title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
သွေးတိုးကျစေတဲ့ဆား
ဆရာဝန်တွေအနေနဲ့ဆားကိုသင့်တင့်မျှတစွာထိန်းစားခြင်းကသွေးတိုးကို လျော့ကျစေတယ်လို့သိထားကြပါတယ်။ ကျွန်တော်တို့စားနေကျးစရာတွေမှာပါတဲ့တခြားဆိုဒီယမ်မဟုတ်တဲ့ဓါတ်တွေက သွေးတိုးကျစေတယ်ဆိုတာကိုတော့သိသူနည်းပါတယ်။ ပိုတက်ဆီယမ်ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓါတ်ကြွယ်ဝတဲ့စားစရာတွေကသွေးတိုးလျှော့ချပေးပါတယ်။လူတိုင်းကဆားလျှော့စားခြင်းက သွေးတိုးကျစေတယ်လို့သိထားကြပါတယ်။ သိပ်မကြာခင်ကဘဲဒီအချက်မှာအငြင်းပွားစရာလေးတွေနည်းနည်းရှိလာပါတယ်။ တချို့လူတွေကဆား/ဆိုဒီယမ်ဒဏ်ကို သူများထက်ပိုပြီးမခံနိုင်ဖြစ်တတ်ကြပါတယ်။ နောက်ပြီးသွေးတိုးကိုသက်ရောက်မှုရှိတဲ့တခြားဓါတ်တွေလည်းရှိပါသေးတယ်။ဥပမာ – ပိုတက်ဆီယမ်၊ကယ်လ်ဆီယမ်၊မက်ဂနီဆီယမ်တို့ပဲဖြစ်ပါတယ်။လေ့လာမှုတွေအရဆိုဒီယမ်စားသုံးမှုများတဲ့လူတွေမှာ သွေးတိုးရှိကြောင်းပြပါတယ်။ ဒါကအသက်ကြီးလေပိုဖြစ်လေဖြစ်ပါတယ်။ တချို့ဆား/ဆိုဒီယမ်လုံးဝမစားသုံးတဲ့လူမျိုးတွေက သွေးတိုးရှိသူတော်တော်နည်းတာတွေ့ရပါတယ်။ အဲဒီလူတွေကအဝလွန်ခြင်းမရှိအရက်လည်းမသောက်သလိုကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ကြပါတယ်။ ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှဆားရဲ့ဆိုးကျိုးသက်ရောက်မှုကလည်းတိုးလာပါတယ်။ ထို့ကြောင့် ဆားလျော့စားရမည်ဟူသောထုံးကိုသမ္မာကျမ်းစာအမှန်တရားကဲ့သို့လက်ခံကျင့်သုံးလာခဲ့သည်။ ထူးဆန်းစွာပင် မကြာသေးမီကအမေရိကားနိုင်ငံမှလေ့လာစမ်းသပ်မှုများအရဆားကိုလျော့စားခြင်းသည် အသက်တိုစေသည်ဟုဆိုသည်။ ထို့ပြင်ဆားကိုအလွန်အကျွံလျော့စားသူများသည် သွေးတိုးပင် ဖြစ်လာနိုင်သည်ဟုဆိုသည်။ကယ်လ်ဆီယမ် ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်။ဆိုဒီယမ်တစ်ခုဘဲ သွေးတိုးရောဂါအပေါ်သက်ရောက်မှုရှိတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့ပိုတက်ဆီယမ် တွေက သွေးတိုးနှုန်းကိုပုံမှန်လည်ပတ်နိုင်ဖို့ကူညီပါတယ်။ သူတို့ရဲ့သက်ရောက်မှုကတော့အကောင်းဘက်ကပါ။ ဒီဓါတ်တွေကသင့်အစားအသောက်ထဲမှာပါမယ်ဆိုရင်သူတို့က သွေးတိုးကိုလျှော့ချပေးနိုင်ပါတယ်။ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့စားစရာတွေကလည်း သွေးတိုးကို လျှော့ချပေးနိုင်တယ်လို့လေ့လယမှုတွေကဆိုထားပါတယ်။ ဒါပေမယ့်လေ့လာမှုတွေအရအပေါ်ကပြောသွားတဲ့ဓါတ်တွေအာဟာရတွေကို ဆေးအနေနဲ့ထုတ်လုပ်တဲ့အခါအစားအသောက်မှာပါတဲ့ဓါတ်တွေလောက်သွေးတိုးကိုမထိန်းချုပ်နိုင်ဘူးလို့ဆိုပါတယ်။ကယ်လ်ဆီယမ်မှာအရိုးသန်မာစေတဲ့အချက်အပြင်တခြားကျန်းမာရေးကိုအထောက်အကူပြုတာတွေအများကြီးရှိပါသေးတယ်။ ကယ်လ်ဆီယမ်ပါဝင်တဲ့အစားအစာတွေကိုစားတဲ့သူတွေမှာ သွေးတိုးကျကြောင်းအဝလွန်မှုမရှိ၊အဆီပိုမရှိ၊ဆီးချိုမရှိကြောင်း တွေ့ရပါတယ်။DASH စားသောက်မှုပုံစံ (ဆီးချိုသမားများအတွက်ဆီးချိုထိန်းစားသောက်မှုပုံစံတစ်မျိုး)ကတစ်ရက်ကိုအဆီပါဝင်မှုနည်းတဲ့စားစရာတွေကိုပဲစားသောက်စေပါတယ်။ လူတစ်ယောက်ကတစ်ရက်ကိုကယ်လ်ဆီယမ်1200 mg ရအောင်အဆီမပါတဲ့နို့ထွက်ထုတ်ကုန်တွေကိုနှစ်ခါမှသုံးခါစားသင့်ပါတယ်။နို့ထွက်ထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကအရမ်းအံ့သြဖို့ကောင်းပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံထဲကိုနို့ထွက်ထုတ်ကုန်တွေထည့်စားတာသင့်အတွက်အရမ်းကိုအကျိုးရှိစေမှာပါ။ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်ကအမေရိကန်မှာနို့သောက်သုံးမှုသိသိသာသာလျော့နည်းလာပါတယ်။ လေ့လာသူတွေကဒီအချက်ဟာအဝလွန်ခြင်းနဲ့သွေးတိုးရောဂါများလာခြင်းတို့နဲ့ဆက်စပ်နေတယ်လို့ဆိုပါတယ်။ တစ်ခုအရေးကြီးတာကအဆီပါဝင်မှုနည်းတဲ့နို့ထွက်ထုတ်ကုန်တွေကို ရွေးပါ။ နို့ထွက်ထုတ်ကုန်တွေထဲမှာပါတဲ့အဆီက high saturated fat ဖြစ်ပါတယ်။ အဆီမပါတဲ့နို့၊အဆီပါဝင်မှုနည်းတဲ့ဒိန်ခဲ၊အဆီမပါတဲ့ဒိန်ချဉ်တွေကသင့်စားသောက်မှုပုံစံအတွက်အသင့်တော်ဆုံးပါ။ တကယ်လို့အဆီမပါတဲ့နို့ကသင့်အတွက်အရသာမရှိဘူးဆိုရင်အဆီလျှော့ထားတဲ့နို့ကိုပဲ သောက်ပါ။ သူကအဆီမပါတဲ့နို့ထက်ပိုဖြူပြီးအရသာပိုပါတယ်။တကယ်လို့သင်ကlactose (နွားနို့တွင်တွေ့ရသောသကြားတစ်မျိုး) နဲ့မတည့်ဘူးဆိုရင်lactose မပါတဲ့နို့ကိုသောက်ပါ၊ဒါမှမဟုတ်lactose ကို ချေဖျက်တဲ့ enzyme ဆေးပြားသောက်ပါ။ ဒိန်ချဉ်မှာကတော့lactose ကနို့ကနေဒိန်ချဉ်အဖြစ်ကိုပြောင်းပေးတဲ့ ဘက်တီးရီးယားတွေကဲ့ ချေဖျက်ပြီးသားဖြစ်တဲ့အတွက်ရွေးချယ်သောက်သုံးသင့်ပါတယ်။ ဒိန်ခဲတွေမှာလည်းlactose ပါဝင်မှုနည်းပါတယ်။ တကယ်လို့သင်ကနို့ကိုရှောင်ရမယ်ဆိုရင် vitamin D ထပ်ဖြည့်ထားတဲ့ဒိန်ချဉ်ဒါမှမဟုတ်multivitamin ဆေးကို သောက်သုံးနိုင်ပါတယ်။ Vitamin D ကကယ်လ်ဆီယမ်ကိုစုပ်ယူဖို့အရေးပါတဲ့အရာဖြစ်ပြီးသူ့ကိုဒိန်ချဉ်နဲ့ဒိန်ခဲတွေမှာမတွေ့ရပါဘူး။ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့အသီးအရွက်တွေလည်းရှိပါတယ်။ ပဲနို့ကလည်းကယ်လ်ဆီယမ်ပါဝင်တဲ့အတွက် သောက်သုံးသင့်ပါတယ်။ပိုတက်ဆီယမ်။လေ့လာမှုအဖွဲ့အစည်းကြီးတစ်ခုကပိုတက်ဆီယမ်ကလည်း သွေးတိုးကျစေတယ်လို့ဆိုထားပါတယ်။ တချို့လူတွေကပိုတက်ဆီယမ်လုံလုံလောက်လောက်မရပါဘူး။DASH စားသောက်မှုပုံစံရဲ့အားသာချက်တစ်ခုကပိုတက်ဆီယမ်စားသုံးမှုကိုတိုးစေပြီးဆိုဒီယမ်စားသုံးမှုကိုလျော့စေပါတယ်။DASH စားသောက်မှုပုံစံထဲမှာအသီးနဲ့ဟင်းသီးဟင်းရွက်များများပါဝင်တာကြောင့်ပိုတက်ဆီယမ်ကိုလုံလုံလောက်လောက်ရစေပါတယ်။ပိုတက်ဆီယမ်ကကိုယ်ထဲကိုမလိုအပ်တဲ့အရည်တွေကိုပယ်ထုတ်ပြီးနှလုံးအရမ်းအားစိုက်ခုန်စရာမလိုအောင်ကူညီပေးတဲ့အတွက် သွေးဖိအားကိုကျစေပါတယ်။ သူကနှလုံးခုန်ပုံမှန်ဖြစ်စေဖို့အတွက်လည်းအရေးကြီးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာပါတဲ့စားစရာတွေကအထူးသဖြင့်အသီးအရွက်တွေပဲဖြစ်ပါတယ်။ဥပမာ – လိမ္မော်သီး၊ငှက်ပျောသီး၊ခရမ်းချဉ်သီး၊အာလူးတို့ပဲဖြစ်ပါတယ်။တချို့လူတွေက သွေးတိုးကုသနေချိန်မှာ သောက်ရတဲ့ဆေးတွေကိုပိုတက်ဆီယမ်ကအဟန့်အတားဖြစ်နေနိုင်တဲ့အခါဆရာဝန်ကပိုတက်ဆီယမ်စားသုံးမှုကိုကန့်သတ်ပေးပါလိမ့်မယ်။ ပိုက်ဆီယမ်ကကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်ဆရာဝန်စကားအတိုင်းသာလိုက်နာပါ။ မိမိစားသုံးနေတဲ့ DASH စားသောက်မှုပုံစံကိုလည်းဆရာဝန်နဲ့ဆွေးနွေးပါ။မက်ဂနီဆီယမ်ကလည်း သွေးတိုးကိုထိန်းညှိပေးပါတယ်။ အစေ့အဆံ တွေကမက်ဂနီဆီယမ်ကြွယ်ဝတဲ့စားစရာတွေပါ။ ဒါ့အပြင်တချို့အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကလည်းမက်ဂနီဆီယံကြွယ်ဝပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e2%80%8b%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e2%80%8b%e1%80%b1%e1%80%85%e1%80%90%e1%80%b2%e1%80%b7%e1%80%86%e1%80%ac%e1%80%b8/
Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း)
ဆီးသွားရာတွင်နာကျင်ခြင်း(ဆီးမသွားနိုင်ခြင်း) သည် ဆီးသွားရာတွင်နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း သို့ ပူလောင်မှုကိုခံစားရခြင်းတို့ဖြစ်ပါတယ်။ နာကျင်မှုဟာ ဆီးအိတ်၊ဆီးပို့ပြွန် သို့ စအိုနှင့် အင်္ဂါများ၏ကြားနေရာမှစတင်ဖြစ်ပေါ်ပါတယ် ။ ဆီးပို့ပြွန်ဆိုတာကတော့ ဆီးကိုခန္ဓါကိုယ်အပြင်သို့စွန့်ထုတ်ပေးသောပြွန်တစ်ခုဖြစ်ပါတယ် ။ ယောက်ျားလေးများတွင်တော့စအိုနှင့်ကပ်ပယ်အိတ်ကြားနေရာကို perineum ဟုခေါ်ပြီး မိန်းကလေးများတွင်တော့စအိုနှင့် အမျိုးသမီးအင်္ဂါကြားနေရာကို perineum ဟုခေါ်ပါတယ်။ဆီးသွားရာတွင်နာကျင်ခြင်းဟာအရမ်းအဖြစ်များပါတယ် ။ မိန်းကလေးများသည်ယောက်ျားလေးများထက်ပိုအဖြစ်များပြီး ယောကျာ်းလေးထဲတွင်တော့အသက်ကြီးပိုင်းများသည် အသက်ငယ်ပိုင်းများထက်ပိုအဖြစ်များကြပါတယ် ။ သို့သော်လည်း အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ နာကျင်မှုကိုသက်သာအောင်စီမံနိုင်ပါတယ်။ အသေးစိတ်အကြောင်းအရာများအတွက်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဆီးမသွားခြင်းကိုဖြစ်စေတဲ့အကြောင်းအရာပေါ်မူတည်၍ နာကျင်မှုအပြင်အခြားလက္ခဏာများလည်းရှိနိုင်ပါသေးတယ် ။လက္ခဏာတွေကတော့…။– ဆီးလမ်းကြောင်းအောက်ပိုင်းကူးစက်ခံရခြင်းတွင် ဆီးခဏခဏသွားခြင်း ၊ ဆီးအရမ်းသွားချင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း ၊ ဝမ်းဗိုက်အောက်ပိုင်းနားတွင်နာကျင်ခြင်း၊ ဆီးဟာနောက်ကျိနေပြီး အနံ့ပြင်း၍ သွေးများပါလာခြင်း တို့ပဲဖြစ်ပါတယ်။– ဆီးလမ်းကြောင်းအပေါ်ပိုင်းကူးစက်ခံရခြင်းများတွင် ကျောအထက်ပိုင်းနာကျင်ခြင်း ၊ ချမ်းတုန်၍အဖျားတက်ခြင်း ၊ ပျို့ချင်အန်ချင်ခြင်း ၊ ဆီးအရောင်ညစ်ညစ်များသွားခြင်း၊ ဆီးခဏခဏသွားခြင်းနှင့် ဆီးအရမ်းသွားချင်ခြင်းတို့ပဲဖြစ်ပါတယ်။– ဆီးပို့ပြွန်ရောင်ရမ်းခြင်းတွင်ဆီးပို့ပြွန်မှပြည်များထွက်ခြင်း ၊ ဆီးပို့ပြွန်ပွင့်ရာနေရာတစ်ဝိုက်တွင်နီရဲနေခြင်း၊ ဆီးခဏခဏသွားခြင်း ၊ မိန်းမကိုယ်မှအရည်များထွက်ခြင်းတို့ဖြစ်တတ်ပါတယ် ။ လိင်မှတစ်ဆင့်ကူးစက်ခံရတဲ့ဆီးပို့ပြွန်ရောင်ရမ်းသူများနှင့် လိင်ဆက်ဆံဖော်များတွင်တော့ အထက်ပါရောဂါလက္ခဏာတွေဖြစ်လေ့မရှိပါဘူး ။– မိန်းမကိုယ်ရောင်ခြင်း တွင်မိန်းမကိုယ်တွင်နာကျင်ခြင်း ၊ စူးနေသလိုခံစားရခြင်းမိန်းမကိုယ်မှထွက်သောအရာများသည်ပုံမှန်မဟုတ်သောအနံ့မျိုးရနေခြင်း နှင့် လိင်ဆက်ဆံစဉ်မှာနာကျင်ခြင်း သို့ မသက်မသာခံစားရခြင်းတို့ဖြစ်တတ်ပါတယ်။အထက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ။ လူတစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူး ။ သင့်အခြေအနေအတွက်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် ။ဆီးသွားရာတွင်နာကျင်မှုကိုဖြစ်စေတဲ့အကြောင်းရင်းများစွာရှိပါတယ်။ မိန်းကလေးများတွင်တော့ဆီးလမ်းကြောင်းပိုးဝင်မှုကြောင့်အများဆုံးဖြစ်တတ်ပြီး ယောက်ျားလေးများတွင်တော့ဆီးပြွန်ရောင်ခြင်းနှင့် ဆီးကျိတ်ရောဂါတို့ကြောင့် အဖြစ်များကြပါတယ်။ဆီးသွားရာတွင်နာကျင်မှုဖြစ်စေတဲ့အများဆုံးအကြောင်းအရာတွေကတော့..။– ဆီးကျောက်တည်ခြင်း၊ဆီးအိတ်ရောင်ခြင်း၊ ဆီးအိတ်ကိုဘေးထွက်ဆိုးကျိုးဖြစ်စေသော ကင်ဆာကုသရန်တွင်အသုံးပြုသောဆေးများ၊မွေးရာပါရေယုန်များ၊ မိန်းမလစဉ်သုံးပစ္စည်းများ မိန်းမကိုယ်ထဲတွင်ကျန်ခဲ့ခြင်း၊ ကျောက်ကပ်ပိုးဝင်ခြင်းများ ၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်းများ၊ ဆီးကျိတ်ရောင်ခြင်းများ၊လိင်မှတစ်ဆင့်ကူးစက်ရောဂါများ၊ဆပ်ပြာများ၊ရေမွှေးများ၊တစ်ကိုယ်ရည်သုံးပစ္စည်းများ ၊ဆီးပြွန်ကျဉ်းမြောင်းခြင်း ၊ ဆီးပြွန်ရောင်ခြင်း ၊သားဥပြွန်ရောင်ခြင်း၊ မိန်းမကိုယ်တွင်ရောဂါပိုးကူးစက်ခံရခြင်း တို့ကြောင့်ဖြစ်ပါတယ် ။ဆီးသွားရာတွင်နာကျင်ခြင်းကိုပိုဆိုးစေတာတွေကတော့..။– လိင်ဆက်ဆံဖော်တစ်ယောက်ထက်ပို၍ဆက်ဆံမိခြင်း၊။– ရောဂါကူးစက်ခံရသူနှင့် လိင်ဆက်ဆံမိခြင်း၊။– အက်ဆစ်ဓါတ်များသောအစားအစာများကိုစားမိခြင်း၊။– ကော်ဖီနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်သူဟာ ဆီးမသွားနိုင်တဲ့အချိန်တွေနဲ့သင့်တစ်ကိုယ်လုံးရဲ့ကျန်းမာရေးအခြေအနေတွေကိုအရင်ဆုံးမေးမြန်းပါလိမ့်မယ်။ ဆီးသွားသောအကြိမ်ရေ ၊ လိင်ဆက်ဆံခြင်းများစတဲ့အကြောင်းအရာတွေလည်းမေးမြန်းရာတွင်ပါဝင်ပါလိမ့်မယ်။ အပြင်ပိုင်းဆိုင်ရာစမ်းသပ်မှုကတော့ လူနာကိုမေးမြန်းလို့ရတဲ့အချက်အလက်တွေအပေါ်မှာမူတည်ပါတယ်။ စမ်းသပ်မှုတွေကတော့ ဝမ်းဗိုက်စမ်းသပ်မှုများ ၊ လိင်အင်္ဂါစမ်းသပ်မှုများနှင့် အမျိုးသမီးများတွင်မျိုးပွားလမ်းကြောင်းကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပါလိမ့်မယ် ။ဆီးနမူနာကိုလည်းယူပါလိမ့်မယ် ။ ရုံးတွင်ဆိုလျှင် ဆီးစစ်သည့်ပြွန်နှင့် စစ်ဆေး၍ ဆီးနည်းခြင်းများအတွက်ဖြေရှင်းချက်များရှာနိုင်ပါတယ် ။ ဆီးစစ်ပြွန်ဟာ ဆီးထဲတွင်သွေးနှင့် ဘတ်တီးရီးယားတို့ပါရှိမှုကိုပါသိရှိနိုင်ပါတယ် ။( လိင်မှတစ်ဆင့်ရောဂါများတွင်အဖြစ်များပါတယ်)။ ဆီးထဲတွင်သွေးဖြူဥ သို့ သွေးနီဥများပါမပါအတည်ပြုနိုင်ရန် ဓါတ်ခွဲခန်းသို့ပို့ရပါတယ်။ ဘတ်တီးရီးယားကူးစက်မှုကိုအတည်ပြုရန်အတွက် ဘတ်တီးရီးယားကိုဆက်လက်ရှင်သန်စေရန် ဓါတ်ခွဲခန်းတွင် ပိုးမွေးရန်လိုအပ်ပါတယ်။ကုသခြင်းများကတော့ ဖြစ်စေတဲ့အကြောင်းအရာအပေါ်မှာမူတည်နေပါတယ်။– ဘတ်တီးရီးယားများကြောင့်ဖြစ်သော ဆီးအိတ်နှင့် ကျောက်ကပ်ရောင်ရမ်းခြင်းများတွင်ပါးစပ်မှတစ်ဆင့်သောက်သုံးနိုင်သော ပိုးသတ်ဆေးများဖြင့်ကုသနိုင်ပါတယ် ။ ဖျားခြင်း ၊ ချမ်းတုန်၍ ပျို့အန်ခြင်းများနှင့်လာသော ပြင်းပြင်းထန်ထန်ကျောက်ကပ်ရောင်ခြင်းများတွင် ပိုးသတ်ဆေးများကို သွေးပြန်ကြောမှာတစ်ဆင့်ထိုးနိုင်ပါတယ် ။– ဆီးပို့ပြွန်ရောင်ရမ်းခြင်းတွင်လည်းပိုးသတ်ဆေးများဖြင့်ကုသနိုင်ပါတယ် ။ အသုံးပြုရမယ့်ပိုးသတ်ဆေးကတော့ ရောဂါဖြစ်စေတဲ့အကောင်အပေါ်မှာမူတည်ပါတယ်။– Trichomanas အကောင်နှင့် အခြားဘတ်တီးရီးယားများကြောင့်ဖြစ်သော မိန်းမကိုယ်ရောင်ရမ်းခြင်းများတွင် ပိုးသတ်ဆေးများဖြင့်ကုသနိုင်ပါတယ်။ မှိုကြောင့်ဖြစ်သောကူးက်ရောဂါများကိုတော့ မှိုသတ်ဆေးများကို ပါးစပ်မှဖြစ်စေ လိမ်း၍ဖြစ်စေ သုံးစွဲ၍ကုသနိုင်ပါတယ် ။အကယ်၍ သင်ဟာ ကုသမှုကိုခံယူနေစဉ် လိင်ကိစ္စကိုမရှောင်နိုင်ဘူးဆိုလျှင် သင့်ရဲ့ဆက်ဆံဖော်လည်းကုသမှုခံယူသင့်ပါတယ်။– အင်္ကျီအစွန်းချွတ်ဆေးများနှင့် သွားတိုက်ဆေး ၊ မုတ်ဆိတ်ရိတ်ဆေး အစရှိသည်တို့ကို့ ဓါတ်မတည့်မှုမှကာကွယ်နိုင်ရန် ရှင်းလင်းထားရပါမယ် ။ သင့်ကိုသင်လုံခြုံစေရန်လိင်ဆက်ဆံနေစဉ်အကာအကွယ်ကွန်ဒုံးအသုံးပြုရပါမယ်။ အစာအိမ်နှင့်အူများကို ဓါတ်မတည့်စေတဲ့အစားအစာများမပါအောင်စားရပါမယ် ။– ဆီးချိုသွေးချို၊အစာလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါများဆိုင်ရာနိုင်ငံတစ်ကာအဖွဲ့ွအစည်းကတော့ အူလမ်းကြောင်းကို ဓါတ်မတည့်စေတဲ့အစားအစာတွေရှိတယ်လို့ဆိုထားပါတယ် ။ ထိုအစားအစာတွေကတော့ကော်ဖီ၊အရက်၊အစပ်များ၊အချဉ်များ၊အချိုရည်များနှင့် ခရမ်းချဉ်သီးထွက်ပစ္စည်းများ၊ဆီးချိုသမားများအတွက်ထုတ်ထားသော သကြားမပါပဲချိုသောအစားအစာများ.. အစရှိသည်တို့ဖြစ်ပါတယ် ။– သင့်ရဲ့ဆီးအိတ်ကိုအနာကျက်မြန်စေရန် အက်စစ်ပါသောအစားအစာများကိုလည်းရှောင်ရပါမယ် ။ ကုသမှုခံယူနေစဉ်အတွင်းမှာသင်နှင့်တည့်သောအစားအစာများကိုပဲစားသင့်ပါတယ်။အကယ်၍သင့်တွင်မေးစရာများရှိသေးလျှင်တော့အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်ကိုမေးမြန်းသင့်ပါတယ် ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/painful-urination-%e1%80%86%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%bc/
မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ
မိုးရာသီက တုပ်ကွေးရာသီဖြစ်တာကြောင့် အအေးမိ၊ ဖျားနာဖြစ်ကြတာတွေ များပါတယ်။ ဒါ့ပြင် ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်တတ်တော့ လူကြီးတွေက လမ်းဘေးစာတွေ မစားနဲ့။ ဟိုဟာ မစားနဲ့၊ ဒီဟာ မစားနဲ့ဆိုပြီး တားမြစ်တာတွေ ကြုံဖူးမှာပါ။ ဒီလိုနဲ့ ရှောင်ရင်း ရှောင်ရင်း စားစရာတောင် မကျန်တော့ဘူးဟုတ်။ ဒီလိုဆို မိုးရာသီမှာ ကျန်းမာစေဖို့ ဘာတွေ စားသောက်ကြမလဲ ။ အာဟာရလည်းရှိပြီး ဝမ်းပျက်ဝမ်းလျှော မဖြစ်တဲ့ စားစရာမျိုးပေါ့။မိုးရာသီမှာဆိုရင် ရာသီဥတုအေးတာရယ်၊ လေထုစိုထိုင်းဆ များတာရယ်ကြောင့် တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ကိုယ်ခံအား ကောင်းစေဖို့အစားအစာတွေကို ရွေးချယ်စားသောက်ရမှာပါ။ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်လွယ်တာကြောင့် အစာသန့်၊ ရေသန့်၊ လက်သန့် ဒီ၃ခုကိုလည်း ဂရုစိုက်ရမှာပါ။ တတ်နိုင်သမျှ အစိမ်းစားတာကို ရှောင်ကြဉ်ပြီး ပိုးသေအောင်လို့ ပူပူလောလော ချက်ပြုတ်စားသောက်သင့်ပါတယ်။ဒီလို အကြမ်းဖျင်း သိသွားလောက်ပြီဆိုတော့ ဘာတွေစားသင့်တယ်ဆိုတာ ဥပမာလေးနဲ့ ပြောပြမယ်နော်။မိုးရာသီမှာ ရာသီပေါ်  သီးနှံတွေ များတာကြောင့် ကိုယ်နှစ်သက်ရာ အသီးအနှံကို စားလို့ရပါတယ်။ ထမင်းစားတဲ့အခါမှာလည်း ဟင်းရွက် ၁-၂မျိုးလောက် ပါအောင် စားပေးပါ။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ အန်တီအောက်ဆီဒင့်တွေ ကြွယ်ဝတာကြောင့် ခုခံအားကို တက်စေပါလိမ့်မယ်။မိုးတွင်းမှာ ရာသီဥတု အေးတာကြောင့်ရော၊ အိမ်သာ ခဏခဏ သွားရမှာစိုးတာကြောင့်ရော ရေလျှော့သောက်တတ်ကြပါတယ်။ တကယ်က ရေကို ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း သောက်ရမှာပါ။သောက်တဲ့အခါမှာလည်း ရိုးရိုးရေအပြင် စွပ်ပြုတ်၊ သေသေချာချာပိုးသတ်ထားတဲ့နို့၊ဓာတ်ဆားအားဖြည့်အချိုရည်၊အုန်းရည်၊ ရေနွေးကြမ်း စသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာတွေကို သောက်ပေးနိုင်ပါတယ်။ဒါ့ပြင် ရာသီဥတုအေးတဲ့အခါ ချင်းပြုတ်ရည်၊ ပျားသံပုရာရည်စတာတွေကို ပူပူနွေးနွေး ‌ဖျော်သောက်ပေးတာက ခံတွင်းရှင်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။မိုးတွင်းက ပတ်ဝန်းကျင် မသန့်ရှင်းရင် ကိုယ်စားတဲ့ အစားအစာတွေထဲကို ပိုးတွေ အနည်းနဲ့ အများ ပါနိုင်ပါတယ်။ ဒီပိုးတွေကြောင့် ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ဆိုရင် အူလမ်းကြောင်းထဲမှာ ကောင်းတဲ့ဘက်တီးရီးယားတွေ (ပရိုဘိုင်အိုတစ်) အများကြီး ရှိနေဖို့ လိုပါတယ်။ဒီအတွက် ဒိန်ချဉ်၊ ကင်ချီ၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး စသဖြင့် ပရိုဘိုင်အိုတစ် ကြွယ်ဝတာတွေကို စားပေးဖို့ လိုပါတယ်။အဓိကကတော့ အာဟာရတန်ဖိုးနည်းပါးပြီး ရောဂါပိုးတွေ ပါနိုင်တဲ့ အစားအစာတွေပါ။ ဥပမာ။လမ်းဘေးစာတိုင်းက မသန့်တာမျိုး မဟုတ်ပေမယ့် အများစုက သန့်ရှင်းမှု အားနည်းကြတော့ မတော်တဆ အစာအဆိပ်သင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ရာသီဥတုအေး‌အေးလေးနဲ့ အစပ်နဲ့က အင်မတန်မှ လိုက်ဖက်ပေမယ့် စားပြီးသွားရင် ရင်ပူတာ၊ အစာမကြေတာတွေ ဖြစ်နိုင်တာကို သတိရပါ။ မိုးတွင်းမှာ တတ်နိုင်သလောက် ကြေလွယ်တဲ့ အစားအစာတွေကို စားပေးပါ။ဆီကြော်တွေကလည်း အလားတူပါပဲ။ အစာကြေခဲတာကြောင့် တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ နေမကောင်းဖြစ်ပြီး ချောင်းဆိုးနေချိန်ဆို မသန့်တဲ့ဆီတွေက လည်ချောင်းယားယံမှုကို ပိုဆိုးစေတာကြောင့် မသက်မသာ ဖြစ်စေနိုင်ပါတယ်။ပင်လယ်စာ အစိမ်းသုပ်တွေ၊ မကျက်တကျက် ချက်ထားတဲ့အစားအစာတွေကို ရှောင်ပါ။ အကင်၊ ‌‌‌‌‌ဟော့ပေါ့တွေ စားမယ်ဆိုရင်လည်း ကျက်နေအောင် ကင်ပါ၊ ပြုတ်ပါ။ မကျက်တကျက် အစားအစာတွေမှာ ရောဂါပိုးတွေ ပါနိုင်တာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။တို့စရာအနေနဲ့ စားမယ်ဆိုရင်လည်း အသီးအရွက်တွေကို ရေနဲ့ ပြောင်နေအောင် ဆေးပါ။ သေချာပြုတ်ပြီးမှ စားရင်  ပိုကောင်းပါတယ်။ အရွက်တွေမှာ ပိုးတွေ ကပ်နေနိုင်ပြီး စားမိရင် ဝမ်းလျှောနိုင်တာကြောင့်ပါ။အသီးအနှံတွေဆိုရင်လည်း အပြင်အခွံကို လှီးပြီး အတွင်းထဲက အသားကိုပဲ စားသင့်ပါတယ်။ခုဆိုရင် မိုးရာသီမှာ ကျန်းမာစေဖို့ ဘာစားသောက်ကြမလဲ ဆိုတာကို သိလောက်ပါပြီ။ ဒီလို အစားအစာတွေကို ရွေးချယ်စားသောက်တာအပြင် တခြားသတိထားသင့်တဲ့ အချက်တွေကတော့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/what-to-eat-to-be-healthy-in-monsoon/
တစ်နှစ်အောက်ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအစာ (၁၀) မျိုး
ဘေဘီလေးတွေကို အစားစကျွေးတဲ့အခါ ဟိုဟာလည်းကျွေးချင်၊ ဒီဟာလည်းကျွေးချင်ဖြစ်ကြဖူးမှာပါ။ စားလို့ကောင်းတာလေးဆို ကလေးပါးစပ်ထဲ တစ်တို့လောက်ဖြစ်ဖြစ် ခွံ့လိုက် တို့ပေးလိုက်ရမှ။ဘေဘီလေးတွေကတော့ မစားဖူးသေးတဲ့အရာ၊ စားလို့ကောင်းတဲ့အရာဆို အရသာခံနေမှာပါ။ အဲဒီအစားအစာက ဒီအရွယ်ကလေးငယ်အတွက် သင့်တော်ပါ့မလား၊ တည့်ပါ့မလား ဆိုတာတွေးရမှာတော့ မိဘတာဝန်ဖြစ်ပါတယ်။တစ်နှစ်မပြည့်သေးတဲ့ အစားစားတတ်ခါစအရွယ်၊ ဘာမဆိုကောက်ဝါးတတ်ပြီး သွားလည်းအပြည့်အစုံမပေါက်သေးတဲ့ ကလေးငယ်အတွက်က မသင့်တော်တဲ့အစားအစာတွေရှိပါတယ်။ စပ်ကူးမပ်ကူးအရွယ်မှာ ကလေးကို ဘာကျွေးကျွေးသေချာစဉ်းစားစီမံမှဘေးကင်းကျန်းမာတဲ့သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ တစ်နှစ်အောက်ကလေးငယ်တွေအတွက် မကျွေးသင့်တဲ့ အစားအစာတွေကတော့ –။(၁) ပျားရည်။ပျားရည်က ကလေးရဲ့အူထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေပါနိုင်တာကြောင့်infantbotulism (အစာအဆိပ်သင့်ခြင်း)ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့အသက် တစ်နှစ်မပြည့်ခင် ပျားရည်မကျွေးတာကောင်းပါတယ်။(၂) နွားနို့။နွားနို့ကခန္ဓါကိုယ်အတွက်ကောင်းပေမယ့် တစ်နှစ်အောက်ကလေးတွေကိုတော့ နွားနို့မတိုက်သင့်ပါဘူး။ ကလေးအတွက် အစာကြေဖို့ခက်နိုင်ပါတယ်။ တစ်နှစ်ပြည့်ပြီးမှ ထိုက်သင့်သလောက် တိုက်နိုင်ပါတယ်။(၃) အသီးဖျော်ရည်။အသီးဖျော်ရည်ကကောင်းကျိုးတွေရှိတယ်ဆိုပေမယ့် ကလေးငယ်တွေအတွက်လိုအပ်တဲ့ အဆီဓါတ်၊ပရိုတင်း၊ကယ်လ်စီယမ်၊ဇင့်နဲ့ ဗီတာမင်ဒီဓါတ်တွေမပါဝင်ပါဘူး။ အသီးဖျော်ရည်တွေကြောင့် တစ်နှစ်အောက်ကလေးငယ်တွေအတွက် အဓိကအာဟာရဖြစ်တဲ့ မိခင်နို့ သို့မဟုတ် နို့မှုန့်တွေကို စားချင်စိတ်လျော့နည်းစေပါတယ်။ အသီးဖျော်ရည်ကြောင့် ကလေးငယ်တွေမှာ သွားပိုးစားခြင်း၊ဝမ်းပျက်ခြင်းနဲ့ ကလေးဝမ်းဗိုက်ပြဿနာတွေဖြစ်စေနိုင်ပါတယ်။(၄) အချိုများတဲ့စားစရာတွေ။ကလေးတွေရဲ့လျှာပေါ်က အာရုံခံဖုလေးတွေက အချိုကို စွဲလမ်းတတ်တဲ့သဘာဝရှိတာကြောင့် စစချင်းမှာ ကိတ်မုန့်တွေ၊ သကြားလုံးတွေလို အချိုများတဲ့အစားအစာတွေနဲ့မိတ်မဆက်ပါနဲ့ဦး။ အချိုပဲတောင်းနေရင် အာဟာရရှိတဲ့အစာတွေ ကိုငြင်းနေပါလိမ့်မယ်။ ဒါပေမယ့် ငှက်ပျောသီးလိုမျိုး သဘာဝအချိုဓါတ်ပါတဲ့အရာတွေကို ကလေးကကြိုက်တယ်ဆိုရင်တော့ တခြားအာဟာရဓါတ်တွေလည်းပါဝင်တာမို့ တားမြစ်ဖို့မလိုပါဘူး။ ကလေးကိုကျွေးမယ့်စားစရာမှန်သမျှကို အချိုကဲထားတာမျိုးတော့ မလုပ်သင့်ပါဘူး။(၅) အငန်။အငန်က ကျောက်ကပ်အတွက်မကောင်းတာကြောင့် ကလေးတွေကို အငန်များတာမကျွေးသင့်ပါဘူး။ ကလေးစားမယ့်အစားအစာထဲ အငန်သိပ်မထည့်ပါနဲ့။(၆) အစေ့အဆံများ။အသက် ၅ နှစ်အောက် ကလေးတွေကို မြေပဲအပါအဝင် အစေ့အဆံတွေမကျွေးသင့်သေးပါဘူး။ အဝင်လွဲပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့စေနိုင်လို့ပါ။ ဓါတ်မတည့်မှုဖြစ်တတ်တဲ့မိသားစုမျိုးရိုးမရှိဘူးဆိုရင်တော့မြေပဲကိုထောင်းပြီး၊ကြိတ်ပြီးဖြစ်ဖြစ် မုန့်ထဲထည့်ပြီးဖြစ်ဖြစ် ကလေးအသက် ၆ လအထက်မှာကျွေးလို့ရနိုင်ပါတယ်။(၇) အဆီထုတ်ထားတဲ့အစားအစာတွေ။အဆီဓါတ်ဟာမွေးကင်းစတွေနဲ့ကလေးငယ်တွေအတွက် ကယ်လိုရီနဲ့ဗီတာမင်တွေရရှိနိုင်တဲ့ အရေးပါတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ အသက် ၂ နှစ်အောက် ကလေးတွေအတွက် အဆီမထုတ်ထားတဲ့ သဘာဝနွားနို့၊ဒိန်ချဉ်၊ချိစ်တွေပဲရွေးချယ်သင့်ပါတယ်။(၈) မာကျူရီများတဲ့ ငါးများ။ကလေးငယ်တွေကို ငါးကျွေးတာက ဉာဏ်ရည်ကိုတိုးတက်စေနိုင်တယ်လို့ သုတေသနတွေကပြောကြပါတယ်။ ဒါပေမယ့် မာကျူရီပါဝင်မှုများတဲ့ ငါးတွေ(တူနာ၊ငါးသေတ္တာ၊မက်ခရယ် စတဲ့ပင်လယ်ငါးတွေကို မကျွေးသင့်ပါဘူး။ရေမသန့်တဲ့နေရာတွေကနေ ရရှိတဲ့ငါးတွေကိုလည်း မကျွေးသင့်ပါဘူး(ဥပမာ- ငါးမျှားပြီးရလာတဲ့ငါးတွေ)။ အဲဒီအစား တီလားပီးယား၊ ငါးကြင်း၊ပုဇွန် စတဲ့တခြားအမျိုးအစားတွေကိုကျွေးလို့ရပါတယ်။(၉) မာတဲ့ အသီးအရွက်စိမ်းများ။မုန်လာဥနီလိုမျိုး မာတဲ့ဟင်းသီးဟင်းရွက်တွေလှီးထားပေးတာ၊စည်သွပ်ထားတဲ့အသီးအနှံတွေ၊စပျစ်သီးလို လုံးဝိုင်းတဲ့အသီးတွေ အားလုံးက အသက်ရှူလမ်းကြောင်းပိတ်ဆို့စေနိုင်တဲ့အရာတွေပါ။ကျွေးချင်တယ်ဆိုရင်သေးသေးလေးလှီးဖြတ်တာ၊ ကြိတ်ထားတာတွေကျွေးနိုင်ပါတယ်။(၁၀)ပြည့်ဝဆီ။ကလေးတွေကို ဆီသိပ်များတာတွေ၊ အကြော်တွေ(ဥပမာ -အာလူးကြော်)၊ ဆီများတဲ့ဘီစကစ်နဲ့ကိတ်မုန့်တွေ များများမကျွေးပါနဲ့။ပြည့်ဝဆီပါဝင်မှုနည်းတဲ့ အစားအစာတွေကိုပဲရွေးသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%90%e1%80%85%e1%80%ba%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1/
ကျွန်မ လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် ဘာဆက်လုပ်ရမလဲ
သင် လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် သတိရတဲ့ အချိန်မှာ ချက်ခြင်း ပြန်သောက်ပါ။ နောက်နေ့အထိ မေ့သွားရင် သတိရရခြင်းပဲ မေ့သွားတဲ့ ဆေးလုံးကို သောက်ပါ။ ပြီးရင် အဲ့နေ့ သောက်ရမယ့် ဆေးကို သောက်ပါ။၂ ရက်လောက် ဆေးသောက်ဖို့ မေ့သွားရင် သတိရတဲ့ ရက်မှာ မေ့သွားတဲ့ ဆေးလုံးကိုသောက်ပါ။ ပြီးရင် အဲ့နေ့ သောက်ရမယ့် ဆေးကို သောက်ပါ။  ရှေ့၂ရက်မေ့လို့ ၃လုံးသောက်စရာ မလိုပါ။ ဒါပေမယ့် ပြီးရင်တော့ ၇ရက်တိတိ ရက်ရှောင်တာ ဒါမှမဟုတ် အတူနေမယ်ဆို ကွန်ဒုံးသုံးပေးပါ။၂ ရက်ကျော်ပြီးမှ သတိရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားတွေ့ဖိုလိုလာပါပြီ။ သင်အနေနဲ့ တစ်နေ့တစ်ခါ ဆေးကို တစ်ပတ်အထိ ပုံမှန်သောက်ဖို့ လိုအပ်သလို ဆေးပတ်လည်အောင် ပြန်လည်မှီဝဲဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် လက်ရှိသောက်နေတဲ့ ဆေးလုံးတွေကို ပစ်ပြီး ဆေးကဒ်အသစ်ကို ပုံမှန်သောက်ဖို့လိုပါလိမ့်မယ်။သင် သန္ဓေတားဆေးသောက်ဖို့မေ့သွားတာနဲ့ တစ်ပြိုင်နက်နဲ့ ဒီဆေးကဒ် မကုန်မချင်း တခြား သန္ဓေတားအကာအကွယ် တစ်ခုခု ဆောင်ထားဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင့် သန္ဓေတားဆေးကဒ်ကို သောက်ဖို့မေ့တာနဲ့ သင့်ရဲ့ မျိုးဥအိမ်က မျိုးဥဟာ ထွက်လာနိုင်လို့ပါပဲ။ဒါပေမဲ့ သင်ဟာ ၂၈ လုံးပါဝင်တဲ့ ဆေးကဒ်ထဲက နောက်ဆုံး ၇ လုံးကို သောက်ဖို့မေ့သွားရင်တော့ စိုးရိမ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ Placebo ဆေးတွေဖြစ်ပြီး တကယ့်ဆေးနှင့် အသွင်တူသော်လည်း အာနိသင်မရှိတာကြောင့် ဒီဆေးတွေ သောက်ဖို့မေ့သွားလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိပါဘူး။ဒါပေမဲ့ တစ်ခုသတိထားရမှာတော့ တချို့တော့ ဆေးကဒ်တွေမှာ Placebo ဆေးလုံး တစ်လုံးမှ မပါပါဘူး။ ဒါကြောင့် ဆေးလုံးတွေကို အချိန်မှန်မှန်သောက်သုံးဖို့က အရေးကြီးပါတယ်။ တကယ်လို့ သင်က ဓမ္မတာလာချိန်မှာလည်း မလာဘူး၊ ဆေးကိုလည်း တစ်လုံးထက်မက မေ့ခဲ့တယ် ဆိုရင်တော့ ကိုယ်ဝန်ရနေပြီလားဆိုတာ သေချာအောင်သွားစစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ မိန်းကလေးအများစုဟာ low-dose လစဉ်သုံးသန္ဓေတားဆေးများကို မှီဝဲနေရင် ဆေးလုံးမှန်မှန်သောက်နေရင်တောင် ဓမ္မတာ လာလေ့မရှိကြပါဘူး။ ဒါ့ကြောင့် ဒါဟာ ပုံမှန်ဖြစ်လို့ သိပ်တော့စိုးရိမ်စရာမလိုပါဘူး။ဒီနေရာမှာ low-dose ဆိုတာ သန္ဓေတားဆေးအမျိုးအစားတစ်ခုပါ။ လစဉ်သုံးသန္ဓေတားဆေးတွေထဲမှာ ပါဝင်တဲ့ ဟော်မုန်းတွေက ကိုယ်ဝန်မရအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒီလို လစဉ်သုံးသန္ဓေတားဆေး အများစုမှာ estrogen လို့ခေါ်တဲ့ အမျိုးသမီး လိင်ဟော်မုန်းနဲ့ progestin လို့ခေါ်တဲ့ သားအိမ်တွင်း ပြောင်းလဲမှုများကို ဖြစ်စေတဲ့ ဟော်မုန်း (၂) ခုပါဝင်တတ်ကြပါတယ်။ တချို့ဆေးတွေမှာတော့ estrogen ပိုများကြပါတယ်။ ဒီဆေးတွေမှာ ဟော်မုန်း အနည်းအများအပေါ်မူတည်ပြီး low-dose နဲ့ Ultra-low-dose ဆိုပြီးကွဲသွားကြပါတယ်။ ဟော်မုန်းနည်းနည်းပဲပါတဲ့ ဆေးက ကောင်းသလို ထင်ရပေမဲ့ အားသာချက် အားနည်းချက်တွေကို သိထားဖို့လိုအပ်ပါတယ်။low-dose ဆိုတာ။အီစထရိုဂျင် များများပါဝင်တဲ့ သန္ဓေတားဆေးတွေသောက်မိရင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ရင်သားများ တင်းလာခြင်းနဲ့ ရှားပါးပေမဲ့ ဖြစ်နိုင်တဲ့ သွေးခဲများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။သန္ဓေတားဆေးတွေ ၁၉၆၀ ခုနှစ်လောက်က စပေါ်တုန်းက ဒီဆေးတွေမှာ အီစထရိုဂျင်ပမာဏ ၁၅၀ မိုက်ကရို ဂရမ် အထိ ပါဝင်ခဲ့ပါတယ်။ (1 gram = 1,000,000 microgram) နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်များလို့ ဈေးကွက်ထဲမှာ မရောင်းချတော့ပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင်ပမာဏ အမြင့်ဆုံးပါဝင်တဲ့ ဆေးတောင် ၅၀ မိုက်ကရိုဂရမ် အီစထရိုဂျင်သာပါဝင်ပြီး ဆရာဝန်တွေကလည်း သိပ်ညွှန်းလေ့မရှိကြပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင် ၃၅ မိုက်ကရိုဂရမ် နဲ့ အောက်ပါဝင်တဲ့ သန္ဓေတားဆေးတွေကို Low dose လို့ခေါ်ကြပါတယ်။Ultra-Low Dose ဆေးဆိုတာ။ဒီဘက်ခေတ်ပိုင်းမှာ ဟော်မုန်းအများအပြားကို ဆေးဝါးတွေထဲ သိပ်ပြီး ထည့်သွင်းအသုံးမပြုလာကြတဲ့အတွက် Ultra-Low Dose သန္ဓေတားဆေးတွေ ပေါ်လာပါတယ်။ ဒီဆေးတွေမှာဆိုရင် အီစထရိုဂျင်ပမာဏ ၂၀ မိုက်ကရို ဂရမ်နဲ့ အောက် ပမာဏသာပါဝင်ပါတယ်။ Low Dose ပဲဖြစ်ဖြစ် Ultra-Low Dose ပဲဖြစ်ဖြစ် သန္ဓေတားဆီးနိုင်ပါတယ်။ ဒါပေမဲ့ Ultra-Low Dose ဆေးတွေကတော့ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် အရည်ဓာတ်များလားခြင်း (fluid retention) စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နှုန်းနည်းပါးစေပါတယ်။ Ultra-Low Dose ဆေးတွေကိုတော့ သွေးဆုံးချိန် နီးနေတဲ့ အမျိုးသမီးတွေ အများစု အသုံးပြုလေ့ရှိကြပါတယ်။ရေးသားသူ− Arkar Hein။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/tips-for-missed-pills/
ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ
ဖျားနေချိန်မှာ စားတာ သောက်တာက တော်တော်လေး သတိထားရပါတယ်။ ကိုယ်စားသောက်တဲ့ အစားအစာ၊ သောက်စရာတွေဆီကနေ အာဟာရတွေ ရနေသလို အခန့်မသင့်ရင် ကိုယ့်ရဲ့ ဖျားနာမှုတွေကို ပိုဆိုးစေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ ၊ ဘာတွေ ရှောင်သင့်လဲဆိုတာ သိထားသင့်ပါတယ်။ဖျားတဲ့အခါ ခန္ဓာကိုယ်က နည်းအမျိုးမျိုးနဲ့ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်ပါတယ်။ ဥပမာ။တကယ်က ဖျားနာနေချိန်ဆို အပေါ်က အကြောင်းရင်းတွေနဲ့ရေဓာတ်ပိုဆုံးရှုံးနေတာကြောင့် နေကောင်းချိန်ထက်တောင်မှ ရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။ရေဓာတ်ပြည့်ဝမှ ခန္ဓာကိုယ်က သွေးလည်ပတ်မှုကောင်းသလို ခုခံအားစနစ်အပါအဝင် ကိုယ်တွင်းက အင်္ဂါရပ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်တာကြောင့် ဖျားနာတာ မြန်မြန်သက်သာပါလိမ့်မယ်။ဒါကြောင့် ဖျားတဲ့အချိန်ဆို ရေပိုသောက်ဖို့ လိုပါတယ်။ တစ်နေ့ကို ရေ၈ဖန်ခွက်အပြင် ခန္ဓာကိုယ်က လိုရင် လိုသလို ပိုသောက်ဖို့ လိုပါတယ်။ ရေဓာတ်ချို့တဲ့အခါ။ဒီလက္ခဏာတွေ ရှိနေပြီဆိုရင် ကိုယ်ရေသောက်တာ မလုံလောက်သေးဘူး။ ထပ်သောက်ဖို့ လိုတယ်ဆိုတဲ့ သဘောပါပဲ။ ဖျားနာနေချိန်မှာ ရေဓာတ်ပြည့်ဝဖို့ ရေပဲ သောက်ရမှာတော့ မဟုတ်ပါဘူး။ ရေအပြင် တခြားသောက်လို့ရတာတွေလည်း ရှိပါသေးတယ်။ဘာသောက်ရမှန်း မသိရင် ရိုးရိုးရေသာ သောက်ပါ။ အလုပ်ရှုပ်သက်သာသလို ကုန်ကျစရိတ်လည်း နည်းပါတယ်။ သတိထားရမှာက ရေက ရေကောင်းရေသန့်ဖြစ်ရပါမယ်။ မဟုတ်ရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါလိမ့်မယ်။ ဒီတော့ ရေကို ကျိုချက်ပြီးသောက်ပါ။ ဒါမှမဟုတ် ရေသန့်သောက်ပါ။ဓာတ်ဆားအားဖြည့်အချိုရည်ကလည်း ရေသောက်ရတာ ရိုးနေလို့ မသောက်ချင်သူတွေအတွက် နောက်ထပ်ရွေးစရာတစ်ခုပါ။ ခံတွင်းလည်း ပျက်နေလို့ အစားလည်း သိပ်မဝင်ဘူးဆိုရင် ဂလူးကို့စ်နဲ့ electrolytesတွေ ပါဝင်တဲ့ဓာတ်ဆားအားဖြည့်အချိုရည်သောက်နိုင်ပါတယ်။ဒါကလည်း ပိုတက်ဆီယမ် ကြွယ်ဝတဲ့သောက်စရာတစ်ခုပါ။ အထူးသဖြင့်တော့ ဖျားပြီး ဝမ်းလျှောနေချိန်ဆို သင့်တော်ပါတယ်။ရေပဲ သောက်ဆိုရင် အရသာ မရှိတဲ့အတွက် များများသောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ရေထဲကို သံပုရာသီးစိတ်လေးတွေ၊ ပူဒီနံလေးတွေ ထည့်ပြီး သောက်ချင်စဖွယ်ဖြစ်အောင် ဖန်တီးလို့ ရပါတယ်။ ဒါကိုပဲ infused waterလို့ ခေါ်တာပါ။ဖျားတဲ့အချိန် လူတိုင်းသောက်ကြတဲ့ သောက်စရာတစ်မျိုးပါ။ စွပ်ပြုတ်က ရေဓာတ်ရတယ်ဆိုပေမယ့် ဒီနေရာမှာ အကြံပေးချင်တာက အသားကိုပါ စားပါ။ ဥပမာ ကြက်စွပ်ပြုတ်ဆို စွပ်ပြုတ်အရည်ရော ကြက်သားရောစားပါ။ ဒါမှ အာဟာရလည်းပြည့်၊ ရေဓာတ်လည်း ပြည့်မှာပါ။နေမကောင်းရင် နွားနို့ မသောက်ရဘူးဆိုတာ မဟုတ်ပါဘူး။ နွားနို့ကချွဲထတယ်ဆိုတာလည်း မဟုတ်ပါဘူး။ နွားနို့က အာဟာရပြည့်ဝတဲ့ အရည်ဖြစ်တာကြောင့် ဖျားနာနေချိန်နဲ့ အင်မတန်မှ သင့်တော်ပါတယ်။ သွေးတွင်းအဆီဓာတ်များသူ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ရှိသူတွေကတော့ အဆီထုတ်ထားတဲ့ နို့ကို သောက်နိုင်ပါတယ်။ နို့သောက်တဲ့အခါ သန့်ရှင်းမှုနဲ့ ပွက်ပွက်ဆူအောင် ကျိုဖို့ လိုပါတယ်။ မဟုတ်ရင် ဝမ်းလျှောတတ်ပါတယ်။အဓိကကတော့ ကိုယ်သောက်တဲ့ ဆေးနဲ့ ဓာတ်ပြုနိုင်တာတွေ၊ အာဟာရမရှိတာတွေ၊ ခုခံအားစနစ်ကို ဝန်ပိစေတဲ့ အရည်တွေကို ရှောင်သင့်ပါတယ်။ ဥပမာ။အရက်၊ ဘီယာသောက်လိုက်ရင် ကိုယ်ထဲမှာ နွေးသွားတယ်ဆိုပေမယ့် ဒါက အဖျားကျသွားတာတော့ မဟုတ်ပါဘူး။ အရက်သောက်လိုက်တာကြောင့် အသည်းက အလုပ်ပိုလုပ်ရတဲ့အပြင် ခေါင်းကိုက်တာလည်း ခံစားရနိုင်ပါတယ်။ ဖျားလို့ သောက်ရတဲ့ ဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်ပါတယ်။ကဖင်းပါဝင်တဲ့ ဒီလို‌သောက်စရာက လူကို လန်းစေတာကြောင့် အိပ်စက်အနားယူမှုကို အ‌နှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ရင်တုန်စေပါတယ်။ အလွန်အကျွံ သောက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓာတ်ဆုံးရှုံးစေပါတယ်။ ဆေးတွေရဲ့ စုပ်ယူမှုကိုလည်း တားဆီးနိုင်ပါတယ်။ပုံမှန်ဆိုရင် ရေနွေးကြမ်းက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် နေမကောင်းနေချိန်တော့ ခဏနားထားပါ။ ဆေးတွေ (အထူးသဖြင့် အားဆေး)ရဲ့ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်နိုင်တာကြောင့်ပါ။အားဖြည့်အချိုရည်ဆိုပေမယ့် ဖျားနေချိန်မှာ ထူးထွေပြီး အားရှိစေမှာတော့ မဟုတ်ပါဘူး။ ဗီတာမင်တွေ ပါတယ်ဆိုပေမယ့် ကဖင်းက ပြဿနာပါ။ လူကို လန်းစေတာကြောင့် အိပ်မပျော်တာ၊ ရင်တုန်တာတွေ ဖြစ်နိုင်သလို အာဟာရဓာတ်လည်း မယ်မယ်ရရ မပါဝင်ပါ။ ပါတဲ့ ဗီတာမင်တွေ ဆိုတာကလည်း နေ့စဉ်စားတဲ့ အစားအစာတွေကနေ ရနိုင်တာကြောင့် ဗီတာမင်လိုချင်ရုံသက်သက်နဲ့တော့ သောက်စရာမလိုပါ။ဂတ်စ်ပါတဲ့ အချိုရည်၊ အအေးတွေက သကြားဓာတ်တွေများပြီး အာဟာရဓာတ်မယ်မယ်ရရ မပါဝင်တာကြောင့် ဖျားနေတဲ့သူအတွက် ကောင်းကျိုးမရှိပါ။ ဒါကြောင့် ရှောင်ထားတာ ကောင်းပါတယ်။ဖျားနေချိန်မှာ ရေဓာတ်ဖြည့်ဖို့ လိုအပ်တယ်ဆိုပေပမယ့် ကိုယ်သောက်တာက ကျန်းမာရေးကိုမထိခိုက်စေတာမျိုး ဖြစ်ဖို့တော့ လိုပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် ကျန်းမာရေးကို အထောက်အကူပြုတဲ့ သောက်စရာကို‌ ရွေးချယ်မှသာ အဖျားဝေဒနာကနေ မြန်မြန်သက်သာလာမှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-drinks-when-you-are-sick/
Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း)
ဆီးထုတ်ပြွန်မှာဘတ်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်တယ်။ ဘတ်တီးရီးယားတွေများလာတဲ့အခါ ဒါမှမဟုတ် ကိုယ်ခံအားနည်းတဲ့အခါဖြစ်တတ်ပါတယ်။အမျိုးအစားနှစ်မျိုးဖြစ်နိုင်ပြီး gonococci လို့ခေါ်သော ဘတ်တီးရီးယားကြောင့်ဖြစ်သောရောင်ရမ်းခြင်းနဲ့ ထိုဘတ်တီးရီးယားကြောင့်မဟုတ်ဘဲ တခြားပိုးများကြောင့်ဖြစ်သောရောင်ရမ်းခြင်းတို့ဖြစ်တယ်။အလွန်ကိုအဖြစ်များပြီး လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ အဖြစ်များတဲ့ဒေသတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကာမအာရုံတက်ကြွသော သူတွေမှာအဖြစ်များပြီး အသက် ၂၀ မှ ၂၄ နှစ်ကြားမှာ အဖြစ်အများဆုံးဖြစ်တယ်။ အမျိုးသားရော၊ အများသမီးများမှာပါဖြစ်တတ်ပီး အမျိုးသမီးတွေမှာ ဆီးထုတ်ပြွှန်ပိုတိုတာကြောင့် ပိုဖြစ်နိုင်ချေရှိပါတယ်။ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်တွေကို လျှော့ချခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ပုံမှန်အားဖြင့် ဆီးသွားချိန်မှာနာကျင်တတ်ပြီး ဆီးသွားလိုစိတ်တိုးတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့-။အမျိုးသားရောအမျိုးသမီးမှာပါ ဆီးထုတ်ပြွန်မှ ပြည်ထွက်ခြင်း။ဆီးလမ်းကြောင်းအဝတွင် ယားယံခြင်း၊ ပူစပ်ခြင်း။သုတ်ရည်၊ ဆီးတို့တွင်သွေးများပါခြင်း။အထူးသဖြင့်အမျိုးသမီးတွေမှာ သတိထားမိနိုင်လောက်သော လက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း တကယ်လို့ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးမျိုး ကူးစက်ထားပါက စစ်ဆေးကြည့်ဖို့လိုပါတယ်။ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။တကယ်လို့ဖော်ပြထားသောလက္ခဏာများရှိပါက သို့မဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။လူတိုင်းခန္ဓါကိုယ်ကမတူညီနိုင်တာကြောင့် သင့်အတွက်ဆရာဝန်နဲ့တိုင်ပင်တာ အောက်ပါနောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။အမျိုးသားများ-။ဆီးအိတ်ရောင်ခြင်း၊ ဆီးကျောက်ရောင်ခြင်း၊ သုတ်လှောင်အိတ်ရောင်ခြင်း၊ သုတ်ထုတ်အင်္ဂါရောင်ခြင်း၊ ဆီးထုတ်ပြွန်ဘေးပြည်တည်နာပေါက်ခြင်း၊ မျိုးမပွားနိုင်ခြင်းနှင့် အရိုးအဆစ်ရောင်ခြင်း။ရောဂါပိုးပျံ့သွားပါက ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း၊ ပျို့ခြင်း စသည့်လက္ခဏာများလည်းဖြစ်တတ်ပါတယ်။အမျိုးသမီးများတွင်-။တင်ပါးဆုံရိုးတွင်းအင်္ဂါများရောင်ရမ်းခြင်း၊ မျိုးမပွားနိုင်ခြင်း၊ သားဥပြွှန်တွင်အမာရွတ်ဖြစ်ခြင်းကြောင့် နေရာမှားသန္ဓြေတွယ်ခြင်း၊ စအိုလမ်းကြောင်းရောင်ခြင်း ( နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ပြည်ထွက်ခြင်း)၊ ဆီးအိတ်ရောင်ခြင်း။ဆီးထုတ်ပြွှန်ရောင်ရမ်းစေသော ပိုးမွှားအမျိုးမျိုးရှိပြီး အမျိုးအစားပေါ်မူတည်ပါတယ်-။neisseria gonorrhoereae ဟုခေါ်သော Gonococci ကြောင့်ဖြစ်သည့် ဆီးထုတ်ပြွန်ရောင်ခြင်း။Gonococci မဟုတ်သည့် ပိုးများကြောင့်ရောင်ရမ်းခြင်း-။စသည့်ပိုးများ။ဆီးထုတ်ပြွန်ရောင်ရမ်းခြင်းဟာ လိင်လမ်းကြောင်းတဆင့်ကူးစက်သော ရောဂါများ၏နောက်ဆက်တွဲဖြစ်နိုင်တာကြောင့် ထိုအခြေအနေဖြစ်စေသောအကြောင်းအရင်းများ များပြားစွာရှိပါတယ်-။HIV ၊ ကာလသားရောဂါ စသည့် တခြားသော လိင်လမ်းကြောင်းမှတဆင့်ကူးတတ်သည့် ရောဂါများနှင့် ယှဉ်တွဲပြီးလည်းဖြစ်ပေါ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။ဘယ်လိုသိရှိနိုင်မလဲ။များသောအားဖြင့်တော့ စမ်းသပ်မှုတွေ၊ ဆီးလမ်းကြောင်းမှထွက်လာသောအရည်၊ ပြည်များကိုစစ်ဆေးခြင်းဖြင့်ဖြစ်စေ ရောဂါသတ်မှတ်လေ့ရှိပါတယ်။ကုသမှုမှာတော့ ဘတ်တီးရီးယားပိုးသတ်ဆေးနဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့သုံးလေ့ရှိတယ်။ သုံးလေ့ရှိသောဆေးတွေကတော့-။ကုသမှုအပြီး ရက်အနည်းငယ်အတွင်း လကဏာများသက်သာသွားလျှင်လည်း ဆေးကိုအညွှန်းအတိုင်း ပြီးဆုံးအောင်သောက်ရပါမယ်။ မပြီးဆုံးပါက ရောဂါပြန်ဖြစ်ပြီး၊ ပိုဆိုးလာနိုင်ပါတယ်။ဆီးပြွန်ရောင်ခြင်းအတွက်ဆေးများနှင့် ဓါတ်ပြုနိုင်သော တခြားဆေးတွေကတော့-။လိင်လမ်းကြောင်းမှတဆင့်ကူးတတ်သောရောဂါများကြောင့် ဆီးပြွန်ရောင်ခြင်းဖြစ်ရတယ်ဆိုရင်တော့ ကာယဆက်ဆံသူပါတနာပါ ဆေးစစ်ဖို့လိုပါလိမ့်မယ်။ ဒါဟာ ကူးစက်ခြင်းနဲ့ ရောဂါပြန်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။မှန်ကန်သောရောဂါရှာဖွေတွေ့ရှိမှု၊ ကုသမှုတွေနဲ့ ဆီးပြွန်ရောင်ခြင်းဟာ တခြားနောက်ဆက်တွဲပြဿနာတွေမရှိဘဲ ကောင်းသွားနိုင်ပါတယ်။ ကာကွယ်နည်းတွေကတော့-။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/urethritis-%e1%80%86%e1%80%ae%e1%80%b8%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%82%8a%e1%80%94%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%99%e1%80%b9%e1%80%b8/
ကလေးများကို အတူသိပ်တဲ့အတွက် အတူနေဖို့ ခက်ခဲသော မိဘများအတွက် အကြံပြုချက်များ
အတူသိပ်ခြင်းဆိုတာ မိဘများဟာ ကလေးကို တခြားနေရာမှာ ခွဲမသိပ်ဘဲ မိမိတိုရဲ့ အိပ်ရာမှာပဲ အတူသိပ်ခြင်းကို ဆိုလိုပါတယ်။ အဲဒီအခါမှာ ကလေးကို ဂရုစိုက်ရပြီး မိမိတို့ လိင်မှုကိစ္စမှာလည်း အဆင်မပြေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကလေးကို အတူသိပ်ပြီး မိမိတို့လိင်မှုကိစ္စအတွက် အားထုတ်ခြင်းဟာ လုံးဝဖြေရှင်းမရတဲ့ ပြသနာတော့ မဟုတ်ပါဘူး။ကလေးကို အတူသိပ်ရင် လိင်မှုကိစ္စ အဆင်မပြေတော့ဘူးဆိုတာ ယုံတမ်းစကားပဲ ဖြစ်ပါတယ်။ အားလုံးဟာ အိပ်ရာတခုတည်းမှာတင် ပျော်ရွှင်နေပြီး လိင်မှုအရသာကို ခံစားနိုင်တာ မဟုတ်ပါဘူး။ အများစုပြောနေသလို ကလေးကို ဂရုစိုက်နိုင်ဖို့ ကလေးရဲ့ အမေဟာ အဖေကို အိပ်ရာပေါ်မှာ အလိုမရှိဘူးဆိုတာ မဟုတ်ပါဘူး။ အမှန်တော့ အားလုံး အတူတကွ အိပ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မျိုးမှာ သာယာတဲ့ လိင်မှုဘဝကို ခံစားနိုင်ဖို့ရာမှာ လုပ်ဆောင်တဲ့အဆင့် မှန်ကန်ဖို့ပဲ လိုပါတယ်။ကလေးများကို မိဘများနဲ့ အတူအိပ်စေခြင်းဟာ မိဘတွေရဲ့ ဆက်ဆံရေးကို ပျက်ပြားစေတယ်လို့ တချို့က ပြောကြပါတယ်။ တကယ်တော့ ဒီအချက်ဟာ မှားပါတယ်။ သာယာရင်ခုန်ခြင်းဟာ သားသမီးများကို အတူသိပ်ခြင်းကြောင့် ထိခိုက်နိုင်ပေမယ့် လိင်မှု သာယာခြင်းဟာ စွန့်စားသလို အတွေ့အကြုံနဲ့ ပြန်၇လာပါလိမ့်မယ်။ အချိန်တွေ နေရာတွေ သိပ်ရွေးမနေပါနဲ့။သင့်ကလေး အိပ်မောကျတာနဲ့ လုပ်ငန်းစတင်ပါ။ နောက်တမနက်မှာ တယောက်နဲ့ တယောက် ပွေ့ဖက်ဖို့တောင် မသေချာနိုင်တာမို့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပါ။ ကလေး အိပ်ပျော်သွားချိန်ကို စောင့်ဆိုင်းပြီး အတူနေရခြင်းဟာ စိတ်လှုပ်ရှားစရာပိုကောင်းတယ် ဆိုတာတော့ သင်မငြင်းနိုင်ပါဘူး။ကလေးကို ကြည့်နေရတာနဲ့ မိမိတို့နှစ်ယောက်ကြားက လိင်မှုဘဝကို မေ့ပျောက်မထားပါနဲ့။ သင့်ကလေးဟာ အရေးကြီးပါတယ်။ ဒါပေမယ့် မိမိတို့နှစ်ဦးကြားက လိင်မှုဘဝကို မေ့ပျောက်ထားခြင်းဟာ မိမိတို့ ဆက်ဆံရေးကို တနည်းတဖုံ ထိခိုက်လာစေပါတယ်။ မိမိတို့ နှစ်သက်တဲ့ တီဗီဇာတ်လမ်းများကိုတောင် မေ့ထားနိုင်အောင် ကြိုးစားပြီး တဦးကိုတဦး အချိန်ပေးပါ။အတူနေခြင်းဟာ အိပ်ရာပေါ်မှာပဲ လုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး။ ယခင်နှုန်းထားအတိုင်းပဲ အဆင်ပြေတဲ့နေရာမှာ အကောင်အထည်ဖော်ပါ။ ကလေးရဲ့ မျက်ကွယ်ရာဖြစ်ဖို့ပဲ ဂရုစိုက်ပါ။လိင်မှုဘဝကို ခံစားသာယာခြင်းနဲ့ မိမိကလေးကို ဂရုစိုက်ခြင်းဟာ တချိန်တည်းမှာပဲ ပြုလုပ်ဖို့ ကြိုးစားရာမှာ အားစိုက်ဖို့တော့ လိုပါတယ်။ ဒီအားစိုက်မှုဟာ အိမ်ထောင်ရေးအတွက် အကျိုး ဖြစ်ထွန်းစေပါတယ်။ မိမိလက်တွဲဖော်နဲ့ ချစ်ခင်ကြင်နာဖို့ အချိန်ပေးပါ။ ဒါဟာ ဝတ္တရားတခုထက် ပိုတဲ့အရာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ သင့်အိမ်ထောင်ရေးကို ငြီးငွေ့စရာ အဖြစ်မှ ရှောင်လွဲနိုင်ပါတယ်။ကလေးနို့တိုက်ခြင်း၊ ဟော်မုန်းအပြောင်းအလဲ၊ မောပန်းနွမ်းနယ်ခြင်း စတဲ့ လိင်မှုဘဝကို အတားအဆီးဖြစ်စေတဲ့ အရာတွေလည်း ရှိပါသေးတယ်။ အကြံဉာဏ်လိုအပ်ချိန်မှာ တတ်ကျွမ်းနားလည်သူဆီက အကူအညီယူဖို့လည်း မနှောင့်နှေးပါနဲ့။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%90%e1%80%b0%e1%80%9e%e1%80%ad%e1%80%95%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%a1/
Puberty (လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်း သို့ အရွယ်ရောက်ခြင်း)
လိင်ပိုင်းဆိုင်ရာအရွယ်ရောက်သောအချိန်ကိုဆိုလိုတယ်။ လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းဆိုတာ အမျိုးသား၊ အမျိုးသမီးတွေမှာ မျိုးပွားနိုင်စွမ်းရှိလာတဲ့အခြေအနေထိရောက်အောင် အဆင့်ဆင့်ပြောင်းလဲမှု၊ သက်ဆိုင်ရာလိင်ပိုင်းဆိုင်ရာအင်္ဂါရုပ်တွေဖွံ့ဖြိုးလာမှုကိုခေါ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝရုပ်ဆိုင်ရာအဆင့်ဆင့်ဖွံ့ဖြိုးမှုတွေဖြစ်ပြီး ထိုပြောင်းလဲဖွံ့ဖြိုးမှုက စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာမှာလည်း သက်ရောက်မှုတွေရှိပါတယ်။လူပျိုဖော်၊ အပျိုဖော်စဝင်တဲ့အချိန်ဟာ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားပါတယ်။ မိန်းကလေးတွေမှာ ၁၀ နှစ်နဲ့ ၁၄ နှစ်ကြားဖြစ်တတ်ပြီး ယောက်ျားလေးတွေမှာတော့ ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားမှာဖြစ်တတ်တယ်။ ခုနောက်ပိုင်းမှာတော့ မိန်းမငယ်လေးတွေဟာ အရင်ကထက်ပိုပြီး စောစောအပျိုဖော်ဝင်လာတာကို တွေ့လာရပါတယ်။ ထိုပြောင်းလဲမှုဟာ စားသောက်မှုပုံစံနဲ့ တခြားပတ်ဝန်ကျင်က လွှမ်းမိုးမှုတွေနဲ့လည်းဆိုင်ပါတယ်။မိန်းကလေးတွေမှာပထမတွေ့ရတဲ့လက္ခဏာများ။အပျိုဖော်စတင်ဝင်ပြီးတစ်နှစ်ခန့် သို့ နှစ်အနည်းငယ်အကြာမှာ တွေ့ရမယ့်လက္ခဏာတွေကတော့ –။အပျိုဖော်ဝင်ပြီးလေးနှစ်အကြာ။ယောက်ျားလေးတွေမှာပထမတွေ့ရတဲ့လက္ခဏာများ။လူပျိုဖော်စတင်ဝင်ပြီးတစ်နှစ်ခန့် သို့ နှစ်အနည်းငယ်အကြာမှာ တွေ့ရမယ့်လက္ခဏာတွေကတော့ –။လူပျိုဖော်ဝင်ပြီးလေးနှစ်အကြာ။စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ။အရွယ်ရောက်ခြင်းဟာ ကလေးငယ်တွေအတွက် ခက်ခဲတဲ့အချိန်တစ်ခုဖြစ်တယ်။ မိမိကိုယ်ကိုသတိထားမိလာတဲ့အချိန်မှာ ခန္ဓါကိုယ်ကပြောင်းလဲမှုတွေ၊ ဥပမာ ခန္ဓါကိုယ်အနံ့၊ ဝက်ခြံများ စသည်တို့ကို ရင်ဆိုင်ဖြေရှင်းနေရချိန်ဖြစ်တယ်။ခံစားမှုအသစ်တွေဖွံ့ဖြိုးလာတဲ့အချိန်လည်းဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထိုခံစားမှုတွေကြောင့်ပဲ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေလည်းရှိလာတယ်။ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။စောစီးစွာ (အသက် ၈ နှစ်အောက်)၊ သို့ နောက်ကျပြီး (အသက် ၁၄ ထက်) မှလူပျိုဖော်၊ အပျိုဖော်စဝင်ရင်တော့ ဆရာဝန်ပြသင့်နေပါပြီ။အရွယ်ရောက်ခြင်းဟာ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့အတွက် ခန္ဓါကိုယ်မှာဖြစ်ပျက်တဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ်။ ၎င်းကိုထိန်းချုပ်တဲ့အရာမှာ ဦးနှောက်အတွင်းမှ Hypothalamus လို့ခေါ်တဲ့အစိတ်အပိုင်းအသေးလေးတစ်ခုဖြစ်တယ်။ ထို Hypothalamus မှ GnRH လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကိုထုတ်တယ်။ ထိုဟော်မုန်းက Hypothalamus အောက်မှာကပ်နေသော Pituitary gland လို့ခေါ်တဲ့ ပဲစေ့သာသာ ဂလမ်းလေးတစ်ခုကိုအားပေးပြီး LH နဲ့ FSH ဆိုတဲ့ဟော်မုန်းနှစ်မျိုးထွက်စေတယ်။ ထိုဟော်မုန်းနှစ်မျိုးက အမျိုးသား အမျိုးသမီး လိင်အင်္ဂါတွေကိုသက်ဆိုင်ရာ အဖို အမဟော်မုန်းတွေထုတ်စေပြီး ခန္ဓါကိုယ်မှာပြောင်းလဲမှုတွေဖြစ်စေပါတယ်။အရွယ်ရောက်ခြင်းကိုအားပေးသောအချက်များ။အရွယ်ရောက်မှုနှေးစေသောအချက်များ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကလေးငယ်တွေလူပျိုဖော်၊ အပျိုဖော်ဝင်သလားသိဖို့ ကလေးဆရာဝန်ကအောက်ပါအချက်တွေကို စစ်ကြည့်ပါလိမ့်မယ်။စစ်ဆေးပြီး အဆင့်ငါးဆင့်ရှိတဲ့ သတ်မှတ်ချက်နဲ့တိုက်ကြည့်ကာ မည်မျှဖွံ့ဖြိုးနေပြီကိုသတ်မှတ်ပါလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုများအပြီးမှာ အောက်ပါစစ်ဆေးမှုများလည်းလုပ်နိုင်ပါသေးတယ်။အောက်ပါစစ်ဆေးမှုများနဲ့ အလုံးအကျိတ်များ၊ ပုံမမှန်မှုများကိုလည်းရှာဖွေနိုင်ပါတယ်။အရွယ်ရောက်ခြင်းနှောင့်နှေးမှုအတွက် အောက်ပါစစ်ဆေးမှုတွေလုပ်နိုင်တယ်။စောစီးစွာအရွယ်ရောက်ခြင်းအတွက် ကလေးတိုင်းမှာ ကုသဖို့မလိုပါဘူး။ အထူးသဖြင့် အချိန်အနည်းငယ်စောခြင်းဟာ ကုသရန်မလိုပါဘူး။ ကုသမှုရဲ့ဦးတည်ချက်က ကြီးထွားမှုစောစီးစွာရပ်ခြင်း၊ လှီနေခြင်း၊ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေနဲ့ လိင်စိတ်ကြောင့်လူမှုရေးပြဿနာတွေမဖြစ်အောင် အဖိုအမဟော်မုန်းထုတ်ခြင်းကို တားဆီးဖို့သာဖြစ်ပါ်တယ်။စောစီးစွာအရွယ်ရောက်ခြင်းဟာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်ဖြစ်ပါက အကြောင်းအရင်းကိုအရင်ရပ်တန့်ဖို့လိုပါတယ်။ စောစီးစွာအရွယ်ရောက်ခြင်းကို ဟော်မုန်းတွေကိုတားဆီးခြင်းဖြင့် ထိန်းချုပ်နိုင်တယ်။ ဥပမာ GnRH agonists များကိုသုံးကာ တားဆီးနုငိပါတယ်။ ထိုဆေးများကိုထိုးခြင်းဖြင့် LH, FSH ကဲ့သို့ဟော်မုန်းများထွက်ခြင်းကို တားဆီးနိုင်တယ်။အရွယ်ရောက်ခြင်းနှောင့်နှေးတာဟာ ပြဿနာအရင်းအမြစ်ပေါ်လိုက်ပြီး ကုသမှုကွဲပြားနိုင်ပေမယ့်။အိမ်တွင်းကုထုံးများ၊ နေနိုင်မှုပုံစံပြောင်းလဲခြင်းများ။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/puberty-%e1%80%9c%e1%80%b0%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%81%8a-%e1%80%a1%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%9d/
စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ
စိတ်ဖိစီးမှုဆိုတာဟာ ထိတ်လန့်ပြီး စိတ်မသက်မသာဖြစ်ရမယ့် အခြေအနေတခုခုကို သင့်ကိုယ်ခန္ဓာကနေ တုံ့ပြန်ခြင်းတမျိုးပဲ ဖြစ်ပါတယ်။ ဥပမာ အလုပ်ပြုတ်မှာ စိုးရိမ်တဲ့ စိတ်ဖိစီးခြင်းကြောင့် သင့်အလုပ်ကို သေချာအာရုံစိုက်လုပ်မိပါလိမ့်မယ်။ မြွေကိုက်မှာစိုးရိမ်စိတ်ကြောင့် ဂရုတစိုက် ကြည့်ရှုသွားလာမိပါလိမ့်မယ်။ဒါကြောင့် ယေဘုယျအားဖြင့် စိတ်ဖိစီးတဲ့အခြေအနေဟာ သင့်အတွက် တခုခုကို တွန်းအားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးခြင်းပမာဏဟာ များပြားလွန်းရင်တော့ ကျန်းမာရေးကိုပါ ထိခိုက်လာစေပါလိမ့်မယ်။ အထူးသဖြင့် ကိုယ်ခံအားစနစ် ကျဆင်းပြီး ရောဂါဘယဖြစ်ရင် ပိုမိုထိခိုက်ခံစားရပါတယ်။စိတ်ဖိစီးမှုကြောင့် ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ စိတ်ဖိစီးလေ ဝေဒနာပိုဆိုးလေ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးခြင်းကြောင့် ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့။– နှလုံးခုန်မြန်ခြင်း။– သွေးတိုးခြင်း။– အသက်ရှူမြန်ခြင်း။– ကြွက်သားများတောင့်တင်းခြင်း။– ပျို့အန်ခြင်း။– ခေါင်းကိုက်ခြင်း။– မူးဝေခြင်း စတာတွေ ဖြစ်ပါတယ်။စိတ်ဖိစီးမှုဆက်တိုက်မြင့်မားနေရင် အထက်ပါလက္ခဏာတွေ တွေ့လာရတတ်တဲ့အပြင် ကျန်းမာရေးကို ထိခိုက်လာပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေတွေ ဖြစ်ပါတယ်။စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားရခြင်း၊ စိတ်ထိခိုက်ခံစားစရာ အခြေအနေတွေ တွေ့ကြုံရခြင်း စတာတွေကြောင့် အဖျားဝေဒနာ ခံစားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရပြီး ဖျားတာကြောင့် psychogenic fever လို့လည်း ခေါ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ တခြားရောဂါပိုးတွေကြောင့်မဟုတ်ဘဲ ဖျားနာခြင်း ဖြစ်ပါတယ်။လူတချို့မှာ နာတာရှည်စိတ်ဖိစီးခြင်းကြောင့် အဖျားငွေ့ငွေ့ (၉၉ နှင့် and ၁၀၀˚ဖာရင်ဟိုက်အကြား) ကို တောက်လျှောက်ကြုံတွေ့နိုင်ပါတယ်။ စိတ်ထိခိုက်စရာ အခြေအနေတွေကို ရုတ်တရက်ကြုံတွေ့ထားသူတွေမှာတော့ ၁၀၆˚ဖာရင်ဟိုက်ထိ အပြင်းဖျားနိုင်ပါတယ်။ ဒီလိုဖျားနာခြင်းမျိုးဟာ ဘယ်သူ့ဆီမှာမဆို ဖြစ်ပွားနိုင်ပေမယ့် ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ ပိုမိုအတွေ့များပါတယ်။သုတေသနတခုရဲ့ တွေ့ရှိချက်အရ နာတာရှည်စိတ်ဖိစီးခြင်း အခြေအနေမှာ ကိုယ်ခန္ဓာဟာ ရောင်ရမ်းခြင်းပြဿနာတွေကို သေချာစွာ တုံ့ပြန်နိုင်ခြင်းမရှိပါဘူး။ ရောင်ရမ်းခြင်းဟာ ရောဂါမျိုးစုံနဲ့ ဆက်နွယ်နေပါတယ်။ အထူးသဖြင့် ရာသီတုပ်ကွေးရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း စတာတွေ ပိုဆိုးစေပါတယ်။စိတ်ဖိစီးချိန်မှာ အစာအိမ်အူလမ်းကြောင်းစနစ်ဟာ သေချာစွာ အလုပ်မလုပ်နိုင်တော့ပါဘူး။ အူလမ်းကြောင်း ပြဿနာတွေဖြစ်တဲ့ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ အစာအိမ်မှာ အချဉ်ဓာတ်များပြီး လေပူထတဲ့အခြေအနေတွေမှာ စိတ်ဖိစီးခြင်းကြောင့် ပိုဆိုးနိုင်ပါတယ်။ သေချာစွာ ကုသခြင်းမပြုရင် အစာအိမ်အနာဖြစ်ခြင်း၊ အူလမ်းကြောင်း အနာဖြစ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။နာတာရှည်စိတ်ဖိစီးခြင်းကြောင့်ဖြစ်စေ၊ ခဏတာ စိတ်ဖိစီးတဲ့ အခြေအနေတွေ များလာရင်ဖြစ်စေ စိတ်ကျခြင်းပါ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးခြင်းဟာ ဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဆီရိုတိုနင်၊ ဒိုပါမင်း၊ နော်အပီနက်ဖရင် စတာတွေကို ကမောက်ကမဖြစ်စေပါတယ်။ ကော်တီဆောဟော်မုန်းကိုလည်း မြင့်တက်လာစေပါတယ်။ ဒါတွေဟာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေပါတယ်။စိတ်ဖိစီးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ ခေါင်းအုံခြင်း အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ သုတေသနတွေ့ရှိချက်တစ်ခုအရ စိတ်ဖိစီးမှုတစ်ခုခုကို ကြုံလိုက်ရပြီးချိန်မှာ ဖိစီးမှုလျော့ကျသွားရင်တောင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ၂၄ နာရီအတွင်း ခံစားရတတ်တယ်လို့ ဆိုပါတယ်။စိတ်ဖိစီးခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါအခံရှိသူတွေမှာ ရောဂါပိုဆိုးလာတတ်ပါတယ်။ ဟစ်စ်တမင်းဓာတ် မြင့်တက်တာကြောင့်လည်း ဓာတ်မတည့်ခြင်းလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ စိတ်ဖိစီးစရာ အခြေအနေကြုံလာတတ်ချိန်မှာ ကိုယ်ခန္ဓာတစ်ရှူးတွေထဲမှာရှိတဲ့ ဆဲလ်တမျိုးကနေ ဟစ်စ်တမင်းဓာတ်တွေ ထုတ်လွှတ်တတ်လို့ ဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ ယားယံခြင်း၊ နီရဲရောင်ရမ်းခြင်း၊ နှာရည်ကျခြင်း၊ အသက်ရှူကြပ်ခြင်း စတာတွေ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။စိတ်ခံစားမှုကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှု (emotional stress)၊ အလုပ်ကြောင့် စိတ်ဖိစီးမှု၊ ငွေရေးကြေးရေးကြောင့် စိတ်ဖိစီးမှု စတဲ့စိတ်ဖိစီးမှုအားလုံးဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်စေပါတယ်။ စိတ်ဖိစီးခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး ကိုလက်စထရောကိုလည်း များစေပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးခြင်းကြောင့် နှလုံးထိခိုက်ပြိး (heart attack) သေဆုံးနိုင်ခြေ များတယ်လို့ သိရပါတယ်။စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာတစ်ခုလုံးကို နာကျင်ကိုက်ခဲစေပါတယ်။ ကြွက်သားများကို တင်းတောင့်စေတာမို့ လည်ပင်းနှင့် ပခုံးနာကျင်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ကျောအောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးချိန်မှာ နာကျင်မှုဒဏ်ကို ပိုမိုခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများဟာ စိတ်ဖိစီးချိန်မှာ ပိုမိုခံစားရတတ်တယ်လို့ ဆိုပါတယ်။……………………………………………..။အထက်ဖော်ပြပါ အခြေအနေတွေကတော့ စိတ်ဖိစီးရင် ပိုမိုဆိုးရွားနိုင်တဲ့ ရောဂါအခြေအနေတွေ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု လျော့ပါးအောင် တတ်နိုင်သမျှ နေထိုင်စားသောက်ရပါမယ်။ သီချင်းနားထောင်ခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ရပါမယ်။ မိမိဖာသာ ဖြေရှင်းလို့ အဆင်မပြေရင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြသသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/can-stress-make-you-sick/
Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ)
ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်ပါတယ်။ ကျောက်ကပ်က အညစ်အကြေးနဲ့ပိုလျှံနေတဲ့အရည်တွေကို သွေးထဲမှစစ်ထုတ်ပေးပြိး ဆီးထဲမှာစွန့်စေပါတယ်။ ရောဂါကျွမ်းလာတာတဲ့အခါမှာ အရည်တွေ၊ ပုံဆောင်ခဲတွေ၊ နဲ့အညစ်အကြေးတွေက ကိုယ်ထဲမှာအန္တရာယ်ပေးနိုင်လောက်တဲ့အထိ စုပုံလာပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နာတာရှည်ကျောက်ကပ်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။အစောပိုင်းဆင့်မှာ လက္ခဏာတွေကရေရေရာရာမရှိပါဘူး။ ကျောက်ကပ်လုပ်ဆောင်ရည်သိသိသာသာမကျသွားမခြင်း လက္ခဏာတွေက သိသာမှာမဟုတ်ပါဘူး။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရောဂါတစ်ခုကြောင့် ကျောက်ကပ်လုပ်ဆောင်ရည်တွေ ကျသွားပြီး လပေါင်းများစွာနှစ်ပေါင်းများစွာ ကျောက်ကပ်ကိုထိခိုက်စေတဲ့အခါမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာဆိုရင် ကျောက်ကပ်က အညစ်အကြေးနဲ့ပိုလျှံနေတဲ့အရည်တွေကို ဖယ်ရှားပေးနိုင်စွမ်းလုံးစမရှိတော့ပါဘူး။ ဒီအချိန်မှာ သွေးလှယ်ခြင်းသို့ကျောက်ကပ်အစားထိုးကုသငြခ်းကို လိုပါလိမ့်မယ်။ နာတာရှညကျေက်ကပ်ရောဂါဖြစ်စေတဲ့ ရောဂါတွေကတော့-။နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးတိုးရှိမရှိ။ကျောက်ကပ်လုပ်ငန်းကို ထိခိုက်စေမယ့်ဆေးတစ်ခုခု မှီဝဲနေခြင်းရှိမရှီ ၊ ဆီးသွားခြင်းအလေ့အထပြောင်းလဲမှုတွေဖြစ်ခြင်းရှိမရှီ ကျောက်ကပ်ရောဂါမိသားစုထဲမှာဖြစ်ဖူးခြင်းရှိမရီ မေးပါလိမ့မယ်။ ပြီးတာနဲ့ ကိုယ်ခန္ဓါစစ်ဆေးမှုတွေပြုလုပ်ပြီး နှလုံးသွေးကြောရောဂါ၊ အာရုံကြောဆိုင်ရာစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ကျောက်ကပ်ရောဂါအတည်ပြုဖို့အတွက် အောက်ပါစစ်ဆေးခြင်းတွေလိုနိုင်ပါတယ်။သွေးစစ်ခြင်း-ကျောက်ကပ်လုပ်ဆောင်ရည်စစ်ဆေးခြင်းက သွေးတွင်းခရီယတ်တနင်း၊ ယူရီယာကဲ့သို့သော အညစ်အကြေးတွေစစ်ျေဆးခြင်းဖြစ်ပါတယ်။ဆီးစစ်ခြင်း– ဆီးနမူနာကိုစစ်ဆေးခြင်းက နာတာရှည်ကျောက်ကပ်ရောဂါကိုရည်ညွှန်းတဲ့ ပုံမမှန်မှုများကိုဖော်ပြပြီး အကြောင်းရင်းကိုရှာနိုင်ပါတယ်။ပုံရိပ်ဖော်စစ်ဆေးခြင်း– ကျောက်ကပ်ပုံစံနဲ့အရွယ်အစားကိုသိဖို့ ဓါတ်မှန်ရိုက်ခြင်းဖြစ်ပါတယ်။ အခြားပုံရိပ်ဖော်နည်းတွေလည်း သုံးနိုင်ပါတယ်။ကျောက်ကပ်တစ်ရှူးနမူနာယူခြင်း– ဆရာဝန်က ကျောက်ကပ်တစ်ရှူးနမူနာယူပါလိမ့မယ်။ အရေပြားကိုဖောက်ပြီးကျောက်ကပ်ထဲကို အပ်သေးသေးရှည်ရှည်ကိုထည့်ပြီးတော့ ထုံဆေးပေးကာ ပြုလုပ်လေ့ရှိပါတယ်။ ကျောက်ကပ်ပြဿနာအကြောင်းရင်းကို သိဖို့အတွက် ဓါတ်ခွဲခန်းပို့ပါတယ်။အကြောင်းရင်ေးပါ်မူတည်ပြီး အချို့အမျိုးအစားတွေက ကုသနိုင်ပါတယ်။ ကုသမှုတွေကတော့-။သွေးတိုးကျဆေးများ။Angiotensin-converting enzyme (ACE) inhibitors or angiotensin receptor blockers (ARBs) ပေးလေ့ရှိပါတယ်။ သွေးပေါင်ချိန်ကို 130/80 mm Hgအောက် ထိန်းထားနိုင်ဖို့ဖြစ်ပါတယ်။ကိုလက်စထရောကျစေသည့်ဆေးများ။နှလုံးရောဂါဖြစ်နိုင်ချေကို ကာကွယ်ဖို့ ကိုလက်စထရောကျစေသည့် စတာတင်ကဲ့သို့သောဆေးတွေပေးပါလိမ့်မယ်။သွေးအားနည်းရောဂါကိုကုသသည့်ဆေးများ။အချို့အခြေအနေတွေမှာ သံဓါတ်ဖြည့်ထားတဲ့ဟော်မုန်းဖြည့်စွက်စာတွေ ညွှန်းပါလိမ့်မယ်။ဖောရောင်ခြင်းကိုသက်သာစေသည့်ဆေးများ။ဝေဒနာသည်တွေမှာ အရည်တွေပုံပြီး ခြေထောက်ဖောခြင်း၊ သွေးတိုးခြင်းတွေဖြစ်နိုင်ပါတယ်။ ဆီးသွားစေသည့်ဆေးတွေက ခန္ဓါကိုယ်အတွင်းအရည်ဟန်ချက်မျှအောင် ထိန်းပေးပါတယ်။အရိုးကိုကာကွယ်ဖို့ဆေးများ။ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ နဲ့ဖော့စဖိတ်တွေ ညွှန်းပါလိမ့်မယ်။သွေးတွင်း အညစ်အကြေးများကိုနည်းစေဖို့ ပရိုတိန်းနည်းသည့်အစားများစားခြင်း။ခန္ဓါကိုယ်က အစားအစာကပရိုတိန်းတွေကို ချေဖျက်ပေးပြီး အညစ်အကြေးတွေဖြစ်စေပြီး ကျောက်ကပ်ကနေ စစ်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့အလုပ်ကိုလျှော့ချပေးဖို့ ဆရာဝန်တွေကပရိုတိန်းနည်းနည်းသာစားခိုင်းပါလိမ့်မယ်။ အာဟာရလည်းမျှတအောင် ပရိုတိန်းပမာဏလည်းနည်ေးအာင် နည်းလမ်းတွေသိဖို့ အာဟာရပညာရှင်ဆီ တွေ့ဆုံခိုင်းပါလိမ့မယ်။နောက်ဆုံးအဆင့်မှာတော့ သွေးသန့်ခြင်းသွေးလှယ်ခြင်းကျောက်ကပ်အစားထိုးကုသခြင်းတွေ လိုအပ်ပါလိမ့်မယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/chronic-kidney-disease-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%80%9b/
အဆီပြန်တဲ့ ဆံသားအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များ
အဆီပြန်တဲ့ဆံပင် သို့မဟုတ် အဆီပြန်တဲ့ ဦးရေပြားဟာ ကြည့်လို့လည်းအဆင်မပြေ နေရထိုင်ရလည်းအအဆင်မပြေဖြစ်စေပြီး အနံ့ကလည်း အဆင်မပြေလှပါဘူး။ ဒီလိုဖြစ်ခြင်းက သင့်နဖူးပြင်မှာ ဝက်ခြံတွေ ပိုဖြစ်စေနိုင်ပြီး သင့်ကိုယ်သင် ယုံကြည်မှုလည်းလျော့နည်းစေပါတယ်။သင့်ရဲ့အဆီပြန်ပြီး ညစ်ပေနေတဲ့ဦးရေပြားဘဝကို အဆုံးသတ်လိုက်ဖို့အချိန်တန်ပါပြီ။အဆီပြန်နေတဲ့ခေါင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာသိဖို့ ပထမဆုံးအချက်က ဘာလို့အဆီတွေပြန်တဲ့ဦးရေပြားရှိနေရသလဲဆိုတာကို နားလည်ရမှာပါ။တစ်ခါတလေ ဒီပြဿနာဟာ အပျိုဖော်ဝင်စပြုခြင်း၊ အပျိုဖြစ်ခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ခါတလေမှာ သွေးဆုံးခြင်း စတဲ့ ယာယီဟော်မုန်းပြဿနာတွေကြောင့်ဖြစ်တတ်ပါတယ်။ အခြေခံအားဖြင့် သင့်ခန္ဓာကိုယ်က ဟော်မုန်းတွေစီးဆင်းနေတာကို တုံ့ပြန်ဖို့ အဆီတွေ(သင့်ဦးရေပြားက ပုံမှန်ထုတ်ပေးနေကျ အဆီတွေ) ကိုပိုပြီးထုတ်ပေးပါတယ်။တချို့အခြေအနေမှာ အဆီပိုတွေအမြဲတမ်းထုတ်ပေးတယ်ဆိုတာ သင်ကိုယ်တိုင်ကြောင့်ပါ။ တစ်ခါတလေတော့လည်း ဒါက သင်အသုံးပြုတဲ့ ဆံသားထိန်းသိမ်းတဲ့ပစ္စည်းတွေက သင်နဲ့အဆင်မပြေတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။တကယ်လို့ ဒီလိုဖြစ်တာက ယာယီပဲဆိုရင် သို့မဟုတ် ချက်ချင်းကြီးဖြစ်လာတာမျိုးဆိုရင် သင့်မှာဟော်မုန်းပြဿနာရှိမရှိ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ပန်းသီးရှာလကာရည်။ပန်းသီးရှာလကာရည်ဟာ အဆီပြန်တဲ့ဆံပင်တွေအတွက် အကျိုးရှိတဲ့ အိမ်တွင်းဆေးဝါးတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ acitic acid က ဦးရေပြားရဲ့ PH level ကို ထိန်းညှိပေးပြီး အဆီပိုတွေထွက်ခြင်းကိုထိန်းချုပ်ပေးကာ ဆံပင်ပေါ်မှာ အဆီတွေစုပုံနေခြင်းကို လျှော့ချပေးပါတယ်။ဒါ့အပြင် သူက ဆံပင်အားဖြည့်ဆေး အဖြစ်အလုပ်လုပ်ပြီး သင့်ဆံပင်ကို ပျော့ပျောင်းတောက်ပနေစေပါတယ်။သံပုရာရည်။သံပုရာသီးဟာ အဆီပြန်တဲ့ဆံသားတွေအပါအဝင် အခြားသော ဆံပင်ပြဿနာအမျိုးမျိုးနဲ့ ဦးရည်ပြားပုံစံအမျိုးမျိုးတို့အတွက် တကယ်ကောင်းမွန်ပါတယ်။ သံပုရာသီးမှာ ကျန်းမာသန်စွမ်းတဲ့ဆံပင်ဖြစ်ဖို့ အထူးလိုအပ်တဲ့ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။သံပုရာသီးရဲ့ အက်ဆစ်ဓာတ်ဟာ ဦးရေပြားရဲ့ pH level ကို ထိန်းညှိပေးပြီး အဆီထွက်ခြင်းကို ထိန်းချုပ်ပေးပါတယ်။လက်ဖက်။လက်ဖက်မှာ tannic acid လို့ခေါ်တဲ့ astringent ပါဝင်ပြီး ဦးရေပြားပေါ်က မွှေးညှင်းပေါက်တွေကို ကျဉ်းစေခြင်းဖြင့် အဆီပိုတွေစုနေခြင်းကို ကာကွယ်ပေးပါတယ်။ရှားစောင်းလက်ပပ်။ရှားစောင်းလက်ပပ်မှာပါဝင်တဲ့ ဗီတာမင်တွေ သတ္တုဓာတ်တွေနဲ့ အင်ဇိုင်းတွေ (enzymes)တွေဟာ အဆီပြန်တဲ့ဆံသားတွေကို ပြုပြင်ဖို့ တကယ်အသုံးဝင်ပါတယ်။ ရှားစောင်းဟာ ဦးရေပြားမှာရှိတဲ့အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် သင့်ဆံပင်အရင်း (အမြစ်)တွေကိုပါ အာဟာရဖြည့်ပေးနိုင်ပါတယ်။ဒါ့အပြင် ရှားစောင်းလက်ပပ်ရဲ့ နူးညံ့ချောမွတ်တဲ့သဘာဝက သင့်ဆံပင်ကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။Baking soda (မုန့်ဖုတ်ဆိုဒါ)။Baking soda ရဲ့ ဆီစုပ်ယူနိုင်စွမ်းက အဆီပြန်တဲ့ဆံသားအတွက် အိမ်တွင်းဆေးအဖြစ်အသုံးပြုရာမှာ အတော်အသုံးဝင်ပါတယ်။ သူ့ရဲ့ alkakine သဘာဝကလည်း ဦးရေရဲ့ pH level ကို ထိန်းညှိပေးပြီး အနံ့ဆိုးထွက်ခြင်းကိုလျှော့ချပေးပါတယ်။ဆိုဒါတစ်ဆ ရေ၃ဆရောပြီး ခပ်ပျစ်ပျစ်လေးလုပ်ပါ။ စိုထိုင်းထိုင်းဖြစ်နေတဲ့ဆံပင်ပေါ်လိမ်းပါ။ မိနစ်အနည်းငယ်ခန့်ထားပြီး ရေနွေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၁ခါ (သို့)၂ခါ ပြုလုပ်နိုင်ပါတယ်။သင်ခေါင်းလျှော်ဖို့အချိန်မရှိတဲ့အခါမျိုးမှာ baking soda ကို အစွမ်းထက်တဲ့ ခေါင်းလျှော်ရည် အဖြစ်အသုံးပြုနိုင်ပါတယ်။ soda အနည်းငယ်ကို လက်ထဲထည့်ပြီး ဆံပင်ကိုပွတ်ပေးပါ။ ပြီးတာနဲ့ အရည်အသွေးကောင်းတဲ့ brush နဲ့ ခေါင်းဖြီးပါ။ baking soda က အဆီတွေအားလုံးကိုစုပ်ယူသွားပါလိမ့်မယ်။ကြက်ဥmask။ကြက်ဥတွေဟာ ဆံပင်ပျော့ပျောင်းစေဖို့အတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ကြက်ဥအကာက အဆီပြန်တဲ့ဆံပင်ကို ထိန်းချုပ်နိုင်ပြီး ကြက်ဥအနှစ်ကတော့ ပရိုတိန်းများပြီး ဆံပင်ကို အားပြည့်သန်စွမ်းစေပါတယ်။ကြက်ဥအကာ ခွက်တစ်ဝက်ကို စိုထိုင်းနေတဲ့ဆံပင်ပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ်၂၀ခန့်အထိထားပါ။ နောက်ဆုံးဆေးချလိုက်ပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့လျှော်ပေးပါ။ နှစ်ပတ် တစ်ကြိမ်လုပ်ပေးပါ။ကြက်ဥအနှစ်၂လုံးကို ခေါက်ပြီး သံပုရာရည် စားပွဲတင်ဇွန်း ၂ဇွန်းနဲ့ရောပါ။ ဒီအရောကို စိုထိုင်းနေတဲ့ဆံပင်ပေါ်လိမ်းပြီး ၅မိနစ်ခန့်ထားကာ ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၂ကြိမ်(သို့) ၃ကြိမ် ပြုလုပ်နိုင်ပါတယ်။ခရမ်းချဉ်သီး။ခရမ်းချဉ်သီးရဲ့ အက်စစ်ဓာတ်ပါဝင်တဲ့ ဂုဏ်သတ္တိဟာ ဦးရေပြားရဲ့ pH level ကိုထိန်းညှိပေးပြီး အဆီအထွက်များခြင်းကို ထိန်းချုပ်ပေးပါတယ်။ ခရမ်းချဉ်သီးကလည်း အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ငှက်ပျောသီးနဲ့ ပျားရည်။ပြင်းထန်တဲ့ ခေါင်းလျှော်ရည်တွေနဲ့ အဆင်မပြေတဲ့ ပျော့ဆေးတွေသုံးတာက ဆံပင်ကိုပိုပြီးအဆီထွက်စေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ ငှက်ပျောသီးနဲ့ပျားရည်ကိုသုံးပြီး အိမ်လုပ် ပျော့ဆေးလေးသုံးကြည့်ပါ။ ဒါက သင့်ဆံပင်ကို အာဟာရဖြည့်ပေးပြီး အဆီကင်းစေပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%a1%e1%80%86%e1%80%ae%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%86%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%91%e1%80%ad/
သင့်သွေးတိုးကို လျှော့ချဖို့ လွယ်ကူတဲ့နည်းလမ်းများ
ဆားလျှော့စားခြင်းက သွေးတိုးကျဖို့တစ်ခုတည်းသောနည်းလမ်းလို့သင်ထင်ပါသလား ?။မဟုတ်ပါဘူး။ အခုပြောပြသွားမှာကတော့ သွေးတိုးကျစေမယ့်နည်းလမ်းတွေပါ။သင်ငယ်ငယ်တုန်းကဟင်းသီးဟင်းရွက်တွေကိုမုန်းခဲ့ဖူးပါသလား ?။သကြားမုန်လာတွေမှာအာဟာရဓါတ်များစွာပါဝင်ပြီး သွေးကြောတွေကိုပွင့်စေတဲ့အတွက်ကြောင့် သွေးတိုးကျစေပါတယ်လို့ Georgia State University က Professor Christine Rosenbloom ကပြောပါတယ်။သူတို့ကို လေ့ကျင့်ခန်းမလုပ်ခင်စားခြင်း၊ဖျော်ရည်အနေနဲ့ သောက်ခြင်းကသင့်ကြွက်သားတွေအလုပ်လုပ်ဖို့ အောက်ဆီဂျင်လိုအပ်တဲ့နှုန်း ကို လျှော့ချပေးပါတယ်။ ဆိုလိုတာက သင့်ကြွက်သားတွေ ကအချိန်ပိုကြာကြာ ကြံ့ခိုင်သန်စွမ်းနေမှာဖြစ်ပါတယ်။မီးဖိုချောင်တွင်းပြုလုပ်နည်း။သကြားမုန်လာတွေကိုခဲပတ်နဲ့ပတ်ပြီးမီးဖိုထဲမှာ 400°F နဲ့မိနစ် လေးဆယ်လောက်ထားပါ။ ပြီးရင်လှီးပြီးသံလွင်ဆီဖြစ်ဖြစ်တခြားဆီဖြစ်ဖြစ်ထည့်စားပါ။ တကယ်လို့ဖျောက်ရည်အနေနဲ့ သောက်ချင်တယ်ဆိုရင်တော့လေ့ကျင့်ခန်းမလုပ်ခင် လေးအောင်စလောက် သောက်သွားရပါမယ်။ဒိန်ချဉ်ကမိန်းမတွေအတွက်ပဲမဟုတ်ပါဘူး။ သူကကြွက်သားတွေကိုတည်ဆောက်ပေးပြီးအရိုးတွေကိုသန်မာစေပါတယ်။ တစ်ရက်ကိုဒိန်ချဉ် ခြောက်အောင်စလောက် သောက်သုံးခြင်းနဲ့တင် သင့်သွေးတိုးကိုပုံမှန်နှုန်းမှာထိန်းထားနိုင်ပါပြီ။Plain Greek ဒိန်ချဉ်ကို ရွေးချယ်ပါ။ သူ့မှာအဆီပါဝင်မှု 2% ပဲရှိတဲ့အတွက် ကောင်းကျိုးမှန်သမျှရပါလိမ့်မယ်။ မီးဖိုချောင်တွင်းပြုလုပ်နည်း ။ ။ ဒိန်ချဉ်မှာ Blueberries လေးတွေ ထည့်စားပါ။ သူတို့ကသဘာဝအချိုဓါတ်ကိုပေးတဲ့အပြင် သွေးတိုးကိုလည်းထိန်းပေးပါတယ်။ဈေးမှာဆားမဟုတ်တဲ့တခြားဟင်းခတ်အမွှေးအကြိုင်တွေကိုရွေးဝယ်ပါ။ဥပမာ- ကြက်သွန်ဖြူမှုန့်၊ဇီယာစေ့၊ဟင်းခတ်မှုန့်၊ဂျင်း၊ငရုတ်ကောင်း၊ rosemary ။ ထိုအရာများသည် သွေးတိုးကို ထိန်းပေးနိုင်ပါတယ်။အစာတစ်နပ်မစားဘဲ gazpacho လို့ခေါ်တဲ့calorie ပါဝင်နှုန်းနည်းတဲ့ဟင်းရွက်ပြုတ်လေးတွေကိုသောက်ပါ။ ဒီဟင်းချိုလေးမှာခရမ်းချဉ်သီးသံလွင်ဆီနဲ့ကြက်သွန်ဖြူပါဝင်တာကြောင့် သွေးတိုးကိုကျစေပါတယ်။ သူ့မှာဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်မှုများတာကြောင့်သင့်ရဲ့ဆဲလ်တွေကိုလည်းကျန်းမာစေပါတယ်။ အထူးသဖြင့်ခရမ်းချဉ်သီးမှာပါတဲ့lycopene ပါ။မီးဖိုချောင်တွင်းပြုလုပ်နည်း။Gazpacho လုပ်နည်းကလွယ်ကူပါတယ်။ ဒယ်အိုးထဲမှာခရမ်းချဉ်သီးငရုတ်ကောင်းသခွားသီးကြက်သွန်မြိတ်ကြက်သွန်ဖြူဇီယာသံလွင်ဆီဗီနီဂါနဲ့တခြားဟင်းခတ်မှုတ်တွေကို ရောမွှေလိုက်ရုံပါပဲ။ချောကလက်အနက်ကိုစားပါ။Cocoa အနည်းဆုံး60% ပါတာကိုရွေးပါ။ တစ်ရက်ကိုတစ်အောင်စလောက်ပဲစားပါ။ ဒီလောက်က သွေးစီးဆင်းမှုကောင်းစေပြီးသွေးတိုးကျဖို့ပုံမှန်ပမာဏပါဘဲ။ချောကလက်အနက်မှာဓါတ်တိုးဆန့်ကျင်အာနိသင်ပေးတဲ့ flavonoid ကသာမန်ချောကလက်တွေမှာထက်နှစ်ဆပိုများပါတယ်။ ဒါကြောင့်သင့်နှလုံးအတွက်အကောင်းဆုံးပါ။မီးဖိုချောင်တွင်းပြုလုပ်နည်း။ ချောကလက်အနက်အမှုန့်ကိုမနက်စာကွေကာထဲမှာထည့်ဖျော်ပြီးစားသုံးပါ။ဈေးဝယ်ထွက်တဲ့အခါအသားတန်းဘက်မှာအချိန်မကုန်ခံဘဲငါးတန်းဘက်ကိုသာသွားပါ။ ဆယ်လ်မွန်ငါး၊ငါးကွန်းရှပ်၊တူနာစတဲ့ငါးတွေကိုဝယ်ပါ။ ဒီငါးတွေမှာomega-3 fat နှစ်မျိုးပါဝင်ပါတယ်။ သူတို့ကရောင်ရမ်းခြင်းကိုလျှော့ချတဲ့အပြင်သွေးကြောတွေကိုပွင့်စေပြီး သွေးတိုးကျစေပါတယ်။ ဒီငါးတွေကိုတစ်ပတ်နှစ်ကြိမ်အနည်းဆုံးစားပါ။လေ့ကျင့်ခန်းလုပ်တာက သွေးတိုးအပေါ် ကောင်းတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ ဝိတ်မတာကလည်းကြွက်သားတွေကိုတည်ဆောက်ပေးပြီးသင့်ရဲ့ဇီဝကာမလုပ်ငန်းစဉ်ကိုအထောက်အပံ့ပေးပါတယ်။အေရိုးဘစ်လုပ်နေတယ်ဆိုရင်လည်းမရပ်လိုက်ပါနဲ့။ သူတို့ကဝိတ်ကျစေဖို့အကောင်းဆုံးနည်းလမ်းထဲပါပါတယ်။ယောဂကသုံးလအတွင်းသင့်ရဲ့သွေးတိုးကိုကျစေတဲ့အပြင်ကိုလက်စထရောကိုပါထိန်းညှိပေးပါတယ်။ ဒါ့အပြင်သင်ဝိတ်တောင်ကျနိုင်ပါတယ်။ ယောဂက သွေးကြောတွေကိုကျယ်စေပြီးသွေးလည်ပတ်မှုကောင်းစေရုံသာမကစိတ်ဖိစီးမှုကိုလည်း လျော့စေပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/tips-for-hypertension/
ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအစာ (၈) မျိုး
တစ်သက်တာလုံး ကျန်းမာတဲ့သွားနဲ့ခံတွင်းကို ပိုင်ဆိုင်ချင်ပါသလား။ ဒီစိတ်ကူးလေးပြည့်ဝအောင်မြင်စေဖို့က အရမ်းကြီးတော့ မခက်ခဲပါဘူး။ သွားကိုထိခိုက်စေနိုင်တဲ့ အစားအစာတွေကိုရှောင်ရှားဖို့ပါ။ အခုတစ်ခေါက်တော့ သွားကောင်းကောင်းနဲ့အစားကောင်းကောင်းစားနိုင်စေဖို့ အတွက်ခံတွင်းကျန်းမာရေးေကာင်းစေဖို့ရှောင်ရှားရမယ့် အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သွားတွေကိုထိခိုက်စေတဲ့ အစားအစာတွေများပါနေပြီလားသိချင်ရင် အခုပြောမယ့်အချက်လေးတွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါနော်။(၁) အချဉ်ဓါတ်ပါတဲ့ ချိုချဉ်တွေ။အချဉ်ဓါတ်ပါတဲ့ ချိုချဉ်တွေက သွားနဲ့ခံတွင်းကို ထိခိုက်စေနိုင်တယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီသကြားလုံးတွေမှာပါတဲ့ အက်ဆစ်ကသွားကြွေလွှာတွေကို ပျက်စီးစေနိုင်သလိုသွားပိုးစားနိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။(၂) ပေါင်မုန့်။ပေါင်မုန့်မှာပါတဲ့ ကစီဓါတ်နဲ့သကြားဓါတ်တွေက သွားမှာကပ်ကျန်နေပြီး ပေါင်မုန့်စလေးတွေကသွားကြားထဲမှာ ကျန်နေတာမျိုးဖြစ်စေနိုင်တာကြောင့် သွားပိုးစားတာနဲ့သွားတွေထိခိုက်ပျက်စီးတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ပေါင်မုန့်က အချိုဓါတ်သိပ်မပါရင်တောင်မှ ကစီဓါတ်ပါဝင်နေတာကြောင့် သွားတွေကို ထိခိုက်ပျက်စီးစေနိုင် ပါတယ်။(၃) အယ်လ်ကိုဟော။အယ်လ်ကိုဟောက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာကိုတော့ သိထားပြီးဖြစ်မှာပါ။ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ခံတွင်းခြောက်စေပြီး သွားနဲ့ခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ခံတွင်းထဲမှာတံထွေးနည်းလာတာကြောင့် သွားတွေထဲမှာစားကြွင်းစားကျန်တွေကပ်ကျန်နေနိုင်သလို သွားတွေပျက်စီးတာ၊သွားဖုံးရောဂါနဲ့ အခြားခံတွင်းရောဂါတွေကို ခံစားရနိုင်ပါတယ်။(၄) အချိုရည်တွေ။အချိုရည်တွေမှာ အက်ဆစ်ပါဝင်နေတာကြောင့် သွားအပေါ်ယံကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်နေတဲ့ အချိုရည်တွေကခံတွင်းခြောက်ေစနိုင်ပြီး သွားတွေကိုလည်း အရောင်စွန်းထင်းစေနိုင်ပါတယ်။ သတိထားရမှာနောက်တစ်ချက်က ကာဗိုဟိုက်ဒရိတ်ပါတဲ့ အချိုရည်သောက်ပြီးပြီးချင်း သွားမတိုက်ပါနဲ့။(၅)ရေခဲ။ရေခဲက ဘာမှမပါတဲ့ရေပဲဆိုပေမယ့်ရေခဲက မာကျောတာကြောင့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ရေခဲဝါးစားတာက အခန့်မသင့်ရင်သွားပဲ့တာ၊ သွားကျိုးတာမျိုးတွေအထိဖြစ်စေနိုင်ပါတယ်။(၆) အချဉ်သီးတွေ။လိမ္မော်သီး၊ ဂရိတ်ဖရု နဲ့ သံပရိုသီး၊ သံပရာသီးတို့လိုမျိုး အချဉ်သီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတောကြောင့် ကိုယ်ခံအားကောင်းစေတယ်ဆိုပေမယ့် သွားကေကြွလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။(၇) အာလူးကြော်။အာလူးကြော်က ကြွပ်ကြွပ်လေးနဲ့ ဝါးလို့ကောင်းပေမယ့် အာလူးကြော်မှာပါတဲ့ ကစီဓါတ်နဲ့ အချိုဓါတ်တွေက သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီးသွားချေးတွေကိုဖြစ်စေတာကြောင့်ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားစေနိုင်ပါတယ်။(၈) အသီးခြောက်တွေ။သစ်သီးခြောက်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာဆိုပေမယ့် ကပ်စေးစေးနိုင်တဲ့ သစ်သီးခြောက်တွေက သွားတွေမှာ ကပ်ငြိနေပြီး အချိုဓါတ်ပါတာကြောင့် သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသီးခြောက်တွေစားပြီးတိုင်းသွားတိုက်တာ၊ ပလုတ်ကျင်းတာတွေလုပ်ဖို့မမေ့ပါနဲ့။သွားနဲ့ခံတွင်းကျန်းမာစေဖို့အတွက်။ကြာကြာဝါးမယ့်သွားလေးတွေ အတွက် အခုပြောပြခဲ့တဲ့အတိုင်းဆောင်စရာကိုဆောင်လို့ရှောင်စရာကိုရှောင်ကြဖို့ တိုက်တွန်းပါရစေ။ သွားကောင်းကောင်းနဲ့ အစားကောင်းကောင်းစားနိုင်ကြပါစေကြောင်း………..။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/bad-foods-for-oral-health/
ရိုစေးရှားအရေပြားပြဿနာကို လှုံ့ဆော်ပေးသော အရာများ
ရိုစေးရှား (Rosacea) ဆိုတာ အရေပြားနီရဲတဲ့ အခြေအနေတစ်ခုပါ။ သွေးကြောများ၊ အစက်ငယ်လေးများပေါ်လာတတ်ပြီး ပူစပ်ပူလောင်ဖြစ်ခြင်း၊ စူးခြင်းခံစားချက်များနဲ့ တွဲတတ်ပါတယ်။လက္ခဏာတွေမကြာခဏပေါ်ပြီး အရေပြားကိုရောင်ရမ်းကာ အဖုအထစ်တွေကျန်ခဲ့စေနိုင်ပါတယ်။ ရိုစေးရှား (Rosacea) ဟာ တစ်ခါတရံ အရေပြားဆီသွေးလျှောက်မှုများစေသော အချက်တွေကြောင့် ဖြစ်လာတတ်တာကြောင့် ထိုအချက်တွေကိုရှောင်ကြဉ်ခြင်းဖြင့် လျှော့ချနိုင်ပါလိမ့်မယ်။ ဖြစ်စေနိုင်သော အချက်တချို့ကတော့-။အစားအသောက်များ-။• အရက်။• အပူအစပ်အစားအစာများ။• သောက်စရာ အပူများ။• စားစရာ အပူများ (အထူးသဖြင့်ရာသီဥတုပူချိန်တွင်)။• သံပုရာသီး၊ လိမော်သီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ဆီးသီးအနီ၊ စပျစ်သီးခြောက် များကဲ့သို့ တချို့သောအသီးအနှံများ။• ရှာလကာရည်စိမ်ထားသောအသားများ။• တချို့သောဟင်းသီးဟင်းရွက်များ။• နို့နှင့်နို့ထွက်ပစည်း။လှုပ်ရှားမှုများ။• နေလောင်ခံခြင်း။• ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများ။• ရေနွေးစိမ်ခြင်း၊ ချွေးထုတ်ခန်းသွားခြင်း။ရာသီဥတုအခြေအနေ။• ပူလွန်းခြင်း။• အေးလွန်းခြင်း။• စွတ်စိုထိုင်းမှိုင်းခြင်း။• လေပြင်းခြင်း။• နေရောင်ပြင်းခြင်း။စိတ်ခံစားချက်များ။• စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှု။• ရုတ်တရတ်ခံစားချက်ပြောင်းလဲခြင်း- ရုတ်တရတ် အားရပါးရရယ်ခြင်း၊ ရှက်သွားခြင်း။ရောဂါအခြေအနေများ။• သွေးဆုံးခြင်း။• အချိန်ကြာချောင်းဆိုးခြင်း။• ကဖိန်းရုတ်တရတ်ရပ်လိုက်ခြင်း။တခြားအချက်များ။• စတီးရွိုက်လိမ်းခြင်း၊ သွေးပေါက်ကျဆေးများ၊ အနာသက်သာဆေးများ။ကာကွယ်ခြင်းနဲ့စတင်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းဟာ ရိုးစေးရှား (Rosacea) ဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်မှာပါ။ ဖြစ်စေနိုင်တဲ့အချက်တွေကိုရှောင်ပါ။ အပြင်ထွက်ရင် ဦးထုတ်ဆောင်း၊ နေလောင်ခံခရင်လိမ်းပြီးမှ ထွက်ပါ။ အေးသောနေ့တွေမှာနွေးထွေးအောင်ဝတ်ပြီး၊ ပူသောနေ့တွေမှာအေးအောင်ဝတ်ပါ။ အပူထိန်းလွန်းတဲ့ သိုးမွှေးအင်္ကျီများကိုတော့ရှောင်ပါ။disodium lauryl sulfosuccinate ပါတဲ့ သန့်စင်ဆေးအပျော့ကိုသုံးနိုင်ပါတယ်။ အရေပြားထိခိုက်မှုမရှိဘဲ သန့်စင်ပေးနိုင်ပါလိမ့်မယ်။သခွားသီး နဲ့ ဥရောပတိုက်တွင်ပေါက်ရောက်သော ကမ်မိုမိုင်ခေါ်ဆေးဖက်ဝင်အပင်(Chamomile)တွေဟာ အရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အပူအစပ်တွေစားခြင်းရှောင်ပါ။ ပန်းမုန်လာ၊ ဆလပ်ရွက်၊ ကိုက်လန်၊ ကညွတ် ကဲ့သို့ အစိမ်းရင့်ရောင်အရွက်များပိုစားပေးပါ။ ဗီတာမင် အေ၊ စီ beta-carotene နဲ့ bioflavonoid တွေကြွယ်ဝတာကြောင့် သွေးကြောငယ်လေးတွေနံရံကို သန်မာစေခြင်းဖြင့် ရိုစေးရှား (rosacea) ဖြစ်မှုကိုလျှော့နိုင်ပါလိမ့်မယ်။ ကိုယ်ခံအားစနစ်ကိုလည်းကောင်းစေပါတယ်။ရိုစေးရှား (Rosacea) ကိုကာကွယ်ရန် စိတ်ဖိစီးမှုများလည်းလျှော့ချသင့်တယ်။ အသက်ရှူလေ့ကျင့်ခန်း သို့မဟုတ် ယောဂကျင့်သင့်ပါတယ်။ တကယ်လို့ဆေးတစ်မျိုးမျိုးက ရိုစေးရှား (Rosacea) ဖြစ်စေတယ်ထင်ရင် ဆရာဝန်ကိုဆေးပြောင်းပေးဖို့ပြောသင့်ပါတယ်။ခရင်မ်၊ ဂျယ်လ် ကဲ့သို့ ဆေးအချို့က နီရဲခြင်းကိုလျှော့ချစေခြင်းဖြင့် ရိုဆေးရှား (rosacea) ကိုသက်သာစေနိုင်တယ်။ ပဋိဇီဝဆေးသောက်ခြင်းဟာလည်း ပိုဆိုးသောအခြေအနေအတွက် အကူအညီဖြစ်နိုင်လောက်ပါလိမ့်မယ်။ နေထိုင်မှုပုံစံကိုလည်းပြောင်းကြည့်သင့်တယ်။ကမ်မိုမိုင်အပင်ဟာလည်း အရေပြားဝေဒနာများကိုသက်သာစေတာကြောင့် ကမ်မိုမိုင် ပါသော သန့်စင်ဆေးများ၊ ဆပ်ပြာများသုံးပေးနိုင်ပါတယ်။ ဒါပေမယ့် ထိုအပင်ကိုဓါတ်မတည့်ခြင်းရှိပါက ရှောင်သင့်ပါတယ်။ရိုစေးရှား (Rosacea) များကို မိတ်ကပ်နည်းတချို့ဖြင့်လည်းဖုံးကွယ်နိုင်တယ်။ အစိမ်းရောင်ကို အောက်ခြေခံသော မိတ်ကပ်တစ်မျိုးဖြင့် အသာအယာရောကာဖြန့်လိမ်းပေးခြင်းဖြင့် သဘာဝဆန်ဆန်အရောင်လေးအတိုင်း ဖုံးကွယ်နိုင်ပါတယ်။ ပုဝါကိုရေခဲရေထဲစိမ်ကာ ကပ်ပေးနိုင်ပါတယ်။ အအေးဟာ သွေးကြောတွေကိုကျဉ်းစေနိုင်တာကြောင့် ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါလိမ့်မယ်။ရိုစေးရှား (Rosacea) ဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းကို လျော့ကျစေနိုင်တယ်။ တချို့လေ့လာမှုတွေအရ အလုပ်အကိုင်တွေပါထိခိုက်စေတယ်လို့ဆိုတယ်။ တကယ်လို့ ထိုကဲ့သို့ခံစားနေရပြီဆိုရင်တော့ အခြေအနေတွေကိုထိန်းသိမ်းဖို့ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%9b%e1%80%ad%e1%80%af%e1%80%b1%e1%80%85%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%82%86%e1%80%94%e1%80%ac/
ဦးရေပြားပြဿနာများအကြောင်းတစေ့တစောင်း
လူတော်တော်မျာများမှာ ဦးရေပြားနဲ့ပတ်သတ်တဲ့၊ ဆံပင်နဲ့ပတ်သတ်တဲ့ ပြဿနာတွေအသီးသီးရှိကြပါလိမ့်မယ်။ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်လွယ်တာ၊ ဆံပင်တွေကျိုးပြတ်တာ၊ အရှည်နှေးတာ စသည်ဖြင့်ပေါ့။ ဗောက်ထခြင်းဟာလည်း ရှက်ဖို့ကောင်းပြီး စိတ်ညစ်စရာအခြေအနေတစ်ခုပါပဲ။ ဆံပင်နဲ့ဦးရေပြားပြဿနာတွေဟာ စိတ်ရှုပ်ရပါတယ်။ ဒါပေမယ့် ကျန်းမာရေးပြဿနာကြီးကြီးမားမားတော့ မဖြစ်စေပါဘူး။ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း ဆံပင်တွေကျိုးကြေခြင်းဟာ ကြုံရလေ့ရှိတဲ့ ဦးရေပြားပြဿနာတစ်ခုတွေပါ။ လူအများစုဟာ တစ်ရက်မှာ ဆံပင် ၅၀ မှ ၁၀၀ ထိဆုံးရှုံးနေကြပါတယ်။အသက်တွေကြီးလာတဲ့အခါ ဆံပင်တွေတဖြေးဖြေးကျဲပါးလာတယ်။ လူတိုင်းတော့မဟုတ်ပေမယ့်ပေါ့…။ မျိုးရိုးဗီဇအရ ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်းတွေဟာ ဆံပင်ပါးရခြင်းရဲ့ အကြောင်းအရင်းတွေဖြစ်လေ့ရှိပါတယ်။ ထိုဗီဇရှိတဲ့အမျိုးသမီးတွေမှာ ဆံပင်ပါးတတ်ပြီး အမျိုးသားတွေဆိုရင်တော့ လုံးဝကိုထိပ်ပြောင်သွားတော့တာပါပဲ။ ထိုအခြေအနေက ဆယ်ကျော်သက်၊ ၂၀ ဝန်းကျင်၊ ၃၀ ဝန်းကျင်တွေကနေ စတင်နိုင်တယ်။ ဟော်မုန်းတွေပြောင်းလဲမှုကြောင့် ကလေးမွေးပြီး ဒါမှမဟုတ် နို့တိုက်ပြီး ၁လကနေ ၆လအတွင်းမှာလည်း အမျိုးသမီးတွေဆံပင်တွေကျွတ်တတ်ပါတယ်။ ကလေးငယ်လေးတွေမှာလည်း ဆံနုလေးတွေကျွတ်သွားပြီး ပိုရင့်သန်တဲ့လူကြီးဆံပင်တွေပေါက်လာလေ့ရှိပါတယ်။ဆံပင်အလွန်အမင်းကျွတ်ခြင်း၊ ပါးခြင်း၊ ကျိုးပြတ်ခြင်းတွေအတွက် တခြားသော ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေကတော့-။• ဆံပင်ဆိုးဆေး၊ dryer ၊ဆံပင်ကောက်စက်၊ ဖြောင့်စက်တွေလို အပူပေးစက်များကြောင့် ဆံပင်တွေထိခိုက်နိုင်ပါတယ်။• ဆံပင်ဆွဲခြင်း၊ လိမ်ခြင်း အကျင့်များကြောင့်…။ ဆိုတာ မိမိဆံပင်၊ မျက်တောင်၊ မျက်ခုံးတွေကနေ ဆွဲဆွဲနှုတ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်မျိုး ဖြစ်ပါတယ်။• ကင်ဆာဆေးသွင်းခြင်း၊ ဓါတ်ကင်ခြင်းများကဲ့သို့ ဆေးကုသမှုတချို့ရဲ့ ဘေးထွက်ဆိုးကျိုးများ။• လတ်တလေခွဲစိတ်ထားမှု၊ အပြင်းဖျားခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိအားများခြင်း။ စိတ်ဖိစီးမှုကြောင့် သုံးလေးပတ်အတွင်းမှာ ဆံပင်အများအပြားကျွတ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေက လအနည်းငယ်အတွင်း ပျောက်သွားတတ်ပါတယ်။• အရေပြားရောဂါတချို့နဲ့ သိုင်းရွိုက်အားနည်းတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။• သတ္ထုဆိပ်များကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။• အာဟာရချို့တဲ့ခြင်း- အထူးသဖြင့် အသားဓါတ်နဲ့ သံဓါတ် အားနည်းခြင်းကြောင့်လည်းဖြစ်နိုင်တယ်။• မီးလောင်ခြင်း ၊ ထိခိုက်ခြင်းတွေကြောင့် ဆံပင်တွေကျွတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ဖြစ်စေတဲ့အချက်တွေကတော့-။• ကလေးငယ်လေးတွေဦးရေပြားမှာ ဒက်ထခြင်းတွေဖြစ်တတ်ပါတယ်။ ဒါဟာမကျန်းမာမှုတစ်ခုခုကြောင့်မဟုတ်ပါဘူး။• ဗောက်ထခြင်းဟာ ခေါင်း၊ လည်ပင်း၊ ပုခုံးတွေမှာ ဗောက်ဖက်တွေကြွေကျတဲ့ အခြေအနေတွေဖြစ်စေနိုင်တယ်။ ဗောက်ထခြင်းဟာ eczema လို့ခေါ်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပြီး ပုံမှန်ဦးရေပြားဆဲလ်တွေကြွေကျခြင်းဖြစ်ပါတယ်။ မှိုရောဂါတစ်မျိုးကြောင့်လည်းဖြစ်နိုင်ပြီး ဟော်မုန်းနဲ့ ရာသီဥတုအပြောင်းအလဲတွေက ပိုဆိုးစေနိုင်ပါတယ်။• ခေါင်းသန်းတွေကြောင့်လည်း ဦးရေပြားယားယံနိုင်တယ်။ ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။• ပွေးပေါက်ခြင်းကဲ့သို့ ဦးရေပြားရောဂါတစ်မျိုး၊ ပွေးကဲ့သို့ အနီရောင်အနားသတ်တွေနဲ့ အဝိုင်းသဏ္ဍာန် အကွက်တွေဖြစ်တယ်။ တခါတရံအနားသတ်တွေပျံ့သွားပြီး လက်စွပ်ပုံစံအဝိုင်းတွေဖြစ်နေတတ်ပါတယ်။• Psoriasis, seborrhea ကဲ့သို့ နာတာရှည် အရေပြားရောဂါတွေ၊။• Planus လို့ခေါ်တဲ့ ဖြစ်လေ့မရှိပေမယ့် ထပ်တလဲလဲပြန်ဖြစ်တတ်တဲ့ အရေပြားရောဂါတစ်မျိုး၊ ထိုအခြေအနေဟာ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုနဲ့ ဆေးတွေ ဓါတုပစ္စည်းတွေကို ထိတွေ့မှုကြောင့်ဖြစ်တတ်ပါတယ်။ဖြစ်စေတဲ့အကြောင်းတွေကတော့။• ဆံပင်ပေါက်လေးများရောင်ရမ်းခြင်း၊ ဦးရေပြားရောင်ရမ်းခြင်း။• ဓါတ်မတည့်မှုများ။• ရေကျောက်၊ ရေယုန်များကဲ့သို့ ဗိုင်းရပ်စ်ရောဂါများ။• ပြည်ဖုများဖြစ်ပေါ်ခြင်း၊ ထိုပြည်ဖုတွေဟာ ဦးရေပြား၊ နား၊ မျက်နှာ၊ ကျောနဲ့ ကပ်ပယ်အိတ်တဝိုက်မှာ ဖြစ်ပေါ်တတ်ပြီး ရောဂါပိုးဝင်သွားပါက နောက်ထပ်တခြားသောပြဿနာတွေဖြစ်လာနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%82%86%e1%80%94%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%81%be%e1%80%80/
ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ
ဆေးသောက်ရတာကို သဘောကျတဲ့ ကလေးရယ်လို့ ရှိမယ်မထင်ပါဘူး။ ကလေးတိုင်းက ဆေးထိုးဖို့ကြောက်သလို ဆေးသောက်ရတာကိုလည်း မကြိုက်ကြပါဘူး။ ကလေးတွေကို ဆေးတိုက်တိုင်း တိုက်ပွဲတစ်ခုဝင်နေရသလို မိဘတိုင်းခံစားကြရမယ် ထင်ပါတယ်။ တစ်ခါတလေများဆို ကလေးက ဆေးကိုမျိုမချဘဲ ထွေးထုတ်တာမျိုးတောင် ကြုံရနိုင်ပါသေးတယ်။ဒီလိုအခြေအနေမျိုးမှာ ကလေးကို ဆေးတိုက်မှဖြစ်မယ်ဆိုတဲ့ အသိပဲခေါင်းထဲရောက်ပြီး ကလေးက ဆေးကိုမမျိုချရင် နှာခေါင်းပိတ်ပြီးတိုက်လိုက်မယ်လို့ တွေးမိလုပ်မိတာရှိနိုင်ပါတယ်။ ဒါက မလုပ်သင့်ပါဘူး။ မတော်တဆကလေးက အသက်ရှူရပ်သွားတာမျိုးဖြစ်နိုင်သလို အသက်ဆုံးရှုံးတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆေးတိုက်ရခက်တဲ့ဘေဘီလေးတွေကိုဘယ်လိုဆေးတိုက်မလဲ ဆိုတာနဲ့ ဆေးတိုက်ရလွယ်အောင် ဘာတွေ လုပ်ဆောင်ပေးရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ကလေးကို ဆေးမတိုက်ခင်မှာ အရင်ဆုံးလုပ်ရမှာက ဆေးညွှန်းအတိုင်း မှန်ကန်အောင် တိုက်ဖို့ပါ။ နောက်ထပ်သတိထားရမှာတစ်ခုက ဆေးကို နည်းစနစ်မှန်မှန်ထိန်းသိမ်းဖို့ပါ။ ဆေးညွှန်းကို ဖတ်ပြီးရင်လုပ်ရမယ့်နောက်တစ်ခုက ဆေးက သတ်မှတ်ရက်ကျော်နေလားဆိုတာ ကြည့်ဖို့ပါပဲ။ ဆေးက လုံးဝမဖောက်ရသေးပေမယ့် သတ်မှတ်ရက်ကျော်နေပြီဆိုရင်တော့ ကလေးကိုမတိုက်ဘဲ လွှင့်ပစ်လိုက်သင့်ပါတယ်။ကလေးကို တိုက်ရမယ့်ဆေးကို အမှုန့်ကြိတ်ပြီး နို့နဲ့ရောတိုက်တာမျိုး၊ ကလေးနည်းနည်းကြီးရင်ဒိန်ချဉ်၊ ဖျော်ရည်၊ ယိုလိုမျိုး ကလေးကြိုက်တတ်မယ့် အစားအစာတစ်ခုခုထဲ ရောထည့်ပြီး ကျွေးကြည့်ပါ။ သတိထားရမှာက ဆေးကို အမှုန့်ကြိတ်လို့ ရမရဆိုတာကို ဆရာဝန်နဲ့ မေးမြန်းပါ။ တချို့ဆေးတွေက အစာအိမ်အက်စစ်နဲ့ တွေ့မှ ပျော်ပြီး အာနိသင်ပြတတ်တာကြောင့်ပါ။ဆေးမှုန့်နဲ့ရောစပ်မယ့် အစားအစာပမာဏက ကလေးကုန်လောက်ရုံ ပမာဏဖြစ်ဖို့တော့ သတိပြုပါ။ ကလေးက ဆေးနဲ့ရောထားတဲ့ အစားအစာကို အကုန်စားမှ ဆေးတစ်ခွက်လုံးသောက်မိမှာဖြစ်တာကြောင့်ပါ။ကလေးတိုင်းလိုလိုက ဆေးကြောက်တတ်ကြပါတယ်။ ဒါကြောင့် ကလေးကို ဆေးတိုက်တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ချော့ပြီး တိုက်ပေးပါ။ ကလေးကို အော်ငေါက်တာမျို၊ ရိုက်တာမျိုးမလုပ်ပါနဲ့။ ကလေးတွေက လူကြီးတွေရဲ့ အပြုအမူကို အတုယူတတ်ကြတယ်ဆိုတာကို သတိရပါ။ ကလေးကို အော်ငေါက်လိုက်တဲ့အခါ ကလေးကကြောက်သွားပြီး ဆေးတိုက်ရ ပိုခက်သွားနိုင်ပါတယ်။ကလေးကို သူရဲ့ကစားစရာတွေနဲ့အတူ ဆရာဝန်လုပ်တမ်းကစားဖို့ အစဖော်ပေးလိုက်ပါ။ ကိုယ်တိုင်လည်း ပါဝင်ကစားရင်း လူနာတစ်လှည့် ဆရာဝန်တစ်လှည့်လုပ်ပေးပါ။ ဒီလိုကစားပေးရင်း ဆေးသောက်လာအောင် ဆွဲဆောင်လိုက်ပါ။ကလေးကို အရွယ်လည်းနည်းနည်းရလာတာနဲ့ ဆေးတွေကို မျိုချတတ်အောင် သင်ပေးပါ။ ဆေးလုံးသေးသေးလေးတွေကနေစပြီး ဆေးလုံးအကြီးတွေအထိ တဖြည်းဖြည်းချင်းမျိုချတတ်လာအောင် သင်ပေးပါ။ ဆေးသောက်တဲ့အခါ ရေများများသောက်ခိုင်းပါ။ကလေးတွေကလူကြီးတွေလိုမျိုး တစ်ခါတည်းနဲ့ အများကြီးကို မျိုမချနိုင်ပါဘူး။ ဒါကြောင့် ကလေးတွေကို ဆေးတိုက်တဲ့အခါ ဆေးတွေကို တစ်ခါတည်းအကုန်မသောက်ခိုင်းပါနဲ့။ တစ်လုံးပြီးမှ တစ်လုံးသောက်ခိုင်းပေးပါ။ဆေးက ခါးနေတာကို ချိုလိုက်တာဆိုပြီး ပြောတာမျိုးမလုပ်ပါနဲ့။ ကလေးက တကယ်သောက်လိုက်တဲ့အခါ မချိုဘဲခါးနေတာသိသွားခဲ့ရင် နောက်တစ်ခါဆေးတိုက်ဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆေးတိုက်တဲ့အခါ ဆေးကတော့ခါးတယ်။ ဒါပေမယ့် ဒီဆေးသောက်လိုက်တဲ့အခါ နေမကောင်းတာ သက်သာသွားမယ်။ နေကောင်းသွားတဲ့အခါ သွားချင်တဲ့ဆီကို သွားလို့ရမှာဖြစ်သလို၊ စားချင်တာတွေလည်း စားလို့ရမယ်ဆိုတဲ့အကြောင်းနဲ့ သူငယ်ချင်းတွေနဲ့လည်း ကစားလို့ရမယ်ဆိုတဲ့အကြောင်း ရှင်းပြပေးပါ။ဒီနည်းလေးတွေက ဆေးတိုက်ရခက်တဲ့ ဘေဘီလေးတွေရဲ့ဖေဖေမေမေတွေအတွက် အသုံးတည့်မယ်ထင်ပါတယ်။ ကလေးတိုင်း ကျန်းမာကြပါစေကြောင်း။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/clever-ways-to-help-your-child-take-the-medicine/
လူတွေဘာကြောင့် သတ်သေကြတာလဲ။
လူတစ်ယောက်ဟာ အကြောင်းအရာ အသေးအဖွဲလေးကြောင့်နဲ့တော့ ကိုယ့်အသက်ကိုကိုယ် ရန်ရှာအဆုံးစီရင်တာမျိုး မဖြစ်နိုင်ပါဘူး။ ရပ်ကွက်ထဲမှာ ဒါမှမဟုတ် အနီးဝန်းကျင်မှာ လူတစ်ယောက် သတ်သေသွားတဲ့အခါ ပိုက်ဆံလေး ၃ သောင်းလောက်ကို ပြန်မပေးနိုင်လို့၊ ရည်းစားနဲ့ ပြတ်လို့၊ မိဘက ဆူလို့ဆိုတာတွေကိုကြားရင် ဘာမဟုတ်တဲ့ အကြောင်းအရာလေးနဲ့ သတ်သေကြတယ် ကိုယ့်အသက်ကိုယ် မနှောမြောဘူးလားလို့ ပြောစရာရှိနိုင်ပါတယ်။ ဒီတော့ လူတွေဘာကြောင့် သတ်သေကြတာလဲ။ ဆိုတာကို ကြည့်လိုက်ရအောင်လား ……။လူတွေဘာကြောင့် သတ်သေကြတာလဲ။ တကယ်ကတော့ လူတစ်ယောက်ဟာ အလွယ်တကူနဲ့တော့ကိုယ့်အသက်ကိုယ်ရန်မရှာကြပါဘူး။ လူဆိုတာက သေမှာ ကြောက်တဲ့ အမျိုးပါ။ ဘယ်လောက်ပဲ သေမှာ မကြောက်ပါဘူးပြောပြော လူဆိုရယ်လို့ဖြစ်လာရင် ရှင်သန်ချင်တဲ့ ဆန္ဒရှိသလိုထိခိုက်နာကျင်ရမှာကို စိုးထိတ်ကြသူချည်းပါပဲ။ ဒီတော့ လူတစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာရအောင်လား………….။လူတစ်ယောက် ကိုယ့်အသက်ကိုယ် ရန်ရှာခြင်း အကြောင်းတရားက တစ်ခုမကပါဘူး။လူတော်တော်များများကသေကြောင်းကြံစည်ဖို့ကို အချိန်ယူပြီး စဉ်းစားကြတာ မဟုတ်ပါဘူး။ ခဏတာအတွင်း ဆုံးဖြတ်ချက်ချပြီး မျက်စိတမှိတ် လျှပ်တပြက်မှာ လုပ်လိုက်ကြတာ များပါတယ်။သေကြောင်းကြံ​ တာကို အများဆုံးဖြစ်စေတဲ့ ပြဿနာက စိတ်ဓာတ်ကျတာပါ။စိတ်ဓာတ်ကျတာဆိုပေမယ့် တော်ရုံ စိတ်ဓာတ်ကျရုံနဲ့ လူတစ်ယောက်က ကိုယ့်အသက်ကိုယ် ရန်မရှာပါဘူး။ စိတ်ဓာတ်ကျတဲ့နေရာမှာတောင် အဆိုးရွားဆုံး အဆင့်ကိုရောက်မှသာ ရှင်သန်ဖို့အဓိပ္ပာယ်မဲ့နေပြီဆိုတဲ့ ခံစားချက်နဲ့ အဆုံးစီရင် ကြတာပါ။ ဒီလိုအဆုံးစီရင်ခြင်းက သူ့ကို သက်သာရာရစေမယ်လို့ ထင်တာကြောင့်လည်း ပါတာပေါ့။လူတစ်ယောက် သေကြောင်းကြံ တယ်ဆိုတာ ငယ်စဉ်ကလိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာ၊ အနိုင်ကျင့်စော်ကားခံရတာ၊ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာ၊ စစ်ပွဲတွေကြားမှာ ဒုက္ခရောက်ခဲ့ရတာလိုမျိုး ဆိုးရွားတဲ့ အဖြစ်အပျက်တွေကို တွေ့ကြုံခံစားခဲ့ရတာကြောင့်အရိပ်မည်းကြီးတစ်ခုလို ခြောက်လှန့်ခံရရင်းက အလွန်အမင်း စိတ်ဖိစီးပြီး သေကြောင်းကြံကြတာပါ။ရုပ်ရှင်တွေထဲမှာ မြင်ဖူးတယ်ဟုတ်။ စစ်မြေပြင်မှာ အနားယူခွင့်ပေးပါ ဗိုလ်ကြီးလို့ ခွင့်တောင်းရင်း ကိုယ့်နားထင်ကိုယ် သေနတ်နဲ့ တေ့ပစ်ပြီး အဆုံးစီရင်ကြတာမျိုးပေါ့။ အရမ်းစိတ်ကျဉ်းကျပ်ရတဲ့ အခြေအနေ၊ အလွန်အမင်း စိတ်ဖိစီး ခံစားရတဲ့ အခြေအနေမှာလည်း လူတစ်ယောက်က သေကြောင်းကြံ တာကသာ လွတ်မြောက်ရာ ထွက်ပေါက်လို့ ယူဆတတ်ကြပါတယ်။လူတစ်ယောက်ဟာ ပညာရေးမှာ ဆုံးရှုံးတာ၊ တာဝန်ကနေ အနားပေးခံရတာ၊ ထောင်ချအပြစ်ပေးခံရတာ၊ အနိုင်ကျင့်ဗိုလ်ကျ ခံရတာ၊ အရှက်ခွဲခံရတာ၊ ငွေကြေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရတာ၊ မိတ်ဆွေတစ်ဦးဦးနဲ့ ပဋိပက္ခဖြစ်တာ၊ ချစ်သူ၊အိမ်ထောင်ဖက်က လမ်းခွဲထားရစ်ခဲ့တာ၊ အလုပ် အရှုံးပေါ်သွားတာ၊ ချစ်ခင်ရသူ တစ်ဦးဦး ဆုံးပါးသွားတာ၊ အခြေအနေ တစ်ရပ်ရပ် နိမ့်ပါးသွားတဲ့ အခါမျိုးမှာဆုံးရှုံးမှုဒဏ်ကို မခံနိုင်တာကြောင့် ပဲဖြစ်ဖြစ်၊ ဆုံးရှုံးရမှာကို စိုးထိတ်လို့ပဲ​ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြပါသတဲ့။အနုပညာရှင်တွေ အသစ်သစ်တွေကို မဖန်တီးနိုင်လောက်တော့ဘူးလို့ ယူဆတဲ့အခါ အောင်မြင်နေတဲ့ အနုပညာရှင်တွေ ဝေဖန်မှုတွေနဲ့ ကြုံရတဲ့အခါ အဆုံးစီရင်ကြတယ်ဆိုတာ ဆုံးရှုံးတာကို ခံစားရလို့နဲ့ ဆုံးရှုံးရမှာကို ကြောက်တဲ့ စိတ်ကြောင့်ပါပဲ။ဒီအချက်တွေအပြင် လူတွေက။လူတစ်ယောက် ဖြစ်တည်ဖို့ မလွယ်ကူသလို ရှင်သန်နေတဲ့ဘဝကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ဆိုတာကလည်း လွယ်ကူလှတဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ သက်ရှိတိုင်းက ရှင်သန်ချင်ကြပါတယ်။ မတတ်သာလို့သာအဆုံးစီရင်မှုကို ထွက်ပေါက် တစ်ခုအဖြစ် ရွေးချယ်ကြရတာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/why-do-people-commit-suicide/
လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ
လမ်းခွဲပြတ်စဲကြတဲ့အခါစိတ်ပင်ပန်းဆင်းရဲကြရတာ၊ နာကျင်ခံစားရတာက သဘာဝပါပဲ။ ပြတ်စဲလိုက်တဲ့ အဆက်ဟောင်းကို မေ့ပစ်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်တတ်ဘူးလေ။ ဒီတော့ လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ ဆိုတာ ပြောပြပေးမယ်နော်။လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ။လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ ဆိုတော့ ပြီးဆုံးသွားတဲ့ ဇာတ်လမ်းဟောင်းကြောင့် စိတ်ညစ်ညူးမှု၊စိတ်ဖိစီးမှုတွေအဖြစ်မခံနေပါနဲ့။ ရှေ့ဆက်ရမယ့်ဘဝအတွက် ကြိုးစားရမှာတွေ အများကြီးရှိနေသေးတယ်မဟုတ်လား။နောက်ထပ် လှမ်းလျှောက်ရမယ့်ခြေလှမ်းသစ်တွေအတွက် အားအင်တွေ ခွန်အားတွေ စုစည်းနေရမယ့်အချိန်မှာ ဘာလို့ဝမ်းနည်းကြေကွဲနေမှာလဲ။ ဘာလို့ အတိတ်တွေကို ပြန်အောင့်မေ့ပြီး နာကျင်ခံစားနေမှာလဲ။ပြောမယ့်သာပြောရတယ် တချို့တွေအတွက် လမ်းခွဲရတာက လွယ်ကူပေမယ့် တချို့တွေအတွက်တော့ ခက်ခဲတတ်ကြတယ်။ ဒါကြောင့်လည်း ပြီးဆုံးသွားတဲ့အချစ်ဇာတ်လမ်းတစ်ခုကို မေ့ပစ်ဖို့ ခက်ခဲနေတယ်ဆိုရင် အကူအညီဖြစ်နိုင်မယ့် နည်းလမ်းတွေကို အကြံပေးချင်ရဲ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-to-forget-your-ex/
ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ
ဆီးချိုရှိသူတွေက ကျန်းမာသူတွေထက်ကိုယ်ခံအားနည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းအောင် ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။ ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ က ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ ကတော့။ကုလားပဲမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ပရိုတင်း၊ ဗီတာမင် A၊ဗီတာမင် D၊ ဗီတာမင် E၊ ဇင့်၊ သံဓာတ်၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။ ဇင့်က နှလုံးကျန်းမာစေသလို သွေးတွင်းသကြားဓာတ် မြင့်တက်တာကြောင့်နှလုံးထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။အမျှင်ဓာတ် ပါဝင်မှုက အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလိုသွေးတွင်းသ​ကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ မက်ကာရယ်စတာတွေကomega-3 fatty acidsကြွယ်ဝစွာ ပါဝင်နေပါတယ်။ omega-3 fatty acids က ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။သွေးဖြူဥဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆီးချိုရှိသူတွေ အနေနဲ့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် တစ်ပတ်ကို တစ်ကြိမ်လောက် ပင်လယ်ငါး စားပေးဖို့ လိုပါမယ်။မုန်လာဥနီမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မုန်လာဥနီက ကိုယ်ခံအားကိုတင် အားဖြည့်ပေးတာလားဆိုတော့ မဟုတ်ပါဘူး ဆီးချိုကြောင့်အမြင်အာရုံထိခိုက်တာကိုပါ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ကိုယ်ခံအား ကောင်းစေပြီး ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ သွေးတွင်း သကြားဓာတ် မြင့်တက်စေတာမျိုး မရှိတဲ့ အဆာပြေ စားစရာလေးတစ်မျိုးပါ။သစ်ကြားသီးမှာ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နောက်တစ်ချက်ကဗီတာမင် Eက ကိုယ်ခံအားကိုတင် အားဖြည့်ပေးတာ မဟုတ်ဘဲ သွေးတွင်း သကြားဓာတ်ကိုပါ ထိန်းညှိပေးပါတယ်။နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ဦးနှောက်ကျန်းမာစေပြီးသိမြင်မှုစွမ်းရည်ကောင်းမွန်စေသလိုအစားစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး နှလုံး ကျန်းမာစေပါသေးတယ်။ငရုတ်ပွမှာဗီတာမင် Cကြွယ်ဝမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေဖို့ အားဖြည့်ပေး ပါသေးတယ်။ကော်လာဂျင်ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ဆီးချိုကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ဇင့်ဓာတ် ကြွယ်ဝသလိုအမျှင်ဓာတ်လည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ ခဏခဏစားချင်တာမျိုး မဖြစ်စေဖို့ ထိန်းချုပ်ပေးပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း ကင်းစေပါတယ်။အကျိုးပြု ဘက်တီးရီးယား အာဟာရပါဝင်တာကြောင့် အူတွင်းကအကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပါတယ်။ အာဟာရ ပြည့်ဝစွာ ရရှိအောင် ထောက်ပံ့ပေးပြီး ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/immune-boosting-foods-for-people-with-diabetes/
null
null
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/kidney-abscess-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
null
null
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/oral-hygiene-health/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%9b%e1%80%b2%e1%80%b7-%e1%80%98%e1%80%ad%e1%80%af%e1%80%b8%e1%80%98%e1%80%b1/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/cystic-acne%e1%80%86%e1%80%85%e1%80%b9%e1%80%85%e1%80%90%e1%80%85%e1%80%b9%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/symptoms-of-omicron-ba-5/
Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု)
ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုသည် ဒူးခေါင်းရိုးအရှေ့ ဒူးခေါင်းအဆစ်များနာသောအခြေအနေတစ်ခုဖြစ်သည်။ တခါတရံ အပြေးသမားဒူးခေါင်း သို့မဟုတ် ပြေးခုန်သူဒူးခေါင်းဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အားကစားများတွင်ပါဝင်သူ အဓိကအားဖြင့်မိန်းကလေးနှင့်ငယ်သောသူများတွင်ပိုစြဖ်တတ်သည်။ သို့သော် အားကစားသမားမဟုတ်သော်သူများတွင်လည်းဖြစ်တတ်သည်။ နာခြင်းတောင့်ခြင်း ကြောင့် လှေကားတက်ရန်ခက်ခြင်း ဒူးကွေးရန်နှင့် အခြားလှုပ်ရှားမှုများလုပ်ရန်ခက်ခဲတတ်သည်။ဖြစ်စေသောအကြောင်းများကအများကြီးရှိပါသည်။ ဒူးခေါင်းဖုံးမညီခြင်း အသုံးပြုမှုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။လက္ခဏာများက များသောအားဖြင့်စောင့်ကြည့်ကုထုံးဖြင့်သက်သာသည် ဥပမာ အနားယူလိုက်ခြင်း လေ့ကျင့်ခန်းကုထုံးများယူခြင်း။ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုသည် ဒူးခေါင်းရိုးအရှေ့ ဒူးခေါင်းအဆစ်များနာသောအခြေအနေတစ်ခုဖြစ်သည်။ တခါတရံ အပြေးသမားဒူးခေါင်း သို့မဟုတ် ပြေးခုန်သူဒူးခေါင်းဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အားကစားများတွင်ပါဝင်သူ အဓိကအားဖြင့်မိန်းကလေးနှင့်ငယ်သောသူများတွင်ပိုစြဖ်တတ်သည်။ သို့သော် အားကစားသမားမဟုတ်သော်သူများတွင်လည်းဖြစ်တတ်သည်။ နာခြင်းတောင့်ခြင်း ကြောင့် လှေကားတက်ရန်ခက်ခြင်း ဒူးကွေးရန်နှင့် အခြားလှုပ်ရှားမှုများလုပ်ရန်ခက်ခဲတတ်သည်။ဖြစ်စေသောအကြောင်းများကအများကြီးရှိပါသည်။ ဒူးခေါင်းဖုံးမညီခြင်း အသုံးပြုမှုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။လက္ခဏာများက များသောအားဖြင့်စောင့်ကြည့်ကုထုံးဖြင့်သက်သာသည် ဥပမာ အနားယူလိုက်ခြင်း လေ့ကျင့်ခန်းကုထုံးများယူခြင်း။ဒီရောဂါဟာအပြေးသမားက စက်ဘီးသမားများ ဘတ်စကတ်ဘောကစားသူ ငယ်ရွယ်သောအားကစားသများများ မိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုသည် များသောအားဖြင့် ဒူးခေါင်းရှေ့တွင်ကိုက်ခြင်းနာခြင်းတို့ဖြစ်တတ်သည်။ ထိုနာခြင်းသည် အောက်ပါတို့ကြောင့်ပိုဆိုးနိုင်သည်။လှေကားဆင်းခြင်း။ဒူးကွေးခြင်း။ဒူးကွေးပြီးအကြာကြီးထိုင်ခြင်း။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ြဖစ်စေသောအကြောင်းတော်တော်များများရှိပါသည်။ အောက်ပါတို့ပါဝင်နိုင်သည်။အသုံးများခြင်း။ပြေးခြင်းသို့မတုတ် ခုန်သောအားကစားသမားများသည် ဒူးခေါင်းအရွတ်ပေါ်သို့ဖိအားခဏခဏပေးသကဲ့သို့ဖြစ်ပြီး ဖြစ်ပွားစေနိုင်သည်။ကြွက်သားများမညီမျှခြင်းသို့မဟုတ်အားနည်းခြင်း။ဒူးခေါင်းနှင့်ပေါင်နာခြင်းသည် ပေါင်နှင့်ဒူးခေါင်းရှိကြွက်သားများက ဒူးခေါင်းဖုံးကိုကောင်းစွာ ညီအောင်မထားပေးနိုင်သောကြောင့်ဖြစ်သည်။ စကွက်ထိုင်ချိန်တွင် ဒူးခေါင်းအတွင်းသို့ရွေ့သွားခြင်းကလဲဖြစ်စေတတ်သည်ဟုတွေ့ထားသည်။ထိခိုက်မိခြင်း။ဒူးခေါင်းဖုံးကိုထိခိုက်မိခြင်း ဥပမာ အဆစ်လွဲခြင်း သို့မဟုတ် အရိုးကျိုးခြင်း ကြောင့်ဖြစ်နိုင်သည်။ခွဲစိတ်ခြင်း။ဒူးခေါင်းခွဲစိတ်မှု အဓိကအားဖြင့် ဒူးခေါင်းအရွတ်ကိုသုံးပြီး အရှေ့ ခရုစိတ် အရွတ်ပြင်ထားပါကပိုဖြစ်နိုင်သည်။ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်။များသောအားဖြင့် အရွယ်ရောက်ပြီးလူငယ်များတွင်ပိုဖြစ်တတ်သည်။ အသက်ကြီးသူများတွင် ဒူးခေါင်းပြသာနာများသည်များသောအားဖြင့် အဆစ်ယောင်ခြင်းကြောင့်ဖြစ်တတ်သည်။လိင်။အမျိုးသမီးများတွင်နှစ်ဆခန့်ပိုဖြစ်တတ်သည်။ မိန်းမ၏တင်ပါးဆုံရိုးကျယ်ခြင်း ကြောင့် ဒူးခေါင်းအဆစ်ထောင့်ကျယ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။အချို့သောအားကစားများ။ပြေးခြင်း ခုန်ခြင်းအားကစားများတွင်ပါဝင်ပါက ဒူးခေါင်းတွင် ဖိအားများစေသည်။ လေ့ကျင့်မှုများချိန်တွင်ပိုဖြစ်နိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ သံသယရှိပါက ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်းနှင့် အချို့စမ်းသက်ချက်များကိုလုပ်လိမ့်မည်။ အချို့သောစမ်းသက်မှုများတွင်။ဓါတ်မှန်ရိုက်ခြင်း။ရောင်ခြည်အနားငယ်က ခန္ဓါကိုယ်အတွင်းသို့ပျံသွားပြီး ပုံရိပ်ဖော်စေသည်။ သို့သော်ဒီစမ်းသက်မှုက နူးညံတစ်သျူများတွင်သိပ်အသုံးမဝင်လှပါ။ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း။ဓါတ်မှန်ပုံရိပ်များကိုထောင့်ပေါင်းစုံမှပေါင်းစုံပြီး ကန့်လတ်ဖြတ်ရိုက်ထားသောပုံရိပ်များကိုပေးသည်။ အရိုးကော နူးညံတစ်သျူးများတွင်ပါအသုံးဝင်သည် သို့သော် ရိုးရိုးဓါတ်မှန်ထက်ရောင်ခြည်ပိုသုံးရန်လိုအပ်သည်။သံလိုက်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်း။ရေဒီယိုလှိုင်းများ သံလိုက်စက်ကွင်းများကိုသုံးသည်။ အရိုး နူးညံတစ်သျူးများပုံရိပ်ကိုအတိအကျဖော်ပေးသည် ဥပမာ ဒူးခေါင်းအရွတ်နှင့်တွယ်ဆက်အမျှင်။ သို့သော် အခြားအရာများထက်ပိုဈေးကြီးသည်။အချို့သောကုထုံးများတွင်။ဆေးကုသမှုများ။လိုအပ်ပါက ဆေးဆိုင်တိုင်းတွင်ရနိုငိသောအနာသက်သာစေသောဆေး ဥပမာ အစီတာမီနိုဖန်(တိုင်လီနော နှင့်အခြား) အိုင်ဗျူပရိုဖန်(အဗေး၊မော်ထရေးအိုင်ဘီ နှင့်အခြား) သို့မဟုတ် နပရိုဇန်ဆိုဒီယန်(အလိ)။ကုထုံးများ။ရုပ်ပိုင်းဆိုင်ရာပညာရှင်မှအောက်ပါတိုကိုအကြံပေးနိုင်သည်။ပြန်လည်တည်ဆောက်သောလေ့ကျင့်ခန်းများ။အချို့သောလေ့ကျင့်ခန်းများက ကြွက်သားများကိုသန်မာစေပြီး ဒူးခေါင်း ခြေထောက်ထောက်ပံ့ခြင်းကိုညီမျှစေသည်။ ကွာထရီဆက် ဒူးကောက်ကြောနှင့် ပေါင်ဘေးရှိကြွက်သား အဓိကအားဖြင့် ပေါင်ခွာပေးသောကြွက်သားများကိုသန်မာလာစေသည်။ စကွတ်မှန်ကန်သောနည်းလမ်းဖြင့်ထိုင်ရန်လဲလိုသည်။ထောက်ပံ့ပေးသောအထိန်းများ။ဒူးခေါင်းထောက်ပံ့ကိရိယာသို့မဟုတ် အခုံးထောက်ပံ့မှုများကနာကျင်ခြင်းကိုသက်သာစေနိုင်သည်။ကြိုးပြားဖြင့်ချည်ြခ်ငး။ပညာရှင်မှ အနာသက်သာစေရန်နှင့်လေ့ကျင့်ခန်းလုပ်နိုင်ရန်မည်သို့လုပ်ရမည်ကိုပြပေးလိမ့်မည်။ရေခဲကပ်ခြင်း။အားကစားလုပ်ပြီးတိုင်းကပ်ပါကအထောက်အကူဖြစ်နိုင်သည်။ဒူးခေါင်းအတွက်သင့်တော်သောအားကစားများ။ပြန်ကောင်းလာချိန်တွင် ထိခိုက်မှုနည်းသော ဒူးခေါင်းကိုသက်သောစေသောကစားနည်းများ ဥပမာ စက်ဘီးစိးခြင်း ရေကူးခြင်းတို့ကိုလုပ်နိုင်သည်။ခွဲစိတ်ခြင်းနှင့်အခြားနည်းလမ်းများ။ခွဲစိတ်မှုမလိုသောနည်းလမ်းများက အကူအညီမဖြစ်လျင်အောက်ပါတို့ကိုဆရာဝန်မှညွန်ကြားနိုင်သည်။အဆစ်အားမှန်ပြောင်းကြည့်ခြင်း။ဆရာဝန်မှ ကင်မရာနှင့်အလင်းပါသော ခဲတံကဲ့သို့သေးသောအရာကို ဒူးခေါင်းအတွင်းသို့ထည့်လိမ့်မည်။ ခွဲစိတ်ကိရိယာကိုထို မှန်ပြောင်းမှဖြတ်စေပြီး ပျက်စီးနေသော အရိုးနုများကိုဖယ်သည်။ပြန်ညှိပေးခြင်း။ပိုဆိုးသောကိစ္စများတွင် ဒူးခေါင်းကိုခွဲစိတ်ခြင်းဖြင့်ဒူးခေါင်းအဖုံးများကိုပြန်ညီသွားခြင်း အရိုးနုပေါ်ကျသောဖိအားကိုသက်သာခြင်းတို့ကိုဖြစ်စေသည်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကင်မရာနှင့်အလင်းပါသော ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ကင်မရာနှင့်အလင်းပါသော ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အင်အားကိုထိန်းခြင်း။ကွာထရီစတ်နှင့် ပေါင်ရှိခွဲခွာကြွက်သားများသန်မာအောင်လုပ်ခြင်းကြောင့် ဒူးခေါင်းကိုလှုပ်ရှားမှုပြုချိန်တွင်ထိန်းညှိပေးနိုင်သည်။ သို့သော် အလေးမလေ့ကျင့်နေချိန်တွင်စကွက်ပြင်းပြ်င်းထိုင်ခြင်းမျိုးရှောင်ပါ။တန်းညှိမှုနှင့်နည်းလမ်းများကိုတွေးပါ။ပြေးခြင်းခုန်ခြင်း မှီတွယ်ခြင်းလုပ်ရာတွင် ပျော့စေသန်မာစေသောနည်းလမ်းများကိုမေးပါ။ ဒူးခေါင်းအဆစ်ကိုပုံမှန်နေရာတွင်ရှိစေသည်။ အဓိကအားဖြင့်စကွက်ထိုင်ချိန်ခုန်ချိန် ရှေ့သို့လှမ်းချိန် ်တွင်ဒူးခေါင်းအဆစ်အတွင်းသို့ဝင်ခြင်းရှောင်ရန် ပေါင်အပြင်ကြွက်သားများအတွက်ကစားပါ။ကိုယ်အလေးချိန်လျော့ချပါ။အကယ်၍ သင်အဝလွန်နေပါက ဝတ်ချခြင်းဖြင့်ဒူးခေါင်းကိုသက်သာစေနိုင်သည်။သွေးပူလေ့ကျင့်ခန်းလုပ်ပါ။မပြေးမီသို့မဟုတ် အခြားလေ့ကျင့်ခန်းမလုပ်မီ ငါးမိနစ်ခန့်သွေးပူလေ့ကျင့်ခန်းလုပ်ပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/patellofemoral-pain-syndrome-%e1%80%92%e1%80%b0%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba/
Groin Strain (ပေါင်ခြံဒဏ်ဖြစ်ခြင်း)
ပေါင်ခြံဒဏ်ဖြစ်ရခြင်းမှာ ပေါင်ခြံနှင့်ပေါင်ရှိ ကြွက်သားများဆီသို့ ဖိအားအများအပြားသက်ရောက်ခြင်းကြောင့်ဖြစ်သည်။ ထိုကြွက်သားများ အားနှင့်တင်းလိုက်ခြင်း သို့မဟုတ် ဆတ်ကနဲ တင်းလိုက်ခြင်းများက ကြွက်သားများကို ဆွဲဆန့်စေပြီး ပြဲစုတ်သွားစေနိုင်ပါသည်။ပေါင်ခြံဒဏ်ဖြစ်ခြင်းမှာ ပြေးခြင်း ခုန်ခြင်းတို့လုပ်ရသော အားကစားသမားများတွင် အဖြစ်များ၏။ အထူးသဖြင့် ဆတ်ကနဲ ခုန်ရခြင်း ဦးတည်ချက်ပြောင်းလိုက်ခြင်းတို့က ဖြစ်ရသည့် အဓိက အကြောင်းရင်းဖြစ်သည်။ ပေါင်ခြံဒဏ်ဖြစ်ခြင်းကို ဘောလုံးသမားများတွင် တွေ့ရများပြီး ဟော်ကီကစားသူ ၁၀% လောက်တွင်လည်း တွေ့ရ၏။ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေ းဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်မျာအား းထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ပေါင်ခြံဒဏ်ဖြစ်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။ပေါင်ခြံဒဏ်ဖြစ်ခြင်းကို အပြင်းအထန် အဆင့် ၃ ဆင့် ခွဲနိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။ပေါင်ခြံဒဏ်ဖြစ်ခြင်းမှာ တာတိုပြေးခြင်း သို့မဟုတ် ဦးတည်ချက်ကို မြန်မြန်ပြောင်းခြင်း သို့မဟုတ် ဘောလုံးလို ခုခံအားရှိအရာများအား ကန်ပြုရခြင်းတို့မှ ဖြစ်လာပါသည်။ ကြွက်သားအား ဆွဲဆန့်ရသော ကိုယ်ခံပညာ အမြင့်ကန်ခြင်းများက adductor ကြွက်သားကို ပြဲစုတ်စေပါသည်။ပေါင်ခြံတွင် adductor ကြွက်သား ငါးခုရှိသည်။ သုံးခုကို “တိုသော adductor” (pectineus, adductor brevis and adductor longus) နှင့် တခြားနှစ်ခုမှာ “ရှည်သော adductor” (gracilis and adductor magnus) တို့ဖြစ်သည်။ ပေါင်ခြံဒဏ်မှာ ဖြစ်ချင်မှဖြစ်တာမျိုးဆိုသော်လည်း ထိခိုက်မှုဖြစ်နိုင်ချေမြင့်သော အချက်များရှိပါသည်။ပေါင်ခြံဒဏ်ဖြစ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကျွမ်းကျင်သူမှ စစ်ဆေးမှုများစွာပါသော စမ်းသပ်မှုကို ပြုလုပ်ပါလိမ့်မည်။ပေါင်ခြံဒဏ်ဖြစ်ခြင်းမှာ များသောအားဖြင့် သူ့အလိုလို ပျောက်သွားတတ်သည်။ ထို့ကြောင့် အချိန်တစ်ခုပေးပြီး အနားယူရန်သာ လိုပါသည်။ ပျောက်ကင်းနှုန်းမြန်စေရန်အတွက် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။တစ်ရှူးပြန်ကောင်းခြင်းအား အားပေးရန် ဆရာဝန်သည် အကြောဖြေအကြောလျော့လေ့ကျင့်ခန်းများကို လုပ်ခိုင်းပါလိမ့်မည်။ ထိခိုက်မှုအပြင်းအထန်ပေါ် မူတည်ကာ ချက်ချင်း သို့မဟုတ် အနားယူသည့်ရက်အတော်ကြာမှ ပြုလုပ်ရနိုင်ပါသည်။ နာကျင်မှုကို ဂိုက်အဖြစ်သုံးရပါမည်။ ပြင်းပြင်းထန်ထန်လုပ်လိုက်ခြင်းက ပျက်စီးမှုပိုဖြစ်စေရုံသာရှိမည်။အများစုမှာ ထိုသို့ကုသခြင်းဖြင့် ပျောက်ကင်းကြသည်။ သို့သော အမြဲတမ်းတော့ မပျောက်ကြပါ။ အကယ်၍ ဒီနည်းလမ်းများက မသက်သာစေသေးပါဆိုလျှင် ခွဲစိတ်ရန် စဉ်းစားဖိုလိုနိုင်ပါသည်။ ခွဲစိတ်မှုကြောင့် သက်သာစေနိုင်သောလည်း ၎င်းမှာ နောက်ဆုံးမှသာရွေးချယ်ရမည်။ ခွဲပြီးနောက် ယခင်ကလို လှုပ်ရှားနိုင်မှုလယ်ဗယ်ထိ လူတိုင်းပြန်မရောက်တတ်ကြပါ။ ထို့ကြောင့် ခွဲစိတ်မည်ဆိုပါက အကျိုးအပြစ်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ နောက်ထပ်ရွေးချယ်စရာတစ်ခုခုကို စဉ်းစားဖို့လည်း လုပ်ပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပေါင်ခြံဒဏ်ဖြစ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပေါင်ခြံဒဏ်ဖြစ်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။ထိခိုက်မိသောခြေထောက်အား မထိခိုက်သော ခြေထောက်ကဲ့သို့ ကိုယ်စိတ်တိုင်းကျ ရွေးလျားနိုင်ခြင်း။ဒဏ်ဖြစ်သောခြေထောက်က ဒဏ်မဖြစ်သောခြေထောက်ဖက်ကလို သန်မာလာခြင်း။လမ်းလျှောက်၊ ဖွဖွပြေး၊ တဟုန်ထိုးပြေး၊ ခုန်ခြင်း တို့လုပ်လျှင် မနာတော့ခြင်း။ရေးသားသူ- Dr Hlaing Min Ko Ko။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/groin-strain-%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%92%e1%80%8f%e1%80%b9%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ရေနွေးကြမ်း နဲ့ ကော်ဖီ ဘယ်အရာက ပိုကျန်းမာစေသလဲ!
ရေနွေးကြမ်း နဲ့ ကော်ဖီက မတူကွဲပြားတဲ့ အရသာရှိသလို လူတွေမှာလည်း ကော်ဖီကြိုက်သူ ရှိသလိုရေနွေးကြမ်းကြိုက်သူကလည်း ရှိပါတယ်။ ဒီနှစ်ခုမှာ ကျန်းမာရေး ကောင်းကျိုးအသီးအသီး ရှိသလို ဘေးထွက်ဆိုးကျိုးလည်း အနည်းငယ်စီ ရှိကြပါတယ်။ အခုတစ်ခေါက်မှာတော့ ရေနွေးကြမ်း နဲ့ ကော်ဖီ ဘယ်အရာက ပိုကျန်းမာစေသလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ရေနွေးကြမ်းရော ကော်ဖီရောက လူကြိုက်များတဲ့ သောက်စရာတွေ ဖြစ်ပြီး တစ်ခုချင်းဆီမှာလည်း ကောင်းကျိုး၊ ဆိုးကျိုး အသီးသီး ရှိတာကြောင့် ဘယ်ဟာက ဘယ်ဟာထက် ပိုကောင်းတယ်လို့ ပြောလို့မရပါဘူး။လေ့လာမှုတွေအရ သိရတာက ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးတာက။အခြားသော လေ့လာမှုတွေအရ သိရတာကရေနွေးကြမ်းက အစာအိမ်၊ အစာရေမြို၊ ခံတွင်း၊ ဆီးကျိတ်၊ အူမကြီး ကင်ဆာတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်ဆိုပါတယ်။ကော်ဖီကို အသင့်ဖျော်မဟုတ်ဘဲ သဘာဝ နှပ်ကော်ဖီစစ်စစ်ကို သောက်သုံးပေးတာက အသည်းရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို နှလုံးရောဂါ၊ ဦးနှောက်ကျန်းမာရေးကို ကောင်းစေပြီး အမျိုးအစား – ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို အခြားကျန်းမာရေး ကောင်းကျိုးတွေ အနေနဲ့လည်း –။ရေနွေးကြမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် နာတာရှည် ကျန်းမာရေးပြဿနာတွေ အပါအဝင် ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ကော်ဖီမှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နာတာရှည် ကျန်းမာရေး ပြဿနာတွေကို မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာရေးဆိုးကျိုးဘက်က ကြည့်မယ်ဆိုရင်တော့။ကော်ဖီမှာ ရေနွေးကြမ်းထက်ကဖင်းပါဝင်မှုများပြီး အများကြီး သောက်မိတာမျိုး ဖြစ်မယ်ဆိုရင်တော့ –။အရွယ်ရောက်ပြီးတဲ့ကျန်းမာသူ တစ်ယောက် အနေနဲ့ တစ်နေ့ကို ကဖင်း ၄၀၀ မီလီဂရမ်အထိ သောက်လို့ ရပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေကတော့ တစ်နေ့ကို ၂၀၀ မီလီဂရမ်အောက်ပဲ စားသုံးသင့်ပါတယ်။ လေ့လာမှုတွေအရ သိရတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းအများကြီး စားသုံးတာ ပေါင်မပြည့်ဘဲမွေးဖွားတာ၊ကိုယ်ဝန်ပျက်ကျတာမျိုး အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကိုတော့ ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ရေနွေးကြမ်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့။အရွယ်ရောက်ပြီးသား သူတစ်ယောက်အနေနဲ့ တစ်ရက်ကို ရေနွေးကြမ်း ၃-၄ခွက် (၁လီတာ နီးပါး) လောက် သောက်နိုင်ပါတယ်။ ဒါက ကိုယ့်ကျန်းမာရေးပေါ်  မူတည်ပြီး အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။ကော်ဖီ‌ရော၊ ရေနွေးကြမ်းမှာရောက ကောင်းကျိုးဆိုးကျိုး ကိုယ်စီ ရှိပါတယ်။ ဒါကြောင့် ကိုယ်နှစ်သက်တာကို သောက်ပါ။ အရေးကြီးတာက ဘာပဲ‌သောက်သောက် အလွန်အကျွံ မသောက်ဖို့နဲ့ ကိုယ့်ကျန်းမာရေးအခြေအနေအလိုက် ထိန်းပြီး သောက်ဖို့ပဲ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/tea-vs-coffee-which-is-healthier/
ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စိုးရိမ်စရာလား!
ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာကို အလွဲမခံနိုင်တာ မေမေတိုင်းပါနော်။ ခန္ဓာကိုယ်မှာ တစ်ခုခု နေထိုင်မကောင်းတဲ့အခါ ကလေးကိုများ ထိခိုက်မလား! ဆေးသောက်ချင်ပေမယ့် သောက်လို့ ရပါ့မလား! စတဲ့စတဲ့ စိုးရိမ်မှု များစွာကို ခံစားကြရပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ကို စိတ်ဖိစီးစေနိုင်တဲ့ ကျန်းမာရေးအခြေအနေ တစ်ခုကို အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စိုးရိမ်စရာလား! ဆိုတာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များပေမယ့်ဝမ်းပျက်ဝမ်းလျှောတာကတော့ ဖြစ်ခဲပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စိုးရိမ်စရာလား! ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဝမ်းပျက်ဝမ်းလျှောတာက တော်တော်လေးကို မအီမသာဖြစ်စေတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒါပေမယ့် ပြည့်ပြည့်ဝဝ အနားယူတာ အပါအဝင် အိမ်တွင်းကုထုံးနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ဝမ်းပျက်ဝမ်းလျှောတယ်ဆိုတာကဝမ်းခဏခဏ သွားတာ၊ ဝမ်းအရည်တွေ သွားတာကို ဖြစ်စေနိုင်တဲ့အစာခြေစနစ် ပြဿနာတစ်မျိုးပါ။ နာရီအနည်းငယ် ကြာတာကနေ ရက်အနည်းငယ်အကြာအထိ အချိန်ကာလ အပိုင်းအခြား အမျိုးမျိုးနဲ့ ဖြစ်နိုင်ပါတယ်။ အချို့မေမေတွေမှာ ၂၄ နာရီ မပြည့်ခင် သက်သာသွားတာမျိုးလည်း ရှိတတ်ပါတယ်။ဝမ်းပျက်ဝမ်းလျှောတာက တစ်ခါတလေမှာ သူ့အလိုလို သက်သာသွားတတ်ပြီး အချို့သော အခြေအနေတွေမှာတော့ ကုသမှု ခံယူဖို့ လိုအပ်တာမျိုးတွေ ရှိနိုင်ပါတယ်။[embed-health-tool-pregnancy-weight-gain]။ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်ပြီး အားပြည့် ကျန်းမာလာစေဖို့ မဖြစ်မနေ လုပ်ဆောင်ပေးရမှာက ဝမ်းသွားတာနဲ့အတူ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါကိုယ်တွင်းက ရေဓာတ်နဲ့အတူ ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားတာပါ။ ဒီလို ဆုံးရှုံးမှုကို လုံလောက်အောင် ပြန်မဖြည့်နိုင်တဲ့အခါ ရေဓာတ်ခမ်းခြောက်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေများများ သောက်ပေးပါ။ ရေအပြင် အုန်းစိမ်းရည်၊ ဓာတ်ဆားရည်တွေ သောက်ပေးလို့ ရသလို စွပ်ပြုတ်ရည် ခပ်နွေးနွေးလေးကို သောက်ပေးလို့လည်း ရပါတယ်။ရေဓာတ်ပြည့်ဝအောင် ပြန်လည်ဖြည့်တင်းမှုမှာ ကဖင်းပါတဲ့ သောက်စရာတွေ၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ၊ အချိုရည်တွေ သောက်တာမျိုးတော့ မလုပ်ရပါဘူး။ဝမ်းပျက်ဝမ်းလျှော ဖြစ်နေပြီဆိုရင် အစားအစာတွေကို တစ်ခါတည်း အများကြီး စားလိုက်တာ၊ တဝ စားလိုက်တာမျိုးတွေ မလုပ်ပါနဲ့။ နည်းနည်းချင်းစီ အကြိမ်ရေများများ စားပေးပါ။ ဒီလို စားပေးတဲ့အခါမှာလည်း အစားအစာတွေထဲမှာ။ဒီနေရာမှာ သတိထားရမှာက အဆီများတာတွေ၊ စပ်တာတွေ၊ အချိုကဲတာတွေကို မစားမိဖို့ပါ။ နောက်ပြီး ဝမ်းလျှောနေချိန်မှာ အသီးအရွက်တွေ အများကြီးစားတာကို ခဏရှောင်ထားပါ။ လေပွစေပြီး အစာခြေစနစ်ကို ဝန်ပိစေလို့ပါ။ သက်သာသွားရင် ပြန်စားလို့ ရပါပြီ။Probioticsကို ဆေးအနေနဲ့ သောက်ပေးလို့ ရသလိုprobiotic ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးလို့လည်း ရပါတယ်။ ဒီလိုစားပေးတာကအစာခြေစနစ်ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေမှာပါ။ ဒိန်ချဉ်ဆိုရင် အလွယ်တကူရပြီး Probiotics ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်တစ်ခုက လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့နဲ့ သက်တောင့်သက်သာလေး အနားယူပေးဖို့ပါ။ ဒီတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝပြီးမိခင်ရော ဘေဘီလေးပါကျန်းမာစေဖို့အတွက် သက်သောင့်သက်သာလေး နားပေးပါ။ဝမ်းပျက်တာ အပါအဝင် အစာခြေစနစ် ပြဿနာ တော်တော်များများက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အစာခြေစနစ် ပြဿနာပါ။ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲတာ၊ စားသောက်မှုပုံစံ ပြောင်းလဲတာ၊ ဆေးဝါးအသစ်တွေ၊ ကိုယ်ဝန်ဆောင် ဗီတာမင်တွေ၊ စိတ်ဖိစီးမှုတွေများတာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်တာကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာတော့ အစားအသောက် သန့်ရှင်းမှု၊ လက်သန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/diarrhea-during-pregnancy/
အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ
အသက်အရွယ်ကြီးရင့်လာချိန်မှာ ခန္ဓာကိုယ်ဟာ လုပ်ဆောင်နိုင်စွမ်းတွေကျဆင်းလာပြီး ကျန်းမာသန်စွမ်းမှုလည်း နည်းပါးလာတတ်ပါတယ်။ အိုမင်းရင့်ရော်ခြင်း ဟာ ရှောင်လွဲလို့မရနိုင်တဲ့ အရာဖြစ်ပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကတော့ ဒီလိုမဟုတ်ပါဘူး။လူတစ်ယောက် မကျန်းမမာဖြစ်ရတဲ့ အဓိကအချက်ကနေထိုင်စားသောက်ပုံစနစ်မကျလို့သာဖြစ်ပါတယ်။ လူတွေထင်ထားသလို အသက်ကြီးလာတာနဲ့ တချို့ရောဂါတွေက မဖြစ်မနေဖြစ်မယ်လို့ မှတ်ယူထားလို့မရပါဘူး။ ဒီအချက်က မှားယွင်းပါတယ်။အိုမင်းရင့်ရော်ခြင်း ဆိုတာက သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ် တဖြည်းဖြည်း နှေးကွေးလာတဲ့ အခြေအနေတစ်ရပ်ပါ။ အအိပ်နည်းလာလိမ့်မယ်။ စာဖတ်ရင်မျက်မှန်လိုလာမယ်။ အချို့လူတွေမှာ အကြားအာရုံဆုံးရှုံးလာမယ်။ အရိုးတွေလည်း အိုမင်းလာပြီး လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလည်း မတူတော့တဲ့ အနေအထားမျိုးကို ဆိုလိုတာပါ။လူတွေကြုံဆုံလာရသမျှ ရောဂါတွေအားလုံးက အိုမင်းရင့်ရော်မှုထက် ကိုယ်တိုင်ရဲ့နေထိုင်စားသောက်ပုံ မမှန်ကန်ခဲ့လို့ဖြစ်ရတဲ့ ဝေဒနာတွေက အများစုပါ။ ဒါကြောင့်လည်း အသက်ကြီးလာချိန်မှာ မဖြစ်မနေကြုံဆုံရမယ်လို့ လူတွေထင်နေကြတဲ့ ကျန်းမာရေးပြဿနာတွေဟာ ယုံတမ်းစကားတွေဖြစ်နေလေ့ရှိပါတယ်။အိုမင်းရင့်ရော်မှုရဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ပတ်သက်ပြီး လူတွေသိနားလည်ထားတဲ့ ဘယ်လိုယုံတမ်းစကားတွေက မှားယွင်းနေလဲဆိုတာကို အောက်မှာ ရှင်းပြပေးပါမယ်။အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ ကတော့။ဒီအချက်က အလုံးစုံမမှန်သလို၊ အပြည့်အဝမှားယွင်းနေတယ်လို့လည်း မဆိုသာပါဘူး။ သင့်ခန္ဓာကိုယ်ကြီး က အိုမင်းလာမှာမှန်ပေမယ့် ယိုယွင်းမှုရှိမရှိဆိုတာ တစ်သက်တာလုံး သင်ဘယ်လိုနေထိုင်စားသောက်ခဲ့သလဲဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကိုချည်းစားသောက်ခဲ့ပြီးလေ့ကျင့်ခန်းလည်းမလုပ်၊ နေချင်သလိုနေလာခဲ့တယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က အရွယ်မတိုင်ခင်မှာတင် ယိုယွင်းလာမှာ အသေအချာပါပဲ။ WHO ရဲ့ အဆိုအရ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်နေထိုင်မယ်ဆိုရင် အိုမင့်ရင့်ရော်ခြင်းကို တားဆီးနိုင်မယ်လို့ ဆိုထားပါတယ်။လေ့လာချက်တွေအရဆိုရင်လည်း ငယ်ရွယ်နုနယ်စဉ်မှာ တက်ကြွဖျတ်လက်ပြီး ကျန်းမာရေးနဲ့ အညီနေထိုင်ခဲ့သူတွေဟာ အသက်ကြီးလာချိန်မှာ လွယ်လွယ်နဲ့ မအိုမင်းသွားတတ်ဘူးလို့ ဆိုထားကြပါရဲ့။ဒီအချက်က လုံးဝကို ယုံတမ်းစကားတစ်ခုသက်သက်သာဖြစ်ပါတယ်။ Neuropsychobiology Peer-reviewed Journal ရဲ့ ဖော်ပြချက်အရဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်လေ့ရှိတဲ့ လူကြီးတွေဟာ အဆီကိုလျှော့ချနိုင်တာ၊ ကြွက်သားတွေသန်မာစေတာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာစေတာဆိုတဲ့ အကျိုးကျေးဇူးကြီးတွေကို ရရှနိုင်ပါတယ်တဲ့။ဘယ်အသက်အရွယ်မို့လို့ လေ့ကျင့်ခန်းလုပ်လို့မရနိုင်ဘူးဆိုတဲ့ သက်သေပြချက်မရှိပါဘူး။ လေ့လာချက်တစ်ခုမှာပြောထားတာက အသက် ၆၀-၈၀ ကြားလူကြီးတစ်ချို့ကို ၄၂ ပတ်ကြာ သင့်လျော်ကိုက်ညီမှုရှိတဲ့ အလေးမလေ့ကျင့်ခန်းပြုလုပ်စေတဲ့အခါ ကြွက်သားသန်မာမှုနဲ့ ကြွက်သားလုပ်ဆောင်ချက်တိုးတက်မှုတွေရှိလာတာကို မြင်တွေ့ခဲ့ကြရပါတယ်။ဒါ့အပြင် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် လူကြီးတွေမှာDementiaနဲ့Alzheimer’s diseaseဖြစ်နိုင်ခြေလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ ကိုက်ညီမှုရှိတဲ့ လေ့ကျင့်ခန်းကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ပြုလုပ်သင့်တယ်ဆိုတဲ့သဘောပေါ့။တချို့လူတွေက သက်ကြီးရွယ်အိုတွေဟာ လူငယ်တွေထက်ပိုပြီး အိပ်စက်အနားယူသင့်တယ်လို့ ယူဆကြတယ်။ အကြောင်းကတော့ လူကြီးတွေဟာ တရေးတမောအိပ်စက်ရတာကို နှစ်ခြိုက်ကြတာကြောင့်ပါတဲ့။ တစ်ချို့တွေကတော့ လူကြီးတွေဟာ လူငယ်တွေထက် အိပ်ချိန်ပိုနည်းတာကောင်းတယ်လို့ ရှုမြင်ပြန်ပါတယ်။ လူကြီးဆိုတာ မနက်စောစောထတတ်တဲ့အကျင့်ရှိတာကြောင့်ပါတဲ့။ဒီအချက် ၂ ချက်မှာ ဘယ်အချက်မှန်တယ်ဆိုတာကို တိတိကျကျပြောဆို ခွဲခြားဖို့ ခက်ပါတယ်။ လူကြီးတွေဟာ အသက်အရွယ်ကြီးရင့်လာလေလေ အိပ်စက်ဖို့ ပိုမိုခက်ခဲလာလေလေ ဖြစ်လာတာကြောင့်ပါ။ ဒါကြောင့် သူတို့ဟာ တရေးတမော အိပ်စက်တာနဲ့ မကြာခဏအိပ်စက်တာမျိုးတွေ ပိုလုပ်ဖြစ်လာတာဖြစ်ပါတယ်။ လူငယ်တွေလို ညအချိန်မှာ အချိန်အကြာကြီး တစ်ခါတည်းအိပ်စက်တာမျိုးလုပ်ဖို့ သူတို့အတွက် ခက်ခဲလာတာကြောင့်ပါပဲ။အမေရိကန် CDC ရဲ့ လမ်းညွှန်ချက်အရဆိုရင်တော့ သက်ကြီးရွယ်အိုတွေဟာလည်း သာမန်လူတွေလိုပဲ တစ်နေ့မှာ ၇-၈ နာရီလောက်အိပ်စက်ပေးဖို့ပဲ လိုအပ်ပါတယ်တဲ့။ ဒီအိပ်ချိန်ပြည့်မီအောင် အိပ်ဖို့တောင် အအိပ်အနေနည်းတဲ့ လူကြီးတွေက အတော်ရုန်းကန်ရဦးမှာပါ။Osteoporosisလို့ခေါ်တဲ့ အရိုးပွရောဂါဟာအရိုးအားနည်းယိုယွင်းလာမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်။ လူအများစုက ဒီရောဂါဟာ အမျိုးသမီးတွေမှာပဲဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ ဒီအချက်ဟာ မှန်ကန်မှုမရှိပါဘူး။ ဒီရောဂါဟာ ဘယ်လို လိင်အမျိုးအစားမဆို၊ ဘယ်လိုအသက်အရွယ်မှာမဆို ဖြစ်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပမာဏအားဖြင့်ဆိုရင်တော့ အမျိုးသမီးတွေဟာ ၃ ဦးမှာ ၁ ဦးနှုန်းဖြစ်တတ်ပြီး အမျိုးသားတွေကတော့ ၅ ဦးမှာ တစ်ဦးနှုန်းဖြစ်ပွားတတ်တာပါပဲ။ အသက်အရွယ်ကြီးရင့်လာချိန်မှာတော့ ပိုသတိထားသင့်တာအမှန်ပါ။အသက်ကြီးရင့်လာချိန်မှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းရဲ့စွမ်းဆောင်ရည်က ကျဆင်းလာတာမှန်ပါတယ်။ ဒါပေမယ့် မဖြစ်မနေဖြစ်မယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ယုံတမ်းစကား ၃ ခုရှိတာမို့ အောက်မှာ တစ်ခုချင်း ရှင်းလင်းပြထားပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/medical-myths-all-about-aging/
ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိလာရတဲ့ Omicron XE မျိုးကွဲ
ပြီးခဲ့တဲ့ စနေနေ့က ထိုင်းမှာOmicron မျိုးကွဲတစ်ခုဖြစ်တဲ့ Omicron XE ကို စတင်တွေ့ရှိရပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံမှာ တွေ့နေရတာ ဖြစ်တဲ့အတွက် အချိန်မရွေး ဒီဘက်ကို ကူးလာနိုင်တာကြောင့် ဘာတွေသိထားသင့်လဲဆိုတာကို ပြောပြပေးပါမယ်။Omicron XEက Omicron BA.1 နဲ့BA.2ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မျိုးကွဲဆိုတာထက် မျိုးစပ်ထားတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ ဒီမျိုးစိတ်ကို ဇန်နဝါရီ ၁၉၊ ၂၀၂၂ မှာ ယူကေမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၅ရက်နေ့ထိဆိုရင် လူနာပေါင်း ၆၀၀ကျော် တွေ့ခဲ့ပြီး ဖြစ်ပါတယ်။Phylogenetic Assignment of Named Global Outbreak Lineages (Pangolin) အဆိုအရဒယ်တာနဲ့ BA.1 နဲ့ စပ်ထားတာက XDနဲ့ XFဆိုပြီး ၂ခုရှိနေပါတယ်တဲ့။ BA.1နဲ့ BA.2 စပ်ထားတာကတော့ XE, XG, XH, XJ, XKနဲ့ XL ဆိုပြီး ၆မျိုးတောင် ရှိပါတယ်။ ခုတွေ့ထားတဲ့ Omicron XEဆိုတာ ဒီ၆မျိုးထဲက တစ်ခုပါ။ယူကေအမျိုးသား ကျန်းမာရေးလုံခြုံရေးအင်ဂျင်စီရဲ့ အကြီးတန်း ကျန်းမာရေးအကြံပေးဖြစ်တဲ့Dr. Susan Hopkinsက ‘ပြောရမယ်ဆိုရင် ဒီလိုမျိုးမျိုးကွဲတွေထွက်နေတာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လူထုကြားမှာ မျိုးကွဲတွေ အများကြီး တစ်ပြိုင်နက်တည်း ရှိနေချိန်မှာ ပိုပြီး တွေ့ရတတ်ပါတယ်။ ဒီလိုမျိုး ပေါင်းစပ်တာတွေက ဟိုးအရင် ကပ်ရောဂါအစတည်းက ရှိခဲ့တာပါ။’ လို့ ပြောထားပါတယ်။တကယ်လည်းပဲ ဒီလိုမျိုး မျိုးစပ်သွားတာတွေက ရှိခဲ့ပါတယ်။ ရှိခဲ့ပေမယ့် သိသိသာသာ အန္တရာယ်ပေးနိုင်စွမ်း မရှိလို့သာ လူထုကြားထဲကို ထုတ်မပြတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါက ကိုဗစ်မှ မဟုတ်ပါဘူး။ ကိုဗစ်ကို ဖြစ်စေတဲ့ကိုရိုနာဗိုင်းရပ်စ်အပါအဝင် တခြားဗိုင်းရပ်စ်တွေ (ဥပမာ တုပ်ကွေးဗိုင်းရပ်စ်) ကလည်း ဒီလိုမျိုး မျိုးစပ်တတ်တဲ့ သဘောမျိုး ရှိပါတယ်။Omicron XEက Omicron BA.1 တို့၊ BA.2 တို့ထက် ပိုဆိုးလာမလားဆိုပြီး ထင်ကြေးပေးကြတာရှိပါတယ်။ တကယ်ဆိုရင် BA.2က BA.1 ထက် ပိုပြီးကူးစက်နှုန်းမြန်ပါတယ်။ နောက်ဆုံး UK Health Services Agency (UKHSA)ရဲ့ ထုတ်ပြန်ချက်အရတော့ Omicron XE က BA.2ထက် ၁၀%ကူးနှုန်းပိုမြန်ပြီး BA.1 ထက် ၄၃% ပိုကူးတယ်လို့ ဆိုပါတယ်။WHOကတော့ ဒီအချက်ကို အတည်ပြုဖို့ ဆက်ပြီးလေ့လာရဦးမယ်လို့ ဆိုပါတယ်။ ကူးစက်နှုန်းတင်မကဘဲ ရောဂါလက္ခဏာ၊ ပြင်းထန်မှု၊ ကာကွယ်ဆေးတိုးမတိုး စတာတွေကိုပါ ဆက်ပြီး လေ့လာနေကြပါတယ်။မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ကပ်နေတာဖြစ်တဲ့အတွက်  အချိန်မရွေး ကူးလာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ Omicron XEကြောင့် အသေအပျောက်တွေ  သိသိသာတိုးလာတာကိုတော့ မကြားရသေးပါဘူး။ ကူးစက်နှုန်း မြန်နိုင်တယ်လို့ ထင်ကြေးပေးထားကြတာ ဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/what-you-should-know-about-omicron-xe/
Fever In Children (ကလေးဖျားနာခြင်း)
ကလေးတွေမှာ ရောဂါတစ်ခုခုကြောင့် ကိုယ်ပူချိန်မြင့်တက်လာခြင်းကို ခေါ်ပါသည်။ ကလေးတွေရဲ့ ခန္ဓါကိုယ်အတွင်း တစ်ခုခုမှားနေပြီ ဆိုတာကို ဖော်ပြခြင်းလဲ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကလေးတွေမှာ ဖျားခြင်းဟာ ရောဂါအခြေအနေတစ်ခု အထူးသဖြင့် ရောဂါပိုးတစ်စုံတစ်ရာ ကူးစက်ခြင်းကိုပြတယ်လို့ ယူဆကြပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ကိုယ်ပူချိန်တက်ခြင်းမှာ ရောဂါပိုးရှိကြောင်းပြခြင်း ဖြစ်ပါတယ်။ကလေးတွေမှာ ဖျားတာဟာ အဖြစ်များပါတယ်။ ကလေးအကုန်လုံးနီးပါး တစ်ချိန်ချိန်မှာတော့ ဖျားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကလေးတွေမှာ ဖျားလျှင် အဖြစ်များဆုံးသော လက္ခဏာတွေမှာ။• ကဏှာမငြိမ်ခြင်း၊ နုံးခြင်း၊ တိတ်ဆိတ် ငြိမ်သက်ခြင်း။• ကိုယ်နွေးနေခြင်း သို့ ပူနေခြင်း။• အစာ ကောင်းကောင်း မစားခြင်း။• အလွန်ငိုခြင်း။• အသက်ရှူမြန်ခြင်း။• အအိပ် နှင့် အစားပုံစံ ပြောင်းသွားခြင်း။• တက်ခြင်း။• ပုံမှန် အခန်းတွင်း ပူလွန်း သို့ အေးလွန်းသည်ဟု ခံစားနေရခြင်း။• ကိုယ်လက် နာကျင်ကိုက်ခဲခြင်း သို့ ခေါင်းကိုက်ခြင်း။• အအိပ်များခြင်း သို့ အအိပ်ခက်ခြင်း။• အစားအသောက်ပျက်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအချက်အလက်တွေ ရှိလျှင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။• ကလေးက အသက် ၆ လအောက် ငယ်နေခြင်း။• ကလေးက ကဏှာမငြိမ်၊ အော့အန်၊ ခေါင်းကိုက်၊ ဗိုက်အောင့် သို့ တခြားမအီမသာ ဖြစ်စေသော လက္ခဏာတစ်ခုခုရှိနေခြင်း။• ပူနေတဲ့ ကားတွင်းထားပြီးနောက် သုံးရက်ကြာအောင် ဖျားနေခြင်း။• အာရုံမရခြင်း။• ကလေးက ဆရာဝန်နဲ့ ပြပြီးတောင် ကိုယ်ပူမကျ၊ ပိုဆိုးလာပြီး ရောဂါလက္ခဏာအသစ်တွေ ပြနေခြင်း။• စိုးရိမ်နေရသော်လည်း ကလေးဆရာဝန်နဲ့ အဆက်အသွယ်မရခြင်း။• တက်ခြင်း။• ကလေးမှာ နာတာရှည်ရောဂါတစ်မျိုးမျိုး ရှိနေပြီး ဆေးသောက်နေရခြင်း။ကလေးတွေကို ဖျားစေတဲ့ အကြောင်များမှာ။• Scarlet fever ကဲ့သို့ ဘက်တီးရီးယားပိုး ဝင်ခြင်း သို့ ရှားပါးစွာ လေးဘက်နာ ဗိုင်းရပ်စ်ပိုးဝင်ခြင်း။• ဖျားနိုင်တဲ့ ဆေးများသောက်နေရခြင်း။• ဓါတ်မတည့်ခြင်းများ။• လွန်ကဲစွာ နေလောင်ခြင်း။• ကင်ဆာအကျိတ်ရှိခြင်း။• တချို့ကာကွယ်ဆေးများ ဥပမာ ကြက်ညှာချောင်းဆိုး၊မေးခိုင်နှင့် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများထိုးခြင်း။ကလေးဖျားနာခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• အသက်။ ။ ကလေးတွေက ရောဂါတွေ ပိုကူးစက်နိုင်ကြပြီး ဖျားတတ်ကြပါတယ်။• ထိတွေ့ခြင်း။ ။ ကလေးတွေက ဖျားနေတဲ့ လူတစ်ယောက်နဲ့ ထိတွေ့မိနိုင်ပြီး ရောဂါပိုးကူးစက်ပြီး ဖျားနိုင်ပါတယ်။• ကိုယ်ခံအား။ ။ ကိုယ်ခံအားနည်းတဲ့ ကလေးတွေမှာ ရောဂါပိုးကူးစက်မှု ပိုဖြစ်နိုင်ပြီး ဖျားနိုင်ပါတယ်။• အစာနဲ့ ရေ။ ။ မသန့်ရှင်းတဲ့ရေ နဲ့ အစာရှိခြင်းက ရောဂါပိုးကူးခြင်းနှင့် ဖျားနာခြင်းကို ပိုဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကလေးရဲ့ အဖျားကို အတည်ပြုနိုင်ရန် ဆရာဝန်က ကလေးရဲ့ ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေး အခြေအနေတွေကို မေးမြန်းပါလိမ့်မယ်။ တစ်ခါတရံကလေးကို လက်တွေ့ စမ်းသပ်တာတွေပါ လုပ်နိုင်ပါတယ်။ သင့်ကလေး ကျန်းမာရေး အခြေအနေနဲ့ လက်တွေ့စမ်းသပ်မှုတွေပေါ်မူတည်ပြီး သွေးစစ်ခြင်းနှင့် ဓါတ်မှန်ရိုက်ခြင်းတို့ လိုကောင်းလိုနိုင်ပါတယ်။အမှန်တော့ ကလေးတွေမှာ ရက်အနည်းငယ်ဆိုလျှင် သူ့ဖာသာ အဖျားကျသွားတတ်ပါတယ်။ တခါတရံ မကုဘဲထားတာဟာ ကောင်းပါတယ်။ သို့သော်လည်း ဆရာဝန်တွေက ဘက်တီးရီးယားပိုးတွေ့တယ်ဆိုလျှင် ကလေးပဋိဇီဝဆေးတွေ ပေးပါလိမ့်မယ်။ ဆီးပိုးဝင်ခြင်း၊ နားပိုးဝင်ခြင်း၊ လည်ချောင်းပိုးဝင်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်ခြနှင့် အဆုတ်ရောင်ခြင်းတွေကို အိမ်မှာပဲ ပဋိဇီဝဆေးတိုက် ကုသပါတယ်။ ကလေးကို ပဋိဇီဝဆေးတိုက်လျှင်တိုက် သို့မဟုတ် ဆေးထိုးလျှင်ထိုးပါလိမ့်မယ်။ သို့မဟုတ် နှစ်ခုလုံးလည်း လုပ်နိုင်ပါတယ်။တကယ်လို့ သင့်ကလေးက ဘက်တီးရီးယားဦးနှောက်အမြှေးပါးရောင်ရောဂါဖြစ်နေလျှင် ဆေးရုံတက်ခိုင်းပြီး အဖျားအတွက် acetaminophen(thylenol) သို့ ibuprofen (Advil) ပေးပါလိမ့်မယ်။ကလေးဖျားနေစဉ် ရေဓါတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ ကလေးကို ဓါတ်ဆားရည်တိုက်ခြင်း သို့ အကြောဆေးသွင်းခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ကလေးက အန်နေလျှင် အအန်သက်သာဆေးကို ဆေးထိုးခြင်း သို့ စအိုသွင်းဆေးပေးခြင်းတို့ပြုလုပ်နိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/fever-in-children-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%96%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကိုဗစ်ကာလမှာ မင်္ဂလာဆောင် သွားမယ်ဆိုရင်
ကိုဗစ်လှိုင်းလည်း အနည်းငယ်ငြိမ်ကျလာပြီဆိုတော့ အပြင်ထွက်ပြီး ဟိုဟိုဒီဒီ သွားလာကြပါပြီ။ အလုပ်တွေလည်း ပြန်တက်ကြသလို ပွဲလမ်းသဘင်တွေလည်း ခပ်စိတ်စိတ် တွေ့လာရပါပြီ။ ဒီထဲမှာ အများဆုံးတွေ့ရတာကတော့ မင်္ဂလာဆောင် တွေ ပါပဲ။ မင်္ဂလာဆောင်ဆိုတာလည်းလူစုလူဝေးဖြစ်တဲ့အတွက် ကိုဗစ်မကူးဖို့ အထူးဂရုစိုက်သင့်ပါတယ်။ကိုဗစ်က မပြီးသေးတာဖြစ်တဲ့အတွက် မင်္ဂလာဆောင်အပါအဝင် ဘယ်လိုပွဲလမ်းသဘင်၊ လူစုလူဝေးကမှ အန္တရာယ်ကင်းတာမျိုး မဟုတ်ပါဘူး။ လူနည်းနည်းပဲစုစု၊ များများပဲစုစု ရောဂါကူးနိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေ ထိုးထားမယ်။ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ကူးစက်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ကိုယ့်ရဲ့ မင်္ဂလာပွဲကနေ လူတွေအများကြီး ကိုဗစ်ကူးသွားတယ်ဆိုရင် မင်္ဂလာမောင်နှံက စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကူးစက်မှုကို လျှော့ချဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။နောက်ဆုံးလေ့လာချက်တွေအရ အလုံပိတ်နေရာတွေကလေဝင်လေထွက်ကောင်းတဲ့နေရာတွေနဲ့ ယှဉ်ရင်ကိုဗစ်ကူးစက်နိုင်ခြေများပါတယ်။ ဒါကြောင့် မင်္ဂလာဆောင်ဖို့ နေရာရွေးတဲ့အခါ လေဟာပြင်လို ဒါမှမဟုတ် အဆောက်အအုံထဲမှာဆိုရင်လည်း လေဝင်လေထွက်ကောင်းအောင် သတိထားဖို့ လိုပါတယ်။အပြင်မှာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ၆ပေခွာဖို့က ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံး တစ်မီတာ (၃ပေ) လောက် ခွာပြီး ခုံနေရာချထားဖို့ လိုပါတယ်။ ဒါ့ပြင် စားပွဲဝိုင်း တစ်ဝိုင်းနဲ့ တစ်ဝိုင်းကိုလည်း ချဲထားဖို့ လိုပါတယ်။မင်္ဂလာဆောင်မှာ နှာခေါင်းစည်း၊ လက်သန့်ဆေးရည် စတာတွေကို ဆောင်ထားဖို့ လိုပါတယ်။ ဒါမှနှာခေါင်းစည်း လဲချင်တဲ့သူအတွက် အဆင်ပြေမှာ ဖြစ်သလို မကြာခဏ လက်ဆေးဖို့လည်း လွယ်ကူမှာ ဖြစ်ပါတယ်။ မင်္ဂလာလက်ဆောင်အနေနဲ့ ပြန်ကမ်းမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။လူများလေလေ ကူးစက်နိုင်ခြေ၊ ပြန့်နှံ့နိုင်ခြေ များလေလေ ဖြစ်တဲ့အတွက် တတ်နိုင်သမျှ အကျဉ်းချုံ့ပါ။ မင်္ဂလာအချိန်ကိုလည်း ခပ်တိုတိုထားပါ။ တတ်နိုင်သမျှ လူစုလူဝေး ဖြစ်ချိန်ကို လျှော့ချဖို့ လိုပါတယ်။မင်္ဂလာမောင်နှံနဲ့ နှစ်ဖက်မိဘဆွေမျိုးတွေအနေနဲ့ ကာကွယ်ဆေး ပြည့်စုံအောင် ထိုးထားသင့်ပါတယ်။ မင်္ဂလာပွဲမှာ အချိန်အကြာဆုံး ရှိနေမယ့် သူတွေဖြစ်လို့ ရောဂါပိုးနဲ့ အကြာဆုံး ထိတွေ့နိုင်ခြေ ရှိလို့ပဲ ဖြစ်ပါတယ်။ကိုယ်က မင်္ဂလာဆောင်သွားရမယ့် ဧည့်သည်ဖြစ်နေမယ်ဆိုရင် မိမိကြောင့် သူတစ်ပါးရောဂါ မကူးစေဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။အထူးသဖြင့်ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ပင်းနာတာ စတာတွေ ခံစားနေရရင် မင်္ဂလာဆောင်ကို မသွားသင့်ပါဘူး။ လူစုလူဝေးမှာ ရောဂါဖြန့်မိရင် လူအများကြီးကို တစ်ခါတည်း ကူးစက်သွားစေနိုင်လို့ပါ။ အခန့်မသင့်ရင် ကိုဗစ်လှိုင်းတစ်ခုအထိ ဖြစ်သွားနိုင်ပါတယ်။အစာစားချိန်ကလွဲပြီး နှာခေါင်းစည်းတပ်ထားတာက ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။ မိတ်ကပ်ပျက်မှာစိုးလို့ဆိုပြီး နှာခေါင်းစည်း မတပ်တာ၊ ဖြုတ်ထားတာမျိုးကို ရှောင်ပါ။ လူစုလူဝေးဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ ခက်ခဲတာက နှာခေါင်းစည်းတပ်ထားတာက စိတ်အချရဆုံးပါ။မွန်းလာတယ်ဆိုရင် လူရှင်းတဲ့နေရာသွား ခဏဖြုတ်ပြီး အသက်ဝဝရှူပါ။ ချွေးစိုနေရင်၊ ညစ်ပေသွားရင် နှာခေါင်းစည်းကို အသစ်လဲပါ။လေဝင်လေထွက်ကောင်းတာက အခန်းတွင်းမှာ ပိုးအောင်းနေတာကို လျော့ကျစေပါတယ်။လူစုလူဝေး ဖြစ်တဲ့အတွက် ပစ္စည်းတွေ၊ စားပွဲမျက်နှာပြင်တွေကို လူတကာကိုင်တွယ်ထိတွေ့နေမှာပါ။ ဒါကြောင့်မကြာခဏ လက်ဆေးပါ။ လက်သန့်ဆေးရည် ဆောင်ထားပါ။မင်္ဂလာဆောင်မှာ ခပ်ကြာကြာနေတာ၊ လူအများနဲ့နီးနီးကပ်ကပ် စကားပြောတာကို ရှောင်ပါ။ ကိုဗစ်က ခုချိန်ထိ မပြီးသေးတဲ့အတွက် အချိန်မရွေး ကူးစက်နိုင်ခြေ ရှိပါတယ်။ချောင်းဆိုး၊ နှာချေချင်တဲ့အခါ နှာခေါင်းစည်းထဲကို ဆိုးပါ။ နှာခေါင်းစည်းဖြုတ်ထားတဲ့ အချိန်ဆို တံတောင်ကွေး ဒါမှမဟုတ် တစ်ရှူးနဲ့ အုပ်ဆိုးပြီး စနစ်တကျ စွန့်ပစ်ပါ။ကာကွယ်ဆေး ထိုးထားတာက သူများဆီက ကူးစက်မှုကို လျှော့ချနိုင်သလို မိမိကနေ သူများဆီကို မကူးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-celebrate-wedding-during-covid/
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း တို့က မျိုးရင်း တူတူပဲ ဆိုပေမယ့် ပန်းဂေါ်ဖီ မျိုးရင်းဝင်တွေပါပဲ။ မျိုးရင်းတူသလို အာဟာရတန်ဖိုးလည်း သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပန်းဂေါ်ဖီထက် ပန်းဂေါ်ဖီစိမ်းကိုဆေးဖက်ဝင်တယ်လို့ ထင်မှတ်ကြသူက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ပန်းဂေါ်ဖီ ဆိုတာက အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးတွေနဲ့ အပွင့်အခက်လေးတွေကတေ့ အဖြူရောင် အဆုတ်လိုက် ကလေးတွေပေါ့။ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းတယ်လေ။ ပန်းဂေါ်ဖီကို ဘဲဥလေး၊ ပုစွန်ခြောက်လေးနဲ့ ကြော်စားတာက တော်တော်လေး စားကောင်းပါတယ်။ပန်းဂေါ်ဖီက အဖြူရောင် ဒါမှမဟုတ် စိမ်းဖန့်ဖန့် အရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် C၊ ဗီတာမင် K နဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ပန်းဂေါ်ဖီကို သူ့ချည်း ကြော်စားလို့ ရသလို အခြား အသီးအရွက်တွေ၊ အသား၊ ဘဲဥ နဲ့ အခြားသော နှစ်သက်ရာ တွေနဲ့ ကြော်စားလို့ ရပါတယ်။ ချဉ်ရည်ဟင်းချက်စားလို့ ရသလို လက်ဖက်နဲ့ သုပ်စားရင်လည်း အတော်လေး အဆင်ပြေပါတယ်။ပန်းဂေါ်ဖီမှာ ဗီတာမင် C ပါဝင်မှုကကိုယ်ခံအားကောင်းစေပြီး ဗီတာမင် K ပါဝင်နေတာက သွေးတိတ်စေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်သလို ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။  အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေမှဖို့ ထောက်ကူပေးမှာပါ။ပန်းဂေါ်ဖီမှာ ခိုလင်း ပါဝင်နေတာကကောင်းကောင်း အိပ်ပျော်စေပြီး မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းတွေ ကောင်းစေသလို ကြွက်သားလှုပ်ရှားမှုတွေ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေ အပြင် ပန်းဂေါ်ဖီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် B၊ ဖော့စဖရိတ်နဲ့ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝမှုကြောင့် ပန်းဂေါ်ဖီကနှလုံး ကျန်းမာစေသလို အချို့သော ကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ပန်းဂေါ်ဖီစိမ်း ဆိုတာက အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးတွေနဲ့ အပွင့်အခက်လေးတွေကလည်း နာမည်နဲ့ လိုက်အောင် စီမ်းစိမ်း အဆုတ်လိုက် ကလေးတွေပေါ့။ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းတယ်လေ။ ပန်းဂေါ်ဖီကို ပုစွန်ခြောက်လေးနဲ့ ကြော်စားတာက တော်တော်လေး စားကောင်းပါတယ်။ မာလာအနှစ်နဲ့ ကြော်စားတာ ကင်စားတာကလည်း စားရတာ အရသာ အတော် ရှိတာပါ။ပန်းဂေါ်ဖီက အစိမ်းအရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလိုဗီတာမင် C၊ ဗီတာမင် K နဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ပန်းဂေါ်ဖီစိမ်းကို သူ့ချည်း ကြော်စားလို့ ရသလို အခြား အသီးအရွက်တွေ၊ အသား၊ ဘဲဥ နဲ့ အခြားသော နှစ်သက်ရာ တွေနဲ့ ကြော်စားလို့ ရပါတယ်။ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C ပါဝင်မှုကပန်းဂေါ်ဖီထက် ပိုများပြီး ကိုယ်ခံအား ကောင်းစေဖို့ မှိဝဲပေးလို့ ရပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် K ပါဝင်နေတာက သွေးတိတ်စေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်သလို ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။အစာခြေစနစ်ကျန်းမာစေပြီး ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါ သေးတယ်။ပန်းဂေါ်ဖီစိမ်းမှာ ခိုလင်း ပါဝင်နေတာက  ကောင်းကောင်း အိပ်ပျော်စေပြီး မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းတွေ ကောင်းစေသလို ကြွက်သားလှုပ်ရှားမှုတွေ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေ အပြင် ပန်းဂေါ်ဖီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် B၊ ဖော့စဖရိတ်နဲ့ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။ပန်းဂေါ်ဖီစိမ်းက အရေပြား ကျန်းမာစေသလိုစိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝမှုကြောင့် ပန်းဂေါ်ဖီက နှလုံး ကျန်းမာစေသလို အချို့သော ကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတော့ ၂ မျိုးစလုံးက အာဟာရဓာတ် ပြည့်ဝသလို အရသာလည်း ရှိပါတယ်။ ကျန်းမာရေးကိုလည်း ကောင်းကျိုးပြုကြသလို တစ်မျိုးစီမှာ မတူညီတဲ့ ကျန်းမာရေး အာနိသင် ထူးလေးတွေလည်း ရှိကြပါတယ်။ပန်းဂေါ်ဖီစိမ်းက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေသလို ဗီတာမင် K ၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဒြပ်ပေါင်း တစ်ခုဖြစ်တဲ့sulforaphaneလည်း ပါဝင်နေပါတယ်။ပန်းဂေါ်ဖီမှာ ဗီတာမင် C ပါဝင်မှုက ပန်းဂေါ်ဖီစိမ်းမှာလောက် မများပေမယ့် အမျှင်ဓာတ် နဲ့ ကယ်လ်ဆီယမ် ပါဝင်မှုကတော့ မလျော့ပါဘူး။ ဒါတွေအပြင် ဗီတာမင် K၊ ခိုလင်း တို့လိုမျိုး ဦးနှောက်ကို အကျိုးပြုပေးနိုင်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အရောင်ကျစေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။သဘာဝကနေရတဲ့ အသီးအရွက်တိုင်းက ကျန်းမာရေး ကောင်းကျိုးပြုတာကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက် တစ်မျိုးမျိုးကို ပါဝင်အောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/broccoli-vs-cauliflower-which-is-healthier/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/chronic-pelvic-pain-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9%e1%80%90%e1%80%84%e1%80%b9%e1%80%95%e1%80%86%e1%80%b6%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%81/
အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ
လူခန္ဓာကိုယ်မှာအရိုးနဲ့ အဆစ်အမြစ်တွေ ကျန်းမာဖို့က သိပ်ကို အရေးကြီးပါတယ်။ အရိုးဆိုတာက ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ ဒေါက်တိုင်မဟုတ်လား။ အရိုးတွေ အဆစ်အမြစ်တွေ တစ်ခုခုဖြစ်တာနဲ့ လူက ဘုံးဘုံးလဲတော့တာပဲလေ။အရိုးဆိုတာက အသွင်သဏ္ဍာန်အားဖြင့် မာကျောလှတယ်ထင်ရပေမယ့် အသက်အရွယ်ရလာချိန်မှာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ယိုယွင်းလာတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာကတည်းက အရိုးကျန်းမာအောင် မစောင့်ရှောက်ထားရင် အသက်ကြီးလာတဲ့အခါ အခက်ကြုံပါလိမ့်မယ်။ ဒီတော့ အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။အဆစ်အမြစ်တွေကတော့ အရိုးထက်တောင် ပိုစောစောစီးစီးယိုယွင်းတတ်တာပါ။ ဒီတော့ အရေးပါလှတဲ့ ဒီအရာတွေကို ကာလရှည်ကြာ ကျန်းမာနေစေဖို့ ခုချိန်ကတည်းက စောင့်ရှောက်ရပါမယ်။အလွယ်ဆုံးနည်းကတော့ အဆစ်အမြစ် ကျန်းမာစေမယ့် အစားအစာတွေကို သတ်သတ်မှတ်မှတ်မှီဝဲပေးတာပါပဲ။ အဆစ်အမြစ်ကို ကျန်းမာစေမယ့် အစားအစာတွေဆိုတာ ဘယ်လိုအရာတွေလဲဆိုရင်တော့။ချယ်ရီသီးက မြန်မာပြည်မှာတော့ သိပ်ပြီး ခေတ်မစားလှပါဘူး။ ဒါပေမယ့် ဖျော်ရည်တွေကိုတော့ လက်လှမ်းမှီမှီဝယ်ယူ မှီဝဲနိုင်ပါတယ်။ ချယ်ရီသီးမှာပါဝင်တဲ့ anthocyanins က သူ့ရဲ့ ကြက်သွေးရောင် အရောင်အဆင်းကို ဖန်တီးပေးပါတယ်။ဒါပေမယ့် anthocyanins က အဲ့ဒီတစ်ခုတည်းကို အသုံးဝင်တာမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်က အဆစ်အမြစ်တွေ ဂျွိုင်းဆက်တွေကိုလည်း ကျန်းမာစေတဲ့၊ ကြံ့ခိုင်စေတဲ့ အကျိုးကျေးဇူးလည်းပေးပါသေးတယ်။ ဒါကြောင့် ချယ်ရီသီးဖျော်ရည်သောက်ရင် အဆစ်အမြစ်နာကျင်တာတွေ သက်သာစေတာဖြစ်ပြီး ၎င်းက ဂေါက်ရောဂါကိုလည်း တားဆီးပေးပါတယ်။ငရုပ်သီးတွေဟာ ကိုယ်ခံအားကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေပါ။ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီးတော့ အဆိုပါဗီတာမင် Cတွေက ခန္ဓာကိုယ်မှာ ကော်လာဂျင်တွေ ထုတ်လုပ်နိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒီကော်လာဂျင်တွေက အဆစ်အမြစ်နဲ့ အရွတ်တွေ မြဲမြံကြံ့ခိုင်စေဖို့ ကူညီပေးပါတယ်။ဆဲလ်မွန်ငါးဟာ လူ့ကျန်းမာရေးကို အမျိုးမျိုးအဖုံဖုံအထောက်အကူပြုတဲ့ အစားအစာတစ်မျိုးပါ။ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ဒီငါးတွေဟာ အရိုးကြံ့ခိုင်စေဖို့ ကူညီပေးမှာပါ။ omega-3s လည်းပါဝင်တာမို့ နာကျင်မှုကိုလည်း လျှော့ချပေးပါတယ်။အုတ်ဂျုံ (Oatmeal)အပြင် ဆန်လုံးညိုနဲ့ ဘာလီတို့ဟာ အရိုးနာကျင်မှုကို လျော့ပါးစေဖို့ ကူညီပေးနိုင်သမလို အရိုး၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ ပေါ့ပါးလန်းဆန်းနေစဖို့လည်း ကူညီပေးပါတယ်။ တစ်ခုသတိထားဖို့လိုအပ်တာက ဆန်နဲ့ ဂျုံမှုန့်အဖြူတွေကတော့ Grain အမျိုးအစားတွေပဲဖြစ်ပေမယ့် ပြောင်းပြန်အကျိုးသက်ရောက်မှုပဲ ပေးနိုင်တယ်ဆိုတာပါပဲ။နနွင်းဟာ ဆေးဘက်ဝင်တယ်လို့ အရှေ့တိုင်းသားတွေ မှတ်ယူထားကြပြီးသားပါ။ နနွင်းမှာ Curcumin လို့ခေါ်တဲ့ ဓာတုဗေဒဓာတ်တစ်မျိုးပါရှိပြီးတော့ ဒီဓာတ်က ဒူးတစ်ဝိုက်မှာရှိတဲ့ အဆစ်အမြစ်တွေကို နာကျင်ကိုက်ခဲမှုမဖြစ်အောင် ဖြစ်နေရင်လည်း လျော့ပါးအောင် ကူညီပေးပါတယ်။ သစ်ကြံ့ပိုးနဲ့ ချင်းတို့ကလည်း ဒီလိုအကျိုးသက်ရောက်မှုမျိုးကို ပေးစွမ်းနိုင်တာမို့ ပုံမှန်မှီဝဲပေးသင့်ပါတယ်။သစ်ကြားသီးမှာက အမျိုးမျိုးသော အာဟာရဓာတ်တွေနဲ့ သက်စောင့်ဓာတ်တွေ ပါရှိနေပါတယ်။ ဒီထဲမှာမှ နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးစေနိုင်တဲ့omega-3 fatty acidsက အဆစ်အမြစ်တွေကို အထောက်အကူပြုပါတယ်။ တစ်ခုရှိတာကတော့ သစ်ကြားသီးဟာ ကယ်လိုရီများတာမို့ မှီဝဲရာမှာ စနစ်တကျကန့်သတ်မှီဝဲဖို့ လိုအပ်ပါတယ်။လူကြိုက်များတဲ့ ဒီဟင်းရွက်လေးတွေဟာ အဆစ်အမြစ်ကျန်းမာရေးကို အထောက်အကူဖြစ်နေပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့အပြင်antioxidantsတစ်မျိုးဖြစ်တဲ့ beta-carotene နဲ့ ကယ်လ်ဆီယမ်ဓာတ်ပါ ပါဝင်နေတာမို့ အဆစ်အမြစ်ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာလို့ဆိုကြပါတယ်။ အဆစ်အမြစ်အတွက်သာမက အရိုးကျန်းမာရေးအတွက်ပါ ကိုက်လန်ကို နေ့စဉ်မှီဝဲပေးသင့်ပါတယ်။ခုဖော်ပြပေးခဲ့တဲ့ အစားအစာတွေကို ပုံမှန်မှီဝဲပေးသွားပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်း ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာတောင်မှ သင့်ရဲ့ အဆစ်အမြစ်တွေက ကောင်းမွန်စွာ အလုပ်လုပ်နေနိုင်ဦးမှာဖြစ်ပါတယ်။ကဲ …… အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ ဒါလေးတွေကို စားသုံးပေးစေချင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/joints-food/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/prenatal-massage-benefits/
အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
ကိုယ်ဝန်ဆောင်ချိန်တိုင်းကတော့ အန္တရာယ် ကင်းတယ်ဆိုတာ မရှိသလောက်ပါ။ တစ်ဦးတည်းကို ကိုယ်ဝန်ဆောင်ထားရတာကတောင် အတော်လေး အန္တရာယ်များတာပါ။  အမြွှာ ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်က ပိုဂရုစိုက်ဖို့ လိုသလို ပိုအန္တရာယ် များမယ်ဆိုတာလည်း အသေအချာပါပဲ။ ဒီတစ်ခေါက်တော့ အမြွှာကိုယ်ဝန်ဆောင်​ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်က အန္တရာယ်များတယ်ဆိုပေမယ့် သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သလို မေမေရာ ဘေဘီလေးပါ ကျန်းမာမှာ အသေအချာပါပဲ။အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကတော့။လမစေ့ဘဲ ကလေး မွေးဖွားတာ။အမြွှာကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားကြတာ များပါတယ်။ တစ်ဦးမကတဲ့ ဘေဘီလေးတွေကို  ကိုယ်ဝန်ဆောင်ထားရတာကြောင့် ကိုယ်ဝန်က လမစေ့ဘဲ မွေးဖွားနိုင်ခြေက တော်တော်လေး များနေတာပါ။ကလေးကလမစေ့ဘဲ မွေးဖွားတာ​ကြောင့် ကောင်းကောင်း မဖွံ့ဖြိးသေးတာမျိုး ရှိနိုင်သလိုပေါင်မပြည့်တာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေးတစ်ယောက်က ကျန်းမာတဲ့ ကလေးတစ်ယောက်အနေနဲ့ မွေးဖွားဖို့ မွေးစမှာ ကိုယ်အလေးချိန် ၅.၅ ပေါင်ထက်မနည်း ရှိဖို့ လိုပါတယ်။ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်တာ။အမြွှာ ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေက ပုံမှန် ဘေဘီလေး တစ်ယောက်တည်းကိုကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေထက် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ကာလ စောစောပိုင်းမှာတင် သွေးတိုးတာကို ခံစားရတတ်ပြီး ဘေဘီလေး တစ်ယောက်တည်းကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေထက်လည်း ပြင်းထန်နိုင်ပါတယ်။ စောစာစီးစီး အချင်းကွာတာကိုလည်း ခံစားရနိုင်ပါသေးတယ်။သွေးအားနည်းတာ။အမြွှာ ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေက သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များသလို သွေးအားနည်းတာကို ခံစားရနိုင်ခြေကလည်း ပုံမှန်မေမေတွေထက် ၂ ဆကျော် ပိုများနေပါတယ်။ကိုယ်ဝန်ပျက်ကျတာ။အမြွှာ ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေကဘေဘီလေးတစ်ယောက်တည်းကို  ကိုယ်ဝန်ဆောင်ထားတဲ့ မေမေတွေထက် ကိုယ်ဝန်ဆောင် ပထမ ၃ လပတ် ကာလအတွင်းမှာ ပျက်ကျနိုင်ခြေ တော်တော်လေး များပါတယ်။ ဒီလိုကိုယ်ဝန်ပျက်ကျနိုင်ခြေများတာက ကိုယ်ဝန်ဆောင် နောက်ဆုံး ၃ လပတ်အထိ ပါပဲ။ ဒါကြောင့် အချိန်တိုင်းမှာ သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ရေမြွှာရည် ပုံမှန် မဟုတ်တာ။အမြွှာ ကိုယ်ဝန်ဆောင်မေမေတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုက အမြွှာလေးတွေဟာ အချင်း တစ်ခုတည်းကို  မျှဝေမှီခိုနေရတာ ဖြစ်တဲ့အတွက် မေမေတွေမှာရေမြွှာရည် ပုံမှန် မဟုတ်တာကို ခံစားရနိုင်ပါတယ်။ခွဲမွေးရတာ။အမြွှာ ကလေးတွေမှာသန္ဓေသားက အနေအထားပုံမှန် မဟုတ်တာကြောင့်အမြွှာတွေကို ရိုးရိုးမွေးဖို့ ခက်ပြီး ခွဲမွေးရတာမျိုး ရှိနိုင်ပါတယ်။မီးဖွားပြီးချိန်မှာ သွေးသွန်နိုင်ခြေ များတာ။အချင်းဧရိယာ ကြီးတာ၊သားအိမ်ကပုံမှန်ထက် ဆန့်ထားရတဲ့ အခြေအနေတွေက မွေးဖွားပြီးချိန်မှာ အမြွှာကိုယ်ဝန်ဆောင် မေမေတွေက အခြား မေမေတွေထက်သွေးသွန်နိုင်ခြေပိုများပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/risks-of-a-multiple-pregnancy/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%91%e1%80%bd%e1%80%ac%e1%80%b8%e1%80%96%e1%80%bd%e1%80%b6%e1%80%b7%e1%80%96%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%99/
မှိုတက်တို့ဖူး စားလို့ရမရ
ဆိုရှယ်မီဒီယာမှာ အမွေးလေးတွေ ထွက်နေတဲ့ တို့ဖူးတွေကို စားနေကြတာ တွေ့ဖူးကြမှာပါ။ မြန်မာမှာဆို ရှမ်းပြည်ဘက်က လူတွေ စားကြပါတယ်။ တကယ်တော့ အဲ့တာလေးတွေက မှိုတက်တို့ဖူး တွေပါ။ မှိုတက်နေတာကြီးက စားလို့ရလို့လား။ ကျန်းမာရေးတွေ ဘာတွေ ထိခိုက်နိုင်မလားဆိုပြီး မေးကြတာလည်း ရှိလို့ ဒီဆောင်းပါးလေးမှာ ရှင်းပြပေးပါတယ်။မှိုတက်တို့ဖူးလို့ အလွယ်ပြောပေမယ့် တကယ်က အစားအသောက်တွေ မကောင်းလို့ မှိုတက်နေတာမျိုးတော့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် သူက မှိုတက်အောင် အချဉ်ဖောက်ထားတာ ဖြစ်ပါတယ်။ သူရဲ့ ဌာနေကတော့ တို့ဖူးကို နှစ်ခြိုက်စွာစားသုံးကြတဲ့ တရုတ်နိုင်ငံ၊ အန်းဟွေ့ပြည်နယ်ကပဲ ဖြစ်ပါတယ်။သူ့ရဲ့ ပုံစံက မှိုတက်နေတယ်လို့ ထင်ရပေမယ့် အနီးစပ်ဆုံး သူနဲ့တူတဲ့ အစားအစာတွေကတော့ ချိစ်တွေ၊ ဒိန်ချဉ်တွေပါ။ ဒါတွေကလည်းအချဉ်ဖောက်ထားပြီး စားလို့ရတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။လုပ်တဲ့နည်းကတော့ လောလောဆယ် နှစ်နည်းရှိပါတယ်။ သဘာဝအတိုင်း အချဉ်ဖောက်တဲ့ နည်းနဲ့ ရယ်ဒီမိတ်မှိုကို သုံးပြီး အချဉ်ဖောက်တဲ့ နည်းဖြစ်ပါတယ်။သဘာဝအတိုင်း လုပ်တဲ့နည်းမှာဆိုရင်။နောက်တစ်မျိုးကတော့ ရယ်ဒီမိတ်မှိုကို အသုံးပြုပြီး ဖောက်တာပါ။ ရယ်ဒီမိတ် မှိုကတော့Mucorဆိုတဲ့ မှိုအမျိုးအစားကို သုံးတာပါ။ တစေးကိုသုံးပြီး အချဉ်ဖောက်သလိုပေါ့။မှိုတက်နေတဲ့ တို့ဖူးတွေနဲ့ အချဉ်ဖောက်ထားတဲ့ တို့ဖူးတွေက မတူပါဘူး။ မှိုတက်တဲ့ တို့ဖူးတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေ ပေါက်ဖွားပြီး အရောင်ရော၊ အနံ့ရောက သိသာပါတယ်။ စားမိရင်အစာအဆိပ်သင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။အခုလိုမျိုး အချဉ်ဖောက်ထားတဲ့ တို့ဖူးကတော့ ကျန်းမာရေးအတွက် ဆိုးကျိုးမရှိဘဲ စားလို့ရတဲ့ မှိုပဲပေါက်အောင် စပြီးအချဉ်ဖောက်တည်းက ပိုးသတ်ပြီး ဖောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စားလို့ရပါတယ်။တကယ်လို့ အချဉ်ဖောက်တဲ့ အဆင့်မှာ သန့်ရှင်းမှုမရှိလို့ တခြားဘက်တီးရီးယားတွေ၊ မှိုတွေ ပေါက်လာခဲ့ရင်တော့ ဖြူဖြူအမွေးလေးတွေ မဟုတ်တော့ဘဲ တခြားအရောင်တွေ ရောနေတာ၊ အနံ့မကောင်းတာ၊ ပျစ်ချွဲချွဲဖြစ်နေတဲ့ တို့ဖူးတွေ ဖြစ်လာမှာပါ။ဒါကြောင့်မှိုတက်တဲ့ တို့ဖူးတိုင်း စားလို့မရပါဘူး။ သေသေချာချာ ပိုးသတ်ပြီး အချဉ်ဖောက်ထားတဲ့ တို့ဖူးကိုပဲ စားလို့ရပါတယ်။ကိုယ်တိုင်တော့ ဒီမှိုတက်တို့ဖူးကို မစားဖူးပေမယ့် စားဖူးတဲ့သူတွေရဲ့ အဆိုအရတော့ အရသာက ထင်သလောက်ကြီး ဆိုးမနေဘူး။ သာမန်တို့ဖူးလိုပဲလို့ ပြောကြပါတယ်။ဒီတို့ဖူးကို ကြော်စားကြတာလည်း ရှိသလို ကြက်ဥအနှစ်နဲ့ ရောပြီး နှစ်သက်သလို ချက်ပြုတ်စားသောက်ကြတာလည်း ရှိပါတယ်။မှိုတက်တို့ဖူး ကလည်း တို့ဖူးပဲ ဖြစ်တာကြောင့် ကယ်လိုရီနည်းပြီး ပရိုတင်းများပါတယ်။ သံဓာတ်၊ ကယ်ဆီယမ်နဲ့ တခြားသော ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။အချဉ်ဖောက်ထားတာကြောင့် တို့ဖူးက ပိုပြီး အစာကြေလွယ်သလိုအကျိုးပြုဘက်တီးရီးယားတွေကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ရှိပါတယ်။အချဉ်ဖောက်ထားတဲ့ တို့ဖူးတိုင်းက စိတ်ချရတာတော့ မဟုတ်ပါဘူး။ အချဉ်ဖောက်နေစဉ်၊ တို့ဖူးကို ကိုင်တွယ်ချိန်မှာ သန့်ရှင်းမှုမရှိဘူး။ ရယ်ဒီမိတ် မှိုတွေက စိတ်မချရဘူးဆိုရင် ဒါက မှိုတက်ပြီး ပျက်စီးနေတဲ့ တို့ဖူးပဲဖြစ်သွားမှာပါ။နောက်ပြီးပဲပိစပ်နဲ့ မတည့်တဲ့သူတွေက ဘယ်လိုတို့ဖူးကိုပဲဖြစ်ဖြစ် မစားသင့်ပါဘူး။ရုတ်တရက် ကြည့်လိုက်ရင် မှိုတက်နေသလို ထင်ရတဲ့ ဒီတို့ဖူးတွေက စားလို့ရပါတယ်။ ဒါပေမဲ့ သေသေချာချာ အချဉ်ဖောက်ထားတဲ့ တို့ဖူးဖြစ်ဖို့တော့ လိုပါတယ်။ မဟုတ်ရင်တော့ အစာအဆိပ်သင့်တာ ဖြစ်တတ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/can-i-eat-hairy-tofu/
Dermatitis herpetiformis(DH) လို့ခေါ်တဲ့ ယားယံတတ်တဲ့အနီရောင်အရည်ကြည်ဖုလေးတွေပေါက်ခြင်း
Dermatitis herpetiformis(DH) လို့ခေါ်တဲ့ ယားယံတတ်တဲ့အနီရောင်အရည်ကြည်ဖုလေးတွေပေါက်ခြင်း တစ်မျိုးဟာ ဒီတိုင်းငြိမ်နေဖို့ ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ အဖုလေးတွေနဲ့ ယားယံခြင်းတွေဟာ တံတောင်ဆစ်၊ ဒူး၊ ဦးရေပြား၊ ကျော၊ တင်ပါး တို့မှာပေါ်လေ့ရှိပါတယ်။ Gluten လို့ခေါ်တဲ့ ကစီဓါတ်တစ်မျိုးနဲ့ မတည့်တာဖြစ်နိုင်ပြီး ပိုပြီးစိုးရိမ်စရာရှိတဲ့ အူဆိုင်ရာပြဿနာတစ်ခုခု (celiac disease) နဲ့ ဆိုင်နေနိုင်ပါတယ်။ DH ကို Duhring’s disease ဒါမှမဟုတ် gluten rash လို့လည်းခေါ်လေ့ရှိပါတယ်။ ထိုကဲ့သို့ရောဂါရှိသူဟာ စားသောက်မှုမှာ gluten(ဂလူတန်) ကိုသေချာရှောင်သင့်ပါတယ်။အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုတွေ့ရတတ်ပေမယ့် အမျိုးသားတွေမှာ ပိုအဖြစ်များတာပါ။ အသက်၂၀၊ ၃၀ ဝန်းကျင်မှာစတင်တွေ့လာရတတ်ပြီး၊ ကလေးဘဝကတည်းက စတင်တာလည်းဖြစ်နိုင်ပါတယ်။ ဥရောပသားတွေမှာ တွေ့ရများတတ်ပြီး အာရှနဲ့ အာဖရိက လူမျိုးတွေမှာ သိပ်တွေ့ရလေ့မရှိပါဘူး။ဖြစ်နိုင်ချေတက်စေတဲ့ အချက်တွေကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်မှာပါ။ အသေးစိတ်အချက်အလက်တွေကို ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။အယားယံဆုံးအဖုတွေအဖြစ်တောင်သက်မှတ်ထားပါတယ်။ ဖြစ်ပေါ်တတ်တဲ့နေရာတွေကတော့-။• တံတောင်ဆစ်။• ဒူး။• ခါးတဝိုက်။• ဆံစပ်။• လည်ပင်းနောက်။• ပုခုံး။• တင်ပါး။• ဦးရေပြား။အရွယ်၊ ပုံစံတူပြီး ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။စောစီးစွာရှာတွေ့ကုသခြင်းက အခြေအနေဆိုးမလာအောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် ဖြစ်နိုင်သမျှစောစော ဆရာဝန်နဲ့ပြလေ၊ ကောင်းလေပါပဲ။တကယ်လို့ အထက်ပါလက္ခဏာတွေရှိရင်၊ ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့သေချာတိုင်ပင်နိုင်ပါတယ် လူတိုင်းခန္ဓါကိုယ်ပုံစံတွေက မတူတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်ခြင်းက သင့်အတွက်အကောင်းဆုံးဖြစ်မှာပါ။ရေယုန်ပုံစံနဲ့ဆင်တာကြောင့် ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ လုံးဝမဆိုင်ပါဘူး။ ဆရာဝန်အများစုက ဒါဟာ အူမှာပြဿနာဖြစ်တာဖြစ်ကြောင်း သက်သေပြပြီးပါပြီ။ Celiac sprue လို့ခေါ်တဲ့အူရောဂါတစ်မျိုးဟာ ကိုယ်ခံအားစနစ်မှားယွင်းမှုကြောင့် အူမှ gluten ကိုလက်မခံနိုင်တဲ့ အခြေအနေပါ။ Gluten ကို ဂျုံ၊ ရေးစပါး၊ ဘာလီ၊ အုတ်ဂျုံ စသည်ဖြင့် အစေ့စားရတဲ့ အပင်တွေမှာတွေ့ရတတ်ပါတယ်။National Institutes of Health (NIH) အရ၊ celiac disease ရှိတဲ့လူ ၁၅ မှ ၂၅ ရာခိုင်နှုန်းမှာ DH အခြေအနေရှိတယ်လို့ ဆိုကြပါတယ်။ Celiac disease ကြောင့် ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့အန်ခြင်း များလည်းဖြစ်တတ်ပါတယ်။ DH ရှိသူများမှာတော့ ထိုအူဆိုင်ရာ ပြဿနာတွေမရှိတတ်ပါဘူး။ ဒါပေမယ့် ထိုအူပြဿနာတွေမရှိစေကာမူ DH ရှိသူ ၈၀ ရာခိုင်နှုန်းနဲ့အထက်မှာ gluten စားရင်တော့ အူထိခိုက်နိုင်ပါတယ် လို့ National Foundation for Celiac Awareness (NFCA) ကဆိုပါတယ်။အူပြဿနာတွေနဲ့ ယားယံဖုတွေဟာ gluten ကို IgA လို့ခေါ်တဲ့ ပဋိပစ္စည်းတစ်မျိုးက တုံ့ပြန်ခြင်းကြောင့်ဖြစ်တာပါ။ Gluten တွေကိုတိုက်ဖို့ IgA တွေထွက်လာပြီး IgA တွေက gluten တွေကိုတိုက်တဲ့အခါမှာ အူရဲ့ဗီတာမင်နဲ့ အာဟာရတွေကို စုပ်ယူနိုင်တဲ့အပိုင်းတွေကို ဖျက်စီးပစ်လိုက်ပါတော့တယ်။ ထိုအခြေအနေက မျိုးရိုးလိုက်လေ့ရှိတယ်လို့လည်း ဆိုကြပါတယ်။IgA က gluten ကိုသွားတွယ်ပြီး သွေးစီးကြောင်းထဲဝင်ကာ သွေးကြောငယ်လေးတွေ၊ အထူးသဖြင့် အရေပြားထဲကသွေးကြောငယ်လေးတွေထဲမှာ သွေးခဲစေပါတယ်။ ထိုသွေးခဲတွေက သွေးဖြူဥတွေကို ဆွဲတောင်ပြီး သွေးဖြူဥတွေကနေ completement (ကွန်ပလိမန့်)လို့ခေါ်တဲ့ပစ္စည်းတစ်မျိုးထုတ်ပါ။ ထို completement ကယားယံတဲ့အဖုတွေ ပေါက်လာစေပါတယ်။လူတိုင်းမှာဖြစ်နိုင်ပြီး မိသားစုထဲမှာ celiac disease သို့မဟုတ် DH ရှိပါက ပိုဖြစ်နိုင်ချေများပါတယ်။အမျိုးသမီးတွေမှာပိုတွေ့ရပေမယ့် NIH ကတော့ အမျိုးသားတွေမှာပိုအဖြစ်များတယ် လို့ဆိုပါတယ်။ အသက်၂၀၊ ၃၀ ဝန်းကျင်မှာစတင်တွေ့လာရတတ်ပြီး၊ ကလေးဘဝကတည်းက စတင်တာလည်းဖြစ်နိုင်ပါတယ်။ ဥရောပသားတွေမှာ တွေ့ရများတတ်ပြီး အာရှနဲ့ အာဖရိက လူမျိုးတွေမှာ သိပ်တွေ့ရလေ့မရှိပါဘူး။ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။ဘယ်လိုရှာဖွေသိရှိမလဲ။ဆရာဝန်က ထိုအခြေအနေကို သံသယရှိပါက တချို့သောစစ်ဆေးမှုများလုပ်ခြင်းဖြင့် သိနိုင်ပါတယ်။ စစ်ဆေးမှုတွေမှာ-။Skin Biopsy အရေပြားစယူကာ မိုက်ခရိုစကုပ်ကြည့်ခြင်း။အရေပြားမှ နမူနာယူကာ မိုက်ခရိုစကုပ်နဲ့စစ်ဆေးပါလိမ့်မယ်။ တခါတလေမှာ direct immunofluorescence test လုပ်လေ့ရှိတယ်။ Direct immunofluorescence test ဆိုတာ ယားဖုများတဝိုက်က အရေပြားကို IgA ကိုပြနိုင်တဲ့ ဆိုးဆေးတစ်မျိုးဆိုးကြည့်ခြင်းဖြစ်တယ်။ ဒီနည်းဟာ တခြားသောအရေပြားရောဂါများကိုလည်း ရှာတွေ့သိရှိနိုင်ပါတယ်။သွေးစစ်ခြင်း။သွေးထဲမှာ ပဋိပစ္စည်းများကိုစစ်ဆေးခြင်းဖြစ်တယ်။ Gluten ကြောင့် အူအတွင်းပျက်စီးမှုရှိမရှိအတွက်တော့ Intestinal biopsy ခေါ် အူမှအသားစယူကာစစ်ဆေးရပါလိမ့်မယ်။Patch Testing။စစ်ဆေးမှုအဖြေတွေမသေချာတဲ့အခါ ဒါမှမဟုတ် တခြားရောဂါဖြစ်နိုင်ချေရှိတဲ့အခါ patch testing လုပ်ပါတယ်။ ထို patch testing က DH နဲ့ဆင်တဲ့ အရေပြားဓါတ်မတည့်မှုကို တွေ့နိုင်မယ့် အကောင်းဆုံးစစ်ဆေးမှုဖြစ်ပါတယ်။DH ကို dapsone လို့ခေါ်တဲ့ ပဋိဇီဝဆေးတစ်မျိုးနဲ့ ကုသလို့ရပါတယ်။ dapsone ဟာ ဆေးပြင်းတစ်မျိုးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်းများပါတယ်။ အာနိသင်ပြသည်အထိ လပေါင်းများစွာ တဖြေးဖြေး ဆေးပမာဏတိုးသွားရပါတယ်။ dapsone ကြောင့် သက်သာရာရပေမယ့် ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့-။• အသည်းပြဿနာ။• နေရောင်ကိုအထိမခံနိုင်ခြင်း။• သွေးအားနည်းခြင်း။• ကြွက်သားအားနည်းခြင်း။• အာရုံကြောပြဿနာများ။ဖြစ်လာနိုင်ပါတယ်။Tetracycline(တက်ထရာစိုင်ကလင်း), sulfapyridine(ဆလ်ဖာပိုင်ရီဒင်း) နဲ့ တချို့သော ကိုယ်ခံအားစနစ်ထိန်းချုပ်တဲ့ဆေးတွေလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် dapsone(ဒပ်ဆုံး) လောက်တော့ အာနိသင်မကောင်းပါဘူး။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ အာနိသင်ရှိတဲ့ နည်းကတော့ gluten ရှောင်စားခြင်းပါဘဲ၊ ဂျုံ၊ အုတ်ဂျုံ၊ ဘာလီ၊ ရေးစပါးစတာတွေပါတဲ့ ဆေး၊ စားစရာ၊ သောက်စရာတွေကို လုံးဝရှောင်ရမယ်လို့ ဆိုလိုတာပါ။တချို့အသုံးတည့်မယ့် အချက်လေးတွေကတော့-။• ဘာလီ၊ ဂျုံ၊ အုတ်ဂျုံ စတာတွေပါတဲ့ စားစရာ၊ သောက်စရာတွေကို ရှောင်ပါ။• ‘Gluten မပါ’ ဟု ရေးမထားသော အသင့်ထုတ်ပိုးပြီးစားစရာများကို ရှောင်ပါ။နောက်ထပ်သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ခြင်းဟာ သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/dermatitis-herpetiformisdh-%e1%80%9c%e1%80%ad%e1%80%af%e1%82%94%e1%80%b1%e1%80%81%e1%81%9a%e1%80%90%e1%80%b2%e1%80%b7-%e1%80%9a%e1%80%ac%e1%80%b8%e1%80%9a%e1%80%b6%e1%80%90%e1%80%90%e1%80%b9%e1%80%90/
ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ
ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ  ……. သန္ဓေတားဖို့အတွက် အမျိုးသားတွေ အတွက်ရော၊ အမျိုးသမီးတွေ အတွက်ရော နည်းလမ်း အများအပြားရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်း တစ်ခုဖြစ်တဲ့ ဆေးတောင့်တွေ ဖြစ်ပါတယ်။ ဒီ သန္ဓေတားဆေးတွေကိုတော့ သောက်သုံးရတာ ဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ ၉၉.၉ ရာခိုင်နှုန်း အထိ ထိရောက်မှု ရှိပါတယ်။ဒါပေမဲ့ ဒီ သန္ဓေတားဆေးတွေ ဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) တွေကို ကာကွယ်လိုတယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေကို အသုံးပြုသင့်ပါတယ်။ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ဟော်မုန်း သန္ဓေတားဆေးတွေ ဘယ်လို အလုပ်လုပ်သလဲ။မျိုးဥအိမ်မှ ကြွေလာတဲ့ မျိုးဥတစ်လုံးဟာ အမျိုးသားရဲ့ သုက်ကောင်နဲ့ တွေ့ပြီး သန္ဓေအောင်တယ်ဆိုရင် ကိုယ်ဝန်ရတယ်လို့ ခေါ်ပါတယ်။ ဒီလို သန္ဓေအောင်သွားတဲ့ ဥဟာ အမျိုးသမီး သားအိမ်ထဲမှာ တွယ်ကပ်နေပြီး သားအိမ်ထဲမှာ သန္ဓေသားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်ကို ရယူပါတယ်။ အမျိုးသမီး ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေက မျိုးဥအိမ်မှ မျိုးဥကြွေကျခြင်းကို ထိန်းချုပ်နိုင်ပြီး ခန္ဓာကိုယ်က သန္ဓေအောင်မျိုးဥလက်ခံခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းတွေ ဖြစ်တဲ့ သန္ဓေတားဆေးတောင့်၊ ကပ်ခွာနဲ့ မွေးလမ်းကြောင်းဆိုင်ရာ ကွင်းတို့မှာ လူလုပ် အီစရိုဂျင်နဲ့ ပရိုဂျက်စတင် ဟော်မုန်း အနည်းငယ်စီပါဝင်ကြပါတယ်။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်ဟော်မုန်းတွေကို တားဆီးခြင်းဖြင့် သန္ဓေကို တားကြတာ ဖြစ်ပါတယ်။ သန္ဓေကို တားတယ်ဆိုတာ အကြောင်းရင်းများစွာ စုပြီး တားရတာ ဖြစ်ပါတယ်။ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေက မျိုးဥအိမ်မှ မျိုးဥကြွေကျခြင်းကို တားဆီးပြီး သားအိမ်ခေါင်းဆိုင်ရာ အကျိအချွဲတွေကို သုက်ကောင်ဖြတ်ကူးဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် သားအိမ်အတွင်းက ဘေးအနားသားတွေကို ပြောင်းလဲလိုက်ခြင်းဖြင့် သန္ဓေအောင်ဥ တွယ်ကပ်လို့ မရအောင် ပြုလုပ်ပြီးလည်း သန္ဓေတားကြလေ့ရှိပါတယ်။ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေထဲမှာတော့ ဓမ္မတာ စက်ဝိုင်းကို ပိုကြာစေတဲ့ သန္ဓေတားဆေးတွေလည်းရှိပါတယ်။ သူက သာမန်သန္ဓေတားဆေးကတ်တွေလိုပါပဲ။ သာမန်တားဆေးတွေက ၂၁ရက်သောက်ပြီး ကျန်တဲ့ ၇ရက်အတွင်းမှာ ရာသီလာတာပါ။ တစ်လတစ်ခါ လာတာပေါ့။ သူကတော့ ၁၂ပတ်တိတိ ဟော်မုန်းပါတဲ့ ဆေးတွေကို သောက်ပြီး ကျန်တဲ့ ၁ပတ်မှာ အာနိသင်မပါတဲ့ ဆေးကို သောက်ရပါတယ်။ အဲ့တစ်ပတ်အတွင်းမှာ ရာသီလာပါတယ်။ အဲ့ဒီတော့ ၁လ ၁ခါ လာမယ့်အစား ၃လတစ်ခါပြ လာတော့တာပေါ့။ရာသီလာတာကြောင့်  ကရိကထများပြီး စိတ်ရှုပ်ရလို့ ခဏခဏ မလာချင်တဲ့ အမျိုးသမီးတွေ၊ ရာသီသွေးဆင်းများလို့ သွေးအားနည်းတတ်တဲ့ အမျိုးသမီးတွေ၊ ရာသီလာချိန် နာကျင်ကိုက်ခဲတတ်တဲ့ အမျိုးသမီးတွေက ဒီနည်းလမ်းကို သုံးလေ့ရှိပါတယ်။Mini ဆေးတောင့်တွေမှာ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာပါဝင်ပြီး နို့ချိုတိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ၊ ပျို့အန်တတ်တဲ့ အမျိုးသမီးတွေနဲ့ အီစရိုဂျင်နဲ့ ဓာတ်မတည့်တဲ့ အမျိုးသမီးတွေ အများစု သောက်သုံးကြပါတယ်။Mini ဆေးတောင့်တွေဟာ သုက်ကောင်တွေ မျိုးဥဆီသို့ မရောက်အောင်သားအိမ်ခေါင်းအနားသားတွေကို ထူထဲလာစေခြင်းဖြင့် သန္ဓေတားပေးတာ ဖြစ်ပါတယ်။ ဒီဆေးထဲမှာ ပါဝင်တဲ့ ဟော်မုန်းဟာ သားအိမ်တွင်းရှိ အနားသားတွေကို မျိုးဥအိမ် မတွယ်ကပ်စေနိုင်စေရန် ပြောင်းလဲပေးနိုင်ပါတယ်။ ဒီဆေးတောင့်တွေက နေ့စဉ်သောက်သုံးရတဲ့ ဆေးတွေ ဖြစ်ပါတယ်။Mini ဆေးတောင့်တွေကို မှန်မှန်ကန်ကန်နဲ့ ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဒီဆေးတွေဟာ ၉၅ ရာခိုင်နှုန်း အထိ သန္ဓေတားပေးနိုင်ပါတယ်။ ဒီနှုန်းဟာ သာမန် သန္ဓေတားဆေးတွေထက်တော့ ထိရောက်မှုနည်းပါသေးတယ်။သာမန်သန္ဓေတားဆေးတောင့်တွေမှာ ဆေး ၂၁ လုံး (သို့) ၂၈ လုံး တိတိ ပါဝင်ပါတယ်။ ၂၁ ရက်သောက်ဆေးတွေမှာတော့ အာနိသင်အပြည့် ဆေး ၂၁ လုံးတိတိပါဝင်ပြီး ၂၈ ရက်သောက်ဆေးတွေမှာတော့ အာနိသင်အပြည့် ဆေး ၂၁ လုံးနဲ့ အာနိသင်မပါတဲ့ ဆေး ၇ လုံးပါဝင်ပါတယ်။ ဒီလို အာနိသင်မပါတဲ့ ဆေးတွေက ၂၈ ရက်ပြည့်တိုင်း ဆေးကဒ် အသစ်သောက်သုံးဖို့ မမေ့စေရန်အတွက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ၁၂ပတ်ဆက်တိုက်သောက်ရတဲ့ ဆေးတွေမှာတော့ အာနိသင်ပါတဲ့ ဆေးတောင့် ၈၄ တောင့် ပါဝင်ပြီး အာနိသင်မပါတဲ့ ဆေး ၇ တောင့် တိတိပါဝင်ပါတယ်။ဘယ်အချိန်မှာပဲဖြစ်ဖြစ် သောက်လို့ရပါတယ်။ မသောက်ခင်မှာ ကိုယ်ဝန်မရှိဖို့တော့လိုပါတယ်။ ကိုယ့်ကိုယ်ကို သံသယရှိတယ်ဆိုရင် ဆီးစစ်ကြည့်ပါ။ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင် တန်းပြီး အတူနေလို့ ရပါတယ်။ တကယ်လို့ တခြားရက်တွေမှာ သောက်မယ်ဆိုရင်  အာနိသင်ရဖို့ ရက်စောင့်ရပါတယ်။ ပေါင်းစပ်သန္ဓေတားဆေးဆိုရင် ၇ရက်စောင့်ရပြီး ပရိုဂျက်စတုန်းတစ်မျိုးတည်း ပါတဲ့ဆေးဆို ၂ရက်စောင့်ရပါတယ်။ ဒါကြောင့် ဒီရက်တွေမှာ နေမယ်ဆိုရင် အာနိသင်မရသေးတာကြောင့် ကွန်ဒုံးသုံးဖို့ လိုပါတယ်။ဆေးသောက်တဲ့ အခါမှာ ကိုယ်သောက်နေကျ အချိန်မှာပဲ ပုံမှန်သောက်သုံးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးသောက်မယ့် အချိန်ကိုတော့ မနက်စာမစားခင်ပဲ ဖြစ်ဖြစ်၊ အိပ်ရာမဝင်ခင်ပဲ ဖြစ်ဖြစ် သောက်သုံးတာက ပိုပြီး မှတ်မိလွယ်စေပါလိမ့်မယ်။ဆေးကတ်တွေကို ဆက်တိုက်သောက်ရမှာပါ။ ၂၈လုံးပြည့်တာနဲ့ နောက်ထပ်ကတ်အသစ်ကို ဆက်သောက်ရမှာ ဖြစ်ပါတယ်။ ၂၈လုံးသောက်ပြီးချိန်မှာ ရာသီပြီးသွားတာဖြစ်ဖြစ်၊ ဆက်လာနေတာဖြစ်ဖြစ် နောက်ထပ်ကတ်အသစ်ကို သောက်ရမှာပါ။ ရာသီလာလာ မလာလာ ဆေးကတ်သောက်တာကို မရပ်လိုက်ရပါဘူး။ ဆက်တိုက်သောက်နေရမှာ ဖြစ်ပါတယ်။သန္ဓေတားဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိလား။သန္ဓေတားဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါပေမဲ့ဘေးထွက်ဆိုးကျိုး အများစုကတော့ မပြင်းထန်ကြပါဘူး။အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့။ACHES လို့ အတိုကောက်ခေါ်လို့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ သိပ်အတွေ့မများပေမဲ့ ပိုပြီး ပြင်းထန်ပါတယ်။ သင်အနေနဲ့ ဒီလိုဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါ လက္ခဏာတွေက ပြင်းထန်တဲ့ ရောဂါတွေဖြစ်တဲ့ အသည်းရောဂါ၊ သည်းခြေအိတ်ရောဂါ၊ လေဖြတ်ခြင်း၊ သွေးခဲခြင်း၊ သွေးဖိအားများခြင်းနဲ့ နှလုံးရောဂါ ဖြစ်နေကြောင်းကို ပြသတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ACHES လို့ အတိုကောက်ခေါ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့-။ဒီလိုလက္ခဏာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ပြန်ပြဖို့ လိုပါတယ်။အမျိုးသမီးအများစုအနေနဲ့ သန္ဓေတားဆေးတွေကို ဘေးကင်းစွာ အသုံးပြုလို့ရပါတယ်။ သို့ပေမဲ့ အသက် ၃၅ နှစ်အရွယ် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေကတော့ မသောက်သုံးသင့်ပါဘူး။ အထူးသဖြင့် ဆေးလိပ်ကို အချိန်ကြာကြာနဲ့ များများသောက်တတ်တဲ့ အမျိုးသမီးဖြစ်နေရင်ပါ။ သင့်မှာ အောက်မှာဖော်ပြထားတဲ့ ဝေဒနာ ရှိနေမယ်ဆိုရင် ဟော်မုန်းဆိုင်ရာ သန္ဓေတားဆေးတွေ မသောက်သုံးသင့်ပါဘူး။သန္ဓေတားဆေးသောက်တဲ့ အတွက် ခံစားရနိုင်တဲ့ တခြား အန္တရာယ်တွေလည်း ရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီလို ဝေဒနာတွေကို ခံစားနေရမယ်၊ သင့်ရဲ့ မိဘ၊ မွေးချင်းနဲ့ ကလေးတို့ကလည်း သွေးခဲခြင်း ဝေဒနာကို ခံစားနေရမယ်ဆိုရင် သန္ဓေတားဆေး သောက်သုံးသင့်လားဆိုတာ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။သန္ဓေတားဆေးသောက်ရင်း တခြား ဆေးဝါးတွေသောက်သုံးလို့ရလား။ပဋိဇီဝဆေးဝါးတွေနဲ့ အတက်ကျဆေးဝါးတွေက သန္ဓေတားဆေးတွေရဲ့ ထိရောက်မှုကို လျှော့ကျနိုင်ပါတယ်။ သင့်အနေနဲ့ သန္ဓေတားဆေးတွေအပြင် တခြားသော ဆေးဝါးတွေသောက်သုံးနေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။သန္ဓေတားဆေးတွေသောက်သုံးရင် မှတ်ထားရမယ့် အချက်များ။တခြားသော သန္ဓေတားနည်းတွေဖြစ်တဲ့ အရေးပေါ်တားဆေးနဲ့ ကွန်ဒုံးတွေကို ဆေးသောက်ဖို့ မေ့သွားရင် အလွယ်တကူ အသုံးပြုဖို့ ဆောင်ထားပါ။ ဒါ့ပြင်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/birth-control-pills/
ကိုယ်ဝန်ဆောင်နဲ့ အော်တစ်ဇင်ရောဂါတို့အကြောင်း
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ မေမေက အနေအထိုင် အစားအသောက် အားလုံးကို ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့  မေမေရဲ့ နေထိုင်စားသောက်မှုက ဘေဘီလေးမှာ ရောဂါကင်းပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်လို့ပါ။  ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာ ဂရုစိုက်ဖို့ ပြောရတာပါ။ ဒီတစ်ခေါက်တော့ မေမေတိုင်း သတိထားနိုင်စေဖို့ သိထားသင့်တဲ့ အကြောင်းအရာလေး တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်နဲ့ အော်တစ်ဇင်ရောဂါတို့အကြောင်း ပြောပြပေးချင်ပါတယ်။ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ အော်တစ်ဇင်ဖြစ်စေနိုင်တဲ့  အကြောင်းအရင်းမျိုးစုံကို တွေ့ကြုံရနိုင်ပါတယ်။ တစ်ခါတလေမှာ မိဘတွေက အသက်အရွယ် ကြီးရင့်နေတာမျိုး ရှိသလို စိတ်ကျရောဂါ သက်သာစေတဲ့ ဆေးတွေသောက်သုံးနေရတာကြောင့်လည်း မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်ရောဂါ ပါလာတာမျိုး ရှိနိုင်ပါတယ်။ အခြားသော အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ကာလမှာ acetaminophen ပါတဲ့ ဆေးတစ်မျိုးမျိုး အသုံးပြုမိတာ၊ ပတ်ဝန်းကျင်က အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အရာတွေလို့ ဆိုကြပါတယ်။ဒီလို အကြောင်းအရင်းတွေကြောင့် မွေးလာမယ့် ဘေဘီလေးမှာ အော်တစ်ဇင်ရောဂါ ပါလာနိုင်တယ်ဆိုပေမယ့် ဒီအချက်က ကိုယ်ဝန်ဆောင်တိုင်းအတွက်  မှန်မယ်လို့တော့ မဆိုနိုင်ပါဘူး။ ဥပမာ ပြောပြရရင် လမစေ့ဘဲ မွေးဖွားတဲ့ ကလေးတွေက နေ့စေ့လစေ့မှာ မွေးဖွားတဲ့ ကလေးတွေထက် အော်တစ်ဇင်ရောဂါ ခံစားရနိုင်ခြေ ပိုများတယ် ဆိုပေမယ့် လမစေ့ဘဲ မွေးတိုင်း ကလေးက အော်တစ်ဇင် ဖြစ်မယ်လို့တော့ ပြောလို့ မရပါဘူး။ အော်တစ်ဇင် ဖြစ်တယ်ဆိုတာက လမစေ့ဘဲ မွေးဖွားတာအပြင် မျိုးဗီဇ၊ လူမှုစီးပွား အခြေအနေနနဲ့ မိဘတွေရဲ့ အပြုအမူတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ဒီတော့ ဘယ်လို အချက်တွေက ဘေဘီလေးတွေမှာ အော်တစ်ဇင် ဖြစ်စေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လေ့လာတွေ့ရှိချက်တွေအရ အခုလို အချက်တွေက မွေးဖွားလာမယ့်ဘေဘီလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒီအချက်တွေရှိတိုင်း အော်တစ်ဇင်ဖြစ်မယ်လို့ ပုံသေသတ်မှတ်ထားလို့ မရပါဘူး။ အော်တစ်ဇင်ဆိုတာ ရှုပ်ထွေးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။အတက်ရောဂါ သက်သာစေဖို့သောက်ရတဲ့ဆေးတွေ အထူးသဖြင့် valproate တွေက ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးမိမယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးမှာ အော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေ တိုးစေပါတယ်။ Valporateက ကလေးမှာ အော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်း ပိုတိုးစေတယ်လို့ ဆိုပါတယ်။ဒါကြောင့်ကိုယ်ဝန်ဆောင်ဖို့အစီအစဉ် ရှိတယ်ဆိုရင် အာရုံကြော ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးရပ်တာကို လုပ်ဖို့ လိုပါမယ်။ ဒါမှ ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။စိတ်ကျရောဂါ သောက်ဆေးတွေ သောက်သုံးမှုကလည်း ကလေးမှာအော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ကျရောဂါ သောက်ဆေး SSRI နဲ့ ထိတွေ့မှု များတဲ့ ကလေးတွေမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေက များနေပါတယ်။လေ့လာမှု အချို့အရတော့ မိဘ ၂ ပါးက အသက်ကြီးမှ ကလေးမွေးဖွားတာကလည်း ကလေးမှာ အော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။  မိဘ ၂ ပါးမှာ ဖခင်ဖြစ်သူ အိုမင်းနေတာက ကလေးမှာ အော်တစ်ဇင်ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။လမစေ့ဘဲ မွေးဖွားတာက အော်တစ်ဇင် ဖြစ်နိုင်ခြေကို တိုးစေနိုင်သလိုအပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားတဲ့ ကလေးတွေရဲ့ ၇ ရာခိုင်နှုန်းက အော်တစ်ဇင်ရောဂါကို ခံစားကြရပါတယ်။မိခင်မှာ ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရမယ်ဆိုရင်လည်း မွေးဖွားလာမယ့် ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေ ရှိပါတယ်။ ပုံမှန်ထက် ဖြစ်နိုင်ခြေ ပိုများနေတဲ့ အခြေအနေပါ။ မိခင်မှာ ကိုယ်ဝန်ဆောင် ဆီးချို ခံစားရတဲ့အခါလမစေ့ဘဲ မွေးဖွားတာ၊ ကိုယ်ဝန်ဆိပ်တက်တာတွေကို ခံစားရနိုင်သလို ကလေးမှာ အာရုံစူးစိုက်ဖို့ခက်ခဲတဲ့ ပြဿနာ (ADHD) ခံစားရနိုင်ပါတယ်။အခြားသော ဆက်စပ်နေတဲ့ အကြောင်းအရင်းတွေ အနေနဲ့ကတော့။Acetaminophen ဆိုတာက ပါရာစီတမောပါ။ တချို့လေ့လာချက်တွေမှာ ကိုယ်ဝန်ဆောင်ချိန်မှာ ပါရာစီတမောသောက်တာက အော်တစ်ဇင်ဖြစ်တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပါရာစီတမောက ကိုယ်ဝန်ဆောင်တွေအတွက်  စိတ်အချရဆုံး အကိုက်အခဲပျောက်ဆေးဖြစ်ပါတယ်။ဒီလေ့လာချက်တွေက လုံလုံလောာက်လောက် သက်သေမပြနိုင်သေးတဲ့အတွက် American College of Obstetricians and Gynecologists (ACOG)က နောက်ထပ်သေချာတဲ့ လေ့လာချက်တွေ မထွက်မချင်း ကိုယ်ဝန်ဆောင်တွေအတွက် ပါရာစီတမောအစား တခြားအကိုက်အခဲပျောက်ဆေးပြောင်းပေးတာမျိုး မလုပ်ဖို့ အကြံပြုထားပါတယ်။သံဓာတ်က ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ ၂၀၁၄က ထုတ်ဝေခဲ့တဲ့American Journal ofEpidemiologyမှာ ပါဝင်တဲ့ လေ့လာချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့တာကလည်း ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်လို့ ဆိုပါတယ်။ပလပ်စတစ် ပစ္စည်းတွေ၊ ဆောက်ပြီးစ အိမ်အသစ်၊ ကော်ဇောအသစ်တွေ နဲ့ အချို့သော အစားအစာတွေ ထုပ်ပိုးရာမှာ ပါနေတဲ့ အရာတွေက မွေးလာမယ့်ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ လေထုထဲက ညစ်ညမ်းမှုတွေ၊ ပိုးသတ်ဆေးတွေနဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာပါဝင်နေတဲ့ အချို့သော အရာတွေကလည်း မွေးလာမယ့်ကလေးကို အော်တစ်ဇင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ လေ့လာချက်တွေမှာ ဆက်စပ်မှုရှိတယ်လို့ ပြောပေမယ့် နောက်ပိုင်းလေ့လာချက်တွေမှာတော့ ဒီလောက် ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါပိုး တစ်ခုခု ကူးစက်ခံရတာ၊ စိတ်ဖိစီးရမှု များတာ၊ မိဘတွေမှာAutoimmune ပြဿနာတစ်ခုခု ခံစားနေရတာကလည်း မွေးဖွားလာမယ့် ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေများစေတယ်လို့ တချို့သောလေ့လာချက်တွေက ဆိုပါတယ်။လေ့လာမှုတွေအရ မွေးဖွားလာမယ့် ကလေးမှာ အော်တစ်ဇင်ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင်တော့။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-and-autism/
ကိုယ်ဝန်ဆောင်မေမေ နဲ့ တုပ်ကွေးကာကွယ်ဆေး
တုပ်ကွေးက ပုံမှန် သူတွေမှာတောင် တော်တော်လေး ခံစားရခက်တာပါ။ ဒီလို ခံစားရခက်တဲ့ ဝေဒနာကိုဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတာကြောင့်ကိုယ်ခံအား နည်းနေတဲ့ မေမေတွေမှာဆိုရင် ပိုပြီး ပြင်းထန်နိုင်ပါတယ်။ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတွေကိုတုပ်ကွေး ကာကွယ်ဆေးတွေ ကြိုတင် ထိုးနှံခိုင်းတာပါ။ ဒါမှလည်း တုပ်ကွေးကြောင့် မဖြစ်မှာလေ။ ကိုယ်ဝန်ဆောင် မေမေ တုပ်ကွေး မဖြစ်တာက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ကိုယ်ဝန်ဆောင်တွေက တုပ်ကွေးဖြစ်နိုင်ခြေ များပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ခံအားက ပုံမှန်ထက် နည်းနေတာကြောင့် ဖျားနာလွယ်သလိုအအေးမိ တုပ်ကွေးဖြစ်နိုင်ခြေကလည်း အခြားသူတွေထက် ပိုများနေပါတယ်။သာမန်ချိန်မှာဖျားနာတာလောက်ကို သိပ်ခံစားရတာမျိုး မရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့သာမန် ဖျားနာမှုကနေ ပြန်လည် ကျန်းမာလာဖို့ တော်တော်လေး အချိန်ပေးရပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပြင်ပပစ္စည်းလို့ ဆိုရမယ့် ဘေဘီလေးကို လက်ခံနိုင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေက ကိုယ်ခံအား တုံ့ပြန်မှုကို အဆင့်နှိမ့်ထားတာကြောင့်ပါ။တုပ်ကွေးဆိုတာက ကူးစက်မြန်ပြီး ပြင်းထန်တဲ့ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒီလို ပြင်းထန်တဲ့ ဗိုင်းရပ်စ်ကို အားနည်းနေတဲ့ ကိုယ်ခံအားက ခုခံ တုံ့ပြန်နိုင်စွမ်း နည်းနေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကူးစက်ခံရလွယ်သလို ပိုပြီးလည်း ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။တကယ်လို့ ကိုယ်ဝန်လည်း ဆောင်နေမယ်။ဆီးချို၊ သွေးတိုးလိုမျိုး ရောဂါအခံတွေလည်း ရှိမယ်ဆိုရင် ပိုပြင်းထန်နိုင်ပါတယ်။တုပ်ကွေး လက္ခဏာတွေက အစပျိုးချိန် သိပ်မကြာလိုက်ဘဲ ချက်ချင်းဆိုသလို ခံစားရတာပါ။ တကယ်လို့ တုပ်ကွေးခံစားရမယ်ဆိုရင်။ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ဖြစ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်ကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ မွေးဖွားမလာသေးတဲ့ ဗိုက်ထဲက ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ဖြစ်တာက။မေမေတွေအနေနဲ့လည်း ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့။ကိုယ်ဝန်ဆောင်ချိန်မှာတုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်တာက မေမေကိုရော ဘေဘီလေးကိုပါ တုပ်ကွေးကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။ တုပ်ကွေးကာကွယ်ဆေးက လက်မောင်းမှာ ထိုးနှံရမှာဖြစ်ပြီး ဆေးအာနိသင်ကတော့ ဆေးထိုးပြီး ၂ ပတ်ကနေ စပြီး ရရှိမှာ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်တာကချက်ကြိုးကနေတဆင့် ဘေဘီလေးဆီ ရောက်ရှိသွားပြီး ဘေဘီလေးကို မွေးပြီး ၆လအထိ တုပ်ကွေးကာကွယ်နိုင်မယ့် ကိုယ်ခံအားကို ရရှိစေမှာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးနှံတာက တုပ်ကွေးကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး ကူးစက်တာတွေကို လျှော့ချပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးတာ ကိုယ်ဝန်ဆောင်မိခင်တွေကို တုပ်ကွေးကြောင့် ခံစားရတဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကြောင့် ဆေးရုံတက်ရောက် ကုသရနိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက တုပ်ကွေး ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ဘေဘီလေး မွေးဖွားပြီး အစောပိုင်းကာလတွေမှာလည်း တုပ်ကွေးကြောင့် ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကလေးက အရမ်းငယ်နေချိန်မှာ ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်သေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ကာကွယ်ဆေး ထိုးထားလိုက်တာ ပိုကောင်းပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးထားတာက မေမေရော ဘေဘီလေးအတွက်ပါ များသောအားဖြင့် ဘေးကင်းပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနေကျ တုပ်ကွေးကာကွယ်ဆေးတွေက ပိုးအသေကို သုံးထားတာဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေ ထိုးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးပေးထားတာက ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးကြောင့် ပြင်းပြင်းထန်ထန် ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဖျားနာမှုကြောင့် ကလေးမှာ မွေးရာချို့ယွင်းမှု ဖြစ်တာ ကလေးကျန်းမာရေး ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဘယ်နှလမှာလဲ ဖြစ်ဖြစ် တုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပါတယ်။ လနုလို့၊ လရင့်လို့ ဆိုတာ မရှိပါဘူး။ ဆေးအာနိသင်နဲ့ ကာကွယ်မှု ရဖို့အတွက်  တုပ်ကွေးရာသီမစခင်မှာ ထိုးထားရမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ မိုးမဝင်ခင် ဧပြီလလောက်ဆို ဆေးတွေ ရောက်ပါပြီ။ အဲ့ဒီအချိန်လောက်တည်းက ထိုးထားပါ။ကာကွယ်ဆေးထိုးပြီး တစ်ရက် ဒါမှမဟုတ် ၂ ရက်လောက်မှာတော့ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာ၊ အဖျား နည်းနည်း ရှိတာ၊ ပင်ပန်းတာမျိုးခံစားရတာ၊ ဆေးထိုးတဲ့နေရာက နာတာမျိုးကိုပဲ ခံစားရနိုင်ပါတယ်။ အခြား ကြီးကြီးမားမား ခံစားရတာမျိုး မရှိပါဘူး။တကယ်လို့ ကိုယ်ဝန်ဆောင်မေမေ အနေနဲ့တုပ်ကွေး ကူးစက်ခံရမယ်ဆိုရင် သက်သာစေဖို့။တုပ်ကွေး မဖြစ်အောင် ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကာကွယ်ဆေး ထိုးတာပါ။ နှာချေ၊ ချောင်းဆိုးနေသူတွေနဲ့ ခပ်ဝေးဝေးနေပါ။ ဖျားနာသူတွေနဲ့ ထိတွေ့မှု မရှိအောင် ဂရုပြုပါ။တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပါ။ အသုံးအဆောင်တွေကို ပိုးသတ် သန့်စင်ပါ။ အာဟာရပြည့်ဝ မျှတအောင် စားသုံးပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးဖြစ်တာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ကြိုတင်ကာကွယ် စေချင်ပါတယ်။[embed-health-tool-vaccination-tool]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/flu-vaccine-in-pregnancy/
Oral sex အကြောင်း သိကောင်းစရာ အချက်များ
ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (Oral sex) ဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကိုသုံးပြီးသင်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါနဲ့ စအို တစ်ဝိုက် ဧရိယာကိုလှုံ့ဆော်ကာ လိင်မှုခံစားချက်ကို တိုးမြှင့်ပေးတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ လူအမျိုးမျိုးကတော့ နည်းအမျိုးမျိုးနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို သူများအတွက်လည်း လုပ်ပေးချင်ကြပြီး သူတို့လည်းခံယူချင်ကြပါတယ်။ သင့်အဖော်မှာ လိင်အင်္ဂါတွေနဲ့ သင့်ပါးစပ်မှာ အနာမရှိဘူးဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ HIV ကူးစက်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ Sexually transmitted infections (STIs) တွေဖြစ်တဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါနဲ့ ဆစ်ဖလစ်ရောဂါတို့ကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင်ပါးစပ်ဖြင့် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးပဲဖြစ်ဖြစ်၊ ခံတွင်း အတားအဆီး (Dental dams) ပဲဖြစ်ဖြစ် သုံးပေးခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ (Dental dam ဆိုတာ ကြက်ပေါင်စေး (သို့) polyurethane ပလတ်စတစ် ဖြင့်ပြုလုပ်ထားပြီး သွားကုသတဲ့ အခါမှာ ကုသနေတဲ့သွားများနဲ့ ခံတွင်းကို ခြားပေးထားတဲ့ ကြက်ပေါင်စေး အချပ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Dental dams ကို STI တွေ ကူးစက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ အသုံးပြုလာကြပါတယ်။သင့်မှာပဲ ဖြစ်ဖြစ်၊ သင့်အဖော်မှာပဲ ဖြစ်ဖြစ် ပါးစပ်၊ မွေးလမ်းကြောင်း၊ လိင်တံ နဲ့စအိုတို့မှာ အနာရှိနေမယ်ဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို အနာများပေါက်နေခြင်းဟာ STD ရောဂါ ကူးစက်ခံထားရတဲ့လက္ခဏာ ဖြစ်တာကြောင့် သင့်မှာ HIV ဗိုင်ရပ်စ် ကူးစက်ခံရနိုင်ခြေ မြင့်မားနေပါတယ်။ အခု ဒီဆောင်းပါးလေးထဲမှာတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ၊ ဒီလို ပါးစပ်ဖြင့် လိင်ဆက်ဆံရင် ဘာအန္တရာယ်တွေရှိသလဲဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီး အတွက် ဖော်ပြလိုက်ပါတယ်။ သင့်အနေနဲ့ Oral sex ကို ပထမဆုံး အကြိမ် စလုပ်ဖို့ပဲ ဖြစ်ဖြစ်၊ Oral sex အကြောင်းပိုသိချင်လို့ပဲ ဖြစ်ဖြစ် ဒီဆောင်းပါးလေးထဲက အချက်များကို ဖတ်ရှုပြီး ပိုပြီး စိတ်ချသာယာမှုရှိတဲ့ Oral Sex ကိုလုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာဘာလဲ။ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး သင့်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါ (သို့) စအိုနားတစ်ဝိုက် ဧရိယာကို လှုံ့ဆော်ပေးခြင်းကို ပြောတာ ဖြစ်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ Oral sex ဟာတစ်မျိုးထူးခြားတဲ့ လိင်ခံစားမှုကိုလိုချင်တဲ့ သူတွေအတွက်တော့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ Oral Sex ကို လုပ်မယ်၊ မလုပ်ဘူးဆိုတာ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်သာ ဖြစ်ပြီးလူတိုင်းက မကြိုက်သလို လူတိုင်းက မလုပ်ပေးချင်ကြပါဘူး။ တစ်ခြားသော လိင်မှုကိစ္စတွေလိုပဲ Oral Sex ဟာ လိင်ဆက်ဆံသူ ၂ ယောက်လုံး စိတ်အားထက်သန်နေဖို့ လိုအပ်ပါတယ်။Oral Sex လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ အချက်များ။Oral Sex လုပ်ဆောင်နည်းအတွက် နည်းလမ်းအမျိုးမျိုးရှိပြီး လူတစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်မတူကြပါဘူး။ Oral Sex လုပ်ဆောင်ရာမှာ လှုံ့ဆော်ဖို့အတွက် နည်းလမ်း အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ မှတ်ထားဖို့လိုတာကတော့ တစ်ယောက်ယောက်ကို ခံစားချက် ကောင်းမွန်လာစေဖို့ အချိန်တစ်ခု လိုအပ်တယ်ဆိုတာပါပဲ။Oral Sex လက်ခံရတာပဲ ဖြစ်ဖြစ်၊ ပေးတဲ့ အချိန်ပဲ ဖြစ်ဖြစ် သင့်အနေနဲ့ အနည်းငယ်တော့ စိတ်လှုပ်ရှားမှာပါ။ ဒါကို လုပ်ဆောင်ချိန်မှာ အရေးကြီးတဲ့ အရာကတော့ သင့်ရဲ့ အဖော်ဖြစ်သူနဲ့ အကောင်းဆုံး ဆက်သွယ်မှု ရှိနေဖို့ပါပဲ။ သင့်အနေနဲ့ သူခံစားလို့ ကောင်းသလားဆိုတာကိုလည်း မေးမြန်းဖို့လိုပြီး သင်လည်း ခံစားချက်ကောင်းတယ်ဆိုရင် ထုတ်ပြောဖို့လိုပါတယ်။သင့်အနေနဲ့ သင့်ရဲ့ အဖော်ဖြစ်သူနဲ့ ပျော်ရွှင်နေတယ်ဆိုရင် Oral Sex က ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရစေဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားဖို့ လိုတဲ့ အရာတစ်ခုကတော့ သင့်အနေနဲ့ သင်မကြိုက်တဲ့ အချိန်မှာ ချက်ခြင်းရပ်တန့်နိုင်ပြီး သင့် အဖော်ဖြစ်သူလည်း သူမကြိုက်ရင် မလုပ်နိုင်ဘူးလို့ ပြောနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ သင်စလုပ်ထားတယ်ဆိုတာနဲ့ ပြီးဆုံးသည်အထိ လုပ်စရာ မလိုပါဘူး။ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်လိုက်တယ်ဆိုတာ လုံးဝသဘာဝကျပါတယ်။အမျိုးသားတွေကို ဘယ်လို Oral Sex ပေးရမလဲ။အမျိုးသားတွေကို Oral sex ပေးမယ်ဆိုရင် အမျိုးသား လိင်တံထောင်မတ်နေတဲ့ အချိန်ဖြစ်စေ၊ မထောင်မတ်တဲ့ အချိန်ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ သင့်အနေနဲ့ ပါးစပ်အတွင်း ဘယ်လောက်ထိရောက်နိုင်လဲဆိုတာ မသေချာဘူးဆိုရင် လက်ညိုးနဲ့ လက်မကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြီး ထိန်းထားနိုင်ပါတယ်။ အမျိုးသားအများစုကတော့ Oral Sex ပြုလုပ်ခံရခြင်းဟာ အကြမ်းမခံနိုင်ကြတဲ့ အတွက် သင့်အနေနဲ့ အစပိုင်းမှာ ဖြည်းဖြည်းချင်းသွားသင့်ပြီး။နောက်ပိုင်းမှ အရှိန်တိုးမြှင့်သင့်ပါတယ်။ သင်အနေနဲ့ လျှာ အနေအထားပုံစံအမျိုးအမျိုး၊ ခေါင်းနဲ့ ပါးစပ်တို့ရဲ့ အမျိုးမျိုးသော လှုပ်ရှားမှုတွေကို အသုံးပြုပြီး ဘယ်လိုအနေအထားမျိုးက သူ့ကို ခံစားချက်ကောင်းမွန်စေနိုင်လဲဆိုတာ ရှာဖွေလို့ရပါတယ်။ (မှတ်ချက် – Oral Sex လုပ်ရာမှာ အမျိုးသားမတောင်းဆိုသ၍ သွားကိုအသုံးမပြုဖို့လိုပါတယ်။) သင့်အနေနဲ့ အမျိုးသားတစ်ယောက်ကို Oral Sex ပြုလုပ်ပေးလိုက်ရုံနဲ့ ပါးစပ်ထဲမှာ ပန်းထုတ်ဖို့ ခွင့်ပြုစရာမလိုပါဘူး။ ရွေးချယ်မှုက သင်နဲ့ပဲဆိုင်ပါတယ်။ သူ့အနေနဲ့ ကွန်ဒုံးဝတ်ထားမယ်ဆိုရင်တော့ ကွန်ဒုံးက လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါ STD တွေနဲ့ ပန်းထွက်ခြင်းကိုပါ ကာပေးထားမှာဖြစ်လို့ ဒါက ပြဿနာ မဟုတ်ပါဘူး။ သင်ဘယ်အခြေအနေထိသွားချင်လဲဆိုတာ သင့်အပေါ်မှာသာ လုံးဝမူတည်ပါတယ်။အမျိုးသမီးတစ်ယောက်ကို Oral Sex ဘယ်လိုပေးရမလဲ။အမျိုးသမီးတစ်ယောက်ကို Oral Sex မပေးမှီ သူနဲ့မြေစမ်းခရမ်းပျိုးကာလ ကိုဖြတ်ကျော်ပြီး နမ်းရှုပ်ချိန် ယူတာက ပိုကောင်းပါတယ်။ အမျိုးသမီးရဲ့ ပေါင်တံအပေါ်ပိုင်းနဲ့ လိင်အင်္ဂါနားတစ်ဝိုက်ဧရိယာတွေကို ပွတ်သပ်ပေးခြင်းက သူမရဲ့ လိင်စိတ်ဆန္ဒကို ပိုနိုးကြားလာစေနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါရဲ့ ခံစားမှု အာရုံ အထက်မြက်ဆုံးနေရာကတော့ အမျိုးသမီး အင်္ဂါ အစေ့ (Clitoris) ဖြစ်ပြီး Clitoris မှာ နာဗ်ကြောဆုံး ၈၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ ဆီးခုံ ဧရိယာ တစ်ဝိုက်လုံးက အာရုံခံစားနိုင်မှုစွမ်းအား များပါတယ်။ Oral Sex စပေးမယ်ဆိုရင် လျှာကို အကြောလျှော့ထားပြီး နှေးနှေးချင်းစသင့်ကာ နောက်ပိုင်းမှာ ပိုမြန်သင့်ပါတယ်။ သင့်အနေနဲ့ လျှာအနေအထားပုံစံအမျိုးမျိုးကို အသုံးပြုလို့ရပြီး စည်းချက်အမျိုးမျိုးလည်း အသုံးပြုလို့ရပါတယ်။စအိုကို ဘယ်လို Oral Sex ပေးရမလဲ။ (rimming)။အဖော်ဖြစ်သူရဲ့ စအိုကို Oral Sex ပြုလုပ်ပေးခြင်းကို analingus (သို့) rimming လို့ခေါ်ပါတယ်။ လိင်တူခြင်းစိတ်ဝင်စားသူတွေပဲ ဖြစ်ဖြစ်၊ လိင်တူလိင်ကွဲ ၂ မျိုးကိုစိတ်ဝင်စားတူတွေပဲ ဖြစ်ဖြစ် ဆန့်ကျင်ဘက်လိင်ကိုစိတ်ဝင်စားသူတွေပဲ ဖြစ်ဖြစ် စအိုသို့ Oral sex ပေးခြင်းဟာ လိင်ခံစားမှု အမျိုးအစားတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ မသန့်ရှင်းမှာကို စိုးရိမ်တယ်ဆိုရင် သင့်ရဲ့။အဖော်ဖြစ်သူကို ရေနဲ့သန့်ရှင်းအောင်ဆေးခိုင်းသင့်ပါတယ်။ သင့်အနေနဲ့ စအိုသို့ Oral Sex မပေးမှီ Perineum လို့ခေါ်တဲ့ လိင်အင်္ဂါနဲ့ စအိုအကြား ဧရိယာကို ပွတ်သပ်နမ်းရှုပ်နိုင်ပါတယ်။ထို့နောက် စအိုဧရိယာ တစ်ဝိုက်ကို လျှာဖြင့် စက်ဝိုင်းပုံသဏ္ဍာန် လှုပ်ရှားခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့ အဖော်ဖြစ်သူအတွက် ဘယ်လိုလှုပ်ရှားမှုက ခံစားမှုကောင်းစေလဲဆိုတာ ရှာဖွေပြီး စအိုသို့ Oral Sex ပေးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။တကယ်လို့ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ စအိုသို့ Oral sex ပေးမယ်ဆိုရင်တော့ စအိုကနေ အမျိုးသမီး အင်္ဂါသို့ မသွားပါနဲ့။ ဘာကြောင့်လဲဆိုတော့ စအိုမှ ဘတ်တီးရီးယားတွေက မွေးလမ်းကြောင်းသို့ ကူးစက်နိုင်ပြီး ကူးစက်ရောဂါ ဖြစ်စေနိုင်လို့ပါ။HIV နဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ရောဂါ (STI) တွေကို Oral Sex မှ ရနိုင်သလား။Oral Sex လုပ်ရာမှ တစ်ဆင့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေဟာ အင်မတန်နည်းပါးပါတယ်။ ဒါပေမဲ့ Oral sex အလုပ်ခံရတဲ့ လူမှာ STI ရောဂါ တစ်ခုခု ရှိနေပြီး သူ့ရဲ့ လိင်အင်္ဂါ ဧရိယာ တစ်ဝိုက်မှာ အနာတွေရှိနေမယ်ဆိုရင်၊ Oral Sex ပေးတဲ့လူရဲ့ ပါးစပ်နဲ့ သွားဖုံးမှာ အနာတွေရှိနေမယ်ဆိုရင်တော့ ကူးစက်နိုင်ပါတယ်။ ဒီတော့ Oral Sex ကနေ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါ (STI) အကူးစက်ခံရဖို့ဆိုတာ အကြောင်းတရား (၃) ခုလုံး အရင် ဆုံဖို့လိုပါတယ်။သို့ပေမဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါ (gonorrhoea) နဲ့ ဆစ်ဖလစ်ရောဂါလို STI တွေကတော့ Oral Sex မှ တစ်ဆင့်ပျံ့ပွားနိုင်ပါသေးတယ်။ ဒါ့အပြင် အသည်းရောင်ရောဂါ A (hepatitis A) နဲ့ ဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်တဲ့ E.coli လိုဘတ်တီးရီးယားတွေကြောင့် ဖြစ်တဲ့ ရောဂါတွေကတော့ Oral Sex မှ ကူးစက်နိုင်ပါတယ်။သိသာတဲ့ အရာတွေ ဖြစ်တဲ့ အနာလိုမျိုး လက္ခဏာတွေ မရှိသေးရင်တောင် Oral Sex မှ ကူးစက်ရောဂါတွေ ကူးစက်နိုင်ပါတယ်။ သင့်ရဲ့ ပါးစပ်၊ မွေးလမ်းကြောင်း၊ လိင်တံနဲ့ စအိုတို့မှာ အနာပေါက်နေမယ်ဆိုရင်တော့ Oral Sex ကို လုံးဝရှောင်ကြဉ်သင့်ပြီး ဒီအနာတွေဟာ ကူးစက်ရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။ကွန်ဒုံး သို့မဟုတ် dental dam လို့ခေါ်တဲ့ မွေးလမ်းကြောင်းနဲ့ စအိုတို့ကို ဖုံးပေးနိုင်တဲ့ ပလတ်စတစ် အလွှာပါးလေး သုံးခြင်းဖြင့် ကူးစက်နှုန်းမြင့်မားတဲ့ STD တွေမှ သင့်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ dental dam မရှိဘူးဆိုရင်လည်း ကွန်ဒုံးကို အောက်ခြေမှ ထိပ်ပိုင်းထိ အလျားလိုက်ဖြတ်ပြီး။dental dam လိုမျိုး အသုံးပြုလို့ရပါတယ်။ ကွန်ဒုံးလိုမျိုး ထပ်ဆောင်း အကာအကွယ်တစ်ခု ဝတ်ဆင်ထားခြင်းဖြင့် Oral sex ပြုလုပ်စဉ် ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။Oral Sex မလုပ်ခင် သင့်ရဲ့ အဖော်ဖြစ်သူနဲ့ အကာကွယ်တွေအကြောင်း အရင်ဆွေးနွေးခြင်းက Oral sex ပြုလုပ်ရာမှာ ပိုပြီး အဆင်ပြေ ချောမွေ့စေပါလိမ်မယ်။ Oral Sex ဟာ ရှက်စရာ ကောင်းနေမှာ မှန်ပေမဲ့ ပြုလုပ်တတ်ကြတဲ့ လိင်မှု ကိစ္စပုံစံ တစ်ရပ်ပြီး သင့်အနေနဲ့ ထုတ်ပြောဖို့ အရမ်းခက်နေတယ်ဆိုရင် ဒါဟာ သင့်အနေနဲ့ Oral Sex ပေးဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ကျွန်တော့် အနေနဲ့ Oral Sex လုပ်သင့်သလား။Oral Sex ပြုလုပ်ဖို့ ဆိုတာ ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ ဒါ့အပြင် သင်ရော၊ သင့်လက်တွဲဖော်ရော နှစ်ယောက်လုံး ဒီလိင်မှုကိစ္စအတွက် အသင့်ဖြစ်နေဖို့ကလည်း အရေးကြီးပါတယ်။ အတင်းအကြပ်အခိုင်းခံရရင်တော့ ဘယ်သူကမှ Oral Sex ကို လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ အရေးကြီးတာ တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါက Oral Sex ဟာ သင်တို့ နှစ်ယောက်လုံးအတွက် ပျော်ရွှင်စရာ အတွေ့အကြုံ ဖြစ်သင့်ပါတယ်။ အဖော် ဖြစ်သူ အတင်းအကျပ်ခိုင်းလို့ တစ်ယောက်ယောက်က လုပ်နေရင်တယ်ဆိုရင် ဒီလို အတင်းအကျပ်ခိုင်းခြင်းက ခံစားချက်ရဲ့သာယာမှု တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ Oral Sex ကို ဘယ်လို လုပ်ကြမလဲဆိုတာက တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်မှုနဲ့ပဲဆိုင်ပါတယ်။ အဓိက အချက်ကတော့ သင်တို့ ၂ ယောက်လုံး ခံစားချက်ကောင်းနေဖို့က ပိုအရေးကြီးပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/oral-sex/
ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား
လေ့ကျင့်ခန်းက အရွယ်တိုင်း လုပ်သင့်တာပါ။ ဒီလို ပြောရတာက လေ့ကျင့်ခန်း လုပ်တာကစိတ်ရော ကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်လို့ပါ။ဘိုးဘိုးဘွားဘွားတို့က လူငယ်တွေလောက် မသန်မာတော့ဘူး ဆိုပေမယ့် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ကျန်းမာရေး ပြဿနာတွေကို အကောင်းဆုံး ကာကွယ်ရာရောက်မှာပါ။ငယ်ရွယ်စဉ်မှာသန်မာ ဖျတ်လတ်ကြပေမယ့် အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာတော့။တကယ်တော့ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်ဖို့ဆိုရင် အသက် ၃၀ ပြည့်ပြီဆိုတာနဲ့ လေ့ကျင့်ခန်း စလုပ်သင့်ပါတယ်။ ဒီ မတိုင်ခင်ကတည်းက လုပ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။အသက် ၃၀ ပြည့်ပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ အိုမင်းမှုတွေ စလာပါတယ်။ ဒီလိုအိုမင်းမှုတွေ စတင်လာတဲ့အခါ ပျက်စီးမှုတွေ၊ရောဂါတွေက ကပ်ပါလာပါတော့တယ်။ ဒိတော့ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်စေဖို့ လေ့ကျင့်ခန်း လုပ်တာက အကောင်းဆုံးသော နည်းလမ်းပါ။လေ့ကျင့်ခန်း လုပ်တာက။လေ့ကျင့်ခန်း လုပ်တာကနှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေသလိုသွေးတွင်း အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း ကောင်းစေပါတယ်။နှလုံးခုန်နှုန်း မမြန်စေဖို့ ထိန်းညှိပေးသလို သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိလိုက်ခြင်းက နှလုံးရောဂါကို အထိရောက်ဆုံး ကာကွယ်လိုက်ခြင်းပါ။အသက်အရွယ်ရလာရင် လှုပ်ရှားမှု နည်းလာတယ်။လှုပ်ရှားမှုနည်းလာတဲ့အခါ အဝလွန်လာတယ်။ ဒီလိုကနေ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဝင်လာပါလေရော။ဒီတော့ အကောင်းဆုံးက လေ့ကျင့်ခန်း လုပ်တာပေါ့။ လေ့ကျင့်ခန်းကို အများကြီး မလုပ်နိုင်ဘူးဆိုရင်တောင် ပုံမှန်လမ်းလျှောက်တာလောက် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက အဝမလွန်စေဖို့ ကာကွယ်ပေးသလို နှလုံးကျန်းမာစေပြီး လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။လေ့ကျင့်ခန်း လုပ်တာ၊ ရေကူးတာ၊ လမ်းလျှောက်တာတွေက ကြွက်သားတွေကို သန်မာစေပြီး အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ ကြွက်သားတွေဆီ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး ကြွ်သားတွေ သန်မာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။လေ့ကျင့်ခန်းလုပ်တာက ဆီးချိုရောဂါ ခံစားရနိုင်ခြေကီု ၅၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်တယ်လို့ သုတေသနပြုချက်တွေအ ရသိရပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ကြွက်သားတွေက သွေးတွင်းက အချိုဓာတ်တွေကို အထိရော်ကဆုံး အသုံးချပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးတာကြောင့်  သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။ဒါတွေအပြင် ဘိုးဘိုးဘွားဘွားတို့ အနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်တဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေ ကင်းဝေးသလို အရိုးတွေလည်း သန်မာကြပါတယ်။ ဒီတော့ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးဖို့ လေ့ကျင့်ခန်း လုပ်ပါ ဘိုးဘိုးဘွားဘွားတို့ရေ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/active-aging/exercise-benefits-for-elderly/
ကိုယ်ဝန်ဆောင်မေမေ ကြက်ဟင်းခါးသီး စားမရဘူးဆိုတာ တကယ်လား!
ကိုယ်ဝန်ဆောင်ချိန်မှာ မစားစဖူးတွေ စားချင်တာမျိုး ဖြစ်တတ်တယ်နော်။ ဒီလို မစားစဖူး စားချင်မိတာက အပျိုဘဝကရော ပေါ့ပေါ့ပါးပါး ဘဝကပါ လုံးဝ စားချင်စိတ် မရှိခဲ့တဲ့ ကြက်ဟင်းခါးသီးများ ဖြစ်နေသလား။ ဒါဆိုရင် ဖြစ်နိုင်တာ ကြက်ဟင်းခါးသီး မစားနဲ့။ ကလေး လမစေ့ဘဲ မွေးမယ်။ ကိုယ်ဝန်ပျက်ကျနိုင်တယ် ဆိုတဲ့ စကားတွေကြောင့် စားလို့ ရ၊ မရ ဝေခွဲရခက်ရင်း ကိုယ်ဝန်ဆောင်မေမေ ကြက်ဟင်းခါးသီး စားမရဘူးဆိုတာ တကယ်လား ဆိုပြီး တွေးနေပြီလား။ဒါဆိုရင်တော့ အတွေးကို ရပ်လို့ ဒီစာလေးကို ဖတ်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ ဒီလို ပြောရတဲ့ အကြောင်းအရင်းလေးကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။ပုံမှန်အားဖြင့်ကတော့ ကြက်ဟင်းခါးသီးကို ဆီးချို၊ ကင်ဆာ နဲ့ကူးစက်ရောဂါတွေအပါအဝင် ရောဂါအမျိုးမျိုးကို ကုသဖို့အတွက် အသုံးပြုကြပါတယ်.။ကြက်ဟင်းခါးသီးကို လူသိများတဲ့ အချက်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်ဆိုတဲ့ အချက်နဲ့ပါ။ ဒါကြောင့်လည်း ကြက်ဟင်းခါးသီးက ဆီးချိုရှိသူတွေ စားပေးသင့်တဲ့ အသီးလို့ နာမည်ကြီးတာပေါ့။ကြက်ဟင်းခါးသီးက ဆေးဖက်ဝင်တာ မှန်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသင့် မစားသင့်က ဒွိဟတွေ အများကြီး ရှိနေပါတယ်။ တိရစ္ဆာန်တွေမှာ လေ့လာချက်အရ ကြက်ဟင်းခါးသီးနဲ့ အစေ့မှာ ပါဝင်တဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ α-momorcharin ကလမစေ့ဘဲ မွေးဖွားတာ၊ ကလေးမှာ မွေးရာပါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်တယ်လို့ဆိုပါတယ်။ ဒါက တိရစ္ဆာန်တွေမှာ စမ်းသပ်ထားတာ ဖြစ်ပေမယ့် လူတွေမှာလည်း သတိထားသင့်ပါတယ်။အထူးသဖြင့် ကြက်ဟင်းခါးသီးအစေ့ကို ‌စားတာ၊ အစိမ်းဖျော်သောက်တာတွေ မလုပ်သင့်ပါဘူး။ကြက်ဟင်းခါးသီးကို ချက်စားမယ်ဆိုရင်လည်း တစ်နေ့ကို တရုတ်ပန်းကန်လုံး ၂လုံးစာထက် မပိုသင့်ပါဘူး။ ကြက်ဟင်းခါးသီးက ခါးတဲ့အတွက် တစ်ထိုင်တည်း ဒီလောက်အများကြီး မစားလောက်ဘူးလို့ ယူဆပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်ဟင်းခါးသီးကို အလွန်အကျွံစားတာက ဝမ်းပျက်တာ၊ သားအိမ်ညှစ်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင် မေမေ တစ်ယောက် အနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အကျွံ မဟုတ်ဘဲ အတန်အသင့် စားပေးလို့ ရပါတယ်။ ကြက်ဟင်းခါးသီးမှာ ကိုယ်ဝန်ဆောင်မေမေကို ကျန်းမာစေနိုင်တဲ့အမျှင်ဓာတ်၊ ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် C၊ သီရာမင်း၊ သံဓာတ် နဲ့ riboflavin ဆို့ ပါဝင်နေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်ဟင်းခါးသီး စားပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်မှာပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-pregnant-mom-can-eat-bitter-melon/
Metatarsalgia (ခြေဖဝါးအရိုးများနာကျင်မှု)
ခြေဖဝါးအရိုးများနာကျင်မှုကို စတုန်းဘရုဟုလည်းခေါ်ပြီး ခြေဖဝါးနာပြီးယောင်ယမ်းသောရောဂါတစ်မျိုးဖြစ်သည်။ ခုန်ခြင်း ပြေးခြင်းနှင့်ပတ်သတ်သောလှုပ်ရှားမှုများတွင်ပါဝင်ပါက ဖြစ်တတ်သည်။ ဖြစ်စေသောအခြားအကြောင်းအရင်းများလည်းရှိသည်။ ခြေထောက်ပုံသဏာန်မမှန်ြခ်ငး ရှု့းဖိနပ်အရမ်းကျပ်လွန်းချောင်လွန်းခြင်းကြောင့်လည်းဖြစ်နိုင်သည်။များသောအားဖြင့်မပြင်းထန်သော်လည်း ဒီရောဂါကြောင့်သင့်အခွင့်အရေးများဆုံးရှုံးနိုင်သည်။ ကံကောင်းစွာ အိမ်တွင်းကုသမှု ဥပမာ ရေခဲကပ်ခြင်းနှင့်အ နားယူခြင်းတို့ကြောင့်သက်သာစေနိုင်သည်။ ပုံမှန်ဖိနပ်ဝတ်ခြင်း သို့မဟုတ် ခြေဖဝါးအခုံးကိုထောက်ပံသောအရာများသည် ခြေဖဝါးအရိုးများနာကျင်မှုကို ကာကွယ်ပေးခြင်း သို့မဟုတ် ပြန်ဖြစ်သည်ကိုနည်းစေတတ်သည်။ယောက်ျားလေးမိန်းကလေးတူတူဖြစ်တတ်သည်။ အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သော်လည်း အသတ်အလယ်အလတ်မိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ခြေဖဝါးအရိုးများနာကျင်မှုရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ခြေဖဝါးတွင်စူးခြင်းကိုက်ခြင်း သို့မဟုတ် ပူခြင်း-ခြေချောင်းများနောက်-။မတ်တပ်ရပ်ခြင်းပြေးခြင်း ခြေထောက်ကွေးခြင်း လမ်းလျောက်ခြင်းကြောင့်ပိုဆိုးနိုင်သည်။-အဓိကအားဖြင့်ဖိနပ်မပါပဲ မြေပြင်အမာတွင်လမ်းလျောက်ခြင်း-နားပါကသက်သာနိုင်သည်။ခြေချောင်းများတွင်စူးပြီးနာခြင်း ထုံခြင်း ကျင်ခြင်း။ဖိနပ်ထဲတွင်ကျောက်စလစ်ခဲများရှိသကဲ့သို့ခံစားရခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ခြဖဝါးအရိုးများနာကျင်မှုကိုဖြစ်စေသောအကြောင်းအများကြီးရှိပါသည်။ အဖြစ်များဆုံးအချို့သောအကြောင်းများမှာ-။လေ့ကျင့်ခန်းသို့မဟုတ် လှုပ်ရှားမှုပြင်းထန်ခြင်း။အဝေးပြေးအားကစားသမားများတွင် ခြေဖဝါးအရိုးများနာကျင်မှုပိုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပြေးလျင် ခြေဖဝါးရှေ့ပိုင်းတွင် ဖိအားများစေသောကြောင့်ဖြစ်သည်။ သို့သော်ပြင်းအားများ သောအားကစားသမားများတွင်လည်းဖြစ်တတ်သည်။ အဓိကအားဖြင့် ဖိနပ်မသင့်တော်ခြင်း သို့မဟုတ် ဖိနပ်ပျက်စီးနေခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ခြေထောက်အချို့ပုံသဏာန်များ။ခြေထောက်အခုံးမြင့်ပါက ဖိအားများစေသည်။ ဒုတိကခြေချောင်းက ခြေမထက်ရှည်ပါက ဒုတိယခြေချောင်းအား အလေးချိန်ပိုရောက်စေသောကြောင့်ပိုဖြစ်တတ်သည်။ခြေထောက်ပုံမမှန်ခြင်း။သေးလွန်းသောဖိနပ် သို့မဟုတ် ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် သင့်ခြေထောက်ပုံမမှန်ဖြစ်တတ်သည်။ အောက်သို့ကောက်သောခြေချောင်း(တူကဲ့သို့သောခြေချောင်း) နှင့် ခြေမတွင် ယောင်ပြီးနာနေခြင်းတို့ကြောင့်လည်း ခြေဖဝါးအရိုးများနာကျင်မှုပိုဖြစ်စေနိုင်သည်။အလေးချိန်များခြင်း။အဘယ်ကြောင့်ဆိုသော် ကိုယ်အလေးချိန်တော်တော်များများသည် သင်လှုပ်ရှားပါက သင့်ခြေထောက်ပေါ်သို့ကျသည်။ ပေါင်ပိုနေပါက ခြေမဝါးတွင် ဖိအားပိုများစေနိုင်သည်။ ဝိတ်ချခြင်း ကြောင့် လက္ခဏာကိုသက်သာစေခြင်း ပျောက်ကင်းစေခြင်းကိုဖြစ်စေသည်။အရွယ်အစားမမှန်သောဖိနပ်များ။ဒေါက်မြင့်ဖိနပ်များက သင့်အလေးချိန်ကို ခြေဖဝါးအရှေ့ပိုင်းသို့ရောက်စေသည်။ မိန်းကလေးများတွင် အဖြစ်အများဆုံးအကြောင်းအရာဖြစ်သည်။ ခြေချောင်းနေရာသေးသာဖိနပ် သို့မဟုတ် ထောက်ပံ့ပေးမှုမရှိသော အားကစားဖိနပ်များ ကြောင့်လဲပြသာနာဖြစ်နိုင်သည်။ဖိအားကြောင့်ကျိုးခြင်း။ခြေဖဝါးရိုးသို့မဟုတ် ခြေချောင်းအရိုးများအနည်းငယ်ကျိုးခြင်းကြောင့် နာပြီး အလေးချိန် သင့်ခြေထောက်ပေါ်ကျခြင်းမမှန်သည်တို့ဖြစ်တတ်သည်။မော်တွန် နရူရိုးများ။ကင်ဆာမဟုတ်သော အမျှုင်တစ်သျူးများက သုံးလေးမြောက်ခြေဖဝါးအရိုးများရှိ အာရုံကြောတွင် ပေါ်လာသ်ည။ ထိုကြောင့်ခြေဖဝါးအရိုးများနာကျင်မှု၏လက္ခဏာများပေါ်လာပြီး ခြေဖဝါးအရိုးများကိုဖိအားပေးသည်။ခြေဖဝါးအရိုးများနာကျင်မှုဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။လှုပ်ရှားမှုပြင်းသောအားကစားများ (ပြေးခြင်းခုန်ခြင်းပါသော)တွင်ပါဝင်ခြင်း။ဒေါက်မြင့်စီးခြင်း မတော်သောရှုးဖိနပ်များစီးခြင်း။အဝလွန်ခြင်း။အခြားသောခြေထောက်ပြသာနာများ။ ထူကဲ့သို့သောခြေခြောင်းများ အသားမာတတ်ခြင်းတို့ပါဝင်နိုင်သည်။အဆစ်များယောင်ခြင်း ဥပမာ ရူမတွုက်အဆစ်ယောင်ခြင်း သို့မဟုတ် လေးဖက်နာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ခြေဖဝါးအရိုးများနာကျင်မှုဟု သံသယဖြစ်ပါက ရုပ်ပိုင်းဆိုင်ရာစမ်းသက်မှုများနှင့်အခြာသောစစ်ဆေးမှုများကိုဆရာဝန်ညွန်ကြားချက်အတိုင်းလုပ်ရမည်။ ခြေထောက်ပြသာနာတော်တော်များများက တူသော လက္ခဏာပြတတ်သောကြောင့် ပုံစံမျိုးစုံပြောင်း၍ ဥပမာ ထိုင်ခြင်းထခြင်း လုပ်ခိုင်းပြီး နာသောနေရာအတိအကျကိုရှာလိမ့်မည်။ သင့်ဘဝနေထိုင်ပုံလှုပ်ရှားမှုတို့အကြောင်းမေးလိမ့်မည်။ ဓါတ်မှန်ရိုက်၍ ဖိအားကြောင့်ကျိုးခြင်း သို့မဟုတ် အခြားခြေဖဝါးပြသာနာမဟုတ်သည်ကိုဖယ်လိမ့်မည်။စောင့်ကြည့်ခြင်း ဥပမာ အနားယူခြင်း ဖိနပ်ပြောင်းခြင်း၊ ခြေဖဝါးအခံခံခြင်း တို့ကလက္ခဏာကိုသက်သာစေသည်။သို့သော် ရှားသောကိစ္စများတွင် ထိုသို့စောင့်ကြည့်ခြင်းနှင့်မသက်သာပါက သင့်ခြေဖဝါးအရိုးနာခြင်းသည် အခြားခြေထောက်ရောဂါများ ဥပမာ တူကဲ့သို့သောခြေချောင်းများရှိနေပါက ခွဲစိတ်မှုလုပ်နိုင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့ ို ခြေဖဝါးအရိုးများနာကျင်မှုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ပုံမှန်ဖိနပ်များဝတ်ဆင်ခြငး်။ဒေါက်မြင့် နှင့် အရမ်းကျပ်သောဖိနပ်များဝတ်ဆင်ခြင်းရှောင်ပါ။ ဖိနပ်သည် ထောက်ပံ့နိုင်ရမည် ခံနိုင်ရည်ရှိရမည်။ ခြေချောင်းနေရာကျယ်ပါကပိုကောင်းသည်။ခြေဖဝါး အကွေးထောက်ပံ့မှုများ။အနာသက်သာစေသည်။ခန္ဓါကိုယ်အလေးချိန်။ပိန်သောသူများတွင် ခြေဖဝါးအရိုးနာခြင်းဖြစ်တာနည်းသည်။ ကျန်းမာသော ခန္ဓါကိုယ်အလေးချိန်ဖြစ်အောင်ထိန်းပါ။ပြန်ကောင်းရန်အချိန်လုံလောက်စွာပေးပါ။ထိခိုက်ပြီးပြန်ကောင်းလာပါက ပြင်းထန်သောလေ့ကျင့်ခန်းလုပ်မည်ဆိုက ဆရာဝန်ညွှန်ကြားချက်ကိုလိုက်နာပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/metatarsalgia-%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%9d%e1%80%ab%e1%80%b8%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%80%e1%80%bb/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/19-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
နွေပူပူမှာ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ!
နွေရာသီမှာ အပူဒဏ်ကို သက်ရှိအားလုံး အလူးအလဲ ခံကြရပါတယ်။ ဒီလို အပူဒဏ်ကြောင့် ပင်ပန်းမှုကို ခံစားကြရသလို အပူချိန် မြင့်တက်မှုကလည်း လေထုအရည်အသွေးကို ထိခိုက်စေပါတယ်။ ဒီလို နေပူနေချိန်မှာလေထုအရည်အသွေး မကောင်းတာကြောင့် ထိခိုက်နိုင်တဲ့ အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရရှိစေဖို့ လုပ်ဆောင်ပေးတဲ့ အဆုတ်လေးပါ။ အဆုတ်လေးတွေက နွေအပူကြောင့်ပန်းနာရင်ကျပ်ထတာ အပါအဝင် အမျိုးမျိုးသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ နွေပူပူမှာ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။နွေပူပူမှာ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဆိုရင်။ရာသီဥတု အခြေအနေကို ပြောင်းလဲတာမျိုး မလုပ်နိုင်ဘူးဆိုပေမယ့် ကိုယ်တိုင် ရှူသွင်းမယ့် လေအပူချိန်ကိုတော့ ထိန်းညှိလို့ ရပါတယ်။ အဆုတ်ကို မထိခိုက်အောင် ပူလွန်း၊ အေးလွန်းတဲ့ လေကို ရှောင်ပါ။ ပူလွန်းတဲ့ လေက အဆုတ်ပွ COPD၊ ပန်းနာရင်ကျပ် စတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူလွန်းလို့ဆိုပြီး အဲကွန်းရှေ့မှာ တောက်လျှောက်နေပြီး ခြောက်သွေ့တဲ့ လေကို ရှူနေတာကလည်း အဆုတ်ပြဿနာတွေ၊ အသက်ရှူကျပ်ပြီး ချောင်းဆိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရှူနေတဲ့ လေထုရဲ့ အပူချိန်ကို သတိထားပါ။ပတ်ဝန်းကျင်မှာ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အရာတွေ တော်တော်များများ ရှိနေနိုင်ပါတယ်။ အိမ်ထဲမှာ ရှိတတ်တဲ့ မှိုတွေ၊ ဖုန်မှုန့်တွေ၊ အမွှေးနံ့စူးစူးတွေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကနေ ထွက်တဲ့ အနံ့တွေဆို ရှောင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒါတွေ ရှိနေတဲ့နေရာနဲ့ ဝေးဝေးနေတာ၊ အိမ်သန့်ရှင်းရေး လုပ်တာတတွေနဲ့ ကာကွယ်လို့ ရပါတယ်။အပြင်သွားရင်တော့ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေ ရှိမှာပါ။ ဒါတွေကိုတော့ မတ်ခ်တပ်ပြီး ကာကွယ်လို့ ရပါတယ်။ နောက်တစ်ချက်က တဆင့်ခံဆေးလိပ်ငွေ့တွေပါ။ ဆေးလိပ်သောက်တဲ့သူနဲ့ ဝေးဝေးနေသင့်သလို ကိုယ်တိုင်လည်း မသောက်တာ အကောင်းဆုံးပါ။အဆုတ်ကို ထိခိုက်စေတဲ့အရာတွေကနေ ကာကွယ်ဖို့ နေအိမ်ထဲမှာ ပုံမှန်ဖုန်သုတ်တာ၊ ကြမ်းပြင်တွေနဲ့ အသုံးအဆောင်တွေကို သန့်ရှင်းတာအပြင်အစိုဓာတ်ထိန်းစက်ဖွင့်ပေးတာမျိုး လုပ်ပေးပါ။ အဲကွန်းမှာ မလိုအပ်ဘဲ အမွှေးနံ့တွေ ဖြန်းတာမျိုး မလုပ်ပါနဲ့။ နောက်တစ်ခုက လေလုံနေတဲ့ အခန်းထဲမှာ ဖယောင်းတိုင် ထွန်းတာ၊ ခြင်ဆေး နဲ့ အမွှေးတိုင် ထွန်းတာမျိုးတွေ မလုပ်ပါနဲ့။ ဒါတွေက အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။လေ့ကျင့်ခန်း လုပ်တာကနှလုံးခုန်နှုန်းကို တိုးစေနိုင်သလို သွေးလည်ပတ်မှုကောင်းစေတာကြောင့် အဆုတ်တွေကို လေမြန်မြန်ရှူသွင်းနိုင်စေဖို့ လှုံ့ဆော်ပေးပါတယ်။ နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေကို သန်မာစေသလို အဆုတ်တွေကိုလည်း ကျန်းမာစေပါတယ်။ အရွယ်တင်စေပြီး ရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ နွေပူနေချိန်မှာတော့ မနက်စောစော နဲ့ ညနေ နေအေးချိန်တွေမှသာ လေ့ကျင့်ခန်း လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။လက်ကို စနစ်တကျနဲ့ ပုံမှန်ဆေးကြောတာ၊ တုပ်ကွေးကာကွယ်ဆေး နှစ်စဉ် ထိုးနှံတာတွေက ကူးစက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူနေချိန်မှာ အဆုတ်ကျန်းမာစေဖို့ဆိုရင် ကူးစက်မှုတွေကို ကာကွယ်နိုင်မယ့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထလေးတွေကို လိုက်နာပေးဖို့ လိုပါမယ်။ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ရှိမယ်ဆိုရင် ပိုပြီး သတိထားဖို့ လိုပါမယ်။နေ့လယ်နေ့ခင်း အရမ်း နေပူနေချိန်မှာ အပြင်ထွက်တာမျိုး ဥပမာ – နေ့လယ် ၁၁ နာရီ ကနေ ၃ နာရီ အတွင်း အပြင်ထွက်တာမျိုး မလုပ်ပါနဲ့။ ဒီအချိန်အတွင်း အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးမှာ သက်သောင့်သက်သာ နေပါ။ နေအေးမှ အပြင်ထွက်တာမျိုး လုပ်ပါ။ အပူလွန်ကဲတာနဲ့ ရေဓာတ်ခမ်းခြောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။အပူချိန် မြင့်တက်မှုက လေထုထဲက အိုဇုန်းပမာဏကို မြင့်တက်စေပြီး အသက်ရှူရ ခက်စေသလို အဆုတ် ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။နေပူနေချိန်မှာ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း ထီးဆောင်းတာ ဦးထုပ်ဆောင်းတာ၊ ချည်သား ပွပွချောင်ချောင် လက်ရှည် ဘောင်းဘီရှည် ဝတ်ဆင်ပြီးမှ ထွက်ပါ။ ရေဗူးယူသွားဖို့လည်း မမေ့ပါနဲ့။နွေရာသီမှာ အပူဒဏ်ကြောင့်အဆုတ် မထိခိုက်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/keep-your-lungs-healthy-in-summer/
အကြမ်းပတမ်း ရုပ်ရှင်တွေကြည့်ခြင်းက ကလေးတွေကို ထိခိုက်စေသလား
ဒါဟာ လူတွေကြားထဲမှာ ပြောစရာ ဖြစ်နေခဲ့တာ ကြာပါပြီ။ သိပ်ပြီး မတွေးတတ်၊မခေါ်တတ်တဲ့ ခပ်ရိုးရိုးလူတယောက်အနေနဲ့ ဆိုရင်တောင် ဒီလိုမျိုး ရုပ်ရှင်တွေ၊ဇာတ်လမ်းတွေထဲမှာ ကြမ်းပြရမ်းပြနေတာတွေဟာ ရေရှည်မှာ ဆိုးကျိုးတွေကို ဖြစ်လာစေမယ်ဆိုတာ နားလည်ပါတယ်။ အလွယ်ဆုံး ပြောရရင် အကြမ်းပတမ်းလုပ်ရပ်တွေကနေ အကြမ်းပတမ်းအကျိုးဆက်တွေပဲ ဖြစ်လာပါလိမ့်မယ်။ကလေးငယ်တွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာရင်းနဲ့ အရွယ်ရောက်လာတာ ဖြစ်ပါတယ်။ ကလေးတွေဟာ အဖြူထည်လေးတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရေးခြယ်လိုက်သမျှ အရောင်တွေဟာ သူတို့လေးတွေရဲ့ နုနယ်လှတဲ့ စိတ်ထဲမှာ စွဲသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလိုမျိုး ကြမ်းတမ်းရက်စက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကလေးတွေကို ကြိမ်ဖန်များစွာ ထိတွေ့စေတဲ့အခါ ဆိုးရွားတဲ့၊မလိုလားအပ်တဲ့ အကျိုးဆက်တွေကို မလွှဲမရှောင်သာ ကြုံတွေ့လာရတော့မှာပဲ ဖြစ်ပါတယ်။ တွေ့ရလေ့ရှိတဲ့ စိုးရိမ်စရာ လက္ခဏာတွေကတော့ ရန်လိုလာတာ၊လက်တွေ့ပြင်ပက အကြမ်းဖက်ရက်စက်မှုတွေကို ဘယ်လိုမှ မခံစားရတော့တာ၊တီဗီမှာပါတဲ့ ရက်စက်အကြမ်းဖက်မှုတွေအတိုင်း အပြင်မှာတကယ်လိုက်လုပ်ဖို့ ကြိုးစားတာ စတာတွေပဲ ဖြစ်ပါတယ်။”Jack Ass” လို့ ခေါ်တဲ့ ၂၀၀၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားထဲမှာ ပါတဲ့ စတန့်ပြကွက်တွေ၊ကြမ်းတမ်းမှုတွေအတိုင်း လိုက်လုပ်ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ လူငယ်တွေ တကယ်ပဲ ရှိခဲ့ပါတယ်။“လေ့လာသုတေသန ပြုမှုပေါင်း တစ်ထောင်ကျော်အရ ပြောနိုင်တာက ရုပ်သံတွေ၊ဇာတ်လမ်းတွေမှာပါဝင်တဲ့ ကြမ်းတမ်းသတ်ဖြတ်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်နှစ်သက်စွာ ခဏခဏ ကြည့်ရှုမယ်ဆိုရင် တချို့ကလေးတွေမှာ အကြမ်းဖက်ရန်လိုတဲ့ အမူအကျင့်တွေပေါ်လာမယ်၊ရက်စက်ကြမ်းကြုတ်တဲ့ အမူအကျင့်တွေကို ရွံရှာစက်ဆုပ်ရမှန်းမသိတော့ဘူး။ ကမ္ဘာကြီးဟာ ရိုင်းစိုင်းပြီး ကြောက်ဖို့ကောင်းတဲ့ နေရာကြီးပါလားလို့ စိတ်ထဲစွဲသွားမယ် အစရှိတဲ့ အကျိုးဆက်ဆိုးဆိုးရွားရွားတွေ ဖြစ်ပေါ်လာစေလိမ့်မယ်” လို့ ကလေးသူငယ်ဆိုင်ရာ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဟုတ်ပြီ၊ ဒါဖြင့် တချို့ကလေးတွေက ဘာလို့ဒီလိုအမူအကျင့်တွေ ပေါ်ပေါက်လာရတာလဲ။ ရှင်းရှင်းလေးပါ၊ အကြမ်းဖက်၊ရက်စက်ကြမ်းကြုတ်တာတွေကို ဖောဖောသီသီကြီး မြင်တွေ့နေရလို့ ဖြစ်ပါတယ်။ ကလေးတယောက်အနေနဲ့ အကြမ်းပတမ်း၊ရက်စက်သတ်ဖြတ်မှုတွေကို ရုပ်သံတွေ၊အင်တာနက်တွေကတဆင့် တချိန်လုံးအလွယ်တကူ ကြည့်နေလေ့ရှိတယ်ဆိုပါစို့။ ကြာလာတဲအခါ ဒီလိုမျိုး ရိုင်းစိုင်းကြမ်းကြုတ်တာတွေဟာ ပုံမှန်အရာပဲလို့ သူ့စိတ်ထဲ စတင်ပြီး ထင်မြင်ယူဆလာပါတော့တယ်။ ဒီလို ယူဆလိုက်တာနဲ့ တပြိုင်နက် ရက်စက်သတ်ဖြတ်မှုတွေဟာ သူ့အတွက် မထူးဆန်းတော့တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် သဘာဝတခု ဖြစ်လာပါတယ်(အရှေ့အရပ်က နေထွက်တာကို မြင်တဲ့အခါ မအံ့ဩသလိုပေါ့)။ ပိုအရေးကြီးတဲ့အချက်က ကြမ်းတမ်းရိုင်းစိုင်းမှုတွေဟာ ပုံမှန်ပဲလို့ ယူဆလိုက်တဲ့ ကလေးဟာ အဲဒီအချိန်ကစပြီး အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ပဲ တုံ့ပြန်ပါတော့မယ်။ ဒီလို ရန်လို၊ကြမ်းတမ်းတဲ့ အမူအကျင့်ဟာ အသက်ကြီးလာတဲ့အခါ ပြင်ဖို့ အင်မတန် ခက်သွားပါပြီ။အကြမ်းပတမ်းသတ်ဖြတ်ရိုက်ပုတ်တာတွေပါတဲ့ ဇာတ်ကားတွေ၊ရုပ်သံအစီအစဉ်တွေဟာ ဆိုးကျိုးတွေ မဖြစ်စေပါဘူးလို့ ဘယ်ထုတ်လုပ်သူတွေကများ အာမခံနိုင်မှာလဲ။ ဒီလို အစီအစဉ်တွေ၊ဇာတ်ဝင်ခန်းတွေကို မိဘတွေကလည်း ပေးမကြည့်သင့်ပါဘူး။ ကလေးတွေကြည့်တဲ့ ရုပ်ရှင်တွေ၊အစီအစဉ်တွေကို မိဘတွေက ရွေးချယ်ပေးပါ။ ကလေးတွေကြည့်နေတဲ့ အရာတွေကို စောင့်ကြည့်ကွပ်ကဲဖို့ အစီအစဉ်တွေ၊စည်းမျဉ်းတွေ ရေးဆွဲထားပါ။ ဒါ့အပြင် ကလေးတွေနဲ့ အတူတီဗီကြည့်ပေးခြင်းဟာ သူတို့လေးတွေအတွက် သင့်တော်တဲ့ အစီအစဉ်တွေ၊ရုပ်ရှင်တွေကို ရွေးချယ်ပေးနိုင်တဲ့အပြင် မိသားစုဝင်တွေအကြားမှာ ချစ်ခင်ရင်းနှီးမှုကိုလည်း တိုးလာစေမှာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ဖျော်ဖြေရေးအစီအစဉ်တွေမှာသာမက သတင်းအစီအစဉ်တွေမှာလည်း အကြမ်းဖက်မှုတွေကို မြင်တွေ့ရနိုင်တာမို့ အကြမ်းဖက်၊ရက်စက်ကြမ်းကြုတ်ခြင်းရဲ့သဘောသဘာဝ၊ကမ္ဘာကြီးကို ဘယ်လိုထိခိုက်စေတယ် ဆိုတဲ့အကြောင်းကို ကလေးတွေ သဘောပေါက်နားလည်အောင် ရှင်းပြထားရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါမှ ကလေးငယ်အနေနဲ့ ရောထွေးခြင်းမရှိဘဲ သေသေချာချာ သဘောပေါက်နားလည်လာမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တီဗီရဲ့ ကောင်းတဲ့အချက်လေးတွေတော့လည်း ရှိပါသေးတယ်။ သဘာ၀ တောတောင်ရေမြေ စူးစမ်းလေ့လာရေး အစီအစဉ် ကဲ့သို့သော ရုပ်သံလိုင်းတွေကနေ များပြားလှတဲ့ ဗဟုသုတ အသစ်အဆန်းတွေကို ကလေးတွေအနေနဲ့ ရရှိမှာ အသေအချာပဲ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%a1%e1%80%80%e1%80%bc%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%90%e1%80%99%e1%80%ba%e1%80%b8-%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1/
လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား
လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား။လိင်ကိစ္စ ဆိုတာ တကယ်တော့ ကျေနပ်သာယာမှူကိုပေးစွမ်းနိုင်ရုံသာမက…..အန္တရာယ်ကင်းတဲ့ sex ဆိုရင် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးပေးတယ်ဆိုရင် အံ့သြသွားမလား….။အောက်မှာ ဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးအတွက် sex က ဘယ်နည်းဘယ်ပုံအကျိုးပြုတယ်ဆိုတာပါပဲ….။(1) ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေတယ်။လိင်ကိစ္စ ဆောင်ရွက်သူတွေဟာ မဆောင်ရွက်သူတွေထက် ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအရမ်းနည်းပါတယ်…ရောဂါပိုးဝင်လာရင် တိုက်ခိုက်နိုင်တဲ့ ပဍိပစ္စည်း ထုတ်လုပ်နိုင်စွမ်းလည်း နည်းတယ်လို့် သုတေသနတွေက ဆိုပါတယ်…..။(2) အမျိုးသမီး တွေမှာ ဆီးမထိန်းနိုင်တာကို လျော့ကျစေတယ်။တင်ပဆုံကြွက်သားတွေ သန်မာခြင်းက သင့်ကို…. ဆီးမထိန်းနိုင်ခြင်းကနေ တားဆီးပေးနိုင်မှာဖြစ်ပါတယ်… လိင်ဆက်ဆံခြင်းဟာ သင့်တင်ပဆုံကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးနေတာနဲ့ အတူတူပါပဲ…။(3) သွေးပေါင်/သွေးဖိအားကိုကျစေတယ်။သုတေသနတွေက ဖော်ပြထားတာကတော့… လိင်ဆက်ဆံခြင်းနဲ့ သွေးကြောတွင်းဖိအားကျတာဟာ ဆက်စပ်မှူ ရှိတယ် ဆိုတာပါပဲ…. အထူးသဖြင့် အပေါ်သွေးလို့ အလွယ်ခေါ်ကြတဲ့ systolic blood pressure ကို ကျစေပါသတဲ့….။(4) လေ့ကျင့်ခန်း လုပ်သလိုပဲ အကျိုးဖြစ်ထွန်းစေတယ်။လိင်ဆက်ဆံခြင်းဆိုတာ တကယ်တော့ လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ….. တစ်မိနစ် ကို ကယ်လိုရီ ဆယ်ဂဏန်းလောက် လောင်ကြွမ်းစေပါတယ်…နှလုံးခုန်နှူန်းကို မြင့်တက်စေပြီး ခန္ဓါကိုယ်က ကြွက်သားတွေကို လှူပ်ရှားစေပါတယ်…။(5) နှလုံးတိုက်ခိုက်နိုင်ချေကို လျော့ပါးစေတယ်။လိင်ဆက်ဆံခြင်းဟာ သင့်နှလုံးခုန်နှူန်းကို မြင့်တက်စေရုံသာမက…. အီစထရိုဂျင်နဲ့ အန်ဒရိုဂျင် ဟော်မုန်းနှစ်ခုကိုလည်း မျှတစေတဲ့အတွက် အရိုးပွရောဂါနဲ့ နှလုံးရောဂါ ဖြစ်ခြင်းကနေ… သင့်ကို ကာကွယ်ပေးနိုင်ပါတယ်။(6) နာကျင်မှူကို လျော့နည်းစေတယ်။“အကိုက်အကဲပျောက်ဆေးကိုမရှာခင် လိင်ကိစ္စ ပြီးမြောက်မှူကို အရင်ရှာဖွေပါ” … ဆိုတဲ့ စကားတစ်ခုရှိပါတယ်။ဘာလို့လဲဆိုရင် လိင်ကိစ္စ အာသာပြေကျေနပ်မှူက နာကျင်မှူတွေကိုသိသိသာသာ လျော့နည်းစေလို့ပါပဲ…. သုတေသနတစ်ခုမှာဖော်ပြထားတာက မိန်းမကိုယ်ကို နှိူးဆွပေးခြင်းဟာ နာတာရှည်နောက်ကျောနာကျင်ခြင်းနဲ့ ခြေထောက်နာတာအပြင်…. ရာသီလာစဉ်ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကိုပါ သက်သာစေတယ်လို့ သိရပါတယ်။(7) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။သင်လိင်ကိစ္စပြီးမြောက်သွားတဲ့အခါ အိပ်ချင်စိတ်ပေါက်လာတာ သတိထားမိမှာပါ…. ဒါဟာ ဘာကြောင့်လဲဆိုရင် လိင်ကိစ္စ ပြီးမြောက်တဲ့အခါ ထွက်တဲ့ prolactin လို့ခေါ်တဲ့ ဟော်မုန်းကြောင့်ပါပဲ… အဲဒီဟော်မုန်းက သင့်ကို သင့်တောင့်သက်သာဖြစ်စေပြီး အိပ်ပျော်ခြင်းကို ရောက်စေတာပါ…။လိင်ကိစ္စ ဟာ… သင့်ကို ဒီလောက်ထိ ကောင်းကျိုးတွေ ဖြစ်စေတယ် ဆိုတာ ခုလောက်ဆို သင်သိလောက်ပါပြီ….ဒါပေမယ့် အရေးအကြီးဆုံးတစ်ချက်ကျန်ပါသေးတယ်… ဒါကတော့ သင့်ရဲ့ လိင်ဆက်ဆံခြင်းဟာ healthy sex လို့ခေါ်တဲ့ ကျန်းမာရေး နဲ့ညီညွတ်ပြီး အန္တရာယ်ကင်းစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဖြစ်ဖို့လို့ပါတယ်…။မိမိရော မိမိအဖော်မှာပါ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကင်းဖို့လိုပါတယ်… နှစ်ဦးစလုံးတစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့လဲ လိုပါတယ် …. မလိုချင်တဲ့ ကိုယ်ဝန်နဲ့ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကာကွယ်ဖို့အတွက်… ကွန်ဒုံးကို မမေ့ကြဖို့တော့ လိုပါတယ်….။Dr. Seinn Moe Sat။Ref။www.webmd.com/sex-relationships/guide/sex-and-health#3။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/55289/
ဆီးချိုဆေး မက်ဖော်မင် သောက်ရင် ကျောက်ကပ်ထိမှာလား
ဆီးချိုရောဂါရှင်တိုင်း မက်ဖော်မင် လို့ ပြောလိုက်ရင် မသိသူ မရှိပါဘူး၊၊ တချို့များဆို ဆရာဝန် မညွှန်ဘဲနဲ့တောင် သွေးချိုလေးတက်ပြီဆိုတာနဲ့ မက်ဖော်မင်လေး ဝယ်သောက်ကြတာတောင် ရှိပါတယ်၊၊ မက်ဖော်မင်ကအမျိုးအစား ၂ ဆီးချိုရောဂါမှာ ထိပ်တန်းဆေး တစ်လက်ဖြစ်တာကြောင့် စကုပြီဆိုရင် မက်ဖော်မင်နဲ့ စလေ့ရှိပါတယ်၊၊ ဒါပေမယ့် တချို့လူနာတွေက ကိုယ့်ဟာကိုယ်ဆီးချိုရှိနေတာ အကောင်းသား၊ မက်ဖော်မင်လေး ဆွဲသောက်လိုက်တာ ဘယ်လောက်မှ မကြာဘူး၊၊ကျောက်ကပ်ပျက်ပါရောလားဆိုပြီး ပြောလေ့ရှိပါတယ်၊၊ ဒါက တကယ်ပဲလား၊၊။အမျိုးအစား ၂ ဆီးချိုရောဂါမှာ မက်ဖော်မင်က ထိပ်တန်းဆေး ဖြစ်တဲ့အတွက်ဆီးချိုလူနာတော်တော်များများမှာ တခြားသော ခြွင်းချက်မရှိရင် မက်ဖော်မင် စပေးလေ့ရှိပါတယ်၊၊ ဒီကြားထဲမှာလည်း မက်ဖော်မင်နဲ့ ဆီးချိုထိန်းထားနိုင်တယ်ဆိုရင် ဒီဆေးပဲ ဆက်ပေးလေ့ရှိပါတယ်၊၊ ဒီတော့ ဆီးချိုလူနာတွေက မက်ဖော်မင်ကို နှစ်ချီဆွဲသောက်ရလေ့ ရှိပါတယ်၊၊။မက်ဖော်မင်ကကျောက်ကပ်ကို မထိခိုက်စေပါဘူး၊၊ ဒါပေမယ့် ကျောက်ကပ်ကနေတဆင့် မက်ဖော်မင်ကို ဆီးကနေ စွန့်ထုတ်ပေးပါတယ်၊၊ ဒါကြောင့် ကျောက်ကပ်မကောင်းတဲ့အခါ ခန္ဓာကိုယ်ထဲမှာ မက်ဖော်မင်တွေ ပုံလာပါတယ်၊၊ ဒီကနေမှ ဘေးထွက်ဆိုးကျိုးအနေနဲ့ လက်တစ်အက်စစ်တွေ သွေးထဲမှာ များလာပြီးlactic acidosisလို့ခေါ်တဲ့ နောက်ဆက်တွဲ ပြဿနာကို ဖြစ်စေပါတယ်၊၊ ဒါက အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဒုက္ခဖြစ်စေနိုင်ပါတယ်၊၊။ကျောက်ကပ်မကောင်းတဲ့သူတွေကို မက်ဖော်မင်ပေးလေ့မရှိပါဘူး၊၊ ကျောက်ကပ်မကောင်းတာကြောင့် မက်ဖော်မင်ကို ကောင်းကောင်းမစွန့်ထုတ်နိုင်ခဲ့ရင် အပေါ်မှာ ပြောခဲ့တဲ့ lactic acidosis ဆိုတဲ့ ပြဿနာဖြစ်နိုင်လို့ပါ၊၊။ဒါကြောင့်လည်း ဆီးချိုလူနာတွေကို ဆေးမပေးခင် ကျောက်ကပ်ဓာတ်စစ်သလို ရက်ချိန်းလာပြရင်လည်းကျောက်ကပ်ဓာတ်စစ်တာပဲ ဖြစ်ပါတယ်၊၊ ဒါကြောင့် လူနာတွေအနေနဲ့ မိမိကျောက်ကပ် ကောင်းမှန်းမသိ၊ မကောင်းမှန်းမသိ သွေးချိုတက်တိုင်း ကိုယ့်သဘောနဲ့ကိုယ် မက်ဖော်မင် မသောက်ဖို့ လိုပါတယ်၊၊ ရက်ချိန်းမှန်မှန်ပြပြီး ကျောက်ကပ်ဓာတ်စစ်ဖို့လည်း လိုပါတယ်၊၊။ဒါကြောင့် ခြုံပြောရရင် မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်တာ မဟုတ်ဘဲ ကျောက်ကပ်မကောင်းတဲ့ လူနာတွေမှာ မက်ဖော်မင် ပေးလို့ မရတာ ဖြစ်ပါတယ်၊၊။ဒီလိုမျိုး ဖြစ်ရတဲ့အကြောင်းတွေကတော့။ဒါတွေက မက်ဖော်မင်နဲ့ မဆိုင်ပါဘူး၊၊ နဂိုတည်းက ကျောက်ကပ်ထိနေတာ၊ ဆီးချိုသေချာ မထိန်းတာကြောင့် ဖြစ်လာတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်၊၊ ပြောရမယ်ဆိုရင် ဆီးချိုလူနာတွေမှာ မက်ဖော်မင်လည်း သောက်၊ ဆီးချိုလည်း သေချာထိန်းမယ်ဆိုရင် ကျောက်ကပ်ပျက်မှာကိုတောင် တားနိုင်မှာ ဖြစ်ပါတယ်၊၊။ကျောက်ကပ်ဓာတ် Creatinine ကို စစ်ဆေးပြီး ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းဖြစ်တဲ့ eGFRကို ပြန်တွက်ပါတယ်၊၊ များသောအားဖြင့် eGFR 45 ml/min/1.73m2  တစ်နည်း eGFR 45 အထက်ဆိုရင် ပေးလို့ရပါတယ်၊၊ eGFR 30 ဆိုရင်တော့ မက်ဖော်မင်ကို ရပ်ပါတယ်၊၊  30နဲ့ 45 ကြားဆိုရင်တော့ မက်ဖော်မင် ပမာဏကို လျှော့တာ၊ ကျောက်ကပ်ဓာတ်ကို မကြာခဏစစ်ဆေးတာ၊ လူနာရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်တာ စတာတွေ လုပ်ရပါတယ်၊၊။သွေးထဲမှာ lactate ပမာဏတွေ များလာတဲ့အခါ အက်စစ်ဓာတ်ကဲတာတွေ ဖြစ်လာတတ်ပါတယ်၊၊ ဒါက အချိန်မီ မကုသဘူးဆိုရင် အသက်အန္တရာယ်ထိခိုက်နိုင်လို့ သူ့ရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်၊၊ အထူးသဖြင့် ကျောက်ကပ်ဓာတ် မစစ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ် ဆေးသောက်နေတဲ့လူတွေ၊ ရက်ချိန်းမှန်မှန် မပြဘဲ နှစ်ရှည်စွဲသောက်နေတဲ့သူတွေက ပိုသိထားဖို့ လိုပါတယ်၊၊။သွေးထဲမှာ lactate ဓာတ်တွေများပြီး အက်စစ်ဓာတ်လွန်ကဲတဲ့အခါ။ဆီးချိုရှိတဲ့ လူနာတွေအနေနဲ့ ဒီလိုဝေဒနာတွေ ခံစားနေရပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြီး ကုသမှု ခံယူသင့်ပါတယ်၊၊။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/can-metformin-damage-kidney-in-diabetes/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/20-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
2 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာပြီလဲ။ဖြတ်သန်းလာတာတစ်ပတ်ပဲရှိသေးပေမယ့် သင့်ကလေးလေးဟာ သင့်အပေါ်ကိုမှီခိုရမယ်ဆိုတာ သိလာပါပြီ။ ခုဆိုရင် သင့်အသံကိုတောင်သိနေကြပြီ။ သင့်အသံကိုကြားရရင် သူတို့ကိုစိတ်သက်သာရာရစေပြီး ဝမ်းဗိုက်အပြင်ဘက်က ဒီသူစိမ်းဆန်သေးတဲ့ ကမ္ဘာသစ်ကြီးမှာ လိုက်လျောညီတွေနေနိုင်ဖို့ စွမ်းအားတွေရလာပါတယ်။ ပြီးတော့ သူတို့တစ်ယောက်ထဲမဟုတ်ဘူးဆိုတာလည်း သိစေပါတယ်။ သင့်ကလေးလေးဟာ သင့်စကားတွေကို နားမလည်သေးပါဘူး။ ဒါပေမယ့် သင့်နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေဟာ သူတို့လိုအပ်တာအကုန်ပါပဲ။ခုဒုတိယရက်သတ္တပတ်မှာဆိုရင် ကလေးလေးဟာ ခေါင်းကိုအသာလေး ‘မ’နိုင်လာပါပြီ။ သူတို့မျက်နှာတွေမှောက်ပြီး လှဲနေတဲ့အခါ အသက်ရှူလမ်းကြောင်း လုံးဝပိတ်မသွားအောင် သတိထားဖို့လည်းအရေးကြီးပါတယ်။ ကလေးလေးရဲ့ မျက်လုံးတွေဟာ ခုထိေဝဝါးနေသေးနိုင်သော်လည်း သူတို့မျက်လုံးကနေ ၂၀စင်တီမီတာ မှ ၄၀ စင်တီမီတာလောက်ထိ မြင်ရနေပါပြီ။သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။ခုချိန်မှာဆိုရင် သူတို့ရဲ့ပတ်ဝန်းကျင်ကို သတိထားမိလာပါပြီ။ သင့်ကလေးလေးကို အနီးကပ်ကနေ ကြည့်ကြည့်ပေးခြင်းဖြင့် သင့်ပုံပန်းသဏ္ဍာန်ကို သူတို့စူးစမ်းမှတ်သားလာနိုင်အောင် ကူညီပေးသင့်ပါတယ်။ ဒါဟာ နေ့စဉ်သူတို့ကိုစောင့်ရှောက်နေရင်းနဲ့ ဖြစ်သွားမှာပါပဲ။ နို့တိုက်နေရင်းနဲ့လည်း သင့်ခေါင်းကို ဟိုဘက်ဒီဘက် လှုပ်ယမ်းပေးခြင်းဖြင့် ကလေးလေးက သင့်ကိုကြည့်နေလား စမ်းသမ်းကြည့်နိုင်ပါတယ်။ ဒီလေ့ကျင့်မှုဟာ ကလေးရဲ့မျက်လုံးကြွက်သားတွေ အားကောင်းလာဖို့ ကူညီပေးပါတယ်။ တကယ်လို့ ကလေးက သင့်ကို တစ်ချက်ဖျတ်ကနဲလောက်ပဲကြည့်လိုက်တယ်ဆိုရင်လည်း စိတ်မပူပါနဲ့။ ကလေးလေးတွေဟာ ပထမလတွေမှာ ဝေဝဝါးဝါးအကြည့်လေးတွေပဲကြည့်တတ်သေးတာပါ။စကားတွေပြောနေပါ။ ကလေးလေးနဲ့ အမြဲဆက်သွယ်ပြောဆိုနေခြင်းဟာ သူတို့ကို သင့်အသံနဲ့ သင့်တည်ရှိမှုကို ကျင့်သားရလာစေပါတယ်။ သင့်စကားတွေတစ်လုံးမှနားမလည်နိုင်ပေမယ့် စကားလုံးတိုင်းမှာပါတဲ့ သင့်အချစ်တွေနဲ့ ၊ သင့်ရဲ့စောင့်ရှောက်မှုတွေကို သူတို့ခံစားနိုင်ပါတယ်။ ဒါဟာ သင့်ကလေးကို လုံခြုံတယ်လို့ခံစားရစေပြီး စိတ်တည်ငြိမ်စေပါတယ်။ဆရာဝန်နဲ့ဘာတွေဆွေးနွေးသင့်လဲ။သင့်ရင်သွေးလေးကကျန်းမာနေတယ်၊ ဆရာဝန်ဆီသွားစရာမလိုဘူးလို့ သင်ထင်နေနိုင်ပါတယ်။ ဒါပေမယ့် ကလေးလေးနှစ်ပတ်သားအရွယ်မှာဆိုရင် သင်ဟာ ဒါတွေစစ်ဆေးပေးရပါမယ်။ဘာသိသင့်လဲ။မွေးကင်းစအသားဝါခြင်းဟာ ဖြစ်လေ့ရှိတတ်တဲ့အခြေအနေတစ်ခုပါ။ အထူးသဖြင့် နေ့မစေ့လမစေ့မွေးတဲ့ကလေးတွေနဲ့ တချို့သော မိခင်နို့တိုက်ကျွေးတဲ့ကလေးတွေမှာ ဖြစ်တတ်ပါတယ်။မွေးကင်းစအသားဝါခြင်းဆိုတာ မွေးကင်းစကလေးရဲ့ အရေပြားနဲ့ မျက်လုံးတွေဝါခြင်းဖြစ်ပါတယ်။ ဒါဟာ သွေးလမ်းကြောင်းထဲမှ ဘီလီရူဘင်ခေါ် အဝါဓါတ် ပစ္စည်းတစ်မျိုးကို စွန့်ပစ်ပေးဖို့ သူတို့ရဲ့အသည်းတွေက လုံလောက်အောင် မဖွံ့ထွားသေးလို့ဖြစ်ပါတယ်။မွေးကင်းစအသားဝါခြင်းဟာ ပထမ သူတို့မျက်နှာမှစတင်ပါတယ်။ နောက်ရင်ဘတ်နဲ့ ဝမ်းဗိုက်ဆီရောက်လာပြီး နောက်ဆုံးမှာတော့ ခြေထောက်ထိပျံ့သွားပါတယ်။ ကလေးကအသားညိုလို့ သေချာမသိနိုင်ဘူးဆိုရင်တော့ သူတို့မျက်လုံးထဲမှ မျက်ဖြူသားနဲ့ သွားဖုံးတို့ကိုကြည့်ပြီးသိနိုင်ပါတယ်။ တကယ်လို့မသေချာပါက ကလေးရဲ့နှာခေါင်း ဒါမှမဟုတ် နဖူးပေါ်ကိုအသာအယာဖိကြည့်လိုက်ပါ၊ အသားဝါရှိပါက သင်ဖိလိုက်တဲ့အခါ ဝါသွားပါလိမ့်မယ်။ကလေးရဲ့အပြင်ပန်းအသွင်အပြင်နဲ့ အသားဝါရှိမရှိ စစ်ဆေးမှာဖြစ်သော်လည်း ကလေးခြေထောက်ကနေသွေးယူကာ သွေးထဲမှ ဘီလီရူဘင်ပမာဏကိုလည်း တိုင်းတာပါလိမ့်မယ်။ပုံမှန်မွေးကင်းစအသားဝါခြင်းဟာ များသောအားဖြင့် ကုသမှုအထူးတလည်မလိုဘဲ ၁ပတ် ၂ပတ် အကြာမှာ ကောင်းသွားပါတယ်။ မိခင်နို့များများတိုက်ပြီး ဘီလီရူဘင်တွေကို ဝမ်းထဲပါသွားအောင်လုပ်ပေးတာမျိုးလည်းကောင်းပါတယ်။ အသားဝါတာဆိုးတယ်ဆိုရင်တော့ အလင်းပြကုသခြင်း- ဘီလီရူဘင်တွေလျော့သွားအောင်မီးချောင်းအောက်ထား မီးပြခြင်းကိုအသုံးပြုပါလိမ့်မယ်။သင့်ကလေးလေးမှာ အသားဝါရှိနေရင် စိတ်မပူပါနဲ့။ ဆရာဝန်ပြောသည့်အတိုင်း သေချာလိုက်နာဆောင်ရွက်ပါက ထိထိရောက်ရောက် ကုသပျောက်ကင်းနိုင်ပါတယ်။ဘာတွေစိတ်ပူလဲ။ပထမရက်သတ္တပတ်တွေမှာ မိခင်တော်တော်များများဟာ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီး စိတ်ပူတတ်ကြပါတယ်။ ကိုယ့်ကလေးလေးများ အာဟာရချို့တဲ့နေပြီလား၊ ရှိသင့်တဲ့ကိုယ်အလေးချိန်ရှိရဲ့လား၊ တခြားကလေးတွေနဲ့စာရင် ဘာလို့ပေါ့နေတာပါလိမ့် စသည်ဖြင့်တွေးပူတတ်ကြတယ်။ မပူပါနဲ့၊ သင့်နို့တိုက်ကျွေးမှုက သင့်ကလေးလေးကို လုံလောက်အောင်ပေးနိုင်သလားဆိုတာ သိနိုင်တဲ့အချက်တွေကတော့- နို့တိုက်ပြီးတဲ့အခါ သင့်ရင်သားဟာ ပေါ့ပါးနေသလို လိုခံစားရပါလိမ့်မယ်၊ ရင်သွေးလေးရဲ့အသားအရေဟာလည်း ဝင်းဝါပြီးတင်းတင်းလေးရှိနေပါမယ်၊ သင်လက်လေးနဲ့ဖိကြည့်တဲ့အခါမှာလည်း ပြန်တွန်းကန်နိုင်တဲ့သတ္တိရှိနေပါမယ်။ တကယ်လို့ ရေဓါတ်ဆုံးရှုံးပြီဆိုရင် သင်ဖိလိုက်တဲ့အခါ အသားပြန်ပြည့်မလာဘဲ တွန့်သွားပါလိမ့်မယ်။နောက်တစ်နည်းကတော့ မိခင်နို့တိုက်နေစဉ် သူတို့မျိုချနေတာလေးကို နားထောင်ကြည့်နိုင်ပါတယ်၊ နို့ရည်ချိုချိုကို ဘယ်လိုခုံမင်စွာ သောက်သုံးနေလဲဆိုတာကိုပေါ့။ ဒါ့အပြင် ကလေးလေးက အဝါရောင် ဒါမှမဟုတ် အမည်းရောင် ဝမ်းတွေပုံမှန်သွားနေတယ်ဆိုရင် ကောင်းတဲ့လက္ခဏာပါ။ သင်တော့ တစ်ရက်ကို ၅ခါမှ ၈ခါလောက် သေးခံလဲပေးရမှာပေါ့။ ဒါပေမယ့် ဒီလိုဆိုရင်ကလေးဟာ လုံလောက်တဲ့အင်အားတွေ၊ အာဟာရတွေရနေတယ်ဆိုတာသိနိုင်ပါတယ်။သင်ကမိခင်နို့ပဲတိုက်တိုက်၊ နို့ဘူးပဲတိုက်တိုက် သင့်ကလေးဟာအဆင့်တိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ကြီးထွားနေပြီး တခါတလေ နှေးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ ကလေးဟာ လုံလောက်တဲ့ခွန်အားရတယ်ဆိုရင် ရွှင်လန်းကျန်းမာနေပြီး ကောင်းကောင်းကြီးပြင်းလာမှာပါ။ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ပတ်သတ်ပြီး စိုးရိမ်နေတယ်ဆိုရင်တော့ ဆရာဝန်ကိုဆက်သွယ်အကြံတောင်းခံနိုင်ပါတယ်။ သင့်ရင်သွေးအတွက် သင့်တော်မယ့် အာဟာမျိုးကိုလမ်းညွှန်အကြံပေးနိုင်မှာပါ။ဒုတိယပတ်ကိုဖြတ်သန်းလာခဲ့ပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ မပူပါနဲ့၊ ဘယ်လိုတွေကြုံနေရ၊ ကြုံနေရ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး။နောက် ၃ပတ်မြောက်မှာလည်း သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိနေမှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/2-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8/
ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျော့ဆေး သောက်လို့ရသလား!
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ မေမေအနေနဲ့ အစားအသောက် အနေအထိုင် အားလုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို ဂရုစိုက်ရာမှာ မဖျားနာအောင် ဂရုစိုက်ရတာ မတည့်တာကို မစားမိအောင် ဂရုစိုက်ရတာအပြင် ဆေးတွေကိုလည်း ကလေးကို ထိခိုက်မှု မဖြစ်စေအောင် ထင်တိုင်း သောက်လို့မရတာတွေပါပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတွေကိုသာ ထင်တိုင်းသောက်မရပေမယ့် နာမကျန်းမဖြစ်မှုတွေက မလာဘူးလားဆိုတော့ မဟုတ်ပါဘူး။ မခေါ်ဘဲကို သူ့အလိုလို ရောက်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတိုင်းလိုလို ခံစားရတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုကတော့ ဝမ်းချုပ်တာပါ။ ဒီလို ဝမ်းချုပ်တဲ့အခါ အတော်လေး ခံရခက်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ခေါင်းထဲရောက်လာတာက ဝမ်းပျော့ဆေး သောက်လို့ရမလားလို့ပေါ့။ ဒီလို စဉ်းစားနေတဲ့ မေမေတွေအတွက် ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျော့ဆေး သောက်လို့ရသလား ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များလား ဆိုတော့ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ၃ ယောက်မှာ ၁ ယောက်က ဝမ်းချုပ်တာကို ခံစားရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ကို အထောက်အကူဖြစ်စေဖို့အတွက် ကိုယ်တွင်းက ဟော်မုန်းပြောင်းလဲသွားတာက ဝမ်းချုပ်တာကို ဖြစ်စေတာပါ။ကိုယ်ဝန်ဆောင်ကာလပထမ သုံးလပတ်လောက်မှာတင် စတင် ခံစားရသလို ကိုယ်ဝန် ၂ လ ၃ လလောက်အရောက်မှ ဝမ်းချုပ်တာကို စခံစားရတာမျိုးလည်း ရှိပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို မကြာခဏ ခံစားရနိုင်တာကတော့ ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယသုံးလပတ်မှာပါ။ အကြောင်းကတော့ ဗိုက်ထဲက ဘေဘီလေးက ထွားလာတာကြောင့် မစင်အိမ်နဲ့ အူမကြီးအပေါ်မှာ ဖိအားများလာခြင်းကလည်း ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ဒီအချက်အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းမှာပရိုဂျက်စတုန်းဟော်မုန်းများလာတာ၊ ကလေးက အချိန်နဲ့အမျှ ထွားလာတာ၊ ကိုယ်ဝန်ဆောင် ဖြည့်စွက်အာဟာရအနေနဲ့သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးနေရတာ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာတာတွေက အူနဲ့ အစာဟောင်းအိမ်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိလာပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ခံစားရတာပါ။ ရေလုံလောက်အောင် မသောက်မိတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး ခံစားရနိုင်သလို ကလေးမွေးဖွားပြီးရင်လည်း ၃ လလောက်အထိ ခံစားရနိုင်ပါတယ်။[embed-health-tool-due-date]။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက တော်တော်လေး စိတ်ညစ်စရာကောင်းတာကြောင့် ဒီဝေဒနာကို ကင်းဝေးစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျော့ဆေး သောက်လို့ရမလား၊ မေမေနဲ့ ဘေဘီလေးကို ထိခိုက်မှု ရှိစေနိုင်လား ဆိုတာကို မေးတတ်ကြပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျော့ဆေး တော်တော်များများကတော့ ဘေးကင်းပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တယ်ဆိုတာက ဝမ်းသွားတာ တစ်ပတ်ကို ၃ ကြိမ်ထက် နည်းနေတာပါ။ ဒီအခြေအနေက တော်တော်လေး မသက်မသာဖြစ်စေနိုင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ဝမ်းပျော့ဆေး သောက်ချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ အိုဂျီနဲ့ တိုင်ပင်စေချင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာတော့။တစ်ခုရှိတာက ဒီဆေးတွေက ရေတိုပဲ သောက်လို့ရပါတယ်။ မသောက်ခင်မှာ ဆေးအညွှန်းကို သေချာဖတ်ပါ။ သောက်လက်စဆေးတွေ ရှိတယ်ဆိုရင် သတိထားပါ။ ဆေးသောက်ပေမယ့် ဝမ်းမသွားဘူးဆိုရင် ဆက်မသောက်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ဒီဆေးတွေကို ခန္ဓာကိုယ်က စုပ်ယူမှု နည်းတာကြောင့် မေမေရော ဖွံ့ဖြိုးနေတဲ့ ဘေဘီလေးရဲ့ ကြီးထွားမှုကိုပါ များသောအားဖြင့် မထိခိုက်စေပါဘူး။ သံဓာတ်အားဖြည့်ဆေး သောက်နေရမယ်ဆိုရင်တော့ ဆရာဝန်ကို သေချာလေး ပြောပြပြီးဝမ်းမချုပ်အောင်ဘယ်လို နေထိုင်လို့ရမလဲဆိုတာကို မေးမြန်းပေးပါ။ဝမ်းပျော့ဆေး သောက်မယ်ဆိုရင် ဆရာဝန်ကို သေချာလေး တိုင်ပင်ပြီးမှ အသင့်တော်ဆုံး ဖြစ်မယ့် ဆေးကို ရွေးချယ်သောက်သုံးဖို့ လိုပါမယ်။
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/can-you-take-stool-softeners-during-pregnancy/
ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့
ဗိုက်ထဲမှာ ဘေဘီလေးရှိတဲ့ မေမေတိုင်းရဲ့ ပထမဆန္ဒက ကျန်းမာတဲ့ ကလေးလေး မွေးဖွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ လွယ်ကူစွာ ဖွားမြင်နိုင်ဖို့ ဖြစ်ပါမယ်။ ဘေဘီလေးကိုမွေးဖွားရမယ့်ရက်နီးလာလေလေ ကလေးကို အဆင်ပြေပြေမှ မီးဖွားနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်က တော်တော်လေးများလာလေလေပါ။ ကလေးမွေးဖွားတယ်ဆိုတာက မိခင်တစ်ယောက်ရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုပေါ့။ ဒီလို မှတ်တိုင်ကို ခက်ခဲမှု ကင်းကင်းနဲ့ စိုက်ထူနိုင်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ကဲ ….. ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။[embed-health-tool-due-date]။ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ ကတော့။ကိုယ်ဝန်ဆောင်ချိန်မှာ အစားတွေ အစားများတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ကိုယ်အလေးချိန်တွေ တိုးလာပါတယ်။ ဒီလိုမျိုး ကိုယ်အလေးချိန် များလာတာ၊ အဝလွန်တာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးပြဿနာတွေ ခံစားရစေနိုင်သလို မွေးဖွားချိန်မှာလည်း မွေးဖွားရခက်စေပါတယ်။ ဒီတော့ မီးဖွားရလွယ်စေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ကို ထိန်းပါ။ ဥပမာ – လမ်းလျှောက်တာ၊ ရေကူးတာ၊ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ကလေးမွေးတဲ့အခါ ဗိုက်အောင့်တာက ဘယ်လို၊ ရေမြွာပေါက်တာ ဘယ်လို၊ သားအိမ်ဝပွင့်တာ၊ အချွဲဆင်းတာ စတာတွေကို လေ့လာထားပါ။ ဘာမှန်းမသိရင် ကလေးမွေးတဲ့အခါ ကြောက်နေမှာပါ။ ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံသိထားတဲ့အခါ ကိုယ်ဘယ်အခြေအနေရောက်နေပြီဆိုတာကို ခန့်မှန်းလို့ရတာပေါ့။ လိုအပ်မယ်ထင်ရင် Childbirth classတွေ တက်ထားပါ။Squats ထိုင်တာက မွေးလမ်းကြောင်း ပွင့်စေပြီး မီးဖွားရလွယ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ပုံစံမှန်မှန်နဲ့ တစ်နေ့ကို  ၁၅ ကြိမ်လောက် squats ထိုင်ပေးပါ။ ကြွက်သားတွေကို ပြေလျော့စေပြီး မီးဖွားရလွယ်စေဖို့ လုပ်ဆောင်ပေးနိုင်မှာပါ။ ထိုင်တဲ့အခါ ချော်မလဲအောင်၊ ခြေထောက်မနာအောင် ကိုယ်နိုင်သလောက်ပဲ လုပ်ပေးပါ။မီးဖွားရလွယ်စေဖို့ လိုက်နာရမယ့် အကောင်းဆုံး နည်းလမ်း တစ်ခုကတော့ အိပ်ရေးဝဝ အိပ်တာပါ။ အိပ်ရေးဝဝအိပ်တယ်ဆိုတဲ့နေရာမှာ တစ်နေ့ကို ၇ နာရီထက် မနည်း အိပ်စက်တာကို ဆိုလိုတာပါ။ တစ်နေ့ကို အိပ်ချိန် ၇ နာရီနဲ့ အထက် ၈ နာရီအထိ ရရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေဟာ မီးဖွားရလွယ်ကြပါတယ်။ အိပ်စက်တဲ့အခါ သက်တောင့်သက်သာဖြစ်အောင် အိပ်စက်ဖို့ မမေ့ပါနဲ့။ကလေးမွေးခါနီး ဗိုက်နာလာပြီဆို ဆာလောင်မှုတွေ မကြာခဏခံစားရပါတယ်။ ဒီလို ဆာလောင်တဲ့အခါ ပေါ့ပေါ့ပါးပါး စားစရာတွေကိုပဲ စားပေးပါ။  အဆာပြေ စားတဲ့အခါ အဆီများတာတွေကို မစားပါနဲ့။ဒီအစားအစာတွေက ရင်ပူစေပြီး ကလေးမီးဖွားတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် မီးဖွားရလွယ်စေဖို့ အဆာပြေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငှက်ပျောသီး၊ ပန်းသီး၊ ဒိန်ချဉ်၊ အသီးဖျော်ရည်လိုမျိုး ခန္ဓာကိုယ်ကိုလည်း အင်အားပြည့်ဝစေပြီး ကျန်းမာစေနိုင်တဲ့ အဆာပြေ အစားအစာတွေ စားပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက မွေးဖွားရလွယ်စေတယ်လို့ အားလုံး သိထားပြီး ဖြစ်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက ကလေးကို သားအိမ်ခေါင်းဆီ ရောက်ရှိစေဖို့ ပို့ဆောင်ပေးပြီး သားအိမ် ကျုံ့ဆန့်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက် လမ်းလျှောက်ပေးတာကလည်း မီးဖွားရလွယ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့က ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းဟော်မုန်းညီမျှစေဖို့အတွက် ထိန်းညှိပေးသလို မီးဖွားရလွယ်စေဖို့ ထောက်ကူပေးပါတယ်။ မီးဖွားပြီးချိန်မှာ လိပ်ခေါင်းရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ အခုပြောခဲ့တဲ့ ဗီတာမင်တွေ ပြည့်ဝစေဖို့ သစ်သီးတွေ၊ အစိမ်းရောင် အသီးအရွက်တွေကို စားပေးပါ။အမျိုးသမီးတွေ အနေနဲ့မီးဖွားချိန်မှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါတယ်။ ဒီလို နာကျင်မှုကို သက်သာစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်တာက အသက်ရှု လေ့ကျင့်ခန်း လုပ်တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ မီးဖွားရလွယ်စေဖို့ အသက်ရှူလေ့ကျင့်ခန်းလေး လုပ်ဆောင်ပေးပါ။
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/preparing/health-tips-for-easy-labour/
ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ဘယ်လို ပြောင်းလဲလာသလဲ!
ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အချက်တွေကလက်သည်းခြေသည်းတွေကို ပြောင်းလဲမှု ဖြစ်စေတာလဲ။ လက်သည်းခြေသည်းတွေ ကျန်းမာဖို့ ဘယ်လိုစောင့်ရှောက်ရမလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ဘယ်လို ပြောင်းလဲလာသလဲ ဆိုတာလိုမျိုး ကိုယ်ဝန်ဆောင်မေမေတိုင်း သိထားဖို့ လိုမယ့် အချက်လေးတွေကို ဒီနေရာကနေ မျှဝေပေးလိုက်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်အပြင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေလည်း အရှည်မြန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာတချို့မေမေတွေက ဆံပင်တွေ သန်လာတယ်လို့ ပြောကြပါတယ်။ ဒါက အချက်နှစ်ချက်ကြောင့်ပါ။ပထမတစ်ချက်က အီစထရိုဂျင်တွေ တက်လာတဲ့အတွက် ပုံမှန်ဆံပင်ကျွတ်တဲ့နှုန်းက နှေးသွားတာပါ။ နောက်တစ်ချက်က အမျိုးသားဟော်မုန်း အန်ဒရိုဂျင်တွေ များလာတဲ့အတွက် ဆံပင်တွေ ရှည်တာ မြန်လာတာကြောင့်ပါ။ ဒီနှစ်ချက်ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ထူလာတာပါ။နောက်ထပ် တွေ့ရနိုင်တာက လက်သည်းခြေသည်းတွေ မာကျောလာတာပါ။ ဒီလို ဖြစ်ရတာက ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်တွင်းမှာအန်ဒရိုဂျင် ဟော်မုန်းတွေ များလာတာကြောင့်ပါ။ တချို့မေမေတွေမှာတော့ လက်သည်းခြေသည်းတွေ ပျော့ပျောင်းလာတာ၊ ကြွပ်ဆတ်လာတာတွေကိုလည်း တွေ့ရနိုင်ပါတယ်။ဒီလိုမျိုး လက်သည်းပြောင်းလဲမှုတွေထဲမှာ ခံစားရနိုင်သေးတာ တစ်ခုက အရှည်မြန်တာပါ။ ဒါကြောင့် နဂိုတည်းက လက်သည်းခြေသည်းကို ထောင့်တွေပါ ညှပ်တားတဲ့ ကိုယ်ဝန်ဆောင်တွေမှာခြေစွယ်လက်စွယ်ငုပ်တာ မကြာခဏ ဖြစ်တတ်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသည်းလက်သည်းတွေ ပြောင်းလဲတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့အတွက်သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်း ဟော်မုန်းတွေ ပြောင်းလဲလာတာကြောင့် ပုံမှန်အချိန်တွေထက် လက်သည်းတွေက ကျိုးပဲ့လွယ်နိုင်သလို လက်သည်းတွေ ကွဲတာမျိုးကို ခံစားရနိုင်ခြေလည်း ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။လက်သည်းတွေမှာ အစင်းကြောင်းထင်တာ၊ အရောင်ပြောင်းတာမျိုးလည်း ခံစားရနိုင်ပါတယ်။ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်အပြင် နောက်ထပ် အကြောင်းတစ်ခုကတော့ နေ့စဉ် စားသုံးမှုမှာ biotin ပါဝင်မှု နည်းတာကြောင့်ပါ။Biotin ဆိုတာက ဗီတာမင် ​B အုပ်စုဝင်ဖြစ်ပြီး လက်သည်းတွေကို သန်မာမာကြောစေပါတယ်။ ဒီအာဟာရဓာတ်က လက်သည်းတွေကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ ဆံသားကို ထူထဲစေပြီး အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ Biotin ကိုအခွံမာသီးတွေ၊ ဥအမျိုးမျိုး၊ အုတ်ဂျုံ၊ ဟင်းနုနွယ်၊ပန်းဂေါ်ဖီစိမ်း၊ ငှက်ပျောသီး၊ နှံစားသီးနှံတွေကနေ ရရှိနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ထိခိုက်တာမျိုး မဖြစ်စေဖို့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားလိုက်တာ နည်းလမ်းကောင်းတွေပါ။ ဘယ်လို နည်းလမ်းတွေကို လိုက်နာရမလဲဆိုတော့။ကဲ ….. ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းလေးတွေ ပြောင်းလဲလာတာကို အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ဂရုစိုက်လိုက်နော်။[embed-health-tool-ovulation]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/nail-changes-during-pregnancy/
မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ!
မနက်စောစော အိပ်ရာနိုးလာချိန်မှာ သောက်သင့်တဲ့ အရာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ချင်း ( ဂျင်း)ရေနွေးကြမ်း နွေးနွေးလေးပါ။ ဒီလို ပြောရတာ ဘာကြောင့်လဲ! မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ! ဆိုတာလေးကို ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးလိုက်ပါတယ်။ချင်း (ဂျင်း) ရေနွေးကြမ်း ဆိုတာက ရေစင်စင် ဆေးပြီး ပါးပါးလေး လွှာထားတဲ့ ချင်း ကို ခွက်တစ်ခုထဲကို ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်လို့ ၅ မိနစ်လောက် စိမ်ထားပြီး ခပ်နွေးနွေး အခြေအနေလေးမှာ သောက်ချလိုက်ရုံပါ။ ချင်းကို ထောင်းပြီး ထည့်လို့လည်း ရပါတယ်။ချင်း (ဂျင်း) ရေနွေးကြမ်းကစိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အမျိုးမျိုးသော ကျန်းမာရေး ကောင်းကျိုးလေးတွေ ကိုလည်း ရရှိစေနိုင်ပါတယ်။ ဘယ်လို ကောင်းကျိုးလေးတွေလဲ ဆိုတာကိုတော့ ကိုယ်တိုင် လေ့လာကြည့်လိုက်ဦး နော်။မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ! ဆိုတော့ –။ချင်း (ဂျင်း) က အစာကြေစေနိုင်ပြီး အစာမကြေတာ၊ လေပွတာ၊ မအီမသာဖြစ်တာတွေကို သက်သာစေနိုင် ပါတယ်။ ဝမ်းမှန်စေပြီး အစာအိမ်အူလမ်းကြောင်းတွေကို ကျန်းမာစေဖို့ရောအူမကြီး ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ချင်း (ဂျင်း) ကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောတွေထဲက အဆီတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ချင်း (ဂျင်း) ရေနွေးကြမ်း သောက်တာကအဆစ်တွေ နာကျင်တာကို သက်သာစေနိုင်သလို အဆစ်ရောင်နာ တာကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်ပြီး ချင်း (ဂျင်း) က ဘက်တီးရီးယားတွေနဲ့ အဆစ်ရောင်တာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ချင်း (ဂျင်း) ကကိုယ်ခံအားကောင်းစေဖို့လှုံ့ဆော်ပေးနိုင်သလို ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အဖျားအနာ သက်သာစေဖို့လည်း ချင်း (ဂျင်း)ရေနွေးကြမ်းကို သောက်ပေးလို့ ရပါတယ်။ချင်း (ဂျင်း) က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဒါကြောင့် မနက်စောစောမှာ ချင်း (ဂျင်း) ရေနွေးကြမ်းကို သောက်သုံးပေးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား – ၂ ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ချင်း (ဂျင်း) ရေနွေးကြမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာနာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ သွေးတိုး၊ ဆီးချိုနဲ့နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။မနက်စောစောမှာ ချင်း (ဂျင်း) ရေနွေးကြမ်း ပူပူနွေးနွေး တစ်ခွက်သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး တစ်နေ့တာလုံးမှာ လန်းဆန်းတက်ကြွစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ မှာလည်း ပျို့အန်တာနဲ့မအီမသာဖြစ်တာကို သက်သာစေပါတယ်။ချင်း (ဂျင်း) ရေနွေးကြမ်းက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်တွင်းအဆီကျစေသလို ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်အဆီကျချင်တယ်ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် မနက်ခင်းတိုင်းမှာ ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးလို့ ရပါတယ်။# အမှာစကား။ချင်း (ဂျင်း) ရေနွေးကြမ်းကကျန်းမာရေးကောင်းကျိုး များတယ် ဆိုပေမယ့် အများကြီး သောက်တာ၊ အလွန်အကျွံသောက်တာက ရင်ပူတာလိုမျိုး ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ရောဂါအခံ ရှိမယ်။ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/benefits-of-drink-ginger-water-on-an-empty-stomach/
Frozen Shoulder (ပခုံးခိုင်ခြင်း)
ပခုံးခိုင်ခြင်းဆိုသည်မှာ သင်၏ပခုံးသည်နာကျင်နေခြင်း၊မာတောင့်သွားခြင်းနှင့်နဂိုအတိုင်းမလှုပ်ရှားနိုင်ခြင်းတို့ဖြစ်ပေါ်နေခြင်းကိုဆိုလိုသည်။ ပခုံးအားထိခိုက်ဒဏ်ရာရခြင်း(သို့)အလွန်အကျွံအသုံးပြုခြင်း(သို့)ဆီးချို၊လေဖြတ်စသောရောဂါများကြောင့်လည်းဖြစ်ပွားတတ်သည်။ ပခုံးဆစ်နားရှိတစ်ရှူးများသည် မာကျောလာကာအမာရွတ်တစ်ရှူးများဖြစ်ပေါ်လာပြီးပခုံးအားလှုပ်ရှားမှုသည် ခက်ခဲနာကျင်လာတတ်သည်။ အများအားဖြင့် ထိုကဲ့သို့ဖြည်းဖြည်းသာဖြစ်လေ့ရှိပြီး တစ်နှစ်(သို့)ထို့ထက်ပိုသောနှစ်များအတွင်း တဖြည်းဖြည်းသက်သာသွားလေ့ရှိသည်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပခုံးခိုင်ခြင်းရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာ။ကတော့ တောက်လျှောက်နာကျင် တောင့်ခဲနေသော ပခုံးဆစ်ပင်ဖြစ်သည်။ ထိုလက္ခဏာများသည် ဖြည်းဖြည်းချင်းသာဖြစ်ပေါ်လာတတ်သည်။ အများအားဖြင့် အဆင့်သုံးဆင့်တွင် လက္ခဏာများသည် တဖြည်းဖြည်းပိုဆိုးလာတတ်ပြီး 2နှစ်အတွင်း ပျောက်ကင်းသွားတတ်သည်။ပခုံးခိုင်ခြင်းသည်အဆင့်သုံးဆင့်တွင် ဖြည်းဖြည်းချင်းဖြစ်ပေါ်တတ်သည်။ အဆင့်တခုသည် လအနည်းငယ်ကြာမြင့်တတ်သည်။Freezing အဆင့် – ပခုံး၏လှုပ်ရှားမှုတိုင်းသည် နာကျင်စေပြီး လှုပ်ရှားနိုင်သည့် အတိုင်းအတာပမာဏမှာ နည်းပါးလာတတ်သည်။Frozen အဆင့် – နာကျင်မှုသည်ယခုအဆင့်တွင် စတင်နည်းပါးလာသော်လည်း သင်၏ ပခုံးသည် ပိုမိုမာတောင့်လာပြီး အသုံးပြုရသည်မှာ ပို၍ခက်ခဲလာတတ်သည်။Thawing stage – ယခုအဆင့်တွင် လှုပ်ရှားနိုင်မှုအတိုင်းအတာပမာဏမှာ စတင်တိုးတက်ကောင်းမွန်လာတတ်သည်။အချို့သောသူများတွင် ညအခါတွင် ပိုမိုနာကျင်ကိုက်ခဲလာတတ်ပြီး တခါတရံတွင် အိပ်ရေးပျက်စေနိုင်ပါသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပခုံးဆစ်၏ အရိုး၊အရွတ်ပြားများသည် ချိတ်ဆက်တစ်ရှူး၏အခွံဖုံးထဲတွင် တည်ရှိသည်။ထိုအဖုံးခွံသည် ပခုံးဆစ်နားတွင် ထူထဲတင်းမာလာပြီး လှုပ်ရှားမှုအားနှောင့်ယှက်လာသောအခါ ပခုံးခိုင်ခြင်းရောဂါဖြစ်ပွားသည်။အချို့သောသူများတွင် ယခုရောဂါဘာကြောင့်ဖြစ်ပွားသည်ကို ဆရာဝန်များအနေဖြင့် ရှင်းလင်းစွာမသိပေ။ ဆီးချိုရှိသောသူများနှင့်မကြာခင်မှ ပခုံးအားအသုံးမပြုပဲကြာရှည်စွာ အနားပေးထားသူများ ဥပမာ ပခုံးခွဲစိတ်မှု(သို့) ပခုံးရိုးကျိုးမှုများပြုလုပ်သောသူများတွင် ပို၍ဖြစ်ပွားတတ်ကြောင်းတွေ့ရှိရသည်။ပခုံးခိုင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်40ကျော် အမျိုးသမီးများသည် ပခုံးခိုင်ခြင်းပို၍ဖြစ်နိုင်သည်။ ကြာရှည်စွာပခုံးဆစ်အားအသုံးမပြုပဲထားသူများ(သို့)။အသုံးနည်းသူများတွင်လည်း ပခုံးခိုင်ခြင်းဖြစ်နိုင်ချေပိုများသည်။ ပခုံးအားလှုပ်ရှားမှုမပြုခြင်းသည်အောက်ပါအကြောင်းအရာများ။ကြောင့်ဖြစ်နိုင်သည်။Rotator cuff ထိခိုက်မှု။လက်မောင်းကျိုးခြင်း။လေဖြတ်ခြင်း။ခွဲစိတ်မှုအပြီးအနားပေးထားခြင်း။ကိုယ်တွင်းအဖွဲ့အစည်းစနစ်များတွင် ဖြစ်ပွားသော ရောဂါများ။အချို့သောရောဂါများရှိသူများတွင်ပို၍ပခုံးခိုင်ခြင်းရောဂါဖြစ်တတ်သည်။ ပခုံးခိုင်ခြင်းဖြစ်နိုင်ချေကို မြင့်တက်စေသည့် ရောဂါများမှာ ဆီးချိုရောဂါ၊။သိုင်းရွိုက်ဂလင်းအလွန်အကျွံအလုပ်လုပ်နေသောရောဂါ၊သိုင်းရွိုက်ဂလင်း အလုပ်လုပ်နိုင်စွမ်း လျော့ကျနေသောရောဂါ၊နှလုံးနှင့်သွေးလည်ပတ်မှုဆိုင်ရာရောဂါ၊တီဘီရောဂါ၊ပါကင်ဆန်ရောဂါစသည်တို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ ကိုင်တွယ်စမ်းသပ်နေစဉ်အတွင်းတွင် အချို့သောလှုပ်ရှားမှုများကို ပြုလုပ်ခိုင်း၍ နာကျင်မှုရှိမရှိနှင့် လှုပ်ရှားနိုင်သည့် အတိုင်းအတာပမာဏတို့ကို စစ်ဆေးနိုင်သည်။ သင်၏ဆရာဝန်မှ သင်၏လက်မောင်းကို ကိုင်တွယ်လှုပ်ရှားစမ်းသပ်နေစဉ်အတွင်းတွင် ကြွက်သားများကို ဖျော့ထားရန်လည်း မှာကြားခံရတတ်သည်။ ပခုံးခိုင်ရောဂါသည် မိမိ၏ခိုင်းစေမှုကြောင့်ဖြစ်စေသော လှုပ်ရှားမှုများသာမကသူတစ်ပါး၏ကိုယ်တွယ်လှုပ်ရှားမှုများ၏ လှုပ်ရှားနိုင်မှုအတိုင်း အတာပမာဏများကို ပါထိခိုက်စေသည်။ပခုံးခိုင်ခြင်းရောဂါကို ရောဂါလက္ခဏာများမှတဆင့်သာ သိရှိအတည်ပြုနိုင်သော်လည်း သင်၏ဆရာဝန်သည် အခြားသော ရောဂါများကို အတည်ပြုဖယ်ထုတ်ရန် ဓါတ်မှန်ရိုက်ခြင်း အမ်အာအိုင်ရိုက်ခြင်းကဲ့သို့သော စစ်ဆေးမှုများကိုလည်း ပြုလုပ်ရန် ညွှန်ကြားတတ်သည်။ကုသမှုအများစုမှာ ပခုံးကိုက်ခြင်းကို သက်သာစေသောကုသမှုများနှင့် ပခုံး၏လှုပ်ရှားနိုင်မှုအတိုင်းအတာ ပမာဏကို တတ်နိုင်သလောက် များအောင်ထိန်းထားခြင်းတို့ဖြစ်သည်။အလွယ်တကူဝယ်ယူရရှိနိုင်သော အက်စ်ပရင်နှင့် အိုင်ဘူပရိုဖန်ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများသည် ပခုံကိုက်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို သက်သာစေတတ်သည်။ အချို့သောအခြေအနေများတွင် ပြင်းအားများသော အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ရမ်းကျဆေးများကို သင်၏ဆရာဝန်မှ ညွှန်ကြားတတ်သည်။ကာယကုသမှုဆိုင်ရာဆရာဝန်များသည်လည်း သင်၏ပခုံးလှုပ်ရှားမှုအားပြန်လည်ကောင်းမွန်စေသည့် လေ့ကျင့်ခန်းများအား သင်ကြားပေးနိုင်သည်။ သင်၏ထိုလေ့ကျင့်ခန်းများအပေါ်ကြိုးစားအားထုတ်မှုသည် သင့်ပခုံးလှုပ်ရှားနိုင်မှုအတွက်အရေးကြီးသည်။ပခုံးခိုင်ရောဂါအများစုသည် 12လမှ 18 လအတွင်း သူ့အလိုလို ပြန်လည်ကောင်းမွန်လာတတ်သည်။ ပြန်မကောင်းမွန်လာပါက အောက်ပါကုသမှုများကို ဆရာဝန်မှ ညွှန်ကြားတတ်သည်။စတီးရွိုက်ဆေးများသွင်းခြင်း – ကော်တီကိုစတီးရွိုက်များကို ပခုံးဆစ်များအတွင်းသို့ထိုးသွင်းခြင်းသည် အနာသက်သာစေပြီး အထူးသဖြင့် အစောပိုင်းအဆင့်များ၏ ပခုံးလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေသည်။ပခုံးဆစ်ကိုဖောင်းစေခြင်း-ပိုးသတ်ထားသော ရေသန့်အားအဆစ်ခွံ အတွင်းသို့ထိုးသွင်းခြင်းဖြင့်။တစ်ရှူးများကို ဆန့်ထွက်စေနိုင်ပြီး အဆစ်အားလှုပ်ရှားမှုလွယ်ကူစေသည်။Shoulder manipulation – ယခုလုပ်ဆောင်မှုတွင် သင်သည် မေ့ဆေးပေးခံရပြီး မေ့မျော့ကာနာကျင်မှုများကို သိမည်မဟုတ်ပေ။ ထိုအခါ ဆရာဝန်သည် သင်၏ပခုံးအဆစ်အား မတူညီသောဦးတည်ရာများသို့ရွှေ့ခြင်း ဖြင့် တင်းမာနေသော တစ်ရှူးများအား ချောင်ချိပျော့ပျောင်းစေသည်။ ပခုံးခိုင်ခြင်းအား ခွဲစိတ်မှုသည် ရှားပါးသော်လည်း မည်သည့်ကုသမှုနှင့်မှ မသက်သာပါက သင်၏ဆရာဝန်သည် သင်၏ပခုံးဆစ်အတွင်းမှ အမာရွတ်တစ်ရှူးများနှင့် အသားမာများကို ဖြတ်ထုတ်ရန် ထောက်ခံတတ်သည်။ ထိုကဲ့သို့သောခွဲစိတ်မှုများကို ဆရာဝန်များသည် အလင်းရောင်ပြပေးနိုင်သည့် ပြွန်ရှည်ပုံစံရှိ ကိရိယာများအား သင့်ပခုံးဆစ်ရှိ အရာပေးထားသော သေးငယ်သည့်ဓါးရာထဲသို့ထိုးသွားကာ ကုသလုပ်ဆောင်တတ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပခုံးခိုင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပခုံးခိုင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။နာကျင်မှုနှင့်လှုပ်ရှားမှုအား တင်းကျပ်ကန့်သတ်မှုများရှိသော်လည်း ထိုကဲ့သို့ဖြစ်နေသော လက်နှင့်ပခုံးဆစ်ကို ဆက်လက်၍လှုပ်ရှားအသုံးပြုပါ။ သင်၏ပခုံးအား။အပူ(သို့)အအေးကပ်ခြင်းဖြင့်လည်း အနာသက်သာစေသည်။ ညင်သာပြီးတဖြည်းဖြည်း လှုပ်ရှားမှုအားတို းမြှင့်လုပ်ဆောင်ရသော လေ့ကျင့်ခန်းများ၊ဆွဲဆန့်ခြင်းများနှင့် သင်၏ပခုံးကို ပုံမှန်အသုံးပြုခြင်းတို့သည် ခွဲစိတ်မှု(သို့) ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်လာသည့် ပခုံးခိုင်ခြင်းအား ကာကွယ်နိုင်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/frozen-shoulder-%e1%80%95%e1%80%81%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အပျိုဖော်၊လူပျိုဖော်ဝင်ချိန် ခန္ဓါကိုယ်က ဘယ်လိုပြောင်းလဲလာမလဲ
အပျိုဖော်/လူပျိုဖော်ဝင်လာပြီဆိုရင် ယောက်ျားလေး တွေရော မိန်းကလေးတွေမှာပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ကိုယ့်ခန္ဓါကိုယ်မှာဖွံ့ဖြိုးလာတာတွေက ပုံမှန်ဟုတ်ရဲ့လားဆိုတာကို အများစုက သိပ်မသိကြပါဘူး။အောက်ပါဆောင်းပါးက မိန်းကလေးနဲ့ယောက်ျားလေးခန္ဓါကိုယ်မှာ ပျိုဖော်ဝင်ချိန်ဖြစ်လာမယ့် အပြောင်းအလဲတွေကို ဆွေးနွေးဖော်ပြမှာဖြစ်ပါတယ်။အသက် ၈ နှစ်နဲ့ ၁၃နှစ်ကြားအရွယ်မှာ ပျိုဖော်ဝင်ခြင်းစတင်ပါတယ်။ ပျိုဖော်ဝင်ပြောင်းလဲ လာတဲ့ကာလက နှစ်အနည်းငယ်ကြာနိုင်တဲ့အပြင် ကိုယ်အလေးချိန်များတဲ့ မိန်းကလေးတွေမှာ ပျိုဖော်ဝင်စောနိုင်ပြီး အရမ်းပိန်တဲ့ ဒါမှမဟုတ် အားကစားလုပ်တဲ့မိန်းကလေးတွေမှာ နောက်ကျတတ် ပါတယ်။သင်က အသက် ၁၂နှစ်ပြည့်ပြီးသူဖြစ်ပြီး ရင်သားဖွံ့ဖြိုးမှုလက္ခဏာရှိမလာရင်၊ ဒါမှမဟုတ် သင့်အသက် ၁၅နှစ်ပြည့်ပြီး ရာသီသွေးမပေါ်ဖူးသေးရင် ဆေးရုံသွားပြီး ရောဂါရှာဖွေ၊ဆေးစစ်ကာ အကြံဉာဏ် ရယူဖို့လိုပါတယ်။ပျိုဖော်ဝင်ချိန်ဟာ တကယ်တော့ ကြုံရမယ့် စိန်ခေါ်မှု တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း ဖြစ်လာတဲ့ကိစ္စဖြစ်လို့ ရှက်နေစရာလည်း မလိုပါဘူး။Translated by Yun Sandi။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%a1%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%81%8a%e1%80%9c%e1%80%b0%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%9d%e1%80%84/
သတိထားစရာ Flurona
ဆောင်းလေး အေးလာတာနဲ့အမျှနှာစေး၊ ချောင်းဆိုးတာလိုမျိုး အပရိက ဖျားနာမှုတွေကစလို့တုပ်ကွေး လိုမျိုး နာမကျန်းမှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါတွေတင် မကသေးပါဘူး။ အခုနောက်ပိုင်းမှာ Covid ကလည်း သတိထားရမယ့်ကျန်းမာရေး ပြဿနာဖြစ်လာခဲ့ပါတယ်။ရာသီဥတု အေးလာတာချိန် တုပ်ကွေး ဗိုင်းရပ်စ်က ဦးမော့လာချိန်မှာကိုဗစ်နဲ့ ပေါင်းစပ်ပြီး တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ကို ဝင်ရောက် ကူးစက်လာမှာကိုလည်း သတိထားဖို့ လိုလာပါပြီ။တုပ်ကွေးနဲ့ ကိုဗစ်က တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကူးစက်နိုင်လား။ ဒီလို အခြေအနေကို ဘယ်လို သတ်မှတ်သလဲ။ ခံစားရနိုင်တဲ့ လက္ခဏာတွေက ပြင်းထန်လားဆိုတာတွေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ကိုဗစ် နဲ့ တုပ်ကွေးက တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။ အကြောင်းကတော့ ဒီကျန်းမာရေး ပြဿနာနှစ်ခုစလုံးကို ဖြစ်စေတဲ့အရာတွေက ဗိုင်းရပ်စ်တွေ ဖြစ်ပြီး ဒီဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းကို အဓိက ဝင်ရောက်ကူးစက်တာပါ။ဗိုင်းရပ်စ်တွေကနေဖြစ်စေတာ၊အသက်ရှူလမ်းကြောင်းထဲကို အဓိက ဝင်ရောက်ကူးစက်တာလိုမျိုးအခြေအနေတွေခြင်း တူနေတာကြောင့် ဒီဗိုင်းရပ်စ် နှစ်ခုစလုံးက တစ်ချိန်တည်းမှာ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ဒီအခြေအနေကို Flurona လို့ ခေါ်ပါတယ်။Flurona ဆိုတာက တုပ်ကွေးကို အင်္ဂလိပ်လို ခေါ်တဲ့Fluနဲ့ ကိုဗစ်ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်Coronaတို့ကို ပေါင်းစပ်ပြီး ခေါ်ထားတာပါ။ အမည်နာမတွေကို ပေါင်းစည်းခေါ်ရတာက တုပ်ကွေးဗိုင်းရပ်စ်နဲ့ ကိုရိုနာဗိုင်းရပ်စ် တပြိုင်နက်တည်း ကူးစက်ခံရတယ်ဆိုတဲ့ အခြေအနေကို ဖော်ပြချင်တာပါ။တုပ်ကွေးရော ကိုဗစ်ပါ တပြိုင်နက်တည်း ကူးစက်ခံရတဲ့ အခြေအနေကို Flurona လို့ ခေါ်တာပါ။ဒီဗိုင်းရပ်စ် နှစ်မျိုးစလုံးက အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့ ဗိုင်းရပ်စ်တွေ ဖြစ်တာကြောင့် သေဆုံးတဲ့အထိ ပြင်းထန်နိုင်မလားဆိုတာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ဒီပေါင်းစပ်မှုက တော်တော်လေး ဆိုးရွားနိုင်တယ်လို့ ခန့်မှန်းကြပေမယ့် အခုချိန်ထိတော့ ဘယ်လောက်ထိ ပြင်းထန်မလဲဆိုတာကို အတိအကျ မပြောနိုင်ကြသေးပါဘူး။တုပ်ကွေး ဗိုင်းရပ်စ် နဲ့ ကိုရိုနာ ဗိုင်းရပ်စ် တပြိုင်နက်တည်း ကူးစက်တဲ့အခြေအနေ Fluronaက မြန်မာနိုင်ငံမှာတော့ ဖြစ်ပွားတာ မတွေ့ရသေးပေမယ့် အစ္စရေးနိုင်ငံက ကာကွယ်ဆေး ထိုးမထားတဲ့ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာတော့ ဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဘရာဇီးမှာလည်း ဖြစ်ပွားမှုတွေ ရှိနေပါတယ်။ဒီအမျိုးသမီးက ပထမဆုံးသော Flurona ကူးစက်ခံရသူဖြစ်ပြီးကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ သက်သာအောင် ကုသပေးတဲ့ ဆေးဝါးတွေ တုပ်ကွေးကုသတဲ့ ဆေးဝါးတွေနဲ့ ပေါင်းစပ်ကုသမှု ပေးခဲ့ပါတယ်။တုပ်ကွေးရော ကိုဗစ်ရောပါ ကူးစက်မှုပုံစံက ရောဂါပိုး ရှိသူရဲ့နှာချေ၊ချောင်းဆိုးတာကနေ ထွက်ကျလာတဲ့ အမှုန်တွေကို ကိုင်တွယ် ထိတွေ့မိပြီး မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို ထိတွေ့မိတာတွေကနေတဆင့် ကူးစက်တာပါ။ ဒီဗိုင်းရပ်စ် နှစ်မျိုးလုံး တပြိုင်နက်တည်း ကူးစက်ခံရတဲ့ အခြေအနေ Flurona ရဲ့ ကူးစက်ပုံ အတူတူပါပဲ။Flurona က ရောဂါလက္ခဏာ ထူးထူးခြားခြား မရှိပါဘူး။ တကယ်လို့ ကူးစက်ခံရတဲ့သူက ကိုဗစ်ကို အရင်ကူးစက်ခံရတာဆိုရင်။တကယ်လို့ တုပ်ကွေးကို အရင် ကူးစက်ခံရတာ ဖြစ်မယ်ဆိုရင်။တုပ်ကွေး နဲ့ ကိုဗစ် ဗိုင်းရပ်စ် တပြိုင်နက်တည်း ကူးစက်ခံရတဲ့ အခြေအနေ Fluronaက။ကာကွယ်မှုက ကုသမှုထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်းရော ရောဂါဖြစ်လာတဲ့အခါ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ခံစားရမလဲဆိုတာကိုပါ မသိသေးတာကြောင့် အကောင်းဆုံးကတော့ ကာကွယ်တာပါ။ ဒီတော့ ဘယ်လို ကာကွယ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/about-flurona/
ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ကြက်သွန်နီကို ပုံစံ အမျိုးမျိုးနဲ့ ဟင်းလျာ အမျိုးမျိုးထဲမှာ ထည့်စားတတ်ကြပါတယ်။ ကြက်သွန်နီကို အစိမ်းစားတာမျိုး ရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ် ချက်စားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားတဲ့အထဲမှာ ကြက်သွန်နီက အနံ့ပြင်းတာကြောင့် အစိမ်းစားဖို့ တော်တော်များများက သဘောမတွေ့ကြပါဘူး။ တကယ်ကတော့ ကြက်သွန်နီကို အစိမ်းစား ပေးသင့်တဲ့ အကြောင်းအရင်း ရှိပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကြက်သွန်နီကို ချက်ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်။ကြက်သွန်နီကဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ မီးဖိုချောင် ပစ္စည်းတစ်မျိုးပါ။ ကြက်သွန်နီမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ဖလေဗာနွိုက်နဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကြက်သွန်နီ အစိမ်းမှာပါတဲ့ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းကသွေးတိုးကျစေသလို အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးခဲတာ သွေးကြောထဲမှာအဆီစုပုံတာတွေလိုမျိုး နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ပေးပါတယ်။ကြက်သွန်နီ အစိမ်းမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကအစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ရော အစာမကြေတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ဝမ်းချုပ်တာမျိုး ကင်းစေပြီးအူမကြီးကို ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ကြက်သွန်နီမှာ ဗီတာမင် C ပါဝင်နေတာကြောင့်ကိုယ်ခံအားကောင်းစေပြီး သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာတွေကို သက်သာစေနိုင်သလို အခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ကြက်သွန်နီ အစိမ်းမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနီုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။အရိုးပါးတာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ကြက်သွန်နီ အစိမ်းမှာပါတဲ့allyl propyl disulfideလို့ခေါ်တဲ့ ဒြပ်ပေါင်း တစ်မျိုးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကလည်း အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် ကြက်သွန်နီကို အစိမ်းစားပေးတာကကယ်လ်လိုရီပါဝင်မှု နည်းသလို အဆီလည်း ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အစားအစာလေးပါ။ကြက်သွန်နီက ကျန်းမာရေး ကောင်းကျိုး များတယ်ဆိုပေမယ့် အများကြီးတော့ မစားသင့်ပါဘူး။ ရင်ပူတာမျိုး၊ ပါးစပ်ထဲ ပူစပ်ပူလောင် ဖြစ်တာမျိုးကို ခံစားရနိုင်ပါတယ်။ ကိုယ့်မှာ အစာအိမ်ရောဂါရှိရင်၊ စားချဉ့်ပြန်တတ်တဲ့ ရောဂါရှိရင် အစိမ်းစားတာကို ရှောင်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/benefits-of-eating-raw-onions/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%81%82%e1%81%81-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ
ကျွန်တော်တို့မြန်မာတွေဟာ ဘာသာရေးအဆုံးအမ အရရော၊ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေအရရော အင်မတန်မှ အရှက်အကြောက်ကြီးတဲ့သူတွေဖြစ်ပြီး လိင်မှုရေးရာနဲ့ ပတ်သက်လို့ လျှို့ဝှက်သိုသိပ်တတ်ကြပါတယ်။ မိဘက သားသမီးကို၊လူကြီးကလူငယ်ကို လိင်ပညာပေးလက်ဆင့်ကမ်းမှုတွေ လုံလုံလောက်လောက် မလုပ်ပေးနိုင်တာမို့ လူငယ်တွေဟာ ကာလသားကြီးတွေရဲ့အပြောနဲ့ တတ်ယောင်ကား လက်တည့်စမ်းတတ်ကြပါတယ်။ ဒီလို လက်တည့်စမ်းတဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တဲ့ လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ၊ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရှိခြင်းများ စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်လေးတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။၁။ ပေပေတေတေ နေတတ်သူတွေ၊တွေ့ကရာလူနဲ့ အိပ်တတ်သူတွေမှာပဲ ဒီရောဂါတွေ ဖြစ်နိုင်တယ်။မှားပါတယ်။ လူတိုင်းဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေကို ညီညီမျှမျှ ကူးစက်ခံရနိုင်ပါတယ်။ သင့်အနေနဲ့ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံတာပဲဖြစ်ဖြစ်၊နည်းမှန်လမ်းမှန် မသုံးတာပဲဖြစ်ဖြစ် ဒီရောဂါတွေ ကူးစက်ခံရနိုင်ချေ ရှိနေပါတယ်။ ဘယ်သူ့မှာတော့ ရောဂါရှိနေပြီး ဘယ်သူ့မှာတော့ မရှိဘူးဆိုတာကိုလည်း ကြည့်ရုံနဲ့ သိနိုင်မှာမဟုတ်ဘဲ ဆေးရုံဆေးခန်းမှာ စစ်ဆေးကြည့်မှ သိနိုင်မှာပါ။၂။ အရွယ်ရောက်ပြီးသူတွေမှာပဲ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်နိုင်တယ်။မှားပါတယ်။ တကယ်တမ်းက ပြောင်းပြန်ပါ။ ငယ်ရွယ်တဲ့ ဆယ်ကျော်သက်လေးတွေ (အထူးသဖြင့် မိန်းကလေးတွေ)မှာ ဒီရောဂါတွေ ပိုမိုဖြစ်လာနိုင်ပါတယ်။ ဇီဝဖြစ်စဉ်အရ ငယ်ရွယ်သူတွေကို လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ပိုဖြစ်စေနိုင်တဲ့ အချက်တွေ ရှိနေပြီး အသက်ကြီးလာတဲ့အခါ မျိုးမအောင်တာ၊အမျိုးသမီးတွေမှာဆိုရင် မျိုးပွားအင်္ဂါပြဿနာတွေ ဖြစ်ပေါ်တာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။၃။ ပါးစပ်နဲ့ လိင်ဆက်ဆံတာ ဒါမှမဟုတ် စအိုကတဆင့် လိင်ဆက်ဆံတာမျိုးဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မရနိုင်ဘူး။မှားပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ ဒီလိုမျိုး အမှတ်မှားတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ခန္ဓါကိုယ်က ထွက်တဲ့ အရည်တွေအကုန်လုံးမှာ ကူးစက်ရောဂါပိုးတွေ ပါလာနိုင်တဲ့အတွက် ပါးစပ်နဲ့ပဲဖြစ်ဖြစ်၊စအိုနဲ့ပဲဖြစ်ဖြစ် လိင်ဆက်ဆံရင်လည်း ရောဂါကူးစက်နိုင်ပါတယ်။ ပါးစပ်အတွင်းက အရေပြား၊စအိုအတွင်းဖက်က အရေပြားတွေဟာ ခန္ဓါကိုယ်အပြင်ဖက်ကို ကာကွယ်ပေးထားတဲ့ အရေပြားတွေထက် ပိုပါးလျ၊နူးညံ့တဲ့အတွက် လွယ်လွယ်ကူကူ စုတ်ပြဲသွားနိုင်ပြီး ရောဂါကူးစက်နိုင်ချေကို ပိုလို့တောင် များလာစေပါတယ်။ သိထားရမှာက ပါးစပ်နဲ့ လိင်ဆက်ဆံတာ၊စအိုမှတဆင့် လိင်ဆက်ဆံတာတွေကနေ ရောဂါပိုးကူးစက်နှုန်းဟာ ယောနိနဲ့ သမားရိုးကျ ဆက်ဆံလို့ ရောဂါပိုးကူးစက်နှုန်းနဲ့ အတူတူနီးနီး မြင့်မားတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် ဘယ်လိုနည်းလမ်းနဲ့ပဲ ဆက်ဆံ၊ဆက်ဆံ အကာအကွယ်ပစ္စည်းကွန်ဒုံးကို အသုံးပြုရပါမယ်။၄။ ဘိုထိုင်အိမ်သာကွက်တွေကနေ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ပျံ့နှံ့နိုင်တယ်။မှားပါတယ်။ ဒီရောဂါပိုးတွေဟာ လူ့ခန္ဓါကိုယ်အပြင်မှာ အချိန်ကြာကြာ မနေနိုင်တဲ့အတွက် တဦးကနေ နောက်တဦးစီ ရောဂါကူးစက်ဖို့ အခွင့်အလမ်းက မရှိသလောက်နည်းပါးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အများသုံးအိမ်သာမှာ အသုံးပြုဖို့ အကြောင်းဖန်လာပြီဆို။ရင် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေ ရလာမှာ မပူဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။၅။ တကြိမ်ဆက်ဆံရုံနဲ့ ရောဂါမကူးစက်နိုင်ဘူး။မှားပါတယ်။ သင့်ဆက်ဆံဖော်မှာ ကာလသားရောဂါ(ဆစ်ဖလစ်) ဒါမှမဟုတ် ဆီးပူညောင်းကျရောဂါ (ဂနိုးရီးယား) ဒါမှမဟုတ် ကလာမိုင်းဒီးယားရောဂါပိုးကူးစက်ခံနေရပြီဆိုရင် သူနဲ့ တကြိမ်လိင်ဆက်ဆံရုံနဲ့ သင့်ဆီရောဂါကူးစက်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းရှိတဲ့အတွက် ဒါဟာ အတော်လေးများတဲ့ အချိုးအဆဖြစ်ပါတယ်။ ဒါကြောင့် ဂါထာဟောင်းပဲ ထပ်ရွတ်ရမယ်ဆိုရင် ကွန်ဒုံးအသုံးပြုပါ။၆။ လိင်ဆက်ဆံပြီးချိန်မှာ ရေချိုးဇလုံထဲမှာ ရေနွေးစိမ်လိုက်ရင် ဒါမှမဟုတ် ရေကူးကန်ထဲမှာ စိမ်လိုက်ရင် အပူ/ကလိုရင်းဓါတ်က လိင်မှတဆင့်ကူးစက်တတ်သောရောဂါပိုးတွေကို သတ်ပစ်နိုင်တယ်။မှားပါတယ်။ အပူ ဒါမှမဟုတ် ကလိုရင်းဓါတ်ဟာ သင့်ခန္ဓါကိုယ်ထဲ ရောက်နေပြီးသားဖြစ်တဲ့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါပိုးတွေကို မသတ်ပစ်နိုင်ပါဘူး။၇။ ကွန်ဒုံးနှစ်ခုထပ်သုံးတာဟာ တခုတည်း သုံးတာထက် ပိုကောင်းတယ်။မှားပါတယ်။ ကွန်ဒုံးနှစ်ထပ်သုံးရင် အချင်းချင်းပွတ်တိုက်ပြီး ပေါက်ပြဲနိုင်ချေပိုများတဲ့အတွက် လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ပိုလို့တောင် ပျံ့နှံ့ကူးစက်စေပါလိမ့်မယ်။ တထပ်တည်းကိုပဲ စနစ်တကျဝတ်ဆင်တာ အမှန်ကန်ဆုံးပါ။အသက်ဉာဏ်စောင့်ဆိုသလို ကျန်းမာရေးဗဟုသုတတွေကို ဖတ်မှတ်လေ့လာထားဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒါမှသာ သူများ ပါးစပ်ဖျားမှာ လမ်းမဆုံးရစေမှာပါ။ အထက်မှာဖော်ပြခဲ့တဲ့ အယူအဆ အလွဲအမှားတွေကို သင်ကိုယ်တိုင်ယုံကြည်နေခဲ့မိတယ်ဆိုရင်တော့ ဒီကနေ့ကစပြီး လုံးလုံးလျားလျား ဖျောက်ပစ်လိုက်ဖို့ အကြံပေးလိုက်ပါရစေ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/teens-and-stds-common-myths/
Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း )
ကျောက်ကပ်သည် အညစ်အကြေး ပစ္စည်းများကို စွန့် ထုတ်ပြီး ခန္ဓါကိုယ်အရည်ကို မျှခြေတွင် ထိန်းပေးပါသည်။ ကျောက်ကပ်တစ်ခုစီတွင် nephron ဟုခေါ်သော သေးငယ် သော စစ်သည့်အရာပေါင်း ၁သန်းရှိပါသည်။Nephron သည် အစွန်းတွင် အဖုတစ်ခုရှိသော အကွေးခွေတစ်ခု ဖြစ်ပါ သည်။ Nephron သည် ဆီးကို ကျောက်ကပ်နှင့် ဆီးအိတ် အားသွယ်ဆက်ထားသော ဆီးပြွန်ဆီသို့ ပို့ပေးပါသည်။Nephritis သည် nephrons ရောင်ခြင်း ဖြစ်ပါသည်။ Interstitial nephritis သည် nephron များကြားရှိ နေရာ များကို ထိခိုက်စေသော ရောဂါတစ်ခုဖြစ်ပါသည်။ ရုတ်တ ရက်ပြင်းထန်စွာ ဖြစ်ပွားခြင်း သို့မဟုတ် နာတာရှည်ဖြစ်ပွား ခြင်း ဟူ၍ ရှိနိုင်ပါသည်။Interstitial-nephritis သည် မည်သည့်အသက်အရွယ် တွင်မဆို ဖြစ်နိုင်ပါသည်။ သို့သော် အသက်ကြီးသူများတွင် ပို၍ ဖြစ်ပွားပါသည်။ Interstitial-nephritis သည် ကျောက် ကပ်ပျက်စီးမှုများ၏ ၁၀-၁၅ ရာခိုင်နှုန်းတွင် တွေ့ရပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း နှင့် အဖုများ ထွက်ခြင်း တို့ဖြစ်ပါသည်။ ဆီးတွင် ပုံမှန်မဟုတ်သော ဆဲလ် များ ပါဝင်လာနိုင်ပါသည်။ ထိုဆဲလ်များသည် သွေးဖြူဥ အမျိုးအစား တစ်မျိုးဖြစ်သော eosinophils များ ဖြစ်ပါ သည်။အချို့လူများတွင် ကျောက်ကပ်လုပ်ငန်း အလွန် မဆိုးရွား ခင်အထိ ရောဂါလက္ခဏာ မပြဘဲ ဖြစ်တတ်ပါ သည်။ ထို့နောက် ကျောက်ကပ်ပျက်စီးသော လက္ခဏာများ (အားနည်းခြင်း၊ မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ အော့အန် ခြင်း၊ ခြေထောက်ရောင်ခြင်း၊ ပါးစပ်ထဲတွင် သတ္ထု အရသာ ခံစားရခြင်း) တို့ ဖြစ်ပေါ်လာပါသည်။ရောဂါပိုးကူးစက်မှုကြောင့် nephritis ဖြစ်ပါက အဖျား တက်ခြင်း၊ ချမ်းတုံခြင်း၊ ကျောအောက်ဘက်နာခြင်း နှင့် ဆီး နှင့်ဆိုင်သော လက္ခဏာများ ( ဆီး ပူလောင်ခြင်း၊ မကြာခဏ ဆီး သွားခြင်း၊ ဆီးသွားရန် တုံ့ဆိုင်းခြင်း၊ ဆီးတွင် သွေးပါ ခြင်း) တို့ဖြစ်နိုင်ပါသည်။ သွေးပေါင်ချိန်လည်း တက်နိုင်ပြီး တစ်ခါတစ်ရံ ထိန်းချုပ်ရန် ခက်ခဲနိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အောက်ပါတို့ တွေ့ရှိပါက ဆရာဝန်နှင့် ဆက်သွယ်သင့် ပါသည်။အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါ က သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာ ဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေကောင်းမွန်ရန် အတွက် အကောင်း ဆုံး ဖြစ်ပါသည်။Interstitial-nephritisသည် များသောအားဖြင့် ပဋိဇီဝ ဆေးများ၊ အရောင်ကျဆေးများ နှင့် ဆီးဆေးများ စသော ဆေးများကြောင့် ဖြစ်ပွားပါသည်။ အခြားဆေးများ၊ ဘတ်တီး ရီးယား နှင့် ဗိုင်းရပ်စ် ကူးစက်မှုများ ကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ Lupus, sarcoidosos, Sjogren’s syndrome စသော ကိုယ်ခံအားစနစ် ရောဂါများနှင့် ဆက်စပ်မှု ရှိပါသည်။ သို့သော်ရှားပါသည်။ တစ်ခါတစ်ရံ တွင် ဖြစ်စေသော အကြောင်းရင်းကို မသိရှိပါ။Interstitial-nephritis ဖြစ်နိုင်ချေကို မြင့်စေသော အ ချက်များစွာ ရှိပါသည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကုသမှုသည် ကျောက်ကပ်ပျက်စီးမှုနှင့် ကျောက်ကပ် ပျက်စီးမှုနှင့် ဆက်စပ်သော ဇီဝကမ္မပြဿနာများ ( potassium များခြင်း၊ ကယ်စီယမ်နည်းခြင်း နှင့် phosphorus များခြင်း၊ သွေးဆဲလ်နည်းခြင်း) ကို ဖြေရှင်းရန် ရည်ရွယ်ပါသည်။ကျောက်ကပ်အထူးကု ဖြင့်ပြသနိုင်ပါသည်။ ကုသမှုသည် ဖြစ်စေသော အကြောင်းရင်းကို ပြင်ဆင်ရန်လည်း ကြိုးစား ပါသည်။ ဆေးတစ်မျိုးသည် ရောဂါကို ဖြစ်စေပါက ပြဿနာ ဖြစ်စေသော ဆေးကို ရပ်ပါ။ ဘတ်တီးရီးယား ကူးစက်မှု ဖြစ်ပါက ပဋိဇီဝဆေးဖြင့် ကုသပါ။ အစောပိုင်း ကုသမှုကို တုန့်ပြန်ခြင်း မရှိပါက prednisone ကဲ့သို့ corticosteroids ဆေးများ သောက်ပါ။ Corticosteroids ဖြင့် မသက်သာ ပါက cyclophosphamide ကဲ့သို့ ပြင်းသော ဆေးများ အသုံး ပြုပါ။ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓါကိုယ်စစ်ဆေး ခြင်း နှင့် သွေး၊ဆီး စစ်ဆေးခြင်းတို့မှ ရောဂါအဖြေရှာခြင်းကို ပြုလုပ်ပါသည်။ ဆရာဝန်သည် အသံလှိုင်းများကို အသုံးပြု၍ ကျောက်ကပ် ပုံရိပ်များကို ရယူသော Ultrasonography ကို အသုံးပြုနိုင်ပါသည်။မရှင်းလင်းသော ရောဂါအဖြေရှာခြင်း များအတွက် ဆရာဝန်သည် ကျောက်ကပ်မှ တစ်ရှူးစယူခြင်း ကို ပြုလုပ်နိုင်ပါသည်။ တစ်ရှူးစထုတ်ယူခြင်းတွင် အထူးပြု လုပ်ထားသော အပ်ဖြင့် ကျောက်ကပ်တွင်းသို့ ထိုးသွင်းပြီး ကျောက်ကပ်တစ်ရှူးအနည်းငယ်ကို ယူကာ အဏုကြည့် မှန် ပြောင်းအောက်တွင် စစ်ဆေးပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Interstitial-nephritisကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Interstitial-nephritis ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/interstitial-nephritis-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%95%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1/
မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့
ရောဂါတွေ အမျိုးမျိုး ဖြစ်ပွားနေချိန်မှာကိုယ်ခံအားကောင်းအောင် ဂရုစိုက်ဖို့က အရေးအကြီးဆုံးပါ။ ဒီတော့ ကိုယ်ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့ နဲ့ ကျန်းမာစေဖို့ ဘာတွေများ ပြင်ဆင်ပေးရမလဲလို့ ခေါင်းခြောက်နေပြီလား။ဒါဆိုရင်တော့ ချစ်ခင်ရတဲ့မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ပြည့်ဝစေဖို့ ဘာတွေပြင်ဆင်ပေးရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား………..။ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအား ကောင်းစေဖို့အတွက် နေ့စဉ် ပြင်ဆင်ပေးရတဲ့အစားအသောက်တွေထဲမှာ ဒါလေးတွေ ပါအောင် ပြင်ဆင်ပေးပါ။ဟင်းနုနွယ်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။Beta carotene၊ ဗီတာမင် A၊ ဗီတာမင် C၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ဖောလိတ်နဲ့ အခြားသော အာဟာရဓာတ်တွေပါဝင်နေပါတယ်။နေ့စဉ် ဟင်းနုနွယ်ကို စားသုံးပေးတာကမျက်လုံးတွေကို နေရောင်ဒဏ်ကနေ ကာကွယ်ပေးပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်အာရုံပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ဟင်းနုနွယ်က အာဟာရဓာတ် ပြည့်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ဒိန်ချဉ်က သက်ကြီးရွယ်အိုတွေအတွက် ကိုယ်ခံအားကောင်းနိုင်တဲ့ အကောင်းဆုံးသော အစားအစားတစ်မျိုးပါ။ ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်သလို ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ဗီတာမင် Dပါဝင်နေပါတယ်။တစ်ပတ်ကို ၃ ကြိမ်လောက် ဒိန်ချဉ် သောက်သုံးပေးတာက ကိုယ်ခံအားကို ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။ကြက်သွန်ဖြူက ခံတွင်းနံ့ကို ဆိုးစေတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများပါတယ်။ ရောဂါပိုးတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအားကို မြှင့်ပေးပါတယ်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေသလိုသွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးသွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ပန်းဂေါ်ဖီစိမ်းက သက်ကြီးရွယ်အိုတွေကို ကိုယ်ခံအား အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ဘလူးဘယ်ရီသီးလေးတွေက သေးတယ်ဆိုပေမယ့် အာဟာရ ပြည့်ဝပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အာဟာရ ကြွယ်ဝပါတယ်။ ဘလူးဘယ်ရီ ပုံမှန်စားသုံးတာက ကိုယ်ခံအားကောင်းစေသလိုနှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ဗီတာမင်  Eပါဝင်နေတာက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ နေ့လယ်နေ့ခင်း အဆာပြေအနေနဲ့ အဆီများတဲ့ အစားအစာတွေ အစား အယ်လ်မွန်စေ့ကို စားပေးတာက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။လက်ဖက်စိမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်း ရေနွေးကြမ်းသောက်ပေးတာကအအေးမိ တုပ်ကွေးဖြစ်နိုင်ခြေကို လျှော့ချပေးသလို ရောဂါပိုးတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ဒီအစားအစာတွေအပြင် နေ့စဉ် အာဟာရပြည့်ဝအောင်  စားပေးမယ်ဆိုရင် ဖိုးဖိုးဖွားဖွားတို့ ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/immune-boosting-foods-for-seniors/
ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း
အရွယ်ရောက်လာတဲ့သူတိုင်းဟာ အိမ်ထောင်ပြုကြတာက ဘဝရဲ့ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် အရွယ်ရောက်လို့ အိမ်ထောင်ပြုတာကဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် အရာရာတိုင်းကဖြစ်ရိုးဖြစ်စဉ်အတိုင်း သွားလို့မဖြစ်ပြန်တာလည်းရှိပါတယ်။ ဒါကတော့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာပါ။ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာမျိုးမဖြစ်ဖို့ဆိုရင်တော့ လုပ်ကိုင်ရမယ့်အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့သားဆက်ခြားနည်း အသုံးပြုတာပါ။သားဆက်ခြားနည်း တွေက တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးအစားတွေကအစုံအလင်ပါပဲ။လွယ်ကူရိုးစင်းပြီး ထိရောက်အသုံးတည့်တဲ့ သားဆက်ခြားနည်း တစ်ခုရှိပါတယ်။ ဒီနည်းကရှေးကျတဲ့ သားဆက်ခြားနည်းတစ်ခုဆိုလည်းမမှားပါဘူး။ အရွယ်ရောက်သူတိုင်းအတွက်လည်း အဆင်ပြေစေမယ့် နည်းလမ်းလေးတစ်ခုပေါ့။ ဒါကတော့ကွန်ဒုံးအသုံးပြုတာပါ။ ဒီနည်းလမ်းက အခြားသားဆက်ခြားနည်းလမ်းတွေနဲ့စာရင် အသုံးပြုရလွယ်ကူသလို ထိရောက်မှုလည်းရှိပါတယ်။ ကွန်ဒုံးအသုံးပြုမှုကနေရရှိတဲ့ကောင်းကျိုးတွေက ဒီလောက်နဲ့ မပြီးသေးပါဘူး။ကွန်ဒုံးအသုံးပြုမှုကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကွန်ဒုံးက မျိုးဥတွေနဲ့ သုက်ကောင်တွေကို မထိတွေ့နိုင်အောင်တားဆီးပေးပြီး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးတာပါ။ ကွန်ဒုံးအသုံးပြုမှုက အကောင်းဆုံးသော သားဆက်ခြားနည်းတစ်ခုလို့ဆိုရပါမယ်။ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း ဖြစ်တဲ့ ကွန်ဒုံးရဲ့ အများနဲ့မတူတဲ့ အားသာချက်တွေကဘာတွေများလဲလို့ စိတ်ဝင်စားနေပြီလား။သန္ဓေတားသောက်ဆေးတွေ၊ တချို့ သားအိမ်တွင်းထည့်ပစ္စည်းတွေလိုမျိုးဟော်မုန်းပါဝင်မှုမရှိတာကြောင့်ရာသီစက်ဝန်းကိုထိခိုက်တာမျိုးဖြစ်မှာကို စိုးရိမ်စရာမလိုပါဘူး။အခြားသားဆက်ခြားနည်းလမ်းတွေထက် သာလွန်နေတဲ့အချက်တစ်ခုပါ။လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုတာက မမျိုးဥတွေကိုသုက်ကောင်တွေနဲ့ မထိတွေ့အောင်တားပေးပြီး သားဆက်ခြားပေးတဲ့အပြင် လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။အခွံပေါ်မှာပါတဲ့ အညွှန်းအတိုင်းအသုံးပြုရုံသာဖြစ်ပြီး အခြားသားဆက်ခြားနည်းတွေလိုမျိုး လုပ်ရိုးလုပ်စဉ်တွေက ခက်ခဲမနေပါဘူး။ဆေးခန်းသွားပြပြီး အသုံးပြုနည်းလမ်းညွှန်ရယူစရာမလိုပါဘူး။ ကိုယ်တိုင် အလွယ်တကူအသုံးပြုလို့ရတဲ့ တစ်ခုတည်းသော သားဆက်ခြားနည်းပါ။စရိတ်စကအနေနဲ့ အများကြီးကုန်ကျစရာမလိုပါဘူး။ အခြားသားဆက်ခြားနည်းတွေလိုမျိုး ကုန်ကျစရိတ် မများတဲ့ သားဆက်ခြားနည်းပါ။နီးစပ်ရာဆေးဆိုင်တွေ၊ စူပါမားကတ်တွေမှာ အလွယ်တကူ မေးမြန်းဝယ်ယူလို့ ရပါတယ်။သိမ်းဆည်းရတဲ့ နည်းလမ်းက အရမ်း မခက်ခဲဘဲ အလွယ်တကူ သိမ်းဆည်းထားလို့ ရပါတယ်။ အိတ်ထဲမှာ ဆောင်ထားလို့လည်း ရပါတယ်။အခြား သားဆက်ခြားနည်းတွေ လိုမျိုး အသုံးမပြုတဲ့အခါ ဘေဘီလေး ရရှိစေဖို့ အချိန်ကာလ အတိုင်းအတာ တစ်ခု အထိ စောင့်နေစရာ မလိုပါဘူး။နို့တိုက်နေရတဲ့ မိခင်တွေအနေနဲ့လည်း အသုံးပြုလို့သင့်တော်တဲ့ သားဆက်ခြားနည်း တစ်ခုပါ။ဒီလို လွယ်ကူ ကောင်းမွန်တဲ့ အချက်တွေကြောင့် အားလုံးအတွက် အသုံးပြုရတာ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး သားဆက်ခြားနည်းက ကွန်ဒုံး အသုံးပြုတာဖြစ်တယ်လို့ အကြံပြုပြောကြားလိုပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ကုန်ကျစရိတ် သက်သာပြီး အထိရောက်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို ရွေးတော့မယ်ဆိုရင် ကွန်ဒုံး အသုံးပြုဖို့ ပြောပါရစေ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/advantages_of_using_condoms/
ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသန္ဓေတားနည်းက အကောင်းဆုံးလဲ။
ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသန္ဓေတားနည်းက အကောင်းဆုံးလဲ။ ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှုကိစ္စတွေကို လုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှုကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစုကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေး (EC ) တို့ကိုသာ သုံးစွဲကြပါတယ်။ဒါပေမဲ့ ဆယ်ကျော်သက်အများစုက ဒီလို အသုံးများတဲ့ သန္ဓေတားနည်းတွေကို အချိန်တိုင်းသုံးလေ့ မရှိတဲ့အပြင် မှန်မှန်ကန်ကန်လည်း မသုံးစွဲတတ်ကြတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ကျွန်တော် အခု ဒီဆောင်းပါးလေးထဲမှာတော့ ဆယ်ကျော်သက်လူငယ်တွေ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်တာဝန်ကို အချိန်မတန်ဘဲ မထမ်းကြရစေဖို့ ဘယ်လို သန္ဓေတားနည်းတွေက အကောင်းဆုံးလည်း ဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီး အတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသန္ဓေတားနည်းက အကောင်းဆုံးလဲ။ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဆယ်ကျော်သက်တွေအတွက် စိတ်ချရဆုံး သန္ဓေတားနည်းကတော့ Abstinence လို့ခေါ်တဲ့ လိင်မှု ကိစ္စကို ရှောင်ကြဉ်တာပါပဲ။ သင့်အနေနဲ့ လုံးဝမုချ သန္ဓေနဲ့လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) တွေ ကူးစက်တာ မခံချင်ဘူးဆိုရင် လိင်မှုကိစ္စကို ငယ်ငယ်ရွယ်ရွယ်မှာ လက်တည့်မစမ်းပါနဲ့။ဒါတွေဟာ ကိုယ်ဝန်ကို ရေရှည်ကာကွယ်ပေးနိုင်ပါတယ်။ သန္ဓေတားဆေးတွေက နေ့တိုင်း တစ်နေ့ တစ်ခါ မပျက်မကွက်သောက်ရပေမဲ့ IUD တွေကတော့ တစ်ခါ တပ်ဆင်ထားရုံနဲ့ သန္ဓေကို အထိရောက်ဆုံး သန္ဓေတားနိုင်ပြီး IUD ထည့်ထားတဲ့ အမျိုးသမီး အယောက် ၁၀၀ မှာ တစ်ယောက်ခန့်ကသာ တစ်နှစ်အတွင်း သန္ဓေရနိုင်တယ် လို့သိရပါတယ်။IUD ဆိုတာသားအိမ်တွင်း တပ်ဆင်ရတဲ့ T ပုံစံ ပစ္စည်းလေး ဖြစ်ပါတယ်။ အမျိုးအစားပေါ် မူတည်ပြီး IUD တွေဟာ ၃ နှစ်ကနေ ၁၀ နှစ်အထိ ခံပါတယ်။ဒီလို ခန္ဓာကိုယ်တွင်း ထည့်သွင်းရတဲ့ ကိရိယာဆိုတာ မီးခြစ်ဆံလောက်ပဲ ရှိတဲ့ ပလတ်စတစ်ချောင်းလေးဖြစ်ပြီး လက်မောင်း အထက်ပိုင်းက အရေပြားထဲ ထည့်သွင်းတပ်ဆင်ရတာ ဖြစ်ပါတယ်။ ဒီပစ္စည်းလေးတွေကတော့ ၃ နှစ်အထိ သန္ဓေတားနိုင်ပါတယ်။IUD ပဲ ထည့်ထည့်၊ Implant ပဲ ထည့်ထည့် ကျွမ်းကျင်ဆေးပညာရှင်တွေ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ပစ္စည်း ၂ ခုလုံးက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STD) တွေရန်မှ မကာကွယ်ပေးနိုင်ပါဘူး။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STD) ကို ကာကွယ်ချင်တယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေက အကောင်းဆုံးဖြစ်ပါတယ်။ထိုးဆေးဆိုတာ medroxyprogesterone (Depo-Provera) ဖြစ်ပြီး ပရိုဂျက်စတင် ဟော်မုန်းပါဝင်ပါတယ်။ ၃ လခံ တားဆေးလို့လည်း လူသိများပါတယ်။တကယ်လို့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က ဒီနည်းကို ရွေးချယ်လိုက်မယ်ဆိုရင် သူမအနေနဲ့ ၁၁ ပတ်- ၁၃ ပတ်အတွင်း ဆရာဝန်ထံ ပုံမှန် ဆေးထိုးဖို့ သွားရောက်ရမှာ ဖြစ်ပါတယ်။ ဒီသန္ဓေတားနည်းကို သုံးတဲ့ အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာလာတဲ့ အခါ သွေးဆင်းနည်းသွားမှာ ဖြစ်ပြီး ရေရှည်မှာ ကိုယ်အလေးချိန်တက်လာခြင်းနဲ့ အရိုးသိပ်သည်းဆ နည်းသွားခြင်း စတဲ့ အကျိုးဆက်တွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ သန္ဓေတားနည်းကို ရွေးချယ်တဲ့ အမျိုးသမီးတွေထဲမှာ ၁ နှစ်အတွင်းအယောက် ၁၀၀ မှာ ၆ ယောက်သာ သန္ဓေရလေ့ရှိပါတယ်။ ဒီနည်းရဲ့ သန္ဓေတားနိုင်စွမ်းဟာ သန္ဓေတားဆေးတွေ ထက်ပိုများပါတယ်။သန္ဓေတားနည်း ကပ်ခွာဆိုတာကတော့ အီစရိုဂျင်နဲ့ ပရိုဂျက်စတင် ဟော်မုန်းတို့ ပေါင်းစပ်ထားတဲ့ ကပ်ခွာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသန္ဓေတားနည်းက အာနိသင်သေချာရဖို့ ကပ်ခွာကို အချိန်မှန် ကပ်ဖို့၊ ခွာပေးဖို့လိုပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဒီကပ်ခွာကို ခန္ဓာကိုယ်ရဲ့ လက်မောင်း အပေါ်ဘက် (သို့) တင်ပါးမှာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီ ကပ်ခွာကို ၃ ပတ်တိတိ ဝတ်ထားပြီး တစ်ပတ်ခန့် ပြန်ခွာထားရမှာဖြစ်ပါတယ်။ အဲ့အချိန် ဓမ္မတာ လာမှာလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ တခြားနည်းလမ်းတွေလောက် သန္ဓေတားရာမှာ သိပ်စိတ်မချရပါဘူး။ဒီသန္ဓေတားကို သုံးတဲ့ လူ အယောက် ၁၀၀ မှာ ၉ ယောက်အထိ သန္ဓေရနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ သန္ဓေတားဆေးတွေ ထက်တော့ သုံးရတာ ပိုအဆင်ပြေတဲ့ နည်းဖြစ်ပါတယ်။ဆယ်ကျော်သက်တစ်ယောက်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ မိဘကိုယ်တိုင်ကပဲ ဖြစ်ဖြစ် မိမိရဲ့ သားသမီးတွေကို သန္ဓေတားနည်းတွေနဲ့ ထိတွေ့မှုရှိစေချင်တယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ အဲ့လိုသန္ဓေတားနည်း စဉ်းစားတဲ့ အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေလည်း ရှိပါတယ်။အဲ့ဒါကတော့-။မြန်မာနိုင်ငံအနေနဲ့ ကလေးတွေကို လိင်မှုကိစ္စနဲ့ သန္ဓေတားနည်းတွေ ထုတ်ပြောဖို့က တော်တော်ခက်ခဲပါလိမ့်မယ်။ ဒီလိုဆိုရင် သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပဲဖြစ်ဖြစ်၊ မိသားစုဒေါက်တာနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းက အကောင်းဆုံးလည်း ဆိုတာ တိုင်ပင်ဖို့လိုပါလိမ့်မယ်။အမေရိကန်မှာတော့ ၂၀၁၆ မတ်လမှာ စတင်ပြီး ပြည်နယ် ၂၁ ပြည်နယ်နဲ့ ကိုလံဘီယံဒေသ ဥပဒေအရ ဆယ်ကျော်သက်တွေဟာ သန္ဓေတားနည်းအတွက် မိမိဘာသာ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ဥပဒေ ပြဌာန်းခဲ့ပါတယ်။ သန္ဓေတားနည်းကို ရွေးမယ်ဆိုရင်လည်း မိဘတွေ ရဲ့ သဘောတူညီမှု ယူစရာမလိုအပ်ပါဘူး။ များသောအားဖြင့် သန္ဓေတားနည်း ဆိုတာ အမျိုးသမီးတွေပဲ လုပ်ဆောင်ကြရလေ့ရှိပေမဲ့ ယောက်ျားလေးတွေ အနေနဲ့လည်း တာဝန်ယူမှု ရှိသင့်ပါတယ်။ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) တွေ ကာကွယ်ဖို့ အတွက် ယောက်ျားလေးတွေ အနေနဲ့ ကွန်ဒုံး အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးတွေဟာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) ကိုကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေပါပဲ။ရေးသားသူ− Arkar Hein။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/the-best-birth-control-for-teens/
Hypospadias (မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း )
မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ဆိုသည်မှာ ယောင်္ကျားလေးတစ်ယောက်၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ အောက်ဖက်တွင် မှားရောက်နေသော မွေးရာပါ အခြေအနေ တစ်ခုဖြစ်သည်။ ဆီးစွန့်ပြန်သည် ဆီးများကို ဆီးအိတ်မှ သယ်ယူကာ လိင်တံမှတစ်ဆင့် ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်သော ပြွန် ဖြစ်ပါသည်။ မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း သည် ဆီးလမ်းကြောင်းပွင့်သော နေရာပေါ်မူတည်၍ မပြင်းထန် နိုင်ရာမှ ပြင်းထန်နိုင်သည် အထိ ဖြစ်နိုင်ပါသည်။မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း သည် ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။ မွေးကင်းစ ယောင်္ကျားလေး ၁၀၀၀ မှ ၄ ယောက်တွင် ဖြစ်ပွားပါသည်။ ပိုမိုသော အချက်အလက် များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း၏ အဖြစ်များသောလက္ခဏာမှာ ဆီးလမ်း ကြောင်း ပေါက်သည် လိင်တံ၏ ထိပ်တွင် မရှိခြင်း ဖြစ်သည်။ အခြား ရောဂါလက္ခဏာ များမှာ။အထက်တွင်ဖော်ပြမထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီ တွင်ရောဂါလက္ခဏာ တစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့် ပါသည်။မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း ဖြစ်သော ကလေးငယ်များသည် မွေးဖွားပြီး ဆေးရုံတွင် ရှိနေချိန်တွင် ရောဂါအဖြေရှာ ခြင်း ပြုလုပ်သင့်ပါသည်။ သို့သော်လည်း မဆိုးရွှားသော မွေးရာပါဆီးလမ်းကြောင်းပေါက် နေရာလွဲခြင်း ကိုမကုသဘဲ ထားနိုင်ပါသည်။ သင့်သား၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ထိပ်တွင် ရှိမနေပါက၊ လိင်တံထိပ်ဖုံးအရေပြားသည် ပြည့်စုံစွာ မဖွံ့ဖြိုးပါက သို့မဟုတ် လိင်တံသည် အောက်သို့ ကွေးနေပါက ဆရာဝန်ကို ခေါ်ဆိုပါ။မွေးရာပါဆီးစွန့်ပြွန်အပေါက်နေရာလွဲခြင်း ၏ ဖြစ်စေသော အကြောင်းရင်းကို မသိရှိပါ။ မွေးရာပါရောဂါ တစ်မျိုးဖြစ်ပြီး မွေးကင်းစ အမျိုးသားများကို ထိခိုက်စေပါသည်။ မျိုးဗီဇ၊ ဟော်မုန်း နှင့် ပတ်ဝန်းကျင် အချက်များ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အောက်ပါအချက်များသည် မွေးရာပါ ဆီးစွန့်ပြွန်ပေါက် နေရာလွဲခြင်း ကို ဖြစ်ပေါ် စေပါသည်။ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်း နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း တို့မှ ရောဂါ အဖြေရှာခြင်း ပြုလုပ်နိုင်ပါသည်။ ဆီးလမ်းကြောင်းအထူးပြု ဆရာဝန်သည် အတိကျဆုံးရောဂါအဖြေ ရရန် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။မွေးရာပါဆီးစွန့်ပြွန်ပေါက်နေရာလွဲခြင်း ၏ ကုသမှုတွင် ခွဲစိတ်ကုသခြင်း ပါလေ့ရှိသည်။ ခွဲစိတ်ကုသခြင်းသည် အသက် ၃လ နှင့် ၁၈လကြား ငယ်ရွယ်သောအချိန် တွင် လုပ်သင့်သည်။ အကြောင်းမှာ စိတ်ဖိစီးမှုဒဏ်ရာကို ရှောင်ရှားလိုသောကြောင့် ဖြစ်သည်။ သို့သော် ခွဲစိတ် ကုသခြင်း သည် မည်သည့် အသက်အရွယ်တွင်မဆို ဖြစ်နိုင်သည်။ခွဲစိတ်ကုသမှုတွင် ဆရာဝန်သည် လိင်အင်္ဂါထိပ်ပိုင်းနှင့် ပါးစပ်အတွင်း အရေပြားမှ အရေးပြားအစားထိုး ကုသခြင်း ဖြင့် အပေါက်အသစ်ကို ပြုလုပ်ပေးပါသည်။ ခွဲစိတ်ကုသခြင်း သည် ၁-၃ နာရီ ကြာမြင့်နိုင်ပါသည်။ ထိုအချိန်တွင် ကလေးကို မေ့ဆေးဖြင့် သတိမေ့အောင် ပြုလုပ် ထားရမည်။မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ကို မကုသပါက အိမ်သာတက်ချိန် နှင့် အရွယ်ရောက်သောအခါ လိင်ဆက်ဆံခြင်း တို့တွင် အခက်အခဲများ ဖြစ်လာနိုင်သည်။ ဆီးလမ်း ကြောင်းပေါက် ကျဉ်းခြင်း နှင့် ပုံမှန်မဆက်သော အင်္ဂါ နှစ်ခု ဆက်သွယ်ခြင်း တို့ဖြစ်နိုင်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများ သည် ကို မွေးရာပါ ဆီးစွန့်ပြွန်ပေါက် နေရာလွဲခြင်း ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/hypospadias-%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab-%e1%80%86%e1%80%ae%e1%80%b8%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%82%94%e1%80%bb%e1%80%95%e1%80%bc%e1%80%94/
စာဖတ်တာက ကောင်းကျိုးများသလား ...........
စိတ်တွေ အရမ်း ပင်ပန်းလာရင် ဖြစ်ဖြစ်၊စိတ်ဖိစီးမှုတွေများလာရင် ဖြစ်ဖြစ် စာဖတ် ပါလို့ ပြောတာကို ကြားဖူးကြမယ် ထင်ပါတယ်။ စိတ်အရမ်းညစ်နေချိန်မှာ တိတ်ဆိတ်တဲ့နေရာလေး တစ်ခုမှာ ထိုင်ပြီး စာဖတ်တာကစိတ်မွန်းကြပ်နေတာကို သက်သာစေတာတော့ အမှန်ပါ။တကယ်ကတော့ စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ စာဖတ်တဲ့အခါ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလိုရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။စာဖတ်ရင်း ရရှိလာတဲ့ အကျိုးကျေးဇူးတွေက ခဏတာ မဟုတ်ဘဲ ဘဝတလျှောက်လုံးစာပါ အထောက်အကူပြုပေးနိုင်တာပါ။ငယ်စဉ်ကတည်းကစာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးတာက ဘေဘီလေးတွေကိုဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေရုံတင် မဟုတ်ဘဲ အသက်အရွယ်ရလာတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား …….။စာဖတ်တာက ဦးနှောက်ထဲက မတူညီတဲ့ အစိတ်အပိုင်းတွေကြားမှာ ဆက်သွယ်မှု အသစ်တွေကို ရရှိစေပါတယ်။ ဘာသာစကား စွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဦးနှောက်ကို အာရုံခံမှုကောင်းစေနိုင်ဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဦးနှောက်ထဲက ဆဲလ်တစ်ခုစီကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဦးနှောက်ဆဲလ်တွေကို ချိတ်ဆက်မှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။သိမြင်မှု စွမ်းရည်ဆိုတဲ့နေရာမှာ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်း နဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေ ပါဝင်နေပါတယ်။အာရုံစူးစိုက်နိုင်တာ၊ မှတ်မိတာတွေလိုမျိုး သိမြင်မှု စွမ်းရည်တွေက အသက်အရွယ်ရလာတာနဲ့အမျှ ကျဆင်းလာပါတယ်။ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ စာဖတ်တာပါ။ စာဖတ်တဲ့သူတွေဟာ အရွယ်ရောက်လာတဲ့အခါ သိမြင်မှု စွမ်းရည်ကျလာတာကြောင့် မေ့တတ်တာ၊ အာရုံစိုက်နိုင်စွမ်း ကျလာတာတွေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။တစ်နေ့ကို နာရီဝက်လောက်  စာပုံမှန် ဖတ်တာက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ စာဖတ်တာက ယောဂဆော့တာ၊ ဟာသ ရုပ်ရှင်တွေ ကြည့်သလိုမျိုုး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုရော ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုရော ပြေလျော့စေနိုင်ပါတယ်။စာကို အများကြီး မဖတ်နိုင်ရင်အောင် ဝတ္ထုတိုလေးတွေ၊ အခြား စိတ်လက်အပန်းပြေစေတဲ့ စာပေမျိုးကို ဖတ်ရှု့စေချင်ပါတယ်။စာဖတ်တာက ဦးနှောက်ကိုတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ အသက်ရှည်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ စာဖတ်တဲ့သူတွေက အခြားသူတွေထက် နာမကျန်းဖြစ်တာကြောင့် သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်းလောက် နည်းပါတယ်။စာဖတ်တာကကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်စေသလို အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို လျှော့ချပေးပြီး အသက်ရှည်စေနိုင်ပါတယ်။ဦးနှောက်က ကြွက်သားမဟုတ်ပေမယ့် လေ့ကျင့်ခန်းတွေရဲ့ သက်ရောက်မှုကိုတော့ ခံစားသိရှိနိုင်ဆဲပါ။ အလေးမတာက ခန္ဓာကိုယ်က ကြွက်သားတွေကို သန်မာစေနိုင်သလို စာဖတ်တာကလည်း မှတ်မိနိုင်စွမ်း နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းစေနိုင်ပါတယ်။စာပုံမှန် ဖတ်တာက ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးတာပါ။ ဒီလို စာပုံမှန် ဖတ်ပေးတာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းစေနိုင်ပါတယ်။စာအုပ်က အိပ်ဆေးတစ်လက်ဆိုတာကို ကြားဖူးမယ် ထင်ပါတယ်။ အိပ်မပျော်ဘူးဆိုရင် စာအုပ်လေးတစ်အုပ်လောက်ဖတ်ကြည့်လိုက်ပါ။ စာဖတ်ရင်း စိတ်ဖိစီးမှု လျော့နည်းလာပြီး အိပ်ချင်စိတ် ဖြစ်လာစေပါလိမ့်မယ်။အိပ်ချင်စိတ် ဖြစ်စေနိုင်သလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အခုလို အကျိုးကျေးဇူးတွေ များတယ်ဆိုတော့ စိတ်ရောကိုယ်ပါကျန်းမာပြီး အသက်ရှည်စေဖို့ တစ်နေ့ကို နာရီဝက်လောက်တော့ စာဖတ်တော့မယ် ဟုတ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/is-reading-healthy-for-the-brain/
အိုမီခရွန်နဲ့ ဒယ်တာပေါင်းစပ်ထားတဲ့ ဗီဇပြောင်းပိုး တွေ့ရှိ
ကိုဗစ်နဲ့ ပတ်သက်ပြီး ပြောရရင် ပြီးခဲ့တဲ့ တတိယလှိုင်းတုန်းက ဖြစ်ခဲ့တဲ့ ဒယ်တာမျိုးကွဲ (ယူဆရ)က တော်တော်အသေအပျောက်များခဲ့ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများ အလူးအလဲ ခံလိုက်ရပါတယ်။ သိပ်မကြာခင်ကလည်း ပိုးရဲ့ နေရာတော်တော်တော်များများမှာဗီဇပြောင်းထားတဲ့ အိုမီခရွန်ဆိုတဲ့ ဗီဇပြောင်းပိုး မျိုးစိတ်ကို ထပ်တွေ့ပြီး ခုဆိုရင် လူနာတွေ တရိပ်ရိပ်တက်နေပါတယ်။ကိုဗစ်က ဒါနဲ့တင် အားရတဲ့ပုံ မပေါ်ပါဘူး။ နောက်ထပ် ဗီဇပြောင်းပိုးအသစ် ထပ်ထွက်လာပါပြီ။ ဒီတစ်ခါမှာတော့အိုမီခရွန်နဲ့ဒယ်တာကို ပေါင်းထားတာပါတဲ့။ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၆ရက်)က ဆိုက်ပရပ်စ်မှာ ဒယ်တာနဲ့ အိုမီခရွန် ပေါင်းစပ်ထားတဲ့ ဗီဇပြောင်းပိုးကို တွေ့ရှိခဲ့တယ်လို့ ဆိုက်ပရပ်စ် ဇီဝသိပ္ပံ တက္ကသိုလ်ရဲ့ ပါမောက္ခလည်းဖြစ်၊ Laboratory of Biotechnology and Molecular Virologyရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့Leondios Kostrikisကဆိုပါတယ်။တစ်ယောက်တည်းမှာ အိုမီခရွန်ရော၊ ဒယ်တာရော ပေါင်းစပ် ကူးစက်ထားတာကို တွေ့ရှိခဲ့ရပြီး ဒါကို လက်ရှိမှာ “deltacron” လို့ နာမည်ပေးထားပါတယ်။ ဒီလိုပေးလိုက်ရတာက သူ့မှာ ဒယ်တာရဲ့ ကိုယ်ထဲမှာ အိုမီခရွန်ရဲ့ မျိုးဗီဇတွေ တွေ့နေရလို့ပါတဲ့။လက်ရှိမှာ “deltacron” ကူးစက်ခံထားရတဲ့ လူနာပေါင်း ၂၅ယောက်ရှိပြီး သူတို့က ဆေးရုံတက်နေရတဲ့ သူတွေပဲ ဖြစ်ပါတယ်။ “deltacron” ကို ဆက်လက်စစ်ဆေးဖို့GISAIDလို့ခေါ်တဲ့ ဗိုင်းရပ်စ်တွေရဲ့ ဗီဇပြောင်းပုံကို လေ့လာတဲ့ အဖွဲ့အစည်းကို ပို့ထားပါတယ်။ဒါကတော့ ပြောဖို့ အတော်စောပါသေးတယ်။ ပိုပြီးဆိုးမလား၊ ပိုပြီး ကူးစက်တာများမလားဆိုတာကို ဆက်လက်လေ့လာနေတုန်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့တစ်ကိုယ်စာ အမြင်အရတော့ ဒီဗီဇပြောင်းပိုးက လက်ရှိမှာကူးစက်မြန်နေတဲ့ အိုမီခရွန်ကို ကျော်တက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။အမြဲတမ်း သတိပေးခဲ့တာ ဗိုင်းရပ်စ်က သူ့အလုပ်သူ လုပ်နေမှာပါ။ သူဆက်ပြီး ရှင်သန်ဖို့ ဗီဇတွေကို ခဏခဏ ပြောင်းနေဦးမှာပါ။ လူသားတွေဘက်ကလည်း ဗိုင်းရပ်စ်ကို အဝင်မခံဖို့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/deltaron-in-cyprus/
အရက်ကို အချိုရည်နဲ့ ရောသောက်တာက ဘာတွေ ထိခိုက်စေနိုင်သလဲ
အရက်ကို အချိုရည်နဲ့ ရောသောက်တာက အဝင်ကောင်းပေမယ့် ခန္ဓာကိုယ်ကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။အချိုရည် ဆိုတာက ကလေးတွေကစပြီး လူကြီးတွေအထိ သောက်နေကြတဲ့အချိုရည်တွေပါ။ မြင်သာအောင် ပြောပြရရင် Cola၊ Sprite နဲ့ လိမ္မော်ရည်လိုမျိုးတွေကို ပြောချင်တာပါ။ ဒီအချိုရည်တွေက သောက်လို့ ကောင်းတာမှန်ပေမယ့် အရမ်းများရင်တော့ ခန္ဓာကိုယ်ကို ထိခိုက်စေတာတော့ အမှန်ပါ။ အချိုရည်ထဲမှာ များပြားလွန်းတဲ့ သကြားတွေနဲ့ ဂတ်စ်တွေ ပါဝင်နေပါတယ်။ဒီပါဝင်နေတဲ့ အရာတွေက အလွန်အကျွံသောက်ရင် ရေရှည်မှာ အဝလွန်တာ၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီသောက်စရာတွေက အအေးအနေနဲ့ဆိုရင် အတော်လေး အမောပြေပြီး သောက်ရတာ အင်မတန် ကောင်းပါတယ်။ ဒီလို သောက်လို့ ကောင်းတဲ့ အချိုရည်တွေကိုပဲ ဒီတိုင်းများများသောက်ရင်တောင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒီလို အချိုရည်ကို ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အယ်လ်ကိုဟောနဲ့ ရောလိုက်ရင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဗဟုသုတ ရအောင် အတူဆက်ကြည့်လိုက်စို့နော်။အရက်ကို အချိုရည်နဲ့ ရောသောက်တာက ဘာတွေ ထိခိုက်စေနိုင်သလဲ ဆိုတော့။ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရက်ကိုအချိုရည်တွေနဲ့ ရောသောက်လိုက်တဲ့အခါ။အရက် နဲ့ အချိုရည်တွေရောသောက်တာက အဝင်ကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ အရက်ကို အချိုရည်နဲ့ရောသောက်တာက သောက်ကောင်းစေပြီး အလွန်အကျွံ သောက်မိရာကနေ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောကိုလည်း တတ်နိုင်သမျှ လျှော့သောက်ပြီး အချိုရည်နဲ့ ရောသောက်တာမျိုးလည်း လျှော့ဖို့ အကြံပြုလိုက်ပါရစေ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/mixing-alcohol-with-soft-drinks/
အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အလေ့အထကောင်းများ
စာဖတ်သူက ကျန်းမာရေးကို ဂရုစိုက်တဲ့ သူတစ်ဦးလား။ ဒါဆိုရင် ကျန်းမာရေးကို ဂရုစိုက်တဲ့အခါအဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်းကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ တော်တော်များများက ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုပေမယ့် နေ့စဉ် အသက်ရှူနေပေမယ့် မြင်သာတဲ့ အစိတ်အပိုင်း မဟုတ်တဲ့ အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်းတွေကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။တကယ်ကတော့ကျန်းမာတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အဆုတ်တွေ ကျန်းမာဖို့ အတော်လေး အရေးပါပါတယ်။ အဆုတ်တွေ ကျန်းမာမှ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတော့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့အလေ့အထကောင်းများ က ဘာတွေဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။လတ်ဆတ်သန့်ရှင်းတဲ့ လေတွေက အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ နေအိမ်ပြင်ပက လေတွေက နေအိမ်တွင်းက လေတွေထက် လေထုအရည်အသွေး ပိုကောင်းပါတယ်။ ဒါကြောင့် နေ့စဉ် လေကောင်းလေသန့်ရမယ့် နေရာလေးတွေကို သွားပြီးလေကောင်းလေသန့်ရှူပေးပါ။ ဒီလိုမျိုး လေကောင်းလေသန့်ရှူတာက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။နေအိမ်လေးကို ဖုန်တွေ သဲတွေ သန့်ရှင်းနေအောင် ဖုန်စုတ်စက်နဲ့ သေချာလေး စုပ်ပေးပါ။ အဲကွန်းဇကာတွေကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးပါ။အိမ်တွင်း လေထုသန့်စင်စေဖို့ နေ့စဉ် ဖုန်သုတ် သန့်စင်ပေးတာ လုပ်ပေးဖို့ လိုသလို နှစ်လ တစ်ခါ ဒါမှမဟုတ် သုံးလတစ်ခါ အဲကွန်းတွေကို သန့်ရှင်းပေးဖို့ လိုပါမယ်။ အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း မကြာခဏ သေချာလေး သန့်ရှင်းရေး ဂရုစိုက်ပေးပါ။ရေဓာတ်ပြည့်ဝမှု များတာ ကျန်းမာရေးအတွက် အတော်လေး အရေးကြီးပါတယ်။ အဆုတ်တွေ ကျန်းမာစေဖို့အတွက်လည်း ရေဓာတ်ပြည့်ဝနေဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝနေမှ အဆုတ်က ထုတ်လုပ်တဲ့ အချွဲတွေကို ပါးစေမှာပါ။ ဒီလို လုပ်ဆောင်ပေးတာက အသက်ရှူရ လွယ်ကူစေပြီးအဆုတ်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ – နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ဆေးလိပ်သောက်တာက နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)၊အဆုတ်ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်တာ၊ ဆေးလိပ်မသောက်ဘဲ နေတာက အဆုတ်တွေကို ကျန်းမာစေပြီး နာတာရှည် အဆုတ်ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ဆေးလိပ်ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ဆေးလိပ်ဖြတ်လိုက်ရင် အဆုတ် နဲ့ အသက်ရှူလမ်းကြောင်းတင်မဟုတ်ဘဲ အလုံးစုံ ကျန်းမာစေမှာပါ။ဆေးလိပ်သောက်မှ မဟုတ်ပါဘူး။Vape သောက်တာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စီးကရက်လိုပဲ Vape သောက်တာကလည်း အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။ Vape သောက်တာက နှလုံးရောဂါ အပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ဆိုရင် Vape မသောက်ပါနဲ့။တဆင့်ခံ ဆေးလိပ်ငွေ့တွေကလည်း အဆုတ် နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တဆင့်ခံ ဆေးလိပ်ငွေ့က နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) နဲ့ အဆုတ်ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကိုတင် ကျန်းမာစေတာ သန်မာစေတာ မဟုတ်ဘဲ အဆုတ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက နှလုံးခုန်နှုန်းကို မြန်စေပြီး အသက်မြန်မြန်ရှူဖြစ်အောင် ထောက်ကူပေးပါတယ်။ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက အဆုတ်တွေကို ကျန်းမာစေနိုင်သလို စွမ်းဆောင်ရည် ကောင်းစေပြီး အဆုတ်တွေကို သန့်စင်ပေးနိုင်ပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာလိုပဲ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာက အဆုတ်တွေရဲ့ စွမ်းဆောင်ရည်ကို တိုးစေနိုင်ပြီး အဆုတ် နဲ့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေချင်တယ်ဆိုရင် နေ့စဉ် အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။အအေးမိဖျားတာ၊အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာတွေက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ဆိုရင်။– တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်တွေကို ရေ နဲ့ ဆပ်ပြာ သုံးပြီး သေချာ ဆေးကြောတတ်တဲ့ အလေ့အထတွေကို မွေးမြူပါ။– မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။– ဖျားနာနေတဲ့သူတွေနဲ့ အနီးကပ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။– ဖျားနာနေမယ်ဆိုရင် တစ်ယောက်တည်း သီးသန့်နေပါ။– တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်းကနေ ဝင်ရောက်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေကို နှစ်စဉ် ထိုးနှံပါ။အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် နည်းလမ်း တစ်ခုကတော့ တစ်နှစ်တစ်ခါ အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေး စစ်ဆေးမှုကို ခံယူပေးပါ။ကဲ … အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အခုပြောခဲ့တဲ့ အလေ့အထကောင်းလေးတွေကို မွေးမြူ လိုက်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/healthy-habits-for-respiratory-system/
ဖျားနာနေတဲ့ မိသားစုဝင် ကို ဘယ်လို ဂရုစိုက်ပေးမလဲ
လူတစ်ယောက်ဖျားနာရတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ကူးစက်ခံရလို့ပါ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အအေးမိတာ၊ တုပ်ကွေးမိတာကြောင့် ဖျားနာတာ အများဆုံးပါပဲ။ ခုလို ရာသီအကူးအပြောင်းကာလဆိုရင် ပိုပြီးတော့ ဖျားနာတတ်ပါတယ်။ ဒီလိုကူးစက်ရောဂါတွေကြောင့် အိမ်မှာ ဖျားနာနေတဲ့ မိသားစုဝင်  တစ်ယောက်ရှိပြီဆိုရင်  နောက်တစ်ယောက်ကို အလွယ်လေး ကူးစက်သွားနိုင်ပါတယ်။ဒါကြောင့် ဖျားတဲ့သူတစ်ယောက်ယောက် ရှိပြီဆိုရင် သေချာဂရုစိုက်ပေးရပါမယ်။ သူလည်း မြန်မြန်သက်သာစေသလို သူများကို ကူးနိုင်ခြေလည်း နည်းသွားတာကြောင့်ပါ။အိမ်မှာ ဖျားတဲ့သူ တစ်ယောက်ယောက် ရှိ နေပြီဆိုရင် အကောင်းဆုံးကတော့ အခန်းခွဲထားလိုက်တာပါ။ သူလည်း ကောင်းကောင်းနားလို့ ရသလို သူများတွေကိုလည်း ကူးစက်နိုင်ခြေနည်းသွားပါပြီ။ နောက်ပြီး သူ့ကို အလုပ်တွေ၊ ကျောင်းတွေ မသွားစေဘဲ အိမ်မှာကောင်းကောင်း အနားယူခိုင်းပါ။အိမ်မှာပြုစုမယ့်သူကလည်း တစ်ယောက်လောက် ရှိရင် ရပါပြီ။ လူတိုင်းသူနဲ့ ထိတွေ့စရာမလိုပါဘူး။ အထူးသဖြင့် ဘိုးဘိုးဘွားဘွားတွေ၊ ကလေးငယ်လေးတွေက ခဏခဏ ဝင်မကြည့်သင့်ပါဘူး။ဖျားနာနေတဲ့ မိသားစုဝင် ကလည်း အခန်းအပြင် ခဏခဏ ထွက်စရာမလိုအောင် သူ့အခန်းထဲမှာ ဒီပစ္စည်းတွေ ထည့်ထားပေးပါ။ဒါ့ပြင် အခန်းက လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းရတဲ့ အခန်းလည်း ဖြစ်ဖို့ လိုပါတယ်။အအေးမိ တုပ်ကွေးကြောင့် ဖျားနာတယ်ဆိုရင် ဖျားတာအပြင်နှာစေးနှာပိတ်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့လက္ခဏာအလိုက် ဒီလိုမျိုး ကုသပေးလို့ရပါတယ်။ ခုပြောမယ့် ဆေးတွေက ဆရာဝန်ဆေးစာမလိုတာကြောင့် အိမ်မှာတင် အနားယူပြီးကိုယ်တိုင်ကုသလို့ ရတဲ့နည်းတွေပဲ ဖြစ်ပါတယ်။ဒီခေတ်မှာတော့ လက္ခဏာတစ်ခုချင်းစီအတွက် ဆေးတစ်မျိုးစီလိုက်သောက်နေစရာ မလိုတော့ဘူး။ အအေးမိတာ၊ တုပ်ကွေးမှာဖြစ်တဲ့ လက္ခဏာတွေ သက်သာစေဖို့ ဆေးတွေကို ပေါင်းပြီး ထုတ်လာကြပါပြီ။ ဥပမာ ဆေးတစ်လုံးသောက်ရုံနဲ့ အဖျားလည်းကျ၊ နှာစေးလည်းပျောက်၊ ကိုက်တာလည်းသက်သာစေတဲ့ ဆေးတွေပါ။ဒါကြောင့် တုပ်ကွေးဖြစ်လို့ ဆေးတစ်မျိုးထပ်ပိုသောက်မယ်ဆို ဆေးအညွှန်းကို သေချာဖတ်ပါ။ ဆေးတွေ တူနေရင် မလိုလားအပ်တဲ့ ဆေးလွန်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ဒါတွေအပြင် ဖျားနာနေတဲ့ မိသားစုဝင် ကို အာဟာရပြည့်ဝအောင် ကျွေးတာကလည်း မြန်မြန်သက်သာဖို့ အထောက်အကူဖြစ်စေပါတယ်။ သူနေတဲ့ အခန်း၊ စားပွဲမျက်နှာပြင်၊ တံခါးလက်ကိုင်ဖု၊ စားသောက်တဲ့ ပန်းကန်တွေကို ပုံမှန်ပိုးသတ်သန့်ရှင်းတာကလည်း တခြားမိသားစုဝင်တွေကို မကူးအောင် ကာကွယ်ပေးနိုင်ပါတယ်။တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် အလိုလို သက်သာသွားကြပါတယ်။ ပြင်းထန်တယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် မတူတာကြောင့် မိသားစုဝင်မှာ။ဒါ့ပြင် အဖျားအများစုက အအေးမိတာ၊ တုပ်ကွေးကြောင့်ဆိုပေမယ့် အမြဲတမ်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကြောင့် တခြားထူးခြားတဲ့ လက္ခဏာတွေ ခံစားရရင်ဖြစ်ဖြစ်၊ လူနာက ထင်သလောက် မသက်သာရင်ပဲ ဖြစ်ဖြစ် တခြားကြောင့်ဖျားတာလားဆိုတာ သိနိုင်ဖို့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/how-to-take-care-of-fever-patient-in-family/
ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်
ဆီးချို ရှိလားဆိုတော့လည်း မရှိဘူး။ ဒါပေမယ့် မိဘမျိုးရိုးမှာတော့ ဆီးချို ဖြစ်ဖူးတာရှိတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု သိပ်မလုပ်ဖြစ်တဲ့အတွက်သွေးချိုလေး သိရအောင်ဆိုပြီး စစ်ကြည့်လိုက်မှ သွေးချိုတွေ တက်နေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင် သွေးချိုပမာဏကို ကျန်းမာတဲ့ ပမာဏ ဖြစ်အောင် ဘယ်လို ထိန်းမလဲ။ မြင့်တက်နေတဲ့ သွေးချို ပမာဏကို ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လို ထိန်းရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။မနက်အိပ်ရာနိုးချိန်မှာ တိုင်းလိုက်လို့ သွေးချိုပမာဏက 70-99 mg/dL ထက်နည်းနေမယ်ဆိုရင် ဒါက ပုံမှန်ပါပဲ။ တကယ်လို့ မနက်အစောပိုင်းမှာ သွေးချိုပမာဏက 100 ကနေ 126 mg/dL ကြားဖြစ်နေမယ်ဆိုရင်ဆီးချို အကြိုလက္ခဏာရှိနေတာပါ။ သွေးချိုပမာဏက 126 mg/dL နဲ့ အထက် ဖြစ်နေမယ်ဆိုရင် ဆီးချိုရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ဆီးချို ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေသွေးတွင်းသကြားဓာတ်မြင့်တက်တာကို ထိန်းညှိပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးတာပါ။ကိုယ်အလေးချိန်၊ နေ့စဉ် လှုပ်ရှားမှု၊ စိတ်ဖိစီးမှု နဲ့ မျိုးရိုးရှိတာတွေကလည်း သွေးချိုပမာဏ အပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ဒါကြောင့် သွေးချို ပမာဏကို ကျန်းမာတဲ့ ပမာဏအတွင်း ရှိနေစေဖို့ အစားအစာကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်တော့ ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင် ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ပဲအမျိုးမျိုးက အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် အဆာခံစေဖို့ ကူညီပေးပါတယ်။ ပဲက ပရိုတင်း ကြွယ်ဝသလို ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်ပါတယ်။ အချိုပါဝင်မှု နည်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင်၊ ဖောလိတ် နဲ့ ကလိုရိုဖီး၊ မဂ္ဂနိ့၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကယ်လိရိုတင်းဆို့ ပါဝင်နေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ရုံးပတီသီးမှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ polysaccharides နဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ရုံးပတီသီးစေ့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ မုန်ညှင်းက ကယ်လ်လိုရီ ပါဝင်မှုနည်းသလို အဆီပါဝင်မှုလည်း နည်းပါတယ်။ မုန်ညှင်းရွက်မှာ phytonutrients၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝပြီးသွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးသလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။အာလူးမျိုးရင်းဝင်ဖြစ်တဲ့ ကန်စွန်းဥက ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုရှိရင်တောင် ပမာဏ အနည်းငယ်လောက် စားလို့ ရပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် စားပေးလို့ ရပါတယ်။လတ်ဆတ်တဲ့ ခရမ်းချဉ်သီးကို ထိုက်သင့်သလောက် စားပေးလို့ ရပါတယ်။ ခရမ်းချဉ်သီးကအမျှင်ဓာတ်ကြွယ်ဝသလို ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်နေပါတယ်။ ဆီးချိုကာကွယ်ဖို့ရော သွေးတွင်းသကြားဓာတ် ကျစေဖို့ပါ စားပေးလို့ ရပါတယ်။မုန်လာဥနီမှာ Beta carotene ပါဝင်နေသလိုဗီတာမင် Aလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ပေးဖို့လည်း ထိန်းညှိပေးနိုင်ပါတယ်။ပန်းဂေါ်ဖီစိမ်းကလည်း ကျန်းမာစေတဲ့ စားစရာ တစ်ရပ်ပါ။ အမျှင်ဓာတ်၊ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့ အခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပြီး ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။နေ့စဉ် စားသုံးမှုမှာ ဒီအစားအစာတွေ ပါဝင်အောင် စားသုံးပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို ကာကွယ်ဖို့လည်း စားပေးလို့ ရပါတယ်။ ဒါတွေအပြင် ခုကစပြီး ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို စလုပ်တာ၊ သွေးချိုကို ပုံမှန်စစ်ဆေးတာက နောင်အခါမှာ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/best-foods-to-control-high-blood-sugar/
ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့
အသက်အရွယ်ရလာတဲ့ အခါအစာစားချင်စိတ်နည်းလာပါတယ်။ ဒီလို အနေအထားမှာ ကိုယ်အလေးချိန် ကျသွားတာ။ အင်အား နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် နည်းတာနဲ့အတူ ရေရှည်မှာ ကြွက်သားဆုံးရှုံးတာက ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ဘာတွေလုပ်ပေးရမလဲ ။သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိမှ ရောဂါဘယတွေ အန္တရာယ်ကနေ ကင်းဝေးမှာ ဖြစ်သလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ကြွက်သားဆုံးရှုံးတာ၊ အရိုး ကျိုးလွယ်တာမျိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ဒါလေးတွေ ကျွေးပေးစေချင်ပါတယ်။အသက်အရွယ်ရလာချိန်မှာ ကြွက်သားဆုံးရှုံးမှု မဖြစ်စေဖို့အတွက် ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ဆိုရင်။အထူးသဖြင့်တော့ ဆယ်လ်မွန်ငါး၊ ထရောက်ငါးနဲ့ ဆာဒင်းငါးတို့ကို ပြင်ဆင်ပေးစေချင်တာပါ။ ဒီငါးတွေက အကျိုးပြု အဆီ ကြွယ်ဝစွာ ပါဝင်သလိုပရိုတင်းလည်း ပြည့်ဝပါတယ်။ အနံ့လည်း မဆိုးတာကြောင့် စားရမြိန်စေမှာ အသေအချာပါ။တကယ်လို့ငါးမကြိုက်ဘူးဆိုရင်လည်း ငါးကြီးဆီ တိုက်ပေးလို့ ရပါတယ်။ဒါကနည်းနည်းတော့ အံ့ဩစရာကောင်းနိုင်ပါတယ်။ chia seeds မှာ အဆီ ပါဝင်မှုက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။omega-3 fatty acidsအများအပြား ပါဝင်နေသလို ကာဗိုဟိုက်ဒရိတ်နဲ့အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။အစားကြေစေပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်စေပါတယ်။ ကိုယ်အလေးချိန် တက်စေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။အချို ထည့်မထားတဲ့ အဆီပြည့် ဒိန်ချဉ်က ပရိုတင်း ပြည့်ဝသလို အဆီဓာတ်နဲ့အစာခြေစနစ်ကို ကျန်းမာစေတဲ့အကျိုးပြု ဘက်တီးရီးယားလည်း ပါဝင်နေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး အစာစားချင်စိတ် ဖြစ်စေသလို ကိုယ်အလေးချိန်တက်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။သစ်ကြာသီး၊အယ်လ်မွန်စေ့၊ macadamia nuts တို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခွံမာသီးတွေပါ။ အဆီပါဝင်မှု မြင့်သလို အမျှင်ဓာတ်၊ ပရိုတင်းတို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတွေအပြင်ဗီတာမင် Eနဲ့ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေသေးတာကြောင့် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ဥအမျိုးမျိုးမှာ ပရိုတင်း ကြွယ်ဝသလို နေရောင်ခြည်ရဲ့ ဗီတာမင်လို့ တင်စားတဲ့ဗီတာမင် Dလည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဝါးရလွယ်သလို အာဟာရလည်း ပြည့်တဲ့ အစားအစားတစ်မျိုးပေါ့။ပုံမှန်ကြက်ဥပြုတ်ကျွေးတာ၊ ကြက်ဥကြော်ကျွေးတာကလည်း ချစ်ရတဲ့ လူကြီးတွေကို ကိုယ်အလေးချိန် တိုးစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ချိစ်က ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့်အရိုးတွေသန်မာစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် လူကြီးတွေမှာ လိုအပ်တဲ့ ဗီတာမင် B12၊ phosphorus နဲ့ ပရိုတင်းတို့ ပါဝင်နေပါတယ်။ကိုယ်အလေးချိန် တက်စေသလိုကိုယ်ခံအားကောင်းစေဖို့လည်း ကူညီပေးပါတယ်။ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ omega-3 fatty acids ပါဝင်နေပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပါဝင်မှု ၄၀ ရာခိုင်နှုန်း ပိုများတဲ့ ထောပတ်သီးက သွေးတွင်းကအကျိုးမပြု ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရောကို တိုးစေပါတယ်။အမျှင်ဓာတ်ပါဝင်လို့ အစာခြေစနစ် ကျန်းမာစေသလို ကိုယ်အလေးချိန်ကို ကျန်းမာစွာနဲ့ တက်လာစေမှာပါ။ဒါတွေအပြင် ကိုယ်အလေးချိန် တက်စေဖို့။ကဲ …အခုပြောခဲ့တာလေးတွေကို စားချင်စဖွယ်ပြင်ဆင်လို့အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့  ဂရုစိုက်လိုက်ရအောင်လား……………။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/foods-for-seniors-to-gain-weight/
အအေးမိတာကြောင့် လည်ချောင်းတွေနာပြီး စိတ်ညစ်နေပြီလား!
အအေးမိပြီဆိုရင်ကိုယ်ပူတယ်ဆိုတာတင်မဟုတ်ပါဘူး။ချောင်းဆိုးတာ၊လည်ချောင်းနာတာတွေကိုပါအဆစ်ခံစားကြရတာပါ။ဒီလိုမျိုးအအေးမိတာနဲ့အတူခံစားရတဲ့လည်ချောင်းနာတာကအစားအစာတွေကိုမျိုချရခက်သလိုရေသောက်ဖို့တောင်အတော်လေးခက်ခဲပါတယ်။ဒီတစ်ခေါက်တော့အအေးမိတာကြောင့်လည်ချောင်းနာပြီးစိတ်ညစ်နေသူတွေအတွက်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။လည်ချောင်းနာတာကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းတွေထဲကတစ်ခုကတော့အအေးမိတာ၊တုပ်ကွေးဖြစ်တာနဲ့တခြားအသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်တွေကြောင့်ပါ။ဒီအချက်တွေအပြင်လည်ချောင်းနာတာကိုဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေကူးစက်ခံရတာ၊ဆေးလိပ်သောက်တာ၊တဆင့်ခံဆေးလိပ်ငွေ့တွေကြောင့်လည်းလည်ချောင်းနာတာကိုဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်ကတော့အစာခြေအက်ဆစ်ပြန်ဆန်တက်တာပါပဲ။အအေးမိတာကြောင့်လည်ချောင်းနာတာကပုံမှန်အားဖြင့်တော့စိုးရိမ်စရာမရှိပေမယ့်နေရထိုင်ရတာတော့မသက်သာတာတော့အမှန်ပါ။ဒီတော့ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကိုဆက်ကြည့်လိုက်ရအောင်နော်။အအေးမိတာကြောင့်လည်ချောင်းတွေနာပြီးစိတ်ညစ်နေပြီလား။ဒါဆိုရင်တော့လည်ချောင်းနာတာကိုသက်သာစေဖို့ဒီနည်းလမ်းလေးတွေကိုလုပ်ဆောင်ပေးလို့ရပါတယ်။ရေနွေးနွေးလေးတစ်ခွက်ထဲကိုဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုထည့်ပြီးသေချာလေးနှံ့အောင်မွှေလို့အာလုပ်ကျင်းပေးပါ။တစ်နေ့ကို၃ကြိမ်လောက်လုပ်ပေးလို့ရပါတယ်။ဆားရည်နဲ့အာလုပ်ကျင်းပေးတာကလည်ချောင်းနာစေတဲ့ရောဂါပိုးတွေကိုထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ဒါကြောင့်ဆားရည်နဲ့အာလုပ်ကျင်းပေးပါ။လည်ချောင်းနာနေတာကိုသက်သာစေဖို့အတွက်နောက်ထပ်လုပ်ပေးလို့ရတဲ့နည်းလမ်းတစ်ခုကတော့ရေနွေးနွေးလေးသောက်ပေးတာပါ။ရေနွေးနွေးလေးကလည်ချောင်းထဲကချွဲသလိပ်တွေကိုဖယ်ရှားပေးသလိုလည်ချောင်းနာတာကိုရောချောင်းဆိုးတာကိုပါသက်သာစေနိုင်မှာပါ။ရေများများသောက်ပေးတာကကိုယ်ခံအားကိုအားဖြည့်ပေးသလိုလည်ချောင်းနာတာကိုလည်းသိသိသာသာသက်သာစေမှာပါ။ဒါကြောင့်လည်ချောင်းနာပြီဆိုရင်ရေဒါမှမဟုတ်စွပ်ပြုတ်ရည်လိုမျိုးအရည်တွေကိုများများလေးသောက်ပေးပါ။ရေနွေးငွေ့ခံပေးတာ၊အစိုဓာတ်ထိန်းစက်ဖွင့်ပေးတာကလည်းလည်ချောင်းထဲမှာအစိုဓာတ်ရရှိစေပြီးလည်ချောင်းနာတာကိုသက်သာစေမှာပါ။ဒါကြောင့်လည်ချောင်းနာနေပြီဆိုရင်တော့ရေနွေးနွေးလေးနဲ့ရေချိုးပြီးရေနွေးငွေ့လေးတွေခံပေးလို့ရသလိုအခန်းထဲမှာအစိုဓာတ်ထိန်းစက်ဖွင့်ပေးတာကလည်းထိရောက်တဲ့နည်းလမ်းပါပဲ။အအေးမိတာကြောင့်လည်ချောင်းနာလာပြီဆိုရင်တော့အရင်ဆုံးပြည့်ပြည့်ဝဝအနားယူလိုက်ပါ။ပြည့်ပြည့်ဝဝအနားယူလိုက်တာကကိုယ်ခံအားကိုကောင်းစေသလိုလည်ချောင်းနာတာကိုသက်သာစေမှာပါ။ဒါကြောင့်လည်ချောင်းနာတာကိုသက်သာစေချင်တယ်ဆိုရင်ပြည့်ပြည့်ဝဝအနားယူလိုက်ပါ။လည်ချောင်းနာတာကိုသက်သာစေမယ့်နောက်ထပ်နည်းလမ်းကတော့ဆေးသောက်တာပါ။လည်ချောင်းနာတာကိုသက်သာစေဖို့အတွက်Acetaminophenနဲ့ibuprofenတို့လိုဆေးမျိုးတွေလိုအကိုက်အခဲပျောက်ဆေးတွေကိုသောက်သုံးပေးလို့ရပါတယ်။ဒီနည်းလမ်းလေးတွေကိုအသုံးပြုပြီးအအေးမိတာကြောင့်လည်ချောင်းနာတာကိုသက်သာစေဖို့အခုပဲလုပ်ဆောင်လိုက်တော့နော်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/home-remedies-for-sore-throat-due-to-fever/
လိင်ဆက်ဆံပြီးနောက် ဆောင်ရန်၊ရှောင်ရန် အချက် (၁၁) ချက်
လိင်မှုကိစ္စဆိုတာ တခြားကိုယ်လက်လှုပ်ရှားမှု ကိစ္စတွေထက် ရောဂါ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒါ့ကြောင့် လိင်မဆက်ဆံခင်ကတည်းက သင့်အနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါ (STD) တွေနဲ့ သန္ဓေတားဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်သလို လိင်ဆက်ဆံအပြီးမှာလည်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်ဆက်ဆံပြီးနောက် လုပ်သင့်တဲ့ အရာတွေနဲ့ ရှောင်သင့်တဲ့ အရာ (၁၁) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။လိင်ဆက်ဆံပြီးတာနဲ့ ချက်ခြင်း ရေချိုးခန်းကို သွားပြီး ဆေးကြောစရာတော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံပြီးနောက် လိင်အင်္ဂါတွေကို ဆေးကြောပေးခြင်းဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (UTIs) တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုဆေးကြောတဲ့ အခါမှာလည်း လိင်အင်္ဂါနားတစ်ဝိုက် (အတွင်းကို မဟုတ်ပါ) နေရာတွေကို ရေနဲ့ ဆေးကြောပေးလို့ရပါတယ်။ဆပ်ပြာ အပျော့စားလေးတွေကိုလည်း သုံးလို့ရပေမဲ့ သင်မှာ ဓာတ်မတည့်တဲ့ အရေပြား (သို့) ကူးစက်ရောဂါရှိမယ်ဆိုရင် ဒီလို ဆပ်ကြာနဲ့ ဆေးကြောခြင်းဟာ အရေပြားကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။ အမျိုးသားတွေဆိုရင် လိင်တံထိပ်ငုံအရေပြားကို နောက်သို့ ဆွဲလှန်ပြီး ရေနဲ့ ဖြည်းညှင်းစွာ ဆေးကြောပေးနိုင်ပါတယ်။အမျိုးသမီး တချို့ကတော့ လိင်ဆက်ဆံပြီးတဲ့ အခါမှာ လိင်အင်္ဂါ အတွင်းပိုင်းကို ရေအခြေခံပြီး ထုတ်လုပ်ထားတဲ့ သန့်စင်ဆေးရည်တွေနဲ့ ဆေးကြောပေးသင့်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ခြင်းက ကူးစက်ရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ဆေးကြောလိုက်တဲ့အခါမှာ မွေးလမ်းကြောင်းကို ကာကွယ်ပေးနေတဲ့ ဘက်တီးရီးယားပမာဏကို နည်းပါးသွားစေနိုင်လို့ပါပဲ။ ဒါကြောင့် မွေးလမ်းကြောင်းကို အကောင်းဆုံး ဂရုစိုက်ချင်တယ်ဆိုရင်တော့ လိင်ဆက်ဆံပြီး မွေးလမ်းကြောင်းကို ဒီအတိုင်းထားလိုက်ဖို့ပါပဲ။ မွေးလမ်းကြောင်းဟာ သူ့ဘာသာ သန့်ရှင်းရေး လုပ်တဲ့အင်္ဂါဖြစ်ပြီး နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လိုပါတယ်။ ဒါ့အပြင် မွေးလမ်းကြောင်းမှ သိပ်မပြင်းတဲ့ အနံ့တစ်မျိုးထွက်နေတာဟာ သာမန်သာဖြစ်ပြီး ရောဂါဖြစ်နေတာ မဟုတ်ကြောင်းလည်း မှတ်ထားဖို့လိုပါတယ်။အမျိုးသမီးမွေးလမ်းကြောင်း သန့်ရှင်းဆေးရည်တွေအပြင် ဆေးဆိုင်တွေမှာ သင့်ရဲ့ အင်္ဂါကို သန့်ရှင်းသွားစေနိုင်တယ်ဆိုတဲ့ ဆေးတွေ၊ လိမ်းဆေးတွေ ဖျန်းဆေးတွေ ရောင်းချကြပါတယ်။ ဒီလို ပစ္စည်းတွေဟာ ဆပ်ပြာအပြင်းစားတွေ၊ ကြေးချွတ်ဆေးတွေ၊ ဆေးကြောဆေးရည်တွေ၊ ရေမွှေးတွေ၊ လိမ်းဆေးဆီတွေနဲ့ ပြုလုပ်ထားပြီး ဒီလိုပြင်းထန်တဲ့ အရာတွေက သင့်ရဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီး ဆေးကြောချင်တယ်ဆိုရင်လည်း။သာမန်ရေနွေးနွေးလေးနဲ့သာ ဆေးကြောပေးသင့်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် သင်မှာ ကူးစက်ရောဂါရှိနေမယ်ဆိုရင် အနံ့ဆွတ်ထားတဲ့ မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရ သော အတောင့်တွေ၊ မီးယပ်လာချိန်ကပ်ထားရတဲ့ အမျိုးသမီးသုံးအချပ်တွေ၊ ပေါင်ဒါတွေနဲ့ ဖျန်းဆေးတွေကိုလည်း လုံးဝအသုံးမပြုဖို့လိုပါတယ်။လိင်ဆက်ဆံချိန်မှာ ခန္ဓာကိုယ်မှ ဆီးများကို စွန့်ထုတ်ပေးတဲ့ ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ ရောက်လာနိုင်ပါတယ်။ ဆီးလမ်းကြောင်းထဲ ဘတ်တီးရီးယားတွေ ရှိနေမယ်ဆိုရင် သင့်အနေနဲ့ ကူးစက်ရောဂါ ခံစားရနိုင်ခြေ များပါတယ်။ သင်ဆီးသွားလိုက်တဲ့ အခါမှာ ဒီဘက်တီးရီးယားပိုးတွေကို ရှင်းလင်းပစ်လိုက်နိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီး ခဏအကြာမှာ ဆီးသွားပေးဖို့လိုပြီး အမျိုးသမီးတွေဆိုရင်လည်း ဆီးသွားပြီးတဲ့နောက် ဘက်တီးရီးယားတွေ။ပျံ့ပွားခြင်းမှ ကာကွယ်ဖို့အတွက် ရေဆေးရင် ရှေ့မှ နောက်သို့ဆေးကြောပေးသင့်ပါတယ်။ရေများများသောက်တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းတဲ့ အပြင် လိင်ဆက်ဆံတော့မယ့်အချိန်မှာလည်း ရေများများသောက်ဖို့မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင့်မှာ ရေဓာတ်ပြည့်ဝနေရင် ပိုပြီးဆီးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါ ကူးစက်ရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ပိုပြီး ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။ပူလောင်ပြီး ချွေးထွက်များတဲ့ နေရာတွေမှာ ဘက်တီးရီးယားတွေနဲ့ မှိုတွေ ပိုရှင်သန်နိုင်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းမယ့် အတွင်းခံဘောင်းဘီမျိုးကို ဝတ်ဆင်ဖို့လိုပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း အရမ်းကျပ်တဲ့ အသားကပ်ဘောင်းဘီတွေ၊ အမျိုးသမီးအတွင်းခံဘောင်းဘီတွေ ဝတ်ဆင်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ချည်သား အတွင်းခံတွေက လေဝင်လေထွက်ကောင်းပြီး အေးမြစေနိုင်တဲ့ အတွက် ဒီလို ချည်ထည်အတွင်းခံမျိုးကိုသာ ဝတ်ဆင်နိုင်ပါတယ်။ကိုယ်အဖော်ရဲ့ လိင်အင်္ဂါတွေကို ထိတွေ့လိုက်မယ်ဆိုရင် သင့်အနေနဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်ခံရနိုင်ခြေ မြင့်မားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ထိတွေ့ပြီးရင် လက်ကို သေချာဆေးကြောခြင်းက ကူးစက်ရောဂါတွေ ပြန့်ပွားခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီးမှာ လက်ကို သေချာဆေးကြောခြင်းကိုလည်း သေချာပြုလုပ်သင့်ပါတယ်။ဒီလို လိင်မှုဆိုင်ရာ အရုပ်တွေကို သင်အသုံးပြုတဲ့အခါမှာ ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ နဲ့ မှိုတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဆိုလိုတဲ့ သဘောက သင့်ရဲ့ လိင်အရုပ်တွေက လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါ (STD) တွေနဲ့ တစ်ခြားသောကူးစက်ရောဂါတွေကို ပျံ့ပွားစေနိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ဒီအရုပ်တွေကို အသုံးပြုပြီးတဲ့ အခါတိုင်း ဘယ်လိုဆေးကြောရမလဲဆိုတဲ့ ညွှန်ကြားချက်တွေကို ဖတ်ပြီး ဆေးကြောပေးပါ။ ရောဂါပိုးတွေ ကူးစက်စေနိုင်တဲ့အတွက် လိင်မှု အရုပ်တွေကို တစ်ယောက်တည်းသုံးတာက အကောင်းဆုံးပါပဲ။ တကယ်လို့ မဖြစ်မနေ ဝေမျှပြီး သုံးရတော့မယ်ဆိုရင်လည်း သုံးတဲ့အခါ ကွန်ဒုံး အသုံးပြုသင့်ပါတယ်။လိင်ဆက်ဆံချိန်မှာ မှိုရောဂါတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ယားယံခြင်း၊ ပူစပ်ခြင်းနဲ့ အဖြူရောင် ပြည်တွေ မွေးလမ်းကြောင်း (သို့) လိင်တံမှ ထွက်လာတာကိုတွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ် ။သင်က လိင်မှုကိစ္စတွေကို ပုံမှန်လုပ်တတ်သူတစ်ယောက် (သို့) လိင်ဆက်ဆံဖော်သစ်တစ်ယောက်နဲ့ လိင်ဆက်ဆံပြီးမယ်ဆိုရင် လိင်မှတစ်ဆင့်ကူးစက်ခံရတဲ့ ရောဂါ (STD) တွေကို သွားရောက်စစ်ဆေးသင့်ပါတယ်။ အစပိုင်းမှာ ဒီရောဂါတွေက လုံးဝ ရောဂါ လက္ခဏာမပြတဲ့ အတွက် သွေးစစ်ခြင်းကပဲ သင့်မှာ ရောဂါ ကူးစက်ခံထားရလားဆိုတာ သိစေနိုင်မှာပါ။ သင့်အနေနဲ့ ပြည်ထွက်ခြင်း၊ နာကျင်ခြင်း၊ မီးလောင်ရည်ကြည်ဖုတွေ၊ အနာများ၊ အနီဖုများနဲ့ အဖုများ သင့်လိင်အင်္ဂါနား ပေါက်လာသလားဆိုတာကိုလည်း ကြည့်ရှုလို့ရပါတယ်။ကိုယ်ဝန်ဆောင်နေတဲ့ အချိန် လိင်မှုကိစ္စဟာ ပုံမှန်အားဖြင့် စိတ်ချရပေမဲ့ ဆီးလမ်းကြောင်း ကူးစက်ရောဂါတွေ ရနိုင်ခြေမြင့်မားတဲ့ အတွက် ကိုယ်ဝန်ရှိတဲ့အချိန် ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒီလိုကာကွယ်ဖို့အတွက် အထက်မှာ ဖော်ပြထားခဲ့တဲ့ လိင်ဆက်ဆံပြီး ဆီးသွားတာမျိုး၊ မွေးလမ်းကြောင်း တဝိုက်ညင်သာစွာ ဆေးကြောပေးခြင်းမျိုးကို ပြုလုပ်ပေးသင့်ပြီးသင့်ရဲ့ အဖော်ဖြစ်သူကိုလည်း ဒီလို ထပ်တူ လုပ်ခိုင်းသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/things-you-should-and-shouldnt-do-after-sex/
Clubfoot (ခြေခွင်ခြင်း)
ခြေခွင်ခြင်းဆိုတာဟာ မွေးရာပါ ခြေထောက်ပုံစံမူမှန်တာတစ်မျိုးဖြစ်ပြီး သင့်ကလေးခြေထောက်တွေဟာ ပုံစံအနေအထားတွေက လိမ်ပြီးအတွင်းကို ခွင်နေခြင်းကိုဆိုပါတယ်။ ဒီခြေခွင်ခြင်းမှာ အရိုးတွေကို လှမ်းဆက်သွယ်ထား။တဲ့ကြွက်သားတွေဟာ ပုံမှန်ထက်တိုနေသလိုဖြစ်နေတာပါ။ ခြေခွင်ခြင်းဟာ အတွေ့ရများတဲ့ မွေးရာပါ ချိ ု့ယွင်းချက်ဖြစ်ပြီးသီးခြားတွေ့ရတဲ့ပြသနာတစ်ခုဖြစ်ပါတယ်။ခြေခွင်ခြင်းဟာ သိပ်မဆိုးတာရယ် အရမ်းဆိုးတာရယ်ဆိုပြီးရှိပါတယ်။ ဒီခြေခွင်ခြင်းဖြစ်တဲ့ကလေးအများစုရဲ့တစ်ဝက်လောက်က ခြေထောက်နှစ်ဖက်စလုံးခွင်ကြပါတယ်။ ဒီလိုခြေခွင်တာရှိခဲ့ပါက သင့်ကလေးက ပုံမှန်အတိုင်းလမ်းလျှောက်နိုင်ဖို့ခက်ခဲမှာပါ။ အဲ့ဒါကြောင့်သင့်ဆရာဝန်ကလည်း မွေးပြိးပြီးချင်းကုသမှုခံယူဖို့အကြံပေးမှာပါ။ဆရာဝန်တွေက ဒီခြေခွင်ခြင်းကို ခွဲစိတ်မှုမပြ ုလုပ်ပဲ အောင်မြင်စွာကုသနိုင်ကြပါတယ်။ ဒါပေမယ့်လည်းတစ်ချို့ကလေးတွေမှာတော့ နောက်ပိုင်းမှာ ခွဲစိတ်ဖို့လိုတတ်ပါတယ်။ခြေခွင်ခြင်းဆိုတာဟာ အတွေ့ရများတဲ့ မွေးရာပါ ချိ ု့ယွင်းချက်တစ်ခုဖြစ်ပါတယ်။ အမေရိကားနိုင်ငံမှာ ၁၀၀၀မှာ၁ယောက်ကတော့ ဒီခြေခွင်ခြင်းမျိုးနဲ့မွေးလာတတ်ပါတယ်။အခြားအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။အတွေ့ရများတဲ့ လက္ခဏာတွေကတော့။-ခြေထိပ်လေးက အောက်ဘက်နဲ့အတွင်းဘက်ကိုလိမ်နေပြီးခြေထောက်ကိုခုံးသလိုဖြစ်စေပြီး အတွင်းကိုလိမ်တဲ့ပုံရှိပါတယ်။ခြေထောက်က တအားဆိုးတဲ့အနေအထားမျိုးမှာဆိုရင် ခြေထောက်ကို ဇောက်ထိုးထောင်ထားသလိုကိုဖြစ်နေတတ်ပါတယ်။ခွင်တဲ့ဘက်က ခြေထောက် ဟာ များသောအားဖြင့် ခြေသလုံးကြွက်သားဖွံဖြိ ုးမှုသိပ်မရှိပါဘူး။ဖြစ်တဲ့ဘက်ကခြေထောက်ဟာကောင်းတဲ့ခြေထောက်ထက်လက်မဝက်လောက်တိုနေပါမယ်။ခြေထောက်က ပုံပျက်နေပေမယ့် ခြေခွင်ခြင်းကနေတော့ နာကျင်တာ ခံရခက်တာတွေမရှိတတ်ပါဘူး။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။တစ်ချို့သောအခြေအနေတွေကတော့ အမေရဲ့ဗိုက်ထဲမှာ ကြီးထွားမှုဖြစ်ကတည်းက ပုံစံမမှန်မှုကြောင့်ဖြစ်ရတာဖြစ်ပါတယ်။အများအားဖြင့်တော့ မျိ ုးရုးဗီဇနဲ့ ပတ်ဝန်းကျင်ကသက်ရောက်တဲ့အချက်တွေကြောင့် ဖြစ်ရတယ်လို့ ယူဆကြပါတယ်။ တကယ်လို့သင့်မိသားစုထဲမှာ ခြေခွင်တဲ့လူတစ်ယောက်ရှိပါက သင့်မွေးကင်းစကလေးမှာလည်း ဖြစ်နိုင်။ပါတယ်။ တကယ်လို့ သင့်မိသားစုထဲမှာ ကလေးတစ်ယောက်ကခြေခွင်ခြင်းနဲ့မွေးလာပါကလည်း နောက်တစ်ယောက်ထပ်မွေးမယ့် ကလေးမှာ ခြေခွင်ခြင်းဖြစ်ဖို့ အလားအလာများပါတယ်။မွေးကင်းစမှာ ခြေခွင်ခြင်းပါလာပါက တစ်ခြားကျန်းမာရေးပြသနာတွေပါဖြစ်နိုင်တယ်ဆိုတာကိုညွှန်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြေခွင်ခြင်းဟာ ကျောရိုးနာ့ဗ်ကြောမနဲ့ အဖုံးလွှာတို့ရဲ့ မွေးရာပါချ ို့ယွင်းချက်နဲ့ တွဲနေတတ်လို့ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ကလေးတစ်ယောက်က ခြေခွင်ခြင်းနဲ့မွေးဖွားလာပါက တစ်ခြားကျန်းမာရေးပြသနာတွေပါရှိနေမလားဆိုတာ သေချာစမ်းသပ်ရပါမယ်။ ခြေခွင်ခြင်းဆိုတာဟာ အာရုံကြော၊ကြွက်သားနဲ့အရိုးစနစ်တွေကို ထိခိုက်မိခြင်းများဖြစ်တဲ့ လေဖြန်းခြင်း ဦးနှောက်ဒဏ်ရာရခြင်းတွေရဲ့ ပြသနာ ရလာဒ်တွေအဖြစ်လည်း ဖြစ်နေတတ်ပါတယ်။ခြေခွင်ခြင်းကိုဖြစ်စေတဲ့အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့။–မိသားစုနောက်ကြောင်းရာဇဝင်။တကယ်လို့မိဘတွေမှာသို့မဟုတ် သူတို့ကမွေးတဲ့ကလေးတွေမှာ ခြေခွင်ခြင်းရှိပါကကလေးမှာလည်း ရှိနိုင်ပါတယ်။-မွေးရာပါချိ ု့ယွင်းချက်ရှိသောအခြေအနေများ။တစ်ချို့သောအခြေအနေတွေမှာ ခြေခွင်ခြင်းဟာ အရိုးစုရဲ့ပုံမမှန်မှု၊မွေးတဲ့အခါ ကြောရိုးမကြီးမှာပြသနာရှိမှုတွေ၊ ကျောရိုးနာ့ဗ်ကြောမနှင့် အဖုံးလွှာတို့ ပွင့်နေတဲ့ မွေးရာပါချိ ု့ယွင်းချက်ရှိသောအခြေအနေတွေမှာပိုဖြစ်နိုင်ပါတယ်။-တကယ်လို့ မိခင်က ခြေခွင်ခြင်းရှိတဲ့ မိသားစုကလာပြီးကိုယ်ဝန်ဆောင်စဉ်မှာဆေးလိပ်သောက်မယ်ဆိုပါက သူမွေးလာမယ့်ကလေးဟာ ဆေးလိပ်မသောက်တဲ့မိခင်ရဲ့ကလေးထက် အန္တရာယ်နှစ်ဆပိုများသွားပါမယ်။ဆေးသုံးခြင်းများ ၊ဒါမှမဟုတ်ကိုယ်ဝန်ဆောင်ချိန်ပိုးဝင်ခြင်းများရှိခဲ့ပါကလည်း ခြေခွင်ခြင်းဖြစ်ဖို့ ပိုဖြစ်နိုင်ပါတယ်။-ကိုယ်ဝန်ဆောင်ချိန် ရေမွှာရည်နည်းခြင်းကလည်း ဗိုက်ထဲက ကလေးကို ခြေခွင်ခြင်းပိုဖြစ်စေနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကလေးကိုဗိုက်ထဲမှာရှိချိန် တီဗီဓါတ်မှန်ရိုက်ကြည့်ရင်းနဲ့လည်း ခြေခွင်ခြင်းကို ရှာတွေ့တတ်ပါတယ်။ များသောအားဖြင့်ကတော့ကလေးမွေးလာပြီးမှ ကလေးရဲ့ခြေတွေခြေချောင်းတွေကို စမ်းသပ်စစ်ဆေးပြီးမှ သင့်ဆရာဝန်က ရောဂါ ရှာနိုင်တာပါ။ တစ်ချု့ိအခြေအနေတွေမှာတော့ ခြေခွင်ခြင်းက ဗိုက်ထဲမှာအနေကြပ်လို့ ဖြစ်တာမျိုးဆိုပါက ခြေထောက်က ပုံမှန်အနေအထားလောက်အထိ ဆန့်လို့ကွေးလို့ရတာမျိုးတွေရှိပါတယ်။ တစ်ချိ ု့အခြေအနေတွေမှာတော့ ခြေထောက်ကမာနေ တောင့်နေပြီး ခြေသလုံးကြွက်သားတွေကလည်း တောင့်တင်းနေတာကို တွေ့ရတတ်ပါတယ်။ဓါတ်မှန်ရိုက်ခြင်းကတော့ ရောဂါရှာရာမှာ သိပ်ပြီးအထောက်အကူမပြ ုနိုင်ပါဘူး။ ကလေးလေးတွေရဲ့ခြေထောက်တွေ ခြေကျင်းဝတ်တွေဟာ အရိုးတွေဟာ အကုန်အပြည့်အစုံမဖြစ်သေးတာကြောင့် ဓါတ်မှန်မှာလည်းသေချာမပြနိုင်သေးပါဘူး။သင့်မွေးကာစကလေးရဲ့အရိုးတွေ အဆစ်တွေနဲ့ အရွတ်တွေဟာ ပျော့ပျောင်းနေသေးတာမို့ ခြေခွင်ခြင်းကုသမှုကို မွေးပြီးပထမပတ် သို့မဟုတ် ဒုတိယပတ်ထဲမှာကုသသင့်ပါတယ်။ ကုသမှုရဲ့ ပန်းတိုင်ကတော့ သင့်ကလေးခြေထောက်တွေကြည့်ကောင်းအောင်ရယ် သူလမ်းမလျှောက်ခင်မှာ ခြေထောက်တွေ ကောင်းကောင်းအလုပ်လုပ်အောင်ရယ် နောက်ဆက်တွဲ ပြသနာတွေမဖြစ်အောင်ရယ်ဖြစ်ပါတယ်။ကုသမှုနည်းလမ်းတွေကတော့။-ဆွဲဆန့်ခြင်းနဲ့ ကျောက်ပတ်တီးစည်းခြင်း(Ponseti method)။-ခွဲစိတ်ခြင်း။ဆွဲဆန့်ခြင်းနဲ့ ကျောက်ပတ်တီးစည်းခြင်း (Ponseti method)။ဒီနည်းလမ်းကတော့ခြေခွင်ခြင်းအတွက်အသုံးများဆုံးနည်းလမ်းဖြစ်ပါတယ်။သင့်ဆရာဝန်က သင့်ကလေးခြေထောက်ကို ပုံမှန်အနေအထားရောက်အောင်ရွှေ့ပြီး အဲ့နေရာအတိုင်း ကျောက်ပတ်တီးစီးပေးထားမှာဖြစ်ပါတယ်။-တစ်ပတ် သို့မဟုတ် နှစ်ပတ်တစ်ခါလောက် ပြန်ပြန်ပြီး နေရာရွှေ့ပြီးပြန်စည်းခြင်းကို လများစွာလုပ်ရပါမယ်။-အာခိလိအရွတ်ကို ရှည်လာစေဖို့အတွက် အသေးစားခွဲစိတ်မှုမျိုးလုပ်ရပါမယ်။-သင့်ကလေးရဲ့ခြေထောက်က ပုံစံအတည့်အတိုင်းပြန်ဖြစ်သွားပြီဆိုပါက အဲ့အတည့်အတိုင်းဖြစ်နေစေဖို့ အောက်ကပြောထားတဲ့ဟာတွေကိုလိုက်လုပ်ပေးရပါမယ်။-ကလေးကို ဆွဲဆန့်စေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးခြင်း။-ကလေးကို အထူးပြ ုလုပ်ထားတဲ့ဖိနပ်တွေ အစွပ်တွေစီးစေခြင်း၊ကလေးက ဒီလိုဖိနပ်တွေကို အချိန်ပြည့်ဝတ်စေဖို့ရယ်၃လထိအချိန်ပြည့်ဝတ်ဖို့ရယ်နောက်ပြီး ၃နှစ်အထိ ညတွေမှာအမြဲဝတ်ထားခိုင်းရပါမယ။်။တကယ်လို့ဒီနည်းလမ်းကမအောင်မြင်ခဲ့ဘူးဆိုပါက သင်ကသင့်ဆရာဝန်ညွှန်ကြားသလို ခြေစွပ်လိုမျိုးတပ်ပြီး ခြေခွင်ခြင်းဆက်မဖြစ်စေဖို့ လုပ်ရမှာပါ။ ဒီနည်းလမ်းနဲ့အလုပ်မဖြစ်ဘူးဆိုတာက ဒီလိုအစွပ်မျိုးတွေကို တောက်လျှောက်တပ်ဆင်ထားခြင်းမရှိတာကြောင့်ပဲဖြစ်ပါတယ်။ခွဲစိတ်ခြင်း။တကယ်လို့သင့်ကလေးက ခွဲစိတ်မှုမဟုတ်တဲ့ကုသမှု ကို တုံ့ပြန်မှုမရှိပါက ခြေခွင်ခြင်းက အရမ်းဆိုးပါက ခွဲစိတ်မှုလုပ်ပြီးကုသဖို့လိုပါတယ်။ အရိုးဆရာဝန်ကနေပြီး အရွတ်တွေကိုဆွဲဆန့်သလို့လုပ်ပြီး ပိုကောင်းတဲ့အနေအထားရဖို့ကုူညီပါမယ်။ ခွဲစိတ်ပြီးတဲ့အခါ သင့်ကလေးဟာ ကျောက်ပတ်တီးနဲ့နှစ်လလောက်နေရပါမယ်။ ပြိးရင်တော့ ခြေစွပ်ကို တစ်နှစ်လောက်ထိစွပ်ပေးခြင်းနဲ့ ခြေခွင်ခြင်းပြန်မဖြစ်လာအောင် တားပေးရမှာပါ။ကုသမှုတွေပြ ုလုပ်တာတောင် ခြေခွင်ခြင်းကို အကုန်လုံးအကောင်းအတိုင်းဖြစ်အောင်တော့လုပ်လို့မရပါဘူး။ ကလေးတော်တော်များများကတော့ ပုံမှန်ရှုးဖိနပ်တွေပြန်စီးနိုင်ခြင်း၊ ပုံမှန်ဘဝတွေကိုတော့ ရနိုင်ကြပါတယ်။ခြေခွင်ခြင်းကိုသက်သာအောင်ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့်အိမ်တွင်းကုထုံးတွေကဘာတွေလဲ။ဆရာဝန်များက ခြေခွင်ခြင်းဖြစ်ရတဲ့အကြောင်းအရင်းကိုသေချာမသိနိုင်သေးတာကြောင့် သင်က ကြိုတင်ကာကွယ်လို့တော့ မရနိုင်ပါဘူး။ သို့သော် သင်ကကိုယ်ဝန်ရှိကတည်းက ကလေးမှာချ ို့ယွင်းချက်တွေပါမလာစေဖို့ လုပ်နိုင်တာတွေကတော့။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/clubfoot-%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%bd%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကျွမ်းကျင်သူတွေ ပြောပြလာတဲ့ သတိထားရမယ့် Omicron ရဲ့ လက္ခဏာရပ်တွေ
လတ်တလော လူတိုင်း အာရုံစိုက် နားစွင့်နေမယ့် သတင်းကOmicronမြန်မာနိုင်ငံကို ရောက်ပြီလား …… Omicron ရဲ့ ထူးခြား လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ ………ကာကွယ်ဆေး ထိုးထားရင်ရော ကာကွယ်နိုင်မလား …….booster ထပ်ထိုးဖို့လိုမလား ……. ဆိုတာတွေပဲ ဖြစ်မယ် ထင်ပါတယ်။ဒီတစ်ခေါက်တော့ ကျွမ်းကျင်သူတွေ ပြောပြလာတဲ့ Omicron ရဲ့ထူးခြားတဲ့ လက္ခဏာရပ်တွေနဲ့ ကာကွယ်ဆေး ထိုးတာ၊ booster ထိုးတာတွေနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်လေးတွေကို မျှဝေပေးချင်ပါတယ်။Covid-19 ရဲ့ မျိုးစိတ် တစ်ခုဖြစ်တဲ့ Omicron မျိုးစိတ်က ကမ္ဘာ့နိုင်ငံတွေကို လျင်လျင်မြန်မြန် ပြန့်နှံ့ လာနေတယ်ပါတယ်။ နောက်ဆုံး သိရှိရတဲ့ အချက်အလက်တွေအရ ကမ္ဘာ့နိုင်ငံ ၃၁ နိုင်ငံမှာ Omicron ကို တွေ့ရှိခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ကလည်း စိုးရိမ်နေပါတယ်။လူတိုင်းလိုလိုမှာလည်း အသစ်တွေ့ရှိခဲ့တဲ့Covid မျိုးစိတ်အသစ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဒါ့အပြင် Omicron ရဲ့ လက္ခဏာတွေက ရှေ့ပိုင်းမှာ တွေ့ရှိခဲ့တဲ့ကိုဗစ် မျိုးစိတ်တွေရဲ့ လက္ခဏာတွေနဲ့ ကွာခြားမှု ရှိနေလားဆိုပြီးတော့လည်း စိုးရိမ်နေတာတွေ ရှိပါတယ်။လက်ရှိမှာ အလုံးစုံကို တိတိကျကျ မသိရသေးပေမယ့် ကမ္ဘာတလွှားက သိပ္ပံပညာရှင်တွေကလည်း Omicron နဲ့ ပတ်သက်ပြီး ပိုမို သိရှိနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ လတ်တလောမှာ တွေ့ရှိထားတဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ ပြောပြချက်တွေကို အတူတူ ဆက်ကြည့် လိုက်ရအောင်လား ……။Omicron နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို အများကြီး မသိရသေးပေမယ့် လေ့လာတွေ့ရှိရသလောက်တော့ Omicron မျိုးစိတ်က အရင်က တွေ့ရှိခဲ့ ကိုဗစ် မျိုးစိတ်တွေနဲ့ အနည်းငယ် ကွာခြားမှု ရှိပါတယ်။လက္ခဏာတွေက သိပ်ပြီး ပြင်းထန်တာမျိုးတော့ မရှိပါဘူး။Omicron က ကိုဗစ် မျိုးစိတ် အသစ်တစ်ရပ်ဖြစ်ပြီး လတ်တလောမှာလည်း ဖြစ်ပွားမှုတွေရှိနေပါတယ်။ လက်ရှိကာလအထိ အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက စိစစ်တွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ Omicron ကူးစက်ခံရသူတွေမှာ အရင် ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်တွေ ကူးစက်ခံရတဲ့ လက္ခဏာတွေနဲ့ မတူဘဲ အခုလို လက္ခဏာလေးတွေ ခံစားရပါတယ်။သတိထားရမယ့် Omicron ရဲ့ လက္ခဏာရပ်တွေက။နိုဝင်ဘာလ နှောင်းပိုင်းတုန်းက တောင်အာဖရိက နိုင်ငံတွေက Omicron မျိုးစိတ် ကူးစက်ခံရသူတွေမှာ လက္ခဏာတွေက ပြင်းထန်တာမျိုး မရှိဘဲ သာမန် နှာစေးဖျားနာမှုလိုမျိုး ခပ်ပျော့ပျော့ လက္ခဏာတွေကိုပဲ ခံစားရတာကို တွေ့ရှိခဲ့ရပါတယ်။ရှေ့မှာ တွေ့ရှိခဲ့ရတဲ့ ကိုဗစ် မျိုးစိတ်တွေတုန်းက အတွေ့ရများတဲ့ လက္ခဏာတွေကတော့။ကျွမ်းကျင်သူတွေ စိတ်ပူနေတဲ့ အချက်တစ်ရပ်က ဒီမျိုးစိတ်က လူငယ်တွေ တစ်နည်းအားဖြင့်ပြောရရင် ကျန်းမာသန်စွမ်းတဲ့သူတွေမှာလည်း အလွယ်တကူ ကူးစက်ဖြစ်ပွားနေတာပါ။စဖြစ်စမှာ သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ နောက်တစ်ချက်က ဒီ မျိုးစိတ် ကူးစက်ခံရသူတွေထဲက ၇၉ ရာခိုင်နှုန်းလောက်ကကာကွယ်ဆေး (၂) ကြိမ်လုံး ပြည့်မီအောင်ထိုးထားပြီးသူတွေ ဖြစ်နေတာပါပဲ။ဒီမျိုးစိတ်က လက္ခဏာ သိပ်မပြင်းထန်ဘူးဆိုပေမယ့် ဒီလို မပြင်းထန်တာက ရောဂါအခံရှိသူတွေရော ဘိုးဘိုးဘွားဘွားတွေမှာရော အတူတူပဲလားဆိုတာကို ကောက်ချက်ချဖို့ စောနေသေးတာပါ။လက်ရှိကာလအထိ သိရသလောက်တော့ omicron ကူးစက်ခံရသူတွေမှာ အနံ့ပျောက်တာ၊ အရသာပျောက်တာမျိုး မတွေ့ရသေးပါဘူး။ လက္ခဏာတွေက သိပ်မပြင်းထန်ဘူး ဆိုပေမယ့်လည်း သူက covid ရဲ့ မျိုးစိတ် တစ်ခု ဖြစ်တာကြောင့် အသက်ရှူရတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ နဲ့ အခြားသော ကိုဗစ် လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ကာကွယ်ဆေး မထိုးရသေးဘဲ Omicron ကူးစက်ခံရတဲ့သူတွေမှာ အသက်ရှူရခက်တာလိုမျိုး လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ ဒီမျိုးစိတ်က လက္ခဏာ ပြင်းပြင်းထန်ထန် မပြဘူးဆိုပေမယ့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ထိန်းရခက်တဲ့ အခြေအနေ တစ်ရပ်ကို မရောက်သွားဘူးလို့ တထစ်ချ ဆိုလို့ မရသေးပါဘူး။Omicron ကို ကာကွယ်ဖို့ ကာကွယ်ဆေး ၂ ကြိမ်ပြည့်အောင် ထိုးပြီသူတွေမှာလည်း Booster ထပ်ထိုးတာမျိုး လုပ်ဖို့ လိုပါမယ်။အရင် ကိုဗစ် မျိုးစိတ်တွေတုန်းကတော့ ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုး ရှိသလို ကူးစက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။Omicron ကတော့ ကူးစက်မြန်တာကြောင့် အခြား ကိုဗစ် မျိုးစိတ်တွေထက် အချိန်တိုတိုအတွင်းမှာ လက္ခဏာ ပြနိုင်သလို လူတစ်ဦး ကနေ တစ်ဦးကို ကူးစက်နှုန်းကလည်း အခြား ကိုဗစ်ဗိုင်းရပ်စ်တွေထက် ပိုမြန်နေနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-covid-19-symptoms/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/11-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
ငှက်ပျောသီး တစ်နေ့ နှစ်လုံးစားတဲ့အခါ ဘာတွေဖြစ်မလဲ
ငှက်ပျောသီးဟာ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါ။ အမျိုးအစားစုံလင်လှသလို အားလုံးနီးပါးက ချိုမြိန်တဲ့အရသာနဲ့ ကြွယ်ဝလှတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ငှက်ပျောသီးကFiber လို့ခေါ်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အမျှင်ဓာတ်ကလည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး တစ်နေ့ကို ၂၅ ဂရမ်လောက် လိုအပ်ပါတယ်။ဒါတင်မကသေးပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လိုရီ၊ Fat၊ ပရိုတိန်း၊ဗီတာမင် C၊ဗီတာမင် B6၊ မဂ္ဂနီးစ်တို့လည်းပါဝင်နေပါသေးတယ်။ ငှက်ပျောသီးကို နေ့စဉ် လုံလောက်စွာစားပေးမယ်ဆိုရင် အမျှင်ဓာတ်ကြောင့် လူကို ဗိုက်ပြည့်တင်းတိမ်စေတာ၊ ကိုယ်အလေးချိန် လျော့ကျစေတာတွေ ဖြစ်စေနိုင်သလို နှလုံးရောဂါ၊ နာတာရှည်ရောဂါတွေနဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။ဒီလို အသုံးတည့်လှတဲ့ ငှက်ပျောသီးကို တစ်နေ့ကို ဘယ်နှစ်လုံးလောက် မှီဝဲသင့်သပါလဲ။ WHO ရဲ့ သတ်မှတ်ချက်တွေအရ တစ်နေ့ကို သစ်သီးဝလံ ၅ ခုလောက်စားပေးသင့်တယ်လို့ ဆိုထားပြီး ငှက်ပျောသီးကတော့ တစ်နေ့ ၂ လုံးလောက် မှီဝဲသင့်ပါတယ်။တစ်နေ့ကို ငှက်ပျောသီး ၂ လုံး မှီဝဲမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးဟာ ကျောက်ကပ်ကျန်းမာရေးအတွက် အရေးပါလှပြီး ကျောက်မတည်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါပေမယ့် ကျောက်ကပ်ပျက်စီးလို့ ပိုတက်ဆီယမ်ကို မစွန့်ထုတ်နိုင်တဲ့သူတွေကတော့ ငှက်ပျောသီးကို မစားတာ ပိုကောင်းပါတယ်။မဂ္ဂနီဆီယမ်ကြောင့်လည်းအင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုကောင်းစေပြီး သွေးချိုအတက်အကျကို တည်ငြိမ်စေဖို့ အထောက်အကူပေးသေးပါတယ်။ရာသီမလာခင် နာကျင်ကိုက်ခဲမှုတွေကိုလည်း ငှက်ပျောသီးက သက်သာစေပါတယ်။ ခန္ဓာကိုယ် အပူချိန်မျှတနေအောင်လည်း သူကထိန်းညှိပေးပါတယ်။ ငှက်ပျောသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့အစွမ်းတွေလည်း ပါရှိပါတယ်။နောက်ပြီး ငှက်ပျောသီး အတွင်းသား အခွံဖြူလေးကလည်း မျက်နှာအရေပြား ယားယံပြီး အဖုအဖိန့်ထတာတွေ၊ အရေးအကြောင်းထတာတွေနဲ့ တင်းတိပ်တွေကို ပျောက်ကင်းစေနိုင်တဲ့ အကျိုးအာနိသင်ကိုပေးစွမ်းသလို အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ဒါကြောင့် ဒီလိုကျန်းမာရေးအတွက် အထောက်အကူပေးတဲ့ ငှက်ပျောသီးကို နေ့စဉ်မှီဝဲပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်ပါတယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/18-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
2 နှစ်သားအရွယ် ကလေး၏ ဖွံ့ဖြိုးမှုမှတ်တိုင်များ
မိဘတိုင်းဟာ သူတို့ချစ်ရတဲ့သားသမီးတွေအတွက် သန္ဓေသား ဘဝလေးကတည်းက အကောင်းဆုံးတွေသာမျှော်လင့်တာပါ။ ကလေးလေးမွေးလာပြီးတဲ့အခါ သူကြီးပြင်းလာတဲ့ခရီးရဲ့ မှတ်တိုင်တစ်ခုချင်းတစ်ခုချင်းစီမှာ သင့်တာဝန်ကလည်းတဖြည်းဖြည်းကြီးလာပါတယ်။ကလေးဟာအရွယ်ရောက်လာတာနဲ့အမျှ သင့်ဂရုစိုက်မှုပုံစံအမျိုးမျိုး လိုအပ်လာတယ်။ ဒါတွေကတော့ သင့်ကလေး ၂ နှစ်သားအရွယ်မှာ တွေ့ကြုံရမယ့် အတွေ့အကြုံတွေအကြောင်းပေါ့။အသက်နှစ်နှစ်ဆိုရင် ကလေးတွေဟာ လမ်းစလျှောက်စပြုပြီဖြစ်တယ်၊ ကလေးအများစုဟာ အသက် ၉လမှ ၁၇လ လောက်မှာ လမ်းစလျှောက်ကြပါတယ်။ တစ်လှမ်းချင်း တစ်လှမ်းချင်းသွားတာဆိုပေမယ့် မိဘတွေဆီက အကူအညီမလိုတော့ပါဘူး။လမ်းစလျှောက်ပြီး ၆ လလောက်ကြာရင်တော့ အပြေးသမားပေါက်စလေးပေါ့။ လိုက်ထိန်းဖို့ပိုခက်ခဲလောက်အောင် ပတ်ပြေးနေတော့မှာပါ၊ လိုက်ဖမ်းဖို့သာပြင်ထားပေတော့။သင့်ကလေးရဲ့စွန့်စားခန်းတွေအတွက်လည်း အသင့်ပြင်ထားလိုက်ပါ။ မြေပေါ်မှာလမ်းလျှောက်တာနဲ့ ပြေးတာကို ကျွမ်းကျင်သွားပြီလို့ယူဆတာနဲ့ ဒီတစ်ခါအပေါ်တက်ပါပြီ။ပုခတ်အပြင်ဘက်ကို၊ ပရိဘောဂတွေပေါ်၊ လှေကားပေါ် စသည်ဖြင့် တွေ့သမျှအကုန်တွယ်တက်ပါပြီ။ ဒီအခါမှာ သူတို့မထိခိုက်အောင် ပုခက်ကို ဖယ်ပစ်လိုက်ဖို့လိုလာပါပြီ။ ပြီးတော့ သူ့တို့ကိုအမြဲမပြတ်စောင့်ကြည့်နေဖို့လည်း မမေ့ပါနဲ့။အခုဆိုရင်သင့်ကလေးဟာ လောကကြီးရဲ့စုပေါင်းလှုပ်ရှားမှုတွေကို စူးစမ်းနေပါပြီ၊ ဘောလုံးတွေလိုမျိုး ပစ္စည်းတွေကို စတင်ကန်ကျောက်တတ်လာပြီ။ ကန်တတ်တာလာဟာ ကလေးငယ်ဖွံ့ဖြိုးမှုမှာ ကြီးမားတဲ့အဆင့်တစ်ဆင့်ပါ။ဘောလုံးကပြန်ကန်ထွက်လာတတ်တာကိုကြည့်ပြီး အရုပ်တွေ၊ စားစရာတွေ စသည်ဖြင့် တွေ့သမျှကို ဘောလုံးလိုပြန်ကန်ထွက်တတ်လား စမ်းကန်ကြည့်ကြပါလိမ့်မယ်။ ဒီလိုနဲ့ သူတို့ကစတင်သင်ယူလာကြပါတယ်၊။၂နှစ်သားအရွယ်ရောက်ပြီဆိုရင် ကလေးတွေက သူတို့လက်တွေနဲ့ လက်ချောင်းလေးတွေကို သေချာထိန်းတတ်လာပြီ။ ရောင်စုံခဲတံတွေကိုင်ပြီး မျဉ်းတွေ လိုင်းတွေ လျှောက်ဆွဲတတ်လာသလို၊ ဇွန်းကိုင်ပြီးတော့လည်း စားတတ်လာပါပြီ။၁၈လ-၂၄လသား လောက်ကစပြီး ကလေးတွေဟာ စတင်တွေးတတ် စိတ်ကူးယဉ်တတ်လာပါပြီ။ ကလေးတွေဆော့ပုံဆော့နည်း ပြောင်းလာတာကိုသတိထားမိမှာပါ။ဝက်ဝံရုပ်လေးတွေကို စကားပြောတာမျိုး၊ ဘဲရုပ်လေးကိုအစာကျွေးတာ သူတို့ဖုန်းအရုပ်လေးနဲ့ စကားတွေပြောနေတာမျိုးတွေ လုပ်တတ်လာပါတယ်။ သူတို့ဦးနှောက်ဟာ ခုဆိုရင် စွန့်စားခန်းကြီးဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီပေါ့။၁၅လ-၁၈လ သားလောက်မှာဆိုရင် စကားလုံးပီပီပြင်ပြင်စထွက်တတ်ပါပြီ။ ၂၄လလောက်ဆိုရင် ဝါကျတိုလေးတွေစပြောပြီပေါ့။။၂နှစ်ကျော် ၃နှစ်လောက်ရောက်ပြီဆိုရင် သူငယ်ချင်းဖွဲ့ရတာသူတို့စတင်နှစ်ခြိုက်လာကြပါပြီ။ ခုဆို သူတို့ရဲ့ လူမှုဘဝကြီး စတင်ပြီပေါ့။By Aye Myat Myat Noe။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/2-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%81%8f-%e1%80%96/
ဆောင်းနဲ့အတူ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ က ဘာတွေလဲ ........
ဆောင်းလေးက ဒီဇင်ဘာလောက်ရောက်လာပြီဆိုရင် သိသိသာသာလေး အအေးပိုလာပါပြီ။ ဒီလို အေးလာတာက နေရတာ ကောင်းတယ်။ အဆင်ပြေတယ်ဆိုပေမယ့် အေးမြမှုနဲ့အတူဗိုင်းရပ်စ်တွေများစွာလည်း ကပ်ပါလာပါတယ်။ဆောင်းအေးလာပြီဆိုရင် တုပ်ကွေးကစလို့ အမျိုးမျိုးသော ဗိုင်းရပ်စ်တွေက စတင်လာပါတယ်။ ဆောင်းရာသီမှာ ဆောင်းနဲ့အတူ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ အပြင် အသွင်ပြောင်းဗိုင်းရပ်စ်တွေကြောင့် ဒီနှစ်မှာ ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ဆောင်းရာသီက လှပပြီး နေရထိုင်ရတာ အေးမြမှုကြောင့် အဆင်ပြေတယ်လို့ ထင်ရပေမယ့် လူကြီးတွေရော ကလေးတွေပါ ကျန်းကျန်းမာမာ နေနိုင်ဖို့ ခက်ခဲတဲ့ ကာလ တစ်ခု ဖြစ်တာကြောင့် ဆောင်းရာသီက ပျော်ရွှင်ဖွယ်ရာ ရာသီတစ်ခုလို့ မဆိုသာပါဘူး။ဆောင်းရာသီမှာ ဗိုင်းရပ်စ်တွေက အချိန်ကြာကြာ ရှင်သန်နိုင်သလို ဘိုးဘိုးဘွားဘွားတွေရော သားသားမီးမီးတွေပါဖျားနာလွယ်ပါတယ်။ ဒီနှစ်တော့ ပျော်ရွှင်စရာ ဆောင်းရာသီလေး ဖြစ်အောင် ဖန်တီးနိုင်စေဖို့အတွက် ဆောင်းရာသီမှာ သတိထားရမယ့် ဗိုင်းရပ်စ်တွေအကြောင်း ပြောပြပေးသွားပါမယ်။ဆောင်းနဲ့အတူ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ က နည်းနည်းတော့များပါတယ်။အအေးမိ ဖျားနာတာက ဆောင်းရာသီမှာ အဖြစ်အများဆုံး ကျန်းမာရေး ပြဿနာပါ။ ကလေးတွေ ကျောင်းကနေ အလွယ်တကူ ကူးစက်လာနိုင်တဲ့ကျန်းမာရေးပြဿနာပါ။လူကြီးတွေက တစ်နှစ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ဖျားနာတတ်ကြပြီး ကလေးလေးတွေကတော့ ဒီအရေအတွက်ထက် ပိုများပါတယ်။ တစ်ခါဖျားပြီဆိုရင် ၇ ရက်ကနေ ၁၀ ရက်လောက် ကြာတတ်ပါတယ်။ တစ်နှစ်တာရဲ့ ဘယ်အချိန်မဆို ဖျားနိုင်ပေမယ့် ဆောင်းတွင်းမှာ ပိုဖျားကြပါတယ်။ဖျားပြီဆိုရင် ဘယ်လို ခံစားရမလဲ ………။ဖျားပြီဆိုရင်။အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း (RSV) ကအဆုတ်တွေနဲ့ လေပြွန်တွေကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်တတ်တဲ့ ကူးစက်ရောဂါပိုး တစ်မျိုးပါ။ တစ်ပတ်ကနေ ၂ ပတ်လောက်အထိ ကြာတတ်ပါတယ်။ RSV က ကလေးတွေမှာ ပြင်းထန်နိုင်ပါတယ်။ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ …….။အသက်ရှူ လမ်းကြောင်း ပိုးဝင် ကူးစက်ခံရပြီဆိုရင် အအေးမိသလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ဆောင်းရာသီမှာ နောက်ထပ် ကူးစက်ခံရနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးက တုပ်ကွေး ဗိုင်းရပ်စ်ပါ။ တုပ်ကွေးဖြစ်ရင် ၃ ရက်ကနေ ၇ ရက်အထိ ကြာတတ်ပါတယ်။တုပ်ကွေး ကာကွယ်ဆေး ထိုးပြီး ကာကွယ်တာက အကောင်းဆုံး နည်းလမ်း တစ်ရပ်ပါ။ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ …….။တုပ်ကွေး ကူးစက်ခံရပြီဆိုရင်။လေပြွန်ပိုးဝင်ရောင်ရမ်းခြင်း (Croup) ဆိုတာက ဗိုင်းရပ်စ် ကူးစက်မှု တစ်မျိုးပါ။ ရောဂါ ကူးစက်ခံရပြီဆိုရင် တစ်ပတ်လောက် ကြာနိုင်ပါတယ်။ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ……..။လေပြွန်ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်ပြီဆိုရင်။အဆုတ်ရောင်တာက အဆုတ်ကို ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယား ဝင်ရောက် ကူးစက်တာကြောင့် ဖြစ်ရတာပါ။ ရောဂါ ကူးစက်ခံရပြီဆိုရင် ၂ ပတ် ကနေ ၃ ပတ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်တာကိုတော့ ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ကုသလို့ ရပါတယ်။ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ……..။အဆုတ်ရောင်ပြီဆိုရင်။လည်ချောင်းနာတာကလည်း ဆောင်းအေးအေးမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်ခံရတာကြောင့် ဖြစ်နိုင်ပါတယ်။ဘက်တီးရီးယား ကူးစက်ခံရမှုကြောင့်လည်း လည်ချောင်း နာနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် လည်ချောင်းနာတာက ပဋိဇီဝ ပိုးသတ်ဆေးတွေ သောက်ပြီး သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ……..။လည်ချောင်းနာပြီဆိုရင်။အစာခြေစနစ်ထဲကို ဗိုင်းရပ်စ်ပိုး ဝင်ရောက် ကူးစက်တာပါ။ အစာအိမ်၊ အူလမ်းကြောင်းတွေထဲကို ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်တာပါ။ ၁ ရက်ကနေ ၃ ရက်လောက်ထိ ကြာမြင့်နိုင်ပါတယ်။ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ……..။အစာခြေစနစ်ထဲကို ပိုးဝင်ပြီဆိုရင် အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းကနေတဆင့် ဝင်ရောက်ကူးစက်တာကြောင့် ခံစားရတဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်မှုပါ။ အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်ပါတယ်။ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ …….။ကဲ …. ဆောင်းရာသီမှာ အခုလို ဗိုင်းရပ်စ်တွေအပြင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကလည်း သတိထားဖို့ လိုမယ့် ဗိုင်းရပ်စ် တစ်ရပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/common-winter-season-viruses/
ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေး ဘယ်လို အကောင်အထည် ဖော်မလဲ
ဆောင်းလေးများ မအေးလာနဲ့။ နှာစေးလိုက်၊ နှာချေလိုက်၊ နှာခေါင်းပိတ်လိုက်၊ လည်ချောင်းနာလိုက် ဖြစ်နေလို့ ဆောင်းရာသီရဲ့ အလှတရားကို ကောင်းကောင်းကို မခံစားရဘူးဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီနှစ်ဆောင်းကိုဖျားနာမှုကင်းကင်းနဲ့ ဖြတ်သန်းနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါပြီ။ဒါကို အဖြေပေးရရင် ဖြစ်လွယ်တာပေါ့လို့ပဲ ပြောပါရစေ။ အကြောင်းကတော့ဆောင်းရာသီရဲ့ အေးမြမြ လေထုနဲ့ ပတ်ဝန်းကျင်အနေအထားကို ကိုယ်တွေတင် နှစ်သက်တာ မဟုတ်ဘဲ သာမန်မျက်လုံးနဲ့ မြင်ဖို့ ခက်ခဲတဲ့ ဗိုင်းရပ်စ်တွေကလည်း နှစ်ခြိုက်ကြပါတယ်။ ဒီလို အေးမြတဲ့ လေထုထဲမှာ သူတို့ရဲ့ ရှင်သန်နိုင်တဲ့ ကာလကလည်း ပိုရှည်တော့ လူတွေကို ရောဂါပိုး ကူးစက်နိုင်ခြေကလည်း ပိုများလာတော့တာပေါ့။ ဒါကြောင့်ပဲ ဆောင်းတွင်းမှာ နွေရာသီလိုမျိုး ပူနွေးတဲ့ ရာသီတွေထက်အအေးမိဖျားနာပိုဖြစ်ကြတာပါ။ဆောင်းအေးအေးလေးက နေရထိုင်ရ ကောင်းတာ မှန်ပေမယ့် ဖျားနာမှုတွေ ခံစားရနိုင်ခြေကလည်း အတော်များပါတယ်။ ဒီလိုဆိုတာနဲ့ ဆောင်းတွင်းရောက်ရင် မဖြစ်မနေကို ဖျားနာမှု ခံစားရမှာလား …. ဆိုတော့ မဟုတ်ပါဘူး။ တိုက်ထုတ်ကာကွယ်လို့ ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ကဲ ….. ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေး ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာကို ဖတ်ရင်း အတူတူ လိုက်လိုက်ကြည့်လိုက်စို့နော်။ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေးကို အကောင်အထည် ဖော်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်း တစ်ခုက နေ့တိုင်းမှာ လုံလောက်တဲ့ ရေဓာတ် ဖြည့်တင်းတာပါ။ ဆောင်းအေးရင် ရေသောက်နည်းမယ်။ ဒီလို ရေသောက်နည်းတာကကိုယ်ခံအားကို ထိခိုက်စေပြီး ဖျားနာလွယ်စေတာပေါ့။ ဒီတော့ ဆောင်းအေးလည်း တစ်နေ့တာ သောက်သုံးရမယ့် ရေပမာဏကို ပြည့်ဝအောင် သောက်သုံးပေးပါ။ဆောင်းတွင်းမှာ ဗီတာမင် C လိုမျိုး ကိုယ်ခံအား ဗီတာမင် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးရပါမယ်။ ဆောင်းတွင်းမှာ ပူပူလောလော ချဉ်ချဉ်စပ်စပ်လေးတွေ စားပေးတာက ခံတွင်းလည်းတွေ့ပြီး အချဉ်အရသာအတွက် အသုံးပြုတဲ့ သံပုရာသီး၊ ရှောက်သီးတွေ နဲ့ အစပ်အရသာအတွက် အသုံးပြုတဲ့ ငရုတ်သီးက ဗီတာမင် C ရစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာတွေထဲမှာ ဗီတာမင် C ကြွယ်ဝတာတွေအပြင် ပရိုတင်း၊ ဗီတာမင် D ပါဝင်တာတွေကို စားပေးဖို့လည်း လိုပါမယ်။ညဘက်တွေမှာ အိပ်ချိန် အနည်းဆုံး ၆နာရီကနေ ၈ နာရီလောက် ထားပေးပါ။ ဆောင်းအေးအေးမှာ အိပ်ချိန် လုံလုံလောက်လောက် မရှိတာက ခန္ဓာကိုယ်ကို အားနည်းစေပြီး ဖျားနာလွယ်စေဖို့ အားပေးနေပါတယ်။အိပ်ရေးဝအောင် အိပ်တာက ကိုယ့်ကိုယ်ကိုယ် အားဖြည့်တာပါပဲ။ ဒါကြောင့် အိပ်ရေးဝဝအိပ်ရင်း ဖျားနာမှု ကင်းတဲ့ ဆောင်းရာသီ ကို ဖန်တီးလိုက်ပါ။ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေးကို အကောင်အထည် ဖော်ပေးနိုင်မယ့် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ တစ်နေ့ကို ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာပါပဲ။ လမ်းလျှောက်တာဖြစ်ဖြစ် ကိရိယာလွတ် လေ့ကျင့်ခန်း လုပ်တာ ဖြစ်ဖြစ်ပေါ့။ ဒီလို လုပ်တာက စိတ်လက်ပေါ့ပါးစေပြီး ဆောင်းတွင်းမှာ ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ဆောင်းတွင်းမှာ ပိုစားကောင်းတတ်တဲ့သူလေးတွေ ရှိပေမယ့် အစာကြေခဲတာကြောင့် ဆောင်းတွင်းမှာ အစားတွေကို သေချာ မစားမိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒီလို အစားတွေကို သေချာ မစားတာ၊ အနပ်တွေ ကျော်တာက ခန္ဓာကိုယ်ကို အားနည်းစေပြီး ဖျားနာလွယ်စေပါတယ်။ ဒါကြောင့် အစားကို အချိန်မှန်မှန် စားပေးပါ။ အစာကြေခဲတယ်ဆိုရင်တော့ နည်းနည်းစီ စားပေးပါ။လက်တွေကနေတဆင့် မျက်လုံးတွေ၊ ပါးစပ်တွေ၊ နှာခေါင်းတွေထဲကို ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် လက်တွေကို ရေနဲ့ဆပ်ပြာ သုံးပြီး လက်ကို သေချာလေး ဆေးကြောပေးပါ။ ဒီလို ဆေးကြောပေးတာကလည်း ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှုကင်းတဲ့ Winter စိတ်ကူးလေးကို ဖန်တီးနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ဆောင်းတွင်းမှာစိတ်ဖိစီးမှုတွေစိတ်ဓာတ်ကျမှုတွေက ပုံမှန်ထက် အဖြစ်များပါတယ်။စိတ်ဖိစီးမှုများတာက ကိုယ်ခံအားကျစေပြီး ဖျားနာလွယ်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပြေလျော့စေမယ့် အလေ့အထလေးတွေဖြစ်တဲ့ လေ့ကျင့်ခန်း လုပ်တာ၊ လက်မှုပစ္စည်းလေးတွေ ဖန်တီးတာ၊ တရားထိုင်တာတွေကို လုပ်ပေးပါ။ကဲ …… ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေးကို အခုပဲ အကောင်အထည် ဖော်လိုက်တော့နော်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/healthy-habits-to-free-illness-winter-time/
အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဘယ်လိုကွာခြားလဲ။
ဆီးချို လို့ဆိုလိုက်ရင် အားလုံးကို အတူတူပဲလို့ ယူဆတတ်ကြတာရှိသလို ဆီးချိုက နှစ်မျိုးရှိတယ်လို့ သိတဲ့သူတွေလည်း ရှိပါတယ်။ တကယ်ကတော့ ဆီးချိုကို အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဆိုပြီး အဓိကအားဖြင့် ၂ မျိုးရှိပါတယ်။ဒီဆီးချိုတွေက အမျိုးအစားတွေ ကွဲပြားသလိုလက္ခဏာတွေရော ကုသမှုတွေမှာပါ ကွဲပြားမှုတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးအစား-၁ ဆီးချိုနဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ဆီးချိုလို့ အားလုံးကို ခြုံပြီး ပြောပေမယ့် ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို၊ အမျိုးအစား-၂ ဆီးချိုဆိုပြီး အကြမ်းဖျဉ်း (၂) မျိုး ခွဲခြားထားပါတယ်။အမျိုးအစား-၁ ဆီးချိုရော အမျိုးအစား၂ ဆီးချိုရော နှစ်ခုစလုံးကသွေးတွင်းသကြားဓာတ်ပုံမှန်ထက် မြင့်တက်နေတာပါ။ အကြောင်းကတော့ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်တာကြောင့်ပါ။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကအင်ဆူလင်ကို ကောင်းကောင်း အသုံးမပြုနိုင်တာကြောင့်ပါ။ဒီလိုဆိုလို့  ဆီးချိုက အမျိုးအစား-၁ ရော အမျိုးအစား-၂ ရော အတူတူပဲလို့ ယူဆစရာရှိပါတယ်။ တကယ်တော့ ဒီဆီးချို အမျိုးအစားတွေက ရောဂါဖြစ်ရတဲ့ အကြောင်းရင်းခံတွေ မတူသလို ခံစားရတဲ့ လက္ခဏာတွေရော ကုသနည်းတွေပါ ကွာခြားနေနိုင်ပါတယ်။အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဘယ်လိုတွေ ကွာခြားနေလဲ……။၂မျိုးလုံးမှာ ဆေးဝါးနဲ့ ကုသတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတာတွေ လိုက်နာဖို့ လိုပါတယ်။အမျိုးအစား-၁ ဆီးချို– လက်ရှိမှာ အမျိုးအစား-၁ ဆီးချိုအတွက် ကုသနည်း မရှိသေးပါဘူး။ လေ့လာသုတေသန ပြုမှုတွေတော့ လုပ်ဆောင်နေပါတယ်။အမျိုးအစား-၂ ဆီးချို– အမျိုးအစား-၂ ဆီးချိုကို ပျောက်ကင်းအောင် ကုသလို့ မရပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချလို့ရသလို သေချာလေး ဂရုစိုက်ပြီး ကျန်းမာရေးလိုက်စားမယ်ဆိုရင် သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်နိုင်မှာပါ။ဆီးချိုရောဂါ အမျိုးအစား-၁နဲ့ အမျိုးအစား-၂ မှာလက္ခဏာလေးတွေက သိပ်မကွာလှပါဘူး။အခုပြောပြမယ့် လက္ခဏာတွေ ခံစားရမယ်ဆိုရင် အမျိုးအစား-၁ ဆီးချို ရှိနေတာ ဖြစ်နိုင်ပါတယ်။ အမျိုးအစား-၁ ဆီးချိုက အသက်ငယ်ငယ်ကလေးတွေမှာ ဖြစ်တတ်ပါတယ်။အမျိုးအစား-၂ ဆီးချို ခံစားရတဲ့အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ အရင်က အသက် ၄၀အထက်မှာ ဖြစ်ပေမယ့် နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာတာကြောင့် ၄၀အောက်တွေမှာလည်း ဖြစ်လာတာကို တွေ့ရပါတယ်။အမျိုးအစား-၁ ဆီးချိုနဲ့ အမျိုးအစား-၂ ဆီးချို က အခုလို ကွာခြားမှုလေးတွေ ရှိပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/differences-between-type-1-and-2-diabetes/
ဆီးချိုရှိလား ....... မာလကာသီး စားပါ။
ဆီးချိုရှိတယ်ဆိုရင် ဘာစားစား သေချာလေး ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ အစားမှားတာနဲ့ သွေးချိုမြင့်သွားလို့ပါ။သွေးချို ခဏခဏ တက်တာက ရေရှည်မှာ ကျောက်ကပ်ထိခိုက်တာ အပါအဝင် ဆီးချို နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ဒီလို ဘာစားစား ဂရုစိုက်နေရတဲ့ ဆီးချိုရှိသူတွေမှာသစ်သီးစားမယ်ဆိုရင်လည်း အတော်လေး ဂရုစိုက်ရပါတယ်။ အချို့သော သစ်သီးတွေက သွေးချို တက်စေနိုင်လို့လေ။ ဒီတစ်ခေါက်တော့ဆီးချို ရှိသူတွေနဲ့ တည့်ရုံတင် မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးပြုပေးနိုင်တဲ့ အသီးလေး တစ်ခု အကြောင်း နဲ့ ဒီ အသီးလေးကဆီးချိုရှိသူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ဆီးချို ရှိသူတွေနဲ့ တည့်တဲ့ မာလကာသီးလေးမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ဆီးချိုရှိလား ……. မာလကာသီး စားပါ။ ဘာကြောင့် ဒီလိုပြောရတာလဲ ……. မာလကာသီးက ဆီးချိုရှိသူတွေကို ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေပေးစွမ်းလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဆီးချို ရှိသူတွေအနေနဲ့ မာလကာသီး စားမယ်ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်မှာပါ။မာလကာသီးက သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အစားအစာ စားပြီးချိန်မှာသွေးတွင်းသကြားဓာတ်ကို တဖြည်းဖြည်းချင်းပဲ တိုးစေနိုင်တာကြောင့် ရုတ်တရက် သွေးချို မြင့်တက်တာမျိုး ဖြစ်မှာကို မစိုးရိမ်ရပါဘူး။မာလကာသီးကအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အစာခြေစနစ် ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။မာလကာသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကအူနံရံတွေကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အူမကြီး သန့်စင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အဆာခံ စေနိုင်တာကြောင့် ခဏခဏ ဆာပြီး စားမိတာကြောင့်လည်း သွေးချို တက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါသေးတယ်။ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေဖို့ ထောက်ကူပေးပါတယ်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့ အကြောင်းအရင်း တစ်ရပ်ပါ။နောက်တစ်ချက်က မာလကာသီးက ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ရော ကိုယ်အလေးချိန်ကိုပါ ထိန်းညှိနိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးမှာပါ။ဆိုဒီယမ် ပါဝင်မှု နည်းတာကြောင့် သွေးပေါင်ချိန် မြင့်တက်တာမျိုး မဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ ပိုတက်ဆီယမ် ပါဝင်နေတာကလည်း မာလကာသီးရဲ့ ကျန်းမာရေး အာနိသင်တစ်ရပ်ပါ။မာလကာသီးက လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှု ၄ ဆ ပိုများပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးသလို ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည်ရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ များတာကြောင့် ဆီးချိုရှိလား ……. မာလကာသီး စားပါ။ လို့ ပြောရတာပါ။ ဆီးချို ရှိသူတွေအနေနဲ့ မာလကာသီးကို ပုံမှန်လေး စားသုံးပေးလို့ ရပါတယ်။ သတိထားရမှာက အလွန်အကျွံ မစားမိဖို့ရယ်၊ ထမင်းစားပြီးပြီးချင်း မစားမိဖို့ရယ်ပါ။ ဆီးချို မတက်အောင် ထမင်းစားပြီး ၂နာရီကျော်မှ စားပေးသင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-and-guava/
ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုတာကို ချစ်ရသူထံ ဘယ်လိုဖွင့်ပြောမလဲ
HIV ပိုးရှိမှန်း သိလိုက်ရတဲ့အချိန်ဆိုတာ ကာယကံရှင်အတွက် သိပ်ကို စိတ်တုန်လှုပ်ခြောက်ခြားစရာပါပဲ။ ဒါ့ထက်ပိုဆိုးတာကတော့ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေအကြောင်း ဖွင့်ပြောတဲ့အခါ သူတို့တွေ ဘယ်လိုတုံ့ပြန်မလဲဆိုပြီး တွေးမိတဲ့အချိန်ပေါ့။ ဘယ်လောက်ပဲစိတ်ဓါတ်ကြံ့ခိုင်ေနတဲ့ သူတစ်ယောက် ဖြစ်နေပါစေ ဒီလိုအခြေအနေမျိုးမှာ ဒွိဟဖြစ်စရာတွေ၊ စိတ်ညစ်စရာ၊ ရင်ထဲပူနေရမှာတွေ တော်တော်များမှာပါ။ ဒါပေမယ့်လည်း ဒီကိစ္စဆိုတာ မပြောဘဲ နေလို့ရတဲ့ အရာ မဟုတ်ပါဘူး။အထူးသဖြင့် အတူနေနေတဲ့မိသားစုဝင်ေတွ၊ ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကို မဖြစ်မနေ ဖွင့်ပြောပြဖို့ လိုအပ်ပါတယ်။ ဒီအကြောင်းကို သိထားမှ သူတို့အနေနဲ့ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ လုပ်ပေးနိုင်သလို ရောဂါပိုးမပျံ့နှံ့စေဖို့ ကာကွယ်ရမယ့် နေပုံထိုင်ပုံတွေကို သေချာလေ့လာထားလို့ ရမှာပေါ့။နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ်သဘောကျပြီး မတွဲဖြစ်သေးတဲ့သူ၊ ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ထားတဲ့သူကို ပြောပြရမှာပါ။ ဒါဟာ ကိုယ့်ရဲ့ အခြေအနေကို အသိပေးတာလည်း ဟုတ်သလို သူ့အတွက် ရွေးချယ်ပိုင်ခွင့်ကို ပေးလိုက်တာပါပဲ။အထူးသဖြင့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အဆင်သင့်ပြင်ထားရမှာပါ။ ကိုယ့်ရဲ့ အခြေအနေကို နားလည်လက်ခံပေးနိုင်တာလည်း ဖြစ်နိုင်သလို ခါးခါးသီးသီး ငြင်းပြီး ကိုယ့်ဘဝထဲက ထွက်သွားဖို့ ကြိုးစားသူတွေလည်း ရှိမှာပါ။ ဒါကို ကိုယ်က နားလည်လက်ခံထားဖို့ အရေးကြီးပါတယ်။ထပ်ပြီးတော့ ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ အခြေအနေကို နားလည်သဘောပေါက်ထားရပါမယ်။HIVကို လက်ရှိမှာ ကုသပျောက်ကင်းနိုင်တဲ့ ဆေးဝါးတွေ မထွက်ပေါ်လာသေးပေမဲ့ ရောဂါပိုးကို ထိရောက်စွာ ထိန်းထားနိုင်တဲ့ ART ဆေးတွေ ရှိပါတယ်။ ဒီဆေးတွေကိုသာ နေ့စဉ် အချိန်မှန် မပျက်မကွက်သောက်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေသွားနိုင်မှာပါ။၁။ အရင်ဆုံး ကိုယ့်ရဲ့ စိတ်ကိုတည်ငြိမ်သွားတဲ့အထိ စောင့်ပါ။ ဒီသတင်းကို စသိတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ထဲမှာစိုးရိမ်မှု၊ ပူလောင်မှု၊ သောကဝေဒနာတွေ ဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ ဒီတော့ အချိန်အတိုင်းအတာတစ်ခု ပြီးသွားလို့ ကိုယ့်စိတ်က တည်ငြိမ်သွားပြီဆိုမှ စပြောရပါမယ်။၂။ ကိုယ့်ရဲ့ အခြေအနေဖွင့်ပြောတဲ့အခါမှာ သူတို့မေးမယ့် မေးခွန်းတွေအတွက် စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပါ။ အရှင်းဆုံးနဲ့ နားလည်ဖို့ အလွယ်ကူဆုံး အဖြေတွေကိုပဲ ပေးပါ။၃။ သူတို့ကိုHIVရှိနေကြောင်း ပြောဖို့ ကိုယ်တိုင်က ဒီရောဂါပိုးအကြောင်း သေသေချာချာ ဂဃဏနသိထားမှ သူတို့တွေ နားလည်အောင် ရှင်းပြနိုင်မှာဖြစ်ပါတယ်။၄။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံဖို့၊ နားလည်ပေးဖို့ ဖွင့်ပြောပြနေချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း နားလည်ခွင့်လွှတ်ဖို့၊ တန်ဖိုးထားဖို့၊ စိတ်ဓါတ်ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။အချစ်ရေးအသစ်စဖို့ မျှော်လင့်ထားသူကို ဖွင့်ပြောတဲ့အခါမှာ ပိုပြီးတောင် စိတ်လှုပ်ရှားပူပန်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို နားလည်ပေးနိုင်မလား၊ လက်မခံဘဲ ထားသွားမလားဆိုတာ သေချာမသိနိုင်တဲ့ သူတွေ ဖြစ်နေတာကြောင့်ပါပဲ။ ဒီတော့ သူတို့ကို ပထမဆုံးအကြိမ်တွေ့ပြီးတာနဲ့ နောက်တစ်ကြိမ်ချိန်းတွေ့တဲ့အခါမှာ ဖွင့်ပြောပြရပါမယ်။၁။ ဖွင့်ပြောတဲ့အခါမှာလည်း ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါရဲ့ ကူးစက်ပျံ့နှံ့ပုံ၊ တားဆီးနိုင်ပုံ အစရှိတာတွေကို အရင်ဆုံး ပြောပြပါ။၂။ စိတ်ကို အေးအေးထားပြီး ကိုယ်ပြောရမယ့် အကြောင်းအရာကို ဖြည်းဖြည်းချင်းစီ နားထဲဝင်အောင် ပြောပါ။၃။ ကိုယ့်မှာ ရောဂါပိုးရှိတာမှန်တယ်၊ ဒါပေမယ့် လက်ရှိအချိန်မှာ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲနေတယ်၊ ဆေးကို မှန်မှန်သောက်တယ်၊ ကျန်းမာရေးကို ဂရုစိုက်တယ်၊ ချစ်ရတဲ့သူဆီကိုလည်း မကူးစက်စေဖို့ ဘယ်လိုကာကွယ်လို့ရမလဲဆိုတာတွေကိုလည်း သိထားတဲ့အကြောင်း ပြောပြပါ။၄။ သူတို့ကို သေချာစဉ်းစားဖို့ အချိန်ပေးပါ။ မလောလိုက်ပါနဲ့။ သူတို့အနေနဲ့လည်း ကိုယ့်ရဲ့ အခြေအနေ၊ ကိုယ့်အပေါ်မှာ မေတ္တာဘယ်လောက်ရှိလဲ၊ ဘဝတစ်ခုကို အတူတည်ဆောက်ဖို့ အသင့်တော်ဆုံး လူတစ်ယောက်လား၊ သူတို့ကိုရော ကူးစက်နိုင်မလားဆိုပြီး တွေးပူနေရတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ အချိန်ပေးလိုက်ပါ။ဒီအကြောင်းအရာကို ဖွင့်ဟဝန်ခံခြင်းဖြင့် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပိုပြီး နီးကပ်စေနိုင်သလို ဝေးကွာသွားတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ဒါကို နားလည်လက်ခံထားပြီး ကိုယ့်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့သူတွေကို ကိုယ့်ရဲ့ အကြောင်းကို သေချာနားလည်အောင် ပြောပြပေးမှ သူတို့အနေနဲ့လည်း ဘယ်လိုဆုံးဖြတ်လို့ ရမလဲဆိုတာကို ပြန်ပြီး စဉ်းစားကြည့်နိုင်မှာပါ။ အကယ်လို့ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ရင်လည်း မမုန်းလိုက်ပါနဲ့။ ဒါဟာ သူတို့ဘဝ၊ သူတို့ရွေးချယ်မှု၊ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ပုံဖော်တာပါပဲ။ ကိုယ့်အခြေအနေကို ဖုံးကွယ်ထားတာထက်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြထားတာ အကောင်းဆုံးပါပဲ။HIVပိုးရှိပြီဆိုတာနဲ့ သေရမယ့်အချိန်ကို လက်ချိုးပြီး စောင့်နေရတဲ့ ခေတ်ဆိုတာ ကုန်လွန်သွားခဲ့ပါပြီ။ ဆေးကို မှန်မှန်သောက်မယ်။ ဆရာဝန်တွေ ပြောထားတဲ့အတိုင်း နေထိုင်စားသောက်မှု ပုံစံကို ပြုပြင်မယ်။ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်မယ်။ သွေးကို ၃လ တစ်ကြိမ်စစ်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေမယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%99%e1%80%bd%e1%80%ac-hiv-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%90%e1%80%9a%e1%80%b9%e1%80%86%e1%80%ad/
ဆီးချိုရှိသူတွေ ဖောလစ်အက်ဆစ် သောက်တဲ့အခါ
ဆီးချိုတစ်နေ့တစ်ခြား ဖြစ်ပွားမှု မြင့်တက်လာပါတယ်။ ဆီးချိုအမျိုးအစား (၂)က လူ ၁၀၀ မှာ ၅၀ နဲ့အထက် ခံစားနေရတဲ့ကျန်းမာရေးပြဿနာပါ။ ဆီးချိုက ဖြစ်ပြီဆိုရင် သူ တစ်မျိုးတည်း ဖြစ်တာ မဟုတ်ပါဘူး။ သူနဲ့အတူ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ယူဆောင်လာတတ်ပါသေးတယ်။ဒါကြောင့် ဆီးချိုကို ခံစားရပြီး နှစ်အတော်ကြာလာတဲ့အခါ ကျောက်ကပ်ရောဂါ၊နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးရောဂါတွေကို ခံစားလာရတာပါ။ တစ်ခါတလေမှာသွေးတိုးကြောင့် ဆီးချိုနောက်ဆက်တွဲဖြစ်တာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် လိုအပ်တဲ့ဗီတာမင်တစ်မျိုးဖြစ်တဲ့ ဗီတာမင် B9 (ဖောလစ်အက်ဆစ်) ကဆီးချိုရှိသူတွေမှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ဖောလစ်အက်ဆစ်ကို ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးစေဖို့သန္ဓေသားကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ဝန်ဆောင်မေမေတွေ ကျန်းမာစေဖို့ သောက်ကြတဲ့ ဗီတာမင် အနေနဲ့ သိကြတာ များပါတယ်။ တကယ်ကတော့ ဖောလစ်အက်ဆစ်ကအရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို ဆဲလ်အသစ်​တွေ ဖြစ်ပေါ်စေဖို့လည်း ထောက်ကူပေးပါတယ်။ဒါတွေအပြင် ဖောလစ်အက်ဆစ်က ဆီးချိုကြောင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေမခံစားရစေဖို့လည်း အကောင်းဆုံး ထောက်ကူ ပေးနိုင်ပါတယ်။ဆီးချိုရှိသူတွေ ဖောလစ်အက်ဆစ် သောက်တဲ့အခါ homocysteine levels ကို သိသိသာသာ ကျဆင်းစေနိုင်ပြီးသွေးကြောတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုကြောင့် နောက်ဆက်တွဲ ခံစားရနိုင်တဲ့နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။နှလုံးသွေးကြော ကျဉ်းတာမျိုး မဖြစ်စေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းတာက ဆီးချို ရောဂါ ခံစားနေရသူတွေကို အသက်ဆုံးရှုံးစေတဲ့ အဓိက အကြောင်းအရင်း တစ်ခုပါ။ဖောလစ်အက်ဆစ် ပုံမှန်သောက်သုံးပေးတာကဆံချည်မျှင်သွေးကြောလေးတွေကို ကျန်းမာစေပြီး ခြေထောက်မှာ အနာဖြစ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အရေပြား ပြဿနာ ကင်းစေပြီး အနာကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဆီးချိုကြောင့်အာရုံကြောငယ်လေးတွေပျက်စီးတာမျိုးကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ ဆီးချိုကြောင့်သိမြင်မှုစွမ်းရည် ကျဆင်းလာပြီး သတိမေ့တတ်တာ၊ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းတတ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ဆီးချို ကြောင့်နှလုံး ထိခိုက်တာ၊ နှလုံးရောဂါတွေ မဖြစ်စေဖို့လည်း ဖောလစ်အက်ဆစ်က ကာကွယ်ပေးနိုင်ပါတယ်။သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်သလို ဆီးချိုသမားတွေမှာ ခံစားရနိုင်တဲ့အစာခြေစနစ် ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အမြင်အာရုံကိုလည်း ကျန်းမာစေပြီး အမြင်အာရုံ ပြဿနာတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဖောလစ်အက်ဆစ်ကို ဆေးသောက်မှရယ် မဟုတ်ပါဘူး။ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ဘာတွေ စားရမလဲဆိုတော့။ကဲ …… ဆီးချို က အတူခေါ်လာတတ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖောလစ်အက်ဆစ် ကြွယ်ဝအောင် စားသုံးရင်း ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/folic-acid-for-diabetes-patient/
တရားထိုင်ရင်း သီချင်း နားထောင်ပါ
တစ်နေ့တာမှာ ပုံသေ သတ်မှတ်ထားတဲ့ စံချိန်တွေထဲကနေ ရုန်းမထွက်ဘဲ နေထိုင်ရင်းစိတ်ညစ်ညူးနေပြီလား။ မနက် အိပ်ရာထ ပြီး သိပ်မကြာခင်မှာပဲ ပင်ပန်းလိုက်တာဆိုပြီး ခံစားမိနေပြီလား။နေ့စဉ် လုပ်ဆောင်ရမယ့် တာဝန်တွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ရင်း အားအင်တွေ ကုန်ခမ်းနေပြီလား….. ဒါဆိုရင် စိတ်အပန်းပြေစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ ပုံမှန် အခြေအနေကနေ အနည်းငယ် ကွဲထွက်နေတဲ့အလေ့အထလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ဒါကတော့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့နဲ့ စိတ်တည်ငြိမ်စေဖို့အတွက်တရားထိုင်တဲ့အခါသီချင်းနားထောင်ရင်း ထိုင်တာပါ။ တော်တော်များများကတော့ တရားထိုင်တဲ့အခါ အာရုံမရမှာစိုးလို့ဆိုပြီး တိတ်ဆိတ်နေတဲ့ အခြေအနေမှာ တရားထိုင်ဖို့ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တရားထိုင်တဲ့အခါ ဆိတ်ငြိမ်နေတဲ့ အခြေအနေမှာ တရားထိုင်တာထက် သီချင်းလေး နားထောင်ရင်း တရားထိုင်တာကအကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ဘယ်လို အကျိုးကျေးဇူးတွေများလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ………။တရားထိုင်ရင်းသီချင်း အေးအေးလေးတွေကို နားထောင်ပေးပါ။ ဒီလို နားထောင်ပေးတာက စိတ်တည်ငြိမ်မှုကို ရရှိစေပြီး ပိုပြီး အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်သလို တရားထထိုင်တာကိုလည်း ပိုပြီး ထိရောက်စေပါတယ်။သီချင်းနားထောင်ရင်း တရားထိုင်တဲ့အခါ အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။တရားထိုင်ရင်း သီချင်း အေးအေးလေးတွေကို နားထောင်တဲ့အခါ စိတ်ဖိစီးမှုကို ပြေလျော့စေပြီးစိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။တရားထိုင်တဲ့အခါ စိတ်ကို ပိုပြီး တည်ငြိမ်စေချင်တယ်ဆိုရင်တော့ သီချင်း ငြိမ့်ငြိမ့်လေးတွေကို နားထောင်ပေးပါ။ ဒီလို လုပ်ဆောင်ခြင်းက သိမြင်မှု စွမ်းရည်ကို ကောင်းမွန်စေနိုင်သလို တရားထိုင်တဲ့အချိန်မှာအာရုံစူးစိုက်နိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။တရားထိုင်ရင်း သီချင်း အေးအေးလေးတွေ နားထောင်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေစိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ နေထိုင်မကောင်း ဖြစ်တာ၊ စိတ်ထိခိုက်တဲ့အခါမျိုးမှာ သီချင်းနားထောင်ရင်း တရားထိုင်တာက စိတ်လက်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူ ပေးနိုင်မှာပါ။တရားထိုင်ရင်း သီချင်းနားထောင်ခြင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ ကျန်းမာရေး အကျိုးကျေးဇူး တစ်ရပ်က အစားစားတဲ့ အလေ့အထကို ကောင်းကောင်း ထိန်းချုပ်နိုင်စေပါတယ်။ဝိတ်တက်ချင်သူတွေအနေနဲ့ တရားထိုင်ရင်း သီချင်းနားထောင်မယ်ဆိုရင် အစားကောင်းကောင်း စားပြီး ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။စိတ်ခံစားချက်တွေ သဟဇာတ ဖြစ်စေဖို့က အတော်လေး အရေးကြီးပါတယ်။ ပြဿနာ တစ်ရပ်ရပ်နဲ့ ကြုံတဲ့အခါ အကောင်းဆုံး ဖြေရှင်းနိုင်စေဖို့ဆိုရင် စိတ်ခံစားချက်တွေ သဟဇာတ ဖြစ်နေဖို့ အရေးကြီးပါတယ်။ဒါမှလည်း အခက်အခဲကို ကောင်းကောင်း ကျော်လွှားနိုင်မှာပါ။ ဒါဆိုရင်တော့ စိတ်ခံစားချက်တွေ သဟဇာတ ဖြစ်စေဖို့အတွက် သီချင်းနားထောင်ရင်း တရားထိုင်ပါ။လုပ်ငန်းဆောင်တာတွေကို အောင်မြင်စေဖို့အတွက် စိတ်အားထက်သန်စေဖို့ အရေးကြီးပါတယ်။ ဒီလို စိတ်အားထက်သန်မှုကို ရရှိစေပြီး ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေဖို့ဆိုရင် သီချင်းနားထောင်ရင်း တရားထိုင်ဖို့ ပြောပါရစေ။ကဲ ……. တရားထိုင်ရင်း သီချင်း နားထောင်ပါ လို့ ပြောရတာက အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်လို့ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/benefits-of-listening-to-music-while-meditating/
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)
ဆီးလမ်းကြောင်းပိုးဝင်ခြင်း က ဆီးလမ်းကြောင်းရဲ့ တစ်နေရာရာမှာ ဘက်တီးရီးယားပိုးဝင်တဲ့အခါ ဖြစ်ပွားပါတယ်။ဆီးလမ်းကြောင်းမှာ ဆီးထုတ်လုပ်မှု၊ သိမ်းဆည်းမှုနဲ့ စွန့်ထုတ်မှုအင်္ဂါများဖြစ်သောကျောက်ကပ်၊ ဆီးပြွန်များ၊ဆီးအိတ်နဲ့ ဆီးထုတ်ပြွန်တို့ ပါဝင်ပါတယ်။ အထူးသဖြင့် ဆီးအိတ်နဲ့ ဆီးထုတ်ပြွန်တို့မှာ မကြာခဏ ရောဂါကူးစက်ခံရတတ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါက လူတိုင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးများက အမျိုးသားများထက် ရောဂါဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးများရဲ့  ဆီးထုတ်ပြွန်က ပိုပြီး တိုတဲ့အတွက် ရောဂါပိုးဝင်လွယ်တာကြောင့် ဖြစ်ပါ။အဖြစ်များသော ရောဂါလက္ခဏာများကတော့မကြာခဏ ဆီးသွားရခြင်း၊ ဆီးသွားရာမှာ နာကျင်ခြင်း၊ဆီးမထိန်းနိုင်ခြင်း၊ဆီးအရောင် နောက်ခြင်း သို့မဟုတ် ဆီးတွင် အနံ့နံခြင်း၊ သွေး၊ ပြည်ပါခြင်း တို့ဖြစ်နိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီး လူနာတွေမှာ တင်ပဆုံနာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ပိုးဝင်တဲ့နေရာ‌ပေါ် မူတည်ပြီး အောက်ပါ ရောဂါလက္ခဏာ အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။အများဆုံးဖြစ်စေသော အကြောင်းရင်းမှာ အူတွင် တွေ့ရသောEscherichia coliဘက်တီးရီးယား ကြောင့်ဖြစ်ပါ သည်။ ဒါ့ပြင် အခြား ဘက်တီးရီးယားများကြောင့်လည်း ဖြစ်နိုင်ပါတယ်။E.coliက အရေပြား သို့မဟုတ် စအိုနားမှာရှိပြီး ဆီးလမ်းကြောင်းကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းနဲ့ စအိုက အမျိုးသားများထက် ပိုပြီး နီးကပ်တာကြောင့် ရောဂါဖြစ်နိုင်ချေလည်း ပိုများပါတယ်။ဒါ့ပြင် ဘက်တီးရီးယားတွေက ဆီးပိုက်မှတစ်ဆင့် ဆီးလမ်းကြောင်းထဲသို့ ရောက်သွားနိုင်သလို လိင်ဆက်ဆံပြီးနောက်မှာလည်း ဝင်ရောက်နိုင်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ခြင်း က တစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်ပါ။ သို့သော် ရောဂါပိုးရှိချိန်မှာ လိင်ဆက်ဆံခြင်းက နာကျင်မှုကို ဖြစ်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ဆီးပိုးဝင်နိုင်ချေကို မြင့်စေတဲ့ အချက်များစွာ ရှိပါတယ်။ ဥပမာ-။-ဆီးစစ်ခြင်း၊ ဆီးပိုးမွေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ဒါမှသာ သင့်တော်တဲ့ ပိုးသတ်ဆေးကို ပေးနိုင်မှာ ဖြစ်ပါတယ်။-ဆီးလမ်းကြောင်းတစ်လျှောက်ကို စစ်ဆေးဖို့ အယ်ထွာဆောင်းရိုက်ခြင်း၊ ကွန်ပျုတာဓာတ်မှန်ရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများ သည် ဆီးလမ်းကြောင်း ရောဂါပိုးကူးစက်ခြင်းကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆိုတာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ သေသေချာချာ ကုသနိုင်ရင် ပျောက်တာလည်း မြန်ပါတယ်။ စနစ်တကျ မကုသဘူးဆိုရင်တော့ ခဏခဏ ပိုးဝင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/uti/urinary-tract-infection/
ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ အစုံစုံ
ဆီးချိုရောဂါက သေချာမကုဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှနောက်ဆက်တွဲပြဿနာ တွေဝင်လာနိုင်ပါတယ်။ သေချာကုနေတာတောင်မှ လူနာကသွေးတွင်းသကြားဓာတ်ကို မထိန်းထားနိုင်ဘူးဆိုရင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေ က ထင်ထားတာထက် မြန်မြန်ရောက်လာနိုင်ပါတယ်။ ဒါထက်ပိုဆိုးတာက ဆီးချိုရောဂါရှိတာကို လုံးဝသိမနေဘဲ နောက်ဆက်တွဲဝေဒနာတစ်ခုခု ခံစားရမှ ဒါကို လာပြရင်း နောက်ကြောင်းပြန် စစ်ကြည့်လိုက်တဲ့အခါမှ ဆီးချိုရောဂါရှိနေတာကို သိလာရတာပဲ ဖြစ်ပါတယ်။ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်တက်ရုံပဲ ဆိုပေမယ့် ဒီသကြားဓာတ်တွေက ခန္ဓာကိုယ်က ဆဲလ်တိုင်းက လိုအပ်နေတာကြောင့် ပုံမှန်အတိုင်း မဖြစ်တဲ့အခါ တစ်ကိုယ်လုံးမှာ နောက်ဆက်တွဲပြဿနာတွေ ဝင်လာရတာပဲ ဖြစ်ပါတယ်။ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ တွေထဲမှာ ရုတ်တရက် အခြေအနေပိုဆိုးလာပြီး အရေးပေါ်ကုသဖို့ လိုအပ်တာ ရှိသလို နာတာရှည်ဝေဒနာအနေနဲ့ တဖြည်းဖြည်း ပျက်စီးလာတာတွေလည်း ရှိပါတယ်။ဒါကို သွေးတွင်းသကြားဓာတ် တက်တာထက် ပိုကြောက်ပါတယ်။ ဦးနှောက်က သကြားဓာတ်ငတ်ပြီး လူနာက ရုတ်တရက် မေ့လဲသွားတတ်လို့ပါ။ အစာစားချိန်မမှန်တဲ့သူတွေ၊ အစာနဲ့ ဆေးနဲ့ သဟဇာတမဖြစ်တဲ့သူတွေ၊ ဆီးချိုဆေးပမာဏ လွဲနေတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။သွေးတွင်းသကြားဓာတ် တက်ခြင်းမှာ နှစ်မျိုးရှိပါတယ်။–Hyperosmolar Hyperglycaemic State (HHS)အမျိုးအစား ၂ ဆီးချိုရောဂါရှင်တွေမှာ တွေ့ရတတ်ပါတယ်။ လူနာက သွေးတွင်းသကြားဓာတ်တက်ပြီး ရေဓာတ်ခမ်းခြောက်နေတတ်ပါတယ်။–Diabetic ketoacidosis(DKA) အင်ဆူလင် မရှိတာကြောင့် သွေးတွင်းသကြားဓာတ်တွေ တက်လာပြီး ကောင်းကောင်းမသုံးနိုင်တာကြောင့် ကီတုန်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ များလာတာမျိုးပါ။၂ခုလုံးက အရေးပေါ်အခြေအနေပဲ ဖြစ်ပါတယ်။နာတာရှည် နောက်ဆက်တွဲပြဿနာ လို့ ပြောလည်း ရပါတယ်။ ဒီမှာတော့ ဆီးချိုရောဂါက တစ်ကိုယ်လုံးကို ထိခိုက်နိုင်တာကို တွေ့ရမှာပါ။ဆီးချိုရောဂါရှင်တွေက diabetic retinopathyလို့ ခေါ်တဲ့ မြင်လွှာပြဿနာဖြစ်ပြီး အမြင်အာရုံ ထိခိုက်နိုင်ပါတယ်။ တချို့ဆို မျက်စိမကောင်းလို့ သွားပြကာမှ ဆီးချိုရှိမှန်း စသိကြတာပါ။ ဆီးချိုရှိပြီးသား သူတွေအနေနဲ့လည်း အနည်းဆုံး တစ်နှစ်တစ်ခါလောက် မျက်စိစစ်ဆေးသင့်ပါတယ်။ ဒီပြဿနာက စောစောသိလို့ ကုလိုက်ရင် အမြင်ကွယ်တာကို တားဆီးပေးနိုင်ပါတယ်။ဆီးချိုလူနာတွေကို မှာလေ့ရှိတာက နေ့တိုင်း မှန်မကြည့်ရင်နေပါ။ ခြေထောက်ကို မမေ့မလျော့ စစ်ပါဆိုတာပါပဲ။ ဆီးချိုရှိတဲ့သူတွေက အာရုံကြောတွေ၊ သွေးကြောတွေ မကောင်းတာကြောင့် ခြေထောက်မှာ တစ်ခုခု ထိခိုက်မိရင် မသိသလို၊ အနာဖြစ်ခဲ့ရင်လည်း အနာကျက်နှေးပါတယ်။ ဒါကြောင့် နေ့တိုင်း စစ်ဆေးပြီး အနာတစ်ခုခုရှိတာနဲ့ ဆရာဝန်နဲ့ သေချာပြသင့်ပါတယ်။ အနာသေးသေးလေးဆိုပြီး ပစ်ထားရာက ပိုးတွေဝင်ပြီး ခြေထောက်ဖြတ်ပစ်ရတဲ့အထိ ဖြစ်သွားတာတွေ ရှိပါတယ်။ဆီးချိုရှိပြီး သွေးတွင်းသကြားဓာတ်ကို သေချာမထိန်းဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ သွေးကြောတွေ ပျက်စီးလာမှာပါ။ ဒီသွေးကြောတွေထဲမှာ နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောတွေလည်း ပါတာကြောင့် လေဖြတ်တာ၊နှလုံးသွေးကြောပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ဆီးချိုဖြစ်တာ သက်တမ်းကြာလာပြီဆိုရင် ကျောက်ကပ်လည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ပုံမှန်အလုပ်ဖြစ်တဲ့ အရည်တွေ၊ အညစ်အကြေးတွေ စွန့်ထုတ်တာကို သေချမလုပ်နိုင်တော့ပါဘူး။ ဆီးချိုနဲ့ သွေးတိုးတွဲနေရင် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။သွေးထဲမှာ သကြားဓာတ်တွေများနေတာက အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အာရုံကြောတွေ ထိခိုက်ပြီး ထုံတာ၊ ကျဉ်တာတွေ ဖြစ်လာတာပါ။ ဒါ့ပြင် Autonomic neuropathyလို့ ခေါ်တဲ့ အလိုအလျောက်အလုပ်လုပ်တဲ့ အာရုံကြောတွေပါ ထိခိုက်ပြီး အစာခြေလမ်းကြောင်းမှာ အစာမကြေတာ၊ (ဒါကြောင့် နောက်ပိုင်းမှာ ဆီးချိုသမားတွေက ရင်ခေါင်းတောင့်တာ၊ ရင်ပူတာတွေ ပြောကြပါတယ်။)၊ ဆီးမထိန်းနိုင်တာ၊ အမျိုးသားတွေမှာ လိင်တံမထောင်မတ်နိုင်တာတွေ ဖြစ်တတ်ပါတယ်။သွေးထဲမှာ သကြားဓာတ်တွေ များသလို တံတွေးထဲမှာလည်း သကြားဓာတ်တွေ များလာနိုင်ပါတယ်။ ဒါကြောင့် ဘက်တီးရီးယားတွေ ပိုပေါက်ပြီး အက်စစ်တွေ ပိုထွက်ပါတယ်။ သွားကြွေလွှာတွေ ပိုမိုပျက်စီးပြီး သွားဖုံးပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ သွားဖုံးက သွေးကြောတွေလည်း ထိခိုက်တာကြောင့် သွားဖုံးပိုးဝင်လွယ်ပါတယ်။လိင်အင်္ဂါတွေကို သွေးကောင်းကောင်းမလျှောက်တာကြောင့် အမျိုးသမီးတွေမှာ ထိသိခံစားမှု နည်းသွားတာ၊ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် သွေးတွင်းသကြားဓာတ်များတာကြောင့် လိင်အင်္ဂါမှိုစွဲတာ၊ ဆီးပိုးဝင်တာတွေ ဖြစ်လွယ်ပါတယ်။ဆီးချိုရှိတဲ့သူတွေက ပိုးဝင်လွယ်တာကြောင့် အရေပြားမှာ ဘက်တီးရီးယားပိုးဝင်တာ (ဥပမာ ပြည်တည်တာ)၊ မှိုစွဲတာ၊ ယားယံတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဆီးချိုနဲ့ သက်ဆိုင်တဲ့ ထူးခြားတဲ့ အရေပြားပြဿနာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ဥပမာ ဂုတ်၊ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံမှာ မည်းနေတတ်တဲ့ Acanthosis nigricans လိုမျိုး။ဆီးချိုရောဂါရဲ့ သဘာဝကိုက ဖျက်စီးတတ်တဲ့ သဘောရှိလို့ လုံးဝမဖြစ်အောင် ကာကွယ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဖြစ်တာ နှေးကွေးအောင်၊ ဖြစ်နိုင်ခြေနည်းအောင် ပြုပြင်နေထိုင်လို့တော့ ရပါတယ်။အဓိကက သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီ၊ သွေးပေါင်ချိန် ဒီ၃ခုကို သေချာထိန်းပါ။ ဆေးဝါးနဲ့ ထိန်းမလား၊ နေထိုင်စားသောက်မှုပုံစံနဲ့ ထိန်းမလား။ တတ်နိုင်သလောက် ပုံမှန်အတိုင်း ဖြစ်အောင် ထိန်းထားပါ။ ရက်ချိန်းပုံမှန်ပျောက်ပြီး ရောဂါကို ပုံမှန်စောင့်ကြည့်နေပါ။ဆီးချိုကို ပုံမှန်စစ်ဆေးပါ။ လက္ခဏာအသစ်ခံစားရရင် ရက်ချိန်းပြတိုင်းမှာ ဆရာဝန်ကို ပြောပြပါ။ စောစောကုနိုင်လေလေ နောက်ဆက်တွဲပြဿနာ တွေ နည်းလေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetes-complications-overview/
ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား .......
ပန်းသေပန်းညှိုးဖြစ်တာက ဆီးချိုရှိတဲ့ အမျိုးသား ၃၅ ရာခိုင်နှုန်း ကနေ ၇၅ ရာခိုင်နှုန်းလောက်မှာ ခံစားရလေ့ရှိတဲ့ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ဆီးချိုရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းလောက်ဟာ ဆီးချို စရှိပြီး ၁၀ နှစ် ကနေ ၁၅ နှစ်တာ ကာလအတွင်းမှာ ပန်းသေပန်းညှိုးရောဂါကို အခြေအနေ အတိုင်းအတာ တစ်မျိုးစီနဲ့ ရင်ဆိုင်ရပါတယ်။ဒီပြဿနာက သက်လတ်ပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် အသက် ၇၀ ကျော်လာပြီဆိုရင်တော့ ဒီ ကျန်းမာရေးပြဿနာရဲ့ သက်ရောက်မှုက အတော်လေး ပြင်းထန်လာတာမျိုးရှိနိုင်ပါတယ်။ပန်းသေပန်းညှိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တော်တော်လေး ရှုပ်ထွေးပါတယ်။ ဆီးချို ဖြစ်ပြီး အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်က အာရုံကြောတွေ၊ ကြွက်သားတွေ နဲ့ သွေးကြောတွေက လုပ်ဆောင်မှုတွေ ကျဆင်းလာတာ၊ ပြောင်းလဲလာတာတွေကြောင့် ဖြစ်ရတာကတော့ များပါတယ်။အမျိုးသားတွေအနေနဲ့ လိင်တံ ထောင်မတ်စေဖို့ဆိုရင် ကျန်းမာတဲ့ သွေးကြောလေးတွေ၊ အာရုံကြောလေးတွေ၊ အမျိုးသား ဟော်မုန်း နဲ့လိင်စိတ်ဆန္ဒရှိဖို့ လိုပါမယ်။တကယ်လို့လိင်တံထောင်မတ်စေဖို့ထောက်ကူပေးတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ မကျန်းမာဘူးဆိုရင် လိင်စိတ်ဆန္ဒ ရှိတယ်။ကျားဟော်မုန်း ပုံမှန် ပမာဏ ရှိတယ်ဆိုရင်တောင် လိင်တံ ထောင်မတ်ဖို့က မဖြစ်နိုင်ပါဘူး။ဒီလို အခြေအနေ ဖြစ်နိုင်ခြေက သာမန် အမျိုးသားတွေမှာထက် ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ ဆီးချိုက အချိန်ကြာလာတာနဲ့ အမျှ သွေးကြောငယ်လေးတွေ၊ အာရုံကြောလေးတွေကို ထိခိုက် ပျက်စီးစေလို့ပါပဲ။နောက်တစ်ချက်က ဆီးချို ရှိတာ တစ်ခုတည်းကြောင့်ပဲ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဆီးချိုလည်း ရှိမယ်။အဝလွန်နေမယ်။ ဆေးလိပ်သောက်မယ်။ လေ့ကျင့်ခန်း မလုပ်ဘူး။ ကိုယ်လက်လှုပ်ရှားမှု နည်းမယ်ဆိုရင် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေက အတော်လေး များပါတယ်။ဆီးချိုကြောင့်ပဲ ပန်းသေပန်းညှိုး ဖြစ်တာ မဟုတ်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း ပန်းသေပန်းညှိုး ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့။ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား ….. ဆိုတော့ အတိုင်းအတာ တစ်ခုအထိတော့ ကာကွယ်လို့ရပါတယ်။ဒီလို ကာကွယ်ဖို့ အဓိက လုပ်ရမယ့်အရာက နေ့စဉ်ဘ​ဝ နေထိုင်မှုပုံစံကိုကျန်းမာရေးနဲ့ ညီညွတ်အောင်ပြောင်းလဲဖို့ပါ။ ဒီလို နေထိုင်မှုပုံစံကို ပြောင်းလဲတာက ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ဆီးချိုကိုလည်း သက်သာစေနိုင်မှာပါ။ဘယ်လိုတွေ ပြောင်းလဲရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……။နေ့စဉ် စားသုံးမှုမှာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် အစားအစာတွေကို အဓိက ထား စားပေးပါ။ အသီးအရွက်တွေကို များများ စားပေးတာမျိုးပေါ့။ ဆန်၊ ဂျူံတို့လိုမျိုး အစားအစာတွေကို လျှော့စားပါ။သွေးတွင်းသကြားဓာတ်ကို ထိန်းတာက သွေးကြောလေးတွေ အာရုံကြောတွေ ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။  သွေးတွင်းသကြားဓာတ်ကိုလည်း ပုံမှန် စစ်ဆေးဖို့ မမေ့ပါနဲ့။အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက သွေးကြောတွေကို ထိခိုက်စေပြီး ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။ ဒါကြောင့် အရက်ဖြတ်တာကလည်း ကာကွယ်နည်း တစ်ရပ်ပါပဲ။ဆေးလိပ်သောက်တာက သွေးကြောတွေကို ကျဉ်းစေပြီး သွေးထဲက nitric oxide ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဒီလို ကျဆင်းမှုက လိင်တံဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လိင်တံ မထောင်မတ်နိုင်တာမျိုး ဖြစ်စေနိုင်ပါတယ်။နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး ပန်းသေပန်းညှိုး မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ညဘက်တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိအောင် ထားပေးပါ။ ဒီလိုပြောရတာက အိပ်ရေးဝတဲ့ အမျိုးသားတွေက ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ နည်းကြလို့ပါပဲ။စိတ်ဖိစီးမှုက လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ စိတ်ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ဆောင်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါ။စိုးရိမ်စိတ် များနေတာမျိုး၊ စိတ်ဓာတ်ကျတာမျိုး ဖြစ်နေမယ်ဆိုရင် ကုထုံးပညာရှင်တွေနဲ့ ပြသတာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။ကဲ ….. ဆီးချိုရှိပေမယ့် ပန်းသေပန်းညှိုး မဖြစ်အောင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ပြီး ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/how-to-prevent-erectile-dysfunction-in-diabetes/
အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်
အစ္စလာမ်ဥပုသ်လက တစ်လနီးပါး ကြာမြင့်ပြီး မနက်အာရုဏ်တက်ချိန်မှ နေဝင်မိုးချုပ်သည်အထိ အစာစားတာ၊ ရေသောက်တာ၊ ဆေးသောက်တာ စတာတွေကို ရှောင်ကြဉ်ရပါတယ်။ ဥပုသ်ထွက်တဲ့ ညစာတစ်ကြိမ်၊ ဥပုသ်မဝင်ခင် မနက်စာ တစ်ကြိမ် ၂ကြိမ်ပဲ စားရပါတယ်။ ဒါကြောင့်ဆီးချိုလူနာတွေအနေနဲ့ ဥပုသ်စောင့် ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် ဥပုသ်လုံးဝမစောင့်ရတာတော့ မဟုတ်ပါဘူး။ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် အောက်ပါအချက်တွေကို နားလည်လိုက်နာဖို့ လိုပါတယ်။ဆီးချိုလူနာတိုင်းက ဥပုသ်စောင့်လို့ မရတာမဟုတ်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အန္တရာယ်အလွန်များတဲ့ အုပ်စု၊ အန္တရာယ်များတဲ့ အုပ်စု၊ အသင့်အတင့် ဒါမှမဟုတ် အန္တရာယ်နည်းတဲ့ အုပ်စု ဘယ်အုပ်စုထဲမှာ ရှိနေလဲဆိုတာကို သိဖို့ လိုပါတယ်။ဒါကြောင့် တတ်နိုင်ရင်တော့ ဥပုသ်မစောင့်ခင် ၆-၈ ပတ်လောက်မှာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရာဇဝင်၊ ဆေးစစ်ချက်၊ ဆီးချိုရောဂါ အခြေအနေ စတာတွေကို ဆွေးနွေးပြီး ဥပုသ်စောင့်သင့် မစောင့်သင့် ကြိုတင်တိုင်ပင်သင့်ပါတယ်။ ဒီတော့ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် ဘာတွေသိထားဖို့လိုမလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။အုပ်စု (၁) လူနာတွေကတော့ ဥပုသ်စောင့်ဖို့ လုံးဝမသင့်တော်တဲ့ အခြေအနေပါ။ အုပ်စု (၂)ကတော့ တတ်နိုင်ရင် ဥပုသ်စောင့်တာကို ဆင်ခြင်သင့်ပါတယ်။ အုပ်စု (၃) လူနာတွေကတော့ ဥပုသ်စောင့်လို့ရပါတယ်။ အုပ်စု (၁)နဲ့ အုပ်စု (၂)က ဥပုသ်စောင့်ဖို့ မသင့်တော်ဘူးဆိုပေမယ့် လူနာက ဆန္ဒရှိတယ်ဆိုရင်တော့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ၊ သွေးချိုဖောက်တာတွေ၊ ဆရာဝန်နဲ့ အနီးကပ်ကုသမှု ခံယူတာတွေ လုပ်ပြီး စောင့်နိုင်ပါတယ်။ဥပုသ်စောင့်တဲ့ ဆီးချိုလူနာတိုင်းက အောက်ပါအခြေအနေတွေ ကြုံရနိုင်ခြေ ရှိပါတယ်။ အုပ်စု (၁)နဲ့ (၂)ဆိုရင်တော့ ပိုပြီး ကြုံရနိုင်ခြေ ရှိပါတယ်။-သွေးချိုကျတယ်ဆိုတာက သွေးချို 70 mg/dl အောက် (တကယ်လို့ 70-90 ကြားဆိုရင် ၁နာရီကြာတဲ့အခါ ပြန်စစ်ပါ။)။-သွေးချိုတက်တယ်ဆိုတာက သွေးချို 300 mg/dl အထက်။-သွေးချိုကျတဲ့ လက္ခဏာတွေ ခံစားရတာ ဒါမှမဟုတ် ရုတ်တရက် နာမကျန်းဖြစ်တာ။အောက်ပါအချက်များသည် ယေဘုယျအချက်များသာ ဖြစ်ပြီး လူနာတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာကြောင့် အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။သောက်ဆေးများ။-တစ်နေ့တစ်ကြိမ် သောက်ရင် ဥပုသ်ဖြေတဲ့ အချိန်မှာ သောက်ပါ။-တစ်နေ့နှစ်ကြိမ် သောက်ရင် ဥပုသ်ဖြေတဲ့အချိန်နဲ့ မဝင်ခင်အချိန်မှာ သောက်ပါ။-တစ်နေ့သုံးကြိမ်သောက်ရင် တစ်နေ့စာရဲ့ ၃ပုံ ၂ပုံကို ဥပုသ်ဖြေတဲ့ အချိန်၊ ကျန်တဲ့ ၃ပုံ ၁ပုံကို မဝင်ခင်အချိန်မှာ သောက်ပါ။-တစ်နေ့တစ်ကြိမ်ဆိုရင် ဥပုသ်ဖြေမှ သောက်ပါ။-တစ်နေ့၂ကြိမ်ဆိုရင် ဥပုသ်ဖြေတဲ့အချိန်မှာ ပုံမှန်အတိုင်းသောက်ပါ။ မဝင်ခင်မှာတော့ သောက်နေကျတဲ့ တစ်ဝက်ပဲ သောက်ပါ။စားတဲ့ ပမာဏကို မူတည်ပြီး ဆရာဝန်ရဲ့ အကြံပြုချက်နဲ့ နေ့စဉ်ဆေးပမာဏကို လျှော့နိုင်ပါတယ်။ ဒါမှမဟုတ် နှစ်ခါခွဲပြီး ဖြေတဲ့အချိန်နဲ့ ဝင်တဲ့အချိန်မှာ သောက်နိုင်ပါတယ်။ဒီဆေးတွေက ပုံမှန်အတိုင်းပဲ ဆက်သောက်နိုင်ပါတယ်။ SGLT-2 inhibitors သောက်တဲ့အခါ ရေများများနဲ့ သောက်ပေးပါ။ ဥပုသ်ဖြေတဲ့ အချိန်သောက်ပါ။ GLP 1 receptor antagonists က ဥပုသ်မဝင်မီ ၁လခွဲလောက်က ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုညှိထားပါ။ ညှိထားတဲ့ဆေးအတိုင်း ဥပုသ်စောင့်ချိန်တောက်လျှောက် သောက်နိုင်ပါတယ်။အင်ဆူလင်။-တစ်နေ့တစ်ကြိမ် ထိုးရင် ဆေးပမာဏကို ၁၅-၃၀% လျှော့ပါ။ ဥပုသ်ဖြေချိန်မှာ ထိုးပါ။-တစ်နေ့နှစ်ကြိမ် ထိုးရင် ထိုးနေကျ မနက်ဆေးကို ဥပုသ်ဖြေချိန်မှာ ထိုးပါ။ ပမာဏလျှော့ရန် မလိုပါ။ ညထိုးတဲ့ ဆေးကို ဥပုသ်မဝင်ခင်ထိုးပါ။ ဆေးပမာဏ တစ်ဝက်လျှော့ပါ။ထိုးနေကျ ပမာဏအတိုင်း ဥပုသ်ဖြေချိန်မှာ ထိုးပါ။ ဥပုသ်မဝင်ခင် ထိုးနေကျ ပမာဏကို တစ်ဝက်ပဲ ထိုးပါ။-တစ်နေ့တစ်ကြိမ်ထိုးရင် ဥပုသ်ဖြေချိန်မှာထိုးပါ။ ဆေးပမာဏ လျှော့စရာ မလိုပါ။-တစ်နေ့နှစ်ကြိမ် ထိုးရင် ထိုးနေကျ မနက်ဆေးကို ဥပုသ်ဖြေချိန်မှာ ထိုးပါ။ ပမာဏလျှော့ရန် မလိုပါ။ ညနေထိုးတဲ့ ဆေးကို ဥပုသ်မဝင်ခင်ထိုးပါ။ ဆေးပမာဏ တစ်ဝက်လျှော့ပါ။-တစ်နေ့သုံးကြိမ်ထိုးရင် နေ့လယ်ထိုးဆေးကို ရပ်ပါ။ ဥပုသ်ဖြေချိန်နဲ့ မဝင်ခင် ထိုးတဲ့ ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ချိန်ပါ။ ၃ရက်တစ်ခါ ပြန်ချိန်ဖို့ လိုပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-management-during-ramadan-fast/
အမျိုးသား နို့သီးခေါင်းထိပ်မှ အရည်စိမ့်ထွက်လာတာ ဘာကြောင့်လဲ
နို့သီးခေါင်းကို မညှစ်ဘဲ သူ့အလိုလို အရည်စိမ့်ထွက်လာတာမျိုးလည်း ရှိသလို လက်နဲ့ အားထည့်ပြီး ညှစ်မှ ထွက်လာတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲထွက်ထွက် အမျိုးသားတွေနို့သီးခေါင်းမှ အရည်ကြည်တွေ စိမ့်ထွက်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ထွက်လာတဲ့အရည်ကြည်ရဲ့ အရောင်၊ စေးပျစ်မှု၊ နို့သီးခေါင်းထိပ်ရဲ့ ပုံစံအနေအထားအပြင် တခြားသော အခြေအနေတွေပေါ် မူတည်ပြီး ဘာရောဂါဖြစ်လဲဆိုတာ သေချာစစ်ဆေးလို့ ရမှာပါ။အမျိုးသမီးတွေလိုပါပဲ။ မွေးလာတာနဲ့ အမျိုးသားတွေရဲ့ နို့သီးခေါင်းမှာ နို့ထွက်နိုင်တဲ့ ပြွန်လေးတွေ၊ တစ်ရှူးတွေ ပါဝင်ပါတယ်။ လူပျိုဖြစ်ပြီးနောက်ပိုင်းကျားဟော်မုန်းအဆမတန် များလာတဲ့အခါ မိန်းကလေးတွေလို ရင်သား ကြီးမလာဘဲ အဆီ၊ ကြွက်သားတွေပဲ စုလာပါတယ်။ တချို့သော တစ်ရှူးတွေ၊ နို့ထွက်ပြွန်တွေ ကျန်ခဲ့ရင်တောင်မှ ဒီအခြေအနေကို ပုံမှန်မဟုတ်ဘူးလို့ ယူဆလို့ ရပါတယ်။အမျိုးသားတွေလူပျိုစဖြစ်တဲ့အချိန်မှာ ကိုယ်ခန္ဓာက ဟော်မုန်းအပြောင်းအလဲ ဖြစ်ပါတယ်။ကျားဟော်မုန်းတွေ ပိုတိုးလာပြီး မဟော်မုန်းတွေ နည်းသွားမယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ နို့သီးခေါင်းကို ညှစ်တာ၊ ပွတ်သပ်ရင် အရည်ကြည်လေးတွေ ထွက်လာနိုင်ပါတယ်။ရင်သားကင်ဆာဆိုတာ မိန်းကလေးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါဖြစ်ပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့။နို့သီးခေါင်းအထဲမှာ ရှိနေတဲ့ နို့ထွက်ပြွန်တွေဟာ ကျဉ်းပြီး ရောင်လာရာမှ လုံးဝပိတ်သွားတဲ့ ရောဂါဖြစ်ပါတယ်။ ဒီပြဿနာ သင့်မှာရှိနေပြီဆိုရင်။ဒီပြဿနာဟာ ကင်ဆာရောဂါမဟုတ်တဲ့အတွက် ကုသပျောက်ကင်းနိုင်လို့ သိပ်ပြီး စိုးရိမ်စရာတော့ မလိုအပ်ပါဘူး။ရင်အုပ်လို ကားထွက်လာတာမျိုးမဟုတ်ဘဲ အမျိုးသမီးများလို ရင်သားကြီးပြီး အရှေ့ဘက်ကို ထွက်လာတဲ့ ပြဿနာပါ။ ကလေးဘဝ၊ လူပျိုဖော်ဝင်ကာစ သို့မဟုတ် အသက် ၆၀ နောက်ပိုင်း အမျိုးသားတွေမှာ ရင်သားကြီးလာတတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်သလို သောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ရင်သား တစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးမှာ ပုံမှန်ထက်ပိုပြီး ကြီးလာနိုင်ပါတယ်။ရင်သားကြီးတာအပြင် ထိမိချိန်မှာ ပျော့အိအိဖြစ်နေတာ၊ နို့သီးခေါင်းထိပ်မှ အရည်ကြည်စိမ့်ထွက်လာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ကလေးကို နို့တိုက်နေရတဲ့ မိခင်တွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့။နို့ထွက်စေတဲ့ ပြွန်တွေကြားထဲမှာ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်လို အဖုလေး ကြီးထွားလာတာကို ခေါ်တာပါ။ တခြားလက္ခဏာတွေအနေနဲ့။အမျိုးသားတွေအတွက် မရှိမဖြစ် အရေးပါတဲ့ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းတွေ နည်းလာတဲ့အခါမှာလည်း နို့သီးခေါင်းထိပ်ကနေ အရည်ကြည်တွေ ထွက်လာတတ်ပါတယ်။ များသောအားဖြင့် နှစ်ဘက်လုံးကနေ အရည်စိမ့်ထွက်ပါတယ်။ ဒီပြဿနာဟာ သိပ်ပြီး စိုးရိမ်ဖို့ မလိုပေမဲ့ ဆရာဝန်နဲ့သေချာပြကြည့်တာတော့ ပိုကောင်းပါတယ်။ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာသိပြီဆိုမှ ဆရာဝန်အနေနဲ့ ကိုယ့်ရောဂါနဲ့ ကိုက်ညီမယ့် ကုထုံးကို စတင်မှာ ဖြစ်ပါတယ်။ ပိုးဝင်တာအတွက် Antibiotics ဆေး ပေးတာ၊ အကျိတ်တွေ၊ အလုံးတွေ၊ ပိတ်ဆို့နေတဲ့ အရာတွေကို ခွဲစိတ်ဖယ်ရှားတာ၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသတာ အစရှိသဖြင့် နည်းလမ်းအမျိုးမျိုးရှိပါတယ်။အမျိုးသားတွေရဲ့ ရင်သားကနေ အရည်တွေစိမ့်ထွက်တယ်ဆိုတာ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးအခြေအနေဖြစ်တဲ့အတွက်ကြောင့် လက္ခဏာတွေ တွေ့ပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8-%e1%82%8f%e1%80%ad%e1%80%af%e1%82%94%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9/
ကိုဗစ် Antigen test kit ကို အိမ်မှာပဲ စစ်မယ်ဆိုရင်
ကိုဗစ်ကို စစ်ဆေးတဲ့နေရာမှာRT-PCRလို့ခေါ်တဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကိုယူပြီး စက်နဲ့ စစ်ဆေးတာရှိသလို Antigen test kit နဲ့ စစ်တာလည်း ရှိပါတယ်။Antigen test kitရဲ့အားသာချက်က မိနစ်ပိုင်းနဲ့ အဖြေထွက်ပြီး အိမ်မှာ ကိုယ့်ဟာကိုယ် စစ်လို့ရတာပါ။ ဒါကြောင့် မိမိကိုယ်ကို သံသယရှိတယ်ဆိုရင် အိမ်မှာ ဒါနဲ့ စစ်နိုင်ပါတယ်။Antigen test kitနဲ့ စစ်ဆေးတဲ့အခါမှာသူများကို ကူးစက်တာကို ကာကွယ်နိုင်ဖို့ ကိုယ့်ဟာကိုယ် အစအဆုံးစစ်ဆေးတာက အကောင်းဆုံးပါ။ မိသားစုတစ်ယောက်ယောက်ကို စစ်ဆေးခိုင်းမယ်ဆိုရင်တော့ ကူးစက်မှု မရှိအောင်နှာခေါင်းစည်း၊ မျက်မှန်၊ apronစတာတွေကို သေချာ ဝတ်ဆင်ဖို့ လိုပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်ဆေးဝန်ထမ်းတစ်ယောက်ယောက်ကို အိမ်ပင့်ပြီး စစ်ဆေးနိုင်ပါတယ်။ကိုယ်တိုင်စစ်မယ်ဆိုရင် အောက်ပါအတိုင်း လုပ်နိုင်ပါတယ်။-Test kitကို ဖောက်ပြီး ပါတဲ့ ပစ္စည်းတွေကို စားပွဲသန့်သန့်ပေါ်မှာ ဖြန့်ချထားပါ။-ပုလင်းအဖုံးကို ဖွင့်ပါ။ အထဲက အရည်တွေ ထွက်မကျအောင် သတိထားပါ။-ပုလင်းကို တည့်တည့်လေး ထောင်ထားပါ။-တို့ဖတ်ယူဖို့ အတံကို သေချာထုတ်ပါ။-နှာခေါင်းထဲမှာ နှာရည်တွေ၊ နှပ်တွေကို ရှင်းထုတ်ပါ။-လက်သေချာဆေးပါ။-ခေါင်းကို အနောက်ကို လှန်ချထားပါ။-အတံလေးကို နှာခေါင်းပေါက်ထဲကို ဖြည်းဖြည်းလေး ထည့်ပါ။ အပြင်မှာ ၂.၅ စင်တီမီတာ (၁လက်မသာသာ)ပဲ ချန်ထားပါ။-အတွင်းထဲရောက်ရင် နှာခေါင်းနံရံပတ်လည်ကိုဖြည်းဖြည်းချင်း လှည့်ပါ။ ၅ကြိမ်လှည့်ပါ။ ၁၅စက္ကန့်လောက် ကြာပါတယ်။-ပြီးရင် နောက်တစ်ဖက်ကိုလည်း ဒီတိုင်းလုပ်ပါ။-အရည်ပါတဲ့ ပုလင်းက ထောင်နေရပါမယ်။-အတံကို ပုလင်းထဲကို ထည့်ပါ။-ထည့်ပြီးရင် ပုလင်းထဲမှာ အတံကို ၆ခါလောက်လှည့်ပါ။-တစ်မိနစ်လောက် စိမ်ထားပါ။-ပုလင်းအပြင်ကနေ အတံထိပ်ကို လက်ချောင်းနဲ့ ညှစ်လိုက်ပါ။-ပုလင်းကနေ  အတံကို ဖယ်လိုက်ပါ။-ပြီးရင်  ပုလင်းကို သေချာဖိပိတ်ပါ။ ထောက်ခနဲ အသံကြားမှ အံကျတာဖြစ်ပါတယ်။-အဖုံးပိတ်ထားတဲ့ ပုလင်းကို အထက်အောက် တစ်ပတ်လှည့်လိုက်ပါ။ ရမ်းခါတာမျိုး မလုပ်ရပါ။-အရည်ထည့်ရမယ့် လေးထောင့်အကွက်မှာ သေချာချိန်ထားပါ။-၄စက် ညှစ်ချပါ။-၁၅မိနစ်စောင့်ပါ။-၁၅မိနစ်ဆိုတာနဲ့ ဖတ်လို့ရပါပြီ။ အချိန်ကြာလာလေလေ အဖြေလွဲနိုင်ခြေ များလေလေပါ။-အကြမ်းအားဖြင့်တော့ ၂ကြောင်းပေါ်ရင် ပေါ့စတစ်ပါ။-Cမှာပဲ ပေါ်ရင် နဂ္ဂတစ်ပါ။-သုံးထားတဲ့ပစ္စည်းတွေကို အိတ်တစ်အိတ်မှာ လုံနေအောင် သေချာထုပ်ပိုးပြီးမှ အမှိုက်ပုံးထဲကို ပစ်ပါ။-ပြီးရင် ပစ္စည်းတွေ တင်ထားတဲ့နေရာကို ရေစိုဝတ်နဲ့ သုတ်ပါ။ တတ်နိုင်ရင် ဆပ်ပြာရည်နဲ့ ဆေးပါ။-နောက်ဆုံးအနေနဲ့လက်ကို စင်ကြယ်အောင်ဆေးပါ။အဖြေရတဲ့အခါ ၂ကြောင်းပေါ်နေရင်ပေါ့စတစ်ပါ။ ဒါဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ဆက်သွယ်ပြီး ကုသဖို့ တိုင်ပင်ပါ။Cမှာပဲ ပေါ်တယ်ဆို နဂ္ဂတစ်ပါ။ လက်ရှိမှာ ရောဂါပိုးမရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒါက တိကျတာတော့ မဟုတ်ပါဘူး။ စစ်ဆေးတဲ့နည်း မမှန်ရင်၊ စစ်ရမယ့် ရက်မမှန်ရင် (ထိတွေ့မှုဖြစ်ပြီး ဒါမှမဟုတ် လက္ခဏာပြပြီး ၃-၅ရက်အတွင်း စစ်ရပါတယ်။) အဖြေလွဲတတ်ပါတယ်။ မိမိကိုယ်ကို သံသယရှိတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းနဲ့ ပြန်လည်စစ်ဆေးနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-testing-home-test-kit/
အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ
အသက်ရှူလမ်းကြောင်း ဆိုတာက ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် ရောက်ရှိစေပြီး ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ခန္ဓာကိုယ်ပြင်ပဆီ ပို့ဆောင်ပေးတဲ့ စနစ် တစ်ခုပေါ့။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းမှာ အထက်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး ရှိကြပါတယ်။ ဒီလို အပိုင်း ၂ ပိုင်း ခွဲခြားထားတဲ့ အသက်ရှူလမ်းကြောင်းမှာ အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း နဲ့ ပတ်သက်လို့ သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။အသက်ရှူလမ်းကြောင်း အောက်ပိုင်းမှာ အဆုတ် နဲ့ အဆုတ်တွေကို တွယ်ဆက်ထားတဲ့ အစိတ်အပိုင်းလေးတွေ ပါဝင်နေပါတယ်။ ဘာတွေလဲဆိုတော့ –။လေပြွန်က အသက်ရှူလမ်းကြောင်း အောက်ပိုင်းအတွက် အရေးပါတဲ့ လေတွေကို သယ်ယူပို့ဆောင်ပေးတဲ့ အရာပေါ့။ ဒီလေပြွန်ကနေမှ လေပြွန်ငယ်လေးတွေအဖြစ် ခွဲဖြာထွက်သွားပြီး အဆုတ်ထဲကလေအိတ်လေးတွေဆီကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါတယ်။လေပြွန်ငယ်လေးတွေက သေးငယ်တဲ့ ပိုက်လိုင်းလေးတွေလိုမျိုး ခွဲဖြာနေပြီး လေပြွန်ဆီကနေအဆုတ်ဆီကို အောက်ဆီဂျင်တွေကို ပို့ဆောင်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ပြန်ထုတ်ပေးပါတယ်။အဆုတ်တွေက အသက်ရှူလမ်းကြောင်း အောက်ပိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ဖလှယ်ပေးပြီး အသက်ရှူမှု ဖြစ်စဉ်ကို ပံ့ပိုးပေးတာပါ။လေအိတ်ငယ်လေးတွေက အဆုတ်ထဲမှာ ရှိကြပြီးအောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖလှယ်ပေးပါတယ်။ သွေးကြောထဲဆီကို အောက်ဆီဂျင်တွေကို ပို့ဆောင်ပေးပြီး အသက်ရှူထုတ်ချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ပါတယ်။အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်း ဆိုတာက အဆုတ်နဲ့ လေပြွန်တို့ကို ထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ မှိုပိုးတွေကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။တွေ့ရများတဲ့ လက္ခဏာတွေ အနေနဲ့ကတော့ –။အတွေ့ရများတဲ့ အသက်ရှူလမ်းကြောင်း အောက်ပိုင်းပိုးဝင် ကူးစက်ခြင်းတွေကတော့ –။အဆုတ်ရောင်တာကို အသက်ရှူလမ်းကြောင်း ပိုးဝင်တာလို့ တော်တော်များများက သိကြပါတယ်။ ဒီလိုမျိုး အဆုတ်ရောင်တာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို မှိုပိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်တာက အခန့်မသင့်ရင် အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။>>  လက္ခဏာတွေ အနေနဲ့ကတော့– ချောင်းဆိုးတာ၊ အဖျားတက်တာ၊အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာ အပြင် အရေပြားတွေ ပြာနှမ်းတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူသံ မြန်တာမျိုးတွေကိုပါ ခံစားရနိုင် ပါတယ်။ လက္ခဏာတွေက ပြင်းထန်မယ်ဆိုရင်တော့ ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။>> ကုသမှု အနေနဲ့ကတော့– ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပြင်းထန်မှုအပေါ်မှာ လိုက်ပြီး ကုထုံးတွေ ကွာခြားနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တာမျိုးဆိုရင်တော့ ပိုးသတ်ဆေး သောက်သုံးရတာမျိုး ရှိနိုင်ပြီး အနားယူတာ၊ ရေဓာတ်ပြည့်ဝအောင် နေတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။လေပြွန်ရောင်တယ်ဆိုတဲ့ နေရာမှာ နာတာရှည် လေပြွန်ရောင်တာနဲ့  သာမန်လေပြွန်ရောင်ခြင်းဆိုပြီး ရှိပါတယ်။ သာမန်လေပြွန်ရောင်တာက ဗိုင်းရပ်စ်ကြောင့် အဖြစ်များသလို ရက်သတ္တပတ် အနည်းငယ်အကြာမှာ သက်သာ သွားတတ်ပါတယ်။ နာတာရှည် လေပြွန်ရောင်တာကတော့ ကာလရှည်ကြာ ပြဿနာ ဖြစ်ပြီး ဆေးလိပ် သောက်တာကြောင့် ဖြစ်နိုင်ပါတယ်။>> လက္ခဏာတွေ အနေနဲ့ကတော့– ချွဲထွက်တာ၊ နာတာရှည် ချောင်းဆိုးတာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာ၊ ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်ကြီး ဖြစ်တာမျိုး ခံစားနိုင်ပါတယ်။ သာမန် လေပြွန်ရောင်တာက အအေးမိတာ တုပ်ကွေးလိုမျိုး လက္ခဏာတွေနဲ့အတူ ခံစားရနိုင်ပါတယ်။>> ကုသမှု အနေနဲ့ကတော့–  အမျိုးအစားနဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းကို လိုက်လို့ ကုသမှု ကွာခြားနိုင်ပါတယ်။ သာမန် လေပြွန်ရောင်တာဆိုရင်တော့ အလိုလို သက်သာနိုင်ပေမယ့် နာနတာရှည် လေပြွန်ရောင်တာအတွက် ဆိုရင်တော့ဆေးလိပ်ဖြတ်ဖို့လိုသလို ကုထုံးတွေကို ခံယူဖို့ လိုပါမယ်။လေပြွန်လေးတွေ ရောင်တာက ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဖြစ်တဲ့ အဆုတ်ထဲက လေပြွန်လေးတွေ ရောင်ရမ်းတာပါ။ ဒီအခြေအနေက ကလေးငယ်လေးတွေနဲ့ မွေးကင်းစတွေမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာမျိုးပါ။>> လက္ခဏာတွေ အနေနဲ့ကတော့– ချောင်းဆိုးတာ၊ အသက်ရှူ မြန်တာ၊ အဖျားတက်တာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာ၊ နှာခေါင်းပိတ်တာနဲ့ အခြားသော လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ပြင်းထတ်တဲ့ အခြေအနေမှာဆိုရင် ကလေးက အစားမဝင်တာ၊ အသက်ရှူရခက်တာမျိုး ခံစားရနိုင်သလို ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။>> ကုသမှု အနေနဲ့ကတော့– ရေဓာတ် ပြည့်ဝအောင် နေတာ၊ အစိုဓာတ်ထိန်းစက် ဖွင့်ထားတာ၊ အဖျားကျစေမယ့်ဆေးတွေကို သောက်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ပြင်းထန်တဲ့ အခြေအနေမျိုးမှာ ဆိုရင် စနစ်တကျ ကုသမှု ခံယူရမှာပါ။တီဘီရောဂါဆိုတာကMycobacterium tuberculosis bacteriaကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ တီဘီရောဂါက အဆုတ်တွေမှာ ကူးစက်နိုင်သလို ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာလည်း ခံစားရနိုင်ပါတယ်။ ရောဂါပိုး ရှိသူရဲ့ချောင်းဆိုး နှာချေတာကနေတဆင့် လေထဲကနေ အခြားသူတွေကို ကူးစက်နိုင်ပါတယ်။>> လက္ခဏာတွေ အနေနဲ့ကတော့– တီဘီရောဂါရဲ့ လက္ခဏာတွေက အမျိုးမျိုး ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အမြဲလိုလို ချောင်းဆိုးတာ၊ ချောင်းဆိုး သွေးပါတာ၊ ကိုယ်အလေးချိန် ကျတာ၊ အဖျားတက်တာ၊ ရင်ဘတ်အောင့်တာ၊ ညဘက်မှာ ချွေးစေးတွေ ပြန်တာ၊ ခြေကုန်လက်ပမ်းကျတာတွကို ခံစားရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ တွေ့ရမယ်ဆိုရင်တော့ ချက်ချင်း ကုသမှု ခံယူပါ။ စောစောသိ စောစော ကုသမှု ခံယူလေ ပျောက်ကင်းနိုင်ခြေ များလေလေပါ။>> ကုသမှု အနေနဲ့ကတော့– တီဘီအတွက် ကုထုံးအနေနဲ့ ဆေးကို တစ်ရက်မပျက်အနည်းဆုံး ၆ လသောက်ရပါမယ်။အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်တာကို ဖြစ်စေနိုင်တဲ့ အရာတွေကတော့ –။>> အအေးမိဖျားနာ ဖြစ်နေတာများလား!။# ပန်းနာရင်ကြပ်ဖြစ်နိုင်ခြေ ရှိလား! ကိုယ်တိုင်စစ်ဆေးလိုက်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/lower-respiratory-tract-infections/
ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေပြီလား
ဆောင်းမနက်ခင်း အေးအေးလေးကို နှာစေးလို့ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ နိုးလာရတာကြောင့် ဆောင်းမနက်ခင်းရဲ့ အေးချမ်းလှပမှုတွေကို မခံစားနိုင်လို့ဆိုပြီး စိတ်ညစ်နေပြီလား! ဒါဆိုရင် ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ရမယ့် နည်းလမ်းလေးတွေ နဲ့ ဘယ်လို ကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ဆောင်းမနက်ခင်းမှာ နှာစေးတာက အဖြစ်များပါတယ်။ အကြောင်းကတော့ရာသီဥတုအေးလာလို့ လေထုခြောက်သွေ့တာရယ်၊ ပတ်ဝန်းကျင်မှာ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေ ရှိနေတာရယ်၊ လေထုထဲမှာ ဗိုင်းရပ်စ်တွေ ရှိနေတာရယ်ကြောင့် နှာစေးတာက အဖြစ်များပါတယ်။ ဥပမာ အအေးမိစေ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကြောင့် နှာစေးတာဆို အဖြစ်များပါတယ်။ဆောင်းမနက်ခင်းမှာ နှာစေးတာကို ခံစားရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ ဘာတွေကြောင့်များ နှာစေးရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဓာတ်မတည့်တာ။ဓာတ်မတည့်တာကလည်း ဆောင်းရာသီမှာ နှာစေးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ လေထုထဲမှာ ရှိနေတဲ့ ဝတ်မှုန်တွေ၊ တခြားအမှုန်အမွှားတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း ဆောင်းရာသီမှာ နှာစေးတာကို ခံစားရနိုင်ပါတယ်။လေထုက ခြောက်သွေ့အေးမြတာ။ဆောင်းရာသီမှာ ပတ်ဝန်းကျင်လေထုက အေးမြခြောက်သွေ့နေပြီး ဒီလေထုကို ရှူရှိုက်မိတာကြောင့်လည်း ဆောင်းရာသီမှာနှာစေးတာကို ခံစားရနိုင်ပါတယ်။ ခြောက်သွေ့တဲ့လေထုကြောင့် နှာခေါင်းအတွင်းသားတွေ မခြောက်အောင် ခန္ဓာကိုယ်စနစ်က အချွဲတွေ ထုတ်ပေးတာကြောင့်ပါ။အအေးမိတာ။အအေးမိတာက အခြားရာသီတွေထက် ဆောင်းရာသီမှာ အဖြစ်များပါတယ်။ အအေးမိတာနဲ့ ဆက်တိုက်ဆိုသလို ပါလာတတ်တာက နှာစေးတာပါ။ နှာစေးတာက တကယ်ကတော့ အအေးမိတာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ဆောင်းရာသီမှာ လေထုထဲမှာ ကြာကြာရှည်ရှည် ရှင်သန်နေနိုင်တာကြောင့်လည်း ပါပါတယ်။တုပ်ကွေးဖြစ်တာ။ဆောင်းရာသီမှာ တုပ်ကွေးက အရင်ရာသီတွေထက် အဖြစ်များသလို နှာစေးတာကလည်း အဖြစ်များပါတယ်။ ဆောင်းလေထုအေးအေးထဲက တုပ်ကွေးဗိုင်းရပ်စ်တွေကြောင့် တုပ်ကွေးဖြစ်ပြီဆိုရင်တော့ နှာစေးတာကို ခံစားရနိုင်ပါတယ်။ထိပ်ကပ်နာရှိတာ။ထိပ်ကပ်နာရှိနေတာကလည်း ဆောင်းရာသီမှာ နှာစေးတာကို ဖြစ်စေနိုင်ပါတယ်။ထိပ်ကပ်နာရှိသူတွေ ဆောင်းရာသီမှာ နှာစေးနှာပိတ်တာကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ဆောင်းမနက်ခင်းမှာ နှာစေးတာကို သက်သာစေဖို့ဆိုရင်။ဆောင်းမနက်ခင်းမှာ နှာစေးတာကို ကာကွယ်ဖို့ဆိုရင်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/how-to-prevent-runny-nose-in-cold-weather/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/exercises-for-healthy-respiratory-system/