title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ
ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ….. မိခင်များသည် ကလေးများအတွက် ဖော်စပ်ထားသောနို့မှုန့်များထက် နွားနို့ကို ပိုပြီးအသုံးပြုကြပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့သည် ပိုပြီး သဘာဝအရင်းအမြစ်ဖြစ်ခြင်းနှင့် အာဟာရဓာတ်များ ပိုပြည့်စုံမည်ဟုထင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ကလေးများအတွက် နွားနို့ထက် ဖော်စပ်ထားသော နို့မှုန့်များက ဘာကြောင့် ပိုသင့်တော်ပါသလဲ ဆိုတော့ မည်သို့ပင်ဆိုစေကာမူ နွားနို့သည် သင့်ကလေး အသက် အနည်းဆုံး ၁၂ လပြည့်မှ စတိုက်သင့်သော အရာဖြစ်ပါသည်။ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်ဟု ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတာဖြစ်ပါသည်။အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ ကလေးကို အသက် ၁ နှစ် မပြည့်မချင်းနွားနို့ကို လုံးဝမတိုက်သင့်ကြောင်း ပြောထားပါသည်။ နွားနို့တွင် ကလေး၏ အစာခြေစနစ်နှင့် ကျောက်ကပ်စနစ်တို့မှ ခြေဖျက်ရန်၊ စွန့်ထုတ်ရန် ခက်ခဲသော ပရိုတင်းဓာတ်များ များစွာပါဝင်နေခြင်းကြောင့် မိခင်နို့ ၊ နို့မှုန့်များထက်စာလျှင် နုနယ်သောကလေးအစာအိမ်ကို ထိခိုက်စေပါသည်။ ထို့ပြင်သံဓာတ်၊ ဗီတာမင် စီနှင့် ကလေးများကြီးထွားရန် ကျန်းမာရန်လိုအပ်သော အခြားသော အာဟာရများ လုံလောက်စွာမပါဝင်သောကြောင့် နွားနို့သည် ၁ နှစ်အောက်ကလေးများအတွက် မသင့်တော်ပါ။ထို့ပြင် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်နေသော ကလေးများတွင် နွားနို့သောက်ခြင်းသည် အကျိုးမထူးဘဲ အာဟာရဓာတ်များကို ပိုနည်းစေပါသည်။နွားနို့တွင် သင့်ကလေးကို ကြီးထွားမှုများဖြစ်စေရန် ကောင်းကျိုးပြုသည့် အဆီများလည်း မပါဝင်ပါ။ သို့သော် အသက် ၁နှစ်ကျော်ပြီး သင့်ကလေးသည် အခြားသော အစာမာများ၊ အသီးများ၊ အရွက်များ၊ အသားငါး၊ကောက်ပဲသီးနှံများစားချိန်တွင်မူ နွားနို့ကို ဖြည့်စွက် အာဟာရ အနေနှင့် တိုက်သင့်ပါသည်။နို့တွင် ကယ်လ်ဆီယမ်ဓာတ်များစွာပါဝင်သောကြောင့် အရိုးများနှင့် သွားများကို သန်မာစေပါသည်။ ထို့ပြင် သွေးခဲခြင်းကို မျှတအောင်ပြုလုပ်ပေးခြင်း၊ ကြွက်သားများနှင့် အရိုးမျာကို ကြီးထွားစေခြင်းတို့ဖြစ်စေပါသည်။ နို့တွင်ဗီတာမင် ဒီပါဝင်သောကြောင့် ကိုယ်ခန္ဓာမှ ကယ်လိဆီယမ်ဓာတ်ကို လွယ်ကူစွာ စုပ်ယူနိုင်ပါသည်။ အမေရိကန်နိုင်ငံရှိ နို့အားလုံးနီးပါးတွင် ဗီတာမင် ဒီဓာတ်ဖြည့်ထားပြီးသားဖြစ်ပါသည်။ထို့ပြင် နို့တွင် အသားဓာတ်နှင့် ကစီဓာတ်များလည်း ပါဝင်သောကြောင့် သင့်ကလေး၏ ကြီးထွားမှုကို အားပေးရုံသာမက လိုအပ်သော စွမ်းအင်များကိုလည်း ပေးစွမ်းနိင်ပါသည်။ သင့်ကလေးသည် တစ်နေ့ကို နို့လုံလောက်အောင်သောက်ပါလျှင် သူသည် အသက်ကြီးလာလျှင် လေဖြတ်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်း၊ အူမကြီးကင်ဆာဖြစ်ခြင်း၊ ပေါင်ရိုးများကျိုးခြင်းတို့ ဖြစ်နိုင်ခြေမှ ကင်းဝေးပါလိမ့်မည်။အမေရိကန်နိုင်ငံမှ ကလေးဆရာဝန်များ၏ အဆိုအရ သင့်ကလေးသည် နွားနို့သောက်နေပြီဆိုလည်း မိခင်နို့ကို ဆက်တိုက်မြဲဆက်တိုက်လျှင် ကောင်းပါသည်ဟု ပြောပါသည်။ ကလေးအသက် (၆)လအထိ မိခင်နို့တိုက်ကျွေးခြင်းကပဲ သင့်တော်ပါသည်။နွားနို့နှင့် ဓာတ်မတည့်ခြင်း၏ အဓိကလက္ခဏာများမှာ။အကယ်၍အောက်ပါအခြေအနေများဖြစ်ခဲ့ပါက သင့်ကလေးကို နီးစပ်ရာ ဆေးခန်းသို့သွားပြီး အရေးပေါ်ကုသမှုများ ခံယူရမည်ဖြစ်ပါသည်။အချုပ်ဆိုရသော် သင့်ကလေးသည် နွားနို့နှင့် ဓာတ်မတည့်ခြင်း၊ နွားနို့တိုက်ရခက်ခြင်းများရှိလျှင် ဆရာဝန် သို့မဟုတ် အစာအာဟာရ ပညာရှင် သို့မဟုတ် ကလေးဆရာဝန်နှင့် ပြရန် ဝန်မလေးပါနှင့်။ သူတို့နှင့်တိုင်ပင်ပြီး အကြံဉာဏ်များကို ရယူပြီး လိုအပ်လျှင် ဆေးကုသမှုများကို ခံယူရမည်ဖြစ်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/why-formula-instead-of-cows-milk/
သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါ
ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။လေ့လာစမ်းသပ်ချက် အသစ်တစ်ရပ်မှာ သုတေသီတွေက လူအယောက် ၁၀၀၀၀၀ကျော်ကို လေ့လာခဲ့တာပါ။ ဒီလေ့လာမှုအတွင်း တွေ့ရှိခဲ့ရတာက သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) နည်းလွန်းနေတာက ဦးနှောက်သွေးကြောပေါက်တာကြောင့်လေဖြတ်ခံရနိုင်ခြေ များနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါဘူး။အစောပိုင်းလေ့လာမှုတွေအရကတော့ သွေးတွင်းမှာ အကျိုးမပြု ကိုလက်စထရောတွေ များနေမှုက သွေးကြောထဲမှာ အဆီတွေဖြစ်စေတာကြောင့် သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်ဆို့တာတွေဖြစ်စေပြီး နှလုံးရောဂါခံစားရတာ၊ရုတ်တရက်နှလုံးရပ်တာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကြောင့် သေဆုံးနိုင်ခြေများတယ်လို့ တွေ့ရှိခဲ့တာပါ။သွေးတွင်းကိုလက်စထရောများတာကရောဂါတွေကို ဖြစ်စေနိုင်တာမှန်ပေမယ့် အရမ်းနည်းလွန်းရင်လည်း သွေးကြောတွေရဲ့ နံရံကို အားနည်းစေတာကြောင့် သွေးကြောပေါက်ပြီး လေဖြတ်နိုင်ပါတယ်။အခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့လေ့လာမှုရဲ့တွေ့ရှိချက်အရကတော့သွေးတွင်းမှာ LDL ကိုလက်စထရောနည်းလွန်းမှုက အသက် ၄၅ နှစ်အထက်အမျိုးသမီးတွေမှာလေဖြတ်နိုင်ခြေ များသလို ကိုယ်တွင်းသွေးယိုစိမ့်မှုဖြစ်နိုင်ခြေလည်း များနေတယ်ဆိုတာပါ။လေ့လာမှုအရ သိလိုက်ရတာကခန္ဓာကိုယ်တွင်းမှာ အကျိုးပြုကိုလက်စထရော (HDL)ရော အကျိုးမပြု ကိုလက်စထရော (LDL) ပါ မျှတနေမှ ဦးနှောက်သွေးကြောပေါက်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။အခုထုတ်ပြန်ခဲ့တဲ့ လေ့လာမှုမှာ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ၊ကင်ဆာနဲ့ အခြားသော ရောဂါဖြစ်ခဲ့ဖူးတာမျိုး မရှိသူ ၉၆၀၄၃ ဦးကို လေ့လာခဲ့ပါတယ်။လေ့လာမှုမလုပ်ခင်မှာ သွေးတွင်းကိုလက်စထရောတွေကို တိုင်းတာရယူခဲ့ပြီး လေ့လာမှုကို ၉ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုအတွင်း သွေးတွင်းမှာ ကိုလက်စထရောနည်းတာက ကောင်းကျိုးများသလား၊ ဆိုးကျိုးရှိနိုင်လားဆိုတာကို သေချာလေ့လာခဲ့ပါတယ်။ လေ့လာမှုရလဒ်အနေနဲ့ တွေ့ရှိခဲ့ရတာက သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏ ၇၀ milligrams per deciliter (mg/dl) နဲ့ ၇၀milligrams per deciliter (mg/dl) ထက်နည်းနေသူတွေက လေဖြတ်နိုင်ခြေ ပုံမှန်ထက် ပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏက ၅၀milligrams per deciliter (mg/dl)အောက်နည်းနေမယ်ဆိုရင် ဦးနှောက်သွေးကြောပေါက်တာကြောင့်လေဖြတ်တာကို ခံစားရနိုင်ခြေက သွေးတွင်းမှာ အကျိုးမပြုကိုလက်စထရော (LDL) ပမာဏက ၇၀ milligrams per deciliter (mg/dl) နဲ့ ၉၉milligrams per deciliter (mg/dl) ကြားမှာရှိနေသူတွေထက် ၁၆၉ ရာခိုင်နှုန်းပိုများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် သွေးတွင်းကိုလက်စထရောကို အရမ်းမများစေဖို့ ဂရုစိုက်သင့်သလို အရမ်းမနည်းစေဖို့လည်း ဂရုစိုက်ပေးသင့်ပါတယ်။ သွေးတွင်းကိုလက်စထရောနည်းလို့ လေဖြတ်တာက များလို့ လေဖြတ်တာထက်တော့ နည်းပါတယ်။ ခေတ်သစ်လူနေမှုစနစ်နဲ့ စားသောက်မှုပုံစံအရ ကိုလက်စထရောနည်းတာနဲ့ များတာမှာ များဖို့ အလေးသာနေတဲ့အတွက် ကိုလက်စထရောကို ဆင်ဆင်ခြင်ခြင် စားဖို့တော့ လိုပါတယ်။သွေးထဲမှာ LDL ကိုလက်စထရော အရမ်းနည်းတိုင်းလည်း မကောင်းပါဘူး လို့ ပြောရတဲ့ အကြောင်းအရင်းကို သိရှိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/stroke-risk-related-to-low-ldl-chloesterol/
ကိုယ့်ခန္ဓါကိုယ်မှာ သွေးလည်ပတ်မှုမကောင်းတဲ့ လက္ခဏာတွေ သင်သတိထားမိရဲ့လား
သင်သိပါသလား။ သင့်ခန္ဓါကိုယ်မှာသွေးကြောတွေရဲ့အရှည်က မိုင်ပေါင်း ၆၀၀၀၀လောက်ရှိတယ်ဆိုတာ။ နှလုံးနဲ့ တခြားကြွက်သားတွေကြားမှာ ဒီသွေးကြောတွေနဲ့သွေးလည်ပတ်မှုစနစ်ဖြစ်ပေါ်နေတာပါ။ အဲဒီသွေးကြောကွန်ရက်ကြီးက ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းအစွန်အဖျားတိုင်းအထိသွေးပို့လွှတ်လည်ပတ်နေတာမို့သွေးလည်ပတ်မှုမကောင်းရင်သွေးအရောက်နှေးတာ၊ ပိတ်ဆို့တာတွေဖြစ်လာနိုင်တယ်။ ဒီလိုဆို ခန္ဓါကိုယ်ထဲကဆဲလ်တွေမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေ အလုံအလောက်မရနိုင်တော့ပါဘူး။သွေးလည်ပတ်မှုမကောင်းတဲ့အခါ အရမ်းနေထိုင်မကောင်းလောက်အောင် သိသာတဲ့လက္ခဏာမပြပါဘူး။ ဟိုနည်းနည်း၊ ဒီနည်းနည်းနဲ့ဖြစ်နေတာ သိပ်ပြီးသတိမထားမိကြပါဘူး။ အရေးကြီးတာက လက္ခဏာသိသာတာဖြစ်ဖြစ်၊မသိသာတာဖြစ်ဖြစ်သွေးလည်ပတ်မှုမကောင်းတာ အန္တရာယ်ရှိနိုင်ပါတယ်။ဒါ့ကြောင့် ဒီလက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်ပြပြီး အကြံပြုချက်အတိုင်းလိုက်နာနေထိုင်ပါ။ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ။သွေးလည်ပတ်မှုမကောင်းတဲ့အခါ အဖြစ်များဆုံးလက္ခဏာကတော့ လက်ဖျားခြေဖျားတွေမှာ ထုံတာ၊ ကျဉ်တာပဲဖြစ်ပါတယ်။သွေးလည်ပတ်မှုကို တစုံတခုကြောင့် အဟန့်အတားဖြစ်စေတဲ့အခါခြေဖျားလက်ဖျားတွေဆီကို အလုံအလောက်သွေးမရောက်နိုင်တော့ပါဘူး။ အဲဒီမှာ ထုံကျဉ်မှုကိုခံစားရတော့တာပါပဲ။ခြေဖျားလက်ဖျားအေးတာ။ခြေထောက်နဲ့လက်ကိုသွေးရောက်ရှိမှုနည်းနေတဲ့အခါ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေထက် ပိုအေးနေတတ်ပါတယ်။ ရှိသင့်တဲ့နှုန်းနဲ့သွေးမရောက်ရှိနိုင်တာကြောင့်ခြေနဲ့လက်အဖျားက အရေပြားနဲ့အာရုံကြောအစွန်းတွေမှာ အပူချိန်အတက်အကျရှိစေနိုင်ပါတယ်။ဖောရောင်တာ။သွေးလည်ပတ်မှုမကောင်းတဲ့အခါ ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းတချို့မှာ အရည်တွေစုလာစေနိုင်ပါတယ်။ အဲဒီအခါ ခြေထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်တို့မှာ edema လို့ခေါ်တဲ့ဖောရောင်ခြင်းကို ခံစားရနိုင်ပါတယ်။Edema က နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ နှလုံးက ခန္ဓါကိုယ်အနှံ့ကိုသွေးအလုံအလောက်လည်ပတ်မပို့လွှတ်နိုင်တဲ့အခါ ဒီလိုဖြစ်လာနိုင်တာပါ။ ခန္ဓါကိုယ်အောက်ပိုင်းဧရိယာတွေမှာ သွေးတွေစုလာတဲ့အခါ ဖောရောင်ခြင်းတွေဖြစ်လာတာပါ။ ဖိအားတွေဖြစ်လာပြီးသွေးကြောထဲက အရည်တွေကိုဘေးတဝိုက်ကတစ်ရှူးတွေဆီရောက်ရှိစေပါတယ်။ဖောရောင်ခြင်းလက္ခဏာတွေက –။တချို့မှာဆို အဝတ်အစားကျပ်နေတာ(ဝလာတာမဟုတ်ဘဲ)၊ လက်ဝတ်လက်စားတွေ ကျပ်နေတာမျိုး သတိထားမိတတ်ပါတယ်။ဦးနှောက်မှတ်ဉာဏ်ပြဿနာဖြစ်လာတာ။သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်ပြီး မေ့လျော့လွယ်တာ၊ အာရုံစူးစိုက်ရခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက –။အစာခြေစနစ်ပြဿနာရှိလာတာ။အစာခြေဖျက်ခြင်းလုပ်ငန်းစဉ်ကသွေးလည်ပတ်မှုကို အားထားရတာမို့သွေးလည်ပတ်မှုမကောင်းရင် ဝမ်းဗိုက်ရဲ့သွေးကြောတွေရဲ့ အမြှေးပါးနံရံအတွင်း အဆီတွေစုလာနိုင်တယ်။သွေးရောက်ရှိမှုနည်းခြင်းနဲ့ဆိုင်တဲ့ အစာခြေပြဿနာတွေက –။မောပန်းနုံးချိနေတာ။သွေးလည်ပတ်မှုမကောင်းရင် နှလုံးက ပိုညှစ်ရတယ်၊ ပိုအလုပ်လုပ်ရတဲ့အတွက် ဘာမှမလုပ်ဘဲတောင် ပိုပြီးမောပန်းအားကုန်ရပါတယ်။အရိုးအဆစ်နဲ့ကြွက်သား နာကျင်ကိုက်ခဲတာ။ခြေထောက်နဲ့လက်မှာသွေးလည်ပတ်မှုမကောင်းရင် နာကျင်ကိုက်ခဲမှုတွေဖြစ်စေနိုင်တယ်။ ထိုင်တာ၊ မတ်တပ်ရပ်တာ ကြာသွားတယ်ဆို နာကျင်တောင့်တင်းမှုက ပိုဆိုးတတ်ပါတယ်။အသားအရောင်ပြောင်းလဲတာ။ခန္ဓါကိုယ်တစ်ရှူးတွေဆီကိုသွေးအလုံအလောက်မရောက်ရှိနိုင်တဲ့အခါ အသားအရေကဖြူဖျော့တာ ဒါမှမဟုတ်ပြာတာတာဖြစ်လာနိုင်တယ်။ ဆံချည်မျှင်သွေးကြောတွေကနေသွေးတွေယိုလာတဲ့အခါ အဲဒီဧရိယာလေးတွေမှာ ပြာနှမ်းသလိုဖြစ်လာနိုင်တယ်။ အသားအရောင်ပြောင်းလဲနိုင်တဲ့ အပိုင်းတွေက –။ခြေထောက်အနာလေးတွေဖြစ်တာ။ခြေထောက်သွေးပြန်ကြောတွေထဲမှာသွေးတွေစုအိုင်လာတဲ့အခါ အရေပြားအောက်မှာရောင်ရမ်းတာနဲ့ အနာလေးတွေဖြစ်တာတွေ ခံစားရနိုင်ပါတယ်။သွေးကြောထုံးတာ။သွေးလည်ပတ်မှုမကောင်းလို့သွေးကြောထုံးတာကမြင်သာပါတယ်။ သွေးကြောထုံးခြင်းကြောင့် နှလုံးကိုသွေးပြန်ပို့ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်စေနိုင်ပါတယ် –။ဒီလိုဖြစ်တာကတော့ အချိန်ကြာရှည် မတ်တပ်ရပ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့်သွေးလည်ပတ်မှုကောင်းချင်ရင် အကောင်းဆုံးက ကိုယ်လက်လှုပ်ရှားမှုအတွက်အချိန်ပေးပါ။ လမ်းမလျှောက်နိုင်၊ အားကစားမလုပ်နိုင်ရင်တောင်မှခြေထောက်လေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်းလေးတွေ၊သွေးပူလေ့ကျင့်ခန်းလေးတွေ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%81%e1%82%8f%e1%81%b6%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%bd%e1%80%ad%e1%80%9c%e1%80%bd%e1%80%ba%e1%80%84%e1%80%b9-%e1%80%90%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac/
HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား
ကာကွယ်ဆေးတွေထိုးလို့ရနေပြီဆိုတော့ ကာကွယ်ဆေး ထိုးဖို့နဲ့ ပတ်သက်ပြီး အားလုံးက စိတ်ဝင်စားနေမှာပါ။ ပုံမှန်ရောဂါ အခံမရှိသူက ဘာမှ သိပ်တွေးဖို့ မလိုပေမယ့် ရောဂါ အခံရှိသူတွေကျ ရောဂါရှိလို့ ဖြစ်ပါ့မလားဆိုပြီး တွေးနေရပါတယ်။ ဒီတစ်ခေါက်တော့ HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား ….ဆိုပြီးဆုံးဖြတ်ရခက်နေတဲ့ မေးခွန်းလေးအတွက် အဖြေထုတ်ပေးပါရစေ။HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား ဆိုတော့ ကာကွယ်ဆေး ထိုးလို့ ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးကHIV ပိုးရှိသူတွေအတွက်လည်း စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်မှုကို ပေးပါတယ်။ဒီလိုပြောရတာက ကိုဗစ် ကာကွယ်ဆေးကို ထုတ်လုပ်စဉ်ကတည်းကရောဂါ ပြင်းထန်မှုနဲ့ သေဆုံးမှုတွေကနေ ကာကွယ်ဖို့ဆိုပြီး ရည်ရွယ်ထုတ်လုပ်ထားတာပါ။ နောက်တစ်ချက်က ကာကွယ်ဆေးကို ထုတ်လုပ်စဉ်မှာလည်း HIV ပိုးရှိသူတွေအတွက်ပါ ထည့်သွင်းစဉ်းစားမှုတွေ လုပ်ဆောင်ထားပါတယ်။ကမ္ဘာ အနှံ့အပြားမှာ ကာကွယ်ဆေးတွေကို ထိုးနှံနေကြပြီ ဖြစ်သလို HIV ပိုး ရှိသူတွေလည်း အခြားသူတွေ နည်းတူ ကာကွယ်ဆေးတွေ ထိုးနှံနေကြပါတယ်။ လက်ရှိကာလအထိ ထိခိုက်မှု တစ်စုံတရာ ဖြစ်တာမျိုး မရှိသေးပါဘူး။ကိုဗစ် ကာကွယ်ဆေး အများစုမှာCOVID-19ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် ဖြစ်တဲ့SARS-CoV-2ရဲ့ မျိုးဗီဇ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ သေဆုံးပြီးသား ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ ဒီအရာက ကိုယ်တွင်းကို ဗိုင်းရပ်စ်ရောက်တဲ့အခါ ထုတ်လုပ်တဲ့ ပရိုတင်း ပမာဏကို မြင့်တက်အောင် လုပ်ပြီး ကိုယ်ခံအားကိုantibodyထွက်ရှိအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ဒီလိုနဲ့ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့ အသင့်အနေအထား ဖြစ်နေပါလိမ့်မယ်။ ကာကွယ်ဆေးတွေမှာ ပိုးအရှင်ကို အသုံးပြုထားတာ မဟုတ်တဲ့အတွက်ကိုယ်ခံအား နည်းတတ်တဲ့သူတွေနဲ့ ရောဂါအခံရှိတာကြောင့် ကိုယ်ခံအား နည်းတတ်သူတွေမှာလည်း ထိခိုက်မှု မရှိဘဲ ရောဂါပိုးဒဏ်ကနေ ကာကွယ်ပေးမှာပါ။HIV ပိုးရှိသူတွေက ပုံမှန် antiretroviral therapy (ART) ဆေးတွေကို သောက်သုံးနေရတာပါ။ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း ART ဆေးကို ပုံမှန် အတိုင်း ဆက်သောက်သွားလို့ ရပါတယ်။ ဒီဆေးသောက်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု တစ်စုံတရာ ဖြစ်တာမျိုးလည်း မရှိနိုင်ပါဘူး။  အချို့သော ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ HIV ပိုးရှိသူတွေပါ ဝင်ရောက် စမ်းသပ်ခဲ့မှု အရကတော့ ကိုဗစ်ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး တစ်ခုခု ခံစားရတာမျိုး မရှိဘူးဆိုတာပါ။HIV ပိုးရှိသူတွေအနေနဲ့ကာကွယ်ဆေး ထိုးပြီးချိန်မှာ ခံစားရမယ့် လက္ခဏာတွေက အခြားသာမန်လူတွေနဲ့ အတူတူပါပဲ။ ကာကွယ်ဆေး ထိုးပြီး တစ်ရက်ကနေ ၂ ရက် အတွင်းမှာ အပျော့စား လက္ခဏာလေးတွေ ဖြစ်ကြတဲ့။ကာကွယ်ဆေး ထိုးပြီးချိန်မှာလည်း အခြားသူတွေလိုပဲ။HIV ပိုးရှိသူတွေက CD4 count ဘယ်လောက်ပဲ ဖြစ်ဖြစ် ပြင်းထန်တဲ့ ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင် ကိုဗစ်ကာကွယ်ဆေး ထိုးတာက အထိရောက်ဆုံး နည်းလမ်းပါ။ ကာကွယ်ဆေး ထိုးတဲ့အခါမှာလည်း ၂ ကြိမ်လုံး ပြည့်အောင် ထိုးဖို့ လိုပါမယ်။ ၆ လ တိုင်းမှာbooster ထပ်ထိုးဖို့လည်း လိုပါမယ်။နောက်ထပ် အရေးကြီးတာ တစ်ခုက ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေဖြစ်ကြတဲ့။ကဲ….. HIV ပိုးရှိလို့ ကာကွယ်ဆေး ထိုးလို့ရပါ့မလားဆိုပြီး ဝေခွဲရခက်မနေဘဲ မြန်မြန်လေး သွားထိုးလိုက်ဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/hiv-patient-and-covid-vaccine/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%84%e1%80%ba%e1%80%b9%e1%80%80%e1%80%bc%e1%80%94%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1/
ကြွက်သားနာကျင်နေတဲ့ သင့်ကလေးငယ်ကို သင်ဘယ်လိုကူညီရမလဲ
မိဘတစ်ယောက်အနေနဲ့ သားသမီး ထိခိုက် အနာတရမဖြစ်အောင် ကာကွယ်ပေးကြတာချည်းပါပဲ။ ဘယ်လောက်ပဲ ကာကွယ်ပေးပါစေ ကလေးဆိုတာ ကလေးသဘာဝအရ ဆော့ကစားပြီး အနာတရဖြစ်တာချည်းပါဘဲ။ မိဘတွေက ကလေးတွေကို တကယ်သင်ပေးရမယ့်အချက်ကတော့ နာကျင်မှုကနေ သူတို့ကိုယ်တိုင် ဘယ်လိုပြန်ထရမလဲ ဆိုတာပါပဲ။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့နာကျင်မှုအများစုက ကြွက်သားနာကျင်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင့်ကလေးကို သင်ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပါမယ်။စကားမပြောတတ်သေးတဲ့ သင့်ကလေးက သင့်ဆီကို “ဘူး ဘူး” လို့အော်ပြီး ပြေးလာတဲ့အခါမှာ သင့်အနေနဲ့ ကလေးငယ်က နာကျင်နေလားဆိုတာကို သေချာကြည့်ပြီး သင့်တော်တဲ့ကုသမှုပေးဖို့ လိုအပ်ပါတယ်။ ပိုငယ်တဲ့ ကလေးငယ်တွေက ဘာမှတောင်ပြောနိုင်မှာမဟုတ်တဲ့အတွက် သူတို့နာကျင်မှုခံစားနေရလားဆိုတာ သူတို့မငိုမချင်း သင်မသိနိုင်ပါဘူး။ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးရဲ့ အပြုအမူကိုအကဲခတ်ပြီးတော့ သူတို့ဘာခံစားနေရလဲဆန်းစစ်ပါ။ ဥပမာ – အံကြိတ်ခြင်း လိုမျိုး အပြုအမူပြောင်းလဲသွားတာမျိုးကိုဆိုလိုတာပါ။ တချို့ကလေးတွေကတော့ လူးလှိမ့်နေပြီး အစာစားဖို့ငြင်းဆိုပါလိမ့်မယ်။ တကယ်လို့ ခုနကပြောသွားသလို သင့်ကလေးပြုမူနေမယ်ဆိုရင် သင့်ကလေးက နာကျင်မှုကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။တကယ်လို့ သင့်ကလေးက စကားမတောက်တစ်ခေါက် ပြောတတ်ပြီ ဆိုလျှင် သူတို့ရဲ့နာကျင်မှုအဆင့်ကို သင့်အနေနဲ့ ၁ ကနေ ၁၀ အတွင်း သတ်မှတ်ခိုင်းပါ။ ဒီလိုမှသာ သင်ဟာသင့်ကလေးရဲ့ နာကျင်မှုအခြေအနေကို သိနိုင်ပြီး သင့်တော်တဲ့ကုသမှုကို ပေးနိုင်မှာဖြစ်ပါတယ်။ ပထမဆုံးလုပ်ရမှာက သူတို့နာကျင်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာရမှာဖြစ်ပါတယ်။ ဒါကတော့ သင့်ကလေးက စကားမပြောနိုင် ဆက်သွယ်မှုမလုပ်နိုင်သေးတဲ့အရွယ်ဆိုရင် သင့်အတွက် ခက်ခဲနိုင်ပါတယ်။ အဲအခါကျရင်တော့ နာကျင်မှုနဲ့သက်ဆိုင်တဲ့တခြား လက္ခဏာတွေ ကိုလိုက်ကြည့်ဖို့ လိုလာပါပြီ။ ဥပမာ အဖျားတက်ခြင်း၊ အပြုအမူ အနေအထိုင်ပြောင်းလဲခြင်း။ နာကျင်မှုဖြစ်စေတဲ့ အကြောင်းအရင်းကိုသိခြင်းအားဖြင့် သင်ဟာအဲဒီအကြောင်းအရင်းကို ဖယ်ရှားပြီး ကလေးငယ်ရဲ့ နာကျင်မှုကို ရပ်သွားအောင် လုပ်နိုင်ပါလိမ့်မယ်။ကလေးငယ်ရဲ့ နာကျင်မှုကိုလျှော့ချဖို့အတွက် ဆေးမလိုဘဲ အောက်ပါအချက်လေးတွေလည်း ပြုလုပ်နိုင်ပါတယ်။• ကလေးငယ်ကို အာရုံပြောင်းသွားအောင် လုပ်ခြင်း – ငယ်ရွယ်တဲ့ ကလေးငယ်တွေကို အာရုံပြောင်းအောင်လုပ်ရတာ ပိုမိုလွယ်ကူပါတယ်။ သူတို့ကြိုက်တဲ့ TV အစီအစဉ် ဒါမှမဟုတ် ရုပ်ရှင်ကို ဖွင့်ထားပေးခြင်းက သူတို့နာကျင်နေမှန်းကို မေ့လျော့နေစေပါတယ်။ နာကျင်မှု အသေးစားတွေဆိုရင် ဒီနည်းလမ်းက ထိရောက်ပါတယ်။ ဒါ့အပြင် သူတို့ကိုပုံပြင်ပြောပြခြင်း ဒါမှမဟုတ် အရုပ်လေးတွေ ဝယ်ပေးခြင်းနဲ့လည်း အာရုံပြောင်းအောင် လုပ်နိုင်ပါတယ်။• အအေးထုပ်ကပ်ခြင်း – သင့်ကလေးငယ် ကြွက်သားနာကျင်မှု စဖြစ်ဖြစ်ချင်းမှာ သင့်အနေနဲ့ အအေးထုပ် လေးနဲ့ နာကျင်နေတဲ့နေရာတစ်ဝိုက်ကို အုပ်ထားပေးလို့ရပါတယ်။ အအေးနဲ့ အကြာကြီးထိနေတဲ့အတွက် သင့်ကလေး နှင်းမကိုက်အောင်တော့ ဂရုစိုက်ပါ။ တစ်ခါကပ် ကြာချိန် မိနစ် ၂၀ နဲ့ တစ်နေ့လိုအပ်သလောက် ကပ်ပေးနိုင်ပါတယ်။• ရေနွေးထုပ်ကပ်ခြင်း – နာကျင်မှုလျော့သွားပြီးတဲ့အခါမှာ သွေးလှည့်ပတ်မှုကောင်းဖို့နဲ့ ဒဏ်ရာအကောင်းမြန်ဖို့အတွက် ရေနွေးထုပ်ကပ်ပေးနိုင်ပါတယ်။• ကြွက်သားကို ဆွဲဆန့်ပေးခြင်း – ကြွက်သားဆန့် လေ့ကျင့်ခန်းများကို ညင်သာစွာ ပြုလုပ်ပေးခြင်းကလည်း ကြွက်သားတောင့်တင်းမှုနဲ့ ကြွက်သားနာကျင်မှုကို ထပ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သင့်ကလေးရဲ့ အသုံးမပြုတာကြာပြီးဖြစ်တဲ့ ကြွက်သားတွေကိုလည်း အထောက်အကူပြုပါတယ်။• နှိပ်နယ်ပေးခြင်း – နှိပ်နယ်ပေးခြင်းကလည်း သွေးလည်ပတ်မှုကိုကောင်းစေပြီး နာကျင်မှုကို သက်သာစေတဲ့အပြင် ကြွက်သားတောင့်တင်းမှုကိုလည်း လျှော့ချပေးပါတယ်။• လည်ပင်းပတ်နဲ့ ခါးပတ်အသုံးပြုခြင်း – ထိုအထောက်အကူများကို အသုံးပြုပေးခြင်းကလည်း ကြွက်သားတွေကို အနားယူထားစေပြီး နာကျင်မှုကိုသက်သာစေပါတယ်။တကယ်လို့ အပေါ်ကပြောသွားတဲ့ နည်းလမ်းတွေနဲ့ အဆင်မပြေခဲ့လျှင် တရားမှတ်ခြင်း သို့မဟုတ် အသက်ရှူလေ့ကျင့်ခန်း လုပ်စေခြင်းဖြင့် နာကျင်မှုကို လျှော့ချနိုင်ပါတယ်။ ဆရာဝန်ကလည်း ပါရာစီတမော ဒါမှမဟုတ် ibuprofen လိုအကိုက်အခဲသက်သာတဲ့ဆေးကိုသောက်သုံးဖို့ ညွှန်းကောင်းညွှန်းနိုင်ပါတယ်။သင့်အနေနဲ့ သင့်ကလေးရဲ့ အခြေအနေကို ကုသမှုအပြီးမှာလည်း အကဲခတ်ဖို့လိုပါတယ်။ တကယ်လို့ ဆေးတွေ၊ သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးတာတွေ အာရုံလွှဲအောင်လုပ်တာတွေ တစ်ခုမှ သင့်ကလေးရဲ့ နာကျင်မှုကို မလျှော့ချနိုင်ဘူးဆိုရင်တော့ ဆရာဝန်ကိုအမြန်ဆုံးခေါ်ပါ။တကယ်လို့ မရှင်းလင်းတာရှိခဲ့ရင်လည်း ဆရာဝန်ဆီ ဆက်သွယ်မေးမြန်းဖို့ ဝန်မလေးပါနဲ့။ ပြင်းထန်တဲ့အခြေအနေကြုံခဲ့ရင် နီးစပ်ရာ အရေးပေါ်ဆေးရုံ ဆေးခန်းတွေကိုအမြန်ဆုံးသွားပါ။ သူတို့ကသာ သင့်ကလေးလိုအပ်တဲ့ စောင့်ရှောက်မှုတွေကို အချိန်ပြည့်ပေးနိုင်မှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7/
ကြက်ဟင်းခါးရွက် ရဲ့ဆေးဖက်ဝင်ပုံက
ခါးသက်သက်အရသာရှိပြီး ပြုတ်တို့ရင် စားလို့ကောင်းတဲ့ ကြက်ဟင်းခါးရွက် လေးတွေကလည်းကြက်ဟင်းခါးသီးလိုပဲ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ကျန်းမာရေးအခြေအနေတွေအတွက် ကြက်ဟင်းခါးရွက် လေးကို သုံးလို့ရလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။အစိမ်းရောင်ရှိပြီး နှာမောင်းလေးတွေနဲ့ အရိုးတံခပ်ပျော့ပျော့ စိမ်းစိမ်းလေးတွေပါ။ အပွင့် ဝါဝါလေးတွေ ပွင့်တတ်ပြီး နွယ်ပင်တစ်မျိုးပါ။ ကြီးထွားတာလည်း မြန်ပါတယ်။ကြက်ဟင်းခါးရွက်မှာ။ကြက်ဟင်းခါးရွက်ကို စားသုံးပေးတာက။ဆီးချိုကာကွယ်နိုင်တယ်။ကြက်ဟင်းခါးရွက်ကို ပြုတ်တို့တာဖြစ်ဖြစ် အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ သတ္တုရည်ကို သောက်ပေးတာဖြစ်ဖြစ်၊ ပြုတ်ရည်ကိုသောက်တာဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင်အမျိုးအစား – ၂ ဆီးချိုရောဂါကို သက်သာစေနိုင်မှာဖြစ်သလို ကာကွယ်ရာလည်းရောက်ပါတယ်။ အကြောင်းကတော့ ကြက်ဟင်းခါးရွက်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ပါ။လိပ်ခေါင်းသက်သာစေနိုင်တယ်။လိပ်ခေါင်းရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးရွက် အရည်ကိုသုံးဆောင်ပေးလို့ရပါတယ်။မနက်ခင်းတိုင်း ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို သောက်သုံးပေးတာက လိပ်ခေါင်းသက်သာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။ဝမ်းပျက်ဝမ်းလျှော။ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာချင်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ်ချင်းမှာ ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို သောက်ပေးလို့ရပါတယ်။ပန်းနာရင်ကျပ်ရောဂါ။ပန်းနာရင်ကျပ်ရောဂါကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးရွက်နဲ့ပင်စိမ်းရွက်တို့ကို ဆတူရောလို့ ကြိတ်ပြီး ရလာတဲ့အနှစ်ကို ပျားရည်နဲ့ ရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မနက်ခင်းမှာ စားသုံးပေးပါ။ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ရပါတယ်။လည်ချောင်းနာတာ။လည်ချောင်းနာတာကို သက်သာစေဖို့အတွက်လည်းရေနွေးဆူဆူထဲကို ကြက်ဟင်းခါးရွက်နဲ့ ပင်စိမ်းရွက်တို့ကို ထည့်လို့ ၁၅ မိနစ်လောက်ထားပြီး ပျားရည်အနည်းငယ်ထည့်လို့ သောက်ပေးလို့ရပါတယ်။အဖျားရှိခဲ့ရင်လည်း ဒီနည်းက အသုံးဝင်ပါတယ်။အဆစ်ရောင်နာ။အဆစ်တွေရောင်ရမ်းနာကျင်နေတာကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးရွက်ကို ကြိတ်လို့ရလာတဲ့အရည်ထဲကိုပျားရည်နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။အသည်းရောင် အသားဝါ။အသည်းရောင်အသားဝါရှိသူတွေ အနေနဲ့လည်း သက်သာစေဖို့ ကြက်ဟင်းခါးရွက်ကို စားသုံးပေးလို့ရပါတယ်။အရေပြားပြဿနာ။အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ကြက်ဟင်းခါးရွက်ကို ကြိတ်ခြေပြီး လိမ်းပေးလို့ရပါတယ်။အပူလောင်တာကနေစလို့အနာတွေဖြစ်တာအထိ အရေပြားပြဿနာ အမျိုးမျိုး အတွက် ကြက်ဟင်းခါးရွက်ကို အသုံးပြုပေးလို့ရပါတယ်။လက်ဖျားခြေဖျားတွေပူတာ။လက်ဖျားခြေဖျားတွေမှာ  ပူသလိုလို စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေကို သက်သာစေဖို့လည်း ကြက်ဟင်းခါးရွက်ကြိတ်ရည်ကို လိမ်းပေးလို့ရပါတယ်။ကြက်ဟင်းခါးရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဒီလိုလူတွေကတော့ မစားတာကောင်းပါတယ်။ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။ကြက်ဟင်းခါးရွက်လေးကို တစ်ပတ်ကို နှစ်ကြိမ်နဲ့ အထက်စားပေးတာက ခန္ဓာကိုယ် ကျန်းမာရေးကို ဂရုစိုက်ရာကျပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/bitter-melon-leaves-nutrition-and-benefits/
သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ ။ ။
ငယ်ငယ်တုန်းကသွားပိုးစားပြီး သွားကိုက်တဲ့ ဝေဒနာတွေ ခံစားဖူးကြမှာပါ။ ဒါတွေက ကလေးတိုင်းနီးပါးလောက်ကြုံတွေ့တတ်ကြတဲ့ ကိစ္စတစ်ခုပါ။ ဒီလိုအချိန်မျိုးမှာဆို မိဘတွေဘက်က သွားပိုးစားတာနဲ့ ပက်သက်ပြီး ကလေးတွေကို ဆိုဆုံးမလေ့ရှိပါတယ်။ ဒါဆို ငယ်ငယ်တည်းက သင်ကြားဖူးတဲ့ သွားပိုးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးစကားတွေက အမှန်ပဲလား။ သွားပိုးစားခြင်းနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆများ ကို လေ့လာကြည့်ရအောင်။သွားတိုက်ရုံတစ်ခုတည်းက သင့်ကို သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ သွားပိုးစားတယ်ဆိုတဲ့ ဖြစ်စဉ်က အရမ်းကို ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေထဲက တစ်ခုပါ။သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အက်ဆစ်တစ်မျိုးထုတ်ပြီး သွားရဲ့ ကြွေလွှာတွေကို ဖျက်ဆီးပစ်တာကြောင့် သွားပိုးစားရတာဖြစ်ပါတယ်။သွားတိုက်တာ တစ်မျိုးတည်းနဲ့ကတော့ ဘက်တီးရီးယားပိုးတချို့ကိုသာဖယ်ရှားပေးနိုင်ပြီး အက်ဆစ်ထုတ်နှုန်းကိုတော့ လျှော့ချပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သွားပုံမှန်တိုက်တာ၊ သွားပွတ်ကြိုး သုံးတာတွေက တခြားသောသွားနဲ့ ခံတွင်းပြဿနာတွေကို ဖြစ်နိုင်ခြေ နည်းစေမှာပါ။အချိုစားများတာနဲ့ သွားပိုးစားတာက တိုက်ရိုက်ကြီးဆက်စပ်နေတာတော့ မဟုတ်ပါဘူး။ သွားထဲမှာရှိတဲ့ သွားပိုးလို့ခေါ်တဲ့ ဘက်တီးရီးယားတွေက စားလိုက်တဲ့ အစားအသောက်တွေထဲကကာဘိုဟိုက်ဒရိတ်အနည်းငယ်လောက်ကို စားသုံးပြီး အညစ်အကြေး အဖြစ် သွားပိုးစားတာကိုဖြစ်စေတဲ့ အက်ဆစ်တွေကို ပြန်စွန့်ထုတ်ပါတယ်။အချိုစားတာအပြင် သွားမှာ ကပ်စေတဲ့ အစားအစာ‌တွေကလည်း သွားပိုးကို ဖြစ်စေပါတယ်။သွားပိုးစားတာက ကူးစက်တတ်တဲ့ ရောဂါတစ်ခုဆိုတာကို မသိတဲ့သူတွေ အများကြီးပါ။သွားပိုးစားတာကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ သွားထဲမှာ အခြေကုပ်ပြီး နေရာယူထားတတ်ကြတဲ့အတွက် တစ်ဇွန်းထဲ ထမင်းတူတူစားမိရင်ဖြစ်ဖြစ် မိဘတွေကနေ ကလေးကို ထမင်း ဝါးကျွေးရင်ပဲ ဖြစ်ဖြစ် သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေဟာ တစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို ကူးစက်သွားတတ်ပါတယ်။စိတ်မကောင်းစရာတစ်ခုက တစ်ခါ သွားပိုးစားဖူးလို့ရှိရင် အဲဒီ ဘက်တီးရီးယားတွေက သင့်ဆီမှာ တစ်သက်လုံးရှိနေတတ်ပါတယ်။ ဒါကြောင့် ငယ်ငယ်လေးထဲက သွားပိုးမစားခဲ့အောင် ခံတွင်းကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးတွေက သင့်ပိုးစားနေတဲ့ သွားတွေကို သက်သာစေတာမှန်စေပေမယ့် သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်ကတော့ သူတစ်ခုတည်းကသာ အဖြေမဟုတ်ပါဘူး။သွားပိုးစားတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့ အက်ဆစ်တွေကြောင့်သွားရဲ့ ကြွေလွှာတွေပျက်စီးပြီး သွားပိုးစားရတာ ဖြစ်ပါတယ်။ သင့်သွားရဲ့ ကြွေလွှာအားနည်းတာကြောင့် သွားပိုးစားရတယ်ဆိုတာ မမှန်ပါဘူး။ သွားပိုးစားဖို့အတွက် ဘက်တီးရီးယားရဲ့ အက်ဆစ်တွေထွက်နေဖို့ လိုပါတယ်။သွားပိုးစားတာကို တိုက်ထုတ်ဖို့အတွက်က ဆေးပိုင်းဆိုင်ရာ အကူအညီတွေလိုပါတယ်။ သွားပိုးစားတာကြောင့် ဖြစ်နေတဲ့ အပေါက်ကို ဖာတာဟာ တစ်ခုတည်းနဲ့တော့ သွားပိုးစားတာကို ကုသလို့ မပျောက်ပါဘူး။သွားပိုးစားတဲ့အပေါက်ကို ဖာရမယ့် အပြင် သွားကို biofilm treatmentပေးဖို့လည်း လိုပါသေးတယ်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/myths-about-dental-caries/
ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား
အိမ်ထောင်ရှင်အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ သိချင်နေမယ့် အချက်လေး တစ်ခုကို ဒီဆောင်းပါးလေးထဲကနေ ဖြေပေးပါရစေနော်။ ဒါကတော့ လေဒီလေးတွေ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား ……. ဘာတွေ ဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။ရာသီလာနေစဉ်မှာ အတူနေလို့ရလား ….. ဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒါဆိုရင် ဆက်မေးစရာရှိမှာက ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား ….ကိုယ်ဝန်ရသွားနိုင်လားဆိုတဲ့ မေးခွန်းဖြစ်မယ် ထင်ပါတယ်။ ဒါကတော့ ဖြစ်ခဲတယ်ပဲ ပြောရမှာပါ။ကလေး လိုချင်တဲ့စုံတွဲတွေအနေနဲ့ဆိုရင် ဒီအချိန်မှာ အတူနေပြီး ကလေးရဖို့မကြိုးစားသင့်ပါဘူး။ အကြောင်းကတော့ ရာသီလာနေစဉ်မှာ အတူနေခြင်းကကလေးရရှိနိုင်ခြေပုံမှန်ထက် နည်းနေတာကြောင့်ပါ။အဲ ….. ဒါပေမယ့် ကလေးမရနိုင်လောက်ပါဘူး ဆိုပြီး ဒီအချိန်မှာ အကာအကွယ် မသုံးဘဲ နေရလောက်အောင်လည်း စိတ်ချလို့ရတဲ့ အနေအထား မဟုတ်ပါဘူး။ ရနိုင်ခြေ နည်းပေမယ့် ဒီနည်းနည်းလေးက ဖြစ်မလာရင်တော့ အကောင်းဆုံး ပါပဲ။ဒီနေရာမှာ သတိထားရမယ့် အချက်တစ်ခုက အမျိုးသားရဲ့သုက်ပိုးက အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ ၅ရက်လောက်အထိ ရှင်သန်နေနိုင်ပါတယ်။ လေဒီတစ်ယောက် နဲ့ တစ်ယောက်က ရာသီစက်ဝန်း မတူနိုင်ပါဘူး။လေဒီတစ်ယောက်တည်းမှာတောင် ရာသီစက်ဝန်းက အမြဲ တစ်ထပ်တည်း မကျနိုင်ပါဘူး။တကယ်လို့ ရာသီစက်ဝန်းက ၂၈ ရက်မဟုတ်ဘဲ ၂၂ ရက်စက်ဝန်း ဖြစ်နေမယ်ဆိုရင် ရာသီလာစဉ်မှာ အတူနေခြင်းကြောင့် ကလေးရနိုင်ခြေက ပိုများနေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရာသီလာနေစဉ်မှာ အတူနေမယ် ဆိုရင် အမျိုးသားကအကာအကွယ်သုံးတာပါ။ရာသီလာချိန်မှာ အတူနေတာက လုံခြုံစိတ်ချရမှု အပြည့်အဝတော့ မရှိပါဘူး။ ရာသီလာနေစဉ်မှာ အတူနေခြင်းကြောင့် လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေက ပိုများနိုင်ပါတယ်။ ဒါ့အပြင်မိန်းမကိုယ် ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်သလို ရာသီလာချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်မှိုပိုးဝင်တာမျိုးလည်း ခံစားရနိုင်ပါတယ်။အမျိုးသားတွေမှာလည်း ဒီအချိန်မှာလိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ခြေ ပိုများနေနိုင်ပါတယ်။ ရာသီလာစဉ် အတူနေခြင်းကြောင့်။ဒါတွေက သာမန်အချိန်မှာလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ရာသီလာချိန်က သွေးဆင်းနေတဲ့အချိန်၊ မိန်းမကိုယ်အတွင်းသားတွေ နုနယ်တဲ့အချိန်ဖြစ်တာကြောင့် သာမန်ထက် ကူးနိုင်ခြေက ပိုများပါတယ်။ရာသီလာနေစဉ်မှာ အတူနေတာက ဆိုးကျိုးပဲရှိတာတော့ မဟုတ်ပါဘူး။ ကောင်းကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကတော့။ရာသီလာနေစဉ်မှာ အတူနေတော့မယ် ဆိုရင်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/is-it-safe-to-have-sex-during-menstruation/
အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ
စားမယ် သောက်မယ် အစားတလိုင်းတို့တွေ စုမိကြပြီ ဆိုရင် ဒီပြဿနာတော့ အမြဲ ကြုံရမှာပဲ။ ဒါ့ကြောင့် တချို့ဆို အစာကြေဆေးတောင် အိတ်ထဲ ဆောင်ထားကြတယ်။ အစားများပြီး ဗိုက်ကားနေမယ်၊ အရသာ ပြင်းတာတွေ စားမိလို့ သွေးတိုးမယ်၊ အဆီများတာတွေ စားမိလို့ အဆီတက်မယ်၊ အီလည်လည်နဲ့ရယ်။ ဒါ့ကြောင့် အစား များသွားတဲ့အခါ ဘာလေးတွေနဲ့ ဖြေလို့ရလဲ ဆိုတာ အစားတလိုင်းလေးတွေကို အကြံပေးလိုက်မယ်နော်။ ကဲ …… အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ အကြောင်းကို ကြည့်လိုက်ရအောင်နော်။အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ ကတော့။ဒိန်ချဉ်ရဲ့ အကျိုးပြုဘက်တီးရီးယား အစွမ်းကြောင့် အစားအစာကြောင့် ဒါမှမဟုတ် အစားများလို့ ဖြစ်လာတဲ့ ဗိုက်ပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။ lactobacillus လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကြောင့်အူတွင်းဘက်တီးရီးယားတွေကို ထိန်းညှိပေးနိုင်ပြီး ဝမ်းပြဿနာနဲ့ လေပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။အစားအသောက်တွေ စားပြီးတဲ့အခါ အာခေါင်ခြောက်၊ ရေငတ်ပြီး သွေးတိုးနေတာတွေ ကြုံဖူးတယ် မလား။ ဒါဆို ငှက်ပျောသီးလေးသာ စားလိုက်ပါ။ ငှက်ပျောသီးမှာ ပိုတက်စီယမ် ကြွယ်ဝလို့ အငန်များတဲ့ အစားအစာတွေရဲ့ သက်ရောက်မှုကို သက်သာစေပြီးသွေးဖိအားကိုကျစေပါတယ်။လက်ဖက်စိမ်း ရေနွေးကြမ်း တစ်ဖန်ခွက်မှာ ကိုလက်စထရောကို ကျစေတဲ့flavonoidsတွေအပြည့်အဝ ပါဝင်ပါတယ်။ ဒါ့ကြောင့် စားပြီးရင် လက်ဖက်စိမ်း သောက်လိုက်တာနဲ့ အကျိုးမပြုတဲ့ သွေးတွင်းကိုလက်စထရော(LDL) ပမာဏကို လျော့ကျစေနိုင်တယ်။ သွေးဖိအားကိုလည်း ပုံမှန် ပြန်ဖြစ်စေပါတယ်။အစားများခြင်းကနှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေတဲ့အတွက် အခွံမာသီး နဲ့ အစေ့အဆန်လေး နည်းနည်းတော့ စားပေးသင့်ပါတယ်။ ဗာဒံစေ့၊ သစ်ကြားသီး၊ မြေပဲနဲ့ တခြား အစေ့အဆန်တွေက အကျိုးပြုအဆီဓါတ် (omega-3 fatty acids)၊ မပြည့်ဝဆီတွေ နဲ့ဗီတာမင် Eတို့ကြွယ်ဝတဲ့အတွက် သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးကြောတွေကို ကာကွယ်ပေးနိုင်ပါတယ်။အစား များများ စားပြီးတဲ့အခါ ခန္ဓါကိုယ်မှာ လုပ်ဆောင်စရာတွေ များပါတယ်။ ဟင်းနုနွယ်မှာ အဆီတွေ ချေဖျက်တဲ့ ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြန်စေနိုင်တဲ့ ဗီတာမင်B2 ကြွယ်ဝပါတယ်။ ဗီတာမင် B တွေက ရောဂါတွေကို တိုက်ဖျက်ရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒီအရွက်ကို အပူပေးရုံ ပေးပြီး စားပေးတာ အကောင်းဆုံးပါ။ ကြာကြာပြုတ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါသွားနိုင်ပါတယ်။ ဥပမာ ဟော့ပေါ့ စားတယ် ဆိုရင် နောက်ဆုံး ပြီးခါနီးကျ အရွက်ကို ဖျောပြီး စားလိုက်ပါ။ချင်းက အစာခြေ လမ်းကြောင်း အတွင်းမှာ ရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး လေတွေ ဖယ်ရှားပေးပါတယ်။ အစာကြေ မြန်စေတယ်။ အားလုံး စားလို့ ပြီးတဲ့အချိန် ချင်းရေနွေးကြမ်း တစ်ခွက် သောက်လိုက်ရင် ကွက်တိပဲလေ။ဗီတာမင် Cကြွယ်ဝပြီး အရသာ ရှိတယ်၊ အအီပြေစေတဲ့ လိမ္မော်သီးလေးက ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပြီး အဆီတွေကို ပိုပြီးချေဖျက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားလည်း ကောင်းစေတယ်။ လိမ္မော်သီး နဲ့ အချိုတည်း ဒါမှမဟုတ် လိမ္မော်ရည်လေး သောက်ပါ။ (အချိုများတဲ့ ပုလင်း အချိုရည်တွေထက် အသီး ဖျော်ရည်က ပိုကောင်းပါတယ်)။ခန္ဓါကိုယ်ထဲ စားသောက်ထားသမျှကို ရေနဲ့ ဆေးချလိုက်ပါ။ရေသောက်ခြင်းက အစာကြေ မြန်စေရုံမက ဝမ်းကို ပျော့စေပြီး အစာစွန့်စနစ်ကို လွယ်ကူစေပါတယ်။ အစားတလိုင်းလေးတွေ အဆင်ပြေပါစေနော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/what-to-do-after-a-binge/
ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။
ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။ ရင်ဘတ်အောင့် ပြီဆိုရင် ၁၀ယောက်မှာ ၈ယောက်လောက်ကနှလုံးရောဂါလို့ ထင်တတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ ရင်ဘတ်အောင့်တယ် အောင့်တယ်ပြောပြီး ဆုံးသွားတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။ တကယ်တော့ ရင်ဘတ်အောင့်တယ် ဆိုတာ လူနာအတွက်ရော ဆရာဝန်အတွက်ရော ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား။ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဒါတွေက ဘာတွေဖြစ်နိုင်မလဲ။ ဆက်ကြည့်ရအောင်။ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။ ဆိုတော့ ရင်ဘတ်အောင့် တာက ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး နာတဲ့ပုံစံမတူပါဘူး။ တစ်ခါတစ်လေ ရင်ဘတ်အောင့်တာက ဘာရောဂါမှရှိလို့မဟုတ်ပါဘူး။ ဒါကလည်း ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ပြီးမှ သိနိုင်တာပါ။နှလုံးကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် ခြင်း။ရင်ဘတ်အောင့်တာက နှလုံးနဲ့ဆိုင်တယ် ပြောပေမယ့် တကယ်တမ်းနှလုံးရောဂါရှိတဲ့ သူတွေကိုမေးကြည့်မယ်ဆိုရင် သူတို့ခံစားရတာက နာတာမဟုတ်တဲ့ တခြားမအီမသာ ခံစားမှုမျိုး၊ စကားနဲ့ မဖော်ပြတတ်တဲ့ ဝေဒနာတစ်မျိုးကို ခံစားနေရတာပါ။ အကြမ်းဖျင်းပြောရရင် နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာက အောက်ကလက္ခဏာတွေနဲ့ တွဲတွေ့ရနိုင်ပါတယ်။-ရင်ဘတ်ပေါ်ကို တစ်ခုခုနဲ့ဖိထားသလို တင်းကြပ်ကြပ်ခံစားနေရတာ။-ကြိတ်ချေသလို၊ ဆွဲဖြဲသလို နာကျင်မှုမျိုးခံစားရပြီး နောက်ကျော၊ လည်ပင်း၊ မေးကြော၊ ပုခုံးနဲ့ လက်မောင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးထိ ပျံ့သွားတာ။-နာကျင်မှုက မိနစ်တော်တော်ကြာမယ်။ လှုပ်ရှားရင်လည်းနာမယ်။ ဖြစ်လိုက် ပျောက်လိုက်နဲ့ နာတဲ့ ပြင်းထန်မှုလည်း မတူတာ။-မောတာ။-ချွေးစေးတွေထွက်တာ။-ခေါင်းမူးတာ၊ အားနည်းတာ။-ပျို့တာ၊ အန်တာ စတာတွေပဲ ဖြစ်ပါတယ်။တခြားအကြောင်းကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် ခြင်း။နှလုံးကြောင့်အောင့်တာလား၊ တခြားကြောင့် အောင့်တာလားဆိုတာ ခွဲရခက်ပါတယ်။ တခြားအကြောင်းကြောင့်ဆိုရင်တော့ အောက်ကလက္ခဏာတွေနဲ့တွဲတတ်ပါတယ်။-ပါးစပ်ချဉ်တာ၊ စားမြုံ့ပြန်တာ။-မျိုရခက်တာ။-ခန္ဓာကိုယ်အနေအထားပြောင်းလိုက်ရင် နာတာပိုဆိုးတာ၊ သက်သာတာ။​-အသက်ပြင်းပြင်းရှူရင်၊ ချောင်းဆိုးရင် ပိုဆိုးတာ။-ရင်ဘတ်ကိုဖိထားရင် ပိုနာတာ။-နာရီနဲ့ချီအောင် နာတာ စတာတွေပဲ ဖြစ်ပါတယ်။ရင်ပူတဲ့လက္ခဏာကတော့ နှလုံး ဒါမှမဟုတ်အစာအိမ်ရဲ့ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။နှလုံး။–နှလုံးသွေးကြောပိတ်တာ။–နှလုံးသွေးကြောကျဉ်းတာ။-သွေးကြောမကြီး နံရံပြဲတာ။–နှလုံးအမြှေးပါးရောင်တာ။အစာအိမ်နဲ့ အူလမ်းကြောင်း။-အစာချဉ်ရည်ဆန်တက်ပြီး ရင်ပူတာ။-အစာရေမြိုပြွန်ရောဂါကြောင့် မြိုရခက်ပြီး ရင်ဘတ်အောင့် တာ။–သည်းခြေအိတ်ဒါမှမဟုတ် ပန်ကရိယရောင်ရမ်းတာ။အရိုးအကြောနဲ့ ကြွက်သား။-နံရိုးနုရောင်ရမ်းတာ။-ကြွက်သားနာတာ။-နံရိုးကျိုးတာ။အဆုတ်။–အဆုတ် သွေးကြောပိတ်တာ။-အဆုတ် အမြှေးပါးရောင်တာ။-အဆုတ်ကျံတာ။-အဆုတ်သွေးကြေ ာသွေးတိုးတာ။အခြားအကြောင်းအရင်း။-စိတ်လှုပ်ရှားတာ။–ခါးပတ်ရေယုန်ပေါက်တာ စတာတွေပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင် ရင်ဘတ်အောင့် တာ နှလုံးရောဂါကြောင့် တစ်ခုတည်း မဟုတ်ဘူးဆိုတာ သိလောက်ပါပြီ။ သင်က  ရင်ဘတ်အောင့်တယ်လို့ပဲပြောတာပါ။ ဖြစ်နိုင်တဲ့ အကြောင်းရင်းကတော့ သေနိုင်လောက်တဲ့ နှလုံးရောဂါကနေ သာမန်စိတ်လှုပ်ရှားလို့ အောင့်တာအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သင်ရင်ဘတ်အောင့်လို့ ဆေးခန်းသွားပြရင်တော့ ဆရာဝန်က သေနိုင်လောက်တဲ့ နှလုံးရောဂါ၊ အဆုတ်ကျံတာ၊ အဆုတ်သွေးကြောပိတ်တာ စတဲ့အကြောင်းရင်းကြောင့်လား ဆိုတာ အရင်ရှာရမှာပါ။ ဒါတွေမရှိမှ တခြားကြောင့်လားဆိုတာ ဆက်စဉ်းစားမှာပါ။ ဒီရောဂါတွေက မသိလိုက်လို့ အချိန်မီမကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်လို့ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/hurt-chest-is-a-sign-of-heart-disease/
ကိုဗစ်ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ
ကိုဗစ်ကာကွယ်ဆေးတွေ ထိုးလို့ မရခင်ကတော့ ကာကွယ်ဆေး ထိုးလို့ ရဖို့အရေးက အဓိကကျတဲ့ ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေလည်း ရောက်လာပြီ။ကိုယ့်အစီအစဉ်နဲ့ကိုယ်လည်း ကာကွယ်ဆေးတွေ ထိုးလို့ရပြီဆိုတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးဖို့ထက် ပိုပြီး အဓိက ကျလာတဲ့ ကိစ္စ တစ်ခု ရှိလာပါတယ်။ဒါကတော့ ဘယ်ကာကွယ်ဆေးက ထိရောက်မှု ကောင်းသလဲဆိုတာကို ရွေးချယ်တာပါ။ တရုတ်က ဆေးလား…… စိတ်ချရပါ့မလား။  အိန္ဒိယဆေးက ပိုစိတ်ချရမယ်ထင်တယ်။ ရုရှားက ဆေးက ပိုကောင်းမလားဆိုပြီး အမျိုးမျိုးတွေ ရွေးချယ်နေကြမယ် ထင်ပါတယ်။ အထိရောက်ဆုံး ကာကွယ်မှုကို လိုချင်တာကိုး။ဒါကြောင့် ဘယ်ကာကွယ်ဆေးက ပိုကောင်းလဲ ဆိုပြီး ရွေးရမခက်ရအောင် ကာကွယ်ဆေးတွေရဲ့ တစ်ခုနဲ့တစ်ခု ကွာခြားချက်လေးတွေကို ပြောပြပေးသွားပါမယ်။ကိုဗစ် ကာကွယ်ဆေးမှ မဟုတ်ပါဘူး။ ကာကွယ်ဆေး တစ်မျိုးမျိုးကို ထုတ်ဖို့ဆိုရင် အဆင့်များစွာကို ကျော်ဖြတ်ရပါတယ်။ ဒါကြောင့် စိတ်ချရမှုက ကာကွယ်ဆေးတိုင်းမှာ ရှိသလို ကာကွယ်ပေးနိုင်စွမ်းကလည်း ရှိပါတယ်။ ဆေး အမျိုးအစားအလိုက် အနည်းငယ်တော့ ကွာခြားနိုင်တာပေါ့။ယူကေက ထုတ်လုပ်တဲ့ Novavax ကာကွယ်ဆေးက ၈၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပြီး Johnson & Johnson ကုမ္ပဏီက ထုတ်တဲ့ Janssen ကာကွယ်ဆေးက ၆၆ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ဒီကာကွယ်နိုင်စွမ်းက ပထမအကြိမ် ဆေးထိုးပြီးချိန်မှာကို ရရှိမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် ဆေးကုမ္ပဏီ တစ်ခုက ထုတ်လုပ်တဲ့ Sinopharm ကတော့ ၇၉ ရာခိုင်နှုန်းအထိ ကာကွယ်မှု ပေးနိုင်ပါတယ်။ ဆေးကိုတော့ အကြိမ်ရေ ပြည့်အောင် ထိုးဖို့ လိုပါမယ်။ရုရှားက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကလည်း ကာကွယ်ပေးနိုင်စွမ်း တော်တော်လေး မြင့်တယ်လို့ ကာကွယ်ဆေး လေ့လာမှု ရလဒ်တွေအရ သိရပါတယ်။ ကာကွယ်ဆေးတွေကကိုယ်ခံအားက ဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ခိုက်ပြီး ကိုဗစ်ကြောင့်ဖျားနာမှုကင်းအောင် ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ နည်းပညာချင်း ကတော့ မတူပါဘူး။ကိုဗစ်ကာကွယ်ဆေးတွေ ကလည်း ပညာရှင်တွေရဲ့ အပတ်တကုပ်ကြိုးစားမှုတွေကြောင့် အမျိုးအစား များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ထုတ်လုပ်မှု နည်းပညာတွေ ကွာခြားတာကြောင့် ကာကွယ်ဆေး တစ်မျိုးနဲ့ တစ်မျိုးကြားမှာ ကွာခြားချက်တွေကတော့ ရှိနေပါတယ်။ ဘယ်လိုတွေများ ကွာခြားလဲ……။Covishieldကာကွယ်ဆေးက Oxford-AstraZeneca vaccine ရဲ့ version တစ်မျိုးပါ။ အခြေခံ နည်းပညာတူပေမယ့် ထုတ်လုပ်တဲ့နေရာ ကွာခြားတာပါ။ ဒီကာကွယ်ဆေးက ယူကေနဲ့ အိန္ဒိယမှာ တွေ့ရှိရတဲ့ ကိုဗစ်မျိုးစိတ်တွေကို အဓိက ကာကွယ်ပေးနိုင်တာပါ။Covishield က နှစ်ကြိမ်လုံး ပြည့်အောင် ထိုးပြီးတဲ့အခါ ၆၂ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိပါတယ်။ ဆေးကို ၂၈ ရက်ခြားပြီး ၂ ကြိမ်ထိုးရမှာပါ။ဆေးကို 2-8°C အတွင်းမှာ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးက နှစ်ကြိမ်လုံး ပြည့်မှ ထိရောက်တဲ့ ကာကွယ်မှုကို ရရှိမှာပါ။နောက်ထပ် သိချင်နေမယ့် တစ်ခုက ကာကွယ်ဆေးထိုးပြီးရင် သွေးခဲမှာလားဆိုတာ ဖြစ်မယ် ထင်ပါတယ်။ ဒါက အင်မတန်မှ ရှားပါတယ်။ အိန္ဒိယမှာတော့ covidshield ကို ထိုးပေးနေပြီဖြစ်ပြီး သွေးခဲတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။Novavax။ဒီကာကွယ်ဆေး အမျိုးအစားကတော့ လက်ရှိ ထောက်ခံချက်ရရှိထားတဲ့ ကာကွယ်ဆေးတွေနဲ့ အနည်းငယ် ကွာခြားပါတယ်။ spike protein ပုံစံနဲ့ ကိုယ်ခံအား စနစ်ကို လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ဒီကာကွယ်ဆေးက ဓာတ်ခွဲခန်းမှာ လုပ်တဲ့ ပရိုတင်း အမျိုးအစားကို အသုံးပြုပြီး ကိုယ်ခံအားကိုantibodyထွက်အောင် လှုံ့ဆော်ပေးမှာပါ။ကာကွယ်ဆေးက ၂ ကြိမ် ထိုးရမှာဖြစ်ပြီး ၃ပတ်ခြားပြီး ထိုးရမှာပါ။ မူလ ကိုဗစ်ဗိုင်းရပ်စ်ကို ၈၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။မျိုးဗီဇ ပြောင်းလဲလာတဲ့ မျိုးစိတ်တွေကိုတော့ ၆၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန် ရေခဲသေတ္တာမှာ သိမ်းဆည်းလို့ ရပါတယ်။Janssen။ဒီကာကွယ်ဆေးကတော့ လူသားတွေကို ထိခိုက်မှု မရှိအောင် ထုတ်လုပ်ထားတဲ့ အမျိုးအစားပါ။ ပုံမှန်ဖျားနာမှုကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။ ခန္ဓာကိုယ်မှာ ကြီးမားတဲ့ တုံ့ပြန်မှု မဖြစ်စေဘဲ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံအား ထွက်ရှိအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ကာကွယ်ပေးနိုင်စွမ်းကတော့ ၆၆ ရာခိုင်နှုန်း ရှိပါတယ်။ မျိုးစိတ် အလိုက် ကာကွယ်ပေးနိုင်စွမ်း ကွာခြားတာမျိုးတော့ ရှိပါတယ်။ ပုံမှန် ရေခဲသေတ္တာထဲမှာတင် သိမ်းဆည်းလို့ ရပါတယ်။Oxford-AstraZeneca။အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ပျော့အောင်လုပ်ထားတဲ့ adenovirus ကို အသုံးပြုပြီး ကာကွယ်ဆေး ထုတ်လုပ်ထားတာပါ။ဒီဗိုင်းရပ်စ်ကို သူ့အလိုလျောက် မျိုးပွားတာမျိုး မလုပ်နိုင်အောင် မျိုးဗီဇ ပြုပြင်ထားမှာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ပိုးပြန့်ပွားမှာကို စိုးရိမ်စရာ မလိုပါဘူး။ဒီကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်တဲ့ ပရိုတင်းနဲ့ အသွင်တူအောင် ထုတ်လုပ်ထားတာပြီး ကိုယ်ခံအားစနစ်ကို  T-cell တွေ ထုတ်လုပ်အောင် လှုံ့ဆော်ပေးပြီး ကိုဗစ်ရောဂါဖြစ်စေတဲ့SARS-CoV-2 virusကို ခုခံတိုက်ထုတ်နိုင်အောင် လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ကာကွယ်ဆေးက ၂ ကြိမ် ထိုးရမှာ ဖြစ်ပြီး ၆၂ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန် ရေခဲသေတ္တာထဲမှာတင် သိမ်းဆည်းလို့ ရပါတယ်။Pfizer-BioNTech and Moderna။messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင်လုပ်တဲ့နည်းကို ကျင့်သုံးထားပါတယ်။ကာကွယ်ဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်တဲ့အခါ ကိုယ်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်မယ့် ပရိုတင်းနဲ့ တူညီတဲ့ ပရိုတင်း တစ်မျိုး ထွက်လာပါလိမ့်မယ်။ ဒီပရိုတင်းက ရောဂါမဖြစ်စေနိုင်ပါဘူး။ကိုယ်ခံအားကိုantibodies နဲ့ T-cells တွေထွက်ရှိအောင် လှုံ့ဆော်ပေးပြီးကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စေဖို့ လေ့ကျင့်ပေးမှာပါ။ကိုယ်ခံအားကို ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့အတွက်ပဲ ကြိုတင်လေ့ကျင့်ပေးထားတဲ့ သဘောပေါ့။ကာကွယ်ဆေးကို ၂၈ ရက်ခြားပြီး ၂ ကြိမ် ထိုးရမှာပါ။ ကာကွယ်ပေးနိုင်စွမ်းကတော့ ၉၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ သယ်ယူပို့ဆောင်ချိန်မှာ အနုတ် ၇၀ ဒီဂရီဆဲစီးယပ်စ်မှာ ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ထိန်းသိမ်းသိုလှောင် ထားချိန်မှာတော့ ပုံမှန် ရေခဲသေတ္တာ အအေးချိန်မှာ ရက် ၃၀၊ အခန်းအပူချိန်မှာ ၁၂ နာရီ အထားခံမှာ ဖြစ်ပါတယ်။Sinovac။တရုတ်နိုင်ငံက ထုတ်တဲ့ ကာကွယ်ဆေး အမျိုးအစား တစ်ရပ်ပါ။ Oxford vaccine နည်းတူ ကိုယ်ခံအား ပေးနိုင်ပါတယ်။ သေပြီးသား ဗိုင်းရပ်စ်ရဲ့ အပိုင်းအစလေးတွေကို အသုံးပြု ထုတ်လုပ်ထားတာပါ။ဆေးထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို သိရှိပြီး ကိုယ်ခံအားစနစ်က တုံ့ပြန်နိုင်စေဖို့ လှုံ့ဆော်ပေးပါတယ်။ ပြင်းထန်တဲ့ ဖျားနာမှုမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကာကွယ်ဆေးရဲ့ ထိရောက်မှုကတော့ ၇၉ ရာခိုင်နှုန်းပါ။ ၂ ပတ် ကနေ ၄ ပတ်ခြားပြီး ဆေး ၂ ကြိမ် ထိုးရမှာပါ။ ပုံမှန် ရေခဲသေတ္တာ အအေးချိန်မှာ သိမ်းဆည်းထားလို့ ရပါတယ်။Sinopharm။သူကလည်း အပေါ်က ပြောခဲ့တဲ့ ကာကွယ်ဆေးနဲ့ အတူတူပါပဲ။ Oxford vaccine နည်းတူ ကိုယ်ခံအား ပေးနိုင်ပါတယ်။ သေပြီးသား ဗိုင်းရပ်စ်ရဲ့ အပိုင်းအစလေးတွေကို အသုံးပြု ထုတ်လုပ်ထားတာပါ။ဆေးထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို သိရှိပြီး ကိုယ်ခံအားစနစ်က တုံ့ပြန်နိုင်စေဖို့ လှုံ့ဆော်ပေးပါတယ်။ ပြင်းထန်တဲ့ ဖျားနာမှုမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကာကွယ်ဆေးရဲ့ ထိရောက်မှုကတော့ ၇၉ ရာခိုင်နှုန်းပါ။ ၂ ပတ် ကနေ ၄ ပတ်ခြားပြီး ဆေး ၂ ကြိမ် ထိုးရမှာပါ။ ပုံမှန် ရေခဲသေတ္တာ အအေးချိန်မှာ သိမ်းဆည်းထားလို့ ရပါတယ်။Sputnik-V။Sputnik-V vaccine ကလည်း သေပြီးသား ဗိုင်းရပ်စ်ရဲ့ အပိုင်းအစလေးတွေကို အသုံးပြု ထုတ်လုပ်ထားတာပါ။ Oxford vaccine ဖြစ်ပြီး ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ပုံစံက Sinovac ၊ Sinopharm ကာကွယ်ဆေးတွေနဲ့ ပုံစံတူပါတယ်။လေ့လာစမ်းသပ်မှုတွေအရ အသက် ၆၀ အထက်တွေမှာ ကာကွယ်ပေးနိုင်စွမ်းက ၉၀ ရာခိုင်နှုန်း ကျော်ပါတယ်။ အသက်အရွယ်အလိုက် ထိရောက်မှု ကွာခြားနိုင်လားဆိုတာကိုတော့ ဆက်လက်စမ်းသပ်နေဆဲပါ။ ပုံမှန် ရေခဲသေတ္တာ အအေးချိန်မှာ ခြောက်ခြောက်သွေ့သွေ့ သိမ်းဆည်းထားလို့ ရပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/differences-between-covid-19-vaccines/
ယောက်ျားလေးများသည် ဘာလို့ အနိုင်ကျင့်ကြပါသလဲ။ သူတို့ကို ဘယ်လို ကူညီပေးနိုင်မလဲ
အနိုင်ကျင့်သည်ဟုပြောလိုက်လျှင် ကျွန်ုပ်တို့သည် ကျောင်းနေရွယ် ယောကျာ်းလေးများအချင်းချင်း တိုက်ခိုက်ကြခြင်း၊ တစ်ယောက်နှင့်တယောက် ပစ်ပေါက်ကြခြင်းစသည့် ကြမ်းတမ်းသည့် အမူအရာများ ပြုလုပ်သည်ဟု ထင်တတ်ကြပါသည်။ ဘာကြောင့်ပါလဲ။ အချို့သည် မီဒီယာ၏လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သလို အချို့သည် လက်တွေ့ဘဝတွင် အမှန်တကယ်ဖြစ်နေသော အတွေကအကြုံများ ဖြစ်ပါသည်။နှစ်ပေါင်းများစွာ သုတေသနပြုချက်များအရ အနိုင်ကျင့်သော ယောကျာ်းလေးများသည် မိမိကိုယ်ကို တန်ဖိုးလျှော့ခြင်း၊ ပေါင်းသင်းဆက်ဆံရေးညံ့ခြင်း၊ သူငယ်ချင်းနည်းခြင်း တို့ကြောင့်ဖြစ်တတ်ပြီး သူတို့ကိုယ်တိုင်သည်လည်း အကြောင်းအမျိုးမျိုးကြောင့် အနိုင်ကျင့် ခံနေရသူများဖြစ်နေတတ်ပါသည်။ သိုကသော် ထိုအရာများနှင့်ဆန်ကျင်ဘက်လည်းဖြစ်နေနိုင်ကြောင်း ပညာရှင်များက ဆိုပါသည်။ အနိုင်ကျင့်သူများသည် ဂိုဏ်းခေါင်းဆောင်များဖြစ်ကြကြောင်း အများစုတွင် လေ့လာရပါသည်။ ‘သူတို့၏ပေါင်းသင်းဆက်ဆံရေးသည် ပုံမှန်အတိုင်းဖြစ်ပါသည်။ထို့ကြောင့် သူတို့ကို ချဉ်းကပ်ဖို့ ပြန်စဉ်းစားရမယ’် ဟု ပါမောက္ခ Dorothy Espelage ကပြောပါသည်။ ‘သူတို့သည် သူတို့ပြုသမျှခံနိုင်ကြသူများအပေါ်တွင် ပစ်မှတ်ထားသည်။ လွှမ်းမိုးမှုများပြုသည်။ ထိန်းချုပ်သည်။ ထိုအရာသည် မကောင်းပါ’ဟု Espelage ကပြောပါသည်။ အနိုင်ကျင့်သူတစ်ယောက်သည် ကြောင့် အခြားသူတွေလို စိတ်ကိုထိန်းချုပ်နိုင်မှုစွမ်းရည်များ မရှိဖြစ်ရတာလဲ။ Espelage ၏အဖြေမှာ ထိုသို့ဖြစ်ခြင်းသည် ဒေါသဖြစ်ခြင်း၊ မိဘများက ဂရုမစိုက်ခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုများ ပြုခံရခြင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။မိဘများအနေဖြင့် သူတို့စိတ်ကို သူတို့ ဘယ်လိုထိန်းချုပ်ရမလဲ မသိဘဲ အိမ်တွင် ကြမ်းတမ်းသော အမူအရာများဖြင့် စိတ်ထွက်ပေါက်ရှာနေပါက ကလေးများလည်း ထိုသို့ ပြုမူမည်ဖြစ်ပါသည်။ ထိုသို့သော ကလေးများသည် အခြားကလေးများထက် ရန်ပွဲများတွင် ပါဝင်ခြင်း၊ ပစ္စည်းများကို လက်သရမ်းဖျက်ဆီးခြင်း၊ ကျောင်းတွင် မလိမ္မာခြင်းများ ဖြစ်နိုင်ချေပိုများကြောင်းတွေ့ရသည်။ လေ့လာမှုများအရ ထိုကလေးများအရွယ်ရောက်လာချိန်တွင်လည်း ထောင်ကျခြင်း၊ မူးယစ်ဆေး၊ အရက် အလွဲသုံးစားလုပ်ခြင်း၊ အလုပ်ခွင် နှင့် ဆက်ဆံရေးမပြေလည်ခြင်းများဖြစ်ကြောင်း တွေ့ရပါသည်။အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထိုသို့ဖြစ်ခြင်းသည် ဒေါသဖြစ်ခြင်း၊ မိဘများက ဂရုမစိုက်ခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုများ ပြုခံရခြင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။ ထို့ကြောင့် ဖြစ်စေသော အကြောင်းအရင်းတစ်ခုစီကို ဖြေရှင်းကာ သင့်ကလေးကို အခြားကလေးများအားအနိုင်ကျင့်ခြင်းမပြုရန် တားပါ။ကလေးများသည်လည်း ကိုယ်ရေးကိုယ်တာ အကြောင်းများရှိတတ်ကြပါသည်။ အများအားဖြင့် ယောကျာ်းလေးများသည် အိမ်၊ကျောင်းတွင် အခြားယောကျာ်းလေးများနှင့် ဆန့်ကျင်သည့် ပြသနာများရှိတတ်ကြပါသည်။ထိုသို့သော အနေအထားတွင် အနိုင်ကျင့်ခြင်းသညိ ဒေါသဖြစ်ခြင်း ကြောင့် သို့မဟုတ် စိတ်ဓါတ်ကျခြင်းကြောင့်ဖြစ်တတ်ပါသည်။ ထိုအခါ သင်သည် သင့်ကလေးကို အကောင်းဘက်ကိုဦးတည်သော ပတ်ဝန်းကျင်ကို ပြောင်းပြီး လူအများနှင့် ပိုဆက်ဆံတတ်လာအောင် သင်ပေးရပါမည်။ ထိုသို့ ပြုလုပ်သော်လည်း မထူးခြားလျှင် ဆရာဝန်နှင့် သွားပြကာ တိုင်ပင်ဆွေးနွေးပြီး လိုအပ်ပါက ကုသမှုများ ခံယူရမည်ဖြစ်ပါသည်။အနိုင်ကျင့်သော ယောကျာ်းလေးအများစုသည် သူတို့အချင်းချင်းကြားတွင် အာရုံစိုက်မှုကို ခံလိုခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရပါသည်။ အနိုင်ကျင့်နေစဉ် လူအုပ်ကြီးဝိုင်းလာသည်ကို သဘောကြသည်။ သူတို့ကိုသူတို့ ထင်ပေါ်ကျော်ကြားလိုကြသည်။ထိုပြသနာကို ဖြေရှင်းရန် မိဘများအနေဖြင့် ကလေးကို ပုံမှန်ထက်ပိုပြီး ဂရုစိုက်ပေးလိုက်ပါ။ သင့်အလုပ်များကို ခဏနားခြင်း၊ အိမ်သို့ စောပြန်လာပြီး ညစာများချက်ပြုတ်ကာ အတူစားသောက်ခြင်းများပြုလုပ်ခြင်းဖြင့် မိသားစုကြားတွင် သံယောဇဉ်များလည်း တိုးလာစေပါသည်။ကလေးများပြောပြသည်များကို အချိန်ပေးနားထောင်ပေးခြင်း၊ ဖြစ်ပျက်နေသော အခက်အခဲများကို မေးမြန်းခြင်းများ ပြုလုပ်ပေးပါ။ ကလေးများကို အတင်းအကြပ် မစေခိုင်းပါနှင့်။ သူတို့ကို အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးထားလိုက်ပါ။အိမ်တွင် မိဘများအချင်းချင်း၊ မိသားစုဝင်များ၊ မောင်နှမများအကြား အနိုင်ကျင့်မှုများကို ကလေးများက မြင်နေရခြင်းကြောင့် အတုယူကာ သူသည် ကျောင်းတွင် ထိုနည်းတူ ပြုမူခြင်းဖြစ်ပါသည်။သင့်မိသားစုဝင်များ သို့မဟုတ် ပတ်ဝန်းကျင်တွင် ထိုသို့သော အခြေအနေများနှင့် ကြုံနေရလျှင် ယင်းသို့အပြုအမူများကို ချက်ချင်းရပ်တန့်ပြီး ကလေးကို ဆုံးမပါ။ ထိုသို့ ကြမ်းတမ်းသော အမူအရာများသည် မကောင်းကြောင်း ထို့ကြောင့် လိုက်မလုပ်သင့်ကြောင်း ကလေးအား ပြောပြရမည်။ အကြမ်းဖက်မှုများဘာကြောင့်ဖြစ်လာသလဲမေးမြန်း အဖြေရှာရမည်။ ဆွေးနွေးရမည်ဖြစ်သည်။ တခါတရံတွင် ကလေးများသည် ပြသနာများကို ပိုပြီးရိုးရှင်းစွာ မြင်တတ် ပြောပြတတ်ကြပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%ba%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad/
သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ
သွားတိုက်တယ်ဆိုတာ ကိုယ်တွေ ကလေးဘဝတည်းက လုပ်လာတဲ့အလေ့အကျင့်တစ်ခုပါ။ ဒီလို မနက်တိုင်းညတိုင်း လုပ်ဖြစ်နေတဲ့ သွားတိုက်တာနဲ့ ပက်သက်ပြီးတော့ သိထားတဲ့အကြောင်းအရာတွေ ဘာတွေရှိလဲ။ တစ်ချို့ကိုယ်သိထားတာတွေက မှားနေတတ်ပြီး သိသင့်တာတွေကျ မသိဖြစ်တတ်တာကြောင့် ဒီဆောင်းပါးထဲမှာ သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ နဲ့ သိသင့်တဲ့အချက်တွေ အကြောင်း ပြောပြပေးမှာပါ။ ကိုယ်သိထားတာတွေက ဘယ်လောက်မှန်လဲ ကြည့်ရအောင်။ ။သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ ကတော့။ဒါက မှားနေပါတယ်။ သွားကို ကြမ်းကြမ်းတိုက်လိုက်ရင်သွားရဲ့ကြွေလွှာတွေကိုရော၊သွားဖုံးကိုရော ထိခိုက်စေနိုင်ပါတယ်။ သွားချေးတွေဆိုတာ သွားကို ပုံမှန်တိုက်တာလောက်နဲ့တင် စင်သွားတဲ့အရာတွေပါ။သွားဖုံးရောဂါဆိုတာ ဆရာဝန်ဆီမှာ သေချာသွားပြပြီး ဆေးကုသမှုခံယူတာ၊ခံတွင်းသန့်ရှင်းရေးကို ပြန်ဂရုစိုက်လိုက်တာနဲ့တင် သက်သာလာမယ့်ရောဂါတစ်ခုပါ။ပျော့လွန်းတဲ့သွားပွတ်တံတွေဟာ သွားဖုံးနဲ့ သွားကြွေလွှာကို မထိခိုက်စေမှာမှန်ပေမယ့် စားကြွင်းစားကျန်တွေကိုတော့ အကုန်စင်အောင် ရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ မကြမ်းလွန်း မပျော့လွန်းတဲ့သွားပွတ်တံကိုသာ ရွေးသုံးဖို့ အကြံပေးပါရစေ။ဒီနေရာမှ တစ်ခုရှင်းချင်တာရှိပါတယ်။ သွားကို polishတယ်ဆိုတာ သွားမျက်နှာပြင်ကို ချောအောင် လုပ်လိုက်တာပါ။ သွားကြားထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ သွားတိုက်တာနဲ့မတူပါဘူး။ မျက်နှာပြင်ကို ခြစ်လိုက်တာဖြစ်တဲ့အတွက် ကြောင့် အခန့်မသင့်ရင်သွားကြွေလွှာတွေပါ ပျက်စီးစေတတ်ပါတယ်။လျှာမှာလည်း စားကြွင်းစားကျန်နဲ့ ဘက်တီးရီးယားတွေ ကပ်နေနိုင်တာကြောင့် ခံတွင်းသန့်ရှင်းလို့ဆိုလိုက်တာနဲ့ လျှာကိုမေ့ထားလို့ မရပါဘူး။ လျှာပွတ်ကြိုးနဲ့လျှာကို သေချာသန့်ရှင်းပေးသင့်ပါတယ်။သွားတိုက်ရင်ပြီးရောဆိုပြီး အဖြစ်သဘောမျိုးနဲ့ သွားတိုက်လို့မရပါဘူး။ သွားရှေ့မျက်နှာပြင်ရော အတွင်းတွေကိုရော အံသွားတွေပါမကျန် နှံ့စပ်အောင် သွားတိုက်ပေးရပါမယ်။ သွားတိုက်ရင်လည်း သွားပွတ်တံကို ၄၅ ဒီဂရီစောင်းထားပြီး အပေါ်အောက်ဆွဲကာ ၂ မိနစ်ခန့်ကြာအောင် တိုက်ပေးသင့်ပါတယ်။မိသားစုပဲ ဖြစ်ဖြစ်၊ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်သွားပွတ်တံကို မျှဝေမသုံးသင့်ပါဘူး။ ရောဂါပိုးတွေက သွားပွတ်တံဆီမှာ ကပ်နေနိုင်ပြီး တစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။ဘယ်လောက်ပဲ နှမြောတတ်တယ်ပြောပြော သွားပွတ်တံနဲ့ ပက်သက်ပြီးတော့ မနှမြောသင့်ပါဘူး။ ပစ္စည်းတွေ ကိုင်တွယ်တာ အရမ်းရိုသေတယ်ဆိုပြီး သွားပွတ်တံတစ်ချောင်းတည်းကို အချိန်အကြာကြီးအထိ သုံးနေတာမျိုးက လုံးဝကို မလုပ်သင့်တဲ့အရာပါ။ သွားပွတ်တံဆိုတာ သုံးတဲ့အချိန်ကြာလာလေလေ သူ့ဆီမှာ ကပ်နေနိုင်တဲ့ ဘက်တီးရီးယားတွေ များလာလေလေပါ။ ဒီတော့ ကိုယ့်သွားပွတ်တံ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ စသုံးတဲ့အချိန်ကစရေရင် ၆ လပြည့်ပြီဆိုတာနဲ့ အသစ်တစ်ခု လဲကိုလဲရပါမယ်။ဒါတွေကတော့ ငယ်ငယ်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုဖြစ်တဲ့ သွားတိုက်တာနဲ့ ပက်သက်လို့ မှားယွင်းသိနေတဲ့ အချက်တွေကို ပြန်ရှင်းပြထားတာတွေပဲဖြစ်ပါတယ်။ မှန်ကန်တဲ့အချက်တွေကို သိပြီး လူတိုင်း ခံတွင်းရောဂါကနေ ကင်းဝေးနိုင်ပါစေ။ ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/myth-about-brushing-teeth/
လေထုညစ်ညမ်းခြင်းကြောင့် သွေးတိုးဖြစ်လာနိုင်ခြေပိုများ
ညစ်ညမ်းတဲ့လေထုကိုရှူရှိုက်ရတာများတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါဖြစ်လာနိုင်ခြေ အရမ်းများတယ်လို့ စပိန်သုတေသနအသစ်တစ်ခုအရ သိရပါတယ်။လေ့လာမှုအရ အိန္ဒိယနိုင်ငံအတွင်းကလေထုညစ်ညမ်းမှုဒဏ်အများဆုံးထိတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါအန္တရာယ်သိသိသာသာပိုများတာကိုတွေ့ရပါတယ်။Epidemiologyဂျာနယ်မှာဖော်ပြခဲ့တဲ့ ဒီသုတေသနမှာ ဟိုင်ဒရာဘတ်မြို့အနီးကကျေးရွာ ၂၈ ခုဆီက လူဦးရေ ၅၅၃၁ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။လေ့လာမှုမှာ ပါဝင်သူတွေရဲ့သွေးဖိအားကို တိုင်းတာခဲ့ပြီး သူတို့ရဲ့နေအိမ်တဝိုက်မှာလေထုတွင်းညစ်ညမ်းမှုန်ပါဝင်မှုညွှန်းကိန်းအဆင့်(PM2.5)နဲ့black carbon တို့နဲ့ နှစ်စဉ်ထိတွေ့မှုကို ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ပါဝင်သူတွေဟာ အိမ်မှာ ဘယ်လိုလောင်စာမျိုးသုံးပြီးချက်ပြုတ်သလဲဆိုတာတွေပါ အပါအဝင် သူတို့ရဲ့လူမှုရေး-စီးပွားရေးအနေအထား၊ ဘဝနေထိုင်မှုပုံစံနဲ့နေအိမ်အခြေအနေကိုဖော်ပြနိုင်ဖို့ စစ်တမ်းတွေဖြေဆိုရပါတယ်။သိသိသာသာပါပဲ။ ပါဝင်သူအားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့ ကျန်းမာရေးနဲ့ညီတဲ့ PM ညွှန်းကိန်းအတိုင်းအတာထက်10 µg/m³ကျော်လွန်ထိတွေ့ခဲ့တာဖြစ်ပါတယ်။လေ့လာမှုမှာ သတ်မှတ်ထားတဲ့ PM2.5 အဆင့်နဲ့ ထိတွေ့မှုပျမ်းမျှအဆင့်က33 µg/m3ဖြစ်ပါတယ်။သွေးဖိအားတိုင်းတာမှုတွေအရ ပါဝင်သူတွေရဲ့ထက်ဝက်နီးပါး(၄၆ ရာခိုင်နှုန်း)ဟာ သွေးတိုးရှိနေတာတွေ့ရပြီး အတော်များများကရောဂါရှိတာမသိသေးသူတွေ၊သေချာမကုသသူတွေဖြစ်နေခဲ့ပါတယ်။PM2.5 ထိတွေ့မှုမှာ 1µg/m3 ပိုများနေတာက အမျိုးသမီးတွေမှာ သွေးဖိအား ၄ ရာခိုင်နှုန်း မြင့်လာတာနဲ့ သိသိသာသာဆက်နွယ်နေတယ်လို့ တွေ့ရှိချက်တွေကဖော်ပြခဲ့ပါတယ်။ ဒီဆက်နွှယ်မှုမှာ အမျိုးသားတွေကတော့ ရာခိုင်နှုန်းပိုနည်းတာတွေ့ရပါတယ်။သုတေသနအရဆိုရင် အိမ်မှာ ဘာလောင်စာနဲ့ပဲချက်ချက် အိမ်နားတဝိုက် လေထုညစ်ညမ်းမှုနဲ့ရေရှည်ထိတွေမယ်ဆို သွေးတိုးရောဂါဖြစ်နိုင်ခြေကို ပိုမြင့်စေတယ်လို့ ညွှန်ပြနေတာတွေ့ရပါတယ်။လေထုညစ်ညမ်းမှုကြောင့်သွေးတိုးစေနိုင်တဲ့ အကြောင်းရင်းအချက်တွေထဲမှာ သွေးကြောလုပ်ဆောင်ချက်တွေကိုပြောင်းလဲစေနိုင်တဲ့ရောင်ရမ်းမှုနဲ့ ဓါတ်တိုးဖြစ်စဉ်တွေကြောင့်လည်း ပါဝင်တယ်လို့ သုတေသီတွေကပြောပါတယ်။လေထုညစ်ညမ်းမှုဟာ အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေရုံသာမက နာတာရှည်ဝေဒနာများခံစားရစေခြင်း ၊ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ရောဂါရစေခြင်း ၊ နှလုံးရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ အပြင် အဆုတ်ကင်ဆာရောဂါဖြစ်ပွားစေခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။ ဒီလိုအမှုန်အမွှားတွေကို ထိတွေ့ရှူရှိုက်ရတာများလာရင် အရွယ်မတိုင်မီသေဆုံးခြင်းကိုပါဖြစ်စေနိုင်တာ သိထားပြီးဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စာရင်းဇယားတွေအရ လေထုညစ်ညမ်းမှုကြောင့်ဖြစ်လာရတဲ့ရောဂါတွေနဲ့လူသေဆုံးမှုနှုန်းက တစ်နှစ်ကိုလူပေါင်း ၃ သန်းလောက်ရှိပါတယ်။၂၀၁၂ ခုနှစ်မှာဆိုရင် လေထုညစ်ညမ်းမှုကြောင့်သေဆုံးသူ ၆.၅ သန်းအထိမြင့်တက်ခဲ့ဖူးပါတယ်။ဒီအရေအတွက်ဟာ ကမ္ဘာတစ်ဝန်းလူသေဆုံးမှုရဲ့ ၁၁.၆ ရာခိုင်နှုန်း လောက်ရှိနေတာဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9c%e1%80%91%e1%80%af%e1%80%8a%e1%80%85%e1%80%b9%e1%80%8a%e1%80%99%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9/
ကျောင်းနေအရွယ် ကလေးအတွက် ဘေးကင်း စိတ်ချရသော ကစားစရာများရွေးချယ်ခြင်း
နေ့စဉ်ရောက်ရှိနေသော ကစားစရာအသစ်များ မပါသည့် တိုင်အောင်ဈေးထဲတွင် ကစားစရာများ များစွာ ရှိသည်။ ထို့ကြောင့်သင့်ကလေး၏ကစားစရာများသည် ဘေးကင်းစိတ်ချရကြောင်းကို သေချာရန်အရေးကြီးသည်။ထုတ်လုပ်သူများသည် ချမှတ်ထားသော ဥပဒေ စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပြီး ကစားစရာအသစ်များကို အသက်ကန့်သတ်ချက်အတိုင်းပြုလုပ်ကြရသည်။ သို့သော် သင့်ကလေး၏ ဘေးကင်းလုံခြုံမှုအတွက် မိဘများသည် ကစားစရာဝယ်သည့်အခါတွင် အထူးဂရုစိုက်သင့်သည်။– အဝတ်စနှင့် ပြုလုပ်ထားသော ကစားစရာများသည် မီးလောင်ခြင်းကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။– ကစားစရာများသည် လျော်ဖွတ်သန့်စင်လို့ ရသင့်သည်။– ဆေးခြယ်ထားသော ကစားစရာများသည် ခဲကင်းလွတ်သော ဆေးဖြင့် သုတ်ထားသင့်သည်။– ပန်းချီပစ္စည်းများသည် အဆိပ်မသင့်သော အရာများကို အသုံးပြုထားကြောင်း ဖော်ပြထားသင့်သည်။– ပုံဆွဲခဲတံများနှင့် ဆေးခြယ်သည့် ဆေးများသည် ထုပ်ပိုးသည့်အခွံတွင် ခွင့်ပြုချက်အထောက်အထားများပါသင့်သည်။မိသားစုတွင်းလက်ဆင့်ကမ်းထားသော အရုပ်ဟောင်းများနှင့် သူငယ်ချင်းများမှ ပေးထားသော အရုပ်ဟောင်းများကို အဝေးတွင်ထားပါ။ ထိုအရုပ်များသည် တန်ဖိုးထားသင့်သည့် အရာများဖြစ်နေနိုင်သည်။သို့သော် ၎င်းတို့သည် ကလေးအတွက် လုံခြုံစိတ်ချမှုအပြည့်အ၀ မပေးနိုင်ပေ။ ကစားစရာသည် သင့်ကလေးအတွက် အလွန်ဆူညံသည့် အသံမထွက်စေရပါ။ သင့်ကလေးမှနားနားသို့ ကပ်ကိုင်လျှင် နားကို ထိခိုက်စေနိုင်သည်။ကစားစရာသည် ကလေး၏ အသက်နှင့် သင့်တော်သည်ကို အာမခံနိုင်ရန် ဖော်ပြချက်များကို သေချာစွာဖတ်ပါ။ ကလေး၏ အမူအကျင့်၊ စရိုက်နှင့် အလေ့အထများကို ထည့်သွင်းစဉ်းစားပြီး ကစားစရာကို ဝယ်ပေးသင့်သည်။ကလေး၏ အသက်အရွယ်ကို ဆုံးဖြတ်ရာတွင် ကလေးအတွက် ဘေးကင်းမှု၊ ကို အဓိကထားပြီး စဉ်းစားသည်၊ ကလေး၏ ဉာဏ်ရည်၊ သို့မဟုတ် အရွယ်ရောက်မှုနှင့် မဆိုင်ပေ။-စက်ဘီး၊ စကူတာ၊ စကိတ် များကို လုံခြုံရေးပစ္စည်းများမဝတ်ဆင်ပဲ မသုံးခိုင်းပါနှင့်။ ပစ္စည်းတွင်ပါသော ဖော်ပြချက်များကို သေချာစွာဖတ်ပါ။-ခြင်ထောင်သည် သေချာစွာ အနားသတ်များဖြင့် ပိတ်ထားပြီး ကလေးကို လည်ပင်းအစ်စေခြင်း မဖြစ်စေရပါ။-မြှား၊ လှံ စသည့် ကစားစရာများသည် ချွန်ထက်သော ထိပ်များမဟုတ်ပဲ ပျော့ပြီး စုပ်ခွက်ပါသော အရာများဖြစ်သင့်သည်။-အရုပ်သေနတ်များကိ ုတောက်ပသော အရောင်များဖြင့် ဆေးခြယ်ထားပါ။ သို့မှသာ ကလေးများသည် သေနတ်အစစ်ဖြင့် မမှားနိုင်မည် ဖြစ်သည်။ ကလေးကို မြှား၊ လှံ များဖြင့် သူတပါးကို ပစ်ခြင်း ခွင့်မပြုရပါ။-အသက် ၁၆ နှစ်အောက်ဖြစ်သော ကလေးများကို လေသေနတ်များ၊ ကျည်ဆံသီးပါသော သေနတ်များ အသုံးမပြုခိုင်းရပါ။-လျှပ်စစ်ကစားစရာများသည် စိတ်ချရသော ဓါတ်ခွဲခန်းများ၏ ထောက်ခံချက်ရသော ကစားစရာများဖြစ်သင့်သည်။အိမ်တွင် စိတ်ချရသော ကစားစရာများဖြစ်အောင်ပြုလုပ်ပေးပါ။စိတ်ချရသော ကစားစရာကို ဝယ်ပြီးလျှင် မိဘများသည် ကလေးမှ မည်သို့အသုံးပြုရသည်ကို သိစေရန် အောက်ပါတို့ကို ပြုလုပ်ပေးရမည်။-ကလေးကို ကစားပြီးလျှင် ကစားစရာကို သေချာစွာ သိမ်းဆည်းတတ်စေရန် သင်ပေးရမည်။-ကစားစရာများသည် ကျိုးပဲ့ပျက်စီးမနေကြောင်း စစ်ဆေးရမည်။-ပျက်စီးနေလျှင် လွှင့်ပစ်ပါ။ သို့မဟုတ် ပြုပြင်ပေးပါ။-ပုံမှန် အသုံးမပြုသော ကစားစရာများကို မပျက်စီးစေရန် စတိုခန်းတွင် သိမ်းထားပါ။-ထုတ်လုပ်သူ၏ ညွှန်ကြားချက်ကို ဖတ်ပြီး ကစားစရာများကို သန့်ရှင်းစေရန် ထိန်းသိမ်းသင့်သည်။-ကလေးများသည် အရုပ်မဟုတ်သော ဓါး၊ ပစ္စည်းကိရိယာများနှင့် ကစားလိုကြသည်။ ထိုအရာများကို ကလေးနှင့် ဝေးဝေးတွင် ထားပါ။Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80/
ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား
အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ သူတချို့က ညအိပ်တဲ့အခါ အဲဒီတိရစ္ဆာန်လေးတွေနဲ့ ဖက်အိပ်တာမျိုး၊ အိပ်ရာထဲ ခေါ်သိပ်တာမျိုး လုပ်တတ်ပါတယ်။ ဒီလိုဆို မေးစရာ ရှိတာက ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ဆိုတာပါ။ တကယ်တမ်း ဒီလို အမူအကျင့်ကို ကျန်းမာရေးရှုထောင့်ကနေ ကြည့်လိုက်တဲ့အခါ ကောင်းတဲ့ အချက်ကလေးတွေရော ဆိုးတာလေးတွေပါ တွေ့ရတတ်ပါတယ်။ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ဆိုတော့ ကောင်းတာလေးတွေ ဆိုးတာလေးတွရှိနေပါတယ်။ သိရှိနိုင်ဖို့ ကိုယ်တိုင် လေ့လာလိုက်ပါ။၁။ များသောအားဖြင့် ကြောင်တွေဟာ ခွေးတွေလောက်တော့ လူတွေနဲ့ လက်ပွန်းတသီးနေရတာ မကြိုက်ပါဘူး။ ဒါပေမယ့်လည်း လူတွေနဲ့ အနေကြာလာတဲ့ ကြောင်တွေဆိုရင်တော့ သံယောဇဉ်ပိုတွယ်လာနိုင်ပါတယ်။ အထူးသဖြင့် အိပ်တဲ့အချိန်တိုင်း လူတွေနဲ့ ဖက်အိပ်နေရတဲ့ ကြောင်တွေအတွက်တော့ ဒီအိမ်သားတွေအပေါ် ပိုပြီး ခင်တွယ်လာတတ်ပါတယ်။၂။ ကြောင်တွေဟာ ခွေးတွေလိုမျိုး အသံအရမ်း ဆူညံအောင် မလုပ်တတ်တဲ့အတွက် ကိုယ့်ရဲ့အိပ်စက်ခြင်းကို သိပ်ပြီး အနှောင့်အယှက် ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။၃။ ကြောင်ရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့အမွေးတွေဟာလည်း ခွေးတွေလိုပဲ လူကို အနွေးဓာတ်ပေးစေနိုင်သလို ဖက်အိပ်တဲ့အခါမှာလည်း တခြားလူတစ်ယောက်၊ ကိုယ့်ရဲ့မိသားစုဝင်ကို ဖက်အိပ်နေရသလို ခံစားချက်မျိုး ရစေပါတယ်။၄။စိတ်ဖိစီးမှုများတဲ့သူတွေအနေနဲ့ အိပ်ရာထဲမှာ ကိုယ်ချစ်တဲ့ကြောင်နဲ့အတူ ဖက်အိပ်ပြီး စကားစမြည် ပြောခြင်းဟာစိတ်ဖိစီးမှုကို လျော့ကျစေသလို ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ ကူညီပေးပါတယ်။၁။ တိရစ္ဆာန်လေးတွေ ဖြစ်တဲ့အလျောက် ကြောင်တွေရဲ့ ခန္ဓာကိုယ်မှာလည်း ရောဂါပိုးမွှား၊သန်းကောင်၊ယားနာတွေ ရှိနေနိုင်ပါတယ်။ အိမ်ထဲမှာပဲ နေပြီး အပြင်မထွက်တဲ့ ကြောင်တွေ၊တိရစ္ဆာန်ဆရာဝန်နဲ့ အမြဲတမ်း သေချာပြသပေးထားတဲ့ ကြောင်တွေမှာတော့ရောဂါပိုးတွေ နည်းနိုင်ပါတယ်။ ဒီတော့ ကြောင်တွေနဲ့ အမြဲတမ်း အိပ်ရာထဲ ဖက်အိပ်တဲ့အခါ ရောဂါပိုးမွှားတွေနဲ့ သန်းတွေဟာ လူတွေရဲ့ ကိုယ်ပေါ်ကိုရော၊ အိပ်ရာပေါ်မှာ ကပ်ကျန်နေခဲ့နိုင်ပါတယ်။၂။ ကြောင်ရဲ့ အမွေးတွေဟာ လူတွေရဲ့ နှာခေါင်းနဲ့ကိုယ်ခံအားစနစ်အတွက် ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်တယ်။၃။ ကြောင်တွေဟာ လူတွေရဲ့ ခေါင်းပေါ် တက်အိပ်ရတာ ကြိုက်တဲ့အတွက် အရမ်းငယ်လွန်းတဲ့ကလေးတွေနဲ့တော့ လုံးဝပေးမအိပ်သင့်ပါဘူး။ အခန့်မသင့်ရင် ကလေးငယ်ရဲ့ ဦးခေါင်းပေါ် တက်ဖိမိပြီးအသက်ရှူလမ်းကြောင်းပိတ်ကာ အသက်အန္တရာယ်ရှိနိုင်လို့်ပါ။၄။ ကြောင်အများစုရဲ့ သဘာဝက မနက်နဲ့ နေလယ်ခင်းတွေမှာ အိပ်နေတတ်ပြီး ညဘက်မှာတော့ အစာရှာတာ၊ဆော့ကစားတာမျိုး လုပ်တတ်ပါတယ်။ ဒီတော့ လူတွေနဲ့အတူ အကြာကြီးမအိပ်ဘဲ ညသန်းခေါင်မှာ နိုးလာပြီး အိပ်ရာပေါ်မှာ ကစားတာ၊ လူတွေရဲ့ လက်၊ ခြေထောက်ကို ဖြည်းဖြည်းချင်းကုတ်တာ၊ အသံပေးတာမျိုး လုပ်တတ်ပါတယ်။အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကြောင်လေးတွေကို အိပ်ရာထဲမှာ ခေါ်မသိပ်ခင်မှာ သူတို့ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ထားဖို့တော့ လိုပါတယ်။ ရောဂါပိုးမွှား၊ အနံ့အသက်တွေ ကင်းရှင်းပြီး ကိုယ့်အိမ်ထဲမှာပဲ အမြဲနေတတ်တဲ့ ကြောင်တွေဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ အိပ်ရာထဲ ခေါ်သိပ်ရင်လည်း ကလေးတွေနဲ့ ဝေးရာမှာထားပြီး လူကြီးတွေနဲ့သာ အတူအိပ်တာမျိုး လုပ်ပေးပါ။ကြောင်ပဲဖြစ်စေ၊ ခွေးပဲဖြစ်စေ ကိုယ်ချစ်လို့ အိမ်မှာ သေချာဂရုစိုက်ပြီး မွေးထားနိုင်ရင်တော့ သူတို့တွေအတွက်ရော ကိုယ့်အိမ်အတွက်ပါ နွေးထွေးတဲ့ မိသားစုဝင်လေး ဖြစ်လာမှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/can-kittens-sleep-with-us/
ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးလို့ ဘယ်သူတွေ မထိုးသင့်ဘူးလဲ.........
ကာကွယ်ဆေးတွေမြန်မာနိုင်ငံကို ရောက်ရှိလို့ တော်တော်များများတောင် ကာကွယ်ဆေးတွေ ထိုးပြီးနေကြပါပြီ။ ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ထိုးလို့ ရပြီဖြစ်တာကြောင့် အမျိုးအစားတွေတောင် ရွေးချယ်ပြီး ထိုးတာမျိုးတွေရှိပါတယ်။ ဒီလိုကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်နေသူတွေ ရှိပေမယ့်လည်း အခုထိ ကာကွယ်ဆေး ထိုးလို့ ရပါ့မလား။ ကာကွယ်ဆေးက ဘယ်သူတွေနဲ့တည့်လို့ ဘယ်သူတွေနဲ့ မတည့်ဘူးလဲဆိုပြီး စိတ်ပူနေသူတွေလည်း ရှိဦးမယ်ထင်ပါတယ်။ဒီတော့ စိတ်ပူမှုတွေကို ဒီဆောင်းပါးလေး ဖတ်ရင်း သေချာ ဆန်းစစ်ကြည့်လိုက်ပါ။ကိုဗစ်ကြောင့် ထိခိုက်မှုတွေ များလာတဲ့အခါ အကောင်းဆုံး ကာကွယ်ပေးနိုင်တာက ကာကွယ်ဆေးဆိုတော့ အများစုက ကာကွယ်ဆေး ထိုးဖို့ စိတ်အားထက်သန်နေကြပါတယ်။ ကာကွယ်ဆေး ထိုးချင်ပေမယ့် ခေါင်းထဲရောက်လာတဲ့ အတွေးက ငါနဲ့တည့်ပါ့မလားဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ကိုယ်ဝန်ဆောင် မေမေတွေက ရောဂါ ကူးစက်ခံရနိုင်ခြေ အများဆုံးသူတွေပါ။ရောဂါကူးစက်ခဲ့ရင်လည်း လမစေ့ဘဲ ကလေးမွေးဖွားတာ အပါအဝင်နောက်ဆက်တွဲကျန်းမာရေး ပြဿနာကို ဆိုးဆိုးရွားရွား ခံစားရနိုင်ခြေရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကာကွယ်ဆေး ထိုးလိုက်တာပါ။ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ထုတ်ပြန်လိုက်တဲ့ လေ့လာမှုတွေအရကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ထိုးပေးနေတဲ့ တရုတ်ကာကွယ်ဆေးတွေက ကိုယ်ဝန်ဆောင်တွေမှာ များများစားစား လေ့လာထားတာမရှိသေးပါဘူး။ ဒါပေမယ့် စိတ်ချရမှုနဲ့ အာနိသင်ကတော့ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေနဲ့ အတူတူလောက်ပဲလို့ ဆိုပါတယ်။ ဒါကြောင့် ထိုးခြင်း မထိုးခြင်းကတော့ ကာယကံရှင် ကိုယ်တိုင်ကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။နို့တိုက်နေချိန်မှာ ဆေးတွေတောင် ထင်တိုင်း သောက်လို့ မဖြစ်တာ ကာကွယ်ဆေးထိုးလိုက်ရင်ဘေဘီလေးကို ထိခိုက်စေမလားဆိုပြီး စိုးရိမ်နေသူတွေ ရှိနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကာကွယ်ဆေးထိုးပြီးရင် နို့ဆက်တိုက်လို့ ဖြစ်ပါ့မလားလို့ပေါ့။သူကလည်း ကိုယ်ဝန်ဆောင် မေမေတို့ပါပဲ။ လက်ရှိမှာ ထိုးပေးနေတဲ့ တရုတ်ကာကွယ်ဆေးတွေက နို့တိုက်မိခင်တွေမှာလည်း များများစားစား လေ့လာထားတာမရှိပါဘူး။ စိတ်ချရမှုနဲ့ အာနိသင်ကတော့ သာမန်အမျိုးသမီးတွေနဲ့ တူတူလောက်ပဲ ဆိုပေမယ့် ထိုးခြင်း မထိုးခြင်းကတော့ မေမေတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။အခုချိန်ထိတော့ ကာကွယ်ဆေး ထိုးတာကြောင့် ကလေးရရှိမှုကို ထိခိုက်သွားစေတယ်လို့ မတွေ့ရသေးပါဘူး။ ကိုဗစ် ကူးစက်ခံရမှသာ အမျိုးသမီးမှာရာသီထိမ်တာနဲ့ အမျိုးသားတွေမှာမျိုးအောင်နိုင်စွမ်းကျဆင်းစေတာမျိုး ခံစားရပြီး ကလေးရရှိမှုကို ထိခိုက်စေနိုင်တာပါ။ ကာကွယ်ဆေးကြောင့်တော့ ကလေးရရှိမှုကို မထိခိုက်စေနိုင်ပါဘူး။ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ အနာဂတ်မျိုးဆက်သစ်လေးကို ပျိုးထောင်ချင်တယ်ဆိုရင် ကာကွယ်ဆေးထိုးထားဖို့ ပြောပါရစေ။အစားအစာနဲ့ ဓာတ်မတည့်တာ၊ ဆေးဝါးနဲ့ ဓာတ်မတည့်တာ၊ သားရေ၊ အိမ်မွေးတိရစ္ဆာန်တွေ၊ အင်းဆက်တွေ နဲ့ ပတ်ဝန်းကျင်ကအရာတွေနဲ့ ဓာတ်မတည့်မှုကို ခံစားရသူတွေဟာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရပါတယ်။ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးမှာပါတဲ့ ဒြပ်ပေါင်းတစ်ခုခုနဲ့ ဓာတ်မတည့်သူတွေအနေနဲ့ကတော့ ကာကွယ်ဆေး မထိုးသင့်ပါဘူး။ ဒါကြောင့် မထိုးခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါမယ်။ကိုဗစ် ကာကွယ်ဆေး အများစုက သွေးတိုး၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ကျောက်ကပ်ရောဂါခံစားနေရသူတွေအတွက်လည်း ဘေးကင်း စိတ်ချရအောင် ထုတ်လုပ်ထားတာပါ။HIV ရောဂါ ရှိသူတွေအနေနဲ့လည်း ကိုဗစ် ကာကွယ်ဆေးကို စိတ်ချလက်ချ ထိုးနှံလို့ ရပါတယ်။ သတိထားရမယ့် အချက်တစ်ခုက ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့ပါ။ရောဂါအခံရှိတဲ့ ဘိုးဘိုးဘွားဘွားတွေ နဲ့ အသက်အရွယ် အရမ်းကြီးတဲ့ ဘိုးဘိုးဘွားဘွားအနေနဲ့  ကိုဗစ် ကူးစက်ခံရတဲ့ ရောဂါကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးထားတာက အထိရောက်ဆုံး ကာကွယ်နည်းပါ။ ဒါဆို ဘိုးဘိုးဘွားဘွားတွေအနေနဲ့ ကာကွယ်ဆေး ထိုးလို့ရလားဆိုတော့ ရပါတယ်။ ကာကွယ်ဆေးကြောင့် ဘိုးဘိုးဘွားဘွားတွေမှာ ထိခိုက်မှု တစ်စုံတရာ မရှိပါဘူး။ကိုဗစ်ကနေ သက်သာလာသူတွေအနေနဲ့လည်း ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာစပြခါစကနေ ၁၁ရက်ကျော်ရမှာ ဖြစ်ပြီး လူနာက လက်ရှိမှာ ဖျားနေတာမျိုး မဖြစ်ရပါဘူး။ ကိုဗစ်ကနေ တော်တော်သက်သာလာပြီး antibody ထွက်နေချိန်မှာ ကာကွယ်ဆေး ထိုးတာက နှစ်မျိုးစပ် ခုခံအားhybrid immunityကို ရရှိစေနိုင်ပါတယ်။Monoclonal antibodiesတွေ၊ သွေးရည်ကြည်ကုထုံး ခံယူထားတဲ့သူတွေကတော့ လုံးဝသက်သာပြီး ရက်၉၀ပြည့်မှ ထိုးသင့်ပါတယ်။ပေါ့စတစ်ရှိသူတွေကလည်း တူတူပါပဲ။ ရောဂါလက္ခဏာပြတဲ့သူဆိုရင် လက္ခဏာပြပြီး ၁၁ရက်အကြာ၊ Test kitနဲ့ စစ်တဲ့သူဆိုရင် ပေါ့စတစ်ပြပြီး ၁၁ရက်အကြာမှာ ထိုးလို့ရပါတယ်။ လက္ခဏာပြသူတွေကတော့ ၁၁၁ရက်ပြည့်ပေမယ့် လက္ခဏာတွေ မသက်သာသေးဘူးဆိုရင် သက်သာအောင် စောင့်ပြီးမှ ထိုးသင့်ပါတယ်။နိုင်ငံအများစုမှာ အသက် ၁၂ နှစ်ပြည့်ပြီးသူတွေကို ကာကွယ်ဆေးတွေ ထိုးပေးနေပါပြီ။ သူတို့လေးတွေကိုလည်း လူကြီးတွေလိုပဲ ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးတာပါ။ ဒါက Pfizerကာကွယ်ဆေးအတွက်ပါ။ မြန်မာနိုင်ငံမှာ လက်ရှိ တရုတ်ကာကွယ်ဆေးတွေ ထိုးပေးတာဖြစ်တဲ့အတွက် ၁၈ နှစ်အောင် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးလို့ မရသေးပါဘူး။ပုံမှန်အားဖြင့်ကတော့ အများစုက ကာကွယ်ဆေး ထိုးလို့ ရပါတယ်။ ဒါပေမယ့်။ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း အပြင်သွားတဲ့အခါတိုင်း မတ်ခ်တပ်ဖို့ လိုဦးမှာပါ။ နောက်တစ်ချက်က တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။ အပြင်က ပြန်လာတိုင်း လက်ကို ရေနဲ့ဆပ်ပြာ သုံးပြီး သေချာ သန့်စင်ပါ။ တစ်ခုခု ကိုင်ပြီးတိုင်း လက်ကို သေချာ သန့်စင်တာတွေလိုမျိုး ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက် လိုက်နာဖို့ လိုပါဦးမယ်။ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးလို့ ဘယ်သူတွေ မထိုးသင့်ဘူးလဲ……… ဆိုတာကို အဖြေထုတ်လို့ ရပြီ ထင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/who-should-or-shouldnt-take-the-covid-vaccine/
လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ
လိင်မှုကိစ္စဆိုတာ ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်၊ စား၊ကာမ၃မျိုးလုံးဟာ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင်ကွန်ဒုံးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ လို့ ပြောပြောနေကြတာ ရှိတယ်မလား။ဒါပေမဲ့ လူတော်တော်များများက ကွန်ဒုံးဝယ်ရမှာကို ရှက်ရွံ့ကြတယ်။လိင်မှုကိစ္စအကြောင်း ပြောတော့မယ်ဆိုရင် ဟာသ တစ်ခုလို မြင်တတ်တယ်။ အပြစ်ကြီး တစ်ခုလုပ်သလို စိတ်ထဲမှာ ခံစားရတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆတွေရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်မှာပါ။လူတော်တော်များများက လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးကို မသုံးတတ်ကြဘူး။ တချို့ကလည်း မေ့သွားလို့၊ တချို့ကလည်း ကွန်ဒုံးသုံးရတာ မကြိုက်လို့ အစရှိတဲ့ အကြောင်းပြချက် မျိုးစုံပါပဲ။ တကယ်ကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြု သင့်ပါတယ်။  ဒီဆောင်းပါးမှာတော့ ကွန်ဒုံးရဲ့ အရေးပါပုံနဲ့ လိင်ဆက်ဆံတိုင်း ဘာကြောင့် ကွန်ဒုံးကို အသုံးပြုသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ ဘီပိုး၊HIVရောဂါပိုး မကူးစက်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကတော့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ လိင်တူ၊ လိင်ကွဲ ဆက်ဆံရင်ဖြစ်စေ၊ပါးစပ်နဲ့ ဖြစ်စေ၊ မိန်းမကိုယ်၊စအိုနဲ့ လိင်ဆက်ဆံတာဖြစ်စေ ကွန်ဒုံးကို အသုံးပြုပေးဖို့ အလွန်အရေးကြီးပါတယ်။ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေသာမက မလိုအပ်ဘဲ ကိုယ်ဝန်ရသွားမှာကိုလည်း တားဆီးပေးနိုင်ပါတယ်။ သန္ဓေတားဆေးတွေဟာ ကိုယ်ဝန်မရအောင် တားပေးနိုင်ပေမယ့် လိင်ကနေတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကိုလည်း လိင်ဆက်ဆံတိုင်းမှာ အသုံးပြုပါ။သန္ဓေတားဆေးနဲ့ ယှဉ်လိုက်တဲ့အခါမှာ ကွန်ဒုံးတွေမှာ ဘေးထွက်ဆိုးကျိုး ဖြစ်တာမျိုး မတွေ့ရပါဘူး။ ရာဘာ (latex) နဲ့ ဓာတ်မတည့်တဲ့ လူနည်းစုမှာသာ အသုံးပြုချိန် ယားယံတာမျိုး ဖြစ်တတ်တာပါ။ ဒီအခါမှာ latex မပါဝင်တဲ့ ကွန်ဒုံးအမျိုးအစားကို ရှာဝယ်ပြီး အသုံးပြုနိုင်ပါတယ်။ဆေးတွေထက်စာရင် ကွန်ဒုံးဟာ အလွယ်တကူ ဝယ်ယူလို့ ရတဲ့အပြင် ကုန်ကျစရိတ်လည်း နည်းပါးပါတယ်။ဆရာဝန်နဲ့ ပြသစရာမလို၊ ဆေးအညွှန်းတွေ၊ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပူစရာ မလို၊ ဆေးဆိုင် ဒါမှမဟုတ် စတိုးဆိုင်တွေမှာကွန်ဒုံးတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ကွန်ဒုံးဝယ်ယူတဲ့အခါမှာ သက်တမ်းကုန်ဆုံးတဲ့ နေ့ရက်ကို သတိထားပြီး ကြည့်ဖို့တော့ လိုအပ်ပါတယ်။ သက်တမ်းလွန်နေတဲ့ ကွန်ဒုံးတွေဟာ ပေါက်ပြဲနိုင်တဲ့အပြင် ရောဂါပိုးတွေကိုလည်း ကူးစက်နိုင်ခြေ ပိုမြင့်စေတာကြောင့်ပါ။အထုပ်ကလေးတွေနဲ့ သေချာထုတ်ပိုးပြီး ထည့်ထားတာဖြစ်တယ်။ အလွယ်တကူ အသုံးပြုလို့ ရတယ်။ ခရီးသွားရင်လည်း အိတ်ဆောင်အနေနဲ့ ထည့်သွားလို့ လွယ်ကူပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/benefits-of-condoms/
ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ
ဆီးချိုရှိတဲ့အခါ တစ်ခုခုစားမယ်ကြံလိုက်တိုင်း သွေးချိုတက်မလားအဆင်ပြေပါ့မလားဆိုပြီး တွေးတွေးနေရတာကလည်းတစ်လုပ်နော်။ ဒါစားရင်သွေးချိုတက်လိမ့်မယ် မစားနဲ့လို့ မိသားစုဝင်တွေဝိုင်းပြောတာကိုလည်း မကြာခဏခံခဲ့ရမှာပေါ့။ ဒါဆိုရင် ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ ကို အတူတူအဖြေထုတ်ကြည့်ရအောင်လား…..။ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ အကြောင်း မပြောခင် မေးခွန်းလေး တစ်ခု မေးချင်နေတာမျိုးများ မရှိဘူးလား…. ဒါကတော့ ဆီးချိုရှိတိုင်း ဘာမှမစားရတော့ဘူးလား ဆိုတာပေါ့။ဒီလိုမဟုတ်ပါဘူး။ အတိုင်းအချင့်နဲ့စားလို့ရပါတယ်။ ဘာတွေများဂရုစိုက်ရမလဲ ကြည့်ရအောင်လား။ဆီးချိုရှိတယ်ဆိုတာနဲ့ သစ်သီးတွေမစားရတော့ဘူးဆိုတာ မဟုတ်ပါဘူး။သစ်သီးမှာ သဘာဝအချိုဓာတ်ပါတာမမှန်ပေမယ့် ဆီးချိုရှိတာနဲ့ အသီးတွေကိုလုံးဝရှောင်ဖို့မလိုပါဘူး။ အချိုအရမ်းကဲတာတွေကိုတော့ အတိုင်းအချင့်နဲ့စားဖို့လိုပါမယ်။သစ်သီးတွေမှာ အချိုများလွန်းတဲ့၊ အမှည့်လွန်နေတဲ့ အသီးကို ရှောင်ပါ။ ထမင်းကြီးနဲ့ အချိန် ၂နာရီခွာပြီး စားပေးပါ။ဒါကလည်း အယူအဆမှားတစ်ခုပါ။ ဆီးချိုရှိတာနဲ့ သကြားလုံးဝရှောင်စရာမလိုပါဘူး။ လျှော့စားဖို့တော့ လိုပါမယ်။ အချိုလုံးဝဖြတ်တာကသွေးတွင်းသကြားဓာတ်ကျဆင်းမှုပြဿနာကို ခံစားရစေနိုင်ပါတယ်။ဆီးချိုရှိတယ်ကာဗိုဟိုက်ဒရိတ်လုံးဝစားလို့မဖြစ်ဘူး။ဒါကလည်း မှားယွင်းနေပါတယ်။ ဆီးချိုရှိတယ်ဆိုတာနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကို ရှောင်လိုက်ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် Complex carbohydrateတွေဖြစ်တဲ့ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံတွေက ဒါတွေကအမျှင်ဓာတ်ကြွယ်ဝသလို သွေးတွင်းသကြားဓာတ် ထိုးတက်တာမျိုးလည်း မဖြစ်စေပါဘူး။ထမင်း၊ ခေါက်ဆွဲ၊ ကြာဆန် ဒီလိုမျိုး ကာ‌ဗိုဟိုက်ဒရိတ်တွေဆိုရင်တော့ သတိထားစားပါ။ ပမာဏကို ချိန်ညှိပြီး စားဖို့ လိုပါတယ်။ဆီးချိုရှိလို့ ဆေးသောက်နေတယ်ဆိုတိုင်း စားချင်တာ စားလို့မရပါဘူး။ အကြောင်းကတော့ ဆေးက သွေးချိုကို အတိုင်းအတာတစ်ခုအထိပဲ ထိန်းသိမ်းနိုင်တာပါ။ဆေးအပြင်  ကိုယ်ရဲ့ စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်မှ ဆီးချိုကို ထိန်းနိုင်မှာပါ။ ဒါကြောင့် အာဟာရပြည့်ဝပြီး သွေးချိုမတက်စေတဲ့ အစားအစာတွေကို စားတာ၊ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောပါရစေနော်။စားဖို့တစ်ခုခုဝယ်တိုင်း Sugar-free ဆိုအိုကေပြီလို့ မတွေးလိုက်ပါနဲ့။ Sugar-free ဖြစ်နေရင်တောင်မှ ဒီအစားအစာထဲမှာ ကာဗိုဟိုက်ဒရိတ်၊ အဆီ နဲ့ ကယ်လ်လိုရီတွေများစွာ ပါဝင်နေနိုင်ပါသေးတယ်။ ဒါကြောင့် သကြားပါဝင်မှုရှိ၊မရှိ စစ်ပြီးရင် အခုပြောခဲ့တဲ့ အချက်လေးတွေကိုပါ စစ်ဆေးကြည့်စေချင်ပါတယ်။ သကြားမပါဘူးဆိုတိုင်း အတိုင်းအဆမရှိ စိတ်ကြိုက်စားလို့ရတယ်လို့ မဆိုသာပါဘူး။အချိုရည်တွေသောက်ရင် သွေးချိုတက်လိမ့်မယ် ဒါဆို သစ်သီးဖျော်ရည်လေးတွေတော့သောက်လို့ရမှာပေါ့လို့ တွေးနေလား။ ဒါကလည်း အတိုင်းအတာတစ်ခုလောက်ပဲ သောက်လို့ရတာပါ။ အလွန်အကျွံအနေအထားဖြစ်လာရင် သစ်သီးဖျော်ရည်တွေကလည်း သွေးချိုကို မြင့်တက်စေနိုင်တာကြောင့် အတိုင်းအတာတစ်ခုလောက်ပဲ အဆင်ပြေပါတယ်။အာလူးက ကာဗိုဟိုက်ဒရိတ်ပါတယ်ဆိုပေမယ့် လုံးဝရှောင်ဖို့ မလိုပါဘူး။ အတန်အသင့်လောက်တော့ စားလို့ရပါတယ်။ အကောင်းဆုံးကတော့ အာလူးကို ကင်စားတာပါ။ အာလူးကိုသံလွင်ဆီနဲ့ ကင်ပြီး အရွယ်တော်တစ်လုံးစာလောက်တော့ စားလို့ရပါတယ်။ကန်စွန်းဥက ချိုလို့ စားလို့မရဘူး။ဆီးချိုရှိနေတယ်ဆိုပေမယ့်အမျှင်ဓာတ်နဲ့ ဗီတာမင် A ကြွယ်ဝစွာပါနေတယ်ဆိုတဲ့ ကန်စွန်းဥကို စွန့်လွှတ်လိုက်ဖို့ မလိုပါဘူး။ အစာခြေစနစ်အားကောင်းစေပြီး အမြင်အာရုံကျန်းမာစေဖို့ အကောင်းဆုံးစောင့်ရှောက်ပေးတဲ့ ကန်စွန်းဥကို အရွယ်တော်တစ်လုံးလောက်တော့ စားလို့ရပါတယ်။ဒါကတော့ မှားယွင်းနေပါတယ်။ ဆီးချိုရှိတယ်ဆိုတာနဲ့ အချိုပွဲတွေကို လုံးဝစွန့်လွှတ်ရမယ် မဆိုပါဘူး။ နည်းနည်းလောက် (အာသာပြေရုံလေး) တော့စားလို့ရပါတယ်။ ရေခဲမုန့်ကို နှစ်ဇွန်းလောက်စားတာမျိုးပေါ့။ စိတ်လွတ်ကိုယ်လွတ်နဲ့ အကြိုက်တော့မစားမိစေနဲ့ပေါ့။မလိုပါဘူးနော်။ အခုခေတ်မှာ အဆီထုတ်နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှ ရွေးစရာတစ်ပုံကြီးပါ။ ဒါကြောင့် အဆီထုတ်ထားတ့ ဒိန်ချဉ်ကို သစ်သီးလေးတွေနဲ့တွဲစားလို့ရသလို အဆီထုတ်နို့သောက်လို့လည်း ရပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-food-myths/
ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ် စတိုက်နိုင်ပြီလဲ
ကလေးအများစုအနေနဲ့ အဖတ် စစားနိုင်တဲ့ အရွယ် (အသက် ခြောက်လနောက်ပိုင်း)မှာ ဒိန်ချဉ် ကို စသောက်နိုင်ပါပြီ။ ဒိန်ချဉ်မှာကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေအပါအဝင် အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာမို့ ကလေးအတွက် ရွေးချယ်သင့်တဲ့ ကနဦးအစားအစာ တစ်မျိုး ဖြစ်ပါတယ်။ အချိုဓာတ်လုံးဝမပါဘဲ ပိုးသတ်ပြီးသား နွားနို့စစ်စစ်က ထုတ်လုပ်ထားတဲ့ ဒိန်ချဉ်ကို ကျွေးတာတော့ အကောင်းဆုံးရွေးချယ်မှုပဲ ဖြစ်ပါတယ်။ကလေးတွေ ကြိုက်အောင် အနံ့အရသာတွေထည့်ထားတဲ့ ဒါမှမဟုတ် သစ်သီးလေးတွေပါတဲ့ ဒိန်ချဉ်တွေ (ကလေးများအတွက်လို့ တံဆိပ်ကပ်ထားပေမယ့်) အားလုံးနီးပါးဟာ ဆေးသကြားတွေ ပါဝင်နိုင်တဲ့အတွက်သွားပိုးစားခြင်းနဲ့အဝလွန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘာအချိုဓာတ်မှမပါတဲ့ ဒိန်ချဉ်ဟာ ဆေးသကြားတွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ကလေးတွေအနေနဲ့ နွားနို့စစ်စစ်ကနေ ပြုလုပ်ထားတဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ကယ်လိုရီနဲ့ အဆီဓာတ်တွေကို လိုအပ်ပါတယ်။ ဒါကြောင့် (ဆရာဝန်က အထူးတလည်ညွှန်ကြားထားတဲ့ အခြေအနေကလွဲလို့) အသက်၂နှစ်အောက်ကလေးတွေမှာ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီလုံးဝမပါတဲ့ ဒိန်ချဉ်တွေကို မတိုက်ပါနဲ့ဦး။အချို့သော ဒိန်ချဉ်တွေထဲမှာprobioticsလို့ခေါ်တဲ့ ဘက်တီးရီးယားအရှင်တွေ ပါဝင်ပါတယ်။ အဆိုပါ ဘက်တီးရီးယားပိုးမွှားတွေဟာ နွားနို့ကို ဒိန်ချဉ်အဖြစ်ပြောင်းလဲပေးနိုင်သလို ဒိန်ချဉ်ထဲမှာလည်း ဆက်လက်ပါဝင်လာတတ်ပါတယ်။ သူတို့ဟာ အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ကြီးထွားပွားများမှုကို လှုံ့ဆော်ပေးနိုင်ပါတယ် (အကျိုးပြုဘက်တီးရီးယားတွေဟာ အစာခြေခြင်းလုပ်ငန်းစဉ်အတွက် အရေးကြီးပါတယ်)။သင်ဝယ်ယူတဲ့ တံဆိပ်ရဲ့ အညွှန်းမှာ “ဤဒိန်ချဉ်တွင် ဘက်တီးရီးယားအရှင်များ ပါဝင်ပါသည်” လို့ဖော်ပြထားသင့်ပါတယ်။ ဆိုလိုတာက ဒိန်ချဉ်ပြုလုပ်ခြင်းနည်းလမ်းစဉ်မှာ အဆိုပါ ဘက်တီးရီးယားတွေကို အပူနဲ့ ဖယ်ထုတ်ခြင်းမပြုထားဖူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် “ဘက်တီးရီးယားအရှင်များနှင့် ပြုလုပ်ထားသည်” ဆိုတဲ့ အညွှန်းပါတဲ့ တံဆိပ်တွေကတော့ အဆိုပါ ဘက်တီးရီးယားတွေကို သုံးပြီးပြုလုပ်ထားတယ်လို့ပဲ ဆိုလိုတာပါ။ ဘက်တီးရီးယားတွေ ပါဝင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။တကယ်လို့ သင့်ကလေးမှာ နွားနို့ ဒါမှမဟုတ် တခြားအစားအစာတွေနဲ့ ဓာတ်မတည့်တာမျိုး (ဥပမာ နှင်းခူ)ရှိနေရင် ဆရာဝန်နဲ့ မတိုင်ပင်ရသေးဘဲ ကလေးကို ဒိန်ချဉ် မတိုက်ပါနဲ့။ ဓာတ်မတည့်ခြင်းရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ ယားယံစေသော အနီစက်များ၊ အနီကွက်များထွက်ခြင်း၊ နှုတ်ခမ်းနား ဒါမှမဟုတ် မျက်လုံးနားတဝိုက် ရောင်ရမ်းခြင်း၊ အစာစားပြီး နှစ်နာရီအတွင်း အန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။အဆိုပါ လက္ခဏာတွေ ပေါ်ပေါက်လာရင်တော့ ကျွေးလက်စအစာတွေကို ချက်ချင်းရပ်လိုက်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသရမှာပဲ ဖြစ်ပါတယ်။ lactose နဲ့ ဓာတ်မတည့်တာမျိုးကတော့ ကလေးတွေမှာ အင်မတန်ရှားပါးပြီး ဒီပြဿနာရှိနေရင်တောင်မှ ဒိန်ချဉ်ကို တိုက်ကျွေးနိုင်ပါသေးတယ်။ ဒိန်ချဉ်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ lactose ဓာတ်အများအပြားကို ဖျက်ဆီးပစ်လိုက်တဲ့အတွက် အခြားသော နို့ထွက်ပစ္စည်းတွေနဲ့ ယှဉ်ရင် ဒိန်ချဉ်ဟာ ကလေးတွေအတွက် ပိုပြီးအဆင်ပြေပါတယ်။ကလေးအနေနဲ့ ဒိန်ချဉ်သောက်နိုင်ပေမယ့် နွားနို့ကိုတော့ အသက်တစ်နှစ်ပြည့်တဲ့အထိ မသောက်ရပါဘူး။ နွားနို့က ကလေးငယ်လေးတွေမှာ အစာခြေဖို့ ခက်ခဲစေလို့ပါ။ ဒါ့ပြင် နွားနို့ဟာမိခင်နို့ဒါမှမဟုတ် အာဟာရဖြည့် နို့ဘူးနေရာမှာ အစားထိုးဖို့လည်း မသင့်တော်ပါဘူး။ကလေးတွေဟာ မိခင်နို့ ဒါမှမဟုတ် (စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားတဲ့) နို့မှုန့်ကို ရာနှုန်းပြည့်ခြေဖျက်နိုင်ပေမယ့် နွားနို့ကိုတော့ အလွယ်တကူ မခြေဖျက်နိုင်ပါဘူး။ ဒါ့အပြင် မိခင်နို့ ဒါမှမဟုတ် (စနစ်တကျ ဖော်စပ်ထုတ်လုပ်ထားတဲ့) နို့မှုန့်တွေကနေ ရရှိနိုင်တဲ့ အဆီနဲ့ အာဟာရဓာတ်တွေကို နွားနို့ကနေ အပြည့်အဝ ရရှိနိုင်မှာ မဟုတ်ပါဘူး။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/when-your-kid-can-have-yogurt/
သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ
အမျိုးသမီးတွေရဲ့ ဘဝမှာသွေးဆုံးချိန်ဟာလည်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် အခက်အခဲကာလတစ်ခုပါပဲ။ ဒီအချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာအပြင် ပုံမှန်ဖြစ်နေကျ ရာသီစက်ဝန်းရဲ့ ရပ်တန့်တော့မယ့်အချိန်ဖြစ်တာရော၊ တခြားကျန်းမာရေးပြဿနာတွေအနေနဲ့ ကိုယ်လက်အရိုးအဆစ်ကိုက်ခဲတာ၊ကိုယ်အလေးချိန်တက်တာ၊ ကျတာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲမြန်တာ စတာတွေအပြင် လိင်ကိစ္စဆက်ဆံတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် ပြဿနာအများအပြား ကြုံလာရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ ကတော့။၁။ လိင်စိတ်ဆန္ဒနည်းခြင်း။လိင်စိတ်ဆန္ဒဆိုတာ အသက်ကြီးလာတာနဲ့အမျှ နည်းလာတတ်တဲ့အရာပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် သွေးဆုံးခါနီးအချိန်ဆိုရင် ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာအပြင် ဟော်မုန်းမျှခြေ ကမောက်ကမဖြစ်နေခြင်းကြောင့် လိင်ဆက်ဆံဖို့ကို လုံးဝစိတ်မပါနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမြဲတမ်းလိုလို အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ပိနေတဲ့ အမျိုးသမီးတွေ၊စိတ်ဖိစီးမှုနဲ့ တစ်ခုခုဆို စိတ်အားငယ်တတ်တဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ဒါကြောင့် ကိုယ်သွေးဆုံးနေတဲ့အချိန် ဒီလိုလက္ခဏာတွေကြုံလာတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ အမျိုးသားတွေအနေနဲ့လည်း စိတ်မပါတာကို အတင်းလုပ်ယူပြီး လိင်ဆက်ဆံဖို့ မကြိုးစားပါနဲ့။ သူတို့ဘေးနားမှာ ကိုယ်က ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ဘာပဲလိုအပ်လိုအပ်၊ ဘာတွေပဲ ဖြစ်နေဖြစ်နေ အမြဲတမ်းအဆင်သင့်ရှိနေပေးမယ့် အကြောင်းကို သိအောင်ပြောပြပါ။ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတစ်ခုပေးပါ။၂။ မိန်းမကိုယ်ခြောက်သွေ့ခြင်း။အက်စထရိုဂျင်လို့ ခေါ်တဲ့ မဟော်မုန်းက ရုတ်တရက်ဆိုသလို နည်းသွားတဲ့အခါ မိန်းမကိုယ်ကို ချောမွေ့စေဖို့ သဘာဝအတိုင်းထွက်လာတဲ့ အရည်တွေက နည်းသွားပြီး မိန်းမကိုယ်က ခြောက်ကပ်ကပ်ဖြစ်သွားတတ်ပါတယ်။ ဒီအခါမှာ အမျိုးသမီးတွေအနေနဲ့ အရေပြားပြဿနာတွေ ပိုပြီးဖြစ်လာနိုင်သလို လိင်ဆက်ဆံတဲ့အခါမှာလည်း သဘာဝချောဆီမရှိတော့တဲ့အတွက် ယားယံတာ၊ အလွန်နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ အမျိုးသားတွေအနေနဲ့ အဆင်ပြေလောက်မယ့် ချောဆီတစ်မျိုးမျိုးကို ဆောင်ထားဖို့ လိုပါတယ်။ ချောဆီတွေထဲမှာမှ ရေအခြေပြု ချောဆီတွေကို ရှာဝယ်ပါ။ မိန်းမကိုယ်ကို အစိုဓာတ်ထိန်းပေးနိုင်မယ့် ချောဆီမျိုးတွေကို ဝယ်ပေးပါ။၃။ ကာမသုခ အပြည့်အဝမရတာ။မိန်းမကိုယ်ခြောက်တာအပြင်ကိုမှ နောက်ပြဿနာတစ်ခုကတော့ လိင်ဆက်ဆံပြီးသွားတဲ့အချိန်မှာတောင် အပြည့်အဝ စိတ်ကျေနပ်မှုမရတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ မိန်းမကိုယ်နဲ့ မမျိုးစေ့အတွင်း သွေးစီးဆင်းမှုနည်းသွားတာကြောင့် ခံစားသိရှိနိုင်မှုစွမ်းရည်ဟာ ကျသွားနိုင်ပါတယ်။ဒီလိုသွေးဆုံးနေတဲ့အချိန်မှာ အမျိုးသားတွေအနေနဲ့ ထိုးသွင်းဆက်ဆံဖို့ကို မလောပါနဲ့။ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူပွေ့ဖက်တာ၊ နမ်းတာ၊ စကားတွေပြောပြီး ကြည်နူးရင်းနဲ့ မိန်းမကိုယ်၊ ရင်သား၊ ခန္ဓာကိုယ်အနှံ့ကို ပါးစပ်နဲ့ နှိုးဆွတာမျိုး ပြုလုပ်ပေးပါ။ သုက်ထွက်ရင်ပြီးရောဆိုပြီး အမြန်လုပ်ချလိုက်တာမျိုးကိုတော့ လုံးဝရှောင်ပေးပါ။၄။ ထိုးသွင်းစဉ်နာကျင်ခြင်း။ဒါကတော့ သွေးဆုံးမှမဟုတ်ပါဘူး။ ပုံမှန်အချိန်မှာလည်း မိန်းမကိုယ်ဟာ ထိုးသွင်းဆက်ဆံခြင်းခံရတဲ့အခါ အနည်းနဲ့အများတော့ နာကျင်တတ်ပါတယ်။ ဒါကတော့ အမျိုးသားရဲ့လိင်အင်္ဂါအရွယ်အစား၊ ဆက်ဆံပုံအနေအထားနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ သွေးဆုံးနေတဲ့အချိန်မှာတော့ အထက်မှာပြောခဲ့တဲ့ လိင်ပိုင်းဆိုင်ရာချို့ယွင်းမှုလက္ခဏာတွေအပြင် တခြားကျန်းမာရေးမှာလည်း ချူချာလာတဲ့အတွက် လိင်ဆက်ဆံဖို့ကို စိတ်မပါတော့ဘဲ ငြင်းဆန်နေမိတာတွေ ဖြစ်နိုင်ပါတယ်။ဒီအတွက် လိင်ဆက်ဆံဖို့ကို အရမ်းမလောပါနဲ့။ အပေါ်မှာ ပြောခဲ့သလို ဖြည်းဖြည်းချင်းပဲစတင်ပါ။ ချောဆီကို သေချာသုံးပါ။ အားသုံးပြီး မဆက်ဆံပါနဲ့။ သူ့စီးချက်နဲ့သူ အလိုက်သင့်လေး စီးမျောသွားလိုက်ပါ။၅။ စိတ်အနှောင့်အယှက်ဖြစ်လွယ်တာ။လိင်ဆက်ဆံတဲ့အခါ အမျိုးသားရော၊ အမျိုးသမီးပါ ဒီကိစ္စကိုပဲ အာရုံထားသင့်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ ဒါပေမယ့် ခုလို သွေးဆုံးနေတဲ့အချိန်မှာ အမျိုးသမီးရဲ့ စိတ်ထဲ ခါတိုင်းထက်ပိုပြီး အတွေးများနေတာ၊ စိတ်အတက်အကျမြန်တာ၊ စိတ်ညစ်တာ၊ စိုးရိမ်ပူပန်တာတွေ ပိုဖြစ်တတ်ပါတယ်။ပုံမှန်အချိန်ထက်လည်း တစ်ခုခုဆိုတာနဲ့ စိတ်ဆိုးဒေါသထွက်လွယ်၊ ဝမ်းနည်းလွယ်တတ်တာကြောင့် လိင်ဆက်ဆံတဲ့အခါ ဒီကိစ္စကိုပါ သေချာအာရုံမစိုက်နိုင်ဘဲ စိတ်အာရုံပျံ့လွင့်သွားနိုင်ပါတယ်။အဲ့ဒါကြောင့် စိတ်ညစ်နေတဲ့ အမျိုးသမီးကို ကိုယ့်အနေနဲ့ တတ်နိုင်သလောက် ဖေးမကူညီပါ။ အိမ်အလုပ်တွေထဲက ကိုယ်လုပ်နိုင်တာ၊ လုပ်ဖို့အဆင်ပြေတာရှိရင် ကူလုပ်ပေးလိုက်ပါ။ဥပမာ-ထမင်းစားပြီး ပန်းကန်တွေ ကူဆေးပေးတာ၊ အဝတ်လျှော်ပေးတာ၊ အိမ်သန့်ရှင်းဝိုင်းကူလုပ်ပေးတာမျိုးပေါ့။ ကိုယ့်အနေနဲ့ သူ့ကို စိတ်ပျော်ရွှင်အောင်၊ စိတ်လုံခြုံမှုဖြစ်အောင် ထားပေးဖို့နဲ့ သူလိုအပ်တဲ့အချိန်တိုင်းမှာ ကိုယ်က အနားကနေ လူအားရော၊ စိတ်အားနဲ့ပါ ပံ့ပိုးကူညီပေးဖို့ အမြဲကြိုးစားပေးပါ။ဘာပဲဖြစ်နေဖြစ်နေ ဒီအချိန်ကာလဆိုတာ ကိုယ်ချစ်ရတဲ့ အမျိုးသမီးကိုယ်တိုင် ဖြတ်ကျော်ရမယ့် အခက်အခဲကာလဖြစ်တာမို့ ငါကတော့ ယောက်ျားလေးပဲ၊ ငါနဲ့ဆိုင်တာမှမဟုတ်တာ၊ အချိန်တန်ရင် သက်သာသွားမှာပဲ ဆိုတာတွေ မလုပ်ပါနဲ့။အိမ်ထောင်ဖက်အချင်းချင်း တစ်ယောက်ကို တစ်ယောက် ဖေးမကူညီပါ။ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံပေးပါ။ လိုအပ်တာမှန်သမျှ ကူညီပေးဖို့ အသင့်ဖြစ်ပါစေ။ ဒီကာလတွေ ကျော်လွန်မြောက်သွားတဲ့အခါ ကိုယ့်ရဲ့ အိမ်ထောင်ရေးက အရင်ကထက်တောင် ပိုပြီးနွေးထွေးပျော်ရွှင်စရာကောင်းလာမှာ အသေအချာပါပဲ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/sexual-side-effects-of-menopause/
Myositis (ကြွက်သားများရောင်ရမ်းခြင်းဆိုတာဘာလဲ)
ကြွက်သားများရောင်ရမ်းခြင်းဆိုသည်မှာသင့်ခန္ဓါကိုယ်ကိုလှုပ်ရှားရာတွင်အသုံးပြုသောကြွက်သားများ ရောင်ရမ်းခြင်းကိုဆိုလိုပါသည် ။ ဒဏ်ရာရခြင်း ၊ ပိုးဝင်ခြင်းနဲ့မိမိကိုယ်ကိုပြန်တိုက်သောခုခံအားစနစ်.. စသည်တို့ကြောင့် ကြွက်သားရောင်ရမ်းခြင်းများဖြစ်ပေါ်လာရပါတယ် ။ ကြွက်သားနာကျင်ခြင်းတွင် polymyositis နှင့်dermatomyositis ဟူ၍နှစ်မျိုးရှိပါတယ် ။ polymyositis ဆိုသည်မှာခန္ဓါကိုယ်နှင့်အနီးဆုံးကြွက်သားများ အားအင်ချည့်နဲ့ခြင်းဖြစ်ပါတယ် ။ dermatomyositis ဆိုသည်မှာကြွက်သားများအားနည်းသည့်အပြင် အရေပြားတွင်အနီကွက်များပါပေါ်လာခြင်းမျိုးဖြစ်ပါတယ် ။များသောအားဖြင့် ကြွက်သားရောင်ရမ်းခြင်းဟာ ဖြစ်ခဲပါတယ် ။ အမျိုးသားများထက်အမျိုးသမီများတွင်ပို၍အဖြစ်များပါတယ် ။ အန္တရာယ်ရှိသည့်အရာများကိုရှောင်ရှား၍ ရောဂါကိုသက်သာအောင်စီစဉ်နိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။အဖြစ်အများဆုံးလက္ခဏာကတော့ ကြွက်သားများအားနည်းခြင်းပဲဖြစ်ပါတယ် ။ ဒီလိုအားနည်းခြင်းဟာ သတိထားမိကောင်းထားမိနိုင်၍ စမ်းသပ်ကြည့်မှသိရှိရသည်မျိုးလည်း ရှိပါတယ် ။ ကြွက်သားနာကျင်ခြင်းကတော့ ရှိချင်လည်းရှိပါမယ် ..မရှိတာမျိုးလည်းရှိပါတယ် ။ ကြွက်သားများအားနည်းခြင်းဟာ လဲကျစေနိုင်ပြီး လဲကျပြီးတဲ့အခါပြန်ထရန် သို့ ကုလားထိုင်မှပြန်ထရန်ခက်ခဲစေပါတယ် ။ ကြွက်သားရောင်ရမ်းခြင်းနဲ့ဆက်စပ်နေတဲ့အခြားလက္ခဏာတွေကတော့… အနီကွက်များထွက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ လက်များတွင်အရေပြားများထူလာခြင်း ၊ မျိုချရခက်ခဲခြင်း ၊ အသက်ရှူရခက်ခဲခြင်းတို့ပဲဖြစ်ပါတယ် ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရ၍ဖြစ်တဲ့ကြွက်သားရောင်ရမ်းခြင်းများတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့်လက္ခဏာများဖြစ်သည့် နှာစေးခြင်း ၊ခေါင်းဆိုးခြင်း ၊ ဖျားခြင်း ၊ လည်ချောင်းနာခြင်း ၊ ပျို့ချင်အန်ချင်ခြင်းနှင့် ဝမ်းသွားခြင်းတို့ကိုဖြစ်စေနိုင်ပါတယ် ။ သို့သော်လည်း ဒိလက္ခဏာတွေဟာ ကြွက်သားရောင်ရမ်းခြင်းရဲ့လက္ခဏာတွေမစမီ မှာပဲပျောက်သွားတတ်ပါတယ်။ကြွက်သားရောင်ရမ်းတဲ့လူအချို့ဟာတော့ကြွက်သားများနာကျင်ခြင်းပါရှိကြပါတယ် ။ အများစုကတော့မနာကျင်ကြပါဘူး ။ ကြွက်သားများနာကျင်ခြင်းသည် ကြွက်သားရောင်ရမ်းခြင်းကြောင့်ဖြစ်တာမဟုတ်ပဲ ဒဏ်ရာရခြင်း သို့ သာမာန်တုတ်ကွေးကဲ့သို့ဖျားနာခြင်းများကြောင့်ဖြစ်တာဖြစ်ပါတယ် ။အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ် ။ အသေးစိတ်သိရဖို့အတွက်တော့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။အထက်ဖော်ပြပါစာရင်းထဲမှာပါတဲ့ လက္ခဏာတွေကိုခံစားနေရပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ ။ လူတစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး ။ သင့်အခြေအနေအတွက်အကောင်းဆုံးအဖြေကိုရဖို့အတွက်ဆရာဝန်နဲ့ဆွေးနွေးတာအကောင်းဆုံးပါပဲ။ကြွက်သားရောင်ရမ်းခြင်းကိုဖြစ်စေနိုင်တဲ့မည်သည့်အကြောင်းအရာကြောင့်မဆို ကြွက်သားရောင်ရမ်းခြင်းဖြစ်ပေါ်လာရပါတယ် ။ ကြွက်သားရောင်ရမ်းခြင်းများကို အမျိုးအစားများစွာခွဲခြားနိုင်ပါတယ် ။ရောင်ရမ်းစေသောအခြေအနေများ –ခန္ဓါကိုယ်အနှံ့ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့အခြေအနေတွေဟာ ကြွက်သားတွေကိုလည်းရောင်ရမ်းခြင်းဖြစ်စေနိုင်ပါတယ် ။ အများဆုံးဖြစ်စေတာတွေကတော့…မိမိကိုယ်ကိုပြန်တိုက်သောခုခံအားစနစ်ရောဂါများ ကြောင့်ဖြစ်ပါတယ် ။ ပြင်းပြင်းထန်ထန်ကြွက်သားများရောင်ရမ်းခြင်းကိုဖြစ်စေတဲ့အခြေအနေတွေကတော့..။– dermatomyositosis( ကြွက်သားများအားအင်ချည့်နဲ့ခြင်းနှင့် အနီကွက်များထခြင်း)။– polymyositosis ( ခန္ဓါကိုယ်နှင့်အနီးဆုံးကြွက်သားများ အားအင်ချည့်နဲ့ခြင်း)။– inclusion body myositosis ( ခြေ လက်ရှိကြွက်သားများအားအင်ချည့်နဲ့ခြင်း)။တစ်ခြားအပျော့စားကြွက်သားများရောင်ရမ်းခြင်းကိုဖြစ်စေတာတွေကတော့…။– သွေးလေးဘက်နာရောဂါများ ၊။– lupus ( ခုခံအားစနစ်ကမိမိတစ်ရှူးများ ၊အင်္ဂါများကို ပြန်လည်ဖျက်ဆီးသော နာတာရှည်ရောင်ရမ်းမှုရောဂါတစ်မျိုး)။– scleroderma ( ခုခံအားစနစ်ကြောင့် အရေပြားများ ၊ ကြွက်သားများတွင်ပြောင်းလဲမှုများဖြစ်ပေါ်လာခြင်း)။ရောင်ရမ်းစေတဲ့ရောဂါတွေဟာ ကြွက်သားများရောင်ရမ်းခြင်းကိုအများဆုံးဖြစ်စေပြီး ရေရှည်ကုသမှုကို ခံယူရန်လိုအပ်ပါတယ် ။ကူးစက်ရောဂါများ –ဗိုင်းရပ်စ်ပိုးကူစက်ခြင်းဟာလည်း ကြွက်သားရောင်ရမ်းခြင်းကိုအဖြစ်စေဆုံး ကူးစက်ရောဂါပဲဖြစ်ပါတယ် ။ ဘတ်တီးရီးယားများ ၊ မှိုများနှင့် အခြား အကောင်များဟာလည်း ရှားပါပေမယ့် ကြွက်သားရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ် ။ ဗိုင်းရပ်စ်များ ၊ ဘတ်တီးရီးယားများဟာကြွက်သားထဲကိုဝင်လာပြီး ကြွက်သားအမျှင်များကိုပျက်စီးစေတဲ့အရာများကိုထုတ်ပါတယ် ။ အအေးမိခြင်း ၊ တုတ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးနှင့် HIV ပိုးတွေဟာလည်း ကြွက်သားရောင်ရမ်းခြင်းများကို ဖြစ်စေတဲ့ဗိုင်းရပ်စ်တွေထဲကအနည်းငယ်ပဲဖြစ်ပါတယ် ။ဆေးများ ။ဆေးဝါးတွေနဲ့ကျန်းမာရေးကုထုံးတွေဟာလည်းကြွက်သားတွေကိုယာယီထိခိုက်နာကျင်စေပါတယ် ။ ကြွက်သားများသည်အမြဲတမ်းရောင်ရမ်းမှုဖြစ်တာမဟုတ်သောကြောင့် ကြွက်သားရောင်ရမ်းခြင်းထက် ကြွက်သားဆိုင်ရာပြဿနာများဟုပဲ ခေါ်ကြပါတယ် ။ ကြွက်သားပြဿနာများကိုဖြစ်စေတဲ့ဆေးတွေကတော့…။– statin ( ကိုလက်စ်ထရောကျဆေး)။– colchicine ( ဂေါက်ရောဂါတွင်သောက်သောဆေး)။– plaquenil။– alpha – interferon။– cocaine နဲ့ alcohol တို့ပဲဖြစ်ပါတယ် ။ကြွက်သားပြဿနာများဟာ ဆေးသောက်ပြီးပြီးချင်းမှာတန်းဖြစ်နိုင်သလို ဆေးသောက်ပြီးနှစ် ၊ လ တွေကြာမှဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ် ။ တစ်ခါတစ်ရံမှာတော့မတူညီတဲ့ဆေးကုသမှုနှစ်မျိုး ဓါတ်ပြုပြီးဖြစ်တာမျိုးလည်းရှိပါတယ် ။ ဆေးဝါးတွေကြောင့် ပြင်းပြင်းထန်ထန်ကြွက်သားရောင်ရမ်းခြင်းဖြစ်တာမျိုးတော့ရှားပါတယ် ။ဒဏ်ရာရခြင်း ။လေ့ကျင့်ခန်းများပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အခါမှာလည်းကြွက်သားများ နာကျင်ခြင်း ၊ ရောင်ရမ်းခြင်းနဲ့အားနည်းခြင်းတို့ဟာလေ့ကျင့်ခန်းလုပ်အပြီး နာရီပိုင်းမှရက်ပိုင်းအထိရှိနိုင်ပါတယ် ။ ဒီလိုရောင်ရမ်းတာတွေကတော့ကြွက်သားများရောင်ရမ်းခြင်းရဲ့လက္ခဏာတွေဖြစ်ပြီး လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ဒီလိုလက္ခဏာတွေဟာအနားယူလိုက်တဲ့အခါမှာလုံးဝပြန်လည်းကောင်းမွန်သွားပါတယ်။Rhabdomyolysis။Rhabdomyolysis ဆိုတာကတော့ကြွက်သားများဟာ လျှင်လျှင်မြန်မြန်ပြိုကွဲနေခြင်းဖြစ်ပြီး ကြွက်သားများ ရောင်ရမ်းခြင်း ၊ နာကျင်ခြင်း နဲ့အားအင်ချည့်နဲ့ခြင်း စသည့်လက္ခဏာများဖြစ်တတ်ပါတယ် ။ ဆီးအရောင်ဟာလည်း အနီရောင် သို့ အညိုရင့်ရောင်ဖြစ်နေတတ်ပါတယ် ။ကြွက်သားရောင်ရမ်းခြင်းကိုပိုဆိုးစေတာတွေကတော့..။မျိုးရိုးဗီဇနှင့် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ခြင်းတို့ပဲဖြစ်ပါတယ် ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာ လူနာရဲ့ကြွက်သားအားနည်းနေသည့်ရောဂါလက္ခဏာ သို့ အ ကြွက်သားရောင်ရမ်းခြင်းရဲ့အခြားသက်သေများကိုကြည့်၍ကြွက်သားရောင်ရမ်းနေနိုင်သည်ဟု ယူဆပါသည် ။ ကြွက်သားရောင်ရမ်းခြင်းအတွက်စမ်းသပ်တဲ့စမ်းသပ်မှုတွေကတော့..။– သွေးစစ်ခြင်း ။ကြွက်သားအင်ဇိုင်းတစ်မျိုးဖြစ်သည့် creatine kinase ဟာ သွေးထဲတွင်ပမာဏများနေပြီးဆိုလျှင် ကြွက်သားရောင်ရမ်းနေပြီဟုသိရှိနိုင်ပါတယ် ။ အခြား ပဋိပစ္စည်းဓါတ်ပြုမှုတေရှိမရှိသိရရန်လည်းသွေးစစ်ပါတယ် ။– MRI scan ရိုက်ခြင်း ။အားကောင်းတသြံလိုက်နဲ့ကွန်ပြူတာတို့ကိုပေါင်းစပ်ထားတဲ့ scan ဟာ ကြွက်သားတွေရဲ့ပုံကိုပေါ်လာစေပြီး ကြွက်သားရောင်ရမ်းသောနေရာနှင့် အချိန်ကြာလာသည်နှင့်အမျှ ကြွက်သားများပြောင်းလဲလာခြင်းတို့ကို ပြသပေးပါတယ် ။– EMG ။EMG ဟာဆိုရင်တော့ ကြွက်သားထဲကို လျှပ်စစ်ဓါတ်ပါတဲ့အပ်သေးသေးလေးတွေထည့်ပြီး ကြွက်သားရဲ့တုံ့ပြန်မှုကိုစမ်းသပ်ခြင်းပဲဖြစ်ပါတယ် ။ ဒါကတော့ ကြွက်သားရောင်ရမ်းမှုကြောင့် ကြွက်သားများ အားနည်းနေခြင်းနဲ့ပျက်ဆီးနေခြင်းတို့ကိုပြသပေးနိုင်ပါတယ် ။– ကြွက်သားစယူ၍ စမ်းသပ်စစ်ဆေးခြင်း ။ဒါဟာအရေးအကြီးဆုံးစမ်းသပ်မှုတစ်ခုပဲဖြစ်ပါတယ် ။ ဆရာဝန်ဟာအားနည်းနေသောကြွက်သားနေရာကိုရှာ၍ အသားစသေးသေးလေး ဖြတ်ထုတ်ယူပြီး စမ်းသပ်စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးခြငးဟာ ကြွက်သားရောင်ရမ်းခြင်းရှိတဲ့လူအများစုမှာနောက်ဆုံးကောက်ချက်ချချက်ကိုပေးနိုင်ပါတယ် ။ကြွက်သားရောင်ရမ်းခြင်းကြောင့်ဖြစ်တာထက် အခြားအကြောင်းများကြောင့် ကြွက်သားများအားနည်းခြင်း ၊နာကျင်ခြင်းတွေအဖြစ်များပါတယ် ။ ဒါကြောင့် ကြွက်သားရောင်ရမ်းခြင်းကိုရှာဖွေစမ်းသပ်တဲ့စမ်းသပ်မှုတွေနဲ့ အချိန်ဟာလည်း ကြာနိုင်ပါတယ် ။ကြွက်သားရောင်ရမ်းခြင်းကိုကုသရာတွင် ဖြစ်စေသောအကြောင်းအရာပေါ်မူတည်၍ ကုသမှုဟာလည်းကွဲပြားကြပါတယ် ။– ရောင်ရမ်းခြင်းများကြောင့်ဖြစ်သော ကြွက်သားရောင်ရမ်းမှုတွင် ခုခံအားကိုနှိမ့်ချပေးသောဆေးများကိုပေးရပါတယ် ။ ဥပမာ..Prednisone , Azathioprine (Imuran) ,Methotrexate တို့ပဲဖြစ်ပါတယ် ။– ကူးစက်ရောဂါများကြောင့်ဖြစ်သောကြွက်သားရောင်ရမ်းခြင်းများတွင်( အထူးသဖြင့် ဗိုင်းရပ်စ်) အထူးကုသမှုမလိုပါဘူး ။ ဘတ်တီးရီးယားကြောင့်ကြွက်သားရောင်ရမ်းမှုဖြစ်ခဲ့လျှင်တော့ ပဋိဇီဝပိုးသတ်ဆေးများကို ဘတ်တီးရီးယားပျံပွားမှုကိုထိန်းချုပ်ဖို့အတွက်ပေးရပါမယ် ။– rhabdomyolysis ရောဂါကြောင့် ကြွက်သားနာကျင်မှုဖြစ်တာရှားပေမယ့် ကြွက်သားများပျက်ဆီး၍ ကျောက်ကပ်ကိုပါပျက်ဆီးစေနိုင်သောကြောင့် လူနာကိုဆေးရုံတင်ပြီး လိုအပ်သောအရည်များသွေးပြန်ကြောမှတစ်ဆင့်သွင်းရန်လိုအပ်ပါတယ်။– ဆေးဝါးများကြောင့်ဖြစ်သောကြွက်သားနာကျင်မှုများတွင်တော့ ဆေးဝါးကိုရပ်တန့်လိုက်ရန်သာလိုပါတယ် ။ Statinဆေးဝါးများကြောင့်ဖြစ်တဲ့ကြွက်သားနာကျင်မှုများကတော့ ဆေးရပ်ပြီး တစ်ပါတ်ကျော်အထိ နာကျင်မှုတွေကျန်ရှိနေနိုင်ပါသေးတယ် ။လေ့ကျင့်ခန်းလုပ်ခြင်းဟာကြွက်သားရောင်ရမ်းမှုအတွက်အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကိုကြံခိုင်ပြီးပျော့ပျောင်းနေစေပါတယ် ။ ဒါ့အပြင် ကြွက်သားများသေးသွားခြင်းမှကာကွယ်ပေးနိုင်ပြီး သန်မာမှုနဲ့လုပ်ရှားနိုင်မှုတို့ကိုလည်း ပြန်လည်ရရှိနိုင်ပါတယ် ။ ဆရာဝန်တွေဟာကြွက်သားသန်မာမှုကိုအားပေးတဲ့ဖြည့်စွက်စာတွေကိုလည်းညွှန်းလေ့ရှိကြပါတယ် ။အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့အကောင်းဆုံးအဖြေကိုရရှိရန် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ် ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/myositis-%e1%82%82%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%99%e1%80%b9%e1%80%b8/
အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား
အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား ။ ဆံပင်ထိပ်ပြောင်ခြင်းကို ဆေးပညာအရ Androgenetic Alopecia လို့ခေါ်ပြီး အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပေမယ့် လုံးဝထိပ်မပြောင်နိုင်တာတော့ မဟုတ်ပါဘူး။ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ တစ်နေ့လျှင် ဆံပင် ၅၀မှ ၁၀၀ ကြားထိ ကျွတ်တတ်ပါတယ်။ထိပ်ပြောင်ခြင်းဖြစ်တဲ့အခါ ကျွတ်သွားတဲ့နေရာမှာ အရင်ကလို ဆံပင်အမြန်ပြန်မပေါက်လာတော့ဘဲ တော်တော်လေး ကြာနေတတ်ပါတယ်။ ဒီအဆင့်မှာ ဆံသားမွေးညင်းပေါက်တွေ ကျုံ့သွားပြီး ဆံလုံးတွေ ပါးလာမယ်။ဆံပင်မသန်တော့တဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ သေချာဆံသားထိန်းသိမ်းမှုမလုပ်တာ၊ မကြာခဏဆိုသလို ဆံပင်ပုံသွင်းတာတွေကြောင့် ဆံသားကျိုးကြေပျက်စီးဖို့ ပိုလွယ်နိုင်ပါတယ်။အမျိုးသားတွေမှာ ထိပ်ပြောင်တဲ့အခါ နဖူးရဲ့ ဘေးနှစ်ဖက်ခြမ်းကနေ “ဂ” ပုံစံဖြင့် ပါးသွားတတ်ပြီး တဖြည်းဖြည်းနဲ့မှ ကျန်တဲ့နေရာတွေ ဆံပင်ပါးလာတာပါ။ အမျိုးသမီးတွေမှာ ထိပ်ပြောင်ခြင်းဖြစ်တဲ့အခါ ဦးခေါင်းရဲ့ နေရာအနှံ့မှာ ဆံပင်ပါးလာပြီး အထူးသဖြင့် ဘေးပတ်ပတ်လည်တွေမှာ ပိုပါးလာတတ်ပါတယ်။ အမျိုးသားတွေလိုတော့ တစ်ခေါင်းလုံး ဆံပင်ပြန်မပေါက်တော့တဲ့အထိ ထိပ်ပြောင်ခြင်းတော့ မရှိပါဘူး။အဆင့် (၁) – ဘေးပတ်ပတ်လည်မှာ ဆံပင်တွေ ပါးလာခြင်း။အဆင့် (၂) – ထိပ်ပြောင်တဲ့နေရာ ကျယ်လာပြီး ဆံပင်တွေ ကွက်ကျားပေါက်နေခြင်း။အဆင့် (၃) – ထိပ်ပြောင်ရန် လမ်းကြောင်းတစ်ခုအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ရခြင်း ဆိုပြီး အဆင့် ၃ဆင့် ခွဲခြားလို့ ရပါတယ်။ဆံပင်ကျွတ်ခြင်း၊ ဆံပင်ထိပ်ပြောင်ခြင်းတွေဟာမိဘမျိုးရိုးကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အမေတွေမှာ ဆံပင်ပါးတဲ့ မျိုးရိုးလိုက်ရင်၊ အဖေဘက်မှာ ထိပ်ပြောင်ရင်တော့ မွေးလာတဲ့ကလေးမှာလည်း ငယ်စဉ်ကတည်းက ဆံပင်ပါးပြီး ထိပ်ပြောင်နိုင်ခြေ ပိုများပါတယ်။ခေါင်းဖြီးနေတဲ့အချိန် ဦးရေပြားတချို့နေရာတွေမှာ ပြောင်နေတယ်၊ ဆံပင်ပါးနေတယ်လို့ ခံစားရတာ၊ ခေါင်းလျှော်စဉ်၊ အိပ်ရာထစဉ် ဆံပင်တွေ ပုံမှန်ထက်ပိုကျွတ်နေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ဒါမှပဲ သာမန်ဆံပင်ကျွတ်ခြင်းလား၊ ထိပ်ပြောင်ခြင်းလားဆိုတာ ကွဲကွဲပြားပြားသိမှာပါ။ဆရာဝန်အနေနဲ့ ဦးရေပြားနဲ့ ဆံသားအခြေအနေကို အကဲခတ်ကြည့်ပြီးတဲ့အခါ လိုအပ်ရင် လိုအပ်သလို သွေးစစ်ခြင်း၊ သိုင်းရွိုက်ဟောာ်မုန်း၊သံဓာတ်၊ ကျားဟော်မုန်း၊ မ ဟော်မုန်းပမာဏတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ အမျိုးသမီးတွေမှာ အသက် ၄၀၊ ၅၀ နောက်ပိုင်းမှသာလျှင် ထိပ်ပြောင်တတ်ပါတယ်။ စောစီးစွာ သိရင် ကုသမှုခံယူဖို့ ပိုလွယ်ကူတဲ့အပြင် မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံဖြင့်လည်း ဆံပင်မကျွတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ဆံသားပြန်ပေါက်စေမယ့် ဆေးညွှန်းတာ သို့မဟုတ် သံဓါတ်အားဆေး၊ ဖောလစ်အက်ဆစ် အားဆေး၊ အိုမီဂါ – ၃၊ အိုမီဂါ – ၆ငါးကြီးဆီဆေးလုံးတွေ သောက်ဖို့ ညွှန်းပေးမှာဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/female-pattern-baldness/
ကိုဗစ် မျိုးစိတ်သစ် Omicron
ကမ္ဘာတလွှားမှာကိုဗစ်ဖြစ်ပွားပြီး (၂) နှစ်နီးပါး အကြာမှာ ကိုဗစ် မူလမျိုးစိတ်ကဗီဇပြောင်းလဲမှုတွေတော်တော်လေး ဖြစ်ပွားခဲ့ပါတယ်။ ဒီလို ကိုဗစ်ဗိုင်းရပ်စ်က မျိုးဗီဇ ပြောင်းလဲမှုတွေ​ကြောင့် ကာကွယ်ဆေးတွေ ထိုးပြီးတာတောင် ကူးစက်ခံရနိုင်ခြေရှိတယ်လို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး(WHO) က ကိုဗစ် မျိုးစိတ်သစ် တစ်မျိုး ဖြစ်ပေါ်နေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီကိုဗစ် မျိုးစိတ် အသစ်ကို Omicron လို့ အမည် ပေးထားပြီး နောက်ဆုံး ထွက်ရှိထားတဲ့ မျိုးစိတ် ဖြစ်သလို ဗီဇပြောင်းလဲမှု များစွာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ coronavirus မျိုးစိတ် B.1.1.529 ပါ။ အခုချိန်ထိ တွေ့ရှိသမျှ မျိုးစိတ်တွေထဲမှာ အရှည်ဆုံးသော မျိုးဗီဇ ပြောင်းလဲထားတဲ့မျိုးစိတ်ပါ။လက်ရှိအထိ တွေ့ရှိသမျှထဲမှာ စိုးရိမ်စရာ အကောင်းဆုံး မျိုးစိတ်တစ်ခုလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ ဒီမျိုးစိတ် က ကိုဗစ် မျိုးစိတ်တွေဖြစ်တဲ့Alpha မျိုးစိတ်နဲ့Delta မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ခုပါ။တောင်အာဖရိကရဲ့ Epidemic Response and Innovation စင်တာရဲ့ ဒါရိုက်တာကတော့ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေတယ်လို့ ဆိုပါတယ်။အခုတွေ့ရှိတဲ့Omicron မျိုးစိတ်က အကြိမ် ၅၀ ကျော် မျီုးဗီ ဆင့်ကဲ ပြောင်းလဲထားတာ ဖြစ်ပြီး ဗိုင်းရပ်စ်ထဲမှာတင်spike proteinအမျိုး ၃၀ ကျော် ပါဝင်နေပါတယ်။ သဘောကတော့ ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင် ထားနိုင်တာကြောင့်ကိုယ်ခံအားဆဲလ်တွေကို ကောင်းကောင်းရှောင်တိမ်းပြီး ဆဲလ်တွေထဲကို အလွယ်တကူ ဝင်ရောက်နိုင်တာပါ။မကြာသေးခင်က ကမ္ဘာ့နိုင်ငံတွေကို အထိတ်တလန့်ဖြစ်အောင် ဂယက်ထခဲ့တဲ့ Delta မျိုးစိတ်ကတောင် ဗီဇပြောင်းလဲမှု ၂ ကြိမ်ပဲ ရှိခဲ့တာပါ။ ဒီမျိုးစိတ်က ရောဂါကို ခုခံနိုင်စွမ်း မရှိတဲ့ လူတစ်ဦးဦိးဆီကနေ စတင် ပြန့်နှံ့ခဲ့တာ ဖြစ်နိုင်ပါတယ်။Omicron မျိုးစိတ်ဟာ လက်ရှိတွေ့ရှိသမျှထဲမှာတော့ အများဆုံး ဆင့်ကဲပြောင်းလဲထားတဲ့ကိုဗစ် ဗိုင်းရပ်စ်တစ်မျိုးပါ။ လက်ရှိ တွေ့ရှိထားသမျှထဲမှာတော့ အပြင်းထန်ဆုံးသော မျိုးစိတ်ပါ။လက်ရှိမှာ လူတိုင်းလိုလို သိချင်နေတဲ့ ဒီကိုဗစ်ဗိုင်းရပ်စ် မျိုးစိတ်အသစ်က ဘယ်လောက်ထိ မြန်မြန်ကူးစက်နိုင်လဲဆိုတာနဲ့ ကာကွယ်ဆေးထိုးထားရင်ရော ကာကွယ်နိုင်မလား ကူးစက်ခံရနိုင်ခြေ ရှိလားဆိုတဲ့ အချက်ပါ။ဒီမျိုးစိတ် အသစ်ကို တောင်အာဖရိကမှာ စတင် တွေ့ရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ ထုတ်ပြန်ချက် အရကတော့ နိုဝင်ဘာလ ၂၄ ရက်နေ့က Omicron မျိုးစိတ် ကိုဗစ် ဗိုင်းရပ်စ် အသစ်ကို Botswana၊ Belgium၊ Hong Kong နဲ့ Israel တို့မှာ တွေ့ရှိရပြီလို့ သိရပါတယ်။ကမ္ဘာ့နိုင်ငံ အများစုကတော့ တောင်အာဖရိက နိုင်ငံတွေက ခရီးသွားတွေကို နိုင်ငံထဲ ဝင်ရောက်မှု ကန့်သတ်တာတွေ လုပ်ဆောင်ဖို့ လုပ်ဆောင်နေပါတယ်။ EU နိုင်ငံတွေ ရုရှား နဲ့ ယူကေနိုင်ငံတွေကလည်း ခရီးသွားလာခွင့်နဲ့ ပြည်ဝင်ခွင့်တွေကို ကန့်သတ်မှုတွေ လုပ်ဆောင်နေပါတယ်.။မြန်မာနိုင်ငံကိုတော့ ရောက်ရှိတာမျိုး မရှိသေးပါဘူး။ လက်ရှိမှာ တွေ့ရှိထားတဲ့ နိုင်ငံတွေကမြန်မာနိုင်ငံနဲ့ ကူးလူးဆက်ဆံမှု အတော်လေး နည်းတာကြောင့် ရောက်ရှိလာနိုင်ခြေ နည်းတယ်ဆိုပေမယ့်  သတိလက်လွတ်တော့ မနေသင့်ပါဘူး။လက်ရှိမှာကာကွယ်ဆေး ထိုးပြီးပြီဆိုပြီး ခပ်ပေါပေါ့နေတာမျိုးတွေ မလုပ်ဖို့ လိုသလိုမတ်ခ်တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးရှောင်ကြဉ်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေကိုတော့ ဆက်လက် လိုက်နာတာ အကောင်းဆုံးပါ။အိပ်ရေးဝဝ အိပ်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်သေစာရှောင်တာမျိုးတွေကို သေချာလေး လုပ်ဆောင်ဖို့ လိုပါမယ်။လက်ရှိမှာ ကာကွယ်ဆေး မထိုးရသေးသူတွေ အနေနဲ့လည်း ကာကွယ်ဆေးတွေကိုနှစ်ကြိမ်ပြည့်အောင် ထိုးနှံထားတာက အကောင်းဆုံးဖြစ်မှာပါ။ ကာကွယ်ဆေးက အပြည့်အဝ မကာကွယ်ပေးနိုင်ရင်တောင် ထိခိုက်မှု နည်းအောင်တော့ လုပ်ဆောင်ပေးမှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/new-covid-variant-omicron/
တစ်နေ့ကို ဆားဘယ်လောက် စားလို့ရလဲ
ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့အစားအစာတွေထဲမှာဆားက မပါမဖြစ်ပါတတ်ပါတယ်။ ထို့အပြင်ကျွန်တော်တို့မြန်မာလူမျိုးတွေက ဆားကို အခြား အိမ်နီးချင်း နိုင်ငံများထက်ပိုပြီးစားကြပါတယ်။သာမန် လူတစ်ယောက်အတွက်တစ်နေ့တာစားသင့်တဲ့ ဆိုဒီယမ် (Sodium) ပမာဏ ပါာ 2300 မီလီဂရမ် ထက်မပိုသင့်ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် ထိုပမာဏပါာ ကျွန်တော်တို့ အသုံးပြုနေတဲ့ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း နဲ့ ညီမျှပါတယ်။သွေးတိုးသမားတွေကတော့ လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံပဲ (Sodium 1500mg) စားသင့်ပါတယ်။လေ့လာတွေ့ရှိချက်များ အရ မြန်မာ လူမျိုးတွေ စားသုံးနေတဲ့ ဆားပမာဏပါာ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၃ ဇွန်းလောက် က ပျမ်းမျှရှိနေပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်း မြန်မာလူမျိုးအများစု အသက် လေးဆယ်ကျော်တာနဲ့သွေးတိုးရောဂါစဖြစ်လာပါတော့တယ်။နောက်တစ်ခု ကျွန်တော်တို့ သတိထားသင့်တဲ့ အစားအစာကတော့ လက်လုပ်ချဉ်တွေ ပါ။ဥပမာ – မုန်ညှင်းချဉ်၊ မုန်လာချဉ်၊ ကတက်ချဉ်၊ ချဉ်ဖတ် စတာတွေ ပါာ ဆားပါဝင်မှု အရမ်းများတဲ့ အစားအစာတွေပါ။-နောက်တစ်မျိုး ကျွန်တော်တို့ မြန်မာလူမျိုးတွေ အရမ်းစားနေတဲ့ ဒညင်းသီး ဆားရည်စိမ်၊ သရက်သီး ဆားရည်စိမ်လိုမျိုးတွေငံပြာရည်၊ ငပိရည်နဲ့တို့စားတာမျိုးတွေ ကိုလည်း သတိထားပါ။တခြားသော ဆိုဒီယမ် ပါဝင်မှုများတဲ့ အစားအစာ များ တွေကတော့။ဆိုဒီယမ် ပါဝင်မှုနည်းသော အစားအစာများ။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော် @ Dr. Nutrition။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/daily-salt-intake/
Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း )
ပုခုံးဆစ်သည် အရိုးခေါင်းလုံးနှင့် ခွက်ပါသော အဆစ်ဖြစ်သည်။ ဆိုလိုသည်မှာ လက်မောင်းရိုးမှ လုံးဝန်းသောထိပ်ပိုင်း (အရိုးခေါင်းလုံး)သည် ညှပ်ရိုးကြားမှမြှောင်း (ခွက်)နှင့် အံခွင်ကျဖြစ်နေခြင်း ဖြစ်သည်။ပုခုံးဆစ်လွဲခြင်းဆိုသည် လက်မောင်းရိုးထိပ်ပိုင်းသည် ပုခုံးခွက်မှ ချော်ထွက်သွားခြင်းဖြစ်သည်။ ပုခုံးသည် ခန္ဓါကိုယ်၏ လှုပ်ရှားမှုအများဆုံး အဆစ်ဖြစ်သောကြောင့် အဆစ်လွဲရန် ဖြစ်နိုင်ချေပိုများ၏။ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ပုခုံးဆစ်လွဲခြင်းသည် ထိခိုက်မိသည့်နေရာတစ်ဝိုက်တွင် လည်ပင်နှင့် လက်မောင်းတစ်လျှောက် ထုံးခြင်း ကျင်ခြင်း အားနည်းခြင်းမျိုးကို ဖြစ်စေနိုင်သည်။ ပုခုံးမှ ကြွက်သားများသည် အနေအထားပျက်သွားသောကြောင့် ကျုံ့ဆန့်ခြင်းဖြစ်ပေါ်ကာ နာကျင်မှုကို မကြာခဏဆိုသလို ပိုတိုးစေသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ပုခုံးဆစ်လွဲသွားသည်ထင်ပါက ဆရာဝန်နှင့် ချက်ချင်းဆိုသလို ဆက်သွယ်ပါ။ပုခုံးဆစ်သည် ခန္ဓါကိုယ်အဆစ်များတွင် အဆစ်လွဲမှုအဖြစ်ဆုံး အဆစ်ဖြစ်သည်။ ၎င်းသည် ဖက်ပေါင်းစုံကို ရွေ့လျားနိုင်သောကြောင့် အရှေ့၊ အနောက် သို့ အောက်ဖက်သို့ အဆစ်လွဲနိုင်ပြီး လုံးဝလွဲခြင်း သို့ မလွဲတလွဲဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။များသောအားဖြင့် ရှေ့ဖက်သို့ အဆစ်လွဲခြင်းက ပိုအဖြစ်များ၏။ ပုခုံးရိုးနှင့်ချိတ်ထားသော အမျှင်တစ်ရှူးများသည် ဆွဲဆန့်နိုင် ပြဲနိုင်သော ပြဿနာများသည် အဆစ်လွဲခြင်း၏ နောက်ဆက်တွဲများပင်ဖြစ်သည်။ပြင်းထန်သောအားသက်ရောက်မှု ဥပမာ ပုခုံးသို့ အားပြင်းပြင်းနှင့် အထိုးခံရမှုသည် ပုခုံးမှအရိုးများကို နေရာလွဲသွားစေနိုင်သည်။ ပုခုံးဆစ်လည်ထွက်သွားခြင်းသည် လက်မောင်းအရိုးလုံးအား ပုခုံးခွက်မှ ချော်ထွက်သွားစေနိုင်သည်။မလွဲတလွဲဖြစ်ခြင်း – သင့်လက်မောင်းရိုးသည် ခွက်အပြင်တစ်ဝက် အထဲတစ်ဝက်ဖြစ်နေခြင်း- မျိုးလည်း ဖြစ်ပွားနိုင်ပါသည်။ပုခုံးဆစ်လွဲခြင်းသည် အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။အားကစားမှထိခိုက်မှုများ – ေဘာလုံးနှင့် ဟော်ကီအားကစားများ နှင့် အမြင့်မှပြုတ်ကျနိုင်သော အားကစားများဖြစ်သည့် နှင်းလျှောစီးခြင်း၊ Gym ကစားခြင်းနှင့် ဘောလီဘောများတွင် ပုခုံးဆစ်လွဲခြင်း အဖြစ်များ၏။အားကစားနှင့်မဆိုင်သော ထိခိုက်မှုများ –စက်တပ်ယာဉ်များ မတော်တဆ ဖြစ်ရာတွင် ပုခုံးသို့ အားပြင်းပြင်းနှင့်ခိုက်မိခြင်းသည် ပုခုံးဆစ်လွဲခြင်းဖြစ်စေသော အဖြစ်များသည့်အကြောင်းရင်းဖြစ်သည်။အမြင့်မှပြုတ်ကျခြင်း –လှေးကားမှ ပြုတ်ကျခြင်း သို့မဟုတ် ခြေသုတ်ဖုံနှင့် ခလုတ်တိုက်မိခြင်းတို့သည်လည်း ပုခုံးဆစ်ကို လွဲစေနိုင်ပါသည်။ဆယ်ကျော်သက် သို့မဟုတ် ၂၀ ကျော် အမျိုးသားများသည် ရုပ်ပိုင်းဆိုင်ရာ တက်ကြွသော အသက်အရွယ်အုပ်စုဖြစ်ပြီး ပုခုံးဆစ်လွဲခြင်း အဖြစ်များနိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စမ်းသပ်ကြည့်ရှူနေစဉ် ဆရာဝန်သည် ခိုက်မိသည့်နေရာအား နာကျင်မှု ရောင်ရမ်းမှု ပုံစံပျက်မှု ရှိမရှိ စစ်ဆေးပါလိမ့်မည်။ အဆစ်လွဲခြင်းဖြစ်သွားကြောင်း ဆရာဝန်သိစေရန် အရေးကြီးပြီး အရင်ကလဲ အဆစ်လွဲဖူးကြောင်း ရှိမရှိလဲ သိစေရန် အရေးကြီးပါသည်။ဆရာဝန်သည် ပုခုံးအား စမ်းသပ်ပြီး ဓါတ်မှန်ရိုက်ခိုင်းနိုင်သည်။ ပုခုံးအဆစ်ဓါတ်မှန်သည် အဆစ်လွဲခြင်းအား ပြသနိုင်သလို ကျိုးသွားသောအရိုးများ အဆစ်သို့တခြားထိခိုက်မှုများကို ပြသနိုင်ပါသည်။ပုခုံးဆစ်လွဲခြင်းကိုကုသခြင်းများမှာ အောက်ပါတို့ပါဝင်၏။ဆရာဝန်သည် ညှင်သာသောကိုင်တွယ်မှုဖြင့် ပုခုံးဆစ်ရိုးအား ပုံမှန်နေရာပြန်ရောက်စေရန် လုပ်ပါလိမ့်မည်။ နာကျင်မှု နှင့် ရောင်ရမ်းမှုပမာဏကို မူတည်ကာ ကြွက်သားပျော့ဆေးများ သို့ အိပ်ဆေးများ သို့မဟုတ် အလွန်ရှားစွာနှင့် မေ့ဆေးပေးခြင်းများကို အဆစ်ပြန်မတည့်မှီ ပေးကောင်းပေးနိုင်ပါသည်။ ပုခုံးအရိုးများ နေသားတကျပြန်ဖြစ်သွားလျှင် ပြင်းထန်သောနာကျင်မှုသည် ချက်ချင်းပျောက်သွားမည်ဖြစ်သည်။အားနည်းသော ပုခုံးအဆစ် သို့ အရွတ်များ ရှိနေပြီး အားဖြည့်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ လုပ်နေလျှင်သော်မှ ပြန်ပြန်ဖြစ်နိုင်သော ပုခုံးဆစ်လွဲခြင်းမျိုးဖြစ်လျှင် ခွဲစိတ်ကုသရန်လိုအပ်ပါသည်။ သွေးကြောနှင့် အာရုံကြောများ ထိခိုက်သွားလျှင်လည်း ခွဲစိတ်ရနိုင်ပါသည်။ရက်အနည်းငယ်မှ သုံးပတ်ကြာအောင် ပုခုံးပတ်နှင့် နေဖို့ ဆရာဝန်မှ လမ်းညွှန်နိုင်သည်။ ပုခုံးပတ်နှင့်နေရမည့် ကြာချိန်သည် ပုခုံးဆစ်လွဲသည့်ပုံစံနှင့် အဆစ်လွဲပြီးနောက် ဘယ်လောက်ကြာမှ ပုခုံးပတ်တပ်ရသလဲပေါ် မူတည်ပါသည်။ဆရာဝန်သည် အကိုက်အခဲပျောက်ဆေး သို့မဟုတ် ကြွက်သားပျော့ဆေးများပေးပြီး သက်သောင့်သက်သာ ရှိစေပြီး ပုခုံးပြန်ကောင်းပါစေလိမ့်မည်။ပုခုံးပတ်ကို ဖယ်ပြီးနောက် တဖြည်းဖြည်း ပြန်လည်သန်စွမ်းမည့် အစီအစဉ်များကို စတင်ကာ လှုပ်ရှားနိုင်မှု အကျယ်၊ အင်အားနှင့် တည်ငြိမ်မှုတို့ကို ပြန်ကောင်းအောင် လုပ်ရပါမည်။တစ်ရှူးနှင့် အာရုံကြောများ ပျက်စီးခြင်းမရှိသည့် ရိုးရိုး ပုခုံးဆစ်လွဲခြင်းမျိုးဆိုပါက ရက်သတ္တပတ် အနည်းငယ်အတွင်း ပုံမှန်ပြန်ဖြစ်လာမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အဆစ်ပြန်လွဲနိုင်ချေ မြင့်ပါသည်။ပုခုံးဆစ်လွဲခြင်ပြီးနောက် သိပ်မကြာပဲ လှုပ်ရှားမှုများ ပြန်လုပ်နေပါက ပုခုံးဆစ်အား ထိခိုက်စေနိုင်ပြီး နောက်တစ်ဖန် ပြန်လွဲစေနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပုခုံးဆစ်လွဲခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပုခုံးဆစ်လွဲခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။ပုခုံးကိုအနားပေးပါ –ပုခုံးအဆစ်လွဲခြင်းကိုဖြစ်စေသည့် လှုပ်ရှားမှုမျိုးကို ထပ်မလုပ်ပါနှင့်။ နာကျင်စေသည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ အလေးအပင်မခြင်း သို့ ခေါင်းအပေါ်မြှောက်ခြင်းများကို ပုခုံးပြန်မကောင်းမချင်း မလုပ်ရပါ။ရေခဲဝတ်အုပ်ပြီးနောက် ရေနွေးဝတ်အုပ်ခြင်း –ရေခဲဝတ်အုပ်ခြင်းသည် ရောင်ရမ်ခြင်းနှင့် နာကျင်မှုကပို လျော့ချပေးနိုင်သည်။ရေခဲဝတ် –ခဲနေသော အသီးအရွက်အိတ် သို့ ရေခဲထည့်ထားသော မျက်နှာသုတ်ပုဝါ– ဖြင့် ၁၅ မှ ၂၀ မိနစ်ခြားတစ်ခါ ကပ်ပေးနိုင်ပါသည်။ ဖြစ်စ တစ်ရက်နှစ်ရက်တွင် နာရီတစ်ချို့လုပ်ပေးပါ။ ၃ ၄ ရက်ကြာပြီးနောက် နာကျင်မှုနှင့် ရောင်ရမ်းမှု သက်သာလာပါက ရေနွေးဝတ်သည့် တင်းကြပ် နာကျင်နေသည့် ကြွက်သားများကို သက်သာစေနိုင်ပါသည်။ ၂၀ မိနစ်ခြားမှ တစ်ခါပြုလုပ်ပါ။အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း –ဆေးဆိုင်တွင် အလွယ်ဝယ်နိုင်သည့်ဆေးများ ဥပမာ အက်စ်ပရင်၊ ibuprofen (Advil, Motrin IB, အခြား) naproxen sodium (Aleve) or acetaminophen (Tylenol, အခြား) တို့သည် နာကျင်မှုကို သက်သာစေနိုင်သည်။ အညွှန်းအတိုင်းလိုက်နာပြီး နာကျင်မှုပျောက်ကင်းသည်နှင့် ဆေးကိုရပ်ပါ။ပုခုံးလှုပ်ရှားနိုင်သည့် အကျယ်ကို သေချာထိန်းပါ –တစ်ရက် နှစ်ရက်ကြာလျှင် ဆရာဝန် သို့ ကာယကုသမှုဆရာမှ ညွှန်ကြားသော ညှင်သာသည့် လေ့ကျင့်ခန်းများအား ပုခုံးလှုပ်ရှားနိုင်သည့် အကျယ်အား ထိန်းသိမ်းနိုင်ရန် ပြုလုပ်ပါ။ မလှုပ်ရှာပဲနေလျှင် အဆစ်များကို တောင့်သွားစေနိုင်ပါသည်။ထို့အပြင် အချိန်အတော်ကြာအောင် ပုခုံးဆစ်အား ညှာတာနေလျှင်လည်းပုခုံးဆစ်ခဲခြင်း – ကောင်းကောင်းမလှုပ်နိုင်တော့လောက်အောင်ဖြစ်သွားခြင်း– ဖြစ်နိုင်သောကြောင့် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။နေ့စဉ် ပုခုံးဆန့်ခြင်းနှင့် ပုခုံးဆစ်သန်စေခြင်း တည်ငြိမ်စေခြင်း အစီအစဉ်များသည် အဆစ်လွဲခြင်း ပြန်မဖြစ်စေရန် အကူအညီပေးပါသည်။ ဆရာဝန် သို့ ကာယကုသမှုဆရာသည် သင့်လျော်သည့် လေ့ကျင့်ခန်းများကို လမ်းညွှန်ကူညီနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/shoulder-dislocation-%e1%80%95%e1%80%af%e1%80%81%e1%80%b6%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%b9%e1%80%9c%e1%80%b2%e1%80%bc%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ
မိဘတွေနဲ့ကလေးတွေကြားမှာ လိင်အကြောင်းကို ရိုးရိုးသားသား၊ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောဆိုကြဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ သင့်ရဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူလူပျို ၊ အပျို ဝင်တဲ့အချိန်မှာ လိင်အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ပိုပြီး အရေးကြီးပါတယ် ။ သင့်ရဲ့ကလေးကိုလိင်ပညာပေးအကြောင်းဘာလို့ပြောသင့်သလဲ၊ ဘယ်အချိန်မှာပြောသင့်သလဲဆိုတာတွေကိုအောက်တွင်ဖတ်၍လေ့လာလိုက်ပါ။လေ့လာမှုတွေအရ မိန်းကလေးနဲ့ယောက်ျားလေးအများစုဟာ အသက် ၈ နှစ်အရွယ်မှာ လူပျို ၊ အပျိုဖော်ဝင်လာကြပါတယ် ။ ဒါဟာသင့်ကလေးရဲ့လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်းကို စပြီးပြောဖို့သင့်တော်တဲ့အချိန်ပါပဲ။ မိန်းကလေးတွေအတွက်ကတော့ ရာသီလာတဲ့အကြောင်းတွေကို ကျောင်းသင်ခန်းစာတွေမှာသင်ကြားကြပါတယ် ။ ဒါပေမယ့် သူတို့သင့်ကိုမေးမြန်းလာတဲ့အခါ သို့မဟုတ် သူတို့ဟာသင့်ရဲ့လမ်းညွှန်မှုကို လိုနေပြီလို့ခံစားရတဲ့အခါ သင့်ရဲ့ကိုယ်တိုင်အတွေ့အကြုံတွေကိုအခြေခံသင်ကြားပေးနိုင်ပါတယ် ။ လိင်ပညာပေးခေါင်းစဉ်တွေမှာတော့ ခန္ဓာဗေဒ ၊လိင်မှတစ်ဆင့်ကူးစက်သောရောဂါများနဲ့ကိုယ်ဝန်ဆောင်ခြင်းအကြောင်းတို့ ပါဝင်ပါတယ် ။ သင့်ရဲ့ကလေးဟာ ဒီအကြောင်းတွေကို ကျောင်းမှာသင်ယူလာရအခါမှာ နောက်ထပ်မေးစရာမေးခွန်းတွေပေါ်လာတတ်ပါတယ် ။ ဒါကြောင့်သင်ဟာ သူတို့စိတ်ရှုပ်ထွေးနေတာကိုပြောခွင့်ပေးပြီး အကျိုးရှိတဲ့အကြောင်းအရာတွေကို ရှာဖွေကြရပါမယ် ။ဆယ်ကျော်သက်နဲ့ ကိုယ်ဝန်ဆောင်ရတာတွေက ထူးဆန်းတဲ့အကြောင်းအရာမဟုတ်တော့ပါဘူး ။ ဒါဟာ နိုင်ငံတော်တော်များများမှာ ခေါင်းကိုက်စရာပြဿနာတစ်ခု အခုထိဖြစ်နေတုန်းပါပဲ။ လိင်ပညာပေးခြင်းကို စောစောစီးစီးနဲ့ လုံလုံလောက်လောက်သင်ထားခြင်းဟာ ဆယ်ကျော်သက်နဲ့ ကိုယ်ဝန်ဆောင်နေရမှုတွေကို ကာကွယ်နိုင်ပါတယ်။ အောက်ပါအကြောင်းအရာတွေကတော့ သင့်ရဲ့ကလေးဟာ မေးခွန်းတွေမေးလာရင် ဘာကြောင့် မရှောင်လွှဲသင့်ဘူးလဲဆိုတာကို ရှင်းပြထားတာပဲဖြစ်ပါတယ် ။သင့်ရဲ့ကလေးဟာ လိင်ပိုင်းဆိုင်ရာအကြောင်းကို သိချင်လာခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာအကြောင်းကို နားလည်ခြင်းတွင် ပုံမှန်အဆင့်တစ်ခုပဲဖြစ်ပါတယ်။ လိင်ပညာပေးခြင်းဟာ ဆယ်ကျော်သက်တွေကို သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေအကြောင်းကို ပိုပြီးအကောင်းမြင်စေသလို လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုအကြောင်းကိုလည်း နားလည်စေပါတယ်။ သင့်ရဲ့ကလေးကို သူတို့သိချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြခြင်းဟာ သူတို့ကြီးလာတဲ့အခါ အန္တရာယ်ရှိတဲ့အပြုအမူတွေကနေ ကာကွယ်ရာလည်းရောက်ပါတယ်။ သူတို့ဟာ ဒီအကြောင်းအရာတွေကို သင်နဲ့ရင်းရင်းနှီးနှီးဆွေးနွေးလာရတဲ့အခါမှာ သူတို့ဟာ ဆယ်ကျော်သက်ပြဿနာများဖြစ်သည့် ရည်းစားပြသနာများ ၊ စိတ်ဓာတ်ကျခြင်း ၊ ကျောင်းတွင်အနိုင်ကျင့်ခံရခြင်း ၊ အရက်စွဲနေခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို သင့်ကိုပိုပြီးပြောပြလာပါလိမ့်မယ် ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%95%e1%80%8a%e1%80%ac%e1%80%b1%e1%80%95%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%a1/
ကိုယ်ဝန်မလိုချင်တဲ့သူတွေ သိထားသင့်တဲ့ သားဥကြွေချိန်ကို တွက်ချက်ခြင်း။ ။
ကိုယ်ဝန်လိုချင်ရင်သားဥနဲ့ သုက်ကောင်နဲ့တွေ့ရမယ်။သားဥအိမ်ဆိုတာ အမျိုးသမီးတွေမှာရှိတယ်။ သူကနေ သားဥတွေထုတ်ပေးတယ်။ ဒီလို သားဥတွေထုတ်ပေးတဲ့ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်တယ်။ ဒါတွေ အပြင် သားဥကြွေတာနဲ့ ပက်သက်ပြီး သင်မသိသေးတဲ့ အချက်တွေရှိပါသေးတယ် ။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။သားဥအိမ်ကနေ သားဥထုတ်တဲ့ ဖြစ်စဉ်ကိုသားဥကြွေတယ်လို့ ခေါ်လို့ရပေမယ့် နောက်ကွယ်မှာ သူ့ထက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ ရှိပါသေးတယ်။ သင့်ရာသီ စက်ဝန်းရဲ့ ပထမ ၁၄ရက်မှာ သားဥအိမ်ထဲ multiple follicles လို့ခေါ်တဲ့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ သားဥတွေ စတင် ကြီးလာပါတယ်။ တဖြည်းဖြည်းနဲ့ Dominant egg လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး သားဥတွေဖြစ်လာပြီး အဲဒီ Dominant egg တွေထဲကမှ စံချိန်အမီဆုံး သားဥတစ်လုံးက estradiol လို့ခေါ်တဲ့အီစတိုဂျင်ဟော်မုန်းတစ်မျိုးကိုထုတ်ပေးပါတယ်။ အဲဒီ ဟော်မုန်းကနေ Dominant egg ကို ကွဲစေတဲ့ luteinizing hormone ကို ထွက်စေပြီး မျိုးအောင်စေမယ့် သားဥထွက်လာတဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်ပါတယ်။ ထွက်လာတဲ့ သားဥလေးရဲ့ သက်တမ်းဟာ ၁၂ နာရီကနေ ၂၄ နာရီ အတွင်းပဲ ရှိပါတယ်။ကိုယ့်ရဲ့ရာသီစက်ဝန်းက ၂၈ ရက်ရှိတယ်ဆိုရင် အကြမ်းအားဖြင့် လဝက် ၁၄ ရက်လောက်မှာ သားဥကြွေလေ့ရှိတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တစ်လတစ်လ ရာသီ စောလာတတ်တဲ့သူလည်းရှိသလိုနောက်ကျမှာလာတဲ့သူလည်းရှိတဲ့အတွက် ကိုယ့်ရာသီစက်ဝန်းကာလပေါ်မူတည်ပြီး သားဥကြွေတာ အပြောင်းအလဲရှိပါတယ်။ ဒါကြောင့် ဘောင်အတွင်းဝင်အောင် ပြောရမယ်ဆိုရင် ကိုယ့်ရာသီစက်ဝန်း အလယ်ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက် မှာ သားဥကြွေတယ်လို့ ပြောလို့ရပါတယ်။ ဥပမာ ကိုယ့်ရာသီစက်ဝန်းက ရက် ၃၀ ဆိုရင် သားဥ ကြွေချိန်က ၃၀ ရက်ရဲ့တစ်ဝက် ၁၅ရက်နေ့ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက်လို့ ပြောလို့ရပါတယ်။သားဥကြွေမယ့်ရက်ကို သေသေချာ သိချင်တယ်ဆိုရင်ဒီနေရာလေးကို နှိပ်ပြီးကိုယ်တိုင် ထွက်ချက်ကြည့်လို့လည်းရပါတယ်။ကိုယ်ဝန်ရချင်ရင် စောစောကပြောခဲ့တဲ့ ရာသီဝက်ဝန်း အလယ်ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက်လောက်မှာ တိုးပြီး ကြိုးစားသင့်ပါတယ်။သားဥကြွေတာဟာ အများအားဖြင့် သိသာတဲ့ လက္ခဏာတွေတော့မရှိတတ်ပါဘူး။ ဒါပေမယ့် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့။ဖြစ်တတ်ပါတယ်။ တစ်လတည်းနဲ့ သားဥ ၂ ခါကြွေတတ်တဲ့သူတွေရှိသလို တစ်ခါကြွေရင် သားဥ တစ်လုံးထက်ပိုတဲ့သူတွေရှိပါတယ်။ ဒီလို သားဥ တစ်ကြိမ်ထက်ပိုကြွေတဲ့သူတွေက ကလေးရနိုင်ချေများသလို သားဥ တစ်လုံးထက်ပိုကြွေတဲ့သူတွေကအမြွှာကိုယ်ဝန်ရနိုင်ခြေများပါတယ်။ရှိပါတယ်။ရာသီသွေးဆင်းတယ်ဆိုတာ သန္ဓေအောင်ရင် အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားတဲ့ သားအိမ်နံရံက သန္ဓေမအောင်တဲ့အခါ နောက်တစ်လအတွက် အသစ်ပြန်ဖြစ်အောင်လို့ ကွာကျပေးရာမှ ဆင်းလာတဲ့ သွေးတွေကို ခေါ်တာပါ။ ဒီသန္ဓေတားဆေး၊ ထိုးဆေးတွေသုံးနေရင် တစ်လတစ်ခါ ရာသီလာတယ်ဆိုပေမယ့် သားဥမကြွေအောင် အဲဒီဆေးတွေက တားပေးတဲ့အတွက် သားဥမကြွေဘဲနဲ့လည်း ရာသီလာတာမျိုးဖြစ်တတ်ပါတယ်။ဒါတွေကတော့ သားဥကြွေတာနဲ့ ပက်သက်ပြီး အမျိုးသမီးတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါလေးဖတ်ပြီးရင် သားဥကြွေတယ်ဆိုတာဘာလဲ၊ သားဥကြွေချိန်ကို ဘယ်လိုတွက်ချက်လဲဆိုတာကို သိသွားလောက်ပြီဖြစ်တဲ့အတွက် ကိုယ်ဝန်ယူဖို့ ကြိုးစားတဲ့နေရာမှာ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် ။ ။ကိုယ်ဝန်လိုချင်သူရော မလိုချင်သူတွေပါ သားဥကြွေမယ့်ရက်ကို သေသေချာချာ သိနိုင်စေဖို့သားဥကြွေခြင်းကို တွက်ချက်ပေးခြင်း ကိရိယာလေးမှာ ကိုယ်တိုင် ပါဝင် တွက်ချက်ကြည့်လိုက်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/ovulation/
နှလုံး အဆို့ရှင် မလုံခြင်း( Valvular Insufficiency) အကြောင်းသိကောင်းစရာများ ။
ကိုယ်ခန္ဓါတစ်ခုရဲ့ အဓိက အရေးအကြီးဆုံး အစိတ်အပိုင်းဆိုလိုက်တာနဲ့ နှလုံးဆိုတာ လူတိုင်းသိကြမှာပါ။ အရေးကြီးတဲ့အလျောက် သူ့မှာဖြစ်တဲ့ ရောဂါတွေကလည်းအများသား။နှလုံးသွေးကြောကတစ်မျိုး ။ နှလုံးကြွက်သားက တစ်မျိုး၊ နှလုံး ကိုယ်တိုင်အမောဖောက်တာက တစ်မျိုး ၊နှလုံး အဆို့ရှင်က တစ်မျိုးနဲ့ ဖြစ်တဲ့ရောဂါတွေကလည်း အများကြီးပါ။ နှလုံးသွေးကြောကျဉ်းတာ၊နှလုံးကြွက်သားပုပ်တာအကြောင်းက လူတိုင်းသိနေပြီးသားဖြစ်တာကြောင့် ဒီဆောင်းပါးထဲမှာ နှလုံးအဆို့ရှင်တွေ မလုံတဲ့အကြောင်းနဲ့ ပက်သက်ပြီး ပြောပြချင်ပါတယ်။နှလုံးတစ်ခုကို အပေါ်ပိုင်း သွေးလက်ခံခန်း ( atrium)၂ ခန်းနဲ့ အောက်ပိုင်း သွေးလှောင်ခန်း ( ventricles) ၂ ခန်းဆိုပြီး အခန်း ၄ ခန်း၊ ဘယ်ဘက်အခြမ်းမှာ Aortic Valve ၊ Mitral valve နဲ့ ညာဘက်အခြမ်းမှာ Pulmonary valve နဲ့ Tricuspid valve ဆိုပြီး အဆို့ရှင် ၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။နှလုံးအဆို့ရှင်တွေ မလုံဘူးဆိုတာကို ဆေးပညာအရ Valvular insufficiency လို့ ခေါ်ပါတယ်။ Valvular insufficiency ဆိုတာ နှလုံးရောဂါတစ်မျိုးဖြစ်ပြီးအဆို့ရှင်တွေ ကောင်းကောင်း မပိတ်နိုင်တာကြောင့် နှလုံးတစ်ခါညှစ်တိုင်း သွေးတွေ နှလုံးထဲ ပြန်ပြန်စီးနေတဲ့ ပြဿနာတစ်ခုပါ။ နှလုံးတစ်ခှုမှာ အဆို့ရှင် ၄ ခုရှိတာကြောင့် တစ်ခုတည်းမလုံတာလည်း ဖြစ်နိုင်သလို အဆို့ရှင် ၄ ခုလုံး မလုံတာမျိုးလည်းဖြစ်နိုင်ပါတယ်။နှလုံး ဘယ်ဘက်အခြမ်းမှာဖြစ်တဲ့ အဆို့ရှင် ပြဿနာတွေကတော့။နှလုံး ညာဘက်အခြမ်းမှာဖြစ်တဲ့ အဆို့ရှင် ပြဿနာတွေကတော့။Congenital ( မွေးရာပါ)နဲ့ Acquired (ကြီးမှဖြစ်တာ) ဆိုပြီး ၂မျိးခွဲလိုက်လို့ရပါတယ်။Congenital( မွေးရာပါ) ကတော့ သန္ဓေသားစဖွံ့ဖြိုးတဲ့အချိန်မှာ ချို့ယွင်းချက်ရှိသွားလို့ အဆို့ရှင်တွေ သေးနေတာ၊ ရှိနေတဲ့ အဆို့ရှင်တွေ ပျော့ပျောင်းမလွယ်ဘဲ တောင့်တောင့်ကြီး ဖြစ်နေလို့ သွေးမလုံတာတွေ ဖြစ်ရတာပါ။ Congenital ( မွေးရာပါ) ပြဿနာတွေက aortic နဲ့ pulmonary valve.ကို အများဆုံးထိပါတယ်။Acquired(ကြီးမှဖြစ်တာ)ကတော့ ခုပြောပြမယ့် အချက်တွေ ကြောင့်ဖြစ်ရတာပါ။ခုတလော ကိုယ်ကမောမောနေတယ်၊ အသက်ရှူရတာလည်း ကြပ်နေပြီး ရင်ဘတ်တွေလည်းအောင့် နှလုံးခုန်တာလည်း မြန်နေတယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီသွားပါ။ဆရာဝန်က နားကြပ်နဲ့သေချာနားထောင်ပြီး အခြားလိုအပ်တဲ နှလုံးစစ်ဆေးမှုတွေဖြစ်တဲ့။နှလုံးအဆို့ရှင် ပြဿနာက ကုသလို့ရတဲ့ ရောဂါတစ်ခုဖြစ်ပြီး အောင်မြင်စွာကုသနိုင်ခဲ့တဲ့ သာဓကတွေလည်း အများကြီးရှိခဲ့ပါတယ်။ ကုသတဲ့နေရာမှာ အဓိက ရည်ရွယ်ချက် ၃ ခုနဲ့ ကုသပါတယ်။ကုသတဲ့နေရာမှာ သောက်ဆေးသုံးမလား၊ ခွဲစိတ်မှု လုပ်ပြီး ပြင်လို့ရလား၊ အဆို့ရှင် အစားထိုးမှရမှာ လားဆိုတာကတော့ ဖြစ်နေတဲ့ ရောဂါပြင်းထန်မှု အတိမ်အနက်နဲ့ အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-valve/heart-valves/
ပရိုတင်းများများရချင်လား အင်းဆက်တွေသာစားပါ
ဝါးပိုးကြော်ဆို အမြည်းသမားတွေပိုသိကြမှာပါ။ ရွရွလေးကြော်ထားတဲ့ ဝါးပိုး ၁၀၀ ဂရမ်ကနေ ပရိုတင်း ၃၀ ဂရမ် ရရှိနိုင်ပါတယ်။ ကယ်လိုရီက ၄၃၀လောက်အထိ ရရှိနိုင်လို့ ခွန်အားရှိစေပါလိမ့်မယ်။ပုရစ်ကြော် ၁၀၀ ဂရမ်က ပိုတက်ဆီယမ် ၃၄၇ မီလီဂရမ်ပေးစွမ်းနိုင်ပါတယ်။ ဒီပမာဏဟာ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်ထင် ၁၁ မီလီဂရမ်ပိုများနေတာပါ။ပိုတက်ဆီယမ်ရဲ့ကောင်းကျိုးကသွေးပေါင်ကျစေတာပါပဲ။ ပိုတက်ဆီယမ်က လေပွခြင်းကို သက်သာစေတဲ့ကောင်းကျိုးလည်းရှိလို့လေပွတာ၊ရင်ကယ်တာ သက်သာချင်ရင် ပုရစ်ကြော်သာစားပေတော့။ထိုင်းကဝင်တဲ့ ပိုးစာကြော်က အွန်လိုင်းမှာအရောင်းသွက်နေတဲ့ စားစရာတစ်ခုဖြစ်နေပါတယ်နော်။ ဆိမ့်တဲ့အရသာနဲ့မို့ နှစ်ခြိုက်ကြတဲ့ ထိုင်းပိုးစာကြော်က ၁၀၀ ဂရမ်မှာကယ်လ်ဆီယမ်၉၃၄ မီလီဂရမ် ပါဝင်နေတယ်ဆိုတော့ ဟန်ကျပြီလေ။ အရိုးသန်မာစေဖို့ နွားနို့တွေချည်း လှိမ့်သောက်နေဖို့မလိုတော့ဘူး။ ဇင့်နဲ့ သံဓါတ်ပါဝင်မှုကလည်း ဆယ်လ်မွန်၊ ကြက်သားနဲ့ အမဲသားထက်ပိုများနေတော့ သွေးအားနည်းတာ မဖြစ်စေနိုင်တော့ဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/crickets-edible-insects/
အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်
စွပ်ပြုတ်ဆိုတာ နေမကောင်းတဲ့အချိန် တိုက်ကျွေးကြတဲ့လူမမာစာပဲလေ။ နေမကောင်းတဲ့အချိန်တော့ ကြက်စွပ်ပြုတ်က အသင့်တော်ဆုံးပေါ့။ ဒါပေမယ့် ဘာအသားဖြစ်ဖြစ် အရိုးပြုတ်ရည်က ခန္ဓာကိုယ်အတွက် အပြည့်အဝအားဖြစ်စေတာ သေချာပါတယ်။ လူကြိုက်များကြတဲ့ ကြေးအိုး၊ ဟော့ပေ့ါ တို့ဆိုတာလည်း ကြာကြာတည်ထားတဲ့ အရိုးစွပ်ပြုတ်ရည် တွေကို အခြေခံတဲ့ အစားအစာတွေပါ။အဲဒါကြောင့် အရိုးဆိုလို့ အထင်မသေးနဲ့လို့ပြောတာ။ ငွေကုန်ကြေးကျမများဘဲ ကိုယ်ခံအားကောင်းစေမယ့် ဆေးတစ်ခွက်ကိုရနိုင်တာပဲ နည်းလားလို့။ အရိုးစွပ်ပြုတ်ရည် က ဘာလို့အကျိုးကျေးဇူးများတယ်လို့ ပြောရတာလဲဆိုတာ ဆက်သာဖတ်ကြည့်လိုက်ပါတော့…။ခြုံပြောရရင် အာဟာရပါဝင်မှုသိပ်များပါတယ်။ အရိုးပြုတ်ရည်မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်နဲ့ တခြားသတ္တုဓာတ်တွေကြွယ်ဝတယ်။ ငါးရိုး (ငါးဖယ်ရိုး၊ ငါးခေါင်းဟင်းချို၊မုန့်ဟင်းခါး) ပြုတ်ရည်တွေဆိုသိုင်းရွိုက်လုပ်ဆောင်ချက်ကျန်းမာစေဖို့ မရှိမဖြစ်အရေးပါတဲ့ အိုင်အိုဒင်းဓာတ် ပါဝင်တာလည်း ပိုပါသေးတယ်။သူတို့တွေမှာပါဝင်တဲ့ တွယ်ဆက်တစ်ရှူးတွေကနေ ဂလူကိုဆာမိုက် နဲ့ ခွန်ဒရွိုက်တင် တို့လို သဘာဝဒြပ်ပေါင်းတွေရရှိနိုင်လို့ အရိုးကျန်းမာရေးအတွက် ကောင်းပါတယ်။ရိုးတွင်းခြင်ဆီကနေ ဗီတာမင် A၊ ဗီတာမင် K2 တို့အပြင် ဇင့်၊ သံဓာတ်၊ မဂ္ဂနိစ်နဲ့ ဆယ်လီနီယမ်၊ အိုမီဂါ-3၊ အိုမီဂါ-6 အကျိုးပြုအဆီဓာတ်တွေ ရရှိနိုင်တယ်။ အရိုးပြုတ်ရည်ကနေ ကော်လာဂျင်ဓာတ်တွေ ရနိုင်သေးတယ်။အရိုးပြုတ်ရည်မှာပါတဲ့ gelatin ကအစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အစာတွေရွေ့လျားမှု၊ ချေဖျက်မှု၊ ချက်လုပ်မှု၊ စွန့်ထုတ်မှုတွေ ချောမွေ့လွယ်ကူစေဖို့ အထောက်အကူပေးတယ်။ သူက အစာခြေလမ်းကြောင်းရဲ့အချွဲနံရံကို ကာကွယ်ပေး၊ ကုသပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။Gelatin မှာပါတဲ့ အမိုင်နိုအက်စစ်တစ်မျိုး(glutamine) က အူနံရံရဲ့လုပ်ဆောင်ချက်ကို ထိန်းကူပေးလို့ အူနံရံသွေးယိုခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။အရိုးပြုတ်ရည်မှာတွေ့ရတဲ့ glycine နဲ့ arginine ဆိုတဲ့ အမိုင်နိုအက်စစ်နှစ်မျိုးက ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်စွမ်း ပြည့်ဝပါတယ်။ အထူးသဖြင့် arginine က အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။ကော်လာဂျင်ဆိုတာ အရိုး၊ အရွတ်နဲ့ အရွတ်တွဲတွေမှာ တွေ့ရတဲ့ အဓိကပရိုတင်းဖြစ်ပါတယ်။ အရိုးပြုတ်ရည်ကို ကြာကြာတည်တဲ့အခါမှသာ gelatin ပရိုတင်းအဖြစ် ပြိုကွဲဖြစ်ပေါ်လာပါတယ်။ gelatin မှာတော့ အရိုးအဆစ်ကျန်းမာရေးအတွက် အားဖြည့်ပေးတဲ့ အရေးကြီးအမိုင်နိုအက်စစ်တွေ ပါဝင်ပါတယ်။ အရွတ်ထိခိုက်သူတွေအပြင်လေးဖက်နာအဆစ်ရောင်လိုမျိုး ရောဂါရှိသူတွေအတွက် အရိုးပြုတ်ရည်သောက်သုံးဖို့ သင့်ပါတယ်။အရိုးစွပ်ပြုတ်က အဆီမပါ၊ ကယ်လိုရီနည်းပေမယ့် မကြာခဏမဆာအောင် ဗိုက်ပြည့်တင်းတိမ် စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆီချ diet plan ထဲမှာ ဟင်းသီးဟင်းရွက်ခတ်တဲ့ စွပ်ပြုတ်တစ်ခွက် ပါသင့်ပါတယ်။ သူ့ရဲ့ gelatin က နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ပရိုတင်း casein ထက် ပိုပြီး ဆာလောင်မှုကို လျော့စေနိုင်ပါလိမ့်မယ်။အရိုးပြုတ်ရည်မှာပါတဲ့ glycine အမိုင်နိုအက်စစ်ကအိပ်စက်ခြင်းကို အထောက်အကူပေးနိုင်တာမို့ ညဘက်အိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့မှတ်ဉာဏ်စွမ်းရည်တွေကို ပိုကောင်းစေပါတယ်။ဒီလောက်အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အရိုးပြုတ်ရည်မှာ အသား၊ ငါး၊ အသီးအရွက်တွေ စုံအောင်ထည့်သောက်ရုံနဲ့ တစ်နေ့တာခွန်အားကို အပြည့်ရနိုင်တယ်၊ကိုယ်ခံအားစနစ်ကို အားဖြည့်နိုင်လို့ တော်တန်ရုံရောဂါတွေကို ကာကွယ်ခုခံနိုင်စွမ်းရှိပါလိမ့်မယ်နော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/nutrition-of-bone-marrow/
သွားကိုက်ဝေဒနာ သက်သာစေမယ့်နည်းလမ်း (၅) ခု
ဘာမှစားလို့မရအောင် သွားတွေကိုက်နေတာလား။ အရမ်းနာကျင်ရတာမဟုတ်ဘူးဆိုရင်တောင်မြန်မြန်သက်သာချင်ကြမှာပဲ။ အစားစားလည်းနာ၊ငြိမ်နေလည်းနာကျင်နေရမှာကိုး။ သိပ်ဆိုးလာရင်တော့ ဆရာဝန်ပြရမယ်ဆိုပေမယ့် စစချင်းမှာသွားကိုက်ဝေဒနာကို သက်သာအောင် ကိုယ့်ဘာသာကြိုးစားကြည့်လို့ရပါသေးတယ်။သွားကိုက်ေနတဲ့အချိန်မှာဝေဒနာသက်သာလျော့ပါးစေမယ့် နည်းလမ်း (၅) ခုကိုဖော်ပြလိုက်ပါတယ်။(၁) နာနေတဲ့သွားကို သိပ်မသုံးပါနဲ့။နာကျင်မှုကို သက်သာအောင် ထိန်းနေရတဲ့အချိန်မှာ ကိုက်နေတဲ့သွားကို သိပ်အားမစိုက်တာ၊ အသုံးမပြုတာကောင်းပါတယ်။ သိပ်ဝါးရတဲ့ အစားအစာတွေကိုရှောင်ပါ။ ဖြစ်နိုင်ရင် အစာပျော့ပျော့စားသင့်တာပါ။(၂)ဆားရည်ငုံပါ၊ ပလုပ်ကျင်းပါ။နာကျင်မှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေသေစေနိုင်တဲ့နည်းလမ်းက ဆားရည်နဲ့ပလုပ်ကျင်းပါ။ဝေဒနာလုံးဝပျောက်ကင်းစေနိုင်တဲ့ ကုသနည်းမဟုတ်ပေမယ့် ပိုးတွေသေစေပြီး သွားဖုံးရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ရေနွေးထဲ ဆား သင့်ရုံထည့်ပြီး ခပ်နွေးနွေးအနေအထားမှာ ပလုပ်ကျင်းပါ။ ဆားရည်ကို မိနစ် ၃၀လောက်ငုံပြီးမှ ပလုပ်ကျင်းပါ။(၃)အကိုက်အခဲပျောက်ဆေးေသာက်ပါ။သွားကိုက်ဝေဒနာကို လတ်တလောသက်သာစေဖို့က အကိုက်အခဲပျောက်ဆေးတွေက မြန်ဆန်တဲ့ထိရောက်မှုရှိပါတယ်။ဆရာဝန်က လိုအပ်တဲ့ဆေးဝါးကုသမှုပေးထားချိန်မှာ အနာသက်သာနေမှပျောက်ကင်းမှုပိုမြန်မှာဖြစ်လို့ အကိုက်အခဲပျောက်ဆေးကလိုအပ်ပါတယ်။ တချို့ဆိုရင် သွားကိုက်ဝေဒနာကြောင့်သွေးတိုး တက်လာတာတွေရှိနိုင်တဲ့အတွက်လည်း ပါပါတယ်။(၄)ရေအေးဝတ် ကပ်ပေးပါ။ရေခဲတုံးကို ပတ်ထားတဲ့ သို့မဟုတ်ရေအေးဆွတ်ထားတဲ့အဝတ်လေးနဲ့ ကိုက်နေတဲ့သွားဘေးကပါးတစ်ခြမ်းကို ကပ်ပေးပါ။ အအေးဓါတ်က နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ရေခဲတုံးနဲ့တိုက်ရိုက်မကပ်ပါနဲ့။ပါးမှာရောင်နေတယ်ဆိုရင်ရောင်တဲ့နေရာမှာရေခဲဝတ်နဲ့ဖွဖွပွတ်ပေးပါ။(၅) သွားမှန်မှန်တိုက်ပါ။သွားကိုက်နေလို့၊ ရောင်နေလို့၊ အထိမခံနိုင်လို့ ဆိုပြီး သွားမတိုက်ဘဲနေတာမျိုး မလုပ်ပါနဲ့။ ခံတွင်းထဲက ပိုးမွှားတွေကြောင့် သွားကိုက်ဝေဒနာပိုဆိုးစေနိုင်တာကြောင့် နာနေတဲ့သွားကိုရှောင်ပြီး ခပ်ဖွဖွလေး သွားတိုက်ပေးပါ။ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ။သွားပိုးစားခြင်း၊ ပိုးဝင်ခြင်းကြောင့် သွားကိုက်တာဆိုရင် တဖြည်းဖြည်းသက်သာနိုင်ပေမယ့် တော်တန်ရုံမသက်သာဘဲ တအားရောင်ရမ်းလာတာ၊ သွားအရမ်းပျက်စီးနေတာဆိုရင် ဆရာဝန်ပြဖို့လိုနေပါပြီ။ ဒီလက္ခဏာတွေဖြစ်လာရင် ချက်ချင်းကုသမှုခံယူပါ –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac-%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%85%e1%80%b1%e1%80%99/
ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အချက်တစ်ခု
သင့်ကိုဆီးချိုရောဂါခံစားရစေနိုင်တဲ့အချက်က အချိုစားလိုပတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ်တွင်းမှာဗီတာမင် Dချို့တဲ့တာကလည်း သင့်ကိုဆီးချိုဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကို ဆောင်းပါးထဲမှာ ပြည့်ပြည့်စုံစုံပြောပြပေးမယ်နော်။ဗီတာမင် D ချို့တဲ့တဲ့သူတွေက ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်၊လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ကယ်လ်ီဖိုးနီးယားမှာရှိတဲ့ ဆန်ဒီရေဂို တက္ကသိုလ်နဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်က သုတေသီတွေက ကျန်းမာရေးကောင်းတဲ့ အရွယ်ရောက်သူ ၉၀၃ ဦးကို ၁၀ နှစ်ကြာလေ့လာခဲ့ပါတယ်။ လေ့လာမှုအရ ဗီတာမင် D ပမာဏ ပြည့်ဝစွာရရှိသူတွေကအမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေနည်းသလို ဆီးချိုရောဂါ အကြိုအဆင့်ကနေ ဆီးချိုဖြစ်လာနိုင်ခြေလည်း နည်းတာကို တွေ့ရှိခဲ့ပါတယ်။‘sunshine vitamin’ လို့သိကြတဲ့ 25-hydroxyvitamin D ကအသားအရေကနေရောင်ကိုတုံ့ပြန်တဲ့အခါမှာ ထွက်ရှိလာတဲ့ ဓာတ်တစ်မျိုးပါ။ ဒီဓာတ်ကိုအစားအသောက်အချို့ကနေလည်းရရှိနိုင်ပါတယ်။ ဒီ ဗီတာမင်ကအရိုးနဲ့သွားတွေကြီးထွားကြံ့ခိုင်အောင် လုပ်ဆောင်ပေးသလို ရောဂါတွေအန္တရာယ်ကနေလည်း ကာကွယ်ပေးပါ တယ်။လေ့လာမှုအတွင်း ပါဝင်သူတွေထဲက ဗီတာမင် D အလုံးအလောက် မရရှိသူတွေဟာ ဗီတာမင် D ပမာဏကို လုံလောက်စွာရရှိသူတွေထက် ဆီးချိုရောဂါခံစားရနိုင်ခြေ ပိုများနေတာကိုတွေ့ရပါတယ်။ သွေးရည်ကြည်ဆဲလ်တွေထဲမှာ 25-hydroxyvitamin D ပမာဏ 30 nanograms per milliliter အနည်းဆုံးရှိဖို့လိုအပ်တာပဲဖြစ်ပါတယ်။သွေးရည်ကြည်ဆဲလ်ထဲမှာ 25-hydroxyvitamin D ပမာဏ 30 nanograms per milliliter ကျော်ကျော်လေးပဲရှိသူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၃ ပုံ တစ်ပုံပိုနေပြီး သွေးရည်ကြည်ဆဲလ်ထဲမှာ 25-hydroxyvitamin D ပမာဏ 50 nanograms per milliliter ကျော်ရှိသူတွေမှာတော့ ဆီးချိုရောဂါဖြစ်နိုင်ခြေက ၅ ပုံတစ်ပုံလာက်ပဲရှိတာကိုတွေ့ရှိခဲ့ရပါတယ်၊လို့ ဆိုးလ်အမျိုးသားတက္ကသိုလ် တောင်ကိုရီးယားဆေးတက္ကသိုလ် ရောဂါကာကွယ်ကုသရေး ဌာနက ဒေါက်တာ Sue K. Park ကပြောကြားခဲ့ပါတယ်။ခန္ဓာကိုယ်မှာ ဗီတာမင် D ချို့တဲ့တဲ့အခါအူမကြီးကင်ဆာ၊ရင်သားကင်ဆာ၊အဆုတ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာတွေဖြစ်နိုင်ခြေပုံမှန်ထက်ပိုများနေတတ်ပါတယ်။ ဒါကြောင့်ဗီတာမင် D ပမာဏကို ပြည့်ဝစွာရရှိဖို့လိုအပ်ပါတယ်။ဗီတာမင် D ကိုအဓိကရရှိနိုင်တာကတော့နေရောင်ခြည်ကပါ။မနက်ခင်းနေရောင်ခြည်နုနုလေးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုအပြည့်အဝပေးစွမ်းနိုင်ပါတယ်။ ဗီတာမင် D ကို အစားအစာတွေကနေရခက်တယ်ဆိုပေမယ့် ဒီအစားအစာတွေကနေတော့ရရှိနိုင်ပါတယ်။•ဆယ်လ်မွန်ငါး။•ဆာဒင်းငါး။•ကြက်ဥအနှစ်။•ပုစွန်ဆိတ်။•နွားနို့။•ကွေကာအုတ်။•ဒိန်ချဉ်။•လိမ္မော်ဖျော်ရည်တို့ပါ။ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် အခုကစပြီး ဗီတာမင် D ပြည့်ဝအောင်နေကြစို့လား Hello ဆရာဝန်ပရိသတ်ကြီးရေ……..။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/vitamin-d-and-diabetes/
ကိုဗစ်ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်
မြန်မာနိုင်ငံမှာကိုဗစ် တတိယလှိုင်းကြောင့် တော်တော်လေး အသေအပျောက် များခဲ့ပါတယ်။ အခုဆိုရင်ကာကွယ်ဆေးတွေစထိုးလို့ရနေပြီဆိုတော့ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေက ထိုးထားလိုက်တာ ကောင်းပါတယ်။ ဒီလိုထိုးတဲ့အခါ ဘာတွေများဖြစ်မလဲ။ကိုဗစ်ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဘယ်လို ဂရုစိုက်မှုတွေ လုပ်ရမလဲဆိုပြီး သိချင်နေမယ် ထင်ပါတယ်။ဒီတော့ကာကွယ်ဆေးထိုးပြီးရင် ဘယ်လိုတွေ ဂရုစိုက်ရမလဲ။ ဘာတွေ ခံစားရနိုင်လဲဆိုတာလေးတွေကို ပြောပြပေးသွားပါမယ်။ကိုဗစ်ကာကွယ်ဆေးကတော့ နိုင်ငံတကာက ပညာရှင်တွေ ကြိုးပမ်းမှုကြောင့် အများအပြား ထွက်ပေါ်လာနေပါတယ်။ ဒါတွေက။အခုလောလောဆယ် မြန်မာနိုင်ငံမှာ ထိုးလို့ရနေတဲ့ ကိုဗစ် ကာကွယ်ဆေး အမျိုးအစားတွေကတော့။ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ထိုးလို့ရပါတယ်။ WHOကတော့ကိုယ်ဝန်ဆောင်တွေရော နို့တိုက်မိခင်တွေပါ ထိုးချင်ရင် ထိုးနိုင်တယ်လို့ ဆိုပါတယ်။ရောဂါအခံ ရှိသူတွေလည်း ထိုးလို့ ရပါတယ်။ရောဂါအခံရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။နာတာရှည်ရောဂါရှိသူတွေကတော့ အခြားသူတွေထက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ကိုဗစ် ကာကွယ်ဆေး ထိုးမှ ဖျားတယ်၊ ကိုဗစ် ဖြစ်ပြီလား မသိဘူးဆိုပြီး စိုးရိမ်စိတ်တွေ အမျိုးမျိုး ဖြစ်နေကြမယ် ထင်ပါတယ်။ တကယ်ကတော့ ကိုဗစ် ကာကွယ်ဆေးကတုပ်ကွေး ကာကွယ်ဆေးလိုပါပဲ။ကာကွယ်ဆေးတွေထဲမှာ ဗိုင်းရပ်စ် မပါပါဘူး။ ပိုးရဲ့ မျိုးဗီဇကို ထည့်သွင်းထုတ်လုပ်တားတာမျိုးရှိသလို ဗိုင်းရပ်စ်အသေ ဒါမှမဟုတ် မပွားနိုင်တော့တဲ့ ဗိုင်းရပ်စ်တွေပဲ ပါပါတယ်။ကာကွယ်ဆေးကဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ရဲ့ ခုခံအားက တုံ့ပြန် တိုက်ခိုက်နိုင်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ ဗိုင်းရပ်စ်အရှင်ကို ထိုးထည့်ပေးတာ မဟုတ်ပါဘူး။ကာကွယ်ဆေး ဆိုတာမျိုးက လူတွေကို မထိုးပေးခင်မှာ အမျိုးမျိုးသော စမ်းသပ်မှုတွေကို လုပ်ဆောင်ထားပြီးသားပါ။အခြား ကာကွယ်ဆေးတွေလိုပဲ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ။ဒါကကိုယ်ခံအားစနစ်က ကာကွယ်ဆေးကို တုံ့ပြန်နေတာဖြစ်ပြီးဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့ လေ့ကျင့်နေတဲ့သဘောပါ။ နားလည်လွယ်အောင် ပြောပြရရင် ဆေးအောင်တာပါ။ စိုးရိမ်စရာ မလိုတဲ့ အခြေအနေပါ။ (တစ်ခုရှိတာက ဒီလို မခံစားရလိုလည်း ဆေးမအောင်ဘူးလို့ ပြောလို့မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ခုခံအား တုံ့ပြန်ပုံခြင်း မတူလို့ပါ။)။ဒီလိုဖြစ်တဲ့အခါအိပ်ရေးဝအောင် အိပ်တာ၊ အာဟာရ ပြည့်ဝအောင် စားသုံးတာတွေ လုပ်ဆောင်ပြီး ကိုယ်ခံအားကို အားဖြည့်ပေးဖို့ လိုပါမယ်။ရေဓာတ်ပြည့်ဝစေဖို့လည်း သေချာ ဂရုစိုက်ရပါမယ်။ နောက်ထပ် သတိထားရမယ့် အချက်ကတစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ပါ။ ဒီကာလမှာ စိတ်ဖိစီးမှု ကင်းအောင် နေဖို့လည်း လိုပါမယ်။ကာကွယ်ဆေး ထိုးတဲ့အခါ Covidshield ဖြစ်မယ်ဆိုရင် ၂၈ ရက်ခြားပြီး နှစ်ကြိမ် ထိုးနှံရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးက Sinopharm ဖြစ်မယ်ဆိုရင်တော့ ၂၁ ရက်ကနေ ၂၈ ရက် ခြားပြီး နှစ်ကြိမ် ထိုးနှံရမှာပါ။ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း ရောဂါကို ချက်ချင်း ကာကွယ်နိုင်ဦးမှာ မဟုတ်သေးဘဲ လုံလောက်တဲ့ ကိုယ်ခံအားစနစ်  ရရှိစေဖို့အတွက် ၁၄ ရက် စောင့်ရပါမယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-injection/
Canthaxanthin (Canthaxanthin)
အသုံးပြုခြင်း။Canthaxanthin ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။Canthaxanthin ဆိုသည်မှာ မုန်လာဥနီများကို လိမ္မော်ရောင်ဖြစ်စေသော ဓါတုပစ္စည်းတစ်မျိုးနှင့်ဆင်တူသည့် ဆိုး။ဆေးတစ်မျိုးဖြစ်သည်။ ထိုအရာသည် သဘာဝအတိုင်းတွေ့ရနိုင်ပြီး။စမ်းသပ်ခန်းထဲတွင်လည်း ဖန်တီးပြုလုပ်နိုင်သည်။ လူအများသည်။ထို Canthaxanthin ကို ဆေးအဖြစ်အသုံးပြုကြသည်။Canthaxanthin ကို ရှားပါးသည့်မျိုးရိုးရောဂါတစ်ခုဖြစ်သည့် erythropoietic protoporphyria (EPP) ရှိသောသူများတွင် နေရောင်ခြည်ဓါတ်အား ခံနိုင်စေရန်လည်း အသုံးပြုကြပါသည်။ ထို။သူများတွင် နေရောင်ခြည်သည် အနီစက်များထွက်ခြင်း၊နှင်းခူနှင့်။ယားယံခြင်းစသော အရေပြားဓါတ်မတည့်မှုများကို ဖြစ်စေနိုင်သည်။ အချို့သောဆေးဝါးများကို ခံနိုင်ရည်ရှိစေရန်လည်း။ထို Canthaxanthin အား အသုံးပြုကြပါသည်။ အချို့သူများသည်။Canthaxanthin ကို နေရောင်ခြည်ကြောင့်ဖြစ်သော ယားယံဓါတ်မတည့်မှုများအား သက်သာစေရန်လည်း အသုံးပြုကြ။သည်။ အစားအသောက်များတွင် Canthaxanthin ကို အစားအ။သောက်အရောင်လှစေရန်လည်း အသုံးပြုကြပြီး တိရိစ္ဆာန်အစား။အစာများတွင်လည်း ထည့်သွင်းကာ ကြက်အရေခွံများ၊ကြက်ဥအနှစ်များ၊ဆယ်လမွန်ငါးနှင့်ငါးသလောက်။များတွင်လည်း အရောင်လှစေရန်အသုံးပြုကြသည်။ စီးပွားဖြစ်ထုတ်။လုပ်ရာတွင် Canthaxanthin ကို အလှကုန်များနှင့်ဆေးများတွင်။ထည့်သွင်းအသုံးပြုကြသည်။Canthaxanthin မည်သို့ အလုပ်လုပ်ပါလဲ။တိကျ သေချာသော လေ့လာချက်များ လုံလောက်စွာ မရှိသေးပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ သို့သော် Canthaxanthin သည် အသီးအရွက်များရှိ carotenes ဟုခေါ်သော ဆိုးဆေးဖြင့် ဆင်တူပြီး အရေပြားတွင်စုပုံလာကာ tan ဟုခေါ်သော အရာတစ်ခုဖြစ်လာစေသည်။ ထိုအရာသည် အန်တီအောက်ဆီးဒင့်ဂုဏ်သတ္တိဖြင့် နေရောင်ခြည်ကို ခံနိုင်စေသည်။သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။Canthaxanthin ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။အောက်ပါအခြေအနေများရှိပါက သင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြင့်တိုင်ပင်။ဆွေးနွေးပါ။-ကိုယ်ဝန်ရှိမယ် သို့မဟုတ် ကလေးနို့တိုက်နေချိန်ဖြစ်မယ် ဆိုပါက ဆရာဝန် ထောက်ခံသော ဆေးများသာသောက်သုံးသင့် ပါတယ်။-အခြားသော ဆေးများ၊ တိုင်းရင်းဆေးများ မည်သည့်ဆေးမဆို သောက်သုံးနေပါက ဆရာဝန်ကို ပြောပြသင့်ပါတယ်။-ဓါတ်မတည့်သော ဆေးများ ၊အစားအစာ၊ ဆိုးဆေး၊ တိရစ္ဆာန်များ ရှိပါက လည်းဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။-သင့်တွင် အခြားသော ရောဂါများ ရှိပါကလည်း ဆရာဝန်ကို ကြိုတင် ပြောပြထားသင့်ပါတယ်။-ဖြည့်စွက် အာဟာရများ ဟာ ဆေးများကဲ့သို့ အသေးစိတ်လေ့လာမှုများ မပေါများသဖြင့် စိတ်ချလုံခြုံရမှုအတွက် လေ့လာမှုများ ပို၍ လုပ်သင့်ပါသည်။ ဖြည့်စွက်အာဟာရများ စားသုံးခြင်းဖြင့် ရရှိသော ကောင်းကျိုးများ ဟာ ဆိုးကျိုးများ ထက်သာလွန်နေရပါမည်။ အသေးစိတ် သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် သင့်ပါတယ်။Canthaxanthin ဟာ မည်မျှ စိတ်ချရပါသလဲ။အရွယ်ရောက်ပြီးသူ အများစုတွင် အစားအသောက်တွင်ပါသည့်ပမာဏအတိုင်း အသုံးပြုပါက စိတ်ချရသည်ဟု ယူဆရပါတယ်။ သို့သော် အသားအရေ ကို သဘာဝနည်းလမ်းများအတိုင်းမဟုတ်ပဲ ညိုစေရန် လိုအပ်သည့်ပမာဏအတိုင်း ပါးစပ်မှ သောက်သုံးခြင်းသည် ဘေးမကင်းနိုင်ပါ။အထူး သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။ကိုယ်ဝန်သည်များ နှင့် နို့တိုက်မိခင်များတွင် Canthaxanthin ကို ဆေးတွင်ပါဝင်သည့် ပမာဏအတိုင်း ပါးစပ်မှ သောက်သုံးကာ နေရောင်ခြည်ဓါတ်ခံနိုင်အောင် အသုံးပြုမှုသည် ဘေးကင်းမှုမရှိဟု။ယူဆရပါတယ်။ အသားညိုစေရန် လိုအပ်သောပမာဏအတိုင်း ပါးစပ်မှ စားသုံးမှုသည်လည်း ဘေးကင်းမှုမရှိနိုင်ပါ။ မျက်လုံးထိခိုက်။ခြင်းနှင့်အခြားသောဘေးရန်ရှိသည့် အာနိသင်များကို ဖြစ်စေနိုင်ပါ။သည်။ဗီတာမင်အေနှင့် ဗီတာမင်အေနှင့်ဆက်စပ်သော carotenoids များအား ဓါတ်မတည့်သူများတွင် Canthaxanthin သည် ဓါတ်မတည့်မှုများဖြစ်ပွားနိုင်ပါသည်။ဘေးထွက် ဆိုးကျိုးများ။Canthaxanthin က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။Canthaxanthin ကို သဘာဝအတိုင်းမဟုတ်ပဲအသားညိုစေရန်။သောက်သုံးခဲ့သူအချို့သည် မျက်လုံးပျက်စီးခြင်းနှင့်အမြင်အာရုံဆုံး။ရှံူးခြင်းတို့ကို ခံစားခဲ့ရပြီးဖြစ်သည်။ ပမာဏများပါက သေစေနိုင်သော aplastic anemia ဟုခေါ်သည့် သွေးရောဂါတစ်။မျိုးကိုလည်းဖြစ်စေနိုင်ပါသည်။ Canthaxanthin သည် ဝမ်းပျက်ခြင်း၊ပျို့ခြင်း၊အစာအိမ်အောင့်ခြင်း၊အရေပြားယားယံခြောက်သွေ့ခြင်း၊အင်ပျဉ်များထွက်ခြင်း၊ကိုယ်မှထွက်သောအရည်များ။သည် အနီ(သို့)လိမ္မော်ရောင်များဖြစ်လာခြင်းနှင့်အခြားသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေတတ်ပါသည်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ဆေးဝါးဓါတ်ပြုမှုများ။ဘယ်ဆေးဝါးတွေက Canthaxanthin နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ(သို့)ရောဂါများနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပါတယ်။ သင့်။ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် ဆေးအားအသုံး မပြုခင်တိုင်ပင်ပါ။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။သောက်သုံးရန်အညွှန်း။ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။အရွယ်ရောက်ပြီးသူတွေမှာ Canthaxanthin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။အောက်ပါဆေးအချိုးအစားများကို သိပ္ပံနည်းကျသုတေသနပြုမှုများမှတဆင့်ရရှိထားသည်။ပါးစပ်မှ သောက်ဆေးအဖြစ်။erythropoietic protoporphyria (EPP)ရောဂါရှိသူများတွင် အနီစက်များထွက်ခြင်း၊အရေပြားယားယံခြင်းနှင့် နှင်းခူများအတွက်။နေရောင်နှင့်ထိတွေ့မှုရှိသောအခါ canthaxanthin 60မှ 90 မီလီ။ဂရမ်ကို နှစ်စဉ် သုံးလမှ ငါးလကြာအောင် နေ့စဉ်ပျမ်းမျှဆေးပမာဏအနေနှင့် သောက်သုံးနိုင်ပါတယ်။Canthaxanthin ရဲ့ ပမာဏဟာ လူတစ်ဦးချင်းအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ အသက်၊ ကျန်းမာရေးနှင့် အခြားသော အခြေအနေများအပေါ် မူတည်ပါတယ်။ သဘာဝဆေးဖက်ဝင်အပင်/ပစ္စည်းများဟာ အမြဲတစေတော့ စိတ်မချရပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန်များနှင့် ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။Canthaxanthin ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။Canthaxanthin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။– Canthaxanthin ဆေးတောင့်များ။– Canthaxanthin အမှုန့်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/canthaxanthin-canthaxanthin/
ကလေးများတွင် ခြေကျင်းဝတ်ရိုးများ ကျိုးအက်ခြင်း
ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းဆိုတာက ကလေးအရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထိခိုက်မှုတစ်မျိုးပါ။ ဒီခြေကျင်းဝတ်ရိုးကျိုးအက်ခြင်းဆိုတာက ခြေကျင်းဝတ်ကို ဖွဲ့စည်းထားတဲ့ အရိုးလေးတွေထဲက တစ်ခုဖြစ်စေ အများကြီးဖြစ်စေ ကျိုးအက်သွားခြင်းကို ဆိုလိုတာပါ။ ကလေးတွေမှာတော့ ဒီထိခိုက်မှုက ခြေကျင်းဝတ်ရိုးကို ဖွဲစည်းထားတဲ့ အရိုးလေးတွေထဲမှာပါဝင်တဲ့ tibia နဲ့ fibula (ခြေထောက်အောက်ပိုင်းအရိုးရှည်များ)နဲ့ talus (အရိုးတိုလေးများ) မှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ Tibia နဲ့ Fibula အရိုးရှည်တွေရဲ့ အစွန်ပိုင်းတွေ ကျိုးခြင်းက အရိုးဖွံ့ဖြိုးဖို့အတွက် အဓိကအစိတ်အပိုင်းဖြစ်တဲ့ အရိုးနုတစ်ရှူးကို ထိခိုက်စေနိုင်ပြီး အရိုးမှန်ကန်စွာဖွံ့ဖြိုးစေမှုကို သက်ရောက်မှုရှိနိုင်ပါတယ်။ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ?။ခြေကျင်းဝတ်ကျိုးခြင်းက စကိတ်စီးတာလိုမျိုးနဲ့ စကူတာစီးတာမျိုးတွေကို ပြုလုပ်ရင်း ခြေထောက်ခေါက်ခြင်း၊ ချော်လဲခြင်းအခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ခြေကျင်းဝတ်ရိုးကျိုးသွားခဲ့ပြီးဆိုရင် နာကျင်မှုနဲ့ ရောင်ရမ်းခြင်းက ချက်ခြင်းဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာလူတော်တော်များများက လမ်းလျှောက်ဖို့မပြောနဲ့ ကျိုးသွားတဲ့ဘက်မှာ ခြေထောက်တောင် ကောင်းကောင်း မထောက်နိုင်ကြပါဘူး။ခြေကျင်းဝတ်ပုံပျက်တာနဲ့ စုတ်ပြဲထိခိုက်တဲ့အရာတွေပေါ်လာတာက နာရီအနည်းငယ်အကြာမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ဓါတ်မှန်မရိုက်ဘဲနဲ့ ခြေကျင်းဝတ်အဆစ်လွဲခြင်းနဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းကို ကွဲကွဲပြားပြားမသိနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ နှစ်မျိုးလုံးက နာကျင်မှုနဲ့ရောင်ရမ်းမှုကိုဖြစ်စေလို့ပါ။တချို့အခြေအနေတွေမှာ အပေါ်မှာပြောသွားတဲ့ လက္ခဏာတွေထဲမှာ မပါတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ တကယ်လို့ ရောဂါလက္ခဏာတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့သင့်လဲ ?။သင့်ကလေးမှာ အောက်ဖော်ပြပါ အချက်တွေ တွေ့ရပြီဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးအကြောင်းကြားပါ။• ပတ်တီးတစ်ဝိုက်မှာ သွေးများစိမ့်ထွက်လာခြင်း။• ခြေကျင်းဝတ် အလွန်အမင်းနာကျင်လာခြင်း။• ကျောက်ပတ်တီးက အရင်းတင်းကျပ်နေတယ်လို့ ခံစားရခြင်း။• ခြေချောင်းတွေ ခြေဖဝါးတွေ အေးပြီးထုံကျဉ်လာခြင်း။• ခြေသည်းများ အပြာရောင် သို့မဟုတ် အညိုရောင်သို့ပြောင်းလဲလာခြင်း။• ရောင်ရမ်းခြင်းက ပိုဆိုးလာခြင်း။ဘာတွေက ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းကို ဖြစ်စေပါသလဲ?။လည်ထွက်သွားစေသော အားသက်ရောက်မှု။ကလေးတွေမှာ အထူးသဖြင့် ပြင်းပြင်းထန်ထန်ကစားခြင်းနဲ့ အားကစားလုပ်ခြင်း စတာတွေကို လုပ်ရာမှာ မထင်မှတ်ဘဲ ခြေထောက်လည်ထွက်သွားစေနိုင်ပြီး ခြေကျင်းဝတ်ကျိုးအက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘေးတိုက် လှုပ်ရှားရတဲ့ အားကစားမျိုး ဒါမှမဟုတ် ဘတ်စကက်ဘောလို အမြင့်ခုန်ရတဲ့ အားကစားမျိုးတွေဟာ ကလေးငယ်တွေရဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းရဲ့ အဓိကတရားခံတွေပါ။အရိုးကြီးထွားမှုဖြစ်သော နေရာများ။လူ့ခန္ဓါကိုယ်ရဲ့အရိုးရှည်တွေက အလယ်ကနေ ရှည်ထွက်တာမဟုတ်ပါဘူး။ အရိုးရဲ့ တစ်ဘက်တစ်ချက်အဆုံးနေရာတွေမှာ အရိုးကြီးထွားတဲ့ growth plates ဆိုတဲ့နေရာတွေရှိပြီး အဲနေရာတွေကသာ အရိုးကိုရှည်ထွက်စေတာပါ။ ကလေးတွေ ဖွံဖြိုးပြီးအရွယ်မှာ ဒီ growth plates ဆိုတဲ့နေရာတွေက အရိုးမာအဖြစ်ကိုပြောင်းသွားပါတယ်။ ဘာလို့လဲဆိုတော့ growth plates တွေက အရိုးရဲ့ မာကျောဖို့နောက်ဆုံးကျန်တဲ့ အစိတ်အပိုင်းတွေမို့လို့ပါ။ ဒါ့အပြင် သူတို့ကကျိုးပဲ့လွယ်ပါတယ်။ အဲဒါကြောင့် အရွယ်ရောက်သူတွေမှာဆိုလျင် ခြေချင်းဝတ်လည်တဲ့အခါ အဆစ်လွဲတာပဲ ဖြစ်စေပြီး အရွယ်မရောက်သေးသူတွေမှာဆိုရင်တော့ ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းအထိဖြစ်စေပါတယ်။ကျောင်းသားအရွယ်ကလေးငယ်တွေမှာ ဒီလိုခြေကျင်းဝတ်နဲ့ လက်ရိုး ထိခိုက်မှုတွေက အရွယ်ရောက်ပြီး သူတွေ နဲ့စာရင် ပိုအဖြစ်များပါတယ်။ ကလေးတွေက အားစိုက်ရတဲ့ အားကစားပွဲတွေမှာဝင်ပါလေ့ရှိပြီး သူတို့ရဲ့ growth plates တွေက မမာကျောသေးလို့ပါ။ဘယ်အချက်အလက်တွေက ကလေးတွေမှာ ခြေကျင်းဝတ်ကျိုးအက်ခြင်းကိုပိုဖြစ်စေနိုင်သလဲ။ ?။ကလေးတွေမှာ ဘယ်လိုကလေးတွေက (အသက်အရွယ် (သို့) ကျားမ) ဒီခြေကျင်းဝတ်ကျိုးအက်ခြင်း ဖြစ်နိုင်သလဲ ?။အသက်အရွယ် ကျားမ မရွေး ကလေးငယ်တိုင်း ဒီခြေကျင်းဝတ်ကျိုးအက်ခြင်းဆိုတဲ့ ထိခိုက်မှုဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဒီထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရင်းတွေက ထိခိုက်မှုရှိနိုင်တဲ့ အားကစားတွေဖြစ်တဲ့ ဘောလုံးကစားခြင်း ဘတ်စကက်ဘော ကစားခြင်းတို့အပြင် အဝလွန်ခြင်း စတာတွေဖြစ်ပါတယ်။အပေါ်က အကြောင်းအရင်းတွေရှိတိုင်း ခြေကျင်းဝတ်ကျိုးအက်ခြင်း ဖြစ်ကိုဖြစ်မယ်လို့ မဆိုလိုပါဘူး။ သူတို့ကြောင့် ဖြစ်နိုင်ခြေများတယ်ဆိုတဲ့သဘောပါ။(ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာအရ အကြံပြုခြင်းနှင့် ကုသမှုများအတွက် အစားထိုးအသုံးပြုရန်အတွက်မဟုတ်ပါ။ အချက်အလက်များပိုမိုရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ)။ကလေးတွေရဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းကို ဘယ်လိုအတည်ပြုမလဲ။အောက်မှာဖော်ပြထားတာတွေက ကလေးတွေမှာဖြစ်တတ်တဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းရဲ့ လက္ခဏာတွေ ဒါမှမဟုတ် ယေဘူယျပုံစံတွေပါ။• ခြေကျင်းဝတ်တစ်ဝိုက်အရေပြားစုတ်ပြခြင်း။• ရောင်ရမ်းခြင်း၊ နာကျင်နေခြင်းနှင့် ထိခိုက်စုတ်ပြဲနေတဲ့ဒဏ်ရာများရှိခြင်း။• ခြေကျင်းဝတ်ပုံစံပျက်နေခြင်း။ဓါတ်မှန်ရိုက်ခြင်း။ခြေကျင်းဝတ်ကျိုးအက်ခြင်း ဟုတ်မဟုတ်သိနိုင်ဖို့က အရိုးပုံစံကို ရှင်းလင်းစွာပြနိုင်တဲ့ဓါတ်မှန် ရိုက်ခြင်းက အဓိကဖြစ်ပါတယ်။Magnetic Resonance Imaging (MRI)။ဆရာဝန်က ကလေးငယ်မှာ ခြေကျင်းဝတ်ကျိုးအက်ခြင်းဖြစ်နေကြောင်းပြောပြီးဓါတ်မှန်ရိုက်ပေမယ့် ပုံအတိအကျမပေါ်လာတဲ့အခါ MRI ကိုထပ်ရိုက်ခိုင်းပါလိမ့်မယ်။ MRI က ဓါတ်မှန်ထက်စာရင် ပိုပြီးကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကိုပေးနိုင်လို့ပါ။ကလေးငယ်တွေရဲ့ ခြေကျင်းဝတ်ကျိုးအက်မှုအတွက် ကုသမှုကဘယ်လိုလဲ ?။အိမ်မှာမိမိဘာသာဂရုစိုက်နိုင်မယ့် အချက်လေးတွေရှိပါတယ်။ထိခိုက်ထားတဲ့ ခြေကျင်းဝတ်ကို ဘာနဲ့မှမထိစေဘဲ တစ်ခုခုနဲ့ပင့်ထားခြင်းက ရောင်ရမ်းခြင်းနဲ့ တောင့်တင်းခြင်းကို လျော့ကျစေပါတယ်။ဒဏ်ရာတစ်ဝိုက် အအေးထုပ်ကပ်ထားခြင်းက နာကျင်မှုနဲ့ ရောင်ရမ်းမှုကိုသက်သာစေပါတယ်။ ရေခဲကိုတိုက်ရိုက်မကပ်သင့်ပါ။ တစ်ခါသုံးအအေးထုပ်တွေက ၄၈ နာရီအထိခံပါတယ်။Ibuprofen ဆိုတဲ့ဆေးက ခြေကျင်းဝတ်ကျိုးအက်ခြင်းအတွက် အသင့်တော်ဆုံးဆေးပါ။ သူဟာနာကျင်မှုအပြင် ရောင်ရမ်းမှုကိုပါ သက်သာစေပါတယ်။ကလေးငယ်တွေရဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းနဲ့ပတ်သက်ပြီး အကြောင်းခံတွေကိုလိုက်ကာ အမျိုးအစားတွေခွဲထားပါတယ်။• ထိခိုက်မှုအဆင့်။• ထိခိုက်မှုဖြစ်တဲ့အချိန် ခြေဖဝါးရဲ့အနေအထား။• ထိခိုက်မှုဖြစ်တဲ့အချိန် အားရဲ့ဦးတည်ချက်။ကုသမှုကိုစီစဉ်တဲ့အခါ ဆရာဝန်ကအပေါ်က အကြောင်းခံတွေကို စဉ်းစားပါလိမ့်မယ်။ သင့်ဆရာဝန်က သင့်ကလေးကို ချိုင်းထောက်နဲ့လမ်းလျှောက်စေပြီး ခြေကျင်းဝတ်ကိုအလေးချိန်မပိအောင် လုပ်ကောင်းလုပ်နိုင်ပါတယ်။ အရိုးကို ခွဲစိတ်ကုသမှုမလုပ်ဘဲ ဆရာဝန်ရဲ့အပြင်ဆေးခန်းမှာပဲ နေရာမှန်အောင်ပြန်ဆက်တာမျိုးလည်းလုပ်နိုင်ပါတယ်။ ပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်တဲ့ အရိုးပြုတ်ထွက်ခြင်း နေရာလွဲခြင်း စတာတွေကိုတော့ ခွဲစိတ်ကုသမှုလိုပါလိမ့်မယ်။ အရိုးခွဲစိတ်ဆရာဝန်က သင့်ကလေးရဲ့ ခွဲစိတ်မှုအတွက် အခြေအနေတွေနဲ့ နောက်ဆက်တွဲဂရုစိုက်ပေးရမယ့်အခြေအတွေကို ဆွေးနွေးပေးပါလိမ့်မယ်။ကလေးတွေရဲ့ ခြေချင်းဝတ်ကျိုးအက်ခြင်းအတွက် အထောက်အကူပေးနိုင်တဲ့ နေထိုင်မှုပုံစံနဲ့ အိမ်သုံးဆေးဝါးတွေက ဘာတွေလဲ ?။အောက်ဖော်ပြပါ နေထိုင်မှုပုံစံနဲ့ အိမ်သုံးဆေးဝါးတွေက သင့်ကလေးကို အထောက်အကူပြုပါလိမ့်မယ်။ကလေးငယ်တွေရဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းကို ဘယ်လိုကာကွယ်မလဲ ?။ကလေးငယ်တွေရဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အားကစားလှုပ်ရှားမှုတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။ခြေကျင်းဝတ်ကျိုးအက်ခြင်းနဲ့ တခြားထိခိုက်မှုတွေကို ကာကွယ်နိုင်တဲ့အချက်တွေက –။ဘတ်စကက်ဘောလို ခြေကျင်းဝတ်ကျိုးမှု ဖြစ်နိုင်ချေများတဲ့ အားကစားကိုကစားတဲ့အခါ သူနဲသက်ဆိုင်တဲ့ အဝတ်အစား အကာအကွယ် အားလုံးကိုဝတ်ဆင်ခြင်းက ထိခိုက်မှုကိုကာကွယ်နိုင်ပါတယ်။ခြေထောက်နဲ့ သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုဝတ်ဆင်ခြင်းကလည်း မတော်တဆမှုများကို ကာကွယ်နိုင်ပါတယ်။ကယ်လ်စီယံဓါတ်များများပါတဲ့ နို့ ဒိန်ချဉ် ဒိန်ခဲ စတာတွေကို စားသုံးခြင်းကလည်း အရိုးတွေသန်မာစေပါတယ်။ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးခြင်းကလည်း အရိုးတွေကို သန်မာစေပါတယ်။မရှင်းလင်းတာရှိခဲ့လျင် ဆရာဝန်နဲ့တိုင်ပင်တာကသာလျင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%81%e1%80%bc%e1%80%b1%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%90/
ကလေးငယ်တွေ အော့အန်ခြင်းကို ကာကွယ်ကုသနိုင်စေဖို့ မိခင်များအတွက် အထောက်အပံ့ဖြစ်စေမယ့် အရာများ
ဖြစ်ရပ်အများစုမှာ အော့အန်ခြင်းဟာ အန္တရာယ်များလှတဲ့အခြေအနေတွေတော့မဟုတ်ပါဘူး။ ပြီးတော့ ဒီအဖြစ်က ဆေးကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားနိုင်တာမျိုးပါ။ဒါပေမယ့် အော့အန်နေတဲ့ကလေးတစ်ယောက်လောက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတာ၊ စိတ်ရှုပ်စရာကောင်းတာမျိုး ရှိမှာမဟုတ်ပါဘူး။သင့်ကလေးကို ဒီလို စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် သင်နဲ့ သင့်ကြင်ဖော်က ဒီလိုအော့အန်တာကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာ နားလည်နေဖို့ အရေးကြီးလှပါတယ်။အော့အန်ခြင်းဟာ အခြားသော ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်နေပေမယ့် အဖြစ်အများဆုံး အကြောင်းရင်းတွေထဲက အချို့ကတော့…။Viral gastroenteritis (အစာအိမ်တုပ်ကွေးလို့လည်းခေါ်ကြပါတယ်) ဟာ ဝမ်းဗိုက်ပိုင်း ကူးစက်ပိုးဝင်ခြင်းဖြစ်ပြီး rotavirus သို့မဟုတ် Contaminated Food တွေမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတာပါ။Gastroeneritis ဟာ ပုံမှန်အားဖြင့် ဝမ်းပျက်ခြင်း၊ အဖျားဝင်ခြင်းနဲ့ စားချင်စိတ်လျော့နည်းခြင်းတွေကိုဖြစ်စေတတ်ပါတယ်။ ဒီကူးစက်ပိုးဝင်ခြင်းဟာ ရက်အနည်းငယ်မှ တစ်ပတ်နှင့်အထက် ကြာနိုင်ပါတယ်။ခရီးပန်းခြင်း သို့မဟုတ် Motion sickness ဆိုတာ အပျော့စားမှ ပြင်းထန်တဲ့အခြေအနေတွေရောက်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမရှိမှုတွေပါ။ ဒီအဖြစ်ဟာ ခရီးထွက်ခဲတဲ့သူတွေ သို့မဟုတ် ခရီးလုံးဝမသွားဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။ဒါကြောင့် ကလေးငယ်အများစုက ဒီအခြေအနေကို ခံစားနေရတာပါ။ ဒါဟာ သင့်ရဲ့အာရုံခံနစ်က သင့်ခန္ဓါကိုယ်ရွေ့လျားနေတာကို သတိပြုမိပြီး အခြားသော အစိတ်အပိုင်းတွေက ပြောင်းလဲမှုတွေကို သတိမပြုမိတဲ့အခါ ဦးနှောက်မှာ အချက်ပြမှုတွေ ရောပြွမ်းကုန်တာကြောင့်ဖြစ်ရတာပါ။အစာခြေစနစ် ဥပမာ- Lactose ဓါတ်မတည့်ခြင်း၊ အစာနဲ့ဓါတ်မတည့်ခြင်း သို့မဟုတ် Celiac disease (glutenနဲ့ ဓါတ်မတည့်ခြင်း)တွေ။ ဒါဟာ ကလေးငယ်တွေ အစောပိုင်းမှာ စားလိုက်တဲ့အစာတွေကြောင့် သိပ်ပြီး ပြည့်အင့်သွားတဲ့အခါမျိုးတွေမှာလဲ ဖြစ်နိုင်ပါတယ်။အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေဟာ viral gastroenteritis နဲ့ ဆင်သလိုရှိပေမယ့် ပိုပြီးပြင်းထင်ပါတယ်။ ဒီအခြေအနေရဲ့ ပြင်းထန်မှုဟာ သင့်ကလေးစားသုံးလိုက်တဲ့ အစာထဲမှာပါတဲ့ ရောဂါပိုး (germs)တွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးကောင်တွေ၊ ဓါတုပစ္စည်းတွေရဲ့ အရည်အသွေး၊ အရေအတွက်တွေပေါ် မူတည်နေပါတယ်။ကလေးငယ်တွေကို အော့အန်စေတဲ့ အခြားအဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့..။ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း။ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine headache)။အဆုတ်၊နား၊အစာအိမ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ပိုးဝင်ခြင်း။အူအတက် စတာတွေကြောင့်ပါ။ကလေးအော့အန်ပြီးချိန်မှာ ရေဓါတ်ကောင်းကောင်းပြန်ဖြည့်ပေးဖို့က အရေးအကြီးဆုံးပါပဲ။ ဒါပေမဲ့ သူတို့ကို ရေနည်းနည်းပဲတိုက်သင့်ပြီး အရည်တွေအများကြီးဝင်အောင်လည်း ဖိအားမပေးသင့်ပါဘူး။ပိုပြိးကောင်းတာကတော့ ရေဓါတ်ပြန်ဖြည့်ပေးနိုင်တဲ့အရည် သို့မဟုတ် သဘာဝအအန်သက်သာစေတဲ့ဆေးတွေ ဥပမာ ချင်း သို့မဟုတ် ပျားရည်လက်ဖက်ရည်စတာတွေကို တိုက်ပေးသင့်ပါတယ်။ သကြားများပြားစွာ ပါဝင်တဲ့ အချိုရည်တွေ တိုက်ခြင်းမှ ရှောင်ကြဉ်ပါ။မိခင်နို့စို့နေတဲ့ မွေးကင်းစကလေးငယ်တွေအတွက်တော့ နို့တိုက်ချိန် ခပ်ကြာကြာယူတာမျိုးမလုပ်ဘဲ မကြာခဏတိုက်တာမျိုး ြာင်းလုပ်ပါ။နည်းနည်းပိုကြီးတဲ့ကလေးတွေအအတွက်တော့ ပုံမှန်စားစရာတွေကို မအန်ဘဲ ၈နာရီလောက်နေပြီးတဲ့အချိန်မှ ဖြည်းဖြည်းချင်းစီ ပြန်ကျွေးကြည့်ပါ။ သူတို့ကို သကြားဓါတ်ပါဝင်မှုများတာတွေ အဆီပါဝင်မှုများတဲ့အစာတွေမကျွေးပါနဲ့။ ဒီအစားအစာတွေက အားနည်းနေတဲ့အစာအိမ်ကို ထပ်ပြီး ဒုက္ခရောက်စေနိုင်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် ကလေးကို ဘေးစောင်းလှဲအိပ်ခိုင်းပါ။ ဒါမှမဟုတ် မှောက်အိပ်ခိုင်းပါ။ (အသက်နည်းနည်းကြီးတဲ့ကလေးတွေအတွက်သာ) ဒါဟာသူတို့ ထပ်အန်တဲ့အချိန် အသက်ရှူခြင်းကို ကာကွယ်နိုင်စေဖို့ဖြစ်ပြီး ဒီလိုအသက်ရှူတာက အော့အန်ခြင်းကိုပိုပြီး ဆိုးရွားစေပါတယ်။ပြီးတော့ ဒါက သူတို့ရဲ့ပြန်ကောင်းလာတဲ့ နှုန်းကို ပိုပြီး နှေးကွေးစေနိုင်လို့ပါ။ရေးသားသူ− Wuthun Myat Chal။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%a1%e1%80%b1%e1%80%ac%e1%80%b7%e1%80%a1%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။
သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်တယ်ဆိုတာ သိပါသလား။ မိန်းကလေးတစ်ယောက်အတွက်တော့မိန်းမကိုယ်ကျန်းမာရေး၊ သန့်ရှင်းရေးဆိုတာ အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခုပါ။ ဒီတိုင်းရေချိုး ပုံမှန်သန့်ရှင်းရေးတွေ လုပ်နေရင် မိန်းမကိုယ်သန့်ရှင်း သယောင်ယောင်ရှိတယ်ထင်ရပေမယ့် မထင်မှတ်ထားတဲ့ သင့်အပြုအမူတွေကနေ မိန်းမကိုယ်ပိုးဝင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လို အပြုအမူတွေလဲဆိုတာ ကြည့်ရအောင်။အတွင်းခံ ဆိုတာ မိန်းမကိုယ်ကို အပြင်ကနေ ကာထားတဲ့ အရာဖြစ်ပေမယ့် ညဘက် အိပ်ရာဝင်ချိန်မှာတော့ အတွင်းခံ ဝတ်ပြီး မအိပ်တာ အကောင်းဆုံးပါ။အတွင်းခံဝတ်အိပ်တဲ့အခါ အောက်ဆီဂျင် ထိတွေ့တာ နည်းသွားပြီး ပိုးဝင်ဖို့ ပိုအခွင့်အလမ်းများ သွားနိုင်ပါတယ်။တချို့ ရှိပါတယ်။Gymမှာ ကစားပြီး ချွေးစိုတဲ့ အတွင်းခံတွေကို အချိန်အကြာကြီး ဝတ်ထားတာမျိုးပေါ့။ ဒီလို ချွေးစိုနေတဲ့ အတွင်းခံကို အချိန် အကြာကြီး ဝတ်ထားခြင်းဟာ အနံ့အသက်ကို မကောင်းစေတဲ့အပြင်မိန်းမကိုယ် မှိုစွဲတာ၊ ဘက်တီးရီးယားပိုးတွေ ဝင်တာနဲ့ ချွေးလောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။လစဉ်သုံးပစ္စည်းဆိုတာ သွေးတွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေ အများကြီး ရှိတဲ့ နေရာ တစ်ခုဖြစ်တာကြောင့် ရာသီလာချိန် သူတို့ကို ၆ နာရီတစ်ခါ ပုံမှန် လဲပေးသင့်ပါတယ်။ မဟုတ်ရင်မိန်းမကိုယ်ထဲ ပိုးအလွယ်တကူ ဝင်သွားပါလိမ့်မယ်။ဆီးခုံမွေး မကြာခဏ ရိတ်တာ၊ ဖယောင်းနဲ့ အမွေးချွတ်တာတွေဟာ မွေးညှင်းအိတ် ရောင်ခြင်းကို ဖြစ်စေပြီး ဆီးခုံပတ်လည် ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်။စိတ်ဖိစီးမှု များလွန်းတဲ့အခါ ကိုယ်တွင်းဖြစ်စဉ်တွေ၊ ဟော်မုန်းတွေ အားလုံး ကမောက်ကမ ဖြစ်ကုန်တာကြောင့်မိန်းမကိုယ်တွင်းက ညီမျှတဲ့ pHတွေပါ လိုက်ပြောင်းလဲပြီး မိန်းမကိုယ် ယားယံတာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။သကြားဟာ မိန်းမကိုယ် မှိုစွဲခြင်းကို အဓိက ဖြစ်စေတဲ့ yeast infections တို့ အကြိုက်ပါ။ ဒါ့ကြောင့် အချို များများ စားလေလေ မိန်းမကိုယ် ပိုးဝင်ပြီး မှိုစွဲတဲ့ ပြဿနာ ပိုဖြစ်လေလေပါ။ဒါကတော့ အသန့်လွန်တဲ့ အမျိုးသမီးတွေ အတွက်ပါ။ မိန်းမကိုယ်ကို သန့်စေချင်လွန်း၊ ပိုးတွေ ကင်းစေချင်လွန်းပြီး အတွင်းထဲထိ ဆပ်ပြာတွေနဲ့ ဆေးတတ်ကြပါတယ်။ ဒီအခါမှာ မိန်းမကိုယ် pHပျက်၊ ကောင်းကျိုးပြု ဘက်တီးရီးယားတွေ ပျက်စီးပြီး ပိုးဝင်လွယ်တတ်ပါတယ်။မိန်းမကိုယ် ပိုးဝင်တဲ့အခါ ပုံမှန်မဟုတ်တဲ့ အဖြူတွေ ဆင်းတာ၊ မိန်းမကိုယ် ယားယံတာ၊ အနံ့ဆိုးထွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ကဲ …. ဒီအပြုအမူလေးတွေ လုပ်မိနေသေးလား။ မလုပ်မိဘူးဆိုရင်လည်း မလုပ်ဖြစ်အောင် ဆက်ထိန်းပြီး လုပ်မိတယ်ဆိုရင်လည်း မလုပ်မိတော့အောင် ရှောင်လိုက်တော့လို့ အကြံပြုပါရစေ လေဒီလေးတို့ရေ ……..။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/your-mistakes-for-vaginal-infection/
ကာပယ်လ်တန်နယ်လ်ရောဂါလက္ခဏာစု
လက်ကောက်ဝတ်နဲ့ လက်မှာ ဖြစ်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ လက်ကောက်ဝတ်နဲ့ လက်ရဲ့ ခံစားမှုနဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောကို median အာရုံကြောလို့ ခေါ်ပါတယ်။ အဲ့ဒီအာရုံကြောဟာ လက်ကောက်ဝတ်အတွင်းက carpal tunnel လို့ခေါ်တဲ့ လမ်းကြောင်းအတွင်းမှာ တည်ရှိပါတယ်။ Carpal tunnel လက္ခဏာစုဟာ လက်နဲ့ လက်ကောက်ဝတ်မှာ ထုံကျင်ခြင်း၊ လက်ကောက်ဝတ်နဲ့ လက်မောင်းတလျှောက် စူးစူးရှရှ နာကျင်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ဒီပြသနာဟာ စာစီစာရိုက်လုပ်သူများ၊ ငွေကိုင်သူများ၊ သားသတ်သမားများ၊ အစောင့်များ စတဲ့ အလုပ်အကိုင် တချို့မှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအရာတွေကို လျှော့ချခြင်းဖြင့် ရှောင်ကြဉ်နိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အတွေ့များတဲ့ လက္ခဏာတွေကတော့ လက်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေမှာ နာကျင်ခြင်း၊ ထုံခြင်း ကျင်ခြင်း၊ ဆုပ်ကိုင်ရာတွင် မမြဲခြင်း စတာတွေဖြစ်ပါတယ်။ ဒီလက္ခဏာတွေဟာ လက်ကို အားသုံးညှစ်ခြင်း၊ လှုပ်ခါခြင်း ပြုလုပ်တဲ့အခါ ပိုဆိုးတတ်ပါတယ်။ လူတချို့မှာ လက်မောင်းအပေါ်ပိုင်းနဲ့ ပခုံး မသက်မသာ ဖြစ်တတ်ပါတယ်။ ညဘက်ဆိုရင် ပိုဆိုးပြီး အိပ်စက်ရာမှာ အနှောင့်အယှက် ပေးပါတယ်။ဒီစာရင်းမှာ မပါတဲ့လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လက္ခဏာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါလက္ခဏာတွေရှိခဲ့ရင် သိလိုတာတွေရှိရင်၊ အထူးသဖြင့် ဒီလက္ခဏာတွေဟာ နေ့စဉ်လုပ်ဆောင်တဲ့ ကိစ္စတွေကို အနှောင့်အယှက်ဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ်။ လူတိုင်းဟာ မတူနိုင်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။လက်ကောက်ဝတ်ရောင်လာတဲ့အတွက် carpal tunnel လမ်းကြောင်းကျဉ်းမြောင်းလာပါတယ်။ လမ်းကြောင်းကျဉ်းလာပြီး အာရုံကြောကို ဖိမိလေ နာကျင်ခြင်းနဲ့ တခြားလက္ခဏာတွေ ခံစားရလေပဲ ဖြစ်ပါတယ်။လက်နဲ့လက်ကောက်ဝတ်ကို တပုံစံတည်းနဲ့ ထပ်တလဲလဲ သုံးပါများတဲ့အခါ ဥပမာ စာရိုက်ခြင်း၊ စာရေးခြင်း၊ ကွန်ပျူတာမောက်စ်သုံးခြင်း စတာတွေဟာ Carpal tunnel ရောဂါလက္ခဏာစုကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာတော့ ဟော်မုန်းဓါတ် အပြောင်းအလဲကြောင့် အရည်များစုမိပြီး ဖြစ်နိုင်ပါတယ်။ တခြားရောဂါတွေ ဥပမာ ကြွက်သားနဲ့ အရိုးရောဂါတွေ၊ သိုင်းရွိုက်အလုပ်မလုပ်ခြင်း၊ ဆီးချိုစတာတွေကလည်း Carpal tunnel ရောဂါလက္ခဏာစု ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။အောက်ပါအချက်တွေဟာ ဒီရောဂါဖြစ်ပွားမှုကို ပိုမို မြင့်တက်စေပါတယ်။ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ် ဆိုင်ရာ အကြံပြုချက်များနေရာတွင် အစားထိုးရန် မဟုတ်ပါ။ အကြောင်းအရာ ပိုသိရန် ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်ပါ။ဆရာဝန်ဟာ လက်ကောက်ဝတ်ကို စစ်ဆေးပါလိမ့်မယ်။ Median အာရုံကြောနဲ့ ပတ်သက်ပြီး လက်ကို ကွေးခိုင်းတာ၊ တခုခုကို ဆုပ်ကိုင်ခိုင်းတာ လုပ်ခိုင်းပါလိမ့်မယ်။ အထူးစစ်ဆေးနည်း (EMG) တွေနဲ့ လက်ကောက်ဝတ် အာရုံကြောနဲ့ ကြွက်သားတွေကို စစ်ဆေးပါလိမ့်မယ်။အဆင့်၂ဆင့်ရှိပါတယ်။ ပထမအချက်ကတော့ နေထိုင်မှုပုံစံ ပြောင်းရပါမယ်။ ဒီရောဂါကိုဖြစ်စေတဲ့ အမူအကျင့်တွေကို ရပ်တန့်ရပါမယ်။ လုပ်ငန်းခွင်ကိစ္စ ဖြစ်နေရင်တော့ ပြင်ဖို့ခက်ပေမယ့် အလုပ်ရှင်ကိုတော့ ပြောရပါလိမ့်မယ်။ တခါတရံ ရိုးရှင်းတဲ့ ပြောင်းလဲမှုလေးတွေ ဥပမာ လက်ကောက်ဝတ် အောက်မှာ တခုခုခံပြီး လှုပ်ရှားရင် လက်ကောက်ဝတ် အနေအထားကို ပိုကောင်းလာစေပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ ကာယကုသသူများဟာ နည်းလမ်း အမျိုးမျိုးကို အကြံပြုပါလိမ့်မယ်။ဒုတိယတချက်ကတော့ Median အာရုံကြောပေါ်ကို ဖိအားလျော့ပါးစေဖို့ ဖြစ်ပါတယ်။ ဆေးဝါးများ၊ လက်စည်းများ၊ ခွဲစိတ်ခြင်း စတာတွေဟာ အသုံးဝင်ပါတယ်။ ညဘက်မှာ လက်စည်းပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဆေးဝါးများဟာ ရောင်ရမ်းမှုကို ယာယီသက်သာစေပါတယ်။ လက်ကောက်ဝတ် အတွင်းကို ဆေးထိုးထည့်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ခွဲစိတ်ပြီး အာရုံကြောအတွက် နေရာပိုရအောင် လုပ်ပေးခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ခွဲစိတ်ခြင်းဟာ လျင်မြန်စွာ သက်သာစေပါတယ်။ အနာကျက်ပြီး နောက်ထပ်မဖြစ်အောင်တော့ ၆ပတ်လောက် လက်ကောက်ဝတ်ကို အနားပေးရပါမယ်။အောက်ပါအချက်တွေဟာ အထောက်အကူပြုပါတယ်။သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%80%e1%80%ac%e1%80%95%e1%80%9a%e1%80%ba%e1%80%9c%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%9c%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9c%e1%80%80-3/
သွေးပေါင်ကျခြင်း
မင်္ဂလာပါ။Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ သွေးပေါင်ကျခြင်း အကြောင်းပါ။ ဆေးရုံကို သွေးပေါင်ကျလူနာတွေ မကြာမဏ ရောက်ရှိလာတတ်ပါတယ်။အရွယ်ရောက်ပြီးသား သာမန်လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ ယေဘုယျအားဖြင့် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ပါ ။ အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ ထက် နည်းရင် သွေးပေါင်ကျတယ်လို့ ဆိုနိုင်ပါတယ် ။ ကျန်းမာနေတဲ့ လူတွေ့အဖို့ သွေးပေါင်ကျခြင်းက စိုးရိမ်စရာ မလိုပါဘူး ။ ဒါပေမဲ့ နဂိုရောဂါ အခံရှိတဲ့လူတွေနဲ့ အသက်ကြီးတဲ့ လူတွေမှာတော့ သွေးပေါင်ကျခြင်းကြောင့် နှလုံးနဲ့ ဦးနှောက်ကိုစီးတဲ့ သွေးတွေ နည်းသွားစေနိုင်ပါတယ်။ အမြဲ သွေးပေါင်ကျနေတတ်ပြီး ဘာရောဂါလက္ခဏာမှ မပြတဲ့လူတွေအတွက်လည်း ထူးထူးခြားခြား စိုးရိမ်စရာမရှိပါဘူး ။ဦးနှောက်ကို သွေးပို့တာ နည်းသွားတဲ့အတွက် မူးမိုက်တာတွေ ဖြစ်နိုင်ပါတယ် ။ နှလုံးနဲ့ သွေးကြော ရောဂါသည်တွေ ၊ အာရုံကြောအားနည်းတတ်သူတွေမှာတော့ ရုတ်တရက် ထိုင်ထလုပ်ခြင်းကြောင့် သွေးပေါင်ရုတ်ချည်း ကျသွားတတ်ပါတယ် ။ သွေးပေါင်ကျနိုင်ချေဟာ အသက်အရွယ်ကြီးခြင်း နဲ့အတူ အရွယ်ရခြင်းကြောင့် နှလုံးနဲ့ဦးနှောက်ကို သွေးပို့နည်းသွားတာတွေနဲ့ သက်ဆိုင်တတ်ပါတယ် ။သွေးပေါင်ကျခြင်းအကြောင်းရင်းတွေကတော့ ကိုယ်ဝန်ရှိခြင်း ၊နှလုံးရောဂါ၊ နှလုံးစည်းချက်မမှန်ခြင်း ၊ နှလုံးပျက်ခြင်း ၊အချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ ၊ အရက်စွဲခြင်း ၊ လေဖြန်းခြင်းနှင့် လေဖြတ်ခြင်း ၊ အသည်းရောဂါများ ၊ ဦးနှောက်နှင့် အာရုံကြောရောဂါတွေ ကြောင့် ဖြစ်တတ်ပါတယ် ။ခန္ဓာကိုယ်တွင်း အရည်တွေ ဆုံးရှုံးခြင်းကြောင့် ရုတ်တရက်သွေးပေါင်ကျစေပါတယ် ။ သွေးထွက်လွန်ခြင်း ၊ ‌ကိုယ်တွင်း အပူချိန် ကျလွန်းခြင်း သို့မဟုတ် ပူလွန်ခြင်း ၊ အန်ခြင်း ၊ ဝမ်းသွားခြင်းနှင့် ချွေးထွက်ခြင်းတို့ကြောင့် ကိုယ်တွင်းအရည်များ ဆုံးရှုံးခြင်း ၊ သွေးတွင်း ပိုးဝင်ခြင်းတွေနဲ့ ဓါတ်မတည့်ခြင်းတွေကြောင့် ရုတ်တရက် သွေးပေါင်ကျတတ်ပါတယ် ။လက္ခဏာတွေအနေနဲ့။သွေးပေါင်ကျပြီး အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေ မကြာခဏကြုံတွေ့နေရသူများအနေနဲ့။ဒါတွေကတော့ သွေးပေါင်ကျခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို ဆွေးနွေးတင်ပြတာ ဖြစ်ပါတယ် ။အားလုံးကို ကျေးဇူးတင်ပါတယ်။ရေးသားသူ – Dr.Aung Kyaw Myint။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/hypotension/
ခံတွင်းနံ့ဆိုးလို့ လူကြားထဲ စကားမပြောရဲဘူး ဖြစ်နေလား ။ ။
လူကြားထဲ စကားပြောထဲအချိန်မှာ ကိုယ့်ခံတွင်းနံ့ဆိုးလို့ သူများ နှာခေါင်းရှုံ့သွားတဲ့ ဖြစ်ရပ်မျိုးကို သင်ကြုံတွေ့နေရပြီဆိုရင် သင့်ခံတွင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပါပြီ။ ခံတွင်းနံ့ဆိုးတာဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို ထိခိုက်စေနိုင်တဲ့အပြင် သင့်ကိုလူကြားထဲမှာ အရှက်ရစေတဲ့ ကိစ္စတစ်ခုပါ။ ဒီတော့ ကိုယ့်ရဲ့ခံတွင်းနံ့ဆိုးကို ဘယ်လိုပျောက်အောင် လုပ်မလဲ။ ။ကဲ ခုပြောထားတဲ့ အချက်လေးတွေကိုသာ လိုက်နာပြီး လိုက်လုပ်ကြည့်ရင် သင့်ကို စိတ်ဒုက္ခပေးနေတဲ့ ခံတွင်းနံ့ဆိုး လုံးဝ ပျောက်သွားမှာ အသေအချာနော်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/bad-breath/
ခါးနာနေတဲ့ သင့်ရဲ့ခင်ပွန်း (သို့) ဇနီးကို ဘယ်လိုဂရုစိုက်မလဲ
သင့်ရဲ့ လက်တွဲဖော်က ခါးနာရောဂါခံစားနေရပါသလား? ခါးနာခြင်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်ခြင်း တစ်မျိုးပါ။ ကျွန်တော်တို့အားလုံး တစ်သက်မှာ တစ်ခါတော့ ခါးနာဖူးကြမှာပဲ။ ဒါပေမယ့် တချို့သူတွေက ခါးနာခြင်းကို နာတာရှည်ပုံစံ ဆက်တိုက်ခံစားလာရတဲ့အခါမှာ သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ကိုင်နိုင်တော့တဲ့ထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုတော့ နာတာရှည်ခါးနာရောဂါလို့ ယေဘူယျခေါ်ပါတယ်။ ခါးနာနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ကူညီနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အခုပြောပြသွားမှာကတော့ ခါးနာရောဂါရှိနေတဲ့ သင့်ရဲ့ လက်တွဲဖော်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ခါးနာခြင်းနဲ့ ပတ်သက်သမျှ သင်လေ့လာနိုင်သလောက် လေ့လာပါ။သင်ကိုယ်တိုင် ခါးနာရောဂါအကြောင်း အခြေခံ နားလည်ထားဖို့ အရေးကြီးပါတယ်။ အဲဒီထဲမှာ ခါးနာစေတဲ့အကြောင်းအရင်းများ ကုသနည်းများ နာကျင်မှုကိုဘယ်လိုထိန်းညှိရမလဲဆိုတဲ့ နည်းလမ်းများကိုလည်း သိထားရပါမယ်။ ဒီလိုလေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ နေ့စဉ်ဘဝမှာ ဖြတ်သန်းနေရတဲ့ နာကျင်မှုကို သင့်အားနားလည်စေပါတယ်။ ခါးနာခြင်းအကြောင်း လေ့လာထားခြင်းက သင့်လက်တွဲဖော်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ဆုံးဖြတ်ချက်ချရာမှာ ကူညီပေးနိုင်မယ့်အပြင် သက်တောင့်သက်သာဖြစ်စေမယ့် နေထိုင်မှုပုံစံ ပြောင်းလဲတဲ့နေရာမှာလည်း ကူညီပေးနိုင်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ ခါးနာမှုအခြေအနေအကြောင်း သေချာနားလည်ထားခြင်းက သင်တို့နှစ်ဦးအကြား ဆက်ဆံရေး ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်။သင်ကိုယ်တိုင်မခံစားရဘဲနဲ့ သင့်လက်တွဲဖော်ခံစားနေရတဲ့ နာကျင်မှုအခြေအနေကို သင်မသိနိုင်ပါဘူး။ ဒီလိုမသိခြင်းက သင့်လက်တွဲဖော်ကို သင်ကသူ့ကို ပစ်ထားတယ်လို့ ထင်ကောင်းထင်လာနိုင်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ နာကျင်မှုအခြေအနေကိုသိနိုင်ဖို့အတွက် သူ့ကိုဘယ်အခြေအနေလောက်နာလည်းဆိုတာ ၁ ကနေ ၁၀ အတွင်း သတ်မှတ်ခိုင်းပါ။ ဒီလို သတ်မှတ်ထားခြင်းအားဖြင့် တစ်ရက်ပြီးတစ်ရက် သင့်လက်တွဲဖော်ရဲ့ နာကျင်မှုက လျော့သွားလား တိုးသွားလားဆိုတာကို သင်သိနိုင်မယ့်အပြင် ကုသမှုတွေရဲ့ ထိရောက်မှုကိုလည်း သိနိုင်ပါလိမ့်မယ်။သင့်လက်တွဲဖော် သက်တောင့်သက်သာ သွားလာနိုင်ရန် အိမ်တွင်းရှိ ပရိဘောဂတွေကို နေရာပြန်ချပါ။ခါးနာနေတဲ့သူတွေအတွက် တစ်ခုခုကို ကုန်းယူခြင်း တစ်ခုခုကို ခါးဆန့်ယူခြင်းတွေက အခက်ခဲဆုံး နဲ့ အကြီးမားဆုံး ပြသနာတွေပါ။ သင့်ရဲ့ ခါးနာနေတဲ့လက်တွဲဖော်ကို ကူညီနိုင်မယ့်နောက်တစ်နည်းက အိမ်ထဲက ပရိဘောဂတွေကို သင့်လက်တွဲဖော် နေထိုင်ဖို့အဆင်ပြေအောင်အပြင် ခါးနာခြင်းပိုမဆိုးလာဖို့ သင့်တော်တဲ့ နေရာရွှေ့ဖို့ပဲဖြစ်ပါတယ်။ပထမဆုံး စဉ်းစားရမှာက ဘယ်အရာတွေက မကြာခဏအသုံးပြုရတဲ့အရာတွေလဲ၊ ဘယ်အရာကတော်ရုံနဲ့ အသုံးမပြုတာတွေလဲဆိုတာပဲ ဖြစ်ပါတယ်။ မကြာခဏ အသုံးပြုတဲ့အရာတွေ ပရိဘောဂတွေကို ရင်ဘတ်နဲ့တစ်တန်းတည်း အမြင့်မှာ ယူရ ကိုင်ရအဆင်ပြေအောင် နေရာပြောင်းထားပေးသင့်ပါတယ်။နောက်တစ်ဆင့်က သင့်ရဲ့အိမ်ကို ခါးနာနေတဲ့သင့်လက်တွဲဖော် သက်တောင့်သက်သာ နေထိုင်နိုင်တဲ့ အိမ်ဖြစ်အောင် စီမံပါ။ သင့်အိမ်ရဲ့ ပရိဘောဂတွေကို သင့်လက်တွဲဖော်ရဲ့ခါးအတွက် အထောက်အပံပေးနိုင်အောင် စီစဉ်ပေးရပါမယ်။ ဥပမာ ထိုင်ခုံမှာ ခေါင်းအုံးခံထားပေးခြင်းက သင့်လက်တွဲဖော်ရဲ့ ခါးနဲ့ ထိုင်ခုံအမှီရဲ့ မာကျောနဲ့မျက်နှာပြင်ကို မထိစေဘဲ အထောက်အကူပြုပါတယ်။ ခါးနာနေတဲ့သူတွေဟာ လှေကားမတက်သင့်ပါဘူး။ ဒါကြောင့် တကယ်လို့ သင့်လက်တွဲဖော်ရဲ့ အခန်းက အပေါ်ထပ်မှာဆိုရင် သူ့ရဲ့အခန်းကို လှေကားမတက်ရတဲ့ မြေညီထပ်ဆီ နေရာရွှေ့ပေးဖို့ လိုပါတယ်။သင့်လက်တွဲဖော်ရဲ့ ခါးနာပြန်ကောင်းဖို့ ကြိုးစားနေသမျှထဲမှာ သင်လည်းပါဝင်ကူညီပါ။နှစ်ယောက်က တစ်ယောက်ထက်စာရင်ပိုကောင်းပါတယ်။ ဒါကြောင့် သင်ဟာသင့်လက်တွဲဖော်ရဲ့ လေ့ကျင့်ခန်းသင်တန်းမှာဖြစ်စေ ယောဂ အဖွဲ့အစည်းများတွင်ဖြစ်စေ သင်ရော ပါဝင်လိုက်ပါ။ နောက်တစ်ခုက သင်ရောသူပါ ကျန်းမာရေးနဲ့ညီညွတ်မယ့် စားစရာတွေကိုပဲ စားဖို့စီစဉ်နိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ရလာနိုင်ပါတယ်။ ဒါပေမယ့် သင့်လက်တွဲဖော်မှာ ခါးနာရောဂါရှိနေတယ်ဆိုတိုင်း သင်ကသူ့ရဲ့ ပုံမှန်နေ့စဉ်ဘဝလုပ်ငန်းတွေကိုပါ ပိတ်ပင်ရမယ်လို့မဆိုလိုပါဘူး။ အနာပြင်းထန်နေတဲ့အချိန် နားတာကသာအကောင်းဆုံးဆိုပေမယ့် သာမန်အချိန်တွေဆို သူရဲ့လှုပ်ရှားမှုတွေ( ဥပမာ ဈေးဝယ်ထွက်ခြင်း အိမ်မှုကိစ္စလုပ်ခြင်း ) ကိုလုပ်ခွင့်ပေးလိုက်ပါ။ ဒါတွေက သူတို့ကို သူတို့ရဲ့နာကျင်မှုအပေါ်ခံနိုင်ရည်ရှိစေပါတယ်။ ဒါပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် သူ့ရဲ့ခါးအခြေအနေကိုပိုမဆိုးလာစေဖို့အတွက် သင်ကဂရုစိုက်ပေးလိုက်ပါ။ကိုယ်လက်လှုပ်ရှားမှုကလည်း ကျောဘက်ကြွက်သားတွေကို သန်မာလာစေဖို့ အထောက်အကူပြုပါတယ်။ ဒါတွေက နာလန်ထူရေးမှာ အထောက်အကူပြုရုံသာမက နောင်အခါ ခါးနာထပ်မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သင့်အနေနဲ့ သင့်ရဲ့လက်တွဲဖော်ကို စိတ်ဓါတ်တက်ကြွအောင် လှုံ့ဆော်ပေးပြီး သူ့ရဲ့မနက်လမ်းလျှောက်ခြင်း ဒါမှမဟုတ် ညနေခင်းလမ်းလျှောက်ချင်း လှုပ်ရှားမှုတွေမှာ သင်ပါ ပါဝင်လိုက်ပါ။နာတာရှည်ခါးနာရောဂါဖြစ်နေတဲ့ လူတွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ လိုအပ်ပါတယ်။ ဒါကခါးနာရောဂါကို ကိုယ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ခံစားနေရသူတွေအတွက်တော့ တော်တော်လေး မှန်ကန်ပါတယ်။ ခါးနာရောဂါခံစားနေရတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို ကူညီပေးခြင်းက သူတို့ရဲ့ နာလန်ပြန်ထနိုင်ရေးကို အရှိန်မြှင့်တင်ပေးတဲ့အပြင် မိမိတို့က သူတို့ရဲ့ ကျန်းမာရေးကိုဂရုစိုက်ကြောင်း အရေးတယူရှိကြောင်း သူတို့ကိုသိစေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7%e1%80%81%e1%80%84%e1%80%ba/
သွေးတိုး တတ်ရင် ဒါတွေရှောင်...........
သွေးတိုး တတ်ရင် ဒါတွေရှောင်……….. သွေးတိုး တာက သေလောက်တဲ့ရောဂါတစ်ခုမဟုတ်ဘူးလို့ထင်စရာရှိပေမယ့် မဆင်မခြင်နေမယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာ အသေအချာပါ။ သွေးတိုး ကြောင့်နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ သွေးတိုး ကြောင့် မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေ မတက်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်။သွေးတိုး တယ်ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ။သွေးတိုး ရှိမယ်ဆိုရင်။သွေးတိုးရှိနေတယ်ဆိုရင်သွေးပေါင်ချိန်တက်လာမှ မဟုတ်ဘဲ။ နေ့စဉ်တိုင်းမှာလည်း ဒီအချက်တွေကို ဂရုစိုက်ဖို့လိုပါမယ်။ ဒါ​ကြောင့် သွေးတိုးရှိနေတယ်ဆိုရင် ဒီအစားအစာလေးတွေကို ဂရုစိုက်ပေးဖို့လိုပါမယ်။ သွေးတိုး တတ်ရင် ဒါတွေရှောင်………..။အားဖြည့်အချိုရည်။အားဖြည့်အချိုရည်က ကော်ဖီလိုပါပဲ။ ကဖင်းအများအပြားပါဝင်နေပါတယ်။ နောက်တစ်ခုက အားဖြည့်အချိုရည်တွေမှာကဖင်းအပြင် ဆိုဒါ ပါဝင်နေတာပါ။ ဒီလို ဆိုဒါ နဲ့ ကဖင်း ပါဝင်မှုကပဲ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပြီး သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် အားဖြည့်အချိုရည်ကို မသောက်သင့်ပါဘူး။ပီဇာ။ပီဇာမှာ ချိစ် နဲ့ ဆားပါဝင်မှုများတဲ့ခရမ်းချဉ်သီးဆော့စ်တွေ ပါဝင်နေပါတယ်။ သဘောကတော့ ပီဇာက သွေးပေါင်တက်စေလောက်မယ့် ကာဗိုဟိုက်ဒရိတ်နဲ့ဆိုဒီယမ်ပါဝင်မှုများနေတယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် သွေးတိုးရှိရင် ပီဇာမစားပါနဲ့။ တစ်စိတ်ဆိုရင်တောင် သွေးပေါင်ချိန်ကို တော်တော်လေး တက်စေနိုင်ပါတယ်။ပြုပြင်ထားတဲ့ အသားတွေ။ကြက်အူချောင်း၊ ဝက်အူချောင်းတို့လိုမျိုး ပြုပြင်ထားတဲ့ အသားတွေထဲမှာ ဆိုဒီယမ် နဲ့ပြည့်ဝဆီတွေပါဝင်နေတာကြောင့် ခေါင်းတစ်ခြမ်းကိုက်စေတာ၊ သွေးကြောတွေထဲမှာ အဆီတွေစုတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေက သွေးတိုးတတတ်သူတွေအတွက် အဆင်မပြေလောက်ဘူးဆိုတာ ပြောနေစရာမလိုအောင်ပါ။ခေါက်ဆွဲပြုတ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/dangerous-foods-for-those-with-high-blood-pressure/
ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ
ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ ….. ရွှေဝါရောင်သန်းနေတဲ့ ရွှေဖရုံသီး ချိုချိုလေးကအသားအရေနဲ့အမြင်အာရုံအတွက်တင်ကောင်းတာမဟုတ်ပါဘူး။ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ရွှေဖရုံသီးက စေးစေးချိုချိုလေး ဖြစ်တာကြောင့် ဆီးချိုရှိတယ်ဆိုရင် စားလို့ရပါ့မလားဆိုပြီး စိတ်ပူနေပြီလား။ သင့်တင့်တဲ့ ပမာဏ၊ ဆီးချိုတက်နေတဲ့ အချိန်မဟုတ်ရင် စားလို့ရပါတယ်။ သွေးတွင်သကြားဓာတ်တက်စေနိုင်တယ်ဆိုပေမယ့် ဆီချိုလူနာတွေအတွက် အကျိုးရှိနေတဲ့ အာဟာရတွေ အများကြီး ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ပမာဏကို ချင့်ချိန်ပြီး စားလို့ရပါတယ်။ဝါဝါဝင်းနေတဲ့ ရွှေဖရုံသီးမှာ ဆီးချိုရှိသူတွေအတွက် သင့်တော်တဲ့။လေ့လာတွေ့ရှိချက်တွေအရ ရွှေဖရုံသီးမှာပါတဲ့ ပရိုတင်းဓာတ်တွေကဘက်တီးရီးယားတွေပေါက်ဖွားမှုကို အကောင်းဆုံးဟန့်တားပေးနိုင်သလို မှိုပိုးတွေကိုလည်း အကောင်းဆုံးတိုက်ဖျက်ပေးနိုင်တာကြောင့်ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကနေ အထိရောက်ဆုံးကာကွယ်ပေးပါတယ်။တချို့လေ့လာချက်တွေမှာ အမျိုးအစား -၁ ဆီးချိုရှိသူတွေအနေနဲ့ ရွှေဖရုံသီးကို စားသုံးပေးမယ်ဆိုရင် ပျက်စီးသွားတဲ့ပန်ကရိယဆဲလ်တွေကို ပြန်လည် အသစ်ဖြစ်ပေါ်စေနိုင်သလို ကိုယ်တွင်း အင်ဆူလင်ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဝမ်းမှန်စေနိုင်ပြီးသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိသလို ဆီးကျိတ်ကြီးလာတာမျိုး မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသေးတယ်။ပိုတက်ဆီယမ်ပါဝင်နေမှုကသွေးပေါင်ချိန်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပြီး ဆီးချိုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတိုးဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘီတာကယ်လ်ရိုတင်းပါဝင်မှုက ကိုယ်ခံအားကိုကောင်းပြီးအရေပြားနဲ့ အမြင်အာရုံ ကျန်းမာစေနိုင်သလိုဆီးကျိတ်ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင် A  နဲ့ ဗီတာမင် C ပါဝင်နေမှုကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလိုအယ်လ်ဇိုင်းမားမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ အမျှင်ဓာတ်ကြောင့် ဝမ်းမှန်စေပြီးအစာခြေစနစ်ကို ကျန်းမာစေပါတယ်။လေ့လာမှုတွေအရကတော့ ရွှေဖရုံသီးမှာပါတဲ့ polysaccharide  ကသွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။  ရွှေဖရုံသီးမှာပါတဲ့ phenolic phytochemical နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးပေါင်ကိုရော သွေးတွင်းသကြားဓာတ်ကိုပါအကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ရောင်ရမ်းမှုကို ကျစေနိုင်သလို အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးတာကို သက်သာစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာမျိုးမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဖရုံသီးမှာ သွေးချိုတက်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်နေတယ်ဆိုပေမယ့် ဆီးချိုရောဂါအတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်တဲ့ ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆီးချိုသက်သာစေဖို့ရော နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ဖို့အတွက်ပါ  ရွှေဖရုံသီးကိုအမျိုးအစား-၁ ဆီးချိုရှိသူတွေရောအမျိုးအစား-၂ ဆီးချိုရှိသူတွေပါ စားသုံးပေးသင့်ပါတယ်နော်။ဘာကြောင့် ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ လို့ ပြောရလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ ဆီးချိုရောဂါရှိသူများအနေနဲ့ ရွှေဖရုံသီးကို အလွန်အကျွံမဟုတ်ဘဲ သင့်တင့်တဲ့ပမာဏ စားပေးမယ်ဆိုရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရမှာပဲ ဖြစ်ပါတယ်။အစာလည်း ဆေး၊ ဆေးလည်း အစာပါ။ အတိုင်းအချင့်လေးနဲ့ စားပေးမယ်ဆိုရင် အကျိုးရှိမှာ အမှန်ပါပဲ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/pumpkin-diabetes/
အမျိုးသမီးထုရဲ့နှလုံးကျန်းမာရေးအတွက် သိထားသင့်တဲ့ အန္တရာယ်အချက်(၁၀)ချက်
နှလုံးမှာ မကျန်းမမာဖြစ်တဲ့ နှလုံးရောဂါတွေက အမျိုးအစားအများကြီးရှိပါတယ်။ ဒါပေမယ့် တချို့အမျိုးအစားတွေက အမျိုးသမီးတွေမှာပိုအဖြစ်များတတ်သလို မိန်းကလေးနဲ့ယောကျာ်းလေးမှာ လက္ခဏာတွေကလည်း ကွာခြားတတ်ပါသေးတယ်။ ဒီတော့ ကျွန်မတို့ မိန်းကလေးတွေ ကိုယ့်နှလုံးရဲ့ကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်လေးတွေလေ့လာကြည့်ဖို့လိုပါတယ်။ ဒါမှပဲကြောက်စရာကောင်းတဲ့နှလုံးရောဂါအန္တရာယ်ကို ကာကွယ်နိုင်မယ်၊စောစာကုသနိုင်မယ်လေ။အမှန်တော့ နှလုံးရောဂါရှိသူတွေဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို ရင်ဘတ်လေးဖိဖိပြီး အေးဆေးနားနေရတဲ့၊ လူတကာအလိုလိုက်ခံရနေတဲ့ ကံကောင်းသူတွေမဟုတ်ကြပါဘူး။ ကုသထိန်းချုပ်လို့ရတဲ့ အဆင့်လေးတွေကနေ ဗုံးတစ်လုံးလို အချိန်မရွေးထပေါက်ကွဲနိုင်တဲ့အဆင့်လည်းဖြစ်သွားနိုင်ပါတယ်။ရုပ်ရှင်ထဲမတော့ နှလုံးရောဂါဆို ရင်ဘတ်အောင့်တယ်၊မောတယ်။ တကယ်တမ်းက အမျိုးသမီးတွေမှာ သိသိသာသာနှလုံးရောဂါလက္ခဏာပြတာ နည်းပါတယ်၊ သိသာတာက အသက်ရှူမဝ၊ မွန်းကျပ်တဲ့ဝေဒနာကိုခံစားရတာပါ။မေးရိုး၊ ခါး ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်မှုခံစားရနိုင်တယ်။နောက်ပြီး မအီမသာဖြစ်တာ၊ခေါင်းမူးတာ စတဲ့လက္ခဏာတွေပါဖြစ်နိုင်ပါတယ်။စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ နှလုံးကြွက်သားအားနည်းတဲ့ရောဂါပါ။ ဒီရောဂါအခြေအနေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေရုတ်တရက်ထွက်လာတာကြောင့်၊ ဥပမာ အသည်းကွဲတာ၊ အိမ်ထောင်ကွဲတာ၊ မိဘဆွေမျိုးနဲ့မိသားစုဝင်ဆုံးပါးတာ လိုမျိုး စိတ်ထိခိုက်ခံစားရတဲ့ကိစ္စတွေကြုံလာရပြီးနောက် ဒီဝေဒနာဖြစ်လာတတ်ပါတယ်။ ဒဏ္ဍာရီတွေ၊ ဇာတ်တွေထဲမှာ ရင်ကွဲနာကျတယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်နိုင်ပါတယ်။ နှလုံးရဲ့တစ်စိတ်တစ်ပိုင်းက ကြီးလာပြီးကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီလိုကနေပြင်းထန်တဲ့ရင်ဘတ်အောင့်ခြင်းဖြစ်လာနိုင်ပေမယ့် အမြန်ဆုံးကုသနိုင်ရင် လုံးဝသက်သာလာနိုင်ပါတယ်။လေးဖက်နာအဆစ်ရောင်ရောဂါလိုမျိုး ကိုယ့်မှာရှိနေတယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေပိုမြင့်ပါတယ်။ရောင်ရမ်းမှုဆိုင်ရာရောဂါတွေကိုသေချာဂရုစိုက်ပေးပါ၊ စတီးရွိုက်ဆေးတွေကိုရှောင်ပါ။ နှလုံးရောဂါအန္တရာယ်ပိုများစေနိုင်ပါတယ်။စိတ်ကျခြင်းကြောင့် နှလုံးရောဂါအန္တရာယ် နှစ်ဆတိုးစေနိုင်သလို အမျိုးသမီးတွေမှာလည်း အမျိုးသားတွေထက် နှစ်ဆအန္တရာယ်ပိုများပါတယ်။ စိတ်ဓါတ်ကျနေတာကြောင့် တက်ကြွလှုပ်ရှားမှုနည်းနိုင်သလို ကိုယ့်ကျန်းမာရေးလည်းဂရုမစိုက်နိုင်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေကြောင့် နှလုံးကိုဒဏ်ပိစေနိုင်တာကို သတိထားပါ။အမျိုးသမီးတွေမှာ ဆီးချိုဖြစ်လာရင် နှလုံးရောဂါဖြစ်နိုင်ခြေနှစ်ဆပိုများပါတယ်။သွေးတွင်းသကြားမြင့်တက်ခြင်းကြောင့်သွေးထဲကအောက်စီဂျင်ပေးပို့မှုကိုနှေးစေပြီးသွေးကြောတွေကျဉ်းလာစေနိုင်တာက အကြောင်းရင်းတစ်ခုပါ။နောက်ထပ်အကြောင်းရင်းတစ်ခုက ဆီးချိုအမျိုးသမီးတွေဟာ ပိုဝလေ့ရှိပြီးသွေးတိုးနဲ့ ကိုလက်စထရောလည်းများလာနိုင်ပါတယ်။ ဒါ့ကြောင့် အရာရာထိန်းညှိနေထိုင်တာ အကောင်းဆုံးပါ။ကိုယ်အလေးချိန်များနေတဲ့အမျိုးသမီး(အထူးသဖြင့် ဗိုက်အဆီရှိနေတဲ့)တွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားပါတယ်။ ဒါပေမယ့် ပိန်ရင်တော့ မဖြစ်နိုင်ဘူးပြောလို့မရပါဘူး။ လူကမဝပေမယ့် ကိုလက်စထရောမြင့်နိုင်တယ်၊သွေးတိုး တက်နေနိုင်တယ် ဆိုတော့ နှလုံးရောဂါအတွက် ဆက်နွှယ်နိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။ကိုယ့်ရဲ့အမေ သို့မဟုတ် အစ်မက ၆၅ နှစ်အောက်အရွယ်မှာ နှလုံးရောဂါဖြစ်ခဲ့တယ်ဆိုရင် ဒါမှမဟုတ် အမေကလေဖြတ်ခဲ့တယ်ဆိုရင် ကိုယ်ဟာ သူများတွေထက် နှလုံးရောဂါဖြစ်လာနိုင်ခြေ ပိုများပါတယ်။ ကိုယ့်မှာ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း ဒါမှမဟုတ်လေဖြတ်တာတွေမဖြစ်မနေဖြစ်လာတော့မှာလို့ မဆိုလိုပေမယ့် မိသားစုမျိုးရိုးရှိတယ်လို့ သိထားပြီး ကာကွယ်ဖို့အဆင့်တွေလုပ်ဆောင်ရတော့မှာပါ။သွေးကြောတွေထဲမှာ ကိုလက်စထရောတွေစုနေပြီး အဆီချေးတွေဖြစ်လာမယ်၊ အချိန်ကြာလာတာနဲ့အမျှ မာလာပြီးသွေးကြောတွေပိတ်ဆို့စေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောအခြေအနေကိုသွေးစစ်ပြီးသိရှိနိုင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေ နည်းသွားစေဖို့ အဆီနဲ့အချိုကိုလျှော့စားပါ၊လေ့ကျင့်ခန်းလုပ်ပါ၊ ဘီယာတွေ၊ဝိုင်တွေသိပ်မသောက်ပါနဲ့။လတ်လတ်ဆတ်ဆတ်တွေစားပါ၊ ကယ်လိုရီနည်း အငန်နည်းပြီး အဆီနည်းတာတွေစားပါ။ နှလုံးအတွက် ဝိတ်လျှော့ပါ။ ကျန်းမာကျစ်လျစ်တဲခန္ဓါကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ကိုယ်ဝန်ဆောင်ကာလမှာ နှလုံးက ပိုအလုပ်လုပ်တဲ့အတွက် နှလုံးနဲ့သွေးကြောတွေကို ဝန်ပိစေနိုင်ပါတယ်။ ကလေးမွေးဖွားတဲ့အခါ ပိုပြီးဒဏ်ပိပါတယ်။ နှလုံးခုန်မမှန်၊ အဆို့ရှင်ပြဿနာရှိတတ်တဲ့ အမျိုးသမီးတွေဟာ အသက်ရှူမဝတာ၊ နှလုံးခုန်မြန်တာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်မဖြစ် သတိထားသင့်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%91%e1%80%af%e1%80%9b%e1%80%b2%e1%80%b7%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%80/
လျှာနာ နေလား ဒါလေးတွေစားပေးပါ
ခံတွင်းကျန်းမာရေးလို့ ပြောလိုက်ရင် တော်တော်များများပြေးမြင်တာကသွား နဲ့သွားဖုံးပါ။ လူတော်တော်များများကလျှာလေးကို မေ့ထားတတ်ကြပါတယ်။ခံတွင်းကျန်းမာရေးဆိုရင် လျှာလေးကို မေ့မထားဖို့ ပြောပါရစေ။ လျှာကကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားအစာတွေကို မျိုချတာ၊ အရသာခံတာ နဲ့ စကားပြောတာတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ မနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင် ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အခါ သွားနဲ့ သွားဖုံးပြီးရင် လျှာလေးကိုပါ ထည့်ပြီးသန့်ရှင်းပေးပါ။ လျှာလေးက နာနေလား၊ အရောင်ပြောင်းနေလားဆိုတာကို သေချာဆန်းစစ်ကြည့်ဖို့ ပြောပါရစေ။ ဒီတစ်ခေါက်တော့ လျှာနာ ရင် ဘာစားရမလဲဆိုတာကိုပြောပြပေးဖို့ပြောပါရစေ။လျှာကို ကိုက်မိထားတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုထိခိုက်မိထားတာကြောင့် လျှာနာ နေပြီဆိုရင် ဒါလေးတွေကို စားကြည့်ပေးဖို့ပြောပါရစေ။လျှာနာ တာကို သက်သာစေမယ့် စားစရာတစ်ခုပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အက်ဆစ်နဲ့ ဆားဓာတ်နည်းနည်းပဲပါဝင်တာကြောင့် လျှာကို မအီမသာဖြစ်စေတာမျိုးမရှိပါဘူး။ နွားနို့က ခံတွင်းထဲက တံထွေးနဲ့ ဂုဏ်သတ္တိချင်းတူပြီး လျှာကို ကာကွယ်ပေးပါတယ်။ အေးတဲ့ အစားအသောက်တွေက လျှာနာတာကို သက်သာစေနိုင်တာကြောင့် မသောက်ခင်မှာ နို့ကို ၁၀ မိနစ် ကနေ ၁၅မိနစ်လောက်ရေခဲသေတ္တာထဲ ထည့်ထားပြီးမှသောက်ပါ။လျှာနာ နေတဲ့အခါ သခွားမွှေးက စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ ဝါးစားရမှာ လျှာနာတယ်ဆိုရင်တော့ ကြိတ်စက်ထဲထည့် ကြိတ်ခြေပြီးသောက်ပေးလို့ရပါတယ်။ သခွားမွှေးဖျော်ရည်ထဲကို နို့ ဒါမှမဟုတ်ဒိန်ချဉ်ရောစပ်ပြီး သောက်ပေးလို့ရပါတယ်။အနီရောင်အသားက အက်ဆစ်ပါဝင်မှုနည်းပြီးပရိုတင်း၊ ပိုတက်ဆီယမ်၊ ဖော့စဖော့ရပ်စ် နဲ့ အခြားအာဟာရဓာတ်တွေ ပါဝင်တာကြောင့် လျှာနာ တာကို သက်သာစေနိုင်သလို ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ ချက်ပြုတ်တဲ့အခါ ဟင်းခတ်အမွှေးအကြိုင်တွေ သိပ်မထည့်မိဖို့တော့ သတိထားရပါမယ်။ကြက်သားမှာ ပရိုတင်း၊ ပိုတက်ဆီယမ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့်ကိုယ်ခံအားကောင်းစေနိုင်သလို လျှာနာတာကို သက်သာစေနိုင်ပါတယ်။ဥအမျိုးမျိုးကလည်း လျှာနာတာကို သက်သာစေတဲ့ အာဟာရတစ်မျိုးပါ။ လျှာနာနေတဲ့အခါ သက်သာစေဖို့ စားပေးသင့်ပါတယ်။ ကြက်ဥကို အကာကြက်ပြုတ်ပြီး စားပေးလို့ရပါတယ်။ပရိုတင်း၊အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်နေတဲ့ ပဲအမျိုးမျိုးက လျှာနာတာကို သက်သာစေနိုင်ပါတယ်။ ပဲကိုခပ်နူးနူးလေးချက်ပြီး အအေးခံလို့စားပေးပါ။လျှာနာတာကို တစ်ခါတလေမှာ ဘာမှ သိပ်မဟုတ်တဲ့ ပြဿနာလို့ ယူဆလို့ရတယ်ဆိုပေမယ့် အချိန်တော်တော်ကြာတဲ့အထိ မပျောက်ဘဲကျန်နေတဲ့ လျှာနာတဲ့ဝေဒနာကတော့ အာဟာရချို့တဲ့နေတာ ဒါမှမဟုတ် ကျန်းမာရေးပြဿနာ ကြီးကြီးမားမားခံစားနေရတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ လျှာနာ တာက အချိန်တော်တော်ကြာကြာ မပျောက်ဘဲရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။ တကယ်လို့ လျှာရောင်တာက အရမ်းပြင်းထန်လာပြီးအသက်ရှူရခက်လာမယ် ဆိုရင်တော့ ချက်ချင်းဆေးကုသမှုခံယူဖို့ပြောပါရစေ။လျှာက အမြင်မှာ ပြောင်ချောနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ လျှာမှာ အဖုငယ်လေးတွေရှိနေပါတယ်။ လျှာကဘက်တီးရီးယားတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ဆိပ်ကမ်းလိုပါပဲ။ ဒါကြောင့် မနက်ခင်း အိပ်ရာထလို့မျက်နှာသစ်၊ သွားတိုက်လုပ်တဲ့အခါ လျှာကိုပါ သန့်စင်ပေးဖို့ပြောပါရစေ။လျှာမှာ ဘက်တီးရီးယားတွေရှိနေတာက ခံတွင်းနံ့ကို ဆိုးစေနိုင်သလိုအရသာခံနိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေဟာ ခံတွင်းကနေတဆင့် အခြားအစိတ်အပိုင်းတွေဆီ ရောက်မသွားဖို့ဆိုရင် လျှာကို မဖြစ်မနေသန့်စင်ပေးဖို့လိုပါမယ်။ လျှာမှာ ဘက်တီးရီးယားတွေ အရမ်းများလာတဲ့အခါ လျှာက အဝါရောင်ပြောင်းတာမျိုး ဒါမှမဟုတ် အမွေးတွေပေါက်နေသလိုမျိုး ညိုတိုတိုအရောင်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လျှာနာတာနဲ့ လျှာကနေတဆင့်ရောဂါပိုးတွေကိုယ်ထဲရောက်မသွားစေဖို့ သွားတိုက်တဲ့အခါ ခံတွင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လျှာကို မေ့မထားဖို့ ပြောပါရစေ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%9c%e1%80%bd%e1%80%ba%e1%80%ac%e1%80%94%e1%80%ac%e1%80%b1%e1%80%94%e1%80%9c%e1%80%ac%e1%80%b8-%e1%80%92%e1%80%ab%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%85%e1%80%ac%e1%80%b8/
ဗိုက်ပူနေသူတွေ အဆီကျစေမယ့် အကောင်းဆုံးနည်းလမ်းများ
ဝမ်းဗိုက်တစ်ဝိုက် ဗိုက်ပူနေတဲ့သူတွေကိုဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်တတ်ကြတာ မကြာခဏ ကြားဖူးကြမှာပါ။ ဝတဲ့သူတွေပဲ ဗိုက်ပူလိမ့်မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ ပိန်တဲ့သူတွေမှာလည်းအစာအာဟာရမမျှတတာကြောင့်ရော၊ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်တာ၊အရက်သေစာအလွန်အကျွံသောက်စားတာကြောင့်ပါ ဗိုက်ပူနိုင်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်ဆေးလိပ်သောက်ခြင်းဟာ ကလေးအတွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားသော ကျန်းမာရေးပြဿနာတွေပါ ကြုံလာရနိုင်ပါတယ်။ဗိုက်ပူနေတာဟာ အမြင်အားဖြင့်လည်း ကြည့်ရဆိုးစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်းကိုလက်စထရောတွေ၊ သကြားဓာတ်တွေဟာ အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ဆီးချို၊ အသည်းအဆီဖုံးတာအပြင်စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်တာအထိပါ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ဗိုက်ပူတဲ့ သူတွေအတွက် အချိန်တိုအတွင်း အဆီကျစေနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။သကြားအလွန်အကျွံ ထည့်ထားတဲ့ မုန့်တွေ၊ ဖျော်ရည်တွေ၊ အအေးတွေ၊ စားစရာတွေဟာ အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲက တစ်ခုပါပဲ။ သကြားမှာဂလူးကို့စ်တစ်ဝက်၊ fructose လို့ ခေါ်တဲ့အသည်းကပဲ ချေဖျက်နိုင်တဲ့ ဓာတ်ပေါင်း တစ်ဝက် ပါဝင်ပါတယ်။ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးဖို့အတွက် ဂလူးကို့စ်ကို အသုံးပြုရပါတယ်။ သကြားပါဝင်မှုများတဲ့ အချိုမုန့်တွေ၊ အအေးတွေ စားသောက်မှု များလာတဲ့အခါမှာ သွေးတွင်း fructose ဓာတ်ပေါင်း ပမာဏ များလာပါတယ်။ အသည်းက ကောင်းကောင်းမချေဖျက်နိုင်တော့တဲ့အခါမှာ အဲ့ဒီဓာတ်ပေါင်းတွေဟာ အဆီအဖြစ်ကို ပြောင်းလဲသွားတယ်။ ဒီအခါမှာ ဝမ်းဗိုက်နဲ့ အသည်းမှာ အဆီဖုံးသွားပါတော့တယ်။အချိုဓာတ်ဟာ အဝလွန်စေတယ်၊ ဗိုက်အဆီတက်စေတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းနဲ့ နှလုံးမှာ ရောဂါဖြစ်လာတယ်။ အချိုဓာတ်ဟာ ကယ်လိုရီစားချင်စိတ်ကို နှိုးဆွပေးလို့ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာတွေ ပိုပိုစားရင်းနဲ့ လူတွေဟာ ဗိုက်ပူလာကြပါတယ်။ ဒါကြောင့် ဗိုက်အဆီချချင်ရင် အချိုလျှော့စားဖို့ လိုပါတယ်။ကစီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ တစ်နေ့တာခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကစီဓာတ်စားသုံးမှု များလာတဲ့အခါမှာ အဝလွန်နိုင်ခြေ မြင့်တက်လာပါတယ်။ ကိုယ်တွင်းအဆီကျချင်ရင် ကစီဓာတ်ကို လျှော့စားပေးပါ၊ ဒါမှမဟုတ် ကစီဓာတ်နည်းတဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပေးပါ။ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ဂျုံ၊ ပဲအမျိုးမျိုး၊ အာလူးကြော်၊ သကြားအပြင် ဘီယာတွေမှာ carbohydrate လို့ ခေါ်တဲ့ ကစီဓာတ်တွေ အများအပြားပါဝင်တာကြောင့် ဗိုက်အဆီကျချင်သူတွေ ပုံမှန်ထက် လျှော့ပြီး စားပေးသင့်ပါတယ်။အသားဓာတ်လို့လည်း လူသိများတဲ့ ပရိုတင်းဓာတ်ဟာ ကိုယ်အလေးချိန်ကို ကျစေတဲ့အာဟာရဓာတ်အဖြစ် လူသိများကြပါတယ်။ ပရိုတင်းဓာတ်ဟာ ကိုယ်တွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။အဝလွန်နေသူတွေ၊ ဝမ်းဗိုက်အဆီချလိုသူတွေအနေနဲ့ ငါး၊ ပင်လယ်စာ၊ အစေ့အဆန်၊ အသားနဲ့ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး အစရှိတဲ့ ပရိုတင်းပါဝင်မှုများတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။အမျှင်ဓာတ်ဟာ နေ့စဉ်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ အစာကြေစေတယ်။ ဝမ်းမှန်စေတယ်။ အစာမကြာခဏ စားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တယ်။ ဝမ်းဗိုက်မှာ စုနေတဲ့ အဆီပိုတွေကိုလည်း ကျစေတာကြောင့်အဝလွန်သူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်သူတွေနဲ့ ဗိုက်အဆီကျလိုသူတွေ တစ်နေ့ကို အမျှင်ဓာတ် မဖြစ်မနေ စားပေးသင့်ပါတယ်။ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေအပြင် အမျှင်ဓာတ်လည်း ပေါကြွယ်ဝပါတယ်။အပေါင်းအသင်းတွေနဲ့ စုပြီး ဘောလုံးကန်မလား၊ မနက်ခင်းမှာ အပြေးလေ့ကျင့်မလား၊ gym မှာပဲ စနစ်တကျ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်မလား၊ ကိုယ်တွင်းအဆီကျစေဖို့ အာဟာရမျှတတဲ့ အစားအသောက်နဲ့ ထိန်းဖို့ လိုအပ်သလို လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။လေ့ကျင့်ခန်းပုံမှန် လုပ်ပေးတဲ့အခါ ကိုယ်တွင်းအဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ သွေးထဲက သကြားဓာတ်တွေ၊ မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အဆီကျလိုတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/abdominal-obese-guys/
ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန်
ဂေါက်ရောဂါအန္တရာယ်အတွက် စားသောက်နည်းလမ်းညွှန် အကြောင်းကို လေ့လာလိုက်ရအောင်နော်။ဂေါက်ရောဂါဆိုတာသွေးတွင်း ယူရစ်အက်စစ်ပမာဏ မြင့်မားမှုကြောင့် ခရစ္စတယ်အမှုန်တွေ ဖြစ်လာစေပြီး အဆစ်ရဲ့ ပတ်လည်မှာ စုပုံလာတဲ့အခါ ခံစားရတဲ့အဆစ်ရောင် နာကျင်ကိုက်ခဲမှုတစ်မျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်က purine လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးကို ပြိုကွဲစေတဲ့အခါ ယူရစ်အက်စစ်တွေ ထွက်ရှိလာပါတယ်။ Purine ဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်ဖြစ်လာတတ်ပေမယ့် အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ ယူရစ်အက်စစ်ကို ခန္ဓာကိုယ်ထဲကနေ ဆီးကတဆင့် စွန့်ထုတ်ပါတယ်။ဂေါက်ရောဂါရဲ့ လက္ခဏာတွေကတော့ ရုတ်တရက်ပေါ်လာတတ်ပါတယ်။ တခါတရံ ညဘက်မှာ ချက်ချင်းကြီးဖြစ်လာတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေထဲမှာ –။ဂေါက်ရောဂါကခြေမအဆစ်မှာ ဖြစ်လေ့ရှိပေမယ့် ဒူး၊ လက်နဲ့ လက်ကောက်ဝတ် အဆစ်တွေမှာလည်းဖြစ်လာနိုင်ပါတယ်။ လက္ခဏာ စဖြစ်လာပြီး ၄ နာရီကနေ ၁၂ နာရီအတွင်းမှာ နာကျင်မှုက အဆိုးရွားဆုံးဖြစ်လာနိုင် ပါတယ်။ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲရပြီးနောက်မှာ ရက်အနည်းငယ်ကနေ ရက်သတ္တပတ်ချီတဲ့အထိ လက္ခဏာတချို့က ကျန်ရစ်နေနိုင်ပါသေးတယ်။ ထပ်ဖြစ်လာတဲ့ ရုတ်တရက်ကိုက်ခဲမှုတွေဟာ ပိုကြာရှည်တတ်ပြီး နာကျင်ရတဲ့ အဆစ်တွေ တိုးလာစေနိုင်ပါတယ်။နာကျင်ကိုက်ခဲလာတဲ့ အဆစ်အမြစ်နေရာမှာ ရောင်ရမ်းလာ၊ အထိမခံနိုင်ဖြစ်လာပြီး ပူလောင် နီရဲလာပါတယ်။ဂေါက်ရောဂါ အခြေအနေ ပိုဆိုးလာတာနဲ့အမျှ အဆစ်တွေ လှုပ်ရှားနိုင်စွမ်း ကျဆင်းလာနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ ဒီရောဂါက ဂေါက်ရောဂါမျိုးရိုးရှိသူတွေ၊ အမျိုးသားတွေနဲ့ အဝလွန်သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဂေါက်ရောဂါအတွက် ဓာတ်စာတွေဟာ ကုသပျောက်ကင်းနိုင်တဲ့ဆေး မဟုတ်ပေမယ့် နာကျင်ရတဲ့ လက္ခဏာတွေ ပြန်ပေါ်လာနိုင်တဲ့အန္တရာယ်ကို လျော့နည်းစေနိုင်ပြီး အဆစ်ထိခိုက်မှုကို နှေးကွေးစေပါတယ်။ နာကျင်မှုဝေဒနာနဲ့ ယူရစ်အက်စစ်ပမာဏလျော့နည်းစေဖို့ ဆေးဝါးနဲ့အတူ စားသောက်မှုပုံစံကို ပြင်ဆင်ပြီး ထိန်းဖို့လိုအပ်ပါတယ်။ဂေါက်ရောဂါအတွက် ကျန်းမာရေးနဲ့ညီညွတ်မယ့် ဆောင်ရန်ရှောင်ရန် စားသောက်နည်း အချက်အလက်တချို့ကို ဖော်ပြလိုက်ပါတယ်။Complex carbohydratesတွေပါတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပြောင်းနှံတွေ ပိုစားပေးပါ။ ပေါင်မုန့်အဖြူ၊ ကိတ်မုန့်၊ သကြားလုံး၊ အချိုရည်တွေလို အစားအသောက်တွေကို ရှောင်ပါ။ရေဓာတ်မချို့တဲ့ရအောင် နေပါ။ ရေများများသောက်ရင် Purine စွန့်ပစ်မှု ကောင်းစေလို့ ဂေါက်ရောဂါ ထလာနိုင်တဲ့ အန္တရာယ်ကို လျော့နည်းစေပါတယ်။ပြည့်ဝအဆီတွေ မရရှိအောင်လို့ အနီရောင်ရှိတဲ့ အသားတွေ၊ အဆီများတဲ့ အသားတွေနဲ့ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေကို လျှော့စားပါ။အဆီမပါတဲ့ အသားတွေ၊ ငါးတွေနဲ့ ကြက်ဘဲတွေဆီက နေ့စဉ် ပရိုတင်းစားသုံးမှုပမာဏကို ၄အောင်စ ကနေ ၆အောင်စအထိ လျှော့ချပါ။ အဆီထုတ်ဒိန်ချဉ်/နွားနို့လို အဆီမပါတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ်စားသောက်မှုပုံစံထဲ ပေါင်းထည့်ပြီး ယူရစ်အက်စစ်ကိုလျှော့ချပါ။ဆိုဒါ သို့မဟုတ် သစ်သီးအချိုရည်တွေလို အချိုများတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဒါတွေကိုရှောင်တာက ဝိတ်ချဖို့အတွက်တင် မဟုတ်ပါဘူး။ ဒီအချိုတွေက ခန္ဓာကိုယ်ကို ယူရစ်အက်စစ်ပိုထွက်ရှိအောင် နှိုးဆွကြမှာဖြစ်လို့ပါ။အခြေခံအားဖြင့်တော့ မြေပေါ်တစ်ထွာ မြေအောက်တစ်ထွာမှာ ပေါက်တတ်တဲ့ အသီးအနှံနဲ့ အရွက်တွေကို ရှောင်ရမယ်လို့ ပြောကြပါတယ်။ သူတို့တွေက Purine ဓာတ်များလို့ပါ။ ဥပမာ ပဲပင်ပေါက်တို့၊ ခရမ်းချဉ်သီးတို့၊ မျှစ်တို့ပါ။ ဒါပေမယ့် ဒီအစားအစာတွေက အာဟာရဓာတ်ကြွယ်ဝတဲ အစားအစာတွေပါ။ ဒါကြောင့် ဂေါက်ရောဂါထချိန်လောက်သာ ရှောင်ပြီး ကျန်တဲ့အချိန်တွေမှာ သင့်တင့်တဲ့ ပမာဏ စားပေးနိုင်ပါတယ်။ ဂေါက်ရောဂါရှိရုံနဲ့ ဒီအစားအစာတွေကို လုံးဝရှောင်စရာ မလိုပါဘူး။Purineပမာဏကို မြင့်တက်စေပြီး သွေးတွင်း ယူရစ်အက်စစ်ပမာဏကို တိုးစေနိုင်တာကြောင့် အသည်း၊ ကျောက်ကပ် စတဲ့ ကိုယ်တွင်းကလီစာများ စားသုံးခြင်းကို ရှောင်ပါ။ ကျန်တဲ့ အချိန်မှာ စားရင်တောင်  ဂေါက်ရောဂါထချိန်မှာတော့ ရှောင်သင့်ပါတယ်။တခြားအစားအစာတွေထက် purine ဓာတ်ပိုများတဲ့ ငါးသလောက်၊ ငါးသေတ္တာငါး၊ ယောက်သွား၊ ခုံး၊ မက်ခရယ်ငါး၊ တူနာငါးတို့လို ပင်လယ်စာတချို့ကိုရှောင်သင့်ပါတယ်။ခန္ဓာကိုယ်ထဲမှာ အယ်ကိုဟောရဲ့ ဇီဝဖြစ်စဉ်ကယူရစ်အက်စစ်ထုတ်လုပ်မှုကို တိုးမြင့်စေနိုင်တဲ့အပြင် အရက်ကြောင့် ရေဓာတ်ဆုံးရှုံးရစေနိုင်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါထမနေဘူးဆိုရင်တောင် အရက်၊ ဘီယာသောက်တာကို ရှောင်သင့်ပါတယ်။ဗီတာမင် စီက ယူရစ်အက်စစ်ပမာဏကို လျော့ကျစေနိုင်တာကြောင့် ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေကို စားတာ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင် စီဆေးပြားကို သောက်သုံးပါ။အတန်အသင့် ပမာဏအထိ ကော်ဖီသောက်သုံးခြင်းကဂေါက်ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ချယ်ရီသီးစားပေးရင်လည်း ဂေါက်ရောဂါအန္တရာယ်ကို လျော့နည်းစေတယ်လို့ အထောက်အထားတွေ တွေ့ရှိခဲ့ကြပါတယ်။ကိုယ်အလေးချိန်များနေရင်ဂေါက်ရောဂါဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများပြီး ကိုယ်အလေးချိန်ကျရင် အန္တရာယ် ပိုနည်းပါတယ်။ အစားအသောက်တွေ တရားလွန်  မရှောင်ဘဲ ကယ်လိုရီပမာဏနဲ့ ကိုယ်အလေးချိန်ကို လျှော့ချရင်ပဲ ယူရစ်အက်စစ်ပမာဏနဲ့ ဂေါက်ရောဂါအန္တရာယ်ကို နည်းပါးစေနိုင်တယ်လို့ သုတေသီတွေက ပြောလာကြပါတယ်။ ကိုယ်အလေးချိန်နည်းတဲ့အခါ အရိုးအဆစ်တွေပေါ်  ဖိအားလျော့နည်းစေလို့လည်း ပါပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/diet-for-gout-patients/
ကိုဗစ်အလွန် ချောင်းခြောက်ဆိုးခြင်း ဒီလို ဖြေရှင်းပါ။
ကိုဗစ်က အခုချိန်ထိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေဆဲပါ။ ကိုဗစ်ကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေလည်း မနည်းပါဘူး။ကိုဗစ်က ပြန်သက်သာလာခဲ့ရင်လည်းနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေက အတော်လေးများပါတယ်။ ဒီထဲမှာမှ အဖြစ်အများဆုံး ကိုဗစ် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာက ချောင်းခြောက်ဆိုးတာ ပါ။ကိုဗစ်ကြောင့် ခံစားရတဲ့အခြားလက္ခဏာတွေသက်သာလာပေမယ့် ချောင်းခြောက်ဆိုးတာက ကျန်နေတာကြောင့် နေ့စဉ်ဘဝ နေထိုင်မှုမှာ စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။Covid-19 ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲကို ဝင်ရောက်ကူးစက်တာပါ။ ကိုဗစ်က အဆုတ်ကို အဓိက တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ချောင်းဆိုးတာ၊ အောက်ဆီဂျင်ကျတာတွေကို ခံစားလာရတာပါ။ကိုဗစ်ဖြစ်တဲ့အခါ လက္ခဏာတွေအနေနဲ့။အခုပြောပြခဲ့တဲ့ လက္ခဏာတွေထဲမှာ အချို့လက္ခဏာတွေက ရောဂါ သက်သာလာတာနဲ့အမျှ တဖြည်းဖြည်း ပျောက်သွားတတ်ပေမယ့် ကိုဗစ် စတင် ကူးစက်ခံရကတည်းက ခံစားလာခဲ့ရတဲ့ ချောင်းခြောက်ဆိုးတာကတော့ သက်သာလာပြီး အချိန်အတော်ကြာတဲ့အထိ မပျောက်တာမျိုး ရှိနိုင်ပါတယ်။ဒီချောင်းခြောက်ဆိုးတာက ပြင်းထန်တာမှ မဟုတ်ဘဲဆိုပြီး အမှုမဲ့အမှတ်မဲ့ ထားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ ရောဂါတိုင်းက နောက်ဆက်တွဲတွေ ရှိနိုင်ပြီး နောက်ဆက်တွဲတွေကို သေချာလေး ကုသဖို့ကလည်း အတော်လေး အရေးကြီးပါတယ်။ဒီတော့ ကိုဗစ်နောက်ဆက်တွဲ ချောင်းခြောက်ဆိုးတာကို သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ကိုဗစ်အလွန်မှာ ချောင်းခြောက်ဆိုးတဲ့ ပြဿနာကရောဂါကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ခံစားရတဲ့ ပြဿနာပါ။ ဒီပြဿနာကြောင့် ကျန်းမာရေး ထိခိုက်မှု ကင်းစေဖို့ဆိုရင် ထိရောက်တဲ့ ကုသမှုတွေကို လုပ်ဆောင်ဖို့လိုပါမယ်။ရေများများ သောက်ပါဆိုတဲ့နေရာမှာ ရေအေးသောက်လို့ရသလို ရေနွေးနွေးလေးမှ လည်ချောင်းရှင်းတာ ဆိုသူတွေအနေနဲ့လည်း ရေနွေးနွေးလေး သောက်ပေးလို့ ရပါတယ်။ အဓိကကတော့ လည်ချောင်းထဲမှာ အစိုဓာတ်ရှိနေစေဖို့ပါ။ လည်ချောင်းခြောက်တာက ချောင်းခြောက်ဆိုးတာကို ပိုဖြစ်စေပါတယ်။ရေနွေးနွေးလေးထဲမှာ ပျားရည် တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) သံပရာသီး သင့်တော်သလို ညှစ်ထည့်ပါ။ ပြီးရင် သေချာလေးမွှေပြီး ခပ်နွေးနွေးလေးမှာ သောက်ပေးပါ။ ဒါက ရေဓာတ်ပြည့်စေသလို လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲက ပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ရေနွေးငွေ့ရှူတာက ချောင်းခြောက်ဆိုးတာ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ အတော်များများကို သက်သာစေတဲ့ နည်းလမ်းပါ။ ဒါကြောင့် ချောင်းခြောက်ဆိုးနေပြီဆိုရင် ရေနွေးငွေ့လေး ရှူပေးပါ။အဝကျယ်ကျယ် ဇလုံထဲ ရေနွေးပူပူထည့်ပြီး ထွက်လာတဲ့ အငွေ့ကို တဝရှူပေးပါ။ ပရုတ်၊ ပူစီနံတို့လိုမျိုး ပူရှိန်းရှိန်းလေးနဲ့ လည်ချောင်းရှင်းစေမယ့် အရာမျိုးကို ထည့်ပေးလို့လည်းရပါတယ်။ချောင်းဆိုးပျောက်ဆေးတွေမှာ ချောင်းခြောက်သက်သာအောင်ဆိုပြီး ထုတ်ထားတဲ့ ချောင်းဆိုးပျောက်ဆေးတွေ ရှိပါတယ်။ ဆေးဘူးမှာ Antitussives, Dry Cough, Cough suppressant စသဖြင့် ရေးထားလေ့ရှိပါတယ်။ ချောင်းခြောက်ဆိုးနေတာ ရက်ကလည်း ကြာနေပြီ အပေါ်က ပြောတဲ့နည်းတွေကို သုံးပေမယ့်လည်း မသက်သာဘူးဆိုရင်တော့ ချောင်းဆိုးပျောက်ဆေးကို ဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်း သောက်ပေးဖို့ အကြံပြုပါရစေ။ငုံဆေးတွေက ချောင်းခြောက်ဆိုးတာကြောင့် လည်ချောင်းနာတာကို သက်သာစေပါတယ်။ လည်ချောင်းကို စိုစွတ်စေတာကြောင့် ချောင်းခဏခဏ ဆိုးတာလည်း မဖြစ်တော့ပါဘူး။ကိုဗစ်က သက်သာလာပြီး ကျန်နေတဲ့ ချောင်းခြောက်ဆိုးတာကို ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းကြည့်နိုင်ပါတယ်။ ဆေးသောက်တာလည်း မသက်သာဘူး။ ချောင်းဆိုးတာအပြင် တခြားလက္ခဏာတွေပါ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြဖို့ အကြံပေးပါရစေ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/persistent-dry-cough-after-covid-19/
နှလုံးလေးဖက်နာ အကြောင်း တစေ့တစောင်း
ရောဂါတစ်ခုက မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့မြန်မာနိုင်ငံမှာ အဖြစ်မများဘူးဆိုပေမယ့်ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးလေးဖက်နာ အကြောင်းကို ဒီဆောင်းပါးလေးကနေတဆင့်ဆွေးနွေးပါရစေ။လေးဖက်နာရောဂါဆိုတာကခန္ဓါကိုယ်ကအဆစ်တွေကိုရောင်ရမ်းစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ လည်ချောင်းနာတာကိုသေချာမကုသမိတာ ဒါမှမဟုတ်စကားလက်အဖျားရောဂါကိုသေချာမကုသမိတာရဲ့ အကျိုးဆက်အနေနဲ့လေးဖက်နာရောဂါကို ခံစားရတာများပါတယ်။ လည်ချောင်းနာတာနဲ့ စကားလက်အဖျားရောဂါကို အဓိကဖြစ်စေတဲ့အရာကတော့streptococcus ဘက်တီးရီးယားပါ။ဒီအဖျားရောဂါနဲ့လည်ချောင်းနာတာက အသက် ၅ နှစ်ကနေ ၁၅ နှစ်အတွင်း ကလေးတွေမှာအဖြစ်များပြီး ဒီအရွယ်မှာ စတင်ကူးစက်ခံရတာကနေ အသက်ကြီးတဲ့အထိ ဆက်လက်ခံစားကြရတာပါ။ လေးဖက်နာကြောင့်ဖြစ်တဲ့အဖျားကနှလုံးအဆို့ရှင်တွေအပါအဝင် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။လေးဖက်နာ အဖျားရောဂါက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ရောဂါခံစားနေရတဲ့ အခြေအနေကိုလိုက်ပြီး လက္ခဏာတွေလည်းပြောင်းလဲနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို ခံစားရပြီး ၂ ပတ် ကနေ ၄ ပတ်အကြာမှာအဖျားရောဂါကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့။ကလေးအရွယ်မှာ လည်ချောင်းနာစေတဲ့streptococcusဘက်တီးရီးယားကူးစက်ခံရတာကိုသေချာမကုသမိရာကနေစဖြစ်တာဖြစ်တာကြောင့် ကလေးက လည်ချောင်းနာဖူးလားဆိုတာကို ဆရာဝန်က အရင်မေးပါလိမ့်မယ်။ပြီးရင်တော့သွေးစစ်ပါလိမ့်မယ်။သွေးထဲမှာstrep antibodiesတွေရှိနေလားဆိုတာကို စစ်ပါလိမ့်မယ်။ပြီးရင်တော့ ခန္ဓါကိုယ်ပေါ်မှာလေးဖက်နာအဖျားရောဂါရဲ့ လက္ခဏာတစ်ရပ်ရပ်ရှိနေလားဆိုတာကို စစ်ဆေးပါလိမ့်မယ်။ ကလေးရဲ့ နှလုံးခုန်သံကို နားထောင်ပြီးနှလုံးခုန်သံမှန်ရဲ့လားဆိုတာကို စစ်ဆေးပါလိမ့်မယ်။ကလေးမှာလေးဖက်နာအဖျားခံစားရတာကိုသေချာလေးကုသဖို့လိုပါမယ်။ တကယ်လို့ ဒီအခြေအနေကိုသေချာမကုသမိဘူးဆိုရင် ကလေးကရေရှည်မှာ နှလုံးထိခိုက်သွားနိုင်ပါတယ်။လေးဖက်နာအဖျားကြောင့် အဖျားတက်တာက နှလုံးအဆို့ရှင်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဓီလိုကနေတဆင့် နှလုံးလေးဖက်နာဖြစ်လာရတာပါ။ ဒါကြောင့် အကောင်းဆုံးကတော့ ကလေးမှာ လည်ချောင်းနာမယ်၊အာသီးရောင်မယ်စတဲ့ဝေဒနာတွေနဲ့အတူ အဖျားကိုပါခံစားရမယ်ဆိုရင် ကလေးကို အမြန်ဆုံး ကုသမှုခံယူစေဖို့လိုပါမယ်။ကုသမှုဆိုတဲ့နေရာမှာ ကလေးကိုလည်ချောင်းနာစေတဲ့streptococcus ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်တဲ့ ပဋိဇီဝဆေးဝါးတွေကိုသေချာလေးသောက်သုံးဖို့လိုပါမယ်။ ပြီးရင်တော့ နှလုံးရောင်တာနဲ့ အခြားသော လက္ခဏာတွေကို သက်သာစေမယ့် ဆေးတွေကို သောက်သုံးဖို့လိုပါမယ်။ လေးဖက်နာကြောင့်ဖြစ်တဲ့ အဖျားပျောက်သွားပြီဆိုရင်penicillin ဒါမှမဟုတ်လေးဖက်နာအဖျားကို ထပ်မဖြစ်အောင်ကာကွယ်ပေးတဲ့ဆေးဝါးတွေကိုသောက်သုံးဖို့လိုပါမယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/rheumatic-heart-disease/
သွားပွတ်တံကို မှန်မှန်ကန်ကန် အသုံးပြုကြမယ်။ သန့်ရှင်းအောင်ထားကြမယ်။
မမွှေးရင်နေပါစေ။အနံ့အသက်ဆိုးတဲ့ ခံတွင်းတစ်ခုကိုတော့ ဘယ်သူမှ မလိုချင်ကြဘူးလေ။ ဒီလို လူတိုင်းလိုချင်တဲ့ သန့်ရှင်းကျန်းမာတဲ့ ခံတွင်းတစ်ခုရဖို့အတွက်ဆိုရင် သွားတိုက်တာက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ခံတွင်းသန့်ရှင်းစေဖို့ သွားတိုက်တယ်ဆိုတဲ့နေရာမှာ သွားတိုက်နည်းမှန်ကန်ဖို့ရော ကိုယ်သုံးနေတဲ့ သွားပွတ်တံကို သန့်ရှင်းအောင်ထားဖို့အတွက်ရော နှစ်ခုလုံးက အရေးကြီးပါတယ်။သွားတိုက်တဲ့ ကိစ္စပြီးပြီ ဆိုတော့ ကိုယ်အသုံးပြုထားတဲ့ သွားပွတ်တံလေးကို ဘယ်လို သန့်ရှင်းအောင် ထားရမလဲဆိုတဲ့ ကိစ္စက အရေးကြီးလာပြန်ပါပြီ ။ ။သွားတိုက်ပြီးတိုင်းသွားပွတ်တံကို သန့်စင်ဆေးကြောပေးပါ– သွားတိုက်ပြီးရင် ခံတွင်းထဲမှာရှိတဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားတွေ သွားပွတ်တံမှာ ကပ်ပါလာမှာ ကျိန်းသေတာကြောင့် သွားတိုက်ပြီးတိုင်း သွားပွတ်တံကို သေချာဆေးကြောပေးဖို့ အရေးကြီးပါတယ်။သွားပွတ်တံကို ခြောက်သွေ့အောင်ထားပေးပါ–သွားပွတ်တံမှာ အစိုဓါတ်ရှိနေမယ်ဆိုရင် ဘက်တီးရီးယားတွေပေါက်ဖွားနိုင်တဲ့အတွက် ဆေးပြီးသား သွားပွတ်တံကို ခြောက်သွေ့အောင် လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ။သွားပွတ်တံကို မကိုင်ခင် လက်အရင်ဆေးကြောပေးပါ–လက်မှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများကြီးကပ်ညှိနေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ခါနီး သွားပွတ်တံကို မကိုင်ခင် အရင်ဆုံး လက်ကို စင်ကြယ်နေအောင်ဆေးကြောပါ။ ဒါမှာသွားပွတ်တံမှာ ဘက်တီးရီးယားတွေ ကပ်ညှိမနေမှာပါ။သွားပွတ်တံကို တစ်ယောက်တည်းသုံးပါ– သွားပွတ်တံဆိုတာ အခြားသူတွေနဲ့ မျှသုံးဖို့မသင့်တဲ့ ထိပ်ဆုံးက အရာပါ။ မျှသုံးရင် ခံတွင်းထဲက ဘက်တီးရီးယားတွေသာမက သွေးကနေတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေ အကုန်လုံး တစ်ယောက်ကနေ တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။ခရီးသွားတဲ့အခါ သွားပွတ်တံကို တစ်ခုခုနဲ့ ဖုံးကာသွားပေးပါ– ခရီးသွားတဲ့အခါမှာ အလှပြင်ပစ္စည်းအိတ်ထဲ သွားပွတ်တံကို ဒီတိုင်းထိုးထည့်လိုက်တာမျိုး မလုပ်ပါနဲ။ ကိုယ့်ပါးစပ်ထဲကို ပြန်ထည့်မယ့်သွားပွတ်တံမှာ ဘာပိုးမှ ကပ်မနေဖို့ အရေးကြီးတာကြောင့် သွားပွတ်တံတစ်ချောင်းတည်းကို သပ်သပ် သေချာထုပ်ပိုးပြီးမှ သွားပါ။သွားပွတ်တံကို ၆လတစ်ခါ အသစ်လဲပေးပါ –ဖွာလန်ကြဲနေမှ သွားပွတ်တံကို လဲတာထက်စာရင် ၆လတစ်ခါလောက်လဲပေးတာ သင့်သွားနဲ့သွားဖုံးအတွက် ပိုသင့်တော်စေပါတယ်။ဖျားနေစဉ်က အသုံးပြုတဲ့ သွားပွတ်တံကို ဆက်မသုံးပါနဲ့– တုပ်ကွေးဖြစ်တုန်းက သုံးခဲ့တဲ့ သွားပွတ်တံမှာ ရောဂါပိုးတွေကပ်ကျန်နေနိုင်တာကြောင့် နေပြန်ကောင်းလာတာနဲ့ သွားပွတ်တံအသစ်လဲပြီး အသုံးပြုပါ။ဒီတော့သန့်ရှင်းကျန်းမာတဲ့ခံတွင်းတစ်ခု ပိုင်ဆိုင်ဖို့အတွက် မှန်ကန်တဲ့ သွားတိုက်နည်းအပြင် သန့်ရှင်းတဲ့ သွားပွတ်တံတစ်ခုဖြစ်ဖို့ ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်နော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/tooth-brush/
HIV ရောဂါနှင့် ယုံမှတ်ချက် ၁၀ ချက်
လူအများစုမှာ HIV ရောဂါအကြောင်းနှင့် သူ၏ပျံ့နှံ့ပုံကို လွဲမှားသော ယူဆချက်ဖြင့် စွဲမှတ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် AIDS နှင့် HIV ရောဂါတို့မှာ ယခုထက်တိုင် မှားယွင်းသော ယူဆချက်များ ဖြစ်နေပါသည်။ ယူဆလေ့ရှိသော အချက် ၁၀ ချက်မှာ –။ထိုရောဂါသည် HIV ရောဂါပိုးမှ တစ်ဆင့်သာ ကူးစက်နိုင်ပါသည်။ သွေး၊ သုတ်ရည်၊ နို့ရည်များမှ ကူးနိုင်ပါသည်။• လေအတူတူ ရှူခြင်းဖြင့် မကူးနိုင်ပါ။• ဖက်ခြင်း၊ နမ်းခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှ မကူးနိုင်ပါ။• အိမ်သာ ကမုတ်ကို ထိခြင်း၊ တံခါးလက်ကိုင်ကို အတူကိုင်မိခြင်းဖြင့် မကူးနိုင်ပါ။• ရောဂါပိုးရှိသောသူနှင့် အတူတူစားခြင်းဖြင့် မကူးနိုင်ပါ။ခြင်မှ HIV ရောဂါပိုး ကူးစက်ခြင်းမှာ မည်သို့မှ မဖြစ်နိုင်သော အချက်ဖြစ်ပါသည်။ ရောဂါပိုးရှိသူကို ခြင်ကိုက်လျှင်၊ ထို့နောက် ကျန်းမာသော လူတစ်ယောက်ကို ကိုက်လျှင် ထိုသွေးကို မိမိ၏ ကိုယ်တွင်းသို့ ပို့ခြင်း မဟုတ်သည့်အတွက် မကူးနိုင်ပါ။ သို့သော် ထိုခြင်ကို သတ်လိုက်လျှင်၊ မိမိတွင်လည်း အနာရှိနေလျှင် HIV ကူးနိုင်ပါသည်။ သို့သော် ထိုကဲ့သို့ ဖြစ်စဉ်မျိုးသည် ရှားပါးပါသည်။မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးနှင့် တစ်ဦး မတူညီသောကြောင့် ဖြစ်ပါသည်။ အများအားဖြင့်မှာ ရောဂါပိုးဝင်ရောက်လျှင် တုပ်ကွေးကဲ့သို့ ချမ်းတုန်ခြင်း ဖြစ်တတ်ပြီး နောက်ပိုင်းတွင် ပျောက်သွားလေ့ရှိပါသည်။ တချို့ အခြေအနေများတွင် မည်သို့မျှ မဖြစ်ဘဲ ရှိတတ်ပါသည်။ HIV ရှိပြီဆိုရုံနှင့် AIDS ရှိပါသလား။HIV သည် မကုသလျှင် AIDS သို့သာ ကူးပြောင်းနိုင်ပါသည်။ ထိုသို့ မကူးအောင် သောက်သုံးနိုင်သော ဆေးများရှိပါသည်။ ဆေးသောက်လျှင် AIDS သို့မကူးပြောင်းဘဲ ယခင်အတိုင်းကို အချိန်ကြာမြင့်စွာ ရှိနေနိုင်ပါသည်။ ဆေးသောက်လျှင် ရောဂါပိုး အခြေအနေကို ထိန်းနိုင်၍ AIDS ၏ နောက်ဆက်တွဲ ပြဿနာများ မရှိနိုင်တော့ပါ။ ထို့ကြောင့် ဆေးပုံမှန်သောက်၍ ကာကွယ်မှု ယူနိုင်ပါသည်။လိင်တူ ဆက်ဆံသူများ၊ လိင်အလုပ်သမများ၊ မူးယစ်ဆေး သုံးသူများမှာ အများဆုံးဖြစ်ပါသည်။ စိတ်မပူပါနှင့်။ မှားယွင်းသော အယူအဆမှာ လိင်တူဆက်ဆံသူများ၊ လိင်အလုပ်သမများ၊ ဆေးသုံးသူများ မဟုတ်လျှင် မကူးစက်နိုင်ဟု ပြောကြသည်။ ထိုအုပ်စုမှာ ဖြစ်ရန်အတွက် ရာခိုင်နှုန်းများသော်လည်း လူတိုင်းမှာ ရောဂါ ကူးစက်နိုင်ပါသည်။ ကျန်းမာသော လူတစ်ယောက်သည်လည်း မသန့်သော သွေးသွင်းမိပါက ရောဂါကူးစက်နိုင်ပါသည်။တစ်ခါတရံဆေးနှင့် တည့်၍ စွမ်းသည်ဟု ထင်နိုင်ပါသည်။ သို့သော် ဆေးကို မိမိသဘောနှင့် ရပ်မည်ဆိုပါက ရောဂါပိုးများ ဝင်ရောက်၍ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ဆရာဝန် ညွှန်ကြားချက် မပါမချင်း မရပ်တန့်သင့်ပါ။ ဆရာဝန်နှင့် မိမိခံစားရသော ဘေးထွက်ဆိုးကျိုးများ အကြောင်းပြောပြ၍ ဆေးပြောင်းနိုင်ပါသည်။ HIV ကုသမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ နောက်ဆုံးရ ဆေးပညာ သတင်းများကို ဖတ်ရှုပါ။ပါးစပ်နှင့် ကာမဆက်ဆံခြင်းသည် စအို နှင့် မိန်းမကိုယ်အင်္ဂါထဲ ထည့်၍ ဆက်ဆံခြင်းလောက် မကူးနိုင်သော်လည်း ရောဂါပိုးမဝင်နိုင်ပါဟု ပြော၍မရပါ။ ဥပမာ – အနာ အပေါက် အပြဲ ရှိနေလျှင် ကူးစက်နိုင်ပါသည်။HIV တွင် ဖြစ်ရမည်ဟူသော လူအဆင့်အတန်း မရှိပါ။ လူတိုင်းဖြစ်နိုင်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်သုံးခြင်း၊ ရောဂါပိုးရှိသော မိခင်မှ ကလေးသို့ ကူးစက်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ထိုရောဂါမှာ မသန့်ရှင်းသော ဆေးထိုးအပ်များကို သုံးခြင်းဖြင့်လည်း ကူးစက်နိုင်ပါသည်။ ဆေးရုံများ၊ ဆေးမင်ကြောင်ထိုးသော နေရာများ၊ အကြောဆေး ထိုးခြင်း တို့တွင် အဖြစ်များပါသည်။ မိခင်မှ ကလေးသို့လည်း နို့တိုက်ရင်း ကူးစက် နိုင်ပါသည်။ တစ်ခါတရံ သွားဖုံးသွေးယိုနေစဉ် နမ်းခြင်းမှလည်း ကူးစက်နိုင်ပါသည်။ထိုသို့သော ဖြစ်စဉ်မှာ ၂ ရာခိုင်နှုန်းအောက်သာ ရှိပါသည်။မိခင်မှာ ရောဂါပိုးရှိသည်ဟု ကြိုတင်သိလျှင် ART ဆေးများသောက်၍ ကလေးဆီသို့ မကူးအောင် ကာကွယ်နိုင်ပါသည်။ နို့တိုက်သင့်၊ မတိုက်သင့်မှာ လေ့လာချက် ပြုလုပ်နေဆဲ ဖြစ်ပါသည်။ တောင်အာဖရိက စစ်တမ်းအရ နို့တိုက်ခြင်းဖြင့် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သို့သော် တခြားသော စစ်တမ်းများမှာ ကူးစက်နိုင်သည်ဟု ဖော်ပြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာမှုအရ နို့တိုက်မိခင်များသည် ဆေးဆက်သောက်ရပါမည်။သင် HIV နှင့် ပတ်သက်၍ နားမလည်သည်များ ရှိပါသလား။ သိအောင်ပြောင်းလဲနိုင်ပါသည်။ မိမိ မိသားစုနှင့် ဆွေမျိုးများကိုလည်း သိအောင် ရှင်းပြပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%9a%e1%80%af%e1%80%b6%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%81%e1%80%ba%e1%80%80%e1%80%b9/
Hybrid immunity ဆိုတာ ဘာများလဲ.........
Immunity ဆိုတဲ့ စကားလုံးက ရင်းနှီးနေနိုင်ပေမယ့် Hybrid immunityဆိုတာကတော့ သိပ်မရင်းနှီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီ ကိုယ်ခံအား အမျိုးအစားက လူတိုင်းမှာ ထွက်ရှိတာမျိုး မဟုတ်ပါဘူး။ တစ်မျိုးမကသော ကိုယ်ခံအား ပေါင်းစပ်မှုလို့ပဲ ဆိုရပါမယ်။ပုံမှန် ကိုယ်ခံအားရဲ့ စုဖွဲ့မှုထက် ပိုမို ရှုပ်ထွေးနိုင်ပါတယ်။ ပုံမှန် ကိုယ်ခံအားမှာ ပါဝင်နေတဲ့အရာတွေနဲ့လည်း ကွာခြားတာမျိုး ရှိနိုင်ပါတယ်။ အခုလို ကိုယ်ခံအားကို ဘယ်သူတွေမှာ တွေ့ရနိုင်လဲဆိုရင်ဗိုင်းရပ်စ် တစ်မျိုးမျိုး ကူးစက်ခံရမယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နေထိုင်မကောင်း ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ ကိုယ်ခံအား ထွက်လာမယ်။ဒီကိုယ်ခံအား ထွက်နေချိန်မှာ အဆိုပါ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးကို ထိုးလိုက်တဲ့အခါခန္ဓာကိုယ်မှာ ကာကွယ်ဆေးရဲ့ လှုံ့ဆော်မှုကြောင့် ထွက်လာတဲ့ ကိုယ်ခံအား တစ်မျိုး ထွက်လာပါမယ်။ ဒီ ကိုယ်ခံအား ၂ မျိုး ပေါင်းစပ်မိရာကနေ ထွက်လာတဲ့ ကိုယ်ခံအားကို Hybrid immunity (ပေါင်းစပ် ကိုယ်ခံအား) လို့ ခေါ်တာပါ။ကိုယ်ခံအား ၂ မျိုး ပေါင်းထားတာပေါ့။ အခုလည်း ကိုဗစ်ဖြစ်ပြီးလို့antibody ထွက်နေချိန်မှာ ကာကွယ်ဆေး ထိုးလိုက်မယ်ဆိုရင် ကိုဗစ် ဖြစ်ထားလို့ ထွက်တဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးက လှုံ့ဆော်လို့ ထွက်လာတဲ့ ကိုယ်ခံအား ၂ မျိုး ပေါင်းမိပြီး Hybrid immunity ထွက်တာမျိုးတွေ ရှိပါတယ်။လူတိုင်းမှာ ထွက်တာလားဆိုတော့ မဟုတ်ပါဘူး။ အချို့မှာ ရောဂါကူးစက်ခံရတယ်။ ပြန်ကောင်းလာပေမယ့် antibody မထွက်တာမျိုးရှိတာမျိုး ရှိမယ်။ ကာကွယ်ဆေးထိုးပေမယ့် antibody မထွက်ဘူးဆိုရင်တော့ ဒီပေါင်းစပ် ကိုယ်ခံအားကို ရနိုင်ဖို့ ခက်ပါမယ်။Hybrid immunityရဲ့ ကာကွယ်နိုင်စွမ်းက ပုံမှန် ကိုယ်ခံအားရဲ့ ကာကွယ်နိုင်စွမ်းထက် ပိုများပါတယ်။ ကိုယ်ခံအား စနစ် တစ်ရပ်မှာ အဓိက ဆဲလ်အမျိုးအစား (၃) မျိုး ပါပါတယ်။ ဒါတွေကတော့ antibody ကို အဓိက ထုတ်ပေးတဲ့B cells၊ CD4+T cells နဲ့ CD8+T cells တို့ပါ။ဒီကိုယ်ခံအားဆဲလ်တွေက ကိုယ်တွင်းကို ရောက်လာပြီး တိုက်ထုတ်လိုက်နိုင်တဲ့ ဗိုင်းရပ်စ်ကို ၇ လကနေ ၈ လလောက်အထိ မှတ်သား ထားနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒီလိုကာလအတွင်းမှာ ထပ်မံဝင်ရောက်လာခဲ့ရင်လည်း မှတ်သားတိုက်ထုတ်ပေးနိုင်ပါတယ်။ဒါပေမယ့် ဒီကာလကို ကျော်လာတဲ့အခါ  antibody က ဖြည်းဖြည်းချင်း ကျလာပြီး ပမာဏတစ်ခုမှာ ငြိမ်သွားပါတယ်။ ဒါကတော့ ရောဂါကူးစက်ခံရပြီးနောက် ထွက်လာတဲ့ ကိုယ်ခံအားရဲ့ ကာကွယ်နိုင်စွမ်းပါ။ကာကွယ်ဆေးဆိုတာကသေဆုံးပြီးသားဗိုင်းရပ်စ်တစ်စိတ်တစ်ပိုင်းကို ထည့်ပြီး လုပ်ထားတာပါ။ ကိုယ်ခံအားကို ဗိုင်းရပ်စ်ကို သိရှိစေပြီး မှတ်သား ခုခံတတ်အောင် သင်ပေးသလို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့လည်း လေ့ကျင့်ပေးပါတယ်။ဒီလိုနဲ့ ကိုယ်တွင်းမှာ ရောဂါကို ခုခံဖို့ ကိုယ်ခံအား ထွက်လာတာပါ။ ဒီကိုယ်ခံအားကလည်း အနည်းဆုံး ၆ လကနေ အများဆုံး ၁ နှစ် အထိပဲ ခံပါတယ်။ဒါကြောင့်လည်း တချို့ကာကွယ်ဆေးတွေ ထိုးပြီးလို့ ၆ လ တစ်နှစ်လောက် နေတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေး (Booster) တွေကို ထိုးရတာပေါ့။Hybrid immunityကတော့ ကိုယ်ခံအားက ရောဂါကို ခုခံလို့ ထွက်လာတဲ့ antibody တွေနဲ့ ကာကွယ်ဆေးက လှုံ့ဆော်ပေးလိုက်လို့ ထွက်လာတဲ့ antibody တွေကို ပေါင်းစပ်လိုက်တာပါ။ဒီကိုယ်ခံအားရဲ့ ကာကွယ်နိုင်စွမ်းက ပုံမှန် တစ်မျိုးချင်းစီ ရှိနေတဲ့ ကိုယ်ခံအားတွေထက် ကာကွယ်နိုင်စွမ်း ၂၅ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကျော်လောက် ပိုများပါတယ်။ဒါကြောင့် ကိုဗစ် ဖြစ်တယ်ဆိုရင်တောင်မှ ကာကွယ်ဆေး ထိုးထားတာက Hybrid immunityကို ရရှိစေပြီး ဗိုင်းရပ်စ်ရန်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။Hybrid immunityက ဒီလို အခြေအနေမှာ မထွက်နိုင်ပါဘူး။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/hybrid-immunity/
ဘယ်သူကယ်နိုင်မလဲ အသည်းကွဲတဲ့ရောဂါ
ချစ်ရသူနဲ့ ကွေကွင်းရတဲ့အခါ၊ ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေ ကြုံလာရတဲ့အခါ၊ မိသားစုဝင်တွေ ကိုယ်ချစ်ချင်မြတ်နိုးတန်ဖိုးထားရသူတွေ ဆုံးပါးသွားတဲ့အခါ၊ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်းစိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများလာတဲ့အခါမျိုးတွေမှာ လူတွေရဲ့ စိတ်နှလုံးဟာ ပြင်းထန်စွာ နာကျင်ခံစားရတတ်ပါတယ်။ ဒါကို အသည်းကွဲတယ်လို့ ယျေဘုယျအားဖြင့် ခေါ်ကြပါတယ်။ တကယ်တော့ အသည်းကွဲတယ်ဆိုတာဟာ ချစ်သူရည်းစားနဲ့ လမ်းခွဲလို့ ခံစားရရုံသက်သက်ဝေဒနာ မဟုတ်ပါဘူး။ဒါဆို အသည်းကွဲတာ ရောဂါတစ်ခုလား?အသည်းကွဲတယ်ဆိုတာက ယာယီနှလုံးရောဂါလက္ခဏာ တစ်မျိုးပါ။ ပြင်းထန်တဲ့ စိတ်ခံစားနာကျင်ခံစားရမှုတွေနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ Broken Heart Syndrome လို့ လူသိများပေမယ့် Stress Cardiomyopathy ၊ Takotsubo Cardiomyopathy လို့လည်း ခေါ်ဝေါ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် နှလုံးအတွင် သွေးလည်ပတ်စီးဆင်းမှု လျော့နည်းပြီး နှလုံးကြွက်သားတွေ အားနည်းသွားခြင်းဖြစ်ပါတယ်။အသည်းကွဲတဲ့ရောဂါလက္ခဏာ ပြသလာတဲ့အခါမှာ ရုတ်တရက်ရင်ဘတ်အောင့်လာတာတွေ၊အသက်ရှူရခက်ခဲလာတာတွေဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ကုသလို့ရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီးတော့ ရက်အနည်းငယ်အတွင်းမှာလည်း သူ့ဘာသာသက်သာသွားနိုင်ပါတယ်။ ဒါကြောင့်လည်း လူတွေက အသည်းကွဲနေတဲ့ လူတစ်ယောက်ကို တွေ့ရင် အချိန်တန်ရင် အဆင်ပြေသွားမှာပါလို့ ပြောလေ့ရှိကြတာဖြစ်ပါမယ်။ဒါပေမယ့်လည်း အချိန်ပေးထားရုံနဲ့လည်း မပြီးပါဘူး။ သူ အလျှင်အမြန် သက်သာလာဖို့ဆိုရင် ပတ်ဝန်းကျင်ရဲ့ အကူအညီကလည်း အရေးကြီးလှပါတယ်။ တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ အသည်းကွဲနေတဲ့ဝေဒနာဖြစ်နေတဲ့သူ၊ အပေါင်းအသင်း မိတ်ဆွေမျိုးရှိနေမယ်ဆိုရင် ဘယ်လို ကုစားမလဲ။ ဘယ်လို ဖေးမကူညီပေးမလဲ။အောက်ပါ အချက်လေးတွေကို လိုက်နာပြီး သူ့ကို ကူညီပေးနိုင်ပါတယ် …။၁။ အခြေအနေကို လက်ခံပြီး ဖြတ်ကျော်ဖို့ တိုက်တွန်းပါ။၂။ ပျော်ရွှင်လာစေမယ့် အခိုက်အတန့်လေးတွေ ဖန်တီးပေးပါ။၃။ လွတ်လပ်မှုကို ခံစားမိအောင် အသိပေးပါ။၄။ အားအသာဆုံးအချက်တွေကို အဖန်ဖန်ပြန်တွေးခိုင်းပါ။၅။ စိတ်ကူးယဉ် အိပ်မက်တွေကို အကောင်အထည်ဖော်ခိုင်းပါ။၆။ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်ခိုင်းပါ။၇။ အပြင်ထွက်ဖို့ ခေါ်ပါ။၈။ သူ ရင်ဖွင့်သမျှကို သေချာနားထောင်ပေးပါ။၉။ ယုံကြည်မှုတိုးစေမယ့် စာအုပ်မျိုးတွေပေးဖတ်ပါ။၁၀။ အားရပါးရ ငိုကြွေးခိုင်းပါ၊ မျက်ရည်က ဒီနာကျင်မှုဝေဒနာတွေကို ကုစားနိုင်တယ်ဆိုတာကို ပြောပြပါ။ဒီလိုဆိုရင် ကိုယ့်ပတ်ဝန်းကျင်က အသည်းကွဲနေသူတွေကို ကောင်းကောင်း ဖေးမ ကုစားပေးနိုင်မှာပါ။ အသည်းကွဲနေတဲ့ သူငယ်ချင်းကို အချိန်တစ်ခုပေးပြီး ကောင်းကောင်း ကူညီဖေးမပေးနိုင်မယ်ဆိုရင် ကာယကံရှင်အတွက်လည်း ဝေဒနာ အလျှင်အမြန်သက်သာသွားမှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/cardiomyopathy/broken-heart-syndrome/
ဗိုက်ချပ်အဆီကျဖို့ ကြိုးစားတဲ့အခါ မှန်းသလောက် အရာမထင်တာ ဘာကြောင့်လဲ
ဗိုက်ချပ်အဆီကျဖို့ ကြိုးစားတဲ့အခါ မှန်းသလောက် အရာမထင်တာ ဘာကြောင့်လဲ ဆိုတာ သိပြီးပြီလား …. ဗိုက်အဆီကျပြီး အချိုးကျချပ်ရပ်တဲ့ကိုယ်ဟန်နေထားရနိုင်ဖို့ လူတိုင်းစိတ်ကူးယဉ်ကြမှာပါပဲ။ တကယ်တော့ ဗိုက်ခေါက်လေးတွေကို ဘယ်သူမှမချစ်နိုင်ကြပါဘူး။ဗိုက်ချပ်အဆီကျဖို့ ကြိုးစားကြတဲ့အခါ အစားလျှော့မယ်၊ အားကစားလုပ်မယ်၊detoxတွေသောက်မယ်၊ စသည်ဖြင့် နည်းလမ်းကိုစုံနေတာပဲ။ဒီလိုကြိုးစားတဲ့နေရာမှာ လွဲမှားနေတာရှိရင် ပင်ပန်းပေမယ့်အရာမထင်ဖြစ်နေရနိုင်ပါတယ်။ အစားလျှော့မယ်၊လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီးတာပဲလို့ တွေးမယ့်အစား ဘာတွေမှားတတ်လဲ သိထားရင် ပိုထိရောက်ဖို့အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ဗိုက်ချပ်အဆီကျဖို့ ကြိုးစားတဲ့အခါ မှန်းသလောက် အရာမထင်တာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။(၁)အိပ်ရေးဝအောင် မအိပ်တာ။ဖုန်းလေးပွတ်လိုက်၊ ဂိမ်းလေးဆော့လိုက်နဲ့ ညဉ့်နက်သွားတာ၊ အလုပ်တွေများပြီး မအိပ်နိုင်တာ၊ အိပ်ခါနီးကော်ဖီသောက်လိုက်မိတာ စတဲ့အကြောင်းရင်းတွေကြောင့် အိပ်ရေးမဝဖြစ်ရတတ်ပါတယ်။နောက်တစ်နေ့မှာ လူကနုံးနေပြီး အားမရှိဖြစ်နေတာကိုသိသာပေမယ့် ညဘက်အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်ထဲမှာ ကိုယ်အလေးချိန်အပေါ်သက်ရောက်မှုလည်းပါရှိပါတယ်။ အိပ်ရေးပျက်တဲ့အခါ အစာစားချင်စိတ်ကို သက်ရောက်နိုင်တဲ့ ghrelin နဲ့ leptinဟော်မုန်းတွေကိုထိန်းညှိနိုင်စွမ်းမရှိတော့ပါဘူး။ ဗိုက်ဆာစေနိုင်တဲ့ghrelin ပမာဏကမြင့်လာပြီး ဗိုက်ပြည့်ခြင်းကိုခံစားရစေတဲ့leptin ပမာဏက ကျဆင်းသွားပါတော့တယ်။ ဒီလိုစားချင်စိတ်ပိုများနေတဲ့အချိန် အဆီချရတာ ပိုပင်ပန်းစေနိုင်လို့ အိပ်ရေးဝအောင်အိပ်ပါ။(၂)အချိုစားတာ များနေတာ။အားကစားတွေလုပ်ရင်းရေဓါတ်ဖြည့်အချိုရည်တွေသောက်မိတာများရင် ဝိတ်ချရပိုခက်စေပါလိမ့်မယ်။ အသီးအနှံတွေကကောင်းတယ်၊ စားသင့်တယ်ဆိုပေမယ့် သဘာဝအချိုဓါတ်ကိုကပါဝင်မှုများတဲ့အသီးတွေကို အများကြီးစားမိတယ်ဆို ကိုယ်အလေးချိန်မကျတဲ့အပြင် ပိုတောင်တက်စေနိုင်ပါတယ်။ ဒိန်ချဉ်ဆိုလည်း သကြား သို့မဟုတ် ထန်းလျက်ရည်အများကြီးထည့်စားမိရင် အဆီချတာက မှန်းသလောက်မထိရောက်နိုင်ပါဘူး။(၃)ပရိုတင်း လုံလောက်အောင်မစားတာ။အဆီချတဲ့အခါမှာ ပရိုတင်းဓါတ်က အရမ်းကိုအရေးပါပါတယ်။ ပရိုတင်းက ကြွက်သားတစ်ရှူးတွေတည်ဆောက်မှုကို ထိန်းသိမ်းပေးပြီးကယ်လိုရီလောင်ကျွမ်းမှုပမာဏကိုတိုးစေဖို့ ကူညီပေးပါတယ်။ အချိန်ကြာကြာဗိုက်ပြည့်တင်းတိမ်နေစေဖို့ အကောင်းဆုံးခွန်အားအရင်းအမြစ်လည်းဖြစ်တာကြောင့်တော်ရုံမဆာတော့ပါဘူး။ ကြက်ရင်ပုံသား၊ တူနာငါး၊ ကြက်ဥ၊နို့ နဲ့ ကုလားပဲ တို့က အကောင်းဆုံးပရိုတင်း အရင်းအမြစ်တွေဖြစ်ပါတယ်။ ပရိုတင်းလုံလောက်အောင်မစားဘဲ အဆီချရင်တော့ ပိန်ပေမယ့် မကျစ်လျစ်ဘဲ အသားအရေလျော့တွဲတာတွေဖြစ်နိုင်ပါတယ်။(၄)စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေများနေတာ။စိတ်ဖိစီးမှုတွေ ထမ်းပိုးထားတာက ခန္ဓါကိုယ်မှာ ဗရမ်းဗတာတွေ ဖြစ်စေနိုင်တယ်နော်။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီဆောဟော်မုန်းတွေက အချိုများတာတွေပဲ မက်မောတောင့်တစိတ် ဖြစ်လာစေနိုင်ပါတယ်။ ကော်တီဆောဟော်မုန်းတွေ မြင့်မားမှု အချိန်ကြာလာရင် ဗိုက်အဆီကလည်း ပိုထူပါလိမ့်မယ်။(၅) အသေအကြေ အစားလျှော့တာ။စားတဲ့ အစားအသောက် ပမာဏကို ချက်ချင်း လျှော့ပစ်လိုက်တာက စစချင်းမှာ ပေါင်အနည်းငယ် ကျစေနိုင်ပေမယ့် အဆီချ အစီအစဉ် ရပ်လိုက်တဲ့အခါ ပြန်မတက်အောင် ထိန်းထားနိုင်ဖို့ ခက်စေပါလိမ့်မယ်။ ကယ်လိုရီ ပမာဏကို ပုံမှန်စားသင့်တဲ့ ပမာဏထက် လျှော့စားတယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုး ပိုများပါလိမ့်မယ်။ ခန္ဓါကိုယ်မှာ ကယ်လိုရီပမာဏ ကျဆင်းသွားတဲ့အခါ အင်အားပြတ်လပ်မှု အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေပြီး ကိုယ်အလေးချိန်လျော့ဖို့ ပိုခက်စေနိုင်ပါတယ်။(၆) မရပ်မနား လေ့ကျင့်ခန်း လုပ်လွန်းတာ။လူ့ခန္ဓါကိုယ်ဟာ လှုပ်ရှားမှုအားကစားနဲ့ အနားယူခြင်းကို ညီညွတ်မျှတအောင် ထိန်းဖို့ လိုပါတယ်။ လေ့ကျင့်ခန်းတွေ မနားတမ်း လုပ်တာ များလွန်းတဲ့အခါ ကော်တီဆောဟော်မုန်းတွေ ပိုထွက်စေနိုင်ပြီး အဆီတောင် တက်လာနိုင်ပါတယ်။ လှုပ်ရှားသင့်သလောက် လှုပ်ရှား၊ ထိုက်သင့်သလောက် စား၊ နားသင့်သလောက် နားမှသာ ရေရှည်ခံတဲ့ကိုယ်အလေးချိန်ကို ရရှိနိုင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/mistakes-you-make-when-trying-to-lose-belly-fat/
ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို
ကိုဗစ်ဒဏ်ကို အလူးအလဲခံကြရတဲ့ထဲမှာဆီးချို ရောဂါရှိသူတွေတော်တော်လေး များကြပါတယ်။ဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားရမှု ပိုပြင်းထန်ကြသလို သေဆုံးနိုင်ခြေကလည်း ပုံမှန်ထက် များနေတတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို အကြောင်းလေး ပြောပြချင်ပါတယ်။ကိုဗစ်ကို ကာကွယ်တဲ့ နည်းလမ်းတွေကို လိုက်နာတာက နည်းလမ်းကောင်းဆိုပေမယ့် အကောင်းဆုံး နည်းလမ်းလို့တော့ မဆိုသာပါဘူး။ ဆီးချို ခံစားနေရသူတွေအတွက် ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက ကာကွယ်ဆေး ထိုးတာပါ။ကာကွယ်ဆေး ထိုးပါလို့ ပြောပေမယ့်ရောဂါအခံရှိသူတွေအနေနဲ့ ကာကွယ်ဆေးထိုးရင် စိုးရိမ်ရမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမလား၊ ဆေးထိုးလို့ တည့်ပါ့မလားဆိုတာတွေကို စိုးရိမ်မှုတွေ ရှိနေနိုင်ပါတယ်။ ဒီလို စိုးရိမ်နေတဲ့ ဆီးချိုရောဂါ ခံစားနေရသူတွေအတွက် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။အခုထိတော့ ဆီးချိုရှိသူတွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးတာကြောင့် အသက်အန္တရာယ် ထိခိုက်စေတာမျိုး မရှိသေးပါဘူး။ ကာကွယ်ဆေးက သွေးတွင်းသကြားဓာတ်ပေါ်မှာ သက်ရောက်နေတာမျိုးလည်း မရှိပါဘူး။နောက်တစ်ချက်က ကာကွယ်ဆေးက သေပြီးသား ဗိုင်းရပ်စ်ကို ထိုးတာဖြစ်တာကြောင့် ကိုဗစ် ဖြစ်စေတာမျိုး ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ကိုဗစ်ရဲ့ နောက်လှိုင်းတွေကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးတာက အကောင်းဆုံးသော ကာကွယ်မှုပါ။ကိုဗစ်ကာကွယ်ဆေးက ပြင်းထန်တဲ့ရောဂါကူးစက်မှုကနေ ကာကွယ်ပေးဖို့ ဖြစ်သလို မတော်တဆ ရောဂါ ကူးစက်ခဲ့ရင်လည်း သိပ်မပြင်းထန်အောင် ကာကွယ်ပေးဖို့ပါ။ ဆီးချို အပါအဝင်နာတာရှည် ရောဂါခံစားနေရသူတွေမှာ ကိုဗစ်ကြောင့် ပြင်းထန်တဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေမဖြစ်စေဖို့ဆိုရင်ကိုဗစ်ကာကွယ်ဆေးက အကောင်းဆုံးသော ကာကွယ်နည်းပါ။ကိုဗစ်ကာကွယ်ဆေးက ဆီးချိုရှိသူတွေကို အကောင်းဆုံး ကာကွယ်ပေးတဲ့ အရာဖြစ်တာကြောင့် ဆီးချိုရှိသူတွေအတွက် စိတ်ချရပါတယ်။ ကာကွယ်ဆေး ထိုးတဲ့အခါ ဖျားတာ၊ ဆေးထိုးတဲ့နေရာက နာတာလိုမျိုး ကာကွယ်ဆေး ထိုးတာကြောင့် ခံစားရနိုင်တဲ့အသေးစား ကျန်းမာရေးပြဿနာလေးတွေကိုတော့ ခံစားရနိုင်ပါတယ်။ကာကွယ်ဆေးကြောင့် ခံစားရမယ့် နောက်ဆက်တွဲ ကိစ္စတွေကတော့ အတူတူပါပဲ။ ဆီးချိုရှိသူတွေမှာ ခံစားရနိုင်မယ့် ကာကွယ်ဆေးရဲ့ နောက်ဆက်တွဲ ခံစားရနိုင်တဲ့ ကိစ္စလေးတွေက ကျန်းမာတဲ့ သူတွေမှာ ခံစားရမှာတွေနဲ့ အတူတူပါပဲ။ဆီးချိုရှိသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ဆီးချိုရှိသူတွေအနေနဲ့ ကာကွယ်ဆေးကြောင့် ခံစားရတဲ့ လက္ခဏာက မပြင်းထန်ပေမယ့် ပိုးကူးစက်ခံရရှင်အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် ကာကွယ်ဆေး ထိုးထားဖို့ တိုက်တွန်းပါရစေ။ ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို အကြောင်းကို သေချာလေး သိရှိပြိဆိုတော့ ကာကွယ်ဆေး ထိုးမယ်။ မထိုးဘူးဆိုတာ ဆုံးဖြတ်လို့ ရပြီထင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-vaccine-diabetes/
သင့်သွားများကို ပျက်စီးစေသော အမူအကျင့်များ
သင်သည် သင့်သွားများကို ဂရုမစိုက်ဘဲ နေ့စဉ် စားသောက်နေထိုင်ကာ၊ အားကစားများ ပြုလုပ်လျက်ရှိသည်။ ထိုအန္တရာယ်ကင်းသော နေ့စဉ်လှုပ်ရှားမှုများသည် သင့်သွားများကို ဖျက်ဆီးနေမှန်းသိလျှင် သင်အလွန် အံ့သြသွားပေလိမ့်မည်။ သင့်သွားများကို ဖျက်ဆီးနေသော အမူအကျင့် ၁၀ ချက်ကို ဤဆောင်းပါးမှ တစ်ဆင့် ဖော်ပြလိုက်ပါသည်။၁။ ရေခဲဝါးခြင်း။ရေခဲဝါးခြင်းသည် စိတ်ဝင်စားစရာကောင်းပြီး လူအများနှစ်သက်ကြသည်။ သို့သော် အကယ်၍ သင်သည် မာကျော၊အေးခဲနေသော ရေခဲတုံးများကို ဝါးစားတတ်သည့် အကျင့်ကို ဆက်လက်ပြုလုပ်နေလျှင် သင့်သွားများအတွက အန္တရာယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ရေခဲဝါးခြင်းသည် သင့်သွားအပေါ်လွှာကို တဖြည်းဖြည်း ကွဲအက်စေပြီး သွားအတွင်းပိုင်းကို ထိခိုက်စေကာ သွားကိုက်ခြင်းကို ဖြစ်ပွားစေပါသည်။၂။ အားကစားပြုလုပ်ရာတွင် သွားစွပ်အသုံးမပြုခြင်း။သင်ကိုယ်ထိလက်ရောက် အားကစားများ ပြုလုပ်သည့်အခါတိုင်း သွားစွပ်တတ်ဖို့ မမေ့ပါနဲ့။ အဘယ်ကြောင့်ဆိုသော် အားကစားလေ့ကျင့်မှု ပြင်းထန်လာစဉ် သင့်သွားများ မထိခိုက်အောင် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သောကြောင့် ဖြစ်သည်။ သွားစွပ်တတ်ထားလျှင် သင်သွားများ ထိခိုက်ပျက်စီးမည်ကို စိတ်ပူစရာမလိုပါ။၃။ ညအိပ်ချိန် နို့ဘူးစို့ခြင်း။မိဘများသည် ကလေးငယ်များကို ညအိပ်ချိန်တွင် နို့ဘူး (သို့) အသီးဖျော်ရည်များကို ပေးထားတတ်သည်။ ထိုသို့ ပြုလုပ်ခြင်းသည် ကလေးများကို ညဖက်အိပ်ပျော်ရန် နို့ဘူးပေါ်တွင် မှီခိုသွားစေတတ်သည်။ တစ်ညလုံး ပါးစပ်ထဲထည့်ထားသော အချိုရည်ထဲရှိသကြားသည် ကလေး၏ သွားများကို ပျက်စီးစေသည်။၄။ ပါးစပ်တွင် အပေါက်ဖောက်ခြင်း။ပါးစပ် (နှုတ်ခမ်း နှင့် လျှာ) တွင် အပေါက်ဖောက်ခြင်း သည် ခပ်မိုက်မိုက်စတိုင်ကျသည့် ပုံပေါက်စေပါသည်။ သို့သော် သတ္တုစများကို ကိုက်မိခြင်းသည်ပါးစပ်အတွက် အန္တရာယ်ရှိသည်။ သွား၊သွားဖုံးနှင့် သတ္တု ပွတ်တိုက်မိခြင်းသည် သွားဖုံးပျက်စီးမှုနှင့် သွားဆုံးရှုံးမှုကို ဖြစ်စေသည်။ ထို့ပြင် သင်ပါးစပ်ထဲတွင်ဘက်တီးရီးယားများသန်းနဲ့ ချီပြီး ရှိပါသည်။ ပါးစပ်အပေါက်ဖောက်ခြင်းသည် ရောဂါပိုးဝင်ပြီး ရောင်ရမ်းစေပါသည်။၅။သွားကြိတ်ခြင်း။သွားကြိတ်ခြင်းသည် အိပ်နေစဉ် သတိမပြုမိဘဲ မကြာခဏဆိုသလို ဖြစ်တတ်သည်။ ထိုထိန်းချုပ်မရသော အပြုအမှုသည် သင့်သွားကို တစ်ရက်ပြီးတစ်ရက် ထိခိုက်ပျက်စီးစေသည်။ သင်သည် နေ့ခင်းပိုင်းတွင် အစာအမာများကို ရှောင်ကြဉ်ခြင်း ၊ ညဖက်တွင် အံစွပ်တပ်ထားခြင်းဖြင့် သွားကြိတ်ခြင်း၏ ဆိုးကျိုးကို လျော့ချနိုင်သည်။၆။ ချောင်းဆိုးပျောက် ငုံဆေးပြား။သင်သည် ချောင်းဆိုးပျောက်ငုံဆေးြပါးများ၏ ကောင်းကျိုးများကို မငြင်းနိုင်ပါ။ သို့သော် ထိုဆေးများထဲတွင် ပါဝင်သော သကြားပမာဏ ဘယ်လောက်များသလဲဆိုတာကို စဉ်းစားကြည့်ပါ။ ထိုသကြားများသည် သင့်သွားကြွှေလွှာပျက်စီးမှု အန္တရာယ်များစေသည်။ သင်သည် ချောင်းဆိုးပျောက် ငုံဆေးပြားသုံးပြီးနောက် သင့်သွားကို ဂရုတစိုက် တိုက်ဖို့ မမေ့ပါနဲ့။၇။ ဂျယ်လီသကြားလုံး။ဂျယ်လီသကြားလုံးများသည် အခြားသကြားလုံးများထက် သွားကို အန္တရာယ်ပိုပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျယ်လီသကြားလုံးသည် စေးကပ်ပြီး အချို့အပိုင်းအစများသည် သွားကြားတွင် ကပ်ကျန်နေတတ်ကာ ထိုသကြားအချိုများနှင့် အက်ဆစ်များသည် သွားကြွေလွှာနှင့် နာရီပေါင်းများစွာ ထိတွေ့စေသည်။၈။ သကြားပါသောအချိုရည်များ။ဆိုဒါ၊ သစ်သီးဖျော်ရည်၊ အချိုရည်များသည် အာလုံးသကြားပါသော အရည်များဖြစ်သည်။ ၎င်းတို့သည် သင့်သွားကြွေလွှာများကို အက်ဆစ် စားခြင်းဖြစ်စေသည်။ ထိုအချိုရည်များကို မကြာခဏသောက်ပြီး သွားမတိုက်ပါက သင့်သွားများကို အန္တရာယ်ဖြစ်စေသည်။ သွားပျက်စီးခြင်းကင်းဝေးစေရန် သင်သည် အချိုရည်အစား ရေကိုသာ သောက်သုံးသင့်ပါသည်။၉။ သရေစာမုန့်များ။သရေစာနှင့် ပတ်သက်လျှင် ကစီဓါတ်ပါသော အစားအစာများကို လူအများအလွန်နှစ်ခြိုက်ကြသည်။ သို့သော် ခံတွင်းရှိ ဘက်တီးရီးယားများသည် သွားကြားညှပ်ကျန်နေသော အစာအပိုင်းအစများကို အက်ဆစ်အဖြစ် ဖြိုခွဲသည်။ ထိုအက်ဆစ်သည် သင့်သွားများကို ပျက်စီးစေသည်။ အကောင်းဆုံး အကြံဉာဏ်ကတော့ သရေစာများ စားခြင်းကို ရှောင်ကြဉ်ခြင်း (သို့) သကြားနှင့် ကစီဓါတ်နည်းသော သရေစာများကိုသာ စားခြင်း ဖြစ်ပါသည်။၁၀။ကော်ဖီသောက်ခြင်း။အချိန်အကြာကြီး ကော်ဖီအလွန်သောက်ခြင်းသည် သင့်သွားတွင် အရောင်များထင်ကျန်စေသည်။ ထို့ကြောင့် အကယ်၍ သင်ကော်ဖီစွဲနေလျှင် သတိထားပါ။ သင့်သွားများ ဖြူဖွေးတောက်ပစေရန် သွားဖြူနည်းများကို စမ်းသပ်ကြည့်နိုင်ပါသည်။၁၁ ။ဆေးလိပ်သောက်ခြင်း။စီးကရက်နှင့် အခြားဆေးရွက်ကြီး ထုတ်ကုန်များသည် ခံတွင်းနံ့ဆိုးခြင်း၊ သွားမည်းခြင်း နှင့် သွားဆုံးရှုံးခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်သည်။ ပိုဆိုးသည်က ဆေးလိပ်သောက်ခြင်းသည် ပါးစပ်၊ နှုတ်ခမ်း နှင့် လျှာ ကင်ဆာများကို ဖြစ်စေပါသည်။ ဆေးလိပ်ဖြတ်ဖို့ နှင့်သင့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ သင်သည် ဆေးလိပ်အစားထိုး နီကိုတင်း ပီကေ ကဲ့သို့သော နည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါသည်။၁၂။ဝိုင်။ဝိုင် (အဖြူ (သို့) အနီ) သည် သင့်သွားကို အမြဲထိခိုက်စေသည်။ အဘယ်ကြောင့်ဆိုသော် ဝိုင်တွင်ပါဝင်သော အက်ဆစ်သည် သင့်သွားကြွေလွှာကို အားနည်းစေပြီး သွားဂျိုးများထစေကာ သွားအရောင်ဆိုးလွယ်စေသည်။ ဝိုင်သောက်ပြီးနောက်တွင် ပလုပ်ကျင်းခြင်း (သို့) သွားတိုက်ခြင်း ပုံမှန်ပြုလုပ်ပါက ပိုစိတ်ချရပါသည်။၁၃။ ပစ္စည်းအဖုံးများကို သွားနှင့် ကိုက်ဖွင့်ခြင်း မပြုလုပ်ပါနဲ့။လူအများသည် ပုလင်း အဖုံး (သို့) ပလပ်စတစ်အိတ်များကို သွားနှင့် ကိုက်ဖွင့်ဖောက်တတ်ကြသည်။ သို့သော် သင့်သွားသည် အစာစားဖို့တစ်ခုတည်းအတွက် ဖြစ်တယ်ဆိုတာကို သိသင့်သည်။ ထိုအကျင့်ဆိုးသည် သင့်သွားများကို နည်းနည်းချင်း ကွဲအက်၊ ပဲ့ထွက်စေသည်။ ထိုအစား သင့်သွားတွေကို ကာကွယ်ဖို့ ကတ်ကြေး (သို့) ပုလင်းအဖုံးဖွင့်သောပစ္စည်းကို သုံးရန် သတိရပါ။၁၄။ အစားကျူးခြင်း။အစားကျူးခြင်းသည် အစာစားခြင်းဆိုင်ရာ မူမမှန် ပြဿနာတစ်ရပ်ဖြစ်သည်။ ဤပြဿနာရှိသောသူသည် ဗိုက်မဆာလျှင်တောင် အစာအများအပြားကို အချိန်တိုအတွင်း စားတတ်သည်။ ထိုအမူအကျင့်သည် သွားကျန်းမာရေးကို ထိခိုက်စေသည်။ အဘယ်ကြောင့်ဆိုသော် အချိုတွင် ပါသော သကြားနှင့် အန်ဖတ်တွင် ပါသော အက်ဆစ်ပြင်းများသည် သွားများကို ထိခိုက်စေပါသည်။ ထိုသို့ဖြစ်လျှင် သင်သည် ခံတွင်းနံ့ဆိုးခြင်း နှင့် သွားပျက်စီးခြင်းတို့ကို ခံစားရလိမ့်မည်။ ထိုအမူအကျင့်ဆိုး၏ ဆိုးကျိုးများ သက်သာစေရန် အကြံဉာဏ်နှင့် ကုသမှုနည်းလမ်းကို သင့်ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းပါ။၁၅။ ခဲတံကိုက်ခြင်း။ကျောင်းစာ (သို့) အလုပ်အပေါ်တွင် အာရုံစိုက်နေစဉ် ခဲတံကိုက်တတ်သော အကျင့်ကို မပြုလုပ်ပါနဲ့။ လူအများသည် ထိုအကျင့်ဆိုး ရှိတတ်သည်။ ထိုအမူအကျင့်သည် အန္တရာယ်ကင်း ပုံပေါက်သော်လည်း စင်စစ်တွင် အချိန်အကြာကြီး ဆက်လက်ပြုလုပ်လျှင် သွားများကို ထိခိုက်စေနိုင်ပါသည်။ ထိုအခြေအနေတွင် သကြားမပါသော ပီကေ အစားထိုး အသုံးပြုခြင်းက နည်းလမ်းကောင်းတစ်ခုဖြစ်သည်။မသင့်တော်သော အကျင့်ဆိုးများသည် သင့် အပြုံး နှင့် ခံတွင်း ကျန်းမာရေးကို တစ်ရက်ပြီးတစ်ရက် လှိုက်စားသွားလိမ့်မည်။ ထိုမကောင်းသော အကျင့်များကို ရပ်တန့်ခြင်း၊ ရှောင်ကြဉ်ခြင်းအားဖြင့် ပျက်စီးမှုများကို ကာကွယ်နိုင်သည်။ ထို့ပြင် သင့်ခံတွင်းကျန်းမာရေး စစ်ဆေးဖို့နှင့် သန့်ရှင်းရေးအတွက် သင့်သွားဆရာဝန် နဲ့ သုံးလ တစ်ကြိမ် ပုံမှန် ပြသပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ae%e1%80%b8/
ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်
ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော် ဘာကြောင့် ဒီလို ပြောရသလဲဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ရင်တွေခုန်တယ်ဆိုတာ တဒုတ်ဒုတ်နဲ့ နှလုံးခုန်သံမြန်တာကိုပဲ ရည်ညွှန်းကြတာပါ။ စိတ်လှုပ်ရှားလို့ ရင်ခုန်တယ်ပေါ့။ ဒါပေမယ့် ဒါက အကြောင်းကြုံကြိုက်တဲ့အခါ အခိုက်အတန့်တစ်ခုလောက်ပဲ ဖြစ်သင့်ပါတယ်။ အကြောင်းရင်းမရှိဘဲ အမြဲရင်ခုန်နေပြီဆို သင့်နှလုံးမှာ ပြဿနာရှိနေပါပြီ။ရင်ခုန်သံ မြန်တယ် ဆိုတာက နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါ (Atrial fibrillation) ဆိုတာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ မြန်မြန်ရမ်းခါတဲ့ အခြေအနေပါ။ လူတစ်ယောက်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းက နားနေချိန်မှာ 60 နဲ့ 100 ကြားမှာ ရှိသင့်တာဖြစ်ပါတယ်။ဒီရောဂါဖြစ်နေပြီဆို နှလုံးခုန် စည်းချက်က ပုံမှန် မဟုတ်ဘဲ တစ်ခါတစ်လေ အရမ်း မြန်နေတတ်ပါတယ်။ ရင်တုန်တာ၊ တလှပ်လှပ်ဖြစ်တာ၊ တဒုတ်ဒုတ် ခုန်တာတွေ ဖြစ်လာတတ်ပါတယ်။တော်တော်များများက မကြာခဏ ရင်တုန်တယ်၊ နှလုံးခုန် မြန်တယ်ဆိုလည်း သတိမထားမိဘဲ အမှုမဲ့အမှတ်မဲ့ နေလိုက်ကြတာ များပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေ ကတော့ –။နှလုံးရဲ့ တည်ဆောက်ပုံ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေက Atrial fibrillationကို အဓိက ဖြစ်စေတဲ့ အချက်တွေပါ။ ဥပမာ ပြောရရင်။ဒါတွေအပြင်။Atrial fibrillation ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း မဟုတ်ပေမယ့် ဒီအချက်တွေ ရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ် –။တကယ်လို့ –။ဒါ့ကြောင့် ရင်ခုန်တာ၊ ရင်တုန်တာတွေကို သတိ လက်လွတ် မနေလိုက်ပါနဲ့လို့ သတိပေးလိုက်ချင် ပါတယ်နော်။ Hello ပရိသတ်ကြီး အမြဲတမ်း ရောဂါကင်းပြီး ကျန်းမာပါစေလို့။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/atrial-fibrillation-symptoms/
ဝိတ်ချချင်တဲ့ မိန်းကလေးတွေ အစားလျှော့စားဖို့ လိုလား
မိန်းကလေးတိုင်းကတော့ လှချင်ကြတာပါပဲ။ အသားအရေတင် မကပါဘူး။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်မှ လှတယ်လို့ မိန်းကလေးအများစုကတော့ ခံယူထားကြပါတယ်။ ကိုယ်အလေးချိန်ချဖို့ အစားတွေ လျှော့စားရမယ်။ အဲ့ဒါမှ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမယ်ဆိုပြီး မှားယွင်းတဲ့ အယူအဆတွေ ထွက်ပေါ်လာပါတယ်။မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ကိုယ်အလေးချိန် ကျစေဖို့ အစားလျှော့စားပေးစရာ မလိုပါဘူး။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုစနစ်နဲ့ နေ့စဉ် လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးပေးပါ။ အစားလျှော့စားတဲ့အခါမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရရှိနိုင်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာတွေ ကြုံလာရမှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်လည်း ချချင်တယ်၊ အစားလည်း လျှော့စားစရာမလိုတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ရေဟာ ကိုယ်ခန္ဓာထဲကကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၃လီတာခန့် သောက်ပေးဖို့ အရေးကြီးပါတယ်။ ဖျော်ရည်၊ အအေး၊ ကော်ဖီတွေ သောက်မယ့်အစား ရေပဲ များများသောက်ပေးပါ။အဆီနဲ့ ကယ်လိုရီတွေ ပိုမိုပါဝင်တဲ့အပြင်သကြားပါဝင်မှုနှုန်းလည်း များတာကြောင့် ကျန်းမာရေးအတွက်ရောအလှအပေရးရာအတွက်ပါ ဂရုစိုက်ချင်သူတွေအနေနဲ့ တာရှည်ခံအစားအစာမျိုးတွေကို ရှောင်သင့်ပါတယ်။ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နေ့စဉ်ပုံမှန်စားပေးဖို့ လိုအပ်တဲ့အပြင် အသား၊ ငါး၊ ပင်လယ်စာ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း အစရှိသဖြင့် နေ့စဉ် အစာအာဟာရပြည့်ဝစုံလင်စွာ စားပေးဖို့ အရေးကြီးပါတယ်။အာဟာရပြည့်ဝမှုဟာ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်စေတာကြောင့် အစားလျှော့စားမယ့်အစား အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ပိုစားပေးပါ။အဝလွန်ခြင်းရဲ့ အဓိက တရားခံကတော့အဆီများတဲ့ အစားအစာတွေ၊ အငန်ဓာတ်၊ အချိုဓာတ်များတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ကယ်လိုရီကိုလည်း တက်စေတယ်၊ သွေးတွင်းသကြားဓာတ်ကိုလည်း တိုးစေတယ်။ ဒီလိုအစားအစာတွေကို မကြာခဏစားတဲ့အခါ နှလုံးသွေးကြောကျဉ်းတာ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေပါ ရနိုင်တဲ့အပြင် လှချင်တဲ့ မိန်းကလေးတွေအတွက်လည်း အဝလွန်စေတာကြောင့် လျှော့စားဖို့ အကြံပေးလိုက်ပါတယ်။တစ်ကြိမ်ထဲနဲ့ အများကြီးစားမယ့်အစား ပမာဏနည်းနည်းနဲ့ အကြိမ်ရေ များများစားပေးတာက ကိုယ်အလေးချိန်ကို ဟန်ချက်ညီစေတဲ့အပြင် ရင်ပြည့်တာ၊အဝလွန်တာတွေကိုလည်း လျော့ကျစေပါတယ်။ အစားလျှော့စားတာထက် တစ်ခါစားရင် ပမာဏနည်းနည်းနဲ့ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို မကြာခဏ စားပေးပါ။ကြက်ဥဟာ ကယ်လိုရီနည်းပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ တခြားသော အာဟာရတွေလည်း ပါဝင်လို့ ကိုယ်အလေးချိန်ကို ကျစေချင်တဲ့ မိန်းကလေးတွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။အိပ်ချိန်ပြည့်ဝမှုဟာ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့အပြင်ကိုယ်အလေးချိန်ဟန်ချက်ညီစေမှုအပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ ငယ်စဉ်ကတည်းက တစ်နေ့ကို အိပ်ချိန် ၇နာရီကနေ ၈နာရီကြားရှိတဲ့ ကလေးတွေ ကြီးလာတဲ့အခါမှာ အဝလွန်ရောဂါ ဖြစ်လာနိုင်ခြေကို သိသိသာသာ လျော့ကျစေတာကို တွေ့ရပါတယ်။အမျှင်ဓာတ်ဟာ အစာကြေ ရင်ချောင်စေပြီး ဝမ်းမှန်စေတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။အမျှင်ဓာတ်ဟာ ဗိုက်ပြည့်စေပြီး အစာမကြာခဏစားချင်စိတ်ကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းချင်တဲ့ မိန်းကလေးတွေအတွက် အဆင်ပြေစေပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာ အမျှင်ဓာတ်အများဆုံး ပါဝင်ပါတယ်။အစာအာဟာရကို သေချာဂရုစိုက်ပြီး စားပေးဖို့ အရေးကြီးတဲ့အပြင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ဖို့ကိုလည်း မေ့လို့ မဖြစ်ပါဘူး။ gym သွားဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် မနက်ခင်း လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ အစရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းဖြင့် အဝလွန်တာကို ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုပါ ဟန်ချက်ညီစေပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/natural-weight-loss-tips/
HIV ရောဂါကြောင့် ဖြစ်သော ရောဂါများ သိထားခြင်း
HIV ရောဂါပိုးသည် ခန္ဓါကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ – သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။• အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ (ပုံမှန် အတိုင်းဖြစ်စေ၊ ပါးစပ်နှင့် လိင်ဆက်ဆံသည် ဖြစ်စေ) ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။ ထို့အပြင် လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုပါက သို့မဟုတ် မိမိဆက်ဆံသော အမျိုးသားက တခြားသော အမျိုးသား တစ်ယောက်နှင့် ထပ်၍ လိင်ဆက်ဆံပါက ရောဂါပိုး ပို၍ ကူးစက်နိုင်ပါသည်။ HIV ရောဂါသည် လိင်ဆက်ဆံခြင်းမှ အဓိက ကူးပါသလား။ ကူးပါသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးမွှားများရှိသော အရည်သည် ယောနိ၊ ပါးစပ်တွင် အနာရှိလျှင် ကာလသား ရောဂါရှိလျှင် ကူးနိုင်ပါသည်။ မိန်းကလေးများသည် ပို၍ ကူးစက်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိန်းမအင်္ဂါများသည် ပို၍ပါးသောကြောင့် ဖြစ်ပါသည်။• ပါးစပ်နှင့် လိင်ဆက်ဆံခြင်းသည် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သို့သော် ပါးစပ်ထဲသို့ ရောဂါရှိသူ၏ သွေး၊ သုတ်ရည်နှင့် တခြား အရည်များ ဝင်လျှင် ရောဂါဖြစ်နိုင်ပါသည်။ လိင်ဆက်ဆံရေး လမ်းကြောင်းတွင် အနာများရှိလျှင် ကူးစက်နိုင်ပါသည်။• ပါးစပ်တွင် အနာရှိခြင်း၊ သွားဖုံး သွေးယိုခြင်း၊ လိင်အင်္ဂါ အနာဖြစ်ခြင်း ကာလသားရောဂါ ရှိခြင်းသည် ပါးစပ်နှင့် လိင်ဆက်ဆံသော်လည်း ကူးစက်နိုင်ပါသည်။• ဆေးအလွဲသုံးစားလုပ်ခြင်း၊ ဆေးသုံးခြင်းသည် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဆေးထိုးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးစားခြင်း၊ ဆေးရှူခြင်းများသည်လည်း ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်နိုင်ပါသည်။ ထို အခြင်းအရာများသည် လိင်ဆက်ဆံခြင်းကို အားပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်း များပြားနိုင်ပါသည်။ ဆေးထိုးအပ်ကို မျှ၍သုံးခြင်း တခြားသော ထိုးဆေးများကို သုံးခြင်းသည် HIV ရောဂါ ဖြစ်ပွားမှု ပို၍ များပြားစေပါသည်။ ထို့အပြင် လူတစ်ဦး၏ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါသည်။ ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါပိုး ပြန့်ပွားမှုကို ပို၍ မြန်ဆန်စေပါသည်။ ဆေးတိုးမှုနှုန်းကို လျော့ကျစေပါသည်။• တက်တူးထိုးခြင်း၊ အပေါက်ဖောက်ခြင်းသည်လည်း မသန့်ရှင်းသော အပ်ကို အသုံးပြုပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။• သွေး၊ သုတ်ရည်၊ မိန်မကိုယ်အင်္ဂါ အရည်၊ အနာများမှလည်း ကူးနိုင်ပါသည်။• မိခင်မှလည်း ကူးစက်နိုင်ပါသည်။• ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေးများသည်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။• အသက် ၁၃ နှစ်အောက် ကလေးများသည် မိခင်များမှ ရောဂါပိုးကူးခြင်း ဖြစ်ပါသည်။• ခုခံအားကျဆင်းခြင်းရောဂါ AIDS သည် HIV ရောဂါပိုးမှ ကူးစက်တတ်ပါသည်။ ဆေးသုံးလျှင်၊ အကာအကွယ် မပါဘဲ ကာမ ဆက်ဆံလျှင်၊ ပိုးရှိသော မိခင်မှတစ်ဆင့် ကလေးကို ကူးနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%b1%e1%80%9b/
ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ
အထူးသဖြင့် အစာရွေးတဲ့ ကလေးတွေမှာ အစာကျွေးချိန်တွေဟာ မိဘတွေအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ ကလေးက အသက်ကြီးလာတဲ့အခါ သူတို့ လုပ်ချင်တာနဲ့ စားချင်တဲ့အစာတွေနဲ့ ပတ်သက်ပြီး အမှီအခို ကင်းလာကြပါတယ်။အစမှာတော့ ဒါဟာ အလွန် စိတ်ရှုပ်စရာကောင်းပါတယ်။ အစာရွေးခြင်းဟာ ကလေးရဲ့ အစပထမနှစ်တွေမှာ အဖြစ်များပါတယ်။ ဒါဆို ဒီလို အစာရွေးတဲ့ ကလေးကို အစာကျွေးစဉ်မှာ ဘာတွေ သိထားသင့်သလဲ ကြည့်လိုက်ကြရအောင်။မိဘအများစုဟာ ကလေးကို မိသားစု ထမင်းဝိုင်းမှာ စားခွင့်ပေးမယ်ဆိုရင် စိတ်တိုခြင်း၊ အာခံခြင်းမရှိပဲ ကလေးတွေ ကောင်းကောင်းစားတာကို တွေ့ရမှာပါ။ ဒါဟာ အစာစားရုံတင်သာမက မိသားစုအချင်းချင်း ရင်းနှီးမှုရတဲ့ အချိန်လည်းဖြစ်ပါတယ်။သူတို့တစ်နေ့တာအကြောင်းကို မေးမြန်းခြင်းအားဖြင့် အစားအသောက်နဲ့ ပတ်သက်ပြီး ဂျီကျခြင်းကို မေ့အောင်ပြုလုပ်နိုင်ပါတယ်။ သူတို့ကို စားပွဲမှာအတင်းထိုင်ခိုင်းမယ့်အစား ဒါဟာ သူတို့အစားအသောက်ကို ပျော်မွေ့စေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။လူတွေဟာ အစားအစာရဲ့ အရောင်၊ အရသာနဲ့ အခင်းအကျင်းကို စွဲမက်တတ်ကြပါတယ်။ ကလေးတွေဟာလည်း အတူတူပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ကလေးတွေအတွက် အစားအသောက်ပြုလုပ်နည်းတွေ ရှိပါတယ်။ကလေးကို အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အစာကိုကျွေးပြီး အသီး၊ အချိုလျှော့ထားတဲ့ ကိတ်မုန့်ရှိတဲ့ အချိုပွဲကို ဆက်ကျွေးနိုင်ပါတယ်။ နှစ်ခါ ကျွေးခြင်းဟာ ကလေးတွေကို လိုအပ်တဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်ကို အပြည့်ရစေပါတယ်။သင့်ကလေး ပျင်းမသွားရအောင် အချိုပွဲကို တစ်နေ့တစ်မျိုး ပြောင်းသင့်ပါတယ်။ ဒါပေမယ့် အဓိကအစားအသောက်မှာ အာရုံလျော့မသွားအောင် ကလေးကို အစာစားပြီးတိုင်း သကြားလုံးကျွေးခြင်းကို မပြုလုပ်သင့်ပါဘူး။ကျွေးတဲ့အခါလည်း ကလေးရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးမယ့်အစားအစာတွေ၊ အမြင်အာရုံနဲ့ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးကျန်းမာစေဖို့ အာဟာရဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ဖို့လိုပါတယ်။ ဥပမာ- မျက်စိနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးကြီးတဲ့ DHA (omega-3 fatty acid တစ်မျိုး) ပါဝင်တဲ့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ငါးတို့အပြင် ဘယ်ရီသီးတွေလို အသီးအနှံလေးတွေကိုလည်း အမျိုးမျိုးဖန်တီးကျွေးသင့်ပါတယ်။ကလေးတွေဟာ တစ်နေရာတည်းမှာ ထိုင်နေရတာကို ပျင်းရိတတ်ကြပါတယ်။ ကြီးလာတဲ့အချိန်ကျရင် သင့်ကလေးကို အစားအသောက်ဝယ်ချိန်တွေမှာ ခေါ်သွားနိုင်ပါတယ်။ ကလေးဟာ အစားအသောက်တွေ ရွေးတဲ့အခါ ကူညီရတာကို ပျော်ရွှင်တတ်ကြပါတယ်။ပြီးရင်တော့ သူတို့ကို ပုံမှန်ရိုးရှင်းတဲ့ အစားအသောက်တွေကိုပြင်ဆင်စေခိုင်းသင့်ပါတယ်။ မစားသောက်ခင် အစားအသောက်လတ်လတ်ဆတ်ဆတ်တွေကို မြင်ရတာကြောင့် ပိုပြီး စားဝင်စေပါတယ်။ ပြီးရင်တော့ သူ့ကို စားပွဲပြင်ဆင်ခြင်းမှာ အကူအညီပေးစေသင့်ပါတယ်။ဒီလိုသေးငယ်တဲ့ အပြုအမူလေးတွေဟာ ကလေးတွေရဲ့ အစာစားချင်စိတ်ကို တိုးတက်စေပါတယ်။ဖြစ်နိုင်ရင် သင့်ကလေးကို အပြင် ပျော်ပွဲစားထွက်ပေးခြင်း၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင် ခေါ်သွားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။တစ်ခါတရံ သူတို့ကြိုက်နှစ်သက်တဲ့ အာဟာရပြည့်ဝတဲ့ မုန့်တွေကိုလည်း ကျွေးနိုင်ပါတယ်။နိဂုံးချုပ်ရရင် အကောင်းမြင်တဲ့စိတ်ထားပြီး သင့်ကလေးကို အစာကျွေးရခက်ခြင်းကို ကျော်လွှားနိုင်ပါတယ်။ သင့်ကလေးက ဗိုက်ပြည့်သွားရင် သူတို့ကို အစာထပ်ကျွေးခြင်းဟာ ဗိုက်နာစေနိုင်တာမို့ မပြုလုပ်သင့်ပါဘူး။ကျန်းမာပြီး ဆွဲဆောင်မှုရှိတဲ့ အစားအစာတွေ လုပ်ကျွေးခြင်းဟာ ကလေးတွေကို ပျော်ရွှင်စေပြီး အစာစားဖို့ မျှော်နေစေပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%bc%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8/
လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ သွေးသားရင်းချင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း နဲ့ကိုယ်ဝန်ဖျက်ချမှု ပြဿနာ
မုဒိမ်းကျင့်ခံရတာကြောင့်ရတဲ့ ဒါမှမဟုတ် သွေးသားချင်းရတဲ့ ကိုယ်ဝန်မျိုးကို ဖျက်ချတာ အကောင်းဆုံးလို့ လူအများအပြားက ယူဆကြပါတယ်(လိင်အကြမ်းဖက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေတောင်အပါအဝင်ပေါ့)။ဒါပေမယ့် သုတေသနပြု လေ့လာချက်တွေအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကြောင့် ကိုယ်ဝန်ရှိလာတဲ့ အမျိုးသမီး အများစုဟာ ကိုယ်ဝန်ကို မဖျက်ချချင်ဖူးလို့ ဆိုပါတယ်။ ဒီလို ကိုယ်ဝန်ကို ဖျက်ချတာဟာ သူတို့ရဲ့ စိတ်ဒါဏ်ရာကို ပိုလို့တောင်ဆိုးလာစေတယ်လို့ ပြောကြပါတယ်။ငြင်းကြခုန်ကြတဲ့ ဘက်နှစ်ဘက်လုံးက သဘောတူကြတာကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကနေ ရလာတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ လိုကောင်းလိုမှာဖြစ်ပြီး ဒီလို ဖျက်ချလိုက်တာဟာ သူတို့ကို အိပ်မက်ဆိုးကြီးထဲက(ဝါ) အရိပ်မည်းကြီးထဲက ရုန်းထွက်နိုင်အောင် အထောက်အကူပေးတယ်ဆိုတဲ့ ယေဘုယျ ကောက်ချက်ကိုပဲ ဖြစ်ပါတယ်။ဒါပေမယ့် တကယ်တမ်းကျတော့ မိခင်နဲ့ကလေးကို လုံလောက်တဲ့ ကျန်းမာရေး၊လူမှုရေး စောင့်ရှောက်မှုပေးနိုင်ဖို့ဆိုတာ တကယ်ကိုပဲ မလွယ်ပါဖူး(လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အနေအထားမျိုးမှာတောင် အထောက်အပံ့ လုံလုံလောက်လောက်ရဖို့ မလွယ်တာပါ)။အမျိုးသမီးအများအပြားရဲ့ အခြေအနေတွေအရ ပြောရမယ်ဆိုရင် မိခင်နဲ့ ကလေးကို ကူညီဖေးမဖို့အတွက် ရှင်သန်မှုကို အားပေးရမှာပါ။ အကြမ်းဖက်တာ၊သတ်ဖြတ်တာတွေကို ဆက်လုပ်ပြီး ကူညီရမှာ မဟုတ်ပါဖူး။ ဒါပေမယ့် လူတွေငြင်းကြခုန်ကြ ဆွေးနွေးကြတဲ့အခါ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကတဆင့် ကိုယ်ဝန်တကယ်ရသွားတဲ့ အမျိုးသမီးတွေအကြောင်းကို များသောအားဖြင့် ထည့်မပြောကြပါဖူး။လူတွေဟာ ဒီဖျက်ချသင့်တယ်၊မဖျက်ချသင့်ဖူးဆိုတဲ့ ကိစ္စကို ငြင်းခုန်ကြတဲ့အခါ (မုဒိမ်းအကျင့်ခံရပေမယ့် ကိုယ်ဝန်မရခဲ့တဲ့ အမျိုးသမီးတွေတောင် ပါတတ်ပါသေးတယ်) ဒီလိုရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်ဆိုတဲ့ မလူးသာမလွန့်သာ အခြေအနေကို တကယ်ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေရဲ့ လက်တွေ့အခြေအနေထက် ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ၊အကြောက်တရားတွေကိုပဲ ရှေ့တန်းတင်အခြေခံပြီး ငြင်းခုန်နေကြတဲ့အတွက် အဖြေနဲ့ ပိုပြီးဝေးစေပါတယ်။ကိုယ်ဝန်မဖျက်ချသင့်တဲ့ တခြားအကြောင်းတရားတွေ ရှိပါသေးတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကနေ ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချတာဟာ သူမတို့ရဲ့ခန္ဒ္ဓါကိုယ်နဲ့ ဗိုက်ထဲက ကလေးကို နောက်တကြိမ် အကြမ်းဖက်စော်ကားခံရတာပဲလို့ မုဒိမ်းသားကောင်ဖြစ်ခဲ့ရတာကြောင့် ကိုယ်ဝန်ရှိလာခဲ့တဲ့ အမျိုးသမီး အများစုက ယုံကြည်ပါတယ်။ ကိုယ်ဝန်ဖျက်ချလိုက်တာနဲ့ အဆင်ပြေသွားမယ်လို့ သူတို့ မယုံပါဖူး။ဒါ့အပြင် ဗိုက်ထဲက ကလေးရဲ့ ဖြစ်တည်မှုဟာ မမြင်ရတဲ့၊သူတို့နားမလည်နိုင်တဲ့ နောက်ခံအကြောင်းတရားတွေ ရှိလိမ့်မယ်လို့လည်း ယူဆကြပါသေးတယ်။ ကလေးက သူတို့ရဲ့ ဗိုက်ထဲကို အရက်စက်ဆုံးသော၊အယုတ်မာဆုံးသော နည်းလမ်းနဲ့ ရောက်လာတာမှန်ပေမယ့် ဒါဟာ အကြောင်းရှိလို့ အကျိုးထင်တာပဲလို့ သူတို့ခံယူကြပါတယ်။ကံတရားက ဒီလိုစီမံပြီဆိုမှတော့ ဒီကလေးဟာ ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ရောက်လာတဲ့ ကလေးလည်း ဖြစ်နိုင်တာပဲလို့ တွေးတတ်ကြတာပါ။ ညစ်နွမ်းနေတဲ့ ရွှံ့နွံထဲကနေ ဖြူစင်သန့်ရှင်းတဲ့ ကြာဖြူပန်းလေးတွေတောင် ပေါက်ပွားလာတတ်တာပဲ မဟုတ်လား။ပြီးတော့ သူတို့ခံယူထားတတ်ကြတာက တကယ်လို့သာ ဒီကလေးကို အောင်အောင်မြင်မြင် မွေးလိုက်နိုင်ပြီဆိုရင် သူတို့အနေနဲ့ အတိတ်ကအကြမ်းဖက်ခံခဲ့ရတဲ့ အရိပ်မည်းကြီးကို အောင်နိုင်လိုက်ပြီဆိုတာပါပဲ။ ကလေးလေးကို အခက်အခဲတွေကြားထဲက မရရအောင် မွေးလိုက်တာဟာ ပျောက်ဆုံးသွားတဲ့ သူမတို့ရဲ့ ယုံကြည်မှုအားမာန်တွေကို တဖန်ပြန်ပြီး ရလိုက်သလိုပဲ ဖြစ်ပါတယ်။ကလေးမွေးတယ်ဆိုတာ (အထူးသဖြင့် မလိုချင်တဲ့ ကိုယ်ဝန်) တကယ်တမ်းကျတော့ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့၊ရဲရင့်တဲ့ အပြုအမူတခုဖြစ်ပြီး သတ္တိအားမာန်၊ကြံ့ခိုင်မှု နဲ့ ဂုဏ်သိက္ခါရှိမှုတို့ရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရှိလာလို့ ဖျက်ချပေးလိုက်မယ်ဆိုရင် ဒီအမျိုးသမီးအနေနဲ့ သူ့ရဲ့စိတ်ဒါဏ်ရာတွေကနေ ရုန်းထွက်နိုင်ပြီး ဘဝကို ပုံမှန်ပဲ ဆက်လက်ဖြတ်သန်းသွားနိုင်လိမ့်မယ်လို့ လူအများစုက ယုံကြည်ကြပါတယ်။ဒါပေမယ့် သိထားရမှာက ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ ပုံပြင်ထဲမှာ ဂါထာရွတ်လိုက်သလို နာရီကိုပြန်လှည့်ပြီး အပျိုပြန်ဖြစ်သွားစေတာ မဟုတ်ဘဲ ဖိစီးမှုတွေ၊အနာတရတွေ၊အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့ လက်တွေ့အဖြစ်အပျက်တခု ဖြစ်ပါတယ်။ သာမန်အမျိုးသမီးတယောက် ကိုယ်ဝန်ဖျက်ချတာတောင် အဲဒီအမျိုးသမီးရဲ့ ဘဝမှာ နက်ရှိုင်းကျယ်ပြန့်တဲ့ အကျိုးဆက်တွေရှိတယ်ဆိုတာ လက်ခံထားကြသေးရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုးသမီးတယောက် ကိုယ်ဝန်ဖျက်ချဖို့အတွက်ဆိုရင် ဘယ်လိုအခြေအနေ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။သက်သေသာဓကတွေအရ သိရတာကတော့ ကိုယ်ဝန်ဖျက်ချတာဟာ စိတ်အနာကို မသက်သာစေတဲ့အပြင် ဗူးလေးရာ ဖရုံဆင့်လိုက်သလိုသာဖြစ်စေမယ်ဆိုတာပါပဲ။ဒါပေမယ့် ဒီကိစ္စကို ဆက်မဆွေးနွေးခင် အရင်မေးသင့်တဲ့ မေးခွန်းတခုက “လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကြောင့် ကိုယ်ဝန်ရှိလာတဲ့ အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဖျက်ချလိုသလား” ဆိုတာပါပဲ။ကာယကံရှင်က ဖျက်ချချင်လို့ မဟုတ်ဘဲ ဘေးပတ်ဝန်းကျင် ဖိအားတွေ၊အကြံပေးချက်တွေကြောင့် ကိုယ်ဝန်ဖျက်ချတာတွေ ဖြစ်နေရပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ အမျိုးသမီးတွေကို နှစ်သိမ့်အားပေးဖို့ အဓိကရည်ရွယ်တဲ့ ကျန်းမာရေးလုပ်သားတွေ၊နှစ်သိမ့်ဆွေးနွေးသူတွေကိုယ်တိုင်က ကိုယ်ဝန်ဖျက်ချဖို့ တိုက်တွန်းနေကြတာတွေကိုလည်း အတော်များများတွေ့နေရပါတယ်။မိသားစုက ဖိအားပေးတာတွေ၊ကိုယ်ဝန်ဆောင်ဖို့ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေပေးဖို့ ငြင်းဆန်ခြင်းခံရတာတွေ၊ နှစ်သိမ့်ဆွေးနွေးပေးရမယ့်သူတွေက တလွဲတွန်းပို့နေတာတွေနဲ့ တခြားသော ပြဿနာတွေအားလုံးဟာ ကိုယ်ဝန်ဖျက်ချဖို့ကို ဦးတည်စေပါတယ်(ကာယကံရှင်က တကယ်တမ်း ဖျက်မချချင်ဖူးဆိုရင်တောင်ပေါ့)။သွေးသားရင်းချင်း ဖြစ်တဲ့ကိစ္စမျိုးတွေမှာလည်း မိန်းကလေးရဲ့ မိဘ ဒါမှမဟုတ် ကျူးလွန်တဲ့သူက ဆုံးဖြတ်ချက်ချပြီး ဖျက်ချစေပါတယ်။ မိန်းကလေးခမျာ ဝင်ပြီး ဆုံးဖြတ်ပိုင်ခွင့်တောင် မရှိပါ။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ လက်ခံရတာပါ။တချို့သော ဖြစ်ရပ်တွေမှာ ကာယကံရှင် မိန်းကလေးကိုယ်တိုင်က ကိုယ်ဝန်ကို ဆက်လွယ်ထားပါမယ်လို့ ရှင်းရှင်းလင်းလင်းပြောထားရက်နဲ့ကို ကိုယ်ဝန်ဖျက်ချခံလိုက်ရတာမျိုးတွေ ရှိနေပါတယ်။ ရှားရှားပါးပါး ဖြစ်ရပ်တွေမှာဆိုရင် မိန်းကလေးအနေနဲ့ ကိုယ်ဝန်ရှိခဲ့မှန်းတောင်မသိတာမျိုး၊ဖျက်ချခံလိုက်ရတာကို မသိတာမျိုးတွေတောင် တွေ့ရပါတယ်။ဒုတိယအချက်—–ကိုယ်ဝန်ဖျက်ချလိုက်ခြင်းဟာ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းစိတ်ဒါဏ်ရာကနေ ပိုပြီးမြန်မြန် ရုန်းထွက်လာနိုင်မယ် ဒါမှမဟုတ် အနည်းဆုံးတော့ စော်ကားအနိုင်ကျင့်ခံခဲ့ရတာကို ဒီကိုယ်ဝန်က တချိန်လုံး သတိပေးမနေတော့ဖူးလို့ လူအများစုအနေနဲ့ ယူဆကြပေမယ့် ကိုယ်ဝန်ဖျက်ချခဲ့ကြတဲ့ အမျိုးသမီးအများအပြားကတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့ စိတ်ဒါဏ်ရာ ခံစားချက်ကို ပိုပြီးတော့ဆိုးစေရုံပဲရှိတယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။အမျိုးသမီး အများအပြားက ကိုယ်ဝန်ဖျက်ချတာဟာ မုဒိန်းကျင့်တာနဲ့ သိပ်မထူးဖူးလို့ ပုံဖော်ကြပါတယ်(တချို့များဆို “ဆေးပညာနဲ့ မုဒိန်းကျင့်ခြင်း” လို့တောင် နာမည်တပ်လိုက်သေးတယ်)။ ကိုယ်ဝန်ဖျက်ချတာဟာ အစောပိုင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရတဲ့ စိတ်ဒါဏ်ရာကို ထပ်ဆွ၊ထပ်ပေါင်းထည့်ပေးသလို ဖြစ်လိမ့်မယ်ဆိုတာ မြင်ဖို့သိပ်လွယ်ပါတယ်။ကိုယ်ဝန်ဖျက်ချတဲ့အခါ မျက်နှာဖုံးတပ်ထားတဲ့ တခါမှမသိမမြင်ဖူးတဲ့ လူစိမ်းကြီးတယောက်က သူ့ရဲ့ မိန်းမကိုယ်ထဲကို ပစ္စည်းကိရိယာတွေထည့်ပြီး နာကျင်အောင် လုပ်တာပဲလေ။ သူမအနေနဲ့ ခွဲစိတ်ခုံပေါ်မှာ လဲလျောင်းနေရတဲ့အချိန်မှာ သူမခန္ဓါကိုယ်ကို သူမထိန်းချုပ်လို့မရတော့တဲ့အပြင် အခုလုပ်နေတာကို ရပ်ပေးဖို့ ပြောလည်း သူမကိုလျစ်လျူရှုတာ ဒါမှမဟုတ် အခုမှ ရပ်ဖို့တော့ အရမ်းနောက်ကျသွားပြီလို့ပဲ ပြန်ပြောခံရမှာပါ။ကိုယ်ဝန်ဖျက်ချခံရတာနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာကြားမှာ အင်မတန် ဆင်တူတဲ့ ခံစားမှုအတွေ့အကြုံ ရှိပါတယ်။ အထူးသဖြင့် အရင်တခါကလည်း စော်ကားခံရဖူးတဲ့ အမျိုးသမီးတွေမှာဆိုရင် တူညီမှုကို ပိုပြီးတော့ ခံစားရပါတယ်(အရင်တခါတုန်းက ကိုယ်ဝန်ရရမရရပေါ့)။ဒါဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဖျက်ချနေတုန်းနဲ့ ကိုယ်ဝန်ဖျက်ချအပြီးမှာ စိတ်ဓါတ်ကျဆင်းဖိစီးမှုကို တခြားအမျိုးသမီးတွေထက် ဘာလို့ပိုခံစားရလဲဆိုတဲ့ အကြောင်းရင်းခံတွေထဲက တချက်မျှသာဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချထားဖူးတဲ့ အမျိုးသမီးတွေနဲ့ မုဒိန်းကျင့်ခံရဖူးတဲ့ အမျိုးသမီးတွေဟာ စိတ်ဓါတ်ကျဆင်းဖိစီးတာ၊အပြစ်ရှိတဲ့ခံစားချက်၊မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှုနည်းတာ၊ အကြမ်းဖက်ချင်တဲ့ စိတ်တွေရှိလာတာ၊ယောက်ျားတွေကို ခါးခါးသီးမုန်းတာ စတဲ့ ခံစားချက်တွေကို တူညီစွာ ခံစားရတယ်လို့ ယုံကြည်ရပါတယ်။လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကပေးတဲ့ စိတ်ဒါဏ်ရာကို ကုစားပေးရမယ့်အစား ကိုယ်ဝန်ဖျက်ချခြင်းဟာ ဒီဒါဏ်ရာကို ပိုလို့တောင် ဆိုးစေပါတယ်။ကိုယ်ဝန်ဖျက်ချဖို့ တိုက်တွန်းတဲ့၊အားပေးအားမြှောက်အကြံပေးတဲ့၊အတင်းခိုင်းတဲ့သူတွေဟာ အများအားဖြင့် ဒီလိုလိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုးသမီးတွေနဲ့ ပြောဆိုဆက်ဆံရတာ မသတီလို့ ဒါမှမဟုတ် ဒီအမျိုးသမီးကပါ အလိုတူအလိုပါနဲ့မို့ ဖြစ်တာတောင် နည်းသေးတယ် ဆိုတဲ့ သဘောမျိုးနဂိုထဲက တွေးထားသူမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ဒီလိုအခြေအနေက ရတဲ့ကိုယ်ဝန်ဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ သိထားရသလောက် သွေးသားရင်းချင်းစော်ကားခံရလို့ ကိုယ်ဝန်ရသွားတဲ့သူတွေဟာ ကိုယ်ဝန်ဖျက်ချချင်တာ အရမ်းရှားတယ်လို့ ဆိုပါတယ်။မလိုချင်တဲ့ ကိုယ်ဝန်လို့ စဉ်းစားမယ့်အစား ဒီကိုယ်ဝန်ဟာ သွေးသားရင်းချင်းစော်ကားခံနေရတဲ့ အဖြစ်ကနေ လွတ်မြောက်နိုင်မယ့် ထွက်ပေါက်လို့ သူတို့က မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိုယ်ဝန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်းရဲ့ သက်သေအထုတ်အထည်ဖြစ်တဲ့အပြင် မွေးဖွားလာမယ့် ကလေးနဲ့ သူမဟာ မေတ္တာစစ်မေတ္တာမှန်နဲ့ တည်ဆောက်ထားတဲ့ မိသားစုလေးတခုကို ဖန်တီးနိုင်မယ်လို့ ယူဆခံယူပါတယ်(အခု သူမ ပိတ်မိနေတဲ့ ဒီလူမဆန်တဲ့ အသိုင်းအဝိုင်းနဲ့ဆန့်ကျင်ဖက်ပေါ့)။ဒါပေမယ့် ပြဿနာက သွေးသားရင်းချင်းစော်ကားနေတဲ့ တရားခံက ဒီလိုမတွေးတာပါပဲ။ ဒီကိုယ်ဝန်ဟာ အမျိုးသမီးအတွက် ထွက်ပေါက်ဖြစ်ပေမယ့် သူ့အတွက်ကတော့ ခြိမ်းခြောက်မှုပါ၊အန္တရာယ်ပါ။ မသိချင်ယောင်ဆောင်ဖုံးကွယ်ထားတဲ့ တခြားမိသားစုဝင်တွေအတွက်လည်း သတင်းဆိုးပါ။ ဒီလို အနေအထားတွေကြောင့် တရားခံနဲ့ မိသားစုဝင်တွေဟာ အမျိုးသမီးကို ကိုယ်ဝန်ဖျက်ချဖို့ တွန်းအားပေးအတင်းစေခိုင်းကြပါတော့တယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/sexual-abuse-and-abortion/
ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ.........
ဘေဘီလေးကို ဉာဏ်ကောင်းစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိမယ်ထင်ပါတယ်။ ဒီတော့ ဘေဘီလေးဉာဏ်ကောင်းအောင်ဘာတွေကျွေးရမလဲ သိချင်နေတဲ့မေမေတွေများ ရှိလား…… ဒါဆိုရင်တော့ ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ……… ဆိုတာ သိရအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ……… ဆိုတော့။အခွံမာသီးတွေ။ပရိုတင်း၊fatty acids၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့်စိတ်ခံစားမှုကိုကောင်းစေပြီးဦးနှောက် နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာဆိုရင် အာရုံကြောရဲ့ အပေါ်ယံအမြှေးပါးကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်တစ်မျိုးဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝ စွာ ပါဝင်နေပါတယ်။သီရာမင်းကလည်း ဦးနှောက် နဲ့ အာရုံကြော စနစ်ကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဥအမျိုးမျိုး။ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ဥအမျိုးမျိုးမှာပါတဲ့ ပရိုတင်း နဲ့ အာဟာရဓာတ်က ကလေးရဲ့အာရုံစူးစိုက်မှုကို ကောင်းစေနိုင်ပါတယ်။ကြက်ဥအနှစ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ကိုလင်းတို့က မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။ဘယ်ရီသီးတွေ။ဘယရီသီးတွေမှာပါဝင်တဲ့ polyphenols က ဦးနှောက်ထဲကသွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဘယ်ရီသီး ကျွေးပေးလို့ရပါတယ်။ငါး။ငါးမှာ ဗီတာမင် D နဲ့ omega-3 fatty acid တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပြီးမှတ်မိနိုင်စွမ်းကောင်းစေပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဆယ်လ်မွန်၊ တူနာ၊ဆာဒင်းတို့​ ကျွေးပေးလို့ရပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကလည်း အကျိုးများစေတဲ့ အစားအစာတွေထဲက တစ်မျိုးပါပဲ။ ဟင်းနုနွယ်ဆိုရင် ဖောလိတ် နဲ့ ဗီတာမင်တွေ ပြည့်ဝနေတာကြောင့် မှတ်ဉာဏ်ကောင်းစေနိုင်သလို အရွယ်ရောက်တဲ့အချိန်မှာ dementia မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး ဦးနှောက်တွင်းမှာဆဲလ်အသစ်တွေဖြစ်ပေါ်စေပါတယ်။ပန်းသီး။ကလေးတော်တော်များများ ကြိုက်နှစ်သက်ကြသလို ဗီတာမင်၊သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝနေမှုက ကလေးရဲ့ ဦးနှောက် နဲ့ မှတ်ဉာဏ် ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။နို့ နဲ့ နို့ထွက်ပစ္စည်းတွေ။နို့ နဲ့ နို့ထွက် ပစ္စည်းတွေမှာ ပရိုတင်း၊ဗီတာမင် Bတို့လိုမျိုး ဦးနှောက် တစ်ရှူးတွေ ကြီးထွားစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဦးနှောက်ဆဲလ်တွေကို သတင်းအချက်အလက်တွေ ပေးပို့ လက်ခံမှုကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။အုတ်ဂျုံ။ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။မနက်ခင်းစောစောမှာ အုတ်ဂျုံ စားသုံးပေးတာက ကလေးကို မှတ်ဉာဏ်ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးခြင်းပါ။အုတ်ဂျုံကအမျှင်ဓာတ်ကြွယ်ဝသလို ဗီတာမင် E၊ ဗီတာမင် B အုပ်စု၊ ပိုတက်ဆီယမ်၊ ဇင့် တို့လိုမျိုး ဦးနှောက် လုပ်ဆောင်မှုကို ကောင်းစေနိုင်တဲ့ အာဟာရ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ပဲအမျိုးမျိုး။ပဲအမျိုးမျိုးမှာ ပရိုတင်း၊ကစီဓာတ်နဲ့ အမျှင်ဓာတ် အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးမှာ ဦးနှောက် ဖွံ့ဖြိုးစေဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့omega-3လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ဇီးဖြူသီး။ဇီးဖြူသီးမှာကိုယ်ခံအားကို ကောင်းစေနိုင်တဲ့ အာဟာရဓာတ်တွေနဲ့အမြင်အာရုံကောင်းစေနိုင်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုဆးန့်ကျင် အာနိသင် ကြွယ်ဝမှုက ဦးနှောက်ကိုဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကဲ…..ဘေဘီလေး ဉာဏ်ကောင်းစေဖို့ ဒါတွေပါအောင် ကျွေးဖို့ မမေ့နဲ့နော် မေမေတို့ရေ……………။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/brain-foods-for-kids/
လေးဖက်နာဖြစ်လာဖို့ အန္တရာယ်ပိုများစေတဲ့ အလုပ်အကိုင်များ
လေထုထဲက အဆိပ်သင့်အမှုန်အမွှားတွေနဲ့ ထိတွေ့နေရတဲ့ အလုပ်လုပ်ကိုင်သူတွေဟာ လေးဖက်နာအဆစ်ရောင်ရောဂါဖြစ်လာနိုင်ခြေ ပိုများနိုင်တယ်လို့ ဆွီဒင်နိုင်ငံကပြုလုပ်တဲ့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ လေးဖက်နာ (rheumatoid arthritis )ဟာ အဆစ်အမြစ်တွေမှာ ရောင်ရမ်း၊ နာကျင်မှုတွေဖြစ်ပေါ်စေတဲ့ ကိုယ်ခံအားစနစ်ရဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။သုတေသနအရ အမျိုးသားတွေမှာ ပန်းရန်ဆရာတွေ၊ လျှပ်စစ်ပြင်ဆရာတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေဟာ တခြားအလုပ်အကိုင် လုပ်နေသူတွေထက်လေးဖက်နာအဆစ်ရောင်ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေမှာတော့ သူနာပြုဆရာမတွေက တခြားအလုပ်တွေမှာထက်လေးဖက်နာဖြစ်လာနိုင်တဲ့ အန္တရာယ် ၃၀ ရာခိုင်နှုန်းပိုများနေပါတယ်။ကုန်ထုတ်လုပ်ရေးကဏ္ဍက အလုပ်သမားတွေက လေးဖက်နာရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ အရင်သုတေသနတွေကဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ဒီကဏ္ဍကအလုပ်သမားတွေဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အသိပညာပေးခြင်းနဲ့ အဝလွန်ခြင်းအပါအဝင် လူနေမှုပုံစံမှာ သတိထားထိန်းချုပ်နေတာတောင်မှ rheumatoid arthritis အန္တရာယ်ရှိနေသေးတယ်ဆိုတာကို ထောက်ပြနိုင်တာဖြစ်တယ်လို့ ဆွီဒင် Karolinska Institute မှ ဦးဆောင်သုတေသီAnna Ilar ကပြောပါတယ်။အဆစ်အမြစ်တွေ ယိုယွင်းပျက်စီးစေမှုကြောင့်ဖြစ်ရတဲ့ ပိုအဖြစ်များကြတဲ့ အရိုးအဆစ်ရောင်ရောဂါနဲ့မတူတဲ့အချက်ကတော့ လေးဖက်နာမှာ ခန္ဓာကိုယ်ရဲ့အရိုးအဆစ်တွေကို ကိုယ်ခံအားက ပြန်တိုက်ခိုက်တာပဲဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းကို လေးဖက်နာဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်တစ်ချက်အဖြစ် သိကြပြီးဖြစ်သလို လူတချို့မှာ ဒီရောဂါဖြစ်လာစေနိုင်တဲ့ ပတ်ဝန်းကျင်အကြောင်းရင်းတွေကို သုတေသနကထောက်ပြခဲ့ပါတယ်။ လေထုညစ်ညမ်းစေတဲ့အရာတွေကို ရှူရှိုက်မိလို့ဖြစ်လာတဲ့ အဆုတ်တွင်းပြောင်းလဲမှုတွေဟာ လေးဖက်နာရောဂါဖြစ်စေနိုင်တဲ့ ကိုယ်ခံအားစနစ်ရဲ့တုံ့ပြန်မှုတွေဖြစ်လာစေပါတယ်။Arthritis Care and Research မှာဖော်ပြခဲ့တဲ့ သုတေသနအသစ်မှာ လေးဖက်နာရောဂါရှိသူ ၃၅၂၂ ဦး၊ မရှိသူ ၅၅၈၀ ဦးတို့ရဲ့ အချက်အလက်တွေကိုလေ့လာဆန်းစစ်ခဲ့ပါတယ်။ သူတို့တွေရဲ့ အလုပ်အကိုင်ရာဇဝင်ကို အချက်အလက်စုဆောင်းပြီး သွေးနမူနာစစ်ဆေးမှုရလဒ်တွေကတဆင့် ဒီရောဂါနဲ့ပတ်သက်တဲ့ မျိုးဗီဇအချက်အလက်တွေကိုစစ်ဆေးခဲ့ပါတယ်။ကုန်ထုတ်လုပ်ရေးအလုပ်တွေမှာ တာဝန်ထမ်းဆောင်ရသူတွေနဲ့ ပညာရှင်၊ စီမံခန့်ခွဲရေးနဲ့ နည်းပညာအလုပ်အကိုင်တို့လို အငြိမ်အလုပ်အကိုင်သမားတွေကိုနှိုင်းယှဉ်တဲ့အခါ လျှပ်စစ်ပြင်သမားတွေက လေးဖက်နာဖြစ်နိုင်ခြေ နှစ်ဆပိုများပြီး ပန်းရန်အလုပ်သမားတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေက သုံးဆ ပိုအန္တရာယ်ရှိတယ်လို့တွေ့ရှိရပါတယ်။အကြောင်းရင်းကတော့ လေးဖက်နာဖြစ်စေနိုင်တဲ့ silica၊ asbestosနဲ့ အော်ဂင်းနစ်ပျော်ဝင်ပစ္စည်းတွေနဲ့ ကားအိတ်ဇောကထွက်ရှိတဲ့ အငွေ့တွေလိုမျိုး အဆိပ်ဓာတ်တွေကို ရှူရှိုက်မိတာကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်ဓာတ်ပစ္စည်းက ဒီရောဂါကိုဖြစ်စေနိုင်တာလဲလို့တော့ သုတေသနက အသေးစိတ်ခွဲခြားမပြခဲ့ပါဘူး။ ဒါ့အပြင် လက်လုပ်လက်စား အလုပ်အကိုင်တွေက လေးဖက်နာရောဂါဖြစ်လာစေဖို့ကို ဘယ်လိုသက်ရောက်မှုရှိနေသလဲဆိုတာကို လည်း ဆန်းစစ်ချက်တိုကရိုက်မဖော်ပြခဲ့ပါဘူး။“ အလုပ်ကြမ်းတွေ လုပ်တာများခြင်းက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဖိအားတွေဖြစ်စေနိုင်ပြီး ရောဂါ( rheumatoid arthritis)ဖြစ်လာစေနိုင်တယ်ဆိုတဲ့ အထောက်အထားတချို့တော့တွေ့ရတယ်” လို့ သုတေသီMichaud ဆိုသူကပြောပါတယ်။အိပ်ရေးမဝတာနဲ့ အဆက်မပြတ်အလုပ်လုပ်နေရတာတွေက ကိုယ်ခံအားစနစ်ကို သက်ရောက်နိုင်တဲ့ ဖိအားတွေဖြစ်ပေါ်စေပါတယ်။ ကိုယ်ခံအားကို ဖိအားများလေ ပုံမှန်မဟုတ်တဲ့တုံ့ပြန်မှုတွေ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းများလေဖြစ်ပြီး လေးဖက်နာလိုမျိုး autoimmuneရောဂါတွေဖြစ်လာစေနိုင်ပါတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/%e1%80%9c%e1%80%b1%e1%80%b8%e1%80%96%e1%80%80%e1%80%ba%e1%80%94%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9c%e1%80%ac%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%94%e1%80%b9%e1%80%90/
Chlamydia (ကလက်မိုင်ဒီးယား)
Chlamydia ဆိုတာလိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်နိုင်သောဘက်တီးရီးယားရောဂါပိုးဖြစ်ပါတယ်။ မိန်းမကိုယ်၊ ပါးစပ်၊ စအိုနှင့် လိင်ဆက်ဆံခြင်းတွေမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ မိခင်မှ တစ်ဆင့် ကလေးဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီဆိုရင် လူတော်တော်များများမှာ အစောပိုင်းဘာရောဂါ လက္ခဏာမှ မတွေ့ရတတ်ပါဘူး။ Chlamydia ရောဂါပိုးဝင်တာကို ကုသဖို့ မခက်ခဲပါဘူး။ ဒါပေမယ့် မကုဘဲထားရင်တော့ ပိုပြီးဆိုးရွားတဲ့ ကျန်းမာရေး ပြသနာတွေဖြစ်စေနိုင်ပါတယ်။Chlamydia ရောဂါပိုးဝင်တာက အလွန်အဖြစ်များပါတယ်။ လိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်တတ်တဲ့ တဲ့ရောဂါတွေထဲမှာ Chlamydia ရောဂါပိုးဝင်တာက အဖြစ်အများဆုံးလို့တောင် သိရပါတယ်။ ယောက်ျားလေးတွေထက်စာရင် မိန်းကလေးတွေမှာပိုဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ Chlamydia ရောဂါပိုးဝင်တာကို အားပေးတဲ့ အချက်တွေကိုလျော့ချခြင်း ခြင်းအားဖြင့် ဒီရောဂါကိုထိန်းချုပ်လို့ရပါတယ်။ နောက်ထပ်အချက်အလက်များနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးနိုင်ပါတယ်။ရောဂါစစဝင်ချင်း အစောပိုင်းမှာဘာလက္ခဏာမှ မပြပါဘူး။ Chlamydia ရောဂါပိုးဝင်ပြီး ၁ပတ်မှ ၃ပတ်အတွင်းမှာ ရောဂါလက္ခဏာတွေပြတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့။အပေါ်မှာပြထားတဲ့ လက္ခဏာတွေထဲမှာမပါတာတွေလည်း ဖြစ်တတ်ပါတယ်။ သင့်ရောဂါ လက္ခဏာနဲ့ပတ်သတ်ပြီးပိုသိချင် တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။အထက်တွင်ဖော်ပြထားတဲ့ အချက်တွေဖြစ်လာပြီဆိုရင် (သို့) မေးစရာရှိလာပါက ဆရာဝန်နဲ့ တွေ့ပြီးဆွေးနွေးသင့်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် သင့်အခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကို အမြဲတမ်း ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ကအကောင်းဆုံးဖြစ်ပါတယ်။အကာအကွယ်မသုံးဘဲလိင်ဆက်ဆံထားတယ်ဆိုရင်(သို့) သင့် အဖော်ကChlamydia ရောဂါပိုးရှိနေတယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ ဆွေးနွေးဖို့ကအလွန်အရေးကြီးပါတယ်။Chlamydia ရောဂါပိုးဟာလူတစ်ယောက်မှ တစ်ယောက်သို့အောက်ပါနည်းလမ်းတွေနဲ့ ကူးစက်နိုင်ပါတယ်။Chlamydia ရောဂါပိုးဝင်ခြင်း ဖြစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အကြောင်းအရာတွေကဘာတွေလဲ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Chlamydia ရောဂါပိုးဝင်တာကို ရှာဖွေ အတည်ပြုဖို့ စစ်ဆေးချက်များလုပ်ရပါတယ်။ အဲဒီစစ်ဆေးချက်တွေကတော့။နမူနာကိုယောက်ျားလေးဆိုရင်ဆီးလမ်းကြောင်းမှ၊မိန်းကလေးဆိုရင်သားအိမ်ခေါင်းမှ ယူပြီးဘက်တီးရီးယားရှိ/ မရှိဘက်တီးရီးယားပိုးမွေးသောနည်းလမ်း(သို့) ဘက်တီးရီးယားမျိုးရိုးဗီဇများကိုရှာဖွေသောနည်းလမ်းများအသုံးပြုပြီးစစ်ဆေးနိုင်ပါတယ်။ပုံမှန်လုပ်ဆောင်ချက်အရဆိုရင်တော့ Chlamydia ရောဂါပိုးရှိ/ မရှိကို ဖြစ်နိုင်ချေများတဲ့ လူများတွင် ရောဂါအမည်ရှာဖွေ စစ်ဆေးဖို့ လုပ်ဆောင်ရပါတယ်။လိင်ဆက်ဆံရာတွင် အကာအကွယ်မပါဘဲဆက်ဆံသူများ(ကွန်ဒုံးအသုံးမပြုခြင်း၊ အသုံးပြုပုံမမှန်ခြင်း။) (သို့) လိင်တူဆက်ဆံသူများ၊ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ရောဂါကူးစက်ခံရဖူးသူများအစရှိသူတို့ မှာ Chlamydia ရောဂါပိုးဝင်ဖို့ အခွင့်အရေးများသူများ ဖြစ်တဲ့အတွက် စစ်ဆေးရပါတယ်။Chlamydia ရောဂါပိုးဝင်ခြင်းကို ၁ပတ်၊၂ပတ်ခန့် ပိုးသတ်ဆေး (azithromycin၊ doxycycline) သောက်လိုက်ရင် အရှင်းပျောက်နိုင်ပါတယ်။ ဒါပေမယ့် ကုသနေစဉ်မှာသင့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း စစ်ဆေးချက်လုပ်ထားသင့်ပြီးလိုအပ်ပါက တစ်ခါတည်းကုသမှု ခံယူသင့်ပါတယ်။မိန်းမတွေအနေနဲ့ ပြင်းထန်တဲ့ Chlamydia ရောဂါပိုးဝင်ခြင်းဆိုရင်တော့ ဆေးရုံတက်ဖို့ လိုပါလိမ့်မယ်။ အဲဒီလိုလူတွေအတွက်တော့ ပိုးသတ်ဆေးနဲ့ အနာသက်သာဆေးကိုညွှန်ကြားချက်အတိုင်း အကြောဆေးအနေနဲ့ ထိုးရမှာ ဖြစ်ပါတယ်။ကုသခံနေစဉ်(ပိုးသတ်ဆေးသောက်နေစဉ်) ၃လကြာတိုင်း စစ်ဆေးဖို့ အကြံပြုချင်တာကတော့ Chlamydia ရောဂါပိုးဝင်တာကို ကုသတာထိရောက်ကြောင်းသေချာအောင် စစ်ဆေးနိုင်အောင်လို့ ဖြစ်ပါတယ်။ သင့် လိင်ဆက်ဆံဖော် ကုသပြီးသွားရင်တောင် ဆေးစစ်ချက်တွေ ဆက်လက်လုပ်ဆောင် သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/chlamydia/chlamydia/
စိုင်ယာတီကာ အကြောနာ အတွက် အစွမ်းထိရောက်သော ကုသမှုများ
စိုင်ယာတီကာ အကြောနာ ကုသမှုသည် ရောဂါလက္ခဏာထက် ဖြစ်သော အကြောင်းရင်းကို ကုသမှုအပေါ် အဓိက ဦးတည်ချက်ထားသည်။ သို့သော် ခွဲစိတ်မှုမပါသော ကုသမှု နှင့် ကိုယ်လက်လေ့ကျင့်ခန်း ပူးတွဲကုသမှုသည် နာကျင်မှုကို ပိုမိုသက်သာစေပါသည်။စိုင်ယာတီကာ အကြောနာ ကုသမှု၏ ဦးတည်ချက်မှာ နာကျင်မှုကို သက်သာစေပြီး လှုပ်ရှားမှု ကောင်းမွန်စေရန်ဖြစ်သည်။ ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည်။NSAID (Aspirin၊ Ibuprofen၊ Naproxen အပါအဝင်) ကဲ့သို့သော အကိုက်အခဲပျောက်ဆေး နှင့် အရောင်ကျဆေးများသည် နာကျင် တောင့်တင်းမှုကို သက်သာစေပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုကို တိုးတက်စေပါသည်။ ကြွက်သားဖြေလျော့စေသော ဆေးများ ဥပမာ။ ။ Cyclobenzaprine (Flexeril) သည် ကြွက်သားတောင့်တင်ခြင်း ရုန်းခြင်းနှင့် ဆိုင်သော မအီမသာ ဖြစ်မှုကို သက်သာစေသည်။ သို့သော် ကြွက်သား ဖြေလျော့ဆေးများသည် သက်ကြီးရွယ်အိုများတွင် စိတ်ရှုပ်ထွေးခြင်း ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် နာကျင်မှု ပမာဏပေါ်မူတည်ပြီး အကိုက်အခဲပျောက်ဆေးများကို ကုသမှုအစပိုင်းတွင် အသုံးပြုကောင်းပြုနိုင်သည်။ဤကုထုံး၏ ရည်ရွယ်ချက်မှာ အာရုံကြောပေါ်တွင် သက်ရောက်သော ဖိအားကို လျော့နည်းစေသည့် ကိုယ်လက်လှုပ်ရှားမှုကို ပြုကျင့်ခြင်းဖြစ်သည်။ လေ့ကျင့်ခန်းတွင် တင်းတောင့်နေသော ကြွက်သားများ ပျော့ပျောင်းလာစေသော အကြောလျော့လေ့ကျင့်ခန်းများ နှင့် အေရိုးဗစ်လေ့ကျင့်ခန်းများ (သို့) လမ်းလျှောက်ခြင်းများ ပါဝင်ပါသည်။ ကုထုံးကျွမ်းကျင်ပညာရှင်က သင်ခါး၊ ဝမ်းဗိုက်နှင့် ခြေထောက် ကြွက်သားများ သန်မာစေသော လေ့ကျင့်ခန်းအချို့ကို ပြောပြပါလိမ့်မယ်။အရောင်ကျဆေး (ဥပမာ ။ ။ cortisone ကဲ့သို့)ကို ခါးအတွင်းသို့ ဆေးထိုးခြင်းသည် အာရုံကြောအမြစ်များ ရောင်ရမ်းခြင်းကို လျော့ကျစေရန် ကူညီပေးသည်။ ဤနည်းဖြင့် လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်။ခွဲစိတ်မှုသည် ဆေးကုထုံးနှင့် မသက်သာသော လူနာများ (သို့) ရောဂါလက္ခဏာပိုဆိုးလာသူများ နှင့် ပြင်းထန်သော နာကျင်မှုကို ခံစားရသူများအတွက် အသုံးပြုသည်။ ခွဲစိတ်မှုနည်းလမ်းများတွင် Microdiscectomy ဟုခေါ်သည့် ကျွံနေသော ကျောရိုးအဆစ်ပြား အစိတ်အပိုင်းကို ဖယ်ထုတ်သော ခွဲစိတ်မှု နှင့် Laminectomy ဟုခေါ်သော ကျောရိုးအာရုံကြောမကြီး ပတ်လည် အုပ်ထားသော အရိုး နှင့် စိုင်ယာတစ်အာရုံကြောကို ဖိထားသော တစ်ရှုး ကို ဖယ်ရှားသော ခွဲစိတ်မှုတို့ဖြစ်သည်။လူအများစုသည် ယောဂ သို့မဟုတ် အပ်စိုက်ကုထုံးသည် စိုင်ယာတီကာ အကြောနာကို သက်သာစေသည်ဟု ယုံကြည်ကြသည်။ အနှိပ်ကုထုံးသည်လည်း စိုင်ယာတီကာအကြောနာဖြစ်သည့် တစ်လျှောက် ကြွက်သားတောင့်တင်းခြင်း၊ ကြွက်သားရုန်းခြင်းကိုလည်း များစွာ အကူအညီဖြစ်ပါသည်။ Biofeedback ဟုခေါ်သည့် လျှပ်စစ်ကိရိယာနှင့် ခန္ဓါကိုယ်၏ အလိုအလျောက်စနစ်များကို စောင့်ကြည့်သည့် နည်းလမ်းသည်လည်း နာကျင်မှုနှင့် စိတ်ဖိစီးမှုများကို သက်သာစေပြီး နာကျင်မှုဒဏ်ကို ခံနိုင်စွမ်းရှိစေသည်။ ဤနည်းများကို ရိုးရာကုထုံးများဟု ခေါ်သည်။အထက်တွင် ဖော်ပြထားသော စာရင်းသည် အပြည့်အစုံမဟုတ်သေးပါ။ သို့သော် စိုင်ယာတီကာ အကြောနာ ဖြစ်စေသော အကြောင်းရင်းအခြေခံကို သိဖို့ အရေးကြီးပါသည်။ ရောဂါအကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုများသည် ကွဲပြားသွားပါသည်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/%e1%80%85%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9a%e1%80%ac%e1%80%90%e1%80%ae%e1%80%80%e1%80%ac-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%94%e1%80%ac-%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း)
မျက်နှာက ကြွက်သားတွေ ယာယီချည့်နဲ့ပြီး အကြောဆွဲသွားတဲ့အခြေအနေ ဖြစ်ပါတယ်။ မျက်နှာရဲ့ကြွက်သားတွေကို ထိတ်းချုပ်တဲ့ အာရုံကြောတွေ ရောင်ရမ်းပြီး ဖိညပ်မိရင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ မျက်နှာတဖက်ဟာ အောက်ကိုလျော့ရဲကျခြင်း၊ ဒါမှမဟုတ် တောင့်တင်းခြင်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့မျက်နှာဘက်ခြမ်းမှာ ပြုံးဖို့၊ မျက်လုံးမှတ်ဖို့ အခက်တွေ့တတ်ပါတယ်။ များသောအားဖြင့် ယာယီအခြေအနေဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာရင် ပျောက်သွားတတ်ပါတယ်။အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ၁၆နှစ်နဲ့ ၆၀ကြားမှာ အဖြစ်များတာ တွေ့ရပါတယ်။ Bell အာရုံကြောချို့ယွင်းခြင်း ဆိုတဲ့ နာမည်ကတော့ ဒီပြသနာကို စတင်ဖော်ထုတ်ခဲ့တဲ့ စကော့လူမျိုး ခန္ဓါဗေဒပညာရှင် ချားလ်စ်ဘဲလ်ကို အစပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အောက်ပါလက္ခဏာတွေ ပါဝင်နိုင်ပါတယ်။ရှားရှားပါးပါး အခြေအနေမှာတော့ မျက်နှာနှစ်ခြမ်းစလုံးက အာရုံကြောတွေကို ထိခိုက်တတ်ပါတယ်။စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။မျက်နှာရဲ့ ခုနှစ်ချောင်းမြောက်အာရုံကြော ရောင်ရမ်းရင်၊ ဖိညပ်မိရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုထိခိုက်မှုရဲ့ တိကျတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။ ဆေးပညာရှင်တွေကတော့ ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဘပစဖြစ်ပွားခြင်းနဲ့ ဆက်စ်မှုရှိတဲ့ ဗိုင်းရပ်စ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါရှိတယ်လို့ သံသယရှိရင် မျက်နှာကြွက်သားရဲ့ အားနည်းမှု ဘယ်လောက်ထိဖြစ်သလဲသိနိုင်ဖို့ စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ဘယ်အချိန်မှာ စဖြစ်လဲ၊ ဘယ်လိုသတိထားမိလဲ စတဲ့ မေးခွန်းတွေ မေးပါလိမ့်မယ်။ရောဂါရှာဖွေဖို့ စမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။ဘက်တီးရီးယား၊ ဗိုင်းရက်စ်ပိုး ရှိမရှိ သွေးစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။မျက်နှာက အာရုံကြောတွေကို စစ်ဆေးဖို့ MRI, CT စတာတွေ ရိုက်နိုင်ပါတယ်။Bell အာရုံကြောချို့ယွင်းခြင်း ဖြစ်သူ အများစုဟာ ကုသသည်ဖြစ်စေ၊ မကုသသည်ဖြစ်စေ ပျောက်ကင်းနိုင်ပါတယ်။ ရောဂါလက္ခဏာအားလုံးအတွက် အဆင်ပြေနိုင်မယ့် ကုသမှု မရှိပါဘူး။ ရောဂါအပျောက်မြန်စေမယ့် ဆေးဝါးတွေ၊ ကာယကုသခြင်းတွေကို ဆရာဝန်က ညွှန်ပါလိမ့်မယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Bell အာရုံကြောချို့ယွင်းခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/bells-palsy-bell-%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%9a%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%bc/
ကန်စွန်းဥ စားသုံးရင်းကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေရနိုင်တယ်ဆိုတာ သင်သိပါသလား
ကန်စွန်းဥကိုပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်၊ သာကူနဲ့ ကျိုစားတာဖြစ်ဖြစ်စားလို့ရပါတယ်။ ဒီလိုအမျိုးမျိုးလုပ်စားလို့ရတဲ့ ကန်စွန်းဥက စားကောင်းရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်းတော်ေ်တာ်လေးအထောက်အကူပြုပေးပါသေးတယ်။ကန်စွန်းဥလို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာ မလိုအောင် လူတိုင်းလိုလို သိထားပြီး ဖြစ်မှာပါ။ ကန်စွန်းကြီးပင်ရဲ့ အမြစ်ဥတွေပါ။ အပြင်ခွံက ပန်းရောင်ရင့်ရင့်လေးပါ။ အတွင်းသားက လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အမျိုးမျိုးရှိကြပါတယ်။အရသာက ချိုပြီး အသားက ခပ်မွမွလေးပါ။ အာလူးလို မဟုတ်ဘဲ ရှည်မြောမြောပါ။ အရွယ်အသားကတော့ ခပ်ရွယ်ရွယ်ကနေ အကြီးကြီးအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။စားရတာ အရသာရှိတဲ့ ကန်စွန်းဥမှာ။စားကောင်းတဲ့ ကန်စွန်းဥ တွေကို စားမယ်ဆိုရင်တော့။ကဲ ဒီလောက်ထိ အကျိုးကျေးဇူးတွေများနေမှတော့ အရသာရှိတဲ့ ကန်စွန်းဥကို စားမလား။ မစားဘူးလား ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်။ကန်စွန်းဥက စိတ်ကြိုက် စားသုံးလို့ရတဲ့ အစားအစာ တစ်မျိုးပါ။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ ပိုးသတ်ဆေးမပါဘဲ စိုက်ပျိုးထားတာမျိုးကို ရွေးချယ်မိဖို့ လိုပါမယ်။သွေးတွင်းကိုလက်စထရော များတဲ့သူတွေက လွဲလို့ ကျန်တဲ့သူတိုင်း အတိုင်းအတာ ပမာဏတစ်ခုအထိ စားသုံးပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/impressive-benefits-of-sweet-potatoes/
ဝက်ရူးပြန်ရောဂါအတွက် သဘာဝကုသနည်းလမ်းများ
ဝက်ရူးပြန်ရောဂါကုသနည်းလမ်းတွေမှာ သဘာဝနည်းလမ်းတွေလဲပါဝင်ပါတယ်။ လူတိုင်းအတွက် အလုပ်မဖြစ်နိုင်သော်လည်း ဆရာဝန်တွေက သဘာဝနည်းတွေကို ကြိုးစားကြည့်ဖို့ အကြံပြုလေ့ရှိကြပါတယ်။ ထိုသဘာဝနည်းတွေမှာ ဘယဆေးတွေ၊ ဗီတာမင်တွေ၊ ဘိုင်အိုဖိဘက်နဲ့ အပ်စိုက်ခြင်းတို့ပါဝင်ပါတယ်။ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုသော ဘယဆေးအချို့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ဘယဆေးတွေမှာ ခေါင်းကိုက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ အစာနှင့်အူလမ်းကြောင်း ပြဿနာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတက်ရောဂါတွေအတွက်တော့ ထိရောက်မှုရှိလှပါတယ်။အချို့ ဘယဆေးတွေဟာ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုနိုင်သော်လည်း အချို့ဆေးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။အောက်ပါတို့ပါဝင်ပါတယ်။ကျန်းမာတဲ့ စားသောက်ခြင်းပုံစံနဲ့ တွဲလိုက်မယ်ဆိုရင် ဗီတာမင်အချို့က တက်နိုင်ခြေကို လျော့ချပေးနိုင်ပါလိမ့်မယ်။ ဗီတာမင်တွေ ကိုယ်တွင်းမှာ အဆိပ်အတောက်မဖြစ်အောင်သောက်ဖို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရပါလိမ့်မယ်။ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုသော ဗီတာမင်အများစုကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ခြင်းဖြင့် ဝက်ရူးပြန်တဲ့အကြိမ်ရေကို လျော့ချပေးနိုင်ပါတယ်။ ဝက်ရူးပြန်မှုအစပျိုးတဲ့ လက္ခဏာတွေကို သိရှိမယ်ဆိုရင် ရပ်တန့်နိင်မယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ အချို့ကတော့ ရောဂါလက္ခဏာတွေကို ရက်ပေါင်းများစွာထိ ခံစားနေရပြီး စိတ်သောကပူပန်ခြင်း၊ စိတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့အထိ ဖြစ်သွားနိုင်ပါတယ်။မိမိကိုယ်ကိုထိန်းချုပ်ခြင်းနည်းလမ်းတွေဟာ ဝက်ရူးပြန်ခြင်းကိုကာကွယ်ဖို့နဲ့ ဝက်ရူးပြန်ခြင်း၏ဆိုးရွားမှုကို လျော့နည်းစေဖို့အသုံးပြုခြင်းဖြစ်ပါတယ်။ နည်းလမ်းအချို့ကတော့ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ အလုပ်တစ်ခုထဲတွင်စိတ်နှစ်ထားခြင်း၊ အနံ့ပြင်းပြင်းကို နမ်းရှိုက်ခြင်းနှင့် မတက်နဲ့လို့အသံထွက်ပြောခြင်းတို့ဖြစ်ပါတယ်။ အခြားနည်းလမ်းဆိုရင်ဖြင့် ဦးနှောက်၏လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ ဘိုင်အိုဖိဘက်ပဲဖြစ်ပါတယ်။ယင်းနည်းလမ်းက လျှပ်စစ်ဓါတ်ကို အသုံးပြုပြီး ဦးနှောက်လှိုင်းတွေကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ဗဟိဒ္ဓကုထုံးဆရာတွေအသုံးများတဲ့ နည်လမ်းတစ်ခုပါ။ စိတ်ဝင်စားမယ်ဆိုရင်တော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။အပ်စိုက်ခြင်းနဲ့ အဆစ်အမြစ်ပြင်ခြင်းတို့လိုမျိုး ကုသနည်းတွေကိုလည်း တစ်ခါတစ်ရံအသုံးပြုလေ့ရှိပါတယ်။အပ်စိုက်ကုထုံးက နာတာရှည်နာကျင်မှုများ၊ အတက်ရောဂါနဲ့ အခြားဝေဒနာများကို တိကျသောနေရာများသို့ အပ်သေးသေးလေးများ ထိုးစိုက်ခြင်းဖြင့် သက်သာစေပါတယ်။ အပ်စိုက်ခြင်းဟာ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေနိုင်တာကြောင့် တက်နိုင်ခြေကို လျော့ချပေးပါတယ်။ စာပေသဘောအရ ကောင်းမွန်သည်ဟု ယူဆနိုင်သော်လည်း သိပ္ပံနည်းကျသက်သေတော့ မရှိသေးပါဘူး။အဆစ်အမြစ်ပြင်ခြင်းကုသနည်းမှာ ကျောရိုးပြင်ပေးခြင်းက ရောဂါတွေ ပျောက်စေနိုင်ပါတယ်။ ပုံမှန်သဘောလေး လှုံ့ဆော်ပေးလိုက်တာက လူနာကို အတက်ရောဂါအတွက် ပိုမိုထိန်းချုပ်မှု ရရှိသွားစေပါတယ်။ ဒါပေမယ့် အပ်စိုက်ကုထုံးလိုပဲ တိကျတဲ့ သက်သေပြမှုတွေတော့ မရှိသေးပါဘူး။စားသောက်မှုပုံစံပြောင်းလဲခြင်းကလည်း အတက်ရောဂါကို လျော့နည်းစေနိုင်ပါတယ်။ အကောင်းဆုံးပုံစံကတော့ အဆီများများပါသော ကီတိုဂျင်းနစ်စားသောက်မှုပုံစံပါပဲ။ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်းဓါတ်နည်းသော စားသောက်မှုပုံစံလို့လည်း ယူဆနိုင်ပါသေးတယ်။ ထိုသို့စားသောက်ခြင်းက အတက်ရောဂါကို လျော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ဆရာဝန်တွေ တိတိပပမသိကြသေးပါဘူး။ကလေးတွေအတွက်လည်း ကီတိုဂျင်းနစ်စားသောက်မှုပုံစံကို အသုံးပြုကြပြီး လူတော်တော်များများဟာ စိန်ခေါ်မှုတွေ ကြုံတွေ့ကြရပါတယ်။ ထိုစားသောက်မှုပုံစံဟာ အခြားသော ကုသနည်းတွေရဲ့ ဝက်ရူးပြန်ရောဂါအပေါ် သက်ရောက်မှုတွေမှာလည်း ကောင်းကျိုးတွေပေးလျက်ရှိပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%81%80%e1%80%80%e1%80%b9%e1%80%9b%e1%80%b0%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ပိုမိုဖြူဖွေးတောက်ပသော သွားများကို ပိုင်ဆိုင်နိုင်မည့် လျှို့ဝှက်ချက် (၁၀) ချက်
ဝါညစ်ထေးနေသော သွားများကြောင့် သင့်ပြုံးဖို့ ခက်နေပါသလား။ သင် အသက်ကြီးလာသည်နှင့်အမျှ အချို့အစားအသောက်များသည် သင့်သွားများကို အရောင်စွန်းထင်းစေသည်။ အချို့အရာများကို ကာကွယ်ပြီး အထူးပစ္စည်းအချို့ကို အသုံးပြုလျှင် သင့်သွားများကို နဂိုအတိုင်း တောက်ပဖြူဖွေးလာစေပါလိမ့်မည်။ တောက်ပသော အပြုံးများကို ပြန်လည်ပိုင်ဆိုင်ဖို့ ကူညီပေးမည့် နည်းလမ်းများကို အောက်တွင် ဆက်လက်ဖော်ပြထားပါတယ်။အပေါ်ယံသွားအစွန်းများကို ဆေးဆိုင်တွင် ဝယ်၍ရသော သွားဖြူဆေးပါသည့် သွားတိုက်ဆေး၊ သွားဖြူဆေးများနှင့် ဖယ်ရှားနိုင်သည်။ သွားအစွန်းချွတ်ပေးသော ပစ္စည်းများတွင် အဓိကပါဝင်သော ပစ္စည်းများမှာ သွားတိုက်ဆေးတွင် ပါဝင်သော အစွန်းချွတ်ဆေးအပျော့စားနှင့် ချေးချွတ်ဆေးများ ပဲဖြစ်ပါတယ်။အိမ်လုပ်သွားဖြူဆေးကိရိယာ အများစုမှာ Carbamide peroxide (သို့) Hydrogen peroxide တို့ ပါဝင်ပါသည်။ ထိုဓါတုပစ္စည်းများသည် အပေါ်ယံတွင် အချို့နက်ရှိုင်းသော အရောင်စွန်းထင်းမှုများကို ဖယ်ရှားပေးပါသည်။ ကိရိယာပေါ်မူတည်ပြီး ဒြပ်ပေါင်းများသည် သွားပွတ်တံနှင့် တိုက်ရသည်လည်းရှိသလို ဂျဲလ်အနေနှင့် အပေါ်၊အောက်သွားများ ပေါ် လိမ်းပေးပြီး ခန့်မှန်းခြေ ၄၅ မိနစ်ခန့် (အချိန်ပြောင်းလဲမှု ရှိနိုင်သည်။) ပါးစပ်ထဲတွင် ထားရသည်လည်း ရှိသည်။သွားဖြူစေသော တိပ်ပြားများသည် Hydrogen peroxide ၅ ရာခိုင်နှုန်း ပါဝင်သော polyethylene အမျိုးအစား တိပ်ပြားဖြစ်သည်။ သွားဖြူစေရန် အိမ်တွင် အသုံးပြုနိုင်သည်။ တစ်ရက်လျှင် မိနစ် အနည်းငယ်ကပ်ထားနိုင်ပြီး တစ်ပတ်ခန့်ကပ်ထားနိုင်သည်။ပုံမှန်အများဆုံး အသုံးပြုသော သွားတိုက်ဆေး၊ ဂျယ်လ်နှင့် အရည်များသည် အရောင်စွန်းထင်းမှု အချို့ ကို ဖယ်ရှားပေးသည်။ သို့သော် အများစုသည် အထက်တွင် ဖော်ပြထားသော အစွန်းချွတ်ဆေးများမပါရှိပါ။ ထို့ကြောင့် ၎င်းတို့သည် သင့်သွားများကို ဖြူဖွေးစေရန် အာနိသင်နည်းခြင်း (သို့) အာနိသင် လုံးဝမရှိခြင်း ဖြစ်နိုင်သည်။မုတ်ဖုန့်ဆိုဒါ နှင့် တစ်ခါတစ်ရံ သံပုရာရည်ရောထားသော အရောသည် သွားဖြူစေသော အာနိသင်ရှိကြောင်း လူအများက အခိုင်အမာဆိုကြသည်။ တံတွေးစီးဆင်းမှုနှင့် ပန်းသီး၊ သစ်တော်သီး၊ မုန်လာဥကဲ့သို့သော အသီးများ၏ ပွတ်တိုက်မှုသည်လည်း သွားများကို ဖြူဖွေးစေသည်။စတော်ဘယ်ရီသီးတွင် အစွန်းဖယ်ရှားနိုင်သော အာနိသင်နှင့် သွားချိုးများကို ရှင်းလင်းနိုင်သော ဗီတာမင် စီ ဓါတ်နှစ်မျိုးလုံး ပါရှိသည်။ သကြားမပါသော ပီကေသည် တံတွေးထွက်အောင် လှုံ့ဆော်ကာ သွားများကို သန့်ရှင်းစေပြီး အသီးတွင် ပါသော အက်ဆစ်ဓါတ်ကို ဓါတ်ပြယ်စေသည်။ထိုအရာအားလုံးသည် ပိုမိုဖြူဖွေးသော သွားများကို ပိုင်ဆိုင်နိုင်မည့် အိမ်သုံးနည်းများ ဖြစ်သည်။အကယ်၍ သင်သည် သွားစတီးကြိုး၊ သွားစိုက်ခြင်း၊ သွားဖာခြင်း၊ သွားကြွေအုပ်ခြင်း၊ သွားစွပ်ခြင်း ကဲ့သို့သော သွားဖက်ဆိုင်ရာ ပြုပြင်ကုသမှုများ ပြုလုပ်ထားပါက သွားဖြူဆေးများကို သတိထားပါ။ သွားဖြူဆေးများသည် သဘာဝသွားများကို အာနိသင်သက်ရောက်မှုရှိသော်လည်း အခြားပြုလုပ်၊ ပြုပြင်ထားသော သွားများအပေါ်တွင်တော့ သက်ရောက်မှု မရှိပါ။ ရလဒ်အနေဖြင့် သွားဖြူဆေးများ အသုံးပြုခြင်းသည် အချို့သွားများကို ပိုမိုဖြူဖွေးစေပြီး ပြပြင်ထားသော သွားများကိုတော့ သက်ရောက်မှုမရှိကာ အဆုံးတွင် သွားများ အရောင်မညီခြင်းကို ဖြစ်စေသည်။သွားအပေါ်ယံလွှာ၊ ကြွေလွှာသည် အသက်ကြီးလာသည်နှင့်အမျှ ပျက်စီးလာသည်။ သွားကြွေလွှာအောက်တွင် ဒန်တင် (dentin) ဟုခေါ်သော အလွှာတစ်ထပ်ရှိပြီး ထိုအလွှာသည် ပိုပြီး အဝါရောင်သန်းသည်။ ထို့ကြောင့် သင်အသက်ကြီးလာသည်နှင့် အမျှ သွားကြွေလွှာကို ထိခိုက်ပျက်စီးပြီး အရောင်စွန်းထင်းစေသော အစားအသောက်များကို စားသုံးခြင်းသည် အောက်အလွှာ ဒန်တင် (dentin) ကို ပေါ်လာစေသည်။ အရောင်မစွန်းထင်းစေသော အစားအသောက်များကို စားသုံးခြင်း နှင့် သွားဖြူဆေးများကို သတိနှင့် အသုံးပြုခြင်းသည် သွားဖြူစေသောကုထုံးကို တစ်နှစ်လောက် တာရှည်ခံစေသည်။ သွားဖြူဆေးများကို မကြာခဏ အလွန်အကျွံအသုံးပြုခြင်းသည် သွားများကို ပါးလွှာစေပြီး အပြာရောင် (သို့) ပြာညစ်ညစ်မီးခိုးရောင် ပြောင်းစေသည်။သွားများကို အရောင်ပြောင်းစေသည့် အဖြစ်များဆုံး နှင့် အဆိုးဆုံး ဒြပ်ပေါင်းမှာ ဆေးရွက်ကြီးဖြစ်သည်။ ဆေးရွက်ကြီးဆေးလိပ်သောက်ခြင်း နှင့် ဆေးရွက်ကြီးဝါးခြင်းသည် သွားများကို ဝါညစ်ခြင်းနှင့် အတူ အညိုရောင်အစွန်းများကို အလျင်အမြန်ဖြစ်စေသည်။ ဆေးရွက်ကြီး ထုတ်ကုန်များသည် ကင်ဆာဖြစ်နိုင်ချေ အန္တရာယ်ကိုလည်း များစေပြီး ခံတွင်းနံ့ဆိုးနှင့် အန္တရာယ်ရှိသော သွားဖုံးရောဂါများကိုလည်း ဖြစ်စေနိုင်သည်။သွားကို အရောင်ပြောင်းစေပြီး စွန်းထင်းစေသော အချိုရည်များမှာ ကော်ဖီ၊ လက်ဖက်ရည်၊ အရောင်ရင့်ဆိုဒါ နှင့် သစ်သီးဖျော်ရည်များ အထူးသဖြင့် အရောင်ရင့် သစ်သီးဖျော်ရည်များ ဖြစ်ပါသည်။ အတွေ့အကြုံကို အခြေခံသည့် စည်းမျဉ်းအရ အကယ်၍ အချိုရည် (အစားအစာ)တစ်ခုသည် အဖြူရောင် တီရှပ်ကို စွန်းထင်းစေနိုင်လျှင်သွားကိုလည်း အရောင်စွန်းထင်းစေပါသည်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%95%e1%80%ad%e1%80%af%e1%80%99%e1%80%ad%e1%80%af%e1%80%96%e1%80%bc%e1%80%b0%e1%80%96%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%9e%e1%80%b1%e1%80%ac/
ချိုချဉ်အရသာ ရေငန်းသီး ကို ရံဖန်ရံခါ စားသင့်တဲ့အကြောင်းရင်း
Snake fruit လို့ခေါ်ကြတဲ့ ရေငန်းသီး ဟာ အရှေ့တောင်အာရှမှာ ထွက်တဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူကြိုက်များနေပြီဖြစ်ပါတယ်။ရေငန်းသီးကို အမေရိကန်၊ဂျပန်နဲ့ ဥရောပတို့မှာလည်း နှစ်သက်ကြပါတယ်။ သူ့မှာကယ်လ်စီယမ်၊ ဖလောဗာနွိုက်၊ ဆာပိုနင်ဓာတ်တွေ ကြွယ်ဝပါတယ်။ရေငန်းသီး ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုတာလဲ ဆိုတော့ –။မျက်စိအတွက် ကောင်းတဲ့ အစားအစာဆိုရင်မုန်လာဥနီကို ပြေးမြင်ကြမှာပါ။ ဒါပေမယ့် အသီးတွေမှာလည်း မျက်စိအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘီတာကယ်ရိုတင်းတွေ ပါဝင်ပါတယ်။ မုန်လာဥနီစားရတာ ငြီးငွေ့လာပြီဆိုရင် ရေငန်းသီးကို အစားထိုးစားသုံးလို့ ရလောက်တဲ့ အာနိသင်ရှိပါတယ်။ဝမ်းပျက်နေတယ်ဆိုရင် အရင်ဆုံး ဝမ်းပိတ်ဆေး မသောက်ပါနဲ့ဦး။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသနိုင်တဲ့ အသီးတွေကို စားကြည့်လိုက်ပါ။ ရေငန်းသီးနုနုလေး စားပေးလိုက်ရင် ဝမ်းလျှောခြင်းအတွက် ဆေးတစ်ခွက်ပါပဲ။ ဆာလောင်မှုကိုလည်း သက်သာစေတဲ့ သဘာဝအာနိသင်လည်း ရှိပါတယ်။ဝိတ်ချလိုတဲ့အခါ တွက်ချက်စားသုံးတဲ့အာဟာရထဲမှာ ရေငန်းသီးထည့်သွင်းစားပေးရင် ပိုအကျိုးရှိနိုင်ပါတယ်။ ရေငန်းသီးက အာဟာရဓာတ်ပြည့်ဝရုံသာမက phytonutrients တွေလည်း ပါဝင်ပါတယ်။ ရေငန်းသီးက သင့်ရဲ့ diet plan ကို ပိုပြည့်စုံမြန်ဆန်စေပါလိမ့်မယ်။ရေငန်းသီးက ဦးနှောက်အတွက် ကောင်းပါတယ်။ ရေငန်းသီးမှာပါတဲ့ pectin နဲ့ပိုတက်စီယမ်တို့က ဦးနှောက်အတွက် ကောင်းတာကြောင့်မှတ်ဉာဏ်လည်း ကောင်းစေပါတယ်။ရေငန်းသီးက ဝမ်းပျက်ခြင်းအတွက် ဆေးဖက်ဝင်ကြောင်းသိကြပြီး ဖြစ်ပါတယ်။ Saponins၊ beta-carotene၊ tannins၊ flavonoids နဲ့ calcium တို့ကြောင့် အသီးရဲ့ အာနိသင် ပိုအစွမ်းထက်စေတာဖြစ်ပါတယ်။ရေငန်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ အရွယ်မတိုင်မီ ရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ Free radicals တွေကို ဖယ်ရှားပေးတဲ့ ဗီတာမင် စီက အသားအရေအတွက်အရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီးအသားအရေပေါ်ကအရေးအကြောင်းတွေကို သဘာဝအတိုင်းကာကွယ်ပေးပါတယ်။ရေငန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ ရင်ပူဝေဒနာကို သက်သာစေတဲ့အစွမ်းလည်း ပါဝင်ပါတယ်။ ရင်ပူလာပြီဆိုရင် သဘာဝနည်းနဲ့လည်း ကုသနိုင်ပါတယ်။ ရေငန်းသီးကို ပျားရည်နဲ့ ရောစပ်ပြီး သို့မဟုတ် ဖရဲသီးနဲ့ တွဲဖက်ပြီးလည်း စားသုံးရင် သက်သာစေနိုင်ပါတယ်။ရေငန်းသီးဟာဝမ်းချုပ်တတ်သူတွေအတွက်လည်း အကျိုးပြုပါတယ်။အမျှင်ဓာတ်လည်းကြွယ်ဝလို့ အစာချေဖျက်မှုမှာ အထောက်အကူပေးပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်က အူလမ်းကြောင်းအတွင်း အစာရွေ့လျားမှုကို ကူညီလုပ်ဆောင်ပေးတာကြောင့် ဝမ်းမချုပ်နိုင်တော့ပါဘူး။ရေငန်းသီးက ဉာဏ်ရည်အတွက် ကောင်းရုံသာမက မြွေအရေခွံလိုဖြစ်နေတဲ့ အသီးရဲ့ အခွံကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကောင်းကျိုးပြုပါတယ်။ ရေငန်းသီးက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်စုံစေပြီး အမျှင်ဓာတ်ကလည်း အကျိုးပြုပါတယ်။အရေပြားကျန်းမာရေးအတွက် ကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝလို့ ရင့်ရော်မှုကို ဟန့်တားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုအန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အမျှင်ဓာတ်ကြွယ်ဝမှုကြောင့်ပဲ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စွမ်း ပိုကောင်းစေပါတယ်။ ဒီအချက်က ဆီးချိုသွေးချိုဝေဒနာသည်တွေအတွက် အရေးပါတဲ့အချက်ပါ။ အသီးထဲမှာ ကာဗိုဟိုက်ဒရိတ် အတန်အသင့် ပါဝင်တယ်ဆိုပေမယ့် အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ကာကွယ်တားဆီးပေးပြီးပန်ကရိယမှာ ဖိစီးမှုမဖြစ်ရအောင် ကူညီလျှော့ချပေးပါတယ်။ရေငန်းသီးက လူတိုင်း စားလို့ရတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေ ကလေးငယ်တွေနဲ့ ရောဂါအခံ ရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/salak-snake-fruit/
ခံတွင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ
ကင်ဆာဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ လူတိုင်းက တွန့်ခနဲ ဖြစ်သွားတတ်ကြပါတယ်။ ဟုတ်ပါတယ်၊ကင်ဆာရောဂါဟာ တကယ်တမ်းလည်း အင်မတန်မှ ကြောက်ဖို့ကောင်းတဲ့ ရောဂါတမျိုးပါ။ ကင်ဆာအမျိုးမျိုးရှိတဲ့အနက် တချို့ကင်ဆာတွေဟာ မျိုးရိုးလိုက်လို့ဖြစ်ရတယ်၊အစားအသောက်အနေအထိုင်တွေကြောင့် ဖြစ်ရတယ်၊ပတ်ဝန်းကျင် (ဝါ)လုပ်ငန်းခွင် အနေအထားတွေကြောင့် ဖြစ်ရတယ် စသဖြင့် အကြောင်းရင်းခံအမျိုးမျိုး ရှိတဲ့အတွက် အချို့ကင်ဆာတွေကို ကာကွယ်လို့ရသလို၊အချို့ကင်ဆာတွေကိုတော့ ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် အသက်ဉာဏ်စောင့်ဆိုတဲ့အတိုင်း မိမိဖက်က ဆင်ခြင်စရာရှိတာတွေကိုတော့ အသေအချာ ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအများစုမှာ အမျိုးသားတွေကို ဒုက္ခအပေးဆုံးကင်ဆာတွေကတော့ အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာတို့ပဲ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာကတော့ သိကြတဲ့အတိုင်း ဆေးလိပ်သောက်သုံးမှုကြောင့် အဓိက ဖြစ်ပေါ်လာရပြီး ခံတွင်းကင်ဆာရဲ့ အဓိက လက်သည်ကတော့ ကွမ်းယာပဲ ဖြစ်ပါတယ်။ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက ကွမ်းယာစားလာကြတယ်ဆိုပေမယ့် ဒီခေတ်လို ဆေးမျိုးစုံထည့်ပြီး စားကြတာမဟုတ်ပါဘူး။ ထုံးနဲ့ ကွမ်းသီး၊ကွမ်းရွက်ကိုပဲ အဓိကထားပြီး စားတာပါ။ လက်ရှိကာလမှာတော့ အန္တရာယ်များပြားလှတဲ့ ကွမ်းစားဆေးမျိုးစုံကို ထည့်သွင်းပြီး ကွမ်းစားကြတာမို့ ကင်ဆာအပါအဝင် အခြားသော သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါမျိုးစုံကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခံတွင်းကင်ဆာမဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို မျှဝေဆွေးနွေးသွားမှာပါ။၁။ ဆေးရွက်ကြီးငုံခြင်း၊ကွမ်းစားခြင်းကို လုံးဝရှောင်ကျဉ်ပါ။ကွမ်းစားခြင်း၊ဆေးငုံခြင်းဟာ လူတွေတင်စားပြောလေ့ရှိသလို အရည်မရ၊အဖတ်မရတဲ့ အလုပ်ဖြစ်တဲ့အပြင် ကံဆိုးရင် ကင်ဆာတောင် လက်ဆောင်ရပါလိမ့်ဦးမယ်။ နိုင်တီတူး၊ဘုရင်မ စတဲ့ ကွမ်းစားဆေးတွေ ထည့်မစားဘူးဆိုရင်တောင် ကွမ်းစားခြင်းဟာ ခံတွင်းကင်ဆာဖြစ်ပွားနိုင်ချေကို အလွန်တရာမှ မြင့်တက်စေနိုင်တဲ့အတွက် ကွမ်းယာကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။ ကွမ်းစားခြင်းဟာ သင့်ကျန်းမာရေးအတွက်သာမက သွားမှာ ကွမ်းဂျိုးများကပ်ခြင်း၊ခံတွင်းနံ့မကောင်းခြင်း၊ကွမ်းတံတွေးတပျစ်ပျစ်နဲ့ အင်မတန်မှ ရွံရှာဖို့ကောင်းသလို ပတ်ဝန်းကျင်ကိုလည်း အကျည်းတန်စေပါတယ်။ ဒါကြောင့် ဘယ်ရှုထောင့်ကကြည့်ကြည့် ကောင်းကျိုးမပေးတဲ့ ကွမ်းယာကို ယနေ့ပဲဖြတ်ပါ။ မစားတတ်သေးရင်လည်း လုံးဝ အကျင့်မလုပ်ပါနဲ့။၂။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားပေးပါ။အာဟာရဓါတ်ချို့တဲ့ခြင်းဟာ သင့်အာခံတွင်း အတွင်းပိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တာမို့ ကင်ဆာဖြစ်နိုင်ချေ ပိုများစေပါတယ်။ ဒါပေမယ့် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ထောက်ပံ့ပေးတဲ့ ဗီတာမင်ဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant)တွေဟာ သင့်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ ဒါကြောင့် အဆိုပါ အစားအစာတွေကို တတ်နိုင်သမျှ နေ့စဉ်စားပေးသင့်ပြီး မုန်လာဥနီ၊ကျောက်ဖရုံသီး အစရှိတဲ့ အသီးအနှံတွေဟာ သင့်ခံတွင်းကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။၃။ နည်းစနစ်ကျကျ ချက်ပြုတ်ပါ။ဟင်းသီးဟင်းရွက်တွေကို အရမ်းကျက်သွား၊နူးသွားအောင် ချက်ပြုတ်ရင် သူတို့ရဲ့ အာဟာရတန်ဖိုး ကျသွားတတ်တာကြောင့် အကျက်မလွန်၊အနူးမလွန်သွားအောင် ဂရုပြုရပါမယ်။ ဟင်းသီးဟင်းရွက်၊အသီးအနှံတွေကို အစိမ်းစားခြင်းဟာလည်း အလေ့အထကောင်းတခုပါ။ ဟင်းချက်ဆီတချို့ဟာဆိုရင်လည်း ပြင်းထန်တဲ့မီးအပူနဲ့ တွေ့ရင် ကင်ဆာဖြစ်စေတဲ့ ဓါတ်ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားတတ်သေးတာမို့ ဆီနဲ့ကြော်တာထက် ပြုတ်စားတာ၊ပေါင်းစားတာစသဖြင့် အမျိုးမျိုးအဖုံဖုံ လုပ်စားကြည့်သင့်ပါတယ်။၄။ အရက်ဖြတ်ပါ။ရုတ်တရက်ကြည့်လိုက်ရင် ခံတွင်းကင်ဆာနဲ့ အရက် ဘာမှမဆိုင်ဘူးလို့ ထင်ရပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာလည်း သင့်အာခံတွင်းကို ထိခိုက်စေလို့ ခံတွင်းကင်ဆာဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါတယ်။ တနေ့ကို သုံး၊လေးခွက်လောက် သောက်ရင်ကို ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်ချေ နှစ်ဆပိုများလာစေတယ်လို့ ဆိုပါတယ်။ ဆေးလိပ်၊အရက်၊ကွမ်း လိုင်းပေါင်းစုံသူဆိုရင်တော့ ပြောမနေပါနဲ့တော့။ ဒါကြောင့် အရက်သောက်တတ်ရင် ဖြတ်ဖို့နဲ့ မဖြတ်နိုင်ရင်တောင် တနေ့ကို တခွက်၊နှစ်ခွက်ထက် ပိုမသောက်မိဖို့ လိုပါတယ်။၅။ ပါးစပ်နဲ့လိင်ဆက်ဆံရင် အကာအကွယ်သုံးပါ။သင့်အဖော်မှာ human papillomavirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးရှိနေရင် ပါးစပ်နဲ့ လိင်ဆက်ဆံရာကတဆင့် ဒီဗိုင်းရပ်စ်ပိုးကူးစက်ပြီး ခံတွင်းကင်ဆာ ဖြစ်ပွားလာနိုင်ပါတယ်။ ဒါကြောင့် ပါးစပ်နဲ့ လိင်ဆက်ဆံဖို့ အထူးထုတ်လုပ်ထားတဲ့ အကာအကွယ်ပစ္စည်းကို အသုံးပြုသင့်ပါတယ်။၆။ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပါ။သွားဆရာဝန်ဟာ သင့်သွားဖြူဖွေးတောက်ပအောင် လုပ်ပေးတာ၊အပေါက်တွေရှိနေရင် ဖာပေးတာထက်ပိုပြီး သင့်ကို အကျိုးဆောင်ပေးနိုင်ပါတယ်။ သူတို့ဟာ သင့်လျှာအောက်ခြေနဲ့ ပါးစောင်တွေအပါအဝင် အာခံတွင်းတခုလုံးကို သေချာစွာ စစ်ဆေးပေးမှာဖြစ်တာကြောင့် ခံတွင်းကင်ဆာရဲ့ ကနဦးအရိပ်လက္ခဏာတွေကို စောစီးစွာ သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတနှစ်ကိုတခါလောက် ဆိုသလို သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။၇။ သင့်ပါးစပ်ကို တလတခါလောက် ကိုယ်တိုင်စစ်ဆေးပါ။သွားဆရာဝန်နဲ့ တနှစ်တခါ ပြတာပဲဆိုပြီးတော့လည်း ပေါ့ပေါ့ မနေသင့်ပါဘူး။ သင်ကိုယ်တိုင်လည်း ကိုယ့်ပါးစပ်ကိုယ် တလတခါလောက် မှန်ရှေ့မှာ စစ်ဆေးကြည့်လို့ အကျိုးမယုတ်ပါဘူး။ မှန်ရှေ့မှာရပ်၊ပါးစပ်ကို ကျယ်ကျယ်ဟလို့ အာခေါင်တွေ၊လျှာ၊လျှာအောက်၊နှုတ်ခမ်း၊သွားဖုံး၊ပါးစောင် စသဖြင့် စစ်ဆေးပါ။ ပုံမှန်မဟုတ်တဲ့ အနာတွေ၊အနီကွက်အဖြူကွက်တွေ ရှိနေတာ၊ဒီလို ရှိနေတာဟာလည်း ရက်သတ္တပတ်သုံးပတ်ထက်ကျော်နေတာ ဒါမျိုးတွေကို ဂရုပြုစစ်ဆေးရပါမယ်။၈။ ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေပါ။သင်ကိုယ်တိုင်သောက်တာပဲဖြစ်ဖြစ်၊တခြားလူဆီက တဆင့်ခံရှူရှိုက်ရတာပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မှ ဆေးလိပ်ငွေ့တွေကို မရှူရှိုက်မိပါစေနဲ့။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာလည်း ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်ချေကို ပိုမြင့်စေလို့ပါ။၉။ သွားမှန်မှန်တိုက်ပါ။ခံတွင်းကင်ဆာကို အထူးတလည်ကာကွယ်ပေးနိုင်တယ်လို့ အတိအကျပြောနိုင်လောက်တဲ့ သုတေသနအချက်အလက်တွေ မရှိသေးသည့်တိုင် တနေ့ကို အနည်းဆုံးသွားနှစ်ကြိမ်တိုက်ခြင်း၊သွားကြားကိုကြိုးနဲ့သန့်ရှင်းရေးလုပ်ခြင်း (flossing)ကို အနည်းဆုံး တနေ့တကြိမ်လုပ်ပေးခြင်းဟာ သင့်ခံတွင်းကျန်းမာရေးအတွက် အလွန်အကျိုးရှိပါတယ်။လူတိုင်းလူတိုင်းဟာ မိသားစုနဲ့ သက်တမ်းစေ့ ပျော်ရွှင်ကျန်းမာစွာ နေထိုင်သွားလိုသူတွေချည်းပါပဲ။ ခံတွင်းကင်ဆာဟာ မိမိရဲ့ နေထိုင်စားသောက်ပုံအပြုအမူတွေကို ဆင်ခြင်ထိန်းသိမ်းခြင်းအားဖြင့် ရှောင်လွှဲနိုင်တဲ့ ရောဂါတမျိုးဖြစ်တဲ့အတွက် အထက်ဖော်ပြပါ ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေကို လိုက်နာပေးခြင်းအားဖြင့် ခံတွင်းကင်ဆာ အိပ်မက်ဆိုးကြီးနဲ့ ဝေးဝေးမှာပဲ နေထိုင်နိုင်ပါလိမ့်မယ်။ အဓိကအကျဆုံး၊အရေးအကြီးဆုံး အချက်ကတော့ ကွမ်းစားခြင်းကို လုံးဝ(လုံးဝ) အကျင့်မလုပ်ဖို့ပဲ ဖြစ်ပါကြောင်း။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9/
ကလေးရဲ့ ရက်တစ်ထောင်ဖွံ့ဖြိုးမှု ခရီးရှည် ဘယ်လိုအားဖြည့်ပေးမလဲ
မေမေ့ဗိုက်ထဲမှာတည်းက အစပြုခဲ့တဲ့ ကလေး ရဲ့ ဖွံ့ဖြိုးမှု လမ်းခရီးဟာ ရက် ၁၀၀၀ အတွင်း အရေးကြီးဆုံး ဆိုတာ သိပြီးကြပြီလား။ ဒီရက်တစ်ထောင်ဟာ ကိုယ့်ရဲ့ကလေး ဘယ်လိုဖွံ့ဖြိုးလာမလဲ၊ဉာဏ်ရည်ဘယ်လောက်ထိရှိလာမလဲ၊ ဘယ်လောက်ထိကျန်းမာကြံ့ခိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ကာလလို့ ဆိုနိုင်ပါတယ်။အရေးကြီးတဲ့ ဒီကာလ အတွင်းမှာ မှန်ကန်တဲ့အာဟာရထောက်ပံ့မှုတွေ ရနိုင်မှ ကလေးက ထွားမယ်၊ ဉာဏ်ရည် ဖွံ့ဖြိုးမယ်၊ သင်ယူ လေ့လာနိုင်မယ်၊ မေမေတို့ ဖြစ်စေချင်တဲ့ ဖွံ့ဖြိုးမှုတွေ အကုန် ရနိုင်မယ်လေ။ ဒီရွှေအိုရောင်အခွင့်အရေးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ်မျှော်မှန်းထားသလောက်မဖြစ်လာနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ကလေး ပြုစုစောင့်ရှောက်တဲ့ နေရာမှာ ပြုမူဆက်ဆံပုံတွေ၊ ထိန်းကျောင်းနည်းတွေ၊စိတ်ပိုင်းဆိုင်ရာအားပေး ပျိုးထောင်တာတွေ လည်း အရေးပါပေမယ့် ဒီလို ကလေးရဲ့ပထမဆုံး ရက် ၁၀၀၀ အတွင်းမှာတော့ အာဟာရ ကသာ နံပါတ်တစ် အရေးကြီးဆုံးပါပဲ။ဘာလို့လဲဆို ကလေးရဲ့ ရက် ၁၀၀၀ ဆိုတာက သန္ဓေစတည်ချိန်နဲ့ အသက် ၂ နှစ် ဝန်းကျင်အထိမို့ လူဖြစ်ကာစ ဖွံ့ဖြိုးမှုအပိုင်းအခြားဖြစ်နေလို့ပါ။သင် သိပါသလား၊ ကလေးရဲ့ဦးနှောက်က မွေးစနဲ့ အသက် ၂ နှစ်ဝန်းကျင် အတွင်းမှာ ဖွံ့ဖြိုးမှုနဲ့ ပြောင်းလဲမှု ပိုများတယ် ဆိုတာ။မွေးစတည်းက မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာတဲ့ ဦးနှောက်အပိုင်းက သင်ယူ လေ့လာမှု ၊ မှတ်ဉာဏ်တို့နဲ့ ဆိုင်တဲ့ hippocampus အပိုင်း ၊ အမြင်အာရုံ ၊ အကြားအာရုံ တို့နဲ့ ပတ်သက်တဲ့ အပိုင်းတွေ ပါဝင်ပါတယ်။အဲဒီနောက်ပိုင်း ၂ နှစ်ဝန်းကျင်အရွယ် အတွင်းက ဘာသာစကား သင်ယူနိုင်စွမ်းမှာ ဖွံ့ဖြိုးလာမယ့်အပြင်အာရုံစူးစိုက်နိုင်စွမ်းအပါအဝင် ဦးနှောက်ရဲ့ စီမံလုပ်ဆောင်ချက်တွေ ကို ထိန်းချုပ်မယ့် ဦးနှောက်အပိုင်းမှာ ဖွံ့ဖြိုးလာပါမယ်။ ဒီလိုအရေးကြီးတဲ့ ကာလအတွင်းမှာ ဖွံ့ဖြိုးမှုကို အဓိက အထောက်အကူပေးနိုင်တာက အာဟာရပဲ ဖြစ်ပါတယ်။ကလေး အာဟာရအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံးကမိခင်နို့ရည်ပါ။ ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု နဲ့ လုပ်ဆောင်ချက်အတွက် ၊ ကိုယ်ခံအားအတွက် ၊ အမြင်အာရုံ နဲ့ အကြားအာရုံအတွက် ၊ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် ၊ လှုပ်ရှားနိုင်စွမ်း အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ဘက်စုံပါဝင်နေတာပါ။ ဒါပေမယ့် မေမေကိုယ်တိုင် ကျန်းမာပြီး နို့ရည်က အာဟာရပြည့်နေဖို့တော့ လိုတာပေါ့နော်။ကလေးရဲ့ အာဟာရတွေထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အကျိုးပြုအဆီဓာတ်တွေ (ဥပမာ –DHAလို Omega-3 fatty acid တွေ) ကို ကလေးရဲ့ ရက် ၁၀၀၀ ကာလ အတွင်းမှာ အချိန်ကိုက်၊ မှန်ကန်တဲ့ အချိုးအစားပမာဏနဲ့ ရရှိဖို့ လည်း အရေးကြီးပါတယ်။ရက်တစ်ထောင်အတွင်း ကလေးက အရှိန်အဟုန်မြန်မြန်နဲ့ ဖွံ့ဖြိုးနေတဲ့အချိန်မှာ ကလေးရဲ့ အာဟာရထဲမှာ DHA ၊ ပရိုတင်း၊ ဖောလိတ် ၊ သံဓာတ်၊ ဗီတာမင် အေ၊ စီ နဲ့ ဘီအုပ်စုဝင်တွေ စတဲ့ အာဟာရဓာတ်တွေ မဖြစ်မနေပါဝင်နေဖို့လိုအပ်ပြီး အဲဒီအာဟာရတွေကို အများအပြားရရှိမှသာ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတွေ ဖြစ်လာမှာပါ။မေမေ့နို့ရည်က ကလေးတို့အတွက် နတ်ဆေးတစ်ခွက် ဖြစ်နေပေမယ့်လည်း အကြောင်းကြောင်းကြောင့် မေမေ့နို့ရည်မထွက်တဲ့အခါ၊ ကျန်းမာရေးကြောင့် နို့တိုက်လို့မဖြစ်တဲ့အခါ ဒါမှမဟုတ် ကလေးက နို့ပြတ်တဲ့အရွယ် ဖြစ်တဲ့အခါ ဖြည့်စွက်နို့မှုန့်တွေကို အားထားရမှာပေါ့။မေမေအတော်များများက ကလေးကို အားဆေးတိုက်ချင်တယ်၊ အာဟာရတွေဖြည့်စွက်ထားတယ် လို့ဆိုတဲ့ အချိုရည်တွေ၊ မုယောစပါး အခြေခံတဲ့ အာဟာရဖြည့် သောက်စရာတွေ နေ့တိုင်း တိုက်ကြတယ်။ သတိထားရမှာက အဲဒီအရာတွေထဲမှာအချိုဓာတ်မလွန်ကဲနေဖို့ပါပဲ။အချိုကဲတာတွေ နေ့တိုင်း တိုက်မိရင် ကလေးအဝလွန်တာ၊ ကလေး ဆီးချိုတို့လို အန္တရာယ်တွေ အပြင် အချိုစားသုံးမှု လွန်ကဲရင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်နော်။ ဒါ့ကြောင့် ဒီအခြေအနေမှာ ကလေးအတွက် သီးသန့်ထုတ်တဲ့ ဖြည့်စွက်အာဟာရနို့မှုန့်တွေကို ရွေးချယ်တာ အကောင်းဆုံးပါ။ကလေး အာဟာရနို့မှုန့်ကို မိခင်နို့နဲ့ တွဲတိုက်လို့ရတယ်၊ အစာအမာ စစားတဲ့အရွယ်ဖြစ်လည်း ဖြည့်စွက်နို့မှုန့်တွေ တွဲပြီးတိုက်လို့ရပါသေးတယ်။ အစာစစားတတ်နေပြီဆို အစားအစာတွေကနေ အာဟာရတွေရမယ်၊ အစားအသောက်ကနေ မရခဲ့တဲ့ အာဟာရတွေကို ဖြည့်စွက်နို့ကနေ ရမယ်။ ဒါဆို အဆင်ပြေပြီ မဟုတ်ဘူးလား။မေမေ့ရဲ့ကြင်နာချစ်ခင်မှုပါ။ ပြီးပြည့်စုံတဲ့ အာဟာရတွေ အပြင် မေမေ့ရဲ့ ဂရုစိုက်မှုတွေကိုပါ ရရှိထားတဲ့ ကလေးတွေက ပိုဉာဏ်ကောင်းကြပါတယ်နော်။လေ့လာမှုအရ မိခင်ရဲ့ မေတ္တာနဲ့ ဂရုတစိုက်ပြုစုမှုကို ပိုရရှိတဲ့ ကလေးတွေဟာ hippocampus ဦးနှောက်အပိုင်း ပိုဖွံ့ဖြိုးကြတယ်လို့ တွေ့ရှိရပါတယ်။ မိဘမေတ္တာကြားမှာ ပျော်ရွှင်ရတဲ့ ကလေးတွေဟာစိတ်ဖိစီးမှုကင်းစင်ပြီး သင်ယူလေ့လာမှုမှာ ပိုသွက်လက်ကြပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/the-first-1000-days-really-matter-2/
ဆယ်ကျော်သက်အရွယ် လူငယ်တွေ HIV ရောဂါပိုး နဲ့ ပတ်သက်ပြီး ဘာတွေသိဖို့ လိုအပ်သလဲ။
HIV ပိုးရှိသူတွေမှာ ဆယ်ကျော်သက်ဦးရေ ပိုပိုပြီးများပြားလာပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်တွေဟာ HIV ရောဂါပိုးကို ဘယ်လိုကာကွယ်ရမယ်ဆိုတာမသိခဲ့ရင် သူတို့ဟာလည်း ရောဂါပိုးကူးစက်ခြင်းခံရနိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် လူငယ်လူရွယ်တွေမှာ HIV ရောဂါပိုးနှင့်ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို ပေးနိုင်ဖို့ရာအတွက် အရမ်းအရေးကြီးပါတယ်။ သို့မှသာ သူတို့ကိုယ်တိုင် တစ်ကမ္ဘာလုံးပျံ့နှံ့ နေတဲ့ ရောဂါဆိုးကြီးကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဆယ်ကျော်သက်လူငယ်အရွယ်တွေ အရင်ဆုံးသိရမယ့် အကြောင်းအရာကတော့ HIVဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါတယ်။ HIV ရောဂါဆိုတာ လူသားများရဲ့ ခုခံအားစနစ် ကိုကျဆင်းစေတဲ့ ဗိုင်းရပ်စ်ရောဂါ ပိုးဖြစ်ပြီး ၎င်းရောဂါပိုးဟာ လူရဲ့ ခုခံအားစနစ် ကို အားနည်းယုတ်လျော့လာအောင် လုပ်ပါတယ်။ ၎င်းရောဂါပိုး ဝင်လာတဲ့အခါ ခန္ဓါကိုယ်မှ ခုခံ တိုက်ခိုက်တဲ့ အရေးကြီးတဲ့ဆဲလ် တွေကို ဖျက်ဆီးပစ်ပါတယ်။ အဲဒီနောက် HIV ရောဂါပိုးဟာ AIDS ရောဂါကို ဖြစ်စေပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ AIDS ရောဂါ ရနေပြီဆိုရင် သူတို့ရဲ့ ခန္ဓါကိုယ်မှာပိုးဝင်တဲ့အခါခုခံ တိုက်ခိုက်ဖို့ရန်အတွက် ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါနှင့် တွေ့တဲ့အခါ ခုခံအားစနစ်က သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းတွေ မရှိတော့လို့ ဖြစ်ပါတယ်။ တကယ်တော့HIV ရောဂါ ကိုပျောက်ကင်းအောင် ကုသဖို့ရာ အသုံးဝင်တဲ့ နည်းလမ်းမရှိပါဘူး။ သို့သော် သေချာကုသမယ်ဆိုရင်တော့ HIV ရောဂါကိုထိန်းချုပ် စီမံနိုင်ပါတယ်။တကယ်လို့ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ လူတစ်ဦး မှ တစ်ဦးကို HIVရောဂါပိုး ဘယ်လိုကူးစက်နိုင်သလဲ ဆိုတာ မသိခဲ့ရင် ၎င်းရောဂါကို တားဆီးနိုင်ဖို့ရာ မဖြစ်နိုင်ပါဘူး။ HIV ရောဂါပိုးရှိသော လူရဲ့ ခန္ဓါကိုယ်ထဲမှ ဘယ်လိုအရည်မဆို အခြားသူရဲ့ ခန္ဓါကိုယ်ထဲ ဝင်လာတဲ့အခါ HIV ရောဂါပိုး ကူးစက်စေပါတယ်။၎င်းဟာHIV ပိုးကူးစက်စေနိုင်တဲ့ နည်းလမ်းများသာဖြစ်ပါတယ်။ ရောဂါပိုး၏ ဘယ်အဆင့်တွင်ရှိသူမဆို ရောဂါပိုးကူးစက်ခြင်း ဖြစ်စေနိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းမှ အရည်အချို့ဆိုတာ သွေး၊သုက်ရည်၊ စအိုမှထွက်သောအရည်၊ မိန်းမကိုယ်မှထွက်သောအရည်နှင့် မိခင်နို့ စတာတွေကိုခေါ် ပါတယ်။HIV ရောဂါပိုးဟာ လိင်မှတစ်ဆင့် အများဆုံးကူးစက်ပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ HIV ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမိတဲ့အခါ နှစ်ယောက်စလုံးရဲ့ ခန္ဓါကိုယ်အရည်တွေဟာရောသွားပြီး အထူးသဖြင့် မိန်းမကိုယ်ထဲကို သို့မဟုတ် စအိုတစ်ရှူးတွေမှာ ပြဲနေတဲ့နေရာရှိရင် ထိုနေရာတွေကနေ ဗိုင်းရပ်စ်ပိုးဟာ ဝင်သွားကြပါတယ်။ အနာဒဏ်ရာရှိတဲ့နေရာတွေမှာလည်း ဗိုင်းရပ်စ်ပိုးဟာ ဝင်နိုင်ကြပြီး တစ်ခြားသောလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလည်းဝင်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးတွေဟာ သူတို့ရဲ့ခန္ဓါကိုယ်ဖွဲ့စည်းမှုပုံစံကြောင့် HIV ရောဂါပိုးကူးစက်နိုင်ခြေပိုများပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးတွေဟာ အရွယ်ရောက်ပြီးသော အမျိုးသမီးများ ထက်စာလျှင် ၎င်းတို့ရဲ့ မိန်းမကိုယ်အမြှေးပါးဟာ ပိုပါးပြီး ရောဂါပိုးပိုဝင်လွယ်ပါတယ်။ယေဘုယျ အားဖြင့် HIV ရောဂါပိုးဟာ HIV ပိုးရှိသူနှင့် စအိုအားဖြင့် သို့မဟုတ် မိန်းမကိုယ်အားဖြင့် လိင်ဆက်ဆံမိတဲ့အခါ၊ ကွန်ဒုံးမသုံးမိတဲ့အခါ၊ HIVရောဂါပိုးကို ကာကွယ်ရန် သို့မဟုတ် ကုသရန် ဆေးမသောက်မိတဲ့အခါ သို့မဟုတ် HIVရောဂါပိုးရှိသူ အသုံးပြုတဲ့အပ် သို့မဟုတ် ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲမိတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်မူးယစ်ဆေး အကြောထဲထိုးသူတွေမှာလည်း ပိုးဝင်နိုင်ခြေများပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ မသန့်ရှင်းတဲ့အပ်၊ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓါး နှင့်အခြားချွန်ထက်သော အရာတွေသုံးပြီး အရေပြားကို ဖြတ်ခြင်း၊ အပေါက်ဖောက်ခြင်း စတာတွေ ပြုလုပ်တဲ့အခါမှာလည်း HIV ရောဂါပိုး ကူးစက်နိုင်ပါတယ်။ဆယ်ကျော်သက်အရွယ် လူငယ်တွေ HIV ရောဂါ နှင့်ပတ်သက်ပြီး မှားယွင်းယုံကြည်နေတဲ့အရာတွေကိုလည်း မှန်ကန်လာအောင် သင်က ပြောဆိုပေးဖို့ လိုအပ်ပါတယ်။ ဥပမာ ခြင် သို့မဟုတ် အခြားအင်းဆက်ပိုးမွှား တွေ ကိုက်သောအခါ HIVရောဂါပိုး ကူးစက်နိုင်တယ်လို့ ဆယ်ကျော်သက်ရွယ် လူငယ်တွေဟာ မှားယွင်းယုံကြည်နေကြပါတယ်။ ဒါ့အပြင် တကယ်လို့ သူတို့ဟာHIVရောဂါပိုး ရှိသူနှင့် ထိတွေ့ခြင်း သို့မဟုတ် နမ်းရှုပ်ခြင်း ပြုတဲ့အခါ သို့မဟုတ် HIVရောဂါပိုးရှိသူနှင့် ပန်းကန်ခွက်ယောက် သို့မဟုတ် အိမ်သာများကို အတူတကွ သုံးစွဲ တဲ့အခါ HIV ရောဂါပိုး မကူးစက်နိုင်ပါဘူး။သင့်ရဲ့ဆယ်ကျော်သက်ရွယ် လူငယ်တွေကို သင်ပြောပြဖို့ လိုအပ်တာကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ သို့မဟုတ် မိမိဘာသာ မိမိ ဆေးရုံဆေးခန်း ပြင်ပမှာအပ်များ/ ဆေးထိုးအပ်များကို မျှဝေသုံးစွဲ ခြင်းဟာ HIV ရောဂါပိုးကို ဖြစ်စေနိုင်တဲ့အတွက် မပြုလုပ်ကြရန် တားဆီးနိုင်ပါတယ်။ ဒါဆိုရင် HIV ရောဂါပိုးကို သိသိသာသာ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သင်နှင့် သင့်ရဲ့ ဆယ်ကျော်သက်ရွယ် လူငယ်တွေဟာ လိင်ပိုင်းဆိုင်ရာကိစ္စအချို့ကို စကားပြောတဲ့အခါမှာ အနည်းငယ်တော့ စိတ်ကသိကအောင့်ဖြစ်နိုင်ပါလိမ့်မယ်။ သို့သော် သူတို့ဟာ စအိုအားဖြင့်၊ မိန်းမကိုယ်အားဖြင့် သို့မဟုတ် ပါးစပ်အားဖြင့် လိင်ဆက်ဆံတဲ့ အခါမှာ ကွန်ဒုံးအသုံးပြုခြင်းဟာဆိုရင် သူတို့အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကို ပြောပြသင့်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံဖော်များစွာထားခြင်း မပြုကြရန်ကိုလည်း သင်က အကြံပေးသင့်ပါတယ်။ ဒါ့အပြင် စောစောစီးစီးအဆင့်မှာပဲ ဆေးကုသမှု ခံယူနိုင်ရန်အတွက် သူတို့ကို ၃လကနေ ၆လကြား တစ်ခါ အမြဲတမ်းဆေးစစ်ခိုင်းပါ။ဆယ်ကျော်သက်တွေနဲ့ HIVရောဂါအကြောင်း ဗဟုသုတ ဝေမျှတဲ့အခါမှာ သူတို့ရဲ့ အသက်အရွယ်၊ စရိုက်လက္ခဏာ၊ ရောဂါ နဲ့ပတ်သက်တဲ့ အသိဉာဏ်ပညာတွေပေါ် မူတည်ပြီးမျှဝေပေးသင့်ပါတယ်။ သင်ဟာ မိဘကောင်းတစ်ယောက်အနေနဲ့ ခံယူပြီး အစီအစဉ်များ ရးဆွဲကာ သူတို့ကို HIVရောဂါပိုးအကြောင်း ပညာမပေးခင်မှာ အရေးကြီးဆုံး အချက်အလက်များကိုချရေးထားပြီး ထိထိရောက်ရောက် ပညာပေးနိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/%e1%80%86%e1%80%9a%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%b1/
မဖြစ်ခင်က ကြိုတင်ကာကွယ်
“အဖေ့မှာ ကျောက်ကပ်ရောဂါရှိနေပြီတဲ့၊ ကျောက်ကပ်ဆေးမှရမယ်ပြောတယ်။ ကျောက်ကပ်ဆေးဖို့ကလည်း အရမ်းကုန်မှာတဲ့”။“ကိုထွန်းလား အရက်တွေ အရမ်းသောက်လို့လေ၊ အခုတော့အသားတွေဝါပြီး ဗိုက်ကြီးပူလာလို့လေ၊ ဆေးရုံမှာ”။“အဖေ ပြန်ကျပ်လို့ဆေးရုံတင်လိုက်ရတယ်။ အဲ့လိုပဲ ပြန်ပြန်ဖြစ်ဖြစ်နေတာ။ ဆေးလိပ်သောက်လို့ဖြစ်တာတဲ့”။“ကိုလှတော့မနေ့က ဆေးရုံတင်လိုက်ရတယ်။ နှလုံးသွေးကြောပိတ်သွားလို့တဲ့”။ဒေါက်တာကျော်တစ်ယောက် ဆရာဝန်နားနေခန်းထဲနေစဉ် အပြင်မှလူနာစောင့်များ ဖုန်းပြောနေသည်ကို ကြားနေကျအသံများဖြစ်သည်။ အစိုးရဆေးရုံတွင် အလုပ်လုပ်နေသော သမားတော်တစ်ဦးဖြစ်သည်နှင့်အညီလူနာများစွာ ရောဂါများစွာကိုတွေ့ရှိကုသနေရသည်။ အစိုးရဆေးရုံဖြစ်သဖြင့်ချို့တဲ့သော လူနာများကိုအများစုဖြစ်သည်။ လူသာ ဆင်းရဲကြသော်လည်း ဖြစ်သော ရောဂါများကမဆင်းရဲကြချေ။ ဆေးကုသစရိတ်များမည့်သူဌေးရောဂါဟု ဒေါက်တာကျော်နာမည်ပေးထားသော ရောဂါများဖြစ်ကြသည်သာ။ထိုအခါ ပြဿနာက ဆေးကုသစရိတ် မတတ်နိုင်ကြခြင်းပင်။ အစိုးရဆေးရုံဖြစ်သဖြင့် အစိုးရကအသုံးများသော ဆေးတော်တော်များများ ပေးထားနိုင်သော်လည်း အသုံးနည်းသည့် ဆေးများ ကုန်သွားသောဆေးများကို လူနာကိုယ်တိုင်ဝယ်ကြရသည်။ ထို့အပြင် နာတာရှည် ကျောက်ကပ်ရောဂါသမားများအတွက်ကျောက်ကပ်ဆေးခြင်းကို လူနာကိုယ်တိုင်ကပင် အကုန်ကျခံလုပ်ကြရသည်ကများသည်။အလားတူပင်တချို့သောကုသမှုများ ဥပမာ နှလုံးခွဲစိတ်ခြင်းမျိုးတွင် လူနာက ကုန်ကျစရိတ် ကျခံရသည်များလည်း ရှိသည်။ ဆေးများဆိုလျှင်လည်း ဆေးရုံတက်နေစဉ် အခမဲ့ ရနေလျှင်တောင်မှ ဆေးရုံကဆင်းပြီး ရေရှည်သောက်ရန်မိမိဘာသာ ဝယ်ကြရမည်ဖြစ်သည်။ ထိုအခါ ထို ကုန်ကျ စရိတ်များ မတတ်နိုင်ကြတော့ခြင်းဖြစ်သည်။မိမိတို့နိုင်ငံသည်လည်း ဆင်းရဲသောနိုင်ငံဖြစ်သည်နှင့် အညီ အစိုးရက တတ်နိုင်သမျှထောက်ပံ့သလို ပြင်ပပရဟိတအဖွဲ့များကလည်း တတ်နိုင်သမျှ ပရဟိတဆေးခန်းများ ဖွင့်ကာ ကူညီပေးနေကြသည့်တိုင် လူနာအားလုံး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သေးသည် မဟုတ်ချေ။ဖြစ်ပွားသော ရောဂါတော်တော်များများကို လေ့လာကြည့်လျှင် မဖြစ်ခင်က ကြိုတင်ကာကွယ်၍ ရသောရောဂါများဖြစ်သော်လည်း အမှုမဲ့အမှတ်မဲ့နေမိ၍ ဖြစ်လာတော့မှကုသရခက်သွားကြသည့်အနေအထားများကို တွေ့ရှိရသည်။ လူအများစုသည်မဖြစ်ခင်က ကြိုတင်ကာကွယ်ရန်ကိစ္စကို မေ့နေကြပြီးနေချင်သလိုသာ နေတတ်ကြသည်။ ထို့ကြောင့်လည်း ရောဂါဖြစ်လာချိန်မှ တောင်မင်း မကယ်နိုင်၊မြောက်မင်း မကယ်နိုင်ဖြစ်ပြီး ဒုက္ခရောက်ကြသည်။ ထို့ကြောင့်လည်း ရောဂါအများစုကိုကာကွယ်နိုင်မည့် သတိပြုဆင်ခြင်ဖွယ်ရာအချက်တချို့ကို ဖော်ပြလိုက်ရပါသည်။လူအများစုသည် အစားအသောက်ကို ကိုယ်ကြိုက်သလို စားနေကြသည်။ အဆီများသော အစားအစာ၊ အချိုများသောအစားအစာများသည် လူအများကြိုက်သော အစားအစာများဖြစ်သည်။ အချိုရည်ကိုအလွန်အကျွံသောက်ကြသည်။ အဆီအစိမ့်များစားရင်းမှ ဝမှန်းမသိဖြည်းဖြည်းချင်း ဝလာကြသည်။ ဝလာပြီးမှဝိတ်လည်း ပြန်လျှော့ရခက်လာကြသည်။ ထိုအခါ ဝခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့်သွေးကြောအဆီပိတ်ခြင်း၊ ဆီးချို သွေးတိုးဖြစ်လာခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ဆီးချိုသွေးတိုးရောဂါများကို သေချာမထိန်းသိမ်းနိုင်သည့်အခါ နောက်ဆက်တွဲ ကျောက်ကပ်စသည့်ရောဂါများဖြစ်လာခြင်း၊ အသည်းအဆီဖုံးခြင်းမှအသည်းခြောက်ခြင်း စသည်များဖြစ်လာကြတော့သည်။အဝလွန်လာခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုတွင် အစာပုံမှန်စားချိန်တွင်မစားဘဲ အာလူးကြော်snack စသည့် သွားရည်စာများအစားများခြင်းလည်း ပါဝင်ပါသည်။ထို့ကြောင့်လည်း အစားအသောက်ကို ဆင်ခြင်စားသုံးရန် လိုအပ်ပါသည်။ အန္တရာယ်ရှိသော အဆီများဖြစ်သည့် တိရစ္ဆာန်မှရသော အဆီ၊ စားအုန်းဆီ၊ နို့ဆီဒိန်ခဲစသည့်အဆီများသော အစားအသောက်များကို ဆင်ခြင်စားသောက်ရပါမည်။ ထမင်းကိုလည်း အလွန်အမင်းစားသုံးခြင်းမပြုဘဲ ပုံမှန်ပမာဏလောက်သာ စားသုံးသင့်ပါသည်။ မိမိကိုယ်လက်လှုပ်ရှားမှုအနေအထားပေါ်မူတည်၍ ချင့်ချိန်စားသုံးရပါမည်။ သာမန်အားဖြင့်လူတစ်ဦးသည်တစ်နေ့လုံးတွင်ဟင်းချိုသောက်ပန်ကန်လုံးသုံးလုံးစာ ထမင်းကိုစားသုံးနိုင်သည်ဟုဆိုပါသည်။ထမင်းစားချိန်ကိုလည်း ပုံမှန်စားသောက်ပြီး ကြားပေါက်သွားရည်စာများ အလွန်အမင်း စားသုံးခြင်း၊ အချိုရည်များအလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။အချိုရည်များများသောက်ခြင်းသည် ဆီးချိုရောဂါကို ဖြစ်ပွားစေခြင်း၊ ဝစေခြင်းများကိုဖြစ်ပေါ်စေပါသည်။ ထို့ကြောင့်အချိုရည်များကို မကြာခဏသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ပြောနေကျ စကားတစ်ခွန်းရှိပါသည်။ ရေဆာချိန်တွင်ရေကိုသာ သောက်သုံးသင့်ပါသည်။သွက်လက်တက်ကြွစွာ နေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်းသည်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ ယခုနောက်ပိုင်းတွင် စက်ပစ္စည်းများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူအပင်ပန်းခံရသည်က နည်းလာသည်။ လမ်းလျှောက်သွားနေကျခရီးကို ကားဖြင့်သွား၍ ရလာသည်။ ထိုအခါ လူအများ၏ ကိုယ်လက်လှုပ်ရှားမှုသည်လည်း အလိုလိုနေရင်း နည်းသွားတော့သည်။ ကျန်းမာရေးနှင့် လျော်ညီစေရန် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လှုပ်ဆောင်ရန်လိုအပ်ပါသည်။ ဖြစ်နိုင်ပါက သီးသန့်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို တစ်ပတ်လျှင်မိနစ်၁၅၀ ခန့် လုပ်ဆောင်သင့်ပါသည်။ မနက်စောစောထ လမ်းလျှောက်ခြင်း၊ ယောဂကိုယ်လက်လှုပ်ရှားမှုများ၊ လေ့ကျင့်ခန်းများလုပ်ခြင်းသည် အထူးပင်ကောင်းမွန်ပါသည်။ သီးသန့်လေ့ကျင့်ခန်းမလုပ်နိုင်လျှင်တောင် သွားစရာရှိလျှင်လမ်းများများလျှောက်ခြင်း၊ ထိုင်၍လုပ်နေရသော အလုပ်ဆိုလျှင် မကြာခဏလမ်းလျှောက်ခြင်းများကို ပြုလုပ်သင့်ပါသည်။အဝလွန်သူများအနေဖြင့် ဝိတ်လျှော့ရန်မှာ အရေးကြီးပါသည်။ ဝိတ်လျှော့ရန်အထက်ပါ အချက်၂ချက်ကို အထူးသတိထားလိုက်နာကြရန်လိုပါသည်။ အစားအသောက်လည်း လျှော့၊ကိုယ်လက်လှုပ်ရှားမှုလည်း သေချာလုပ်ဆောင်ပါမှ အဝလွန်ခြင်းမှ ဝိတ်ကို လျှော့ချ နိုင်မည်ဖြစ်ပါသည်။အရက်ကို အလွန်အကျွံမသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်လေပြွန်ရောင်ရောဂါ၊ အဆုတ်ကင်ဆာရောဂါစသည့် အဆုတ်ရောဂါအမျိုးမျိုး၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အစာလမ်းကြောင်းတွင် အနာဖြစ်ခြင်း၊ ကင်ဆာရောဂါအမျိုးမျိုးစသည့် ရောဂါအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေပါသည်။ ကွမ်းစားခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ တချို့က ဆေးလိပ်ဖြတ်ရန် အကြောင်းပြပြီး ကွမ်းစားတတ်ကြသည်။ ကွမ်းသည်လည်း ပါးစောင်ကင်ဆာအပါအဝင် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ အရက်ကို တစ်နေ့လျှင်အမျိုးသားများတွင် သုံးယူနစ်၊ အမျိုးသမီးများတွင် နှစ်ယူနစ်အထိသာ သောက်သုံးသင့်သည်ဟု ဆိုကြသည်။ ထိုပမာဏသည် အမျိုးသာများတွင် ဘီယာ ဆိုလျှင်တစ်ခွက်ခွဲ၊ အရက်ဆိုလျှင် သုံးပက်လောက်၊ အမျိုးသမီးများတွင် ဘီယာတစ်ခွက်၊ အရက်နှစ်ပက်လောက်ထိသာ ရှိပါသည်။ ထိုပမာဏထက်ပိုမိုသောက်သုံးပါက အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း၊ အစာလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ နှလုံးအားနည်းခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း စသည်များစွာဖြစ်တတ်ပါသည်။မိမိတို့လူမျိုးများသည် သူများညွှန်းသော ဆေးကိုအလွယ်တကူသောက်လေ့ရှိသည်။ မြန်မာဆေး၊ အင်္ဂလိပ်ဆေးအစုံကို သူများကောင်းသည်ပြောရုံနှင့်သောက်ကြသည်။ ထိုအခါ ဆေး၏ ရေတိုရေရှည်ဘေးထွက်ဆိုးကျိုးများကို ခံစားကြရတော့သည်။ ဆေးကြောင့် အသည်းထိခြင်း၊ ကျောက်ကပ်ထိခြင်းများအဖြစ်များသည်ကို တွေ့ရပါသည်။ ထို့ကြောင့်လည်း ဆေးဝါးများကိုသက်ဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်၏ညွှန်ကြားချက်နှင့်သာ သောက်သုံးသင့်ပါသည်။ရောဂါများသည် စောစီးစွာ သိသော အဆင့်တွင် သေချာ ထိန်းသိမ်းကုသပါက ကုန်ကျစရိတ်သက်သာသလို နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ကာကွယ်ပြီးဖြစ်မည်ဖြစ်သည်။ ဒါကို သေချာ ကုသခြင်းမပြုပါက နောက်ဆက်တွဲ ဆိုးကျိုးဝင်လာချိန်တွင် ကုသရခက်ခဲသွားခြင်း၊ ကုသစရိတ်ကြီးခြင်းများဖြစ်ပေါ်လာပါလိမ့်မည်။ ဥပမာ ဆီးချို သွေးတိုး ရောဂါများကို စောစော ကတည်းကသေချာ ထိန်းသိမ်းခြင်းမပြုပါက နောက်ဆက်တွဲ ကျောက်ကပ်၊ နှလုံး၊ လေဖြတ်စသည်တို့ ဖြစ်ပွားလာနိုင်သဖြင့်။ရောဂါရှိမှန်းသိချိန်မှစ၍ မပေါ့ဆဘဲ သေချာထိန်းသိမ်းကုသရန်လိုအပ်ပါသည်။ကာကွယ်ဆေးနှင့်ပတ်သက်သော ဘေးပတ်ဝန်းကျင်မှလျှောက်ပြောတတ်သည့်စကားများကို နားမယောင်ရန်လိုပါသည်။ ကာကွယ်ဆေးများသည်များစွာ ဆေးသုတေသန ပြုလုပ်ပြီးမှလူအများတွင်အသုံးပြုရန်ခွင့်ပြုထားခြင်းဖြစ်ရာ ကာကွယ်ဆေးသည်အန္တရာယ်ရှိသည်ဟုဆိုသော စကားများကိုနားမယောင်မိစေရန်လိုအပ်ပါသည်။ အချုပ်အားဖြင့်ဆိုရသော်ရောဂါများကိုကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုကောင်းမွန်လွယ်ကူပါသည်။ ရောဂါများကိုကာကွယ်နိုင်ရန်ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုများကိုပုံမှန်လုပ်ဆောင်သွားရန်လိုအပ်လှကြောင်း တင်ပြလိုက်ရပါသည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/prevention-of-ncd/
သွားတိုက်ဆေးဘာကြောင့် အရေးကြီးလဲ
အစားအသောက်ပြီးသွားတိုက်ခြင်းသည် တကိုယ်ရည်သန့်ရှင်းခြင်းအတွက်အလုပ်များဆုံးသော လုပ်ဆောင်ခြင်းတစ်ခုဖြစ်သည်။ သွားတိုက်ခြင်း ပလုပ်ကျင်းခြင်းက အစာဖက်တွေကိုဖယ်ရန်ကူညီပေးနိုင်သည်။ ထိုအပြင် သွားနှင်သွားဖုံးကင်ဆာဖြစ်ခြင်းကိုလည်းနည်းစေသည်။ သို့သော် သွားတိုက်ခြင်းက သွားတိုက်ဆေးအပေါ်လည်းမှုတည်သေးသည်။သွားတိုက်ဆေးက သွားရှိအဖက်များပေါ်ခြင်းကိုကာကွယ်ပေးခြင်းဖြင့် သွားဖုံးယောင်ခြင်း သွားနားယောင်ခြင်းကိုသက်သာစေသည်။ ပါးစပ်ထဲရှိ ဘက်တီးရီးယားက သွားထဲညှပ်နေသောအစာကို သွားဂျိုးပေါ်လာစေသည်။ ထိုအရာက သွားပိုးစားခြင်းနှင့်သွားဆုံး၇ှုံ့းသည်အထိဖြစ်စေသည်။ထိုအပြင် သွားတိုက်ဆေးတွင် ဒါတုများပါဝင်ပြီး ထိုအရာကသွားပေါ်တွင်နေကာ သွားကျိုးပေါ်ခြင်းအဖက်များကျန်နေခြင်းကိုကာကွယ်ပေးနိုင်သည်။ သွားတိုက်ဆေးတွင် ပိုးသတ်ဆေးအနည်းငယ်လည်းပါဝင်နိုင်ပြီး ပါးစပ်ရှိပိုးမွားများကိုသတ်ပေးနိုင်သည်။များသောအားဖြင့် ဖလိုရိုက်ပါဝင်သည်။ ထိုအရာများကသွားကိုသန့်ရှင်းစေရုံမက ကာကွယ်ပေးသည်။ ဖလိုရိုက်က သင့်သွားအပေါ်ယံလွာကိုသန်မာစေပြီး ဘက်တီးရီးယားကြောင့်ဖြစ်သော အက်စစ်ပတ်ဝန်းကျင်မှကာကွယ်ပေးသည်။ သို့သော် သွားတိုက်ဆေးကိုမြိုချခြင်းမှရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် အများကြီးမျိုချမိပါကအန္တရယ်ရှိသောကြောင့်ဖြစ်သည်။ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်သည်လည်းသွားတိုက်ဆေးတော်တော်များများတွင်ပါသည်။ အဓိကအားဖြင့်သွားဖြူလိုသည်ကဆိုသူများတွင်ပါသည်။ သိပ္ပံပညာရှင်များ၏သွားတိုက်ရာတွင် သန့်ရှင်းလုံခြုံပြီး ထိရောက်သောအရာဟုသက်သေပြပြီးဖြစ်သည်။ ဘိတ်ကင်းဆိုဒါကို စီးပွားဖြစ်သွားတိုက်ဆေးအဖြစ်မတီထွင်ခင် သွားတိုက်ရာတွင်အသုံးပြုများခဲ့သော ကွန်ပေါင်းတခုဖြစ်ခဲ့သည်။သင့်သွားက အရမ်းပူသောအေးသောအစာများကို ထိခိုက်လွယ်ပါက သင့်ကိုကူညီနိုင်သော အထူးပြုလုပ်ထားသည်သွားတိုက်ဆေးရှိပါသည်။ သွားတိုက်ဆေးရှိဓါတုများက အာရုံကြောကိုငြိမ်စေရန်ကူညီပေးနိုင်ခြင်း ဦးနောက်ကိုပို့သောအချက်များကိုကာကွယ်ပေးခြင်းတို့လုပ်ပေးနိုင်သည်။ သို့သော် ပြသာနာကချက်ခြင်းပျောက်သွားခြင်းမဟုတ်ပဲ အချိန်တခုလိုပြီး ပြီးပါကလည်း ပြန်မဖြစ်ဖို့ဆက်လုပ်ရန်လိုအပ်သည်။သွားတိုက်ဆေးကသင့်သွားအတွက်ကောင်းသည်။ သို့သော် သွားတိုက်ဆေးတစ်ခုတည်းကအကူအညီမဖြစ်သည်ကိုသိထားသင့်သည်။တခါလျင်သွားတိုက်ဆေးအများကြီးမသုံးပါနှင့်။ သွားတိုက်ရန်အချိန်ကောင်းကောင်းယူပြီး သွားတိုက်ရာတွင်ဂရုစိုက်ပါ။ ထိုမှာသာကျန်းမာပြီး လန်းဆန်းသောသွားကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%b1%e1%80%ba%e1%80%86%e1%80%b8%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba/
သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုမှာ ပါဝင်သင့်တဲ့ မဂ္ဂနီဆီယမ်
ကယ်လ်ဆီယမ် ဒါမှမဟုတ် အခြားသော သတ္တုဓါတ်တွေလို အလေးပေးအရေးတယူပြုခြင်းမခံရပေမယ့် မဂ္ဂနီဆီယမ်ဟာ သင့်ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ခန္ဓါကိုယ်မှာရှိတဲ့ အရိုးတွေသန်မာအောင်နဲ့ အပူအအေးမျှတဖို့အတွက် မဂ္ဂနီဆီယမ်က အရေးပါပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကောင်းစွာ အလုပ်လုပ်ဖို့၊ ကြွက်သားတွေ၊အာရုံကြောတွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓါတ်ကို လိုအပ်ပါတယ်။မဂ္ဂနီဆီယမ်မရှိဖူးဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ကနေ စွမ်းအင်ထုတ်ပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် ကြွက်သားတွေကလည်း တချိန်လုံးတင်းပြီး ညှစ်နေကြမှာဖြစ်ပါတယ်။ ကိုလက်စထရောထုတ်လုပ်မှုနဲ့ သွေးထဲပို့ဆောင်မှုတွေကိုလည်း ကောင်းကောင်းထိန်းညှိနိုင်တော့မှာ မဟုတ်ပါဘူး။မဂ္ဂနီဆီယမ်ဓါတ်နည်းပါးခြင်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ သင့်ကလေးရဲ့ သွေးတွင်းမဂ္ဂနီဆီယမ်ပမာဏကို ဂရုတစိုက်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။အရွယ်ရောက်ပြီးသူတွေနဲ့ နှိုင်းယှဉ်ရင် ကလေးတွေမှာ သိသာတဲ့ လက္ခဏာပြတာမျိုး မရှိတဲ့အတွက် မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့တယ်ဆိုပြီး တွေ့ရတာတော့ နည်းပါတယ်။မဂ္ဂနီဆီယမ်ဟာ ကယ်လ်ဆီယမ်လောက် မထင်ရှားပေမယ့် ခန္ဓါကိုယ်အတွက် အရေးကြီးဆုံးသော အာဟာရဓါတ်တွေထဲက တခုအပါအဝင်ဖြစ်နေပါတယ်။မဂ္ဂနီဆီယမ်ဟာ လုပ်ငန်းမျိုးစုံကို ဆောင်ရွက်ပေးနိုင်တဲ့ သတ္တုဓါတ်ဖြစ်တဲ့အပြင် အခြားသော အာဟာရဓါတ်တွေကို ထုတ်လုပ်သုံးစွဲဖို့အတွက်လည်း ကူညီဆောင်ရွက်ပေးပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့၊နှလုံးစည်းချက်မှန်စေဖို့၊ခုခံအားစနစ်ကောင်းမွန်စေဖို့ နဲ့ အရိုးတွေသန်မာစေဖို့အတွက် မဂ္ဂနီဆီယမ်က ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။မဂ္ဂနီဆီယမ်ဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးပြီး သွေးပေါင်ချိန်ကိုလည်းမှန်စေကာ စွမ်းအင်ထုတ်လုပ်မှုနဲ့ ပရိုတင်းထုတ်လုပ်မှုတွေမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့ရင် ခံစားရမယ့် လက္ခဏာတွေက လူကြီးရော၊ကလေးမှာပါ အတူတူပဲ ဖြစ်ပါတယ်။မဂ္ဂနီဆီယမ်ဓါတ်ကို လုံလောက်စွာစားပေးခြင်းအားဖြင့် ကလေးတွေမှာ အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ဒါကြောင့် ကလေးတွေအနေနဲ့ မဂ္ဂနီဆီယမ်ပမာဏကို လုံလောက်အောင် စားပေးဖို့ အထူးပဲ အရေးကြီးလှပါတယ်။အောက်ဖော်ပြပါ အစားအစာတွေကတော့ သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုပုံစံထဲကို ပေါင်းထည့်ပေးသင့်တဲ့ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝသော အစားအစာတွေပဲ ဖြစ်ပါတယ်။သင့်ကလေးအနေနဲ့ တနေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏကို လုံလောက်အောင် စားသုံးရခြင်း ရှိမရှိကို သိနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် တနေ့တာလိုအပ်တဲ့ပမာဏနဲ့ တွက်ချက်မယ့်အစား ရက်အနည်းငယ် ဒါမှမဟုတ် တပတ်အတွင်းလိုအပ်တဲ့ ပမာဏနဲ့ တွက်ချက်မယ်ဆိုရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။ဒါဆိုရင် သင့်ကလေးစားသုံးတဲ့ မဂ္ဂနီဆီယမ်ပမာဏကို ထိန်းချုပ်ဖို့ပိုမိုလွယ်ကူမှာဖြစ်သလို သင့်ကလေးရဲ့ စားသောက်မှုပုံစံနဲ့ပတ်သက်ပြီးတော့လည်း ကြိုတင်စီမံနိုင်မှာ ဖြစ်ပါတယ်။မဂ္ဂနီဆီယမ်ဟာ သင့်ကလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အထူးအရေးကြီးတဲ့အတွက် သင့်ကလေးအနေနဲ့ လုံလောက်တဲ့ မဂ္ဂနီဆီယမ်ပမာဏ ရရှိဖို့ ဂရုတစိုက်စီမံပေးရမှာ ဖြစ်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%89%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1/
ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….
ကိုဗစ်ကာကွယ်ဆေးတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုးနှံလို့ ရနေပြီဖြစ်တာကြောင့် လူအတော်များများကကာကွယ်ဆေး ထိုးနှံဖို့ကို စိတ်ဝင်စားနေကြသလို ကာကွယ်ဆေး ထိုးပြီးသူတွေလည်း ရှိနေကြလောက်ပါတယ်။ကာကွယ်ဆေး မထိုးရသေးခင်ကတော့ ကာကွယ်ဆေးမှာ ဘယ်ကာကွယ်ဆေး အမျိုးအစားက စိတ်ချရလဲ။ ကာကွယ်ဆေး ထိုးရင် ဘယ်လိုတွေ ခံစားရမလဲ။ကာကွယ်ဆေး ထိုးပြီး ခံစားရတဲ့ လက္ခဏာတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာတွေပါ။အခုချိန်မှာတော့ ကာကွယ်ဆေးတွေ ထိုးတာ ၁ ကြိမ် ပြီးတဲ့သူတွေလည်း ရှိသလို ၂ ကြိမ်လုံး ပြည့်ပြီးသွားသူတွေလည်း ရှိနေမှာပါ။ ဒီတော့ စိတ်ဝင်တစား သိချင်နေမယ့် အကြောင်းအရာက ကာကွယ်ဆေး ထိုးပြီးရင် ကာကွယ်ဆေးက ကိုဗစ်ရန်ကနေ ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ဆိုတာကိုပါ။ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ကိုဗစ်ရောဂါကို ကူးစက်ခံရပြီးချိန်မှာလည်း ပြန်ကောင်းလာပြီဆိုရင်ခန္ဓာကိုယ်မှာ ကိုဗစ်ကို တုံ့ပြန် တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားantibodyထွက်ပါတယ်။ ဒါက ပုံသေပြောလို့တော့ မရပါဘူး။ အချို့တွေမှာ လက္ခဏာတွေ လည်းပြတယ်။ ကိုဗစ်လည်း ဖြစ်တယ်။ ပြန်သက်သာလာချိန်မှာ antibody ကိုtest  kitနဲ့ စစ်ကြည့်ပေမယ့် ကိုယ်ခံအား ထွက်မနေတာမျိုးတွေ ရှိပါတယ်။နောက်တစ်ချက်က ဒီလို ထွက်လာတဲ့ antibody က အကြာကြီး မခံဘဲ အလျင်အမြန် ကျဆင်းတတ်တယ်ဆိုတာပါ။ ဒီလို ကျဆင်းတာကြောင့်လည်း ကိုဗစ်ဖြစ်ပြီး ထပ်ကူးစက်ခံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရတာပါ။ကာကွယ်ဆေးကတော့ ကိုဗစ်ကို ခုခံဖို့ကိုယ်ခံအားကို သေချာပေါက် ထွက်စေမယ့်အရာပါ။ ကိုဗစ်က ပြန်သက်သာလာတယ်ဆိုရင်တောင် နောက်ထပ်တစ်ကြိမ် ဆိုတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ကာကွယ်ဆေးက လိုအပ်ဆဲပါ။ကိုဗစ် ကာကွယ်ဆေးကို ထိုးလိုက်တဲ့အခါ ပထမတစ်ကြိမ်က ကိုယ်ခံအားကို ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ပြင်ပကဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားကဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာဖျားချင်သလိုလိုမအီမသာဖြစ်သလို ခံစားရတာပါ။ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလို ထိုးပြီးတဲ့အခါ ကိုယ်ခံအားက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့ရက်ကနေ ၁၄ ရက်အတွင်းမှာ antibody စထွက်ပါမယ်။ကာကွယ်ဆေးကလည်း ဆေးအောင်တယ်ဆိုမှ antibody ထွက်မှာပါ။ ကိုဗစ်ကို ခုခံတဲ့ antibody တွေဟာရိုးတွင်းခြင်ဆီထဲက antibody ထုတ်ပေးတဲ့ ကိုယ်ခံအားဆဲလ်တွေထဲမှာ ၇ လ ကနေ ၈ လလောက်အထိ ရှိနေတတ်တာမျိုးလည်း ရှိပါတယ်။ဒီထွက်လာတဲ့ antibody က ရက်ပေါင်း ၉၀ အကြာမှာ တဖြည်းဖြည်းချင်း ပြန်ကျလာတာမျိုးလည်း ရှိပါတယ်။ ကာကွယ်ဆေးအလိုက် အချိန်ကာလ ကွာခြားတာမျိုးလည်း ရှိနိုင်ပါတယ်။ ကာကွယ်ဆေး အများစုကတော့ ၆ လ အထိ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။နောက်ထပ် ဝမ်းသာစရာတစ်ခု  ကိုဗစ်ဖြစ်ထားပြီး ကာကွယ်ဆေး ထိုးတဲ့သူတွေက ပုံမှန်ထက် ကိုယ်ခံအား ပိုကောင်းတယ် ဆိုတာပါ။ ရောဂါကို ခုခံတာကြောင့် ထွက်လာတဲ့ ကိုယ်ခံအားရော ကာကွယ်ဆေးက ထွက်တဲ့ ကိုယ်ခံအားရော ၂ ခုစလုံးကို တပြိုင်နက်တည်း ရတာကြောင့်ပါ။ ဒါကို “hybrid immunity” လို့ခေါ်ပါတယ်။ antibody က တစ်မျိုးတစ်စားမကတဲ့ antibody ကို ထွက်ရှိစေတာပါ။နိဂုံးချုပ်အနေနဲ့ ပြောချင်တာက  ကိုဗစ်ကာကွယ်ဆေး ထိုးပြီး ထွက်လာတဲ့ antibody က အကြမ်းအားဖြင့် ၆ လ အထိ ခံတယ်ဆိုတာပါ။ ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း မတ်ခ်တပ်တာ၊လက်ဆေးတာ၊ လူစုလူဝေးကိုရှောင်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး စည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုပါမယ်။ကာကွယ်ဆေး အများစုက booster လိုပါမယ်။ တုပ်ကွေး ကာကွယ်ဆေးဆိုရင် တစ်နှစ်တစ်ခါ ထွက်လာတဲ့ မျိုးစိတ်သစ်ကို ကာကွယ်ဖို့ တစ်နှစ်တစ်ကြိမ် ထိုးပေးရပါတယ်။ တချို့ ကာကွယ်ဆေးတွေဆိုရင်လည်း ၆ လ တစ်ကြိမ်လောက်ထပ်ဆောင်းကာကွယ်ဆေး (booster) ထိုးရပါတယ်။ကိုဗစ်ကာကွယ်ဆေးအနေနဲ့ ဆေးနှစ်လုံး အပြည့်ထိုးပြီး ၆လကျော်ကြာတဲ့အခါ တတိယဆေးတစ်လုံး ထပ်ဆောင်းထိုးတာက ပိုကောင်းတယ်ဆိုတဲ့ စာတမ်းတွေတော့ ထွက်လာပါပြီ။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း ကိုဗစ်ဖြစ်လာရင် အန္တရာယ်ရှိတဲ့သူတွေ (ဥပမာ အသက်ကြီးတဲ့သူတွေ)ကို တတိယအကြိမ်ထိုးပေးဖို့ ပြင်ဆင်နေပါပြီ။သူတို့က ချမ်းသာတဲ့အတွက် ပြဿနာ မရှိပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဆင်းရဲလို့ ၂လုံးပြည့်အောင် ထိုးဖို့ အနိုင်နိုင်ထိုးဖို့ ခက်တဲ့သူတွေအတွက် ဒီဟာက အခက်အခဲ ရှိနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့ အနေအထား ဖြစ်နေလို့ပါ။ကပ်ရောဂါတွေရဲ့ သဘောတရားအတိုင်း ကိုယ်တစ်ယောက်တည်း ထိုးထားလို့ မရဘဲ လူအများစု ထိုးနိုင်မှ ဒီကပ်ရောဂါကြီး ရပ်တန့်သွားမှာမို့လို့ပါ။ မဟုတ်ရင် ဗီဇပြောင်းပိုးတွေလည်း ဆက်ကာ ဆက်ကာ ပေါ်နေမှာပါ။ဒီတော့ ထိုးသင့်လား မထိုးသင့်ဘူးလားဆိုရင် ဆေး ၂လုံးထိုးပြီးသား လူတွေက တော်တော်ကာကွယ်နိုင်နေပါပြီ။ မဖြစ်မနေထိုးစရာတော့ မဟုတ်ပါဘူး။ စိတ်ချရတဲ့ ဆေးကိုလည်း ရနိုင်မယ်၊ ကိုဗစ်ဖြစ်လာရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့သူလည်း ဖြစ်နေမယ်ဆိုရင်တော့ ထိုးချင် ထိုးနိုင်ပါတယ်။ သာမန်လူကတော့ ၂လုံး ပြည့်ပြီးသားဆိုရင် မထိုးရသေးတဲ့သူတွေကို ဦးစားပေးပေးပါ။ကာကွယ်ဆေးကို ၂လုံးပဲထိုးထိုး၊ ၃လုံးပဲထိုးထိုး မက်စ်တပ်၊ လက်ဆေး၊ ဝေးဝေးနေဆိုတာကိုတော့ ဆက်ပြီး လုပ်နေရဦးမှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-long-do-covid-19-vaccines-protect-you/
Hip Osteoarthritis (တင်ပါးအဆစ်ရောင်ရောဂါ)
Osteoarthritis တင်ပါးအဆစ်ရောင်ရောဂါ ဟာ အဆစ်ရောင်ခြင်း၊ ဒဏ်ရာရခြင်းတွေကြောင့် အရိုးနု ပျက်စီးခြင်းပဲဖြစ်ပါတယ်။ အရိုးနုဟာ မာကြောပြီး ရာဘာပုံစံ အရာဖြစ်ကာ ပုံမှန်အဆစ်တွေမှာ အရိုးတွေရဲ့ အစွန်းကို ကာကွယ်ထားပါတယ်။အရိုးနုပျက်စီးခြင်းဟာ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အရိုးနုတွေဟာ ပျက်စီးရင် ပြင်ဆင်မှုလိုအပ်ပေမယ့် ဒဏ်ရာရတဲ့အခါမှာ ကိုယ်ခန္ဓါက အရိုးနုအသစ် ပြန်ထွက်လာခြင်း မရှိပါဘူး။ Hip osteoarthritis ရှိသူတွေဟာ လမ်းလျှောက်ရင် ပြဿနာ ရှိတတ်ပါတယ်။ သူ့ကို သိရှိဖို့ အစောပိုင်းမှာ ခက်ခဲနိုင်ပါတယ်။ဒါဟာ နာကျင်မှုက အခြားနေရာတွေဖြစ်တဲ့ ပေါင်ခြံ၊ ပေါင်၊ တင်ပါးဆုံ၊ ဒူးခေါင်းတွေမှာပါ ရှိတာကြောင့် ဖြစ်ပါတယ်။ နာကျင်မှုဟာ တစ်ခုခုနဲ့ ထိုးသလို စူးရှပြီး တင်ပါးဆုံက မာကျောနေပါတယ်။အဆစ်ရောင်ခြင်း အမျိုးမျိုးရှိပေမယ့် osteoarthritis ကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။ သူ့ကို အဆစ်ပျက်စီးတဲ့ရောဂါ (သို့) အသက်အရွယ်ကြီးခြင်းကြောင့် အဆစ်ရောင်ခြင်းလို့ ခေါ်ပြီး အသက်ကြီးလာတာနဲ့ အမျှ osteoarthritis ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။များသောအားဖြင့် တဖြည်းဖြည်း နာကျင်မှု ဖြစ်လာပြီး ပိုဆိုးလာတတ်ပါတယ်။ ရုတ်တရက်ဖြစ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ နာကျင်မှုနဲ့ တောင့်တင်းခြင်းတွေဟာ မနက်မှာ ပိုဆိုးလာပြီး ထိုင်နေပြီး (သို့) အနားယူနေပြီးရင် ပိုဆိုးနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ နာကျင်မှုလက္ခဏာတွေဟာ ပိုဆိုးလာပြီး နားနေစဉ် နဲ့ ညအချိန်တွေမှာပါ ဖြစ်နိုင်ပါတယ်။ ပိုဆိုးလာတဲ့ လက္ခဏာတွေကတော့။· အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Hip osteoarthritis ကိုဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်း မရှိပါဘူး။ ဒါပေမယ့် အချို့အချက်တွေကတော့ ရောဂါပိုဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေကတော့။Hip Osteoarthritis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အဆစ်ဒဏ်ရာရခြင်း၊ အသက်ကြီးခြင်း၊ ကိုယ်အလေးချိန်များခြင်း တို့ပဲ ဖြစ်ပါတယ်။ယေဘူယျအသိပေးချက် –ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။Hip osteoarthritis ကို အတည်ပြုဖို့ တိကျတဲ့ စစ်ဆေးမှုမရှိပေမယ့် များသောအားဖြင့် X-ray ရိုက်ကြည့်ရင် အဆစ်ကျဉ်းမြောင်းခြင်း၊ အဆစ်ဘောင်တွေ ပုံမှန်မဟုတ်ခြင်းတွေ တွေ့ရတတ်ပါတယ်။ တကယ်လို့ သင်ဟာ ဒီအခြေအနေကို တွေ့ကြုံရပြီဆိုရင် ဆရာဝန်က ကျန်းမာရေး ရာဇဝင်မေးမြန်းခြင်းနဲ့ စစ်ဆေးစမ်းသပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ တင်ပါးဆုံ လှုပ်ရှားမှုဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးမှာ ဖြစ်ပါတယ်။Hip osteoarthritis ကို ကုသဖို့ အဓိက ရည်ရွယ်ချက်ကတော့ လှုပ်ရှားမှု နဲ့ လူမှုနေထိုင်ပုံ တိုးတက်လာဖို့ပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ တင်ပါးဆုံ လုပ်ငန်းဆောင်တာ ကောင်းမွန်စေခြင်းနဲ့ နာကျင်မှုကို ထိန်းချုပ်ခြင်း တွေပဲဖြစ်ပါတယ်။ကုသမှုမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Hip Osteoarthritis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။လမ်းလျှောက်ခြင်း – တကယ်လို့ သင့်မှာ ထိန်းညှိမှု ပြဿနာတွေ ရှိနေမယ်ဆိုရင် threadmill ကို အသုံးပြုခြင်းဟာ သင့်ကို ကိုင်စရာ ရစေနိုင်ပါတယ်။Stationary bike – Stationary bike အသုံးပြုခြင်းဟာ သင့်အားအင်ကို ဖြည်းညင်းစွာ တည်ဆောက်ပေးပါတယ်။ အိမ်မှာ Bike အသုံးပြုခြင်းဟာ traffic ကို ရှောင်ကျဉ်နိုင်ရုံသာမက ပင်ပန်းတယ်ဆိုရင်လည်း ရပ်နိုင်ပါတယ်။ရေလေ့ကျင့်ခန်းများ – ရေကူးခြင်း၊ ခါးလောက်ရှိတဲ့ ရေမှာ လမ်းလျှောက်ခြင်းတွေဟာ အဆစ်ကို ဖိအားသက်ရောက်မှုကို ၅၀%လောက် လျှော့ချပေးပါတယ်။ ရင်ခေါင်းလောက်ရှိတဲ့ရေမှာ အေရိုးဗစ်လုပ်ခြင်းဟာ အဆစ်တွေမှာ ဖိအားသက်ရောက်ခြင်းကို ၇၅% လျှော့ချပေးနိုင်ပါတယ်။ယောဂ – ယောဂဟာ လူနာရဲ့ အဆစ်လှုပ်ရှားမှုကို တိုးတက်စေပြီး ကြွက်သားတွေကို သန်စွမ်းစေကာ နာကျင်မှု သက်သာစေပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/hip-osteoarthritis-%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ab%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
အသက် (၂) နှစ်နဲ့အထက် ကလေးတွေကို မိခင်နို့ ဆက်တိုက်ရဦးမလား
ပုံမှန်အားဖြင့်တော့ ကလေးမွေးကင်းစမှ အသက် ၆လ ပြည့်တဲ့အချိန်ထိကို မိခင်နို့ တစ်မျိုးတည်းသာ မဖြစ်မနေ တိုက်ရမှာပါ။ မိခင်နို့မှာ ကလေး ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ အကုန်ပါဝင်သလို ကလေးကိုလည်းကျန်းမာစေနိုင်တယ်။၆လ မပြည့်သေးသ၍မိခင်နို့ကလွဲပြီး ဘယ်လို အရာမှ ကျွေးလို့၊ တိုက်လို့ မရပါဘူး။ ရိုးရိုး ရေသန့်တောင် တိုက်လို့ မရပါဘူး။ ရေက မသန့်ရှင်းရင် ကလေးအတွက် ဗိုက်အောင့်တာ၊ဝမ်းလျှောတာ၊ နေမကောင်းတာတွေ ဖြစ်စေနိုင်လို့ပါ။၁။ ကလေးအတွက် တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ် အကုန်လုံးကို မိခင်နို့ရည်ကနေ ရရှိနိုင်တယ်။၂။ ကလေးကိုဉာဏ်ကောင်းထူးချွန်စေမယ့်DHAဓာတ်တွေ၊ အရိုးနဲ့ သွား ကြံ့ခိုင်စေဖို့ ကယ်လ်စီယမ်ဓာတ်တွေ၊ အမြင်အာရုံ ကောင်းစေဖို့ ဗီတာမင် အေ၊ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ ဗီတာမင် စီဓာတ်အပြင် တခြားသော သတ္တုဓာတ်မျိုးစုံကိုလည်း ရရှိစေနိုင်ပါတယ်။၃။ ကလေး ငယ်စဉ် အလွယ်တကူဖျားနာခြင်း မဖြစ်စေဖို့၊ နား၊ အသက်ရှူလမ်းကြောင်း၊အူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ဓာတ်မတည့်ခြင်း၊ ဝမ်းချုပ်တတ်တာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။၄။ ကလေး ကြီးပြင်းလာတဲ့အခါ အဝလွန်၊ အပိန်လွန်တာမျိုး မဟုတ်ဘဲ ကျန်းမာတဲ့ကိုယ်အလေးချိန်တစ်ခု ရောက်အောင် ထိန်းပေးနိုင်တယ်။၅။မိခင်နဲ့ ကလေးကြား သံယောဇဉ်ကို ပိုတိုးစေသလို ကလေး ကြီးပြင်းလာတဲ့အခါ စိတ်ဓာတ် ကြံ့ခိုင်ပျော်ရွှင်စေတယ်။ မိသားစုအပေါ်မှာလည်း ပိုပြီး သံယောဇဉ် တွယ်တာလာနိုင်စေပါတယ်။ကိုယ့်ကလေးရဲ့ အသက်က ၂နှစ်ကို ကျော်သွားရင်တော့မိခင်နို့ဆက်တိုက်လို့ ရသေးတဲ့အပြင် တခြား ဖြည့်စွက်အာဟာရတွေနဲ့ အရမ်းမမာတဲ့ အစားအစာတွေကို ဖြည်းဖြည်းချင်းနဲ့ နည်းနည်းချင်းစီ ကျွေးလို့ ရပါတယ်။မိခင်နို့ကတော့ ကလေး အသက်ငယ်တုန်းကလောက် အကြိမ်ရေ များများ တိုက်ဖို့ မလိုအပ်ပါဘူး။ တစ်နေ့ကို တစ်ကြိမ် သို့မဟုတ် ၂ကြိမ်လောက် တိုက်ရင် လုံလောက်ပါတယ်။ကျန်တဲ့ အချိန်တွေမှာ ကလေးကို အကျင့်လုပ်ပေးတဲ့အနေနဲ့ အစားအစာတွေကို ပျော့ပျော့လေး ချက်တာမျိုး၊ ကလေး ဝါးလို့ လွယ်လောက်မယ့် အစားအစာတွေကို အဓိက ကျွေးပေးပါ။Omega – 3 fatty acid တွေ ပါဝင်တဲ့ အဆီများတဲ့ငါး၊ အသား၊ ပဲအမျိုးမျိုး၊ တို့ဟူး၊ ကြက်ဥပြုတ်တို့လိုမျိုး စားစရာတွေ၊ ငှက်ပျောသီး၊ သရက်သီး၊ စတော်ဘယ်ရီသီး စတဲ့ အလွယ်တကူ ဝါးစားလို့လည်း လွယ်ကူတဲ့ အသီးအနှံတွေကို ကျွေးပေးနိုင်ပါတယ်။စစချင်းမှာတော့ အများကြီး မဟုတ်ဘဲ နည်းနည်းချင်းနဲ့ ဖြည်းဖြည်းချင်း ကျွေးကြည့်ပါ။ ကလေးက အမာစာ စားရတာ အကျင့်ဖြစ်သွားပြီဆိုရင် နောက်ပိုင်းကျ အစာခွံ့ကျွေးရတာ လွယ်ကူသွားမှာပါ။ကလေး အသက် ၂ နှစ်ကျော်သွာပေးမယ့်လည်း ဖြည့်စွက်စာတွေကို အာဟာရပြည့်ဝအောင်ပြင်ဆင်ပေးရင်းမိခင်နို့ကို ပုံမှန်တိုက်ကျွေးခြင်းဖြင့် ကိုယ် သိပ်ချစ်ရတဲ့ ကလေးတွေ ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာစေတယ်။ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုနဲ့ဉာဏ်ရည်ထက်မြက်စေဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba-%e1%81%82-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%94%e1%80%b2%e1%80%b7%e1%80%a1%e1%80%91%e1%80%80%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90/
ဆီးချိုရှိတယ် ငှက်ပျောသီးစားသင့်ရဲ့လား………..
ဆီးချိုရှိတယ် ငှက်ပျောသီးစားလို့ရလားဆိုတာကို မပြောခင်ငှက်ပျောသီးလေးရဲ့ကျန်းမာရေးအကျိုးကျေးဇူးအကြောင်းကို အရင်ပြောပြချင်ပါတယ်။ ငှက်ပျောသီးမှာအမျှင်ဓာတ်၊ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေမှာ အသေအချာပါ။ ဒါပေမယ့် ငှက်ပျောသီးမှာပါတဲ့အာဟာရဓာတ်အများစုက ဆီးချိုရောဂါကို အထောက်အကူပြုမှုနည်းပြီး ရောဂါကိုပိုတိုးစေနိုင်ခြေကများပါတယ်။ ငှက်ပျောသီးမှည့်လေလေ မစားသင့်လေလေပါ။ ဆီးချိုရှိတယ် ငှက်ပျောသီးစားချင်တယ်ဆိုရင်တော့ သိပ်မမှည့်သေးတဲ့ ငှက်ပျောသီးက အဆင်ပြေဆုံးဖြစ်မှာပါ။ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဘာစားစားဂရုထားတာကအဆင်ပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ စားလိုက်တဲ့ အစားအစာတိုင်းကသွေးတွင်းသကြားဓာတ်အပေါ်မှာ သွားသက်ရောက်နေနိုင်တာကြောင့်ပါ။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိလို့ ငှက်ပျောသီးကို လုံးဝမစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ငှက်ပျောသီးမှာအကျိုးပြုအာဟာရဓာတ်များစွာ ပါဝင်နေတာကြောင့် စားသုံးပေးလို့ရတယ်လို့ အမေရိကန် ဆီးချိုရောဂါတိုက်ဖျက်ရေးအဖွဲ့ကြီးကဆိုပါတယ်။အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်တဲ့အခါ ခန္ဓာကိုယ်ကအင်ဆူလင်ကို အလုံအလောက်မထုတ်နိုင်တော့ပါဘူး။ ဒီလိုအခြေအနေမှာ ဆဲလ်တွေထဲမှာ သိုလှောင်ထားတဲ့ သကြားဓာတ်တွေက သွေးထဲကိုရောက်ရှိသွားပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုတွေဖြစ်လာပါတော့တယ်။ ဒီသွေးတွင်းသကြားဓာတ်ကို မထိန်းညှိနိုင်ရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြီးကြီးမားမားတက်လာနိုင်တာကြောင့် အစားအသောက်ကို သေချာလေးဂရုစိုက်ဖို့ လိုပါမယ်။ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသလို ဗီတာမင် C၊ ဗီတာမင် B6၊ပိုတက်ဆီယမ်တို့ပါဝင်နေမှုကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုဆိုတာ အထွေအထူးပြောနေစရာမလိုအောင်ပါ။ ဗီတာမင် B6 ကစိတ်ခံစားမှုကိုကောင်းစေနိုင်ပြီး ဗီတာမင် C က ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ကသွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး အမျှင်ဓာတ်က ဝမ်းမှန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုကောင်းစေပြီးအဝလွန်နေတဲ့ ဆီးချိုရောဂါအမျိုးအစား -၂ ခံစားနေရသူတွေကို ကိုယ်အလေးချိန်လျှော့ချရာမှာ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ငှက်ပျောသီးမှာကာဗိုဟိုက်ဒရိတ်ပါဝင်နေတာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ အများကြီးမစားသင့်တာ အမှန်ပါ။အမေရိကန်ဆီးချိုတိုက်ဖျက်ရေးအဖွဲ့ကြီးကတော့ ဆီးချိုရှိသူတွေအနေနဲ့ ငှက်ပျောသီးကို စားလို့ရတယ်၊လို့ဆိုပါတယ်။ ငှက်ပျောသီးက အာဟာရဓာတ်ကြွယ်ဝနေတာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ စားသုံးပေးလို့ရတယ်လို့ ထောက်ခံချက်ပေးထားတာတွေရှိပါတယ်။ ဒီနေရာမှာမေးစရာရှိတာက ငှက်ပျောသီးမှည့်တာကို စားမှာလား၊ မမှည့်တာကို စားမှာလားဆိုတာပါ။ငှက်ပျောသီးကမှည့်လာလေလေ သူ့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က သကြားဓာတ်အဖြစ်ပြောင်းလဲလာလေလေပါ။ ဒီတော့ ဆီးချိုရှိသူတွေအနေနဲ့ အကျိုးအာနိသင်များတာကြောင့် ငှက်ပျောသီးကို စားမယ်ဆိုရင်တောင်မှာ အရမ်းမှည့်နေတာမျိုးကို မစားဖို့တော့ ပြောပါရစေ။ ငှက်ပျောသီးမှာကစီဓာတ်ပါဝင်မှုက ၉၀ ရာခိုင်နှုန်းကျော်ရှိနေတာကြောင့် မှည့်နေတာကို မစားသင့်ပါဘူး။ ဆီးချိုရှိသူတွေအနေနဲ့ ငှက်ပျောသီးစားချင်တယ်ဆိုရင်တောင် တစ်နေ့ကို သိပ်မမှည့်သေးတဲ့ ငှက်ပျောသီး အရွယ်တော် တစ်လုံးလောက်ကိုပဲ စားပေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/how-bananas-affect-diabetes-and-blood-sugar-levels/
အသည်းအတွက်လိုအပ်မယ့် ဗီတာမင်တွေက
တစ်နေ့တာမှာ အရေးကြီးတဲ့လုပ်ငန်းတာဝန်ပေါင်း ၄၀၀ကျော်လုပ်ပေးရင်းခန္ဓါကိုယ်ကို ကျန်းမာနေအောင်လုပ်ဆောင်ပေးနေတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုရှိနေပါတယ်။ ဒီလိုမျိုးခန္ဓါကိုယ် ကျန်းမာနေအောင် မနားမနေလုပ်ဆောင်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းလေးက ဘယ်အင်္ဂါအစိတ်အပိုင်းလို့ထင်လဲ။ ဒီအင်္ဂါအစိတ်အပိုင်းလေးကသွေးတွင်းပရိုတင်းတွေကိုထုတ်ပေးတယ်။ကိုယ်ခံအားကောင်းအောင်လုပ်ပေးတယ်။အကျိုးပြုကိုလက်စထရောထုတ်ပေးတယ်။သည်းခြေရည်ထုတ်ပေးတယ်၊သွေးနီဥဆဲလ်တွေအတွက်သံဓါတ်ကိုထုတ်ပေးတယ်။ကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားပေးတယ်။ ဒီလောက်ဆိုရင်တော့တစ်ကိုယ်လုံးရဲ့ အလုပ်အရှုပ်ဆုံးအင်္ဂါအစိတ်အပိုင်းက ဘာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ အသည်းလေ။ ဒီတော့ ကျန်းမာပျော်ရွှင်ချင်တယ်ဆိုရင် အသည်းကိုကျန်းမာအောင်ဂရုစိုက်ဖို့လိုပါမယ်။ဒီတော့မေးစရာရှိလာတာက အသည်းကျန်းမာအောင် ဘာတွေလိုအပ်မလဲ။ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာပေါ့။ အဖြကတော့ ရိုးရှင်းပါတယ်။ အသည်းကျန်းမာဖို့လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွြေပည့်ဝအောင်နေထိုင်စားသောက်ဖို့လိုအပ်ပါမယ်။ဗီတာမင် B-12– ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အမိုင်နိုအက်ဆစ်ကို ထုတ်ပေးပါတယ်။ အသည်းရောဂါတွေကို ကာကွယ်ရာမှာအရေးပါတဲ့ ဓါတ်တွေကို အသည်းကနေထုတ်လုပ်ပေးနိုင်ဖို့အတွက်လည်း ဗီတာမင် B-12 ကလုပ်ဆောင်ပေးပါတယ်။ ဗီတာမင် မင် B-12 ကို အပင်တွေဆီကနေမရရှိနိုင်ပါဘူး။ တိရစ္ဆာန်တွေကနေရရှိတဲ့ အစားအစာတွေကနေသာရရှိနိုင်တာပါ။ ဒါကြောင့် အသည်းအတွက် လိုအပ်တဲ့ ဗီတာမင် B-12 ရရှိစေဖို့အတွက်ဆယ်လမွန်ငါး၊ ကြက်သား၊ ဥအမျိုးမျိုး၊နွားနို့၊ ကြက်အသည်းတို့ကို စားသုံးပေးလို့ရပါတယ်။ဗီတာမင် A– ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သံဓါတ်ကို အသည်းကသိမ်းဆည်းထားနိုင်စေဖို့လုပ်ဆောင်ပေးတဲ့ ဓါတ်တစ်ခုပါ။ ခန္ဓါကိုယ်မှာ ဗီတာမင် A နည်းတဲ့အခါ သံဓါတ်အားနည်းတာ၊သွေးအားနည်းတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် Aပြည့်ဝနေမှ အသည်းကျန်းမာမှာဖြစ်သလို ခန္ဓါကိုယ်လည်း ကျန်းမာမှာပါ။ဗီတာမင် D– အဆီတွေကိုပျော်ဝင်စေနိုင်တဲ့ ဗီတာမင် တစ်မျိုးပေါ့။ အသည်းထဲမှာ သိမ်းဆည်းထားပြီး အဆီပိုတွေကိုပျော်ဝင်စေဖို့ လုပ်ဆောင်ရာမှာ အထောက်အကူပြုပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် D နည်းလာတဲ့အခါ အစားစားချင်စိတ်မရှိတာ၊ ပင်ပန်းနွမ်းနယ်တာ၊အော့အန်တာ၊သွေးတွင်း ကယ်လ်စီယမ်ပမာဏများတာ၊ ကြီးထွားမှုနှေးတာလိုမျိုးဝေဒနာတွေကိုခံစားရနိုင်ပါတယ်။ ဗီတာမင် D က အသည်းရောင်တာခံစားရနိုင်ခြေကိုလျော့ကျစေနိုင်သလို နာတာရှည်အသည်းရောဂါတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေပါတယ်။နေရောင်ခြည်ခံပေးတာ၊မှို၊ ဥအမျိုးမျိုး၊ငါးတွေစားသုံးပေးမယ်ဆိုရင် လိုအပ်တဲ့ ဗီတာမင် D ကိုဖြည့်တင်းပြီးသားဖြစ်မှာပါ။ဗီတာမင် C– ဗီတာမင် C ကသွေးတွင်းကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။အသည်းအဆီဖုံးရောဂါတွေကို ကာကွယ်ပေးပြီး အသည်းကိုကျန်းမာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဗီတာမင် C ရဲ့နောက်ထပ်အားသာချက်တစ်ခုကကိုယ်ခံအားကိုကောင်းစေတာကြောင့် ဖျားနာမှု ကင်းစေပြီး မလိုအပ်ဘဲဆေးဝါးတွေသောက်သုံးရတဲ့အနေအထားကနေ ကာကွယ်ပေးနိုင်တဲ့အပြင် ဆေးဝါးတွေသောက်သုံးမှုကြောင့် အသည်းထိခိုက်ပျက်စီးမှုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C ကအနာကျက်လည်းမြန်စေပါတယ်။ ဗီတာမင် C ပြည့်ဝဖို့ဆိုရင် စတော်ဘယ်ရီ၊ခရမ်းချဉ်သီး၊ ငရုတ်ပွ နဲ့လိမ္မော်သီးတွေ စားသုံးပေးပါ။ဗီတာမင် K– ဒီဗီတာမင်က အသည်းရဲ့တာဝန်တစ်ခုဖြစ်တဲ့သွေးတိတ်အောင်လုပ်ပေးတဲ့ လုပ်ငန်းစဉ်မှာ အထောက်အကူပြုပေးပါတယ်။ ဗီတာမင် K ကသွေးခဲစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင် တစ်ခုပေါ့။ ဒါကြောင့် ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်ဖို့ဆိုရင် ဗီတာမင် K ကလည်းမေ့ထားလို့ မဖြစ်တဲ့ ဗီတာမင် တစ်မျိုးပါ။ဗီတာမင် E– ဗီတာမင် E က ခန္ဓါကိုယ်ကိုရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးနိုင်သလို အသည်းကျန်းမာရေးကိုလည်း အထောက်အကူပြုပေးပါတယ်။ အရက်၊ဆေးဝါးနဲ့ အခြားသောအသည်းထိခိုက်စေနိုင်တဲ့အရာတွေကြောင့် အသည်းထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါတွေနဲ့အသည်းရောင်အသားဝါ Cရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ဟင်းနုနွယ်၊နေကြာစေ့၊ အယ်လ်မွန်စေ့၊မြေပဲထောပတ် နဲ့ ဗီတာမင် Eဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို စားသုံးပေးပြီး အသည်းကျန်းမာအောင်စောင့်ရှောက်ပေးပါ။တစ်နေ့တာ စားသုံးမှာမှာ အခုပြောပြခဲ့တဲ့ အသည်းအတွက်လိုအပ်တဲ့ ဗီတာမင်တွေပြည့်ဝစွာ ပါဝင်အောင်စားသုံးပြီး အသည်းကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/vitamins-for-liver/
ငယ်ရွယ်ချိန်မှာ ရုတ်တရက်သေဆုံးမှုရဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်းများ
အားလုံးကြားသိပြီးလောက်ဖြစ်မယ့် စိတ်မကောင်းစရာ သတင်းတစ်ခုကတော့ သရုပ်ဆောင်မင်းသွေးဟာ အောက်တိုဘာ ၃ရက်ညဘက်မှာ ဘောလုံးကစားနေရင်း ရုတ်တရက်ဆုံးပါးသွားရတဲ့ကိစ္စပါ။ ကျန်းကျန်းမာမာနဲ့ ငယ်ရွယ်တဲ့အသက်အရွယ်မှာ ဆုံးပါးသွားရတဲ့အတွက် သေဆုံးမှုဟာ ထူးဆန်းပြီး အံ့သြဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။ဒီအတွက် အသက်ငယ်ရွယ်တဲ့အချိန်မှာ သေဆုံးမှုရဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်းများကို ဖော်ပြပေးလိုက်ပါတယ်။ သတိပြုနိုင်အောင်နဲ့ ကာကွယ်လို့ရမယ့်အရာတွေကို ကြိုတင်ကာကွယ်နိုင်အောင်၊ အရေးပေါ် ပြုစုမှုပေးနိုင်အောင်တို့အတွက် ရည်ရွယ်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ငယ်ရွယ်စဉ်အချိန်မှာ မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးမှုအကြောင်းအရင်းများဟာ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါများကြောင့် အများစုဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ရောဂါတွေကတော့-။မျိုးရိုးလိုက်တဲ့နှလုံးရောဂါဖြစ်ပြီး နှလုံးရဲ့ ကြွက်သားတွေထူထဲနေပါတယ်။ ထူထဲနေတဲ့ ကြွက်သားနံရံတွေက နှလုံးခုန်အောင် ပြုလုပ်ပေးတဲ့ လျှပ်စီးပတ်လမ်းကို အနှောက်အယှက်ပေးတဲ့အတွက် နှလုံးခုန်မမှန်တော့တာတွေဖြစ်ပြီး ရုတ်တရက်သေဆုံးနိုင်ပါတယ်။ အားကစားသမားတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်သူတွေ ရုတ်တရက်သေဆုံးမှုရဲ့ အကြောင်းရင်းအတော်များများဟာ ဒီရောဂါကြောင့်ဖြစ်ပါတယ်။ ဒီရောဂါဟာ ရှိနေမှန်း မသိသာတတ်ပါဘူး။တချို့လူတွေမှာ မွေးရာပါ နှလုံးသွေးကြောတွေ မူမမှန်တာမျိုးဖြစ်နေနိုင်ပါတယ်။ အားကစားလုပ်တဲ့အချိန်မှာ ဒီသွေးကြောတွေကို ဖိခံရတာကြောင့် နှလုံးကိုသွေးမပို့နိုင်တော့ဘဲ သေဆုံးတာလည်းဖြစ်နိုင်ပါတယ်။ဒီအခြေအနေဟာလည်း မွေးရာပါဖြစ်ပြီး နှလုံးခုန်မူမမှန်တာတွေဖြစ်ကာ အများအားဖြင့် သတိလစ်မေ့မြောသွားတာမျိုးတွေနဲ့ ပြတတ်ပါတယ်။ ဒီရောဂါရှိတဲ့လူငယ်တွေဟာလည်း ရုတ်တရက်သေဆုံးနိုင်ခြေမြင့်ပါတယ်။ဒါကတော့ လူငယ်တွေမှာ အရမ်းအဖြစ်နည်းပါတယ်။ သွေးကြောဆိုင်ရာ ရောဂါတွေရှိနေတတ်ပြီး လှုပ်ရှားမှုနည်းပါးတဲ့ အသက်ကြီးသူတွေမှာပိုဖြစ်ပါတယ်။ ခြေထောက်မှာစပြီးဖြစ်တည်လာလေ့ရှိတဲ့သွေးခဲက ပြုတ်ထွက်ပြီး နှလုံးကနေ အဆုတ်ကိုသွားတဲ့သွေးကြောမှာ ပိတ်ဆို့တာကြောင့် သေဆုံးမှုဖြစ်တာပါ။ လေယာဉ်အချိန်ကြာကြာ စီးရတဲ့သူတွေ၊ အိပ်ယာထဲမှာ အကြာကြီးနေရတဲ့သူတွေဖြစ်တတ်ပါတယ်။အများအားဖြင့်တော့ ရုတ်တရက်သေဆုံးသွားတဲ့ဖြစ်စဉ်တွေဟာ ကာကွယ်ဖို့ အချိန်မမီလိုက်တာ မသိလိုက်ဘဲ ဖြစ်သွားတာတွေဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့် ဒီလက္ခဏာတွေရှိနေတယ်ဆိုရင် သတိထားရပါမယ်။၁။ သတိလစ်မေ့မြောတတ်ခြင်း – အားကစားလုပ်တဲ့အခါ ပင်ပင်ပန်းပန်းလှုပ်ရှားတဲ့အခါမှာ မူးမိုက်လဲကျတာ၊ သတိလစ်သွားတတ်တာတွေက နှလုံးမှာပြဿနာရှိနေတယ်ဆိုတာကိုပြသပါတယ်။၂။ မိသားစုမျိုးရိုးရှိတာ – နှလုံးရောဂါတွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ မျိုးရိုးထဲမှာ ရုတ်တရက်နှလုံးရပ်သေဖူးတဲ့သူတွေရှိရင် ကိုယ်လည်းသတိထားရပါတယ်။၃။ အသက်ရှူမဝခြင်း။၄။ ရင်ဘတ်အောင့်ခြင်း။၅။ နှလုံးခုန် အလွန်အမင်းမြန်လာခြင်း၊ သို့မဟုတ် ခုန်ချင်သလိုခုန်ခြင်း။၆။ အဝလွန်ခြင်း၊ ဆီးချိုသွေးတိုးရှိခြင်း။ဒါတွေကို လျှော့ချပါ။ရုတ်တရက်သေဆုံးမှုကိုလျှော့ချနိုင်ဖို့အတွက်ဆိုရင်။ကိုယ့်ရှေ့မှာ နှလုံးအမောဖောက်ပြီး လဲကျသွားတယ်၊ သတိလစ်သွားတယ်ဆိုရင် ဒါတွေကိုအရေးပေါ် အမြန်အဆန်လုပ်ပေးပါ။၁။ အကူအညီကို အော်ဟစ်တောင်းခံပါ။ ဆေးရုံကားအရေးပေါ်ခေါ်ပါ။၂။ အသက်ရှူနေလား၊ နှလုံးခုန်နေသေးလားဆိုတာကို စမ်းသပ်ပါ။၃။ အသက်မရှူ၊ နှလုံးမခုန်တော့ဘူးဆိုရင် အရေးပေါ်အသက်ကယ်နည်းကို စတင်ကျင့်သုံးပါ။၄။ အရေးပေါ်အသက်ကယ်နည်း လုပ်ထုံးလုပ်နည်း။၅။ ဆေးရုံကားနဲ့ ကူညီကယ်ဆယ်ပေးမယ့် ကျွမ်းကျင်သူတွေရောက်မလာခင်အထိ အရေးပေါ်အသက်ကယ်နည်းကို လုပ်ဆောင်ရပါမယ်။အရေးပေါ်အသက်ကယ်တဲ့နည်းလမ်းဟာ ရိုးရှင်းလွယ်ကူပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့အတွက် Youtube လိုနေရာကနေ လုပ်နည်းကို သင်ယူလေ့လာထားသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%84%e1%80%9a%e1%80%b9%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80/
Bone Fracture (အရိုးကျိုးခြင်း)
Fracture ဆိုတာအရိုးကျိုးခြင်း ကို ဆိုလိုပါတယ်။ အရိုးကျိုးခြင်း လေးမျိုးရှိပါတယ်။ နေရာရွေ့ခြင်း(Displaced)၊နေရာမရွေ့ခြင်း (Non-displaced)၊ အပွင့် (Open)၊ အပိတ်(closed) ဆိုပြီးဖြစ်ပါတယ်။Displaced နဲ့ Non-displaced fractures တွေဟာ အရိုးကျိုးပုံကို ဆိုလိုတာဖြစ်ပါတယ်။ Displaced fracture မှာဆိုရင် အရိုးဟာ နှစ်ပိုင်း (သို့) ထက်ပိုပြီး ကျိုးသွားခြင်းဖြစ်ကာ ကအစွန်းနှစ်ဖက်ဟာ ဖြောင့်တန်းခြင်း မရှိတော့ပါဘူး။ Non-displaced fracture မှာတော့ အရိုးဟာ တစ်စိတ်တစ်ပိုင်း (သို့) လုံးဝကျိုးသွားခြင်းဖြစ်ပြီး သူ့နဂိုပုံစံအတိုင်းသာ ရှိနေပါတယ်။Closed fracture မှာတော့ အရိုးဟာ ကျိုးပေမယ့် အရေပြားကို ပေါက်လာခြင်းမရှိပါဘူး။ Open fracture ကတော့ အရိုးဟာ အရေပြားကို ဖောက်လာတာဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာတော့ သူဟာ အနာထဲပြန်ဝင်သွားတာမို့ အရေပြားပေါ်ကနေ မြင်နိုင်ခြင်း မရှိပါဘူး။ ဒါဟာ closed fracture နဲ့ အရေးကြီးတဲ့ ကွာခြားမှုဖြစ်ပြီး open fracture မှာ နက်တဲ့အရိုးရောဂါပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။အရိုးကျိုးခြင်း အမျိုးအစား များစွာရှိပါတယ်။ အဖြစ်များတဲ့ အမျိုးအစားတွေကတော့။အရိုးကျိုးခြင်း အလွန်အဖြစ်များပါတယ်။ လူတိုင်း အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Fracture ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင် (သို့) လူတစ်ယောက်ယောက် အရိုးကျိုးပြီလို့ သံသယရှိရင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်သင့်ပါတယ်။ ဒါဟာ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။Fracture ဖြစ်နိုင်ခြေဟာ အသက်အရွယ်ပေါ်မူတည်ပါတယ်။ အရိုးကျိုးခြင်းဟာ ကလေးငယ်အရွယ်မှာ အလွန်အဖြစ်များပါတယ်။ ကလေးငယ်တွေရဲ့ အရိုးကျိုးခြင်းဟာ လူကြီးတွေမှာလို ရှုပ်ထွေခြင်း မရှိပါဘူး။ အသက်ကြီးလာတာနဲ့ အမျှ အရိုးတွေဟာ ကြွတ်ဆတ်လာပြီး ငယ်ရွယ်စဉ်ကဆို မဖြစ်နိုင်တဲ့ ချော်လဲတာနဲ့ အရိုးကျိုးခြင်းမျိုး ဖြစ်နိုင်ပါတယ်။အရိုးကျိုးခြင်းကို အတည်ပြုဖို့ အသုံးအများဆုံးနည်းလမ်းကတော့ X-rays ရိုက်ခြင်း ဖြစ်ပါတယ်။ ဆရာဝန်က အရိုးကျိုးခြင်းကို အတည်ပြုဖို့ X-rays ရိုက်နိုင်ပါတယ်။ X-rays တွေက အရိုးဟာ ကောင်းလား၊ ကျိုးနေလားဆိုတာ ဖေါ်ပြနိုင်ပါတယ်။ အရိုးကျိုးခြင်း အမျိုးအစားနဲ့ အရိုးရဲ့ ဘယ်နေရာမှာ ကျိုးလဲဆိုတာပါ ဖေါ်ပြနိုင်ပါတယ်။တခါတရံမှာ X-rays ဟာ အရိုးကျိုးခြင်းကို မပြနိုင်ပါတယ်။ ဒါဟာ များသောအားဖြင့် လက်ကောက်ဝတ်ကျိုးခြင်း၊ တင်ပါးဆုံ ကျိုးခြင်းနဲ့ ဖိအားကြောင့် ကျိုးတဲ့ အခြေအနေတွေမှာ အဖြစ်များပါတယ်။ ဒီအခြေအနေတွေမှာ သင့်ဆရာဝန်က အခြားစစ်ဆေးမှုတွေဖြစ်တဲ့ CT scan, MRI, bone scan တွေကို လုပ်ခိုင်းနိုင်ပါတယ်။အချို့အခြေအနေတွေမှာတော့ X-rays ပုံမှန်ဖြစ်နေတဲ့ ဖြစ်နိုင်တဲ့ လက်ကောက်ဝတ်ကျိုးခြင်းတွေမှာ သင့်ဆရာဝန်က နေရာကို မလှုပ်အောင်ထားပြီး ၁၀-၁၄ ရက်ကြာမှ နောက်တစ်ကြိမ် X-rays ပြန်ရိုက်နိုင်ပါတယ်။တခါတရံမှာတော့ အရိုးကျိုးခြင်းကို သိရှိပြီးရင်တောင်မှ အခြားစစ်ဆေးမှုတွေဖြစ်တဲ့ CT scan, MRI, သို့ angiogram, a special X-ray of blood vessels တွေကို လိုအပ်နိုင်ပါတယ်။ အရိုးပတ်လည်က တစ်ရှူးတွေ ထိခိုက်မှု ရှိမရှိ သိလိုတာကြောင့် ဖြစ်ပါတယ်။တကယ်လို့ သင့်ဆရာဝန်က ဦးခေါင်းခွံကျိုးတယ်လို့ သံသယရှိရင် X-rays ကိုကျော်ပြီး CT ရိုက်ကာအရိုးကျိုးခြင်းနဲ့ ခေါင်းအတွင်းမှ ဒဏ်ရာနဲ့ဆက်စပ်တဲ့ ပျက်စီးမှုတွေ (ဦးနှောက်သွေးယိုခြင်း) ကို ရှာဖွေနိုင်ပါတယ်။ကုသမှုမှာ အခြေခံသဘောတရား တစ်ခုရှိပါတယ်။ ကျိုးသွားတဲ့ အပိုင်းတွေကို ပုံမှန်အတိုင်းပြန်ထားပြီး ပြန်မကောင်းမချင်း လှုပ်ရှားမှုမှ ကာကွယ်ရမှာ ဖြစ်ပါတယ်။ကျိုးတဲ့အရိုးတွေဟာ အစွန်းတွေမှာ အရိုးအသစ်ဖြစ်ပေါ်လာပြီး သူတို့ကိုယ်တိုင် ပြန်ဆက်သွားမှာ ဖြစ်ပါတယ်။အရိုးကျိုးခြင်းကို ကုသဖို့ ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။ ဒီကုသမှုကတော့ အရိုးကျိုးခြင်းရဲ့ ပြင်းထန်မှု၊ open fractureလား၊ closed fracture လားနဲ့ ဘယ်အရိုးလဲဆိုတာပေါ် မူတည်ပါတယ်။ဆရာဝန်တွေက အရိုးကျိုးခြင်းကို ကုသဖို့ နည်းမျိုးစုံအသုံးပြုကြပါတယ်။Open Reduction and Internal Fixation: ခွဲစိတ်စဉ်မှာ အရိုးအပိုင်းအစတွေကို ပုံမှန်ပုံစံပြန်ရောက်အောင်လုပ်ပြီး ဒီအတိုင်းရှိစဉ်မှာ screws တွေကို အသုံးပြုကာ အရိုး ပြင်ပက သတ္တုပြားနဲ့ ဆက်သွယ်မှာ ဖြစ်ပါတယ်။ ဒီအပိုင်းအစတွေကို အရိုးရဲ့ အလယ်မှာရှိတဲ့ ရိုးတွင်းခြင်ဆီနေရာမှာ တုတ်ထည့်ပြီး မလှုပ်အောင် ထားမှာ ဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အရိုးကျိုးခြင်း (Fracture) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အရိုးကျိုးရင် ကျောက်ပတ်တီး ဖယ်လိုက်တဲ့အခါ ဒီနေရာကို တဖြည်းဖြည်း ပြန်လည် အသုံးပြုရမှာဖြစ်ပါတယ်။ အရိုးတွေဟာ ပုံမှန်ခွန်အားကို ပြန်ရဖို့အတွက် ၄ ပတ်ကနေ ၆ ပတ်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ဘယ်လိုလှုပ်ရှားမှုတွေ လုပ်သင့်လဲဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ ရေကူးကန်ထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အရိုးတွေကို ပြန်လည်ကျန်းမာသန်စွမ်းစေမယ့်နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ကျန်းမာစွာ စားသောက်ခြင်းဟာလည်း အရိုးတွေကို အားရှိစေပါတယ်။ ကယ်စီယမ်နဲ့ ဗီတာမင် ဒီ ပါဝင်တဲ့ အစားအသောက်ဟာ အရိုးကိုအားပြန်ပြည့်စေပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/about-bone-fracture/
ဆီးချို နဲ့ သံပရိုသီး
သံပရိုသီးမွှေးမွှေးလေးက အမူးအမော်ပြေစေရုံ အသားအရေကောင်းစေရုံ ကိုယ်ခံအားမြှင့်ပေးရုံတင်အသုံးဝင်တာလား။ ဒီခေတ်မှာ လူတော်တေ်ာများများခံစားနေရတဲ့ ဆီးချိုရောဂါအတွက်ရော အသုံးမဝင်ဘူးလားလို့များ သိချင်နေသူတွေရှိလား။ ဒါဆိုရင်တော့ သံပရိုသီးလေးကဆီးချိုရှိသူတွေအတွက် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို ပြောပြပေးပါရစေနော်။သံပရိုသီးမှာ။•အမျှင်ဓာတ်။•ဗီတာမင် C။• ပိုတက်ဆီယမ်။• ဖောလိတ်။•ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။သံပရိုသီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ဗီတာမင် C၊ ပိုတက်ဆီယမ်တို့က ဆီးချိုရောဂါရခံစားနေရသူတွေမှာနှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ကသွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါ သေးတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။သံပရိုသီးက ခံတွင်းမြိန်စေရုံတင်မကဘဲ ပုံမှန်စားသုံးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါတယ်။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ကိုယ်တွင်းက ဗီတာမင် C ပမာဏနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတို့ကို ဆန်းစစ်ကြည့်တဲ့အခါမှာတော့ ဗီတာမင် C စားသုံးမှုနည်းတာက ဆီးချိုရောဂါဖြစ်နိုငခြေ များစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုတွေမှာ ဗီတာမင် C ပါဝင်အောင်စားသုံးသင့်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် ကုသထိန်းချုပ်ဖို့ပဲဖြစ်ဖြစ် သံပရိုသီးကို စားသုံးပေးလို့ရပါတယ်။ ကိုယ်တွင်းက ဗီတာမင် C ကိုမြှင့်တင်ဖို့ အကောင်းဆုံးသောနည်းလမ်းက သံပရိုသီး စားသုံးပေးတာကလည်း တစ်ခုအပါအဝင်ပေါ့။ ဆီးချိုရှိသူတွေတင်မဟုတ်ဘဲ ဆီးချိုကာကွယ်ချင်သူတွေပါ သံပရိုသီးကို စား သုံးပေးလို့ရပါတယ်။ သံပရိုသီးမှာ ပါဝင်နေတဲ့ အမျှင်ဓာတ်ကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ တော်တော်လေး အထောက်အကူပြုပေးပါတယ်။နှလုံးကျန်းမာစေနိုင်တယ်။သံပရိုသီးအရွယ်တော်တစ်လုံးမှာ အမျှင်ဓာတ် ၂.၄ ဂရမ်အထိပါဝင်နေပြီး ဆီးချိုရောဂါရှိသူတွေမှာ ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ နှလုံးရောဂါမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုကအင်ဆူလင်ထုတ်လွှတ်အောင် အကောင်းဆုံးလှုံ့ဆော်ပေးနိုင်ပြီး သွေးတွင်းကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓာတ်က အဆာခံနိုင်စေတာကြောင့် ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။သွေးတိုးကာကွယ်ပေးတယ်။ပိုတက်ဆီယမ်ကြွယ်ဝမှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးတာကြောင့်ဖြစ်လာနိုင်တဲ့လေဖြတ်တာနဲ့ရုတ်တရက်နှလုံးရပ်တာဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုထဲမှာ သံပရိုသီးလေး နည်းနည်းလောက်ထည့်စားပေးပါ။အစာခြေစနစ်ကျန်းမာစေနိုင်တယ်။ဆီးချိုရှိသူတွေအနေနဲ့ အစာခြေစနစ်ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ကလည်း လိုအပ်ပါတယ်။ ဆီးချိုရှိသူတွေမှာ အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်က အခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အထဲမှာ စားချဉ့်ရည်ပြန်ဆန်တက်တာ၊ အစာကြေခဲတာတွေကလည်း အပါအဝင်ပါပဲ။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိနိုင်စေဖို့အတွက်ဆိုရင် သံပရိုသီးစားသုံးပေးလို့ရပါတယ်။ဒါတွေအပြင် သံပရိုသီးက စားလိုက်တဲ့အာဟာရတွေကို အကောင်းဆုံးစုပ်ယူနိုင်စေပြီး ကိုယ်ခံအားကောင်းစေနိုင်သလို ကိုယ်တွင်းကအဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးချိုရှိလို့ဆိုရင် ဟင်းခါးပူပူလေးထဲကို ငရုတ်ကောင်းလေးဖြူး သံပရိုရည်လေးညှစ်လို့သောက်သုံးပေးတာကလည်း ဓာတ်စာတစ်ခုပေါ့။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af-%e1%80%94%e1%80%b2%e1%80%b7-%e1%80%9e%e1%80%b6%e1%80%95%e1%80%9b%e1%80%ad%e1%80%af%e1%80%9e%e1%80%ae%e1%80%b8/
ကလေးကို ဘယ်အချိန်မှာ ဘယ်လိုအစာကျွေးရမလဲ
ကလေးတစ်ယောက်ကို ကြီးပြင်းလာတဲ့ထိ ပြုစုစောင့်ရှောက်ဖို့ဆိုတာ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ လိုအပ်ချက်တွေလို့ ဆိုရာမှာလည်း ဗဟုသုတ၊ သည်းခံနိုင်စွမ်းနဲ့ အတွေ့အကြုံတွေကလည်း မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ဒီအရာတွေအားလုံးထဲမှာ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ကလေးအတွက် အစားအစာကို သူ့ကအသက်အရွယ်နဲ့လိုက်ပြီး အာဟာရပြည့်အောင် ပြင်ဆင်ရတာပါပဲ။ဒီဆောင်းပါးမှာတော့ ကလေးရဲ့ ဘဝအစ ပထမ ၆လအတွင်း အစာတွေကို ဘယ်လို ဘယ်အချိန်မှာ ကျွေးရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ဒီအသက်အရွယ်မှာတော့ သင့်ကလေးဟာ နို့စို့ဖို့အတွက် နို့သီးခေါင်းဘက်ကို လှည့်ရှာနိုင်နေပါပြီ။မိခင်နို့ သို့မဟုတ် နို့မှုန့်သာ တိုက်ပါ။ကလေးနို့ပမာဏဘယ်လောက်စို့လဲသိရဖို့ဆိုရင် နို့ဘူးတိုက်တဲ့အချိန်မှာ လေ့လာထားနိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်နေတဲ့အချိန်မှာတော့ ကလေးက တစ်နေ့တာအတွက် လုံလောက်တဲ့ အာဟာရပမာဏကို ရ၊မရဆိုတာ လက္ခဏာအချို့ပေါ် အခြေခံလို့ ဆုံးဖြတ်နိုင်ပါတယ်။ကလေးကို နို့တိုက်ပြီးတဲ့အချိန်မှာ ရင်သားက ပျော့ပျော့လေးဖြစ်နေမယ်ဆိုရင် ဒါဟာ ကလေးအတွက် လုံလောက်စေမယ့် နို့ပမာဏကို သောက်သုံးလိုက်တယ်ဆိုတဲ့ အဓိပ္ပာ0ယ်ပါပဲ။နို့စို့ပြီးတဲ့အချိန်မှာ ကလေးက ကျေနပ်ပြီး တည်ငြိမ်သွားပါလိမ့်မယ်။ ပထမရက်အနည်းငယ်မှာတော့ ကလေးက Colostrum တွေကို စားသုံးမိတဲ့အခါ (ကိုယ်ဝန်ဆောင်နေချိန်ကစလို့ မွေးဖွားပြီး နို့တိုက်ကျွေးတဲ့အချိန် ရက်အနည်းငယ်အထိ ရင်သားက Colostrum တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီ အရာကတော့ အဝါရောင် သို့မဟုတ် လိမ္မော်ရောင်ရှိတတ်တဲ့နို့ရည်ဖြစ်ပြီး ထူပျစ်ပျစ် ကပ်စေးစေးနိုင်ပါတယ်။ ) ကလေးဟာ တစ်ရက်ကို diapers တစ်ခု သို့မဟုတ် နှစ်ခု လဲရနိုင်ပါတယ်။နို့တစ်ခါစို့ပြီးရင် တစ်ရက်ကို diapers ၆ခုမှ ၈ခု စိုစေနိုင်ပါတယ်။ ဒါမှမဟုတ် disposables ၅ခုမှ ၆ခု လဲရနိုင်ပါတယ်။ (disposables တွေက အဝတ်diapers တွေထက် အရည်တွေကို ပိုပြီးစုပ်ယူထားနိုင်ပါတယ်။)။ကလေးရဲ့ အစာခြေစနစ်ဟာ ဖွံ့ဖြိုးဆဲမို့ အစာမာတွေကျွေးဖို့ အချိန်တစ်ခုကို စောင့်ဆိုင်းရပါလိမ့်မယ်။American Academy of Pediatrics ကတော့ ကလေးကို ပထမ၆လအတွင်း မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသင့်တယ်လို့ ဆိုထားပါတယ်။ ဒီကာလပြီးသွားတဲ့အချိန်မှာတော့ အစာစားဖို့ ကလေးက အဆင်သင့်ဖြစ်နေလောက်ပါပြီ။တကယ်လို့ သင်က ကလေးကို အစာစတင်ကျွေးချင်တယ်ဆိုရင်တော့အောက်ပါ အချက်တွေရှိမရှိ စစ်ဆေးပါ။ သင့်ကလေးဟာ ဒီအချက်တွေအားလုံး မပြဘဲနေနိုင်တာကိုလည်း သတိပြုပါ။ ဒါတွေကတော့သတိထား ကြည့်ရမယ့် သဲလွန်စလေးတွေပါပဲ။သန့်စင်ထားတဲ့ အစာ သို့မဟုတ် cereal ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ စတင်လိုက်ပါ။ ပြီးရင်တော့ သန့်စင်တဲ့အစာ စားပွဲဇွန်းတစ်ဇွန်း သို့မဟုတ် cerealကို မိခင်နို့ သို့မဟုတ် နို့ဘူး နဲ့ရောထားတဲ့ အရော စားပွဲဇွန်းတစ်ဇွန်းကို တစ်ရက်ကို ၂ကြိမ်ထိ တိုးကျွေးပါ။ကလေးရဲ့ အသက်အရွယ်အလိုက် အစားအသောက်တွေကို စနစ်တကျကျွေးမွေးတဲ့အခါ ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်အောင်ကျွေးမွေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကလေးတွေအတွက် ထုတ်ထားတဲ့ အာဟာရမှုန့်တွေနဲ့ဖြည့်စွက်စာတွေထဲမှာ ကလေးတစ်ယောက်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ဓာတ်တွေဖြစ်တဲ့ DHA နဲ့ lcFos လိုမျိုး ဓါတ်တွေပါဝင်နေပါတယ်။ ကလေးတစ်ယောက်ကောင်းမွန်စွာဖွံ့ဖြိုးကြီးပြင်းလာစေဖို့အတွက် မိဘတွေရဲ့ကျွေးမွေးစောင့်ရှောက်မှုကတော်တော့်ကိုအရေးပါလှပါတယ်။ကလေးရဲ့ အစာကို သူ့ဘဝအသက်အရွယ်အပိုင်းအခြားလိုက် ခွဲခြားကျွေးရတာ တကယ်တမ်းတော့ အချို့သူတွေအတွက် အရမ်းကိုခက်ခဲပင်ပန်းတဲ့ အလုပ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ကလေးအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ခြင်းအလေ့ကို အခြေခံအုတ်မြစ်ချတဲ့ လုပ်ငန်းစဉ်မှာ မွေ့လျော်လိုက်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%85%e1%80%ac%e1%80%80%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်
သင်ကိုယ်တိုင်က ခန္ဓာကိုယ်နဲ့မွေးလမ်းကြောင်းဆိုင်ရာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ပုံမှန်လုပ်နေမယ်ဆိုရင်တောင် မွေးလမ်းကြောင်း ( Vagina) က အနံ့ ထွက်နေနိုင်ပါသေးတယ်။ ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အနံ့ပြင်းနေပြီး အနံ့ အမြဲ ထွက်နေမယ်ဆိုရင်တော့ ဒါကို ပုံမှန်မဟုတ်ဘူးလို့ ခေါ်ဆိုရမှာပါ။ ပုံမှန်ပဲဆိုရင်တောင် အနံ့ပြင်းလွန်းရင် အဆင်မပြေနိုင်တာကြောင့် မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း တွေကို လေ့လာထားဖို့ လိုပါတယ်။ပထမဆုံး သိထားဖို့လိုတာက သဘာဝဖြစ်နေတဲ့ အနံ့က ဘယ်လိုမျိုးလဲဆိုတာပါပဲ။ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ မွေးလမ်းကြောင်း အနံ့ အသက်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကျန်းမာတဲ့ မွေးလမ်းကြောင်းတစ်ခုရဲ့ အနံ့ဟာ အမိုးနီးယား ဓာတ်ငွေ့ပုံစံ ဆီးနံ့နဲ့ဆင်တဲ့ ကတိုးနံ့နဲ့ အသားနံ့ထွက်တတ်ပါတယ်။ဓမ္မတာ လာချိန်မှတော့ သတ္တုနံ့လို့ အနံထွက်တတ်ပြီးလိင်ဆက်ဆံခြင်းကလည်း အနံ့အသက်တွေကို ယာယီပြောင်းလဲစေနိုင်ပါတယ်။ မွေးလမ်းကြောင်းဟာ သူ့ဘာသာ သန့်ရှင်းနိုင်တဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး pH ပမာဏကို ထိန်းညှိခြင်းနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ဒါပေမဲ့ မွေးလမ်းကြောင်းမှာ အနံ့အသက် သိသိသာသာပြောင်းလဲသွားတာ၊ ယားယံတာတို့နဲ့ အတူ ပုံမှန်မဟုတ်တဲ့ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ ထွက်ရှိတာက အနံ့ပြောင်းတာထက် ပိုပြီး စိုးရိမ်ရတဲ့ လက္ခဏာပါ။ ဒါဆိုရင်တော့ ဆေးသေချာကုဖို့ လိုနေပါပြီ။အခုဆက်ပြောမှာက ရောဂါကြောင့်မဟုတ်ဘဲ သဘာဝအတိုင်း မွေးလမ်းကြောင်း အနံ့ပြင်းတာကို သက်သာစေမဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း တွေကတော့။၁။တစ်ကိုယ်ရေ သန့်ရှင်းတတ်တဲ့ အလေ့အကျင့် ရှိပါ။မွေးလမ်းကြောင်း အပြင်ဘက်ကို ရေများများနဲ့ ဒါမှမဟုတ် မိန်းမကိုယ်သန့်ဆေးရည်နဲ့ ပုံမှန်သန့်ရှင်းပါ။  မွေးလမ်းကြောင်း သန့်ရှင်းတဲ့အခါမှာ ခန္ဓာကိုယ်ကို တိုက်ရတဲ့ အမွှေးအကြိုင်ပါတဲ့ ဆပ်ပြာတွေနဲ့ မဆေးပါနဲ့။ ဒီဆပ်ပြာတွေမှာပါဝင်တဲ့ အနံ့တွေနဲ့ ဓာတု ပစ္စည်းတွေက မွေးလမ်းကြောင်းရဲ့ သဘာဝ pH ပမာဏကို မညီမျှဖြစ်စေနိုင်ပါတယ်။ မွေးလမ်းကြောင်းရဲ့ pH ဟာ အနည်းဆုံး ၃.၈ ကနေ ၄.၅ အတွင်း ရှိဖို့လိုအပ်ပါတယ်။တစ်ခါတစ်ရံမှာ အမျိုးသမီးမွေးလမ်းကြောင်းကနေ အနံ့အသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီးအင်္ဂါကနေသွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင် ဒါဟာ မွေးလမ်းကြောင်းရဲ့ pH မညီမမျှ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။၂။အတွင်းခံကို ပြောင်းလဲဝတ်ဆင်ပါ။သင်ဟာ ဖဲသား၊ ပိုးသားနဲ့ ပိုလီအက်စတာ အသားတွေနဲ့ လုပ်ထားတဲ့ အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်လေ့ရှိသူတစ်ယောက်ဆိုရင် ချည်သားအတွင်းခံကို ပြောင်းလဲ ဝတ်ဆင်ဖို့ လိုပါတယ်။ ချည်သားတွေဟာ လေဝင်လေထွက်နိုင်တဲ့အတွက် ချွေးတွေနဲ့ အရည်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ဒါ့ပြင် အဝတ်အစားကျပ်ကျပ်ဝတ်ဆင်တဲ့အခါ မွေးလမ်းကြောင်းနဲ့ ပေါင်ခြံကြား ဧရိယာတွေ လေဝင်လေထွက်မကောင်းတော့ပါဘူး။ ဒါကြောင့် မိန်းမကိုယ်တစ်ဝိုက် အဝတ်အစား ကျပ်ကျပ် ဝတ်တာကို ရှောင်ပါ။၃။ မွေးလမ်းကြောင်း အနံ့ထွက်ခြင်းအတွက် Probiotics မှီဝဲပါ။Probiotics လို့ခေါ်တဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ကြွယ်ဝတဲ့အစားအစာတွေ ဖြစ်တဲ့ဒိန်ချဉ်၊နို့ထွက်ပစ္စည်းတွေနဲ့ ဂေါ်ဖီ အချဉ်တို့ကို စားသုံးသင့်ပါတယ်။၄။ ကျန်းမာရေးအတွက် သင့်လျော်တဲ့အာဟာရတွေကို မှီဝဲပါ။အသီးအရွက်တွေ၊ ဂျုံစေ့တွေ၊ ပရိုတင်းနည်းပါးတဲ့ အစားအစာတွေကို မှီဝဲပါ။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရတွေဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်စေနိုင်ရုံသာမက မွေးလမ်းကြောင်း ကျန်းမာရေးအတွက်လည်းကောင်းမွန်စေနိုင်ပါတယ်။၅။ရေများများသောက်ပါ။ရေများများ သောက်ခြင်းကြောင့် ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကအရေပြားတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ ရေများများသောက်တဲ့အခါမှာ မွေးလမ်းကြောင်းနားတဝိုက်မှ ချွေးများများထွက်စေပြီး အရည်များကိုလည်း စွန့်ထုတ်စေနိုင်ပါတယ်။၆။ အနံ့အသက်ပါတဲ့ မွေးလမ်းကြောင်း သန့်ရှင်းဆေးရည်တွေကို ရှောင်ပါ။ဒီလို သန့်ရှင်းဆေးရေတွေက မကောင်းတဲ့ ဘတ်တီးရီးယားတွေကိုသာ သတ်နိုင်တာမဟုတ်ပါဘူး။ မွေးလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေကိုပါ သတ်ပစ်နိုင်ပါတယ်။  ဒါကြောင့် မွေးလမ်းကြောင်း အနံ့အသက်ကို ပိုဆိုးလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို သူ့ဘာသာရှင်းလင်းနိုင်တဲ့အတွက် ဒီဆေးရည်တွေကို မဖြစ်မနေ သုံးစရာမလိုပါဘူး။၇။ လိင်ဆက်ဆံအပြီး မွေးလမ်းကြောင်းကိုဆေးကြောပါ။လိင်ဆက်ဆံချိန်မှာ ဘက်တီးရီးယားတွေနဲ့ ပြင်ပက ပစ္စည်းတွေ ဖြစ်တဲ့ချောဆီတွေနဲ့ ကွန်ဒုံးမှသုက်သတ်ဆေးတွေ မွေးလမ်းကြောင်းအတွင်းဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံအပြီး ရေနဲ့ ဆေးကြောပေးခြင်းက သဘာဝဘက်တီးရီးယား ပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ်။ဒီလို မွေးလမ်းကြောင်း အနံ့ကို သဘာဝအတိုင်း ပျောက်ကင်းစေတဲ့ နည်းလမ်းတွေဟာ မွေးလမ်းကြောင်းအနံ့ကို တစ်ပတ်ခန့်အတွင်း သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ အနံ့ မပျောက်သွားဘူး၊ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မွေးလမ်းကြောင်း အနံ့အသက်ပြင်းခြင်းဟာ ပိုပြီးဆိုးတဲ့ ရောဂါတစ်ခုကို ပြနေတာ ဖြစ်တဲ့အတွက် ရောဂါ အခြေအနေ ပိုမဆိုးလာခင် ဆရာဝန်နဲ့ ပြသခြင်း က အကောင်းဆုံး ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/getting-rid-of-vaginal-odor/
အရက်နာမကျအောင် ဘယ်လိုအထာကျကျ အရက်သောက်မလဲ
ဒီဘက်ခေတ်ကြီးထဲမှာအရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့်ယောက်ျားလေးတွေအပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင်အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။ ဒီတော့ မရှောင်နိုင်ဘူးဆိုရင်။ညလုံးပေါက် အပြတ်ကဲပြီးလို့ မနက်နိုးလာပြီဆိုရင် အရင်ဆုံးကြုံရတဲ့ ပြဿနာကတော့အရက်နာကျတာပါပဲ။ လူတိုင်းမဟုတ်တောင် လူတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်မိတာကြောင့်ရော၊ အရက်သောက်နည်း မမှန်ကန်တာကြောင့် မနက်ခင်းမှာ အရက်နာကျတဲ့ ပြဿနာတွေ့ရတာပါ။အရက်နာကျတဲ့ လက္ခဏာတွေကတော့။ကိုယ်က ဒီနေ့ညတော့ ဘော်ဒါတွေ၊ အပေါင်းအသင်းတွေနဲ့ သောက်ဖို့ရှိတယ်ဆိုတာ သိထားပြီဆိုရင် နောက်နေ့မနက်ကျ အရက်နာမကျအောင် ကြိုတင်ပြင်ဆင်လို့ ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ဘီယာပဲဖြစ်ဖြစ်၊ အရက်ပဲဖြစ်ဖြစ် ကိုယ်က ဒီည သောက်တော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် အနည်းဆုံး ၂နာရီလောက်ကြိုတင်ပြီး ဗိုက်ကိုပြည့်နေအောင် စားထားပါ။ ကစီဓါတ်၊အသားဓါတ်များတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ကြိုပြီး စားပေးထားနိုင်ရင် ပိုကောင်းပါတယ်။အဆီများတဲ့ အစားအစာတွေ၊ အကြော်တွေ၊ အကင်တွေဟာ ခန္ဓါကိုယ်က အရက်ကိုစုပ်ယူအား နှေးစေလို့ တော်ရုံနဲ့လည်း မမူးနိုင်တဲ့အပြင် မနက်မှာလည်း အရက်နာကျနိုင်ခြေ လျော့နည်းစေပါတယ်။ကစီဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးလို့လည်း ဖြစ်ပါတယ်။ အရက်မသောက်ခင်နဲ့ အရက်သောက်နေစဉ်မှာ ဒီလိုအစားအစာတွေကို များများစားပေးနိုင်ပါတယ်။အရက်ချည်းပဲ ဒိုင်ခံမော့တတ်တဲ့ အကျင့်ဟာ မနက်ခင်းမှာ အရက်နာကျတဲ့ ဝေဒနာကို ကောင်းကောင်းကြီးခံရမှာပါ။ အရက်လေး တစ်ခွက် သောက်လိုက်၊ အမြည်းလေး နည်းနည်းစားလိုက်၊ ရေလေး တစ်ငုံလောက် သောက်လိုက် လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်လို့ မနက်နိုးတဲ့အခါမှာ ပုံမှန်လောက် အာခေါင်ခြောက်နေတော့မှာ မဟုတ်ပါဘူး။ဆေးလိပ်တွေအလွန်အကျွံသောက်တဲ့အခါမှာ အရက်နာကျတာ ပိုပြီးဖြစ်နိုင်သလို ခံစားရတဲ့ ဝေဒနာလည်း ပိုပြီးပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့် မဖြစ်မနေသောက်မယ်ဆိုလည်း တစ်လိပ်လောက်ပဲ သောက်တာ အကောင်းဆုံးပါပဲ။အရက်သောက်ပြီးရင်လည်းပြည့်ဝစွာ အနားယူပေးဖို့ လိုအပ်ပါတယ်။ မနက်ခင်းနိုးလာတဲ့အခါမှာ ကိုယ်လက်မအီမသာဖြစ်နေရင်တောင် အစာတစ်ခုခု စားထားပေးပါ။ပြီးမှ ခဏအနားယူပါ ဒါမှမဟုတ် တစ်ရေးတမောပြန်အိပ်ပါ။အရက်ကို မရှောင်နိုင်ဘူးဆိုရင်တောင် ကျန်းမာရေးအသိနဲ့လျှော့သောက်ဖို့ အရေးကြီးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/drinking-properly/
နေ့လယ်နေ့ခင်း အချိန်ကြာကြာ အိပ်စက်ခြင်းက ဆီးချိုသွေးချိုရောဂါကိုဖြစ်စေနိုင်ပါသည်
နေ့လယ်ခင်းတစ်ရေးတမော အိပ်စက်ခြင်းက နွမ်းနယ်မှုကိုလျှော့ချ၍ လန်းဆန်းစေပြီး နေ့တစ်နေ့၏ ကျန်ရှိသောအချိန်များတွင် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရလွယ်ကူသွက်လက်စေသည်။ သို့သော်လည်း နေ့လယ်ခင်းအိပ်စက်သည့်ကြာချိန်ပေါ်မူတည်၍ အကျိုးကျေးဇူးများလည်းကွာခြားနိုင်ပါသည်။စာရေးဆရာဒေါက်တာ YamadaTumatride က လေ့လာချက်အတော်များများတွင် နာရီဝက်လောက် နေ့လယ်ခင်းအိပ်စက်ပါက လန်းဆန်းမှုနှင့် ကိုယ်လက်လှုပ်ရှားမှုများသွက်လက်စေနိုင်သည် ဟုဆိုသည်။သို့သော်လည်း မိနစ်သုံးဆယ် ၊ နာရီဝက်ထက်ပိုမိုကြာမြင့်အောင်အိပ်စက်ပါက Sleep inertia ဟုခေါ်သောအိပ်စက်ခြင်းမှ နိုးမထချင်သည့် ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ကိုယ်လက်နုံးချိခြင်း ၊ ဇဝေဇဝါဖြစ်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေပါသည်။နေ့လယ်ခင်းကြာမြင့်စွာ အိပ်စက်ခြင်းသည် ရေရှည်တွင်ကောင်းကျိုးမပေးသဖြင့် မပြုလုပ်သင့်ပါ။ အိပ်ရေးမဝတတ်သဖြင့် ဗိုက်ဆာခြင်းနှင့် ကစီဓာတ်တို့ကို ချေဖျက်သောလုပ်ငန်းများ ကမောက်ကမဖြစ်ခြင်းအပြင် စိတ်ဖိစီးမှုဆိုင်ရာဟော်မုန်းများထွက်ခြင်းတို့ကိုလည်းဖြစ်စေနိုင်သည်။သို့ဆိုလျှင် အကျိုးကျေးဇူးကောင်းများရရှိရန် နေ့လယ်ခင်းအိပ်ချိန်ကိုမည်သို့သတ်မှတ်သင့်သနည်း။ ယေဘုအားဖြင့် တအောင့်မှေးစက်ပြီး လန်းဆန်းစွာနိုးထချိန်ကိုယူသင့်သည်။ မိနစ် ၂၀ ခန့်ဆိုလျှင်လုံလောက်နိုင်ပါသည်။ ထိုသို့မှေးစက်ပြီးလျှင်သင့်အနေဖြင့်လန်းဆန်းစွာနိုးထပြီးကျန်ရှိနေသေးသောအလုပ်တာဝန်များကိုသွက်လက်စွာလုပ်ဆောင်နိုင်ပေသည်။တိုကျိုတက္ကသိုလ်မှ သုတေသီများ၏အဆိုအရ နေ့လယ်ခင်းတွင် ၁ နာရီထက်ပို၍အိပ်စက်ပါကအမျိုးအစား (၂)ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၄၅% ထိတိုးမြင့်စေနိုင်ဟုဆိုသည်။အမျိုးအစား(၂)ဆီးချိုရောဂါဆိုသည်မှာ ခန္ဓာကိုယ်တွင်းဟော်မုန်းအင်ဆူလင်သည် ကောင်းစွာအလုပ်မလုပ်ခြင်း (သို့မဟုတ်) ခန္ဓါကိုယ်၏ ဆဲလ်များက အင်ဆူလင်ကို ပုံမှန်အတိုင်းတုန့်ပြန်မှု မရှိခြင်းဖြစ်သည်။ အင်ဆူလင်ဟော်မုန်း၏ အလုပ်မှာ သွေးတွင်းသကြားဓာတ်ကို ဆဲလ်များအတွင်းဝင်၍ စွမ်းအင်ထုတ်ရမည် ဖြစ်သည့်အတွက် အင်ဆူလင် မရှိတော့သောအခါ သွေးထဲတွင် အချိုဓာတ်မြင့်တက်မှု ဖြစ်ပေါ်လာသည်။အံ့သြဖွယ်ရာအချက်မှာ တစ်နာရီထက် လျော့နည်းပြီးအိပ်ပါက ထိုဆီးချိုရောဂါဖြစ်နိုင်ခြေကိုမတိုးမြင့်စေဘဲ တစ်နာရီထက်ပိုကြာအောင် အိပ်စက်ပါကဆီးချိုရောဂါကိုဖြစ်စေနိုင်ပါသည်။Glasgow တက္ကသိုလ်မှ ဇီဝကမ္မဆေးပညာပါမောက္ခ Naveed Satta က သုတေသနတွင် တစ်နာရီကျော်ကြာ နေ့လယ်ခင်းအိပ်စက်မှုနှင့် အမျိုးအစား(၂) ဆီးချိုရောဂါ ဆက်စပ်မှုကိုဖော်ပြခဲ့သည်။ ထို့ပြင် အချိန်ကြာကြာအိပ်စက်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေနှင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ပြဿနာတစ်ခုအနေဖြင့် နေ့လယ်ခင်းအိပ်ငိုက်တတ်ခြင်း အပြန်အလှန် သဘောကိုပါ နားလည်ထားသင့်ကြောင်းဆိုပါသည်။ ထိုတွေ့ရှိချက်များကသိပ္ပံပညာရှင်များ ၊ သုတေသီများနှင့် ကျန်းမာရေးပညာရှင်များကို သုတေသနနှင့် လေ့လာချက်များ ပိုမိုလုပ်ဆောင်ရန် ဆွဲဆောင်လျက်ရှိပါသည်။ ပိုမို၍ခိုင်မာသောအဖြေများထွက်မလာခင်အထိနေ့လယ်ခင်းအိပ်စက်ပါကမိနစ် ၂၀ ခန့်သာအိပ်စက်ပါဟုလည်း တိုက်တွန်းထားပါသည်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/%e1%80%94%e1%80%b1%e1%80%b7%e1%80%9c%e1%80%8a%e1%80%b7%e1%80%ba%e1%80%94%e1%80%b1%e1%80%b7%e1%80%81%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%80%e1%80%bc/
ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း
ဆီးချိုရှိသူအများစုဟာသွေးတွင်းသကြားဓာတ်မြင့်တက်မှာစိုးလို့ဆိုပြီး သစ်သီးတော်တော်များများကို မစားရဲကြပါဘူး။ ဒါပေမယ့် အသီးတိုင်းကိုမစားရတာလားဆိုတော့ မဟုတ်ပါဘူး။ ဆီးချိုရှိပေမယ့် စားလို့ရတဲ့သစ်သီးရှိပါတယ်။ ဒီအသီးလေးက သွေးချိုမတက်စေတဲ့အပြင် ကျန်းမာရေးကိုတောင် အထောက်အကူပြုပေးနိုင်ပါသေးတယ်။ အခုတစ်ခေါက်တော့ ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း ကို ပြောပြပေးချင်ပါတယ်။ဆီးချိုသမားတွေကို သွေးတွင်းသကြားဓာတ်ထိန်းညှိပေးပြီးနှလုံးရောဂါနဲ့ အဝလွန်တာလိုမျိုး ရောဂါတွေကိုပါသက်သာစေနိုင်တဲ့ သလဲသီးလေးပါ။ အမျိုးအစား – ၂ ဆီးချိုရောဂါခံစားနေရသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အပြင်ခွံက အဝါရောင်ခပ်ဖျော့ဖျော့ ဒါမှမဟုတ် အနီရောင်စိုစိုလေးရှိပြီး အထဲမှာ ပန်းရောင်ဒါမှမဟုတ် အနီရောင် အစေ့ငယ်လေးတွေ အကန့်လိုက်ပါဝင်နေပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ သလဲသီးက ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တယ်လို့ ဘာကြောင့်ပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း ကတော့ အရသာရှိတဲ့ သလဲသီးလေးက။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။သလဲသီးမှာ အချိုဓာတ် ပါဝင်ပေမယ့် ဒီ အချိုဓာတ်နဲ့အတူဓာတ်တိုးဆန့်ကျင်အာနိသင်ပါ ကပ်လျက် ပါဝင်နေပါတယ်။ သလဲသီးမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပြီးဆဲလ်တွေပျက်စီးမှုမဖြစ် အောင်ကာကွယ်ပေးနိုင်ပါတယ်။သလဲသီးမှာပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက သွေးတွင်းသကြားဓာတ် ကျဆင်းအောင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ Free radicals တွေကြောင့်ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင် ပါသေးတယ်။အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကောင်းစေနိုင်တယ်။သလဲသီးမှာအမျိုးအစား -၂ ဆီးချိုရောဂါကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်တဲ့ tannin နဲ့ gallic acid တို့လိုမျိုး အပင်ကနေရတဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေပြီး အင်ဆူလင်ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပါတယ်။ဆီးချိုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေနဲ့အဝလွန်တာကိုပါ အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ သလဲသီး အနီရောင်က အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ်။သလဲသီးကို ပုံမှန်စားသုံးပေးမှုက ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကို ကြွယ်ဝစွာ ရရှိစေပြီး သွေးကြောတွေတောင့်တင်းမာကျောတာကိုကာကွယ်ပေးပါတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရော ပမာဏကို ကျဆင်း စေနိုင်စွမ်းလည်း ရှိတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲ အနေနဲ့နှလုံးထိခိုက်တာတွေ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင် မှာပါ။Free Radicals ကြောင့်ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်တယ်။ဆီးချို ရှိသူတွေ အတွက် အထူး သင့်တော်တဲ့ သလဲသီးလေးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝမှု နဲ့အတူ ခန္ဓာကိုယ်မှာ free radical တွေကြောင့် ဆဲလ်တွေ ထိခိုက် ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကာဗိုဟိုက်ဒရိတ်ချေဖျက်မှု ကို နှေးစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင် ပါတယ်။အနာ ကျက်စေနိုင်သလိုအရေပြားကို ပိုးဝင်ကူးစက်တာတွေ ကနေလည်း အကောင်းဆုံး ကာကွယ် ပေးနိုင်ပါတယ်။ဆီးချို ရောဂါ ရှိသူတွေ အနေနဲ့ တစ်နေ့ကို သလဲသီး တစ်ဝက်ခန့် စားပေးလို့ ရပါတယ်။ဖျော်ရည်အနေနဲ့လည်း ဖျော်သောက်လို့ ရပါ တယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/why-are-pomegranates-good-for-diabetics/
ရင်သားပင့်တင်ခြင်း
ရင်သားပင့်တင်ခြင်း-၎င်းကို mastopexy လို့လည်းခေါ်ပါတယ်။ ခွဲစိတ်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ရင်သားပုံစံကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်တဲ့အခါမှာ ပိုနေတဲ့ အရေပြားတွေကိုဖယ်လိုက်ပြီးတော့ရင်သား တစ်ရှုးတွေကိုပြန်လည်ပုံစံပြောင်းကာ ရင်သားကိုတင်းတင်းရင်းရင်းရှိပြီး အပေါ်လေးမှာ တင်နေအောင်ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ရင်သားပင့်တင်ပြုပြင် ခွဲစိတ်ခြင်းဆိုတာ ပိုနေတဲ့အရေပြား အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပြီးတော့ ရင်သားပုံစံမပျက်အောင် ပုံဖော်ခြင်းနဲ့ တင်းရင်းအောင်ပြုပြင်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ရင်သားကို တင်ရင်းအောင်နဲ့ ပင့်တင်ကြပါတယ်။ ရင်သား ပင့်တင်ခြင်းက areola ရဲ့ အရွယ်အစားကိုပါ သေးသွားစေပါတယ် အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးကြီးနိုင်ပါတယ်။၁။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ။တကယ်လို့ သင့်မှာ ရင်သားတွဲလာတာရှိရင်သို့မဟုတ် သင့်နို့သီးခေါင်းက အောက်ကိုတွဲကျနေတယ်ဆိုရင် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းကို ပြုလုပ်သင့်ပါတယ်။ ရင်သားပင့်တင်ပြုပြင်ခြင်းက သင့် ပုံစံနဲ့ သင့် ကိုယ်ပိုင်ယုံကြည်မှု ကိုပိုပြီး တိုးတက်စေမှာပါ။၂။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်လိုလူတွေက ပြုလုပ်သင့်သလဲ။ရင်သားပင့်တင်ပြုပြင်ခြင်းကို သင့်ရင်သား တွေဖွံဖြိုးမှုတွေ အားလုံးပြီးဆုံးတဲ့နောက်မှာ အသက်အရွယ် မရွေးပြုလုပ်လို့ရပါတယ်။ သင်က ကိုယ်ဝန်မဆောင်ခင်နဲ့ဆောင်ပြီးချိန်တွေမှာလည်း ဒီဟာကို လုပ်လု့ိရပါတယ်။ ဒီလိုပြုပြင်ခြင်းလုပ်ပြီးပါကလည်း သင့်ကလေးကို နို့်တိုက်ချင်ပါက တိုက်လို့ရပါတယ်။ ရင်သားကိုပင့်တင်ပြုပြင်ခြင်းကြီးပဲ သပ်သပ်လုပ်တာကတော့ကိုယ်ဝန်ဆောင်တာနဲ့ သွားပြီး ထိရောက်ပတ်သက်မှုမရှိပါဘူး သို့သော် ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓါကိုယ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းတွေကြောင့်ရင်သားပင့်တင်ထားတဲ့ရလာဒ်ကို မကောင်းတဲ့ အကြောင်းအရာတစ်ခုခုအဖြစ် သက်ရောက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ရင်သားပင့်တင်ပြုပြင်ခြင်းကို သင်ကကလေးတွေ အားလုံး မွေးပြီးမှပဲစောင့်ပြီး လုပ်တာကောင်းပါတယ်။ နောက်ထပ်သတင်းအချက်အလက်တွေ လိုအပ်ပါသေးသလား။ အသေးစိတ်အချက်အလက်များသိရဖို့အတွက်အထူးကုဆရာဝန်များနှင့် သေချာ တိုင်ပင်ဆွေးနွေးပါ။ဗီယက်နမ်မှာ ရင်သားပင့်တင်ပြုပြင်ခြင်း၏ ကုန်ကျစရိတ်။VND 65 to 150 millions ထိ ကုန်ကျနိုင်ပါတယ်။ရင်သားပင့်တင် ပြုပြင်ခြင်း ရဲ့ တစ်ခြားနိုင်ငံတွေရဲ့ကုန်ကျစရိတ်။ ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ အကြမ်းအား ဖြင့်ကတော့2017 က American Society of Plastic Surgeonsတို့ရဲ့ကိန်းဂဏန်းအရ $4672 လောက်ကုန်ကျတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ ကုန်ကျစရိတ်က အမျိုးမျိုးအစားစားရှိနိုင်ပါတယ်။ အပေါ်က အကြမ်းဖျင်းပြထားတဲ့ကုန်ကျစရိတ်ကတော့ မေ့ဆေးဖိုးများ၊ ခွဲစိတ်ခန်းအသုံးပြုခများနဲ့အခြားသော ဗာဟီရများအတွက် မပါသေးပါ။ ခွဲစိတ်ဆရာဝန်အတွက် ငွေကတော့ သူ့ရဲ့ အတွေ့အကြုံ၊ဘယ်လိုမျိုး ခွဲစိတ်မှုကို လုပ်ရတာလည်းနဲ့ ရုံးခန်းတည်နေရာပေါ်မူတည်ပြီးတော့ ကွဲ့ပြားပါလိမ့်မယ်။ ကျန်းမာရေးအာမခံ တော်တော်များများကတော့ ရင်သားပင့်တင်ပြုပြင်ခြင်းခွဲစိတ်မှုများ၊ သူနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဆိုးကျိုး ပြသနာများ သို့မဟုတ် အခုခွဲတာမလှလို့ နောက်ထပ် ထပ်ခွဲရတဲ့ ဟာမျိုးတွေမှာ အာမခံပေးလေ့မရှိပါဘူး။ သို့သော် ခွဲစိတ်ဆရာဝန်တွေကတော့ သင့်ငွေရေးကြေးရေးဝင်ငွေအပေါ်မူတည်ပြီးစီစဉ်ပေးတာတွေရှိတတ်ပါတယ်။ သေချာမေးမြန်းကြည့်ပါ။ပထမဆုံးအဆင့်ကတော့ ပလတ်စတစ်ဆာဂျရီ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ သင်က တိုင်ပင်တဲ့အခါမှာသင်က ဘာလိုချင်တယ်ဆိုတာ ခွဲစိတ်ဆရာဝန်ကိုပြောပြရပါမယ်။ တကယ်လု့ိ သင်က ရင်သားအတုပါ ထည့်ချင်တယ်ဆိုပါက ဘယ်လိုအရွယ်အစားနဲ့ဘယ်လိုပုံစံထည့်ချင်လည်း တစ်ခါတည်းပြပြီးတစ်ခါတည်းဆွေးနွေးရပါမယ်။ ခွဲစိတ်ဆရာဝန်က သင့်ကျန်းမာရေးအခြေအနေနဲ့ သင့်ရွေးချယ်မှုတွေအပေါ်မှာမူတည်ပြီးတော့ စဉ်းစားပေးပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်က သင့်ကို လုပ်နည်းတွေအသေးစိတ်ပါ ရှင်းပြပြီးတော့ ဘယ်လိုအန္တရာယ်တွေရှိနိုင်တယ်နဲ့ ပြန်ကောင်းလာရင် ဘယ်လိုတွေရှိတတ်တယ်ဆိုတာတွေ ပြောပြပါလိမ့်မယ်။ သင့်ဆရာဝန်က သင့်အတွက်နောက်ဆက်တွဲဆိုးကျိုးပြသနာတွေကို လျှော့ချနိုင်ဖို့အတွက် မခွဲခင် လမ်းညွှန်ချက်တွေကို ပေးပါလိမ့်မယ်။ ညွှန်ကြားချက်တွေအနေနဲ့ကတော့ ဆေးလိပ်မသောက်ဖို့ ဆိုတာမျိုး၊ သွေးထွက်များစေမယ့်ဆေးတွေကို ခဏဖြတ်ခိုင်းတာမျိုးနဲ့လိုအပ်ပါက ပိုးသတ်ဆေးတွေကြိုသောက်ခိုင်းတာတို့လုပ်ပါလိမ့်မယ်။ သင့်ရဲ့ခွဲစိတ်ပြီးနာလန်ထတဲ့အချိန်အတွက်ကို ပါတစ်ခါတည်းအစီအစဉ်ချထားတာ ကောင်းပါတယ်။ ဥပမာအားဖြင့် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းပြီးသွားပြိးတော့အနည်းဆုံး ၄ပတ်မှ၆ပတ်လောက်မှာ အလေးမခြင်းတွေကို မပြုလုပ်ရပါဘူး။ တကယ်လို့ သင့်မှာ ကလေးငယ်လေးတွေရှိရင်တော့ အကူအညီတွေခေါ်ဖို့လိုအပ်ပါလိမ့်မယ်။ရင်သားပင့်တင်ပြုပြင်ခြင်းလုပ်ပြီး ရက်အနည်းငယ်အတွင်းမှာ သင့်ဆရာဝန်က ညွှန်တဲ့အတိုင်း အနာသက်သာဆေးတွေကို သောက်ပါ။ ပြင်းထန်စွာညှစ်ခြင်း၊ ကုန်းခြင်း၊အလေးမခြင်းတို့ကို ရှောင်ပါ။ ပက်လက်အိပ်ခြင်း သို့မဟုတ် ဘေးစောင်းအိပ်ခြင်းတို့နဲ့ သင့်ရင်သားတွေမှာဖိအားတွေမရှိစေရန် သက်သာစွာနေပါ။ ရင်သားပြုပြင်ပြီး နောက်တစ်ပတ်မှ နှစ်ပတ်လောက်ထိလိင်ဆက်ဆံခြင်း ကို ရှောင်ပါ။ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများ ဖြစ်တဲ့ ခေါင်းလျှော်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ဘယ်အချိန်လောက်မှာ ပြန်လုပ်လု့ိရမလဲ သင့်ဆရာဝန်ကို မေးပါ။ အထဲက အရည်များထွက်လို့ရစေရန် ထည့်ပေးခဲ့တဲ့ ပိုက်ကို ရက်အနည်းငယ်အတွင်းမှာဖြုတ်ပစ်ပါလိမ့်မယ်။ အဲ့ပိုက်ကို ထုတ်လိုက်တဲ့ရက်မှာသင့်ဆရာဝန်က သင့်အနာပတ်တီးကို လဲလှယ်ပေးပါလိမ့်မယ်။ သင့်ရဲ့ချုပ်ရိုးတွေက ဘယ်အချိန်လောက်မှာ ဖြည်ရမလဲဆိုတာမေးပါ။ တစ်ချို့သော ချုပ်ရိုးတွေကတော့ အသားထဲမှာ အရည်ပျော်သွားတတ်ပါတယ်။ တစ်ချို့ကတော့ခွဲပြီး တစ်ပတ်မှ နှစ်ပတ်လောက်မှာ ဆရာဝန်ဆီမှာ သွားပြီး ဖြည်ရပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်ဝတ်ရတဲ့ အထောက်အကူပြုတဲ့ ဘရာစီယာကို သုံးရက်မှလေးရက်လောက် ဆက်တိုက်ဝတ်ထားရပါမယ်။ နောက်ပြီးရင်တော့ ခပ်ပျော့ပျော့နဲ့ ရင်သားကို အထောက်အကူပြုမယ့် ဘရာစီယာမျိုးကို သုံးပတ်မှ လေးပတ်လောက်ထိဝတ်ထားရပါမယ်။ သင့်ဆရာဝန်က ခွဲထားတဲ့နေရာမှာ စီလီကွန် တိပ်ကပ်ခြင်းသို့မဟုတ် ဂျဲလ်လေးလိမ်းထားခိုင်းခြင်းနဲ့အနာမြန်မြန်ကျက်စေမှာပါ။ သင့်အနာက ကျက်နေစဉ်မှာ သင့်ရင်သားတွေကို နေရောင်ပြပေးပါ။ နေနဲ့ ထိတွေ့တဲ့အချိန်မှာတော့ သင့်ရဲ့ခွဲထားတဲ့ဒဏ်ရာကို ကာကွယ်ဖို့လည်း သတိထားပါ။များသောအားဖြင့်တော့ ၃နာရီလောက်ကြာတတ်ပြီးတော့မေ့ဆေးနဲ့ပဲ လုပ်တာများပါတယ်။ အမျိုးသမီးတော်တော်များများကတော့ပြင်ပ လူနာအဖြစ်နဲ့ပဲ ညအိပ်စရာမလိုပဲလုပ်ကြတာများပါတယ်။လုပ်နည်းကတော့ ရင်သားကအရေပြားကို ဖယ်ရှားပြီးတော့ ရင်သားတစ်ရှုးတွေကို ပုံစံပြန်သွင်းပါတယ်။ သေချာတဲ့ နည်းလမ်းအနေနဲ့ကတော့သင့်ခွဲစိတ်ဆရာဝန်ကခွဲရမယ့်နေရာရွေးခြင်းနဲ့ ဘယ်လိုနေရာက အမာရွတ်ရှိတာ အဆင်ပြေမလဲ သူတို့ပဲဆုံးဖြတ်ကြပါတယ်။ သင့်ဆရာဝန်က အောက်ပါနေရာတွေမှာ ဓါးရာပေးနိုင်ပါတယ်။-နို့သီးခေါင်းဘေးတစ်ဝိုက်။-နို့သီးခေါင်းဘေးကနေ အောက်ဘက် ရင်သားရှိတဲ့ဘက်။ကိုပေးခြင်း။-ရင်သား အကြောင်းအတိုင်း ရေပြင်ညီမျဉ်းအတိုင်း ပေးခြင်း။သင့်ဆရာဝန်က ချုပ်ရိုးတွေကို သင့်ရင်သားထဲထိ နှစ်ြင်္ပိးချုပ်ပါလိမ့်မယ်။ လိုအပ်ပါက နို့သီးခေါင်းဘေးက အမဲနေရာ ဧရိယာကို သေးအောင် လုပ်ပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်က ပိုနေတဲ့ ရင်သား အရေပြားတွေကို ခွဲထုတ်ပြီးတော့ နို့သီးခေါင်းကို ပိုမြင့်တဲ့နေရာကို ရွှေ့ပါလိမ့်မယ်။ နောက်ပြီးရင်တော့ ရင်သားအရေပြားအားလုံးကို ပြန်ချုပ်ပြီး အနာကို အုပ်ပေးပါလိမ့်မယ်။ခွဲစိတ်ပြီးပါက သင့်ရင်သားများကို အနာကပ်တာနဲ့သေချာကပ်ထားပေးမှာဖြစ်ပြီး ခွဲစိတ်ပြီးဝတ်ရတဲ့ ရင်သားအထောက်အကူပြု ဘရာစီယာကို ဝတ်ရပါလိမ့်မယ်။ ရင်သားရဲ့ခွဲတဲ့နေရာနားလေးမှာ အထဲကအရည်ပိုတွေ သွေးတွေ ထွက်လု့ိရအောင် ပိုက်ပြွန်လေးတစ်ခု ထည့်ထားပေးပါမယ်။ သင့်ရင်သားက ရောင်လာခြင်းနဲ့ အညိုအမည်းစွဲခြင်းက နှစ်ပတ်လောက်ထိဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ခွဲထားတဲ့နေရာမှာ နာကျင်ခြင်း၊ စူးခြင်း၊ နီခြင်း၊ ပန်းရောင်ဖြစ်နေခြင်းတို့ကို ခွဲပြီး လအနည်းငယ်လောက်ထိ ခံစားရမြင်ရနိုင်ပါတယ်။ နို့သီးခေါင်းလေးထုံခြင်း၊ နို့သီးခေါင်းဘေးအမည်းကွက်နဲ့ ရင်သားအရေပြား ထုံခြင်းတို့ကို ခြောက်ပတ်လောက်အထိခံစားရနိုင်ပါတယ်။အမာရွတ်တွေက တစ်သက်လုံးကျန်တယ်ဆိုပေမယ့်လည်း သူတို့တွေက ပျော့ပြီးတော့ တစ်နှစ်မှ နှစ်နှစ်လောက်မှာ မှုန်ပြီးပျောက်သွားပါလိမ့်မယ်။ ဒီလိုခွဲစိတ်ပြီးကျန်တဲ့အရာကို ဘရာဝတ်ခြင်း သို့မဟုတ် ရေကူးဝတ်စုံများဝတ်ခြင်းတို့နဲ့ ဖုံးထားလို့ရပါတယ်။ ရှားပါးစွာနဲ့ပဲအနာကျက်တာနှေးခြင်းကြောင့်အမာရွတ်က ပိုကြီးပြီးပိုကျယ်လာခြင်းတို့ ကြုံတတ်ပါတယ်။ခံစားမှုများက အပတ်အနည်းငယ်အကြာမှာပြန်ရတတ်သော်လည်း တစ်ချို့သော ခံစားမှုများကတော့ တစ်သက်လုံးပြန်မရတတ်ပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံစဉ်မှာဖြစ်တဲ့ လိင်စိတ်နှိုးဆော်တဲ့နေရာမှာတော့ အထိအခိုက်မရှိပါဘူး။-ပုံမမှန်ခြင်း သို့မဟုတ် ရင်သားများရဲ့ ပုံစံနဲ့အရွယ်အစားမတူညီခြင်း။ဒီဟာကတော့ အနာကျက်တဲ့ အချိန်မှာ ရလာဒ်တစ်ခုအနေနဲ့ရနိုင်ပါတယ်။ ခွဲစိတ်မှုလုပ်တယ်ဆိုပေမယ့် လည်းအစကတည်းက ရှိတဲ့ မတူညီနေမှုကို အောင်မြင်စွာ ပြန်ပြင်လု့ိ မရတတ်ပါဘူး။-နို့သီးခေါင်း သို့မဟုတ် နို့သီးခေါင်းဘေးအမဲကွက် တစ်စိတ်တစ်ပိုင်းသို့မဟုတ် အကုန်လုံး ဆုံးရှုံးခြင်း။ရှားပါးစွာနဲ့ပဲ ရင်သားပင့်တင်ပြုပြင်ခြင်းပြုလုပ်တဲ့အခါမှာနို့သီးခေါင်း သို့မဟုတ် နို့သီးခေါင်းဘေးအမဲကွက်ကို သွားတဲ့သွေးစီးဆင်းမှုက ပြတ်တောက်သွားတတ်ပါတယ်။ အဲ့ကနေပဲ ရင်သားတစ်ရှုးတွေပျက်စီးပြီး တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးဆုံးရှုံးရတတ်ပါတယ်။-ရင်သားပင့်တင်ပြုပြင်ခြင်း ပြုလုပ်ပြီးပါက နို့တိုက်လို့ ရပါသော်လည်း တစ်ချု့ိအမျိုးသမီးတွေကတော့ နို့ကို လုံလောက်စွာ ထုတ်ဖို့အတွက်ခက်ခဲသွားပါတယ်။ အရမ်းကြီးတဲ့အကြီးစားခွဲစိတ်မှုတွေလိုပဲ ရင်သားပင့်တင်။ပြုပြင်ခြင်းမှာလည်း သွေးထွက်လွန်ခြင်းအန္တရာယ်၊ ပိုးဝင်ခြင်း နှင့် မေ့ဆေးကို မတည့်ခြင်းတွေ ကြုံရနိုင်ပါတ်။ နောက်ပြီးတော့ ခွဲနေစဉ်နှင့်ခွဲပြီးသုံးတဲ့ ပစ္စည်းတွေနဲ့ဓါတ်မတည့်မှုတွေလည်းကြုံရနိုင်ပါတယ်။-ရောင်ခြင်း။-နာခြင်း။-အညိုအမည်းစွဲခြင်း။-နာကျင်ခြင်း။-ထုံခြင်းတို့ ဖြစ်ကြပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကလေးများ၌ ကိုလက်စထရောမြင့်မားနေခြင်း
ကိုလက်စထရောမြင့်မားတယ်ဆိုတာ လူကြီးကိုရော ကလေးတွေကိုပါ အကျိုးသက်ရောက်စေတဲ့အရာတစ်ခုပါ။ ဒါဟာ ကလေးကြီးပြင်းလာတဲ့အခါ ကျန်းမာရေးပြဿနာတွေအများကြီးကိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ နှလုံးရောဂါပေါ့။နှလုံးနဲ့ အခြားသော ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုသွေးထောက်ပံ့နေတဲ့ သွေးလွှတ်ကြောနံရံတွေမှာ Plaque တွေစုစည်းလာခြင်းဟာ ကိုလက်စထရောမြင့်မားခြင်းရဲ့ နောက်ဆက်တွဲပြဿနာတစ်ခုပါ။နှလုံးရောဂါတွေနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းနဲ့ နှလုံးဆီ သွေးမရောက်ခြင်းတွေဖြစ်စေတဲ့ အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုလို့ Plaque တွေကို သတ်မှတ်ထားပါတယ်။ကလေးရဲ့သွေးထဲမှာရှိတဲ့ ကိုလက်စထရောလယ်ဗယ်ဟာ မျိုးရိုး၊အစားအသောက်၊ အဝလွန်ခြင်း စတဲ့အချက်၃ချက်နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိရပါတယ်။ ကိုလက်စထရောမြင့်မားတဲ့ မိဘရဲ့ ကလေးတွေဟာလည်း အများအားဖြင့်တော့ တူညီတဲ့အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းရမှာပါ။ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကျောင်းနေအရွယ်ကလေးတွေအတွက် ရိုးရှင်းတဲ့သွေးစစ်မှုတစ်ခုကိုလုပ်ပြီး သူတို့ရဲ့ ကိုလက်စထရောကို စစ်ဆေးနိုင်ကြပါတယ်။မိသားစုထဲမှာ နှလုံးရောဂါရှိနေသူတွေများပြားခဲ့ရင် ဒါမှမဟုတ် ကလေးရဲ့ မိဘမှာ ကိုလက်စထရောမြင့်နေခဲ့ရင်တော့ စစ်ဆေးမှုကို မဖြစ်မနေခံယူဖို့ အရေးကြီးလှပါတယ်။ ဒါ့အပြင် သွေးစစ်လို့ရလာတဲ့အဖြေဟာ ကလေးတွေမှာ ကိုလက်စထရောမြင့်တယ် မမြင့်ဘူးဆုံးဖြတ်ဖို့အတွက် ဆရာဝန်ကို ကူညီပေးနိုင်ပါလိမ့်မယ်။NHLBI လို့ခေါ်တဲ့ National Heart, Lung and Blood Institute နဲ့ အမေရိကန်ဆရာဝန်များအသင်းကတော့ ကလေးတွေအသက် ၉နှစ်က ၁၁အတွင်း နဲ့ အသက် ၁၇နှစ်ကနေ ၂၁နှစ်အတွင်း ၂ကြိမ် စစ်ဆေးသင့်တယ်လို့ အကြံပြုထားပါတယ။်။သိပ္ပံပညာရှင်တွေကတော့ အသက်၂နှစ် (၁၀နှစ်ထက်နောက်မကျဘဲ) စစ်ဆေးမှုခံယူဖို့ တိုက်တွန်းထားပါတယ်။ စစ်ဆေးမှုဟာ ပုံမှန်ပဲဖြစ်နေတယ်ဆိုရင်တော့ နောက်ထပ် ၃နှစ်မှ ၅နှစ်အတွင်း စစ်ဆေးမှုပြန်လည်ခံယူဖို့ လိုအပ်လာပါလိမ့်မယ်။အဝလွန်နေတဲ့ကလေးတွေနဲ့ သွေးတွင်းအဆီဓါတ်များနေသူတွေ ဒါမှမဟုတ် ကောင်းမွန်တဲံ ကိုလက်စထရောတွေ၊ HDL ကိုလက်စထရောတွေ နိမ့်တဲ့ ကလေးတွေဆီမှာတော့ အလေးချိန်ကို ပြန်လည်ထိန်းညှိခြင်းဟာ အဓိကအကျဆုံး ဖြေရှင်းနည်းလို့ ယုံကြည်ကြပါတယ်။ဆိုလိုတာကတော့ မိဘတွေဟာ ကလေးတွေကို အစာကောင်းကောင်းကျွေးယုံမက ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းသင့်နေပါပြီ။ ကိုလက်စထရော လယ်ဗယ်အရမ်းမြင့်တဲ့ ၁၀နှစ်နဲ့အထက် ကလေးတွေအတွက်ကတော့ ဆေးတွေလိုကောင်းလိုပါလိမ့်မယ်။ကလေးတွေရဲ့ ကိုလက်စထရောလယ်ဗယ်မြင့်ခြင်းကို ကုသနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် ားသောက်စေခြင်းနဲ့ မိသားစုတစ်ခုလုံးပါဝင်တဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း အစီအစဉ်ပါပဲ။ကလေးတွေက fast food တွေနဲ့စာရင် အဆီနည်းစားစရာတွေကိုစားသုံးသင့်ပါတယ်။ ကလေးတစ်ယောက်စားသင့်တဲ့ စုစုပေါင်းအဆီပမာဏဟာ နေ့စဉ်ရရှိမယ့် ကယ်လိုရီစုစုပေါင်းရဲက ၃၀% နဲ့ အောက်ပဲရှိရမှာပါ။ ဒါပေမယ့် ဒီအကြံပြုချက်ကိုတော့ အသက်၂နှစ်အောက်ကလေးတွေမှာ သုံးလို့မရပါဘူး။ဒါ့အပြင် ပြည့်ဝဆီတွေကိုလည်း တစ်နေ့စာ ကယ်လိုရီစုစုပေါင်းရဲ့ ၁၀%သာ စားသုံးသင့်ပြီး trans fat ကတော့ လုံးဝရှောင်ကြဉ်ရမှာပါ။ အန္တရာယ်များတဲ့ အုပ်စုထဲမှာရှိတဲ့ ကလေးတွေအတွက်ကတော့ ပြည့်ဝဆီတွေကို ၇%ထိသာ ကန့်သတ်ထားပြီး ကိုလက်စထရောကိုတော့ ပုံမှန် တစ်ရက်ကို ၂၀၀ မီလီဂရမ်ထိပဲ ကန့်သတ်လိုက်မှာပါ။ဒုတိယအနေနဲ့ ကလေးအတွက် အာဟာရဓာတ်တွေ အကုန်ရရှိနိုင်မယ့်စားစရာအမျိုးမျိုးကို ရွေးချယ်ထားဖို့က အရေးကြီးပါတယ်။ ဒါအပြင် ပုံမှန် လေ့ကျင့်ခန်းလုပ်ဖို့လည်း မမေ့ပါနဲ့။အချို့သော ပုံမှန်အေရိုးဗစ်လေ့ကျင့်ခန်းတွေ၊ ဥပမာ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊လမ်းလျှောက်ခြင်း နဲ့ ရေကူးခြင်းတွေက HDL လယ်ဗယ်ကိုမြင့်တက်စေပြီး သင့်ကလေး နှလုံးရောဂါရနိုင်ချေကနေ ကာကွယ်ပေးပါတယ်။ကလေးရဲ့ ကိုလက်စထရောလယ်ဗယ်မြင့်တက်နေမှုကို ကုသရာမှာ အစားအသောက်နဲ့ လေ့ကျင့်ခန်း ၂မျိုးတည်းနဲ့ မရဘူးဆိုရင်တော့ ဆေးဝါးတွေ လိုအပ်လာနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%81%8c-%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%80%e1%80%ba%e1%80%85%e1%80%91%e1%80%9b%e1%80%b1%e1%80%ac%e1%80%99%e1%80%bc/
သွားကိုက်ဝေဒနာ ကင်းဝေးနိုင်ဖို့
သွားကိုက်လွန်းလို့ တစ်ညလုံးမအိပ်ရသေးဘူး။ ဘာမှလည်းမစားနိုင်ဘူး၊ ဆန်ပြုတ်တောင်မနည်းသောက်ရတယ် ဆိုတာမျိုး မကြာခဏကြားရတဲ့အထိ အဖြစ်များတဲ့ဝေဒနာပါ။ တော်တော်များများက သွားကိုက်တဲ့အချိန်ဆေးသောက်တယ်၊ညှော်ရှောင်တယ်၊ တခြားဘာမှမလုပ်တော့ဘူး။ အဲဒီတော့ပျောက်ပြီးသွားတဲ့နောက်ပိုင်း ခဏခဏသွားကိုက်တာ ကြုံနေရပါတယ်။ ဘာလို့လဲဆိုတာတွေးမိကြရဲ့လား။အဓိက ဘာကြောင့်သွားကိုက်ရတာလဲဆိုတာ သိထားသင့်ပါတယ်။ အများအားဖြင့် –။ဒါ့ကြောင့် သွားကိုက်တယ်ဆိုတာပြီးတော့လည်းပြီးသွားတာပဲလို့မတွေးစေချင်ပါ။ သွားနဲ့ခံတွင်းမှာပြဿနာအခံတစ်ခုခုရှိနေလို့သာ အခုလိုဝေဒနာခံစားရတာဖြစ်လို့ တစ်ပွဲတိုးအနေနဲ့ဆေးသောက်ဖို့ပဲတွေးမနေပါနဲ့။ဖြစ်ပါများလွန်းရင် သွားတွေအကောင်းအတိုင်းကျန်နိုင်ပါ့မလားမသိနိုင်ပါဘူး။ သွားပိုးမစားအောင်၊ သွားမပျက်စီးအောင်၊ သွားဖုံးရောဂါမဖြစ်အောင်၊ ပိုးမဝင်အောင် သန့်ရှင်းရေးကိုအထူးဂရုစိုက်မယ်ဆိုရင် သွားကိုက်ဝေဒနာဆိုတာ မကြားဖူးတဲ့စကားလုံးလိုဖြစ်သွားပါလိမ့်မယ်။တကယ်လို့ သွားကိုက်တာ။သွားနဲ့သွားဖုံးကျန်းမာအောင် အတတ်နိုင်ဆုံးဂရုစိုက်တာကပဲ သွားကိုက်ခြင်းကိုကာကွယ်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘယ်လိုဂရုစိုက်သင့်လဲဆိုတာအောက်မှာဆက်ကြည့်ပါ။သွားမှန်မှန်တိုက်ပါ –မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သွားတိုက်ဖို့ကို ပျင်းမနေသင့်ပါဘူး။ ပါးစပ်မနံဖို့ ပီကေလေးဝါးပြီး သွားမတိုက်တာကိုဖုံးကွယ်မနေပါနဲ့။ သွားကျန်းမာရေးအတွက်က ကိုယ်သုံးတဲ့ သွားပွတ်တံကောင်းဖို့လည်းလိုပါတယ်။မှန်ကန်တဲ့နည်းနဲ့ ပုံမှန်သွားတိုက်ပါ –သွားတိုက်ပေမယ့်လည်း အပေါ်အောက်ကို စက်ဝိုင်းပုံသဏ္ဍာန်တိုက်တာမဟုတ်ဘဲဘေးတိုက် သို့မဟုတ်ဖြစ်သလိုတိုက်တာမျိုးဆို သွားသန့်စင်ဖို့ မထိရောက်နိုင်ပါဘူး။ မသန့်တာကြာရင် သွားချေးနဲ့ဘက်တီးရီးယားတွေကြောင့် ပိုးဝင်မှာပါပဲ။သွားပွတ်ကြိုးသုံးတဲ့အကျင့်လုပ်ပါ –သွားကြားတွေမှာ ကပ်ကျန်နေတတ်ပြီးသွားပွတ်တံနဲ့တိုက်လို့ ပါမသွားနိုင်တဲ့ အကြွင်းအကျန်လေးတွေကို သွားပွတ်ကြိုးကဖယ်ရှားပေးနိုင်ပါတယ်။သွားပွတ်ကြိုးပုံမှန်သုံးပေးရင် သွားဖုံးရောဂါတွေမဖြစ်အောင်ကာကွယ်ရာရောက်ပါတယ်။သွားပိုးစားခြင်းကို ကာကွယ်ပါ –အချိုတွေသိပ်မစားပါနဲ့လို့ပြောကြပေမယ့် စားတာထက် ပြန်သန့်ရှင်းတဲ့အပိုင်းက ပိုအဓိကကျပါတယ်။ ဥပမာ အိပ်ခါနီး အချိုတွေစား၊အချိုရည်တွေသာက်ပြီး သွားမတိုက်ရင် သွားပိုးစားဖို့သေချာသလောက်ဖြစ်နေပါတယ်။သွားကိုထိခိုက်စေမယ့် အပြုအမူတွေကိုရှောင်ပါ –သွားကိုထိခိုက်စေမယ့်အပြုအမူတွေ (ဥပမာ မုန့်ထုပ်တွေကိုက်ဖောက်တာ၊ ဘူး/ပုလင်းအဖုံးတွေကိုက်ဖွင့်တာလိုမျိုး)ရှောင်ပါ။ မတော်တဆထိခိုက်မှုကြောင့် သွားကျိုးပဲ့တာတွေဖြစ်ထားရင် ပိုးဝင်ဖို့ပိုလွယ်ပါတယ်။သွားကျန်းမာရေး ပုံမှန်စစ်ဆေးပါ –သွားနဲ့ခံတွင်းကျန်းမာရေးကို ခြောက်လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် ဆရာဝန်နဲ့ပုံမှန်ပြပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ သွားပိုးပေါက်ရှိနေလား၊ သွားဖုံးတွေကျန်းမာရဲ့လားစတာတွေ စစ်ဆေးပေးမှာဖြစ်ပြီး လိုအပ်လာရင်ကျောက်ခြစ်တာလိုမျိုး သွားသန့်ရှင်းရေးတွေလုပ်ပေးပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac-%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%b1%e1%80%b8%e1%80%94/
ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေတာလဲ။ ဘယ်လိုဖြေရှင်းရမလဲ။ ။
အဝလွန်တယ်ဆိုတာ သက်ကြီးပိုင်းလူတွေ တော်တော်များများဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခုနောက်ပိုင်းလူနေမှု ပုံစံတွေ အရဆို လူကြီးတွေတင်မဟုတ်ပါဘူး။ အဝလွန် တာဟာ အရွယ်တိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ ပြီးရင် အဝလွန်တဲ့ ပြဿနာကလည်း တစ်ခြားနာမည်ကြီးနှလုံး၊ သွေးတိုး၊ဆီးချိုတို့ရဲ မြစ်ဖျားခံတစ်ခုဖြစ်တာကြောင့် သူ့ကို အရင်ဆုံး ဖြေရှင်းမှ ရမှာပါ။ရိုးရိုးလေးပဲပြောမယ်ဆိုရင်တော့ ဝတ်နေကျ အင်္ကျီတွေ ကြပ်သွားမယ်။ ဗိုက်နဲ့ ခါးမှာအဆီပိုတွေ စုနေမယ်။ဒူးတွေနာနေပြီး အထိုင်အထလည်း မကောင်းတော့ဘူးဆိုရင် သင်ဝနေပါပြီ။ အချက်အလက်နဲ့ သေချာပြောရမယ်ဆိုရင်တော့BMI(Body Mass Index) လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို ပြန်ချိန်ဆတဲ့အခါ BMI ရဲ့ တန်ဖိုးက ၃၀ ထက်ကျော်နေပြီဆိုရင် ဝနေပြီလို့ပြောလို့ရပါပြီ။ဝခြင်း ၆ မျိုးရှိတယ်ဆိုတာ သင်သိပါသလား။ ဝိတ်ချဖို့ အရင်မစဉ်းစားခင် ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါတယ်ဆိုတာ သေချာသိတော့မှ အနာနဲ့ဆေးတွေ့သလို ကိုယ်ဖြစ်နေတဲ့ အဝလွန်တဲ့ ပြဿနာကို ဖြေရှင်းလို့ရမှာပါ။ကိုယ်လက်လှုပ်ရှားမှုမရှိရင် ဝလာတတ်တယ်ဆိုတဲ့ကိစ္စကို အထူးပြောနေစရာတောင် မလိုပါဘူး။ ကိုယ်စားလိုက်တဲ့အစားအသောက်တွေကနေ ရတဲ့ကယ်လိုရီကို ပြန်လောင်ကျွမ်းစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုရှိမှရတာပါ။ စားတာကတော့ တစ်နေ့၃ နပ် တစ်နပ်တောင် မလျှော့ဘူး၊ လှုပ်ရှားမှုလည်း မရှိဘူးဆိုရင် စားသမျှ အကုန်စုပြီး ဝလာတော့ မှာပါ။ဒါကြောင့် ဒီလိုဝတဲ့အမျိုးအစားထဲပါတဲ့သူတွေ တတ်နိုင်သမျှ အချိန်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြပါ။ ။အစားသောင်းကျန်းတယ်ဆိုတည်းက ကိုယ်တစ်နေ့လိုအပ်တဲ့ကယ်လိုရီထက်ပိုအောင် စားမိနေတဲ့သူချည်းပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တာရော၊ ကျန်းမားရေးနဲ့ညီညွတ်မှုမရှိတဲ့အသင့်စားသရေစာတွေ စားတာ အကုန်ပါပါတယ်။ သွင်းလိုက်သမျှ ကယ်လိုရီတွေကို လောင်ကျွမ်းအောင် ပြန်မလုပ်နိုင်ဘူးဆိုရင် သေချာပါတယ်။ ကယ်လိုရီအပိုတွေကအဆီအဖြစ်ပြောင်းသွားတော့မှာပါ။ဒီလို ဝတဲ့ အမျိုးအစားကတော့ ဖြေရှင်းရလွယ်ပါတယ်။ အစားလျှော့စားလိုက်ပါ။ ကိုယ်အလေးချိန်တက်လာရခြင်းရဲ့ အဓိကနဲ့ အများဆုံး တရားခံက အစားအသောက်ဖြစ်နေလို့ပါ။၃ . စိတ်ဖိစီးမှုကြောင့်ဝခြင်း။ ။စိတ်ဖိစီးမှုများတဲ့သူတွေဟာ အစားပိုစားတတ်ကြတယ်ဆိုတာ သတိထားမိကြပါသလား။ တစ်ချို့လူတွေဟာစိတ်ဖိစီးမှုများနေရင် အစားအသောက်တွေကို စိတ်ရဲ့ထွက်ပေါက်အဖြစ်အသုံးချတတ်ကြပါတယ်။ ဒီလိုနဲ့စိတ်ဖိစီးမှုများလေလေ ပိုစားမိလေလေနဲ့ ဝလာပါရော။ စိတ်ဖိစီးမှုများတဲ့ သူတစ်ယောက်ဆီကို တစ်ခြာရောဂါတွေကလည်း မဖိတ်ခေါ်ဘဲ ဝင်လာတတ်ပါတယ်။ဒါကြောင့် စိတ်ဖိစီးမှုနဲ့ ပူပန်များတဲ့သူတွေ အနေနဲ့ အကောင်းဆုံးကတော့ စိတ်ကို လျှော့ပါ။ ဖိစီးမှု များလာရင် အစားသိပ်မစားဘဲ တစ်ခြား စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ သီချင်းဆိုတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေလုပ်ပါ။ကိုယ့်မျိုးရိုးက အဝမျိုးရိုးဆိုရင် မျိုးရိုးဗီဇမှာတည်းက ဝတဲ့ ဗီဇပါလာပြီးဖြစ်တဲ့အတွက် ကိုယ့်မှထူးပြီး ပိန်နေစရာ အကြောင်းတော့မရှိပါဘူး။တစ်ခုရှိတာက သူများတွေဝတိုင်း ကိုယ်မဝချင်ရင် အစားအသောက်ဆင်ခြင်ပါ၊လေ့ကျင့်ခန်းလုပ်ပါ။ဒါကလည်း မျိုးရိုးလိုက်တဲ့ အဝလွန်ခြင်းတစ်မျိုးပါပဲ။သွေးပြန်ကြောပိတ်တဲ့ ရောဂါ ကိုယ့်မျိုးရိုးထဲမှာရှိနေရင် ကိုယ်လည်း အလားတူအခြေအနေမျိုး ဖြစ်ဖို့များပါတယ်။ ဒီလို အဝလွန် တာမျိုးကို ကိုယ်ဝန်သည်တွေမှာလည်း အတွေ့များပါတယ်။ကိုယ်ဝန်ေကြာင့် ခြေထောက်တွေဖောရောင်လာပြီး ကိုယ့်အလေးချိန်တက်လာတာကို ဆိုလိုတာပါ။ဒီလို အဝလွန်ခြင်း အတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပြီး သွေးလည်ပတ်မှု ကောင်းအောင် လုပ်ပေးတာပဲဖြစ်ပါတယ်။ ။တစ်ချို့လူတွေရှိပါတယ်။ လူကသာ ပိန်နေပေမယ့် ဗိုက်ကလေး တစ်လုံးနဲ့ ဘီးကျဲကြီးတွေ ရှိပါတယ်။ စားသမျှ ဗိုက်မှာစု ဆိုတဲ့အတိုင်း အဆီတွေအားလုံး ဗိုက်မှာပဲလာစုပြီး တစ်နေရာတည်းကွက်ဝ နေတာမျိုးပါ။ ဒါမျိုးကအရက်၊ ဘီယာသောက်တာနဲ့လည်း ဆက်စပ်မှုရှိနေတတ်ပါတယ်။ ဗိုက်တစ်နေရာတည်း အဆီစုပြီး ဝတာက အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့အသက်ရှူရခက်တာ၊အိပ်နေချိန် အသက်ရှူရပ်သွားတာ၊အသည်းအဆီဖုံးတာ၊နှလုံးရောဂါတွေကိုပါ ဖြစ်စေပါတယ်။ဒီပြဿနာကိုဖြေရှင်းချင်ရင်တော့ အရက်ဘီယာကို ဖြတ်ပါ။ အဆီများတာ လျှော့စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ကဲ ဒီလောက်ဆို ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ အဝလွန် တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ကိုယ်အလေးချိန်ကို လျှော့ပါ။ ဝလို့လှလို့ပဲ ရှိတာဆိုပေမယ့် အဝလွန်သွားရင်တော့ လှတာမဟုတ်ဘဲ ရောဂါတွေ တစ်သီကြီးရတော့မှာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/6-causes-of-obesity/
Osteitis (အရိုးရောင်ခြင်း)
Osteitis ဟာ အရိုးရောင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Osteitis ဟာအရိုးတွေကို ထူစေပြီးရောင်ရမ်းလာစေပါတယ်။ အရိုးထူလာမှုဟာ အရိုးကိုပုံပျက်စေပြီး ရှည်လျားတဲ့အရိုးတွေ ကိုင်းလာခြင်းတွေ ဖြစ်ပေါ်စေပါတယ်။အရိုးတွေဟာ ပုံသဏ္ဍန်ပြောင်းလာတဲ့အခါမှာ အလေးချိန်ခံနိုင်တဲ့ ပုံစံတွေ ပြောင်းလဲလာပြီး ကိုယ်ခန္ဓါအတွင်းပိုင်းအင်္ဂါတွေမှာ ဖိအားတိုးလာတာကြောင့် နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။Osteitis ဟာအမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Osteitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။· တစ်ဖက် (သို့) နှစ်ဖက်လုံးမှာ နာကျင်ခြင်း၊ မာကျောခြင်း။· လှုပ်ရှားမှုများတဲ့ အလုပ်တွေဖြစ်တဲ့ ပြေးခြင်း၊ ဘောက်ဆင်ထိုးခြင်းတွေ လုပ်ရင် နာခြင်း။· အရိုးကို ဖိကြည့်ရင် နာခြင်း။· Osteitis ဖြစ်တဲ့နေရာမှာ နာခြင်း။· တရွတ်ဆွဲခြင်း၊ ခုန်ဆွခုန်ဆွ ဖြစ်ခြင်း တွေပဲဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Osteitis ဟာ အရိုးရောဂါပိုးဝင်ခြင်းဖြစ်ပြီး အခြားကိုယ်အင်္ဂါတွေမှ သွေးမှတစ်ဆင့် ပြန့်လာခြင်းဖြစ်ပါတယ်။Osteitis အမျိုးအစားတွေဟာ အရိုးပုံစံ (သို့) အရိုးထုတ်လုပ်မှုကို ပြောင်းလဲစေတဲ့ မျိုးရိုးဗီဇ ပုံမမှန်မှုတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေဖြစ်တဲ့ arsenic၊ ခွေ၊ ကျွဲ၊ အခြားတိရိစ္ဆာန်တွေနဲ့ ထိမိရင်လည်း ဒီရောဂါဖြစ်နိုင်တယ်လို့ ဆိုပေမယ့် ဒါဟာ အငြင်းပွားဖွယ် ဖြစ်ဆဲဖြစ်ပါတယ်။ဒီအကြောင်းရင်းတွေ အပြင် အရိုးတွေပေါ် မကြာခဏ ပွတ်တိုက်မိခြင်းဟာလည်း ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ Osteitis ဟာ မျိုးပွားအင်္ဂါ၊ ဆီးလမ်းကြောင်း ခွဲစိတ်မှုများ၊ ဒဏ်ရာရခြင်း၊ ကလေးမွေးခြင်း၊ လေးဘက်နာရောဂါ၊ အားကစားတွေဖြစ်တဲ့ ဘောလုံးကန်ခြင်း၊ တင်းနစ်ကစားခြင်းတွေကြောင့်လည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။Osteitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။– Polyostotic fibrous dysplasia: အရိုးရဲ့ နေရာအများအပြားမှာ fibrous tissue တွေနဲ့ အစားထိုးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။– Jaffe-Lichtenstein monostotic fibrous dysplasia: အရိုးတစ်ခုသာ ဖြစ်တဲ့ fibrous dysplasia ဖြစ်ပါတယ်။– SAPHO syndrome: အရိုးရောင်တဲ့ ရောဂါအမျိုးမျိုးြ ဖစ်ပါတယ်။– Paget’s disease of bone: အရိုးအသစ်ဟာ အရိုးအဟောင်းကို အစားထိုးဖို့ မလုံလောက်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။– Osteitis fibrosa cystica: အရိုးဆုံးရှုံးခြင်း၊ အားနည်းခြင်းတွေ ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။– Osteitis condensans: အရိုးသိပ်သည်းဆ များတဲ့ ရှားပါးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ပထမဦးစွာ ဆရာဝန်က ကျန်းမာရေး ရာဇဝင်ကို မေးမြန်းမှာ ဖြစ်ပြီး စမ်းသပ်စစ်ဆေးမှု ပြုလုပ်မှာဖြစ်ပါတယ်။ သင့်မှာ Osteitis ရှိတယ်လို့ သံသယရှိရင် အခြားစစ်ဆေးမှုတွေဖြစ်တဲ့ X-ray, CT-scan, or MRI တွေကို ပြုလုပ်နိုင်ပါတယ်။အောင်မြင်စွာ ကုသနိုင်ခြင်းဟာ ဖြစ်စေတဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ တကယ်လို့ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တယ်ဆိုရင် ရောဂါပိုးဝင်ခြင်းမပျောက်မချင်း လက္ခဏာတွေ ဆက်ရှိနေမှာ ဖြစ်ပါတယ်။အရိုး၊ အဆစ်တွေကို အသေပျက်စီးစေတဲ့ အခြေအနေတွေဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ သန်စွမ်းစေတဲ့ လေ့ကျင့်မှုတွေဟာ နာကျင်မှုတွေကို သက်သာစေပြီး ပြန်ပြီး လှုပ်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ ခွဲစိတ်ကုသမှုလည်း လိုအပ်နိုင်ပါတယ်။Osteitis ကို စောစီးစွာ ကုသမှုဟာ နာတာရှည်အခြေအနေဖြစ်လာခြင်းက ကူညီပေးပါတယ်။ ကုသမှုဖြစ်စဉ်ဟာ ခြောက်လကနေ ၂ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ လိုက်နာသင့်တဲ့ အချက်တွေကတော့။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Osteitis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/osteitis-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ကောင်းကျိုး၉ချက်
အမျိုးသမီးတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုမှာမိန်းမကိုယ်သန့်ရှင်းမှုကိုချန်ထားခဲ့လို့မရပါဘူး။အတွင်းပိုင်းမိန်းမကိုယ်ကသူ့ဘာသာသူသန့်ရှင်းရေးလုပ်တတ်တယ်ဆိုပေမယ့်အပြင်ပိုင်းမိန်းမကိုယ်ကသာမန်အရေပြားပဲဖြစ်တာကြောင့်မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့သန့်စင်ဆေးရည်သုံးပေးရင်ပိုကောင်းပါတယ်။ရေချိုးရင်းတိုက်တဲ့ဆပ်ပြာတွေကမိန်းမကိုယ်အတွက် ပြင်းအားအရမ်းများတာကြောင့် ပြင်းအားပျော့တဲ့သန့်စင်ဆေးရည်များကိုသာ သုံးပေးသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းအားဖြင့် ရနိုင်တဲ့ကောင်းကျိုး (၉) ချက်ကို ပြောပြပေးသွားမှာပါ။၁။ရောဂါပိုးတွေရန်ကနေကာကွယ်ပေးတယ်။မိန်းမကိုယ်သန့်ရှင်းမှုကအမျိုးသမီးတစ်ယောက်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။ သာမန်အရေပြားဖြစ်တဲ့မိန်းမကိုယ်အပြင်ပိုင်းအတွက်ကတော့သန့်စင်ဆေးရည်တွေသုံးပေးတာကသာအကောင်းဆုံးပါ။သန့်စင်ဆေးရည်တွေကသင့်မိန်းမကိုယ်ကိုသန့်ရှင်းမှုနဲ့ပိုးမွှားကင်းစင်မှုကိုပေးစွမ်းနိုင်မှာအသေအချာပါ။၂။ pHပမာဏကိုထိန်းညှိပေးတယ်။ ။မိန်းမကိုယ်ရဲ့ pH ဓါတ်က ရောဂါပိုးတွေမဝင်အောင်၊ မယားယံအောင်နဲ့ အနံ့အသက်တွေမထွက်အောင် ကျန်းမာနေအောင် ထိန်းသိမ်းပေးထားပါတယ်။ မိန်းမကိုယ်ကသူ့ဘာသာ pHပမာဏကိုထိန်းထားနိုင်စွမ်းရှိပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်ပျက်သွားနိုင်ပါတယ်။ pHပမာဏကိုပုံမှန်အတိုင်းမထိန်းနိုင်တဲ့အခါမိန်းမကိုယ်တွင်းပိုးဝင်ခြင်းနဲ့အခြားပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။မိန်းမကိုယ်သန့်စင်ဆေးရည်အများစုကpHကိုထိန်းပေးတဲ့အာနိသင်ဘာတာကြောင့်မိန်းမကိုယ်သန့်စင်ဆေးရည်သုံးလိုက်တာနဲ့pHပမာဏလည်းထိန်းပြီးသားဖြစ်သွားပါတယ်။၃။အရေပြားအားလုံးနဲ့သင့်တော်တယ်။ ။အချို့သောအမျိုးသမီးတွေကမိန်းမကိုယ်သန့်စင်ဆေးရည်သုံးရင်ကိုယ့်အသားအရေနဲ့မသင့်တော်ဘဲဓါတ်မတည့်မှုတွေ ဖြစ်မှာကြောက်ကြပါတယ်။ ဒီလိုဆိုရင်တော့ အသားအရေအားလုံးနဲ့သင့်တော်အောင်ထုတ်ထားတဲ့သန့်စင်ဆေးရည်မျိုးကို အသုံးပြုဖို့ပြောပါရစေ။ ဒီလိုအသုံးပြုပေးတာက အရေပြားကို ထိခိုက်မှုမရှိနိုင်ဘဲ သန့်ရှင်းကျန်းမာစေနိုင်ပါတယ်။၄။အနံ့ဆိုးတွေကနေကင်းဝေးအောင်စွမ်းဆောင်ပေးနိုင်တယ်။ ။သန့်စင်ဆေးရည်အများစုကမွှေးပျံ့တဲ့ရနံ့တွေအမျိုးမျိုးနဲ့ထုတ်ထားတာဖြစ်လို့သန့်ရှင်းမှု၊မွှေးပျံ့မှုကိုပေးစွမ်းပြီးသင့်ကိုဆွဲဆောင်မှုရှိစေမှာအသေအချာပါ။ဒါပေမယ့်အရမ်းကြီးအနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေကမိန်းမကိုယ်အရေပြားကိုထိခိုက်စေတတ်ပြီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် သန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ အမွှေးနံ့သိပ်ပြင်းတာမျိုးကိုရွေးချယ်ပေးပါ။ ဒါမှအသားအရေခြောက်သွေ့တာတွေမဖြစ်စေဘဲ သန့်စင်ပြီးအနံ့အသက်ကင်းတဲ့ မိန်းမကိုယ်ဖြစ်စေမှာပါ။၅။ပုံမှန်မဟုတ်သောအရည်များမိန်းမကိုယ်မှဆင်းခြင်းကိုကာကွယ်ပေးတယ်။ ။မိန်းမကိုယ်သန့်စင်ဆေးရည်တွေကမကောင်းတဲ့ပိုးမွှားတွေကိုသန့်စင်ပေးနိုင်လို့မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တဲ့အနံ့နံတဲ့အရည်များဆင်းခြင်းကိုကာကွယ်ပေးပါတယ်။၆။မိန်းမကိုယ်အရေပြားအစိုဓါတ်ကိုထိန်းပေးတယ်။ ။မိန်းမကိုယ်သန့်စင်ဆေးရည်များဟာအရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီးအစိုဓါတ်ကိုထိန်းပေးတာကြောင့်သုံးပြီးတာနဲ့ခြောက်ခြောက်သွေ့သွေ့မဖြစ်နေဘဲ သက်တောင့်သက်တာရှိစေမှာပါ။၇။မိန်းမကိုယ်ပိုးဝင်ခြင်းကိုကုသဖို့တစ်ဘက်တစ်လမ်းကကူညီပေးတယ်။ ။မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ယားယံခြင်းကိုသက်သာစေဖို့အတွက်မိန်းမကိုယ်သန့်စင်ဆေးရည်တွေကတစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ပါတယ်။၈။မိန်းမကိုယ်ကနေအခြားနေရာများကိုပိုးများပျံ့ ခြင်းကိုကာကွယ်ပေးနိုင်တယ်။သင့်တွင်မိန်းမကိုယ်ပိုးဝင်ခြင်းရောဂါအစတည်းကရှိနေရင်မိန်းမကိုယ်အနီးနားကနေရာတွေကိုပါပိုးထပ်ဝင်ခြင်းမရှိစေဖို့အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေက ကာကွယ်ပေးပါတယ်။၉။သဘာဝမှရတဲ့ပစ္စည်များနဲ့ထုတ်ထားလို့ နေ့စဉ်အသုံးပြုနိုင်တယ်။မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာသဘာဝကရတဲ့ပစ္စည်းများနဲ့သာအဓိကထားထုတ်ထားတဲ့အတွက်ကြောင့်အသားအရေကိုထိခိုက်ခြင်းမရှိ၊ ဓါတ်မတည့်ခြင်းတွေကို မဖြစ်စေနိုင်ဘဲ နေ့စဉ်အသုံးပြုနိုင်တယ်။ ဒါက မိန်းမကိုယ်ကိုနေ့စဉ်သန့်စင်ရမှ ကျေနပ်တတ်တဲ့အမျိုးသမီးတွေအတွက် ရေချိုးရင်းသုံးပေးလို့ရလို့ စိတ်ကျေနပ်စရာကောင်းပါတယ်။ မကြာခဏသုံးလို့ အသားအရေပျက်စီးတာမျိုးတွေမဖြစ်နိုင်ပါဘူး။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/benefits-feminine-wash/
မနက်ခင်းစောစောထတတ်သည့်အကျင့်ပျိုးထောင်သင့်ပုံ
မနက်အစော အလင်းရောင် မလာသေးခင်အချိန်။ နှိုးစက်သံမြည်လာပြီး နှိုးစက်ကို သင်ပိတ်လိုက်သည်။ ခဏအကြာ သင်ထထိုင်မည်။ သင့်ခြေထောက်များကို အိပ်ရာပေါ်မှ တွဲလောင်းချပြီး သင့်ဖုန်းကိုယူလိုက်မည်။ သင့်ဖုန်းမှအလင်းရောင်သည် သင့်အခန်းကို လင်းသွားစေပေလိမ့်မည်။သင်ကြားဖူးနေကျ အကြောင်းအရာဖြစ်သော်လည်း ရိုးသားစွာဝန်ခံရလျှင် မနက်စောစောထခြင်းသည် ကျွန်ုပ်တို့အတွက် လွယ်ကူသည်တော့မဟုတ်ပါ။သင့်အနေဖြင့်စောစီးစွာနိုးထလိုလျှင် မလိုအပ်သောညနေခင်းအလုပ်များကို လျှော့သင့်ကြောင်း ဒေါက်တာမာ့ခ်စ်ကပြောသည်။ သင့်အနေဖြင့် ထိုကဲ့သို့ပြုလုပ်ရန် ခက်ခဲမည်ကို ကျွန်ုပ်တို့သိပါသည်။တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ရမည့် အလုပ်များအတွက် အချိန်ပိုလျှံနေသည်ဟု တွက်မိတတ်သည်။အိပ်ရေးဝမှကောင်းစွာ နိုးထနိုင်မည် ဖြစ်သည်။ မအိပ်ခင်နိုးစက် နာရီပေးနေရခြင်းသည် သင်ကောင်းစွာအိပ်ရေးမဝခြင်းကို ညွှန်ပြနေသည်ဟု အမေရိကန်အိပ်စက်ခြင်း ဆေးပညာကျောင်းမှ အကြီးအကဲ Nathaniel Watson က ဆိုပါသည်။ “သင့်အနေဖြင့် ကောင်းစွာအိပ်ရေးဝခဲ့လျှင် နှိုးစက်မလိုဘဲ သင်နိုးထနိုင်လိမ့်မည်။” ကြားလိုက်ရုံဖြင့် လွယ်ကူဟန်ရှိသော်လည်း တကယ်လုပ်ရန်ခက်ခဲပေလိမ့်မည်။အောက်ပါအချက်များကိုလိုက်နာခြင်းဖြင့်ကောင်းစွာအိပ်စက်ပြီးလန်းဆန်းစွာနိုးထနိုင်ပေလိမ့်မည်။ခန္ဓာကိုယ်နှင့်ပတ်သက်၍ အချိန်ဇယားတစ်ခုဆွဲပြီးပြုလုပ်ခြင်းက မည်သည့်အရာများ ဖြစ်လာနိုင်သည်ကို ကြိုတင်ခန့်မှန်းနိုင်သည်။ ညနေခင်း ပြုလုပ်သည်များကို ပုံမှန်ပြုလုပ်ခြင်းဖြင့် သင့်စိတ်ကို ပြေလျော့စေပြီး အိပ်ချိန်နှင့် နီးကပ်လာသည်ကိုလည်း သတိပြုမိစေသည်။ ဥပမာ- အိပ်ရာမဝင်ခင် ကဖင်းဓာတ်မပါသော လက်ဖက်ရည်သောက်သုံးခြင်းနှင့် မိနစ် ၂၀ခန့် စာဖတ်ခြင်းကို ပြုလုပ်ပေးခြင်းမျိုးဖြစ်သည်။နံနက်စာသည် တစ်နေ့တာတွင်အရေးအကြီးဆုံးဖြစ်သည်ဟူသည့်အဆိုကို သင်ကြားဖူးလိမ့်မည်။ သင့်အနေဖြင့် မနက်ပိုင်းတွင် ပိုမိုပြည့်ဝစွာစားသုံးလျှင် ညနေခင်းတွင် ကော်ဖီနှင့် မုန့်အချိုကဲ့သို့ အစားအစာမျိုးစားရန် မလိုတော့ပါ။ ဝါရှင်တန်ဒီစီမြို့မှ အာဟာရဗေဒနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာကျွမ်းကျင်သူ Rebecca Scritchfield ဆိုသူက “ တစ်ညတာအိပ်စက်ပြီးသော ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်နှင့် သွေးတွင်းသကြားဓာတ်တို့သည် နိမ့်ကျနေပြီး နံနက်စာစားသုံးပေးခြင်းဖြင့် စွမ်းအင်ကိုပြန်လည် ရရှိနိုင်သည် “ဟုဆိုထားပါသည်။ သူမ၏ အကြံပြုချက်အရ နံနက်စာတွင် အသားဓာတ်၊ အရောင်အသွေးစုံသော ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်တို့ ပါဝင်သင့်သည်ဟုဆိုပါသည်။စိတ်ဓာတ်မြှင့်တင်ရေး ပညာရှင်တစ်ဦးက အကြံပြုသည်မှာ နံနက်အိပ်ရာထပြီးပြီးချင်း သင်ပြုလုပ်ရမှာ ကြောက်လန့်သော အလုပ်တစ်ခုကို လုပ်သင့်သည် ဟုဆိုသည်။ ထို့ကြောင့်ပင် သုတေသနတစ်ခုက စိတ်စွမ်းအားသည် နံနက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး အချိန်နှင့်တဖြည်းဖြည်းလျော့ကျသွားသည်ဟု ဆိုထားခြင်းဖြစ်သည်။ ဥပမာ- ညနေ ၆:၀၀ နာရီထိုးတွင် သင့်အနေဖြင့် အားကစားလုပ်ရမည်ကို သိသော်လည်း ထိုအချိန်တွင် အာကစားခန်းမသို့ သွားချင်စိတ်မရှိတော့သလိုမျိုးဖြစ်ခြင်း ကိုဆိုလိုသည်။သင့်အနေဖြင့် ညည်းညူခြင်းဖြင့် နိုးထပြီး မိမိမပြုလုပ်နိုင်ခဲ့သည်များကို တွေးတောမိပါက အိပ်ရာမှ စိတ်အားတက်ကြွစွာထရန် ခက်ခဲနိုင်သည်။ ထိုသို့ပြုမည့်အစား သင်ပြုလုပ်နိုင်မည့်အကောင်းဆုံး အခြင်းအရာများကို တွေးတော၍ နေ့သစ်တွင် နိုးထသင့်သည်။အပြုသဘောဖြင့် နိုးထလျှင် သင့်တစ်နေ့တာလုံး ကျန်းမာပြီး လုပ်ငန်းစွမ်းဆောင်ရည်လည်း တိုးတက်နိုင်ကြောင်း ပညာရှင်များက အကြံပြုပါသည်။ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့ကို ညဘက်တွင် အသံတိုး၍ ဖွင့်ထားခြင်းဖြင့် သင့်အတွက်အိပ်ပျော်စေနိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ ညနေခင်းတွင် စိတ်လက်ပြေလျော့ပြီး သင်၏ စိတ်ကအိပ်စက် အနားယူရန် အဆင်သင့်ဖြစ် နေလိမ့်မည်။ သို့သော် သင့်အိမ်တွင် ထိုအချိန်၌ ကျယ်လောင် ဆူညံနေမည်ဖြစ်၍ ထိုကဲ့သို့ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%99%e1%80%94%e1%80%80%e1%80%ba%e1%80%81%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%b1%e1%80%ac%e1%80%85%e1%80%b1%e1%80%ac%e1%80%91%e1%80%90%e1%80%90%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba/
လမ်းဘေးစာများ စားသင့်သလား
လမ်းဘေးစာဆိုတာကတော့ လှုပ်ရှားသွားလာသူများ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်အောင် ချက်ပြုတ်ကြော်လှော်ရောင်းချနေတဲ့အစားအစာများကို အလွယ်ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြမယ့် လမ်းဘေးစာဆိုတဲ့ အသုံးအနှုန်းဟာလည်း အဆင့်အတန်းခွဲခြားတဲ့သဘောနဲ့ သုံးနှုန်းခြင်းမဟုတ်ဘဲ မြင်လွယ်အောင်သာ ဖော်ပြခြင်းသက်သက်ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Street food လို့ ခေါ်ပါတယ်။မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံသာမက နိုင်ငံအသီးသီးမှာ တွေ့ရတတ်တဲ့ ရောင်းဝယ်ဖောက်ကားမှုပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ပိုးပြင်ဆင်မှု၊ ကျန်းမာရေးနဲ့ညီညွတ်မှု၊ သန့်ရှင်းလတ်ဆတ်မှု စတာတွေမှာတော့ ဆိုင်ရာလူမှုပတ်ဝန်းကျင်အလိုက် ကွာခြားသွားမှာပဲ ဖြစ်ပါတယ်။ဒီဆောင်းပါးမှာတော့ လမ်းဘေးစာများရဲ့ အကျိုးသက်ရောက်မှုများကို စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။အဖြေကတော့ ရှိသင့်ပါတယ်။ လမ်းပေါ်မှာလှုပ်ရှားသွားလာပြီး စားသောက်ဆိုင်ကောင်းကောင်းတွေမှာ ဝယ်စားဖို့ ငွေကြေးမလုံလောက်တဲ့အခါ၊ အချိန်မရတဲ့အခါ လမ်းဘေးစာများဟာ အားကိုးရာတခုဖြစ်ပါတယ်။ ဆိုင်ကြီးတွေမှာလို ကိန်းကြီးခန်းကြီးမနိုင်ဘဲ ချက်ချင်းမှာယူ စားသုံးနိုင်၊ ထုတ်ပိုးသယ်ဆောင်သွားနိုင်ပါတယ်။ တခါတရံမှာ လမ်းဘေးစာရောင်းချတဲ့ ဆိုင်တွေမှာတောင် သူတို့ရဲ့အရသာကို ကြိုက်နှစ်သက်သူများက တကူးတကလာရောက် စားသုံးတာကို တွေ့နိုင်ပါတယ်။လမ်းဘေးစာတွေရဲ့ ပြစ်ချက်တွေ၊ အားနည်းချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ပုံပြောင်းဆီများ။လမ်းဘေးဆိုင်တွေမှာ ကြော်လှော်ချက်ပြုတ်တဲ့ ဆီများဟာ အဖန်တလဲလဲ ပြန်ပြီး အသုံးပြုကြတာများပါတယ်။ ဒါဟာ ကျန်းမာရေးနဲ့မညီတဲ့ အလေ့အထတခုဖြစ်ပါတယ်။ နောက်တချက်ကတော့ ဈေးနှုန်းသက်သာတဲ့ ပြည့်ဝဆီ၊ ပုံပြောင်းဆီတွေကို အများဆုံးအသုံးပြုကြပါတယ်။ အဲဒီပုံပြောင်းဆီတွေဟာ ကိုယ်ခန္ဓါထဲက သွေးကြောတွေမှာ အနည်တွေကျသွားပြီး ေသွးကြောပိတ်ေစတတ်ပါတယ်။ နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်နိုင်ပါတယ်။ကယ်လိုရီ။ဘယ်ဒေသမှာမဆို လမ်းဘေးစာများရဲ့ ကယ်လိုရီပါဝင်နှုန်းဟာ များပြားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ လေးဘေးစာအမျိုးအစားတချို့ဆင်တူတဲ့ (ဥပမာ စမူဆာ၊ ဗယာကြော် နှင့် ဆီကြော်မုန့်များ) အိန္ဒိယရဲ့ လမ်းဘေးစာများမှာကယ်လိုရီပါဝင်မှုဟာ ၁၀၀ ဂရမ်မှာ ၁၅၀ ကနေ ၆၀၀ ကီလိုကယ်လိုရီလောက်အထိ မြင့်မားစွာ ပါဝင်တယ်လို့ သိရပါတယ်။ကင်ဆာဖြစ်နိုင်ခြေ။လမ်းဘေးစာများဟာ မြန်မြန်ဆန်ဆန်ကျက်အောင် မြင့်မားတဲ့အပူချိန်မှာ ချက်ပြုတ်ကြော်လှော်တဲ့အပြင် ဆီများကိုလည်း ထပ်ပြန်တလဲလဲ အသုံးပြုပါတယ်။ အဲဒီလိုပြုလုပ်ခြင်းဟာ ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်မားစေတဲ့ ဖရီးရယ်ဒီကယ်တွေကို ထွက်လာစေပါတယ်။ဂလူးကို့စ်မြင့်မားခြင်း။လမ်းဘေးစာတွေဟာ အရသာထူးကဲအောင် ပြင်ဆင်ပြုလုပ်ထားပြီး ဂလူးကို့စ်ညွှန်ကိန်း (Glycemic Index) မြင့်မားပါတယ်။ သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေခြင်း၊ ကိုယ်ခန္ဓါတွင်း အဆီသိုလှောင်မှုကို မြင့်မားစေခြင်း စတာတွေကြောင့် ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို ပိုပြီးမြင့်မားစေပါတယ်။ဆိုဒီယမ်ပါဝင်မှု။လမ်းဘေးစာတွေရဲ့ အနံ့အရသာအပြင် ကြာရှည်ခံအောင် ဆားကိုများများ သုံးကြပါတယ်။ လမ်းဘေးမှာရောင်းတဲ့ ကြက်သားဘာဂါတခုမှာဆိုရင် ဆိုဒီယမ်ပါဝင်မှုဟာ ၁၀၀၀ မီလီဂရမ်အထက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီပမာဏလောက်ကို ပုံမှန်စားသုံးသွားရင် သွေးတိုးရောဂါဖြစ်ခြင်း၊ ခြေလက်များဖောရောင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။သန့်ရှင်းလတ်ဆတ်မှု။လမ်းဘေးစာတွေဟာ များသောအားဖြင့် သန့်ရှင်းမှုအားနည်းပါတယ်။ ဘယ်လိုပဲသန့်ရှင်းသပ်ရပ်အောင် အားထုတ်သည်ဖြစ်စေ ဖုန်မှုန့်များ၊ မော်တော်ကားအိတ်ဇောငွေ့များအပြင် တခြားပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ လွတ်ကင်းနိုင်မှာ မဟုတ်ပါဘူး။ သုံးစွဲတဲ့ရေအရင်းအမြစ်၊ စားသောက်စရာကုန်ကြမ်းတွေဟာလည်း ဈေးနှုန်းသက်သာစေဖို့ ဦးစားပေးလို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အားနည်းပါတယ်။ဒါတွေဟာ လမ်းဘေးစာတွေရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။ လူအများဟာ နေ့စဉ်လှုပ်ရှားသွားလာရင်းနဲ့ လမ်းဘေးစာတွေနဲ့ ကင်းအောင်နေဖို့ ခဲယဉ်းပါတယ်။ ကောင်းတာကတော့ ရောင်းချသူတွေရော စားသုံးသူတွေပါ သန့်ရှင်းပြိး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေဖြစ်စေဖို့ အပြန်အလှန် အကျိုးကျေးဇူးပြု ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%98%e1%80%b1%e1%80%b8%e1%80%85%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%9c/