title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ
ကိုဗစ်ကြောင့် အိပ်မပျော်တာ ညတိုင်းလိုလို ဖြစ်လာပြီ။ ခေါင်းကလည်း မကြည်ဘူး။ အိပ်လို့ကလည်း မပျော်ဘူး ဖြစ်နေပြီလား။ အခုကာလမှာ လူတိုင်းလိုလိုစိတ်ဖိစီးလာတယ်။ တစ်နေ့တစ်နေ့ စိုးရိမ်စရာတွေ တွေးရင်းအိပ်မပျော်တာက လူတိုင်းလိုလို ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ညနေစောင်းလာရင်ကို ဖျားသလိုလို ကိုယ်ပူသလိုလို ဝမ်းနည်းသလိုလို စိတ်ပူသလိုလို ခံစားရရင်း အိပ်ရာထဲသာ အချိန်ကျလို့ ဝင်လိုက်တယ် အိပ်မပျော်ဘဲ လူးလှိမ့်နေရင်း မိုးလင်းနေတဲ့ ရက်တွေက လူတိုင်း ကြုံတွေ့နေရတဲ့ ကိုဗစ်ကာလ စိတ်ဖိစီးမှုပါ။ အိပ်ရေးကပျက်တော့ အစားကမဝင်၊ စိတ်ကတိုနဲ့ စိတ်ရောကိုယ်ပါ တအား ပင်ပန်းလာရောပေါ့။ဒီလိုက ကြာလာရင်ကိုယ်ခံအား ကျလာပြီးကာကွယ်ဆေးမပေါ်သေးတဲ့ ကိုဗစ်ကို ကာကွယ်ဖို့ အခက်တွေ့လာနိုင်ပါတယ်။ ဒီတော့ အိပ်ပျော်ဖို့ကို ကိုယ်တိုင် ကြိုးစားကြည့်ရအောင်လား။ကိုဗစ်ကြောင့် စိတ်ဖိစီး အိပ်မပျော်ဘူးဆိုရင်။နေရောင်ခြည်ကို ပုံမှန် ထိတွေ့ဖြစ်ရဲ့လား။ တစ်နေ့တစ်နေ့ ကိုဗစ်ကို ကြောက်တာနဲ့အိပ်ထဲကနေ အိပ်ပြင်ထွက်ဖို့ မပြောနဲ့ ပြတင်းပေါက်ရှေ့တောင် သွားရပ်ဖြစ်ရဲ့လား။ မနက်ခင်း နေရောင်နွေးနွေးကို ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် ထိတွေ့တာကဗီတာမင် Dပြည့်ဝစေဖို့ ကိုယ်ခံအားကောင်းစေသလို စိတ်ခံစားမှုလည်း ကောင်းစေပါတယ်။နေရောင်၊ နေ့အလင်းရောင်နဲ့ များများထိတွေ့တာက ညဘက်တွေမှာလည်း ကောင်းစွာ အိပ်ပျော်စေပါလိမ့်မယ်။ ကဲ……… အခုနေရောင်လေး ရှိနေသေးတယ်ဆိုရင် ပြတင်းပေါက်နားလောက်တော့ ထွက်ရပ်လိုက်နော်။တရားထိုင်တာက စိတ်ရောကိုယ်ပါ တည်ငြိမ်စေပြီး ညဘက်တွေမှာလည်း ကောင်းစွာ အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေသလို ဝင်လေ ထွက်လေမှတ်တာကအဆုတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ဒါကြောင့် ကိုဗစ်ကာမှာ ကောင်းကောင်းအိပ်ပျော်ပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် တစ်နေ့တာမှာ ၁၅ မိနစ်ကနေ နာရီဝက်လောက် ပုံမှန် တရားထိုင်ပါ။အိပ်ခါနီးမှာ အိပ်ရာပေါ်မှာလှဲပြီး ခြေတွေလက်တွေကိူ ဆန့်လို့ တစ်ကိုယ်လုံး အကြောတွေ ပြေလျော့အောင် လျှော့ပေးပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ကွေးပြီး ကွေးထားတဲ့ ခြေထောက်နဲ့ ဆန့်ကျင်ဘက်ကို ခါးရော ခေါင်းပါလှည့်ပြီး ၅ စက္ကန့်နေပါ။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပါ။ ပြီးရင် နံရံကို မှီပြီး ပက်လက်အနေအထားနဲ့ ခြေထောက် နှစ်ချောင်းစလုံးကို ထောင်ထားပါ။ ၁၅ စက္ကန့်လောက် လုပ်ပေးပါ။ဒီလို အကြောလျှော့နေစဉ်မှာအသက်မှန်မှန်ရှူပါ။ ဒါကလည်း သွေးလည်ပတ်မှု ကောင်းစေပြီး အိပ်ပျော်စေဖို့ ထောက်ကူပေးပါလိမ့်မယ်။လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခံအားကို ကောင်းစေနိုင်သလို ညဘက်တွေလည်း အိပ်ပျော်စေပါတယ်။ အခုလို ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းပြီး အိပ်ပျော်စေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။ တစ်နေ့ကို ၁၅ မိနစ်လောက် လုပ်ပေးရင်ကို အဆင်ပြေတာပါ။လေ့ကျင့်ခန်းလုပ်တာက ကိုယ်ခံအားကောင်းစေတယ်။ အိပ်ပျော်စေတယ်။ စိတ်ခံစားမှု ကောင်းစေပါတယ်။ နေ့တိုင်း မလုပ်ချင်ရင်တော့ တစ်ပတ်ကို ၃ ရက်လောက် အနည်းဆုံး လုပ်ကြည့်ပါ။ဒီကာလက စိုးရိမ်မှုများမှာ မှန်ပေမယ့် ကောင်းကောင်း အိပ်ပျော်မှ ကိုယ်ခံအားက ကောင်းမှာပါ။ ဒီတော့ ကိုဗစ်ကာကွယ်ရေးအတွက် လိုက်နာရမှာတွေကို သေချာ လိုက်နာပြီး အခုပြောခဲ့တဲ့ နည်းလမ်းလေတွေကို ကျင့်သုံးလို့ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကိုယ်တိုင် ကြိုးစားကြည့်ပါ။[covid_19]။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/home-remedies-for-insomnia-due-to-covid/
အမျိုးသမီးတွေသိထားသင့်တဲ့ ကန့်လန့်ကာနောက်က သုက်ရည်အကြောင်း
သုက်ပိုးလို့ ပြောလိုက်ရင် အမျိုးသမီး တော်တော်များများက တွန့်ဆုတ်သွားလိမ့်မယ်ဆိုတာ သေချာပါတယ်။ အိပ်ရာပေါ်မှာတောင် မပြောဖြစ်တဲ့အကြောင်းအရာ တစ်ခုပေါ့။ တကယ်တော့သက်ပိုးဟာ သုက်ရည် အတွင်းမှာ ပါဝင်နေတဲ့ သက်ရှိတစ်မျိုးပါ။ဘယ်လို အခြေအနေမှာမဆို အမျိုးသမီးတွေရော အမျိုးသားတွေပါ သုက်ရည်နဲ့ သုက်ပိုးကောင်တွေအကြောင်းကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ပဋိသန္ဓေတည်ခြင်းရဲ့ နောက်ကွယ်က အဓိကလက်သည်ဖြစ်တာကြောင့်ပါပဲ။ဒါကြောင့် သုက်ပိုးနဲ့ သုက်ရည်အကြောင်းကို ဂဃနဏနားလည်ထားမယ်ဆိုရင် မျိုးဆက်ပွားကျန်းမာရေး၊ ပဋိသန္ဓေတားခြင်းနဲ့ လိင်မှုကိစ္စတွေမှာ အကျိုးဖြစ်ထွန်းစေနိုင်တာမို့ သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးသွားမှာပါ။အမျိုးသား လိင်အင်္ဂါကနေထွက်ရှိလာတဲ့ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေတဲ့ အဓိက လက်သည်ပါ။ သုက်ရည်ရဲ့ ၈၀ ရာခိုင်နှုန်းကတော့ ရေဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက သုက်ပိုးကောင်တွေနဲ့ အာဟာရဓာတ်တွေပါ။ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ဗီတာမင် C၊ဗီတာင် B12၊ Ascorbic  Acid ၊ ကယ်ဆီယမ် ၊ Citric acid ၊ ဖရက်တို့စ် ၊ လက်တစ်အက်စစ် ၊ မဂ္ဂနီဆီယမ် ၊ ဇင့် ၊ ပိုတက်ဆီယမ် ၊ဆိုဒီယမ်၊ အဆီ နဲ့ပရိုတိန်းအမျိုးမျိုးပါဝင်နေပါတယ်။ ရေဓာတ် ၈၀% ပါဝင်တာမို့ ရေဓာတ်ကြွယ်ဝတယ်လို့လည်း ဆိုနိုင်ပါတယ်။သုက်ရည် ထွက်နှုန်းက ပုံမှန်မရှိပါဘူး။ ဒါပေမယ့် ၂ မီလီ လီတာနဲ့ ၅ မီလီ လီတာက ပုံမှန်ပမာဏဖြစ်ပြီးတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကျော်ကျော်နဲ့ ညီမျှပါတယ်။ အမျိုးသားတစ်ယောက် အများဆုံးထုတ်နိုင်တဲ့ သုက်ရည်ပမာဏက ၇.၆ မီလီ လီတာဖြစ်ပါတယ်။ ၁ မီလီ လီတာ ပမာဏရှိတဲ့ သုက်ရည်ထဲမှာ သုက်ပိုး ၁၅ သန်းနဲ့ သန်း ၂၀၀ ကြား ပါဝင်နေတတ်ပါတယ်။အသက်ကြီးရင့်လာတာနဲ့အမျှ အမျိုးသားတွေရဲ့ သုက်ပိုးထုတ်လုပ်နိုင်စွမ်းက ကျဆင်းလာတတ်ပါတယ်။ အသက် ၅၂ နှစ်ကျော်ရင် အမျိုးသားတွေရဲ့ သုက်ရည်အရည်အသွေးက ပုံမှန်မဟုတ်တော့ပါဘူး။ အရည်အသွေးအကောင်းဆုံး သုက်ရည်တွေကို အသက် ၂၀ ကျော်အရွယ်မှာ ထုတ်လုပ်ပေးနိုင်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။တခါတလေမှာ အမျိုးသားတစ်ချို့ဟာ စိတ်ပါလွန်းပြီး မပြီးခင်မှာ သုက်ရည်စိမ့်ထွက် (Precum) တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုထွက်ရှိလာတဲ့ သုက်ရည်မှာ သုက်ပိုးပါဝင်မှု ပမာဏ အလွန်အမင်းနည်းပါးပါတယ်။ ဒီလိုထွက်ရှိလာတဲ့ သုက်ရည်ကြောင့် ကိုယ်ဝန်ရနိုင်ခြေ နည်းပါးပါတယ်။အနံ့ဆိုးထွက်နေတဲ့ သုက်ရည် ဒါမှမဟုတ် အရောင်ပြောင်းနေတဲ့ သုက်ရည်တွေဟာ လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးမျိုး ကူးစက်ခံထားရတယ်ဆိုတဲ့ လက္ခဏာပါ။ အနံ့ ၄ မျိုးရှိတယ်လို့ ဆိုထားပါတယ်။အမျိုးသမီးအင်္ဂါထဲကိုရောက်သွားတဲ့ သုက်ရည်ထဲမှာဆိုရင် သုက်ပိုးတွေဟာ ၅ ရက်အထိ ရှင်သန်နိုင်ကြပါတယ်။ သုက်ပိုးတွေဟာ ပြင်ပမှာ မရှင်သန်နိုင်ကြပါဘူး။သုက်ရည်ဓာတ်မတည့်မှုဆိုတဲ့ ရောဂါဟာ တကယ်ရှိပါတယ်။Human Seminal Plasma Hypersensitivity(HSP) လို့ခေါ်ပြီး အမျိုးသမီးမှာအဖြစ်များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါဟာ ရှားပါးပေမယ့် အလွန်ပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ကနေဒါအခြေစိုက် အလှကုန်ပစ္စည်းကုမ္ပဏီ SkinScience Inc ဟာ သုက်ရည်ကိုအခြေခံထားတဲ့ အလှအပဆိုင်ရာ အလှကုန်တွေ ထုတ်လုပ်နေပါတယ်။ သုက်ရည်မှာပါဝင်တဲ့Zincနဲ့ ပရိုတိန်းတို့ဟာ အရေပြားအလှအပကို အထောက်အကူပြုပြီး ဝက်ခြံသက်သာစေဖို့ အထောက်အကူပြုတယ်လို့ လေ့လာချက်တစ်ချို့ကဆိုထားပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/semen-facts-for-women/
ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ....
ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်လုတ်ကြောင့်ဘေဘီလေးထိခိုက်သွားမလားဆိုပြီး စိုးရိမ်တဲ့စိတ် မေမေတိုင်းမှာ ရှိပါတယ်။ ဒီလို စိုးရိမ်မှုက ဘေဘီလေးကို စပြီး ကိုယ်ဝန်ဆောင်ထားချိန်ကနေစလို့ မမွေးဖွားခင်အထိ ၉ လကျော် ၁၀ လ နီးပါးလုံးပါ။ ဒီတစ်ခေါက်တော့ အမောပြေအနေနဲ့ သောက်မိတဲ့ အုန်းစိမ်းရည် လေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ။ မေမေနဲ့ဘေဘီလေးကို ကျန်းမာစေလား……. ထိခိုက်စေမလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့အတွက်ပါ။ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား …. ဆိုတော့ သောက်လို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အုန်းစိမ်းရည် နုနုချိုချိုလေး သောက်ပေးတာက မေမေရော ဗိုက်ထဲက ဘေဘီလေးကိုပါ ထိခိုက်စေတာမျိုး မရှိပါဘူး။ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပါ။ အများကြီး မသောက်ဖို့တော့ လိုပါမယ်။ အကြောင်းကတော့ အုန်းစိမ်းရည်မှာပိုတက်ဆီယမ်လိုမျိုး သတ္တုဓာတ်တွေ ပါဝင်နေလို့ပါ။ ဒါကြောင့် အုန်းစိမ်းရည်ကို အများကြီး သောက်မယ်ဆိုရင် ပိုတက်ဆီယမ် လွန်ကဲမှု ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ကိုယ်တွင်းမှာ သတ္တုဓာတ်တွေ လွန်ကဲတာelectrolyteတွေမျှခြေပျက်တာက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အုန်းစိမ်းရည် သောက်တာက အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။အုန်းစိမ်းရည်က ဆီးရွှင်စေနိုင်တဲ့ သဘာဝဖျော်ရည် တစ်မျိုးပါ။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အခြား သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ဆီးသွားဖို့ လှုံ့ဆော်ပေးပါတယ်။ဆီးသွားတာက ကိုယ်တွင်းနဲ့ဆီးလမ်းကြောင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ကျောက်ကပ်မှာ ကျောက်တည်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကျောက်ကပ် ပိုးမဝင်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်နိုင်တာကြောင့် လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။လေ့လာမှုတွေအရ အုန်းစိမ်းရည်က သန္ဓေသား ဖွံ့ဖြိုးအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်နေပါတယ်။ မိခင်အတွက်လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးနိုင်သလို ဘေဘီလေးရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကိုလည်း ထောက်ကူပေးပါတယ်။အုန်းစိမ်းရည် သောက်တာ အထူးသဖြင့် တတိယသုံးလပတ်ကာလမှာ သောက်သုံးတာက ရေမြွာရည် တိုးစေနိုင်သလို သွေးပမာဏ တိုးစေပြီး သွေးလည်ပတ်မှု ကောင်းစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကြောင့် ရေဓာတ်ဆုံးရှုံးမှုတွေ များတာကြောင့် electrolytes တွေ ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါမယ်။ဒီပြဿနာကို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အုန်းစိမ်းရည်က အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ အကြောင်းကတော့ အုန်းစိမ်းရည်မှာ ကိုယ်ဝန်ဆောင်မေမေတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ရင်ပူတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေကို ခံစားရနိုင်ပါတယ်။ အုန်းစိမ်းရည်ကအစာခြေစနစ်ကို ကျန်းမာစေနိုင်သလို pH ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။​သွေးတိုးတတ်မယ် ဒါမှမဟုတ် ကိုယ်ဝန်ဆောင် သွေးတိုး ခံစားနေရမယ်ဆိုရင် အုန်းစိမ်းရည် သောက်ပေးလို့ ရပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။ကဲ …….ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား …. ဆိုတော့ သောက်လို့ရတဲ့အပြင် အခုလို အကျိုးကျေးဇူးလေးတွေကိုပါ ရရှိစေနိုင်မှာပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-mom-can-drink-coconut-water/
ကျေးဇူးတင် တတ်ပါစေ။
တစ်နေ့တာမှာ ကျေးဇူးတင် လောက်တဲ့ အရေးစိုက်မှုတွေ၊ ကူညီမှုတွေကို ရတဲ့အခါကျေးဇူးတင်ပါတယ်လို့ ပြောမိရဲ့လား။ အလုပ်တွေနဲ့ ဗျာများနေတဲ့ ကာလမှာ လူတွေဟာ တစ်ဦးတစ်ယောက်က ကိုယ့်ကို ကူညီပေးတဲ့အခါမျိုးမှာတောင် ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့နေကြပါတယ်။ တကယ်ကတော့ ကူညီမှုတွေ ဖေးမမှုတွေ ရရှိတဲ့အခါတိုင်းမှာ ကျေးဇူးတင်တယ်လို့ ပြောသင့်ပါတယ်။ဒီလိုပြောရတာက ကျေးဇူးတင်တတ်ခြင်းကကောင်းမွန်တဲ့ အပြုအမူတစ်ခုဆိုတာထက် ပိုလို့ပါ။ ကိုယ်တိုင်ကိုရော ကျေးဇူးတင်စကား ပြောခံရသူကိုရောပါစိတ်ကျန်းမာစေနိုင်ပါတယ်။ကျေးဇူးတင်စကား ဆိုတတ်တာက ထင်ထားတာထက် အများကြီး အကျိုးများပါတယ်။ ကျေးဇူးတင်စကားဆိုတာကခန္ဓာကိုယ်ကျန်းမာရေးအပေါ်မှာရော ဦးနှောက် ကျန်းမာရေးအပေါ်မှာပါ အများကြီး အထောက်အကူပြုပေးပါတယ်။ ဒီအကျိုးကျေးဇူးက နှစ်ဦးနှစ်ဖက်စလုံးဆီမှာ အကျိုးများစေတာပါ။အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊မိသားစုဘဝမှာဖြစ်ဖြစ်၊သူငယ်ချင်းတွေကိုဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာဖြစ်ဖြစ် ကျေးဇူးတင်စကားပြောတတ်တာက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာပါ။ကျေးဇူးတင်တတ်တာက လူတိုင်းမွေးမြူသင့်တဲ့ကောင်းမွန်တဲ့ အလေ့အထ တစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကျေးဇူးတင်တာက။ကျေးဇူးတင်စကား ဆိုလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရရှိစေပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အသုံးချစိတ်ပညာမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ ကျေးဇူးတင်စကားဆိုတတ်တဲ့ သူတွေဟာ အခြားသူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရပါတယ်။အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို မခံစားရသလို နိုးထတဲ့အခါမှာလည်း ကြည်ကြည်လင်လင်နဲ့ နိုးထလာနိုင်တာကိုတွေ့ရပါတယ်။ အိပ်စက်မှုဆိုင်ရာပြဿနာ ဖြစ်ပေါ်နေမယ်ဆိုရင်ပဲဖြစ်ဖြစ်အိပ်ဆေးသောက်မှ အိပ်ပျော်တယ်ဆိုရင်ပဲဖြစ်ဖြစ် ကျေးဇူတင်စကားဆိုတဲ့ အလေ့အကျင့် ကုထုံးကိုသုံးကြည့်ပါ လို့ပြောပါရစေ။ကျေးဇူးတင်စကား ဆိုတာက ပြောလိုက်တဲ့သူကိုရော အပြောခံရတဲ့သူကိုပါစိတ်ကျေနပ်မှုရရှိစေပြီး စိတ်အားတက်ကြွစေနိုင်ပါတယ်။ အလုပ်ခွင်မှာရော နေ့စဉ်ဘဝမှာပါ တက်တက်ကြွကြွ ဖြတ်သန်းချင်တယ်ဆိုရင် ကျေးဇူးတင်တတ်တဲ့ အလေ့အထကို မွေးမြူဖို့ လိုပါမယ်။ကျေးဇူးတင်တတ်တဲ့ အလေ့အထကအကောင်းမြင်စိတ်ပိုများစေတာကြောင့် ကိုယ်တွင်းက ဟော်မုန်းတွေကို ညီမျှစေပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသတဲ့။ ကျေးဇူးတင်တတ်သူတွေမှာဖျားနာမှုဖြစ်ခဲသလို ရောဂါကင်းကြပါတယ်။ကျေးဇူးတင်တတ်တာက စိတ်ဖိစီးမှု ကင်းစေသလို သွေးစီးဆင်းမှုကိုလည်း ကောင်းစေတာကြောင့် နှလုံးကို ကျန်းမာစေပါတယ်။ ကျေးဇူးတင်လိုက်ခြင်းက စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ရရှိစေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်လို့ နှလုံးကျန်းမာစေပါတယ်။ကျေးဇူးတင်တတ်တဲ့ အလေ့အထကို မွေးမြူတာ ကြာလာလေလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာလေလေပါ။ ကျေးဇူးတင်တတ်သူတွေဟာ အခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ကျေးဇူးတင်စကား ဆိုတတ်သူတွေက အခြားသူတွေထက် ပိုပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းကြတာကို တွေ့ရှိခဲ့ရပါတယ်။ ကျေးဇူးတင်စကားဆိုတတ်တာက လူချစ်လူခင် ပိုများစေပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းကြပါတယ်။ကျေးဇူးတင်တာကဦးနှောက် အိုမင်းမှုဖြစ်စဉ်ကို နှေးစေပြီး ဦးနှောက်ကို အရွယ်တင်စေလို့ မှတ်မိနိုင်စွမ်း ပိုကောင်းစေပါတယ်။ မေ့တတ်တာတွေ၊ မှတ်မိနိုင်စွမ်းကျတာတွေ မဖြစ်စေဖို့ လုပ်ရမယ့် အလွယ်ကူဆုံး နည်းလမ်းကတော့ ကျေးဇူးတင်ရမယ့် အနေအထားမျိုးနဲ့ ကြုံလာတဲ့အခါ ကျေးဇူးတင်လိုက်ပါ။စိတ်ရှည်မှုက လူတွေကို အောင်မြင်စေတဲ့ အရေးပါတဲ့ အချက်တွေထဲက တစ်ခုပါ။ ဒီတော့ အောင်မြင်မှု ရအောင် ထောက်ကူပေးမယ့်စိတ်ရှည်မှုကို အလေ့အကျင့် ရလာဖို့ဆိုရင် ကျေးဇူးတင်တတ်တဲ့ အလေ့အထကို အရင်ဆုံး မွေးမြူလိုက်ပါ။ကဲ…… ကျေးဇူးတင်တတ်တာက ကောင်းမွန်တဲ့ အပြုအမူ တစ်ခုဆိုတာထက် ပိုပါတယ် လို့ ဒါကြောင့် ပြောရတာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/say-gratitude-benefits/
အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် အိပ်မပျော်ခြင်း
အိပ်မပျော်ဘူးလို့ လူတိုင်းမကြာခဏပြောနေမိတတ်ကြပေမယ့် အိပ်မပျော်ခြင်း ဝေဒနာဟာ အမျိုးအစား အမျိုးမျိုးရှိပြီး နောက်ခံအကြောင်းတရားလည်း အမျိုးမျိုးရှိနေတယ်ဆိုတာကိုတော့ သိသူနည်းပါးပါတယ်။ သာမန်အိပ်မပျော်တာကနေ အိပ်မပျော်တဲ့ရောဂါ အမျိုးမျိုးအထိပါပဲ။လူတစ်ယောက်ကို အိပ်မပျော်ဖြစ်စေနိုင်တဲ့ အကြောင်းတရားအမျိုးမျိုးရှိပြီးတော့ အဆိုပါအကြောင်းတရားကြောင့် ဖြစ်လာတဲ့ အိပ်မပျော်ခြင်းဝေဒနာကလည်း အမျိုးအမည် အမျိုးမျိုးရှိနေပါတယ်။သာမန် အိပ်မပျော်တာ (Sleep Deprivation) ပါလို့ တွေးထင်မိနေပေမယ့် စိတ်နဲ့ ကိုယ်ကိုထိခိုက်စေနိုင်တဲ့ အိပ်မပျော်ခြင်းဝေဒနာတွေ (Insomia) ဖြစ်နေနိုင်တာကို သတိထားဖို့ လိုအပ်ပါလိမ့်မယ်။အိပ်မပျော်တဲ့ဝေဒနာကို လူတိုင်းခံစားဖူးကြပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် အလွယ်တကူဖြစ်နိုင်တဲ့ ပြဿနာတစ်မျိုးမို့ပါ။ ဒါကြောင့်လည်း လူအတော်များများက အိပ်မပျော်တာကို ဆိုးရွားတဲ့ပြဿနာတစ်ခုအဖြစ် မရှုမြင်တတ်ကြပါဘူး။ဒါပေမယ့်အိပ်စက်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက် အထူးအရေးပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ သာမန် အိပ်မပျော်တာလေးကနေစပြီး အိပ်မပျော်တဲ့ဝေဒနာတွေ အဆုံး အခြေအနေအမျိုးမျိုးတိုင်းဟာ ခန္ဓာကိုယ်ကြီးကို ထိခိုက်ပျက်ယွင်းစေပါတယ်။အိပ်မပျော်ခြင်းကို သတိထားဖို့လိုအပ်တယ်လို့ ဒါကြောင့်ဆိုနေရတာပါ။ များသောအားဖြင့် စိတ်ဖိစီးမှု၊ ခရီးသွားလာမှု၊ ကျန်းမာရေးအခြေအနေ၊ အပူချိန်နဲ့ ပြင်ပအခြေအနေတွေကြောင့် အိပ်မပျော်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအိပ်မပျော်တာတွေ ရက်ဆက်လာပြီဆိုရင်တော့ သင့်ရဲ့ကျန်းမာရေး အခြေအနေတွေ ထိခိုက်ပျက်ယွင်းလာပါလိမ့်မယ်။အိပ်မပျော်တာ ရက်ဆက်လာပြီဆိုရင် အိပ်မပျော်တဲ့ ရောဂါတစ်မျိုးမျိုး ခံစားနေရတာလားဆိုတာကို ဆန်းစစ်ဖို့ လိုအပ်လာပါပြီ။ တကယ်လို့ ကိုယ့်မှာ အိပ်မပျော်တဲ့ရောဂါတစ်မျိုးမျိုးရှိနေတယ်ဆိုရင် ကုစားရမယ်မဟုတ်လား။ကိုယ်အိပ်မပျော်ဘူးလို့ ခံစားလာရရင် အောက်ပါ အချက်တွေနဲ့ ချိန်ကိုက် ဆန်းစစ်ကြည့်ပါ။ဒီအချက်တွေထဲက အချက်တချို့တဝက်လောက်နဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင့်မှာ အိပ်မပျော်တဲ့ဝေဒနာ တစ်စုံတစ်ရာ ခံစားနေရပြီလို့ ဆိုရမှာပါ။အိပ်မပျော်ဖြစ်စေတဲ့ ရောဂါတွေအမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့။Insomnia က ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တာဒါမှမဟုတ် လုံးဝအိပ်မပျော်တာမျိုးဖြစ်တဲ့ ဝေဒနာပါ။ ပူပင်သောကများတာ၊ စိတ်ဖိစီးမှုများတာ၊ ခရီးပမ်းတာတွေကြောင့်ဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်စုံတရာကြောင့်လည်းဖြစ်တတ်ပါတယ်။ညဘက်မှာ ကျယ်လောင်စွာ ဟောက်တတ်တာမျိုးပါ။ ဒီလိုဟောက်ချိန်မှာ အသက်ရှူရပ်သွားတာမို့ တစ်ခါတစ်ရံမှာ အိပ်မရပဲ ပြန်နိုးနေတတ်ပါတယ်။ ဒီဝေဒနာရှိသူတွေဟာ အိပ်ပျော်နေရင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမျိုး ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုပါတယ်။Restless leg syndromeကို Ekbom disease လို့လည်းခေါ်ပါတယ်။ ခြေထောက်လှုပ်ရှားချင်စိတ်ကို မထိန်းနိုင်တာ၊ အကြောဆွဲတာတွေဖြစ်စေတဲ့ အာရုံကြောရောဂါတစ်မျိုးပါ။ ခြေဖဝါး၊ ခြေသလုံးနဲ့ ပေါင်တို့မှာလဲ ယွစိယွစိဖြစ်နေတဲ့ ခံစားချက်ရှိနေနိုင်ပါတယ်။ ညနေဘက်တွေ၊ ညဘက်တွေမှာ ပိုပြင်းထန်တာမို့ ညဘက်တွေမှာ အိပ်မပျော်စေဖြစ်စေနိုင်ပါတယ်။Narcolepsy ဆိုတာက နာတာရှည်ရောဂါ တစ်မျိုးပါ။ မအိပ်ပျော်သင့်တဲ့အချိန်တွေမှာ ခဏတဖြုတ် ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့ ရောဂါတစ်မျိုးပါ။ ဒီလို မကြာခဏအိပ်ပျော်တတ်တာကြောင့် ညဘက် တကယ်အိပ်စက်ရမယ့် အချိန်မှာ အိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်။Circadian rhythm sleep disordersဆိုတာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ လည်ပတ်ပုံပျက်ယွင်းပြီး အိပ်ချိန်နဲ့ နိုးထချိန်မမှန်ဖြစ်တဲ့ ဝေဒနာပါ။ စိတ်ကျဝေဒနာ၊ စိတ်အတက်အကျမြန်ဝေဒနာနဲ့ ရာသီအလိုက်ဖြစ်တတ်တဲ့ စိတ်ဝေဒနာတွေနဲ့ ဆက်နွယ်နေတတ်ပါတယ်။Shift work sleep disorder က ပုံမှန်အနားယူချိန်မှာ လုပ်ငန်းခွင်ဝင်နေရသူတွေမှာ ဖြစ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာဖြစ်ပါတယ်။ ညဆိုင်းဆင်းရသူတွေ ၂၄ နာရီပတ်လုံး အချိန်အပိုင်းအခြားနဲ့ လုပ်ကိုင်ရေသူတွေမှာ အဖြစ်များပါတယ်။ ဒီလိုကိစ္စတွေကြောင့် အိပ်စက်သင့်တဲ့အချိန်မှာ အိပ်မပျော်တဲ့ပြဿနာသာမက ခန္ဓာကိုယ်က အာရုံစူးစိုက်မှုအားနည်းပြီး ထိခိုက်ဒါဏ်ရာရမှုဖြစ်နိုင်ခြေအလွန်မြင့်မားလာတတ်ပါတယ်။Delayed sleep phase disorderကတော့ ဇီဝနာရီ အလုပ်လုပ်ပုံနောက်ကျပြီး အိပ်ချိန် မမှန်တော့တာကိုဆိုလိုတာပါ။ အိပ်ချိန်ရော နိုးထချိန်ပါ ပုံမှန်လူတွေထက် နောက်ကျနေတတ်ပါတယ်။ မိုးလင်းခါနီးမှ အိပ်ပြီး နေ့ခင်းလောက်မှ နိုးတာကို အကျင့်တစ်ခုလိုဖြစ်နေတာမျိုးကို ဆိုလိုတာပါ။အချိန်ဇုန်မတူညီတဲ့နေရာတွေကို ခရီးထွက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီက လိုက်ပါပြောင်းလဲနိုင်ခြင်းမရှိတာကြောင့် ပင်ပန်းနွမ်းနယ်တဲ့ ဝေဒနာပါ။ ဒီဝေဒနာကို ခံစားရရင် ပင်ပန်းနွမ်းနယ်ရုံသာမက အိပ်မပျော်တာကိုပါ ကြုံရတတ်ပါတယ်။အိပ်မပျော်တဲ့ရောဂါတစ်မျိုးမျိုးကို ခံစားနေရတယ်ဆိုရင် ကုစားဖို့လိုအပ်ပါတယ်။ အိပ်မပျော်တဲ့လက္ခဏာတွေကို ရင်ဆိုင်လာရပြီဆိုရင် တားဆီးကုစားနိုင်တဲ့နည်းလမ်းတွေ ရှိထားပါတယ်။အောက်ပါနည်းလမ်းတွေကို လိုက်နာပါ။ဒီနည်းလမ်းတွေဟာ အိပ်မပျော်ဖြစ်နေသူတွေအတွက် အိပ်စက်ရာမှာ ကောင်းမွန်မှန်ကန်လာစေဖို့ အထောက်အကူပြုနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/sleep-deprivation-due-to-sleep-disorder/
သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးနိုင်မယ့် အချက်(၇)ချက်
မိမိရင်သွေးလေးတွေကို ထူးချွန်ထက်မြက်တဲ့ ကလေးငယ်လေးတွေအဖြစ် ကြီးပြင်းလာစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိကြမှာပါ။ ကလေးတစ်ယောက် ဉာဏ်ရည်ဉာဏ်သွေးကောင်းဖို့ဆိုတဲ့နေရာမှာ မျိုးဗီဇကတော်တော်လေးကို သက်ရောက်မှုရှိတယ်ဆိုပေမယ့် အာဟာရပြည့်ဝအောင်ကျွေးမွေးပေးတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ မထိတွေ့မိအောင်ကာကွယ်ပေးတာ၊ ကလေးကို ကစားချိန်များများပေးတာ၊ မှတ်ဉာဏ်တိုးတက်စေမယ့်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးတာကလည်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုနိုင်ပါတယ်။ကလေးငယ်ဟာ အသက် ၄ နှစ်မပြည့်ခင်မှာကို ဦးနှောက်ကတော်တော့်ကို ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ တကယ်တော့ ကလေးဟာ မူကြိုမတက်ခင်မှာတင် ကလေးဦးနှောက်က ၉၀ ရာခိုင်နှုန်းအထိဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ ဒီအချိန်က ကလေးငယ်ကိုတစ်ခုခုသင်ကြားပေးနိုင်ဖို့အကောင်းဆုံးအချိန်လို့လည်းဆိုရပါမယ်။ဒါပေမယ့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အသက် ၄ နှစ်မှာရပ်တန့်သွားတာတော့မဟုတ်ပါဘူး။ ကလေးငယ်လေးတွေရဲ့ဦးနှောက်က ကလေးဘဝတစ်လျှောက်လုံးကနေ အရွယ်ရောက်တဲ့အချိန်အထိ အဆက်မပြတ်ဖွံ့ဖြိုးနေတာဖြစ်ပါတယ်။(၁) ကလေးနဲ့ မျက်လုံးချင်း ဆက်သွယ်ပေးပါ။ကလေးနဲ့ အကြည့်ချင်းဆိုင်ပြီး မျက်လုံးချင်းဆက်သွယ်ပေးတာက ကလေးမျက်လုံးကြွက်သားတွေကိုဖွံ့ဖြိုးအောင် အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင်ကလေးကို အနာဂတ်မှာ မျက်လုံးပြဿနာတွေခံစားရနိုင်ခြေကနေ ကင်းဝေးစေနိုင်ပြီး မျက်နှာတွေကို မှတ်မိစေအောင်လည်း အထောက်အပံ့ပေးပါတယ်။ မိဘနဲ့သားသမီးကြား ခံစားချက်တွေနွေးထွေးစေပါတယ်။ ကလေးနဲ့ မျက်လုံးချင်းဆုံပြီး စကားစမြည်ပြောပေးတာက ကလေးငယ်ကိုပြဿနာတွေဖြေရှင်းစေနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းတိုးစေပြီးခေါင်းဆောင်နိုင်စွမ်းရည်ကိုလည်းရရှိစေနိုင်မှာပါ။(၂) ကလေးကိုကြင်ကြင်နာနာထွေးပွေ့ပေးပါ။ကလေးတစ်ယောက် ဂျီကျနေတဲ့အခါမျိုးမှာဖြစ်ဖြစ် ဗိုက်ဆာလို့ငိုနေတဲ့အခါမျိုးမှာဖြစ်ဖြစ် ကလေးကိုကိုယ်လက်သန့်စင်ပေးပြီး ကလေးကို ညင်ညင်သာသာအသံလေးနဲ့ချော့မြူရင်း ကြင်ကြင်နာနာလေးထွေးပွေ့ပေးပါ။ ကလေးကိုကြင်ကြင်နာနာဆက်ဆံပေးတာက မိဘနဲ့သားသမီးကြား ဆက်သွယ်မှုနဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် ထိရောက်မှုရှိစေပါတယ်။(၃) မိခင်နို့ပဲတိုက်ပါ။မိခင်နို့တိုက်ကျွေးတဲ့ ကလေးငယ်တွေက ဉာဏ်ပိုကောင်းတတ်ပါတယ်။ ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းသလို ဖျားနာတာမျိုးလည်း သိပ်မရှိပါဘူး။ သင်ယူမှုပိုင်းမှာ ပိုအားကောင်းလာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကောင်းကောင်းထိန်းသိမ်းနိုင်စွမ်းရှိကြပါတယ်။ ကလေးတွေကို အသက် ၃ နှစ်ထိ နို့တိုက်သင့်တယ်လို့ ဆရာဝန်နဲ့ တတ်သိနားလည်သူတွေက အကြံပြုထားကြပါတယ်။(၄)သီချင်းနားထောင်ခိုင်းပါ။ကလေးတွေကို သီချင်းမြူးမြူးလေးတွေနားထောင်ခိုင်းတာကကျောင်းစာသင်ယူမှုကိုပိုမိုကောင်းမွန်စေနိုင်သလို အသက်ကြီးလာတဲ့အခါ အနုပညာခံစားနိုင်စွမ်းကိုလည်း ပိုတိုးစေနိုင်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ ဒါပေမယ့်လည်း အရမ်းနားဆူတဲ့သီချင်းတွေကတော့ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုကျဆင်းစေနိုင်ပါတယ်။ ကလေးကိုသီချင်းဖွင့်ပေးထားပြီး ကစားစေတာက မှတ်ဉာဏ်တိုးတက်စေနိုင်ပြီး သင်ယူမှုကိုလည်းပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။(၅) ကလေးတွေရဲ့ တီဗွီကြည့်ချိန်ကိုလျှော့ချပါ။ကလေးတွေရဲ့ တီဗွီကြည့်ချိန်နည်းနိုင်သမျှနည်းအောင်စီစဉ်ပါ။ တီဗွီမကြည့်ဖြစ်လေလေ ကလေးတွေရဲ့ ကျောင်းစာပိုင်းမှာ လုပ်ဆောင်မှုကောင်းလေလေပါ။ အပြုအမူပိုင်းဆိုင်ရာပြဿနာတွေနည်းလေလေပါ။ တီဗွီကြည့်ချိန်များတာက ကလေးနဲ့ မိဘကြားမှာထိတွေ့မှုနည်းစေပြီး ကလေးတွေကို အကျင့်ဆိုးတွေဖြစ်စေနိုင်ပါတယ်။ တီဗွီအပြင် ငြိမ်အောင်ဆိုပြီး ကွန်ပျူတာတွေ၊ tabletsတွေ၊ ဖုန်းတွေပေးသုံးတာမျိုးလည်း ပါပါတယ်။(၆) အစားအသောက်တွေနဲ့ ကစားခွင့်ပေးလိုက်ပါ။ကလေးတွေကိုလက်နဲ့စားခွင့်ပေးလိုက်ပါ။ လက်ကိုတော့ သန့်စင်နေအောင်ဆေးပေးထားဖို့လိုပါတယ်။ အသက် ၄ နှစ် နဲ့ ၆ နှစ်အရွယ် ကလေးတွေကကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့် ဇွန်းနဲ့ခရင်းနဲ့စားဖို့ဆိုတာက ကလေးတွေအတွက်သိပ်မလွယ်ကူလှပါဘူး။ အစားအသောက်တွေကို လက်နဲ့ပေးကိုင်ခြင်းဖြင့် ကလေးတွေအနေနဲ့ အစားအသောက်တွေရဲ့ သဘောသဘာဝကိုနားလည်သွားပြီး ဘယ်လိုစားရမလဲဆိုတာကိုလည်းသိသွားမှာဖြစ်သလို မျက်လုံးနဲ့လက်ကိုလည်းဟန်ချက်ညီအောင်လှုပ်ရှားနိုင်သွားမှာဖြစ်ပါတယ်။ အစားစားနေတဲ့အချိန်မှာ ကလေးကိုပျော်ရွှင်စေမယ့် အပြုအမူတွေနဲ့ပြောဆိုမှုလေးတွေလုပ်ပေးဖို့လည်းမမေ့ပါနဲ့။(၇) ကလေးကို အကျိုးသင့်အကြောင်းသင့်ရှင်းပြပေးပါ။ကလေးတွေက ငယ်သေးရင်တောင်မှာပြောပြနေတဲ့ စကားတွေကိုနားလည်နိုင်စွမ်းရှိနေတတ်ပါတယ်။ ကလေးတွေကို ကိစ္စတစ်ခုချင်းစီရဲ့ အကြောင်းအကျိုးကိုသေသေချာချာနားလည်အောင်ရှင်းပြပေးတာကလည်း ကလေးတွေကိုကြောင်းကျိုးဆင်ခြင်နိုင်စေပါတယ်။ ကလေးကို ဘယ်အပြုအမူတွေကတော့ကောင်းတယ်၊ ဘာတွေကတော့မကောင်းဘူး။ စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာမျိုးကိုသေသေချာချာရှင်းပြပေးဖို့လိုပါမယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ကလေးဆိုးလေးတွေမဖြစ်လာအောင် ပျိုးထောင်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေအတိုင်း ဖေဖေမေမေတို့ လိုက်လုပ်ကြည့်ပြီး ရင်သွေးတွေကို ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ထက်မြက်တဲ့ ကလေးတွေအဖြစ်ပျိုးထောင်နိုင်ကြပါစေနော်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%96%e1%80%bd%e1%80%b6%e1%80%b7%e1%80%96%e1%80%bc%e1%80%ad%e1%80%af%e1%80%b8-2/
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ
အိပ်ရေးဝဝအိပ်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မကြာခဏပြောဖြစ်ကြပေမယ့် အလွန်အကျွံအိပ်ရင် ကျန်းမာရေးထိခိုက်တတ်တယ်ဆိုတဲ့ အချက်ကိုတော့ သိပ်မပြောဖြစ်ကြပါဘူး။ အိပ်ကောင်းကောင်းနဲ့ အလွန်အကျွန် အကြာကြီးအိပ်နေမိတဲ့အခါ ကျန်းမာရေးထိခိုက်တတ်ပါတယ်။ဒီကနေ့ခေတ်ကCOVID-19ကာလမို့ အိပ်ရေးဝဝအိပ်စက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ လူအများစုကလည်း နေအိမ်တွေမှာWork from Homeနေကြ၊ နေအိမ်မှာပဲနေထိုင်နေကြရတာ ပိုများလာတာကြောင့် အိပ်စက်ချိန်တွေ ပိုများလာနေကြပါတယ်။ကျန်းမာရေးအတွက် အိပ်စက်တာဟာ နည်းလမ်းကောင်းဖြစ်ပေမယ့် အိပ်စက်ချိန်လိုအပ်တာထက်ပိုများလာရင်လည်း ကျန်းမာရေးကိုပြန်ထိခိုက်စေနိုင်တယ်လေ။ လူတစ်ယောက်ဟာ တစ်နေ့ကို ၇-၈ နာရီလောက် အိပ်စက်ဖို့လိုအပ်ပါတယ်။ဒီထက်နည်းရင်လည်း အဆင်မပြေ၊ များသွားရင်လည်း အဆင်မပြေပါဘူး။အလွန်အကျွံအိပ်စက်ခြင်း (Hypersomnia) ဖြစ်စေရတဲ့အချက် ၂ ချက်ရှိပါတယ်။ တစ်ချက်ကတော့ စိတ်ဓာတ်ကျတာ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတာကြောင့်ပါ။ နောက်တစ်ချက်ကတော့ လူမှုပတ်ဝန်းကျင်နဲ့ အဆက်ပြတ်လာတာကြောင့်လို့ ဆိုပါတယ်။လူတစ်ယောက်ရဲ့အိပ်စက်ချိန်ဟာ အသက်အရွယ်အပေါ် မူတည်ပြီး ကွာခြားပါတယ်။ အသက်အရွယ်တင်မကပါဘူး၊ကိုယ်လက်လှုပ်ရှားမှုပမာဏနဲ့လည်း သက်ဆိုင်ပါတယ်။ နောက်တစ်ခုကတော့ ကျန်းမာရေး အခြေအနေပေါ့။ ဒီအချက်တွေကြောင့် လူတစ်ယောက်ရဲ့ အိပ်စက်ချိန်နဲ့ အိပ်စက်ပုံ ပြောင်းလဲနိုင်ပါတယ်။တစ်ခါတစ်လေမှာပင်ပန်းနွမ်းနယ်မှုကြောင့်အိပ်စက်ချိန် ကြာမြင့်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်မှာကို တစ်နေ့ကို ၉ နာရီပမာဏထက် များစွာကျော်လွန်နေမိမယ်ဆိုရင်တော့ ဒါကို Hypersomnia လို့ ခေါ်ဆိုတဲ့ အလွန်အကျွံအိပ်စက်ခြင်းပြဿနာလို့ ခေါ်ဆိုနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂% လောက်က ဒီပြဿနာကို ရင်ဆိုင်နေကြရပါတယ်။Hypersomnia ဟာ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အဆိုပါဝေဒနာကို ခံစားနေရသူတွေဟာ အချိန်တော်တော်များများ အိပ်ချင်နေတာ၊ ထိုင်းမှိုင်းနေတာမျိုးတွေဖြစ်နေတတ်ကြပြီး ညပိုင်းမှာဖြစ်စေ၊ တရေးတမောအိပ်စဉ်မှာဖြစ်စေ အိပ်စက်ချိန်လည်းကြာမြင့်တတ်ပါတယ်။ဒီဝေဒနာကို ခံစားနေရပြီ၊ ဒီလို အလွန်အကျွံတွေ အိပ်စက်မိနေပြီဆိုရင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ကြုံဆုံလာရမှာဖြစ်ပါတယ်။ ဘယ်လိုပြဿနာမျိုးတွေလဲဆိုရင်တော့။လေ့လာချက်တွေအရဆိုရင် ဆီးချိုဟာ အလွန်အမင်းအိပ်စက်မှုကြောင့်ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုဖြစ်ပါတယ်။အဝလွန်တာကလည်း အလွန်အကျွံအိပ်စက်တာနဲ့ တိုက်ရိုက်ဆက်နွယ်နေတတ်ပါတယ်။ အိပ်ရေးမဝတာကအဝလွန်စေနိုင်သလို အလွန်အမင်းအိပ်စက်တာကလည်း ကိုယ်အလေးချိန်တိုးစေနိုင်တာကို သတိထားသင့်ပါတယ်။အလွန်အကျွံအိပ်စက်တတ်သူတွေဟာ မကြာခဏလည်း ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းမှာရှိတဲ့ သွေးကြောလေးတွေ နာကျင်တာဖြစ်ပါတယ်။ အထူးသဖြင့် မနက်ခင်းပိုင်းတွေမှာ ပိုခံစားရတတ်ပါတယ်။အချိန်ကြာမြင့်စွာ လဲလျောင်းအိပ်စက်နေမိတာကြောင့် နောက်ကျောနာကျင်မှုဝေဒနာကိုလည်း ခံစားရမှာဖြစ်ပါတယ်။အိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက အမြဲတမ်းဆက်စပ်နေတတ်ပါတယ်။ အလွန်အကျွံအိပ်စက်တာက စိတ်ဓာတ်ကျခြင်းကို ပိုဆိုးစေဖို့ တွန်းအားပေးသလို စိတ်ဓာတ်ကျခြင်းကြောင့်လည်း အလွန်အကျွံအိပ်စက်ဖြစ်အောင် တွန်းအားပေးပါတယ်။အလွန်အကျွံ အိပ်စက်တာနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ရောဂါတစ်ခုကတော့ နှလုံးရောဂါပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာပိုအဖြစ်များပြီး တစ်နေ့မှာ ၁၁ နာရီထက်ကြာအောင်အိပ်စက်မိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၈% အထိ တိုးမြင့်လာမှာဖြစ်ပါတယ်။အလွန်အကျွံအိပ်စက်ခြင်းဟာ သေဆုံးခြင်းနဲ့ ဆက်နွယ်နေတတ်ပါတယ်။ တစ်နေ့မှာ ၉ နာရီထက်ပိုအိပ်တတ်သူတွေဟာ ပုံမှန်အိပ်ချိန်မျိုးရှိသူတွေထက် စောစောသေဆုံးနိုင်ခြေပိုများပါတယ်။ကိုယ့်ရဲ့ အိပ်စက်ချိန်ကို ဆန်းစစ်လေ့လာကြည့်ပါ။ ပုံမှန်ထက်ပိုပြီး အိပ်စက်မိနေပြီလားဆိုတာမျိုးပေါ့။ တကယ်လို့ ဒီလိုမျိုး အိပ်စက်မိနေပြီဆိုရင် သက်သာအောင်ကုစားဖို့ လိုအပ်ပါတယ်။ဒီနည်းလမ်းတွေအပြင် ကိုယ့်မှာ Hypersomnia ရှိမရှိ သက်ဆိုင်ရာဆရာဝန်နဲ့ စစ်ဆေးပြီး ရှိနေတယ်ဆိုရင်လည်း ကုသမှုခံယူသင့်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/side-effects-of-oversleeping/
သင့်ရဲ့ ဇနီးဟာ မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှု ခံယူပြီးတဲ့နောက်မှာ သင် သူမကို ဘယ်လိုကူညီမလဲ
မိန်းမကိုယ် ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခြင်းဟာ သင့်ရဲ့ ချစ်ဇနီးအတွက် လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ခွဲစိတ်မှုလုပ်ငန်းစဉ် များစွာ ပြုလုပ်ခြင်းခံထားရပြီး ဒီအချိန်မှာ သူမဟာသင့်ရဲ့ အားပေးကူညီမှုကို လိုအပ်တယ်ဆိုတာသိဖို့ အရမ်းအရေးကြီးပါတယ်။ ကုသမှုခံယူပြီးတဲ့နောက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနှင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျစ်လျူမရှုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ သင့်ဇနီးရဲ့ ကျန်းမာရေးနှင့် စိတ်ခံစားမှု အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အတွက်ဖြစ်ပါတယ်။မိန်းမကိုယ် ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြီးတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ။၎င်းခွဲစိတ်ခြင်းဟာ သူမကို ငယ်ရွယ်နုပျိုတဲ့အချိန်ကာလသို့ ပြန်ရောက်တဲ့ ခံစားမှုမျိုးကို ပေးနိုင်တဲ့ အတွက်ကြောင့် ကောင်းသော်လည်း သူမကိုထိခိုက်စေမယ့် ဆိုးကျိုးအချို့ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကုသမှုခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ဇနီးဟာ ခွဲစိတ်ထားတဲ့နေရာမှ သွေးခြည်ဥခြင်းနှင့် ရောင်ရမ်းခြင်းတွေကို ပထမရက် အနည်းငယ်အတွင်းမှာ ခံစားရပြီးသူမရဲ့ စိတ်ခံစားမှုတွေရော သင့်တွင်ပါ သက်သောင့်သက်သာ မရှိဖြစ် နေနိုင်ပါတယ်။ ။ ပထမပိုင်းမှာ ၎င်းနှင့် အသားတကျမရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီအသစ်တစ်ဖန်ပြန်ဖြစ်လာတဲ့ မိန်းမကိုယ်လေးဟာ သင်နှင့် သင့်ဇနီး အနီးကပ်နေတဲ့အခါ အနည်းငယ်ကို့ရို့ကားယား ဖြစ်စေနိုင်ပါတယ်။ ဒီလိုခံစားမှုအသစ်ကို သင်တို့နှစ်ယောက်စလုံး နေသားတကျ ဖြစ်ဖို့ရာအတွက် အချိန်အနည်းငယ်နှင့် အားစိုက်ထုတ်မှု အနည်းငယ်တော့ လိုနေနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနှင့်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဖြစ်ခြင်းဟာ ဘယ်လိုကုသမှုမျိုးမဆို ခံယူပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ပုံမှန်ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရမ်းစိတ်ရှုပ်ထွေးစရာ မလိုပဲ ဖြစ်နိုင်တဲ့ အချက်တွေကို သိထားခြင်းအားဖြင့်လည်း ပြင်ဆင်မှု ပြုလုပ်နိုင်ပါတယ်။ဂရုစိုက်ရန် နည်းလမ်းများ။အချို့သောဘေးထွက်ဆိုးကျိုးတွေကို ဆေးသောက်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်အတိုင်း သူမကို ပြုလုပ်ဖို့ရန် သတိပြုပေးပါ။ ကုသမှုခံယူပြီးတဲ့နောက် အလုပ်ပြန်မသွားခင် တစ်ပတ်တိတိ ခန္ဓါကိုယ်ကို အနားပေးဖို့ရာ လိုအပ်ပါတယ်။ ဒါ့အပြင် သင့်တို့ နှစ်ယောက်စလုံးဟာ လိင်ဆက်ဆံမှု မပြုလုပ်ဘဲ ၁လတိတိ နားပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ ခွဲစိတ်ထားတဲ့ နေရာက ကောင်းစွာအနာကျက်နိုင်မှာ ဖြစ်ပါတယ်။ အနာပြန်ကျက်နေတဲ့ အချိန်အတောအတွင်း တစ်လျှောက်လုံးမှာ ဆရာဝန် ညွှန်ကြားချက်အတိုင်း တစ်သဝေမသိမ်း အရာရာတိုင်းကို လိုက်နာဖို့ရာ အရမ်းအရေးကြီးပါတယ်။ သူမကို သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားများ ဝတ်ခိုင်းသင့်ပါတယ်။ ခွဲစိတ်ထားမှုကြောင့် ခန္ဓါကိုယ်မှ ဆင်းလာသော အရည်အကျိအချွဲ တစ်ချို့ကိုလည်း သတိထားဖို့ လိုပြီး လိုအပ်မယ်ဆိုရင် ပိုးဝင်ခြင်း မဖြစ်စေရန် ပဋိဇီဝဆေးများ သောက်ပေးသင့်ပါတယ်။ ဒါ့အပြင် အန္တရာယ်ဖြစ်စေမယ့် လှုပ်လှုပ်ရှားရှားအပြုအမူ တွေကိုလည်း လျှော့ချသင့်ပါတယ်။ ဒီခွဲစိတ်မှုရဲ့ ရလဒ်ဟာ များသောအားဖြင့် ဘဝတစ်သက်လုံး ဒီအတိုင်း ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သော အခြေအနေတွေမှာ သင့်ရဲ့ ကိုယ်အလေးချိန် သို့မဟုတ် သင့်ဇနီးရဲ့ ကိုယ်အလေးချိန် သို့မဟုတ် သင့်ဇနီးရဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်ချိန် စတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့ အခါမှာတော့ ခွဲစိတ်မှု ရလဒ်ကို ထိန်းသိမ်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက်တွင်တောင်မှ သင့်ဇနီးရဲ့ ခန္ဓါကိုယ်နှင့် ပတ်သက်ပြီး အမြဲ သတိထားဆင်ခြင်ပြီး ခွဲစိတ်ဆရာဝန်နှင့် အချိန်မှန် သင့်ဇနီး အခြေအနေကို ပြသကာ အစီအစဉ်ချသင့်ပါတယ်။အကောင်းဆုံး အကြံပေးချင်တာကတော့ သင့်တို့ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ သင်တို့ရဲ့ စိတ်ခံစားမှုတွေ အကြောင်းကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး စိုးရိမ်ပူပန်မှုတွေကို ပြောပြပေးသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကုသမှု ခံယူပြီးနောက် ရလဒ်ကို အချိန်အကြာကြီး သူမဟာမစောင့်ချင်ပဲ ဖြစ်နေနိုင်ပါတယ်။ ဒီလိုအခါမှာ ပျောက်ကင်းဖို့ အချိန်ဘယ်လောက်ကြာတယ်ဆိုတာကို သေချာပြောပြပြီး သူမနားလည်အောင် ပြုလုပ်ပေးရန် ဝန်မလေးပါနှင့်။ လိုက်နာရမယ့် အချက်တွေကို တိတိကျကျ ပြုလုပ်ပေးခြင်းအားဖြင့် သင့်ရဲ့ ဇနီးဟာ ပိုးဝင်းခြင်းမှ ကင်းဝေးပြီး ပြန်ကောင်းတဲ့ အချိန်ဟာ မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဟာ ကျွန်ုပ်တို့ထင်ထားတာထက် ပိုပြီးစိုးရိမ်စိတ်များတဲ့ အတွက် သင့်ရဲ့ဇနီး စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိမှု နှင့် စိတ်ဖိစီး မှု မဖြစ်စေဖို့အတွက် သင့်ရဲ့ အားပေး ကူညီမှုဟာ အရေးကြီးတဲ့ အခန်းမှာပါဝင်ပါတယ်။မိန်းမကိုယ် ကျဉ်းအောင် ပြန်လည်ပြုပြင် ခွဲစိတ်ခြင်းဟာဆိုရင် အသက်ကြီး၍ ဖြစ်လာတဲ့ မိန်းမကိုယ်ဆိုင်ရာအဖြစ်အပျက်တွေကို တားဆီးပေးပြီး မိမိကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိလာကာ သူမကို ပြန်လည်နုပျိုလာစေနိုင်တဲ့ နည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ ဇနီးဟာ သူမရဲ့ အလှအပနှင့် သင်တို့ရဲ့ အိမ်ထောင်ရေး ပျော်ရွှင်ဖို့အတွက် ကြိုးပမ်းအားထုတ်ခဲ့တာကြောင့် သင်ကလည်း သင့်ရဲ့ ဇနီးကို သူမပြန်ကောင်းလာတဲ့ အချိန်တောက်လျှောက်မှာ ကူညီပံ့ပိုးပေးဖို့ရာ ပြောစရာကို မလိုတော့ပါဘူး။ ဒါ့အပြင် အခုအချိန်ကစပြီး သင်ရော သင့်ဇနီးရော နှစ်ဦးစလုံးဟာ အတူတကွ ပျော်ရွှင်ရပါပြီ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%87%e1%80%94%e1%80%ae%e1%80%b8%e1%80%9f%e1%80%ac-%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af/
မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ
မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးကို သတိမပြုမိတတ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးကင်းလုံခြုံရေးနဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုရရှိရေး ကိစ္စရပ်တွေမှာ အနုတ်လက္ခဏာ ဆောင်တတ်ပါတယ်။ အောက်ပါအချက်တွေကတော့ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ ပဲ ဖြစ်ပါတယ်။မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ ကတော့။ဓာတုဗေတုချည်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့အတွင်းခံတွေဟာ ပူလောင်စိုစွတ်စေပြီး လေဝင်လေထွက်လည်း မကောင်းပါဘူး။ ဒါ့အပြင် အဝတ်များ တင်းကျပ်ရင် အရေပြားတွေကို ပွတ်တိုက်ပြီး သေးငယ်တဲ့ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခြေအနေမှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို လျင်မြန်စွာ ပေါက်ပွားစေနိုင်ပါတယ်။ သင့်ကို အကြံပြုချင်တာကတော့ သဘာဝပစ္စည်းတွေ ချည်ထည်တွေကိုပဲ ဝတ်ဆင်ပြီး တင်းကျပ်တဲ့ အဝတ်တွေကို အချိန်ကြာကြာဝတ်ခြင်းမှ ရှောင်ကြဉ်ဖို့ပါပဲ။သင့်အနေနဲ့ အကာအကွယ်သုံးမယ်၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးမယ်ဆိုရင်တောင် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ၊ လိင်ကြောင့်ကူးစက်တဲ့ ရောဂါတွေ ရှိ၊ မရှိသိရအောင် ဆရာဝန်ကို ပုံမှန်ပြပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါအများစုနဲ့ တခြား ကူးစက်ရောဂါတွေဟာ လက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့် ကျန်းမာတယ်လို့ ယူဆပြီး စစ်ဆေးဖို့ ပျက်ကွက်ရင် တင်ပဆုံအတွင်းပိုင်းအင်္ဂါများ ရောင်ရမ်းတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်။သင်ကိုယ်တိုင်ဖြစ်မှန်း မသိနေဘဲ တခြားလူတွေကို ရောဂါပိုး ကူးစက်စေတတ်ပါတယ်။ မိမိဖာသာ ရောဂါအမည်တပ်ခြင်းဟာလည်း အန္တရာယ်များပါတယ်။ အဲ့ဒီအစား ဆရာဝန်နဲ့သာ ပြသသင့်ပါတယ်။မိန်းမကိုယ်ဟာ သဘာဝအတိုင်း pH မျှတနေအောင် ထိန်းညှိပြီး ကောင်းတဲ့ဘက်တီးရီးယားတွေကို ရှင်သန်စေခြင်းဖြင့် သူ့ပတ်ဝန်းကျင်ကို လန်းဆန်းနေအောင် ထိန်းသိမ်းပါတယ်။မိန်းမကိုယ်ဟာ မိမိဖာသာ သန့်ရှင်းမှုပြုလုပ်နိုင်ပြီး ဓာတုဆေးဝါးတွေနဲ့ ဆေးကြောစရာ မလိုပါဘူး။ အမျိုးသမီးတွေအတွက် လုပ်သင့်တာကတော့ မိန်းမကိုယ်ပြင်ပနဲ့ စအိုပိုင်းကိုသာ နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပေးဖို့ပါပဲ။ အဲ့ဒီအခါမှာ အနံ့မပါတဲ့ ဆပ်ပြာများနဲ့သာ အပြင်ပိုင်းကို ဆေးကြောရမှာ ဖြစ်ပါတယ်။Tamponသန့်ရှင်းရေးပစ္စည်း၊ လက်ချောင်းများ၊ လိင်မှုကိစ္စပစ္စည်းများ၊ ယောကျာ်းတန်ဆာ၊ချောဆီ၊ ကိုယ်ဝန်တားပစ္စည်း စတာတွေဟာ မိန်းမကိုယ်ထဲ ရောက်တတ်တဲ့အရာတွေ ဖြစ်ပါတယ်။ လိင်ကိစ္စသုံးပစ္စည်းများ၊ ရာသီခံခွက်များဟာ သန့်ရှင်းနေဖို့၊ တစ်ခါသုံးပြီးတိုင်း သန့်ရှင်းပေးဖို့ အရေးကြီးပါတယ်။ Tamponဆိုရင်လည်း သူ့အချိန်နဲ့သူ ပုံမှန်လဲပေးဖို့လိုပါတယ်။အိမ်သာသွားပြီးချိန်မှာ ရှေ့မှနောက်သို့ ဆေးကြောသွားခြင်းဟာ မစင်များ မိန်းမကိုယ်နဲ့ ထိတွေ့ပြီး ဘက်တီးရီးယားပိုးဝင်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ မိန်းမကိုယ်မှ ဆင်းတဲ့အရာများ ကျန်မနေအောင် ဂရုစိုက်ရပါမယ်။ နူးညံ့ဖြူဖွေးပြီး အနံ့မပါတဲ့ အိမ်သာသုံးစက္ကူကို သုံးစွဲသင့်ပါတယ်။ ဆိုးဆေးနဲ့ တခြားဓာတုပစ္စည်းတွေ မပါဝင်စေဖို့ ဖြစ်ပါတယ်။ကျန်းမာတဲ့ မိန်းမကိုယ်ဟာ သူ့ဖာသာသန့်ရှင်းအောင် အရည်တချို့စစ်ထုတ်ပေးပါတယ်။ ပါးစပ်အတွက် သွားရည်ထွက်ပေးသလိုပါပဲ။ အဲဒီသာမန် အနေအထားကို ပျက်ယွင်းစေရင် ထိခိုက်တာ၊ပိုးဝင်တာ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်စေဖို့ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ မလုပ်သင့်ဘူး သိထားသင့်ပါတယ်။# လေဒီလေးတိုင်း သိထားသင့်တဲ့ မိန်းမကိုယ် pH။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/dos-and-donts-vaginal-health/
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ဘာတွေ ကြုံတွေ့နိုင်သလဲ။
၉လလွယ် ၁၀လဖွားကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် အချိုးအကွေ့တစ်ခုပါ။ ကိုယ်ဝန်စရှိချိန်က စပြီး မွေးတဲ့အချိန်အထိ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံတွေ့ရပါမယ်။ မေမေတို့ လအလိုက် ဘာတွေ ကြုံတွေ့ရနိုင်သလဲ။ ဘာတွေကို ကြိုမျှော်လင့်ထားရမလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာပြဿနာတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ လဲဆိုတာ ပြောပြပေးပါမယ်။၉လလွယ် ကာလမှာ ၃လတစ်ဖြတ်Trimesterခွဲထားလေ့ ရှိပါတယ်။ အပတ်နဲ့ဆို ၁၃ပတ်စီပါ။ ဒီကာလအပိုင်းအခြားတွေမှာ မေမေတို့ ကြုံတွေ့ရနိုင်တဲ့ ပြောင်းလဲမှုတွေကတော့။ဒီတော့ မေမေတို့အနေနဲ့ စားသောက်နေထိုင်ပုံတွေ ပြောင်းလဲဖို့ လိုလာပါပြီ။ နုံးတာသက်သာအောင် စောစောအိပ်ကြမယ်။ ပျို့အန်တာ သက်သာအောင် နည်းနည်းနဲ့ ခဏခဏစားကြမယ်။ ဒီလို ဗိုက်ကြီးနာစွဲတာက အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့ကလည်း သာမန်အတိုင်းပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားပေမယ့် တချို့ကျတော့လည်း ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ ဒီလတွေမှာ ကိုယ်ဝန်စအပ်ဖို့လည်း မမေ့ပါနဲ့ မေမေတို့။ဒုတိယ ၃လထဲ ဝင်လာရင်တော့ ပထမလလောက်တော့ ပျို့အန်တာတွေ၊ နုံးတာတွေ မဆိုးတော့ပါဘူး။ ဒါပေမယ့် ကလေးလေးက ပိုကြီးလာတော့ ဗိုက်ထဲက သူ့ကို ပိုပြီး ခံစားမိလာပါတယ်။ ကလေးလှုပ်တာကို စပြီး သိလာပါပြီ။ သားဦးမေမေတွေကတော့ နည်းနည်းလေး နောက်ကျမှ သိရနိုင်ပါတယ်။ ဒါ့ပြင်။-ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ ခါး၊ ဗိုက်နဲ့ ပေါင်တွေမှာ ကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။-ဗိုက်၊ ရင်သား၊ ပေါင်နဲ့ တင်ပါးတွေမှာအကြောပြတ်ရာတွေ ပေါ်လာပါတယ်။-နို့သီးခေါင်း ဘေးပတ်လည်မှာ ပိုပြီး ညိုလာပါမယ်။-ချက်ကနေ ဆီးခုံထိ အညိုရောင်လိုင်းလေး ပေါ်လာပါမယ်။ (linea nigra လို့ ခေါ်ပါတယ်။)။-မျက်နှာမှာ တင်းတိပ်လေးတွေ ပိုထွက်လာပါတယ်။-လက်ဖျားလေးတွေ ထုံတာ၊ ကျဉ်တာ ဖြစ်လာနိုင်ပါတယ်။-ဗိုက်ကြောတွေ ယားလာတတ်ပါတယ်။-ခြေလက်တွေ ဖောလာနိုင်ပါတယ်။ (အချိန်တိုလေးအတွင်းမှာ ဖောလာတယ်။ မျက်နှာတွေပါ ဖောလာတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်ပြပါ။ ကိုယ်ဝန်ဆိပ်တက်နေတာလားဆိုတာ စစ်ဆေးရမှာပါ)။နောက်ဆုံး မွေးခါနီး အချိန်ကို ရောက်လာခဲ့ပါပြီ။ ဒုတိယ ၃လပတ်က ခံစားရတာတွေကို ဆက်ပြီး ခံစားနေရဦးမှာပါ။ ကလေးက ပိုကြီးလာတဲ့အတွက် ဗိုက်ထဲမှာ ဖိနေပြီး ဆီးခဏခဏ သွားချင်တာ၊ အသက်ရှူရခက်တာတွေ ခံစားရနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ကလေးမွေးပြီးသွားရင် သက်သာသွားမှာပါ။ တခြားပြောင်းလဲမှုတွေ အနေနဲ့။-ခြေလက်တွေ ဖောလာနိုင်ပါတယ်။ (ကိုယ်ဝန်ဆိပ်တက်တာလည်း ဖြစ်နိုင်လို့ အထူးဂရုစိုက်ဖို့ လိုပါတယ်)။-လိပ်ခေါင်းထွက်တာ။-ရင်သားတွေ တင်းပြီး နို့ဦးရည်တွေ စိမ့်ထွက်လာတာ။-ချက်စူလာတာ။-ကလေးက မွေးလမ်းကြောင်းထဲကို ဆင်းလာလို့ ဆီးခုံတွေ တင်းပြီး ရင်ခေါင်းထဲမှာ ချောင်သွားတာ။–အမွေးသင်တာ။-အိပ်ရခက်တာ၊ ရင်ပူတာ၊ မောတာ စတာတွေ ခံစားရနိုင်ပါတယ်။မွေးရမယ့် အချိန်လည်း နီးလာပြီ ဖြစ်တဲ့အတွက် ဆေးရုံတက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားဖို့ အချိန်ရောက်လာပါပြီ။ဒါတွေကတော့ ကိုယ်ဝန်ဆောင်ချိန် မှာ ကြုံရမယ့် အပြောင်းအလဲတွေ ဖြစ်ပြီး အများစုက မွေးပြီးရင် သက်သာသွားကြပါတယ်။ ဆက်ပြောမှာကတော့ အမေနဲ့ ကလေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေ အကြောင်းပါ။ပထမ ၃လပတ်။ကိုယ်ဝန်လနုချိန် ဖြစ်တဲ့အတွက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်။ ပျက်ကျရခြင်းရဲ့ အဓိကအကြောင်းရင်းက ကလေးရဲ့ မျိုးဗီဇမူမမှန်လို့ပါ။ ဒါကြောင့် အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်လို့ အလိုအလျောက်ပျက်ကျသွားတာပဲ ဖြစ်ပါတယ်။သားအိမ်ထဲမှာ မဟုတ်ဘဲ တခြားနေရာမှာ သန္ဓေတည်တာပါ။ သားဥပြွန်ထဲမှာ သန္ဓေတည်တာ များပါတယ်။ အခန့်မသင့်ရင် သားဥပြွန်ပေါက်ပြီး သွေးထွက်လွန်နိုင်ပါတယ်။အချင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရှိနေတာကြောင့် ကလေးကို ဆက်ပြီး မပံ့ပိုးနိုင်တော့တာပါ။ ဒီလို ဖြစ်ရတာက မျိုးအောင်တုန်းက မျိုးဗီဇတွေ ပုံမှန်မဟုတ်ဘဲ ပေါင်းသွားလို့ပါ။ အသက်ကြီးတဲ့ မေမေတွေ (အသက် ၄၀ကျော်တွေ)မှာ အဖြစ်များပါတယ်။ဒုတိယ ၃လပတ်။ဒီကာလမှာ ကိုယ်ဝန်ဆောင်ဆီးချိုကလည်း အဖြစ်များတဲ့အတွက် လိုအပ်ရင် စစ်ဆေးရနိုင်ပါတယ်။ ဆီးချိုရှိနေရင် အမေနဲ့ ကလေး မထိခိုက်အောင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။အချင်းရှေ့ရောက်တာ၊ အချင်းစောကွာတ စတာတွေကို သတိထားရမှာပါ။ အချင်းပြဿနာတွေက ကလေးအနေအထားမမှန်တာကို ဖြစ်စေတဲ့အတွက် မွေးဖွားတဲ့နေရာမှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ကိုယ်ဝန်အပ်တာ၊ အယ်ထွာဆောင်းရိုက်တာတွေ လိုအပ်တာပါ။တတိယ ၃လပတ်။နောက်ဆုံးလတွေ ရောက်နေပေမယ့်လည်း ဆီးချိုကို သတိထားရဦးမှာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုက ကလေးကို လိုအပ်တာထက် ပိုကြီးစေပြီး မွေးဖွားရခက်စေလို့ပါ။သတိကြီးကြီးထားရမယ့် ပြဿနာပါ။ အခန့်မသင့်ရင် အမေရော ကလေးပါ ဒုက္ခရောက်နိုင်ပါတယ်။ လိုအပ်ရင် စောမွေးရနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကို သိထားပြီး စောင့်ကြည့်နေဖို့ လိုပါတယ်။လမစေ့ဘဲ မွေးတဲ့အခါ အထူးသဖြင့် ၇လမတိုင်ခင် မွေးတဲ့အခါ ကလေးမှာ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ကြုံရတတ်ပါတယ်။ကလေးမမွေးချင်သေးဘဲ ရေမြွာရည်စောပေါက်တဲ့အခါ မိန်းမကိုယ်ထဲ ပိုးဝင်တာ၊ လမစေ့ဘဲ မွေးလိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ကိုယ်ဝန်ပတ် ၄၂ပတ်ရောက်နေပေမယ့် မမွေးသေးတာမျိုးပါ။ ကြာလာရင် အမေရော ကလေးပါ ထိခိုက်နိုင်တာကြောင့်ဆေးသွင်းပြီး ဗိုက်နာအောင် လုပ်၊ ကလေးမွေးရတာမျိုးတွေ ရှိတတ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ ပြောင်းလဲမှုတွေ၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ကြုံရနိုင်ပေမယ့် မေမေအများစုက ကောင်းကောင်းကျော်ဖြတ်နိုင်ပြီး ကျန်းမာတဲ့ ကလေးလေးကို မွေးနိုင်ကြပါတယ်။ ဒါတွေကို ပြောပြရတာက မေမေတို့ ကိုယ်ဝန်ဆောင်ချိန် မှာ ဘာတွေ ကြုံရနိုင်လဲဆိုတာကို သိစေချင်တာကြောင့်ရယ်၊ ကိုယ်ဝန်စောစော အပ်စေချင်တာကြောင့်ရယ်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်အပ်ထားမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို စောစောသိပြီး ကုသနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/all-about-being-pregnant/
Toothache (သွားကိုက်ခြင်း)
သွားကိုက်ခြင်း ဆိုသည်မှာ သွားနှင့် မေးရိုးများတွင် သွားပိုးစား၍ သော်လည်းကောင်း သွားများပျက်စီး၍သော်လည်းကောင်း နာကျင်ခြင်းကိုဆိုလိုသည်။ ထိုကဲ့သို့သော နာကျင်မှုမှာ။အဆက်မပြတ် ထိုးကိုက်နေခြင်းမျိ ုးများဖြစ်နိုင်သလို အစားအစာများနှင့် သောက်သုံးသောအရာများကြောင့် အနာရှိန်အား မသိသာခြင်းများလည်းဖြစ်တတ်သည်။သွားကိုက်ခြင်းသည် အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင်အဖြစ်များသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ သို့သော်ဖြစ်နိုင်ချေများသော အကြောင်းအရာများကို ရှောင်ကြည်ကာ ကြိုတင်ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်များနှင့် တိုင်ပင်ပါ။အဖြစ်များသော လက္ခဏာများမှာ။အောက်ပါ အကြောင်းအရာများ ဖြစ်ပွားနေပါက ဆရာဝန်အား ဆက်သွယ်မေးမြန်းသင့်ပါသည်။အခြားနေရာများ စသည်ဖြင့် မျက်နှာနှင့် ဦးခေါင်းအတွင်း (သို့) သွေးကြောအတွင်းသို့ပြန့်နှံ့ခြင်းများ မဖြစ်ရန် တိကျသေချာထိရောက်သောကုသမှုများ နှင့် စမ်းသပ်မှုများရှိရန် အလွန်အရေးကြီးသည်။သွားပိုးစားခြင်း၊ သွားများပျက်စီးခြင်း တို့သည် လူကြီးနှင့် ကလေးများတွင် အဓိက သွားကိုက်စေသော အကြောင်းအရင်းများဖြစ်သည်။ အာခံတွင်းရှိ ဘက်တီးရီးယားများသည်။စားသုံးလိုက်သော အစားအစာများ၏ကစီဓါတ်များ၊သကြားဓါတ်များ ကို စားသုံး၍နေထိုင်ကြီးထွားလာကြသည်။ ထို့နောက်သွား၏နံရံတွင် ကပ်ကာ အစုအဝေးဖြစ်လာသည်။ ထိုဘက်တီးရီးယားများမှ ထုတ်လုပ်သော အက်စစ်များသည် သွား၏အပြင်ဘက်မာကျောသော သွားကြွေလွှာများကို ပျက်စီးစေပြီး သွားပိုးခေါင်းပေါက်များကိုဖြစ်စေသည်။ ပထမဦးဆုံး လက္ခဏာမှာ အချိုများနှင့် ပူသော အေးသော အစားအသောက်များကို စားသောအခါ သွားကိုက်ခြင်းဖြစ်သည်။ တခါတရံတွင်သွားပိုးစားသော နေရာများတွင် အဖြူရောင်(သို့)အညိုရောင်အကွက်များဖြစ်ပေါ်တတ်သည်။အခြားသော သွားပိုးစားစေသည့် အကြောင်းရာများမှာ။သွားဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်များနှင့် တိုင်ပင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွားဆရာဝန်သည် ရောဂါရာဇဝင်အားမေးမြန်းပြီး စမ်းသပ်စစ်ဆေးလိမ့်မည်။မည်ကဲ့သို့စတင်၍သွားကိုက် လာခြင်း နှင့် ပြင်းထန်မှုအတိုင်းအဆ၊နာနေသည့်နေရာ၊ပိုဆိုးစေသောအကြောင်းအရာများ၊သက်သာစေသောအကြောင်းအရာများ ကို မေးမြန်းလိမ့်မည်။ ထို့နောက် သွားနှင့် အာခံတွင်း၊သွားဖုံး၊မေးရိုးများ၊လည်ချောင်းတို့ကိုလည်း စစ်ဆေးတတ်သည်။ဓါတ်မှန်နှင့်အခြားသော စစ်ဆေးမှုများကိုလည်း သွားဆရာဝန်၏ သံသယရှိမှုအပေါ်မူတည်ပြီးပြုလုပ်ရမည်။ကုသမှုမှာ ဖြစ်သောအကြောင်းအရင်းတို့အပေါ်မူတည်သည်။ အကယ်၍သွားပိုးပေါက်ရှိပါကသွားဆရာဝန်သည် ထိုသွားပိုးပေါက်အား ဖာထေးခြင်း (သို့)လိုအပ်ပါက သွားနှုတ်ခြင်းတို့ကို ပြုလုပ်တတ်သည်။ အကယ်၍သွားအားထောက်ပံ့သောအကြောအား ပိုးဝင်သွားပါက သွား၏အမြစ်ကိုလည်းဖယ်ထုတ်ပစ်ရတတ်သည်။သွားအတွင်းသို့ဝင်ရောက်နေသော ပိုးများအတွက် ပိုးသတ်ဆေးကိုလည်းအသုံးပြုရတတ်သည်။ လေဆာဖြင့်အပူပေးကုသခြင်းဖြင့်လည်း သွားကိုက်ခြင်းနှင့် သွားဖုံးများယောင်ရမ်းခြင်းကိုသက်သာစေနိုင်ပါသည်။ထပ်မံသိရှိလိုပါက ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/toothache-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဖောလစ်အက်ဆစ်ဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်
ဖောလစ်အက်ဆစ် အားဖြည့်ဆေးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါဟာ မွေးရာပါချွတ်ယွင်းချက်တွေနဲ့ ကလေးမွေးဖွားခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အသက်၃နှစ်အရွယ်ထိ စကားပြောဆိုနိုင်ဖို့ခက်ခဲခြင်းပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ ဖောလစ်အက်ဆစ်အားဆေးတစ်မျိုးပဲဖြစ်စေ၊ အခြားသော အားဆေးတွေနဲ့ တွဲသောက်သည်ဖြစ်စေ၊ ဒီလိုမိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ စကားပြောနောက်ကျမှုပြဿနာက အခြားသောကလေးတွေနဲ့စာရင် အများကြီးလျော့နည်းနေတာကို တွေ့ရမှာပါ။ဖောလစ်အက်ဆစ်ဆိုတာ လူလုပ်ဗီတာမင် ဘီ ၉ ပဲဖြစ်ပါတယ်။ ဒါကို ဖောလိတ်လို့ခေါ်ပြီး ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သို့မဟုတ် ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်ထားတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ဖောလစ်အက်ဆစ်ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ကျောရိုးမမှာ ပြင်းထန်တဲ့မွေးရာပါချွတ်ယွင်းချက်တွေ (NTD- အာရုံကြောပြွန်ချွတ်ယွင်းခြင်း) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောပြွန်ဟာ သန္ဓေသားလောင်းရဲ့ ကျောရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးတဲ့နေရာ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုမွေးရာပါချွတ်ယွင်းချက်တွေဟာ အမျိုးသမီးတွေက သူတို့ကိုယ်ဝန်ဆောင်နေမှန်းမသိရစဉ်ကတည်းက ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒါဟာ သင်ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်လိုက်တည်းက ဖောလစ်အက်ဆစ်ကို သောက်သင့်တဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ အာဟာရထပ်ဖြည့်ထားသော ဖြည့်စွက်စာများဟာ ဖောလစ်အက်ဆစ်ကိုထုတ်ပေးနိုင်တဲ့ အကောင်းဆုံး ရင်းမြစ်တစ်ခုပါပဲ။ Folate (ဖောလိတ်)ကို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ အက်ဆစ်ဓါတ်ပါတဲ့ အသီးတွေထဲမှာ သဘာဝအတိုင်း ရရှိနိုင်ပါတယ်။ဒီအာဟာရဓါတ်ဟာ အမျိုးသမီးတွေရဲ့ ခန္ဓါကိုယ်ထဲက သွေးနီဆဲလ်တွေကို ထုတ်လုပ်ပေးဖို့ မရှိမဖြစ်လိုအပ်ပြီး ကိုယ်ဝန်ဆောင်နေတုန်းဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အချို့သော ကင်ဆာရောဂါတွေနဲ့ အယ်လ်ဇိုင်းမားလိုရောဂါမျိုးဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဒီဓါတ်ဟာ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇတွေ၊ DNA တွေ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးပြီး ဆယ်လ်တွေရဲ့ အခြေခံအုတ်မြစ်ကို ဖြစ်တည်လာစေပါတယ်။ ကိုယ်ဝန်မဆောင်မှီနဲ့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဖောလစ်အက်ဆစ်ကို လုံလောက်စွာရရှိခြင်းဟာ မွေးဖွားလာတဲ့ကလေးကို အာခေါင်ကွဲ နှုတ်ခမ်းကွဲတွေ မဖြစ်စေဖို့နဲ့ ရက်မစေ့ခင်မွေးဖွားခြင်း၊ ပေါင်မပြည့်ဘဲမွေးဖွားခြင်းတွေနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှုအားနည်းခြင်း စတာတွေမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဦးနှောက်တွင်းဖောလစ်ဓါတ် မလုံလောက်မှု ဆိုလိုတာက ဦးနှောက်ရည်ကြည် တွေထဲက (သွေးထဲမဟုတ်ပါ။) ဖောလိတ်ဟာ ပုံမှန်ထက် လျော့နည်းနေမယ်ဆိုရင် ဒါဟာကလေးတွေမှာ အာရုံကြောနှင့် အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှု ဖြစ်ရတဲ့ အဖြစ်များတဲ့အကြောင်းရင်းတစ်ခုပါပဲ။ဖောလစ်အက်ဆစ်နဲ့ ကုသမယ်ဆိုရင် ဦးနှောက်ရည်ကြည်တွင်းမှာ ဖောလိတ်တွေပိုမိုစုစည်းနိုင်ပြီး အာရုံကြောလက္ခဏာတွေကို ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။ ဒါဟာ အော်တစ်ဇင် ရဲ့ လက္ခဏာတွေကို ဖောလစ်အက်ဆစ်သုံးပြီး ကုသတာနဲ့လည်းဆင်တူပါတယ်။။စကားပြောရန်ခက်ခဲခြင်း ( Verbal impairment) ဟာ အော်တစ်ဇင် ရဲ့ အဓိကလက္ခဏာရပ်တွေထဲကတစ်ခုဖြစ်ပြီး ဖောလိတ်စုစည်းမှုနဲ့ ဘာသာစကားဖွံ့ဖြိုးမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဖောလစ်အက်ဆစ်ကို ထိန်းချုပ်ခြင်းဟာ ဖောလိတ်ဇီဝကမ္မဖြစ်စဉ်တွေပေါ်မှာ အကျိုးသက်ရောက်မှုရှိပြီး ဒါဟာ အော်တစ်ဇင် ဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်ပါသေးတယ်။ကျွမ်းကျင်ပညာရှင်တွေကတော့ သင် ကိုယ်ဝန်ဆောင်နိုင်ဖို့ အားမထုတ်မီ တစ်လလောက်အလိုမှာတည်းက စတင်ပြီး နေ့စဉ်ဖောလစ်အက်ဆစ် ၄၀၀မိုက်ခရိုဂရမ် လိုအပ်ကာ ဒါဟာကလေးငယ်အတွက် မွေးရာပါချွတ်ယွင်းမှုတွေမဖြစ်စေဖို့အတွက်ပါ လို့ အကြံပြုထားပါတယ်။ အချို့သောကိစ္စရပ်တွေမှာ ကိုယ်ဝန်ဆောင်ခြင်းဟာ မျှော်လင့်မထားဘဲ ဖြစ်လာတတ်ပြီး ဒီလိုအခြေအနေမျိုးမှာတော့ ကျွမ်းကျင်ပညာရှင်တွေက ကလေးယူနိုင်တဲ့ အသက်အရွယ်ရှိတဲ့အမျိုးသမီးအားလုံးကို နေ့စဉ် ဖောလစ်အက်ဆစ် ၄၀၀ မိုက်ခရိုဂရမ်မှီဝှဲဖို့ တိုက်တွန်းထားပါတယ်။ အချို့ကတော့ သင်ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဖောလစ်အက်ဆစ်ကို တစ်ရက်ကို အနည်းဆုံး ၆၀၀မိုက်ခရိုဂရမ်ထိ တိုးသောက်ဖို့ အကြံပြုထားပါတယ်။ဗီတာမင်အစုံပါသော အားဆေးတွေမှာ သင်လိုအပ်တဲ့ပမာဏ ပါဝင်ရဲ့လားဆိုတာကို သိနိုင်ဖို့ ဆေးရဲ့ တံဆိပ် မှာ စစ်ဆေးပါ။ တကယ်လို့ သင့်မှာ ဖောလိတ်ပမာဏနည်းနေတယ်၊ မရှိဘူးဆိုရင်တော့ တံဆိပ်ပြောင်းသောက်ဖို့လိုပါပြီ။ ဒါမှမဟုတ် ဖောလစ်အက်ဆစ်တစ်မျိုးတည်းသာသောက်ပါ။ (အားဆေးတွေကို တစ်နေ့ တစ်လုံးထက်ပိုပြီး မသောက်ပါနဲ့။ တကယ်လို့သင်ကကိုယ်ဝန်ဆောင်တွေအတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဗီတာမင်တွေကို မှီဝှဲနေတယ်ဆိုရင် ဒီထဲမှာ ဖောလစ်အက်ဆစ် ၈၀၀မှ ၁၀၀၀ မိုက်ခရိုဂရမ်တွေထိ ပါဝင်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ပိုပြီးသေချာနိုင်ဖို့ တံဆိပ်ကိုပြန်စစ်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%96%e1%80%b1%e1%80%ac%e1%80%9c%e1%80%85%e1%80%ba%e1%80%a1%e1%80%80%e1%80%ba%e1%80%86%e1%80%85%e1%80%ba%e1%80%9f%e1%80%ac-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%b1/
ခွေးကြောက်တဲ့ စိတ်ရောဂါ (Cynophobia)
ခေါင်းစဉ်ကြည့်ပြီးခွေးကြောက်တဲ့ စိတ်ရောဂါ(Cynophobia) ဆိုလို့ ထူးဆန်းသွားလား…..ခွေးက လူသားတွေအတွက် သစ္စာအရှိဆုံး မိတ်ဆွေပါ။ ဒါပေမယ့် ခွေးတွေကို လူတိုင်းက ချစ်တာ မဟုတ်သလို ခွေးကို မကြောက်တဲ့ သူတွေချည်းပဲ မဟုတ်ပါဘူး။လူတိုင်းမှာ စိတ်ထဲက စိုးကြောက်တဲ့အရာ တစ်ခုထက်မနည်း ရှိပါတယ်။ ခွေးကြောက်တာကတော့ အဖြစ်သိပ်မများတဲ့စိတ်ပိုင်းဆိုင်ရာ စိုးထိတ်မှုတစ်ရပ်ပါ။ပင့်ကူကို ကြောက်တာမြွေကိုကြောက်တာတွေကတော့ အဖြစ်များတဲ့စိတ်ပိုင်းဆိုင်ရာစိုးထိတ်မှုတွေပါ။အခုဒီစာကို ဖတ်နေတဲ့ စာဖတ်ပရိသတ်ကြီးမှာရော ခွေးကြောက်တတ်တဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေရှိပါသလား…… ပင့်ကူကို ကြောက်တာက အမွေးတွေ ထူလို့ ခြေလက်တွေက ၈ ချောင်းတောင်ပါလို့ စသဖြင့်ရှိနိုင်သလို မြွေကိုကအဆိပ်ရှိလို့ကြောက်တာမျိုးလို့ တွေးလို့လွယ်ပါတယ်။ဒါပေမယ့် ခွေးကတော့ လူသားတွေနဲ့ အရင်းနှီးဆုံးတွေ ဖြစ်ပါရက် ဘာလို့ ခွေးကို ကြောက်ရတာလဲလို့ခွေးချစ်တတ်သူတွေက တွေးမိနိုင်ပါတယ်။ တကယ်ကတော့ ကမ္ဘာပေါ်မှာ ခွေးကြောက်တတ်တဲ့ စိတ်ရောဂါကို ခံစားနေရသူ သန်းနဲ့ချီပြီး ရှိပါတယ်။သူတို့မှာ ခွေးကို ကြောက်ရတဲ့ အကြောင်းရင်းခံ အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ငယ်ငယ်တုန်းက ခွေးလိုက်ဆွဲခံရဖူးတာ၊ သူတို့ ချစ်ခင်ရသူ တစ်ဦးဦးက သူတို့ မျက်စိရှေ့မှာ ခွေးကိုက်ခံရဖူးတာ၊ သူတို့ကိုယ်တိုင် ခွေးကိုက်ခံရဖူးတာတွေကြောင့် ခွေးကိုမြင်ရင် အလိုလိုကြောက်စိတ် ဝင်လာပြီး ခွေးကြောက်တဲ့ စိတ်ရောဂါကို ခံစားလာရတာပါ။ခွေးကြောက်တဲ့ စိတ်ရောဂါ ခံစားရတယ်ဆိုတိုင်း ခံစားရတဲ့လက္ခဏာချင်းကတော့ မတူနိုင်ပါဘူး။ အချို့မှာဆိုရင် ခွေးလို့ တွေးမိလိုက်တိုင်း၊ ခွေးအနားကို သွားရတော့မယ်လို့ တွေးမိလိုက်တိုင်း လက္ခဏာတွေ စပေါ်လာတတ်ပါတယ်။ အချို့မှာတော့ ထိတွေ့မိတဲ့ အချိန်မှပဲ လက္ခဏာက စပေါ်လာတာပါ။များသောအာဖြင့်ကတော့ ခွေးကို မြင်လိုက်တဲ့ အချိန်မှာစိုးရိမ်တာတွေ၊ စိတ်ပူတာတွေ စဖြစ်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါ ခွေးကို ရှောင်ဖို့ စကြိုးစားပါတယ်။ များသောအားဖြင့် ခံစားရနိုင်တဲ့ လက္ခဏာတွေက။ခွေးကြောက်တတ်တဲ့ စိတ်ရောဂါက ငယ်စဉ် ကလေးဘဝကတည်းက စတင်ခံစားရတာများပါတယ်။ ခွေးနဲ့ပတ်သက်ပြီး စိတ်မချမ်းသာစရာ အခြေအနေတွေ ရင်ဆိုင်ခဲ့ရတာမျိုးပါ။ခွေးကိုက်ခံရမှ ခွေးကြောက်တတ်တာ မဟုတ်ပါဘူး။ ခွေးလိုက်ခံရတာ၊ ခွေးရဲ့ ဟိန်းဟောက်မှုကို ခံရရင်လည်း ခွေးကြောက်နိုင်ပါတယ်။ ခွေးကိုက်ခံရဖူးရင်တော့ ပိုဖြစ်နိုင်ခြေ များတာပေါ့။ အရင်းနှီးဆုံး မိသားစုဝင်ကို ခွေးကိုက်ခံရဖူးတာကြောင့်လည်း ခွေးကြောက်တာကို ခံစားရနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ရပ်ကတော့ ရုပ်သံတွေမှာ ပြတဲ့ ခွေးရဲ့ ထိတ်လန့်ဖွယ်ရာ အပြုအမူတွေကြောင့်လည်း ခွေးကြောက်တဲ့စိတ်ရောဂါကို ခံစားရနိုင်ပါတယ်။ခွေးကြောက်တတ်တဲ့ စိတ်ရောဂါအတွက် အထိရောက်ဆုံး ကုထုံးကတော့ Cognitive behavioral therapy (CBT) ပါ။ ခွေးကြောက်တတ်တဲ့သူကို ချစ်စရာကောင်းတဲ့ ခွေးပုံလေးတွေ ပြပြီး ကြောက်စိတ်နည်းလာအောင် လုပ်ပေးတဲ့ ကုထုံးပါ။ကြောက်နေတဲ့ အရာနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ရင်း ကြောက်စိတ် လျော့လာအောင် လုပ်ပေးတာပါ။ ဒီလို ပုံရိပ်လေးတွေပြရာကနေ တဆင့်တက်ပြီး အရုပ်လေးတွေကို ပြပေးတာမျိုးပါ။ ဒီလိုကနေမှ ခွေးပိစိလေးတွေနဲ့ ထိတွေ့စေပြီး ခွေးကြောက်တဲ့ စိတ်ကို တဖြည်းဖြည်းချင်း ဖျောက်ပေးတာပါ။အချိန်ယူရတဲ့ ကုထုံး တစ်ရပ်ပါ။ ဒါကလည်း ခွေးကို ကြောက်တတ်တဲ့ အတိုင်းအတာ ကွာခြားမှုနဲ့ လက္ခဏာ ပြင်းထန်မှုတွေ အပေါ်မှာ မူတည်ပါတယ်။ခွေးကြောက်တတ်တဲ့ စိတ်အခြေအနေကို ကျော်လွှားဖို့ဆိုရင် စိတ်ချရပြီး အပြုအမူကောင်းတဲ့ ခွေးနဲ့ အနီးကပ် ထိတွေ့နေထိုင်စေတာမျိုးကနေ စပြီး လုပ်ဆောင်ပေးလို့ ရပါတယ်။ ခွေးလေးတွေနဲ့ အနီးကပ် နေထိုင်တာမျိုးပါ။ တစ်ချိန်လုံး မဟုတ်ဘဲ အချိန်အပိုင်းအခြားတစ်ခု လုပ်ပြီး ခွေးလေးတွေနဲ့ အနီးကပ်နေထိုင်တာမျိုးပါ။နောက်တစ်နည်းကတော့ ခွေးလေးတွေ အကြောင်း စာအုပ်ဖတ်တာမျိုးပါ။ ခွေးက အမြဲကိုက်တတ်တာမျိုး မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာ ကိုက်တတ်တယ်။ ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို လိုက်ရှာဖတ်တာမျိုးပေါ့။ ခွေးနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လို အဆင်ပြေအောင် နေရမလဲဆိုတဲ့ အကြောင်းအရာတွေကို ဖတ်ရှုပါ။နောက်ဆုံး တစ်နည်းကတော့ အကူအညီ ရယူပါ။စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုကို ရယူပါ။ တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ပါ။ ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို မေးမြန်း လုပ်ဆောင်တာတွေ လုပ်ဆောင်ပေးပါ။ကဲ…….. ခွေးကြောက်တတ်တဲ့ ပြဿနာကို အကောင်းဆုံး ကျော်လွှားကြဦးစို့လား…….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/cynophobia/
သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ
အမျိုးသမီးတို့အနေနဲ့သန္ဓေတားရာမှာ ဆေးကတ်တွေသောက်ခြင်း၊ သုံးလထိုးဆေး ထိုးခြင်း၊ သားအိမ်အတွင်း သန္ဓေတား ပစ္စည်းထည့်ခြင်း၊ လက်မောင်းတွင်းပစ္စည်းထည့်ခြင်း နဲ့သားကြောဖြတ်ခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ မိမိနဲ့ကိုက်ညီမယ့်သားဆက်ခြားနည်းလမ်းကို တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ကာ ရွေးချယ်သုံးကြပါတယ်။အထက်ပါနည်းလမ်းတွေအပြင် လူသိနည်းပြီး ဆေးဝါးအကူအညီမပါဝင်တဲ့ သဘာဝ သန္ဓေတားနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ အကြောင်း ထဲမှာမှ ပထမဦးစွာ ဥကြွေချိန်နဲ့ ပတ်သက်တဲ့ ရက်ရှောင်နည်းလမ်းတွေကို‌ ဖော်ပြပေးပါမယ်။အမျိုးသမီးတွေဟာ ရာသီသွေးမပေါ်ခင် (၇) ရက်နဲ့ ရာသီစလာချိန် ကစလို့ (၇) ရက်မှာ သန္ဓေမအောင်နိုင်ဘူးလို့ ယေဘုယျ သတ်မှတ်ပါတယ်။ ဒါက အကြမ်းသတ်မှတ်တာဖြစ်ပြီး ရာသီစက်ဝန်းအလိုက် ပြောင်းလဲနိုင်ပါတယ်။ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြားမှာ ရက်ပေါင်း ၂၆ ရက် ကနေ ၃၂ ရက်အထိ ရှိတတ်တဲ့ အမျိုးသမီးတွေ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ရာသီသွေးပေါ်ချိန် တစ်ခုနဲ့တစ်ခု ကြားအချိန်ဟာ  ၂၆ ရက်ထက်တိုခြင်း ဒါမှမဟုတ် ၃၂ ရက်ထက်ရှည်ခြင်း ဖြစ်ပွားမှုဟာ တစ်နှစ်အတွင်း နှစ်ကြိမ်ထက် ကျော်သွားခဲ့ရင်တော့ ဒီနည်းလမ်းကို မသုံးသင့်ပါ။ နည်းလမ်းကတော့။ရာသီစလာတဲ့ ရက်ကို ရက်နံပါတ် (၁) လို့သတ်မှတ်ပါ။ ရက်နံပါတ် (၈)ကနေ (၁၉) အထိ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကို ‌ရှောင်ကြဉ်ပါ။ ရက်နံပါတ် (၁) ကနေ (၇) အထိ ရာသီ လာနေချိန်မှာ လိင်ဆက်ဆံနိုင်သလို ရက်နံပါတ် (၂၀) ကနေစကာ နောက်တစ်ကြိမ် ရာသီသွေးပေါ်ချိန် အထိ လိင်ဆက်ဆံနိုင်ပါတယ်။အမျိုးသမီးဟာ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြား ရက်ပေါင်းကို (၆)လတိတိ မှတ်ထား ရပါမယ်။ ပြီးရင်တော့ အတိုဆုံးရက်ပေါင်း နဲ့ အရှည်ဆုံးရက်ပေါင်းကိုမှတ်ပါ။ရာသီစလာတဲ့ ရက်က ရက်နံပါတ် (၁) လို့သတ်မှတ်ပါ။ ဒါဆို ရက်နံပါတ် (၉)ကနေ (၂၀) အထိ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကို ‌ရှောင်ကြဉ်ပါ။ ဒီနည်းက ရာသီစက်ဝန်းမမှန်တဲ့ သူလည်း သုံးနိုင်ပါတယ်။ တစ်ခုရှိတာက လတိုင်းမှာ အတိုဆုံးစက်ဝန်းနဲ့ အရှည်ဆုံးစက်ဝန်းကို အမြဲမှတ်နေရပါမယ်။ဒီနည်းလမ်းကတော့ အဖြူဆင်းတတ်သူတွေနဲ့ မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်ရောဂါ ခံစားနေရသူတွေအတွက် အသုံးမဝင်ပါဘူး။ အမျိုးသမီးဟာ မိန်းမကိုယ်ကနေ အရည်ဆင်းလာတာကို သတိထားမိပြီ ဆိုတာနဲ့ ဉကြွေချိန်ရောက်ပြီလို့ သတ်မှတ်လိုက်ပါ။ အရည်လို့ဆိုရာမှာ မည်သည့်အရောင်၊ မည်သည့်ပုံစံမဆို (အချွဲဖြစ်စေ၊ အကြည်ဖြစ်စေ) အကျုံးဝင်ပါတယ်။ ဒီကာလကို ဥကြွေကာလလို့ သတ်မှတ်ပြီး လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ အရည်မဆင်းတော့ဘဲ စတင် ခြောက်သွေ့သွားတဲ့ နှစ်ရက် မြောက်နေ့က စ၍ အမျိုးသားနဲ့ အတူပြန်နေလို့ရပါပြီ။အဖျားရှိသူနဲ့ အခြားခန္ဓာကိုယ် အပြောင်းအလဲရှိသူတွေ သုံးလို့မရပါဘူး။ မနက် အိပ်ရာထချိန် (သို့မဟုတ်) အစားမစားခင်စတဲ့ နေ့တစ်နေ့ရဲ့တူညီတဲ့အချိန်မှာ မိမိရဲ့ ကိုယ်အပူချိန်ကို ပုံမှန်တိုင်းတာပြီး ဂရပ်တစ်ခုပြုလုပ် မှတ်သားပါ။ ဥကြွေချိန်မှာ ကိုယ်အပူချိန်ဟာ (၀.၂) ကနေ (၀.၅) ဒီဂရီဆယ်လ်စီးရပ် အထိ တက်လာတာကို တွေ့နိုင်ပါတယ်။ များသောအားဖြင့် ဂရပ်ရဲ့ အလယ်လောက်မှာ ဖြစ်တတ်ပါတယ်။ အပူချိန်တက်တဲ့နေ့ကစပြီး (၃) ရက်မြောက်နေ့အထိ လိင်ဆက်ဆံခြင်းကို ရှောင်ပြီး (၄) ရက်မြောက်နေ့ကနေ စ၍ အတူပြန်နေနိုင်ပါပြီ။တစ်ခုရှိတာက သုက်ကောင်က အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ၃-၅ရက်လောက်ထိ ရှင်နိုင်ပါတယ်။ အပူချိန် မတက်ခင် ရှေ့ ၃-၅ရက်မှာ အကာအကွယ်မဲ့လိင်ဆက်ဆံထားမယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ရာသီလာရက်နောက်ဆုံးရက်နဲ့ အရည်ဆင်းတဲ့ ပထမဦးဆုံးရက်အကြားမှာ စုံတွဲတွေဟာ အကာအကွယ်မပါဘဲ ဆက်ဆံနိုင်ပါတယ်။ သို့သော် နှစ်ရက်ဆက်တိုက်တော့ မဆက်ဆံသင့်ပါ။ သုတ်ရည်ပျောက်ကွယ်ဖို့ အချိန်လိုသလို အရည်ဆင်းခြင်းကိုလည်း စောင့်ကြည့်ဖို့ရန် လိုပါတယ်။ အရည်စတင်ဆင်းလာချိန်မှစကာ ခြောက်သွေ့သွားသည်အထိချစ်တင်းနှောခြင်းမှ ရှောင်ပါ။အားနည်းချက်ကတော့ အပေါ်က နည်းလိုပါပဲ။ သားဥမကြွေခင် ရှေ့၃-၅ရက်မှာ အတူနေထားမိရင် မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ဒီနည်းလမ်းဟာ နို့တိုက်မိခင်တွေအတွက် အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပါ။ အောက်ပါအချက်တွေတော့ ရှိကိုရှိရပါမယ်။နို့တိုက်နေစဉ်ဟော်မုန်းအပြောင်းအလဲတွေကြောင့် သန္ဓေတားနိုင်တာပါ။ နို့တိုက်မိခင်တိုင်း မရပါဘူး။ အထက်ပါအချက်တွေရှိနေမှရမှာပါ။ပါတနာ အမျိုးသားဟာ လိင်ဆက်ဆံမှုတစ်ခုအပြီး သုတ်လွှတ်မည့်အာရုံကို ခံစားရတာနဲ့ လိင်အင်္ဂါကို မိန်းမကိုယ်ပြင်ပဆွဲထုတ်ကာ ပြင်ပမှာပဲ သုတ်လွှတ်ရပါမယ်။ လိင်မဆက်ဆံခင် လိင်အင်္ဂါကို သေချာသုတ်သင် ဆေးကြောပါ။ ယခင်သုတ်ပိုးတွေ ကျန်နေနိုင်လို့ပါ။ သုတ်လွှတ်စောသူတွေနဲ့ သုတ်လွှတ်မည့်အာရုံကို ကြိုတင်မခံစားနိုင်သူတွေမှာ ဒီနည်းလမ်းကို မသုံးသင့်ပါ။အားနည်းချက်က မတော်တဆ သုက်ရည်နည်းနည်းလေး ဝင်သွားရုံနဲ့ ခန့်မသင့်ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ သုက်ရည်ကြည် precumမှာ များသောအားဖြင့် သုက်ကောင်မပါတတ်ဘူးဆိုပေမယ့် မတော်တဆ ပါလာခဲ့ရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။သဘာဝသားဆက်ခြား နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ သို့သော်သားဆက်ခြား နည်းလမ်းတိုင်းဟာ ရာနှုန်းပြည့်စိတ်မချရပါဘူး။ ရာခိုင်နှုန်း အနည်းငယ်ကတော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ရက်‌ရှောင်နည်းအပါအဝင် မည်သည့် သားဆက်ခြားနည်းလမ်းကိုမဆို မိမိသဘောနဲ့ မိမိလုံးဝ(လုံးဝ)မသုံးပါနဲ့။ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပြီးမှ သုံးသင့်ပါတယ်။ရေးသားသူ- ‌‌‌ဒေါက်တာမှူးခင်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/family-planning-guideline/
ကိုယ်ဝန်ဆောင် မေမေ ချဉ်ပေါင်ဟင်း စားလို့ရလား ........
ကိုယ်ဝန်ဆောင်ချိန်မှာအစားအသောက် အနေအထိုင်အစစအရာရာကို ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ နုနယ်လွန်းတဲ့ ဗိုက်ထဲက ဘေဘီလေး ထိခိုက်မှာ စိုးလို့ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်မှကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာ ဖြစ်သလို မေမေကိုယ်တိုင်လည်း ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ မြန်မာလူမျိုးတိုင်း အကြိုက်တွေ့ကြတဲ့ချဉ်ပေါင်ဟင်းလေးကို ကိုယ်ဝန်ဆောင် မေမေ စားလို့ရလားဆိုတာကို ပြောပြပေးချင်ပါတယ်။ဒီမေးခွန်းလေးအတွက် အဖြေကတော့ စားလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေ အနေနဲ့ကဖင်းများတာ၊ပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုလွန်ကဲတဲ့ စားစရာတွေ၊ အယ်လ်ကိုဟော၊ နီကိုတင်းစတဲ့ အရာတွေကို ရှောင်ရှားဖို့ လိုပေမယ့် ချဉ်ပေါင်ဟင်းလိုမျိုးသဘာဝ အသီးအရွက်ကို ချက်ပြုတ်ထားတဲ့ စားစရာမျိုးကိုတော့ ရှောင်ဖို့ မလိုပါဘူး။လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတာမျိုးတော့ ဖြစ်ဖို့ လိုပါမယ်။ ဒါမှလည်း အာဟာရတွေ ရရှိစေပြီးကျန်းမာရေးကို ထောက်ကူပေးနိုင်မှာပါ။ ဒီလိုပြောရတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ဘယ်အချိန်စားစား ခံတွင်းတွေ့လှတဲ့ ချဉ်ပေါင်ရွက်မှာ။ရှေးယခင်ကာလတွေကဆေးဖက်ဝင်အပင် တစ်မျိုးအဖြစ် ချဉ်ပေါင်ပင်ကို အသိအမှတ်ပြုခဲ့တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ပေါင်ဟင်းစားတဲ့အခါ။ချဉ်ပေါင်ရွက်မှာ ကိုယ်ဝန်ဆောင်မေမေတိုင်း ပြည့်ဝဖို့ လိုမယ့်သံဓာတ်ပါဝင်နေပါတယ်။ တစ်နေ့တာမှာ သံဓာတ် ၂၇ မီလီဂရမ်လောက်အထိ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ မေမေရောဘေဘီလေးပါ ကျန်းမာစေဖို့ ချဉ်ပေါင်ဟင်းစားသုံးပေးလို့ရပါတယ်။ဒါမှ မေမေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာမျိုး မဖြစ်စေမှာပါ။ ဗိုက်ထဲက ဘေဘီလေးကိုလည်း အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ဖောလိတ်ကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်ပြည့်ဝမှ ဘေဘီလေးရဲ့ အာရုံကြောစနစ်တွေ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် ချဉ်ပေါင်ဟင်း စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေကို သောက်သုံးတာက အဆင်မပြေပါဘူး။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ခံအားနည်းတတ်တာကြောင့် ဖျားနာလွယ်ပါတယ်။ ချဉ်ပေါင်ရွက်မှာက ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ကိုယ်ခံအားကောင်းတဲ့အခါ အအေးမိ၊ ဖျားနာတာမျိုး၊ချောင်းဆိုးတာမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပြီဖြစ်မှာပါ။နောက်တစ်ချက်က သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေတာ​ကြောင့်ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဗိုင်းရပ်စ်တွေကိုလည်း ခုခံကာကွယ်ပေးပါတယ်။ဝမ်းမှန်စေတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ချဉ်ပေါင်ရွက်မှာက မဂ္ဂနီဆီယမ် နဲ့အမျှင်ဓာတ်ပါဝင်နေတာ​ကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ မဂ္ဂနီဆီယမ်ဖြည့်စွက်စာတွေကို ဝမ်းပျော့စေဖို့ စားသုံးပေးရတာမျိုးရှိပါတယ်။မဂ္ဂနီဆီယမ်က ဝမ်းပျော့စေပြီးအူကြွက်သားတွေကို ပြေလျော့စေပါတယ်။ အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီးဝမ်းချုပ်မှုကင်းလို့ ဝမ်းမှန်စေပါတယ်။ ချဉ်ပေါင်ရွက်မှာ မဂ္ဂနီဆီယမ် ၂၉ မီလီဂရမ် ပါဝင်နေပြီး နေ့စဉ် လိုအပ်မှုရဲ့ ၆.၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။အင်အားပြည့်စေတယ်။ချဉ်ပေါင်ရွက်မှာပါတဲ့Phosphorousက ကြွက်သားအားနည်းတာ၊ထုံကျဉ်တာ၊ မောပန်းလွယ်တာ လိုမျိုးကျန်းမာရေးပြဿနာတွေကို ကင်းစေပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ နေ့စဉ် လုပ်ဆောင်စရာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်စေဖို့ Phosphorous ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ချဉ်ပေါင်ရွက်က Phosphorous ကြွယ်ဝတာကြောင့် နေ့စဉ် တက်ကြွလန်းဆန်းနေစေဖို့ စားပေးသင့်ပါတယ်။ချဉ်ပေါင်ရွက်က အခုလိုမျိုးအကျိုးကျေးဇူးတွေများတယ်ဆိုပေမယ့် ချဉ်ပေါင်ဟင်းထဲကို ငပိတွေ၊ ငံပြာရည်တွေ အများကြီးထည့်ပြီး စားသုံးတာမျိုးကတော့ အဆင်မပြေပါဘူး။ ကိုယ်ဝန်ဆောင် သွေးတိုးတာကို ဖြစ်စေနိုင်တာကြောင့်ပါ။ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ချဉ်ပေါင်ဟင်း စားမယ်ဆိုရင် ငါး၊ ပုစွန်စတာလေးတွေကို အချဉ်ထိန်းအောင် ထည့်ချက်ပြီး ငံပြာရည်၊ ငပိစတာတွေကို တတ်နိုင်သမျှ လျှော့ထည့်ပေးပါ။ ကိုယ်ဝန်ဆောင် သွေးတိုးရှိမယ်။ အခြား ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေမယ်ဆိုရင် မစားခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/having-roselle-during-pregnancy/
ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင်
ကလေးငယ်လေးတွေရဲ့ ကိုယ်ခံအားစနစ်က ငယ်ရွယ်စဉ်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် အချို့ရောဂါတွေကို ခုခံနိုင်စွမ်းသိပ်မရှိသေးပါဘူး။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အနေအထားကြောင့်ဖြစ်ဖြစ် ကလေးတွေမှာ နှာစေး ချောင်းဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင် ဘာတွေကို ဂရုစိုက်ရမလဲဆိုတာနဲ့ ဘယ်လိုအခြေအနေတွေက ကလေးကိုချောင်းဆိုးစေနိုင်လဲဆိုတာတွေကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ချောင်းဆိုးတယ်ဆိုတာက ခန္ဓါကိုယ်က အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်ရဲ့ အထက်ပိုင်းမှာရောက်ရှိနေတဲ့ ချွဲနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ဖို့ တုံ့ပြန်မှုတစ်ရပ် (သို့မဟုတ်)လေပြွန်မှာ ဓါတ်မတည့်မှုတစ်ခုခုခံစားရတဲ့ခန္ဓါကိုယ်က တုံ့ပြန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ချောင်းဆိုတာကရောဂါတစ်ခုခုကြောင့် ဆိုးတာမျိုးဖြစ်နိုင်သလို တစ်ခါတလေမှာ ခန္ဓါကိုယ်တွင်းကဖြစ်ပျက်နေတဲ့အနေအထားတစ်ရပ်ရပ်ကိုဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတဲ့အခါ ဘာကြောင့်ဆိုးရတာလဲဆိုတာကို အကြောင်းအရင်းသိအောင်လုပ်ဖို့ကတော်တော်လေးအရေးကြီးပါတယ်။အပေါ်မှာပြောခဲ့သလိုပဲချောင်းဆိုးတာက ခန္ဓါကိုယ်ထဲမှာဖြစ်နေတဲ့ ဓါတ်မတည့်မှုတစ်ခုခု ဒါမှမဟုတ် ချွဲတွေနဲ့ပြင်ပအရာဝတ္ထုတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ပစ်ဖို့ တုံ့ပြန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင်။ဒီအချက်လေးတွေက မေမေဖေဖေတို့အတွက် ရင်သွေးလေးတွေကို စောင့်ရှောက်ရာမှာ အသုံးဝင်နိုင်စေဖို့ ရည်ရွယ်ရင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/remedies-for-cough-in-child/
ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်
ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် သူ့အတွက် ဂရုစိုက်စောင့်ရှောက်ရမယ့် တာဝန်တွေက အများသားရယ်။ သားဦး၊ သမီးဦးဖြစ်နေရင် ပိုဆိုးပါလေရော။ အမေရော၊ အဖေရောက အသစ်စက်စက်မိဘတွေ ဖြစ်နေတော့ ကလေးလေးအတွက် သတိပြုမိရမယ့်အချက်တွေကို လစ်ဟင်းတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးယူမယ်လို့ ဆုံးဖြတ်ကတည်းက ကိုယ့်မိဘတွေဆီကမေးတာပဲဖြစ်ဖြစ် စာအုပ်တွေဖတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုးတက်နေတဲ့ခေတ်မှာ လူမှုကွန်ရက်ကနေပဲဖြစ်ဖြစ် ကလေးပြုစုစောင့်ရှောက်ရေးအတွက် လေ့လာသင့်တာ လေ့လာထားသင့်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက် အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေထဲ သေးခံလောင်တာကလည်း အဖြစ်များဆုံးပါဝင်နေပါတယ်။ ဖေဖေရော မေမေရော အလုပ်အရမ်းရှုပ်ကြတော့ အခုခေတ်မှာကလေးသေးခံ(Diaper) ကို မသုံးမဖြစ် သုံးကြရပါတယ်။ ဒီလိုသုံးတဲ့အခါ ကလေးမှာ သေးခံလောင်တာက ကြုံတွေ့ရပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင် သနားစရာကောင်းပါတယ်။ကိုယ့်ရင်နှစ်သည်းချာလေးရဲ့ ဖြူဖွေးနုဖတ်နေတဲ့ အသားအရေလေးမှာ နီနီရဲရဲလောင်ထားတဲ့ အရာတွေကို ကြည့်ရတာလောက် စိတ်မချမ်းမသာဖြစ်စေမှာ မရှိလောက်ပါဘူး။ ကလေးကို ရေဆေးပေးတဲ့အချိန်ပဲဖြစ်ဖြစ် သုတ်သင်ပေးတဲ့အချိန်ဖြစ်ဖြစ် ဒီသေးခံလောင်ထားတဲ့ အရာတွေကနေ စပ်လို့ ကလေးငယ်ငိုယိုတဲ့အခါ ရင်နဲ့အမျှ မိဘတွေခံစားကြရပါတယ်။ဒီတော့ မေမေတွေအနေနဲ့ တတ်နိုင်တာက ဒိုင်ပါကို စနစ်တကျသုံးပါ။ သေးခံလောင်ရင် သက်သာအောင်ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာ များများလေ့လာပြီး ကြိုတင်ကာကွယ်တာ၊ ပြင်ဆင်တာတွေလုပ်ထားဖို့ သင့်ပါတယ်။ကလေးရဲ့ တင်ပါးမှာ အနီကွက်တွေ၊ပေါင်ခြံတဝိုက်မှာ အနီဖတ်တွေလန်တာလိုမျိုး ဒိုင်ပါဝတ်တဲ့နေရာတဝိုက်တွေ့ရရင် သေးခံလောင်တာပဲဖြစ်ပါတယ်။ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက အမျိုးမျိုးရှိနိုင်ပါတယ်။ဒိုင်ပါလောင်ခြင်းက နာကျင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေတယ်ဆိုပေမယ့် ကလေးဆိုတော့ သူကလည်း နည်းနည်းပါးပါးဆို သတိမထားမိပါဘူး။ ပိုဆိုးလာမှသာ ဒိုင်ပါဝတ်ပေးတိုင်း ငိုနေမှာပါ။ ဒိုင်ပါလောင်တာကနေ ပိုးဝင်လာရင်တော့ စိုးရိမ်ရပါတယ်။ သေးခံလောင်တဲ့နေရာမှာ ရောဂါပိုးဝင်ပြီဆိုရင် ပြတတ်တဲ့ ဒီလက္ခဏာလေးတွေကို သတိထားပါ။ ဒါဆိုရင် ကလေးအထူးကုဆရာဝန်ကိုပြသင့်ပါတယ်။ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက် ကတော့။(၁) သေးခံဒိုင်ပါကို မကြာခဏလဲပေးပါ။ကလေးကို ရေသုတ်တဲ့အခါ မပွတ်ဘဲ တို့ပြီးသုတ်ပေးပါ။ ဒိုင်ပါအသစ်လဲတိုင်း ကလေးရဲ့ ပေါင်ခြံနဲ့ တင်ပါးတဝိုက်ကို သန့်စင်ခြောက်သွေ့နေပါစေ။ ကလေးက တုံပြန်လွယ်တဲ့အသားအရေရှိနေရင် အဲဒီနေရာတွေကို သန့်ရှင်းပေးတဲ့အခါ ရေလေးဖျန်းပြီး ဂွမ်းလုံးလေးနဲ့တို့သုတ်ပေးပါ။(၂) အသားအရေချောမွေ့စေမယ့် အဆီတစ်ခုခုလိမ်းပေးပါ။သင့်ကလေးရဲ့ အသားအရေခြောက်သွေ့နေပြီဆိုရင် ဆီးနဲ့ ဝမ်းကြောင့် ဒိုင်ပါလောင်တာ မဖြစ်စေဖို့baby oilတစ်မျိုးမျိုးလိမ်းပေးနိုင်ပါတယ်။ ဒါမှ ကလေးရဲ့အသားအရေမှာ ချောမွေ့စေပြီးသေးခံလောင်ခြင်းကြောင့် ဖြစ်လာတဲ့ဝေဒနာကို သက်သာစေဖို့ အကာအကွယ်အလွှာတစ်ခုဖြစ်စေမှာပါ။(၃) ဒိုင်ပါကို အရမ်းမတင်းကျပ်ပါစေနဲ့။ကလေးကိုဒိုင်ပါခပ်လျော့လျော့ဝတ်ပေးပါ သို့မဟုတ် လေဝင်လေထွက်ကောင်းစေဖို့ ကလေးနဲ့ နည်းနည်းကြီးတဲ့ ဒိုင်ပါအရွယ်အစားကို ရွေးနိုင်ပါတယ်။ ဒိုင်ပါမဝတ်ခင် ဒိုင်ပါဝတ်မယ့်နေရာတဝိုက်မှာ သန့်ရှင်းပြီးခြောက်သွေ့နေဖို့ အရေးကြီးပါတယ်။(၄) ဒိုင်ပါ မဝတ်ပေးတဲ့အချိန်လည်း ရှိရပါမယ်။လေဝင်လေထွက်ကောင်းခြင်းက သေးခံလောင်တာသက်သာစေဖို့၊ ခြောက်သွေ့စေဖို့ အကောင်းဆုံးသဘာဝနည်းလမ်းပါ။ ကလေးမှာ သေးခံလောင်တဲ့နေရာ ဖြစ်လာရင် တခါတလေ ကလေးကို ဒိုင်ပါမဝတ်ဘဲ ဒီအတိုင်းထားပေးပါ။(၅) ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဆေးပါပဲ။ဒီလိုလောင်တာမျိုးမဖြစ်ရအောင် ကြိုတင်သတိထားကာကွယ်တာ အကောင်းဆုံးပါပဲ။သားသားမီးမီးလေးတွေဝေဒနာမခံစားရတော့ဘူးပေါ့။ သေးခံဒိုင်ပါဝတ်ပေးမယ်ဆိုရင် ဒိုင်ပါအောက်က အသားအရေမှာ လေဝင်လေထွက်ရှိဖို့ သတိထားရမှာဖြစ်သလို အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ ဒိုင်ပါအမှတ်တံဆိပ်ကို ဝယ်သုံးဖို့လည်းအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/diaper-rash/
လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ
Sex Toy ဆိုတာလိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့Sex Toyအသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toyတွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ခုပြောပြပေးမယ့် အချက်တွေက Sex Toyအသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။၁။လိင်ဆန္ဒအထွတ်အထိပ်ရောက်တာမြန်စေတယ်။ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမယ့် မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းကClitorisလို့ ခေါ်တဲ့ မိန်းမကိုယ်အစေ့ လှုံ့ဆော်မှုကောင်းစွာ မရတာ၊ အမျိုးသားတွေရဲ့ ဆက်ဆံနိုင်စွမ်း စတာတွေနဲ့ သွားပြီးသက်ဆိုင်နေလို့ပါ။ ထိုးသွင်းဆက်ဆံမှုမပြုခင်နဲ့ လိင်ဆက်ဆံနေစဉ် Sex Toyတွေကို အသုံးပြုပြီး မိန်းမကိုယ်အစေ့ကို လှုံ့ဆော်ပေးခြင်းဟာ အမျိုးသမီးရဲ့ ကာမဆန္ဒကိုလည်း လှုံ့ဆော်ပေးနိုင်သလို အထွတ်အထိပ်ရောက်ဖို့လည်း ပိုပြီးလျင်မြန်စေပါတယ်လို့ ဆိုထားကြပါတယ်။၂။ ချစ်သူနှစ်ဦးကြား အပေးအယူကို ပိုမျှလာစေတယ်။တစ်ခါတလေမှာ လိင်မှုကိစ္စက အပေးအယူမမျှလို့ စိတ်တိုင်းမကျရနိုင်တာမျိုးတွေ ရှိပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူတို့လိုချင်တဲ့ ဆန္ဒ၊ အိပ်ရာပေါ်က အနေအထား (Sex position) စတာတွေရှိပါတယ်။ Sex Toyတွေကို အသုံးပြုတဲ့အခါ တစ်ဦးတစ်ယောက်စီရဲ့ ခန္ဓာကိုယ်အနေအထား၊ အကြိုက်တွေနဲ့ ခံစားသက်ဝင်မှုစတာတွေကို ပိုပြီးနားလည်သဘောပေါက်လာစေတဲ့အတွက် လိင်ဆက်ဆံတဲ့အခါ ပိုပြီးကောင်းတဲ့ ခံစားမှုမျိုးကို နှစ်ဦးလုံး ခံစားရစေနိုင်ပါတယ်။၃။ထိုးသွင်းဆက်ဆံမှသာ အထွတ်အထိပ်ရောက်နိုင်တာ မဟုတ်ကြောင်းကို နားလည်လာတယ်။ဒါကတော့ အမျိုးသားတွေအတွက်တော့ ပိုပြီး သက်ရောက်စေတဲ့အချက်ပါ။ အမျိုးသားအများစု မှားယွင်းစွာ လုပ်တတ်ကြတဲ့ အချက်က လိင်မှုကိစ္စစတင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့အဖော်ကို လိင်စိတ်ကြွလာအောင် နှိုးဆွပေးခြင်း မရှိဘဲ သမားရိုးကျ ထိုးသွင်းဆက်ဆံလိုက်တာပါပဲ။ အဲဒီအခါ ကိုယ်ကကောင်းပြီး၊ ပြီးသွားရင်တောင် ကိုယ့်အဖော်က ဆန္ဒမပြည့်ဝဘဲ ဟာတာတာဖြစ်ကျန်ခဲ့မှာပါ။Sex Toyတွေရဲ့ အားသာချက်က ထိုးသွင်းဆက်ဆံခြင်းမပါဘဲနဲ့လည်း နှစ်ဦးသား ဆန္ဒအထွတ်အထိပ် ရောက်စေနိုင်တယ်၊ ကာမခလုတ်တွေကို တစ်ခုချင်း ဖွင့်ဟပေးလိုက်တဲ့အတွက် စိတ်ကြွစေတယ်၊ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ရော၊ ကိုယ့်အဖော်ကိုပါ ဘယ်လိုကိုင်တွယ်ဆက်ဆံရင် ပိုကောင်းနိုင်လဲဆိုတဲ့ အသိကို ပေးစွမ်းနိုင်ပါတယ်။၄။သုက်လွှတ်မြန်တဲ့သူတွေအတွက် အသုံးဝင်တယ်။သုက်လွှတ်မြန်တာက ယောက်ျားလေးတွေမှာ အဖြစ်များတဲ့ လိင်ကျန်းမာရေးပြဿနာတစ်ခုပါ။ ယာယီဖြစ်တဲ့သူတွေလည်း ရှိသလို လိင်ဆက်ဆံတိုင်း ဖြစ်နေတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုမျိုး သုက်လွှတ်မြန်တာက အမျိုးသားတွေအတွက်လည်း မကောင်းသလို ကိုယ်နဲ့ ဆက်ဆံရမယ့် မိန်းကလေးတွေအတွက်လည်း ကာမသုခကို ဘာမှခံစားလိုက်ရမှာ မဟုတ်ပါဘူး။ဒါကြောင့် လိင်ဆက်ဆံခြင်းမပြုခင်မှာ ကိုယ့်ရဲ့ ချစ်သူကို Sex Toyများဖြင့် ကြိုတင်နှိုးဆွပေးခြင်းဖြင့် သူတို့အတွက်လည်း အထွတ်အထိပ်ရောက်ဖို့ မြန်စေသလို ကိုယ့်ရဲ့ သုက်လွှတ်မြန်တဲ့ပြဿနာကြောင့် စိတ်ထဲ အစိုင်အခဲတစ်ခုလို အားမလိုအားမရဖြစ်တဲ့စိတ်တွေ သိပ်ပြီးကျန်ခဲ့မှာ မဟုတ်ပါဘူး။၅။ ပိုကောင်းတဲ့ ကာမသုခကို ခံစားရစေတယ်။အမြဲတမ်း ဒီလိုပုံစံ၊ ဒီလိုအနေအထားနဲ့ပဲ ဆက်ဆံတဲ့အခါ စုံတွဲတွေအတွက် လိင်ဆက်ဆံရမှာကို ရိုးအီသွားတာ၊ စိတ်မပါတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါ Sex Toyတွေရဲ့ အကူအညီနဲ့ ငြိမ်းမလိုဖြစ်နေတဲ့ ကိုယ်နဲ့ကိုယ့်ချစ်သူကြား ကာမမီးကို ပြန်ပြီးတောက်လာအောင် မီးညှိပေးလို့ရပါတယ်။ ဒါ့အပြင် Sex Toy တွေက ကိုယ့်အဖော်အတွက်လည်း ကာမဆန္ဒကို နှိုးဆွပေးနိုင်သလို လိင်ဆက်ဆံတဲ့အခါ ပိုကောင်းတဲ့ ခံစားချက်မျိုးလည်း ရစေတယ်။ ရှက်ရွံ့စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ နည်းသွားပြီး လိင်ဆက်ဆံရမှာကို စိတ်အားတက်ကြွလာစေပါတယ်။များသောအားဖြင့် Sex Toy တွေဟာ စုံတွဲတွေအတွက် ကျန်းမာရေးအရ ဒုက္ခဖြစ်စေတာမျိုး မရှိသလို လိင်ဆက်ဆံရာမှာလည်း အဟန့်အတားဖြစ်စေတာမျိုး မရှိတဲ့အတွက် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တက်ထွက်လိုမျိုး သုက်လွှတ်မြန်သူတွေ၊ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ဆရာသိပ်မကျသေးတဲ့ အမျိုးသားတွေ၊ ကိုယ့်ချစ်သူ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လိုနှိုးဆွရမလဲ ကောင်းစွာ မသိသူတွေအတွက် Sex Toyတွေ အသုံးပြုပေးခြင်းဖြင့် ကာမစိတ်ကို ပြန်ပြီးနိုးကြားတက်ကြွလာစေနိုင်ပါတယ်။အကယ်လို့ ကိုယ့်ချစ်သူနဲ့ မဟုတ်ဘဲ သူစိမ်းနဲ့ ဆက်ဆံမှာဆိုရင်တော့ Sex Toy မျှဝေသုံးစွဲတာမျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းကလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရနိုင်ဖို့အခွင့်အလမ်းများလို့ပါ။ ပုံမှန်အားဖြင့် Sex Toyအသုံးပြုပြီးတိုင်း ရေ၊ ဆပ်ပြာနဲ့ သေချာပွတ်တိုက်ဆေးကြောပြီး အခြောက်ခံထားဖို့နဲ့ ဖုန်တက်နေတဲ့ Sex Toyတွေကို မဆေးဘဲ အသုံးမပြုဖို့တော့ သတိထားသင့်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/benefits-of-sex-toy-in-intercourse/
အသက် ၄၅ နှစ်အထက်တွေမှာ လိင်ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေပိုများ
လူရယ်လိုဖြစ်လာရင် ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို လိင်မှုကိစ္စတွေနဲ့ ကင်းကွာဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေပါ။ လိင်ကိစ္စဟာ လူ့သက်တမ်းတစ်လျှောက်လုံးမှာ အချိန်တော်တော်များများ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ဒီလိုပါဝင်ပတ်သက်နေရတဲ့အကြောင်းအရင်းတွေထဲမှာ လိင်ဆက်ဆံခြင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ရောဂါကူးစက်ခံရမှုအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နေတတ်ပါတယ်။ဒါကိုတော့လိင်မှတဆင့် ရောဂါပိုးကူးစက်ခြင်း(Sexually-transmitted Infections – STIs) ဒါမှမဟုတ် လိင်မှတင်ဆင့်ကူးစက်တတ်သောရောဂါတွေ (Sexually-transmitted Diseases –STDs) လို့ ခေါ်ပါတယ်။လူတိုင်းဟာလိင်မှုကိစ္စအကြောင်းကို သိနားလည်ထားဖို့ လိုအပ်သလို ဒီရောဂါတွေအကြောင်းကိုလည်း မဖြစ်မနေ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ STDs ရောဂါတွေဟာ လူတွေနဲ့ အရမ်းနီးစပ်တဲ့ ရောဂါတွေဖြစ်ကြပြီး ကူးစက်နိုင်ခြေလည်း မြင့်မားလွန်းတဲ့ ရောဂါတွေဖြစ်နေတာကြောင့်ပါပဲ။STDs ဆိုတာကလိင်ဆက်ဆံခြင်းကနေတဆင့် အများဆုံးကူးစက်နိုင်တဲ့ ကူးစက်ရောဂါအမျိုးအစားတွေကို ဆိုလိုတာပါ။ STDs အမျိုးအစား ၂၀ ကျော်ရှိပြီးတော့ အဖြစ်များတာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။STDs ရောဂါတွေဟာ အဖြစ်များတဲ့ရောဂါတွေဖြစ်ပြီးတော့ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုပြီး ပြင်းထန်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ STDs ကူးစက်ခံရရင် ရင်သွေးကိုပါ ထိခိုက်စေတတ်တယ်လို့ ဆိုပါတယ်။ယခုနှစ်အတွင်း လေ့လာမှုတွေအရဆိုရင် အသက် ၄၅ နှစ်အထက် လူပုဂ္ဂိုလ်တွေမှာ STIs ကူးစက်မှုတွေ ဖြစ်နိုင်ခြေက တခြားအသက်အရွယ်တွေထက် ပိုမိုမြင့်မားနေတယ်လို့ University of Chichester က သိပ္ပံပညာရှင်တွေက လေ့လာချက်တွေ့ရှိခဲ့ပါတယ်။ဒီလေ့လာချက်ကို ဗြိတိန်၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၄၅ နှစ်နဲ့ ၅၄ နှစ်အကြား အသက်အရွယ်အုပ်စုမှာ STDs ရောဂါတွေ ကူးစက်နိုင်ခြေအများဆုံးဖြစ်တယ်ဆိုတဲ့ Harvard တက္ကသိုလ်ရဲ့ ၂၀၁၇ ခုနှစ်က လေ့လာချက်ကို ထပ်ဆောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဘာကြောင့် ဒီအသက်အရွယ်မှာ STDs ရောဂါတွေ အဖြစ်များရလဲဆိုဆဲ့ အဓိကအကြောင်းအရင်းကိုတော့ သုတေသနမှာ ပါဝင်ကူညီသူ ၆၈% ရဲ့ အဖြေက ဖော်ပြနေပါတယ်။ သူတို့ရဲ့ ဖြေဆိုချက်တွေအရ လိင်ဆက်ဆံရာမှာ အကာအကွယ် မသုံးကြပါဘူးတဲ့။ အကြောင်းကတော့ သူတို့အသက်အရွယ်ဟာ ကိုယ်ဝန်မရနိုင်တဲ့အသက်အရွယ်ဖြစ်နေတာကြောင့်မို့လို့ ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။လေ့လာသူတွေကတော့ ဒီအချက်ဟာ STDs ရောဂါတွေ အလွယ်တကူကူးစက်စေတဲ့ အဓိကအကြောင်းအရင်းလို့ ထောက်ပြကြပါတယ်။ ဒါ့အပြင် STDs ရောဂါတွေအကြောင်းကို ကြားဖူးပေမယ့် အကာအကွယ်မဲ့ လိင်ဆက်ဆံရင် STIs တွေ ကူးစက်မှု ဖြစ်လာလိမ့်မယ်လို့ မတွေးမိဘူးလို့ ဖြေဆိုသူက လူ ၅ ဦးမှာ ၂ ဦးနှုန်းရှိတယ်လို့ ဆိုပါတယ်။သိပ္ပံပညာရှင်တွေကတော့ ခေတ်ကာလအနေအထားအရ အဆိုပါအသက်အရွယ်အပိုင်းအခြားမှာ ချစ်သူ၊ ရည်းစား၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်အသစ်တွေနဲ့ တွဲဖက်မှုတွေ ရှေးယခင်ကာလတွေက ထက် ပိုမိုများပြားလာနေတာကြောင့် ခုလို STDs ရောဂါတွေရဲ့အန္တရာယ် ပိုမိုမြင့်မားလာနေတာလို့ ထောက်ပြခဲ့ကြပါသေးတယ်။ဒါ့အပြင် အသက် ၄၅ နှစ်အရွယ် အပိုင်းအခြားတွေဟာ သူတို့ထက်ပိုမိုငယ်ရွယ်တဲ့ အသက်အပိုင်းအခြားတွေထက် STDs ရောဂါတွေအပေါ် သတိထားမှုပိုမိုနည်းပါးပြီး ရောဂါကို စောလျှင်စွာသိရှိနှုန်းနဲ့ အလျှင်အမြန်ကုသမှုနှုန်းလည်း ပိုမိုနောက်ကျတယ်လို့ ဆိုထားပါသေးတယ်။ဒါပေမယ့် ဟားဗတ်ရဲ့ လေ့လာချက်မှာဖော်ပြထားချက်အရဆိုရင်တော့ ၄၅-၅၄ အသက်အရွယ်အပိုင်းအခြားမှာ STDs ကူးစက်နိုင်ခြေမြင့်မားပေမယ့် အသက် ၅၅ နှစ်ကျော်သွားရင်တော့ ကူးစက်နိုင်ခြေက အလွန်အမင်းကျဆင်းသွားမှာဖြစ်ပါတယ်တဲ့။ အကြောင်းကတော့ ဒီလိုအသက်အရွယ်မျိုးမှာ လိင်မှုကိစ္စတွေ နည်းပါးသွားတတ်တာကြောင့်ပါပဲ။STDs ရောဂါတွေဟာ ကာကွယ်လို့ရတဲ့ ရောဂါတွေဖြစ်ပြီးတော့ တိကျစွာကာကွယ်နိုင်မယ်ဆိုရင် စိတ်ချလက်ချ လိင်မှုဘဝကို ဖြတ်သန်းနိုင်ပါတယ်။ အဓိကအားဖြင့်တော့ ဘယ်အချက်တွေက STIs ကူးစက်မှုတွေကို ဖြစ်စေနိုင်တယ်ဆိုတာကို သိထားဖို့နဲ့ ကာကွယ်နည်းတွေကို နားလည်ထားဖို့က အရေးအကြီးဆုံးပါပဲ။အောက်ဖော်ပြပါ ပုဂ္ဂိုလ်တွေဟာ STDs ရောဂါတွေ မကူးစက်နိုင်ခြေမြင့်မားတာကို သတိထားပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးတွေက STDs ရောဂါတွေ သင့်ထံကို ကူးစက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/people-over-45-greater-risk-sti/
ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး
ရင်သားတွဲကျတာနဲ့ပတ်သက်ပြီး တချို့တွေက မျိုးရိုးဗီဇကို အပြစ်ဖို့တယ်။ တချို့တွေက ကမ္ဘာ့ဆွဲအားကို ရမယ်ရှာတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ရင်သားတွဲကျတာ က အမျိုးသမီးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ဒါပေမယ့် မပူပါနဲ့။ သိပ္ပံနဲ့နည်းပညာတွေ တိုးတက်ထွန်းကားလာတာနဲ့အမျှ ဆေးပညာဟာလည်း ကျွဲကူးရေပါဆိုသလို ခမ်းနားဖွံ့ဖြိုးလာတာမို့ ဒီကိစ္စဟာ ပြဿနာမဟုတ်တော့ပါဘူး။ ကျွန်မတို့အမျိုးသမီးတွေအားလုံးဟာ ပြည့်ဖြိုးပြီးတင်းတင်းရင်းရင်းရှိတဲ့ရင်သားကို အလိုရှိကြတာမို့ ရင်သားကို ပြန်လည်ပင့်တင်ပေးတဲ့ခွဲစိတ်မှုအပါအဝင် တခြားခွဲစိတ်မှုတွေဟာ အလွန်ပဲခေတ်စားလာပါပြီ။ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီး ပိုမိုသိရှိစေနိုင်ဖို့အတွက် အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါဦး။ဒီလိုမျိုး ရင်သားတွဲကျခြင်းအတွက်ရင်သားကို ပင့်တင်ပေးတဲ့ခွဲစိတ်မှုကို ဆေးပညာစာလုံးနဲ့ Mastoplexy လို့ ခေါ်ပြီး သူ့ရဲ့အဓိကရည်ရွယ်ချက်က သင့်ရဲ့ရင်သားတွေကို ရှိသင့်တဲ့နေရာ ဒါမှမဟုတ် ပိုပြီးတင်းတင်းရင်းရင်းနဲ့ အပေါ်ရောက်နေအောင်(ငယ်ငယ်တုန်းကလိုပေါ့) နေရာပြန်ချတာပဲ ဖြစ်ပါတယ်။အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ကနေနို့ရည်တွေကို ထုတ်လုပ်တာ၊ သိုလှောင်တာတွေ ပြုလုပ်လာတဲ့အတွက် ပွားများလာတဲ့ နို့ရည်ပို့ပြွန်တွေကို နေရာပေးနိုင်ဖို့အတွက် ရင်သားက ပုံမှန်ထက်အများကြီး ပိုကြီးလာပါတယ်။ အချိန်တစ်ခုကြာတဲ့အခါရင်သားက စတင်ကျုံ့လာပြီး တွဲကျလာပါတယ်။ တချို့ကလည်း အသက်ကြီးလာပြီး ရင်သားတစ်ရှူးတွေ လျော့ရဲလာတာကြောင့် ရင်သားတွဲကျလာ ပါတယ်။ဒီခွဲစိတ်မှုက ဆေးပညာအရလုပ်ကိုလုပ်ရမယ့် လိုအပ်မှုမဟုတ်ဘဲ အလှအပအတွက်မျှသာ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေက ဒါကို ပြဿနာတစ်ခုလို့မသတ်မှတ်ပေမယ့် တချို့ကျပြန်တော့လည်း အဆင်မပြေဖူးလို့ခံစားရတာကြောင့် ရင်သားပင့်တင်တဲ့ခွဲစိတ်မှုကို ခံယူလိုကြပါတယ်။အထက်မှာ ဖော်ပြခဲ့သလိုပဲ ဒီခွဲစိတ်မှုခံယူလိုရတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဆန္ဒရှိလို့လုပ်တယ်။ ဒီမွေးရာပါ ရင်သားပုံစံကို မကြိုက်လို့၊ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်အများကြီးကျသွားပြီး ရင်သားတွဲလာလို့၊ ကိုယ်ဝန်အကြိမ်များများဆောင်ဖူးလို့ ဒါမှမဟုတ် မိမိကိုယ်ကိုယုံကြည်မှုရှိစေဖို့အတွက်လုပ်တယ် စသဖြင့် အစုံပါပဲ။အများစုကတော့ ဒီအချက်တွေကြောင့် ခွဲစိတ်မှုလုပ်ကြပါတယ်။ရင်သားပင့်တင်တဲ့ခွဲစိတ်မှုကအမျိုးသမီးတစ်ယောက်ရဲ့ ရင်သားကိုသာမက ယုံကြည်မှုကိုပါ မြှင့်တင်ပေးပါတယ်။ တချို့အမျိုးသမီးတွေက ကိုယ့်အရှိအတိုင်းကိုပဲ သဘောကျကျေနပ်ပြီး ဘာခွဲစိတ်မှုမှ ခံယူဖို့မလိုအပ်ပေမယ့် တချို့ကျပြန်တော့လည်း ပိုပြီးလှချင်တာကြောင့် ဒီခွဲစိတ်မှုကို ပြုလုပ်လိုကြပါတယ်။ဆရာဝန်က ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှု မခံယူသင့်ဘူးလို့ အကြံပေးတာကလွဲရင် ခွဲစိတ်လို့ ရပါတယ်။ ဒါပေမယ့် ငွေကုန်ကြေးကျများနိုင်တဲ့အပြင် ခွဲရစိတ်ရတဲ့ အလုပ်လည်း ဖြစ်တာကြောင့် မိမိအဆင်ပြေပါ့မလားဆိုတာကိုလည်း ထပ်စဉ်းစားသင့်ပါတယ်။သင့်ရင်သား ပြီးပြည့်စုံစွာ လုံးဝဖွံ့ဖြိုးပြီးတဲ့အချိန်မှ ဒီခွဲစိတ်မှုကို ပြုလုပ်နိုင်တယ်ဆိုတာ သိထားရပါမယ်။ခွဲစိတ်ပြီးတဲ့အခါ သင်ဖြစ်စေချင်တဲ့၊ လိုချင်တဲ့ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံကို ကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်နဲ့ အသေအချာတိုင်ပင်ဆွေးနွေးပါ။ သင့်အတွက်အကောင်းဆုံး ဖြစ်မယ့် ခွဲစိတ်မှု ပုံစံကို သိရှိနိုင်စေဖို့အတွက် သင့်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြပါ။ခွဲစိတ်မှု ပြုလုပ်ပြီး တစ်လကနေ တစ်လခွဲလောက်အတွင်းမှာ သင့်အနေနဲ့ရှောင်ကြဉ်ရမှာတွေ အများကြီး ရှိတာမို့ ဒါတွေနဲ့ပတ်သက်ပြီး မခွဲစိတ်ခင်အချိန်ကတည်းက အသေအချာအစီအစဉ်ဆွဲပါ။ ခွဲစိတ်မှုခံယူမယ့် လူနာအနေနဲ့ ဆေးလိပ် သောက်တတ်ရင် ဖြတ်ထားဖို့၊ ခွဲပြီးရင် အလေးအပင် မမဖို့နဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပိုးဝင်တာကို ရှောင်ရှားနိုင်ဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေကို ညွှန်ကြားလေ့ ရှိပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/breast-lift-surgery-for-women/
နှလုံးရောဂါကိုဖြစ်ပွားစေနိုင်သောအကြောင်းများ
နှလုံးရောဂါတွင်ပုံစံမျိုးစုံရှိပြီးနှလုံးရောဂါဖြစ်ပွားစေနိုင်သော အကြောင်းများစွာရှိပါတယ်။ ၎င်းတို့ကိုပြောင်းလဲ၍မရသော အကြောင်းနှင့် ပြောင်းလဲ၍ရသောအကြောင်းဟူ၍ ၂ အုပ်စု ခွဲထားပါတယ်။ပြောင်းလဲ၍ရသောအကြောင်းများကိုသိရှိ ထားပါကနှလုံးရောဂါမဖြစ်ပွားအောင်ကာကွယ်နိုင်ပါလိမ့်မည်။အသက်အရွယ်ကြီးလာခြင်းသည်နှလုံးရောဂါဖြစ်စေသော အကြောင်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အ သက်ကြီးလာသည်နှင့်အမျှနှလုံးကြွက်သားများထူလာကာ သွေးကြောများထူလာပြီးနှလုံးညှစ်အားလျော့နည်းလာပါတယ်။ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကြောင့်သေဆုံးသူ လူနာ၏၅ပုံ၄ပုံသည် အသက်၆၅နှစ်အထက်ရှိသူများဖြစ်ပါ တယ်။လူ့သက်တမ်းကိုပြောင်းလဲ၍မရသော်လည်းကျန်းမာ ရေးနှင့်ညီညွှတ်သောအစားအသောက်နှင့်နေထိုင်မှုပုံစံသည် ခန္ဓါကိုယ်တွင်းအိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေနိုင်ပါတယ်။ယေဘူယျအားဖြင့်အမျိုးသားများသည်အမျိုးသမီးများတက်နှ လုံးရောဂါဖြစ်နှုန်းပိုများပါတယ်။ သို့သော်လည်းအမျိုးသမီး များသွေးဆုံးပြီးလျှင်နှလုံးရောဂါဖြစ်ပွားနှုန်းသည်အမျိုးသား များနှင့်အတူတူပင်ဖြစ်ပါတယ်။နှလုံးရောဂါမျိုးရိုးရှိသောသူသည်အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်ပွားနှုန်းပိုများပါတယ်။ မိသားစုထဲတွင်အ သက်၅၅နှစ်မတိုင်မီနှလုံးရောဂါဖြစ်ပါက သင့်တွင်နှလုံးရော ဂါဖြစ်နိုင်ပါတယ်။ ထို့ပြင်နှလုံးရောဂါကိုဖြစ်စေသော သွေးတိုး၊ ဆီးချိုနှင့် အဝလွန်ရောဂါများသည်လည်းမျိုးရိုးလိုက်သောရော ဂါများဖြစ်ပါတယ်။အဆီများသောအစားအစာများကိုအလွန်အကျွံစားသုံးခြင်းသည် မသင့်လျော်ပါဘူး။ အဝလွန်ခြင်းသည်သွေးတွင်းအဆီဓါတ်ကို များစေပြီး သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းသည် နှလုံးရောဂါကိုဖြစ်စေ သောအခြားရောဂါများကိုဖြစ်စေပါတယ်။ဆေးလိပ်သောက်ခြင်းသည်အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ကို လူတိုင်းနီးပါးသိကြပါတယ်။ သို့သော်လည်းနှလုံးရောဂါဖြစ်ပွား နှုန်းကိုမြင့်တက်စေသည်ကိုလူအနည်းငယ်သာလျှင်သိကြပါ တယ်။ လေ့လာမှုများအရဆေးလိပ်သောက်ခြင်းသည် နှလုံးခုန် နှုန်းကိုမြန်စေပြီး သွေးကြောများကိုမာစေပါတယ်။ ထိုအခါနှလုံး ၏လှုပ်ရှားမှုကိုအခက်အခဲဖြစ်စေပါတယ်။ ထို့ပြင်ဆေးလိပ် သောက်ခြင်းသည်သွေးတိုးစေပြီး သွေးတိုးလူနာများတွင်လေ ဖြတ်နှုန်းကိုများစေပါတယ်။ကိုယ်လက်လှုပ်ရှားမှုနည်းသောသူများသည် ပုံမှန်အားကစား လုပ်သူများထက်နှလုံးရောဂါဖြစ်ပွားနှုန်းပိုများပါတယ်။ အားက စားပုံမှန်လုပ်ပါကကယ်လိုရီများကိုလောင်ကျွမ်းစေပြီးသွေးတွင်း ကိုလက်စထရောကိုထိန်းပေးပါတယ်။ ထို့ပြင်သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ အားကစားကို ဖြေးဖြေးနှင့် ပုံမှန်လုပ်သွားပါကနှလုံးကြွက်သားလုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။ကိုလက်စထရောသည်အသည်းမှထုတ်သောအဆီတစ်မျိုးဖြစ်ပါ တယ်။ ကိုလက်စထရောကိုဆဲလ်အမြှေးပါးနှင့် ဟော်မုန်းတည် ဆောက်ရန်အသုံးပြုပါတယ်။ ထို့ပြင် အသား၊ ဥနှင့် နို့ထွက် ပစ္စည်း စသည့်အစားအစာမှလည်းရရှိပါတယ်။ဆီးချိုဝေဒနာရှင်၆၅%သည်နှလုံးရောဂါကြောင့်သေဆုံးနေသည် ဟုခန့်မှန်းထားပါတယ်။ ဆီးချိုလူနာများတွင် သွေးတိုးနှင့် အဝလွန်ရောဂါများရှိနိုင်သောကြောင့် နှလုံးရောဂါနှင့်လေဖြတ် နှုန်းမြင့်တက်နိုင်ပါတယ်။နှလုံးရောဂါဖြစ်စေသောအကြောင်းများတွင်အများစုမှာပြောင်း လဲ၍ရသောအကြောင်းများဖြစ်ပါတယ်။ထို့ကြောင့်ကျန်းမာရေး နှင့်ညီညွှတ်သောအစားအသောက်နှင့်နေထိုင်မှုပုံစံရှိခြင်းဖြင့် ကျန်းမာသောနှလုံးကိုပိုင်ဆိုင်နိုင်ပါတယ်။ထို့ပြင်ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း စသောမကောင်းသောအ လေ့များကိုရှောင်ရှားသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%a5%e1%80%b9-%e1%82%8f%e1%80%bd%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%af/
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းက ဘာတွေဖြစ်နိုင်သလဲ။
လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးမှုတွေလုပ်နေကြတာ အကုန်လုံးအသိဖြစ်မှာပါ။ ဒါပေမယ့် ကာကွယ်ဆေးထိုးမှုနဲ့ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်၊ ပြဿနာတွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေ ရေးသားမှုတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒီအတွက် မိဘတွေရင်ထဲမှာ သို့လောသို့လော သံသယတွေနဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်လာရပါတယ်။ ဒီလိုစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းနဲ့ ကာကွယ်ဆေးအကြောင်းကို ပြီးပြည့်စုံအောင် Helloဆရာဝန်က တင်ဆက်ပေးလိုက်ပါတယ်။ပထမဆုံးသိသင့်တာက ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာဘာလဲဆိုတဲ့မေးခွန်းပါ။ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလိုပဲ ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကုသဆေးမရှိဘဲ သေဆုံးမှုနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ မသန်မစွမ်းဖြစ်နိုင်မှုနှုန်း ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာကြောင့် ဂျပန်ဦးနှောက်ရောင်လို့ ခေါ်ခဲ့ကြပါတယ်။ကူးစက်မှုအခြေအနေ။WHO ရဲ့ ထုတ်ပြန်ချက်အရ အခုဆိုရင် အရှေ့တောင်အာရှ နှင့် အနောက်ပစိဖိတ်အတွင်းရှိ နိုင်ငံ ၂၄ နိုင်ငံဟာ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုးပြန့်ပွားနေပြီး လူပေါင်း ၃ သန်းထက်မနည်းမှာ ကူးစက်နိုင်ချေမြင့်မားနေပါတယ်။ အဲဒီ ၂၄နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ နှစ်စဉ် တစ်ကမ္ဘာလုံးမှာ ဂျပန်ဦးနှောက်ရောင်လူနာပေါင်း ၆၈၀၀၀ ခန့်ရှိနေပြီး ရောဂါကြောင့် သေဆုံးသူလူနာ ၁၃၆၀၀ မှ ၂၀၄၀၀ ခန့်ထိရှိနေပါတယ်။ အဓိက ကလေးတွေမှာ အဖြစ်များပေမယ့် အရွယ်မရွေးဖြစ်နိုင်ချေလည်းရှိပါတယ်။ဂျပန်ဦးနှောက်ရောင်ရောဂါ လက္ခဏာများ။ရောဂါပိုးကူးစက်ခံရတဲ့ လူတော်တော်များများမှာတော့ လက္ခဏာသိပ်မပြတာ ဒါမှမဟုတ် လုံးဝမပြတာလည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်ဖွယ်ကောင်းတဲ့ လက္ခဏာတွေကတော့ အစပိုင်းမှာ ဖျားတာ၊ ချမ်းတုန်တာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ပျို့တာ၊ အန်တာတွေဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ဦးနှောက် ရောင်ရမ်းမှုဖြစ်ပေါ်ရာကနေ အတက် လက္ခဏာတွေပါဖြစ်လာပါတယ်။ တချို့လူနာတွေမှာဆိုလျှင် သတိမေ့သွားတာ (coma) နဲ့ ကိုယ်တစ်ပိုင်းသေသွားတာတွေပါဖြစ်နိုင်ပါတယ်။ဘာလုပ်သင့်လဲ။ဂျပန်ဦးနှောက်ရောင်လို့ သံသယရှိပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးဆက်သွယ်ပြီး စစ်ဆေးမှုတွေ၊ စမ်းသပ်မှုတွေ လုပ်ရပါမယ်။ ဆရာဝန်ကလိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ပါလိမ့်မယ်။ စစ်ဆေးမှုတွေကတော့ ရောဂါလက္ခဏာတွေကို စမ်းသပ်စစ်ဆေးတာ၊ သွေးနှင့် ကျောရိုးတွင်းအဆီတို့ကိုဖောက်ပြီး အထူးဓါတ်ခွဲစစ်ဆေးမှုတွေ ပါဝင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ခန္ဓါကိုယ်ကိုယ်ခံအားစနစ်က တန်ပြန်တိုက်ထုတ်ဖို့ ထုတ်လွှတ်လိုက်တဲ့ တုံ့ပြန်ပစ္စည်းတွေကို ဒီဓါတ်ခွဲစစ်ဆေးချက်တွေက တွေ့ရှိနိုင်ပါတယ်။ဘယ်လိုကာကွယ်မလဲ။ဂျပန်ဦးနှောက်ရောင်ရောဂါမဖြစ်ရအောင်။• ခြင်မကိုက်အောင် လိမ်းတဲ့ဆေးတွေ လိမ်းပြီး အင်္ကျ ီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်သင့်ပါတယ်။• လေအေးပေးစက်ရှိတဲ့ အခန်း သို့ ခြင်စကာတက်ထားတဲ့အခန်း သို့ ခြင်ထောင်နဲ့ အိပ်သင့်ပါတယ်။• ကာကွယ်ဆေးထိုးလို့ရနေပါပြီ။ ဆရာဝန် သို့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကာကွယ်ဆေးကိုထိုးပါ။ကာကွယ်ဆေးအကြောင်း။ကာကွယ်ဆေးက နှစ်ကြိမ်ကာကွယ်ဆေးဖြစ်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ၂၈ ရက်ခြားရပါမယ်။ ၃နှစ်အောက်ကလေးအတွက် ဆေးပမာဏဟာ ၃ နှစ်နှင့် ၃ နှစ်အထက်ကလေးတွေအတွက် ဆေးပမာဏထက် ပိုနည်းပါတယ်။ အသက် ၁၇ နှင့် အထက်ရှိတဲ့သူတွေက လွန်ခဲ့တဲ့ တစ်နှစ် သို့ တစ်နှစ်ထက်ပို တုန်းက ထိုးခဲ့ဖူးသော်လည်း ဖြစ်နိုင်ချေစိုးရိမ်နေရသေးရင် booster အနေနဲ့ ထပ်ထိုးနိုင်ပါတယ်။ ကလေးတွေအတွက် booster လိုမလိုတော့ မသိရှိရသေးပါဘူး။ကာကွယ်ဆေးထိုးပြီးရင် ဘာဆိုးကျိုးတွေရှိနိုင်လဲ။ဘယ်ဆေးဝါးမဆိုမှာ ဘေးထွက်ဆိုးကျိုးဆိုတာရှိပါတယ်။ ဒီကာကွယ်ဆေးမှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိနိုင်ပါတယ်။အပျော့စားဘေးထွက်ဆိုးကျိုးတွေအနေနဲ့-။ကာကွယ်ဆေးမထိုးမီ သင် ဒါတွေသိထားဖို့လိုအပ်ပါတယ်။အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ စိုးရိမ်ရတဲ့အတွက် ကလေးသူငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးတွေ အစိုးရဆေးရုံတွေမှာ အခမဲ့ထိုးပေးနေပါပြီ။ ကာကွယ်ဆေးထိုးလျှင် ကလေးကို အန္တရာယ်ဖြစ်စေနိုင်တယ်၊ ဆိုးကျိုးတွေရှိနိုင်တယ်ဆိုပြီး ပြောဆိုနေကြတဲ့သူတွေလည်းရှိပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးဝါးရယ်လို့မရှိပါဘူး။ အခုလက်ရှိ ကာကွယ်ဆေးထိုးတဲ့နေရာမှာ အသုံးပြုတဲ့ဆေးဝါးတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အသိအမှတ်ပြုထားပြီး အကြိမ်ကြိမ်အခါခါစစ်ဆေးထားတဲ့ ဆေးဝါးတွေဖြစ်တာကြောင့် စိတ်ချရပါတယ်။ ကာကွယ်ဆေးထိုးလို့ ပြင်းထန်ဘေးထွက်ဆိုးကျိုးရှိနိုင်ချေက အယောက်တစ်သန်းမှာ တစ်ယောက်နှုန်းသာရှိပေမယ့် ကာကွယ်ဆေးမထိုးလို့ ရောဂါဖြစ်ပွားခဲ့ရင်တော့ သေဆုံးနိုင်ချေက သုံးယောက်မှာ တစ်ယောက်နှုန်းရှိတဲ့အတွက် ချိန်ဆကြည့်နိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/%e1%80%82%e1%80%bb%e1%80%95%e1%80%94%e1%80%ba%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac/
ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး
ကမ္ဘာတစ်လွှားမှာကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ လူ့အသက်တွေကလည်း မနည်းပါဘူး။ရောဂါခံစားနေရသူ အရေအတွက်ကလည်း ဒုနဲ့ဒေးပါ။ဒီအချိန်မှာနေ့စဉ် ဘဝတွေကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ဆိုတာ ခက်ခဲပါ။ ကိုဗစ် စဖြစ်ကတည်းက ရပ်တန့်ထားရတဲ့ စီးပွားရေးတွေ ရှိသလို ခရီးသွားလာမှုတွေမလုပ်ရဘူး။ နေအိမ်တွေထဲမှာပဲနေရတယ်။ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတော့ လူတွေ လွမ်းဆွတ်နေတာက ဘာဖြစ်မယ်ထင်လဲ။ ကိုယ်တိုင်ရော ဘာကို လွမ်းလဲ။ အရင်လို လွတ်လပ်ပျော်ရွှင်စွာနဲ့ ရောဂါပိုးကင်းပြီး သွားလာနေရတဲ့ အခြေအနေကိုဟုတ်။ ဒါကတော့ အခုချိန်မှာ လူတိုင်း တောင့်တနေမယ့် အရာပါ။ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်လေးတော့ သန်းလာခဲ့ပါပြီ။ ဒါကတော့ ရလဒ်ကောင်းတွေနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်ကို အရှိန်မှန်မှန်နဲ့ လျှောက်လှမ်းလာတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Moderna  ရဲ့ကိုဗစ် ကာကွယ်ဆေးပါ။တနင်္လာနေ့က အမေရိကန်ဆေးကုမ္ပဏီဖြစ်တဲ့ Moderna က သူတို့ရဲ့ ကာကွယ်ဆေးဟာဆိုရင်COVID-19ကို ၉၄.၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်၊ လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ကိုဗစ်ကာကွယ်ဆေးကို မျှော်လင့်နေသူတွေအတွက်တော့ အားရစရာကောင်းတဲ့ မျှော်လင့်ချက်တစ်ခုပါ။Moderna တင်မဟုတ်ဘဲ ပြီးခဲ့တဲ့ အပတ်ကလည်း Pfizer ဆေးကုမ္ပဏီနဲ့ သူ့ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ ဂျာမန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ BioNTech တို့က သူတို့အနေနဲ့COVID-19ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ပြီ၊ လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ကာကွယ်ဆေး စမ်းသပ်မှု အစောပိုင်းရလဒ်တွေအရတော့ ဘေးကင်းမှုအပိုင်းမှာ စိတ်ချရပါတယ်။ သူတို့အနေနဲ့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ အသိအမှတ်ပြုမှုကို ရရှိစေဖို့ လာမယ့် အပတ်တွေအတွင်းမှာ ကြိုးစားသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။အတည်ပြုချက်သာ ရရှိခဲ့မယ်ဆိုရင် သူတို့ကုမ္ပဏီ ၂ ခုအနေနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကာကွယ်ဆေး အလုံးရေပေါင်း သန်း ၇၀ ကို ထုတ်လုပ်ပေးနိုင်မှာဖြစ်တယ်၊ လို့ ဆိုပါတယ်။လာမယ့် နှစ်မှာတော့ Pfizer ဆေးကုမ္ပဏီနဲ့ သူ့ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ BioNTech တို့ဟာ ကာကွယ်ဆေး အလုံးရေပေါင်း ၁.၃ ထရီလျံကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး Moderna အနေနဲ့ကတော့ လာမယ့်နှစ်မှာ ကာကွယ်ဆေး အလုံးရေ ၁ ဘီလျံထုတ်လုပ်နိုင်မယ်လို့ သတင်းဖော်ပြထားပါတယ်။ဒီကာကွယ်ဆေးကို လူ အယောက် ၃၀၀၀၀ မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ရလဒ်ကောင်းတယ်လို့ သိရပါတယ်။ ကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်ကို ၉၄ ရာခိုင်နှုန်း​ကျော် ကာကွယ်ပေးနိုင်ပြီး ဘေးကင်းမှုကို စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်။အသေးစားတုံ့ပြန်မှုတွေအနေနဲ့ကတော့ ဆေးထိုးပြီးတဲ့အခါ ပင်ပန်းနွမ်းနယ်တာ၊ခေါင်းကိုက်တာ၊ နာကျင်တာလိုမျိုးလေးတွေတော့ ခံစားရနိုင်ပါတယ်။ ဒါကလူတိုင်းမှာဖြစ်တာတော့ မဟုတ်ပါဘူး။Moderna က ထုတ်လုပ်မယ့် ကာကွယ်ဆေး အမျိုးအစားက “RNA vaccine” အမျိုးအစားပါ။ ဒီကာကွယ်ဆေး အမျိုးအစားက ကိုရိုဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကုဒ် တစ်စိတ်တစ်ပိုင်းကို ရယူထုတ်လုပ်ထားတာပါ။ ဗိုင်းရပ်စ် တစ်ခုလုံးကို ရယူထားတာ မဟုတ်ပါဘူး။messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင်လုပ်တဲ့နည်းကို ကျင့်သုံးထားပါတယ်။ကာကွယ်ဆေးကို ခန္ဓာကိုယ်ထဲ ထိုးသွင်းလိုက်တဲ့အခါ ကိုယ်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်မယ့် ပရိုတင်းနဲ့ တူညီတဲ့ ပရိုတင်း တစ်မျိုး ထွက်လာပါလိမ့်မယ်။ ဒီပရိုတင်းက ရောဂါမဖြစ်စေနိုင်ပါဘူး။ကိုယ်ခံအားကို antibodies နဲ့ T-cells တွေထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စေဖို့ လေ့ကျင့်ပေးမှာပါ။ကိုယ်ခံအားကို ဗိုင်းရပ်စ်ကို တုံ့ပြန်ဖို့အတွက်ပဲ ကြိုတင်လေ့ကျင့်ပေးထားတဲ့ သဘောပေါ့။Moderna ကာကွယ်ဆေးက အချိန်ဘယ်လောက်ကြာကြာအထိ ရောဂါကာကွယ်ပေးနိုင်စွမ်းရှိလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေး သက်ကြီးရွယ်အိုတွေကို ကိုဗစ်ရန်ကနေ ကာကွယ်ပေးနိုင်စွမ်းရှိတာကို တွေ့ရှိခဲ့ရပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-vaccine-shines/
ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏ မေ့တတ်တာ ဘာကြောင့်လဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေက ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံတွေကို ခံစားရပါတယ်။ အများအမြင်မှာ ဗိုက်လေး ဆူထွက်လာတာပဲ ဆိုပေမယ့် တကယ်တော့ သူကြုံတွေ့နေရတာ အများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာရော အပြောင်းအလဲတွေ အများကြီး ခံစားရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ကိုယ်ကိုမှတ်ဉာဏ်ကျဆင်းသွားတယ်လို့ရော ခံစားမိပါသလား။ အခန်းထဲကို တစ်ခုခုယူဖို့ ဝင်သွားပြီး အခန်းထဲရောက်မှ ဘာလုပ်ရမှန်း မသိတာမျိုးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏ မေ့တတ်တာ မေမေတစ်ယောက်တည်း မဟုတ်ပါဘူး။ဒီလို ဖွတ်မေ့ ပုဒတ်မေ့ မေ့တတ်တာ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတတ်တဲ့ အပြောင်းအလဲတွေ များစွာထဲက တစ်ခုပါ။ Pregnancy brain ဒါမှမဟုတ် Momnesia လို့ ခေါ်ပါတယ်။ တချို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တွေ့ရတတ်ပြီး ဒါက ပုံမှန်ပါပဲ။ အရင်ကလောက် မှတ်ဉာဏ်တွေ မကောင်းတော့ဘူး။ ဟိုမေ့ ဒီမေ့နဲ့လို့ မေမေတို့ ငြီးတာကို ကြားရပါလိမ့်မယ်။ကိုယ်ဝန်ဆောင်တွေမှာ ကြုံရသမျှ အပြောင်းအလဲတွေက ဟော်မုန်းတွေကြောင့် ဖြစ်တာပါ။ ခုလည်း ဟော်မုန်းကြောင့်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန် အထူးသဖြင့် ၆လနောက်ပိုင်းမှာ လိင်ဟော်မုန်းတွေ တက်လာတဲ့အတွက် မှတ်ဉာဏ်အားနည်းတာမျိုး ဖြစ်လာတာပါတဲ့။ ဒီဟော်မုန်းတွေကြောင့် မေ့တတ်တာတင်မကဘဲစိတ်မကြည်တာ၊စိတ်ရှုပ်ထွေးတာတွေပါ ဖြစ်လာပါတယ်။ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းက နဂိုထက် ၁၅-၄၀ဆလောက် ဦးနှောက်ထဲကို ဝင်လာပါတယ်။အောက်စီတိုစင်ဟော်မုန်းတွေလည်း ပိုများလာပါတယ်။ ဒီဟော်မုန်းတွေက ကိုယ်ဝန်ဆောင်တွေရဲ့ မှတ်ဉာဏ်အပေါ် သက်ရောက်မှု ရှိပါတယ်။ကိုယ်ဝန်ဆောင်မှာ အကြောင်းကြောင်းကြောင့်အိပ်မပျော်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။ လနုတုန်းကဆိုရင်လည်း နုံးနေတာကြောင့် ညဆို အိပ်ပျော်ဖို့ ခက်ပြီး အပြည့်အဝအနားရဖို့ မလွယ်ပါဘူး။လရင့်လာပြန်တော့လည်း ရင်ပူရတာနဲ့ ညဘက် ကြွက်တက်လို့ လန့်နိုးရတာနဲ့ တချိုးတည်း အိပ်လိုက်ရတယ်ဆိုတာ ရှားပါတယ်။ လရင့်လာလေလေ သူတို့အတွက် အိပ်ဖို့ ခက်လေလေပါပဲ။ ဗိုက်နဲ့မို့ လှည့်ရ စောင်းရခက်တာနဲ့၊ ကလေး ကန်တာနဲ့၊ ခါးနာတာနဲ့၊ ညဆို ရှူးထထပေါက်နေရတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုတာ သူတို့အတွက် ရှားပါတယ်။အိပ်ရေးပျက်တာက သာမန်လူတွေတောင် ရက်ကြာလာရင် အာရုံစူးစိုက်မှုတွေ ထိခိုက်လာတာ မေမေတွေလည်း ဒီလိုပါပဲ။ သူတို့မှာ အိပ်ရေးပျက်လို့ ဦးနှောက်အနားမရတာကြောင့် ဟိုမေ့ ဒီမေ့ ဖြစ်လာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ပြီဆို အနည်းနဲ့ အများတော့ စိတ်ဖိစီးတာပါပဲ။ ကလေးက ကျန်းမာပါ့မလား၊ မွေးရဖွားရ လွယ်ပါ့မလား စသဖြင့် မသိစိတ်ထဲမှာ အမြဲတမ်း တွေးနေမိမှာပါ။ ဒါ့ပြင် ရက်ချိန်းပြဖို့ ပြင်ရတာတွေ၊ မွေးလာတဲ့ ကလေးအတွက် ပြင်ရတာတွေ၊ Working mumတွေဆို အလုပ်အတွက်တစ်မျိုး စိတ်ပူရတာတွေ စသဖြင့် သူတို့ကို ဖိစီးစေတဲ့ အကြောင်းတွေ အများကြီးပါပဲ။စိတ်ဖိစီးမှုက ဦးနှောက်ကို ပင်ပန်းစေတယ်ဆိုတာ သိထားပြီးသားပါ။ အချိန်တိုင်း စိတ်ထဲမှာ တွေးစရာတွေ ပြည့်နေတော့ မေ့တတ်လာတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ မှတ်သားနိုင်စွမ်းတွေ၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့ ဧရိယာတွေ ပြောင်းလဲသွားပါတယ်။ ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆိုလေ့လာချက်တစ်ခုမှာ ဦးနှောက်scanကို ကြည့်ပြီး ဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိမရှိ ပြောနိုင်လောက်တဲ့အထိပါတဲ့။နောက်လေ့လာချက်တစ်ခုမှာတော့ ပြင်ပလှုံ့ဆော်ချက်တွေကို ပြန်တုံ့ပြန်တဲ့ gray matter လို့ ခေါ်တဲ့ နေရာလေးဆို ကျုံ့သွားပါတယ်။ ကျုံ့သွားတယ်ဆိုတာ ဦးနှောက်သေးသွားတယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ တခြားကိစ္စတွေမှာ အာရုံလျှော့ပြီး ကလေးပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်အောင် နေရာကျုံ့သွားတဲ့ သဘောပါပဲ။အများစုအတွက်တော့ ဒါဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် မေ့တတ်တာအပြင် အာရုံစူးစိုက်မရဘဲ စိတ်က အကျဘက်ကို သွားနေတာ၊ ဘာကိုမှ စိတ်မဝင်စားသလို ဖြစ်နေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။ အထူးသဖြင့် ၂ပတ်ထက်ကျော်အောင် ခံစားနေရရင်ကိုယ်ဝန်ဆောင် စိတ်ကျဝေဒနာဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-brain/
အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ
အစားအသောက်နဲ့ လိင်စိတ်ဆန္ဒ ဆိုတာ အမြဲတစေ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအစားအစာတွေကို စားသောက်ရင် လိင်ကိစ္စမှာ စွမ်းဆောင်ရည်ကောင်းတယ်၊ လိင်စိတ်ကို နှိုးဆွနိုင်တယ်ဆိုတဲ့ ပြောစကားတွေကို အမြဲတမ်းကြားခဲ့ကြဖူးမယ်ထင်ပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်းလိင်စိတ်ခံစားချက်က အတိုင်းအတာတစ်ခုအထိရှိနေတာမို့ သူတို့ရဲ့ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒဟာ အမျိုးသားတွေလောက် ရိုးရှင်းလေ့မရှိပါဘူး။ ရာသီစက်ဝန်း၊ စိတ်ဖိစီးမှုအခြေအနေနဲ့ တခြားသော ပတ်ဝန်းကျင်အခြေအနေတွေရဲ့သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ပွင့်လင်းတဲ့ဆန္ဒကို ထင်ထင်သာသာမြင်တွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ဒါပေမယ့် တချို့သောအစားအစာတွေကတော့ အမျိုးသမီးတွေရဲ့ အတွင်းစိတ်ထဲက ခံစားချက်ကို ပိုပြီးခိုင်မာအားကောင်းလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘယ်လိုအစားအစာမျိုးတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒနဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်တာလဲဆိုတာကို လေ့လာကြည့်ရအောင်။ဂင်ကိုပင်က လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၇၀ လောက်ကတည်းက ကမ္ဘာပေါ်မှာ ရှိနေတဲ့အပင်မျိုးစိတ်တစ်မျိုးပါ။ ဒီအပင်ရဲ့ အရွက်ကိုအသုံးပြုပြီး ဆေးဝါးအမျိုးမျိုးထုတ်လုပ်ကြသလို အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ ဓာတ်စာတစ်မျိုးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ဂျင်ဆင်းတွေဟာ အမျိုးသားတွေအတွက်သာမကပါဘူး။ အမျိုးသမီးတွေရဲ့ လိင်မှုစွမ်းဆောင်ရည်နဲ့ စိတ်အားထက်သန်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။Saffron လို့ အနောက်တိုင်းမှာ ခေါ်ဆိုကြတဲ့ ကုံကမံကလည်း အမျိုးသမီးတွေအတွက် အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ကုံကမံရွက်ကို ၄ ပတ်လောက်မှီဝဲရင် စွမ်းဆောင်ရည်မြင့်လာမယ်လို့ အဆိုရှိပါတယ်။ဝိုင်နဲ့ လိင်ဆန္ဒက ခွဲလို့မရလောက်အောင် ရှိနေတတ်ပါတယ်။ အနီရောင်ဝိုင်လေးတစ်ခွက်၊ လရောင်ဖြာတဲ့ညနဲ့ ရင်ဖိုလှိုက်မောဖွယ် အချစ်စိတ်နိုးထမှုက အစပ်အဟပ်တစ်ခုပမာ ပုံရိပ်ထင်နေတတ်တာမျိုးပါ။ ၂၀၀၉ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် အနီရောင်ဝိုင်ကို သင့်လျော်ရုံ မှီဝဲတာဟာ အမျိုးသမီးတွေရဲ့ လိင်စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုထားပါတယ်။ယုံချင်ယုံ၊ မယုံချင်နေပါ။ ပန်းသီးတွေဟာ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို ကောင်းကောင်းတွန်းအားပေးနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရဆိုရင် နေ့စဉ်ပန်းသီးစားပေးရင် စွမ်းဆောင်ရည်တိုးလာလိမ့်မယ်လို့ ဆိုထားပါတယ်။ချောကလက်နဲ့ အချစ်က ချစ်သူများနေ့ရဲ့ သင်္ကေတပါ။ ချောကလက်ဟာ လိင်စုံမက်မှုနဲ့ ဆက်နွယ်တဲ့ဆိုတဲ့ အယူအဆက နှစ်ရာချီတည်မြဲနေတဲ့ ယူဆချက်တစ်ခုဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ ချောကလက်စားသုံးခြင်းဟာ အမျိုးသမီးတွေရဲ့ လိင်စွမ်းဆောင်ရည်အပေါ် သက်ရောက်တယ်လို့ ဆိုထားပါတယ်။ကော်ဖီကြိုက်နှစ်သက်သူတွေအတွက်ကတော့ သတင်းကောင်းပါပဲ။ ကော်ဖီက စိတ်ကိုနိုးကြားစေတာမို့ လိင်ဆက်ဆံရာမှာလည်း ပိုမိုတက်ကြွစေတယ်လို့ ဆိုထားလို့ပါ။ ဒါပေမယ့် တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုသောက်ရင် ဘေးထွက်ဆိုးကျိုးရှိနိုင်တာကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။ပျားရည်ကနေတဆင့် ထွက်ရှိလာတဲ့ Antioxidant တစ်မျိုးကလည်း အမျိုးသမီးတွေရဲ့ လိင်ဆန္ဒကို မြှင့်တင်ပေးပါတယ်။စတော်ဘယ်ရီသီးက အမျိုးသမီးတွေကို လိင်စိတ်အားကောင်းစေတယ်လို့ အဆိုရှိပေမယ့် တိကျရေရာတဲ့ သက်သေပြချက်တော့ မရှိသေးပါဘူး။ကမာဟာ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်လို့ လူသိများပါတယ်။ ဒါပေမယ့် အမျိုးသားတွေတင်မကပါဘူး အမျိုးသမီးတွေကိုပါ အကျိုးဖြစ်ထွန်းစေတာပါ။ငှက်ပျောသီးကလည်း လိင်ဆန္ဒကို တွန်းအားပေးနိုင်ပါတယ်။ နေ့စဉ်မှီဝဲရင် သိသာတဲ့ ထူးခြားမှုတွေ ကြုံလာရလိမ့်မယ်လို့ သိပ္ပံနည်းကျလေ့လာချက်တွေက ဆိုထားပါတယ်။အာလူးစားရင် တင်သားဖွံ့ထွားတယ်လို့ လူပြောများပေမယ့် တကယ်တမ်းမှာတော့ အမျိုးသမီးတွေရဲ့ လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတာပါ။နေရာတကာ အစားအစာတွေကိုချည်း အားကိုးနေလို့တော့ မရပါဘူး။ တခြားသော လိုက်နာရမယ့် အမူအကျင့်တွေနဲ့ ရှောင်ကျဉ်ရမယ့်အချက်တွေလည်း ရှိနေပါသေးတယ်။ အောက်ပါအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်စိတ်ဆန္ဒ ကို သဘာဝအတိုင်းမြှင့်တင်နိုင်ဖို့ အခွင့်အလမ်းပိုကောင်းပါလိမ့်မယ်။ဒီနည်းလမ်းတွေကိုလိုက်နာမယ်ဆိုရင် လိင်စိတ်ကုန်ခမ်းတာ၊ စိတ်မပါတာ၊ စွမ်းဆောင်ရည်အားနည်းတာတွေကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်ဆိုတာကို အကြံပေးလိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/sex-drive-foods-female/
ရုတ်တရက် နှလုံးရပ်ပြီးနောက် ပြန်လည်နာလန်ထခြင်း
သင်သည် သေလုမျောပါးနှလုံးထိခိုက်မှုမှ အသက်ရှင်သန်လာခါစဖြစ်ပြီးယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် နောက်ထပ်ရောဂါရှာဖွေမှုများနှင့် စမ်းသပ်ချက်အဖြေများကို စောင့်ဆိုင်းနေရသည် ဆိုပါစို့။ သင်သည် “သင်သည်ယခုလက်ရှိအခြေအနေမှမည်ကဲ့သို့အပြီးတိုင်လွတ်မြောက်နိုင်မည်နည်း” ဟုစတင်စဉ်းစားလာတော့မည်။ဤအခြေအနေကို အောင်မြင်စွာကုသရန် အချိန်လိုအပ်သည်။ နှလုံးရပ်တန့်မှုတစ်ကြိမ်ဖြစ်ပြီး နောက်၁၀နှစ်အတွင်းတွင် နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။ အကြောင်းအရင်းပေါ်မူတည်၍ လုံးဝပျောက်ကင်းအောင် ကုသနိုင်သလို အရှင်းမပျောက်သည်လည်းဖြစ်နိုင်သည်။ ဆရာဝန်များအနေနှင့် အကောင်းဆုံးလုပ်နိုင်သည်မှာ ပထမအကြိမ်ကတည်းကပင် နှလုံးရပ်ခြင်းဖြစ်စေသည့် အကြောင်းရင်းကိုရှာဖွေ၍ အခြေအနေပေါ်မူတည်ကာ ကုသမှုစတင်ခြင်းဖြစ်သည်။စမ်းသပ်မှုများအပြီးတွင် ဖြစ်နိုင်သောအကြောင်းပြချက်အချို့တွေ့ရမည်။ နှလုံးရောဂါအများစုသည် ရုတ်တရက်နှလုံးရပ်မှုကို ဖြစ်စေနိုင်သောကြောင့် ကုသမှုသည်လည်း ရောဂါအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ အကယ်၍ သင်၏ဆရာဝန်က သင့်တွင် နှလုံးသွေးကြောကျဉ်းရောဂါရှိနေပြီး သွေးကြောအတွင်းတွင် သွေးခဲရှိနေသည်ဆိုပါက ခွဲစိတ်ကုသမှု လိုကောင်းလိုမည်။ အကယ်၍ သင်၏နှလုံးသည် ပုံမှန်မဟုတ်ဘဲ ကြီးနေပြီး နှလုံးခုန်နှုန်းများ အတက်အကျမမှန်ဖြစ်နေပါက နှလုံးခုန်နှုန်းထိန်းစက် (pace maker) ထည့်ရန် လိုအပ်နိုင်သည်။ အကယ်၍ နှလုံးအဆို့ရှင်များတွင်ပြဿနာရှိပါက နှလုံးအဆု့ိရှင်အစားထိုး ခွဲစိတ်ရန်လိုအပ်မည်။ သို့သော် အထက်ပါအခြေအနေများသည် ရုတ်တရက်နှလုံးရပ်နိုင်သည့် အလားအလာများစေသော အန္တရာယ်ရှိသည့် အချက်များဖြစ်သည်။ ထို့ပြင် ဤအခြေအနေကို အများဆုံးဖြစ်စေသည့် ထိပ်ဆုံးတွင်ရပ်တည်နေသော အကြောင်းအရင်း ၂ ခုရှိသေးသည်။ နှလုံးသွေးဝင်ခန်းခါခြင်း (atrial fibrillation) နှင့်နှလုံးသွေးလွှတ်ခန်းခါခြင်း (ventricle fibrillation) တို့ဖြစ်သည်။ အချုပ်ဆိုရသော် မည်သည့်အကြောင်းကြောင့်ဖြစ်စေကာမူ ကုသမှုများသည် ဆေးသောက်မည်လား (သို့) စည်းချက်မညီသောနှလုံးခုန်နှုန်းကို စမ်းသပ်သိရှိပြီး အလိုအလျောက်ပုံမှန်နှုန်းဖြစ်အောင် ပြန်ထိန်းပေးနိုင်သည့် နှလုံးတွင်းထည့်နိုင်သော နှလုံးထိန်းကိရိယာတပ်ဆင်မည်လား (သို့) ခွဲစိတ်ကုသမှုခံယူမည်လား စသည့်အချက်များပေါ်တွင် မူတည်သည်။နာလန်ပြန်ထရန်ကြာချိန်သည် နှလုံးရပ်တန့်မှုဖြစ်ပေါ်ချိန်တွင် ဖြစ်ပေါ်သည့် ထိခိုက်မှုပမာဏပေါ် များစွာမူတည်သည်။ တစ်နည်းဆိုသော် နှလုံးပြန်ခုန်လာသည်အထိ အသက်ကယ်ကုသမှုများ ပြုလုပ်ခဲ့ရသည့်ကြာချိန်ပေါ်တွင်လည်း မူတည်သည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်ထိခိုက်ခြင်းနှင့် သတိလစ်မေ့မြောနေခြင်းတို့သည် အဖြစ်များသောနောက်ဆက်တွဲပြဿနာများဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် အရေးပေါ်အသက်ကယ်ကုသခြင်း(CPR) ကို မည်သို့ပြုလုပ်သည်ဆိုသည်ကလည်း အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ (CPR) လုပ်ရာတွင် လူနာတွင် အညိုအမည်းများစွဲထင်ကျန်ခဲ့ခြင်း၊ ပြင်းထန်သောအခါများတွင် အရိုးများကျိုးခြင်းအထိပင် ဖြစ်စေတတ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ခွဲစိတ်ပြီးနောက် ပြန်သတိရရန်ကြာချိန်သည်လည်း သင်၏စုစုပေါင်းနာလန်ထရန် ကြာချိန်အပေါ် သက်ရောက်မှုရှိသည်။သင့်အနေနှင့် အကောင်းဆုံးလုပ်နိုင်သည်မှာ နောက်ထပ်ပြန်ဖြစ်နိုင်ခြေများခြင်းမှ ကာကွယ်ရန် ဖြစ်ပြီးခါစအချိန်တွင် ဆေးရုံတွင် အထူးကြပ်မတ်ကုသမှု ခံယူရန်ဖြစ်သည်။ နှလုံးရပ်၍ ဆေးရုံတက်ရပြီးလျှင် နောက်တစ်ကြိမ်ထပ်ဖြစ်ရန် ၅၀ ရာခိုင်နှုန်းအလားအလာရှိသည်ဟု လေ့လာမှုများကဆိုသည်။ စမ်းသပ်စစ်ဆေးမှုများသည် မည်မျှပင်များပြားရှည်ကြာသည်ဟု ထင်ရစေကာမူ ၎င်းတို့သည် ဆရာဝန်မှ သင့်အတွက် ကုသမှုအစီအစဉ်ပြုလုပ်ရာတွင် အလွန်အရေးပါသည်။ သင်အိမ်ပြန်နိုင်သည့်အခါတွင်လည်း ရုတ်တရက်နှလုံးရပ်ခြင်း၏ ကနဦးလက္ခဏာများကို အသေအချာနားလည်နေပါစေ။ သင်နှင့် အနီးကပ်ရှိနေသူများသည် အန္တရယ်ကျရောက်လာမည့် စက္ကန့်တိုင်းအတွက် အရေးပေါ်အသက်ကယ်ကုသမှု (CPR)ကို မည်သို့ပြုလုပ်ရမည်ကိုလည်း သိထားဖို့လိုပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%90%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%9b%e1%80%95%e1%80%b9%e1%81%bf%e1%80%95%e1%80%ae%e1%80%b8%e1%80%b1/
ဘီလူးစီး တာကို ဘယ်သူတွေ အများဆုံး ခံရသလဲ
လူက အသိစိတ် ရှိနေတယ်။ နိုးနေတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က တက်ဖိထားသလိုမျိုး ခြေတွေ၊ လက်တွေလည်း လှုပ်မရ၊ အော်လို့လည်းမရ၊ ဘာမှ လုပ်မရဘဲ အတော်ကိုကြောက်စရာကောင်းတဲ့ အခြေအနေမျိုးကြုံဖူးကြလား။ မြန်မာတွေကတော့ ဒါကို ဘီလူးစီး တယ်လို့ ခေါ်ပြီး အနောက်တိုင်း ဆေးပညာအရတော့ ဒါကို Sleep Paralysis လို့ ခေါ်ပါတယ်။ ထမင်းလုံး တစ္ဆေခြောက်တာလို့လည်း တချို့တွေက ပြောကြသေးတယ်။ ဘယ်လိုပဲခေါ်ခေါ် ကျိန်းသေတာကတော့ တစ်ခါကြုံပြီး နောက်တစ်ခါဆိုတာ ယောင်လို့တောင် မကြုံချင်၊ မကြားချင်တော့တဲ့ အခြေအနေပါပဲ။ဘီလူးစီးခြင်းဟာ အချိန်နှစ်ချိန်မှာ ဖြစ်တတ်ပါတယ်။ အိပ်ပျော်နေချိန်မှာနဲ့ နိုးနေချိန်မှာ ဖြစ်တာပါ။ အိပ်ပျော်နေချိန်မှာ ဖြစ်တာကိုတော့ predormital sleep paralysis လို့ခေါပြီး နိုးနေချိန်မှာ ဖြစ်တဲ့ ဘီလူးစီးခြင်းကိုတော့Postdormital sleep paralysisလို့ ခေါ်ပါတယ်။ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ Hello Sayarwon မှာ မကြာခဏ ဖော်ပြခဲ့ပြီးပြီမို့ ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်လဲဆိုတာကို ဖော်ပြပေးပါမယ်။တကယ်တော့ လူ(၁၀) ယောက်မှာ (၄) ယောက်က ဘီလူးစီး ခံရတတ်ပါတယ်တဲ့။ တစ်သက်လုံး တစ်ခါမှ ဘီလူးစီး မခံရသေးတဲ့ ကျွန်တော်တို့တွေကတော့ အင်မတန် ကံကောင်းကြတဲ့ လူတွေပေါ့ ခင်ဗျာ။ ဒီ အခြေအနေကို အများအားဖြင့် ဆယ်ကျော်သက် အရွယ်တွေမှာ အတွေ့ရများတယ်ဆိုပေမယ့် ကျား၊ မ အသက်အရွယ်မရွေး ဘီလူးစီးခံရနိုင်ပါတယ်။ မျိုးရိုးလိုက်တာမျိုးလည်း ရှိသလို နေထိုင်မှုပုံစံကြောင့်လည်း ဖြစ်တတ်ပါတယ်။တခြား ဘီလူးစီးခြင်းနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကတော့။ပုံမှန်အားဖြင့်တော့ ဘီလူးစီးတာကို။အတိုချုပ်ပြောရမယ်ဆိုရင်အိပ်ရေးဝဝ အိပ်ပါ။ အိပ်ချိန်မှန်အောင် အိပ်ပါ။စိတ်ဖိစီးမှု ကင်းဝေးအောင်နေပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေပါ။ ဒါဆိုရင်တော့ ဘီလူးစီး ခြင်းကနေ ကင်းဝေးနိုင်ပါလိမ့်မယ်။တကယ်လို့ မကြာခဏ ဘီလူးစီးခံနေရရင်တော့ ဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်းခံပြဿနာကို ရှာဖွေကုသသင့်ပါတယ်။Wathun Myet Chal။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/what-you-should-know-about-sleep-paralysis/
အိပ်စက်ရခက်နေသူတွေအတွက် အလွယ်တကူအိပ်ပျော်စေမယ့် နည်းလမ်း ၁၂ ခု
ညရောက်ရင် အိပ်မှာပဲလို့ လူတိုင်းတွေးကြပါတယ်။ ဒါက သဘာဝမို့ပါ။ ဒါပေမယ့် ညရောက်တိုင်းအလွယ်တကူအိပ်ပျော်ရဲ့လားဆိုတာ တကယ်တွေးကြည့်ရင် ထင်သလောက်တော့ မဟုတ်တာကို သတိထားမိလာမှာပါ။ အထူးသဖြင့်တော့ အိပ်စက်ရခက်နေသူတွေအတွက် ပေါ့။အိပ်ရာဝင်ချိန်ရောက်တိုင်း အိပ်စက်ဖို့ ခက်ခဲနေတာမျိုး လူတိုင်း ကြုံဆုံဖူးမှာပါ။ ဒီကနေ့ခေတ်လို လူတိုင်းနီးပါး ပူပင်သောကတွေများနေချိန်မျိုးမှာညညအိပ်မပျော်နိုင်သူတွေအမြောက်အများရှိနေပါတယ်။လူတွေ တွေးထင်သလောက် အလွယ်တကူအိပ်မပျော်နိုင်တဲ့အခါ အိပ်ရေးပျက်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်လာပါတယ်။ အိပ်ရေးပျက်တာဟာကိုယ်ခံအားစနစ်ကို ထိခိုက်စေတာမို့ ခုလိုကာလမျိုးမှာ အန္တရာယ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် ညအချိန်တွေမှာ အချိန်မှန်မှန် အိပ်ရေးဝဝအိပ်စက်ဖြစ်ဖို့ အလွယ်တကူအိပ်ပျော်ဖို့ လိုအပ်လာပါပြီ။ သိပ္ပံနည်းကျလေ့လာချက်တွေအရ တွေ့ရှိထားတဲ့ အိပ်စက်ရလွယ်ကူစေတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဒီလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို ပြောပြပါရစေ။၁။အပူချိန်လျှော့ချပါ။အခန်းအပူချိန် မြင့်မားရင် အိပ်ပျော်ဖို့ခက်ပါတယ်။ အေးရင် အိပ်စက်ရ ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့် အခန်းအပူချိန် နည်းပါးအောင်လုပ်တာမျိုး ဒါမှမဟုတ် ခန္ဓာကိုယ်အပူချိန်ကျဖို့ ရေချိုးတာမျိုးတွေပြုလုပ်သင့်ပါတယ်။၂။ ၄-၇-၈ နည်းလမ်းသုံးပါ။၄-၇-၈ ဆိုတာ ဒေါက်တာ အင်ဒရူးရဲ့ အလွယ်တကူ အိပ်ပျော်စေမယ့် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ယောဂနနည်းလမ်းတွေကို အခြေခံထားတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ နည်းကတော့ အိပ်ရာပေါ်ကိုရောက်ချိန်မှာ။အဆိုပါ လုပ်ငန်းစဉ်က လူကို လန်းဆန်းစေပြီးအဆုတ်ကိုအားကောင်းစေသလို အလျင်အမြန်လည်း အိပ်ပျော်စေပါတယ်။ တစ်ခါလုပ်ရင် ၃ ကြိမ်ထက်မနည်းလုပ်ပါ။၃။ အစီအစဉ်တကျအိပ်ပါ။ဘယ်အချိန်အိပ်မယ်ဆိုတာကို သက်မှတ်ပြီး နေ့စဉ်အိပ်ရာဝင်ပါ။ ရက်ဆက်လာတဲ့အခါ အကျင့်ရလာပါလိမ့်မယ်။၄။ မနက်ပိုင်းမှာရော၊ ညပိုင်းမှာပါ လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးရှိစေပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင် အိပ်စက်မှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ မနက် အိပ်ရာနိုးနိုးချင်းနဲ့ ညအိပ်ရာဝင်ခါနီးတွေမှာ လေ့ကျင့်ခန်းပြုလုပ်တာက အိပ်ပျော်စေဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။၅။ ယောဂ နဲ့ တရားထိုင်ခြင်းအလေ့အကျင့်ထားပါ။ယောဂလေ့ကျင့်တာ၊ တရားထိုင်တာလိုမျိုး အလေ့အထတွေက စိတ်ကိုငြိမ်းချမ်းစေတာမို့ ညဘက်တွေမှာ အလွယ်တကူအိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ စိတ်ပူပင်သောကများနေရင် အိပ်ပျော်ဖို့ ခက်ခဲနိုင်တာကြောင့်ပါ။၆။ နာရီမကြည့်ပါနဲ့။တရေးနိုးချိန်တွေမှာ နာရီထကြည့်တတ်တာက လူတိုင်းရဲ့ အကျင့်ပါ။ ဒါပေမယ့် ဒီအလေ့အထဟာ မှားယွင်းတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တရေးနိုးချိန်တွေမှာ နာရီမကြည့်ပါနဲ့။ ဒီအချက်က အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။၇။ တရေးတမောအိပ်ခြင်းကို ရှောင်ပါ။နေ့ခင်းနေ့လယ်မှာ အချိန်အကြာကြီး အိပ်စက်ဖြစ်ရင် ညဘက်မှာ အိပ်ပျော်ဖို့ခက်ပါတယ်။ ဒါကြောင့် ညဘက် အိပ်မပျော်ဖြစ်ဖြစ်နေရင် နေ့ခင်းနေ့လယ် တရေးတမော အိပ်စက်တာမျိုးကို လျှော့ချပါ။၈။ အစာစားချိန်နဲ့ အစားအစာကို ဂရုစိုက်ပါ။အိပ်ရာဝင်ချိန်နဲ့အစာစားချိန်ကို ၃ နာရီလောက် ခွာထားသင့်ပါတယ်။ အထူးသဖြင့် အိပ်ခါနီးမှာ ဘာမှမစားတာက အိပ်စက်မှုကို အကျိုးပြုသလို ကိုယ်အလေးချိန်မတက်စေဖို့ နည်းလမ်းကောင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကာဘိုဟိုက်ဒြိတ်များတဲ့ အစားအစာကို မှီဝဲပေးတာကလည်း အိပ်ချင်စိတ်ကို ပိုဖြစ်စေနိုင်ပါတယ်။၉။ သာယာနာပျော်ဖွယ် ဂီတသံများ နားဆင်ပါ။ဂီတသံတွေကို နားဆင်တာက အိပ်စက်ချင်စိတ်ကို တွန်းအားပေးပါတယ်။ အထူးသဖြင့် ငြိမ့်ငြောင်းပြီး သာယာနာပျော်ဖွယ်ရှိတာမျိုးတွေပေါ့။၁၀။ သက်သောင့်သက်သာ အိပ်စက်ပါ။အိပ်ရာက မာကျောပြီး အိပ်ရတဲ့နေရာကလည်း မသက်မသာဖြစ်နေမယ်ဆိုရင် အိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။ သက်သောင့်သက်သာရှိပြီး အလွယ်တကူခါးဆန့်လို့ရတဲ့ နေရာမျိုးတွေမှာ အိပ်စက်ရင် ပိုအိပ်ပျော်ရလွယ်ပါတယ်။၁၁။လျှပ်စစ်ပစ္စည်းတွေအကုန်ပိတ်ထားပါ။မီးချောင်း၊ တီဗီ၊ ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတိုင်းကို ပိတ်ထားတာက အိပ်စက်မှုကို အထောက်အကူဖြစ်စေပါတယ်။ အိပ်ရာဝင်ခါနီးမှာ ဖုန်းကြည့်တာမျိုးကိုလည်း လုံးဝရှောင်ကျဉ်သင့်ပါတယ်။၁၂။ကော်ဖီ၊ အရက်လျှော့သောက်ပါ။ကြိုက်တတ်လို့ သောက်တယ်ဆိုရင်တောင်မှ ပမာဏကို လျှော့ချသင့်သလို ညအိပ်ရာဝင်ခါနီးမှာလည်း မသောက်သုံးသင့်ပါဘူး။ ကော်ဖီရော အရက်ရောဟာ အိပ်စက်မှုကို အနှာင့်အယှက်ပြုတဲ့အရာတွေဖြစ်ကြပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/ways-to-fall-asleep/
ပူပင်သောကကြောင့် အစာစားချင်စိတ်ပျောက်ဆုံး ခဲ့မယ်ဆိုရင်
အစားအသောက်ပျက်တယ်၊အစာစားချင်စိတ်ပျောက်ဆုံး တယ်ဆိုတာက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေ အမျိုးမျိုးကြောင့် ခုလိုမျိုး ကြုံရတတ်ပါတယ်။ပုံမှန်အားဖြင့်တော့ အစာစားချင်စိတ်ပျောက်ဆုံးတာဟာ ဘာမှမဟုတ်လောက်ပါဘူးလို့ ထင်မြင်စရာရှိပေမယ့် အစာစားခြင်းဟာ ခန္ဓာကိုယ်ကြီးအတွက် လိုအပ်တဲ့အာဟာရဓာတ်အားလုံးနီးပါးကို ဖြည့်တင်းပေးနေတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တာမို့ အစာစားချင်စိတ်ပျောက်ဆုံးတာဟာ ရောဂါဘယပေါင်းစုံကို ဖိတ်ခေါ်နေတဲ့ ပြဿနာကြီးတစ်ရပ်ပါ။အစားစားချင်စိတ်ပျောက်ဆုံး ခဲ့မယ်ဆိုရင် အစားအသောက် စားသုံးမှု ပမာဏလည်း တဖြည်းဖြည်း လျော့ကျလာပြီး လျင်လျင်မြန်မြန် ကုစားနိုင်ခြင်းမရှိဘူးဆိုရင် ကျန်းမာရေးပြဿနာအမြောက်အများနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရတာမျိုး ဖြစ်လာနိုင်ပါတယ်။အစာစားချင်စိတ်ပျောက်ဆုံး တာကို အကြမ်းဖျဉ်းအားဖြင့် အမျိုးအစား ၄ မျိုး ခွဲခြားထားပါတယ်။ ဒါတွေကတော့။စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် အစာစားချင်စိတ်ပျောက်ဆုံးတာဟာ အဖြစ်အများဆုံး ပြဿနာရပ်တစ်ခုဖြစ်ပြီးတော့ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျမှု၊ပူပင်သောကများမှုတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတစ်ခုပါ။ပူပင်သောကတွေကြောင့် အစာစားချင်စိတ်ပျောက်ဆုံးတာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီးတော့ ဝမ်းတွင်းကကို လှိုက်ပြီးအစာစားချင်စိတ်ပျောက်ဆုံးနေတတ်တာမျိုးပါ။ မိသားစု၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ လုပ်ငန်းခွင်၊ တိုင်းရေးပြည်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်လာတဲ့ ပူပင်သောကတွေ အလွန်ဖိစီးနှိပ်စက်လာချိန်မျိုးမှာ လူအများစုဟာ အစာစားချင်စိတ် ပျောက်ဆုံးတတ်ကြပါတယ်။ဒီလို အစားစားချင်စိတ်ပျောက်ဆုံးတာဟာGeneralized Anxiety Disorder(GAD) ရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုအဖြစ်လည်း သတ်မှတ်ခြင်းခံထားရတဲ့ အခြေအနေတစ်ရပ်ပါ။ ခုလိုဖြစ်စေရတဲ့အကြောင်းအရင်းကတော့ ပူပင်သောကတွေကြောင့် ဦးနှောက်က အစားအစာမှီဝဲဖို့ လိုအပ်တဲ့လုပ်ဆောင်ချက်တွေဆီကို အာရုံမစိုက်နိုင်တော့တာကြောင့်ပါ။GAD ဝေဒနာရှင်တွေရဲ့ ၃၉% လောက်ဟာ အစာစားချင်စိတ်ပျောက်ဆုံးတဲ့ လက္ခဏာတွေကို ပြသကြလေ့ရှိပါတယ်။ ဒါပေမယ့် GAD ဝေဒနာစွဲကပ်နေခြင်းမရှိရင်တောင်မှ သာမန်ကျန်းမာသန်စွမ်းသူ လူတစ်ယောက် ရင်ဆိုင်ရလေ့ရှိတဲ့ ပူပင်သောကတွေကလည်း လူတွေကို အစာစားချင်စိတ်ပျောက်ဆုံး အောင် လုပ်နိုင်ပါသေးတယ်။ပူပင်သောကတွေရဲ့ မူလဇစ်မြစ်က တိုက်မလား-ပြေးမလားဆိုတဲ့ အခြေအနေကြောင့်ပါ။ လူသားရယ်လို့ဖြစ်တည်လာချိန်ကတည်းက ပူပင်သောကတွေနဲ့ရင်ဆိုင်လာရတာပါ။ ဒီလိုကြုံလာချိန်တိုင်းမှာ ပြဿနာကို ရင်ဆိုင်မလား ရှောင်ပြေးမလားဆိုတာကို အမြဲမပြတ် ဆုံးဖြတ်ခဲ့ကြရပါတယ်။ပူပင်သောကဟာ ဒီလိုပြဿနာတွေကို ဆုံးဖြတ်ဖို့ တုန့်နှေးပြီး တွေးပူနေတတ်တဲ့ အခြေအနေတစ်ရပ်ပါပဲ။ လူသားတွေဟာ ပူပင်သောကကြောင့် တကယ့်အခြေအနေထက်ပိုပြီး ထိခိုက်ဆုံးရှုံးနေခဲ့ရတာပါ။ အစာစားချင်စိတ်ပျောက်ဆုံးတာကလည်း ဒီထိခိုက်နစ်နာမှုတွေထဲက တစ်ခုဆိုပါတော့။ဒီတော့ ခုလိုပျောက်ဆုံးသွားတဲ့ အစာစားချင်စိတ်ကို ပြန်လည်သက်သာပြီး စားချင်သောက်ချင်စိတ်တွေ ပြန်ရလာဖို့က သိပ်ကိုအရေးကြီးပါတယ်။ ဒါမှသာ စိတ်ပိုင်းဆိုင်ရာ အခြေအနေသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ မထိခိုက်အောင် ကာကွယ်နိုင်မှာမို့ပါ။တကယ်လို့ ပူပင်သောကများပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့်အစာစားချင်စိတ်ပျောက်ဆုံးနေပြီဆိုရင်အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင် ပြန်ကုစားပါ။ဒီအချက်တွေက သင့်ရဲ့ အစာစားချင်စိတ်ပျောက်ဆုံးနေမှုကို တဖြည်းဖြည်းချင်းလျော့ပါးသွားအောင် ကူညီပေးပါလိမ့်မယ်။ အကြောင်းအရင်းကတော့ အစာစားချင်စိတ်ပျောက်ဆုံး နေပေမယ့် ခန္ဓာကိုယ်ကို လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ မပြတ်ပြုလုပ်ပေးနိုင်မယ်ဆိုရင် ပူပင်သောကကိုရော အစာစားချင်စိတ်ကိုပါ ပြန်ရစေမှာမို့ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/anxiety-lose-appetite/
လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။
ပါးစပ်မှာ ရေယုန်ပေါက်သလို၊ လိင်အင်္ဂါမှာလည်း ရေယုန်ပေါက်တတ်ပါတယ်။လိင်အင်္ဂါရေယုန်ကတော့လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင်က လိင်အင်္ဂါရေယုန် ဖြစ်ဖူးသလား။ ဒါဆိုရင် လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး ဘာတွေ ဆောင်လို့၊ ဘာတွေ ရှောင်သင့်သလဲဆိုတာ ကြည့်ကြရအောင်။လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး သိထားသင့်တာတွေက။လိင်အင်္ဂါရေယုန် ဘယ်ကစဖြစ်တာလဲ။လိင်အင်္ဂါရေယုန်က လိင်ကတဆင့် ကူးစက်တာများပါတယ်။ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေယုန်ဗိုင်းရပ်စ်က တံတွေး၊ မိန်းမကိုယ်အရည်၊ သုက်ရည်တွေထဲမှာ ရှိတတ်ပါတယ်။ ဒီဗိုင်းရပ်စ်က အမြှေးပါးတွေ (ပါးစပ်၊ လိင်အင်္ဂါ)ကတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး အောင်းနေတတ်ပါတယ်။ဆေးကုလည်း အပြင်က လက္ခဏာတွေပဲ သက်သာပါတယ်။ သူကတော့ ကိုယ်ထဲက (လိင်အင်္ဂါရေယုန်ဆို တင်ပဆုံထဲက) အာရုံကြောတွေမှာ အောင်းနေပြီး အခါအခွင့်သင့်တဲ့အခါ ပြန်ထွက်လာပါတယ်။ရေယုန်ဗိုင်းရပ်စ်က နှစ်မျိုး နှစ်စားရှိပါတယ်။ကံကောင်းတာတစ်ချက်က ဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာအသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ရောဂါပိုးရှိတဲ့သူ သုံးထားတဲ့ အိမ်သာတွေ၊ ကိုင်ထားတဲ့ ပစ္စည်းတွေကနေတဆင့် မကူးစက်နိုင်ပါဘူး။လက္ခဏာတွေကတော့ အမျိုးမျိုးပါပဲ။ တချို့က ပိုးရှိပေမယ့် လက္ခဏာမပြပါဘူး။ တချို့က ပြပေမယ့် မပြင်းထန်ပါဘူး။ လက္ခဏာပြတဲ့ သူတွေကလည်း ဗိုင်းရပ်စ်ဝင်ပြီး ၂ရက်ကနေ ၁၀ရက်လောက်နေမှ စပြပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့။တစ်ခါတလေ အနာပေါက်တာ၊ အရည်ကြည်ဖုထွက်တာအပြင် တုပ်ကွေးလို ခေါင်းကိုက်တာ၊ ဖျားတာ၊ ကိုယ်လက်ကိုက်တာ၊ ပေါင်ခြံမှာ အကျိတ်ထွက်တာတွ ဖြစ်တတ်ပါတယ်။ခန္ဓာကိုယ်ကို ဘယ်ကဝင်သလဲအပေါ် မူတည်ပါတယ်။ အနာကို ထိမယ်၊ လက်မဆေးဘဲ တခြားနေရာကို ထိမယ်၊ မျက်လုံးကို ပွတ်မယ်ဆိုရင် အဲ့ဒီနေရာတွေမှာပါ လိုက်ဖြစ်မှာပါ။အတွေ့ရများတဲ့ နေရာတွေကတော့။အမျိုးသမီးတွေမှာဆိုရင်တော့။အမျိုးသားတွေမှာ ဆိုရင်တော့။ပိုးက တစ်ခါဝင်ပြီးရင် အာရုံကြောတွေထဲမှာ အောင်းနေတဲ့အတွက် အမြစ်ပြတ်အောင် ကုလို့မရနိုင်ပါဘူး။ အခါအခွင့်သင့်တိုင်းမှာ ပြန်ဖြစ်နေဦးမှာပဲ။ ဒါပေမယ့် ထွက်လာတဲ့ အနာတွေကို ပျောက်ကင်းအောင်လုပ်ပြီး ပိုးကို ကြွမလာအောင်တော့ လုပ်လို့ရပါတယ်။ အပေါ်က လက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ သွားပြပါ။တခြား ဆောင်ရန်၊ ရှောင်ရန်တွေကတော့။ကိုယ်ကနေ သူများဆီကို မကူးအောင်၊ သူများဆီကနေ ကိုယ့်ကို မကူးအောင် တတ်နိုင်သမျှ ကာကွယ်ဖို့လိုပါတယ်။ လိင်အင်္ဂါရေယုန်ကာကွယ်နည်းကတော့ တခြားလိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နည်းအတိုင်းပါပဲ။လိင်အင်္ဂါရေယုန်ပိုးက အောင်းနေတဲ့အတွက် အခါအခွင့်သင့်ရင် ပြန်ထွက်လာတတ်ပါတယ်။ ဥပမာ။လိင်အင်္ဂါရေယုန်က ပျောက်သွားပြီး နှစ်တွေကြာလည်း အပေါ်က အချက်တွေနဲ့ ကြုံကြိုက်တဲ့အခါ ပြန်ထွက်လာတတ်ပါတယ်။ တချို့တွေကျတော့လည်း ကြာလာလေလေ ပြန်ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ပြန်ဖြစ်လာပြီဆိုရင် အနာမဖြစ်ခင်မှာ။ကံကောင်းတာက နောက်ထပ်ဖြစ်တဲ့ ရေယုန်တွေက ပထမအခါလောက် မဆိုးတော့ပါဘူး။ မြန်မြန်လည်း ပျောက်ပါတယ်။ရေယုန်က အသက်အန္တရာယ်ထိခိုက်လောက်အောင် မဆိုးဘူးဆိုပေမယ့် တချို့သူတွေမှာ နောက်ဆက်တွဲ အနေနဲ့။ဒါကြောင့် ကုရလွယ်တဲ့ ရေယုန်ကို အချိန်မဆွဲဘဲ ထိထိရောက်ရောက် ကုသထားသင့်ပါတယ်။ရေယုန်ရောဂါက အဖြစ်များတဲ့ရောဂါပါ။ ဒါပေမယ့် ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီး အလွယ်တကူပျောက်ကင်းနိုင်တာကြောင့် ဖြစ်လာရင် သေသေချာချာ ကုသဖို့ အကြံပေးလိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/genital-and-oral-herpes/genital-hrepes/
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ
အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာပျော်ရွှင်ခြင်းအတွက် သိပ်ကိုအရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒါပေမယ့် ဘာကြောင့် အိပ်ရေးဝဖို့ က အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ ။ ဘယ်လို အိပ်စက်သင့်လဲဆိုတာကိုရော သိကြပါရဲ့လား။ကောင်းကောင်းအိပ်စက်တာကလေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ လူခန္ဓာကိုယ်ကြီးအတွက် အရေးပါလှပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အိပ်ရေးဝဝမအိပ်စက်ဖြစ်ကြပါဘူး။ ခုခေတ်မှာဆို ပိုဆိုးပါတယ်။ လူတိုင်းက အရင်တုန်းကထက် အိပ်စက်ချိန်ပိုနည်းပါးလာကြတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။လူတွေဟာ နေ့စဉ်နေ့တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့အတွက် အိပ်စက်ပေးဖို့လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ၈နာရီလောက်အိပ်ပေးမှ တက်ကြွ လန်းဆန်းတဲ့ နေ့ရက်လေးတွေ ရရှိမှာပါ။တစ်ခါတစ်လေ အိပ်ရေးပျက်တာက အရမ်းကြီး ပြဿနာမရှိဘူးဆိုပေမယ့်အိပ်ရေးပျက်တာ များလာတဲ့အခါ ကိုယ်ခန္ဓာ အတွက်ရော၊ စိတ်ခံစားချက်တွေပါ သိသိသာသာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်စက်ဖို့ တိုက်တွန်းနေရတာပါ။ အိပ်ရေးဝဝအိပ်စက်ဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတာကို အောက်ပါအချက် ၈ ချက်က ပြောပြနေပါတယ်။ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ ဆိုတော့။၁။ အိပ်ရေးမဝရင်ကိုယ်အလေးချိန်တက်မယ်။အိပ်စက်ခြင်းနဲ့ ကိုယ်အလေးချိန်က တိုက်ရိုက်ဆက်စပ်နေပါတယ်။ အိပ်ချိန်မမှန်ရင်၊ အိပ်ရေးဝဝမအိပ်စက်ရင် ကိုယ်အလေးချိန် သိသိသာသာကို တိုးတက်လာမှာပါ။ အိပ်ရေးမဝရင် အဝလွန်နိုင်ခြေက ၅၅%-၈၉% အထိရှိပါတယ်။၂။ အိပ်ရေးဝရင်ကယ်လိုရီနည်းမယ်။အိပ်ရေးဝဝအိပ်စက်ဖြစ်ရင် အစားအစာကို မျှမျှတတစားဖြစ်ပါတယ်။ ဒီတော့ စနစ်တကျပိုစားဖြစ်လေ့ရှိပါတယ်။ အိပ်ရေးမဝသူတွေဟာ အစာစားရာမှာ ပိုပြီး ပရမ်းပတာနိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ကလည်း Ghrelin ဆိုတဲ့အစာစားချင်စိတ်ကို တိုးပွားစေတဲ့ ဟိုမုန်းတွေကို ပိုထုတ်မိတာကြောင့် ပိုလည်းစားဖြစ်ပါတယ်။ ဒီတော့ ကယ်လိုရီများတာတွေကို စားမိနိုင်ခြေပိုများတယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။၃။ အိပ်ရေးဝရင်အာရုံစူးစိုက်မှုပိုကောင်းတယ်။အိပ်ယာကို အချိန်မှန်ဝင်ပြီး အိပ်ရေးဝဝအိပ်သူတွေဟာ ဦးနှောက်လုပ်ဆောင်ချက်တွေလည်း မှန်ကန်တာကြောင့် စိတ်ကြည်လင်နေတတ်ပြီး အာရုံစူးစိုက်မှုပိုမိုအားကောင်းတတ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ကိုင်ရာမှာ ထိရောက်စွာ လုပ်ကိုင်နိုင်ပါတယ်။၄။ အားကစားလုပ်ရင် စွမ်းဆောင်ရည်ကောင်းမယ်။အိပ်ရေးဝဝအိပ်စက်ထားတဲ့အခါ အားကစားပြုလုပ်ချိန်မှာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရစေပါတယ်။ အိပ်ရေးမဝသူတွေဟာ အားကစားပြုလုပ်ဖို့ စိတ်မပါတတ်ကြပါဘူး။ ဒါကြောင့် အိပ်ရေးဝတဲ့သူတွေက ပိုကျန်းမာတာပါ။၅။ အိပ်ရေးမဝရင်နှလုံးရောဂါဖြစ်မယ်။ကောင်းမွန်စွာ မအိပ်စက်ဖြစ်တာကြာမြင့်လာတဲ့အခါ နှလုံးရောဂါ စွဲကပ်လာတတ်ပါတယ်။ များသောအားဖြင့် နာတာရှည်အခြေအနေမျိုး ပိုဖြစ်နိုင်ပါတယ်။ တစ်နေ့မှာ ၇-၈ နာရီလောက် ပုံမှန်မအိပ်စက်သူတွေဟာ သေချာပေါက် နှလုံးရောဂါရနိုင်တယ်လို့ သက်သေပြထားတဲ့ လေ့လာချက် ၁၅ ခုထက်မနည်းရှိထားပါတယ်။၆။ အိပ်စက်ခြင်းဟာ ဆီးချိုနဲ့လည်း ပတ်သက်နေတယ်။အိပ်စက်ခြင်းဟာသွေးတွင်းသကြားဓာတ်ပမာဏအပေါ် တိုက်ရိုက်သက်ရောက်ပါတယ်။ ဒီတော့ အိပ်ရေးဝဝမအိပ်ရင် အမျိုးအစား-၂ ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်လာတတ်ပါတယ်။ အိပ်ချိန်နည်းလေလေ Insulin Sensitivity နည်းလေလေပါပဲ။ တနေ့ကို ၄ နာရီထက်နည်းတဲ့ပမာဏနဲ့ ၆ ရက်လောက် ဆက်တိုက်အိပ်စက်ရုံနဲ့ ဆီးချိုအကြိုအဆင့် ချက်ခြင်းလက္ခဏာတွေပြသလာပါလိမ့်မယ်။၇။ အိပ်ရေးဝဝမအိပ်ရင် စိတ်ဓာတ်ကျမယ်။Depressionဟာ အိပ်စက်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ နောက်ထပ်ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အိပ်ချိန်နည်းလေလေ၊ အိပ်စက်မှုအရည်အသွေး မပြည့်ဝလေလေ စိတ်ဓာတ်ကျနိုင်ခြေများလေလေပါပဲ။ စိတ်ကျဝေဒနာခံစားနေရသူ ၉၀% လောက်က အိပ်မပျော်တာ ဒါမှမဟုတ် အိပ်ရခက်တာတွေဖြစ်နေကြသူတွေပါ။၈။ အိပ်ရေးဝရင် ကိုယ်ခံအားစနစ် အားကောင်းမယ်။ရောဂါဘယတွေကို တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအားစနစ်က အရေးကြီးလှပါတယ်။ ကိုယ်ခံအားစနစ် မကောင်းမွန်ဘူးဆိုရင် ကူးစက်ရောဂါတွေနဲ့ တခြားသော ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်နေမှာပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့ဆိုရင် အိပ်ရေးဝဝအိပ်စက်ဖို့ လိုအပ်ပါတယ်။ ၂ ပတ်လောက် အိပ်ရေးပျက်လိုက်တာနဲ့ အအေးမိဖျားနာ အလိုလိုဖြစ်လာပါလိမ့်မယ်။ဒီအချက်တွေတင် မကပါဘူး။ အိပ်ရေးပျက်တာများလာတဲ့အခါမှာ လူမှာ အောက်ပါ အချက်တွေဖြစ်လာနိုင်ပါသေးတယ်။မအိပ်တာ ၄၈ နာရီ ကျော်တဲ့အခါHallucination၊ Delusion နဲ့ Illusionလို့ခေါ်တဲ့ အမြင်မှားခြင်း လက္ခဏာတွေအထိပါ ဖြစ်လာနိုင်တယ်။များသောအားဖြင့်တော့ အိပ်ရေးပျက်တာကြောင့် ဖြစ်တဲ့ လက္ခဏာတွေဟာ အိပ်ရေး၀၀ပြန်အိပ်လိုက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။ဒါပေမယ့် ဒီလို အိပ်ရေးပျက်တဲ့အတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေ၊ အမှားလုပ်မိတာတွေ၊ မတော်တဆ ဖြစ်နိုင်ချေတွေ အရမ်းများတာကြောင့် လူတိုင်းလူတိုင်း ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိပ်စက်ခြင်းကိုတော့ မဖြစ်မနေ အချိန်ပေးကြဖို့ သတိပေးချင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/8-reasons-why-good-sleep-is-important/
ကလေးတွေမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက စိတ်ချရလား
1890ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက အခန်းကဏ္ဍတစ်ခုအဖြစ် ပေါ်ထွက်လာပါတယ်။ နှစ်ပေါင်း 120ကြာပြီးနောက် (ဒီနေ့ခေတ်)မှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နိုင်ငံပေါင်း100ကျော်မှာ လုပ်ဆောင်နေပါတယ်။ဒါပေမယ့် ကလေးတွေနဲ့ ပတ်သက်ပြီး အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက ဆွေးနွေးစရာကိစ္စကြီးတစ်ခု ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဆေးဝါးကုသမှုနဲ့ သိပ္ပံနည်းကျအထောက်အကူတွေ မပါလို့ဘဲ ဖြစ်ပါတယ်။အာရုံကြောစနစ်က ကျွန်ုပ်တို့ကိုယ်ရဲ့ လှုပ်ရှားမှုအားလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောတွေကြားက ဆက်သွယ်မှုက မသေချာဘူး၊ ယိုယွင်းနေတယ်၊ ပျက်စီးနေတယ်ဆိုရင် ဆက်သွယ်မှုနဲ့ ဆက်စပ်နေတဲ့အရာအားလုံး မှားယွင်းသွားနိုင်ပါတယ်။ကလေးတွေမှာ လေထိုးလေအောင့်၊ မအီမသာဖြစ်ခြင်း၊ နို့်မစို့နိုင်ခြင်း၊ မနက်စာမစားခြင်း၊ အအိပ်နည်းခြင်း၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ အစာခြေရခက်ခြင်း၊ ရင်ကြပ်ခြင်း၊ အပြုအမူပြောင်းလဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။ဒါ့ကြောင့် အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက ကိုယ်တွင်းက ဆက်သွယ်မှုအမှားတွေရှိရင် ရှာတွေ့နိုင်ပြီး အလုပ်လုပ်ရာတွင် ထိထိရောက်ရောက်ဖြစ်ဖို့ ကူညီပေးပါတယ်။သုတေသနပညာရှင်တွေက ကလေးတွေမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက ADHD, ရင်ကြပ်ရောဂါ၊ လေနာရောဂါစတာတွေအတွက် ဘယ်လိုကောင်းကျိုးရှိသလဲဆိုတာ အသေးစိတ် လေ့လာနေကြပါတယ်။ ကျောရိုးတွေမှာ ပြဿနာ (သို့မဟုတ် အာရုံကြောပြဿနာတွေ) ပုံမှန်နေ့စဉ်ဘဝမှာ ကြုံတွေ့ရတတ်ပါတယ်။ဒါတွေက ရုပ်ပိုင်းဆိုင်ရာကြောင့်၊ ဓါတုပစ္စည်းတွေကြောင့်၊ စိတ်ဖိစီးမှုများတဲ့အတွက်ကြောင့်၊ အိပ်တဲ့အနေအထား မမှန်တဲ့အတွက်ကြောင့်၊ ပုံစံတစ်မျိုးထဲ အကြာကြီးနေတဲ့အတွက်ကြောင့်၊ ခလုတ်တိုက်ပြီး ချောလဲတဲ့အတွက်ကြောင့်၊ အစားအသောက် ရွေးချယ်မှုမှားတဲ့အတွက်ကြောင့်၊ အဆိပ်အတောက်တွေနဲ့ ဓါတုပစ္စည်းတွေကြောင့်၊ စိုးရိန်ပူပန်မှုတွေကြောင့် စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ဒီဘဝနေနည်းတွေက ဖိအားမဖြစ်စေရင်တောင် သားအိမ်အနေအထား၊ ကျုံ့ခြင်း၊ အဆိပ်အတောက်တွေ ထိတွေ့ခြင်းကတောင် အာရုံကြောကို အနှောက်အယှက် ဖြစ်စေပါတယ်။ ကလေးမွေးချိန်ကြာခြင်း၊ မြန်လွန်းခြင်း၊ ညှပ်ဆွဲမွေးခြင်း၊ ဗိုက်ခွဲမွေးခြင်းတွေကလည်း အာရုံကြောကို အနှောက်အယှက် ဖြစ်စေနိုင်တယ်။သုတေသနပြုမှုတွေအရ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ဂရုစိုက်ခြင်းက ထိရောက်တာကို သိပ်မတွေ့ရသေးသော်လည်း မိဘတွေရဲ့ စိတ်ကျေနပ်မှုရခြင်းကို အလွန်တွေ့ရတယ်။ကလေးတွေမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းနဲ့ ပတ်သက်ပြီး ယုံကြည်ကြတာက-။၁. ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို အထောက်အကူပေးတယ်။၂. ကလေးရဲ့ ကျန်းမာရေးကောင်းစေရန်နဲ့ ဖွံ့ဖြိုးကြီးထွားစေရန် အထောက်အကူပေးတယ်။၃. ကလေးရဲ့ ကိုယ်ခံအားကောင်းစေပြီး အအေးမိခြင်း၊ နားကိုက်ခြင်းနဲ့ နာဖျားခြင်းတို့ ကင်းဝေးအောင် ကူညီပေးတယ်။၄. ကလေးတွေ လေထိုးတာ၊ မအီမသာဖြစ်တာတွေကို လျော့နည်းစေတယ်။၅.ရင်ကြပ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ဓါတ်မတည့်ခြင်းတို့အတွက် ကောင်းပါတယ်။၆.ကျောရိုးပုံစံကို အနေအထားမှန်စေတယ်။၇.အာရုံစူးစိုက်မှု ကောင်းစေတယ်။၈. ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ မဖြစ်စေဘူး။၉.အစာခြေစနစ်ကောင်းမွန်စေရန် ကူညီပေးတယ်။၁၀.အိပ်ရာထဲသေးပေါက်ခြင်းနဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးတယ်။မွေးကင်းစကလေးတွေမှာ အရိုးတွေကို လက်နဲ့ပြင်ပေးတာကို ပုံမှန်အားဖြင့် သုံးကြပါတယ်။ ဒါက ကလေးတွေရဲ့ အာရုံကြောကို ကောင်းကျိုးရရှိစေပါတယ်။ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ဂရုစိုက်ခြင်းက ကလေးရဲ့လည်ပင်းကို မှန်ကန်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့တော့ အရင်တိုင်ပင်ရပါမယ်။ဒီအကျင့်ရဲ့ ရည်ရွယ်ချက်ကတော့ နားစည်ကပြွန်တွေ ဆွဲဆန့်ထားသလိုဖြစ်ပြီး နားအူတာ၊ နားထဲက အရည်တွေထွက်တာရဲ့ လက္ခဏာကို သက်သာစေပါတယ်။ ဒါပေမယ့် ဒီလိုကုတာကြောင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ နားစည်ယောင်ယမ်းခြင်းဖြစ်စေပေမယ့် ကောင်းကျိုးဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးကို ပိုးသတ်ဆေးပေးနိုင်တဲ့ ကလေးဆရာဝန်ရဲ့ စောင့်ကြည့်မှုအောက်မှာ ထားသင့်ပါတယ်။နားစည်ယောင်ခြင်းက အသက်၃နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးက အသက်ကြီးလာတာနဲ့အမျှ ကလေးရဲ့ နားစည်အတွင်းက ပြွန်ကရှည်လာပြီး ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက လည်ချောင်းကနေတဆင့် နားစည်ကို ဖြတ်ပြီးသွားနိုင်ခြေ နည်းသွားပါတယ်။အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ပြုပြင်ခြင်းက အရွတ်တွေ ပျက်စီးနိုင်တယ်။ ကလေးတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် ကျောရိုးပြုပြင်ခြင်းလုပ်ဖို့ လုံလောက်တဲ့ လေ့လာမှုမရှိပါဘူး။အရွတ်တွေက နုနယ်ပြီး ထိခိုက်လွယ်တဲ့အတွက် အသက် ၈နှစ်ကနေ ၁၀နှစ်ကြား ကလေးတွေမှာ ကျောရိုးမကြီးကို ပြုပြင်ခြင်းက ဒဏ်ရာရစေနိုင်ပါတယ်။ ဒါက အသက်ကြီးလာတဲ့အခါ ကျောရိုးမကြီး ပုံပျက်ခြင်း( ကျောရိုးစောင်းခြင်း၊ ရှေ့သို့ကိုင်းသွားခြင်း)ကို ဖြစ်စေနိုင်ပါတယ်။မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ပြုပြင်ခြင်းနဲ့ ပတ်သတ်ပြီး လုံလုံလောက်လောက် မရှိသော်လည်း ဒီလိုလုပ်ခြင်းက ငြင်သာတယ်၊ ဘေးကင်းတယ်၊ ထိရောက်တယ်လို့ ပြောကြတယ်။ အာရုံကြောနဲ့ ကြွက်သား၊ အရိုးအဆစ်များကို ပြု ပြင်ခြင်းကြောင့် ဖြစ်နိုင်တဲ့ အကျိုး၊ အပြစ်တွေကို ချိန်ဆပါ။Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံများပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%94%e1%80%b2%e1%80%b7-%e1%80%bc/
အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း
တကယ်လို့ လူတစ်ယောက်ဟာ နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် ဘာတွေဖြစ်လာမယ်ထင်ပါသလဲ။ ရေကိုလုံလောက်စွာ မသောက်တဲ့အခါ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း အကြောင်း ပြောပြပေးချင်ပါတယ်။အမျိုးအစား-၂ ဆီးချိုရောဂါကြောင့် ရေဓာတ်ဆုံးရှုံးနိုင်သလို ရေဓာတ်ဆုံးရှုံးမှုကြောင့်လည်းအမျိုးအစား-၂ ဆီးချိုရောဂါပိုမိုဆိုးရွားစေနိုင်တယ်ဆိုတဲ့ သဘောပါ။ရေဓာတ်ဆုံးရှုံးခြင်းဟာ များသောအားဖြင့် လုံလောက်တဲ့ အရည်ပမာဏကို မသောက်သုံးလို့ ဖြစ်ပါတယ်။ အခြားအချက်တွေ အနေနဲ့ကတော့ ရာသီဥတု၊ လှုပ်ရှားသွားလာမှုနဲ့ အစားအသောက် စတာတွေပေါ်လည်း မူတည်ပါတယ်။ရေဓာတ်ဆုံးရှုံးခြင်းဆိုတာ မိမိသောက်သုံးတဲ့ရေပမာဏထက် ဆုံးရှုံးမှုကပိုများနေတဲ့အခါ ဖြစ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုမမျှတမှုဟာ သွေးထဲက ဆား၊ သတ္တုဓာတ်နဲ့ သကြားပမာဏတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ခန္တာကိုယ်ထဲမှာရေဓာတ်နည်းပါးလာတဲ့အခါမှာ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်နဲ့ ကြွက်သားတွေဆီကို သွေးလုံလောက်စွာ စီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ ဒီအချက်ဟာ အမျိုးအစား-၂ ဆီးချိုရောဂါကို ပိုမိုဆိုးရွားစေရာမှာ အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။မိမိမှာ ဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုဖြစ်တာဟာ အလွန်အန္တရာယ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Dehydration ကြောင့် သွေးဖိအားလျော့ကျလာချိန်မှာ ခန္ဓာကိုယ်မှာNorepinephrineနဲ့ Epinephrine တို့လို Stress Hormones တွေ ထွက်ရှိလာတတ်ပါတယ်။အဆိုပါ ဟိုမုန်းတွေဟာ သွေးတွင်းသကြာပမာဏကို မြင့်မားသွားစေတာမို့ ဆီးချိုသမားတွေအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်လာတာပါ။ ပုံမှန်အားဖြင့်သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားလာချိန်တွေမှာ လူတွေဟာ ဆီးပိုသွားတတ်ကြပါတယ်။ဒီအချက်ကလည်း ရေဓာတ်ဆုံးရှုံးစေတဲ့အချက်တစ်ခုဖြစ်ပြီး ဆီးပိုသွားလေလေ ရေဓာတ်ဆုံးရှုံးလေလေဖြစ်သလို၊ ရေဓာတ်ဆုံးရှုံးလေလေ သွေးတွင်းသကြားပမာဏ ပိုမြင့်မားလာလေလေဖြစ်ကာ အဆိုးကျော့သံသရာ (Vicious Cycle) တစ်ခုပမာ သံသရာလည်နေတတ်ပါတယ်။Dehydration ဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် နေ့စဉ် အသက်ရှူထုတ်လိုက်တဲ့ လေ၊ နေ့စဉ်ထွက်နေတဲ့ ချွေး၊ ဆီး၊ ဝမ်းတွေမှာ ရေဓါတ်တွေ ပါသွားလေ့ရှိပါတယ်။တကယ်လို့များ အဲ့ဒီဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကို လုံလောက်အောင် ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိဘူးဆိုရင် ရေဓာတ်ဆုံးရှုံးမှုဝေဒနာကို ခံစားရပါလိမ့်မယ်။တကယ်လို့ သင့်ခန္တာကိုယ်မှာ Dehydration ဖြစ်နေပြီဆိုရင် အောက်ပါ ရောဂါ လက္ခဏာတွေ ပြသမှာဖြစ်ပါတယ်။ရေဓာတ်ဆုံးရှုံးခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ရေဓာတ်ဆုံးရှုံးမှုဟာ မွေးကင်းစ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ခြေပိုမိုမြင့်မားပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ တခြားအသက်အရွယ်တွေမှာ ပေါ့လျော့စွာနေထိုင်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ပါဘူး။ဆီးချိုဝေဒနာခံစားနေရပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေ၊ ကိုယ်ကာယကို အားပြုပြီး အလုပ်လုပ်ကိုင်သူတွေ၊ ကျောက်ကပ်ရောဂါရှိသူနဲ့ အရက်စွဲသူတွေဟာ Dehydration မဖြစ်အောင်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။အကြောင်းကတော့ ရေဓာတ်ဆုံးရှုံးမှုနဲ့ ဆီးချိုတို့ ပေါင်းစပ်မိပြီဆိုရင် အရွယ်မတိုင်ခင်စောစီးစွာ သေဆုံးမှုကို ဦးတည်သွားတတ်တာကြောင့်ပါ။ Journal Diabetologia ရဲ့ ဖော်ပြချက်တွေအရ ရေဓာတ်ဆုံးရှုံးမှုကြောင့် ဆီးချိုဝေဒနာပိုမိုဆိုးရွားလာမယ်ဆိုရင် ပုံမှန်ထက် ၂.၄ နှစ်ကနေ ၄ နှစ်အထိ ပိုမိုစောလျင်စွာ သေဆုံးနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ဒါ့အပြင် ဆီးချိုဝေဒနာသည် ၅ ဦးမှာ ၁ ဦးနှုန်းဟာ ရေဓာတ်ဆုံးရှုံးမှုနဲ့ဆက်နွယ်ပြီး အသက်ဆုံးရှုံးနေရတာဖြစ်ပါတယ်။ ဒီနှစ်ခုပေါင်းစပ်မိသွားတာဟာ အလွန်အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ပြဿနာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။ဒါကြောင့် မိမိမှာ ဆီးချိုဝေဒနာခံစားနေရတယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုမဖြစ်အောင် သတိပြုနေထိုင်ရမှာဖြစ်ပြီး Dehydration ဖြစ်နေတယ်လို့ ယူဆလာရင်လဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နှီးနှောပြီး အမြန်ဆုံးကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/can-chronic-dehydration-lead-type-2-diabetes/
မြန်မြန်ပြီး တတ်သူများအတွက် ကျင့်စဉ်လေးတစ်ခု
မြန်မြန်ပြီး တိုင်း ကောင်းတာမဟုတ်တဲ့ ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်း အပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။ဘာလုပ်လုပ် မြန်မြန်ပြီးတိုင်း  ကောင်းတာမဟုတ်ပါဘူး။ တချို့အရာတွေက အဆင်ပြေဖို့ အချိန်ယူရပါတယ်။ မိန်းကလေးနဲ့ ယောက်ျားလေး ကိုယ်လက်နှီးနှောတဲ့ကိစ္စဆိုလည်း ဒီလိုပါပဲ။ စိတ်တအားတက်ကြွလာလို့ ဆက်ဆံလိုက်ပေမဲ့ မိနစ်ပိုင်းနဲ့တင် ဆန္ဒပြီးမြောက်သွားရင် လိင်ဆန္ဒကို အပြည့်အဝမခံစားလိုက်ရဘဲ ဖြစ်နေမှာပေါ့။ ဒီလိုအခြေအနေကို ကိုယ့်ဖာသာကုသနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ကုသနိုင်တဲ့နည်းဆိုလို့ ခက်ခက်ခဲခဲတွေ မထင်လိုက်ပါနဲ့။ သိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ Edging လို့ခေါ်တဲ့ ဒီနည်းလမ်းက တကယ်တော့ ဆန္ဒပြီးမြောက်ခါနီးမှာ လိင်ဆက်ဆံတာ (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်ပစ်ပြီး မပြီးသွားအောင် ထိန်းချုပ်လိုက်တာပါပဲ။ ကိုယ့်ဖာသာအာသာဖြေချိန်ပဲဖြစ်ဖြစ် လိင်ဆက်ဆံချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ နောက်ပြီး ဒီနည်းကို ယောင်္ကျားလေးတွေတင်မဟုတ်ဘဲ မိန်းကလေးတွေလည်း လုပ်လို့ရပါတယ်။ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လိင်ဆန္ဒအထွတ်အထိပ် ရောက်ခါနီးမှာ ဆက်ဆံမှု (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်လိုက် ဒါမှမဟုတ် အရှိန်လျှော့လိုက်ပြီး မိနစ်ပိုင်းလောက် စောင့်လိုက်ပါ။ ဆန္ဒမပြီးမြောက်တော့ဘဲ ရပ်သွားပါလိမ့်မယ်။ ယောက်ျားလေးတွေဆို သုက်လွှတ်ချင်စိတ် ပျောက်သွားပါလိမ့်မယ်။ ဒီတော့မှ နောက်တစ်ကြိမ်ထပ်ပြီး ဆက်ဆံပါ/အာသာဖြေတာကို ပြန်လုပ်ပါ။ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုပ်ပါ။ ဆန္ဒအထွတ်အထိပ်ရောက်ခါနီးဖြစ်ရင် ပြန်ရပ်လိုက်ပါ။ ပြီးရင် ပြန်လုပ်ပါ။ ဒီလို ထပ်ခါထပ်ခါလေ့ကျင့်ရင် လိင်ဆက်ဆံမှုကို အချိန်ကြာအောင် တဖြည်းဖြည်းထိန်းချုပ်လာနိုင်တာကို တွေ့ရမှာပါ။ ဒီနည်းကို လေ့ကျင့်ဖို့ လိင်ဆက်ဆံမဲ့သူ မလိုအပ်ပါဘူး။ တစ်ကိုယ်တည်း အာသာဖြေပြီးလည်း လေ့ကျင့်နိုင်ပါတယ်။လေ့လာမှုတွေအရလည်းEdgingလို့ခေါ်တဲ့ ဒီနည်းလမ်းကို သုက်လွှတ်စောတဲ့ ယောကျာ်းလေးတွေ မှန်မှန်လိုက်နာကျင့်သုံးရင် သုက်ထိန်းနိုင်အား ပိုကောင်းလာပြီးအချိန်ပိုကြာကြာ ဆက်ဆံနိုင်တာကိုတွေ့ရတယ်လို့ဆိုထားပါတယ်။ ဒီလိုလေ့ကျင့်မှုရဲ့ အဓိကရည်ရွယ်ချက်ကလည်း သုက်လွှတ်မြန်တဲ့ ယောကျာ်းလေးတွေ သုက်ထိန်းနိုင်ပြီး ကိုယ့်ရဲ့ အဖော်နဲ့ အချိန်ပိုကြာကြာဆက်ဆံနိုင်ဖို့ ဖြစ်ပါတယ်။လူတိုင်းလေ့ကျင့်ဖို့လည်း မလိုအပ်ပါဘူး။ စက္ကန့်ပိုင်းလောက် လိင်ဆက်ဆံပြီး ဆန္ဒပြီးမြောက်သွားတဲ့သူတွေပဲ လေ့ကျင့်သင့်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာ ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ စအိုကနေဆက်ဆံတာ၊ ပါးစပ်နဲ့ဆက်ဆံတာတွေပါ ပါဝင်ပါတယ်။ဆန္ဒပြီးမြောက်ဖို့ အရမ်းမြန်တဲ့ ယောကျာ်းလေး၊ မိန်းကလေးတချို့မှာဆို လိင်ဆက်ဆံတဲ့အဆင့်ထိတောင်မရောက်ဘဲ နည်းနည်းလေးလှုံ့ဆော်မှုရတာနဲ့တင်ဆန္ဒအထွတ်အထိပ်ရောက်သွားတဲ့အထိ မြန်ဆန်တတ်တာကို တွေ့ရပါတယ်။ဒီမေးခွန်းအတွက် အဖြေကတော့ ကိုယ့်အပေါ်မူတည်ပါတယ်။ တချို့ကလည်း မြန်မြန်ပြီးတာ ကြိုက်သလို ကြာမှ ကြိုက်တဲ့သူလည်းရှိနိုင်တာပါပဲ။ ပြောချင်တာတစ်ခုကတော့ ယောကျာ်းနဲ့ မိန်းမလိင်ဆက်ဆံတယ်လို့ကြားတိုင်း ရွံစရာကိစ္စတစ်ခုလို့ မထင်စေချင်ပါဘူး။ ဒါသဘာဝပါပဲ။ တကယ်ချစ်ခင်နှစ်သက်လို့ (၂) ယောက်သား ကိုယ်လက်နှီးနှောမှုမှာ လိင်စိတ်တစ်ခုတည်း ပါဝင်နေတာမဟုတ်ပါဘူး။တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်မှု၊ လေးစားမှု၊ နားလည်မှုတွေလည်း ပါဝင်နေပါတယ်။ ပြောရမယ်ဆို မိန်းကလေးတွေက ယောကျာ်းလေးတွေထက် လိင်ဆန္ဒ အထွတ်အထိပ်ရောက်ဖို့ ပိုကြာတယ်၊ပြီးမြောက်ဖို့ ပိုခက်ခဲပါတယ်။ ယောကျာ်းလေးတွေကတော့ သဘာဝအရ ပိုမြန်မြန်ပြီးတဲ့သဘောရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ (၂) ယောက်အတူဆန္ဒပြီးမြောက်အောင် အတူတူညှိနှိုင်းပြီး နေနိုင်မယ်ဆို (၂) ယောက်လုံးအတွက် စိတ်သုခဖြစ်စေမှာပါ။ဆန္ဒပြီးမြောက်ဖို့ အချိန်ကြာအောင်လုပ်နိုင်လေ လိင်မှုသုခကို ပိုကောင်းကောင်းခံစားရနိုင်လေပါပဲ။ ၂၀၁၄ခုနှစ်က ဘရာဇီးနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရဆို အချိန်ယူပြီး နားလိုက်အာသာဖြေလိုက်လုပ်တဲ့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန်မှာ ပိုပြီးဆန္ဒပြီးမြောက်ဖို့ လွယ်ကူတာတွေ့ရှိခဲ့ပါတယ်။မရှိသလောက် နည်းပါတယ်။ သေချာစနစ်တကျလုပ်ဖို့နဲ့ တော်ရုံသင့်ရုံတော့လုပ်ဖို့ အရေးကြီးပါတယ်။ ဆရာကြီး ဖြစ်ချင်ဇောနဲ့ နေ့တိုင်းလေ့ကျင့်ပါလို့လည်း အကြံမပေးပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတယ်လေ။ဥပမာပြောရရင်အလွန်အကျွံအာသာဖြေတဲ့ ယောကျာ်းလေးတွေမှာ လိင်တံဒဏ်ဖြစ်တဲ့ ပြဿနာကြုံရနိုင်ပါတယ်။ နောက်ပြီး ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဆန္ဒပြီးမြောက်ဖို့ကိုပဲ အရမ်းအာရုံစိုက်ပြီးမလုပ်ဖို့ အကြံပေးချင်ပါတယ်။ လိင်မှုကိစ္စဆိုတာ စိတ်လက်ပေါ့ပါးနေမှလည်း အဆင်ပြေချောမွေ့တာမဟုတ်လား။ ငါပြီးကိုပြီးရမယ်ဆိုတဲ့ စိတ်ကြီးအရမ်းတင်းခံနေရင် ဘာကိုမှမခံစားလိုက်ရဘဲ ပင်ပန်းတာပဲအဖတ်တင်မှာပါ။ကိုယ့်ဖာသာတစ်ယောက်တည်း အာသာဖြေတာဖြစ်ဖြစ် လိင်ဆက်ဆံတာဖြစ်ဖြစ် အခုပြောတဲ့ နည်းကို လုပ်ကြည့်ဖို့ သင့်လျော်ပါတယ်။ စိတ်လည်းချရသလို ဘေးလည်းကင်းပါတယ်။ လိင်ဆက်ဆံတုန်း လုပ်ကြည့်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အဖော်ကို ကြိုတင်ပြောထားသင့်ပါတယ်။ ဒါမျိုးက (၂) ဦး (၂) ဖက်သဘောတူမှ အဆင်ပြေနိုင်တာမို့ပါ။အားလုံးပဲ စိတ်လက်ပျော်ရွှင်စွာနဲ့ သာယာတဲ့လိင်မှုဘဝကို ဆောင်ရွက်ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် နိဂုံးချုပ်ချင်ပါတယ်။Dr. Htoo Tint။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/edging-for-premature-ejaculation/
ကိုဗစ် Antibody စစ်ပြီး အဖြေဖတ်နည်း
ကိုဗစ်ကနေ သက်သာလာပြီဆိုရင်Test kitလေးတွေနဲ့Antibody စစ်လေ့ရှိပါတယ်။ ဒီအခါမှာ Mတို့ Gတို့ ပေါ်ပြီ။ ဟိုဟာပေါ်ပြီ၊ ဒီဟာ မပေါ်သေးဘူး။ ခုခံအားက ရတာလား၊ မရတာလားဆိုပြီး ပြောကြပါတယ်။ ဒီအဖြေတွေက ဘာကို ပြောတာလဲ။ Test Kitနဲ့ စစ်ပြီး ဘာသိနိုင်မလဲဆိုတာ ပြောပြပေးပါ့မယ်။Mနဲ့ Gကို Immunoglobulin (Ig)လို့ ခေါ်ပါတယ်။ သူတို့နှစ်ခုအပါအဝင် ၅မျိုး ရှိပြီး ကိုဗစ်အတွက်တော့ ဒီနှစ်ခုလောက် သိရုံနဲ့ လုံလောက်ပါတယ်။ Test kitမှာCဆိုတာ Controlပါ။ Test kitက ကောင်းကောင်းအလုပ်လုပ်တယ်ဆိုရင် Cနေရာမှာ လိုင်းလေးပေါ်နေပါတယ်။ Cမှာမှ လိုင်းမပေါ်ရင် ဒီTest kitကို ဆက်မသုံးသင့်တော့ပါဘူး။Antibodyစစ်နည်းက အမျိုးမျိုးရှိပြီး Test Kitကတော့ အလွယ်ဆုံးနဲ့ အမြန်ဆုံးပါ။ လက်ထိပ်ကနေ သွေးဖောက်ပြီး စစ်ရုံပါပဲ။ Test Kitမှာပါတဲ့ အသုံးပြုနည်းကို သေသေချာချာ လိုက်နာမှ အဖြေမှန်ရမှာပါ။နောက်တစ်ခု အရေးကြီးတာက Test Kitအမျိုးအစားပါ။ FDAကနေ ပယ်ဖျက်ထားတဲ့ အမျိုးအစားတွေ အများကြီးရှိလို့ ဝယ်မယ်ဆိုဒီမှာအရင်စစ်ဆေးပြီးမှ ဝယ်စေချင်ပါတယ်။အလွယ်ပြောရရင် Mက အရင်ပေါ်ပါတယ်။ ကြာကြာ မခံပါဘူး။ G က နောက်ကျမှ ထွက်ပါတယ်။ ကြာကြာလည်း ခံပါတယ်။Ig Mက ပိုးဝင်ပြီး ၅ရက်ကနေ ၇ရောက်လောက်ဆို စထွက်ပါပြီ။ ၂ပတ်လောက်နေရင် အမြင့်ဆုံးကို ရောက်ပြီး ၃ပတ်လောက်ဆို မရှိသလောက် ဖြစ်သွားပါပြီ။ Ig Mစကျတဲ့အချိန် ၂ပတ်ကျော်လောက်ဆိုIg Gစထွက်လာပါပြီ။ အဲ့ကနေပြီး စထွက်လိုက်တာ ၂၈ရက်ကနေ ၃၅ရက်လောက်ထိ ဆက်တိုက်ထွက်ပါတယ်။ ပြီးရင်တော့ သွေးထဲမှာ အချိန်တစ်ခုကြာအောင် ရှိနေပါတယ်။သူဘယ်လောက်ကြာကြာခံမလဲဆိုတာကိုတော့ လေ့လာနေကြဆဲပါ။ ၃လ၊ ၆လ၊ ၈လ စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။Antibody စစ်မယ်ဆိုရင် ဒီအချက်တွေကို သတိထားသင့်ပါတယ်။–လက္ခဏာပြတဲ့ လူနာကို စစ်တာလား၊ လက္ခဏာ မပြတဲ့ လူနာကို စစ်တာလား။-လက္ခဏာပြပြီး ဘယ်နှရက်အကြာမှာ စစ်တာလဲ။–Ig M ပေါ်သလား၊ မပေါ်ဘူးလား။–Ig Gပေါ်လား၊ မပေါ်ဘူးလား။မကူးသေးတာ ဒါမှမဟုတ် ကူးပြီး Antibody မထွက်သေးတာ ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခုက ခွဲဖို့ ခက်ပါတယ်။ ဒါကြောင့် လက္ခဏာ ပြပြီး (လက္ခဏာ မပြတဲ့ လူနာတွေမှာ ထိတွေ့မှု ဖြစ်ပြီး) ၅ရက်ကနေ ၇ရက်လောက်နေမှ စစ်သင့်ပါတယ်။စစ်တဲ့ရက် စောနေလို့ မပေါ်သေးတာကို ရောဂါမရှိဘူးလို့ ထင်ပြီး လျှောက်သွားနေမယ်၊ သူများတွေနဲ့ နီးနီးကပ်ကပ် နေမယ်ဆိုရင် အကုန်ကူးကုန်မှာပါ။ နောက်ပြီး ဒီလို Cပဲပေါ်တာက မကူးသေးဘူးလို့ပဲ ပြောလို့ရပါတယ်။ ရောဂါပိုး မရှိဘူးလို့ ပြောလို့ မရဘူးဆိုတာ သိထားသင့်ပါတယ်။လူနာက ဘာလက္ခဏာမှ မရှိဘူးဆိုရင်တော့ အရင်က ကူးထားတာကနေ ကျန်သေးတာပါ။ လူနာကို အတိုင်းအတာတစ်ခုအထိ အကာအကွယ်ပေးနိုင်ပါတယ်။ခုမှ လက္ခဏာပြတာ၊ လက္ခဏာပြပြီး ၂ပတ်ကျော်မှ စစ်လို့ ပေါ်တာဆိုရင်တော့ ဒီတစ်ခေါက်ကူးတာကနေ ထွက်တာပါ။ဒါကတော့ လက်ရှိမှာ အကူးခံနေရတာကို ပြတာပါ။ ရောဂါဖြစ်တာအစောပိုင်း ဖြစ်တဲ့အတွက် Mပဲ ပေါ်သေးတာပါ။ Antibody ထွက်ပြီဆိုပြီး လျှောက်သွားလို့ မရသေးပါဘူး။ ပိုးဝင်ထားတာ မကြာသေးတဲ့အတွက် သူများကို ကူးနိုင်ခြေ ရှိပါတယ်။လက္ခဏာပြပြီး ၂ပတ်၊ ၃ပတ်လောက်နေရင် ထပ်စစ်ကြည့်လို့ Gပါပေါ်ပြီဆိုရင်တော့ လူနာက ခုခံအားကို အတိုင်းအတာ တစ်ခုအထိ ရသွားပါပြီ။ ဒါပေမယ့် အပြင်ထွက်မယ်ဆို ဒီ၂ချက်ကို စဉ်းစားပါ။-လက္ခဏာပြတာ သာမန်နဲ့ မပြင်းထန်လူနာတွေမှာ ၁၁ရက် ကျော်ပြီလား။ ခုရော ဖျားတာ၊ ချောင်းဆိုးတာတွေ ကျန်နေသးလား။-လက္ခဏာပြတာ ပြင်းထန်လူနာတွေမှာ ၂၁ရက်ကျော်ပြီလား။ ကိုဗစ်လက္ခဏာတွေ ကျန်နေသေးလား။ရက်ပြည့်ပြီ။ လက္ခဏာတွေ မရှိဘူးဆိုမှ အပြင်ပြန်ထွက်ပါ။ Antibody ပေါ်တိုင်း စိတ်ချလက်ချ အပြင်ထွက်လို့ မရပါ။ ဘာကြောင့်လဲဆိုတာ နောက်မှာ ဆက်ပြောပြပါမယ်။ဒါဆိုရင်တော့ ပိုးဝင်တာ ၂ပတ်နဲ့ ၃ပတ်ကြားလို့ ခန့်မှန်းလို့ရပါတယ်။ သိပ်မကြာခင်မှာ  Mပျောက်တော့မှာပါ။ Gကတော့ ဆက်ကျန်မှာပါ။ လူနာက ခုခံအား ရနေပါပြီ။ ဒါပေမယ့် ၁၁ရက် မပြည့်သေးရင်၊ ၁၁ရက် ပြည့်ပေမယ့် ဖျားတာ၊ ချောင်းဆိုးတာ ကျန်သေးရင် အိမ်မှာပဲ နေပါ။ သူများတွေနား မကပ်ရပါ။Antibodyကို Test Kitနဲ့ စစ်တာက။-ကိုဗစ်ကို လုံးဝခုခံနိုင်သွားပြီလား။ ဆိုလိုတာက ကိုဗစ်ထပ်မဖြစ်နိုင်တော့ဘူးလား။–သူများကို ကူးနိုင်သေးလားဆိုတာ မပြောနိုင်ပါဘူး။ဘာကြောင့်လည်းဆိုတော့ Test kitတွေက Antibodyပမာဏ လုံလောက်ရဲ့လား၊ ရောဂါကို တကယ်ကာကွယ်နိုင်တဲ့neutralizing antibodies တွေ ပါရဲ့လားကို မပြောနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါကို စစ်ချင်ရင် ဓာတ်ခွဲခန်းတွေမှာ စစ်မှ ရမှာပါ။–ကာကွယ်ဆေးထိုးပြီးရင်လည်း ဆေးအောင် မအောင်ကို ဒီTest kitနဲ့ စစ်လို့ မရပါဘူး။-Antibodyနဲ့ ရောဂါအခြေအနေနဲ့လည်း မဆိုင်ပါ။ Antibody ထွက်နေပေမယ့်အောက်ဆီဂျင် ရှူနေရတာတွေလည်း ရှိပါတယ်။ဒါဖြင့်ရင် Antibodyစစ်တာက ဘာပြောနိုင်လဲဆိုရင် တစ်ခုပါပဲ။ အရင်က ကူးထားဖူးလားဆိုတာလောက်ပဲ သိနိုင်တာ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/antibody-test-kit-igg-igm/
ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့
ဆီးချိုသွေးချို ရောဂါ ရှိနေတဲ့သူတွေမှာ သုံးမျိုးပဲရှိတယ် – အကြောက်လွန်တဲ့သူတွေရယ်၊ မကြောက်တတ်တဲ့သူတွေရယ်၊ ဆင်ခြင်ထိန်းသိမ်းတတ်သူတွေရယ်။ ဘယ်တစ်မျိုးက အသက်ရှည်ရှည်၊ သက်တမ်းစေ့ နေရမယ် ထင်ပါသလဲ။ ကိုယ်က ဘယ်အဖွဲ့ထဲ ပါဝင်နေလဲ ဆိုတာကို အရင်ဆုံး ပြန်ဆန်းစစ်ကြည့်လိုက်ပါဦး။ဒီဆောင်းပါးမှာတော့ အကြောက်လွန်သူနဲ့ မကြောက်တတ်သူတို့ရဲ့ အတွေးမှား တချို့ကို ဥပမာပေး ဖော်ပြလိုက်ပါတယ် –။ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီလို့ သိရတာနဲ့ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘာတွေဆင်ခြင်ရမယ်ဆိုတာ အခြေခံ၊ အကြမ်းဖျင်းလောက်တော့ ဆရာဝန်က ပြောပြပေးလိုက်မှာပါ။ နားမလည်တာရှိရင် မေးလို့ရပေမယ့် ကိုယ်ထင်ရာကို တွေးပြီးမဆုံးဖြတ်ဖို့၊ သူများပြောတိုင်းမယုံဖို့၊ ရမ်းမကုဖို့ အရေးကြီးပါတယ်။သွေးတွင်းသကြားဓာတ်ကို အတက်အကျ ထိန်းထားနိုင်ဖို့ ရောဂါအကြောင်းကို တတ်နိုသလောက်လေ့လာပါ၊ ရှာဖတ်ပါ၊ မေးမြန်းပါ။ ဆီးချိုထိန်းဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ မှန်ကန်အောင် သောက်ရမှာပါ။ ကိုယ်ထင်သလို တိုးသောက်၊ လျှော့သောက်လို့ မဖြစ်ပါဘူး။အစာစားချိန်မှန်ဖို့ သိပ်အရေးမကြီးဘူးထင်တာက အတွေးမှားတစ်ခုပေါ့။ အစာစားပြီးရင် အချိန်အတော်ကြာမှ နောက်တစ်ကြိမ်စားတာ(တစ်ခါတလေ အစာစားချိန်နောက်ကျတာ) ဟာသွေးတွင်းသကြားဓာတ် အတက်အကျ မတည်မငြိမ်ဖြစ်လာဖို့ များပါတယ်။ အစာမရှိတဲ့အခါ၊ ဆာလောင်နေတဲ့အခါ သွေးတွင်းသကြားဓာတ်က ကျဆင်းပြီး အစားစားချလိုက်တာနဲ့ ချက်ချင်းကိုသကြားဓာတ် ထိုးတက်သွားနိုင်ပါတယ်။အလုပ်ရှုပ်နေတာပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲရှိရှိ မနက်စာနဲ့နေ့လယ်စာပေါင်းစားတာမျိုး၊နေ့လယ်စာလွတ်သွားလို့ ညနေမှပဲစားလိုက်တော့မယ် ဆိုတာမျိုးက လိုအပ်တဲ့ကယ်လိုရီပမာဏကို မဖြည့်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်ပမာဏကို အတက်အကျဖြစ်စေနိုင်တယ်၊ လူကအားနည်းလာမယ်၊ ပင်ပန်းနုံးချိနေမယ်၊ တကယ်စားတဲ့အခါကျ အများကြီးပိုစားမိမယ် စတဲ့အကျိုးဆက်တွေရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အစားပျက်မခံဘဲ ပမာဏနည်းနည်းနဲ့ မကြာခဏစားတဲ့အကျင့်ကို လုပ်ပါ။ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်အဖြစ် ပြောင်းလဲသွားတဲ့အတွက် ဒါတွေကို လျှော့စားသင့်တယ်လို့ ထင်မှတ်ကြတာတွေ ရှိပါတယ်။ မဟုတ်ပါဘူး။ အဲဒီလိုလျှော့စားတဲ့အခါမှသာကာဗိုဟိုက်ဒရိတ်စားသုံးမှုတွေ နည်းပြီး အကျိုးပြုအာဟာရဓာတ်တွေကို မရလိုက်ဘဲ ရှိပါလိမ့်မယ်။ကာဗိုဟိုက်ဒရိတ်တိုင်းကို ရှောင်ရမှာ မဟုတ်တဲ့ အကြောင်းရယ်၊ ဘယ်ဟာတွေကို ပိုစားသင့်ပြီး ဘယ်ဟာတွေကို လျှော့စားသင့်လဲ ဆိုတာကို ဆီးချိုရှိသူတွေအနေနဲ့ သိထားသင့်ပါတယ်။ အမှန်က လုံးဝရှောင်တာထက် ပမာဏအတိုင်းအဆကို ချင့်ချိန်ဖို့သာ အဓိကဖြစ်ပါတယ်။အသီးအနှံတွေမှာ သကြားဓာတ်ပါလို့ ဆိုပြီးရှောင်ကြပါတယ်။ အသီးတွေမှာ သကြားဓာတ်ပါတာမှန်ပေမယ့် အချို့ကဲပြုပြင်ဖန်တီးထားတဲ့တခြားစားစရာတွေထက်တော့ ပမာဏနည်းပါတယ်။ အသီးအနှံတွေမှာ သကြားဓာတ်နဲ့အမျှင်ဓာတ်တွေပါဝင်ပါတယ်။ သွေးလည်ပတ်မှုထဲကို အသီးတွေဆီက သကြားဓာတ်ထွက်ရှိမှု နှေးကွေးစေဖို့ အမျှင်ဓာတ်က ကူညီပေးတာပါ။ ဒါ့ကြောင့် အချိုပြင်းလွန်းတဲ့အသီးတွေကလွဲလို့ တခြားအသီးအနှံတွေကို ဆီးချိုသမားတွေ တော်သင့်ရုံ စားလို့ရပါတယ်။စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေက သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုမကောင်းပါဘူး။ စိတ်ဖိစီးမှုတာရှည်နေရင်ဟော်မုန်းတွေပိုထွက်စေတာကြောင့် အင်ဆူလင်ရဲ့လုပ်ဆောင်ချက်တွေမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခြေအနေမှာ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တာနဲ့တရားထိုင်တာတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။ကိုယ်ကြိုက်တာတွေကို ရှောင်ပြီး တစ်ပတ်မှာ ခြောက်ရက်လောက် ချုပ်တည်းစားသောက်ခဲ့တာပဲ၊ ဒီတစ်ခါလေးပဲစားလိုက်မယ် ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးသင့်ပါဘူး။ အမြဲဆင်ခြင်နေရာကနေ သွေးချိုတက်စေမယ့်အရာတွေ အကြိုက်စားလိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ထိုးတက်သွားနိုင်ပါတယ်။ ဘယ်တော့မဆို ပမာဏမလွန်ကဲဖို့ သတိရှိပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/common-mistakes-diabetes-management/
မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့
မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ တစ်ခါတစ်ရံမှာ မျှော်လင့်ချက်ထားဖို့ ခက်နေတတ်တာမျိုး၊ မျှော်လင့်ချက်မထားနိုင်လောက်အောင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အလျှော့မပေးပါနဲ့။ မျှော်လင့်ချက်ထား ပါ။ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မျှော်လင့်ချက် မပျောက်ဆုံးပါစေနဲ့။ ဘာလို့ ဒီလိုပြောနေရတာလဲဆိုရင် မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရနေရပြီဆိုရင် သင် အရာရာကို ဆုံးရှုံးတော့မှာပါ။လောကမှာ မျှော်လင့်ချက်ကောင်းလေးတွေကို စိတ်ထဲစွဲမှတ်ပြီး ကြိုးစားနေမှ ဘဝတစ်သက်တာပျော်ရွှင်မှုနဲ့ ကျန်းမာမှုကို ရစေမှာဖြစ်တယ်လို့ လေ့လာချက်တွေကဆိုထားကြပါတယ်။ မျှော်လင့်ချက်ကင်းမဲ့သွားတာနဲ့ သင့်ရဲ့ ဘဝကြီးဟာ အရာရာ အဓိပ္ပာယ်မရှိတော့သလို ခံစားလာရပြီး စိတ်ရောလူပါ ချုံးချုံးကျ ကျရှုံးသွားပါလိမ့်မယ်။ဒါကြောင့် ဘာကြောင့်မှ မျှော်လင့်ချက်မမဲ့ပါစေနဲ့။ ဘယ်အခြေအနေမှာမဆို အကောင်းဘက်ကတွေးပြီး ဘာမဆိုဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကောင်းလေးတွေထားဖို့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ လူမှုဆက်ဆံရေးပညာရှင်တွေက တိုက်တွန်းကြတာပါ။ခုလို ကပ်ဘေးတွေ၊ အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့ လောကကြီးထဲမှာ အရာရာမျှော်လင့်ချက် ကင်းမဲ့နေပြီလို့ တွေးတောမိနေသူတွေ အမြောက်အများရှိနေပါတယ်။ မျှော်လင့်ချက် အလင်းရောင်လေးတစ်ခုကို ရှာဖွေနိုင်ဖို့တောင် ခက်ခဲနေကြသူတွေပေါ့။အကြံပေးချင်တာကတော့ မျှော်လင့်ချက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ မျှော်လင့်ချက်တွေကို ဆက်လက်ကိုင်စွဲထားပါ။ မျှော်လင့်ချက်ထား တာက သင်တို့ကို အသက်ပိုရှည်စေမှာဖြစ်သလို ပိုလည်း ကျန်းမာစေမှာဖြစ်တာကြောင့်ပါပဲ။ နောက်ပြီး မျှော်လင့်ချက်တွေကြောင့် ဆက်ကြိုးစားချင်စိတ်တွေရှိလာမှာမို့ ဘဝရှင်သန်ရပ်တည်မှုကိုလည်း အကျိုးရှိစေမှာမို့ပါ။ကပ်ဘေးတွေရဲ့ သက်ရောက်မှုတွေကြောင့် မျှော်လင့်ချက်တွေ နည်းပါးလာနေနိုင်ပါတယ်။ ဒါက လက်ရှိကာလမှာ လူတိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာလို့ ဆိုရမှာပါ။ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ တိုင်းရေးပြည်ရေးနဲ့ လူနေမှုဘဝနဲ့သက်ဆိုင်တဲ့ အကျပ်အတည်းတွေကို လူတိုင်း ရင်ဆိုင်နေရတယ်လို့ ဆိုနိုင်ပါရဲ့။ ဒါပေမယ့် လက်မလျှော့လိုက်ပါနဲ့။အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက်လေး ထားကြည့်ပါ။ ဒီအခက်အခဲတွေကို တနေ့မှာ ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာနေတဲ့ကိစ္စမဟုတ်လား။၂၀၁၉ ခုနှစ်တုန်းက အမေရိကန်မှာပြုလုပ်တဲ့ လေ့လာချက်အရဆိုရင် အကောင်းမြင်တတ်ပြီး မျှော်လင့်ချက်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားတတ်တဲ့လူတွေဟာ အသက် ၈၅ နှစ်ကျော်တဲ့အထိ အသက်ရှည်လေ့ရှိတယ်လို့ ဆိုပါတယ်။ဒါ့အပြင်သွေးတိုး၊ နှလုံး၊ အဝလွန်တာနဲ့ နာတာရှည်ဝေဒနာတွေ စွဲကပ်နိုင်ခြေလည်း နည်းပါတယ်လို့ ဆိုပါတယ်။ မျှော်လင့်ချက်ထားပြီး ကြိုးစားတတ်တဲ့လူတွေဟာ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း ကျော်ဖြတ်နိုင်ကြပါသေးတယ်။ ဒီလိုအကျိုးကျေးဇူးတွေရှိနေတာမို့ မျှော်လင့်ချက်ထားဖို့ တိုက်တွန်းနေရတာပါ။မျှော်လင့်ချက်တော့ ထားချင်ပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေ သိပ်ကိုများလွန်းနေတယ်။ ဘာကိုမှ မမျှော်လင့်ချင်တော့ပါဘူး (ဒါမှမဟုတ်) ဘာမှ မျှော်လင့်စရာမရှိတော့ပါဘူးလို့ တွေးမိတဲ့အချိန်တွေ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကြုံကြရမှာပါ။ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ကြုံဆုံလာရရင် အောက်က နည်းလမ်းလေး ၅ ခုနဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို ဆက်ပြီး ကိုင်စွဲထားကြည့်ပါ။ အကျိုးထူးပါလိမ့်မယ်။၁။ထိန်းချုပ်ပါ၊၊။နာမည်ကျော်စိတ်ကုထုံးပညာရှင် ရှိန်း လိုပက်ဇ်ရဲ့ အကြံပြုချက်အရဆိုရင် အနာဂတ်ဟာ လက်ရှိပစ္စုပ္ပန်ထက်ပိုပြီး ကောင်းမွန်နေလိမ့်မယ်ဆိုတဲ့ အတွေးမျိုးကို ခေါင်းထဲထည့်ထားပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်ပေးမယ်ဆိုရင် မျှော်လင့်ချက်လေးလည်း ဆက်ရှိနေမှာဖြစ်သလို တကယ်လည်း အကျိုးဖြစ်ထွန်းလာလိမ့်မယ်လို့ ဆိုထားပါတယ်။၂။ သတင်းကောင်းတွေ ရှာပါ၊၊။သတင်းဆိုးတွေ ဝန်းရံနေတဲ့ လောကထဲမှာ သတင်းကောင်းလေးတွေ ရှာဖွေကြည့်ရှုပါ။ အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေ၊ သတင်းစကားတွေကို ရှာဖွေဖတ်ရှုတွေးတောမယ်ဆိုရင် သင်ရဲ့ စိတ်ပင်ပန်းနေမှုကို သက်သာလျော့ပါးစေပါလိမ့်မယ်။ မျှော်လင့်ချက်ထား ရာမှာ သတင်းကောင်းတွေဟာ လူတွေကို မျှော်လင့်ချက် ကင်းမဲ့မသွားအောင်လည်း ကူညီပါလိမ့်မယ်။၃။ ကျေးဇူးသိပါ၊၊။သူတထူးရဲ့ ကျေးဇူးတရားကို အသိအမှတ်ပြု၊ နားလည်ပေးတတ်တဲ့ အကျင့်ကို အလေ့အကျင့်ထားပါ။ ဒီလို ကျေးဇူးသိတတ်သူတွေကို လူတွေက ချစ်မြတ်နိုးတတ်တာကြောင့် အခက်အခဲကြုံချိန်မှာ ပိုမိုကူညီပေးချင်ကြသလို အဲ့ဒီလို လူတွေရဲ့ လေးစားမှုကို ရရှိတာမို့ စိတ်ချမ်းမြေ့ရမှာဖြစ်ပါတယ်။၄။ ကံတရားကို အပြစ်ပုံချလိုက်ပါ၊၊။တစ်ခါတစ်လေမှာ ကံကို အပြစ်ပုံချတာကလည်း နည်းလမ်းကောင်းဖြစ်နေတတ်ပါတယ်။ ပါမောက္ခ မာတင် ဆီလစ်ဂ်မန်းရဲ့ “Learned Optimism” ဆိုတဲ့စာအုပ်ထဲမှာဆိုရင် အဆင်မပြေမှုတွေ ကြုံလာတိုင်း ကံကို အပြစ်ပုံချပြီး မျှော်လင့်ချက်ကင်းမဲ့မသွားအောင်နေထိုင်ဖို့ တိုက်တွန်းထားပါရဲ့။၅။ အကောင်းဆုံးတွေကို မျှော်တွေးပါ၊၊။အနာဂတ်မှာ ပိုကောင်းလာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာကိုင်စွဲထားဖို့လိုအပ်သလို တကယ်ကောင်းလာဖို့လည်း အစီအမံတွေ လက်တွေ့ကျကျပြုလုပ်ထားဖို့ တိုက်တွန်းပါရစေ။ မျှော်လင့်ချက်ကောင်းတွေ ထားရှိသလို၊ အကောင်အထည်ဖော်ဖို့ကလည်း အရေးကြီးတာမို့ပါ။ဒီနည်းလမ်း ၅ သွယ်က သင် မျှော်လင့်ချက် ကင်းမဲ့မသွားစေဖို့ ကူညီပေးပါလိမ့်မယ်။ မျှော်လင့်ချက်ကောင်းတွေ၊ အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေကို စွန့်လွှတ်မပစ်လိုက်ပါနဲ့။ တကယ် ကောင်းမွန်တဲ့ နေ့ရက်တွေကို သေချာပေါက် ကြုံဆုံရဦးမှာပါ။ ဒီနေ့ ကံမကောင်းသေးရင်တောင် နက်ဖြန်တော့ ကံကောင်းနိုင်တယ် မဟုတ်လား။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/how-hope-affects-your-health/
COVID-19 ကာကွယ်ဆေး ထိုးပြီးရင် ကလေးရပါဦးမလား.........
ကိုဗစ်ကာကွယ်ဆေးတွေလည်း ထွက်လာပြီ။ နိုင်ငံတိုင်းလိုလိုမှာ ကာကွယ်ဆေးတွေ ထိုးနှံပေးနေတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်လို့ ထွက်ပေါ်လာတဲ့ မေးခွန်းလေးတွေ ရှိနေပါတယ်။ ဒါကတော့COVID-19 ကာကွယ်ဆေးထိုးပြီးရင် ကလေးရပါဦးမလား……… ဆိုတာပါ။ဒီမေးခွန်းလေးရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်လား…….။ကိုဗစ်ကာကွယ်ဆေးကကလေးရရှိမှုကို ထိခိုက်စေတာမျိုး မရှိနိုင်ပါဘူး။ကိုယ်ဝန်ဆောင်ဖို့အစီအစဉ်ရှိသူတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံတာက အကောင်းဆုံး နည်းလမ်းတစ်ရပ်ပါ။ ဒါကြောင့်ကလေး မရမှာကို စိုးပြီးကာကွယ်ဆေး မထိုးဘဲ နေတာမျိုး မလုပ်သင့်သလို ကာကွယ်ဆေး ထိုးလိုက်လို့ဆိုပြီး ကလေး ယူဖို့ကို ရွှေ့ဆိုင်းတာမျိုး လုပ်ဖို့လည်း မလိုပါဘူး။ဒါပေမယ့် ကာကွယ်ဆေး ထိုးနှံပေးနေချိန်မှာ ပျံ့နှံ့လာတဲ့ သတင်းကအမျိုးသမီးတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးလိုက်တဲ့အခါကလေးရနိုင်ခြေကို ထိခိုက်သွားတယ်ဆိုတာပါ။ တကယ်ကတော့ ဒီသတင်းက မမှန်ပါဘူး။ Pfizer ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး ၂၃ ဦးဟာ အခုလက်ရှိမှာ ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်နေကြပါတယ်။ကာကွယ်ဆေးကို (၂) ကြိမ်လုံး ပြည့်မီအောင် ထိုးထားတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်နိုင်ကြပါတယ်။ COVID-19 ကာကွယ်ဆေးကြောင့် ကလေးရရှိမှုကို ထိခိုက်တယ် အထောက်အထား တစ်ခုမှ မတွေ့ရသေးပါဘူး။ ဒါကြောင့် ကလေးယူဖို့ ဆုံးဖြတ်ထားလို့ ဆိုပြီး ကာကွယ်ဆေး မထိုးတာမျိုး လုပ်ဖို့ မလိုပါဘူး။နောက်တစ်ချက်ကကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အခြားသူတွေထက် ပိုဖျားနာလွယ်တာကြောင့် ကိုယ်ဝန် မဆောင်ခင်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံလိုက်တာက အကောင်းဆုံး ဖြစ်မှာပါ။အမျိုးသမီးတွေမှာ COVID-19 ကာကွယ်ဆေး ထိုးတာက ကလေးရရှိမှုကို မထိခိုက်ဘူးဆိုတော့အမျိုးသားတွေမှာရောလို့ မေးစရာ ရှိနိုင်ပါတယ်။ကိုဗစ်ကာကွယ်ဆေးက အမျိုးသမီးတွေရဲ့ ကလေးရရှိမှုကို အဟန့်အတား မဖြစ်သလို အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း အပေါ်မှာလည်း သက်ရောက်မှု မရှိပါဘူး။ကိုဗစ်ကာကွယ်ဆေးက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်မှု မရှိစေပေမယ့်ကိုဗစ်ဗိုင်းရပ်စ်ကတော့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ ကိုဗစ်ဗိုင်းရပ်စ်ကအမျိုးသားတွေရဲ့ မျိုးပွားမှုစနစ်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။ကိုဗစ်ဗိုင်းရပ်စ်က အမျိုးသားတွေရဲ့မျိုးပွားအင်္ဂါလုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေနိုင်သလို သုက်ပိုးထုတ်လုပ်နိုင်စွမ်း နဲ့ မျိုးအောင်နိုင်စွမ်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေး အမျိုးသားတွေအနေနဲ့ ဖခင်ဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကာကွယ်ဆေး ထိုးနှံထားတာက အကောင်းဆုံးပါ။ကာကွယ်ဆေးက မျိုးအောင်နိုင်စွမ်းကို မထိခိုက်ပါဘူး။ ကိုဗစ်ဗိုင်းရပ်စ်ကသာ ထိခိုက်စေမှာပါ။ဖေဖေ၊ မေမေဖြစ်ဖို့ ဆန္ဒရှိသူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံထားတာက အကောင်းဆုံးသော အချက်တစ်ခုပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/will-the-covid-19-vaccine-affect-my-fertility/
ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့......
ကိုယ်ဝန်ဆောင်ချိန်မှာအာဟာရပြည့်ဝအောင်စားသုံးဖို့ လိုအပ်သလိုအိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါမယ်။ ဒါပေမယ့် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်က သက်သောင့်သက်သာ မဖြစ်တာကြောင့် အိပ်ဖို့ ခက်လာပါတယ်။ ကိုယ်ဝန်အတွက် စိုးရိမ်ရတာ၊ စိတ်လှုပ်ရှားရတာတွေလည်း ပါတာပေါ့။ ဒါဆို မေးစရာ ရှိနိုင်တာက ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့…… ဆိုတာပေါ့။အစားအသောက်တွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကလည်း ကိုယ်ဝန်ဆောင်မေမေ အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီတော့ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်ပြီး မေမေရောဘေဘီလေးပါ ကျန်းမာစေဖို့ စားပေးသင့်တာလေးတွေကို ပြောပြပေးပါမယ်။ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ဆိုရင် နေ့စဉ် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။ရေကတော့ နေ့တိုင်း သောက်ဖြစ်တာပဲလေ ဒါပေမယ့် အိပ်မပျော်တာက မပျော်တာဘဲလို့ တွေးနေတာလား။ရေဓာတ်ပြည့်ဝမှုက ကျန်းမာရေးပေါ်မှာရောအိပ်စက်မှုအပေါ်မှာပါ အများကြီး သက်ရောက်နေပါတယ်။ရေဓာတ် မပြည့်ဝမှုက ခြေထောက်တွေကို ကြွက်တက်စေနိုင်သလို ‌ခေါင်းကိုက်တာကိုလည်း စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ လိုအပ်တဲ့ ရေပမာဏက ပိုများနိုင်ပါတယ်။ရေဓာတ် ပြည့်ဝမှုက မေမေ့ကို ကျန်းမာစေနိုင်သလိုဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ညဘက် အိပ်ပျော်စေဖို့ဆိုရင် ရေများများသောက်ပေးလို့ရသလို ရေဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးလို့ရပါတယ်။ ဒါပေမယ့် အိပ်ခါနီးအချိန်နဲ့ ကပ်ပြီး ရေအများကြီးသောက်တာမျိုးတော့ ရှောင်ရပါမယ်။ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ အိပ်ရာဝင်ခါနီးမှာ နွားနို့ ပူပူ တစ်ခွက်သောက်တာကဦးနှောက်ကို အိပ်ပျော်စေတဲ့ ဟော်မုန်း မယ်လ်လာတိုနင် ထုတ်လွှတ်ဖို့ ကူညီပေးပါတယ်။နွားနို့ နဲ့ဒိန်ချဉ်မှာပါတဲ့ ကယ်လ်ဆီယမ်က မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးရဲ့ အရိုးဖွဲ့စည်းမှုအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို မေမေ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကယ်လ်ဆီယမ်ကနေ ရယူရတာမျိုး မဖြစ်မှာပါ။လေ့လာမှုတွေအရ ထမင်းဖြူက  glycemic index ပါဝင်မှု မြင့်တာကြောင့် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ Jasmine rice က ပိုပြီး မြန်မြန် အိပ်ပျော်စေနိုင်ပါတယ်။ငှက်ပျောသီးကသဘာဝ အိပ်ဆေးတစ်မျိုးပါ။ ငှက်ပျော်သီးမှာ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေတာကြောင့်ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ အိပ်ပျော်စေတဲ့ဟော်မုန်း မယ်လ်လာတိုနင်ကို ထုတ်လွှတ်အောင် လှုံ့ဆော်ပေးတဲ့အမိုင်နိုအက်ဆစ်tryptophan ကို ထုတ်လွှတ်ပေးပါတယ်။ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ညဘက်အိပ်ပျော်စေဖို့ဆိုရင် ငှက်ပျောသီး စားပေးလို့ ရပါတယ်။သစ်ကြားသီးမှာ tryptophan လို့ခေါ်တဲ့ အိပ်ပျော်စေတဲ့ ဟော်မုန်းဖြစ်တဲ့ မယ်လ်လာတိုနင်ကို ထုတ်လွှတ်အောင် လှုံ့ဆော်ပေးတဲ့ အမိုင်နိုအက်ဆစ် ပါဝင်နေပါတယ်။ ဒါ့ပြင် Omega-3 essential fatty acids ပါဝင်နေတာကြောင့် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။အစိမ်းရင့်ရောင် ရှိတဲ့ ကိုက်လန်က ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်သလို မေမေတို့ အိပ်မပျော်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ကိုက်လန်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို သံဓာတ်၊ ဖောလိတ်တို့ ပါဝင်နေတာကြောင့်ကိုယ်ခံအားကို ကောင်းစေပြီးအစာခြေစနစ်ကို အားဖြည့်ပေးပါတယ်။ချာမိုမိုင်း ရေနွေးကြမ်း နွေးနွေးလေးကို အိပ်ရာမဝင်ခင် သောက်သုံးပေးတာက စိတ်ကို တည်ငြိမ်စေပြီး အာရုံကြောတွေကို ပြေလျော့စေတာကြောင့် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ဘယ်ရီသီးတွေက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ အသီးတွေက ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/what-to-eat-when-pregnant-for-a-good-nights-sleep/
နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ
လူအများစုဟာနေ့လယ်စာစားပြီးချိန်တွေမှာ ငိုက်မြည်းလာတတ်ကြတယ်။အိပ်ချင်လာတယ်ပေါ့။ မကြာခဏ ဒီလိုဖြစ်တတ်ပေမယ့် ဒါဘာကြောင့် ဖြစ်ရတာလဲဆိုတာကိုတော့ တိတိပပသိကြတာမျိုးမရှိကြပါဘူး။ ရိုးရာယူဆချက်တွေအရဆိုရင်တော့ ထမင်းဆိပ်တက်တယ်ပေါ့။တကယ်တော့ နေ့လယ်စာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တာဟာ သဘာဝအစာခြေစနစ်လုပ်ငန်းစဉ်နဲ့ အိပ်စက်မှုလုပ်ငန်းစဉ်က ဆက်စပ်နေတာကြောင့်ပါပဲ။ ပြောရရင် သဘာဝဖြစ်စဉ်တစ်ခုလို့ ဆိုမယ်ဆို ဆိုလို့ရပါတယ်။ဒါပေမယ့်လည်း ဒါကြောင့်ချည်းတော့ နေ့တိုင်း အိပ်ချင်စိတ်ပေါ်နေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်စားလိုက်တဲ့အစားအစာကြောင့်လည်း အိပ်ချင်စိတ်ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ကိုယ်မှီဝဲစားသုံးလိုက်တဲ့ အစားအစာက ပင်ပန်းနွမ်းနယ်စေပြီး အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတာပါ။ ဒါကိုPostprandialSomnolence လို့ ခေါ်ပါတယ်။နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ ဆိုတော့ လေ့လာချက်တွေအရဆိုရင်တော့ နေ့လယ်စာစားပြီးချိန်တွေမှာ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်တဲ့။ ဘာတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။အစားအစာအများစုမှာ ပါဝင်နေတဲ့ကာဘိုဟိုက်ဒြိတ်နဲ့ ပရိုတိန်းတွေက လူကို ပင်ပန်းစေနိုင်ပါတယ်။ တခြားအစားအစာတွေထက်စာရင် ကာဘိုဟိုက်ဒြိတ်နဲ့ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေကို စားသောက်ပြီးချိန်မှာ အိပ်ချင်စိတ်ပိုဖြစ်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒီအစားအစာတွေကို စားသောက်ပြီးတဲ့အခါ ခန္ဓာကိုယ်က ဆီုရိုတိုနင် (Serotonin) ကို ပိုမိုထုတ်လုပ်ရတာကြောင့် ပိုပင်ပန်းတာဖြစ်တယ်လို့ ဆိုထားပါတယ်။ဆီရိုတိုနင်ဟာ အိပ်စက်မှုအတွက် အရေးပါတဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်တာကြောင့်ပါပဲ။ ဒါ့အပြင် ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေမှာ ပါရှိတဲ့ Tryptophan ဆိုတဲ့Amino Acidကလည်း ဆီရိုတိုနင်ကို ပိုပြီးထုတ်လုပ်ဖြစ်အောင် ကူညီတတ်ပါသေးတယ်။ ဒါကြောင့် Tryptophan များများပါလေလေ ပိုအိပ်ချင်လေလေပါပဲ။ Tryptophan အများအပြားပါဝင်တဲ့ အစားအစာတွေကတော့။အောက်ပါအစားအစာတွေကတော့ ကာဘိုဟိုက်ဒြိတ် ပါဝင်မှုများပြားတဲ့ အစားအစာတွေပါ။အစားအသောက်ကြောင့် Postprandial Somnolence ဖြစ်လာဖို့ဆိုရင် အစားအသောက်ပမာဏ အများကြီးမှီဝဲစားသောက်တာနဲ့ဆက်စပ်နေတတ်ပါတယ်။ နေ့ခင်းနေ့လယ်စာကို အများကြီးမှီဝဲမိရင် အိပ်ချင်စိတ်ပိုဖြစ်တတ်တာကို သတိထားမိကြမှာပါ။ နောက်ပြီး အစာစားလိုက်တဲ့အခါ သွေးအတွင်းကသကြားဓာတ်ပမာဏမြင့်တက်သွားတာကလည်း အိပ်ချင်စိတ်ကို ဖြစ်စေဖို့ အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ သဘာဝလည်ပတ်မှုစနစ်က အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်ခြင်းရှိမရှိဆိုတဲ့ အချက်ပေါ်မှာ သက်ရောက်ပါတယ်။ လူတွေဟာ ည ၂ နာရီ နဲ့ နေ့လယ် ၂ နာရီလောက်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တတ်တဲ့သဘာဝရှိတယ်လို့ အမေရိကန်အခြေစိုက် The National Sleep Foundation က ဆိုထားပါတယ်။ ဒါကြောင့် နေ့ခင်းနေ့လယ်မှ တရေးတမောအိပ်စက်ဖို့ သူတို့က အကြံပြုထားတာပါ။ နေ့လယ်စာစားလိုက်လို့ အိပ်ချင်စိတ်ပေါ်လာတာနဲ့ နေ့လယ် ၂ နာရီလောက်ဆိုရင် အိပ်ချင်စိတ်ဖြစ်တတ်တဲ့ လူသဘာဝတို့ပေါင်းစပ်ပြီး နေ့ခင်းနေ့လယ်ဆိုရင် လူတွေငိုက်မြည်းကြတာဖြစ်ပါတယ်။အောက်ပါကျန်းမာရေးပြဿနာတွေကြောင့်လည်း အစာစားပြီးချိန်တွေမှာ အိပ်ချင်တတ်ပါတယ်။အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ တခြားသော အကြောင်းတရားတွေ ရှိပါသေးတယ်။ ဒါတွေကတော့။အမှန်တော့ ဒါကသဘာဝဖြစ်စဉ်လို့ ပြောလို့ရနိုင်ပါတယ်။ ထွေထွေထူးထူးတာနေတာမျိုးထက် အချိန်ရလို့ တရေးတမော အနားယူလိုက်မယ်ဆိုရင် လူလည်း ပိုပြီး အားအင်ပြည့်ဖြိုးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ လုပ်ငန်းခွင်ထဲမှာမို့၊ အလုပ်ရှိနေလို့ ဒီလို အိပ်ချင်လို့မဖြစ်ဘူးဆိုရင်တော့ အောက်ပါအတိုင်း ကြိုးစားကြည့်ပါ။ဒီနည်းလမ်းတွေက အစာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တာကို တားဆီးပေးနိုင်ပါလိမ့်မယ်။ နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ ဆိုတာကို သိသွားပြီ ထင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/tips-to-control-sleepiness-after-lunch/
စိတ်ထင်တိုင်း မသောက်သင့်တဲ့ 'ကြာဆေး'တွေ
ပုံမှန်အားဖြင့် ကိစ္စတခုခုကို ဆောင်ရွက်ရတဲ့အခါ နှောင့်နှေးကြန့်ကြာတာကို လူတွေမကြိုက်ကြပေမယ့် ကြာလေပိုကြိုက်လေဆိုတဲ့ ကိစ္စတခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အားလုံး သိကြတဲ့အတိုင်းချစ်မှုရေးရာလိင်ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အစားအသောက်၊ အနေအထိုင်၊ လေ့ကျင့်မှု စတာတွေ အများကြီးနဲ့ သက်ဆိုင်ပေမယ့် အလွယ်ကူဆုံး နည်းလမ်းဖြစ်တဲ့ ‘ကြာဆေး’တွေ သုံးစွဲခြင်းကို လူအများစုက ရွေးချယ်လိုက်ကြပါတော့တယ်။ယေဘုယျအားဖြင့် ဒီလိုဆေးတွေဟာ ဆရာဝန်ဆေးစာပါမှ ဝယ်ယူခွင့်ရှိတဲ့ ဆေးတွေဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ကြိုက်တဲ့လမ်းဘေးဆေးဆိုင်မှာ အလွယ်တကူ ပျော်ပျော်ကြီး ဝယ်လို့ရပါတယ်။ ဒီလိုဝယ်ယူနိုင်ခြင်းကြောင့်နောက်ဆက်တွဲဆိုးကျိုးတွေများစွာ ဖြစ်ပေါ်လာရပါတယ်။ ဘယ်လိုမျိုး ဆိုးကျိုးတွေ ပေါ်ပေါက်လာသလဲဆိုတာကို ကြည့်လိုက်ကြရအောင်။‘ကြာဆေး’တွေ ကို စိတ်ထင်တိုင်း မသောက်ပါနဲ့လို့ ပြောရတာက။ဒီဆေးတွေရဲ့ ဆိုးကျိုးအကြောင်း မပြောခင် သူတို့တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ဦးဆုံးပြောဖို့ လိုပါလိမ့်မယ်။ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံမှာ ရှိတဲ့ တစ်ရှူးတွေဆီကို သွေးများများရောက်ဖို့ လိုပါတယ်။ ဒီဆေးတွေဟာသွေးကြောတွေကို ကျယ်စေခြင်းအားဖြင့် လိင်တံဆီ သွေးများများ ရောက်စေပါတယ်။ ဒါပေမယ့် ပြဿနာက ဆေးရဲ့အာနိသင်ဟာ လိင်တံဆီသွားတဲ့ သွေးကြောတွေကိုသာမက ခန္ဓာကိုယ်တခုလုံးမှာ ရှိတဲ့ သွေးကြောတွေကို ကျယ်စေပါတယ်။ ဒီမှာ ဇာတ်လမ်း စ ပါတယ်။ဗိုင်ယာဂရာ၊ ဆီဒီရာ၊ ကာဗာတာ၊ မက်စ်မိတ် အစရှိတဲ့ နာမည်အမျိုးမျိုးနဲ့ ဝယ်ယူရရှိနိုင်တဲ့ ဆေးတွေဟာSildenafil၅၀ မီလီဂရမ်၊ ၁၀၀ မီလီဂရမ် စသဖြင့် အစားစားပါဝင်ပြီး သင့်ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို ကျယ်စေတာမို့ သွေးပေါင်ချိန်ကိုပါ ကျသွားစေပါတယ်။သွေးပေါင်ချိန် အလွန်အကျွံကျဆင်းရင် သင်သတိလစ်သွားနိုင်ပြီး ဦးနှောက်ဆီသွားတဲ့ သွေးကြောတွေမှာပါ သွေးပေါင်ချိန် အလွန်အမင်း ကျဆင်းလို့ ဦးနှောက်ဆီ အောက်ဆီဂျင် မရောက်တော့ဘူးဆိုရင် လေးငါးမိနစ်အတွင်းမှာကို သင်သေသွားနိုင်ပါတယ်။အသက်အရွယ်ကြီးရင့်သူတွေ၊ အခြားသော ဆေးဝါးများ သုံးစွဲနေရသူတွေမှာ ပိုအန္တရာယ်ရှိပါတယ်။ ဥပမာ ရင်ဘတ်အောင့်ဝေဒနာကြောင့် နိုက်ထရိတ်ဆေးဝါးတမျိုးမျိုး သုံးစွဲနေရသူတွေမှာ ‘ကြာဆေး’ရဲ့ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်အများဆုံးပါပဲ။ ဘာလို့လဲဆိုတော့ နိုက်ထရိတ်ဆေးတွေရဲ့ အာနိသင်ကလည်း သွေးကြောတွေကို ကျယ်စေတဲ့အတွက် ဖြစ်ပါတယ်။ဒါကြောင့် ဒီနေရာမှာ ဆရာဝန်ရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဒီဆေးတွေကို ဆရာဝန်ဆေးစာနဲ့မှ ဘာလို့ရောင်းရတာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေပါပဲ။ ဗိုင်ယာဂရာကဲ့သို့သော ဆေးတွေကို သုံးစွဲတော့မယ်ဆိုရင်သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ ရောဂါတွေ ရှိမနေဖို့ လိုအပ်သလို အထက်မှာဖော်ပြခဲ့တဲ့ နိုက်ထရိတ်လိုဆေးမျိုးကို သုံးစွဲနေသူ မဟုတ်ဖို့လည်း အထူးလိုအပ်ပါတယ်။ဆရာဝန်က ဒီအခြေအနေတွေကို စမ်းသပ်စစ်ဆေး အဖြေရှာပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ရောဂါတွေရှိနေပေမယ့် ‘ကြာဆေး’တွေကို အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ သုံးစွဲရတော့မယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ဆရာဝန်က ကူညီလမ်းညွှန်ပေးပါလိမ့်မယ်။ ဆေးပမာဏကို ချိန်ဆပေးပါလိမ့်မယ်။ ကိုယ့်ဖာသာ ဆေးဆိုင်က စိတ်ထင်သလို ဝယ်သောက်ရင် အသက်အန္တရာယ်နဲ့ အင်မတန် နီးစပ်ပါတယ်။အများစုက လိင်တံမထောင်မတ်နိုင်ရင်၊ ကြာကြာမထိန်းနိုင်ရင် ဆေးနဲ့ပဲ အလွယ်ဖြေရှင်းလေ့ရှိပါတယ်။ ဒါက အမြဲတမ်းတော့ အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပန်းသေပန်းညှိုးခြင်း (လိင်တံလုံးဝ/ကောင်းစွာ မထောင်မတ်နိုင်ခြင်း)ဟာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နေနိုင်ပါသေးတယ်။ ဒါဟာလည်း အရေးကြီးတဲ့ အချက်တချက်ပါ။ဗြိတိန်နိုင်ငံမှာ ၂၀၁၃ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတခုအရ နှလုံးရုတ်တရက် ထိခိုက်ခြင်း ဒါမှမဟုတ်လေဖြတ်ခြင်း ဝေဒနာမခံစားရမီ ၃ – ၅ နှစ်အတွင်းမှာ ပန်းသေပန်းညှိုး ဖြစ်လာတတ်တယ်လို့ သိရပါတယ်။ဘာလို့လဲဆိုတော့ သင့်လိင်တံဆီသွားတဲ့ သွေးကြောတွေမှာ နှလုံးသွေးကြောတွေထက် ၂ – ၄ ဆလောက်ထိ ပိုသေးငယ်တာမို့ သွေးကြောကျဉ်း၊သွေးကြောပိတ်တဲ့ ပြဿနာကို ဦးစွာခံစားရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နှလုံးဆီသွားတဲ့ သွေးကြောအကြီးတွေပါ ပြဿနာတက်လာပြီး လေဖြတ်တာ၊ရုတ်တရက် နှလုံးရပ်တာမျိုး ဖြစ်ပေါ်လာပါတယ်။‘ကြာဆေး’ကို သုံးစွဲကြသူ အမျိုးကောင်းသားတွေဟာ အမှန်တကယ် စိတ်သွားတိုင်း ကိုယ်မပါဖြစ်တာကြောင့် သုံးစွဲကြသူတွေရှိသလို ပို’ကဲ’ချင်လို့ သုံးစွဲကြသူတွေလည်း ဒုနဲ့ဒေးပါ။အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ အခန့်မသင့်ရင် အသက်ပါ ပါသွားနိုင်တဲ့အပြင် ပန်းသေပန်းညှိုးခြင်းဟာလည်း နှလုံးပြဿနာတခုခုကို ကြိုတင်ညွှန်းဆိုနေတဲ့ နိမိတ်ပြလက္ခဏာတခု ဖြစ်နေနိုင်တာမို့ ဒီဆေးတွေကို သုံးစွဲကြတော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲတာ အကောင်းဆုံး ဖြစ်ပါကြောင်း မျှဝေလိုက်ရပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/dont-drink-restricted-drugs/
နှလုံးရပ်ခြင်းလက္ခဏာများနှင့် အရေးပေါ် အသက်ကယ်နည်း
သင်သည် သင့်အကြောင်းကိစ္စတစ်ခုခုကိုတွေးရင်း လမ်းလျှောက်လာသည် ဆိုပါစို့။ ထိုအချိန်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး မိမိရင်ဘတ်ကိုဖိပြီး မျက်လုံးအပေါ်လန်ကာ ပါးစပ်ဟ၍ အသက်ခက်ခက်ခဲခဲ ရှူနေသည်ကို သင်တွေ့လိုက်ပါပြီတဲ့။ မိနစ်အနည်းငယ် မကြာမီတွင် ထိုသူသည် မြေပြင်ပေါ်သို့လဲကျ သွားမည်။ ထိုအခါ ဆေးရုံကားကို လျှင်မြန်စွာ ခေါ်ပြီးနောက် သင်ဘာဆက်လုပ်မလဲ။နှလုံးရပ်သွားသော လူတစ်ယောက်အတွက် စက္ကန့်တိုင်း သည် အရေးကြီးသောကြောင့် အချိန် နောက်ကျသည်နှင့်အမျှ အသက်ရှင်ရန် အခွင့်အရေး နည်းပါးသည်။ ထို့ကြောင့် လူနာ၏အခြေအနေကို ဖော်ပြသော လက္ခဏာ များကို သတိထားခြင်းသည် အသုံးဝင်ပါသည်။ နှလုံးခုန် ရုတ်တရက်ရပ်သွားလျှင် ကိုယ်တွင်းအင်္ဂါများသို့ို သွေးနှင့် အောက်ဆီဂျင် မရောက်နိုင်တော့သောကြောင့် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရန်ခက်ခဲ ခြင်း၊ မူးမေ့လဲခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ ခြေလက်များ ပျော့ခွေသွားခြင်းများ ဖြစ်နိုင်သည်။ ထိုသူ၏ နှလုံးခုန်နှုန်းကို စမ်းကြည့်လျှင် သွေးခုန်နှုန်း မြန်နေပါလိမ့်မည်။ သွေးခုန်နှုန်း မစမ်းမိသောအခြေအနေရောက်လျှင် လူနာသည် မြေပြင်ပေါ်သို့လဲကျပြီး သတိလစ်သွားပါလိမ့်မည်။ ထိုအခြေအနေများကို သတိပြုမိခြင်းဖြင့် အရေးပေါ်ကုသမှုများကို လျှင်မြန်စွာလုပ်ဆောင်နိုင်ပြီး ထိုသူ၏ အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။ နောက် တွင် ဆက်လုပ်ရမည့်အဆင့်များကို အောက်တွင်ဖော်ပြထားသည်။အဆင့် ၁ ။ဆေးရုံကားခေါ်ပါ။နှလုံးရပ်ခြင်းသည် ကျွမ်းကျင်သူ အကူအညီကို လိုအပ်သောအခြေအနေ ဖြစ်သည်။အဆင့် ၂ ။တစ်စုံတယောက်ကို Automated external defibrillator (AED) အော်တို နှလုံးနှိုးစက်ကို ရှာခိုင်းပါ။အကယ်၍ သင်တစ်ယောက်တည်းဆိုလျှင် ထိုအဆင့်ကို ကျော်နိုင်ပါသည်။ AED စက်သည် နှလုံးစည်းချက်ကို ပုံမှန်သို့ ပြန်ရောက်အောင် ပြုလုပ်နိုင်ပါသည်။ သို့သော်လည်း စက်ရှာနေ၍ လူကို ၃မိနစ်လောက် ဘာမျှမလုပ်ဘဲထားခြင်းသည် ကောင်းသောအကြံဉာဏ်တော့ မဟုတ်ပါဘူး။ ထို့ပြင် AED စက်ကို အသုံးပြုနိုင်ရန် လေ့ကျင့်ထားသင့်ပါသည်။ သို့မဟုတ်ပါက အရေးပေါ်အသက်ကယ်ဆယ်နည်း ကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။အဆင့် ၃ ။အရေးပေါ်အသက်ကယ်ဆယ်ခြင်း (CPR)သည် လူတစ်ယောက် အသက်ကို ကယ်တင် နိုင်သော ရှေးဦးသူနာပြုနည်းလမ်း ဖြစ်ပါသည်။ အရေး ပေါ်အသက်ကယ်နည်း(CPR) နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ လေမှုတ်သွင်းခြင်းပါဝင်သော စံအသက်ကယ်ဆယ်နည်း (standard CPR) ဖြစ်ပြီး နောက်တစ်မျိုးမှာ ရင်ဘတ်ကို ဖိခြင်းသာပါဝင်ပြီး လေမှုတ်သွင်းခြင်း မပါဝင်ပါဘူး။ အကယ်၍ သင်သည် စံအသက်ကယ်ဆယ်နည်း ကို လေ့ကျင့်ထားသူဆိုလျှင် တုံ့နှေးခြင်းမရှိဘဲ လုပ်ဆောင်ပါ။ အကယ်၍ မလေ့ကျင့်ဖူးသူဆိုလျှင် လူနာ၏ခန္ဓါကိုယ်ကို မြေပြင်ပေါ်တွင် လဲလျောင်းပါ။ လေလမ်းကြောင်းရှင်းစေရန် ဦးခေါင်းကို အနည်းငယ်မော့ပါ။ ထို့နောက် ရင်ဘတ်ဖိပါ။ လူနာအသက်ရှူနိုင်ရန်နှင့် ခန္ဓါကိုယ် တစ်ခုလုံးသွေး ရောက်နိုင်ရန် အရေးပေါ် အသက်ကယ်နည်းက ကူညီပါလိမ့်မည်။ ရင်ဘတ်ဖိခြင်းကို အော်တိုနှလုံးနှိုးစက်ရသည်အထိ (သို့) ကျွမ်းကျင်ပညာရှင် ရောက်လာသည် အထိ လုပ်ဆောင်ပါ။အကယ်၍ CPR အရေးပေါ် အသက်ကယ်ဆယ်ခြင်းဟာ လူကို ထိခိုက်စေမှာကို စိုးရိမ်နေလျှင် သင်မှားနေပါပြီ။ CPR သည် နံရိုးကျိုး စေနိုင်သည်မှာ မှန်သော်လည်း သင်သာအချိန်မီ CPR လုပ်နိုင်လျှင် လူအသက်ကို ကယ်တင်နိုင်ပါသည်။ စက္ကန့်တိုင်းသည် အဖိုးတန်သည်ကို သတိရပါ။ မတုံ့ နှေးနေပါနှင့်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac%e1%80%99%e1%80%bb/
ကလေးကို တစ်ကိုယ်ရည်သန့်ရှင်းစေရန်နည်းလမ်းတွေ ဘယ်လိုသင်ပေးမလဲ
ကလေးများကျန်းမာစေရေးနှင့် ရောဂါပိုးမွှားများကင်းရှင်းစေ ရန်တစ်ကိုယ်ရည်သန့်ရှင်းရေးသည်အလွန်အရေးပါပါတယ်။ ကလေးငယ်များသည်သန့်ရှင်းရေးနှင့်ပတ်သက်၍ဗဟုသုတ များမရှိခြင်းကြောင့်မိဘများက ကလေးများကိုငယ်စဉ်ကပင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်သင်ကြားပေးသင့်ပါ တယ်။လက်ဆေးခြင်းသည်ရောဂါပိုးမွှားများပျံ့ပွားခြင်းကိုထိရောက် စွာကာကွယ်နိုင်သောကြောင့်အရေးကြီးပါတယ်။ ဒါကြောင့် ကလေးများအား ကစားပြီးချိန်၊ အိမ်သာတက်ပြီးချိန်၊ အစာမ စားမီနှင့် စားပြီးချိန်တွင်လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်၂၀ခန့်ဆေးခိုင်းပါ။ဆပ်ပြာနှင့်ရေမရလျှင် အရက်ပြန် ပါဝင်သောရေမလိုသည့်hand sanitizerကိုသုံးနိုင်ပါတယ်။ သို့သော်လည်းhand sanitizerသည် ရောဂါပိုးမွှားများအား လုံးကိုမဖယ်ရှားနိုင်ဘဲ လက်ညစ်ပေသောအခါမျိုးတွင်လည်း ဆပ်ပြာ၊ရေနှင့်ဆေးခြင်းလောက်မထိရောက်ပါဘူး။ကလေး များကိုလက်သည်းကြားရှိအညစ်အကြေးများကိုသေချာစွာ ဆေးကြောရန်၊ လက်ကိုအနည်းဆုံးစက္ကန့်၂၀ဆေးကြောရန် သတိပေးပါ။ကလေးများကိုသွားတိုက်ခြင်း၊ သွားကြားထဲရှိအညစ်အ ကြေးများကိုဖယ်ရှားခြင်းအလေ့အထကိုသင်ပေးသင့်ပါ တယ်။ သွားတိုက်ချိန် ၃မိနစ်သည်အသင့်တော်ဆုံးအချိန် ဖြစ်သည်ဟုသွားဆရာဝန်များကဆိုကြသည်။ သွားတိုက်ချိန် တွင်၃မိနစ်စာသီချင်းဆိုခြင်းဖြင့်ကလေးငယ်များပျော်ရွှင်နိုင်ပါ တယ်။ တခါတရံတွင်သူတို့ကြိုက်နှစ်သက်သောသွားပွတ်တံ၊ သွားတိုက်ဆေးများကလည်းကလေးများသွားမှန်မှန်တိုက်ရန် အထောက်အကူပြုနိုင်ပါတယ်။နှာချေ၊ ချောင်းဆိုးခြင်းသည်ရောဂါပိုးမွှားများကိုလေထုထဲ သို့ပျံ့နှံ့စေနိုင်သောကြောင့် တစ်ရှူး သို့ အဝတ်စနှင့်ခံ၍ဆိုး သင့်ပြီး ချောင်းဆိုးပြီးလျှင်လက်ကိုဆေးကြောသင့်ပါတယ်။ညနေခင်းရေချိုးခြင်းက ကလေးများကိုလန်းဆန်းစေနိုင်ပါ တယ်။ ရေချိုးစဉ်တွင်ရေပူပေါင်းများထအောင်ပြုလုပ်ခြင်းဖြင့် ကလေးငယ်များကိုပျော်ရွှင်စေနိုင်ပါတယ်။ကလေးများကိုမိမိ၏မျက်နှာသစ်နည်း၊ ခေါင်းလျှော်နည်း၊ သွားတိုက်နည်းများကိုသင်ယူစေပါ။ ထိုသို့မြင်ရသောအခါ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုပို၍လုပ်ချင်လာပါလိမ့်မည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%9e%e1%80%94%e1%80%b7%e1%80%ba/
ဇက်ကြောချိုး တာ တကယ်ပဲ အကြောတက်သက်သာလား
အကြော အဆစ်တွေ ညောင်းညာနေလား၊ တောင့်တင်းနေလား။ ဒီလိုဖြစ်လာရင် တော်တော်များများက လက်ဆစ်တွေချိုးတယ်၊ ဇက်ကို လှည့်တယ်၊ အသံမြည်တဲ့အထိ ဆတ်ခနဲ ဆတ်ခနဲ ဇက်ကြောချိုး တတ်ကြပါတယ်။ဒီလိုလုပ်လိုက်ရင် ပခုံးကြော၊ ဇက်ကြောတွေပြေသွားတယ်၊ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်လေ။ တကယ်တော့ အများစုက တကယ်သက်သာတာထက် အကျင့်ပါနေတော့ စိတ်ထင်တာလည်း ပါပါတယ်။ဒီလိုချိုးတာ လုံးဝ မကောင်းတာလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေပါတယ်နော်။ ဇက်ကြောချိုး တာ၊ လေ့ကျင့်ခန်း လုပ်တာက တော်တန်ရုံဆို ထိခိုက်မှုမရှိနိုင်ပါဘူး။ဒါပေမယ့် လှုပ်ရှားပုံ နည်းမမှန်တာ၊ မကြာခဏလုပ်လွန်းတာ၊ သိပ်ကြမ်းလွန်းတာတွေကြောင့် ဇက်ကြောတက်တာ မသက်သာဘဲ ပိုဆိုးနိုင်တဲ့အပြင် နာကျင်ရနိုင်ပါတယ်။ဇက် အပါအဝင် ဘယ်အဆစ်ကိုပဲချိုးချိုးအဆစ်နားတဝိုက်က အရည်အိတ်အလွှာတွေ ပြန့်သွားပါတယ်။ အဲဒီအလွှာမှာ အရည်တွေပါဝင်တာ ဖြစ်ပြီး ဒီလိုပြန့်သွားရင် အရည်တွေကို အဆစ်အပေါ် ဖိအား လျော့သွားစေပါတယ်။ဖိအားလျော့သွားလေ အဆစ်ထဲကအရည်တွေက အငွေ့ဖြစ်သွားလေဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် အသံမြည်လာပါတယ်။ ဒီဖြစ်စဉ်ကို boiling သို့မဟုတ် cavitation လို့ခေါ်ပါတယ်။ ပုံမှန်တော့ အန္တရာယ်မရှိတတ်ပါဘူး။ဇက်ကြောဆိုတာက လှုပ်ရှားလို့ ကောင်းစေဖို့ သဘာဝက ဖန်တီးထားတဲ့ ကျောရိုးရဲ့အဆစ်တွေ စုပေါင်းထားတာ ဖြစ်ပါတယ်။ လည်ပင်းဘေးတစ်ဖက်စီမှာ ရှိနေတဲ့ ဒီအဆစ်တွေဟာ ကိုယ်က ဇက်ကြောချိုးလိုက်တိုင်း အထက်က ဖြစ်စဉ် အတိုင်း ဖြစ်လာမယ်၊ နောက်ဆုံး အသံမြည်လာပြီး ဇက်ကြောမှာ ဖိအားလျော့သွားတဲ့ ခံစားချက်ကို ရစေတာပါ။ဇက်ကြောလျှော့တာက နေရသက်သာစေတယ် ဆိုပေမယ့် မကြာခဏလုပ်မယ် ဆိုရင်တော့ သတိထားသင့်ပါတယ်။ လေ့လာမှုတစ်ခုအရ ဇက်ကြောချိုး လိုက်တဲ့ တဖြောင်းဖြောင်းအသံ ထွက်လာရင် နေရသက်သာသွားတယ်လို့ ခံစားရတာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ရှိနေတယ်လို့ တွေ့ရပါတယ်။တစ်ခါတလေဇက်ကြောတောင့်နေတာ တကယ်ပေါ့သွားသလားတောင် သတိမထားမိဘဲ ဒီအသံမြည်တာနဲ့တင် ပေါ့သွားသလိုခံစားရတာ၊ အကြောတင်သွားလို့ ဇက်ချိုးလိုက်တာ ပြန်တည့်သွားတယ်တောင် ပြောကြတာတွေရှိပါတယ်။ ဒါကို စိတ်ကြောင့် သက်သာရာရတဲ့ placebo effect လို့ခေါ်ပါတယ်။ဇက်ကြောချိုး ခြင်းက လည်ပင်းအဆစ် ဧရိယာမှာ အန်ဒိုဖင်(endorphin) ဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေကို ပစ်ကျူထရီဂလင်းကနေ ထုတ်ပေးတာဖြစ်ပြီး ခန္ဓာကိုယ်ကို နာကျင်မှု သက်သာစေပါတယ်။ ဒါ့ကြောင့်ပဲ ဇက်ကြောချိုးလိုက်တဲ့အခါ အန်ဒိုဖင်ဟော်မုန်းတွေကြောင့် စိတ်ကျေနပ်မှုနဲ့ စိတ်သက်သာမှု ကို ခံစားရတာဖြစ်ပါတယ်။ဇက်ကြောချိုး တာက အခန့်မသင့်ရင်၊ နည်းမမှန်ရင်၊ မကြာခဏလုပ်လွန်းရင်အရိုးအဆစ်ကိုထိခိုက်စေနိုင်ပါတယ်။တော်တန်ရုံ အညောင်းပြေရုံမဟုတ်ဘဲ အားကြီးနဲ့ဖြောင်းခနဲမြည်အောင် ချိုးတာက လည်ပင်းတဝိုက်က အာရုံကြောတွေကို ထိုးဆွသလိုဖြစ်စေပါတယ်။ ဒီလိုနဲ့ အာရုံကြောတွေကို နာကျင်စေပြီး လည်ပင်းလှုပ်မရအောင် ဇက်ခိုင်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ခဏခဏကို ဇက်ကြောချိုးမိနေတာကလည်း အဆစ်မှာရှိတဲ့ အရွတ်တွဲတွေကို အနေအထားပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီလိုနဲ့ အဆစ်နာ (osteoarthritis) ဖြစ်လာနိုင်တဲ့အန္တရာယ် ပိုများစေပါတယ်။လည်ပင်းဇက်ကြော ဆိုတာ အရေးပါတဲ့ သွေးကြောကြီးတွေ ရှိတဲ့နေရာမို့ ဇက်ကြောချိုး လွန်းရင်၊ ပြင်းထန်ရင်သွေးကြောတွေကို ထိခိုက်စေ၊ ပေါက်ပြဲလာစေနိုင်တယ်။ အဲဒီကနေသွေးခဲပိတ်ဆို့တာဖြစ်စေနိုင်ပြီးဦးနှောက်ကို သွေးပို့လွှတ်မှု အနှောင့်အယှက်ဖြစ်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။ကုသမှု အပြင် လိုအပ်တဲ့ နေထိုင်မှုပုံစံ တွေ၊ လေ့ကျင့်ခန်း တွေ၊အရိုးအဆစ်ကုထုံးဆရာဝန်က အကြံပေးပါလိမ့်မယ်။ ဇက်ကြောတက်တဲ့အခါလုပ်လို့ရတဲ့လေ့ကျင့်ခန်း တွေကိုနောက်ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/neck-cracking-good-or-bad/
CRP ပမာဏနှင့် သင့်နှလုံး
CRP ဆိုတာ အသည်းမှထုတ်သော ပရိုတင်းတစ်မျိုးဖြစ်ပြီး နှလုံးအခြေအနေနဲ့ပတ်သက်လို့ သတိထားစစ်ဆေးသင့်သည့် အရာတစ်မျိုးဖြစ်တယ်။ သွေးတွင်းပရိုတင်းဖြစ်ပြီး ပမာဏများနေပါက နှလုံးရောဂါနှင့် လေဖြတ်မှုတို့အတွက် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ထိခိုက်မှု၊ ရောဂါပိုးဝင်မှုတို့ကြောင့်ရတတ်တဲ့ အင်္ဂါအစိတ်အပိုင်းများရောင်ရမ်းမှုကြောင့် CRP တက်တတ်ပြီး၊ CRP ပရိုတင်းကို နှလုံးရောဂါရနိုင်ချေရှိနေသောသူများတွင်သာမက ကျန်းမာနေသူများတွင်ပါ နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိ စမ်းသပ်ရာတွင် အသုံးပြုနိုင်တယ်လို့ လတ်တလောလေ့လာမှုတွေကဆိုလာပါတယ်။ ဒါကြောင့် CRP ပမာဏတက်နေခြင်းဟာ နှလုံးဆိုင်ရာပြဿနာနဲ့ လေဖြတ်နိုင်ချေရှိနေတယ်လို့ ပြောလို့ရပါတယ်။တကယ်လို့ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာများတွေ့ကြုံခံစားရခြင်း၊ ဒါမှမဟုတ် လတ်တလော ဗိုင်းရပ်စ် သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများရှိထားပါက ဆရာဝန်က CRP ပမာဏစစ်ဆေးခိုင်းနိုင်ပါတယ်။ ထိခိုက်မှုများ၊ ရောဂါပိုးဝင်မှု (အဆုတ်ရောင်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ဘတ်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ်ဝင်ခြင်း စသည်) တို့ကြောင့် ရောင်ရမ်းမှုများရှိခဲ့ပါက သွေးထဲမှာ CRP ပမာဏတက်နိုင်ပါတယ်။ CRP စစ်ဆေးရန် သာမန်သွေးစစ်ဆေးမှုနှင့်လုံလောက်ပြီး ထိုသွေးမှ သွေးတွင်းအဆီနှင့် homocysteine ခေါ် ပစ္စည်းတစ်မျိုး စစ်ဆေးခြင်းဖြင့် နှလုံးရောဂါနဲ့ လေဖြတ်မှုဖြစ်နိုင်ချေကို ခန့်မှန်းနိုင်ပါတယ်။ ဒီစမ်းသပ်မှုတွေဟာ တိကျတဲ့စမ်းသပ်မှုတွေဖြစ်တယ်။နှလုံးရောဂါဖြစ်နိုင်ချေအတွက် CRP ပမာဏစစ်ဆေးမှုဟာအရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်။ ယခင်အခြားသော ရောင်ရမ်းမှုပြဿနာများအတွက် စစ်ဆေးသည့် CRP စစ်ဆေးမှုထက် အဆင့်မြင့်CRPစစ်ဆေးမှုတစ်မျိုးက ပိုမိုတိကျပါတယ်။ CRP ရှိသင့်သည့်ပမာဏမှာ သွေးတစ်လီတာလျှင် တစ်မီလီဂရမ်အောက်ဖြစ်သည့်အတွက် သွေးတစ်လီတာမှာ ၁-၃ မီလီဂရမ်ကြားရှိပါက ရောဂါဖြစ်နိုင်ချေအသင့်အတင့်ရှိပြီး ၃မီလီဂရမ်ထက်များပါက ရောဂါဖြစ်နိုင်ချေမြင့်တယ်လို့ ယူဆကြပါတယ်။ CRP အပြင် သွေးတွင်းအဆီပမာဏပါ တူညီသောသွေးနမူနာမှ တစ်ခါတည်းစစ်ဆေးနိုင်ပါတယ်။နှလုံးရောဂါဖြစ်နိုင်စေသောအချက်တွေက CRP ပမာဏလည်း တက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ ဝခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း မရှိခြင်းတွေဟာ CRP ပမာဏများစေနိုင်တယ်။ မျိုးရိုးဗီဇကြောင့်လည်း များနိုင်ပြီး နီးစပ်ရာဆွေမျိုးသားချင်းမှာ CRP ပမာဏများခြင်းရှိပါက မိမိတွင်လည်းတူညီသော ပြဿနာတွေ့ကြုံနိုင်ပါတယ်။အချုပ်ဆိုရလျှင် နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိအတွက် CRP ပမာဏစစ်ဆေးခြင်းက အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/crp-%e1%80%95%e1%80%99%e1%80%ac%e1%80%8f%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8/
စိတ်ဖိစီးမှု(Stress) ကို အမြန်ဆုံးလျော့ပါးသက်သာသွားစေမယ့် အစားအစာ ၁၂ မျိုး
လူတိုင်းစိတ်ပင်ပန်းတတ်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဆိုတာလည်း မကြာခဏကြုံရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကြုံလာရတိုင်း ကုစားမှုနဲ့ ဖြေရှင်းကြတဲ့ နှုန်းက အလွန်နည်းပါးပါတယ်။ ဒီအတိုင်းပဲ အချိန်တန်ရင် အဆင်ပြေသွားမှာပါလို့ တွေးရင်း စိတ်ပင်ပန်းကြီးစွာနဲ့ ဘဝကို ဖြစ်သလို ဖြတ်သန်းပစ်ကြတာများတယ်မဟုတ်လား။တကယ်တော့ စိတ်ပင်ပန်းမှုကြောင့်ဖြစ်လာတဲ့စိတ်ဖိစီးမှုဆိုတာက တစ်ခါဖြစ်ပြီးတာနဲ့ အကြိမ်ကြိမ်ပြန်ဖြစ်လာ ပြန်ခံစားလာတတ်တဲ့ အရာမျိုးပါ။ ဒီအတိုင်းအချိန်တန်ရင် စိတ်သက်သာသွားမှာပါဆိုပြီး တင်းခံရင် နောက်ဆုံးမှာ လက်လျှော့ပြီး အရှုံးပေးလိုက်ရချိန်မျိုးကို ရောက်သွားတတ်ပါတယ်။ဒီလိုမဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေ ကင်းနေဖို့က ကိုယ်လက်ကျန်းမာအောင်နေထိုင်စားသောက်ဖို့လိုအပ်ပါတယ်။ ဒါက အရေးအကြီးဆုံးအချက်ပါပဲ။တကယ်လို့ ကိုယ့်မှာ စိတ်ဖိစီးမှု ဝေဒနာခံစားလာရပြီး ကိုယ်တိုင်ကလည်း ဆေးဝါးကုသဖို့ လက်လှမ်းမမှီတဲ့သူ ဒါမှမဟုတ် ဆေးဝါးကုသဖို့ တွန့်ဆုတ်နေတဲ့သူဆိုရင် သင့်လျော်တဲ့အစာအဟာရတွေမှီဝဲပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးအောင် ပြုလုပ်သင့်ပါတယ်။သဘာဝတရားကြီးက လူတွေကို ကောင်းမွန်သင့်လျော်တဲ့ ဆေးဝါးဓာတ်စာတွေ ဖန်တီးပေးထားပြီးသားပါ။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုဝေဒနာကို လျော့ပါးစေဖို့ ဘယ်လိုအစားအစာတွေကို မှီဝဲရမလဲဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်တာပေါ့။ ဘယ်လိုအစားအစာတွေက စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေသလဲဆိုတာကို ပြောပြချင်ပါတယ်။၁။ လက်ဖက်စိမ်းမှုန့် (Matchapowder)။Matcha က ခုနောက်ပိုင်းမှာ မှီဝဲသုံးစွဲမှုများလာတဲ့ အစားအစာတစ်မျိုးပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာပိုင်းလည်း ကောင်းမွန်ပါတယ်။ သူ့မှာ L-theanine လို့ခေါ်တဲ့ ပရိုတိန်းမျိုးနွယ်ဝင်မဟုတ်တဲ့ amino acid တစ်မျိုးပါရှိနေပြီး ဒီဓာတ်က စိတ်ဖိစီးစေတဲ့ ဓာတ်တုပစ္စည်းတွေကို တိုက်ထုတ်ပေးပါတယ်။၂။ကန်စွန်းဥ။ကန်စွန်းဥကတော့ အာဟာရဓာတ်ကြွယ်ဝတဲ့ ဘက်စုံသုံး အစားအစာတစ်မျိုးပါ။ ကန်စွန်းဥရဲ့ Stress hormone cortisol လယ်ဗယ်ကို လျှော့ချပေးနိုင်စွမ်းက စိတ်ဖိစီးမှု ကို တားဆီးပေးနိုင်ပါတယ်။ ကန်စွန်းဥဟာ ကိုယ်အလေးချိန်လျှော့ချရေးမှာလည်း အထောက်အကူပြုပါသေးတယ်။၃။ ကင်မ်ချီ။ကိုရီးယား ဒရာမာချစ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ကင်မ်ချီကလည်း စိတ်ဖိစီးမှု ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်တဲ့။ ကင်မ်ချီထဲမှာပါဝင်တဲ့ မုန်လာဖြူ၊ ဂေါ်ဖီထုပ်တို့လို ဟင်းသီးဟင်းရွက်တွေနဲ့ အချဉ်ဖောက်ရာကနေ ရလာတဲ့probioticsနဲ့ antioxidants တွေက စိတ်ဖိစီးမှု နဲ့ ပူပင်သောကတွေကို လျော့ပါးသက်သာစေတာပါ။၄။ ကလီစာများ။ကြက်၊ ဝက်၊ အမဲ၊ ဆိတ်စတဲ့ တိရိစ္ဆာန်တွေရဲ့ ကလီစာတွေကို မှီဝဲစားသောက်တာကလည်း စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်တဲ့။ ကလီစာစားသုံးမှုဟာ အနောက်နိုင်ငံတွေမှာ သိပ်မတွင်ကျယ်ပေမယ့် အရှေ့တိုင်းမှာတော့ လူကြိုက်များလှပါတယ်။ ကလီစာတွေမှာပါဝင်တဲ့ဗီတာမင် Bအုပ်စုဝင်တွေ၊ riboflavin နဲ့ folate တို့လို ဓာတ်တွေက စိတ်ဖိစီးမှု ကို ထိမ်းချုပ်နိုင်စွမ်းရှိတဲ့ dopamine  ထုတ်လုပ်ရာမှာ အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။၅။ဥအမျိုးမျိုး။အာဟာရဓာတ်အမျိုးမျိုးကြွယ်ကြွယ်ဝဝပါရှိနေတဲ့ ဥတွေကလည်း စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာပါပဲ။ သူ့မှာပါဝင်နေတဲ့ အာဟာရဓာတ်အတော်များများက စိတ်ဖိစီးမှု ကို လျော့ပါးသက်သာစေအောင် ကူညီနိုင်ပါတယ်။၆။ အခွံမာရှိသည့် ရေနေသတ္တဝါများ။ကမာတို့၊ ခရုတို့၊ ဂုံးတို့လို အခွံမာသတ္တဝါတွေရဲ့ အသားကလည်း စိတ်အားတက်ကြွမှုကို မြှင့်တင်ပေးနိုင်တာမို့ စိတ်ဖိစီးမှု ကို တိုက်ထုတ်နိုင်တယ်လို့ လေ့လာချက်တွေကဆိုကြပါတယ်။ အထူးသဖြင့် အခွံမာရေနေသတ္တဝါတွေမှာ ကြွယ်ဝစွာပါဝင်နေတဲ့ Taurine က ခုလို အကျိုးကျေးဇူးမျိုးရရှိအောင် ကူညီပေးတာပါ။၇။ ပင်လယ်ငါးများ။omega-3 fatsပါဝင်နေတဲ့ ပင်လယ်ငါးတွေဟာ ဗီတာမင် D လည်း ကြွယ်ဝတာမို့ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။၈။ ကြက်သွန်ဖြူ။Sulfur compounds ပါဝင်မှုများတဲ့ ကြက်သွန်ဖြူဟာ glutathione လယ်ဗယ်မြင့်မားလာအောင် ကူညီပေးပါတယ်။ အဆိုပါ antioxidant ဟာ စိတ်ဖိစီးမှု ကို ကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံစစ်မှာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။၉။နေကြာစေ့။နေကြာစေ့က ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ ဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင်အမျိုးအစားဖြစ်သလို အားကောင်းတဲ့ antioxidant လည်းဖြစ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ကိစ္စအတော်များများမှာ အကူအညီပေးနိုင်ပါတယ်။၁၀။ ဘရိုကိုလီ (ပန်းပွင့်စိမ်း)။ဘရိုကိုလီလေးတွေဟာ ကင်ဆာ၊ နှလုံးရောဂါစတဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် လူသိများပါတယ်။ ဒါတင်မကပါဘူး ဒီဂေါ်ဖီမျိုးစိတ်လေးတွေက စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးတာကိုလည်း ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။၁၁။ ကုလားပဲ။ကုလားပဲမှာတော့ စိတ်ဖိစီးမှု ကို တိုက်ထုတ်ပေးနိုင်တဲ့ ဗီတာမင်ဓာတ်အမြောက်အများနဲ့ သက်စောင့်ဓာတ်တွေ ပါဝင်နေပါတယ်။ စိတ်ခံစားချက်ကောင်းမွန်အောင် အာရုံကြောတွေကို လှုံ့ဆော်နိုင်စွမ်းက သူတို့ရဲ့ အားသာချက်ပါပဲ။၁၂။ ဘယ်ရီသီး။ဘယ်ရီသီးတွေက ကျန်းမာရေးကို အကျိုးပြုနိုင်စွမ်းမြင့်မားပါတယ်။ အထူးသဖြင့် အပြာရောင်ဘယ်ရီသီး (Blueberries) တွေဟာ စိတ်ကျန်းမာရေးကို အထူးအထောက်အကူဖြစ်စေပါတယ်။ ဘယ်ရီသီးတွေမှာပါဝင်တဲ့ flavonoidantioxidantsတွေဟာ နာကျင်မှုတွေကို တွန်းလှန်နိုင်စေပြီး အာရုံကြောကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိနေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှု နဲ့ဆက်နွယ်နေတဲ့ နာကျင်ခံစားရမှုတွေကို ဘယ်ရီသီးက လျှော့ချပေးနိုင်တာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/stress-relieving-foods/
ခြေလက်ပါးစပ်ရောဂါများကို သင့်ကလေးအနေနဲ့ စီမံနိုင်မည့်နည်းလမ်းများ
ခြေလက်နှင့် ပါးစပ်ရောဂါများ(HFMD) သည် ကောက်ဇကီးဗိုင်းရပ်စ်နှင့် အန်တရိုဗိုင်းရပ်စ်များကြောင့်ဖြစ်သော ကူးစက်ရောဂါများ ဖြစ်ပါသည်။ အသက်အရွယ်အမျိုးမျိုးတွင် ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် မွေးကင်းစများနှင့် အသက်ငါးနှစ်အောက် ကလေးများတွင် ဖြစ်ပွားနိုင်ပါသည်။ခြေလက်နှင့် ပါးစပ်ရောဂါများကိုကုသရန် တိကျသည့်ကုသမှုမရှိပါ။ မိဘများမှ ကလေးများရောဂါပိုးမကူးစေရန် တစ်ကိုယ်ရေသန့်ရှင်းပေးခြင်းနှင့် သန့်ရှင်းစွာနေတတ်ရန် သင်ကြာပေးရပါမည်။HFMD သည် လူတစ်ဦးမှတစ်ဦးသို့ နှာရည်များ၊ တံတွေးများနှင့် ရောဂါဖြစ်နေသောလူ၏ အဖုအပိန့်များမှ ထွက်သောအရည်များ စသည်တို့နှင့် တိုက်ရိုက်ထိတွေ့မိခြင်းမှ ကူးစက်ပါသည်။HFMD ဖြစ်စေသော ဗိုင်းရပ်စ်များသည် အသက်ရှုလမ်းကြောင်းနှင့် အစာချေလမ်းကြောင်းတွင် လက္ခဏာများ ပျောက်သွားပြီးနောက် ရက်သတ္တပတ်ပေါင်း များစွာကြာသည့်တိုင် အသက်ရှင်နိုင်ပါသည်။ထို့ကြောင့် လက္ခဏာမပြသည့်လူမှ တခြား ကိုယ်ခံအားနည်းသော မွေးကင်းစများနှင့် ကလေးများဆီ ကူးစက်ခြင်း ဖြစ်နိုင်ပါသည်။ ကာကွယ်ဆေးရော တိကျသည့်ကုထုံးပါ HFMD အတွက် မရှိပါ။HFMD ကိုဆန့်ကျင်နိုင်မည့် အကောင်းဆုံးသော ကာကွယ်မှုသည် တစ်ကိုယ်ရေသန့်ရှင်းခြင်းဖြစ်သည်။ ကလေးများအား လက်ကို ဆပ်ပြာနှင့် ရေနွေးနှင့် ဆေးပုံဆေးနည်း သင်ကြားခြင်းဖြင့် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့နိုင်ချေ အတော်လေးနည်းပါးသွားပါလိမ့်မည်။အိမ်သာတက်ပြီးနောက်နှင့် ထမင်းမစားခင် လက်ဆေးရန်လည်း သင်ကြားပေးရမည်။ ထို့အပြင် မိဘများသည် ကလေးများ သူ့လက်သူ ပါးစပ်ထဲထည့်ခြင်း သို့မဟုတ် ပါးစပ်နားပွတ်ခြင်းများကို သတိထားပြီး တားမြစ်ပါ။ကလေးများ၏ ပါတ်ဝန်းကျင်ကို သန့်ရှင်းနေအောင် မိဘများက ပြုလုပ်ပေးရပါမည်။ ကလေးအရုပ်များကို ရေနှင့်ဆပ်ပြာနှင့်လျှော်ခြင်း အိမ်ရှိပစ္စည်များကို သန့်ရှင်းရေးလုပ်ခြင်းများကို ပြုလုပ်ပါ။မိဘများသည် ကလေး၌ ဖျားနာခြင်း လည်ချောင်းနာခြင်းလို လက္ခဏာများ သတိပြုမိလျှင် ကျောင်းနှင့် လူများသည့်နေရာများနှင့်ဝေးရာတွင် ထားပါ။ ကလေးကိုပြုစုစဉ် တခြားမိသားစုဝင်များတွင်လည်း လက္ခဏာများ ရှိမရှိသတိပြုပါ။ချောင်းဆိုးလျှင် နှာချေလျှင် လက်ကိုင်ပုဝါနှင့် ပါးစပ်နှင့် နှာခေါင်းကိုအုပ်ရန် သင်ပေးပါ။ အစားအသောက်များကို တခြားသူများကို မကျွေးပါစေနှင့်။ရောဂါကုသပြီးနောက် မှတ်စုများလုပ်ထားပါ။ ခြေလက်နှင့် ပါးစပ်ရောဂါများဖြစ်စေတတ်သော ဗိုင်းရပ်စ်ပိုးများသည် တစ်မျိုးကူးစက်ခံရပြီးနောက် နောက်တစ်ခါထပ်မကူးတတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုသည် အမြဲတမ်းပင် အရေးကြီးပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%81%e1%80%bc%e1%80%b1%e1%80%9c%e1%80%80%e1%80%ba%e1%80%95%e1%80%ab%e1%80%b8%e1%80%85%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80/
အိပ်မပျော်ရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ
Insomniaဆိုတာ အိပ်မပျော်တဲ့ ဝေဒနာပါ။ အိပ်မပျော်တဲ့ ပြဿနာက သာမန်ပြဿနာတစ်ခုလို ထင်မြင်စရာဖြစ်ပေမယ့်ကြာလာရင် နောက်ဆက်တွဲဆိုးကျိုးတွေများလွန်းလှပါတယ်။ ဒီတော့ ကိုယ် အိပ်မပျော်ဖြစ်နေရင် ဒါမှမဟုတ် Insomnia ဝေဒနာခံစားနေရတယ်ဆိုရင် အိပ်မပျော်ရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်းကို သိထားသင့်တယ် မဟုတ်လား။လူတစ်ယောက်က တစ်နေ့ကို အနည်းဆုံး ၇ နာရီပြည့်အောင် မအိပ်စက်ဖြစ်ဘူးဆိုရင် နေလို့ထိုင်လို့ ကောင်းမှာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီဝန်းကျင်အိပ်စက်ပေးမှ တစ်နေ့တာလုံး ခွန်အားပြည့်ဝ လန်းဆန်းနေမှာပါ။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ခံစားနေရတာဖြစ်နိုင်ပါတယ်။များသောအားဖြင့်တော့ အိပ်မပျော်တဲ့သူတွေဟာ ဆေးဝါးမှီဝဲတတ်ကြပါတယ်။ ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဆေးဝါးမဟုတ်တဲ့ နောက်ထပ်ရွေးချယ်စရာကတော့ မိမိရဲ့ နေအိမ်မှာပဲ ကုစားနိုင်မယ့် အိမ်တွင်းကုထုံးနည်းလမ်းတွေပါ။အသိများပြီး ဘေးကင်းတဲ့ နည်းလမ်းတွေကို အောက်ပါအတိုင်း ဖော်ပြပေးချင်ပါတယ်။အိပ်မပျော်ရောဂါကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့။Melatonin က ဦးနှောက်ကနေ ထုတ်လွှတ်ပေးတဲ့ သဘာဝ ဟိုမုန်းတစ်မျိုးဖြစ်ပါတယ်။ ဒီဟိုမုန်းက အိပ်စက်မှုအတွက် အဓိကအကျဆုံး အစိတ်အပိုင်းပါ။ တကယ်လို့ ကိုယ်အိပ်မပျော်ဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးMelatonin ကြွယ်ဝတဲ့ အစားအစာဒါမှမဟုတ် ဆေးဝါးတွေကို မှီဝဲနိုင်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၁-၅ မီလီဂရမ်ထက်ပိုမမှီဝဲဖြစ်ဖို့ သတိပြုရမှာဖြစ်ပါတယ်။လာဗန်ဒါပန်းပင်ရဲ့ အပွင့်ကနေ ထုတ်ယူထားတဲ့ အဆီအနှစ်တွေက သင့်ကို အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ပြင်သစ်မှာဆိုရင် လာဗန်ဒါအဆီကို အိပ်စက်ရာမှာ အထောက်အကူပြုစေတဲ့ ရိုးရာ သဘာဝနည်းလမ်းအဖြစ် အသုံးပြုခဲ့ကြတာ ရာစုနှစ်ချီရှိနေပါပြီ။ လာဗန်ဒါအဆီရဲ့ မွှေးရနံ့ဟာ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တာမို့ အိပ်စက်မှုကို အထောက်အကူဖြစ်စေပါတယ်။ဗလာရီယန်က အာရှမျိုးစိတ် ပန်းပင်တစ်မျိုးဖြစ်ပေမယ့် မြန်မာပြည်မှာတော့ လူသိသိပ်မများပါဘူး။ ဒါပေမယ့် ဆေးဝါးအဖြစ်တော့ ဝယ်ယူလို့ရနိုင်ပါတယ်။ အိပ်စက်ရာမှာအထောက်အကူဖြစ်စေမယ့် ဖြည့်စွက်အာဟာရတွေမှာ ဗလာရီယန်အမြစ်ကို ထည့်သွင်းထားလေ့ရှိပါတယ်။ကမိုမိုင်းလ်အပွင့်ကို လက်ဖက်ခြောက်လုပ်ပြီးရေနွေးနဲ့မှီဝဲရင် အိပ်ပျော်စေပါတယ်။တရားထိုင်တာပဲဆိုဆို အသက်ရှူလေ့ကျင့်ခန်းပဲပြောပြော လေကို ရှူသွင်းရှူထုတ်ပြီး အဆုတ်အားကောင်းစေဖို့နဲ့ စိတ်တည်ငြိမ်စေဖို့ ပြုလုပ်တဲ့ လေ့ကျင့်ခန်းမျိုးက သင့်ကို ကောင်းကောင်းမွန်မွန်အိပ်ပျော်စေဖို့ အကူအညီပေးနိုင်ပါတယ်။အားကစားလုပ်ခါနီးအချိန်တွေမှာပြုလုပ်တဲ့ အကြောလျော့လေ့ကျင့်ခန်းတွေကလည်း သင် အိပ်စက်အနားယူရာမှာ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါလိမ့်မယ်။ အိပ်မပျော်တဲ့ဝေဒနာရှင်တွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ဆိုရပါမယ်။မဂ္ဂနီဆီယံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများ မှီဝဲပေးရင်လည်း အိပ်မပျော်တဲ့ ဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်တဲ့။ မဂ္ဂနီဆီယံဟာ အိပ်စက်ချိန်စက်ဝန်း မှန်စေဖို့လည်း ကူညီနိုင်တယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကလည်း အိပ်မပျော်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်ရောစိတ်ပါကျန်းမာပြီး ကိုယ်ခံအားလည်းကောင်းမွန်နိုင်တာမို့ စမ်းသပ်ပြုလုပ်ကြည့်သင့်ပါတယ်။ အိပ်ချိန်နဲ့ ဝေးဝေး လုပ်ဖို့တော့ လိုပါတယ်။ကောင်းကောင်းအိပ်ပျော်စေမယ့် စံသတ်မှတ်ချက် နည်းလမ်းတွေကိုလည်း အသုံးချဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေကတော့။ဒီနည်းလမ်းတွေဟာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး မဖြစ်မနေလိုက်နာရမယ့် အချက်တွေလို့ Sleep Organization က သတ်မှတ်ထားတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/home-remedies-for-insomnia/
မုဒိမ်းမှုနဲ့ မှုခင်းဆရာဝန်
သိပ်မကြာသေးခင်က နာမည်ကြီးခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတခုမှာ မုဒိမ်းမှုဖြစ်ကြောင်း (ကာမစပ်ယှက်မှုရှိခဲ့ကြောင်း) အတော်လေး သိသာထင်ရှားတဲ့ အချက်တွေ ရှိနေလျက်နဲ့ မှုခင်းဆရာဝန်က တရားခွင်မှာ ထွက်ဆိုတဲ့အခါ အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းမှာ သုတ်ရည်မတွေ့ရှိကြောင်း အစစ်ခံခဲ့တာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပြစ်တင်ဝေဖန်ကြ၊(ထုံးစံအတိုင်း)ဆဲကြဆိုကြနဲ့ အတော်လေး သောသောညံခဲ့ပါတယ်။ ဒါဟာ သာမန်ပြည်သူတွေအနေနဲ့ ဥပဒေကို တိတိပပ မသိနားမလည်ခြင်းနဲ့ မှုခင်းဆရာဝန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို မသိရှိတာကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဥပဒေပိုင်းနဲ့ ပတ်သက်ပြီး သုံးသပ်မှာ မဟုတ်ဘဲ မှုခင်းဆရာဝန်နဲ့ ပတ်သက်တဲ့ အပိုင်းတွေကိုပဲ ဆေးပညာရှုထောင့်က မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။မှုခင်းဆရာဝန်ဆိုတာ ဘာလဲ။ သူ့ရဲ့ တာဝန်ကရော ဘာတွေလဲ။မှုခင်းဆရာဝန်အကြောင်း မပြောခင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း က မှာ သင်ရတဲ့ မှုခင်းရေးရာဆေးပညာ (Forensic medicine) အကြောင်းကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ အမှုအခင်းတခု ဖြစ်ပွားတဲ့အခါ တရားလို၊တရားခံ၊ရှေ့နေနဲ့ တရားသူကြီးတို့အပြင် သက်သေဆိုတာပါ ရှိရပါတယ်။ သက်သေအမျိုးအစား အဖုံဖုံရှိတဲ့အနက် Expert witness လို့ခေါ်တဲ့ ပညာရှင်သက်သေအမျိုးအစားဟာ မှုခင်းဆရာဝန်တွေနဲ့ ပတ်သက်ပါတယ်။ အမှုအခင်းဟာ အထူးတလည် ပညာရပ်တခုခု (ဥပမာ လက်ရေးတူမတူ စစ်ဆေးပေးရခြင်း၊လက်ဗွေတူမတူ စစ်ဆေးပေးရခြင်း၊သေနတ်နဲ့ ကျည်ဆန်တိုက်ဆိုင်စစ်ဆေးပေးရခြင်း စသည်)နဲ့ ပတ်သက်နေတဲ့အခါ အဆိုပါ ပညာရပ်မှာ ကျွမ်းကျင်လိမ္မာတဲ့ ပညာရှင်သက်သေကို လိုအပ်လာပါတယ်။ ဓါးဒါဏ်ရာ၊သေနတ်ဒါဏ်ရာကို စစ်ဆေးဖို့၊ဓမ္မတာအလျောက် သေဆုံးခြင်း ဟုတ်မဟုတ် ရင်ခွဲစစ်ဆေးဖို့၊ဆွဲကြိုးချသေသူကို စစ်ဆေးဖို့၊မုဒိမ်းမှုကျူးလွန်ခံရသူကို စစ်ဆေးဖို့ အစရှိတဲ့ ဆေးပညာဆိုင်ရာ ကိစ္စရပ်တွေမှာ မှုခင်းဆရာဝန်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတယ်။ ဒီလို စစ်ဆေးပေးဖို့အတွက် ဆေးကျောင်းသားဘဝ ကတည်းက မှုခင်းရေးရာ ဆေးပညာကို ထည့်သွင်းသင်ယူခဲ့ရခြင်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်ဘွဲ့ရသူတိုင်း၊ဆေးကုသခွင့်လိုင်စင် ဆမ ရှိသူတိုင်း ပညာရှင်သက်သေဖြစ်နိုင်တယ်ဆိုပေမယ့် မှုခင်းရေးရာဆေးပညာကို ဘွဲ့လွန်တက်ရောက်အောင်မြင်ပြီးသူတွေသာလျှင် အရည်အချင်းပြည့်ဝတဲ့ မှုခင်းဆရာဝန်တွေ ဖြစ်လာပါတယ်။ မှုခင်းဆရာဝန် မရှိတဲ့နေရာတွေမှာတော့ ရိုးရိုးဆရာဝန်က တာဝန်ယူပြီး ရင်ခွဲစစ်ဆေးခြင်း၊မုဒိမ်းကျင့်ခံရသူကို စစ်ဆေးခြင်း၊တုတ်/ဓါး/သေနတ် ဒါဏ်ရာများကို စစ်ဆေးခြင်း၊ ဒီလိုစစ်ဆေးပြီး တွေ့ရှိချက်တွေကို တရားခွင်မှာ လာရောက် အစစ်ခံခြင်း စတဲ့ ကိစ္စတွေကို တာဝန်ယူဆောင်ရွက်ရပါတယ်။ ဒီနေရာမှာ သိထားရမှာက ဒီအမှုဟာ လူသတ်မှုဖြစ်တယ်၊ဘယ်သူဘယ်ဝါသတ်တယ် ဒါမှမဟုတ် မုဒိမ်းမှုမြောက်တယ်၊တရားခံကတော့ ဘယ်သူပါ စသဖြင့် အမိန့်ချပိုင်ခွင့်၊စွပ်စွဲပိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ပါပဲ။ မှုခင်းဆရာဝန်ရဲ့ တာဝန်ဟာ သူစစ်ဆေးတွေ့ရှိခဲ့သမျှကို တရားသူကြီး ဆင်ခြင်သုံးသပ်နိုင်ဖို့ တင်ပြပေးရုံပဲ ဖြစ်ပါတယ်။မုဒိမ်းမှုနဲ့ မှုခင်းဆရာဝန်။အမှန်အတိုင်း ပြောရရင် မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးကို စစ်ဆေးရတာဟာ ဓါးဒါဏ်ရာ/တုတ်ဒါဏ်ရာ/သေနတ်ဒါဏ်ရာတွေကို စစ်ဆေးပေးရတာထက်တောင် ပိုသိမ်မွေ့ပါသေးတယ်။ ရာဇသတ်ကြီး ပုဒ်မ ၃၇၅ ရဲ့ ရှင်းလင်းချက်မှာ ‘ယောက်ျား၏ အင်္ဂါဇာတ်သည် မိန်းမ၏ အင်္ဂါဇာတ်တွင် သွင်းဝင်မိလျှင် မုဒိမ်းမှုကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမစပ်ယှက်မှုမြောက်ရန် လုံလောက်သည်’လို့ ရေးသားဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ အများသူငှာ ထင်နေကြသလို မိန်းမကိုယ်ထဲမှာ သုတ်ရည်တွေ့မှ မုဒိမ်းမှုမြောက်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဆရာဝန်အနေနဲ့ မုဒိမ်းမှုကျူးလွန်ခံရတယ်လို့ ယူဆရသူကို စစ်ဆေးတဲ့အခါ ‘လတ်တလော ထိုးသွင်းထားသော လက္ခဏာ ရှိသည်/မရှိပါ’ ဆိုတဲ့ အချက်ကို အဓိက တင်ပြရပါတယ်။ မုဒိမ်းမှုမြောက်မမြောက်ကိုတော့ တရားသူကြီးက ဆုံးဖြတ်မှာပါ။ အလားတူပါပဲ၊ထိုးသွင်းထားတဲ့ လက္ခဏာရှိမရှိအပြင် ရုန့်ရင်းဆန်ခတ်ဖြစ်ထားတဲ့ ဒါဏ်ရာတွေ၊ကုတ်ရာခြစ်ရာတွေ၊သုတ်ရည်ပေကျံမှုရှိမရှိ စတဲ့ တွေ့ရှိချက်တွေကိုလည်း မြင်တဲ့အတိုင်း မှတ်တမ်းတင် ရပါတယ်။ဘယ်လိုအခြေအနေတွေမှာ သုတ်ရည်မတွေ့နိုင်ဘူးလဲ။လတ်တလော ထိုးသွင်းထားတဲ့ လက္ခဏာရှိလျက်နဲ့ သုတ်ရည်မတွေ့ဘူးဆိုတာ ဖြစ်နိုင်သလားလို့ မေးရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရပါမယ်။ဒါပေမယ့် လတ်တလော ထိုးသွင်းထားတဲ့ လက္ခဏာရှိပြီဆိုရင်ကို မုဒိမ်းမှုမြောက်နေပြီဆိုတာ သဘောပေါက်ရပါမယ်။ အခင်းဖြစ်ပွားပြီး ရက်အတန်ကြာမှ လာရောက်တိုင်ကြားလို့ စစ်ဆေးရမယ်ဆိုရင်လည်း သုတ်ကောင်တွေရဲ့ သက်တမ်းကို ကျော်လွန်သွားခဲ့ရင် မိန်းမကိုယ်ထဲမှာ သုတ်ပိုးတွေ့ရှိမှာ မဟုတ်ပါဘူး။ဥပဒေရေးရာ ဆေးပညာဟာ ရှုပ်ထွေးပြီး စကားအသုံးအနှုန်းကအစ အင်မတန် သတိပြုရွေးချယ်ရတဲ့ ပညာရပ်နှစ်ခုကို ပေါင်းစပ်ထားတဲ့အပြင် မှုခင်းဆရာဝန်ရဲ့ စစ်ဆေးတွေ့ရှိချက်တခုဟာ တယောက် ဒါမှမဟုတ် တယောက်ထက် ပိုတဲ့ လူတွေရဲ့ ဘဝတွေကို ပြောင်းလဲသွားစေနိုင်တဲ့အတွက် သမာသမတ်ကျဖို့လိုပြီး အထူးတိကျရပါတယ်။ တချို့သော ဥပဒေရေးရာ စကားရပ်တွေ၊ပုဒ်မတွေဟာ သာမန်ပြည်သူတွေမဆိုထားနဲ့ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေ အချင်းချင်းကြားမှာတောင် ငြင်းခုန်ရတဲ့ အနေအထားလေးတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ အသံပိုမိုကျယ်လောင်လာတဲ့ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှုခင်းဆရာဝန်တွေရဲ့ အခန်းကဏ္ဍဘယ်လို ရှိတယ်ဆိုတာကို ဗဟုသုတအလို့ငှာ သိရှိစေနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%99%e1%80%af%e1%80%92%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%94%e1%80%b2%e1%80%b7-%e1%80%99%e1%80%be%e1%80%af%e1%80%81%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%9b/
ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ရပြီလဲ
ကိုဗစ်တတိယလှိုင်းစတာ တစ်လလောက်ရှိပြီ။ ပြန်ကောင်းတဲ့ သူတွေကလည်း ပြန်ကောင်းပြီဆိုတော့ နာလန်ထပြီး ထူထူထောင်ထောင် ဖြစ်လာကြပြီ။ ခုတလော ပေ့ချ်မှာ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာပြီ။လိင်ဆက်ဆံ လို့ရပြီလားလို့ လာမေးကြလို့ ဒီမှာပဲ တစ်ပေါင်းထဲ ဖြေပေးလိုက်ပါတယ်။တစ်ယောက်ပဲ ဖြစ်ဖြစ်၊ နှစ်ယောက်လုံးပဲ ဖြစ်ဖြစ် ကိုဗစ်ဖြစ်ပြီးသွားပြီ၊ လိင်ဆက်ဆံတော့မယ်လို့ ဆိုရင် အောက်က အချက်တွေနဲ့ ကိုက်ညီရပါမယ်။ဒီသုံးချက်လုံးနဲ့ ကိုက်ညီမှ လူနာကို နာလန်ထပြီ၊ သက်သာလာပြီလို့ ယူဆရမှာပါ။ ဒါဆိုရင်တော့ အတူနေလို့ရပါပြီ။ ဒါပေမယ့် စစချင်းမှာ အလွန်အကျွံမလုပ်ဖို့၊ အားမသုံးဖို့ အကြံပေးလိုပါတယ်။ ကိုဗစ်ဖြစ်ပြီးစမှာ လူနာအများစုက အမောမခံနိုင်ကြလို့ပါ။နောက်ထပ် မေးကြတဲ့ မေးခွန်းတွေကတော့။ခုထက်ထိတော့ မိန်းမကိုယ်အရည်၊သုက်ရည်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးကို မတွေ့သေးပါဘူး။ တချို့လေ့လာချက်တွေမှာတော့ ဗိုင်းရပ်စ်အစိတ်အပိုင်းလေးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ခုချိန်ထိတော့ လိင်ဆက်ဆံရာကနေ ကိုဗစ်ကူးတယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။ကိုဗစ်ကလိင်ကတဆင့် ကူးတတ်တဲ့ ရောဂါမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မိရင် ကူးနိုင်တယ်ဆိုတော့ လိင်ဆက်ဆံတဲ့ အနေအထားကနေ ကူးနိုင်တာမျိုးတော့ ရှိပါတယ်။လက်ရှိမှာ နှစ်ယောက်လုံးက ပိုးကူးတာ ခံနေရတယ်ဆိုရင်တော့ အတူမနေပါနဲ့ဦးလို့ အကြံပေးပါရစေ။ ကောင်းကောင်း အနားယူရမယ့် အချိန်ဖြစ်လို့ပါ။ဆိုပါစို့ ကိုယ်က ရှေ့လတွေက ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းသွားပြီ။ ကိုယ့်အဖော်က လတ်တလောမှာကိုဗစ်လက္ခဏာတွေ ပြနေတယ်။ အတူနေရင် ကိုယ့်ကို မကူးနိုင်ဘူးမလားလို့ လာမေးကြပါတယ်။ ကိုယ်က ဖြစ်ပြီးသွားပြီဆိုရင်လည်း ကိုဗစ်က နောက်တစ်ကြိမ်ကူးတတ်ပါတယ်။ Test kitနဲ့ စစ်လို့ Ig G ပဋိပစ္စည်းထွက်ပြီဆိုလည်း ဘယ်လောက်ထွက်တာလဲ၊ ကာကွယ်နိုင်တဲ့ ပမာဏလားဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် မနေဖို့ ပြောပါရစေ။ကိုယ့်အဖော်က လတ်တလောမှာ ဖျားနေတယ်၊ ချောင်းဆိုးနေတယ်။ ဘာဖြစ်မှန်းတော့ မသိဘူး။ ကိုဗစ်ရှိမရှိကလည်း မစစ်ရသေးဘူးဆိုရင်တော့ စိတ်ချရအောာင် ၁၁ရက်လောက် ရှောင်ဖို့၊ ၁၁ရက်ပြည့်ပြီး လက္ခဏာတွေ ပျောက်သွားတဲ့အထိ စောင့်ဖို့ အကြံပြုချင်ပါတယ်။Test kit နဲ့ စစ်ထားတယ်။ နဂ္ဂတစ်ဆိုရင်ရော။ ဒါဆိုရင်လည်း စစ်ပုံစစ်နည်း၊ စစ်တဲ့ ပစ္စည်းကွာလတီ၊ စစ်တဲ့ရက်ပေါ် မူတည်ပါသေးတယ်။ ဒါကြောင့် စိတ်ချရအောင် ရှောင်ခိုင်းတာပါ။ကိုဗစ်တော့ မဖြစ်သေးပါဘူး။ ဒါပေမယ့် လူအများနဲ့ ထိတွေ့နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတို့၊ စျေးရောင်းတဲ့သူတို့ ဖြစ်နေတယ်။ အတူနေလို့ ဖြစ်ပါ့မလားလို့ တွေးနေတဲ့သူတွေလည်း ရှိမှာပါ။ သူတို့တွေကတော့ အတူနေအိမ်သားတွေကို ကိုဗစ်မကူးဖို့ ဂရုစိုက်ရပါမယ်။-အပြင်က ပြန်လာတာနဲ့ အဝတ်အစားတွေ လဲပစ်တာ။-ပါလာတဲ့ ပစ္စည်းတွေ ပိုးသတ်တာ။-ရေချိုးချတာ စတာတွေ  လုပ်ဖို့ လိုပါတယ်။လိင်ဆက်ဆံလို့လည်း ရပါတယ်။ ဒါပေမယ့် နေ့စဉ်နဲ့ အမျှ လူတွေနဲ့ ထိတွေ့နေရတော့ မတော်တဆ ပိုးရှိနေရင် မသိနိုင်တာကြောင့် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ဒီလောက်ဆို သိချင်တာလေးတွေ လုံလောက်ပြီလို့ ယူဆပါတတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/sexual-activity-after-covid/
ဆိုရှယ်မီဒီယာကနေ detoxလုပ်ရအောင်
လတ်တလောမှာ လူတွေရဲ့ စိတ်က ထိလွယ်ရှလွယ်အနေအထားကို ရောက်နေပါပြီ။ အိမ်ထဲမှာ နေနေရတာလဲကြာပြီ၊ ဒီကပ်ကြီး ဘယ်တော့ပြီးမှာလဲ မသေချာ၊ အလုပ်သွားတဲ့သူတွေကလည်း ဘယ်တော့များ အကူးခံရမလဲဆိုပြီး ထိတ်တလန့်လန့်နဲ့ စိုးရိမ်နေကြရပါတယ်။ ထုတ်သာ မပြောတာ တစ်ယောက်ဆီမှာ တစ်မျိုးစီစိတ်ဖိစီးမှုတွေနဲ့ရယ်ပါ။ဒီကြားထဲမှာ ဒီပူပင်သောကတွေကို ပိုဆိုးအောင် လုပ်နေတာကဆိုရှယ်မီဒီယာပါပဲ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် အဓိက သုံးကြတာတော့ ဖေ့ဘွတ်ပေါ့။ တစ်နေ့ တစ်နေ့ လုပ်စရာ ထူးထူးခြားခြားလည်း မရှိ၊ ပျင်းလည်း ပျင်းလာတဲ့အခါ ဒါကိုပဲ လက်က မချနိုင် သုံးမိလာပါတယ်။ ဒါရဲ့ နောက်ဆက်တွဲကတော့ . . .။ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်များများက အဆင်ပြေတာပဲ တင်ပါတယ်။ လက်တွေ့မှာ အဆင်မပြေတာကို သိပ်မတင်ကြပါဘူး။ ဘယ်လိုဆိုင်ကြီးမှာတော့ ဒီနေ့ သွားစားခဲ့တယ်။ ဒီနေ့တော့ နောက်ဆုံးပေါ်ဖုန်းတစ်လုံးဝယ်လိုက်တယ် စသဖြင့်ပေါ့လေ။ ဒီတော့ ‘ဟာ သူများတွေက သိပ်အဆင်ပြေတာပဲ။ ငါတစ်ယောက်တည်း ဒီလို ပင်ပန်းရုန်းကန်နေရပါလား’ဆိုပြီး တွေးလာတတ်ပါတယ်။တကယ်တော့ အချိန်တိုင်း အဆင်ပြေနေတဲ့သူဆိုတာ မရှိပါဘူး။ ဆိုရှယ်မီဒီယာမှာ ဘယ်သူကမှ ကိုယ်အကြွေးတွေ ဆပ်ရမယ်၊ ဒီလ အိမ်လခ မပေးနိုင်ဘူး၊ အလုပ်ဖြုတ်ခံရတယ် ဒီလို အကြောင်းအရာတွေကို မတင်ပါဘူး။ ဒါကြောင့် ဆိုရှယ်မီဒီယာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုသူများနဲ့ နှိုင်းယှဉ်ရင်း စိတ်တွေ ပင်ပန်းလာပါတယ်။အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ပုံလှလှလေးတွေ အပျော်သဘောနဲ့ တင်လိုက်ပေမယ့် အခန့်မသင့်ရင် ဒါက sex groupတွေထဲရောက်သွားတတ်ပါတယ်။ ဒါပုံတင်တဲ့ အမျိုးသမီးတွေရဲ့ အပြစ်မဟုတ်ပါဘူး။ ဒါက သူတို့လွတ်လပ်ခွင့်ပါ။ ဆိုလိုတာက ဆိုရှယ်မီဒီယာကprivacyကို ထိန်းသိမ်းတယ်ဆိုပေမယ့် ဒါကလည်း အတိုင်းအတာတစ်ခုထိပါပဲ။ ဒါရဲ့ အကျိုးအပြစ်တွေကို ကြိုတွေးထားဖို့လိုပါတယ်။ခုနက ပြောသလိုပေါ့။ အသိယောက်က နောက်ဆုံးပေါ်ဖုန်းတစ်လုံး ဝယ်လိုက်တယ်။ ဒါကို ကိုယ်ကကြည့်ပြီး သူက ဘာမို့လို့ ဝယ်နိုင်တာလဲ။ ငါလည်း ဝယ်နိုင်တာပေါ့ဆိုပြီး လိုက်ပြိုင်မိပါတယ်။ တကယ်က ကိုယ့်မှာ ဒီဖုန်းဝယ်တာထက် အရေးကြီးတဲ့ သုံးစရာတွေ အများကြီးရှိမှာပါ။ ဒါပေမယ့် သူများဝယ်တာမြင်တော့ပြိုင်ဆိုင်လိုစိတ်သက်သက်နဲ့ လိုက်လုပ်မိတာပေါ့။ဖုန်းလောက်ထိရှည်ရှည်ဝေးဝေး မပြောပါနဲ့။ အွန်လိုင်းမှာ ဆိုင်လေးတစ်ဆိုင်က စားကောင်းတယ်ဆိုပြီး တက်လာရင်တောင် သွားစားလိုက်ရမှ။ မစားလိုက်ရရင် ခေတ်နောက်ကျသလိုလို ခံစားရပါတယ်။ ဒါက ဆိုရှယ်မီဒီယာရဲ့ လှည့်ကွက်တစ်ခုပါပဲ။ဆိုရှယ်မီဒီယာမှာ တစ်နေ့တစ်နေ့ တက်လာလိုက်တဲ့ သတင်းတွေကို ကြည့်ရင်း တော်ကြာ ဒေါသထွက်ရ၊ သနားရ၊ စိတ်ပျက်ရ၊ စိတ်ဓာတ်ကျရနဲ့ စိတ်ဖိစီးလာပါတယ်။ ဒါကြောင့် စိတ်ကထိလွယ်ရှလွယ်ဖြစ်ပြီး ပေါက်ကွဲထွက်လာပါတယ်။ တစ်ယောက်ယောက်က ပို့စ်တစ်ခုတင်လိုက်ရင် ဆိုလိုရင်းကို သေချာမဖတ်ဘဲ ကိုယ့်စိတ်နဲ့ မကိုက်တဲ့ အသုံးအနှုန်းတစ်ခုပါတာနဲ့ ဆဲတော့တာပါပဲ။ သူများပို့စ်အောက်မှာ ကိုယ်မကြိုက်တဲ့ ကောမန့်တစ်ခုတွေ့ရင်လည်း ဝင်ဆဲတော့တာပါပဲ။ နည်းနည်းမှ အတိမ်းအစောင်း မခံတော့ပါဘူး။ မကြိုက်တာနဲ့ ဆဲ။ ဘယ်လောက်တောင် ဖြစ်ကြလဲဆိုရင် ဟိုအဖွဲ့ ဒီအဖွဲ့တွေ ကွဲပြီး ရက်နဲ့ချီ ရန်ဖြစ်ကြတော့တာပါပဲ။ အရပ်အခေါ် keyboard fighterများပေါ့။စဉ်းစားကြည့်မယ်ဆိုရင် အပြင်မှာ လူချင်းတွေ့ပြီး စကားပြောနေမယ်။ သူ့စကားထဲမှာ ကိုယ်မကြိုက်တာ တစ်ခုခုပါသွားရင် ချက်ချင်းထဆဲမလား။ မဆဲလောက်ဘူးနော်။ နားမထောင်ချင်ရင် အကျိုးသင့်အကြောင်းသင့်ပြောမယ်။ ဒီထက်ပိုဆိုးရင် ထထွက်သွားလိုက်မယ်ပေါ့။ ခုက ဆိုရှယ်မီဒီယာဆိုတဲ့virtual worldထဲမှာ ဖြစ်နေတာ့ သူ့လည်း ကိုယ်မမြင်၊ keyboardကနေလည်း လှမ်းထိုးလို့ မရတော့ စိတ်ထဲမှာ နည်းနည်း စိတ်ချပြီး တစ်ခုခုဆိုတာနဲ့ အဆဲကနေ စတော့တာပါပဲ။ဒါက အမုန်းစကားတွေပဲ ဖြစ်လာပါတယ်။ ဒီအမုန်းစကားတွေက ကောမန့်တွေပဲ။ ပြီးရင် ပြန်ဖျက်လိုက်လို့ရတယ်၊ မကျေနပ်ရင် ဘလော့လိုက်လို့ရတယ်ဆိုတဲ့ စိတ်နဲ့ ပြောနေကြတာပါ။ လေထဲက စကား လေထဲမှာ မပျောက်ဘဲ အပြောခံရသူက စိတ်ထဲမှာ စွဲလာတဲ့အခါ မလိုအပ်ဘဲ စိတ်တွေ ဖိစီးလာပါတယ်။  ကောမန့် ၁၀ခုမှာ ၉ခုက အကောင်းပြောပြီး ၁ခုလောက်က ဆဲထားရင်တောင် ဒီဆဲထားတာကိုပဲ စိတ်ထဲရောက်ပြီး ငါ့ကို ပြောရကောင်းလားဆိုပြီး စိတ်တွေ ဖိစီးလာပါတယ်။သတင်းတစ်ခုတင်လိုက်ရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရှဲလိုက်ကြတယ်။ သတင်းမှန်လား၊သတင်းမှားလား။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ မစဉ်းစားတတ်တော့ပါဘူး။ ကိုယ့်ရဲ့ အကောင့်တွေ၊ ပေ့ချ်တွေ လိုက်ခ်များဖို့ပဲ အာရုံစိုက်လာကြတယ်။ ဒါကို သေချာ မစဉ်းစားဘဲ လိုက်ယုံမယ်၊ လိုက်လုပ်မယ်ဆိုရင် ကိုယ်ပဲ ဒုက္ခရောက်မှာပါ။ သတင်းမှားတွေ များလား မများလားဆိုရင် တော်ကြာတစ်ခုတင်လိုက်၊ ခဏနေရင် ဒီလိုမဟုတ်ပါဘူးဆိုပြီး ပြန်တင်လိုက်၊ တော်ကြာ အဖြစ်မှန်က ဒီလိုပါဆိုပြီး ပြန်တင်လိုက်နဲ့ လုံးလည်ချာလည်လိုက်နေတာပါပဲ။ ဒါကြောင့် ဒီလိုသတင်းတွေရန်က ရှောင်နိုင်ဖို့ ကိုယ့် စဉ်းစားဉာဏ်ကို သုံးရပါမယ်။သိုင်းလောက အရှုပ်အရှင်းတွေထဲက ခဏအနားယူဖို့ဆိုရင်။ဒီလိုမျိုး တစ်ပတ်မှာ တစ်ရက်လောက် virtual worldက ထွက်ပြီးdetoxလုပ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်လေးကြည်လာမှာပါ။ အပြင်လောကမှာ ကိုယ့်အတွက် အကျိုးရှိတာကို ရွေးလုပ်ပါ။ သိုင်းလောကကနေ တစ်ပတ် တစ်ရက်လောက် အနားယူပါလို့ အကြံပေးလိုပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%86%e1%80%ad%e1%80%af%e1%80%9b%e1%80%be%e1%80%9a%e1%80%ba%e1%80%99%e1%80%ae%e1%80%92%e1%80%ae%e1%80%9a%e1%80%ac%e1%80%80%e1%80%94%e1%80%b1-detox%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9b/
ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး
မသန့်ရှင်းတဲ့ အစားအစာတွေ၊ အဆီတွေ၊သကြားဓာတ်တွေပိုပိုကဲကဲ ထည့်သွင်းဖန်တီးလာတဲ့ အစားအစာတွေ ပေါများလာတဲ့ ဒီခေတ်ထဲမှာ ဆီးချိုဝေဒနာ ခံစားနေရသူတွေလည်း ပိုပိုများလာပါတယ်။ ဆီးချိုဟာ ဒီကနေ့ခေတ် ကျန်းမာရေးနယ်ပယ်မှာ ပိုပိုပြီးတော့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာ ရောဂါဆိုးတစ်ခုဖြစ်လာနေပါပြီ။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။ဆီးချိုမှာ ကာကွယ်လို့မရတဲ့ ဆီးချိုအမျိုးအစား-၁ နဲ့ အဖြစ်များတဲ့ဆီးချို အမျိုးအစား-၂ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ဂရုတစိုက်နေထိုင်မယ်ဆိုရင်ဆီးချိုဝေဒနာခံစားနေရပေမယ့်လည်း တစ်သက်လုံး အေးအေးဆေးဆေးနေလို့ရပါတယ်။ဒါပေမယ့် အစားအသောက် အနေအထိုင် မဆင်ခြင်ရင်တော့ ဆီးချိုက အသက်အန္တရာယ်ကို ကြီးကြီးမားမား ခြိမ်းခြောက်နေတဲ့ရောဂါတစ်မျိုးဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ဆီးချိုဝေဒနာကြောင့် သေဆုံးတဲ့ သူအရေအတွက်ဟာAIDSနဲ့ရင်သားကင်ဆာကြောင့်သေဆုံးရတဲ့သူတွေထက် ပိုများပါတယ်။ ဆီးချိုဝေဒနာ စွဲကပ်နေသူ ၄ ဦးမှာ ၂ ဦးဟာ နှလုံးရောဂါသို့မဟုတ် လေဖြတ်ပြီး သေဆုံးသွားတတ်ကြပါတယ်။ဒီတော့ မိမိမှာ ဆီးချိုဝေဒနာရှိနေပြီဆိုရင် အနေအထိုင် အစားအသောက် ဆင်ခြင်ဖို့ အထူးလိုအပ်ပါတယ်။ လူအတော်များများက ဆီးချိုဖြစ်နေရင် သွေးတွင်းသကြားဓာတ်ဆုံးရှုံးမယ်ဆိုတဲ့ အယူအဆမှားကြောင့်လေ့ကျင့်ခန်းလုပ်ဖို့ ကြောက်တတ်ကြပါတယ်။တကယ်တမ်းက လေ့ကျင့်ခန်း၊ ဆေးဝါးနဲ့ အစားအသောက်တွေကို ညီမျှအောင် ချိန်ညှိ မှီဝဲလုပ်ဆောင်ပေးရမှာပါ။အထူးသဖြင့် အစားအသောက်စားသုံးရာမှာကျန်းမာရေးနဲ့ ကိုက်ညီတာတွေကို မှီဝဲစားသောက်ရမှာဖြစ်သလို မကိုက်ညီတာတွေကိုလည်း လုံးဝပြတ်ပြတ်သားသား ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။စားသင့်တာကို စားတာက ကောင်းကျိုးဖြစ်စေသလို မစားသင့်တာတွေကို ရှောင်တာကလည်း ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ရာရောက်တာမို့ ရောဂါထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ဒီတော့ ကိုယ့်မှာ ဆီးချိုဖြစ်နေရင် ဘယ်လိုအစားအစာမျိုးတွေကို ရှောင်ကြဉ်ရမလဲ။ ဆီးချိုဝေဒနာရှင်တွေ လုံးဝရှောင်ကျဉ်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးမယ်နော်။သကြားဓာတ်ပါဝင်တဲ့အဖျော်ယမကာတွေဟာ ဆီးချိုသမားတွေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။ လုံးဝ ရှောင်ကျဉ်ဖို့ လိုအပ်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖန်တီးပေးပါလိမ့်မယ်။ ဆိုဒါ ၃၅၀ ml လောက်မှာတောင် ကာဘိုဟိုက်ဒြိတ် ၃၈ ဂရမ်လောက်ပါဝင်နေပါတယ်။လက်ဖက်ရည်အေးနဲ့ သံပုရာရည်တွေမှာလဲ ဒီအတိုင်းပါပဲ။ ဒီသကြားပမာဏက fructose ပမာဏတိုးပွားလာစေမှာဖြစ်ပြီး ဒီဓာတ်ဟာ ဆီးချိုသမားတွေအတွက် အဓိကလိုအပ်ချက်တစ်မျိုးဖြစ်တဲ့ အင်ဆူလင်ကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိပါရှိနေပါတယ်။Fructose များလာရင် ဝမ်းဗိုက်နားမှာ အဆီပိုတွေစုလာနိုင်သလို သွေးတွင်း ကိုလက်စထရောကိုလည်း အန္တရာယ်ရှိလောက်တဲ့အထိ အများအပြားတိုးမြင့်စေမှာပါ။သဘာဝ အဆီမဟုတ်ဘဲ စက်ရုံတွေကနေ ဓာတုဗေဒနည်းနဲ့ ပြုပြင်ပြီးထုတ်လုပ်ထားတဲ့ အဆီတွေဟာလည်း ဆီးချိုသမားတွေရဲ့ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒီအဆီတွေဟာ ဟိုက်ဒရိုဂျင်ပမာဏကို မြင့်တက်စေပြီး ကျန်းမာရေးနဲ့ မကိုက်ညီတဲ့unsaturated fatty acidsကို ဖန်တီးနိုင်ပါတယ်။ ပြုပြင်ယူထားတဲ့ အဆီတွေကို ထောပတ်၊ မြေပဲထောပတ်၊ ဒိန်ခဲအပျော့၊ နို့မှုန့်နဲ့ အေးခဲအစားအစာတစ်ချို့မှာ ပါရှိပါတယ်။အဖြူရောင် အဆင်းရှိတဲ့ပေါင်မုန့်၊ ဆန်နဲ့ ပါစတာခေါက်ဆွဲတွေဟာ ကာဘိုဟိုက်ဒြိတ်ဓာတ်များပြားတာမို့ ဆီးချိုသမားတွေနဲ့ မသင့်လျော်ပါဘူး။ ဒီလို အစားအစာမျိုးတွေဟာ သွေးတွင်း သကြားဓာတ်ကို သိသိသာသာ တိုးစေပြီး Type 1 ဆီးချိုသမားတွေရော Type 2 ဆီးချိုသမားတွေအတွက်ပါ မသင့်လျော်တာဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကိုပါ ကျဆင်းစေမှာဖြစ်ပါတယ်။အဆိုပါအစားအစာတွေမှာ ဖိုက်ဘာဓာတ် အနည်းအကျဉ်းသာပါဝင်တာမို့ သွေးတွင်းက သကြားဓာတ် ကို ခန္ဓာကိုယ်က စုပ်ယူနိုင်အားနည်းပါးစေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဖိုက်ဘာဓာတ်ဖြည့်တင်းထားတဲ့ ပေါင်မုန့်ဖြူမျိုးတွေ တီထွင်ဖန်တီးလာတာဖြစ်ပြီးတော့ အဆိုပါ ပေါင်မုန့်မျိုးတွေကတော့ သွေးတွင်းသကြားပမာဏ လျော့နည်းစေဖို့ အထောက်အကူပြုနိုင်ပါတယ်။သဘာဝဒိန်ချဉ်ဟာ ဆီးချိုဝေဒနာရှင်တွေကို အကျိုးပြုတဲ့ အစားအစာ အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သစ်သီးအရသာ ဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေကတော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုရှိတာကို သတိထားဖို့ လိုအပ်ပါတယ်။အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေမှာ သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ဖန်တီးထားတဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်နေပါတယ်။အဆိုပါ လူလုပ်နို့ထွက်ပစ္စည်းတွေဟာ သကြားဓာတ်ရော၊ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါ ပမာဏ အများအပြားပါရှိနေတာမို့ ဆီးချိုသမားတွေအတွက်တော့ လုံးဝမသင့်တော်ပါဘူး။Cerealကို မနက်စာအဖြစ် မှီဝဲကြတာက အနောက်တိုင်း ဓလေ့တစ်ခုဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ မြန်မာပြည်မှာလဲ စားလာကြပါတယ်။ ဒါပေမယ့် Cereal ဟာ ဆီးချိုသမားတွေ ရှောင်ကျဉ်သင့်တဲ့ အစားအစာတ်မျိုးဖြစ်ပါတယ်။ဘူးပေါ်က အညွှန်းစာတွေဖတ်ပြီး ကျန်းမာရေးနဲ့ သင့်လျော်တယ်လို့ ထင်ချင်စရာဖြစ်ပေမယ့် ဆီးချိုသမားတွေအနေနဲ့ Cereal ကို ရှောင်ကျဉ်တာအကောင်းဆုံးပါ။ပုံမှန်အားဖြင့် Cereal တွေမှာ ပရိုတိန်းဓာတ် နည်းပါးပြီး ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်မှုများပြားပါတယ်။ ခုနောက်ပိုင်းမှာတော့ ဆီးချိုသမားတွေ စားလို့ရတဲ့ ပရိုတိန်းကြွယ်ဝပြီး ကာဘိုဟိုက်ဒြိတ်ဓာတ်နည်းပါးတဲ့ Cereal မျိုးတွေ ထုတ်လုပ်လာနေကြပါပြီ။ကော်ဖီက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောင်းတာရော ဆိုးတာရော အမျိုးမျိုးပေးစွမ်းတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ မကောင်းတဲ့ဘက်ခြမ်းကနေကြည့်မယ်ဆိုရင်တော့ ဆီးချိုသမားတွေနဲ့ မသင့်လျော်ဆုံးပါပဲ။ အထူးသဖြင့် အသင့်သောက်ကော်ဖီတွေပါ။ကိုယ့်မှာ ဆီးချိုရှိနေရင် ကော်ဖီကို ရှောင်တာက အကောင်းဆုံးနည်းလမ်းပါ။ ကော်ဖီကြောင့် သွေးတွင်း သကြားဓာတ်မြင့်မားစေနိုင်သလို ဦးနှောက်လုပ်ဆောင်ချက် ဖောက်ပြန်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။သစ်သီးဝလံတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကို အထောက်အကူဖြစ်စေတဲ့ သဘာဝအရင်းအမြစ်တွေဖြစ်ပါတယ်။ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ဒါပေမယ့် အခြောက်ခံထားတဲ့ သစ်သီးတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ သစ်သီးကို အခြောက်ခံပြီး ဓာတုဗေဒနည်းနဲ့ တာရှည်ခံအောင် ပြင်ဆင်ထားတာမို့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။အခြောက်ခံထားတာမို့ ရေဓာတ်ဆုံးရှုံးထားရသလို အာဟာရဓာတ်တွေလည်း ပျက်ဆီးကုန်ကြပါတယ်။ ဥပမာပေးရရင် သဘာဝ စပျစ်သီး ပန်းကန်လုံး တစ်လုံးစာမှာ ကာဘိုဟိုက်ဒြိတ် ၂၇ ဂရမ်နဲ့ ဖိုက်ဘာ ၁ ဂရမ်သာပါဝင်ပေမယ့် ပမာဏတူ စပျစ်သီးခြောက်ထဲမှာတော့ ကာဘိုဟိုက်ဒြိတ် ၁၁၅ ဂရမ်နဲ့ ဖိုက်ဘာ ၅ ဂရမ်ပါဝင်နေမှာဖြစ်ပါတယ်။အာလူးကြော်၊ ငါးမုန့်ကြော်တို့အပါအဝင် ဘာကြော်၊ ညာကြော်၊ ကိတ်ခြောက်နဲ့ အမျိုးအမယ်စုံလင်လှစွာသောအဆာပြေမုန့်တွေဟာ ဆီးချိုသမားတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။အိတ်လှလှလေးတွေနဲ့ ထုပ်ပိုးထားပြီး နေရာတိုင်းမှာ အလွယ်တကူဝယ်ယူလို့ရနိုင်ပေမယ့် ဒီမုန့်တွေမှာပါဝင်နေတဲ့ မသန့်စင်တဲ့ အဆီတွေ၊ သကြားဓာတ်တွေ၊ ကာဘိုဟိုက်ဒြိတ်တွေဟာ ဆီးချိုသမားတွေကို ရောဂါပိုတိုးဖို့ လက်ကမ်းခေါ်နေကြတာပါ။သီးစုံအချိုရည်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဖျော်ယမကာတွေလို့ ထင်မြင်ခြင်းခံကြရတတ်ပါတယ်။ တကယ်တမ်းမှာတော့ ဒီလို ဖျော်ရည်တွေဟာ သွေးတွင်းသကြားပမာဏ မြင့်တက်စေတဲ့ ဆိုးကျိုးကိုပေးပါတယ်။ဆိုဒါနဲ့ တခြားအားဖြည့်အချိုရည်တွေလိုပါပဲ။ သစ်သီးဖျော်ရည်တွေနဲ့ သီးစုံအချိုရည်တွေဟာလည်း ဆီးချိုသမားတွေ ရှောင်ကျဉ်သင့်တဲ့ အဖျော်ယမကာအမျိုးအစားတွေဖြစ်ကြပါတယ်။French Friesလို့ လူသိများတဲ့ ပြင်သစ်အာလူးကြော်ဟာ အသင့်စား အစားအစာရောင်းတဲ့ ဆိုင်တိုင်းနီးပါးမှာ ဝယ်ယူလို့ရပြီးတော့ လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါ။ ပူပူလောလောကြော်ထားတဲ့ အာလူးချောင်း ဝါဝါလေးတွေဟာ စားရတာအရသာရှိလှသလို ဗိုက်လည်းဝပါတယ်။တချို့ ကြိုက်တတ်သူတွေက အာလူးကြော်ချည်း သီးသန့်တောင် ဝယ်စားတတ်ကြပါသေးတယ်။ ဒါကြောင့်လည်း ဒီအာလူးကြော်ကို အရသာအစုံအလင် ဖန်တီးဆန်းသစ်လာကြတာတွေလည်း ရှိပါတယ်။ဘယ်လို အရသာရှိရှိ စားကောင်းကောင်း French Fries တွေဟာ ဆီးချိုသမားတွေအတွက်တော့ အန္တရာယ်များတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကာဘိုဟိုက်ဒြိတ်ပါဝင်မှုများတဲ့ အာလူးကို မီးပြင်းပြင်းနဲ့ ကြော်ထားတာမို့ ဆီးချိုသမားတွေကို ဘေးသင့်စေမယ့် AGEs နဲ့ Aldehydes တို့ အလျှံအပယ်ပါဝင်နေတာပါ။ နှလုံးရောဂါနဲ့ တခြားရောဂါတွေပါ ဖြစ်စေနိုင်တာကို မမေ့ပါနဲ့နော်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/foods-to-avoid-with-diabetes/
မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထပါ
သီချင်းကို ဖျော်ဖြေရေး တစ်ခုလို့ပဲ အများက သိထားကြပါတယ်။ တကယ်ကတော့ သီချင်းကဖျော်ဖြေရေးဆိုတာထက် ပိုပါတယ်။သီချင်းနားထောင်တာကစိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ အခုတစ်ခေါက်တော့ မနက်ခင်းကို သီချင်းလေးတွေ နဲ့ နိုးထတာက ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။မနက်ခင်းမှာ တေးသီချင်းတွေ နားထောင်တာကစိတ်ကိုသက်သောင့်သက်သာဖြစ်စေပြီးစိတ်ဖိစီးမှုတွေကို ပြေစေပါတယ်။ စိတ်ပျော်ရွှင်စေပြီး တစ်နေ့တာလုံးကို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါတယ်။မနက်ခင်းမှာ ငြိမ့်ငြိမ့်ညောင်းညောင်း တေးသံလေးတွေ နားဆင်ရတာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။ သီချင်း အမျိုးအစားတွေကတော့ စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ရင်းဖြစ်ဖြစ်မနက်စာစားရင်း ဖြစ်ဖြစ်၊ ရုံးသွားရင်း ဖြစ်ဖြစ် သီချင်းလေးတွေကို နားထောင်ပေးတာကနေ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။မနက်ခင်းမှာ သီချင်းလေးတွေ နားထောင်တာက ပျော်ရွှင်စရာ အတိတ်လေးတွေဆီ ပြန်လည် သယ်ဆောင်ပေးရင်းပျော်ရွှင်မှုတွေကို ယူဆောင်လာပေးမှာပါ။ ပျော်ရွှင်စရာ အတိတ်တွေကို ခံစားရင်း စိတ်ခံစားမှုတွေက အလိုလို ပေါ့ပါးပျော်ရွှင်လို့ တစ်နေ့တာလုံးစိတ်ခံစားမှုတွေကောင်းစေမှာပါ။စိတ်ဓာတ်ကျတာတွေ ကင်းဝေးစေပြီးပေါင်းသင်းဆက်ဆံရေးကောင်းစေပါတယ်။ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သီချင်းနားထောင်တာကဦးနှောက်ကို စိတ်ခံစားမှု ကောင်းစေမယ့် dopamine ဟော်မုန်းကို ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးပါတယ်။စိုးရိမ်စိတ်တွေကိုလည်း ပြေလျော့စေမှာပါ။ ဒီတော့ မနက်ခင်းကို သီချင်းချိုချိုလေးတွေ နားထောင်ဖို့ ပြောပါရစေ။လူတော်တော်များများက သီချင်း နားထောင်တာက အလုပ်အပေါ် အာရုံစိုက်နိုင်စွမ်း ကျစေတယ်လို့ ယူဆကြပါတယ်။ တကယ်ကတော့ သီချင်း နားထောင်တာက အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ဂန္တဝင်တေးသွားတွေကို နားထောင်တာက အာရုံစူးစိုက်မှုကို ပိုမိုကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ ဒါကြောင့် အာရုံစူးစိုက်ရခက်နေပြီဆိုရင် သီချင်းလေးတွေ နားထောင်ပေးဖို့ အကြံပြုပါရစေ။စိတ်တွေအရမ်း ရှုပ်ထွေးလာရင် ဖြစ်ဖြစ် မနက်ခင်းမှာ စိတ်ပင်ပန်းစွာနဲ့ နိုးထလာရင် ဖြစ်ဖြစ် သီချင်းလေး နားထောင်လိုက်ပါ။ သီချင်း နားထောင်တာက စိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ငြိမ့်ငြိမ့်ညောင်းညောင်း တေးသံလေးတွေက ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေပါတယ်။စိတ်တအား ရှုပ်နေရင် သီချင်း အေးအေးလေးတွေကို ၁ နာရီလောက် အချိန်ပေးပြီး နားထောင်လိုက်ပါ။တစ်နေ့တာကို Motivation ရှိရှိ ဖြတ်သန်းချင်တယ်ဆိုရင်တော့ သီချင်းနားထောင်လိုက်ပါ။ မနက်ခင်းမှာ အနှစ်သက်ဆုံး သီချင်းကို နားထောင်လိုက်တာက စိတ်အားတက်ကြွစေဖို့ အကောင်းဆုံး အထောက်အကူ ရစေမှာပါ။အလုပ်ခွင်ထဲမှာ တက်တက်ကြွကြွနဲ့ Motivation ပြည့်ပြည့်ဝဝ ရချင်တယ်ဆိုရင်တော့ မနက်ခင်းကို သီချင်းလေးတွေ နားထောင်ရင်း ကုန်ဆုံး လိုက်ပါ။တစ်နေ့တာကို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်တဲ့ ဆန္ဒ ရှိပါသလား…… ဒါဆိုရင်တော့ မနက်ခင်းမှာ သဘောအကျဆုံး သီချင်းလေးတွေကို နားထောင်ပေးလိုက်ပါ။ ဒီလို နားထောင်တာက dopamine ဟော်မုန်း ထွက်ရှိစေပြီး အလိုလို တက်တက်ကြွကြွ ဖြစ်လာမှာပါ။အဆွေး သီချင်းတွေ မဟုတ်ဖို့တော့ လိုပါမယ်နော်……….။https://www.youtube.com/watch?v=JsZFbjJIry4&list=PLeLbRXZjaOG77BVI059IT-TfDxEWW8BKu။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/morning-listening-music-health-benefits/
Minimalism က စိတ်ကျန်းမာရေးကို ဘယ်လိုအထောက်အကူဖြစ်စေလဲ။
ရုပ်ဝတ္ထုတွေ တိုးတက်လာပြီး တစ်နေ့ထက် တစ်နေ့ အသစ်အဆန်းတွေ ပေါ်ထွက်လာတဲ့အချိန်မှာ ဒါတွေကို နောက်ကလိုက်ဝယ်နေရင် ပြီးတော့မှာ မဟုတ်ပါဘူး။ ဒီလို ဝယ်ယူနေတာက ကိုယ့်ပျော်ရွှင်မှုအတွက်လား၊ သူများကို အထင်ကြီးစေချင်လို့လားဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ဒီလို လိုက်ဝယ်ရင်း လိုက်ဝယ်ရင်း ပျော်ရွှင်မှုထက်စိတ်ဖိစီးမှုတွေပဲ ရလာတဲ့အခါကျတော့Minimalism ဆိုတဲ့ နေထိုင်မှုပုံစံခေတ်စားလာပါတယ်။Minimalism နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြပေမယ့် ဘုံတူညီနေတာကတော့ မလိုတာတွေကို မဝယ်ဘူး။ မဖြစ်မနေ လိုအပ်တဲ့ ပစ္စည်းနည်းနည်းနဲ့ပဲ နေထိုင်တာကို ဆိုလိုတာပါ။ ကပ်စီးနည်းတာလား ဆိုတော့လည်း မဟုတ်ပါဘူး။ ကပ်စီးနည်းတာက ကိုယ်အသက်ရှင်ဖို့ လိုအပ်တဲ့ အရာတွေအပေါ်မှာတောင် ငွေမသုံးချင်တာပါ။ Minimalism ကတော့ ကပ်စီးနည်းတာနဲ့ အသုံးအဖြုန်းကြီးတာရဲ့ ကြားလို့ ပြောလို့ရပါတယ်။Minimalism က ဘဝရဲ့ မရှိမဖြစ်လိုအပ်တဲ့ ရုပ်ဝတ္ထုတွေကလွဲရင် ကျန်တာတွေကို ဖယ်ထုတ်ထားတာ ဖြစ်တဲ့အတွက် သူ့အတွက်တော်တော် ဝန်ပေါ့သွားပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာမှာ အောက်ပါ အကျိုးကျေးဇူးတွေ ရရှိလာပါတယ်။မလိုတာတွေကို မဝယ်တော့တဲ့အတွက် ငွေကုန်ကြေးကျသက်သာလာပါတယ်။ တချို့က လူအထင်ကြီးအောင် ကိုယ်ရှာနိုင်တာထက် ပိုသုံးမိနေတဲ့အတွက် ကြာတဲ့အခါ အကြွေးတင်၊ ဒါကို ဆပ်ဖို့ စိတ်ဖိစီးလာပါတယ်။မြင်မြင်သမျှ ကြော်ငြာသမျှကို ဝယ်ချင်စိတ်နည်းတာကလည်း သုခတစ်မျိုးပါပဲ။ လိုတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ Minimalistတွေက တစ်ခုခုဝယ်မယ်ဆို လိုသလားလို့ စစဉ်းစားတဲ့အတွက် မလိုဘူးဆိုရင် စျေးချထားလည်း လှည့်မကြည့်တော့ပါဘူး။ပစ္စည်းတွေ များလေလေ သန့်ရှင်းရေး လုပ်ရတာ များလေလေ၊ ထိန်းသိမ်းစောင့်ရှောက်ရတာ များလေလေပါပဲ။ ကားရှိတဲ့ မရှိတဲ့သူနဲ့တောင် ကွာပါတယ်။ ကားရှိတဲ့သူက သွားတိုက်မိမလား၊ တိုက်ခံရမလား၊ အာမခံ၊ ပြုပြင်ထိန်းသိမ်းစရိတ် စတာတွေကိုတွေးပူနေစရာ မလိုတော့ပါဘူး။မလိုတာတွေကို လျှော့လိုက်တဲ့အတွက် အားလုံးရှင်းထုတ်အပြီးမှာ စိတ်ကတော်တော် ပေါ့ပါးသွားပါတယ်။ အဲ့ဒီပေါ့ပါးမှုက ကိုယ်တိုင်ခံစားဖူးမှ သိနိုင်တာပါ။ ပစ္စည်းတွေ အများကြီးက နှစ်ပေါင်းများစွာ ကိုယ့်ကို ချုပ်နှောင်ထားတာကို အဲ့တော့မှ သတိထားမိပါတယ်။ရုပ်ဝတ္ထုတွေကို အချိန်ပေးရ သက်သာလာတဲ့အတွက် ကိုယ့်ကိုယ်ကို၊ ကိုယ့်မိသားစုကို ပိုပြီး ဂရုစိုက်လာနိုင်ပါတယ်။ အရင်က လိုချင်တာတွေ ဝယ်ဖို့ ငွေရှာခဲ့ရတဲ့ အချိန်တွေကို ကိုယ့်ကျန်းမာရေးအတွက်၊ လူမှုဆက်ဆံရေးအတွက် ပိုပြီး အချိန်ပေးနိုင်လာာပါတယ်။ပိုင်ဆိုင်တာတွေ နည်းလေလေ စိုးရိမ်ရတာတွေ နည်းလေလေ၊ လိုချင်တာတွေ နည်းလေလေ လောဘစိတ်တွေ နည်းလေလေပါပဲ။ ဒီလို စိတ်လက်ပေါ့ပါးမှုက ဘဝမှာ တစ်ခါမှ မခံစားဘူးတဲ့ ပျော်ရွှင်မှုကို ပေးနိုင်မှာပါ။ ကလေးဘဝ လွတ်လပ်မှုလိုပါပဲ။အိမ်ရှင်းဖို့ ကြိုးစားလိုက်တိုင်းမှာ ဒီပစ္စည်းလေးက ဘယ်တုန်းက ဘာအမှတ်တရတွေ ရှိတာ၊ ဒါဝယ်ဖို့ ငါဘယ်လောက်တောင် ကြိုးစားလိုက်ရတာဆိုပြီး တကယ်တမ်း ဘာကိုမှ မရှင်းမိပါဘူး။ ဒီလိုနဲ့ ရှေ့က ပစ္စည်းတွေလည်း မထွက်၊ နောက်ကလည်း အသစ်ထပ်ဝယ်နဲ့ ပိုပိုများလာတာပဲ ရှိပါတယ်။ တကယ်တော့ ဒါကလည်းအစွဲအလမ်းတွေပါပဲ။ အစွဲအလမ်းတွေကနေ လွတ်မြောက်ပြီး ဒီပစ္စည်းတွေကို ရှင်းထုတ်နိုင်ခြင်းက ကိုယ့်စိတ်ကို အောင်နိုင်တာပါပဲ။ကိုယ့်မှာ မလိုတဲ့ ပစ္စည်းတွေကို လိုတဲ့သူတွေကို မျှပေးတာ၊ ရသွားတဲ့သူက လိုလိုချင်ချင် သုံးတာကို မြင်ရတဲ့အခါ အင်မတန် ကျေနပ်စရာ ကောင်းပါတယ်။ ကိုယ့်ဆီမှာ ရှိနေလည်း ချောင်ထိုးခံထားရမယ့် အတူတူ အသုံးဝင်တဲ့သူလက်ထဲကို ရောက်သွားတော့ ပိုကောင်းတာပေါ့။ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတွေက ကိုယ့်အတွက် တကယ်လိုလို့လား၊ ကြွားချင်စိတ်၊ လူအထင်ကြီးခံချင်စိတ်နဲ့ ဝယ်ထားတာလားဆိုရင် ဒုတိယတစ်ခုက ပိုများနေမှာပါ။ ကျွန်ုပ်တို့က သူများတွေရဲ့ အမြင်ကို  သိပ်ပြီး ဂရုစိုက်လွန်းတဲ့အတွက် ကိုယ့်ရဲ့ ပုံစံအမှန် ပျောက်သွားပါတယ်။ လက်ထဲက ဖုန်းက သုံးလို့ရနေရဲ့သားရဲ့ “ဟာ ဘောစိ ဖုန်းအသစ်ဝယ်ပြန်ပြီလား’ ဆိုတဲ့အပေါ် သာယာပြီး ထွက်သမျှ အိုင်ဖုန်းကို လိုက်ဝယ်နေရတာလည်း ပြဿနာပါပဲ။Minimalism ရဲ့ သဘောတရားက ပစ္စည်းနည်းတာ များတာထက် ရှိနေတဲ့ ပစ္စည်းတွေက ကိုယ့်အတွက် တကယ် အသုံးဝင်ဖို့ လိုပါတယ်။ နည်းနည်းပဲ ရှိနေပေမယ့် သူများအထင်ကြီးအောင် ဝယ်ထားရတဲ့ ပစ္စည်းတွေဆိုရင်လည်း Minimalism မဟုတ်ပြန်ပါဘူး။လိုအပ်တာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေမယ်လို့ ထင်တဲ့အရာတွေကို ဝယ်ပါ။ သူများအထင်ကြီးအောင်တော့ မဝယ်ပါနဲ့။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေက ရုပ်ဝတ္ထုအပေါ် အများကြီး မမှီခိုနေပါစေနဲ့။ မလိုတာတွေကို ရှင်းထုတ်ပြီး စိတ်လက်ပေါ့ပါးမှုကို ခံစားကြည့်လိုက်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/minimalism-and-mental-health/
သင့်မှာ ဆီးချို ရှိနေပြီလား။
သင့်မှာ ဆီးချို ရှိနေပြီလား ဆိုတာ မကြားချင်ဆုံး မေးခွန်းပါ။ အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ လူတွေ သိကြတာက ဆီးချိုဖြစ်ရင် ထမင်းတွေ မစားရတော့ဘူး။ အချိုတွေ ရှောင်ရတော့မယ်။ အခန့်မသင့်ရင် အနာတွေဖြစ်ပြီး ခြေတွေ လက်တွေ ပုပ်လို့ ဖြတ်ရတော့မယ် စသဖြင့် ခေါင်းထဲကို ဝင်လာပါတယ်။ဒါကြောင့်လည်း အမျိုးထဲက ဒါမှမဟုတ် အသိထဲက တစ်ယောက်ယောက် ဆီးချိုရှိနေပြီဆိုရင် ကြောက်တတ်ကြပါတယ်။ အဲ့တော့မှ ကောက်ခါ ငင်ခါ ဆီးချို သွားဖောက်တတ်ကြပါတယ်။ အဲ့ဒီမှာ ဘယ်နှခါ ဖောက်မှာလဲ၊ ဘယ်အချိန်ဖောက်မှာလဲ၊ ဘာအဖြေရရင် ဘာဖြစ်နေတာလဲ ဆိုပြီး ရှိပါတယ်။ ဆက်ကြည့်ရအောင်။ဆီးချို ရှိမရှိကို ဘယ်လို သိမလဲဆိုရင်သွေးဖောက်စစ်မှပဲ သိနိုင်ပါတယ်။ လက်ထိပ်ဖောက်တာ ဖြစ်ချင် ဖြစ်မယ်။ လက်မောင်းက သွေးဖောက်တာ ဖြစ်ချင် ဖြစ်မယ်။ သေချာတာက သွေးစစ်မှပဲ သိနိုင်တာပါ။အရပ်ထဲမှာ ပြောနေသလိုမျိုး ‘ဆီးပေါက်ပြီး ထားထားလိုက်၊ ပုရွတ်ဆိပ်တက်နေရင် ဆီးချိုရှိတယ်’ ၊ ‘ခြေထောက် အနာမကျက်ဘူးလား၊ ဒါ ဆီးချိုရှိနေလို့’ ဆိုတာ မဟုတ်ပါဘူး။ ဒါမတိကျပါဘူး။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဆီးချို ရှိ မရှိ အပြင်ကကြည့်ရုံနဲ့ မသိပါဘူး။ အကောင်းဆုံးနည်းက သွေးစစ်ကြည့်တာပါပဲ။ဆီးချိုနဲ့ သူရဲ့ ကိန်းဂဏန်းများ။ADA လို့ ခေါ်တဲ့ American Diabetic Association အမေရိကန် ဆီးချိုအဖွဲ့ကြီးကတော့ ဒီလို ပြောပါတယ်။ပုံမှန်လူ။၁။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် < 100 mg/dL။သို့မဟုတ်။၂။ သကြားရည်သောက်ပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ်  < 140 mg/dL။ဆီးချို အကြိုအဆင့်။၁။A1C5.7- 6.4%။သို့မဟုတ်။၂။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် 100 – 125 mg/dL။သို့မဟုတ်။၃။ သကြားရည်သောက်ပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ်  140 – 199 mg/dL။ဆီးချိုရောဂါရှိသူ။၁။ A1C > 6.5%။သို့မဟုတ်။၂။ အစာ မရှိချိန် သွေးတွင်းသကြားဓာတ် >126 mg/dL။သို့မဟုတ်။၃။ သကြားရည်သောက်ပြီး ၂နာရီအကြာ သွေးတွင်းသကြားဓာတ် >200 mg/dL။သို့မဟုတ်။၄။ ဆီးချို လက္ခဏာတွေလည်း ရှိတယ်။ ဒီတိုင်း သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်လိုက်တော့လည်း  >200 mg/dL ရှိနေတယ်။ဒီနေရာမှာ တချို့ စကားတွေကို နည်းနည်း ပြန်ရှင်းပြ ပေးပါ့မယ်။အသက်၄၅နှစ် ကျော်တဲ့သူတိုင်း စစ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အနည်းဆုံး တစ်နှစ်တစ်ခါတော့ စစ်သင့်ပါတယ်။–အဝလွန်တဲ့သူတွေ (BMI 25ကျော်တဲ့သူတွေ)။[embed-health-tool-bmi]။-လှုပ်ရှားမှုမရှိ အထိုင်များတဲ့ သူတွေ။-အမျိုးထဲမှာ ဆီးချိုရှိတဲ့သူတွေ။​-ကိုယ်ဝန်ဆောင်တုန်းက ဆီးချိုရှိတဲ့သူတွေ။–သွေးတိုးရှိတဲ့သူတွေ။-သွေးတွင်း အဆီဓာတ် များတဲ့သူတွေ။-သားဥအိမ်မှာ အရည်အိတ် အများကြီးတည်တဲ့ ရောဂါရှိသူ (polycystic ovarian syndrome)။–လေဖြတ်ဖူးတဲ့ သူတွေကတော့ စစ်ထားတာ ကောင်းပါတယ်။ဆီးချိုက တစ်ခါစစ်ပြီး ပြီးသွားတာ မဟုတ်ပါဘူး။ ဆီးချိုရှိပြီ ဆိုတာ သိတာနဲ့ တစ်သက်လုံးကုရတော့မှာပါ။ ပျောက်တာလဲ မဟုတ်ဘဲနဲ့ ဘာလို့ ကုနေတာလဲလို့ မေးရင် နောက်ဆက်တွဲတွေ ဖြစ်မှာစိုးလို့ပါ။နောက်ဆက်တွဲတွေက သိတဲ့အတိုင်း မျက်စိကွယ်တာ၊ လေဖြတ်တာ၊ အနာမကျက်တာ၊ ပိုးဝင်ပြီး ခြေထောက်ဖြတ်ရတာ၊ ကျောက်ကပ်ထိတာ စတာတွေ ဖြစ်ပြီး အသက်အန္တရာယ်ထိမှာစိုးလို့ ကုရတာပါ။ကုလည်း ကုရသလို တစ်ဖက်ကလည်း ဆီးချိုကောင်းကောင်းထိန်းနိုင်လားဆိုပြီး စစ်ရပါတယ်။ စစ်တာတွေကတော့ အများကြီးပေါ့။ အဓိက စစ်ရမယ့် A1Cနဲ့ လက်ထိပ်ဖောက်ပြီး စစ်တာကို ပြောပြပေးပါ့မယ်။A1C။အဖြေကောင်းတယ်ဆိုတာ ၇အောက် ရောက်တာကို ပြောတာပါ။ တော်တော်များများ လူနာတွေ အတွက် A1C ၇အောက်က ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဖြစ်တာလည်း မကြာသေးဘူး၊ တခြားရောဂါတွေလည်း ရှိမနေဘူးဆိုရင် ၆.၅အောက်ထိ ချထားနိုင်တာ ပိုကောင်းပါတယ်။လက်ထိပ်ဖောက် စစ်ဆေးခြင်း။လက်ထိပ်ဖောက် စစ်ဆေးတာမှာ အသုံးများတာကတော့ ဘာမှ မစားခင် စစ်တာနဲ့ စားပြီး ၂နာရီခြား စစ်တာပါ။(ဘာမှမစားခင်ဆိုတာ အစာနဲ့ ၈နာရီခြားထားတာကို ပြောတာပါ။ မနက်ဘာမှမစားခင် ဖောက်ကြတာ များပါတယ်။)။လက်ထိပ်ဖောက်စစ်တာက ဘယ်သူစစ်ခိုင်းခိုင်း မခိုင်းခိုင်း ကိုယ့် အသိစိတ်ဓာတ်ကို စစ်ရမှာပါ။ ဖောက်စစ်ပြီး စာအုပ်ထဲမှာ သေချာမှတ်ထားရမှာပါ။A1Cက လွန်ခဲ့တဲ့ ၃လဟာကို စစ်တယ်ဆိုပေမယ့် လက်ထိပ်ဖောက်တာကတော့ တစ်နေ့စာကို စစ်တာပါ။ ခုဆိုရင် မစားခင် ဘယ်လောက်ရှိရမယ်၊ စားပြီး ဘယ်လောက်ရှိမလဲ ဆိုတာ သိနေပြီပဲ။ ကိုယ့်အဖြေပေါ်မူတည်ပြီး များရင်များသလို အစားအသောက် ဆင်ခြင်ရမှာပါ။ ဒါကြောင့် ဖောက်ဖြစ်အောင် ဖောက်ပါ။ဒီလောက်ဆိုရင် ဆီးချိုစစ်ရင် ဘာကို စစ်ရမှာလဲ။ ဘယ်သူတွေ စစ်သင့်လဲ။ ဘယ်လောက်ရရင် ကောင်းလဲဆိုတာ သိလောက်ပါပြီ။ ဆီးချိုထိန်းတဲ့ နေရာမှာ လူနာရဲ့ ပါဝင်မှုက အရေးကြီးပါတယ်။ ဆရာဝန်က အကြံပဲ ပေးနိုင်တာပါ။ လူနာက တကယ်လိုက်လုပ်မှပဲ ဆီးချိုကို ကောင်းကောင်းထိန်းနိုင်တာပါ။(အထက်ပါ ကိနိးဂဏန်းများသည် ADAမှ စံသတ်မှတ်ချက်များ ဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စံသတ်မှတ် ပေါ်မူတည်၍ ကိန်းဂဏန်းများ အပြောင်းအလဲ ရှိနိုင်သည်။)
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/do-you-have-diabetes/
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ
ကိုယ်ဝန်ဆောင်ပြီဆိုရင် ကိုးလလုံးလုံး မိခင်ရော ကလေးပါ ကျန်းမာဖို့ ကြိုးစားအားထုတ်ရပါတယ်။ ဒါမှ ၁၀လပြည့်တဲ့အခါ ကျန်းမာတဲ့ ကလေးလေးကို မွေးဖွားနိုင်မှာပါ။ ဒီနေရာမှာကိုယ်ဝန်ဆောင်စောင့်ရှောက်မှုဆိုတာ အရေးပါလာပါပြီ။ ကိုယ်ဝန်ကို ဘယ်လိုစောင့်ရှောက်ကြမလဲ။ ဆောင်ရန် ရှောင်ရန်တွေက ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ကိုယ်ဝန်အပ်ခြင်း။ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှာ အခြေခံအကျဆုံးက ကိုယ်ဝန်အပ်ခြင်းပါပဲ။ ကိုယ်ဝန်အပ်တယ်ဆိုတာ ကိုယ်နဲ့ ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို ကျွမ်းကျင်ပညာရှင်နဲ့အတူ စောင့်ရှောက်တာပါ။ကိုယ်ဝန်ဘယ်ချိန်မှာ အပ်ရမလဲဆိုတာကလည်း အမေးများဆုံး မေးခွန်းတစ်ခုပါပဲ။ တချို့ကအာထွာဆောင်းရိုက်ခါနီးမှ အပ်ရမယ်လို့ ထင်ကြပါတယ်။ တကယ်က ကိုယ်ဝန်ရှိရှိချင်း အပ်တာက စိတ်အချရဆုံးပါပဲ။တချို့ဆိုရင် ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးတည်းက သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာနေကြပါပြီ။မွေးရာပါ ချို့ယွင်းချက်တွေက first trimester လို့ ခေါ်တဲ့ ပထမ ၃လပတ်မှာ အဖြစ်များတဲ့အတွက် စောစောစီးစီးကိုယ်ဝန်အပ်တာက စိတ်အချရဆုံးပါပဲ။ကိုယ်ဝန်အပ်ခြင်းရဲ့ အားသာချက်တွေက။ရက်ချိန်းကလည်း ကိုယ်ဝန်အစောပိုင်းဆို ၄ပတ်တစ်ခါ၊ နောက်ပိုင်းကျရင် ၂ပတ်တစ်ခါ၊ ၁ပတ်တစ်ခါ စသဖြင့် ခေါ်သွားမှာပါ။ အရေးကြီးတဲ့ကိုယ်ဝန်ဆို လိုရင် လိုသလိုချိန်းသွားမှာ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင် အာဟာရ။ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှာ အာဟာရကလည်း အရေးကြီးပါတယ်။ သန္ဓေသားလေးရဲ့ ကျန်းမာကြံ့ခိုင်မှုဆိုတာ အမေ့ရဲ့ အာဟာရပေါ် မှီတည်နေတာမဟုတ်ပါလား။ အခြေခံအနေနဲ့တော့ မိခင်က စုံစုံလင်လင်စားပေးရမှာပါ။ အသီးအရွက်၊ အသားငါး၊ ထမင်း စသဖြင့် မျှတအောင် စားပေးရမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဝမှာစိုးလို့ အစားလျှော့တာ လုံးဝမလုပ်သင့်ပါဘူး။ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်နေ့တာ ကာဘိုဟိုက်ဒရိတ်ဘယ်လောက်စားလို့ရသလဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ဆီးချိုတက်မှာစိုးလို့ ကာဘိုဟိုက်ဒရိတ်တွေ လျှော့စားတာကလည်း ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ်နဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အနီရောင်အသား၊ အစိမ်းရောင်အရွက်၊ ပဲ စတာတွေကို စားပေးရပါမယ်။ သံဓာတ်စုပ်ယူမှု ကောင်းအောင် ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို ပါအောင် စားပေးပါ။ ကလေးမှာ အိုင်အိုဒင်း မချို့တဲ့အောင် အိုင်အိုဒင်းပါတဲ့ ဆားကို သုံးပေးပါ။ ကယ်ဆီယမ် လိုအပ်ချက်ကို ပြည့်မီအောင် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သောက်သုံးပေးရပါမယ်။ ရေမြွာရည် လုံလောက်အောင် ရေများများသောက်ပါ။ရှောင်ရမယ့် အစားအစာတွေကတော့။အားဆေးအနေနဲ့ကတော့။ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း။ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အတွက် ကိုယ်လက်လေ့ကျင့်ခန်းကလည်း မဖြစ်မနေလိုအပ်ပါတယ်။ သင့်တော်တဲ့ လှုပ်ရှားမှုမျိုး လုပ်ပေးမှသာ ကိုယ်ဝန်ဆောင် ကျန်းမာရေး ပြဿနာတွေ သက်သာပြီး မွေးရဖွားရလွယ်မှာပါ။ရုပ်ရှင်တွေထဲမှာ ကြည့်လိုက်ရင် ကိုယ်ဝန်ဆောင်ယောဂတို့၊ ခင်ပွန်းသည်နဲ့ အတူ လေ့ကျင့်ခန်း လုပ်တာတို့ တွေ့ဖူးမှာပါ။ ဒီလောက်ထိ မဟုတ်ရင်တောင် နေ့စဉ် အန္တရာယ်ကင်းတဲ့ လှုပ်ရှားမှု တစ်ခုခုတော့ ရှိသင့်ပါတယ်။ တကယ့် လေ့ကျင့်ခန်း မဟုတ်တောင် အိမ်တွင်းဗာဟီရလောက်တော့ လုပ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှာ တခြားအချက်တွေ အများကြီးကျန်သေးပေမယ့် ဒီ၃ချက်ကတော့ အခြေခံအကျဆုံး အချက်တွေပါ။ သာမန်ကိုယ်ဝန်ဆောင် တစ်ယောက်အနေနဲ့ ဒီလောက်လိုက်နာမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်မှာပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/prenatalcare/
ကိုယ်ဝန်ဆောင်ချိန် တံထွေး အများကြီးထွက်တာ ပုံမှန်ပဲလား.......
အရင်ကတံထွေးတွေအဲ့လောက် များများ ထွက်တာမျိုး မရှိပါဘူး။ ခုမှ တံထွေးတွေ အများကြီး ထွက်နေတယ်။ခန္ဓာကိုယ်မှာ ပြောင်းလဲမှုရယ်ဆိုလို့ ကိုယ်ဝန်ဆောင်တာတော့ ရှိတယ်။ ဒါဆိုကိုယ်ဝန်ဆောင်ချိန် တံထွေး အများကြီးထွက်တာ ပုံမှန်ပဲလား…….……။ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် တံထွေးပိုထွက်နိုင်ပါတယ်။ ဒါက ဘယ်အချိန် ဖြစ်မယ်ရယ်လို့ အတိအကျ ပြောလို့ မရဘဲ ရုတ်တရက် ဖြစ်လာတာမျိုးပါ။ ကိုယ်ဝန် ရစမှာ ဖြစ်တာ မဟုတ်ဘဲကိုယ်ဝန်ဆောင်ကာလ၂ ပတ် ကနေ ၃ ပတ်လောက်မှာ စဖြစ်တာပါ။ကိုယ်ဝတ်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်း ကိုယ်ဝန်ဆောင်ဟော်မုန်း ပြောင်းလဲတာကြောင့် တံထွေးဂလင်း အလုပ်လုပ်ပုံ ပြောင်းလဲပြီး တံထွေးတွေ အများကြီး ထွက်လာရတာပါ။ တံထွေး ထုတ်လွှတ်တဲ့ ဂလင်းတွေကို ထိန်းချုပ်ထားတဲ့အာရုံကြောတွေရဲ့ လှုံ့ဆော်မှုကြောင့် တံထွေးတွေက ပုံမှန်ထက် ပိုထွက်နေတာပါ။တံထွေး အများကြီးထွက်တာကကိုယ်ဝန်ဆောင်ချိန်မ မအီမသာဖြစ်တာနဲ့လည်း ဆက်စပ်နေပါတယ်။အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေး အများကြီး ထွက်တာက ပုံမှန်ပါပဲ။ စိုးရိမ်စရာ မရှိပါဘူး။ညအိပ်တဲ့အခါ တံထွေးတွေ စီးကျတာမျိုး ဖြစ်နိုင်သလို တံထွေးကို မျိုချဖို့ ခက်ခဲပြီး ခဏခဏ ထွေးနေရတာမျိုးလည်း ရှိနိုင်ပါတယ်။ မအီမသာ ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအပြင်။တံထွေးတွေ အများကြီး ထွက်တာကကိုယ်ဝန်ဆောင် ဒုတိယ (၃) လပတ်ကို ရောက်တဲ့အခါ သူ့အလိုလို သက်သာသွားကြတာ များပါတယ်။ အချို့ မေမေတွေမှာတော့ဘေဘီလေးကို မွေးဖွားပြီးမှ သက်သာသွားတာမျိုး ရှိပါတယ်။တံထွေးတွေ အများကြီး ထွက်တာကို ကုသတဲ့ နည်းလမ်းရယ်လို့ တိတိကျကျ မရှိပါဘူး။ ဒါပေမယ့် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်လို့ ရပါတယ်။ဒီနည်းလမ်းလေးတွေကို သုံးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ တံထွေးအများကြီး ထွက်တာကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ လုပ်ဆောင်လို့ ရပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/is-normal-excessive-saliva-in-pregnancy/
ကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ
ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသြာဖစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။ ဒါ့အပြင်ငိုကြွေးခြင်းက သူတို့အနေနဲ့ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်းဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့လေနာဝေဒနာအကြောင်းနဲ့ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်လို့မရလဲဆိုတာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ကလေးဆိုတာကတော့ ငိုမှာပါပဲ။မွေးကင်းစကလေးငိုတာကရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။မွေးကင်းစကလေးငယ်တွေဟာ တစ်နေ့ကို ၂ နာရီလောက်ကို ငိုတတ်ကြပါတယ်။ဒီအချက်လေးတွေရှိနေရင် ကလေးမှာလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။အခြားလက္ခဏာများ။ကလေးတွေမှာလေနာဖြစ်ရတဲ့အကြောင်းအရင်းကိုဘယ်သူမှတိတိကျကမသိသေးပါဘူး။ ကလေးတွေရဲ့အူတွေကသေသေချာချာမဖွံ့ဖြိုးသေးတာကြောင့်ဖြစ်နိုင်သလို မိခင်နို့အပြင် ကလေးတွေကို တိုက်ကျွေးတဲ့ အာဟာရမှုန့်တွေထဲမှာ ကလေးနဲ့ ဓါတ်မတည့်တဲ့အရာတွေပါဝင်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။နို့နဲ့ဓါတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးတွေမှာ လေနာဖြစ်သလို လက္ခဏာတွေပြတတ်ပါသေးတယ်။ကိုယ်ဝန်ဆောင်ကာလအတွင်းဆေးလိပ်ေသာက်သုံးတဲ့မိခင်တွေရဲ့ကလေးငယ်တွေမှာလေနာဖြစ်နိုင်ခြေက ပုံမှန်ထက် နှစ်ဆလောက်ပိုနေတတ်ပါတယ်။မိခင်နို့ပဲတိုက်တိုက်နို့မှုန့်ပဲတိုက်တိုက်လေနာဖြစ်နိုင်ခြေက အတူတူပါပဲ။လေနာဝေဒနာက ကလေး ၃ လအရွယ်လောကမှာ သူ့ဘာသာအလိုလိုဖြစ်လာတတ်တဲ့ဝေဒနာပါ။ ကလေးလေနာကိုစောင့်ရှောက်ပေးနိုင်မယ့် နည်းလမ်းအချို့တော့ရှိပါတယ်။ ဒါတွေကတော့ –။လေထိုးလေအောင့်သက်သာစေမယ့်ဆေးတစ်မျိုးမျိုးတိုက်ရပါမယ်။ဆရာဝန်နဲ့တိုင်ပင်ပြီး လေအောင့်ပျောက်စေနိုင်တဲ့ဆေးတိုက်ကျွေးပေးလို့ရပါတယ်။Probiotics-Probiotics ဆိုတာကအစာခြေလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိရာမှာကူညီပေးတဲ့ အရာတစ် ခုပါ။ ကလေးတွေမှာလေနာဖြစ်ရတဲ့အကြောင်းအရင်းက သူတို့ရဲ့အစာခြေလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ မျှမျှတတ မရှိတာကြောင့်ဖြစ်ပါတယ်။ကလေးငယ်ကို ဝေဒနာကင်းဝေးစေဖို့ဆိုရင်တော့ အစာခြေလမ်းကြောင်းကို အထောက်အကူပြုပေးပြီးခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့Lactobacillus reuteri bacteriaကို ထည့်သွင်းထုတ်လုပ်ထားတဲ့ အစာခြေစနစ်ကျန်းမာစေတဲ့ဆေးတစ်မျိုးမျိုးကိုတိုက်ကျွေးပေးလိုက်ပါနော်။ကလေးကို သက်သာစေအောင်ဆေးတစ်ခုခုတိုက်မယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်တာအကောင်းဆုံးဖြစ်ပါမယ်။ကလေးကိုလေနာသက်သာစေနိုင်မယ့် အခြားနည်းလမ်းများ။ကလေးငိုနေတာကိုထိုင်ကြည့်နေဖို့ဆိုတာက မိဘတွေအတွက်တော့ တော်တော်လေးမလွယ်တာပါ။ တချို့မိဘတွေကျတော့လည်း ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ အခုပြောပြမယ့်နည်းလမ်းတွေက ကလေးငယ်ကိုလေနာမဖြစ်အောင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပါလိမ့်မယ်။ဒီလိုအခြေအနေမျိုးတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပေးဖို့လိုပါမယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-colic-treament/
နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ
ဒီဘက်ခေတ်မှာစမတ်ဖုန်းတွေက သိပ်ကို အသုံးတည့်လာပါတယ်။ လူနေမှုဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာသလို တဖက်မှာလည်း စမတ်ဖုန်းနဲ့ ဆက်နွယ်နေတဲ့ ရောဂါဘယတွေကလည်း အမျိုးမျိုး ပေါ်ထွက်လာနေပါတယ်။ ဒီတစ်ခေါက်တော့ နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။စမတ်ဖုန်းတွေနဲ့ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေသာမကပဲစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေပါတယ်။ဥပမာတစ်ခုပြောရရင်တော့ Selfie Syndrome ပေါ့။ ရောက်လေရာအရပ်မှာ ဖုန်းလေးဖွင့်ပြီးSelfie ဆွဲနေပြီဆိုရင် ဒီပြဿနာကို သတိထားဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဒါက Selfie Syndrome ဖြစ်နေတာဖြစ်နိုင်လို့ပါပဲ။ယေဘူယျအားဖြင့် Selfie ရိုက်တာကို လှချင်ပချင်တဲ့ အမျိုးသမီးငယ်လေးတွေ အများဆုံးပြုမူကြပါတယ်။  ဒီလိုပြောလို့ အမျိုးသားတွေနဲ့ အမျိုးသမီးကြီးတွေရော မရိုက်ဖူးလားလို့တော့ မမေးပါနဲ့။ သူတို့လည်း လုပ်ကြတာပါပဲ။ အရေအတွက် အနည်းငယ်သာ နည်းပါးတာပါ။ဒီလို နေရာတကာ Selfie ဆွဲနေတဲ့သူတွေကို Selfitis လို့ခေါ်ပါတယ်။ Selfie ပုံလေးတွေ အမျိုးမျိုးရိုက်ပြီးရင် Instagram ၊Facebook၊ Snapchat ၊ Twitter စတဲ့ ဆိုရှယ်မီဒီယာတွေပေါ်တင်ကြပါတော့မယ်။အကြမ်းဖျဉ်းအားဖြင့် Selfie ဓာတ်ပုံတွေ ရိုက်ကူးနေတာဟာ လှချင်လို့၊ ဆိုရှယ်မီဒီယာတွေပေါ်တင်ချင်တာကြောင့်လို့ ဆိုလို့ရပေမယ့် တကယ်တမ်း သတိထားကြည့်မယ်ဆိုရင် ကိုယ်ဘာကြောင့် Selfie ရိုက်နေတယ်ဆိုတာကို သတိမထားမိကြတာများပါတယ်။ ရိုက်နေကြမို့ စွဲလမ်းသွားရင်း ရောက်လေရာအရပ်မှာ Selfie တွေ ဆက်တိုက်ဆွဲနေမိတော့တာမျိုးပေါ့။American Psychiatric Association ကတော့ တစ်နေ့ကို Selfie ပုံ ၃ ပုံထက်ပိုရိုက်မိနေသူတွေကို သာမန်အခြေအနေလို့ မသတ်မှတ်ပါဘူး။ ဒါ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာရှိနေတဲ့ အနေအထားမျိုးလို့ ဆိုပါတယ်။ တစ်ချို့ စိတ်ကျန်းမာရေးပညာရှင်တွေကတော့ ဒီလိုစွဲလမ်းမှုမျိုးကို Selfie Syndrome လို့ ခေါ်ကြပါတယ်။တချို့တွေက Obsessive Selfie-Taking လို့ သုံးနှုန်းကြတာမျိုးလည်း ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းကဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာတော့ Digital Narcissism (ဒစ်ဂျစ်တယ် အတ္တပေမဝါဒ) လို့လည်း ခေါ်ဆိုကြပါသေးတယ်။Selfie Syndrome ဆိုတဲ့ အမည်က လူသိနည်းလှပေမယ့် သေချာလေ့လာကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ Selfie ရိုက်ရတာကို အနုစားစွဲလမ်းနေသူတွေချည်းတင် လူပေါင်း သန်းရာချီရှိနေတာပါ။ ဒီလောက်ဆို Selfie Syndrome ရဲ့ ကျယ်ပြန့်မှုကို မြင်နိုင်မယ်ထင်ပါတယ်။မနက်အိပ်ယာနိုးရင်လည်း Selfie ၊ အပြေးလေ့ကျင့်လည်း Selfie ၊လေ့ကျင့်ခန်းလုပ်လည်း Selfie ၊ တစ်ခုခုစားလည်း Selfie ၊ တစ်ယောက်ယောက်နဲ့တွေ့လည်း Selfie နဲ့ နေရာတကာ Selfie နေပြီဆိုရင်တော့ သင့်မှာ Selfie Syndrome ရှိနေတာသေချာနေပါပြီ။ဒါတင်မကပါဘူး အချိန်တိုင်းဖုန်းကိုင်ထားပြီး ဘယ်နေရာရောက်ရောက် Selfie ဆွဲဖို့ စိတ်အားထက်သန်မှုကလည်း အပြည့်ရှိနေတတ်သလို ပုံတွေ ရိုက်ပြီးရင်လည်း မလှရင် မကျေနပ်သေး၊ Effect အမျိုးမျိုးထည့်ပြီး မလှလှအောင် ပြင်ဆင်ချယ်သဖို့ကိုလည်း စိတ်ဆန္ဒပြင်းပြနေတတ်ကြပါသေးတယ်။လူတစ်ယောက်က ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ဖို့ စိတ်အားထက်သန်တယ်ဆိုတာက တကယ်တော့ ရီချင်စရာ စွဲလမ်းမှုတစ်မျိုးပါ။ ကိုယ့်ပုံကို မှန်ထဲကြည့်ပြီး ခကြာခဏ ပန်းချီဆွဲလေ့ရှိတဲ့ ဗင်းဆင့် ဗန်ဂိုးဟာ Selfie Syndrome ရဲ့ အစောဆုံးလူနာဖြစ်ဖွယ်ရှိတယ်လို့ နောက်ပြောင်ပြောဆိုတာမျိုးလည်းရှိပါတယ်။American Psychiatric Association ကတော့ “Selfitis” လို့ ခေါင်းစဉ်တပ်ခံထားရသူတွေတိုင်းမှာ Selfie Syndrome ရှိနေကြတယ်လို့ ဆိုထားပါတယ်။ Selfitis တစ်ယောက် ဘယ်လောက် စွဲလမ်းမှုပြင်းထန်နေလဲဆိုတာကို အဆင့် ၃ ဆင့်နဲ့ ခွဲခြားပါတယ်။ဒါတွေကတော့ Borderline၊ Acute နဲ့ Chronic တို့ပါပဲ။သင်ဟာ တနေ့ကို Selfie ဓာတ်ပုံ ၃ ပုံထက်ပိုရိုက်တယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာပေါ်တော့ တင်လေ့မရှိဘူးဆိုရင် သင်က borderline လယ်ဗယ်ပါ။ဒီလိုမှမဟုတ်ပဲ ပုံတွေလည်း ရိုက်တယ်၊ တစ်နေ့ကိုလည်း ၃ ပုံထက်မနည်း ဆိုရှယ်မီဒီယာပေါ်တင်တယ်ဆိုရင်တော့ သင်က acute လယ်ဗယ်ပါ။တားမရဆီးမနိုင် အချိန်တိုင်း Selfie ရိုက်နေပြီး တစ်နေ့ကို ပုံ ၆ ပုံထက်မနည်း ဆိုရှယ်မီဒီယာပေါ်တင်နေပြီဆိုရင်တော့ သင်က Chronic selfitis အခြေအနေဖြစ်နေပါပြီ။ အလျှင်အမြန် ကုသမှုခံယူဖို့ လိုအပ်တဲ့ အခြေအနေကို ရောက်နေပြီဆိုပါတော့။Chronic selfitis အခြေအနေမျိုးအထိရောက်လာပြီးရင်တော့ အောက်ပါလက္ခဏာတွေပါ ဖြစ်လာနိုင်ပါတယ်။Selfie Syndrome ဟာစွဲလမ်းလွန်စိတ်ဝေဒနာတစ်မျိုးဖြစ်ပေမယ့် သွက်သွက်ခါသွားလောက်တဲ့အထိ ပြင်းထန်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီဝေဒနာကို တခြားသော စွဲလမ်းလွန်စိတ်ဝေဒနာတွေလိုမျိုးပဲ နည်းလမ်းတူညီစွာ ကုစားနိုင်ပါတယ်။စွဲလမ်းမှုကို ဆွေးနွေးတိုင်ပင်မှုတွေနဲ့ လျှော့ချရမှာဖြစ်ပြီးတော့ ဆိုရှယ်မီဒီယာကို ဘဝလို့သတ်မှတ်ထားတာနဲ့ ဆိုရှယ်မီဒီယာနဲ့ အတူယှဉ်တွဲနေထိုင်ခြင်းတို့ရဲ့ ကွာခြားချက်တွေကို နားလည်အောင် ကိုယ်တိုင်ကြိုးပမ်းရမှာလည်းဖြစ်ပါတယ်။လူ့သဘာဝအရ လှပတာ ထင်ပေါ်တာကို နှစ်သက်ကြတာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝအခြေအနေတစ်ရပ်ထက် ပိုလွန်လာခဲ့မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေနဲ့အတူ ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာတတ်ပါတယ်။Selfie Syndrome ဟာ ဒီလိုပြဿနာမျိုး တစ်ခုဖြစ်ပါတယ်။ ကိုယ်က Selfie ရိုက်ရတာကို ဝါသနာပါသူတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ စိတ်အခြေအနေကို ထိခိုက်မှုဖြစ်စေတဲ့အထိ စွဲလမ်းမလာအောင် ထိန်းကျောင်းဖို့က ကိုယ်တိုင်ရဲ့ တာဝန်ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/do-you-know-somebody-who-suffers-from-selfitis/
နှလုံးရောဂါရှိသူကို ပြုစုစောင့်ရှောက်ရာမှာ အရေးကြီးတဲ့အချက် (၃) ချက်
နှလုံးရောဂါသည် လူနာကို စောင့်ရှောက်ရသည်မှာ လွယ် ကူ သောအလုပ်တော့ မဟုတ်ပါဘူး။ ပြုစုစောင့်ရှောက်သူအနေဖြင့် နေ့ရက်တိုင်းတွင် တာဝန်ယူမှုတွေနှင့် လုံးပန်းနေရမှာပါ။၁။ ကျန်းမာရေးနှင့်ညီညွတ်စေသော စားသောက်မှုပုံစံကို ထိန်းသိမ်းပါ။နှလုံးရောဂါရှိသော လူနာများသည် အဆီနှင့်ဆီကြော်မုန့်များ စားလို့မရပါဘူး။ လူနာများကို ဆီကြော်မုန့်များ မစားအောင် ထိန်းနိုင်ဖို့ရန် ခက်ခဲပါသည်။ သို့သော်လည်း တတ်နိုင်သမျှ မစားအောင် တင်းကြပ်ရန်မှာ သင့်တာဝန်သာ ဖြစ်ပါသည်။ သူတို့ကို အသီးအနှံ၊ အရွက်နှင့် အဆီမပါသော အသားများ စားသုံးအောင် တိုက်တွန်းပါ။ အလွန်ငန်သော ဟင်းပွဲများသည် နှလုံးရောဂါသည်လူနာများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ ကြောင့် ဆား စားသုံးမှုပမာဏကို လျော့သင့်ပါသည်။ သူတို့အတွက် အစားအသောက် စီစဉ်ရသည်မှာခက်ခဲလျှင် အာဟာရ ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။၂။ သူတို့နှင့်အတူ လေ့ကျင့်ခန်းလုပ်ပါ။ကိုယ်လက်လှုပ်ရှားခြင်းသည် ကျွန်ုပ်တို့နှလုံးကို ကျန်းမာစေသော တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ နှလုံးလူနာများသည် လေ့ကျင့်လှုပ်ရှားရမည်ကို ကြောက်ရွံ့တတ်ကြသည်။ ထို့ ကြောင့် သင်သူ့ကို လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ တိုက်တွန်းရန် လိုအပ်ပါလိမ့်မည်။ လူနာ၏ရောဂါအခြေအနေပေါ်မူတည်၍ သတ်မှတ်ထားသော လေ့ကျင့်ခန်းအဆင့်တွေ ရှိပါသည်။ လူနာအတွက် သင့်တော်သော လေ့ကျင့်ခန်းအစီအစဉ်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ အခြေခံစည်းမျဉ်းကတော့ အပေါ့ပါးဆုံး ကိုယ်လက်လှုပ်ရှားမှုနှင့် စတင်၍ တဖြည်းဖြည်း သတ်မှတ်ထားသော အဆင့်ထိ အားကစား ပြုလုပ်သွားရန် ဖြစ်သည်။ သူတို့နှင့်အတူ လေ့ကျင့်ခန်း လိုက်လံပြုလုပ်ခြင်းဖြင့် လူနာ၏ စိတ်ဓါတ်ကို ပိုမိုတက်ကြွစေနိုင်ပါသည်။၃။ ဆေးဝါးများဖြင့် ကူညီပါ။အကယ်၍ သင့်လူနာသည် ဆေးသောက်ရန် သတိမေ့တတ်သောသူဆိုလျှင် အမှားအယွင်းကင်းအောင် ဆေးထည့်သောဘူး ဝယ်ပေးခြင်းဖြင့် သင်ကူညီနိုင်ပါသည်။ ဆရာဝန်နှင့် ပြသတိုင်း သောက်ရမည့်ဆေးစာရင်းကို ရေးမှတ်ထားသင့်သည်။ လူနာတစ်ဦးတွင် အထူးကုများစွာနှင့် ပြထားသော ကျန်းမာရေး ကိစ္စများစွာ ရှိနိုင်ပါသည်။ လူနာသုံးစွဲနေသော ဆေးဝါးများကို သိခြင်းအားဖြင့် ဆရာဝန်၏ကုသမှုကို များစွာအထောက်အကူ ပြုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောဆေးများသည် အတူတွဲသောက်ပါက အန္တရာယ်ရှိနိုင်သောကြောင့်ဖြစ်သည်။လူနာရှင်အနေနှင့် တာဝန်ကြီးသည်မှာ ဓမ္မတာပင် ဖြစ် သည်။ ယင်းတာဝန်ကပင် သင့်ကို စိတ်ဖိစီးမှု ပေးနိုင်ပါ သည်။ လူနာရှင် တော်တော်များများသည် သူများကို ဂရုစိုက်နေရသောကြောင့် မိမိကိုယ်ကို ဂရုမစိုက်နိုင် ကြပါဘူး။ သင်နေထိုင်ကောင်းရန် အရေးကြီးသည်ကို နားလည်ဖို့လိုအပ်ပါသည်။ သင်ပင်ပန်းသည်ဆိုလျှင် ခဏအနားယူလိုက်ပါ။ သင်လိုအပ်သောအခါတွင် တခြားသူများကို အကူအညီတောင်းရန် မစိုးရွံ့ပါနှင့်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%ad%e1%80%bd%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%bb%e1%80%95%e1%80%b3/
အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ
လူရယ်လို့ဖြစ်လာရင် လုပ်စရာအလုပ်တွေက တော်တော်လေးတော့ များသား။ နေ့စဉ်လုပ်နေကျ အလုပ်တွေနဲ့ ရှုပ်နေတာနဲ့တင်သားဆက်ခြားမယ့်ကိစ္စကိုတွေးဖို့ဆိုတာ အချိန်မရှိနိုင်အောင်ပါ။ အိမ်မှုကိစ္စတွေကို လုပ်နေရတာနဲ့တောင် တော်တော်အလုပ်များနေရတဲ့အထဲ အိမ်ထောင်ဝင်ငွေအတွက်ပါ မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့လေဒီတွေအတွက်ကတော့ နေ့စဉ်အားတဲ့အချိန်ရယ်လို့ သိပ်တောင်မရှိဘူးဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဒီလို အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ အကြောင်း ပြောပြချင်ပါတယ်။အမျိုးသမီးတော်တော်များများက သားဆက်ခြားနည်း ရွေးချယ်စရာများပေမယ့် အများသုံးတာကိုပဲ လိုက်သုံးလေ့ရှိကြပါတယ်။ အခုဆိုရင် သားဆက်ခြားနည်းတွေက အများသားပါ။ မိမိနဲ့ အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အလွယ်တကူအသုံးပြုလို့ရနေပါပြီ။ အလွယ်ဆုံးပြောပြရမယ်ဆိုရင် သားဆက်ခြားနည်းကို အဓိကအားဖြင့် ကာလတိုသားဆက်ခြားနည်းနဲ့ ကာလရှည်သားဆက်ခြားနည်းဆိုပြီး ခွဲခြားလို့ရပါတယ်။သားဆက်ခြားနည်းရွေးတဲ့အခါ ကိုယ့်ရဲ့မိသားစုနေထိုင်မှုပုံစံပေါ်မှာ အခြေခံပြီးရွေးချယ်တာက အကောင်းဆုံးပါ။ အလုပ်များတဲ့ အမျိုးသမီးတွေအနေနဲ့ တစ်နေ့တစ်လုံးပုံမှန်သောက်ရတဲ့သန္ဓေတားသောက်ဆေး(COC) လိုမျိုး သန္ဓေတားနည်းတွေကရေရှည်မှာ အဆင်မပြေလောက်ပါဘူး။ နောက်တစ်ချက်က လိင်ဆက်ဆံတဲ့အခါတိုင်းမှာကွန်ဒုံးသုံးတာ၊ အမျိုးသမီးကွန်ဒုံးနဲ့ သန္ဓေတားကပ်ခွာလိုမျိုးအရာတွေကို အမြဲအသုံးပြုမိနိုင်ဖို့ဆိုတာကလည်း မလွယ်ပြန်ပါဘူး။ ဒီတော့ ဘယ်လိုသန္ဓေတားနည်းကို သုံးမလဲလို့မေးစရာလေးတွေရှိလာနိုင်ပါတယ်။ဒီပြဿနာတွေနဲ့ ကင်းဝေးချင်တဲ့ အလုပ်များတဲ့လေဒီမေမေတွေအတွက် သတင်းကောင်းလေးပါးပါရစေ။ ဒါကတော့ အလုပ်ရှုပ်သက်သာပြီး တာရှည်ခံတဲ့ သန္ဓေတားနည်းတွေဖြစ်တဲ့သားအိမ်တွင်းထည့်ပစ္စည်း(IUDs) နဲ့လက်မောင်းထဲထည့်ပစ္စည်း(Implant) တို့ပါ။ထိုးဆေးတွေကလည်း ၃လလောက်ခံတယ်ဆိုပေမယ့် ဆေးထိုးရမှာကြောက်တဲ့ အမျိုးသမီးတွေ၊ ၃လပြည့်တာကို မေ့သွားနိုင်တဲ့ အမျိုးသမီးတွေလည်း ရှိတာကြောင့် ဒီဆောင်းပါးမှာတော့ နှစ်ရှည်ခံသန္ဓေတားနည်းတွေကိုပဲ အဓိက ပြောပြပေးပါမယ်။အလုပ်များတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသန္ဓေတားနည်းများ ကတော့။လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Contraceptive implant) က တာရှည်ခံတဲ့ သန္ဓေတားနည်းတစ်မျိုးပါ။ လက်မောင်းအရေပြားအောက်ထဲကို သေးငယ်တဲ့ ပလပ်စတစ်ချောင်းလေး ထည့်သွင်းရတာပါ။ ထည့်ပြီးတာနဲ့ ဒီပစ္စည်းလေးက လစဉ် သားဥအိမ်ကသားဥတွေ ထုတ်လုပ်နေမှုကို ရပ်တန့်သွားအောင်လုပ်ဆောင်ပေးတဲ့ ပရိုဂျက်စတင်ဟော်မုန်းကို နည်းနည်းချင်းထုတ်ပေးပါတယ်။ ဒါကြောင့် ဒီပစ္စည်းလေးထည့်ပြီးသွားတဲ့အခါ ရာသီသွေးပေါ်တဲ့ ရက်ပြောင်းလဲသွားတာမျိုးရှိနိုင်သလို လုံးဝမလာတော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီပစ္စည်းလေးက တစ်ခါထည့်ထားရုံနဲ့ ၃ နှစ် ၅ နှစ် အထိခံပြီး စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုပါ။ ဒီပစ္စည်းက ဖယ်ထုတ်ရတာလွယ်ကူသလို ဖယ်ထုတ်ပြီး သိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရရှိမှာဖြစ်ပါတယ်။IUD က သားအိမ်ထဲကို ထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီသန္ဓေတားနည်းကလည်း တာရှည်ခံတဲ့ သန္ဓေတားနည်းပါ။ အသုံးပြုထားတဲ့ ပစ္စည်းအမျိုးအစားအလိုက် သက်တမ်းကကွာခြားမှုရှိနိုင်ပါတယ်။ ဟော်မုန်းမပါတဲ့ copper IUD ဆိုရင် အနည်းဆုံး၅ နှစ်ကနေ ၁၀ နှစ်အထိခံပြီး ဟော်မုန်းပါတဲ့ IUD အမျိုးအစားဆိုရင် ၁၀ နှစ်အထိခံပါတယ်။IUD က သုက်ပိုးတွေ မမျိုးဥတွေဆီကို ရောက်ရှိသွားပြီး သန္ဓေအောင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးတွေကို သတ်ပေးပြီး မမျိုးဥဆီမရောက်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ အဲဒီအပြင် သန္ဓေအောင်သွားခဲ့ရင်လည်း သားအိမ်ထဲမှာ သန္ဓေတည်ရခက်အောင် လုပ်နိုင်ပါတယ်။ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ သားအိမ်ခေါင်းချွဲကို ထူပျစ်စေတယ်။ သားအိမ်အတွင်းသားနံရံတွေကို ပါးလွှာစေတယ်။ အဲ့ဒါအပြင် မမျိုးဥကြွေခြင်းကိုပါ တားဆီးပေးပါတယ်။ အဲဒီနည်းနဲ့ သုက်ကောင်နဲ့ မမျိုးဥတွေ့ဆုံပြီး သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။အလုပ်များပြီး နေ့စဉ်ဆေးသောက်ဖို့အတွက် အချိန်မပေးနိုင်တာ၊ ရက်အတိအကျဆေးထိုးဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ အခုပြောခဲ့တဲ့ သန္ဓေတားနည်း ၂ မျိုးက အသင့်တော်ဆုံးဖြစ်မှာပါ။ နောက်ထပ်အားသာချက်တွေကတော့။နေ့စဉ် လှုပ်လှုပ်ရှားရှားသွားလာနေကြရတဲ့ အမျိုးသမီးတို့အတွက် သောက်ဆေး၊ ထိုးဆေးတွေကို အမြဲတမ်းသတိရှိရှိနဲ့ သောက်နိုင်ဖို့ ထိုးနိုင်ဖို့က ခက်ခဲလှပါတယ်။ ဒီလိုနဲ့ အလုပ်များရတဲ့ကြားထဲ အဆင်သင့်မဖြစ်သေးတဲ့ ကိုယ်ဝန်တွေ ရသွားနိုင်ခြေရှိပါတယ်။ အခုဖော်ပြထားတဲ့ သန္ဓေတားနည်းလမ်း နှစ်မျိုးကတော့သောက်ဆေး ထိုးဆေးတွေလို အလုပ်မရှုပ်တဲ့အပြင် ကာလကြာရှည်လည်း ခံတဲ့အတွက် အလုပ်များတဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/smart-contraception-choices-for-busy-professionals/
ဂျူးဒိတ်ကျော် တာတောင် မမွေးသေးရင်
ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ မွေးမယ့်ရက်ကို ဂျုးဒိတ်ကနေတဆင့် သိနိုင်ပါတယ်။ ရာသီလာမယ့်ရက်ကနေ တွက်တာနဲ့ အယ်ထွာဆောင်းကနေ တွက်တာနည်းနည်းတော့ ကွာနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဂျူးဒိတ်နီးလာပြီဆို မေမေတို့ မွေးဖို့ ပြင်ဆင်ကြရပါပြီ။ ဒါပေမယ့်ဂျူးဒိတ်ကျော် တဲ့အထိမမွေးသေးဘူးဆိုရင်ရော ဘာလုပ်ကြမလဲ။ကိုယ်ဝန်ဆောင်တဲ့ ကာလက အများအားဖြင့် ရက်ပေါင်း ၂၈၀၊ အပတ်အားဖြင့် ၄၀ ကြာပါတယ်။ ဒါကိုယ်ဝန်မရခင် နောက်ဆုံး ရာသီလာခဲ့တဲ့ ပထမရက်က စတွက်တာပါ။ ဒါကြောင့် ပုံမှန်ကိုယ်ဝန်က အပတ်၄၀ပြည့်ရင် မွေးပါပြီ။ အပတ် ၄၀ကျော်လို့ ၄၁ပတ်နဲ့ ၄၂ပတ်ကြားကို late term လို့ ခေါ်ပါတယ်။ မွေးဖို့ နောက်ကျတဲ့ ကိုယ်ဝန်ပေါ့။ ၄၂ပတ်ပါ ကျော်သွားရင်တော့ post term ပါ။ မွေးချိန်ကျော်နေတဲ့ ကိုယ်ဝန်ဖြစ်ပါတယ်။ဘာကြောင့် သူတို့က သူများနဲ့ မတူဘဲ ဒီလိုနောက်ကျနေရတာလဲဆိုတာ တိတိကျကျ မသိကြသေးပါဘူး။ အဖြစ်အများဆုံးကတော့ ဂျူးဒိတ်မှားတွက်မိတာပါ။ ကိုယ်ဝန်ဆောင်က မိမိရာသီရက်ကို အတိအကျ မမှတ်မိတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ နောက်ပြီး။ဒီလို ကိုယ်ဝန်တွေမှာ ရက်ကျော်တာက လွဲပြီး ထူးခြားတဲ့ လက္ခဏာ မရှိတတ်ပါဘူး။ဂျူးဒိတ်ကျော်နေတဲ့ ကိုယ်ဝန်တွေက အောက်ပါပြဿနာတွေ ကြုံရနိုင်ပါတယ်။လရင့်လာလေလေ ကလေးက ကြီးလာလေလေ၊ ရေမြွာရေက နည်းလာလေလေပါ။ နေ့စေ့လစေ့ မွေးတဲ့ ကိုယ်ဝန်ဆို ပြဿနာ မရှိပေမယ့် မွေးရက်ကျော်တဲ့ ကိုယ်ဝန်ကျတော့ ဒါတွေရဲ့ နောက်ဆက်တွဲ ပြဿနာကို ခံစားရပါတယ်။ဂျူးဒိတ်ကျာ်နေတဲ့ ကိုယ်ဝန်ကို ကုသတဲ့အခါ အရေးကြီးဆုံးက အမေရော၊ ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးနိုင်ဖို့ပါပဲ။ ဒီအတွက် ကိုယ်ဝန်၊ မိခင်ရဲ့ အသက်၊ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ပြင်ဆင်ရတာတွေ ရှိပါတယ်။လိုအပ်တဲ့ ဆေးစစ်တာ၊ စမ်းသပ်တာတွေလည်း လုပ်ရမှာပါ။ ဥပမာ။ရေမြွာရည် နည်းနေတယ်ဆိုရင်လည်းရေမြွာရည် ပြန်ဖြည့်ပေးရပါတယ်။ မဟုတ်ရင် ကလေးက ချက်ကြိုးကို ဖိမိပြီး သွေးကောင်းကောင်း မသွားမှာ စိုးလို့ပါ။ ဆေးရည်တစ်မျိုးကို မိန်းမကိုယ်ကနေတဆင့် ပိုက်နဲ့ ထည့်ပေးရတာပဲ ဖြစ်ပါတယ်။အခြေအနေကို ကြည့်ပြီး ကလေးက မိခင်ရဲ့ သားအိမ်ထဲမှာ နေဖို့ မသင့်တော်တော့ဘူးဆိုရင် ကလေးကို မွေးထုတ်ဖို့ စီစဉ်ရပါတယ်။ ဗိုက်နာအောင် ဆေးတွေပေးပြီး မွေးတာ၊ ခွဲမွေးတာ စတဲ့ နည်းလမ်းတွေနဲ့ မွေးပေးရပါတယ်။မေမေတို့ကတော့ ကိုယ်ဝန်ကို နေ့စေ့လစေ့နဲ့ မွေးချင်ကြတာပါပဲ။ ဒီလို ဂျူးဒိတ်ကျော်တဲ့ ကိစ္စက ကြိုတင်ကာကွယ်ထားလို့ ရတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ဒါကြောင့် မေမေတို့ အနေနဲ့ ဂျူးဒိတ်တွက်တာ မှန်အောင်ရာသီရက်ကို သေသေချာချာ မှတ်ထားကြပါ။ မွေးဖို့ ရက်ကျော်လာရင် ဆရာဝန်နဲ့ ပြဖြစ်အောင် ပြပါ။ ကလေးလှုပ်တာကိုလည်း မှတ်ထားပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/post-term/
ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!
ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီး တစ်ယောက်အတွက် အတော်လေး ကြေကွဲဝမ်းနည်းစရာ ကောင်းတဲ့ အတွေ့အကြုံပါ။ ကိုယ်ဝန်ပျက်ကျတာကဘေဘီလေးကို မမွေးဖွားလိုက်နိုင်ပေမယ့် ခန္ဓာကိုယ်မှာ အတော်လေးကို ပင်ပန်းထိခိုက်သွားတာပါ။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ပြန်လည် ကျန်းမာလာစေဖို့အတွက် အနေအထိုင် အစားအသောက် အားလုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေနဲ့ ပကတိ ပြန်လည်ကျန်းမာလာစေဖို့ဆိုရင် ရက်သတ္တပတ်အတော်ကြာ သေချာလေး အနားယူဖို့ လိုသလို ကိုယ်ဝန်ပျက်ကျပြီးချိန်ကနေ ရက်သတ္တပတ် ၄-၆ ပတ်လောက်အထိ နည်းနည်းစီ သွေးဆင်းတာကိုလည်း ခံစားရနိုင်ပါသေးတယ်။ကိုယ်ဝန်ပျက်ကျချိန်မှာသွေးဆင်းတာက ကိုယ်တွင်းမှာသံဓာတ်ချို့တဲ့မှုကို ဖြစ်စေပြီး ရေရှည်မှာသွေးအားနည်းတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အားနည်းတာလိုမျိုး ကျန်းမာရေး အခြေအနေတွေကို ခံစားရနိုင်ပါတယ်။ဒီလိုကာလမှာ ခန္ဓာကိုယ်ရဲ့ ထိခိုက်မှုတွေကို ပြန်လည်အားပြည့် ကျန်းမာလာစေဖို့ဆိုရင် အစာအာဟာရ ပြည့်ဝမျှတအောင် စားဖို့ကလည်း အတော်လေး အရေးပါပါတယ်။ ဒါကြောင့်ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ အခုလို အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ အနေနဲ့ ခန္ဓာကိုယ်မှာ ပြန်လည် ကျန်းမာလာစေဖို့ဆိုရင် ဒါလေးတွေကို စားပေးဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းက ကယ်လ်ဆီယမ်ပမာဏက ကလေးအတွက်၊ ကိုယ်ဝန်အတွက် သုံးလိုက်ရတာကြောင့် ကျဆင်းနေပါတယ်။ ကိုယ်ဝန်ပျက်ကျပြီးစအချိန်မှာလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ဒီကာလမှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပြီး ကိုယ်တွင်းက ကယ်လ်ဆီယမ် ပမာဏကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါမယ်။ဒါကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေနဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစေဖို့ ဟင်းနုနွယ်၊ ထိုင်ဝမ်မုန်ညှင်းတို့ လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစားဖို့ လိုပါမယ်။ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့အတွက်အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေအပြင် ပဲပြား၊ သစ်သီးခြောက်တွေ၊ ပင်လယ်စာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုပါ စားပေးလို့ ရပါတယ်။ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ သံဓာတ် ပြည့်ဝစေဖို့အတွက် သံဓာတ်စုပ်ယူမှုကောင်းစေဖို့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေကို စားပေးတာက နည်းလမ်းကောင်းပါ။ ဒါကြောင့် ကိုယ်တွင်းမှာဗီတာမင်စီ ကြွယ်ဝဖို့ဆိုရင် ဟင်းနုနွယ်၊ စွန်ပလွံသီး၊ ရွှေဖရုံသီး စတာတွေကိုလည်း စားပေးလို့ ရပါတယ်။ကိုယ်ဝန်ပျက်ကျပြီးချိန်မှာဖောလစ်အက်ဆစ်ပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှလည်း သွေးအားနည်းတာမျိုး မဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ အနေနဲ့ သစ်ကြားသီး၊ အယ်လ်မွန်စေ့ စတာတွေကို စားပေးလို့  ရပါတယ်။နှံစားသီးနှံတွေကအစာခြေစနစ်ကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ အမျှင်ဓာတ် ကြွယ်ဝမှုများတာကြောင့် အစာအိမ် အူလမ်းကြောင်းကို အာဟာရ ပြည့်ဝစွာ ရရှိစေပြီး ခန္ဓာကိုယ်မှာ အားပြည့်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ အနေနဲ့ ဆန်လုံးညို၊ အုတ်ဂျုံတို့ကို စားပေးလို့ ရပါတယ်။အနီရောင်အသားတွေက သံဓာတ်ဖြည့်ပေးပြီးသွေးနီဥဆဲလ်တွေကို ကျန်းမာစေနိုင်သလို သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေနဲ့ အနီရောင်အသားကို စားပေးပါ။ကိုယ်ဝန်ပျက်ကျပြီးချိန်မှာ စိတ်ဓာတ်ကျတာ စိတ်ခံစားမှု မကောင်းတာတွေကို သက်သာစေဖို့အတွက် အနက်ရောင်ချောကလက်ကို စားပေးတာက နည်းလမ်းကောင်းပါ။ အနက်ရောင် ချောကလက်ကို စားတဲ့အခါ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်မဖြစ်အောင် ထမင်းစားချိန်နဲ့ အချိန်ခွာစားပါ။ကိုယ်ဝန်ပျက်ကျထားပြီးချိန်မှာ ကိုယ်တွင်း ရေဓာတ်ပြည့်ဝစေဖို့အတွက် အရည်များများလေး သောက်ဖို့လည်း မမေ့ပါနဲ့။ ရေဓာတ်ပြည့်ဝတာက ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ရေဓာတ်ပြည့်ဝဖို့ ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်၊ ဓာတ်ဆားရည်၊ အုန်းရည် စတာတွေကို သောက်ပေးနိုင်ပါတယ်။ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့အနေ​နဲ့ အခုပြောထားတာလေးတွေကို သင့်တင့်မျှတအောင် စားပေးသင့်တယ် ဆိုပေမယ့် အခုလိုမျိုး အစားအစာတွေကိုတော့ မစားမိဖို့ လိုပါမယ်။ကိုယ်ဝန်ပျက်ကျထားတဲ့ မေမေတို့ အနေနဲ့ ကိုယ့်ကျန်းမာရေးကိုယ် သေချာလေး ဂရုစိုက်ဖို့ လိုသလို နေ့စဉ် စားသောက်မှုတွေထဲမှာလည်း အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေ၊ လမ်းဘေးစာတွေကို မစားမိဖို့ လိုပါတယ်။ ဒါ့ပြင် အဆီများတာတွေ၊ အချိုများတာတွေကိုလည်း မစားဖို့ လိုပါမယ်။သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ ရေနွေးကြမ်း၊ ‌လက်ဖက်သုပ် စတာတွေကိုလည်း ထမင်းစားချိန်နဲ့ အချိန်ခွာစားဖို့ အကြံပြုလိုပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/best-foods-and-worst-food-after-abortion/
ကိုဗစ်လူနာ ကို အိမ်မှာ ပြုစုမယ်ဆိုရင် ဘာတွေ စောင့်ကြည့်ရမလဲ။
လက်ရှိအခြေအနေအရကိုဗစ်လူနာ တွေကိုအိမ်မှာပဲ ထားတာများတဲ့အတွက် လူနာစောင့်ရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါလာပါပြီ။ လူနာစောင့်တော်ပြီး လူနာကလည်း ပြောစကား နားထောင်မယ်ဆိုရင် ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်မှာပါ။လူနာအနေနဲ့ကိုဗစ်သံသယလက္ခဏာတွေ ပြလာပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ ရေချိုးမှားလို့ ဖျားတာ၊ အစားမှားလို့ ချောင်းဆိုးတာဆိုပြီး ကိုယ့်ကိုယ်ကို မလှည့်စားပါနဲ့။ ဒီအချိန်မှာ ဒါမျိုးတွေ ဖြစ်တယ်ဆို ကိုဗစ်လို့ သံသယဖြစ်လိုက်ပါ။ ဆေးစစ်ချင်စစ်ပါ။Test kitနဲ့ စစ်တာ၊ PCRစစ်တာ လုပ်လို့ရပါတယ်။ ဒီဟာတွေ စစ်လို့ နဂ္ဂတစ်ထွက်လည်း စိတ်ချလို့မရပါဘူး။ အထူးသဖြင့်  test kitပါ။ သူကိုယ်တိုင်လည်း အဖြေမှားပြနိုင်သလို စစ်တဲ့ရက် လွဲနေရင်၊ စစ်တဲ့နည်း မှားနေရင် အဖြေမှန်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက္ခဏာတွေ ရှိနေရင် ကိုဗစ်လို့သာ သံသယဖြစ်လိုက်ပါ။ကိုဗစ်လို့ သံသယဖြစ်ပြီးပြီဆိုရင်  လက္ခဏာစပေါ်တဲ့ရက်က အရေးကြီးပါတယ်။ ကိုဗစ်မှာ အချိန်ကိုလိုက်ပြီး ကုသမှုတွေ လုပ်ရတာမို့လို့ပါ။ Day 1က အရေးကြီးပါတယ်။ တချို့က ဖျားလို့လာပြ၊ ဖျားတာကို Day 1လို့ တွက်ပြီးကာမှ မဟုတ်ဘူး မဖျားခင် ရှေ့ရက်တွေက ချောင်းဆိုးသေးတယ်ဆိုပြီး ပြော။ ဒီတော့ ရက်တွက်တာတွေ မှားနိုင်ပါတယ်။နောက်တစ်ချက်က ကိုဗစ်လို့ သံသယရှိတာနဲ့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြဖို့ပါ။ စင်တာတွေ၊ ဆေးရုံတွေမှာ ပြဖို့၊ တက်ဖို့ မလွယ်ဘူးဆိုရင်တောင် အွန်လိုင်းဆေးခန်းတွေကနေ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြထားဖို့ လိုပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေ၊ရောဂါအခံရှိတဲ့သူတွေဆို ပိုလိုပါတယ်။ လူငယ်တွေကလည်း မပေါ့ပါနဲ့။ ကိုဗစ်က အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တာကြောင့် ပြထားတာ မမှားပါဘူး။ဘာကြောင့်လည်းဆိုတော့ လူနာတွေက ဆရာဝန်ဆီကိုအောက်ဆီဂျင်ကျမှ ဆက်သွယ်လာကြလို့ပါ။ အောက်ဆီဂျင်ကျမှ ရှာဦး၊ ဆေးတွေ ဝယ်ဦးဆိုရင် လူနာကုရတာ နောက်ကျသွားနိုင်ပါတယ်။ ဆေးစစ်ရမှာတွေလည်း ရက်နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်သံသယရှိတာနဲ့ ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြဖြစ်အောင်ပြပါ။တတ်နိုင်ရင် ကိုဗစ်လူနာအတွက် အနီးကပ်ပြုစုဖို့ လူနာစောင့် တစ်ယောက်လောက်ပဲ ထားစေချင်ပါတယ်။ သူက ထိတွေ့မှု ရှိပြီဆိုတော့ ပြီးရင် ၂ပတ်လောက်နားရမှာပါ။ အခန့်မသင့်ရင် သူ့ဆီကိုလည်း ကူးသွားနိုင်ပါတယ်။ လူနာစောင့်တွေ များမယ်ဆိုရင် ကူးတဲ့သူပိုများမှာပါ။ ဒီအခါ ကူးတဲ့သူတွေအတွက် နောက်ထပ် လူနာစောင့်တွေ  ပိုလိုလာနိုင်ပါတယ်။လူနာစောင့်က လူနာရဲ့ အခြေအနေကို အမြဲတမ်း မှတ်တမ်းတင်နေဖို့ လိုပါတယ်။ ဒါ့ပြင် အစားအသောက်ကိစ္စ၊ ဆီးဝမ်းကိစ္စ၊ ဆေးတိုက်တာ၊ အသက်ရှူလေ့ကျင့်ခန်း၊မှောက်အိပ်တာ၊အောက်ဆီဂျင်ပေးတာစတာတွေကိုပါ စနစ်တကျ လုပ်ကိုင်တတ်နေရပါမယ်။ ဆရာဝန်ညွှန်ကြားတဲ့ ကုသမှုတွေကိုလည်း သေချာလိုက်လုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ကိုဗစ်သံသယလက္ခဏာတွေ ရှိနေပြီဆိုတာနဲ့ စဖြစ်တဲ့နေ့ကို Day 1လို့ ယူပါ။ ပြီးရင်တော့ အောက်ကအချက်တွေကို နေ့တိုင်း မှတ်တမ်းတင်ပါ။ ဆရာဝန်နဲ့လည်း ချိတ်ဆက်ပါ။ဒါတွေမှတ်ထားတော့ ဆရာဝန်အနေနဲ့ လူနာကို ကြည့်ရတာ ပိုလွယ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာလား။ ပိုဆိုးလာလားဆိုတာ ကြည့်ရလွယ်ပါတယ်။ ဥပမာ အောက်ဆီဂျင်က ၉၄ကနေ  ၈၀ကို တန်းကျသွားတာ မဟုတ်ပါဘူး။ တစ်နေ့နည်းနည်းစီ ကျကျသွားတာကို အချိန်မီသိလိုက်မှသာ ပြင်စရာရှိတာ ကြိုပြင်လို့ရမှာပါ။အစားအသောက်တို့၊ ဆီးဝမ်းတို့လည်း ဒီလိုပါပဲ။ လူနာက စားတာ နည်းနေလား၊ ရေရော သောက်ရဲ့လား။ ဆီးချိုသမားတွေဆို ဘာတွေစားနေတာလဲ။ ဆီးရော ကောင်းကောင်းသွားရဲ့လား စတာတွေကအစ လိုက်ကြည့်နေဖို့ လိုပါတယ်။ဒါတွေကို လူနာစောင့်က မှတ်ထားပြီး ဆရာဝန်ကို ပုံမှန်ပြနေဖို့ လိုပါတယ်။ လူနာအခြေအနေအရ တစ်နေ့တစ်ကြိမ်ကနေ ၆နာရီခြားတို့ ၄နာရီခြားတို့ မှတ်ရတာတွေ ရှိနိုင်ပါတယ်။ မှတ်ပြီးရင်လည်း ဆရာဝန်ကို ပြန်ပြရမှာပါ။ သူတို့က လူနာတွေကို တစ်ယောက်ချင်းစီ လိုက်တောင်းနိုင်မှာ မဟုတ်လို့ ကိုယ့်ဟာကိုယ်ပဲ သေချာမှတ်ပြီး ပြန်ပြဖို့ လိုပါတယ်။ဒါလေးတွေက ဘာမှမဟုတ်ဘူးဆိုပေမယ့် ဆေးကုသတဲ့ နေရာမှာ အများကြီး အထောက်အကူဖြစ်လို့ လိုက်နာသင့်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/monitoring-covid-patient-at-home/
ရေကြောက်တဲ့ကလေးတွေကို ရေကူးသင်ပေးတော့မယ်ဆိုရင်
ကလေးတွေဆိုတာ အရာရာကို စူးစမ်းလေ့လာတတ်တယ်ဆိုပေမယ့် ရေကူးရမှာနဲ့ ပတ်သက်လာရင်တော့ တော်တော်များများ ကြောက်တတ်ကြပါတယ်။ အချင်းချင်း ရေပက်ရတာ၊ မိသားစုလိုက် ရေနဲ့ ပျော်ပျော်ပါးပါးကစားကြတဲ့အခါ ပြဿနာမရှိပေမယ့် ရေကူးတဲ့အချိန်မှာတော့ ကြောက်စိတ်တွေ ဝင်လာတယ်ဆိုတာ ဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိဘဆိုတာကတော့ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အရာရာကို တွေးပူတတ်ကြတာမလား။ ဒီတော့ ရေကူးရမှာကြောက်တဲ့ ကိုယ့်ကလေးကို ရေကူးသင်ပေးတော့မယ်ဆိုရင် မိဘတွေအနေနဲ့ ဘာတွေသိထားသင့်လဲ၊ ဘယ်လိုကူညီပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။လူတော်တော်များများက ကြောက်စိတ်ကို မှားယွင်းတယ်၊ မရှိသင့်ဘူးလို့ ခံယူထားကြတဲ့အခါမှာ ကလေးတွေစိတ်ထဲမှာ ဖြစ်လာတဲ့ ကြောက်တဲ့စိတ်ကို နားလည်မပေးတတ်ကြပါဘူး။ ဒါက လူတွေမကြာခဏ လုပ်တတ်ကြတဲ့ အမှားတစ်ခုပါ။ ဒီတော့ အရင်ဆုံးလုပ်ပေးရမှာက ကလေးတစ်ယောက်မှာ ကြောက်စိတ်ဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ လူကြီးတွေအတွက်တော့ ရေကူးတယ်ဆိုတာ သာမန်လေ့ကျင့်ခန်း တစ်ခုဖြစ်နေပေမယ့် ကလေးတွေရဲ့ အမြင်မှာ ရေကူးကန်အကျယ်ကြီးထဲက ရေတွေဆိုတာ ဘာမှန်းမသိဘဲ ရွေ့နေပြီး ကိုယ့်ကို ပိတ်မိအောင် လုပ်နေတဲ့ ထောင်ချောင်တစ်ခုလို့ ထင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ရေမှ မဟုတ်ပါဘူး။ အရာဝတ္ထုတစ်ခုအပေါ်မှာ ဖြစ်တည်လာတဲ့ ကြောက်စိတ်ကို ဖျောက်ဖို့ဆိုတာ အချိန်ပေး၊ စိတ်ရှည်ရသလို မိဘအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း အများကြီးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီကြောက်စိတ်ဆိုတာ အတိတ်က အကြောင်းအရာတစ်ခုခုကြောင့် ဖြစ်လာတာမျိုးလည်း ရှိသလို၊ မွေးကတည်းက ပါလာတာ၊ မိဘမျိုးရိုးလိုက်ပြီး ကြောက်စိတ်က ကူးပြောင်းလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေကူးဖို့အတွက် ကလေးကို ကူညီပေးတော့မယ်ဆိုရင် အရင်ဆုံး မိဘတွေအနေနဲ့ –။ကြောက်တဲ့စိတ်ဆိုတာ ပုံမှန်ပဲဆိုတာ ကလေးကို နားလည်အောင် ရှင်းပြပါ။ ဒီကြောက်တဲ့စိတ်ကို ကလေးကိုယ်တိုင်က ကျော်လွှားနိုင်မှပဲ ဖြစ်မှာပါ။ ဒါကြောင့် အတင်းအကျပ် ရေကူးဖို့ ဖိအားပေးတာ၊ အော်ဟစ်ပြောဆိုတာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပါ။ ကလေးကို မိဘကိုယ်တိုင် ခင်းထားတဲ့ လမ်းမှာ အတင်းလျှောက်ခိုင်းတာထက် ကလေးကိုယ်တိုင် သွားမယ့်လမ်းမှာ အနောက်ကနေ အားပေးကူညီတဲ့ ပဲ့ကိုင်ရှင်အဖြစ် မိဘတွေက မားမားမတ်မတ် ရပ်တည်ပေးပါ။ရေကူးသင်တော့မယ့် ကလေးတစ်ယောက်အတွက် သူတို့စိတ်ထဲမှာ ဘေးကင်းစေမယ်လို့ ယူဆရတဲ့ အသက်ကယ်ပစ္စည်းတွေ (ဥပမာ – ရေငုပ်မျက်မှန်၊ အသက်ကယ် ဂျာကင် အစရှိသဖြင့်) ဝယ်ထားပေးပါ။ မိဘတစ်ယောက်အနေနဲ့ ဘာတွေလိုအပ်မလဲဆိုတာ သေချာမသိဘူးဆိုရင်လည်း စိတ်မညစ်ပါနဲ့။ ကလေးကို ရေကူးသင်ပေးမယ့် နည်းပြကို အကူအညီတောင်းပြီး မေးမြန်းစုံစမ်းလို့ ရပါတယ်။ ရေကူးသင်နေတဲ့ ကာလမှာ ဒီပစ္စည်းတွေအသုံးပြုရတာ ရှက်စရာမဟုတ်ဘူးဆိုတာကို သိထားပေးပါ။ကလေးက ရေမကူးတတ်တာရော၊ ရေကြောက်တဲ့ စိတ်ပါ ရောနေတဲ့အခါ တော်ရုံနဲ့ ရေကူးတတ်မြောက်မှာ မဟုတ်ပါဘူး။ ဒီတော့ ရေကူးသင်ပေးမယ့် နည်းပြကိုလည်း ကိုယ့်ကလေးရဲ့ အခြေအနေကို သေချာပြောပြပြီး ဖြည်းဖြည်းချင်းပဲ သင်ပေးဖို့အတွက် မှာပေးပါ။ ကိုယ့်ကလေးကို ရေနဲ့ စိမ်းမနေဖို့၊ ရေထဲမှာ နေသားကျဖို့ အရင်လေ့ကျင့်ပေးပြီးမှ ရေကူးသင်ပေးတာ ပိုကောင်းပါတယ်။မိဘဆိုတာ ကလေးတွေအတွက်တော့ အတုမြင်အတတ်သင် ဆရာတစ်ဆူပါပဲ။ ဒီတော့ ကိုယ့်ကလေးကို ရေကူးသင်ပေးတော့မယ်ဆိုရင် ရေဆိုတာ ကြောက်ဖို့ကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာကို သေချာပြပေးပါ။ ကလေးနဲ့ အတူ ရေကူးကန်မှာ စိမ်နေတဲ့အချိန် သူတို့လေးတွေစိတ်ထဲမှာ ရှိနေတဲ့ ကြောက်စိတ်က တဖြည်းဖြည်း နည်းသွားပါလိမ့်မယ်။အစောဆုံး ကလေးအသက် ၁ နှစ်ကနေစပြီး ရေကူးသင်ပေးလို့ ရပါတယ်။ ဒါပေမယ့် ရေကူးမသင်ခင်မှာ ကလေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ စိတ်ခံစားချက်ကို အရင်လေ့လာဖို့ လိုပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ကလေးက ရေကူးသင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောမှ သင်ပေးတာ ပိုကောင်းပါတယ်။ရေကူးခြင်းဆိုတာ ကလေးတွေအတွက် အရမ်းကောင်းတဲ့ လေ့ကျင့်ခန်းပါ။ ငယ်ငယ်လေးကတည်းက ပုံမှန်ရေကူးမယ်ဆိုရင် ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးတယ်။ သက်လုံကောင်းစေပြီး အမောခံနိုင်စေတယ်။ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေပြီး လန်းဆန်းတက်ကြွစေတယ်။ ဒါ့အပြင် အားကစားလုပ်တဲ့ ကလေးတွေဆိုတာ အမြဲတမ်းစာပဲ လုပ်နေတဲ့ကလေးတွေထက် ကျန်းမာရေးရော၊ ပညာရေးမှာပါ အမြဲတမ်းသာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာမှတ်ထားမယ်ဆိုရင် ကိုယ့်ကလေးဘဝ ကျန်းမာပျော်ရွှင်စေဖို့ တစ်ဖက်တစ်လမ်းကနေ အကောင်းဆုံးကူညီပေးနိုင်မှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%9b%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%b1/
နာတာရှည်အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ COPD နှင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းသောရောဂါ CHF ကိုနှိုင်းယှဉ်ခြင်း
နာတာရှည် အဆုတ်လေပြွန် ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ(COPD)နှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ(Congestive heart failure) နှစ်မျိုးလုံးသည် အသက်ရှူရခက်စေသည်။ အသက်ရှူခက်သော လက္ခဏာရှိသည့် လူများတွင် ရောဂါ အကြောင်းအရင်းကိုရှာဖွေရာ၌ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။အသက်ရှူမဝဖြစ်ခြင်း၊မောခြင်း၊ အသက်ရှူသံ တရွှီရွှီကြားရခြင်းတို့သည် ၂မျိုးလုံးတွင်အတွေ့များသော လက္ခဏာများဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင် အသက်ရှူခက်ခြင်းဖြစ်နိုင်ကာ တစ်ဖြည်းဖြည်းဆိုးလာနိုင်သည်။အစပိုင်းတွင် ရိုးရိုးလှုပ်ရှားမှုလေးများကပင် အသက်ရှူမဝခြင်းဖြစ်နိုင်သည်။ ဥပမာ လှေကားတက်ခြင်း။ အခြေအနေပိုဆိုးလာလျှင် အသက်ရှူခက်ခဲခြင်းနှင့် အသက်ရှူသံ တရွှီရွှီကြားရခြင်းတို့သည် လေ့ကျင့်ခန်းနည်းနည်းလုပ်ပြီးသည်နှင့် ဖြစ်ပွားနိုင်သည်။နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ COPD ၏ အဓိကလက္ခဏာများထဲမှ တစ်ခုမှာ နာတာရှည်ချောင်းဆိုးခြင်းဖြစ်သည်။ နာတာရှည်ချောင်းဆိုးခြင်းသည် သင့်ရောဂါဖြစ်သည့် လေလမ်းကြောင်းမှချွဲကို ယူဆောင်လာနိုင်သလို ချောင်းခြောက်လည်းဖြစ်နိုင်သည်။နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါ CHF ရှိသည့် လူနာများသည် သလိပ်ထွက်သည့်ချောင်းဖြစ်နိုင်သလို ချောင်းခြောက်လည်းခံစားရနိုင်သည်။ သလိပ်သည် အချွဲဖြစ်ကာသွေး၊ ပြည်၊ ဘက်တီးရီးယားများ ပါဝင်နိုင်သည်။ထို့ပြင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ COPD လူနာများသည် ရင်ဘတ်တင်းကျပ်ခြင်းကို ခံစားရနိုင်သည်။ ဆန့်ကျင်ဘက်အနေနှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသောCHF တွင် ဤလက္ခဏာမဖြစ်နိုင်ပါ။သို့သော် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော လူနာများတွင် နှလုံးခုန်နှုန်းမမှန်ခြင်း၊ အလွန်မြန်ခြင်းတို့ကို ခံစားရနိုင်သည်။ထိုရောဂါတို့သည် လက္ခဏာအားဖြင့်တူညီသော်လည်း ကွဲပြးသောနည်းများဖြင့် ဖြစ်ပေါ်လာကြသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သော ရောဂါ COPD ၏ အဖြစ်များဆုံး အကြောင်းအရင်းမှာ ဆေးလိပ်သောက်ခြင်းဖြစ်သည်။ဆေးလိပ်သောက်သည့် ရာဇဝင်ရှိသော လူတွင် နာတာရှည် အဆုတ်လမ်းကြောင်းပိတ်ရောဂါ COPDအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နိုင်သည်။ သို့သော် သင် ဆေးလိပ်သောက်သည်နှင့် နာတာရှည် အဆုတ်လမ်းကြောင်းပိတ်ရောဂါ COPD မဖြစ်မနေဖြစ်မည်ဟု မဆိုလိုပါ။နာတာရှည် အဆုတ်လမ်းကြောင်းပိတ်ရောဂါ COPD ဖြစ်နိုင်ချေကို များစေခြင်းသာဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါနှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ CHF ဖြစ်နိုင်ချေများတွင်လည်းပါဝင်သည်။အလုပ်တွင်ဓါတုပစ္စည်းများရှူမိခြင်းကလည်း နာတာရှည် အဆုတ်လမ်းကြောင်းကျဉ်းမြောင်းပိတ်ဆို့ရောဂါ COPD ဖြစ်နိုင်ချေများသည့် အချက်ဖြစ်သည်။ ထို့ပြင် COPD ရာဇဝင်ရှိသည့် မိသားစုတွင်လည်းဖြစ်နိုင်ချေရှိသည်။နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းရောဂါ နှင့် ပတ်သက်၍ အရေးကြီးသောအချက်မှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်ခြင်းဖြစ်သည်။ ဤရောဂါသည် နှလုံးရှိသွေးကြောများပိတ်ကာနှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း ကို ဖြစ်စေနိုင်သည်။အခြားဖြစ်စေသော အချက်များမှာ နှလုံးအဆို့ရှင်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးကြွက်သားရောဂါများဖြစ်သည်။နာတာရှည် အဆုတ်လမ်းကြောင်းကျဉ်းမြောင်းပိတ်ဆို့ရောဂါ COPD နှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါ CHF တို့သည် သင်၏အသက်ရှူခြင်းကို နှောင့်ယှက်ကာ နေ့စဉ်လုပ်ငန်းတာဝန်များ လုပ်ဆောင်နိုင်စွမ်းကို လျော့နည်းစေသည်။နှစ်ခုလုံးတွင်တူညီသော လက္ခဏာများရှိသော်လည်း နာတာရှည် အဆုတ်လမ်းကြောင်းကျဉ်းမြောင်းပိတ်ဆို့ရောဂါ COPD သည် သင့်အဆုတ်ကို ထိခိုက်စေကာ နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ CHF သည် သင့်နှလုံးကို ပျက်စီးစေပါသည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9c%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%80%e1%80%ba/
အားကစားသမားများအတွက် နှလုံးစမ်းသပ်စစ်ဆေးခြင်း
ယနေ့ခေတ်တွင် နှလုံးရောဂါသည် သေဆုံးမှုများသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး United States တွင် အားကစားသမားများ သေဆုံးရခြင်း၏ ဒုတိယအကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် အားကစားသမားများတွင်နှလုံးစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။အားကစား လေ့ကျင့်ချိန်နှင့် ပြိုင်ပွဲချိန်များတွင်နှလုံးသည် ပို၍ အလုပ်လုပ်ရသောကြောင့်နှလုံးမကောင်းပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ယမန်နှစ်က UKအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်နေစဉ် သေဆုံးသွားသော အားကစားသမား၇ဦးထိ ရှိခဲ့တာကြောင့် အားကစားလောက၊ ဆရာဝန်များနှင့် ပြည်သူများအတွက်အမှုထားစရာ ကိစ္စဖြစ်လာပါတယ်။သေဆုံးရခြင်း၏ အများစုမှာ နှလုံးမကောင်းခြင်းကြောင့် ဖြစ်ပါတယ်။ အသက်၃၅နှစ်အထက် အားကစားသမားများတွင် ရုတ်တရက်သေဆုံးရခြင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်ပါတယ်။ အသက်၃၅နှစ်အောက် အားကစားသမားများတွင် ရုတ်တရက်သေဆုံးရခြင်းမှာ မွေးရာပါ နှလုံးမကောင်းခြင်းကြောင့် ဖြစ်ပါတယ်။လေ့လာသူများသည် ၁၄၃၅ အားကစားသမားနှင့် ၉၁၉ အားကစားမယ်များကို စစ်တမ်းကောက်ခဲ့ရာ ၁၇၁ယောက် (၇.၃%) သည် နှလုံးတည်ဆောက်ပုံ မမှန်တာကိုတွေ့ရပါတယ်။ ယင်း၁၇၁ယောက်အနက် ၆ယောက်မှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွင် ရှိပါတယ်။ရုတ်တရက်သေဆုံးရခြင်း၏ အများစုမှာ မွေးရာပါနှလုံးကြွက်သားပုံမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ ထို့ပြင် နှလုံးကြွက်သားရောင်ခြင်း၊ ဆေးအသုံးမှားခြင်းနှင့် ထိခိုက်ဒဏ်ရာများ ကြောင့်ဖြစ်ပါတယ်။ရုတ်တရက်သေဆုံးရခြင်းအကြောင်းရင်းမှာ အလွန်အကျွံ အားစိုက်မှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အလွန်အကျွံ အားစိုက်မှု ပြုရသောသူများတွင် ကျန်းမာရေးကိုသေချာစွာ စစ်ဆေးသင့်ပါတယ်။ နှလုံးမကောင်းသောသူများတွင် နှလုံးကောင်းမွန်သည်အထိ အားကစားကို ရပ်နားထားသင့်ပါတယ်။အားကစားသမားများတွင် နှလုံးရောဂါကို စမ်းသပ်စစ်ဆေးခြင်းက ရုတ်တရက်သေဆုံးမှုကို ကာကွယ်နိုင်ပါတယ်။ ရုတ်တရက်သေဆုံးနိုင်သော နှလုံးရောဂါလက္ခဏာများကို သတိထားပြီး ယင်းလက္ခဏာရှိသောသူများ၊ နှလုံးရောဂါအခံရှိသောသူများ၊ မိသားစုတွင် မွေးရာပါနှလုံးရောဂါရှိသူများကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9%e1%82%8f%e1%80%bd/
မျက်နှာသစ်ကြမယ် ဘေဘီလေးရေ
ဘေဘီလေးကိုသန့်ရှင်းရေးလုပ်ပေးမယ့် ကိစ္စက အသစ်စက်စက်မေမေ ဖေဖေတို့ကို စိုးရိမ်စိတ်ရှုပ်စေနိုင်တဲ့အရာတစ်ခုပါ။ အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို မျက်နှာသစ်ပေးရတာ၊ရေချိုးပေးရတာက အသေးအဖွဲကိစ္စဆိုပေမယ့် ထိခိုက်လွယ်တဲ့ နုနယ်လွန်းလှတဲ့ ကလေးတစ်ယောက်ကို မျက်နှာသစ်ပေးရတာက အခက်အခဲရှိနိုင်ပါတယ်။ ဒီပြဿနာကို အလွယ်တကူကျော်လွှားနိုင်ဖို့ ဒီဆောင်းပါးလေးကနေ အကူအညီပေးပါရစေ။မွေးကာစကလေးတစ်ယောက်အနေနဲ့ တစ်ပတ်ကို ၃ ကြိမ်လောက်ပဲရေချိုးဖို့လိုပေမယ့်နေ့တိုင်းတစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ မျက်နှာ၊ လည်ပင်း နဲ့ခြေ၊လက်တွေကို သုတ်သင်သန့်စင်ပေးဖို့လိုပါမယ်။ ကလေးတစ်ယောက်ရဲ့ မျက်နှာက လူကြီးတစ်ယောက် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတစ်ယောက်ထက် ညစ်ပေနိုင်ခြေပိုများပါတယ်။ ကလေးက နို့စို့ရင်းနို့အန်တာမျိုးဖြစ်မယ်၊ နို့တွေစီးကျတာမျိုးဖြစ်မယ်ဆိုရင် ချက်ချင်း သန့်စင်ဖို့လိုပါမယ်။ ဒါမှ ကလေးကအရေပြားပြဿနာကင်းမှာပါ။ ကလေးအသားအရေကို ပုံမှန်သန့်စင်ပေးမှုက အရေပြားမှာအဖုအပိမ့်တွေဖြစ်တာ ဓာတ်မတည့်မှုတွေဖြစ်တာကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။လက်တစ်ပွေ့စာ ကလေးသေးသေးလေးကို မျက်နှာသစ်ပေးရတာကတော်တော်လေး လက်ဝင်တဲ့ကိစ္စပါ။ အတိမ်းအစောင်းမခံနိုင်တဲ့အရွယ်မို့ ထိခိုက်သွားမလားဆိုတဲ့ စိတ်ကကြီးစိုးနေတော့ ဘာလုပ်လုပ်စိုးရိမ်စိတ်ကကြီးစိုးနေရောပေါ့။ဘေဘီလေးကို အထိအခိုက်မရှိဘဲ သန့်စင်ပေးချင်တဲ့မေမေဖေဖေတို့အတွက် လိုအပ်မယ့်ပစ္စည်းလေးတွေကနေစပြောရအောင်နော်။ဘေဘီလေးမျက်နှာသစ်ဖို့ ဒါတွေလိုပါမယ်။ကလေးကို မျက်နှာမသစ်ခင် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းက လိုအပ်တာတွေကို အနားမှာ အသင့်ယူထားခြင်းပါ။ ကလေးကို မျက်နှာသစ်ရင်းမှ တစ်ခုချင်း ထမယူရစေဖို့ ကလေးကို မျက်နှာမသစ်ခင်မှာ။မျက်နှာစသစ်တော့မယ်။လိုတဲ့ ပစ္စည်းတွေအကုန်ရလို့ဘေဘီလေးကိုမျက်နှာစသစ်ပေးတော့မယ်ဆိုရင်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%ac%e1%80%9e%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%99%e1%80%9a%e1%80%ba-%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8/
ကြောက်ခြင်းရယ်တဲ့ အဖုံဖုံ
ကြောက်ရွံ့ခြင်း(Phobias) က အဖြစ်များတဲ့စိတ်ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ လူတိုင်းနီးပါးမှာ ကြောက်ရွံ့ခြင်း တစ်ခုစီ ရှိတတ်ကြပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ၈ ရာခိုင်နှုန်းလောက်က တစ်ခုမကသော ကြောက်ရွံ့ခြင်းတွေကို ခံစားနေရပါတယ်။အမျိုးသမီးအများစုက အမျိုးသားတွေထက် ကြောက်ရွံ့ခြင်းကို ပိုခံစားရတတ်ကြပါတယ်။ကြောက်ရွံ့ခြင်း အမျိုးအစားတွေက ဘယ်လောက်ထိ များနေလဲ။ ကိုယ်တိုင်ရော ဘယ်လို ကြောက်ရွံ့ခြင်းတွေကို ခံစားနေရလဲ ဆိုတာကို ဆောင်းပါးလေးထဲမျာ အတူတူ လေ့လာကြည့်ရအောင်လား……….။ကြောက်ရွံ့ခြင်းကို ခံစားရတဲ့အခါ။ကြောက်ရွံ့ခြင်းတွေကလူတစ်ယောက်ရဲ့ နေ့စဉ်ဘဝအပေါ်မှာ ပုံစံ အမျိုးမျိုးနဲ့ သက်ရောက်နေပါတယ်။ သိပ်မပြင်းထန်တဲ့ အနေအထားကနေ ပြင်းထန်လွန်းတဲ့ အခြေအနေ အထိပေါ့။အချို့ဆို သူ့ဆီမှာ ခံစားနေရတဲ့ ကြောက်ရွံ့တွေကို ကိုယ်တိုင်တောင် မသိတာမျိုး ရှိနေနိုင်ပါတယ်။ ဒီကြောက်ရွံ့ခြင်းတွေက ထဲမှာမှ အတွေ့ရ အများဆုံး ကြောက်ရွံ့ခြင်းတွေက။ဒါတွေတင်မကသေးပါဘူး။ တွေးတောင် တွေးမိမှာ မဟုတ်တဲ့ ကြောက်ရွံ့ခြင်း အမျိုးအစားတွေကလည် အများကြီးပါ။ ဒီကြောက်ရွံ့ခြင်း အမျိုးအစားတွေကို ကိုယ်တိုင်မှာ ရှိနေလားဆိုတာကို ဆန်းစစ်နိုင်စေဖို့ အင်္ဂလိပ် အက္ခရာ အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။ကြောက်ရွံ့ခြင်းတွေကနေ့စဉ် လူနေမှု ဘဝကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလို ကြောက်ရွံ့တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စဆိုပေမယ့် စိတ်ကျန်းမာရေး ပြဿနာဖြစ်တာကြောင့် သေချာ ကုသဖို့ ပြောပါရစေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/strange-and-common-list-of-phobias/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/ways-to-protect-your-heart-when-diabetes/
ဒူးနာ နေတဲ့ မေမေကို ဘယ်လိုကူညီကြမလဲ
အိမ်မှာ သက်ကြီးရွယ်အိုရှိတဲ့ သူတွေကတော့ ဒီဒုက္ခကို ကောင်းကောင်းနားလည်ပါတယ်။ အိမ်မှာ ဒူးနာ လို့ ငြီးနေတဲ့သူတို့ကို တွေ့ရတာက စိတ်မသက်မသာဖြစ်စရာပါ။ အထိုင်အထလည်းခက်၊ အတက်အဆင်းလည်းမလွယ်၊ အိမ်နဲ့တူတူအပြင်သွားမယ်ဆိုလည်း ဝေးဝေးလံလံသွားလို့မရ၊ ခရီးသွားဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ ဘယ်မှမသွားနိုင်ဘဲ အိမ်ထဲမှာပဲ အထီးကျန်လာပါတော့တယ်။ ကြာလာရင် ဒီစိတ်နဲ့ပဲ တခြားရောဂါတွေ ဝင်လာတော့မှာပါ။ ဒူးနာတာကြောင့် ဒီလောက်ကြီးဖြစ်ဖို့ကတော့ မထိုက်တန်ပါဘူး။ အထူးသဖြင့် ခုခေတ်ကို အစစ အရာရာတိုးတက်နေတဲ့ ခေတ်မှာပေါ့။ ကုသစရာနည်းလမ်းတွေ များပြားတဲ့ အတွက် အရင်လို ဒုက္ခခံစရာမလိုတော့ပါဘူး။ ကဲ လူကြီးတွေကို ဒီလောက် ဒုက္ခပေးတဲ့ ဒူးနာရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသကြမလဲဆိုတာ ဆက်ကြည့်ရအောင်။ဒါကို မပြောခင် ဒူးနာရောဂါအကြောင်း လေ့လာကြည့်ရအောင်။ရပ်ကွက်ထဲမှာ အလွယ်ပြောကြတဲ့ ဒူးနာတယ်ဆိုတာ တကယ်တော့ ဒူးဆစ်ရောင်ရမ်းတာပါ။ ဒူးဆစ်ကြားက အရိုးနုလေးတွေ ပျက်စီးလို့ ရောင်ရမ်းလာတာပါ။ တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့အတွက် ဒူးမှာ ဒူးဆစ်ရောင်ပြီး နာတယ်ဆိုတာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒူးဆစ်မှာ ရှိတဲ့ အရိုးနုလေးက ကြာလာတဲ့အခါ တောင့်တင်းလာပြီး အကွေးအဆန့်မကောင်းတော့ပါဘူး။ သူပျက်စီးလာတဲ့အတွက် သူ့နားမှာရှိနေတဲ့ အရွတ်တွေကို ဆွဲဆန့်လိုက်သလို ဖြစ်တဲ့အတွက် ဒူးနာရတာပါ။ ဒီထက်ပိုဆိုးလာရင်တော့ အရိုးနုတွေ ပြုန်းပြီး အရိုးမျက်နှာပြင်နှစ်ခု ပွတ်တိုက်ပျက်စီး လာပါတော့တယ်။လက္ခဏာတွေကတော့ တဖြည်းဖြည်းချင်း ပိုဆိုးလာပါတယ်။ဒူးဆစ်ရောင်ရမ်းတာက အသက်ကြီးလို့ ပျက်စီးတဲ့ ရောဂါဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့ အမျှ ပိုဆိုးလာပါတယ်။ ဒူးနာတာ၊ တောင့်တာကြောင့် သာမန်အလုပ်တွေ လုပ်ဖို့တောင် ခက်လာပါတယ်။ နာလွန်းလို့ ညအိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ခုနောက်ပိုင်း နည်းပညာတွေ တိုးတက်လာတဲ့အတွက် ဒူးနာသက်သာအောင်ရော ပြန်ပြီး သွားလာလှုပ်ရှားနိုင်အောင်ရော လုပ်လို့ ရနေပါပြီ။ နည်းလမ်းတွေကတော့။အကိုက်အခဲပျောက်ဆေးတွေ ပေးလို့ရပါတယ်။ တချို့သော ဆေးတွေက ရေရှည်သောက်ရင် အစာအိမ်ထိတာမျိုးရှိပေမယ့် လတ်တလော အနာသက်သာဖို့အတွက်တော့ အသုံးများကြပါတယ်။ ဒါကြောင့် ဆေးမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ – ဒီလေ့ကျင့်ခန်းတွေက ဒူးဆစ်ကို ပျော့ပျောင်းစေပြီး လှုပ်ရှားရလွယ်စေပါတယ်။Occupational therapy – ဒါကတော့ နေ့စဥ် လုပ်ငန်းဆောင်တာတွေကို လွယ်လွယ်ကူကူ လုပ်နိုင်အောင်၊ နာကျင်မှုနည်းအောင် လေ့ကျင့်ပေးပါတယ်။စတီးရွိုက်ထိုးသွင်းနည်း – ဒူးဆစ်ကြားထဲကို စတီးရွိုက်ထိုးပြီး အနာသက်သာအောင်၊ အရောင်ကျအောင် လုပ်တာပါ။ချောဆီထိုးသွင်းနည်း – ဒူးဆစ်ကြားထဲကို  hyaluronic acid ဆိုတဲ့ ချောဆီ ထည့်ပေးတာပါ။ ဒါက ဒူးဆစ်ကြားမှာ ရှိတဲ့ သဘာဝချောဆီနဲ့ အတူတူပါပဲ။ဒူးဆစ်ခွဲစိတ်နည်း – ဒူးဆစ်ကို ခွဲစိတ်ပြီး ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ဖယ်ထုတ်လိုက်တာပါ။ဒူးဆစ်အစားထိုးနည်း – ဒါက နောက်ဆုံးပေါ်နည်းလမ်းဖြစ်ပြီး တော်တော်များများလည်း အသုံးပြုနေကြပါတယ်။ ပျက်စီးနေတဲ့ ဒူးဆစ်ကို ဖယ်ထုတ်ပြီး ပလတ်စတစ် ဒါမှမဟုတ် သတ္တုနဲ့ လုပ်ထားတဲ့ ဒူးဆစ်ကို အစားထိုးတာပါ။ ဒီအစားထိုးထားတဲ့ ပစ္စည်းတွေက အချိန်ကြာလာလို့ ပျက်စီးသွားရင်တောင် ထပ်ပြီး အစားထိုးလို့ရပါတယ်။ ကုသပြီး နောက်ပိုင်းမှာလည်း အကူမပါဘဲ ပြန်လည်လှုပ်ရှားနိုင်ပါတယ်။ ဒီကုသမှုတွေကို အရိုးကုသမှုမှာ နာမည်ကောင်းရထားတဲ့ ဆေး ဝေ့ဌာနီ ဆေးရုံလိုမျိုး ဆေးရုံတွေမှာ ကုသမှုခံယူလို့ရပါတယ်။အိမ်မှာလုပ်နိုင်တာတွေကတော့။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac-%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
ကိုဗစ်ကြောင့် အိပ်မပျော်ခြင်း Coronasomia
နဂိုတည်းကလည်း ခေတ်သစ်လူနေမှု ပုံစံအရ အိပ်ချိန်မှန်ဖို့၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အတော့်ကို ကြိုးစားနေရတဲ့ လူ့အဖွဲ့အစည်းမှာ ကပ်ရောဂါဖြစ်လာတော့ ပိုဆိုးလာရော။ လေ့လာချက်တွေအရ ကပ်ဘေးကာလမှာ လူ၁၀ယောက်မှာ ၄ယောက်က အိပ်ရခက်တဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်တဲ့။ အိပ်စက်ခြင်း ပညာရှင်တွေကတော့ ကိုရိုနာကြောင့် ဖြစ်တဲ့အိပ်မပျော်တာကို နာမည်လှလှလေး ပေးထားပါတယ်။ Corona ကြောင့်ဖြစ်တဲ့ insomiaCoronasomia ပါတဲ့။Coronasomia ဆိုတာ ကပ်ဘေးကာလမှာ ကြုံရတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ၊ စိုးရိမ်စိတ်တွေ၊ စိတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေကို ခေါ်တာပါ။ စိုးရိမ်စိတ်များတဲ့၊ စိတ်ကျတဲ့သူတွေက အိပ်မပျော်တာ မထူးဆန်းပေးမယ့် Coronasomia ကနည်းနည်းတော့ ဆန်းပါတယ်။ သူကCOVID-19ကပ်ရောဂါကြောင့် ဖြစ်တာပါ။အများစုမှာ အိပ်မပျော်တဲ့ ပြဿနာက ကပ်ဘေးကာလမှာ စပြီး ကြုံရတာ ဒါမှမဟုတ် နဂိုတည်းက အိပ်မပျော်တဲ့သူတွေမှာ ပိုဆိုးလာတာကို တွေ့ရပါတယ်။ ဒီလို ဖြစ်လာရတာကလည်း နေ့စဉ်အလုပ်လုပ်ပုံတွေ ပြောင်းသွားတာကနေစလို့ ဆိုရှယ်မီဒီယာအသုံးများတာအထိ  အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေကို ခွဲခြမ်းကြည့်မယ်ဆိုရင်။-ငွေရေးကြေးရေး ပြဿနာ။-စိတ်ခံစားချက် ပြဿနာ။-ချစ်ခင်ရင်းနှီးသူတွေနဲ့ တွေ့ချင်သလို မတွေ့ရဘဲ အဝေးမှာ နေရတဲ့ ပြဿနာ။-ရှေ့ကို ဘာဆက်ဖြစ်မှန်းမသိတဲ့ ပြဿနာတွေကို တွေ့ရပါတယ်။သူ့လက္ခဏာတွေကတော့။လေ့လာချက်တွေအရ ကိုဗစ်ကာလမှာ အိပ်မပျော်တာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာတယ်လို့ ဆိုကြပါတယ်။ ကပ်ရောဂါမဖြစ်ခင်ကဆို ၂၄ရာခိုင်နှုန်းလောက်ကပဲ အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကို ခံစားရပါတယ်။ ကပ်ဘေးကာလမှာတော့ ၄၀ ရာခိုင်နှုန်းအထိ တက်လာတယ်လို့ ဆိုပါတယ်။တစ်ချိန်တည်းမှာပဲ ကပ်ဘေးကာလမှာ လူ၄ယောက်မှာ ၁ယောက်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားကြရပါတယ်။ ၂၀၁၉နဲ့ ယှဉ်လိုက်မယ်ဆိုရင် စိုးရိမ်ဆများတဲ့သူက ၃ဆ၊ စိတ်ကျတဲ့သူက ၄ဆလောက် တက်လာပါတယ်။ဒါ့ပြင် လူတွေရဲ့ အိပ်စက်ပုံလည်း ပြောင်းလဲလာပါတယ်။ ညဘက်တွေဆို မအိပ်ဘဲ နေ့ဘက်တွေမှာ အိပ်နေတာ၊ ညဉ့်နက်မှ အိပ်ပြီး နေ့လယ်လောက်မှ ပြန်နိုးတာတွေ ဖြစ်လာကြပါတယ်။ ဒီတော့ ကိုယ်တွင်း ဇီဝဖြစ်စဉ်တွေပါ ပြောင်းလဲကုန်တာပေါ့။ကမ္ဘာ့ကပ်ဘေးဖြစ်တဲ့အတွက် လူတိုင်းကတော့ အနည်းနဲ့ အများ ခံစားရတာပါပဲ။ အဖြစ်များတဲ့သူတွေကတော့။အဖြစ်အများဆုံးကတော့ကိုဗစ်လူနာတွေပါပဲ။ ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ မောတာ၊ ချောင်းဆိုးတာကြောင့် အိပ်မရဘူးဆိုတဲ့သူ ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်တဲ့။ကိုဗစ်ကပ်ရောဂါက လူ့အသက်ကိုရော နေ့စဉ်ဘဝကိုရော ခြိမ်းခြောက်နေပါတယ်။ ကလေးတွေ၊ မိဘတွေ ဆိုရင်လည်း အိမ်ကနေ စာသင်ဖို့ ပြင်ကြရသလို၊ ဝန်ထမ်းတွေကလည်း အိမ်ကနေ အလုပ်လုပ်ရတာ၊ တချို့ဆို လစာလျှော့ခံရတာ၊ ဖြုတ်ခံရတာတွေအထိ ကြုံလာကြရပါတယ်။ တချို့ကျတော့လည်း ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ရတာ၊ ချစ်ခင်ရတဲ့သူတွေ ဆုံးပါးသွားတာမျိုး ရှိပါတယ်။ဒီလိုမျိုး ဝမ်းနည်းဖွယ်ကောင်းတဲ့ ကိစ္စတွေ၊ စိတ်ပင်ပန်းစရာတွေ၊ မရေရာ မသေချာမှုတွေကို အချိန်အကြာကြီး ခံစားနေရတဲ့အတွက် လူတွေ အိပ်မပျော်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီထဲမှာမှ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့။ဘဝမှာ ထူးထူးခြားခြား အပြောင်းအလဲတွေ တွေ့ရတဲ့အခါ လူတွေက အိပ်စက်ပုံ ပြောင်းသွားတတ်တယ်တဲ့။ ကိုဗစ်ကလည်း ဒီလိုအပြောင်းအလဲကြီးတွေထဲက တစ်ခုပေါ့။ဒီလိုကပ်ရောဂါမျိုး မပြောနဲ့။ နေ့စဉ်ဘဝမှာ ကြုံရတဲ့ သာမန်စိတ်ဖိစီးမှုလေးကတောင် အိပ်စက်တဲ့ ပုံစံကိုပြောင်းစေနိုင်ပါတယ်။ အိပ်မရတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ၊ အိပ်နေတုန်းပြန်ပြန်နိုးတာတွေ  ဖြစ်တတ်ပါတယ်။စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီစောက အိပ်စက်ခြင်းဟော်မုန်းမယ်လတိုနင်နဲ့ ပြောင်းပြန်အလုပ်လုပ်ပါတယ်။ ကော်တီစောက မနက်ဆိုထွက်ပြီး ညဆို နည်းသွားပါတယ်။ ညဆို မယ်လတိုနင် ထွက်လာပြီး အိပ်ဖို့ပြင်ဆင်ပေးပါတယ်။ ကိုဗစ်လိုမျိုး နာတာရှည် စိတ်ဖိစီးနေရမယ်ဆိုရင်တော့ ကော်တီစောက တစ်နေကုန်ထွက်နေပြီး မယ်လတိုနင်ရဲ့ အလုပ်ကို အနှောင့်အယှက် ဖြစ်စေမှာပါ။ကိုဗစ်ကပ်ရောဂါက နေ့စဉ်ဘဝကို စိတ်ဖိစီးမှုတွေ  သယ်လာပေးပါတယ်။ အိမ်မှာပဲ နေနေရတာကစလို့ အိမ်ကနေပဲ အလုပ်လုပ်ရတာ၊ မိဘတွေဆိုလည်း သားသမီးကို အိမ်မှာပဲ စာသင်ပေးရတာ၊ နေ့စဉ်နေ့တိုင်း အိမ်ထဲမှာပဲ ပိတ်မိနေသလိုဖြစ်နေတတ်ပါတယ်။ ဒီလို ပိတ်မိနေတာက သဘာဝနေရောင်ခြည်နဲ့ ထိတွေ့မှု နည်းလို့ ခန္ဓာကိုယ်ထဲက အိပ်စက်ခြင်း စက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိမ်မှာပဲဆိုတော့ နေ့ဘက်မှာလည်း မကြာခဏ အိပ်မိတတ်ပါတယ်။တတ်နိုင်သမျှ ခွာခွာနေကြ၊ လူစုလူဝေး မလုပ်ရဘူးဆိုတော့ အလိုလိုနေရင်း အထီးကျန်လာရော။ အပြင်ထွက်ပြီး ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကိုလည်း မလုပ်နိုင်တော့ပါဘူး။ အချင်းချင်း စကားပြောတာ၊ စားသောက်တာ၊ gymသွားတာ၊ လူမှုရေးပွဲတွေသွားတာ စတာတွေက ဦးနှောက်ရဲ့ အိပ်စက်ခြင်း စက်ဝန်းကို  သက်ရောက်ပါတယ်တဲ့။ ခုလို ကိုဗစ်ဖြစ်လာပြီး ဒီဟာတွေလည်း လုပ်စရာ မရှိတော့ တစ်ယောက်တည်း ဖြစ်သွားတာပေါ့။တချို့ကျတော့ အရင်လို လုပ်စရာ မယ်မယ်ရရ မရှိတာကြောင့် နောက်ကျမှအိပ်၊ နောက်ကျမှထတွေ ဖြစ်ကုန်ပါတယ်။ ဒါက အိပ်ချိန်တင်မကဘဲ ကိုယ်တွင်းကလုပ်ငန်းစဉ်တွေ (အစာခြေတာ၊ ခုခံအား၊ ခံတွင်းလိုက်တာ) ပါ ထိခိုက်လာပါတယ်။ဒီလိုနဲ့ အိပ်ရေးမဝတာနဲ့ စိတ်ဖိစီးတာက လုံးလည်ချာလည် လိုက်နေပါတယ်။ အိပ်ရေးမဝတော့ စိတ်ဖိစီး၊ ကော်တီစောတွေထွက်၊ စိတ်မကြည်တာတွေ ဖြစ်လာပါတယ်။ တချို့က နေ့လယ်ဘက်မှာ အဝအိပ်လိုက်တော့ ညကျ မအိပ်ချင်တော့ပါဘူး။ အိပ်ရေးမဝတော့ လေ့ကျင့်ခန်းလည်း မလုပ်နိုင်သလို ကျန်းမာရေးနဲ့ မညီညွတ်တာတွေကိုပဲ အာသီသဖြစ်နေပါတော့တယ်။အပြင်မထွက်ရတဲ့ အခါကျတော့ ဖုန်းသည်မှာ သတင်းအချက်အလက်တို့ စုစည်းရာပေါ့။ ဒီထဲမှာ မကောင်းတဲ့ သတင်းတွေကိုပဲ တွေ့ရတဲ့အခါ စိတ်ဖိစီးတာမျိုး ဖြစ်လာပါတယ်။ သတင်းတွေကို ကြည့်လေလေ စိတ်ထဲမှာ တင်းကျပ်မှုတွေ  များလေလေပါပဲ။ပိုဆိုးတာက အိပ်ခါနီးအချိန်မှာ ဖုန်းသုံးတာပါ။ အိပ်ခါနီး သုံးလိုက်ရင် တော်တော်နဲ့ အိပ်မပျော်ဘဲ အိပ်ချိန်တွေ နောက်ကျသွားတတ်ပါတယ်။ ဖုန်းစကရင်ကထွက်တဲ့ blue lightတွေကလည်း နေရောင်ခြည်လိုပဲ လူကို လန်းနေအောင် လုပ်ပေးပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရမယ့်အစား တက်တက်ကြွကြွနဲ့ နိုးနေပါတယ်။ကံကောင်းတာက ကုမရတဲ့ ရောဂါမဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေထိုင်ပုံကို ဆင်ခြင်လိုက်ရင် ပြန်ပြီး အိပ်ပျော်လာနိုင်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်  အိပ်ပျော်ဖို့က အရေးကြီးပါတယ်။ အိပ်ရေးမဝလို့ ခုခံအားကျလာခဲ့ရင် ကိုဗစ်ကူးနိုင်ခြေ ပိုများလို့ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/coronasomia/
နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ
နှလုံးဆိုတာလည်း ကြွက်သားတစ်ခုပါပဲ။ ဒါပေမယ့် သူ့မှာ အလွှာသုံးလွှာပါပါတယ်။ အပြင်ဘက်ဆုံးကနှလုံးအမြှေးပါးရယ်၊ အလယ်က ကြွက်သားရယ်၊ အတွင်းသားလေးရယ်ပေါ့။ ဒီသုံးလွှာလုံးက အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းတတ်ပါတယ်။ ဒီထဲမှာနှလုံးကြွက်သားရောင်တာကို အရင်ပြောပြပေးပါမယ်။နှလုံးဖြစ်တဲ့ ရောဂါမို့လို့ အရေးမကြီးလို့ ငြင်းလို့မရပါဘူး။ နှလုံးကြွက်သားရောင်တာက နောက်ဆက်တွဲအနေနဲ့။နှလုံးက သွေးအလုံအလောက်ညှစ်ဖို့ဆိုရင် ကြွက်သားအားကောင်းရပါတယ်။ ကြွက်သားရောင်နေမှတော့ နှလုံးလည်း ကောင်းကောင်း မညှစ်နိုင်တော့ပါဘူး။ နှလုံးမှာ နှလုံးသွေးကြောလေးတွေ ရှိပါတယ်။ သူလည်း အလုပ်လုပ်ဖို့ သွေးလိုတာပေါ့။နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်လို့ နှလုံးသွေးကြောဆီကို သွေးမရောက်ရင် နှလုံးကြွက်သားရောင်ရာကနေနှလုံးကြွက်သားပုပ်သွားတတ်ပါတယ်။ လူအများကြောက်ကြတဲ့heart attackဆိုတာမျိုး ဖြစ်လာမှာပါ။သွေးဆိုတာ အိုင်လာရင် ခဲတတ်တဲ့ သဘောရှိပါတယ်။ ကောင်းကောင်းမညှစ်ထားတဲ့အခါ သွေးတွေက နှလုံးခန်းထဲမှာ အိုင်နေပြီး သွေးခဲလေးတွေ ဖြစ်လာတတ်ပါတယ်။ ဒီသွေးခဲလေးတွေက ပြုတ်ထွက်သွားပြီး ဦးနှောက်မှာ ပိတ်ရင်လေဖြတ်တာ၊နှလုံးသွေးကြောပိတ်တာတွေ ဖြစ်တတ်ပါတယ်။ရောင်နေတဲ့ ကြွက်သားတွေက တခြားကြွက်သားတွေလို လိုက်မညှစ်နိင်တဲ့အခါနှလုံးခုန်မမှန်တာတွေ ဖြစ်လာပါတယ်။နှလုံးခုန်မမှန်တော့ အခန့်မသင့်ရင် ရုတ်တရက်နှလုံးရပ်သွားပြီး အသက်ဆုံးရှုံးသွားတတ်ပါတယ်။ဒီလို ကြောက်စရာနောက်ဆက်တွဲရှိနေတာကြောင့် နှလုံးကြွက်သားတွေ ဘာကြောင့် ရောင်လဲဆိုတာ သိဖို့လိုလာပါပြီ။နှလုံးကြွက်သားရောင်ရတဲ့ အကြောင်းရင်းထဲမှာ အဖြစ်အများဆုံးက ဗိုင်းရပ်စ်ကြောင့်ပါပဲ။ Post viral myocarditis လို့ ခေါ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ဝင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုပေါ့။ အဖြစ်များတဲ့ ဗိုင်းရစ်တွေကတော့။-တုပ်ကွေး ဖြစ်စေတဲ့ adenovirus။-အသည်းရောင် အသားဝါ ဘီ၊ စီ။-ရေယုန်ဗိုင်းရပ်စ်။-အစာအိမ်၊ အူလမ်းကြောင်း ဗိုင်းရပ်စ်တွေ။-ဂျာမန်ဝက်သက်။-HIV စတာတွေ ပါပါတယ်။Staphylococcusတို့ Streptococcusတို့ ဆုံဆို့နာ ဖြစ်စေတဲ့ ဘက်တီးရီးယားတို့က ဖြစ်စေပါတယ်။ကပ်ပါးပိုးမှာဆိုရင်တော့ ကြောင်မစင်က ကူးတဲ့ Toxoplasmaတို့၊ Trypanosoma ကပ်ပါးပိုးတို့ ပါပါတယ်။မှိုပိုးထဲမှာဆိုရင်တော့ Candida၊ Histoplasma၊ ငှက်မစင်မှာပါတဲ့ မှိုပိုးတို့ အားလုံးပါပါတယ်။ဒါ့ပြင် မူးယစ်ဆေးတွေ ထိုးသွင်းတာ၊  တခြားဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့်လည်း နှလုံးကြွက်သားရောင်ရမ်းတာ တွေ့ရပါတယ်။နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ ဘာတွေ ခံစားရမလဲဆိုတော့။လက္ခဏာတွေကို ကြည့်မယ်ဆိုရင်တော့ တခြားနှလုံးရောဂါတွေနဲ့ အတူတူပါပဲ။ ဒါကြောင့် ခွဲရခက်ပါတယ်။ လက္ခဏာကြီးသက်သက်နဲ့တော့ နှလုံးကြွက်သားရောင်တယ်လို့ ပြောဖို့ခက်ပါတယ်။ ရှေ့ရက်တွေကတုပ်ကွေးဝင်ဖူးတဲ့ လက္ခဏာရှိရင်တော့ သံသယပိုဖြစ်စရာ ကောင်းပါတယ်။၁၀၀ရာခိုင်နှုန်းတော့ မဖြစ်အောင် ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ချေကို လျှော့ချလို့ရပါတယ်။နှလုံးကြွက်သားရောင်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ပိုးဝင်လို့ပါပဲ။ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တစ်ခုပါ။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ပိုးဝင်တိုင်း နှလုံးကြွက်သား မရောင်ပါဘူး။ တချို့သော နှလုံးကြွက်သားရောင်ရမ်းတာတွေက ဘာလက္ခဏာမှ မပြဘဲ သက်သာသွားတာ ရှိပါတယ်။ တချို့ကပဲ လက္ခဏာတွေပြပြီး အသက်အန္တရာယ်ထိခိုက်တာပါ။ ဒါကြောင့် အထက်ပါ လက္ခဏာတွေ ခံစားရရင် ဆေးရုံ၊ ဆေးခန်းသွားပြီး ရောဂါရှာဖွေဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/cardiomyopathy/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%99%e1%80%ba/
အိပ်နေစဉ်မှာ လိင်ဆက်ဆံခြင်း (Sleep Sex) ဆိုတာဘာလဲ
အိပ်နေစဉ်မှာ လမ်းလျှောက်ခြင်း၊ အိပ်နေစဉ်မှာ စကားပြောခြင်းနဲ့ အိပ်ပျော်နေစဉ် ကားမောင်းခြင်းတွေဆိုတာ အဖြစ်များတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေပါ။ သင့်အနေနဲ့ ဒီလို ဝေဒနာတွေကို ကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါမှမဟုတ် ကြုံဖူးကောင်း ကြုံဖူးပါလိမ့်မယ်။ ဒါဖြင့်ရင် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ ဆိုတာ ဘာကိုခေါ်တာလဲ။ အိပ်စက်ဆိုင်ရာ ပြဿနာတွေဆိုတာ ပုံမှန်ကောင်းကောင်းမွန်မွန် အိပ်ပျော်နေတဲ့ အချိန်မှာ ကောင်းကောင်း မအိပ်စက်နိုင်တဲ့ ဝေဒနာ တွေကိုခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်တတ်သလို စိတ်ဖိစီးမှု များတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ လူအများစုဟာ ဒီလို အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို စိတ်ဖိစီးတဲ့အခါ၊ အလုပ်တွေ အရမ်းများတဲ့အခါ၊ တစ်ခြားသော ပြင်ပ အကြောင်းရင်းများနဲ့ ကြုံတွေ့ရတဲ့အခါမှာ တစ်ခါတစ်ရံ ခံစားရလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလို အိပ်စက်ဆိုင်ဆိုင်ရာ ပြဿနာတွေ အမြဲဖြစ်နေပြီဆိုရင်တော့ ဒါဟာဝေဒနာ စွဲစွဲမြဲမြဲဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဖြစ်ပွားရတဲ့ အိပ်စက်ဆိုင်ရာပြဿနာ အပေါ်မူတည်ပြီး အိပ်ပျော်ဖို့ ခက်ခဲတာမျိုး၊ ဒါမှမဟုတ် တစ်နေကုန် ပင်ပန်းနေတာမျိုး ခံစားရနိုင်ပါတယ်။ အိပ်မပျော်ခြင်းဟာ ခွန်အား နည်းပါးခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းနဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော ဖြစ်ရပ်တွေမှာ ရောဂါများနဲ့ စိတ်ကျန်းမာရေး ချို့ယွင်းခြင်းကြောင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ရောဂါတွေကြောင့် ဖြစ်ရတာဆိုရင်တော့ ဒီရောဂါအတွက် ကုသမှု ခံလိုက်ရုံနဲ့ ပျောက်ကင်းသွားတတ်ပါတယ်။ ရောဂါကြောင့် ဖြစ်ရတာ မဟုတ်ဘူးဆိုရင် နေထိုင်စားသောက်မှု ပုံစံပြောင်းခြင်း ဖြင့် ကုသမှုခံယူနိုင်ပါတယ်။ဒီလို အိပ်စက်ခြင်း ပြဿနာတွေထဲမှာမှ မိတ်ဆွေအတွက် မရင်းနှီးသေးတဲ့ ပြဿနာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း (sleep sex) or (sexsomnia) ပါပဲ။ အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းဆိုတာ အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်းလိုပဲ အိပ်ပျော်နေစဉ်မှာ ဖြစ်တတ်တဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဒီလို အိပ်ပျော်နေစဉ်မှာမူမမှန်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ရခြင်းဟာ ဦးနှောက်က အိပ်စက်ခြင်း အဆင့်အကူးအပြောင်းမှာ ပုံမမှန်ဖြစ်လာပြီး လှုပ်ရှားမှုတွေ လုပ်စေခြင်းကြောင့် ဖြစ်ပါတယ်။ Sexsomnia ကို အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းလို့လည်း လူသိများပြီး မျက်စိမလှုပ်ရှားသေးတဲ့ အိပ်စက်ခြင်း အဆင့် (non rapid eye movement (NREM)) မှာ ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကိုခေါ်တာ ဖြစ်ပါတယ်။မျက်စိမလှုပ်ရှားသေးတဲ့ အိပ်စက်ခြင်း အဆင့် (non rapid eye movement (NREM)) ဆိုတာဟာ သင့်ရဲ့ ခန္ဓါကိုယ်ဟာ အိပ်စက်နေစဉ်အတွင်းမှာ ပြောင်းလဲမှု များစွာဖြစ်ပါတယ်။ အိပ်ပျော်သွားတဲ့အချိန်မှာ သင့်ရဲ့ ခန္ဓါကိုယ်ဟာ REM နဲ့ NREM အဆင့်တွေကြား ကူးပြောင်းသွားလာနေပါတယ်။ ပထမဆုံး သင်စတင်အိပ်ပျော်သွားပြီဆိုတာနဲ့ NREM အဆင့်လာပါတယ်။ NREM အဆင့်မှာမှ ၃ ဆင့်ရှိနေပါတယ်။ ပထမဆုံး ဖြစ်ပေါ်တဲ့ NREM အဆင့်ကို Stage N1 လို့ခေါ်ပြီး ဒီအဆင့်က ၅ မိနစ်ကနေ ၁၀ မိနစ် ကြားကြပါတယ်။ Stage N1 မှာဆိုရင် မျက်လုံးတွေက မှိတ်နေပေမဲ့ သင့်ကို အလွယ်တစ်ကူ နှိုးလို့ရပါတယ်။ အဲ့နောက်မှာ အဆင့် ၂ Stage N2 လာပါတယ်။ Stage N2 အဆင့်မှာဆိုရင် သင်ဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အဆင့်ကိုမရောက်သေးဘဲ နှလုံးခုန်နှုန်း နှေးလာကာ ခန္ဓါကိုယ် အပူချိန်ကလည်း ကျသွားပါတယ်။ အဲ့ဒီအချိန် သင့်ရဲ့ ခန္ဓါကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့ အတွက် အသင့်ဖြစ်နေပါပြီ။ အဲ့နောက် အဆင့် ၃ Stage N3 ကို ရောက်လာပါပြီ။ ဒီအဆင့်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ဖြစ်ပြီး ဒီအဆင့်မှာ သင့်ကို နှိုးဖို့ ခက်ပါတယ်။ ဒီအဆင့်မှာဆိုရင် နှလုံးခုန်နှုန်း နဲ့ အသက်ရှုနှုန်းတို့ အနည်းဆုံး ကျဆင်းသွားပြီး သွေးဖိအားတွေနဲ့ ခန္ဓါကို အပူချိန် နည်းသွားကာ ဒီအဆင့်မှာ မျက်လုံးလှုပ်ရှားမှုလည်း မရှိပါဘူး။ ဒီအဆင့်မှာ ခန္ဓါကိုယ်က တစ်ရှုးတွေကို ပြန်လည်ကြီးထွားခြင်းနဲ့ ပြင်ဆင်ခြင်း၊ အရိုးများတည်ဆောက်ခြင်း၊ ကြွက်သားများတည်ဆောက်ခြင်းနဲ့ ကိုယ်ခံအားစနစ်ကို အားဖြည့်ခြင်းစတာတွေကို လုပ်ဆောင်ပါတယ်။ ဒီအဆင့်မှာ အထက်က အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ အများဆုံး ဖြစ်ပွားပါတယ်။ NREM အဆင့် ၃ ဆင့်လုံးကိုကျော်ဖြတ်ပြီးသွားရင် REM Sleep အဆင့်ရောက်လာပါတော့တယ်။ ပထမဆုံး ကြုံတွေ့ရမယ့် REM အဆင့်ဟာ ပုံမှန် ၁၀ မိနစ်ခန့်ကြာပြီး အိပ်ချိန်ကြာလာတာနဲ့ အမျှ REM အဆင့်က တစ်ဖြည်းဖြည်းကြာလာပြီး နောက်ဆုံး အဆင့်မှာဆိုရင် REM အဆင့်ဟာ ၁ နာရီခန့် အထိကြာနိုင်ပါတယ်။ ဒီ REM Sleep အဆင့်မှာဆိုရင် နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းက မြန်လာပြီး အဲ့ဒီအဆင့်မှာ ဦးနှောက်က ပိုအလုပ်လုပ်တဲ့အတွက် အိပ်မက်တွေကို ဒီအဆင့်မှာ မက်လေ့ရှိပါတယ်။အိပ်နေစဉ်မှာ လိင်ဆက်ဆံခြင်းရဲ့ ရောဂါလက္ခဏာများ။Sexsomnia ဟာ လိင်စိတ်ကြောင့် ဖြစ်ပေါ်တဲ့ အိပ်မက်တွေနဲ့ မတူပါဘူး။ လိင်ပိုင်းဆိုင်ရာအကြောင့် အိပ်မက်မက်ခြင်းဟာ လူငယ်တွေနဲ့ အရွယ်ရောက်ပြီး လူတွေမှာ ဖြစ်ပေါ်တာ မဆန်းပါဘူး။ ဒါပေမဲ့ အိပ်မက်နဲ့ Sexsomnia နဲ့ မတူပါဘူး။ Sexsomnia ဝေဒနာရှိတဲ့လူတွေဟာ အိပ်နေစဉ်မှာ လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ Sexsomnia ရဲ့ ပြဿနာတစ်ခုက ဒီဝေဒနာခံစားနေရတဲ့ လူတွေဟာ သူတို့ ဒီကိစ္စတွေ လုပ်လို့ လုပ်မှန်းသိမှာမဟုတ်ပါဘူး။ အရင်ဆုံး သိလာမှာက အိမ်ထောင်ဖက်တွေ၊ အခန်းဖော်တွေနဲ့ သူငယ်ချင်းတွေက အရင်သိမှာ ဖြစ်ပါတယ်။ ဒီဝေဒနာခံစားနေရတဲ့ လူသိဖို့ အတွက် သူတို့ကို နှိုးမှသာ သိနိုင်မှာ ဖြစ်ပါတယ်။ Sexsomnia ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့-။ဒီလို အိပ်နေစဉ် လိင်ဆက်ဆံခဲ့တာကို နိုးလာတဲ့အချိန်မှာ မမှတ်မိဘူးဆိုရင် ဒါဟာ Sexsomnia ရဲ့ လက္ခဏာ ဖြစ်ပါတယ်။ Sexsomnia ခံစားနေရတဲ့သူတွေရဲ့ မျက်လုံးဟာ ပွင့်နေပြီး နိုးနေသကဲ့သို့ပဲ လိင်ဆက်ဆံမှုကို လုပ်ဆောင်တတ်ကြပေမဲ့ အတိတ်မေ့တဲ့ ဝေဒနာကို ခံစားနေရပြီး ဘာမှမှတ်မိနေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် လိင်ဆက်ဆံချိန် ပုံစံပြောင်းလဲနေခြင်းကလည်း Sexsomnia အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းဆိုတဲ့ ဝေဒနာ ခံစားနေရတယ်ဆိုတာ ပြနေပါတယ်။ Sexsomnia ခံစားနေရတဲ့လူတွေဟာ အိပ်နေတဲ့အချိန် လိင်ဆက်ဆံတဲ့အခါ သာမန်ထက်ပိုပြီး ခွန်အားပါနေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အိပ်ပျော်နေတဲ့အတွက် အရှက်အကြောက်နည်းသွားမှာ ဖြစ်ပြီး ဒီလိုပြောင်းလဲသွားတာကို အိမ်ထောင်ဖက်က တွေ့မြင်ခံစားရမှာပါ။ဖြစ်ပွားရတဲ့အကြောင်းရင်းများ။ဘာကြောင့် Sexsomnia ဖြစ်ရတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ အောက်ပါ အချက်တွေကြောင့်တော့ Sexsomnia ခံစားရနိုင်ပါတယ်။ဖြစ်ပွားစေနိုင်သော တစ်ခြားအကြောင်းရင်းများ။ဆေးဝါကုသမှု ခံယူနေတဲ့အခါမှာလည်း Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဖြစ်ပွားနိုင်ပါတယ်။ အဲ့လို အချက်တွေကတော့-။Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ခံစားနေရတဲ့ လူ ဘယ်လောက်များသလဲဆိုတာ သေချာမသိရသေးပေမဲ့ ဒီဖြစ်စဉ်ဟာ ရှားပါး ဖြစ်စဉ်တစ်ခုလို့ သတ်မှတ်ထားပါတယ်။ လေ့လာချက်အရ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာ ဖြစ်ပွားတဲ့လူတွေထဲမှာ (Sexsomnia) အိပ်ပျော်နေစဉ် လိင်ဆက်ဆံတဲ့ လူနာက ၈ ရာခိုင်နှုန်းရှိပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ၃ ဆ မျှ ဖြစ်နိုင်ချေပိုများပါတယ်။ Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဝေဒနာရှိနေတဲ့ အမျိုးသမီးတွေကတော့ အာသာ ဖြေကြတာ ပိုများပါတယ်။ Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဝေဒနာကို ခံစားနေရတဲ့ လူတွေကတော့ ရှက်ကြောက်တာက တစ်ကြောင်း၊ သူတို့ကိုယ်တိုင် မသိလိုက်တာကတစ်ကြောင်း ဆေးရုံလာပြကြတာ နည်းပါတယ်။အကူအညီများ။ကိုယ်အိပ်ပျော်နေစဉ်မှာ ကိုယ်မသိဘဲ လှုပ်ရှားမှုတွေကို လုပ်နေမိနေတယ်ဆိုတာ စိုးရိမ်စရာ ကိစ္စတစ်ရပ်ပါ။ တစ်ချို့သော Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဆိုင်ရာ အပြုအမူတစ်ခု ဖြစ်တဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်းလို ဖြစ်ရပ်တွေကတော့ ကိစ္စမရှိပေမဲ့တစ်ဖက်သားက တစ်စိမ်း ဖြစ်နေမယ်ဆိုရင် မုဒိမ်းမှု ကျူးလွန်ကြံစည်ခြင်း အထိ ပြစ်မှုမြောက်နိုင်ပါတယ်။ အိမ်ထောင်ဖက်တွေမှာဆိုရင်လည်း ဒီလို အိပ်ပျော်နေစဉ် လိင်ဆက်ဆံတဲ့အခါမှာ အိမ်ထောင်ဖက်က သူဟာ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု မရဘူးလို့ ထင်သွားနိုင်ပါတယ်။ အကယ်၍ သင့်ရဲ့ အိမ်ထောင်ဖက်နဲ့ မိသားစုက ဒီလို မူမမှန်တဲ့အပြုအမူတွေ လုပ်နေတယ်ဆိုတာကို သင့်ကိုပြန်ပြောပြရင် အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။ဘယ်လို ကုသရမလဲ။ဆရာဝန်ထံမပြခင်မှာ သင့်မိသားစု၊ သင့်အိမ်ထောင်ဖက်ကိုမေးမြန်းပြီး သူတို့တွေ့ခဲ့တဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူတွေကိုအရင် မှတ်သားထားသင့်ပါတယ်။ ဒီလို Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဆိုင်ရာ လှုပ်ရှားမှုတွေကို မှတ်သားထားခြင်းက ဆရာဝန်တွေ စစ်ဆေးဖို့ ပိုလွယ်ကူစေလာပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ဆရာဝန်များက သင့်ရဲ့ အိပ်စက်မှုကို စောင့်ကြည့်လေ့လာပြီး အိပ်ပျော်နေစဉ်မှာ သင့်ရဲ့ ဦးနှောက်လှိုင်း၊ နှလုံးခုန်နှုန်း၊ အသက်ရှူတဲ့ ပုံစံ၊ မျက်လုံးနဲ့ ခြေထောက်လှုပ်ရှားမှုတွေကို တိုင်းတာပြီး ဝေဒနာခံစားနေရလားဆိုတာ စစ်ဆေးနိုင်ပါတယ်။ကုသမှုများ။Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဝေဒနာကို အောင်အောင်မြင်မြင်ကုသနိုင်ပါတယ်။ ကုသနည်းတွေကတော့-။အိပ်စက်ချိန်မှာ မူမမှန်တဲ့ လှုပ်ရှားမှုကိုဖြစ်စေတဲ့ မူလဘူတ အကြောင်းရင်းများကို ကုသခြင်း။Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဟာ တစ်ခြား အိပ်စက်ချိန်မှာ ဖြစ်ရတဲ့ ဝေဒနာတွေဖြစ်တဲ့ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းနဲ့ အိပ်ပျော်နေစဉ် ပင်မ အာရုံကြော စနစ်ကြောင့်ခြေထောက်များ လှုပ်ခြင်း၊ (Restless legs syndrome (RLS))ကြောင့် ဖြစ်တာများပါတယ်။ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းဝေဒနာကို ခံစားနေရတဲ့ လူနာတွေ အတွက်လည်း continuous positive airway pressure therapy လို့ခေါ်တဲ အသက်ရှူလမ်းကြောင်း ပွင့်စေရန် မပျော့မပြင်းတဲ့ လေဖိအားပေးနိုင်တဲ့ စက်နဲ့ ကုသနိုင်ပါတယ်။ဆေးဝါးပြောင်းလဲသောက်သုံးခြင်း။သင်ဆေးဝါး အသစ်တစ်မျိုးကို သောက်သုံးလိုက်တဲ့အချိန်မှ Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဝေဒနာစတင်ခံစားလာရတယ်ဆိုရင် ဆေးဝါး ပြောင်းသောက်လိုက်ရုံနဲ့ ပျောက်ကင်းသွားနိုင်ပါတယ်။ အိပ်ဆေးတွေဟာ အိပ်စက်ခြင်းဆိုင်ရာဝေဒနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။မူလဘူတဖြစ်စေတဲ့အကြောင်းရင်းများကို ကုသပေးခြင်း။စိတ်ဓါတ်ကျခြင်း၊ စိတ်ရှုပ်ခြင်းနဲ့ စိတ်ဖိစီးခြင်းတို့ကလည်း Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို စိတ်ကျန်းမာရေးဆိုင်ရာဝေဒနာတွေအတွက် ဆေးဝါး ကုသမှု ခံယူပြီး Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဝေဒနာကို ပျောက်ကင်းစေနိုင်ပါတယ်။ဆေးသောက်ခြင်း။တစ်ချို့သော ဆေးဝါးတွေက Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဝေဒနာကိုဖြစ်စေနိုင်ပေမဲ့ စိတ်ဓါတ်ကျခြင်းကို ပျောက်ကင်းစေတဲ့ ဆေးတွေနဲ့ လေသင်တုန်း ဖြတ်ခြင်းကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေကတော့ Sexsomnia ကိုပျောက်ကင်းစေနိုင်ပါတယ်။Sexsomnia (အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း) ဝေဒနာကို အထက်ပါ နည်းလမ်းတွေနဲ့ ကုသနိုင်ပြီး တစ်ခြားသော အိပ်စက်ခြင်းဆိုင်ရာဝေဒနာတွေ ခံစားရမယ်ဆိုရင် ကျန်းမာရေးနဲ့ လျှော်ညီတဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံစံပြောင်းလဲခြင်း၊ မိသားစုနဲ့ ဆရာဝန်ထံ ပွင့်လင်းစွာပြောပြခြင်း၊ စိတ်ဖိစီးမှု ကင်းဝေးအောင်နေထိုင်ခြင်း၊ အိပ်ခန်းသီးသန့်နဲ့အိပ်စက်ခြင်းနဲ့ အိပ်ရေးဝဝ အိပ်ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/things-to-know-about-sexsomnia/
မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ
ဗိုက်အောင့် ဗိုက်နာတယ်ဆိုတာက မီးမဖွားခင် ကာလမှာပဲ ဖြစ်တတ်တာ မဟုတ်ပါဘူး။မီးဖွားပြီးချိန်မှာလည်း ဖြစ်နိုင်ပါတယ်။ မွေးဖွားပြီးချိန် ကစလို့ ရက်သတ္တပတ် ၆ ပတ်တာကာလမှာ ခန္ဓာကိုယ်က ပုံမှန် အနေအထားရောက်အောင် ပြန်လည် လုပ်ဆောင်နေချိန်ပါ။ ဒီကာလမှ ဗိုက်အောင့်တာ အပါအဝင် အမျိုးမျိုးသောကျန်းမာရေး အခြေအနေတွေကို ခံစား ကျော်လွှားရနိုင်ပါတယ်။ဒီတစ်ခေါက်တော့ မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ……. ဒီအခြေအနေတွေကို ဘယ်လို သက်သာအောင် လုပ်ရမလဲ …… ဆိုတာနဲ့ ဘယ်အခြေအနေတွေဆိုရင် ကုသမှု ခံယူဖို့ လိုမလဲဆိုတာကို ပြောပြပေးသွားပါမယ်။မွေးဖွားပြီးချိန် ဗိုက်အောက်ပိုင်းနား ဆီးစပ်တစ်ဝိုက်မှာ အောင့်တာကို ခံစားရတာမျိုးက အဖြစ်များပါတယ်။ အများစုကတော့ အန္တရာယ် မရှိပါဘူး။ ဘာကြောင့် မွေးဖွားပြီးချိန် ဗိုက်အောင့်ရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဒီအချက်တွေပါပဲ။ဘေဘီလေးကို မွေးဖွားပြီးချိန်မှာသားအိမ်က နဂိုအရွယ်အစားကို ပြန်ကျုံ့သွားတတ်ပါတယ်။ ဒီလို သားအိမ်က ဘေဘီလေးကို ကိုယ်ဝန်မဆောင်မီ အရွယ်အစားဖြစ်အောင် ပြန်လည်ကျုံ့နေချိန်မှာ ဗိုက်အောက်ဘက်နားမှာ နာကျင်ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။ရာသီလာချိန်မှာ နာကျင်ကိုက်ခဲသလိုပါ။ သားအိမ်က ဘေဘီလေးကို ကိုယ်ဝန်မဆောင်ချိန် အနေအထားကို ရောက်ရှိဖို့ ၆ ပတ်လောက် အချိန်ယူရပါတယ်။ ဒီကာလအတွင်းမှာ နာကျင်တာကို ခံစားရမှာပါ။အမျိုးသမီး အများစုကတော့ ဘေဘီလေးကို မွေးဖွားပြီး ၁ ပတ်တာအတွင်းမှာ ဒီနာကျင်မှုကို သိသိသာသာ ခံစားရပါတယ်။ ဘေဘီလေးကိုမိခင်နို့ချိုတိုက်ကျွေးမယ်ဆို နာကျင်မှုက ပိုပြင်းထန်နိုင်ပါတယ်။ အကြောင်းကတော့ ဘေဘီလေးကို မိခင်နို့တ တိုက်ကျွေးတာက သားအိမ်ကျုံ့ဆန့်မှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်း တစ်မျိုးဖြစ်တဲ့ အောက်ဆီတိုစင်ဟော်မုန်းတွေ အများကြီး ထွက်ရှိအောင် လှုံ့ဆော်တာကြောင့်ပါ။ဒီနာကျင်မှုကသားဦးမေမေတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ သားအိမ်ကြွက်သားထု ပိုများတာကြောင့် နာကျင်မှု ပိုပြင်းထန်တာပါ။ဘယ်လို သက်သာအောင် လုပ်မလဲ။ဒီနာကျင်မှုက ကြိုတင်ကာကွယ်လို့ မရပါဘူး။ သားအိမ် မူလအရွယ်အစား ပြန်ရောက်ဖို့အတွက်ကလည်းသားအိမ်ကျုံ့ဆန့်မှုကို မဖြစ်မနေ လိုအပ်တာကြောင့် နာကျင်မှု သက်သာစေဖို့အတွက် နာကျင်တဲ့နေရာကိုရေနွေးဝတ် ကပ်ပေးတာ၊ ရေနွေးအိတ် ကပ်ပေးတာမျိုး လုပ်ပေးပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲ ပျောက်ဆေး သောက်ပေးပါ။မွေးဖွားပြီးချိန် ဗိုက်အောင့်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ ဝမ်းချုပ်တာကြောင့်ပါ။ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ဝမ်းချုပ်နိုင်သလို ဘေဘီလေး မွေးဖွားပြီးချိန်မှာလည်း ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။အကြောင်းကတော့။နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ မီးဖွားပြီးချိန်မှာ သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်ပါ။ မီးဖွားပြီးချိန် နာကျင်မှု သက်သာအောင် သောက်ရတဲ့ ဆေးအချို့က ဝမ်းချုပ်စေနိုင်ပါတယ်။ သံဓာတ် အားဖြည့်ဆေး သောက်သုံးရမှုကလည်း ဝမ်းချုပ်စေနိုင်ပါတယ်။အမျှင်ဓာတ် ပြည့်ပြည့်ဝဝ စားပေးပါ။ (ဥပမာ – သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ကုလားပဲ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ စားပေးပါ) ရေများများ သောက်ပေးပါ။ ဒီအချက်တွေကို ကိုယ်ဝန်ဆောင်ချိန်တည်းက လိုက်နာသင့်ပါတယ်၊၊။ဟော်မုန်း ပြောင်းလဲတာကြောင့် ဝမ်းချုပ်တာကို သက်သာစေဖို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ဘေဘီလေးကို ခွဲမွေးထားတာ ဖြစ်မယ်ဆိုရင် ချုပ်ရိုးနေရာက နည်းနည်း နာကျင်နိုင်ပါတယ်။ အတွင်းက အနာကျက်ရင်လည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ချုပ်ရိုး တဝိုက်က စူးပြီး နာကျင်နိုင်ပါတယ်။ မီးဖွားပြီးစရက်တွေမှာ ပိုနာနိုင်ပါတယ်။ပြည့်ပြည့်ဝဝ အနားယူပါ။ ဗိုက်ကြွက်သား အရမ်း အားပြုတာမျိုး မလုပ်ပါနဲ့ ။ ဘေဘီလေး အလေးချိန်ထက် ပိုတဲ့ ဘယ်အလေးအပင်ကိုမှ မမပါနဲ့။အနာကို သန့်ရှင်းပါ။ ဆေးထည့်ပါ။ အကိုက်အခဲပျောက်ဆေး လိုအပ်မယ်ဆိုရင် သောက်ပေးပါ။မွေးဖွားပြီးချိန် ဗိုက်အောင့်တာ ပုံမှန် အနေအထား တစ်ရပ်ပဲ ဆိုပေမယ့် အခုလို အခြေအနေ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-period/common-causes-of-postpartum-abdominal-pain/
ဒူးအစားထိုးကုသ ပြီးတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ
ဒူးဆစ်ခွဲစိတ်ကုသ မှု ခံယူထားတဲ့ လူနာတစ်ယောက်ဟာ ခွဲစိတ်မှုအမျိုးအစား၊ဝေဒနာပြင်းထန်မှုအတိမ်အနက်၊ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မူတည်ပြီး ၁ ရက်ကနေ ၃ ရက်လောက်တော့ဆေးရုံတက်ရပါလိမ့်မယ်။နာကျင်မှုရှိနိုင်ပေမယ့် ကုသမှုအပြီး နောက်တစ်ရက်မှာအထိန်းကိရိယာတစ်ခုခုနဲ့ဖြစ်ဖြစ် ထဖို့၊ လမ်းနည်းနည်း လျှောက်ကြည့်ဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေက ဂရုစိုက်ပေးမှာပါ။ဝန်ဆောင်မှုပေးတဲ့ ဆေးရုံမှ ကျွမ်းကျင်သူတွေရဲ့ ပြန်လည်ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒူးသန်မာစေဖို့ ရည်ရွယ်တဲ့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ၊ လေ့ကျင့်ခန်းတွေ ရှိမယ်၊ ဒါတွေက အနည်းငယ် နာကျင်ရနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ခြေ နည်းစေပါတယ်။အများစုက ဒူးဆစ်ခွဲစိတ်ကုသ ပြီး ၆ ပတ်အကြာမှာပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါပြီ။ ဒါပေမယ့် ၃ လလောက်ထိတော့ နာကျင်မှုနဲ့ ရောင်ရမ်းမှုတချို့ ရှိနိုင်တယ်၊ တစ်ရှူးနဲ့ ကြွက်သားအမာရွတ်တွေ ပျောက်ကင်းဖို့ ၂ နှစ် ကြာနိုင်ပါတယ်။– အနာကျက်မြန်စေဖို့နဲ့ကြွက်သားသန်မာစေဖို့အထောက်အကူဖြစ်မယ့် သံဓာတ်အားဆေး သောက်ပါ။– အနာပိုးမဝင်အောင် ဂရုစိုက်ပါ။ ပိုးဝင်တဲ့လက္ခဏာတွေ တွေ့တာနဲ့ ဆရာဝန်အမြန်ပြပါ။– ကိုယ်အလေးချိန်ကို ဒူးက သေချာထမ်းနိုင်လောက်တဲ့ အနေအထား မရောက်မချင်းလမ်းလျှောက်အကူကိရိယာ၊ချိုင်းထောက်၊ တုတ်ကောက် တို့ကိုသုံးပါ။– ညွှန်ကြားချက်အတိုင်း ဆေးကို ပုံမှန်သောက်ပါ။– ဒူးကျန်းမာရေး အတွက် သင်ပြပေးလိုက်တဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။– ထိုင်ခုံမှာ ထိုင်တဲ့အခါ ခွဲစိတ်ထားတဲ့ ခြေထောက်ကို ခွေးခြေခုံလေးနဲ့ မြှင့်ထားပါ။– နီမြန်း၊ ရောင်ရမ်း၊ သွေးထွက်၊ ပြည်တည်၊ အရည်ထွက်၊ ကိုယ်ပူတာတွေ အပါအဝင်အနာပိုးဝင်တဲ့လက္ခဏာတွေ ရှိလာသလား သတိထား စောင့်ကြည့်ပါ။– ချော်လဲတာမျိုး ထပ်ပြီးထိခိုက်တာ မဖြစ်စေဖို့ ဂရုစိုက်ပါ။– ကုသမှု လုပ်ပြီးပြီးချင်း တစ်ပတ်၊ နှစ်ပတ်အတွင်း ဒူးကွေးမချဖို့၊ အလေးအပင် မ မ ဖို့ သတိထားပါ။– အနာသေချာမကျက်သေးဘဲ ရေစိုမခံပါနဲ့။ အနာပိုးဝင်ဖို့ လွယ်စေနိုင်ပါတယ်။– အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့။ ခြေကျင်းဝတ်တွေ ရောင်လာနိုင်တယ်။– ထိုင်တဲ့အခါခြေထောက်ချိတ်ပြီးမထိုင်ပါနဲ့။– ဒူးကို ဖိအားများစေမယ့် လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။– နာကျင်မှုကို လျစ်လျူမရှုပါနဲ့။ လိုအပ်ရင် သောက်ဖို့ ပေးထားတဲ့အကိုက်အခဲပျောက်ဆေးတွေသောက်ပါ။ ပိုဆိုးလာရင်၊ ထူးခြားတဲ့လက္ခဏာရှိလာရင် ဆရာဝန်ပြန်ပြပြီး တိုင်ပင်ပါ။တကယ်လို့ ဒူးဆစ်ခွဲစိတ်ကုသ ထားတဲ့နေရာက ပိုပြီး ရောင်ရမ်းလာတာ၊ နီမြန်းလာတာ၊ အရည်ထွက်လာတာ၊ပြည်တည်လာတာ၊ အဖျားတက်လာတာ လိုမျိုး ပိုးဝင်တဲ့ လက္ခဏာတွေ ရှိလာရင် ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%92%e1%80%b0%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%af%e1%80%9e/
ဆီးချိုသမားများ အအေးမိတဲ့အခါ
ရာသီဥတုအေးတဲ့အချိန်အအေးမိတတ်ကြတယ်၊ဖျားနာတတ်ကြတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါပဲ။ ဒါပေမယ့် ပုံမှန်အချိန်တောင် သူများထက်အစားအသောက်အနေအထိုင်ပိုပြီးဂရုစိုက်ရတဲ့ ဆီးချိုသမားများ အတွက်ရော။ ဘာတွေများ သတိထားသင့်လဲ ဆက်ပြီးဖတ်ကြည့်ရအောင်။ခန္ဓာကိုယ်က နေထိုင်မကောင်းတဲ့အခါ အကြောင်းကြောင်းကြောင့်သွေးတွင်းသကြားဓာတ်အတက်အကျတွေရှိနိုင်ပါတယ်။ ဘယ်လိုထိန်းကြမလဲ –။ဒီလိုအချိန်မှာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အစားအသောက်လည်း မဆင်ခြင်ရင် သွေးတွင်းသကြားထိန်းချုပ်မှုမှာ ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဆီးချိုတက်ရင် ဆရာဝန်အမြန်ဆက်သွယ်ဖို့ ပြင်ဆင်ထားပါ၊ ဆီးချိုကျရင် ပြန်ထိန်းနိုင်မယ့် အစားအသောက်လေးတွေ ပြင်ဆင်ထားပါ။ အနေအထိုင်၊အစားအသောက်ကို ပုံမှန်အတိုင်း အချိုးကျနအောင် ကြိုးစားခြင်းက ကြိုတင်ကာကွယ်မှုပါပဲ။ဆီးချိုသမားများ အဖို့ တွေ့ရာဆေးဝါး သောက်လို့မရပါဘူး။ ကိုယ့်ရဲ့လက်ရှိသွေးတွင်းသကြားထိန်းချုပ်မှု အခြေအနေ၊သောက်သုံးနေတဲ့ဆေးဝါးတွေ၊ ရောဂါရာဇဝင်တို့ကို မူတည်ပြီး သင့်တော်တဲ့ ဆေးဝါးပမာဏ၊ အမျိုးအစားကို ဆရာဝန်ကဆုံးဖြတ်ပေးမှာပါ။ ကိုယ်စွဲသောက်နေရတဲ့ဆေးတွေနဲ့ အာနိသင်ရောထွေးတုံ့ပြန်မှုတွေ ဖြစ်လာပြီး ဆီးချိုအတက်အကျ ကမောက်ကမဖြစ်စေတတ်လို့ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေမသောက်သင့်ပါဘူး။နေမကောင်းတာ မသက်သာသေးတဲ့အချိန် သွေးတွင်းသကြားအခြေအနေကို နှစ်နာရီ သို့မဟုတ် လေးနာရီတစ်ကြိမ်လောက် စစ်ကြည့်သင့်ပါတယ်။ တစ်နေ့နှစ်ကြိမ်သွေးဖောက် စစ်ဆေးတာလည်း ရပါတယ်။ရေကို လုံလောက်အောင်သောက်ပါ။ သွေးတွင်းသကြားမတက်စေဖို့ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ဆီးနဲ့အတူ စွန့်ထုတ်လိုက်ပါ။ နေမကောင်းချိန် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးဖို့လည်း အရည်များများသောက်ဖို့လိုပါတယ်။ အငန်ဓာတ်မများတဲ့ စွပ်ပြုတ်ရည်၊ ဟင်းချို၊ ဆန်ပြုတ်တို့နဲ့ ဓာတ်ဆားရည်တွေ သောက်နိုင်ပါတယ်။နေလို့မကောင်း၊ခံတွင်းပျက်ပေမယ့်လည်း အစာဝင်အောင် စားပါ။ စားသမျှကလည်း အာဟာရပြည့်စေမယ့် အရာတွေပဲဖြစ်သင့်ပါတယ်။ တာရှည်ခံတွေ၊ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေပါတဲ့ အစားအသောက်တွေရှောင်ပါ။ကျန်းမာရေးကို သာမန်လူတွေထက် ပိုသတိထားရတဲ့ ဆီးချိုသမားများ အတွက်ကိုယ်အပူချိန်တက်နေသလား၊ လျော့သွားရဲ့လား မကြာမကြာစစ်ဆေးပေးဖို့လိုပါတယ်။တစ်နေ့တာအတွက် လိုအပ်တဲ့လှုပ်ရှားမှုတော့ ရှိရမယ်ဆိုပေမယ့် တအားအလုပ်လုပ်တာ၊ လှုပ်ရှားရတာ၊ ပင်ပန်းအားကုန်ရတာတွေ မလုပ်ရပါဘူး။ လှုပ်ရှားမှုလွန်ကဲရင်ဆီးချိုကျနိုင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/hypotension-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%80%e1%80%ba%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-2/
မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ
မီးနေသည်တွေ မိုးရေ မထိရဘူး။ မိုးရေထိရင် အဆစ်တွေ နာတတ်တယ်။ နောက်ပိုင်းကျရင် ဒဏ်ဖြစ်ပြီး ခံရတတ်တယ်လို့ ပြောကြတယ်။ ဒါက တကယ်ပဲလား။ မီးနေသည်တွေ မိုးရေကိုင် ရင်  ဘာဖြစ်တတ်သလဲ။မိုးရေကလည်း ရိုးရိုးရေပါပဲ။ နေထိုင်ရာဒေသကို လိုက်ပြီး ဖုန်တွေ၊ အမှိုက်သရိုက်တွေ ပါနိုင်ပေမယ့် သေချာသန့်စင်ပြီး ချိုးရေ၊ သုံးရေအနေနဲ့ သုံးနိုင်ပါတယ်။ ရေရှားတဲ့ ဒေသတွေမှာဆို ရေသန့်စက်နဲ့ သန့်ပြီး သောက်ရေအဖြစ်တောင် သုံးလို့ရပါတယ်။ဒါကြောင့် မိုးရေက သာမန်လူတွေကိုရော ကိုယ်ဝန်ဆောင်၊ မီးနေသည်တွေကိုပါ ထိတွေ့မိရုံနဲ့ အဆိပ်မသင့်စေပါဘူး။လူကြီးတွေက မီးနေသည်တွေကို မိုးရေတင်မကပါဘူး။ မီးတွင်းမှာ ရေမကိုင်ရဘူးတို့၊ ဆပ်ပြာမကိုင်ရဘူးတို့ပါ တားတတ်ကြပါတယ်။ ဘာကြောင့်လဲလို့ မေးလိုက်ရင် ခြေလက်တွေ ထုံတတ်တယ်။အဆစ်တွေ နာတတ်တယ်ဆိုပြီး ပြောကြပါတယ်။တကယ်တမ်းကတော့ မီးနေသည်တွေ မိုးရေအပါအဝင် ရေပဲကိုင်ကိုင် ဆပ်ပြာပဲကိုင်ကိုင် ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ကိုင်လို့ ရပါတယ်။ဒါပေမယ့် ရေအကြာကြီးချိုးတာ၊ မိုးရေထဲမှာ အကြာကြီးနေတာမျိုးတော့ မလုပ်ရပါဘူး။ ဒါဆိုရင်တော့ ခုခံအားနည်းနေတဲ့ မီးနေသည်တွေ နေမကောင်းဖြစ်နိုင်ခြေ များပါတယ်။နောက်ပြီး အေးလွန်းတဲ့ မိုးရေကို ကြာကြာကိုင်ရင် အဆစ်တွေ နာတာ သဘာဝပါ။ မိုးရေမှ  မဟုတ်ပါဘူး။ အေးတဲ့ ဘယ်အရာပဲဖြစ်ဖြစ် ကြာကြာကိုင်ရင် အဆစ်တွေ နာတာပါပဲ။မီးနေသည်မှ မဟုတ်ပါဘူး။ သာမန်လူကိုင်ရင်လည်း နာမှာပါ။ ဒါပေမဲ့ ဒါက ခဏပဲ နာတာ ဖြစ်ပြီး အေးတာ သက်သာရင်ပျောက်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုပါ။ဒါကြောင့် မီးနေသည်တွေက မိုးရေရော၊ ရိုးရိုးရေရော၊ ဆပ်ပြာရော ကိုင်လို့ ရပါတယ်။ အန္တရာယ်မဖြစ်ပါဘူး။ သူများနိုင်ငံတွေမှာwater birthလို့ခေါ်တဲ့ ရေထဲမှာ ကလေးမွေးတာတောင် လုပ်နေပါပြီ။မီးနေသည်တွေ ခြေလက်ထုံမှာစိုးပြီး လူကြီးတွေက ရေမကိုင်၊ ဆပ်ပြာမကိုင်ခိုင်းကြပေမယ့် တကယ်က ဒါတွေကြောင့် ထုံတာ မဟုတ်ပါဘူး။ဘယ်ရီ ဘယ်ရီလို့ခေါ်တဲ့ ဗီတာမင် ဘီဝမ်းချို့တဲ့လို့ ဖြစ်တာပါ။လူကြီးတွေက မီးနေသည်တွေကို အစားရှောင်ခိုင်းတော့ အာဟာရလိုအပ်ချက်များတဲ့ မီးတွင်းကြီးမှာ အာဟာရချို့တဲ့တော့တာပေါ့။ အထူးသဖြင့်တော့ဗီတာမင်ဘီဝမ်းပါ။ဗီတာမင်ဘီဝမ်း ချို့တဲ့တဲ့အခါ အမေမှာ။ဒါတင် မကသေးပါဘူး။ မိခင်နို့ကို စို့ရတဲ့ ကလေးမှာပါ ဗီတာမင် ဘီဝမ်းချို့တဲ့ပြီး။ဒါကို ကလေးသူငယ်နာလို့ ခေါ်ကြပါတယ်။ လူကြီးတွေကတော့ ကလေးမှာ သူငယ်နာပါလာလို့ မီးတွင်းမှာ ဆုံးတယ်လို့ ပြောကြပေမယ့် တကယ်က မိခင်အစားရှောင်လို့ ဗီတာမင်ဘီဝမ်းချို့တဲ့ပြီး ဆုံးတာပါ။အစားရှောင်လို့ ခြေလက်ထုံတာကို မိုးရေကိုင်၊ ဆပ်ပြာကိုင်လို့ ထုံတယ်ထင်တော့ အာဟာရပြည့်အောင် စားရကောင်းမှန်းမသိတော့ပါဘူး။ ဒီပြဿနာက ရေမကိုင်ဘဲ နေလိုက်ရုံနဲ့ ဖြေရှင်းလို့ ရတာမှ မဟုတ်တာပဲလေ။ အာဟာရပြည့်ဝအောင် စားမှ ရမှာပါ။မီးနေသည်တွေ မီးတွင်းမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးပါတယ်။ ကလေးမွေးပြီးစအချိန်မှာ ကိုယ်ခံအား ကျနေတဲ့အတွက် ပြင်ပကနေ ရောဂါပိုးတွေ ဝင်မလာအောင် သန့်ရှင်းအောင် နေဖို့ လိုပါတယ်။ကလေးမွေးထားတဲ့ မေမေတွေက။ဒါတွေလုပ်ဖို့ဆိုရင် ရေမကိုင်ဘဲ၊ ဆပ်ပြာမကိုင်ဘဲ လုပ်လို့မှ မရတာပဲ။ ဒီလို သန့်ရှင်းရေးတွေ မလုပ်ဘဲ ၄၅ရက်လုံးလုံး နေဖို့ဆိုတာကလည်း လက်တွေ့မကျလှပါဘူး။ဒါကြောင့် မီးနေသည်တွေ ရေကိုင်ပါ။ ဆပ်ပြာကိုင်ပါ။ ရေနဲ့ ဆပ်ပြာကို သုံးပြီး သေချာသန့်ရှင်းရေး လုပ်ပါ။ အလွန်အကျွံ ‌ရေထဲစိမ်နေတာ မဟုတ်ဘူးဆိုရင် အန္တရာယ်မရှိဘူးဆိုတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/consequences-of-rain-water-contact-in-postpartum/
ကလေးများကို ကျွေးနေတဲ့ ဖြည့်စွက်စာကို ဘယ်လိုကျွေးသင့်သလဲ
မိဘတိုင်းနီးပါး သိပြီးသားကတော့ ကလေးတွေကို အသက် ၆ လ မကျော်မချင်းအမေနို့တစ်မျိုးတည်းတိုက်သင့်တယ် ဆိုတာပါ။ ဒါပေမယ့် အသက် ၆ လ ကျော်ပြီး နောက်ပိုင်းမှာ ကလေးတွေကိုဖြည့်စွက်စာစကျွေးတော့မယ်ဆိုရင် ဘာတွေအဓိကကျွေးရမလဲဆိုတာ အခုထိ မိဘအများစုမှာ တွေဝေနေကြတုန်းပါ။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/important-of-complementary-feeding/
သင့်ကလေးကို HPV ကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်ပြီး သိသင့်သမျှ
Human papillomavirus (HPV)ဆိုတာဘာလဲ။HPVဆိုတာhuman papillomavirusရဲ့အတိုကောက်ဖြစ်ပါတယ်။HPVဟာ ဗိုင်းရပ်စ်ပေါင်း၁၅၀ကျော်ပါဝင်တဲ့ ဗိုင်းရပ်အုပ်စုတစ်ခုဖြစ်ပါတယ်။ အဲဒီအုပ်စုထဲက HPVဗိုင်းရပ်စ်တစ်မျိုးချင်းစီဟာ သူ့အမျိုးအစားအလိုက် နံပါတ်တစ်ခုစီရှိပါတယ်။ HPVအမျိုးအစားတချို့ကြောင့်ဖြစ်လာစေတဲ့ ကြွက်နို့ (papillomas)တွေကြောင့် အမည်ပေးထားတာဖြစ်ပြီး တခြားအမျိုးအစားတွေကတော့ကင်ဆာဖြစ်စေနိုင်ပါတယ်။ HPVကြောင့် အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ခံတွင်းသို့မဟုတ် လည်ချောင်းကင်ဆာနဲ့ စအိုသို့မဟုတ် စအိုလမ်းကြောင်းကင်ဆာတွေ ဖြစ်စေနိုင်တယ်။ အမျိုးသားတွေမှာ လိင်တံကင်ဆာ၊ အမျိုးသမီးတွေမှာ သားအိမ်ခေါင်း၊ မိန်းမကိုယ်လမ်းကြောင်း၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် HPVကူးစက်မှုကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေရှိပါတယ်။ကမ္ဘာမှာ HPVကူးစက်ခံရသူ သန်း၆၃၀ခန့်ရှိနေပြီဖြစ်ပါတယ်။ သားအိမ်ခေါင်းကို ကူးစက်မှုအများစုက လက္ခဏာမပြကြသလို ရောဂါတွေ့ရှိသူ၉၀%ကျော်ဟာ၂နှစ်အတွင်း ပျောက်ကင်းသက်သာသွားကြတာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရပြီး အလိုအလျောက်ကာကွယ်နိုင်စွမ်းနဲ့ ခုခံနိုင်စွမ်းက ဘယ်အတိုင်းအတာထိရှိနိုင်လဲဆိုတာအတိအကျမသိရသေးပါဘူး။ HPVကူးစက်မှုအတွက် ကုသနိုင်တဲ့ဆေးမရှိပေမယ့် ကာကွယ်ဆေးနဲ့တော့ ကာကွယ်တားဆီးနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာဖြန့်ချီထားတဲ့ HPVကာကွယ်ဆေးနှစ်မျိုးရှိပြီး ထိရောက်မှုလည်းရှိပါတယ်။ ဒီကာကွယ်ဆေးကြောင့် ရောဂါပိုးကူးစက်မှု ၈၆%ကျဆင်းသွားတယ်လို့ သြစတြေးလျသုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။သင့်ကလေးကိုဘာလို့ ကာကွယ်ဆေးထိုးပေးသင့်တာလဲ။HPVကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆရာဝန်ကိုမေးမြန်းမယ်ဆိုရင် မြန်မာနိုင်ငံမှာ အမျိုးအစားနှစ်မျိုးရနိုင်တယ်ဆိုတာရှင်းပြပါလိမ့်မယ်။HPVကာကွယ်ဆေးထိုးခြင်းက လူ့အဖွဲ့အစည်းမှာလည်း ရောဂါခုခံနိုင်အားကိုတိုးတက်စေနိုင်ပါတယ်။ ဆိုလိုတာက ကာကွယ်ဆေးထိုးထားတဲ့မိန်းကလေး၊ယောကျာ်းလေးတွေဟာ ရောဂါကူးစက်ခံရနိုင်ခြေပိုနည်းပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို ကာကွယ်ဆေးထိုးထားမယ်ဆိုရင် တခြားသူတွေကိုပါ ထပ်ဆင့်ကာကွယ်ရာ ရောက်ပါတယ်။HPVကူးစက်ခံရတိုင်း ကင်ဆာဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါကူးစက်ခံရပြီး လိင်အင်္ဂါကြွက်နို့ဖြစ်လာတယ်ဆိုရင်တောင်မှ ပြဿနာသေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လိင်အင်္ဂါမှာဖြစ်လာတဲ့ကြွက်နို့က ဖယ်ရှားရမလွယ်လို့ပါပဲ။ ကုသမှုခံယူနေစဉ်အတွင်းမှာတောင် ပြန်ပြန်ဖြစ်လာနိုင်တာကြောင့် အချိန်ကုန်ငွေကုန်ရတဲ့ကိစ္စဖြစ်ပါတယ်။လူတစ်ယောက်ကို HPVကူးစက်ခံရပြီးဆိုတာနဲ့ တစ်သက်လုံး အဲဒီဗိုင်းရပ်စ်နဲ့ရှင်သန်သွားရတော့မှာပါ။ ကြွက်နို့လိုမျိုးဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်တဲ့ရောဂါတွေနဲ့လက္ခဏာတွေအတွက် ကုသမှုရှိတယ်ဆိုပေမယ့် ဗိုင်းရပ်စ်ကတော့အမြဲကျန်ရှိနေဦးမှာပါ။ ဒါ့ကြောင့် ကြိုတင်ကာကွယ်တာက ကုသတာထက်ကောင်းတယ်လို့ဆိုကြတာပါ။ ကာကွယ်ဆေးထိုးခြင်းက အဖြစ်များတဲ့ HPVကူးစက်မှုတွေကို ကာကွယ်နိုင်ပြီး သင့်ကလေးမှာ ရောဂါဆိုးတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ပိုနည်းစေပါတယ်။ ဒါ့အပြင် သင့်ကလေးကို HPVကာကွယ်ဆေးထိုးထားပေးရင် သူ့ရဲ့အနာဂတ်လက်တွဲဖော်အတွက်လည်း ကာကွယ်ပေးရာရောက်ပါတယ်။ သားဖြစ်သူရဲ့အနာဂတ်လက်တွဲဖော်မှာ HPVကူးစက်ခံရရင် သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ သမီးဖြစ်သူရဲ့အနာဂတ်လက်တွဲဖော်မှာ ကူးစက်ခံရရင် လိင်တံ သို့မဟုတ် စအိုကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်သားသမီးတွေကို HPVကာကွယ်ဆေးထိုးပေးခြင်းဖြင့် တာဝန်သိစိတ်ရှိသူဖြစ်အောင် ကူညီပေးပါတယ်။သင့်ကလေးကိုဘယ်အချိန်မှာကာကွယ်ဆေးထိုးဖို့အကောင်းဆုံးလဲ။သင့်ကလေးကို အသက် ၉ နှစ်လောက်ကစပြီး ကာကွယ်ဆေးထိုးလို့ရပါပြီ။ လိင်ကိစ္စမရှိသေးတဲ့အရွယ်မှာ HPVကာကွယ်ဆေးက ပိုထိရောက်တယ်လို့ အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။ ကာကွယ်ဆေးက နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး အသက် ၁၃ နှစ်မတိုင်ခင်ထိုးပြီးရပါမယ်။ အသက်၉နှစ်ကနေ ၄၅နှစ်အတွင်းမှာ ဆေးထိုးတဲ့သူတွေအတွက်တော့ သုံးကြိမ်ထိုးရမှာဖြစ်ပါတယ်။ဆေးထိုးပြီးတဲ့အခါ သင့်ကလေးမှာ ကိုယ်ပူတာ၊ ဆေးထိုးတဲ့နေရာကနာကျင်တာ၊ အရေပြားကျိန်းစပ်တာတွေလိုမျိုးနေရခက်တဲ့ဝေဒနာတချို့ခံစားရနိုင်ပါတယ်။သင့်ကလေးက ဆယ်ကျော်သက်အရွယ်ရောက်နေပြီး ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင်လည်း သိပ်နောက်မကျသေးပါဘူး။ ကာကွယ်ဆေးက အသက်၄၅နှစ်မကျော်သေးသရွေ့ ထိရောက်မှုရှိနိုင်ပါသေးတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့ သင့်ကလေးကို အမြန်ဆုံးကျန်းမာစေဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်အကြံပြုချက်ရယူပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-hpv-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%91/
ရုရှားကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရက်ရှောင်ရတော့မှာလား။
ဒီနှစ်ကုန်ပိုင်းမှာကိုဗစ်ကာကွယ်ဆေးတွေ တန်းစီပြီးထွက်လာခဲ့ပြီး တချို့တွေဆိုရင် အရေးပေါ်သုံးခွင့်တောင် ရနေပါပြီ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် ရမရ၊ ဘေးထွက်ဆိုးကျိုး စတဲ့အချက်တွေ ပူပန်နေရတဲ့ ကြားထဲမှာ ထူးခြားစွာနဲ့ ထွက်လာခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ရုရှားကိုဗစ်ကာကွယ်ဆေးထိုးမယ်ဆိုရင် ၂လအရက်ရှောင်ရမယ်ဆိုတဲ့ သတင်းပါပဲ။ဒီကာကွယ်ဆေးအကြောင်း အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင် ရုရှားနိုင်ငံ Gamaleya Research Institute of Epidemiology and Microbiology က ဖန်တီးထားတာ ဖြစ်ပြီး လက်ရှိရုရှားနိုင်ငံမှာ စတင်ထိုးနှံဖို့ ပြင်ဆင်နေပါပြီ။ဗိုင်းရပ်စ်vectorကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး ၂၁ရက်ခြား နှစ်ကြိမ်ထိုးရမှာပါ။  နှစ်ကြိမ်ထိုးပြီး ၇ရက်နေလို့ စမ်းသပ်ကြည့်တဲ့အခါ ၉၁.၄ ရာခိုင်နှုန်းထိ အစွမ်းထက်တာကို တွေ့ရပါတယ်။ ခုဆိုရင် ၉၅ ရာခိုင်နှုန်းထိ တက်လာပြီလို့ ရုရှားအာဏာပိုင်တွေက ဆိုပါတယ်။အားသာချက်တွေက၂-၈ ဒီဂရီ ဆဲစီးယပ်စ်မှာ သိုလှောင်ထားနိုင်ပါတယ်။ ဒါဟာ အိမ်သုံးရေခဲသေတ္တာအပူချိန်နဲ့ အတူတူပါပဲ။ ဒါ့ပြင် စျေးနှုန်းကလည်း တစ်လုံးကို ၁၀ဒေါ်လာသာသာလောက်ပဲ ကျပါတယ်။ နှစ်ခါထိုးရမယ်ဆိုတော့ ဒေါ်လာ ၂၀ဝန်းကျင်လောက်ပဲ ကျမှာပါ။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ရက်နေ့က ရုရှားကျန်းမာရေးတာဝန်ရှိသူက Sputnik Vကာကွယ်ဆေး ထိုးမယ်ဆိုရင် ၂လလောက်အရက်ရှောင်ရမယ်လို့ ဆိုပါတယ်။ ဒါဟာ အရိုးခိုက်မတတ်အေးတဲ့ ရုရှားနိုင်ငံက လူတွေအတွက်တော့ ကျိန်စာပါပဲ။ကာကွယ်ဆေး မထိုးခင် ၂ပတ်နဲ့ ဒုတိယအလုံးထိုးပြီး ၄၂ရက်ကြာတဲ့အထိ ရှောင်ရမယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရုရှား ပြည်သူတွေက သိပ်တော့ ကျေလည်ခြင်းမရှိပါဘူး။ခရစ်စမတ်ရော၊ နယူးရီးယားပါရှိနေတဲ့ ဒီဇင်ဘာလကြီးမှာ အရက်ရှောင်ဖို့ ဆိုတာ သူတို့အတွက်တော့ အိပ်မက်ဆိုးပါပဲ။ မကြာခင်မှာ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကလည်း စတော့မှာဆိုတော့ တကယ်ကို ကျဉ်းထဲကျပ်ထဲက ကိစ္စပါပဲ။စားသုံးသူ ကျန်းမာရေး စောင့်ကြည့်ရေး ဦးဆောင်သူ Anna Popovaက အရက်က Covid-19ကို တိုက်ခိုက်ပေးမယ့် ကိုယ်တွင်းခုခံအားကို ကျဆင်းစေနိုင်တယ်။ အရက်က ခန္ဓာကိုယ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အတွက် ကျန်းကျန်းမာမာနဲ့ ခုခံအားတက်လာဖို့ဆိုရင် အရက်ရှောင်တာက ပိုကောင်းတယ်လို့ ဆိုပါတယ်။ဒါပေမယ့် ကာကွယ်ဆေး ထုတ်လုပ်သူ Alexander Gintsburgကတော့ ဒီအမြင်ကို သဘောမကျပါဘူး။ ရှန်ပိန်လေး တစ်ခွက်လောက်က ခုခံအားအပါအဝင် ဘယ်သူ့ကိုမှ ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ အရက်က ခုခံအားကို ထိခိုက်နိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးစဉ်နဲ့ ထိုးအပြီးမှာ အလွန်အကျွံ မမော့မိရင် ရပါပြီ။ လုံးဝရှောင်စရာလောက်ထိတော့ မလိုဘူးလို့ ၄င်းက ဆိုပါတယ်။ကာကွယ်ဆေးထိုးမယ်ဆိုရင် မထိုးခင် ၃ရက်၊ ထိုးပြီး ၃ရက်မှာ အရက်ရှောင်နိုင်ရင် ရပါပြီ။ ဒါက Sputnik Vအတွက်တင်မဟုတ်ပါဘူး။ ဘယ်ကာကွယ်ဆေးအတွက်ဖြစ်ဖြစ် လိုက်နာသင့်ပါတယ်လို့ ထပ်ဆောင်းပြောကြားသွားပါတယ်။ကိုဗစ်ကာကွယ်ဆေးတွေကို ဝယ်ယူစုဆောင်းတဲ့ နေရာမှာ ရုရှားကာSputnik Vက မြန်မာနိုင်ငံကို ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ Sputnik Vပဲ ဖြစ်ဖြစ်၊ တခြား ကာကွယ်ဆေးပဲ ဖြစ်ဖြစ် ထိုးတာကတော့ ထိုးရမှာပါပဲ။ ဒီအခါမှာခုခံအားကို ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။အရက်သောက်တာ အပါအဝင်အိပ်ရေးပျက်ခံတာ၊ အာဟာရပြည့်အောင် မစားတာ၊ ဆေးလိပ်တွေ သောက်တာ၊ ကိုယ်အလေးချိန် အပြင်းအထန်ချတာ စတာတွေကို ကာကွယ်ဆေး ထိုးခါနီးနဲ့ ထိုးပြီးစမှာ မလုပ်ဖို့ အကြံပြုလိုပါတယ်။ ကိုယ်တွင်းခုခံအားတက်နေမှသာ ကာကွယ်ဆေးထိုးတဲ့အခါ အကောင်းဆုံး တုံပြန်နိုင်ပြီး ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/sputnik-v-and-alcohol/
မီးဖွားပြီးချိန်မှာ လေပွတာကို ဘယ်လို သက်သာအောင် လုပ်မလဲ!
မီးဖွားပြီးချိန်မှာလေဒီလေးတွေအနေနဲ့ ပြောင်းလဲမှု တော်တော်များများကို တွေ့ကြုံခံစားကြရပါတယ်။ ဒီလို ခံစားရတဲ့ အထဲမှာ လေပွတာကလည်း တစ်ခု အပါအဝင်ပါ။ ဒီတစ်ခေါက်တော့ မီးဖွားပြီးချိန်မှာ လေပွတာကို ဘယ်လို သက်သာအောင် လုပ်မလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။မီးဖွားပြီးချိန်မှာ လေပွတာက ပုံမှန်ပဲလား ဆိုတော့ ပုံမှန်ပါပဲ။ကိုယ်ဝန်ဆောင်နေချိန်မှာရော မီးဖွားပြီးချိန်မှာ အမျိုးသမီးတွေဟာ များစွာသော ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ဒီလို ပြောင်းလဲမှုတွေက ရိုးရိုးမွေးတဲ့ မေမေတွေမှာရော ခွဲမွေးတဲ့ မေမေတွေမှာရော လေပွတာတွေကို ခံစားရနိုင်ပါတယ်။မီးဖွားပြီးချိန်မှာလေပွတာမျိုး ဖြစ်မယ်ဆိုရင်။ဖြစ်ရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး လေပွတာကို သက်သာအောင် လုပ်ဆောင်ပေးလို့ ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ကိုယ်ဝန်ဆောင်ထားချိန်မှာ ဝိတ်တက်လာလို့ ဆိုပြီး ဝိတ်ချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဆီတွေကို လျှော့စားတာ လုံးဝ မစားတာမျိုး မလုပ်ပါနဲ့။ အဆီက သည်းခြေအိတ်ကို သည်းခြေရည်တွေ ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အူတွေ လှုပ်ရှားမှု ကောင်းစေဖို့ လှုံ့ဆော်ပေးသလို အူမကြီး ကျုံ့ဆန့်မှု ကောင်းစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အဆီ ရရှိစေဖို့အတွက် ထောပတ်သီး၊ သံလွင်ဆီ၊ အုန်းဆီ၊ အဆီပါဝင်တဲ့ ငါး စတာတွေကို စားပေးပါ။နေ့စဉ် စားသုံးမှုမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ပါ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ပျော်ဝင်လွယ်တဲ့ အမျှင်တွေက အစားအစာတွေထဲက ရေဓာတ်ကို စုပ်ယူပေးပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေဖို့ လုပ်ဆောင်ပေးပြီးမီးဖွားပြီးချိန်မှာ လေပွတာကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ အသီးအရွက်တွေ၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်း ပေါင်မုန့်တွေ စားပေးလို့ ရပါတယ်။ရေဓာတ် ပြည့်ဝနေခြင်းကလည်း ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။ ရေအများကြီး သောက်ရင်လည်း ရေဆိပ်တက်နိုင်တာကြောင့် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။ ရေလုံလောက်အောင် သောက်ပေးတာက ဝမ်းမှန်စေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် လေပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။Probiotic က အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကို သက်သာစေနိုင်သလို မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဝမ်းမှန်ပြီး မီးဖွားချိန်မှာ လေပွတာတွေကို သက်သာစေဖို့Probiotic သောက်ပေးလို့ ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်လေး Probiotic သောက်ပေးလို့ ရပါတယ်။မီးဖွားပြီးချိန်မှာ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုတွေ ကောင်းမွန်စေဖို့အတွက် ပုံမှန်လေးကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။ ဒီလို လုပ်ပေးတာက မီးဖွားပြီးချိန်မှာ လေပွတာကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းကို အများကြီး မလုပ်နိုင်ရင်တောင်မှာ တစ်နေ့ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပေးတာက အဆင်ပြေတဲ့ နည်းလမ်းပါ။ တစ်ပတ်ကို နာရီဝက်လောက် ကနေ ၄၅ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။တရားထိုင်တာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဝမ်းချုပ်တာ၊ လေထိုးလေအောင့်တာလိုမျိုး  ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေကလည်း လေပွတာမျိုးကို ဖြစ်စေနိုင်တာကြောင့် တစ်နေ့ကို ၅ မိနစ် ကနေ ၁၀ မိနစ်လောက်တော့ အချိန်လေး ပေးလို့ တရားထိုင်ပါ။မီးဖွားပြီးချိန်မှာ လေထိုးအောင့်တာမျိုး ဖြစ်နေမယ်ဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ တကယ်လို့ အချိန် အတော်ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ပြကြည့်ဖို့ လိုပါမယ်။[embed-health-tool-due-date]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/after-pregnancy-bloating-relief-tips/
နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်
နှလုံးဆိုတာ ကြွက်သား တစ်မျိုးလို့ ဆိုကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲက အရေးပါတဲ့အစိတ်အပိုင်းတစ်ခုသာမက ကြွက်သားတစ်မျိုးလည်းဖြစ်တယ်ပေါ့။ အကြောင်းအမျိူးမျိုးကြောင့် နှလုံးကြွက်သား အားနည်းတဲ့အခါ နှလုံးညှစ်အားကျဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင် ဘာတွေ လုပ်ရမလဲ။လူတိုင်းက နှလုံးရောဂါ ဖြစ်မှာကို မလိုလားကြပါဘူး။ ဒီရောဂါက ကမ္ဘာပေါ်မှာ လူအများဆုံး သေဆုံးစေတဲ့ရောဂါတွေထဲက တစ်ခုဖြစ်တယ်မဟုတ်လား။နှလုံး ရောဂါကို တားဆီးနိုင်ဖို့ Heart Attack မဖြစ်စေဖို့ လူတိုင်းအလိုရှိကြပေမယ့် တကယ်တမ်းမှာတော့ ကာကွယ်တားဆီးမှုတွေကို စနစ်တကျလုပ်နိုင်ကြတာမျိုးကတော့ နည်းပါတယ်။အများစုကတော့ အစားအသောက်ကို ရွေးချယ်မှီဝဲပြီး နှလုံး ရောဂါကို ကာကွယ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အဆင်ပြေနေတယ်တော့မဟုတ်ဘူးလေ။ အစားအသောက်ဆိုတာမျိုးက အမြဲတမ်း ရွေးချယ်မှီဝဲဖြစ်နေတာမှမဟုတ်တာ။ဒါကြောင့် ခုစာစုမှာတော့ နှလုံးကြွက်သားကို အားကောင်းသန်မာစေပြီး နှလုံး ရောဂါ မဖြစ်ပေါ်လာအောင် တားဆီးပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ အလွယ်တကူလိုက်နာနိုင်ပြီး အကျိုးလည်းရှိတဲ့ နည်းလေးတွေပေါ့။နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပါ။၁။ကိုယ်လက်လှုပ်ရှားလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာမျိုး၊ လမ်းလျှောက်တာ ပြေးတာမျိုးတွေ၊ နေ့စဉ်ပုံမှန်လုပ်ပေးတာက နှလုံးကို အကျိုးဖြစ်ထွန်းစေပါတယ်။ လေ့ကျင့်ခန်းဆိုရင်လည်း ယောဂ၊ အေရိုးဗစ်၊ ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းနဲ့ သက်လုံအားကောင်းစေမယ့် လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြုလုပ်ပေးသင့်ပါတယ်။၂။ဆေးလိပ်ဆို ဝေးဝေးရှောင်ပါ။ကိုယ်က သောက်တတ်ရင် ဖြတ်လိုက်ပါ။ မသောက်တတ်ရင်တောင်မှ Second hand smoking၊ Third hand smoking တွေကိုလည်း ရှောင်ရပါမယ်။ ဆေးလိပ်မသောက်ပေမယ့် နှလုံး နဲ့ အဆုတ်ထိခိုက်ကြတာဟာ သူတပါးရဲ့ ဆေးလိပ်ငွေ့ကြောင့်ဖြစ်ပါတယ်။လူတော်တော်များများက ကိုယ်တိုင်ဆေးလိပ်မသောက်ရင် အန္တရာယ်ကင်းပြီလို့ တွေးကြပါတယ်။ တကယ်ကတော့ ကိုယ့်နားမှာသူများသောက်တာမြင်ရင်လည်း ဆေးလိပ်ငွေ့ကို မရှူရှိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။၃။ကိုယ်အလေးချိန်ထိန်းသိမ်းပါ။ကိုယ်က ဝနေရင် လျှော့ရပါမယ်။ အရမ်းပိန်နေရင်လည်း လိုအပ်သလောက် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်နေဖို့ လုပ်ရပါမယ်။ BMI အရ ကိုယ့်ကျန်းမာရေးကို မထိခိုက်စေနိုင်လောက်တဲ့ ကိုယ်အလေးချိန်မျိုးမှာရှိနေဖို့ သိပ်ကိုအရေးကြီးပါတယ်။၄။အာဟာရမျှတစွာ မှီဝဲပါ။နှလုံးကို အားကောင်းစေတယ်၊ ကျန်းမာစေတယ်ဆိုတဲ့ အစာတွေချည်း လှိမ့်စားနေလို့မရပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာဖွံ့ဖြိုးစေမယ့် အစားအစာမျိုးတွေကို စနစ်တကျမှီဝဲပေးဖို့ လိုအပ်ပါတယ်။အဆီတက်စေမယ့်အစာတွေ၊အသင့်စားမုန့်တွေကို ရှောင်ကြဉ်ရုံနဲ့တင် နှလုံးကြွက်သားတွေ ကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေမှာပါ။၅။ချောကလက်စားပါ။ချောကလက်က နှလုံးကို ကျန်းမာစေပါတယ်။ အရသာလည်းကောင်းပြီး လူကြိုက်လည်းများတဲ့အစားအစာမို့ မကြာခဏမှီဝဲသင့်ပါတယ်။ ဝိုင်နဲ့ တွဲဖက်မှီဝဲဖို့ လမ်းညွှန်တာတွေလည်း ရှိပါတယ်။ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီနှစ်ခုကို တစ်ပြိုင်တည်းတွဲဖက်စားတာက တချို့သူတွေမှာ ဓာတ်မတည့်တာမျိုး ဖြစ်တတ်တာကိုပါ။ ဒါကြောင့် တစ်ခုစီမှီဝဲတာ ပိုကောင်းပါတယ်။ တစ်ခုရှိတာက နှလုံးကြွက်သားအားကောင်းဖို့သက်သက်နဲ့ ဝိုင်ကို အစလုပ်ပြီး မသောက်ပါနဲ့။ ဝိုင်ဆိုတာလည်း အယ်ကိုဟောပဲမလား။ နှလုံးကျန်းမာစေဖို့ အရက်အပြင် ရွေးချယ်စရာတွေ အများကြီး ရှိတယ်လေ။၆။ အလွန်အကျွံမစားပါနဲ့။အစာစားတာဟာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အဓိကရယူတဲ့ နည်းလမ်းပါ။ မှန်ကန်ပြီး မျှတသင့်လျော်စွာပဲ စားသောက်မှီဝဲသင့်ပါတယ်။ အလွန်အကြူး စားသောက်တာက ကိုယ်အလေးချိန်တိုးတာမျိုး၊ကိုလက်စထရောများတာမျိုးတွေသာဖြစ်စေမှာမို့ နှလုံးကြွက်သားတွေကို ထိခိုက်စေပါလိမ့်မယ်။၇။ စိတ်ဖိစီးစရာတွေကို မထားပါနဲ့။စိတ်ဖိစီးမှုဟာကြောင့် ခန္ဓာကိုယ်ထဲမှာ ဇီဝဓာတုပစ္စည်း ၁၄၀၀ လောက်ထွက်ရှိပါတယ်။ သွေးတိုးစေတာတွေနဲ့ နှလုံးခုန်နှုန်းမြန်စေတဲ့ အရာတွေပါ ပါရှိနေတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် နှလုံး အတွင်းသွေးစီးဆင်းမှုကို ထိခိုက်စေတာမို့စိတ်ဖိစီးမှုကင်းစင်အောင် ဂရုတစိုက်နေထိုင်တာက နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဒါကြောင့် ပျော်ပျော်နေဖို့ အကြံပေးပါရစေ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/how-to-strengthen-heart/
သင့်ကလေးငယ်ရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မယ့် လက်တစ်စုံက သင်ကိုယ်တိုင်ပါ
မိဘရယ်လို့ဖြစ်လာပြီဆိုရင်မဖြစ်မနေလုပ်ဆောင်ရမှာကကလေးကိုကျန်းမားပျော်ရွှင်နေအောင်ပျိုးထောင်ပေးဖို့ပါ။မိဘတိုင်းကသားသမီးတွေကိုကျောသားရင်သားမခွဲခြားဘဲချစ်နိုင်ကြတဲ့သူတွေပေါ့။ ဒါပေမယ့်သားလေးတွေကိုအုပ်ထိန်းစောင့်ရှောက်ပေးတဲ့ပုံစံနဲ့သမီးလေးတွေကိုအုပ်ထိန်းစောင့်ရှောက်တဲ့ပုံစံချင်းကတော့မတူနိုင်ဘူးပေါ့။အားလုံးလိုလိုလက်ခံထားတဲ့ဒီသဘောတရားကမှန်ကန်တယ်လို့မဆိုနိုင်ပါဘူး။ HPVခံစားရတဲ့အခြေအနေမှာဆိုရင်သားမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာ၊သမီးမို့အုပ်ထိန်းစောင့်ရှောက်ပုံတစ်မျိုးဖြစ်နေတာတွေကမဖြစ်သင့်ဘူးလို့ပြောပါရစေ။သားယောက်ျားလေးဖြစ်ဖြစ်၊သမီးမိန်းကလေးဖြစ်ဖြစ် HPVကာကွယ်မှုကိုတော့တန်းတူညီမျှရရှိနိုင်ဖို့လိုပါမယ်။Human papillomavirusလို့သိထားကြတဲ့ HPVဗိုင်းရပ်စ်ကလိင်ဆက်ဆံမှုကနေတဆင့်အများဆုံးကူးစက်တတ်တဲ့ရောဂါတွေထဲကတစ်ခုပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေမှာလိင်အင်္ဂါကြွက်နို့တွေဖြစ်နိုင်သလိုလိင်တံကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊ပါးစပ်၊လည်ချောင်းနဲ့လည်ပင်းအနောက်ဘက်ပိုင်းတွေမှာကင်ဆာဖြစ်တာတွေလိုမျိုးသေစေနိုင်တဲ့အနေအထားမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။လူတော်တော်များများကHPVဗိုင်းရပ်စ်ကအမျိုးသမီးတွေရောအမျိုးသားတွေမှာပါကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတာကိုမသိကြပါဘူး။လူအများကလက်ခံယုံကြည်ထားတဲ့အယူအဆကအပြည့်အဝမမှန်ပါဘူး။ HPVဗိုင်းရပ်စ်ကအမျိုးသမီးတွေပဲကူးစက်ဖြစ်ပွားတာမဟုတ်ပါဘူး။အမျိုးသားတွေနဲ့ဆယ်ကျော်သက်ကောင်လေးတွေမှာလည်းHPVဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။အချို့သောHPVဗိုင်းရပ်စ်တွေကအမျိုးသားတွေမှာပိုအဖြစ်များပါတယ်။HPVဗိုင်းရပ်စ်ကြောင့်သားအိမ်ခေါင်းကင်ဆာ၊သားအိမ်ကင်ဆာ၊မွေးလမ်းကြောင်းကင်ဆာ၊လိင်တံကင်ဆာနဲ့စအိုကင်ဆာလိုမျိုးရောဂါတွေအပါအဝင် လျှာရင်းပိုင်းနဲ့အာသီးကင်ဆာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာတင်ဖြစ်စေနိုင်တာမဟုတ်ပါဘူး။လိင်အင်္ဂါကြွက်နို့ကိုဖြစ်စေနိုင်ပါသေးတယ်။လိင်အင်္ဂါကြွက်နို့ကယောက်ျားလေးမှာရောမိန်းကလေးတွေမှာပါဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရမှုကအလွယ်တကူဖြစ်နိုင်တာကြောင့်သေသေချာချာသတိထားဖို့တော့လိုပါမယ်။ဂရုမပြုမိတဲ့အခိုက်အတန့်တစ်ခုမှာရောဂါကူးစက်ခံလိုက်ရတာမျိုးမဖြစ်စေဖို့အတွက်ပါ။HPVကူးစက်ခံရတာကြောင့် ဖြစ်လာတဲ့ရောဂါလက္ခဏာတွေကိုအချိန်ယူပြီးသေသေချာချာကုသလို့ရတယ်ဆိုပေမယ့် HPVဗိုင်းရပ်စ်ကမကုသဘဲပျောက်ကင်းတယ်လို့တော့မရှိပါဘူး။ HPVဗိုင်းရပ်စ်ကတစ်ခါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေပြီးတစ်ခါခါမှာပြန်ပေါ်လာတတ်ပါတယ်။ဆိုလိုတာကတော့တစ်ခါကူးစက်ခံရပြီးဆိုရင်အမြဲတမ်းရှိသွားတာဖြစ်နိုင်ပါတယ်။သင့်ကလေးငယ်အနေနဲ့လိင်ဆက်ဆံမှုကနေတင့်အခြားသူတစ်ဦးထံကနေHPVရောဂါပိုးကိုကူးစက်ခံရနိုင်ပါတယ်။များသောအားဖြင့်ကတော့ HPVဗိုင်းရပ်စ်ကိုလိင်ဆက်ဆံမှုကနေတဆင့်ကူးစက်ခံရတာပါ။လိင်ဆက်ဆံမှုဆိုတာမှာပါးစပ်နဲ့လိင်ဆက်ဆံမှုကနေလည်းကူးစက်နိုင်ပါတယ်။လိင်ဆက်ဆံဖော်မှာHPVဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လက္ခဏာမရှိရင်တောင်မှရောဂါပိုးရှိနေမယ်ဆိုရင်လိင်ဆက်ဆံမှုကနေတဆင့် HPVဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးရှိနေသူနဲ့လိင်ဆက်ဆံမိခဲ့ပြီးနှစ်တော်တော်ကြာမှရောဂါလက္ခဏာပေါ်လာတာမျိုးဖြစ်နိုင်ပါတယ်။လူတော်တော်များများကသူတို့ကိုယ်တိုင် HPVဗိုင်းရပ်စ်ကူးစက်ခံထားရတာကိုမသိကြပါဘူး။သူတို့ကိုယ်တိုင်ရောဂါရှိနေတာကိုမသိတာကြောင့်သူတို့ရဲ့လက်တွဲဖော်တွေဟာသူတို့ကြောင့်ရောဂါပိုးကူးစက်ခံကြရတယ်ဆိုတာကိုမသိကြပါဘူး။HPVဗိုင်းရပ်စ်ကူးစက်ခံထားရလားဆိုတာကိုမြင်ရုံနဲ့မသိနိုင်ပါဘူး။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါကင်ဆာနဲ့အခြားသောကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေ (အထူးသဖြင့်ခုခံအားကျဆင်းမှုကူးစက်ရောဂါခံစားနေရသူတွေ)ဟာHPVဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းနည်းကြပါတယ်။ကိုယ်ခံအားနည်းနေတဲ့သူတွေမှာရောဂါခံစားရနိုင်ခြေကပုံမှန်ထက်ပိုများနေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ကင်ဆာရောဂါတွေကရောဂါအခြေအနေဆိုးရွားတဲ့အဆင့်မရောက်ခင်အထိသတိပြုမိဖို့ခက်ခဲကြပါတယ်။ရောဂါကတော်တော်လေးပြင်းထန်ချိန်မှသိရတဲ့အတွက်ကုသဖို့ကတော်တော့်ကိုခက်ခဲနိုင်ပါတယ်။ဒါကြောင့် HPVဗိုင်းရပ်စ်ကိုမကူးစက်ခံရခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါကြောင့်ရင်သွေးလေးကသားသားလေးဖြစ်ဖြစ်မီးမီးလေးဖြစ်ဖြစ်ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်စေဖို့အတွက် HPVကိုကာကွယ်ပေးထားတာအကောင်းဆုံးဖြစ်မှာပါ။ကလေးကအသက်၉နှစ်လောက်ကနေစပြီးHPVကာကွယ်ဆေးကိုထိုးနှံပေးပါ။HPVကာကွယ်ဆေးကိုယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အသက် ၉ နှစ်ကနေစပြီးကာကွယ်ဆေးထိုးပေးလို့ရပါပြီ။ကလေးကလူပျိုဖော်ဝင်ချိန်အပျိုဖော်ဝင်ချိန်ထိစောင့်နေစရာမလိုပါဘူး။ကလေးကအရွယ်မရောက်ခင်မှာကာကွယ်ဆေးကိုစတင်ထိုးပေးတာကထိရောက်မှုပိုကောင်းပါတယ်။ HPVကာကွယ်ဆေးကကင်ဆာနဲ့လိင်အင်္ဂါကြွက်နို့တွေမဖြစ်အောင်ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပါတယ်။ HPVကာကွယ်ဆေးတွေကစိတ်ချရသလိုထိရောက်မှုရှိပြီး၁၀ နှစ်လောက်အထိကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။လိင်ဆက်ဆံမှုလုံးဝမလုပ်ဆောင်ရသေးတဲ့အရွယ်မှာကာကွယ်ဆေးထိုးတာကအထိရောက်ဆုံးဖြစ်တာကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးတတ်နိုင်သမျှမြန်မြန်ကလေးကိုHPVကာကွယ်ဆေးထိုးပေးလိုက်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%bd%e1%80%be/
စိတ်ဓာတ်ကျနေတာလား...... အတူကျော်လွှားစို့လေ...............
အကြောင်းအရင်း သေသေချာချာ မရှိပါဘဲ ငိုချင်သလိုလို ရင်ထဲက ဟာတာတာကြီး ဖြစ်နေတယ်။ ဘာမှ မလုပ်နိုင်တဲ့ လူတစ်ယောက်လို ခံစားနေရတယ်။ ဘာမှလည်း ဆက်မလုပ်ချင်တော့ဘူး။ ရှင်သန်ရတာ အဓိပ္ပာယ် မဲ့သလို ခံစားနေရပြီလား………..။သေချာပါတယ်။ ဒါကစိတ်ဓာတ်ကျနေပြီ ဆိုတာကို အချက်ပြနေတာပါ။ အရင်က ပျော်ခဲ့ရတဲ့ အရာလေးတွေကတောင် ပျော်ရွှင်မှု မပေးနိုင်တော့ဘူး။ နေ့စဉ် ကြုံတွေ့နေကျ အခက်အခဲ အသေးအမွှားလေးကိုတောင် မဖြေရှင်းနိုင်လောက်ဘူးထင်တယ်ဆိုပြီး ခံစားနေရပြီဆိုရင် ဒီအတွေးတွေကို ချက်ချင်း ရပ်တန့်လိုက်ပါ။ဆက်မတွေးပါနဲ့။ လူတိုင်းမှာ တန်ဖိုး ကိုယ်စီ အစွမ်းအစ ကိုယ်စီ ရှိတယ်ဆိုတာကို သတိရပေးပါ။ စိတ်ဓာတ်ကျမှုက တံခါးလာခေါက်နေချိန်မှာ ဝင်ခွင့်သာ ပြုလိုက်လို့ကတော့ နေ့စဉ် လူမှု ဆက်ဆံရေး၊ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။စိတ်ဓာတ်ကျရင် ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ဒါကတော့ စိတ်ဓာတ်ကျတာကို ခွင့်ပြုမလား။ တိုက်ထုတ်ပြီး အကောင်းဆုံး ရင်ဆိုင်မလားဆိုတာပါ။ ရွေးရခက်နေမယ်ဆိုရင်တော့ တိုက်ထုတ်လိုက်ဖို့ ပြောပါရစေ။ စိတ်ဓာတ်ကျနေတာလား…… အတူကျော်လွှားစို့လေ…………… ဘယ်လို ကျော်လွှားမလဲဆိုတာတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။စိတ်ဓာတ်ကျမှုကို အကောင်ဆုံး တိုက်ထုတ်ကြရအောင်ပါ။ စိတ်ဓာတ်ကျနေပြီလို့ ခံစားမိတာနဲ့ ဒီအချက်လေးတွေကို ချက်ချင်း လုပ်ပါ။ဘဝမှာ ပျော်စရာ ကောင်းတဲ့ အခိုက်အတန့်တွေ အများကြီးပါ။ မိသားစုတွေ ချစ်ခင်ရသူတွေနဲ့ အချိန်တွေကို ကုန်ဆုံးရတာက စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားရတဲ့ အခိုက်အတန့်ပါ။ဒါကြောင့် စိတ်ဓာတ်ကျလာပြီဆိုရင် မိသားစုနဲ့အတူ ထမင်းလက်ဆုံ စားတာ၊ ရယ်စရာ ဟာသကားတစ်ခုခုကို အတူတူ ထိုင်ကြည့်တာ၊ ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းလေးတွေ ဆော့တာမျိုး လုပ်ပေးပါ။မိသားစုနဲ့ အဝေးမှာနေနေရတယ်ဆိုရင် ချစ်ခင်ရသူတွေနဲ့ အချိန် ကုန်ဆုံးလိုက်ပါ။ အတူတူ မုန့်သွားစားတာ၊ ဈေးဝယ်ထွက်တာမျိုး ဖြစ်ဖြစ်ပေါ့။လေ့ကျင့်ခန်း လုပ်တာ၊ တက်တက်ကြွကြွနေတာက စိတ်ဓာတ်ကျတာကို ခပ်ဝေးဝေးမှာနေဖို့ notice စာ ပို့ထားပြီးသား ဖြစ်ပါတယ်။ အကြောင်းကတော့လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားမှုကို ကောင်းစေပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရဘူးဆိုရင် ရုံးအပြန်မှာ ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက်ကို လမ်းလျှောက်ပေးရုံပါ။ ကားကို ရုံးနဲ့ ခပ်ဝေးဝေးမှာ ရပ်ပြီး လမ်းလျှောက်တာကလည်း နည်းလမ်းကောင်းတစ်ခုနော်။လူအတော်များများက အကြောက်တရားကို ရှောင်လွှဲဖို့ပဲ ကြိုးစားပါတယ်။ တကယ်ကတော့ အကြောက်တရားတွေ၊ ပြဿနာတွေက ရှောင်လွှဲလို့ ပြီးသွားမယ့် အရာတွေ မဟုတ်ပါဘူး။ရှောင်လွှဲမှုရဲ့ နောက်မှာ စိုးရိမ်စိတ်၊ ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှုက ကပ်ပါလာတတ်ပါတယ်။ ဒါ​ကြောင့် ပြဿနာ၊ အခက်အခဲတွေ တွေ့တဲ့အခါ ရှောင်လွှဲ မနေပါနဲ့ ရင်ဆိုင်လိုက်ပါ။ ရင်ဆိုင်ကြည့်လိုက်ရင် ရှောင်လွှဲတာထက် ရင်ဆိုင်တာက ပို လွယ်ကူတယ်ဆိုတာကို တွေ့လာရပါလိမ့်မယ်။ ပြဿနာ ရှိရင် အဖြေရှိစမြဲပါ။အစားအသောက်ဆိုတာက အရသာရှိဖို့ထက် အာဟာရပြည့်ဝဖို့က အရေးကြီးတာပါ။ အစားအသောက်က ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတင် ထိခိုက်စေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် အရောင်အသွေး စုံလင်တဲ့ အော်ဂဲနစ် အစားအစာတွေကို စားပါ။အပြင်က အသင့်စားတွေအစား၊ သန့်ရှင်းပြီး အာဟာရ ပြည့်ဝတဲ့ အိမ်ချက် အစားအစားတွေစားပါ။ အသင့်စား သရေစာတွေအစား လတ်လတ်ဆတ်ဆတ် အော်ဂဲနစ် သစ်သီးတွေ စားပေးပါ။အချို့သော စိတ်ဓာတ်ကျမှုတွေက ညဘက် အိပ်ရေးပျက်မှုတွေကနေ စတင်လာတာပါ။ အလုပ်များတယ်။ စိတ်ဖိစီးတယ်။ ည မအိပ်ဘူး။ ဖုန်းသုံးတယ်။ ညဉ့်နက်သွားတယ် ညမအိပ်ဘူး။ အဲ့ဒါတွေက တစ်ပတ်ကနေ နှစ်ပတ်။ နှစ်ပတ်ကနေ လနဲ့ ချီတဲ့အခါ စိတ်ဓာတ်က ကျလာရော။ညတိုင်း အိပ်ရာကို စောစော ဝင်ပါ။ အိပ်စက်ချိန် ၈ နာရီ ပြည့်ပါစေ။ကဲ……. စိတ်ဓာတ်ကျတာက အချိန်မရွေးဝင်လာဖို့ တံခါးခေါက်နိုင်လို့ ဒီအချက်လေးတွေကို လုပ်ကြည့်ပြီး စိတ်ဓာတ်ကျမှုကို ဝေးဝေးမှာ ထားလိုက်ရအောင်နော်။ စိတ်ဓာတ်ကျနေတယ်ဆိုရင်လည်း ဒီနည်းလေးတွေသုံးပြီး အတူတူ တိုက်ထုတ်လိုက်ကြစို့လား။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/depression-or-low-mood-disorder-tips-to-overcome-them/
ဘေဘီလေးကို အုန်းစိမ်းရည်တိုက်လို့ရလား
နွေပူလို့မေမေတို့ဖွားဖွားတို့ကအုန်းစိမ်းရည်ေအးအေးလေးသောက်တဲ့အခါဘေဘီလေးက ပါးစပ်ပြင်ပြီးလှမ်းတောင်းတယ်။ တိုက်လိုက်ချင်ပေမယ့် တိုက်လို့ဖြစ်ပါ့မလားလို့များတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေလေးကိုပေးမှာပါနော်။နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်ကကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။အုန်းစိမ်းရည်က အရာသာရှိပြီးကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။ဘေဘီလေးတွေက အသက် ၆ လအထိမိခင်နို့တစ်မျိုးတည်းနဲ့ လုံလောက်တဲ့အာဟာရကိုရရှိတာပါ။ ဒါကြောင့် အသက် ၆ လမပြည့်သေးတဲ့ ကလေးကိုတော့ အုန်းစိမ်းရည်မတိုက်ပါနဲ့။ ကလေးက အသက် ၆ လကျော်လာပီဆိရင်တော့ဘေဘီလေးက အုန်းစိမ်းရည်သောက်လို့ရပါပြီနော်။ ကလေးကို အုန်းစိမ်းရည်တိုက်တဲ့အခါ သတိထားရမှာက အုန်းရည်က အုန်စိမ်းရည်ဖြစ်ဖို့ နဲ့ လတ်လတ်ဆတ်ဆတ်အုန်းစိမ်းရည်ဖြစ်နေဖို့ပါ။ ဒါမှလည်း ကလေးက အုန်းစိမ်းရည်ကြောင့် ထိခိုက်တာမျိုးမဖြစ်မှာပါ။အုန်းစိမ်းရည်ချိုချိုလေးကဘေဘီလေးကို အခုလို အကျိုးကျေးဇူးတွေ ပေးစွမ်းမှာပါနော်။ရေဓါတ်ြဖည့်ပေးတယ်။သဘာဝဖျော်ရည်တစ်ခုဖြစ်တဲ့ အုန်းစိမ်းရည်ကဘေဘီလေးရဲ့ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝနေအောင်ဖြည့်ပေးနိုင်မှာပါ။နွေအပူဒဏ်ကိုလည်း သက်သာစေမှာပါ။ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ဆားဓါတ်တွေကို ပါဖြည့်တင်ပေးနိုင်ပါတယ်နော်။အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်။ဘေဘီလေးအော့အန်တာ၊ ဝမ်းသွားတာကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကို အုန်းစိမ်းရည်ကပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်နော်။အစာမကြေတာအတွက်လည်းဘေဘီလေးကို အုန်းစိမ်းရည်တိုက်ပေးလို့ရပါတယ်နော်။ဝမ်းမှန်စေတယ်။ဘေဘီလေးကဝမ်းချုပ်တတ်လို့ ဝမ်းမှန်အောင်ဆေးတိုက်ဖို့ကျငယ်သေးတယ်ဆိုရင် အုန်းစိမ်းရည်လေးသာတိုက်ပေးလိုက်ပါ။ လိုအပ်တဲ့ အမျှင်ဓါတ်ရောရေဓါတ်ကိုပါဖြည့်ပေးလို့ဘေဘီလေးကို ဝမ်းမှန်စေမှာ အသေအချာပါနော်။ဝမ်းပျက်ဝမ်းလျှောသက်သာစေတယ်။ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်။ဓါတ်ဆားရည်တိုက်ပေမယ့် သိပ်မသောက်ဘူးဆိုရင်တော့ အုန်းစိမ်းရည်ချိုချိုလေးကို ဇွန်းလေးနဲ့ခွံ့တိုက်ပါ။ ဆုံးရှုံးသွားတဲ့ရေနဲ့ ဓါတ်ဆားဓါတ်တွေကို အမြန်ဆုံးပြန်ဖြည့်ပေးနိုင်မှာပါ။ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေနိုင်တယ်။ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်ဘေဘီလေးက မအီမသာဖြစ်နေမယ်ဆိုရင်တော့ အုန်းစိမ်းရည်လေးတိုက်ပေးလို့ရပါတယ်နော်။ဘေဘီလေးဆီးရွှင်စေဖို့လည်း အုန်းစိမ်းရည်က အသုံးတည့်ပါတယ်နော်။သန်ကျေစနိုင်တယ်။သန်တွေရှိနေလို့ ကလေးမထွားမှာကို စိတ်ပူပေမယ့် သန်ချဆေးမတိုက်ချင်ဘူးဆိုရင်တော့ သဘာဝသန်ချဆေးအနေနဲ့ အုန်းစိမ်းရည်ကို တိုက်ပေးလို့ရပါတယ်။ကဲ…… အခုလောက်ဆိုရင်တာ့ဘေဘီလေးကို အုန်းစိမ်းရည် တိုက်လို့ရလား၊ မရဘူးလားဆိုတာကို သိလောက်ပြီထင်ပါတယ်နော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%8a%e1%80%ba/
လောက်သေရွက် က ကိုဗစ်ကို မနိုင်ပါဘူး။
ငါးပိနှပ်တဲ့အခါ အကောင်တွေ မတွယ်အောင်ဆိုပြီး ထည့်လေ့ရှိတဲ့ လောက်သေရွက် ကကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ကိုဗစ်ရောဂါကို ပျောက်ကင်းစေနိုင်တယ်၊ လို့ အခုတလော နာမည်ကြီးနေပါတယ်။ဒီသတင်းကို အမှန်လို့ ယူဆပြီး လောက်သေရွက်ကို ကျိုသောက်သူတွေ ရှိသလို၊ လောက်သေရွက်နဲ့ ရေချိုးတယ်။အာလုတ်ကျင်းတယ်ဆိုသူတွေလည်း မနည်းပါဘူး။ဒါဆို မေးစရာရှိတာက လောက်သေရွက်က တကယ်ပဲကိုဗစ်ဗိုင်းရပ်စ်ကို နိုင်သလားလို့ပေါ့။ တကယ်အမှန်ကတော့ လောက်သေရွက်ကကျန်းမာရေးအာနိသင်ရှိပေမယ့် ကိုဗစ်ဗိုင်းရပ်စ်ကိုတော့ မနိုင်ပါဘူး။လောက်သေပင်ဆိုတာက အမြင့်ပေ ၃ မီတာလောက်ပဲ ရှိတဲ့ အပင်ငယ်တစ်မျိုးပါ။ ပင်စည်ကလည်း ကြီးကြီးမားမား မဟုတ်ပါဘူး။ ရိုးတံ ပျော့ပျော့လေးမှာ အရွက်လေးတွေ စီပြီး ပေါက်နေတာပါ။ အရွက်တွေက ခပ်ရွယ်ရွယ် ရှိပါတယ်။ဆေးဖက်ဝင်တဲ့ လောက်သေပင်ကို သဘာဝ တောရိုင်းတွေထဲမှာ တွေ့ရနိုင်ပါတယ်။ ဈေးတွေထဲမှာလည်း ဝယ်ယူလို့ ရပါတယ်။အာရှဒေသတွေမှာ တွေ့ရနိုင်ပြီး တောင်တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ နယူးဂီနီ၊ ဩစတြီးယား၊ ပစိဖိတ်ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။သစ်တောတွေထဲမှာ ပေါက်ရောက်သလို စပါးခင်းတွေဘေးမှာလည်း ပေါက်ရောက်ကြပါတယ်။ ရွှံစေးဆန်တဲ့ မြေမှာ ပေါက်ရောက်ကြပါတယ်။ လောက်သေပင်က တစ်နှစ်ပတ်လုံး ပန်းပွင့်ပါတယ်။လက်ရှိမှာ ကိုဗစ်ကို အနိုင်တိုက်ဖို့ဆိုရင်ကိုယ်ခံအားကောင်းအောင်ဂရုစိုက်တာနဲ့ အရည်အသွေး စိတ်ချရတဲ့ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံထားတာပါ။ လောက်သေရွက်ကအင်းဆက်တွေကို သေစေနိုင်တယ်ဆိုပေမယ့်ဗိုင်းရပ်စ်တွေကို သေစေနိုင်တာမျိုး မရှိပါဘူး။ကိုဗစ်က ဗိုင်းရပ်စ် အမျိုးအစားပါ။ ဒါကြောင့် လောက်သေရွက်ကို ဗိုင်းရပ်စ် အမျိုးအစား ဖြစ်တဲ့ ကိုဗစ်ကို သေစေနိုင်တယ်ဆိုတဲ့ သတင်းက မမှန်ပါဘူးလို့ ပြောပါရစေ။လောက်သေရွက်ကို လက်ဖက်ခြောက်နေရာမှာ အစားထိုး အသုံးပြုလို့ ရပါတယ်။ လောက်သေရွက်ကို အခြောက်ခံပြီးလက်ဖက်ခြောက်လို ရေနွေးထဲထည့်သောက်လို့ ရပါတယ်။ဒါ့အပြင် လောက်သေရွက်ကိုလိပ်ခေါင်းကုသဖို့ သုံးလို့ရသလို အစာအိမ်မှာ ခံစားရတဲ့ ဝေဒနာတွေ သက်သာစေဖို့ အတွက်လည်း အသုံးပြုလို့ ရပါတယ်။ ခန္ဓာကိုယ် ပြင်ပက အနာတွေ သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။အနာစိမ်းလို အနာမျိုးတွေ သက်သာစေဖို့ လောက်သေရွက်ကို ကြိတ်ပြီး အုံပေးလို့ ရပါတယ်။အရေပြား ပြဿနာတွေ သက်သာစေဖို့အတွက်လည်း လောက်သေရွက်ကို ပြုတ်ပြီး ချိုးပေးလို့ ရပါတယ်။ လောက်သေရွက်က ဆီးရွှင်စေနိုင်ပြီးကျောက်ကပ်နဲ့ ဆီးအိမ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။လောက်သေပင်ရဲ့ အမြစ်ကိုတော့နာတာရှည် ချောင်းဆိုးတာသက်သာစေဖို့ သုံးလို့ ရသလို တီဘီအဆုတ်ရောင်တာကို သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။ ကျောက်ကပ် မကောင်းတာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေအတွက်လည်း အသုံးပြုကြပါတယ်။ဆီးလမ်းကြောင်း ကျန်းမာစေဖို့ သုံးကြသလို အနာကျက်စေဖို့၊ သန်ကျစေဖို့၊အသည်းရောဂါတွေကို သက်သာစေဖို့လည်း သုံးကြပါတယ်။ သရက်ရွက် ကျန်းမာစေဖို့ သုံးကြသလို အင်းဆက်တွေကို ဖယ်ရှားဖို့လည်း အသုံးပြု ကြပါတယ်။လောက်သေရွက်က ဆေးဖက်ဝင်ပေမယ့်တန်ဆေး လွန်ဘေးပါ။ ဒါကြောင့် အလွန်အကျွံ သုံးစွဲတာမျိုး မလုပ်ပါနဲ့။ ကိုဗစ်ကို ပျောက်စေတယ်ဆိုပြီး အလွဲသုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် သတိထားစေချင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/tadehagi-triquetrum-vs-covid/
အရိုး နဲ့ပတ်သက်တဲ့ ကုသမှုတွေအတွက် အကောင်းဆုံးဆေးရုံ ရွေးချယ်ကြမယ်
အကြာကြီးထိုင်ပြီးလို့ ထလိုက်တိုင်း။ လှေကားတွေတက်လိုက်တိုင်း အရိုးအဆစ်တွေထဲက တဂျွတ်ဂျွတ်မြည်ပြီး စုတ်တသက်သက်နဲ့ နာလိုက်တာလို့ ဖြစ်နေရတဲ့သူတွေရှိလား….. အသက်အရွယ်ကြီးရင့်လာတဲ့အခါအရိုးသိပ်သည်းဆလျော့နည်း လာတာကြောင့်အရိုးတွေက ထိခိုက်လွယ်မယ်၊ ဒဏ်ဖြစ်လာမယ် ဆိုတာက ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေပေါ့။ အရိုးထိခိုက်မှုက အသက်အရွယ်ကြောင့်တင် မဟုတ်ပါဘူး။မတော်တဆထိခိုက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီပြဿနာတွေက အကောင်းဆုံးဖြေရှင်းနိုင်မှ တော်ကာကျမယ့်ကျန်းမာရေးပြဿနာပါ။ ဒီလိုပြောရတဲ့အကြောင်းအရင်းက အရိုးကခန္ဓာကိုယ်ကို အကောင်းဆုံးတည်ရှိစေပြီး လှုပ်ရှားမှုတွေအကောင်းဆုံးဖြစ်အောင် အားဖြည့်ပေးထားလို့ပါ။ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေက အများကြီးရှိပါတယ်။ ဒီအစိတ်အပိုင်းတွေထဲမှာ အရိုးကလည်း တစ်ခုအပါအဝင်ပါပဲ။အရိုးအဆစ်တွေကျန်းမာမှ လှုပ်ရှားသွားလာမှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အရိုးအဆစ်တွေ ထိခိုက်တဲ့အခါ လှုပ်ရှားရတာ မလွယ်တာမျိုး ကြုံဖူးမှာပါ။ အရိုးထိခိုက်တာ အရမ်းပြင်းထန်လာမယ်ဆိုရင်နေ့စဉ်ဘဝလှုပ်ရှားမှုမှာ ထိခိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အရိုးအဆစ်တွေ ကျန်းမာစေဖို့ကလည်း မဖြစ်မနေ ဂရုစိုက်ဖို့လိုမယ့် အရာပါ။အရိုးကို အဓိကထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက။အရိုးမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာက တစ်ခုမကရှိပါတယ်။အရိုးအဆစ်တွေ ထိခိုက်မှုက အမြန်ဆုံးကုသနိုင်လေ အဆင်ပြေလေလေပါ။ အကြောင်းကတော့ အရိုးကျန်းမာရေး ချို့ယွင်းမှုကနေ့စဉ်ဘဝမှာ ထိခိုက်မှုတွေများနိုင်တာကြောင့်ပေါ့။ ဒါကြောင့် အရိုးနဲ့ပတ်သက်လာရင် အမြန်ဆုံးကုသမှုခံယူဖို့ လိုပါမယ်။ ဒီလိုကုသတယ်ဆိုတဲ့နေရာမှာလည်း ဆေးရုံ၊ ဆေးခန်းကို သေချာလေးရွေးချယ်ဖို့လိုပါမယ်။ စိတ်ချရတဲ့ ကျန်းမာရေးကုသစောင့်ရှောက်မှု ရရှိရေးက အရမ်းကို အရေးပါတဲ့ အချက်တစ်ခုပါ။ ဒါကြောင့် အသက်အရွယ်ကြောင့်ဖြစ်ဖြစ်၊ မတော်တဆမှုကြောင့်ဖြစ်ဖြစ် အရိုးမှာ ထိခိုက်မှုဖြစ်လာတဲ့အခါ ဒီအချက်လေးတွေကို သတိထားလို့ဆေးရုံ၊ဆေးခန်းရွေးစေချင်ပါတယ်။ဒါက မဖြစ်မနေစဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ အကြောင်းကတော့ ကျန်းမာရေးက အရေးကြီးတာကြောင့် အသိအမှတ်ပြုချက်ရထားတဲ့ ဆေးရုံမှာ ကုသမှ ခိုင်မာတဲ့ အာမခံချက်တစ်ခုရရှိမှာကိုး။အရေးပေါ်အခြေအနေကြောင့် အရိုးထိခိုက်မှုဖြစ်ခဲ့ရင်လည်း အကောင်းဆုံး ဖြေရှင်းပေးနိုင်တာမျိုးကို သတိထားရွေးချယ်ဖို့ မမေ့ပါနဲ့။ဒါကလည်း လူနာတိုင်းအနေနဲ့ ထည့်စဉ်းစားသင့်ပါတယ်။ ဝန်ဆောင်မှု မကောင်းတဲ့ ဆေးရုံမှာ တက်ရောက်ကုသမှုခံရတာကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှု မသက်သာတဲ့အပြင် စိတ်ပင်ပန်းမှုကြောင့်ပါ မလိုအပ်ဘဲ ဝန်ပိသွားနိုင်တာကြောင့်ပါ။ ဆေးရုံက အိမ်လောက် နွေးထွေးတာမျိုး မဖြစ်နိုင်တာမှန်ပေမယ့် လိုအပ်တဲ့ စောင့်ရှောက်မှုကို လိုအပ်ချက်တစ်စုံတရာမရှိဘဲ ပေးနိုင်တာမျိုးဖြစ်ဖို့ လိုပါမယ်။ ဥပမာနိုင်ငံခြားသွားကုသမယ်ဆိုရင် မြန်မာလူမျိုးတွေအတွက် အထူးဝန်ဆောင်မှုပေးနေတာမျိုးရှိရဲ့လားဆိုတာကို စုံစမ်းပြင်ဆင်သင့်တယ်။တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာလေးကုသမှ ရောဂါက အချိန်တိုတိုနဲ့ မြန်မြန်သက်သာမှာပါ။ ဒါကြောင့် ကိုယ်ကုသချင်တာက အရိုးအဆစ် ကျန်းမာရေးဆိုရင် အရိုးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဆရာဝန်တွေရှိနေတဲ့ ဆေးရုံကို သေချာလေးရွေးချယ်မိဖို့ လိုပါမယ်။ဆေးရုံတိုင်းမှာ သူတို့ အားသာချက်တွေရှိစမြဲပါ။ အရိုးအဆစ်ကုသချင်တာကို နှလုံး၊ကျောက်ကပ်အထူးကုသပေးနေတဲ့ ဆေးရုံမှာ ကုသလို့က ထိရောက်မှုအားနည်းမယ်ဆိုတာ အသေအချာပါ။ ဒါကြောင့် ကိုယ်ခံစားနေရတဲ့ရောဂါကို အဓိကထားကုသတဲ့ဆေးရုံကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ ဒီနေရာမှာဆိုရင် အရိုးကုသမှာဖြစ်လို့ အရိုးနဲ့ပတ်သက်လို့ အကောင်းဆုံး နာမည်အကြီးဆုံးကိုရှာဖွေသင့်တယ်။ခံစားနေရတဲ့ရောဂါကို ကုသပါတယ်ဆိုမှ နောက်ထပ်ရောဂါတိုးမလာဖို့ဆိုရင် သန့်ရှင်းတဲ့ဆေးရုံဖြစ်ဖို့လိုပါမယ်။ ဒါကြောင့် ကုသမှုခံယူဖို့ ဆေးရုံရွေးတယ်ဆိုရင် သန့်ရှင်းမှုရှိတဲ့ ဆေးရုံဖြစ်ဖို့လိုပါမယ်။ကိုယ်တက်ရောက်ကုသမယ့်ဆေးရုံက ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို သေချာလေး သိထားဖို့ကလည်း မဖြစ်မနေလိုအပ်မယ့်အချက်တစ်ခုပါ။ ဒါကြောင့် ဆေးရုံတက်ရောက်ကုသတော့မယ်ဆိုရင် ကုသမှုခံယူမယ့် ဆေးရုံက ပေးနိုင်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကို သေချာသိအောင်လုပ်ထားဖို့ကလည်း မဖြစ်မနေ လိုအပ်မှာပါ။ကုသမှုခံယူတိုင်း မဖြစ်မနေ စဉ်းစားရမယ့် အချက်တစ်ခုက အောင်မြင်မှု မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားရဲ့လားဆိုတာပါ။ ဒါကြောင့် ကိုယ်တက်ရောက်ကုသမှုခံယူမယ့် ဆေးရုံအကြောင်းကို အွန်လိုင်းကနေဖြစ်ဖြစ် သိထားတဲ့သူတွေဆီကနေဖြစ်ဖြစ် မေးမြန်းကြည့်ပါ။ တိကျတဲ့ သတင်းအချက်အလက်တွေကို ရယူပါ။ ဒါကလည်း ကုသမှုခံယူမယ့်သူတိုင်းအတွက် မဖြစ်မနေ စဉ်းစားရမယ့် အချက်တစ်ခုပါ။ဒီအချက်တွေအပြင် နောက်ထပ်စဉ်းစားရမယ့်အချက်တွေက ဆေးရုံက ဆေးကုသမှု မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာနဲ့ ဆေးရုံဆင်းပြီးနောက်ပိုင်းမှာရော ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလဲဆိုတဲ့အချက်တွေကို သေချာလေးစဉ်းစားဖို့လိုပါမယ်။ဒီလောက်များတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ ဆေးရုံကိုရှာနေတယ်ဆိုရင်တော့ အရိုးအဆစ်ကုသမှုကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်တာကြောင့် King of Bones and Joints ရယ်လို့တင်စားခံရတဲ့ ထိုင်းနိုင်ငံအခြေစိုက် ဝေ့ဌာနီ(Vejthani Hospital)ဆေးရုံ ရှိပါတယ်။ ကုတင် ၂၆၃ ဆန့်ဝေ့ဌာနီဆေးရုံကြီးမှာ ဆရာဝန်အင်အား အယောက် ၃၀၀ နီးပါး သူနာပြုအင်အား အယောက် ၂၀၀ ခန့်နဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က လူနာဦးရေ ၃၀၀၀၀၀ နီးပါးကို အကောင်းဆုံးကုသမှုတွေပေးနေပါတယ်။ ဒီဆေးရုံရဲ့နောက်ထပ်အားသာချက်တစ်ခုက လူနာတွေကိုလေယာဉ်နဲ့ ပို့ဆောင်ပေးနိုင်မှုတစ်ရပ်ပါ။နှလုံးရောဂါ၊လိပ်ခေါင်း၊ အရိုးအကြော၊ ကင်ဆာနဲ့ အမျိုးသမီးရောဂါတွေအပါအဝင်ရောဂါတော်တော်များများကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေကိုယ်တိုင် အထိရောက်ဆုံး ကုသမှုတွေပေးနေတာပါ။ ဘာသာစကားအခက်အခဲ မရှိအောင်လည်း မြန်မာဘာသာပြန် အပါအဝင် တခြားဘာသာစကား ဘာသာပြန်တွေနဲ့လည်း စီစဉ်ပေးထားလို့ ဘာသာစကားအခက်အခဲကြောင့် ပြဿနာမရှိနိုင်ပါဘူး။ကဲ….အရိုးအဆစ်ပြဿနာတွေကြောင့် စိတ်ညစ်မနေပါနဲ့။ တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့ ဆေးရုံမှာ အမြန်ဆုံးကုသမှုတွေ ခံယူပြီး အရိုးအဆစ်နာကျင်မှု ကင်းတဲ့နေ့ရက်တိုင်းကို ကိုယ်တိုင် ဖန်တီးယူလိုက်ပါ။Vejthani (ဝေ့ဌာနီ) ဆေးရုံနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ပိုမို သိရှိလိုပါက banner logo လေးကို click တောက်ကြည့်လိုက်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/how-to-choose-the-best-hospital-for-orthopedic-solution/
မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ ဘာတွေစားမလဲ
မီးဖွားပြီးချိန်မှာ ခါးနာတာက အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ကိုယ်ဝန်ဆောင်ကာလအတွင်းမှာရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် ခါးနာရတာ ဖြစ်ပြီး ဒီခါးနာတာက ဘေဘီလေးကို မွေးဖွားပြီးချိန် အထိတောင် ဆက်လက်ကျန်ရှိနေတတ်ပါတယ်။ ဒီလို မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ စားပေးရမယ့်အစားအစာလေးတွေရှိပါတယ်။ ဘာတွေ ဖြစ်မလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ပါ။မီးဖွားပြီးချိန် ခါးနာတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုတည်း မကပါဘူး။မီးဖွားပြီးချိန် ခါးနာက အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အခါ သက်သာလာမှာပါ။ မီးဖွားပြီးချိန် ခါးနာတာကခန္ဓာကိုယ်ထဲမှာ မြင့်တက်နေတဲ့ ဟော်မုန်းတွေ ပုံမှန် အခြေအနေကို ပြန်ရောက်သွားတဲ့အချိန် ကလေးမွေးဖွားပြီး ၆ လလောက်အကြာမှာ မီးဖွားပြီးချိန် ခါးနာတာ သက်သာလာပါလိမ့်မယ်။မီးဖွားပြီးချိန် လအနည်းငယ်အကြာမှာ ခါးနာတာက တဖြည်းဖြည်းနဲ့ သက်သာလာပါမယ်။မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ ဘာတွေစားမလဲ ဆိုတော့ အခုပြောပြတာလေးတွေ စားပေးလို့ ရပါတယ်။အမျှင်ဓာတ် ကြွယ်ဝပြီး အရောင်အသွေးစုံတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးဖို့ လိုပါမယ်။ ဒီလို စားသုံးတာက ဝမ်းမှန်စေတဲ့အတွက် ဝမ်းချုပ်တာကြောင့် ခါးနာတာ ပိုမဆိုးစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အရောင်ရင့်ရင့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက အရောင်ကျစေနိုင်ပါတယ်။ ဒါကြောင့် မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ဆိုရင် မုန်လာဥနီ၊ သကြားမုန်လာ၊ ကန်စွန်းဥ၊ ချယ်ရီသီး၊ ဘယ်ရီသီး၊ သလဲသီး၊ ဖရဲသီးတို့ စားပေးလို့ ရပါတယ်။ဗီတာမင် D နဲ့ ကယ်လ်ဆီယမ် လုံလောက်စွာ ရရှိမှုက အရိုးသိပ်သည်းဆကို ထိန်းသိမ်းပေးပြီး အရိုးမပွအောင် ကာကွယ်ပေးသလို မီးဖွားပြီးချိန် ခါးနာတာ သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ဒါကြောင့် ကယ်လ်ဆီယမ် ကြွယ်ဝစေဖို့ ဒိန်ချဉ်၊ နို့၊ ချိစ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ လိုအပ်မယ်ဆိုရင် ကယ်လ်ဆီယမ် အားဖြည့်ဆေး သောက်ပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန် ခါးနာတာကို သက်သာစေဖို့အတွက် နောက်ထပ် လိုအပ်မယ့် အာဟာရဓာတ်တွေက ပရိုတင်း နဲ့ ပိုတက်ဆီယမ်ပါ။ ဒီဓာတ်တွေက ခါးနာတာကို သက်သာစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ကန်စွန်းဥ၊ ငှက်ပျောသီးတို့ကို စားပေးပါ။ပရိုတင်းက အရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ စားပေးတာက ခါးနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကြက်သား၊ အနီရောင် အသား၊ ဥအမျိုးမျိုး၊ ပဲနို့၊ ပဲပြား စတာတွေကို စားပေးဖို့ လိုပါမယ်။Omega 3 fatty acids က အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ခါးနာတာနဲ့ ဇက်ကြောနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ Omega 3 ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းတို့ ပါအောင် စားပေးလို့ရပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အနေနဲ့ ဟင်းနုနွယ်၊ ကိုက်လန်တို့ စားပေးပါ။ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ ကြက်သွန်ဖြူက မီးဖွားပြီးချိန် ခါးနာတာကို သက်သာစေဖို့ စားပေးလို့ ရတဲ့ အစားအစာ တစ်ရပ်ပါ။ ကိုယ်ခံအား တိုးစေပြီး အရောင်ကျစေသလို နှလုံးရောဂါ နဲ့ ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။တစ်နေ့ကို ၂ ကြိမ် ကြက်သွန်ဖြူ ၃ မွှာကနေ ၅ မွှာ စားပေးလို့ ရပါတယ်။လေ့လာမှုတွေအရ နနွင်းက အရောင်ကျစေနိုင်ပါတယ်။ နနွင်းမှာပါတဲ့ curcumin က ရောင်ရမ်းတာ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မီးဖွားပြီးချိန် ခါးနာတာကို သက်သာစေဖို့ နနွင်းစားပေးလို့ ရပါတယ်။အခုပြောခဲ့တာလေးတွကို စားပေးရင်း ခါးနာ သက်သာအောင် လုပ်ဆောင်ကြည့်လိုက်ပါ မေမေတို့ရေ ……..။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-period/food-for-back-pain-after-delivery/
ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .
ဖေ့ဘွတ်မှာ ပို့စ်လေးတစ်ခုပေါ်လာလို့ ဖတ်မိတာ။ကလေးမလေးက ဘုရားရှိခိုးတိုင်း ဘုရားကို စေ့စေ့ကြည့်မိရင် ပြစ်မှားလိုစိတ်ပေါ်လာလို့တဲ့။ တခြားအချိန်တွေ သောက်တော်ရေကပ်၊ ပန်းလဲဆိုအကောင်း။ ဘုရားရှိခိုးမယ်။ တရားထိုင်မယ်လို့ အာရုံပြုလိုက်တာနဲ့ စပြီ။ စိတ်ထဲမှာ အလိုလိုနေရင်း ပြစ်မှားချင်စိတ်တွေ ပေါ်လာတယ်။နောက်တစ်ယောက်ကတော့ ဆေးခန်းလာပြတာ။ ဘုရားပုံတော်ကို မြင်လိုက်တာနဲ့ မဟုတ်တဲ့ စိတ်တွေ ပေါ်လာလို့တဲ့။ မမြင်ရင်အကောင်းအတိုင်းပဲ။ တခြားလူတွေလိုပဲ နေထိုင်သွားလာလို့ရတယ်။ဒီကိစ္စတွေကို တွေးကြည့်ရင် ဒီလူတွေကို ဝဋ်နာ ကံနာတွေ၊ အကုသိုလ်ကြီးလိုက်တဲ့သူတွေ၊ ပေါက်ကရတွေးတတ်တဲ့သူတွေ၊ ငရဲကြီးမယ့်သူတွေလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါတကယ်ပဲလား။ ဘာလို့များ ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . .။ဘုရားပုံတော်တွေကို ကြည့်တိုင်း စိတ်ထဲမှာ ပြစ်မှားချင်စိတ်ပေါ်နေတာ . . . ဘာကြောင့်လဲဆိုတော့။OCD(Obsessive-Compulsive Disorder)ဆို ကြားဖူးကြလားမသိ။စိတ်စွဲလမ်းလွန်ရောဂါလို့ ခေါ်တာပေါ့။ တစ်ခုခုကို မထိန်းချုပ်နိုင်ဘဲ ထပ်ခါထပ်ခါ လုပ်မိနေတာ (Compulsion)၊ မသင့်တော်မှန်း သိပါရက်နဲ့ မတွေးနိုင်အောင်၊ မလုပ်နိုင်အောင် စွဲလမ်းနေတာမျိုးပေါ့ (Obsession)။သန့်ပြီးသားလက်ကို ခဏခဏဆေးနေမိတာ၊ ပိတ်ပြီးသားမီးကို ခဏခဏ ထစစ်နေတာ စတာမျိုးပေါ့။ သန့်နေမှန်းလည်း သိတယ်၊ ပိတ်ပြီးသားမှန်းလည်း သိပေမယ့် မထိန်းနိုင်ဘဲ ခဏခဏ လုပ်နေမိတာမျိုးပေါ့။ ဒါတွေကလည်း OCDအမျိုးအစားပါပဲ။ခုဖြစ်နေတဲ့ ဘုရားပုံတော်တွေမြင်တိုင်း ပြစ်မှားနေမိတာလည်း OCDပေါင်းများစွာထဲက တစ်ခုပါပဲ။ OCDထဲမှာ လိင်စိတ်နဲ့ သက်ဆိုင်တဲ့ OCD (Sexual OCD)ဆိုတာမျိုးလည်း ရှိပါတယ်။ တားမြစ်ထားတဲ့၊ မဖြစ်သင့်တဲ့ အရာကိုမှ လုပ်ချင်နေတာမျိုးပေါ့။ ဥပမာ တိရစ္ဆာန်နဲ့ ဆက်ဆံချင်တာ၊ ဖောက်ပြန်ချင်တာ၊ လိင်ကျွန်တစ်ယောက်လိုဆက်ဆံခံချင်တာ၊ ခုပြောတဲ့ ဘုရားပုံတော်တွေကို မြင်တိုင်း စိတ်ဖောက်ပြန်နေတာမျိုးပေါ့။Sexual OCDနဲ့ Sexual fantasies (ထူးဆန်းတဲ့ လိင်မှုကိစ္စတွေကို လုပ်တာ)နဲ့ မတူပါဘူး။ Sexual OCDတွေက သူတို့မှာ ဒီစိတ်ပေါ်လာတာ မသင့်တော်မှန်းသိတယ်။ သိတော့ စိတ်ကို အတင်းဖျောက်ပစ်တယ်။ ဒါပေမယ့် မထိန်းချုပ်နိုင်ဘဲ ခဏခဏတွေးနေမိတာပါ။ သူတို့အနေနဲ့ ဒီလိုတွေးနေရာကနေ ဘယ်တော့များ တကယ်လုပ်မိသွားမလဲဆိုပြီး အမြဲတမ်း စိုးရိမ်နေရပါတယ်။ တကယ်မလုပ်မိအောင် ထိန်းနေကြပါတယ်။ အရင်းခံစိတ်က လုပ်ချင်နေတာ မဟုတ်ပါဘူး။ ဒီလို စိတ်တွေ ပေါ်လာတာကို ဖွင့်ထုတ်နိုင်ဖို့ အပြာကားတွေ ကြည့်ပစ်တာ၊ ကိုယ့်ကိုယ်ကိုအာသာဖြေတာတွေ လုပ်တတ်ကြပါတယ်။Sexual fantasiesကတော့ လိင်မှုကိစ္စအထူးအဆန်းတွေကို ကြိုက်လို့ကို လုပ်နေတာမျိုးပါ။ ဒီနှစ်ခု မတူပါဘူး။ ဒါဆို မုဒိန်းသမားတိုင်းက Sexual OCDရှိနေတာလား။ ဒီလို မဟုတ်ပါဘူး။စိတ်ရောဂါကြောင့်လား။ လုပ်ချင်လိူ့ လုပ်နေတာလားဆိုတာ သေချာဆန်းစစ်ပြီး ခွဲခြားလို့ရပါတယ်။လေ့လာချက်တွေအရတော့ OCDရောဂါရှိတဲ့သူတွေရဲ့ ၆-၂၄% လောက်က Sexual OCDကို ခံစားရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒါထက်ပိုများနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဖွင့်ပြောတဲ့သူက ရှားတာကိုး။ အမျိုးသားတွေ ပိုဖြစ်တယ်လို့ စာရင်းတွေမှာ တွေ့ရပေမယ့် အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ ဖွင့်မပြောလို့သာ မသိတာပါ။တကယ်တော့ စိတ်ရောဂါသက်သက်ပဲ ဖြစ်ပြီး ကုလိုက်တော့လည်း သက်သာသွားတာပါပဲ။ ဒါပေမယ့် ဒါကို ရောဂါလို့ မသိတဲ့အတွက် ထုတ်ဖော်မပြောကြပါဘူး။ ဘယ်သူ့ကိုမှ မပြောဘဲ တစ်ယောက်တည်းကျိတ်ပြီး စိတ်ဒုက္ခရောက်နေတာမျိုးပါ။ပြောပြလိုက်ရင် အထင်သေးခံရမလား။လိင်ကိစ္စပဲ ခေါင်းထဲရှိနေတဲ့သူလို့ ပြောမလား။ ဘာသာရေးနဲ့လည်း ဆက်နွယ်နေတော့ ငရဲကြီးတော့မှာပဲ။ အပြစ်တွေ ဖြစ်လာတော့မှာပဲ။ပတ်ဝန်းကျင်က ကျဉ်တော့မှာပဲဆိုပြီး မပြောကြပါဘူး။နောက်ဆက်တွဲအနေနဲ့စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ အာရုံပျောက်အောင် အပြာကားတွေ ကြည့်ရာက စွဲလမ်းသွားတာတွေ၊ နောက်ဆုံး မခံနိုင်တော့ဘဲအဆုံးစီရင်သွားတာတွေအထိ ဖြစ်တတ်ပါတယ်။ဒါကြောင့် တစ်ယောက်ယောက်က ဒီလိုပြောလာပြီဆိုရင် ပတ်ဝန်းကျင်အနေနဲ့ ဒါဟာ စိတ်ကျန်းမာရေးပြဿနာ၊ ကုသလိုက်ရင် ရတယ်ဆိုတာမျိုး မြင်ကြည့်ပေးပါ။ လူနာကို မကျဉ်ဖို့၊ ထူးဆန်းတဲ့သူလို မဆက်ဆံဖို့ လိုပါတယ်။ခုလောက်ထိ ဖတ်လာပြီးရင် ကိုယ်ခံစားနေရတာ စိတ်ရောဂါတစ်မျိုးဆိုတာ သိလောက်ပါပြီ။ စိတ်ရောဂါဆရာဝန်တွေဆီမှာ ဒီလိုလူနာတွေ အများကြီး ရှိပါတယ်။ ကိုယ်က ပထမဆုံး မဟုတ်ပါဘူး။ ဒါကြောင့် သက်သောင့်သက်သာနဲ့ ဆွေးနွေးမှု ခံယူပြီး ကုသမှု စတင်လိုက်ပါ။ ကုသမှုနည်းလမ်းတွေကတော့ စိတ်ပိုင်းဆိုင်ရာ သက်သာအောင် စကားပြောဆွေးနွေးတာတွေ၊ ဆေးဝါးနဲ့ ကုသတာတွေ အများကြီး ရှိပါတယ်။ကိုယ်တိုင် လုပ်နိုင်တာတွေကတော့။-အာရုံပြောင်းတာ။ဘုရားရှေ့ရောက်လို့ ဒီအတွေးတွေ ဝင်လာပြီဆို တခြားနေရာကို ထွက်သွားပြီး တစ်ခုခုလုပ်လိုက်ပါ။ အတွေးတွေကို အတင်း မချိုးနှိမ်ပါနဲ့။ စိတ်ရဲ့ သဘောက မေ့ပစ်ချင်လေလေ မှတ်မိလေလေပါ။ ဒါကြောင့် အတွေးတွေကို မတွေးမိအောင် ထိန်းချုပ်မယ့်အစား တခြားတစ်ခုခုပြောင်းပြီး တွေးလိုက်ပါ။-အတွေးတွေကို ရေးချပါ။အတွေးတွေ ပေါ်လာပြီဆိုတာနဲ့ ဘာတွေးလိုက်မိတယ်ဆိုတာကို ရေးချပါ။ ဆေးကုသရင်း တဖြည်းဖြည်းကောင်းလာတဲ့အခါ ရေးရတဲ့အကြိမ်ရေနည်းသွားတာကို တွေ့ရမှာပါ။ ဒါက စိတ်ခွန်အားကို ဖြစ်စေပါတယ်။-ကျန်းမာရေးဂရုစိုက်ပါ။ပုံမှန်အတိုင်း နေထိုင်သွားလာစားသောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။ အတွေးတွေကြောင့် အစားအသောက်တွေပျက်ပြီး မအိပ်နိုင်တာမျိုး မဖြစ်ပါစေနဲ့။-စိတ်သက်သာအောင်နေပါ။အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပါ။ စိတ်ကြည်ပြီး ကုသမှုမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။ စိတ်ကိုလည်း ထိန်းချုပ်နိုင်လာပါလိမ့်မယ်။-ဘဝတူတွေကို ရင်ဖွင့်ပါ။ခုဆို တစ်ခုခု ခံစားရတာနဲ့ ဖေ့ဘွတ်တင်တတ်ကြတယ်လေ။ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ကေစ့်ဆို သူလည်း ဖေ့ဘွတ်ပေါ်တင်လိုက်ရော အောက်က လူတွေက သူတို့မှာ ရှိတဲ့ စိတ်စွဲလမ်းမှုတွေကို ပြောပြပြီး အားပေးကြတယ်။ အမြဲတမ်း ဖေ့ဘွတ်တင်ရမယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်  ဘဝတူလေးတွေ ရှိတဲ့နေရာမှာ ရင်ဖွင့်ရင် (OCD group) သူတို့ ဘယ်လိုကျော်လွှားခဲ့သလဲ။ ဘယ်လိုကုသမှုတွေ ခံယူခဲ့သလဲ အချင်းချင်း အားပေးနိုင်တာပေါ့။ ကျိတ်ခံစားနေတာထက်တော့ သာပါသေးတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/sexual-ocd-related-to-religion/
ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ နှစ်ကြိမ်လုံး ပြည့်ပါစေ။
ကိုဗစ်ကာကွယ်ဆေးတွေ အမျိုးမျိုး ကွဲပြားပေမယ့် ဆေးအမျိုးအစားတိုင်း (Jassen Covid-19 vaccineကလွဲလို့) ကတော့ တစ်ကြိမ်တည်း ထိုးရတာ မဟုတ်ဘဲ နှစ်ကြိမ် ထိုးရတာပါ။ တစ်ကြိမ်မကတဲ့ကာကွယ်ဆေးကို ထိုးတဲ့အခါ အဖြစ်များတဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ ကာကွယ်ဆေးကို ပထမ တစ်ကြိမ် ထိုးပြီး ဒုတိယ တစ်ကြိမ် ထပ် မထိုးဖြစ်တာပါ။တကယ်ကတော့ နှစ်ကြိမ် ထိုးရတယ်ဆိုတဲ့ ကာကွယ်ဆေးတိုင်းက နှစ်ကြိမ် ထိုးမှ လုံလောက်စိတ်ချရမှာ မို့ပါ။ကလေးလေးတွေကို ကာကွယ်ဆေး ထိုးတဲ့အခါ ကာကွယ်ဆေးကို course ကုန်အောင် ထိုးဖို့ လိုတယ်လို့ ပြောရတာက ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ဖို့ပါ။ အခုလည်း ဒီလိုပါပဲ။မျိုးဗီဇတွေအဆင့်ဆင့်ပြောင်းရင်းလက္ခဏာတွေပြင်းထန်လာတဲ့ ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင်လည်း ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ထိုးဖို့လိုပါမယ်။အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုက ကာကွယ်ဆေး ထိုးနှံတာပါ။ ကာကွယ်ဆေးထိုးတာကကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်မယ့်ကိုယ်ခံအားကို ရရှိစေမယ့် စိတ်အချရဆုံး နည်းလမ်းတစ်ခုပါ။ကိုဗစ်ကို ကာကွယ်ဖို့COVID-19 ကာကွယ်ဆေးထိုးတဲ့အခါ အကောင်းဆုံး ကာကွယ်မှုကို ရရှိစေဖို့ ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ပြည့်အောင်ထိုးဖို့ လိုပါမယ်။ ကိုယ်ခံအားဗေဒဆိုင်ရာ ပညာရှင်တွေကတော့ ဒီလို ကာကွယ်ဆေးနှစ်ကြိမ် ထိုးတာကို “prime-boosting” လို့ ခေါ်ပါတယ်။ ကာကွယ်ဆေးကို ပထမ တစ်ကြိမ် ထိုးပြီးတဲ့အခါ ၂၁ ရက် ဒါမှမဟုတ် ၂၈ ရက်ခြားပြီး ထိုးကြပါတယ်။ဒီလို ကာကွယ်ဆေးထိုးတဲ့အခါ ပထမ တစ်ကြိမ်ကကိုယ်ခံအားကို ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ပြင်ပက ဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားကဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားချင်သလိုလို မအီမသာဖြစ်သလို ခံစားရတာပါ။ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ကာကွယ်ဆေးကို ပထမ တစ်ကြိမ်ထိုးထားပြီး နှစ်စဉ် ဒါမှမဟုတ် ၅ နှစ် တစ်ကြိမ်ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးနှံရင်း ခန္ဓာကိုယ် ကိုယ်ခံအားကရောဂါပိုးတွေကို တုံ့ပြန်နိုင်ဖို့ အကောင်းဆုံး အားဖြည့်ရပါတယ်။တုပ်ကွေးကာကွယ်ဆေး တစ်မျိုးကသာ နှစ်စဉ်တုပ်ကွေးဗိုင်းရပ်စ်မျိုးဗီဇ အသစ်တွေ ဖြစ်ပေါ်မှုကြောင့် တစ်နှစ် တစ်ကြိမ်ကို မတူညီတဲ့ ကာကွယ်ဆေးတွေ ထိုးရတာပါ။ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါ ဆေး နှစ်ကြိမ်လုံး ပြည့်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဒုတိယအကြိမ် ထိုးရတဲ့ ကာကွယ်ဆေးက ကိုယ်ခံအားရဲ့ ခုခံနိုင်စွမ်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်လို့ပါ။အမေရိကန် ပြည်ထောင်စု နဲ့ ယူကေမှာ အများစုက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ကို မထိုးကြပါဘူး။ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးတာက ကျန်းမာရေးကို ထိခိုက်စေမှာ စိုးရိမ်တာကြောင့် ဆိုပေမယ့် တကယ်ကတော့ ကာကွယ်ဆေးကို ဒုတိယ အကြိမ် မထိုးတာကမှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။အစောပိုင်း လေ့လာမှုတွေအတွင်း ကာကွယ်ဆေးကို တစ်ကြိမ်ပဲ ထိုးသူတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုနဲ့ နှစ်ကြိမ် ပြည့်အောင် ထိုးနှံထားသူတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို နှိုင်းယှဉ် လေ့လာခဲ့ပါတယ်။ရလဒ်တွေမှာတော့ ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးပြီးတဲ့အခါ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်ဖို့antibodiesပမာဏ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးနှံတာက ကာကွယ်ဆေးရဲ့ ထိရောက်နိုင်စွမ်းကို တိုးစေတယ်ဆိုတဲ့ အချက်ကိုပါ။ဆက်လက် လုပ်ဆောင်နေတဲ့ လေ့လာမှုတွေအရကတော့။Pfizer/BioNTech ကာကွယ်ဆေးကို ထိုးနှံသူတွေမှာတော့။Oxford/AstraZeneca ကာကွယ်ဆေးကို ထိုးနှံသူတွေမှာတော့။ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ပဲ ထိုးပြီး ဒုတိယအကြိမ် မထိုးသူတွေမှာ ကာကွယ်နိုင်စွမ်းက တက်မလာတာမျိုး ရှိသလို ကာကွယ်နိုင်စွမ်း ကျသွားတာမျိုးတွေတောင် ရှိနေပါတယ်။မျိုးစိတ်တွေက အသစ်အသစ်တွေ ပေါ်လာနေတယ်ဆိုပေမယ့်လည်း အခုလက်ရှိ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေကို ထိုးနှံတာက ကိုဗစ် မျိုးစိတ်သစ်တွေကိုလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ တွေ့ရပါတယ်။ ကာကွယ်ဆေး ထိုးနှံတဲ့ သုတေသန ပြုမှုတွေ အတွင်း မျိုးစိတ် တစ်မျိုးထဲကို စမ်းသပ်ခဲ့တာ မဟုတ်ပါဘူး။ဒါကြောင့် ကိုဗစ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ဆိုပြီး ကာကွယ်ဆေးကို ထိုးတဲ့အခါ အထိရောက်ဆုံးဖြစ်ဖို့ဆိုရင် နှစ်ကြိမ်လုံး ပြည့်အောင် ထိုးဖို့ လိုပါမယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/why-its-important-to-get-second-dose-of-covid-vaccine/
စိတ်ကျန်းမာအောင် ဗီဒီယိုဂိမ်း ကစားပေးရမယ်တဲ့
ငယ်ငယ်ကဆိုရင်ဗီဒီယိုဂိမ်းကစားတာက အပြစ်ကြီးတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ ခုခေတ်ကာလမှာတော့ ခေတ်ရေစီးကြောင်းက ပြောင်းလဲလာနေပါပြီ။ ဗီဒီယိုဂိမ်းဟာ အကျိုးအမြတ်ကြီးတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာသလို အားကစားလည်းဖြစ်လာပါတယ်။ဒီလိုပါပဲ။ ဗီဒီယိုဂိမ်းကစားရင် ရူးတတ်တယ်၊မျက်စိထိခိုက်တယ်၊ အကြောဆွဲတတ်တယ်ဆိုပြီး ရိုက်နှက်ခံခဲ့ရတဲ့ ခေတ်ကနေ ဗီဒီယိုဂိမ်းကစားရင် ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက်တွေ လှိုင်လှိုင်ကြီးထွက်ပေါ်လာတဲ့ ခေတ်ကို ရောက်ရှိလာပါပြီ။ကမ္ဘာကျော် Oxford Internet Institute Research က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ သုတေသန အစီရင်ခံစာအရဆိုရင် ဗီဒီယိုဂိမ်း ဆော့ကစားတာဟာ စိတ်ပျော်ရွှင်စေပြီး စိတ်ကျန်းမာရေးကို အကြီးအကျယ် အထောက်အကူဖြစ်စေပါတယ်တဲ့။အဆိုပါ သုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ အန်ဒရူး ပါဇီဘိုင်စကီးကတော့ ယုံတမ်းပုံပြင်တွေထက် ဒေတာအချက်အလက်တွေက ပိုပြီး ယုံချင်စရာဖြစ်တယ်လို့ဆိုခဲ့ပြီး ဗီဒီယိုဂိမ်းတွေဟာပါးစပ်ပြောစကားတွေထဲကလိုစိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ နည်းလမ်းမဟုတ်ဘူးလို့ကို ဆိုသွားတာပါ။Nintendo ရဲ့ Animal Crossing နဲ့ EA ရဲ့ Plants vs Zombies ဗီဒီယိုဂိမ်းတွေကို အခြေပြုပြီး သုတေသနပြုလုပ်ခဲ့တဲ့ အောက်စဖို့ဒ်ရဲ့ လေ့လာချက်အရဆိုရင် ဂိမ်းတွေရဲ့လူ့ဦးနှောက်နဲ့စိတ်ခံစားမှုအပေါ် သက်ရောက်မှုက မျှော်မှန်းထားတာထက်ပိုပြီး အကျိုးကျေးဇူးဖြစ်ထွန်းစေတယ်လို့ ဖော်ပြခဲ့ပါတယ်။အဆိုပါသက်သေပြချက်ဟာ ဗီဒီယိုဂိမ်းနဲ့ စိတ်ကျန်းမာရေးဆိုင်ရာဆက်နွယ်မှုအကြားက မေးခွန်းအမြောက်အများကို အဖြေထုတ်ပေးနိုင်ခဲ့ပါတယ်။ ဗီဒီယိုဂိမ်းကစားတာဟာ စိတ်လှုပ်ရှားမှုတစ်မျိုးတည်းကို ပေးစွမ်းနိုင်တာမဟုတ်ပဲ စိတ်ချမ်းသာမှုနဲ့ စိတ်ပျော်ရွှင်မှုကိုပါ ပေးစွမ်းနိုင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့သလို ဗီဒီယိုဂိမ်းက စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။နှစ်သက်ရာ ဗီဒီယိုဂိမ်းကို တစ်နာရီဝန်းကျင်ကစားပေးမယ်ဆိုရင် စိတ်ခံစားချက်ကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေမှာဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းတွေကို နည်းမှန်လမ်းမှန်ဆော့မယ်ဆိုရင် စိတ်ကျေနပ်နှစ်သိမ့်မှုကို ခံစားရစေနိုင်တာမို့ ဘဝနေထိုင်မှုနည်းလမ်းကောင်းတစ်မျိုးလို့လည်း ဆိုပါတယ်။အထူးသဖြင့် ဗီဒီယိုဂိမ်းတွေဟာ Brain-training Apps တွေလိုပါပဲ အသိအမြင်မူမမှန်တဲ့ရောဂါနဲ့ မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါတွေကို ကုသရာမှာ အထူးအသုံးဝင်ပါတယ်။ ဒါကြောင့်သက်ကြီးရွယ်အိုတွေနဲ့သက်ဆိုင်တဲ့ မှတ်ဉာဏ်ဆိုင်ရာရောဂါတွေကို ဗီဒီယိုဂိမ်းနဲ့ ကုသကြတာဖြစ်ပါတယ်။ Brain-training ဂိမ်းတွေကစားတာဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို အကြီးအကျယ်အထောက်အကူပြုစေပြီး သက်ကြီးရွယ်အိုတွေကို စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေရရှိမှုတွေကို လျှော့ချပေးပါတယ်။ဒါ့အပြင် လေ့လာချက်တွေအရ ဗီဒီယိုဂိမ်းတွေကနေ လူ့ဦးနှောက်ကို သိသိသာသာ အကျိုးပြုတယ်ဆိုတာကို သိနားလည်လာရပါတယ်။ ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံသဘောမဆောင်ပဲ ပုံမှန်တကျနဲ့ စည်းနဲ့ဘောင်နဲ့ ဆော့ကစားမယ်ဆိုရင် …။ဒါကြောင့်လည်း ဗီဒီယိုဂိမ်းတွေဟာ လူကြိုက်အများဆုံး ဖျော်ဖြေရေးနည်းလမ်းတွေတစ်ခုထက်ပိုပြီး စိတ်အပန်းဖြေစရာနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်လာကြတာဖြစ်ပါ။ ကမ္ဘာတစ်လွှားက ဗီဒီယိုဂိမ်းဝါသနာရှင်တွေဟာ တစ်ရက်ကို ပျမ်းမျှ ၃ နာရီလောက်အထိ သူတို့ရဲ့  အချိန်တွေကို ဗီဒီယိုဂိမ်းတွေနဲ့  အသုံးချအပန်းဖြေနေကြပါတယ်။ဒါပေမယ့်လည်း တခြားတစ်ဖက်မှာတော့WHOလို ကျန်းမာရေးအဖွဲ့အစည်းမျိုးတွေက ဗီဒီယိုဂိမ်းဆော့ကစားတာက ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားဆဲဖြစ်ပါတယ်။ဗီဒီယိုဂိမ်းတွေဟာ အကြမ်းဖက်လိုစိတ်နဲ့ စိတ်ကျန်းမာရေးအန္တရာယ်တွေဖြစ်စေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေဆဲပါ။ ခုနောက်ပိုင်း သုတေသန စစ်တမ်းတွေအရဆိုရင်တော့ အဆိုပါအမူအကျင့်တွေဟာ ဗီဒီယိုဂိမ်းတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပဲ မိသားစု ပတ်ဝန်းကျင် နောက်ကြောင်းအခြေအနေတွေနဲ့ ပိုမိုသက်ဆိုင်လေ့ရှိကြောင်းကိုတော့ သိလာရပြီဖြစ်ပါတယ်။တစ်ခုရှိတာက ဗီဒီယိုဂိမ်းတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ကောင်းကျိုးတွေပေးနိုင်သလို တစ်ခြားတစ်ဖက်မှာလည်း အလွန်အကျူးဆော့ကစားမှုတွေကြောင့် ဘေးထွက်ဆိုးကျိုးတစ်ချို့ကြုံရနိုင်တာကို သတိမူဖို့ လိုအပ်ပါတယ်။ တစ်ချို့သော လေ့လာသုတေသနပြုချက်တွေအရ ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံဆော့ကစားခြင်းဟာ ဦးနှောက်လုပ်ဆောင်ချက်တွေနဲ့ အလေ့အထတွေကို ပြောင်းလဲစေတယ်လို့လည်း ဆိုထားပါသေးတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/video-games-mental-health-study-wellness/
အဆစ်ရောင်နာ ခံစားနေရသူတွေအတွက် နနွင်းရဲ့ ဆေးဖက်ဝင်မှု
အာရှဟင်းလျာ တော်တော်များများကို အရောင်နဲ့အရသာတိုးစေတဲ့နနွင်းကဟင်းခတ်အမွှေးအကြိုင်တစ်ခုတင်မဟုတ်ဘဲ ဆေးဖက်ဝင်တယ်ဆိုတာကို ရှေးယခင်ကတည်းက လက်ခံလာခဲ့ကြတာပါ။ နနွင်းကအနာ၊ဝက်ခြံ၊လည်ချောင်းနာတာ၊လေပြွန်ရောင်တာနဲ့ အဆစ်ရောင်တာတွေကိုသက်သာစေနိုင်တယ်လို့လည်း လက်ခံထားကြပါတယ်။ ဒါက ဘယ်အချက်ပေါ်မှာ မူတည်ပြီးလက်ခံထားတာလဲဆိုတေ့ နနွင်းကအရောင်ကျစေနိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာပါ။အဆစ်ရောင်နာက လူတော်တော်များများခံစားရလေ့ရှိတဲ့ပြဿနာတစ်ရပ်ပါ။ လေ့လာမှုတွေအရသိရတာက အဆစ်ရောင်နာဝေဒနာ ခံစားရသူတွေအနေနဲ့ နနွင်းပုံမှန် စားသုံးပေးမယ်ဆိုရင်။အဆစ်တွေရောင်တာ၊ နာတာကိုသက်သာစေနိုင်တယ်။နနွင်းကရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ လေ့လာမှုအရ နနွင်းစားသုံးပေးတာက လေးဖက်နာကြောင့် အဆစ်တွေနာတာ၊ အဆစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့ကို နနွင်း ၂ ၈ရမ်လောက်ပုံမှန် စားသုံးမှုက အဆစ်ရောင်ရောဂါကြောင့် နာကျင်မှုကို သက်သာစေနိုင်ပြီးဒူးအကွေးအဆန့်ကောင်းလာသလို လှေကားတွေကိုလည်း ကောင်းကောင်းတက်လာနိုင်တယ်၊ လို့ဆိုပါတယ်။ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။ရောင်ရမ်းမှုက နာကျင်မှုကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါ။ လေ့လာမှုတွေအရသိရတာက နနွင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်က နနွင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်အပြင် ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်တဲ့ပရိုတင်း၊ အင်ဇိုင်းတွေနဲ့ အခြားသော အစွမ်းသတ္တိတွေရှိနေပါသေးတယ်။ နနွင်းမှာပါတဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်က အရိုးပွတာ၊ အဆစ်ရောင်နာ ကနေစလို့ဆီးချိုနဲ့ကင်ဆာလိုမျိုးနာတာရှည်ရောဂါတွေအထိ ရောဂါတော်တော်များများကို သက်သာစေနိုင်ပါတယ်။အရိုးနုလေးတွေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်။တစ်နေ့တာလှုပ်ရှားမှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရိုးနုလေးတွေ ပျက်စီးမှုက ရေရှည်မှာ အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်အရိုးကျန်းမာရေးကို ဂရုစိုက်ချင်တယ်ဆိုရင် အရိုးနုလေးတွေကို ဂရုစိုက်ဖို့ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နနွင်းက အရိုးနုလေးတွေကို ကျန်းမာစေနိုင်သလို အဆစ်ရောင်နာကြောင့် အရိုးနုလေးတွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။နနွင်းက ယူရစ်အက်ဆစ်ပမာဏကို ကျစေနိုင်ပါတယ်။ယူရစ်အက်ဆစ်များတာက ဂေါက်ရောဂါဖြစ်စေဖို့ တွန်းအားပေးပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နနွင်းစားသုံးပေးတာပါ။ နနွင်းစားသုံးတာက ယူရစ်အက်ဆစ်ကို ကျစေနိုင်သလို သွေးတွင်းကအကျိုးမပြုကိုလက်စထရောတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်ဖို့ နနွင်းကို စားသုံးပေးလို့ရပါတယ်။Oxidative Stressတွေကြောင့် အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။Oxidative Stress တွေက အဆစ်ရောင်နာဖြစ်စေဖို့ အဓိကတွန်းအားပေးနေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကို စားသုံးဖို့ပါ။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့်နည်းလမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ နနွင်းကို စားသုံးပေးတာပါ။ လေ့လာမှုတွေအရ နနွင်းစားသုံးတာက အဆစ်ရောင်နာရောဂါ ရှိသူတွေမှာ oxidative stress ကြောင့်  အဆစ်ရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် နနွင်းကိုဟင်းချက်တဲ့အခါမှာဖြစ်ဖြစ်။နွားနို့နဲ့ရောစပ်ပြီးဖြစ်ဖြစ်။ပျားရည်နဲ့ရောစပ်ပြီးဖြစ်ဖြစ် ပုံမှန်လေးစားသုံပေးလို့ အဆစ်ရောင်နာကြောင့် နာကျင်မှုတွေကို သက်သာအောင်လုပ်ဆောင်ပေးလို့ရပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/curcumin-for-arthritis/
မိခင်တွေလည်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့ လိုပါတယ်။
ဘေဘီလေး တစ်ယောက်ကို ကျန်းမာစွာနဲ့ လူ့လောကထဲကို ခေါ်သွင်းနိုင်ဖို့နဲ့ ပျော်ရွှင်ကျန်းမာတဲ့ ကလေးလေး တစ်ယောက် အဖြစ် ကြီးပြင်းလာအောင် ပျိုးထောင်ဖို့ဆိုရင် အရေးကြီးတဲ့ လိုအပ်ချက် တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို မွေးဖွားပေးမယ့် မေမေကိုယ်တိုင် ကျန်းမာဖို့ပါ။ ဘေဘီလေးကို ကိုးလလွယ် ဆယ်လဖွားချိန်မှာရော၊ ဘေဘီလေးကို မီးဖွားချိန်၊မီးဖွားပြီးချိန်တွေမှာ မေမေက ကျန်းမာနေမှ မွေးဖွားလာမယ့် ဘေဘီလေးလည်း ကျန်းမာမှာပါ။ဒါကြောင့် ဒီတစ်ခေါက်တော့ဘေဘီလေးတွေ ကျန်းမာဖို့အတွက် အရေးပါတဲ့မိခင်တွေရဲ့ ကျန်းမာရေးကို ဘယ်လိုတွေ စောင့်ရှောက်ပေးရမလဲဆိုတာလေးကို ပြောပြပေးသွားချင်ပါတယ်။မိခင်ကျန်းမာရေး စောင့်ရှောက်မှုဆိုတဲ့နေရာမှာ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာဖို့၊ မွေးဖွားချိန်မှာ ကျန်းမာမှု နဲ့ မီးဖွားပြီးချိန်မှာ ရောဂါ တစ်စုံတရာတောင် မခံစားရအောင် စောင့်ရှောက်ပေးတာကို ဆိုလိုတာပါ။မေမေ တစ်ယောက်အနေနဲ့ ဘေဘီလေးကို စတင် ကိုယ်ဝန်လွယ်တဲ့အဆင့်၊ မီးဖွားတဲ့အဆင့်၊ မီးဖွားပြီးချိန်အဆင့်တွေတိုင်းမှာ ကျန်းမာမှ ကျန်းမာဖွံ့ထွားတဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။ဘေဘီလေးကိုကိုယ်ဝန်ဆောင်ထားချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုကို လုံလောက်အောင် မရရှိတာ မွေးဖွားချိန်မှာ ပြည့်စုံ ကောင်းမွန်တဲ့ စောင့်ရှောက်မှုကို မရရှိတာမီးဖွားပြီးချိန်မှာ သင့်တင့်လျောက်ပတ်တဲ့ ကျန်းမာရေး စောင့်ရှောက် စစ်ဆေးမှုတွေကို မရရှိတာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုတာအတွင်း ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု အရေအတွက်ဟာ ၃ သိန်း နီးပါး ရှိခဲ့ပါတယ်။ ဒီအရေအတွက်က ဆက်တိုက် မြင့်တက်မှုတွေ ရှိနေခဲ့တာပါ။ကိုယ်ဝန်ဆောင် မိခင်တွေကို အသက်ဆုံးရှုံးစေတဲ့ အဓိက အကြောင်းအရင်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ထိခိုက်မှုရှိတာ၊မွေးဖွားချိန်မှာ သွေးသွန်တာ၊ ကူးစက်ပိုးဝင်တာ၊ သွေးတိုးတာ၊ ဘေးကင်းမှု မရှိတဲ့ကိုယ်ဝန်ဖျက်ချမှု၊ မီးမဖွားနိုင်တာတွေပါ။ဒါတွေအပြင် သွေးအားနည်းရောဂါ၊ငှက်ဖျားရောဂါနဲ့နှလုံးရောဂါတွေကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေ အသက်ဆုံးရှုံးနေရပါတယ်။ ဒီဆုံးရှုံးမှုတွေက သေချာသာ ကာကွယ်နိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်တိုင်း ကျန်းမာပြီး မွေးဖွားလာမယ့် ဘေဘီလေးကလည်း ကျန်းမာဖွံ့ထွားမှာ အသေအချာပါ။ဘယ်လို ကာကွယ်နိုင်မလဲဆိုတော့ အချိန်နဲ့ တပြေးညီ လိုအပ်တဲ့ ကုသမှုတွေကို ရရှိနိုင်မယ်။ ကိုယ်ဝန်ဆောင်တိုင်း ကျွမ်းကျင်သူတွေရဲ့ ကုသစောင့်ရှောက်မှုကို ရရှိမယ်။ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတိုင်းကို ရရှိနိုင်မယ်ဆိုရင်ကိုယ်ဝန်ဆောင် သေဆုံးမှုအရေအတွက်ကို သိသိသာသာ လျှော့ချနိုင်မှာပါ။မိခင် ကျန်းမာမှ ကလေးက ကျန်းမာမှာပါ။ ဒါကြောင့် မေမေတိုင်း ကျန်းမာပြီးကျန်းမာဖွံ့ထွားတဲ့ ဘေဘီလေး မွေးဖွားနိုင်စေဖို့ဆိုရင်တော့ ကိုယ်ဝန်စရှိချိန်မှာကလည်းက လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို ရယူနိုင်ဖို့ လိုပါမယ်။ဆီးစစ်တာ၊သွေးစစ်တာ၊ ကာကွယ်ဆေး ထိုးတာ၊ ကိုယ်ဝန်ဆောင်အားဆေးတွေ မှီဝဲတာ၊ပုံရိပ်ဖော် စစ်ဆေးမှုတွေခံယူတာ၊ လအလိုက်ပုံမှန် ကျန်းမာရေး စစ်ဆေးမှုရယူတာတွေပါ။ ဒါတွေက ကိုယ်ဝန်စရှိချိန်ကနေ ဘေဘီလေးကို မီးမဖွားခင်မှာ မေမေတိုင်း ရရှိဖို့ လိုမယ့် ကျန်းမာရေး စောင့်ရှောက်မှုတွေပါ။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ တစ်ယောက်အနေနဲ့သားအိမ်အနေအထား စစ်ဆေးတာ၊ သားအိမ်ခေါင်း စစ်ဆေးတာ၊ သွေးပေါင်ချိန်တိုင်းတာ၊ ကိုယ်အလေးချိန် တိုင်းတာတာ၊ဘေဘီလေး နှလုံးခုန်နှုန်း၊ ဘေဘီလေးရဲ့ ကြီးထွားမှုတွေကို စစ်ဆေးမှု ခံယူရပါမယ်။မီးဖွားချိန်မှာတော့ တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာလေး စောင့်ရှောက်မှု ရရှိပြီး မွေးဖွားနိုင်ဖို့ပါ။ ဒါမှ မွေးဖွားစဉ် ဖြစ်ပေါ်လာနိုင်တဲ့ မတော်တဆ အခြေအနေတွေကို ကာကွယ်နိုင်မှာပါ။မီးဖွားပြီးပြီ ဘေဘီလေး ပြင်ပ လောကထဲ ရောက်လာပြီဆိုရင်လည်း မေမေက ကျန်းမာရေး စောင့်ရှောက်မှု ဆက်လက်ရရှိဖို့ လိုဦးမှာပါ။ ဘေဘီလေးကို မွေးဖွားထားရတာကြောင့် ခန္ဓာကိုယ်က ပင်ပန်းနေနိုင်သလို အားနည်းနေနိုင်သေးတာကြောင့် သေချာ စောင့်ရှောက်မှု မရရှိဘူးဆိုရင် မီးဖွားပြီး နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကြောင့် မိခင် အသက်ဆုံးရှုံးနိုင်ပါတယ်။ဒါကြောင့် မီးဖွားပြီးချိန်မှာလည်း မေမေတွေအနေနဲ့ ဘာတွေက ပုံမှန် အခြေအနေဖြစ်ပြီး ဘာတွေက ပုံမှန် အ​ခြေအနေ မရှိဘူးလဲဆိုတာကို သေချာလေး စစ်ဆေး စောင့်ရှောက်မှု ခံယူဖို့ လိုပါမယ်။သားဆက်ခြားတာက အစ၊ အလေးအပင် မမရတာ၊ အရမ်း လှုပ်လှုပ်ရှားရှား မလုပ်ရတာ၊အာဟာရ ပြည့်ဝအောင်စားသောက်တာ၊အိပ်ရေးဝဝ အိပ်တာတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။မေမေ ကျန်းမာနေမှ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးတွေကို ပျိုးထောင်ပေးနိုင်မှာပါ။ ဒါကြောင့် မေမေတို့ ကိုယ်တိုင်ကရော မိသားစုဝင်တွေကပါ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဘေဘီလေး မွေးဖွားပြီးချိန်အထိ မေမေ စိတ်ရောကိုယ်ပါ ကျန်းမာနေစေဖို့ သေချာလေး ဂရုစိုက် စောင့်ရှောက်မှုတွေ ပေးဖို့ လိုပါမယ်။လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိအောင် လုပ်ဆောင်ဖို့လည်း လိုပါမယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/about-mother-care/
ထူးထူးခြားခြား ကိုဗစ်လက္ခဏာ များ
ခုချိန်မှာ ဖျားရင်၊ ချောင်းဆိုးရင်၊အနံ့ပျောက်ရင်ကိုဗစ်လက္ခဏာ ပဲလို့ သတ်မှတ်လို့လောက်အောင် ကိုဗစ်ကူးစက်မှုက များနေပါပြီ။ တော်တော်များများကလည်း ကိုဗစ်လက္ခဏာတွေကို ရင်းနှီးလာကြပါပြီ။ ဒါပေမယ့် ကိုဗစ်မှာ တခြားတွေ့ရတတ်တဲ့ လက္ခဏာတွေလည်း ရှိပါသေးတယ်။လူနာတွေအနေနဲ့ ကိုဗစ်မှာ တွေ့နေကျလက္ခဏာတွေ မဟုတ်ဘဲ တခြားထူးထူးခြားခြားတွေ ဖြစ်လို့ (ဥပမာ အရေပြားမှာ အနီစက်တွေ ထွက်လို့၊ ရင်တုန်လို့) ကိုဗစ်လားဆိုပြီး လာမေးတဲ့အခါ ဆရာဝန်အနေနဲ့ ဖြေရတော်တော်ခက်ပါတယ်။ ကိုဗစ်က မှန်းလို့မရအောင် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ခုထက်ထိလည်း နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ အများကြီး တွေ့နေပါသေးတယ်။ ဒါကြောင့် လူနာတွေ လာမေးတဲ့အခါ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ယတိပြတ် ပြောဖို့ ခက်တာပါ။ပျို့တာ၊ အန်တာ၊ဝမ်းလျှောတာအများဆုံး တွေ့ရပါတယ်။ သူ့ချည်းပဲလည်း ဖြစ်နိုင်သလို တခြား အဖြစ်များတဲ့ ကိုဗစ်လက္ခဏာ ဖျားတာ၊ ချောင်းဆိုးတာတွေနဲ့လည်း တွဲပြီး တွေ့ရနိုင်ပါတယ်။ဒါကိုCovid toesလို့ ခေါ်ပါတယ်။ ကလေးတွေနဲ့ လူငယ်တွေမှာ တွေ့ရတတ်ပါတယ်။ ခြေချောင်းတွေ ဖောင်းတာ၊ ရောင်တာ၊ အရောင်ပြောင်းတာတွေ ဖြစ်တတ်ပါတယ်။ လက်ချောင်းမှာလည်း တွေ့ရနိုင်ပါတယ်။ အရည်ကြည်ဖုတွေ ထွက်တာ၊ ယားတာ၊ အရေပြား ကြမ်းတာ၊ နာတဲ့ အဖုလေးတွေ ပေါက်တာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ပြည်တည်တာတွေပါ တွေ့ရတတ်ပါတယ်။Pink eyeလို့လည်း ခေါ်ပါတယ်။ ဒါ့ပြင် အလင်းရောင် မခံနိုင်တာ၊ မျက်စိနာတာ၊ မျက်စိယားတာလည်း ဖြစ်နိုင်ပါတယ်။အရင်ကနဲ့ မတူဘဲ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ရင်တွေတုန်ပြီး နှလုံးခုန်တွေ မြန်လာတာမျိုးပါ။ ကိုရိုနာဗိုင်းရပ်စ်က နှလုံးခုန်တာကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။အရေပြားမှာ အနီကွက်တွေ ထွက်လာတာ၊အင်ပျဉ်တွေ ထတာ၊ ရေကျောက်လိုမျိုး အရည်ကြည်ဖုလေးတွေ ပေါက်လာတာကို အများဆုံးတွေ့ရပါတယ်။ ခြေထောက်တွေ၊ ခြေချောင်းတွေမှာ တွေ့ရတတ်ပြီး ရုတ်တရက် ကြည့်လိုက်ရင် အရေပြား ပိုးဝင်တာနဲ့ ခပ်ဆင်ဆင် တူပါတယ်။အထူးသဖြင့်တော့ အသက်ကြီးတဲ့သူတွေမှာ အကောင်းကြီးကနေကယောင်ကတမ်းတွေ ပြောတာ၊ သတိမမှန်တော့တာတွေ ကြုံရတတ်ပါတယ်။ ကိုဗစ်ကြောင့် ဒါမျိုး ခံစားရတာဆိုရင်တော့ အခြေအနေဆိုးနိုင်ပါတယ်။လူနာက မမောဘဲနဲ့သွေးတွင်းအောက်ဆီဂျင် ကျနေတာမျိုးပါ။ ဘာလက္ခဏာမှလည်း မခံစားရဘူး။ မောလည်း မမောဘူး။ စက်ကလည်း ကောင်းတယ်။ အောက်ဆီဂျင်လေး ကျနေတာတစ်ခုတည်းပဲဆိုပြီး ပြောတတ်ကြပါတယ်။Silent hypoxiaလို့ ခေါ်ပါတယ်။ဒါမျိုးကျ အရေးကြီးပါတယ်။ ကျတာ သေချာရင် မောသည်ဖြစ်စေ၊ မမောသည် ဖြစ်စေအောက်ဆီဂျင် ရှူရမယ်။ ဆရာဝန်နဲ့ သေချာ ပြသပြီး ကုသမှု ခံယူရမှာပါ။ကိုဗစ်မှာ တွေ့နေကျ မဟုတ်တဲ့ လက္ခဏာတွေ ခံစားရရင်  တန်းပြီး လန့်မသွားပါနဲ့။ တချို့ကလည်း ကိုဗစ်မဟုတ်ဘဲ သာမန်အပရိက လက္ခဏာလေးတွေပါ။ ရက်ပိုင်းလောက်နေရင် သက်သာသွားပါတယ်။ ခဏလောက် စောင့်ကြည့်ပါ။ မသက်သာဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြပါ။ပြပါဆိုတာက လိုအပ်တာတွေ စစ်ဆေးပြီး ကိုဗစ်ဆိုရင်လည်း ကိုဗစ်လို ကုရမှာ ဖြစ်ပါတယ်။ ကိုဗစ်မဟုတ်ဘူးဆိုရင်လည်း တခြားရောဂါများ ဖြစ်နိုင်သလားဆိုတာကို ဆက်စစ်ဆေးပြီး ကုသရမှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/unusual-symptoms-of-covid/
လုံးဝ မျက်ကွယ်ပြုလို့မဖြစ်တဲ့ Heart Attack လက္ခဏာ (၁၀) ခု
နှလုံးရောဂါဟာ လူသိများတဲ့ရောဂါတစ်ခုဖြစ်သလို နှလုံးဖောက်ပြန်တာ (Heart Attack) ကလည်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ဒီလို ဆိုးရွားတဲ့နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။တကယ်လို့ သာမန်အခြေအနေမှာ နမိတ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် Heart Attack အဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်းသာမှာဖြစ်ပါတယ်။ ဒါကြောင့် သတိထားသင့်တဲ့ လက္ခဏာရပ်တွေကို ဖော်ပြပေးချင်ပါတယ်။၁။ရင်ဘတ်အောင့်ခြင်း။Heart attack ရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကိုယ့်မှာ နှလုံးရောဂါရှိတယ်ဆိုရင် အလွန် သတိထားဖို့လိုအပ်ပါတယ်။၂။လက်မောင်းဒါမှမဟုတ် လက်ပြင်နာခြင်း။အမျိုးသား အများစုဟာ တခါတရံမှာ ဘယ်ဘက်လက် နာကျင်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ အမျိုးသမီးတွေကတော့ လက်နှစ်ဘက်စလုံး ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာက Heart attack ရဲ့ လက္ခဏာတစ်ခုပါ။၃။ လည်ပင်းနဲ့မေးရိုးနာကျင်ခြင်း။လည်ပင်းကနေအထက်ပိုင်း ဧရိယာတွေမှာ နာကျင်တာကလည်း နှလုံးရောဂါသမားတွေ သတိပြုသင့်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။ Heart attack ဖြစ်ဖို့ အစပျိုးနေတာလို့ ယူဆနိုင်ပါတယ်။၄။ ပုံမှန်မဟုတ်ဘဲနွမ်းနယ်ခြင်း။လူတိုင်း အလုပ်များတတ်ကြသလို၊ ပင်ပန်းလည်း ပင်ပန်းကြပါတယ်။ ဒါပေမယ့် သမားရိုးကျမဟုတ်ဘဲ မောပမ်းနွမ်းနယ်နေပြီဆိုရင် နှလုံးကျန်းမာရေးကို သတိထားဖို့ လိုအပ်နေပါပြီ။၅။ မူးဝေ၊အော့အန်ခြင်း။မူးဝေတယ်ဆိုတာက သွေးဖိအားလျော့နည်းပြီး နှလုံးကနေ ဦးနှောက်ဆီကို အောက်ဆီဂျင်လုံလောက်စွာ မပို့နိုင်လို့ဖြစ်တာပါ။ အပူချိန်လွန်ကဲတာကြောင့်ဖြစ်နိုင်ပေမယ့် နှလုံးရဲ့ ပြဿနာလည်းဖြစ်တတ်တာမို့ သတိထားသင့်ပါတယ်။၆။ချွေးထွက်ခြင်း၊ အသက်ရှူရခက်ခြင်း။တကယ်လို့ သင် Heart attack ဖြစ်ပြီဆိုရင် အသက်ရှူရခက်ပြီး ချွေးစေးတွေပြန်လာတတ်ပါတယ်။ ရုတ်တရက်ဆိုရင် မာရသွန်ပြေးထားသလိုမျိုး မောပန်းနေမှာပါ။၇။ချောင်းဆိုးခြင်း။အသက်ရှူကျပ်လာတာနဲ့အမျှ ချောင်းဆိုးတာမျိုးလည်း ဖြစ်လာတတ်ပါတယ်။ အဓိကဖြစ်စေတဲ့အကြောင်းအရင်းကတော့ နှလုံးက သွေးထဲကို အောက်ဆီဂျင်လုံလောက်စွာ မပေးပို့နိုင်တော့တာရဲ့ နောက်ဆက်တွဲအဖြစ် အဆုတ်ကိုပါ ထိခိုက်စေတာကြောင့်ပါ။၈။နှလုံးခုန်နှုန်းမူမမှန်ခြင်း။နှလုံးခုန်နှုန်း အရမ်းမြန်တာ၊ ဒါမှမဟုတ် မူမမှန်တာမျိုးတွေကတော့ Heart attack ရဲ့ လက္ခဏာဆိုတာကို လူသိများကြပါတယ်။ နှလုံးခုန်၊ ရင်တုန်နေတာကို သိသိသာသာခံစားရပါလိမ့်မယ်။၉။ ဟောက်သံ ကျယ်လောင်လွန်းခြင်း။ကိုယ်ဟောက်တဲ့အသံကို ကိုယ်တိုင် သတိထားမိဖို့ ခက်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့အတူ အိပ်တဲ့လူတွေကတော့ သိကြမှာပါ။ နှလုံးအပြင် သွေးတိုးနဲ့ ဆီးချိုတွေရဲ့ တွန်းအားကြောင့် ခုလို ဖြစ်စေနိုင်ပါတယ်။၁၀။လိင်အင်္ဂါမထောင်မတ်ခြင်း။နှလုံးရောဂွရဲ့ လက္ခဏာတွေထဲမှာ လိင်အင်္ဂါမထောင်မတ်တဲ့ပြဿနာလည်း ပါဝင်နေပါတယ်။ သွေးကြောတွေ အားနည်းပြီး လိင်အင်္ဂါဆီ စီးဆင်းမှု လျော့နည်းသွားတာကြောင့် ခုလိုပြဿနာနဲ့ ရင်ဆိုင်ရတာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/heart-symptoms-you-should-not-ignore/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-pregnant-woman-drive/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-and-erectile-dysfunction/
HIV နှင့် သတိပြုဖွယ်များ
HIV နှင့် သတိပြုဖွယ်များ အကြောင်း လေ့လာလိုက်ရအောင်နော်။“ကျွန်တော်ပြောရတာတော့စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ဆေးစစ်ကြည့်တာတွေ အရတော့အကို့မှာ HIV ပိုးရှိနေပါတယ်။”။“ဟုတ်ရဲ့လား ဆရာ၊ သေချာရဲ့လား”။“ဆရာတို့ဘက်က သေချာအောင်သုံးကြိမ်စစ်ထားပါတယ်။ သေချာပါတယ်”။“တကယ်လား ဆရာရယ်၊ ကျွန်တော်ဘဝမှာ မကောင်းတာဆိုလို့တစ်ကြိမ်လောက်ပဲ အပျော်အပါးလိုက်စားဖူးတာပါ။ ကောင်မလေးပုံစံကလည်းသန့်သန့်လေးပါ”။“HIV ပိုးက တစ်ကြိမ်တည်းနဲ့လည်းကူးနိုင်ပါတယ်၊ ရောဂါပိုးရှိမရှိဆိုတာကလည်း အပေါ်ယံကြည့်ရုံနဲ့မသိနိုင်ပါဘူး။ သွေးစစ်ကြည့်မှသေချာတာဆိုတော့၊ အဲ့တုန်းက ကွန်ဒုံးတော့မသုံးလိုက်ဘူးမဟုတ်လား”။“ကျွန်တော့အမျိုးသမီးကိုတော့အသိမပေးပါနဲ့ဆရာရယ်၊ သူကျွန်တော့ကိုစိတ်ဆိုးမှာ”။“မဟုတ်သေးဘူးအကို၊ သူ့မှာလည်း ရောဂါပိုးကူးစက်ခံထားရနိုင်တယ်၊။သူ့ကိုသေချာနားလည်အောင်ပြောပြပြီး သွေးစစ်ခိုင်းဖို့လိုပါတယ်”။HIV ပိုးရှိမှန်း အခုမှတွေ့ရှိသွားသူနှင့်သူ၏ဆရာဝန်တို့ပြောနေကြခြင်းဖြစ်သည်။HIV ရောဂါကူးစက်ခံရခြင်း။အားလုံးသိပြီးသားအတိုင်းပင်၊ HIV ရောဂါပိုးသည်။• လိင်တူလိင်ကွဲ အကာအကွယ်မဲ့ဆက်ဆံခြင်း။• ရောဂါပိုးရှိသော သွေးကိုသွင်းမိခြင်း။• ရောဂါပိုးရှိသူသုံးပြီးသား အပ်ကိုထပ်မံသုံးစွဲမိခြင်း။• ရောဂါပိုးရှိသူမိခင်မှသားသမီးထံသို့ကူးစက်ခြင်း စသည့်နည်းလမ်းများဖြင့်အဓိက ကူးစက်ပါသည်။ရောဂါပိုးသည်သွေးနှင့်ကိုယ်ခန္ဓါမှထွက်သော အရည်များတွင်ပါဝင်တတ်သောကြောင့်တစ်ယောက်နဲ့တစ်ယောက်ထိုသို့အရည်များထိတွေ့နိုင်သော။တခြားနည်းလမ်းများဖြင့်လည်းကူးနိုင်ပါသည်။ ရောဂါပိုးသည်အနာမရှိသော အရေပြားကိုမဖောက်ဝင်နိုင်သော်လည်း ပွန်းပဲ့နေသော အရေပြားကို ဖြတ်သန်းဝင်ရောက်နိုင်ပါသည်။ ရောဂါပိုးရှိသူ၏ သွေးပေနေသော ဓါးဖြင့်နောက်တစ်ယောက်ရှမိပါက ကူးစက်နိုင်ပါသည်။ထို့ကြောင့်လည်း ဆံပင်ညှပ်ရာတွင်တစ်ခါသုံးဓါး သုံးစွဲစေရန်အရေးကြီးသလိုတစ်ယောက်နှင့်တစ်ယောက်မုတ်ဆိတ်ရိတ်ဓါး သွားတိုက်တံစသည်မျှဝေမသုံးစွဲသင့်ချေ။တစ်ခါတစ်ရံတွေ့ရှိရသည်မှာ HIV ပိုးမကူးစက်ရန်ကွန်ဒုံးကိုသုံးစွဲရမည်မှန်းသိကြသော်လည်းမသုံးစွဲဖြစ်ကြခြင်းပင်။ လူတစ်ယောက်သည်HIV ပိုးဝင်ပြီး ၁၀ နှစ်ကျော်ကြာသည်အထိ။လူကောင်းအတိုင်းနေနေနိုင်ရာ အပေါ်ယံကြည့်ရုံဖြင့်ရောဂါပိုးရှိမရှိမပြောနိုင်ချေ။ ထို့ကြောင့်လည်းစိတ်ချရသော မိမိအိမ်ထောင်နှင့်မှလွဲ၍ တခြားမည်သူနှင့်မဆိုဆက်ဆံခြင်းများရှိခဲ့လျှင် ကွန်ဒုံးကိုမဖြစ်မနေသုံးစွဲရန်အကြံပြုလိုပါသည်။ ယခုနောက်ပိုင်း ရည်းစားဘဝတွင်အတူတူနေခြင်းများ ရှိလာတတ်ရာ။မိမိရည်းစားနှင့်နေလျှင်ပင်ကွန်ဒုံးသုံးစွဲရန်အကြံပြုလိုပါသည်။ ရည်းစားဘဝသာရှိသေး၍လက်ထပ်ဖြစ်မဖြစ်မသေချာသေးရာ အခန့်အသင့်လျှင်နောက်ထပ်ရည်းစားထပ်ပြောင်းရခြင်းများရှိနိုင်သေးသဖြင့်ကလေးမရရန်ရော ရောဂါပိုးပါ ကာကွယ်နိုင်သည့်ကွန်ဒုံးနည်းကိုအကြံပြုလိုခြင်းဖြစ်ပါသည်။တစ်ခါတစ်ရံမိမိတွင်ရောဂါပိုးရှိနေမှန်းသိလျက်နှင့်မိမိ၏ အဖော်ကိုအသိမပေးဘဲ အကာအကွယ်မဲ့လိင်ဆက်ဆံကြသော ရောဂါသည်များကိုတွေ့ရပါသည်။ ရောဂါပိုးရှိသည်ကို လူသိမခံလိုကြသည်ကိုနားလည်ပေးနိုင်သော်လည်း တစ်ပါးသူကို ဒုက္ခပေးသော ထိုလုပ်ရပ်ကိုလက်မခံနိုင်ပါ။ ယခုဘဝတွင်ကံဆိုး၍။မိမိကိုယ်တိုင်ရောဂါကူးစက်ခံနေရပြီးဖြစ်ရာ နောက်ထပ်သူများကိုထပ်မံကူးစက်စေသလို ဖြစ်၍ သူ့တွင်လည်းအကုသိုလ်ထပ်ဖြစ်မည့်လုပ်ရပ်သာဖြစ်သည်။ တစ်ကြိမ်လိင်ဆက်ဆံခြင်းနှင့်ပင် ရောဂါကူးစက်ခံရနိုင်ရာတစ်ချို့မှာ မိမိအိမ်ထောင်ဘက်သို့မဟုတ်အဖော်က သူ့တွင်ရောဂါရှိမှန်းမပြောဘဲ ဆက်ဆံခြင်းကိုခံခဲ့ရ၍ကူးစက်ခံရသည်များကိုလည်းတွေ့ဖူးပါသည်။ ထို့ကြောင့်လည်း လိင်ဆက်ဆံမှုမလုပ်ဆောင်မှီအိမ်ထောင်ဘက်သို့မဟုတ်ရည်းစားနှစ်ယောက်လုံး ရောဂါပိုးရှိမရှိ ကြိုတင်စစ်ဆေးကြည့်သင့်ကြပါသည်။နောက်ကြောင်းရာဇဝင်မသိနိုင်သူတစ်ဦးဦးနှင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးအမြဲ သုံးရန်လည်း အကြံပြုပါသည်။ အရက်မူးနေခြင်းသည်လည်း ကွန်ဒုံးကိုမသုံးစွဲဖြစ်သော အကြောင်းရင်းတစ်ရပ်ဖြစ်တတ်ရာသတိပြုသင့်ပါသည်။တစ်ခါတစ်ရံတစ်ချို့ (အထူးသဖြင့်အမျိုးသမီးများ)မှာ သူတို့ကိုယ်တိုင်မရှုပ်ရပါလျက်နှင့်သူတို့၏အိမ်ထောင်ဘက် ရည်းစားများရှုပ်ပွေမှုမှ တဆင့် ရောဂါကူးစက်ခံရသည့် အဖြစ်ဆိုးများလည်းကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့်လည်း အိမ်ထောင်ရှင် သို့ ရည်းစားရှိသူများအနေဖြင့် မိမိ၏အိမ်ထောင်ဘက် သို့ ရည်းစားကို သစ္စာရှိကြရန်လိုအပ်ပြီး တခြားသူများနှင့်အပျော်အပါးလိုက်စားခြင်းများရှိပါက ကွန်ဒုံးကို မဖြစ်မနေသုံးရန် အကြံပြုလိုပါသည်။ရောဂါပိုးရှိသူမိခင်မှတဆင့် သားသမီးသို့လည်းကူးစက်နိုင်ရာ ရောဂါပိုးရှိသူအိမ်ထောင်သည်များအနေဖြင့် မိမိတို့ သဘောနှင့် မိမိတို့ ကိုယ်ဝန်မယူကြရန်လည်းအရေးကြီးပါသည်။ ထို့အပြင် နှစ်ဦးလုံးတွင်ရောဂါပိုးရှိနေလျှင်ပင် ရောဂါပိုး၏ မျိုးရိုးဗီဇသည်အမြဲ အပြောင်းအလဲရှိနေတတ်သောကြောင့်လိင်ဆက်ဆံရာတွင်ကွန်ဒုံးသုံးရန်လိုအပ်ပါသည်။ ပိုးထိန်းဆေးသေချာသောက်သုံးနေသောအိမ်ထောင်သည်များအနေဖြင့်ဆရာဝန်၏ စစ်ဆေးအကြံပေးချက်ဖြင့်ရောဂါအခြေအနေကောင်းမွန်ပြီးပိုးကောင်ရေအလွန်နည်းသွားသောအချိန်တွင်ကလေးယူရန်ဖြစ်နိုင်ပါသေးသည်။သို့သော်မိမိတို့သဘောနှင့်မိမိတို့တော့မယူသင့်ပါ။ ကလေးကိုကူးစက်နိုင်ခြေ များသောကြောင့်ဖြစ်ပါသည်။HIV ပိုး ရှိ၊ မရှိ စစ်ဆေးခြင်း။HIV ပိုး ရှိ၊ မရှိ စစ်ဆေးကြရာတွင်ဦးစွာ ကနဦး စစ်ဆေးခြင်း (Screening test) ကိုလုပ်ဆောင်လေ့ရှိသည်။ Screening Test တွင်ရောဂါပေါ်သည့်အခါ နောက်ထပ်အတည်ပြုစစ်ဆေးခြင်း(Confirmation Tests) ကိုထပ်မံလုပ်ဆောင်ကြပါသည်။ ပိုးထိန်းဆေးပေးခါနီးတွင်ထပ်မံသေချာအောင်စစ်ဆေးခြင်း (Validation Tests) ကိုထပ်မံလုပ်ဆောင်ကြသေးပါသည်။ Confirmation နှင့်Validation test နှစ်မျိုးလုံးကို စစ်ဆေးသည့်နည်းလမ်းသုံးသွယ်ဖြင့်စစ်ဆေးကြပါသည်။ တစ်ခါတစ်ရံConfirmation tests များကိုHIV ကုသသည့်အထူးကုဌာနများသို့ ပို့ပေးပြီး စစ်ဆေးသည်များလည်းရှိတတ်ပါသည်။ မည်သည့်စစ်ဆေးမှုနည်းလမ်းမဆိုအမှားပါတတ်သောကြောင့် ထပ်ခါထပ်ခါစစ်ဆေးပြီးအတည်ပြုကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တစ်ခါတစ်ရံကနဦးစစ်ဆေးခြင်းတွင်။ရောဂါပိုးရှိသည်ဟုထွက်ပြီး ထပ်မံစစ်ဆေးသည့်အခါ ရောဂါပိုးမရှိဟုပြန်ထွက်တတ်ခြင်းဖြစ်သည်။စစ်ဆေးမှုနည်းလမ်းတစ်ခု၏ စစ်ဆေးခြင်းမှန်ကန်နိုင်ခြင်းရှိမရှိကို Sensitivity နှင့်Specificityဟူ၍တိုင်းတာကြသည်။ စစ်ဆေးမှုနည်းလမ်းများတွင်၁၀၀ ရာခိုင်နှုန်းသေချာသည်ဟုသော နည်းလမ်းကရှားပါသည်။ စစ်ဆေးသည့်ဓါတ်ခွဲခန်းနှင့်မဆိုင်ဘဲ စစ်ဆေးသည့်နည်းတွင်ပင်(မည်သည့်နေရာတွင်စစ်စစ်)။အမှားပါတတ်ခြင်းဖြစ်သည်။ ထိုကြောင့်လည်း အကြိမ်ကြိမ်စစ်ဆေးကြည့်ပြီး သေချာအောင်လုပ်ဆောင်ကြခြင်းဖြစ်သည်။HIV ပိုး ရှိပြီဆိုလျှင်။HIV ပိုးသည် ယခင်ကြားဖူးနေကြသလို ကုရာနတ္တိဆေးမရှိသော ရောဂါ မဟုတ်ပါတော့ချေ။ ကုသရန်ပိုးထိန်းဆေးများပေါ်လာပြီဖြစ်သည်။ ပိုးထိန်းဆေးကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းတစ်သက်လုံးသေချာသောက်သုံးပြီး လိုအပ်သော ပုံမှန်စစ်ဆေးမှုများခံယူလျှင် သက်တမ်းကြာရှည်စွာနေရနိုင်သော ရောဂါဖြစ်သည်။ ပိုးထိန်းဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသေချာသောက်သုံးရန်တော့လိုပါသည်။ ဆေးသေချာ မသောက်လျှင်တော့ပိုးကို သေချာမထိန်းနိုင်ဘဲရောဂါပိုဆိုးတတ်ပါသည်။ ဆေးယဉ်ပိုးပါ ဖြစ်သွားတတ်ပါသည်။HIV ပိုး ဝင်လာပြီဆိုလျှင်ခန္ဓါကိုယ်၏ ခုခံအားစနစ်ကိုဖြည်းဖြည်းချင်း ဖျက်ဆီးလာရာ CD 4ဟုခေါ်သော ခုခံအားဆဲလ်များ ကျဆင်းလာသည်။ ထိုမှတဆင့်နောက်ဆက်တွဲ ရောဂါများ၊ သာမန်သူများတွင်ဖြစ်လေ့မရှိသော ရောဂါပိုးများထပ်မံဖြစ်ပွားလာတတ်ပါသည်။ ထိုရောဂါများသည်ပြင်းထန်လေ့ရှိပါသည်။ထို့ကြောင့်လည်း ဆရာဝန်နှင့်ပုံမှန်ပြသစစ်ဆေးမှုခံယူရန်လိုအပ်ပြီး နောက်ဆက်တွဲ ရောဂါပိုး တစ်ခုခုဝင်ရောက်လာပါက အမြန်ကုသရခြင်းဖြစ်သည်။HIV နှင့် Septrin (ဆက်ထရင်)။HIV ရောဂါရှိသူများတွင်နောက်ဆက်တွဲ ရောဂါများကိုကာကွယ်နိုင်ရန် Septrin ကိုကာကွယ်သည့်အနေဖြင့်ပေးလေ့ရှိပါသည်။ Septrin ဟုလူသိများသောဆေးသည် Trimethoprim နှင့်Sulphamethoxazoleဟူသော ဓါတ်နှစ်မျိုးပေါင်းထားသော ဆေးဖြစ်ပါသည်။ ယခုနောက်ပိုင်းတံဆိပ်အမျိုးမျိုးဖြင့်လာတတ်ပါသည်။Septrin သည်HIV လူနာများအတွက်အလွန်ကောင်းသောဆေးဖြစ်သည်။ HIV လူနာများတွင်အဖြစ်များသော ပြင်းထန်နမိုးနီယားရောဂါများ၊ ဝမ်းလျှောခြင်း၊ ဦးနှောက်တွင်အလုံးများဖြစ်စေတတ်သောToxoplasmosis၊ ငှက်ဖျားရောဂါနှင့်ဘက်တီးရီးယားရောဂါအမျိုးမျိုးတို့ကိုကာကွယ်နိုင်ပါသည်။ပြင်းထန်နမိုနီးယား တစ်မျိုးဖြစ်သည့်PCP ရောဂါကိုကုသရန်ပါအသုံးပြုရပါသည်။ ကံဆိုးတတ်သည်မှာ HIVလူနာများသည်သူများထက်ဆေးမတည့်မှုပိုမိုများပြားတတ်ပါသည်။ ထိုအခါ Septrin ကိုမတည့်မှုလည်းဖြစ်ပွားတတ်ပါသည်။ ထိုသူများအနေဖြင့်Septrin ကိုမသောက်ရသည့်အခါ နောက်ဆက်တွဲ။ရောဂါပိုးများကို မကာကွယ်နိုင်ဖြစ်ကြရပါသည်။ Septrin အစား ပေးစရာဆေးများရှိသော်လည်း Septrinလောက်မကောင်းခြင်း၊ အလွယ်တကူမရနိုင်ခြင်းများဖြစ်တတ်ပါသည်။တချို့မှာမူအရင်ကSeptrinမတည့်သော်လည်း ဆရာဝန်က စနစ်တကျ ဆေးပြန်စမ်းပေးသည့်အခါ ပြန်တည့်ပြီး သုံး၍ရသည်များလည်းရှိတတ်ပါသည်။ ထို့ကြောင့်လည်း ကျွမ်းကျင်သော သမားတော်ကြီးများအနေဖြင့် Septrinမတည့်သော လူနာများကို ထိုသို့ပြန်တည့်မတည့်စမ်းပေးရသည်အထိ ကောင်းသောဆေးဖြစ်ပါသည်။ထို့ကြောင့်လည်း HIV လူနာများအနေဖြင့်ပိုးထိန်ဆေးအပြင်Septrin ဆေးကိုပါဆရာဝန်ညွှန်ကြားချက်နှင့်အညီစနစ်တကျ သောက်သုံးကြစေချင်ပါသည်။အချုပ်အားဖြင့်ဆိုရလျှင်HIV ပိုးကူးစက်ခံရနိုင်သော နည်းလမ်းများကိုသိရှိနားလည်ပြီး ပိုမိုသတိထား ဆင်ခြင်နိုင်ကြစေရန် နှင့် ရောဂါပိုးကူးစက်ခံရပါကလည်း ဆရာဝန်နှင့်တိုင်ပင်ပြီးစနစ်တကျကုသမှုခံယူကြပါရန် တိုက်တွန်းရေးသားလိုက်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-and-facts-to-know/