်ပါ။• လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း ပြန်စပါ။ နာစေတဲ့ လှုပ်ရှားမှုကိုတော့ အလွန်ဂရုစိုက်ပြီးမှ ပြန်စပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/knee-swelling-%e1%80%92%e1%80%b0%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
သွားထိန်းကိရိယာ (Braces) တပ်ပေးခြင်းရဲ့ ကောင်းကျိုးတွေ
သွားထိန်းကိရိယာကို လူတော်တော်များများ တပ်ရမှာ ကြောက်ကြပါတယ်။ သွားဖုံးတွေကိုများ ပွန်းသွားမလား။ နေရထိုင်ရခက်စေမလား။သွားတိုက်ဖို့၊ ခံတွင်းသန့်ရှင်းရေးလုပ်ဖို့ လွယ်ကူပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ်လေးတွေ ကိန်းအောင်းသွားတဲ့အခါ သွားထိန်းကိရိယာ တပ်ဖို့ မဝံ့ရဲတော့ပါဘူး။အဓိက ကတော့ ငယ်သွားလဲပြီး ကြီးသွားပေါက်တဲ့အခါသွားမညီတာ၊ သွားတွေ ထပ်နေတာ၊ ကြဲနေတဲ့သူတွေအတွက် သွားကို ညီသွားအောင် ထိန်းညှိပေးတဲ့ သံကြိုးကဲ့သို့ ကိရိယာ ဖြစ်ပါတယ်။ ကိုယ့်သွားရဲ့ အခြေအနေပေါ်မူတည်ပြီး လပိုင်းလောက်ပဲ တပ်ဖို့ လိုတဲ့သူတွေ ရှိသလို နှစ်နဲ့ချီအောင် တပ်ရတဲ့ သူတွေလည်း ရှိပါတယ်။ အစပိုင်းမှာတော့ ပါးစပ်ထဲ နေရထိုင်ရခက်သလို ခံစားရနိုင်ပေမယ့် နောက်ပိုင်း အသားကျသွားရင် အဆင်ပြေသွားမှာပါ။သွားကို ညီညာဖြောင့်တန်းသွားစေဖို့ သက်သက် အသုံးပြုကြတယ်လို့ ထင်ထားပေမယ့် တကယ်တော့ သွားထိန်းကိရိယာမှာ လူတော်တော်များများ မသိသေးတာကတော့ခံတွင်းကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ကိုယ့်သွားနဲ့ သွားဖုံးကို သေချာဂရုစိုက်ပြီး မသန့်ရှင်းပေးနိုင်ရင်သွားဖုံးရောဂါတွေ ဖြစ်လာဖို့ဆိုတာ အနှေးနဲ့ အမြန်ပါပဲ။ သွားထိန်းကိရိယာ တပ်လိုက်တဲ့အခါ သွားတွေကို ညီညာဖြောင့်တန်းသွားစေလို့ သွားတိုက်တဲ့အခါ၊ သွားပွတ်ကြိုး အသုံးပြုရတာ ပိုပြီး လွယ်ကူသွားပါတယ်။ ဒီတော့ ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကိုလည်း မဖြစ်လာအောင် ကာကွယ်ပေးနိုင်တာပေါ့။သွားမညီတဲ့အခါ စားလိုက်တဲ့ အစားအစာတွေက သွားကြားထဲ ပိုပြီး ညှပ်တတ်ပါတယ်။ စားကြွင်းစားကျန်တွေကို မဖယ်ရှားတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာမယ်။ တဖြည်းဖြည်းသွားပိုးစားလာပြီး နောက်ပိုင်းမှာ လုံး၀ ဆွေးမြေ့ပျက်စီးသွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပြဿနာတွေ မဖြစ်စေဖို့ သွားထိန်းကိရိယာက ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။သွားဟာ ညီညာဖြောင့်တန်းမနေရင် စားလိုက်တဲ့ အစားအစာကို သေချာကြေညက်အောင် ဝါးစားရခက်စေပါတယ်။ အစာကို သေချာမဝါးနိုင်ဘဲ မြိုချလိုက်တဲ့အခါ အစာအိမ်ကလည်း အစာချေဖျက်ဖို့ အလုပ်ပိုလုပ်ရတော့တာပေါ့။ သွားထိန်းကိရိယာတပ်ပြီး သွားကို ညီနေအောင် ညှိပေးလိုက်တဲ့အခါ အစာလည်း ဝါးရလွယ်ကူသွားမယ်။အစာအိမ်လည်း ကောင်းကောင်း အစာချေဖျက်ပေးနိုင်တော့ အစာကြေလွယ်စေနိုင်ပါတယ်။အားကစားလုပ်နေရင်း၊ ဆော့ကစားနေရင်း ချော်လိမ့်ကျပြီး မာလွန်းတဲ့အရာတစ်ခုခုနဲ့ သွားကို မတော်တဆထိခိုက်တဲ့ ပြဿနာတွေဟာ အဖြစ်များပါတယ်။ သွားထိန်းကိရိယာဟာ သွားကို ညီညာဖြောင့်တန်းပေးရုံသက်သက်မဟုတ်ဘဲ ပြင်ပအရာဝတ္ထုတွေကြောင့် သွားကို ပြင်းပြင်းထန်ထန် ထိခိုက်မိတဲ့အခါ မကျိုးပဲ့သွားစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဘယ်သူမဆို ရယ်ပြုံးလိုက်တဲ့အခါတိုင်း ပုလဲသွယ်သွားလေးတွေ ညီညာဖြောင့်တန်းနေတာမျိုးပဲ လိုချင်ကြမှာပါ။ သွားထိန်းကိရိယာကို အချိန်အတိုင်းအတာတစ်ခုထိ တပ်ပေးပြီး သွားညီအောင် ညှိပေးလိုက်ရင် မြင်သူငေးရလောက်တဲ့ အပြုံးမျိုး ပိုင်ဆိုင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမှာ အသေအချာပါပဲ။သွားထိန်းကိရိယာ (Braces) တပ်ဖို့ စဉ်းစားထားတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ သွားဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်သင့်ပါတယ်။ ကိုယ့်သွားရဲ့ အခြေအနေ၊ သွားထိန်းကိရိယာ တပ်သင့်လား၊ ဘယ်လောက်ကြာအောင် တပ်ဖို့ လိုအပ်လဲဆိုတာကို သွားဆရာဝန်က သေချာပြောပြပေးမှာပါ။သွားထိန်းကိရိယာ တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နည်းစနစ်မှန်ကန်စွာ တိုက်ပေးရမယ်။ သွားပွတ်ကြိုးကို အသုံးပြုပြီး သွားကြားထဲမှာ ရှိနေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးရမယ်။ လျှာကိုလည်း ပလတ်စတစ်လျှာခြစ်တံနဲ့ တစ်နေ့ တစ်ကြိမ် ခြစ်ထုတ်ပေးမယ်။ သွားဆရာဝန်ဆီ တစ်နှစ်ကို အနည်းဆုံး ၂ကြိမ် ပြသပေးမယ်ဆိုရင် သွားနဲ့ ခံတွင်းပြဿနာတွေ ကင်းဝေးပြီး ဖြူစင်လှပတဲ့အပြုံးလေးေတွ ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/cosmetic-dentistry/benefits-of-dental-braces/
Trigger Finger (လက်ချောင်းတောင့်ခြင်း)ကဘာလဲ။
လက်ချောင်းတောင့်ခြင်းဆိုသည်မှာ လက်ချောင်းများ ပုံစံအနေအထားတစ်ခုတည်းအဖြစ် တောင့်နေခြင်းကိုဆိုလိုပါသည်။ ဤရောဂါသည် လက်ချောင်းများကိုဝန်းရံထားသည့် အရွတ်များထိခိုက်ခြင်းကြောင့်ဖြစ်သည်။အရွတ်ဆိုသည်မှာ ထူထဲသည့်အမျှင်တစ်ရှူးဖြစ်ပြီး ကြွက်သားများနှင့်တွဲလျက်တည်ရှိပါသည်။ အရွတ်ရောင်ခြင်းသည် အရွတ်များကို လွယ်လွယ်ကူကူမလှုပ်ရှားစေနိုင်သောကြောင့် လက်ချောင်းများသည် အနေအထားတစ်ခုတည်းတွင် ပုံသေဖြစ်သွားပါသည်။အရွယ်မရွေးဖြစ်နိုင်၏။ သို့သော် ရောဂါသည် အသက် ၄၅ နှစ်အထက်တွင်အဖြစ်များသည်။ အမျိုးသမီးများက အမျိုးသားများထက် ပိုအဖြစ်များ၏။ ၎င်းသည် သွားဆရာဝန်များ၊ စက်ချုပ်သမားများနှင့် လက်သမားများတွင် အတွေ့ရများသော ရောဂါဖြစ်သည်။လက်ချောင်းများသည် ခေါက်ချင် ဆန့်ချင်လျှင်သော်မှ မကြာခဏဆိုသလို တောင့်တင်းအံသေပြီး အနေအထားတစ်ခုတည်းသို့ ဖြစ်သွားနိုင်သည်။ တစ်ခါတစ်ရံ လက်ချောင်းပုံစံပြောင်းရန် တစ်ယောက်ယောက်အကူအညီလိုတတ်၏။ အရွတ်နေရာတွင် နာကျင်မှုဖြစ်ပေါ်ပြီး လှုပ်ရှားလိုက်လျှင် ပိုပြီးနာသည်။လူကြီးများတွင် လက်ချောင်းတောင့်ခြင်းအား လက်ခလယ်တွင်တွေ့ရများပြီး ကလေးများတွင်မူ လက်မတွင်တွေ့ရများ၏။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။အောက်ပါတို့မှတစ်ခုခုရှိလျှင် ဆရာဝန်နှင့်ဆက်သွယ်ပါ။• လက္ခဏာများကြာနေလျှင်။• ခွဲစိတ်ပြီးနောက် သို့မဟုတ် ခွဲသည့်နေရာမှ အရည်များထွက်ပြီး ဖျားနေလျှင်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။လက်ချောင်းတောင့်ခြင်းသည် လက်ချောင်းများ၏အရွတ်ဖုံးလွှာများ ရောင်ရမ်းပြီး အထိမခံနိုင်သည့်အခါတွင်ဖြစ်တတ်သည်။ အရွတ်သည် ကြွက်သားနှင့် အရိုးများကိုဆက်တွယ်ပေးသော အမျှင်တစ်ရှူးဖြစ်သည်။အရွတ်တစ်ခုစီအား အရွတ်ဖုံးအလွှာများနှင့်ဖုံးအုပ်ထား၏။ အထိမခံသောအရွတ်ဖုံးသည် အရွတ်၏လှုပ်ရှားမှုကို ထိခိုက် ဟန့်တားစေသည်။ ထို့အပြင် လက်ချောင်းနှင့် အရွတ်ကို လှုပ်ရှားဖို့ ကြိုးစားခြင်းသည် အရွတ်တွင် အမာရွတ်ဖြစ်ခြင်း (scarring)၊ ထူထဲလာကာ Fibrosis ဝင်ပြီး အရွတ်လှုပ်ရှားမှုများကို ပိုခက်ခဲစေပါလိမ့်မည်။ဒီရောဂါဖြစ်ပွားနိုင်ချေ ကိုမြင့်စေသည့်အကြောင်းများ မှာ အောက်ပါအတိုင်းဖြစ်သည်။•လက်ကိုပုံစံတစ်ခုတည်းထပ်တလဲလဲ လှုပ်ရှားခြင်း။ထပ်တလဲလဲ လက်လှုပ်ရပြီး အချိန်တန်ကြာကိုင်တွယ်ရသည့် အလုပ်အကိုင်နှင့် ဝါသနာများသည် ဖြစ်နိုင်ချေကိုမြင့်စေသည်။•တချို့ရောဂါများ –ဆီးချို၊ သွေးလေးဖက်နာအဆစ်ရောင်ခြင်း။•လိင် –အမျိုးသမီးများတွင်ပိုဖြစ်၏။ရောဂါဖြစ်နိုင်ချေကိုမြင့်စေသည့်အချက်များမရှိရုံနှင့် ရောဂါမဖြစ်ဟုမဆိုလိုပါ။ ဒီလက္ခဏာများသည် ကိုးကားရန်အတွက်သာဖြစ်သည်။ ဒီထက်အသေးစိတ်သိလိုပါက အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်များသည် များသောအားဖြင့် ရောဂါရာဇဝင် နှင့် ခန္ဓါကိုယ်စမ်းသပ်ခြင်းမှ လက္ခဏာများပေါ်မူတည်၍ ရောဂါအမည်တပ်မည်ဖြစ်သည်။ သွေးစစ် ဆီးစစ်ရန်မလိုပါ။ စမ်းသပ်နေစဉ်တွင် ဆရာဝန်သည် လက်ဆုပ်ထားရန်၊ လက်ဖြန့်ရန် ပြောကာ လက်တစ်ဝိုက်နေရာများ၊ လှုပ်ရှားပုံနှင့် အဆစ်တောင့်ခြင်းရှိမရှိတို့ကို စစ်ဆေးပါလိမ့်မည်။ဆရာဝန်သည် သင်၏လက်ဖဝါးကိုထိပြီး အရွတ်လှုပ်ရှားမှုကို အနှောက်အယှက်ပေးမည့် အကျိတ်များရှိမရှိစမ်းသပ်ပါလိမ့်မည်။ အကျိတ်သည် လက်တောင့်ခြင်းနှင့်ဆက်စပ်ပါက လက်လှုပ်လျှင် သူပါလိုက်လှုပ်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကျိတ်သည် လက်ချောင်းအရွတ်များကို တွယ်ကပ်နေသောကြောင့်ဖြစ်သည်။တစ်ခါတစ်ရံ ဆရာဝန်သည် သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းတို့ကိုလုပ်ပြီး တခြားဖြစ်နိုင်သည့်ရောဂါများ ဂေါက်၊ ဆီးချို၊ အရိုးကျိုးခြင်း နှင့် သိုင်းရွိုက်ပုံမှန်မဟုတ်ခြင်း တို့ကို ရှာဖွေပါလိမ့်မည်။အကောင်းဆုံးကုသမှုသည် ရောင်ရမ်းခြင်းကိုလျော့ချပြီး အရွတ်ဖုံးအတွင်းမှာ အရွတ်ရွေ့လျားမှုကို ပုံမှန်ပြန်ဖြစ်စေရန်ဖြစ်သည်။ မပြင်းထန်သောရောဂါများတွင် လက္ခဏာများသည် ဖြစ်ပွားစေသည့်အကြောင်းရင်းကို ရှောင်လိုက်ရုံနှင့်တင် သက်သာ၏။လက်ချောင်းကိုကြပ်စည်းပြီး အနားပေးပါ။စတီးရွိုက် (cortisone) ဆေးများကို လက်ဖဝါးမှတစ်ဆင့် အရွတ်ထဲသို့ထိုးသွားရန် လိုကောင်းလိုနိုင်သည်။ ရောဂါပြန်ဖြစ်သည့်ဖြစ်ရပ်မျိုးဆိုလျှင် တစ်ခါထပ်ပိုပြီး ထိုးရနိုင်သည်။ ဆေးထိုးခြင်းသည် ၆၅ ရာခိုင်နှုန်းသော လူနာများတွင် လက္ခဏာများကိုသက်သာစေပါသည်။ဒီလက္ခဏာများသည် ၃-၅ ရက်အတွင်းပျောက်သွားပြီး လက်ချောင်း တောင့်ခြင်းသည် ၂-၃ ပတ် တွင်းပြန်ကောင်းသွားတတ်သည်။ ပြဿနာများဆက်ရှိနေလျှင် ဆရာဝန်သည် မေ့ဆေးပေးပြီးခွဲဖို့ အကြံပြုနိုင်သည်။ ခွဲစိတ်မှုသည် အရွတ်တစ်ဝိုက်ကိုဖွင့်ခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် မခွဲစိတ်ဘဲ အပ်ကိုသာသုံးပြီးဆောင်ရွက်နိုင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ချောင်းတောင့်ခြင်းကို ကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။• ဆရာဝန်၏ညွှန်ကြားမှုကိုလိုက်နာပါ။• လက်ချောင်းတောင့်ခြင်းသည် လက်ချောင်းတိုင်း၌ ဖြစ်စေနိုင်သည်ကို နားလည်ထားပါ။ လက်တစ်ချောင်း ထက်ပိုဖြစ်နေပါက ဆရာဝန်သည့် ကုသမှုမစတင်ခင် အခြားသောရောဂါများ ဥပမာ – ဆီးချို တို့ကိုအရင် စစ်ဆေးပါလိမ့်မည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/trigger-finger-%e1%80%9c%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
COVAXIN ထိုးတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။
လက်ရှိမြန်မာနိုင်ငံမှာ ထိုးလို့ရတဲ့ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ အိန္ဒိယနိုင်ငံထုတ်COVAXINလည်း ပါပါတယ်။ ဒီဆေးနဲ့ ပတ်သက်ပြိး မထိုးခင်မှာ အောက်ပါ အချက်တွေကို သိထားသင့်ပါတယ်။အရင်က COVAXIN ကို အိန္ဒိယနိုင်ငံပြင်ပမှာ တွင်တွင်ကျယ်ကျယ် မသုံးကြသေးတာက WHO ခွင့်ပြုချက် မရသေးလို့ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့မှာတော့ WHO ကနေအရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ချပေးခဲ့ပါတယ်။ ဒီလိုနဲ့ COVAXIN က ၈ခုမြောက် တရားဝင်အသုံးပြုခွင့်ရတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြစ်ခဲ့ပါပြီ။COVAXIN အိန္ဒိယနိုင်ငံ မိခင်ကုမ္ပဏီ  Bharat Biotechကနေ ထုတ်လုပ်ခဲ့ပါတယ်။ Indian Council of Medical Research (ICMR) – National Institute of Virology (NIV) နဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာပါ။ပိုးအသေပါတဲ့ ကာကွယ်ဆေး အမျိုးအစား ဖြစ်ပါတယ်။ ၄ပတ်ခြားပြီး ၂ကြိမ်ထိုးရမှာပါ။ Phase 3လေ့လာချက်တွေအရတော့ ဒုတိယအကြိမ်ထိုးပြီး ၁၄ရက်အကြာမှာ ရောဂါကာကွယ်နိုင်စွမ်းက ၇၈ ရာခိုင်နှုန်း ရှိပါတယ်။ နောက်ပိုင်းမှာ ပေါ်လာတဲ့ ဗီဇပြောင်းကိုဗစ်ဗိုင်းရပ်စ်တွေကိုလည်း ကာကွယ်နိုင်စွမ်း ရှိပါတယ်။ဒယ်တာဗီဇပြောင်းပိုးကို ၆၅.၂ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။WHOကတော့ ၁၈နှစ်နဲ့အထက်တွေကို ထိုးဖို့ အရေးပေါ် ခွင့်ပြုထားပါတယ်။ထိုးလို့မရတဲ့သူတွေကတော့။လက်ခံနိုင်လောက်တဲ့ အာနိသင်ရှိပြီး အန္တရာယ်နည်းတဲ့အတွက် WHOက အရေးပေါ်ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆေးထိုးပြီးတဲ့အချိန်မှာတော့ တခြားကာကွယ်ဆေးတွေလိုပဲ။ပြင်းထန်ဓာတ်မတည့်ဖြစ်တာကတော့ ရှားတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ကိုယ်ဝန်ဆောင်တွေအတွက် လုံလောက်တဲ့ စမ်းသပ်ချက်မရှိသေးပါဘူး။ ရှေ့ပိုင်းစမ်းသပ်ချက်တွေအရတော့ ကိုယ်ဝန်ဆောင်တွေအတွက် ရေတိုဆိုးကျိုးတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့် ထိုးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ထိုးခြင်း မထိုးခြင်းကတော့ လူနာကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။(နို့တိုက်မိခင်တွေလည်း အလားတူပဲ ဖြစ်ပါတယ်။)။HIV အပါအဝင် ခုခံအားကျတဲ့သူတွေ၊ ခုခံအားထိန်းဆေး သောက်နေရသူတွေ၊ ကိုယ်တွင်းအင်္ဂါအစားထိုးထားရတဲ့သူတွေအတွက်လည်း လုံလောက်တဲ့ စမ်းသပ်ချက်မရှိသေးပါဘူး။ ကာကွယ်ဆေးက ပိုးအသေဖြစ်တဲ့အတွက် လူကို အန္တရာယ်ဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။ ဒါပေမယ့် ခုခံအား ကျနေတဲ့အတွက် ကာကွယ်ဆေးကို တုံ့ပြန်နိုင်စွမ်း (ဆိုလိုတာက antibody လုံလုံလောက်လောက် ထွက်ပါ့မလား)ကို သေချာ မပြောနိုင်ပါဘူး။ ထိုးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။လက်ရှိအိန္ဒိယမှာတော့ ၂-၁၈နှစ်ကြားကလေးတွေကို ထိုးခွင့်ပြုထားပါတယ်။ (WHO ခွင့်ပြုတာက ၁၈နှစ်အထက်ပါ။)။လေ့လာချက်တွေအရတော့ ကလေးတွေမှာလည်း လူကြီးတွေလိုပဲ ခုခံအားတုံ့ပြန်မှု ရှိတာကို တွေ့ရပါတယ်။ ဒါ့ပြင် Phase 2/3 လေ့လာချက်တွေအရ ကာကွယ်ဆေးကြောင့် ပြင်းထန်တဲ့ အခြေအနေကြုံရတာ၊ ဆေးရုံတက်ရတာတွေ မရှိဘူးလို့ဆိုပါတယ်။ ဒါ့ပြင် လူအများစိုးရိမ်နေကြတဲ့Guillain-Barre Syndrome၊ ပြင်းထန်ဓာတ်မတည့်တာတွေ၊နှလုံးကြွက်သားရောင်တာ၊ နှလုံးအမြှေးပါးရောင်တာ၊ ကာကွယ်ဆေးကြောင့် သွေးဥမွှားတွေ နည်းသွားတာ မရှိဘူးလို့ ဆိုပါတယ်။ဒါကြောင့်လည်း အိန္ဒိယမှာ စထိုးပေးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ WHOနဲ့ ယူအက်စ်မှာ အရေးပေါ်အသုံးပြုခွင့်ရဖို့ လျှောက်ထားဆဲပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covaxin-need-to-know/
လိင်စိတ်နည်းပါးခြင်းပြဿနာ
လိင်စိတ်နည်းပါးခြင်းပြဿနာ အကြောင်း လေ့လာလိုက်ရအောင်နော်။လိင်စိတ်နည်းပါးခြင်းပြဿနာ ဆိုတာ လိင်စိတ် တက်ကြွခြင်းနှင့် လိင်စိတ် နည်းပါးခြင်း စသောလိင်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုများသည် ချွတ်ယွင်းချက်များကို ရှာဖွေဖော်ထုတ်သင့်သည့် ရောဂါများဖြစ်ပြီး အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ချေရှိသည်။လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှုစက်ဝန်း၏ မည်သည့်ပိုင်းတွင်မဆိုလိင်ပိုင်းဆိုင်ရာချို့ယွင်းချက်တစ်ခုခုကြောင့် ကာမသုခ အပြည့်အဝ မရရှိခြင်းကို ဆိုလိုပါသည်။လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှု စက်ဝန်းတွင် ကာမစိတ်၊ သာယာစိတ်၊ ပြီးမြောက်မှုနှင့် အပန်းဖြေချိန်ဟူ၍ အဆင့်လေးဆင့်ရှိသည်။အဆင့် ၁ စိတ်ဆန္ဒတွင်- ဇီဝဗေဒဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိတ်ဆန္ဒတို့ အသီးသီးပါဝင်သည်။အဆင့် ၂ သာယာမှုအဆင့်တွင်- စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံး လှုံ့ဆော်မှုဖြစ်ပေါ်လာသည်။ အမျိုးသားရောအမျိုးသမီးပါ ယခုအဆင့်တွင် ဇီဝကမ္မပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ယခုပြောင်းလဲမှုများက ပြီးမြောက်ခြင်းအဆင့်ကို ထောက်ကူပေးပါသည်။အဆင့် ၃ ပြီးမြောက်ခြင်းတွင်- နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းများ မြင့်တက်လာသည်။ ထိန်းချုပ်နိုင်သည့် ကြွက်သားနှင့် မထိန်းချုပ်နိုင်သည့် ကြွက်သားအဖွဲ့အစည်းတို့၏ ကျုံခြင်း ဆန့်ခြင်းများ ဖြစ်ပေါ်လာသည်။နောက်ဆုံးအဆင့်ဖြစ်သည့် စိတ်အပန်းဖြေချိန်သည် ပြီးမြောက်သာယာမှု ရှိ၊ မရှိပေါ်တွင် မူတည်ပါသည်။အကယ်၍ ပြီးမြောက်သာယာခြင်း မရခဲ့ပါက နာရီပေါင်းများစွာ သက်သောင့်သက်သာမရှိဘဲ ဖြစ်နေတတ်ပါသည်။အကယ်၍ ပြီးမြောက်သာယာမှု ရခဲ့လျှင်မူ သက်သောင့်သက်သာဖြင့် သာယာသော ခံစားမှုကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာအောင် ခံစားရနိုင်ပါတယ်။လိင်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြဿနာဖြစ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာအနေနဲ့ကတော့ မိမိလိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ အချစ်ရေး၊ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်းနှင့်၊ ကာမစပ်ယှက်မှုနှင့် ပတ်သက်ပြီး ယခင်က ရှိခဲ့တဲ့ စိတ်ဒဏ်ရာများကြောင့် စိတ်ဖိစီးပြီး စိုးရိမ်ပူပန်နေရနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာနဲ့ ဆေးဝါးတွေကြောင့်လည်း လိင်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ နှလုံး၊ သွေးကြောရောဂါများ၊ ဆီးချို၊ နာတာရှည်ရောဂါများဖြစ်သည့် အသည်း၊ အရက်စွဲခြင်းနှင့် မူးယစ်ဆေး သုံးစွဲခြင်းတို့ ပါဝင်ပါတယ်။ စိတ်ရောဂါဆေးတွေအပါအဝင် တချို့သောဆေးဝါးတွေကလည်း ဖြစ်စေပါတယ်။အမျိုးသားတွေ အတွက် အဓိက ပြဿနာကတော့ သုက်လွှတ်မှု မြန်လွန်းတာ၊ နှေးလွန်းတာ၊ ကာမစိတ် နည်းပါးလာတာနဲ့ ပန်းသေပန်းညှိုးတို့ ဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ ကာမစိတ် အတက်အကျက သူတို့သဘာဝတွေဖြစ်တဲ့ အိမ်ထောင်သက်ကြာမှု၊ မကြာမှုနှင့် ဘဝရဲ့ အဓိက အပြောင်းအလဲတွေ ဖြစ်တဲ့ သွေးဆုံးခြင်း၊ ဖျားနာခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်း စတာတွေပေါ်မှာ မူတည်ပါတယ်။တချို့ဆေးဝါးတွေဖြစ်တဲ့ စိတ်ရောဂါ ဆေးဝါးတွေကလည်း အမျိုးသမီးတွေရဲ့ ကာမစိတ်ကို လျှော့နည်းစေနိုင်ပါတယ်။အကယ်၍ သင့်မှာ လိင်စိတ် နည်းပါးနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တအားလည်း မစိုးရိမ်ပါနဲ့၊ သင် ဆေးပြောင်းသောက်လိုက်ရုံနဲ့ ပျောက်ကင်းသွားတာမျိုးအထိ ကုသမှုက ရိုးရှင်းနေနိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/low-sex-drive-in-women/
ယောကျာ်းလေးများနှင့် မိန်းကလေးများသည် လေ့လာမှုစွမ်းရည်များ ဘယ်လိုကွာခြားသလဲ
ယောက်ျားလေးများနှင့် မိန်းကလေးများ၏ ကွာခြားချက်ကို နားလည်ခြင်းဖြင့် မိဘများသည် ကလေးများကို ဘယ်အချိန်တွင် သက်တောင့်သက်သာနေခြင်းကို လျော့နည်းအောင် လုပ်သင့်သလဲ၊ ဘယ်အချိန်မှာသူတို့ မကျွမ်းကျင်သော စွမ်းရည်များ တိုးတက်လာအောင်ပြုလုပ်ပေးသင့်သလဲ စသဖြင့် လေ့လာနိုင်ပါသည်။ယင်းသည် မိဘများအနေဖြင့် ကလေးများ၏ ပင်ကိုယ်အပြုအမူများကို နားလည်စေလာခြင်း၊ ကလေးများ လေ့လာနေသည့် ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်းဖြင့် ပြသနာများကို ဖြေရှင်းနိုင်လာခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ယောက်ျာလေးများသည် မိန်းကလေးများနှင့် လေ့လာသင်ယူပုံချင်း မတူဟု လေ့လာမှုများက ဆိုပါသည်။ ဦးနှောက်သည် အဖြစ်အပျက်များကို ပြန်ပြောပြနိုင်စွမ်းရှိပါသည်။ ယေဘူယျအားဖြင့် မိန်းကလေးဦးနှောက်သည် မှတ်ဉာဏ်များကို စုစည်းခြင်း၊ အာရုံစူးစိုက်ခြင်း၊ တွေးခေါ်ခြင်း၊ ဘာသာစကားများကို လေ့လာခြင်း နည်းများဖြင့် စကားပြောခြင်းကို အဆင့်ဆင့်လုပ်ဆောင်ပေးသော ဦးနှောက်အပြင်လွှာ (Cerebral cortex ) ဖြင့် အများဆုံးဖွဲ့စည်းထားကြောင်း တွေ့ရပါသည်။ထို့ပြင် စကားပြောသော မှတ်ဉာဏ်များကို စုစည်းပေထားသည် Hippocampus ဟုခေါ်သည့် အစိတ်အပိုင်းသည် မိန်ကလေးများတွင် ပိုစောပြီး ဖွံ့ဖြိုးပြီး အမျိုးသမီးများတွင် အရွယ်အစားပိုကြီးနေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် မိန်းကလေးများသည် ယောကျာ်းလေးများထက် စကားပိုကြွယ်ခြင်း၊ စာအရေးအသားပိုမြန်ခြင်း စသည်တို့ဖြစ်ရခြင်းဖြစ်ပါသည်။ယောက်ျားလေးများ၏ ဦးနှောက်တွင် ဦးနှောက်အပြင်လွှာ (Cerebral cortex )သည် အကွာအဝေးများကို ခန့်မှန်းနိုင်ခြင်း၊ စက်မှုပိုင်းဆိုင်ရာများကျွမ်းကျင်ခြင်း ဘက်ကိုအားသာပါသည်။ ထိုကြောင့် ယောက်ျားလေးများသည် စကားလုံးများထက်စာလျှင် လှုပ်ရှားမှုများ၊ ပုံရိပ်များနှင့် ဆိုင်သောအရာများကို ပိုပြီး လေ့လာအားကောင်းကြပါသည်။ဓါတုဇီဝနည်းအားဖြင့် ပြောရလျှင် ယောကျာ်းလေးများသည် မိန်းကလေးများထက် Serotonin နှင့် Oxytocin ဟော်မုန် ပိုနည်းသောကြောင့်စိတ်ထိန်းချုပ်မှုအားနည်းပါသည်။ ထို့ကြောင့် ထစ်ခနဲဖြစ်လျှင် ရန်ဖြစ်ခြင်း၊ တုန့်ပြန်မှုမြန်ခြင်းတို့ ဖြစ်တတ်ပါသည်။အောက်ပါတို့သည် သင့်ကလေးကို လေ့လာသင်ယူမည့် ပတ်ဝန်းကျင်တစ်ခုကို တတ်နိုင်သမျှ အကောင်းဆုံး ဖန်တီးပေးနိုင်မည့် နည်းလမ်းကောင်းများ ဖြစ်ပါသည်။အိမ်တွင် ကူညီခြင်း။သင့်ကလေးကို ကျောင်းအိမ်စာများလုပ်ခြင်းကို ခဏနားပြီး ဘေးပတ်ဝန်းကျင်တွင် ဟိုဟိုဒီဒီများလုပ်ပေးရန် အားပေးပါ။· စာကျက်နေစဉ်လည်း လှုပ်လှုပ်ရှားရှားနေရန် ပြောပါ။ စာလုံးပေါင်းများပေါင်းနေချိန်တွင် ဘောလုံးကို ခြေဖြင့် ဆော့စေခြင်း၊ လှုပ်ရှားမှုကောင်းစေသော အားကစားများကို ဖန်တီးပေးခြင်းများ ပြုလုပ်ပေးပါ။· ကလေးကို အာရုံစူးစိုက်မှုအားကောင်းစေရန် တီထွင်မှုနည်းလမ်းများကို ရှာပေးပါ။· ကလေးအား အစုအဖွဲ့နှင့် နေတတ်အောင် အားပေးပါ။ကျောင်းတွင် ကူညီခြင်း။· ကျောင်းနှစ်စတွင် သင့်ကလေး၏ လေ့လာမှုပုံစံကို အတန်းပိုင်ဆရာမအားမေးပါ။ ယောကျာ်းလေးများသည် စာသင်ချိန်တွင် ဆူဆူညံညံများကို လုပ်လေ့ရှိကြောင်းဆရာမများက ဆိုတတ်ကြပါသည်။· အပြောင်းအလဲများ လိုအပ်ပါသည်။ ယောကျာ်းလေးများသည် ပုံပြင်စာအုပ်ပါအကြောင်းအရာများကို အစီအရင်ခံရာတွင် အခက်အခဲဖြစ်တတ်ကြပါသည်။ ထို့ကြောင့် သူတို့သည် မိန်းကလေးများနှင့် မတူဘဲ သူတို့၏ နားလည်မှုစွမ်းရည်ကို ကွန်ပျူတာရှိုးဖြင့် ပြခြင်း၊ ပို့စကတ်များဖြင့် ပြခြင်းတို့ကို ပြုလုပ်တတ်ကြပါသည်။အိမ်တွင် ကူညီခြင်း။· သူတို့ကို အရာဝတ္ထုများကို ကျွှမ်းကျင်စွာ ကိုင်တွယ်တတ်စေရန် အရုပ်များပေးခြင်း၊ လှုပ်ရှားမှုများလုပ်စေခြင်း(ဥပမာ- ပဟေဋိကစားနည်းများ၊ တိုက်အိမ်များဆောက်ခြင်း)တို့ ပြုလုပ်ပေးနိုင်ပါသည်။· စကားပြောပေးပါ။ မိန်းကလေးများသည် အိမ်စာများနှင့် နပန်းလုံးနေချိန်တွင် ကူညီပေးခြင်း၊ ပြသနာများကို ဆွေးနွေးခြင်းတို့မှ အကျိုးများစွာ ရရှိစေနိုင်ပါသည်။· နေ့စဉ်နှင့်အမျှကြုံတွေ့နေရသော အရာများထဲမှ သချာၤနှင့် သိပ္ပံ သဘောတရားများကို အသုံးချပေးပါ။ ဥပမာ- ပီဇာကို အစိတ်များပိုင်းရာတွင် မိဘများက တွက်ချက်ပြနိုင်ပါသည်။· လေ့ကျင့်ခန်းများပြုလုပ်ရန်အားပေးပါ။ သူတို့၏ လှုပ်ရှားမှုစွမ်းရည်များတိုးလာစေရန် ဘောလုံးကန်ခြင်းနှင့် အခြားသော အားကစားများကို ပြုလုပ်ရန် အားပေးပါ။ကျောင်းတွင် ကူညီခြင်း။· ကျောင်းနှစ်စတွင် သင့်ကလေး၏ လေ့လာမှုပုံစံကို အတန်းပိုင်ဆရာမအားမေးပါ။ မိန်းကလေးများသည် အမူအကျင့်များကောင်းကြသော်လည်း မိမိကိုယ်ကို ယုံကြည်မှုလျော့နည်း တတ်ကြပါသည်။ ထိုကိစ္စများရှိလျှင် နှစ်စကတည်းက ဆရာမကသိရှိပြီး မိဘများကို ပြောပြသင့်ပါသည်။· အပြောင်းအလဲများ ပြုလုပ်ပေးပါ။ သင့်ကလေးသည် လက်ရှိလုပ်နေသော အစီအစဉ်တွင် စိတ်ပါဝင်စားမှုမရှိလျှင် အခြားသော အနုပညာ၊ နည်းပညာ၊ တီထွင်မှုများပြုလုပ်ခြင်း၊ စာရေးခြင်း၊ အုပ်စုလိုက် အလုပ်လုပ်ခြင်း စသော အခြားရွေးချယ်စရာများကို ကလေးအား ပြောပြပေးပါ။· မိန်းကလေးများသည် သူတို့၏စွမ်းဆောင်ရည်မြင့်မားမှုကို ဆရာများက မသိသေးလျှင် မိဘများက ပြောပြပေးပါ။ မိန်းကလေးများသည်လည်း သိပ္ပံဆိုင်ရာ လှုပ်ရှားမှုများတွင် ဦးဆောင်နိုင်စွမ်းရှိပါသည်။ သို့သော် သူတို့ကို စိတ်ဓါတ်ခွန်အားပေးရန်လိုအပ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%ac%e1%80%ba%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%ad/
ဆံပင်ဖြူခြင်း နှင့် နှလုံးရောဂါဖြစ်နိုင်ခြေ
အသက်အရွယ်ရလာချိန်မှာ တဖြည်းဖြည်းချင်း ဆံပင်တွေဖြူလာတာကနှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေနဲ့ဆက်စပ်နေပါတယ်။ လေ့လာမှုအသစ်တစ်ရပ်မှာတော့ဆံပင်ဖြူတာကနှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်၊လို့ သုံးသပ်ထားပါတယ်။ကိုလက်စထရော၊အဆီ၊ကယ်လ်ဆီယမ်နဲ့ အခြားဒြပ်ပစ္စည်းတွေပါဝင်ဖွဲ့စည်းထားတဲ့ atherosclerosis လို့ခေါ်တဲ့ အရာက သွေးကြောတွေထဲမှာ စတင်ဖြစ်လာပါတော့တယ်။ ဒီပစ္စည်းက တဖြည်းဖြည်းချင်းစုပုံအနည်ကျလာပြီး သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကန့်သတ်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အနေအထားက နှလုံးနဲ့ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိစီးဆင်းနိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။တကယ်လို့ ဒီအခြေအနေကို မကုသဘဲထားမယ်ဆိုရင်လေဖြတ်တာ၊ရုတ်တရက်နှလုံးရပ်တာတွေအပါအဝင် ပြင်းထန်တဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အလားအာလတွေကိုတိုးစေမှာဖြစ်သလို နှလုံးဖောက်ပြီး အသက်သေဆုံးသည်အထိတောင်ဖြစ်နိုင်ပါတယ်။နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့ နှလုံးသွေးကြောတွေထဲမှာ အနယ်အနှစ်တွေစုပုံတာက သွေးကြောတွေရဲ့သွေးစီးဆင်းထောက်ပံ့မှုကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ နှလုံးသွေးလွှတ်ကြောမကြီးက သွေးတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့အခါ နှလုံးနဲ့ပတ်သက်တွေ ဝေဒနာတွေစတင်ခံစားလာရပါတော့တယ်။အသက်အရွယ်ကြီးရင့်လာလေလေ နှလုံးရောဂါခံစားရနိုင်ခြေကများလာလေလေပါပဲ။ အသက်အရွယ်ရောက်လာတဲ့အခါ ခန္ဓါကိုယ်တွင်းမှာ oxidative stress တွေတိုးလာပြီး ဆဲလ်တွေကလည်း သက်တမ်းရင့်လာတာကြောင့်DNAတွေက ထိခိုက်ပျက်စီးလာပါတယ်။သုတေသနအဖွဲ့ဟာ လေ့လာမှုအတွင်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမျိုးသား ၅၄၅ ဦးကိုလေ့လာခဲ့ ပါတယ်။ လေ့လာမှုမှာပါဝင်သူတွေက နှလုံးရောဂါခံစားနေရတယ်လို့ ယူဆရတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ ဆံပင်ဖြူနေတဲ့ အနေအထားအလိုက် အုပ်စု ၄ စုခွဲခဲ့ပါတယ်။အဖွဲ့ ၄ ဖွဲ့ထဲမှာအဖွဲ့ ၁က ဆံပင် လုံးဝမဖြူသူတွေဖြစ်ကြပြီးအဖွဲ့ ၂ကတော့ ဆံပင် နည်းနည်းပဲဖြူသူတွေပါ။အဖွဲ့ ၃ကဆံပင်အမည်းထက် အဖြူပိုများသူတွေဖြစ်ကြပြီးအဖွဲ့ ၄ကတော့ ဆံပင်လုံးဝဖြူနေသူတွေပါ။ လေ့လာမှုမှာ ပါဝင်သူတွေကို သုတေသီတွေက သေသေချာချာလေ့လာခဲ့ပါတယ်။လေ့လာမှုအတွင်း လေ့လာမှုမှာပါဝင်ပေးသူတွေရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ၊သွေးတိုး၊ဆီးချိုနဲ့ သွေးတွင်းကိုလက်စထရောများနိုင်ခြေ၊ ဆေးလိပ်သောက်သုံးလားဆိုတာနဲ့ နှလုံးရောဂါမျိုးရိုးရှိလားဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။သုတေသနအဖွဲ့က လေ့လာမှုမှာပါဝင်သုူတွေရဲ့ အသက်အရွယ်၊ ဆံပင်ဖြူနေတဲ့အတိုင်းအတာ၊သွေးပေါင်ချိန်ြမင့်နေလားဆိုတာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားနေရလားဆိုတာကို လေ့လာခဲ့ပါတယ်။လေ့လာမှုအရ နှလုံးရောဂါခံစားနိုင်ရခြေရှိသူတွေက ပုံမှန်ထက် ဆံပင်ပိုဖြူနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။လေ့လာမှုကို ပူးတွဲလုပ်ဆောင်သူဖြစ်တဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ်က နှလုံးအထူးကု ဒေါက်တာ အီရီနီ ဆာမျူကတော့ “ ဆံပင်ဖြူတာက အသက်အရွယ်ကြီးလာတာကြောင့်ဖြစ်သလို နှလုံးရောဂါခံစားရနိုင်ခြေ ပုံမှန်ထက်များနေတာကြောင့်ဆိုလည်း ဟုတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရကတော့ ဆံပင်ဖြူတွေက အသက်အရွယ်ကြီးရင့်လာတာကို ဖော်ပြနေသလို ခန္ဓါကိုယ်ထဲမှာ နှလုံးရောဂါဖြစ်နိုင်တဲ့ အနေအထားတွေ များနေတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေများလာနေတယ်၊လို့ဖော်ပြနေတာလည်းဖြစ်ပါတယ်၊” လို့ရှင်းပြခဲ့ပါတယ်။ဒီလေ့လာမှုကို အတည်ပြုနိုင်ဖို့အတွက် နောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ဖို့လိုအပ်မှာလည်းဖြစ်ပါတယ်၊လို့ ဒေါက်တာ ဆာမျူကပြောပြခဲ့ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%b9%e1%80%bb%e1%80%96%e1%80%b4%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6/
ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေအကြောင်း ဘာတွေ သိထားသင့်သလဲ။
ကိုဗစ်ရောဂါကို ဖြစ်စေတဲ့SARS-CoV-2က ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် မကြာခဏ ဗီဇပြောင်းတာကို ကြုံရမှာပါ။ ဒါက ဗိုင်းရပ်စ်တွေရဲ့ သဘောသဘာဝပါပဲ။  ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေဖြစ်လာရတာက ကာကွယ်ဆေးမတိုးတာ၊ လက်ရှိကုသနေတဲ့ ကုထုံးတွေကို မတိုးတာတွေ ဖြစ်တတ်ပါတယ်။ လက်ရှိအချိန်ထိ တွေ့ထားရတဲ့ ဗီဇပြောင်းမျိုးကွဲတွေအကြောင်းကို စုစည်းပြောပြလိုပါတယ်။ကိုဗစ်မှာဗီဇပြောင်းမျိုးကွဲတွေ အများကြီး ရှိပေမယ့် အကုန်လုံးကိုတော့ စိုးရိမ်စရာ မလိုပါဘူး။ ဘယ်လိုဗီဇပြောင်းမျိုးကွဲတွေကို စိုးရိမ်စရာကောင်းလဲဆိုတာကိုWHOက ခွဲခြားပေးထားပါတယ်။ ဒီစာရင်းဇယားအရ ၃မျိုး ခွဲထားပါတယ်။ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး သတ်မှတ်ထားလဲဆိုတော့။-ကူးစက်နှုန်း ဒါမှမဟုတ် ရောဂါပြန့်ပွားနှုန်းတွေ များလာခဲ့ရင် (သို့မဟုတ်)။-ပိုးက ဆိုးနေရင်သော်လည်းကောင်း၊ လက္ခဏာပြတဲ့ ပုံစံပြောင်းလာရင်သော်လည်းကောင်း (သို့မဟုတ်)။-ရောဂါရှာဖွေနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်ဆေးတွေရဲ့ အစွမ်းထက်မှုတွေကို လျော့ကျစေရင်သော်လည်းကောင်း VOCsထဲကို ထည့်ပါတယ်။လက်ရှိမှာ အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ၊ အိုမီခရွန်ဆိုပြီး ၅ခုရှိပါတယ်။-သူ့ရဲ့ ဗီဇပြောင်းပုံက ကူးစက်နှုန်း၊ ရောဂါပြင်းထန်နှုန်း၊ ခုခံအားကို ကျော်လွှားနိုင်စွမ်း၊ ကုထုံးတွေ၊ ရောဂါရှာဖွေနည်းတွေကို ထိခိုက်စေလိမ့်မယ်။-ပြီးတော့ နိုင်ငံတော်တော်များများမှာ ကူးစက်တာတွေ များနေပြီဆိုရင်တော့ VOIsထဲကို ထည့်ထားပါတယ်။လက်ရှိမှာ လမ်ဒါရယ်၊ မျူရယ်ဆိုပြီး ၂မျိုးရှိနေပါတယ်။ဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းပုံက နည်းနည်း အန္တရာယ်များလာနိုင်တယ်လို့ ယူဆတယ်။ ဒါပေမယ့် သူရဲ့ ပုံစံကို သိပ်မသေချာမသိရသေးတဲ့အတွက် ဆက်လက်စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။ဒီစာရင်းထဲမှာ ၇မျိုးလောက်ရှိပေမယ့် စောင့်ကြည့်နေဆဲမို့လို့ နာမည်ပေးထားတာမျိုး မရှိပါဘူး။ယူကေမှာ ၂၀၂၀ စက်တင်ဘာက စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၀ ဒီဇင်ဘာ ၁၈ရက်နေ့မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ ယူကေ၊ ယူအက်စ်လို နိုင်ငံတွေမှာ လူပေါင်း ၂သိန်းကျော်ထိ ကူးစက်ခဲ့ပြီး ဒီ၂၀၂၁ ဇူလိုင်လထိ ကူးစက်မှုတွေ ရှိဆဲပဲ ဖြစ်ပါတယ်။တောင်အာဖရိကမှာ ၂၀၂၀မေလက စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၀ ဒီဇင်ဘာ ၁၈ရက်နေ့မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ ၂၀၂၁ ဇူလိုင်လ စာရင်းတွေအရ နိုင်ငံပေါင်း ၁၀၃ နိုင်ငံကို ပြန့်နှံ့ခဲ့ပြီး လူပေါင်း ၂၈,၀၀၀ကျော်ကူးစက်ခဲ့ပါတယ်။ ထူးခြားချက်က ကာကွယ်ဆေးကို ခုခံနိုင်လာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးလုံးဝမတိုးတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ဘရာဇီးမှာ ၂၀၂၀ နိုဝင်ဘာက စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ ဇန်နဝါရီ ၁၁ရက်နေ့မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ ၂၀၂၁ သြဂုတ်လစာရင်းတွေအရ နိုင်ငံပေါင်း ၇၁ နိုင်ငံမှာ လူပေါင်း ၆၀,၀၀၀ကျော် ကူးစက်ခဲ့ပါတယ်။အိန္ဒိယမှာ ၂၀၂၀ အောက်တိုဘာမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ မေလ ၁၁ရက်နေ့မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တတိယလှိုင်းဖြစ်ရတာ ဒီမျိုးကွဲကြောင့်လို့ ယူဆရပါတယ်။ GISAIDရဲ့ စာရင်းတွေအရ နိုဝင်ဘာ ၂၃ရက်နေ့အထိ နိုင်ငံပေါင်း ၁၇၉နိုင်ငံမှာ လူပေါင်း ၂သန်း ကူးစက်ပြီးပါပြီ။WHO ထုတ်ပြန်ချက်အရ ဒီမျိုးကွဲက ကူးစက်နှုန်းလည်း မြန်ပါတယ်။ ဖြစ်ပြီးသား လူမှာလည်း ပြန်ဖြစ်ပါတယ်။ ကာကွယ်ဆးအကြိမ်ပြည့်အောင် ထိုးထားပေမယ့်လည်း ကူးစက်ခံရတာကို တွေ့ရပါတယ်။ ဆေးရုံတက်ပြီး ရောဂါပြင်းထန်တဲ့ လူနာလည်း များပါတယ်။ ခုထက်ထိလည်း စိုးရိမ်နေရတုန်းပါပဲ။တောင်အာဖရိကမှာ ၂၀၂၁ နိုဝင်ဘာလမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ နိုဝင်ဘာ ၂၆ရက်မှာ VOCsစာရင်းထဲမှာ ပါခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာရှဘက်ကိုပါ ရောက်ရှိလာပါပြီ။  Spike protein ၃၀မှာ နေရာ ၅၀လောက်  ပြောင်းထားတာကို တွေ့ရတဲ့အတွက်  အရင် ဒယ်တာထက် ပိုဆိုးနိုင်မလားဆိုတာကို စိုးရိမ်နေကြပါတယ်။လက်ရှိအချိန်ထိတော့ သူနဲ့ ပတ်သက်ပြီးတိကျတဲ့ အချက်အလက်တွေ မရသေးပါဘူး။ပီရူးမှာ ၂၀၂၀ ဒီဇင်ဘာမှာ စတွေ့ခဲ့ပြီး VOIsစာရင်းထဲကို ၂၀၂၁ ဇွန်လ ၁၄ရက်နေ့မှာ စတင်ပါလာပါတယ်။ ၂၀၂၁ သြဂုတ်လ စာရင်းတွေအရ နိုင်ငံပေါင်း ၄၄နိုင်ငံမှာ လူနာပေါင်း ၄,၇၀၀ ကျော်ရှိနေပါပြီ။ကိုလမ်ဘီယာမှာ ၂၀၂၁ ဇန်နဝါရီလမှာ စတွေ့ခဲ့ပြီး VOIsစာရင်းထဲကို ၂၀၂၁ သြဂုတ်လ ၃၀မှာ ပါလာတာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာ လကုန်အထိ တစ်ကမ္ဘာလုံးမှာ လူနာ ၁၃,၀၀၀ကျော် ရှိနေပါပြီ။ကိုဗစ်ဗိုင်းရပ်စ်ပိုးက သူဆက်လက်ပြန့်ပွားနိုင်ဖို့ ပုံစံမျိုးစုံပြောင်းနေဦးမှာပဲ။ လူသားတွေအနေနဲ့က နှာခေါင်းစည်းတပ်၊ လက်ဆေးပြီး လူတိုင်း နီးပါးကာကွယ်ဆေးအပြည့်ထိုးပြီး ဗိုင်းရပ်စ်ဝင်မလာအောင် ကာကွယ်ထားဖို့ လိုပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/all-about-covid-variants/