title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကလေးကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်နိုင်မည့် နည်းလမ်းကောင်းများ
သင့်ကလေး ပုံမှန်နဲ့ မှန်ကန်စွာကြီးထွားဖွံ့ဖြိုးလာဖို့ ကျန်းမာရေးနဲ့အညီစားသောက်ခြင်းအပြင် ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်စေဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးဟာ သင့်ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်။လေ့လာမှုတွေကတော့ မိဘတွေဆီက သို့မဟုတ် ပြုစုစောင့်ရှောက်သူတွေဆီက နွေးထွေးမှုနဲ့ဂရုစိုက်မှုကိုရတဲ့ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေ သို့မဟုတ် သက်တူရွယ်တူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးနွေးထွေးကာ ရင်းနှီးလေ့ရှိပါတယ်လို့ဆိုပါတယ်။ သင့်ကလေးကို စကားပြောခြင်း၊ ထိတွေ့ခြင်း၊ပြုံးခြင်းနဲ့ သင်ကသူတို့ကိုချစ်တယ်ဆိုတာကို ပြောပြခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ပြလို့ရပါတယ်။ ဒါတွေဟာ လွယ်ကူရိုးရှင်းတဲ့အပြုအမူလေးတွေဖြစ်ပေမယ့် သင့်ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတော့ အံ့သြစရာကောင်းလောက်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။သင်နဲ့သင့်ကလေးရဲ့ဘဝမှာဘာတွေဖြစ်နေတယ်ဆိုတာကို နေ့စဉ်ပြောဆိုပါ။ အိပ်ရာဝင်ပုံပြင်တွေဖတ်ပြပါ။ ဒါမှမဟုတ် နတ်သမီးပုံပြင်တွေပြောပြပါ။ ဒီလိုအပြုအမူတွေက သင်တို့၂ယောက်ကြားထဲက သံယောဇဉ်ကြိုးကိုပိုပြီးခိုင်မာစေရုံသာမက သင့်ကလေးကို စာလုံးအသစ်တွေကိုသင်ယူတဲ့နေရာမှာ၊ မေးခွန်းဖြေတဲ့နေရာမှာနဲ့ တွေးတောစဉ်းစားတတ်တဲ့နေရာတွေမှာ တိုးတက်စေပါတယ်။အရာရာတိုင်းချက်ချင်းလုပ်တတ်ဖို့ မှန်ကန်တဲ့နည်းလမ်းတွေကို သင်ပေးနေတာမျိုးကို ရှောင်ကြဉ်ပါ။ ပြဿနာတွေကို သူတို့ကိုယ်တိုင် သူတို့ကိုယ်ပိုင်နည်းလမ်းသုံးပြီး ဖြေရှင်းနိုင်ဖို့အားပေးပါ။ ဒါကသူတို့ရဲ့တွေးခေါ်နိုင်မှုစွမ်းရည်ကို လှုံ့ဆော်ပေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပြဿနာဖြေရှင်းနည်းဟာ အန္တရာယ်မဖြစ်စေနိုင်ဖို့ ကြီးကြပ်ပေးပါ။ ဒါ့အပြင် ပြဿနာတွေကို သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အရည်အသွေးအပြင် ရွှံ့စေးတွေ၊အရောင်တွေ၊မတူညီတဲ့အရာတွေနဲ့ ကစားစေခြင်းအားဖြင့် ဖန်တီးနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးပါ။ရာသီတွေပြောင်းလဲတာ၊ ရာသီဥတုဟာ သင့်အိမ်ပတ်ဝန်းကျင်ရဲ့ရှုခင်းတွေကို အံ့သြစရာကောင်းအောင် ပြောင်းလဲသွားစေတာ၊ ပန်းတွေ၊သစ်ပင်တွေနဲ့ တိရစ္ဆာန်လေးတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှုဟာ အရမ်းကိုစိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ကလေးတွေအတွက်ပေါ့။ သဘာဝကိုပိုပြီးနားလည်စေဖို့ ပြင်ပမှာကစားချိန်ပေးပါ။ ပိုကောင်းတာကတော့ မကြာမကြာပျော်ပွဲစားထွက်ပါ။ ပျော်ပွဲစားထွက်ခြင်းဟာ တန်ဖိုးရှိတဲ့အချိန်တွေကို မိသားစုနဲ့ကုန်ဆုံးဖို့အတွက် တကယ်ကောင်းတဲ့နည်းလမ်းပါပဲ။ ဒါက သင့်ကလေးကို သဘာဝနဲ့ပိုပြီးနီးစပ်စေတဲ့အပြင် ရာသီဥတုတွေဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ပိုပြီးလေ့လာနိုင်တဲ့ အခွင့်အရေးရစေတာပေါ့။သင့်ကလေးငယ်လေးဟာ အလွယ်တကူလွှမ်းမိုးခံရတဲ့အရွယ်ပါ။ ဒါကြောင့်လဲ များသောအားဖြင့် သူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို သူအတုခိုးနေတတ်တာပေါ့။ ဒါဟာ သင့်ကလေးငယ်ကို ကိုယ်ချင်းစာစိတ်ထားတတ်ဖို့ နေ့စဉ်လုပ်နေကျ အပြုအမူတွေကနေ သင်ပေးသင့်တဲ့အချိန်ရောက်လာပါပြီ။ တစ်ယောက်ယောက် ဝမ်းနည်းစိတ်ပျက်နေတဲ့အချိန်တိုင်းမှာ သူတို့ဘာကြောင့်ဝမ်းနည်းတာလဲဆိုတာကိုမေးပြီး အကူအညီပေးလိုက်ခြင်းအားဖြင့် သင်ပေးလိုက်ပါ။ သင့်ကလေးက စာနာစိတ်ဆိုတာ လူတွေကိုပေးလိုက်နိုင်တဲ့ ထူးဆန်းတဲ့အရာတစ်ခုဆိုတာ သင်ယူသွားနိုင်ပြီး သူ့ရဲ့ဘာသာစကားနဲ့ သိမြင်ခံစားမှုစွမ်းရည်တွေလည်း တိုးတက်လာပါလိမ့်မယ်။စာအုပ်တွေဟာ သတင်းအချက်အလက်တွေနဲ့ ဗဟုသုတတွေအတွက် စိတ်လှုပ်ရှားစရာကောင်းလှတဲ့ အရင်းအမြစ်တွေပါပဲ။ ဒါ့အပြင် သင့်ကလေးက စာအုပ်ဖတ်တာကို သဘောကျမယ်ဆိုရင်တော့ သူ့အတွက်ကောင်းကျိုးတွေ အများကြီးရနိုင်ပါတယ်။ စာအုပ်တွေအပေါ်စိတ်ဝင်စားမှုကိုမွေးမြူနိုင်ဖို့ အသိပညာပေးစာအုပ်တွေ၊ ဖတ်ရလွယ်ကူတဲ့စာအုပ်တွေကို ရွေးချယ်ဖို့လိုတဲ့အပြင် ဒီစာအုပ်တွေထဲမှာ သူစိတ်ဝင်စားတဲ့အရာတွေပါဖို့လည်းလိုအပ်ပါသေးတယ်။ သင့်ကလေးဟာ စာလုံးတွေကိုမှတ်မိနိုင်ဖို့ သိပ်ကိုငယ်ရွယ်သေးတယ်ဆိုရင် စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာပုံများများပါတဲ့စာအုပ်တွေ၊ သို့မဟုတ် အရောင်တွေနဲ့ ဖောင်းကြွမျက်နှာပြင်တွေပါတဲ့စာအုပ်တွေ ကို ရွေးချယ်ဝယ်ယူပါ။သင့်ရဲ့အကူအညီနဲ့ သင့်ကလေးဟာ မှန်မှန်ကန်ကန်နဲ့ ပုံမှန်လေးတိုးတက်ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဒီအတောအတွင်းမှာ သင်စိတ်ပူနေရတာတွေနဲ့ မေးခွန်းတွေရှိနေတယ်ဆိုရင် ဆရာဝန်၊ ကလေးအထူးကု သို့မဟုတ် စိတ်ပညာအထူးကု တွေကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်း ၊ လမ်းညွှန်မှုခံယူဖို့အတွက် တွန့်ဆုတ်မနေပါနဲ့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%91%e1%80%bc%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%b6%e1%82%95%e1%80%bb%e1%80%96%e1%80%ad%e1%80%b3%e1%80%b8%e1%80%99/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/12-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ
အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနိုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာပါရာစီတမောကို သောက်ပေးတာက အဖျားသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် အကိုက်အခဲပျောက်စေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့်  အဖျားကျစေတာအပြင် အခုလိုလေးတွေလည်း အသုံးပြုလို့ ရပါသေးတယ်။အဖျားရှိလို့ ခေါင်းကိုက်တာ၊ အလုပ်ပင်ပန်းတာ၊ စိတ်ဖိစီးတာတွေကြောင့် ဖြစ်နေတဲ့ ကိုက်တာာတွေကို သက်သာစေဖို့အတွက်လည်းပါရာစီတမောကို သောက်ပေးလို့ ရပါတယ်။သွားကိုက် သွားနာတာတွေကို ခံစားနေရချိန်မှာ နာကျင်မှု သက်သာစေဖို့ဆိုရင် ပါရာစီတမောပါတဲ့ ဆေးတစ်မျိုးမျိုးကို သောက်ပေးလို့ ရပါတယ်။ သူ့မှာ အကိုက်အခဲပျောက်စေတဲ့ အာနိသင်လည်း ရှိလို့ပါ။နားပိုးဝင်လို့ နားကိုက်တာ၊ နားထဲ ရေဝင်လို့ နားပြည်ယိုပြီး နားကိုက်တာတွေကို သက်သာစေဖို့ဆိုရင်လည်း ပါရာစီတမောပါတာကို သောက်ပေးလို့ ရပါတယ်။လေဒီလေးတွေမှာ ရာသီလာလို့နာကျင်ကိုက်ခဲတာကို သက်သာစေဖို့အတွက်လည်း ပါရာစီတမောကို သောက်ပေးလို့ ရပါတယ်။ ရာသီအကြို ကိုက်ခဲတာကို သက်သာစေဖို့အတွက်လည်း သောက်ပေးလို့ ရပါတယ်။ကာကွယ်ဆေးတွေ ထိုးပြီးချိန်မှာ ဖျားနာတာ၊ လက်မောင်းအောင့်တာတွေ သက်သာစေဖို့အတွက်လည်း အိမ်မှာရှိတဲ့ ပါရာစီတမောပါတဲ့ အဖျားကျဆေး တစ်မျိုးမျိုးကို သောက်ပေးလို့ ရပါတယ်။အလေးအပင်မတာ၊ ထိခိုက်မိတာ တစ်ခုခုကြောင့် ကြွက်သားတွေ နာကျင်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ခြေဆစ်လက်ဆစ်တွေ ကိုက်ခဲနာကျင်တာ၊ အဆစ်ထိခိုက်မှုကြောင့် နာကျင်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။မျက်ရိုးကိုက်တာကို ဘာဆေး သောက်ရမလဲ မသိဘူးဆိုရင် ပါရာစီတမောပါတဲ့ အဖျားကျဆေး တစ်မျိုးမျိုး သောက်ပေးလို့ ရပါတယ်။ခါးကိုက်တာ ခါးနာတာကို သက်သာစေဖို့အတွက်လည်း အဖျားကျဆေးက အသုံးဝင်ပါသေးတယ်။အမျိုးသမီးတွေမှာ အဖြစ်များတဲ့ မိုက်ဂရင်းခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။လေ့ကျင့်ခန်း စလုပ်သူတွေအနေနဲ့ အစပိုင်းမှာ နာကျင်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ပြဿနာတွေကို ပြေလည်စေဖို့ဆိုရင် ပါရာစီတမောပါတဲ့ အဖျားကျဆေးကို သောက်ပေးလို့ ရပါတယ်။အနာပိုးဝင်ပြီး ရင်းနေတာ၊ အနာရှိန်နဲ့ နေလို့ မကောင်းတာတွေ သက်သာချင်တယ်ဆိုရင်လည်း အသုံးပြုပေးလို့ ရပါတယ်။အခုပြောပြခဲ့တာတွေက အိမ်မှာရှိတဲ့ အဖျားကျဆေးတွေကိုအအေးမိဖျားနာအတွက်တင် မဟုတ်ဘဲ အခြား အသုံးပြုလို့ရတဲ့ နည်းလမ်းလေးတွေပါ။ အဖျားကျဆေးတွေကို ဒီလို အသုံးပြုလို့ရတဲ့ အကြောင်းကတော့ ပါရာစီတမောမှာ အဖျားကျစေတဲ့ အာနိသင်အပြင် အကိုက်အခဲပျောက်စေတဲ့ အာနိသင်ပါရှိလို့ပါ။နောက်ထပ်သတိထားရမယ့် အချက်တွေကတော့ ပါရာစီတမောက ဖျားတာ၊ ကိုက်ခဲတာကိုပဲ သက်သာစေတာပါ။ ဖျားစေတဲ့၊ ကိုက်ခဲစေတဲ့ အကြောင်းရင်းကို မသက်သာစေပါဘူး။ ဒါကြောင့် ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေကုသဖို့ လိုပါတယ်။ သောက်နေရင်းနဲ့ ကိုက်ခဲတာ၊ ဖျားတာ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/other-uses-of-fever-reduce-meds/
တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။
တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။သန္ဓေတားတဲ့ နည်းတွေ အများကြီးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ သောက်ဆေး၊၃ လခံထိုးဆေး၊လက်မောင်းတွင်းထည့်ပစ္စည်း နဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းဆိုပြီး အမျိုးမျိုးရှိတဲ့အနက် ကိုယ်နဲ့သင့်တော်တဲ့သန္ဓေတားနည်းကို ရွေးပြီး အသုံးပြုနေကြတဲ့သူချည်းပါ။ သန္ဓေတားနည်းတိုင်းမှာ သူ့ ဆိုးကျိုးနဲ့သူရှိတာကြောင့် သူတို့နဲ့မတည့်တဲ့သူတွေရှိတာကြောင့် တစ်ခုသုံးရတာ အဆင်မပြေလို့ နောက်တစ်ခု ပြောင်းလိုက်တာမျိုးတွေရှိတတ်ပါတယ်။ အဲဒီ အထဲမှာ အများဆုံးကတော့ တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းတာပါပဲ။ ပြောင်းလို့ရတယ်ဆိုပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာ ကြည့်ရအောင် ။ ။တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ဆိုတော့။အဆင့် ၁– ကိုယ်က ဘယ်လိုတားဆေးမျိုး သောက်မလဲဆိုတာ အရင်ရွေးပါ။ ဟော်မုန်း နှစ်မျိုးပါတာလား၊ တစ်မျိုးတည်းပါတဲ့ဟာလား၊ ဟော်မုန်း ပမာဏ နည်းတဲ့တားဆေးသောက်ဆေးကို ရွေးဝယ်မလားဆိုတာ အရင်ဆုံးရွေးပါ။ အမျိုးအစားတစ်ခုချင်းဆီတိုင်းမှာ အာနိသင်နဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိကြတဲ့အတွက် ကိုယ်နဲ့ အသင့်တော်ဆုံးတစ်ခုကို ဆရာဝန်နဲ့တိုင်ပင်ပြီး သုံးတာသာ အကောင်းဆုံးပါ။အဆင့် ၂– သောက်ရမယ့်တားဆေးအမျိုးအစားကို ရွေးချယ်ပြီးပြီဆိုရင်တားဆေးထိုးဆေးထိုးထားရာကနေ သောက်ဆေးကို ဘယ်အချိန်မှာ စပြောင်းသောက်ရမလဲဆိုတာ ဆရာဝန်ကို မေးကြည့်ဖို့ပါ။ အများအားဖြင့်တော့ ၃ လခံထိုးဆေးနောက်တစ်ကြိမ်ထပ်ထိုးရမယ့်ရက်မှာ တားဆေးပြောင်းသောက်လို့ရပါတယ်။ အလွန်ဆုံး ထိုးရမယ့် အချိန်ထက် နှစ်ပတ်ပဲ နောက်ကျလို့ရပါတယ်။ နှစ်ပတ်အတွင်းမှာ ၃လခံထိုးဆေးဆက်ထိုးတာ ဒါမှမဟုတ် သောက်ဆေး ပြောင်းသောက်တာ လုပ်လို့ရပါတယ်။ နှစ်ပတ်ကျော်သွားရင်တော့ ကိုယ်ဝန်ရှိမရှိ စစ်ပြီးမှ တားဆေးပြန်သုံးသင့်ပါတယ်။အဆင့် ၃– သောက်ဆေးသောက်မယ်ဆိုရင်လည်း လုံးဝကို မမေ့ဘဲ သောက်ဖို့အတွက် အိတ်ထဲမှာ သောက်ဆေးကဒ်ကို အမြဲဆောင်ထားဖို့လိုပါတယ်။ ဒါမှ လိုတဲ့အချိန်သောက်လို့ရအောင်ပါ။အဆင့် ၄– အရေးကြီးဆုံး အချက်ကတော့ နေ့တိုင်း မပျက်မကွက်သောက်ဖို့ပါပဲ။ထိုးဆေးတုန်းကတော့ ၃ လမှတစ်ခါထိုးရတယ်ဆိုတော့ မေ့မေ့လျော့လျော့ နေလို့ရပေမယ့် သောက်ဆေးကျတော့ နေ့တိုင်း မပျက်မကွက်သောက်မှ သူ့အာနိသင်ထိရောက်မှာပါ။ ဒါ့ကြောင့် ဖုန်းထဲမှာ alarm လုပ်ထားပြီး နေ့တိုင်းဆေးသောက်ဖို့ ကိုယ့်ကိုကိုယ် သတိပေးပါ။အဆင့် ၅– တားဆေးသောက်ဆေးမှာ သူ့ဆိုးကျိုးလည်းရှိတဲ့အတွက် သောက်ဆေးပြောင်းလိုက်လို့ ခံစားရတဲ့ ဝေဒနာကို ဆရာဝန်ဆီ သေချာပြောပြဖို့လိုပါတယ်။ ဒါမှ သောက်ဆေးနဲ့တည့်မတည့် ဆရာဝန်က သေချာသိပြီး ဆေးပြောင်းသင့်ရင်လည်း ပြောင်းမှာဖြစ်ပါတယ်။နောက်ထပ်သိထားသင့်တဲ့အချက်တွေကတော့။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/birth-control-pill/
ဘိုးဘိုးဘွားဘွားအရွယ် အရိုးအဆစ် နာကျင်လွယ် တာ ဒါတွေကြောင့်ပါ
အသက်ကြီးလာတာ နဲ့အမျှ ဟိုနားက နာ၊ ဒီနားက နာ ဝေဒနာအမျိုးမျိုးကို ခံစားလာရတာ ပုံမှန်ပါပဲ။ ကျန်းမာရေး လိုက်စားလို့ အရွယ်နဲ့ မလိုက်အောင် နုပျိုသန်မာနေဆဲ အဘိုး အဘွားတွေတော့ ရှိပါတယ်။ ဒါပေမယ့် အနည်းနဲ့ အများတော့ အရိုးအဆစ် နာကျင်လွယ် တဲ့ ပြဿနာတွေ ရှိတတ်ကြပါတယ်။အဘိုးအဘွားတို့ မပြောနဲ့၊ အသက် ၅၀ ကျော်အရွယ် လူကြီးပိုင်းဝင်ကာစမှာတောင် နာကျင်ကိုက်ခဲမှုတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဒီအချက်တွေလည်း ပါဝင်ပါတယ်။အသက်အရွယ် ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေကြားက အမြဲပွတ်တိုက်လှုပ်ရှားနေရတဲ့ အရိုးနုက မာကျောလာပြီး ကျုံ့ဆန့်နိုင်စွမ်း မရှိတော့ဘဲ ထိခိုက်ပျက်စီးဖို့ လွယ်လာပါတယ်။ အရိုးနုတွေ ပျက်စီးသွား တာနဲ့ အရွတ်နဲ့ အကြောတွေ လျော့ရဲသွားပြီး နာကျင်မှုကို ခံစားရပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနီးပါးမှာ ဖြစ်လာတတ်ပြီး လက်ချောင်း၊ တင်ပါး၊ ဒူးခေါင်းနဲ့ ကျောရိုးမကြီးတို့မှာ အများဆုံး ဖြစ်တတ်ပါတယ်။ခန္ဓာကိုယ် အဆစ်အမြစ်တွေ ရောင်ရမ်းတာပဲ ဖြစ်ပေမယ့် ဘယ်ညာအစိတ်အပိုင်းအားလုံး တညီတည်း အချိုးညီညီ နာကျင်ကိုက်ခဲမှု ခံစားရတတ်တာကြောင့် တခြားအဆစ်ရောင်နာတွေနဲ့ မတူတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမယ့် အရိုးအဆစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ လက္ခဏာတွေကတော့ ဆင်တူပါတယ်။ခန္ဓာကိုယ်အနှံ့က နေရာပေါင်းများစွာမှာ နာကျင်မှုနဲ့ အထိမခံနိုင် ကျိန်းစပ်မှု တွေဖြစ်လာပြီး ညဘက်တွေ အိပ်မရ၊ ပင်ပန်းနွမ်းလျမှု ဖြစ်စေတဲ့ နာတာရှည်ရောဂါ ဖြစ်ပါတယ်။စိတ်ကျဝေဒနာ ခံစားနေရတဲ့အချိန် စိတ်ကိုပဲ ထိခိုက်တာ မဟုတ်ပါဘူး။ အကြောင်းရင်း မည်မည်ရရမရှိဘဲ နာကျင်တာတွေ၊ ကိုက်ခဲတာတွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ဖြစ်လာတတ်ပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း။ကိုယ်အလေးချိန်တိုးလာခြင်း က ခန္ဓာကိုယ်အောက်ပိုင်းက အဆစ်အမြစ်တွေကို ဖိအားပိုများစေနိုင်တာကြောင့် osteoarthritis ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ အထူးသဖြင့် လူတစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းတွေက ထိခိုက်နိုင်ဖို့ ပိုအန္တရာယ်များပါတယ်။အားကစားသမားတွေနဲ့ ကြိမ်ဖန်များစွာ ခန္ဓာကိုယ်လှုပ်ရှားနေရတဲ့ အလုပ် လုပ်ကိုင်သူတွေမှာ ထိခိုက်ဒဏ်ဖြစ်တာ နဲ့ အဆစ်တွေမှာ ဖိအားများစေတာကြောင့် osteoarthritis ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ တစ်ရှူးပျော့မှာ ဒဏ်ဖြစ်တာက osteoarthritis ဖြစ်စေနိုင်သလို အရိုးကျိုးအက်ခြင်းနဲ့ ခွဲစိတ်ကုသမှု ခံယူရဖူးတဲ့ အဆစ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ဒူးနားတဝိုက်က ကြွက်သားတွေ အားနည်းတာက osteoarthritis နဲ့ ဆက်နွှယ်နေပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။အရိုးအဆစ်နာခြင်း အတွက် ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး ဆေးဝါးသောက်သုံးတာကနေ ခွဲစိတ်ကုသမှုအထိ ကုသနည်းတွေရှိသလို ကိုယ်တိုင်ကြိုးစားကြည့်နိုင်တဲ့ ဆောင်ရန်ရှောင်ရန်တွေလည်း သိထားသင့်ပါတယ်။ကိုယ်အလေးချိန်လျှော့ဖို့ –ကိုယ်က ဝ နေသူဖြစ်ရင် အရင်ဆုံး အဆီပိုတွေ ချပစ်ဖို့ လိုပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းစလုပ်ဖို့ –နောက်တစ်ချက်က ကိုယ်နဲ့ သင့်လျော်မယ့် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုကို အရိုးအဆစ်ဆရာဝန်နဲ့ တိုင်ပင်လုပ်ဆောင်ပါ။ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းနဲ့ တခြား အားသိပ်မသုံးရတဲ့လေ့ကျင့်ခန်းတွေ၊ အရိုးအဆစ်တွေအပေါ် ဖိအားမများစေတဲ့ လေ့ကျင့်ခန်းတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ဘေးအကူအညီ  –တောင်ဝှေး သို့မဟုတ် လမ်းလျှောက်တုတ် တို့ကလည်း နာကျင်ကိုက်ခဲနေတဲ့ ခြေထောက်အတွက် လမ်းလျှောက်ရာမှာ အထောက်အကူပေးနိုင်ပါတယ်။ဆေးဝါး –Aspirin၊Ibuprofenနဲ့Paracetamolတို့က ထိရောက်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်ပါတယ်။ အရောင်ကျဆေးတွေလိုမျိုး တခြားဆေးတွေကိုလည်း ဆရာဝန်က ညွှန်ကြားလာနိုင်ပါတယ်။အရိုးအဆစ်နာရောဂါက နွေးနွေးထွေးထွေး အနေအထားမှာ ပိုသက်သာတတ်တာကြောင့် အအေးသိပ်မခံဖို့ သတိထားသင့်ပါတယ်။ ရေနွေးပုလင်းကပ်တာ၊ ရေနွေးဝတ် ဒါမှမဟုတ် ရေနွေးအိတ် ကပ်ပေးတာက နာကျင်မှုနဲ့ တောင့်တင်းမှုကို သက်သာစေနိုင်ပါတယ်။ ဖြစ်ဖြစ်ချင်းဆိုရင်တော့ ရေခဲဝတ်ကပ်ပေးတာက နာကျင်မှု ပိုမဆိုးလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ဒီဆောင်းပါးလေး ဖတ်ပြီးရင်လည်း ကိုယ့်အိမ်က ဘိုးဘိုး ဘွားဘွားတွေအတွက် သေချာဂရုစိုက်ပေးဖို့ မမေ့ကြနဲ့ဦးနော်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/causes-of-joint-pain-in-elderly/
လူတစ်ယောက်က တစ်နေ့ ဆားပမာဏ ဘယ်လောက်စားသင့်လဲ
Salt ဆိုတာ စကားလုံး လက်တင်စကား Sal မှ ဆင်းသက်လာတာပါ။ Sal ရဲ့ လက်တင် အဓိပ္ပါယ်ကလည်း ဆားပါပဲ။ ဆားဟာ တစ်ချိန်က အဖိုးတန်တဲ့ ရှားပါးပစ္စည်းတစ်ခုဖြစ်ကာ ငွေကြေးပစ္စည်း တစ်ခု အဖြစ် အသုံးပြုခဲ့ကြပါတယ်။ လစာဆိုတဲ့ အင်္ဂလိပ်စကား Salary ဟာ Salt ဆိုတဲ့ စကားမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဆားကို အရင်ခေတ်ကာလကတည်းက အစားအသောက် အရသာ အတွက်နဲ့ အစားအစာတွေ ကြာရှည်ခံစေရန် အတွက် အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင်ကို ဆားကို သားရေနယ်တဲ့ လုပ်ငန်း၊ ဆိုးဆေးလုပ်ငန်း၊ အရောင်ချွတ်ခြင်း လုပ်ငန်း၊ အိုးထုတ်လုပ်ခြင်း၊ ဆပ်ပြာနဲ့ ကလိုရင်း ထုတ်လုပ်ရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ဓါတု စက်မှုလုပ်ငန်းတွေမှာ ဆားကို ကုန်ကြမ်း ပစ္စည်း အဖြစ် ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိပါတယ်။မြန်မာနိုင်ငံမှ လူအများစုက ပင်လယ်ရည်ထွက် ပစ္စည်းတွေဖြစ်တဲ့ ဆား၊ ငါးပိ၊ ငါးဆားနယ်၊ ပင်လယ်ငါးခြောက် စတဲ့ ဆားပါဝင်မှု မြင့်မားတဲ့ အစားအစာတွေကို စားသုံးလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ဆား စားသုံးမှုလွန်ကဲခြင်းကြောင့်ဖြစ်ရတဲ့ ရောဂါ ဖြစ်ပွားနှုန်းမြင့်ပါတယ်။ ခန္ဓါကိုယ် အရည်ဓါတ် ဟန်ချက် ညီမျှနေစေဖို့၊ ကြွက်သား လုပ်ဆောင်ချက်နဲ့ အာရုံကြော လုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့အတွက် လူတိုင်း ဆားစားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဆားပမာဏ များစွာ စားသုံးခြင်းက ကျွန်တော်တို့ ကျန်းမာရေးအတွက် ဆိုးကျိုး ဖြစ်စေတယ်ဆိုတာ လူတော်တော်များများလည်း သိကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဆားပမာဏ ဘယ်လောက်များများ စားသင့်သလဲဆိုတာ မိတ်ဆွေ သိပါသလား။လူသားတွေရဲ့ ခန္ဓါကိုယ်ဟာ ဆိုဒီယမ် ပမာဏ ပါဝင်မှုအနိမ့်အမြင့်ကို ထိန်းညှိပေးနေပါတယ်။ အကယ်၍ ဆိုဒီယမ် ပမာဏ အရမ်းများနေမယ်ဆိုရင် ရေဆာလာပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေ မြန်နှုန်းမြင့်လာကာ ပိုနေတဲ့ ဆိုဒီယမ်ကို ဖယ်ရှားဖို့ လုပ်ဆောင်ပါတော့တယ်။ ဒီလို ဆိုဒီယမ် ပမာဏ များတဲ့အခါ ကျောက်ကပ် ကျောက်တည်ပြီး သွေးဖိအားမြင့်လာကာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုဒီယမ် ပမာဏ အရမ်းနည်းနေမယ်ဆိုရင်လည်း သင့်ရဲ့ သွေးထဲမှာ ဆိုဒီယမ် သိပ်သည်းဆက အဆမတန် နည်းပါးနေတဲ့ အခါမှာ ဖြစ်ပွားတဲ့ Hyponatremia ဆိုတဲ့ ဆားဓါတ်ချို့တဲ့တဲ့ ရောဂါ၊ မူးဝေခြင်း၊ အမြင်ရှုပ်ထွေးခြင်း၊ ကြွက်သားများ အကြောဆွဲခြင်းနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ကျွန်တော်တို့အားလုံး အိမ်သုံးဆားဟာ ဆိုဒီယမ် ကလိုရိုဒ် (Na Cl) ဖြစ်ကြောင်း သိကြပါတယ်။ ဆားမှာ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်းနဲ့ ကလိုရင်း ၆၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဆား ၁၀ ဂရမ်စားသုံးလိုက်တိုင်း ခန္ဓါကိုယ်ထဲကို ဆိုဒီယမ် ၄ ဂရမ် ရောက်သွားတာပါ။ ကျန် ၆၀ ရာခိုင်နူန်းကတော့ ကလိုရင်း ဖြစ်ပါတယ်။ ဆိုဒီယမ်ဟာ ဆားရဲ့ ၄၀ ရာခိုင်နှုန်း အဖြစ်ပါဝင်နေတဲ့ အတွက် အစားအစာတစ်ခုရဲ့ အညွန်းထဲမှာ ဆားအစား ဆိုဒီယမ် လို့ပြထားမယ်ဆိုရင် ဒီအဖြေကို ၂.၅ နဲ့မြှောက်ပြီးမှသာ ဆားပမာဏကို သိနိုင်မှာ ဖြစ်ပါတယ်။ဆိုဒီယမ်ဟာ လျှပ်လိုက်ရည်ဖြစ်ပြီး ခန္ဓါကိုယ်အတွင်းရှိ ဆဲအတွင်းနဲ့အပြင်က အရည်ပမာဏကိုစီးနိုင်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းရေပမာဏနဲ့ ဆိုဒီယမ် ပမာဏဟာ နှလုံးကျန်းမာရေး၊ အသည်း ကျန်းမာရေးနဲ့ ကျောက်ကပ်ကျန်းမာရေးတို့အတွက် အရေးကြီးပါတယ်။ ဆိုဒီယမ်ဟာ ခန္ဓါကိုယ်အရည်တွေကို ထိန်းချုပ်ပေးပြီး သွေးဖိအား နည်းခြင်းကိုလည်း တားဆီးပေးပါတယ်။ တစ်ခါတစ်ရံ ရေ အများအပြား သောက်သုံးတဲ့အခါမှာလည်း။ခန္ဓါကိုယ်အတွင်းက ဆိုဒီယမ်တွေ အားပျော့သွားတဲ့အတွက် ဆိုဒီယမ် ချို့တဲ့ တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ အခါမျိုးမှာတော့ ဆီးရွှင်စေတဲ့ ဆေးတွေကို သောက်သုံးပြီး ခန္ဓါကိုယ်အတွင်းက အရည်ပမဏကို လျှော့ချနိုင်ပါတယ်။ ခန္ဓါကိုယ်တွင်းဆိုဒီယမ် ပမာဏကို နည်းပါးစေနိုင်တဲ့ တစ်ခြားသော အကြောင်းရင်းတွေကတော့။ခန္ဓါကိုယ်အတွင်း ဆိုဒီယမ် ပမဏ ကျဆင်းသွားမယ်ဆိုရင် လူတစ်ယောက်ရဲ့ ဦးနှောက်လုပ်ဆောင်ချက်ကို ထိခိုက်လာမှာဖြစ်ပြီး အဲ့ဒီလူအနေနဲ့ နှေးကွေးပြီး နှုံးကျသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြွက်သား အကြောဆွဲခြင်း ၊ လေသင်တုန်း ဖြတ်ခြင်း၊ သတိမေ့ခြင်း၊ မေ့မြောခြင်း (Coma) နဲ့ သေဆုံးခြင်း အထိပါ ဖြစ်စေနိုင်ပါတယ်။ဆိုဒီယမ် ပမာဏ ကျဆင်းသွားတဲ့အခါ မှာ ဖြစ်ပျက်တဲ့ အချိန်က တော်တော်လေးကို မြန်ပါတယ်။ လေ့လာချက်တစ်ခုအရတော့ ကြွက်များဟာ ဆိုဒီယမ် ပမာဏ နည်းပါးသွားတဲ့ အခါမှာ သူတို့တွေဟာ သူတို့ ပုံမှန်လုပ်ဆောင်နေကြ လုပ်ဆောင်ချက်တွေ မလုပ်ကြတော့ ကြောင်းတွေ့ခဲ့ရပါတယ်။ ဒါကြောင့် လေ့လာသူတွေကတော့ ဆိုဒီယမ်ဟာ စိတ်ဓါတ်ကျခြင်းကို ကုသနိုင်တဲ့ ဆေးနည်းတစ်ခုအဖြစ် လုပ်ဆောင်နိုင်တယ်လို့ ဆိုထားပါတယ်။ဆားပမာဏ အများအပြားစားသုံးတဲ့ အခါမှာ အရိုးပွရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးဖိအားပမာဏများပြားခြင်းနဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများနဲ့ လေသင်တုန်းရောဂါ လိုမျိုး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းရဲ့ လေ့လာချက်အရ ဆိုဒီယမ် ပမာဏ သွေးကြောထဲများပြားနေတဲ့အခါ သွေးကြောထဲကို ရေပမာဏာအများအပြား ရောက်လာပါတော့တယ်။ ဒီလို သွေးပမာဏ မြင့်တက်လာတဲ့အခါ။နှလုံးကနေ ခန္ဓါကိုယ်အနှံ့သွေးတွေ ရောက်ဖို့ အတွက် ပိုပြီး အလုပ်လုပ်ရပါတော့တယ်။ဒီလို အလုပ်လုပ်ရတဲ့ အခါမှာ သွေးကြောများရဲ့ နံရံများဟာ ပိုကျယ်လာပြီး ပျက်စီးဖို့ ပိုလွယ်လာစေပါတယ်။ သွေးဖိအားများတဲ့ အခါမှာ သွေးလွှတ်ကြောထဲ ဂျိုးများကပ်လာနိုင်ပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါ အပြင် တစ်ခြားသော ကျန်းမာရေး ပြဿနာ များစွာ ဖြစ်လာနိုင်ပါတယ်။ ဆိုဒီယမ်ရဲ့ ဆိုးကျိုးတွေကို လျော့ပါးစေနိုင်တဲ့ ဓါတ်တစ်ခုကတော့ ပိုတက်ဆီယမ်ဖြစ်ပါတယ်။ဒါကြောင့် အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း American Heart Association (AHA) က လူတွေကို ဆိုဒီယမ်လျှော့စားတဲ့ အချိန်မှာပဲ ပိုတက်စီယမ် ပါဝင်တဲ့ အစားအစားတွေကို စားသုံးဖို့ အကြံပေးထားပါတယ်။ ဆိုဒီယမ်ဟာ ကိုယ်ခံစားစနစ်ကိုလည်း အလွန်ကျွံ လှုံ့ဆော်နိုင်ပြီး ကိုယ်ခံအားစနစ်က အလွန်အကျွံ အလုပ်လုပ်ကာ ကောင်းမွန်တဲ့ တစ်ရှုးများကို တိုက်ခိုက်ပြီး အရေပြား အနာတွေ ဖြစ်စေနိုင်တဲ့ Lupus ရောဂါ၊ ကြွက်သားမာကြောခြင်း၊ ဓါတ်မတည့်ခြင်းနဲ့ တစ်ခြားသောဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။လူတစ်ယောက် ဆားပမဏ ဘယ်လောက်စားပေးရမလဲ။အမေရိကန်နိုင်ငံရဲ့ စစ်တမ်းများအရတော့ အမေရိကန်တစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၃.၄ ဂရမ် (၃၄၀၀ မီလီဂရမ်) စားသုံးလျက်ရှိနေကြောင်းသိရပါတယ်။ ဆားမှာ ဆိုဒီယမ်က ၄၀ ရာခိုင်နှုန်းပါဝင်နေတဲ့အတွက် ဆားပမာဏနဲ့ တွက်မယ်ဆိုရင် ဆား ၈.၅ ဂရမ် (၈၅၀၀ မီလီဂရမ်) စားသုံးနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနဲ့ အမေရိကန် နှလုံးကျန်းမာရေးဆိုင်ရာ အဖွဲ့တို့ရဲ့ အဆိုအရ လူတစ်ယောက်ဟာ တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၁.၅ ဂရမ် ( ၁၅၀၀ မီလီဂရမ်) ထက်ပိုမစားသင့်ကြောင့် ထောက်ခံထားပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဟာ ၄ ဂရမ်နီးပါးခန့်ပါဝင်တဲ့ အတွက် တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဝက်ထက် ပိုမစားသင့်ပါဘူး။ အထူးသဖြင့် သွေးဖိအားမြင့်မားတဲ့သူတွေ၊ ဆီးချိုရောဂါ ရှိတဲ့လူတွေနဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ ရှိသူတွေက တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၁၅၀၀ မီလီဂရမ်ထက် ပိုပြီး မစားမိစေဖို့ သတိထားသင့်ပါတယ်။ ဆားမှာ ဆိုဒီယမ်ရော ကလိုရိုက်ရောပါဝင်တဲ့ အတွက် ဆား တစ်ဇွန်းမှာဆိုရင် ဆိုဒီယမ် ပမာဏ။၄၀ ရာခိုင်နှုန်းသာပါဝင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ဆိုဒီယမ် ပမာဏထက် ၂.၅ ဆခန့် ရှိတဲ့ ဆားကို စားသုံးနိုင်ပါတယ်။ တစ်နေ့မှာ ဆိုဒီယမ် ပမာဏ ၁၅၀၀ ခန့်သာစားသင့်တဲ့အတွက် အိမ်သုံးဆား သပ်သပ်တင်မကဘဲ သဘာဝ အစားအစာတွေမှာလည်း ဆိုဒီယမ်တွေ ပါဝင်နေတယ်ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။ဆိုဒီယမ်နဲ့ ဆားဟာ ပင်လယ်ရေထဲမှာ သဘာဝအတိုင်း ပါဝင်နေတဲ့ အပြင်ကို ဆားတောင်တွေမှာလည်း ပုံဆောင်ခဲအနေနဲ့ ပါဝင်နေပါသေးတယ်။ အသင့်စား အစားအစာတွေမှာ ပါဝင်တဲ့ ဆားပမာဏဟာ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေရဲ့၇၅ ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့ အတွက်ဆားလျှော့ဖို့ စဉ်းစားမယ်ဆိုရင် ဆားပမာဏ များတဲ့အစားအစာတွေ လျှော့စားဖို့လိုတဲ့အပြင် အသင့်ပြင်အစားအစာတွေကိုလည်း လျှော့စားဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့ ဒီနေ့စားသုံးနေတဲ့ ဆားပမာဏ အများစုဟာ ကြိုတင်ထုတ်လုပ်ပြီးသားအစားအစာနဲ့ အသင့်ပြင် အစားအစာတွေကနေ ရေခဲစိမ်ကြက်သားတွေ အထိ ပါဝင်နေပါတယ်။ ဒါအပြင့် သဘာဝ အတိုင်း ဖြစ်နေတဲ့ အစားအစာတွေမှာလည်း ဆိုဒီယမ်နဲ့ ဆားပါဝင်နိုင်ပါတယ်။ အဲ့လို အစားစာတွေကတော့ အသားစိမ်းများ၊ ပင်လယ်စာများ၊ ဥများ၊ အသီးအရွက်တစ်ချို့နဲ့ နို့ထွက်အစားအစာတွေ ဖြစ်ပါတယ်။ ဘယ်လို ဆားအမျိုးအစားပဲ ဖြစ်ဖြစ် ဆိုဒီယမ် ပမာဏ ၄၀ ရာခိုင်နှုန်း အထိပါဝင်ပြီးပိုတက်ဆီယမ်နဲ့ တစ်ခြားသောဓါတ်သတ္တုတွေ ပမာဏ အနည်းငယ်သာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဆားကို ပုံမှန်ပမာဏအတွင်းသာစားသုံးသင့်ပါတယ်။ သဘာဝ အစားအစာတွေထဲ ဆိုဒီယမ် ပါဝင်နှုန်းကတော့-။တစ်ခြားသော အသီးအနှံတွေကတော့ ဆိုဒီယမ် ပမာဏ နည်းပါးပါတယ်။ ဒါပေမဲ့ စည်သွပ်ထားတဲ့ အသီးအရွက်တွေမှာတော့ ဆားတွေ ထည့်ထားနိုင်တဲ့အတွက် ဆိုဒီယမ် ပမာဏ မြင့်မားနေနိုင်ပါတယ်။ ဒါ့ကြောင့် စည်သွပ်ထားတဲ့ အစားအစာတွေမှာဆားပမဏ ပိုထပ်ထည့်စရာမလိုပါဘူး။ တစ်နှစ်ရွယ်အောက်ကလေးတွေရဲ့ ကျောက်ကပ်တွေကလည်း လုံလုံလောက်လောက် မဖွံ့ဖြိုးသေးတဲ့အတွက် ကလေးကျွေးတဲ့အစားအစာထဲမှာ ဆားလုံးဝ မထည့်သင့်ပါဘူး။ ဆားဟာ အစားအစာတိုင်းမှာ ပါဝင်နေနိုင်တဲ့အတွက် ကျွန်တော်တို့ တစ်နေ့တစ်နေ့ ဆားဘယ်လောက်စားနေလဲဆိုတာကိုအတိအကျသိရဖို့ ခက်ပါတယ်။ အထူးသဖြင့် လူတွေစားသုံးနေတဲ့ ဆားပမာဏဟာ ဆားဗူးထဲမှ တိုက်ရိုက်စားသုံးကြတာ မဟုတ်ဘဲ အသင့်စားအစားတွေမှ လာတာဖြစ်ပါတယ်။ ဒါကြောင့် အသင့်စား အစားအစာတွေ စားသုံးတဲ့အခါ အစားအစာ ပါဝင်နှုန်းပြထားတဲ့နေရာမှာ ဆားပမာဏ၊ ဆိုဒီယမ် ပမာဏ ဘယ်လောက်ပါဝင်လဲဆိုတာ သိရဖို့ အတွက် စစ်ဆေးသင့်ပါတယ်။ ဆားမှာ ဆိုဒီယမ်က ၄၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် အစာအစား ပါဝင်နှုန်းစာရွက်မှာ ဆားအစား ဆိုဒီယမ်လို့ ပြထားမယ်ဆိုရင် ဆားပမာဏကို သိရဖို့အတွက် ၂.၅ နဲ့ မြှောက်မှ ဆားရဲ့ ပမာဏကို ရလာမှာ ဖြစ်ပါတယ်။ ဥပမာ အသင့်စား အစား ၁၀၀ ဂရမ်မှာ ဆိုဒီယမ် ၁ ဂရမ် ပါဝင်မယ်ဆိုရင် ဒီအစားအစာထဲမှာ ပါဝင်တဲ့ ဆားပမာဏဟာ ၂.၅ ဂရမ် ဖြစ်ပါတယ်ယ။ ဒီလို လိုက်တွက်နေရတာ အလုပ်ရှုပ်ကောင်း ရှုပ်နိုင်ပေမဲ့ ကျန်းမာရေး အညွှန်းတွေက ဆားအစား ဆိုဒီယမ်ကိုသာ ဖော်ပြတာ ဖြစ်တာကြောင့် ဆိုဒီယမ် ပမာဏကို သိရဖို့က အရေးကြီးပါတယ်။ အစားအစာတစ်ခုက ဆိုဒီယမ် လုံးဝ မပါဝင် ဘူးလို့ဆိုထားရင်တောင် အနည်းဆုံးတော့ ဆိုဒီယမ် ၅ မီလီဂရမ် (ဝ.၀၀၅ ဂရမ်) ကတော့ ပါဝင်နိုင်ပါသေးတယ်။ သဘာဝ အသားငါးတွေ၊ အသီးအရွက်တွေနဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း ဆားပါဝင်နိုင်တဲ့အတွက် အာဟာရ ဗေဒဆိုင်ရာပညာရှင်တွေကတော့ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ဖို့ ညွှန်းဆိုထားကြပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/how-much-sodium-should-you-eat-per-day/
4 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။ခုဆိုရင် သင့်ရင်သွေးလေးဟာ လေးပတ်သားလေးဖြစ်နေပါပြီ။ ကလေးလေးဟာ စုပ်ရတာကိုပိုနှစ်သက်လာသလို လိုလည်းလိုအပ်တာကြောင့် မတားပါနဲ့။ သင့်ရင်သွေးလေး ငြိမ်နေဖို့ ချိုလိမ်လေးတွေက တော်တော်အသုံးဝင်လာတာကို တွေ့ရမှာပါ။ တစ်ခါတလေ ကလေးလေးဟာ သူ့လက်မ သို့မဟုတ် လက်ချောင်းလေးတွေကိုပါ စုပ်နေတာကိုတွေ့ရတတ်ပါတယ်။ လေးပတ်မြောက်မှာဆိုရင် သင့်ရင်သွေးလေးမှာ အမြင်အာရုံတွေပိုကောင်းလာပြီး ၂၀-၃၅ စင်တီမီတာ အကွာက အရာတွေကို ကောင်းကောင်းအာရုံစိုက်ကြည့်နိုင်လာပါပြီ။သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။ကလေးကိုနိုးနေလျှင်တောင်မှ ပက်လက်အနေအထားနှင့်သာအိပ်စေဖို့မမေ့ပါနဲ့၊ သူတို့ခေါင်းလေးတွေဟာ ချိုင့်ဝင်နိုင်ချေရှိတာမို့ ကျောနှင့်သာအိပ်စေခြင်းက ထိုအခြေအနေကို ကာကွယ်နိုင်မှာပါ။သူတို့ခေါင်းလေးတွေထောင်လာပြီး သင့်ကိုကြည့်ဖို့အတွက် သူတို့မျက်စိရှေ့ သင့်မျက်နှာကိုထားပြီး မြှူပါ။ မှောက်လျက်အနေအထားမှာ တဘက်၊ စောင် အလိပ်ကလေးကို သူတို့ရင်ဘတ်အောက်မှာထားပြီး သူတို့ခေါင်းလေးတွေထောင်လာနိုင်ဖို့ ကူညီနိုင်ပါတယ်။ မကြာခင်မှာ သူတို့ရဲ့အာရုံကြောအဖွဲ့အစည်းတွေ၊ကြွက်သားထိန်းချုပ်မှုစနစ်တွေ ဖွံ့ဖြိုးလာပါတော့မယ်။ဆရာဝန်နဲ့ ဘာတွေဆွေးနွေးသင့်လဲ။ဒီအချိန်မှာတော့ ဆရာဝန်ချိန်းတဲ့အချိန် စစ်ဆေးဖို့သွားရပါမယ်။ ဆရာဝန်က။• ကလေးခြေဖနောင့်လေးမှသွေးယူကာ ကလေးမှာ phenylketonuria ဆီးရောဂါတစ်မျိုးမျိုးရှိသလား၊ သိုင်းရွိုက်ဟော်မုန်းနည်းသလား သွေးစစ်ကြည့်ပါလိမ့်မယ်။ သွေးစစ်ခြင်းဟာ တခြားသောဇီဝဖြစ်စဉ် ချို့ယွင်းမှုတွေကိုလည်း စစ်ဆေးနိုင်ပါလိမ့်မယ်။ တခြားသောကျန်းမာရေးအခြေအနေတွေကိုသိရှိနိုင်ဖို့ အခြားသောစစ်ဆေးမှုတွေပြုလုပ်လိုပါကလည်း တောင်းဆိုနိုင်ပါတယ်။• အသည်းရောင်ဘီ အတွက် ကာကွယ်ဆေးထိုးဖို့လိုလာပါပြီ။ သင့်မှာထိုရောဂါရှိနေပါက ပိုလို့ပင်အရေးကြီးပါတယ်။ တကယ်လို့သင့်မှာမရှိပါက ကလေးငယ်ကို ပထမနှစ်လအတွင်း ကာကွယ်ဆေးထိုးပေးနိုင်ပါတယ်။ အသက်နှစ်လအရွယ်မှာ ဆုံဆို့ကြက်ညှာမေးခိုင် သုံးမျိုးစပ်ကာကွယ်ဆေးလည်း ထိုးပေးလည်းရပါတယ်။ သင့်ကလေးကို ကာကွယ်ဆေးထိုးတော့မည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။• အကြားအာရုံစမ်းသပ်ခြင်း။ သင့်ရင်သွေးလေး အကြားအာရုံကောင်းမကောင်းကို ဆရာဝန်ကစစ်ဆေးပါလိမ့်မယ်။ဘာသိသင့်လဲ။ပထမလတွေဟာ ကလေးတွေအများဆုံးငိုသောအချိန်တွေပါ။ လေထိုးလေအောင့်ခြင်းဟာ ကလေးတွေမှာ အချိန်အကြာဆုံးငိုစေတဲ့အကြောင်းတစ်ခုပါ။ အသက်သုံးလအောက်ကလေးတွေရဲ့ ၁၀-၂၅ ရာခိုင်နှုန်းလောက်မှာဖြစ်တတ်ပါတယ်။ ကလေးတွေဟာ ပထမဆုံးသုံးလမှာ အငိုဆုံးဖြစ်ပါတယ်။ ဒါပေမယ့်လေထိုးလေအောင့်ကြောင့်ငိုတာကတော့ မတူပါဘူး။ ဆရာဝန်တွေက ‘သုံး’ သုံးမျိုးနဲ့ခွဲပါတယ်၊ တခါငိုရင်သုံးနာရီလောက်ငိုခြင်း၊ တစ်ပတ်မှာအနည်းဆုံးသုံးကြိမ်ဖြစ်ခြင်း၊ အနည်းဆုံး သုံးလလောက်ကြာခြင်း။ များသောအားဖြင့် တတိယပတ်နဲ့ ဆဌမပတ်တို့မှာဖြစ်တာများပါတယ်။ တခါတရံ လေအောင့်ခြင်းဟာ ညနေပိုင်းတွေမှာ ရုတ်တရတ်ထဖြစ်တာမျိုးလည်းရှိပါတယ်။ ကလေးတွေဟာ ချော့မရအောင် သည်းကြီးမည်းကြီးငိုတတ်ပြီး လက်သီးလေးတွေဆုတ်ကာ၊ ခြေထောက်လေးတွေ မိုးပေါ်မြှောက်ပြီး ငိုတတ်ကြပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူတတ်ပေမယ့် များသောအားဖြင့် သုံးလလောက်ကြာပြီးရင် ပျောက်သွားလေ့ရှိပါတယ်။ဒါဟာကလေးတွေရဲ့ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ အစာချေစနစ်ကြောင့် ဒါမှမဟုတ် အစာနဲ့မတည့်တာကြောင့်ဖြစ်နိုင်တယ်လို့ ထင်ကြပါတယ်။ တချို့ကတော့ ဒါဟာကလေးတွေရဲ့ ဖွံ့ဖြိုးဆဲဖြစ်တဲ့ အာရုံကြောစနစ်ကြောင့် ဒါမှမဟုတ် သူတို့ရဲ့ နုနယ်သေးတဲ့သဘာဝတရားကြောင့် ဖြစ်မယ်လို့ ထင်ကြပါတယ်။ ကလေးတွေလေထိုးလေအောင့်ခံစားနေရရင် မိဘတွေအနေနဲ့ စိတ်မကောင်းဖြစ်ရပေမယ့် ဒါဟာ ယာယီပြဿနာပါ။ကလေးတစ်ဦးချင်းစီဟာ ကွဲပြားကြပြီး နည်းအမျိုးမျိုးနဲ့ ချော့ရတာကြောင့် ဘယ်နည်းက ကလေးအတွက်အကောင်းဆုံးဖြစ်မလဲ စမ်းသပ်ကြည့်သင့်ပါတယ်။• သင့်သားအိမ်ထဲကလို နွေးနွေးထွေးထွေးနဲ့ ငြိမ်သက်သာယာတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြည့်ပါ။ စောင်ပုံလေးထဲမှာထွေးထားပြီး သင့်ရင်ခွင်ထဲ ဒါမှမဟုတ် ပုခက်ထဲမှာ လှုပ်ယမ်းပေးပါ။• တချို့ကလေးတွေက ကြိမ်နှုန်းတူဆက်တိုက်ဖြစ်နေတဲ့ အသံတစ်ချို့နဲ့ချော့လို့ရတတ်ပါတယ်။ ဥပမာ- ဖုန်စုပ်စက်လို၊ အဝတ်လျှော်စက်လိုမျိုး ။ နောက်တစ်နည်းကတော့ ရေနွေးနွေးလေးနဲ့ ရေချိုးတာဖြစ်ဖြစ် ၊ ရေနွေးပုလင်းလေး ကလေးဝမ်းဗိုက်ပေါ်ထားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ချိုလိမ်လေးပေးထားတာမျိုးလုပ်ကြည့်နိုင်ပါတယ်။ တချို့မိဘတွေကတော့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ လေဆေးမျိုးနဲ့အဆင်ပြေတယ်လို့လည်းပြောကြပါတယ်။• ကလေးလေးငိုနေတာကိုကြားရတာ စိတ်ပင်ပန်းပြီး ရှု့ပ်ထွေးစရာပါ။ ဒါကြောင့် သင့်နဲ့အလှည့်ကျ ကလေးကိုချီဖို့၊ ချော့ဖို့ တစ်ယောက်ရှိထားရင် ပိုအကူအညီဖြစ်ပါလိမ့်မယ်။ တကယ်လို့သင်ဟာ သန့်စင်ခန်းအသုံးပြုဖို့ပဲဖြစ်ဖြစ် ကလေးကိုခဏထားခဲ့ရတော့မယ်ဆိုရင် ခဏလေးပဲဖြစ်ကြောင်း သူ့ကိုအာမခံခဲ့ပါ။ ကလေးက နာနာကျင်ကျင်ငိုနေတာဆိုရင်တော့ ဆရာဝန်ကိုအသိပေးပါ။ အလေးချိန်လျော့သွားရင်၊ ဖျားလာရင် ဒါမှမဟုတ် သုံးလထက်ကြာနေရင်တော့ တခြားကျန်းမာရေးပြနာတွေရဲ့ လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။ဘာတွေစိတ်ပူလဲ။ဒီအရွယ်မှာ ဆေးလိပ်သောက်ခြင်းနဲ့ ကလေးကျန်းမာရေးကို အထူးသတိထားသင့်ပါတယ်။ သင် သို့မဟုတ် သင့်ခင်ပွန်းသည်ဆေးလိပ်သောက်ရင်တော့ ရပ်ပစ်လိုက်တာကောင်းမှာပါ။ ဆေးလိပ်ငွေ့တွေဟာ ကလေးအတွက် အရမ်းကိုအန္တရာယ်များပါတယ်။ အဆုတ်အားနည်းစေပြီး ကလေးတွေကို ရောဂါပိုးဝင်စေခြင်း၊ အိပ်နေစဉ်အသက်ရှူရခက်ခြင်း တို့ဖြစ်စေနိုင်ပါတယ်။ ဒါဟာ မွေးကင်းစကလေးရုတ်တရက်သေဆုံးရခြင်းကို နှစ်ဆပိုဆိုးစေပါတယ်။ သင်က ကလေးလေးအခန်းထဲမှာ မသောက်ရင်တောင်မှ အငွေ့တွေ ဓါတုပစ္စည်းတွေဟာ မိနစ်ပိုင်းအတွင်း သင့်တစ်အိမ်လုံးကို ပျံ့သွားနိုင်ပါတယ်။ဆရာဝန်နဲ့ဆေးလိပ်ဖြတ်ဖို့တိုင်ပင်ပါ။ မိသားစုဝင်တစ်ယောက်ယောက်က ချက်ခြင်းမဖြတ်နိုင်ဘူးဆိုပါက သင့်ရင်သွေးလေးကို မထိခိုက်အောင် ဘယ်လိုစောင့်ရှောက်ရမလဲ ဆရာဝန်နဲ့တိုင်ပင်ပါ။စတုတ္ထမြောက်ရက်သတ္တပတ်ကို ဖြတ်သန်းလာခဲ့ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။မပူပါနဲ့၊ ဘယ်လိုတွေကြုံနေရ ကြုံနေရ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး။ နောက် ၅ပတ်မြောက်မှာလည်း သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိနေမှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/4-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
ကိုဗစ်က သက်သာလာရင်ရော ဘာတွေခံစားရနိုင်မလဲ………
ကိုဗစ်ကူးစက်ခံရသူ အများစုဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဖြည်းဖြည်းချင်း ပြန်လည် ကျန်းမာလာကြတယ် ဆိုပေမယ့် အချို့သူတွေမှာတော့ ကိုဗစ်အလွန်ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ကိုဗစ်အလွန်ဝေဒနာတွေဆိုတဲ့နေရာမှာ မျိုးစိတ်အသစ် ထပ်မံ ကူးစက်ခံရတာမျိုး ဖြစ်နိုင်သလို ခံစားခဲ့ရတဲ့ကိုဗစ်ဗိုင်းရပ်စ်အမျိုးအစားကို တကျော့ပြန် ပြန်ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုဗစ်ကူးစက်ခံရပြီး ၄ ပတ်ကနေ ၄ ပတ်အထက် ကာလအတွင်းမှာလည်း အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ကိုဗစ်ကူးစက်ခံရပေမယ့်လက္ခဏာမပြတဲ့သူတွေမှာလည်း ကိုဗစ်အလွန် ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက အမျိုးအစား ကွဲပြားနိုင်သလို  ခံစားရတဲ့အချိန်ကာလလည်း ကွာခြားနိုင်ပါတယ်။ တစ်မျိုးမက ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ကိုဗစ်က သက်သာလာပြီဆိုရင်တောင်မှ ကိုဗစ်အလွန် ဝေဒနာကို ရက်သတ္တပတ်နဲ့ချီပြီး ခံစားရတာမျိုး ရှိနိုင်သလို လနဲ့ချီပြီး ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ဒီလက္ခဏာတွေက ပြင်းထန်စွာခံစားရသူတွေမှာမှ ခံစားရတာ မဟုတ်ပါဘူး။ သိပ်မပြင်းထန်သူတွေမှာရောရောဂါလက္ခဏာမပြသူတွေမှာပါ ခံစားရနိုင်ပါတယ်။ ကိုဗစ်အလွန်မှာ အခုလို ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ကိုဗစ်ရောဂါခံစားရဖူးသူတွေ အထူးသဖြင့် ရောဂါပြင်းထန်သူတွေမှာ multiorgan effects ဒါမှမဟုတ် autoimmune conditions ကို ရက်သတ္တပတ်နဲ့ ချီပြီးဖြစ်ဖြစ်၊ လနဲ့ချီပြီးပဲ ဖြစ်ဖြစ် ခံစားရနိုင်ပါတယ်။multiorgan effects ကို အဓိက ခံစားရနိုင်တဲ့ အစိတ်အပိုင်းတွေကတော့နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊အရေပြား၊ ဦးနှောက်တို့ပါ။ Autoimmune conditions ကို ခံစားရတဲ့အခါမှာတော့ ကိုယ်ခံအားစနစ်က ကျန်းမာတဲ့ကိုယ်ခံအားဆဲလ်တွေကို မှားယွင်းစွာ တိုက်ခိုက်မိတာကြောင့် ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်သလို နာကျင်တဲ့ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ တစ်သျှူး ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ကလေးတွေမှာတော့ multisystem inflammatory syndrome (MIS) ကို ခံစားရနိုင်ပါတယ်။ MIS က ခန္ဓာကိုယ်ရဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ဒီလက္ခဏာတွေကို ခံစားရပြီဆိုရင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကိုဗစ်က ပြန်လည် ကျန်းမာလာချိန်မှာ ပြည့်ပြည့်ဝဝ အနားယူဖို့ လိုသလို အာဟာရပြည့်ဝအောင် စားဖို့လည်း လိုပါမယ်။ အစားစားချိန်မှန်ဖို့လည်း မေ့ထားလို့ မရပါဘူး။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/post-covid-conditions/
ငှက်ပျောသီး တစ်နေ့ နှစ်လုံးစားတဲ့အခါ ဘာတွေဖြစ်မလဲ
ငှက်ပျောသီးဟာ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါ။ အမျိုးအစားစုံလင်လှသလို အားလုံးနီးပါးက ချိုမြိန်တဲ့အရသာနဲ့ ကြွယ်ဝလှတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ငှက်ပျောသီးကFiber လို့ခေါ်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အမျှင်ဓာတ်ကလည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး တစ်နေ့ကို ၂၅ ဂရမ်လောက် လိုအပ်ပါတယ်။ဒါတင်မကသေးပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လိုရီ၊ Fat၊ ပရိုတိန်း၊ဗီတာမင် C၊ဗီတာမင် B6၊ မဂ္ဂနီးစ်တို့လည်းပါဝင်နေပါသေးတယ်။ ငှက်ပျောသီးကို နေ့စဉ် လုံလောက်စွာစားပေးမယ်ဆိုရင် အမျှင်ဓာတ်ကြောင့် လူကို ဗိုက်ပြည့်တင်းတိမ်စေတာ၊ ကိုယ်အလေးချိန် လျော့ကျစေတာတွေ ဖြစ်စေနိုင်သလို နှလုံးရောဂါ၊ နာတာရှည်ရောဂါတွေနဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။ဒီလို အသုံးတည့်လှတဲ့ ငှက်ပျောသီးကို တစ်နေ့ကို ဘယ်နှစ်လုံးလောက် မှီဝဲသင့်သပါလဲ။ WHO ရဲ့ သတ်မှတ်ချက်တွေအရ တစ်နေ့ကို သစ်သီးဝလံ ၅ ခုလောက်စားပေးသင့်တယ်လို့ ဆိုထားပြီး ငှက်ပျောသီးကတော့ တစ်နေ့ ၂ လုံးလောက် မှီဝဲသင့်ပါတယ်။တစ်နေ့ကို ငှက်ပျောသီး ၂ လုံး မှီဝဲမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးဟာ ကျောက်ကပ်ကျန်းမာရေးအတွက် အရေးပါလှပြီး ကျောက်မတည်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါပေမယ့် ကျောက်ကပ်ပျက်စီးလို့ ပိုတက်ဆီယမ်ကို မစွန့်ထုတ်နိုင်တဲ့သူတွေကတော့ ငှက်ပျောသီးကို မစားတာ ပိုကောင်းပါတယ်။မဂ္ဂနီဆီယမ်ကြောင့်လည်းအင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုကောင်းစေပြီး သွေးချိုအတက်အကျကို တည်ငြိမ်စေဖို့ အထောက်အကူပေးသေးပါတယ်။ရာသီမလာခင် နာကျင်ကိုက်ခဲမှုတွေကိုလည်း ငှက်ပျောသီးက သက်သာစေပါတယ်။ ခန္ဓာကိုယ် အပူချိန်မျှတနေအောင်လည်း သူကထိန်းညှိပေးပါတယ်။ ငှက်ပျောသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့အစွမ်းတွေလည်း ပါရှိပါတယ်။နောက်ပြီး ငှက်ပျောသီး အတွင်းသား အခွံဖြူလေးကလည်း မျက်နှာအရေပြား ယားယံပြီး အဖုအဖိန့်ထတာတွေ၊ အရေးအကြောင်းထတာတွေနဲ့ တင်းတိပ်တွေကို ပျောက်ကင်းစေနိုင်တဲ့ အကျိုးအာနိသင်ကိုပေးစွမ်းသလို အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ဒါကြောင့် ဒီလိုကျန်းမာရေးအတွက် အထောက်အကူပေးတဲ့ ငှက်ပျောသီးကို နေ့စဉ်မှီဝဲပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်ပါတယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/26-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/eating-with-hands-vs-spoons/
Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း )
နာတာရှည် ကျောက်ကပ်ရောဂါဟုလည်း ခေါ်သော နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ဆိုသည်မှာ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်း ဆုံးရှုံးလာသော အခြေအနေ ကို ခေါ်ပါသည်။ ကျောက်ကပ်၏ လုပ်ငန်းမှာ သွေးအတွင်းမှ အညစ်အကြေးများနှင့် ပိုလျှံသော အရည်များကို စစ်ထုတ်ပြီး ဆီးထဲမှ စွန့်ထုတ်ခြင်း ဖြစ်သည်။နာတာရှည်ကျောက်ကပ် ရောဂါသည် တန်းမြင့်အဆင့်သို့ ရောက်ရှိလာသောအခါ ခန္ဓါကိုယ် ထဲတွင် အရည်များ လျှပ်လိုက်ပျော်ရည်များ နှင့် အညစ်အကြေးများ အန္တရာယ်ရှိသော ပမာဏ အထိ စုပုံလာပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါ အစောပိုင်းတွင် ရောဂါလက္ခဏာ အနည်း ငယ်သာ ရှိပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါ သည် ကျောက်ကပ်လုပ်ငန်း သိသာစွာ မထိခိုက်မခြင်း သိသာထင်ရှားခြင်း မရှိပါ။နာတာရှည် ကျောက်ကပ်ရောဂါ၏ ကုသမှုများသည် ဖြစ်စေသော အကြောင်းရင်းကို ထိန်းချုပ်ခြင်းဖြင့် ကျောက်ကပ်ပျက်စီးမှုတိုးတက်ခြင်းကို နှေးကွေးစေပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါ ကျောက်ကပ်အစားထိုးခြင်း သို့မဟုတ် ကျောက်ကပ်ဆေးခြင်း မပြုလုပ်ပါက သေစေနိုင်သော နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်း အထိ တိုးတက် နိုင်ပါသည်။နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းသည် ကမ္ဘာ့လူဦးရေ၏ ၅-၁၀ ရာခိုင်နှုန်းကို ထိခိုက် စေသော အပြည်ပြည်ဆိုင်ရာ အသိမှတ်ပြုထားသော လူထု ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပါ သည်။အန္တရာယ် ရှိသော အချက်များကို လျော့ချခြင်း အားဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ကျောက်ကပ်ပျက်စီးမှုသည် နှေးကွေးစွာ ဖြစ်ပေါ်သောကြောင့် နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ၏ ရောဂါလက္ခဏာများသည် အချိန်အကြာအတွင်း တိုးတက်လာပါသည်။ကျောက်ကပ်ရောဂါ၏ ရောဂါလက္ခဏာများသည် တိတိကျကျသတ်မှတ် ထားခြင်း မရှိပါ။ ထို့ကြောင့် လက္ခဏာများ သည် အခြားရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ သင်၏ ကျောက်ကပ် သည် အလိုက်သင့်ပြောင်းလဲခြင်း မြင့်မားသောကြောင့် ရောဂါလက္ခဏာများသည် ပျက်စီးမှု ဆိုးရွှားမှသာ ပေါ်ပေါက်လာတတ်ပါသည်။စောစီးစွာ ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေ ပို၍ဆိုးရွှားခြင်းကို ရပ်တန့် ပေးပြီး နောက်ထပ်အရေးပေါ်အခြေအနေဖြစ်ခြင်းကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သော အခြေအနေကို ကာကွယ်ရန် ဆရာဝန်နှင့် အချိန်မီ ပြသပါ။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေ ကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း၏ အကြောင်းရင်း ကိုမသိရှိသေးပါ။ သို့သော် သွေးကြောများ နှင့် ကျောက်ကပ်အတွင်းမှ အခြား ဖွဲ့စည်းမှုများကို ထိခိုက်စေသော အခြေအနေ များ သို့မဟုတ် ရောဂါ များသည် ကျောက်ကပ်ရောဂါကို ဦးတည် ဖြစ်စေပါသည်။အောက်ပါ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေသောအကြောင်းရင်း များသည် အဖြစ်များသော အကြောင်းရင်းများဖြစ်ပါသည်။ကျောက်ကပ်ကိုထိခိုက်စေပြီး နာတာရှည်ကျောက်ကပ်ရောဂါကို ဖြစ်စေသော အခြား အခြေအနေ များမှာ။အောက်ပါအချက်များရှိပါက နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း။ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေး ချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်တွင် ဤရောဂါရှိသည်ဟု သံသယရှိပါက ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ နှင့် အချို့ ဆေးစစ်ခြင်းများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ပါ။ ရောဂါအဖြေရှာသော စစ်ဆေးမှုအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။ကျောက်ကပ်သည် သွေးနီဥများ ပြုလုပ်ရန် လိုအပ်သော erythropoietin ဟော်မုန်း ကို လုံလောက်စွာ မထုတ်လုပ်နိုင်သောအခါ သွေးအားနည်း ရောဂါ ဖြစ်နိုင်ပါသည်။ သွေးအားနည်း ရောဂါကို စောင့်ကြည့်ရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။နာတာရှည်ကျောက်ကပ်ပျက်စီးမှုကုသခြင်း၏ ရည်ရွယ်ချက်သည် ထပ်မံ၍ ကျောက်ကပ် ပျက်စီးခြင်းကို နှေးစေရန် သို့မဟုတ် ကာကွယ်ရန် ဖြစ်ပါသည်။ ဆီးချို သို့မဟုတ် သွေးတိုး စသော အခြေအနေများသည်လည်း ကျောက်ကပ်ရောဂါကို ဖြစ်စေပါသည်။ထို့ကြောင့် ကျောက်ကပ် ရောဂါ ကို ဖြစ်စေသော အခြေအနေကို ဖော်ထုတ်ပြီး ထိန်းချုပ်ရန် အရေးကြီးပါသည်။ ရောဂါကို ကာကွယ်ရန်နှင့် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသော သို့မဟုတ် ပို၍ဆိုးစေသော အခြေ အနေများကို ရှောင်ရှားရန် လည်းအရေးကြီးပါသည်။ကုသမှု၏ အရေးကြီးသော တစ်ပိုင်းမှာ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်စေသော ရောဂါကို ထိန်းချုပ်ရန်ဖြစ်သည်။ ကျောက်ကပ်ပျက်စီးမှုကို နှေးစေရန် သင်နှင့်သင့်ဆရာဝန်သည် သင့်အခြေ အနေကို ထိန်းချုပ် ကုသနိုင်သော အစီအစဉ်တစ်ခုကို ဖန်တီးရပါမည်။ဆီးချိုသွေးချို ရှိပါက သွေးတွင်းသကြားပမာဏကို အစားအစာများ၊ လေ့ကျင့်ခန်းများ နှင့် ဆေးများအသုံးပြုခြင်း ဖြင့် ထိန်းသိမ်းရန် အရေးကြီးပါသည်။ သွေးတိုးရှိပါက သွေးပေါင်ချိန်ကို သတ်မှတ်ထားသော အပိုင်းအခြားအတွင်း ထိန်းသိမ်းရန် လိုအပ်ပါသည်။ ဥပမာ- ၁၃၀/၈၀ ထက်နည်းသော။ACE inhibitors သို့မဟုတ် angiotensin II receptor blocker (ARB) စသော သွေးဆေး များကို သောက်သုံးသင့်ပါသည်။ ဤဆေးများသည် သွေးတွင်းမှပရိုတိန်းများကို လျော့ချပြီး သွေးပေါင် တက်ခြင်း ကို ထိန်းသိမ်းပေးပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကနာတာရှည် ကျောက်ကပ် ပျက်စီးခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ အကျိုးရှိသော နည်းလမ်းများသည် နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း ကို ကာကွယ်ရန် ကူညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/chronic-renal-failure-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9-%e1%80%b1%e1%80%80%e1%80%ac%e1%80%ba%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%95%e1%80%ba/
ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် ကိုဗစ် ကာကွယ်ဆေး အမှန် နဲ့ အမှား
ကိုဗစ်ဖြစ်ခဲ့တာ ၂ နှစ်ပြည့်လာခဲ့ပြီ ဖြစ်တဲ့အချိန်မှာကာကွယ်ဆေးတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ ၂ နှစ်တာကာလအတွင်း ကိုဗစ်ကလည်း အမျိုးမျိုး ဗီဇပြောင်းရင်းကူးစက်မှုတွေက ကလေးတွေမှာပါ ဖြစ်လာခဲ့ပါတယ်။ ဒီလို ဖြစ်လာတဲ့အချိန်မှာ မိဘတိုင်း ဖြစ်ချင်တဲ့ ဆန္ဒက ကိုယ့်ရဲ့ သားသမီးလေးတွေကို ကိုဗစ် ရန်ကနေ ကာကွယ်ပေးချင်တာပါ။ဒီလို ကာကွယ်ပေးတဲ့အခါမှာမတ်ခ်တပ်တာ၊ လက်ဆေးတာတွေအပြင် အခုနောက်ပိုင်းဆို ကလေးတွေမှာပါ ကာကွယ်ဆေး ထိုးနှံပေးလို့ ရလာခဲ့ပါပြီ။ ဒီလို ကာကွယ်ဆေး ထိုးနှံပေးလို့ ရလာတဲ့အချိန်မှာ ကလေးကို ကာကွယ်ဆေး ထိုးပေးရင် တကယ်ပဲ ကိုဗစ်ကို ကာကွယ်နိုင်မလား။ ကာကွယ်ဆေးက ကလေးကို ထိခိုက်စေမလားဆိုတာတွေအပြင် အခြားသော သတင်း အမျိုးမျိုးကို ကြားနေရချိန်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘယ်သတင်းက မှန်ပြီး ဘယ်အချက်တွေ မှားသိထားလဲဆိုတာကို အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်လား။လက်ရှိမှာကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကာကွယ်ဆေး ထိုးတာပါ။ ဒီလို ကာကွယ်ဆေး ထိုးတဲ့အခါ ကလေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေမှာ ရှိနိုင်မလားဆိုပြီး စိုးရိမ်နေတာမျိုးတွေလည်း ရှိနေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးဖို့ ပူပန်နေတာတွေက တကယ်ရော မှန်ရဲ့လားဆိုတာကို သိရှိနိုင်ဖို့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။လက်ရှိ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေထဲမှာ Pfizer က အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေကို ထိုးနှံပေးလို့ ရပြီလို့ အတည်ပြုချက် ရရှိထားပါတယ်။ ကာကွယ်ဆေး ထိုးတဲ့အခါ ဆေးထိုးထားတဲ့နေရာက နာကျင်တာ၊ခြေကုန်လက်ပမ်းကျတာ၊ကိုယ်လက်ကိုက်ခဲတာတွေရှိပေမယ့် ကလေးတွေကို အန္တရာယ် ဖြစ်စေတာမျိုး မရှိပါဘူး။လေ့လာသုတေသန ပြုချက်တွေအရလည်း ကာကွယ်ဆေးက ကလေးတွေကို ထိခိုက်စေတာမျိုး မရှိဘဲ စိတ်ချရတယ်လို့ သိရပါတယ်။ဒီအချက်ကလည်း မှားနေပါတယ်။ ကိုဗစ် ကာကွယ်ဆေးက ကလေးရဲ့ DNA ကို ပြောင်းလဲစေတာမျိုး မရှိပါဘူး။ကိုယ်ခံအားဆဲလ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်အောင် လေ့ကျင့်ပေးတာမျိုးပဲ လုပ်ဆောင်ပေးတာပါ။ဆဲလ်တွေရဲ့ အတွင်းပိုင်း နျုကလိယက်ထဲကို ဝင်ရောက်တာမျိုး မရှိတာကြောင့် DNA ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။နောက်တစ်ချက်ကတော့ ကိုယ်ခံအားကို ကိုဗစ်ကို ခုခံနိုင်အောင်ပဲ ပြင်ဆင်ပေးတာ ဖြစ်တာကြောင့် ကလေးအရွယ်ရောက်လာတဲ့အခါ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ဖြစ်ပွားသူ အရေအတွက်ရဲ့ ၁၄ ရာခိုင်နှုန်းက ကလေးတွေ ဖြစ်ကြသလို ကလေးတွေမှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရမှုတွေကလည်း ဆက်လက်မြင့်တက်နေပါတယ်။ အပြင်းအထန် ဖျားနာနိုင်ခြေ နည်းပေမယ့် ကိုဗစ် ကူးစက်ခံရနိုင်ခြေကတော့ မနည်းပါဘူး။ဒါကြောင့် ကလေးတွေကိုလည်းကိုဗစ် အန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကလေးတွေကိုလည်း ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးတာပါ။ကလေးမှ လူကြီးမှ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ လိုပါတယ်။ ကိုဗစ် ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာပြီဆိုရင်တောင်မှ နောက်ထပ်တစ်ကြိမ် ကူးစက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကာကွယ်ဆေး ထိုးနှံထားတာက အကောင်းဆုံး ဖြစ်မှာပါ။ကလေးက ကိုဗစ် ကူးစက်ခံထားရတယ်ဆိုရင် ပြန်ကောင်းလာပြီး ဘယ်လောက်ကာလအကြာမှာ ကာကွယ်ဆေး ထိုးနှံလို့ ရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါမယ်။ကိုဗစ်ကာကွယ်ဆေး ထိုးထားရင် အခြား ကာကွယ်ဆေးလည်း ထိုးလို့ ရပါတယ်။ တစ်ချိန်တည်းမှာတောင် ကာကွယ်ဆေးတွေကို အတူတူ ထိုးနှံလို့ရပါတယ်။ လေ့လာမှုတွေအရ ကိုဗစ်ကာကွယ်ဆေးကို အခြားကာကွယ်ဆေးတွေနဲ့ တစ်ရပ်တည်းမှာ ထိုးရင်လည်း ဆေးထိုးတာကြောင့် ခံစားရမယ့် ဆေးထိုးတဲ့နေရာကနာတာ၊ကိုယ်လက်ကိုက်ခဲတာတွေက ပိုဆိုး မသွားပါဘူး။မထိုးခင်မှာ ဆရာဝန်နဲ့ သေချာ တိုင်ပင်တာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ကိုဗစ်ကာကွယ်ဆေးက ကလေးရဲ့ နှလုံးကို ထိခိုက်စေတာမျိုးက ၁၀၀ မှာ ၁ ယောက်ပဲ ဖြစ်နိုင်ခြေ ရှိလောက်တဲ့အထိ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါ။ ကိုဗစ်ကာကွယ်ဆေး ထိုးတာကြောင့် နှလုံးရောင်တာမျိုး ဖြစ်ရင်လည်း အရမ်း ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မရှိပါဘူး။ ရက်အနည်းငယ်ကြာရင် သက်သာသွားမှာပါ။ကာကွယ်ဆေး ထိုးနှံတာကြောင့် နှလုံးရောင်တာထက် ကာကွယ်ဆေး မထိုးတာကြောင့် ကိုဗစ် ကူးစက်ခံရပြီး နှလုံး ထိခိုက်နိုင်ခြေက ပိုများပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/parents-need-to-know-about-covid-vaccines-myths/
Bone Spurs (အရိုးများငေါထွက်ခြင်း)
အရိုးများငေါခြင်းဆိုသည်မှာ အချို့သောချွန်ထက်သည့်အရိုးများသည် အရိုးမှ ငေါထွက်နေခြင်းကိုခေါ်သည်။ အရိုးငေါခြင်းအများစုမှာ ရောဂါလက္ခဏာမပြတတ်ပဲ အက်ဆီးဒင့်တခုခု ဖြစ်မှသိသည်အထိ သတိမထားမိပဲရှိနေတတ်သည်။ အချို့သောငေါနေသည့်အရိုးများသည် မနာကျင်စေတတ်သော်လည်း အချို့မှာ နာကျင်စေသည်။ အချို့သောငေါသည့် အရိုးများသည်ကုသမှုမလိုအပ်ပါ။ ကုသမှုများသည်အများအားဖြင့် ငေါထွက်သည့်အရိုးများတည်ရှိရာနေရာနှင့်ဖြစ်ပေါ်နေသည့် ရလဒ်များအပေါ်မူတည်သည်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အချို့သောငေါနေသည့်အရိုးများသည် မနာကျင်စေသောကြောင့် သတိမထားမိပဲရှိနေတတ်သည်။ တနည်းအားဖြင့်ဆိုပါက အရိုးငေါထွက်ပါက နာကျင်မှုကို ပထမဦးစွာခံစားရသည်။ ထို့နောက် ထုံကျင်လာပြီး အရိုးငေါနေသည့် နေရာများတွင် အထိမခံနိုင်လောက်အောင် နာကျင်မှုများဖြစ်လာနိုင်ပါသည်။ အကယ်၍ ခြေဖနောင့် အရိုးငေါပါက သင်သည် ခြေထောက်နာပြီး လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်နိုင်ပါသည်။ ကျောရိုးငေါပါက ထုံကျဉ်ခြင်း၊ကိုက်ခဲနာကျင်ခြင်း၊ကြွက်သားများအားနည်းခြင်းနှင့် မိမိ၏ကိုယ်အနေအထားတို့ကို ထိခိုက်စေနိုင်ပါသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အရိုးငေါစေသည့် အဓိကအကြောင်းအရင်းမှာ အရိုးများရောင်ရမ်းခြင်း(သို့)အရွတ်များရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်သည်။ ထိုအခြေအနေများတွင်သင်၏ကိုယ်မှ ရောင်ရမ်းခြင်းကို ကုသရန် ထိုကဲ့သို့ရောင်ရမ်းနေသည့်နေရာများကို ကယ်လစီယမ်များပို့ဆောင်ခြင်းဖြင့် အရိုးများငေါထွက်စေသည်။ မတူညီသောရောင်ရမ်းနေသည့် အရိုးနေရာများသည် မတူညီသော ငေါနေသည့် အရိုးများကို ဖြစ်ပေါ်စေသည်။ဥပမာ-။ကျောရိုးငေါခြင်းသည် ကျောရိုး၏အရွတ်ပြားများရောင်ရမ်းခြင်းကြောင့်ဖြစ်ပြီးခြေဖနောင့်အနောက်တွင်အရိုးငေါခြင်းသည်အာခီးလီးအရွတ်ပြားရောင်ရမ်းခြင်းကြောင့်ဖြစ်သည်။ဘယ်အရာတွေက အရိုးများငေါထွက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။အရိုး၏ပြဿနာပိုင်းဆိုင်ရာကို ပြောဆိုကြသောအခါ အသက်အရွယ်ကြီးသူများတွင် ဖြစ်နိုင်ချေများသည်မှာ ယေဘုယျသဘောဖြစ်နေသည်။ အသက်60ကျော်များတွင် အရိုးငေါခြင်းမကြာခဏဖြစ်ပွားလေ့ရှိသည်။ သို့သော်လည်း အသက်ငယ်သူများတွင် မဖြစ်ပွားနိုင်ဟုမဆိုလိုပါ။ အမှန်ဆိုရလျှင်ဒဏ်ရာရခြင်း၊အရိုးပြားနှင့် အဆစ်များထိခိုက်ပျက်စီးခြင်း(သို့)အနေအထားမမှန်ခြင်း တို့သည်လျှင်ပင် အရိုးငေါခြင်းကို ကိုယ်တစ်နေရာရာတွင် ဖြစ်ပွားစေတတ်သည်။ပို၍ပြောရလျှင်မျိုးရိုးလိုက်ခြင်းနှင့် အာဟာရတို့သည်လည်း ယခုရောဂါတွင် အရေးပါသည်။ အရိုးအဆစ်ရောင်ခြင်း(သို့)ကျောရိုးမကျဉ်းခြင်းတို့ဖြစ်နေသူများတွင်လည်း အရိုးငေါထွက်ခြင်းပိုမိုဖြစ်ပွာတတ်ကြောင်းသိရသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ ထိတွေ့ကိုင်တွယ်စမ်းသပ်ကာ မည်သည့်နေရာမှနာကျင်မှုဖြစ်ပေါ်သည်ကိုသိရှိနိုင်သည်။ ကုသမှုအားစီစဉ်နိုင်ရန် ထပ်မံပြုလုပ်နိုင်သောစစ်ဆေးမှုများမှာ အယ်ထရာဆောင်းရိုက်ခြင်း၊ဓါတ်မှန်ရိုက်ခြင်း၊အမ်အာအိုင်ရိုက်ခြင်းနှင့် စီတီရိုက်ခြင်းတို့ဖြစ်သည်။ကနဦးကုသမှုများမှာ ရောင်ရမ်းခြင်းကို သောက်ဆေး(သို့) ဖြစ်ပွားသောအရိုးနားတွင် ဆေးထိုးခြင်းဖြင့် သက်သာစေခြင်းဖြစ်သည်။ သို့သော် ကုသမှုသည် ငေါသည့်အရိုး၏နေရာတွင်မူတည်သည်။ ပြင်းထန်သောအခြေအနေများ ဥပမာ အာရုံကြောကိုပါထိခိုက်သွားသော အရိုးငေါရောဂါများတွင်ကား ခွဲစိတ်မှုလိုအပ်သည်။ကြွက်သားနှင့်အရိုးအား ကောင်းမွန်စေရန် လေ့ကျင့်ခန်းများလုပ်ခြင်းနှင့် အရိုးအတွက်လိုအပ်သည့် အာဟာရများထောက်ပံ့ရန်ကျန်းမာရေးညီညွတ်စွာစားသောက်ခြင်းတို့သည်လည်း အချို့သောလူသုံးများသည့် နည်းလမ်းများဖြစ်သည်။ သင်၏နေ့စဉ်တာဝန်များကို မနှောင့် ယှက်သည်အထိ အရိုးငေါခြင်းသည် ကုသရန် မလိုအပ်သေးဟုဆိုနိုင်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အရိုးများငေါထွက်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အောက်ပါအိမ်တွင်းဆေးမှီးတိုများကိုအသုံးပြုနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/bone-spurs-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%84%e1%80%ab%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကိုယ်ဝန်ဆောင်ရမှာ ကြောက်တဲ့ စိတ်ရောဂါ
‘သမီးက ယောကျာ်းပဲလိုချင်တာ၊ ကိုယ်ဝန်တော့ မဆောင်ချင်ဘူး’ လို့ပြောရင် လှောင်ကြပေမယ့် ဒီအဖြစ်အပျက်က တကယ်ရှိပါတယ်။ကိုယ်ဝန်ဆောင်ရတာ၊ ကလေးတစ်ယောက်ကို ပြုစုရတာက လွယ်တာမဟုတ်တဲ့အတွက် တချို့ကလည်း အိမ်ထောင်ပြုပေမယ့် ကလေးမယူကြတာတွေ ရှိပါတယ်။ ခုပြောမှာက ဒီလို လူမှုရေး အကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ရမှာ ၊ ကလေးမွေးရမှာကို ကြောက်တဲ့ ပြဿနာဖြစ်ပါတယ်။ဆေးပညာမှာတော့ ဒါကိုTokophobiaလို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ရမှာကို ကြောက်လွန်းတဲ့အတွက် ကလေးမမွေးချင်တာပါ။ အမျိုးသမီးတိုင်းက ကိုယ်ဝန်ဆောင်ရမှာကို အနည်းနဲ့ အများကြောက်တတ်ကျပေမယ့် သူတို့ကတော့ ထူးခြားပါတယ်။ ကြောက်စိတ်လွန်ကဲတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပေါ်လာပါတယ်။ကြောက်တာက ၂မျိုး ရှိပါတယ်။ဒါတွေအပြင် တွေးပြီးကြောက်ရတာတွေလည်း ရှိပါတယ်။ ဥပမာ။ဒီလိုကြောက်စိတ်ရဲ့ နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေက ကိုယ်ဝန်မရအောင် လိင်ဆက်ဆံတာကို အပြီးရှောင်လိုက်ပါတယ်။ အိမ်ထောင်ရှိပြီးသားဆိုရင်လည်း ကိုယ်ဝန်မရအောင် နည်းပေါင်းစုံနဲ့ တားကြပါတယ်။ မတော်တဆ ကိုယ်ဝန်ရသွားရင်လည်း တတ်နိုင်သမျှ မနာအောင် ခွဲမွေးဖို့ ကြိုးစားကြပါတယ်။ဒီထိက ပြဿနာ မရှိသေးပါဘူး။ ပိုဆိုးတာက မတော်တဆများ ကိုယ်ဝန်ရသွားရင် ကလေးမွေးရမှာ ကြောက်တဲ့အတွက်ကိုယ်ဝန်ဖျက်ချတာတွေ လုပ်တတ်ပါတယ်။ လူမှုရေး ပြဿနာအနေနဲ့ ကိုယ်ဝန်ဆောင်ရမှာကို ငြင်းဆန်တဲ့အတွက် အမျိုးသားနဲ့ ပြဿနာဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ဒါက စိတ်ပြဿနာဖြစ်တဲ့အတွက် စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ အထူးသဖြင့် ကိုယ်က လူမှုရေးအကြောင်းပြချက်ကြောင့် မယူတာ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ရမှာကို ကြောက်လို့ မယူဖြစ်တာမျိုး ဆိုရင်ပေါ့။ဒါ့ပြင် ကိုယ်ဝန်ဆောင်မယ့် မိခင်ဘက်ကလည်း အောက်ကအချက်တွေ ပြင်ဆင်ထားဖို့ လိုပါတယ်။တချို့အကြောင်းရာလေးတွေကို တွေးပြီး ကြောက်တာက ပုံမှန်ပါပဲ။ ဒါကို သက်ဆိုင်ရာ ဆရာဝန်တွေ၊ အမျိုးသား၊ မိတ်ဆွေ၊ မိဘတွေကို ပြောပြပါ။ တချို့ကိစ္စတွေကို ဆရာဝန်က ရှင်းပြတဲ့အခါ ထင်သလောက် ကြောက်ဖို့ မကောင်းတာကို သိလာပါလိမ့်မယ်။ မိဘတွေ၊ ဆွေမျိုးတွေရဲ့ ကိုယ်ဝန်ဆောင် ကလေးမွေးတဲ့ ဇာတ်လမ်းတွေကို နားထောင်ကြည့်ပါဦး။ကိုယ်ဝန်ဆောင်မယ်ဆို တချို့က မွေးတဲ့အချိန် နာမှာကြောက်တယ်။ တချို့က ကလေးကိုယ်လက်အင်္ဂါ မစုံမှာကို ကြောက်တယ်။ နာမှာ ကြောက်ရင်မနာအောင် ဘယ်လို မွေးကြမလဲ။ ကလေးမှာ ချို့ယွင်းချက်တွေ မပါအောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ဘယ်သူကတော့ မွေးနေတုန်းကြီး ဆုံးသွားတာ၊ ဘယ်သူ့ကလေးကတော့ မမွေးနိုင်လို့ညှပ်ဆွဲပြီး မွေးလိုက်ရတယ် စတဲ့ ကြောက်စရာကောင်းတာတွေကို နားမထောင်ပါနဲ့။ နဂိုက ကြောက်စိတ်ဖြစ်နေရင် ပိုပြီး ဆိုးတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းက ခက်ခက်ခဲခဲ မွေးရတာ မဟုတ်ပါဘူး။ လျှောလျှောလျူလျူနဲ့ ကျန်းမာတဲ့ ကလေးလေး မွေးသွားတဲ့ ကိုယ်ဝန်ဆောင်တွေ အများကြီးရှိပါတယ်။မိသားစုချင်းဆိုရင်တောင် ခင်ပွန်းသည်ရဲ့ အားပေးမှုက အရေးကြီးပါတယ်။ Tokophobia ဝေဒနာ ခံစားရတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ရမှာလည်း ကြောက်၊ ခင်ပွန်းသည် ငြိုငြင်မှာလည်း စိုးရိမ်နဲ့ စိတ်ဖိစီးနေတတ်ပါတယ်။ ဒါကြောင့် ခင်ပွန်းသည်ရဲ့ အားပေးနှစ်သိမ့်မှုက အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း မဆောင်ခြင်းကိစ္စမှာ အမျိုးသမီးရဲ့ သဘောထားကို အလေးထားဖို့လည်း အရေးကြီးပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/tokophobia/
ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး
အမျိုးသမီးတွေဟာရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ သက်သာစေဖို့ဆေးဝါးတွေ၊ အစားအစာတွေကို အားကိုးတတ်ကြပါတယ်။ ဒါလေးနဲ့ သက်သာတယ်ကြားရင် စားကြည့်လိုက်၊ သောက်ကြည့်လိုက်နဲ့ စုံလို့ပါပဲ။ ဒါပေမယ့် အဲဒီလို သက်သာစေတယ်ဆိုတဲ့ အစားအစာတချို့က နောက်ပိုင်းမှာရာသီလာစဉ်ဝေဒနာကို ဒီထက်တောင်ပိုဆိုးစေနိုင်တာတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေကို ပြောပြပေးချင်ပါတယ်။လက်ဖက်မစားရဘူး၊ လက်ဖက်ရည်မသောက်ရဘူးဆိုပြီး ပြောလေ့ရှိကြပေမယ့် တကယ်တမ်းမစားသင့်တဲ့ အရာတွေကိုတော့ မသိလိုက်ဘဲ စားမိနေကြပါတယ်။အစားအစာရွေးချယ်မှုမှားတဲ့အခါရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေက။(၁)ပြုပြင်စီမံထားတဲ့အစားအစာများ။ဗိုက်ပွနေတဲ့ဝေဒနာရဲ့ တရားခံကို သိပါရဲ့လား။ အငန်ဓာတ်ကဲတဲ့ စားစရာတွေပေါ့။ ပြုပြင်စီမံထားတဲ့ စားစရာတွေဟာ အငန်ဓာတ်ပါဝင်မှုအများဆုံးအရင်းအမြစ်တွေ ဖြစ်ပါတယ်။ထုပ်ပိုးပြီးရောင်းချတဲ့ ရယ်ဒီမိတ်အစားအသောက်တွေကို ရှောင်ပါ။ အာလူးကြော်လိုမျိုး သွားရည်စာတွေအပြင် ဆိုင်ကဝယ်စားတဲ့ အစားအစာတွေကိုလည်းရှောင်ပါ။(၂)အယ်ကိုဟောနဲ့ ကဖင်းဓာတ်။ကဖင်းနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာတွေက ဆီးရွှင်စေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်က ခန္ဓာကိုယ်ကို မကောင်းတဲ့သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါ့ပြင် ဝိုင်၊ ဘီယာနဲ့ အရက်တွေကိုလည်း ရာသီလာစဉ်အတွင်းရှောင်ထားသင့်ပါတယ်။ကော်ဖီတအားသောက်ချင်နေတယ်ဆိုရင် ရေတွေ အဝသောက်လိုက်ပါ။ ရေကမှ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး ကိုယ်တွင်းလုပ်ဆောင်ချက်တွေ ချောမွေ့စေမှာဖြစ်ပါတယ်။(၃) အကြော် အလှော်များနဲ့ဆီကြော်မုန့်များ။အချိန်ကြာကြာကြော်ထားတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေကို ရှောင်သင့်ပါတယ်။ သူတို့က အီစထရိုဂျင်ဟော်မုန်းပမာဏကို မြင့်တက်စေနိုင်လို့ပါ။ အီစထရိုဂျင်ပမာဏကို တည်ငြိမ်အောင်ထိန်းညှိနိုင်ရင် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။(၄)အဆီများတဲ့ အသားများ။အဆီများတဲ့အသားတွေက ရာသီလာချိန် ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်တဲ့ ပြည့်ဝဆီတွေ ပါဝင်မှုများပါတယ်။ အဲဒီအဆီတွေမှာပါတဲ့ arachidonic acid က prostaglandinsတွေ ထွက်ရှိစေပြီး prostaglandins တွေကြောင့် သားအိမ်ကျုံ့စေခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေ ဖြစ်စေပါတယ်။အဆီများတဲ့ စားစရာတွေ စားသုံးခြင်းကြောင့် ရာသီလာတဲ့ ပထမရက်မှာပဲ ဗိုက်ပွခြင်း၊ ရင်သားတင်းပြီး နာကျင်ခြင်း၊ ဝက်ခြံထွက်ခြင်းတွေ ပိုဆိုးစေနိုင်ပါတယ်။(၅)နို့ထွက်ပစ္စည်းများ။နို့ထွက်ပစ္စည်းတွေက ဗိုက်ပွခြင်းကို ပိုဆိုးစေရုံမက နာကျင်ကိုက်ခဲမှုကိုပါ ပြင်းထန်လာစေနိုင်ပါတယ်။ နွားနို့၊ ချိစ်၊ ရေခဲမုန့် တို့လို စားစရာတွေမှာ omega-6 fatty acid တစ်မျိုးဖြစ်တဲ့ arachidonic acid ပါဝင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းခြင်းတို့ကို ပိုဆိုးစေနိုင်ပါတယ်။(၆) အချိုဓာတ်။ရာသီလာချိန်မှာဆို သွေးတွင်းသကြားဓာတ်က ရိုလာကိုစတာလို ထိုးတက်သွားတာပဲ လို့ ဆရာဝန်တွေကပြောပါတယ်။ အချိုများတာတွေ ပိုစားမိရင် နဂိုကမှမြင့်တက်နေတဲ့ သကြားဓာတ်ကို မီးလောင်ရာလေပင့်သလိုဖြစ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် သကြားဓာတ်က ရောင်ရမ်းမှုကို အားပေးလို့ နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/6-foods-to-avoid-during-periods/
ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့
ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ဗီတာမင် C နဲ့ပတ်သက်ပြီး သိထားသင့်တာလေး အချို့ ကတော့။ဗီတာမင် C ဆိုတာဘာလဲ ။ ။ဗီတာမင် Cဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး သူကို ascorbic acid လို့လည်း လူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓါက အလွယ်တကူစုပ်ယူနိုင်ပြီး ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။ဗီတာမင် C လုံလောက်နေဖို့ ဘာ့ကြောင့် အရေးကြီးတာလဲ ။ကိုယ်ခန္ဓါမှာ ဗီတာမင် C ရဲ့ အခန်းကဏ္ဍ တွေ အများကြီးရှိပါတယ်။ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ၊။အားလုံးသိကြတဲ့အတိုင်း ချဉ်တဲ့ အစားအစာမှန်မျှ ဗီတာမင် C ကြွယ်ဝစွာပါပါတယ်။ ဒါပေမယ့် အရသာမချဉ်ပေမယ့် ဗီတာမင် C ကြွယ်ဝတဲ့ အခြား အစားအစာတွေလည်းရှိပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အသီးအရွက်တွေကတော့။ဗီတာမင် C ( အချဉ်) စားရင် ပိန်တယ်ဆိုတော့ စွတ်ပြီး စားတတ်ကြပါတယ်။ အဲဒီအခါ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီးဝမ်းခဏခဏသွားတာမျိုးဖြစ်တတ်ပါတယ်။ နောက်ပြီး ဗီတာမင် C အားဆေးပြားတွေကို တစ်နေ့ 0.3 mg/dl ထက်ပိုသောက်တဲ့သူတွေလည်း ခုလိုဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။[embed-health-tool-bmr]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/27-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
အချို စားလို့ ဆီးချိုဖြစ်တာလား ...........
ဆီးချိုလို့ ပြောလိုက်ရင် လူတော်တော်များများက အချို စားလို့လို့ ထင်တတ်ကြ၊ အချို စားလို့ ဆီးချိုဖြစ်တာလား ဆိုပြီး မေးတတ်ကြပါတယ်။ တကယ်ကတော့ ဆီးချိုဆိုတာ အချိုစားတာ တစ်ခုတည်းကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပါဘူး။ အချို စားတာများတာကြောင့် ဖြစ်တယ်ဆိုတာထက်သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချို ဖြစ်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေ အများကြီး ရှိနေပါတယ်။ဆီးချိုကို အဓိကအားဖြင့်အမျိုးအစား (၁) ဆီးချို၊အမျိုးအစား (၂) ဆီးချိုဆိုပြီး ခွဲခြားထားပေမယ့် ဒီဆောင်းပါးလေးထဲမှာတော့ အဖြစ်များတဲ့ အမျိုးအစား (၂) ဆီးချိုက အချိုစားလို့ ဖြစ်တာလား ဘာတွေကများ ဖြစ်စေနိုင်တာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ဒီတော့ ကိုယ်တိုင်က ဆီးချို ဖြစ်မှာ ကြောက်တယ်ဆိုပေမယ့် သတိမထားမိဘဲ ဆီးချို ဖြစ်စေနိုင်တဲ့ အလေ့အထတွေကို လုပ်မိနေလားဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း ဆန်းစစ်ကြည်ရအောင်လား …….။အမျိုးအစား (၂) ဆီးချိုရောဂါဆိုတာက ခန္ဓာကိုယ်ရဲ့ သ​ကြားဓာတ် (ဂလူးကို့စ်) ဖြိုခွဲမှု ဇီဝဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတစ်မျိုးပါ။ ဂလူးကို့စ်က ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။အမျိုးအစား (၂)  ဆီးချို ခံစားရတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေထဲ သကြားဓာတ်ရောက်ရှိစေဖို့ ထောက်ပံ့ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကို မတုံ့ပြန်တာကြောင့် ဖြစ်ဖြစ်၊သွေးတွင်းသကြားဓာတ်ကို ပုံမှန်အခြေအနေမှာ ထိန်းနိုင်စေဖို့အတွက် အင်ဆူလင်ကို လုံလောက်အောင် မထုတ်ပေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။အမျိုးအစား(၂) ဆီးချို လက္ခဏာတွေက အချိန်အတော်ကြာမှ မြင်တွေ့ရတာမျိုးလည်း ရှိပါတယ်။ နှစ်အတော်ကြာတဲ့အထိ အမျိုးအစား (၂) ဆီးချိုရှိနေတာကို မသိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အမျိုးအစား (၂) ဆီးချို ခံစားရတဲ့အခါ။ဒီလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် အမျိုးအစား(၂) ဆီးချိုရှိနေလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။အမျိုးအစား (၂) ဆီးချိုက အင်ဆူလင်ကို မတုံ့ပြန်နိုင်ရာကနေ စဖြစ်လာတာပါ။ နောက်ပိုင်းကျရင်တော့ ပန်ကရိယ(မုန့်ချိုအိတ်) က အင်ဆူလင်ကို လုံလောက်စွာ မထုတ်နိုင်တော့ပါဘူး။ဒီလို ဖြစ်ရတာက အချို စားတာ များလို့ပဲလား ဆိုတော့ မဟုတ်ပါဘူး။ အချို အစားများတာက ဆီးချိုကို တိုက်ရိုက် ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း မဟုတ်ပါဘူး။ အချိုစားများတာက ဆဲလ်တွေကို ရောင်ရမ်းစေတာ၊ အဝလွန်စေတာတွေ ဖြစ်စေပြီး ဒီကနေမှ ဆီးချိုရောဂါဖြစ်နိုင်ခြေကို တိုးစေတာပါ၊ ဒါ့ပြင် ဒီအချက်တွေကြောင့်လည်း အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ပါတယ်။ကဲ …. အချို စားလို့ ဆီးချိုဖြစ်တာလား ဆိုပြီး ဆီးချို ဖြစ်မှာစိုးတယ်ဆိုပြီး အချိုတော့ လျှော့စားပါရဲ့။ ဒါပေမယ့် အခုပြောခဲ့တဲ့ အလေ့အထတွေကိုတော့ လုပ်မိနေတယ်ဆိုရင် အခုကစပြီး ပြုပြင်လို့ရတာတွေကို ပြုပြင်လို့ ဆီးချိုကို ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/can-eating-a-lot-of-sugar-cause-type-2-diabetes/
ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဘယ်လိုများ ဖြတ်ကြရမလဲ
ဆောင်းအေးလာချိန် ဖြစ်ဖြစ် မိုးရာသီ အကူးအပြောင်းမှာ ဖြစ်ဖြစ် တုပ်ကွေး ဖြစ်တာက တော်တော်လေး များပါတယ်။ ဒီလို ရာသီဥတုအေးတဲ့အချိန်မှာ မိသားစုဝင်တစ်ဦးဦး တုပ်ကွေးဖြစ်ပြီဆိုရင် တစ်ဦးကနေ တစ်ဦး လျင်လျင်မြန်မြန် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အေးတဲ့အချိန်မှာ အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေက လျင်လျင်မြန်မြန် ကူးစက်တတ်ပါတယ်။ဒီလိုမျိုး ရောဂါကူးစက်မှုတွေကို ဖျက်ပစ်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။တုပ်ကွေး အပါအဝင်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေက အခုလို အခြေအနေတွေနဲ့ ကူးစက်နိုင်ပါတယ်။ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဘယ်လိုများ ဖြတ်ကြရမလဲ ဆိုတော့ ရောဂါကူးစက်စေနိုင်တဲ့ အကြောင်းအရာတွေကို ဖြတ်တောက်ပစ်တာပါပဲ။ ရောဂါပိုး ကူးစက်မှုတွေကို ဖြတ်တောက်မယ်ဆိုရင်တော့။လက်က ရောဂါပိုးတွေအများဆုံး ကပ်တွယ်နေနိုင်တဲ့ အရာပါ။ ဒါကြောင့် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  အပြင်က ပြန်လာပြီးတိုင်း အစားမစားခင်နဲ့ ရေအိမ်က အဆင်းတွေမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ သေချာလေး ဆေးကြောပါ။ နောက်တစ်ချက် သတိထားရမှာက လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ လက်ကို မကြာခဏ ဆေးကြောပေးတာက တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးရာရောက်သလို ရောဂါပိုးတွေ ကူးဆက်မှု ကွင်းဆက်ကို ဖြတ်တောက်ရာလည်း ကျပါတယ်။တုပ်ကွေး ကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးတာကလည်း ထိရောက်တဲ့ တုပ်ကွေး ကာကွယ်မှုနည်းလမ်းပါ။ ကာကွယ်ဆေးက မျိုးစိတ်မတူလို့ မကာကွယ်ပေးနိုင်ရင်တောင်မှ ရောဂါမပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေး ကွင်းဆက်ကို ဖြတ်ချင်တယ်ဆိုရင် တစ်နှစ်ကို တစ်ခေါက် ကာကွယ်​ဆေး ထိုးပေးပါ။နေအိမ်ကို ပိုးသတ်သန့်စင်တာ၊ အသုံးအဆောင်တွေကို ပိုးသတ်တာက တုပ်ကွေး မကူးစက်အောင် ကာကွယ်နိုင်သလို တုပ်ကွေး ကွင်းဆက်ဖြတ်တောက်နိုင်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ ဖျားနာတဲ့သူရှိမယ်။ ရုံးတွင်းမှာ ဖျားနာတဲ့သူ ရှိမယ်ဆိုရင် နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အသုံးအဆောင်တွေကို ပိုးသတ်ပါ။နှာချေချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အမှုန်တွေက ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို သေချာစွာ  အုပ်ထားပါ။ ဒါမှမဟုတ်လည်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ထားပါ။ဖျားနာတဲ့အခါ ကိုယ့်ဆီက အဖျားနဲ့ ရောဂါပိုးတွေ အခြားသူတွေဆီကို မကူးစက်စေဖို့အတွက် နေထိုင်မကောင်းတဲ့အခါ တစ်ဦးထဲ သီးခြားခွဲနေထိုင်ပါ။ အဖျားသက်သာမှ မိသားစုဝင်တွေနဲ့ ထိတွေ့တာမျိုး လုပ်ပေးပါ။ကျန်းမာရေးစမ်းသပ်မှု ကိရိယာတွေကနေလည်း ရောဂါပိုးတွေ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး အသုံးအဆောင်တွေကနေ ရောဂါပိုး မကူးစက်စေဖို့ဆိုရင် အဖျားတိုင်းတံကစလို့ အသုံးအဆောင်တွေကိုအရက်ပြန်သုံးပြီး ပိုးသတ်ပါ။ပိုးသတ်ဆေးတွေကို ဆေးညွှန်းအတိုင်း ဆေးပတ်လည်အောင် တိုက်ပေးပါ။ ဒါမှ ဆေးယဉ်ပါးတာမျိုး မဖြစ်မှာပါ။တုပ်ကွေး ကွင်းဆက်ကို ဖြတ်တောက်ပစ်ဖို့ဆိုရင်တုပ်ကွေး ကာကွယ်မှုနည်းလမ်းတွေကို သေချာလေး လိုက်နာဖို့ လိုပါမယ်။ ပြည့်ပြည့်ဝဝ အနားယူတာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ ပိုးသတ်လက်ဆေးတာတွေကို လိုက်နာဖို့ လိုပါမယ်။ အိပ်ရေးဝအောင် အိပ်တာကလည်း တုပ်ကွေး ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းလမ်းပါ။ကဲ … တုပ်ကွေး ရာသီမှာ မတော်တဆ တုပ်ကွေး ကူးစက်ခဲ့ရင်တောင် ကိုယ့်ဆီကနေ မိသားစုဝင်တွေကို အဖျားမကူးစက်အောင် ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/what-is-chain-of-infections-and-how-to-break-in-general/
ကျန်းမာရေးအာမခံဝယ် မယ်ဆိုရင် စဉ်းစားသင့်တဲ့ ကုမ္ပဏီများ
ကျန်းမာရေးအာမခံဝယ် တာက ခုခေတ်မှာ ခေတ်စားလာပါပြီ။ နေမကောင်းဖြစ်မှ တလုံးတခဲတည်း ငွေကုန်ခံမယ့်အစား လစဉ် ပမာဏအနည်းငယ်ကို စုဆောင်းထားတာက နောင်ရေးအတွက် စိတ်အေးရတယ်။ ဒါကလည်း ရင်းနှီးမြုပ်နှံမှုတစ်ခုပဲလို့ ယူဆလာကြပါပြီ။ ကျန်းမာရေးပြဿနာဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံရမှာပါ။ ငွေကြေးအခက်အခဲရှိလို့ ဆေးမကုသလိုက်ရတာမျိုး မဖြစ်လေအောင် ကျန်းမာရေးအာမခံကို ကြိုတင်ဝယ်ယူထားသင့်ပါတယ်။ကျန်းမာရေး အာမခံလို့ ပြောလိုက်ရင် နေမကောင်းဖြစ်မှ၊ ထိခိုက်ဒဏ်ရာရမှ လျော်ကြေးရမှာဖြစ်တဲ့အတွက် ဒါက မင်္ဂလာမရှိဘူးလို့ ယူဆထားကြပါတယ်။ တကယ်က မဟုတ်ပါဘူး။ အာမခံဝယ်ယူတယ်ဆိုတာ အနာဂတ်အတွက် သေချာတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာ အာမခံတွေကကျန်းမာရေးအာမခံတွေအပြင် ပညာရေးအာမခံတွေ၊ ချေးငွေအာမခံစသဖြင့် အမျိုးအစားတွေ အများကြီး ဖြစ်လာပါပြီ။ နေထိုင်မကောင်းဖြစ်တာ၊ ထိခိုက်ဒဏ်ရာတွေ ရတာတွေတင် မဟုတ်ဘဲ မိမိရဲ့ သားသမီးနဲ့ မိသားစုဝင်တွေအတွက်ပါ ငွေကြေးစုဆောင်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။အရင်ကတော့ အာမခံဝယ်တာက အသက်ကြီးတဲ့ သူတွေနဲ့ပဲ ဆိုင်တယ်လို့ ထင်ကြတာပါ။ တကယ်က ကလေးတွေအတွက်ပါ သူတို့ရဲ့ ပညာရေးအတွက် အာမခံဝယ်ယူထားလို့ရပါတယ်။အာမခံဝယ်ယူထားခြင်းက။နောက်ထပ်ကောင်းတဲ့အချက်တစ်ချက်က မိမိရဲ့ ဝင်ငွေ၊ မိမိရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုယ်နဲ့သင့်တော်တဲ့ အာမခံကို ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ဘယ်သူလာလာ ဒါဝယ်ဆိုတာမျိုးထက် Tailor-made ပုံစံနဲ့ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ဒါကြောင့်လည်းပဲ အာမခံကိုယ်စားလှယ်ရှိနေတာ ဖြစ်ပါတယ်။ သူတို့က သင်တတ်နိုင်တဲ့ ပမာဏတစ်ခုရယ်၊ သင့်လိုအပ်ချက်ကိုကြည့်ပြီး ဘယ်လိုတွေ ဝယ်ယူနိုင်တယ်ဆိုတာ အကြံပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မဝယ်ခင်မှာ ကုမ္ပဏီပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးကြည့်ပြီး ကိုယ်နဲ့ အသင့်တော်ဆုံးကို ဝယ်ယူသင့်ပါတယ်။မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံဝယ် မယ်ဆိုရင် ဒီကုမ္ပဏီတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကိုယ့်ရဲ့ ဝင်ငွေ၊ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အာမခံအမျိုးအစားတွေ ဝယ်နိုင်အောင် တစ်ခုချင်းစီမှာ သေချာစုံစမ်းသင့်ပါတယ်။(ကုမ္ပဏီများကို အက္ခရာစဉ်လိုက် ဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။)။‘ပိုမိုအသက်ရှည်ပြီး ကောင်းမွန်တဲ့ ဘဝ’ကို ရယူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ AIAက အသက်နဲ့ ကျန်းမာရေးအာမခံအပါအဝင် တခြားဝန်ဆောင်မှုတွေကိုပါ ရောင်းချလျက်ရှိပါတယ်။ AIA ရဲ့ သက်တမ်းက နှစ်၁၀၀ လောက်ရှိနေပြီဖြစ်သလို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၆နှစ်တည်းက ရုံးဖွင့်ခဲ့တာ ဖြစ်ပါတယ်။အာမခံအနေနဲ့ ကျန်းမာရေးအာမခံအပြင် တစ်သက်တာရွေးချယ်အသက်အာမခံ၊ နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ၊ ပညာရေးအသက်အာမခံနဲ့ Medix တို့ကို ဝယ်ယူနိုင်ပါတယ်။AIAရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက။https://www.aia.com.mm/mm/our-products.html။https://www.facebook.com/AIA.Myanmar.MM။UN Global Impactရဲ့ အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ AYA SOMPO Insuranceက မြန်မာနိုင်ငံအခြေစိုက် ဒေသတွင်းအာမခံကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မြို့ပေါင်း ၄၅မြို့မှာ ရုံးခွဲတွေဖွင့်ပြီး clients သောင်းနဲ့ချီကို ဝန်ဆောင်မှုတွေ ပေးနေတာ ဖြစ်ပါတယ်။AYA SOMPO Insurance မှာ တစ်ကိုယ်ရည်အာမခံတွေ ဖြစ်တဲ့ ကျန်းမာရေးအာမခံ၊ ထိခိုက်မှုအာမခံ၊ ကားအာမခံ၊ ခရီးသွား အာမခံတွေအပြင် ပိုင်ဆိုင်မှုအာမခံတွေဖြစ်တဲ့ မီးအာမခံ၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ၊ Marine cargo insurance၊ Inland transit insurance စတာတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။AYA SOMPO Insuranceရဲ့  ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက။https://ayasompo.com/company-profile/#။https://www.facebook.com/ayasompo။Chubb က ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနဲ့ မတော်တဆထိခိုက်မှုဆိုင်ရာ အများပိုင်အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးသော စီးပွားရေးဆိုင်ရာ အာမခံလုပ်ငန်း တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့က အာမခံကို လက်မှုပညာရပ်လို သဘောထားတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဝယ်ယူသူတွေရဲ့ လိုအပ်ချက်အတိုင်း အတိအကျ ပုံသွင်းထုဆစ်ပေးနေတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။အာမခံအနေနဲ့ အနာဂတ်မဏ္ဍိုင်အသက်အာမခံ၊ ကျန်းမာရေးအကာအကွယ်၊ မတော်တဆ ခန္ဓာကိုယ်ထိခိုက်မှု အကာအကွယ်၊ ပြင်းထန်ရောဂါကုသမှု အကာအကွယ်တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။Chubbရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက။https://www.chubb.com/mm-mm/products.html။https://www.facebook.com/ChubbLifeMyanmar။နှစ်ပေါင်း (၁၂၀) ကျော်တိုင်အောင် ရပ်တည်နေတဲ့ ဂျပန်နိုင်ငံက ထိပ်တန်း အသက်အာမခံ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ “People First”ဆိုတဲ့ ဆောင်ပုဒ်ကို အခြေခံပြီး အနာဂတ်အတွက် ငွေကြေးဆိုင်ရာ အကာအကွယ်အာမခံတွေ ပေးနေတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ Dai-ichi Life ကနေ အာမခံ ၈မျိုးလောက် ဝယ်ယူနိုင်ပါတယ်။ ဒါတွေကတော့။Manulifeက အမေရိကန်နိုင်ငံမှာ John Hancock အမည်နဲ့ အဓိကလုပ်ဆောင်နေပြီး အခြားနိုင်ငံတွေမှာတော့ Manulife အမည်နဲ့ လုပ်ငန်းတွေ လည်ပတ်လျက် ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့  ဗီယက်နမ်မှာ ဝန်ဆောင်မှုတွေ ပေးလျက်ရှိပါတယ်။Manulifeမှာ အာမခံအနေနဲ့ ဘဝအာမခံ၊ ပညာရေးအာမခံ၊ ချေးငွေကာကွယ် အသက်အာမခံနဲ့ ပြင်းထန်ရောဂါအာမခံတွေ ဝယ်ယူနိုင်ပါတယ်။Manuife ရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက။https://www.manulife.com.mm/mm/products.html။https://www.facebook.com/Manulife.Myanmar။Prudential Myanmar Life Insurance (Prudential Myanmar) ဆိုတာ Prudential Corporation Asia လက်အောက်မှာရှိပြီး မြန်မာနိုင်ငံမှာ တစ်ဦးပိုင်အဖြစ် လုပ်ကိုင်နေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ နည်းပညာကို အသုံးပြုပြီး အာမခံ ဝန်ဆောင်မှုတွေကို ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။Prudentialမှာ အာမခံအနေနဲ့ အသက်အာမခံ၊ တစ်နှစ်တာ အာမခံ၊ ပညာရေးအာမခံ၊ စုပေါင်းအသက်အာမခံ၊ ကျန်းမာရေးအာမခံတွေကို ဝယ်ယူနိုင်ပါတယ်။Prudentialရဲ့ ကျန်းမာရေးအာမခံများနဲ့ ပတ်သက်ပြီး သိရှိလိုပါက။https://www.prudential.com.mm/mm/။https://www.facebook.com/PrudentialMyanmarLifeInsurance။ဒါတွေကတော့ လက်ရှိမှာ ကျန်းမာရေးအာမခံဝယ် ယူမယ်ဆိုရင် ရွေးချယ်နိုင်တဲ့ မြန်မာနိုင်ငံက ထိပ်တန်းကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း အလျင်းသင့်သလို ဖြည့်စွက်သွားမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-insurance/recommended-insurance-companies-mm/
ကိုဗစ်ရောဂါ ခံစားနေရသူတိုင်း လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ
ကိုဗစ်ရောဂါခံစားနေရတဲ့အခါ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းတစ်ခုက အာဟာရ ပြည့်ဝမျှတအောင် စားသောက်တာပါ။ ကိုဗစ်ဖြစ်ပြီဆိုရင် အများစုကအစားအသောက်သေချာ ဂရုစိုက်ဖို့ကို မေ့နေတတ်ပြီး ဆေးဝါးတွေနဲ့ ဗီတာမင် အားဆေးတွေကိုပဲ အဓိကသောက်နေတတ်ကြပါတယ်။တကယ်ကတော့ကိုဗစ်ကိုအနိုင်တိုက်နိုင်ဖို့အတွက်အာဟာရပြည့်ဝဖို့အတော်လေး အရေးပါပါတယ်။ ဒါကြောင့် ကိုဗစ် ဖြစ်နေပြီလို့ သံသယ ရှိရင်ဖြစ်ဖြစ် ကိုဗစ်ဖြစ်နေရင် ဖြစ်ဖြစ် အခုလိုလေး အာဟာရ ပြည့်ဝအောင် စားသောက်ကြဖို့ ပြောပါရစေ။အာဟာရ ပြည့်ဝမှုက ကိုဗစ် ခံစားနေရချိန်မှာ ခံနိုင်ရည် ရှိစေဖို့ရော ရောဂါကို ခုခံဖို့ပါ အတော်လေး အရေးပါပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာချိန်မှာလည်း အတော်လေး အရေးပါပါတယ်။ကိုဗစ် ရောဂါ သက်သာသွားရင်တောင်မှခန္ဓာကိုယ်မှာ အတော်လေး အားနည်းနေနိုင်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မခံစားရစေဖို့နဲ့ အမြန်ဆုံး အားပြည့်ကျန်းမာလာစေဖို့ အာဟာရ ပြည့်ဝနေဖို့ အရေးကြီးပါတယ်။အစားကို စားနိုင်သမျှ များများလေး ဝင်အောင် စားပေးတာက ကိုဗစ်ရောဂါကနေ အမြန်ဆုံး ကျန်းမာလာစေမှာပါ။ကိုဗစ်ရောဂါ ခံစားနေရသူတွေ အနေနဲ့ နေ့စဉ်စားသုံးမှုမှာ ဒီအာဟာရဓာတ်လေးတွေ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ဒီအာဟာရဓာတ်တွေက ခန္ဓာကိုယ်မှာ ရှိတဲ့ ရောဂါတွေကို ခုခံတိုက်ထုတ်ပေးတဲ့ T-cells နဲ့ B-cells တို့ကို ကိုဗစ်ပိုးကို ခုခံတိုက်ထုတ်ဖို့ ကူညီပေးပါတယ်။ကိုဗစ်ရောဂါ ခံစားနေရသူတွေအနေနဲ့ကိုယ်ခံအားအကောင်းဆုံး တုံ့ပြန်နိုင်စေဖို့ နဲ့ ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝနေစေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ လုံလောက်တဲ့ အာဟာရတွေ ပြည့်ဝစွာ ရရှိစေဖို့က အတော်လေး အရေးကြီးပါတယ်။ဒါကြောင့် ကိုဗစ်ခံစားနေရပြီဆိုရင် နေ့စဉ် စားသုံးမှုမှာ။ဒါတွေအပြင် ကိုယ်ခံအားအတွက် အရေးပါတဲ့ ရေဓာတ် ပြည့်ဝစေဖို့လည်း တစ်နေ့ကို ရေ ၂ လီတာထက် မနည်း သောက်သုံးပေးဖို့ လိုပါမယ်။ စိတ်ခံစားမှု ကောင်းစေဖို့ ကိုကိုး ၇၀ ရာခိုင်နှုန်းပါတဲ့ ချောကလက်ကို နည်းနည်းလောက် စားသုံးပေးလို့ ရပါတယ်။တကယ်လို့ ဝမ်းသွားတာမျိုး အော့အန်တာမျိုး ရှိမယ်ဆိုရင် ဓာတ်ဆားရည် သောက်သုံးပေးဖို့ လိုမှာပါ။ လည်ချောင်းနာနေမယ် အနံ့ အရသာ ပျောက်နေမယ်ဆိုရင်တော့ ခပ်ပျော့ပျော့နဲ့ မျိုချရလွယ်တာမျိုးကို စားသုံးပေးလို့ ရပါတယ်။ကိုဗစ် ခံစားနေရချိန်မှာ အချိုကဲ၊ အငန်ကဲတာတွေကိုတော့ မစားသင့်ပါဘူး။ လတ်ဆတ်တဲ့ အိမ်ချက် အစားအစာတွေကိုပဲ စားသုံးပေးသင့်ပါတယ်။ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေက သွေးတွင်း သကြားဓာတ် မြင့်တာနဲ့ သွေးတိုးတာတွေကို ဖြစ်စေပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။နောက်ဆုံးတစ်ချက်ကတစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ နဲ့ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေဖို့ပါ။ကဲ…. ဒီအချက်လေးတွေကို လိုက်နာပြီး ကိုဗစ်ကို အကောင်းဆုံး ခုခံ လိုက်စို့နော်………..။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/diet-plan-for-covid-19-patients/
ထပ်ဆောင်း ကာကွယ်ဆေး ကို ဘာထိုးကြမလဲ။
ကိုဗစ်နဲ့ ပတ်သက်လာရင် ကာကွယ်ဆေး တွေက အခရာကျတဲ့နေရာမှာ ရှိနေတုန်းပါ။ ဘယ်လိုပဲ ဒယ်တာတွေ၊အိုမီခရွန်တွေက ကာကွယ်ဆေးအာနိသင်ကို ကျစေတယ်ပဲပြောပြော ဘာမှမထိုးထားရင် ကာကွယ်မှုက 0%ပါ။ အဝတ်မဝတ်ဘဲ လူကြားထဲ သွားနေသလို ဖြစ်နေမှာပါ။ ဒါကြောင့် အရင်ဆုံးတော့ကာကွယ်ဆေးထိုးဖို့အကြံပေးပါရစေ။ဗိုင်းရပ်စ်တွေမှာမျိုးဗီဇပြောင်းတာတွေ ရှိလာတဲ့အတွက် ကာကွယ်ဆေးခုခံနိုင်စွမ်းတွေ ကောင်းလာသလို လူတွေဘက်ကလည်း ဒီဗိုင်းရပ်စ်တွေကို အနိုင်ပိုင်းဖို့ ကာကွယ်ဆေးကို အဆင့်မြင့်ပြီး ထုတ်လာကြပါတယ်။ ခုကာကွယ်ဆေးခုခံနိုင်စွမ်းကောင်းပါတယ်ဆိုတဲ့ အိုမီခရွန်ကို ကာကွယ်နိုင်အောင် ပိုကောင်းတဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ ကြိုးစားလာကြပါပြီ။ဒီလို ပိုကောင်းတဲ့ ကာကွယ်ဆေးတွေ ထွက်မလာခင်မှာ ရှိပြီးသား ကာကွယ်ဆေးတွေကို ခုခံအားပိုကောင်းအောင်ဆိုပြီး ပေါင်းစပ်ထိုးတာတွေ ရှိပါတယ်။ ဒါတွေက တကယ်အလုပ်ဖြစ်ရဲ့လား။ဒါနဲ့ ပတ်သက်ပြီးWHOက ကြားကာလ လမ်းညွှန်ချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။ကိုဗစ်ကာကွယ်ဆေးတွေကို ပထမနဲ့ ဒုတိယအကြိမ်မှာ မတူတာကို ထိုးတာပဲဖြစ်ဖြစ်၊Boosterလို့ခေါ်တဲ့ တတိယအကြိမ်မှာ ထိုးတာပဲဖြစ်ဖြစ် မတူတာကို ထိုးတာက ပိုကောင်းလားဆိုတာကို လေ့လာချက်တွေ အများကြီး လုပ်နေပါတယ်။ လက်ရှိမှာတော့ တရားဝင်ထိုးလို့ရတာာက တူညီတဲ့ ကာကွယ်ဆေး အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဒါကို standard guidelines လို့ခေါ်ပါတယ်။ဒါပေမယ့် မတူတဲ့ ဆေးတွေကို ရောစပ်ပြီး ထိုးတာကိုလည်း အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားပါတယ်။ ဒီလိုပေါင်းစပ်ပြီး ထိုးတာက။လက်ရှိအချိန်မှာတော့ ကာကွယ်ဆေးတွေကို ရောထိုးတာက off-label use ‘ကောင်းမယ်ထင်လို့သုံး’ တာမျိုးပါ။ တချို့နိုင်ငံတွေမှာ ထိုးပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုးချင် ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ကောင်းကျိုးဆိုးကျိုး ချိန်ဆဖို့ လိုပါတယ်။(ဆိုလိုတာက အပြင်မှာပဲ ထိုးထိုး၊ ရပ်ကွက်မှာပဲ ထိုးထိုး အများစုက တူတာကိုပဲ ထိုးပေးမှာပါ။ ဒါက standard guidelinesကိုး။ မတူတာကို ထိုးချင်ရင်တော့ သက်သက်တောင်းဆိုရမှာပါ။ ဆေးရှိမရှိ၊ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး ဆွေးနွေးပေးပါလိမ့်မယ်။Booster ဆိုရင်တော့ မတူတာထိုးမလား၊ တူတာပဲ ပြန်ထိုးမလားဆိုတာကို ရွေးရလွယ်သွားပါပြီ။)။ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ပဲ ဖြစ်ဖြစ်၊ထပ်ဆောင်းကာကွယ်ဆေးပဲဖြစ်ဖြစ် မတူတာတွေကို ရောထိုးကြတဲ့ နိုင်ငံတွေ ရှိလာပါပြီ။ တချို့လေ့လာချက်တွေမှာ ဒီလိုအတွဲအစပ်လေးတွေနဲ့ ထိုးတာက ခုခံအားပိုကောင်းစေတယ်လို့ တွေ့ရပါတယ်။ အထူးသဖြင့်တော့ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးတဲ့ အချိန်မှာပါ။ဘယ်လိုထိုးလို့ရလဲဆိုတာကို မြန်မာနိုင်ငံမှာ ရနိုင်တဲ့ ကာကွယ်ဆေး တွေနဲ့ ဥပမာပြပြီး ရေးပေးသွားပါမယ်။Moderna, Pfizer ထိုးထားရင်တော့ ဒါပဲ ပြန်ထိုးနိုင်ပါတယ်။ခုပြောခဲ့တဲ့ ပေါင်းစပ်ထိုးနည်းတွေက ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ ရောစပ်ပြီး ထိုးနိုင်သလို ထပ်ဆောင်းထိုးမယ်ဆိုရင်လည်း ဒီတိုင်းထိုးလို့ရပါတယ်။အပေါ်မှာ ပြောခဲ့တဲ့ အတွဲအစပ်တွေကတော့ ခုခံနိုင်စွမ်းကောင်းတာကို မူတည်ပြီး တွဲပေးထားတာပဲ ဖြစ်ပါတယ်။ စိတ်ချရမှုကတော့ တိတိပပပြောနိုင်တာမျိုး မရှိပါဘူး။ တချို့လေ့လာချက်တွေမှာတော့ မတူတဲ့ဆေးတွေ ထိုးတာက ဘေးထွက်ဆိုးကျိုးကို ပိုခံစားစေနိုင်တယ်လို့ ဆိုပေမယ့် လေ့လာချက်တွေ အမျိုးမျိုးတွေ ကွဲထွက်နေတာကို တွေ့ရပါတယ်။ဒါကလွဲပြီး တခြားကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ အန္တရာယ်ဖြစ်တာတွေကိုတော့ ခုထိ မတွေ့ရသေးပါဘူး။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/sage-recommendation-heterologous-schedules/
မွေးဖွားပြီးသွေးသွန် ခြင်း
မိခင်သေဆုံးနှုန်းများရတဲ့ အကြောင်းရင်းတွေထဲမှာ မွေးဖွားပြီးသွေးသွန် တာက ထိပ်ဆုံးကပါပါတယ်။ ခုထက်ထိ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးဖွားပြီးသွေးသွန် တာကြောင့် အမေတွေ ဒုက္ခရောက်နေရတုန်းပါ။ ဒါကြောင့် အမေတွေကိုကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်ရသလို မွေးပြီးပြီးချင်းမီးတွင်းထဲမှာလည်း ဂရုစိုက်ရပါမယ်။ ဒါဆိုရင် ကလေးမွေးပြီးပြီးချင်း ဘာအကြောင်းတွေက သွေးသွန်စေတာလဲ။ ဘယ်လိုကုသမှုတွေပေးနေလဲ။ ဘယ်လိုကာကွယ်မလဲဆိုတာကို  ရေးသားသွားပါ့မယ်။မွေးပြီး၂၄နာရီအတွင်းသွေးသွန်တာကို Primary PPHလို့ခေါ်ပြီး ၂၄နာရီနောက်ပိုင်းကနေ မီးတွင်း၁၂ပတ်အတွင်း သွေးသွန်တာကို Secondary PPHလို့ခေါ်ပါတယ်။ သွေးဆင်းရမယ့်ပမာဏကတော့ ရိုးရိုးမွေးရင် ၅၀၀ml၊ခွဲမွေးရင် ၁၀၀၀ml ဆင်းရပါမယ်။ဒါကို အတိုကောက်မှတ်ရင်တော့ T ၄လုံးနဲ့ မှတ်လို့ရပါတယ်။ Tone, Trauma, Tissue, Thrombinဆိုပြီးတော့ပါ။ အသေးစိတ်ကို ဆက်ရှင်းပြပါ့မယ်။(၁) Tone (သားအိမ်ကျုံ့အား)။သားအိမ်မကျုံ့နိုင်တာက မွေးဖွားပြီးသွေးသွန် တာရဲ့ ထိပ်ဆုံးအကြောင်းရင်းထဲမှာပါပါတယ်။ ကလေးမွေးပြီး အချင်းချပြီးတာနဲ့ သွေးသွန်မယ်။ ဝမ်းဗိုက်အပေါ်ကနေနှိပ်နယ်တာလည်း သွေးဆင်းတာမရပ်ဘူးဆိုရင် သားအိမ်ကျုံ့ဆေးထိုးတာတွေ၊ သားအိမ်နှိပ်တာတွေလုပ်ရမှာပါ။(၂) Trauma (ထိခိုက်ဒဏ်ရာ)။မွေးပြီးတဲ့နောက်မှာမွေးလမ်းကြောင်းတွေ စုတ်ပြဲတာကလည်း သွေးသွန်စေပါတယ်။ တစ်ခါတစ်လေ လူနာက သွေးပေါင်တွေကျနေတယ်။ ဖြူဖျော့နေတယ်။ ဒါပေမယ့် သွေးဆင်းတာမတွေ့ရဘူးဆိုရင် အထဲမှာ သွေးခဲအနေနဲ့ ရှိနေလို့ပါ။ ရှားရှားပါးပါး မွေးပြီးမှ သားအိမ်ကျွံပြီး အပြင်ထွက်လာတာ၊သားအိမ်ကွဲတာတွေကြောင့်လည်း သွေးဆင်းနိုင်ပါသေးတယ်။(၃) Tissue (အသားစကျန်ခြင်း)။အချင်းချတဲ့နေရာမှာ မကုန်ဘဲ အကြွင်းအကျန်တွေကပ်နေရင်ပဲဖြစ်ဖြစ်၊ နာရီဝက်ကျော်တဲ့အထိအချင်းမကျရင်ပဲဖြစ်ဖြစ် သားအိမ်ကောင်းကောင်းမကျုံ့နိုင်တာကြောင့် သွေးဆင်းတတ်ပါတယ်။ အချင်းက သားအိမ်ကို ကပ်တွယ်နေတာ ဒါမှမဟုတ် ဖောက်ဝင်နေတဲ့အခါမှာအချင်းမကျတာကြောင့် သွေးဆင်းတတ်ပါတယ်။(၄) Thrombin (သွေးမတိတ်ခြင်း)။တချို့သူတွေမှာကျတော့ သွေးသွန်တာမဟုတ်ဘဲ သွေးမတိတ်တာပါ။ တခြားရောဂါတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ သွေးရောဂါရှိနေတာပဲဖြစ်ဖြစ် မွေးပြီးလို့ သွေးဆင်းတာအပြင် တခြားနေရာ (ဥပမာ ဆေးသွင်းထားတဲ့နေရာကနေ) သွေးယိုစိမ့်နေမှာပါ။မွေးဖွားပြီးသွေးသွန် တာက အန္တရာယ်များပါတယ်။ အချိန်မီကုသမှုမခံယူနိုင်ရင် အသက်သေဆုံးနိုင်ပါတယ်။ ကုသနည်းတွေကတော့။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/post-partum-harmorrhage/
အဖြစ်များတဲ့ အစိုးရိမ်လွန် ခြင်း ပြဿနာများ
ကိုယ်မနှစ်သက်တာတစ်ခုခုနဲ့ တွေ့တဲ့အခါ စိတ်ထဲမှာစိုးရိမ်တာ၊ကြောက်လန့်တာ ဖြစ်တတ်ပါတယ်။ ဒါက ကမ္ဘာဦး အစတည်းက လူသားတွေရဲ့ ကိုယ်ထဲမှာ အသက်ရှင်ဖို့အတွက် ထည့်ပေးထားတဲ့ စွမ်းရည်တစ်ခုပါ။ ဥပမာ ကျားနဲ့ တွေ့တဲ့အခါ ကြောက်စိတ်မဖြစ်ရင် ထွက်ပြေးဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ နက်ဖြန်စာမေးပွဲရှိတာကို စိုးရိမ်စိတ်မဝင်ရင်လည်း စာကျက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာက ရှိသင့်ပါတယ်။ ဒါပေမယ့် ရှိသင့်တာထက် အစိုးရိမ်လွန် လာပြီဆိုရင်တော့ ဒါရောဂါတစ်ခုဖြစ်သွားပါပြီ။လူတိုင်း ကြောက်တတ်၊ စိုးရိမ်တတ်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါ။ ဒါပေမယ့် လိုတာထက် ပိုလာပြီဆိုရင်တော့ စိတ်ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ လိုတာထက်ပိုတယ်ဆိုတာက အခြေအနေတစ်ခုကို အလွန်အကျွံ တုံ့ပြန်တာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့အထိ တုံ့ပြန်တာပဲ ဖြစ်ပါတယ်။အင်တာဗျုးဖြေရမယ်ဆိုရင် လူတိုင်း စိတ်လှုပ်ရှားကြပါတယ်။ မဖြေခင်ဆို ရင်တုန်သလို၊ ချွေးစေးတွေ ထွက်ချင်သလို ဖြစ်လာပါတယ်။ ဒါပေမယ့် ဖြေပြီးသွားရင်တော့ ပုံမှန်ပဲ ဖြစ်သွားပါတယ်။ ဖြေပြီးသွားရင် စိုးရိမ်စရာ မရှိတော့ဘူးလို့ ခန္ဓာကိုယ်က နားလည်လိုက်တဲ့အတွက် ခုနကလို ရင်တုန်တာတွေ ဆက်မဖြစ်တော့ပါဘူး။ဒါပေမယ့် အစိုးရိမ်လွန်တဲ့ သူတွေကျတော့ ဒီလိုမဟုတ်ပါဘူး။ အစိုးရိမ်လွန်ပြီး လုပ်လက်စအလုပ်ကို မလုပ်နိုင်တော့တာ၊ တစ်ခုခုဆို အလွန်အကျွံတုံ့ပြန်တာ၊ ဒီလို တုံ့ပြန်တာတွေကို သိနေလျက်နဲ့ မထိန်းချုပ်နိုင်တာ စတာတွေ ဖြစ်တတ်ပါတယ်။ဒီအမျိုးအစားကတော့ နေ့စဉ်သာမန်အလုပ်တွေ မလုပ်နိုင်လောက်အောင် ဆက်တိုက် အချိန်တိုင်း စိုးရိမ်နေတာမျိုးပါ။ စိတ်ထဲကတင် စိုးရိမ်နေတာမျိုး မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ ဖြစ်တဲ့ ဂနာမငြိမ်တာ၊ ပင်ပန်းလွယ်တာ၊ အာရုံစူးစိုက်မရတာ၊ ကြွက်သားတွေ တင်းပြီး နာတာ၊ အိပ်မပျော်တာ စတာတွေ ဖြစ်တတ်ပါတယ်။သူတို့တွေက ဘာကိုမှန်းမသိ၊ တိတိကျကျ မရှိဘဲ စိုးရိမ်လွယ်တတ်ပါတယ်။ အလုပ်ရောက်ရင် အလုပ်မှာ အဆင်ပြေပါ့မလား။ အိမ်မှာဆိုရင်လည်း ဟိုအလုပ်၊ ဒီအလုပ်လေးတွေ အဆင်ပြေပါ့မလား စသဖြင့် မြင်မြင်သမျှ၊ ခေါင်းထဲရောက်လာသမျှကို ‘ယေဘုယျ’ စိုးရိမ်နေတတ်တဲ့အတွက် ‘Generalized’ လို့ သုံးထားတာပါ။အကြောက်လွန်ခြင်း (panic disorder)ရဲ့ အဓိက လက္ခဏာက ခဏခဏကြောက်တတ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေပါ ခံစားလာရပါတယ်။ တစ်ခုခု မနှစ်မျို့စရာနဲ့ တွေ့လို့ အကြောက်လွန်လာပြီဆိုရင်။-ရင်တွေတုန်တာ။-ချွေးစေးတွေထွက်တာ။-ခြေတွေ လက်တွေ တုန်လာတာ၊ ထုံလာတာ။-မောပြီး အသက်ရှူရခက်လာတာ။-ရင်ဘတ်တွေ အောင့်လာတာ။-မူးပြီး သတိလစ်ချင်သလို ဖြစ်လာတာ။-လည်ပင်းထဲမှာ တစ်စို့လာတာ၊ ပျို့အန်ချင်တာ။-ကြက်သီးထတာ၊ မျက်နှာတွေ ပူလာတာ။-စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘဲ ထိန်းလို့မရတာ။-သေတော့မယ့် ခံစားချက်မျိုး ဝင်လာတာ စတဲ့ အစွန်းရောက်တဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။ဒီလို ပြင်းပြင်းထန်ထန် ခံစားရတဲ့အတွက် အကြောက်လွန်တဲ့ လူနာတွေက သူတို့ကိုယ် သူတို့ နှလုံးအမောဖောက်တော့မလို၊ တခြားအန္တရာယ်ရှိတဲ့ ရောဂါတစ်ခု ဖောက်လာသလို ထင်ကြပါတယ်။ ၂၀-၂၄နှစ် လူငယ်အရွယ်တွေမှာ တွေ့ရတတ်ပါတယ်။ တခြားစိတ်ရောဂါတွေဖြစ်တဲ့ စိတ်ကျတာ၊ စိတ်ဒဏ်ရာရတာတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။ဒါက ရိုးရိုးကြောက်စိတ်မဟုတ်ပါဘူး။ တစ်ခုခုကို လိုတာထက်ပိုပြီး ကြောက်နေတဲ့ သဘောပါ။Phobiaလို့ ခေါ်ပါတယ်။ အန္တရာယ်မရှိတဲ့ အရာမှန်း သိပေမယ့်လည်း တွေ့လိုက်တာနဲ့ အလွန်အကျွံ ကြောက်လာတာပါ။ ဥပမာ အမြင့်ကြောက်တာ၊ အမှောင်ကြောက်တာ စတာတွေလိုမျိုးပါ။ဒါကလည်း Phobia တွေထဲက တစ်ခုပါ။ တစ်နေရာရာကနေ ထွက်ဖို့ ခက်တယ် ဒါမှမဟုတ် ရှက်စရာကောင်းတယ်။ အကြောက်လွန်တဲ့ လက္ခဏာတွေ ပေါ်လာခဲ့ရင် ကူရာကယ်ရာမဲ့နေမှာကို တွေးပြီး ကြောက်တဲ့ စိတ်ပါ။ Agoraphobia သမားတွေက အောက်ကအချက်တွေထဲက ၂ချက်နဲ့အထက် ကိုက်ညီလေ့ရှိပါတယ်။-အများသုံးယာဉ်တွေ မစီးရဲတာ။-ဟင်းလင်းပြင်တွေထဲမှာ မနေတတ်တာ။-အလုံပိတ်နေရာမှာ မနေတတ်တာ။-လူအများကြီးကြားထဲမှာ တန်းစီရတာ၊ လူအုပ်ထဲသွားရတာကို မကြိုက်တာ။-အပြင်ကို တစ်ယောက်တည်း မသွားချင်တာ စတာတွေပဲ ဖြစ်ပါတယ်။လူအများကြီးနဲ့ တွေ့ရမှာ ကြောက်တာလို့ ပြောရင် ပိုမှန်ပါတယ်။ လူအများကြီးနဲ့ တွေ့ရတဲ့အခါ ကြောက်သလို၊ ရှက်သလို၊ အနိုင်ကျင့်ခံရမှာ၊ အပယ်ခံရမှာ၊ အထင်သေးခံရမှာ စိုးရိမ်တာမျိုးပါ။ ဥပမာ လူရှေ့မှာ စကားပြောရမှာ၊ လူစိမ်းတွေနဲ့ စားရသောက်ရမှာကို ကြောက်တာမျိုးပါ။သူချစ်ခင်နှစ်သက်ရသူတွေနဲ့ ခွဲရမှာ ကြောက်တာမျိုးပါ။ ဒါကအသက်နဲ့ မဆိုင်ပါဘူး။ ကလေးရော လူကြီးမှာပါ တွေ့ရပါတယ်။ သူကြိုက်တဲ့သူ ပျောက်သွားမှာ၊ သူမပါဘဲ အပြင်မသွားချင်တာ၊ သူမရှိတဲ့ နေရာမှာ မနေချင်တာမျိုးပါ။ဘယ်သူမဆို ဖြစ်တတ်ပါတယ်။ ဖြစ်ခြင်း မဖြစ်ခြင်းက မျိုးဗီဇနဲ့ရော၊ ပတ်ဝန်းကျင်နဲ့ပါ ဆိုင်တာကို တွေ့ရပါတယ်။ ဖြစ်နိုင်ခြေ များတဲ့ သူတွေကတော့။အစိုးရိမ်လွန်တာက အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်တဲ့။ ဖြစ်နိုင်တာကတော့ အမျိုးသမီးတွေက လစဉ် ဟော်မုန်းအတက်အကျ ဖြစ်နေလို့ပါ။ အမျိုးသားတွေမှာရှိတဲ့ တက်စတိုစတီရုန်းကတော့ ပြောင်းပြန် စိုးရိမ်စိတ်တွေကို သက်သာစေပါတယ်။ကိုယ့်ကိုယ်ကို အစိုးရိမ်လွန်တယ်လို့ ခံစားနေရရင်၊ နေ့စဉ်အလုပ်တွေ မလုပ်နိုင်လောက်အောင် ကြောက်စိတ်တွေ များနေရင် စိတ်ရောဂါဆရာဝန်နဲ့ ပြသတာက အကောင်းဆုံးပါပဲ။ ဒါက ကိုယ်ရည်ကိုယ်သွေးနဲ့လည်း မဆိုင်ပါဘူး။ ရောဂါသက်သက်ပဲ ဖြစ်လို့ ကုသမှု ခံယူရမှာပါ။ကုသနည်းတွေကတော့ ဆေးဝါးတွေနဲ့ စိတ်ကုထုံးတွေကို ပေါင်းစပ်ပြီး ကုသတာပါ။ဆေးဝါးတွေက စိုးရ်မ်စိတ်လွန်ကဲတာကို ပျောက်အောင် မကုပေးနိုင်ပါဘူး။ လက္ခဏာတွေကို သက်သာစေပြီး နေ့စဉ်အလုပ်တွေကို လုပ်နိုင်အောင် ထိန်းပေးတာပါ။ အသုံးများတဲ့ ဆေးတွေကတော့ Anti-anxiety medications လို့ ခေါ်တဲ့ စိတ်ငြိမ်ဆေးတွေ၊ စိတ်ကျရောဂါကုဆေးတွေ၊ ရင်တုန်တာ၊ ကတုန်ကရင်ဖြစ်တာတွေကို သက်သာစေဖို့ Beta-blockers လို ဆေးတွေကို ပေးလေ့ရှိပါတယ်။စိတ်ကုထုံးကတော့ စိုးရိမ်စရာ တစ်ခုခုနဲ့ တွေ့တဲ့အခါ ဘယ်လို တုံ့ပြန်သင့်တယ်ဆိုတာကို ဆွေးနွေးပေးတာပါ။Cognitive behavioral therapy (CBT)တွေ ပါမယ်၊ Exposure therapyလို့ ခေါ်တဲ့ ကြောက်စိတ်ကို ကိုင်တွယ်နည်းတွေလည်း ပါပါတယ်။သာမန်ထက်ပိုပြီး စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ များနေမယ်။ ဒါတွေကို လိုတာထက်ပိုပြီး တုံ့ပြန်နေပြီဆိုရင် အစိုးရိမ်လွန်ရောဂါများလားဆိုတာ ဆန်းစစ်သင့်ပါတယ်။ အစိုးရိမ်လွန်ရောဂါတွေက နေ့စဉ်နေထိုင်မှုဘဝနဲ့ လုပ်ငန်းခွင်၊ ပေါင်းသင်းဆက်ဆံရေးမှာ ထိခိုက်လာနိုင်တာတွေ ရှိလို့ စောစောစီးစီး ကုသထားတာ အကောင်းဆုံးပါပဲ။# စိတ်ဖိစီးမှုကို လျော့ကျစေနိုင်မယ့် လေ့ကျင့်ခန်းများ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/common-anxiety-disorders/
မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်
မေမေတစ်ယောက်ဖြစ်ရတာ မလွယ်ပါဘူး။ ကျော်ဖြတ်ရတဲ့ အခက်အခဲ များစွာနဲ့ပါ။ကိုယ်ဝန်စရှိပြီလို့ သိချိန်ကစပြီး ကိုယ်တိုင်ရော ဗိုက်ထဲကဘေဘီလေးပါ ကျန်းမာစေဖို့ ဂရုစိုက်ရတဲ့ အရာတွေက အများကြိးပါ။ အနေအထိုင် အစားအသောက်ကစလို့ပေါ့။ကိုယ်ဝန်ရှိပြီလို့ လက္ခဏာတွေ တွေ့ရပြီဆိုတာနဲ့ ဘေဘီလေး ရှိနေပြီလားဆိုတာကို စစ်ဆေးရပါတယ်။ဆီးစစ်တံသုံးပြီး စစ်တာရှိသလို ဆေးခန်းကို သွားပြီး ဆီးစစ်တာမျိုး လုပ်ရတာလည်း ရှိပါတယ်။ကဲ ကိုယ်ဝန်ရှိပြီ သေချာပြီဆိုတော့ မေမေတွေ ထပ်သိချင်တာတစ်ခုက ဘေဘီလေးကို ဘယ်တော့ မွေးမလဲဆိုတာပေါ့။ ဒီတော့ ဘာလုပ်ကြသလဲဆိုရင် ဆရာဝန်ကို ပြသပြီး ( ဗိုက်အပ်ရင်း)မွေးဖွားမယ့်ရက်(Due Date) ကို တွက်တာလေ။ဒါက တကယ်လည်း သိသင့်တဲ့အရာပါ။ မေမေအနေနဲ့ ဘေဘီလေးကို ဘယ်နေ့ ဘယ်လမှာ မျက်ဝါးထင်ထင် မြင်ရမလဲဆိုတာက သိသင့်တဲ့ အချက်ပါ။ ဒီလို သိမှလည်း ကိုယ်ဝန်ဆောင် ကာလတလျှောက် လိုအပ်တဲ့ စစ်ဆေး စောင့်ရှောက်မှုတွေကို အချိန်ကိုက် လုပ်ဆောင်နိုင်မှာလေ။မေမေ့ အနေနဲ့ ဘေဘီလေးကို စလွယ်ထားရပြီဆိုတာနဲ့ ပထမဆုံး အကြိမ်အယ်လ်ထရာဆောင်းမရိုက်ခင်မှာ အရင်ဆုံး လုပ်ရမှာက မွေးဖွားမယ့်ရက် (Due Date) ကို တွက်တာပါ။ဘေဘီလေးရဲ့ မွေးဖွားမယ့်ရက် (Due Date) က အလွယ်ဆုံး ပြောပြရရင် မေမေ နောက်ဆုံးရာသီသွေးပေါ်ခဲ့တာရဲ့ နောက်ထက် ရက်သတ္တပတ် ၄၀ ပါ။ ဒါကိုမမှတ်မိဘူးဆိုရင်တော့Due Date Calendarလေးသုံးပြီး ကိုယ်တိုင် တွက်ချက်လို့ ရပါတယ် မေမေ။ပထမဆုံး အယ်လ်ထရာဆောင်း ရိုက်ယူပြီးတဲ့အခါ အိုဂျီကဘေဘီလေးရဲ့ အရွယ်အစားကို တိုင်းတာရယူတာ၊မွေးဖွားမယ့်ရက်ကို တိတိကျကျ တွက်ချက်ပေးတာမျိုး လုပ်ပေးပါတယ်။ပထမဆုံးအကြိမ် အယ်လ်ထရာဆောင်း ရိုက်တဲ့အခါ အိုဂျီက မြေပဲဆန်ပုံစံဘေဘီလေးရဲ့ ကြီးထွားမှုကို တိုင်းတာပေးရင်း ချိုမြိန်လှတဲ့ဘေဘီလေးရဲ့ နှလုံးခုန်သံကို နားထောင်နိုင်ဖို့ လုပ်ပေးပါလိမ့်မယ်။ ဒီကာလကကိုယ်ဝန် ၅ ပတ်ကနေ ၆ပတ်လောက်ရှိနေပါပြီ။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက်အနေနဲ့ စစ်ဆေးရမယ့်ကျန်းမာရေး စစ်ဆေးမှုတွေရှိသလို ထိုးနှံရမယ့်ကာကွယ်ဆေးတွေလည်း ရှိပါတယ်။ အားဆေးသောက်တာက စလို့ပေါ့။ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ဆောင်ရမယ့် စစ်ဆေးမှုတွေကို အကုန် ပြည့်စုံအောင် လုပ်ဖို့လိုသလို အချိန်ကို အတိအကျ လုပ်ဆောင်နိုင်ဖို့လည်း လိုပါမယ်။ အချို့သော ကိုယ်ဝန်ဆောင်ချိန် ခံယူရမယ့် စစ်ဆေး စောင့်ရှောက်မှုတွေက အချိန် လွဲလို့ မဖြစ်ပါဘူး။ ဒါတွေကို အချိန်ကိုက် လုပ်ဆောင်နိုင်ဖို့ ဆိုရင် Due Date ကအရေးကြီးပါတယ်။တကယ်လို့ မွေးဖွားမယ့်ရက်ကို သေချာ မတွက်ချက်ထားဘူးဆိုရင် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စစ်ဆေးမှုတွေကို အချိန်ကိုက် မလုပ်နိုင်ဘဲ မေမေ့မှာနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေရှိလာနိုင်သလို ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် မွေးဖွားမယ့်ရက် (Due Date) ကို သေချာသိဖို့ လိုပါမယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/why-due-date-is-important/
သွေးဖိအားကို ဘယ်လို စနစ်တကျတိုင်းတာမလဲ
သင့်သွေးဖိအားဟာ သင့်ကျန်းမာရေးကို ညွှန်ပြနေတဲ့ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။ သွေးဖိအားကို ကျန်းမာရေးစောင့်ရှောက်သူ အကူအညီမပါဘဲ မိမိနေအိမ်မှာ တိုင်းတာနိုင်ပါတယ်။ သွေးဖိအားကို ဘယ်လို စနစ်တကျ တိုင်းတာရမလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။သင့်သွေးဖိအားကို သင်ကိုယ်တိုင် တိုင်းတာနိုင်ပါတယ်။အကယ်၍ သင်ဟာ လက်ပတ်ကို မြန်မြန်လေလျော့လိုက်မယ်ဆိုရင် သွေးခုန်သံကို သေသေချာချာ ကြားရမှာမဟုတ်ဘဲ နောက်တစ်မိနစ်ကြာရင် အစကနေ ပြန်တိုင်းရမှာ ဖြစ်ပါတယ်။သွေးဖိအားကို အချိန်သတ်မှတ်တိုင်းတာဖို့ (ဥပမာ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် တိုင်းတာဖို့) သင့်ဆရာဝန်က သင့်ကို အကြံပြုနိုင်ပါတယ်။ သင့်အနေနဲပ သွေးဖိအားတိုင်းတဲ့ အချိန်နဲ့ ရလဒ်တွေကို မှတ်သားထားပြီး သင့်ဆရာဝန်နဲ့ ရက်ချိန်းပြတဲ့အခါ ယူဆောင်သွားရမှာ ဖြစ်ပါတယ်။သွေးဖိအားကို တစ်ကြိမ်လျှင် နှစ်ခါ၊ သုံးခါ တိုင်းတာပြီး အကြိမ်အများဆုံးရတဲ့အဖြေကို အမှန်ယူသင့်ပါတယ်။သွေးဖိအားအဖြေကို ကိန်းဂဏန်းနှစ်လုံးနဲ့ ပြလေ့ရှိပြီး ပထမဂဏန်းက သင့်ရဲ့ အပေါ်သွေးဖိအား ဖြစ်ပြီး ဒုတိယဂဏန်းက အောက်သွေးဖိအား ဖြစ်ပါတယ်။ (ပုံမှန်အပေါ်သွေးဖိအားမှာ ၁၂၀ မီလီမီတာမာကျူရီနှင့်အောက် ဖြစ်ပြီး ပုံမှန်အောက်သွေးဖိအားမှာ ၈၀ မီလီမီတာမာကျူရီနှင့်အောက် ဖြစ်ပါတယ်။) အပေါ်သွေးဖိအား ၁၄၀ မီလီမီတာမာကျူရီနှင့်အထက် ဒါမှမဟုတ် အောက်သွေးဖိအား ၉၀ မီလီမီတာမာကျူရီနှင့်အထက် ရှိနေရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။သင့်သွေးဖိအားဟာ ၁၂၀/၈၀ နဲ့ ၁၄၀/၉၀ ကြား ရှိနေမယ်ဆိုရင်တော့ ဒါကို သွေးမတိုးမီ အကြိုအခြေအနေလို့ ခေါ်ပါတယ်။ ၎င်းအခြေအနေကို သွေးတိုးတယ်လို့ မသတ်မှတ်နိုင်ပေမယ့် သွေးတိုးနိုင်ချေ အလွန်များတဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သွေးတိုးခြင်းဟာ များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ဘူးဆိုတာကိုလည်း သတိပြုသင့်ပါတယ်။သွေးဖိအားတိုင်းတာခြင်းဟာ နာကျင်မှုမရှိဘဲ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်တဲ့အလျောက် သင့်သွေးဖိအားကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် ပြဿနာတစ်ခုခုရှိလာရင် စောစောသိပြီး စောစောကုသနိုင်သလို သင့်မှာ သွေးတိုးရောဂါရှိနေမယ်ဆိုရင်လည်း သင့်အခြေအနေ တိုးတက်မှုရှိမရှိ သိနိုင်တဲ့အပြင် သွေးဖိအား အလွန်အမင်း တက်ရာကတဆင့် လေမဖြတ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%96%e1%80%ad%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af-%e1%80%85%e1%80%94%e1%80%85%e1%80%ba/
မိသားစုတစ်ခု ထူထောင်တော့မယ်သူတိုင်း စဉ်းစားသင့်တဲ့ အချက် ၆ ချက် ။ ။
မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအထဲမှာ အဓိကကတော့ နောက်ပိုင်းကျကလေးယူမယ်၊ကလေး မလိုချင်ဘူးစတဲ့ ခေါင်းခြောက်စရာ အတွေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မိသားစုတစ်ခုကို မတည်ထောင်ခင် ခုပြောမယ့် အချက် ၆ ချက်လောက် ကြိုစဉ်းစားထားစေချင်ပါတယ်။ဒီ မေးခွန်းရဲ့ အဖြေကို အရင်မစဉ်းစားချင် ကိုယ်တကယ်ကလေးယူချင်လားကို အရင်စဉ်းစားလိုက်ပါ။ မလိုချင်ဘူးဆိုရင် ကလေးမယူလိုက်ရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လိုချင်တာလဲကို စဉ်းစားရပါတော့မယ်။ ဥပမာ ၃ ယောက်လောက်လိုချင်တယ်ဆိုရင် ကိုယ့်လက်ရှိအသက်နဲ့ ပြန်ချိန်ဆပြီး တစ်ယောက်ဆီ ဘယ်နှစ်နှစ်လောက်ခြားပြီး မွေးမယ်ဆိုတာမျိုးတွေကို စဉ်စားသင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ကိုယ့်အသက်နဲ့ကလည်း အဖွားနဲ့ မြေးအရွယ် ဖြစ်မနေဖို့လည်း လိုသေးတာကြောင့် အရွယ်ရှိတုန်းလေးအိမ်ထောင်ပြုစေချင်ပါတယ်။ဒါကတော့စုံတွဲတွေရဲ့ လက်ရှိအသက်ပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ကိုယ်ဝန်မယူဘူးလို့ဆုံးဖြတ်ထားတဲ့တိုင်အောင် အခြားမီးယပ်ရောဂါနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်အောင် တစ်နှစ်တစ်ခါလောက်တော့ ဆေးသွားစစ်သင့်ပါတယ်။ကလေးယူတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးကိုယ်ဝန်ဆောင်အားဆေးတွေ သောက်ပေးတာ ကောင်းတယ်ပါတယ်။ အရေးအကြီးဆုံးကတော့ Folic acid (ဖောလစ်အက်ဆစ်) ၄၀၀ မိုက်ခရိုဂရမ်လောက်ပေါ့။ ဒါပေမယ့် ဘာဆေးမှ မသောက်ခင် ဆရာဝန်နဲ့ အရင်ဆွေးနွေးဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။လုံးဝကိုယ်ဝန်မယူဘူးလို့ ဆုံးဖြတ်ထားရင်တော့ ရေရှည်ကိုယ်ဝန်တားနိုင်မယ့် နည်းလမ်းတွေပို ပိုဦးစားပေးသင့်ပြီး နောက်ပိုင်းကျ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်တော့တားဆေးထိုးဆေးသောက်ဆေးသောက်ပေးတာမျိုး ၊ သန္ဓေတားထားတာကို ရပ်လိုက်တာနဲ့ ကလေးချက်ချင်းပြန်ယူလို့ ရမယ့် သန္ဓေတားနည်းကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ဒါတွေကတော့ ကိုယ်အိမ်ထောင်ပြုတော့မယ်လို့ဆုံဖြတ်လိုက်တာနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေပါ။ ဒီအချက်တွေကိုလည်း စဉ်းစား ဆရာဝန်တွေ ကိုယ့်လက်တွေဖော်တွေနဲ့လည်း တိုင်ပင်ပေါ့ ။ ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/family-planning/
ဆီးချိုလူနာတွေမှာ သွေးကြောထိခိုက်မှု ကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။
ဆီးချိုရောဂါဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး ခန္ဓာကိုယ်ကနေသွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ သေချာမကုသဘူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရမှာပါ။ ဒီထဲမှာ ဆီးချိုကြောင့် သွေးကြောထိခိုက်မှု တွေ ဖြစ်ပြီး သွေးကြောတွေ ကျဉ်းတာလည်း ပါပါတယ်။ သွေးကြောတွေ ကျဉ်းလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါအတွက် လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်တွေ မရတာကြောင့် ရေရှည်မှာ ကိုယ်တွင်းအစိတ်အပိုင်းတွေ ပျက်စီးတတ်ပါတယ်။ သွေးကြောရောဂါတွေက ပြင်းထန်ပြီး ဆီးချိုလူနာတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတာကြောင့် သတိထားသင့်ပါတယ်။အဓိက အချက်ကတော့သွေးတွင်းသကြားဓာတ် မြင့်တက်လို့ပါ။ သွေးထဲမှာ သကြားဓာတ်တွေ များလွန်းနေတာက ရေရှည်မှာ ဆဲလ်နဲ့ တစ်ရှူးတွေကို ပျက်စီးစေပါတယ်။ ဒီထဲမှာ သွေးကြောနံရံတွေမှာ ရှိနေတဲ့ ဆဲလ်တွေလည်း ပါပါတယ်။သွေးကြောနံရံတွေ ပျက်စီးတဲ့အတွက် ဒီနေရာမှာ သွေးခဲတွေ၊ အဆီတွေ လာစုပါတယ်။ တဖြည်းဖြည်းနဲ့ မာလာပြီး သွေးကြောထဲကို ဖောင်းဝင်လာပါတယ်။ ဒါကြောင့်သွေးကြောကျဉ်းလာရတာပဲ ဖြစ်ပါတယ်။ဒီလို ကျဉ်းလာတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေက နဂိုရနေကျ သွေးပမာဏအတိုင်း မရတော့ပါဘူး။ ကျဉ်းတဲ့ သွေးကြောပေါ်လိုက်ပြီး ခံစားရတဲ့ ဝေဒနာတွေ၊ ရောဂါတွေ ကွဲပြားသွားပါတယ်။သွေးကြောထိခိုက်တာက တဖြည်းဖြည်းချင်း ဖြစ်လာတဲ့အတွက် လက္ခဏာတွေက သိပ်မသိသာပါဘူး။ ဒါ့ပြင် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်တဲ့အတွက် လက္ခဏာတွေကို ပုံသေသတ်မှတ်လို့ မရပါဘူး။ အတွေ့ရများတဲ့ သွေးကြောထိခိုက်မှုတွေကတော့။ကျောက်ကပ်ဆီ သွေးကောင်းကောင်း မရောက်တဲ့အခါ ကျောက်ကပ်ဆဲလ်တွေ ပျက်စီးပြီး သူတို့ရဲ့ ပုံမှန်အလုပ်ဖြစ်တဲ့ ‘စစ်ထုတ်သိမ်းဆည်းခြင်း’ အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဆီးထဲမှာ အသားဓာတ် (ပရိုတင်း)တွေ အများကြီး ပါလာပါတယ်။ အယ်ဗျူမင်လို့ ခေါ်တဲ့ ပရိုတင်းက သွေးကြောထဲက အရည်စနစ်ကို ထိန်းချုပ်ထားတဲ့အတွက် ဒီအသားဓာတ်မရှိတော့တဲ့အခါ လူနာက ဖောလာပါတယ်။လက္ခဏာတွေက ချက်ချင်း ပြလေ့မရှိပါဘူး။ နောက်ပိုင်းကျမှမျက်လုံးဝါးတာတို့၊ အစက်အပြောက်တွေ မြင်တာတို့၊ ကြည့်လို့ မကောင်းတာတို့ ဖြစ်လာပါတယ်။ ဒါကို retinopathyလို့ ခေါ်ပါတယ်။ သေချာမကုသဘူးဆိုရင် အမြင်ကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိရင် အနည်းဆုံး တစ်နှစ် တစ်ခါလောက် မျက်စိပုံမှန် စစ်သင့်ပါတယ်။အာရုံစူးစိုက်လို့ မရတာ၊ မှတ်ဉာဏ်မကောင်းတာ၊ စိတ်အတက်အကျမြန်တာ၊ စိတ်ကျဝေဒနာ စတာတွေ ခံစားရနိုင်ပါတယ်။ စိတ်ခံစားမှုကို ထိန်းချုပ်နေတဲ့ ဦးနှောက်အစိတ်အပိုင်းကို သွေးကောင်းကောင်း မရောက်တဲ့အတွက်ကြောင့်ပါ။ ဒါ့ပြင် ရုတ်တရက် လေဖြတ်နိုင်ခြေလည်း များပါတယ်။စစချင်းဆို စမ်းကြည့်ရင် ခြေထောက်သွေးခုန်နှုန်း မမှန်ပါဘူး။ ဒါပေမယ့် လူနာတွေက ဒါကို သတိထားမိမှာ မဟုတ်ပါဘူး။ သူတို့သတိထားမိမှာက ခြေထောက်က အကြောင်းအရင်း မရှိဘဲ အေးအေးနေတာ၊ လမ်းလျှောက်ရင် ခြေသလုံးတွေ ညှစ်ထားသလို နာလာတာ စတာတွေပဲ ဖြစ်ပါတယ်။လူနာခံစားရတဲ့အပေါ် မူတည်ပြီး စမ်းသပ်လေ့ရှိပါတယ်။ တစ်နေရာနဲ့ တစ်နေရာတော့ အနည်းလည်း ကွာခြားနိုင်ပါတယ်။ ဥပမာခြေထောက်သွေးကြောတွေ ပိတ်တယ်လို့ တင်ရင် အယ်ထွာဆောင်းရိုက်ပြီး ဘယ်နေရာမှာ ဘယ်လောက်ပိတ်နေလဲဆိုတာ စစ်ဆေးနိုင်ပါတယ်။သွေးကြောပြဿနာတွေ ကုသတဲ့နေရာမှာ လက်ရှိဖြစ်နေတဲ့ သွေးကြောကိုလည်း ကုသရသလို ဆီးချိုကိုလည်း ထိန်းရပါတယ်။ ဆီးချို မထိန်းနိုင်ဘူးဆိုရင် ဒီပြဿနာတွေက နောက်ထပ် နောက်ထပ် ထပ်ဖြစ်နေဦးမှာပါပဲ။ ကုသနည်းတွေကတော့။ဆီးချိုအတွက်လည်း သောက်ဆေးတွေ၊ ထိုးဆေးတွေ (အင်ဆူလင်) သုံးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရပါတယ်။ ဒါ့ပြင် တချို့သော သွေးကြောရောဂါတွေ (ဥပမာ နှလုံးသွေးကြောကျဉ်း) ဆိုရင် အခြေအနေ မဆိုးတဲ့အခါ သောက်ဆေးနဲ့ ထိန်းထားလို့ ရပါတယ်။စားးသောက် နေထိုင်မှု ပြောင်းလဲတာက ဆီးချိုအတွက်ရော သွေးကြောရောဂါတွေအတွက်ရော အထောက်အကူ ဖြစ်ပါတယ်။ အဆီအဆိမ့်တွေ၊ ချိုလွန်း၊ ငန်လွန်းတာတွေ လျှော့စားမယ်။ ဆေးလိပ်တွေ၊ အရက်တွေ ရှောင်မယ်၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှု ကောင်းတာကြောင့် သွေးကြောပြဿနာတွေ ဖြစ်တော့မှာ မဟုတ်တော့ပါဘူး။ ဒါ့ပြင် ဆီးချိုကိုပါ ထိန်းနိုင်တာကြောင့် သွေးကြောအပြင် တခြားနောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ကာကွယ်နိုင်မှာပါ။ အထူးသဖြင့် ခွဲစိတ်ဖို့ ခက်တဲ့ သွေးကြောအသေး ပြဿနာတွေဆို စားသောက်နေထိုင်မှု ပုံစံပြောင်းလဲတာက အများကြီး အထောက်အကူ ဖြစ်ပါတယ်။သွေးကြောအကြီးတွေ ဆိုရင်တော့ ခွဲစိတ်ကုသလို့ ရပါတယ်။ ဥပမာ။-သွေးကြောထဲက ပိတ်နေတဲ့ သွေးခဲတွေ ဖယ်ထုတ်တာ။-သွေးကြောချဲ့တာ။-ပိတ်နေတဲ့ သွေးကြောကို လမ်းကြောင်းလွှဲတာ။-Stent ထည့်ပြီး ကျဉ်းနေတဲ့ သွေးကြောကို ဖွင့်ပေးတာ။ခွဲစိတ်တာက လူတွေ မလုပ်ချင်ကြဘူးဆိုပေမယ့် လေဖြတ်တာလိုမျိုး၊ နှလုံး သွေးကြောပိတ်တာမျိုး ဆိုရင်တော့ ဒါတွေက အသက်ကယ်နိုင်မယ့် နည်းလမ်းပါပဲ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetics-angiopathy/
ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ
လူကချွေးထွက်များလို့အရမ်းနုံးနေတာ၊ အော့အန်နေတာ၊ ဝမ်းတွေသွားနေတာမျိုးဆိုရင် ခန္ဓာကိုယ်က ရေဓာတ်တွေ အလျင်အမြန် ဆုံးရှုံးပါတယ်။ ဒီလို ​ရေဓာတ်ဆုံးရှုံးတာနဲ့အတူ ခန္ဓာကိုယ်က ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားပါတယ်။ ဒီလို ဆုံးရှုံးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်နိုင်ဖို့ လိုပါမယ်။ ပြန်မဖြည့်ဖြစ်ဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနည်းက ဓာတ်ဆားရည် သောက်တာပါ။ဒီတစ်ခေါက်တော့ ညကြီးမင်းကြီးမှာဖြစ်ဖြစ် ဓာတ်ဆား အလွယ်မရနိုင်တဲ့ နေရာမှာ ရောက်နေချိန်မှာ ဖြစ်ဖြစ် ဓာတ်ဆားရည် သောက်ဖို့ လိုနေတဲ့အခြေအနေမျိုးအတွက် ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ ဓာတ်ဆားရည်ကို ကိုယ်တိုင် ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ဓာတ်ဆားရည်က ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ် တို့လိုမျိုး Electrolytes တွေကို ဖြည့်ပေးပါတယ်။ ကိုယ်တွင်းက Electrolytes ပမာဏကို ထိန်းညှိပေးပါတယ်။ဓာတ်ဆားရည်မှာ ပါဝင်တဲ့ နောက်တစ်ခုက ဂလူးကို့စ်ပါ။ဂလူးကို့စ်က သကြားဓာတ်ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို အင်အားဖြည့်ပေးပြီး ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။နေ့စဉ်တိုင်း စားသုံးနေတဲ့ အစားအစာတွေထဲမှာဓာတ်ဆားဓာတ်က ပါဝင်နေတာကြောင့် ပုံမှန်အချိန်တွေမှာ ဓာတ်ဆားရည် သောက်ဖို့မလိုပါဘူး။ ဒါပေမယ့်  အခုလို အခြေအနေတွေဆိုရင်တော့ သောက်ပေးဖို့ လိုမှာပါ။ဓာတ်ဆားရည် သောက်ဖို့ကလည်း လိုနေပြီ။ ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ ဆိုရင် ဒီနည်းလမ်းလေးတွေအတိုင်း ဓာတ်ဆားရည် လုပ်လို့ ရပါတယ်။လိုအပ်မှာတွေကတော့။ဘယ်လို လုပ်ရမလဲ။ကိုယ်တိုင် ဓာတ်ဆားရည် လုပ်ဖို့အတွက် လိုအပ်မှာတွေကို သိပြီးပြီဆိုတော့ဘယ်လို လုပ်ရမလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဒီအချိုးအဆအတိုင်း ဖျော်ပါ။ အရသာ မကောင်းလို့ ဆားတွေ၊ သကြားတွေ အတိုးအလျော့လုပ်ပြီး ဖျော်တာမျိုး မလုပ်ရပါ။ သွေးတိုး၊ ဆီးချိုပဲရှိရှိ၊ ကလေးပဲသောက်သောက်၊ လူကြီးပဲသောက်သောက် ဒီအချိုးအတိုင်း ဖျော်ဖို့ လိုပါတယ်။သတိထားရမှာက ဓာတ်ဆားထုပ်ရနိုင်မယ်ဆို ဓာတ်ဆားထုပ်ပဲ ဖျော်သောက်ပါ။ WHO ဓာတ်ဆားထုပ် (အပြာ၊ အစိမ်း)၊ မြန်မာမှာဆို BPI ဓာတ်ဆားထုပ်လို့ လူသိများပါတယ်။ ဒါက အချိုးကျဖော်စပ်ထားတာမို့လို့ ဒါကို သောက်ပေးပါ။ ဒါတွေ မရမှသာ အိမ်ဖျော်ဓာတ်ဆားကို သောက်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-make-electrolyte-water-with-salt-and-sugar/
စိတ်အတက်အကျ ဆိုင်ရာ ရောဂါများ
ဒီနေ့ Mood မကောင်းဘူးလို့ ပြောတာ ကြားဖူးမှာပါ။ စိတ်ဆိုတာက ဒီလိုပါပဲ။ အမြဲတသမတ်တည်း မရှိနိုင်ပါဘူး။ တစ်ခါတလေ ပျော်တာမျိုး ရှိနိုင်သလို တစ်ခါတလေ စိတ်ကျနေတာမျိုး ရှိနေနိုင်ပါတယ်။ စိတ်အတက်အကျ ဖြစ်တတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် နေ့စဉ်ဘဝကို ထိခိုက်နိုင်လောက်တဲ့ စိတ်အတက်အကျမျိုး ဖြစ်နေရင်တော့ ဒါကိုMood disorderလို့ ခေါ်ပြီးစိတ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။အများစုသိကြတာက တက်လိုက်ကျလိုက် ဖြစ်နေတဲ့Bipolarမျိုးပါ။ တကယ်က ဒီထက်မကများပါတယ်။နေ့စဉ်လုပ်နေကျ အလုပ်တွေမှာ စိတ်ဝင်စားမှု မရှိတော့တာ၊ အမြဲလိုလို ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတာအပြင် တခြားစိတ်ကျတဲ့ လက္ခဏာတွေကို ၂ပတ်ထက် ပိုပြီး ခံစားနေရတာပဲ ဖြစ်ပါတယ်။Bipolarလောက် မဆိုးတဲ့ စိတ်အတက်အကျ ရောဂါတစ်မျိုးပါ။ အနည်းဆုံး ၂နှစ်လောက် ခံစားနေရတာ ဖြစ်ရပါမယ်။ဒါကတော့ လူအများ သိကြတဲ့ စိတ်အတက်အကျ ရောဂါပါ။ သူ့မှာ Iနဲ့ II ဆိုပြီး ၂ခုရှိပါတယ်။ Iက အတက်ဘက်ကို ပိုသွားပါတယ်။ II မှာတော့ Iလောက် မဆိုးတဲ့ အတက်လက္ခဏာကို တွေ့ရပါတယ်။ သူက အကျဘက်ပိုသွားပြီး Iလောက် မပြင်းထန်တာကို တွေ့ရပါတယ်။-တခြားကတော့ ရောဂါအခံ (ဥပမာ ကင်ဆာ)ကြောင့် စိတ်ကျတာ။-ဆေးဝါးတွေ၊ မူးယစ်ဆေးတွေ၊ အရက်တွေကြောင့် စိတ်ကျတာ။–ရာသီလာခါနီးစိတ်အတက်အကျဖြစ်တာ။–ကလေးတွေမှာ အရွယ်နဲ့ မလိုက်အောင် စိတ်အတက်အကျဖြစ်တာ စတာတွေလည်း ရှိပါတယ်။စိတ်အတက်အကျရောဂါအပါအဝင် စိတ်ရောဂါအများစုက တစ်ချက်တည်းကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ အခြေခံအချက်ကတော့ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေ မညီမျှလို့ ဖြစ်တာလို့ ပြောလို့ရပေမယ့် ဒီတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဘဝမှာ ကြုံရတဲ့ အတွေ့အကြုံတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ပါပါတယ်။ စိတ်အတက်အကျရောဂါတွေက မျိုးရိုးလိုက်တတ်တယ်လို့လည်း ဆိုကြပါတယ်။လူတိုင်းက ဝမ်းနည်းတာ၊ စိတ်ကျတာ ခံစားဖူးကြပါတယ်။ ဒါပေမယ့် စိတ်အတက်အကျရောဂါရှိတဲ့ သူတွေက ကျလည်း ကြမ်းကြမ်း၊ တက်လည်း ကြမ်းကြမ်းပါပဲ။ စိတ်အတက်အကျရောဂါ ဖြစ်နိုင်ခြေ များတဲ့သူတွေကတော့။အသက်အရွယ်နဲ့ ဖြစ်တဲ့ အမျိုးအစားကို လိုက်ပြီး လက္ခဏာတွေက ကွာသွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။လူတိုင်းက ခုပြောတဲ့ အချက်တွေကို ခံစားဖူးပေမယ့် အများစုက ခဏပါပဲ။ အချိန်ကြာလာတာနဲ့အမျှ သက်သာလာပါတယ်။ စိတ်အတက်အကျရောဂါရှိသူတွေကတော့ ကြာလေ ဆိုးလေ ဖြစ်လာပါတယ်။စိတ်အတက်အကျရောဂါက ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ သူတို့မှာကျတော့ ခုပြောတဲ့ လက္ခဏာတွေ တွေ့ချင်မှ တွေ့ရမှာပါ။ ကလေးတွေမှာ စိတ်ရောဂါတွေကို ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေအနေနဲ့ ပြတတ်ပါတယ်။ ဥပမာ အကြောင်းရင်း မရှိဘဲ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ နုံးတာ။ ဆေးတိုက်လိုက်ရင်လည်း မသက်သာတာမျိုးပါ။စိတ်အတက်အကျရောဂါတွေက ကုသလို့ ရပါတယ်။ စိတ်ရောဂါတွေကို ကုသတဲ့ အခါမှာ ဆေးဝါးအပြင် စိတ်ကုထုံးတွေလည်း လိုပါတယ်။ အသုံးများတဲ့ ကုသနည်းတွေကတော့။စိတ်အတက်အကျရောဂါတွေကို ကုသတဲ့ နေရာမှာ လူနာရဲ့ စိတ်အားထက်သန်မှု၊ မိသားစုဝင်တွေရဲ့ ပါဝင်ကူညီမှု၊ စိတ်ရှည်မှု စတာတွေ လိုအပ်ပါတယ်။ သေချာကုသမှု ခံယူမယ်ဆိုရင် စိတ်အတက်အကျလူနာတွေက သာမန်လူတွေလိုပဲ နေထိုင်သွားနိုင်ပါတယ်။စိတ်အတက်အကျရောဂါ ခံစားနေရတယ်လို့ ယူဆတဲ့အခါ တတ်ကျွမ်းသူနဲ့ ကုသမှု ခံယူသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါက်လာတဲ့အခါမျိုးမှာ အရေးပေါ် ကုသမှု ခံယူဖို့ သင့်ပါတယ်။ စိတ်ရောဂါတွေက ကုလို့မရတဲ့ ရောဂါတွေ မဟုတ်ပါဘူး။ သေချာကုသမယ်ဆိုရင် ပြန်လည် သက်သာလာပြီး သာမန်လူလို နေထိုင်သွားနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/types-of-mood-disorders/
လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ
လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ …… အမျိုးသားတွေမှာ မကြာခဏ ဖြစ်တတ်တဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ တခြားရောဂါ ကြီးကြီးမားမား မရှိဘဲတစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ ကိုယ်သုံးနေတဲ့ ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ ပွန်းပဲ့ထိခိုက်မိတာကြောင့် ဖြစ်နိုင်ပြီး ပုံမှန်အားဖြင့် တစ်ရက် နှစ်ရက်လောက်နဲ့ ပျောက်ကင်းသွားပါတယ်။ဒီလိုမှမဟုတ်ဘဲ အနီစက်တွေ၊ အနီဖုတွေ ထနေတာ ရက်တွေ အရမ်းကြာနေပြီ၊ နေရာအနှံ့ကို ပျံ့လာတယ်ဆိုရင်တော့ တခြား ကူးစက်ခံရတဲ့ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အနီစက်တွေသာမက တခြားသော လက္ခဏာအမျိုးမျိုးလည်း ပြနိုင်ပါတယ်။လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ ဆိုတော့ ကူးစက်ခံထားရတဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ယားယံတာ၊ ပျော့အိအိဖြစ်နေတာ၊ အနီကွက် အကြီးကြီးဖြစ်နေတာ၊ အဖုအပိမ့်တွေ အစုအပြုံပေါက်နေတာ၊ အဖုတွေထဲမှာ အရည်၊ ပြည်တွေ ပြည့်ဖောင်းနေတာ၊ အဖုက တဖြည်းဖြည်း ရောင်ပြီး ကြီးလာတာ၊ အချိုင့်ပုံစံ ဖြစ်နေတာ၊ အရေပြားအောက်မှာ မြုပ်နေတာ အစရှိသဖြင့် လက္ခဏာအမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။ကူးစက်ခံထားရတဲ့ ရောဂါပေါ် မူတည်ပြီး ပေါက်တဲ့နေရာ၊ ဖြစ်လာတဲ့ လက္ခဏာတွေဟာလည်း မတူညီကြပါဘူး။၁။ လိင်အင်္ဂါရေယုန် (Genital Herpes)။ကပ္ပာယ်အိတ်၊ဆီးခုံမွေးအရေပြားပတ်လည်၊ ပေါင်၊ တင်ပါး၊ ပါးစပ်တွေပေါ်မှာ ဖြစ်တတ်ပါတယ်။ ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရေယုန်ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာအတွင်း ဝင်ရောက်ခြင်းဖြင့် ကူးစက်ခံရပါတယ်။ အနီစက်၊ အနီဖုတွေအပြင် နာကျင်မှု၊ ယားယံမှုကြောင့် လူက သက်တောင့်သက်သာ မဖြစ်တာ၊ အရည်ကြည်ဖု ပေါက်သွားတဲ့အခါ သွေး သို့မဟုတ် ပြည်တွေ ယိုစိမ့်ထွက်တာ၊ အနာသက်သာသွားတဲ့အခါ အမာရွတ်၊ ဝဲနာပုံစံအဖြစ် ကျန်ခဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။၂။ ကာလသားရောဂါ (Syphilis)။ထရီပိုနီမာ ပယ်လီဒမ် (Treponema Pallidum) ဘက်တီးရီးယားပိုး ကူးစက်ခံရမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပြီးအကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ကူးစက်ပါတယ်။ ကူးစက်ခံရတဲ့အခါ အရင်ဆုံး လိင်တံနဲ့ ပတ်ပတ်လည်အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ နီပြီး နာကျင်မှုမရှိတဲ့ အနာတွေ ဖြစ်လာမယ်။ ဒီအချိန်မှာ ကုသမှုမခံယူဘူးဆိုရင် တခြားနေရာတွေအထိပါ ပျံ့နှံ့သွားပြီး ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ရောဂါသက်တမ်းကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာအနှံ့ အနီကွက်တွေ ပျံ့လာမယ်၊ အပြင်းဖျားတာ၊ လည်ပင်းမှာ ရှိတဲ့ ပြန်ရေကြောအကျိတ် ရောင်လာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်တစ်ခြမ်းသေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။၃။ ဝဲခြောက်ယားနာ (Scabies)။Mite လို့ ခေါ်တဲ့ ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အထဲထဲမှာမှ အရေပြားဆဲလ်တွေကို စားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတဲ့အခါ ဝဲယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိနေသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ၊ အသားချင်းထိတွေ့မိတဲ့အခါ ကူးစက်ခံရနိုင်ပါတယ်။အသိသာဆုံး လက္ခဏာကတော့ ကပ်ပါးပိုးက အရေပြားထဲ ထိုးပေါက်နေချိန် ယားယံပြီး ကျိန်းစပ်နေတာပါပဲ။ ဒါ့အပြင် အရေပြားက ခြောက်ပြီး အကြေးခွံထနေတာ၊ အရည်ကြည်ဖုတွေ ပေါက်နေတာ၊ ကပ်ပါးပိုးထိုးဖောက်လာတဲ့ လမ်းတစ်လျှောက်မှာ အဖြူရောင်မျဉ်းကြောင်းလေး ထင်နေတာ အစရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့ရပါတယ်။၄။ အနီဖုဖြစ်စေတဲ့ ရောဂါပိုး (Molluscum Contagiosum)။ပေါ့စ် (Pox) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အရေပြားရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးရှိသူနဲ့ မျက်နှာသုတ်ပဝါ၊ အဝတ်အစား၊ အိပ်ရာခင်း၊ တခြားအသုံးအဆောင်တွေ အတူသုံးစွဲရာမှ၊ အရေပြားချင်း ထိတွေ့ပြီး ကူးစက်ခံရပါတယ်။လိင်တံနဲ့ ပတ်ပတ်လည် အရေပြားပေါ်မှာ နီရဲပြီး ယားယံစေတဲ့ အဖုအပိမ့်တွေကို အဓိကဖြစ်စေပါတယ်။ ဒီအဖုတွေကို ကုတ်လိုက်မိရာမှ ပွန်းပဲ့တာ၊ တခြားနေရာတွေကို ပျံ့နှံ့တာ၊ အနာရင်းတာတွေပါ ဖြစ်နိုင်ပါတယ်။၅။ လိင်တံထိပ်ဖူးရောင် ရောဂါ (Balanitis)။တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတာ၊ ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ အနီစက် ထွက်တာ၊ ရောင်ရမ်းတာ၊ ယားတာအပြင် ဆီးသွားနေစဉ် နာကျင်ခြင်း၊ ထိပ်အရေပြားအောက်မှာ အနံ့ဆိုးဖြစ်စေတဲ့ ချွဲကျိကျိ အရည်တွေ ပိုထွက်လာတာ၊ ထိပ်အရေပြားနောက်လှန်ဆွဲမရတာပါ ဖြစ်နိုင်ပါတယ်။၆။ အရေပြား ဓာတ်မတည့်မှု (Contact Dermatitis)။ကိုယ့်အရေပြားနဲ့ ဓာတ်မတည့်တာ၊ အရမ်းပြင်းလွန်းတဲ့ ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊အတွင်းခံဘောင်းဘီအစရှိတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့သုံးစွဲမိရာမှာ ဖြစ်တတ်ပါတယ်။ စစချင်းမှာ လိင်တံက ရောင်နေတာ၊ ယားယံနေတာ၊ အရေပြားခြောက်ပြီး အကြေးခွံထတာ၊ ပြည်ဖုတွေ ထွက်လာတာမျိုးတွေ ဖြစ်တတ်ပြီး ကုတ်မိရာမှ ပိုးဝင်သွားတဲ့အခါ မောပန်းလွယ်ပြီး အပြင်းဖျားတာပါ ဖြစ်နိုင်ပါတယ်။၇။ အရေပြားမှိုစွဲခြင်း (Yeast Infection)။ကန်ဒီဒါ (Candida) မှိုပိုးကူးစက်ရာမှ ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ကူးစက်ပါတယ်။ လိင်တံနဲ့ ပတ်ပတ်လည်မှာ ယားယံတာ၊ အနီဖုတွေထတာ၊ အနံ့ဆိုးထွက်တာ၊ ထိပ်အရေပြား နောက်လှန်ဆွဲမရတာ၊ လိင်တံထိပ်ဖူးနဲ့ ထိပ်အရေပြားအောက်မှာ အဖြူရောင် အဖတ်တွေ ကပ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။၈။ ပေါင်ခြံပွေး (Tinea Cruris)။ပေါင်ခြံ၊ လိင်တံ၊ ကပ္ပယ်အိတ်၊ တင်ပါးပေါ်မှာ ဖြစ်တဲ့ မှိုအရေပြားရောဂါတစ်မျိုးပါ။ ချွေးအလွန်အကျွံထွက်ပြီး ကိုယ့်ရဲ့ လိင်အင်္ဂါတစ်ဝိုက်ကို သေချာဆေးကြောသန့်ရှင်းခြင်း မလုပ်တဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ စက်ဝိုင်းပုံစံ အနီကွက်တွေ ထနေတာ၊ မှိုစွဲတဲ့နေရာမှာ ခြောက်ပြီး အကြေးခွံထနေတာ၊ အဖတ်တွေ ကွာနေတာကို တွေ့ရပါတယ်။၉။ လိင်အင်္ဂါ နှင်းခူ (Genital Eczema)။စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ ဓာတ်မတည့်တဲ့ ပစ္စည်းတွေကို သုံးစွဲခြင်းကြောင့် ဖြစ်တတ်တဲ့ အရေပြားရောဂါဖြစ်ပါတယ်။ လိင်တံတဝိုက်မှာ နီပြီး ယားယံတဲ့ အဖုတွေ ပေါက်တာ၊ အရေပြား ခြောက်ပြီး ကြမ်းနေတာ၊ မကြာခဏ ယားယံနေတာ၊ ပြည်ဖုတွေ အစုအပြုံ ပေါက်နေနိုင်ပါတယ်။အနီစက်တွေသာမက တခြားသော လက္ခဏာတွေပါ ပြလာတာ၊ ဆီးသွားဖို့ အခက်အခဲဖြစ်တာ၊ ပြင်းထန်တဲ့ နာကျင်မှု၊ ယားယံမှုဝေဒနာ ခံစားရတာ၊ အပြင်းဖျားနေပြီဆိုရင် အကောင်းဆုံးကတော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ပါပဲ။ ဒါမှပဲ ကိုယ့်ရဲ့ ရောဂါအခြေအနေကို သေချာရှာဖွေသိရှိပြီး အမြန်ဆုံးကုသနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/red-spots-on-penis/
ရေထဲမှာ ကလေးမွေး ခြင်း (Water birth)
ခုခေတ်က တိုးတက်နေပြီဆိုတော့ ကလေးမွေး တာတောင်ရိုးရိုးမွေး၊ခွဲမွေးတာ အပြင် ရေထဲမှာ ကလေးမွေး တာတဲ့။ ယူကျူ့တို့ ဖေ့စ်ဘွတ်တို့မှာ တွေ့ရင် တွေ့ဖူးကြမှာပါ။ လေထိုးကန်ထဲမှာ ရေဖြည့်ထားပြီး ကလေးမွေးဖို့ ပြင်တာမျိုးပေါ့။ မြန်မာနိုင်ငံမှာ သိသလောက် ပြောရရင် water birth မရသေးပါဘူး။ ဒါပေမယ့် ခုက အဆင့်မြင့်လာပြီဆိုတော့ နိုင်ငံခြားသွားပြီး ကလေးမွေးမယ့် မေမေတွေအတွက် ဗဟုသုတရအောင် ပြောပြပေးလိုက်ပါတယ်။လေထိုးကန်လိုမျိုး ကန်ထဲကို ရေနွေးနွေးလေးထည့်ပြီး မွေးတာပါ။ မွေးတယ်ဆိုပေမယ့် ကလေးထွက်တဲ့အထိ ကန်ထဲမှာ နေတာ ရှားပါတယ်။သားအိမ်ဝကောင်းကောင်းပွင့်ပြီဆိုတာနဲ့ အရင်ပုံစံအတိုင်း ပြန်မွေးကြတာပါ။ ရိုးရိုးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ်ပေါ့။ရေထဲမှာ မွေးတာက။ရေထဲမှာ ကလေးမွေးတာက ဆိုးကျိုးအနည်းငယ်တော့ ရှိပါတယ်။ ဥပမာ ပြောရရင်။ဒါတွေကြောင့် ကလေးကို ရေထဲမှာ ပြီးတဲ့အထိ မမွေးခိုင်းဘဲ သားအိမ်ပွင့်တာနဲ့ ပုံမှန်အတိုင်း မွေးခိုင်းတာပါ။American College of Obstetricians and Gynecologistsက အကြံပြုတာတော့ ရေထဲမှာ မွေးမယ်ဆိုရင် အောက်ကအချက်တွေနဲ့ ကိုက်ညီဖို့လိုပါတယ်။မမွေးသင့်တဲ့ သူတွေကတော့။ခေတ်မီလာတဲ့ ဆေးပညာအရ ကလေးမွေးတာကို သက်သာအောင် အမျိုးမျိုး ပြုလုပ်လာကြပါပြီ။ ရေထဲမှာ ကလေးမွေး တာက ကလေးအတွက်တော့ ထူးထူးခြားခြား ကောင်းကျိုးမရှိပါဘူး။ အမေအတွက်တော့ နာတာတွေ၊ စိတ်ဖိစီးတာတွေ လျော့ပြီး မြန်မြန်မွေးနိုင်အောင် ကူညီပေးပါတယ်။ ဒီနည်းနဲ့ မွေးဖို့ စဉ်းစားထားတယ်ဆိုရင် မမွေးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/water-birth/
3 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။ခုဆိုရင်သင့်ရင်သွေးလေးဟာ ၃ပတ်သားလေးဖြစ်လာပါပြီ၊ ဒီအချိန်မှာဆိုရင်တော့ ကလေးလေးတွေဟာ ၂၀ မှ ၃၅ စင်တီမီတာအကွာမှာရှိတဲ့ အရာဝတ္ထုတွေကို မြင်နိုင်၊ တွေ့နိုင်နေပါပြီ။ ပြီးတော့ ဒီအကွာအဝေးဟာ သင်နို့တိုက်တဲ့အချိန် သူ့မျက်လုံးနဲ့သင်နဲ့ကြားထဲက အကွာအဝေးဖြစ်ပါတယ်။ ဒီအရွယ်ကလေးလေးတွေဟာ မျက်နှာတွေကိုစိတ်ဝင်စားတတ်လာပါပြီ။ နို့တိုက်နေစဉ်မှာ သူတို့ကိုတည့်တည့်ကြည့်နေခြင်းဖြင့် အာရုံစိုက်ကြည့်တတ်ဖို့ လေ့ကျင့်ပေးနိုင်ပါလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ သင့်ခေါင်းကိုဟိုဘက်ဒီဘက် လှုပ်ယမ်းပေးခြင်းဖြင့် သူ့မျက်လုံးက သင့်ကိုလိုက်ကြည့်နေလား စမ်းနိုင်ပါတယ်။ ဒါဟာ ကလေးတွေရဲ့မျက်လုံးကြွက်သားနဲ့ အာရုံစိုက်ကြည့်နိုင်စွမ်း ကိုလေ့ကျင့်ပေးပါတယ်။ မျက်လုံးအကြည့်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ခြင်းဟာ မိခင်နဲ့သံယောဇဉ်လည်းပိုတွယ်စေပါတယ်။ ခုသုံးပတ်မှာဆိုရင် သင့်ကလေးလေးဟာ ခြေတွေလက်တွေကို လွတ်လပ်စွာ လှုပ်ရှားနိုင်နေပါပြီ။သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။ခုအချိန်ကလေးလေးတွေအတွက် အခြားလူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကတော့ ငိုတာပါပဲ။ ဒီလိုဆိုရင် သင့်အသံနဲ့ သင့်အထိအတွေ့တွေကို သူတို့ဆက်သွယ်နိုင်မှာဖြစ်တယ်လေ။ သူတို့ကသင့်အသံကိုသိနေပြီး တခြားလူတွေနဲ့ ခွဲခြားတတ်နေပါပြီ။ သင့်ရင်သွေးလေးဟာ ထွေးပွေ့ခံရတာ၊ ယုယုယယပွတ်သပ်ခံရတာ၊ အသာအယာနှိပ်နယ်ခံရတာ၊ အနမ်းခံရတာ၊ အချီအပိုးခံရတာလေးတွေကို နှစ်သက်လာပါပြီ။ သင့်အသံကိုကြားရင် ဒါမှမဟုတ် သင့်မျက်နှာကိုတွေ့ရင် ‘အာ’ လို့အသံပြုရတောင် ပြုနိုင်နေလောက်ပါပြီ။ ပြီးတော့ လူအားလုံးကြားထဲကမှ သင့်ကိုပဲတွေ့ဖို့စိတ်အားထက်သန်နေပါလိမ့်မယ်။ဆရာဝန်နဲ့ ဘာတွေဆွေးနွေးသင့်လဲ။ကလေးတွေ သာမန်အတိုင်းပဲ ဖွံ့ဖြိုးလာတယ်ဆိုရင်တော့ ဆရာဝန်သွားပြစရာမလိုတော့ပါဘူး။ဒါပေမယ့် ပြဿနာရှိနေမလား အမြဲကြည့်နေသင့်တယ်။• ကျန်းမာရေးပြဿနာရှိနေမလား သိရအောင် ဆီးပမာဏ ၊ဝမ်းပမာဏ ကိုအမြဲစောင့်ကြပ်ကြည့်ရှုနေရပါမယ်၊။• တကယ်လို့သွေးမခဲနိုင်တဲ့ပြဿနာရှိရင်တော့ ဆရာဝန်က ဗီတာမင်ကေ ညွှန်းပါလိမ့်မယ်။ဘာသိသင့်လဲ။အမေတစ်ယောက်အနေနဲ့ SIDS လို့ခေါ်တဲ့ တစ်နှစ်အောက်ကလေးရုတ်တရတ်သေဆုံးခြင်း ရဲ့လက္ခဏာတွေကို သိထားဖို့ကအရမ်းအရေးကြီးပါတယ်။ မွေးကင်းစကလေးရုတ်တရက်သေဆုံးခြင်းဟာ မွေးကင်းစကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက်သေဆုံးခြင်းပါ။ တစ်နှစ်အောက် ကလေးငယ်လေးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ တော်သေးတာက ထိုရောဂါဟာ တစ်လနဲ့တစ်နှစ်ကြားအရွယ်မှာ သေဆုံးခြင်းထိဖြစ်စေနိုင်တဲ့ ရောဂါဖြစ်သော်လည်း ရှားပါးသေးတာပါပဲ။ ဘာကြောင့်ဖြစ်စေလဲ အတိအကျမရှိပေမယ့် ဒီအချက်တွေကိုသိထားခြင်းဖြင့် ကာကွယ်နိုင်ပါလိမ့်မယ်။• မိဘတစ်ဦး သို့မဟုတ် ကလေးထိန်းက ဆေးလိပ်သောက်ခြင်း။• ကလေးမျက်နှာကြမ်းပြင်နှင့်အပ်ပြီး အိပ်ပျော်နေခြင်း။• နေ့မစေ့လမစေ့မွေးသော ကလေးဖြစ်ခြင်း။• မွေးစက ပေါင်မပြည့်ခြင်း။• အလွန်အမင်းနူးညံ့ပျော့ပျောင်းသော မွေ့ရာ၊ အိပ်ရာ မျက်နှာပြင် ပေါ်အိပ်ခြင်း။• အိပ်နေစဉ်အရမ်းပူခြင်း။ကာကွယ်နိုင်ရန် ဒါတွေကိုလိုက်နာဖို့လိုပါတယ်။• ကလေးကို ပက်လက်လှန်ပြီးသာ အိပ်ပါစေ။ လေ့လာမှုတွေအရ ကလေးငယ်လေးတွေ ပက်လက်လှန်အိပ်ခြင်းဖြင့် ထိုရောဂါကို ၅၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်တာတေ့ွရပါတယ်။ ဘေးတစောင်းတောင်မအိပ်စေသင့်ပါဘူး။ ပုခက်ထဲမှာ ခေါင်းအုံးတွေ၊ ဖက်လုံးတွေ၊ အရုပ်တွေပြည့်မနေစေပါနဲ့ ဒါတွေဟာ ကလေးငယ်အိပ်နေစဉ်မှာ အသက်ရှူလမ်းကြောင်းကိုပိတ်သွားစေနိုင်ပါတယ်။ ကလေးခေါင်းကိုဘာနဲ့မှအုပ်မနေစေပါနဲ့၊ အခန်းအပူချိန်ကိုလည်း ၂၄ဒီဂရီဆဲလ်စီးယပ်စ်လောက်သာ ရှိပါစေ။• အိပ်ချိန်မှာ အဝတ်တွေအများကြီးဝတ်ပေးမထားပါနဲ့။ တချို့ပညာရှင်တွေက မွေးကင်းစကလေးကို အစောပိုင်းလတွေမှာ အိပ်ရာပျော့ပျော့ပေါ်မှာသိပ်တာဟာ အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။ တချို့ကတော့ မိဘတွေနဲ့တူတူသိပ်တာဟာ ကလေးငယ်အသက်ရှူခြင်း တစ်ခုခုဖြစ်သွားပါက အလျင်အမြန်ဆောင်ရွက်လို့ရတာကြောင့် ကောင်းတယ်လို့ဆိုပါတယ်။ သင်နဲ့တူတူသိပ်သည်ဆိုစေကာမူ သင့်အိပ်ရာကတောင့်တင်းသောအခင်းဖြစ်ပြီး၊ ကလေးကိုလည်း ပက်လက်ဖြင့်သာအိပ်ပါစေ။ရင်သွေးလေးနားမှာ ဘယ်တော့မှဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်သောက်သူများကိုလည်း ဝေးဝေးနေပါစေ။ ကလေးများကိုအိပ်နေစဉ် ချိုလိမ်လေးပေးထားခြင်းဟာ ထိုရောဂါဖြစ်နိုင်ချေလျော့တယ်လို့ဆိုကြသော်လည်း တိကျတဲ့လေ့လာမှုတော့မရှိသေးပါဘူး။ဘာတွေစိတ်ပူလဲ။ဒီပထမရက်သတ္တပတ်တွေမှာ ရင်သွေးလေးအမြဲငိုနေလို့ သင်မကြာခဏစိတ်ညစ်ရလောက်ပါတယ်။ ဒါပေမယ့် သူတို့ငိုကြွေးခြင်းဟာ အခုအချိန်မှာ သင်နဲ့ဆက်သွယ်လို့ရတဲ့ တစ်ခုထဲသောနည်းလမ်းပါ။ စိတ်ပျက်နေမယ့်အစား ကလေးငယ်ဘာကြောင့်ငိုတာလဲကို ရှာဖွေပြီး ဖြေရှင်းသင့်ပါတယ်။ ဒါပေမယ့် သုံးနာရီထက်ကြာအောင် ငိုနေပြီး ဒီလိုမျိုး သုံးပတ်နဲ့အထက်ငိုကြွေးနေတယ်ဆိုရင်တော့ လေထိုးလေအောင့်ဖြစ်နေတာဖြစ်နိုင်ပါတယ်။ လေထိုးခြင်းကြောင့် တခြားရောဂါမရှိ၊ကျန်းမာနေပြီး နို့ဝနေတဲ့ကလေးတွေဟာလည်း အဆက်မပြတ်ငိုကြွေးနေတတ်ပါတယ်။ထိုအခါကလေးလေးတွေဟာ ချော့လို့မရဘဲ လက်သီးလေးတွေဆုပ်ကာ ခြေထောက်တွေမြှောက်ကာ ငိုကြွေးတတ်ပါတယ်။ သူတို့လေလည်တာလည်းရှိနိုင်ပြီး ထိုလေထိုးလေအောင့်ဟာ နေ့တစ်နေ့မှာ အချိန်မရွေးဖြစ်နိုင်သလို တစ်ခါတလေဆိုရင် ညနေဘက်မှ ရုတ်တရက်ကြီးလည်းထဖြစ်တတ်ပါတယ်။တော်သေးတာက ထိုလေထိုးလေအောင့်ဟာ အကြာကြီးမခံပါဘူး။ ၆၀ ရာခိုင်နှုန်းလောက်သော ကလေးတွေဟာ သုံးလအတွင်းကောင်းသွားလေ့ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းလောက်က လေးလအတွင်း ကောင်းတတ်ပါတယ်။ တခြားမူမမှန်လက္ခဏာများရှိလျှင် ဒါမှမဟုတ် မေးခွန်းတွေရှိရင် ဆရာဝန်တွေကိုမေးမြန်းနိုင်ပါတယ်။ ဆရာဝန်တွေက သင့်ရင်သွေးလေးအတွက် အကောင်းဆုံးစောင့်ရှောက်မှုကို လမ်းညွှန်ပေးနိုင်မှာပါ။တတိယမြောက်ရက်သတ္တပတ်ကို ဖြတ်သန်းလာခဲ့ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ ၄ ပတ်မြောက်မှာရော သင့်ရင်သွေးလေးက ဘယ်လိုတွေဖွံ့ဖြိုးလာသလဲ ကြည့်လိုက်ရအောင်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/3-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8/
Vaginitis (မိန်းမကိုယ်ရောင်ရမ်းခြင်း)
မိန်းမကိုယ်ရောင်ရမ်းခြင်းဆိုသည်မှာ မိန်းမကိုယ်သည်ရောင်ရမ်းနာကျင်၍ ယားယံကာ အရည်များဆင်းခြင်းကို ဆိုလိုသည်။ ဖြစ်ရသော အကြောင်းအရင်းမှာ မိန်းကိုယ်အတွင်းရှိ ဘက်တီးရီးယား(သို့) အခြားသောပိုးများ မမျှတ၍ဖြစ်သည်။ သွေးဆုံးပြီးသောအခါအီစထရိုဂျင်ဟော်မုန်းပမာဏများသွေးထဲတွင် လျော့ကျလာခြင်းနှင့် အခြားသော အရေပြားရောဂါများသည် မိန်းမကိုယ်ရောင်ရမ်းခြင်းကို ဖြစ်စေတတ်သည်။အဖြစ်အများဆုံးသော မိန်းမကိုယ်အားရောင်ရမ်းစေသည့် ပုံစံကွဲများမှာ ဘက်တီးရီးရဲ ဗဂျိုင်နိုးစစ်၊ရီးစ်ဟူသော မှိုရောဂါတစ်မျိုး နှင့် ထရိုင်ခိုမိုနီရေးစစ်တို့ဖြစ်သည်။ ဘက်တီးရီးရဲ ဗဂျိုင်နိုးစစ်မှာ မိန်းမကိုယ်အတွင်းရှိ ပုံမှန်တွေ့ရှိရသော ဘက်တီးရီးယားများနှင့် ရီးစ်ဟူသောမှိုရောဂါမှာ ကန်ဒီဒါ အယ်လ်ဘီကန်ကဲ့သို့သော။မှိုများ လွန်စွာပေါက်ပွားနေ၍ဖြစ်ပြီး ထရိုင်ခိုမိုနီးရေးစစ်မှာ လိင်ဆက်ဆံရာမှ ကူးစက်သည့် ကပ်ပါးကောင်များကြောင့်ဖြစ်သည်။ ကုသမှုမှာ ဖြစ်ပွားသော မိန်းမကိုယ်ရောင်ရမ်းခြင်း၏ ပုံစံအမျိုးအစားပေါ်တွင်မူတည်သည်။အလွန်အဖြစ်များသော ရောဂါဖြစ်သည်။ အမျိုးသမီးအများစုသည် အမျိုးမျိုးသော မိန်းမကိုယ်ရောင်ရမ်းစေသည့် ရောဂါပုံစံကွဲများကို အနည်းဆုံး တစ်ကြိမ်ခန့်ဘဝတစ်လျှောက်တွင် ကြုံဖူးကြသည်။ သို့သော် ထိုရောဂါများအား ဖြစ်နိုင်ချေများကိုလျှော့ချကာ ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုပါက ဆရာဝန်အား ဆက်သွယ်မေးမြန်းပါ။အချို့သော အဖြစ်များသည့် လက္ခဏာရပ်များမှာ။အကယ်၍ သင့်တွင် အခြားမိန်းမများတွင်ပုံမှန်အတိုင်း ဖြစ်လေ့မရှိသော မိန်းမကိုယ်မှ အရည်များဆင်းလာပါက ထိုအရည်များ၏လက္ခဏာရပ်များက သင့်တွင်ဖြစ်ပွားနေသည့် မိန်းမကိုယ်ရောင်ရမ်းခြင်းရောဂါပုံစံကွဲများအား ဆုံးဖြတ်ပေးနိုင်သည်။ဥပမာ-။ဘက်တီးရီးရားဗဂျိုင်နိုးစစ်။အညိုရောင်(သို့) မီးခိုးနှင့်အဖြူစပ်ထားသည့် အရောင်ရှိသော အနံဆိုးသည့် အရည်များမိန်းမကိုယ်မှ ထွက်တတ်သည်။ အများအားဖြင့် ထိုအနံ့ဆိုးသည် ငါးညှီနံ့နှင့်တူသည်ဟု ဆိုကြပြီး လိင်ဆက်ဆံနေစဉ်အတွင်းပိုမိုသိသာတတ်သည်။ရီးစ်ဟူသော မှိုတက်ခြင်းရောဂါ။အဓိကလက္ခဏာမှာ မိန်းမကိုယ်ယားယံခြင်းဖြစ်ပြီး မိန်းမကိုယ်မှ ထွက်သောအရည်များသည် ချိစ်ပြားများကဲ့သို့အဖြူရောင်ရှိပြီး ကပ်စည်းထူထဲနေတတ်သည်။ထရိုင်ခိုမိုနီရေးစစ်ရောဂါ။စိမ်းဝါရောင်ရှိသော အမြှုပ်ထသည့် အရည်များ မိန်းမကိုယ်မှ ဆင်းလာတတ်သည်။စောစီးစွာစမ်းသပ်တွေ့ရှိ၍ ကုသနိုင်ခြင်းသည် ရောဂါပိုဆိုးလာခြင်းနှင့် အရေးပေါ်အခြေအနေများဖြစ်ပွားခြင်းတို့ကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်အားအမြန်ဆုံးပြသဆွေးနွေးခြင်းဖြင့် ကာကွယ်ပါ။အချို့သော ဖြစ်ပွားစေနိုင်သည့်အကြောင်းအရင်းများမှာ။ဘက်တီးရီးယားဗဂျိုင်နိုးစစ်။မိန်းမကိုယ်အတွင်းရှိ ပုံမှန်တွေ ့ရှိရသော ဘက်တီးရီးယားများ၏ပြောင်းလဲလာမှုနှင့်အခြားသောပိုးများ၏ အလွန်အမင်းပေါက်ပွားလာမှုတို့ကြောင့်ဖြစ်ပွားသည်။ မိန်းမကိုယ်ရောင်ရမ်းခြင်းကို အများဆုံးဖြစ်ပွားစေသောအကြောင်းအရင်းဖြစ်သည်။ လိင်ဆက်ဆံမှုနှင့် ပတ်သတ်ဆက်နွှယ်နေသည်ဟု ယူဆရပြီး အထူးသဖြင့် လိင်ဆက်ဆံဖော်များခြင်း (သို့) လိင်ဆက်ဆံဖော်အသစ်နှင့်လိင်ဆက်ဆံမိခြင်းတို့မှ ဖြစ်ပေါ်လာတတ်သည်။သို့သော်လည်း လိင်ဆက်ဆံလေ့မရှိသော အမျိုးသမီးများတွင်လည်း ဖြစ်ပွားကြောင်းတွေ့ရှိရသည်။ရီးစ်ဟူသော မှိုရောဂါ။မှိုများသည် မိန်းမကိုယ်ထဲတွင် လွန်စွာပေါက်ပွားသောအခါ ဖြစ်ပွားသည်။ ကန်ဒီဒါအယ်လ်ဘီကန်ဟူသော မှိုတစ်မျိုးသည် ခန္ဓါကိုယ်၏ စိုစွတ်သောနေရာများ (ဥပမာ မိန်းမကိုယ်၊ပေါင်ခြံနှင့် ချိုင်းကဲ့သို့သော အရေပြားနှစ်ခုထိကပ်နေသောကြားများ၊ပါးစပ်နှင့် လက်သည်းခွံအောက်နေရာများတွင်ဖြစ်ပွားတတ်သည်။)။ထရိုင်ခိုမိုနီရေးစစ်။ရောဂါပိုးရှိသောသူနှင့် လိင်ဆက်ဆံရာမှကူးစက်သောရောဂါတစ်မျိုးဖြစ်ပြီး ထရိုင်ခိုမိုးနပ်စ်ဗချိုင်နယ်လစ် ဟုခေါ်သည့် ကပ်ပါးပိုးတစ်မျိုးမှ ဖြစ်ပွားစေသည်။အဏုဇီဝပိုးငယ်များကြောင့်မဟုတ်သော မိန်းမကိုယ်ရောင်ရမ်းခြင်း။မိန်းမကိုယ်အားဖြန်းပက်ရသောအရည်များ၊ထည့်သောပစ္စည်းများ၊လိမ်းသော အမွှေးဆပ်ပြာများနှင့်သုက်အားသေစေသည့် ဓါတုပစ ္စည်းများသည် မိန်းမကိုယ်အပေါက်ဝနှင့် နှုတ်ခမ်းသားများကို ဓါတ်မတည့်ခြင်း နှင့် ထိခိုက်ပျက်စီးရောင်ရမ်းစေခြင်းများဖြစ်ပွားစေတတ်သည်။ ချွတ်ကာစွန့်ပစ်ရန်မေ့နေသောအမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့်အိမ်သာသုံးတစ်ရှူးများကဲ့သို့သော ပြင်ပမှ ပစ္စည်းများသည်လည်း မိန်းမကိုယ်အား တခါတရံတွင် ရောင်ရမ်းမှုရှိစေတတ်သည်။အောက်ပါ အကြောင်းအရာများနှင့်တွေ့ကြုံနေရပါကမိန်းမကိုယ်ရောင်ရမ်းခြင်း၏ ဖြစ်ပွားနိုင်ချေကိုမြင့်တက်စေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အကယ်၍ဆရာဝန်မှ မိန်းမကိုယ်ရောင်ရမ်းနေသည်ဟုသံသယရှိပါကမိန်းမကိုယ်အားစစ်ဆေးကြည့်ရှူထိတွေ စမ်းသပ်တတ်ပါသည်။ ထို့နောက် အောက်ပါစစ်ဆေးမှုတခုခုကို ပြုလုပ်ရန် ညွှန်ကြားတတ်ပါသည်။မိန်းမကိုယ်ရှိအရည်တို့ကို နမူနာယူ၍ စမ်းသပ်ခြင်း။မည်သည့် မိန်းမကိုယ်ရောင်ရမ်းမှုရောဂါကွဲဖြစ်ပွားနေသည်ကို သေချာစွာသိရှိနိုင်ရန်ဆရာဝန်မှ မိန်းမကိုယ်(သို့) သားအိမ်ခေါင်းရှိအချွဲရည်တို့ကို နမူနာ ယူကာစစ်ဆေးရန်ညွှန်ကြားတတ်ပါသည်။အက်စစ်ဓါတ်နှင့်အယ်ကာလီဓါတ်မျှတမှုရှိမရှိစစ်ဆေးခြင်း၊ပီအိတ်ရှ် စစ်ဆေးခြင်း။ပီအိတ်ရှ်စစ်နိုင်သော တုတ်ချောင်းငယ်(သို့) စာရွက်လေးအားမိန်းမကိုယ်နံရံတွင် ထိတွေ့စေခြင်းအားဖြင့် မိန်းမကိုယ်၏ပီအိတ်ရှ် (သို့) အက်စစ်နှင့် အယ်ကာလီမျှတမှုရှိမရှိကိုစစ်ဆေးနိုင်သည်။ ပီအိတ်ရှ်တက်နေပါက ဘက်တီးရီးရဲဗဂျိုင်နိုးစစ် (သို့) ထရိုင်ခိုမိုနီရေးစစ် တို့ရှိနေကြောင်းကို ဖော်ပြသည်။ သို့သော် ပီအိတ်ရှ်စစ်ဆေးခြင်းတခုတည်းသည် အတည်ပြုနိုင်သောစစ်ဆေးမှုမဟုတ်ပေ။မိန်းမကိုယ်ရောင်ရမ်းခြင်းအား စစ်ဆေးတွေ့ရှိပြီးပါက ဆရာဝန်သည် ဖြစ်ပွားသော အကြောင်းအရင်းပေါ်မူတည်၍ မတူညီသော ကုသမှုများကို ပြုလုပ်ပေးတတ်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မိန်းမကိုယ်ရောင်ရမ်းခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/vaginitis-%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%99%e1%80%ba%e1%80%b8%e1%80%bc/
သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး
မျိုးပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံက လူတွေဆီမှာ ဗဟုသုတ တော်တော်နည်းလွန်းပါတယ်။ သူများနိုင်ငံတွေမှာလို ဆယ်ကျော်သက်အရွယ်မှာလိင်ကျန်းမာရေးနဲ့ မျိုးပွားကျန်းမာရေးအကြောင်း ကျောင်းတွေ၊ မိဘဆွေမျိုးတွေက မသင်ပေးကြတာကြောင့်လည်း ပါတာပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူတွေသိထားကြတဲ့ အလွဲတွေကို ဖြေရှင်းပေးဖို့ ဒီနေ့မှာ သုက်ပိုးတွေရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ကဲ …. သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။သုက်ပိုးနဲ့ပတ်သက်တဲ့ အလွဲတွေနဲ့ မျိုးဆက်ပွားကျန်းမာရေး တွေကတော့။၁။ သုက်ပိုးက မမျိုးဥဆီကို တည့်တည့်သွားတာမဟုတ်ပါဘူး။ကျန်းမာတဲ့ သုက်ပိုးဟာ မမျိုးဥဆီသို့ လျင်မြန်စွာကူးခတ်သွားနိုင်ပြီးမျိုးအောင်နိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ထင်ထားသလိုမျိုး မိန်းမကိုယ်အတွင်း သုက်လွှတ်ပြီးတာနဲ့ သူ့လမ်းကြောင်းအတိုင်း မမျိုးဥဆီသို့ အတည့်သွားတာမဟုတ်ဘဲ များသောအားဖြင့် ကွေ့ကောက်ပြီးသွားတတ်ကြပါတယ်။ မကျန်းမာတဲ့ သုက်ပိုးတွေဆိုရင် သုက်ရည်အထဲဝင်သွားတဲ့တိုင်အောင် သုက်ပိုးတွေက ရွေ့လျားနိုင်ခြင်းမရှိဘဲ သူ့နေရာမှာပဲ ဒီအတိုင်းတည်ရှိနေတတ်ပါတယ်။ မအင်္ဂါလမ်းကြောင်းရဲ့ ချုံ့နိုင်၊ ချဲ့နိုင်အား၊ နံရံအနေအထားတွေမှာ မူတည်ပြီးတော့လည်း သုက်ပိုးကောင်တွေရဲ့ ရွေ့လျားတဲ့လမ်းကြောင်းက ပြောင်းလဲသွားနိုင်ပါတယ်။၂။ သုက်ရည်ပျစ်လေလေ မျိုးအောင်စွမ်းမြင့်လေလေ ဆိုတာ မဟုတ်ပါဘူး။ယောက်ျားလေးတော်တော်များများ မှားသိထားကြတဲ့ အလွဲပါ။ ထွက်လာတဲ့သုက်ရည်က ပျစ်ရင် မျိုးအောင်နိုင်ခြေမြင့်တယ်၊ ကျဲတဲ့သုက်ရည်ဟာ မျိုးအောင်နိုင်စွမ်းကို လျှော့ချတယ်ဆိုပြီးတော့ပေါ့။ တကယ်တမ်း သုက်ရည် ပျစ်ခြင်း၊ ကျဲခြင်းနဲ့ မျိုးအောင်နိုင်စွမ်းသည် လားလားမျှ မသက်ဆိုင်ပါဘူး။၃။ သုက်ပိုးဟာ ခန္ဓာကိုယ်ပြင်ပမှာ ခဏပဲအသက်ရှင်နေတာပါ။ဒါကတော့ ကိုယ်က သုက်ရည်ကို ဘယ်နေရာမှာစွန့်ထုတ်လိုက်လဲဆိုတာပေါ် မူတည်ပါတယ်။ များသောအားဖြင့် နာရီပိုင်းကနေ ရက်ပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်အရ မိန်းမကိုယ်အတွင်း စွန့်ထုတ်လိုက်တဲ့သုက်ရည်ထဲမှာ ပါနေတဲ့ သုက်ပိုးကောင်တွေဟာ ၅ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ မိန်းမကိုယ်တွင်းမဟုတ်ဘဲ အပြင်မှာ စွန့်ထုတ်လိုက်တဲ့အခါ လေနဲ့ သုက်ရည်နဲ့ ထိတွေ့ပြီး ခြောက်သွေ့သွားပါတယ်။သုက်ရည်ခြောက်သွားပြီဆိုတာနဲ့ သုက်ပိုးကောင်တွေဟာ မိနစ် ၃၀ လောက်သာ အသက်ရှင်နိုင်ပါတယ်။ အထူးသဖြင့် ရေပူစိမ်နေတဲ့ကန်ထဲမှာ သုက်လွှတ်မိတယ်ဆိုရင် မိန်းမကိုယ်အထိတောင် မရောက်ဘဲ အပြင်ဘက်ကို ထွက်လာတာနဲ့တင် ရေရဲ့အပူချိန်က သုက်ပိုးတွေက သတ်ပစ်လိုက်ပါတယ်။၄။ သုက်ပိုးကောင်တွေမှာလည်း နောက်ဆုံးသက်တမ်းဆိုတာ ရှိပါတယ်။ယောက်ျားဆိုတာ ဘယ်အရွယ်ရောက်ရောက် သုက်ရည်ထုတ်လွှတ်နိုင်သေးတယ်ဆိုပေမယ့် သူ့ထဲမှာပါနေတဲ့ သုက်ပိုးမှာတော့ နေထိုင်နိုင်တဲ့ သက်တမ်းဆိုတာ ရှိပါတယ်။ ဒီသက်တမ်းက မျိုးရိုးဗီဇ၊ ယောက်ျားတစ်ယောက်ရဲ့ ကျန်းမာရေး၊ နေထိုင်မှုပုံစံ၊ အာဟာရစားသောက်မှုပုံစံ၊ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းရှိမရှိပေါ်မှာ သွားပြီး သက်ရောက်နေပါတယ်။ များသောအားဖြင့် အသက်ကြီးလာတာနဲ့အမျှ သုက်ပိုးရဲ့ ကူးခတ်နိုင်စွမ်းနဲ့ မျိုးအောင်နိုင်ခြေက ကျဆင်းလာတတ်ပါတယ်။၅။ အတွင်းခံဘောင်းဘီက သုက်ပိုးကောင်ရေအပေါ် သက်ရောက်မှုရှိလား။ဒီအချက်က မှန်သင့်သလောက်တော့ မှန်ပါတယ်။ ကိုယ်က ဘယ်လိုအတွင်းခံမျိုးပဲဝတ်နေပါစေ၊ အရမ်းကျပ်ပြီးတော့ နေရထိုင်ရခက်မယ်၊ ဝှေးစေ့နဲ့လိင်အင်္ဂါကို အပူနဲ့ လှောင်ထားသလိုဖြစ်နေတတ်တာကြောင့် အထဲမှာရှိနေတဲ့ သုက်ပိုးတွေဟာ အနည်းငယ်တော့ လျော့သွားတတ်ပါတယ်။ ဒါပေမယ့် အတွင်းခံကြောင့်ပဲတော့ သုက်ပိုးကောင်ရေ အရမ်းနည်းသွားတာမျိုး မဟုတ်ပါဘူး။၆။ ကိုယ်ထဲမှာရှိတဲ့ သုက်ပိုးကောင်ရေတိုင်းက ကျန်းမာတယ်ဆိုတာ မဟုတ်ပါဘူး။မကြာခဏ လိင်ဆက်ဆံတာ၊ အာသာဖြေပြီးနောက် သုက်လွှတ်တဲ့အခါ သုက်ပိုးကောင်ရေပြန်ပြည့်ပြီး အချိန်ပေးရပါတယ်။ ဒီအချိန်အတွင်းမှာ ကိုယ်ကလည်း သုက်လွှတ်တာမရပ်ဘူးဆိုရင် ကိုယ်ထဲမှာရှိနေတဲ့ သုက်ပိုးကောင်တွေကို အလျင်အမြန်ထုတ်ပေးနေရပြီး ထွက်လာတဲ့သုက်ပိုးကောင်တွေကလည်း မျိုးအောင်နိုင်စွမ်း အလွန်နည်းပါတယ်။ ဒါကြောင့် ကိုယ်ကကလေးယူဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဇနီးသည်နဲ့အတူနေမယ့်ရက်ကို တွက်ချက်ထားသင့်ပါတယ်။၇။ သုက်ရည်ကြည်က ကိုယ်ဝန်မရစေနိုင်ဘူးဆိုတာ ဟုတ်သလား။အမျိုးသားတိုင်း ကျွန်တော်တို့ Hello ဆရာဝန်မှာ လာမေးတတ်ကြတဲ့ မေးခွန်းလေးပါ။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံလိုက်တယ်၊ ဒါပေမယ့် သုက်ရည်ကိုတော့ အပြင်မှာပဲစွန့်ထုတ်ခဲ့တယ်၊ ကိုယ်ဝန်မရနိုင်ဘူးမလားတဲ့။ ပြောရမယ်ဆိုရင် လိင်စိတ်ဆန္ဒမပြီးမြောက်ခင် (သုက်ရည်မထွက်လာခင်) သုက်ရည်ကြည် (Pre-cum) ဆိုပြီး အရည်ကြည်လေးတွေ ထွက်လာတာရှိပါတယ်။ ဒီသုက်ရည်ကြည်မှာလည်း သုက်ပိုးကောင်တွေ အနည်းနဲ့အများပါနိုင်တဲ့အတွက် မိန်းမကိုယ်အတွင်းအကာအကွယ်မပါဘဲ ထိုးသွင်းမိတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ ရနိုင်ခြေနည်းတယ်ဆိုပေမယ့် လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။၈။ သုက်ပိုးများဖို့က အဓိကကျလား။သုက်ပိုးကောင်ရေများဖို့ထက် ကျန်းမာပြီး ကူးခတ်နိုင်စွမ်းကောင်းတဲ့ သုက်ပိုးတွေ များများရှိဖို့က အဓိကကျတာပါ။ ဒါမှပဲ မိန်းမကိုယ်အတွင်း ဝင်ရောက်လာတဲ့သုက်ပိုးကောင်တွေဟာ မမျိုးဥဆီသို့ လျင်မြန်စွာ ကူးခတ်နိုင်မှာပါ။ ဒီလိုကျန်းမာတဲ့ သုက်ပိုးကောင်တွေကို ပိုင်ဆိုင်ရစေဖို့ နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ဖို့ လိုအပ်တဲ့အပြင် မကြာခဏ လိင်အာသာဖြေတာကိုလည်း မလုပ်သင့်ပါဘူး။၉။ သုက်ရည်က အာဟာရဓာတ်ပေါကြွယ်ဝတာ ဟုတ်သလား။သုက်ရည်တွေမှာ ရေဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ ဓာတ်သတ္တုပေါင်းများစွာ ပါဝင်လို့ ယောက်ျားလေးတော်တော်များများက ဒီသုက်ရည်ကို ပါးစပ်နဲ့မြိုချတာ အာဟာရရှိတယ်ဆိုပြီး ပြောနေတတ်တာ ကြားဖူးကြမှာပါ။ ဒီနေရာမှာ သုက်ရည်သည် အာဟာရရှိတာမှန်ပေမယ့် မြိုချလိုက်လို့ ထူးထူးခြားခြား ကျန်းမာသွားတာ၊ အသားအရေလှသွားတာ၊ အာဟာရဓာတ် ပြည့်ဝသွားတာမျိုး မဖြစ်စေပါဘူးလို့ပဲ ဖြေလိုက်ပါရစေခင်ဗျ။မျိုးဆက်ပွားကျန်းမာရေးနဲ့ လိင်ပညာပေးအကြောင်းအရာနဲ့ ပတ်သက်ပြီး အိမ်ထောင်ရှင်တွေရော လူပျို၊ လူလွတ်တွေပါ သိနားလည်ဖို့ ဒီဆောင်းပါးက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/myth-and-facts-related-to-sperm/
HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။
Human Papilloma Virus လို့ခေါ်တဲ့သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်ပိုးအကြောင်းကြားဖူးမှာပါ။ အရွယ်ရောက်ပြီးတဲ့သူတွေမှာ အများဆုံးတွေ့ရတတ်တဲ့ဒီ HPV ဗိုင်းရပ်စ်ပိုးကကိုယ်ခန္ဓာရဲ့ ခံတွင်း၊လိင်အင်္ဂါတစ်ဝိုက်နဲ့ အရေပြားတွေပေါ်မှာ အများဆုံး ရှိနေတတ်ပါတယ်။ လိင်ဆက်ဆံရာကနေ အဓိက ကူးစက်တတ်ပြီးသားအိမ်ခေါင်းကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေတဲ့အဓိက တရားခံပါ။ဒါကတော့ ဖြစ်တဲ့သူမရှားတဲ့ HPV ဗိုင်းရပ်အကြောင်း အကျဉ်းချုံ့လေးဖြစ်ပြီးဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာက ခုမှလာမှာပါ။ ဒါကတော့ HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။ ဆိုတာပါ။HPV ဗိုင်းရပ်စ်ပိုးက သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေမှာလား။ ။ ဆိုတော့။လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတော်တော်များများက မကုသရင် (ဒါမှမဟုတ်) ရောဂါသက်တမ်းရင့်လာရင် သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေတတ်ပါတယ်။ဒါပေမယ့် HPV ဗိုင်းရပ်စ်ပိုးကတော့သားအိမ်ခေါင်းကင်ဆာကိုသာ အဓိကဖြစ်စေပြီး သန္ဓေအောင်နိုင်စွမ်းအပေါ် အများကြီး သက်ရောက်မှုတော့ မရှိပါဘူး။HPVက ဗိုင်းရပ်ပိုး ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေ အများကြီး သောက်ပြီး ကုသစရာတော့ မလိုပါဘူး။ HPV ကြောင့်ဖြစ်လာတဲ့သားအိမ်ခေါင်းကင်ဆာနဲ့ ပွားလာတဲ့ကြွက်နို့တွေကို ဖယ်ရှားဖို့သာ အများအားဖြင့် လိုပါတယ်။ ဒီလိုဖယ်ရှားဖို့ဆိုရင်။ခုပြောပြတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖယ်ရှားပြီး HPV ဗိုင်းရပ်စ်ကို ကုသတဲ့နည်းတွေက။တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်တဲ့  နည်းလမ်းနဲ့ ထိခိုက်စေတာမျိုးပါ။အရင်ကထင်ခဲ့ကြတဲ့ HPV ကာကွယ်ဆေး ထိုးလိုက်ရင် ကလေးမရနိုင်တော့ဘူးဆိုတာ လုံးဝကို မှားပါတယ်။ ကာကွယ်ဆေးက သန္ဓေမအောင်နိုင်တာကို မဖြစ်စေတဲ့အပြင် သားအိမ်ခေါင်းကင်ဆာ ဖြစ်မလာအောင်တောင် သူက တားဆီးပေးနိုင်မှာပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/hpv-virus-2/
ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား………
အရင်ကတော့ ဖျားရင်၊ အနံ့ပျောက်ရင် အရသာပျောက်ရင်ကိုဗစ်ဖြစ်ပြီလို့ ယူဆကြတယ်နော်။ အခုနောက်ပိုင်းတော့ ဒီလက္ခဏာတွေအပြင် နောက်ထပ်တိုးလာတဲ့ သိသာတဲ့ လက္ခဏာတွေလည်းရှိလာပါတယ်။ ဒီထဲမှာမှ မြင်သာတဲ့ လက္ခဏာတစ်ရပ်က ကြို့ထိုးတာပါ။ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား ဆိုတော့ ပုံမှန် ကြို့ထိုးတာမျိုး ကတော့ ကိုဗစ်လက္ခဏာ မဟုတ်ပေမယ့် အချိန်ကြာမြင့်စွာ မရပ်တမ်း ကြို့ထိုးနေတာကတော့ ကိုဗစ်ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဖြစ်ခဲတဲ့ လက္ခဏာတစ်ရပ်လို့ အချို့သော ကုသလေ့လာမှု ရလဒ်တွေအရ သိရပါတယ်။ဒီဆောင်းပါးလေးထဲမှာ ကြို့ထိုးတာက ကိုရိုနာဗိုင်းရပ်စ် အသစ်ရဲ့ လက္ခဏာတစ်ရပ်လား။ မကြာခဏ ကြို့ထိုးတာနဲ့ ပတ်သက်လို့ ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသဖို့ လိုမလဲဆိုတာနဲ့ မဖြစ်မနေ သိထားဖို့ လိုမယ့်COVID-19အကြောင်းလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။လေ့လာကုသမှု ရလဒ်တွေအရ ကြို့ထိုးတာက COVID-19 ရဲ့ ရှားပါးတဲ့ လက္ခဏာ တစ်ရပ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။၂၀၂၀ ခုနှစ်က လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ယောက်မှာကိုဗစ်ရောဂါပိုးကူးစက်ခံထားရပေမယ့် အခြားလက္ခဏာတွေ ပြသနေတာမျိုး မရှိခဲ့ပါဘူး။ သူ့ဆီမှာ တွေ့ရတဲ့ တစ်ခုတည်းသော လက္ခဏာက ကြို့ထိုးတာပါ။အဆိုပါ အမျိုးသားဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီးနောက် ၃ ရက်ဆက်တိုက် ကြို့ထိုးနေခဲ့တာပါ။ ဒီအခြေအနေကို အဖြေရှာဖို့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အဆုတ် ဓာတ်မှန် ရိုက်ကြည့်ခဲ့တဲ့ အခါမှာတော့သွေးဖြူဥဆဲလ်အရေအတွက် ကျဆင်းနေသလို အဆုတ် နှစ်ဖက်စလုံးမှာ ပိုးဝင်ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ဒီစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက် နောက်ထပ်စစ်ဆေးမှုတွေ လုပ်ဆောင်ကြည့်တဲ့အခါမှာတော့ကိုဗစ်ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရပါတယ်။အခြား အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း အရေးပေါ်ကုသမှု မခံယူရခင် ၄ ရက်လောက်ဆက်တိုက် ကြို့ထိုးတာမျိုး ရှိခဲ့ပါတယ်။လေ့လာမှုတွေအရကတော့ ကြို့ထိုးတာက COVID-19 ရဲ့ ဖြစ်ခဲတဲ့ ဘေးထွက်ဆိုးကျိုး တစ်ရပ်လို့ သိရပါတယ်။ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ် အသစ်နဲ့ နာတာရှည် ကြို့ထိုးမှုတို့ရဲ့ ကြားက ဆက်စပ်မှုကို သိရှိနိုင်ဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့တော့ လိုဦးမှာပါ။ကြို့ထိုးတယ်ဆိုတာက လူတော်တော်များများ ခံစားဖူးတဲ့ကျန်းမာရေးပြဿနာတစ်ရပ်ပါ။အဆုတ်အောက်ဖက်နားမှာရှိတဲ့ ဝမ်းဗိုက်နဲ့ ရင်ခေါင်းရင်ဝမ်းခြားမြှေး ကျုံ့ဆန့်တာမှုကြောင့် ကြို့ထိုးရတာပါ။ ကြို့ထိုးတာက ထိန်းချုပ်ဖို့ ခက်တဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ရပ်ပါ။ကြို့ထိုးတာက အစားစားတုန်း လေရှူမိတာ၊ စိတ်ဖိစီးတာလိုမျိုး အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်​ ကြို့ထိုးတာက တစ်ခါတလေမှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေတတ်ပါတယ်။ကြို့ထိုးတာက မိနစ်ပိုင်းလောက်ပဲ ကြာနိုင်သလို နာရီနဲ့ချီပြီးလည်း ကြာနိုင်ပါတယ်။ ဒါပေမယ့် ကြို့ထိုးတာက ၄၈ နာရီနဲ့အထက် ကြာပြီဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ဒါကြောင့် အခုလိုကာလမှာ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/hiccups-be-a-sign-of-the-new-coronavirus/
ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား
ဆေးခန်းသွားရင်ဆေးထိုးလိုက်မှနေမကောင်းပျောက်သလား၊ သောက်ဆေးတွေကရော။ ထိုးဆေးဟာ သောက်ဆေးတွေထက် ပိုအစွမ်းထက်တယ်လို့ လူတော်တော်များများက ယုံကြည်နေကြပါတယ်။ သူတို့ကို ဆေးမထိုးပေးလိုက်ရင် ရောဂါမသက်သာပါဘူးလို့ လူနာတချို့က တွေးတတ်ကြပါသေးတယ်။ ဒါကြောင့် ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား ဆိုတဲ့ အစွဲတွေ ဖြစ်လာပါတယ်။ဆေးထိုးအပ်နဲ့ ဆေးထိုးလိုက်ရင်နာကျင်မှုကို အနည်းနဲ့အများ ခံစားရပါတယ်။ အဲ့ဒီလို နာကျင်မှု တွေကြောင့် သူတို့ရဲ့ရောဂါ သက်သာတယ်လို့ ထင်နေကြပါတယ်။ သောက်ဆေး သောက်ခြင်းဟာ မနာကျင်ရတဲ့အတွက် ဝေဒနာ မသက်သာဘူးလို့ အထင်မှားနေကြပါတယ်။ တကယ်တော့ ဆေးထိုးလိုက်ပြီး အသားနာရခြင်းဟာ ဆေးရဲ့အစွမ်းသတ္တိနဲ့ ဘာမှမဆိုင်ပါဘူး။ ဆေးထိုးအပ်ကြောင့်ရယ်၊ ဆေးရဲ့ပါဝင်ပစ္စည်းတွေရယ်ကြောင့်ပါ။အဲ့ဒါကို မဆုံးဖြတ်ခင်မှာသောက်ဆေးနဲ့ ထိုးဆေးဆိုပြီး ဘာကြောင့်နှစ်မျိုးခွဲနေလဲဆိုတာကို အရင်ဆုံးရှင်းပြပါရစေ။တချို့ဆေးတွေဟာ သောက်ဆေးအနေနဲ့ဆို လုံးဝ အစွမ်း မရှိပါဘူး။ ဘာလို့လဲဆိုတော့အစာအိမ်ထဲမှာရှိတဲ့ အစာခြေအင်ဇိုင်းတွေက ချေဖျက်လိုက်နိုင်လိုက်လို့ပါ။ ဉပမာ – ဆီးချိုရောဂါသည်တွေကို ကုသတဲ့အင်ဆူလင်(insulin)ဆေးဟာ သောက်ဆေးအနေနဲ့ လုံးဝမရှိပါဘူး။ ထိုးဆေးအနေနဲ့ပဲ ထုတ်လုပ်ပါတယ်။ အင်ဆူလင်ကို သင့်ရဲ့အစာအိမ်က ကောင်းကောင်းကြီး ချေဖျက်လိုက်မှာမို့ပါ။အလားတူပါပဲ။ တချို့ဆေးတွေကတော့ထိုးဆေးအနေနဲ့ ထုတ်လို့မရပါဘူး။  အစိုင်အခဲအနေနဲ့သာ အစွမ်းပြနိုင်လို့ပါ။ အရည်လုပ်လိုက်ရုံနဲ့ ဆေးထဲမှာပါတဲ့အစွမ်းတွေ ပျက်စီးသွားမှာပါ။နားလည် လွယ်အောင် သာဓကပြရမည်ဆိုရင် နွားနို့အမှုန့်နဲ့ နွားနို့အရည်ကို နှိုင်းပြရမှာပါ။ နို့မှုန့်ဟာ အခဲ ဖြစ်တဲ့အတွက် ရေခဲသေတ္တာမရှိတဲ့ အချိန်မှာတောင် နှစ်နဲ့ချီတာရှည်ခံပါတယ်။ နွားနို့အရည်ကတော့ ရေခဲသေတ္တာ မထည့်ထားနိုင်ရင် ပါကင်ဖွင့်ပြီး သုံးရက်အကြာမှာ မလတ်ဆတ်တော့ဘဲ ပုတ်သိုးသွား မှာဖြစ်ပါတယ်။တချို့သောဆေးတွေကို အမှုန့်ပုံစံ ထုတ်လုပ်ထားပါတယ်။ ခန္ဓာကိုယ်ထဲကို ထိုးသွင်းတော့မယ်ဆိုမှ သန့်စင်တဲ့ရေနဲ့ ဖျော်လိုက်ရတာမျိုးပါ။ အနာသက်သာဆေးနဲ့ အချို့သောဆေးတွေကိုတော့ ထိုးဆေး ပုံစံနဲ့အပြင် သောက်ဆေးပုံစံနဲ့ပါ ရနိုင်ပါတယ်။လူနာတစ်ယောက်ဟာ အန်လွန်းနေမယ်၊ သတိမေ့နေမယ် ဆိုရင်တော့ သောက်ဆေးအစား ထိုးဆေးနဲ့သာ ကုသရပါတယ်။ အစာလမ်းကြောင်း တလျှောက်မှာ ကင်ဆာလိုမျိုးအလုံး အကြိတ်တွေ ခံစားနေမယ်ဆိုရင်လည်း ထိုးဆေးနဲ့သာ ကုရမှာပါ။ အရေးပေါ်အခြေအနေတွေမှာဆိုရင်လည်း ဆရာဝန်ဟာ သင့်ကို ဆေးပဲထိုးရမှာပါ။ဉပမာ သွေးထွက်လွန်နေတဲ့ လူနာတစ်ယောက်ကို သွေးအမြန်ဆုံးတိတ်အောင် သောက်ဆေးထက် ထိုးဆေးကသာ စွမ်းဆောင်ပေးနိုင်တာပါ။ သွေးကြောထဲကို တိုက်ရိုက်ဆေး ထိုးလိုက်ခြင်းကြောင်းဆေးရဲ့အာနိသင်ကို မြန်မြန်ရစေမှာပါ။သောက်ဆေးတွေကတော့ အစာအိမ်က တစ်ဆင့်စုပ်ယူပြီးမှ သင့်သွေးကြောထဲကိုရောက်မှာမို့ပါ။ထိုးဆေးသောက်ဆေးဆိုတဲ့ ဆေးရဲ့ပုံစံဟာ အရေးမကြီးပါဘူး။ ရောဂါအခြေအနေအလိုက် ကုသ ရတာမို့ပါ။ သင့်ဗိုက်ထဲမှာ သန်ကောင်တွေရှိနေရင်တော့ သောက်ဆေးနဲ့ ကုသရမှာဖြစ်ပြီး အရေးပြား ရောဂါတွေမှာဆိုရင်တော့ လိမ်းဆေး လိမ်းလိုက်ရုံနဲ့ သက်သာနိုင်မှာဖြစ်ပါတယ်။ဆေးတွေဟာ သွေးကြောထဲ ထိုးလိုက်မှ အာနိသင်ပြတာ မဟုတ်ပါဘူး။ တချို့ရောဂါတွေကို ကုသရာမှာ သုံးတဲ့ဆေးတွေက ဦးနှောက်၊ နှလုံး၊ အသည်းနဲ့ကျောက်ကပ်တို့မှာပဲ အာနိသင်ပြနိုင်ပါတယ်။ သောက်ဆေးသောက်ခြင်းဟာ ပိုကောင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် သောက်ဆေးဟာ ထိုးဆေးထက် အန္တရာယ်ကင်းပါတယ်။အချိန်တိုင်း ဆေးထိုးနေခြင်းဟာ သင့်ကို အန္တရာယ် များစေပါတယ်။ ဆေးခန်းသွားပြလို့ သင့်ရဲ့ တင်ပါးကို ဆေးထိုးလိုက်ပြီ ဆိုပါတော့။ အရင်ဆုံး ဆေးထိုးခဲ့ရတဲ့နေရာကရောင်ရမ်းမှုတွေကို ခံစားရမှာပါ။ ဒီထက် အခြေအနေ ဆိုးရင်တော့ ပြည်တည်ပြီးပိုးဝင်တာတွေတောင် ရှိတတ်ပါတယ်။ ကံဆိုးရင်တော့ တင်ပါးထဲမှာရှိတဲ့ အာရုံကြော တစ်ခုကို ဆေးထိုးအပ်နဲ့ မတော်တဆ ထိမိပြီး “Sciatic never injury” ဆိုတဲ့ ခြေထောက်ဆာပြီး ထော့နဲ့ထော့နဲ့ နဲ့ လမ်းလျှောက်သွားရတဲ့ ဒုက္ခိတတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ဘယ်သွားသွား လေဖြတ်ထားတဲ့လူလို ဖြစ်နေမှာပါ။ “Sciatic never injury” ဟာလူငယ်လူရွယ်တွေမှာ အဖြစ်များသလိုတင်ပါးမှာ ကြွက်သားများ မရှိဘဲ ပိန်တဲ့သူတွေမှာလည်းအဖြစ်များပါတယ်။ ဆေးခန်းမှာ ဆေးထိုးပြီး ခြေမသန်စွမ်း ဖြစ်သွားရတဲ့ သာဓကတွေများစွာရှိပါတယ်။ဒါကြောင့် သင်နောက်တစ်ခါ ဆေးခန်းသွားပြရင် အတင်းကာရော ဆေးထိုး ခိုင်းခြင်းတွေ မလုပ်ပါနဲ့။ သောက်ဆေးနဲ့သာ ကုသပေးလိုက်တဲ့ ဆရာဝန်တွေကိုလည်း အပြစ်မတင်ပါနဲ့။ ဆရာဝန်ဟာ သင့်ရောဂါနဲ့ သင့်တော်တဲ့ကုသမှုကိုပေးမှာပါ။ဆေးခန်းသွားပြတိုင်း ဆေးထိုးမှ ပျောက်မယ်ဆိုတဲ့ အယူအဆတွေကို မေ့ပျောက်လိုက်ပါတော့။ သင်ကိုယ်တိုင်ကလည်း  ဒီစာတမ်းလေးမှာပါတဲ့ ဗဟုသုတတွေကို သင့်မိဘဆွေမျိုးတွေနဲ့ သင့်ရဲ့ နီးစပ်ရာသူငယ်ချင်း အပေါင်းအသင်းတွေကို ဝေမျှပေးလိုက်ပါဦး။ရေးသားသူ – ဒေါက်တာမှူး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/injection-really-cure-diseases/
ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ
နေထိုင်မကောင်းတာကြောင့်ဖြစ်ဖြစ်ခေါင်းကိုက်တာလိုမျိုး အပရိက ကျန်းမာရေး ပြဿနာလေးတွေကြောင့်ပဲ ဖြစ်ဖြစ် ဆေးသောက်ဖို့ လိုလာတဲ့အခါ ဆေးကို ဘယ်လို သောက်ဖြစ်လေ့ရှိသလဲ။ ဆေးကို ရေနဲ့ပဲ သောက်လိုက်တာပဲ ဆိုတာမျိုး ရှိသလို ရေကျက်အေး နဲ့သောက်တယ်။ ရေနွေးကြမ်းနဲ့ သောက်လိုက်တယ်။ နွားနို့နဲ့ သောက်လိုက်တယ်။ ကော်ဖီ လက်ဖက်ရည်တွေ၊ သစ်သီးဖျော်ရည်တွေ၊အချိုရည်တွေနဲ့ အဆင်သင့်သလို လွယ်လွယ်ကူကူရတာနဲ့ သောက်လိုက်တာပဲ ဆိုတဲ့သူတွေ ရှိနိုင်ပါတယ်။ဆေးသောက်တဲ့အခါ ဝမ်းထဲရောက်သွားရင် ပြီးတာပဲ အရည်တစ်ခုခုနဲ့ မျိုချလိုက်တာပဲလို့ ပြန်ဖြေမယ့်သူက များမယ်ထင်ပါတယ်။ တကယ်ကတော့ ဆေးသောက်တဲ့အခါ ရေ ဒါမှမဟုတ် အအေးခံထားတဲ့ရေကျက်အေးနဲ့ သောက်တာက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဆေးတစ်ခုခု သောက်မယ်ဆိုရင် ရေနဲ့ပဲ သောက်ပါ။ ရေဆိုတဲ့နေရာမှာတောင် အခန်းအပူချိန်အတိုင်း ရှိနေတဲ့ရေက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့။အချိုရည် ဒါမှမဟုတ် ဂတ်စ်တွေပါနေတဲ့ အသင့်သောက် အချိုရည်တွေမှာ အက်ဆစ်ဓာတ်တွေက တော်တော်လေး ပါဝင်နေတာပါ။ ဒီလို အက်ဆစ်ဓာတ်တွေ ပါဝင်နေမှုက ဆေးအများစုရဲ့ ပိုးသတ်ပေးနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည်တွေနဲ့ ဆေးသောက်တာက အချို့သော လူနာတွေမှာ ဓာတ်မတည့်တာလိုမျိုးကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ဂတ်စ်မပါတဲ့ အချိုရည်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဂတ်စ်မပါတဲ့ အချိုရည်တွေ နဲ့ ဆေးသောက်တာကလည်း ဆေးမှာပါတဲ့ ဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူမှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ သံဓာတ် စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့်သံဓာတ် အားဖြည့်ဆေးတွေကို အသင့်သောက် အချိုရည်နဲ့ သောက်တာမျိုး မလုပ်ပါနဲ့။သစ်သီးဖျော်ရည်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဆေးတွေနဲ့တော့ တွဲမသောက်ပါနဲ့။ သစ်သီးဖျော်ရည်တွေကလည်း ဆေးတွေရဲ့ ထိရောက်မှုကို အားနည်းစေပြီး ပြန်လည်နာလန်ထမှု ဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။အထူးသဖြင့် စပျစ်သီး၊ သံပုရာသီးတို့လိုမျိုးသစ်သီးဖျော်ရည်တွေပါ။ စပျစ်သီးမှာ ပါတဲ့ furanocoumarins က ခန္ဓာကိုယ်ကနေ ဆေးစုပ်ယူနိုင်စွမ်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။လက်ဖက်ရည်၊ ကော်ဖီလိုမျိုး သောက်စရာတွေက ကဖင်းပါတာကြောင့် နေမကောင်းချိန်မှာတောင် သောက်ဖို့ မသင့်တော်ပါဘူး။ နောက်ပြီး လက်ဖက်ရည်၊ ကော်ဖီတွေမှာ tannins ပါဝင်နေတာကြောင့် အစာကြေခဲပြီး ဆေးတွေကို ချေဖျက်နိုင်စွမ်း နဲ့ ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ဥပမာ အိပ်ပျော်စေဖို့ သောက်ရတဲ့ ဆေးတွေကို လက်ဖက်ရည်၊ ကော်ဖီတွေနဲ့ တွဲသောက်လိုက်တာက ဆေးရဲ့အာနိသင်ကို ပျက်စေပြီး ခန္ဓာကိုယ်အပေါ် သက်ရောက်မှုက ပြောင်းပြန်အချိုးထွက်မှာပါ။နောက်တစ်ခုက လက်ဖက်ရည်၊ ကော်ဖီတွေက ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဖြည့်စွက်အာဟာရတွေ၊ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D ပါဝင်နေတဲ့ဆေးတွေကို လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ တွဲမသောက်ပါနဲ့။ရေနွေးကြမ်းကလည်း လက်ဖက်ခြောက် ခတ်ထားတာ ဖြစ်တာကြောင့် ကဖင်း ပါဝင်နေပါတယ်။ ရေနွေးကြမ်းနဲ့ ဆေးသောက်တာက ခန္ဓာကိုယ်ရဲ့ ဆေးစုပ်ယူနိုင်စွမ်းကို အဟန့်အတား ဖြစ်စေသလို သံဓာတ်စုပ်ယူမှုကိုလည်း ထိခိုက်စေပါတယ်။ဖျားနာနေချိန်မှာ ချွေးထွက်အောင် လည်ချောင်းနာတာတွေကို သက်သာအောင် ရေနွေးကြမ်း သောက်သင့်တယ်ဆိုပေမယ့် ဆေးကိုတော့ ရေနွေးကြမ်းနဲ့ မသောက်ဖို့ သတိပေးပါရစေ။ရေနွေးအဖြူ ခပ်ပူပူကလည်း ဆေးသောက်ဖို့ ရွေးချယ်သင့်တဲ့အရာ တစ်ခုတော့ မဟုတ်ပါဘူး။ ရေနွေးက capsules တွေကို ပါးစပ်ထဲမှာတင် ပျော်သွားတာမျိုး ဖြစ်စေပြီး အပူရှိန်က ဆေးရဲ့ ထိရောက်မှုကို လျော့ပါးစေနိုင်ပါတယ်။နောက်တစ်ချက်က ပူလွန်းနေတာကြောင့် ဆေးလုံးနင်တာ ဆေးသီးတာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။ဆေးသောက်တော့မယ်ဆိုရင် ဘယ်ဆေးကိုပဲဖြစ်ဖြစ် သာမန်အခန်းအပူချိန်အတိုင်း ရှိနေတဲ့ ရေနဲ့ သောက်တာက အကောင်းဆုံးပါ။ ရေက ဆေးရဲ့ အာနိသင်ကို မပျက်စီးစေသလို ဆေးကိုလည်း ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ စုပ်ယူမှု မြန်ဆန်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။ဆေးကို အစာအိမ် နဲ့ အူလမ်းကြောင်းတွေကို လွယ်လွယ်ကူကူ ဖြတ်သန်းစေနိုင်ပြီး အစာအိမ်နံရံတွေက ဆေးကို အကောင်းဆုံး စုပ်ယူနိုင်အောင်လည်း ထောက်ကူပေးပါတယ်။ဆေးသီးတာ နင်တာမျိုး မဖြစ်စေသလို မျိုချရတာလည်း လွယ်ကူစေမှာပါ။ ဖျားနေချိန်မှာ ရိုးရိုးရေ သောက်ပေးတာက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ဆေးသောက်တဲ့အခါ အရက်၊ ဘီယာတွေနဲ့ တွဲသောက်တာမျိုး မလုပ်ဖို့လည်း လိုပါမယ်။ ဆေးသောက်တဲ့အခါ ဆေးရဲ့ အာနိသင် ထိရောက်ပြီး ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေဖို့ဆိုရင် ဆေးကို ရေ နဲ့သောက်တာ အကောင်းဆုံးပါ။ အချို့သောဆေးတွေကတော့ နွားနို့နဲ့ သောက်ရတာမျိုးတွေ ရှိပါတယ်။ဘာနဲ့သောက်ရမလဲ မသေချာရင် ဆရာဝန်၊ ဆေးဝါးပညာရှင်ကို မေးမြန်းပါ။ ဆေးအညွှန်းကို သေချာဖတ်ပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/why-to-take-medicine-with-only-plain-water/
မီးဖွားရခက်ပြီး မီးဖွားချိန်ကြာ တဲ့အခါ မိခင်နဲ့ကလေးမှာ ဘာတွေဖြစ်လာမလဲ။ ။
Prolonged Labour လို့ခေါ်တဲ့မီးဖွားချိန် ကြာတဲ့ပြဿနာဟာ မီးဖွားခန်းထဲ ဝင်တဲ့ မိခင်တိုင်း စိုးရိမ်ကြတဲ့ပြဿနာတစ်ခုပါ။ မီးဖွားနေရင်း ကလေးက ဆက်ဆင်းမလာတာ၊ မိခင်က ဆက်မညှစ်နိုင်တော့တာတွေက မီးဖွားချိန်ကြာ တဲ့ ပြဿနာတွေပါ။ လူတိုင်းနီးပါးသိကြပါတယ်။ မီးဖွားတာ ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားရင် ကလေးရော မိခင်ရောကို ထိခိုက်နိုင်တယ်ဆိုတာ သိကြပေမယ့် ဘာတွေ ဘယ်လိုထိခိုက်သွားမလဲဆိုတာကိုတော့ သိတဲ့သူရှားမယ်လို့ထင်ပါတယ်။ဒီအချက်က လူတိုင်းသိထားသင့်တဲ့အချက်ပါ။ မီးဖွားချိန်ကြာတဲ့ လက္ခဏာတွေကတော့ ခုပြောမယ့် အချက်ထဲက အနည်းဆုံး ၃ ချက်လောက်ပါရမှာပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/complications-of-prolonged-labour/
မှောက်နေရင် ဘာကြောင့် အောက်စီဂျင် တက်လာတာလဲ
အောက်စီဂျင်ကျနေတဲ့ကိုဗစ်လူနာကို ပြောနေကျစကားက ‘မှောက်အိပ်ပါ၊ မှောက်အိပ်ပါ’ဆိုတာပါပဲ။ အောက်စီဂျင် တက်ဆေးဆိုပြီး စျေးကွက်ထဲမှာ မဟုတ်တဲ့ဆေးတွေ လျှောက်ထိုး လျှောက်သောက်နေပေမယ့် တကယ့်ဆေးနည်းက ကိုယ့်အနီးလေးတင်မှာပါ။ စျေးပေါလို့ တန်ဖိုးမထားတာပဲလားမသိ။ အောက်စီဂျင်ကျနေတဲ့ လူနာကို မှောက်ခိုင်းရင် သိပ်မကြိုက်ချင်ကြပါဘူး။အဆုတ်က ရင်ခေါင်းထဲမှာ တြိဂံပုံ အပေါ်ရှူး အောက်ကျယ် ပုံစံပါ။ အဲ့ဒါကိုမှ နောက်ကျောဘက်မှာ အဆုတ်ထုထည်က ပိုများပါတယ်။ မှောက်အိပ်တဲ့အခါကျတော့။ခေါင်းအုံး ၅လုံး တချို့ကလည်း ၆လုံးလောက်လိုပါတယ်။အောက်စီဂျင်ကျလို့ မောလို့ မှောက်ခိုင်းပါမှမောလို့မမှောက်နိုင်ဘူးဆိုတာပါ။ တော်ရုံမောတာ၊ ရင်တုန်တာလောက်က မှောက်လို့ရပါတယ်။ ဘေးလူက ကူပြီး မှောက်ပေးပါ။လူကြီးအများစုကအကြောတွေတင်းနေတဲ့အတွက် မှောက်ရင် နာလို့ဆိုပြီး ဂျီကျတတ်ပါတယ်။ မှောက်စမို့လို့ နာတာပဲ ဖြစ်ပါတယ်။ ဒီလိုနာတာကအန္တရာယ်လည်း မရှိပါဘူး။ မမှောက်လို့ အောက်စီဂျင်ကျသွားတာကသာ အန္တရာယ်များတာကြောင့် သည်းခံပြီး မှောက်စေလိုပါတယ်။နည်းမှန်လမ်းမှန်မှောက်မယ်ဆိုရင် ဗိုက်က အလွတ်ထားရမှာပါ။ ဗိုက်အောက်မှာ ခေါင်းအုံး မထားရပါဘူး။ တော်ရုံဝတာက ခေါင်းအုံး၂လုံးဆင့်ရင် လွတ်ပါတယ်။ မသကာ ဗိုက်နဲ့ ကြမ်းနဲ့ တိုက်ရုံလောက်ပါပဲ။ အသက်ရှူမရအောင်  ဗိုက်နဲ့ ကြမ်းနဲ့ ပိနေလို့ ဆိုရင်တော့ တစ်မျိုးပေါ့။ သူတို့ကျတော့ စပါရှယ်မွေ့ရာလိုတောပေါ့။ ဆိုလိုတာက ဗိုက်ပူလို့ဆိုပြီး မမှောက်ဘဲ မနေပါနဲ့။ တော်တော်များများက မှောက်နိုင်ကြပါတယ်။အစာစားပြီးခါစဆိုရင်လည်း တန်းပြီး မမှောက်ပါနဲ့။  တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် စောင့်ပြီးမှ မှောက်ပါ။ မှောက်ပြီး အိပ်ပျော်မသွားပါစေနဲ့။ နာမည်ကိုက  Awake proningပါ။ အိပ်ချင်ရင် ဘေးစောင်းပြီးအိပ်ပါ။မှောက်တာက အောက်စီဂျင် ကျတဲ့ လူနာလည်း မှောက်လို့ရသလို၊ အောက်စီဂျင်ရှူနေရလည်း လူနာလည်း မှောက်လို့ရပါတယ်။ အောက်စီဂျင်တော့မကျဘူးချောင်းဆိုးချွဲကျပ်နေရုံပဲဆိုတဲ့ လူနာလည်း မှောက်လို့ရပါတယ်။ ချွဲအထွက်လွယ်စေပါတယ်။လူနာတွေအနေနဲ့ အောက်စီဂျင်ကျနေတာ မှောက်ပြီး ဟိုအရွက်ရှူမှရေနွေးငွေ့ရှူမှ တက်လာတယ်လို့ ပြောကြပါတယ်။ အရွက်တွေ၊ ရေနွေးတွေက အတွင်းထဲထိ ရောက်အောင် ရှူဖို့ မလွယ်ပါဘူး။ ရောက်လှ လေပြွန်ထိပါပဲ။ ရှိုက်ပြီး ရှူလို့ ပွင့်သွားပြီး အောက်ဆီဂျင်ခဏတက်လာတဲ့ သဘောပါ။ ဒါမျိုးရှင်းပြလည်း လူနာတွေက အောက်စီဂျင်ကျနေရင် အရွက်ပဲ ရှူနေကျတော့ ကြာတော့ ရှူချင်တာရှူ မှောက်တာရှူလို့ပဲ အကြံပေးလိုက်ပါတော့တယ်။အောက်စီဂျင် တက်ဖို့ ဟိုဆေးတွေထိုး ဒီအရွက်တွေရှူ ကြံရာမရဖြစ်မနေကြပါနဲ့။ မှောက်တာနေကြပါ။ အလွယ်ဆုံးနဲ့ ပိုက်ဆံမကုန်တဲ့ နည်းလမ်းမို့လို့ အထင်မသေးပါနဲ့။သုတေသနတွေ လုပ်ထားပြီးလို့သာ အကြံပေးကြတာပါ။ ဆရာတစ်ယောက်ပြောသလို ‘ပက်လက်မသေချင်ရင် မှောက်သာနေကြ’ လို့ပဲ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/awake-proning-benefits/
Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း)
အမ်ဒိုမက်ထရီယမ်ဆိုသည်မှာ သားအိမ်၏နံရံအလွှာတစ်ခုဖြစ်ပြီး မတန်တဆ ဆဲလ်ကြီးထွားခြင်းကြောင့် ထူလာတတ်ပါသည်။ ထိုအခြေအနေအား အမ်ဒိုမက်ထရီယမ်ထူခြင်းဟု ခေါ်၏။ ၎င်းသည် ကင်ဆာမဟုတ်သော်လည်း တစ်ချို့ဖြစ်ရပ်များတွင် ကင်ဆာဖက်သို့ ကူးသွားနိုင်ပါသည်။အမ်ဒိုမက်ထရီယမ်မှာ ရာသီစက်ဝန်တလျှောက် ဟော်မုန်းများအား တုန့်ပြန့်ခြင်းအားဖြင့် ပြောင်းလဲနိုင်စွမ်းရှိပါသည်။ စက်ဝန်း၏ ပထမအပိုင်းတွင်း မဟော်မုန်းကို သားဥအိမ်များမှ ထုတ်၏။ မဟော်မုန်းသည် နံရံအလွှာအား ကြီးထွားလာစေပြီး သန္ဓေတည်ရန်အတွက် သားအိမ်ကို အရံသင့်ပြင်ပေးလိုက်သည်။ နောက်တစ်ပိုင်း စက်ဝန်းအလယ်ပိုင်းတွင် သားဥအိမ်တစ်ခုမှ သားဥကြွေလာပါသည်။သားဥကြွေပြီးနောက် ပရိုဂျက်စတီရုမ်းခေါ်သော နောက်ဟော်မုန်းတစ်မျိုး စထွက်လာ၏။ ထိုဟော်မုန်းသည် သားဥအား အာဟာရပြုရန် လက်ခံရန် အမ်ဒိုမက်ထရီယမ်ကို ပြုပြင်ပေးပြန်သည်။ သန္ဒေမတည်ဖြစ်ပါက မဟော်မုန်းနှင့် ပရိုဂျက်စတီရုမ်း လယ်ဗယ်များ တဖြည်းဖြည်းလျော့ကျသွား၏။ ပရိုဂျက်စတီရုမ်းကျသွားသည့်အခါ ရာသီစလာစေပါတော့သည့်။ တနည်း နံရံအလွှာ ကွာကျလာပါသည်။ နံရံလုံးဝကွာချပြီးသည့်အခါ နောက်တစ်ဖန် ရာသီစက်ဝန်းပြန်စပြီဖြစ်သည်။အမ်ဒိုမက်ထရီယမ်ထူခြင်းမှာ ပရိုဂျက်စတီရုမ်းမရှိပဲ မဟော်မုန်းများပြားသည့်အခါ ဖြစ်လာပါသည်။ သားဥကြွေခြင်းမရှိပါက ပရိုဂျက်စတီရုမ်းလည်း မဖြစ်ပေါ်တော့ပါ။ ထိုအခါ နံရံလည်းမကွာပါ။ အမ်ဒိုမက်ထရီယမ်သည် မဟော်မုန်းအား တုန့်ပြန်သည့်အနေဖြင့် ဆက်လက်ကြီးထွားနေပါလိမ့်။ နံရံလွှာကိုဖြစ်စေသည့်ဆဲလ်များမှာ အလွန်ပြွတ်ကြပ်လာပြီး ပုံမှန်မဟုတ်တော့ပါ။ ထိုအတိုင်း မကုသပဲထားပါက ကင်ဆာအဖြစ် ပြောင်းသွားမည်ဖြစ်သည်။ ပြောင်းလဲရန်ကြာချိန်ကိုတော့ အတိအကျ မသိနိုင်ပါ။ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အမ်ဒိုမက်ထရီယမ်ထူခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။အမ်ဒိုမက်ထရီယမ်ထူခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အမ်ဒိုမက်ထရီယမ်ထူခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/endometrial-hyperplasia-%e1%80%a1%e1%80%99%e1%80%ba%e1%80%92%e1%80%ad%e1%80%af%e1%80%99%e1%80%80%e1%80%ba%e1%80%91%e1%80%9b%e1%80%ae%e1%80%9a%e1%80%99%e1%80%ba%e1%80%91%e1%80%b0%e1%80%81%e1%80%bc/
ချောင်းဆိုးတာ ကာကွယ်လို့ ရလား
အခုတလော နားထဲမှာ အကြားမိဆုံးအသံက ဘာသံလဲ။ ပတ်ဝန်းကျင်ကို သတိထားပြီး နားထောင်ကြည့်လိုက်ပါ။ ခုတလော နားထဲမှာ အကြားရဆုံးအသံကချောင်းဆိုးသံပါ။ ရာသီအကူးအပြောင်းကာလမှာ ချောင်းဆိုးတာက အဖြစ်များပါတယ်။ ဒါကြောင့် နေရာတစ်ခါမှာ ချောင်း တဟွပ်ဟွပ် အသံကို ကြားနေရတာပါ။ချောင်းဆိုးတာက ပြောတော့သာ ဘာရယ်မဟုတ်သလို ရှိပေမယ့် တကယ်ကတော့ ချောင်းဆိုးတာက အတော်ပင်ပန်းစေပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေအပေါ် အာရုံစိုက်နိုင်စွမ်း ကျဆင်းစေပါတယ်။ ချောင်းဆိုးရတာကလည်းကျန်းမာရေးပြဿနာတစ်ခုပဲ ဆိုတော့ အခြားရောဂါတွေလိုပဲ ချောင်းဆိုးတာ ကာကွယ်လို့ ရလားဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးမှာ သိချင်နေမယ့် မေးခွန်းလေးရဲ့ အဖြေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ချောင်းဆိုးတယ်ဆိုတာက အသက်ရှူလမ်းကြောင်းရဲ့ ခုခံအားစနစ်တစ်ရပ်ပါ။အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်လာတဲ့ ပြင်ပက ဓာတ်မတည့်တဲ့ အရာတွေနဲ့ လည်ချောင်းထဲက ချွဲတွေကို ဖယ်ရှားဖို့ ခန္ဓာကိုယ်က ခုခံနေတဲ့ တုံ့ပြန်မှုပါ။ လူအတော်များများကတော့ လည်ချောင်း ရှင်းတဲ့အနေနဲ့ ချောင်းဆိုးကြပါတယ်။ အမျိုးမျိုးသော အကြောင်းအရင်းတွေက မကြာခဏ ချောင်းဆိုးတာကို ဖြစ်စေပါတယ်။ချောင်းဆိုးတာက ပုံမှန်အားဖြင့်  ရက်သတ္တပတ် ၂ ပတ်လောက်အတွင်းမှာ သိသိသာသာ သက်သာသွားတတ်ကြပါတယ်။ ပြင်းထန်တဲ့ ချောင်းဆိုးတာမျိုးတွေကတော့ ရက်သတ္တပတ် ၃ ပတ်လောက်အထိ မသက်သာတာမျိုး ရှိနိုင်ပါတယ်။ချောင်းဆိုးတာက ၃ ပတ် ကနေ ၈ ပတ်လောက်အထိ ဖြစ်နေမယ်ဆိုရင်တော့နာတာရှည်ချောင်းဆိုးတာလို့ သတ်မှတ်ရပါတယ်။ ချောင်းဆိုးတာက သွေးစလေးတွေ ပါနေမယ်။ ချောင်းဆိုးသံက အရမ်းကျယ်ကျယ်လောင်လောင် ဖြစ်မယ်ဆိုရင်တော့ သေချာလေး စောင့်ရှောက်ကုသမှု ခံယူဖို့ လိုပါမယ်။ချောင်းဆိုးရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ အချိန်ခဏတာပဲ ချောင်းဆိုးတာမျိုး ရှိသလို အမြဲလိုလို ချောင်းဆိုးနေတာမျိုးလည်း ရှိပါတယ်။လက်ချောင်းလေးတွေက ရောဂါပိုးတွေ အများဆုံး ရှိနေနိုင်တဲ့ နေရာတွေပါ။ ဒါကြောင့် ချောင်းဆိုးတာကို ဖြစ်စေတဲ့ ရောဂါပိုးတွေလည်း ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ရေနဲ့ ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာ သေချာလေး ဆေးကြောပေးပါ။ဆေးလိပ်သောက်တာက ကိုယ်ခံအားကို ထိခိုက်စေသလို အသက်ရှူလမ်းကြောင်း ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ဆေးလိပ် ဖြတ်ပါ။ချောင်းဆိုးတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဆိုရင် တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးနေတဲ့သူနဲ့ အနီးကပ်နေထိုင်ခြင်းက ချောင်းဆိုးတာကို ခံစားရနိုင်ခြေ များစေပါတယ်။ ဒါကြောင့် ချောင်းဆိုးနေသူနဲ့ အနီးကပ် မနေပါနဲ့။ချောင်းဆိုးနေရင် ဖြစ်ဖြစ် ချောင်းဆိုးတာကို ကာကွယ်ဖို့ ဖြစ်ဖြစ် ပါးစပ်နဲ့ နှာခေါင်းစည်းကို တပ်ဆင်ဖို့ လိုပါမယ်။ ဒါမှ ကိုယ့်ဆီကနေ သူများ ကူးစက်တာမျိုး မဖြစ်စေမှာ ဖြစ်သလို သူများဆီကနေ ရောဂါပိုးတွေလည်း ကိုယ့်ဆီကို မကူးစက်မှာပါ။မျက်နှာကို လက်နဲ့ထိတွေ့ကိုင်တွယ်တာက အသက်ရှူလမ်းကြောင်းကနေတဆင့် ရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေကို များစေပါတယ်။ ဒါကြောင့် ချောင်းဆိုးတာကို ကာကွယ်ချင်တယ်ဆိုရင် မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ဒီအချက်တွေကို သေချာ ဂရုစိုက်ပေးမယ်ဆိုရင် ချောင်းဆိုးတာကို ကိုယ့်ဆီကနေ သူများဆီ မကူးစက်အောင်ရော သူများဆီကနေ ကိုယ့်ဆီကို မကူးစက်အောင်ပါ ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/can-you-prevent-cough/
မီးဖွားချိန် ကြုံရတတ်တဲ့ ကလေးရေမြွှာညစ်ရေ မွန်းခြင်း( meconium aspiration syndrome)
meconium aspiration syndrome ဆိုတာမီးဖွားချိန် ကလေးကရေမြွှာညစ်မွန်းသွားပြီး ထွက်လာတဲ့ကလေး အသက်ရှူလို့မရတဲ့ ပြဿနာကို ပြောတာဖြစ်ပါတယ်။ ရေမြွာညစ်ရေလို့ ပြောရခြင်း အကြောင်းအရင်းမှာ ရေမြွှာရေထဲ ကလေးရဲ့ မစင်တွေပါနေပြီး မီးဖွားချိန်ဒီရေကို ကလေးက ရှူမိကာ ရေမြွှာညစ်ရေတွေအဆုတ်ထဲ ဝင်သွားရခြင်းဖြစ်ပါတယ်။Meconium ဆိုတာမီးဖွားပြီးပြီးချင်း နို့တောင်မတိုက်ရသေးတဲ့အချိန် ကလေးဆီက ထွက်လာတဲ့ မစင်ကိုပြောတာဖြစ်ပါတယ်။ မီးဖွားရခက်နေတာ မီးဖွားချိန် ကြာနေတဲ့ အခါမျိုးတွေမှာ မွေးလမ်းကြောင်းထဲ တစ်နေတာကြောင့်အောက်ဆီဂျင်နဲ့သွေးတွေ ကလေးဆီ မရောက်တော့အခါမျိုးတွေမှာ ဒီ Meconium တွေကလေးဆီက ထွက်လာပြီး ရေမြွှာရေနဲ့ရောသွားပါတော့တယ်။ ဒီလိုနဲ့ ဒီ ရေမြွှာညစ်ရေတွေကို ကလေးပြန်ရှူမိရာကနေ meconium aspiration syndrome လို့ခေါ်တဲ့ရေမြွှာညစ်ရေမွန်းတဲ့ ပြဿနာဖြစ်လာပါတော့တယ်။ကလေးတော်တော်များများကတော့ မီးဖွားချိန်ရေမြွှာညစ်ရေ ပြန်ရှူမိတာမျိုးတွေ မရှိပေမယ့် တစ်ချို့ ပြန်ရှူတဲ့ကလေးတွေ ၁၀ရာခိုင်နှုန်းလောက် းရှိပါတယ်။ ဒါပေမယ့် ကလေးက ငိုလည်းငိုတယ်၊ လှုပ်ရှားမှုလည်း ရှိတယ်ဆိုရင် ဘာကုသမှုမှ လုပ်ဖို့ မလိုအပ်ပါဘူး။ဒါပေမယ့် ကလေးက ထွက်လာလာချင်း ငိုလည်းမငိုဘူး၊ တစ်ကိုယ်လုံးလည်း ပျော့ဖတ်နေတယ်ဆိုရင်။ဒါတွေ လုပ်တာတောင် ကလေးဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင်။ရေမြွှာညစ်ရေမွန်းသွားတဲ့ ကလေးတစ်ယောက် ဘယ်လောက်ကြာရင် ပြန်ကောင်းမှာလဲဆိုတာက ရှူလိုက်မိတဲ့ရေမြွှာညစ်ရေပမာဏရယ်၊မီးဖွားတာကြာချိန်ရယ်၊ အောက်ဆီဂျင်နည်းပါးမှု ကြာချိန်ရယ် ပေါ်မှာ မူတည်တာကြောင့် အတိအကျ ပြောလို့မရပါဘူး ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/meconium-aspiration-syndrome/
ဆိုရှယ်မီဒီယာ စွဲလမ်းမှုကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ဘယ်လိုလျှော့ချမလဲ
ဒီကနေ့ခေတ်မှာဆိုရှယ်မီဒီယာအသုံးပြုတယ်ဆိုတဲ့ကိစ္စက နေ့စဉ်လူနေမှုဘဝထဲက အစိတ်အပိုင်းတစ်ခုလိုကိုဖြစ်နေတာပါ။ အသုံးပြုချိန်တွေ မြင့်မားလာသလိုအလွန်အကျွံအသုံးပြုတာတွေလည်း ရှိလာပါတယ်။ စွဲလမ်းလာတယ်ပေါ့။ဆိုရှယ်မီဒီယာတွေဟာ လူအချင်းချင်းဆက်သွယ်ပြောဆိုမှုနဲ့ သတင်းအချက်အလက်မျှဝေဖို့ ရည်ရွယ်ဖန်တီးထားတာဖြစ်ပေမယ့် ဒီကနေ့ခေတ်မှာတော့ ဒီထက်အများကြီး ပိုမိုကျယ်ပြန့်လာနေပါပြီ။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးစတာတွေရဲ့ ဗဟိုချက်တစ်ခုလိုကိုဖြစ်လာနေပါတယ်။လူငယ်တွေအတွက်ဆိုရင်လည်းနေ့စဉ်ဘဝအတွက်မရှိမဖြစ် ပျော်စရာ နည်းလမ်းတစ်ခုဖြစ်သလို စိတ်ထွက်ပေါက်လို့လည်းဆိုလို့ရပါတယ်။ ဒီတော့လည်း အချိန်ပြည့်ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေတာတွေ၊ဖုန်းကိုလက်ကမချနိုင် တကိုင်ကိုင်ဖြစ်နေတာတွေက သိပ်တော့ ထူးဆန်းလှတယ်လို့ မဆိုသာပါဘူး။လက်ရှိအချိန်ဟာလည်းCOVID-19ကာလမို့ လူတစ်ဦးချင်းစီရဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုပမာဏက ပိုလို့တောင်မြင့်တက်လာပါသေးတယ်။ Updated ဖြစ်တဲ့ သတင်းအချက်အလက်တွေကို သိဖို့နဲ့ စိတ်အပန်းပြေဖို့ပေါ့။ပျော်ရွှင်စေဖို့ဆိုပေမယ့် ဆိုရှယ်မီဒီယာတွေဟာစိတ်ကျန်းမာရေး၊ အရိုး၊ အကြော၊မျက်စိကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေကို ယူဆောင်လာနိုင်တာမို့ အလွန်အကျွံအသုံးပြုလာရင် အဆင်မပြေမှုတွေ၊ စိတ်ကသိအအောက်ဖြစ်တာတွေ ခံစားရလာနိုင်ပါတယ်။အထူးသဖြင့် ဆိုရှယ်မီဒီယာတွေဟာ စိတ်ကျန်းမာရေးပြဿနာတွေဆီတွန်းပို့တတ်တယ်လို့ သိပ္ပံနည်းကျ သက်သေပြထားပြီးသားပါ။ COVID-19 ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အနည်းနဲ့အများရှိနေချိန်မှာ ဆိုရှယ်မီဒီယာတွေကို လွန်လွန်ကဲကဲ အသုံးပြုမိနေမယ်ဆိုရင် စိတ်ကျန်းမာရေးကို သိသိသာသာထိခိုက်စေပါလိမ့်မယ်။ဒီအခြေအနေကို ရှောင်လွဲဖို့ဆိုရင် ဆိုရှယ်မီဒီယာအသုံးပြုမှုကို လျှော့ချဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဆိုရှယ်မီဒီယာအသုံးပြုမှုတွေ လွန်ကဲလာပြီလို့ ယူဆရင် အောက်ပါ နည်းလမ်းတွေနဲ့ ရိုးရှင်းစွာ လျှော့ခနိုင်ပါတယ်။အလုပ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့်ကလွဲပြီး ဖုန်းကို ကိုယ်နဲ့ ခပ်ဝေးဝေးမှာထားတာက ဆိုရှယ်မီဒီယာ အသုံးပြုမှုကို သိသိသာသာ လျော့ပါးစေပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူများစုက ဖုန်းနဲ့ သုံးကြတာပါ။ ကွန်ပျူတာနဲ့သုံးသူတွေလည်း ရှိပေမယ့် ဖုန်းနဲ့သုံးတဲ့သူက အဆမတန်ပိုများပါတယ်။ကွန်ပျူတာနဲ့ဆိုရင်ကွန်ပျူတာဖွင့်တာနဲ့ Browsing လုပ်တာနဲ့ အချိန်ကြာမြင့်နိုင်တာမို့ တော်ရုံမသုံးဖြစ်ကြပဲ။ အလုပ်ကိစ္စတွေ လုပ်ကိုင်ရင်းနဲ့မှ တွဲဖက်သုံးဖြစ်ကြတာများပါတယ်။ ဖုန်းနဲ့ကျ ဒီလိုမဟုတ်ပါဘူး။ ဖုန်းကို အချိန်တိုင်းကိုင်ထားမိရင် ဖုန်းထဲက App တွေဆီ အလွယ်တကူမျက်စိရောက်သွားနိုင်တာမို့ သုံးနိုင်ခြေက အလွန်များပါတယ်။ ဒါကြောင့် ဖုန်းကို ကိုယ်နဲ့ ခပ်ဝေးဝေးထားပါ။ တတ်နိုင်ရင်တော့ ဆိုရှယ်မီဒီယာ App တွေကို ဖျက်ချလိုက်တာအကောင်းဆုံးပါပဲ။လုံးဝကြီးတော့ မရှောင်နိုင်ဘူး။ အတန်အသင့်တော့ သုံးမယ် ဆိုရင်တော့ အချိန်ကန့်သတ်ပြီး သုံးဖို့လိုပါတယ်။ တစ်နေ့မှာ ဘယ်နှစ်နာရီသုံးမယ်၊ တစ်ခါသုံးရင် ဘယ်နှစ်နာရီသုံးမယ်ဆိုတာကို သတ်မှတ်ပြီး သုံးသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ အချိန်တိုင်း သုံးမိနေမယ်ဆိုရင်တော့အာရုံကြောဝေဒနာတွေ၊ စိတ်ဖိစီးမှုတွေ၊Text-neck Syndromeလိုဝေဒနာတွေ၊ အိပ်မပျော်တာတွေခံစားရလာမှာပါ။သုံးတဲ့အချိန်တွေမှာလည်း ဘယ်အကြောင်းအရာကိုပဲ လုပ်မယ်၊ ရှာဖွေမယ်၊ ဖတ်ရှုမယ်၊ ကြည့်မယ်ဆိုတာကို သေချာဆုံးဖြတ်ထားပါ။ တစ်ခုခုမြင်တိုင်း စိတ်ဝင်စားလို့ လိုက်လိုက်ကြည့်နေရင် ပြီးတော့မှာမဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာဆိုတာက ဒီလိုနည်းနဲ့ လူတွေ အချိန်ကြာကြာဖြုန်းအောင် ဆွဲဆောင်ထားတာလေ။ဟိုဟာလေးစိတ်ဝင်စားလို့ လိုက်ကြည့်လိုက် ဒီဟာလေး စိတ်ဝင်စားလို့ လိုက်ကြည့်လိုက်ဆိုရင် အရင်လိုပဲ တနေကုန်ဆက်သုံးဖြစ်သွားပါလိမ့်မယ်။ဒီနည်းလမ်း ၃ သွယ်က သင့်ရဲ့ ဆိုရှယ်မီဒီယာ စွဲလမ်းစိတ်ကို တားမြစ်ပေးနိုင်ပါတယ်။ ကိုယ့်က ဆိုရှယ်မီဒီယာကို အလွန်အကျွံတွေ သုံးမိနေပြီဆိုရင် အထက်ပါ နည်းလမ်း ၃ ရပ်နဲ့ ကိုယ့်ကိုယ်ကို တားဆီးကြည့်ဖို့ တိုက်တွန်းပါရစေ။။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/3-simple-steps-to-stop-the-social-media-spiral/
အာရုံမစူးစိုက်နိုင်သော ADHD ရောဂါကို တိုးတက်စေသော ငါးကြီးဆီအစွမ်း
Attention deficit hyperactivity disorder လို့ခေါ်တဲ့ ADHD ရောဂါဟာ အာရုံကြောနှင့် အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှု တစ်ခုဖြစ်ပြီး အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်မရှည်ခြင်းနဲ့ တက်ကြွမှုလွန်ကဲနေခြင်း စတာတွေ လိုတာထက်ပိုပြီးဖြစ်နေတာကို ကြည့်ပြီး ဒီရောဂါလို့ သတ်မှတ်ကြပါတယ်။ဒါ့အပြင် ဒီလက္ခဏာတွေဟာ လူနာရဲ့ သင်ယူမှု၊ ဖွံ့ဖြိုးမှု နဲ့ လူမှုဘဝတွေကိုလည်း အကျိုးသက်ရောက်နိုင်စေပါတယ်။ ဒီလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာနိုင်ပေမယ့် အခြေအနေအများစုမှာတော့ ADHD ရောဂါရှင်လို့ သတ်မှတ်ခံထားရသူတွေဟာ ဒီပြဿနာကို အရွယ်ရောက်သည်ထိ ခံစားရလေ့ရှိပါတယ်။ကုသမှုမခံယူထားတဲ့ ADHDဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုတော့ မထိခိုက်နိုင်ပေမယ့် လူနာရဲ့ဘဝမှာတော့ သူတို့ရဲ့ အခြေခံလုပ်ငန်းဆောင်တာတွေ နဲ့ အရေးကြီးတဲ့အလုပ်တွေကို မလုပ်ဆောင်နိုင်တာကြောင့် အမျိုးမျိုးသော အခက်အခဲတွေကိုတွေ့ကြုံစေပါတယ်။ADHD လူနာတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ စိတ်ကျရောဂါ၊ ပူပင်သောက၊ အထီးကျန်ဆန်လွန်းခြင်းတွေ၊ တစ်ဦးတည်းသီးသန့်ဆန်လွန်းခြင်းတွေ အပြင် စီးပွားရေးမတည်ငြိမ်မှုတွေနဲ့ပါ ဆက်စပ်နေပါတယ်။ADHDကို သေချာပေါက်ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပေမယ့် လက္ခဏာတွေကို အောင်မြင်စွာလျှော့ချနိုင်ပြီး သက်သာသွားစေမယ့် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အထင်ရှားဆုံးနည်းလမ်းကတော့ DHA ကြွယ်ဝစွာပါဝင်တဲ့ ငါးကြီးဆီပါပဲ။ငါးကြီးဆီကို အဆီပြည့်ဝစွာပါဝင်တဲ့ ရေချိုငါးတွေ ဥပမာ- ဆယ်လ်မွန်၊ မက်ကရယ်ငါး ၊ တူနာ သို့မဟုတ် ငါးမန်းတွေကနေတောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ငါးကြီးဆီရဲ့ အဓိကတန်ဖိုးကတော့ သူ့မှာ အိုမီဂါ ၃ မြင့်မား ပြည့်ဝစွာပါဝင်နေတာပါပဲ။ အိုမီဂါ ၃ ပုံစံ၂မျိုးနဲ့ရနိုင်ပြီး ဒါတွေကတော့ EPA (eicosapentaenoic acid) နဲ့ DHA (docosahexaenoic acid) တို့ဖြစ်ပါတယ်။EPA ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ နှလုံးရဲ့ လုပ်ဆောင်မှုတွေကို အားဖြည့်ပေးဖို့ဖြစ်ပြီး DHA ကတော့ အာရုံကြောဆဲလ်အမြှေးပါးတွေကို ဖွဲ့စည်းဖို့နဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အစားထိုးမရနိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ဒါကြောင့် DHA ဟာ အာရုံစူးစိုက်မှုကို ကြာရှည်ခံနိုင်ဖို့နဲ့ ဦးနှောက်အိုမင်းခြင်းကို နှေးကွေးစေဖို့အတွက် ကူညီပေးနိုင်တာပါ။ အခြားသော လေ့လာမှုတွေအရလည်း DHA လယ်ဗယ်မြင့်တက်ခြင်းဟာ ADHD ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ဖို့ အဓိကနေရာကပါဝင်နေပါတယ်။လေ့လာမှုပေါင်းများစွာလုပ်အပြီးမှာတော့ ကလေးတစ်ယောက်မှာရှိတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် လယ်ဗယ်ဟာ သူ့အတွက် ADHD ရောဂါ ခံစားရနိုင်ချေနဲ့ ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒီလေ့လာမှုတွေကပဲ ADHD ဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့ အိုမီဂါ၃ လယ်ဗယ်ဟာ ပုံမှန်ကလေးတစ်ယောက်ထက်ကို အများကြီး လျော့နည်းနေတယ်လို့ ဆိုထားပါတယ်။အခြားသောလေ့လာမှုတွေကတော့ ADHD ပေါ် လွှမ်းမိုးနေတဲ့ အိုမီဂါ ၃ နဲ့ ဘယ် အိုမီဂါ ၃ ဖက်တီးအက်ဆစ် အမျိုးအစားက ကလေးတွေရဲ့ လေ့လာသင်ယူမှုနဲ့ ဖွံ့ဖြိုးကြီးထွားမှုကို ထောက်ပံ့ပေးနေသလဲဆိုတာကိုလေ့လာကြတာပါ။လေ့လာမှုတစ်ရပ်မှာတော့ ၇နှစ်မှ ၁၂နှစ်ထိရှိတဲ့ ADHD ကလေးငယ်တွေကို အဖွဲ့ ၃ဖွဲ့ခွဲလိုက်ပါတယ်။ အဖွဲ့တစ်ခုစီကို EPA ကြွယ်ဝတဲ့ ငါးကြီးဆီ၊ DHA ကြွယ်ဝတဲ့ ငါးကြီးဆီ နဲ့ ၅၀၀ မီလီဂရမ် ဆေးတောင့်ပုံစံထုတ်ထားတဲ့ linoleic acid တွေ အသီးသီးပေးထားကာ ၄လတာ သောက်သုံးစေပါတယ်။လေ့လာမှုရဲ့အဆုံးမှာတော့ DHA ကြွယ်ဝစွာပါဝင်တဲ့ ငါးကြီးဆီကို ပုံမှန်သောက်သုံးတဲ့ကလေးတွေဟာ စာဖတ်ခြင်း၊ စာလုံးပေါင်းခြင်းနဲ့ လူမှုဆက်ဆံရေးအမူအရာတွေ၊တုံ့ပြန်မှုတွေမှာ အတိုးတက်ဆုံးဆိုတာကို တွေ့ရှိရပါတော့တယ်။အခြားသောစာဖတ်ရာမှာ အခက်အခဲရှိတဲ့ ကလေး၁၇ယောက်ကိုစမ်းသပ်ထားတဲ့ လေ့လာမှုမှာလဲ DHA တိုက်ကျွေးခြင်းကြောင့် ဆဲလ်လယ်ဗယ်မြင့်တက်လာခြင်းက အခြားသောအဖွဲ့တွေနဲ့စာရင် နောက်ဆုံးရလဒ်မှာ ပိုမိုကောင်းမွန်နေတာကို တွေ့ရှိရပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%99%e1%80%85%e1%80%b0%e1%80%b8%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-a/
တုပ်ကွေးနဲ့ ကိုဗစ် ဘာတွေတူလို့ ဘာတွေကွဲ
ဒီချိန်မှာတော့ ဖျားပြီ၊ ချောင်းဆိုးပြီဆိုတာနဲ့ကိုဗစ်လို့ သတ်မှတ်လိုက်တာအကောင်းဆုံးပါ။ ရောဂါတွေ မတရား ပြန့်နေတဲ့ အချိန်ကိုး။ ဒါပေမယ့်တုပ်ကွေးရာသီဖြစ်နေပြန်တော့ တုပ်ကွေးရော မဖြစ်နိုင်ဘူးလားလို့ မေးစရာ ရှိပါတယ်။ တုပ်ကွေးလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာအရတော့ နှစ်ခုလုံးက ဆင်တူနေပြီး တော်တော်ခွဲရခက်ပါတယ်။ တခြားအချက်တွေမှာတော့ အနည်းငယ်ကွဲပြားနိုင်ပါတယ်။အကျဉ်းချုပ်ပြောရရင် တုပ်ကွေးရော ကိုဗစ်ရောက အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့၊ ကူးစက်မြန်တဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ ဖြစ်တဲ့ ဗိုင်းရပ်စ်တွေကတော့ မတူပါဘူး။ ကိုဗစ်က ၂၀၁၉မှာ စတွေ့တဲ့ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်ပြီး တုပ်ကွေးကတော့ တုပ်ကွေးဗိုင်းရပ်စ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ဒါပေမယ့် ကိုဗစ်ကတော့ တုပ်ကွေးထက် ပိုကူးပါတယ်။ ခုလို ဗီဇအသစ်ဆိုရင် ပိုလို့တောင် အကူးမြန်ပါသေးတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေက လူအများစုကို ကာကွယ်ဆေးလွှမ်းခြုံနိုင်အောင် အသည်းအသန်ကြိုးစားနေကြတာပါ။ဒါ့ပြင် တုပ်ကွေးထက်စာရင်  ကိုဗစ်က ပိုပြီးတော့လည်း ပြင်းထန်ပါတယ်။ ရောဂါဝင်ပြီး လက္ခဏာမပြတဲ့အချိန်ကြာတဲ့အတွက်  သူများကို ပိုပြီး အချိန်ကြာကြာလည်း ကူးနိုင်ပါသေးတယ်။ လက္ခဏာက တော်တော်တူတဲ့အတွက် လက္ခဏာကို ကြည့်ပြီး ခွဲတာက အန္တရာယ်များပါတယ်။ အထူးသဖြင့် ဒီလိုကာလမှာ ပိုဆိုးပါတယ်။ ဆေးစစ်ပြီးတော့ ခွဲလို့ရပါတယ်။နောက်ထပ်ကံထူးနိုင်တာာက လူတစ်ယောက်တည်း ကိုဗစ်ရော တုပ်ကွေးပါ ဖြစ်နိုင်တာပါ။ ရှားပေမယ့်လည်း ရှိနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ လက္ခဏာတွေကတော့ တူတူပါပဲ။ ဒဏ်တော့ ပိုခံရနိုင်ပါတယ်။ ဒါကတော့ အတိုချုပ်ပါ။ အောက်မှာ အသေးစိတ် ဆက်ကြည့်ရအောင်။လက္ခဏာတွေကတော့ တူတူပဲလို့ ပြောလို့ရလောက်တဲ့အထိပါ။ နှစ်ခုလုံးက ရောဂါကူးခံရပြီး လက္ခဏာမပြတာ ဖြစ်နိုင်သလို ပြင်းထန်တဲ့ လက္ခဏာလည်း ဖြစ်သွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။ကိုဗစ်ရော တုပ်ကွေးရောက ပိုးဝင်တာနဲ့ လက္ခဏာပြတာက ၁ရက်ကနေ ရက်ပေါင်းများစွာအထိ  ကြာနိုင်ပါတယ်။ တုပ်ကွေးကနေ ပိုးဝင်ပြီး ၁ရက်ကနေ ၄ရက်အတွင်း လက္ခဏာပြပါတယ်။ ကိုဗစ်မှာတော့ အများစုက ပိုးကူးခံရပြီး ၅ရက်နေရင် လက္ခဏာပြပါတယ်။ ဒါပေမယ့် ဒါက ၂ရက်ကနေ ၁၄ရက်အထိလည်း ဖြစ်သွားနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။နှစ်ခုလုံးက ပိုးကူးပြီး ရောဂါလက္ခဏာမပြခင် ၁ရက်ကနေစပြီး သူများကို ကူးနိုင်ပါတယ်။ လက္ခဏာမပြခင်တည်းက ကူးနိုင်တဲ့အတွက် ကိုယ်က ထိတွေ့မှု ရှိထားပြီဆိုတာနဲ့ ဂရုစိုက်သင့်ပါတယ်။တုပ်ကွေးဖြစ်တဲ့သူတွေကတော့ လက္ခဏာမပြခင် ၁ရက်ကနေ ကူးနိုင်ပါတယ်။ လူကြီးတွေ၊ ကလေးတွေဆိုရင်တော့ လက္ခဏာမပြခင် ၁ရက်ကနေ  လက္ခဏာပြပြီး ၃-၄ရက်၊ အများစုကတော့ ၇ရက်အထိ ကူးနိုင်ပါတယ်။ မွေးစကလေးနဲ့ ခုခံအားကျနေတဲ့သူကတော့ ဒီထက်ပိုကြာကြာရောဂါဖြန့်နိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးမိရင် အလုပ်နား၊ ကျောင်းနားဖို့ ပြောတာပါ။ သူများကို ကူးမှာ စိုးလို့ပါ။ကိုဗစ်နဲ့ ပတ်သက်ပြီးကတော့ ခုထိလေ့လာနေကြတုန်းပါပဲ။ လက်ရှိလေ့လာချက်တွေအရတော့ ကိုဗစ်က လက္ခဏာမပြခင် ၂ရက်ကနေ  ပြပြီး ၁၀ရက်လောက်ထိ ကူးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၁၁ရက်ပြည့်တာနဲ့ ပေးပြန်တာပါ။ ဒီချိန်မှာ ဆေးစစ်ရင် ပေါ့စတစ်ထွက်နေပေမယ့် သူများကိုတော့ မကူးနိုင်တော့ပါဘူး။ ဒါက မပြင်းထန်တဲ့သူတွေပါ။ ဆေးရုံတက်ရလောက်အောင် ပြင်းထန်တဲ့သူတွေကတော့ ရက် ၂၀ကျော်လောက်ထိ  ကူးနိုင်ပါတယ်။ ဒါကြောင့် အလွယ်မှတ်ရင် သာမန်လူနာ ၂ပတ်၊ ပြင်းထန်လူနာ ၃ပတ်ပါ။ကူးတဲ့ နည်းလမ်းကလည်း အတူတူလောက်ပါပဲ။နှာချေချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရင်ဖြစ်ဖြစ်၊ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းတွေကိုကိုင်၊ ပြီးရင် လက်မဆေးဘဲ မျက်နှာကို ကိုင်ရင်လည်း ကူးတတ်ပါတယ်။ နောက်ပြီး အလုံပိတ်၊ လေဝင်လေထွက်မကောင်းတဲ့ အခန်းထဲမှာ အမှုန်အမွှားတွေက ၆ပေနဲ့အထက်ကို ပြန့်ပြီး ကူးနိုင်ပါသေးတယ်။ဒါပေမယ့် ကိုဗစ်က ပိုဆိုးပါတယ်။ ရောဂါရှိသူတစ်ယောက်ကနေ နောက်ထပ်လူပေါင်းများစွာကို ကူးနိုင်တဲ့အပြင် ဗီဇခဏခဏပြောင်းတာကြောင့် လူအများကြီးကို ကူးပြီး ကပ်ရောဂါဖြစ်သွားတာပါ။အသက်ကြီးတဲ့သူ၊ကိုယ်ဝန်ဆောင်၊ ရောဂါအခံရှိတဲ့သူဆိုရင်တော့ ကိုဗစ်ပဲဖြစ်ဖြစ်၊ တုပ်ကွေးပဲဖြစ်ဖြစ် စိုးရိမ်စရာကောင်းပါတယ်။ ဒါကြောင့်လည်း ဒီအုပ်စုကို နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးခိုင်းတာပါ။ကိုဗစ်ကတော့ ပိုပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ လူလတ်ပိုင်း ကျန်းကျန်းမာမာတွေတောင်အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ နောက်ထပ် ထူးခြားချက်ကကလေးတွေ (အထူးသဖြင့် ၅နှစ်အောက်) မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်တာာပါ။ ဒါကို  Multisystem Inflammatory Syndrome in Children (MIS-C)လို့ ခေါ်ပါတယ်။ ဖြစ်ခဲပေမယ့် ဖြစ်လာရင် အသက်အန္တရာယ်ရှိတာမျိုးပါ။နှစ်ခုလုံးအနေနဲ့ ဖြစ်နိုင်တာက။ကွာတာကတော့ တုပ်ကွေးမှာ အများစုက ရက်ပိုင်းလောက်နဲ့ သက်သာသွားပါတယ်။ လူနည်းစုလောက်ပဲ နောက်ဆက်တွဲဖြစ်ပြီး ဆေးရုံတက်ရတဲ့အထိ  ပြင်းထတ်တာပါ။ တုပ်ကွေးမှာတော့ နောက်ဆက်တွဲ ပိုးဝင်တာက အဖြစ်များဆုံး ဆိုးကျိုးပါပဲ။ ကလေးတွေမှာတော့ ဝမ်းလျှောပြီး ကျန်ခဲ့တတ်ပါတယ်။ကိုဗစ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ သွေးခဲပိတ်တာ၊ ကလေးတွေမှာ Multisystem Inflammatory Syndrome in Children (MIS-C)လို့ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းတာဖြစ်တတ်ပါတယ်။ နောက်ဆုံးတွေ့ထားတာကတော့Long COVIDလို့ခေါ်တဲ့ ပြဿနာပါ။ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ ကိုဗစ်ဖြစ်ဖူးတယ်ဆိုတာနဲ့ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးပါ။နှစ်ခုလုံးမှာ ကာကွယ်ဆေး ရှိပါတယ်။ တုပ်ကွေးမှာ ပိုး၄မျိုးအတွက်နှစ်စဉ်ကာကွယ်ဆေးထွက်ပါတယ်။ နှစ်တိုင်း အသစ်ပြန်ထိုးပေးရပါတယ်။ ကိုဗစ်ကတော့ ကာကွယ်ဆေးတွေ အများကြီးထွက်နေပြီး တချို့ကတော့ WHOခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးအများစုက ၃-၄ပတ်ခြားပြီး ၂ကြိမ်ထိုးရတာ များပါတယ်။ ဗီဇတွေ ခဏခဏပြောင်းတဲ့အတွက် ကာကွယ်ဆေးအာနိသင်ကို အတိအကျ ပြောဖို့ခက်ပါတယ်။တုပ်ကွေးနဲ့ ကိုဗစ်ရဲ့ တူတာ၊ မတူတာတွေမှာ လက္ခဏာသက်သက်နဲ့ ခွဲခြားတာမျိုး မလုပ်ဖို့ အကြံပေးလိုပါတယ်။ ဆေးစစ်မယ်ဆိုရင်တောင် စစ်တဲ့ နည်းလမ်း၊ ရက်၊ ပစ္စည်းပေါ်မူတည်နေသေးတဲ့အတွက် လက္ခဏာရှိပြီး၊ ထိတွေ့မှုရှိပြီး နက်ဂတစ်ပြနေရင်တောင် စိတ်မချသင့်ပါဘူး။ တုပ်ကွေးကို ကိုဗစ်လို့ထင်ပြီး အနေအထိုင်ဆင်ခြင်တာက ပြဿနာမရှိပေမယ့် ကိုဗစ်ကို တုပ်ကွေးလို့ ထင်ပြီး ပေါ့ဆမိရင် အများကြီး ထိခိုက်နစ်နာသွားနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-vs-flu/
ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု
ကျန်းမာရေးကိုဒုက္ခအပေးဆုံးSleepMyths (၈) ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘာလို့လဲဆိုရင် ယုံတမ်းစကားတွေဖြစ်ကြတဲ့ Myths တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ။အထူးသဖြင့်အိပ်စက်တာလိုမျိုး နေ့စဉ်ဘဝမှာ မဖြစ်မနေလိုအပ်တဲ့ ကိစ္စမျိုးမှာ မှားယွင်းတဲ့ယုံတမ်းစကားတွေကို ယုံမှတ်မှားမိမယ်ဆိုရင် ကျန်းမာရေးပြဿနာ အများအပြားနဲ့ ရင်ဆိုင်လာရနိုင်တယ်မဟုတ်လား။လူတွေ မှားယွင်းယုံကြည်နေကြတဲ့ Sleep Myths အမြောက်အများရှိပေမယ့် လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေကို ရွေးချယ်ဖော်ပြပေးသွားပါမယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း အိပ်စက်ခြင်းဆိုင်ရာ သိပ္ပံပညာရပ်တိုးတက်လာတာနဲ့အမျှ လူတွေရဲ့အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ ဆက်စပ်မှုတွေကို ပိုနားလည်လာရပါတယ်။ဒါကြောင့် တချို့သော လူသိများတဲ့ကိစ္စတွေဟာ ယုံတမ်းတွေဖြစ်ပြိး တကယ်မှန်ကန်ဘူးဆိုတာကိုလည်း သဘောပေါက်လာရပါတယ်။ ဘယ်လို ယုံတမ်းစကား Myth တွေက လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး ယုံတမ်းစကား တွေပါလဲ။ ကြည့်ကြရအောင်။လေ့လာချက်တွေအရဆိုရင် ဒီ Myth ဟာ လူ့ ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေထဲက တစ်ခုပါတဲ့။ အထိခိုက်နိုင်စေဆုံး ချင်း (ဂျင်း) လို့တောင်ဆိုကြပါတယ်။ဒီလို တစ်နေ့ကို ၅ နာရီလောက် အိပ်စက်တာဟာ ဘယ်အသက်အရွယ်အတွက်မဆို ကောင်းကျိုးတစ်ခုမှ မပေးလို့ဖြစ်ပါတယ်။ ဒီလို အိပ်ချိန်နည်းမယ်ဆိုရင်နှလုံးရောဂါ၊ နှလုံးဖောက်ပြန်တာ၊ သွေးတိုး၊ စိတ်ဖိစီးတာနဲ့စိတ်ဓာတ်ကျတာလို ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာမှာပါ။တီဗီပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်၊ စမတ်ဖုန်းပဲဖြစ်ဖြစ် အားလုံးရဲ့ Screen ကနေထုတ်လွှင့်တဲ့Blue Lightဟာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်လည်း ‘ရုပ်မြင်သံကြားကြည့်တာက အိပ်ရာမဝင်ခင် အကောင်းဆုံး စိတ်အပန်းဖြေစရာ’ ဆိုတဲ့အချက်က ကျန်းမာရေးကိုဒုက္ခအပေးဆုံး ယုံတမ်းစကား တစ်ခုဖြစ်နေတာပါ။အိပ်ရာဝင်ခါနီးတိုင်း Blue Light တွေကို ကြည့်နေတဲ့အပြင် အိပ်ချိန်မှာပါ အိပ်ရာထဲဖုန်းတွေယူဆောင်ပြီး အိပ်နေတယ်ဆိုရင်တော့ သင့်ကျန်းမာရေးအခြေအနေ တော်တော်ဆိုးတော့မယ်လို့ ပြောပါရစေ။ကျန်းမာရေးမကောင်းလို့ လဲလျောင်းနေရတာက သဘာဝကျတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလိုလဲလျောင်းနေလို့ အချိန်တိုင်း အိပ်စက်တာ ဒါမှမဟုတ် အဆင်ပြေသလို အိပ်စက်မယ်လို့တော့ တွေးလို့မဖြစ်ပါဘူး။ လူတွေမှာ အိပ်စက်တဲ့ရစ်သမ်ရှိပြီးတော့ နေ့အချိန်တွေမှာ အဆင်ပြေသလို အိပ်စက်မိတာကြောင့် ဒီရစ်သမ်ပျက်သွားရင် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။အရမ်းပင်ပန်းလွန်းရင် ခဏလှဲပြီး မျက်စိမှိတ်ထားလိုက်တာမျိုး လူတိုင်းလုပ်ဖူးကြတယ်မဟုတ်လား။ နည်းနည်းတော့ အပင်ပန်းသက်သာသွားတယ်ဆိုပါတော့။ တချို့တွေက အိပ်ရေးအရမ်းပျက်ချိန်တွေမှာ ဒီလိုနည်းကို သုံးတတ်ကြတယ်။တကယ်တော့ အိပ်ချင်လို့ ပင်ပန်းနေရင် အိပ်လိုက်တာအကောင်းဆုံးပါပဲ။ တင်းခံပြီး ခဏမျက်စိမှိတ်ပြီး နားလိုက်ရင် နှလုံး၊အဆုတ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို ပို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ဘယ်အချိန်၊ ဘယ်နေရာမှာမဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာက အိပ်ရေးမဝလို့ပါ။ ကျန်းမာလို့ မဟုတ်ပါဘူး။ အစည်းအဝေးခန်းတွေ၊ လေယာဉ်စီးချိန်တွေမှာ အိပ်ချင်စိတ်ပေါ်လာတတ်တာဟာ ကိုယ့်အိပ်ရေးဝအောင် မအိပ်စက်ထားနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။အိပ်ရာဝင်ခါနီးမှာ အရက်သေစာလေး နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် မှီဝဲလိုက်မယ်ဆိုရင် သင်အိပ်ပျော်ကောင်း အိပ်ပျော်သွားပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့အိပ်ပျော်မှုက အဆိပ်ရည်သောက်ပြီး ခဏမှေးလိုက်တဲ့ အဓိပ္ပါယ်မျိုးပါပဲ။အယ်လ်ကိုဟောက လုံးဝနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတာမဟုတ်ဘဲ ဦးနှောက်ကို လေးလံစေပြီး ခဏအိပ်ပျော်သွားစေတာသာဖြစ်သလို အချိန်မတော်ပြန်နိုးတာမျိုး၊ ရင်ပူတာမျိုး၊ အရက်နာကျတာမျိုးတွေ ဖြစ်စေဦးမှာပါ။မအိပ်ချင်အောင် ကော်ဖီသောက်မယ်၊ စကားပြောမယ် တစ်ခုခုလုပ်မယ်။ ဒါတွေလုပ်ရင်း အကျင့်ပါသွားရင် အိပ်ချိန်ကို နည်းသွားအောင်လုပ်လို့ရတယ်လို့ တချို့က ထင်ကြတယ်။တကယ်တော့ အဖြေက ဆန့်ကျင်ဘက်ပါ။ ခန္ဓာကိုယ်အတွက် အိပ်ချိန်ပိုလိုအပ်သွားပြီး ကျန်းမာရေးထိခိုက်သွားတာကလွဲလို့ သင့်အတွက် ဘာမှပြန်ရမှာမဟုတ်ပါဘူး။အိပ်ပျော်နေစဉ်မှာ ဟောက်သံထွက်တာက အိပ်ဟောက် အသက်ရှူရပ်ဝေဒနာကြောင့်ပါ။  ဒီဝေဒနာက ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths တွေထဲက တစ်ခုပါပဲ။အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်တန့်သွားတာဖြစ်ပြီး အဓိကအကြောင်းတရားက အဝလွန်တာဖြစ်ပေမယ့်  တခြားကျန်းမာရေးအခြေအနေတွေနဲ့ပါ ဆက်စပ်နေတတ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/common-sleep-myths/
Female Sexual Dysfunction (အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း)
အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်းမှာ လိင်ပိုင်ဆိုင်ရာ တုံ့ပြန်မှု၊ လိင်စိတ်၊ အထပြီးမြောက်စိတ် သို့မဟုတ် ဆက်ဆံစဉ် နာကျင်နေခြင်း သို့မဟုတ် ပါတနာနှင့် ဆက်ဆံရေးတွင် ထိခိုက်နေခြင်း စသည့် အမြဲတမ်း သို့မဟုတ် ခဏခဏဖြစ်နေတတ်သော ပြဿနာများကို ဆိုလိုပါသည်။ ယနေ့ခေတ်တွင် အမျိးသမီးအများအပြား၌ ထိုကဲ့သို့လိင်ပြဿနာများကို အတိုင်းအတာတစ်ခုထိ ကြုံတွေ့နေကြရ၏။အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်းမှာ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်လာနိုင်သည်။ တစ်သက်လုံးဖြစ်နေနိုင်သလို သက်ကြီးပိုင်းမှ စဖြစ်တာမျိုးလည်း ရှိပါသည်။ တစ်ချို့သော လိင်ဆိုင်ရာအခြေအနေမှသာဖြစ်တတ်သလို လိင်ဆက်ဆံတိုင်း ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်၏။ လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုဆိုသည်မှာ ဇီဝကမ္မ၊ စိတ်အခြေအနေ၊ အတွေ့အကြုံ၊ ယုံကြည်ချက်၊ နေထိုင်မှုပုံစံနှင့် ဆက်ဆံရေး အားလုံးခြုံငုံ ပါတ်သတ်နေသည့်ကိစ္စဖြစ်သည်။ ထိုထဲမှတစ်ခုခုတွင် ပြဿနာပေါ်လာပါက လိင်စိတ်၊ ဆက်ဆံလိုစိတ်၊ ကျေနပ်စိတ် စသည်တို့တွင် ထိခိုက်လာပြီး တစ်မျိုးထက်ပိုသော ကုသမျိုး လိုအပ်လာနိုင်ပါသည်။အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်းသည် အသက် ၅၀ အထက်အမျိုးသမီးများတွင် ပိုပြီး အဖြစ်များလာပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း၏ လက္ခဏာများမှာ အမျိုးအစားပေါ်မူတည်ပါသည်။အဖြစ်အများဆုံးသောပုံစံဖြစ်ပြီး လိင်ကိစ္စတွင် စိတ်ဝင်စားမှုနည်းခြင်း လိင်ဆက်ဆံလိုစိတ် မရှိခြင်းတို့ ဖြစ်တတ်ပါသည်။လိင်ဆက်ဆံလိုစိတ်ရှိနေသော်လည်း ရာဂနိုးကြွမှုမရှိခြင်း သို့မဟုတ် နိုးကြွမလာခြင်း သို့မဟုတ် ဆက်ဆံရင် စိတ်မပါတော့ခြင်းတို့ ဖြစ်နိုင်ပါသည်။လိင်ဆက်ဆံပြီးနောက် နှင့် ဆက်ဆံနေစဉ် ဆန္ဒပြီးမြောက်ဖို့ရာတွက် ခဏခဏ သို့မဟုတ် အမြဲလိုလို အခက်အခဲရှိနေခြင်း။စောလျင်စွာသိရှိကုသခြင်းက ပိုဆိုးမလာအောင်နှင့် တခြားသော အရေးပေါ်အခြေအနေများကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သည့်အခြေအနေများကို ကာကွယ်ရန် ဆရာဝန်နှင့် တတ်နိုင်သလောက် စောစောဆက်သွယ်ပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။ဟော်မုန်းပြောင်းလဲသည့်အခါ ဥပမာ ကလေးမွေးပြီးနောက် သို့မဟုတ် သွေးဆုံးပြီးနောက် အချိန်များတွင် လိင်ပြဿနာများ မကြာခဏဖြစ်တတ်ပါသည်။ တစ်ချို့သော အရေးကြီး မကျန်းမာမှုများဖြစ်သည့် ကင်ဆာ၊ ဆီးချို၊ နှလုံးနှင့် သွေးကြောရောဂါများသည်လည်း လိင်ဆိုင်ရာ မူမမှန်မှုကို ဖြစ်စေပါသည်။လိင်ဆိုင်ရာ ကျေနပ်မှုမရှိခြင်း သို့မဟုတ် မူမမှန်ခြင်းများနှင့် ဆက်နွယ်နေနိုင်သည့် အချက်များမှာ –။ကင်ဆာ၊ ကျောက်ကပ်အလုပ် မလုပ်နိုင်ခြင်း၊ Multiple sclerosis, နှလုံးရောဂါနှင့် ဆီးအိမ်ပြဿနာများလို ရောဂါအခြေအနေ များစွာက လိင်ဆိုင်ရာမူမမှန်ခြင်းကို ဦးတည်စေနိုင်ပါသည်။ တစ်ချို့သော ဆေးများ ဥပမာ စိတ်ကျကုဆေးများ၊ သွေးပေါင်ညှိဆေးများ၊ ဟစ်စမင်းဆန့်ကျင် ဆေးများနှင့် ကင်ဆာဆေးများသည်လည်း လိင်စိတ်ကိုကျစေပြီး ဆန္ဒပြီးမြောက်ခြင်းကိုလည်း ကျစေပါသည်။သွေးဆုံးပြီးနောက် မဟော်မုန်းလယ်ဗယ် နည်းသွားခြင်းက လိင်အင်္ဂါတစ်ရှူးများ ပြောင်းလဲသွားခြင်းနှင့် လိင်ဆိုင်ရာ တုန့်ပြန်မှုကို ပြောင်းလဲခြင်းများကို ဖြစ်စေနိုင်ပါသည်။ မဟော်မုန်းနည်းခြင်းက တင်ပဆုံအင်္ဂါများဆီသို့ သွေးစီးဆင်းမှုကိုကျစေပြီး ရာဂစိတ်နိုးလာရန် ဆန္ဒပြီးမြောက်ရန် အချိန်ပိုလိုသွားစေသလို လိင်အင်္ဂါအာရုံခံနိုင်ယူကိုလည်း ကျဆင်းစေပါသည်။စိတ်လှုပ်ရှာမှု သို့မဟုတ် စိတ်ကျခြင်းတို့အား မကုသပဲထားလျှင် လိင်စိတ်မူမမှန်ခြင်းကို ဦးတည်သွားစေနိုင်ပါသည်။ ထို့အတူ နာတာရှည် စိတ်ဖိစီးမှုနှင့် လိင်အကြမ်းဖက် ခံခဲ့ရဖူးခြင်းကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ ကိုယ်ဝန်ရမည်ကိုတွေးပူခြင်း၊ မိခင်ဖြစ်လာရမည်ကို တွေးပူခြင်းတို့ကလည်း ခပ်ဆင်ဆင်အကျိုးမျိုး ဖြစ်နိုင်ပါသည်။အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်၌ ဤအခြေအနေရှိနေကြောင်း ဆရာဝန်မှ သံသယရှိပါက စမ်းသပ်ခြင်း စစ်ဆေးခြင်းများကို ပြုလုပ်ပေးပါလိမ့်မည်။ သင်၏လိင်ပိုင်းဆိုင်ရာ ရောဂါဆိုင်ရာ ရာဇဝ်များကိုလည်း ဆွေးနွေးသင့်ပါသည်။ ကိုယ်ရေးကိုယ်တာများကို ဆရာဝန်နှင့်ဆွေးနွေးရမည်မှာ မလွယ်သော်လည်း လိင်ပိုင်းဆိုင်ရာကျန်းမာရေးမှာ ဘဝနေထိုင်ကောင်းဖို့ သော့ချက်ဖြစ်ပါသည်။လက်ရှိပြဿနာများနှင့် လိင်ဆိုင်ရာရာဇဝင်များကို သေချာပြောပြလေလေ ကောင်းမွန်စွာဖြေရှင်းနိုင်မည့်နည်းလမ်း ရှာတွေနိုင်လေလေ ဖြစ်ပါသည်။ ထို့နောက် တင်ပဆုံအင်္ဂါများကိုဆရာဝန်မှ စစ်ဆေးရာတွင် လိင်ဆိုင်ရာနှစ်သက်မှုကိုထိခိုက်စေသော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ဥပမာ – လိင်တစ်ရှူးများပါးနေခြင်း၊ အရေပြား ကျုံ့ဆန့်နိုင်မှု လျော့နည်းခြင်း၊ အမာရွတ် သို့မဟုတ် နာကျင်မှု စသည်တို့ရှိမရှိ ရှာဖွေပါလိမ့်မည်။ လိင်နှင့် ဆက်ဆံမှုရေးရာ ပြဿနာများကို အထူးကုသသည့် ဆရာဝန်များထံသို့လဲ သင့်ဆရာဝန်မှ လွှဲပေးကောင်း လွှဲပေးပါလိမ့်မည်။လိင်ဆိုင်ရာမူမှန်ခြင်းသည် သင့်ကိုအနှောက်အယှက် ပေးလာမှသာ ပြဿနာတစ်ခုဟု ဆိုနိုင်ကြောင်း သိထားပါ။ သင့်ကို ဘာမှမဖြစ်စေပါက ကုသရန် မလိုအပ်ပါ။ အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်း ဖြစ်လာပါက အကြောင်းအမျိုးမျိုး လက္ခဏအမျိုးမျိုး ရှိတတ်သောကြောင့် ကုသမှုလည်း အမျိုးမျိုး ကွဲပြားပါသည်။ သင့်၏စိုးရိမ်မှုများကို သင်သေချာ သိထားသင့်သလို သင့်ခန္ဓါကိုယ်နှင့် ပုံမှန် လိင်ဆိုင်ရာတုန့်ပြန့်မှုအကြောင်းကိုလည်း နားလည်ထားရပါမည်။လိင်ကိစ္စစိတ်ပူရသည့်အမျိုးသမီးအများစုတွင် ဆေးနှင့်ရော ဆက်ဆံရေး စိတ်ခံစားမှုများကိုရော ပေါင်းစပ်ကုသခြင်းမှ အကျိုးကျေးဇူးရနိုင်ပါသည်။အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်မှုအတွက် ဆေးမပါသောကုထုံး။လိင်ဆိုင်ရာမူမမှန်မှုကိုကုသရန် အောက်ပါနည်းလမ်းများအသုံးပြုခြင်းဖြင့် စတင်ပါလိမ့်မည်။ကိုယ့်ပါတနာနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းက လိင်ဆိုင်ရာကျေနပ်မှု ရလာစေရန် အပြောင်းအလဲများ ဖြစ်လာနိုင်ပါသည်။အရက်များများသောက်ခြင်းက လိင်ဆိုင်ရာ တုန့်ပြန်မှုကို လျော့နည်းသွားစေပါသည်။လိင်ဆိုင်ရာနှင့် ဆက်ဆံရေးဆိုင်ရာ ပြဿနာများကို အထူးပြုသော ဆရာဝန် သို့မဟုတ် နှစ်သိမ့်ဆွေးနွေးသူနှင့် ဆွေးနွေးပါ။မအင်္ဂါခြောက်သွေ့ခြင်း သို့မဟုတ် ဆက်ဆံစဉ်နာခြင်းမျိုးအတွက် လိင်သုံးချောဆီများနှင့် အထောက်အကူ ရစေနိုင်ပါသည်။ရာဂစိတ်ကြွလာခြင်းကို မအင်္ဂါစေ့အား လှုံ့စော်ခြင်းဖြင့် ရလာနိုင်ပါသည်။အမျိုးသမီးများတွင် လိင်ဆိုင်ရာမူမမှန်ခြင်းအတွက် ဆေးဖြင့်ကုသခြင်း။လိင်ဆိုင်ရာမူမမှန်ခြင်းအား ဆေးဝါးများဖြင့်လည်း ကုသနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အမျိုးသမီးများတွင်လိင်ဆိုင်ရာမူမမှန်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/female-sexual-dysfunction-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%9c/
အဆီဓါတ်နှင့် နှလုံးရောဂါ
အဆီဓါတ် (cholesterol)ဆိုတာ အဆီလို ပစ္စည်းတစ်မျိုး။ဖြစ်ပြီး သင့်ခန္ဓါကိုယ်က ဆဲလ်အသစ်တွေထုတ်တာ၊ ဟော်မုန်းတွေထုတ်တာ၊အာရုံကြောတွေတည်ဆောက်တဲ့။နေရာမှာ အကူညီပေးပါတယ်။ သင့်ခန္ဓါကိုယ်က လိုအပ်တဲ့။အဆီဓါတ် (cholesterol) ကို များသောအားဖြင့် အသည်း။ကနေထုတ်ပါတယ်။ သင်က အဆီဓါတ်တွေကို တစ်ချိ ု့သော။အစားအစာများကို စားပေးခြင်းဖြင့် တက်လာအောင် ပြ ုလုပ်။လို့ရပါတယ်။၎င်းအစားအစာတွေကတော့ အမဲသား၊နွားနို့၊။ကြက်ဥ၊နဲ့ တစ်ခြား တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုစားခြင်းနဲ့။တက်နိုင်ပါတယ်။အဆီဓါတ် (cholesterol)က သင့်ခန္ဓါကိုယ် သွေးကြောထဲ။မှာလှည့်ပတ်သွားလာနေပါတယ်။ သိပ်သည်းဆနည်းတဲ့အဆီ။ဓါတ် (LDL)လို့ခေါ်တဲ့မကောင်းတဲ့အဆီဓါတ်ကတော့ သွေးကြောတွေရဲ့နံရံမှာ ကပ်နေတတ်ပြီး နောက်ဆုံးမှာ သွေး။ကြောတွေပိတ်ခြင်းကို ဖြစ်စေလို့ မကောင်းတဲ့အဆီလို့ခေါ်ပါ။တယ်။ သိပ်သည်းဆများတဲ့အဆီဓါတ် (HDL)ကိုတော့။ကောင်းတဲ့အဆီလို့ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူက သွေးထဲက အဆီဓါတ် (cholesterol)ကို ဖယ်ရှားနိုင်တဲ့ အစွမ်းရှိလို့ပဲဖြစ်ပါတယ်။တကယ်လို့ သင့်ခန္ဓါကိုယ်ထဲမှာ အဆီဓါတ် cholesterol တွေ အများကြီးစုနေပြီဆိုရင်တော့ သင့်မှာ နှလုံးရောဂါရဖို့ အခွင့်အလမ်းတွေတအား များနေပါပြီ။သင့်သွေးထဲမှာ အဆီဓါတ် (cholesterol)တွေတအား များနေတယ်ဆိုပါက သင့်သွေးကြောတွေထဲမှာ အဆီဓါတ်။တွေတအားများလာနိုင်ပြီး နှလုံးရောဂါပုံစံတစ်ခုဖြစ်တဲ့။သွေးကြောများမာပြီး ပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေး။လွှတ်ကြောတွေဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားတွေ ကိုသွားတဲ့ သွေးစီးဆင်းမှုနည်းလာမယ် သို့မဟုတ် သွေးစီးတဲ့လမ်းကြောင်းကို ပိတ်သွားနိုင်ပါတယ်။သွေးဆိုတာဟာ နှလုံးကို အောက်စီဂျင်သယ်တဲ့တာဝန်ကို။လုပ်တယ်ဆိုတာ သိထားပြီးသားဖြစ်ပါတယ်။ ထို့ကြောင့် တကယ်လို့ နှလုံးက လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ သွေး။ကို မရပါက ရင်ဘတ်အောင့်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ပိုဆိုးလာပါက နှလုံးကို သွေးပို့တဲ့ လမ်းကြောင်းမှာ တစ်နေရာရာမှာ ပိတ်သွားခဲ့ပါက နှလုံးရုတ်တရက်ထိခိုက်ခြင်းမျိုးဖြစ်နိုင်ပါတယ်။ အပေါ်မှာ။ပြောပြထားခဲ့သလိုပါပဲ သွေးကြောတွေမှာ သွေးခဲ ပိတ်နေခြင်းဟာ အဓိကကတော့ မကောင်းတဲ့ အဆီဓါတ်။LDL ကြောင့် ဖြစ်ရပါတယ်။Triglyceridesလု့ိခေါ ်တဲ့ ကျွန်တော်တို့သွေးထဲမှာစီးဆင်း။နေတဲ့ အဆီပုံစံတစ်မျိုးဖြစ်ပြီး ဒီ အဆီတွေများနေပါကလည်း နှလုံးရောဂါဖြစ်မှု နဲ့ဆက်စပ်မှုရှိပါတယ်။မကောင်းတဲ့အဆီများ(trans fats) က မကောင်းတဲ့အဆီ။ဓါတ်ဖြစ်တဲ့ LDL ကိုတက်စေပြီး ကောင်းတဲ့အဆီဖြစ်တဲ့။HDL ကို လျော့ကျစေပါတယ်။ ထို့ကြောင့် အာဟာရမရှိတဲ့။အစားအစာတွေမှာ မကောင်းတဲ့အဆီတွေပါတာကြောင့်။နှလုံးရောဂါ ဖြစ်နိုင်တဲ့အန္တရာယ် ပိုများပါတယ်။အစားအသောက် ထဲမှာပါတဲ့ မကောင်းတဲ့အဆီများ (trans fats) ကို ပြ ုလုပ်ထားတဲ့အစားအသောက်ပုံစံများမှာ တွေ့။ရတတ်ပါတယ်။ မကောင်းတဲ့အဆီတွေကိုရှောင်နိုင်ဖို့အတွက်။အစားအသောက်တွေမှာ မကောင်းတဲ့အဆီပါတယ် လို့ တံဆိပ်တပ်ထားတွေကို ရှောင်နိုင်ပါတယ်။ပြည့်ဝသောအဆီများထဲမှာမကောင်းတဲ့အဆီဖြစ်တဲ့ LDLအဆီဓါတ်တွေ တွေ့နိုင်ပြီး ၎င်းတို့ကို အနည်းငယ်သာ။စားသုံးသင့်ပါတယ်။ ပြည့်ဝသော အဆီများပါဝင်တဲ့ အရင်းအမြစ်တွေကတော့။-ချိုချဉ်များ။-ဖုတ်ထားသောမုန့်များ။-ကြော်ထားသောအစားအသောက်များ။-အနီရောင်ရှိသောအသား။-ပြ ုလုပ်ပြင်ဆင်ထားသောအသားများ။-အဆီပါသောအသားများ။-အုန်းဆီများ။-အဆီပါသောနို့ထွက်ပစ္စည်းများ။ဒီလိုအစားအသောက်တွေကို အများကြီးစားသောက်ခြင်း၊ အလွယ်တကူအမြန်ရတဲ့အစားအသောက်များ၊ပြင်ဆင်ပြ ုလုပ်ထားတဲ့အစားအသောက်များကိုစားခြင်းနဲ့ အဝလွန်ခြင်း။ဝိတ်တက်ခြင်းတို့ဖြစ်လာစေပြီး သင့်ကို နှလုံးရောဂါပိုဖြစ်စေ။ခြင်းနဲ့ တစ်ခြား ကျန်းမာရေးပြသနာတွေပိုဖြစ်ဖို့ အခွင့်အ။လမ်း များစေပါတယ်။သင့်မှာ အဆီဓါတ်များခြင်းဖြစ်ပါက များသောအားဖြင့် လက္ခဏာတွေမပြတတ်ပါဘူး။ လူတော်တော်များများကတော့။သူတို့မှာ အဆီဓါတ်တွေတအားများနေတာကို သိပ်သတိမ။ထားမိတတ်ကြပါဘူး။ သင့်ရဲ့အဆီဓါတ် ဘယ်လောက်တက်။နေတာလဲဆိုတာကို သိရတာနဲ့ ဒီအဆီဓါတ်တွေကို ဘယ်လို လျှော့ချရမလဲဆိုတဲ့နည်းလမ်းတွေကို ချက်ခြင်းရှာဖွေဆောင်ရွက်ရပါမယ်။Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/%e1%80%a1%e1%80%86%e1%80%ae%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82/
Probiotics က ကိုယ်ခံအားကို ကောင်းစေသလား
ရောဂါတွေ အမျိုးမျိုး ဖြစ်နေချိန်မှာ တစ်နေ့ထက်တစ်နေ့ ပိုအရေးကြီးလာတဲ့ အရာကကိုယ်ခံအားကောင်းဖို့ပါ။ ရာသီအကူးအပြောင်းကြောင့် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တုပ်ကွေးရယ်ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဓာတ်မတည့်မှုရယ်၊ အချိန်မရွေး ကူးစက်နိုင်တဲ့ ပတ်ဝန်းကျင်က ရောဂါပိုးတွေရယ်ကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အနေအထားရအောင် လုပ်ဆောင်ထားဖို့ လိုပါမယ်။ ဒီတော့ ကိုယ်ခံအားကောင်းဖို့ ဘာတွေလုပ်ရမလဲ။ ဘာတွေကများ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မလဲဆိုပြီး တွေးနေပြီလား ….. ဒါဆိုရင်တော့ လူတွေကြားမှာ ရေပန်းစားလာတဲ့ Probiotics က ကိုယ်ခံအားကို ကောင်းစေသလား ….. ဘယ်လိုတွေများ အားဖြည့်ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။Probiotics က ကိုယ်ခံအားကို ကောင်းစေသလား …. ဆိုတာကို မပြောခင် Probiotics အကြောင်းလေး အရင်ဆုံး ပြောပြပေးချင်ပါတယ်။Probiotics ဆိုတာကအစာခြေစနစ်(အထူးသဖြင့်အူမကြီး) ထဲမှာရှင်သန်နေပြီး အစာခြေစနစ် ကျန်းမာစေဖို့လုပ်ဆောင်ပေးပါတယ်။ အစားအစာတွေနဲ့ ဖြည့်စွက်စာတွေမှာပါဝင်နေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ အူလမ်းကြောင်းထဲမှာ နေထိုင်ပြီး လူသားတွေရဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။တနည်းပြောရရင်အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုတဲ့အပြင် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အစာကိုကြေစေပြီး အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။Probiotics လို့ သိကြတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေက အစာခြေစနစ် ပြဿနာတွေကို ကင်းစေသလို အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိအောင် ထောက်ကူပေးနိုင်ပါတယ်။အူနံရံတွေကျန်းမာမှ စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာပါ။ အူထဲမှာ အကျိုးပြုဘက်တီးရီးယား အာဟာရတွေ သင့်တင့်မျှတနေတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဖျားနာမှုတွေကို ကင်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ဒါ့ပြင် Probiotics က ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ နာမကျန်းဖြစ်နေချိန်မှာ မြန်မြန် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ခန္ဓာကိုယ်ထဲကဆဲလ်တွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ ကိုယ်ခံအားရဲ့ ရောဂါပိုးတွေအပေါ် တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်မှာဖြစ်ပါတယ်။Probioticsက အစာခြေစနစ်ကို ကျန်းမာစေတာ၊ အရေပြားကို ကျန်းမာစေတာ စတဲ့အချက်တွေကလည်း ကိုယ်ခံအားကို သွယ်ဝိုက်ပြီး ထောက်ကူနေတာပဲ ဖြစ်ပါတယ်။ အူလမ်းကြောင်းတို့၊ အရေပြားတို့ဆိုတာက ခန္ဓာကိုယ်ထဲကို ပြင်ပကပိုးမွှားတွေ ဝင်မလာစေဖို့ ကာထားတဲ့ ပင်မခံတပ်ကြီးတွေ ဖြစ်နေတာကြောင့်ပါ။Probiotics က လူတိုင်းစိုးထိတ်နေကြတဲ့ကိုဗစ်ကို ကာကွယ်ပေးနိုင်မလားဆိုတာကိုတော့ လေ့လာနေဆဲပါ။ Probioticsတွေက မျိုးစိတ်တွေ အများကြီးရှိနေပါတယ်။ ဒီမျိုးစိတ်တွေထဲကမှ ကိုယ်ခံအားကို အားဖြည့်ပေးနေတဲ့ မျိုးစိတ်တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးမယ့် Probiotics မျိုးစိတ်တွေကတော့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/probiotics-benefits-for-immune-system/
ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့
လူရယ်လို့ဖြစ်လာပြီဆိုရင်လိင်မှုကိစ္စဆိုတာ ကြုံရနိုင်ပါတယ်။ အဲ့တော့ချစ်တဲ့သူနှစ်ဦးချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။ ကဲ …. ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့ ။၁။ သန့်ရှင်းရေးလုပ်ပါ။သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့်ကာမဆက်ဆံပြီးတိုင်း ခဏလောက်နားပြီးတာနဲ့ သန့်စင်ပေးပါ။ယောက်ျားလေးဆိုရင် လိင်အင်္ဂါတစ်ဝိုက်နဲ့ ထိပ်အရေပြားကို အောက်လှန်ဆွဲချပြီး သန့်စင်ပါ။ မိန်းကလေးဆိုရင်လည်းမိန်းမကိုယ်အစပ်နားလောက်ကို ရေများများနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ မမေ့ပါနဲ့။ ဒါတွေကိုတော့ ဦးစားပေးပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ရင် ရပါတယ်။၂။ အတင်းကာရော တိုက်ချွတ်ဆေးကြောစရာမလိုပါဘူး။ဒါကတော့ မိန်းကလေးတွေ တော်တော်များများ လုပ်မိတတ်တဲ့ အမှားတစ်ခုပါ။ သန့်ချင်တဲ့ဇောနဲ့ မိန်းမကိုယ်အတွင်းကို ဓာတုဗေဒပစ္စည်းတွေ ပါတဲ့ ဆပ်ပြာနဲ့ ပွတ်တိုက်လိုက်တာ၊ လက်နဲ့ ထိုးသွင်းနှိုက်ချွတ်ပြီး ဆေးကြောတာတော့ မလုပ်သင့်ပါဘူး။ အခန့်မသင့်ရင် မိန်းမကိုယ်ယားယံတာ၊ ပွန်းပဲ့ထိခိုက်မိပြီး ရောဂါပိုးဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ အကောင်းဆုံးက ရေများများနဲ့ သေချာသန့်စင်ပြီးရင် ခြောက်အောင်သုတ်ပေးပြီး ဒီအတိုင်းထားထားပါ။၃။ ရေချိုးဖို့ အလျင်မလိုပါနဲ့။ကာမဆန္ဒအထွတ်အထိပ်ကို ရောက်ပြီးတာနဲ့ ချက်ချင်းကြီးထပြီး ရေချိုးတာမျိုးက မလုပ်သင့်ပါဘူး။ ကုတင်ပေါ်မှာ ဖက်ရင်း၊ စကားပြောရင်း၊ အမောဖြေလို့ ပြီးသွားပြီ၊ အနည်းငယ် သန့်ရှင်းရေးလုပ်ပြီးသွားပြီဆိုမှ အတူရေချိုးတာဖြစ်ဖြစ် လုပ်ပေးပါ။ ရေချိုးဖို့အတွက် အလျင်လိုစရာမလိုပါဘူး။၄။ ဆီးသွားပါ။လိင်ဆက်ဆံနေရင်းကနေ အမျိုးသားရော၊ အမျိုးသမီးတွေရဲ့ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံအပြီး နာရီဝက်အတွင်း တစ်ကြိမ်လောက်ဖြစ်ဖြစ် အပေါ့စွန့်ဖို့ အရေးကြီးတယ်နော်။ မိန်းကလေးတွေဆိုရင်လည်း အပေါ့သွားပြီး မိန်းမကိုယ်ကို အရှေ့မှအနောက်သို့ ရေဆေးသန့်စင်ပေးပါ။၅။ ရေသောက်ပါ။လိင်ဆက်ဆံနေတဲ့အချိန် နှစ်ဦးသား ချွေးတွေလည်းထွက်၊ မောလည်းမောနေမှာပဲလေ။ အဲ့အခါမှာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတဲ့အနေနဲ့ရော၊ ဆီးသွားရလွယ်ကူအောင်ရေတစ်ခွက်လောက်တော့ အဝသောက်ပေးပါ။၆။ ချောင်ချိတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။လိင်ဆက်ဆံပြီးတဲ့အချိန်ဆို ချွေးထွက်တာ သဘာဝပဲနော်။ ဒါကပြဿနာမရှိပေမဲ့ ဘက်တီးရီးယားဆိုတာ ချွေးပြန်နေတဲ့နေရာဆို ပေါက်ဖွားတာ အရမ်းမြန်တာကြောင့် ဒါကို သေချာဂရုစိုက်ဖို့တော့လိုပါတယ်။ အဲ့တော့ ရေချိုးပြီးတာနဲ့ လေဝင်လေထွက်ကောင်းမယ့် အတွင်းခံ၊ အဝတ်အစားတွေကိုပဲ အဓိကဝတ်ပေးပါ။ အတွင်းခံမဝတ်ရင်တော့ ပိုကောင်းပါတယ်။၇။ သွေးအမြဲစစ်ပါ။ကိုယ်က တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတာမဟုတ်ဘဲ အပျော်အပါးလိုက်စားထားတာတွေလည်း ရှိတယ်ဆိုရင်တော့ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတိုင်းကွန်ဒုံးကို အသုံးပြုပါ။ ၃လတစ်ကြိမ် သွေးသွားစစ်ကြည့်ပါ။ ရောဂါဆိုတာ ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဆိုပေမဲ့ ဖြစ်လာခဲ့ရင်လည်း စောစောသိတာနဲ့အမျှ ကိုယ့်ဘက်က ပြင်ဆင်လို့ရတာတွေ ပြင်ဆင်ထားလို့ ရပါတယ်။၈။ ကိုယ်ဝန်မလိုချင်ဘူးဆိုရင်ရော။ကလေးယူဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ ဒါမှမဟုတ် နောက်တစ်နည်းအနေနဲ့ အမျိုးသမီးကို သန္ဓေတားဆေး၊ အရေးပေါ်တားဆေးသောက်ခိုင်းလို့ရပါတယ်။မလိုအပ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မဖြစ်စေဖို့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အမြဲအသုံးပြုကြပါလို့ ထပ်မံတိုက်တွန်းရင်း အားလုံးပဲ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးသုခပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/sexual-hygiene-after-sex/
Gingivitis ( သွားဖုံးရောင်ခြင်း ) အကြောင်း
သွားဖုံးရောင်ခြင်း ကအဖြစ်များတဲ့ သွားနဲ့ ခံတွင်းပြဿနာပါ။ အခန့်မသင့်ရင် ရေစီးကမ်းပြိုပြီး သွားတွေကိုပါ ထိခိုက်နိုင်တဲ့အတွက် လက္ခဏာတွေကိုသိထားဖို့ လိုပါတယ်။သွားနဲ့ သွားဖုံးတို့မှာသွားချိုးများ စုပုံလာတဲ့အခါမှာ သွားဖုံးရောဂါများ ဖြစ်လာပါတယ်။ သွားဖုံးရောင်ခြင်း က  ပျောက်ကင်းနိုင်သော သွားဖုံးရောဂါတစ်မျိုးဖြစ်ပါတယ်။ သွားဖုံးရောင်ခြင်းကြောင့် သွားဖုံးများ နီမြန်း ဖောင်းကြွပြီး သွားတိုက်တဲ့အခါ အလွယ်တကူ သွေးထွက်စေပါတယ်။သွားဖုံးရောင်ခြင်း ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာများကတော့။သွားချိုးများမှာ သွားဖုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ တခြားအချက်များကလည်း သွားဖုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ။သွားဖုံးရောင်ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဥပမာအားဖြင့်။ခံတွင်းကို စမ်းသပ်ကြည့်ရှုတဲ့အခါ သွားဆရာဝန်က အောက်ပါတို့ကို စစ်ဆေးပါလိမ့်မယ်။သွားရောဂါများကို ကုသရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာတဲ့ သွားဖုံးများ ပြန်ဖြစ်စေဖို့၊ သွားနဲ့ ပြန်ပြီးမြဲအောင် တွယ်စေလိုလို့၊ ဖောင်းကြွမှုကို လျှော့ချဖို့၊ သွားခွက်နက်ခြင်းကို သက်သာစေဖို့၊ ပိုးမဝင်စေဖို့နဲ့ ရောဂါပိုမဆိုးစေဖို့ ဖြစ်ပါတယ်။ကုသမှုရွေးချယ်ခြင်းတဲ့အခါ ရောဂါအဆင့်၊ သင့်ကျန်းမားရေးအခြေအနေ စတာတွေအပေါ် မူတည်ပါတယ်။ မခွဲမစိတ်ဘဲ ဘက်တီးရီးယားပိုးကို ထိန်းချုပ်ခြင်းကနေ  ထောက်ပံ့တစ်ရှူးများကို ပြန်လည်းပြုပြင်ခွဲစိတ်ခြင်းအထိ ရှိပါတယ်။သွားဖုံးရောင်ခြင်းက ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဓိကကတော့ သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ။တခြားသော လူနေမှုပုံစံပြောင်းလဲခြင်းများကလည်း သွားဖုံးရောဂါ ဖြစ်နိုင်ချေ၊ ပြင်းထန်နှုန်းနှင့် ရောဂါတိုးနှုန်းတို့ကို လျော့ချပေးနိုင်ပါသည်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/gingivitis-explained/
စိတ်ဓာတ်ကျနေ သလား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ
စိတ်ဓာတ်ကျနေ ချိန်မှာ သင့်အနေနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စရပ်တွေကို မလုပ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် ဝေလာဝေးပါပဲ။ ဒါပေမယ့် သုတေသီများဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် စိတ်ကျခြင်းကို သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ စိတ်ကျန်းမာရေး ပညာရှင်များကလည်း စိတ်ကျနေသူများကို တတ်နိုင်သလောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းကြပါတယ်။တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုပါတယ်။ စိတ်ဓာတ်ကျချိန်မှာ တုံ့ပြန်မှုကောင်းကောင်းမရှိတဲ့ဦးနှောက်ရဲ့ အစိတ်အပိုင်းအချို့ကို လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေရထိုင်ရတာ သက်သောင့်သက်သာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ဦးနှောက်မှ ထွက်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်လတ်တလောရင်ဆိုင်နေရတဲ့ သောကတွေ၊စိုးရိမ်ပူပန်မှုတွေကနေ အာရုံပြောင်းစေပြီး မိမိကိုယ်ကိုယုံကြည်စိတ်ဖြစ်ပေါ်စေပါတယ်။မိမိလုပ်နေကြအလုပ်ကို စိတ်မပါလက်မပါဖြစ်ခြင်း၊ ဝမ်းနည်းခြင်း စတာတွေဟာ မကြာခဏ ကြုံရနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကျနေချိန်မှာတော့ တော်ရုံနဲ့ မပျောက်ဘဲ ရှိနေတတ်ပါတယ်။ ဒီပြဿနာတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာလည်း များစွာရှိပါတယ်။ ဒီအထဲမှာ ဦးနှောက်ရဲ့ ဓာတ်ပြုပြောင်းလဲခြင်းတွေလည်း ပါဝင်နေပါတယ်။ စိတ်ဓာတ်ကျနေသူတွေရဲ့ ဦးနှောက်မှာ ဓာတ်ပြုအလုပ်လုပ်ပုံဟာ ပုံမှန်စိတ်နေစိတ်ထားရှိနေသူတွေနဲ့ ကွာခြားနေတတ်ပါတယ်။ အထူးသဖြင့် လူကို ရွှင်လန်းတက်ကြွမှု ဖြစ်စေတဲ့ ဟော်မုန်းများဟာ စိတ်ဓာတ်ကျနေသူတွေမှာ လျော့ကျနေတတ်ပါတယ်။ဥပမာပေးရရင် အင်ဒေါ်ဖင်လို့ခေါ်တဲ့ အာရုံကြောလျှပ်ကူးပစ္စည်းဖြစ်ပါတယ်။ အင်ဒေါ်ဖင်ဟာ ဟော်မုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အင်ဒေါ်ဖင်ဟာ ကိုယ်လက်လှုပ်ရှား တက်ကြွချိန်မှာ ထွက်လာတတ်ပြီး လူကို ရွှင်လန်းတက်ကြွစေတဲ့အပြင် နာကျင်မှု၊ ဖိစီးမှုတွေကနေ သက်သာစေပါတယ်။ကိုယ်လက်လှုပ်ရှားပြုလုပ်ချိန်မှာ အင်ဒေါ်ဖင်သာမကဘဲ ဒိုပါမင်း၊ နော်အပီနက်ဖရင်၊ ဆီရိုတိုနင် စတဲ့ဟော်မုန်းတွေပါ ထွက်လာတတ်ပါတယ်။ အဆိုပါဟော်မုန်းများဟာ သင့်စိတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးရာမှာ အရေးပါပါတယ်။ဥပမာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဆီရိုတိုနင်မြင့်တက်လာပါတယ်။ ဆီရိုတိုနင်ဟာ သင့်ကို စိတ်ကြည်လင်လန်းဆန်းစေပြီး နေရထိုင်ရကောင်းစေတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ အစားအသောက် ကောင်းကောင်းစားချင်စိတ်ကိုဖြစ်စေပြီး အိပ်စက်ပုံကိုလည်း မှန်ကန်စေပါတယ်။ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် မစားခြင်း စတာတွေဟာတွေဟာ စိတ်ဓာတ်ကျနေ ချိန်မှာ ကြုံတွေ့ရများတဲ့ ကိစ္စရပ်တွေ့ဖြစ်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် အဒရီနယ်လင်ဟော်မုန်းကို မျှတစေပါတယ်။ အဒရီနယ်လင်ဟာ ခြိမ်းခြောက်မှု၊ စိုးရိမ်မှု တခုခုကြုံလာရင် ကိုယ်ခန္ဓာကနေ တုံ့ပြန်နိုင်အောင် ထုတ်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ရေတိုအတွက် ကောင်းပေမယ့် ရေရှည်မှာကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်းအားဖြင့် အဒရီနယ်လင်ကို ထိန်းနိုင်ပါတယ်။ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ သင့်အနေနဲ့ကိုယ်ခန္ဓာလှုပ်ရှားမှုတွေအပေါ် အာရုံစိုက်နေဖြစ်တာကြောင့် သင့်ကို အဆိုးမြင်အတွေးတွေ၊ စိတ်ကူးတွေကနေ အပြောင်းအလဲ ဖြစ်စေပါတယ်။ သင့်စိတ်ကို တည်ငြိမ်စေပါလိမ့်မယ်။လူအများနဲ့ စုပေါင်းလုပ်ဆောင်ရင် ပေါင်းသင်းဆက်ဆံရေးအတွက်သာ အကျိုးရှိရုံမကဘဲ သင့်စိတ်အခြေအနေကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ လူအများနဲ့ စုဝေးပြီး လမ်းလျှောက်ခြင်း၊ ယောဂလုပ်ခြင်း၊ အေရိုးဗစ်ဆော့ကစားခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။ သင့်ကို စိတ်ဓာတ်တက်ကြွစေရုံသာမကဘဲ အတွေးသစ်အမြင်သစ်တွေကိုပါ ရရှိစေနိုင်ပါတယ်။လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ရပါမယ်။ ဒီနေရာမှာ အင်အားကို အလွန်အကျွံ စိုက်ထုတ်သုံးစွဲပြီး လုပ်စရာမလိုပါဘူး။ သွေးလည်ပတ်မှုကောင်းအောင်၊ အသက်ရှူပိုကောင်းအောင် အဓိကထား လုပ်ဆောင်ရပါမယ်။ သွေးလည်ပတ်မှုကောင်းရင် ဦးနှောက်ကို သွေးပိုမိုရောက်ရှိနိုင်ပါတယ်။ အောက်ဆီဂျင်ပိုမို ရရှိပြီး ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုလုပ်ဆောင်နိုင်ပါတယ်။အရွယ်ရောက်ပြီးသူများအနေနဲ့ လေ့ကျင့်ခန်းကို တပတ်တာမှာ အနည်းဆုံး မိနစ် ၁၅၀ ခန့် လုပ်ဆောင်သင့်ပါတယ်။ တနေ့ကို နာရီဝက်နှုန်းနဲ့ တပတ်ကို ငါးရက်ခန့် လေ့ကျင့်ခန်းလုပ်သင့်တယ်လို့ သုတေသီများက အကြံပြုပါတယ်။လမ်းလျှောက်ခြင်းဟာ လူတိုင်းနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျနေချိန်မှာ မိမိချစ်ခင်ရင်းနှီးသူများနဲ့ လမ်းအတူလျှောက်သင့်ပါတယ်။ မိမိကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတာတွေ လုပ်ဆောင်နိုင်ပါတယ်။တချိန်တည်းမှာပဲအိပ်ရေးဝအောင်အိပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်များကို စားသောက်သင့်ပါတယ်။ အာဟာရမျှတအောင်စားသောက်ခြင်းဟာ သင့်ဦးနှောက်ကို အကျိုးဖြစ်စေပြီး လေ့ကျင့်ခန်းလုပ်ဆောင်ရာမှာလည်း အထောက်အပံ့ဖြစ်စေပါတယ်။နောက်ဆုံးအကြံပြုလိုတာကတော့ စိတ်ဓာတ်ကျပြီး ဘာမှ မလုပ်ချင်အောင်ဖြစ်နေရင် အနည်းဆုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတော့ ပြုလုပ်ပေးပါ။ မိမိချစ်ခင်သူများနဲ့ အတူလုပ်နိုင်ရင် ကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သင့်ဦးနှောက်ထဲကနေ စိတ်ကြည်လင်လန်းဆန်းစေမယ့်၊ သင့်စိတ်ကို မြှင့်တင်ပေးမယ့် ဟော်မုန်းတွေ ထွက်လာပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/depression-exercises/
Dental abscess ( သွားနှင့် သွားဖုံးပြည်တည်ခြင်း )
သွားနှင့် သွားဖုံးပြည်တည်ခြင်း က ပြင်းထန်တဲ့ သွားနဲ့ခံတွင်း ပြဿနာပါ။ သေချာမကုသဘူးဆိုရင် သွားဖုံးတွေ ပျက်စီးနိုင်သလို ပြည်တွေက တခြားနေရာကို ပြန့်သွားနိုင်ပါတယ်။ ဥပမာ ဦးနှောက်ထဲကို ပြန့်သွားရင်ဦးနှောက်အမြှေးရောင်ပြီး ဒုက္ခရောက်နိုင်ပါတယ်။ယေဘုယအားဖြင့် သုံးမျိုးရှိပါတယ်။ဒီလို ပြည်တည်ခြင်းများက ထိရောက်တဲ့ ကုသမှု လိုအပ်ပြီး မကုသဘဲ ထားမယ်ဆိုရင် ပိုမိုဆိုးဝါးပြီး သွားများပျက်စီးစေနိုင်ပါတယ်။အဖြစ်များတဲ့ လက္ခဏာများတွေကတော့။အဓိကကတော့  သွားနဲ့ သွားဖုံးတို့မှာ ပြင်းပြင်းထန်ထန် ကိုက်ခဲလေ့ ရှိပါတယ်။ ဒီလို နာကျင်မှုက ရုတ်တရက်ဖြစ်လာလေ့ရှိပြီး တရက်ထက် တရက် ပိုမိုဆိုးဝါးလာလေ့ရှိပါတယ်။ တခါတရံမှာ နား၊ မေးရိုးနဲ့ လည်ပင်းမှာပါ နာကျင်တတ်ပါတယ်။သွားတွင်းပြည်တည်ခြင်း။ဘက်တီးရီးယားများကသွားပိုးစားနေတဲ့ အပေါက်ငယ်များကတဆင့်ဝင်ရောက်ပြီး အပြင်ပိုင်းသွားကြွေလွှာရဲ့ အတွင်းမှာရှိတဲ့ ပျော့နေတဲ့ နေရာတွေကို စတင်တိုက်ခိုက်လှိုက်စားလာပါတယ်။ နောက်ပိုင်းမှာတော့ သွားရဲ့ အတွင်းလှိုဏ်ခေါင်းတခုလုံးကို ဝင်ရောက်ပြီး ရောင်ရမ်းစေပါတယ်။ပိုဆိုးလာတဲ့အခါ ဘက်တီးရီးယားများက သွားကို ထောက်ကန်ပေးထားတဲ့ တွယ်ဆက်တစ်ရှူးများဆီ ဝင်ရောက်ပြီး သွားအတွင်းပိုင်း တခုလုံးကို ပြည်တည်စေပါတယ်။သွားဆရာဝန်များနဲ့ တိုင်ပင်ပြီး လိုအပ်သလို ကုသရမှာပါ။ သွားနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ရောဂါဘယ်လောက်ပြင်းထန်လဲဆိုတာ စမ်းသပ်မှာ ဖြစ်ပါတယ်။ သာမာန် ကုသမှုများနဲ့ ကုသနိုင်သလို တခါတရံမှာ ခွဲစိတ်မှုများပါ ပြုလုပ်ရတတ်ပါတယ်။ ဥပမာ ထုံဆေးနဲ့ ပြည်များကို ဖောက်ထုတ်ခြင်း။အခြားကုသမှုများအနေနဲ့။သွားရဲ့ အတွင်းပိုင်းအမြစ်ကနေ ပြည်များကို ဖောက်ထုတ်ပေးရပါတယ်။ သွားအတွင်းပိုင်းရှိ မကောင်းတဲ့ တစ်ရှူးစများနဲ့ ပြည်များ ကုန်သွားစေဖို့ ဖယ်ထုတ်ရပါတယ်။ နောက်ဆက်တွဲပိုးမဝင်အောင် နေရာလှပ်သွားတဲ့ နေရာများကို ဖာထေးပေးရပါတယ်။ပြည်များကို ဖောက်ထုတ်ပြီး သွားပတ်လည်ချောင်နေရာများအား သန့်စင်ဆေးကြောပိုးသတ်ရပါတယ်။ သွားရဲ့ အမြစ်နံရံများကို ညှိပေးပြီး ချောမွတ်စေခြင်း‌နည်းလမ်းနဲ့ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပြီး အနာကျက်စေပါတယ်။သွားအတွင်းပိုင်းပြည်တည်နာများ ပြန်ဖြစ်ပါက မကောင်းတဲ့ တစ်ရှူးစများနဲ့ သွား၊ သွားဖုံးများကို သွားအထူးပြု ခွဲစိတ်ဆရာဝန်များမှ ဖြတ်တောက်ကုသပေးရပါတယ်။သွားပတ်လည်ပြည်တည်နာများ ပြန်ဖြစ်ပါကလည်း သွားဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်များက သွားဖုံးသားများကို ပြန်လည်ပုံဖော်ညှိပေးခြင်းနည်းနဲ့ ချောင်များကို ပိတ်အောင်ခွဲစိတ်ကုသပေးရပါတယ်။လိုအပ်ရင် သွားနှုတ်ပြီး ကုသရတတ်ပါတယ်။အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါတယ်။ ဆေးအညွှန်းအတိုင်း သောက်ပါ။ ‌အနာသက်သာသွားရင်တောင် ဒါက ရောဂါ ပျောက်သွားတာ မဟုတ်လို့ သွားဆရာဝန်နဲ့ ဆက်ပြီး ပြဖို့ လိုပါတယ်။သွားနဲ့ သွားဖုံးပြည်တည်တဲ့အခါ လက္ခဏာများ သက်သာစေဖို့။ရေးသားသူ- Dr Nyan Linn။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/dental-abscess-expalined/
ကလေးချောင်းဆိုးခြင်းလမ်းညွှန်
သင့်ကလေး ဖျားနေရင် (သို့) သူတို့ကိုယ်ခန္ဓာဟာ ဖျားနာမှုကို တိုက်ခိုက်နေရတယ်ဆိုရင် ကလေးတွေမှာ ချောင်းဆိုးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ချောင်းဆိုးခြင်းဟာ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ချွဲတွေ၊ သလိပ်တွေဟာ အသက်ရှူလမ်းကြောင်းနံရံတွေမှာ ကပ်နေတယ်ဆိုရင် သင့်ကလေးဟာ အသက်ရှူရခက်ခဲနိုင်ပါတယ်။ ဒီအချိန်မှာ ချောင်းဆိုးခြင်းဟာ လမ်းကြောင်းရှင်းပေးပြီး လေကို အသက်ရှူလမ်းကြောင်းတစ်လျှောက် အဆုတ်အတွင်းကို ချောမွေ့စွာ ဝင်ရောက်စေပါတယ်။ချောင်းခြောက်ဆိုးခြင်း။ချောင်းခြောက်ဆိုးခြင်းတွေကို ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါပိုးဝင်ခြင်း (ဥပမာ အအေးမိခြင်း၊ တုတ်ကွေးမိခြင်း)၊ အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောင်ရမ်းခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်းတွေမှာ တွေ့ရတတ်ပါတယ်။ချောင်းနက်ဆိုးခြင်း။သူငယ်နာ ချောင်းနက်ဆိုးခြင်းကို လေပြွန်အပေါ်ပိုင်းရောင်ခြင်း တွေမှာတွေ့ရတတ်ပါတယ်။ တအုံးအုံး ကျယ်လောင်သော ချောင်းဆိုးသံ နှင့် အသက်ရှုသွင်းစဉ် ဆူညံသော အသံများ(stridor) ကြားရပါတယ်။ချောင်းစို။ရောဂါပိုးဝင်ခြင်း၊ပန်းနာရင်ကျပ်ရောဂါတွေဟာ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာ အကျိအချွဲတွေနဲ့အတူ ချောင်းဆိုး သလိပ်ပါခြင်းတွေ ဖြစ်တတ်ပါတယ်။ကြက်ညှာချောင်းဆိုး။သူဟာ ကလေးငယ်ရဲ့ နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ဘက်တီးရီးယားပိုး ဝင်တယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ကြက်ညှာချောင်းဆိုးဟာ အအေးမိခြင်းနဲ့ လက္ခဏာတူညီပေမယ့် ၇-၁၀ ရက်အကြာမှာ လက္ခဏာတွေ ပိုဆိုးလာတတ်ပါတယ်။ ကလေးငယ်မှာ ဆက်တိုက် ၅-၁၅ ခါ ချောင်းဆိုးခြင်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးပြီးရင်တော့ အသက်ပြင်းပြင်းရှူပြီး ချောင်းသံထွက်နိုင်ပါတယ်။သင့်ကလေးဟာ ရုတ်တရက်ချောင်းဆိုးပြီး အသက်ရှူရခက်ခဲရင် (သို့) လည်ချောင်းကို ကိုင်နေတယ်ဆိုရင် သူတို့လည်ချောင်း (သို့) အသက်ရှူလမ်းကြောင်းမှာ တစ်ခုခု ပိတ်ဆို့နေတာမျိုး ဖြစ်နိုင်ပါတယ်။ကလေးနောက်ကျောမှာနေပြီး ကလေးကို သိုင်းဖက်ကာ ဝမ်းဗိုက်ရင်ခေါင်းနေရာကို လက်သီးဆုပ်နှင့် ဖိပြီးတွန်းတင်ခြင်း နည်းလမ်းဟာ ကလေးကြီးတွေမှာ ကူညီပေးနိုင်ပါတယ်။ တကယ်လို့ ကလေးက အသက်ရှူလမ်းကြောင်း လက္ခဏာရှိခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းတွေ ဖြစ်မယ်ဆိုရင် အရေးပေါ်ဌာနကို ခေါ်သင့်ပါတယ်။တကယ်လို့ ပိတ်ဆို့ခြင်း မဟုတ်ခဲ့ရင် အခြားပြင်းထန် လက္ခဏာတွေ ဖြစ်တဲ့ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ ဓါတ်မတည့်ခြင်း၊ အဖျား ၁၀၀ ဒီဂရီဖာရင်ဟိုက် ၇၂ နာရီထက် ပိုကြာခြင်း၊ သုံးပတ်ကျော်ကြာအောင် ဆက်တိုက်ချောင်းဆိုးခြင်းတွေကို ရှာဖွေသင့်ပါတယ်။ကလေးချောင်းဆိုးခြင်းကို သက်သာစေဖို့ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%99/
COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း
COVID-19 ကပ်ရောဂါကြီးဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကူးစက်မှုကို စောစီးစွာသိဖို့ အရေးကြီးဆုံးပါ။ ဒါမှသာ အမြန်ဆုံးဆေးကုသမှု ခံယူနိုင်မှာပါ။နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Nasopharyngeal swab, Throat swab) ယူကြ ပါတယ်။ ယူပြီး စစ်ဆေးခံဖူးသူတွေသိမှာပါ။ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။ထိုပန်းရောင်အရည်တွေဟာ ဘာတွေလဲ၊ ဘာအတွက် ထည့်ရတာလဲဆိုတာကို လူအများစုက သိချင်နေကြပါတယ်။ စိတ်ဝင်စားနေ ကြပါတယ်။အရင်ဦးဆုံးViral Transport Medium Kit (VTM Kit)ဆိုတဲ့ ဗိုင်းရပ်စ် သယ်ယူထိန်းသိမ်းရေးပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်။( COVID-19 အတွက်အသုံးပြုတဲ့ VTM Kit မှာတော့ နှစ်ချောင်းပါပါတယ်။ နှာခေါင်းတို့ပတ်ယူဖို့ အတွက်တစ်ချောင်း၊ အာခေါင်တို့ပတ်အတွက် တစ်ချောင်းပါ။)။ယူထားတဲ့နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ကို Gene Xpert လို့ခေါ်တဲ့ အဆင့်မြင့်စက်ထဲ ထည့်ပြီးစစ်ရပါတယ်။ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူတဲ့ နေရာကနေ စက်ရှိတဲ့နေရာကိုရောက်ဖို့ စနစ်တကျ သိမ်းဆည်း သယ်ယူရပါတယ်။ လက်လွတ်စပယ် သယ်ဆောင်လာလို့မရပါဘူး။နည်းစနစ်တကျ မသယ်ယူလာရင် လမ်းခရီးမှာတင် ဗိုင်းရပ်စ်က သေသွားမှာပါ။ စက်မှာ စစ်ဆေးတဲ့အခါ မပေါ်တော့ပါဘူး။ လူ့ခန္ဓာကိုယ်မှာ COVID-19 ဗိုင်းရပ်စ်ရှိနေလျက်နဲ့ စနစ်တကျ မသိမ်းဆည်း၊ မသယ်ဆောင်လာတဲ့အခါ အဖြေဟာ Negative လို့ပဲထွက်လာမှာပါ။  အဖြေမှားတဲ့ အတွက် အားလုံးဒုက္ခရောက်ကြရမှာပါ။နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ပေါ်က ဗိုင်းရပ်စ်အသက်ရှင်လျက် ပါလာဖို့အတွက် ပြွန်ထဲကပန်းရောင်အရည်ဟာ မရှိမဖြစ်အရေးကြီးပါတယ်။ ထိုပန်းရောင်အရည်ကို Viral Transport Medium လို့ခေါ်ပါတယ်။ ဆားပျော်ရည်ပါ။ကယ်လ်ဆီယမ် (Calcium) နဲ့ မက်ဂနီဆီယမ်(Magnesium) ဆားတွေပါဝင်ပါတယ်။COVID-19 ဗိုင်းရပ်စ်ဟာ လူခန္ဓာကိုယ်နည်းတူ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ခန္ဓာကိုယ်ပြင်ပ ရောက်လာတဲ့ဗိုင်းရပ်စ်ဆဲလ်တွေဟာ အချိန်ကြာလာတဲ့အခါ ပျက်စီးသွားနိုင်ပါတယ်။ HBSS ဆားပျော်ရည်ဟာ ဗိုင်းရပ်စ်ရဲ့ ဆဲလ်တွေ မပျက်စီးသွားအောင် ကာကွယ်ပေးထားနိုင်ပါတယ်။ဆိုးဆေးတစ်မျိုးပါ။ ဆားပျော်ရည်ရဲ့ ဂုဏ်သတ္တိဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး သွားတာမျိုးရှိနိုင်ပါတယ် (ဥပမာ သိမ်းသင့်တဲ့ အပူချိန်မှာ မသိမ်းဆည်းမိတာမျိုး၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောနှောသွားတာမျိုးဆိုရင် အာနိသင်မရှိတော့ပါဘူး)။ ဒါဆိုဗိုင်းရပ်စ်ဟာ ထည့်လိုက်တာနဲ့ သေသွားမှာပါ။ဒီဆိုးဆေးကို ထည့်ထားတာကြောင့် ဆားပျော်ရည် ပျက်စီးသွားခဲ့ရင် အလွယ်တကူ သိနိုင်ပါတယ်။ ပျက်စီးသွားတာနဲ့ ပန်းရောင်ကနေ တခြားအရောင်ပြောင်းသွားမှာပါ။ အရောင်ပြောင်း သွားခဲ့ရင် အဆိုပါ ပလတ်စတစ်ပြွန်ကို မသုံးသင့်တော့ပါ။ အဖြေမှားသွားမှာမို့ပါ။ဒါကြောင့် Phenol Red ဆိုးဆေးဟာ မှန်ကန်တိကျတဲ့ အဖြေရဖို့ အကူအညီပေးနိုင်ပါတယ်။နွားရဲ့သွေးရည်ကြည်ပါ။ ပရိုတိန်းပါဝင်ပါတယ်။ ထိုပရိုတိန်းကြောင့် ဗိုင်းရပ်စ်ဆဲလ်တွေ ထပ်မံပွားလာပြီး စက်ထဲထည့်စစ်တဲ့အခါ အလွယ်တကူပေါ်စေပါတယ်။ တိကျမှန်ကန်တဲ့ အဖြေရဖို့ အင်မတန်မှ အကူအညီပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးပါပဲ။လူ့ခန္ဓာကိုယ်မှာ COVID-19 ဗိုင်းရပ်စ် တစ်မျိုးပဲ ရှိတာမဟုတ်ပါဘူး။ အခြားဘက်တီးရီးယားတွေ၊ မှိုရောဂါပိုးတွေ ရှိနေနိုင်ပါသေးတယ်။ ထိုရောဂါပိုးတွေဟာ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူတဲ့အခါ ကပ်ပါလာမှာပါ။ စက်ထဲထည့်စစ်တဲ့အခါ ထိုဘက်တီးရီးယားတွေ၊ မှိုတွေနဲ့ ရောနေတာကြောင့် COVID-19 ဗိုင်းရပ်စ်ကို  ထင်ထင်ရှားရှား မတွေ့ရပါဘူး။ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။အထက်ပါပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ ထည့်ထားတာကြောင့် ကပ်ငြိပါလာတဲ့ ပိုးတွေဟာ သေသွားပြီး COVID-19 ဗိုင်းရပ်စ်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်မှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် Gentamicin Sulfate နဲ့ Amphotericin B ဆေးတွေဟာ ဓာတ်ခွဲစစ်ဆေးရာမှာ များစွာ အထောက်အကူ ပြုပါတယ်။နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီးတာနဲ့ ထည့်ထားတဲ့ပြွန်ကို ပြင်ပအပူချိန်အတိုင်း သယ်ယူလာလို့ မရပါဘူး။ (၂)ဒီဂရီဆယ်လ်စီးရပ်ကနေ (၈)ဒီဂရီဆယ်လ်စီးရပ် အပူချိန်ရှိတဲ့ပုံးထဲမှာ ထည့်ပြီး သယ်ရတာပါ။  ဒါကြောင့် ဗိုင်းရပ်စ်ဟာခဲပြီး သေသွားနိုင်ပါတယ်။Cryoprotectant ဆိုတဲ့ ဓာတုပစ္စည်းဟာ ဗိုင်းရပ်စ် မအေးခဲသွားစေဖို့နဲ့ အရည်မပျော် သွားစေဖို့ တာဝန်ယူပေးပါတယ်။နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူတဲ့အခါ တွေ့ရတဲ့ ပလတ်စတစ်ပြွန်ထဲမှ ပန်းရောင်ဆားပျော်ရည်ဟာ ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်းများထဲမှ တစ်ခုပါ။ မှန်ကန်တဲ့ဓာတ်ခွဲအဖြေရဖို့အတွက် အဓိကကျတဲ့ ဓာတုပစ္စည်းဖြစ်ကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။ရေးသားသူ- ဒေါက်တာမှူးခင်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%9e%e1%80%9a%e1%80%ba%e1%80%9a%e1%80%b0%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8/
ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ
Relationshipsလူတစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ဆက်ဆံရေး  (Relationship) ကို ပါဝင်ပတ်သက်နေသူတွေ နဲ့ အမျိုးမျိုးသော အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။Relationship​တွေကကျန်းမာတဲ့ ဘဝနေထိုင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရလူမှုဆက်ဆံရေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေပါတယ်။ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုမို ကျန်းမာကြသလိုကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုပြီး အသက်ရှည်ကြပါတယ်။ဥပမာ ပြောပြရရင် ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေကနှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေ နည်းကြတယ်ဆိုတာပါ။ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ ကိုယ်တိုင်မှာရော ကိုယ့်ရဲ့ အပေါင်းအဖော်မှာပါ အခုလိုမျိုး အင်္ဂါရပ်တွေ ပိုင်ဆိုင်ထားတာမျိုးကို ဆိုလိုတာပါ။တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်ရပါတယ်။ တစ်ယောက်ရဲ့ ပြဿနာကို တစ်ယောက်က စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနိုင်ရပါမယ်။တစ်ဦးရဲ့ သဘောထား၊ ခံစားချက်တွေ၊ လိုအပ်ချက်တွေကို တစ်ဦးက လေးစားမှု ရှိရပါမယ်။ တစ်ဦးနဲ့ တစ်ဦး ကိုယ်ပိုင် လွတ်လပ်ခွင့်ပြု ထားတာမျိုးတွေ ရှိရပါမယ်။တစ်ဦးက ပြောဆိုတဲ့ စကားတွေကို သက်သေပြဖို့ရယ် မတောင်းဆိုဘဲ ယုံကြည်ပေးနိုင်စွမ်း ရှိရပါမယ်။ အခြားသူတွေ ပြောတဲ့ စကားထက် ကိုယ့်ချစ်ခင်ရသူက ပြောတာကို ယုံကြည်မှု ပိုထားရပါမယ်။တစ်ဦးနဲ့ တစ်ဦးကြားမှာ ထိမ်ချန်ထားတာမျိုး မရှိဘဲ ပွင့်လင်းရိုးသားမှု ရှိရပါမယ်။ ပုဂ္ဂိုလ်ရေး ကိစ္စ အချို့ကို ထိန်းသိမ်းထားဖို့ လိုတယ်ဆိုပေမယ့် အခြားအချက်တွေကိုတော့ ပေးသိရင်း ရိုးသားမှု ရှိတဲ့ ဆက်ဆံရေးကို ပျိုးထောင်ရပါမယ်။တစ်ခုခုကို ဆုံးဖြတ်တိုင်း သူမို့ ငါမို့ရယ်ဆိုပြီး ကွဲပြားနေတာမျိုး မရှိရပါဘူး။ နှစ်ဦးစလုံးအတွက် တူညီတဲ့ စံနှုန်းတွေ ရှိရပါမယ်။ သာတူညီမျှ ရှိမှုကလည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဖြစ်တော့မှာပေါ့။လူတိုင်းမှာကိုယ်ပိုင်အချိန်ရှိဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ တစ်ယောက်တည်း ရှိဖို့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့ သီးသန့်အချိန်မျိုး ဖြစ်ဖြစ်ပါ။ ဒီလို သီးသန့်အချိန်အတွက် တစ်ဦးနဲ့တစ်ဦး နားလည်မှု ရှိရှိ ပေးနိုင်ထားမှလည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး အင်္ဂါရပ်နဲ့ ပြည့်စုံမှာပါ။တူနှစ်ကိုယ်ကြားက ဆက်ဆံရေးမှာလည်း နှစ်ဦးသဘောတူဖြစ်ရပါမယ်။ အဆင်မပြေတာမျိုး ရှိမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး တစ်ဦးနဲ့ တစ်ဦး သက်သောင့်သက်သာဖြစ်တဲ့ ဆက်ဆံရေးမျိုး ဖန်တီးနိုင်ရပါမယ်။ဒီလိုမျိုး နားလည်မှုတွေ ပြည့်ဝစွာနဲ့ တည်ဆောက်ထားမှ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်မှာပါ။ ကဲ ….. ကိုယ်တိုင်လည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြမယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/about-healthy-relationship/
ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။
ကိုဗစ်က ကူးမှာဖြင့်လည်း မြန်မြန်ကူး၊ မြန်မြန်ကူး မြန်မြန်ခုခံအားရလို့ လွယ်လွယ်ပြောကြပေမယ့် ကိုဗစ်က ဒီလို အထင်သေးစရာကောင်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ခုနောက်ပိုင်း ကူးစက်ခံရတဲ့ လူတွေများလာတဲ့အတွက် ကူးခံရသူတွေက ဆေးရုံက ဆင်းသွားပြီးရင် အရင်လို မဟုတ်တော့ဘူး။ အမောမခံနိုင်တော့ဘူး။ ဆေးရုံက ဆင်းလာတာကြာပေမယ့် အားမရှိသလိုပဲဆိုပြီး ပြောကြလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ ကိုဗစ်ကူးပြီးရင်တောင် မပြီးနိုင်သေးဘူးလား။ကိုဗစ်ဖြစ်ရင် လူ ၁၀၀မှာ ၈၀လောက်က ရောဂါမပြင်းထန်ဘဲ သက်သာသွားကြပါတယ်။ ကျန်တဲ့ ၁၀ကနေ ၁၅ ရာခိုင်နှုန်းလောက်က ပြင်းထန်တဲ့ အဆင့်ကို ရောက်ပြီး ကျန်တဲ့ ၅ရာခိုင်နှုန်းက တော်တော်ဆိုးတဲ့ အဆင့်ကို ခံစားရပါတယ်။ အများစုက ကူးစက်ခံရပြီး ၂ပတ်ကနေ ၆ပတ်လောက်ဆို ပုံမှန်အတိုင်း ဖြစ်သွားကြပါတယ်။ဒါပေမယ့် လူတချို့မှာတော့ လပိုင်းလောက်ထိ နောက်ဆက်တွဲလက္ခဏာတွေ ခံစားရပါတယ်။ ဒါက ရောဂါပြင်းတာ၊ ပျော့တာနဲ့ မဆိုင်ပါဘူး။ သူများကို ပိုးမကူးနိုင်တော့ပေမယ့် သူတို့ကိုယ်တိုင်ကတော့ လက္ခဏာတွေ မသက်သာသေးပါဘူး။WHOမှာ ဖော်ပြထားချက်အရ ဒီလိုခံစားရတာက ဘာရောဂါအခံမှမရှိတဲ့ လူလတ်ပိုင်းတွေနဲ့ ကလေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ဒီလိုကူးစက်ခံရပြီး အရင်လို ပြန်မဖြစ်တဲ့ လူတွေအများကြီး ရှိပါတယ်တဲ့။ အရင်ကလောက် သက်လုံမကောင်းဘဲ တရှောင်ရှောင် ဖြစ်နေတာပေါ့။တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး စာရင်းကောက်ခံကြည့်တဲ့အခါ ရောဂါဖြစ်တဲ့သူတွေရဲ့ ၃၅ရာခိုင်နှုန်းက ပိုးတွေ့ပြီး ၂ပတ် ၃ပတ်လောက်ကြာတဲ့အထိတိုင်အောင် ပုံမှန်ကျန်းမာရေးအခြေအနေ မဖြစ်တာကို တွေ့ရပါတယ်။ ဒီထဲမှာ ကျန်းမာရေးကောင်းတဲ့ ၁၈နှစ်ကနေ ၃၄နှစ်ကြား လူတွေပါ ပါဝင်ခဲ့ပြီး သူတို့တွေမှာ ၂၀ ရာခိုင်နှုန်း (၅ယောက် ၁ယောက်နှုန်း)က တချို့လက္ခဏာတွေကို ခပ်ကြာကြာခံစားရပါတယ်။နဂိုတည်းကရောဂါအခံရှိတဲ့သူတွေ ဥပမာ သွေးတိုး၊ အဝလွန်၊ စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေက ပိုပြီး ခံစားရတာကို တွေ့ရပါတယ်။ကိုဗစ်ဖြစ်ပြီးလည်း မပြီးနိုင်တဲ့ သူတွေကတော့ သူတို့ကို သူတို့ ‘covid hauler’လို့ ခေါ်ကြပြီး ဒီအခြေအနေကိုတော့ ‘post COVID-19 syndrome or long COVID-19’ လို့ ခေါ်ကြပါတယ်။အဖြစ်အများဆုံး လက္ခဏာတွေကတော့။ဒါကြောင့် လူနာတွေက ဆေးရုံက ဆင်းသွားပြီးရင်တောင် အရင်လို မဟုတ်ဘူး။ နည်းနည်းလှုပ်တာနဲ့ မောနေတယ်တို့၊ ချောင်းတွေက ဆိုးတုန်းပဲလို့ ပြောကြတာပါ။တခြား နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့။ပြန်ပြန်ဖျားတာကြောင့် တချို့ဆို ကိုဗစ်ပြန်ဖြစ်တာလားလို့တောင် တွေးမိတတ်ကြပါတယ်။တခြား နာတာရှည် ဆိုးကျိုးတွေက ဖြစ်ခဲတယ်ဆိုပေမယ့် တွေ့တွေ့နေရပါတယ်။ ဒီဆိုးကျိုးတွေက ပြင်းထန်ပြီး တစ်ကိုယ်လုံးက ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပါတယ်။ ဒါတွေကတော့။ကိုဗစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘယ်လောက်ကြာကြာဖြစ်မှာလဲ၊ ဘယ်လောက်အထိ ဆိုးသွားနိုင်လဲ၊ ပြန်ကောင်းနိုင်ပါ့မလားဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။လတ်တလောမှာ ကိုဗစ်မဖြစ်အောင် နေတာက စိတ်အချရဆုံးပါပဲ။ ပြန်သက်သာလာတာ မှန်ပေမယ့် နောက်ဆက်တွဲတွေက တမြေ့မြေ့နဲ့ ခံစားနေရတာ ဆိုတော့ အစကတည်းက ရောဂါမကူးစက်အောင်လက်ဆေးတာ၊နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေတာက အကောင်းဆုံးပါပဲ။ကိုဗစ်ဖြစ်ပြီးသွားလည်း မပြီးသေးဘူး။ ဒါမျိုးတွေ ဆက်ခံစားရနိုင်တယ်ဆိုတာ သိထားရပါမယ်။ ကိုဗစ်ဖြစ်ပြီးသွားလို့ ဆေးရုံကဆင်း အိမ်ပြန်သွားလို့ ဒီလိုတွေ ခံစားရတယ်၊ သာမန်အပရိက ချောင်းဆိုးတာ၊ နုံးတာလောက်မဟုတ်ဘဲ မောတာ၊ ရင်တုန်တာတွေ ဖြစ်လာတယ်ဆိုရင် ဆေးရုံပြန်လာပြဖို့ အကြံပြုချင်ပါတယ်။ကိုဗစ်က ကြောက်ဖို့ ကောင်းပါတယ်။ ဒီနောက်ဆက်တွဲတွေ ဘယ်လောက်ပြင်းထန်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/long-term-effects-of-covid-19/
အကြောက်လွန်ရောဂါ
အကြောက်တရားဆိုတာလူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် တချို့သောသူတွေမှာတော့ အထူးအထွေ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်နေတတ်ပါတယ်။ ထိုတစ်စုံတစ်ရာကို တွေ့ကြုံလိုက် ရတဲ့အခါမှာအလွန်အမင်းစိုးရိမ်ပူပန်မှုကိုခံစားရပြီးပြောမပြတတ်တဲ့ကြောက်ရွံ့မှုမျိုးနဲ့ ကြောက်ရွံ့ နေတာပါ။ ကြောက်ရွံ့တဲ့အရာဟာ နေရာတစ်နေရာလည်းဖြစ်နိုင်သလို၊  ပစ္စည်း(ဒါမှမဟုတ်) အခြေအနေတစ်ရပ်ရပ်လည်းဖြစ်နေနိုင်ပါသေးတယ်။ တခြားသော   စိုးရိမ်ပူပန်မှုမျိုးနဲ့ မတူတာကတော့အကြောက်လွန်ရောဂါဆိုတာဟာမိမိဘာကိုကြောက်သလဲ ဆိုတာ တိတိကျကျ ရှိနေပါတယ်။အကြောက်လွန်ရောဂါကို Phobia လို့သုံးနှုန်းပါတယ်။ Phobia ရှိနေသူ တစ်ယောက်ဟာ  သူတို့ကြောက်ရွံတဲ့အရာတွေနဲ့ ပတ်သက်လာရင် ဘာဆိုဘာမှ မလုပ်ရဲ၊ မကိုင်ရဲကြပါဘူး။ ကြောက်ရွံမှုရဲ့ အကျိုးဆက်ကြောင့်ပြင်းထန်စွာထိခိုက်နာကျင်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ အလုပ်တွေ၊ ကျောင်းတွေမှာ လုပ်ငန်းစွမ်းဆောင်ရည်တွေလျော့ကျစေလာနိုင်သလို လူမှုပတ်ဝန်းကျင်မှာလည်းနည်းအမျိုးမျိုးနဲ့ ထိခိုက်လာနိုင်ပါတယ်။မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကြောင့်လည်း Phobia ရောဂါ ခံစားသွားရနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာရောဂါခံစားနေရသူ တစ်ယောက်ယောက် မိမိဆွေမျိုးထဲမှာ ရှိခဲ့မယ်ဆိုရင်လည်း အကြောက်လွန်ရောဂါခံစားရနိုင်ပါတယ်။ မိမိမျက်စိရှေ့မှာ ရေနစ်ခြင်းကဲ့သို့သောကြောက်မက်ဖွယ်ဖြစ်ရပ်တစ်မျိုးမျိုး ကြုံတွေ့ခဲ့ဖူးရင်လည်း Phobia ရောဂါ ခံစားသွားရနိုင်ပါတယ်။ဦးခေါင်းထိခိုက်မှုပြင်းထန်စွာခံစားရပြီးနောက်ပိုင်းမှာလည်းPhobiaရောဂါတင်ကျန်ခဲ့နိုင်ပါသေးတယ်။ ထို့အတူပါပဲမူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ပွားနေခြင်းတွေကလည်း အကြောက်လွန်ရောဂါဖြစ်ပွားဖို့ အတွက်လမ်းစတေွပါပဲ။ပထမဦးစွာအကြောက်လွန်ရောဂါရဲ့လက္ခဏာတွေကိုပြောပြချင်ပါတယ်။ဒါပေမယ့် အကြောင်းမဲ့သက်သက်တော့ ဒီလိုလက္ခဏာတွေခံစားရတာမဟုတ်ပါဘူး။ မိမိတို့ကြောက်ရွံတဲ့အရာတစ်ခုခုနဲ့ကြုံလာမှသာ ဒီလက္ခဏာတွေဖြစ်လာမှာပါ။ အထက်ပါ လက္ခဏာတွေဟာ Phobia ကြောင့်မဟုတ်ဘဲ  အခြားရောဂါတစ်မျိုးမျိုးကြောင့်လည်း ခံစားရနိုင်တာမို့ ကြုံတွေ့လာရပြီဆိုပါက သိကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။အကြောက်လွန်ရောဂါအချို့ကို ဗဟုသုတအနေနဲ့ဖော်ပြပေးချင်ပါတယ်။Glossophobia။          ။ဒါကတော့လူရှေ့သူရှေ့ထွက်စကားပြောရမှာကြောက်တဲ့ရောဂါပါ။မဖြစ်မနေပြောရတော့မယ် ဆိုရင်လည်းအထက်ဖော်ပြပါ လက္ခဏာတွေ ခံစားလာရမှာပါ။ လူရှေ့ထွက်ရမှာကိုတော့ လူတိုင်းလိုလိုစိတ်လှုပ်ရှားတတ်ကြပါတယ်။ သို့သော်လည်း Glossophobia ကတော့ တရားလွန်ကြောက်ရွံ့တာမျိုးကိုဆိုလိုတာပါ။Acrophobia။             ။ အမြင့်ကြောက် Phobia ရောဂါပါ။ Acrophobia ရှိသူတွေဟာ သာမန်အားဖြင့် တောင်တန်းတွေ၊ တံတားတွေနဲ့မြင့်မားတဲ့အဆောက်အဦးတွေကို ရှောင်ကြဖါတယ်။  အမြင့်ပေါ်ရောက်တဲ့အခါ မူးဝေအော့အန်ခြင်း၊ ချွေးစေးပြန်ခြင်းနဲ့ သတိလစ်မေ့မြောတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။Aviophobia။            ။ အမြင့်ပေါ်မှာပျံသန်းရတာ ကြောက်တဲ့ရောဂါပါ။ လေယာဉ်ပျံ မစီးရဲလောက်အောင် ဖြစ်တတ်ပါတယ်။Claustrophobia။        ။အလုံပိတ်အခန်းတွေကို ကြောက်တဲ့ရောဂါပါ။ ကားအလုံပိတ်စီးတာကို အင်မတန်ကြောက်ရွံ့ပါတယ်။ ဓာတ်လှေကားကိုလည်းလုံးဝမစီးနိုင်ပါဘူး။ ဓာတ်လှေကား စီးနေရတဲ့အချိန်ခဏလေးကိုတောင် သည်းမခံနိုင်လောက်အောင်ကြောက်နေတတ်ပါတယ်။Dentophobia။        ။ ဒါကတော့ သွားဆရာဝန်တွေနဲ့ သွားနှုတ်တဲ့ကုသမှုတွေကို ကြောက်ရွံ့တဲ့ရောဂါပါ။ အရင်က သွားနှုတ်ခဲ့ဖူးတဲ့အချိန်မှာ အလွန်နာကျင်ခဲ့ရတဲ့ အတွေ့အကြုံရှိဖူးလို့ပါ။ ဒါပေမယ့် သွားကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်လာချိန်မှာတော့ ကြောက်လို့ဆိုပြီး ရှောင်နေလို့မရပါဘူးနော်။ ဒီရောဂါကိုတော့ ကုသဖို့လိုပါလိမ့်မယ်။Haemophobia။       ။ သွေးကြောက်တဲ့ရောဂါပါ။ သွေးမြင်ရင်ကို အလိုလိုကြောက်နေတာကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုနဲ့ကြုံတွေ့ရမှာကိုလည်းကြောက်နေတတ်ပါတယ်။ အခြားသူရဲ့သွေးကို မြင်သည်ဖြစ်စေ၊ မိမိရဲ့သွေးကိုပဲမြင်သည်ဖြစ်စေ မူးမေ့လဲသွားတတ်ကြပါတယ်။Arachnophobia။       ။ ပင့်ကူတွေကိုကြောက်တာပါ။Cynophobia။        ။ခွေးအလွန်အမင်းကြောက်တဲ့ရောဂါပါ။Ophidiophobia။       ။ မြွေကြောက်တဲ့ရောဂါပါ။ မြွေကိုတော့ လူတိုင်းကြောက်ကြပေမယ့် Ophidiophobia ရှိသူတွေကတော့ မြွေကို မမြင်မတွေ့နိုင်လောက်အောင်ကိုကြောက်တာပါ။ မြွေဆိုဖုန်းထဲက မြွေပုံတောင်မကြည့်နိုင်ပါဘူး။Nyctophobia။      ။ အမှောင်ကြောက်တဲ့ရောဂါပါ။ ငယ်စဉ်ကတည်းကရှိနေတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ သိပ်ပြဿနာမရှိပေမယ့် ဆယ်ကျော်သက်အရွယ်ကျော်တဲ့အထိ အမှောင်ကြောက်တာဆက်ရှိနေဦးမယ်ဆိုရင်တော့ Phobia ရောဂါတွေထဲကတစ်ခုဖြစ်သွားပါပြီ။Obesophobia။      ။ ဒါကတော့ ခုခေတ်ကောင်မလေးတွေကြောက်တဲ့Phobia ပါပဲ။ ကိုယ်အလေးချိန်တက်လာမှာကိုကြောက်တာပါ။Astraphobia။      ။မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများအား ကြောက်လန့်ခြင်းပါ။ မိုးရွာရင် နေစရာနေရာမရှိတော့အောင်ကို ကြောက်ရွံ့နေတာပါ။Trypanophobia။       ။ ဆေးထိုးအပ်တွေကို မြင်တာနဲ့ကြောက်ခြင်းပါ။Sciaphobia။      ။ အရိပ်များကို ကြောက်လန့်တဲ့ရောဂါပါ။ ကိုယ့်အရိပ်ကိုတောင် ကိုယ်ပြန်ကြောက် နေတတ်ပါတယ်။Dromophobia။     ။လမ်းကူးရမှာကို ကြောက်ရွံ့နေတာပါ။ မြို့ကြီးပြကြီးမှာနေဖို့တော့ မလွယ်ကူပါဘူးနော်။Social phobia။     ။ ဒါကတော့လူတွေနဲ့ မပေါင်းသင်းမဆက်ဆံချင်တာပါ။ တချို့ဆို စားသောက်ဆိုင်မှာ စားစရာလှမ်းမှာတာမျိုး၊ ဖုန်းပြောရမှာမျိုးကိုတောင်မလုပ်ချင်ဘဲ ကြောက်ရွံ့ နေတတ်ပါတယ်။Phobia ဆိုတဲ့ကြောက်ရွံ့ခြင်းတွေဟာလူတိုင်းမှာရှိနေနိုင်ပါတယ်။ ဒါကြောင့်သင့်မှာ Phobia တစ်ခုခုရှိနေရင်စိတ်မညစ်သွားပါနဲ့။ ကုသလို့ရပါတယ်။  သင့်မှာရှိတဲ့ Phobia ရောဂါဟာ အခြေအနေတစ်ခုထိတော်တော်ဆိုးဆိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့သာ အမြန်ဆုံးတိုင်ပင်သင့် ပါတယ်နော်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/list-of-phobias/
ယောက်ျားလေး နှင့် မိန်းကလေး ဒေါသကြီးတဲ့နေရာမှာ တူညီလား
မကြာသေးမီက လေ့လာမှုတစ်ခုအရ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေမှာ သူတို့ရဲ့ လိင်ပေါ်မူတည်ပြီး မတူညီတဲ့ ဒေါသအမျိုးအစား ရှိတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယောက်ျားလေးရော မိန်းကလေးရောကတော့ သူတို့ရဲ့ လူမှုရေးဆိုင်ရာဒေါသထွက်တဲ့ အပြုအမူတွေအပေါ် တူညီစွာ အပြစ်မကင်းသလို ခံစားရတတ်ပါတယ်။လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်း နှစ်မျိုးရှိပြီး တိုက်ရိုက်ဒေါသကြီးခြင်းနဲ့ သွယ်ဝိုက်ဒေါသကြီးခြင်းတွေ ပါဝင်ပါတယ်။ တိုက်ရိုက်ဒေါသကြီးတဲ့ ကလေးတွေဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပြုအမူပိုင်းဆိုင်ရာ ဒေါသကြီးတတ်ကြပါတယ်။ ဥပမာ ထုရိုက်ခြင်း၊ ပစ်ချခြင်း၊ အတင်းပြောခြင်းတွေ ပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းမှာတော့ ကလေးငယ်တွေဟာ လူတွေနဲ့ တိုက်ရိုက်ရန်ဖြစ်ခြင်း မရှိဘဲ သူတို့ရဲ့ လူမှုဆက်ဆံရေးကို ပျက်စီးစေတာ ဖြစ်ပါတယ်။ဒီလေ့လာမှုမှာ သုတေသီတွေက တိုက်ရိုက်ဒေါသကြီးတတ်တဲ့ ကလေးတွေဟာ သွယ်ဝိုက် ဒေါသကြီးတတ်တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းကို ယောက်ျားလေးနဲ့ မိန်းကလေးတွေ ကြားမှာ အနည်းငယ်သာ ကွာခြားတာ တွေ့ရပါတယ်။ ဒါ့ပြင် တိုက်ရိုက်ဒေါသကြီးတတ်တဲ့ ကလေးတွေဟာ သူငယ်ချင်းတွေနဲ့ ဆက်ဆံမှု ညံ့ဖျင်းခြင်း၊ ဆက်ဆံရေးပိုင်းဆိုင်ရာ အပြုအမူ နိမ့်ပါးခြင်းနဲ့ ဆိုးသွမ်းလူငယ် ဖြစ်နှုန်းများတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ သွယ်ဝိုက်ဒေါသကြီးတတ်သူတွေဟာ စိတ်ကျခြင်းရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု နည်းပါးခြင်းတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ သူငယ်ချင်းတွေကို စည်းရုံးနိုင်ပြီး အတင်းပြောကာ အခြားသူတွေကို ပယ်ထားတတ်ကြပါတယ်။ယောက်ျားလေးတွေဟာ အခြားသူတွေကို ထိန်းချုပ်ဖို့ သို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို ပြသဖို့ ဒေါသကြီးခြင်းကို လေ့ကျင့်ခန်းတစ်ခုအနေနဲ့ မှတ်ယူတတ်ကြပါတယ်။ သူတို့ဟာ ဒေါသကြီးတဲ့ အပြုအမူတွေ ဖြစ်တဲ့ ဥပမာ လူကိုရိုက်ခြင်း တွေကို အပြုသဘောနဲ့ မြင်တတ်ကြပါတယ်။ ပြီးတော့ ယောက်ျားလေးတွေဟာ ဆော့ကစားဖို့ အုပ်စု အကြီးကြီးရှိနေတတ်ပါတယ်။ မိန်းကလေးတွေကတော့ ပါးစပ်နဲ့ ဒေါသကြီးခြင်းတွေ ဖြစ်တဲ့ အတင်းပြောခြင်း (သို့) အုပ်စုဖွဲ့ခြင်းတွေကို ပြုလုပ်ကြပါတယ်။ သူတို့ရဲ့ ဒေါသကြီးတဲ့ အပြုအမူတွေဟာ လွန်ကဲတဲ့ စိတ်ဖိစီးခြင်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိခြင်း အစရှိတဲ့အရာတွေက ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကို သေးငယ်ပြီး ရင်းနှီးတဲ့သူတွေ ရှိတဲ့အုပ်စုထဲမှာ အလွယ်တကူ တွေ့ရှိနိုင်ပါတယ်။ဒါပေမယ့် ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရောဟာ ဒေါသကြီးတဲ့အတွက် အပြစ်မကင်းသလို ခံစားရတာချင်း တူညီပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒေါသကိုအသုံးပြုပြီး သူတို့ရဲ့ သားကောင်ကို အနိုင်ကျင့်လိုကာ အောင်နိုင်သူတစ်ယောက်ရဲ့ ခံစားချက်မျိုး ရရှိလိုပြီး သားကောင်ကို အုပ်စုထဲက ချန်ထားလိုခြင်းကြောင့် ဖြစ်ပါတယ်။လူမှုရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်းကို လျှော့ချဖို့ ကလေးတွေဟာ မိဘတွေဆီက ထောက်ပံ့မှုလိုအပ်ပါတယ်။ ဒေါသကြီးတဲ့ အပြုအမူတွေဟာ သူတို့ရဲ့ မိဘတွေက ကြမ်းတမ်းတဲ့ မိသားစုတွေမှာ ကလေးတွေကို ကူးစက်နိုင်ပါတယ်။ ဒါကို ကန့်သတ်နိုင်ဖို့ မိဘတွေဟာ ကလေးတွေရဲ့ ဥပမာကောင်း ဖြစ်သင့်ပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ကလေးတွေမှာ  မိဘတွေက ကလေးတွေကို ဂရုစိုက်သင့်ပြီး စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်တွေ့ဆုံကာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို နည်းလမ်းရှာဖွေသင့်ပါတယ်။ ဒေါသကြီးတဲ့ကလေးကို ပညာသင်ပေးဖို့အတွက် ကျောင်းမှာ ဒေါသကြီးခြင်းနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေ ရှိဖို့နဲ့ ကလေးတွေကို ဒေါသကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းတွေ ပြောပြဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/mental-health-adolescents/%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%ba%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8/
အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်အားနည်းသော ကလေးများအတွက် အစားအစာများ
ကလေးတွေရဲ့ ဘဝအစပြုတဲ့ ပထမဆုံး နှစ်အနည်းငယ်အတွင်းမှာ သူတို့တွေဟာ အရှိန်အဟုန်နဲ့ ကြီးထွားဖွံ့ဖြိုးကြတာပါ။ သူတို့တွေ ၃နှစ်ပြည့်မြောက်တဲ့အချိန်မှာတော့ ဦးနှောက်ဟာ အရွယ်ရောက်ပြီးသား ဦးနှောက်အရွယ်အစားရဲ့ ၉၀%လောက်ဖွံ့ဖြိုးပြီးနေပါပြီ။ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုဟာ အာဟာရပေါ်မူတည်ပြီး ဒါတွေကလည်း သင်ယူခြင်းနဲ့ အပြုအမူတွေအတွက် အခြေခံအုတ်မြစ်ပါပဲ။ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ စားသောက်မှုဟာ ကလေးတွေအတွက်တော့ အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်တွေ၊ စိတ်ကျန်းမာရေးအခြေအနေတွေကို အပြည့်အ၀ ဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။နံနက်စာဟာ ကျောင်းတက်နေတဲ့အရွယ်ကလေးတွေအတွက်ပါ။ ကျွမ်းကျင်သူတွေကတော့ နံနက်စာစားသုံးသူတွေဟာ မစားသူတွေနဲ့ယှဉ်ရင် ကျောင်းစာမှာ ပိုထူးချွန်ပြီး အပြုအမူပိုင်းမှာလည်း အမှားနည်းတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ဒါပေမယ့် သကြားဓါတ်မြင့်မားစွာပါဝင်တဲ့ စားစရာတွေဟာ ကလေးတွေအတွက်တော့ နေ့ခင်းမတိုင်ခင်မှာ စွမ်းအင်ကုန်ခမ်းတာတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီအချိန်ဟာ သူတို့တွေ အတန်းထဲမှာစာသင်နေတုန်း ဥပမာ သင်္ချာတွက်နေတုန်း ဒါမှမဟုတ် စာဖတ်နေတုန်းဖြစ်ရင်ဖြစ်မယ်။ စံပြုထားတဲ့နံနက်စာတွေမှာတော့ ပရိုတိန်းတွေနဲ့ ဖြည်းဖြည်းပဲ အစာချေနိုင်မယ့် Complex carbs တွေ ပါဝင်ပါတယ်။ဥများ။Choline (ဥတွေမှာပါဝင်တဲ့ ဗီတာမင်နဲ့တူတဲ့အရာ၊ သူတို့ကို အခွံမာသီးတွေမျာလည်း တွေ့နိုင်ပါတယ်။ ) ဟာ မှတ်ဉာဏ်ပင်မဆဲလ် (memory stem cells)တွေကို ထုတ်လုပ်ပေးနိုင်ပြီး ဒါတွေဟာ ကျွန်တော်တို့ဦးနှောက်ရဲ့ ဟိုးနက်ရှိုင်းတဲ့အပိုင်းတွေမှာ ဖြစ်ပေါ်တာပါ။ ကျွန်တော်တို့မှာ ဒီဆဲလ်တွေရှိလေလေ၊ မှတ်ဉာဏ်ပိုကောင်းလေလေပါပဲ။ အမြင်အာရုံနဲ့မှတ်ဉာဏ်အတွက် အရေးပါတဲ့ DHA ဆိုတဲ့ omega-3 fatty acid တစ်မျိုးလည်းပါရှိလို့ ကျန်းမာပြီးဉာဏ်ရည်ထက်မြက်စေပါတယ်။အုတ်ဂျုံ။အုတ်ဂျုံစားသုံးသူတွေဟာ Spatial-memory လုပ်ဆောင်မှုတွေမှာ ပိုပြီးစွမ်းရည်ရှိတယ်လို့ဆိုပါတယ်။ အုတ်ဂျုံဆိုတာ အမျှင်ဓါတ်တွေအပြည့်အဝပါဝင်တဲ့ လုံးတီးအနှံပါပဲ။ အုတ်ဂျုံကို အစာချေဖို့ဆိုတာ အချိန်ယူရပြီး ကလေးတွေကိုတော့ တည်ငြိမ်တဲ့ ပရိုတိန်းလိုစွမ်းအင်မျိုးကို အစဉ်မပြတ်ပေးစွမ်းနေနိုင်ပါတယ်။စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီများ။ဒီအရည်ရွှမ်းပြီးစားကောင်းတဲ့အသီးတွေမှာ antioxidants တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးတဲ့ ဒီလိုအစာတွေဟာ ကြွက်တွေမှာတော့ ဆက်စပ်တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့လည်း တွေ့ရှိရပါတယ်။ ဘယ်ရီသီးတွေမှာလည်း DHA ရရှိနိုင်တဲ့အရင်းအမြစ်ဖြစ်တာကြောင့် ကလေးတွေအတွက် ရွေးချယ်သင့်တဲ့အသီးအနှံတွေဖြစ်ပါတယ်။ကလေးမှာ DHA မပြည့်ဝခြင်းက ဉာဏ်ရည်ဉာဏ်သွေးနဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ မိမိကလေးတွေကို ဉာဏ်ရည်မြင့်မားတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာစေချင်တဲ့မိဘတွေအနေနဲ့ကတော့ DHA ကမိတ်ဆွေကောင်းတစ်ယောက်ဖြစ်လို့ ကိုယ့်ကလေးရဲ့ဖြည့်စွက်စာထဲမှာ DHA ပါဝင်အောင် အမြဲဂရုစိုက်သင့်ပါတယ်။ကလေးတွေ နေ့လည်ပိုင်းအတွက် စွမ်းအင်ဘယ်လောက်ရှိနေလဲဆိုတာအတွက် နေ့လည်စာအဖြစ် ဘာကိုစားကြလဲဆိုတာက အရေးကြီးလှပါတယ်။လုံးတီးဂျုံတွေနဲ့ ပြုလုပ်ထားတဲ့ Sandwiches– လုံးတီးဂျုံနဲ့ပြုလုပ်ထားတဲ့ပေါင်မုန့်မို့ အမျှင်ဓါတ်ကြွယ်ဝရုံမက မုန့်ဖုတ်သူတွေအသုံးများတဲ့ ဂျုံမှာကလည်း ဖောလိတ်ဓါတ်တွေများပြားပါတယ်။ ဖောလိတ်ဆိုတာကတော့ ဦးနှောက်ထဲက မှတ်ဉာဏ်ဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ ဗီတာမင် B ပါပဲ။နို့– အဆီမပါတဲ့နို့ဟာ ပရိုတိန်းတွေ၊ ဗီတာမင် D နဲ့ ဖော့စဖောရပ်စ်တွေ ကြွယ်ကြွယ်၀၀ပါဝင်တယ်ဆိုပြီး ကျော်ကြားပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်ကလည်း ကျွန်တော်တို့ရဲ့ခန္ဓါကိုယ်က စွမ်းအင်တွေကိုဘယ်လိုစီမံခန့်ခွဲသလဲဆိုတဲ့ အပေါ်မှာ လွှမ်းမိုးမှုတွေရှိနေပါတယ်။ ကယ်လ်ဆီယမ်ဟာ ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုအတွက် မရှိမဖြစ် ကဏ္ဍကနေ ပါဝင်နေပါတယ်။အသီးသေးသေးလေးတွေ– အသီးအနှံအများစုဟာ ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးနိုင်တဲ့အစာတွေမဟုတ်ပေမယ့် သူတို့ဟာကလေးတွေသင်ယူလေ့လာနိုင်စွမ်းအတွက် သွယ်ဝိုက်သောနည်းနဲ့ ထောက်ပံ့ပေးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဝမ်းချုပ်ခြင်းဟာအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အသီးအနှံတွေ ( လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရေများများသောက်ခြင်းပါ ပေါင်းစပ်လိုက်တဲ့အခါ) ဟာ ကလေးတွေကို ပုံမှန်ဖြစ်စေပြီး သင်ယူဖို့လည်း အဆင်သင့်ဖြစ်နေစေပါတယ်။ကျောင်းတက်နေတဲ့အချိန်ကုန်ဆုံးသွားပေမယ့် ကလေးတွေဟာ ဦးနှောက်ယိုစီးမှုကို ခံနိုင်ရည်မရှိကြသေးပါဘူး။ သူတို့လေးတွေ ကျောင်းပြီးတဲ့အခါလုပ်ရမယ့် လုပ်ငန်းတွေနဲ့ အိမ်စာတွေကို လုပ်နိုင်ဖို့အတွက် ရေသောက်ဖို့နဲ့ cereal တွေကို သရေစာအဖြစ်စားသုံးဖို့ တိုက်တွန်း လှုံ့ဆော်ပါ။ရေ။မိဘအများစုဟာ ကလေးတွေကျောင်းမှာ ရေဘယ်လောက်သောက်လဲဆိုတာသိရင် အံ့သြသွားမှာအမှန်ပါပဲ။ (ရေသောက်နည်းလို့ပါ) ရေဓါတ်ခမ်းခြောက်ခြင်းဟာ  ကလေးတွေကို အားအင်ချိနဲ့စေတာ၊ အားအင်လုံးဝမရှိတော့တာနဲ့ စိတ်ရှုပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် အစာစားတိုင်း ရေသောက်ခြင်းအလေ့အထကို မွေးမြူပါ။ အထူးသဖြင့် တက်ကြွလှုပ်ရှားခဲ့တဲ့နေ့တွေမှာပေါ့။Cereal။ကလေးတွေဟာ ဒါတွေကို နံနက်စာအဖြစ် ပန်းကန်တစ်လုံးကြီးစားခဲ့ရင်တောင် fortified whole grain cerealsတွေဟာ ဖောလိတ်ဓါတ်တွေ၊ complex carbs တွေ ကြွယ်ဝပြီး ပရိုတိန်းဓါတ်အလွယ်တကူ ရစေနိုင်တဲ့ သရေစာတစ်မျိုးပါပဲ။ Fortified cerealsတွေဟာ ဗီတာမင် B12 ရင်းမြစ်ကောင်းတစ်ခုဖြစ်ပြီး ဒါကတော့ ကျွန်တော်တို့ အရာရာကို ဘယ်လောက်မှတ်မိနိုင်လဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။အမဲသား။သံဓါတ်ချို့တဲ့ခြင်းဟာ ကမ္ဘာပေါ်မှာအဖြစ်အများဆုံး အာဟာရချို့တဲ့ခြင်းပါ။ ကျောင်းမှာ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာမလုပ်ဆောင်နိုင်ခြင်းဟာ သံဓါတ်အားနည်းခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အဆီထုတ်ထားတဲ့ အမဲသားဟာ သံဓါတ်ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး အရာတစ်ခုပါပဲ။ တစ်ရက်ကို အမဲသား ဝ.၀၃ကီလိုဂရမ်စားသုံးပေးခြင်းဟာခန္ဓါကိုယ်က သံဓါတ်ကို အခြားနေရာတွေကနေ စုပ်ယူတဲ့နေရာမှာ အကြီးအကျယ်ပြောင်းလဲသွားစေမှာ အမှန်ပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%85%e1%80%b0%e1%80%b8%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%99%e1%80%bd%e1%80%b3%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%99/
အိပ်ချင်လျက်နဲ့ ပေတေပြီး မအိပ် ရင် ဘာတွေဖြစ်လာမလဲ
အိပ်စက်တယ်ဆိုတာ လူတစ်ယောက်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ အိပ်စက်မှ ခန္ဓာကိုယ်ကြီးက အနားရပြီး နောက်တစ်ရက်မှာ လန်းဆန်းတက်ကြွစွာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လုံလုံလောက်လောက် မအိပ်စက်ဘူးဆိုရင် ကျန်းမာရေး ထိခိုက်လာပါလိမ့်မယ်။ အိပ်မပျော်တဲ့ဝေဒနာ ဒါမှမဟုတ် အိပ်ချင်စိတ် မရှိလို့ အိပ်စက်တာက မဖြစ်မနေ ကုစားရမယ့် ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာ ရှိပါသေးတယ်။ အိပ်ချင်လျက်နဲ့ ပေတေပြီး မအိပ် တာမျိုးပါ။ဒီလိုကိစ္စမျိုးက အခြေအနေ အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရုပ်သံစီးရီးတွေကို ကြည့်ရင်း အရှိန်ကောင်းလာလို့ မအိပ်ဘဲ ဆက်တိုက်ထိုင်ကြည့်ဖြစ်တာမျိုး၊ ညဉ့်နက်သန်းခေါင် ဘောလုံးပွဲကောင်းရှိလို့ မအိပ်ပဲ ထိုင်စောင့်နေတာမျိုး၊ စာမေးပွဲအရေးကြီးနေလို့ အတင်းစာထိုင်ကြည့်နေတာမျိုး စသဖြင့် အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ပေါ့။ဒါပေမယ့် ဘယ်လိုကြောင့်ပဲဖြစ်ပါစေ။ အိပ်ချင်စိတ်ရှိနေလျက်နဲ့ မအိပ်ပျော်အောင်ကော်ဖီတွေသောက်၊ အချဉ်တွေစားပြီး အတင်းကာရော တင်းခံပြီးနေထိုင်တာက စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုပါ။ဒီလိုပြုမူတာမျိုးတာက ကြာလာရင်Sleep Deprivationလို့ခေါ်တဲ့ အိပ်ရေးပျက်တဲ့ ဝေဒနာ ဖြစ်လာနိုင်ပါတယ်။ Sleep Deprivation က ပုံမှန်အားဖြင့် ၃ မျိုးရှိပါတယ်။လူငယ် ၃ ပုံ ၁ ပုံလောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်လုံလုံလောက်လောက်မရှိကြပါဘူး။ ပိုပြီးဆိုးရွားလာတဲ့အခြေအနေမျိုးမှာ Insomnia လို အိပ်မပျော်တဲ့ ရောဂါဆိုးစွဲကပ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ခုလို အိပ်ချင်စိတ်ရှိနေလျက်နဲ့ တင်းခံပြီးနေတာကInsomniaအပြင် တခြားသော ရေတိုနဲ့ ရေရှည်ပြဿနာတွေကို ခေါ်ဆောင်လာတတ်ပါတယ်။အိပ်ချင်စိတ်ကို တင်းခံတဲ့ အမူအကျင့်မျိုးရှိတဲ့သူတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်မလာခင်မှာ အောက်ပါ လက္ခဏာတွေ ပြသလာတတ်ပါတယ်။အိပ်ချင်စိတ်ကို အချိန်အကြာကြီး လူတိုင်း တောင့်မခံနိုင်ပါဘူး။ ဒါပေမယ့် ခဏခဏတော့ ဒီအပြုအမူမှားကို ကျူးလွန်တတ်ကြပါတယ်။ ဒီလိုမျိုး ခဏခဏ ကျူးလွန်မိကြတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာတွေ ကြုံဆုံလာရတတ်ပါတယ်။ဘယ်လိုကျန်းမာရေးပြဿနာမျိုးတွေလဲဆိုရင်တော့။အိပ်စက်ခြင်းဟာ သင့်ရဲ့ အသက်ရှည်ကျန်းမာမှုရဲ့ အဓိက အကြောင်းတရားတွေထဲက တစ်ခုဖြစ်ပါတယ်။ အိပ်ချင်စိတ်ရှိလာတာဟာ သင့်ခန္ဓာကိုယ်ကြီးက အိပ်စက်ဖို့ လိုအပ်လာလို့ တောင်းဆိုတာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချင်စိတ်ပေါ်လာရင် အိပ်လိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဒီလိုမဟုတ်ဘဲ အိပ်ချင်စိတ်ကို တားဆီးပြီး တင်းခံနေမယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ကြီးမှာ ထိခိုက်နစ်နာမှုတွေ ကြုံဆုံလာရမှာဖြစ်ပါတယ်။ အိပ်ချိန်မှားနေတာတွေ၊ အိပ်ချိန် မမှန်တာတွေ၊ လုံလုံလောက်လောက် မအိပ်စက်ဖြစ်တာတွေများလာရင် သင့်ရဲ့ ကျန်းမာရေးကို အများကြီးထိခိုက်စေမှာပါ။ဒါကြောင့်အိပ်စက်ချိန်ကို အချိန်မှန်အောင်ကြိုးစားပြီး နေ့စဉ် နည်းမှန်လမ်းမှန်နဲ့ အိပ်ရေးဝဝအိပ်စက်ဖို့ တိုက်တွန်းလိုပါတယ်။ သင်အိပ်ရေးပြီး လန်းဆန်းနေတယ်ဆိုရင် သင်ပြုလုပ်လိုတဲ့အရာတွေကို အိပ်ယာကနေ နိုးလာချိန်မှာ ဦးနှောက်ကြည်ကြည်လင်လင်နဲ့ အပြည့်အဝ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီလိုမဟုတ်ပဲ အိပ်ချင်စိတ်ကို တားဆီးပြီး တစ်ခုခုကိုလုပ်ဆောင်လိုက်မယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်သလို တခြားသော အကျိုးမရှိတာတွေသာ ပိုပြီးဖြစ်လာစေမှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/why-lack-of-sleep-is-bad-for-your-health/
လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား
လူတော်တော်များများကလိင်ဆက်ဆံပြီးတာက အလျင်စလို ဆီးသွားတတ်ကြပါတယ်။ အများစုကတော့ ကိုယ်ထဲမှာကျန်နေတဲ့ အညစ်အကြေးတွေ၊ အရည်တွေ၊ ပိုးမွှားတွေကို ဆီးနဲ့အတူ ပါသွားအောင်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒါဆို မေးစရာ ရှိတာက လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား ဆိုတာပါ။ ကဲ … အတူတူကြည့်လိုက်ရအောင်နော်။တကယ်တော့ လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ အလျင်လိုစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အထဲမှာသုက်ရည်စွန့်ထုတ်လိုက်တဲ့အခါ ဆီးသွားရုံနဲ့ သန့်ရှင်းသွားအောင် လုပ်ပေးနိုင်တာ မဟုတ်လို့ပါ။ထိုးသွင်းဆက်ဆံနေချိန်မှာအကာအကွယ်မသုံးထားရင် တစ်ယောက်မှာရှိတဲ့ ပိုးမွှားတွေဟာ နောက်တစ်ယောက်ကို အလွယ်တကူကူးစက်ဖို့ လွယ်ကူပါတယ်။လိင်ကိစ္စအပြီး ဆီးသွားလိုက်တဲ့အခါ ဘက်တီးရီးယားပိုးတချို့က ဆီးနဲ့အတူ အပြင်ကိုပါလာပါတယ်။ ဒီအခါ ဆီးလမ်းကြောင်းပိုးဝင်တာကို လျှော့နည်းစေပါတယ်။ လိင်ဆက်ဆံပြီး ဆီးသွားလိုက်တာနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာ လုံးဝမဖြစ်တော့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ နည်းသွားပါတယ်။တစ်ယောက်ကို တစ်ယောက် လက်နဲ့ပဲအာသာဖြေတာဆိုရင်တော့ ဆက်ဆံခြင်းပြီးတာနဲ့ အိမ်သာအမြန်ပြေးပြီး ဆီးသွားဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် လက်ကနေလည်း ပိုးမွှားတွေက ဆီးလမ်းကြောင်းနဲ့ လိင်အင်္ဂါတွေဆီ ရောက်နိုင်တာကြောင့် ခဏနေရင်တော့ သွားသင့်ပါတယ်။နောက်တစ်ခုသတိထားဖို့လိုအပ်တာက ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ (အမျိုးသားက မိန်းမကိုယ်ကိုဖြစ်စေ၊ အမျိုးသမီးက လိင်တံကိုဖြစ်စေ)ပါးစပ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေဟာ လိင်အင်္ဂါမှာကပ်ကျန်နေနိုင်သလို လိင်အင်္ဂါမှာရှိတဲ့ အညစ်အကြေး၊ ပိုးမွှားတွေဟာလည်း ပါးစပ်ထဲကို ဝင်ရောက်နိုင်ပါတယ်။လိင်ဆက်ဆံအပြီး မိနစ် ၃၀ အတွင်း ဆီးသွားရင်တော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မဖြစ်စေဖို့ ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ ဒီထက်စောရင် ပိုကောင်းပါတယ်။ ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်၊ ပြုပြီးတဲ့အချိန် ရေများများသောက်ပေးဖို့ လိုပါတယ်။စိတ်မကောင်းစွာနဲ့ပဲ ဒါကတော့ လုံးဝမဖြစ်နိုင်ပါဘူးလို့ ပြောပါရစေ။ သုက်ထွက်ပြီးပြီးချင်း ဆီးသွားလိုက်မယ်ဆိုရင်တောင် ကိုယ်ဝန်ကိုတော့ လုံးဝမတားဆီးပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်ပြီဆိုတာနဲ့သုက်ပိုးတွေဟာ မိန်းမကိုယ်ထဲကို ဝင်သွားတာကြောင့်ပါ။အကယ်လို့ ကိုယ်က ကိုယ်ဝန်ရဖို့ ရည်စူးထားတာဆိုရင်တော့ လိင်ဆက်ဆံပြီးပြီးချင်း ခဏလောက်လှဲပြီးမှ ဆီးသွားသင့်ပါတယ်။ အမျိုးသားရဲ့ သုက်ပိုးတွေက ကျန်းမာသင့်သလောက် မကျန်းမာတာ၊ မျိုးဥဆီသို့ ကူးခတ်နှုန်းနှေးကွေးတာတွေ ရှိနိုင်တာကြောင့်ပါ။ လှဲနေတဲ့အခါ သုက်ပိုးတွေက ပိုပြီး မြန်မြန်လှုပ်ရှားနိုင်လို့ပါ။ တကယ်လို့ သုက်ပိုးတွေက ကျန်းမာပြီး မြန်မြန်ကူးနိုင်တယ်ဆိုရင်တော့ ဒီအချက်က မလိုပါဘူး။မတားဆီးပေးနိုင်ပါဘူး။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေကိုသာ ရှင်းထုတ်ပေးတာဖြစ်ပြီး မျိုးလမ်းကြောင်းမှာ ကျန်နေတဲ့ ရောဂါပိုးတွေ၊သုက်ရည်နဲ့ သုက်ပိုးတွေ ပါလာနိုင်ခြင်းမရှိပါဘူး။အထူးသဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ အသေးငယ်ဆုံးသော ဒဏ်ရာတွေကနေ ကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဒီတော့ ဆီးသွားရုံလောက်နဲ့တော့ ရောဂါပိုးတွေ ဖယ်ထုတ်ပေးနိုင်ခြင်းမရှိပါဘူး။အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် လိင်ဆက်ဆံပြီးတဲ့အခါ ဆီးသွားခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုသာ အထိုက်အလျောက်ကာကွယ်ပေးနိုင်ပြီး ကိုယ်ဝန်နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ အကောင်းဆုံး ဆီးသွားဖို့အချိန်ကတော့ လိင်မှုကိစ္စအပြီး နာရီဝက်အတွင်းဖြစ်ပါတယ်။ ကိုယ်ဝန်နဲ့ တခြားကူးစက်ရောဂါတွေကို ကာကွယ်ချင်ရင်တော့ ကွန်ဒုံးကို အသုံးပြုပြီးတော့ လိင်ဆက်ဆံကြပါလို့ တိုက်တွန်းလိုက်ပါရစေ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/do-you-need-to-pee-after-sex/
ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဆီဓာတ်တွေကို လိုအပ်ပါတယ်။ Essential fatty acids (မရှိမဖြစ်လိုအပ်တဲ့ Fatty Acids အဆီဓာတ်)တွေဟာ ကျွန်တော်တို့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလး‌တွေမှာဆိုရင် ပိုပြီး လိုအပ်ပါတယ်။ အဓိက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တာပါ။ ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ က ဘာတွေလဲဆိုတာကို အောက်မှာ ဆက်ရှင်းပြထားပါတယ်။Essential Fatty Acids ( EFAs )တွေဟာ ကျွန်တော်တို့ အစားအစာတွေထဲမှာ နေ့စဉ်ပါဝင်နေဖို့လိုအပ်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆီဓာတ်တွေကို ခန္ဓာကိုယ်က အလိုအလျောက်မထုတ်ပေးနိုင်လို့ပါ။ဒီအက်ဆစ်တွေဟာ အာရုံကြောစနစ်ရဲ့ တစ်သျှူးတွေကို တည်ဆောက်ပေးပြီးအာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သူတို့ဟာ သွေးလည်ပတ်မှုစနစ်ကိုလည်း အားကောင်းစေပြီး ခုခံစွမ်းအားကို တည်ဆောက်ပေးပါတယ်။ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ကနေ  prostaglandins တွေ ထုတ်လုပ်ရာမှာလည်း EFAs တွေကို အသုံးပြုပါသေးတယ်။EFAs တွေမှာ အဓိကအားဖြင့် အမျိုးအစား၂မျိုးရှိပါတယ်။ ဒါတွေကတော့ အိုမီဂါ-၃ (alpha-linolenic acid ) နဲ့ အိုမီဂါ -၆ (linoleic acid )တွေဖြစ်ပါတယ်။ သူတို့နှစ်မျိုးလုံးဟာpolyunsaturated fatty acid(မပြည့်ဝဆီ) တွေဖြစ်ပြီး ကိုလက်စထရော ပမာဏ လျော့နည်းအောင်၊ ဆဲလ်ရောင်ရမ်းခြင်းတွေ လျော့ကျအောင်နဲ့ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စေအောင် စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။အိုမီဂါ-၃ အမျိုးအစားတစ်ခုဖြစ်တဲ့DHA(Docosahexaenoic acid)ဆိုရင် ကလေးတွေရဲ့ မျက်စိနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအရေးပါတာကြောင့် ဉာဏ်ရည်ထက်မြက်တဲ့ သားသမီးတွေ ဖြစ်လာစေနိုင်ပါတယ်။ ကလေးတွေစားသုံးမယ့် အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပါလိမ့်မယ်။၁နှစ်ကနေ ၃နှစ်အရွယ်မှာ ကလေးတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် အိုမီဂါ ၆ ကို ၇ဂရမ်နဲ့ အိုမီဂါ ၃ ကို ဝ.၇ဂရမ် ကို နေ့စဉ်လိုအပ်ပါတယ်။ အသက်၄နှစ်မှ ၈နှစ်အတွင်းမှာ ကလေးဟာ နေ့စဉ် အိုမီဂါ ၆ ကို ၁၀ဂရမ်လိုအပ်ပြီး အိုမီဂါ ၃ ကိုတော့ ဝ.၉ဂရမ်လိုအပ်မှာဖြစ်ပါတယ်။ဒါပေမယ့် နေ့စဉ်စားတဲ့အခါ EFAတွေကိုပဲ စားလို့ မရပါဘူး။ EFA တွေ အလုပ်ဖြစ်မြောက်ဖို့ ဗီတာမင်အေ၊ စီ၊ အီး နဲ့ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကော့ပါးစတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်း လိုအပ်ပါတယ်။ကလေးကို နေ့စဉ် အဆီပါဝင်‌အောင် ကျွေးဖို့ လိုအပ်တယ်ဆိုပေမဲ့ အသွင်ပြောင်းဆီတွေနဲ့ ပြည့်ဝဆီတွေကို ကျွေးမွေးတာကို ရှောင်ရှားသင့်ပါတယ်။ ဒီအရာတွေက ကလေးတွေကို အဝလွန်စေသလို နောင်ကြီးလာတဲ့အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုအမျိုးအစား ၂ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား အိုမီဂါ၃ နဲ့ အိုမီဂါ ၆ အဆီတွေကို ရွေးချယ်ရပါမယ်။အိုမီဂါ ၃ကို လတ်ဆတ်တဲ့ အဆီများတဲ့ငါး (တူနာနဲ့ ဆယ်လ်မွန်) တွေ၊ ကာနိုလာဆီနဲ့ သစ်ကြားဆီတွေမှာ အများဆုံးတွေ့ရပါတယ်။ အိုမီဂါ ၆ ကတော့ ပြောင်းဆီ၊ မြေပဲဆီ၊ နှမ်းဆီနဲ့ primerose အဆီ စတာတွေမှာ တွေ့ရပါတယ်။ကလေးအတွက်ဆိုရင်တော့ အိုမီဂါ၃ ကြွယ်ဝစွာပါဝင်တဲ့ နို့၊ မြေပဲထောပတ်၊ ဒိန်ချဉ်၊ လိမ္မော်ရည်၊ ဥနဲ့ ဖော်မြူလာနို့မှုန့် စတာတွေကို ကျွေးမွေးသင့်ပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆံတွေကလည်း EFA တွေရဲ့ ရင်းမြစ်ကောင်းတစ်ခုပါပဲ။ ဒါတွေကျွေးမယ်ဆိုရင်တော့မတော်တဆ သီးတာမျိုး ဖြစ်တတ်လို့ သတိထားရပါမယ်။ဒီအစားအစာတွေကို နေ့စဉ်ပါဝင်အောင် ကျွေးမယ်ဆိုရင် ကလေးရဲ့ ကောင်းကျိုးပြုအဆီ လိုအပ်ချက်ကို ပြည့်မီနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/essential-fatty-acids-in-your-child/
Hirsutism (အမျိုးသမီးအမွေးထူခြင်း)
အမျိုးသမီး အမွေးထူခြင်း ဆိုသည်မှာ အမျိုးသမီးများ မျက်နှာနှင့် ခန္ဓါကိုယ်တွင် အမွေးများ အလွန်အကျွံပေါက်ခြင်း ကိုဆိုလိုသည်။ မည်းနက်၍ ထူသော အမွေးများသည် အမျိုးသားများတွင် အမွေးပေါက်သော နေရာများဖြစ်သည့် အပေါ်နှုတ်ခမ်း၊ မေးစေ့ နှင့် ပါးသိုင်းမွေး ပေါက်သည့်နေရာများတွင် ပေါက်လာသည်။အမျိုးသမီးတွင် အမွေးထူသော ပြဿနာ သည် အလွန်အဖြစ်များပါသည်။ အမျိုးသမီး များ၏ ၅-၁၀ရာခိုင်နှုန်းတွင် ဖြစ်ပွားပါသည်။ များသော အားဖြင့် အန္တရာယ်မရှိသော်လည်း အမျိုးသမီးများ၏ ပုံပန်း သဏ္ဍာန်ကို ထိခိုက်စေနိုင်သည်။ခန္ဓါကိုယ် အမွေးအမျှင် ထူခြင်းသည် မြေထဲပင်လယ်ဒေသရှိ Cascasian အမျိုးသမီး များတွင် ပုံမှန်ပင်ဖြစ်သည်။ အမျိုးသမီးအများစုသည် ဆေးကု သမှု မလိုအပ်ပါ။ကုထုံးသည် အမွေးထူခြင်း ကို သက်သာစေ နိုင်သော်လည်း သက်သာရန် လများစွာ ကြာသည်။ ထို့ပြင် အမွေးထူခြင်း ကို ကာကွယ်ရန် နည်းလမ်းလည်းမရှိပါ။အမွေးများသည် မျက်နှာ (မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး) နှင့် ခန္ဓါကိုယ် အဓိကအားဖြင့် အပေါ်နှုတ်ခမ်း၊ မေးစေ့၊ ပါးသိုင်းမွေးပေါက်သောနေရာ၊ ကျောအပေါ်ဘက်၊ လည်ပင်း၊ ရင်ဘတ်၊ ပေါင်၊ ဗိုက်၊ နို့သီးခေါင်းဝန်းကျင်တွင် ပေါက်လာပါ သည်။ အမွေးများသည် ထူပြီး နက်မှောင်ပါသည်။ အမျိုးသမီး များသည် ဓမ္မတာပြဿနာများ၊ မြုံခြင်းများ၊ ဝက်ခြံထွက်ခြင်း တို့ ဖြစ်နိုင်သည်။အမျိုးသမီးများတွင် အမွေးထူခြင်း သည် အန်ဒရိုဂျင် (androgen) ဟုခေါ်သော ကျားဟော်မုန်း များခြင်းကြောင့် ဖြစ်ပါက ယောက်ျားလိင်ဝိသေသများ ဖြစ်ပေါ်လာနိုင်ကာ အောက်ပါလက္ခဏာများ ဖြစ်စေနိုင်သည်။အသံသြောလာခြင်း၊ နဖူးပြောင်ခြင်း၊ ရင်သား အရွယ်အစား သေးလာခြင်း၊ မိန်းမအင်္ဂါ ကြီးလာခြင်း၊ ကြွက်သားများ ဖွံဖြိုး လာခြင်း၊ လိင်စိတ်ဆန္ဒ ပြောင်းလဲခြင်းနှင့် မျိုးမအောင်ခြင်း တို့ ဖြစ်နိုင်သည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။အမွေးထူးခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းမှာ ကျား ဟော်မုန်းများ အန်ဒရိုဂျင်(androgen) အများအပြား ထုတ်လုပ်ခြင်း ကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်၏ ခန္ဓါကိုယ်သည် ကျားဟော်မုန်း အနည်းငယ်ကိုသာ ထုတ်လုပ်ပါသည်။ မမျိုးဥနှင့် အက်ဒဂရီနယ် ဂလန်း မှထုတ်လုပ်ခြင်း ဖြစ်သည်။ထိုအင်္ဂါများတွင် ပြဿနာဖြစ်ပါက ဟော်မုန်း အလွန်အကျွံထွက်ခြင်းကို ဖြစ်စေသည်။ အက်ဒရီနယ် ဂလန်း မူမမှန်ပြဿနာ (ဥပမာ- Crushing’s syndrome ၊ ကြီးထွားဟော်မုန်း အထွက်များ၍ ကိုယ်ခန္ဓါ အဆမတန် ကြီးထွားနေသော အေခရိုမက်ဂလီ) သည်လည်း အမွေးများကို ပေါက်စေသည်။အက်ဒရီနယ်ဂလန်း သို့မဟုတ် မမျိုးဥတွင် အကျိတ်ဖြစ်ခြင်းသည်လည်း အမွေးထူခြင်းကို ဖြစ်စေသည်။ ထိုအကျိတ်များသည် ဟော် မုန်းပမာဏကို များစေသည်။ ထိုအင်္ဂါများ၏ အခြား ပြင်းထန် မှုနည်းသော ရောဂါများ ( မမျိုးဥတွင် အရည်အိတ်များစွာတည်သောရောဂါ (PCOS) နှင့် မွေးရာပါ အက်ဒရီနယ်ဆဲလ် ပွားများရောဂါ (congenital adrenal hyperplasia ) သည်လည်း အမွေးထူခြင်းကို ဖြစ်စေနိုင်သည်။ကျားဟော်မုန်း၏ အခြားရင်းမြစ်များမှာ စတီးရွိုက်၊ phenytoin ၊ diazoxide ၊ cyclosporine နှင့် minoxidil စသော ဆေးများ ဖြစ်သည်။အချို့အမျိုးသမီးများတွင် အကြောင်းရင်းမသိရဘဲ အမွေးထူနေနိုင်သည်။အမွေးထူခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေသော အချို့အချက်များမှာ။• မိသားစုမှတ်တမ်းရှိခြင်း။မမျိုးဥတွင် အရည်အိတ်များစွာတည်သောရောဂါ (PCOS) နှင့် မွေးရာပါ အက်ဒရီနယ်ဆဲလ် ပွားများရောဂါ (congenital adrenal hyperplasia) စသော အမွေးထူခြင်းကို ဖြစ်စေသော အခြေအနေများ သည် မိသားစုတွင်းတွင် မျိုးရိုးုလိုက် ဖြစ်ပွားနေနိုင်သည်။• မမျိုးဥတွင် အရည်အိတ် များစွာတည်သောရောဂါ (PCOS) နှင့် မွေးရာပါ အက်ဒရီနယ်ဆဲလ် ပွားများရောဂါ (congenital adrenal hyperplasia) ရောဂါများရှိခြင်း။• ဘိုးဘေး အစဉ်အလာရှိခြင်း။မြေထဲပင်လယ်ဒေသ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရု မျိုးနွယ်များ သည် အခြားအမျိုးသမီးများထက် အကြောင်းရင်း မရှိဘဲ အမွေးထူခြင်း ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား အမွေးထူခြင်းပြဿနာ မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါ သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ခန္ဓါကိုယ်စစ်ဆေးမှုကို ပြုလုပ်မည်။ testosterone နှင့် dehydroepiandrosterone sulfate (DHEAS) ဟုခေါ်သော ကျားဟော်မုန်း ပမာဏကို တိုင်းတာ ရန် သွေးနှင့် ဆီးနမူနာယူပါမည်။ ဆရာဝန်သည် ရောဂါဖြစ် စေနိုင်သော ကိုယ်တွင်းအင်္ဂါများကို စစ်ဆေးရန် ကွန်ပျူတာဓါတ်မှန် သို့မဟုတ် သံလိုက်ဓါတ်မှန် ရိုက်ရန် စေခိုင်းနိုင်သည်။ကုသမှုသည် အဓိကအားဖြင့် ဖြစ်စေသော အကြောင်း ရင်းပေါ်မူတည်သည်။ ရာသီလာခြင်း ပြဿနာမရှိသော ကိစ္စ များတွင် ကုသမှု မလိုအပ်ပါ။ မလိုအပ်သော အမွေးများကို ဖယ်ရှားရန် ဆေးသောက်ခြင်း၊ အမွေးရိတ်ခြင်း၊ အမွေး နုတ်ခြင်း၊ အရောင်ချွတ်ခြင်း၊ ဖယောင်းသုတ်ခြင်း၊ လိမ်းဆေး များ (depilatories) သုံးခြင်းနှင့် လေဆာဖြင့်ပစ်ခြင်း (အပြီး ဖယ်ရှားရန်အတွက်) ၊ လျှပ်စစ်ဖြင့် အမွေးကို အမြစ်ဖြတ် နှုတ် အလှပြင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။အမွေးထူခြင်း သည် ရာသီစက်ဝန်းဆိုင်ရာ ပြဿနာများကို ဖြစ်စေ ပါက ဆရာဝန်သည် မဟော်မုန်းများပါသော ဆေးများ သောက်ရန် ညွှန်ကြားနိုင်သည်။ ကျားဟော်မုန်းနှင့် မဟော်မုန်း မျှတ သွားအောင် ကူညီနိုင်သည်။ ကိုယ်ဝန်ရှိပါက အခြားကုသမှု များ လိုအပ်နိုင်သည်။မမျိုးဥ နဲ့ အက်ဒရီနယ်ဂလန်း ကြီးထွားမှုကို ခွဲစိတ်ကုသမှု ဖြင့် ဖယ်ထုတ်နိုင်သည်။ သင်သည် ထိုခွဲစိတ်မှုများဖြင့် သင့် တော်သလား သေချာရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အမွေးထူခြင်းကို ထိန်းချုပ်နိုင် ပါသည်။• ရောဂါတိုးတက်မှုနှင့် သင့်ကျန်းမာရေး အခြေအနေ ကို သိရှိရန် ပုံမှန် ပြန်လည်ဆေးစစ်မှု ပြုလုပ်ပါ။• ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာပါ။• ဆရာဝန် အကြံပြုချက်ကို လိုက်နာပါ။ ပြီးမြောက်စွာ ကုသပြီး မလိုလားသော အမွေးများ ပြန်ပေါက်လာ ပါက ဆရာဝန်ကို အကြောင်းကြားပါ။• ကိုယ်အလေးချိန်များနေပါက အလေးချိန်ချပါ။ ကိုယ် အလေးချိန်နည်းခြင်းသည် အမွေးထူခြင်း ဖြစ်ပွားနိုင်ချေ ကို နည်းစေသည်။• ဆရာဝန် ညွှန်ကြားမထားပါက ကျားဟော်မုန်းပါ သောဆေးများ မသုံးပါနှင့်။• အမွေးထူခြင်းကို ချက်ချင်း အပြီးအပြတ် ပျောက်ကင်း သွားမည်ဟု မမျှော်လင့်ပါနှင့်။ ဆေးကုသမှုသည် ၃လမှ ၆လအထိ ကြာနိုင်သည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/hirsutism-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%a1%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%91%e1%80%b0%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
လောက ပျော်ရွှင်မှုကို ရှာပုံတော်ဖွင့်ရာဝယ်…
လောကမှာ ဘယ်သူမဆို ပျော်ပျော်ရွှင်ရွှင်နေလိုကြတယ်၊ အေးချမ်းချင်ကြတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာပျော်ရွှင်မှုဆိုတာ ကောက်ရိုးပုံမှာ အပ်ပျောက်ရှာနေသလိုပဲ၊ ရှာဖွေတွေ့ရှိနိုင်ဖို့ ခက်ခဲကြတယ်။ ကျွန်တော့်အနေနဲ့ ပြောလို့ရတာကတော့ လူတိုင်း ၂၄ နာရီ အချိန်ပြည့် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး၊ ဒါဟာ အကြောင်းအကျိုး၊ အကောင်းအဆိုး အမြဲဒွန်တွဲနေတဲ့ လူ့သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေရဲ့ တချို့သော တွေးခေါ်မှုပုံစံတွေ၊ဘဝနေထိုင်မှုပုံစံတွေကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ အရင်ကထက် ပိုပြီး ပျော်ရွှင်လာနိုင်တယ်ဆိုတာ အာမခံလို့ ရပါတယ်။တချို့လူတွေက တခြားတစ်ယောက်က ကိုယ့်ကိုပျော်ရွှင်အောင်လုပ်ပေးမှ ပျော်နိုင်မယ်လို့ ထင်ထားကြတယ်။ တကယ်တော့ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ ရင်တွင်းကနေ လာတာပါ။ ကိုယ်သည်သာ ကိုယ့်ကို ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တာပါ။ တခြားတစ်ယောက်ကြောင့် ရတဲ့ ပျော်ရွှင်မှုဆိုတာ အများဆုံး ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ကိုယ့်ဘာသာပဲ လုပ်ယူလို့ ရပါတယ်။ ဒါကြောင့် ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေလိုတယ်ဆိုရင် တခြားသူ ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးတာကို ဘယ်တော့မှ မစောင့်ပါနဲ့။ကောင်းခြင်း၊ ဆိုးခြင်း၊ ဖြစ်ခြင်း၊ ပျက်ခြင်း စတဲ့ ရုပ်သဘော နာမ်သဘောတွေကို သိပ်ပြီးအတွေးမများဘဲ အရှိအတိုင်းပဲ လက်ခံဖို့ ကြိုးစားကြည့်ပါ။ တင်းနေတဲ့ စိတ်တွေ လျော့ပါးသွားသလို ခံစားရပြီး လူက ပေါ့ပေါ့ပါးပါး ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ခန္ဓာကောစိတ်က အတင်းကြီး တောင့်ထားနေရင် ပျော်စရာကိစ္စ ရှိနေရင်တောင် စိတ်လွတ်လက်လွတ် ပျော်ရမှာ မဟုတ်ပါဘူး။ အဆင်မပြေရင် အဆင်မပြေဘူးလို့ မှတ်၊ ပြီးရင် အဆင်မပြေတဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကိုရှာပါ။ငယ်စဉ်ဘဝက ရှေးလူကြီးတွေ ဆုံးမကြတယ်၊ ရုပ်ရှင်တွေထဲမှာလည်း အမြဲလိုလို ပါတတ်တဲ့ သဘောတရားတစ်ခုပါ။ လူဆိုတာအချစ်ရှိမှ ပျော်နိုင်ကြတယ်။ ကိုယ့်ဘဝမှာ ဖူးစာရှင်၊ အိမ်ထောင်ဖက်၊ သားသမီး၊ မိသားစု အစရှိတဲ့ တခြားသူတစ်ဦးတစ်ယောက် ပါဝင်နေမှ အမှန်တကယ် ပျော်စရာကောင်းတယ်ဆိုပြီး မှတ်ဉာဏ်ထဲ ရိုက်သွင်းထားကြတယ်။တကယ်တော့ ဒီသဘောတရားက အမြဲတမ်း မှန်နေတာမဟုတ်ပါဘူး။ လူဆိုတာ မွေးလာကတည်းကလည်း တစ်ယောက်တည်း၊ ကိုယ့်ရဲ့ ခန္ဓာကိုလည်း ကိုယ်တစ်ယောက်ပဲ ပိုင်တာပါ။ တစ်ယောက်တည်း နေလို့ တစ်ခါတလေအထီးကျန်တယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် နေကြည့်ပါ။ တစ်ယောက်တည်း နေနေတဲ့အချိန်မှာ ကိုယ့်အတွက် သီးသန့်အချိန်တွေ ပေးကြည့်ပါ၊ ပျော်ရွှင်အောင် ထားပါ၊စိတ်ချမ်းသာစရာ ဘာမဆို လုပ်ကြည့်ပါ၊ ဘဝအနာဂတ်အတွက် ပြင်ဆင်ပါ။လောဘဆိုတာ ကြောက်ဖို့ ကောင်းတဲ့အရာတစ်ခုဗျ။ လူတွေက တစ်ခုကို လိုချင်လာပြီဆိုရင် ရင်ထဲမှာ သောကမီးတွေ ပူလောင်ပြီးစိတ်ဖိစီးလာတယ်။ ဒီလိုချင်တဲ့အရာကို မရရအောင် ယူဖို့ အတင်းကြိုးစားဖန်တီးယူတယ်။ ရသွားပြီဆိုရင်လည်း နောက်အသစ်တစ်ခုကို ထပ်ပြီး လိုချင်ပြန်ကြတယ်။ အဲဒီတော့စိတ်ဖိစီးမှုက ဘဝတစ်လျှောက် ကွင်းဆက်သံသရာ လည်နေသလို ဖြစ်သွားတာပေါ့။ဘဝမှာ လူရယ်လို့ ဖြစ်လာပြီဆိုရင် လိုချင်တာတွေက အမြဲရှိနေတတ်ပါတယ်။ မကြိုးစားနဲ့လို့ မဆိုလိုပါဘူး၊ ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဘဝ၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ အကုန်လုံးကို မေ့သွား၊ လျစ်လျူရှုသွားရလောက်တဲ့အထိ မလုပ်ပါနဲ့။ငယ်တုန်းရွယ်တုန်းမှာ လုပ်ချင်တာတွေ အကုန်မလုပ်လိုက်ရလို့ အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်တော့မှ နောင်တတွေ တသီကြီး ရနေတာ၊ ဒါလေးလုပ်လိုက်ရင် ကောင်းသား၊ ဟိုဟာလေး လုပ်လိုက်ရင်တော့ အခုချိန်မှာ ဘဝက ပုံစံတစ်မျိုး ပြောင်းနေမှာပဲနော် အစရှိတဲ့ အတွေးတွေးကို ရပ်ပါ။ ကုန်သွားပြီးသားအချိန်တွေကို ပြန်လည် မရနိုင်တော့ပါဘူး။ အဲ့ဒီအချိန်မှာနောင်တတွေနဲ့ တွေးပူပြီး ညစ်နေရင် အဲဒီအတွက်ပါ အချိန်ထပ်ကုန်သွားပါမယ်။ လက်ရှိ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေကို အရှိအတိုင်းသာ လက်ခံပြီး အနာဂတ်မှာ ပိုကောင်းစေမယ့်၊ ကိုယ့်ကို ပိုပြီးပျော်ရွှင်စေနိုင်လောက်မယ့် ဆုံးဖြတ်ချက်တွေကိုပဲ ဆက်ချပါ။စိတ်မပါရင်တောင် တတ်နိုင်သလောက် ရယ်ပြုံးပေးခြင်းဟာ ကိုယ်ခန္ဓာထဲကအောက်စီတိုစင်လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းတွေကို ပိုထွက်စေနိုင်သလို စိတ်ကိုလည်း ပေါ့ပါးလန်းဆန်းစေပါတယ်။ အနည်းဆုံးတော့ စိတ်တွေညစ်ပြီး ဘာမှမလုပ်ချင်၊ မကိုင်ချင်ဖြစ်နေရင် ဟာသကားကြည့်ပြီးတော့ ရယ်သာရယ်လိုက်ပါ။စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကိုယ့်မှာ ခံစားနေရတယ်၊ ကြုံလာရတယ်ဆိုရင် ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်ပါ။ ပြဿနာရှိရင် အဖြေရှိပါတယ်။ မဖြေရှင်းဘဲ ပစ်ထားလိုက်တာဟာ အဖြေမဟုတ်ပါဘူး။ ကိုယ့်စိတ်တအားညစ်နေတဲ့ တစ်ချိန်ချိန်မှာ ဒီပြဿနာအရှုပ်ထုပ်တွေ ကိုယ့်ဆီပြန်ရောက်လာရင် ညစ်နေတဲ့ဝေဒနာက ၂ဆတိုးသွားပါလိမ့်မယ်။လူကြီးတွေ ပြောသလို လုပ်သင့်တာပဲ လုပ်နေလို့လည်း အဆင်မပြေသလိုလူငယ်တွေ ထင်ထားသလို လုပ်ချင်တာတွေပဲ ရွေးလုပ်နေလို့လည်း အဆင်မပြေပါဘူး။ အကုန်လုံးကို သူ့အကန့်နဲ့သူ၊ သူ့အချိန်နဲ့သူ ညီမျှအောင် လုပ်ပေးရမှာပါ။ ဒါမှပဲ နေထိုင်အသက်ရှင်နေရတာ မငြီးငွေ့မှာပါ။လူဆိုတာက မျိုသိပ်ခံစားရတာကို အသားကျသွားရင် နောက်ဘာပြဿနာပဲ ကြုံလာ၊ ကြုံလာ မျိုသိပ်တာပဲ လုပ်တော့မှာပါ။ စိတ်ခံစားချက်တွေ မျိုသိပ်လိုက်တာက တကယ်တော့ ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးခင်ဗျ။ နည်းနည်းလေးမှာ မသိသာပေမဲ့ မျိုသိပ်တာတွေ များလာလေ၊ ရင်ထဲမှာ ပူလောင်တာတွေ များလာပြီး အကုန်ပေါက်ကွဲထွက်ကုန်မှာပါ။ ဒီအတွက် စိတ်ညစ်ရင်လည်း တတ်နိုင်သလောက် ရင်ဖွင့်ပါ၊ဝမ်းနည်းရင် အော်ငိုလိုက်ပါ။ ကိုယ်ခံစားနေရတဲ့ ကိစ္စတွေ၊ အခက်အခဲတွေကို ကိုယ်ချစ်ရတဲ့သူတွေဆီ ဖွင့်ပြောပါ။ နောက်ဆုံး ဘာမှလုပ်စရာမရှိဘဲ ခေါင်းအုံးထဲ မျက်နှာအုပ်ပြီး အားရပါးရအော်လိုက်ပါ။ အနည်းဆုံးတော့ ခံစားနေရတာတွေ အနည်းငယ် ပေါ့သွားနိုင်ပါတယ်။လူ့ဘဝဆိုတာ အလွန်တိုတောင်းပါတယ်။ မျက်စိတစ်မှိတ်လောက်ပဲ အချိန်နာရီ စက္ကန့်နေရက်တွေကို တစ်ရွေ့ရွေ့ကုန်ဆုံးသွားနေတာပါ။ ဒီတော့ ကိုယ်အသက်ရှင်နေရတဲ့ အချိန်လေးကို စိတ်ညစ်စရာတွေ နည်းနိုင်သလောက်နည်းပြီး ပျော်ရွှင်မှုကို ဖွေရှာရင်း ဘဝကို အဓိပ္ပါယ်ရှိရှိ ကျော်ဖြတ်ဖို့ပဲ ကြိုးစားကြပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9c%e1%80%b1%e1%80%ac%e1%80%80-%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%be/
အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ
အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်အနှံ့အပြားရောက်အောင်သွေးကြောတွေတလျှောက် သယ်ယူ ပို့ဆောင်ပေးပါတယ်။ သွေးထဲမှာအောက်ဆီဂျင်ပမာဏ ရှိသင့်သလောက်မရှိတော့ရင်သွေးတွင်းအောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာအဖြစ်သတ်မှတ်ပါတယ်။ Hypoxemia လို့ခေါ်တဲ့ ဒီကျန်းမာရေးပြဿနာကို အချိန်မှီကုသမှုမခံယူနိုင်ရင်အသက်အန္တရာယ်ပါထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။သွေးလွှတ်ကြောတွေရော သွေးပြန်ကြောတွေထဲမှာပါ အောက်ဆီဂျင်ဓာတ်ပါဝင်ပါတယ်။ ပုံမှန်အားဖြင့်သွေးလွှတ်ကြောထဲမှာ အောက်ဆီဂျင်ဓာတ် ၉၅% ကနေ ၁၀၀% အထိပါဝင်ပြီး သွေးပြန်ကြောထဲမှာဆိုရင် ၇၅% ဝန်းကျင်လောက်ရှိနေပါတယ်။မွေးရာပါနှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်လေပြွန်ရောင် ရောဂါ၊ အဆုတ်အားနည်းရောဂါ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နမိုးနီးယားအဆုတ်ရောင် ရောဂါ စတဲ့ ရောဂါတွေခံစားရရင် သွေးတွင်းအောက်ဆီဂျင်ဓာတ်ကျဆင်းတတ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်လိုကူးစက်မြန်အဆုတ်ရောင်ရောဂါမှာလည်း သွေးတွင်းအောက်ဆီဂျင်ရုတ်တရက်ကျဆင်းသွားတဲ့ လက္ခဏာတွေ့ရှိရပါတယ်။ ပတ်ဝန်းကျင်ကြောင့်သွေးတွင်းအောက်ဆီဂျင်ဓာတ် ကျဆင်းသွားတဲ့အခြေအနေ တွေလည်းရှိပါတယ်၊ ဥပမာ- လေထုအရမ်းပါးလွှာတဲ့နေရာတွေကိုရောက်သွားရင် အောက်ဆီဂျင်ဓာတ်နည်း သွားတဲ့အတွက်သွေးတွင်းအောက်ဆီဂျင်ဓာတ်ပုံမှန်ထက်ကျဆင်းသွားတာမျိုးမကြာမကြာကြုံရတတ်ပါတယ်။–ခေါင်းကိုက်ခြင်း။– အသက်ရှုရခက်ခဲခြင်း။–နှလုံးခုန်မြန်လာခြင်း။– ချောင်းဆိုးခြင်း။–စိတ်ရှုပ်ထွေးပြီး အာရုံမစူးစိုက်နိုင်တော့ခြင်း။– အသက်ရှုစဉ်တရွှီရွှီမြည်ခြင်း။– နှုတ်ခမ်း၊လျှာနှင့် လက်သည်းများပြာနှမ်းလာခြင်း စတာတွေဖြစ်ပါတယ်။လူတစ်ယောက်သွေးတွင်းအောက်ဆီဂျင်ပမာဏရှိသင့်တာထက်လျော့နည်းနေ မနေကို လက္ခဏာတွေချည်းပဲ ကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး အတည်ပြုဖို့လိုအပ်ပါတယ်။ နှလုံးနဲ့ အဆုတ်မှာ သံသယလက္ခဏာတွေရှိမရှိစမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ ဒါ့အပြင်။–Pulse oximetryခေါ် သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာစက်အသေးစားနဲ့ ပြုလုပ်နိုင်ပါတယ်။ အာရုံခံကိရိယာပါတဲ့ညှပ်လေးနဲ့လက်ထိပ်မှာ တိုင်းတာနိုင်ပြီး စက္ကန့်ပိုင်းလောက်နဲ့တင်အဖြေသိရှိနိုင်ပါတယ်။– သွေးလွှတ်ကြောတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့သွေးလွှတ် ကြောအတွင်းက သွေးနမူနာထုတ်ယူပြီးဓာတ်ခွဲခန်းမှာစစ်ဆေးတဲ့နည်းဖြစ်ပါတယ်။ လက်ထိပ်ညှပ်တိုင်းတာစက် လိုစက္ကန့်ပိုင်းနဲ့အဖြေမထွက်ပေမဲ့ ပိုပြီးတိကျပါတယ်။– အသက်ရှုနိုင်စွမ်းစစ်ဆေးတဲ့နည်းကိုလည်း အသုံးပြုနိုင်ပါတယ်။ အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ သွေးတွင်းကို အောက်ဆီဂျင်ဘယ်လောက်ဖြန့်ဝေနိုင်သလဲဆိုတာကို မှန်းဆဖို့အသုံးပြုတဲ့စမ်းသပ်မှုဖြစ်ပါတယ်။တခြားသူတွေမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၅% ထက်လျော့နေတာကပုံမှန်မဟုတ်ပေမဲ့ နာတာရှည်အဆုတ်ပြဿနာ တစ်မျိုးမျိုးခံစားနေရသူတွေကတော့ ဒီလောက်ပမာဏနဲ့တင် ပုံမှန်အတိုင်း နေထိုင်လို့ရနေတာကိုတွေ့ရပါတယ်။ သွေးတွင်းအောက်ဆီဂျင် ၉၀% အောက်ရောက်သွားရင်တော့ အရေးပေါ်အခြေအနေ ဖြစ်သွားပါပြီ။ လုံလောက်တဲ့ကုသမှုမြန်မြန်မခံယူနိုင်ရင် ကိုယ်တွင်းကလီစာတွေမှာ အောက်ဆီဂျင်မလုံမလောက် ဖြစ်ပြီးသေဆုံးနိုင်ပါတယ်။ အသက်မသေဆုံးရင်တောင် ဦးနှောက် (ဒါမှမဟုတ်) နှလုံးလိုအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးသွားနိုင်ခြေရှိပါတယ်။ကျဆင်းသွားတဲ့သွေးတွင်းအောက်ဆီဂျင်ဓာတ်ကို ပြန်လည်မြှင့်တင်ဖို့အဓိကကုသနည်းကတော့ အောက်ဆီဂျင် ပေးပြီးကုသတဲ့နည်းပဲဖြစ်ပါတယ်။ Oxygen therapy လို့ခေါ်ဆိုပါတယ်။ အောက်ဆီဂျင်ရှုသွင်းနိုင်ဖို့ လူနာကို အောက်ဆီဂျင်မျက်နှာဖုံးတပ်ပေးထားပါတယ် ဒါမှမဟုတ် နှာခေါင်းထဲကိုပြွန်လေးထည့်ပေးထားပါတယ်။ ပြီးရင် မျက်နှာဖုံး/ပြွန်ကို အောက်ဆီဂျင်ထောက်ပံ့ပေးမယ့်စက်နဲ့ချိတ်ဆက်ပြီး ရှူစေပါတယ်။ အောက်ဆီဂျင်အချိန် ဘယ်လောက်ကြာကြာ ရှူဖို့လိုအပ်သလဲဆိုတာကတော့ လူနာတစ်ယောက်ချင်းစီရဲ့အခြေအနေပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အောက်ဆီဂျင်က လူတစ်ယောက်အသက်ရှင်ဖို့မရှိမဖြစ်လိုအပ်တာမှန်ပေမဲ့ ပမာဏတအားများ သွားရင်လည်း အန္တရာယ်ရှိတဲ့အတွက် ထိန်းညှိပေးဖို့လိုအပ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်နည်းစေတဲ့ နဂိုရောဂါအခံတွေကိုလည်း ရောဂါတစ်မျိုးချင်းအလိုက်ကုသမှုပေးရပါတယ်။နဂိုတည်းကအဆုတ်အားနည်းသူတွေ၊ အဆုတ်မှာပြဿနာရှိသူတွေဆို သွေးတွင်းအောက်ဆီဂျင်နည်းတဲ့ ပြဿနာမကြာခဏကြုံရနိုင်တဲ့အတွက် ဒီအချက်တွေလိုက်နာဖို့ လိုကိုလိုအပ်ပါတယ်။– ဆေးလိပ်ဖြတ်ပါ၊ အရေးကြီးဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်၊ ကိုယ်တိုင်ဆေးလိပ်ဖြတ်ဖို့လိုအပ် သလိုအနီးအနားမှာဆေးလိပ်သောက်နေသူတွေရှိရင်လည်း ခပ်ခွာခွာနေပါ၊ အငွေ့မရှူမိအောင်ဂရုစိုက်ပါ။– လေ့ကျင့်ခန်းကိုဖြည်းဖြည်းနဲ့မှန်မှန်ပြုလုပ်ပေးပါ၊ တအားကြီး ပင်ပန်းအောင်လုပ်စရာမလိုပါဘူး။– နဂိုခံစားနေရတဲ့ရောဂါတွေကို ကုသမှုမှန်မှန်ခံယူပါ။Dr. Htoo Tint။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/%e1%80%a1%e1%80%94%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%9a%e1%80%ba%e1%80%a1%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%bd/
ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း
အဆုတ်တွေရဲ့အလုပ်လုပ်နိုင်စွမ်းကိုတိုင်းတာတဲ့နေရာမှာသွေးတွင်းအောက်ဆီဂျင်ပမာဏကလည်း အတော်လေးအရေးကြီးပါတယ်။ အသက်ရှုချိန်တိုင်းမှာ သန့်စင်တဲ့အောက်ဆီဂျင်ဓာတ်ကို အဆုတ်တွေကနေ တစ်ကိုယ်လုံးကိုဖြန့်ဝေပေးပါတယ်။ကိုယ်တွင်းကလီစာတိုင်း ပုံမှန်အလုပ်လုပ်နိုင်ဖို့ အောက်ဆီဂျင်လိုအပ်ပြီး လုံလောက်အောင်မရခဲ့ရင်ဦးနှောက်၊ နှလုံးလိုအရေးကြီးကလီစာတွေအချိန်ခဏလေးနဲ့ ပျက်စီးသွားမှာပါ။ အခုဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါကလည်း အဆုတ်တွေကိုအဓိကတိုက်ခိုက်တဲ့အတွက်သွေးတွင်းအောက်ဆီဂျင် ပမာဏစစ်ဆေးဖို့ အရင်ကထက်ပိုအရေးပါလာပါတယ်။သွေးတွင်းအောက်ဆီဂျင်ပမာဏကိုသိရဖို့ အရင်တုန်းက သွေးဖောက်ယူပြီးစမ်းသပ်စစ်ဆေးရပေမဲ့ အခုချိန်မှာတော့ လက်ထိပ်မှာစက်လေးတပ်လိုက်ရုံနဲ့ တင် မိနစ်ပိုင်းအတွင်းသွေးတွင်းအောက်ဆီဂျင်ပမာဏ ကိုသိရှိနေနိုင်ပါပြီ။ ဒီစက်တွေကိုPulse Oximeter(ဒါမှမဟုတ်) SPO2 စက်လို့လည်းအလွယ်ခေါ်ဆိုကြ ပါတယ်။ နာကျင်မှုလုံးဝမရှိဘဲ တိုင်းတာပေးနိုင်ပြီး လက်ထိပ်မှာညှပ်ပြီးတိုင်းတာနိုင်ပါတယ်။လက်ကိုညှပ်လိုက် ချိန်မှာစက်ရဲ့တစ်ဖက်က အလင်းထုတ်ပေးပြီး ဒီအလင်းရောင်ကလက်သည်း၊ အရေပြား၊ အသားစ၊ သွေး အကုန်လုံးကိုဖြတ်သန်းသွားပါတယ်။ အသားစနဲ့သွေးတွေမစုပ်ယူနိုင်ဘဲစက်ရဲ့ တစ်ဖက်ခြမ်းကိုရောက်သွားတဲ့ အလင်းပမာဏကိုစက်ကပြန်ဖမ်းယူပြီး သွေးတွင်းအောက်ဆီဂျင်ဓာတ်ကိုတွက်ထုတ်ပေးတာဖြစ်ပါတယ်။သွေးတွင်းအောက်ဆီဂျင်ပမာဏက ပုံမှန်အတွင်းဆို ၉၅% နဲ့ ၁၀၀% ကြားရှိရမှာပါ (လေထုပါးလွှာတဲ့ တောင်ပေါ်ဒေသမှာနေတဲ့ သူတွေဆိုရင်တော့ ဒီထက်နည်းနိုင်ပါတယ်)။ စက်ပစ္စည်းတိုင်းလွဲချော်မှုအနည်းနဲ့ အများတော့ ရှိတဲ့အတွက် pulse oximeter စက်နဲ့တိုင်းတာတဲ့အဖြေတွေက ၂% ကနေ ၄% အထိတော့လိုတိုးပိုလျှော့ရှိနိုင်တာကို သိထားသင့်ပါတယ်။– မေ့ဆေးပေးပြီးပြုလုပ်ရတဲ့ ခွဲစိတ်မှုတွေမှာခွဲစိတ်မှုမလုပ်ခင်၊ ခွဲစိတ်နေချိန်နဲ့ ခွဲစိတ်ပြီးချိန်။– အဆုတ်နဲ့သက်ဆိုင်တဲ့ဆေးဝါးတွေသောက်သုံးနေရချိန်။–ပြင်းထန်သောလေ့ကျင့်ခန်းများ၊ အားကစားများပြုလုပ်နေချိန်။– အသက်ရှုအကူစက် (ventilator) တပ်ဆင်ထားရချိန်။–အိပ်ပျော်နေစဉ်အသက်ရှုရပ်သွားတဲ့ဝေဒနာခံစားနေရချိန်။စတဲ့အချိန်တွေမှာ အဆုတ်အလုပ်လုပ်နိုင်စွမ်းကိုသိရှိဖို့ သွေးတွင်းအောက်ဆီဂျင်တိုင်းတာတတ်ကြပါတယ်။ နှလုံးဖောက်ရောဂါအပါအဝင် နှလုံးရောဂါအမျိုးမျိုး၊ နာတာရှည်အဆုတ်ရောဂါ၊ သွေးအားနည်းရောဂါ၊ အဆုတ်ကင်ဆာ၊ ပန်းနာရင်ကျပ်နဲ့ နမိုးနီးယားအဆုတ်ရောဂါ စတဲ့ရောဂါတစ်ခုခုခံစားနေရရင်လည်း pulse oximeter စက်နဲ့မကြာခဏတိုင်းတာဖို့လိုအပ်နိုင်ပါတယ်။အိမ်တွင်းသုံး သွေးတွင်းအောက်ဆီဂျင်တိုင်းတာစက် (Pulse Oximeter) အသုံးပြုဖို့သိပ်ကိုလွယ်ကူပါတယ်။ အဓိကသတိထားရမှာတွေက။–လက်သည်းနီ၊ လက်သည်းတု တွေမတပ်ထားတဲ့လက်ချောင်းမှာဘဲတိုင်းတာပါ။ ဒါတွေခံနေရင်ရလဒ်တွေ လွဲမှားနိုင်ပါတယ်။– ဘယ်လက်ချောင်းကိုတိုင်းတိုင်းရပါတယ်။ အများစုကတော့ လက်ခလယ်နဲ့ လက်ညိုးမှာတိုင်းပါတယ်။– စက်က လက်မှာညှပ်လိုက်ပြီးစက္ကန့်ပိုင်းနဲ့အဖြေပြပေးနိုင်ပါတယ်။ ဒါပေမဲ့ပိုတိကျတဲ့အဖြေရအောင်တစ်မိနစ် လောက်တိုင်းတာပေးပါ။– ၅ စက္ကန့်အထိမပြောင်းမလဲပြပေးနေတဲ့အဖြေကို ယူပါ။Pulse oximeter စက်တွေမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏအပြင် သွေးခုန်နှုန်းလည်းပြသပေးတဲ့အတွက် ဒီအဖြေ (၂) ခုကိုမှားမကြည့်မိအောင် သတိထားပါ။ပုံမှန်အတိုင်းဆိုသွေးတွင်းအောက်ဆီဂျင်ဓာတ် ၉၀% အောက်ရောက်ရင်အသက်ရှုမဝတာ၊ ခေါင်းကိုက်တာ၊နှလုံးခုန်မြန်တာလိုလက္ခဏာတွေခံစားရနိုင်ပေမဲ့ ကိုဗစ်လူနာတချို့မှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၆၀%၊ ၇၀% လောက်ရောက်တဲ့အချိန်ထိ ပုံမှန်အတိုင်းသွားလာနေထိုင်နိုင်တာကိုတွေ့ရပါတယ်။ ဒီလိုမျိုးသွေးတွင်းအောက်ဆီဂျင်ဓာတ်ပုံမှန်ထက် နည်းနေပေမဲ့ ဘာလက္ခဏာမှမခံစားရတာကို Happy Hypoxemia ဒါမှမဟုတ် Silent Hypoxemia လို့ခေါ်ဆိုပါတယ်။ Happy hypoxemia အဖြစ်နိုင်ဆုံး အကြောင်းရင်းတစ်ခုကတော့ ကိုဗစ်လူနာတွေမှာသွေးတွင်းအောက်ဆီဂျင်ဓာတ် လျော့နည်းနေပေမဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပုံမှန်အတိုင်းစွန့်ပစ်နေနိုင်သေးတဲ့အတွက် ဘာလက္ခဏာမှမခံစားရတာ ဖြစ်နိုင်တယ်လို့သုတေသနတွေကဆိုထားပါတယ်။Dr. Htoo Tint။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba%e1%80%80%e1%80%af%e1%80%9e%e1%80%9b%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%ab%e1%80%9c/
တစ်ကိုယ်တော်မိခင်တစ်ယောက်အတွက် စိန်ခေါ်မှုများ
ဘယ်အလုပ်ကမိဘဖြစ်ခြင်းထက် ပိုပြီးခက်ခဲပြီးစိတ်ဖိစီးမှုများ နိုင်ပါသလဲ။ ဟုတ်ပါတယ်။ တစ်ဦးတည်းမိဘဖြစ်နေခြင်းဆိုတာကပိုခက်ခဲပါတယ်။ ဒါပေမယ့်လည်းဒါဟာသင်ရွေးချယ်စရာတစ်ခုတည်းသောနည်းလမ်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ကလေးကိုပြုစုစောင့်ရှောက်ချိန်မှာမလွှဲမရှောင်သာကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။၁။ ငွေကြေးဆိုင်ရာစိန်ခေါ်မှုများ။တစ်ဦးတည်းသောမိဘတွေဟာပုံမှန်အတိုင်းဆိုနှစ်ယောက်ထမ်းရမယ့် ဝန်ကိုတစ်ယောက်တည်းထမ်းရမှာ ဖြစ်ပါတယ်။ သင့်ဝင်ငွေဟာမိသားစုစားဝတ်နေရေးတည်ငြိမ်ဖို့အတွက် တစ်ခုတည်းသောငွေကြေးအရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကိုတိုးတက်စေဖို့အတွက် အရင်းအမြစ်နည်းပါးတယ်ဆိုတာကိုမငြင်းနိုင်ပါဘူး။ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေကိုရှောင်ကျဉ်နိုင်ဖို့အတွက်သင့်ရဲ့ အခက်အခဲတွေအကြောင်းကိုကလေးငယ်ကိုနားလည်အောင် ရှင်းပြထားသင့်ပြီးသူတို့ကိုရိုးရှင်းတဲ့ ဘဝကိုနေထိုင်နိုင်ဖို့ သင်ကြားပေးသင့်ပါတယ်။၂။ လူမှုရေးဆိုင်ရာစိန်ခေါ်မှုများ။မိဘတစ်ဦးတည်းရှိတဲ့ မိသားစုတွေဟာပယ်ဖျက်ဖို့ ခဲယဉ်းတဲ့ လူမှုရေးပိုင်းဆိုင်ရာရှောင်ခွာမှုတွေကိုခံရတတ်ပါတယ်။ ဒါ့ပြင် တစ်ဦးတည်းသောမိခင်တွေ၊ ဖခင်တွေဟာသူတို့ ဆက်သွယ်မှု ပြုလုပ်ဖို့အတွက် အချိန်မပေးနိုင်ပဲလူမှုဆက်ဆံရေးစက်ဝိုင်းကိုကျယ်ပြန့်အောင် မပြုလုပ်နိုင်ပါဘူး။၃။ သင့်အတွင်းစိတ်နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု။တစ်ဦးတည်းသောမိဘတွေဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကိုချရပြီးဒီဆုံးဖြတ်ချက်တွေကိုအပြည့်အဝတာဝန်ယူရပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာသင့်အတွက်နဲ့ သင့်ကလေးအတွက် လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာမှန်ကန်ရဲ့လားဆိုပြီးကိုယ့်ကိုယ်ကိုယ် သံသယဝင်နိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးအဖြေကတော့ ပတ်ဝန်းကျင် အကြံဉာဏ် တောင်းခံခြင်းဖြစ်ပြီးသင့်ကိုနားလည် ကူညီနိုင်တဲ့ သူတွေ ဝန်းရံကာနေခြင်းပဲ ဖြစ်ပါတယ်။၄။ နာတာရှည် ပင်ပန်းခြင်းစိတ်ဖိစီးခြင်း။သန့်ရှင်းရေးလုပ်ခြင်း၊ ကားမောင်းခြင်း၊ ဟင်းချက်ခြင်း၊ သင်ပေးခြင်း၊ အလုပ်လုပ်ခြင်းနဲ့ အခြားသောအလုပ်ပေါင်းများစွာရှိပါတယ်။ တစ်ဦးတည်းသော မိဘတွေဟာ အလုပ်နဲ့ ကလေးစောင့်ရှောက်တဲ့ တာဝန်တွေကြားမှာ မျှတမှုရှိအောင် ဆောင်ရွက်ရပါတယ်။ သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့ အချိန်တောင် မရှိကြပါဘူး။ ကလေးအတွက် အချိန်တိုင်းအဆင်သင့် ဖြစ်နေရုံသာမကပေးစရာကုန်ကျစရိတ်တွေ၊ အိမ်အလုပ်တွေပါ အများအပြားရှိနေနိုင်ပါတယ်။ ဒီလိုအလုပ်တွေ အလွန်များပြားနေပေမယ့် သင့်မှာကူညီမယ့်သူ၊ မျှဝေပေးမယ့်သူတစ်ယောက်မှ မရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကလေးကငယ်ပြီး သင့်ငွေကြေးအရလည်းအဆင်ပြေမယ်ဆိုရင် ကလေးထိန်းတစ်ဦးကိုရှာဖွေသင့်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့ ကလေးထိန်းကိုရှာဖွေသင့်ပါတယ်။ဒီလိုနေထိုင်ပုံကြောင့် ထိခိုက်တဲ့သူဟာသင်တစ်ဦးတည်းမဟုတ်ဘူးဆိုတာသတိရဖို့ အရေးကြီးပါတယ်။ သင့်ကလေးဟာလည်းထိခိုက်နိုင်ပါတယ်။ လူမျိုး၊ လူမှုရေးပုံစံမတူတဲ့ ကလေးငယ် ၂၅၀၀၀ ကို ၁၀နှစ် လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရမိခင် (သို့) ဖခင် တစ်ဦးတည်းရှိတဲ့ မိသားစုမှ ကလေးတွေဟာပုံမှန်ကလေးတွေထက် ဆင်းရဲခြင်း၊ ဆိုးသွမ်းခြင်း၊ စာမတော်ခြင်း၊ လူမှုရေးညံ့ဖျင်းခြင်းတွေကို နှစ်ဆပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မိဘတစ်ဦးတည်းရှိတဲ့ အိမ်ထောင်ကမိသားစုဝင်တွေဟာအလုပ်မရှိခြင်း ၁.၄ ဆ ပိုများနိုင်ပြီးသူတို့ ဆယ်ကျော်သက်အရွယ်မှာမိဘဖြစ်နှုန်း ၂.၅ ဆ ပိုများတာကိုတွေ့ရပါတယ်။ ဒါ့ပြင် ဒါဟာကွာရှင်းနှုန်း မြင့်မားခြင်းနဲ့ ဆက်စပ်မှု ရှိပြီးအနာဂတ်မှာသူတို့ဟာလည်းတစ်ဦးတည်းမိဘ ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%90%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1/
ကောင်းကောင်းအိပ်ပျော်ချင်ရင် ဒါတွေစားပါ
အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပါ။ ကောင်းကောင်း အိပ်မပျော်ရင် စိတ်ရောကိုယ်ပါ မကျန်းမမာဖြစ်နိုင်ပါတယ်။ကောင်းကောင်းအိပ်ပျော်စေဖို့ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ အစားအစာနဲ့ ပံ့ပိုးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။မှန်ကန်သင့်လျော်ပြီး အိပ်စက်ခြင်းကို အားပေးတဲ့ အစားအစာတွေကို မှီဝဲပေးမယ်ဆိုရင် ညစဉ် အိပ်မပျော်တဲ့ဝေဒနာကို ခံစားရနိုင်ခြေနည်းပါးသွားမှာဖြစ်ပါတယ်။ဘယ်လိုအစားအစာတွေက ကောင်းကောင်းအိပ်စက်အနားယူနိုင်အောင် ကူညီပေးမယ့် သင့်လျော်တဲ့ အစားအစာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ခြင်းဟာ အိပ်စက်ခြင်းကို ကောင်းကောင်း အထောက်အကူဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နေထိုင်မယ်ဆိုရင် စိတ်ဖိစီးမှုဝေဒနာလည်း ကင်းဝေးမှာဖြစ်ပြီးတော့ အိပ်စက်ချိန်မှန်ကန်တဲ့ အကျိုးကျေးဇူးကိုလည်း ရနိုင်ပါလိမ့်မယ်။အိပ်စက်ချိန်မှန်ကန်ပြီးအိပ်ရေးဝဝအိပ်ပျော်ရင် နေ့စဉ်ဘဝမှာ ကောင်းမွန်စွာနေထိုင်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်အကျိုးကျေးဇူးလို့ ဆိုရမလိုပါပဲ။ ဒါကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ဆိုရင် အာဟာရပြည့်ဝစွာ မှီဝဲစားသောက်ပြီး အစာစားချိန်ကိုလည်း မှန်ကန်တိကျအောင် ကြိုးစားလိုက်နာဖို့လိုအပ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ အစားအစာတွေကိုလည်း စနစ်တကျမှီဝဲပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။အာဟာရပြည့်ဝစွာမှီဝဲစားသောက်ပြီး ကောင်းကောင်းလည်း အိပ်ပျော်မယ်ဆိုရင် သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေမှာဖြစ်ပြီး ရောဂါဘယအမြောက်အများကို ကာကွယ်တိုက်ထုတ်ပေးနေမှာမို့ ကျန်းမာရေးလည်း ကောင်းမွန်နေတော့မှာပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/foods-to-help-you-sleep/
ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။
ပဋိဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးတွေ သောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက်မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ အိုင်အိုဒင်းတို့၊ ကြမ်းခင်းတွေကို ပိုးသေအောင် တိုက်တဲ့ ဆေးရည်တို့ ဆိုတာကလည်း ဒီထဲမှာ အကျုံးဝင်ပါတယ်။ပိုးသေအောင် ပစ္စည်းတွေကို ရေနွေးပူပူနဲ့ ပြုတ်လိုက်တယ်ဆိုတာကလည်း ပိုးသတ်တာပါပဲ။ ဆေးရုံခွဲခန်းတွေမှာ ဖော်မယ်ဒီဟိုက်လွှတ်တာကလည်း ပိုးသတ်တာပါပဲ။ နောက်ပြီး ethylene oxide တို့၊ UV radiationတို့ သုံးတာကလည်း ပိုးသတ်တယ်လို့ ပြောလို့ရပါတယ်။ဒီလောက်ဆိုရင် ပိုးသတ်တဲ့ နည်းလမ်းကို စုံစုံလင်လင် သိလောက်ပါပြီ။ အသုံးအများဆုံးကတော့ ဓာတုဗေဒပိုးသတ်ဆေးတွေပဲ ဖြစ်ပါတယ်။ပိုးသတ်ဆေးတွေလို့ ပြောလိုက်ရင် ဘက်တီးရီးယားသတ်ဆေး၊ဗိုင်းရပ်စ်သတ်ဆေး၊မှိုသတ်ဆေး၊ ကပ်ပါးပိုးသတ်ဆေးဆိုပြီး အားလုံးပါဝင်ပါတယ်။ ဥပမာ ပြောရရင်။ဒီထဲမှာ အပေါများဆုံးနဲ့ လူတွေ အသုံများဆုံးကတော့ ပိုးသတ်ဆေးလို့ အလွယ်ခေါ်ဝေါ်ကြတဲ့ ဘက်တီးရီးယားသတ်ဆေးတွေပဲ ဖြစ်ပါတယ်။ဒီဘက်တီးရီးယားဆေးတွေကို နည်းလမ်း ၃ခုနဲ့ ခွဲခြားနိုင်ပါတယ်။တချို့ဆေးတွေက ဘက်တီးရီးယားအမျိုးအစားတော်တော်များများကို သေစေနိုင်ပါတယ်။ ဒါကို broad spectrumလို့ ခေါ်ပါတယ်။ တချို့ဆေးတွေကျတော့ ဘက်တီးရီးယား အမျိုးအစား အနည်းငယ်ကိုပဲ သေစေနိုင်ပါတယ်။ ဒါကို narrow spectrumလို့ ခေါ်ပါတယ်။ဆေးတွေအများကြီးရှိတဲ့ အထဲမှာ တချို့ဆေးတွေက ဘက်တီးရီးယားတွေကို သေစေပါတယ် (ဥပမာပင်နီဆလင်)။ တချို့ဆေးတွေက ဘက်တီးရီးယားကို မပွားအောင် တားပေးပါတယ် (ဥပမာ တက်တရာဆိုင်ကလင်း)။ တချို့ဆေးတွေကျတော့ ဆေးပမာဏ၊ သောက်တဲ့ကြာချိန်၊ ဘက်တီးရီးယားအခြေအနေပေါ် မူတည်ပြီး သေအောင်လည်း လုပ်လို့ရသလို မပွားအောင်လည်း လုပ်လို့ရပါတယ် (ဥပမာ ကွီနိုလုံး)။တချို့ဆေးတွေက ဘက်တီးရီးယားရဲ့ ပရိုတိန်းထုတ်တာကို ပိတ်ပစ်တယ်၊ တချို့ဆေးတွေက ဘက်တီးရီးယားရဲ့ အပြင်ခွံ မထုတ်နိုင်အောင် တားမြစ်တယ်။ တချို့ကျတော့ သူတို့ရဲ့ ဆဲလ်ထဲက လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တယ် စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ဘက်တီးရီးယားကို ဖျက်ဆီးပါတယ်။ ဆေးတစ်မျိုးနဲ့ တစ်မျိုး အလုပ်လုပ်ပုံခြင်း မတူပါဘူး။ဒါတွေကို ကြည့်လိုက်မယ်ဆိုရင် ဘာလာလာ ဆေးတစ်မျိုးတည်း သောက်လို့ မရဘူးဆိုတာ နားလည်လောက်ပါပြီ။ပိုးသတ်ဆေးတွေ အထူးသဖြင့် ဘက်တီးရီးယားဆေးတွေကို လူမှာ အသုံးပြုတာ များပါတယ်။ အဓိကကတော့ ဘက်တီးရီးယားပိုးဝင်ကူးစက်ခံရတဲ့အခါ မြန်မြန်သက်သာအောင်လို့ပါ။ ဒါ့ပြင် တချို့ပိုးတွေ ဝင်မလာခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပေးတာလည်း ရှိပါတယ်။ ဥပမာ HIVပိုးရှိတဲ့ သူမှာ တီဘီရောဂါဝင်နိုင်တဲ့ အခြေအနေရှိရင် တီဘီဆေး တစ်မျိုးလောက် ကြိုတိုက်ထားတာမျိုးပါ။လူတင်ပဲ မဟုတ်ပါဘူး။ ပိုးသတ်ဆေးတွေကို တိရစ္ဆာန်တွေ၊ အပင်တွေမှာလည်း သုံးပါတယ်။ တိရစ္ဆာန်တွေမှာ သုံးတဲ့ ရည်ရွယ်ချက်ကတော့ အသားတိုးအောင်၊ နာမကျန်းမဖြစ်အောင်၊  အူထဲမှာ ဘက်တီးရီးယားတွေ ဗီတာမင်တွေ များများထုတ်နိုင်အောင်ပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ခရီးသွားခါနီးရင် ကြိုပြီး ကာကွယ်ဆေး တိုက်တာ၊ ဘေးအိမ်က ကြက်နာကျတဲ့အခါ ကိုယ့်အိမ်ကကြက်တွေ လိုက်မနာအောင်စတဲ့ ကြိုကာတဲ့အနေနဲ့လည်း သုံးကြပါတယ်။အပင်တွေမှာဆိုရင်လည်း သစ်သီးတို့၊ ဟင်းသီးဟင်းရွက်တို့၊ သစ်ခွတို့ စိုက်ပျိုးတဲ့နေရာမှာ သုံးပါတယ်။ပိုးသတ်ဆေးတွေရဲ့ လူသိများတဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ဆေးဓာတ်မတည့်တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ အသည်းထိတာ၊ ကျောက်ကပ်ထိတာ စတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒါက တစ်ဦး တစ်ယောက်ချင်းစီမှာ ဖြစ်နိုင်တဲ့ ပြဿနာပါ။ခုနောက်ပိုင်းမှာတော့ နောက်နှစ်အနည်းငယ်လောက်ဆိုရင် လူတိုင်းကို ဒုက္ခပေးနိုင်တဲ့ဆေးယဉ်ပါး ပြဿနာဆိုတာ ပေါ်လာပါပြီ။ အဓိကကတော့ ပဋီဇီဝပစ္စည်းတွေကို မဆင်မခြင် သောက်လို့ပါပဲ။ ဘက်တီးရီးယားဆေး အပါအဝင် ဆေးတိုင်းဟာ နည်းစနစ်တကျ မသောက်သုံးဘူးဆိုရင် ဆေးယဉ်ပါးပြီး ဆေးမတိုးတာ ဖြစ်တတ်ပါတယ်။ လက်ရှိမှာတော့ ဆေးအမျိုးအစား အများကြီးရှိပြီး လူတွေနဲ့ ရင်းနှီးနေတဲ့ ဘက်တီးရီးယားဆေးတွေဟာ ဆေးယည်ပါးဒဏ်ကို အခံရဆုံးပါပဲ။ပဋိဇီဝဆေးတွေက အင်မတန်တိကျပါတယ်။ သူတို့မှာ သတ်နိုင်တဲ့ ပိုး၊ သတ်နိုင်တဲ့ နည်းလမ်း အတိအကျ ကုဒ်ရိုက်ထားသလိုပါပဲ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကို ဘက်တီးရီးယားဆေးပေးလို့မရပါဘူး။ ဘက်တီးရီးယားဆိုရင်တောင်မှ မျိုးမတူရင် အာနိသင်မရပါဘူး။ လူတစ်ယောက်မှာပဲ ဒီတစ်ခေါက် ချောင်းဆိုးတာနဲ့ အရင်က ချောင်းဆိုးတာ အကြောင်းရင်းချင်း မတူရင် ဆေးအတူတူ ပေးလို့မရပါဘူး။ဒါကြောင့် ပိုးသတ်ဆေးတွေ သောက်မယ်ဆို စည်းကမ်းရှိရပါတယ်။ သူ့ဆေးနဲ့သူ ရက်အပြည့်သောက်ရပါတယ်။ မလိုရင် မသောက်ရပါဘူး။ စည်းစနစ်မကျရင် ပိုးတွေက ဗီဇပြောင်းပစ်ပြီး ဆေးယဉ်ပါးအဆင့် ရောက်သွားပါတယ်။ ဒါကြောင့် ရောဂါကြီးတွေ ဖြစ်တဲ့ တီဘီတို့ HIVတို့မှာ ဆေးကို တစ်မျိုးတည်း မပေးဘဲ နှစ်မျိုး သုံးမျိုး ပေါင်းပေးတာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးက သမားကိုင်ဆေးဖြစ်တာကြောင့် ဆရာဝန်မညွှန်ကြားဘဲ မသောက်သင့်ပါဘူး။ဒီလို ဆေးဝါးတွေ သောက်တာအပြင် တိရစ္ဆာန်မွေးမြူရေးတွေ၊ အပင်စိုက်ပျိုးရေးတွေမှာ သုံးတဲ့ ပိုးသတ်ဆေး အကြွင်းအကျန်တွေက လူ့ခန္ဓာကိုယ်ထဲရောက်ပြီး ဆေးယဉ်ပါး ဖြစ်လာနိုင်ပါသေးတယ်။ ဒါတွေကိုတော့ ဥပဒေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်မှ ရပါမယ်။ပဋိဇီဝပိုးတွေကို  သုတ်သင်နိုင်တဲ့ နည်းလမ်းတွေက အများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေက ကူးစက်ရောဂါတွေကို ကုသတဲ့နေရာ၊ ကာကွယ်တဲ့နေရာမှာ သိပ်ကို အရေးပါတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/antimicrobials/
Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ)
သင့်၏နှလုံးအား သွေး အောက်စီဂျင် အာဟာရဓါတ်များထောက်ပံ့နေသော နှလုံးသွေးကြောများပျက်စီးသည့်အခါတွင်ဖြစ်သည်။ သင်၏သွေးကြောများတွင် အဆီများစုပြုံမိခြင်း(အဆီလွာ) ယောင်ယမ်းခြင်းတို့ကြောင့်ဖြစ်တတ်သည်။ထိုအဆီလွာများမှသွေးကြောအားကျဉ်းစေပြီး နှလုံးသို့သွေးရောက်ရှိမှုကိုနည်းစေသည်။ ထိုသို့သွေးရောက်ရှိမှုနည်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း အသက်ရူကြပ်ခြင်းစသည့် နှလုံးသွေးကြောနှင့်ဆိုင်သောရောလက္ခဏာများပေါ်လာလိမ့်မည်။ သွေးကြောလုံးဝပိတ်သွားပါက နှလုံးကြွက်သားသေဆုံးခြင်းများဖြစ်နိုင်သည်။နှလုံးသွေးကြော ဆိုင်ရာရောဂါများသည် နှစ်ပေါင်းအတန်ကြာရှိနေနိုင်သည့်အတွက် သွေးကြောလုံးဝပိတ်သွားခြင်း နှလုံးကြွက်သားသေဆုံးသွားသည့်အခါမှသတိထားမိတတ်သည်။ သို့သော် ထိုရောဂါမဖြစ်အောင်ကာကွယ်နည်းများစွာရှိပါသည်။ ကျန်းမာစေသည့် ဘဝနေနိုင်မှုများဖြင့် နေထိုင်ပါက များစွာကာကွယ်နိုင်သည်။နှလုံးသွေးကြောဆိုင်ရာရောဂါသည်အဖြစ်များပါသည်။ ယောက်ျားလေးများတွင်ပိုဖြစ်တတ်သည်။ မိန်းကလေးများသွေးဆုံးပြီးပါကဖြစ်နှုန်းပိုများတတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သင့်နှလုံးသွေးကြောအတွင်း အဆီလွှာဖြစ်လာပါကနှလုံးသွေးကြောဆိုင်ရာရောဂါ၏ရောဂါလက္ခဏာများကိုစတင်ခံစားလာရလိမ့်မည်။ရင်ဘတ်အောင့်ခြင်။ရင်ဘတ်ပေါ်တွင်ကြပ်နေခြင်း ဖိထားခြင်းသို့မဟုတ် တယောက်ယောက်မှ ရင်ဘတ်ပေါ်တက်ရပ်နေသည်ကိုခံစားရလိမ့်မည်။ ထိုအရာကိုရင်ဘတ်အောင့်ခြင်းဟုခေါ်သည်။ ရင်ဘတ်အလယ်နှင့်ဘယ်ဘက်တွင်ခံစားရလေ့ရှိသည်။ ရုပ်သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများခြင်းကြောင့်ဖြစ်သည်။ ဖိအားများသောအရာအားရပ်တန့်ပြီး မိနစ်အနည်းငယ်တွင်ပြန်ကောင်းတတ်သည်။ သို့သော် အချို့ကိစ္စ များသောအားဖြင့်မိန်းကလေးများတွင် စူး၍နာခြင်းဖြစ်ပြီး လည်ပင်း လက်နှင့် ကျောနောက်ပိုင်းတွင်ခံစားရတတ်သည်။အသက်ရူကြပ်ခြင်း။သင့်နှလုံးမှ ခန္ဓါကိုယ်လုံလောက်မှုရရန်သွေးမထုတ်နိုင်တော့သည့်အတွက် အသက်ရူကြပ်ခြင်း သို့မဟုတ် အလွန်နှုန်းခြင်း ပင်ပန်းခြင်းများဖြစ်တတ်သည်။နှလုံးကြွက်သားရုတ်တရက်သေဆုံးခြင်း။အဆီလွာများ နှလုံးသွေးကြောအတွင်းလုံးဝပိတ်သွားပါက နှလုံးကြွက်သားများသေဆုံးသွားစေတတ်သည်။ တိကျသောလက္ခဏာများမှာ ရင်ဘတ်အတွင်းဆုတ်ချေလိုက်သကဲ့သို့ခံစားရခြင်း ပုခုံး လက်တွင်နာခြင်း နှင့် တခါတရံတွင် အသက်ရူကြပ်ခြင်းချွေးပြန်ခြင်းများဖြစ်တတ်သည်။နှလုံးသွေးကြောအတွင်းအများအားဖြင့်ပြတတ်သောရောဂါလက္ခဏာမှာအောက်ပါအတိုင်းဖြစ်သည်။မိန်းမများတွင်ယောက်ျားလေးများထက်ရောဂါလက္ခဏာတိတိကျကျမပေါ်တတ်ပါ ဥပမာ လည်ပင်း မေးရိုးနာခြင်း။ကံမကောင်းသည်မှာအချို့သော နှလုံးကြွက်သားသေဆုံးခြင်းသည် ရောဂါလက္ခဏာမပြတတ်ပါ။နှလုံးကြွက်သားသေဆုံးသည်ဟု ကိုယ့်ကိုကိုသံသယဖြစ်ပါက သင့်နိုင်ငံ၏အရေးပေါ်ဖုန်းနံပါတ်ကိုဆက်ပါ။ အရေးပေါ်ဖုန်းနံပါတ်မရှိက အနီးဆုံးဆေးရုံသို့သင့်အားကားမောင်းပို့နိုင်သူကိုဆက်ပါ။ မတတ်နိုင်သည့်အခြေအနေမှကိုယ်တိုင်ကားမောင်းပါ။နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုမြင့်စေသောအကြောင်းများ ဥပမာ သွေးတိုး သွေးတွင်းအဆီဓါတ်များခြင်း ဆေးလိပ်သောက်ခြင်း ဆီးချို နှလုံးရောဂါမိသားစုမျိုးရိုးရှိခြင်း သို့မဟုတ်ဝခြင်း များရှိပါကဆရာဝန်နှင့်တိုင်ပင်ပါ။ ရောဂါလက္ခဏာများရှိပါကဆရာဝန်မှ အခြေအနေအားစမ်းသပ်လိမ့်မည်။နှလုံးသွေးကြောဆိုင်ရာရောဂါသည် နှလုံးသွေးကြောအတွင်းပိုင်းစတင်ပျက်ဆီးခြင်းကြောင့်ဖြစ်သည်။ တခါတရံကလေးဘဝမှစ၍ဖြစ်တတ်သည်။ အကြောင်းအရာမျိုးစုံကြောင့်ဖြစ်နိုင်သည်။သွေးကြောအတွင်းစတင်ပျက်ဆီးပါက အဆီများနှင့် အခြား ဆဲလ်အမှိုက်များက ထိုနေရာတွင်စုပြုံလာမည်။ ထိုအခြေအနေကို နှလုံးသွေးကြောကျဉ်းသည်ဟုခေါ်သည်။ အဆီလွာပေါက်ထွက်သွားပါက ပလိပ်လက်ဟုခေါ်သောသွေးဆဲလ်များကထိုနေရာတွင်စုပြုံလာပြီးသွေးကြောအားပြင်ရန်ကြိုစားလိမ့်မည်။ ထိုသို့ကြိုးစားမှုကြောင့်သွေးကြောပိတ်သွားနိုင်ပြီးနှလုံးကြွက်သားသေဆု့းခြင်းကိုဖြစ်စေသည်။ထိုနှလုံးသွေးကြောခြင်းအပြင် အခြားနှလုံးသွေးကြောကို ပိတ်စေပျက်ဆီးစေသောရှားပါးသည့်အကြောင်းအရာများလည်းရှိသေးသည်။ သွေးကြောကျဉ်းခြင်းနှင့်ဆက်စပ်နေသော အခြားအကြောင်းအရာများမှာ။နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုနှုန်းကိုများစေသောအကြောင်းအရာအများကြီးရှိသည်ဟု ယုံကြည်ကြသည်။ ထိုအရာများမှာ။အသက်။အသက်ကြီးလျှင် သွေးကြောများကျဉ်းခြင်း ပျက်စီးခြင်းများပိုဖြစ်နိုင်သည်။လိင်။ယောက်ျားလေးများတွင်ပိုဖြစ်နိုင်သည်။ သွေးဆုံးပြီးပါက မိန်းကလေးများတွင်ပိုဖြစ်နိုင်သည်။မိသားစုမျိုးရိုးလိုက်ခြင်း။နီးစပ်သောမိသားစုမှဖြစ်လျင်ပိုဖြစ်တတ်သည်။ သငိအဖေသို့မဟုတ် အကို သည် အသက် ၅၅ မတိုင်မီ သို့မဟုတ် သင့်အမေသို့မဟုတ် အမသည် အသက် ၆၅မတိုင်မီဖြစ်ပါက သင့်တွင် ပိုဖြစ်နိုင်သည်။ဆေးလိပ်သောက်ခြင်း။ဆေးလိပ်သောက်သူများတွင် နှလုံးရောဂါပိုဖြစ်နိုင်သည်။ ထိုအပြင် အခြားသူ၏အငွေ့ကိုရူရှိုက်နေရသူတွင်လည်းဖြစ်နိုင်သည်။သွေးတိုးရှိခြင်း။သွေးတိုးကိုမထိန်းပါက သွေးကြောများထူ၍မာခြင်းများဖြစ်လာနီုင်သည်။သွေးတွင်းအဆီဓါတ်များခြင်း။သွေးတွင်းအဆီဓါတ်များခြင်းကြောင့် သွေးကြောတွင်းအဆီလွာများဖြစ်လာပြီး သွေးကြောကျဉ်းခြင်းကိုဖြစ်စေတတ်သည်။ အဆီဓါတ်မျာသည်ဆိုသည် မကောင်းသောအဆီဓါတ် အယ်ဒီအယ်များပြီးကောင်းသောအဆီဓါတ်အိပ်ဒီအယ်နည်းသောကြောင့် သွေးကြောကျဉ်းခြင်းများဖြစ်လာနိုင်သည်။ဆီးချို။ဆီးချိုသည်လဲနှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနှုန်းကိုတက်စေသည်။ သွေးတိုးရှိခြင်း ဝခြင်းတို့က အမျိုးအစားနှစ် ဆီးချိုနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါတို့ကိုဖြစ်စေတတ်သည်။အဝလွန်ခြင်း။အဝလွန်ခြင်းဖြင့်ဖြစ်ပွားနှုန်းကိုတက်စေသည်။လှုပ်ရှားမှုမရှိခြင်း။လေ့ကျင့်ခန်းမလုပ်ပါက နှလုံးသွေးကြောဆိုင်ရာရောဂနှင့် အခြားအရာဖြစ်နှုန်းများကိုတတ်စေသည်။စိတ်ဖိစီးမှုများခြင်း။စိတ်ဖိစီးမှုများခြင်းသည် သင့် သွေးကြောသာမက အခြားရောဂါများလဲဖြစ်လာစေနိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် နှလုံးသွေးကြောကျဉ်းလက္ခဏာများတူသောကြောင့် ရောဂါသေချာစေရန်အောက်ပါစမ်းသက်ချက်များပြုလုပ်လိမ်မည်။နှလုံး၏လျှပ်စစ်စွမ်းရည်ပြဂရပ်။သင့်နှလုံးခုန်နှုန်းနှင့် အခြားပုံမှန်မဟုတ်သည်များကိုတွေ့နိုင်သည်။နှလုံးအား အာစရာဆောင်းရိုက်၍စစ်ဆေးခြင်း။နှလုံးပုံအားဓါတ်ပုံရယူနိုင်သည်။လေ့ကျင့်ခန်းဖိစီးမှုအားစမ်းသက်ခြင်း။သင့်နှလုံးအလုပ်လုပ်နေချိန်တွင်ရှိသော နှလုံးခုန်နှုန်းနှင့် လုပ်ကိုင်နိုင်သောစွမ်းရည်တို့ကိုဖော်ပြသည်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း။သင့်နှလုံး အဆုတ်နှင့် အခြားရင်ဘတ်ထဲရှိ အဂါၤများအားသိနိုင်သည်။နှလုံးအားပြွန်ထည့်စစ်ဆေးခြင်း။သွေးကြောများပိတ်မပိတ်ကိုကြည့်နိုင်သည်။နှလုံးသွေးကြောအားဓါတ်မှန်ရိုက်ခြင်း။သွေးကြောပိတ်မပိတ်နှင့် သွေးစီးဆင်းနှုန်းကိုတိုင်းတာနိုင်သည်။ရောဂါအတည်ပြုပြီးပါက ကုသမှုနည်းလမ်းမျိုးစုံအားဆရာဝန်မှညွှန်ပြပေးလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်း။အောက်ပါအချက်များက သွေးကြောအားပိုကျန်းမာလာစေသည်။ဆေးဝါးကုထုံးများ။နှလုံးသွေးကြောဆိုင်ရာရောဂါအတွက်ကုသသောဆေးကုထုံးများစွာရှိပါသည်။အဆီဓါတ်ပြောင်းလဲပေးသောဆေးများ။မကောင်းသောအဆီ (အယ်ဒီအယ် )နည်စေခြင်းဖြင့် သွေးကြောများတွင် ပထမစုပုံသောအရာအားကျစေသည်။အက်ပလင် နေ့စဉ် အက်စလင် သို့မဟုတ် အခြားသွေးကြဲဆေးသောက်ရန်ညွန်ကြားလိမ့်မည်။ သွေးခဲမှုကိုလျော့ချစေခြင်းဖြင့် သွေးကြောပိတ်ခြင်းကိုကာကွယ်ပေးသည်။ဘီတာပိတ်သောဆေး။နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကိုကျစေခြင်းဖြင့် သွေးလိုအပ်ချက်ကိုချပေးသည်။ နှလုံးကြွက်သားသေဆုံခြင်းရှိပါက ဤဆေးသည် နောက်တခါထပ်ဖြစ်နှုန်းကိုလျော့ချပေးနိုင်သည်။နိုင်ထရို၈လိုင်စာရင်။ဆေးလုံး ဖြန်းဆေး ဆေးကပ်ပြားပုံစံမျိုးဖြင့်ရနိုင်ပြီး နှလု့းသွေးကြောအားခဏတာပြန်ချဲ့ပေးခြင် နှလုံးသွေးလိုအပ်မှုကိုလျော့ပေးခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းကိုသက်သာစေသည်။အန်ဂျီအိုတန်ဆင် ပြောင်းလဲပေးသောအင်ဇိုင်းအားပိတ်ဆေး (အေစီအီးအိုင်) နှင့် အန်ဂျီအိုတန်ဆင် ၂ အားပိတ်သောဆေး(အေအာဘီ)။ဤဆေးများသည် သွေးပေါင်ချိန်ကိုကျစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နှုန်းကိုကျစေသည်။သွေးစီးဆင်းမှုကို ကောင်းစေသောနည်းလမ်းများ။တခါတရံတွင် ပြင်းထန်သောကုသမှုများလိုတတ်သည်။အောက်ပါနည်းလမ်းများရှိသည်။သွေးကြောအားပြုပြင်ခြင်းနှင့် အချောင်းထည့်ခြင်း(အရေပြာပေါ်မှ နှလုံးသွေးကြောပြန်စီးစေသောနည်း)။ဆရာဝန်မှ ရှည်ပြီးပါးသော ပြွန်အား ကျဉ်းနေသောသွေးကြောအတွင်းသို့ထည့်မည်။ ထိုပြွန်မှ ပြားနေသောဘောလုံးနှင့်ဝါယာတခုသည် သွေးကြောကျဉ်းနေသောနေရာသို့သွားမည်။ ဘောလုံးအားဖောင်းလိုက်လျင် သွေးကြောနံရံအတွင်းအနည်များအားဖိစေသည်။နှလုံးသွေးကြောအားဖြတ်ဆက်သောခွဲစိတ်ခြင်း။အခြားသွေးကြောမှ အပိုင်းစအား ပိတ်နေသောသွေးကြောနေရာကို အစားထိုးမှုလုပ်မည်။ ထိုသို့လုပ်ခြင်းဖြင့် ကျဉ်းနေသောသို့မဟုတ် ပိတ်နေသော်သွေးကြောအား သွေးစီးဆင်းမှုများစေသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကနှလုံးသွေးကြောဆိုင်ရာရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများအားကာကွယ်နိုင်ရန် အောက်ပါတို့ကိုလုပ်နိုင်သည်။ကျန်းမာစေသောအစာအားစားခြင်း နှင့် ဆားလျော့စားခြင်း။သည် ရောဂါကာကွယ်ရန်အကောင်းဆုံးနည်းဖြစ်သည်။အဝလွန်နေပါကဝိတ်ချပါ။လေကျင့်ခန်းလုပ်ကါ။သွေးတိုးထိန်းပါ။ဆေးချိုထိန်းပါ။သွေးတွင်းအဆီဓါတ်အားကောင်းစွာထိန်းသိမ်းပါ။ဆေးလိပ်ဖြတ်ပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/coronary-artery-disease-%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba/
မိမိဇနီးသည် မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် မည်သို့စောင့်ရှောက်ရမည်နည်း
မိန်းမကိုယ်အင်္ဂါ ပြန်လည်ပြုပြင်ခြင်းသည် မိမိ၏ချစ်ဇနီးအတွက် မလွယ်ကူလှပါ။ လုပ်ဆောင်ချက် အဆင်ပြေချောမွေ့သည့်တိုင် မိမိခင်ပွန်း၏ အားပေးထောက်ခံမှုလိုအပ်ပါသည်။ ဖြစ်နိုင်ချေရှိသော အန ္တရာယ်နှင့် ဘေးထွက်ဆိုးကျိုးများကို သိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များမှာ ဇနီးသည်၏စိတ်နှင့် ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးသောကြောင့်ဖြစ်ပါသည်။မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် ဘာတွေဖြစ်လာနိုင်သလဲ။ခွဲစိတ်ပြီးလျှင် သူမသည် ငယ်ရွယ်နုပျိုခြင်းကို ယခင်ကကဲ့သို့ခံစားနိုင်သည်ဆိုသော်လည်း ထိုအတွက်ဘေးထွက်ဆိုးကျိုးများလည်းခံစားရနိုင်ပါသည်။ ခွဲစိတ်ပြုပြင်ပြီးသော ပထမဦးဆုံးနေ့တွင်လျှင် သွေးခြည်ဥခြင်း၊ ရောင်ခြင်းကြောင့် အနည်းငယ် စိတ်ကသိကအောင့်ဖြစ်စေပါသည်။ စစချင်းတွင် ထိုခံစားမှုမျိုးကို အကျွမ်းဝင်မည်မဟုတ်ပါ။မိမိနှင့် မိမိဇနီးတို့ အတူနေချိန်တွင်လည်း အနည်းငယ် သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သော ခံစားမှုများကိုကျင့်သားရရန် အချိန်တစ်ခုလိုအပ်ပါသည်။ ထိုသို့သောဖြစ်ရပ်များသည် ခွဲစိတ်ပြုပြင်ပြီးဖြစ်လေ့ဖြစ်ထရှိသော အချက်များဖြစ်သည့်အတွက် စိုးရိမ်ဖွယ်မရှိပါ။ သို့သော် ဖြစ်လေ့ဖြစ်ထရှိသော အချက်များကို သိထားခြင်းဖြင့် ထိတ်လန့်မှုမျိုးမရှိတော့ပါ။ဘယ်လိုစောင့်ရှောက်မလဲ။အချို့သောအချက်များသည် ဆေးနှင့် ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်ကို အမြဲလိုက်နာရပါမည်။ ကုသမှုခံယူပြီး ခန္ဓါကိုယ်ကို တစ်ပတ်လောက်အနားပေးပါ။ အနာကျက်ရန် တစ်လလောက်လိုပါသည်။ တစ်လပြီးမှသာ ခင်ပွန်းနှင့် အတူနေသင့်ပါသည်။ကုသမှုခံယူနေစဉ်အတွင်း ညွှန်ကြားချက်များကို လိုက်နာရပါမည်။ သက်တောင့်သက်သာရှိသော အဝတ်အစားများကို ဝတ်ဆင်ရပါမည်။ ဆီးပုံမှန်သွားရပါမည်။ ပိုးမွှားများမပေါက်ပွှားစေရန် ပိုးသတ်ဆေးသောက်သုံးရပါမည်။ လှုပ်လှုပ်ရှားရှားမပြုလုပ်ရပါ။ ယခုပြုပြင်မှုသည် တစ်သက်လုံးအတွက်ဖြစ်သည်။ သို့သော် ခန္ဓါကိုယ်အလေးချိန်ပြောင်းလဲမှုနှင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်မှုကိစ္စအချို့ပေါ်မူတည်ပြီး ရလဒ်ပြောင်းလဲမှု ရှိနိုင်သည်။ ထို့ကြောင့် ခွဲစိတ်မှုပြီးသည့်တိုင် ခွဲစိတ်ဆရာဝန်နှင့် ပုံမှန်စစ်ဆေးမှုများလုပ်သင့်ပါသည်။အကောင်းဆုံးမှာ မိမိခံစားရသည်များကို မဖုံးကွယ်ထားဘဲ ပွင့်ပွင့်လင်းလင်းပြောပြသင့်ပါသည်။ တစ်ခါတစ်ရံ မိမိ၏ဇနီးသည်မှာ ခွဲစိတ်ပြီးအနာကျက်သည်ကို စောင့်ရန်စိတ်ရှုပ်မှုများဖြစ်တတ်ပါသည်။ ထိုသို့သော အခြေအနေများတွင် သေချာစွာရှင်းပြရန် လိုအပ်ပါသည်။ ညွှန်ကြားချက်ကို သေချာစွာလိုက်နာလျှင် သက်သာရန်မြန်ဆန်ပြီး ပိုးလည်းမဝင်နိုင်ပါ။ မိန်ကလေးများသည် ထင်ထားသည်ထက် ပို၍စိတ်ဆတ်ပါသည်။ ထို့ကြောင့် သူမသက်တောင့်သက်သာဖြစ်ရန်နှင့် စိတ်ဖိစီးမှုမှ ကင်းဝေးစေရန် ခင်ပွန်းသည်၏ ဖေးမကူညီမှုသည် လွန်စွာအရေးကြီးပါသည်။မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ခြင်းသည် မိန်းကလေးများအတွက် လွတ်လပ်သော လန်းဆန်းမှုမျိုး မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းနှင့် ဇရာကိုအန်တုခြင်းများကို ရရှိစေပါသည်။ အကယ်၍ သူမသည် အလှအပထိန်းသိမ်းခြင်း မိသားစုပျော်ရွှင်ရေးအတွက်ကြောင့်ပြုလုပ်လျှင် ခင်ပွန်းသည် အနေနှင့် ထိုသို့ပြုလုပ်ခြင်းကို အားပေးထောက်ပံ့ရပါမည်။ ထိုမှတစ်ဆင့် သာယာသော အိမ်ထောင်ရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%87%e1%80%94%e1%80%ae%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba/
null
null
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/how-does-sleep-reduce-stress/
Cardiac Tumor (နှလုံးအကျိတ်)
နှလုံးအကျိတ်ဆိုတာ နှလုံးနဲ့ နှလုံးအဆို့တွေမှာ ပုံမှန်မဟုတ်တဲ့ကြီးထွားမှုကို ခေါ်ပါတယ်။ နှလုံးအကျိတ်ပုံစံ။မျိ ုးစုံရှိပါတယ်။ ယေဘုယျပြောရရင်တော့ နှလုံးအကျိတ်များက ရှားပါတယ်။အကျိတ်များက ကင်ဆာဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာဆိုပြီး ရှိပါတယ်။ အကျိတ်များက နှလုံးမှာကြီးထွားမှုဖြစ်နေပြီး နှလုံး။မှာပဲနေပါက ပထမဖြစ်သောအကျိတ်လို့ခေါ်ပါတယ်။အကျိတ်များက ခန္ဓါကိုယ်ရဲ့တစ်ခြားနေရာမှဖြစ်ပြီး နှလုံးကိုရွှေ့လာရင် (ပြန့်လာရင်) ဒုတိယဖြစ်သော အကျိတ်များလို့ခေါ်ပါတယ်။နှလုံးအကျိတ်တော်တော်များများကတော့ ရိုးရိုးသာမန်။အကျိတ်များသာဖြစ်ကြပါတယ်။ သို့သော်လည်း သာမန်အကျိတ်ဆိုရင်တောင် သူတို့ရဲ့အရွယ်အစားနဲ့ နေရာ။ပေါ်မူတည်ပြီး ပြသနာတွေဖြစ်လာစေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ အကျိတ်ရဲ့အစိတ်အပိုင်းလေးတစ်စလောက်က သွေးစီးကြောင်းထဲပြ ုတ်ကျပြီး သွေးကြောတွေထဲကိုဝင်ပြီး။တစ်ခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေထဲကို ဝင်ရောက်သွားနိုင်ပြီး embolism လို့ခေါ်တဲ့သွေးခဲပိတ်ခြင်း။ကိုဖြစ်စေနိုင်ပါတယ်။အရမ်းကိုအတွေ့ရများပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုဖြစ်ပါတယ်။ မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ သင့်အတွက် အန္တရာယ်ဖြစ်စေတဲ့အချက်တွေကို လျှော့ချခြင်းနဲ့စီမံဆောင်ရွက်နိုင်ပါတယ်။အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။လူနာတွေဟာ သူတို့မှာ နှလုံးအကျိတ်ရှိတာကိုမသိရှိကြပါ။ဘူး။ သူတို့တွေဟာ တစ်ခြားအကြောင်းအရင်းတွေကြောင့်နှလုံး စက်ဆွဲကြည့်တာတွေ လုပ်ကြည့်တော့မှ တွေ့ကြပါတယ်။တကယ်လို့ အကျိတ်ဟာ ကယ်လ်စီယမ်အနည်ကျပြီး မာနေပြီးဆိုရင်တော့ ရင်ဘတ်ဓါတ်မှန်ရိုက်ကြည့်ခြင်းနဲ့ သိ။နိုင်ပါတယ်။ ပထမဖြစ်သောအကျိတ်အမျိုးအစားမှာတော့။လူနာတွေရဲ့ အသက် ၅၀နဲ့၆၀လောက်မှာ ရှာတွေ့တတ်ကြပါ။တယ်။ သို့သော်လည်း ငယ်ရွယ်တဲ့လူနာတွေမှာလည်းတွေ့။ရတတ်ပါတယ်။နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ကြော အခန်းတစ်ခုမှာဖြစ်တဲ့ နှလုံး myxoma ဆိုတာကလည်း ရောဂါလက္ခဏာတွေတွေ့။ရပါတယ်။ နှလုံးအဆို့မှာ သွေးစီးဆင်းမှုပိတ်တာကြောင့် ဖြစ်ပါတယ်။ သွေးစီးဆင်းမှုပိတ်ခြင်းဟာ တစ်ချိန်လုံးပိတ်နေတာဖြစ်နိုင်သလို လူနာရဲ့ နေထိုင်မှုပေါ်လည်းမူတည်ပါတယ် (ဥပမာ လှဲအိပ်ခြင်း)။လူနာတောတော်များများမှာ ရောဂါလက္ခဏာ မရှိတတ်ပေ။မယ့် သွေးစီးဆင်းမှုပိတ်တဲ့အခါမှာ ဘယ်ဘက်သွေးလွှတ်။ကြောအခန်းထဲမှာ ဖိအားများလာပါတယ် ၎င်းကနေမှ။မောခြင်း၊မူးမေ့ခြင်းသလိုဖြစ်ခြင်း နဲ့ချောင်းဆိုးခြင်းတို့ ဖြစ်လာပါတယ်။ ရောင်ရမ်းခြင်းကနေပြီးမှ ဖျားနာခြင်း နဲ့ လူနာက အဆစ်တွေနာခြင်း နေထိုင်မကောင်းခြင်းတွေဖြစ်လာပါတယ်။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။နှလုံးအကျိတ်ဖြစ်ကြတဲ့ လူနာ တွေရဲ့ရာခိုင်နှုန်းအနည်းငယ်။ကတော့ မျိ ုးရိုးလိုက်ပြီးဖြစ်ကြပါတယ်။ တစ်ခါတစ်လေမှာ။တော့ NAME Syndrome, LAMB Syndrome, Carney Syndrome လို့ခေ ါ်တဲ့ တစ်ခြားကျန်းမာရေးပြသနာတွေရဲ့။တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေတွေ မျိ ုးရိုးလိုက်တာတွေမရှိပဲနဲ့လည်း နှလုံးအကျိတ်ဟာ ဖြစ်နေတတ်တာတွေရှိပါတယ်။ နှလုံးမှာ။ဆဲလ်ကြီးထွားမှုတွေရဲ့ ရလာဒ်အနေနဲ့ ဒါမှမဟုတ် နှလုံးကို ဆဲလ်ကြီးထွားမှု နေရာရွေ့တာကြောင့် နှလုံးအကျိတ်ဖြစ်ရပါတယ်။နှလုံးအကျိတ်ဟာ မိသားစုဝင်တွေဖြစ်ရင် ဖြစ်တတ်သလို မျိ ုးရိုးဗီဇအရလည်း လိုက်ဖြစ်တတ်ပါတယ်။ ခန္ဓါကိုယ်ရဲ့။တစ်ခြားအစိတ်အပိုင်းမှာ ဆိုးရွားတဲ့အကျိတ်မျိ ုးတွေရှိနေရင်။နှလုံးကို ပြန့်နိုင်ပါတယ် အထူးသဖြင့် melanoma၊ ရင်သား။ကင်ဆာ နဲ့ အဆုတ်ကင်ဆာတွေဖြစ်ပါတယ်။၎င်းတို့က။နှလုံးအကျိတ်ဖြစ်ဖို့အတွက် အန္တရာယ်ပေးတဲ့အချက်တွေပါပဲ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တကယ်လို့သင့်ဆရာဝန်က သင့်မှာ နှလုံးအကျိတ်ရှိနေတယ်ထင်ပါက နှလုံးစက်ရိုက်ကြည့်ခြင်း၊။CT,MRI ,Radionuclide ဓါတ်မှန်မျိုးတွေရိုက်ကြည့်ခြင်းနဲ့။အတည်ပြ ု ရောဂါရှာဖွေပေးပါလိမ့်မယ်။နှလုံးအကျိတ်တွေဟာ သွေးစီးဆင်းမှုမှာ ပြသနာတွေအများ။ကြီးပေးနိုင်တာကြောင့် အများဆုံးရွေးချယ်တဲ့ကုသနည်းက။တော့ ခွဲစိတ်ပြီးတော့ အကျိတ်ကို ဖယ်ရှားခြင်းပဲဖြစ်ပါတယ်။ဒါပေမယ့် ခွဲစိတ်မှုဟာ နှလုံးအရွယ်အစားပေါ်မူတည်မယ်၊ ဖြစ်လာတဲ့ရောဂါလက္ခဏာတွေအပေါ်ရယ် နဲ့ လူနာရဲ့ ကျန်း။မာရေး အခြေအနေတွေပေါ်မူတည်ပြီး ခွဲဖို့လိုမလို ကြည့်ရပါတယ်။ဖယ်ထုတ်ပစ်ဖို့ဆိုရင်တော့နှလုံးကို အကုန်ဖွင့်ထုတ်ပြီးခွဲတဲ့။နည်းလိုအပ်ပါမယ်။ သို့သော် အခြေအနေတော်တော်များများ။မှာတော့ ရိုဘော့နဲ့ ခွဲတာ ဒါမှမဟုတ် သိပ်ပြီး ခွဲစိတ်တာမလုပ်ရတဲ့နည်းလမ်းတွေကို သုံးပြီး ခွဲစိတ်ကြပါတယ်။ ခွဲနေတဲ့အချိန်မှာ ခွဲစိတ်ဆရာဝန်က အကျိတ်ရယ် အကျိတ်နားက တစ်ရှူးတွေကို ဖယ်ထုတ်ပစ်။ခြင်းနဲ့ အကျိတ်နောက်တစ်ခါ မဖြစ်လာအောင် လုပ်ရပါတယ်။ ခွဲစိတ်မှုဟာ ရှုပ်ထွေးတဲ့အပြင် ခွဲနေစဉ်အတွင်းမှာ နှလုံးနဲ့အဆုတ် အလုပ်လုပ်နေအောင် နှလုံး-အဆုတ် စက် တစ်ခုကို အစားထိုးသုံးပြီး ခွဲဖို့လိုအပ်ပါတယ်။ ရိုးရိုးခွဲစိတ်မှုတစ်ခု ပြီးရင်တော့ဆေးရုံမှာဆိုရင့် ၄ရက် ၅ရက်လောက်မှာနာလန်ထပါတယ် အပြည့်အစုံ နာလန်ထ။နိုင်ဖို့ကတော့ ၆ပတ်လောက်ကြာပါတယ်။ တကယ်လို့ အကျိတ်ကို ရိုဘော့ နည်းပညာ ဒါမှမဟုတ် အရမ်းခွဲစိတ်မှုမလုပ်ရတဲ့နည်းလမ်းတွေသုံးပါက သင်ဆေးရုံမှာ နေဖို့အချိန်က တိုပါလိမ့်မယ် ပြီးတော့ အပြည့်။အစုံ နာလန်ထနိုင်ဖို့ကလည်း ၂ပတ်မှ ၃ပတ်သာ ကြာနိုင်ပါ။တယ်။ ခွဲစိတ်မှုပြီးသွားရင်တော့ သင်က နှစ်စဉ် နှလုံးဓါတ်မှန်။ရိုက်ပြီး အကျိတ်ပြန်ဖြစ်လာသလား ဒါမှမဟုတ် အသစ်တစ်ခုခု ဖြစ်လာသလား ဆိုတာ သိရဖို့ အမြဲစစ်နေရ။ပါမယ်။နှလုံးအကျိတ် အတွက် ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။အောက်မှာပြောပြတဲ့လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့ နှလုံးအကျိတ်ဖြစ်ခြင်း အတွက် သက်သာရာရစေမယ့် နည်းတွေဖြစ်ပါတယ်။-ကင်ဆာလူနာတွေမှာ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ အကူအညီတွေပေးနိုင်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ လူ့ဘောင်အသိုင်းအဝိုင်းမှာ လူနာက သီးခြားဖြစ်နေတယ်လို့ခံစားရရင် လူနာက စိတ်ဓါတ်ကျနိုင်ပြီး ဆေးကုသမှုကို ကောင်းမွန်စွာ မတုံ့ပြန်နိုင်တာတွေ့လာရပါတယ်။ ဒီလိုဖြစ်ခြင်းမျိ ုးတွေဟာ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေကိုတိုးလာစေပြီးတော့ ကင်ဆာရောဂါပျောက်ကင်းဖို့အတွက် အခွင့်အလမ်းတွေ။လျော့လာစေပါတယ်။ စိတ်ကျန်းမာရေးအတွက် ကူညီထောက်ပံ့ပေးတဲ့ အုပ်စုလေးတွေထဲမှာ ကင်ဆာသမားတွေကို အချင်းချင်းစုပေးပြီး သူတို့ စိတ်ဓါတ်တက်ကြွဖို့ ကျန်းမာဖို့ လှုပ်ရှားမှုတွေ လုပ်ပေးခြင်း။ပါဝင်ခြင်းနဲ့လည်းကူညီရာရောက်ပါတယ်။-မိသားစုရဲ့ ကူညီအားပေးမှုကလည်း ကင်ဆာလူနာတွေကို။ကုသရာမှာ အလွန်အရေးကြီးပါတယ်။ ပုံမှန် ဆေးသောက်ခြင်း ဆေးကုသမှုခံယူခြင်းကလည်း အရမ်း။အရေးကြီးပါတယ်။ လူနာရဲ့ မိသားစုဝင်တွေက စစ်ဆေးစမ်းသပ်မှုတွေမှာ လိုက်ပါပေးခြင်း ပြန်ချိန်းတဲ့ရက်တွေမှာ လူနာနဲ့အတူတကွလိုက်ပါ စောင့်ရှောက်ပေးခြင်းကလည်း အလွန်အရေးကြီးပါတယ်။ လူနာရှင်တွေကပဲ စားသောက်နေထိုင်ပုံတွေရယ် လိုအပ်တဲ့လှုပ်ရှားမှုတွေလုပ်ဖို့ လူနာတွေကို စောင့်ရှောက်ဖို့ လိုပါတယ်။-ကင်ဆာသမားတွေအတွက် သက်သာစေမယ့်ဂရုစိုက်မှုပေးခြင်းကလည်း အရေးကြီးတဲ့အရာတစ်ခုပါပဲ။ ကင်ဆာလူနာတွေမှာ ခံစားရ။တဲ့ ခံစားမှုတွေကို လျှော့ချနိုင်ဖို့အတွက် အဓိကအချက်ပါပဲ။ကင်ဆာအကျိတ်များကို လုံးဝပျောက်သွားအောင် ကုနိုင်တာမကုနိုင်တာထက် ဒီသက်သာအောင်လုပ်ပေးတဲ့။နည်းလမ်းက ကင်ဆာရောဂါရဲ့ဘယ်အဆင့်မှာမဆို သင့်လျော်ပါတယ်။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/cardiac-tumor-%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%a1%e1%80%80%e1%80%ba%e1%80%ad%e1%80%90%e1%80%b9/
Premature Ovarian Failure (အချိန်မတိုင်ခင် သားဥအိမ် ပျက်စီးခြင်း)
အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးခြင်း ဆိုတာဟာ အသက် ၄၀ မပြည့်ခင်ကတည်းက သားဥအိမ်ရဲ့ ပုံမှန်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ ပျက်စီးသွားတာ၊ မလုပ်ဆောင်နိုင်တော့တာ ကိုဆိုလိုပါတယ်။ သားဥအိမ်တွေပျက်စီးသွားတဲ့အခါ ပုံမှန်အတိုင်း အီစထရိုဂျင် ဟော်မုန်း မထုတ်နိုင်တော့တဲ့ အပြင် သားဥလေးတွေကို လည်း ပုံမှန်မထုတ်ပေးနိုင်တော့ ပါဘူး။ အဲဒီအတွက်ကြောင့် မျိုးမအောင်ခြင်း ဆိုတာ ဖြစ်လာရပါတယ်။ဒီလို ဖြစ်တဲ့ အခြေအနေက ရှားပါးပါတယ်။ အသက် ၄၀အောက် အမျိုးသမီး အယောက် ၁၀၀ မှာ ၁ယောက်လောက်သာ ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါ ကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် အချက်အလက်တွေ အတွက် ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေး နိုင်ပါတယ်။အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးခြင်းရဲ့ အဖြစ်များတဲ့ရောဂါ လက္ခဏာတွေကတော့။အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။ဒီအခြေအနေကို ဘာတွေက ဖြစ်စေနိုင်သလဲ ဆိုတာ တိတိကျကျ မသိနိုင်ပေမယ့် တစ်ချို့သော အမျိုးသမီးတွေမှာ မျိုးရိုးဗီဇ (သို့) ခန္ဓါကိုယ်အတွင်းရှိ ခုခံအားစနစ် နဲ့ပတ်သတ်တဲ့ ပြသနာတွေက ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ ပါဝင်နေပါတယ်။ ခုခံအားစနစ် ချို့ယွင်းနေတာကြောင့်ဆိုရင်တော့ ခန္ဓါကိုယ်က သားဥအိမ်ကဲ့သို့သော မိမိကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်နေတာကြောင့်ဖြစ်လာရတာပါ။အချိန်မတိုင်ခင်မှာ သားဥအိမ်ကို ပျက်စီးစေနိုင်ဖို့ အားပေးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။မိသားစု နောက်ခံ။ မိသားစုထဲမှာ အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးတဲ့ရောဂါ ရှိဖူးတယ်ဆိုရင် သင့်အတွက်လည်း ဒီလို ဖြစ်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က သင့် ခန္ဓါကိုယ်ကို စစ်ဆေးချက်တွေလုပ်ဆောင်ပေးပြီး သင့်ကျန်းမာရေး၊ ရာသီလာ၊သွေးဆင်းတဲ့ အချိန်၊ နဲ့ သင့်သားဥအိမ် နဲ့ သားဥလေးတွေကို တိုက်ရိုက်ထိခိုက်ပျက်စီးစေနိုင်မယ့် ကင်ဆာကုထုံး၊ဓါတ်ရောင်ခြည်ကုထုံး စတဲ့ အဆိပ်အတောင့် ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မှု ရှိ၊မရှိ စတဲ့အချက်တွေနဲ့ ပတ်သတ်ပြီးမေးမြန်းနိုင်ပါတယ်။ ဆရာဝန်က သင့်ကို ကိုယ်ဝန်စစ်ဆေးချက်၊ FSH စစ်ဆေးချက်၊ estradiol စစ်ဆေးချက်၊ prolactin စစ်ဆေးချက်၊ karyotype နဲ့ FMR1 ဗီဇ စစ်ဆေးချက်တွေကို လည်းလုပ်ဆောင်ဖို့ အကြံပေးနိုင်ပါတယ်။အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးသွားခြင်းကို ကုသတဲ့အခါမှာ အီစထရိုဂျင် ဟော်မုန်းလျော့နည်းသွားလို့ဖြစ်တဲ့ ပြသနာတွေအပေါ်မှာ အာရုံစိုက်ကုသလေ့ရှိပါတယ်။ ဆရာဝန်က အောက်ပါကုသနည်းတွေ လုပ်ဆောင်နိုင်ပါတယ်။အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးသွားခြင်း ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?။အချိန်မတိုင်ခင် သားဥအိမ်ပျက်စီးသွားခြင်း ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေကို ဆက်လက်ဖော်ပြပါမယ်။(သို့) မွေးစားခြင်း စတဲ့ ကလေးရနိုင်မယ့်နည်းလမ်းတွေကို ဆရာဝန်ဆီကနေ အကြံဉာဏ်တောင်းနိုင်ပါတယ်။သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/premature-ovarian-failure-%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%84%e1%80%ba-%e1%80%9e%e1%80%ac%e1%80%b8%e1%80%a5/
Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ)
အရွယ်ရောက်ပြီးသူများဧ။် ပါးစပ်ထဲတွင် တေ့ွရသော အဖြူဖတ်တွေဆိုတာ ဘာလဲ။ပါးစပ်ထဲမှာတွေ့ရတဲ့ အဖြူဖတ်တွေက ပါးစပ်မှာဖြစ်တတ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါက ကူးစက်ရောဂါတစ်ခုမဟုတ်ဘဲ မှိုသတ်ဆေးသောက်ရုံနဲ့ ကုသလို့ ရနိုင်ပါတယ်။ဒီရောဂါဟာ Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တတ်တဲ့အတွက် Oral Candidosis (ရောဂါဖြစ်စေသော မှိုကို အစွဲပြုပြီးခေါ်သောအမည်) လို့လည်း ခေါ်ကြပါတယ်။အရွယ်ရောက်ပြီးသူများဧ။် ပါးစပ်ထဲတွင် မှိုကြောင့်ဖြစ်သောအဖြူဖတ်တွေက အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပါးစပ်အတွင်းမှာ အဖြူဖတ်တွေ ဖြစ်နေတတ်ပြီး ထိုအဖတ်တွေကို ဖယ်လိုက်ရင် နီရဲနေတတ်ပြီး သွေးအနည်းငယ်လဲ ထွက်နိုင်ပါတယ်။ပါးစပ်အတွင်းနဲ့ လည်ချောင်းထဲတွေမှာ နီရဲနေတတ်တယ်။နှုတ်ခမ်းထောင့်စွန်းတွေ ကွဲနေတတ်ပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။တချို့သော အခြေအနေတွေမှာ ပါးစပ်ထဲကအဖြူဖတ်တွေကြောင့် အစားအသောက်ပျက်တာတွေအထိ ဖြစ်နိုင်ပါတယ်။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ပါးစပ်ထဲမှာ အဖြူဖတ်တွေဖြစ်လာရင် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။ တကယ်လို့ ကုသမှုမခံယူရင် သင့်ပါးစပ်အတွင်းမှာ မသက်မသာခံစားနေရတာတွေက ကြာရှည်နေတတ်ပါတယ်။ပြင်းထန်တဲ့အခြေအနေတွေမှာ ကုသမှုမခံယူရင် ရောဂါပိုးတွေက ကိုယ်ခန္ဓါအထိ ပျံ့နှံ့ပြီး ပိုမိုဆိုးရွားနိုင်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Candida လို့ခေါ်တဲ့မှို အနည်းငယ်က လူတော်တော်များများရဲ့ အစာခြေလမ်းကြောင်းနဲ့ ပါးစပ်အတွင်းမှာ သဘာဝအတိုင်းတွေ့နိုင်ပါတယ်။ ဒါက ပုံမှန်ဆို ပြဿနာတစ်ခုမဟုတ်ပေမယ့် မှိုပမာဏတွေများလာရင် ပါးစပ်ထဲမှာ အဖြူဖတ်တွေ ဖြစ်စေနိုင်ပါတယ်။ဒီအခြေအနေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဒါတွေကတော့-။ပိုးသတ်ဆေးတွေကို အချိန်အတော်ကြာစွဲသောက်ခြင်း (သို့မဟုတ်) ပမာဏအများအပြားသောက်ရခြင်း။ရင်ကြပ်ရောဂါကြောင့် စတီးရွိုက်ဆေးတွေကို ရှူနေရခြင်း။ပုံစံမကျသော သွားတုတွေကို တပ်ဆင်ခြင်း။ခံတွင်းသန့်ရှင်းမှု အားနည်းခြင်း။ကျန်းမာရေးအခြေအနေကြောင့် သို့မဟုတ် သောက်နေသောဆေးတွေကြောင့် ပါးစပ်ခြောက်ခြင်း။ဆေးလိပ်သောက်ခြင်း။ကင်ဆာရောဂါကြောင့် ဆေးသွင်းကုသမှုခံယူနေရခြင်း၊ သို့မဟုတ် ဓါတ်ရောင်ခြည်ကုသမှုခံယူနေရခြင်း။ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့လူတွေက ပါးစပ်ထဲမှာ အဖြူဖတ်တွေ အဖြစ်များပါတယ်။ ဆီးချိုရောဂါရှိတဲ့လူတွေ၊ ဗီတာမင် ဘီ၁၂နှင့် သံဓါတ်ချို့တဲ့သူတွေ၊ လည်ပင်းကြီးရောဂါ(သိုင်းရွိုက်)ရှိတဲ့လူတွေ နဲ့ HIV ပိုးရှိတဲ့လူတွေမှာလည်း ပါးစပ်ထဲမှာ အဖြူဖတ်တွေ ဖြစ်တတ်ပါတယ်။လူတော်တော်များများရဲ့ ခံတွင်းထဲမှာ Candida မှိုက ရှိနေတတ်တဲ့အတွက် ပါးစပ်ထဲက အဖြူဖတ်တွေက ကူးစက်စေတတ်တဲ့ရောဂါတစ်မျိုးမဟုတ်ပါဘူး။ ဒါက တခြားလူတွေကို မကူးစက်စေတတ်ပါဘူး။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ပါးစပ်အတွင်းကို စမ်းသပ်စစ်ဆေးရုံဖြင့် မှိုပိုးကြောင့် ဖြစ်သော အဖြူဖတ်တွေဟုတ်မဟုတ်ကို အတည်ပြုနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ အဟာရချို့တဲ့မှုတွေအတွက် တချို့သောသွေးစစ်ဆေးမှုတွေ လုပ်လို့ရပါတယ်။မှိုပိုးကြောင့်ဖြစ်တဲ့ ပါးစပ်ထဲကအဖြူဖတ်တွေကို မှိုသတ်ဆေးဖြင့် ကုသနိုင်ပါတယ်။ ဆေးတွေက ဂျယ်ပုံစံ၊ အရည်ပုံစံနဲ့လာပြီး ပါးစပ်ထဲကို ထည့်ပြီးလိမ်းလို့ရပါတယ်။ တခါတရံမှာ ဆေးလုံးပုံစံ၊ ဆေးတောင့်ပုံစံနဲ့လည်း ရနိုင်ပါတယ်။လိမ်းဆေးကို ၇ရက်မှ ၁၄ရက်အထိ အကြိမ်ရေများများလိမ်းပေးဖို့ လိုပါတယ်။ ဆေးလုံးတွေ၊ ဆေးတောင့်တွေကိုတော့ တစ်နေ့တစ်လုံးသာသောက်ပေးဖို့ လိုပါတယ်။ဒီဆေးတွေက များသောအားဖြင့် ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ ပျို့အန်ခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ဝမ်းပျက်ခြင်းတွေ ခံစားရနိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကမှိုကြောင့်ဖြစ်တဲ့ ပါးစပ်ထဲကအဖြူဖတ်တွေကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မှိုကြောင့်ဖြစ်တဲ့ ပါးစပ်ထဲက အဖြူဖတ်တွေကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အစားစားပြီးတိုင်း ပလုတ်ကျင်းပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့၂ကြိမ် သွားတိုက်ပါ။ သွားပွတ်ကြိုးကို ပုံမှန်အသုံးပြုပါ။သွားဆရာဝန်ထံ ပုံမှန်စစ်ဆေးမှုခံယူပါ။ သွားတုတွေ တပ်ဆင်ထားတယ်ဆိုရင် ညတိုင်းသွားတုတွေကို ဖြုတ်ပြီး သွားတုသန့်စင်စေတဲ့ ဆေးပြားနဲ့ ရေနဲ့ မစိမ်ခင် သွားတုကို သွားတိုက်ဆေးသို့မဟုတ် ဆပ်ပြာရည်နဲ့ ဆေးကြောပါ။ တကယ်လို့ သွားတုတွေ ၊ ပုံမှန်မဟုတ်တဲ့ သွားတွေရှိရင် သွားဖုံး၊ လျှာနဲ့ ပါးစောင်တွေကို ဘရက်ရှ်အနုလေးနဲ့ တစ်နေ့၂ကြိမ် ဆေးကြောပါ။သွားတုက အံဝင်ခွင်ကျ မရှိတော့ရင် သွားဆရာဝန်နှင့် ပြသပါ။ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။စတီးရွိုက်ရှူဆေးတွေရှူနေပြီးတိုင်း ပလုတ်ကျင်းပြီး ထွေးထုတ်ပါ။ ရှူဆေးကို အလယ်က ပလတ်စတစ်ကြားခံပစ္စည်းအသုံးပြုပြီး ရှူပါ။သင့်မှာဆီးချိုရှိရင် ဆီးချိုထိန်းနိုင်အောင်လုပ်ပါ။တကယ်လို့သင်က မှိုကြောင့်ဖြစ်တဲ့ ပါးစပ်ထဲက အဖြူဖတ်တွေဖြစ်စေနိုင်တဲ့ ဆေးကုသမှုတွေ ခံယူနေရရင် ဆရာဝန်က ဒီအဖြူဖတ်တွေ မဖြစ်အောင် မှိုသတ်ဆေးတွေကို ကြိုတင်ပြီး တိုက်ပါလိမ့်မယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/thrush-in-adults-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
မကောင်းမှန်း သိလျက်နဲ့ စွဲလမ်း နေရတဲ့အကြောင်းရင်း
တစ်ခုခုကိုစွဲလမ်း တတ်တဲ့ သူတွေက မကောင်းမှန်း သိပေမယ့်လည်း ဖြတ်ဖို့ ရပ်ဖို့ ခက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစွဲလမ်းမှုရဲ့ နောက်ကွယ်မှာ သူတို့ကို မရပ်နိုင်လောက်အောင် ဆွဲဆောင်နိုင်လောက်တဲ့ အရာတစ်ခုခု ရှိနေလို့ပါ။ ဒါကြောင့် ဆက်လုပ်ရင် ကိုယ့်အတွက် မကောင်းဘူးဆိုတာ သိပေမယ့် ရပ်တန့်မရဘဲ စွဲလမ်းနေတာပါ။ စွဲလမ်းစိတ်တွေထဲမှာ ရုပ်ဝတ္ထုတစ်ခုခု (ဥပမာအရက်)ကို စွဲလမ်းတာရှိသလို အပြုအမူတစ်ခုခု (ဥပမာလောင်းကစား)ကို စွဲလမ်းတာမျိုးလည်း ရှိပါတယ်။လေ့လာချက်တွေအရ စွဲလမ်းမှုတွေ အားလုံးမှာ တူညီတဲ့ ဖြစ်စဉ်တွေကို တွေ့ရပါတယ်။ ဦးနှောက်ထဲမှာ ရှိတဲ့ဒိုပါမင်းလို့ ခေါ်တဲ့ ဓာတုပစ္စည်းနဲ့အတူ ဆုလာဘ်ရတာ၊ ထပ်လုပ်ချင်အောင် တိုက်တွန်းတာ စတဲ့ ဦးနှောက်အစိတ်အပိုင်းတွေပါ ပါဝင်ပတ်သက်နေပါတယ်။ ဒီလိုနဲ့ စွဲလမ်းစေတဲ့ ကိစ္စတစ်ခုကို စိတ်အားတက်ကြွလာပြီး ဦးနှောက်ရဲ့ အရှေ့ပိုင်းမှာ ဒါနဲ့ ပတ်သက်ပြီး ထပ်ခါထပ်ခါ လုပ်ချင်အောင် လှုံ့ဆော်လာပါတယ်။ကိုယ့်ရဲ့ စိတ်အာရုံ ဒီရုပ်ဝတ္ထု ဒါမှမဟုတ် အပြုအမူမှာပဲ နစ်မြုပ်လာပါတော့တယ်။ ထူးခြားတာက စိတ်စွဲလမ်းမှုကို ကုသလိုက်တယ်။ ဖြတ်လိုက်တယ်ဆိုရင်တော့ ဒီဦးနှောက်ပြောင်းလဲမှုတွေက ပြန်ပြီး ကောင်းလာတာကို တွေ့ရပါတယ်။ရုပ်ဝတ္ထုတစ်ခုခု ဒါမှမဟုတ် အပြုအမူတစ်ခုခုကို စွဲလမ်းတဲ့အခါ ‘မလုပ်ရ မနေနိုင်‘ ဆိုတဲ့ လက္ခဏာ ပေါ်လာပါတယ်။ ဆေးပညာအရ တစ်ခုခုကို စွဲလမ်းတယ်လို့ ပြောဖို့အတွက် အောက်ကအချက်တွေထဲက အနည်းဆုံး ၂ချက်ရှိရပါမယ်။ဘယ်လောက်တောင် ပြင်းပြင်းထန်ထန် စွဲလမ်းနေလဲဆိုတာကတော့ ဘယ်နှချက်လောက် ကိုက်ညီနေလဲနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ ၂-၃ချက်လောက်ပဲဆိုရင် သိပ်မဆိုးသေးပါဘူး။ ၄-၅ချက်လောက်ဆိုရင် အသင့်အတင့် စွဲလမ်းတဲ့ အဆင့်ပါ။ ၆ချက်နဲ့ အထက်ဆိုရင်တော့ တော်တော်ဆိုးတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။လေ့လာချက်တွေအရတော့ လူတစ်ယောက်က ဘာကို စွဲလမ်းသွားမယ်ဆိုတာကို ခန့်မှန်းလို့ မရနိုင်ပါဘူးတဲ့။ နောက်ပြီး စွဲလမ်းမှုဆိုတာက ဒါလုပ်လို့ ဒါဖြစ်တယ်လို့ တစ်ချက်တည်းနဲ့ ပြောဖို့ ခက်ပါတယ်။ လူတစ်ယောက်ကို တစ်ခုခုမှာ စွဲလမ်းသွားအောင် တွန်းအားပေးနေတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ လူနဲ့လည်း ဆိုင်သလို တစ်ဖက်က ရုပ်ဝတ္ထု၊ အပြုအမူရဲ့ ဆွဲဆောင်မှုနဲ့လည်း ဆိုင်ပါတယ်။ခြုံပြောရရင် လူတစ်ယောက်ရဲ့ စွဲလမ်းမှုတွေကို အောက်က အချက်တွေက လွှမ်းမိုးထားတာကို တွေ့ရပါတယ်။ဇီဝဗေဒအချက်။စိတ်ပိုင်းဆိုင်ရာ အချက်။ပတ်ဝန်းကျင် အခြေအနေ။စွဲလမ်းမှုတွေက ကိုယ့်ကို ထိခိုက်လာပြီဆိုရင် သေချာပေါက်ကုသရတော့မှာပါ။ ကောင်းတာက စွဲလမ်းမှုတွေက ကုသလို့ရပါတယ်။ ဥပမာ ဆေးစွဲတာဆိုရင် ကုသလို့ရပြီး လူကောင်းတစ်ယောက်လို ပြန်ဖြစ်သွားနိုင်ပါတယ်။ တစ်ခုရှိတာက အချိန်ပေးရတဲ့အတွက် စိတ်ရှည်ရှည်နဲ့ ကြိုးစားဖို့တော့ လိုပါတယ်။ ပြန်မသုံးဖြစ်အောင်လည်း ကာကွယ်ဖို့ လိုပါတယ်။ကုသနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ တစ်မျိုးတည်းနဲ့ ကုသတာ မဟုတ်ဘဲ အားလုံး စုပေါင်းပြီး ကုသရတဲ့ ပုံစံမျိုးပါ။ ဥပမာ အရက်စွဲတဲ့သူဆိုရင်။စွဲလမ်းမှုတွေကို ကုသတဲ့အခါမှာ တစ်ကြိမ်တည်းနဲ့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ခဏခဏခေါ်ကြည့်ပြီး အချိန်အတော်ကြာ ကုသရမှာပါ။ ဒါပေမယ့် ဒီကြားထဲမှာ တိုးတက်မှုတွေ ဖြစ်လာပြီး ပျောက်ကင်းသွားတာကို တွေ့ရမှာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/what-causes-addiction/
ကိုယ့်အလှအပတရားကို အကောင်းမြင်စိတ်နဲ့ ကြည့်ပါ
လူဆိုတာ သိပ်ခက်တယ်ဗျ။ ဘယ်နတ်ဘုရား၊ ဘယ်သဘာဝကမှ ဖန်ဆင်းသတ်မှတ်ထားခြင်း မရှိတဲ့ စံနှုန်းတွေကို လူတွေကိုယ်တိုင် ဖန်တီးယူပြီး သတ်မှတ်ကြတယ်။ ဒီသတ်မှတ်ချက်တွေက လူ့ပတ်ဝန်းကျင်ထဲ လျင်မြန်စွာ ပျံ့နှံ့သွားတဲ့အခါ Trend လို့ခေါ်တဲ့ ခေတ်ရေစီးကြောင်းတွေ ဖြစ်လာကြတယ်။လူတိုင်းဟာ မွေးလာကတည်းက ကိုယ်ပိုင်အလှတရားကိုယ်စီနဲ့ မွေးလာကြတာပါ။ တစ်နေရာတည်းမှာ ကွက်လှတဲ့သူရှိသလို၊ အစိတ်အပိုင်း အားလုံးခြုံကြည့်ပြီး လှတဲ့သူတွေလည်း ရှိတယ်။အတွင်းစိတ်ထားလှတဲ့သူတွေလည်း ရှိသလို အပြင်ပိုင်း ရုပ်ဆင်းသဏ္ဍာန်လှတဲ့သူတွေ ရှိကြတယ်။ ဒါပေမယ့် ပြစ်မျိုးမှဲ့မထင် အချိန်တိုင်း၊ နေရာတိုင်း လှနေတဲ့သူဆိုတာတော့ မရှိပါဘူး။ကိုယ့်ရဲ့ အတွင်း၊ အပြင်အစိတ်အပိုင်းအားလုံးမှာ ဘယ်နေရာကတော့ လှပလဲ၊ကြည့်ကောင်းလဲ၊ ပြေပြစ်လဲ စတာတွေက သူများပြောစရာမလိုဘဲ ကိုယ့်ဘာသာ သိနားလည်အောင် အရင်ဆန်းစစ်ကြည့်ဖို့က အရေးကြီးပါတယ်။ ကိုယ့်ရဲ့အလှကို ကိုယ်တိုင်သိမှ ဒီအလှအပကို တန်ဖိုးထားတတ်မယ်၊ ပေါ်လွင်အောင် သရုပ်ပြတတ်မယ်၊အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာမယ်၊ယုံကြည်မှုတွေ တိုးလာမှာပါ။ပတ်ဝန်းကျင်ဆိုတာ ရှိမကောင်း၊ မရှိမကောင်းဆိုတဲ့အရာတွေထဲ တစ်ခုအပါအဝင်ပါ။အလှအပနဲ့ ပတ်သက်လာရင် ကိုယ်က လှတယ်ထင်ထားတာတောင် တခြားသူတွေက အမြင်အမျိုးမျိုး၊ စိတ်အမျိုးမျိုးနဲ့ မလှဘူး၊ ကြည့်မကောင်းဘူး၊ ရုပ်ဆိုးတယ် စသဖြင့်ဝေဖန်ကဲ့ရဲ့တတ်ကြပါတယ်။ ဒီတော့ ပြန်တွေးကြည့်ရမှာက ကိုယ့်ဘဝဆိုတာ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ အသက်ရှင်နေရတာပါ။ တခြားသူတွေဟာ ကိုယ့်ဘဝထဲမှာ မြူမှုန်တစ်မှုန်စာလောက်တောင် အရေးမပါပါဘူး။ ဒီအတွက် ကိုယ့်ဘဝနဲ့ ပတ်သက်လာတဲ့ တခြားသူတွေရဲ့ ပြစ်တင်ဝေဖန်မှုအကုန်လုံးကို လိုက်ခံယူပြီး ရှက်ရွံ့နေစရာမလိုပါဘူး။ဖက်ရှင်ဆိုတာအလှအပ၊ အချိန်ကာလ သို့မဟုတ် ခေတ်ရေစီးကြောင်းပေါ် မူတည်ပြီး ပြောင်းလဲနေတတ်တဲ့ အရာပါ။ စတိုင်လ်ဆိုတာက ဘယ်လိုအချိန်ကာလမျိုးမှာမဆို တစ်သမတ်တည်း ရပ်တည်ပါတယ်။ စတိုင်လ်ရဲ့ အားသာချက်က လူ့တစ်ယောက်ရဲ့ လှခြင်း၊ မလှခြင်းကို အဓိက ခံယူမထားဘဲ သူ့ရဲ့ရုပ်ခန္ဓာအချိုးအစားကို ပေါ်လွင်စေမယ့်၊ လူတစ်ယောက်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးမယ်၊ သူ့ရဲ့ ကိုယ်ပိုင်ခံယူချက်ကို ပြောင်းလဲသွားခြင်း မဖြစ်စေတဲ့အရာကို စတိုင်လ်လို့ ခေါ်တာပါ။စိတ်ခံစားချက်ဆိုတာ ရောဂါပိုးလိုပဲ တခြားသူတွေကို အလွယ်တကူ ပျံ့နှံ့သွားစေနိုင်တဲ့အရာတစ်ခုပါ။ လူတစ်ယောက်က ပျော်ရွှင်နေရင် သူ့အနီးအနားမှာ ရှိနေတဲ့ ခင်ရ၊ ချစ်ရတဲ့သူတွေပါ ဒီအပျော်တွေ ကူးစက်ပြီး အကုန်လုံး စိတ်ချမ်းသာရတယ်။ လူတစ်ယောက်ကအမုန်းတရားတွေ ပြည့်နှက်ပြီး ပူလောင်နေတဲ့အခါ ကိုယ့်ဘေးနားမှာရှိတဲ့သူအားလုံး ကိုယ့်ကို ကြည့်ပြီး လိုက်ပါပူလောင်ကြတယ်။ စိတ်ညစ်ကြရတယ်။ ဒါကြောင့် ကိုယ့်ဘဝအတွက် အမြဲတမ်းအကောင်းမြင်စိတ်ထားရှိသူတွေနဲ့သာ ပေါင်းသင်းဆက်ဆံပါ။အဆိပ်ပင်လို ဖြစ်နေတဲ့သူတွေကို ဘဝထဲ ဆွဲမသွင်းပါနဲ့။တစ်ခါတလေ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေ စားလိုက်တာ၊ တစ်လတစ်ခါလောက် ကိုယ်နဲ့ ကြည့်ကောင်းမယ့် အဝတ်အစားတွေ ဝယ်ဝတ်တာ၊ ကိုယ့်ဘဝအတွက် အကျိုးရှိမယ့် အရာတွေကို ရှာဖွေဖော်ထုတ်သင်ယူတာ အစရှိသဖြင့် ကိုယ့်အတွက် တန်ဖိုးရှိမယ့်အရာတွေ၊ ပျော်ရွှင်စေမယ့်အရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပါ။ကိုယ်မဟုတ်တဲ့ သူစိမ်းတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးနှိုင်းယှဉ်တယ်ဆိုတာ အရမ်းကို သိမ်ငယ်စရာကောင်းတဲ့ အပြုအမူပါ။ လူတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင်အလှအပတရားတွေ ကိုယ်စီရှိကြပါတယ်။ ဒီတော့ ဘာလို့ တခြားသူတွေမှာရှိပြီး ကိုယ့်မှာမရှိတဲ့ အရာတွေကို လိုက်ပြီးနှိုင်းယှဉ်နေမှာလဲ။ အဲဒီအစား ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်၊ ရုပ်ရည်၊ စိတ်ထား၊ ကိုယ်ကျင့်တရား အလှအပတွေကို တန်ဖိုးထား လက်ခံတာက ပိုမကောင်းဘူးလားဆိုတာ သေချာတွေးကြည့်ရင် သိနိုင်မှာပါ။အခုလိုမျိုး ကပ်ရောဂါတွေနဲ့ ပူလောင်နေရတဲ့အချိန်မှာ အမြဲတမ်း အကောင်းမြင်စိတ်ကို လက်ကိုင်ထားပြီး ပိုကောင်းမွန်လာနိုင်တဲ့ အနာဂတ်တွေအတွက်ကို မျှော်လင့်ပါ။ ကိုယ်တိုင်လည်း ကြိုးစားပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို တခြားသူတွေဆီပါ ပျံ့နှံ့သွားပြီး လူ့ပတ်ဝန်းကျင်အားလုံး စိတ်ချမ်းသာနိုင်အောင် ကူညီပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%a1%e1%80%9c%e1%80%be%e1%80%a1%e1%80%95%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%80%e1%80%b1%e1%80%ac/
နှလုံးအလုပ်မလုပ်ခြင်း အကြောင်း သိကောင်းစရာများ
နှလုံးအလုပ်မလုပ်ခြင်း အကြောင်း သိကောင်းစရာများက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။နှလုံးအလုပ်မလုပ်ခြင်း ဆိုတာက နှလုံးရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်အလုပ်မလုပ်တော့တာနဲ့ နှလုံးခုန်မမှန်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။သင့်နှလုံးက အခြေအနေအမျိုးမျိုးကြောင့် ရပ်သွားမယ်ဆိုရင်ဦးနှောက်ဆီကို သွေးရောက်အောင်ညှစ်ပို့နိုင်ခြင်း မပြုနိုင်တဲ့အတွက် သတိမေ့သွားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို ဒီအခြေအနေကို ကုသနိုင်မှ အသက်ဘေးမှလွတ်မြောက်မှာဖြစ်ပါတယ်။နှလုံးအလုပ်မလုပ်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းနှစ်ခုရှိပြီး ဒီအကြောင်းနှစ်ခုလုံးကလည်း ဆက်စပ်နေပါတယ်။ နှလုံးမှာ လေးခန်းရှိပါတယ်။ အပေါ်သွေးလက်ခံခန်း ၂ ခန်းနဲ့ အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းဖြစ်ပါတယ်။ နှလုံးညှစ်ရာမှာ ပြသနာဖြစ်ခြင်း၊ မညှစ်နိုင်ခြင်းတို့ဖြစ်တဲ့အခါနှလုံးခုန်ရပ်သွားတတ်ပါတယ်။အပေါ်သွေးလက်ခံခန်း ၂ ခန်းကြောင့်ဆိုရင်နှလုံးဆဲလ်တွေက လျှပ်စီးဓာတ်တွေကို မမှန်မကန် ထုတ်လွှတ်တာကြောင့် သွေးလွှတ်ခန်းများကလည်း သွေးကို ကောင်းစွာ မညှစ်ထုတ်နိုင်ခြင်း ဖြစ်လာရပါတယ်။ ဒီလိုမဟုတ်ဘဲ အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းမှာ ပြသနာဖြစ်ရင်တော့ ကိုယ်အနှံ့ကို သွေးမရောက်တော့တာကြောင့် သွေးပေါင် ရုတ်တရက် ကျသွားတတ်ပါတယ်။အဖြစ်များတဲ့ နှလုံးအလုပ်မလုပ်ခြင်း အကြောင်းတွေက အောက်ဖက်ရှိ သွေးလွှတ်ခန်း ၂ ခန်းတွင် ပြသနာဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါရှိသူအများစုမှာ နှလုံးအလုပ်မလုပ်ခြင်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါတွေကတော့။ဥပမာ နှလုံးသွေးကြောများ ပိတ်ဆို့တဲ့ ရောဂါဖြစ်ပါတယ်။နှလုံးက ပုံမှန်ထက်ပိုကြီးလေလေ နှလုံးခုန်စည်းချက် မမှန်လေလေဖြစ်ပါတယ်။နှလုံးအဆို့ရှင်များ မူမမှန်တာာကြောင့် နှလုံးခန်းတွေမှာ သွေးမလုံလောက်ခြင်း သို့မဟုတ် သွေးအိုင်ခြင်းများဖြစ်နိုင်ပါတယ်။နှလုံးရောဂါများနဲ့ မွေးလာတဲ့ ကလေးတွေက ငယ်စဉ်အချိန်မှာပဲ နှလုံးရပ်သွားနိုင်ပါတယ်။နှလုံးလျှပ်စီးထုတ်လွှတ်မှု မှန်ကန်မှပဲ နှလုံးခုန်နှုန်းမှန်ခြင်းနဲ့ သွေးစီးဆင်းမှုကောင်းခြင်းတို့ကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးလျှပ်စီးထုတ်လွှတ်မှု ပြဿနာရှိသူတွေနဲ့ နှလုံးစည်းချက်မူမမှန်တဲ့ သူများက နှလုံးရပ်နိုင်ခြေ ပိုများပါသည်။ဒါ့ပြင် ဆေးလိပ်သောက်သူများ၊ မိသားစုဝင်များ ဒါမှမဟုတ် မိမိကိုယ်တိုင် နှလုံးရောဂါ ဖြစ်ဖူးခြင်း၊ အဝလွန်ခြင်း ၊ သွေးတိုးခြင်း၊ လှုပ်ရှားမှုနည်းခြင်းတို့ကြောင့်လည်း နှလုံးလုပ်ဆောင်ရည် ကျဆင်းစေနိုင်ပါတယ်။ဒါတွေအပြင် မိသားစုရာဇဝင်၊ လူမျိုး၊ အသက်နဲ့ ကျား/မ စတာတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။ဒါပေမယ့် စားသောက်နေထိုင်မှုများ ပြောင်းလဲခြင်း၊ အခြား ရောဂါအခံများကို ကုသခြင်းနဲ့ စိတ်ကျန်းမာအောင်နေထိုင်ခြင်း စသည့်နည်းများဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။နှလုံးရပ်ခြင်းက အချိန်တိုအတွင်းဖြစ်သွားနိုင်တဲ့အတွက် လက္ခဏာများကို သိထားရန် လိုအပ်သလို ဒီလိုခံစားရရင် ဘာဆက်လုပ်မလဲသိရန်လည်း အလွန်အရေးကြီးပါတယ်။ နှလုံးအလုပ်မလုပ်ခြင်းရဲ့ လက္ခဏာများမှာ။ဒီနောက်မှာတော့ လူနာက ရင်ဘတ်အောင့်လာခြင်း၊ အသက်ရှူကျပ်လာခြင်း၊ သွေးခုန်နှုန်းများကို စမ်းမရတော့ခြင်းနဲ့ နောက်ဆုံး သတိလစ်ခြင်းအထိပါ ဖြစ်သွားနိုင်ပါတယ်။ဒီလိုဖြစ်လာပါက အရေးကြီးဆုံးအနေနဲ့ အရေးပေါ်ကားကို ခေါ်ပါ။ ရှေးဦး အသက်ကယ်နည်းများနဲ့ ကယ်တင်ခြင်းဖြင့် နှလုံးရပ်ခြင်းကို အရေးပေါ်ကုသပေးပါ။အရင်က တစ်ကြိမ် နှလုံးရပ်ဖူးသောသူများတွင် အဖြစ်အများဆုံးနဲ့ အရေးကြီးဆုံး သတိထားရမည်မှာ နောက်တစ်ကြိမ် နှလုံးရပ်သွားခြင်းပင် ဖြစ်ပါတယ်။ နှလုံးရပ်တာကြောင့် နှလုံးပုပ်ခြင်း၊ ဦးနှောက်သေခြင်းနဲ့ ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့ခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ပါသည်။နှလုံးရပ်သွားသူက သေလုမြောပါး အခြေအနေနဲ့ ဆေးရုံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအခါ ဆရာဝန်များက နှလုံးခုန်စက်ကို သုံးပြီး နှလုံးတွင် ပုံမှန်သွေးလည်ပတ်မှုများ ရရှိအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။ ဒီလို အရေးပေါ်အသက်ကယ်ပြီးနောက် လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး နှလုံးရပ်ရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေပါလိမ့်မယ်။အရေးပေါ် ကုသမှုများအနေနဲ့ နှလုံးနဲ့ အဆုတ်သွေးလည်ပတ်စေရန် ရင်ဘတ်ဖိနှိပ် အသက်ကယ်ခြင်းနဲ့ နှလုံးခုန်စက်ဖြင့် နှိုးခြင်းတို့ ပါဝင်ပါတယ်။ နှလုံးနှင့် အဆုတ်သွေးလည်ပတ်စေရန် အသက်ကယ်ခြင်းနည်းလမ်းက ကိုယ်ထဲမှာ လိုအပ်တဲ့ အောက်ဆီဂျင်ကို ရစေပြီး ဦးနှောက်ကို သွေးစီးစေပါတယ်။ နှလုံးခုန်စက်ဖြင့် နှိုးခြင်းက နှလုံးခုန်နှုန်းများကို ပုံမှန်ပြန်ဖြစ်စေပါတယ်။ပြီးရင်တော့ ဆေးဝါးများပေးခြင်း၊ နောက်ဆက်တွဲများ မဖြစ်စေရန် ခွဲစိတ်မှုများ ပြုလုပ်ခြင်းတို့ လိုအပ်ပါသည်။ ဒါ့ပြင် လေ့ကျင့်ခန်းများပြုလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်တာတွေက သွေးထဲက အဆီပမာဏကို ကျဆင်းစေပြီး နှလုံးရပ်ခြင်းမျိုး ထပ်မဖြစ်စေအောင် ကူညီပေးပါတယ်။ လူနာတစ်ယောက် နှလုံးရပ်သွားရင် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို ကုသခြင်းက အထိရောက်ဆုံးသော ကုသမှုဖြစ်ပါတယ်။ ဒါကြောင့် ပထမဦးဆုံးအနေဖြင့် ဘာကြောင့် နှလုံးအလုပ်မလုပ်ရသလဲ သိရှိရန် လိုအပ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/cardiac-arrest-explained/
သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ
ကလေးတွေမှာ စိတ်တိုခြင်းဟာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကနေ စပြီး ကျန်းမာရေးအခြေအနေတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိ အကြောင်းရင်းများစွာ ကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဒေါသကြီးခြင်းကို သေချာစွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အခြေခံအကြောင်းရင်းကို သိဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ သူတို့ကို ကူညီဖို့ သင်ဘာလုပ်သင့်သလဲဆိုတာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ ဆိုတော့  အခုလို အခြေအနေတွေကြောင့်ပါ။စိတ်ရောဂါရှိတဲ့ ကလေးတွေဟာ စိတ်တိုလွယ်ကြပြီး ဆုံးဖြတ်ချက်မြန်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့ဟာ စိတ်ကျတတ်ပြီး စိတ်တိုတတ်ပါတယ်။စိတ်ကစဉ့်ကလျားရောဂါရှိတဲ့ ကလေးတွေဟာ လူတွေပေါ် ယုံကြည်မှုကင်းမဲ့ပြီး ပတ်ဝန်းကျင်ကို သံသယများတတ်ပါတယ်။ သူတို့ရဲ့ ဒေါသဟာ ကြောက်စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။စိတ်တိုခြင်းဟာဒီရောဂါရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အပြုအမူဆိုင်ရာ ပြဿနာရှိတဲ့ ကလေးတွေဟာ သူတို့လုပ်လိုက်တဲ့အလုပ်တစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သေချာပေါက် သိပေမယ့် မဖြစ်ဖြစ်အောင် တမင်လုပ်လိုက်တာပဲဖြစ်ပါတယ်။ဦးနှောက်အရှေ့ပိုင်းအခြမ်းကို ထိခိုက်မိခြင်း (သို့)အတက်ရောဂါဟာ စိတ်တိုခြင်းကို ဖြစ်စေနိုင်ပါတယ်။ သုတေသီတွေက ဒီလိုအခြေအနေမှာ ဘာကြောင့် စိတ်တိုလာလဲဆိုတာကိုတော့ ပြောနိုင်ခြင်း မရှိပါဘူး။သူတို့ရဲ့ အပြုအမူဟာ လက်ခံနိုင်ဖွယ်မရှိဘူးဆိုတာကို သူတို့ဒေါသထွက်လာတဲ့အချိန်မှာ ကလေးကို သိပါစေ။ တကယ်လို့ သူတို့ဟာ အခြားကလေးကို ထိခိုက်စေမယ်ဆိုရင် သင်ဟာ သင့်ကလေးကို အခြားကလေးနဲ့ ဝေးရာကို ခေါ်သွားသင့်ပါတယ်။ သူတို့ကို စိတ်ပြေသွားအောင် ကူညီပေးသင့်ပြီး လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ထားသင့်ပါတယ်။ ဒီလိုအခြေအနေတွေက ကလေးကို ဖယ်ထုတ်လိုက်ခြင်းဟာ သူတို့ကို သူတို့ရဲ့ ဒေါသကြောင့် အခြားကလေးတွေနဲ့ ဆော့တဲ့အချိန်တွေကို သတိရစေပြီး နားလည်မှာဖြစ်ပါတယ်။ဒီအခြေအနေကြောင့် ဘယ်လိုခံစားရလဲဆိုတာ သိစေဖို့ သင့်ကလေးကို ရိုက်ဖို့၊ အော်ဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒါတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးကို အကြမ်းဖက်ဆုံးမခြင်းဟာ ဒီလိုအကြမ်းဖက်မှုလုပ်ခြင်းဟာ ပုံမှန်ဖြစ်တယ်လို့ သင့်ကလေးကို သင်ပေးလိုက်သလို ဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ် သင့်ဂရုစိုက်မှုကို ရရှိစေဖို့ ဒေါသထွက်ပြတာမျိုးတောင် ဖြစ်နိုင်ပါတယ်။သင့်ကလေး ဒေါသထွက်ခြင်းကို ပုံမှန်အတိုင်း ဆုံးမခြင်းဟာ သူတို့ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်စေမှာပါ။ သင်တို့နှစ်ဦး ဆော့ကစားနေစဉ်မှာ စည်းကမ်းတွေကို လျှော့ပေါ့မပေးသင့်ပါဘူး။ ဒီလိုဆိုရင် သူတို့က ကစားနေစဉ် (သို့)လူတွေ ပျော်နေစဉ်အချိန်မှာ ဒေါသထွက်နိုင်တယ်လို့ ထင်သွားနိုင်ပါတယ်။တကယ်လို့ သင့်ကလေးဟာ အခြားကလေးတစ်ယောက်ရဲ့ အရုပ် (သို့) ဂိမ်းကို ဖျက်ဆီးလိုက်တယ်ဆိုရင် သူ့ကို ပြန်ထားဖို့ (သို့) ပြန်ပြင်ဆင်ပေးဖို့ စေခိုင်းသင့်ပါတယ်။ ဒါဟာ သင်က သူ့ကို အပြစ်ပေးခြင်း မဟုတ်ဘဲ အရွယ်ရောက်တဲ့ သူတွေ အမှားပြုလုပ်မိတဲ့အခါ ပြင်ဆင်တဲ့ပုံစံသာ ဖြစ်တယ်ဆိုတာ သူသိပါစေ။ သင့်ကလေးကို တောင်းပန်စကားဆိုတတ်စေဖို့ သင်ကြားပေးသင့်ပြီး ထိခိုက်သွားတဲ့သူတွေရဲ့ ခံစားချက်တွေကို နားလည်ခံစားဖို့လည်း သင်ပေးသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/what-are-some-of-the-causes-of-aggression-in-children/
သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ
ကလေးတစ်ယောက် ပထမဦးဆုံး ကျွမ်းကျင်သင့်တာကတော့ သူတို့ဘာသာ အစာစားတာပဲ ဖြစ်ပါတယ်။ ကလေးတွေက သူတို့ဘဝကို ခုအရွယ်နဲ့ ဦးမဆောင်နိုင်သေးပေမယ့် သူတို့ ပါးစပ်ထဲထည့်မယ့် အရာကိုတော့ သူတို့ ရွေးချယ်နိုင်ရပါမယ်။ ဒါကြောင့် သူတို့ဘာစားမလဲ၊ မစားဘူးလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဂျီကျတာဟာ ပုံမှန်ပါပဲ။ သူတို့က သူတို့ကြိုက်တာ တစ်မျိုးနှစ်မျိုးလောက်ပဲ စားပြီး ချက်ချင်း စိတ်ပြောင်းလဲမြန်ပြီး နောက်တစ်ခုကို လိုချင်လိုတတ်ပါတယ်။သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ ကတော့။မိဘတွေက သူတို့ရဲ့ကလေးကို အစာစားတာ မစားတာနဲ့ ပတ်သက်ပြီး အမြဲ စိတ်ပူတတ်ကြပါတယ်။ ကလေးတွေမှာ နည်းနည်းပဲ စားတာ၊အစားကြေးများတာနဲ့ စားရန် ငြင်းဆန်တာက ဖြစ်နေကျပဲ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/why-do-your-kids-refuse-eating/
ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ
(ကိုဗစ်ရောဂါဖြစ်ပြီး နောက်တစ်ခါထပ်ကူးစက်မခံရခင် ဘယ်လောက်ကြာကြာအချိန်ရမလဲဆိုတာပြောပြပါမယ်)။ကိုဗစ်လိုကူးစက်ရောဂါတွေ ဝင်ရောက်တဲ့အချိန်မှာကိုယ်တွင်းကနေ ရောဂါကိုတိုက်ထုတ်ဖို့ ဆဲလ်တွေဖွဲ့စည်းပြီးantibodies တွေထုတ်လုပ်ပေးပါတယ်။ Helper T cell လို့ခေါ်တဲ့ ဒီဆဲလ်အမျိုးအစားတွေကရောဂါပိုးတွေကို မှတ်သားထားနိုင်စွမ်းရှိပါတယ်။ ဒီဆဲလ်တွေက ဘယ်ပိုးဝင်ရင် ဘယ်လိုantibodies မျိုးထုတ်ပြီးတိုက်ရမလဲ ဆိုတာကိုသိကြပါတယ်။ကိုဗစ်ရောဂါကူးစက်ခံရသူတွေမှာလည်းT cell တွေကရောဂါကို မှတ်သားထားတဲ့ အတွက် နောက်တစ်ကြိမ် ရောဂါမဝင်အောင်လုပ်ဆောင်ပေးနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ နောက်တစ်ကြိမ်ဖြစ်ပွားသူတွေရှိလာတဲ့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ ကိုဗစ် antibodies နဲ့ပတ်သက် ပြီးလေ့လာမှုတွေလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဖြစ်နိုင်ခြေနည်းပေမဲ့ ကိုဗစ်ရောဂါက လူတစ်ယောက်မှာတစ်ကြိမ်ထက်ပိုပြီး ကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတဲ့အချက်က အတော်လေးစိတ်ညစ်စရာပါ။ ဒါပေမဲ့ မကြာသေးခင်က အောက်စ်ဖို့ တက္ကသိုလ်နဲ့ အရီဇိုးနားတက္ကသိုလ်မှာ ပြုလုပ်ရရှိခဲ့တဲ့အဖြေတွေအရတော့ အားတက်စရာ ရလဒ်တွေ တွေ့ရပါတယ်။အောက်စ်ဖို့တက္ကသိုလ်ကနေ လူ ၁၂၀၀ ကျော်နဲ့ စမ်းသပ်ပြုလုပ်ခဲ့တဲ့သုတေသနရလဒ်အရ ကိုဗစ်ကူးစက်ခံရတဲ့သူတွေမှာထွက်လာတဲ့ ကိုယ်တွင်း antibodies က ကိုဗစ်နောက်တစ်ကြိမ်ထပ်မဖြစ်အောင် အနည်းဆုံး (၆) လလောက်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီသုတေသနကို ကိုဗစ်ကုသရေးမှာ ပါဝင်လုပ်ကိုင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဧပြီလကနေ နိုဝင်ဘာလအထိ ရက်သတ္တပတ် (၃၀) ကြာမြင့်ခဲ့ ပါတယ်။စမ်းသပ်မှုစတင်ချိန်မှာ ကိုယ်တွင်း antibodies ထွက်နေပြီဖြစ်တဲ့ လူ (၁၂၀၀) ကျော်ထဲက (၃) ယောက်ပဲ ကိုဗစ်ဒုတိယအကြိမ်ကူးစက်မှုခံခဲ့ရတာကိုတွေ့ရပြီး (၃) ယောက်စလုံးမှာလည်းရောဂါအကူးခံရပေမဲ့ ဘာလက္ခဏာမှမပြသတာကိုတွေ့ရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်ရဲ့ ပြောကြားချက်အရဆို ကိုဗစ်ဖြစ်ပွားပြီးချိန်မှာထွက်လာတဲ့ antibodies တွေအစွမ်းကြောင့် ရောဂါကူးစက်ခံရသူအများကို အနည်းဆုံး (၆) လလောက်တော့ ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ သုတေသနအသစ်ဖြစ်တာကြောင့် အသေးစိတ်လေ့လာ မှုတွေကိုတော့စောင့်ကြည့်ဖို့လိုပါသေးတယ်။အမေရိကန်နိုင်ငံက အရီဇိုးနားတက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့ သုတေသနကလည်း အားရဖို့ကောင်းပါတယ်။ လူပေါင်း (၆၀၀၀) နီးပါးနဲ့ ပြုလုပ်ခဲ့တဲ့ ဒီသုတေသနရလဒ်အရကိုဗစ်ရောဂါဟာ နောက်တစ်ကြိမ်ဖြစ်ပွားနိုင်ခြေနည်းပါးပြီး ပထမအကြိမ်ကိုဗစ်ကူးစက်ခံရချိန်က ထွက်လာတဲ့antibodies တွေက  ခန္ဓာကိုယ်ထဲမှာအနည်းဆုံး (၅)လကနေ (၇)လလောက်အထိ ရှိနေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာ အချက်တစ်ခုက ရောဂါလက္ခဏာပြင်းပြင်းထန်ထန်ခံစားရသူတွေမှာ antibodies ပမာဏပိုများများထွက်ပြီး အချိန်ပိုကြာကြာ ကာကွယ်ပေးနိုင်တာကိုတွေ့ရတဲ့အတွက် ဒီလူတွေမှာဒုတိယအကြိမ်ကူးစက်ခံရရင်တောင်သိပ်ပြင်းထန်မှု မရှိနိုင်တော့ဘူးလို့ဆိုပါတယ်။ ကိုဗစ်ကိုခုခံနိုင်စွမ်းကကိုယ်တွင်း antibodies ပမာဏနဲ့ပဲသက်ဆိုင်ပြီး အသက်အရွယ်၊ ကျား/မ စတဲ့အချက် တွေနဲ့မဆိုင်ကြောင်းလည်းပြောကြားခဲ့ပါတယ်။အိုက်စ်လန်နိုင်ငံမှာလည်း အလားတူသုတေသနပြုလုပ်ခဲ့ပြီး သူတို့ကတော့ ကိုဗစ် antibodies တွေက အနည်းဆုံး (၄) လခံတယ်လို့ဆိုပါတယ်။ ဒီသုတေသနတွေက ကိုဗစ် antibodies တွေနဲ့ပတ်သက်လို့ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ သုတေသနတွေ ဖြစ်ပြီး တခြားအဖွဲ့အစည်းတွေကလည်း သုတေသနကိုယ်စီ အပြိုင်အဆိုင်လုပ်ဆောင်နေကြဆဲပါ။ဘယ်လိုပဲပြောပြော ကိုဗစ်တစ်ကြိမ်ကူးစက်ခံရပြီးရင် အနည်းဆုံး (၆) လလောက်ပြန်မဖြစ်နိုင်ဘူးဆိုတာသိရတာလည်း စိတ်သက်သာရာရစေတဲ့အချက်တစ်ချက်ပါပဲ။ ရောဂါတစ်ခုကို တစ်ကြိမ်ဖြစ်ပြီး နောက်တစ်ကြိမ်လုံးဝထပ်မဖြစ်အောင် ကာကွယ်ဖို့ဆိုတာ ကိုယ်ခံအားနဲ့ antibodies ကိုချည်းအားကိုးလို့လည်းမဖြစ်ပါဘူး။ ဒီလိုဆိုရင် နှစ်တိုင်းတုပ်ကွေးကာကွယ်ဆေးထိုးဖို့တောင် မလိုအပ်တော့ပါဘူး။ ဒါကြောင့် ကိုဗစ်ကိုအပြည့်အဝကာကွယ်နိုင်ဖို့ ကိုယ်ခံအားအပြင် အစွမ်းထက်တဲ့ကာကွယ်ဆေးလည်း လိုအပ်ပါတယ်။ဒီအချက်တွေအကုန်ပြည့်စုံမှလူထုကိုယ်ခံအား(Herd immunity) ရရှိသွားမှာဖြစ်ပြီးရောဂါကို ထိန်းချုပ်နိုင်သွားမှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေအနည်းဆုံး ၅၀% ကနေ ၇၀% လောက်အထိ ကာကွယ်ဆေး ထိုးထားနိုင်မှ လူထုကိုယ်ခံအားရရှိသွားနိုင်မှာဖြစ်ပါတယ်။ ဒါတောင်မှနှာခေါင်းစည်း(mask) တပ်တာ၊ လက်ဆေးတာနဲ့လူစုလူဝေးရှောင်ရှားတာတွေကို အချိန်တစ်ခုထိ ဆက်ကျင့်သုံးဖို့လိုအပ်နိုင်ပါတယ်။လတ်တလောထွက်ပေါ်လာတဲ့ကိုဗစ်ကာကွယ်ဆေးသတင်းတွေကလည်း အားတက်စရာကောင်းပါတယ်။ ၉၀% ကျော် ထိရောက်မှုရှိတဲ့ဆေးတွေဖြစ်တာကြောင့် လူဦးရေလုံလောက်အောင်သာ ထိုးပေးနိုင်ရင်ရောဂါ ထိန်းချုပ်ရေးကိုအများကြီးအထောက်အပံ့ဖြစ်စေမှာပါ။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးအစွမ်းက အချိန်ဘယ်လောက်ကြာကြာ အထိကာကွယ်မှုပေးနိုင်မလဲဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။Dr. Htoo Tint။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba-antibody-%e1%80%90%e1%80%bd%e1%80%b1%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%b6%e1%80%9e%e1%80%9c/
ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့
ကျွန်မတို့အားလုံးနီးပါးဟာ တစ်ခါတရံမှာအိပ်မပျော်တဲ့ညတွေကို ပိုင်ဆိုင်ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ညပေါင်းများစွာ ဆက်တိုက်ဆိုသလို အိပ်မပျော်ဖြစ်နေရင်တော့ သင့်အနေနှင့် အကြောင်းရင်းကို အဖြေရှာပြီး အိပ်ပျော် အောင်ကြိုးစားသင့်နေပါပြီ။ ဒီဆောင်းပါးလေးမှာတော့အိပ်မပျော်ခြင်းကို သက်သာစေမယ့် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ကျန်းမာသောလူတစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်ညကို အနည်းဆုံး(၇)နာရီအိပ်စက်ဖို့လိုပါတယ်။ ညစဉ်ပုံမှန်အိပ်စက်ချိန်ထားပြီး ညတိုင်းအချိန်အတိအကျမှာ အိပ်ရာဝင်ဖို့ ကြိုးစားပါ။ တကယ်လို့ အိပ်ရာပေါ်ရောက်ပြီး မိနစ်၂၀အတွင်းမှာ အိပ်မပျော်သေးဘူးဆိုရင်တော့ ခဏထပြီး သီချင်းနားထောင်တာမျိူး စာဖတ်တာမျိူး လုပ်နိုင်ပါတယ်။ အနည်းငယ်ပင်ပန်းလာပြီဆိုရင်တော့ သူ့အလိုလိုအိပ်ပျော်သွားပါလိမ့်မယ်။အိပ်ရာဝင်ခါနီးမှာ ဗိုက်ဟောင်းလောင်းဖြစ်နေတာမျိုးရော ဗိုက်အပြည့်ကြီးစားထားတာမျိုးရော မပြုလုပ်သင့်ပါဘူး။ နှစ်ချက်စလုံးက အိပ်မပျော်စေဖို့ ပိုတွန်းအားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မအိပ်ခင် ၃နာရီလောက်မှာ ကော်ဖီ၊ အရက်နဲ့ ဆေးလိပ်တွေကိုလည်း သတိထားပြီး သောက်သင့်ပါတယ်။ဆေးလိပ်မှာပါတဲ့နီကိုတင်းနဲ့ ကော်ဖီကကဖင်းဓာတ်တွေဟာ သင့်ကိုအိပ်မပျော်အောင် ဟန့်တားနိုင်သလိုအိပ်ရေးဝဝအိပ်စက်မရအောင်လည်း တားဆီးပေးပါတယ်။ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အထောက်အပံ့ပေးနိုင်မယ့် အခန်းမျိုးကို ရွေးချယ်ပါ။ အကောင်းဆုံးက ငြိမ်သက်ပြီး အလင်းရောင်မစူးတဲ့အခန်းမျိုး လှောင်အိုက်မနေပဲ အေးမြနေတဲ့ အခန်းမျိုးပေါ့။ အိပ်ရာပေါ်မှာဖုန်းနဲ့ ကွန်ပျူတာတွေကိုလည်း တတ်နိုင်သမျှ မသုံးမိအောင် ကြိုးစားပါ။ မအိပ်ခင်မှာလည်း ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ အနှိပ်ခံခြင်းစသည်ဖြင့် ကိုယ်ရောစိတ်ပါ relaxဖြစ်စေအောင် ပြင်ဆင်ထားသင့်ပါတယ်။နေ့လည်နေ့ခင်းမှာ နာရီများစွာ တရေးအိပ်ထားမယ်ဆိုပါက ညဘက်စောစောအိပ်မပျော်ဖို့ သေချာသလောက်ရှိပါတယ်။ ဒါကြောင့် နေ့ခင်းဘက်မှာ တအားအိပ်ချင်နေရင်တောင် မိနစ်၂၀ခန့်သာ အိပ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ ညဘက်အလုပ်လုပ်ရသူဖြစ်ရင်တော့ နေ့လယ်ဘက်မှာ အကြာကြီးပြန်အိပ်တာမျိူးက သင့်တော်ပါတယ်။နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုရှိသူတွေဟာ ညဘက်အိပ်တဲ့အခါ အလွယ်တကူ အိပ်ပျော်လေ့ရှိပါတယ်။ အိပ်ခါနီးကျမှ ကပ်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။အိပ်ခါနီးမှာ စိတ်ညစ်စရာတွေ တွေးတာမျိုးက သင့်ကိုအိပ်ပျော်စေမှာ မဟုတ်ပါဘူး။ သင့်အတွက် ပူပန်သောကတွေ တပုံတပင်ရှိနေရင်တောင်မှ အိပ်ခါနီးမှာ မတွေးပါနဲ့။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါ။ အလုပ်များကို စနစ်တကျ အစီအစဉ်ဆွဲပြီး ပြုလုပ်ပါ။ အလုပ်တာဝန်များကို အများနဲ့ ခွဲဝေလုပ်ဆောင်ပါ။ရေးသားသူ – Dr. Rose။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/how-to-sleep-well/
Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ))
Jumping Frenchmen of Maine ဆိုတာ ပုံမှန်မဟုတ်ဘဲရုတ်တရက် တုန်လှုပ် ယောင်ယမ်းတုံ့ပြန်မှုတမျိုးဖြစ်ပါတယ်။ သူဟာ ပုံမှန်အခြေအနေတွေမှာလည်းဖြစ်ပေါ်နိုင်ပါတယ်။ ဘာ့ကြောင့်ဖြစ်ပေါ်ရသလဲဆိုရင်တော့ ရုတ်တရက် သို့မဟုတ် မမျှော်လင့်ထားတဲ့ လှုံ့ဆော်သက်ရောက်မှုတခု (ဥပမာ – ရုတ်တရက်အသံတခုကြားလိုက်ရခြင်း ၊ ရုတ်တရက် တခုခုကို တွေ့လိုက်ရခြင်းတို့ ) ကြောင့် စိတ်ရဲ့ထိန်းချုပ်မှုမရှိပဲ လျင်မြန်စွာတုံ့ပြန်ခြင်းတမျိုးပဲဖြစ်ပါတယ် ။Jumping Frenchmen of Maine ဟာ အတော်လေးကိုဖြစ်နိုင်ဖို့ရှားပါးပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Jumping Frenchmen of Maine ရဲ့ရောဂါလက္ခဏာတွေဟာဆိုရင်လူပျိုဖော်အပျိုဖော်ဝင်ပြီးချိန်ဒါမှမဟုတ်ဆယ်ကျော်သက်အရွယ်အချိန်တွေအတွင်းမှာ စပြီးဖြစ်ပေါ်တတ်တာမျိုးပါ။ ဒီလိုရောဂါ အမူအကျင့်မျိုးဖြစ်နေသူတွေဟာ ရုတ်တရက်ထခုန်ခြင်း ၊ ထအော်မိခြင်း ၊ ရုတ်တရက်လက်တွေမြှောက်မိခြင်း ၊ လက်တွေနဲ့ ရိုက်ခြင်းတွေ အပြင်ပစ္စည်းတွေကို လွှင့်ပစ်မိခြင်း အစရှိတဲ့ ရုတ်တရက်အလွန်အမင်း ထိတ်လန့်ယောင်ယမ်း တုန့်ပြန်မှုတွေကို ပြတတ်ပါတယ်။ဒီလို ရုတ်တရက်ယောင်ယမ်းတုန့်ပြန်မှုတွေဟာဆိုရင်ရုတ်တရက်အသံကျယ်ကြီးတခုကြားလိုက်ရခြင်း ၊ ရုတ်တရက်အမိန့်ပေးခိုင်းစေသံတခုကြားလိုက်ရခြင်း ၊ နံကြားနေရာ ဒါမှမဟုတ်ခါးကို ရုတ်တရက်အတို့ခံလိုက်ရခြင်းတွေ အစရှိတဲ့ မမျှော်လင့်ထားတဲ့ ရုတ်တရက်သက်ရောက်မှု အခြေအနေများကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ယောင်တတ်သူတွေဟာ အဲ့လိုယောင်ပြီးတာနဲ့ တပြိုင်နက်ဆိုသလို စကားလုံးတချို့ ဒါမှမဟုတ်စကားလုံးပြောင်းပြန်တွေကို ပါးစပ်ကနေ ကြက်တူရွေးအော်သလို လွှတ်ခနဲ ထွက်မိတတ်ပါတယ်။ ဒါကို ‘ echolalia ‘ ( အက်ခိုလဲလီယာ ) လို့ခေါ်ပါတယ်။ ဒါ့အပြင်နောက်တခုထပ်လုပ်မိတာကတော့ သူ့စိတ်ထဲကနေလုပ်မယ်ဆိုပြီးလုပ်တာ မဟုတ်ဘဲ လှုပ်ရှားမှုတခုကိုယောင်ပြီး ထလုပ်မိတာပါပဲ ။ အဲ့ဒါကိုတော့ “echopraxia’ ( အက်ခိုပရက်ရှာ ) လို့ခေါ်ပါတယ်။ တချို့ ဖြစ်တဲ့သူေတွမှာဆိုရင်ရုတ်တရက်ဆဲဆိုမိတာတွေ ဒါမှမဟုတ်လူကြားလို့သိပ်မသင့်တော်တဲ့ စကားလုံးတွေကိုပြောထွက်မိတာတွေလည်းရှိပါတယ်။ ‘ Coprolalia ‘ ( ကိုပရိုလဲလီယာ ) လို့ခေါ်ပါတယ်။ ဒါတွေဒါတွေအပြင်တချို့ သူတွေဆိုယောင်ပြီးတော့ သူများတွေခိုင်းတဲ့အတိုင်း လိုက်လုပ်မိတတ်တာတွေရှိပါတယ်။ ဥပမာ ခုန်လိုက်ဆိုပြီး ခါးတို့လိုက်ရင်ယောင်ပြီး ခုန်မိတာတွေ၊ပြေးလိုက်ဆိုပြေးမိတာတွေ ၊ ရိုက်လိုက်ဆို လက်နဲ့ရိုက်မိတာတွေ စတာတွေလည်းလုပ်တတ်ပါသေးတယ်။ ပုံမှန်အတိုင်းမှာဆို သူတို့ဟာ အဲ့လိုလုပ်ဆို လိုက်လုပ်ကြမှာမဟုတ်ပါဘူး။ဒီလိုယောင်တတ်သူတွေထဲမှာ အများစုကတော့ အသက်ကြီးလာတာနဲ့အမျှယောင်တတ်တဲ့ အကြိမ်အရေအတွက်ရော ပြင်းထန်အားပါမှုတွေရောပါ ကျဆင်းနည်းပါး သွားတတ်ပါတယ်။ အဲ့ဒီလိုယောင်တတ်တဲ့ တုန့်ပြန်မှု အနည်းအများဟာ ဘယ်လောက်တောင်ခဏခဏ လှုံ့ဆော်ခံရမှု ရှိလဲမရှိလဲဆိုတာအပေါ်ကို မူတည်တဲ့အပြင်မောပန်းမှုတွေ စိတ်ပင်ပန်းမှု စိတ်အလိုမကျမှုတွေ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ အပေါ်ကိုလည်းမူတည်ပါသေးတယ်။ သူတို့ဟာ အဲ့လိုရုတ်တရက်လှုံ့ဆော်ခံရမှုတွေကိုယောင်ခြင်းအားဖြင့် ပြန်လည်တုံ့ပြန်ရခြင်းပဲဖြစ်ပါတယ်။Jumping Frenchmen of Maine ဟာနေ့စဉ်လူနေမှု ဘဝကို အနည်းနဲ့အများသက်ရောက်မှု တခုတော့ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုရင်အဲ့လိုယောင်တတ်သူတွေဟာတနေ့တာလုံးလိုလို အတွင်းမှာကို သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်မှုမရှိဘဲယောင်ပြီးတော့သာ တုံ့ ပြန်ပြီးနေရတဲ့အတွက်ပါ။ အဲ့လိုယောင်တတ်သူတွေဟာ အခြားသူတွေရဲ့ စနောက်ခြင်း ကို အတော်လေး ခံ ရတတ်ပါတယ်။ အဲ့လို စနောက်ခံရတာတွေများလေလေ သူတို့ရဲ့ယောင်တတ်တဲ့ အကြိမ်အရေအတွက်အနည်းအများ အပြင်းအထန်တွေဟာ ပိုများလာလေလေပါပဲ ။ အများအားဖြင့်ယောင်တတ်သူတဦးဟာ ပိုပြီး ခဏခဏ အ စ ခံရလေလေ သူတို့ ရဲ့ယောင်တတ်ခြင်းပုံစံတွေဟာ ပိုပြီး ပြင်းထန်ပိုပြီး ပုံစံတူတွေအတိုင်း တုံ့ ပြန်လာလေလေ ဖြစ်နေတာပါ။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အကယ်၍သင့်မှာ အထက်ပါ လက္ခဏာတွေ ရှိနေတာဖြစ်ဖြစ်အခြားမေးမြန်းစရာတခုခုရှိတာဖြစ်ဖြစ်ဆရာဝန်နဲ့ ပြသဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ လူတဦးနဲ့တဦးရဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံမတူတာနဲ့အမျှ တုံ့ပြန်ပုံခြင်းတွေ မတူညီနိုင်ပါ။ ဒါ့ကြောင့် သင့်အတွက်ဘယ်လို အနေအထားပုံစံကုသမှုက အဆင်ပြေဆုံးဖြစ်မှာလဲဆိုတာကို သိဖို့အတွက်ဆရာဝန်နဲ့ တိုင်ပင်ကုသပါ။အထက်ပါဖော်ပြခဲ့သောယောင်တတ်မှုမျိုးကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါ။ သီအိုရီတခုရဲ့အဆိုအရတော့ အဆိုပါယောင်တတ်ခြင်းဟာရှေးရိုးစွဲ အကြောင်းခြင်းရာတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်လာတဲ့ လှုံ့ဆော်မှုအခြေအနေ တရပ်ကို အပြင်းအထန်ရုတ်တရက်တုံ့ပြန်ရာမှ ဖြစ်ပေါ်လာတဲ့ မူမမှန်မှုတခုလို့ ဆိုပါတယ်။ Jumping Frenchmen of Maine ဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ယောင်ယမ်းတုံ့ပြန်မှုရောဂါစုများ ဆိုတဲ့တူညီတဲ့အုပ်စုတွေထဲက တခုပဲဖြစ်ပါတယ်။ အဲ့ဒီရောဂါ အုပ်စုတွေကြားထဲက တခုနဲ့တခု ဆက်သွယ်ပုံတွေကတော့ မသိရသေးပါဘူး။ဘယ်အရာက သင့်ကို အထက်ပါယောင်တတ်မှုအပြုအမူကို ပိုဖြစ်စေတတ်သလဲ?။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဖြစ်နေပြီဆိုတာကို ဘယ်လို သတ်မှတ်နိုင်မလဲ?။ယောင်တတ်ခြင်းရောဂါဖြစ်မှုကိုသေချာစေ့စပ်သောဆေးပညာဆိုင်ရာ သုံးသပ်ချက်များ၊ လူနာရဲ့ရောဂါရာဇဝင်အပြည့်အစုံ၊ အထူးစမ်းသပ်စစ်ဆေးမှုများ အစရှိသဖြင့် အသုံးပြု ပြီး အခြားရောဂါ အခြေအနေများမှမတူအောင်ခွဲခြားထုတ်ပြနိုင်ပါတယ်။အဆိုပါယောင်တတ်ခြင်းရောဂါဖြစ်တတ်သူတွေကို ကုသဖို့ တိကျသော ကုသချက်များတော့မရှိသေးပါ။ အခြားသူများမှ သူတို့ကို တမင်ရည်ရွယ်ချက်ဖြင့် ထိတ်လန့်စေရန်စနောက်ခြင်းများ ( ဥပမာ – ခါးတို့ခြင်း စသည်များ ) ကို မပြုလုပ်စေခြင်း၊ရှောင်ကြဉ်စေခြင်း ဖြင့်သာ ထိုကဲ့သို့ယောင်တတ်ခြင်းအပြုအမူအကြိမ်အရေအတွက်နှင့်ပြင်းထန်မှုတို့ကိုလျော့နည်းစေ အဆုံးသတ်စေနိုင်မှာဖြစ်ပါတယ်။ယောင်တတ်ခြင်းလက္ခဏာဟာ အသက်ရ လာတာနဲ့အမျှလျော့နည်းလာတတ်သော်လည်း စိတ်ပင်ပန်းမှု စိုးရိမ်မှုတွေများနေရင်တော့ပိုပြီးဆိုးလာတတ်တာပါ။လေ့လာမှတ်သားထားဖူးသော မှတ်တမ်းများအရ အဆိုပါယောင်တတ်ခြင်းဖြစ်စဉ်တွေဟာ စိတ်ပင်ပန်းစေသော အလုပ်အကိုင်အခြေအနေတွေဖြစ်တဲ့ ဥပမာတောထဲတောင်ထဲ သစ်ခုတ်လုပ်ငန်းလုပ်ကိုင်ရသူတွေနဲ့ ဆက်စပ်မှုရှိနေတာကိုတွေ့နိုင်ပါတယ်။ အဲ့လို သစ်ခုတ်လုပ်ငန်းကနေ အလုပ်ထွက်အနားယူလိုက်တာနဲ့တပြိုင်နက်ယောင်တတ်တဲ့ အကြိမ်အရေအတွက်နဲ့ ပြင်းထန်မှုတွေလျော့နည်းသွားတာကိုလည်းတွေ့ရပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/jumping-frenchmen-of-maine-%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%94%e1%80%9a%e1%80%b9%e1%82%90%e1%80%bd%e1%80%ad-%e1%80%9c%e1%80%94%e1%80%b9%e1%82%94/
သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ကြားလိုက်တိုင်း ပျော့ညံ့လိုက်တာ၊ အလွယ်တကူနဲ့ အရှုံးပေးတယ်လို့ မြင်လိုက်တတ်ကြပါတယ်။ တကယ်ရော ဒီထက်မြင်ချက်တွေက မှန်ရဲ့လားဆိုတာကို ဆန်းစစ်ဖူးရဲ့လား……….. လူတစ်ယောက် ကိုယ့်အသက်ကိုကိုယ် ရန်ရှာရတယ်ဆိုကတည်းက အကြောင်းရင်းခံက ဘာရယ်မဟုတ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သက်ရှိတိုင်းလိုလိုက ရှင်သန်နေထိုင်ဖို့ စိတ်အားထက်သန်ကြပါတယ်။ ရှင်သန်နေထိုင်ဖို့ ဆန္ဒပြင်းပြတဲ့ သက်ရှိတွေထဲမှာမှ ဉာဏ်ရည်အမြင့်ဆုံး လူသားတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာ နဲ့ ပတ်သက်ပြီးအမှတ်မှားနေတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။သေကြောင်းကြံစည်တာနဲ့ပတ်သက်လို့ သိထားတာတွေ မှန်ရဲ့လား……..။အများစုက ဒီလိုထင်ကြတာပါ။ တကယ်ကတော့ သေကြောင်းကြံစည်သူတွေက အခြားသူတွေဆီမှာ သူကြုံနေရတဲ့အခက်အခဲတွေကို ပြေလည်စေဖို့ နည်းလမ်းတွေ တောင်းလေ့ရှိပါတယ်။ သူတို့အနေနဲ့ လုံးဝ အကူအညီမရမှဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ရွေးချယ် ကြတာပါ။တကယ်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေဟာ နောက်ဆုံးရွေးချယ်စရာ မရှိတော့ဘူး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တာက အကောင်းဆုံးဆိုတဲ့အတွေး ခေါင်းထဲရောက်လာချိန်မှာ အနီးဝန်းကျင်ကသူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို အကူအညီတောင်းကြပါတယ်။ အဆုံးမစီရင်ခင် ရက်ပိုင်းအလို ရက်သတ္တပတ် အနည်းငယ်အလိုမှာ ဆက်တိုက်ဆိုသလို နေ့စဉ်တိုင်းလိုလိုမှာ အကူအညီတောင်းခံတတ်ကြပါတယ်။နောက်ဆုံး အကူအညီ မရမှဘဲအဆုံးစီရင်မှုကို ရွေးချယ်သွားကြတာပါ။ ပတ်ဝန်းကျင်ကသူတွေက သတိမထားမိတာပါ။ဒါကလည်း အဆုံးစီရင်တာနဲ့ ပတ်သက်ပြီး လူတွေ အထင်မှားနေတဲ့ ကိစ္စ တစ်ခုပါ။ အဆုံးစီရင်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေဟာ သူတို့ရဲ့ နောက်ဆုံးနေ့ရက် မတိုင်ခင်မှာ အခြားသူတွေကို သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ့်အကြောင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အသိပေးကြပါတယ်။လူတစ်ယောက်မှာ ပြဿနာပေါင်းစုံနဲ့ ကြုံလာရပြီး ထွက်ပေါက် လုံးဝ မရှိတဲ့ အခြေအနေမျိုးမှာ နောက်ဆုံး ထွက်ပေါက်အနေနဲ့ သူတို့အသက်ကို သူတို့လက်နဲ့ အဆုံးစီရင်လိုက်ဖို့ ရွေးချယ်တတ်ကြပါတယ်။ လူတိုင်း၊ သက်ရှိတိုင်းက ရှင်သန်ချင်စိတ် ပြင်းပြတယ်ဆိုပေမယ့် သေဖို့ကြောက်ပါတယ်။ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါလို့ မတွေးပါနဲ့။ဒီအယူအဆက ပြောင်းပြန်ပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်တဲ့အထိစိတ်ဓာတ်ကျနေတဲ့သူကို အဆုံးစီရင်တဲ့ ကိစ္စတွေ အဆုံးစီရင်မှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို မေးမြန်းပြောပြတာက အဆုံးစီရင်မယ်ဆိုတဲ့ စိတ်ကူးကို တားဆီးပေးရာရောက်တာပါ။ကြိုးစားရှင်သန်လို့ရတယ်ဆိုတဲ့အခွင့်အရေးကို ပြသရာရောက်တာပါ။ သူတို့ကို ဖွင့်ဟတိုင်ပင်ဖို့ အခွင့်အရေး ပေးလိုက်တာပါပဲ။တကယ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေသူတစ်ဦးက သူဟာ မိသားစုတွေ၊ သူချစ်ရတဲ့သူတွေအတွက် အသုံးမဝင်တော့ဘူး။ သူ့ကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်နေမယ်။ သူသာ မရှိတော့ရင် အဆင်ပြေသွားမလားဆိုပြီး အများအတွက်တွေးလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာပါ။တကယ်လက်တွေ့မှာ အဆုံးစီရင်သွားတဲ့ ကိစ္စတိုင်းကို ကြည့်ရင် အဆုံးစီရင်သွားသူတွေဟာ သူ့ခြေထောက်ပေါ်သူ ရပ်တည်နေကြသူတွေဖြစ်သလို မိသားစုမှာ အခက်အခဲရှိတဲ့အခါတိုင်းမှာလည်း သူ့ခံစားချက်ကို မျိုသိပ်ပြီး အားလုံး အဆင်ပြေဖို့ အနစ်နာခံထားကြသူတွေပါ။ဒီလို မျိုသိပ်အနစ်နာခံမှုတွေ တစ်စတစ်စစုလာရင်းက နောက်ဆုံးမှာ အဆုံးစီရင်မှုကို ထွက်ပေါက်အနေနဲ့ ရွေးချယ်သွားကြတာပါ။ဒါကတော့ တော်တော်လေး လွဲမှားနေတဲ့ အယူအဆလို့ ဆိုပါရစေ။ လူတစ်ယောက်သတ်သေသွားတာက လူတွေအာရုံစိုက်မှုကို ခံချင်တာကြောင့် မဟုတ်ပါဘူး။ သူ့မှာ အခြား ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ။အာရုံစိုက်ခံရအောင် လုပ်နေတတ်တဲ့ သူတွေလည်း ရှိပေမယ့် လူတိုင်းက ဒီလိုမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုထင်ရင်တောင် လျစ်လျူမရှုသင့်ပါဘူး။တကယ်ကတော့ ဒီအတွေးအယူအဆက မှားယွင်းနေပါတယ်။ လူတိုင်း ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ပါတယ်။စိတ်ပင်ပန်းစရာတွေကြုံတွေ့လာရတာ များလာတယ်။ ထွက်ပေါက်လည်း လုံးဝမရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာ လူတွေက သေကြောင်းကြံစည်ကြပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/myths-about-the-sucide/
သွေးကျဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ
သင့်တွင် သွေးတိုးရောဂါရှိပါက သွေးကျဆေးများ သောက်သုံးရနိုင်ပါတယ်။ ထိုဆေးများတွင် ကောင်းကျိုးများရှိသော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။ အဖြစ်များသော ဆိုးကျိုးမျာကို လေ့လာကြပါစို့။ဆီးဆေးများ-ဆီးဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ မကြာခဏ ဆီးသွားခြင်းဖြစ်ပါတယ်။ ထိုနည်းဖြင့် ခန္ဓါကိုယ်တွင်းရှိ အရည်များနှင့် ဆားဓါတ်များကို စွန့်ပစ်ပြီး သွေးပေါင်ကျစေပါတယ်။အချို့ဆီးဆေးများသည် ခန္ဓါကိုယ်မှ ပိုတက်စီယမ်ဓါတ် ဆုပ်ယူမှုကို ကျဆင်းစေပါတယ်။ ထိုအခါ ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနုယ်ခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ဓါတ်ပါသော အစားအစာများ စားသုံးခြင်းဖြင့် ထို လက္ခဏာများ ကာကွယ်ပေးပါတယ်။ဆီးဆေးများကို ရေရှည် အသုးံပြုပါက အဆစ်ရောင်ခြင်းလက္ခဏာများ ဖြစ်တတ်ပါတယ်။ သို့သော် ရှားပါတယ်။ ဖြစ်ခဲ့ပါကလည်း ဆရာဝန်မှ ကောင်းစွာ ကုသပေးနိုင်ပါတယ်။ သင့်တွင် ဆီးချိုရှိပါက ဆီးဆေးများဟာ သွေးတွင်း သကြားဓါတ်ကို ပိုတက်စေနိုင်ပါတယ်။ သို့သော် အများစုဟာ ကျန်းမာသော စားသောက်နေထိုင်မှု၊ ဆရာဝန်မှ ဆေးပမာဏ အတိုးအလျှော့ ထိန်းညှိခြင်း တို့ဖြင့် ထိန်းချုပ်ပေးနိုင်ပါတယ်။အချို့သော အမျိုးသားများတွင် လိင်တံ မထောင်မတ်နိုင်ခြင်းကို ကြုံတွေ့ကြရပါတယ်။Beta blockers-ထိုဆေးများရဲ့ ဆိုးကျိုးများမှာ ခြေ၊လက်များ အေးစက်ခြင်း ဖြစ်ပါတယ်။ရင်ကြပ်ခြင်းရဲ့ လက္ခဏာများဖြစ်တဲ့ ချောင်းဆိုးခြင်း၊ အသက်ရှူသည့်အခါ တရွှီရွှီ မြည်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲ ကြပ်ခြင်း၊ အသက်ရှူ မဝခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။စိတ်ဓါတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း။လုံလောက်စွာ အိပ်မပျော်ခြင်း။အချို့ အမျိုးသားများတွင် လိင်တံ မထောင်မတ်နိုင်ခြင်း။အကယ်၍ ကိုယ်ဝန်ယူမည် ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ACE inhibitors တွေရဲ့ ဆိုးကျိုးတွေကတော့ ရေရှည် ချောင်းခြောက်ဆိုးခြင်း၊ အရေပြားပေါ် အင်ပြင်လိုဖြစ်ခြင်း၊ အချို့အခြေအနေများတွင် ကျောက်ကပ်ပျက်စီးခြင်း၊။ခံတွင်း အရသာပျက်ခြင်း၊ အရင်က ကြိုက်နှစ်သက်ခဲ့သည့် အစားအစာများပင် မစားလိုတော့ခြင်း၊ မည်သည့်အစားအစာကိုမှ ခံတွင်းမတွေ့ခြင်း။Angiotensin 2 receptor blockers။Angiotensin 2 receptor blockers များဟာ မူးဝေခြင်းကို ဖြစ်စေပါတယ်။ အကယ်၍ ကိုယ်ဝန်ရှိပါက ထိုဆေးကို မသောက်သုံးသင့်ပါ။ ထို့ကြောင့် ကိုယ်ဝန်ယူမည် ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။Calcium channel blockers။Calcium channel blockers တွေရဲ့ ဆိုးကျိုးတွေကတော့။-ဝမ်းချုပ်ခြင်း။-ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း။-ခေါင်းကိုက်ခြင်း။-နှလုံးခုန် ပုံမမှန်ခြင်း။-မူးဝေခြင်း။Alpha blockers။Alpha blockers တွေရဲ့ ဆိုးကျိုးတွေကတော့။-နှလုံးခုန် မြန်ခြင်း။-မူးဝေအားနည်းခြင်း။-ခေါင်းကိုက်ခြင်း။Alpha-beta blockers။နှလုံးခုန် နှေးစေရန် ဆရာဝန်က သင့်သွေးပြန်ကြောတွင်း သို့ Alpha-beta blockers များထိုးသွင်းနိုင်ပါတယ်။ ထိုဆေးများသည် မတ်တပ်ရုတ်တရက် ရပ်လိုက်ပါက သွေးပေါင်ကို ထိုးကျစေခြင်းကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း တို့ကို ဖြစ်စေပါတယ်။Alpha-2 receptor agonists။Alpha-2 receptor agonists များကလည်း ခေါင်းမူးခြင်း၊ ခေါင်းနောက်ခြင်းများကို ဖြစ်စေပါတယ်။Central agonists။Central agonists များက သွေးကြောများကို ပြေလျော့စေပြီး သွေးပေါင်ကို ကျစေပါတယ်။ သို့သော် သူတို့ဟာ လိုအပ်သည်ထက် သွေးပေါင်ပိုကျစေသောအခါ အားနည်းခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့ပြင် ခံတွင်းများ ခြောက်ခြင်း၊ ဖျားခြင်း၊ မူးဝေခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အချို့အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။Peripheral adrenergic inhibitors။Peripheral adrenergic inhibitors များဟာ ဝမ်းလျှောခြင်း၊ ရင်ပူခြင်း၊ နှာခေါင်းပိတ်ခြင်း၊ အားနည်းခြင်း၊ နံနက်နိုးလာသည့်အခါ ခေါင်းမကြည်ခြင်းတို့ကို ဖြစ်စေပါတယ်။ အိပ်မက်ဆိုးများမက်ခြင်း သို့မဟုတ် အိပ်စက်ခြင်းနှင့် ပက်သက်သော ပြဿနာများခံစားရပါက ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။သွေးကြော ကျယ်ဆေးများ။သွေးကြော ကျယ်ဆေးများသည် မျက်လုံးဝန်းကျင် ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်ပုံမမှန်ခြင်း၊ အမွှေးထူလာခြင်း တို့ကို ဖြစ်စေပါတယ် ။ ဆေးများအားလုံးဟာ ဘေးထွက်ဆိုးကျိုးများ ရှိသလို ယခု သွေးကျဆေးများဟာလည်း ထိုနည်းပင်ဖြစ်ပါတယ်။ သို့သော် ကောင်းကျိုးများဟာ ဆိုးကျိုးများထက်ပိုသာနေတတ်ပါတယ်။ ဆိုးကျိုးများက ပြင်းထန်ပါက သို့မဟုတ် မခံစားနိုင်ပါက ဆရာဝန်နှင့် အချိန်မရွေး သွားပြသင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%86%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%98%e1%80%b1%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba/
အိပ်နေစဉ် သွားရည်ကျတာ ကို သက်သာစေဖို့
အိပ်နေစဉ် သွားရည်ကျတာ က လူအများစု ကြုံဖူးမယ့်အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။ဒါပေမယ့် ဒီအခြေအနေက ညတိုင်း နဲ့ အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်သလို အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုခုရှိနေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာတွေကြောင့် အိပ်နေတုန်း သွားရည်ကျရတာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။အိပ်နေတဲ့အခါမျက်နှာက ကြွက်သားတွေက ပြေလျော့သွားပါတယ်။ ဒီလို ပြေလျော့တာကြောင့် မျိုချတာတွေ၊ ထွေးထုတ်တာတွေကို မလုပ်တော့သလို ပါးစပ်ကို အနည်းငယ် ပွင့်စေပြီးသွားရည်တွေပါးစပ် အပြင်ဘက် ထွက်ကျမလာအောင် ထိန်းပေးတာမျိုးလည်း မရှိတော့ပါဘူး။ဒီတော့ အိပ်ပျော်နေစဉ်အတွင်း ပါးစပ်ထဲမှာ သွားရည်တွေ စုပုံလာပြီး ထိန်းထားနိုင်တဲ့ ပမာဏ ကျော်လာတဲ့အခါ ပါးစပ်ကနေတဆင့် ပြင်ပကို စီးကျလာတာပါ။အိပ်နေစဉ် သွားရည်ကျတာ က တအားအိပ်မောကျသွားလို့လို့ ယူဆကြတာ များပေမယ့် တကယ်တမ်းကတော့ အိပ်နေစဉ်မှာ သွားရည်ကျတာဟာ ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။အိပ်နေစဉ်မှာ သွားရည်ကျတာ ကို သက်သာစေဖို့ဆိုရင်။အိပ်နေစဉ်မှာ ခေါင်းကို ခေါင်းအုံးမြင့်မြင့်လေး အုံးတာက  အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေနိုင်ပါတယ်။ ခေါင်းအုံးကို မအိပ်ခင်ကတည်းက ခပ်မြင့်မြင့်လေးဖြစ်အောင် ဂရုစိုက်ပြီး သက်သောင့်သက်သာဖြစ်အောင် အိပ်စက်ပါ။အိပ်စက်မှုပုံစံ မမှန်တာကလည်း အိပ်နေစဉ် သွားရည်ကျ တာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် မှောက်အိပ်သူတွေမှာ သွားရည်ကျတာက အဖြစ်များပါတယ်။ ဒါကြောင့် မှောက်မအိပ်ဘဲဘေးစောင်းအိပ်တာ၊ ပက်လက်အိပ်တာမျိုး အိပ်စက်ကြည့်ပါ။တစ်ညလုံးကို တစ်ပုံစံတည်း အိပ်စက်တာမျိုး မလုပ်ဘဲ သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားကို မကြာခဏ ပြောင်းပေးပါ။နှာခေါင်းပိတ်တာက သွားရည်ကျစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ နှာခေါင်းပိတ်တဲ့အခါ ပါးစပ်ကနေ အသက်ရှူရင်း သွားရည်ကျတာကို ဖြစ်စေပါတယ်။ဒါ​ကြောင့် နှာခေါင်းပိတ်နေတယ်ဆိုရင်။–ရေနွေးနဲ့ ရေချိုးတာ။-ဆားရည်နဲ့ နှာခေါင်းထဲ အစက်ချတာ။-ရေနွေးငွေ့ရှူတာ။–ယူကလစ်ဆီလိုမျိုး အဆီ တစ်မျိုးမျိုးကို ရှူတာမျိုး လုပ်ပေးပါ။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။အဝလွန်နေသူတွေက အိပ်နေစဉ်မှာ ပုံမှန်ထက် သွားရည်ပိုကျတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန် အခြေအနေမှာ ထိန်းသိမ်းပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/drool-when-you-sleep-and-how-you-can-stop-it/
Late Period (ရာသီမမှန်ခြင်း)
လစဉ်ဓမ္မတာမမှန်ခြင်းကိုခေါ်တတ်ပြီး တစ်ချိန်တည်းမှာ သုံးကြိမ်ရာသီမလာပါက ရာသီပျောက်တယ်လို့ ဆိုကြပါတယ်။ရာသီပျောက်ရခြင်းအကြောင်းအများစုကတော့ ကိုယ်ဝန်ရှိတာဖြစ်ပြီး တခြားအကြောင်းတွေကတော့ မျိုးပွားအင်္ဂါတွင်ပြဿနာဖြစ်ခြင်း၊ ဟော်မုန်းတွေကိုထိန်းညှိနေသော ဂလင်းများတွင်ပြဿနာဖြစ်ခြင်းတို့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာဆိုရင် ထိုအကြောင်းအရင်းကို ကုသလိုက်ပါက ရာသီပြန်မှန်စေနိုင်ပါတယ်။နိုင်ငံအလိုက်၊ လူမျိုးအလိုက် ဖြစ်နိုင်ချေကွဲပြားတယ်ဆိုတဲ့ သက်သေမရှိပါဘူး။ ဒါပေမယ့် စားသောက်မှုပုံစံ၊ နာတာရှည်ရောဂါတွေစတဲ့အချက်တွေကတော့ တွေးနေစရာမလိုအောင် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေတက်စေတဲ့အခြေအနေတွေကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။အဓိကလက္ခဏာကတော့ရာသီမပေါ်ခြင်းဖြစ်ပြီး အကြောင်းအရင်းတွေပေါ်မူတည်ကာ တခြားလက္ခဏာတွေခံစားရတတ်ပါတယ်။ ဥပမာ-။အထက်ပါလက္ခဏာတွေတွေ့ရမယ်၊ သိလိုသည်များရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ရှင်သန်နေရင်းနဲ့ သာမန်အကြောင်းတွေတွေကြောင့် ရာသီမမှန်တာ၊ ပျောက်တာမျိုးတွေကြုံရတတ်ပါတယ်-။အမျိုးသမီးအများစုက ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၂၈ ရက်ခြားတတ်ပါတယ်။ ဒါပေမယ့် ၂၁ ရက်ကနေ ၃၅ ရက်အထိခြားလို့ရပါတယ်။ ထိုကွာခြားချက်တွေလိုမဟုတ်ဘူးဆိုရင်တော့ ဒီအချက်တွေထဲကတစ်ချက်ချက်ကြောင့်ဖြစ်နိုင်ပါတယ်။အားပေးသောအခြေအနေများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။ဘယ်လိုသိရှိနိုင်မလဲ။ဆရာဝန်ကတခြားသော မျိုးပွားအင်္ဂါပြဿနာတွေဟုတ်မဟုတ်သိရဖို့ တင်ပါးဆုံရိုးဆိုင်ရာစမ်းသပ်စစ်ဆေးမှုများလုပ်ပါလိမ့်မယ်။ ရာသီတစ်ခါမှမလာဖူးသေးသူဆိုရင်တော့ တကယ်အပျိုဖော်ဝင်စပြုပြီလားသိရအောင် ရင်သားနဲ့၊ တခြားမျိုးပွားအင်္ဂါစမ်းသပ်မှုများလုပ်ပါလိမ့်မယ်။ရာသီပျောက်ခြင်းဟာ ရှု့ပ်ထွေးတဲ့ဟော်မုန်းပြဿနာတွေရဲ့ လက္ခဏာလည်းဖြစ်နိုင်တာကြောင့် အခြေခံပြဿနာကိုသိရဖို့ တစ်မျိုးထက်ပိုတဲ့စစ်ဆေးစမ်းသပ်မှုတွေလိုပြီး အချိန်လည်းကြာနိုင်ပါတယ်။ဓါတ်ခွဲစစ်ဆေးမှု။သွေးစစ်ဆေးမှုအမျိုးမျိုးလိုနိုင်တယ်။ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်း – ဒါဟာပထမဆုံးလုပ်ရမယ့် စစ်ဆေးမှုဖြစ်နိုင်ပါတယ်။သိုင်းရွိုက်လုပ်ဆောင်ချက်စစ်ဆေးခြင်း – သွေးတွင်း TSH ဟော်မုန်းပမာဏစစ်ဆေးပြီး သိုင်းရွိုက်အလုပ်လုပ်ခြင်းကို စစ်ဆေးပါလိမ့်မယ်။သားဥအိမ်စစ်ဆေးခြင်း – သွေးတွင်း FSH ဟော်မုန်းပမာဏစစ်ဆေးပြီး သားဥအိမ်များအလုပ်လုပ်ခြင်းကို ဆုံးဖြတ်ပါလိမ့်မယ်။Prolactinပမာဏ – prolactin ဟော်မုန်းပမာဏနည်းနေခြင်းဟာ pituitary ဂလင်းအကျိတ်ရှိခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။အဖိုဟော်မုန်းစစ်ဆေးခြင်း – တကယ်လို့ မျက်နှာမှာ အမွှေးအမျှင်တွေထူလာမယ်၊ အသံတွေပြောင်းလာမယ်ဆိုရင်တော့ ဆရာဝန်က သွေးတွင်းအဖိုဟော်မုန်းစစ်ဆေးပါလိမ့်မယ်။ပုံရိပ်ရိုက်ကူးစစ်ဆေးခြင်း။လက္ခဏာတွေနဲ့ သွေးအဖြေတွေပေါ်မူတည်ပြီး ပုံရိပ်ရိုက်ကူးစစ်ဆေးမှုတစ်မျိုး သို့ တစ်မျိုးထက်ပိုပြီးလုပ်ရနိုင်ပါတယ်။ အဲ့ဒါတွေကတော့-။အာထရာဆောင်း– အသံလှိုင်းများကိုသုံးကာ ကိုယ်တွင်းအင်္ဂါများကိုစစ်ဆေးသည့်နည်းဖြစ်ပြီး တစ်ကြိမ်မှရာသီမလာဖူးသေးပါက ကိုယ်တွင်းမျိုးပွားအင်္ဂါများကောင်းမကောင်း အာထရာဆောင်းသုံးပြီး စစ်ဆေးပါလိမ့်မယ်။စီတီစကင်– ကိုယ်တွင်းအင်္ဂါများကို အဘက်ဘက်မှ ပုံရိပ်ရိုက်ယူပြီး ပုံဖော်ကြည့်ရှုသောနည်းဖြစ်တယ်။ သားအိမ်၊ သားဥအိမ်၊ ကျောက်ကပ်တို့ ပုံမှန်ရှိမရှိစစ်ဆေးရန်သုံးနိုင်ပါတယ်။အမ်အာအိုင်– ရေဒီယိုသံလိုက်လှိုင်းများကိုသုံးကာ ခန္ဓါကိုယ်အတွင်းရှိ တစ်သျှူးများရဲ့ပုံရိပ်များကို အသေးစိတ်ရိုက်ကူးသောနည်းဖြစ်တယ်။ pituitary ဂလင်းမှာ အကျိတ်ရှိမရှိစစ်ဆေးရန်ရိုက်ကူးကောင်းရိုက်ကူးရပါလိမ့်မယ်။ကုသမှုကတော့ ရာသီပျောက်စေသော အကြောင်းအရင်းပေါ်မူတည်နိုင်တယ်။ တချို့အခြေအနေတွေမှာ သန္ဓြေတားဆေး၊ ဟော်မုန်းကုသမှု စသည်တို့နဲ့ ရာသီစက်ဝန်းပြန်စအောင် လုပ်နိုင်ပြီး သိုင်းရွိုက် သို့ pituitary ဂလင်းကြောင့်ဖြစ်ပါက ဆေးကုသဖို့လိုပါလိမ့်မယ်။ တကယ်လို့ အကျိတ် သို့ အစိတ်အပိုင်းတစ်ခုခုကြောင့်ဖြစ်ပါက ခွဲစိတ်ကုသရန် လိုကောင်းလိုနိုင်ပါတယ်။နေထိုင်မှုပုံစံ၊ အိမ်တွင်းကုထုံးနည်းများ။တချို့သောနေထိုင်မှုပုံစံတွေ- ဥပမာ- လေ့ကျင့်ခန်းအလုပ်များခြင်း၊ အစားနည်းခြင်းတွေကြောင့် ရာသီပျောက်နိုင်တယ်။ ဒါကြောင့် လှုပ်ရှားမှုပုံမှန်သာလုပ်ပြီး အနားယူဖို့လိုပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကိုလည်းလျှော့ချပါ။ မိမိဖာသာ စိတ်ဖိစီးမှုတွေမလျှော့နိုင်ပါက မိသားစု၊ သူငယ်ချင်းနဲ့ ဆရာဝန်ကိုတိုင်ပင်အကူအညီတောင်းပါ။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/late-period-%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%99%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား
အမျိုးသားတိုင်းမှာစွမ်းဆောင်ရည်ပြည့်ဝပြီးအရွယ်အစားလည်း မသေးငယ်လှတဲ့လိင်အင်္ဂါမျိုးကို ပိုင်ဆိုင်လိုကြတဲ့ ဆန္ဒအာသီသ ရှိတတ်ကြပါတယ်။အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတာ စွဲမက်ဖွယ်လို့ သူတို့ဟာ သူတို့ ထင်မြင်ယူဆကြတဲ့ ကျားအင်္ဂါမျိုးကို ပိုင်ဆိုင်ထားတာမျိုးကို သိပ်ကို ဂုဏ်ယူတတ်ကြသူတွေဆိုပါတော့။ဒီတော့ သူတို့ရဲ့ ဖွားဘက်တော်လေးကို ရှိနေတဲ့အခြေအနေထက် ပိုပြီးကြီးထွားအောင် အချိန်ကြာကြာစွမ်းဆောင်နိုင်စေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းမျိုးတွေဆိုရင် အမြဲစိတ်ဝင်စားတတ်ကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ ဓာတ်စာတွေ ဆေးမြီးတိုတွေကလည်း ဒီခေတ်မှာ ပေါ်ပေါက်လာကြတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သမိုင်းဦးခေတ်တွေကတည်းက ဒီလို နည်းလမ်းတွေ ရှိခဲ့ကြတာပါ။ဒီကနေ့ခေတ် ခေတ်မီဆေးဝါးတွေ ပေါ်ထွက်လာတဲ့ ခေတ်မှာလည်းအမျိုးသားအင်္ဂါကြီးဆေးတွေ၊ကြာဆေးတွေက အမျိုးမျိုး ပေါ်ထွက်လာနေဆဲပါပဲ။ ရောင်းအားတွေလည်း ကောင်းနေဆဲပါပဲ။နည်းလမ်းပေါင်းမြောက်များစွာထဲမှာ ဒီဘက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ လူသိများလာပြီး အသုံးလည်းများလာတာက P-Shot လို့ခေါ်တဲ့ ဆေးထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။ P-Shot ဆိုတာက ကိုယ့်ရဲ့ သွေးတွင်းက platelet-rich plasma (PRP) ကိုရယူပြီး လိင်အင်္ဂါဆီ ထိုးသွင်းတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါပိုမိုဖွံ့ထွားစေနိုင်ပြီး စွမ်းဆောင်ရည်လည်း မြင့်တက်စေတယ်လို့ ဆိုပါတယ်။P-Shot ကုထုံး တွေဟာ နိုင်ငံတကာမှာတော့ အရမ်းကို ခေတ်စားနေတဲ့ ကုထုံးတစ်မျိုးပါ။ဆီလီကွန်တွေဟော်မုန်းဆေးတွေထိုးပေးတာမျိုးတော့ မဟုတ်ပါဘူး။လူနာရဲ့ သွေးကိုထုတ်ယူပေါင်းခံပြီး သွေးရည်ကြည်ထုတ်ယူကာStem Cellနဲ့ ပေါင်းစပ်ပြီး ထိုးနှံပေးတာဖြစ်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့တော့။ဒါတွေကတော့ P-Shot ကုထုံး ရဲ့ ကောင်းကျိုးတွေဆိုပါတော့။ အဓိက အကျိုးကျေးဇူးက ကြီးထွားပြီး တောင်မတ်နိုင်စွမ်း အားကောင်းလာတာလို့ ပညာရှင်တွေကတော့ ဆိုထားပါတယ်။ဆေးထိုးတာက မြန်သလို ချက်ချင်းသာမန်လူလိုနေထိုင်သွားလာလို့ ရတယ်ဆိုတာပါပဲ။ ဆေးထိုးကြရာမှာလည်း အပ်သေးသေးနဲ့ထိုးတာမို့ သိသိသာသာနာကျင်တာမျိုး ဖြစ်တာနည်းပါတယ်။ကနဦး ရလဒ်ကို ၂၄ နာရီတွင်း မြင်နိုင်သလို ၃ ကြိမ်ကနေ ၆ ကြိမ်လောက်အထိ ထိုးနှံပြီးချိန်မှာတော့ သိသာထင်ရှားတဲ့ရလဒ်တွေ ရလာမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ၁ လ ဒါမှမဟုတ် ၂ လ ဝန်းကျင်အကြာမှာ အကောင်းဆုံး အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်လာမှာပါတဲ့။P-Shot ဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ဆိုကြပေမယ့် တကယ်တမ်းတော့ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတာထက် နည်းပါးတာသာဖြစ်ပါတယ်။ P-Shot Treatment ခံယူကြသူတွေမှာ အနည်းအကျဉ်းအားဖြင့် ဘေးထွက်ဆိုးကျိုး ခံစားကြရတာမျိုး ကြုံရတတ်ပါတယ်။ လူတိုင်းမဟုတ်ပေမယ့် တချို့တွေမှာ ခံစားကြရတာပါ။Treatment ယူပြီး ၄ ရက်နဲ့ ၆ ရက်ဝန်းကျင်လောက်အထိ ဘေးထွက်ဆိုးကျိုးတချို့ကို ခံစားရတတ်ပါတယ်။ အများဆုံးဖြစ်တာကတော့။P-Shot Treatment ယူမယ်ဆိုရင် စဉ်းစားသင့်တာတွေ ရှိပါတယ်။ အထက်မှာပြောခဲ့သလို ရေယုန်ပေါက်ဖူးတယ်ဆိုရင် သတိထားဖို့ လိုတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုကို တိတိကျကျလုပ်ဖို့လည်း လိုအပ်ပါတယ်။ သွေး၊ ပလက်စမာနဲ့ Platelets တို့ကို အဓိက စစ်ဆေးရမှာပါ။အဓိကအားဖြင့် ဆရာဝန်တွေက ညွှန်ကြားတာကတော့ P-Shot မထိုးခင် ဆန်းစစ်ရမှာက ကိုယ်တိုင်သာမက ကိုယ်ဆေးထိုးမယ့် ဆေးခန်း၊ လုပ်ငန်းဌာနရဲ့ စိတ်ချရမှုပါတဲ့။ စိတ်ချရမှုမရှိရင် ကိုယ့်အတွက် အန္တရာယ်အလွန်များပါတယ်တဲ့။ ဘာကြောင့်လဲဆိုရင်တော့ စနစ်တကျမလုပ်ဆောင်ရင် ပိုးကူးစက်မှုတွေ အများဆုံးဖြစ်တတ်လို့ပါပဲ။P-Shot နဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြနေတာက ပိုပြီးတိကျခိုင်မာတဲ့ အထောက်အထားတွေ လိုအပ်နေသေးတယ်ဆိုတဲ့ အချက်ပါ။ဒါနဲ့ပတ်သတ်လို့ သုတေသနတွေလည်း တော်တော်နည်းပါးနေပါသေးတယ်။စိတ်ဝင်စားမှုရှိတယ်ဆိုရင် စမ်းသပ်နိုင်ပေမယ့် ကျွမ်းကျင်သူတွေနဲ့ ကနဦးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သီးခြားလွတ်လပ်ပြီး ကိုယ်ဆေးထိုးမယ့် နေရာကမဟုတ်တဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ လိင်အင်္ဂါတောင်မတ်မှုနဲ့ လိင်စိတ်ခံစားချက်ဟာဟော်မုန်း၊ သွေးစီးဆင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတတ်တာဖြစ်တာမို့ မလိုအပ်ဘဲ ထိုးနှံတာမျိုးမဖြစ်စေဖို့ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်မှာ လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ရောဂါတစ်ခုခုရှိနေမယ်ဆိုရင် P-shot ထိုးလိုက်လည်း သိပ်တော့ ထူးခြားလှမှာ မဟုတ်ပါဘူး။တကယ်လို့ P-Shot ထိုးပြီးတာတောင်မှာ သင့်မှာ ဘာအကျိုးရလဒ်မှမပြဘူးဆိုရင်တော့ လိင်ဆေးပညာကျွမ်းကျင်သူတွေ၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်နှီးနှောဖို့ မဖြစ်မနေလိုအပ်နေပြီဆိုတာကိုလည်း သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/p-shot-side-effects-and-complications/
Fissured tongue (လျှာကွဲခြင်း)
လျှာမှာ အက်ကြောင်းများ၊ ကွဲကြောင်းများ ရှိနေခြင်း ဖြစ်ပါတယ်။ အများအားဖြင့် အန္တရာယ်မရှိနိုင်ပေမယ့် ဆရာဝန်/သွားဆရာဝန်တို့နဲ့တော့ စိတ်ချရအောင် စစ်ဆေးကြည့်သင့်ပါတယ်။လျှာကွဲခြင်းမှာ။ကွဲကြောင်းများထဲမှာ အညစ်အကြေးများ စုမလာလျှင်တော့ ဘာလက္ခဏာမှ ခံစားရမည် မဟုတ်ပါ။ကလေးဘဝမှစပြီး လျှာမှာ အကွဲကြောင်းများ ပေါ်နိုင်ပါတယ်။ သို့သော် လျှာကွဲခြင်းဟာ အရွယ်ရောက်ပြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်ကြီးလေ အရေးအကြောင်းတွေ ထင်းလာလေဖြစ်သလို လျှာကွဲခြင်းကလည်း အသက်ကြီးလာလေ ထင်ရှားလာလေဖြစ်ပါတယ်။ သွားကျန်းမာရေး ပုံမှန်စစ်ဆေးလျှင်တော့ သွားဆရာဝန်က သင့်လျှာကွဲနေကြောင်း သိနိုင်ပါတယ်။ လျှာကွဲတဲ့လူနာအများစုကို ဒီလိုနည်းနဲ့သိနိုင်တာ ဖြစ်ပါတယ်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လျှာကွဲခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။လျှာကို အရှည်လိုက်နှစ်ခြမ်းကွဲသလို ကွဲနေပုံပေါ်နိုင်ပါတယ်။ ကွဲကြောင်းအများအပြားလည်းရှိနေနိင်လို့ လျှာမှာ ပက်ကြားအက်သလိုလည်း ဖြစ်နေနိုင်ပါတယ်။ အက်ကြောင်းနက်လျှင်တော့ အလွန်ထင်သာမြင်သာရှိပြီး ဆရာဝန်/သွားဆရာဝန်တို့ အလွယ်တကူသိနိုင်ပါတယ်။ လျှာအလယ်ပိုင်းမှာ အများဆုံးကွဲတတ်ပြီး အခြားအပိုင်းများမှာလည်း ကွဲနိုင်ပါတယ်။လျှာကွဲခြင်းနဲ့အတူ အခြားအန္တရာယ်မရှိတဲ့ အခြေအနေတစ်မျိုးဖြစ်တဲ့ geographic tongue ကို တွဲပြီးတွေ့ရနိုင်ပါတယ်။ ပုံမှန်လျှာမှာ papillae လို့ခေါ်တဲ့ ဖြူတူတူပန်းရောင် အဖုလေးတွေရှိပါတယ်။ geographic tongue ဖြစ်နေတဲ့ လူတွေမှာ လျှာရဲ့အချို့နေရာတွေမှာ ထိုအဖုလေးတွေရှိမနေကြပါ။ အဖုမရှိတဲ့နေရာတွေမှာ နီပြီး ပြောင်ချောနေပြီး တခါတရံအနားများ ဖောင်းကြွနေတတ်ပါတယ်။လျှာကွဲခြင်းရော geographic tongue ပါ ကူးစက်ခြင်း၊ အန္တရာယ်ပေးခြင်း မရှိပါဘူး။ သို့ပေမယ့် နှစ်ခုစလုံးဟာ ကသိကအောက်ဖြစ်စေပြီး အချို့အရာဝတ္တုတွေနဲ့ အထိမခံနိုင်ဖြစ်တတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။သုတေသနပညာရှင်များဟာ အကြောင်းအရင်းအတိအကျကို မဖော်ထုတ်နိုင်သေးပါဘူး။ အများစုကတော့ ပုံမှန်လျှာအမျိုးအစားတစ်ခုလို့ပဲ ထင်ထားကြပါတယ်။လျှာကွဲခြင်းဟာ အချို့ရောဂါစုတွေဖြစ်တဲ့ Down syndrome နဲ့ Melkersson-Rosenthal syndrome တို့နဲ့တွဲဖြစ်တတ်ပါတယ်။ trisomy 21 လို့ခေါ်တဲ့ Down syndrome ဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု အများအပြားရှိနိုင်တဲ့ မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးပါ။ ခရိုမိုဆုမ်း၂၁မှာ နှစ်စုံရှိရမယ့်အစား သုံးစုံရှိနေတဲ့ရောဂါ ဖြစ်ပါတယ်။Melkersson-Rosenthal syndrome ဟာဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါစုဖြစ်ပြီး လျှာကွဲခြင်း၊ မျက်နှာနှင့် အပေါ်နုတ်ခမ်းရောင်ခြင်း၊ မျက်နှာတစ်ခြမ်းရွဲ့ခြင်းတို့နဲ့ တွဲနိုင်ပါတယ်။လျှာကွဲခြင်းဟာ မျိုးရိုးလိုက်တတ်ပြီး အချို့မိသားစုတွေမှာ ပိုအဖြစ်များပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်သွားနဲ့ခံတွင်း စစ်ဆေးမှုတွေမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ရတတ်ပြီး လျှာရဲ့ သိသာထင်ရှားတဲ့ ပုံသဏ္ဍာန်ကြောင့် အတည်ပြုနိုင်ပါတယ်။လျှာကွဲခြင်းကို ယျေဘူယျအားဖြင့် ကုသဖို့ မလိုပါ။ သို့သော်လျှာပေါ်ရှိ စားကြွင်းစားကျန်များကို ပွတ်တိုက်သန့်ရှင်းပေးပြီး သွားနှင့်ခံတွင်းကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ ဘက်တီးရီယားနှင့် အဖတ်များ လျှာကွဲကြောင်းထဲမှာ စုမိပြီး ခံတွင်းနံ့ဆိုးခြင်း သွားများပျက်စီးနိုင်ခြေများခြင်းတို့ ဖြစ်နိုင်ပါတယ်။နေ့စဉ်သွားတိုက်ခြင်း၊ သွားကြားထိုးခြင်းအပါအဝင် သွားကျန်းမာရေးကို ပုံမှန်ဂရုစိုက်ပေးပါ။ ခံတွင်းသန့်ရှင်းရေးအတွက် သွားဆရာဝန်ဆီ တစ်နှစ်နှစ်ခါ သွားပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် လျှာကွဲခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/fissured-tongue-%e1%80%9c%e1%80%bb%e1%80%be%e1%80%ac%e1%80%80%e1%80%bd%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကူးစက်တတ်တဲ့ ရောဂါများ အကြောင်း
ကမ္ဘာပေါ်မှာ ရောဂါတွေကို အမျိုးအစားခွဲကြည့်လိုက်မယ်ဆိုရင်ကူးစက်နိုင်တဲ့ရောဂါရယ်မကူးစက်နိုင်တဲ့ရောဂါရယ်ဆိုပြီး ရှိပါတယ်။ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေကတော့ မကူးစက်နိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ တီဘီတို့၊ ကိုဗစ်တို့၊ HIVတို့ကတော့ ကူးစက်တတ်တဲ့ ရောဂါများ ပေါ့။ကူးစက်တတ်တဲ့ ရောဂါများ က လူနေမှုအဆင့်အတန်း မြင့်မားပြီး စားကောင်းသောက်ကောင်းတွေ စားရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပိုဖြစ်တယ်။ သန့်ရှင်းရေး အားနည်းတဲ့ ဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံမှာတော့ ကူးစက်နိုင်တဲ့ ရောဂါတွေ အဖြစ်ပိုများတယ်လို့ ပြောကြပါတယ်။ ဒီနှစ်ခုကြားက မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကတော့ နှစ်မျိုးလုံး အဖြစ်များပါတယ်။ ဒါကို double burdenလို့ ခေါ်ပါတယ်။ကူးစက်တဲ့ရောဂါတွေက ပိုးမွှားတွေကြောင့် ဖြစ်တာမို့လို့ ဒီပိုးမွှားတွေကို သုတ်သင်နိုင်ရင် ရောဂါပျောက်ပါတယ်။ သူတို့ရဲ့ ကူးစက်ပုံကလည်း တစ်ခုနဲ့ တစ်ခုပါဘူး။ ဒီအကြောင်းကို လေ့လာကြည့်ရအောင်။ဘက်တီးရီးယားတွေက ဆဲလ်တစ်လုံးတည်းရှိတဲ့ အကောင်လေးတွေပါ။ အများစုက အန္တရာယ်မရှိတဲ့အပြင် လူကို ကောင်းကျိုးတောင် ပြုနိုင်ပါသေးတယ်။ ဥပမာ အစာခြေလမ်းကြောင်းနဲ့ မိန်းမကိုယ်လမ်းကြောင်းကကောင်းကျိုးပြု ဘက်တီးရီးယားတွေပါ။ ဘက်တီးရီးယားတွေရဲ့ ၁ရာခိုင်နှုန်းအောက်ကပဲ လူကို အန္တရာယ်ဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေက ကိုယ်ထဲမှာ ပွားပြီး ပျံ့နှံ့နိုင်ပါတယ်။ တချို့ဘက်တီးရီးယားတွေကျတော့ အဆိပ်တွေ ထုတ်ပြီး လူကို ဒုက္ခပေးပါတယ်။ဘက်တီးရီးယားကြောင့် ဖြစ်စေတဲ့ ရောဂါတွေကတော့ ဆီးလမ်းကြောင်းပိုးဝင်တာ၊ တီဘီရောဂါ၊ နမိုးနီးယား စတာတွေပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေကိုပိုးသတ်ဆေးပေးပြီး နှိမ်နင်းနိုင်ပါတယ်။ ဒါပေမယ့် ခုအခါမှာ ပိုးသတ်ဆေးကို စနစ်တကျ မသုံးစွဲတာကြောင့်ဆေးယဉ်ပါးပြဿနာကြုံနေရပါတယ်။ဗိုင်းရပ်စ်တွေမှာ အကောင်အထည်ရယ်လို့ မရှိဘဲ အတွင်းက မျိုးဗီဇ (DNA/RNA)ကို အပြင်က ပရိုတိန်းအလွှာနဲ့ အုပ်ထားတာမျိုးပါ။ ဗိုင်းရပ်စ်တွေက လူအပါအဝင် တခြားသော သက်ရှိတွေ ဖြစ်တဲ့ အပင်တွေ၊ တိရစ္ဆာန်တွေ၊ အမီးဘားပိုးနဲ့ ဘတ်တီးရီးယားတွေထိ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်တွေကိုကျကာကွယ်ဆေးနဲ့ ကာကွယ်တာများပါတယ်။ ကုသဆေးက ရှားပါးပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတွေကို ဥပမာ ပေးရရင် ရာသီတုပ်ကွေးတို့၊ HIVတို့ပဲ ဖြစ်ပါတယ်။မှိုအများစုက အန္တရာယ်မရှိတဲ့အပြင် စားလို့လည်း ရပါတယ်။ တချို့မျိုးစိတ်တွေကတော့ ကူးစက်ရောဂါကို ဖြစ်စေပြီး လူကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ မှိုပိုးအဝင်များတာကတော့ အဆုတ်၊ လက်သည်းခြေသည်းနဲ့ အရေပြားပါ။ တစ်ခါတလေ တခြားနေရာကို ပျံ့နှံ့ပြီး ပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ ဥပမာပြောရရင် သဲဝဲစားတာ၊ ပွေး၊ မှက္ခရု စတာတွေက မှိုရောဂါတွေပဲ ဖြစ်ပါတယ်။ကပ်ပါးပိုးကတော့ သက်ရှိတစ်ကောင်ကောင်ပေါ် မှီတွယ်နေထိုင်ပြီး အာဟာရတွေ ရယူတာပဲ ဖြစ်ပါတယ်။ ဒီကပ်ပါးပိုးတွေကို သွေး၊ အသည်း၊ အစာခြေစနစ်၊ ဦးနှောက်နဲ့ မျက်လုံး စတဲ့ ခန္ဓာကိုယ် နေရာ အနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ ကပ်ပါးပိုးတွေက အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင် သန်ကောင်၊ တုတ်ကောင်၊ ငှက်ဖျားပိုး စတာတွေက ကပ်ပါးကောင်တွေပါပဲ။ကူးစက်ရောဂါတစ်ခု အလွယ်ဆုံး ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ပိုးရှိနေတဲ့ လူ ဒါမှမဟုတ် တိရစ္ဆာန်နဲ့ တိုက်ရိုက် ထိတွေ့မိတာပဲ ဖြစ်ပါတယ်။ ကူးနိုင်တဲ့ နည်းတွေကတော့။-လူအချင်းချင်း။ရောဂါပိုးရှိတဲ့ လူကနေ နောက်တစ်ယောက်စီကို အသားချင်းထိတွေ့တာ၊ နမ်းရှုံ့တာ၊ နှာချေ၊ ချောင်းဆိုးရာကနေတဆင့် ကူးစက်နိုင်ပါတယ်။ နောက်တစ်ခုက လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။-တိရစ္ဆာန်မှ လူ။ပိုးရှိတဲ့ တိရစ္ဆာန်က ကိုက်လိုက်တယ်၊ ကုတ်လိုက်တယ်ဆိုရင် ကူးစက်နိုင်ပါတယ်။ သာမန်နာမကျန်း ဖြစ်ရုံကနေ အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေကို ကိုင်တွယ်ရာကနေလည်း ကူးစက်နိုင်ပါတယ်။ ဥပမာ ကြောင်ချေးကနေ toxoplasmosisလို့ ခေါ်တဲ့ ကပ်ပါးရောဂါ ဖြစ်နိုင်ပါတယ်။-ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသား။ကိုယ်ဝန်ဆောင်အမေဆီက ရောဂါပိုးတွေကလည်း မမွေးသေးတဲ့ ကလေးလေးဆီကို ကူးနိုင်ပါသေးတယ်။ တချို့ပိုးတွေက အချင်း ဒါမှမဟုတ် မိခင်နို့ရည်ကနေတဆင့် ကူးစက်နိုင်ပါတယ်။ အမေ့ရဲ့ မိန်းမကိုယ်က ပိုးတွေကလည်း မွေးလမ်းကြောင်းကနေတဆင့် ကလေးကို ကူးနိုင်ပါသေးတယ်။ပိုးမွှားတွေကို တိုက်ရိုက်ထိတွေ့တာ မဟုတ်ဘဲ ပစ္စည်းတွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဥပမာ တံခါးလက်ကိုင်ကို တုပ်ကွေးဖြစ်နေတဲ့သူတစ်ယောက်က ကိုင်လိုက်မယ်။ ပြီးရင် ကိုယ်က လိုက်ကိုင်မယ်ဆိုရင် ပိုးတွေက လက်မှာ ကပ်ပါလာနိုင်ပါတယ်။ ဒီလက်ကို မဆေးဘဲ မျက်နှာကို ပွတ်သပ်မိမယ်ဆိုရင် ပိုးကူးစက်ခံရနိုင်ပါတယ်။တချို့ပိုးတွေက အင်းဆက်တွေရဲ့ ခန္ဓာကိုယ်မှာ ခိုအောင်းနေတတ်ပါတယ်။ ဥပမာ ခြင်တို့ ယင်ကောင်တို့မှာ ပိုးတွေ သယ်ဆောင်ထားပြီး လူတစ်ယောက်က တစ်ယောက်ကို ကူးစက်စေပါတယ်။ ဒီလိုအင်းစက်တွေကို ဗက်တာ (vectors)လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် ခြင်ကနေ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်တို့၊ ငှက်ဖျားပိုးတို့ ကူးစက်တတ်ပါတယ်။ကိုယ်စားတဲ့ အစားအစာတွေ၊ ရေတွေမှာ ပိုးပါနေရင်လည်း ကူးစက်ခံရနိုင်ပါတယ်။ ဒီနည်းလမ်းက တစ်ခါတည်းနဲ့ လူအများကြီးကို ကူးစက်စေနိုင်ပါတယ်။ ဥပမာ အလှူ ဒါမှမဟုတ် စားသောက်ဆိုင်မှာ စားသောက်ပြီး အစာအဆိပ်သင့်တာမျိုးပေါ့။ အီကိုလိုင်ပိုးဆိုရင် မသန့်ရှင်းတဲ့ အစားအစာတော်တော်များများမှာ ပါတတ်ပါတယ်။ကူးစက်ရောဂါတွေက ကိုယ်တစ်ယောက်တည်းနဲ့ မပြီးပါဘူး။ ကိုယ်ကနေ သူများကို ဒါမှမဟုတ် သူများကနေ ကိုယ့်ကို ကူးစက်လာနိုင်တဲ့အတွက် ကူးစက်နိုင်တဲ့နည်းလမ်းတွေကို နားလည်ထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/all-about-infectionous-diseases/
ကင်ဆာမဟုတ်တဲ့ ရိုးရိုးရင်သားအကျိတ်
ရင်သားကို ကိုယ်တိုင်စမ်းကြည့်ပြီး အကျိတ်တွေ့ပြီ ဆိုပါစို့။ လူအတော်များများဟာ ဒီလိုအချိန်မှာ ကြောက်လန့်သွားကြပြီး ကင်ဆာလို့ တန်းမြင်ယောင်ကြပါလိမ့်မယ်။ တကယ်တော့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များပါတယ်။ စစ်ဆေးကြည့်ပြီးရင်တော့ အမျိုးသမီးတွေမှာ တွေ့တတ်တဲ့ အကျိတ်တွေဟာ benign လို့ခေါ်တဲ့ ရိုးရိုးရင်သားအကျိတ် ဖြစ်တာများပါတယ်။ သူတို့ဟာ အသက်အန္တရာယ် မရှိပါဘူး။ရိုးရိုးရင်သားအကျိတ် (Benign အကျိတ်) တွေဟာ ရင်သားအတွင်းမှာ ဖြစ်ပေါ်တဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေပဲ ဖြစ်ပါတယ်။ ကင်ဆာ ကျိတ်တွေနဲ့ မတူတာက benign အကျိတ်တွေဟာ ရင်သားကို ထိခိုက်ခြင်း မရှိသလို အခြားနေရာတွေကို ပြန့်ပွားခြင်းလည်း မရှိပါဘူး။သုတေသနတွေအရ benign အကျိတ်တွေကို သုံးမျိုးခွဲခြားနိုင်ပါတယ်။ရိုးရိုးရင်သားအကျိတ် (Benign အကျိတ်) တွေဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။ ရင်သားအကျိတ်တွေကို သေချာစွာ သိရှိဖို့အတွက် သင့်ဆရာဝန်တွေက စစ်ဆေးမှုတစ်ခု (သို့) အသားစ ယူဖို့ လိုအပ်ပါတယ်။အသားစယူခြင်းဟာ ရောဂါအဖြေရှာဖို့ အတိကျဆုံး စစ်ဆေးမှု ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ရိုးရိုးရင်သားအကျိတ်တွေမှာ အသားစယူလိုက်ရင် ကင်ဆာဆဲလ်ရှိတယ်လို့  ပြလေ့မရှိပါဘူး။ အချို့ benign အကျိတ်တွေဟာ နာကျင်မှုနဲ့ သက်သောင့်သက်သာ မရှိမှုတို့ကို ပြတတ်ပေမယ့် အများစုကတော့ လက္ခဏာပြသခြင်းမရှိသလို ကုသဖို့လဲ မလိုအပ်ပါဘူး။ ပုံမှန်စောင့်ကြည့်စစ်ဆေးနေဖို့တော့ လိုပါတယ်။ရိုးရိုးရင်သားအကျိတ်တွေဟာ ဖြစ်စေတဲ့ အကြောင်းရင်းရယ်လို့ သပ်သပ်မရှိပါဘူး။ ကိုယ်ခန္ဓာမှာ ရှိတဲ့ ဆဲလ်တွေဟာ ပိုမိုတဲ့ နှုန်းနဲ့ ပွားလာရင် အကျိတ်တွေ ဖြစ်လာတတ်ပါတယ်။ ပုံမှန်ဆိုရင် ကိုယ်ခန္ဓာက ဆဲလ်ပွားနှုန်းနဲ့ ဖွံ့ဖြိုးနှုန်းကို ထိန်းညှိပေးပါတယ်။ဆဲလ် အဟောင်းတွေ သေရင် ကိုယ်ခန္ဓာက ဆဲလ် အသစ်တွေနဲ့ လဲလှယ်ပေးပါတယ်။ ဒါပေမယ့် ဆဲလ်အဟောင်းတွေက မသေပဲနဲ့ ဆက်ကြီးလာရင်တော့ အကျိတ်ဖြစ်လာတတ်ပါတယ်။သွေးဆုံးလို့ ဟော်မုန်းကုသမှု ယူတာ၊ ရင်သားကင်ဆာ (သို့)ရင်သားမှာ ရိုးရိုးအကျိတ်ဖြစ်တတ်တဲ့ မိသားစုရာဇဝင်ရှိတာနဲ့ အခြားလူမှုဘဝ နေထိုင်ပုံ အချက်များစွာဟာ ရင်သားအကျိတ်ဖြစ်ခြင်းကို မြင့်တက်စေပါတယ်။သုတေသန တစ်ခုအရ ဆယ်ကျော်သက်အရွယ်တစ်လျှောက်မှာ စားခဲ့တဲ့ အစားအသောက်တွေဟာလည်း benign အကျိတ်ဖြစ်ပွားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ဥပမာ ဆယ်ကျော်သက်မှာ အရက်အလွန်အကျွံသောက်ခဲ့ရင် နောက်ပိုင်းမှာ ရင်သားကင်ဆာ ပိုဖြစ်နိုင်ပါတယ်။ ဒီလိုပဲ carotenoid တွေပါတဲ့ အစာတွေဖြစ်တဲ့ melons၊ ဥနီ၊ ကန်စွန်းဥ၊ သစ်သီးဖျော်ရည်၊ သစ်စေ့တွေနဲ့ ပဲတွေဟာ ရင်သား အကျိတ်ဖြစ်နှုန်းကို လျှော့ချပေးပါတယ်။အတွေ့ ရများတဲ့ ရိုးရိုးရင်သားအကျိတ်တွေကတော့။လက္ခဏာအများစုကတော့ ရင်သားကင်ဆာနဲ့ ဆင်ပါတယ်။ ရင်သားအကျိတ်အပြင်။ဒါကြောင့် ခြုံပြောရရင် သင့်ရင်သားမှာ အကျိတ်တွေ့တယ် ဆိုရင် ဆရာဝန်နဲ့ တတ်နိုင်သမျှ စောစော ပြသသင့်ပါတယ်။ တစ်ခါတလေ ရင်သားမှာ ပြောင်းလဲမှု အတော်များများကို လက္ခဏာ အနေနဲ့ မတွေ့ရဘဲ mammogram ရိုက်ကြည့်မှ တွေ့လာတာမျိုး ဖြစ်နိုင်ပါတယ်။တကယ်လို့ သင့် ရောဂါလက္ခဏာ (သို့) mammogram အဖြေတွေက ရင်သားမှာ ပြဿနာဖြစ်နေပြီဆိုရင် သင့်ဆရာဝန်က ဒီအကျိတ်ဟာ ဘာလဲဆိုတာ ဆက်လက်သိရှိဖို့ ဆောင်ရွက်ပါလိမ့်မယ်။ ရင်သားကို သေချာ စစ်ဆေးခြင်းကသာ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများသလား၊ ဒါမှမဟုတ် benign အကျိတ်လားဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/non-cancerous-breast-conditions/
ဖေဖေမေမေတို့ သိထားသင့်တဲ့ ကလေးငယ်တွေရဲ့ သွားကျန်းမာရေး
ခန္ဓါကိုယ်ကောင်းစွာကြီးထွားဖွံ့ဖြိုးဖို့အတွက် သွားနဲ့ခံတွင်းကျန်းမာရေးကလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နေပါတယ်။ ကလေးငယ်လေးတွကမွေးကင်းစအရွယ်မှာ သွားလေးတွေမပေါက်သေးပေမယ့် အဲ့အချိန်ကတည်းကစလို့ ခံတွင်းကိုသန့်ရှင်းအောင်ဂရုစိုက်ပေးဖို့လိုပါမယ်။ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက သွားတွေကိုသေချာဂရုစိုက်ပေးမှ အရွယ်ရောက်လာတဲ့အခါ ခံတွင်းနဲ့ သွားကျန်းမာတဲ့ ကလေးငယ်လေးတွေအဖြစ်ကြီးပြင်းလာမှာဖြစ်ပါတယ်။ အခုဖော်ပြမယ့်ဆောင်းပါးထဲမှာ ကလေးငယ်လေးတွေရဲ့ သွားကျန်းမာအောင် ဘယ်လိုဂရုစိုက်ပေးဖို့လိုမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။အပေါ်သွား။အောက်သွား။ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ ထွက်လာပြီး သိပ်မကြာခင်မှာဘဲ ထိခိုက်ပျက်စီးတာမျိုးဖြစ်တတ်ပါတယ်။ ကလေးတွေက အချိုများတဲ့အစားအစာတွေကိုကြိုက်နှစ်သက်တာကြောင့် သွားပိုးစားတာ၊ သွားတွေပျက်စီးတာမျိုးတွေဖြစ်လါယ်ပါတယ်။ ကလေးတွေက ငယ်စဉ်အရွယ်မှာ သူတို့ရဲ့သွားတွေကို သေချာဂရုမစိုက်နိုင်သေးပါဘူး။ ဒါကြောင့် ငယ်စဉ်မှာ ကလေးတွေရဲ့သွားတွေကိုသေချာဂရုစိုက်ပေးဖို့ကဖေဖေမေမေတို့ရဲ့ တာဝန်ပါ။သွားမထွက်ခင်ကတည်းက ကလေးတွေရဲ့ ခံတွင်းကိုသန့်ရှင်းပေးပါ။ကလေးက သွားမထွက်သေးပေမယ့် ကလေးငယ်ရဲ့ခံတွင်းကိုသန့်ရှင်းပေးဖို့လိုပါမယ်။ ကလေးက နို့စို့ပြီးချိန်တိုင်း၊အစားတစ်ခုခုစားပြီးတိုင်းမှာရေနွေးနွေးလေးဆွတ်ထားတဲ့ အဝတ်စသန့်သန့်လေးကို အသုံးပြုပြီး သွားဖုံးလေးတွေကို ပွတ်တိုက်သန့်စင်ပေးပါ။ငယ်သွားတွေကိုလည်းသေချာဂရုစိုက်ပေးပါ။မိဘတော်တော်များများက ငယ်သွားကကျိုးသွားမှာပဲဆိုပြီးသေချာဂရုမစိုက်ဘဲထားတာမျိုးရှိနိုင်ပါတယ်။ ဒပေမယ့် ငယ်သွားကိုသေချာဂရုစိုက်ပေးမှာ ကြီးသွားထွက်လာတဲ့အခါ ကျန်းမာလှပတဲ့ သွားလေးတွေဖြစ်စေမှာပါ။ ဒါကြောင့် ကလေးငယ်ကို သွားဖုံးရောဂါတွေမဖြစ်စေဖို့အတွက် ငယ်သွားပေါက်ကတည်းကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။သွားထိခိုက်စေမယ့် အလေ့အထတွေကို ဆင်ခြင်ပေးပါ။ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့သွားပြဿနာတွေက သွားအရောင်ပြောင်းတာနဲ့သွားပိုးပေါက်လေးတွေဖြစ်တာပါ။ ကလေးကိုအိပ်ရာထဲမှာ နို့ဗူးထည့်ပေးတာက ကလေးရဲ့သွားကို ထိခိုက်စေနိုင်တဲ့အပြုအမူပါ။ ကလေးကို အချိုတွေအများကြီးကျွေးတာမျိုးလည်း မလုပ်ပါနဲ့။အသက် ၂ နှစ်အရွယ်မှာ သွားစတိုက်ပေးပါ။ကလေးရဲ့သွားလေးတွေစထွက်လာပြီဆိုတာနဲ့ သွားစတိုက်ပေးပါ။ ကလေးကငယ်သေးတာကြောင့် ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးကို ဆန်စေ့တစ်စေ့စာလောက်ထည့်ပြီး တစ်နေ့ကို ၂ ကြိမ်တိုက်ပေးပါ။ကလေးရဲ့ ဖလိုရိုက်သောက်သုံးမှုပမာဏကို သိပါစေ။ကလေးအနေနဲ့ သွားပျက်စီးတာမျိုးမဖြစ်စေဖို့အတွက် ဖလိုရိုက်လုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ သွားတိုက်ဆေးကနေ ဖလိုရိုက်ကိုရရှိနိုင်သလိုသေက်သုံးရေကနေလည်း ဖလိုရိုက်ကိုရရှိနိုင်ပါတယ်။ တကယ်လို့ ကလေးရရှိတဲ့ ဖလိုရိုက်ပမာဏက မလုံလောက်ဘူးလို့ယူဆတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးကို ဖလိုရိုက်အားဖြည့်ဆေးတိုက်ပေးတာမျိုးလုပ်နိုင်ပါတယ်။သွားပွတ်တံကိုမကြာခဏလဲပေးပါ။ကလေးကို သွားပွတ်တံတစ်ချောင်းထဲကို အကြာကြီးတိုက်ခိုင်းတာမျိုး မလုပ်ပါနဲ့။ မကြာခဏလဲပေးဖို့လိုပါမယ်။ သွားပွတ်တံကခြောက်ပြီး ဖွားနေမယ်ဆိုရင် ချက်ချင်းလဲပေးပါ။ အနားတွေဖွာနေတဲ့ သွားပွတ်တံက ကလေးသွားတွေကိုသေချာမသန့်စင်ပေးနိုင်တဲ့အပြင် သွားဖုံးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။သွားကျန်းမာတဲ့ သားသားမီးမီးလေးတွေဖြစ်စေဖို့အတွက်ဖေဖေမေမေတို့အနေနဲ့ အခုဖော်ပြခဲ့တဲ့နည်းတွေအတိုင်းဘေဘီလေးတွေကိုစောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/%e1%80%96%e1%80%b1%e1%80%96%e1%80%b1%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%90%e1%80%ad%e1%80%af%e1%80%b7-%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90/
နှလုံးရောဂါဖြစ်ပွားစေနိုင်သောအလုပ်ဖိအားများ
နှလုံးရောဂါသည် ယနေ့ကမ္ဘာတွင်သေဆုံးမှုများသောရော ဂါများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ် ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ အထူးသဖြင့်ကျန်း မာရေးနှင့်မညီညွှတ်သောနေ့စဉ်နေထိုင်မှုပုံစံကြောင့်ဖြစ်ပါ တယ်။ အဆီများသောအစားအစာစားခြင်း၊ ပုံမှန်လေ့ကျင့် ခန်းမလုပ်ခြင်းကြောင့် အဝလွန်လာကာသွေးတွင်းကိုလက် စထရောကိုမြင့်တက်စေပါတယ်။ထို့ပြင်အလုပ်ထဲတွင်စိတ် ဖိစီးမှုများခြင်းကလည်းနှလုံးရောဂါဖြစ်ပွားနှုန်းကိုများစေ နိုင်ပါတယ်။အလုပ်တွင်ဖိစီးမှုများခြင်းသည်အလုပ်အလွန်အကျွံလုပ်ခြင်း၊ (သို့)အလုပ်ထဲတွင်ပြဿနာများကိုဖြေရှင်းရန်ခက်ခဲနေခြင်း စသည်တို့ကြောင့်ဖြစ်ပါတယ်။ အလုပ်တွင်စိတ်ဖိစီးမှုများ ခြင်းသည်နှလုံးကိုထိခိုက်စေပါတယ်။ လေ့လာမှုများအရ အလုပ်ဖိစီးမှုများသောလုပ်သားများသည်နှလုံးရောဂါကြောင့် သေဆုံးနှုန်း၂ဆပိုများပြီး လစာနှင့်ခံစားခွင့်နည်းသောလုပ် သားများတွင် ၂.၄ဆပိုများပါတယ်။လေ့လာရေးအဖွဲ့သည် စိတ်ဖိစီးမှု၊ သွေးပေါင်ချိန်၊ သွေး တွင်းအဆီဓါတ်နှင့် ကိုယ်အလေးချိန်တို့နှင့်ပတ်သက်သော အချက်အလက်များရရှိရန်မေးခွန်းများ၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာအလုပ်ဖိစီးမှုများသောသူများသည်နှလုံးရော ဂါဖြင့်သေဆုံးရန်လွယ်ကူကြောင်းတွေ့ရပါတယ်။ စိတ်ဖိစီး မှုကိုတုံ့ပြန်ရန် ကိုယ်ခန္ဓါမှဟော်မုန်းများထုတ်ရပါတယ်။ ၎င်းဟော်မုန်းများသည်သွေးတိုးရောဂါကိုဖြစ်စေပြီး သွေး ကြောနံရံတွင်အဆီဖုံးစေကာ နှလုံးရောဂါကိုဖြစ်စေပါတယ်။အလုပ်တွင်ဖိအားများခြင်းသည်သွေးတိုးရှိသူ(သို့) နှလုံးရော ဂါရှိသူအတွက်တော့မကောင်းပါဘူး။ လေ့လာသူများသည် နိုင်ငံ၇နိုင်ငံတွင်လေ့လာမှု၁၃ခုဖြင့် နှလုံးရောဂါမရှိသောလူ ပေါင်း၂သိန်းကိုလေ့လာခဲ့ပါတယ်။ ယင်းတို့အနက် ၃၀၂၁၄ယောက်သည်အလုပ်ဖိစီးမှုဒဏ်ကိုခံနေရပါတယ်။လေ့လာသူများ၏သုံးသပ်ချက်အရ အလုပ်သမားများ၏ ၃.၄%သည်အလုပ်ဖိစီးမှုဒဏ်ကိုခံရမည့်အခြေအ နေတွင်ရှိပြီး လူတိုင်းသည်အလုပ်တွင်စိတ်ဖိစီးမှုမရှိပါက နှလုံးရောဂါဖြစ်ပွားမှုအခြေအနေကို ၃.၄%ကာကွယ်နိုင်မည် ဟုဆိုထားပါတယ်။စိတ်ဖိစီးမှုများကို လမ်းလျှောက်ခြင်း၊ စိတ်ပညာရှင်များနှင့်နှစ်သိမ့်ဆွေးနွေးခြင်းများဖြင့်ဖြေလျော့ နိုင်ပါတယ်။အလုပ်ရှိစိတ်ဖိစီးမှုနှင့်ဖိအားများသည်နှလုံးရောဂါဖြစ်ပွားနှုန်း ကိုမြင့်တက်စေပါတယ်။ သို့သော်လည်းယင်းဖိအားများကို ရှောင်လွဲဖို့ရန်မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် စိတ်ဖိစီးမှုများကို ထိရောက်စွာကာကွယ်ဖို့ခက်ခဲပါလိမ့်မည်။ ထိုအစားဆေး လိပ်သောက်သောအလေ့အထကိုပယ်ဖျက်ကာ ပုံမှန်လေ့ ကျင့်ခန်းပြုလုပ်ခြင်း၊ အရာရာတွင်အကောင်းမြင်စိတ်ရှိ အောင်ကြိုးစားခြင်းများပြုလုပ်လိုက်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%b1%e1%80%85%e1%82%8f/
အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ
လိင်ဆက်ဆံခြင်းဟာမျိုးဆက်ပွားများနိုင်ဖို့ ကိစ္စကို အသာဖယ်ထားမယ်ဆိုရင် စိတ်ကိုပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာ လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒရှိနိုင်ပေမယ့် လိင်ဆက်ဆံဖို့ အခွင့်အရေးကတော့ ဆတူညီတူရကြမှာမဟုတ်ပါဘူး။ တချို့စုံတွဲတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မရည်ရွယ်ပါဘဲနဲ့ အကြာကြီး အတူမနေဖြစ်တာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ …..  ကောင်းတာတွေလား ဆိုးတာတွေလား။အမျိုးသမီးတွေဟာ များသောအားဖြင့် လိင်ဆက်ဆံခြင်းကို ပွင့်လင်းစွာလက်ခံလိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ တချို့က မဆက်ဆံချင်လို့ ငြင်းပယ်ကြတာဖြစ်နိုင်သလို၊ တချို့ကတော့ အခွင့်အလမ်းမသာလို့ ဆက်ဆံခွင့်မရကြတာမျိုးဖြစ်နိုင်ပါတယ်။ ဘာသာရေး၊ လူမှုရေးနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် တစ်သက်တာလုံး မေထုံအမှုကို ရှောင်ကျဉ်ကြသူတွေလည်း ရှိကြပါတယ်။ ဒါတောင်မှ ဒီနေ့ခေတ်ဟာ ယခင်ခေတ်ကာလတွေထက်ပိုပြီး ပွင့်လင်းမြင်သာလာတာမို့ လိင်မှုကိစ္စအပေါ် အတင်းအကျပ်ထိမ်းချုပ်မှုတွေ ယခင်ကထက်တော့ နည်းပါးလာနေပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အမျိုးသမီးတစ်ယောက် အချိန်အကြာကြီး လိင်မဆက်ဆံပဲ နေထိုင်နေမိမယ်ဆိုရင် ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ၊ လက္ခဏာတွေပြသလာတတ်တယ်ဆိုတာကိုတော့ သိနားလည်ထားဖို့ လိုမှာပါ။အမျိုးသမီးတစ်ယောက် အချိန်ကာလကြာမြင့်စွာ လိင်မှုကိစ္စတွေနဲ့ ကင်းကွာနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ ဆိုးဆိုးရွားရွား အနှုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေဖြစ်လာစရာတော့မရှိပါဘူး။၅ နှစ်အတွင်း တစ်ကြိမ်မှ လိင်ဆက်ဆံခြင်းမပြုခဲ့သူတွေနဲ့ ၁ နှစ်အတွင်း တစ်ကြိမ်မှ လိင်ဆက်ဆံခြင်းမရှိသူတွေအကြား ခြားနားချက်ကို လေ့လာကြည့်ရာမှာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကွာခြားချက် သိပ်မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ဒါပေမယ့် ခြားနားချက်မရှိခြင်းဟာ တစ်ကဏ္ဍဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လိင်ဆက်ဆံသူတွေဟာ မဆက်ဆံသူတွေနဲ့ ပုံမှန်အခြေအနေမှာတူညီနေကြတာမှန်ပေမယ့် အကျိုးကျေးဇူးရရှိမှုအပိုင်းမှာတော့ ကွာခြားပါတယ်။ လိင်ဆက်ဆံသူတွေဟာ အကျိုးကျေးဇူးတစ်ချို့ရရှိမှာဖြစ်ပြီးတော့ မဆက်ဆံသူတွေကတော့ ရရှိမှာမဟုတ်ပါဘူး။ဘယ်လို အကျိုးကျေးဇူးလဲလို့ မေးလာရင်တော့ “happy hormones” ထုတ်လုပ်နိုင်စွမ်းပါပဲ။ ဒီဟိုမုန်းဟာသွေးဖိအားကိုကျဆင်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတဲ့ဟိုမုန်းဖြစ်ပါတယ်။ ဒီနေရာမှာတောင် happy hormones ထွက်ရှိမှုပမာဏဟာ တစ်ကိုယ်တော်အာသာဖြေတာနဲ့ တကယ့်လိင်ဆက်ဆံတာအကြားမှာ ကွာဟချက် ကြီးပါတယ်။ တကယ့်လိင်ဆက်ဆံမှုကု happy hormones ကို ပိုထုတ်ပေးနိုင်ပါတယ်။ဒါတင်မကပါဘူး။ အောက်ပါအချက်တွေကိုလည်း ကြုံရနိုင်ပါတယ်။ပုံမှန်လိင်ဆက်ဆံခြင်းမရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာအရ ချို့ယွင်းနိုင်ခြေနည်းပါးပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ခြေကတော့ အလွန်များပါတယ်။လိင်မှုကိစ္စဟာ လူတစ်ယောက်ခြင်းစီရဲ့ သွေးလည်ပတ်စီးဆင်းမှုနဲ့ ပျော်ရွှင်စေမှုတွေနဲ့ တိုက်ရိုက်ပတ်သတ်နေတာမို့ ဦးနှောက်နဲ့ ဆက်နွယ်နေတဲ့ကိစ္စလို့ ဆိုနိုင်ပါတယ်။ သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ဆီသွေးရောက်ရှိမှုနည်းနိုင်သလို happy hormones ထုတ်လုပ်နိုင်စွမ်းကျဆင်းတာstress hormoneပမာဏမြင့်တက်တာမျိုးတွေဖြစ်လာမယ်ဆိုရင် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းလွယ်တာနဲ့ ဒေါသထွက်လွယ်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါတယ်။ဒီကိစ္စတွေက အချိန်အကြာကြီး လိင်မှုကိစ္စ မရှိတာနဲ့ တိုက်ရိုက်သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ အကြာကြီး အတူမနေဖြစ်ဘူးဆိုတော့ လင်မယားဆက်ဆံရေး ပြဿနာတွေ၊ မနေဖြစ်လောက်အောင် မအားလပ်စေတဲ့ လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ခြုံငုံပြောဆိုရမယ်ဆိုရင် လိင်မှုကိစ္စဟာ သဘာဝဖြစ်စဉ်တစ်မျိုးဖြစ်တာကြောင့် အတင်းအကျပ်ထိန်းချုပ်ရှောင်ကျဉ်သင့်တဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ဖက်မှာလည်း တွေ့ကရာလူနဲ့ ကြုံသလို နှီးနွယ်တာမျိုးကလည်း မှန်ကန်သင့်လျော်တဲ့ အမူအကျင့်မဟုတ်ပါဘူး။STIsလို ကူးစက်ရောဂါတွေ အန္တရာယ်ကို စိုးရိမ်ဖို့ လိုအပ်ပါတယ်။မှန်ကန်ပြီး စိတ်ချရတဲ့ လိင်ဆက်ဆံမှု အစီအစဉ်တွေကို စနစ်တကျ စီမံချမှတ်ထားပြီး စိတ်ရောလူပါ ကျန်းမာနေအောင် နေထိုင်တာကမှသာ နည်းမှန်လမ်းမှန် နေထိုင်မှုပုံစံဖြစ်မှာပါလို့ အကြံပေးပါရစေ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/stop-having-sex-effects/
မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ
အမျိုးသမီးအများစုဟာ အချိန်နဲ့အမျှ မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကြုံတွေ့နေရပါတယ်။ ဒီပြဿနာတွေဟာ ရာသီစက်ဝန်း၊ လိင်မှုကိစ္စ၊ ရောဂါပိုးကူးစက်ခြင်း၊ သန္ဓေတားခြင်း၊ အိုမင်းလာခြင်း၊ တားဆေးများသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ပြောင်းလဲလာခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။ပုံမှန်မဟုတ်တဲ့ အဖြူတွေ၊ အရည်တွေ ဆင်းခြင်းကလည်း မိန်းမကိုယ်မှာ ပြဿနာရှိကြောင်းပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဆီးသွားရာမှာ ပြောင်းလဲလာတာ ဥပမာ မကြာခဏသွားနေတာ၊ ဆီးသွားရင် ပူတာ စတာတွေဟာ မိန်းမကိုယ်ပြဿနာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ ကို ပြောပြပေးချင်ပါတယ်။မိန်းမကိုယ်ပြဿနာများနှင့် ဖြေရှင်းခြင်းများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ရောဂါပိုးကူးစက်ခြင်းနဲ့ တခြားရောဂါတွေကြောင့် မဟုတ်ဘဲ မိန်းမကိုယ်ပတ်လည်တဝိုက် နာတာရှည်နာကျင်ခြင်းကို vulvodynia လို့ ခေါ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ သေချာမသိရပေမယ့်ဟော်မုန်းတွေ ပြောင်းလဲခြင်း၊ ရောင်ရမ်းခြင်း၊ အာရုံကြောဆိုင်ရာ ပြဿနာများရှိခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ခုနဲ့ ထိုးသွင်းသလို နာကျင်မှုကို ပေါ်လိုက်ပျောက်လိုက် ခံစားရပြီး ပူခြင်း၊ ယားယံခြင်း၊ သက်သောင့်သက်သာ မရှိခြင်းစတဲ့ ခံစားမှုမျိုးတွေလည်း ကြုံတွေ့နိုင်ပါတယ်။တစ်ခါတလေ ဘာမှန်းမသိတဲ့ အဖုအလုံးတစ်ခုခုကို စမ်းမိနိုင်ပါတယ်။ တစ်ခါတစ်ရံ အမွေးဟာ အတွင်းဘက်ကို လှည့်ပြီးထွက်တာကြောင့် အမွေးအိတ်ရောင်ရမ်းပြီး အဖုအကျိတ် ဖြစ်တတ်ပါတယ်။ မကြာသေးမီက ရိတ်ထားတာ ရှိမရှိ ပြန်စဉ်းစားပါ။ ဒါမှမဟုတ် Bertholin အိတ်တည်ခြင်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်ထဲမှာ Bertholin ဂလင်း ၂ခုရှိပါတယ်။ သူတို့ဟာ ချောမွေ့စေတဲ့ အရည်တွေ ထုတ်ပေးပါတယ်။ တစ်ခါတရံမှာ ပိုးဝင်တာမျိုးဖြစ်ရင် ဂလင်းလမ်းကြောင်း ပိတ်သွားပြီး ရောင်လာနိုင်ပါတယ်။ Skene လို့ခေါ်တဲ့ မိန်းမကိုယ်တွင်း ဂလင်းတစ်မျိုးရောင်ရင်လည်း ဖြစ်တတ်ပါတယ်။ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်စတဲ့ ပိုးတစ်မျိုးမျိုးကြောင့် မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အက်ဆစ်ဓာတ်ကို လျော့နည်းစေတဲ့အရာတွေကလည်း မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ တချို့ရောဂါပိုးတွေကတော့ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့။ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ် ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက် အရည်ဆင်းတာဟာ ပုံမှန်ကိစ္စပဲ ဖြစ်ပါတယ်။ ရာသီစက်ဝန်းအတွင်း၊ လိင်စိတ်နိုးကြားချိန်အတွင်းနဲ့ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ဆင်းတဲ့ပမာဏနဲ့ အရောင်ပြောင်းတတ်ပါတယ်။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်းဟာ ရောဂါပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။Trich လို့လည်းခေါ်တဲ့ ဒီရောဂါပိုးဟာTrichomonas vaginalisလို့ခေါ်တဲ့ ရောဂါပိုးကြောင့် ဖြစ်တတ်ပါတယ်။ အမြှုပ်ထနေတဲ့ အဝါရောင်၊ အစိမ်းရောင်အရည် ဆင်းတတ်ပြီး မိန်းမကိုယ်မှာ ယားယံတာ ခံစားရတတ်ပါတယ်။ တစ်ခါတစ်လေမှာ လက္ခဏာလုံး၀ မပြတာလည်း ဖြစ်တတ်ပါတယ်။လိင်မှတစ်ဆင့်ကူးစက်တတ်ပြီး လက္ခဏာပြနေပြီ ထင်ရတဲ့အခါ အောက်ပါအချက်တွေ လိုက်နာသင့်ပါတယ်။မိန်းမကိုယ်တွင်း တစ်ခုခုဝင်ရောက်တဲ့အခါ (tampon၊ စမ်းသပ်ရာတွင် သုံးသည့် ဘဲနှုတ်သီး၊ ယောက်ျားတန်ဆာ စသည်တို့) နာကျင်တာမျိုး ဖြစ်ပါတယ်။ တစ်ခါတရံမှာ မိန်းမကိုယ်ပတ်လည်က ကြွက်သားတွေ လှုပ်ရှားရင်တောင် နာကျင်နေတတ်ပါတယ်။ ဒီရောဂါကြောင့် အမျိုးသမီးများ အတူနေတဲ့အခါ ပြဿနာရှိတတ်ပါတယ်။ တစ်ခါတရံမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်အသုံးချတာတွေ၊ ထိခိုက်ဒဏ်ရာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ ကို သိလောက်ပြီ ထင်ပါတယ်။ အမျိုးသမီး ကျန်းမာရေးအတွက် အရေးပါတဲ့ မိန်းမကိုယ်လေး ကျန်းမာနေစေဖို့ သေချာ ဂရုစိုက်စောင့်ရှောက်လိုက်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/how-to-deal-with-common-vaginal-problems/
အချင်းကပ် တာ ကောက်ညှင်းစားလို့လား
ကိုယ်ဝန်ဆောင်ဘဝမှာ ယုံတမ်းစကားတွေက မကြာခဏ ကြားရပါတယ်။ အထူးသဖြင့် ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မစားရဘူး တားမြစ်ချက်တွေပါ။ မေမေတွေကလည်း ကိုယ့်ကလေး တစ်ခုခု ဖြစ်မှာစိုးလို့ ဟိုဟိုဒီဒီ ရှောင်ကြပါတယ်။ ခုပြောပြမယ့် အချင်းကပ် တာ ကောက်ညှင်းစားလို့လား ဆိုတာ ကလည်း တစ်ခု အပါအဝင် ပါပဲ။အချင်းကပ် တာ ကောက်ညှင်းစားလို့လား ဆိုတော့ အရင်ဆုံးအချင်းကပ်တဲ့ အကြောင်းကို သိထားဖို့ လိုပါတယ်။ ဒါမှ ကောက်ညှင်းနဲ့ ဆိုင်၊ မဆိုင် မေမေတို့ ဆုံးဖြတ်နိုင် မှာပါ။ပုံမှန်ဆိုရင် အချင်းက သားအိမ်ရဲ့ အတွင်း နံရံမှာ အသာလေးပဲ တွယ်နေတာပါ။ အဲ့ကနေမှ လိုအပ်တဲ့ အာဟာရတွေကို ချက်ကြိုး ကနေတဆင့် ကလေးကို ပေးတာပါ။အချင်းကပ် တယ်ဆိုတာက သားအိမ် နံရံမှာ ပုံမှန် မဟုတ်တာ တစ်ခုခု ဖြစ်နေလို့ပါ။တစ်ခါတလေလည်း အကြောင်းရင်း မရှိဘဲ ဖြစ်တတ်ပါတယ်။အချင်းကပ်တာက လက္ခဏာလည်း မပြပါဘူး။ ကလေးမွေးပြီး အချင်းကွာမှပဲ သိကြတာပါ။ တချို့တွေမှာ ကိုယ်ဝန် လရင့်တော့မှ သွေးဆင်းတဲ့ လက္ခဏာ ပြတတ်တာမျိုး ရှိပါတယ်။ဒါဆိုရင် အချင်းကပ် တာနဲ့ကောက်ညှင်းနဲ့ မဆိုင်ဘူးဆိုတာ သိလောက်ပါပြီ။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းစားလို့ရလား ဆိုတာပါ။ကောက်ညှင်းစားလို့ အချင်းမကပ်ဘူးဆိုပေမယ့် စားမိရင် ဘာများ ဖြစ်နိုင်သလဲပေါ့။ကောက်ညှင်းဆိုတာကလည်း ဆန်တစ်မျိုးပဲ ဖြစ်တဲ့အတွက် စားလို့ရပါတယ်။ ဒါပေမယ့် သင့်တင့်တဲ့ ပမာဏပဲ စားပါ။ အလွန်အကျွံစားမယ်။ နေ့တိုင်းစားမယ်ဆိုရင်။သာမန် ကိုယ်ဝန်ဆောင်တွေကတော့ အလွန်အကျွံမဟုတ်ရင် စားလို့ရပါတယ်။ ဝမ်းမချုပ်အောင်  ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ အစာမကြေဘူးလို့ ခံစားရရင် ကိုယ်ဝန်ဆောင်အတွက် စိတ်ချရတဲ့ အစာကြေဆေးတွေ သောက်နိုင်ပါတယ်။ကိုယ်ဝန်တွေ၊သံဓာတ်အားဆေးတွေကြောင့် ဝမ်းချုပ်နေတဲ့အချိန်၊ ရင်ပူနေတဲ့အချိန်ဆိုရင်တော့ ခဏရှောင်ထားတာ ပိုကောင်းပါတယ်။ဒါဆိုရင် ကောက်ညှင်းနဲ့ အချင်းကပ် တာ ဘာမှမဆိုင်ဘူးဆိုတာကို မေမေတို့ သိလောက်ပါပြီ။ အချင်းကပ်တာက ကောက်ညှင်းစားတာနဲ့ မဆိုင်ပါဘူး။ ကောက်ညှင်းအပါအဝင်  တခြား စေးကပ်တဲ့ အစားအစာတွေကို စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ အချင်းကပ်မယ့် မိခင်က ကပ်တာပါပဲ။ အချင်းကပ်တာက ကြိုတင် ကာကွယ်လို့ ရတဲ့ ကိစ္စမဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာကောက်ညှင်းစားလို့ ရပါတယ်။ အလွန်အကျွံ မဟုတ်တဲ့ပမာဏလည်း ဖြစ်မယ်။ တစ်ခါတလေမှ စားတယ်ဆိုရင် အန္တရာယ်မရှိပါဘူး။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/can-sticky-rice-is-a-cause-of-placenta-acreta/
စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး
ကိုဗစ်ကာကွယ်ဆေးတွေ တစ်မျိုးပြီး တစ်မျိုး အောင်မြင်လာတာ ဝမ်းသာစရာသတင်းပါပဲ။ ဒီနိုဝင်ဘာလထဲမှာပဲ ကာကွယ်ဆေး သတင်းကောင်းတွေက ရက်ဆက်ဆိုသလို ကြားနေရတာပါ။ လအစမှာPfizerနဲ့Modernaက ကာကွယ်ဆေးတွေ အောင်မြင်လုနီးပါး ဖြစ်နေပြီဆိုတာကို ကြေညာပြီး မရှေးမနှောင်းမှာပဲ အောက်ဖို့ဒ်ကလည်း သူ့ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းကျော် ထိရောက်တယ်ဆိုတာ နိုဝင်ဘာ ၂၃ရက်နေ့က ကြေညာခဲ့ပြန်ပါတယ်။အောက်ဖို့ဒ်နဲ့ AstraZenecaတို့ ပူးပေါင်းပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးက ခုဆိုရင် စမ်းသပ်ဆဲ အဆင့် ၃ကို အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ နည်းလမ်းနှစ်မျိုးနဲ့ စမ်းသပ်ပြီးတဲ့နောက်မှာ ပျမ်းမျှခြင်း ၇၀.၄ ရာခိုင်နှုန်း အောင်မြင်မှု ရှိတာကို တွေ့ရပါတယ်။နည်းလမ်း နှစ်မျိုးမှာ ပထမနည်းလမ်းက ၉၀ရာခိုင်နှုန်း အောင်မြင်ပြီး ဒုတိယနည်းလမ်းက ၆၂ ရာခိုင်နှုန်း အောင်မြင်ပါတယ်။ နည်းလမ်း နှစ်ခုလုံးမှာ ကာကွယ်ဆေးကို နှစ်ခါထိုးပေးခဲ့ပါတယ်။ပထမနည်းလမ်းမှာ ပမာဏတစ်ဝက်တစ်ခါ၊ ပမာဏ အပြည့် တစ်ခါ ထိုးပေးခဲ့ပါတယ်။ ဒါက ၉၀ရာခိုင်နှုန်း အောင်မြင်ပါတယ်။ နှစ်ခါလုံး ပမာဏအပြည့် ထိုးခဲ့တဲ့ ဒုတိယနည်းလမ်းကတော့ ၆၂ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် တကယ်လက်တွေ့ ထိုးရမယ်ဆိုရင် ပထမနည်းလမ်းနဲ့ ထိုးပေးမှာပါ။သူ့ကာကွယ်ဆေးက အအေးမိပိုးဖြစ်တဲ့Adenovirusကိုအားပျော့အောင် လုပ်ထားတာပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲရောက်ရင် ဒုက္ခမပေးနိုင်အောင် မျိုးဗီဇပြောင်းလဲထားတာပဲ ဖြစ်ပါတယ်။စမ်းသပ်မှုမှာ လူပေါင်း ၂၄ ၀၀၀ပါဝင်ပြီး ယူကေ၊ ဘရာဇီးနဲ့ တောင်အာဖရိကက လူမျိုးပေါင်းစုံပါဝင်ခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာ ဆက်လုပ်မယ့် စမ်းသပ်မှုမှာဆိုရင် ယူအက်စ်၊ ကင်ညာ၊ ဂျပန်နဲ့ အိန္ဒိယက လူတွေနဲ့ဆိုရင် စုစုပေါင်း ၆၀၀၀၀လောက် ပါဝင်လာဦးမှာပါ။ကာကွယ်ဆေးက အသက်ကြီးတဲ့သူတွေ အပါအဝင် အသက်အရွယ်စုံမှာ ခုခံအား ပဋိပစ္စည်း ကောင်းကောင်းထွက်တာကို တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးတဲ့သူတွေထဲမှာ ပြင်းထန်တဲ့အခြေအနေ၊ ဆေးရုံတက်ရတဲ့ အခြေအနေမျိုးလည်း မရှိပါဘူး။သူ့ရဲ့ အားသာချက်က။-ပမာဏတစ်ဝက်တစ်ခါ၊ ပမာဏ အပြည့်တစ်ခါ နှစ်ခါထိုးတဲ့ နည်းလမ်းမှာ ကူးစက်မှုကိုပါ လျှော့ချနိုင်တာ တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ပိုးဝင်ပြီး လက္ခဏာမပြတဲ့ အခြေအနေတောင် မဖြစ်ပါဘူး။ ဒါကို သေချာပြောဖို့ကတော့ ဒေတာတွေကို ထပ်စောင့်ရပါဦးမယ်။–သိုလှောင်တဲ့ အပူချိန်က ၂-၈ ဒီဂရီစင်တီဂရိတ်မှာ (အိမ်သုံးရေခဲသေတ္တာ) သိမ်းဆည်းထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများကို သယ်ယူပို့ဆောင်တဲ့နေရာမှာ၊ သိုလှောင်သိမ်းဆည်းတဲ့နေရာမှာ အဆင်ပြေစေပါလိမ့်မယ်။-အောက်ဖို့ဒ်ရဲ့ ကာကွယ်ဆေးက တကယ်သာ အောင်မြင်မယ်ဆိုရင် တတိယနိုင်ငံ (low- and midle-income countries)တွေကို ဖြန့်ဖြူးမယ့် ကာကွယ်ဆေးရဲ့ ၄၀ရာခိုင်နှုန်းအဖြစ်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ မျှော်လင့်ချက် ပိုများလာပါပြီ။-စျေးနှုန်းကလည်း တစ်လုံးကို ၄ဒေါ်လာစွန်းစွန်းပဲ ကျမယ်လို့ ဆိုပါတယ်။ကာကွယ်ဆေးတွေက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး အောင်မြင်လာတာကြောင့်ကိုဗစ်ကြီး ပြီးဖို့ဆိုတာ မဝေးတော့ပါဘူး။ ကာကွယ်ဆေးတွေ မရခင်အထိတော့ တစ်ကိုယ်ရည်ကာကွယ်နည်းတွေဖြစ်တဲ့လက်ဆေးတာ၊နှာခေါင်းစည်းတပ်တာ၊လူစုလူဝေးရှောင်တာတွေ ကျင့်သုံးပြီး ကျန်းမာအောင်နေကြပါလို့ အကြံပြုချင်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/oxford-covid-vaccine/
မူလတန်းအရွယ်မှာကလေးငယ်ကို ထူးချွန်ထက်မြက်စေမယ့် နည်းလမ်း (၁၀)ခု
ထူးချွန်ထက်မြက်တဲ့ကလေးငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ဆိုတာ မိဘတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကလေးလေးတွေကျောင်းနေစကစလို့ ဘဝတစ်လျှောက်လုံးမှာ ထူးချွန်ထက်မြက်နေဖို့ဆိုတာက လက်ဦးဆရာတွေဖြစ်တဲ့ဖေဖေ၊မေမေတို့ကသေချာလေ့ကျင့်ပျိုးထောင်ပေးမှရမှာပါ။ ဖေဖေမေမေတို့က ကလေးတွေကိုကျောင်းနေပျော်အောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်၊ စာသင်ယူရတာကိုပျော်ရွှင်လာအောင်လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ (၁၀)ချက်က ကလေးငယ်တွေကို ထူးချွန်ထက်မြက်အောင်ပြုစုပျိုးထောင်လိုတဲ့မိဘတွေအတွက် အသုံးဝင်မှာပါ။ကလေးရဲ့ ကျောင်းကအကြောင်းတွေ၊ သူ့ရဲ့ဆရာ၊ဆရာမတွေနဲ့ အတန်းဖော်သူငယ်ချင်းတွေရဲ့ အကြောင်းတွေကို မိဘတွေအနေနဲ့သိထားဖို့လိုပါတယ်။ ကလေးကိုမေးနေရမယ်လို့မဟုတ်ပါဘူး။ သူနဲ့စကားစမြည်ပြောရင်းနဲ့ကျောင်းနဲ့ ပတ်သက်ပြီး သူဘာတွေကိုကြိုက်တယ်၊ ဘာတွေကိုမကြိုက်ဘူးလဲဆိုတာကိုပြောပြဖို့အခွင့်အရေးပေးလိုက်ပါ။ သူခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ပျက်စရာတွေကိုအကြောင်းကိုလည်း အချိန်ပေးပြီးနားထောင်ပေးလိုက်ပါ။ သူရဲ့ကြိုးပမ်းမှုတွေ၊အောင်မြင်မှုတွေကို ချီးကျူးပေးပါ။ အားပေးပေးတာမျိုးတွေ လုပ်ပေးဖို့လည်းမမေ့ပါနဲ့။ကလေးကိုကျောင်းပို့ရုံ အိမ်မှာဂရုစိုက်ရုံပဲမလုပ်ပါနဲ့။ တစ်ပတ်တစ်ကြိမ်လောက်တော့ ကလေးရဲ့ ဆရာ၊ဆရာမတွေနဲ့ သွားတွေ့ပြီး ကလေးရဲ့အကြောင်းကိုမေးမြန်းတာမျိုးတွေလုပ်ပေးပါ။ ကလေးရဲ့ ဆရာ၊ဆရာမတွေနဲ့ ဖုန်းနဲ့ဖြစ်ဖြစ်၊ဖေ့ဘုတ်ခ်လိုမျိုး ဆိုရှယ်မီဒီယာကနေတဆင့်ဖြစ်ဖြစ် အမြဲအဆက်အသွယ်ရှိအောင်လုပ်ထားပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့လိုအပ်ချက်တွေကိုသိရှိနိုင်ပြီး ကိုယ်အနေနဲ့ဘာတွေလုပ်ပေးသင့်တယ်ဆိုတာကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ကလေးနဲ့ပတ်သက်ပြီးရည်မျန်းချက်မြင့်မြင့်မားမားထားပါဆိုတိုင်း ကလေးကို တစ်ချိန်လုံး ဆူပူပြီး စည်းကမ်းတင်းကျပ်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ကလေးတိုင်းကိုအောင်မြင်ထူးချွန်စေချင်တာက မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒက ကလေးတွေအပေါ်အများကြီး သက်ရောက်မှုရှိနေနိုင်ပါတယ်။ ကလေးအပေါ်မျှော်လင့်အချက်အရမ်းကြီးမထားရဘူးလို့မဆိုလိုပါဘူး။ မဖြစ်နိုင်တာမျိုးကိုအရမ်းကြီးဖိအားမပေးဘဲဖြစ်နိုင်မယ့်အနေအထားလောက်ကိုပဲမျှော်လင့်ထားဖို့ပါ။ သူငယ်တန်းအရွယ်မှာ အမြဲအဆင့်ထိပ်ဆုံးဖြစ်နေတိုင်း ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေဖြစ်မလာနိုင်ဘူးလေ။ကလေးတိုင်းက ကစားဖို့အချိန်၊ အနားယူဖို့အချိန်နဲ့ စာလေ့လာဖို့အချိန်ဆိုပြီး အချိန်အတိအကျ ရထားသင့်ပါတယ်။ ဒါမှလည်း ကလေးက ဉာဏ်ကောင်းမှာ ဖြစ်သလို လူမှုပေါင်းသင်းဆက်ဆံရေးလည်း မညံ့မှာ ဖြစ်ပါတယ်။ ဘယ်ဟာက အရေးကြီးတယ်၊ အရေးမကြီးဘူးဆိုတာကိုလည်း ကလေးကို ခွဲခြားတတ်အောင် သင်ပေးရပါမယ်။ စာအရင်လုပ်ပြီးမှာ ကစားရမယ်ဆိုတာမျိုးပေါ့။ ကျောင်းက ပြန်လာတဲ့အခါ အိမ်စာတွေကို အရင်လုပ်ပြီးမှာ ကစားခွင့်ပေးတာမျိုးပါ။ ကလေးမှာ စာလေ့လာချိန် ပုံမှန်ရှိသင့်ပါတယ်။ ဒီအလေ့အကျင့်လေးကို အသက်ကြီးတဲ့အထိ ကျင့်သားရသွားအောင် ပျိုးထောင်ပေးပါ။ စာလေ့လာချိန် သတ်မှတ်တဲ့ နေရာမှာလည်း ကလေးအရွယ်နဲ့လိုက်အောင် သတ်မှတ်ပေးရမှာပါ။ ကလေးက မူလတန်းဆိုရင် တစ်နေ့ကို တစ်နာရီလောက်ပေါ့။ အတန်းကြီးလာတာနဲ့အမျှ အချိန်ကို နည်းနည်းစီ တိုးသွားပေးတာမျိုးလုပ်ပါ။ကလေးကို ငယ်ငယ်ကတည်းက စာလုပ်ဖို့ စားပွဲခုံ၊ထိုင်ခုံတွေကို အလင်းရောင်ကောင်းကောင်းရတဲ့ နေရာတစ်ခုမှာ သေချာစီစဉ်ပေးထားပြီး ကလေးစာလေ့လာရာမှာ အသုံးဝင်မယ့် သင်ထောက်ကူပစ္စည်းတွေကိုလည်း နံရံမှာကပ်ပေးတာမျိုး၊ စင်လေးနဲ့ထားပေးတာမျိုးလုပ်ပေးပါ။ ကလေးစာကျက်မယ့်နေရာကလေဝင်လေထွက်ကောင်းပြီး တိတ်တိတ်ဆိတ်ဆိတ် ရှိရင်ပိုကောင်းပါတယ်။ ဆိတ်ငြိမ်တဲ့နေရာက ကလေးရဲ့ သင်ယူမှုအားကိုပိုကောင်းစေပါတယ်။ကလေးအနေနဲ့ သင်္ချာပုစ္ဆာတွကို အဖြေရှာရခက်တာလိုမျိုး ကျောင်းစာနဲ့ပတ်သက်ပြီး တစ်ခုခုအခက်တွေ့နေတဲ့အခါ ချက်ချင်းသွားထောက်ပြတာမျိုးမလုပ်ပါနဲ့။ သင့်ကို မမေးခင်မှာ သူ့ဘာသာအဖြေရှာဖို့ အချိန်ပေးလိုက်ပါ။ ကလေးကိုလည်း သူလုပ်နိုင်မှာပါလို့ အားပေးလိုက်ပါ။ အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းတာက ကလေးကို ဉာဏ်ပိုကောင်းလာစေနိုင်သလို ယုံကြည်မှုလည်းတိုးစေနိုင်ပါတယ်။ကလေးတွေက စာတော်တော်များများကို ကျောင်းကသင်လိုက်ပေမယ့် အိမ်ရောက်တဲ့အခါ အလုံးစုံမမှတ်မိတာမျိုး၊ လုံးဝနားမလည်ဘဲပြန်ဖတ်နေတာမျိုးတွေရှိနေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာကလေးကို စာဝိုင်းဖတ်တာမျိုးလုပ်ပေးပါ။ စာဖတ်တဲ့အခါမှာလည်း ကလေးအနေနဲ့ နားလည်တဲ့အထိဖတ်ဖို့အချိန်ပေးပါ။ ကလေးက လုံးဝနားမလည်နိုင်တဲ့အခါ စာတစ်ပိုဒ်ကို နားလည်အောင် ဘယ်လိုဖတ်ရတယ်။ ဘယ်အချက်တွေက အဓိကကျတဲ့အချက်တွေဆိုတာကိုသေချာခွဲခြားပြရင်း ရှင်းပြပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးငယ်ရဲ့ စာမေးပွဲအတွက်လည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးရာရောက်ပါတယ်။အစားစားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အနေအထိုင်အပြုအမူကစလို့ လုပ်ဆောင်မှုတိုင်းကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လုပ်ဆောင်နိုင်အောင် ကူညီပေးပါ။ ညဘက်စောစောအိပ်ရာဝင်တတ်အောင်လည်းလေ့ကျင့်ပေးပါ။ အိပ်ရေးဝဝအိပ်တာ ကလေးကို ဉာဏ်ကောင်းစေနိုင်ပါတယ်။ ကလေးကို မနက်ခင်တိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာစားတတ်အောင်လည်း လေ့ကျင့်ပေးဖို့လိုပါလိမ့်မယ်။ ကလေးငယ်ကို ငယ်ငယ်ကတည်းကလေ့ကျင့်ခန်းလုပ်ချင်လာအောင်လည်း လုပ်ဆောင်ပေးဖို့လိုပါတယ်။ ကလေးရဲ့ တီဗွီကြည့်တဲ့အချိန်၊ ဗီဒီယိုဂိမ်းကစားတဲ့အချိန်၊ သီချင်းနားထောင်တဲ့အချိန် နဲ့ ကွန်ပျူတာအသုံးပြုတဲ့အချိန်တွေကို အကန့်အသတ်နဲ့လုပ်ပေးပါ။ ငယ်ငယ်ကတည်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အကျင့်ကိုပျိုးထောင်ထားမယ်ဆိုရင် အရွယ်ရောက်လာတဲ့အခါ ကျန်းမာထူးချွန်တဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာမှာဖြစ်ပါတယ်။ကလေးကျောင်းကပြန်လာတဲ့အခါ အချိန်ပေးပြီးကလေးရဲ့ အိမ်စာကိုကူလုပ်ပေးတာ၊ စာဝိုင်းကျက်ပေးတာမျိုးလုပ်ပေးပါ။ အိမ်စာဝိုင်းကူလုပ်ပေးပါဆိုတဲ့နေရာမှာ ကလေးရဲ့ အိမ်စာတွေကိုဝိုင်းရေးပေးတာမျိုးကိုပြောတာမဟုတ်ပါဘူး။ဘေးကထိုင်ပြီး ဝိုင်းအကြံပေးတာမျိုးလုပ်ခိုင်းတာပါ။ ကလေးနားမလည်တဲ့စာတွေကို ရှင်းပြပေးတာမျိုးလုပ်ပေးပါ။ကလေးတွေက မိဘတွေဆီကနေ အများဆုံးသင်ယူတာပါ။ ကလေးကိုစာဖတ်တဲ့အလေ့အထဖြစ်စေချင်ရင် ကိုယ်တိုင်က စာဖတ်တဲ့အလေ့အကျင့်ကို မွေးမြူထားပါ။ ကလေးအတွက် ရှေ့ဆောင်လမ်းပြကောင်းဖြစ်စေဖို့ ကိုယ်တိုင်ကလည်း အရည်အချင်းသစ်တွေတိုးလာအောင် သင်ယူမှုကို အဆက်မပြတ်ဆက်လုပ်နေဖို့လိုပါမယ်။ ကလေးနဲ့အေးအေးဆေးဆေးထိုင်ပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြောပြပေးတာမျိုးလုပ်ပေးပြီး ကလေးကိုသင်ယူခွင့်ပေးလိုက်ပါ။ ကိုယ်တိုင်ကကြိုးစားပြမှာ ကလေးကလည်းကြိုးစားချင်စိတ်ဖြစ်လာမှာဖြစ်ပါတယ်။ဘယ်သူမှတော့ မွေးကတည်း တတ်ကျွမ်းလာတာမျိုးမရှိပါဘူး။ ကလေးတစ်ယောက်ထူးချွန်ထက်မြက်ဖို့ဆိုရင် မိဘတွေက ငယ်စဉ်ကတည်းက စနစ်တကျပျိုးထောင်ပေးဖို့လိုပါလိမ့်မယ်။ အပေါ်မှာ ဖော်ပြတဲ့နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ရင်းဖေဖေ၊မေမေတွေအနေနဲ့ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ထူးချွန်ထက်မြက်တဲ့ကလေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/10-tips-for-bright-and-sharp-schooler/