title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ပုခုံးနာကျင်ခြင်းဟာ လည်ပင်းကနေ မြစ်ဖျားခံလာနိုင်သလား
ပုခုံးနာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခု ဖြစ်ပြီး ပုခုံးမှာ ထိခိုက်ဒါဏ်ရာ ရခြင်း၊ဒါဏ်ဖြစ်ခြင်း ဒါမှမဟုတ် အခြားသော ပြဿနာတွေကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် တခါတရံ ပုခုံးနာကျင်ခြင်းဟာ လည်ပင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာတခုခုကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။အံ့ဩသွားပါသလား စာဖတ်သူ။ ဒါဖြင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုသိရှိရလေအောင် အခုဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။လည်ပင်းမှာရှိတဲ့ အာရုံကြောအဖိခံရပြီ၊ထိခိုက်ပြီဆိုရင် နာကျင်မှုက ပုခုံးအထိ ရောက်လာနိုင်ပြီး အားနည်းပျော့ခွေခြင်း၊ထုံကျဉ်ခြင်းတွေကတော့ လက်တလျှောက်လုံးမှာ ပျံ့နှံ့သွားနိုင်ပါတယ်။ဒီလိုအခြေအနေကို ဆေးပညာဝေါဟာရနဲ့ “လည်ပင်းအာရုံကြောညပ်ခြင်း” လို့ ခေါ်ဝေါ်လေ့ရှိပြီး အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။· အနည်းငယ် နာကျင်ခြင်းမှသည် ပြင်းထန်စွာ နာကျင်ခြင်းအထိ ခံစားရနိုင်ခြင်း။· တချိန်လုံးနာကျင်နေတာမျိုးတော့ မဟုတ်ဘဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း။· ပုခုံးမှာ နာကျင်မှုကို ခံစားရပြီး လက်တချောင်းလုံးသို့ ပျံ့သွားခြင်း။· ပုခုံး၊လက်မောင်းနဲ့ လက်တချောင်းလုံး အားနည်းပျော့ခွေ၊ထုံကျဉ်ခြင်း။· လက်ချောင်းလေးများ၊ပုခုံးတနေရာ သို့မဟုတ် လက်တချောင်းလုံး ကျဉ်ခြင်း။· ပုခုံးတခုလုံးထုံပြီး ခံစားမှုမရှိခြင်း။· တခါတရံ သင့်လက်ကို ခေါင်းပေါ်တင်ထားရင် နာကျင်မှု လျော့နည်းသက်သာသွားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အာရုံကြောပေါ်ဖိထားတဲ့ ဖိအားလျော့သွားလို့ ဖြစ်ပါတယ်။အထက်ပါ ရောဂါလက္ခဏာတွေဟာ ခန္ဓါကိုယ်တခြမ်းတည်းမှာပဲ ခံစားရလေ့ရှိပါတယ်။ဘယ်လိုလည်ပင်းပြဿနာမျိုးက ပုခုံးနာကျင်ခြင်းကို ဖြစ်စေနိုင်သလဲ။“လည်ပင်းအာရုံကြောညပ်ခြင်း” ဟာ ကျောရိုးထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျောရိုးဆစ်ခွေဟာ ရေဓါတ်ဆုံးရှုံးလာရပါတယ်။ ဒါပေမယ့် ဒီလိုရေဓါတ်ဆုံးရှုံးခြင်းဟာ အလျင်အမြန်ဖြစ်ပေါ်နေရင်တော့ ဒါဟာ ပုံမှန်မဟုတ်တော့ပါဘူး၊ ရောဂါဖြစ်ပါတယ်။အဆစ်ခွေလေးတွေဟာ တဖြည်းဖြည်းနဲ့ ပါးလာပြီးတော့ ကျောရိုးဆစ်တွေအကြားမှာ အခုအခံလုပ်ပေးထားနိုင်စွမ်း နည်းပါးလာပါတော့တယ်။ နောက်ဆက်တွဲအနေနဲ့ ကျောရိုးဆစ်တွေဟာ တခုနဲ့တခု ပွတ်တိုက်ပြီး အနီးအနားက အာရုံကြောတွေကို ထိခိုက်စေပါတယ်။ထိခိုက်ယိုယွင်းနေတဲ့ ကျောရိုးဆစ်ခွေကို အစားထိုးဖို့အတွက် တခါတရံမှာ သင့်ခန္ဓါကိုယ်က အရိုးအတက်လေးတွေကို ထုတ်ပေးတဲ့အခါ အဆိုပါ အရိုးအတက်လေးတွေက အာရုံကြောတွေကို ထိခိုက်ရောင်ရမ်းစေပါတော့တယ်။ကျောရိုးဆစ်ခွေဟာ ဂျယ်လီဒိုးနပ်လိုပါပဲ၊အတွင်းက ပျော့ပြီး အပြင်က မာပါတယ်။ အပြင်လွှာမှာရှိတဲ့ ကွဲရာ၊အက်ရာတွေကတဆင့် အတွင်းဂျဲလ်သားလေး ထွက်လာတဲ့အခါ အနားတဝိုက်မှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေပြီး အဆိုပါ အာရုံကြောက အထောက်အပံ့ပေးတဲ့ နေရာတွေမှာ နာကျင်ခြင်း၊ထုံကျဉ်ခြင်း ဒါမှမဟုတ် အားနည်းပျော့ခွေခြင်းတို့ကို ခံစားရလာနိုင်ပါတယ်။ လည်ပင်း လိမ်ခြင်း၊ကွေးခြင်း အစရှိတဲ့ လှုပ်ရှားမှုတွေကြောင့် ကျောရိုးဆစ်ခွေ ကျွံနိုင်ပါတယ်။ကျောရိုးဆစ်ခွေ ဒါမှမဟုတ် လည်ပင်းရိုးတွေ ယိုယွင်းလာတဲ့အခါ၊ပျက်စီးလာတဲ့အခါ လည်ပင်းမှာ နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့အပြင် အာရုံကြောတွေကိုလည်း ဖိထားနိုင်ပါသေးတယ်။ နောက်ဆက်တွဲအဖြစ် နာကျင်ခြင်း၊အားနည်းခြင်းနဲ့ ထုံကျဉ်ခြင်းတွေဟာ အာရုံကြောတလျှောက် ပျံ့နှံ့ကာ ပုခုံးနဲ့ လက်မောင်းတွေအထိ ရောက်ရှိသွားနိုင်ပါတယ်။ရောဂါလက္ခဏာတွေ ဆိုးရွားလာတာကြောင့် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ထိခိုက်လာရင် (ဥပမာ လှုပ်ရှားရ အဆင်မပြေခြင်း) ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အမြန်ဆုံး ကုသမှုကို ခံယူသင့်ပါပြီ။ဘာလို့လဲဆိုတော့ လည်ပင်းအာရုံကြောညပ်ခြင်းဟာ မကုသဘဲထားရင် အခြေအနေပိုဆိုးလာပြီး အာရုံကြောကို လုံးဝပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ ခန္ဓါကိုယ်လုပ်ဆောင်ချက်တွေကို ပြန်လည်မရရှိနိုင်တော့ပါဘူး။အားနည်းခြင်း၊ထုံခြင်း၊ကျဉ်ခြင်း ဒါမှမဟုတ် နာကျင်မှုဝေဒနာ တနေရာမှ တနေရာသို့ ပျံ့နှံ့ခြင်း စတဲ့ လက္ခဏာတွေကို ပေါ့ပေါ့သဘောမထားဘဲ ဂရုတစိုက် ကုသရပါမယ်။ပုခုံးမှာဖြစ်တဲ့ ပြဿနာတွေကြောင့်တင်မဟုတ်ဘဲ လည်ပင်းမှာဖြစ်ပေါ်တဲ့ ပြဿနာတွေကြောင့်လည်း ပုခုံးနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။လည်ပင်းအာရုံကြောညပ်ခြင်းကြောင့် ပုခုံးနာကျင်မှုဝေဒနာကို ခံစားရရင် သင့်အနေနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး ဆေးကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။ ဒါမှသာ အလျင်အမြန် ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%95%e1%80%af%e1%80%81%e1%80%af%e1%80%b6%e1%80%b8%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9f%e1%80%ac-%e1%80%9c%e1%80%8a%e1%80%ba/
Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း)
နှလုံးသွေးဝင်ခန်းတွန်းနှင်အားက AV node and/or His bundleကို ဖြတ်ရာမှာနှောင့်နှေးနေတာမျိုး သို့မဟုတ် လုံးဝကိုမဖြတ်နိုင်တော့တဲ့အခါမှာ ဖြစ်ပါတယ်။လူနာတွေမှာ လက္ခဏာမပြတတ်တာလည်းဖြစ်နိုင်သလို ရင်တုန်ခြင်း၊ မူးမေ့ခြင်းစတဲ့လက္ခဏာအမျိုးမျိုးကိုလည်း ကြုံတွေ့ရနုငိပါတယ်။မိုဘစ်အမျိုးအစား၂မှာဆိုရင် AV blockကနေ နှလုံးတစ်ခုလုံး complete heart blockရတဲ့အထိဆိုးသွးာနိုင်ပြီး သေဆုံးနိုင်ချေများပါတယ်။အဖြစ်နည်းပြီး အမျိုးသားရောအမျိုးသမီးရောမှာ ဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။လက္ခဏာမပြခြင်း ( သေချာထရိနိးလုပ်ထားတဲ့အားကစားသမားတွေနဲ့ နှလုံးပုံမမှန်ခြင်းကြောင့်ဖြစ်တဲ့နှလုံးရောဂါမရှိတဲ့လူနာတွေလိုမျိုး အမျိုးအစား၁လူနာတွေမှာပိုအဖြစ်များပါတယ်။ )။မူးနောက်နောက်ဖြစ်ခြင်း၊ လဲကျခြင်း ( အမျိုးအစား၂မှာ ပိုအဖြစ်များပါတယ်။ )။ရင်ဘတ်အောင့်ခြင်း၊ နှလုံးဘလော့ဖြစ်ခြင်းက နှလုံးကြွက်သားရေင်ရမ်းခြင်း၊ နှလုံးကြွက်သားများပျက်စီးခြင်းနဲ့ဆက်နွှယ်နေခဲ့မယ်ဆိုရင် ဖြစ်ပါတယ်။နှလုံးခုန်သံ ပုံမမှန်ခြင်းပုံမှန်ဖြစ်နေခြင်း။နှလုံးခုန်နှေးခြင်း။လက္ခဏာပြတဲ့လူနာတွေမှာ သွေးပေါင်ချိန်ကျခြင်းအပါအဝင် အင်္ဂါအစိတ်အပိုင်းများဆီသွေးအရောက်နည်းခြင်း လက္ခဏာတွေဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Atrioventricular nodeကို အလိုအလျောက်အာရုံကြောအဖွဲ့အစည်းကနေတစ်ဆင့် ဒါမှမဟုတ် တိုက်ရိုက် သို့နှစ်နည်းလုံးနဲ့ အနှုတ်သဘောဆောင်သက်ရောက်ပါတယ်။ဒိုင်ဂေါက်ဇင်၊ ဘီတာဘလော့ကာ၊ ကယ်ဆီယမ်ချန်နယ်ဘလော့ကာနဲ့ နှလုံးခုန်နှုန်းမမှန်ခြင်းမြန်လွန်းခြင်းနှေးလွန်းခြင်းအတွက်ဆေးတွေက ဒီရောဂါမှာပါဝင်ပတ်သက်နေပါတယ်။ ဒိရောဂါကိုဖြစ်စေတဲ့ နှလုံးခုန်နှုန်းမမှန်ခြင်းမြန်လွန်းခြင်းသို့နှေးလွန်းခြင်းအတွက်ဆေးတွေဖြစ်တဲ့ ပရိုကိန်းနမိုက်လိုမျိုး ဆိုဒီယမ်ချန်နယ်ဘလော့ကာတွေက His-Purkinje systemအဖျားပိုင်း impulseတွေမဖြတ်နိုင်တော့တာမျိုး ဖြစ်စေပါတယ်။ ရောင်ရမ်းခြင်း၊ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ၊ ဟော်မုန်းဆိုင်ရာနဲ့ သွေးကြောကော်လာဂျင်ဆိုငရာပြဿနာတွေက AVN blockနဲ့ဆက်နွယ်နေပါတယ်။နှလုံးအတွင်းသားများရေင်ခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ လိုင်းမ်ရောဂါ၊ ယာယီလေးဘက်နာအဖျားစတဲ့ ရောင်ရမ်ခြင်းဆိုင်ရာရောဂါများ။အမိုင်လွိုက်ဒိုစစ်၊ ဟီမိုခရိုမက်တိုစစ်၊ ဆာကွိုက်ဒိုဆစ် (AV conductionပုံမမှန်ဖြစ်ခြင်းတွေက ဆာကွိုက်ဒိုစစ်ရဲ့ပထမဆုံးလက္ခဏာဖြစ်ပါတယ်။ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။နှလုံးအကျိတ်များ။ထိခိုက်မိခြင်း ( အထူးသဖြင့် left bundle-branch blockအတွက် နှလုံးထည့်ပိုက်ကက်သီတာထည့်ရာမှာဖြစ်ပါတယ်။ )။ကက်သိတာကနေတစ်ဆင့် နှလုံးသွေးအဝင်အထွက်အဖွင့်အပိတ်ဗဗ့် အစားထိုးခြင်း။နှလုံးကြွက်သားများ ဆက်ပေးခြင်း။နှလုံးညာဘက်ခြမ်းနဲ့ဘယ်ဘက်ခြမ်းကိုအဆက်နေရာကို အီသနောအသုံးပြုသေးငယ်စေခြင်း ( နှလုံးကြွက်သားများကြီးပြီးပိတ်ဆို့လာခြင်းကိုကုသဖို့အတွက် နှ လုံးဆီထောက်ပံ့တဲ့သွေးကြောကနေတစ်ဆင့်။နှလုံးဘက်ခြမ်းညာခြမ်းအဆက်ကို ပြုပြင်ခြင်း)။နှလုံးသွေးဝင်ခန်းနှစ်ခုအကြားအဆက်၊ နှလုံးသွေးလွှတ်ကြောနှစ်ခုအကြားအဆက်မူမမှန်ခြင်းများအတွက် ကက်သီတာမှတစ်ဆင့်ပိတ်ခြင်း။မွေးရာပါနှလုံးမူမမှန်ခြင်းအတွက် ခွဲစိတ်ပြုပြင်ခြင်း အထူးသဖြင့် နံရံအနီးဖြစ်ပါတယ်။နှလုံးအရိုးငြမ်းကြီး အကြောင်းရင်းမသိဘဲ မာပြီးထူလာခြင်း ( အသက်ကြီးလေပိုဆိုးလာလေဖြစ်ပါတယ်။ )။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ဒီရောဂါနဲ့ပတ်သက်ပြီး သံသယရှိတဲ့အခါမှာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာစစ်ဆေးမှုတွေနြ့ စမ်းသပ်မှုစစ်ဆေးမှုအနည်းငယ်ကို ပြုလိုပ်ပါလိမ့်မယ။် အီစီဂျိရိုက်ခြင်းက second-degree AV blockရှိမရှီနဲ့ အမျိုးအစားကိုခွဲခြားနိုင်ပါတယ်။electrophysiologic testingကနေ ဘလော့ခ်ဖြစ်နေတဲ့နေရာကိုသနိုင်ပြီး ပေ့စ်မိတ်ကာပေးဖို့လိုမလိုသနိုင်ပါတယ်။ ဒီနည်းလမ်းက His-Purkinje (infranodal) blockလို့ သံသယရှိပြီးအတည်မပြု၇သေးတဲ့လူနာတွေအတွက် သုံးနိုင်ပါတယ်။အခြားဓတာ်ခွဲခန်းဆိုင်ရာစစ်ဆေးမှုတွေကိုလည်း ပြုနိုင်ပါတယ်။သွေးအတွင်း အလက်ထရိုလိုက်၊ ကယ်ဆီယမ်နဲ့ မဂ`၈နီဆီယမ်ကို တိုငးတာခြင်း။ဒိုင်ဂေါက်ဆင်ပမာဏတိုင်းတာခြင်း။နှလုံးကြွက်သားပျက်စီးတယ်လို့ယူဆရတဲ့လူနာတွေမှာ Cardiac biomarker testingပြုလုပ်ပေးခြင်း။နှလုံးကြွက်သားရေင်ရမ်းခြင်းဆိုင်ရာဓါတ်ခွဲစစ်ဆေးမှုများ ( ဥပမာ- လိုင်းမ်တီတာ၊ အိတ်ခ်ျအိုင်ဗွီဆီရမ်စစ်ခြင်း၊ အန်တရိုဗိုင်းရပ်ကို ပီစီအာနည်းနဲ့စစ်ဆေးခြင်း၊ အဒီနိုင်ဗိုင်းရပ်ပီစီအာ၊ ချာဂါစ်တီတာစစ်ခြင်း)။ကူးစက်ပိုးဆိုင်ရာစစ်ဆေးမှုများ၊ အေပရာပိုးစ် နှလုံးအဖွင့်အပိတ်တံခါးပတ်ပတ်လည်ပြည်တည်နာဖြစ်နေခြင်း။သင့်တော်မယ်ဆိုရင် သိုင်းရွိုက်ဖန်ရှင်းစစ်ဆေးကြည့်ခြင်း။အရွယ်ရောက်ပြီးတဲ့လူနာတွေမှာ နှလုံးခုန်နှေးခြင်းကိုဖြစ်စေတမယ်ဆိုရင် ဆရာဝန်က ပေ့စ်မိက်ကာတပ်ဖို့ညွန်ကြားပါလိမ့်မယ်။ နှလုံးရုတ်တရက်ထဖောက်ခြင်းကြာင့် ဖြစ်၇တာဆိုရင် ယာယီပေ့စ်မိက်ကာကိုသာ လိုပါလိမ့်မယ်။ နျလုံးဖောက်ပြီးရက်သတ္တပတ်အနည်းငယ်အတွင်း ပုံမှန်နှလုံးခုန်နှုန်းကိုပြန်မရဘူးဆိုရင် ပေ့စ်မိက်ကာတစ်သက်လုံးတပ်ထားဖို့လိုပါလိမ့်မယ်။မွေးရာပါနှလု့းရောဂါနဲ့အတူ second-degree or third-degree heart blockရှိနေပြီး နှလုံးခုန်နှေးသွားတာမျိုး သို့အြားလက္ခဏာတွေမပြဘူးဆိုရင် သင်ကငယ်ရွယ်နေမယ်ဆိုရင် ပေ့စ်မိက်ကာတပ်ဖို့မလိုပါဘူး။အမှန်တကယ်မှာ လက္ခဏာမပြတဲ့လူနာတွေအတွက် ဆေးရုံမတက်ခင်မည်သည့်ကုသမှုမှ မလိုအပ်ပါဘူး။ လက္ခဏာပြတဲ့အခါမှာသာ အေထရိုပင်းအသုံးပြုခြင်း၊ အရေပြားကိုဖောက်ပြီးပေ့ဆင်းပြုလုပ်ခြင်းစတဲ့ နှလုံးခုန်နှေးခြင်းအတွက် standard advanced cardiac life support (ACLS)ကိုညွှန်းပတယ်။second-degree AV blockအမျိုးအစား၁ Mobitz I (Wenckebach)အတွက် အရေးပေါ်ကုသဆောင်မှာ လူနာကလက္ခဏာမပြသေးဘူဆးုရင် ကုသမှုပေးဖို့မလိုပါဘူး။ နှလုံးကြွက်သာပျက်စိးနေပြီလို့ယူဆရတဲ့လူနာတွေမှာ သင့်တော်တဲ့ဆေးပေးမှုတွေနဲ့လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။second-degree AV blockဖြစ်ရခြင်းက ဒိုင်ဂေါက်ဆင်၊ ဘီတာဘလော့ကာ၊ ကယ်ဆီယမ်ချန်နယ်ဘလော့ကာဆေးတွေကြောင့် ဖြစ်ပေါတယ်။ ဆေးပမာကိုလျှော့လိုက်ခြင်းဒါမှမဟတ်ု ဆေးတွေကိုဖြတ်လိုက်ခြင်းက ပုံမှန် AV conductionကိုပြန်ရစေပါတယ်။Mobitz II blockအမျိုးအစား၂မှာဆိုရင် complete heart blockထိဖြစ်နိုင်ချေများတာကြောင့် ကုသမှုကလည်းကွဲပြားပါတယ်။ အမျိုးအစား၁နဲ့ပါတွဲနေမယ်ဆိုရင် အေဗီနုတ်ဆိုင်ရာဆေးတွေကိုရျေင့်သင်ပြီး နှလုံးကြွက်သားပက်ျစီးနေပြီလို့ယူဆတဲ့အခါမျိုးမှာ သင့်တော်တဲ့ဆေးတေါကိုထည့်ပေးသင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အမျိုအစား၂လူနာတွေမှာ အရေးပေါ်ကုသေဆောင်ကနေဆင်းလာတာနဲ့ နှလု့းအထူးကုဆရာဝန်နဲ့ချက်ချင်း နောက်ဆက်တွဲဖြစ်နိုင်ချေတွေအတွက်စီမံထးသင့်ပါတယ်။high-grade AV blockဖြစ်နေပြီး လက္ခဏာတွေပြနေမယ်ဆိုရင် လူနာကိုမောနီတာကနေစောင့်ကြည့်ဖို့လိုပြီး နောက်မှာ ဟော်တာနည်းသို့ သရက်မေးနည်းလမ်းတွေလုပ်ပေးပါလိမ့်မယ်။ ညဘက်မှဖြစ်မယ်ဆိုရင် ညဘက်အိပ်မရခြင်းအသက်ရှူမဝခြင်းက အကြောင်းရင်းဖြစ်နိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/second-degree-heart-block-%e1%80%92%e1%80%af%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%86%e1%80%84%e1%80%b7%e1%80%ba-%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%ad%e1%80%90/
ဆီးချိုနဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှု
ဆီးချိုက ခုနောက်ပိုင်းမှာ လူတော်တော်များများမှာ ခံစားရတဲ့ရောဂါတစ်ခုလိုတောင်ဖြစ်နေပါပြီ။ပြောင်းလဲလာတဲ့ စားသောက်မှုပုံစံ လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံတွေကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါခံစားရသူအရေအတွက်ကတော်ေ်တာ်လေးများလာပါတယ်။အမျိုးအစား (၂) ဆီးချိုရောဂါက တစ်ကိုယ်တည်းနေတတ်တဲ့ရောဂါမဟုတ်တာတော့အသေအချာပါ။ ဒီတော့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေက လုပ်ဖို့လိုအပ်လာမှာ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက်အရေပြားထိန်းသိမ်နည်းလေးပြောပြပေးပါရစေ။ဆီးချိုသမားတွေက ကိုယ်ခံအားနည်းနေတတ်ကြပါတယ်။ ဒါကဆီးချိုသမားတွေမှာမှ မဟုတ်ပါဘူး။ရောဂါအခံတစ်ခုခုခံစားနေရသူတိုင်းကကိုယ်ခံအားနည်းတတ်ကြတာပါ။ ဆီးချိုရှိသူတွေက အရေပြားမှာရောဂါကူးစက်ခံရနိုင်ခြေ၊ အရေပြားထိခိုက်နိုင်ခြေက ပုံမှန်ထက် ပိုများနေတာတော့ အမှန်ပါ။ ဆီးချိုရောဂါရှိသူတွေမှာခြေထောက်နဲ့နားအရေပြားတွေက ထိခိုက်မိနိုင်ခြေများသလို ပိုးဝင်ကူးစက်နိုင်ခြေလည်းများပါတယ်။ဆီးချိုရောဂါခံစားနေရသူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကအရေပြားပြဿနာကို ခံစားနေရကြရတာပါ။အမျိုးအစား (၁) ဆီးချိုရောဂါခံစားနေရသူ ၅၀ ရာခိုင်နှုန်းလောက်ကလည်း အရေပြားခြောက်သွေ့မှုကို ခံစားနေကြရပါတယ်။ အရေပြားယားယံမှုကြောင့် ကုတ်ရာကနေ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေက အပေါ်ယံအရေပြားလွှာကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ်ကြုံရနိုင်တဲ့ပြဿနာက ဖနောင့်တွေကွဲတာပါ။ နာကျင်မှုမရှိပေမယ့် ပိုးဝင်ကူးစက်နိုင်ခြေကတော်တော်လေးများနေတာပါ။ အပေါ်ယံအရေပြားလွှာပျက်စီးမှုက ခံတပ်ပျက်သွားတာပါပဲ။ ဒီလိုအခြအနေက ကိုယ်ထဲကိုရောဂါပိုးတွေ တံခါးမရှိ ဓါးမရှိဝင်ထွက်စေဖို့ ခွင့်ပြုလိုက်တာပါပဲ။ဖြစ်နိုင်သေးတဲ့နောက်တစ်ချက်က ဆီးချိုရှိသူတွေဟာ ရောဂါခံစားရတာ အချိန်ကြာလာတာနဲ့အမျှအာရုံကြောတွေကထိခိုက်လာပြီး ထုံကျဉ်မှုတွေဖြစ်လာတာကြောင့် အာရုံခံစားမှုမရှိတော့ဘဲ ထိခိုက်တာတွေကို မသိတာကြောင့် အရေပြားနဲ့ ခြေဖျားလေးတွေမှာထိခိုက်နိုင်ခြေအရမ်းများနေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ အရေပြားကိုသေသေချာချာလေး ဂရုစိုက်ဖို့လည်း လိုပါမယ်။ ဒီတော့ ဘယ်လိုဂရုစိုက်ရမလဲသိချင်ရင် ဆက်ကြည့်လိုက်ပါ။အရေပြားထိခိုက်မှုကြောင့် ကျန်းမာရေးပြဿနာကြီးကြီးမားမာမကြုံရခင်မှာ အခုလိုမျိုးလေး အရေပြားကို ထိန်းသိမ်းပေးပါ။နေ့စဉ်အရေပြားကို စစ်ဆေးပါ –ညအိပ်မဝင်ခင်မှာခြေထောက်တွေကနေစလို့ ခန္ဓါကိုယ်ပေါ်မှာ ထိခိုက်မိထားတာရှိလားဆိုတာကို စစ်ဆေးပါ။ ထိခိုက်မိထားတယ်ဆိုရင် လိုအပ်တဲ့ ကုသမှုကိုခံယူရပါမယ်။ အနာအသေးစားလေးတွေအတွက်ကတော့နေအိမ်မှာပဲစောင့်ရှောက်မှုလုပ်လို့ရပါတယ်။သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းပါ-သွေးတွင်းသကြားဓါတ်မြင့်တက်မှုက အရေပြားခြောက်တာ၊ အသားတွေယားပြီး ကုတ်တာကြောင့် ထိခိုက်မိတာတွေအပြင် အနာတွေပါဖြစ်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းမှုတွေလုပ်သင့်ပါတယ်။သွေးပေါင်ချိန်ထိန်းညှိပေးပါ– ဆီးချိုရှိလာပြီဆိုရင်နောက်ဆက်တွဲပါလာမှာကသွေးတိုးပါ။သွေးတိုးဝင်လာပြီဆိုရင် အရေပြားအပါအဝင် ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်တယ်။ ဒါကြောင့်သွေးပေါင်ကျဆေးသောက်တာ၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေလုပ်ပေးပြီး အရေပြားဆီသွေးစီးဆင်းရောက်ရှိမှုကောင်းအောင်လုပ်ဆောင်လို့ အရေပြားကျန်းမာရေးကိုထိန်းသိမ်းပါ။ရေပူနဲ့ရေမချိုးပါနဲ့-ရေပူနဲ့ရေချိုးတာက လန်းဆန်းစေနိုင်တာအမှန်ဆိုပေမယ့် အရေပြားကိုခြောက်သွေ့စေနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။ ဒါကြောင့် အရေပြားခြောက်သွေ့လွယ်တဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ရေပူနဲ့ရေမချိုးပါနဲ့။အစိုဓါတ်ထိန်းပါ– ရေချိုးသန့်စင်ပြီးတဲ့အခါတိုင်း ၃ မိနစ်လောက်အတွင်းမှာ အရေပြားကို အမွှေးနံ့မပြင်းတဲ့အစိုဓါတ်ထိန်းခရင်မ်ကို လူးပေးပါ။ အရေပြားခြောက်တယ်လို့ ခံစားရတိုင်းမှာလည်း လူးပေးပါ။ခြေချောင်းကြားလေးတွေကိုတော့ ခပ်ပါးပါးလေးပဲလူးပေးပါ။ ဒီလိုလုပ်ပေးတာက အသားအရေခြောက်သွေ့မှုကို ကင်းစေနိုင်ပြီးခြောက်သွေ့မှုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပါ ကင်းစေမှာပါ။ခြောက်သွေ့အောင်သုတ်ပါ-ရေချိုးပြီးတိုင်းဖြစ်ဖြစ်၊ခြေလက်တွေဆေးပြီးတိုင်းဖြစ်ဖြစ်ရေခြောက်အောင်သုတ်ပေးပါ။ရေခြောက်အောင်မသုတ်တာကလည်း အရေပြားကို ထိခိုက်မိစေနိုင်ပါတယ်။ရေခြောက်အောင် မသုတ်တာက အရေပြားမှာ မှိုပိုးကူးစက်တာတွေပါဖြစ်စေနိုင်ပါတယ်။ခြေသည်းလက်သည်းညှပ်တဲ့အခါ အသားနှိုက်ပြီးမညှပ်ပါနဲ့-ခြေသည်းလက်သည်းတွေကို အရမ်းကပ်ပြီးမညှပ်ပါနဲ့။ အခန့်မသင့်ထိခိုက်မှုကနေတဆင့်ရောဂါပိုးတွေ ဝင်ရောက်ကူးစက်နိုင်တာကြောင့်ပါ။နေလောင်ကာခရင်မ်လူးပေးပါ-နေရောင်ခြည်ကြောင့်အရေပြားထိခိုက်တာမျိုးမဖြစ်စေဖို့ အပြင်ထွက်ခါနီးတိုင်းနေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ရေဓါတ်ပြည့်ဝအောင်နေပါ– အသားအရေခြောက်သွေ့မှုကင်းအောင်လုပ်ရမယ့်နောက်အချက်တစ်ခုကရေသောက်ဖို့ပါ။ကော်ဖီ၊ လက်ဖက်ရည် နဲ့ ခန္ဓါကိုယ်ကိုရေဓါတ်ဆုံးရှုံးစေနိုင်တဲ့ စားစရာသောက်စရာတွေကို တတ်နိုင်သမျှရှောင်ပါ။ဒီအချက်လေးတွေကို ဂရုစိုက်လို့ ဆီးချိုရှိနေတဲ့မေမေ၊ဖေဖေတို့ရဲ့ အရေပြားကျန်းမာရေးလေးကို ထိန်းသိမ်းလိုက်ရအောင်လား………။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetes-skin-care-tips/
မွေးရာပါ ကျောရိုးစောင်းခြင်းကို ဖြစ်စေသော အကြောင်းများနှင့် လက္ခဏာများ
မွေးရာပါ ကျောရိုးစောင်းခြင်းဆိုသည်မှာ ခါးသည် ဘေးဘက်သို့စောင်းသွားခြင်းဖြစ်ပြီး ယင်းအနေအထားသည် သင့်ပုံစံနှင့် လမ်းလျှောက်ပုံများကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင်းထိုသို့ဖြစ်စေနိုင်သော အကြောင်းများနှင့် လက္ခဏာများကို သိထားခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။အမြင်အားရုံနှင့်ဆိုင်သော လက္ခဏာများ။ရုပ်ပိုင်းဆိုင်ရာ ပြသနာကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။ ခါးစောင်းနေသူကို အနောက်တည့်တည့်မှ ကြည့်လျှင် အဖြောင့်အတိုင်းတွေ့မြင်ရမည်ဖြစ်ပြီး ဘေးမှကြည့်လျှင်သာ ခါးစောင်းနေခြင်း သိသာမည်ဖြစ်ပေသည်။ခါးစောင်းနေသူများတွင် အင်္ဂလိပ်အက္ခရာ C ပုံစံစောင်းခြင်း နှင့် S ပုံစံစောင်းခြင်းဟူ၍ ၂ မျိုးရှိပါသည်။ရောဂါလက္ခဏာများကို သိရှိရန် ဓါတ်မှန်ရိုက်ခြင်းက ပိုထိရောက်မှုရှိပါသည်။မတ်တပ်ရပ်ပြီး သင့်လက်ချောင်းများနှင့် ခြေချောင်းများထိသည်အထိ ခါးကိုကုန်းလိုက်လျှင် ခါးစောင်းနေခြင်းကို ပေါ်လွင်စေပါသည်။ ယင်းတို့မှာ-။· ပခုံးနှစ်ဖက်သည် တပြေးညီဖြစ်ရမည့်အစား တဖက်မြင့်တဖက်နိမ့်ဖြစ်နေခြင်း။· တင်ပါးနှစ်ဖက်သည်လည်း အနိမ့်အမြင့် မတူညီခြင်း။· လက်ပြင်တစ်ဖက်က အခြားတစ်ဖက်ထက် ပိုပြီးသိသာနေခြင်း။· ခါးနှစ်ဖက် မညီခြင်း။· ကိုယ်ခန္ဓါ၏ အလယ်ဗဟိုချက်သည် တဖက်သို့စောင်းနေခြင်း။· ခြေထောက်တဖက် တိုနေသည်ဟု ထင်ရခြင်းတို့ဖြစ်ပါသည်။အာရုံကြောဆိုင်ရာ ပြသနာများကြောင့် နာကျင်ခြင်း၊ ထုံကျင်ခြင်းများ ခံစားရခြင်း။ကျောရိုးစောင်းခြင်းကြောင့် နာကျင်မှုကို ခံစားရလေ့မရှိသော်လည်း အာရုံကြောဆိုင်ရာ ပြသနာများရှိနေနိုင်ပါသည်။ထိုလက္ခဏာများသည် ရှားပါးသော်လည်း သတိပြုသင့်ပါသည်။· သင်သည် အသက် ၈နှစ်နှင့် ၁၁နှစ်ကြားဖြစ်လျှင်။· အာရုံကြောဆိုင်ရာ ပြသနာများကြောင့် နာကျင်ခြင်း၊ ထုံကျင်ခြင်းများ ခံစားရလျှင်။မွေးရာပါ ကျောရိုးစောင်းခြင်းကို အများဆုံးဖြစ်စေသော အကြောင်းများကို သိသော်လည်း အဖြစ်နည်းသော အကြောင်းများကို မသိကြသောကြောင့် ဖော်ပြလိုက်ရပါသည်။· မွေးရာပါချို့ယွင်းချက် အချို့ကြောင့် ကျောရိုးသည် မွေးရာပါကြီးထွားမှုမူမမှန်ခြင်းဖြစ်ကာ စောင်းသွားရခြင်းဖြစ်ပါသည်။· ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေသော ရောဂါများဖြစ်သည့် ဦးနှောက်မဖွံ့ဖြိုးခြင်း၊ ကြွက်သားများသိမ်ခြင်း စသည့်ရောဂါများ။· ကျောရိုးကို ထိခိုက်စေသော ထိခိုက်နာကျင်မှုများ၊ ဖျားနာခြင်းများ၊ ခွဲစိတ်မှုများ။အောက်ပါအချက်များသည် မွေးရာပါ ကျောရိုးစောင်းခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများဖြစ်ပါသည်။ ထိုအချက်များနှင့် ကိုက်ညီလျှင် ကျောရိုးစောင်းခြင်းဖြစ်မည်ဟု မုချပြောခြင်းမဟုတ်ပါ။ ကျောရိုးစောင်းခြင်းဖြစ်နိုင်ချေမြင့်မားကြောင်း ဆိုလိုခြင်းသာ ဖြစ်ပါသည်။· အသက်။မွေးရာပါ ကျောရိုးစောင်းခြင်းသည် ကျောရိုးဖွံ့ဖြိုးကြီးထွားနေသည့် ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်လေ့ရှိပါသည်။· လိင်။ယောကျာ်းလေးများနှင့် စာလျှင် မိန်းကလေးများသည် မွေးရာပါ ကျောရိုးစောင်းခြင်းပိုဖြစ်တတ်ကြောင်း တွေ့ရသည်။ ထို့ပြင် မိန်းကလေးများသည် တိကျသော ကုသမှုများခံယူမှသာ ဆိုးရွားလာမည့် အခြေအနေများမဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ပါသည်။· မိသားစု ရာဇဝင်။သင့်မိသားစုဝင်များထဲတွင် ဥပမာအားဖြင့် မိဘ၊ ညီကိုမောင်နှမများထဲတွင် ခါးစောင်းခြင်းဖြစ်နေပါက သင့်တွင်လည်း ဖြစ်နိုင်ချေများပါသည်။အချုပ်ဆိုရသော် ကျောရိုးစောင်းခြင်းသည် သင့်ကိုလမ်းလျှောက်နေစဉ်ကြည့်ရဆိုးစေခြင်းမှတပါးအခြားသော အန္တရာယ်မဖြစ်စေနိုင်ပါ။ ယင်းကိုဖြစ်စေသောအကြောင်းများကို တိကျစွာမသိသေးပါ။ ထို့ပြင်ဖြစ်နိုင်ချေကိုများစေသော ဖော်ပြပါ အချက်များကိုလည်း မကာကွယ်နိုင်ပါ။သို့သော် ထိုလက္ခဏာများကို ဆရာဝန်ကစမ်းသပ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းဖြင့် စောစီးစွာသိရှိလျှင် လိုအပ်သော ကုသမှုများကို စောစီးစွာဆောင်ရွက်နိုင်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
ကိုယ်ဝန်ဆိပ်တက်ခြင်း အကြောင်း မသိမဖြစ် အချက် ၅ ချက်
အမျိုးသမီးတဦးရဲ့ ဘဝမှာ ကိုယ်ဝန်ဆောင်ခြင်းဟာ သွေးထွက်သံယိုဖြစ်ခြင်းနဲ့ ကလေးမွေးရတဲ့ ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ သွေးကြောများထဲ သွေးခဲခြင်းပြသနာဖြစ်နိုင်ခြေ ရှိပါတယ်။ သွေးတိုးလူနာတွေမှာ ဖြစ်တတ်ပါတယ်။ ဒီပြသနာအကြောင်းကို လေ့လာကြည့်ကြပါစို့။ကိုယ်ဝန်ဆိပ် တက်ခြင်းဆိုတာ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးသူတွေမှာ တက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတက်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလ တဝက်လောက်ကနေ မွေးဖွားချိန်အထိ ဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်၊ ကျောက်ကပ်၊ အသည်း စတာတွေကို ထိခိုက်တတ်ပြီး တခါတရံမှာ သန္ဓေသားဖွံ့ဖြိုးမှုကိုပါ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါရဲ့ အခြေအနေပေါ်မူတည်ပြီး အမျိုးသမီးတချို့ဟာ ဆေးရုံကို ရက်ချိန်းပြန်လည် ပြသရပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတိုင်း ဒီပြသနာတွေ မကြုံရပါဘူး။ကိုယ်ဝန်ဆိပ် တက်ခြင်းဟာ ပထမဆုံး ကိုယ်ဝန်တွေနဲ့အသက်ငယ်သေးတဲ့ မိခင်တွေမှာ တွေ့ရတာ များပါတယ်။ ဖခင်ဘက်က antigen ပါဝင်ခြင်းကြောင့်လို့ ယူဆရပါတယ်။ လက်ရှိကာလအထိ ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းကိုတော့ အခြေခံပြီး ဖြစ်တတ်ပါတယ်။ အောက်ပါအချက်များ ပါဝင်ပါတယ်။– သွေးကြောများ။– ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ။– စားသောက်မှုပုံစံ။– AND။ကိုယ်ဝန်ဆိပ် တက်ခြင်းရဲ့ လက္ခဏာအားလုံးလိုလိုဟာတက်ခြင်း၊ စိတ်လှုပ်ရှားတုန်လှုပ်ခြင်း၊ သတိလစ်ခြင်း စတာတွေ ပါဝင်တတ်ပါတယ်။ ဒါပေမယ့် ဦးနှောက်ပိုင်းနဲ့ဆိုင်တဲ့ အောက်ပါလက္ခဏာတွေဟာ အတက်ရောဂါမစခင် ဖြစ်လာတတ်ပါတယ်။–ခေါင်းကိုက်ခြင်း။–အန်ခြင်း။–အစာအိမ်အောင့်ခြင်း။– မျက်နှာနှင့် လက်များရောင်ခြင်း။– သားအိမ်အောင့်ခြင်း။ဒီလက္ခဏာတွေကြုံရရင် ထပ်မံစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ဟာ တက်ခြင်းရဲ့ အကြောင်းအရင်းကိုသိဖို့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ပုံမှန်စစ်ဆေးခြင်းတွေကတော့ သွေးပေါင်ချိန်တိုင်းခြင်း၊ အသက်ရှူနှုန်းတိုင်းတာခြင်း စတာတွေ ဖြစ်ပါတယ်။ မိခင်ရဲ့ အတက်ရောဂါ၊ နှလုံးခုန်နှေးခြင်း၊ သန္ဓေသားနာကျင်ခြင်း စတာတွေကြောင့် သန္ဓေသားဟာ ပုံစံမမှန်ပဲ ကြီးထွားလာတတ်ပါတယ်။ အချင်းသွေးထွက်ခြင်း၊ အချင်းကွာခြင်းတွေ ဖြစ်တတ်ပါတယ်။အကောင်းဆုံးကုသမှုကတော့ နောက်ထပ် မတက်အောင် ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ အတက်ရောဂါကုဆေးများ သုံးနိုင်ပါတယ်။ သွေးတိုးကျဆေးတွေလည်း သုံးရပါမယ်။ ဒါ့အပြင် အောက်ပါအခြေအနေတွေမှာ သွေးပေါင်ချိန်လည်း တက်နေရင် ကလေးကို မြန်နိုင်သမျှမြန်အောင် မွေးရပါလိမ့်မယ်။– မိန်းမကိုယ်သွေးဆင်းခြင်း။– ကလေးမလှုပ်ခြင်း။– ချက်နားတွင် ပြင်းထန်စွာ ကိုက်ခဲခြင်း။– ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း ပြင်းထန်စွာ ကိုက်ခဲခြင်း။– မျက်စိကွယ်ခြင်း။– ပျို့အန်ခြင်း။ကိုယ်ဝန်ဆိပ် တက်ခြင်းရဲ့ အန္တရာယ်ကို လျှောပချနိုင်ဖို့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကို သိရတာနဲ့ တပြိုင်နက် စစ်ဆေးသင့်ပါတယ်။ စောစီးစွာ သိရရင် ကိုယ်ဝန်ဆိပ် တက်တဲ့ အခြေမနေမဖြစ်ခင် ကုသရင် စိတ်ပူစရာ မလိုပါဘူး။ တက်ခြင်းနဲ့ နောက်ဆက်တွဲ ပြသနာတွေကို ကာကွယ်နိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး ဆေးဝါးကုသဖို့ လိုအပ်ပါတယ်။ နည်းလမ်းမှန်ကန်စွာ ကာကွယ်ကုသရင် သိပ်ပြိးစိုးရိမ်စရာ မရှိပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်ချိန်မှာ သွေးတိုးမရှိအောင် ကာကွယ်ရပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-2/
ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ
ဆောင်းရာသီလူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့်နွေခေါင်ခေါင်လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ကျန်းမာရေး ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ……။တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာဒီအချက်တွေကြောင့်ပါ။ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို သွေးအားနည်းတယ်လို့ ခေါ်တာပါ။သွေးအားနည်းတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရတာ၊ ခေါင်းထဲမှာ မိုက်ခနဲ မူးတာ၊ အားမရှိသလို ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အမျိုးသမီးတွေမှာ သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းရောဂါကို ခံစားရတာပါ။ ရာသီသွေးဆင်း များသူတွေမှာ ပိုပြီး ခံစားရနိုင်ပါတယ်။ သွေးအားနည်းနေတာကလည်း တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားရစေနိုင်တဲ့ အချက် တစ်ချက်ပါ။လည်ပင်း အရှေ့ဘက်ခြမ်း အောက်ခြေနားမှာရှိတဲ့ သေးငယ်တဲ့ ဂလင်းလေးကို သိုင်းရွိုက်ဂလင်းလို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်းက ဟော်မုန်းတွေကို ထုတ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။သိုင်းရွိုက်ဟော်မုန်း အရမ်းနည်းလွန်းတဲ့အခါဇီဝကမ္မဖြစ်စဉ်နှေးသွားပြီး ချမ်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒီလို ဟော်မုန်း နည်းတဲ့အခါ ချမ်းတာ အပြင်၊ အသားအရေ ခြောက်တာ၊ ဆံပင်ပါးတာ၊ ဝမ်းချုပ်တာ၊ ရာသီသွေးဆင်းချိန် ကြာတာ၊ သွေးဆင်းများတာ၊ အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန်တက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။သွေးလွှတ်ကြောနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ (Peripheral artery disease (PAD)) လို့ခေါ်တဲ့ ရောဂါကို အသက် ၅၀ နဲ့ ၅၀ အထက် လူတွေမှာ ပိုခံစားရနိုင်ပါတယ်။ဒီဝေဒနာ ခံစားရသူတွေမှာလည်း ခြေလက်တွေ အေးတာ၊ ထုံကျဉ်တာ၊ ခြေထောက်အမွေးတွေကျွတ်တာ၊ ခြေထောက်တွေ အာရုံခံစားမှု နည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ နှလုံးရောဂါကို အချိန်ကြာမြင့်စွာ ခံစားရတာ၊ ဆေးလိပ်သောက်တာ၊ သွေးတွင်းကိုလက်စထရော များတာ၊ သွေးတိုးတာတွေကြောင့် PAD ခံစားရနိုင်ခြေ များပါတယ်။နောက်ထပ် သွေးလည်ပတ်မှုပြဿနာ တစ်မျိုးဖြစ်တဲ့ ခြေချောင်းလက်ချောင်းတွေဆီ သွေးရောက်ရှိမှု နည်းတဲ့ရောဂါ (Raynaud’s Syndrome) ခံစားရမယ်ဆိုရင်လည်း ကိုယ်ထဲမှာ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတာကြောင့် တစ်ချိန်လုံး ချမ်းနေတာမျိုးကို ခံစားရနိုင်ပါတယ်။ မြင်သာတဲ့ လက္ခဏာအနေနဲ့ အေးတဲ့အခါ ခြေချောင်းလက်ချောင်းလေးတွေ ဖြူနေတာ ပြာနေတာမျိုး ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာ၊ စိုရိမ်မှု များတာတွေကြောင့်လည်း ဒီကျန်းမာရေးပြဿနာကို ခံစားရနိုင်ပါတယ်။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာက ခန္ဓာကိုယ်မှာ အေးတယ်လို့ ခံစားရစေနိုင်တဲ့ အချက်တစ်ခုပါ။လုံလောက်တဲ့ အာဟာရကို မရရှိတာက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး ပင်ပန်းလွယ်တာ၊ မူးဝေတာ၊ ရာသီသွေး မမှန်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ဒါကြောင့် အာဟာရပြည့်ဝအောင် စားပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန် ရရှိစေဖို့အတွက် ထိန်းသိမ်းဖို့ လိုပါမယ်။အချို့သော ဆေးဝါးတွေကြောင့်လည်း တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာပါ။ သွေးတိုးတာ၊ နှလုံးခုန် မမှန်တာတွေအတွက် သောက်ရတဲ့ ဆေးဝါးတွေက ခြေဖျားလက်ဖျားတွေကို အေးစက်စေပြီး တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ကိုယ်တွင်းမှာ ရေဓာတ်လုံလောက်စွာ မရှိတာကြောင့်လည်း ချမ်းတယ်လို့ ခံစားရနိုင်ပါတယ်။ ကိုယ်ထဲမှာ လုံလောက်တဲ့ ရေဓာတ် ရှိမှလည်း နွေးထွေးတယ်လို့ ခံစားရတာပါ။ရေဓာတ် ခမ်းခြောက်တဲ့အခါ ချမ်းတာအပြင် ခံတွင်းခြောက်တာ၊ ဝမ်းသွားရခက်တာ၊ ဆီးအရောင်ရင့်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ အေးတဲ့ရာသီမှာ သတိထားပြီး ရေကို လုံလောက်အောင် သောက်ပေးဖို့ လိုပါမယ်။လုံလောက်တဲ့ အိပ်စက်ချိန် မရှိတာ၊ အိပ်ရေးပျက်တဲ့ရက်တွေ များလာတာကလည်း တစ်ချိန်လုံး အေးတယ်လို့ ခံစားရစေနိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် နဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ ဟော်မုန်းတွေရဲ့ လုပ်ဆောင်မှုကို ပျက်ပြားစေပါတယ်။ ဒီလို ပျက်ပြားမှုက တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားရစေနိုင်ပါတယ်။အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်ညတာကို အိပ်ချိန် ၇ နာရီကနေ ၉ နာရီ ရှိဖို့ လိုပါမယ်။ဒါက အမြဲ ဖြစ်တာတော့ မဟုတ်ပါဘူး။ တစ်ခုခုကို ကြောက်တာ၊ ထိတ်လန့်စရာ အနေအထားတွေကြောင့် စိုးရိမ်စိတ် များလာတဲ့အခါ ခန္ဓာကိုယ်တွေ အေးစက်လာပြီး ချမ်းတယ်လို့ ခံစားရစေနိုင်ပါတယ်။ချမ်းတယ်လို့ ခံစားရတာနဲ့အတူ နှလုံးခုန် မြန်လာတာ၊ ချွေးပြန်တာ၊ မအီမသာဖြစ်တာ၊ ချမ်းတုန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ကဲ …သင်ရော ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ……. အဖြေရှာတွေ့ပြီလား။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/why-am-i-always-cold/
ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ
ကမ္ဘာတလွှားမှာဆီးချိုရောဂါခံစားနေရသူတွေက တစ်နေ့တခြားပိုပိုတိုးလို့လာနေပါတယ်။ တိုးတက်လာတဲ့လူမှုနေထိုင်မှုပုံစံ၊အစားအသောက်နဲ့ပတ်ဝန်းကျင်က အကြောင်းအရင်းအမျိုးမျိုးကြောင့်ရောမျိုးရိုးရှိတာကြောင့်ပါ ဆီးချိုရောဂါ ခံစားရတဲ့ အရေအတွက်ဟာ တိုးပွားလို့နေပါတယ်။ ဆီးချိုရောဂါ ဖြစ်တဲ့အခါ စားချင်တိုင်း စားမရတာကြောင့် လူဖြစ်ရှုံးတယ်လို့ အများကထင်တတ်ကြပါတယ်။ နောက်တစ်ခုက ဆီးချိုဖြစ်ပြီဆိုရင် သက်တမ်းစေ့နေနိုင်ဖို့ မဖြစ်နိုင်ဘူး လို့ယူဆကြတာပါ။ တကယ်တော့ဆီးချိုရောဂါရှိသူတွေအနေနဲ့ အနေအထိုင်အစားအသောက်ကို သေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်နီးပါး ကျန်းကျန်းမာမာနေထိုင်နိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ ကို သိထားဖို့တော့ လိုတာပေါ့။ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်းမထုတ်လုပ်နိုင်တာ၊ ကောင်းကောင်းမတုံ့ပြန်နိုင်တာကြောင့်ဖြစ်တဲ့ ပုံမှန်ထက်သွေးတွင်းသကြားမြင့်တက်နေတဲ့ ရောဂါတစ်ခုပေါ့။ ပုံမှန်အားဖြင့်တော့ ပန်ကရိယက စားသုံးလိုက်တဲ့အစားအစာထဲကအချိုဓာတ်နဲ့အဆီဓာတ်တွေကိုချေဖျက်ပေးဖို့ အင်ဆူလင်ကိုထုတ်ပေးပါတယ်။ဆီးချိုဖြစ်တဲ့အခါပန်ကရိယကအင်ဆူလင်ကို နည်းနည်းပဲထုတ်ပေးတာ ဒါမှမဟုတ် အင်ဆူလင်ကို လုံးဝမထုတ်ပေးတော့တာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ဖြစ်နိုင်တဲ့ အချက်တစ်ချက်က ခန္ဓာကိုယ်က အင်ဆူလင်ကို မတုံ့ပြန်တော့တာမျိုးဖြစ်နိုင်ပါတယ်။ အခုချိန်ထိတော့ ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသလို့မရသေးပါဘူး။ ဆီးချိုရှိသူဝေဒနာသည်တွေအတွက် ကျန်းကျန်းမာမာနေဖို့ဆိုရင် အနေအထိုင်အစားအသောက်တွေကို သေချာဂရုစိုက်ဖို့လိုပါမယ်။ဆီးချိုရောဂါ အမျိုးအစား (၂) နဲ့ ဆီးချိုအကြိုလက္ခဏာတွေကို ကြိုတင်ကာကွယ်လို့ရပါတယ်။ အမျိုးအစား (၂) ဆီးချိုနဲ့ ဆီးချိုရောဂါအကြိုလက္ခဏာတွေခံစားရတဲ့အခါ သွေးတွင်းသကြားဓာတ်ကို သေသေချာချာထိန်းညှိနိုင်ဖို့က တော်တော်လေးအရေးပါပါတယ်။အရသာရှိတဲ့အစားအသောက်တွေကို လုံးဝမစားရတာမျိုးမဟုတ်ဘဲ အတိုင်းအတာတစ်ခုနဲ့တော့ စားသုံးလို့ရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာဖို့ဆိုတဲ့နေရာမှာလည်းခွန်အားဖြစ်စေဖို့အတွက်ကာဗိုဟိုက်ဒရိတ်၊ပရိုတင်းနဲ့ အခြားလိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝဖို့လိုအပ်ပါမယ်။အချိုတွေကိုလုံးဝမစားဘဲနေဖို့ မဟုတ်ဘဲ သင့်တင့်တဲ့ ပမာဏတစ်ခုအထိတော့ စားသုံးလို့ရနိုင်ပါတယ်။ ဥပမာသစ်သီးအချိုလိုမျိုးပေါ့။နေ့စဉ်မပျက်မကွက်လုပ်သင့်တာကသွေးတွင်းသကြားဓာတ်ကို တိုင်းတာပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားသုံးတာ၊ကိုယ်လက်လှုပ်ရှားမှုလုပ်တာလိုမျိုးတွေကိုတော့ ဂရုတစိုက်လုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒါမှလည်းသွေးချို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာပါ။ဆီးချိုဝေဒနာရှင်တွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကိုသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့သွေးကြောလေးတွေတဖြည်းဖြည်းနဲ့ ပျက်စီးလာပြီး အချိန်ကြာလာတာနဲ့အမျှ ခြေလက်တွေက အာရုံခံစားသိရှိမှုနည်းလာတာ၊အမြင်အာရုံဆုံးရှုံးတာ၊ကျောက်ကပ်ပျက်စီးတာ၊လေဖြတ်တာနဲ့နှလုံးရောဂါတွေ ခံစားရနိုင်ပါတယ်။ဆီးချိုရှိပေမယ့် ခန္ဓာကိုယ်မှာ သင့်တင့်တဲ့ အာဟာရဖြည့်တင်းမှုက မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝဖို့ဆိုရင် ဆီးချိုရှိသူတွေအနေနဲ့ အခုလိုမျိုးစားသုံးပေးပါ။ကစီဓာတ်။ခန္ဓာကိုယ်က ကစီဓာတ်ကို မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့်။ဟင်းသီးဟင်းရွက်တွေ။ဟင်းသီးဟင်းရွက်တွေကနေအမျှင်ဓာတ်နဲ့ အခြားသော ဗီတာမင်တွေကို ရရှိနိုင်ပါတယ်။သစ်သီးတွေ။ဟင်းသီးဟင်းရွက်တွေလိုမျိုး အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ပရိုတင်း။ဒါကလည်း ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့လိုအပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ ပရိုတင်းကို အမဲသား၊ကြက်သား၊ ဝက်သား၊ ငါး၊ ကြက်ဆင်သား၊ပဲအမျိုးမျိုး၊ချိစ်၊ဥအမျိုးမျိုး၊အခွံမာသီးတွေနဲ့ပဲပြားတို့ကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုသမားတွေအနေနဲ့ကတော့။ဆီ၊ အဆီ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီက ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ်။ ဒါကြောင့် သင်ကဆီးချိုရှိမယ်ဆိုရင်။သောက်စရာ။ရေးသားသူ- Dr Thin Yadanar @ Frances။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/best-and-worst-foods-for-diabetes/
အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ!
လူတိုင်းတော်တော်များများ သတ်မှတ်လက်ခံထားတာကအသည်းကွဲတယ်ဆိုတာဝမ်းနည်းစရာ၊ စိတ်မကောင်းဖြစ်စရာ၊ ထိခိုက်ခံစားရတဲ့ ဖြစ်ရပ်တစ်ခုလို့ပေါ့။ အသည်းကွဲတာက စိတ်ခံစားမှုကို ထိခိုက်နာကျင်စေတာကြောင့် စိတ်အနာကျက်ဖို့ အချိန်ပေးရတာမှန်ပေမယ့်  အသည်းကွဲတာ မကောင်းတာပဲတော့လည်း မဟုတ်ပါဘူး။ ဒီလို ပြောလို့ တော်တော်ကို အသည်းမာတာပဲ စာနာစိတ် မရှိဘူးလို့ မထင်ပါနဲ့နော်။ တကယ်တော့ အသည်းကွဲတာမှာလည်း ကောင်းကျိုးလေးတွေ ရှိနေပါတယ်။ ဒီတော့ ပရိသတ်ကြီးကို မေးချင်တာက အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ လို့ပါ။အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ တော့ မသိပေမယ့် ဒီနေရာကနေ ကောင်းတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့အဆိပ်အတောက် ဖြစ်စေတဲ့ ဆက်ဆံရေး တစ်ရပ်ကို အဆုံးသတ်လိုက်ခြင်းက အဖက်ဖက်က ကောင်းကျိုးတွေ ရလာမှာ အသေအချာပါပဲ။အသည်းကွဲတာက ဖြစ်ရပ် တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ထိခိုက်နာကျင်ရတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ဆောင်ခွင့်ရတာဖြစ်သလို ပိုတောက်ပလာစေဖို့ အခွင့်အရေးတစ်ရပ်ပါလို့ အရင်ဆုံး ပြောချင်ပါတယ်။ အသည်းကွဲတာကို နာကျင်စရာဆိုတဲ့ ရှုထောင့်က ကြည့်ရင်တော့ နာကျင်စရာပေါ့။ ဒီလို မဟုတ်ဘဲ ကောင်းတဲ့ဘက်က လှည့်ကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပြင်ဆင်နိုင်မယ့် အခွင့်အရေး၊ ပိုနားလည်နိုင်မယ့် အခွင့်အရေးဆိုလည်း မမှားပါဘူး။အသည်းကွဲတာ ကောင်းပါတယ်လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ဆက်ရှင်းပြပေးမယ်နော်။အသည်းကွဲတာကနေ အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်တဲ့နော်။အသည်းကွဲနေသူလေးတွစိတ်ညစ်မနေဘဲ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ကိုယ်တိုင် ဖတ်ကြည့်လိုက်တော့နော်။အသည်းကွဲချိန်မှာ နဖူးတွေ့ ဒူးတွေ့ မဖြစ်မနေရင်ဆိုင်ရမယ့် အကြောင်းအရင်းတွေ အများကြီးရှိသလို နှုတ်ဆိတ်နေရင်း အရာရာကို ဆင်ခြင် သုံးသပ်နေချိန်ကလည်း များမှာပဲလေ။ ဒီအဖြစ်အပျက်ကြီးက သာယာနာပျော်ဖွယ်ရာ မရှိပေမယ့်  ကိုယ့်ကိုယ်ကိုယ် ပြည့်ပြည့်ဝဝ သုံးသပ်ဆင်ခြင်နိုင်မယ့် အခွင့်အရေးကို ရစေမှာတော့ အမှန်ပဲလေ။ဒီအဖြစ်သနှစ်တွေကို ပြန်ပြောင်းတွေးတွေ ဆင်ခြင်ရင်းက ကိုယ်က အရမ်း ချစ်တတ်တာလား။တစ်ကိုယ်ကောင်းဆန်မိလို့များလားဆိုတာတွေကစလို့ အားနည်းချက်တွေ အားသာချက်တွေ ပြုပြင်ရမယ့် အချက်တွေကို မြင်လာမှာပါ။ချစ်သူရှိတုန်းက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေပြီး ကိုယ့်ချစ်သူကိုပဲ ပုံချစ်နေမိသူက များများပါ။ အသည်းကွဲချိန်မှာတော့ အိပ်ရေးဝဝ အိပ်တာကစလို့ အစားအစာတွေကို ပြည့်ပြည့်ဝဝ စားတာ၊အသားအရေ ဂရုစိုက်တာတွေကိုပါ ပိုလုပ်ဖြစ်လာသလို ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတတ် ပိုချစ်တတ်လာပါတယ်။ ဒါကြောင့် တော်တော်များများက အသည်းကွဲပြီးချိန်မှာ ပိုလှလာကြတာပါ။အရင်က ချစ်ရသူက လုပ်ပေးလို့ တစ်ချိန်လုံး မှီတွယ်နေခဲ့ပေမယ့် အသည်းကွဲ ပြတ်စဲ ပြီးချိန်မှာတော့ အရာရာကို ကိုယ့်အားကိုယ်ကိုးရမှာ သဘာဝပါ။ ဒီတော့ ဘာဖြစ်လာလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်လာမှာပါ။ အမှီအခိုကင်းခြင်းကအောင်မြင်စေဖို့ အလေ့အထကောင်း တစ်ခုပါပဲ။ ဒါက အသည်းကွဲတာကနေ ထွက်လာတဲ့ အမြတ်ပါနော်။တစ်ခါတလေမှာ ကိုယ်တိုင်က မှားယွင်းနေတာ ဖြစ်နိုင်သလို တစ်ဖက်က မှားယွင်းနေတာတွေကြောင့်လည်း စစ်မှန်ပွင့်လင်းပြီး အပေးအယူမျှတဲ့ ချစ်ခြင်းကို မရရှိတာမျိုး ရှိနိုင်ပါတယ်။ အချစ်ရေးတစ်ခုမှာ တစ်ယောက်က အမြဲ အနိုင်ယူမယ်။ ကျန်တစ်ယောက်က အမြဲ အလျှော့ပေးနေရမယ်ဆိုရင်တော့ စစ်မှန်ကောင်းမွန်တဲ့အချစ်ရေးဖြစ်ဖို့က မလွယ်ပါဘူး။ ဒီလို အခြေအနေမှာ အသည်းကွဲသွားတာက ပိုမိုကောင်းမွန်ပြီးအပေးအယူမျှတဲ့ အချစ်ရေးကို ဖန်တီးနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ရပ်ဆိုတာ မမေ့ပါနဲ့။အချို့သော အချစ်ရေးတွေမှာ အနာဂတ် မျှော်မှန်းချက်တွေ မရှိဘဲ မျှော်လင့်ချက်တွေ မဲ့နေတတ်ကြပါတယ်။ ဒီလို မျှော်လင့်ချက်မဲ့နေတာက ပြတ်စဲမှုနဲ့အတူ အဆုံးသတ်သွားမယ်ဆိုရင် ဒါက အဆိုးထဲက အကောင်းတစ်ခုပါပဲ။ လူတစ်ယောက် ပျော်ရွှင်အောင်မြင်ဖို့အတွက် မျှော်လင့်ချက်တွေက ဆက်လက်ရှင်သန်နေဖို့ လိုကို လိုအပ်ပါတယ်။ကဲ …… အသည်းကွဲလို့ စိတ်ညစ်နေမယ့် အစား အသည်းကွဲခြင်းကနေ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လို့ ဝမ်းနည်းနေမယ့်အစား ကောင်းကွက် ရှာကြည့်ကြပါလို့ ပြောပါရစေ။ အချစ်ဟောင်းအတွက် ပူဆွေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပိုချစ်ဖို့လည်း မမေ့နဲ့ဦးနော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/the-benefits-of-heartbreak/
အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်
Omicron ရဲ့ လက္ခဏာတွေက အခြားကိုဗစ်မျိုးစိတ်တွေကူးစက်ခံရတဲ့အခါ ခံစားရတဲ့ လက္ခဏာတွေနဲ့ ကွာခြားမှုတွေ ရှိတာကို တွေ့ရပါတယ်။ လက်ရှိအထိ ကတော့ အဆက်မပြတ်ချောင်းဆိုးတာ၊ ကိုယ်ပူကြီးတာ၊ အနံ့အရသာပျောက်တာတွေက ကိုဗစ်ရဲ့ ထူးခြားတဲ့ လက္ခဏာတွေအဖြစ် သတ်မှတ်ထားဆဲပါ။ဒါပေမယ့် အခုနောက်ဆုံး ကူးစက်ဖြစ်ပွားနေတဲ့ Omicron မျိုးစိတ်ကူးစက်ခံရရင်တော့ ခံစားရတဲ့ လက္ခဏာတွေကအအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။Omicron ကူးစက်ခံရတဲ့အခါ နှာစေးတာ၊လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ နှာချေတာလိုမျိုး သာမန်ဖျားနာမှု ဖြစ်ရင် ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရတော့ Omicron ကူးစက်ခံရတဲ့အခါ ဦးခေါင်း၊ နှာခေါင်းနဲ့ လည်ချောင်းကို မထိခိုက်စေတဲ့ လက္ခဏာသစ် ၂ ရပ်ကို ခံစားရနိုင်တယ်ဆိုတာပါ။ဒါတွေက ဘာလက္ခဏာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။နောက်ထပ် လက္ခဏာ တစ်ရပ်ကတော့ခါးနာတာပါ။ အထူးသဖြင့် ခါးအောက်ပိုင်းတွေမှာ နာကျင်မှုကို ခံစားရတာပါ။ ဒါတွေက မျိုးဗီဇပြောင်းလာတဲ့ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးစိတ် တစ်ခုဖြစ်တဲ့ Omicron ရဲ့ လက္ခဏာတွေပါ။ခါးနာတာကနေတဆင့် တစ်ကိုယ်လုံးက ကြွက်သားတွေ နာကျင်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။ဒီလက္ခဏာတွေက အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတာကြောင့် ရုတ်တရက် အအေးမိတယ်လို့ ယူဆမိတာမျိုး ရှိနိုင်ပါတယ်။ တကယ်ကတော့ ဒီလက္ခဏာတွေက ခန္ဓာကိုယ်ထဲကို Omicronပိုးဝင်ရောက်ပြီး ၅ ရက်လောက်အတွင်းမှာ ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ ရောဂါပိုး ကူးစက်ခံထားရပြီး ၇ ရက်လောက်နေမှ လက္ခဏာ ပြတာမျိုး ရှိနိုင်ပါတယ်။Omicronကူးစက်ခံရတဲ့အခါ သိသာတဲ့ လက္ခဏာတွေအနေနဲ့။ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင် တစ်ယောက်တည်း သီးခြားခွဲနေတာ၊ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ လက်ကို မကြာခဏ သန့်စင်ဆေးကြောတာမျိုးတွေ လုပ်ပြီး အခြားသူတွေကို မကူးစက်အောင် ကာကွယ်ဖို့ လိုပါမယ်။Omicronက အခြား ကိုဗစ်မျိုးစိတ်တွေလို ပြင်းထန်နိုင်ပါတယ်။ ကာကွယ်ဆေး ထိုးထားတာကြောင့် ရောဂါလက္ခဏာကို သိပ်ပြင်းပြင်းထန်ထန် မခံစားရတာ ဆိုပေမယ့် ကာကွယ်ဆေး မထိုးထားသူတွေနဲ့ အရင်က ကူးစက်ဖူးခြင်း မရှိဘူးတဲ့သူတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ဒါကြောင့် Omicronကို သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတော့ အရင် ကိုဗစ်ဗိုင်းရပ်စ်တွေကို ကာကွယ်သလိုမျိုးပေါ့။ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ Omicron ကာကွယ်ပေးဖို့ဆိုရင်။ကဲ…… ဘာ​ကြောင့်ပဲ ဖျားဖျား သေချာလေး ဂရုစိုက်လို့ ကိုယ်တိုင်ကိုရော အခြားသူတွေကိုပါ Omicron အန္တရာယ်ကနေ ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/two-new-signs-of-covid-variant-that-cant-be-mistaken-for-a-common-cold/
Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ)
Human Immunodeficiency Virus သို့မဟုတ် HIV သည် AIDS ( ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်စေသော ဗိုင်းရပ်စ် ဖြစ်သည်။HIV သည် ကိုယ်ခံအားစနစ်ကို အပြင်းအထန် ကျဆင်း စေနိုင်သည်။ ထို့ကြောင့် အခြားရောဂါများ၊ ဘတ်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးကူးစက်မှုများကို ဖြစ်စေသည်။ HIV ကို သင့်ခန္ဓါကိုယ်မှအပြည့် ဖယ်ရှား မပစ်နိုင်ပါ။ HIV တစ်ခါ ကူးစက်ပါက တစ်သက်လုံးရှိနေမည် ဖြစ်သည်။AIDS သည် HIV ရောဂါ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ အခြားရောဂါများဖြစ်ခြင်း ဥပမာ ကင်ဆာနှင့် ကိုယ်ခံအား စနစ် အားနည်းလာသောကြောင့် ရောဂါပိုးပေါင်းစုံ ဝင်ခြင်းတို့ဖြင့် သတ်မှတ်နိုင်သည်။၂၀၁၄ နှစ်ကုန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တင်ပြချက် အရ HIV ရောဂါဖြင့် ရှင်သန်နေသူ ၃၇ သန်းနီးပါးရှိပြီး ၁.၂ သန်းသည် AIDS နှင့်ဆက်နွယ်သော အကြောင်းများကြောင့် သေဆုံးသည်။ သို့သော်လည်း ထိုလူများ၏ ၅၄ ရာခိုင်နှုန်းသာ သူတို့၏ အခြေအနေကို သိကြပါသည်။ အဘယ်ကြောင့်ဆို သော် HIV သည် ရောဂါလက္ခဏာမပြဘဲ ရှိနိုင်သောကြောင့် ဖြစ်သည်။သင့်တွင် ရောဂါလက္ခဏာ မပြသော်လည်း သင်သည် ဗိုင်းရပ်စ်ကို အခြားလူများသို့ ပျံ့နှံ့စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် HIV သည် ရောဂါလက္ခဏာ ပြရန် ၂-၁၅ နှစ်အထိ ကြာနိုင်သောကြောင့် ဖြစ်သည်။ သင့်တွင် HIV ရှိသော်လည်း ကျန်းမာပြီး ပုံမှန်လုပ်ငန်း လုပ်နိုင်ပုံ ပေါ်သည်။ စစ်ဆေးမှု မပြုမချင်း သင့်တွင် HIV ရှိသလား သေချာ မသိနိုင်ပါ။HIV သည် သင်၏ ကိုယ်တွင်းအင်္ဂါများကို တိုက်ရိုက် မထိခိုက်စေပါ။ သင်၏ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပြီး အခြား ရောဂါများစွာကို ဖြစ်စေသည်။ အထူးသဖြင့် ရောဂါပိုး ကူးစက်ခြင်းများ ဖြစ်သည်။ HIV ၏ အစပိုင်းလက္ခဏာများ သည် အခြားဗိုင်းရပ်စ်ကူးစက်မှုများနှင့် ဆင်တူသည်။AIDS သည် HIV ကူးစက်မှု၏ ပြန့်ပွားလာသော အဆင့် ဖြစ်သည်။ HIV သည် သင်၏ ကိုယ်ခံအားစနစ်က်ု လျော့ကျ စေနိုင်သည်။ ထို့ကြောင့် အခြား ရောဂါပိုးကူးစက်မှု အခြေအနေများကို ဖြစ်စေသည်။ AIDS ဖြစ်ပါက ရောဂါပိုး ကူးစက်မှု အခြေအနေများစွာ တစ်ချိန်တည်း ဖြစ်နိုင်သည်။ထိုအခြေအနေများကို အောက်ပါတို့ဖြင့် သိသာစွာ သိရှိနိုင် သည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။AIDS သည် HIV ကြောင့် ဖြစ်ပွားသည်။ HIV သည် ရောဂါပိုးရှိသော သွေး၊ သုတ်ရည်၊ မိန်းမကိုယ်မှ ထွက်သော အရည်ကို ထိတွေ့ခြင်းဖြင့် ကူးစက်ပျံ့နှံ့သည်။ ဥပမာ-။HIV သည် နေ့စဉ် ထိတွေ့မှုဖြင့် မကူးစက်နိုင်ပါ။AIDS သည် HIV ကြောင့်ဖြစ်ပွားပြီး ထိုဗိုင်းရပ်စ်သည် HIV လူနာမှ ခန္ဓါကိုယ်အရည်များ ထိတွေ့ဝင်ရောက်ခြင်း မှတစ်ဆင့် ကူးစက်သည်။ သွေး၊ သုတ်ရည်၊ မိန်းမကိုယ် အရည် နှင့် မိခင်နို့တို့ ပါဝင်သည်။ ဥပမာ-။ပုံမှန် ထိတွေ့မှုဖြင့် HIV သည် မကူးစက်နိုင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တွင် ဗိုင်းရပ်စ် ရှိသလား ဆုံးဖြတ်ရန် ဆရာဝန်သည် သွေးစစ်ခြင်း ပြုလုပ်ပါမည်။သွေးစစ်ခြင်း၏ တိကျမှုသည် HIV ကူးစက်နိုင်သော နောက်ဆုံးထိတွေ့မှု ( အကာအကွယ် မပါဘဲ လိင်ဆက်ဆံခြင်း၊ အပ်မျှဝေသုံးခြင်း) အချိန်အပေါ် မူတည်သည်။ အန္တရာယ်ရှိသော ထိတွေ့မှု အမြဲရှိနေပါက ဘယ်အချိန်မဆို ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည်။ ထို့ကြောင့် HIV စစ်ကြည့်သင့်သည်။ HIV စစ်ဆေးမှုတွင် HIV antibody ပြရန် ပျမ်းမျှ ၃ လလောက် ကြာသည်။ရလဒ်သည် တွေ့ရှိသည်ဟု ထွက်ပါက။ရလဒ်သည် မတွေ့ရှိပါဟု ထွက်ပါက သင့်တွင် စစ်ဆေး သည့် အချိန်တွင် antibody မရှိပါ။ သို့သော်လည်း။HIV/AIDS အတွက် ပျောက်ကင်းစေသော ဆေး မရှိပါ။ ရောဂါ ဆိုးလာခြင်းကို နှေးစေသော ဆေးအချို့ ရှိသည်။ သင့် အတွက် အကောင်းဆုံးဖြစ်နိုင်သော ကုသမှုအတွက် ဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။သင်သည် HIV ရှိကြောင်း သိပြီးပြီးချင်း ဆေးပညာ အကြံ ညဏ်နှင့် ကုသမှုယူပါ။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်။ရောဂါကူးစက်မှုကို နှေးစေသော ဆေးများသုံးရန် စဉ်းစားပါ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် HIV/AIDS ကို ထိန်းချုပ်နိုင် ပါသည်။ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းပါ။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပါ။ ကျန်းမာရေးနှင့် ညီညွတ် သော နေထိုင်မှု ပုံစံ ကျင့်သုံးပါ။သင့်တွင် HIV ရှိပါက ရောဂါလက္ခဏာ မပြသော်လည်း အခြားသူများကို ဗိုင်းရပ်စ် ကူးစက်စေနိုင်သည်။ အောက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကို နှင့် အခြားလူများအား HIV ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ပါ။သင့်တွင် HIV ရှိပြီး ကိုယ်ဝန်ရှိပါက HIV ကုသမှုတွင် အတွေ့အကြုံရှိသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ကုသခြင်း မပြုပါက HIV ရှိသောမိခင်မှ မွေးသော ကလေး ၁၀၀ တွင် ၂၅ ယောက်သည် ရောဂါပိုးကူးစက်ခံရနိုင်သည်။ သို့သော်လည်း HIV ဆေးများ၊ ဗိုက်ခွဲမွေးခြင်း၊ မိခင်နို့တိုက် ခြင်းကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကလေးအား ကူးစက်မှုကို လျော့ချနိုင်သည်။ ကလေး ၁၀၀ တွင် ၂ ယောက်အောက်ထိ လျော့ချနိုင်ပါသည်။HIV ကူးစက်နိုင်ချေ နိမ့်စေရန် သင်သည် အောက်ပါတို့ ပြုလုပ်သင့်သည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hivaids-%e1%80%81%e1%80%af%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%ba%e1%80%86%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%82%88-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%b9/
သွေးကြောမကြီး ဖောင်းတယ်ဆိုတာ အန္တရာယ်ရှိလား
ခန္ဓာကိုယ်မှာ aortaလို့ ခေါ်တဲ့ သွေးကြောမကြီး တစ်ခုရှိပါတယ်။ နှလုံးကညှစ်သမျှ သွေးတွေ တစ်ကိုယ်လုံးကို ရောက်ဖို့ သူကနေပဲ သယ်ပို့ပေးတာပါ။ ဒီသွေးကြောမကြီးက နှလုံးကစထွက်ပြီး ရင်ဘတ်၊ ဝမ်းဗိုက်ကို ဖြတ်ပြီး ဆီးခုံနားရောက်မှ ခြေထောက်ကို သွေးပို့ဖို့ သွေးကြောတွေ ခွဲထွက်သွားတာပါ။ ဒီသွေးကြောကြီးဟာ ခန္ဓာကိုယ်အတွက် သိပ်ကို အရေးပါပါတယ်။ သူ့ထဲမှာ စီးဆင်းနေတဲ့ သွေးတွေ ဆိုတာလည်း အများကြီးပါပဲ။ ဒါကြောင့် ဒီသွေးကြောမကြီးမှာ ရောဂါတစ်ခုခုဖြစ်လာရင် သေချာကုသဖို့ လိုပါတယ်။ဆေးပညာအရAortic aneurysmလို့ ခေါ်ပါတယ်။ သွေးကြောမကြီး တစ်လျှောက် ဘယ်နေရာဖြစ်ဖြစ် ဖောင်းနိုင်ပါတယ်။ များသောအားဖြင့်တော့ ရင်ခေါင်းနဲ့ ဝမ်းခေါင်းထဲမှာရှိတဲ့ သွေးကြောမကြီး အစိတ်အပိုင်းက ဖောင်းတတ်ပါတယ်။ ရှားရှားပါးပါး လူတစ်ယောက်တည်းမှာ နှစ်နေရာလုံး ဖောင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ဘာကြောင့်ဖောင်းတာလဲဆိုတာ တိတိကျကျ မပြောနိုင်သေးပါဘူး။ အဓိကကတော့ သွေးကြောမကြီးနံရံ အားပျော့လို့ သွေးတွေကို ညှစ်တဲ့အခါ ဖောင်းလာတာပါ။ ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲဆိုတော့။ဖောင်းတဲ့နေရာပေါ် မူတည်ပြီး လက္ခဏာတွေ နည်းနည်းကွာသွားပါတယ်။ တစ်ခါတလေ ဘာလက္ခဏာမှ မခံစားရဘဲ ဖောင်းရာကနေ ပေါက်မှ သိတာမျိုးလည်း ရှိပါတယ်။ရင်ခေါင်းထဲက သွေးကြောမကြီး ဖောင်းရင်တော့။ဝမ်းခေါင်းထဲက သွေးကြောမကြီး ဖောင်းရင်တော့။ဒါတွေက သာမန်လက္ခဏာတွေပဲမို့လို့ တော်ရုံဆို သိပ်သတိမထားမိပါဘူး။ဆေးစစ်ရင်း မတော်တဆတွေ့တာ ဒါမှမဟုတ် နောက်ဆက်တွဲတွေ ဖြစ်လာတဲ့အခါကျမှ သိကြတာများပါတယ်။ နောက်ဆက်တွဲဖြစ်နိုင်တာတွေက။ဖောင်းနေတဲ့ သွေးကြောက အရွယ်ကြီးလေလေ ပေါက်နိုင်ခြေများလေလေပါ။ ပေါက်သွားရင် ကိုယ်တွင်းမှာ သွေးယိုတာကြောင့် ရှော့ရတတ်ပါတယ်။ ဒါကြောင့် လူနာက ရုတ်တရက် မူးပြီး ဖြူဖျော့လာတာ၊ သတိလစ်တာတွေ ဖြစ်တတ်ပါတယ်။မပေါက်ဘဲသွေးကြောပြဲထွက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုလည်း ခုနလိုသွေးထွက်လွန်ပြီး ရှော့ဖြစ်နိုင်ပါတယ်။ပေါက်လည်း မပေါက်၊ ပြဲလည်း မပြဲဘူးဆိုပေမယ့် ကြာလာရင် ဖောင်းနေတဲ့ သွေးကြောထဲက သွေးတွေက ကြာလာရင် ပျစ်ပြီး ခဲလာမှာပါ။ ခဲရာကနေ ပြုတ်ထွက်ပြီး တခြားသွေးကြောတွေမှာ သွားပိတ်ရင် ကိုယ်တွင်းအင်္ဂါတွေ ပုပ်တာ ဖြစ်လာနိုင်ပါတယ်။အရွယ်အစားပေါ်မူတည်ပါတယ်။၅.၅ စင်တီမီတာအောက် – စောင့်ကြည့်လို့ရပါတယ်။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရမှာပါ။ ရက်ချိန်းလည်း မှန်မှန်သွားရပါမယ်။၅.၅ စင်တီမီတာ အထက် – ခွဲစိတ်လိုက်တာ ပိုကောင်းပါတယ်။ အချိန်မရွေးပေါက်သွားနိုင်လို့ပါ။ပြန်ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဆောင်ရန် ရှောင်ရန်တွေကတော့။ဒါဆိုရင်တော့ ပြန်ဖြစ်နိုင်ခြေနည်းသွားပါမယ်။ ဒါ့ပြင် သွေးကြောဖောင်းတာ အရွယ်အစားသေးတဲ့အချိန်မှာ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ဆက်မကြီးလာအောင် အထိုက်အလျောက် တားဆီးနိုင်မှာပါ။ သွေးကြောမကြီး ဖောင်းတယ်ဆိုတာ အန္တရာယ်ရှိလား …. ဆိုတာကို သိနိုင်ပြီ ထင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/aortic-aneurysm/
လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား
လက်ထပ်တော့မယ့် စုံတွဲတွေအတွက် အသုံးပြုလို့ရမယ့် သားဆက်ခြားနည်းတွေအကြောင်း ရေးလာခဲ့တာ ၃ ပုဒ်ရှိပါပြီ။ ဒီလအတွက် နောက်ဆုံးအနေနဲ့တော့ ခုမှ မင်္ဂလာဆောင်မယ့်၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ မိန်းကလေးအနေနဲ့ ၃ လခံဆေး ထိုးသင့်သလား ဆိုတာကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထိုးဆေးမှာ ထူးခြားချက် ရှိလို့ပါ။ သားဆက်ခြားနည်းတွေအားလုံးထဲမှာမှ သူ့တစ်ခုတည်းမှာ ရှိတဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆေးထိုးရပ်လိုက်ပေမယ့် ကလေးပြန်ရဖို့ လအနည်းငယ် စောင့်ရတယ်ဆိုတာပါပဲ။ လုံးဝကို ပြန်မရနိုင်တော့တာမျိုး မဟုတ်ဘဲ အခိုက်အတန့်သဘော စောင့်ရတာပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။တချို့ ၆ လလောက်နေမှ ကိုယ်ဝန်ပြန်ရတယ်၊ တချို့က ၁၀ လ၊ တချို့ကျတော့လည်း ဆေးထိုးရပ်လိုက်ပြီး သိပ်မကြာဘူး၊ ကိုယ်ဝန်ရသွားတယ်။ နောက်ပြီး အဲ့လို စောင့်ရတဲ့ကာလက ဘယ်နှကြိမ်ထိုးခဲ့တယ်၊ ဘယ်လောက်ကြာကြာ ထိုးခဲ့တယ်ဆိုတာနဲ့လည်း မဆိုင်ဘူး။ တစ်ကြိမ်တည်း ထိုးခဲ့ပေမယ့်လည်း စောင့်ချင်စောင့်ရမယ်၊ ၃နှစ်လောက် သုံးခဲ့ပေမယ့်လည်း လအနည်းငယ်လောက်အတွင်း ကိုယ်ဝန်ပြန်ရသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အဓိက သိစေလိုတာကတော့ ကလေးလုံးဝမရနိုင်တော့တာမျိုး မဖြစ်စေဘူး၊ အခိုက်အတန့်သဘောတော့ စောင့်ရနိုင်တယ် ဆိုတာပါပဲ။ ဒါကြောင့် ကိုယ်က ကလေးလိုချင်ပြီဆို ချက်ချင်းရမှ ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း ကိုယ့်အိမ်ထောင်ရေး အခြေအနေအရ၊ ဥပမာ ယောကျာ်းက နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ရှိလို့ မသွားခင် ကလေးယူသွားမယ် ဆိုတာမျိုးများ အစီအစဉ်ရှိရင်တော့ ဒါကိုမသုံးခင် သေချာစဉ်းစားဖို့ လိုပါမယ်။ အဲ့လိုမဟုတ်ဘူး၊ စောင့်နိုင်တယ်ဆိုခဲ့ရင်တော့ အသုံးပြုလို့ ရပါတယ်။ ဒီနေရာမှာ ဆက်စပ်ပြီး ပြောလိုတာ နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ကလေးမရနိုင်ဘူး ဆိုတဲ့ကိစ္စဟာ ဘယ်အချိန်မှာ ပြဿနာဖြစ်နိုင်လဲ ဆိုတာပါ။ စုံတွဲတစ်တွဲဟာ တစ်နှစ်တိတိ ဘာတားဆေး၊ ဘာအကာအကွယ်မှ မသုံးပါဘဲနဲ့ ကိုယ်ဝန်မရသေးဘူး ဆိုတော့မှ ဒီစုံတွဲမှာ ပြဿနာတခုခုတော့ ရှိနေပြီလို့ စစဉ်းစားတာဖြစ်ပါတယ်။ မင်္ဂလာဆောင်တယ်၊ ၄ လပဲရှိသေးတယ်၊ ကလေးမရသေးဘူး ဆိုတာမျိုးက ဘာမှစိတ်ပူစရာ မလိုပါဘူး။ အချိန်တန်တော့ ရလာပါလိမ့်မယ်။ တစ်နှစ်ကျော်တဲ့အထိ မရသေးဘူးဆိုမှသာ ဆေးခန်းပြပြီး စစ်ဆေးကြည့်သင့်တာပါ။ ဒါကြောင့်မို့ ဒီဆေးထိုးပြီး ရပ်လိုက်လို့ လအနည်းငယ်ကြာတဲ့အထိ ကိုယ်ဝန်မရသေးဘူးဆိုတာ တကယ်တော့ စိုးရိမ်စရာ မလိုသေးဘူး။ ဆေးကြောင့် လအနည်းငယ် စောင့်ဆိုင်းရမှာကို တစ်နှစ်တိတိ ထပ်ပေါင်းလိုက်ရင် ယေဘုယျအားဖြင့် ဆေးထိုးရပ်ပြီး တစ်နှစ်ခွဲလောက်အထိ အချိန်ယူစောင့်ကြည့်နိုင်ပါတယ်။ အဲ့လောက်ကြာတဲ့အထိ မရသေးတော့မှသာ ဆေးခန်းပြကြည့်ဖို့ လိုမှာပါ။ ဒါလေးကို သဘောပေါက်ထားပြီး အစိုးရိမ်မလွန်ကြဖို့ ပြောလိုပါတယ်။ နောက်တစ်ချက်က အဲ့လိုစောင့်ရတဲ့ကိစ္စနဲ့ ပတ်သက်တယ်။ ဒီလိုမျိုး ဆေးထိုးပြီး ရပ်လိုက်ရင် ကလေးချက်ချင်း ပြန်မရတတ်ဘူး၊ စောင့်ရတတ်တယ် ဆိုတော့ တချို့အမျိုးသမီးတွေက ပေါ့တယ်။ ဆေးကို ပုံမှန်မထိုးဘူး၊ ဘာလို့ဆိုတော့ ဒီဆေးက ကိုယ်ဝန်ချက်ချင်း ပြန်မရနိုင်ဘူး၊ အရှိန်ကျန်တတ်တယ် တဲ့။ ဟုတ်တော့ဟုတ်ပါတယ်၊ ချက်ချင်းတော့ ပြန်မရတတ်ဘူး။ ဒါပေမယ့် အဲဒါက သေချာပေါက် ပြောလို့မရဘူး။ဆေးတစ်ခါထိုးပြီး ကလေးပြန်ရဖို့ ၆ လလောက် ကျိန်းသေစောင့်ရမယ်ဆိုရင် ဘယ်သူက ၃လခံဆေးလို့ ပြောတော့မလဲ၊ ၉ လခံဆေးလို့ပဲ ခေါ်တော့မှာပေါ့။ ၃လခံဆေးလို့ပဲ သတ်မှတ်ထားကတည်းက ဒီဆေးရဲ့ အာနိသင်ကို စိတ်ချရတာသည် ၃ လပဲ။ အဲဒီနောက်ပိုင်းက စောင့်ချင်လည်း စောင့်ရမယ်၊ မစောင့်ချင်လည်း မစောင့်ရဘူး။ အတိအကျ ပြောမရဘူး။ ဒါကြောင့်မို့ ၃လပြည့်တိုင်း၊ ၃လပြည့်တိုင်းမှာ ရက်ချိန်းအတိုင်း ဆေးပြန်ထိုးဖို့လိုတယ်၊ အရှိန်ကျန်တတ်တယ်ဆိုတိုင်း ပေါ့လို့မရဘူး ဆိုတာကို သိစေချင်ပါတယ်။ ဒီ ၃ လခံထိုးဆေးဟာ ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်(၁,၀၀၀)မှာမှ (၃)ယောက်လောက်ပဲ ရှိပါတယ်။ အားသာချက်တွေအနေနဲ့ သုံးလမှတစ်ခါ ထိုးရတဲ့အတွက် နေ့စဉ် ဆေးသောက်နေရတာထက်စာရင်တော့ အလုပ်ရှုပ်သက်သာတယ်။ သွေးမပေါ်တတ်တာမို့ သွေးပေါ်ရင် အလုပ်ရှုပ်တယ်လို့ ခံယူတတ်တဲ့ အမျိုးသမီးတွေအတွက်ဆိုလည်း အဆင်ပြေပါတယ်။ အဲ့လို သွေးမပေါ်တာကလည်း သူ့အာနိသင်ကြောင့်ပဲ။ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာ မရှိလို့သာ ဖြစ်တယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။ ဆေးထိုးစမှာ သွေးကမောက်ကမ ဖြစ်တာမျိုး ရှိတတ်တယ်။ တအားများတယ်၊ ရက်ရှည်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး လိုအပ်တဲ့ဆေးတွေ သောက်ဖို့ လိုပါမယ်။ ဒါကြောင့်မို့ မကြာခင်လက်ထပ်တော့မယ့် အမျိုးသမီးတွေအနေနဲ့ ဒီ ၃ လခံထိုးဆေးရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိထားပြီး ကိုယ့်နဲ့ ကိုက်ညီတယ်၊ အဆင်ပြေတယ်ထင်ရင် ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အဓိကကတော့ ဘယ်သူဘယ်ဝါက တိုက်တွန်းလို့၊ ဘယ်သူနဲ့တော့ အဆင်ပြေလို့ ဆိုတာထက် ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တာ ဖြစ်ဖို့ပါပဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/%e1%80%9c%e1%80%80%e1%80%ba%e1%80%91%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%85%e1%80%99%e1%80%be%e1%80%ac-%e1%81%83-%e1%80%9c%e1%80%81%e1%80%b6%e1%80%91%e1%80%ad%e1%80%af%e1%80%b8/
သင်လုံးဝ မထင်မှတ်ထားပေမယ့် နှလုံးကို ထိခိုက်စေနိုင်တဲ့ ပြဿနာ ၁၂ ရပ်
နှလုံးရောဂါ Cardiovascular Diseases (CVDs)ဟာ အဖြစ်များပြီး အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် Heart Attack ဖြစ်ပြီဆိုရင် အလွန် အန္တရာယ်များလှပါတယ်။တစ်နှစ်မှာ လူ ၁၈ သန်းလောက် နှလုံးရောဂါနဲ့ သေဆုံးနေပြီး ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ အများဆုံး အသက်ဆုံးရှုံးကြရတာက နောက်ဆက်တွဲပြဿနာတွေဖြစ်ကြတဲ့Heart Attackနဲ့ လေဖြတ်တာကြောင့်ပါ။ဒါကြောင့် ဒီရောဂါမဖြစ်စေဖို့နဲ့ ဖြစ်လာရင်လည်း သတိထားနိုင်ဖို့က မဖြစ်မနေလိုအပ်တဲ့ အရာတွေပါပဲ။ တစ်ခါတစ်လေမှာတော့ ကိုယ်က သတိထားနေလျက်နဲ့ အန္တရာယ်ကို ကြိုမမြင်နိုင်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ ဖြစ်လာတဲ့ ပြဿနာက ကိုယ့်နှလုံးကို ဒုက္ခပေးနိုင်တဲ့ ကိစ္စဖြစ်နေမှန်း ကိုယ်တိုင် မသိထားတာကြောင့်ပါပဲ။ ဒီစာစုမှာတော့ ရုတ်တရက်ဆိုရင် နှလုံးရောဂါနဲ့ မသက်ဆိုင်ဘူးထင်ရပေမယ့် နှလုံးကို ဒုက္ခအများဆုံးပေးနိုင်တဲ့ ပြဿနာ ၁၂ ရပ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေကတော့။သွားနဲ့ ခံတွင်းမသန့်ရှင်းတာကနေစလို့ ကြံ့ခိုင်ကျန်းမာမှု ချို့ယွင်းနေတာအထိ ခံတွင်းပြဿနာတွေဟာ နှလုံးထိခိုက်စေနိုင်တဲ့ ပြဿနာတွေဖြစ်ပါတယ်။ အထူးသဖြင့် သွားဖုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေဟာ နှလုံးကိုပါ ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ခံတွင်းကျန်းမာရေးအခြေအနေကို ၆ လ တစ်ကြိမ် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။အလုပ်တွေထဲမှာ အချိန်ပိုင်းအလုပ်တွေဟာ နှလုံးထိခိုက်မှု အမြင့်မားဆုံးလို့ လေ့လာချက်တွေကဆိုပါတယ်။ ကနေဒါနိုင်ငံ အနောက်ပိုင်းတက္ကသိုလ်ရဲ့ သုတေသနရလဒ်အရဆိုရင် ပုံမှန် အလုပ်ချိန်နဲ့ လုပ်ရတဲ့ အလုပ်တွေထက် လှည့်ပတ်ပြီးဆင်းရတဲ့ အချိန်ပိုင်းအလုပ်တွေက နှလုံးကို ပိုထိခိုက်စေနိုင်ပါတယ်တဲ့။ အထူးသဖြင့် ညပိုင်းဆင်းရတဲ့ အလုပ်တွေပါတဲ့။ယာဉ်ကြောပိတ်ဆို့နေချိန်မှာ ယာဉ်မောင်းရော၊ မော်တော်ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းသူပါ စိတ်သောကများတာ၊ စိတ်ပင်ပန်းတာ၊ ဒေါသထွက်တာမျိုးတွေကို ရန်ကုန်ကYBSစီးဖူးသူတိုင်း သိကြမှာပါ။ ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုဟာ Heart Attack ဖြစ်အောင် အကြီးအကျယ် တွန်းအားပေးနိုင်ပါတယ်။အမျိုးသမီးတစ်ယောက် အသက် ၄၆ နှစ်မတိုင်ခင် သွေးဆုံးတာကို စောစီးစွာသွေးဆုံးတယ်လို့ သတ်မှတ်ကြပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် နှလုံးထိခိုက်ဖို့နဲ့ လေဖြတ်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။အိပ်နေစဉ်ဟောက်တာက ပတ်ဝန်းကျင်ကိုတင် အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ နှလုံးကျန်းမာရေးကိုလည်း ထိုခိုက်စေနိုင်ပါတယ်။ အိပ်ပျော်နေစဉ်မှာ အသက်ရှူလမ်းကြောင်း မကြာခဏ ပိတ်သွားတာကြောင့် ဟောက်တာဖြစ်ပြီး နှလုံးခုန်နှုန်းမူမမှန်တာမျိုးဖြစ်နိုင်ပြီး အကျိုးဆက်အနေနဲ့ လေဖြတ်နိုင်ပါတယ်။စီပိုးလို့ အခေါ်များတဲ့အသည်းရောင်အသားဝါ Cကူးစက်ခံထားရတယ်ဆိုရင် ကိုလက်စထရောနဲ့ သွေးဖိအားနည်းပါးဖို့ လိုအပ်ပါတယ်။ ဒီရောဂါဟာ အသည်းကိုသာမက နှလုံးကိုလည်း ထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။အိပ်စက်ချိန် ပုံမှန်မရှိတာ၊ ညည အိပ်မပျော်တာမျိုးတွေကလည်း သင့်ကို နှလုံးထိခိုက်အောင် လုပ်နိုင်ပါတယ်။ အိပ်မပျော်ခြင်းဟာ သွေးတိုးစေဖို့ တွန်းအားတစ်ခုဖြစ်သလို ကိုလက်စထရောတွေကို ချေဖျက်နိုင်စွမ်းလည်း လျော့ကျစေပါတယ်။ အဝလွန်တာတွေ၊ ဆီးချိုဖြစ်တာတွေရဲ့ အကြောင်းတရားတစ်ခုဆိုလည်း ဟုတ်ပါတယ်။ လေဖြတ်တာ၊ နှလုံးပျက်စီးတာတွေဖြစ်နိုင်သလို ငယ်ရွယ်တဲ့ ကလေးတွေမှာဆိုရင် ဦးနှောက်ကိုပါ ထိခိုက်စေတတ်ပါတယ်။စိတ်ပျက်ဖွယ်၊ ပျော်ရွှင်စရာ ကင်းမဲ့နေတဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နေပြီဆိုရင် နှလုံးရောဂါရဖို့နဲ့ Heart Attack ဖြစ်ဖို့ အရမ်းနီးစပ်နေပါပြီ။ မီချီဂန်ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာချက်အရဆိုရင် ဒီလို အိမ်ထောင်ရေး အဆင်မပြေရင် stress hormones တွေ ပိုထွက်ရှိလာတတ်ပြီး နှလုံးကို သက်ရောက်လေ့ရှိတယ်လို့ ဆိုထားပါတယ်။ဘဝကို တစ်ဦးတည်း ရင်ဆိုင်ဖြတ်သန်းရတာ မလွယ်ကူလှပါဘူး။ တက်ကြွနေဖို့၊ ချစ်ခင်မြတ်နိုးရသူတွေ အနားမှာရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ပဲ အထီးကျန်လွန်းနေမယ်ဆိုရင် နှလုံးရောဂါရနိုင်သလို ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဘီယာဗိုက်ပဲဖြစ်ဖြစ်၊ အစားတွေ အလွန်အမင်းစားလို့ပဲဖြစ်ဖြစ် ဗိုက်မှာ အဆီတွေစုနေပြီဆိုရင် နှလုံးရောဂါကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ ခါးအရွယ်အစားက မိန်းမတစ်ယောက်ဟာ ၃၅ လက်မအောက်နဲ ယောကျ်ားတစ်ယောက်ဟာ လက်မ ၄၀ အောက်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ရုပ်ရှင်၊ တီဗီ ကြည့်ဖို့ ထိုင်တာပဲဖြစ်ဖြစ်၊ ကွန်ပျူတာကြည့်ဖို့ အလုပ်လုပ်ဖို့ ထိုင်တာပဲဖြစ်ဖြစ်၊ အချိန်အကြာကြီး အညောင်းမိအောင် ထိုင်နေမိတာဟာ သင့်ကျန်းမာရေးကို ဘယ်လိုမှ အကျိုးမဖြစ်ထွန်းစေပါဘူး။ အထိုင်များလွန်းသူတွေဟာ သာမန်လူတွေထက် နှလုံးရောဂါဖြစ်ဖို့ ၂၀% ဖြစ်နိုင်ခြေပိုများပါတယ်။လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အထဆိုပေမယ့် အလွန်အကျွံပြုလုပ်မိရင်တော့ ပြောင်းပြန်ရလဒ်သာ ထွက်နိုင်ပါတယ်။ အထူးသဖြင့် တစ်ကြိမ်တည်းနဲ့ အများကြီးလုပ်တာမျိုးက ပိုပြီးဆိုးကျိုးများပါတယ်။ နှလုံးကို ပြင်းပြင်းထန်ထန်ကို ထိခိုက်စေနိုင်တာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/surprising-hurt-heart/
ကလေးကို ဘယ်လောက်တစ်ခါ မိခင်နို့တိုက်ကျွေး ဖို့လိုသလဲ။
ကလေးတိုင်းအတွက်မိခင်နို့ရည်သောက်သုံးမှုလိုအပ်ချက်သည်တစ်ယောက်နှင့်တစ်ယောက်မတူညီပါ။ တစ်ဦးတစ် ယောက်ခြင်းစီ၏ကွာခြားချက်များနှင့်ကျန်းမာရေး အခြေအနေများသည်မတူညီသောကြောင့်ဖြစ်ပါသည်။ မွေးကာစ အစောပိုင်းလများတွင် သင့်ကလေးသည်အချိန်သတ်သတ်မှတ်မှတ်မထားဘဲ မိခင်နို့ကို လိုသလိုတိုက်ဖို့ လိုအပ်ပါသည်။ နောက်ပိုင်းတွင်တော့ ကလေးအများစု၏ နို့တိုက်ချိန် သည် တစ်နေ့လျှင် အနည်းဆုံး ရှစ်ကြိမ်နှင့် အထက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်ကလေးသည် မိနစ်ကိုးဆယ် မှ နှစ်နာရီတိုင်းတွင် နို့တောင်း ကောင်းတောင်းပါလိမ့်မည်။ သို့ဖြစ်၍ သားဦးမိခင်များသည် သူတို့၏ကလေးများကို ဘယ်လောက်ခြားတစ်ခါနို့တိုက်ရမည်နှင့်ပက်သက်ပြီး သိလိုကြပါသည်။ အောက်တွင်အကြံပြုချက်များပါဝင် ပါသည်။သင့်ကလေးကိုနည်းနည်း နှင့် ခဏခဏ နို့တိုက်ခြင်းသည် နို့ရည်စီးဆင်းမှု အားကောင်းစေပါသည်။ နို့တိုက်ခြင်းသည် သင်၏ခန္ဓါကိုယ်ကိုနို့ထုတ်လုပ်ခြင်းပြုလုပ်ရန်အတွက် အချက်ပြခြင်းတစ်ခုဖြစ်ပါသည်။ အကယ်၍ သင်သည်သင့်ကလေးကိုမိခင်နို့မကြာခဏတိုက်မည်ဆိုပါက ကလေးနို့များများစို့လေလေ သင်နို့များများထွက်လေလေဖြစ်ပါလိမ့်မည်။ ကလေးနို့စို့များလာလေ သင်၏နို့သည်ပိုမို၍ပျစ်လာလေဖြစ်ပါသည်။ UNICEF က ကလေးများဗိုက်ဆာလျှင်ပြုလုပ်သော အချက်ပေးချက်အပြုအမှုများကို မိခင်များနားလည်စေဖို့ အကြံပြုအားပေးထားပါသည်။ မိခင်များသည်ကလေးများ ဗိုက်ဆာသောအခါငိုလိမ့်မည်ဟုထင်တတ်ကြပါသည်။ အမှန်တကယ်တော့ကလေးများဗိုက်ဆာလျှင်ငိုခြင်းတစ်ခုတည်းမဟုတ်ဘဲ အခြားသောလက္ခဏာရပ်များလည်း ပြသနိုင်ပါသည်။ ကလေးငယ်များသည်နို့ဆာလျှင် ဂဏှာမငြိမ်ဖြစ်လိမ့်မည်။ နှုတ်ခမ်းများကိုလျက်လိမ့်မည်။ လက်စုပ်လိမ့်မည် သို့မဟုတ် အနီးအနားရှိစောင်များကိုစုပ်လိမ့်မည်။ ထို့နောက် မိခင်နို့ကိုရှာလိမ့်မည်။ ကလေးအားလုံးသည် တစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါ။ အချို့ကလေးများသည် နို့ခဏခဏစို့နိုင်သကဲ့သို့ အချို့ကလေးများသည်နို့နည်းနည်းစို့ပြီးလျှင် အချိန်အကြာကြီးဗိုက်ဝနေတတ်သည်။ ထိုအလေ့အကျင့်များအကုန်လုံးသည် ပုံမှန်သာဖြစ်ပါသည်။ကလေး အသက်ခြောက်ပတ်ခန့်တွင်မိခင်၏နို့သည် ကလေး၏ကြီးထွားမှုအတွက် အံ့သြစရာကောင်းသော သက်ရောက်မှုများရှိနိုင်ပါသည်။ဤအချိန်တွင် သင်၏ရင်သားသည် ပိုပြီးနူးညံ့ကာ သေးသွားသည်ဟုသင်ခံစားရလိမ့်မည်။ သင့်ခန္ဓါကိုယ်သည် ကလေး လိုအပ်သလောက် နို့ရည်ကို အလုံအလောက်ထုတ်ပေးနိုင်ဖို့ ထိန်းချုပ်နိုင်ပြီဖြစ်သည်။အချုပ်အားဖြင့်ဆိုရသော်မွေးကာစကလေးများ၏အစောပိုင်းနေ့ရက်များတွင်သင်သည်နို့ခဏခဏတိုက်သင့်သည်။ဤသို့အားဖြင့်နို့ထုတ်လုပ်ခြင်းကိုလှုံဆော်ပေးနိုင်သကဲ့သို့နို့တိုက်ခြင်းအလေ့အကျင့်ကိုလည်းအဆင်ပြေစေသည်။ သင့်ကလေးငယ်ပိုမိုအားသန်လာပြီးအသက်ပိုကြီးလာသောအခါတွင်သင်သည်တစ်ခါတိုက်လျှင် နှစ်နာရီမှသုံးနာရီအထိ အချိန်ခြားနိုင်သည်။ သင်၏အချိန်ဇယားအတိုင်း သင့်ကလေးမြန်မြန်လိုက်နာနိုင်လေလေ ကလေးကိုပြုစုစောင့်ရှောက်ရပိုလွယ်လေလေဖြစ်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%b1%e1%80%9c%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%85%e1%80%b9%e1%80%81%e1%80%ab-%e1%80%99%e1%80%ad/
ဆီးချိုအမျိုးအစား ၂ တွင် အစားအသောက်ရဲ့ အရေးပါမှု
ဆီးချိုရောဂါဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်များရုံသာမကမြန်မာနိုင်ငံလူဦ်းရေရဲ့ ၃ပုံ၁ပုံလောက်ကို ဒုက္ခပေးနေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်ကြီးလာတဲ့သူတွေထဲမှာ ဆီးချို မဖြစ်တဲ့သူ မရှိလောက်အောင်ရှားပါတယ်။ ဘယ်လိုပဲစစ်စစ် အသက်ကြီးပြီဆိုတာနဲ့ သွေးတိုး၊ဆီးချိုကတော့ ပစ်မလွဲပါဘူး။ ဒါကြောင့် ခုပြောပြပေးချင်တာက ဆီးချိုဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ ဆီးချိုရှိနေရင်အစားအသောက်နဲ့ ဘယ်လိုထိန်းရမလဲဆိုတာပြောပြပေးချင်ပါတယ်။ဆီးချိုအမျိုးအစား (၂) မျိုးရှိပါတယ်။ဆီးချိုအမျိုးအစား ၁။ မွေးကတည်းကကိုယ်တွင်းခုခံအားစနစ်ကပန်ကရိယမှာရှိတဲ့အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို မှားတိုက်နေလို့ အင်ဆူလင် လုံးဝမထွက်နိုင်တော့ဘဲ သွေးတွင်းမှာသကြားဓါတ်တွေစုပုံနေတာကြောင့် ဆီးချိုဖြစ်လာရခြင်းဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ရဲ့ အဓိက ကုသမှုကတော့ အင်ဆူလင်ပဲဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ကတော့ ကလေးကတည်းက အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာလည်း ရံဖန်ရံခါဖြစ်နိုင်ပါတယ်။ဆီးချိုအမျိုးအစား ၂။ သူကတော့ အသက်ကြီးလာတာနဲ့အမျှ ထွက်နေတဲ့ အင်ဆူလင်ကို ကိုယ်ခန္ဓါကကောင်းကောင်း အသုံးမချနိုင်တော့တာ၊ အင်ဆူလင်လုံလုံလောက်လောက်မထွက်တာကြောင့် သွေးတွင်းမှာသကြားဓါတ်တွေစုပုံနေပြီး ဆီးချို ဖြစ်လာရခြင်းဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၂ ရဲ့ ပြင်းထန်မှု အပေါ် မူတည်ပြီး အစားသောက်၊လေ့ကျင့်ခန်းနဲ့ ဆီးချိုထိန်းသောက်ဆေး၊အင်ဆူလင်ထိုးဆေးတို့ နဲ့ ကုသလို့ရပါတယ်။ဆီးချိုအမျိုးအစား ၁ ကတော့ ရှင်းပါတယ်။ အင်ဆူလင် တစ်မျိုးတည်းနဲ့ ပဲ ကုသလို့ရတာပါ။ ပြီးတော့ လက်ရှိဖြစ်နေတဲ့ ဆီးချိုရောဂါမှာ အများစုက ဆီးချိုအမျိုးအစား ၂ ဖြစ်တဲ့ အတွက်ကြောင့်ဆီးချိုအမျိုးအစား ၂ ကိုဆေး အပြင် အခြား အစားနဲ့ထိန်းတာ၊ လေ့ကျင့်ခန်းနဲ့ထိန်းတာ တွေ လုပ်လို့ရပါတယ်။ရှေ့မှာပြောခဲ့တဲ့ အတိုင်း ဆီးချို အမျိုးအစား ၂ ကလူကြီးတွေမှာ အဖြစ်များပါတယ်။ အကြောင်းကတော့။ဆီးချို အမျိုးအစား၂ ဖြစ်နေတဲ့ သူအများစုကိုကြည့်ကြည့်ပါ။ အသက်ကြီးတဲ့သူ၊အဝလွန်တဲ့သူ၊ အချိုစားများတဲ့သူတွေ ပိုအဖြစ်များပါတယ်။ ဆီးချို အမျိုးအစား ၂ ကိုကုသဖို့အတွက်သောက်ဆေးစားမယ်၊ အင်ဆူလင်ဆေးထိုးမယ် အစားမထိန်းဘူးလို့ဆိုပြီး လုပ်လို့မရပါဘူး။ သူ့ရောဂါကိုက အင်ဆူလင်မရှိလို့ဖြစ်ရတာ မဟုတ်ဘဲ ထွက်နေတဲ့ အင်ဆူလင်တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တာဖြစ်လို့ ဒီလို အခြေအနေမျိုးမှာ ကိုယ့်ဘက်ကလည်းသကြားဓါတ်ြမင့်တက်စေတာတွေကို လျှော့မစားဘူးဆို၊ ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ဘူးဆိုရင် ဆီးချိုမထိန်းနိုင်တော့ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့နှလုံးရောဂါ၊လေဖြတ်တာ၊အမြင်အာရုံကွယ်တာ၊ တွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချို အမျိုးအစား ၂ အတွက် ကုသမှုနဲ့ ကာကွယ်မှုမှာ အစားသောက်ထိန်းခြင်းက အဓိကနေရာကပါဝင်နေပါတယ်။ သွေးတွင်းသကြားဓါတ် (ဂလူးကိုစ့်) တက်စေတဲ့ အစားအစာတွေ၊သကြားပါတဲ့ ချိုတဲ့ အစားအစာတွေ၊ ထမင်းလိုမျိုးကစီဓါတ်ကြွယ်ဝတဲ့အစားအစာ စတာတွေကို ဂရုတစိုက်နဲ့ သတိထားစားရပါမယ်။ဒီလိုအခါမျိုးမှာထမင်းတောင်စားလို့မရတော့ဘူးဆိုမှတော့ ငါတို့အတွက်စားစရာ ဘာမှမရှိတော့ဘူးဆိုပြီး ဆီးချိုသမားတွေ စိတ်ဓါတ်ကျတတ်ပါတယ်။ ဘာမှ အားမငယ်ပါနဲ့.။ဆီးချိုသမားတွေ အတွက်သီးသန့် ထုတ်ထားတဲ့ဖြည့်စွက်စာတွေခုဆို အများကြီးရှိနေပါပြီ။ အချိုပါဝင်မှုနည်းတဲ့ သကြားထုတ်လေးတွေ၊ သကြားမပါတဲ့ ထုတ်ကုန်တွေ အပြင် ဆီးချိုကိုလည်းကျစေ အခြားကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတဲ့Whey ပရိုတင်းတွေရှိနေပါပြီ။ Whey ပရိုတင်းက ဆီးချိုသမားတွေ သောက်လို့ရတဲ့ အပြင် နှလုံးကြွက်သား တွေကို ပိုအားကောင်းစေတဲ့ အတွက်ကြောင့် အသက်ကြီးတဲ့ ဆီးချိုအမျိုးအစား ၂ သမားတွေအတွက်ဆို whey ပရိုတင်းက အားထားလို့ရတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ဆီးချိုဖြစ်နေပြီဆိုတာနဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူးဆိုပြီးစိတ်ဓါတ်မကျပါနဲ့။ ဆီးချိုသမားတွေ စားသင့်တဲ့ စားသောက်မှုပုံစံတွေ အတိုင်းစားလို့ရပါသေးတယ်။ ထမင်းနည်းနည်းစားမယ်။ ဟင်းများများစားမယ်။ အချိုလျှော့စားမယ်၊ ပြီးရင် ဆီးချိုလည်းထိန်း၊ ဝိတ်လည်းကျ၊ ဗိုက်လည်းမြန်မြန်ပြည့်တဲ့ Whey Protein လေးလည်းသောက်မယ် ဆို ဆီးချိုလည်းကောင်းကောင်းထိန်းနိုင်ပြီး သက်တမ်းစေ့ ကောင်းမွန်စွာနေနိုင်မှာပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/type-2-nutrition/
လက်မထပ်ခင် အတူနေခြင်း မလုပ်ခင် ဒါတွေသိထားသင့်ပါတယ်။
ဒီဆောင်းပါးမှာ လက်မထပ်ခင် အတူနေခြင်း က လုပ်သင့်တယ်၊ မလုပ်သင့်ဘူး။ မှန်တယ် မှားတယ်ဆိုတာထက် မနေခင်မှာ ဘာတွေကို စဉ်းစားရမလဲ။ ဘာတွေကို ကြိုပြီး မျှော်လင့်ထားရမလဲဆိုတာကို ဆွေးနွေးပေးမှာပါ။အရင်တုန်းကတော့ လက်မထပ်ခင် လိင်ဆက်ဆံတာ၊ အတူနေတာတွေက အနောက်နိုင်ငံတွေမှာပဲ ခေတ်စားတာပါ။ ခုတော့ မြန်မာနိုင်ငံမှာပါ ခေတ်စားလာပါပြီ။လက်မထပ်ခင် အတူနေခြင်းဆိုတာမှာ Living together လို့ခေါ်တဲ့တစ်အိမ်တည်းမှာ အတူနေတာလည်း ရှိသလို လိင်မှုကိစ္စပဲသက်သက် အတူနေတာလည်း ရှိပါတယ်။ ဒီမှာတော့ ပတ်ဝန်းကျင် အမြင်ကို ကြည့်နေရတာကြောင့် သမီးရည်းစားတွေကြားမှာ လိင်မှုကိစ္စအရ အတူတူနေတာပဲ များမှာပါ။ တစ်နေရာမှာချိန်း၊ အတူနေ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ပေါ့။ဒါကို အရင်တုန်းကတော့ ဘာသာရေးတွေ၊ ထုံးတမ်းစဉ်လာတွေအရ ရှက်စရာကိစ္စတစ်ခုလို့ မြင်ကြပေမယ့် ခုခေတ်မှာတော့ အမြင်ပြောင်းလာပါတယ်။ လုံးလုံးလျားလျားကြီး နေခွင့်ပြုလိုက်တာမျိုး မဟုတ်ပေမယ့် ရှက်စရာတစ်ခုလို၊ အပြစ်တစ်ခုလိုတော့ မတွေးကြတော့ပါဘူး။ကောင်း၏ ဆိုး၏ ယတိပြတ် ပြောလို့ မရပေမယ့် နေမယ်ဆိုရင် ကြိုပြီး စဉ်းစားရမှာ၊ သတိထားရမှာတွေ ရှိပါတယ်။ သူများအတွဲတွေ အတူနေလို့ အဆင်ပြေတိုင်း ကိုယ့်အလှည့်မှာ ပြေချင်မှာ ပြေမှာပါ။လက်မထပ်ခင် အတူနေခြင်း က လူကြီးတွေ ထင်နေကြသလို လုံးဝမကောင်းတာတော့ မဟုတ်ပါဘူး။ အတည်တကျ လက်မထပ်ခင် အတူနေကြည့်တာက။အိပ်ရာပေါ်က ကိစ္စတွေက ဘယ်သူနဲ့ နေနေ ဒါပါပဲဆိုတာတော့ မဟုတ်ပါဘူး။ အပြင်မှာ ဆက်ဆံရေးတွေ အဆင်ပြေပေမယ့်လည်း အိပ်ရာပေါ်မှာ အဆင်မပြေကြတာတွေလည်း ရှိပါတယ်။ လက်မထပ်ခင် နေဖူးတာက အနည်းဆုံးတော့ ကိုယ့်ရဲ့လိင်စိတ်ဆန္ဒနဲ့ အကြိုက်ကို နားလည်စေပါတယ်။စုံတွဲတွေအတူနေကြတဲ့အခါ အိပ်ရာပေါ်မှာ သူနဲ့ ကိုယ်နဲ့ အပေးအယူမျှရဲ့လား ဆိုတာလည်း အရေးကြီးပါတယ်။ နောင်အခါ အိမ်ထောင်ပြုတဲ့အခါ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားကြပါတယ်။ သက်တမ်းတလျှောက်လုံး ဒီကိစ္စပဲ လုပ်နေမှာ မဟုတ်ပေမယ့်လည်း အိမ်ထောင်ပြုရင်တော့ လိင်ကိစ္စကတော့ အနည်းနဲ့ အများတော့ ပါတာပါပဲ။ အိမ်ထောင်ကျပြီးမှ ကိုယ့်အဖော်က ကိုယ်နဲ့ အဆင်မပြေရင် ပြန်လဲလို့မှ မရတာ။ ဒီတော့ လက်မထပ်ခင် အတူနေပြီး သူ့အကြောင်းကိုယ့်အကြောင်း သိအောင် လုပ်ထားသင့်တာပေါ့။တချို့က အပြင်ပန်းမှာ အဆင်ပြေပေမယ့် အိပ်ရာပေါ်မှာ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ ရှိပါတယ်။ လက်ထပ်ပြီးမှ လိင်ကိစ္စအဆင်မပြေလို့ ကွဲရတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကွဲတဲ့အခါကျ လိင်ကိစ္စအဆင်မပြေလို့ ကွဲလိုက်တယ်လို့တော့ ဘယ်ပြောပါ့မလဲနော်။ ဒါကြောင့်လည်း လူမသိသူမသိ ပြဿနာတွေ တက်ကြတာပါ။အတူနေပြီးသား စုံတွဲတွေက လိင်ဆက်ဆံရေးမှာသာမကဘဲ နေ့စဉ်ဆက်ဆံရေးမှာလည်း ပိုပြီး ပွင့်လင်း ရင်းနှီးလာကြပါတယ်။ တစ်ခုခုဆို ထိမ်ချန်မထားဘဲ ကိုယ်ခံစားရတာကို အရှိအတိုင်း ပြောပြလို့ ရတယ်ဆိုတဲ့ စိတ်မျိုး ဖြစ်စေပါတယ်။ဒါကတော့ အပေါ်က အချက်နဲ့ ဆက်စပ်နေတာပေါ့နော်။ ရင်ထဲမှာ ရှိသမျှကို ပွင့်ပွင့်လင်းလင်း မေးနိုင်၊ ပြောနိုင်တော့ ရန်ဖြစ်ရတာတွေ နည်းသွားတာပေါ့။ ‘ နင်ဘာဖြစ်နေတာလဲ’တို့၊ ‘စိတ်ကောက်နေတာလား’တို့ သိပ်မေးနေစရာမလိုတော့ဘူးလေ။အတွဲရှိတယ်သူတွေက အတွဲကြောင့်ပဲ စိတ်ဖိစီးရပါတယ်။ အချစ်ရေးမှာ အပေါ်မှာ ပြောခဲ့သလို အဆင်ပြေနေခဲ့ရင် ရန်လည်း ခဏခဏ ဖြစ်စရာမလိုတော့ စိတ်ဖိစီးရတာလည်း နည်းသွားတာပေါ့။ဒါပေမယ့် လက်မထပ် အတူနေခြင်း က အမြဲတမ်း  ပန်းခင်းလမ်းတော့ မဖြစ်နေပါဘူး။ အတွဲတိုင်းလည်း ဒီလိုအဆင်ပြေနေတာ မဟုတ်ပါဘူး။ ပြဿနာတချို့လည်း ရှိပါသေးတယ်။ ဒါတွေကတော့။အတူနေတဲ့အထိ အဆင့်ထိရောက်သွားပြီရင် သူတို့မှာ စိတ်လှုပ်ရှားစရာ၊ ရုပ်ပိုင်းဆိုင်ရာအရ လိုချင်တပ်မက်စရာတွေ ကုန်သွားပြီလို့ ပြောလို့ ရပါတယ်။ နှစ်ကြာတဲ့ အိမ်ထောင်သည်များလို တစ်ယောက်နဲ့ တစ်ယောက် ရိုးလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီကနေ ဖောက်ပြန်တာတွေလည်း ဖြစ်လာနိုင်တာပေါ့လေ။လက်မထပ်ရသေးတဲ့အတွက် ကိုယ်ဝန်ကို တာဝန်ယူဖို့ ခက်ပါတယ်။ ဒီကြားထဲမှာ တစ်ဖက်က မလိုချင်ဘူးဆိုရင် ပိုဆိုးပါတယ်။ မြန်မာနိုင်ငံမှာ မလိုချင်တဲ့ ကိုယ်ဝန်ကို တရားဝင် ဖျက်ချလို့ မရသေးတဲ့အတွက် ခိုးပြီးဖျက်ချရာကနေ ကျန်းမာရေးပြဿနာတွေ တက်လာနိုင်ပါတယ်။ ဒါ့ပြင် ရင်ဆိုင်ရမယ့် မိသားစုပြဿနာတွေလည်း ရှိပါသေးတယ်။HIVကစလို့ တခြားကူးစက်ရောဂါတွေ ရလာတာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရည်းစားနဲ့ကိုယ် နေတယ်ဆိုပြီး အကာအကွယ်မသုံးမိခဲ့ရင်ပေါ့။ တချို့ရောဂါတွေက ကုလို့ ပျောက်တယ်ဆိုပေမယ့် တချို့ရောဂါတွေကတော့ တစ်သက်လုံး ဆေးသောက်ရမှာပါ။သူနဲ့ ကိုယ်နဲ့က အတူနေလိုက်ပြီ။ လင်မယားဖြစ်သွားပြီ။ နောက်ပိုင်းမှာ အဆင်ပြေပြေ၊ မပြေပြေ သူနဲ့ပဲ လက်ထပ်ရတော့မှာလို့ မှတ်ယူလိုက်တာမျိုးပါ။ တကယ်တော့ လက်မထပ်ခင်  အတူနေတယ်ဆိုတာ လိင်ကိစ္စအပြင် တစ်ယောက်နဲ့ တစ်ယောက် လေ့လာတာလည်း ပါပါတယ်။တစ်အိမ်တည်း အတူနေကြတဲ့ Living togetherတွေဆိုရင် အိမ်စရိတ်တွေ မျှခံရဲ့လား။ အိမ်မှာရှုပ်ပွနေအောင် နေတာလား စတာတွေပါ အကဲခတ်လို့ ရပါတယ်။ ဒီအချိုးနဲ့ ငါနဲ့တော့ မကိုက်လောက်ဘူးထင်ရင် အစတည်းက နှုတ်ဆက်ခဲ့လိုက်ပါ။ဒီတစ်ယောက်နဲ့ နေလိုက်လို့ ဒီတစ်ယောက်နဲ့ နေရမယ်ဆိုတာမျိုး မရှိတော့ပါဘူး။ အထူးသဖြင့် ကိုယ့်ကို စိတ်ဒုက္ခဖြစ်စေတတ်တဲ့၊အကြမ်းဖက်တတ်တဲ့သူမျိုးဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ထားခဲ့ဖို့ ဝန်မလေးပါနဲ့။နင်က ငါနဲ့ အတူနေပြီးသား။ နင် ငါနဲ့ မယူလို့ မရတော့ဘူး။ နင် ငါနဲ့ လမ်းခွဲရင် ဒါမှမဟုတ် တစ်ခုခုကို မလိုက်လျောရင် နင်နဲ့အတူနေထားတာတွေ အကုန်လုံးကို ပြောပစ်မှာ။နင့်ကို ဘယ်သူမှ လက်ထပ်မှာ မဟုတ်ဘူး ဆိုတဲ့ စကားတွေနဲ့ အကျပ်ကိုင်ခံရတာပါ။ဘာသာရေးယုံကြည်ချက်တွေ၊ ဓလေ့ထုံးစံတွေကြောင့် အတူနေပြီးမှ မှားသလိုလို၊ လိပ်ပြာမလုံသလိုလို အပြစ်ရှိသလို ခံစားရတာပဲ ဖြစ်ပါတယ်။အသက်ပြည့်ပြီးသား လူငယ်တွေဆိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချရမှာပါ။ ကောင်းကျိုး ဆိုးကျိုးတွေကတော့ ပြောပြပြီးပါပြီ။ ဒါပေမယ့် ဆုံးဖြတ်ချက်ချမယ်ဆိုရင် ခုပြောမယ့် အကြောင်းအရာလေးတွေကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။တစ်ယောက်ယောက်က သဘောမတူဘူးဆိုရင် ဒီကိစ္စကို ဆက်မလုပ်တာ ကောင်းပါတယ်။ အထူးသဖြင့် ကိုယ်က မနေချင်ပါဘဲနဲ့ တစ်ဖက်က အတင်းတိုက်တွန်းလို့ နေလိုက်ရတယ်ဆိုတာ ပိုတောင် မဖြစ်သင့်ပါသေးတယ်။မတော်တဆ နေဖြစ်သွားတယ်ဆိုရင်တော့ ကွန်ဒုံး ဒါမှမဟုတ်အရေးပေါ်တားဆေးသုံးပါ။ ပုံမှန်နေဖြစ်နေပြီဆိုရင်တော့ တားဆေးတစ်ခုခုကို သေချာသုံးပါ။ ဥပမာ ဆေးသောက်တာ၊ ဆေးထိုးတာ ရွေးစရာ အများကြီး ရှိပါတယ်။ အရေးပေါ်တားဆေးတွေထက်စာရင် ဒီဆေးတွေက ကိုယ်ဝန်ကို ပိုပြီး ထိထိရောက်ရောက် တားနိုင်ပါတယ်။အတူနေမယ်လို့ ဆုံးဖြတ်ထားရင် အနည်းဆုံးတော့ HIV၊ Bပိုး၊ Cပိုးလောက်တော့ စစ်ထားကြပါ။ မစစ်ဘဲနဲ့ အတူနေဖို့ ဖြစ်လာခဲ့တယ်ဆိုရင်လည်းကွန်ဒုံးသုံးဖို့ မမေ့ပါနဲ့။သာမန်သမီးရည်းစားဘဝမှာတင် တစ်ခုခုဆို ခြိမ်းခြောက်လိုက်၊ အကြမ်းဖက်လိုက် လုပ်တတ်သူက အတူနေတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တတ်ပါတယ်။ လူတစ်ယောက်ကို အပြင်ပန်း အကဲခတ်ရတာ ခက်ပေမယ့် ခန့်မှန်းကြည့်တာ မမှားပါဘူး။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/sex-before-marraige-pros-and-cons/
နှလုံးကျန်းမာစေသော အစားအသောက် ချက်ပြုတ်နည်းများ
ကျွန်တော်တို့စားလိုက်တဲ့အစာက ကျွန်တော်တို့ကျန်းမာရေးပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ နှလုံးအတွက်ကတော့ သင်ဘာစားလဲဆိုတာ ပိုဂရုစိုက်ရပါမယ်။ နှလုံးကောင်းမွန်စေတဲ့ အစားအစာတွေက ရိုးရှင်းပေမယ့်ထင်ရှားကြပါတယ်။ စားသောက်ဆိုင်တွေက ကယ်လိုရီနဲ့ကိုလက်စထရောများတဲ့ အစားအစာတွေအစား သင့်အိမ်မှာ နှလုံးအတွက်ကောင်းမွန်တဲ့ စားစရာတွေကို ကိုယ့်ဘာသာကိုယ် ချက်စားသင့်ပါတယ်။နှလုံးရောဂါက ကင်ဆာမျိုးစုံက သတ်နေတဲ့လူဦးရေထက်တောင် ပိုများများသတ်လျက်ရှိပါတယ်။ ဒီလူသတ်သမားခေါင်းဆောင်ရောဂါက သင့်ရုပ်ပိုင်းဆိုင်ရာသာမက စိတ်၊ ပုံပန်းသွင်ပြင်နဲ့ ဘဝကိုပါ ထိခိုက်ယိုယွင်းစေပါတယ်။ ဒါကြောင့် နှလုံးနဲ့ပတ်သက်တဲ့ပြသနာတွေမဖြစ်အောင် ကျွန်တော်တို့တားဆီးဖို့က အရေးကြီးပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းအပြင် သင့်တင့်မျှတစွာ ချက်ပြုတ်စားသောက်ခြင်းက ကိုလက်စထရော၊ သွေးချို၊ သွေးဖိအားနဲ့ ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးပါတယ်။ နှလုံးအတွက်ကောင်းမွန်စေတဲ့အရာတွေက နှလုံးရောဂါရှိသူတွေကိုတောင် သူတို့အခြေအနေတွေတိုးတက်လာစေပြီး နှလုံးဖောက်ခြင်းဖြစ်နိုင်ချေလည်း လျော့စေပါတယ်။အခုပြောပြသွားမှာက နှလုံးအတွက်သင့်တော်တဲ့စားစရာတွေ ဘယ်လိုချက်ပြုတ်မလဲဆိုတဲ့ အကြံပေးချက်လေးတွေပါ။ အစားအသောက်ပညာရှင်တွေက အသားတွေကိုအဆီဖယ်ပြီး အစာအစာတွေမှာ ဆားလျှော့သင့်တယ်လို့ အကြံပေးထားပါတယ်။ အဆီနဲ့ ဆားက အစားအစာအရသာတိုးစေတဲ့အရာတွေဖြစ်ပေမယ့် နှလုံးအတွက်ခြိမ်းခြောက်နေတာတွေလည်းဖြစ်တဲ့အပြင် ကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ ကြက်၊ ဘဲနဲ့ တခြားအသားတွေမှာပါတဲ့ အဆီတွေအားလုံး လှီးထုတ်ပစ်ဖို့လိုပါတယ်။ ချက်ပြုတ်တဲ့အခါ အသားမှာအဆီတွေကုန်စေဖို့ အသားကိုကင်ထားလို့ရပါတယ်။ ဟင်းခတ်တဲ့အခါလည်း ဆား၊ ထောပတ်၊ ဝက်ဆီ၊နဲ့ တခြားအဆီတွေအစား တခြားဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးပါ။ အောက်မှာပြောပြသွားမှာက သုံးနိုင်တဲ့တခြားဟင်းခတ်တွေပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%85%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8/
ကလေးကို လေ ဘယ်လိုထုတ်ပေးမလဲ
ကလေးရဲ့ဗိုက်ထဲမှာရှိတဲ့ ဓာတ်ငွေ့တွေ(လေတွေ)က ကလေးကို မသက်မသာဖြစ်စေပြီး နာကျင်မှုကိုခံစားရစေတာပါ။ ဒါကြောင့် သင့်ကလေးကို လေမကြာခဏထုတ်ပေးခြင်းက ဂတ်စ် တွေကိုထွက်သွားစေနိုင်ပြီး ကလေးကိုပိုပြီး နေလို့ကောင်းစေကာ ဗိုက်နာလို့ငိုခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါဆောင်းပါးမှာ ကလေးကို ဘယ်လိုမျိုးမှန်ကန်စွာ လေထုတ်ပေးရမလဲဆိုတာကိုဖော်ပြထားပါတယ်။ ဒါမှသာ ကလေးက လေထိုးလို့နာကျင်တာမျိုး မဖြစ်တော့မှာ မဟုတ်လား။ကလေးဟာ အစာစားချိန်တွေမှာ မသက်မသာဖြစ်ပြီး တွန်းဆွဲနေတာမျိုးနဲ့ ငိုယိုနေတာမျိုးဖြစ်နေပြီဆိုရင် ဒါဟာလေထုတ်ပေးရမယ့်အချိန်ပါပဲ။ အချို့သောမိဘတွေဟာ ကလေးငယ်ကို နို့ဘူးတစ်ဝက်လောက်ကုန်တဲ့အချိန် သို့မဟုတ် နို့တိုက်ပြီးချိန်မှာ လေထုတ်ပေးတတ်ကြပါတယ်။ တကယ်လို့ကလေးဟာ ငြိမ်နေတယ်။ ဒါမှမဟုတ် နို့စို့ပြီးချိန်မှာ အိပ်ပျော်သွားတယ်ဆိုရင် လေထုတ်ပေးဖို့ မလိုအပ်ပါဘူး။သင့်ကလေးဟာ ၄လမှ ၆လအရွယ်ရောက်လာပြီဆိုရင် လေထုတ်ပေးနေရတဲ့ဘဝကနေ လွတ်လာပါပြီ ။ အတိအကျပြောရမယ်ဆိုရင်သူတို့ဟာ ကောင်းကောင်းနို့စို့တတ်တဲ့ စားတတ်တဲ့အရွယ်ရောက်လာတာဖြစ်ပြီး အရင်ကအခြေအနေတွေနဲ့ယှဉ်လိုက်ရင် လေကိုမျိုချမိတာမျိုး ဖြစ်ခဲသွားပါပြီ။ပုခုံးပေါ်တင်ပြီး ထုတ်ပေးပါ။သင့်ရဲ့ပုခုံးတွေက သင့်ကလေးဗိုက်ကို ညင်ညင်သာသာလေးဖိနေသလိုဖြစ်အောင် လုံလောက်တဲ့အမြင့်မှာကလေးကိုထားပါ။ ဒီအနေအထားဟာ ကလေးဗိုက်ထဲကလေတွေကို ကျောကိုပုတ်လိုက်တာနဲ့ထွက်လာနိုင်အောင် လုံလောက်တဲ့ဖိအားပေးနိုင်ပါတယ်။ ကလေးရဲ့ကိုယ်ကို လက်တစ်ဘက်က ထိန်းထားပြိး နောက်တစ်ဘက်နဲ့ ကျောကို ညင်သာစွာ ပွတ်ပေး၊ ပုတ်ပေးပါ။ ဒါကိုလုပ်နေစဉ်မှာ သင့်ကလေးက သက်သောင့်သက်သာရှိနေပါစေ။ ပုံမှန်အသက်ရှူလို့ရနေပါစေ။ ခေါင်းကိုအတင်းကြီးချိုးထားရတာမျိုး ငုံ့ထားရတာမျိုးမဖြစ်ပါစေနဲ့။ ကလေးရဲ့ခေါင်းအနေအထားမှန်မမှန်ဆိုတာနဲ့ လေထုတ်ဖို့ အသင့်ဖြစ်မဖြစ် သေချာဖို့အတွက် သင်တို့ရဲ့အနေအထားကို မှန်ထဲမှာကြည့်လို့ရပါတယ်။ပေါင်ပေါ်မှာထိုင်ခိုင်းပါ။ကလေးကို ပေါင်ပေါ်မှာ မတ်မတ်ထိုင်နိုင်အောင် လုပ်ပေးပြီး သင့်ကိုကျောပေးထိုင်ခိုင်းထားပါ။ ကလေးရဲ့ကိုယ်ကို လက်တစ်ဘက်ကထိန်းပြီး ကျန်တစ်ဘက်နဲ့ ကျောကို ညင်သာစွာပွတ်ပေး၊ ပုတ်ပေးပါ။ ကလေးရဲ့ရင်ဘတ်ကို လက်ဖဝါးနဲ့ ထိန်းထားပြီး သင့်လက်ချောင်းတွေက သူ့ရဲ့မေးစေ့နဲ့ မေးရိုးတွေကို ထောက်ပြီး ထိန်းထားပေးပါ။ သင့်လက်ချောင်းတွေဟာ ကလေးရဲ့လည်ပင်းကို မတော်တဆရောက်သွားနိုင်တာကြောင့် ဒီအနေအထားနဲ့ လေထုတ်မယ်ဆိုရင် သတိကြီးကြီးထားပါ။ဒီနည်းလမ်းကိုသုံးပြီး လေမထုတ်ခင် သင့်ကလေးက သင့်ပေါင်ပေါ်မှာ တံတွေးထွေးချတာတွေ အန်ချတာတွေဖြစ်နိုင်တယ်ဆိုတာ သတိပြုပါ။ အဝတ်စတစ်စကိုပေါင်ပေါ်ဖြန့်ခင်းထားခြင်းအားဖြင့် ဒီလိုအခြေအနေမျိုးကို ရှောင်ရှားနိုင်ပါတယ်။ကလေးကိုလေထုတ်ရာမှာ အခက်အခဲဖြစ်နေသေးရင် ကလေးအထူးကု သို့မဟုတ် ကျန်းမာရေးအကြံပေးကိုဆက်သွယ်ပြီး အကြံဉာဏ်တွေ၊ လမ်းညွှန်မှုတွေနဲ့ ကုသမှုနည်းလမ်းတွေ တောင်းဆိုဖို့ တွန့်ဆုတ်မနေပါနဲ့။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%b1-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%b1%e1%80%b8/
ပုခုံးနာခြင်းသက်သာစေမယ့် ကိုယ်လက်လှုပ်ရှားမှု ၅ မျိုး
သင်သည် ရုံးမှာ တနေကုန် တနေခမ်းထိုင်ပြီး အလုပ်လုပ်ရသူဖြစ်ပါသလား။ သင်သည် ခွဲစိတ်ကုသမှုများ ခံယူထားသောကြောင့် သင့် ပခုံး၂ဖက်ကို အနေအထားမှန်အောင်ကြိုးစားနေရပါသလား။ သင်သည် နှစ်ရှည်လများ လေ့ကျင့်ရသော တင်းနစ်ကစားသမား တစ်ဦးဖြစ်ပါသလား။ထိုသို့သော အခြေအနေများတွင် ပခုံးနာခြင်းသည် ဖြစ်လေ့ရှိပါသည်။ ထို့ကြောင့် ပခုံးနာခြင်းကို သက်သာစေရန် အောက်ပါဆန့်ထုတ်လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါသည်။စက်ဝိုင်းပုံလှည့်ခြင်းဖြင့် သင့်ပခုံးရှိကြွက်သားများကို ပူနွေးလာစေပါသည်။ထိုလေ့ကျင့်ခန်းပြုလုပ်ရန် သင့်တင်ပါးများနှင့် အမြင့်တူညီသည့် ထိုင်ခုံတစ်လုံး လိုအပ်ပါသည်။ထိုလေ့ကျင့်ခန်းကို စလုပ်ရန် မတ်မတ်ရပ်ပါ။ သို့မဟုတ် မတ်မတ် ထိုင်နေပါ။ထိုလေ့ကျင့်ခန်းကို ပြုလုပ်ရန် တံခါးပေါက်တွင် မတ်မတ်ရပ်ပါ။ထိုလေ့ကျင့်ခန်းကို ပြုလုပ်ရန် အနောက်ဖက်တွင် အိတ်ကပ် ၂လုံးပါသော အားကစားဘောင်းဘီကို ဝတ်ဆင်ရမည်ဖြစ်ပါသည်။အချုပ်ဆိုရသော် သင်သည် ပခုံးနာကျင်ခြင်းဝေဒနာများကို ခံစားရနိုင်ပါသည်။ ထိုဝေဒနာများသည် အန္တရာယ်မရှိသော်လည်း သင့်ကို စိတ်ဒုက္ခဖြစ်စေပါသည်။ ထို့ကြောင့် အထက်ဖော်ပြပါ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်း၊ အနာသက်သာရန်ဆေးများသောက်ခြင်းဖြင့် နာကျင်မှုများကို သက်သာစေမည်ဖြစ်ပြီး ပိုဆိုးလာခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။သင်သည် ထိုလေ့ကျင့်ခန်းများနှင့် ပတ်သက်ပြီး သိလိုသည်များ၊ သင့်နာကျင်မှုဝေဒနာနှင့် ပတ်သက်ပြီး သံသယများရှိပါက ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%95%e1%80%af%e1%80%81%e1%80%af%e1%80%b6%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%85%e1%80%b1%e1%80%99%e1%80%9a/
Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင်
ခုတလော လူတိုင်းလိုလို ခံစားနေရတဲ့ကျန်းမာရေး ပြဿနာတစ်ရပ်ကOmicronကူးစက်ခံရပြီး လည်ချောင်းထဲက ယားတာ၊လည်ချောင်းနာတာ၊ချောင်းဆိုးတာနဲ့ အသံဝင်တာပါ။ ဒီလို ခံစားရတဲ့ လက္ခဏာတွေထဲကမှ စကားပြောလိုက်တိုင်း အက်တက်တက် အသံထွက်ပြီး စကားပြောရတာကို အားမရဖြစ်စေတဲ့ Omicronကြောင့် အသံဝင်တာကို သက်သာစေမယ့်အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ဒီအချက်တွေကြောင့် အသံဝင်ပြီး လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။Omicronကြောင့် လည်ချောင်းနာပြီးအသံဝင်ခဲ့ရင် တော့ အခုလိုလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ရေဓာတ် ပြည့်ဝတာက လည်ချောင်းခြောက်တာကို သက်သာစေပြီး အသံဝင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာတယ်။ အသံဝင်တယ်ဆိုရင် ရေများများ သောက်ပါ။ရေနွေးနွေးလေး သောက်ပေးတာကလည်း အဆင်ပြေပါတယ်။ရေနွေးကြမ်း ပူပူလေး ဒါမှမဟုတ် စွပ်ပြုတ် နွေးနွေးလေး သောက်ပေးလို့ရပါတယ်။အရိုးစင်းဆုံးအိမ်တွင်းကုထုံးတစ်ရပ်ပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရောင်ရမ်းတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆားလက်ဖက်ရည် ဇွန်းတဝက်စာကို ရေနွေးနွေး တစ်ခွက်နဲ့ရောစပ်လို့ ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၅ ကြိမ်လောက်အထိလုပ်ပေးပါ။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလိုမှိုပိုးတွေကိုလည်း အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ရောဂါပိုးတွေကြောင့် အသံဝင်ပြီး လည်ချောင်းနာတာကို အမြန်ဆုံးသက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးနွေးတစ်ခွက်နဲ့ရောပြီး တစ်နေ့ကို နှစ်ကြိမ်  ပလုတ်ကျင်းပေးပါ။ချင်း (ဂျင်း) ကနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလိုဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကိုကောင်းစေနိုင်ပါတယ်။လည်ချောင်းနာတနဲ့ အသံဝင်တာကကို အထိရောက်ဆုံးသက်သာစေနိုင်မယ့် မီးဖိုချောင်ဆေးဝါးတစ်မျိုးပါ။ ချင်း (ဂျင်း) ကို ပါးပါးလေးတွေလှီးပြီး ဝါးစားလို့ရသလို ရေနွေးဆူဆူထဲကို ချင်း (ဂျင်း) ထည့်ပြုတ်ပြီး ချင်း (ဂျင်း) ပြုတ်ရည်သောက်ပေးလို့လည်းရပါတယ်။ပျားရည်က သက်ရှိတွေအတွက် သဘာဝကပေးတဲ့ ကျန်းမာရေးလက်ဆောင်တစ်ခုပါ။ ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ပျားရည်နှစ်ဆသံပရာရည်တစ်ဆရောပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိသောက်ပေးလို့ရပါတယ်။ရေနွေးထဲမှာထည့်ပြီး သောက်လို့လည်းရပါတယ်။ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပြီးကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ အစိမ်းတို့စားလို့ရသလို ဟင်းခါးထဲထည့်ချက်စားလို့လည်းရပါတယ်။ အရည်ညှစ်ပြီး ရေနွေးနဲ့ရောစပ်သောက်သုံးပေးရင်လည်း အသံဝင်တာကို မြန်မြန်သက်သာစေနိုင်မှာပါ။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး လည်ချောင်းနာတာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ နနွင်း လက်ဖက်ရည်ဇွန်းတဝက်စာကို နွားနို့တစ်ခွက်နဲ့ရောစပ်ပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိသောက်လို့ ရပါတယ်။Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင် ဒီနည်းလမ်းလေးတွေနဲ့ လုပ်ဆောင်ကြည့်လိုက်ပါနော်။ အပြင်ထွက်တိုင်း မတ်ခ်တပ်ဖို့လည်း မမေ့ပါနဲ့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-relieve-laryngitis-cause-of-omicron/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/can-wearing-wet-clothes-in-summer-make-you-sick/
Broken heart syndrome (နှလုံးကွဲခြင်း)
နှလုံးကွဲခြင်းဆိုတာ သောကများစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေ ( ချစ်ခင်ရသူ သေဆုံးသွားခြင်း) ကြုံရတဲ့အခါ ဖြစ်လာတဲ့ ယာယီအခြေအနေတစ်ခုပါ။ ပြင်းထန်တဲ့ကိုယ်ကျန်းမာရေးထိခိုက်မှုဖြစ်စေ၊ ခွဲစိတ်မှုတွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ နှလုံးထိခိုက်နေတဲ့ လူတွေက ရုတ်တရက် ရင်ဘတ်အောင့်ခြင်း ခံစားရနိုင်ပြီး သူတို့မှာ နှလုံးရောဂါ ရှိနေတယ်လို့ စဉ်းစားတတ်ကြပါတယ်။နှလုံးထိခိုက်တဲ့အခါမှာ နှလုံးရဲ့အစိတ်အပိုင်းတစ်ခုခုမှာ ပုံမှန်သွေးညှစ်မှုကို ယာယီအားဖြင့် မလုပ်နိုင်တာတွေ ရှိလာပါတယ်။ နှလုံးရဲကျန်တဲ့အစိတ်အပိုင်းတွေက ပုံမှန် သွေးညှစ်နေတာဖြစ်နိုင်သလို ပိုမိုအားထည့်ပြီး သွေးညှစ်နေတာလဲ ဖြစ်နိုင်ပါတယ်။ စိတ်ဖိအားများတဲ့ အခါ ထွက်လာတဲ့ ဟော်မုန်းတွေကို နှလုံးက တုံ့ပြန်တဲ့ အတွက်ကြောင့် ဖြစ်ရပါတယ်။ဒီလို အခြေအနေ ကို Takotsubo နှလုံးကြွက်သား ပြဿနာ လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ လက္ခဏာတွေက ကုသလို့ ရပါတယ်။ ရက်ပိုင်းအတွင်းမှာ ကုသစရာ မလိုပဲ ပြန်ကောင်းသွားတတ်ပါတယ်။နှလုံးကွဲခြင်းက ရှားပါတယ်။ နှလုံးရောဂါရှိနေတဲ့ လူဦးရေ ရဲ့၂% လောက်မှာပဲ တွေ့ရပါတယ်။ နှလုံးကြွက်သား ပြသနာကို ခံစားနေရတဲ့ လူတွေက အသက် ၅၀ အထက် အမျိုးသမီးတွေ များပါတယ်။ အသေးစိတ် သိချင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။တွေ့ရများတဲ့ ရောဂါ လက္ခဏာတွေကတော့။ရင်ဘတ်အောင့်ခြင်း။အသက်ရှူမဝဖြစ်ခြင်း။ကာလ ကြာရှည်စွာ ရင်ဘတ်အောင့်ခြင်း။၎င်းတို့က နှလုံးထိခိုက်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါ တယ်။ ရုတ်တရက် ပြင်းပြင်းထန်ထန် ရင်ဘတ်အောင့်လာလျှင်တော့ ၉၁၁ ကို ဖုန်းဆက် လှမ်းခေါ်ပါ။အထက်မှာ မပါတဲ့ လက္ခဏာတွေလဲ ဖြစ်နိုင်ပါတယ်။ ရောဂါ လက္ခဏာနဲ့ပတ်သတ်ပြီး မေးချင်လျင် သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။သင့်မှာ ရောဂါ လက္ခဏာ တစ်ခုခု ခံစားရလျှင် ဆရာဝန် နဲ့ တိုင်ပင်ပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်က အလုပ်လုပ်ပုံ မတူကြပါ။ သင်ခံစားနေရတာတွေကို ဆရာဝန်နဲ့ ဆွေးနွေးတာ အကောင်းဆုံးပါ။သင့်မှာ စိတ်သောကရောက်ရပြီး ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမဝခြင်း ဖြစ်လာပါက အရေးပေါ် ဆေးကုသမှုကို ချက်ချင်း ရှာဖွေပါ။ဖြစ်ရတဲ့ အကြောင်းရင်း အတိအကျတော့ မသိပါဘူး။Adrenaline ကဲ့သို့စိတ်ဖိအားကြောင့် ခံစားရတဲ့ ဟော်မုန်းတွေက လူတွေရဲ့နှလုံးကို ထိခိုက်စေပါတယ်။အဲ့ဒီဟော်မုန်းတွေက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတာတော့ မရှင်းလင်းသေးပါဘူး။ နှလုံးက သွေးကြောသေးများ၊ သွေးကြောကြီးများ ယာယီ ကျဉ်းသွားလို့ ဖြစ်ရတယ်လို့ ထင်ကြပါတယ်။နှလုံးထိခိုက်ခြင်းက ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှု၊ စိတ်ခံစားမှုတွေကြောင့် ပိုဆိုးလာနိုင်ပါတယ်။ နှလုံးကွဲခြင်း ကို ဖြစ်စေနိုင်တဲ့ အချို့အကြောင်းအရာတွေကတော့။ချစ်ခင်ရသူတွေ မမျှော်လင့်ဘဲ သေဆုံးမှု။ထိတ်လန့်ဖွယ် ဆေးစစ်မှု အဖြေ။နှိပ်စက်ခံရခြင်း။ပိုက်ဆံမြောက်များစွာ ဆုံးရှုံးသွားခြင်း သို့မဟုတ် ရရှိခြင်း။အကြီးအကျယ် အငြင်းပွားခြင်း။အံ့အားသင့်စရာ ပွဲ လုပ်ပေးခြင်း။လူသိရှင်ကြား အလုပ် လုပ်ရခြင်း။အလုပ်လက်မဲ့ ဖြစ်သွားခြင်း။ကွာရှင်းခြင်း။ကိုယ်ကျန်းမာရေး ထိခိုက်ခြင်း၊ ပန်းနာရင်ကျပ်၊ ကားတိုက်ခံရခြင်း၊ ကြီးမားသော ခွဲစိတ်မှု လုပ်ရခြင်း။အချို့ဆေးတွေက ဟော်မုန်းထွက်တာများစေပြီး နှလုံးထိခိုက်စေနိုင်ပါတယ်။ ၎င်းဆေးတွေကတော့။နှလုံးထိခိုက်ခြင်း နှင့် နှလုံးရောဂါ ကို ဘယ်လို ခွဲခြားကြမလဲ။နှလုံးရောဂါ က နှလုံးသွေးကြော ပိတ်ခြင်း၊ ပိတ်လုနီးပါး ဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးကြော ပိတ်ရတာက။အဆီလုံးနဲ့ ကျဉ်းနေတဲ့ နေရာမှာ သွေးခဲဖြင့် ပိတ်သွားလို့ ဖြစ်ရပါတယ်။ နှလုံးထိခိုက်ခြင်းက သွေးကြောမပိတ်လဲ ဖြစ်လို့ရပါတယ်။ နှလုံးထိခိုက်ခြင်းမှာ နှလုံးဆီကို သွေးထောက်ပံ့မှု နည်းသွားသော်လည်း သွေးကြောပိတ်ခြင်း မရှိပါဘူး။အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။အသက် ၅၀ ကျော် တဲ့ လူတွေမှာ ပိုဖြစ်ပါတယ်။အာရုံကြော နှင့်ဆိုင်သော ရောဂါ တွေဖြစ်တဲ့ ခေါင်းထိခိုက်မှု၊ အတက်ရောဂါ ရှိတဲ့ လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ယခင်က ဖြစ်စေ၊ လတ်တလော စိတ်ရောဂါ (စိတ်ကျရောဂါ၊ စိတ်ပူဆွေးမှု) ခံစား နေရလျှင် ပိုဖြစ်နိုင်ပါတယ်။ရောဂါ ရှာဖွေမှု နှင့် ကုသမှု။ထို အချက်အလက်တွေက ဆေးပညာ အစားထိုး မဟုတ်ပါ။ သင့် ဆရာဝန်နှင့် အမြဲ တိုင်ပင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရှိတယ်လို့ သံသယ ရှိရင် ဆရာဝန်က အောက်ပါ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ရောဂါ ရာဇဝင် မေးမြန်းခြင်း နှင့် စမ်းသပ်ခြင်း။ စမ်းသပ်ခြင်းအပြင် ဆရာဝန်က သင် ခံစားနေရတဲ့ ရောဂါ လက္ခဏာတွေ အကြောင်း သေချာ သိချင်ပါတယ်။ နှလုံးထိခိုက်နေတဲ့ လူတွေမှာ များသောအားဖြင့် ရောဂါလက္ခဏာ မပြကြပါဘူး။ ဆရာဝန်တွေက သင် လတ်တလော ပူဆွေးသောက ရောက်မှု ( ချစ်ခင်သူတွေ သေဆုံးမှု) ရှိ မရှိ သိချင်ကြပါတယ်။ECG ရိုက်ခြင်းက ခန္ဓါကိုယ်ကို ထိုးဖောက်စရာ မလိုတဲ့ စမ်းသပ်မှုပါ။ နှလုံးကို ခုန်စေတဲ့ လှုံ့ဆော်မှုကို မှတ်သားခြင်း ဖြစ်ပါတယ်။ ECG က လှုံ့ဆော်မှုကို မှတ်တမ်းတင်ပြီး ECG ကို ကြည့်၍ ဆရာဝန်က စည်းချက် မှန် မမှန် နှင့် နှလုံးကောင်းမကောင်း ဆုံးဖြတ်ပေးပါတယ်။Echo ရိုက်ခြင်း ။ ဒီနည်းက နှလုံးထိခိုက်ခြင်းရဲ့လက္ခဏာဖြစ်တဲ့ နှလုံးကြီးနေခြင်း၊ ပုံမမှန်မှုများရှိနေခြင်း တို့ကို သိနိုင်ပါတယ်။ ultrasound ရိုက်ခြင်းဖြင့်လည်း နှလုံး တည်ဆောက်ပုံ နဲ့ အလုပ် လုပ်မလုပ် သိနိုင်ပါတယ်။Ultrasond ရိုက်တဲ့ အခါ လှိုင်းတွေရဲ့ ပဲ့တင်ထပ်မှုတွေကို ခန္ဓါကိုယ် ပြင်ပမှ ကိရိယာနဲ့မှတ်တမ်းတင်ပါတယ်။ ပုံရိပ်တွေကို ကွန်ပျူတာမှာ ဗွီဒီယို ပုံစံဖြင့် ကြည့်နိုင်ပါတယ်။သွေးစစ်ဆေးခြင်းများ။ နှလုံးထိခိုက်နေတဲ့ လူတွေရဲ့ သွေးထဲမှာ ဓါတ်ကူပစ္စည်း အချို့ တက်နေပါတယ်။ ဒါကြောင့် ဆရာဝန်တွေက သွေးစစ်ခိုင်းကြပါတယ်။ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်း။ နှလုံးကြီးမကြီး သိဖို့ ဓါတ်မှန် ရိုက်ခိုင်းကြပါတယ်။ အဆုတ်မှာ ပြသနာ ရှိ၊ မရှိ သိဖို့လည်း ဓါတ်မှန် ရိုက်ခိုင်းကြပါတယ်။သံလိုက် ဓါတ်မှန် ရိုက်ခြင်း အတွက် သံလိုက် စက်ကွင်း ရှိတဲ့ ထုလုံးပုံစံ စက်ထဲက စားပွဲပေါ်မှာ လဲလျောင်း ရပါမယ်။ သံလိုက်စက်ကွင်းကြောင့် ရုပ်ပုံတွေ အသေးစိတ် ပေါ်လာပြီး ဆရာဝန်က နှလုံးကို သေချာ စစ်ဆေးနိုင်ပါတယ်။Coronary angiogram ။ သွေးကြောထဲကို ဓါတ်မှန်စက်မှာ မြင်ရတဲ့ ဆိုးဆေး တစ်မျိုး ထိုးထည့်ပြီး ကြည့်တာ ဖြစ်ပါတယ်။ ဓါတ်မှန်စက်က ပုံရိပ်တွေကို မှတ်တမ်းတင်ပြီး သွေးကြောတွင်းကို သေချာ ကြည့်နိုင်ပါတယ်။နှလုံးထိခိုက်ခြင်းက နှလုံးရောဂါရဲ့လက္ခဏာတွေနဲ့ဆင်တူပါတယ်။ angiogram ရိုက်ပြီး ခွဲခြားနိုင်ပါတယ်။ နှလုံးထိခိုက်တဲ့ လူတွေရဲ့ သွေးကြောထဲမှာ ပိတ်ဆို့ခြင်းမရှိပါဘူး။ နှလုံးရောဂါနဲ့လူတွေမှာပဲ သွေးကြောတွင်း ပိတ်ဆို့မှု ရှိတာပါ။သင့်မှာ နှလုံးရောဂါ မရှိတာ သေချာရင် နှလုံးထိခိုက်ခြင်းရဲ့လက္ခဏာတွေကို ဆရာဝန်က ရှာဖွေပါလိမ့်မယ်။နှလုံးထိခိုက်ခြင်း အတွက် စံသတ်မှတ်ထားတဲ့ ကုသမှု မရှိပါ။ ရောဂါကို တိကျစွာ မသိခင်မှာ နှလုံးရောဂါကို ကုသပုံနဲ့ဆင်ပါတယ်။ အများစုက ဆေးရုံတက်ကာ ကုသမှု ခံယူကြပါတယ်။ရောဂါလက္ခဏာတွေက နှလုံးထိခိုက်လို့ဖြစ်တာ သေချာရင် ACEI , beta blockers တို့ပေးပါလိမ့်မယ်။ ဒီဆေးတွေက နှလုံးအလုပ်လုပ်တာကို လျော့စေပြီး နောက်တစ်ခါ မဖြစ်စေဖို့ကာကွယ်ပါတယ်။အများစုကတော့ တစ်လအတွင်း လုံးဝပျောက်ကင်း သွားကြပါတယ်။ သင်နေကောင်းသွားလျှင် ဆေးတွေကို ဘယ်လောက်ကြာအောင် သောက်ရမလဲ ဆိုတာ ဆရာဝန်ကို မေးပါ။ ဆေးအများစုကို သုံးလမှ ခြောက်လအတွင်း ရပ်တန့်နိုင်ပါတယ်။သွေးကြောပြင်ခြင်း၊ စတန့်ထည့်ခြင်း၊ ခွဲစိတ်ခြင်း တွေက နှလုံးထိခိုက်မှု အတွက် အကူအညီ မဖြစ်ပါဘူး။ ၎င်းတို့က သွေးကြောပိတ်ဆို့မှု ကို ကုသတဲ့ နည်းလမ်းတွေပါ။ angiogram ရိုက်ခြင်းဖြင့် ရင်ဘတ်အောင့်ရခြင်း အကြောင်း ကို သိနိုင်ပါတယ်။အောက်ပါနည်းလမ်းတွေက ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။ဒီရောဂါက နောက်ထပ် ထပ်ဖြစ်နိုင်ခြေ နည်းပါတယ်။ ကာကွယ်နိုင်တဲ့ နည်းလမ်းကိုတော့ သက်သေပြထားတာ မရှိပါဘူး ။ဆရာဝန်အများစုကတော့ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ဟော်မုန်းတွေရ့ဲ နှလုံး အပေါ် သက်ရောက်မှုကို တားဆီးတဲ့ beta blocker လို ဆေးတွေ သုံးပါတယ်။ ဖိအားများကို ထိန်းချုပ်နိုင်ခြင်းက နှလုံးကို မထိခိုက်ဖို့ ကာကွယ်ပါတယ်။မေးချင်တဲ့ မေးခွန်း ရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဒါက အကောင်းဆုံး အဖြေ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/broken-heart-syndrome-%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%bc%e1%80%b2%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာမှန်သမျှ စုစည်းမှု
သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတစ်ယောက် ၁၂ လ ဆက်တိုက် ဓမ္မတာ မလာတော့ဘဲ သဘာဝတရားအရ ပဋိသန္ဓေ မရနိုင်တဲ့ သဘာဝ ဖြစ်စဉ်ကို ခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သွေးဆုံးချိန်ဟာ အမျိုးသမီးတစ်ယောက် အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း ဖြစ်ပွားလေ့ရှိပြီး တစ်ယောက်ချင်းစီအလိုက် ဒီ အသက်အရွယ် မတိုင်ခင်ဖြစ်နိုင်သလို ဒီ အသက်အရွယ်ကို ကျော်လွန်သွားမှလည်း ဖြစ်နိုင်ပါတယ်။ သွေးဆုံးချိန်ရောက်ပြီဆိုရင် ခန္ဓာကိုယ်မှာ ပူလောင်ခြင်းနဲ့ ကိုယ်အလေးချိန် တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီး အများစု အနေနဲ့ သွေးဆုံးချိန်ရောက်ရင် ဘာဆေးဝါး ကုသမှုမှ ခံယူစရာမလိုအပ်ပါဘူး။ ဒီဆောင်းပါးလေးထဲမှတော့ သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ အချက်များကို Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးသွားမှာပါ။သွေးဆုံးချိန်က ဘယ်အချိန်မှာ စပြီး အချိန်ဘယ်လောက် ကြာတတ်သလဲ။အမျိုးသမီး အများစုဟာ သူတို့ရဲ့ နောက်ဆုံး ဓမ္မတာ လာခြင်း မတိုင်မီ ၄ နှစ်အကြာမှာ သွေးဆုံးခြင်း လက္ခဏာတွေကို စတင်ခံစားကြရပါတယ်။ အမျိုးသမီး ပမာဏအနည်းငယ်ကတော့ နောက်ဆုံး ဓမ္မတာ မလာမီ ဆယ်စုနှစ် လောက်ကတည်းက သွေးဆုံးခြင်းရဲ့ လက္ခဏာတွေကို ကြိုတင်ခံစားကြရပါတယ်။ အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်ခန့်ကတော့ နောက်ဆုံး ဓမ္မတာ မလာမီ ၁၂ နှစ်လောက်ကြိုတင်ပြီး သွေးဆုံးခြင်း လက္ခဏာတွေကို ကြိုတင် ခံစားကြရလေ့ရှိပါတယ်။ ပျှမ်းမျှအားဖြင့် သွေးဆုံးချိန်ဟာ အသက် ၅၁ နှစ် ပတ်ဝန်းကျင်လောက်မှာ ဖြစ်တတ်ပြီး အာဖရိကန်၊ အမေရိကန်နဲ့ လက်တင်အမေရိကန် လူမျိုး အမျိုးသမီးတွေကတော့ ၂ နှစ်လောက် သွေးဆုံးချိန် ပိုစောပါတယ်။သွေးဆုံးချိန် ရောက်နေပြီးလားဆိုတာကိုပြနေတဲ့ မျိုးဥအိမ်ကျန်းမာရေးနဲ့ မျိုးရိုးဗီဇအချက် တွေ အများကြီးရှိပါတယ်။ သွေးဆုံးချိန်အကူးအပြောင်းကာလဖြစ်တဲ့ Perimenopause ဟာ သွေးဆုံးချိန်မရောက်ခင် နှစ်ပေါင်းများစွာ ကြိုတင်ပြီးဖြစ်ပါတယ်။ အဲ့အချိန်ဟာ မျိုးဥအိမ်တွေက အီစရိုဂျင် ဟော်မုန်း ထုတ်လုပ်မှုကို တစ်ဖြည်းဖြည်း လျော့ချနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ အမျိုးသမီးတွေ အသက် ၄၀ လောက်အရွယ်မှာ သွေးဆုံးချိန်အကူးအပြောင်းကာလ စဖြစ်ပေမဲ့ အသက် ၃၀ အရွယ်လောက်မှာလည်း စဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ဒီထက်ပိုငယ်တဲ့ အရွယ်မှာလည်း စဖြစ်နိုင်ပါတယ်။ သွေးဆုံးချိန် အကူးအပြောင်းဟာ တကယ်သွေးဆုံးချိန် မရောက်ခင်အထိ ကြာမြင့်ပြီး သွေးဆုံးချိန် အကူးအပြောင်းရဲ့ နောက်ဆုံး ၁ နှစ်၊ ၂ နှစ် အချိန်အတွင်းမှာ အီစရိုဂျင် ဟော်မုန်း ကပိုပြီး မြန်မြန် ကျဆင်းလာပါတယ်။ ဒီလိုအချိန်မှာဆို အမျိုးသမီးတွေဟာ သွေးဆုံးချိန် ဖြစ်တတ်တဲ့ ဝေဒနာတွေကို စတင်ခံစားရကြမှာ ဖြစ်ပါတယ်။ သွေးဆုံးချိန် အကူးအပြောင်းကာလဟာ ပုံမှန်အားဖြင့် ၄ နှစ်ခန့်ကြာမြင့်ပြီး တစ်ချို့သော အမျိုးသမီးမှာ လအနည်းငယ်ခန့်သာ ကြာမြင့်သလို တစ်ချို့အမျိုးသမီးတွေကျတော့ ၁၀ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီးတွေကျတော့ သွေးဆုံးချိန် အကူးမပြောင်း မဖြစ်ဘဲ တန်းပြီး သွေးဆုံးသွားကြပါတယ်။အမျိုးသမီး ၁ ရာခိုင်နှုန်းခန့်က အသက် ၄၀ မတိုင်ခင် သွေးဆုံးတတ်ကြပြီး ၅ ရာခိုင်နှုန်းခန့်ကတော့ အသက် ၄၀ ကနေ ၄၅ နှစ်ကြား သွေးဆုံးသွားတတ်ကြပါတယ်။ ဒီလိုအရွယ်တွေမှာ သွေးဆုံးချိန်ရောက်တယ်ဆိုတာ အရွယ်မတိုင်မှီ သွေးဆုံးချိန်ရောက်တယ်လို့ ဆိုရမှာပါ။သွေးဆုံးချိန် အကူးအပြောင်းကာလ > သွေးဆုံးချိန် > သွေးဆုံးပြီးကာလ။သွေးဆုံးချိန် အကူးအပြောင်းကာလမှာ ဓမ္မတာ လာတဲ့ အချိန်တွေက ပုံမှန်မဟုတ်တော့ပါဘူး။ အဲ့ဒီအချိန် ဓမ္မတာ လာခြင်းက နောက်ကျရင် နောက်ကျနိုင်သလို ဓမ္မတာ စက်ဝန်း ကျော်သွားတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့အချိန် ဓမ္မတာ စီးဆင်းမှုကလည်း ပိုပြီးနည်းလာနိုင်သလို ပိုပြီးများလာနိုင်ပါတယ်။သွေးဆုံးချိန်ရောက်ခြင်း။သွေးဆုံးချိန်ရောက်တယ်ဆိုတာ တစ်နှစ်တိတိ ဓမ္မတာ မလာတော့ခြင်းလို့ အဓိပ္ပါယ် သတ်မှတ်ပါတယ်။ သွေးဆုံးချိန် နောက်ပိုင်းကာလ ဆိုတာကတော့ သွေးဆုံးပြီး နောက်နှစ်ကာလတွေကို ခေါ်တာ ဖြစ်ပါတယ်။သွေးဆုံးချိန်ရောက်တဲ့ အခါ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေက ဘာလဲ။အမျိုးသမီးများရဲ့ သွေးဆုံးချိန် ခံစားရတဲ့ အတွေ့အကြုံဟာ တစ်ယောက် နဲ့ တစ်ယောက် မတူပါဘူး။ သွေးဆုံးချိန်က ရုတ်တရက်ဖြစ်မယ်၊ ပိုပြီးတိုမယ်ဆိုရင် ခံစားရမယ့် ရောဂါ လက္ခဏာတွေက ပိုပြင်းထန်နိုင်ပါတယ်။ မျိုးဥအိမ်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်နေတဲ့ ကင်ဆာ၊ သားအိမ်ထုတ်ထားခြင်း၊ ဆေးလိပ်သောက်တတ်ခြင်း စတဲ့အချက်တွေက သွေးဆုံးချိန် ဝေဒနာပြင်းထန်မှု နဲ့အချိန်ကာလကို ပိုကြာမြင့်စေနိုင်ပါတယ်။ ရာသီလာခြင်းလုံးဝပြောင်းလဲသွားတာကလွဲပြီး သွေးဆုံးချိန် အကူးအပြောင်းကာလ၊ သွေးဆုံးချိန်နဲ့ သွေးဆုံးပြီးကာလမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေဟာ အတူတူပါပဲ။အတွေ့ရများတဲ့ သွေးဆုံးချိန် အကူးအပြောင်းကာလရဲ့ ရောဂါ လက္ခဏာတွေကတော့-။အမျိုးသမီး ၇၅ ရာခိုင်နှုန်းခန့်ဟာ သွေးဆုံးချိန်ရောက်တဲ့ အချိန်မှာ ခန္ဓါကိုယ်တွင်း ပူလောင်ခြင်း။ ညဘက်ချွေးထွက်ခြင်း၊ လည်ပင်း၊ ရင်ဘတ် အထက်ပိုင်းနဲ့ မျက်နှာတို့မှာ ပူလောင်သွားခြင်းဆိုတဲ့ သွေးကြော အရွယ်အစားပြောင်းလဲခြင်းရဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်။ သွေးဆုံးခြင်းရဲ့ တစ်ခြားသော ရောဂါ လက္ခဏာတွေကတော့-။သွေးဆုံးချိန် ထပ်တိုးလာတတ်သော ရောဂါသစ်များ။သွေးဆုံးချိန် ထပ်တိုးလာတတ်တဲ့ ရောဂါသစ်တွေက-။ဘာကြောင့် သွေးဆုံးရတာလဲ။သွေးဆုံးခြင်းဆိုတာ အမျိုးသမီး မျိုးဥအိမ်အသက်ကြီးလာခြင်းနဲ့ မျိုးပွားခြင်းဆိုင်ရာ ဟော်မုန်း ထုတ်လုပ်မှု နည်းပါးလာတဲ့ သဘာဝ ဖြစ်စဉ်တစ်မျိုးပါ။ သွေးဆုံးတဲ့အခါ ခန္ဓါကိုယ်က ဟော်မုန်းတွေ နည်းပါးသွားတဲ့ အတွက် ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာပါတယ်။ နည်းပါးသွားတဲ့ ဟော်မုန်းတွေကတော့-။သွေးဆုံးချိန်မှာ မျိုးဥအိမ်တွင်းမှ မျိုးဥများကို ထုတ်လုပ်ပေးတဲ့ အခေါင်းပေါက်လေးတွေ ပျောက်ကွယ်သွားပါတယ်။ ပထမဆုံးအနေနဲ့ သွေးဆုံးချိန်နီးပြီဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ဓမ္မတာလာချိန် မမှန်တော့တာကိုတွေ့ရမှာ ဖြစ်ပြီး ရာသီသွေး စီးဆင်းမှုကလည်း ပိုနည်းလာတာမျိုး၊ ပိုများလာတာမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အချိန်ဟာ အမျိုးသမီးတွေအသက် ၄၀ လောက်မှာ ဖြစ်ပြီး အမေရိက အမျိုးသမီး အများစုကတော့ အသက် ၅၂ နှစ်အရွယ်မှာ သွေးဆုံးချိန်ကြုံရလေ့ရှိကြပါတယ်။ တစ်ခါတစ်ရံမှာလည်း ထိခိုက်ဒဏ်ရာတွေ၊ မျိုးဥအိမ်ခွဲထုတ်ထားခြင်းတွေ၊ တင်ပါးဆုံ အင်္ဂါ အစိတ်အပိုင်းတွေ ခွဲထုတ်ထားခြင်းကြောင့်လည်း သွေးဆုံးချိန်ရောက်တတ်ပါတယ်။သွေးဆုံးချိန် ဖြစ်တဲ့ ရောဂါ လက္ခဏာတွေကို ဘယ်လို ကုသကြသလဲ။သင့်အနေနဲ့ သွေးဆုံးချိန် ဖြစ်တဲ့ ရောဂါ လက္ခဏာတွေ ခံစားရတာ ပြင်းထန်နေတယ်၊ အသက် ၄၅ နှစ်နဲ့ အောက်မှာ သွေးဆုံးခြင်းကို ခံစားနေရတယ်ဆိုရင် ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သွေးဆုံးနေလားဆိုတာကို တိတိကျကျ တိုင်းတာလို့ မရပေမဲ့ ဆရာဝန်များအနေနဲ့ သင့်ရဲ့။သွေးထဲက ပီကျူထရီ ဂလင်းမှ ထုတ်လုပ်ပေးပြီး သားအိမ်နဲ့ မျိုးဥအိမ် အနားသားများ ကြီးထွားခြင်းကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်း follicle-stimulating hormone (FSH) ဟော်မုန်း ပမာဏကို တိုင်းတာပြီး စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် တစ်နှစ်တိတိ ဓမ္မတာ မလာတော့တာကလည်း သွေးဆုံးခြင်းကို အတည်ပြုပေးနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။သွေးဆုံးချိန် အကူးအပြောင်းကာလမှာ follicle-stimulating hormone (FSH) ဟော်မုန်းနဲ့ အီစရိုဂျင် ဟော်မုန်းပမာဏတို့ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေနိုင်တဲ့ အတွက် သွေးဆုံးချိန် ရောက်ခါနီးပြီလားဆိုတာကို ဆရာဝန်တွေက ခံစားနေရတဲ့ ရောဂါ လက္ခဏာတွေ ဆေးဝါးမှတ်တမ်းတွေနဲ့ ဓမ္မတာလာခြင်းမှတ်တမ်းတွေကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြပါတယ်။ကုသမှုများ။သွေးဆုံးချိန်ဖြစ်တဲ့ ရောဂါ လက္ခဏာတွေက ပြင်းထန်နေမယ်ဆိုရင်တော့ အသက် ၆၀ အောက် အမျိုးသမီးတွေအတွက် ဟော်မုန်းဆိုင်ရာ ကုသမှုတွေကို ပြုလုပ်လို့ရပါတယ်။ ဒီလို ကုသမှုခံယူမယ်ဆိုရင် သွေးဆုံးချိန် ဖြစ်တဲ့ လက္ခဏာတွေ ဖြစ်တဲ့။သွေးဆုံးချိန် ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာတွေကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေကတော့-။အိမ်တွင်းဆေးနည်းများ။သွေးဆုံးချိန်ဖြစ်ပေတဲ့ ရောဂါလက္ခဏာတွေကို အိမ်တွင်းဆေးဝါးများ၊ နေထိုင်မှု ပုံစံများ ပြောင်းလိုက်ရုံဖြင့် လျော့ကျစေနိုင်ပါတယ်။ သွေးဆုံးချိန် ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာတွေကို ကုသနိုင်တဲ့ အိမ်တွင်း ဆေးနည်းတွေကတော့။သက်တောင့်သက်သာနေခြင်း။အဝတ်အစား ပါးပါးလေးများကို ချောင်ချောင်ချိချိဝတ်ထားခြင်းဖြင့် ခန္ဓါကိုယ်တွင်း ပူလောင်မှုများကို လျော့ကျစေမှာ ဖြစ်ပါတာယ်။ ဒါ့အပြင် အိပ်ခန်းကို အေးမြအောင်ထားပြီး စောင်ပါးပါးလေးများသာ ခြုံခြင်းကလည်း ညဘက်ချွေးထွက်ခြင်းများကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ကိုယ်အလေးချိန် အတွက် လေ့ကျင့်ခန်းလုပ်ခြင်း။ကိုယ်အလေးချိန် မတတ်စေဖို့အတွက် တစ်နေ့ကို ကယ်လိုရီ ၄၀၀ ကနေ ၆၀၀ အထိသာ စားသုံးသင့်ပြီး တစ်နေ့ကို မိနစ် ၂၀ ကနေ ၃၀ အထိ လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ဒီလို လုပ်ပေးခြင်းဖြင့် ညဘက်ပိုအိပ်ပျော်လာခြင်း၊ စိတ်ခံစားချက် ကောင်းမွန်လာခြင်း၊ ကျန်းမာရေး ကောင်းမွန်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးခြင်း။စိတ်ကျရောဂါ၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေ ခံစားနေရရင် စိတ်ပိုင်းဆရာဝန်များနဲ့ ဆွေးနွေးသင့်တဲ့ အပြင် ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ ကိုယ်ရဲ့ ခင်ပွန်းနဲ့ ကိုယ်ရဲ့ သူငယ်ချင်းတွေကို ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်း စတာတွေကို ဆွေးနွေးသင့်ပါတယ်။အာဟာရ ဖြည့်တင်းခြင်း။အရိုးပွခြင်းကို ကာကွယ်ဖို့နဲ့ ညဘက် အိပ်ပျော်စေဖို့အတွက် ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ မက်ဂနီဆီယမ်ပါဝင်တဲ့ ဖြည့်ဆွက် အာဟာရများကို မှီဝဲနိုင်ပါတယ်။ သင်က ဘယ်လို အာဟာရတွေကို စားသုံးရမလဲဆိုတာ သေချာ မသိဘူးဆိုရင် ဆရာဝန်ထံ မေးမြန်းဆွေးနွေးသင့်ပါတယ်။စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်းများ။ယောဂ ကျင့်ခြင်း၊ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အာရုံစိုက်နိုင်စွမ်း ကောင်းမွန်စေနိုင်တဲ့လေ့ကျင့်ခန်းဖြစ်တဲ့ အသက်ကို ဖြည်းဖြည်းနဲ့ ပြင်းပြင်း ရူခြင်း၊ တရားထိုင်ခြင်း တို့ကို ပြုလုပ်ပြီး သွေးဆုံးချိန်ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာတွေကို လျော့ကျစေနိုင်ပါတယ်။အရေပြားကို ဂရုစိုက်ပါ။အရေပြားခြောက်သွေ့ခြင်းကို တားဆီးဖို့အတွက် လိမ်းဆေးများလိမ်းနိုင်ပြီး အရည်ပြားကို ခြောက်သွေ့ယားယံစေနိုင်တဲ့ အလွန်အကျွံရေချိုးခြင်းနဲ့ ရေကူးခြင်းတို့ကို မလုပ်ဖို့ လိုပါတယ်။အိပ်ရေးမဝတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ကုသနည်းများ။ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ ဆေးဝါးများကို သောက်သုံးခြင်းဖြင့် အိပ်မပျော်တဲ့ ဝေဒနာကို ယာယီသက်သာစေနိုင်ပြီး ရေရှည်ဆိုရင်တော့ သဘာဝအတိုင်း အိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကို ဆရာဝန်ထံမေးမြန်းသင့်ပါတယ်။ဆေးလိပ်အရက်များကို လျော့ခြင်း၊ ဖြတ်ခြင်း။ရာသီသွေးဆုံးချိန် ဖြစ်ပေါ်တဲ့ လက္ခဏာတွေ သက်သာစေချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့လိုပြီး တစ်ဆင့်ခံ ဆေးလိပ်ငွေ့တွေကို မရူဖို့လည်း လိုပါတယ်။ ဒါ့အပြင် ရောဂါ လက္ခဏာတွေ ပိုမဆိုးလာစေရန်အတွက် အရက်သောက်ခြင်းကိုလည်း လျော့ဖို့လိုပါတယ်။တခြား ကုသမှုများ။တချို့သော လေ့လာချက်တွေကတော့ သဘာဝပစ္စည်းတွေက ထွက်တဲ့ ဆေးဝါးတွေက သွေးဆုံးချိန်ဖြစ်ပေါ်တဲ့ ရောဂါ လက္ခဏာတွေကို ကုသပေးနိုင်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒါတွေကတော့-။နိဂုံးချုပ်။သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဓမ္မတာ စက်ဝန်း သဘာဝတရားအတိုင်း ရပ်တန့်သွားမှုသာဖြစ်ပြီး သန္ဓေမအောင်တော့ခြင်းကို ပြနေတဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။ အမျိုးသမီး အများစုကတော့ အသက် ၅၂ နှစ်ပတ်ဝန်ကျင် မှာ သွေးဆုံးချိန်ကို ခံစားကြရပြီး တင်ပါးဆုံဒဏ်ရာများနဲ့ မျိုးဥအိမ် ထိခိုက်မှုများရှိမယ်ဆိုရင် သွေးဆုံးချိန် ပိုစောနိုင်ပါတယ်။ဒါ့အပြင် မျိုးရိုးဗီဇနဲ့ ရောဂါများကလည်း သွေးဆုံးချိန်ကို ပိုစောစေနိုင်ပါတယ်။ အမျိုးသမီး အများစုဟာ ခန္ဓါကိုယ်တွင်း ပူလောင်မှုများ၊ ညဘက်ချွေးထွက်ခြင်းများ၊ ရင်ဘတ်အထက်ပိုင်းနဲ့ မျက်နှာတို့မှာ အပူကိုခံစားရပြီး ရုတ်တရက် အနီရောင် ပြောင်းသွားခြင်းကို သွေးဆုံးချိန်မရောက်ခင် နှစ်အနည်းငယ်လောက် ကြိုပြီးခံစားကြရပါတယ်။ ဒီဝေဒနာတွေဟာ သွေးဆုံးပြီး ၄ နှစ်နဲ့ အထက် အထိရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီဝေဒနာတွေက သင့်အတွက် ပြင်းထန်နေမယ်ဆိုရင် ဟော်မုန်းဆိုင်ရာကုသမှုတွေ ခံယူသင့်ပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ သွေးဆုံးချိန်ဖြစ်တဲ့ ရောဂါ လက္ခဏာတွေဟာ အိမ်တွင်းဆေးဝါးများနဲ့ ဘဝနေထိုင်မှု ပုံစံပြောင်းလိုက်ရုံဖြင့် ကုသနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/menopause-symptoms/
နှလုံး ဘက်တီးရီးယားပိုးဝင်ခြင်း
သာမန်ဆေးဖက်ဆိုင်ရာကုထုံး၊ လုပ်ဆောင်မှုများက သွေးထဲသို့ ဘက်တီးရီးယားပိုးများ ပြန့်သွားစေပြီး  ဒါတွေက နှလုံးရဲ့ အတွင်းနံရံမှာ သွားတွယ်တာာကြောင့် နှလုံးရောင်ခြင်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ကုသမှုမခံယူပါက နှလုံးအလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ထိရောက်တဲ့ ကုသမှုမျိုးက ဘက်တီးရီးယားကြောင့်ဖြစ်သော နှလုံးအတွင်းနံရံရောင်ခြင်းကို လျင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်။နှလုံးအတွင်းနံရံရောင်ခြင်းက အများအားဖြင့် သွေးထဲသို့ ပြန့်သွားသော ဘက်တီးရီးယားများက ပုံမှန်မဟုတ်တဲ့ နှလုံးအဆို့ရှင်မှာ သွားတွယ်တာကြောင့် ဖြစ်ရပါယ်။ သွေးလေးဘက်နာကြောင့် နှလုံးအဆို့ရှင် ကျွံခြင်း၊ ထူခြင်းဖြစ်ဖူးတဲ့ သူတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။သွေးကြောထဲတွင် ပိုးမွှားတွေက အချိန်အခါမရွေးရှိနေတတ်ပါတယ်။ သွားဆေးခန်းပြသည့်အခါမျိုး၊ သာမန်ခွဲစိတ်မှုနဲ့ ဓားရှမိသည့်အခါမျိုးတွင် သွေးထဲကို ပိုးဝင်တတ်ပါတယ်။ ဒီအခါ ခန္ဓာကိုယ်ထဲရှိ ခုခံအားစနစ်က ပိုးကောင်များကို ပြန်လည်တိုက်ခိုက်ပါတယ်။ ဒါပေမယ့်Streptococcus၊Enterococcusနဲ့Staphylococcusအနွယ်ဝင် ဘက်တီးရီးယားများက သွေးထဲကတဆင့် နှလုံးဆီသို့ရောက်သွားနိုင်ပါတယ်။ဒီဘက်တီးရီးယားတွေက ပါးစပ်ထဲ၊ အစာခြေလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းတွေမှာဆိုရင် လူကို ဒုက္ခဖြစ်လောက်အောင် အန္တရာယ်မပေးနိုင်ပါ။ ဒါပေမယ့် သွေးထဲကနေတဆင့် နှလုံးဆီကို ရောက်သွားရင်တော့ နှလုံးရောင်စေနိုင်ပါတယ်။ဥပမာ သွားနှုတ်တာလိုမျိုး သွေးထွက်စေသောကုသမှုမျိုး၊ အာသီးဖြတ်ခြင်း ၊ လေပြွန်မှန်ပြောင်းကြည့်ခြင်း၊ ဆီးကျိတ်နဲ့ သည်းခြေကျောက် မှန်ပြောင်းကြည့်ခြင်း၊ အစာအိမ်အူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းခွဲစိတ်မှုတို့က တချို့လူတွေမှာ နှလုံးပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် သွေးကြောထဲကို မူးယစ်ဆေးထိုးလေ့ရှိသောသူများတွင်လည်း နှလုံးအတွင်းနံရံရောင်ခြင်း ဖြစ်နိုင်ပါတယ်။သင့်နှလုံးကျန်းမာနေလျှင် ထိုရောဂါဖြစ်ခဲသည်။ လက်တွေ့ကျကျပြောရလျှင် နှလုံးအဆို့ရှင်မကောင်းသူ၊ အဆို့ရှင်အတုတပ်ထားသူ၊ မွေးရာပါ သို့မဟုတ် လေးဖက်နာကြောင့် အဆို့ရှင်များပျက်စီးနေသူ၊ နှလုံးဘယ်ဘက်အပေါ်ခန်းအဆို့ရှင်ကျွံနေသူများတွင် ဘက်တီးရီးယားကြောင့် နှလုံးအတွင်းနံရံရောင်ခြင်းအဖြစ်များသည်။ရောဂါလက္ခဏာများသည် တယောက်နှင့် တယောက်ကွာခြားမှုရှိပြီး သိသာထင်ရှားမှုမရှိပေ။ လူနာသည် တုပ်ကွေးကဲ့သို့ပင် ရက်ရှည်လများချမ်းတုန်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မလုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစသည်တို့ဖြစ်တတ်သည်။ ထိုအခါ ဆရာဝန်က နှလုံးကိုနားကြပ်ဖြင့်နားထောင်ခြင်းဖြင့် ရောဂါကိုသံသယရှိလျှင် သွေးစစ်ခြင်း၊အသံလှိုင်းဖြင့်နှလုံးအက်ကိုးဓါတ်မှန်ရိုက်ခြင်းတို့ပြုလုပ်ကာရောဂါကိုတိတိကျကျသိနိုင်သည်။သင့်တွင်နှလုံးရောဂါရှိလျှင် အထက်ပါရောဂါဖြစ်နိုင်ချေရှိမရှိ ဆရာဝန်နှင့်တိုင်ပင်ပါ။ ဖြစ်နိုင်ချေရှိပါက ကာကွယ်ဖို့လိုအပ်သည်။ သင့်သွားဆရာဝန် သို့မဟုတ် သမားတော်အား သင့်အခြေအနေကိုကြိုအသိပေးပါ။ သွားကို တခုခုကုသရန်အစီအစဉ်ရှိပါက မလုပ်မီတစ်နာရီအလိုတွင် ပိုးသတ်ဆေးသောက်ရမည်။ သင့်ဆရာဝန်က သင့်ရောဂါအခြေအနေကိုရေးသားထားသည့် ကဒ်ပြားမျိုးကိုလည်းကိုယ်နှင့်မကွာဆောင်ခိုင်းထားနိုင်သည်။ထိုရောဂါဖြစ်ပြီဆိုလျှင် ပိုးသတ်ဆေးကို ၄-၆ လအထိမှီဝဲရသည်။ ရောဂါအခြေအနေအပေါ်မူတည်ပြီးပထမအကြောထဲထိုးသောပိုးသတ်ဆေးကိုဆေးရုံတွင်ထိုးပြီးသက်သာသွားမှအိမ်မှာသောက်ဆေးဆက်သောက်တာမျိုးဖြင့် ကုသရသည်။ လူနာတွင်ရှိသော ဘက်တီးရီးယားအမျိုးအစားအပေါ်မူတည်ပြီး ပိုးသတ်ဆေးအမျိုးအစားကွာခြားသည်။ ဥပမာ ပင်နီဆလင်ဆေးသည် Streptococcus ကဲ့သို့သော ပိုးကောင်များကိုနိုင်နင်းသည်။ သို့သော် ပိုးကောင်အမျိုးအမည်မသိသေးသော အခြေအနေမျိုးတွင် မူစွယ်စုံရပိုးသတ်ဆေးများကို သုံးရသည်။လူအများစုတွင် ပိုးကောင်များက လျင်မြန်စွာနှိမ်နင်းနိုင်ကြသည်။ သို့သော် ကံဆိုးစွာဆေးယဉ်ပါးမှုများလည်း အတော်ဖြစ်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ကုသမှုခံယူနေချိန်တွင် သင့်ဆရာဝန်က သင့်အခြေအနေတိုးတက်မှုကို ဂရုထားလိမ့်မည်။ ရှားရှားပါးပါးအချို့လူနာများသည် ကုသနေချိန်အတွင်း နှလုံးရောဂါပိုဆိုးသွားတတ်သည်။ ထိုအခါ နှလုံးခွဲစိတ်မှုခံယူကာ ကုသရကောင်းကုသရနိုင်ပါသည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-infections/bacterial-endocarditis/
မနာလိုစိတ်များတာ မကောင်းပါဘူး
မနာလိုစိတ်များတာက လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရောစိတ်ပိုင်းဆိုင်ရာကျန်းမာ​ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မနာလိုစိတ်ဆိုတာ ဘာလဲ ဆိုတာနဲ့ မနာလိုစိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုတွေ ထိခိုက်စေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘာကြောင့် မနာလိုစိတ်များတာ မကောင်းပါဘူး လို့ ပြောရတာက ဘာကြောင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်နော်။မနာလိုစိတ်ဆိုတာက နာကြည်းမှု၊ ဒေါသ၊ ရန်လိုမုန်းတီးမှုတွေ၊ လိုဘ မပြည့်မှုတွေ နဲ့ ခါးသီးမှုတွေကနေ အရင်းခံလာတဲ့ စိတ်ခံစားမှု တစ်ရပ်ပါ။ လူတော်တော်များများက တစ်ချိန်မဟုတ် တစ်ချိန်တော့ မနာလိုဖြစ်မိနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဖြစ်မိတဲ့ မနာလိုမှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုး မရှိပေမယ့် အမြဲလိုလို မနာလိုစိတ် ဖြစ်နေတာကစိတ်ခံစားမှုကို ထိခိုက်စေသလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။နောက်တစ်ချက်က လူတစ်ဦးနဲ့ တစ်ဦးကြားက ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလိုကနေမှ ပြင်းထန်လာမယ်ဆိုရင် မနာလိုစိတ်ကြောင့် တစ်ဦးနဲ့ တစ်ဦးယုံကြည်မှု ပျက်ပြားတာ၊သံသယများတာ၊ အကြမ်းဖက်တာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ဆောင်တာမျိုးအထိပါ ဖြစ်လာနိုင်ပါတယ်။မနာလိုစိတ်ဆိုတာ အပျက်သဘောဆောင်တဲ့စိတ်ခံစားမှုတစ်ခုပါ။ မနာလိုစိတ်ရဲ့ သဘာဝကိုက နီးနီးစပ်စပ် ဆက်ဆံရေး ရှိသူတွေအပေါ်မှာ ရှိနေတတ်တာပါ။ ဒီလိုရှိရခြင်းကလည်း ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေလို့ပါ။ ဒီလိုကနေ တစ်ဦးအပေါ် တစ်ဦး သစ္စာဖောက်တာ၊ ယုံကြည်မှု ကင်းမဲ့တာတွေ ဖြစ်လာရတာပါ။ဒီလိုမျိုး မနာလိုစိတ် ရှိနေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။မနာလိုစိတ်ကြောင့် စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်သလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာကြောင့်လည်း မနာလိုစိတ် ဖြစ်နိုင်ပါတယ်။မနာလို စိတ်ရှိနေတာကြောင့်။ဒီလို စိတ်ကျန်းမာရေး အခြေအနေတွေကြောင့်လည်း မနာလိုစိတ် ဖြစ်နိုင်ပါတယ်။တကယ်လို့ မနာလိုစိတ် များတဲ့ လက္ခဏာ တစ်ရပ်ရပ်ကို ခံစားနေရပြီဆိုရင် ကိုယ်တိုင်ရဲ့ လူမှုဆက်ဆံရေးနဲ့ လုပ်ဆောင်ဖန်တီးနိုင်စွမ်းတွေကို မထိခိုက်စေဖို့အတွက် အမြန်ဆုံး သက်သာအောင်လုပ်ဆောင်ဖို့ လိုပါမယ်။ လိုအပ်မယ်ဆိုရင် စိတ်ကျန်းမာရေး ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။မနာလိုစိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ အခုလိုတွေ ထိခိုက်လာနိုင်ပါတယ်။ မနာလိုစိတ် များရင် များသလို ထိခိုက်မှုက ပိုများနိုင်ပါတယ်။မနာလိုစိတ်ဖြစ်ပေါ်နေချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ခံစားရပါတယ်။ သိသာတဲ့ လက္ခဏာတွေ အနေနဲ့။ကဲ …. မနာလိုစိတ် ထားလို့ ကောင်းတာ ဘာမှ မရှိပါဘူး။ သူများ မလို ကိုယ်အကျိုးမရှိဆိုတာ တကယ်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/side-effects-of-jealousy/
Omicronကြောင့် ဘေဘီလေးတွေမှာ croup ဖြစ်နိုင်ပါတယ်။
Omicronက ကလေးတွေမှာ မပြင်းထန်ဘူးလို့ပဲ ယူဆနေတုန်းလား ……… အရင်လှိုင်းတွေတုန်းကလည်းကိုဗစ်က ကလေးတွေမှာ သိပ်မပြင်းထန်ဘဲ သာမန် ဖျားနာမှုလောက်နဲ့ပဲ ပြီးသွားတာ များခဲ့တာကိုး။ ဒီတစ်ခါရော Omicronက ဘေဘီလေးတွေမှာ ပြင်းပြင်းထန်ထန် မခံစားရဘဲ သက်သာစေနိုင်လားဆိုတော့ ကလေးတိုင်းလိုလိုမှာ လက္ခဏာ ခပ်ပျော့ပျော့လေးတွေပဲ ပြတာမဟုတ်ပါဘူး။Omicronက ကူးစက်ခံရချိန်မှာ သိပ်မပြင်းထန်ရင်တောင် ဘေဘီလေးတွေ အထူးသဖြင့် ၅ နှစ်အောက်ကလေးတွေမှာ ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတစ်ရပ်လို့ ပြောရမယ့် croup ကို ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။  ဒီအကြောင်းလေးကို သေသေချာချာ သိရှိနိုင်စေဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ဘေဘီလေးတွေမှာ Omicron မျိုးစိတ်ကြောင့် ခံစားရမှုက အရင်မျိုးစိတ်တွေနဲ့ မတူပါဘူး။ Omicronကအရမ်းငယ်တဲ့ ဘေဘီလေးတွေမှာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။ လေပြွန်ကျဉ်းသွားစေတာမျိုး၊ လည်ချောင်းအတွင်းသားတွေ ရောင်ရမ်းပြီး အဆက်မပြတ် ပြင်းထန်ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်မှုကြောင့် အဆက်မပြတ် ချောင်းဆိုးခြင်း (croup) ကို ဖြစ်စေနိုင်ပါတယ်။အသက် ၆ နှစ်အောက် ကလေးအများစုမှာ အသံအိုးတဝိုက်မှာ ရောင်ရမ်းမှုတွေဖြစ်ပြီးချောင်းသံကျယ်ကျယ်နဲ့ ချောင်းဆိုးတာကို ဖြစ်စေနိုင်ပါတယ်။ လေပြွန်နဲ့ အသက်ရှူလမ်းကြောင်းတွေမှာ ရောင်ရမ်းတာတွေကြောင့် ချောင်းအဆက်မပြတ် ဆိုးတာတွေကို ဖြစ်စေပါတယ်။ ဘေဘီလေးတွေရဲ့ လေပြွန်လေးတွေက သေးငယ်တာနဲ့ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့် အခုလိုမျိုး ချောင်းဆိုးတာကို ပြင်းပြင်းထန်ထန် ခံစားရတာပါ။ဒါဆို အသက် နည်းနည်းကြီးတဲ့ ၆ နှစ်အထက် ကလေးတွေမှာ မခံစားရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ၆ နှစ်နဲ့အထက် ကလေးတွေမှာက လေပြွန်က ပိုပြီးကျယ်နေပြီဖြစ်သလို ပိုမိုဖွံ့ဖြိုးနေတာကြောင့်ရောင်ရမ်းမှုကို ပိုခံနိုင်ရည်ရှိတဲ့ အခြေအနေပါ။ ဒါကြောင့် ရောင်ရမ်းနေပေမယ့် အသက်ရှူရခက်တာမျိုး မခံစားရတာပါ။ ၆ နှစ်အောက် ကလေးတွေလောက် မပြင်းထန်တာပေါ့။Croupရဲ့ လက္ခဏာတွေက ချောင်းဆိုးတာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ညဘက်တွေမှာ ပိုပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးပါတယ်။တကယ်လို့ ကလေးက အခုလိုလက္ခဏာတွေခံစားရပြီဆိုရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ လိုပါမယ်။များသောအားဖြင့် croup ကို နေအိမ်မှာပဲ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ ဒါပေမယ့် သေချာ ဂရုစိုက်စောင့်ရှောက်နေပေမယ့် ၃ ရက်ကနေ ၅ ရက်လောက် ကြာတဲ့အထိ တိုးတက်မှု မရှိဘဲ ကလေးက မသက်သာဘူး။ လက္ခဏာတွေက ပိုဆိုးတာမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။ဘေဘီလေးကို အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်မှုကြောင့် ချောင်းဆိုးခြင်း (croup) ကို သက်သာစေဖို့ဆိုရင်။OmicronကDelta ထက်ပိုပြင်းထန်ပါတယ်။ အထူးသဖြင့် ကလေးလေးတွေမှာပါ။ အရင်မျိုးစိတ်တွေတုန်းက ဘေဘီလေးတွေက သာမန်ဖျားနာမှုလောက်နဲ့ သက်သာလာတတ်ပေမယ့် Omicronကူးစက်ခံရချိန်မှာတော့ မဖြစ်မနေ ဆေးကုသမှု ခံယူရတာတွေ ရှိပါတယ်။ ဒါကြောင့် ဘေဘီလေးကို မလိုအပ်ဘဲ ကျန်းမာ​ရေး ထိခိုက်တာမျိုး မဖြစ်စေဖို့ Omicron ကူးစက်မှု မဖြစ်အောင် သေချာလေး ဂရုစိုက်စေချင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-causing-croup-in-some-young-children/
အဲကွန်း မရှိဘဲ နွေရာသီကို ဘယ်လိုဖြတ်ကျော်မလဲ။
နွေရာသီရောက်လာပြီဆိုကတည်းက အိမ်တိုင်းမှာ အဲကွန်း တွေ၊ ပန်ကာတွေကို ပြန်ပြီး အသုံးပြုလာရပါပြီ။ အထူးသဖြင့် အဲကွန်းက ထွက်တဲ့လေအေးအေးက နေလို့ကောင်းပြီး အင်မတန်မှ သက်သောင့်သက်သာရှိလှပါတယ်။ ဒါပေမယ့် မီတာငွေ ပိုမိုကုန်ကျမှာ စိုးရိမ်တာကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အဲကွန်းကို ဆက်တိုက် မဖွင့်ချင်တဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။ အိမ်မှာ အဲကွန်း မရှိဘဲ အေးအေးလူလူနေချင်တယ်ဆိုရင်လည်း ခုပြောမယ့် နည်းလမ်းတွေက အသုံးဝင်နေဦးမှာပါပဲ။အပူချိန်များတာကအပူလျှပ်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ကိုယ်တွင်းကိုယ်ပ အပူချိန်ကို လွန်ကဲမလာအောင် ထိန်းဖို့ လိုပါတယ်။ စရိတ်နည်းနည်းနဲ့ အပူဒဏ်ကို အံတုဖို့ဆိုရင်။အေးချင်ပါတယ်ဆိုမှ လိုက်ကာတွေလာပိတ်နေခိုင်းရသလားလို့ အပြောမစောပါနဲ့ဦး။ နွေရာသီမှာ လိုက်ကာတွေဖွင့်ထားတာကနေရောင်ခြည်ကို အိမ်ထဲတိုက်ရိုက်ကျစေပြီး အိမ်တွင်းအပူချိန်ကို တက်စေပါတယ်။ ရုတ်တရက်ဆို မှန်လုံအိမ်နဲ့ တူနေပါတယ်။ဒါကြောင့် နေ့ဘက်မှာ လိုက်ကာတွေကို ပိတ်ထားပါ။ ဒါပေမယ့် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ ဒါဆိုရင် လေပဲဝင်ပြီး နေထိုးတော့မှာ မဟုတ်ပါဘူး။ လိုက်ကာတွေကို အပူစုပ်တဲ့ ခပ်မှိုင်းမှိုင်းအရောင်တွေ သုံးနိုင်ပါတယ်။မီးလုံး၊ မီးချောင်းတွေက အလင်းရောင်တင် ပေးတာမဟုတ်ပါဘူး။ ကြာလာရင် အပူချိန်ပါတက်ပြီး အိမ်ခန်းတွင်းမှာ ပူအိုက်လာပါတယ်။ ဒါကြောင့် မီးလုံး၊ မီးချောင်းတွေကို မလိုရင် ပိတ်ထားလိုက်ပါ။ပွပွချောင်ချောင်နဲ့ချွေးစုပ်တဲ့ ချည်သားအဝတ်အထည်တွေကို ဝတ်ဆင်ပါ။ အမျိုးသမီးတွေအနေနဲ့ အိမ်မှာနေရင် တတ်နိုင်သမျှအတွင်းခံဝတ်တာကို လျှော့ပါ။ဒါကတော့ ဆာဆာမဆာဆာ သောက်ရပါမယ်။ ချွေးထွက်တာကြောင့်ရေဓာတ်ဆုံးရှုံးမှုက သာမန်အချိန်ထက် ပိုများပါတယ်။ အချိုရည်တွေထက်စာရင် ရေ၊ ဓာတ်ဆားရည်၊ အချိုလျှော့ထားတဲ့ သဘာဝသစ်သီးဖျော်ရည်တွေကို သောက်ပေးပါ။ သာမန်ရေထက် ခပ်အေးအေး ရေကို သောက်ပေးနိုင်ပါတယ်။ရေသောက်တာအပြင် သစ်သီးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ပြီး စားတာ၊ ဖျော်ရည်တွေကို ရေခဲတုံးလေးတွေ ခဲပြီး စားတာ စတာကလည်း ရေဓာတ်ဖြည့်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ဒါက အပူလျှပ်တဲ့ လူနာတွေမှာ သုံးတဲ့နည်းလမ်းပါ။ကိုယ်တွင်းအပူချိန်ကို အမြန်ချနိုင်မယ့် နည်းလမ်းတစ်ခုပါ။ ပဝါအသေး ၆ခုကို ရှာပြီး ရေထဲ နှစ်ထားပါ။ ရေညှစ်ပြီး လည်ပင်း မေးရိုးအောက် ဘယ်ညာ၊ ချိုင်းကြား ဘယ်ညာ၊ ပေါင်ခြံ ဘယ်ညာမှာ ကပ်ထားပါ။ ရေခြောက်သွားရင် ထပ်ကပ်နိုင်ပါတယ်။သက်သောင့်သက်သာလေး လှဲပြီး ရေဝတ်လေးတွေ ကပ်နေတာကလည်း ကိုယ်တွင်းအပူချိန်ကို ကျစေပါတယ်။အများစုက အရင်လို မြစ်စပ်ကမ်းစပ်မှာ မဟုတ်ဘဲ အိမ်မှာပဲ ချိုးကြတာဆိုတော့ ဘယ်အချိန်ချိုးချိုး ရပါတယ်။ နေပူထဲက ပြန်လာလာချင်းသာ မချိုးပါနဲ့။ ရေချိုးတဲ့အခါ ရေပန်း ဒါမှမဟုတ် ခွက်နဲ့ ဖြည်းဖြည်းလောင်းချပြီး အေးဆေးချိုးပါ။ ရိုးရိုးရေ သုံးရင် ရပါပြီ။ ရေခဲရေ မသုံးရပါ။ညအိပ်ခါနီးရင်လည်း အေးအေးလေး အိပ်ရအောင် ချိုးနိုင်ပါတယ်။ လူကြီးတွေက ရေချိုးရမှာ ကြောက်ရင် ရေပတ်ဝတ် ရွှဲရွှဲသုတ်ပေးပါ။အထူးသဖြင့် အမျိုးသမီးတွေပါ။ ဆံပင်ကို ခပ်ပွပွနဲ့ ဂုတ်မှာ ရှုပ်မနေအောင်  စည်ထားပါ။ မဟုတ်ရင် ဂုတ်နဲ့ လည်ပင်းမှာအပူအောင်းပြီး ချွေးထွက်တတ်လို့ပါ။ ဒီကနေမှတဆင့် မိတ်ဖုတွေ ပေါက်လာနိုင်ပါတယ်။ ညအိပ်ရင်လည်း ဆံပင်ကို ခပ်ဖွဖွ ထုံးပြီး ဂုတ်မှာ ရှင်းနေအောင် ထားပြီး အိပ်ပါ။ဒီတစ်ခါတော့ ပြတင်းပေါက်ရော၊ လိုက်ကာရော ဖွင့်ထားလို့ ရပါပြီ။ နေဝင်ပြီး ညနေပိုင်းလောက်ကစပြီး ဖွင့်ထားနိုင်ပါတယ်။ တစ်နေ့တာ အိမ်ထဲက အပူတွေကို ညလေအေးလေးက ရှင်းထုတ်ပေးမှာပါ။ခေါင်းချလိုက်တာနဲ့ ပူတဲ့ ခံစားချက်မျိုး မခံစားချင်ဘူးဆိုရင် ခေါင်းအုံးစွပ်ကို အိတ်သန့်သန့်လေးနဲ့ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ နေ့ပိုင်းမှာ ထည့်ထားပြီး အိပ်ခါနီးကျ ပြန်ထုတ်၊ စွပ်လိုက်ရင် အေးအေးလူလူ အိပ်နိုင်ပါပြီ။ အခန်းအပူချိန်ကြောင့် အများစိုးရိမ်နေသလိုဦးနှောက်သွေးကြောပြတ်လောက်အောင် အေးခဲနေမှာ မဟုတ်လို့ စိတ်ပူစရာ မရှိပါဘူး။ဒါက အဲကွန်း အစားထိုး နည်းလမ်းတစ်ခုပါ။ ရေခဲဇလုံ ဒါမှမဟုတ် ရေဇလုံ ဒါမှမဟုတ် ရေစိုထားတဲ့ အဝတ်ပါးပဲဖြစ်ဖြစ် ပန်ကာရှေ့မှာ ချထားပြီး လေမှုတ်ထားပါ။ ဒါဆို ပန်ကာက လာတဲ့လေက အနည်းနဲ့ အများတော့ အေးနေမှာပါ။ အဲကွန်းက ထွက်တဲ့ လေလောက် မအေးပေမယ့် သက်သောင့်သက်သာတော့ ဖြစ်မှာပါ။ဒါက ကိုယ်အိပ်မယ့် အိပ်ရာခင်း ဒါမှမဟုတ် စောင်ကို ရေစွတ်ပြီး အေးအောင် လုပ်တာပါ။ ဒီက လူတွေလည်း သိပ်ပူတဲ့ နွေညမျိုးဆို လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ရေစိုအဝတ်နဲ့ အိပ်တာက မနက်ကျရင် ကိုယ်လက်ကိုက်ပြီး နေမကောင်းဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီလိုမဖြစ်အောင် နည်းလမ်းအမှန်ကို ပြောပြပေးပါ့မယ်။ကိုယ်အိပ်မယ့် အိပ်ရာခင်း ဒါမှမဟုတ် စောင်အပါးကို ရေစိုရုံ ဖြန်းပြီး စိုထိုင်းထိုင်းဖြစ်သည်အထိ အခြောက်ခံပါ။ ဖျာဆိုရင်လည်း ရေဖြန်းပြီး ပြန်သုတ်ပါ။ သိပ်စိုလွန်း သိပ်ခြောက်လွန်း အစွန်းနှစ်ဖက်ကို ရှောင်ရပါမယ်။ ပြီးမှ ဒါကို ခင်းအိပ်တာ၊ ခြုံအိပ်တာ လုပ်ရပါမယ်။ ရေစွတ်ထားတဲ့ အိပ်ရာမှာ အိပ်မယ်ဆို ပန်ကာကို လျှော့ရပါမယ်။ ကိုယ်တွင်းအပူချိန်ကြောင့် မကြာခင်မှာ ခြောက်သွားမှာပါ။ ဒီမတိုင်ခင်တော့ အေးအေးလေး အိပ်ရတာပေါ့။ဒီလိုဆို အေးအေးလေး အိပ်ရပြီး မနက်ကျရင် နေမကောင်းဖြစ်မှာလည်း မဟုတ်တော့ပါဘူး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-overcome-summer-without-aircon/
Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း)
ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်းသည် စူးပြီးနာခြင်း သို့မဟုတ် ဆတ်ခနဲနာခြင်းမျိုးဖြစ်ပြီး ဗိုက်အောက် သို့မဟုတ် ပေါင်ခြံကြားတစ်ဖက်သို့မဟုတ်နှစ်ဖက်လုံးတွင်ဖြစ်တတ်သည်။ ထိုအခြေအနေသည် အဖြစ်အများဆုံးပြောပြချက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ခြင်း၏ပုံမှန်အပိုင်းတစ်ခုတွင်ပါသည်။ ဒုတိယကိုယ်ဝန်ကာလတွင်ပိုဖြစ်တတ်သည်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်းသည် စိတ်မသက်သာဖြစ်စေသည်။ သို့သော် ကိုယ်ဝန်ဆောင်ခြင်း၏ပုံမှန်အပိုင်းဟုယူဆ၍ရသည်။ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်မှနာခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရပ် ဗိုက်တွင် စူးပြီးအောင့်ခြင်းဖြစ်သည်။ များသောအားဖြင့်ညာဘက်တွင်ဖြစ်သော်လည်း နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ စက္ကန့်အနည်းငယ်သာကြာတတ်သည်။လေ့ကျင့်ခန်းလုပ်ချင်းကြောင့်နာနိုင်သကဲ့လို့ လျှင်မြန်သောလှုပ်ရှားမှု ဥပမာ။နှာချေခြင်း။ချောင်းဆိုးခြင်း။ရယ်ခြင်း။အိပ်ရာတွင်လှိမ့်နေခြင်း။မတ်တတ်အမြန်ရပ်လိုက်ခြင်း ကြောင့်လဲဖြစ်နိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် မည်သို့နာကျင်ခြင်းဖြစ်ပါစေ ဆရာဝန်နဲ့တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်မှနာခြင်းသည် မြန်သည် သို့သော် ကြာရှည်မနာတတ်ပါ။အောက်ပါတို့ရှိကဆရာဝန်နှင့်အရေးပေါ်တိုင်ပင်ပါ။အလွန်နာကျင်ခြင်း။မိနစ်အနည်းငယ်ထက်နာတာကြာခြင်း။ဖျားခြင်း။ချမ်းတုန်ခြင်း။ဆီးပေါက်ချိန်တွင်နာခြင်း။လမ်းလျောက်ရန်ခက်ခဲခြင်း။ကိုယ်ဝန်ဆောင်ချိန်ဗိုက်နာခြင်းသည် အမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ အရေးပေါ် ကိစ္စမဟုတ်သည်ကို ဖယ်ရန်အရေးကြီးသည်။ဥပမာ အချင်းကွာခြင်း သို့မဟုတ် ကိုယ်ဝန်နှင့်မဆိုင်သောပြသာနာများ ဥပမာ။အူကျွံခြင်း။အူအတတ်ယောင်ခြင်း။အစာအိမ် အသဲနှင့် ကျောက်ကပ်ပြသာနာများ။နေ့မစေ့ပဲ ဗိုက်နာခြင်းနှင့်လည်း ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်မှနာခြင်းကိုမှားနိုင်သည်။အရွတ် အထူအတော်များများကကိုယ်ဝန်ဆောင်ချိန် သားအိမ်ကြီးလာခြင်းကိုထောက်ပံ့ပေးနေကြသည်။ အာ့ထဲတွင် သားအိမ်ထိန်းအရွတ်ဝိုင်းသည်လဲ တစ်ခုအပါအဝင်ဖြစ်သည်။ထိုအရွတ်ဝိုင်းသည် သားအိမ်အရှေ့မှ ပေါင်ခြံကိုတွယ်ဆက်ပေးထားသည်။ တောင့်ပြီး တဖြည်းဖြည်းချင်း အားလျော့ပေးသည်။ကလေးနှင့် သားအိမ်ကြီးလာပါက အရွတ်ဝိုင်းသည် ဆွဲဆန့်ခံလိုက်ရခြင်းကြောင့်ပိုနာခြင်းဖြစ်နိုင်သည်။ရုတ်တရပ်လှုပ်ရှားမှုက ထိုအရွတ်ဝိုင်းကိုဆွဲဆန့် စေသည် ရာဘာကဲ့သို့။ ထိုကြောင့်ရုတ်တရပ် အမြန် စူးခနဲအောင့်ခြင်းကိုဖြစ်စေနိုင်သည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။အခြေအနေပေါ်မူတည်ပြီး သင့်တော်သောကုသမှုကိုပေးလိမ့်မည်။အနာသက်သာစေသောဆေး။ ဆေးဆိုင်တိုင်းတွင်ရနိုင်သော အစီတာမီနိုဖန်လိုဆေးမျိုး သုံးနိုင်သည်။ အဆင်ပြေမပြေဆရာဝန်နှင့်တိုင်ပင်ပါ။အစာအိမ်ကြွက်သားများသန်မာရန် လေ့ကျင့်ခန်းများများလုပ်ပါ။ ဆွဲဆန့်သည့်လေ့ကျင့်ခန်းများသို့မဟုတ် ကိုယ်ဝန်ဆောင်ယောဂများက အကူအညီဖြစ်နိုင်သည်။ ကလေးနှင့် သင့်အား အန္ဓါရာယ်မရှိစေသော လေ့ကျင့်ခန်းကိုရွေးချယ်ပါ။သင့်လက်နှင့် ဒူးအားကြမ်းပြင်ကိုထိပြီး ခေါင်းအားနှိပ်ချပြီးလုပ်သောလေ့ကျင့်ခန်းများကအကူအညီဖြစ်နိုင်သည်။အလျင်အမြန်လှုပ်ရှားခြင်းမျိုးရှောင်ပါ။ ပုံစံပြောင်းရာတွင်ဖြေးဖြေးပြောင်းခြင်း( ဥပမာ မတ်တပ်ထရပ်ခြင်း သို့မဟုတ် ထိုင်ခြင်း) ကြောင့် ဆွဲဆန့်ခံရခြင်းနာခြင်းကိုသက်သာစေသည်။တင်ပါးကိုကွေးပါ။ ချောင်းဆိုးခြင်း နှာချေခြင်းသို့မဟုတ် ရယ်ခြင်းလုပ်ချိန်တွင်ထိုသို့လုပ်ပါက အရွတ်ဆွဲဆန့်ခံ၇ခြင်းကိုသက်သာစေသည်။နွေးနွေးထွေးထွေးထားပါ။ အနွေးအဝတ် ရေနွေးစိမ်ခြင်းတို့က အကူအညီဖြစ်နိုင်သည်။ ဆရာဝန်ကိုအဆင်ပြေမပြေမေးပါ။ အပူများပါက ကလေးကိုအန္ဓါရယ်ဖြစ်နိုင်သည်။ပုံမှန်လုပ်ဆောင်ချက်များကိုသတိထားပါ။ ပိုဆိုးစေသောနေထိုင်ပုံကိုရှောင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/round-ligament-pain-during-pregnancy-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%b9%e1%80%94/
ညအိပ်ရာ မဝင်ခင် ရှောင်သင့်တဲ့ အစားအစာတွေ
ပုံမှန် ကျွန်တော်တို့ အစာစားချိန်ဟာ မနက်၊ နေ့လည်၊ ည ဆိုပြီး ယေဘုယျအားဖြင့် ၃နပ် ခွဲထားပါတယ်။ တချို့လူတွေကတော့ ကိုယ်အလေးချိန်တက်ချင်လို့၊ သို့မဟုတ် ကျချင်လို့dietလုပ်တဲ့အနေနဲ့ အကြိမ်ရေ ခွဲစားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ညအိပ်ချိန်နဲ့ နီးအောင် အစာစားတာကတော့ ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းတဲ့ ကိစ္စပါ။ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ကလီစာတွေက တစ်နေ့လုံး အလုပ်လုပ်ထားတဲ့အတွက် ညအိပ်ခါနီးဆိုရင် ပင်ပန်းပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီအခါမှာ ကျွန်တော်တို့က မအိပ်ဘဲ အစားတွေ စားနေမယ်ဆိုရင် အစာခြေစနစ်ကို သွားပြီး ထိခိုက်ပါတယ်။ ဒါ့အပြင် လူက ဗိုက်ပြည့်တင်းနေတဲ့အခါရင်ပြည့်သလို ဖြစ်ပြီး ကောင်းကောင်း အိပ်မပျော်တော့သလို မနက်ထလာရင်လည်း အီလည်လည် ဖြစ်ပြီး နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ ကြာလာရင်လည်းအစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဒဏ်ဖြစ်လာနိုင်ပါတယ်။ ဒီအတွက်ညအိပ်ချိန်နဲ့ နီးကပ်စွာ အစာစားခြင်းကိုတော့ လုံးဝ ရှောင်သင့်ပါတယ်။အမြဲ ညဆိုရင် အလုပ်များပြီး အိပ်မပျော်လို့ အစားတစ်ခုခု စားမှ အကျင့်ဖြစ်နေတဲ့သူတွေကို အကြံပေးချင်တာကတော့ တတ်နိုင်ရင် ညဘက်ကို စောစောအိပ်ဖို့ပါ။ လူတစ်ယောက်ရဲ့ ညအိပ်ချိန်ဟာ အရမ်း အရေးကြီးပါတယ်။ တစ်နေ့လုံး ကုန်ထားသမျှ အားအင်တွေ ပြန်ဖြည့်ပေးဖို့၊ ပင်ပန်းထားသမျှ အမောပြေစေဖို့ အိပ်စက်ခြင်းကသာ ကူညီပေးနိုင်တာပါ။ ဒီအတွက်အိပ်ချိန်ကိုတော့ အလွတ်မခံပါနဲ့။ အနည်းဆုံး ညအိပ်ချိန်ကို ၇-၈ နာရီ ရအောင် အိပ်စက်အနားယူပါ။ အကယ်လို့ တစ်ခုခု စားချင်တယ်ဆိုရင်လည်း ခုပြောပြမယ့် အစားအစာတွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။ကဖင်းဓာတ်ဟာဦးနှောက်အာရုံကြောတွေကို တက်ကြွအောင် လှုံ့ဆော်ပေးတဲ့အတွက် ညမအိပ်ဘဲ အလုပ်လုပ်၊ စာဖတ်တဲ့သူ အများစု စားသောက်တတ်ကြပါတယ်။ ကျန်းမာရေးအတွက်တော့ ရေရှည်မှာ မကောင်းဘူးပေါ့ဗျာ။ အထူးသဖြင့်ချောကလက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါအအေးတွေမှာကဖင်းဓာတ်ပါဝင်မှု အရမ်းများတာကြောင့် အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီလောက် ခွာပြီးတော့ စားသင့်ပါတယ်။အသား၊ ပဲတွေမှာ ပါတဲ့ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးပြီး ကြွက်သားတွေကို ကြီးထွားသန်စွမ်းစေပါတယ်။ ဒါပေမယ့် ပရိုတင်းဓာတ်ဟာ အစာချေဖျက်ဖို့ အချိန် အကြာကြီးပေးရတဲ့အတွက်အိပ်ချိန်နဲ့ နီးကပ်အောင် စားမိလိုက်တဲ့အခါ ဗိုက်ထဲမှာ စားထားသမျှ ချေဖျက်နေရပြီး လူက တော်ရုံနဲ့ ဘယ်လိုမှ မအိပ်ပျော်နိုင်တော့ပါဘူး။ အကောင်းဆုံးက မနက်၊ နေ့လည်၊ ည ၃ ချိန် ခွဲစားပြီး အိပ်ခါနီးကိုသာ လုံးဝရှောင်ဖို့ပါ။ဟမ်ဘာဂါ၊ ကြက်ကြော်၊အာလူးကြော်၊ ပီဇာတွေ၊ ဟင်းအဆီအနှစ်တွေ၊ အကြော်အလှော်တွေကကယ်လိုရီပမာဏရော အဆီဓာတ် ပါဝင်မှုရော အရမ်းမြင့်ပါတယ်။ အဆီစားသုံးမှု အရမ်းများလွန်းသွားရင် လူက မအီမသာဖြစ်ပြီး ဘယ်လိုမှ အိပ်ချင်တော့မှာ မဟုတ်ဘူးနော်။ညဘက် အိပ်မပျော်လို့ ရေခဲမုန့် အေးအေးလေး စားရင် အရမ်းကောင်းသွားမှာပဲလို့ တွေးဖူးကြတယ်မလား။ အခုလိုမျိုး အရမ်းပူလွန်းအိုက်လွန်းတဲ့ အချိန်ဆို ပိုတွေးမိမှာပေါ့။ရေခဲမုန့်သည် ကျန်းမာရေးနဲ့ မညီညွတ်တာ မှန်ပေမယ့် တော်သင့်ရုံလောက် စားရင် သိပ်ပြီး ပြဿနာမရှိပါဘူး။ သိထားဖို့ တစ်ခုက ရေခဲမုန့်ထဲမှာ နို့ထွက်ပစ္စည်းရော၊ သကြားဓာတ်ရော အရမ်းများပါတယ်။ နို့ထွက်ပစ္စည်းမှာလည်းကယ်လိုရီပမာဏ အတော်အတန် ပါဝင်တာကြောင့် အိပ်ခါနီး စားတာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။စားစရာထဲမှာတော့အရက်မပါပါဘူး။ ဒါပေမယ့် မရေးဘဲ နေလိုက်ရင် ကျန်တာတွေ မစားဘဲ အရက်ပဲ ထိုင်သောက်နေမှာ စိုးလို့ပါ။ တစ်ခါတစ်လေ ဘော်ဒါတွေနဲ့ ဝိုင်းဖွဲ့ပြီး အရက်သောက်တာတော့ မပြောလိုပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ တစ်ယောက်တည်း ရှိနေတဲ့အချိန်တော့ အိပ်ခါနီး အရက်သောက်တာမျိုး မလုပ်သင့်ပါဘူး။ အရက်သောက်ပြီးတဲ့အခါ လူက မူးဝေပြီး ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။ အိပ်ပျော်သွားခဲ့ရင်တောင် နှစ်ခြိုက်တဲ့ အိပ်စက်ခြင်းမျိုး မရနိုင်ပါဘူး။ ဒါ့အပြင် ညသန်းခေါင်ကြီး ဆီးထသွားရတာ၊ရင်ပူတာမျိုးတွေလည်း ဖြစ်နိုင်သလို ညအိပ်မပျော်တဲ့သူတွေအတွက်ဆို ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်တော့ မသောက်ပါနဲ့နော်။အကောင်းဆုံးကတော့ ညအိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီ ခြားပြီး နောက်ဆုံး အစားအစာ စားပေးဖို့ပါပဲ။ ပြီးတော့ တတ်နိုင်သလောက် စောစောအိပ်ဖို့ ကြိုးစားပါ။ လူက မအိပ်ရင် ခန္ဓာကိုယ်က ဗိုက်ဆာတဲ့အကြောင်း အချက်ပြတတ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင်ကြည့်လွန်ပြီး အိပ်မပျော်တော့ဘူးဆိုရင် တစ်ခုခု စားချင်စိတ် ပိုဖြစ်တတ်ပါတယ်။ ဒီဆန္ဒကိုလည်း ချုပ်ထိန်းထားသင့်ပါတယ်။ မဖြစ်မနေ စားရမယ်ဆိုရင် နွားနို့ ပူပူလေးတစ်ခွက်သောက်၊ ငှက်ပျောသီး တစ်လုံးလောက် စားပြီး ရေသောက်ပါ။ ပြီးရင် စိတ်ကို အတတ်နိုင်ဆုံး လျှော့ပြီး ရအောင် အိပ်ဖို့ ကြိုးစားကြည့်ပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%8a%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%9b%e1%80%ac-%e1%80%99%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%84%e1%80%ba-%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9e%e1%80%84/
Valentine's day blues ကို ဘယ်လိုကျော်လွှားကြမလဲ!
Valentine’s day blues က လူတိုင်းမှာ မရှိနိုင်ပေမယ့် အချို့သူတွေမှာတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်လေ့ရှိတဲ့ ချစ်သူများနေ့Valentine’s dayကို မနှစ်သက်တာ၊ Valentine’s day ကြောင့် စိတ်ဖိစီးသူတွေလည်း ရှိမှာပါ။ ဒီလိုမျိုးချစ်သူများနေ့ကြောင့် စိတ်ဖိစီးမှုကို ခံစားရတဲ့ သူလေးတွေအတွက် ဒီတစ်ခေါက်တော့ Valentine’s day blues ကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတဲ့ အကြောင်းလေး ဝေမျှပေးသွားပါမယ်။Valentine’s day က လူတိုင်းအတွက် ပျော်စရာကောင်းတဲ့ နေ့တစ်နေ့လို့ တထစ်ချ သတ်မှတ်လို့ မရပါဘူး။ ဒီလိုနေ့မှာ ကိုယ်က ချစ်သူမရှိဘဲ တစ်ကိုယ်တည်း ဖြစ်နေတာကြောင့်စိတ်ဖိစီးတာမျိုး ရှိနိုင်သလို ကိုယ့်ရဲ့အချစ်ရေးက ထင်သလောက် စိတ်ကျေနပ်မှု မရှိတာကြောင့်လည်း ချစ်သူများနေ့ရောက်လာမှာကို သဘောမတွေ့တာမျိုးလည်း ရှိနိုင်ပါတယ်။တကယ်ကတော့ Valentine’s day က ချစ်သူများနေ့ဆိုပေမယ့် လူတိုင်းအတွက်ပျော်ရွှင်ကြည်နူးမှုတွေကိုပဲ ယူဆောင်လာတာ မဟုတ်ပါဘူး။ စိတ်ဖိစီးစရာတွေကိုလည်း ယူဆောင်လာတတ်ပါသေးတယ်နော်။Valentine’s day blues ကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတော့။ချစ်သူများနေ့မှာ တက်လာမယ့် new feed တွေရဲ့ အများစုက ချစ်သူများနေ့ လက်ဆောင်ရတာတွေ၊ ဘယ်လို ပျော်ရွှင်ကြည်နူးမိတယ်ဆိုတဲ့ ပို့စ်တွေ ဖြစ်ဖို့ များပါတယ်။ ဒီလို ပို့စ်တွေက နဂိုကတည်းက ချစ်သူများနေ့ကြောင့် စိတ်ဖိစီးမှုကို ခံစားနေရသူအတွက်စိတ်ဖိစီးမှုပိုသွားဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁၄ မတိုင်ခင် ၁ ရက်လောက်ကနေစလို့ ၃ – ၄ ရက်လောက် ဆိုရှယ်မီဒီယာကို ကင်းကွာနေလိုက်ပါ။ချစ်သူများနေ့မှာ အခြားသူတွေဆီကပန်းစည်းတွေ၊ချောကလက်တွေ၊ အရုပ်တွေ ရမှရယ် မဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်နှစ်သက်ရာ တစ်ခုခုကို ဝယ်ပြီး လက်ဆောင်ပေးလို့လည်း ရသလို စားချင်တာလေး သွားစားတာ၊ ကိုယ်တိုင်အတွက် ငွေကြေးသုံးစွဲတာမျိုးတွေ လုပ်ပေးလို့လည်း ရပါတယ်။ ဥပမာ – ဆံပင်ညှပ်တာ၊ ခြေသည်းလက်သည်းလေးတွေ ပုံသွင်းတာ၊ အဝတ်အစား ဝယ်တာလိုမျိုးပေါ့။ချစ်သူများနေ့ဆိုတာချစ်သူရည်းစားတွေမှာ အတူပျော်ရွှင်ရမယ်လို့ မဆိုလိုပါဘူး။ ချစ်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ မောင်နှမတွေနဲ့လည်း အချိန်တွေကို ကုန်ဆုံးလို့ ရပါတယ်။ ဒါကြောင့် ချစ်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးပစ်တာကလည်း Valentine’s day blues ကို ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။Valentine’s day blues ကို ကျော်လွှားနိုင်ဖို့ နောက်ထပ် နည်းလမ်းကောင်း တစ်ခုက အဲ့နေ့မှာ အလုပ်တွေကို အချိန်ဇယားပြည့်နေအောင် ဆွဲထားပြီး အလုပ်တွေများနေဖို့ပါ။ ချစ်သူများနေ့ဆိုတာကိုတောင် မတွေးမိလောက်အောင်အထိ အလုပ်များနေလိုက်ပါ။ အာရုံလွှဲလိုက်တဲ့ သဘောပေါ့။အကောင်းမြင်ခြင်းက အရာရာကို ကျော်လွှားနိုင်ပါတယ်။ ဒီနေ့မှာ တစ်ကိုယ်တည်း ဖြစ်နေတာနဲ့ မပျော်ရတော့တာ မဟုတ်သလို သိမ်ငယ်ဝမ်းနည်းစရာကိစ္စလည်း ဟုတ်မနေပါဘူး။ ဒါကြောင့် ချစ်သူများနေ့ကို စိတ်ညစ်စရာလို့ မတွေးဘဲ အကောင်းဘက်ကနေပဲ လှည့်တွေးလိုက်ပါ။ အထီးကျန်ဆန်မှုကို မခံစားလိုက်ပါနဲ့။ချစ်သူများနေ့ကလည်း အခြားသော နေ့ရက်တွေလိုပဲ ၂၄ နာရီသာ ကြာမြင့်တဲ့ သာမန် နေ့ရက်တစ်ခုပါပဲ။ အချိန်တန်ရင် ပြီးဆုံးသွားမှာပါ။ ဒီနေ့ရက်ကြောင့် ထိခိုက်စရာ မရှိသလို သင့်အတွက် အဆုံးသတ်လည်း မဟုတ်ပါဘူး။ ဒါကြောင့်စိတ်ညစ်နေမယ့်အစားတက်တက်ကြွကြွနဲ့ လုပ်စရာရှိတာတွေကို လုပ်ဆောင်ရင်း ဒီ ၂၄ နာရီကို အကောင်းဆုံး ကျော်ဖြတ်လိုက်ပါ။ကဲ …. ချစ်သူများနေ့ကြောင့် စိတ်ညစ်ရတဲ့ ခံစားချက် Valentine’s day blues ကို အခုလိုလေး ကျော်လွှားလိုက်တော့နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/tips-to-coping-with-valentines-day-blues/
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအကြောင်း
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းသည် နှလုံးကသွေးကောင်းစွာမညှစ်နိုင်ခြင်း သို့မဟုတ် သွေးလုံလောက်စွာမရခြင်း ဖြစ်သည့်အခါ ခန္ဓါကိုယ်အနှံ့ကိုသွေးလုံလောက်စွာပို့ရန် နှလုံးမှအလုပ်ပိုလုပ်ရသောကြောင့် ဖြစ်လာသောအခြေအနေရောဂါ တစ်ရပ်ဖြစ်သည်။ထိုနေရာတွင် နှလုံးသည် လုံးဝအလုပ်မလုပ်နိုင်တော့ဘဲရပ်သွားခြင်းမျိုးမဟုတ်ပါ။ နှလုံး၏လုပ်ဆောင်ရည်ကျဆင်းခြင်းကို အပျော့ဆုံးအဆင့်မှ အသက်အန္တရာယ်ရှိနိုင်သည့် အဆိုးရွားဆိုးအဆင့်အထိပုံစံအမျိုးမျိုးခွဲခြားထားသည်။ ထိုရောဂါသည် ပြင်းထန်သော်လည်းထိရောက်သောကုသမှုမျိုးအမြဲမပြတ်ခံယူလျှင် သင်သည် ကောင်းမွန်စွာနေထိုင်သွားနိုင်လိမ့်မည်။ပထမတွင် မသိသာသော်လည်း ကြာလာသည်နှင့်အမျှ နှလုံးကညှစ်အားကျလာကာသင်ပိုခံစားရပေလိမ့်မည်။• နားနေစဉ်တွင်ပင် နှလုံးခုန်မြန်နေခြင်း။• မောပန်းခြင်း၊ အားအင်ချိနဲ့ခြင်း၊ ခေါင်းမူးခြင်း။• အသက်ရှုရခက်ခဲခြင်းနှင့် အရင်လိုမလှုပ်ရှားနိုင်တော့ခြင်း၊ ခေါင်းအုံးများဆင့်အိပ်မှသက်တောင့်သက်သာရှိခြင်း။• ခြေထောက်၊ခြေချင်းဝတ်နှင့် ခြေဖဝါးများ၊ ဝမ်းဗိုက်ပိုင်းတို့တွင် ဖောရောင်လာခြင်းစသည့်လက္ခဏာများခံစားရပါသည်။သင့်တွင် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း၏လက္ခဏာများရှိပါကသင့်ဆရာဝန်က အောက်ပါစစ်ဆေးမှုများထဲမှလိုအပ်သည်တို့ကိုပြုလုပ်ပေးလိမ့်မည်။• အီးစီဂျီ (ECG)။• အသံလှိုင်းဖြင့်ရိုက်သောနှလုံးအက်ကိုးဓါတ်မှန် (Echo)။• နှလုံးအမောခံနိုင်အားကိုလေ့ကျင့်ခန်းလုပ်ပြီးစစ်ဆေးခြင်း (Stress test)။• ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း။• သွေးစစ်ခြင်း။• နှလုံးသွေးကြောဓါတ်မှန်ရိုက်ခြင်းနှင့် နှလုံးသွေးကြောထဲသို့ပြွန်ချောင်းထည့်ခြင်း။နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကိုမကုသဘဲထားလျှင် ပိုဆိုးလာပြီးအသက်အန္တရာယ်ရှိပါသည်။ ထိုသို့ကုသရခြင်း၏ရည်ရွယ်ချက်မှာရောဂါကြောင့်ခံစားရသော ဝေဒနာများ သက်သာလာစေရန်နှင့် ပိုမဆိုးစေရန်ဖြစ်သည်။ဖြစ်လေ့ရှိသောနောက်ဆက်တွဲဆိုးကျိုးများမှာ။• နှလုံးခုန်မမှန်ခြင်း။• ကျောက်ကပ်ရောဂါဖြစ်ခြင်း။• အသည်းရောဂါဖြစ်ခြင်းတို့ဖြစ်သည်။အောက်ပါအချက်များသည် သင့်အတွက်ရောဂါသက်သာစေနိုင်ရန် အသုံးဝင်သောနည်းလမ်းများဖြစ်သည်။• သင် နေကောင်းသွားသည့်တိုင် ဆေးပတ်ပြည့်အောင် မှန်မှန်ကန်ကန် သောက်ဖို့လိုသည်။• သင့်ရောဂါလက္ခဏာများကိုဂရုထားစောင့်ကြည့်ပါ။• ရုတ်တရက် ကိုယ်အလေးချိန်တက်လာပါက ဆရာဝန်၊ သူနာပြုနှင့်ပြပါ။• ဆားကိုလုံးဝမစားပါနှင့်။• အဝလွန်နေလျှင် ကိုယ်အလေးချိန်လျှော့ပါ။• ဆေးလိပ်ဖြတ်ပါ။• အရက်ကိုအတိုင်းအတာတခုထက်ပို၍မသောက်ရ။• တက်ကြွစွာနေထိုင်ပါ။• မည်သည့်ဆေး၊ ဖြည့်စွက်စာကိုမဆို ဆရာဝန်နှင့်တိုင်ပင်ပြီးမှစားပါ။အချုပ်ဆိုရသော် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းသည် တွေ့ရများသောရောဂါဖြစ်ပြီးအမြစ်မပြတ်သော်လည်းထိရောက်သောကုသမှုမျိုးခံယူလျှင် ရောဂါကိုမဆိုးလာစေသောကြောင့် တသက်လုံးပျော်ရွှင်စွာနေထိုင်သွားနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%85%e1%80%bc%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%80%e1%80%ba%e1%80%86/
စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ
စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေက နေ့စဉ်ဘဝမှာ မလွှဲမရှောင်သာ ကြုံရနိုင်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေပေါ့။ လူတစ်ယောက် နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စေဖို့က စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ လိုပါမယ်။စိတ်ကျန်းမာဖို့ကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာပေါ့။ ဒီတစ်ခေါက်တော့ စိုးရိမ်စိတ်များတတ်သူလေးတွေအတွက် စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။စိုးရိမ်စိတ်များတာကို ခံစားနေရသူ အများစုက သူတို့ရဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေကို အခြားသူတွေကို ဝေမျှဖို့ ရှက်ကြတဲ့သူတွေပါ။ သူတို့က ခပ်ဆိတ်ဆိတ်ပဲ နေတတ်ကြပြီး အတွေးတွေများရင်း စိုးရိမ်စိတ်တွေ လွန်ကဲနေကြတာပါ။ဒါကြောင့် စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ ဆိုရင် နေ့တိုင်း မဟုတ်ရင်တောင် အခွင့်အခါသင့်တဲ့အခါမျိုးမှာ ကိုယ်ယုံကြည်ရတဲ့သူကို ခံစားချက်တွေ ဖွင့်ဟတိုင်ပင်တာမျိုး လုပ်ပေးပါ။ ဒီလိုတိုင်ပင်လိုက်တာက စိုးရိမ်နေတဲ့အရာက တကယ်ပဲ စိုးရိမ်သင့်ရဲ့လား။ ဘယ်လို ဖြေရှင်းလို့ ရနိုင်မလဲဆိုတဲ့ အဖြေကိုပါ ရရှိမှာ ဖြစ်ပါတယ်။လေ့လာမှု ရလဒ်တွေအရ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဦးနှောက်ထဲမှာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိုးရိမ်စိတ်ကိုရော စိတ်ဖိစီးမှုကိုပါ လျော့ပါးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့် တစ်နေ့တာမှာ ၁၅ မိနစ် နာရီဝက်လောက်ကိုယ်လက်လှုပ်ရှားမှုတစ်ရပ်ရပ်ကို ပုံမှန် လုပ်ဆောင်ပေးပါ။  လမ်းလျှောက်တာ၊ အပြေးလေ့ကျင့်တာ၊ ယောဂ၊ ထိုက်ချိ နဲ့ gym ဆော့တာ၊ စက်ဘီးစီးတာမျိုးတွေပါ။ကျေးဇူးတင်စကားပြောတာက ကျေးဇူးတင်ခံရသူကိုတင် စိတ်ခံစားမှု ကောင်းစေတာ မဟုတ်ပါဘူး။ ကျေးဇူးတင်စကား ဆိုသူကိုပါ စိတ်ခံစားမှု ကောင်းစေပါတယ်။ စိုးရိမ်ပူပန်မှု လျော့ကျစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် တစ်နေ့တာမှာကျေးဇူးတင်စကားဆိုတာကိုလည်း မေ့မထားဖို့ ပြောချင်ပါတယ်။ ကျေးဇူးတင်စကား ဆိုတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။စိတ်ကျန်းမာရေး ကောင်းစေဖို့နဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျစေဖို့ တစ်နေ့ကို တစ်ကြိမ်လောက်တော့ အိမ်အပြင် ထွက်ပေးပါ။ ဒီလို အပြင်ထွက်ပေးတာက နေရောင်နဲ့ ထိတွေ့စေပြီးစိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းကို ထွက်ရှိစေနိုင်ပါတယ်။နေရောင်၊ လေကောင်းလေသန့် နဲ့ ကျေးငှက်လေးတွေရဲ့ သီချင်းသံလေးတွေ၊ ပန်းလေးတွေရဲ့ ရနံ့လေးတွေက စိတ်ခံစားမှု ကောင်းစေပြီး စိုးရိမ်စိတ် နည်းစေဖို့ ထောက်ကူပေးပါတယ်။အိပ်ရေး ဝဝအိပ်တာကစိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ ညဘက်တွေမှာ ကောင်းကောင်း အိပ်မပျော်ကြသူတွေက စိုးရိမ်ပူပန်မှုကို တိုးစေပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ပါ။ အိပ်ရာဝင်ချိန် သတ်မှတ်ပါ။ ညဘက်တွေမှာ အိပ်ရာဝင်ချိန် ပုံမှန် သတ်မှတ်ပြီး အိပ်ရာဝင်တာက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေမှာပါ။အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက စိတ်ဖိစီးမှု ပြေလျော့စေသလို စိုးရိမ်စိတ် များတာကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်က ရေဓာတ် ပြည့်​အောင် ရေများများ သောက်ပေးပြီး  ကဖင်း နဲ့ အယ်လ်ကိုဟော လိုမျိုး သောက်စရာတွေကို လျှော့သောက်ဖို့ပါ။ ကဖင်း များတာ၊ အယ်လ်ကိုဟော လွန်ကဲတာတွေက ရင်တုန်စေပါတယ်။ စိုးရိမ်စိတ်များတာနဲ့ ပေါင်းလိုက်တဲ့အခါ နေထိုင်မကောင်းဖြစ်စေပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/healthy-habits-for-anxiety/
Premature labor (လမစေ့မီမွေးခြင်း)
လမစေ့မီမွေးခြင်းကို preterm labor ဟုလည်းခေါ်သည်။ ဆိုလိုသည်မှာ ကိုယ်ဝန်ဆောင်နေစဉ်တွင် စောစီးစွာ သင်၏ကိုယ်မှ မွေးဖွားရန်အသင့်ဖြစ်လာခြင်းဖြစ်သည်။ မွေးရမည့်ရက် ထက်3 ပတ်စောမွေးပါက ထိုကဲ့သို့မွေးဖွားခြင်းကို ကိုယ်ဝန်မရင့်မီ မွေးဖွားခြင်းဟုခေါ်သည်။ သတင်းကောင်းမှာ ဆရာဝန်များသည် ထိုကဲ့သို့စောစီးစွာမွေးဖွားခြင်းကို ကြန့်ကြာအောင် အလွန်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ သင်၏ကလေးသည် မွေးရက်မစေ့မီ ဗိုက်ထဲတွင် အချိန်ကြာကြာကြီးထွားခွင့်ရလေလေ ထိုကလေးတွင် မွေးဖွားပြီး ရောဂါနှင့် ပြဿနာများနည်းလေလေဖြစ်သည်။ကိုယ်ဝန်အားလုံး၏ 12ရာခိုင်နှုန်းတွင် လမစေ့ပဲမွေးဖွားနေသည်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လမစေ့မီမွေးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။လမစေ့မီမွေးဖွားခြင်းကို ရပ်တန့်ရန် သတိပေးသည့် လက္ခဏာရပ်များကိုသိရှိရန်လိုအပ်ပါသည်။ လျင်မြန်စွာဆောင်ရွက်နိုင်မှုသည်ကြီးမားသောခြားနားချက်ကိုဖြစ်ပွားသွားစေနိုင်သည်။ သားဖွားဆရာမ (သို့) ဆရာဝန် ကို အောက်ပါအချက်များရှိပါက ချက်ချင်းဆက်သွယ်ပါ။ကျောအောင့်ခြင်း- အများအားဖြင့် ကျောအောက်ခြေတွင်ဖြစ်သည်။ ပေါ်ပြီးပျောက်သွားနိုင်သလို တောက်လျှောက်ကျောသည်ဆက်အောင့်နေနိုင်သည်။ သို့သော်ထိုသို့ကျောအောင့်ခြင်းသည် ကိုယ်အနေအထားပြောင်းခြင်း (သို့) သက်သာအောင်တခုခုလုပ်ခြင်း ဖြင့်မပျောက်သွားသော ကျောအောင့်ခြင်းမျိုးဖြစ်သည်။10မိနစ်တခါ (သို့) ထို့ထက်ပို၍ သားအိမ်ကျုံ့ခြင်း။ဗိုက်အောက်ခြေနားတွင် အောင့်ခြင်း (သို့)ရာသီလာသောအခါနာကျင်မှုများကဲ့သို့ဖြစ်သည်။ လေအောင့်သလိုအောင့်တတ်ပြီး ဝမ်းပျက်ဝမ်းလျှောနှင့်ပါတွဲဖက်လာတတ်သည်။မိန်းမကိုယ်မှ အရည်များယိုခြင်း။တုပ်ကွေးမိသကဲ့သို့ပျို့ခြင်း၊အန်ခြင်း၊(သို့)ဝမ်းလျှောခြင်း စသောလက္ခဏာများဖြစ်ပေါ်လာတတ်ပြီး မပြင်းထန်သော်လည်း ဆရာဝန်အားဆက်သွယ်ပါ။ သင်သည် အရည်များကို8 နာရီထက်ပို၍သောက်မရပါကသင်၏ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးပါ။ တင်ပဆုံအရိုးခွေ (သို့) မိန်းမကိုယ်တွင် ဖိအားများလာခြင်း။မိန်းမကိုယ်မှ အရည်များပိုဆင်းလာခြင်း နှင့် မိန်းမကိုယ်မှ အနည်းငယ်မျှဖြစ်စေ သွေးဆင်းခြင်း အချို့သောထိုလက္ခဏာရပ်များသည်ပုံမှန်ကိုယ်ဝန်ဆောင်ခြင်း၏လက္ခဏာရပ်များ ဥပမာ ကျောအောင့်ခြင်း နှင့် ခွဲခြားရခက်သည်။ သို့သော်လည်းသင်သည်သတိအရမ်း။မပြုမိနိုင်ပေ။ မည်သည့်ဖြစ်နိုင်ချေရှိသည့်သတိပေးလက္ခဏာရပ်များမဆို စစ်ဆေးထားပါ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်ပွားစေသောအကြောင်းအရင်းများစွာ ရှိပါသည်။ တခါတရံတွင် ထင်ရှားမြင်သာသော အကြောင်းပြချက်မရှိပဲ မိန်းမတစ်ဦးသည် ကလေးစောမွေးသွားသည်လည်းရှိသည်။ အခြားအချိန်များတွင် စောစောမွေးစေသောကျန်းမာရေးအကြောင်းပြချက်တခုခုရှိတတ်သည်။ဥပမာ – လမစေ့မီရေမွှာပေါက်ခြင်း။ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခြင်း။ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း။သားအိမ်ခေါင်းအားနည်းလျော့ရဲခြင်း စသည်တို့ဖြစ်သည်။လမစေ့မီမွေးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်း။ကိုယ်ဝန်မဆောင်စဉ်ကိုယ်အလေးချိန်လွန်ကဲခြင်း(သို့) လျော့နည်းနေခြင်း။ကိုယ်ဝန်စောင့်ရှောက်မှုကောင်းကောင်းမရခြင်း။ကိုယ်ဝန်တွင်းတွင် အရက်သောက်ခြင်း(သို့) လမ်းပေါ်မှ ဆေးများသုံးခြင်း။သွေးတိုးခြင်း၊ကိုယ်ဝန်ဆိပ်တက်ခြင်း၊ဆီးချို၊သွေးခဲရောဂါများ(သို့)ရောဂါပိုးဝင်ခြင်းစသော ရောဂါများရှိခြင်း။အချို့သောမွေးရာပါချို့ယွင်းမှုများရှိသော ကလေးအား ကိုယ်ဝန်ရှိခြင်း၊ကိုယ်ပြင်ပတွင် မျိုးအောင်စေထားသော မျိုးဥဖြင့် ကိုယ်ဝန်တည်ခြင်း၊အမြွှာများအားကိုယ်ဝန်ဆောင်ထားခြင်း၊။ကလေးစောမွေးတတ်သော မိမိ၏ (သို့)မိသားစုရာဇဝင်ရှိခြင်း၊ကလေးတစ်ဦးမွေးပြီး သိပ်မကြာမီတွင် ထပ်မံ၍ ကိုယ်ဝန်ရှိခြင်း စသည်တို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သားအိမ်ကျုံ့ခြင်းသည် လမစေ့မီမွေးခြင်းအား စောစီးစွာ သိရှိရန် သော့ချက်ဖြစ်သည်။သင်၏လက်ချောင်းထိပ်များကို သင့်ဝမ်းဗိုက်ပေါ်သို့တင်ပါ။အကယ်၍သင်၏သားအိမ်သည် မာကျောခြင်းနှင့် ပျော့ပြောင်းခြင်းတို့တလှည့်စီဖြစ်ပေါ်နေပါက ထိုကဲ့သို့ဖြစ်ခြင်းကို သားအိမ်ကျုံ့နေခြင်းဟုခေါ်သည်။ ထို သားအိမ်ကျုံ့သောအချိန်များကို မှတ်သားပါ။ သားအိမ်စကျုံ့သောအချိန်နှင့် နောက်ထပ်သားအိမ်စကျုံ့သောအချိန်ကိုရေးချပါ။ ထိုကဲ့သို့သားအိမ်ကျုံ့နေခြင်းများကို ရပ်တန့်စေရန်အားထုတ်ပါ။ သင်၏ခြေထောက်ကိုအနားပေးပါ။ ကိုယ်အနေအထားကို ပြောင်းပါ။ သက်သောင့်သက်သာနေပါ။ ရေနှစ်ခွက်(သို့)သုံးခွက် သောက်ပါ။ အကယ်၍သင့်တွင် ဆယ်မိနစ်တခါ(သို့) ထို့ထက်ပို၍ သားအိမ်ကျုံ့မှုများရှိနေခြင်း၊ထိုလက္ခဏာများပိုဆိုးလာခြင်း၊ပြင်းထန်သောနာကျင်မှုများပျောက်မသွားခြင်း စသည်တို့ဖြစ်ပါက သားဖွားဆရာမ(သို့) ဆရာဝန်အားခေါ်ပါ။braxton hicks contractions ကဲ့သို့သော အတုအယောင်ကလေးမွေးသည့် ပုံစံများ မိန်းမအများစုတွင် မကြာခဏဖြစ်ပေါ်တတ်သည်ကိုတော့ သိရှိပါ။ ထိုကဲ့သို့ဖြစ်ပါက ဆိုးဆိုးဝါးဝါးနာကျင်စေတတ်ပြီး နာကျင်မှုသည်စိပ်မသွားပဲ ရပ်နားလိုက်ပါက(သို့) လှုပ်ရှားပါက ပျောက်သွားတတ်သည်။ မွေးဖွားမှုတွင် ထိုကဲ့သို့ဖြစ်ပွားမှုများမပါဝင်ပါ။ ထိုကဲ့သို့သားအိမ်ကျုံ့မှုများကို သင့်အနေနှင့် မသေချာပါက ကျန်းမာရေးအကြံဉာဏ်ကို ရယူပါ။အကယ်၍ ဆေးရုံသွားရန် လိုအပ်ပါက (သို့) သင့်ဆရာဝန်ဖြစ်စေ သားဖွားဆရာမှဖြစ်စေ လမစေ့ပဲမွေးဖွားတော့မည်ဟု ယူဆပါက ဆေးရုံသွားရန်လိုအပ်ပါသည်။ ဆေးရုံရောက်ပါက ဆရာဝန်၊သားဖွားဆရာမ(သို့) သူနာပြုဆရာမတစ်ယောက်ယောက်မှ ကိုယ်ဝန်အတွင်းမည်သည့်ဆေးများသောက်သုံးသည်အပါအဝင် ကျန်းမာရေးရာဇဝင်များအားမေးမြန်းတတ်သည်။ သွေးခုန်နှုန်း၊သွေးပေါင်ချိန်နှင့် ကိုယ်အပူချိန်တို့အားစစ်ဆေးတတ်သည်။ ဗိုက်ပေါ်တွင် မော်နီတာစက်တင်ကာ ကလေး၏ နှလုံးခုန်နှုန်းနှင့် သားအိမ်ကျုံ့ခြင်းများကို စစ်ဆေးရတတ်သည်။Fetl fibronectinအား swab ယူခြင်းဖြင့် လမစေ့မီမွေးခြင်းအား ခန့်မှန်းနိုင်သည်။ သားအိမ်ခေါင်းပွင့်မပွင့်ကိုလည်း စစ်ဆေးရတတ်သည်။အကယ်၍လမစေ့မီမွေးဖွားတော့မည်ဟု အတည်ပြုပြီးပါက အောက်ပါ ကုသမှုများလိုအပ်တတ်သည်။သင်၏လမစေ့မီမွေးဖွားမှု အား ရပ်တန့်၍မရပါက ဆရာဝန်(သို့) သားဖွားဆရာမမှ ကလေးအားမွေးဖွားရန်အသင့်ပြင်ရတတ်သည်။အကယ်၍ သင့်တွင် လမစေ့မီမွေးဖွားမှုဖြစ်မည်မဟုတ်ဟု ပြောပါက သင်သည်အိမ်သို့ပြန်နိုင်ပါသည်။ လူအများယုံကြည်မှုအရ အိပ်ယာပေါ်တွင် နားနေခြင်းသည် လမစေ့မီမွေးဖွားမှု အားကာကွယ်နိုင်စွမ်းမရှိဟုယူဆရသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/premature-labor-%e1%80%9c%e1%80%99%e1%80%85%e1%80%b1%e1%80%b7%e1%80%99%e1%80%ae%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကိုဗစ်ဖြစ်ဖူးရင်ရော Omicron ကူးစက်ခံရနိုင်လား။
ကိုဗစ်ရောဂါကြီးစတင်ပြန့်နှံ့ခဲ့စဉ်ကတော့ ကိုဗစ်ဖြစ်ပြီးရင် ခုခံအား ရသွားပြီ ကိုဗစ် ထပ်မဖြစ်တော့ဘူးဆိုပြီး ကြားဖူးကြမှာပါ။ ဒီလိုနဲ့ နေလာရင်း ဒုတိယလှိုင်း၊ တတိယလှိုင်းတွေကို ကျော်ဖြတ်ခဲ့ကြတယ်။ မကြာသေးခင် ကာလအတွင်းမှာတော့ကာကွယ်ဆေးတွေထွက်ပေါ်လာလို့ ကာကွယ်ဆေး ၁ ကြိမ်၊ ၂ ကြိမ် နဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံပြီးကြပြီလည်း ဖြစ်ပါတယ်။ဒီလို ထိုးနှံပြီးတာကြောင့်ကိုယ်ခံအားတွေရလာပြီ ကိုဗစ်ကို သိပ်မစိုးရိမ်ရတော့ပဲ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လှုပ်ရှားသွားလာနိုင်တော့မယ်လို့ ယူဆနေချိန်မှာOmicronဆိုတဲ့ Covid-19 ရဲ့ ဗီဇပြောင်းမျိုးစိတ်က ထွက်ပေါ်လာပြီး ကမ္ဘာတလွှားမှာ Covid ဖြစ်ပွားမှုတွေ ပြန်လည် မြင့်တက်စေခဲ့ပါတယ်။ဒီလို ရောဂါဖြစ်ပွားမှုနဲ့ကူးစက်မှုတွေကို မြင့်တက်စေခဲ့တဲ့ Omicron က တစ်ခါ ကူးစက်ဖူးသူတွေမှာရော ထပ်ဖြစ်နိုင်လားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ကိုဗစ် ဗိုင်းရပ်စ်တွေထဲမှာ အသစ်ထွက်ရှိလာတဲ့ Omicron မျိုးစိတ်က ပိုပြီး ကူးစက်နှုန်း မြန်တယ်လို့ သုတေသီတွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။ နောက်ထပ် သတိထားရမယ့် တစ်ချက်က အရင် ကိုဗစ် မျိုးစိတ်တွေတုန်းက တစ်ခါ ကူးစက်ဖြစ်ပွားပြီးသူတွေမှာ ထပ်မံ ကူးစက်ခံရတာ မရှိသလောက် နည်းခဲ့ပေမယ့် ဒီမျိုးစိတ်မှာတော့ ရောဂါ ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများနေတယ် ဆိုတာပါ။မျိုးဗီဇ ပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတဲ့အတွက် ဒီမျိုးစိတ်က ကူးစက်ခံရဖူးသူတွေရဲ့ကိုယ်ခံအားဆဲလ်တွေကိုလည်း ကောင်းကောင်းရှောင်တိမ်းနိုင်ပြီး ထပ်မံ ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်။Beta တွေ၊ Delta တွေတုန်းက ရောဂါတစ်ကြိမ် ဖြစ်ပွားပြီးသူတွေမှာခန္ဓာကိုယ်မှာantibody တွေထွက်ရှိနေပြီး ဖြစ်ပြီးသားသူမှာ ထပ်ဖြစ်တယ်ဆိုတာက ရှားပါတယ်။ ဒါပေမယ့် အခု နောက်ဆုံး ထွက်ရှိထားတဲ့ Omicron ကတော့ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေကDeltaထက် ၂.၄ ဆလောက် ပိုများနေပါတယ်။ဒါကတော့ မျိုးစိတ်မတူတဲ့ကိုဗစ် မျိုးစိတ်ကူးစက်ခံရသူတွေမှာ Omicron ကူးစက်နိုင်တဲ့ အခြေအနေပါ။Omicron ဖြစ်ဖူးတဲ့သူတွေမှာ နောက်တစ်ကြိမ် ဖြစ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေက အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့ မျိုးစိတ်ချင်းတော့ မတူဘူးပေါ့။ အရင်တစ်ခေါက်က Omicron မျိုးစိတ်ဖြစ်တဲ့ BA.1 ကူးစက်ခံရတာဖြစ်မယ်။ နောက်တစ်ကြိမ်က BA.2 ကူးစက်ခံရတာမျိုးပေါ့။ ဖြစ်နိုင်ခြေရှိပေမယ့် တော်တော်လေးတော့ ဖြစ်ခဲပါတယ်။ဒီလို ကူးစက်မှုက အချိန်တိုအတွင်းမှာ ဗီဇတစ်မျိုးကနေ တစ်မျိုးကို ပြောင်းလဲသွားတာက ပိုပြီးဖြစ်နိုင်ခြေ များတယ်လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။ ပထမအကြိမ် Omicron ကူးစက်ခံရချိန်မှာရောဂါလက္ခဏာတွေသိပ်မပြင်းထန်ပေမယ့် နောက်တစ်ကြိမ် ကူးစက်ခံရချိန်မှာတော့ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်လို့လည်း သုတေသီတွေက သုံးသပ်ထားကြပါတယ်။ဒါကြောင့် အကောင်းဆုံးက ရောဂါ ကူးစက်ခံရပြီးသည် ဖြစ်စေ၊ အကူးစက်ခံရသေးဘူးဖြစ်စေ ကာကွယ်ရေး နည်းလမ်းတွေကို သေချာ လိုက်နာဖို့ပါ။နောက်တစ်ချက်က Omicronက ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတဲ့အတွက်ကိုယ်ခံအားဆဲလ်တွေကို ရှောင်တိမ်းနိုင်ပြီး ကိုယ်ခံအားက ခုခံနိုင်ဖို့ အတော်လေး ခက်ခဲတာပါ။ ဒါကြောင့် မဖြစ်ခင်က ကာကွယ်တာက အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။ကာကွယ်ဆေးရော၊ ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးသူတွေမှာပါ Omicron ကို ခံစားရတာတွေ ရှိလာနေတာကြောင့်။ကာကွယ်ဆေး ထိုးပြီးသူတွေမှာ ကူးစက်တာတွေ ရှိပေမယ့် ရောဂါရဲ့ ပြင်းထန်မှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်တာကြောင့်ကာကွယ်ဆေးတွေကို သေသေချာချာ ထိုးနှံတာကလည်း ထိရောက်တဲ့ ကာကွယ်နည်းတစ်ရပ်လို့ ဆိုရတာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/can-omicron-reinfect/
ကလေးဦးရေပြား အဆီထွက်များ၊အရေခွံကွာသော ပြဿနာ (cradle cap)ကို ဘယ်လိုရင်ဆိုင်ကြမလဲ
ကလေးငယ်တွေရဲ့ဘဝအစပိုင်း လအနည်းငယ်မှာ cradle cap (ဦးရေပြား အဆီထွက်များ၊ အရေခွံကွာ သော ပြဿနာ) တွေဖြစ်ပေါ်ဖို့အလားအလာများပါတယ်။ cradle cap ဟာချစ်စရာကောင်းတဲ့အရာမဟုတ်ပေမယ့် အန္တရာယ်တော့မပေးပါဘူး။ ဒါပေမယ့် cradle cap ကိုမကုသဘဲထားရင် သင့်ကလေးကို အနာတွေဖြစ်စေနိုင်ပါတယ်။ အောက်ပါဆောင်းပါးက cradle cap ဆိုတာဘာလဲဆိုတာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုဖော်ပြထားပါတယ်။Cradle cap ရဲ့အတွေ့ရအများဆုံးရောဂါလက္ခဏာတွေကတော့ ထူပြီးအဆီတွေဖြစ်နေတဲ့ အညိုရောင် သို့မဟုတ် အဝါရောင်အရေခွံတွေ ဒါမှမဟုတ် မာကျောနေတဲ့အကွက်တွေ ကလေးရဲ့ဦးရေပြားမှာပေါ်နေတာပါပဲ။ ဒါ့အပြင် သင့်ကလေးမှာ ဗောက်လို ခြောက်သွေ့တဲ့အရေပြားအဖတ်အသေးလေးတွေဖြစ်နေတယ် ဆိုရင် cradle cap ဖြစ်ဖို့အလားအလာရှိပါတယ်။ ဒါကို infantile seborrheic dermatitis (မွေးကင်းစ ကလေး အဆီထွက်များသော အရေပြားပြဿနာ) လို့ခေါ်ပြီး မွေးကင်းစကလေးငယ်တွေမှာ အဖြစ်များပါတယ်။Cradle cap တွေဟာ မြင်ရရှုရမကောင်းပေမယ့် အန္တရာယ်မဖြစ်နိုင်တာတော့ သေချာပါတယ်။ ကလေးငယ်အများစုဟာ သူတို့ရဲ့မွေးကာစ လအနည်းငယ်မှာ cradle cap တွေရှိတတ်ပြီး ၆လမှ ၁၂လဝန်းကျင်လောက်ရောက်တဲ့အခါ သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ဒီအခြေအနေဟာ ကလေးငယ်ရဲ့ ဦးရည်ပြားမှာပဲဖြစ်တယ်လို့မဟုတ်ပါဘူး။ သူတို့ဟာ နားတွေ၊ မျက်ခုံးတွေ၊ မျက်ခွံတွေနဲ့ ချိုင်းကြား စတဲ့နေရာတွေမှာလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။ဒီနေ့ထိ ဒီပြဿနာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကို ရှာမတွေ့သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့သိထားတာကတော့ ဒီcradle cap ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်ရတာမဟုတ်သလို ဓါတ်မတည့်တာလည်းမဟုတ်ပါဘူး။အချို့သောကျွမ်းကျင်ပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင်ကာလပြီးဆုံးတဲ့အချိန် မိခင်ဆီက ဟော်မုန်းတွေကို ကလေးတွေကလက်ခံရရှိတဲ့အခါမှာ ဒီဟော်မုန်းတွေက ကလေးတွေကို အဆီတွေပိုထုတ်အောင်လှုံ့ဆော်ပေးပါတယ်။ ဒါက cradle cap ကိုဖြစ်စေတာပါလို့ ခန့်မှန်းထားကြပါတယ်။ အခြားcradle cap ဖြစ်စေတဲ့အကြောင်းတစ်ချက်ကတော့ အဆီ (စီဘမ်၊ အဆီဂလင်းတွေကထုတ်ပေးတဲ့ပစ္စည်း) တွေထဲမှာ တစေးမှို တွေတိုးပွားလာလို့ပါလို့ ဆိုပါတယ်။ လူတွေပြောနေကြသလို cradle cap ဟာထိတွေ့ရုံနဲ့ ကူးစက်တတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ပြိးတော့ ဒါကို ထိန်းချုပ်ကုသနိုင်ခဲ့တယ်ဆိုရင် ကလေးကိုလည်း အန္တရာယ်ဖြစ်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့် cradle cap က ပိုပြီးပြင်းထန်လာမယ်ဆိုရင်တော့ ကလေးငယ်မှာ ယားယံတာမျိုးဖြစ်တတ်ပါတယ်။ကလေးရဲ့ဦးရည်ပြားကို ညင်သာစွာဆေးကြောပေးဖို့မမေ့ပါနဲ့။ ဒါပေမယ့် အဆီတွေ ကလေးရဲ့ခေါင်းမှာမကျန်ခဲ့စေဖို့ သေချာခေါင်းလျှော်ပေးပါ။ အဆီပိုတွေကျန်ခဲ့တာက မွေးညှင်းပေါက်တွေကိုပိတ်စေပြီး အဆီတွေကို သိုလှောင်ထားသလိုဖြစ်စေပါတယ်။Cradle cap (ကလေးဦးရေပြား အဆီထွက်များ အရေခွံကွာသော ပြဿနာ) ဟာ အနည်းငယ်သောအိမ်တွင်းသုံးဆေးဝါးတွေ ဆေးနည်းတွေနဲ့ သဘာဝနည်းအတိုင်းကုသလို့ရနိုင်တာ သေချာပါတယ်။ ဒါမှမဟုတ် သူ့ကိုကုသနိုင်တဲ့အရာတစ်ခုကို super market တွေမှာပြေးဝယ်လိုက်ရုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သင့်ကလေးမှာဖြစ်နေတဲ့ cradle cap ရဲ့ ရောဂါလက္ခဏာတွေက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်၊ကလေးအထူးကု သို့မဟုတ် ကျန်းမာရေးအကြံပေးကိုဆက်သွယ်ပြီး နောက်ထပ်အချက်အလက်တွေသိရဖို့ လမ်းညွှန်မှုနဲ့ကုသမှုခံယူဖို့ တွန့်ဆုတ်မနေပါနဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%a6%e1%80%b8%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8-%e1%80%a1%e1%80%86%e1%80%ae%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%99%e1%80%bb/
သစ်သီးဝလံတွေ များများစား စိတ်ချမ်းသာစေသား
စိတ်ဓာတ်ကျတာက လူတော်တော်များများ ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဘဝအခြေအနေကို ပြောင်းလဲစေနိုင်တဲ့အထိ ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတလေမှာ ကုထုံးခံယူရတာမျိုးအထိ ပြင်းထန်နိုင်ပါတယ်။ စိတ်ဖိစီးတိုင်း ကုထုံး ခံယူဖို့ လိုတာလားဆိုတော့ ခံယူနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒီမတိုင်ခင်မှာတော့ စိတ်ဖိစီးတာကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးတာ၊နေထိုင်မှုပုံစံတွေကို ပြောင်းလဲတာတွေ လုပ်ဆောင်ပေးပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။စိတ်ဓာတ်ကျတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတစ်ရပ်ဆိုပေမယ့် စိတ်ဓာတ်ကျတာကို သက်သာစေဖို့ အစားအသောက်နဲ့ ကုသလို့ ရပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက် အခုနောက်ဆုံးတွေ့ရှိထားတဲ့ Aston universityကလေ့လာမှုလေး  တစ်ရပ်အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ စိတ်ဓာတ်ကျတာကို သက်သာချင်တယ်ဆိုရင် သစ်သီးဝလံတွေ စားပေးလို့ ရတယ် ဆိုတာပါ။စိတ်ဓာတ်ကျတာကို သစ်သီးဝလံတွေက ဘယ်လိုများ သက်သာစေတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။သစ်သီးဝလံကို မကြာခဏဆိုသလို စားသုံးလေ့ရှိသူတွေ၊ သစ်သီးဝလံကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်တဲ့ လက္ခဏာတွေ ပိုမိုတွေ့ရှိရသလို စိတ်ဓာတ်ကျမှုလည်း ကင်းကြပါတယ်။လေ့လာမှုအတွင်း တွေ့ရှိခဲ့ရတာက နေ့စဉ် စားသုံးမှုမှာသစ်သီးဝလံပါဝင်အောင် စားသုံးလေ့ရှိသူတွေဟာ  သစ်သီးမစားတဲ့သူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ နည်းပါတယ်။ လေ့လာမှုအတွင်း သုတေသီတွေ တွေ့ရှိခဲ့တာက အာလူးကြော်လိုမျိုး အာဟာရ ပါဝင်မှု နည်းပါးတဲ့ သွားရေစာတွေကို စားသုံးတာက စိတ်ပူပန်မှုကို တိုးစေနိုင်တယ်ဆိုတာပါ။ဒီလေ့လာမှုအတွင်း အရွယ်ရောက်ပြီးသူ ၄၂၈ ဦးကို စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အချိုကဲတဲ့ သရေစာတွေကို စားသုံးမှုနဲ့ ၎င်းတို့ရဲ့စိတ်ကျန်းမာရေး အခြေအနေကြား ဆက်စပ်မှုကို လေ့လာခဲ့တာပါ။ဒီလေ့လာမှုအတွင်းအသက်အရွယ် အပိုင်းအခြား၊ ကျန်းမာရေး အခြေအနေ၊ လေ့ကျင့်ခန်း လုပ်ဆောင်မှု အတိုင်းအတာတွေ အားလုံးကို ထည့်သွင်းလေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင်း တွေ့ရှိခဲ့တာက အာဟာရ ကြွယ်ဝတဲ့ သစ်သီးတွေ များများစားသုံးသူတွေက အချိုကဲတဲ့ သရေစာတွေ စားသုံးတဲ့သူတွေထက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုကောင်းတာကို တွေ့ရှိခဲ့ရပါတယ်။အာဟာရတန်ဖိုးနည်းတဲ့ အာလူးကြော်လိုမျိုး သရေစာတွေကို စားတာက နေ့စဉ်ဘဝမှာ ဟိုမေ့ဒီမေ့ ဖြစ်စေပြီး ဒီကနေမှ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမေ့တာတွေ များလာတာက စိတ်ရှုပ်ထွေးတာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ကျန်းမာရေးမကောင်းတာနဲ့ ဆက်စပ်နေပါတယ်။နေ့စဉ်နေ့တိုင်းမှာ သစ်သီးဝလံတွေ ပါအောင် စားသုံးပေးတာကဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်သလို သိမြင်မှုစွမ်းရည် နဲ့ အာရုံစူးစိုက်မှုကိုလည်း ကောင်းမွန်စေပါတယ်။သစ်သီးဝလံတွေကဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓာတ်တွေ၊ အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင် နေတာကြောင့်ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုလုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ သစ်သီးတွေက ချက်ပြုတ်ပြီး စားသုံးရတာ မဟုတ်တာကြောင့်လည်း အာဟာရဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိစေပြီး စိတ်ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဒီလေ့လာမှုရဲ့ အားနည်းချက်ကတော့ သစ်သီးတွေစားတာနဲ့ စိတ်ကျန်းမာရေးက ဘာကြောင့်ကောင်းသွားလဲဆိုတဲ့ အကြောင်းရင်းကို လေ့လာထားတာ မဟုတ်ပါဘူး။ ဒီလေ့လာမှုအရ အာဟာရတန်ဖိုးနည်းပါးတဲ့ သွားရေစာတွေကို စားတာက မေ့လွယ်တာကို ဖြစ်စေတယ်။ ဒီကနေမှ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာပါ။တခြားလေ့လာချက်တွေဆိုရင်လည်း အသီးအရွက်၊ အသီးအနှံတွေနဲ့ စိတ်ကျန်းမာရေးကြား ဆက်စပ်မှုကို လေ့လာပေမယ့် အသီးအရွက်နဲ့ သစ်သီးတွေကို ခွဲခြားလေ့လာတာမျိုး မရှိပါဘူး။ စားတဲ့အကြိမ်ရေနဲ့ ပမာဏကို ခွဲပြီး လေ့လာတာမျိုးက ပိုလို့တောင် မရှိပါဘူး။ဒီလေ့လာချက်အရ ဖြစ်နိုင်တာကတော့ နေ့စဉ်စားသောက်ပုံက စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနေတယ်ဆိုတာပါ။ ဒီလိုပဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သွားရေစာတွေ စားသုံးမှုကို လျှော့ချလိုက်တာက ကိုယ်ကျန်းမာရေးကိုရော စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေမှာပါ။ဒါကြောင့် အတိုချုပ်ပြောရမယ်ဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ သစ်သီးတစ်ခွက်စာလောက် ပါအောင် စားပေးတာက ကျန်းမာရေးအတွက် အရှုံးမရှိပါဘူး။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/fruits-eating-prevent-depression/
လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ
ဆန္ဒရှိပြီးအမျိုးသားနဲ့ဆက်ဆံပေမဲ့ လေဒီလေးတွေက ပြီးမြောက်ဖို့ အခက်အခဲဖြစ်တတ်ကြပါတယ်။ လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ ။“လိင်” ဆိုတဲ့စကားကြားတာနဲ့ အတော်များများက ညစ်ညမ်းစကားလို့ အထင်မှားနေကြတုန်းပါ။ တကယ်တော့ လိင်စိတ်ဆိုတာ သွေးသားဆန္ဒနဲ့ ဆက်စပ်နေတာမို့ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ဘာမှအလွန်အကျူးရှက်စရာ၊ ကြောက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ယောကျ်ားလေးရော၊ မိန်းကလေးရောအတွက်တစ်ကိုယ်ရည်အာသာဖြေတယ်၊ သွေးသားဆန္ဒဖြေဖျောက်တယ် ဆိုတာလည်း သဘာဝပါပဲ။ ဒါပေမဲ့ တချို့တွေမှာတော့ အာသာဖြေရင်းပဲဖြစ်ဖြစ်၊ လိင်ဆက်ဆံရင်းပဲဖြစ်ဖြစ်လိင်ဆန္ဒပြီးမြောက်သွားဖို့အခက်အခဲ ရှိတတ်ကြပါတယ်။ ယောကျ်ားလေးတွေမှာလည်း အလားတူအခြေအနေ ဖြစ်တတ်ပေမဲ့ ဒီဆောင်းပါးကတော့ မိန်းကလေးတွေအတွက် အဓိကရည်ရွယ်ပါတယ်။လိင်စိတ်အထွတ်အထိပ်ရောက်တယ် (ဒါမှမဟုတ်) ဆန္ဒပြည့်မြောက်တယ်ဆိုတာ  စာတစ်ကြောင်းတည်းနဲ့ အတိုဆုံးပြောရင် မိမိဖာသာ အာသာဖြေရင်း (ဒါမှမဟုတ်) လိင်ဆက်ဆံရင်းလိင်စိတ်ထကြွမှုအဆုံးစွန်ရောက်ပြီး အလွန်အမင်း ကျေနပ်ပျော်ရွှင်သွားတဲ့ အခိုက်အတန့်လို့ဆိုရမှာပါ။ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ ဆန္ဒပြီးမြောက်ဖို့ဆိုတာ ဒီထက်နည်းနည်းပိုရှုပ်ထွေးပါတယ်။ ယောကျ်ားလေးတွေ ဆန္ဒပြီးမြောက်ရင်သုက်ရည်ထွက်လာပေမဲ့ မိန်းကလေးတွေမှာတော့ ဒါမျိုးမရှိဘဲ တင်ပါးဆုံကွင်းကြွက်သားတွေ တောင့်တင်းသွားတာမျိုးပဲ ဖြစ်လေ့ရှိပါတယ်။မိန်းကလေးတွေ လိင်ဆန္ဒပြည့်ဝဖို့ အခက်အခဲဖြစ်နေတာကို ဆေးပညာမှာ anorgasmia လို့ခေါ်ပါတယ်။ လုံလောက်တဲ့ လိင်စိတ်နှိုးဆွမှု၊ ဆက်ဆံမှုတွေကို မိမိဖာသာဖြစ်ဖြစ် အမျိုးသားနဲ့ဖြစ်ဖြစ် လုပ်ဆောင်ပေမဲ့ လိင်စိတ်အထွတ်အထိပ်မရောက်တာကို Anorgasmia လို့ခေါ်ဆိုပါတယ်။ ဆေးပညာခေါင်းစဉ်တွေ ထုံးစံအတိုင်း ဒါကိုလည်း အမျိုးအစားထပ်ခွဲနိုင်ပါသေးတယ်၊ အကြမ်းဖျင်းပြောရရင်။Lifelong anorgasmia – တစ်သက်လုံး ဆန္ဒမပြည့်ဝဖူးတဲ့သူ။Acquired anorgasmia – အရင်ကဆန္ဒပြည့်ဝဖူးပေမဲ့ နောက်ပိုင်းမှ မပြည့်မြောက်တော့တဲ့သူ။Situational anorgasmia – တချို့လိင်ဆက်ဆံနည်းတွေနဲ့မှ ဆန္ဒပြည့်ဝတဲ့သူ (ဥပမာ – ပါးစပ်နဲ့လိင်ဆက်ဆံမှ ဆန္ဒပြည့်ဝမှု ဖြစ်တဲ့သူမျိုး)။Generalized anorgasmia – ဘယ်လိုပုံစံ၊ ဘယ်လိုသူမျိုးနဲ့ဆက်ဆံသည်ဖြစ်စေ ဆန္ဒမပြည့်ဝတဲ့သူ။ဆိုပြီး ၄ မျိုးရှိပါတယ်။အမျိုးသမီးတစ်ယောက် လိင်စိတ်အထွတ်အထိပ်မရောက်အောင် တားဆီးထားတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအချက်တွေလည်း အများကြီးရှိပါတယ်။အမျိုးသမီးတစ်ယောက်က အသက်ငယ်စဉ်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ခံစားခဲ့ရမယ်၊ ကိုယ်က သူများတွေထက် ပိုဝနေလို့ ကိုယ့်ကိုယ်ကို အလိုမကျဖြစ်နေမယ်၊ အလုပ် (ဒါမှမဟုတ်) မိသားစုအရေးကြောင့်စိတ်ဖိစီးမှုများနေမယ်၊ တင်းကျပ်တဲ့ ဘာသာရေးအဆုံးအမတွေနဲ့ ကြီးပြင်းလာရလို့ လိင်ဆက်ဆံတဲ့အခါ ရှက်ကြောက်နေမယ်၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရဖူးမယ် စသဖြင့် ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုခု ရှိနေမယ် ဆိုရင်လည်း လိင်ဆက်ဆံတဲ့အခါ ပြီးမြောက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။တစ်ခါတစ်လေကျတော့လည်း ဇနီးမောင်နှံတွေ၊ သမီးရည်းစားတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆက်ဆံရေး အဖုအထစ်တွေက အမျိုးသမီးမှာ လိင်စိတ်ပြီးမြောက်ဖို့ ခက်ခဲအောင် ဦးတည်သွားတတ်ပါတယ်။ အမျိုးသားဖြစ်တဲ့သူက အလုပ်ပဲအာရုံစိုက်ပြီး ကိုယ့်ဇနီးမယားကို အချိန်မပေးနိုင်တာ၊ နှစ်ယောက်ကြားမှာ ပြဿနာတစ်ခုခုဖြစ်ရင် မဖြေရှင်းဘဲ ထားတာ၊ ကိုယ်ချစ်တဲ့သူက ဖောက်ပြန်နေတယ်လို့ သံသယဝင်တာ စတဲ့အခြေအနေမျိုးတွေက အတူနေချိန်မှာ အမျိုးသမီးအနေနဲ့ ဆန္ဒ မပြီးမြောက်အောင် တားဆီးထားတဲ့ အကြောင်းအရင်းတွေ ဖြစ်နေနိုင်ပါတယ်။အမျိုးသမီးတွေ ဆန္ဒမပြည့်ဝရတဲ့ ပြဿနာကို သိမ်သိမ်မွေ့မွေ့ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ရောဂါတစ်ခု  ကုသသလို ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘာဆေးသောက်၊ ဘယ်လောက်ကြာရင်ပျောက် ဆိုတာမျိုးလည်း မရှိပါဘူး။ ဘယ်အရာတွေက လိင်ဆန္ဒပြည့်ဝဖို့ တားဆီးနေသလဲဆိုတာ အရင်သိအောင်လုပ်ဖို့ လိုပါတယ်။ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ဖို့ လိုအပ်ပြီး ပြသချိန်မှာလည်း အမျိုးသမီးတိုင်း ကြုံရနိုင်တဲ့ သွေးသားဆန္ဒ ဆိုင်ရာ ပြဿနာတစ်ခုဖြစ်လို့ ဘာမှသိမ်ငယ်နေစရာ၊ ကြောက်ရွံ့နေစရာ မလိုအပ်ပါဘူး။ ဖြစ်ရတဲ့အကြောင်းရင်းကိုသိမှ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ဆွေးနွေးတိုင်ပင်မှု၊ကုသမှုတွေဆက်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။အမျိုးသမီးအများစုကတော့ ဒီလိုဆန္ဒမပြည့်ဝရတဲ့ ပြဿနာကို ကုသတဲ့အခါမှာ အမျိုးသားရဲ့ နားလည်ပေးမှု၊ ဖေးမကူညီမှုတွေက အဓိကကျတယ်လို့ ဝန်ခံပြောဆိုကြပါတယ်။ တကယ်လည်းမှန်ပါတယ်။လိင်ဆက်ဆံချိန်မှာ ချစ်သူရဲ့အကြိုက်ကိုသိပြီး လုပ်ဆောင်ပေးတာ၊ လိင်မဆက်ဆံခင်နှိုးဆွတဲ့ foreplay အဆင့်ကို စိတ်ရှည်လက်ရှည် ဆောင်ရွက်ပေးတာတွေကနေ လိင်ပိုင်းဆိုင်ရာအခက်အခဲတွေကို ဆွေးနွေးပြောဆိုကုသပေးတဲ့Sex therapyကုထုံးခံယူတာတွေအထိ နှစ်ယောက်အတူတူ တိုင်တိုင်ပင်ပင်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ဆန္ဒမပြည့်ဝတဲ့ ပြဿနာကို ကျော်လွှားနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/sexual-problems-in-women/
Omicronရဲ့ ရောဂါအစပျိုး ကာလ ဘယ်လောက်ကြာသလဲ။
လက်ရှိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်မှုနှုန်း မြင့်နေပါတယ်။ ကူးစက်မှုနှုန်းက မြင့်နေပေမယ့် သေဆုံးမှုနှုန်းကတော့ အရင်လှိုင်းတွေလောက် မများတာကြောင့် Omicronကို သိပ်မပြင်းထန်ပါဘူး။ သေဆုံးနိုင်ခြေမရှိဘူးလို့ ယူဆကောင်း ယူဆနေနိုင်ပါတယ်။ တကယ်ပဲOmicronက ထိန်းချုပ်ရလွယ်သလား…… ရောဂါ မပြင်းထန်ဘူးလား ……Omicronရဲ့ ရောဂါအစပျိုး ကာလဘယ်လောက်ကြာသလဲ။ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။Omicron ကCovid-19 ရဲ့ ဗီဇပြောင်းမျိုးစိတ်တစ်ခုဖြစ်တာကြောင့် ကူးစက်မှုက မြန်ပါတယ်။ အရင် ဗီဇပြောင်းမျိုးစိတ်တွေထက် ပိုမြန်ပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ကိုဗစ်ကူးစက်မှုတွေရဲ့ 99.5 % က omicron ကူးစက်မှုဖြစ်ပါတယ်။ ဒီဗီဇပြောင်းလဲမှုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အစောပိုင်းက စတင် ဖြစ်ပွားခဲ့တာပါ။မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု တစ်ရပ်ရဲ့ ရလဒ်အရ Omicronကခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ၇၃ နာရီ (ဒါမှမဟုတ် ၃ ရက်) အတွင်းမှာ လက္ခဏာတွေ စပြပါတယ်။ အချို့မှာတော့ ကူးစက်ပြီး ၃၃ နာရီ မတိုင်ခင်မှာ လက္ခဏာပြတာ ရှိသလို အချို့မှာလည်း ခန္ဓာကိုယ်ထဲရောဂါပိုးဝင်ရောက်ပြီး ၇၅ နာရီကြာမှ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။မြင်သာတဲ့Omicronရဲ့ လက္ခဏာတွေက။Omicronရဲ့ ရောဂါ အစပျိုးကာလ ကSARS-CoV-2ထက် ပိုပြီး မြန်ပါတယ်။ အကြောင်းကတော့ SARS-CoV-2က ရောဂါပိုးနဲ့ ထိတွေ့မိပြီး ၅ ရက်ကနေ ၇ ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။ Delta မျိုးစိတ်ကတော့ ရောဂါပိုးနဲ့ ထိတွေ့မိပြီး ၄ ရက်အတွင်းမှာ လက္ခဏာ ပြပါတယ်။ Omicron ကတော့ ၃ ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။Omicronပိုးရှိနေမယ်ဆိုရင် ကိုယ့်ဆီကနေ မိသားစုဝင်တွေ အပါအဝင် အခြားသူတွေကို မကူးစက်စေဖို့အတွက် ရောဂါပိုးရှိနေပြီလို့ စစ်ဆးသိရှိပြီးရင်ပဲ ဖြစ်ဖြစ်၊ သံသယရှိရင်ပဲဖြစ်ဖြစ် ၅-၇ ရက် သီးခြား ခွဲနေရပါမယ်။ ဒီခွဲနေတဲ့ ရက်အတွင်းမှာ ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာ တပ်ဆင်ထားဖို့ လိုပါမယ်။လက္ခဏာတွေ သက်သာလာပြီဆိုရင်လည်း နောက်ထပ် ၅ ရက်ပါးစပ်နဲ့နှာခေါင်းစည်းကို တပ်ထားဖို့ လိုပါမယ်။ အရင်တုန်းက ပိုးတွေက လက္ခဏာ မပြခင် ၁ ရက်ကနေ ၂ ရက်အတွင်း၊ လက္ခဏာပြပြီး ၂ ရက်ကနေ ၃ ရက်အတွင်းမှာ အခြားသူတွေဆီကို ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် Omicron ကတော့ ရောဂါလက္ခဏာပြပြီးချိန်ကနေ ၅ ရက်လောက်အထိ အခြားသူတွေဆီကို ကူးစက်နိုင်ခြေ ရှိနေပါတယ်။အဖျားသက်သာစေဖို့ခေါင်းကိုက်တာတွေကို သက်သာစေဖို့အတွက် ဆေးညွှန်းမလိုဘဲ ဝယ်ယူလို့ရတဲ့ ပါရာစီမောလိုမျိုး ဆေးတွေကို ဆေးညွှန်းမှန်မှန် သောက်သုံးပေးလို့ ရပါတယ်။ရောဂါလက္ခဏာပြတာနဲ့ မြန်နိုင်သမျှ မြန်မြန် သောက်တာက ရောဂါဖြစ်ပွားမှုကာလ တိုစေနိုင်ပါတယ်။ဒီနေရာမှာ တစ်ခု သတိပေးချင်တာက Omicronကလည်းCovid-19 မျိုးဗီဇပြောင်းပိုး တစ်ခုပါပဲ။ ဒါကြောင့် ရက်တိုတိုနဲ့ ပျောက်ဖို့ကတော့ မလွယ်ပါဘူး။ ဒီမျိုးစိတ်က ကူးစက်မှု ပိုမြန်သလို ရောဂါကလည်း ပိုပြင်းထန်ပါတယ်။ကာကွယ်ဆေးထိုးထားတာ၊ထပ်ဆောင်းကာကွယ်ဆေး ထိုးထားတာတွေကြောင့် ရောဂါကို ပြင်းပြင်းထန်ထန် မခံစားရတာ၊ အချိန်အတိုင်းအတာ သိပ်ကြာကြာ မခံစားရတာပါ။ ရက်တိုတိုနဲ့ သက်သာတယ်တော့ မဟုတ်ပါဘူး။ ၇ ရက်ကနေ ၅ ရက်လောက်အထိတော့ ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ရောဂါအခံရှိတဲ့သူတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ ရက်ကြာကြာ ခံစားရနိုင်သလို ပိုပြီးလည်း ပြင်းထန်နိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/incubation-period-for-the-omicron-variant/
အိပ်စက်စဉ်အသက်ရှူရပ်တန့်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း
အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်တန့်သွားတတ်တဲ့ ပြဿနာကို Sleep apnea လို့ ခေါ်ပါတယ်။ အဆိုပါပြဿနာကြောင့် ကောင်းကောင်းအိပ်မရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေ ခံစားလာရပြီး နေ့စဉ် လူနေမှုဘဝကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။ သုတေသနတစ်ခုမှာဆိုရင် အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်းကြောင့်စိတ်ဓာတ်ကျခြင်း(depression) ကိုပါ ဖြစ်စေတတ်ကြောင်း ဆိုထားပါတယ်။စာစောင်တခုမှာ ဖော်ပြချက်အရ နှစ်စဉ် အမေရိကန် ၁၈ သန်းခန့်ဟာ အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်းကို ခံစားနေရလေ့ရှိပြီး ၁၅ သန်းခန့်ဟာ စိတ်ကျခြင်းဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။ အတော်များများဟာ ပြဿနာနှစ်ခုစလုံးကို ကြုံတွေ့နေရပါတယ်။အိပ်စက်ခြင်းနဲ့ စိတ်အခြေအနေကြားမှာ ဆက်နွယ်ချက်ရှိပါတယ်။ တစ်နည်းပြောရရင် အိပ်မပျော်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဟာ ပတ်သက်နေပါတယ်။ လူတချို့ဟာ ဒီပြဿနာနှစ်ခုစလုံးရဲ့ အစပျိုးလက္ခဏာတွေကို တစ်ပြိုင်တည်းကြုံတွေ့ရဖူးပါတယ်။ တချို့ကတော့ စိတ်ကျဝေဒနာ ရောက်မလာခင် အိပ်မပျော်ခြင်းကို စတင်ကြုံတွေ့ရပါတယ်။ ပြဿနာနှစ်ရပ်စလုံးအတွက် ဖြစ်နိုင်ခြေ အခြေအနေတွေ တူညီနေတတ်ပါတယ်။အိပ်ပျော်စဉ် အသက်ရှူရပ်တန့်ပြီး ကောင်းကောင်းအိပ်မရသူများဟာ တချိန်မှာ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သုတေသနတခုရဲ့ ဖော်ပြချက်အရ အိပ်ပျော်စဉ်အသက်ရှူရပ်တန့်တတ်သူများရဲ့ ၄၆ ရာခိုင်နှုန်းမှာ စိတ်ကျခြင်း လက္ခဏာတွေကို တွေ့နေရတတ်ပါတယ်။စိတ်ဓာတ်ကျခြင်းနဲ့ အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်းရဲ့ လက္ခဏာတွေဟာ တစ်ခါတစ်ရံ ထပ်တူကျနေတတ်ပြီး ဘာကြောင့်ဆိုတာ ခွဲရခက်ပါတယ်။ စိတ်ကျခြင်းဟာ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်းရဲ့ လက္ခဏာတခု ဖြစ်နေတတ်ပါတယ်။အိပ်ပျော်စဉ် အသက်ရှူရပ်တန့်တတ်သူများဟာ။– ဟောက်သံကျယ်ခြင်း။– ပုံမှန်အသက်ရှူရင်းကနေ ရပ်သွားတတ်ပြီး လန့်နိုးသွားတတ်ခြင်း၊ တခြားသူတစ်ဦးဦးက သတိပြုမိခြင်း။– ရုတ်ချည်းလန့်နိုးနေတတ်ခြင်း၊ အသက်ရှူမြန်ခြင်း။– အာရုံစူးစိုက်ရန်ခက်ခဲခြင်း။– တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေတတ်ခြင်း။– အိပ်ရာထချိန်ခေါင်းကိုက်ခြင်း။– အိပ်ရာနိုးချိန်တွင် လည်ချောင်းနာခြင်း၊ အာခေါင်ခြောက်ခြင်း။– ဆတ်ဆတ်ထိမခံနိုင်ဖြစ်ခြင်း။– အိပ်ပျော်ရန်ခက်ခြင်း စတာတွေကို ကြုံတွေ့ရတတ်ပါတယ်။– ဆတ်ဆတ်ထိမခံဖြစ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း။– ဝမ်းနည်းခြင်း၊ ဟာနေခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း။– စားသောက်ချင်စိတ်ပြောင်းလဲခြင်း။– အိပ်မပျော်ခြင်း။–ပင်ပန်းနွမ်းနယ်နေခြင်း။– တွေးတောရန် အာရုံစိုက်ရန် ခက်ခဲခြင်း။– ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။နည်းလမ်းတချို့ကို အိမ်တွင်းကုထုံးအနေနဲ့ မိမိဖာသာ ဆောင်ရွက်ကြည့်နိုင်ပါတယ်။ ဆောင်ရွက်သင့်တာတွေကတော့။– လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ စိတ်ကျခြင်းကို သက်သာစေတဲ့အပြင်ကိုယ်အလေးချိန်လည်း ကျစေပါတယ်။ ကိုယ်အလေးချိန်ကျခြင်းဟာ အိပ်ပျော်စဉ် အသက်ရှူရပ်တန့်ခြင်းကို သက်သာစေပါတယ်။– ပက်လက်မအိပ်ပါနဲ့။ပက်လက်အိပ်တဲ့အခါ လျှာဟာအနောက်ဖက်ကို ခေါက်ဝင်ပြီးအသက်ရှူလမ်းကြောင်းကို ပိတ်တတ်ပါတယ်။ ဘေးတစောင်းအိပ်သင့်ပါတယ်။–အရက်ရှောင်ပါ။ အယ်လ်ကိုဟောဟာ စိတ်ဓာတ်ကျခြင်းကိုရော အိပ်စက်နေစဉ် အသက်ရှူရပ်ခြင်းကိုပါ ပိုဆိုးစေတတ်ပါတယ်။– အိပ်ဆေးများမသောက်ပါနဲ့။ အိပ်ဆေးများသောက်ခြင်းဟာ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းကို သက်သာစေဖို့ အထောက်အကူမပြုတဲ့အပြင် စိတ်ဓာတ်ကျခြင်းကို ပိုဆိုးစေတတ်ပါတယ်။အချိန်ကြာကြာ နှစ်ခြိုက်စွာအိပ်စက်နိုင်အောင် စီမံခြင်းဟာ အိပ်စက်စဉ် အသက်ရှူရပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်းတို့ကို သက်သာစေပါတယ်။ ဖော်ပြခဲ့တဲ့ အိမ်တွင်းကုထုံးတွေနဲ့ အဆင်မပြေရင်တော့ ဆရာဝန်ပြသသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/sleep-apnea-and-depression/
Fetal Macrosomia (ကြီးမားသောသန္ဓေသား)
ကြီးမားသောသန္ဓေသားကို “fetal macrosomia” လို့လည်းခေါ်ပြီး ပုံမှန်ထက် သိသိသာသာ ကြီးလွန်းနေသောကလေးကို ဆိုလိုပါသည်။ကြီးမားသောသန္ဓေသားဆိုသည်မှာ ကိုယ်ဝန်သက်ကိုထည့်မတွက်ပဲ ၈ ပေါင် ၁၃ အောင်စ (၄၀၀၀ ဂရမ်) နှင့်အထက်ကလေးကို ဆိုလိုပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာရ မွေးဖွားနေသော ကလေးအားလုံး၏ ၉ % သည် ၈ ပေါင် ၁၃ အောင်စထက် ပိုနေသော ကလေးများ ဖြစ်သည်။သို့သော် ကြီးမားသောသန္ဓေသားနှင့် ဆက်စပ်နေသည့် အန္တရာယ်များမှာ ၉ ပေါင် ၁၅ အောင်စ အထက် (၄၅၀၀ ဂရမ်) ကျော်လေလေ ပိုများလေလေပင်။ကြီးမားသောသန္ဓေသားမှာ မိန်းမကိုယ်မှမီးဖွားခြင်းကို ပြဿနာများစေနိုင်ပြီး မွေးဖွားစဉ်ကလေးဒဏ်ရာရခြင်း ဖြစ်စေနိုင်ပါသည်။ မွေးပြီးနောက်လည်း ကလေးတွင် ကျန်းမာရေးပြဿနာများ များစွာဖြစ်လာနိုင်သည့် အန္တရာယ်မျိုး ရှိနိုင်ပါသည်။ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ကြီးမားသောသန္ဓေသား ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။ရေမွှာရေပမာဏမှာ ကလေးမှထွက်သောဆီးနှင်း တိုက်ရိုက်အချိုးကျ၏။ ကလေးကြီးလေလေ ဆီးများလေလေဖြစ်သည်။ ကလေးအရွယ်ကို ကြီးမားစေသော တစ်ချို့အခြေအနေများက ဆီးကိုလည်း များစေတတ်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။ကြီးမားသောသန္ဓေသားမှာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို အဝလွန်ခြင်း သို့မဟုတ် ဆီးချိုကဲ့သို့ မိခင်၏အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။ ရှားပါးစွာဖြင့် ကလေးတွင် အကြီးမြန်နေသည့် အခြေအနေတစ်ခု ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးသည်။ တစ်ချို့ဖြစ်ရပ်များတွင် ကလေးကြီးနေခြင်းကို ရှင်းမပြနိုင်တာမျိုးလဲ ရှိပါသည်။ကြီးမားသောသန္ဓေသား ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ကြီးမားသောသန္ဓေသားမှာ မိခင်၏ ဆီးချို၊ အဝလွန်ခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တိုးလာခြင်းများက တခြားအကြောင်းရင်းများထက် ပိုဖြစ်နိုင်သော အကြောင်းရင်းများဖြစ်ပါသည်။ ထိုအချက်အလက်များ ရှိမနေပါပဲ ကြီးမားသောသန္ဓေသားကို သံသယရှိနေလျှင်တော့ ကလေးကြီးထွားမှုကို ထိခိုက်နေသော ရှားပါးအခြေအနေတစ်ခု ဖြစ်နေနိုင်ပါသည်။မမွေးခင်စစ်ဆေးမှုများကို လုပ်ရန်နှင့် ရလဒ်အပေါ်မူတည်ပြီး မျိုးရိုးဗီဇရောဂါ နှစ်သိမ့်ဆွေးနွေးခြင်းများပြုလုပ်ရန် အကြံပြုနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဗိုက်ထဲရှိနေသောကလေး၏အလေးချိန်ကို တိတိကျကျ တိုင်းတာရန်မှာ ခက်ခဲပါသည်။ သို့သော် ကလေး၏အရွယ်အစားကို ညွှန်ပြနေနိုင်သည့် နည်းလမ်းများတော့ရှိ၏။ ပထမဆုံးအနေဖြင့် သားအိမ်ခုံးအမြင့်ကို စစ်နိုင်ပါသည်။ မျှော်လင့်သည်ထက် သားအိမ်ခုံးအမြင့်ပိုနေလျှင် ကလေးကြီးကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ သင့်ကို စမ်းသပ်ပေးသူမှာ သန္ဓေသား၏အရွယ်ကို ဗိုက်ကိုစမ်းခြင်းဖြင့် ခန့်မှန်းနိုင်ပါသည်။ (ကိုယ့်အတွက် ကသိကအောက်နိုင်သော်လည်း ကလေးအတွက် ဘာအန္တရာယ်မှမရှိပါ) ကလေးအလေးချိန်ကို သိနိုင်သည့် နောက်တစ်နည်းမှာ ပုံမှန်ရိုက်ရသော တီဗီဓါတ်မှန်များဖြစ်သည်။ ဓါတ်မှန်မှကလေး၏ အလေးချိန်နှင့် ရေမွှာပမာဏကို အကြမ်းဖျင်းသိနိုင်ပါသည်။ ကလေးအရွယ်အစားသိဖို့ ရေမွှာပမာဏကို ဘာကြောင့်တိုင်းတာရသလဲဆိုလျှင် Polyhydramnios ဟုခေါ်သည့် ရေမွှာရေများခြင်းက ကြီးမားသောသန္ဓေသားနှင့် ဆက်စပ်မှုရှိသောကြောင့် ဖြစ်သည်။ (ကလေးကြီးလေလေ ဆီးထုတ်နိုင်မှု များလေလေဖြစ်ပြီး ဆီးများလျှင် ရေမွှာရေများမည်ဖြစ်သည်။) ထိုသို့ တိုင်းတာမှုများကို သင့်ရောဂါရာဇဝင်နှင့် ပေါင်းစပ်ကြည့်လိုက်ပါက ကြီးမားနေခြင်းရှိမရှိ ခန့်မှန်းနိုင်ပါလိမ့်မည်။ အတိအကျ ရောဂါအတည်ပြုခြင်းကိုတော့ မွေးပြီးနောက် ကလေးကိုအလေးချိန်ချိန်ကြည့်မှသာ လုပ်နိုင်မည်ဖြစ်သည်။သင့်ကိုစောင့်ရှောက်မှုပေးနေသူမှ ကြီးမားသောသန္ဓေသားအား သံသယရှိကြောင်း အသိပေးသည့်အခါ မိန်းမကိုယ်မှ မွေးမရနိုင်တာမျိုးတော့မဟုတ်ပါ။ သို့သော် မွေးဖွားရန်အတွက် ဆေးရုံတက်ရပါမည်။ ညှပ်ဆွဲခြင်း လေစုပ်မွေးခြင်းမျီုး လိုလာနိုင်သလို ခွဲမွေးရန်လည်း လိုအပ်နိုင်ပါသည်။မီးဖွားရန်ဆေးဖြင့်ဆွခြင်း (သူ့ဟာသူ ဗိုက်မနာလာခင် ဆွခြင်း) ကိုတော့ ပုံမှန်အားဖြင့် ခွင့်မပြုပါ။ လေ့လာမှုများအရ ဆေးဖြင့်ဆွမွေးခြင်းဖြင့် ကြီးမားသောသန္ဓေသားနှင့်ဆိုင်သည့် အန္တရာယ်များကို လျော့ချမပေးနိုင်ကြောင်းသိရသည့်အပြင် ခွဲမွေးရန် ပိုပြီးလိုအပ်နိုင်ချေကို မြင့်စေပါသည်။အောက်ပါတို့ရှိလျှင်တော့ ခွဲမွေးရန် ဆရာဝန်မှ တိုက်တွန်းပါလိမ့်မည်။ခွဲရက်ပေးပြီး ခွဲမွေးမည်ဆိုပါက အကျိုးအပြစ်များကို ဆရာဝန်နှင့်သေချာဆွေးနွေးပါ။ကလေးမွေးပြီးနောက်လည်း ကလေးကို မွေးဒဏ်ရာများရှိမရှိ၊ သွေးတွင်းသကြားဓါတ်နည်းခြင်း၊ သွေးနီဥများသော Polycythemia ရောဂါရှိမရှိတို့ကို စစ်ဆေးရန် လိုအပ်နိုင်ပါသည်။ ကလေးကို မွေးကင်းစအထူးကြပ်မတ်ရုံတွင်ထားပြီး စောင့်ရှောက်ရန်လည်း လိုကောင်းလိုနိုင်ပါသည်။ကလေးတွင် ကလေးဘ၀ အဝလွန်ခြင်း၊ အင်ဆူလင်ကို ခုခံနေခြင်း စသည်များဖြစ်လာနိုင်သောကြောင့် အမြဲတမ်း checkup လုပ်နေဖို့ လိုအပ်ပါလိမ့်မည်။ထို့အတူ သင့်တွင်ဆီးချိုမရှိကြောင်း အတည်မပြုရသေးပါက ကလေးမွေးပြီးနောက် အခြေအနေများကို ဆရာဝန်မှ စစ်ဆေးပေးပါလိမ့်မည်။ နောက်ထပ်ဆောင်မည့်ကိုယ်ဝန်များတွင်တော့ ကိုယ်ဝန်ဆောင်ဆီးချိုလက္ခဏာများကို သေချာဂရုစိုက်နေရန်လိုအပ်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကြီးမားသောသန္ဓေသား ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကြီးမားသောသန္ဓေသား ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/fetal-macrosomia-%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%9e%e1%80%94%e1%80%b9%e1%80%93%e1%80%b1%e1%80%9e%e1%80%ac%e1%80%b8/
မိသားစုနှင့် အတူနေချိန်ကို တိုးမြှင့်နိုင်ဖို့ နည်းလမ်း ၉ ချက်
မိသားစုတွေနဲ့ ပျော်ရွှင်ဖွယ်အချိန်တွေဖြတ်သန်းခြင်းဟာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ဒီခေတ်ရဲ့ နေထိုင်ပုံတွေကြောင့် အလုပ်ရှုပ်ပြီး ဒါကို မေ့နေတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ သင်ချစ်တဲ့ မိသားစုတွေနဲ့ အတူနေချိန်တွေကို ဘယ်လိုမြှင့်တင်မလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။ညစာ တူတူစားခြင်းဟာ အစားတူတူစားခြင်းဆိုတဲ့ အဓိပ္ပာယ် ထက်ပိုလေးနက်ပါတယ်။ ဒါဟာ သင့်မိသားစုနဲ့ ရင်းနှီးတွယ်တာမှု ဖြစ်ပေါ်ဖို့၊ သူတို့ရဲ့ နေ့စဉ်အကြောင်းအရာတွေကို ဝေမျှဖို့ အရေးကြီးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို နားထောင်ပြီး သင့်မိသားစုဝင်တွေမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို သိရမှာမို့ ကူညီမှုတွေ၊ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။အရာရာကို အတူတကွ ဖြေရှင်းခြင်းဟာ သင့်ကို သင့်ကလေးတွေနဲ့ စကားပြောဖို့ အခွင့်အလမ်းပေးပြီး သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ဘယ်အရာတွေကို ဖြတ်သန်းနေရသလဲဆိုတာ နားလည်စေမှာ ဖြစ်ပါတယ်။သင့်ကလေးတွေနဲ့ အစာအတူ စားပြီးပြီဆိုရင်တော့ ညစာစားအပြီးမှာ နာရီဝက်လောက် လမ်းလျှောက်သင့်ပါတယ်။ အပြင်က အေးချမ်းလှပတဲ့ ရာသီဥတုဟာ သင့်ကလေးတွေကို သူတို့ ထမင်းစားဝိုင်းမှာ မပြောဖြစ်တဲ့ အကြောင်းအရာတွေကို ထပ်မံပြောပြဖို့ အခွင့်အလမ်းပေးမှာဖြစ်ပါတယ်။ကလေးတွေဟာ အံ့သြမှုတွေကို နှစ်သက်ကြပါတယ်။ သင်အလုပ်မသွားခင် ဗီဒီယိုအတိုလေးတွေ၊ စာလေးတွေ ချန်သွားပေးသင့်ပါတယ်။ သူတို့နဲ့ မနက်ပိုင်းအချိန်ကို ဖြတ်သန်းဖို့ မဖြစ်နိုင်ပေမယ့် သူတို့ကို ချစ်ကြောင်းသိစေဖို့ သင်ကြိုးစားထားတယ်ဆိုတာသိရှိစေတာမို့ သူတို့ဟာ စိတ်လှုပ်ရှားပြီး ဒါကို ကြိုက်နှစ်သက်မှာဖြစ်ပါတယ်။သင့်ကလေး ကြိုက်နှစ်သက်တဲ့ စာအုပ် (သို့) ဝတ္ထုကို သူတို့မအိပ်ခင် ဖတ်ပြခြင်းဟာ သင့်ချစ်ခြင်း မေတ္တာကို ပြသနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်သူတို့နဲ့ အတူ ညစာမစားနိုင်ရင် ဒါဟာ သင်နဲ့ သင့်ကလေးကို အတူတကွ အချိန်ကုန်ဆုံးစေနည်းတစ်မျိုးဖြစ်ပါတယ်။ဒါဟာ ခက်ခဲသယောင်ရှိပေမယ့် သင့်ကလေးငယ်ကို ကျောင်း၊ သူတို့တက်နေတဲ့ အတန်းအစရှိတာတွေကို လမ်းလျှောက်ပြီး၊ ကားမောင်းပြီး ပို့ဖို့ ကြိုးစားသင့်ပါတယ်။ ဒါဟာ စကားပြောဖို့အချိန်ကို ဖန်တီးပေးမှာပါ။ သင့်ကလေးဟာ လုံခြုံမှုရရှိပြီး သင်သူတို့ကို ချစ်တယ်ဆိုတာ ခံစားရမှာဖြစ်ပါတယ်။ သူတို့ကို မြန်ဆန်တဲ့ အစားအသောက်၊ နေ့လည်စာတွေကိုလည်း ဖြစ်နိုင်ရင် ပြင်ဆင်ပေးသင့်ပါတယ်။မကြာခဏ မိသားစုနဲ့ ခရီးထွက်အချိန်ဖြုန်းခြင်းဟာလည်း လှပတဲ့ အမှတ်တရတွေကို ရရှိစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်ကြိမ်စီမှာ မတူတဲ့ နေရာတွေကို သွားနိုင်ပြီး ဒါမှမဟုတ်ရင်လည်း သင့်ကလေးတွေ နှစ်သက်တဲ့ အိမ်နားက ပန်းခြံတစ်ခုခု သွားနိုင်ပါတယ်။မိသားစု ပုံပြင်တွေကို ဝေမျှခြင်း၊ တန်ဖိုးထားမှုတွေ ဝေမျှခြင်းဟာ ကလေးတွေ ပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။သင်ဟာ မိသားစုအတွက် အလုပ်ရှုပ်လွန်းနေတာမျိုး မဖြစ်သင့်ပါဘူး။ တကယ်လို့ သင်ဟာ အလုပ်အလွန်လုပ်ပြီး အလုပ်ရှုပ်သူဖြစ်ခဲ့ရင်တောင် အနည်းဆုံးတစ်ပတ်တစ်ကြိမ်တော့ အတူစားဖို့ ကြိုးစားသင့်ပါတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ၊ ဒါမှမဟုတ် မုန့်စားချိန်တွေမှာ သင့်ချစ်သူ၊ ကလေးတွေနဲ့ အတူ စားသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%99%e1%80%ad%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%af%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%90%e1%80%b0%e1%80%b1%e1%80%94%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9/
IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ
မရေရာတဲ့သတင်းတွေ အတည်မပြုနိုင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက်စကား တစ်ယောက်နားကနေ တဆင့်တဆင့် ပြန့်နှံ့သွားပြီး သေချာခိုင်မာတဲ့အကြောင်းအရာကြီးလိုဖြစ်နေတာကို ကိုယ့်အနီးဝန်းကျင်မှာ ကြုံဖူးကြမှာပေါ့။ ဒီလိုအစချီရတာကIUD နဲ့ပတ်သက်ပြီးစာဖတ်သူတွေအကြားမှာဖြစ်နေတဲ့ အချို့အကြောင်းအရာတွေက မှားနေတယ်ဆိုတာကို ပြောပြချင်လို့ပါ။ IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ ၊ မရေရာတဲ့အကြောင်းအရာများ အများအပြားရှိနေပါတယ်။ သိထားတဲ့အကြောင်းအရာတွေက မှန်ရဲ့လားဆိုကို ဆန်းစစ်ကြည့်ရအောင်။IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ အကြောင်း မပြောခင် အရင်ဆုံး မေးချင်တာက ဒါမျိုးတွေကြားဖူးလား ဆိုတာပါ။ ကြားဖူးထားရင်လည်း အယူအဆအမှားတွေမို့လို့ မေ့ဖျောက်လိုက်ပါလို့ပြောပါရစေ။ ဘာတွေလည်းသိရအောင် ဆက်ကြည့်လိုက်ကြပါစို့။(၁) IUD ကအန္တရာယ်များတယ်။ ကူးစက်ရောဂါတွေဖြစ်စေနိုင်သလို မျိုးမအောင်တာမျိုးဖြစ်စေနိုင်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရ IUD ကိုအသုံးပြုတဲ့အမျိုးသမီးတွေက အခြားသန္ဓေတားနည်းကို အသုံးပြုတဲ့အမျိုးသမီးတွေထက် ပိုးဝင်ကူးစက်တာတွေ၊မျိုးမအောင်တာမျိုးတွေဖြစ်နိုင်ခြေတိုးစေနိုင်တာကိုမတွေ့ရပါဘူး။(၂) IUD ကနာကျင်ပေမယ့်၊ အကျိုးမရှိဘူး။IUD ထည့်တဲ့အခါ ခံစားရတဲ့နာကျင်မှုဝေဒနာက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။IUDထည့်တဲ့အခါ ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို ကြိုတင်မသိနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး လုပ်ပေးဖို့လိုပါမယ်။ သားအိမ်ထဲကို IUD မထည့်ခင်မှာ အကိုက်အခဲပျောက်ဆေးကြိုသောက်ထားတာမျိုးလည်းလုပ်ဆောင်ပေးနိုင်ပါတယ်။နာကျင်မှု လုံးဝမရှိနိုင်ဘူးလို့တော့မဟုတ်ပါဘူး။ ပြောနေသလောက်အရမ်းနာတာမျိုးလည်းမဟုတ်ပါဘူး။ ဒါ့အပြင်ကို IUD က ထိရောက်တဲ့ သန္ဓေတားနည်းတစ်ခုပါ။ ထည့်ပြီးခါစမှာ နာနေတာမျိုးဖြစ်နိုင်ပါတယ်။ ထည့်ပြီးတော်တော်ကြာတဲ့အထိနာနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။(၃) ကိုယ့်လက်တွဲဖော်က IUD ကိုခံစားသိနိုင်တယ်။IUD က သားအိမ်ခေါင်းထဲမှာ ထည့်ရတာမဟုတ်ပါဘူး။ သားအိမ်ထဲမှာထည့်ရတာပါ။ ဒါကြောင့်ကိုယ်ရဲ့ လက်တွဲဖော်က လိင်ဆက်ဆံတဲ့အခါ IUD ကို ခံစားမိတယ်၊ IUD နဲ့ထိခိုက်မိတယ်ဆိုတာမျိုးတွေက မဖြစ်နိုင် ပါဘူး။ IUD အစွန်းက ပလပ်စတစ်ကြိုးကိုလည်း သေချာချည်ပေးထားတဲ့အပြင် ကြိုးစကလည်း အချိန်ကြာလာတာနဲ့အမျှ ပျော့ပျောင်းသွားတာဖြစ်တာကြောင့် ကိုယ့်ရဲ့လက်တွဲဖော်ကို IUD ကြောင့် ထိခိုက်မှာကို စိုးရိမ်စရာမလိုပါဘူး။(၄) ကလေးမရှိသေးသူတွေအနေနဲ့ IUD သုံးတာကစွန့်စားလွန်းရာကျတယ်။ဒါကတော့ တော်တော်ကြီးလွဲနေပါပြီ။ IUD က ဆယ်ကျော်သက်တွေအတွက် ကလေးမမွေးရသေးတဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသော သန္ဓေတား နည်းလမ်းလို့ ကျွမ်းကျင်သူတွေကထောက်ခံချက်ပေးထားကြတာပါ။ IUD ကစိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်မှုကိုလည်းပေးပါတယ်။(၅) IUD ကကျွတ်ထွက်နိုင်ပါတယ်။ခန္ဓါကိုယ်က IUD ကိုသားအိမ်အပြင်ဘက်ထွက်သွားအောင်လုပ်ဆောင်နိုင်တယ်လို့ပြောနေကျတာ မျိုးကြားဖူးကြမှာပါ။ ဒါကမဟုတ်ပါဘူး။ IUD က မတော်တဆထွက်ကျတာမျိုးဖြစ်နိုင်တာကြောင့် IUD ထည့်ပြီးစ သီတင်းပတ်တွေမှာ နောက်ထပ်သန္ဓေတားနည်းတစ်မျိုးကို အရံအတားအနေနဲ့ပြင်ဆင်ထားဖို့လိုမယ်။ မဟုတ်ရင်မတော်တဆကိုယ်ဝန်ရတာမျိုးဖြစ်သွားနိုင်ပါတယ်လို့ဆရာဝန်တွေကအကြံပြုတာမျိုးကြုံဖူးမှာပါ။ ဒါက အမြဲ ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ IUD ထည့်ထားပြီး အစပိုင်း ၃လအတွင်းမှာ ဖြစ်နိုင်တာပါ။ ဒါကလည်း ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းလောက်ပဲ ဖြစ်နိုင်တာပါ။ မတော်တဆ ဖြစ်တာမျိုး မဖြစ်အောင် ရှောင်ရှားချင် တယ်ဆိုရင်တော့ ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်သူတွေနဲ့ ပုံမှန် စစ်ဆေးတာမျိုး လုပ်ဆောင်ပေးပါ။IUD က နှစ်ရှည်ခံတဲ့သန္ဓေတားနည်း ဖြစ်တဲ့အပြင် စိတ်ချရပြီး လုံခြုံမှုလည်း ရှိပါတယ်။ နောက်အားသာချက် တစ်ခု က ထုတ်လိုက်တာနဲ့ ချက်ချင်း ကလေးရရှိစေနိုင်တာပါ။ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီး သိထားတဲ့ အချက်တွေ များနေရင်လည်း အမှန်ကို သိလောက်မယ် ထင်ပါတယ်။ အမျိုးသမီးတိုင်း အတွက် အသုံးတည့်ပါစေကြောင်း။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/iud/
အိပ်မရ တဲ့ညများ လွန်မြောက်စေဖို့
ဒီခေတ်လူနေမှုပုံစံအရ အိပ်မရ တဲ့ ပြဿနာ၊အိပ်ရေးပျက်တဲ့ ပြဿနာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ အပြိုင်အဆိုင်များလွန်းတဲ့ ဒီခေတ်ကြီးမှာ အလုပ်က အလုပ်မှာတင် လုပ်လို့ မပြီးဘဲ အိမ်ထိ၊ အတွေးတွေထဲထိလိုက်လာတာကြောင့် ညညဆို အိပ်ပျော်ဖို့ခက်လာပါတယ်။ မိုးသာလင်းသွားတယ်။ တစ်မှေးမှ မမှေးလိုက်ရတဲ့ ညတွေလည်း အများသားမလား။ခုလိုအချိန်ဆို ပိုဆိုးပါတယ်။ မိသားစုနဲ့ ခွဲနေတဲ့သူကလည်း သူတို့တွေ အဆင်ပြေမှ ပြေပါ့မလား။ အလုပ်ရှင်တွေကလည်း ဒီကပ်ကြီးပြီးသွားရင် အလုပ်တွေ အဆင်ပြေပါ့မလား။ အလုပ်သမားတွေကလည်း လစာမှ ရပါ့မလား စသဖြင့် ပူပင်ကြောင့်ကြမှုတွေနဲ့ပေါ့။ တစ်ရက် နှစ်ရက်နဲ့ မသိသာပေမယ့် ရက်ဆက်လာရင်တော့ အိပ်ရေးပျက်တဲ့ ဒဏ်တွေကို အလူးအလဲ ခံရတော့မှာပါ။ ဒါကြောင့် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးပါ့မယ်။အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ၇နာရီကနေ ၉နာရီလောက်ထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်။စိတ်ပိုင်းဆိုင်ရာမှာ။ရုပ်ပိုင်းဆိုင်ရာမှာ။အိပ်ရာထဲမှာ ဘာမှ မတွေးပါနဲ့။ အလုပ်ကိစ္စ၊ သားရေး သမီးရေး အားလုံးကို ခဏ အနားပေးလိုက်ပါ။ နောက်ဆုံး အိပ်ရေးမဝတဲ့ အကြောင်းကိုတောင် မတွေးပါနဲ့။ ငါ ဒီနေ့ ၈နာရီပြည့်အောင် မအိပ်ရင် နက်ဖြန်ငြီးစီစီ ဖြစ်နေတော့မှာပဲ လို့တောင် မတွေးပါနဲ့။ စိတ်ကလေးကို လျှော့ပြီး ခေါင်းရှင်းရှင်းနဲ့ အိပ်ပျော်အောင် အိပ်ပါ။ဦးနှောက်က သူအနားယူရတဲ့အချိန်၊ ပြန်ထရတဲ့အချိန်ကို မှတ်ထားတတ်ပါတယ်။အိပ်ချိန် ထချိန်မှန်ရင် နောက်ပိုင်း အကျင့်ဖြစ်ပြီး သူ့အချိန်ရောက်ရင် အလိုလို အိပ်ချင်လာမှာပါ။နေ့လယ်ဘက် အိပ်ရင် ညဘက်အိပ်မပျော်မှာစိုးလို့ မအိပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပင်ပန်းလို့ အင်မတန် အိပ်ချင်လာရင်တော့ အိပ်လိုက်ပါ။ ဒါမှ နိုးလာရင် ကြည်ကြည်လင်လင်နဲ့ အလုပ်ဆက်လုပ်နိုင်မှာပေါ့။ သတိထားရမှ မိနစ်၂၀ထက်ပိုပြီး မမှေးမိဖို့ပါပဲ။ မဟုတ်ရင် ခေါင်းလည်း မကြည်သလို ညလည်း ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်တော့ပါဘူး။ညနေပိုင်းလောက်ကစပြီးကော်ဖီ၊ လက်ဖက်ရည်တို့ကို ရှောင်ပါ။ ဒါတွေသောက်ပြီး ညဖက် အိပ်မပျော်ဘဲ မျက်လုံးကြောင်နေတာ၊ ရင်တုန်နေတာက ဘယ်လောက်ခံရခက်လဲဆိုတာ ကြုံဖူးသူတိုင်း သိပါတယ်နော်။ အရက်မူးအောင် သောက်ပြီးလည်း မအိပ်ပါနဲ့။ အိပ်ပျော်တယ်လို့ ထင်ရပေမယ့် နောက်ရက်မှာ အရက်နာ ကျပြီး နေလို့မကောင်းပါဘူး။ အိပ်ပျော်နေလို့ နားရတဲ့အချိန်မှာ ခန္ဓာကိုယ်က မနားရဘဲ အရက်ကို ချေဖျက်နေရတဲ့အတွက် ကျန်းမာရေးလည်း ထိခိုက်ပါတယ်။လေ့ကျင့်ခန်းလုပ်တာက သွေးလည်ပတ်မှုကောင်းစေပြီး အကြောပြေစေတဲ့အတွက် အိပ်ပျော်စေပါတယ်။ ဒါပေမယ့် အိပ်ခါနီး ၄နာရီအတွင်းတော့ မလုပ်ပါနဲ့။ တက်ကြွပြီး အိပ်မပျော်မှာ စိုးလို့ပါ။ အိပ်ခါနီးရင်တော့ယောဂဖြစ်ဖြစ်၊ တရားထိုင်တာ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ကောင်းကောင်း အိပ်ပျော်စေတဲ့အပြင် မနက်ခင်းမှာလည်း ကြည်ကြည်လင်လင်နဲ့ နိုးထလာမှာပါ။အိပ်ခါနီး ပြည့်အင့်အောင် စားတာက  အိပ်ဖို့ မပြောနဲ့ ပက်လက်လှဲဖို့တောင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ပြင် အစာအိမ်က အစာချေနေရတဲ့အတွက် ခန္ဓာကိုယ်က အနားမရပါဘူး။ စားပြီးခါစ ခဏပဲ အိပ်ငိုက်သလိုဖြစ်ပြီး ပြီးတော့လည်း ပြန်နိုးလာပါတယ်။နောက်ပြီးတော့ အိပ်ခါနီး ဗိုက်ဆာပြန်ရင်လည်း ကောင်းကောင်း အိပ်မပျော်ပြန်ပါဘူး။ ဒါကြောင့်  အိပ်ခါနီး နွားနို့နွေးနွေးလေး တစ်ခွက်လောက်သောက်ပေးတာ၊ ပေါ့ပေါ့ပါးပါးမုန့်လေးတွေ စားတာက ဗိုက်ည်းမဆာစေသလို၊ ဗိုက်လည်း မပြည့်စေတဲ့အတွက် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပါ။ရှေ့ရက်တွေတုန်းကဆို ပူလွန်းလို့ ညညဆို အိပ်လို့ မပျော်နိုင်ဘူး။ ခု မိုးလေး စရွာတော့မှ ညဘက်တွေ အိပ်ရအဆင်ပြေတာ။ ဒါကြောင့် ကိုယ်အိပ်မယ့်နေရာက ကိုယ်နဲ့ သင့်တော်တဲ့ အပူအအေး ရှိပါစေ။ နောက်ပြီး မီးအလင်းအမှောင်လည်း ချိန်ထားပါ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့လို့ တချို့ကလည်း မီးဖွင့်မှ၊ တချို့ကလည်း မီးပိတ်မှ အိပ်ပျော်တာပါ။ တိတ်ဆိတ်တဲ့ နေရာဖြစ်အောင်လည်း ဖန်တီးထားပါ။တစ်နေ့တာ စိတ်ဖိစီးမှုတွေက သက်သာဖို့ မအိပ်ခင် စာအုပ်ဖတ်တာ၊ သီချင်းသံလေးတွေ နားထောင်တာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ တရားထိုင်တာ၊ ယောဂကိင့်တာတွေ လုပ်လို့ရပါတယ်။တတ်နိုငရင် အိပ်ရာပေါ်မှာ အလုပ်လုပ်တာ၊ တီဗွီကြည့်တာ၊ မုန့်စားတာတွေ မလုပ်ပါနဲ့။ အိပ်ရာကို အိပ်ဖို့အတွက်ဘဲ အကျင့်လုပ်ထားမှ အိပ်ရာထဲရောက်တာနဲ့ အိပ်ရတော့မယ်ဆိုပြီး ခန္ဓာကိုယ်က သိနေမှာပါ။တစ်ခါတစ်လေ အိပ်ရာထဲရောက်ကာမှ ဘာမှန်းမသိ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်နဲ့ အိပ်လို့လည်း မပျော်ဘူးဆိုပြီး အတင်းဇွတ်မှိတ်မအိပ်ပါနဲ့။ ပြန်ထပြီး စိတ်ကိုလျှော့၊ အိပ်ပျော်နိုင်မယ့် အလုပ်တစ်ခုခု ထလုပ်ပါ။ ဥပမာ စာအုပ်ဖတ်တာဖြစ်ဖြစ်ပေါ့။ အိပ်မပျော်လို့ ထပြီး ဖုန်းသုံးတာကိုတော့ အားမပေးပါဘူးနော်။ ဒါက ဦးနှောက်ကို လန်းစေလို့ အိပ်ပျော်မှာ မဟုတ်ပါဘူး။အိပ်ရာထဲရောက်တော့မှ ဟိုတွေး ဒီတွေးနဲ့ လူးလိမ့်နေပြီ၊ အိပ်လည်း မပျော်ဘူးဆိုရင် အတင်းကြိုးစားပြိး မအိပ်ပါနဲ့။ ထပြီး ကိုယ်စိုးရိမ်တဲ့ အကြောင်းအရာတွေကို ချရေးလိုက်ပါ။ တစ်ယောက်ယောက်ကို ရင်ဖွင့်ရသလိုမျိုး စိတ်ပေါ့ပြီး နည်းနည်းတော့ သက်သာသွားပါလိမ့်မယ်။အိပ်ရာထဲရောက်တာ ဘယ်လောက်ကြာပြီ။ ခုထိ အိပ်မပျော်နိုင်သေးဘူးလို့ မတွေးပါနဲ့။ နာရီကိုလည်း ခဏခဏ ထမကြည့်ပါနဲ့။ ဒါက ပိုပြီး စိတ်ဖိစီးစေပါတယ်။ နောက်ပြီး အားလုံးတိတ်ဆိတ်နေတဲ့အချိန်မှာ နာရီသံ တဂျောက်ဂျောက်ကလည်း အိပ်ရေးပျက်စေပါတယ်။ ဒါကြောင့် အကြံပေးချင်တာက နာရီထားမယ့်အစား ဖုန်းမှာ alarm ပေးပြီး အိပ်ရာနဲ့ ဝေးဝေးမှာ ထားလိုက်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%9b-%e1%80%90%e1%80%b2%e1%80%b7%e1%80%8a%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac/
နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ
ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာဆိုရင်တော့ အရက်ကို လုံးဝမသောက်ရဘူးလို့ ဆရာဝန်တွေက တားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်လို့ပါ။ ဒါဆို ကလေးမွေးပြီးရင်ရော။ နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ က ဘာတွေများ ဖြစ်မလဲ။ဒီပြဿနာက ကလေးမွေးပြီး လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့ မိခင်တွေမှာ အများဆုံးတွေ့ရပါတယ်။ အိမ်မှာကျ ကလေးနို့တိုက်တယ်၊ အလုပ်မှာကျ ပွဲလမ်းသဘင်ရှိလို့ရှောင်ရခက်တဲ့ အချိန်မျိုးမှာ အရက်သောက်လို့ ရမရဆိုတာကို ဒွိဟဖြစ်နေနိုင်ပါတယ်။နို့တိုက်မိခင်တွေအနေနဲ့ အရက်ကမသောက်ရင်တော့ အကောင်းဆုံးပါ။ မတတ်သာလို့ သောက်ဖြစ်တယ်ဆိုရင်တောင် တစ်ရက်ကို1 drinkထက် မပိုသင့်ပါဘူး။ ဒါ့ပြင် တခြားသတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။1 drink ဆိုတာ ဝိုင် ၅အောင်စ၊ ဘီယာ ၁၂အောင်စ၊ အရက်ပြင်း ၁အောင်စနဲ့ ညီပါတယ်။ အရက်ပါဝင်မှု များလေ‌လေ သောက်တဲ့ပမာဏကို လျှော့ရလေလေပဲ ဖြစ်ပါတယ်။အရက်သောက်တဲ့အခါ အရက်က မိခင်နို့ရည်ထဲကို ရောက်သွားပါတယ်။ ဒါကြောင့် ကလေးကပါ အရက်လိုက်သောက်နေရသလိုပါပဲ။ နို့ထဲကို ပါသွားတဲ့ ပမာဏက နည်းတယ်ဆိုပေမယ့် ကလေးကလည်း သေးသေးလေးဆိုတာကို မမေ့ထားသင့်ပါဘူး။လေ့လာချက်တွေအရ ကလေးတွေရဲ့ အသည်းက လူကြီးတွေအသည်းကနေ အရက်ကို ချေဖျက်တာရဲ့ တစ်ဝက်ကိုပဲ ချေဖျက်နိုင်တာ ဖြစ်ပါတယ်။နောက်ထပ်လေ့လာချက်မှာတော့ နို့စို့ကလေးတွေက တစ်ရက်ကို အရက် 1 drinkစာပမာဏလောက် ထိတွေ့မိတဲ့အခါ ကြွက်သား‌တွေ ကောင်းကောင်းမဖွံ့ဖြိုးတာ၊အိပ်စက်ပုံမမှန်တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အမေက 1 drinkသောက်လို့ ကလေးဆီ 1 drink လုံးရောက်တာတော့ မဟုတ်‌ပေမဲ့ အမေက များများသောက်ရင်‌တော့ ကလေးဆီကို ပမာဏနည်းနည်းလေးတွေ စုပြီး 1 drink ပြည့်သွားနိုင်ပါတယ်။ဟိုးအရင်ကဆိုရင် လူကြီးတွေက နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင်ဆိုပြီး အရက်နည်းနည်းတိုက်လေ့ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အရက်က နို့ထွက်နှုန်းကို ကျစေပါတယ်။ ဒါ့ပြင် နို့ထဲမှာ အရက်ပါနေတဲ့အတွက် ကလေးက ပုံမှန်သောက်နေကျတဲ့ ၂၀% လောက် စို့တာ နည်းသွားပါတယ်။ ဆိုလိုတာက ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/side-effects-when-breastfeeding-moms-drink-alcohol/
ကိုယ်ဝန်ပထမသုံးလအတွင်း မိခင်လောင်းများအတွက် အပြေးကျင့်နည်းလမ်းညွှန်
ပြေးတယ်ဆိုတာ ကိုယ်ဝန်ဆောင်တွေအပါအဝင် လူတိုင်းအတွက် ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် လေ့ကျင့်ခန်းလုပ်တာက အကျိုးများကြောင်း အမေရိကန် သားဖွားမီးယပ်ပညာရှင်များ ကောလိပ်တွင် အချက်အလက်များကို ပိုရရှိထားပြီးဖြစ်ပါတယ်။ ဥပမာအားဖြင့် နေမစေ့လမစေ့မွေးခြင်းကို ကာကွယ်ပေးတာ မီးဖွားချိန်ကြာတာမျိုးတွေ မဖြစ်စေတာက လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတစ်ချို့ပါပဲ။ ထို့ကြောင့် စပြေးကြဖို့ တိုက်တွန်းထားပြီး ကိုယ်ဝန်ပထမသုံးလအတွင်း ဒါမှမဟုတ် ထိုထက်စောစောလုပ်ဖို့ အကြံပြုထားပါတယ်။ကိုယ်ဝန်ပထမသုံးလအတွင်းမိခင်လောင်းများ အပြေးလေ့ကျင့်နိုင်မယ့် နည်းလမ်းတွေကို အောက်မှာဖော်ပြထားပါတယ်။ကိုယ်ဝန်ရက်သတ္တပတ်အနည်းငယ်ရလာသည့်အခါတွင် ကိုယ်ခန္ဓါမှာ သိသိသာသာပြောင်းလာတာမျိုး မရှိသေးမယ့် မသိသာတဲ့ ပြောင်းလဲမှုများကတော့ ရှိနေပါတယ်။ အရင်ကိုယ်ဝန်မရှိတဲ့ အခြေအနေနဲ့ ခြားနားသွားပါပြီ။ အရင်က ၁၀ ကီလိုလောက် မနက်ခင်းတိုင်း ပြေးနိုင်ပေမယ့် ယခုဆိုလျှင် မနက်ခင်းပျို့အန်နေရတာနဲ့ ဒါမှမဟုတ် စိတ်အခြေအနေတွေ ပြောင်းနေရတာတဲ့ အိပ်ယာတောင် စောစောထချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်ပြေးနေကျနှုန်းကို တစ်ဝက်ထိလျော့သွားနိုင်သလို ကိုယ့်ကိုယ်လဲ အဆင်မပြေကြောင်း ခံစားရနိုင်ပါတယ်။ ဒါပုံမှန်ပဲ။ ပထမသုံးလအတွင်းမှာတော့ ကိုယ်ဝန်ရဲ့ဆိုးကျိုးတွေက တစ်ချိန်လုံး ဖြစ်နေတတ်တာမျိုးပဲ။ ဒါကြောင့် သင့်ခန္ဓါကိုယ်အလိုကိုသာ လိုက်ပေးလိုက်ပါ။ဆိုလိုတာက စမပြေးခင် ၁၀ မိနစ်လောက် လမ်းလျှောက်ပြီးမှ ကိုယ်ကြိုက်သလိုပြေးခိုင်းတာပါ။ ပြေးတဲ့အခါ နားချင်လာသော်လဲ ငါဆက်ပြေးနိုင်တယ်လို့ထင်လာရင် နားကိုနားပေးလိုက်ပါ။ သင့်ကိုယ်သင့် ဇွတ်မတွန်းပါနဲ့။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ပြေးတဲ့အခါ ပြိုင်ပြေးရမှာမဟုတ်သလို စိန်ခေါ်ပြီးလုပ်ရမှာမျိုးလဲ မဟုတ်ပါဘူး။ အနားယူရမယ့် အချိန်ပဲဖြစ်ပါတယ်။ သင့်ကိုယ်သင့် limit ထားနိုင်မယ့် စမ်းသပ်မှုလေးတစ်ခုရှိပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဦး ပြေးတဲ့အခါမှာ ပုံမှန်ပဲစကားပြောနိုင်သေးရင် ပင့်သက်ရှိုက်မနေရရင် အလွန်အကျွံမဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။ တစ်ကယ်လို စကားကိုမနည်းပြောနေရပြီးဆိုရင်တော့ ဖြည်းဖြည်းလျော့လုပ်လိုက်ပါ။ဆီးခဏခဏသွားချင်တာက ကိုယ်ဝန်ဆောင်တွေအတွက် အဆန်းမဟုတ်ပါ။ သူတို့တွေက ခဏခဏ အိမ်သာသွားဖို့ လိုအပ်ပါတယ်။ ရေဓါတ်ပြည့်နေဖို့က အမြဲတမ်းအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ဆို ပိုတောင်အရေးကြီးပါသေးတယ်။ ကိုယ်ဝန်ကြောင့်ဖြစ်ရတဲ့ လက္ခဏာတွေမှာပါ စွမ်းအင်တွေကို သုံးနေရတာကြောင့် အရည်ဓါတ်များကို ဆုံးရှုံးလွယ်ပါတယ်။ ဒါအပြင် သင်က ကလေးအတွက်ပါ ရေသောက်နေရတာဖြစ်ပါတယ်။ ခါတိုင်းထက် ရေကိုနှစ်ဆသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မပြေးခင်ရော ပြေးနေစဉ်ရော ပြေးပြီးတဲ့နောက်ရော ရေကိုသောက်ပေးရပါမယ်။ပြေးတာက လုံးဝကိုကောင်းမွန်ပါတယ်ဆိုသော်လည်း လုပ်နေစဉ်အတွင်းမှာ ဖြစ်လာတဲ့လက္ခဏာတွေကိုကြည့်ပြီး အန္တရာယ်ရှိမရှိ သိနိုင်ပါတယ်။ ပထမသုံးလဟာ အသက်တမျှ အရေးကြီးရတာ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်ဟာ ဒီအချိန်မှာ ပြောင်းလဲမှုတွေအများကြီးကို ထိန်းနေရတာပါ။ ဒါကြောင့် တစ်ခုခုမှားယွင်းသွားတဲ့အချိန်လဲ ရှိနိုင်ပါတယ်။ မိန်းမကိုယ်ကသွေးဆင်းတာ၊ မူးဝေ၊ ခေါင်းကိုက်၊ ရင်ဘတ်အောင့်တာ ဖြစ်လာပြီးဆိုရင်တော့ ဆရာဝန်ဆီသာ တန်းပြေးဖို့လိုပါတယ်။အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ကိုယ်ဝန်ဆောင်စဉ် တွေ့ကြုံရတာတွေက မတူညီပါဘူး။ သင့်ဆရာဝန်ကသာ သင်နဲ့အသင့်တော်ဆုံးကို သိမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စီစဉ်ထားတဲ့ အပြေးလေ့ကျင့်မယ့်ပုံစံ ဒါမှမဟုတ် သင်ထင်မြင်ချက်တွေကို ဆရာဝန်ကိုပြောပြပြီး ဆွေးနွေးတိုင်ပင်ရပါမယ်။လေ့ကျင့်ခန်းလုပ်တာက လူတိုင်းအတွက် အမြဲကောင်းမွန်ပါတယ်။ ကိုယ့်ကိုယ်တွန်းမလုပ်ဖို့သာ သတိရပါ။ မဟုတ်ရင် နောက်ဆက်တွဲဖြစ်လာမှာတွေက ဆိုးဝါးပါလိမ့်မယ်။ သတိနဲ့သာ လုပ်ပါ။ သင့်ကလေးဘယ်ချိန်မွေးမယ်ဆိုတာ ဘယ်သူက တိတိကျကျသိမှာတဲ့လဲ။ မွေးလာတဲ့ကလေးကလဲ အပြေးချန်ပီယံဆိုရင်တော့ နောက်ကျရင် ခင်ပွန်းကိုပါခေါ်ပြီး မိသားစုလိုက် အပြေးလေ့ကျင့်ရုံသာပင်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%95%e1%80%91%e1%80%99%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9c%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8/
နှလုံးသွေးကြောချဲ့ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ
နှလုံးသွေးကြောချဲ့ခြင်းဆိုသည်မှာ နှလုံးကိုထောက်ပံ့နေသော သွေးကြောများကို ဖွင့်သော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ နှလုံးရုတ်တရက်ထိခိုက်ပြီးချိန်တွင်ပြုလုပ်လေ့ရှိသော ကုသမှုပုံစံဖြစ်သည်။ ထိုကုသမှုကို အရေပြားပေါ်မှတဆင့် နှလုံးသွေးကြောချဲ့ခြင်း (PTCA) ဟုခေါ်သည်။ အများစုတွင် ထိုသို့သွေးကြောချဲ့ပြီးနောက် နှလုံးထံသို့သွေးစီးဆင်းမှုကောင်းစေရန် နှင့် သွေးကြောပြန်မကျဉ်းရန် သွေးကြောတွင်းသို့ပြွန်ချောင်းငယ်လေးများထည့် ကြသည်။ထိုအခြေအနေတွင် အချိန်သည် သင့်အတွက်တန်ဖိုးရှိသည်။ နှလုံးရုတ်တရက်ထိခိုက်ပြီး တစ်နာရီအတွင်းသွေးကြောချဲ့ပါက သင့်ကိုဆိုးကျိုးပိုနည်းစေမည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်များအရ နှလုံးရုတ်တရက်ထိခိုက်ပြီး တစ်နာရီကျော်မှသွေးကြောချဲ့ပါက သင့်အတွက် အကျိုးသက်ရောက်မှု ရှိချင်မှရှိလိမ့်မည်။ ထို့ကြောင့်တတ်နိုင်သမျှမြန်မြန်ကုသလေလေ နောက်ဆက်တွဲဆိုးကျိုးနှင့် နှလုံးထိခိုက်မှုနည်းလေလေဖြစ်သည်။နှလုံးသွေးကြောချဲ့ခြင်းကို နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာရှိသောသူများတွင်လည်း ပြုလုပ်နိုင်သည်။နှလုံးသွေးကြောချဲ့ခြင်းကို ထုံဆေးဖြင့်ပြုလုပ်သည်။ လူနာ၏ပေါင်ခြံ သို့မဟုတ် လက်မောင်းတွင် ခွဲကြောင်းပေးသည်။ ထိုမှတစ်ဆင့် အဆုံးတွင် အဖောင်းအပိန်ပြုလုပ်နိုင်သော ဘောလုံးငယ်လေးပါဝင်သော ပြွန်ချောင်းကို သွေးကြောထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ X ray ဓါတ်မှန်ဗီဒီယို၊ အထူးပုံရိပ်ဖော် ဆိုးဆေး များ၏ အကူအညီဖြင့် ခွဲစိတ်ဆရာဝန်က ပြွန်ချောင်းကို ပိတ်နေသော နှလုံးသွေးကြောနေရာသို့နေရာတကျရောက်ရှိရန် ထည့်သည်။ နေရာတကျ ရောက်ပြီဆိုတာနဲ့ ဘောလုံးကို ဖောင်းပြီး သွေးကြောကို ကျယ်စေသည်။ ဒီလိုပြုလုပ်ခြင်းက သွေးကြောတွင်းရှိ အဆီဖတ်များကို တွန်းထုတ်လိုက်သလိုဖြစ်ကာ သွေးကြောပွင့်စေပြီး သွေးစီးဆင်းမှုကို ပုံမှန်အတိုင်း ပြန်ကောင်းစေသည်။အချို့သောပြွန်ချောင်းများသည် စတီးဖြင့်ပြုလုပ်ထားသော ဇကာကွက်သဏ္ဍာန်ပိုက်လုံးငယ်ပါဝင်သည်ဖြစ်သည်။၎င်းသည် သွေးကြောကိုပြန်ပိတ်မသွားအောင်ထိန်းထားနိုင်သဖြင့်ဘောလုံးလေလျှော့၍ ပြွန်ချောင်းကို ဖယ်ထုတ်လိုက်နိုင်သည်။ ထိုသို့ပြုလုပ်ရန် နာရီဝက်မှ နာရီပေါင်းများစွာကြာမြင့်နိုင်သည်။အမေရိကန်ရှိ နှလုံးနှင့် သွေးကြောဆိုင်ရာအဖွဲ့အစည်း၏ပြောကြားချက်အရ နှလုံးရုတ်တရက်ထိခိုက်ပြီးချိန်တွင်အချိန်မီ သွေးကြောချဲ့ခြင်းဖြင့် နှလုံးသို့ အလျင်မြန်ဆုံးသွေးရောက်ရှိနိုင်ပြီး အသက်အန္တရာယ်မှကယ်တင်နိုင်သည်။ နှလုံးသို့သွေးမြန်မြန်ရောက်နိုင်လေ နှလုံးကြွက်သားများထိခိုက်မှုလျော့နည်းလေဖြစ်သည်။ နှလုံးသွေးကြောချဲ့ခြင်းသည် ရင်ဘတ်အောင့်ခြင်း၊နှလုံးမကောင်း၍မောခြင်းတို့ကိုသက်သာစေသည့်အပြင် နှလုံးကြွက်သားများဆီ သွေးထောက်ပံ့မှုနည်းခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲဝေဒနာတို့ကိုလည်းလျော့နည်းစေသည်။နှလုံးသွေးကြောချဲ့ခြင်းဖြင့်မလုံလောက်ပါက နှလုံးသွေးကြော လမ်းကြောင်းလွှဲခြင်းကဲ့သို့သော ပို၍ကြီးမားသောခွဲစိတ်မှုမျိုးလည်းကြုံရနိုင်သည်။နှလုံးသွေးကြောချဲ့ခြင်းသည်သည် သွေးခဲပျော်ဆေးများထက် နှလုံးရုတ်တရက်ထိခိုက်နိုင်ခြေကို နည်းစေသောနည်းလမ်းဖြစ်ကြောင်း အင်္ဂလန်ရှိအမျိုးသားကျန်းမာရေးဌာနမှပြောထားသည်။သင်သည် နှလုံးသွေးကြောချဲ့ခြင်းတွင် သုံးသော ထုံဆေး၊ အကြောထိုးဆေးနှင့်အချို့သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းမျိုးဖြစ်နိုင်ပါသည်။အချို့သောဖြစိနိုင်ချေများမှာ။• ပြွန်ချောင်းထည့်သောနေရာတွင် သွေးထွက်ခြင်း၊သွေးခြေဥခြင်း၊သွေးခဲခြင်း။• ပြွန်ချောင်းထည့်ထားသော သွေးကြောနေရာတွင် အမာရွတ်ဖြစ်ခြင်း။• နှလုံးခုန်မမှန်ခြင်း။• နှလုံးသွေးကြော၊ အဆို့ရှင်နှင့် သွေးလွှတ်ကြောတို့ထိခိုက်မိခြင်း။• နှလုံးရုတ်တရက်ထိခိုက်ခြင်း။• ကျောက်ကပ်ပျက်စီးခြင်း (အထူးသဖြင့်ကျောက်ကပ်ရောဂါ အခံရှိသောသူများတွင်)။နှလုံးရုတ်တရက်ထိခိုက်ခြင်းကြောင့် အရေးပေါ်နှလုံးသွေးကြောချဲ့ခြင်းသည် အခြားအခြေအနေများထက်ပို၍အန္တရာယ်ရှိနိုင်ချေများသည်။နှလုံးသွေးကြောချဲ့ခြင်းသည် သွေးကြောပိတ်ခြင်းကို အပြီးတိုင်ကောင်းသွားစေသောနည်းလမ်းမဟုတ်ပါ။ အချို့သူများတွင် သွေးကြောပြန်ကျဉ်းသွားတတ်ကြောင်း တွေ့ရသည်။ ဇကာကွက်ငယ်များပါဝင်သော ပြွန်ချောင်းမျိုး မထည့်လျှင် သွေးကြောပြန်ကျဉ်းနိုင်ခြေပိုများသည်။နှလုံးရုတ်တရက်ထိခိုက်ပြီးလျှင် ကျန်းမာစေမည့်နေထိုင်မှုပုံစံမျိုးဖြင့်နေထိုင်ရမည့်အချက်များကို သင့်ဆရာဝန်က ညွှန်ကြားလိမ့်မည်။ ညွှန်ကြားထားသည့်ဆေးများကို အမြဲမှီဝဲပါ။ ဆေးလိပ်သောက်နေသူတဦးဖြစ်ပါက ချက်ချင်းဆေးလိပ်ဖြတ်ပါ။ သင့်တော်သော အစားအသောက်၊ လေ့ကျင့်ခန်းတို့ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် သွေးပေါင်ကိုမှန်စေပြီး သွေးတွင်းအဆီများကျဆင်းစေလိမ့်မည်။ ထိုသို့ကျန်ုးမာရေးနှင့်ညီညွတ်အောင်နေထိုင်သွားလျှင် သင်၏နှလုံးထိခိုက်နိုင်ချေလည်း လျော့နည်းသွားပေလိမ့်မည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%81%e1%80%bb%e1%80%b2%e1%80%b7%e1%80%81%e1%80%bc%e1%80%84%e1%80%ba-2/
ကလေးနို့တိုက်ခြင်း က မိခင်ကို ကိုယ်အလေးချိန်ကျစေသလား
ကလေးငယ်တွေကိုမိခင်နို့တိုက်ကျွေးဖို့ ဆုံးဖြတ်ရာမှာ အမျိုးသမီးအတော်များများဟာ ကလေးငယ်တွေအတွက် နို့ချိုတိုက်ကျွေးခြင်းတွေရဲ့ အကျိုးကျေးဇူးတွေကို အဓိက ထားကြပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်တွေမှာ အိုင်ကျူမြင့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ (သို့)ဓာတ်မတည့်ခြင်းနှုန်းတွေ လျော့နည်းခြင်းတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါ့ပြင် မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးမွေးအပြီးမှာ မိခင်တွေကိုကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ ကြာရှည်စွာ ကလေးနို့တိုက်ခြင်း ဟာ ကလေးငယ်တွေသာမက မိခင်တွေမှာလည်း အကျိုးကျေးဇူး ရှိစေနိုင်ပါတယ်။သင့်ကလေးကို နို့တိုက်ခြင်းဟာ အချိန်တွေ၊ အားအင်တွေ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် သူဟာကယ်လိုရီအမြောက်အမြားကို လောင်ကျွမ်းစေနိုင်ပါတယ်။မိခင်နို့၃၀ မီလီလီတာကို ထုတ်ဖို့ ကယ်လိုရီ ၂၀ လောက် လိုအပ်ပါတယ်။ ၆၈ ကီလိုဂရမ် ရှိတဲ့ ပုံမှန်ကိုယ်အလေးချိန်ဝင် အမျိုးသမီးတစ်ယောက်အတွက် မိခင်နို့တိုက်ကျွေးခြင်းဟာ သူမကို တစ်နေ့ ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေပါတယ်။တစ်ချိန်တည်းမှာပဲ အိမ်အလုပ်ပေါ့ပေါ့ပါးပါး လုပ်ခြင်းဟာ ၂၄၆ ကယ်လိုရီ လောင်ကျွမ်းစေပြီး အေရိုးဗစ် ဆော့ကစားခြင်းကတော့ ၅၄၆ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။ မိခင်အသစ်တွေဟာ သူတို့ကလေးငယ် ဘဝရဲ့ ပထမဆုံး လတွေမှာ ပုံမှန် လေ့ကျင့်ခန်းလုပ်ဖို့ ပင်ပန်းနေတတ်ကြပါတယ်။ ဒါကြောင့် ကလေးနို့တိုက်ခြင်းဟာ ကိုယ်အလေးချိန်လျော့ကျဖို့ လွယ်ကူစေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။မိခင်နို့တိုက်ကျွေးခြင်းဟာ အခြားနို့မှုန့်တိုက်ခြင်းထက် ကိုယ်အလေးချိန် ကျဆင်းမှုကို မြန်ဆန်စေပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ်ဝန်မဆောင်စဉ် ကိုယ်လုံးကို ပြန်ရဖို့ မြန်ဆန်တဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်မှာ ကိုးလတာကိုယ်အလေးချိန် တက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ညတာအတွင်း ကိုယ်အလေးချိန်ကျဆင်းသွားဖို့ မဖြစ်နိုင်ပါဘူး။သင့်ကလေးငယ်ကို မိခင်နို့တိုက်ကျွေးနေစဉ်မှာ တစ်ပတ်မှာ ဝ.၅ ကီလိုဂရမ် (၁ပေါင်)  ကျဆင်းနိုင်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန်နေပြီး ပိန်ပိန်လာခဲ့ရင် သင့်ဆရာဝန်က သင့်ကလေးငယ်ကို ကောင်းစွာ စောင့်ရှောက်နိုင်စေဖို့ အစာပို စားခိုင်းစေနိုင်ပါတယ်။ကိုယ်အလေးချိန်ကျတာက ဖြစ်သင့်တာထက် များနေရင်၊ မြန်နေရင် မိခင်ကျန်းမာရေး ထိ။ကလေးနို့တိုက်ခြင်းဟာ ကိုယ်အလေးချိန်ကျဆင်းခြင်းကို ဖြစ်စေတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ကလေးနို့တိုက်နေတဲ့ မိခင်တွေဟာ သူတို့စားတဲ့ အစားအစာတွေကို သတိထားကြလို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေက ကလေးနို့တိုက်နေတဲ့ မိခင်တွေကို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားစေပြီး ဒါမှသာ ကလေးနို့တိုက်ခြင်းမှ အကောင်းဆုံးအာဟာရဓာတ်တွေ ကလေးကို ပေးနိုင်မယ်လို့ ဆိုကြပါတယ်။ဝိတ်ချတဲ့အရည်တွေ၊အစားရှောင်လွန်းတာတွေ၊ ကိုယ်အလေးချိန်ကျဆင်းစေတဲ့ ဆေးတွေကို အကြံမပြုကြပါဘူး။ ကလေးနို့တိုက်နေတဲ့ မိခင်တွေဟာ အရက်နဲ့ ကော်ဖီသောက်သုံးမှုကို ကန့်သတ်သင့်ပါတယ်။လေ့ကျင့်ခန်းဟာ မိခင်တွေကို နှလုံးသွေးကြောဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ကလေးအတော်များများဟာ လေ့ကျင့်ခန်းလုပ်အပြီး နို့တိုက်ခြင်းကြောင့် ဆိုးကျိုးရရှိခြင်း မရှိပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းဟာနို့ထွက်နှုန်းကို အားပေးတာကြောင့် နို့ထွက်နည်းတဲ့ မိခင်တွေအတွက် အရေးကြီးတဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။ခြုံပြောရရင်တော့ ကလေးနို့တိုက်နေစဉ်မှာ သင်ဟာ ဖြည်းညင်းစွာ ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။ ကလေးမွေးပြီး အစပိုင်းလအတွင်း သင့်ကိုယ်ခန္ဓာ ပြန်လည်ကုစားနေစဉ်နဲ့ နို့ထွက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ်အလေးချိန်မြန်မြန်ကျဆင်းအောင် မကြိုးစားသင့်ပါဘူး။ ကိုယ်အလေးချိန် အလျင်အမြန် ကျဆင်းခြင်းဟာ သင့်ရဲ့ စွမ်းအင် ထုတ်လုပ်မှုနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ နို့ထွက်ခြင်းကို ထိခိုက်မှု မရှိနိုင်ပဲ တစ်လကို ၁ ကီလိုဂရမ်ကနေ ၂ကီလိုဂရမ်အထိ အန္တရာယ်ကင်းကင်းနဲ့ လျှော့ချနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/breast-feeding-and-weight-loss/
လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။
လိင်ပညာပေးကို သင်မယ်ဆိုရင် သင့်စိတ်ထဲမှာ ဘာကို အရင်တွေးမိကြလဲ။ ဟင် ကလေးတွေကိုလိင်ဆက်ဆံနည်းသင်ပေးတော့မလို့လား။သားဆက်ခြားနည်းတွေ သင်ပေးတော့မှာလား။ ကလေးတွေတော့ အတတ်ကောင်းတွေ တတ်တော့မှာပဲလို့ တွေးနေမိတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေမှာsex educationအကြောင်းပြောရင် ဒီလိုပဲ စတွေးကြပါတယ်။ ဒါကြောင့်ပဲ လိင်ပညာပေးကို သင်ကြားတဲ့နေရာမှာ အခက်တွေ့နေကြတာပါ။ ဒီဆောင်းပါးမှာ လိင်ပညာပေးနဲ့ ပတ်သတ်ပြီး လူတွေ အထင်မှားတတ်တာကို ပညာရှင်တွေက ဘယ်လို ဖြေရှင်းထားလဲဆိုတာ ကြည့်ကြည့်ရအောင်။ဘာကြောင့်လည်း မသိ။ လိင်ပညာပေးလို့ ပြောရင် ဒါကိုပဲ ပြေးပြေးမြင်ကြတယ်။ တကယ် လက်တွေ့ကျကျ လေ့လာကြည့်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ လိင်ပညာပေးကို သင်ကြားခံထားရတဲ့ ဆယ်ကျော်သက်လေးတွေဟာ အကျိုးအပြစ်ကို သိထားတဲ့အတွက် ထင်ထားတာထက် လိင်ဆက်ဆံချိန်နောက်ကျပါတယ်။ နောက်ပိုင်း လိင်ဆက်ဆံဖို့ အရွယ်ရောက်လာရင်တောင် သားဆက်ခြားနည်းတွေ၊လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါကာကွယ်နည်းတွေကို ကောင်းကောင်းနားလည်သွားပါတယ်။Comprehensive sex education လို့ ခေါ်တဲ့ ပြီးပြည့်စုံတဲ့ လိင်ပညာပေးဟာ လိင်ကိစ္စသက်သက်ကိုသာ သင်ပေးတာထက် ပိုပါတယ်။ အရွယ်ရောက်လာလို့ ကိုယ်ခန္ဓာရဲ့ ပြောင်းလဲမှုတွေ၊ နောက်ပိုင်းကြုံတွေ့လာရမယ့် လိင်ကိစ္စတွေမှာ အန္တရာယ် ကင်းကင်း ဘယ်လို ဖြတ်သန်းကြမလဲဆိုတာတွေကစလို့ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့၊ သူများကို လေးစားတတ်ဖို့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ စတဲ့ အကြောင်းအရာတွေထိ ပါဝင်ပါတယ်။ ဒီခေတ်စကားနဲ့ဆိုရင်EQကောင်းဖို့ သင်ပေးတာအထိ ပါဝင်ပါတယ်။ ဒါဟာ သူ့ဘဝတစ်သက်တာမှာ ပျော်ရွှင်ဖို့၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ အများကြီး အထောက်အကူပြုပါတယ်။လိင်ပညာပေး သင်တာဟာ သူများသားမယားကို ဖျက်ဆီးဖို့ သင်ပေးတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊ သူများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်တတ်ဖို့၊ သူများကို လေးစားတတ်ဖို့ သင်ပေးတာ ဖြစ်တဲ့အတွက် ဘာသာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဘယ်ဘာသာမဆို သင်သင့်တဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။ အကျိုးအပြစ်ကို မသိတဲ့သူသာ ဆင်ကန်းတောတိုးလို အမှားမျိုးကို ကျုးလွန်တာပါ။ သေချာနားလည်တဲ့သူက ဝေးဝေးကရှောင်နိုင်ပါတယ်။လိင်ပညာပေးကို သင်ကတည်းက လူတိုင်းနဲ့ကိုက်ညီအောင် ရေးဆွဲထားတာပါ။ လိင်ပညာပေးမှာLGBTတွေ အကြောင်းပါနေတာကြောင့် ကလေးတွေကို LGBT ဖြစ်မသွားစေပါဘူး။ နဂိုတည်းက လိင်စိတ်ပြောင်းလဲချင်သူက ပြောင်းလဲတာပါပဲ။ အဓိကက လိင်စိတ်ပြောင်းလဲတာဟာ ပြစ်ချက်မဟုတ်ကြောင်း၊ LGBTဖြစ်နေလည်းပဲ ဘဝကို သူများနည်းတူ ပျော်ပျော်နေနိုင်ကြောင်း၊ အောင်မြင်နိုင်ကြောင်း သင်ပေးတာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ LGBTတွေကို ရှုံ့ချစရာ မလိုကြောင်း၊ ဒါဟာ စနောက်ရမယ့် လူတွေ မဟုတ်ကြောင်း၊ တခြားသူတွေလိုပဲ လေးစားတဲ့စိတ်နဲ့ ဆက်ဆံရမှာဖြစ်ကြောင်း၊ သူတို့က တခြားသူတွေနဲ့ တူတူပဲ ဖြစ်ကြောင်း နားလည်အောင် သင်ပေးတာပဲ ဖြစ်ပါတယ်။ကြုံလို့ ပြောရရင် လူတွေက LGBTတွေကိုHIV ပိုးသယ်ဆောင်ထားသူတွေလို့ နှိမ့်ချဆက်ဆံတတ်ပါတယ်။ တကယ်တော့ LGBTမှ မဟုတ်ပါဘူး။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းကို နားမလည်တဲ့ ဘယ်သူမဆို HIV အပါအဝင် တခြား လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရလာနိုင်တယ်ဆိုတာကို သတိပြုပါ။ဒါက နည်းနည်းပြောရခက်ပါတယ်။ တွေးကြတာကတော့ အိမ်မှာပဲ သမီးကို အမေက၊ သားကို အဖေက တိုးတိုးတိတ်တိတ် သင်ကြရင် မကောင်းဘူးလားပေါ့။ ဒါပေမယ့် တကယ့် လက်တွေ့မှာ သင်ပေးတဲ့သူက ရှားပါတယ်။ နောက်ပြီး သင်ပေးမယ့် အဖေအမေကိုယ်တိုင်ကလည်း တိတိကျကျ တတ်မြောက်နေဖို့ လိုပါတယ်။ ဒါမှ သတင်းအမှားတွေ မသင်ပေးမိမှာပါ။ နောက်တစ်ခုက မိဘနဲ့ သားသမီးကြားမှာ ချစ်ကြောက်ရိုသေဆိုတာကြီး ရှိနေတဲ့အတွက် ပြောရဆိုရ နည်းနည်း အခက်တွေ့နိုင်ပါတယ်။လေ့လာကြည့်လိုက်တဲ့အခါမှာလည်း မိဘတွေက လိင်ပညာပေးကို ကျောင်းမှာ သင်တာ ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ ကျောင်းသားတွေကလည်း ကျောင်းမှာ တကယ်တတ်ကျွမ်းတဲ့သူတွေနဲ့ သင်ကြားတာက ပိုသဘောကျကြပါတယ်။ တကယ်တော့ လိင်ပညာပေးကို ကျောင်းမှာရော အိမ်မှာပါ နည်းစနစ်ကျကျ သင်ပေးနိုင်ရင် ပိုကောင်းတာပေါ့။တကယ်တော့ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း သူတို့အရွယ်အလိုက် သင့်တော်တဲ့ လိင်ပညာပေး သင်ပေးဖို့ လိုပါတယ်။ အနည်းဆုံးတော့ သူတို့လေးတွေရဲ့ ဘယ်နေရာကို လူအထိမခံသင့်ဘူး၊ မကြိုက်ရင် မကြိုက်ဘူးလို့ ငြင်းရမယ်၊ တစ်ယောက်ယောက်က ကလေးမကြိုက်တာကို လုပ်ရင် အိမ်က လူကြီးတွေကို ပြန်ပြောရမယ် စသဖြင့် သင်ထားပေးရမှာပါ။ သက်ငယ်မုဒိန်းမှုတွေကို ကြည့်မယ်ဆိုရင် ကလေးတွေက သူတို့ကို ဘာလုပ်သွားမှန်းလည်း မသိပါဘူး။ လူကြီးတွေကို ပြန်ပြောရမှန်းလည်း မသိပါဘူး။ တကယ်ဆို အနည်းဆုံးတော့ သူတို့မကြိုက်တာကို လုပ်သွားတယ်လို့ အိမ်ကလူကြီးတွေကို ပြန်တိုင်တတ်ရမှာပါ။ ဒါမှ လူကြီးတွေက စောစောစီးစီး သိပြီး တစ်ခုခုလုပ်လို့ရမှာပါ။တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် တစ်ခါတစ်လေ တရားခံက ကလေးငယ်လေးတွေ ဖြစ်နေတာကို တွေ့ဖူးမှာပါ။ တကယ်ဆို သူတို့ကို သူများရဲ့ ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကိုင်ရဘူး။ ဒါမျိုးမလုပ်ရဘူး။ ဒါက ကလေးတွေ မလုပ်ရဘူး စသဖြင့် သင်ထားပေးရင်၊ အသိပေးထားရင် ကလေးတွေက သူတို့နဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူးဆိုပြီး စမ်းကြည့်မှာ မဟုတ်ပါဘူး။ သူတို့လေးတွေက ဒီလိင်ကိစ္စကို လိင်ကိစ္စမှန်း မသိဘဲ တစ်ယောက်ယောက်လုပ်တာကို မြင်လို့ လိုက်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရွယ်အလိုက်ထိုက်သင့်တဲ့  ပညာပေးရှိဖို့ လိုပါတယ်။ခုဆယ်တန်းမှာ သင်မယ်ဆိုတော့ တခြားဘာသာရပ်တွေလောက် အရေးမကြီးဘူးလို့ ထင်မှာ စိုးပါတယ်။ တခြားဘာသာရပ်တွေထက်မပိုရင်တော့ အရေးကြီးတာက မလျှော့ပါဘူး။ တစ်ဘဝလုံးသုံးလို့ရတဲ့ ပညာရပ်ပါ။ ဒါကို မတတ်လို့ အရွယ်မတိုင်ခင် မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်တာ၊အိမ်တွင်းအကြမ်းဖက်တာ စတဲ့ ပြဿနာတွေ ဖြစ်နေတာပါ။မသင်လည်း အချိန်တန်ရင် တတ်တာမှန်ပေမယ့် တကယ်တမ်း သင်ပြီးလို့ သေသေချာချာ သိသွားတဲ့အခါ ကိုယ်သိထားတာတွေ ဘယ်လောက်မှားနေလဲဆိုတာ သိရမှာပါ။ ဒီလို သိထားတာတွေ မှားနေတာကြောင့်ပဲ လက်တွဲဖော်နဲ့ ဆက်ဆံရေးမှာ ပြဿနာတက်တာတွေ၊ အတူနေပြီးမှ ကိုယ်ဝန်ရမှာလား မရဘူးလား၊ ရသွားခဲ့ရင် ဆိုတဲ့ ပြဿနာတွေ၊ မလိုချင်ဘဲ ကလေးရလာလို့ဖျက်ချတဲ့ ပြဿနာတွေ ကြုံရတာပါ။ တကယ်သိချင်လို့ လေ့လာတဲ့သူကို ကျတော့လည်း လိင်စိတ်ပြင်းထန်တဲ့သူလို့ လှောင်ပြောင်တာတွေ လုပ်တာကြောင့် ဒီကိစ္စကို ရှက်စရာလို့ ထင်ပြီး ပွင့်ပွင့်လင်းလင်း မတိုင်ပင်ရဲတာတွေ ဖြစ်လာတာပါ။လိင်ပညာပေးဆိုတာ လိင်ကိစ္စသက်သက်ကိုပဲ သင်တာ မဟုတ်ပါဘူး။ ဒါဟာလည်း ပညာရပ်ဆိုင်ရာ ဘာသာရပ်တစ်ခုပါပဲ။ ကလေးတွေကို အရွယ်မတိုင်ခင် လိင်မဆက်ဆံဖို့၊ အတူနေရင်လည်း အကာအကွယ်ကို စနစ်တကျ သုံးတတ်ဖို့၊ မိမိလက်တွဲဖော်ကို လေးစားဖို့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ သင်ပေးတဲ့ ဘာသာရပ်ဆိုတာ သိစေချင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/myths-sex-education/
Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။
လတ်တလော လူတိုင်းရဲ့ ပါးစပ်ဖျားမှာရော စိတ်ကူးတွေထဲမှာပါ နေရာယူထားပြီး သိချင်နေမယ့်ကျန်းမာရေး ပြဿနာကOmicronအကြောင်း ဖြစ်မယ်ထင်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးထားတာတောင် Omicronက ဖြစ်တာပဲ။ ဖြစ်ဖူးတဲ့သူတွေမှာ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုတဲ့ စကားလုံးတွေကြားမှာ ခေါင်းလေးပဲ ကိုက်ကိုက်၊ ဇက်ကြောလေးပဲ တက်တက်၊ နှာလေးပဲ စေးစေး Omicron များဖြစ်နေပြီလားဆိုပြီး စိုးရိမ်နေကြမယ် ထင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ဒီဆောင်းပါးလေးထဲမှာOmicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကဲ …… ဘယ်လို လက္ခဏာတွေ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။Omicronက ကမ္ဘာ့နိုင်ငံတွေမှာ ပြန့်နှံ့ဖြစ်ပွားနေတာက တစ်လကျော်တောင် ကြာခဲ့ပါပြီ။ ဒီကာလအတွင်း လူဦးရေများစွာကို ကူးစက်ခဲ့ပြီး ရောဂါဖြစ်ဖူးသူတွေမှာ ကူးစက်မှု ပိုများသလိုကလေးငယ်တွေမှာလည်း တော်တော်လေး ကူးစက်မှုနှုန်း မြင့်နေပါတယ်။ကာကွယ်ဆေးတွေရောထပ်ဆောင်းကာကွယ်ဆေးတွေပါ ထိုးပြီးသူတွေမှာပါ ကူးစက်တာတွေ ရှိနေပါတယ်။ ဒီကာလအတွင်းမှာ လေ့လာတွေ့ရှိခဲ့တဲ့ Omicronကူးစက်မှုရဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို သတိထားနိုင်ဖို့ ပြောပြပေးသွားပါမယ်။စစ်တမ်းတွေအရ Omicron ကူးစက်ခံရတဲ့အခါ အတွေ့ရများတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။Omicronကူးစက်မှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ အဖျားရှိတာ၊ ကိုယ်ပူတာတွေလိုမျိုး လက္ခဏာတွေကို သက်သာစေဖို့ဆိုရင် ရေများများသောက်တာ၊ ခေါင်းကိုက်သက်သာစေတဲ့ ဆေးတွေ၊ အဖျားကျဆေးတွေ သောက်လို့ရပါတယ်။ ဒီလို သောက်သုံးပေးတာက အတိုင်းအတာ တစ်ခုအထိတော့ သက်သာစေနိုင်ပါတယ်။Omicron ရဲ့ လက္ခဏာတွေကို လုံးဝရပ်တန့်ပစ်ဖို့တော့ မလွယ်ပါဘူး။ အကောင်းဆုံးသော နည်းလမ်းက မဖြစ်ခင်က ကြိုတင် ကာကွယ်တာပါ။Omicron ကူးစက်မှုကနေ ကာကွယ်ဖို့ဆိုရင်။ကိုဗစ် ကာကွယ်ဆေးတွေလည်း အမျိုးအစား ရွေးစရာ အများကြီး ရှိလာခဲ့ပြီ ဖြစ်သလို လူတော်တော်များများဟာလည်း ကာကွယ်ဆေး ၂ ကြိမ်တောင် ထိုးပြီးကြပါပြီ။ ကာကွယ်ဆေးက ကိုဗစ် လုံးဝ မကူးစက်အောင် မကာကွယ်ပေးနိုင်ဘူးဆိုပေမယ့် ထိုက်သင့်သလောက်တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ကာကွယ်ဆေး ၂ ကြိမ် ပြည့်မီအောင်ထိုးထားပါ။အကောင်းဆုံးကတော့ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံတာပါပဲ။ ထပ်ဆောင်းကာကွယ်ဆေးကို အမျိုးအစားအလိုက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးလို့ ၃ လနဲ့ ၆လ အကြာမှာ ထိုးနှံလို့ ရပါပြီ။ Omicron ကို ထိုက်သင့်သလောက် ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို ထိုးထားဖို့ လိုပါမယ်။အပြင်ထွက်တဲ့ အခါတိုင်း၊ လူစုလူဝေးဖြစ်မယ့် နေရာတွေကို သွားတိုင်းမှာပါးစပ်နဲ့နှာခေါင်းစည်းကို သေသေချာချာ တပ်ဆင်ပါ။ နှာခေါင်းစည်းကို စုတ်ပြဲနေတာ၊ စိုနေတာ၊ ညစ်ပေနေတာတွေ ရှိ၊မရှိ သေချာလေး ဆန်းစစ်ပါ။အလုံပိတ်နေရာတွေက ကိုဗစ် ကူးစက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အခုလို ရောဂါဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေချိန်မှာ အလုံပိတ်နေရာတွေ ဖြစ်တဲ့ ဈေးဝယ်စင်တာလိုမျိုး နေရာတွေကို မသွားဖို့ လိုပါမယ်။ ကိုယ်တိုင်ရော မိသားစုဝင်တွေပါ မသွားမိဖို့ ဂရုစိုက်ပါ။ မဖြစ်မနေ သွားရမယ်ဆိုရင် ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာ တပ်ဆင်ဖို့ လိုပါမယ်။ ပြီးရင် အိမ်ပြန်ရောက်တာနဲ့ပိုးသတ်သန့်စင်တာတွေ လုပ်ဖို့ လိုပါမယ်။လက်တွေကို အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်တွေကို ရေနဲ့ ဆပ်ပြာနဲ့ သေချာလေး သန့်စင်ဆေးကြောပေးပါ။အခုချိန်မှာ Omicronကို ကာကွယ်ဖို့ လိုက်နာရမယ့် နည်းလမ်းက လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတာပါ။ တစ်ဦးဦးနဲ့ တစ်ဦး အနည်းဆုံး ၆ ပေ အကွာမှာ နေတာက ရောဂါ ကူးစက်မှုကို ရပ်တန့်နိုင်မှာပါ။တစ်နေ့တာမှာ ကိုင်တွယ်ထိတွေ့ အသုံးပြုမယ့် ပစ္စည်းတွေကို ပိုးသတ်သန့်စင်တာကလည်း ရောဂါပိုး ကူးစက်ခံရနိုင်ခြေကို လျှော့ချတာပါပဲ။ ဖုန်း၊ စားပွဲတွေနဲ့ အခြားသော အသုံးအဆောင်တွေကို အရက်ပြန် အသုံးပြုပြီး ပိုးသတ်သန့်စင်ပေးပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သေသေချာချာ လိုက်နာပြီး ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ omicron ကူးစက်မခံရအောင် ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/top-omicron-variant-symptoms/
လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့
အိပ်၊ စား၊ကာမဆိုတာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါနေတဲ့ အရာတွေပါ။ ကာမ ကိစ္စနဲ့ ပတ်သက်လာရင်လည်း လူတိုင်းက ကာမသုခကို အပြည့်အဝ ခံစားချင်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့နောက်က ကပ်ပါလာနိုင်တဲ့HIVလို ရောဂါပိုးတွေ၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေတော့ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုဆောင်းပါးမှာတော့ HIV ပိုးကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် နည်းလမ်း ၃ ခု အကြောင်း ရှင်းပြပေးချင်ပါတယ်။ဒါကတော့ အမြဲတမ်းလိုလို ကြားနေတတ်တဲ့ အရာပါ။ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ကွန်ဒုံးကို စနစ်တကျ အသုံးပြုတာပါပဲ။ ကွန်ဒုံးတွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ၉၅ ရာခိုင်နှုန်းအထိ ထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။ကွန်ဒုံးနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ ကွန်ဒုံးကို ရွေးချယ်ဝယ်ယူတဲ့အခါ။• သက်တမ်း ကုန်ဆုံးနေတဲ့ ရက်လွန်ကွန်ဒုံးတွေကို မဝယ်ယူရပါဘူး။• ဝယ်မယ့်ကွန်ဒုံးက ကိုယ့်ပစ္စည်းနဲ့ ကွက်တိဖြစ်လောက်မယ့် အရွယ်အစားမျိုးသာ ဖြစ်ရပါမယ်။• ကွန်ဒုံးအထုတ်က ဖြဲထားတာ၊ ချောဆီတွေ စိမ့်ထွက်နေတာမျိုး မရှိရပါဘူး။• ကွန်ဒုံးကို အရမ်းပူလွန်းတဲ့ နေရာတွေမှာ မထားရပါဘူး၊နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း မရှိရပါဘူး။•ဘောင်းဘီအိတ်ကပ်၊ ပိုက်ဆံအိတ်၊ လွယ်အိတ်တွေထဲမှာ အကြာကြီး သိမ်းပြီး ဆောင်တာမျိုးတော့မလုပ်ပါနဲ့။•ကွန်ဒုံးမှာ ပေါက်နေတာ၊ ပြဲနေတာမျိုး ရှိမရှိ သေချာစစ်ပါ။• အနံ့က အောက်သိုးသိုးအနံ့ ဖြစ်နေရင် အသုံးမပြုပါနဲ့။•ချောဆီတွေ ခမ်းခြောက်ပြီး ခြောက်ကပ်ကပ်ကြီး ဖြစ်နေရင် အသုံးမပြုပါနဲ့။• အသုံးပြုမယ့်နေ့မှာ နောက်ဆုံးသက်တမ်းကုန်မယ့် နေ့ကို တစ်ချက်ပြန်စစ်ပါ။• ကွန်ဒုံးထည့်ထားတဲ့ အထုတ်ကို သတိထားပြီး ဖွင့်ပါ။ သွားနဲ့ ကိုက်ဖွင့်လိုက်တာ၊ ကပ်ကြေးနဲ့ ညှပ်တာမျိုးမလုပ်ပါနဲ့။ အခန့်မသင့်ရင် ကွန်ဒုံးပါ ပေါက်ပြီးပြဲသွားနိုင်ပါတယ်။•ကွန်ဒုံးကို မစွပ်ခင်မှာ ပေါက်ပြဲနေတာ၊ ထိခိုက်မှု တစ်စုံတစ်ရာ ရှိ၊ မရှိ အရင်စစ်ဆေးပါ။• ကွန်ဒုံးရဲ့ ဖုဖောင်းနေတဲ့ ထိပ်ကလေးကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပါ။ အဲ့ဒီထိပ်ကလိင်ဆက်ဆံပြီးတဲ့အခါ ထွက်လာမယ့် သုက်ရည်တွေကို အပြင်မထွက်အောင် သိမ်းဆည်းထားဖို့ပါ။•ထောင်မတ်နေတဲ့ လိင်တံထိပ်ကနေ ကွန်ဒုံးအနားသားတွေကို အောက်ကို ဖြည်းဖြည်းချင်း လိပ်ဆွဲပါ။ ဆွဲလို့ အဆင်မပြေတာ၊ အရမ်းကျပ်နေတာ၊ ဆွဲနေရင်းနဲ့ ပြဲသွားတာဆိုရင် လွှင့်ပစ်ပြီး အသစ်တစ်ခု ယူသုံးပါ။• ထိခိုက်ပွန်းပဲ့မှု နည်းစေဖို့နဲ့ ထိုးသွင်းဆက်ဆံတာ ပိုလွယ်သွားအောင် ရေအခြေပြု (Water-based)ချောဆီနည်းနည်းကို ကွန်ဒုံးအပြင်ဘက်ကို သုတ်လိမ်းထားပါ။•သုက်လွှတ်ပြီးသွားချိန် လိင်တံမပျော့သွားခင် အမြန်ဆွဲထုတ်ပြီး ကွန်ဒုံးကို လွှင့်ပစ်ပါ။လိင်တံပျော့သွားတဲ့အခါ စွပ်ထားတဲ့ ကွန်ဒုံးက ချောင်ပြီး အပြင်ကို ကျွတ်ထွက်သွားနိုင်သလို သုက်ရည်တွေပါ စိမ့်သွားနိုင်တာကြောင့်ပါ။• ကွန်ဒုံးကို ဆွဲချွတ်တဲ့အခါ ထိပ်နားကို လက်နဲ့ထိန်းပြီး ကျန်လက်တစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲချွတ်ပေးရပါမယ်။• ပြီးတာနဲ့သုက်ရည်တွေကို အပြင်ဘက် မဖိတ်ကျအောင် သေချာဂရုစိုက်ပြီး အမှိုက်ပုံးထဲ ကွန်ဒုံးကို ပစ်လိုက်ရုံပါပဲ။နောက်ထပ်နည်းလမ်းကတော့ ကွန်ဒုံးအသုံးပြုရတာ မကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ ဒီနည်းလမ်းကတော့ ကြိုတင်ကာကွယ်တဲ့ ဆေး (PrEP) နဲ့ အရေးပေါ် ကာကွယ်ဆေး (PEP) တို့ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီဆေးတွေက ရှာရခက်သလို အတုအပတွေ ပေါနိုင်ပါတယ်။ အရေးပေါ် ကာကွယ်ဆေး (PEP) ကတော့ ဆေးရုံကြီးတွေမှာ သွားရောက် စစ်ဆေးပြသပြီး လိုအပ်မှသာ ဆရာဝန်က ထုတ်ပေးမှာဖြစ်ပါတယ်။• ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။• အဓိကကတော့HIVဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။• HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။• နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။• နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။• ဆေးထိုးအပ်မျှဝေသုံးစွဲရာမှHIVကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။• မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။• ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။• PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။• ဒီဆေးဟာHIVကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။• ၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။• Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။• ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။•လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။• အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အစောဆုံး သောက်ပေးရပါမယ်။• PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရှိတဲ့ဓာတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။• ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ဒီဆေးတွေက သေချာသောက်မယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ကာလသားရောဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးက ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/implementation-is-associated-with-a-rapid-decline-in-new-hiv-infections/
ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့
ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို [မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို] မေမေတွေမှာပဲ ခံစားရတယ်လို့ တော်တော်များများက သိထားကြတာပါ။ တကယ်ကတော့ မိသားစုဝင် အသစ်လေးတစ်ယောက် တိုးပွားလာချိန်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေကြောင့် စိတ်ဓာတ်ကျတာကို မေမေတွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဖေဖေတွေလည်း ခံစားပါသတဲ့။ အထူးသဖြင့်ကတော့အသစ်စက်စက် ဖေဖေတွေပေါ့။ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့ အကြောင်းကတော့ ဘေဘီလေးကို ညဘက်မှာ မကြာခဏဆိုသလို နို့ချိုတိုက်ကျွေးရာမှာ ကူညီပေးရတာ၊ ကလေးက ညဘက် ထငိုလို့ ချော့ရတာတွေလိုမျိုး တာဝန် အသစ်တွေကိုနေ့စဉ်ဘဝမှာ ဟန်ချက်ညီအောင် ထိန်းရတာက ဖေဖေတွေကိုမီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို ခံစားရစေတာပါ။ဘေဘီလေးကို မွေးဖွားပြီး အိမ်ပြန်ခေါ်လာချိန်မှာ ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေက အသစ်စက်စက် ဖေဖေတွေကို စိတ်ဓာတ်ကျတာကို ခံစားရစေတာပါ။ ကြီးကြီးမားမား ပြောင်းလဲမှုက ဖေဖေတွေကို စိတ်ဓာတ်ကျစေတာလို့ ဆိုရပါမယ်။  ဒီလို စိတ်ဓာတ်ကျတာကို ဖေဖေ အယောက် ၁၀၀ မှာ ၁၀ ယောက်လောက်က ခံစားရပါတယ်။ အချို့ဖေဖေတွေဆိုရင် ဘေဘီလေးကိုမေမေ ကိုယ်ဝန်ဆောင်ထားရချိန်ကတည်းက စိတ်ဓာတ်ကျတာကို ခံစားရတာပါ။ဘေဘီလေး မွေးဖွားပြီးချိန်မှာ ခံစားရတဲ့ စိတ်ဓာတ်ကျမှုကို ဖေဖေတွေက ဘေဘီလေးကို မွေးဖွားပြီး ၃ လ ကနေ ၆ လ အကြာမှာ ခံစားရတာ ဖြစ်ပါတယ်။ အသစ်စက်စက် ဖေဖေ ၄ ယောက်မှာ ၁ ယောက်ကတော့မီးဖွားပြီးချိန် စိတ်ဓာတ်ကျမှုကို ခံစားရပါတယ်။ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေခံစားရတာကတော့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့်ပါ။ လူတိုင်းသိထားတာက မေမေတွေက ကိုယ်ဝန်ဆောင်ချိန် နဲ့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ဟော်မုန်းပြောင်းလဲမှု တော်တော်လေး ဖြစ်တယ်လို့ပေါ့။ တကယ်ကတော့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ မေမေတွေတင် မဟုတ်ပါဘူး။ ဖေဖေတွေလည်း ဟော်မုန်း ပြောင်းလဲပါတယ်။ဟော်မုန်းပြောင်းလဲတာအပြင် အခုလို အချက်တွေကြောင့်လည်း ဖေဖေတွေက ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာပါ။အမျိုးသားတွေက သူတို့အိမ်ထောင်ဖက်ရဲ့ အာရုံစိုက်ချစ်ခင်မှုကို အပြည့်အဝ ရရှိချင်သူတွေပါ။ ဘေဘီလေး ရောက်မလာခင်ကတော့ ခွဲဝေပေးစရာ မလိုဘဲ အိမ်ထောင်ဖက်ရဲ့ ချစ်ခင်ဂရုစိုက်မှုကို အပြည့်အဝ ရရှိတယ်ဆိုပေမယ့် ဘေဘီလေး ရောက်လာချိန်မှာတော့ မေမေဖြစ်လာတဲ့ အိမ်ထောင်ဖက်က ဖေဖေအပေါ်မှာ အာရုံစိုက်မှု လျော့သွားပြီး ဘေဘီလေးကို အာရုံစိုက်တဲ့အခါ အရင်ကရခဲ့တဲ့ တဝက်လောက်ပဲ ဂရုစိုက်ခံရတာ။ ဘေးရောက်သွားတယ်လို့ ခံစားရတာတွေကြောင့် စိတ်ဓာတ်ကျလာတာပါ။ဖေဖေဖြစ်လာချိန်မှာငွေကြေးကိစ္စကစလို့ စိတ်ဖိစီးမှုတွေ ပိုများလာသလို အရင်ကထက်ပိုပြီး ဖိအားတွေ များလာတာကလည်း ဖေဖေတွေကို စိတ်ဓာတ်ကျစေနိုင်ပါတယ်။အသစ်စက်စက် ဖေဖေတစ်ယောက်အနေနဲ့ လုပ်ငန်းတာဝန်တွေကိုရော မိသားစုတာဝန်တွေကိုပါ မလစ်ဟင်းအောင် လုပ်ဆောင်ရတာက မလွယ်ပါဘူး။ ဒီလို လုပ်ဆောင်တဲ့အခါ အကုန်လုံးကို ပြည့်စုံအောင် လုပ်ဆောင်ဖို့ မလွယ်ပါဘူး။ ဒီလို ပြည့်စုံအောင် မလုပ်ဆောင်မိတာကြောင့် တာဝန်မကျေဘူးလို့ ခံစားလာရတာကလည်း ဖေဖေတွေကို စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရင်းပါ။ဘေဘီလေး ရလာတဲ့အခါ အရင်ကလောက်အိပ်ရေးဝဝ မအိပ်ရတာ၊ အိမ်ထောက်ဖက်နဲ့ အတူနေချိန် နည်းလာတာ၊ နှစ်ယောက်ကြားက ဆက်ဆံရေး အရင်ကလောက် မရှိတာတွေက ဖေဖေတွေကို စိတ်ဓာတ်ကျစေနိုင်ပါတယ်။ဘေဘီလေးကြောင့် ဖေဖေတွေမှာ ခံစားရတဲ့ စိတ်ဓာတ်ကျတာက မေမေတွေမှာနဲ့ မတူပါဘူး။ များသောအားဖြင့်ကတော့။စိတ်ဓာတ်ကျတာကို ခံစားဖူးတဲ့ အမျိုးသားတွေ နဲ့ မီးဖွားပြီးချိန်မှာ အိမ်ထောင်ဖက် [မေမေ]က စိတ်ဓာတ်ကျမှု ခံစားနေရသူတွေမှာ ဘေဘီလေး မွေးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေ ပိုများပါတယ်။ဘေဘီလေး မွေးဖွားပြီးချိန်မှာ ခံစားရတဲ့ စိတ်ဓာတ်ကျမှုကို ဒီလိုလေး ကျော်လွှားလိုက်ပါ ဖေဖေတို့ရေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/postpartum-depression-in-new-fathers/
ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း
ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း နဲ့ပတ်သက်ပြီး သိထားဖို့ လိုမယ့် ဗဟုသုတလေးတွေကို မျှဝေပေးလိုက်ပါတယ်။ယောက်ျားဖောင်စီး၊ မိန်းမ မီးနေဆိုတဲ့ စကားလေးရှိပါတယ်။ အမျိုးသမီးတစ်ဦးအတွက် မီးနေကာလ (ကလေးမွေးဖွားစဉ်ကာလ)ဟာ အရေးကြီးသလိုကိုယ်ဝန်ဆောင်ကာလဟာလည်း အထူးဂရုတစိုက်ကြည့်ရှုပေးရမယ့် အချိန်လေးပါပဲ။ ဒီအချိန်ကာလမှာ ကျန်းမာရေးပြဿနာ အကြီးအသေးမျိုးစုံနဲ့ ရင်ဆိုင်ရနိုင်တာမို့ ဒီပြဿနာတွေထဲကမှ ဝမ်းချုပ်ခြင်းပြဿနာအကြောင်းကို ဆွေးနွေးမျှဝေပေးပါရစေ။ကိုယ်ဝန်ဆောင်အမျိုးသမီး ထက်ဝက်လောက်ဟာ ကိုယ်ဝန်ရှိစဉ်ကာလတစ်ချိန်ချိန်မှာ ဝမ်းချုပ်ခြင်းပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အဖြစ်များတယ်လို့ ဆိုနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ ပထမဆုံးတစ်ချက်ကတော့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်းထွက်ရှိမှု များပြားလာခြင်းကြောင့်ပါ။ ဒီဟော်မုန်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပိုမိုပြေလျှော့စေပါတယ်။ယေဘုယျအားဖြင့် အူလမ်းကြောင်းထဲက အစာတွေ တစ်နေရာကနေ နောက်ထပ်တစ်နေရာကို ရွေ့လျားနိုင်စေဖို့ အူမှာရှိတဲ့ ကြွက်သားတွေဟာ တင်းတင်းညှစ်လိုက်၊ ဖြေလျှော့ပေးလိုက် တစ်လှည့်စီလုပ်ပေးရပါတယ်။ ပရိုဂျက်စတီရုန်းဟော်မုန်းကြောင့် အူကြွက်သားတွေ ပိုမိုပြေလျော့သွားတဲ့အခါ အစာစီးဆင်းမှု နှောင့်နှေးလာပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ဝမ်းချုပ်တဲ့ ပြဿနာဖြစ်ပေါ်လာရပါတယ်။ကိုယ်ဝန်ဆောင်အားဆေးတွေမှာ ပါရှိတဲ့ သံဓာတ်ဟာလည်း ဝမ်းချုပ်ခြင်းကို အားပေးပါတယ်။ အထူးသဖြင့် သံဓာတ်ပမာဏများများပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေပေါ့။နောက်တစ်ချက်က ဘာလဲဆိုတော့ ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ သားအိမ်ဟာလည်း အရွယ်အစား အထူးကြီးမားလာတာမို့ အူမကြီးအဖျားပိုင်း (rectum)ပေါ်ကို အားများများနဲ့ ဖိချထားတဲ့အခါ ဝမ်းချုပ်စေပါတယ်။ ဒါတွေကတော့ အထင်ရှားဆုံး အကြောင်းရင်းခံတွေပါ။ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း သက်သာစေဖို့ဆိုရင်။အစေ့အဆံတွေ၊ ပေါင်မုန့်တွေ၊ဆန်လုံးညို၊ ပဲ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို နေ့စဉ်စားသုံးပေးရပါမယ်။ ဒီအစားအစာတွေဟာ သင်ဝမ်းမချုပ်အောင် ဝိုင်းဝန်းကာကွယ်ပေးနိုင်မှာပါ။ရေကို ဆာတိုင်း များများသောက်ပေးပါ။ ရေတင်မကပါဘူး။သစ်သီးဖျော်ရည်တွေကိုလည်း တစ်နေ့တစ်ခွက်သောက်ပေးနိုင်ပါသေးတယ်။လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကျင့်ခြင်း စတာတွေဟာလည်းဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။အိမ်သာတက်ချင်ရင် မအောင့်အီးထားပါနဲ့။ တခါတလေ အိမ်သာတက်ဖို့ သင့်ခန္ဓာကိုယ်က အချက်ပြတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် အောင့်အီးထားတတ်ကြပြီး ကြာလာတဲ့အခါ ဝမ်းချုပ်တဲ့ အလေ့အထဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လုပ်လက်စကို ဘေးချပြီး အိမ်သာဆီသာ အမြန်ပြေးပါ။သင်လက်ရှိသုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်အားဆေးမှာ သံဓာတ်ပမာဏ များများကြီးပါနေတယ်။ သင်လည်း သွေးအားနည်းရောဂါဖြစ်မနေဘူး။ ဝမ်းချုပ်တဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်နည်းပါးတဲ့ အားဆေးကို ပြောင်းသောက်သင့်ပါတယ်။ဒါမှ အဆင်မပြေရင်တော့ ဝမ်းပျော့ဆေး၊ ဝမ်းနှုတ်ဆေးသုံးစွဲဖို့ ဆရာဝန်ထံ အကြံဉာဏ်တောင်းခံပါ။ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရှားရှားပါးပါးဆိုသလို တခြားရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဆိုးဆိုးရွားရွား ဝမ်းချုပ်နေတဲ့အပြင် ဗိုက်အောင့်ဗိုက်နာမယ်၊ တချီတချီမှာ ဝမ်းလျှောမယ်၊ အကျိအချွဲတွေ၊ သွေးတွေ ပါလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ဒါ့အပြင် ဝမ်းချုပ်လို့ အိမ်သာတက်တိုင်းညှစ်ရမယ်၊ ဝမ်းတွေမာမယ်ဆိုရင် လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ် (လိပ်ခေါင်းဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုပါ)။ လိပ်ခေါင်းတွေဟာ နေရထိုင်ရ မသက်မသာဖြစ်စေနိုင်ပေမယ့် ဆိုးဆိုးရွားရွား အခြေအနေတွေအထိ ဖြစ်ခဲပါတယ်။ ကလေးမွေးပြီးချိန်မှာ လိပ်ခေါင်းဟာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်နာကျင်လာရင် သို့မဟုတ် ဝမ်းထဲသွေးပါလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်လို့ အတော်လေး သိရှိသွားလောက်ပါပြီ။ ဒါဟာ ကြီးမားထူးခြားတဲ့ ပြဿနာတစ်ခုမဟုတ်ပေမယ့် ပေါ့ပေါ့လေးပစ်ထားသင့်တဲ့ အရာတစ်ခုလည်း မဟုတ်ပါဘူး။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အခြေမဆိုက်ရလေအောင် ကြိုကြိုတင်တင်နဲ့ အစားအသောက်အနေအထိုင်တွေကို ဆင်ခြင်ပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလ ဝမ်းချုပ်ခြင်းကို အေးအေးသက်သာပဲ ဖြတ်ကျော်နိုင်မှာဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/causes-and-tips-for-constipation-in-pregnancy/
နှလုံးရောဂါ ဖြစ်နိုင်ခြေကို တွက်ချက်ခြင်း
နှလုံးရောဂါ အများစုသည် ကုသ၍ရသော၊ ထိန်းချုပ်၍ရသော၊ အဆင့်မြှင့်၍ရသော၊ သွေးပေါင်ချိန် မြှင့်တင်ပေးနိုင်သော၊ ဆေးလိပ်၊ ကိုလက်စထရော ပမာဏ၊ အဝလွန်ခြင်များအတွက် ပြောင်းလဲနိုင်သော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ သို့သော် တချို့သော အဆင့်မြင့် နှလုံးရောဂါများသည် ကုသ၍ မရနိုင်ပါ။သွေးပေါင်ချိန် တက်ခြင်းသည် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းများ အတွက် အဓိကကျသော အကြောင်းအရင်း ဖြစ်ပါသည်။ ထိုအကြောင်းအရင်းများမှာ ကြိုတင်သိရလျှင် ကာကွယ်နိုင်သောအချက် ဖြစ်ပါသည်။ကိုလက်စထရော၊ တရိုင်ဂရစ်စရိုက်၊ မကောင်းသော အဆီ စသော အဆီပမာဏ ပုံမမှန်ခြင်း၊ ကောင်းသော အဆီများ နည်းခြင်း စသည်တို့သည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ဖြစ်ပေါ်နိုင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့သည် အဆီပမာဏ ပုံမမှန်ခြင်းကို ကုသနိုင်ပါသည်။ဆေးလိပ်သောက်သုံးခြင်း၊ ဆေးရွက်ကြီး သုံးစွဲခြင်းတို့သည် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ပို၍ များပြားစေပါသည်။ ထိုဘေးများမှာ အသက်ငယ်စဉ် အချိန်မှစ၍ သုံးစွဲသူများ၊ အလွန်အကျွံ ဆေးလိပ်သောက်သူများ၊ မိန်းကလေး ဆေးလိပ်သောက်သူများအဖို့ ပို၍ ခံရတတ်ပါသည်။ မိမိ မသောက်သော်လည်း ဘေးပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သူများ ရှိလျှင်လည်း ခံရတတ်ပါသည်။ ထိုသည်များကို ရှောင်ကျဉ်ခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို ရှောင်ရှားနိုင်ပါသည်။နေထိုင်မှုပုံစံ ပြောင်းလဲခြင်းသည်လည်း နှလုံးရောဂါ ဖြစ်ပွားခြင်းနှင့် လေဖြတ်ခြင်းကို ၅၀ ရာခိုင်နှုန်းအထိ လျော့ကျစေပါသည်။ အဝလွန်ခြင်းသည်လည်း နှလုံးရောဂါ နှင့် ဆီးချိုရောဂါကို ပိုဆိုးစေသော အချက်တစ်ချက် ဖြစ်ပါသည်။အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုရောဂါသည် နှလုံးရောဂါ ဖြစ်ပွားမှုကို ၂ ဆ မြင့်တက်စေပါသည်။ နှလုံးရောဂါ ဖြစ်နိုင်ခြေ များလာလေလေ သကြားဓါတ် များလာလေလေ ဖြစ်တတ်ပါသည်။ ဆီးချိုကို ကြိုတင် မသိရှိပါက နှလုံးဖောက်နိုင်နှုန်း၊ လေဖြတ်နှုန်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ခြေထောက်ဖြတ်ရခြင်းနှင့် မျက်စိကွယ်ခြင်းများ ဖြစ်လာနိုင်ပါသည်။စိတ်မကျန်းမာ သူများအဖို့လည်း နှလုံးရောဂါနှင့် လေဖြတ်နှုန်း ပို၍ များပြားစေနိုင်ပါသည်။ ဥပမာ စိတ်ဖိစီးမှုများခြင်း၊ လူအသိုင်းအဝိုင်း မဝင်ဆံ့ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓါတ်ကျခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။တစ်နေ့ အရက်တစ်ခွက်၊ နှစ်ခွက် သောက်သုံးခြင်းသည်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါသည်။ သို့သော် သောက်သုံးမှု များလျှင် နှလုံးကြွက်သားများကို ထိခိုက်စေနိုင်ပါသည်။ကိုယ်ဝန်တားဆေးများ၊ ဟော်မုန်းဆေးများသည်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါသည်။• အသက်။ နှလုံးရောဂါသည် အသက်ကြီးလာသည်နှင့် အမျှ ပို၍ ဖြစ်နိုင်ခြေ များပြားလာပါသည်။ အသက်ကြီးလာလေလေ နှလုံးသည် ဇီဝကမ္မ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါသည်။ နှလုံးထိခိုက်လာပြီဆိုလျှင် အသက်အရွယ် ကြီးခြင်းသည်လည်း ကုသမှုအပိုင်းတွင် နှောင့်နှေးစေပါသည်။• လိင်။ အမျိုးသားများသည် သွေးမဆုံးသေးသော အမျိုးသမီးများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပို၍ များပြားပါသည်။ အမျိုးသမီးများ သွေးဆုံးပြီးလျှင် ဖြစ်နိုင်ခြေတူသွားပါသည်။ လေဖြတ်နိုင်ခြေများသည် အမျိုးသားများနှင့် အမျိုးသမီးများတွင် ဖြစ်နိုင်ခြေတူပါသည်။• မိသားစုတွင် ရောဂါပင်ကိုယ် ရှိ၊ မရှိ။ ပထမ မျိုးဆက်များသည် အသက် ၆၅ နှစ် မတိုင်မီ (အမျိုးသမီးများ)၊ အသက် ၅၅ နှစ် မတိုင်မီ (အမျိုးသားများ) သည် နှလုံးရောဂါ နှင့် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေများပါသည်။• လူမျိုးစုများ။ အာရှနှင့် အာဖရိက နိုင်ငံများသည် တခြားသော မျိုးနွယ်စုများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပို၍များပြားပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b1%e1%80%bb/
35 လအရွယ်ကလေးငယ်
တကယ်လို့ သင်ရဲ့ကျောင်းမနေသေးခင်ကလေးက သူ့သူငယ်ချင်းတွေရဲ့မိဘတွေကို ပိုသဘောကျနေတာကိုတွေ့ခဲ့ရင် ဒါကိုတမျိုးမထင်ပါနဲ့။ သူတို့လေးတွေက ညအိပ်ယာဝင်ပုံပြင်ကို အဖေကပဲပြောနိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမေကနေ့တိုင်းကျောင်းလိုက်ပို့နေရာက အဖေကလိုက်ပို့ရင် သူတို့အနေနဲ့ စိတ်ကသိကအောင့်ဖြစ်နိုင်ပါတယ်။ ပိုပြီးသိသာတာကတော့ အိမ်ကနေအကြာကြီးခွဲနေတဲ့ မိဘတွေကို ပြန်တွေ့တဲ့အခါ အနေစိမ်းတာမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ သင့်ကိုအရမ်းသတိရတယ်၊ ခွဲနေရတာကိုမကြိုက်ဘူး၊ ထပ်ပြီးခွဲသွားဦးမှာလား စသဖြင့်ပြောတတ်ကြပါတယ်။ကျောင်းမနေသေးခင်ကလေးတွေအတွက် စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ဘဝက ခွဲခြားဖို့ဟာ ခက်ခဲတဲ့အတွက် သူတို့လေးတွေက လိမ်ပြောကောင်း ပြောနိုင်ပါတယ်။ သင့်ကို လိမ်ညာချင်တဲ့ စိတ်ရင်းစိတ်ခံမရှိကြပါဘူး။တကယ်လို့ သင်ကသင့်ကလေးနဲ့အတူ tea party တွေလုပ်ဖို့၊ အတုံးဆက်တာတွေ board gameတွေ ကစားဖို့ ပျင်းလာပြီဆိုရင် သူကိုတစ်ယောက်တည်းပေးကစားလိုက်ဖို့ ဝန်မလေးပါနဲ့။ တခါတလေ ဒါက သူ့ကိုယ်သူ အားကိုးစေချင် စိတ်ကိုဖြစ်စေပါတယ်။ တခြားနည်းလမ်းအနေနဲ့ သူတို့နဲ့အတူ ချက်ပြုတ်တာတို့ အပင်စိုက်တာတို့ လမ်းလျှောက်တာတို့လုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် သင်အလုပ်လုပ်နေချိန်မှာ စာလုပ်ထားခိုင်းတာမျိုးနဲ့ သင့်အပြုအမူတွေကို အတုယူစေလို့ရပါတယ်။သူတို့လေးတွေ အမှန်မဟုတ်ရင်တောင် သင်စိတ်ချမ်းသာအောင် လိမ်ပြောတတ်ကြပါတယ်။ သူတို့တွေကို မကြောက်လန့်စေပဲ အမှန်အတိုင်းပြောစေဖို့ ကူညီပေးရပါမယ်။ ဥပမာအနေနဲ့ နံရံပေါ်မှာပုံတွေရေးဆွဲထားတဲ့အခါမျိုးမှာဆို နံရံပေါ်ကပုံတွေကိုပြန်ဖျက်ခိုင်းပြီး အရောင်ချယ်တာမျိုးဟာ စာအုပ်၊ စာရွက်ပေါ်မှပြုလုပ်ရကြောင်းရှင်းပြရပါမယ်။ ဒါ့အပြင် တခါတလေမှာတော့ ဟာသလေးတွေပါတဲ့ပုံပြင်လေးတွေနဲ့ ဥပမာပေးပြီးဆုံးမတာမျိုးပြုလုပ်နိုင်ပါတယ်။ကလေးအများစုဟာ ၂-၃နှစ်အရွယ်မှာ သုံးဘီးစက်ဘီးတွေကို ကောင်းကောင်းစီးတတ်ကြပါပြီ။ အဲလိုလုပ်ခြင်းအားဇြင့် သူတု့ိလေးတွေရ့ြဲကီးမားတဲ့ကြွက်သားကို သန်မာစေပြီး ဘယ်လိုအသုံးချရမယ်ဆိုတာသိလာစေပါတယ်။ စစချင်းအနေနဲ့ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အနိမ့်စက်ဘီးလေးတွေနဲ့စတင်လေကျင့်စေခြင်းဟာ သူတို့လေးတွေစိတ်ပူပန်မှုကို လျော့စေပါတယ်။ နောက်ပိုင်းမှာ အမြင့်စက်ဘီးတွေနဲ့ဆက်ကျင့်စေချင်ရင်လည်း ရပါတယ်။ ဒါပေမယ့် သင့်ကလေးငယ်က ၂ဘီးတည်းပါတဲ့ စက်ဘီးကို ဟန်ချက်ထိန်းနိုင်ဦးမှာမဟုတ်သေးပါဘူး။ (ပုံမှန်အားဖြင့် ၄နှစ် ၤအရွယ်လောက်မှ စစီးတတ်ကြပါတယ်။)။သင့်ကလေးငယ်ရဲ့ စူးစမ်းလိုတဲ့စိတ်ရယ် လျှောက်ကစားနေတဲ့အချိန်မှာရယ် Bacteria ရောဂါပိုးတွေနဲ့မထိအောင် ကာကွယ်ပေးဖို့ဆိုတာ အလွန်ခက်ပါတယ်။ ကလေးငယ်တွေက ဗိုက်နာတာ၊ ချောငိးဆိုးတာ၊ အရေပြားအနီကွက်ထွက်တာ၊ အန်တာ၊ ဖျားတာတွေ အလွယ်အကူ ဇြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေကို သင်အကျွမ်းတဝင်ဖြစ်နိုင်ပေမယ့် ဆရာဝန်ကသာ မှန်ကန်တဲ့ရောဂါကို ဆုံးဖြတ်ပေးနိုင်မှာပါ။သင့်ကလေးကို သတ်မှတ်ထားတဲ့ လိုအပ်တဲ့ ကာကွယ်ဆေးအားလုံးထိုးထားသင့်ပါတယ်။တုပ်ကွေးရာသီလားရောက်ပြီလားဆိုတာလည်းသိထားသင့်ပါတယ်။ ပုံမှန်အားဇြင် အောက်တိုဘာလ ကနေ မေလအထိဆိုပေမယ့် ရာသီဥတုပေါ်လည်း မူတည်တတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်ကလေးအတွက် တုပ်ကွေးကာကွယ်ဆေးတွေလည်း ထိုးထားပေးလို့ရပါတယ်။တုပ်ကွေးနဲ့ပက်သက်ပြီးအောက်ပါအချက်တွေကို သိထားသင့်ပါတယ်။• ရာသီတုပ်ကွေးဟာ ရိုးရိုးအအေးမိတာထက်ပိုဆိုးပါတတ်ပါတယ်။• တုပ်ကွေးကာကွယ်ဆေးဟာ ၂နှစ်အထက်ကလေးတွေကို ပုံမှန်အားဖြင့်ထိုးပေးလို့ရပါတယ်။ ၆လအထက် ကလေးတွေကိုထိုးပေးလို့ရတဲ့ တုပ်ကွေးကာကွယ်ဆေးတွေလည်း ရှိတဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။• Centers of Disease Control (CDC) ကတော့ ၆လကလေးကနေစပြီး နစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပေးသင့်တယ်လို့အကြံပြုထားပါတယ်။• ကလေးတွေကို အနီးကပ်ပြုစုပြီး မိဘတွေကိုယ်တိုင်လည်း ကာကွယ်ဆေးထိုးထားသင့်တယ်လို့ဖော်ပြထားပါတယ်။• ကာကွယ်ဆေးထိုးပြီးစမှတော့ အဖျားနည်းနည်းရှိတတ်ပါတယ်။ ပိုးဆိုးလာရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြန်တိုင်ပင်သင့်ပါတယ်။သင့်ကလေးငယ်ဟာ အိပ်ချိန်ဆင့်ကဲပြောင်းလဲမှုတွေ များတဲ့အတွက် သင့်ထက်ပိုပြီး အကြိမ်များများနိုးနိုင်ပါတယ်။ ဒါကြောင့် သူကိုပြန်အိပ်ပျော်အောင် ဘယ်လိုချော့သိပ်ရမလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ကလေးကို ကောင်းကောင်းအိပ်ပျော်စေဖို့နည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။• အိပ်ရာ အကြီးဆီကို ခေါ်သွားပြီးတော့ ဆက်ချော့သိပ်ပါ။• သူတို့အိပ်ချိန်မှာ ဘာတွေတောင်းဆိုတတ်လည်းဆိုတာကို သိထားပြီး နေ့စဉ်အိပ်ချိန်မှာ ဖြည့်ဆည်းပေးပါ။• အိပ်ခါနီး နဖူးလေးကိုနမ်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%81%83%e1%81%85-%e1%80%9c-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bc%e1%80%af%e1%80%85%e1%80%af%e1%80%b1/
အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ
ခုလိုညတွေဆို ဘာရယ်မဟုတ်ဖုန်းတွေသုံးလိုက်၊ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်၊ ပူလို့ဆိုပြီး ထထိုင်လိုက်၊ အိပ်မရဖြစ်လိုက်၊ အိပ်မရလို့ဆိုပြီး လုပ်စရာမရှိ ဖုန်းပြန်ကြည့်လိုက်၊ မျက်စိကြောင်လိုက်၊ အိပ်မရလိုက် လုံးလည် ချာလည် လိုက်ရင်း  မိုးလင်းခဲ့ရပေါင်းများပါပြီ။ တစ်ည နှစ်ညဆိုရင် မသိသာပေမယ့် နည်းနည်း ရက်ဆက်လိုက်ပြီဆိုရင် နေရတာ မကြည်တော့ပါဘူး။ ညမှာ မအိပ်ထားလည်း မနက်ဆို လုပ်စရာရှိတော့ ထရတာပါပဲ။ ဒီလိုနဲ့ ရက်တွေများလာပြီး အကျင့်တွေပျက်လာတော့ နေရတာ ငြီးစီစီဖြစ်လာပါတယ်။ တကယ်တော့ ဒါဟာအိပ်ရေးပျက်လို့ပါ။ အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ က နေရထိုင်ရတာ မကြည်တာတင်မဟုတ်။ ရေရှည်ဆို ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ဦးနှောက်က တစ်ကိုယ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးရတာပါ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဦးနှောက်ဆီကို အချက်ကောင်းကောင်း မပြနိုင်တော့ပါဘူး။ အိပ်နေတဲ့ အချိန်အတွင်းမှာ ဦးနှောက်ဆဲလ်လေးတွေက တစ်နေ့တာ တွေ့ကြုံရသမျှကို မှတ်သားပေးပါတယ်။ မအိပ်ထားရင် ဦးနှောက်က ပင်ပန်းပြီး သူ့အလုပ်သူ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ဒါပြင်အာရုံစူးစိုက်ရတာ၊ မှတ်ရခက်တာတွေ ဖြစ်လာမှာပါ။ ခန္ဓာကိုယ်က တုံ့ပြန်တာ နှေးသွားတဲ့အတွက် မတော်တဆထိခိုက်နိုင်ချေလည်း ပိုများပါတယ်။ နောက်ပြီး အားလုံးသိပါတယ်။ အိပ်ရေးမဝရင် ဘာကို အလိုမကျမှန်းမသိ အလိုလိုနေရင်း စိတ်တိုနေတာပါ။ ဆုံးဖြတ်ချက်ချတာလည်း မှားနိုင်သလို၊ စိတ်ကူးဉာဏ်တွေလည်း မပွင့်တော့ပါဘူး။ရေရှည်မှာ မရှိတာတွေကို ရှိတယ်လို့ ထင်လာမယ်။ အထင်မှားတွေ အမြင်မှားတွေ ဖြစ်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တဲ့။တစ်ခါတစ်လေ အိပ်ငိုက်လွန်းလို့ နေ့လည်ဘက်တွေမှာ ကိုယ့်ကိုယ်ကို မသိလိုက်ဘဲ ခဏလေး အိပ်ပျော်သွားလိမ့်မယ်။ ဒါဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ မတော်တဆ ကားမောင်းနေရင်းနဲ့ ဖြစ်ဖြစ်၊ အမြင့်တက်နေရင်းနဲ့ ဖြစ်ဖြစ် အိပ်ပျော်သွားခဲ့မယ်ဆိုရင် အက်စီးဒင့်ဖြစ်နိုင်ချေ များပါတယ်။အိပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ခုခံအားဓာတ်တစ်မျိုးဖြစ်တဲ့ cytokines ကို ထုတ်ပေးပါတယ်။ သူက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။ နောက်ပြီး လူကိုလည်း အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှ အားပြည့်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။အိပ်ရေးမဝဘူးဆိုရင်ခုခံအားစနစ်တဖြည်းဖြည်း ပျက်ယွင်းလာမှာပါ။ အားမရှိတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာ မဟုတ်သလို နေမကောင်းဖြစ်ပြီးရင်လည်း နာလန်ထူဖို့ ခက်ပါတယ်။ ရေရှည်မှာ ဆီးချိုတို့လို နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။အိပ်စက်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းက အပြန်အလှန် ဆက်စပ်နေပါတယ်။အိပ်ဟောက်ရှူရပ်ရောဂါဖြစ်တဲ့ အိပ်နေတုန်းမှာ အသက်ရှူရပ်ရပ်သွားတာက အိပ်ရေးကို ပျက်စေပါတယ်။ အိပ်နေရင်း နိုးနိုးလာတဲ့အတွက် အိပ်ရေးပျက်ပြီး ခုခံအားကျလာတာကြောင့် ရေရှည်မှာ အအေးမိ၊ တုပ်ကွေး ဖြစ်လွယ်ပါတယ်။ ဒါ့ပြင် နဂိုရှိပြီးသား ရောဂါအခံဖြစ်တဲ့ နာတာရှည် အဆုတ်ရောဂါတွေကိုလည်း ပိုဆိုး စေပါတယ်။အစားကလည်း အများကြီးစားမယ်၊ လေ့ကျင့်ခန်းလည်း မလုပ်တဲ့ အပြင် အိပ်ရေးပါထပ်ပျက်ဦးမယ်ဆိုရင် အဝလွန်လာဖို့ မကြာတော့ပါဘူး။ အိပ်စက်ဖြင်းကဆာလောင်ခြင်းနဲ့ ပြည့်အင့်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းနှစ်ခု leptin နဲ့ ghrelin အပေါ် သက်ရောက်မှု ရှိပါတယ်။leptinက ပြည့်အင့်ခြင်းကို ဖြစ်စေပါတယ်။ အိပ်ရေးပျက်လို့ ရှိရင် ဦးနှောက်မှာ leptinနည်းပြီး ဆာလောင်စေတဲ့ ghrelinများလာပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်လေ ဗိုက်ဆာလေ ဖြစ်တာပေါ့။နောက်တစ်ခုက အိပ်ရေးပျက်ရင် ပင်ပန်းပြီး လေ့ကျင့်ခန်း မလုပ်နိုင်တော့ပါဘူး။ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် ကြာလာတော့ ဝိတ်တက်လာတာပေါ့။အိပ်ရေးပျက်လို့ရှိရင် အင်ဆူလင်လည်း အထွက်များလာပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။ အင်ဆူလင်များလာရင် အဆီကို သိုလှောင်တာများလာပြီး အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ဖို့ အလားအလာ များလာပါတယ်။အိပ်စက်ခြင်းက သင့်နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာရေး အပြင် သွေးတွင်းသကြားဓာတ်၊ သွေးဖိအား၊ ဆဲလ်များ ရောင်ရမ်းခြင်း စတဲ့ အချက်တွေကိုပါ ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် အိပ်ရေးသာ မဝဘူးဆိုရင် နောက်မှာ နှလုံးနဲ့ပတ်သတ်ပြီး ထိခိုက်မှုတွေ ဖြစ်လာမှာပါ။ လေ့လာချက်တွေအရ အိပ်ရေးပျက်တာက နှလုံးသွေးကြောပိတ်တာ၊လေဖြတ်တာနဲ့ ဆက်စပ်မှုရှိနေပါတယ်တဲ့။ဟော်မုန်းတွေ ထုတ်တာက အိပ်စက်ခြင်းနဲ့ သက်ဆိုင်နေပါတယ်။တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ဟော်မုန်း ထုတ်နိုင်ဖို့အတွက် အနည်းဆုံး ၃နာရီလောက် ဆက်တိုက်အိပ်ထားရပါမယ်။ ညမှာ အိပ်ရေးပျက်ပြီး ခဏခဏ ထရတာက ဟော်မုန်းထုတ်တာကို ထိခိုက်စေပါတယ်။ကလေးတွေနဲ့ လူငယ်တွေမှာလည်း ဒီလိုပါပဲ။ သူတို့ကြီးထွားဖို့ လိုအပ်တဲ့growth hormoneက အိပ်ရေးပျက်ရင် အထွက်နည်းသွားပါတယ်။ ဦးနှောက်ထဲမှာ ရှိတဲ့ ပီကျူထရီဂလင်းက ထုတ်ပေးနိုင်ပေမယ့် ပုံမှန်ထုတ်ပေးဖို့ လေ့ကျင့်ခန်းနဲ့ အိပ်စက်ခြင်းက ကူညီပေးပါတယ်။ကဲ ဒီလောက်ဆိုရင် အိပ်ရေးပျက်တာက စိတ်မကြည်တာအပြင် ကိုယ်ထဲမှာပါ တိတ်တဆိတ်ထိခိုက်မှုတွေ ဖြစ်တတ်တယ်ဆိုတာ သိလောက်ပါပြီ။ တစ်ည နှစ်ညဆိုရင် ပြဿနာ မရှိပေမယ့် ရေရှည်မှာ ကျန်းမာရေးမထိခိုက်အောင် ပုံမှန်အိပ်ချိန်နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ အကြံပြုလို့ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/effects-of-sleep-deprivation/
ကမ္ဘာ့အကျန်းမာဆုံး လူသားတွေရဲ့ အိပ်ချိန် စည်းမျဉ်း (၈) ခု
ပြည့်ဝလုံလောက်တဲ့အိပ်စက်ချိန်က လူတစ်ယောက် ကျန်းမာပျော်ရွှင်စေဖို့ရောအသက်ရှည်စေဖို့ကိုပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ကမ္ဘာ့အကျန်းမာဆုံး လူသားတွေရဲ့ အိပ်ချိန် စည်းမျဉ်း (၈) ခု အကြောင်း လေ့လာလိုက်စို့နော်။ကိုစတာရီကာ၊ ဂရိနဲ့ ဂျပန် တို့လို အသက်ရှည်သူ အများဆုံးရှိတဲ့ နိုင်ငံတွေမှာ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေ များတဲ့ အပြင် ကျန်းမာရေးလည်း ပိုကောင်းကြပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှု နဲ့ အလေ့အထဆိုင်ရာ လျှို့ဝှက်ချက်တွေ ဆိုတာလည်း တကယ်တော့ ထူးထူးခြားခြား မရှိနေပါဘူး။ သူတို့က။ကမ္ဘာ့နေရာ အနှံ့ က နေရာတိုင်းမှာ နိစ္စဓူဝ လှုပ်ရှားလုပ်ကိုင်မှု တွေက ဒီလို ကွာခြားနိုင်တယ် ဆိုပေမယ့် တူညီနေတာ တစ်ခုက အိပ်စက်ခြင်း အလေ့အကျင့် ကောင်းမွန် မှန်ကန်တာပဲ ဖြစ်ပါတယ်။ တကယ်တော့အိပ်စက်ခြင်းဟာ လူ့ကျန်းမာရေးအတွက် အရမ်းကိုအရေးကြီးတာ ဖြစ်ပါတယ်။တစ်ညကို ၇ နာရီ/၈နာရီ အိပ်စက် အနားယူနိုင်ဖို့ ဦးစားပေး ပြောကြပေမယ့် ပိုအသေးစိတ်တာ ရှိပါသေးတယ်။ အိပ်စက်ခြင်း မှန်ကန်ဖို့ ဒီအချက် ၈ ချက်နဲ့ ညီ မညီ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လို့ ရပါတယ်။(၁) ကိုယ့် အိပ်စက်ခြင်း ကို ဟောက်သံ နဲ့ ဆန်းစစ်ပါ။ဥပမာ ဟောက်သံ သိပ်ကျယ်တဲ့သူလား၊ အိပ်ရာနိုးရင် အရမ်းမောပန်းနေတတ်လား စတဲ့ ဟောက်ခြင်း နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ သတိထားရပါမယ်။(၂) အိပ်ရာခင်း နဲ့ ခေါင်းအုံးကို သက်သောင့်သက်သာအဖြစ်ဆုံးဖြစ်အောင်ထားပါ။သန့်ရှင်းမှုရော၊ သက်သောင့်သက်သာဖြစ်မှု ကိုပါ တန်းတူ အလေးထားရပါမယ်။(၃) အိပ်ခန်းမှာ အပူချိန်ကို ထိန်းညှိပါ။ဥပမာ(65°F)။(၄) အိပ်ရာမဝင်ခင် မီးအလင်းရောင်ကို လျှော့ပါ။မှောင်နေရင် လူတွေက ပိုအိပ်ပျော်ကြပါတယ်။(၅) အိပ်စက်နေချိန် အနှောင့်အယှက်ပေးမယ့်အလင်းရောင်မျိုးမထားပါနဲ့။ဥပမာ- မီးလုံးလေး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ နှိုးစက်။(၆) အီလက်ထရောနစ်ပစ္စည်းတွေ အနား မထားပါနဲ့။ကွန်ပျူတာ၊ တီဗီ၊ လက်ကိုင်ဖုန်း စတာတွေကို အိပ်ရာဘေးမထားပါနဲ့။(၇) အိပ်ရာထဲ ဖုန်းမကြည့်ပါနဲ့။ဖုန်းကြည့်ရင်း အိပ်ချိန်တွေ ကျော်သွားပြီး အိပ်ရေးပျက်ပါတော့တယ်။(၈) အိပ်ရာထဲမှာ အိပ်တာကလွဲရင် ဘာမှမလုပ်ပါနဲ့။အိပ်ရာထဲ တီဗီကြည့်တာ၊ မုန့်စားတာ၊ လှိမ့်လိုက်စာဖတ်လိုက်လုပ်တာ၊ တခြားအလုပ်တွေ လုပ်တဲ့ အကျင့် ရှိတဲ့အခါ ညဘက် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ခြေ နည်းစေတတ်ပါတယ်။ဒီအချက်တွေ ကိုယ်နဲ့ ဘယ်နှချက် ကိုက်ညီ/လွဲချော်နေပါသလဲ။ အသက်လေးရှည်စေလို ခြင်ထောင်အရိပ်ခိုဖို့ လည်း အရေးကြီးပါတယ်နော်။ဒီလိုပြောလို့လည်း မထတမ်း အရမ်းအိပ်ဖို့လည်းမလိုပါဘူး၊ လျှော့အိပ်ဖို့လည်း မသင့်ပါဘူး။အိပ်စက်ခြင်း နဲ့ ပတ်သက်တဲ့ အမူအကျင့် သေးသေးလေးတွေကို ပြုပြင်လိုက်တာ နဲ့ ကျန်းမာရေး မှာ ထူးခြားတဲ့ ကောင်းကျိုး ရလာမှာ သေချာပါတယ်။ နိုးထလာတဲ့ မနက်ဖြန်တိုင်း လူသစ်စိတ်သစ် ကျန်းမာခြင်း အသစ် တွေ မွေးဖွားလာစေမှာ မယုံမရှိပါနဲ့။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/8-rules-for-healthy-sleep/
မျက်စိ ပြဿနာများနှင့် ဆီးချိုရောဂါ
သွေးတွင်းသကြားဓာတ်မြင့်မားခြင်းဟာ အမြင်အာရုံဝေဝါးခြင်း၊ အမြင်လွှာရောဂါဖြစ်ခြင်း၊ တိမ်ဖြစ်ခြင်း စတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ဆီးချိုရှိသူများဟာ မျက်စိ ဆရာဝန်ဆီမှာ ပုံမှန်ပြသသင့်ပါတယ်။အမြင်အာရုံဝေဝါးခြင်းဟာ ဆီးချိုရှိသူတွေမှာ ကြုံရတတ်တဲ့ပြဿနာတခု ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် တက်လာတဲ့အခါ မျက်စိရဲ့ မှန်ဘီလူးဟာ ရောင်ရမ်းလာပြီး အမြင်အာရုံမှာ အပြောင်းအလဲ ဖြစ်သွားပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သွေးတွင်းသကြားဓာတ်ကို ပုံမှန် အတိုင်းအတာတစ်ခုမှာ ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အမြင်အာရုံ ပုံမှန်ပြန်ဖြစ်စေဖို့ ၃လလောက် အချိန်ယူရပါတယ်။ဆီးချိုရှိသူတွေဟာ တခြားသူတွေထက် ရေတိမ်ဖြစ်နိုင်ခြေ ၄၀%များပါတယ်။ အသက်အရွယ် အရလည်း ပိုဖြစ်တတ်ပါတယ်။ မျက်လုံးအတွင်းပိုင်းမှာ ဖိအားများလာပြီး အရည်များကောင်းကောင်း မစီးဆင်းနိုင်ရင် ရေတိမ်ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွေးကြောများ၊ အမြင်အာရုံကြောများကို ထိခိုက်စေပြီး မျက်စိကွယ်နိုင်ပါတယ်။ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကြီးကြီးမားမား အမြင်အာရုံချို့ယွင်းမှသာ သတိပြုမိတတ်ကြပါတယ်။ ခေါင်းကိုက်ခြင်း၊ မျက်လုံးကိုက်ခြင်း၊ အမြင်အာရုံဝါးခြင်း၊ အလင်းရောင်တဝိုက် အလင်းစက်ဝန်းများ မြင်နေတတ်ခြင်း၊ မျက်ရည်ကျခြင်း စတာတွေကြုံလာရင် သတိပြုသင့်ပါတယ်။တွေ့ရအများဆုံးရေတိမ် အမျိုးအစားကတော့ အရည်စီးဆင်းမှုကို တပိုင်းတစသာ ပိတ်စေတဲ့ ရေတိမ်ပဲ ဖြစ်ပါတယ်။ မျက်လုံးအတွင်း ဖိအားနည်းစေခြင်း၊ အရည်များ စီးဆင်းစေခြင်း စတာတွေနဲ့ ရေတိမ်ကို ကုသနိုင်ပါတယ်။မျက်စိရဲ့မှန်ဘီလူးဟာ ပုံရိပ်တွေကို ချိန်ညှိပြီး မြင်စေနိုင်ပါတယ်။ အတွင်းတိမ်ဖြစ်လာရင် ပုံမှန်ကြည်လင်နေတဲ့ မှန်ဘီလူးဟာ နောက်သွားပြီး ပုံရိပ်တွေကို ဝါးစေပါတယ်။ ဘယ်သူမဆို အတွင်းတိမ်ဖြစ်ပွားနိုင်ပေမယ့် ဆီးချိုရှိသူတွေမှာ ၆၀% ပိုဖြစ်တတ်ပါတယ်။ ဆီးချိုရှိသူတွေဟာ ငယ်စဉ်ကတည်းက အတွင်းတိမ်ဖြစ်ပွားတတ်ပြီး အခြေအနေဟာ မြန်မြန်ဆန်ဆန်ပဲ ဆိုးရွားလာတတ်ပါတယ်။သာမန်အတွင်းတိမ်လောက်ကို မျက်မှန်၊ မျက်ကပ်မှန် စတာတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ အတွင်းတိမ်ဟာ နေ့စဉ်ဘဝမှာ ပြဿနာတစ်ခုဖြစ်လာပြီး မျက်မှန်၊ မျက်ကပ်မှန်များနဲ့ မသိသာတဲ့အခါ ခွဲစိတ်သင့်ပါတယ်။ မှန်ဘီလူးကိုဖယ်ရှားပြီး ပြုလုပ်ဖန်တီးထားတဲ့ မှန်ဘီလူးနဲ့ အစားထိုးပေးပါလိမ့်မယ်။သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းဟာ မျက်စိအမြင်လွှာကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရှိတာ ကြာလေလေ၊ ပိုပြီး ဖြစ်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းနိုင်မယ် ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းစေမှာ ဖြစ်ပါတယ်။ဆီးချိုအမျိုးအစား ၁ရှိတဲ့ အရွယ်မရောက်သေးသူများမှာ ဆီးချိုကြောင့် အမြင်လွှာထိခိုက်ခြင်း ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အရွယ်ရောက်ပြီးချိန်မှာလည်း ဆီးချိုအမျိုးအစား ၁ ဖြစ်တာဟာ အနည်ဆုံး ၅နှစ် မရှိသေးရင် အမြင်လွှာ ထိခိုက်ခြင်းဟာ ရှားပါးပါတယ်။မျက်စိပြဿနာတွေကို ကာကွယ်ဖို့အတွက် ဆီးချိုရှိသူတွေဟာ သွေးတွင်းသကြားဓာတ်နဲ့ သွေးတိုးခြင်းကို ထိန်းထားနိုင်ဖို့၊ ဆေးလိပ်ဖြတ်ဖို့၊ အလုံးစုံကျန်းမာရေး တိုးတက်စေဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetes-and-eye-complications/
မိခင်နို့တိုက်ကျွေးခြင်းက ကလေးပန်းနာရင်ကျပ် ဖြစ်ပွားနိုင်ခြေ လျော့နည်းစေသည်
ပန်းနာရင်ကျပ်ရောဂါဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုကြောင့် ဖြစ်ပြီး ချောင်းဆိုးခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်းနဲ့ မောပန်းခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအခြေအနေဟာ များသောအားဖြင့် ကလေးဘဝမှာ အဖြစ်များတတ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေဟာ လူတစ်ဦးချင်းစီပေါ်မူတည်ပြီး မပြင်းထန်ရာကနေ ပြင်းထန်တဲ့ အခြေအနေတွေ အထိ ရှိတတ်ပါတယ်။ Dutch လေ့လာမှုတစ်ခုအရ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကာကွယ်ပေးမှုကိုတော့ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခဲ့တဲ့ ကလေးငယ်တွေမှာ အတွေ့များဆုံး ဖြစ်ပါတယ်။မိခင်နို့ မတိုက်ကျွေးတဲ့ကလေးငယ်တွေဟာ မိခင်နို့တိုက်ကျွေးတဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေ ဖြစ်ပွားဖို့ ၅၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ နို့နဲ့ အခြားအစာအမာတွေကို စားသောက်သူတွေဟာ အသက်ရှူစဉ် အသံမြည်ခြင်းဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။ ပိုမိုကြာရှည်စွာ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသူတွေဟာ ပန်းနာရင်ကျပ်ရောဂါ ပိုမိုကာကွယ်နိုင်တာကို တွေ့ရပါတယ်။ကလေးငယ် ၅၀၀၀ ကျော်ပါတဲ့ လေ့လာမှုတစ်ခုကို နယ်သာလန်မှာ လုပ်ခဲ့ပါတယ်။ ကလေးငယ်တွေကို သူတို့ရဲ့ မိခင်နို့သောက်ခြင်းနဲ့ စားသောက်ခြင်း အလေ့အထတွေကို မေးမြန်းခဲ့ပါတယ်။ ကလေးအသက် တစ်နှစ်ကနေ လေးနှစ်ပြည့်တဲ့အထိ ကလေးပန်းနာရင်ကျပ်လက္ခဏာတွေနဲ့ ပတ်သက်ပြီး မိခင်တွေဟာ နှစ်စဉ် ဖြေကြားခဲ့ပါတယ်။ ၉၂.၃ ရာခိုင်နှုန်းသော ကလေးငယ်တွေဟာ အနည်းဆုံး မိခင်နို့တစ်ကြိမ် သောက်ခဲ့ရတာကို တွေ့ရှိခဲ့ပြီး ၈၀ ရာခိုင်နှုန်းသော ကလေးငယ်တွေကတော့ မိခင်နို့တစ်မျိုးတည်းသောက်ခဲ့ခြင်းနှင့် နို့တိုက်ခြင်းကြာချိန်အချက်အလက်များကို ပြောကြားနိုင်ခဲ့ပါတယ်။ မိဘအတော်များများဟာ သူတို့ကလေးငယ်တွေကို သုံးလခွဲလောက်အထိ နို့တိုက်လေ့ရှိပြီး ၂၁ရာခိုင်နှုန်းကတော့ လေးလအထိ နို့တိုက်လေ့ရှိပါတယ်။တစ်ကြိမ်မှ မိခင်နို့တိုက်မခံရတဲ့ကလေးငယ်တွေဟာ ၆လ အထိ နို့တိုက်ခံရတဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် အသက်ရှူစဉ် အသံမြည်ခြင်းကို ခံစားရရုံသာမက မောခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ သလိပ်ထွက်ခြင်းအစရှိတာတွေကို ပထမ လေးနှစ်လောက်အတွင်း ခံစားရနိုင်ပါတယ်။သိပ္ပံပညာရှင်တွေက မိခင်နို့တစ်မျိုးတည်း တိုက်ခြင်းဟာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နှုန်းကို ဘယ်လိုလျှော့ချပေးသလဲဆိုတာကိုတော့ သိရှိခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့လေ့လာမှုတွေအရ မိခင်နို့တစ်မျိုးတည်းတိုက်ခြင်းရဲ့ ကိုယ်ခံအားနဲ့ အစာခြေစနစ်အပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုတွေဟာလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။ ရလဒ်အနေနဲ့ မိခင်တွေဟာ ကလေးငယ်တွေကို အသက် ၄ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသင့်ပါတယ်။ဖေါ်ပြခဲ့တဲ့ စောင့်ကြည့်လေ့လာသော သုတေသနတွေမှာ ဘက်လိုက်မှုတွေ ဖြစ်နိုင်ပေမယ့် သူတို့ဟာ မိခင်နို့တိုက်ကျွေးခြင်း၏ ကောင်းမွန်တဲ့ အချက်အလက်တွေကို ဖေါ်ပြနိုင်စွမ်းရှိပါတယ်။ မိခင်နို့ရဲ့ အခြား ကောင်းကျိုးတွေကတော့ ကလေးအတွက် ရောဂါပိုးဝင်နှုန်း နည်းပါးခြင်း၊ မိခင်အတွက် မမျိုးဥအိမ်နဲ့ ရင်သားကင်ဆာ ဖြစ်နှုန်းနည်းပါးခြင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်တွေဟာ အတတ်နိုင်ဆုံးကလေးကို မိခင်နို့တိုက်ကျွေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84-2/
စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ်
စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းက လူတစ်ယောက် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်မှ နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်မှာ ဖြစ်သလိုစိတ်ခံစားမှုပိုင်းဆိုင်ရာရောလူမှုဆက်ဆံရေးပါ ကောင်းမွန်မှာဖြစ်ပါတယ်။ဒီတော့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အတော်လေး အရေးပါတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ နေ့စဉ် တွေ့ကြုံနေရတဲ့ အခြေအနေတွေ အစားအသောက်တွေနဲ့ ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေကရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသလိုစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနည်းတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှ နေ့စဉ်နဲ့အမျှ တွေ့ကြုံခံစားနေရတဲ့ ဖိအားတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ပြီးကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှု ပုံစံကို ဖန်တီးနိုင်မှာပါ။ အပြောင်းအလဲတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဒီလို ကျန်းမာနေဖို့ အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။စိတ်ကျန်းမာရေး ထိခိုက်နေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တာလေးတွေ ရှိပါတယ်။ ဒါတွေကတော့။စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ် လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/why-is-mental-health-important/
ကိုယ်ဝန်ဆောင်စဉ်လုပ်နိုင်သော ယောဂအတွက် သင့်ဇနီးကို အကူအညီပေးခြင်း
ယောဂသည် တစ်ကိုယ်လုံးကိုကျန်းမာစေသည်။ ကိုယ်ဝန်ရှိနေစဉ် ယောဂလုပ်ခြင်းသည် သင့်ဇနီး၏ ကိုယ်ခန္ဓါကိုကောင်းမွန်စေပြီး စိတ်အခြေအနေများကိုလည်း မျှတစေနိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ် လုပ်နိုင်သောယောဂသည် မိခင်လောင်းလျာအတွက် လိုအပ်သည့် ခန္ဓါကိုယ်ကိုပြောင်းလဲပေးစေနိုင်ရုံသာမက မီးဖွားစဉ်နှင့် မီးဖွားပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ကြိုတင်ပြင်ဆင်ပေးနိုင်ပါသည်။ သို့သော် သင့်ဇနီးနှင့် ရင်သွေးကိုပါ အန္တရာယ်ကင်းစေရန်အတွက် အကူအညီပေးနိုင်သည်များ ရှိပါသေးသည်။သူမလုပ်မည့် လေ့ကျင့်ခန်းအစီအစဉ်ကို ဆရာဝန်အားပြောပြပြီး ခွင့်ပြုချက်ယူပါ။ သင့်ဇနီးတွင် ကလေးကိုထိခိုက်စေနိုင်မည့် ကျန်းမာရေးပြဿနာ သို့မဟုတ် အန္တရာယ်ရှိနေပါက ယောဂလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ကိုယ်ဝန်ဆောင်စဉ်တွင် သင့်ဇနီးသည် နည်းပြနှင့်သာ ယောဂလုပ်သင့်ပါသည်။ သူမအခြေအနေနှင့်ပါတ်သတ်ပြီး နည်းပြကို အသိပေးပါ။ ထိုမှသာ သူမနှင့်သင့်တော်မည့် ကိုယ်ဟန်ပုံစံများကို ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။သူမစွမ်းနိုင်သမျှသာအကောင်းဆုံးလုပ်ဆောင်ရန် ဇွတ်တွန်းပြီးမလုပ်ရန် သူမကို အားပေးပြောကြားပါ။ ကလေးရှိနေစဉ်တွင် သူမ၏ခန္ဓါကိုယ်မှာ အထိခိုက်မခံဖြစ်တတ်ပါသည်။ ကလေးကို အလွယ်တကူ ထိမိခိုက်မိသွားစေနိုင်သည်။ ထို့ကြောင့် ကိုယ်ဟန်ပုံစံများကို ဖြည်းဖြည်းသာလုပ်ရန် နာသည်နှင့်ရပ်ရန် အကြံပြုသင့်ပါသည်။ရေဓါတ်ဖြည့်ခြင်းသည် ကိုယ်ဝန်ဆောင်စဉ်တွင် အရေးကြီး၏။ ရေဓါတ်ခမ်းခြောက်ပါက အထူးသဖြင့် ကိုယ်ဝန်နောက်ပိုင်းတွင် လမစေ့ပဲမွေးခြင်း သို့မဟုတ် စောလျင်စွာ ဗိုက်နာလာခြင်းတို့ ဖြစ်တတ်ပါသည်။ သင်တန်းသွားတိုင်း ရေအလွယ်တကူသောက်နိုင်ရန် ရေဗူးယူသွားဖို့ သတိပေးပါ။ပူစေသည့်ယောဂများကို များသောအားဖြင့် ပူနွေးစိုစွတ်သည့် အခန်းများတွင် ပြုလုပ်ရလေ့ရှိသည်။ ထို့ကြောင့် အပူလွန်ကဲခြင်း ဖြစ်လာစေနိုင်ပြီး သင့်ရင်သွေး၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကလေးရော မိခင်လောင်းပါ အဆင်ပြေစေရန်အတွက် အေးမြသောနေရာတွင်သာ လေ့ကျင့်ရန် သူမကိုအကြံပြုပေးပါ။သန္ဓေသားအတွက် လုံးဝမသင့်လျော်သည့် လှုပ်ရှားပုံများ ရှိပါသည်။ ကျောဖက်ကို ဖိအားပေးရသည့် ကိုယ်ဟန်ပုံစံကို ရှောင်သင့်၏။ ကျောရိုးပုံမှန်အတိုင်းကွေးနေစေရန် တင်ပါးများကို ကွေးခြင်းမျိုးကို ပြုလုပ်နိုင်ပါသည်။ ကြွက်သားများကို ဆန့်ထုတ်ရမည့်ဟာများ အထူးသဖြင့်ဗိုက်ကြွက်သားများကို ဆွဲဆန့်ရန်လိုသည့် ပုံစံများကိုတော့ လုံးဝရှောင်ကြဉ်ရပါမည်။Twist posture ပုံစံကို လုပ်သည့်အခါမျိုးတွင် ဗိုက်အပေါ်ဖိအားလျော့စေရန် ခါးကိုအားပြုမည့်အစား ပုခုံးကို အားပြုသင့်သည်။ Deep Twist ကိုတော့ ကိုယ်ဝန်ဆောင်စဉ် ရှောင်ကိုရှောင်ရမည်ဖြစ်သည်။ ထိုအပြင် ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ပြောင်းပြန်နေရသည့် ပုံစံများ သို့မဟုတ် ခေါင်းကို နှလုံးလယ်ဗယ်အောက်ထိ ရောက်အောင် ငုံ့ရသည့်ပုံစံများကို ရပ်လိုက်သင့်ပါသည်။မိမိဇနီးအတွက် ဘယ်လိုပုံစံက သင့်လျော်စိတ်ချရသည်ကို သိလိုပါက သူမ၏ နည်းပြနှင့် ဆက်လက်ဆွေးနွေးနိုင်ပါသည်။သူမ၏ စွမ်းဆောင်နိုင်ရည်နှင့် ခန္ဓါကိုယ်အပေါ်ကို အမြဲအာရုံစိုက်ပါ။ ယောဂကိုယ်ဟန်တစ်ခုလုပ်စဉ် အဆင်မပြေုဖစ်လာပါက ရပ်ဖို့ပြောပါ။ သူမလှုပ်ရှားမှုအတွက် အကန့်အသတ်ထားသင့်ကြောင်း၊ ထို့အကန့်အသတ်အတွင်းမှာသာ လုပ်လျှင် နာကျင်မှုရှိမည်မဟုတ်ကြောင်း ပြောပြပါ။ ကိုယ်ဝန်ဆောင်စဉ် လုပ်နိုင်သည့် ယောဂလေ့ကျင့်ခန်းများကို ဖြည်းဖြည်းမှန်မှန်နှင့် အန္တရာယ်ကင်းသည့်နည်းအတိုင်းလုပ်ခြင်းက ပိုကျန်းမာစေသည့်ကိုယ်ဝန်ကို ဆောင်စေနိုင်မည်ဖြစ်ပြီး မီးဖွားခြင်းအတွက်လည်း အဆင်သင့်ပြင်ဆင်ပြီး ဖြစ်စေပါလိမ့်မည်။သူမ၏ခင်ပွန်းတစ်ယောက်အနေဖြင့် ဇနီးကိုယ်ဝန်ဆောင်စဉ် ပုံမှန်မဟုတ်သည့် လက္ခဏာများဖြစ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ဗိုက်နာခြင်း၊ ကလေးအလှုပ်နည်းခြင်းတို့ကို သတိထားပေးပါ။ ထိုအခြေအနေများ သူမတွင်ဖြစ်လာပါက ဆရာဝန်နှင့် တတ်နိုင်သလောက် အမြန်ဆုံးဆက်သွယ်ရပါမည်။ကိုယ်ဝန်ရလာသည်နှင့် သူမ၏ယောဂလေ့ကျင့်ခန်းများကို အရှုံးပေးလိုက်ရန် မလိုပါ။ ကိုယ်ဝန်ဆောင်စဉ် တက်ကြွလှုပ်ရှားနေခြင်း၏အကျိုးများက အလွန်များပါသည်။ ကိုယ်ဝန်ဆောင်စဉ် လုပ်ဆောင်နိုင်သည့် ယောဂသည် အကောင်းဆုံးရွေးချယ်မှုဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်တစ်ခုနှင့် တစ်ခု လူတစ်ဦးနှင့်တစ်ဦး မတူပါ။ သူမအတွက် အားလုံးအဆင်ပြေစေရန် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်ပါသည်။ အထက်ပါအချက်များကို လိုက်နာခြင်းကလည်း သင့်ဇနီးသည်ကို အကူအညီရစေပြီး မျှော်လင့်နေသည့် ရင်သွေးပါ အန္တရာယ်ကင်းစေမည် ဖြစ်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%94%e1%80%af/
ကိုဗစ်ဖြစ်ဖူးတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ 63% ပိုများ နေပါတယ်။
လေ့လာမှု အသစ်အရ Covid_19 ကူးစက်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေမှာရုတ်တရက် နှလုံးရပ်နိုင်ခြေ63% ပိုများ နေပါတယ်။ ဒီလို ဖြစ်နိုင်ခြေက အသက်အရွယ်၊ ရောဂါအခံရှိတာတွေနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ကိုဗစ်က ပြန်သက်သာလာပြီး ၁ နှစ်တာကာလအတွင်းမှာ ဖြစ်နိုင်ခြေ အများဆုံးပါ။လေ့လာမှု ရလဒ်တွေအရ ကိုဗစ်ဖြစ်ဖူးပြီး ပြန်သက်သာလာတဲ့သူတွေမှာ ရုတ်တရက် နှလုံးရပ်တာ၊နှလုံးထိခိုက်တာနဲ့၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။ဒီလေ့လာမှုကို St Louis မှာရှိတဲ့ ဝါရှင်တန် တက္ကသိုလ်က သုတေသီတွေက။ဆေးလိပ်သောက်တာက ရုတ်တရက် နှလုံးရပ်နိုင်ခြေကို တိုးစေနိုင်သလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ အခု နောက်ထပ် တိုးလာတဲ့ ရုတ်တရက် နှလုံးရပ်နိုင်ခြေကို ခံစားရနိုင်ခြေ တိုးစေတဲ့ အကြောင်းအရင်းတစ်ရပ်က ကိုဗစ် ကူးစက်ခံရတာပါ။ကိုဗစ်မျိုးစိတ် ဘယ်မျိုးစိတ်ပဲ ကူးစက်ခံရသည်ဖြစ်စေ၊ရောဂါ လက္ခဏာပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်သည်ဖြစ်စေ ရောဂါကနေ သက်သာလာပြီး ၁ နှစ်အတွင်း ဒါမှမဟုတ် ၁ နှစ်ကျော်ကာလအတွင်းမှာ ရုတ်တရက် နှလုံးရပ်တာကို ခံစားရနိုင်ခြေက အခြား ကိုဗစ် မကူးစက်ဖူးသူတွေထက် 63% ပိုများနေတာပါ။ဒါတွေအပြင်။ကိုဗစ်ကြောင့် ရုတ်တရက် နှလုံးရပ်တာကို ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးကတော့ကိုဗစ် မဖြစ်အောင် ကာကွယ်တာပါ။ ဒီတော့ ကိုဗစ် မကူးစက်စေဖို့။ကိုဗစ် ဖြစ်ခဲ့ဖူးတယ်ဆိုရင်လည်း နှလုံး ထိခိုက်စေမယ့် ဆေးလိပ်သောက်တာ၊ အယ်လ်ကိုဟော သောက်တာမျိုးတွေကို ရှောင်ကြဉ်ပြီး နှလုံး ကျန်းမာစေမယ့် အလေ့အထတွေကို လိုက်နာပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/heart-attack-risk-that-increases-63-after-getting-covid/
Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း)
မိန်းမကိုယ် အတွင်းနှင့် ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ နှင့် အရေပြားများဟာ တင်ပါးဆုံ အစိတ်အပိုင်းများကို ထောက်ပံ့ပေးပါတယ်။ ထိုထဲတွင် fascia အပေါ်ယံလွှာ လည်းပါဝင်ပါတယ်။ ထိုထောက်ပံ့ပေးနေသော မိန်းမကိုယ် အတွင်းနှင့် ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ နှင့် အရေပြားများ အားနည်းလာပါက မိန်းမကိုယ် ကျွံခြင်း vaginal prolapse ကိုဖြစ်စေပါတယ်။Vaginal prolapse ဆိုသည်မှာ သားအိမ်၊ ဝမ်းအိမ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ အူသိမ်၊ သို့မဟုတ် မိန်းမကိုယ် ကိုယ်တိုင်ဟာ ကျွံထွက်လာခြင်းဖြစ်ပါတယ်။ ကုသမှုမလုပ်ပါက တဖြည်းဖြည်း ပိုကျွံလာနိုင်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Vaginal prolapse ရဲ့ ရောဂါလက္ခဏာတွေက vaginal prolapse အမျိုးအစားပေါ် မူတည်ပါတယ်။အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။မိန်းမကိုယ်ဝန်းကျင်တွင် ခိုးလိုးခုလုခံစားရခြင်း။ တစ်ခုခု ကျလာသလို ခံစားရခြင်း။ရောဂါ ပိုရင့်လာပါက ရောဂါလက္ခဏာများလည်း ပိုဆိုးလာပါတယ်။အောက်ပါတို့မှာ vaginal prolapse မည်သည့်အမျိုးအစားတွင်မဆို တွေ့နိုင်ပါတယ်။-မိန်းမကိုယ် သို့မဟုတ် တင်ပါးစုံ ဝန်းကျင်တွင် တစ်ခုခု ဖိအားများလာသလို ခံစားရခြင်း။-လိင်ဆက်ဆံလျှင် နာကျင်ခြင်း။-မိန်းမကိုယ် အဝတွင် အလုံးတွေ့ခြင်း။-လှဲအိပ်လိုက်ပါက နာကျင်မှု နှင့် ခိုးလိုးခုလု ဖြစ်ခြင်း သက်သာခြင်း။-မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။အောက်ပါတို့မှာ vaginal prolapse အချို့အမျိုးအစားများတွင်သာ တွေ့နိုင်ပါသည်။-ဝမ်းသွားရခက်ခြင်း- ထိုလက္ခဏာမှာ အူ သို့မဟုတ် ဝမ်းအိမ် သို့မဟုတ် မိန်းကိုယ်နံရံ ကျွံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဝမ်းအကုန်သွား ရန် မိန်းမကိုယ် အနောက်ဘက်နံရံကို လက်ချောင်းဖြင့် ဖိရတတ်ပါတယ်။ Splinting ဟုခေါ်ပါတယ်။-ဆီးသွားရခက်ခြင်း- ထိုလက္ခဏာမှာဆီးအိမ်/ အူ /ဝမ်းအိမ် သို့မဟုတ် မိန်းကိုယ်နံရံ ကျွံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။-ဝမ်းချုပ်ခြင်း- ဝမ်းအိမ် ကျွံခြင်းရဲ့ အဖြစ်များဆုံး လက္ခဏာဖြစ်ပါတယ်။-ဆီးအောင့်/ဆီးကျန်ခြင်း- ဆီးအိမ် ရော ဝမ်းအိမ်ပါ တစ်ပြိုင်တည်း ကျွံပါက တွေ့ရသော လက္ခဏာဖြစ်ပါတယ်။-မတ်တပ် အကြာကြီးရပ်ပြီး နာကျင်မှု ပိုဆိုးခြင်း- ထိုလက္ခဏာမှာ အူ / သားအိမ် သို့မဟုတ် မိန်းကိုယ်နံရံ ကျွံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။-မိန်းမကိုယ် အနောက်ဘက် နံရံတွင် အလုံးထွက်ခြင်း- ဝမ်းအိမ် ကျွံခြင်းရဲ့ အဖြစ်များဆုံး လက္ခဏာဖြစ်ပါတယ်။– မိန်းမကိုယ် အရှေ့ဘက် နံရံတွင် အလုံးထွက်ခြင်း- ဆီးအိမ်/ဆီးလမ်းကြောင်း ကျွံခြင်းရဲ့ အဖြစ်များဆုံး လက္ခဏာဖြစ်ပါတယ်။-မိန်းမကိုယ် အဝကျယ်လာခြင်း- မိန်းမကိုယ်နံရံပါ ကျွံကျပါက တွေ့ရသော လက္ခဏာဖြစ်သည်။-အချို့အမျိုးသမီးများတွင် မည်သည့်လက္ခဏာမှ မပြချေ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။မီးဖွားခြင်း(အထူးသဖြင့် ကလေးကြီးပါက)- မီးဖွားခြင်းဟာ မိန်းမကိုယ်အတွင်းနဲ့ ဝန်းကျင်ရှိ ကြွက်သား၊ အရွတ်နှင့် တစ်ရှူးများ ကို ပျက်ဆီးစေသည်။ မီးဖွားချိန်ကြာခြင်း၊ ခက်ခဲစွာမွေးရခြင်း တို့တွင် ပိုဆိုးပါတယ်။ မီးဖွားခြင်းဟာ ဆီးအိမ်ကို မိန်းမကိုယ်ထဲသို့ လည်းကျွံစေပါတယ်။ ဆီးအိမ်ကျွံခြင်း နှင့် ဆီးလမ်းကြောင်းကျွံခြင်း တို့ဟာ တွဲဖြစ်တတ်ပါတယ်။ ထိုအခြေအနေကို cystourethrocele ဟုခေါ်ပါတယ်။-သွေးဆုံးခြင်း- Estrogen ခေါ် အမျိုးသမီး ဟော်မုန်းသည် တင်ပါးဆုံဝန်းကျင် အစိတ်အပိုင်းများ ကို ထောက်ပံ့ပေးသော ကြွက်သားများသန်မာစေရန် ကူညီပေးပါတယ်။ သွေးဆုံးပြီးပါက ထိုဟော်မုန်းနည်းသွားပြီး ကြွက်သားများလည်း အားနည်းလာပါတယ်။-သားအိမ်ထုတ်ခြင်း- သားအိမ်ဟာလည်း မိန်းမကိုယ် ဝန်းကျင် အစိတ်အပိုင်းများ ကို ထောက်ပံ့ပေးပါတယ်။ သားအိမ်ထုတ် လိုက်ပါက မိန်းမကိုယ် ဝန်းကျင် အစိတ်အပိုင်းများသည် မိန်းမကိုယ်အဝဆီသို့ ကျွံကျလာပါတယ်။ vaginal vault prolapse။လို့ခေါ်ပါတယ်။ ထိုအခါ ဘေးရှိ အရွတ်များကိုလည်း ထိခိုက်စေပါတယ်။ သားအိမ်ထုတ်ခြင်းဟာ အူကျွံခြင်းနှင့် တွဲတွေ့ရတတ်ပါတယ်။vaginal prolapse ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။-အသက်အရွယ်ကြီးခြင်း။-အဝလွန်ခြင်း။-အာရုံကြောများ ပုံမမှန်ခြင်း။-တွယ်ဆက်ကြွက်သားများ ပုံမမှန်ခြင်း။-အလွန်ပြင်းထန်သော လှုပ်ရှားမှုများ လုပ်ခြင်း။-တင်ပါးဆုံဝန်းကျင် ခွဲစိပ်မှု မလုပ်ခင်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့vaginal prolapse မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါ လက္ခဏာမပြသော အမျိုးသမီးများတွင် ပုံမှန် အမျိုးသမီး ရောဂါစမ်းသပ် စစ်ဆေးမှုပြုလုပ်ရင်း vaginal prolapse ရှိမှန်း သတိထားမိကြပါတယ်။ အမျိုးသမီးရောဂါ ဆရာဝန်များက ဒီရောဂါကို ရောဂါရာဇဝင်မေးမြန်းခြင်း နှင့် စမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် အတည်ပြုနိုင်ပါတယ်။ ဓါတ်ခွဲစမ်းသပ်မှုများနှင့် ဓါတ်မှန်ရိုက်ခြင်းတို့ မလိုသလောက်ရှားပါတယ်။ဆီးအိမ်လုပ်ငန်း စမ်းသပ်မှု နှင့် တင်ပါးဆုံဝန်းကျင် သန်စွမ်းမှု စမ်းသပ်မှု များပြုလုပ်နိုင်ပါတယ်။Pelvic floor strength test; ဒီစမ်းသပ်မှုဟာ တင်ပါးဆုံဝန်းကျင် ကြွက်သားများ နှင့် အရွတ်များ သန်စွမ်းမှုကို စမ်းသပ်ခြင်းဖြစ်ပါတယ်။ ထိုစမ်းသပ်မှု ပုံမမှန်ပါက vaginal prolapse ရောဂါ အတည်ပြုရာတွင် အထောက်အကူပြုနိုင်ပါတယ်။ဆီးအိမ်လုပ်ငန်း စမ်းသပ်မှု; urodynamics ဟုလည်းခေါ်ပါတယ်။ ဆီးအိမ်၏ ဆီးသိုလှောင်ထားနိုင်မှု နှင့် ဆီးစွန့်ပေးနိုင်မှုစွမ်းရည်ကို စမ်းသပ်ခြင်းဖြစ်ပါတယ်။ နည်းလမ်းနှစ်ခုဖြင့် စမ်းသပ်နိုင်ပါတယ်။ခွဲစိပ် ကုသမှုများ။အထက်ပါ နည်းလမ်းများ နှင့်မသက်သာပါက ဆရာဝန်က ခွဲစိပ်ကုသမှုကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ ခွဲစိပ်ဆရာဝန်နှင့် တွေ့ပါက သင်၏ အသက်၊ ကျန်းမာရေးအခြေအနေ၊ အနာဂါတ် ကိုယ်ဝန်ယူရန် အစီအစဉ်များ၊ မိန်းမကိုယ် စွမ်းဆောင်ရည်ကို ပုံမှန်ထားချင်မှု ၊ မိန်းမကိုယ် ကျွံကျခြင်းပမာဏ တို့ပေါ်မူတည်၍ ခွဲစိပ်မှုကို ဆုံးဖြတ်ပါတယ်။ဥပမာ သိသာထင်ရှားစွာ သားအိမ်ကျွံပါက သားအိမ်ထုတ်ခြင်း ကိုပြုလုပ်ရနိုင်ပါတယ်။ ထိုသို့သားအိမ်ထုတ်ရာတွင် နည်းလမ်းနှစ်ခု ရှိပါတယ်။ အများစုဟာ မိန်းမကိုယ်ကို ဖြတ်သန်း၍ ခွဲစိပ်ခြင်း ဖြစ်ပြီး အမာရွတ် မကျန်စေပါ။ ထိုနောက် laproscopy ကိုပြုလုပ်ရပါတယ်။ဒီခွဲစိပ်နည်းများဟာ သေးငယ်သော ပြွန်လေးများကို သေးငယ်သော ခွဲစိပ်ရာ လေးထဲသို့ထည့်ကာ သားအိမ်ကို ပြင်ခြင်းဖြစ်ပါတယ်။ ထိုနည်းလမ်းများသည် အမာရွတ်ဖြစ်ခြင်း၊ သွေးဆုံးခြင်း၊ ဆေးရုံပေါ်နေရခြင်း တို့ကို လျော့နည်းစေပြီး လျင်မြန်စွာ ပြန်သက်သာစေပါတယ်။Anterior colporrhaphy သည် မိန်းမကိုယ်၏ အရှေ့ဘက် နံရံကို သန်မာစေတဲ့ ခွဲစိပ်မှု ဖြစ်ပြီး Posterior colphrrhaphy သည် အနောက်ဘက် နံရံကို သန်မာစေတဲ့ ခွဲစိပ်မှု ဖြစ်ပါတယ်။ Laproscope သုံးသော ခွဲစိပ်မှုများကို ဆီးကျန်ခြင်း၊ အပေါ်ဘက် ကျွံကျခြင်းများနဲ့ သားအိမ်ထုတ်ပြီး မိန်းမကိုယ်ကို ထောက်ပံ့ ပေးလိုခြင်း တို့တွင်ပြုလုပ်လေ့ရှိပါတယ်။ ထိုနေရာတွင်အသင့် ပြုလုပ်ထားသော စကာကဲ့သို့ပစ္စည်း ကို ကျွံနေသော နေရာကို ထောက်ပံ့ပေးရန် ပစ္စည်းအဖြစ်အသုံးပြုနိုင်ပါသည်။ဆေးရုံ ခဏသာတက်ရပါတယ်။ အများဆုံး နှစ်ရက်လောက်သာ ကြာနိုင်ပါတယ်။ ဆေးရုံဆင်းပါက အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေးများကို ဆက်သောက်ရပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက vaginal prolapse ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် vaginal prolapse ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။-Kegel လေ့ကျင့်ခန်း ကိုပုံမှန်ပြုလုပ်ခြင်းဖြင့် ခါးအောက်ပိုင်း ကြွက်သားများကို သန်မာစေပါတယ်။ မီးဖွားပြီး ပိုလုပ်သင့်ပါတယ်။-ဝမ်းချုပ်မခံခြင်း- အရည်နှင့် အမျှင်ဓါတ်များများပါသော အသီးအရွက်၊ အစေ့အနှံများ စားသုံးခြင်း။-အလေးအပင်မခြင်းကို ရှောင်ကြဉ်ခြင်း။ မဖြစ်မနေ မ ရမည်ဆိုပါက ခါးနှင့် ကျောကို အားမပြုဘဲ ခြေထောက်ကို သာ အားပြုခြင်း။-ချောင်းဆိုးပါက ကုသခြင်း။-ဆေးလိပ်ရှောင်ခြင်း။-ကိုယ်အလေးချိန်ကို ပုံမှန်တွင် ထိန်းထားခြင်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/vaginal-prolapse-%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9-%e1%80%80%e1%81%bd%e1%80%bc%e1%80%b6%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် အရေးကြီးတာလဲ
ဖောလစ်အက်စစ် သည် ကိုယ်ဝန်ဆောင်များအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကို ဖောလစ်အက်စစ် မဖြစ်မနေသောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။ ဖောလစ်အက်စစ်က ကိုယ်ဝန်ဆောင်တွေအတွက် ဘာကြောင့် အရေးကြီးတာလဲဆိုတာကို လေ့လာကြည့်ရအောင်။ဖောလစ်အက်စစ်ဆိုတာ ဗီတာမင် B9 အသွင်တစ်မျိုးပဲ ဖြစ်ပါတယ်။ သဘာဝအစားအစာတွေကနေ ရနိုင်သလို ဖြည့်စွက်အားဆေးတွေကနေလည်း ရနိုင်ပါတယ်။ ဖောလစ်အက်စစ်ကြွယ်ဝတဲ့ အစားအစာတွေကတော့။အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်စဉ်မှာ တစ်နေ့ကို ဖောလစ်အက်စစ်ဓာတ် အနည်းဆုံး ၆၀၀ မိုက်ခရိုဂရမ် ရရှိအောင် စားသုံးပေးဖို့လိုအပ်ပါတယ်။ဒါပေမဲ့ အမျိုးသမီးတော်တော်များများဟာ အစားအသောက်တစ်ခုထဲကနေ အလုံအလောက်မရရှိကြပါဘူး။ ဒါကြောင့် အားဆေးတွေ ထပ်သောက်ရတာ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေက အောက်ပါအချက်ငါးချက်ကြောင့် ဖောလစ်အက်ဆစ်ကို နေ့စဉ်သောက်သုံးသင့်တာ ဖြစ်ပါတယ်။(၁) သန္ဓေသားလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီး (Neural tube) ချို့ယွင်းမှုများကို ကာကွယ်ပေးခြင်း။သန္ဓေသားလေးရဲ့ Neural tubeကနေ တဖြည်းဖြည်း ဦးနှောက်နဲ့ ကျောရိုးမတိုင်အဖြစ် ကြီးထွားလာမှာ ဖြစ်ပါတယ်။ ဒီလို ကနဦးအာရုံကြောစနစ်ဖွံ့ဖြိုးမှုဖြစ်ပေါ်နေစဉ်မှာ ချို့ယွင်းချက်တွေမဖြစ်စေဖို့ ဖောလစ်အက်ဆစ်က ကာကွယ်ပေးပါတယ်။(၂) သွေးနီဥများ ထုတ်ပေးခြင်း။ဖောလစ်အက်စစ်က မွေးလာမယ့် ရင်သွေးလေးမှာနှုတ်ခမ်းကွဲ အာခေါင်ကွဲဖြစ်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ ဒါ့ပြင်လမစေ့ဘဲ မွေးခြင်း၊ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးမထွားခြင်း၊ ပေါင်မပြည့်ဘဲ ကလေးမွေးခြင်းတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။(၄) မေမေ့ကို ဆိုးကျိုးများမဖြစ်အောင် ကာကွယ်ပေးခြင်း။နေ့စဉ်လိုအပ်တဲ့ ဖောလစ်အက်ဆစ်ပမာဏကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ကိုယ်ဝန်ဆိပ်တက်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အယ်ဇိုင်းမားရောဂါတို့ကိုလည်း အတိုင်းအတာတစ်ခုအထိ  ကာကွယ်ပေးနိုင်ပါတယ်။DNAများ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနဲ့ ကောင်းစွာအလုပ်လုပ်နိုင်ဖို့လည်း ဖောလစ်အက်ဆစ်ကို လိုအပ်ပါတယ်။ အချင်းနဲ့ ကလေးရဲ့ ကြီးထွားမှုအတွက်လည်း အရေးကြီးတဲ့အခန်းဏ္ဍက ပါဝင်ဆောင်ရွက်ပေးပါတယ်။ကျွမ်းကျင်သူများက ကလေးတွင်မွေးရာပါချို့ယွင်းမှုမဖြစ်စေရန် ကိုယ်ဝန်မဆောင်ခင် အနည်းဆုံးတစ်လ ကြိုပြီး ဖောလစ်အက်စစ်ကို တစ်နေ့ကို ၄၀၀ မိုက်ခရိုဂရမ် နေ့စဉ် သောက်ဖို့ အကြံပေးပါသည်။အချို့ကိစ္စများတွင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားတာမျိုးလည်း ရှိနိုင်ပါသည်။ ဒါကြောင့် တခြားနိုင်ငံတွေမှာ ကျွမ်းကျင်သူအချို့က မျိုးပွားနိုင်တဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးအားလုံး ဖောလစ်အက်စစ်ကို နေ့စဉ် ၄၀၀ မိုက်ခရိုဂရမ် သောက်ဖို့  အကြံပြုကြပါတယ်။ ဒီလို မသောက်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်။ တားဆေးလည်း ရပ်လိုက်ပြီဆိုရင် စသောက်သင့်ပါပြီ။အကြမ်းအားဖြင့်တော့ ဖောလစ်အက်စစ် လိုအပ်ချက်က။ဥပမာ အရင်ကလေးမှာ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မွေးရာပါ ချို့ယွင်းချက်ပါထားတဲ့ ကိုယ်ဝန်ဆောင်တွေဆိုရင် ၄၀၀၀ မိုက်ခရိုဂရမ်လိုနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်အပ်တဲ့အချိန်မှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဖောလစ်အက်စစ်ကို တိုးသောက်သင့်ပါတယ်။ဆရာဝန်မညွှန်ဘဲ တစ်ရက်ကို ဖောလစ်အက်စစ် ၁၀၀၀ မိုက်ခရိုဂရမ်ထက် ပိုမသောက်သင့်ပါဘူး။ အထူးသဖြင့် သက်သတ်လွတ် စားတဲ့သူတွေအတွက် ပိုအရေးကြီးပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေက ဗီတာမင် ဘီ12 ချို့တဲ့နိုင်ခြေ များပါတယ်။ ဖောလစ်အက်စစ်သောက်တာ များရင် B12 ချို့တဲ့မှုကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲပါတယ်။အစားအစာကနေ ဖောလစ်အက်စစ် လုံလောက်အောင် မရခဲ့ရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါမှာစိုးတဲ့အတွက် အားဆေးသောက်ခိုင်းရတာ ဖြစ်ပါတယ်။ အားဆေးသောက်နေပေမယ့်လည်း တစ်ဖက်ကလည်း ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ပါဝင်အောင် စားပေးဖို့ လိုအပ်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/why-pregnant-mom-needs-to-take-folic-acid/
လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်
လူတွေ တစ်ယောက်နဲ့ တစ်ယောက်ဆုံမိကြရင် နေကောင်းရဲ့လား ….. အလုပ်အဆင်ပြေလား …… ဘယ်မှာနေလဲ ….. အိမ်ပြောင်းသွားပြီလား ….. ဆိုပြီး နှုတ်ဆက်စကားတွေ ပြောလေ့ရှိတာက လူမျိုးတိုင်းမှာ ရှိသလို ခေတ်အဆက်ဆက် ကတည်းက လောကဝတ်တစ်ခု အနေနဲ့ ပျူငှာဖော်ရွေစွာ နှုတ်ဆက်တတ်တဲ့အလေ့အထလေးတစ်ခုလို ရှိနေခဲ့တာပါ။ဒီလို ဖော်ရွေပျူငှာတဲ့ထဲမှာ မြန်မာလူမျိုးတွေက ထိပ်ဆုံးကလို့ ပြောရပါမယ် မြန်မာလူမျိုးတွေက ဖော်ရွေပျူငှာသလို အများကို ကူညီဖို့လည်း တက်ကြွကြတဲ့ သူတွေပါ။ အခုထိလည်း သူငယ်ချင်း အချင်းချင်းလမ်းမှာ ဆုံမိရင် ဘယ်ကလာတာလဲ…. ဘယ်သွားမလို့လဲ ဆိုပြီး နှုတ်ဆက်စကား ပြောနေကြဆဲပါပဲ။ ဒီလို နှုတ်ဆက်တဲ့ စကားတွေထဲမှာ ထပ်တိုးလာတဲ့ နှုတ်ဆက်စကား တစ်ခွန်း ရှိပါတယ်။ဒါကို လူတိုင်းလိုလို သိပြီးသား ဖြစ်နိုင်သလို ကိုယ်တိုင်တောင် နှုတ်ဆက်ခံရဖူးမယ်ထင်ပါတယ်။ ဒါကတော့ မတွေ့တာတောင် ကြာပြီနော်။ နေကောင်းရဲ့လားဆိုတာကို မဆက်ခင်လေးမှာ မေးတတ်တဲ့ စကားလေးတစ်ခွန်းပါ။ ဟယ် ….. ဝလာလိုက်တာ၊ ပိန်သွားလိုက်တာဆိုပြီး အားကြီးနဲ့ ပြောချလိုက်တာလေ။ဒီလို နှုတ်ဆက်တဲ့အခါ နှုတ်ဆက်သူရဲ့ စိတ်ထဲက ဘာမှ မရှိသလို ဘာမှ မခံစားလိုက်ရပေမယ့် နှုတ်ဆက်ခံရသူအဖို့တော့ ဝနေတာကို မကြိုက်ဘဲ ဝိတ်လည်းလျှော့နေပါရက်နဲ့ ဝနေတယ်လို့ အပြောခံရတဲ့အခါ ပိန်နေတဲ့သူကလည်း ဝချင်လို့ ကြိုးစားနေချိန်မှာ ပိန်လိုက်တာလို့ ပြောခံရတာက တော်တော်လေး စိတ်ထိခိုက်စေနိုင်ပါတယ်။ဒီလို နှုတ်ဆက်လိုက်တာက တကယ်တော့ လူတစ်ယောက်ကိုBody Shamingလုပ် လိုက်တာပါပဲ။ ကိုယ်တိုင်ကတော့ ဘာရယ် မဟုတ် ပြောလိုက်ပေမယ့် ပြောခံရသူအဖို့စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။ ဒီလို ပြောဆိုတာက ကိုယ်တိုင်အတွက် ရော အခြားသူတွေအတွက်ပါ အကျိုးမရှိပါဘူး။ဒါကြောင့် လူတစ်ယောက်နဲ့ ဆုံမိတဲ့အခါ သူတို့ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ဝေဖန်တာမျိုး မဖြစ်စေဖို့ သတိထားစေချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……။လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် အချိုးအစားက ရွေးချယ်လို့ ရတယ်ဆိုပေမယ့် မပိန်ချင်ဘဲ ပိန်နေတာ၊ မဝချင်ဘဲ ဝနေတာတွေ ရှိနိုင်ပါတယ်။အချို့ဆို ဟော်မုန်းဆေးတွေ သောက်နေရတာကြောင့် ဝနေတာ ဖြစ်နိုင်သလို အချို့ဆို မျိုးရိုးလိုက်လို့၊ရောဂါအခံ တစ်ခုခု ရှိလို့ပိန်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ နောက်ထပ် လူ့အခွင့်အရေးဘက်က ကြည့်မယ်ဆိုရင်လည်း ပိန်တာ၊ ဝတာက လူတစ်ယောက်ရဲ့ အခြေခံ ကိုယ်ပိုင် လွတ်လပ်ခွင့် ဖြစ်တာကြောင့် ဒါ့အတွက် ဝေဖန်ခံဖို့ မလိုအပ်ပါဘူး။လူတစ်ယောက်ကို Body Shaming လုပ်တာက အခုလိုမျိုး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဝနေလို့ ကိုယ်အလေးချိန် ထိန်းဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ရောဂါတစ်ခုခုကြောင့် ဒါမှမဟုတ် ဆေးဝါးတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မဝချင်ဘဲ ဝနေတဲ့သူကို ဝလိုက်တာလို့ ပြောတာမျိုး၊ ခန္ဓာကိုယ် ပြည့်ပြည့်လေး ဖြစ်ချင်လို့ အစားအစာတွေလည်း ဂရုစိုက်နေတယ်၊ ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း လုပ်နေတဲ့သူကို ပိန်သွားလိုက်တာလို့ ပြောလိုက်ခြင်းက သူတို့ကို Body Shamingလုပ်လိုက်တာပါပဲ။ဒါက စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှု တစ်ရပ်ပါ။ ဒီလိုမျိုး အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံရတာက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။မနှစ်သက်တဲ့ အခြေအနေကို ခဏခဏ ကြုံရတာ၊ သဘောမကျတဲ့ ဝေဖန်မှုတွေကို ခဏခဏ ခံစားရတာက စိတ်ဖိစီးစေပါတယ်။ ဒီလိုပါပဲ ကိုယ်တိုင်တောင် အဆင်မပြေလို့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး အဆင်ပြေတဲ့ အနေအထား ဖြစ်လာအောင် ကြိုးစားနေသူတွေကို ကိုယ်အလေးချိန် ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ခဏခဏ ဝေဖန်တာက စိတ်ဖိစီးစေနိုင်ပါတယ်။စိတ်ဖိစီးတာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ဝတယ်လို့ အပြောခံရတာကြောင့် အစားအသောက်တွေကို ရှောင်တာ ပိန်တယ်လို့ အပြောခံရတာကြောင့် အဆီနဲ့ ကာဗိုဟိုက်ဒရိတ်များတာတွေ ဝစေတယ်ဆိုတဲ့ အစားအစာတွေကို မလိုအပ်ဘဲ စားတာ၊ ရှောင်တာတွေ လုပ်ရင်းက စားသောက်မှု မူမမှန်တဲ့အခြေအနေကို ခံစားလာရနိုင်ပါတယ်။အချို့ဆို စားချင်တော့ စားလိုက်တယ်။ ပြီးတော့ ဝလာမှာစိုးတယ်ဆိုပြီး စားပြီးပြီးချင်း လက်ထိုးပြီး အန်လိုက်တယ်။ ဒီလို လုပ်တာတွေ ဖြစ်နိုင်သလို ပိန်လွန်းတယ်ဆိုလို့ အဆီတက်စေတာမျိုးတွေကိုပဲ ရွေးစားတယ်။ မစားချင်ဘဲ အတင်းစားတာမျိုးတွေလိုမျိုး စားသောက်မှုဆိုင်ရာ မူမမှန်တဲ့ စိတ်အခြေအနေကို ခံစားလာရနိုင်ပါတယ်။ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်လို့ ခဏခဏ ဝေဖန်ခံရတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားအပေါ် ယုံကြည်မှု အားနည်းလာနိုင်ပါတယ်။ ဒီလို အားနည်းလာမှုရဲ့ အကျိုးဆက်အနေနဲ့  လူအများကြား မသွားရဲ မလာရဲတာမျိုးကစလို့ တစ်ခုခု လုပ်ဖို့ဆိုရင်တောင် မဖြစ်နိုင်ပါဘူးလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆုံးရှုံးတာမျိုး ခံစားရနိုင်ပါတယ်။Body Shamingလုပ်တာက အခုလိုမျိုး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်နဲ့ ပတ်သက်ပြီး ပိန်လွန်းတယ်။ ဝလွန်းတယ်လို့ ဝေဖန်တာမျိုး မလုပ်မိပါစေနဲ့။ကိုယ်က ဝေဖန်ခံရတဲ့သူဖြစ်နေမယ်ဆိုရင်လည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တယ်။ မပြေပြစ်ဘူး။ ပိန်တယ်၊ ဝတယ်ဆိုတာက ကိုယ့်ရဲ့ မွေးရာပါ ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ ယူဆပြီး စိတ်ထဲ တနုံ့နုံ့တွေးနေတာမျိုး မလုပ်ဘဲ ကိုယ့်စိတ်တိုင်းကျ လှုပ်ရှားနေထိုင်ဖို့ အကြံပြုလိုက်ပါရစေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/body-shaming-and-its-effects-on-mental-health/
ကမ္ဘာတစ်ဝှမ်းက ကွန်ဒုံးအမျိုးအစား ဒီဇိုင်းအဆန်းများ
ကွန်ဒုံးကို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ မလိုလားအပ်တဲ့ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့အတွက်လိင်ဆက်ဆံတဲ့အခါ အသုံးပြုရပါတယ်။ များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာတော့ ကွန်ဒုံးဆိုရင် ဝယ်ရမှာ သိပ်ရှက်ကြတယ်။ ဝယ်ပြီဆိုရင်လည်း စတိုးဆိုင်မှာ တွေ့တဲ့ တံဆိပ်လှမ်းဆွဲပြီး ဝယ်လိုက်တာပဲလေ။ ဒါက သိပ်ပြဿနာမရှိပေမဲ့ အသစ်အဆန်းလေးတွေ ကြိုက်တတ်တဲ့ ကိုယ့်လူတွေအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ သိထားသင့်တဲ့ ကွန်ဒုံး ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေကို ပြောပြပေးချင်ပါတယ်။အမှောင်ထဲမှာ ကြိုက်တယ်ဆိုပေမယ့် လုံးဝမှောင်နေတာမျိုး မကြိုက်တဲ့သူတွေအတွက် ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ကွန်ဒုံးကတော့ သာမန်ကွန်ဒုံးတွေလို ပုံစံပါပဲ။ ဘာကွာသွားလဲဆိုတော့ နေရောင် သို့မဟုတ် မီးရောင်အလင်းထဲမှာ စက္ကန့် ၃၀ လောက် ထားပြီးမှ စွပ်ပြီး အမှောင်ထဲ ဝင်လိုက်ရင် ကွန်ဒုံးက နီယွန်မီးရောင် လင်းလာတာပေါ့။ Latex ရာဘာသားကိုမှ အလွှာ ၃ လွှာနဲ့ လုပ်ထားတာဖြစ်ပြီး အတွင်းပိုင်းလိင်တံနဲ့ ထိတွေ့နေတဲ့ အလွှာကနေ မီးရောင်ထွက်ပါတယ်။ ထူးထူးခြားခြား အာနိသင်မရှိပေမဲ့ ဆန်းဆန်းပြားပြားတွေကိုမှ ကြိုက်တဲ့ စုံတွဲတွေအတွက် အဆင်ပြေစေပါတယ်။ကိုယ်ပုံမှန် သကြားလုံး၊ ရေခဲချောင်း စုပ်ရင် ရတဲ့ အရသာလိုမျိုး ကွန်ဒုံးရဲ့ ချောဆီမှာ ထည့်သွင်းပေးထားပြီး မျိုချလို့လည်း အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲဌာန FDA ရဲ့ ခွင့်ပြုချက်ကို ရယူထားတာ ဖြစ်တဲ့အတွက် မျိုချလိုက်ရင်လည်း ဓာတုအဆိပ်သင့်တာမျိုး မဖြစ်စေပါဘူး။ အမျိုးသားအင်္ဂါကို ပါးစပ်နဲ့ စုပ်ယူတဲ့အခါ ချိုချဉ်အရသာလေး ပါနေတော့ ဆက်ဆံဖော်အတွက်လည်း အဆင်ပြေစေတာပေါ့။ထိုးသွင်းဆက်ဆံခြင်းမှာတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး။ပါးစပ်နဲ့ လိင်ဆက်ဆံရတာ ကြိုက်သူတိုင်း ဆောင်ထားသင့်တဲ့ ဒုတိယကွန်ဒုံးအမျိုးအစားပါ။ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှာသုက်ရည်မျိုချခြင်းမဖြစ်စေဖို့၊ ရောဂါပိုးမွှားတွေ မဝင်စေဖို့ ကာကွယ်ပေးသလို စုပ်ယူတဲ့သူအတွက်လည်း အရသာမျိုးစုံကို ခံစားလို့ ရတယ်။ အမျိုးသားတွေအတွက် ပိုကောင်းသွားတာက အထဲမှာ ပူရှိန်းလိုမျိုး အေးမြတဲ့ခံစားမှုမျိုး ရတဲ့အတွက်ကာမသုခကို အပြည့်အဝ ခံစားရစေနိုင်ပါတယ်။အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ ထိုးသွင်းဆက်ဆံရာမှာ ပုံမှန်တဲ့ ပိုထူးကဲ ကောင်းမွန်တဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ ကွန်ဒုံးပါ။ တံဆိပ်အမျိုးအစားပေါ် မူတည်ပြီး ကွန်ဒုံးထိပ်၊ ပတ်လည်၊ အဖျားတွေမှာ ဘုသီးလေးတွေ ထည့်ပေးထားတာကြောင့် ထိုးသွင်းနေစဉ်မှာ အမျိုးသမီးတွေအတွက်လည်း ကာမစိတ်ကို နှိုးဆွပေးရာ ရောက်ပါတယ်။ အမျိုးသားတွေအတွက်လည်း အထဲမှာ လိင်တံကို နှိုးဆွပေးနိုင်ဖို့ ဘုသီးလေးများ ပါတာကြောင့် အဆင်ပြေစေပါတယ်။အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရလို့ မကြိုက်ဘူးဆိုတဲ့ စုံတွဲတွေအတွက် Latex အလွှာပါးပါးလေးကိုမှ အနွေးဓာတ်ခံစားမှုမျိုး ပေးနိုင်တဲ့ချောဆီများများ သုံးပေးထားတာဖြစ်လို့ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံရသလို နူးညံ့တဲ့ အထိအတွေ့မျိုးကို ဆက်ဆံဖော် ၂ ဦးလုံး ခံစားရမှာပါ။လုံးပတ်က ပုံမှန်အတိုင်းပဲ ဖြစ်ပြီး အမျိုးသားအင်္ဂါရဲ့ ထိပ်ဖူးနေရာမှာ ကွန်ဒုံးကို ပိုကြီးနေအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်က လိင်တံထိပ်ဖူးပေါ် ကွန်ဒုံးရဲ့ ပွတ်တိုက်မှုကြောင့် အမျိုးသားတွေကို ကာမသုခ ပိုမိုပေးစွမ်းနိုင်ပြီး သုက်လွှတ်ကြာတဲ့ သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။တစ်ခါတလေ အမျိုးသားတွေ ကွန်ဒုံးစွပ်တဲ့နေရာမှာ အခက်အခဲရှိတတ်ပါတယ်။ ချောဆီကြောင့် လက်က စေးကပ်နေပြီး ကောင်းကောင်း စွပ်ချလို့ မရတာမျိုး၊ ဘက်ပြောင်းပြန်ဖြစ်တာ၊ အလယ်မှာ ကျပ်နေတဲ့ ပြဿနာမျိုးပေါ့။ ဒီကွန်ဒုံး အမျိုးအစားမှာတော့ သုက်ရည်သိုလှောင်တဲ့ အိတ်ငယ်လေးမှာ ကြိုး နှစ်ချောင်းပါပြီးလိင်အင်္ဂါရဲ့ အပေါ်မှာ ကွန်ဒုံးကို တင်ထားလိုက်ရုံပါ။ ပြီးသွားရင် ဘေးက ကြိုးနှစ်ချောင်းကို အောက်ဆွဲချလိုက်တာနဲ့ ကွန်ဒုံးစွပ်ပြီးသား ဖြစ်သွားပါပြီ။သူ့ရဲ့ အဓိက အားသာချက်က ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့နေရာမှာ အရသာတစ်မျိုး ပေးစွမ်းနိုင်သလို သုက်ရည်မျိုချရတာ ကြိုက်တယ်ဆိုရင်လည်း လိင်ဆက်ဆံပြီးလို့ သုက်လွှတ်ပြီးတာနဲ့ ကွန်ဒုံးကိုပါ ဝါးစားလို့ရတာမျိုးပါ။ မကောင်းတဲ့အချက်ကတော့ အပျော်သက်သက် ထုတ်ထားတာဖြစ်ပြီး ကိုယ်ဝန်နဲ့ တခြားလိင်မှတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ခုပြောပြခဲ့တဲ့ ကွန်ဒုံးအမျိုးအစားတွေက ဆန်းဆန်းပြားပြားတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့လိင်မှုကိစ္စမှာ ပုံမှန်ထက် ထူးကဲတဲ့ အရသာနဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မယ်လို့ ထင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီအမျိုးအစား တော်တော်များများက မြန်မာနိုင်ငံမှာ တရားဝင် ရောင်းချထားခြင်း မရှိသေးလို့ ဝယ်မယ်ဆိုရင်တော့ နိုင်ငံခြား ခရီးထွက်တဲ့အချိန်မျိုး၊ ဒါမှမဟုတ် အွန်လိုင်းကနေ တစ်ဆင့်ပဲ ဝယ်လို့ ရမှာဖြစ်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/condom-types/
Vagina တစ်ခုရဲ့ ရှုပ်ထွေးသောဖွဲ့စည်းပုံ
Vagina ကြောင့် ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလသို့ရောက်တာလား၊ မိန်းမအင်္ဂါအစေ့ (Clitoris) ကြောင့် ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံးကာလသို့ ရောက်တာလား။ G-spot ကြောင့်လား။ Vulva လို့ခေါ်တဲ့ မိန်းမကိုယ်အဝ ကြောင့်လား။ အထက်ပါ အမျိုးသမီး လိင်အင်္ဂါ အစိတ်အပိုင်းတွေဟာ လိင်ကိစ္စနဲ့ မျိုးပွားခြင်းဆိုင်ရာမှာ အရေးပါတဲ့အင်္ဂါတွေဖြစ်ပြီး ဒီအင်္ဂါတွေရဲ့ အကြောင်းတွေကိုလည်း လူသိနည်းကြပါတယ်။အခုလိုတိုးတက်လာတဲ့ Digital ခေတ်ကြီးထဲမှာ လိင်မှုကိစ္စနဲ့ အမျိုးသမီး ခန္ဓာကိုယ်တွေရဲ့ ပုံရိပ်တွေကိုလူအများစု ပိုပြီးမြင်လာတွေ့လာကြပေမဲ့ လူတိုင်း တိတိကျကျ နားမလည်ကြပါဘူး။ လိင်မှုကိစ္စဟာ လူတွေကို ပျော်ရွှင်စေပြီး သံယောဇဉ်ကြိုးတွေ နှောင်ဖွဲ့ရာမှာ အရေးပါတဲ့ အရာနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်တာကြောင့် ဒီလို ပျော်ရွှင်မှုတွေ လိုချင်တဲ့လူတွေ အားလုံးသိထားသင့်ပါတယ်။အခု ဒီဆောင်းပါးထဲမှာတော့ အမျိုးသမီးလိင်အင်္ဂါတွေရဲ့ ဖွဲ့စည်းပုံနဲ့ လိင်မှုကိစ္စ ခံစားမှုမှာ ဘယ်လိုအခန်းကဏ္ဍကပါဝင်နေလဲဆိုတာကို ရှင်းလင်းပေးသွားမှာပါ။ ဒီစာပိုဒ်ထဲမှာ Vagina (အမျိုးသမီးမွေးလမ်းကြောင်း)၊ Vulva (အမျိုးသမီးအင်္ဂါနှုတ်ခမ်းဝ) နဲ့ Clitoris(အမျိုးသမီး အင်္ဂါစေ့)နဲ့ အရှာရခက်တဲ့ G-spot တို့အကြောင်း ဖော်ပြသွားမှာပါ။Vagina ဆိုတာ အမျိုးသမီးအင်္ဂါ နှုတ်ခမ်းဝ (Vulva) ကနေ သားအိမ်ရဲ့အောက်ပိုင်းဖြစ်တဲ့ သားအိမ်ခေါင်း (Cervix) ကိုဆက်သွယ်ပေးထားတဲ့ ကြွက်သားပြွန်ချောင်းတစ်ခုဖြစ်ပါတယ်။ Vagina ကို မွေးလမ်းကြောင်းပြွန်လို့လည်းခေါ်ပြီး Vagina ကနေ ဓမ္မတာလာချိန်မှာ သွေးနဲ့ ဆဲလ်များ စီးဆင်းပြီး လိင်မှုကိစ္စလုပ်ဆောင်ချိန်မှာ သုတ်ကောင်များကို ဖြတ်သန်းစေတဲ့ အပြင် ကလေးမွေးဖွားခြင်းနဲ့ အချင်းကျခြင်းတို့ဖြစ်ပွားရာ အင်္ဂါတစ်ခုဖြစ်ပါတယ်။ ကလေးမွေးဖွားရာမှာ ဖြစ်ပေါ်တဲ့ နာကျင်မှု နည်းပါးစေရန်အတွက် Vagina မှာ နာဗ်ကြောများ အနည်းငယ်သာရှိပါတယ်။ကျွန်တော်တို့ Vagina လို့ထင်နေတဲ့ အမျိုးသမီးလိင်အင်္ဂါ ပြင်ပ အစိတ်အပိုင်းတွေဟာ Vulva လို့ခေါ်ပြီး Vulva ထဲမှာ Labia majora လို့ခေါ်တဲ့ အပြင်ဘက်နှုတ်ခမ်းသားနဲ့ Labia minora လို့ခေါ်တဲ့ အတွင်းဘက်နှုတ်ခမ်းသား၊ ဆီးလမ်းကြောင်းနဲ့ အမျိုးသမီး အင်္ဂါအစေ့တို့ ပါဝင်ကြပါတယ်။ Vulva တစ်ခုချင်းစီရဲ့ ပုံစံနဲ့ အရွယ်အစားတွေဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။အစ္စရေးလ်နိုင်ငံ ဘန်ဂူရီယွန် တက္ကသိုလ် Soroka ဆေးပညာ ဌာမှ သားဖွားမီးယပ် ပါမောက္ခဖြစ်သူ ဒေါက်တာ ဟိမ်ကရစ်စီ (Dr. Haim Krissi ) လေ့လာခဲ့တဲ့ လေ့လာချက်တစ်ခုမှာ အမျိုးသမီး ၃၂ ယောက်ကို လေ့လာခဲ့ပြီး အမျိုးသမီးများရဲ့ Vulva ရဲ့အကျယ်နဲ့ အလျားဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြကြောင်းကိုတွေ့ရှိခဲ့ပါတယ်။လူတော်တော်များများကတော့ အမျိုးသမီး အင်္ဂါအစေ့ဟာ အမျိုးသမီး မွေးလမ်းကြောင်း အထက်နားက အင်္ဂါအစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြတယ်လို့ ထင်ကြပေမဲ့ Clitoris ဟာ ထင်ထားတာထက် ရှုပ်ထွေးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ Clitoris မှာ အထင်ရှားဆုံးကတော့ ဝိုင်းဝန်းနေတဲ့ ထိပ်ဖျား လေးဖြစ်ပြီး ဒီထိပ်ဖျားဟာ အလျား ၁၆ မီလီလီတာ ခန့်ရှည်လျားကာ လူအများစုက ဒီအပိုင်းကိုပဲ သိကြတာ ဖြစ်ပါတယ်။ဒီထိပ်ဖျားဝိုင်းကို အမျိုးသမီး အင်္ဂါထိပ်ငုံအရေပြားဖြင့် ဖုံးထားပြီး ဆီးတံအရိုးရဲ့ အောက်မှာတော့ အမျိုးသမီး အင်္ဂါအစေ့ရဲ့ ကျန် အစိတ်အပိုင်းများ ရှိပါတယ်။ အမျိုးသမီး အင်္ဂါစေ့တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံဟာ အမျိုးသားလိင်အင်္ဂါတွေရဲ့ ဖွဲ့စည်းပုံနဲ တူညီပြီး စုစုပေါင်းအလျားကတော့ ၉ စင်တီမီတာကနေ ၁၁ စင်တီမီတာ အထိရှိနိုင်ပါတယ်။Clitoris ဟာ ထောင်မတ်နိုင်တဲ့ အင်္ဂါတစ်ခုဖြစ်ပြီး အမျိုးသမီးတွေ လိင်စိတ်ထကြွရာမှာ အရေးပါဆုံး နေရာတစ်ခု ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါ့အပြင် Clitoris ဟာ ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလရောက်ဖို့အတွက် အဓိက အကျဆုံးနေရာ တစ်ခုလည်း ဖြစ်ပါတယ်။ Clitoris တစ်ခုမှာ နာဗ်ကြောပေါင်းများစွာပါဝင်ပြီး Glans လို့ခေါ်တဲ့ Clitoris ရဲ့ ထိပ်ဖျားအဝိုင်းလေးမှာ နာဗ်ကြောများက ပိုသိပ်သည်းစွာ တည်ရှိနေပါတယ်။ဒီနာဗ်ကြောတွေက လှုံ့ဆော်ခံရတဲ့အခါမှာ Clitoris ရဲ့ ထောင်မတ်နိုင်တဲ့ တစ်ရှုးများကို အသုံးပြုပြီး တုံ့ပြန်ကြပါတယ်။ Clitoris ရဲ့ ထိပ်ဖျားအဝိုင်းလေးမှာ နာဗ်ကြောတွေ သိပ်သည်းစွာ ရှိနေတဲ့အတွက် သွယ်ဝိုက်လှုံ့ဆော်ခြင်းကသာ လိင်စိတ်ဆိုင်ရာ ခံစားမှုကို မြင့်တက်စေမှာ ဖြစ်ပြီး တိုက်ရိုက်လှုံ့ဆော်မယ်ဆိုရင်တော့ နာဗ်ကြောတွေ များလွန်းတဲ့အတွက် တုံ့ပြန်မှုပြင်းအားများနိုင်ပြီး နာကျင်နိုင်ပါတယ်။သို့ပေမဲ့ အမျိုးသမီး လိင်စိတ်ဆိုင်ရာ ခံစားမှုကို လှုံ့ဆော်နိုင်တာ Clitoris တစ်ခုတည်းမဟုတ်ဘဲ အမျိုးသမီး မွေးလမ်းကြောင်း အတွင်းမှာရှိတဲ့ G-spot ကလည်း Clitoris နည်းတူ လိင်စိတ်ကို လှုံ့ဆော်ပေးနိုင်တယ်လို့ လူအများသိထားကြပါတယ်။G-spot ဆိုတာ ဂျာမန်သားဖွားပညာရှင် Ernst Gräfenberg ကို ဂုဏ်ပြုပြီး Gräfenberg spot (G-spot) လို့မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ G-spot နဲ့ ပတ်သတ်ပြီး ကွဲပြားနေတဲ့ အမြင်တွေ အများအပြားရှိပြီး Gräfenberg ဟာ အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ခံစားမှုကို တိုးမြှင့်ပေးနိုင်တဲ့ G-spot ကိုရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဒီအစိတ်အပိုင်းကို သူ့နာမည်နဲ့ ဂုဏ်ပြုခြင်း ခံထားရတာဖြစ်ပါတယ်။ဒီအသုံးအနှုန်းကိုတော့ ဒေါက်တာ ဖရန့် အက်ဒီယာဂို (Dr. Frank Addiego) နဲ့ လုပ်ဖော်ကိုင်ဖက်များက G-Spot ဆိုတဲ့အသုံးအနှုန်းကို Ernst Gräfenberg အား ဂုဏ်ပြုပြီး ၁၉၈၁ ခုနှစ်က လေ့လာချက်တစ်ခုမှာ ပထမဆုံးစတင်သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ မီးယပ်နဲ့သားဖွားပညာရပ်ဆိုင်ရာ နိုင်ငံတကာ ဂျာနယ်မှ ဒေါက်တာ အဒမ် အော်စရန် စကီ (Dr. Adam Ostrenski) ကတော့ G-spot ဟာ အမျိုးသမီး မွေးလမ်းကြောင်းရဲ့ ရှေ့ဘက်နံရံက နာဗ်ကြောတွေ တစ်စုတစ်စည်းတည်းရှိနေတဲ့ နေရာဖြစ်တယ် လို့ဆိုပါတယ်။ဂျာမနီနိုင်ငံ ကိုလုံး ဆေးရုံတက္ကသိုလ်မှ ပါမောက္ခ Anastasios Mpotsaris ကတော့ MRI (Magnetic Resonance Imaging) ပုံရိပ်များကို အသုံးပြုပြီး G-spot ရဲ့ နေရာ အတိအကျကို လေ့လာခဲ့ရာမှာတော့ G-spot ဟာ အမျိုးသမီး အယောက် ၁၀၀ မှာ ၆၂ ယောက်ခန့်ပဲ တူညီတဲ့ တစ်နေရာတစ်နေရာတည်းမှာပဲ ရှိကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ပြောရရင် G-spot ရဲ့ နေရာ အတိအကျကို ဘယ်ဆေးပညာရှင်ကမှ တစ်လုံးတစ်ဝတည်း သဘောမတူကြပါဘူး။ အီတလီနိုင်ငံ ဘိုလောဂ့်နာ ဆေးတက္ကသိုလ်မှ Dr. Vincenzo Puppo ကတော့ G-spot တည်ရှိကြောင်း သိပ္ပံနည်းအရရော ဆေးပညာအရရော သက်သေမပြနိုင်သေးဘူးလို့ သူ့လေ့လာချက်တစ်ခုမှာ ရေးသားခဲ့ပါတယ်။ဒါ့အပြင်သူက သူ့ရဲ့လေ့လာချက်ထဲမှာ “ G-spot နဲ့ပတ်သတ်ပြီး နောက်ပိုင်းမှာ ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံလာကြပါတယ်။ အဲ့ဒါတွေကတော့ G-spot ကို ချဲ့ထွင်ခြင်း၊ G-spot ကြီးမားအောင်ပြုလုပ်ထားခြင်း၊ G-shot လို့ခေါ်တဲ့ G-spot ရှိတယ်လို့ ယုံကြည်ရတဲ့ နေရာကို ကြီးမားလာအောင်၊ အထိအတွေ့ပိုကောင်းလာအောင် ခွဲစိတ်ပြုပြင်ခြင်းလုပ်ငန်းတွေ ကိုလုပ်လာကြပါတယ်။” လို့ဆိုခဲ့ပါတယ်။Dr. Vincenzo Puppo ရဲ့ G-spot မရှိကြောင်း အယူအဆကို Dr. Paulsကလည်း ဆေးပညာအရရော၊ ခန္ဓာဗေဒဆိုင်ရာ ဖွဲ့စည်းပုံအရရော မှန်ကန်ကြောင်းထောက်ခံခဲ့ပါတယ်။ ဒါကြောင့် G-spot ဆိုတာ လက်တွေ့ သက်သေမပြရသေးတဲ့အရာတစ်ခုအဖြစ်သာ ကျန်ရှိနေပြီး G-spot ကြောင့် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ခံစားမှု မြင့်တက်တယ်ဆိုတာကလည်း လူပြောများပြီး လျှို့ဝှက်တဲ့ အရာတစ်ခု အဖြစ်သာ ကျန်ရှိနေပါသေးတယ်။အမျိုးသမီးတွေ Orgasm ရောက်ဖို့အတွက် အဓိကကျတဲ့ နေရာတွေနဲ့ ဘာကြောင့် ရောက်ရလဲဆိုတာ အခုချိန်ထိ ဆက်လက် ငြင်းခုံနေကြဆဲ အပိုင်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေ Orgasm ရောက်တဲ့ အချိန်ဆိုတာ သိသာပြီး ရှင်းလင်းပေမဲ့ ဆေးပညာရှင်တွေကတော့ အမျိုးသမီးတွေ orgasm ရောက်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အဓိကကျတဲ့နေရာတွေအကြောင်း အခုထိ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရ ကြည့်ရမယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာ ခံစားမှုမြင့်တက်ခြင်းဟာရှင်းပါတယ်။Dr. Pauls ကတော့ “ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာခံစားမှု မြင့်တက်ခြင်းဟာ တင်ပါးဆုံပိုင်းမှာ သွေးစီးဆင်းမှု မြင့်တက်ခြင်းကြောင့် ဖြစ်ရတာပါ။ အမျိုးသမီးတွေမှာဆိုရင် ဒီ သွေးစီးဆင်းမှု မြင့်တက်ခြင်းက clitoris ကို ကြီးထွားထောင်မတ်စေလာပြီး အမျိုးသမီး အင်္ဂါအဝတွေ ကြီးလာကာ မွေးလမ်းကြောင်း ချောဆီထွက်စေပါတယ်။ အာရုံခံစားမှု အတိုင်းအတာ တစ်ခုရောက်မယ်ဆိုရင် လိင်ခံစားမှုဆိုင်ရာအထွတ်အထိပ် ရောက်ခြင်းဖြစ်နိုင်ပါတယ်။ နာမ်ကြောများက လိင်ပိုင်းဆိုင်ရာ ခံစားမှု အပြင်းဆုံး အချိန်ကို ရောက်တဲ့အခါ တင်ပါးဆုံပိုင်းက ကြွက်သားတွေကို ဖြစ်ညှစ်စေပြီး လိင်ပိုင်းဆိုင်ရာကျေနပ်မှုကို ရရှိစေပါတယ်” လို့သူမက ဆိုပါတယ်။ဒါကြောင့် ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလ ရောက်ရှိတယ်ဆိုတာ နာဗ်ကြောတွေရဲ့ အလိုအလျောက်တုံ့ပြန်မှုလို့ သတ်မှတ်ရမှာပါ။မွေးလမ်းကြောင်းကြောင့် ခံစားမှု အထွတ်အထိပ်ရောက်တာလား၊ အမျိုးသမီး အင်္ဂါစေ့ကြောင့် အထွတ်အထိပ်ရောက်တာလားဆိုတာလည်း အခုချိန်ထိ ဆွေးနွေးနေကြရဆဲ ခေါင်းစဉ်တစ်ခုပါ။Dr. Vincenzo Puppo ကတော့ မွေးလမ်းကြောင်းကြောင့် လိင်ခံစားမှု အထွတ်အထိပ်ရောက်တယ်ဆိုတာ မှားယွင်းနေတယ်လို့ဆိုခဲ့ပြီး မွေးလမ်းကြောင်းမှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်စေတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ မရှိဘူးလို့ဆိုပါတယ်။ မွေးလမ်းကြောင်းမှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်တယ်ဆိုတာ ဘေးနားက Clitoris ကြောင့် ရောက်တာ ဖြစ်တယ်လို့ သူ ကဆိုပါတယ်။ လက်ချောင်းများနဲ့ မိမိကိုယ်ကို အာသာဖြေခြင်းကြောင့် လိင်ခံစားမှု အထွတ်အထိပ်ရောက်တယ်ဆိုတာ အမျိုးသမီးများမှာ ဖြစ်နိုင်ပြီး အဖော်တစ်ယောက်နဲ့ဆိုရင် ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလ ရောက်ဖို့အတွက် Clitoris ကို လှုံ့ဆော်ပေးဖို့လိုတယ်လို့ သူကဆိုပါတယ်။တစ်ခြားတစ်ဖက်မှာ ဆေးပညာပါမောက္ခများက အမျိုးသားအင်္ဂါနဲ့ အမျိုးသမီး အင်္ဂါတို့ ထိတွေ့ဆက်ဆံခြင်းက ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံးကာလကို ရောက်စေနိုင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အမျိုးသမီး အင်္ဂါ အစိတ်အပိုင်းတွေဟာ တစ်ခုနဲ့ တစ်ခု နီးကပ်နေတဲ့အတွက် လိင်ဆက်ဆံချိန်မှာ Clitoris ကို ထိခြင်း၊ တုန်ခါခြင်းနဲ့ လှုံ့ဆော်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်အရာကြောင့် ခံစားမှု အထွတ်အထိပ်ရောက်လဲဆိုတာ ပြောရခက်ပါတယ်။ အမျိုးသမီးတွေ တစ်ယောက်နဲ့ တစ်ယောက်လိင်ခံစားမှုဆိုင်ရာ အထွတ်အထိပ်ရောက်တယ်ဆိုတာကလည်း မတူကြပါဘူး။ လတ်တလောမှာ လေ့လာခဲ့တဲ့ လေ့လာချက်အရ အမျိုးသမီး ၆ ရာခိုင်နှုန်းကသာ။လိင်ဆက်ဆံချိန်တိုင်း ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလကိုရောက်ကြတယ်လို့ ဆိုထားပါတယ်။ လိင်ပိုင်းဆိုင်ရာ ခံစားမှုရရှိတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ Clitoris ကြောင့် ခံစားမှုအထွတ်အထိပ်ရောက်တာပဲဖြစ်ဖြစ်၊ တစ်ခြားလမ်းကြောင်းတွေကြောင့် အထွတ်အထိပ်ရောက်တာပဲ ဖြစ်ဖြစ် လိင်ခံစားမှုကို တိုင်းတာဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်တိုင်ပါဝင်ပတ်သတ်ခဲ့သူတွေရဲ့ အတွေ့အကြုံအရပဲ တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/vagina-%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%af%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9b%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%91%e1%80%bd%e1%80%b1%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%96/
အိပ်၍မပျော်သော ညတစ်ည သံသရာလည်
“လေသာပြတင်းဘေးဝယ် ဖွေရှာငေးမော ကြည့်နေစဉ်ဝယ်….ညတစ်ညရဲ့ ဉာဉ့်လယ်သံရာလည်” ဆိုတဲ့ ခေတ်ဟောင်း သီချင်းလေး ကြားဖူးကြလား။ညညဆို တွေးစရာတွေ၊ ပူပန်စရာတွေ၊ လုပ်ရမယ့်အလုပ်တွေ၊ ရှေ့ရေးတွေကို တွေးနေရတာနဲ့ အိပ်မပျော်နိုင်သူ တွေရှိသလို ဘာရယ်မဟုတ် ဘာလုပ်ရမှန်းမသိဘဲ မျက်စိကြောင်နေသူတွေလည်း ရှိတာပေါ့နော်။အိပ်မပျော်လို့ ရုပ်ရှင်ကြည့်၊ ဖုန်းကြည့်၊ ဂိမ်းဆော့ရင်း မျက်လုံးပိုကျယ်သွားရတာ၊ မနက်ကျ နိုးတဲ့အချိန်က နေ့လယ်ရောက်သွားတာ ကနေ နောက်ဆုံး နေ့နဲ့ည မှားလေတဲ့ ဇီးကွက်လေးတွေ ဖြစ်ကုန်ပါရောလား…။အိပ်စက်အနားယူခြင်းမှာ ပြဿနာရှိနေတဲ့အခါ အကြောင်းအရာတွေ ကို မှတ်သားနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း အားနည်းလာစေပါတယ်။ ညဘက် အိပ်ရေးတွေ ပျက်တာ ကြာလာရင် လူက ဟိုမေ့ဒီမေ့နဲ့ ပေါက်ကရတွေ ဖြစ်ပြီ။အိပ်ရေးမဝတော့ စိတ်မရှည်၊ စိတ်ဆတ်လာမယ်။ စိတ်အပြောင်းအလဲ မြန်လာတော့ ပေါင်းသင်းဆက်ဆံရေး မှာ အဆင်မပြေ ဖြစ်လာနိုင်တယ်။ကိုယ်ကမှ စိတ်မကြည်ဘဲကိုး။ ကြာတော့ မျက်နှာလွှဲပြီး စကားသိပ်မပြောမိတော့တာမျိုး။ကိုယ် ပုံမှန်လုပ်နေကျ အလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ ဝင်မပါချင်တော့ဘူး။ တက်ကြွမှုလည်း မရှိတော့ဘူး။ အရာရာ စိတ်မပါတော့ဘူး။လုပ်ဆောင်နိုင်စွမ်း၊ ဆန်းသစ်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းလာမယ်၊ ငါမလုပ်နိုင်တော့ပါဘူး ဆိုပြီး စိတ်ဓါတ်ခွန်အား လျော့တဲ့ အတွေးတွေဝင်လာနိုင်ပါတယ်။ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေမှာလည်း အားနည်းလာနိုင်ပါတယ်။အအိပ်မမှန်တာ ကြာလာရင် တကယ်မရှိတာ၊ မဖြစ်တာတွေ ကို ရှိသယောင်၊ ကြားသယောင် ထင်ယောင်ထင်မှားတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီကနေ စိတ်ဝေဒနာ ကို ကူးပြောင်းနိုင်တဲ့အတွက် ဒီအခြေအနေ က အရေးကြီးပါတယ်။အထက်မှာ ပြောခဲ့သလို အဆင်မပြေမှုတွေ ဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျ လာနိုင်ပါတယ်။ စိတ်ဓာတ်ကျတဲ့ အတွေးတွေ ဝင်လာရင်းကနောက်ဆုံ းမှာ အမှားတွေ လုပ်မိပြီး အဆုံးစီရင်တဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။ဒါ့ကြောင့် တဖြည်းဖြည်း နဲ့ ချူချာလာတဲ့ ညဇီးကွက်လေးတွေမဖြစ်ချင်ရင် –။နောက်တစ်ချက်က ညကအိပ်ရေးပျက်ထားလို့ ဆိုပြီး နောက်တစ်နေ့ နေ့လည်ပိုင်းလောက်မှ အိပ်ရာကထတာမျိုး လုပ်တတ်ပါတယ်။ အိပ်ရေးပျက်ထားလို့၊ ခေါင်းမူးလို့ ဆက်အိပ်တယ် ဆိုပေမယ့် အဲဒါက ပိုဆိုးစေတယ် ဆိုတာ သိပါရဲ့လား။ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို မပျက်ယွင်းစေဖို့ကို နိုင်သလောက် ထိန်းပေးရပါမယ်။ အိပ်ရာဝင်ချိန်၊ အိပ်ချိန် နဲ့ အိပ်ရာထချိန် တွေက နေ့တိုင်း အချိန်မှန် နေသင့်ပါတယ်။ ညဘက်မှာ ပျက်လိုက်ပေမယ့် နောက်နေ့တွေ မှာ အဲဒီအချိန်တွေကို ပြန်ထိန်းရပါမယ်။ နောက်ကျတဲ့အထိ ပိုအိပ်လိုက်လို့ အိပ်ရေးပျက်ထားတာကို ပြန်မဖြည့်ဆည်းနိုင်ပါဘူး။ ခေါင်းထဲ အုံခဲနေတာပဲ အဖတ်တင်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%81%8d%e1%80%99%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%8a%e1%80%90%e1%80%85%e1%80%ba%e1%80%8a-%e1%80%9e%e1%80%b6%e1%80%9e/
မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ
အိမ်ထောင်စု တစ်စုမှာဘေဘီလေးရောက်ရှိလာခြင်းက ပျော်စရာကောင်းတဲ့ ကိစ္စတစ်ရပ်ပါ။ ဘေဘီလေးဆိုတာ တစ်အိမ်လုံးရဲ့ ချစ်မဝတဲ့ သူတွေပါ။ ဒီလိုကာလမှာ ဘေဘီလေး တစ်ယောက် မွေးဖွားလာတဲ့အခါ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ကိုဗစ်ဆိုတဲ့ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေလို့ပါပဲ။ ဒီတော့ ဘေဘီလေး ရောက်ရှိလာတာကြောင့် ပျော်ရွင်နေရတဲ့ အပျော်လေးတွေ ပျောက်မသွားစေဖို့အတွက်မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ ။ဘေဘီလေးတွေက လူကြီးတွေလိုရောဂါလက္ခဏာမပြင်းထန်ပေမယ့် လုံးဝ မကူးစက်တာမျိုး မဟုတ်ပါဘူး။ ဘေဘီလေးတွေရဲ့ကိုဗစ်ကူးစက်ခံရနိုင်ခြေက အယောက် ၁၀၀၀ မှာ ၂၅ ဦးလောက် ရှိပါတယ်။ ဘေဘီလေးတွေရဲ့ကိုယ်ခံအားက ဖွံ့ဖြိုးဆဲ ဖြစ်တာကြောင့် လူကြီးတွေလို တုံ့ပြန်အား သိပ်မပြင်းထန်တာပါ။ဘေဘီလေးကို ကိုဗစ်ရန်ကနေ ကင်းဝေးစေဖို့ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ဘေဘီလေးကို မတ်ခ် မတပ်ပေးပါနဲ့ဆိုလို့ နည်းနည်းများ ဆန်းသွားလား။ အသက် ၂ နှစ်အောက် ဘေဘီလေးတွေကို မတ်ခ် တပ်ပေးလို့ မရပါဘူး။ ဘေဘီလေးကို မတ်ခ် တပ်ထားပေးတာက လှုပ်ရင်းရှားရင်း ဘေဘီလေးကိုနှာခေါင်း၊ ပါးစပ်စတာတွေကို ပိတ်ဆို့မှု ဖြစ်စေပြီးမွေးကင်းစ ကလေးငယ် ရုတ်တရက် သေဆုံးမှု(SIDS) ဖြစ်စေနိုင်တာကြောင့်ပါ။ဒါကြောင့် ဘေဘီလေးကို မတ်ခ်မတပ်ပေးဘဲ ဘေဘီလေး အနားမှာ နေမယ့် သူတွေ မေမေဖေဖေ ဘွားဘွား၊ တီတီတို့က တပ်ထားတာ အကောင်းဆုံး နည်းလမ်းပါ။ဘေဘီလေးကို မချီခင်မှာ လက်တွေကိုရေနဲ့ ဆပ်ပြာသုံးပြီးသေချာလေး သန့်စင်ပေးပါ။ဘေဘီလေးရဲ့ အသုံးအဆောင်တွေကိုလည်း သေချာလေး ပိုးသတ်ဖို့ မမေ့ပါနဲ့။ ဒါက ဘေဘီလေးကို ကိုဗစ်ရန်ကနေ အထိရောက်ဆုံး ကာကွယ်ရာ ရောက်ပါတယ်။ဘေဘီလေး မွေးပြီဆိုတာကို ကြားရရင်ကို ဘေဘီလေးကို တွေ့ချင်တဲ့သူတွေကလည် အများကြီး နေမှာပါ။ အခုကာလက ကိုဗစ်တွေ ဖြစ်ပွားနေတာကြောင့် ဘေဘီလေးကို လာကြည့်သမျှ ဧည့်သည်နဲ့ ထိတွေ့ခွင့် မပေးပါနဲ့။အိမ်ကို ဧည့်သည်တွေ များများလာလေလေ ကိုဗစ် ကူးစက်ခံရနိုင်ခြေ များလေလေပါ။ ဒါကြောင့် ဘေဘီလေးကို ဧည့်သည်တွေနဲ့ အများကြီး ပေးမတွေ့မိဖို့ သတိထားစေချင်ပါတယ်။ဘေဘီလေးကို ပုံမှန် ဆေးခန်းပြတာနဲ့ကာကွယ်ဆေးထိုးချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အပြင်ကို ခေါ်သွားတာမျိုး မလုပ်ပါနဲ့။ ဘေဘီလေးကို မဖြစ်မနေ အပြင် ခေါ်သွားဖို့ လိုမယ်ဆိုရင် လူထူထပ်တဲ့ နေရာတွေကို ရှောင်ဖို့ လိုပါမယ်။ ဘေဘီလေးကို သူစိမ်းတွေနဲ့ အနည်းဆုံး ၆ ပေ ခွာပြီး နေဖို့ လိုပါမယ်။ဘေဘီလေးကို ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဖို့က တော်တော်လေး အရေးကြီးပါတယ်။ ဒါကြောင့် ဘေဘီလေးကိုကိုဗစ်ကာလဆိုပေမယ့်လည်း ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန် လုပ်ပေးဖို့ လိုပါမယ်။ ဆေးခန်းတွေ မဖွင့်ဘူးဆိုရင်လည်း အွန်လိုင်းကနေပဲ​ဖြစ်ဖြစ် သေချာလေး ကျန်းမာရေး စောင့်ရှောက်မှု ခံယူပေးဖို့ လိုပါမယ်။ဘေဘီလေးကို အခုလို လက္ခဏာလေးတွေ ခံစားရလားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ကဲ …….. ဘေဘီလေးကို ကိုဗစ်ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးလိုက်ရအောင်လား မေမေဖေဖေတို့ရေ……….။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-prevent-newborn-baby-from-covid/
စောင့်ကြည့်စာရင်းထဲပါလာတဲ့ ကိုဗစ်မျိုးဗီဇအသစ် "မျူ"
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့ကWHOက Mu“မျူ” ဆိုတဲ့ ကိုဗစ်မျိုးဗီဇအသစ်ကို VOI (Variant of Interest) စောင့်ကြည့်စာရင်းထဲကို ထည့်ခဲ့ပါတယ်။ သူကရော ဘာတွေ ထူးခြားနေပြီလဲ။WHOမှာကိုဗစ်မျိုးဗီဇအသစ်တွေနဲ့ ပတ်သက်ပြီး စာရင်းနှစ်ခုရှိပါတယ်။ VOI (Variant of Interest) စောင့်ကြည့်စာရင်းနဲ့ VOC (Variant of Concern) စိုးရိမ်ရတဲ့ စာရင်းပါ။-ကူးစက်နှုန်းမြန်ရမယ်။ ရောဂါပြင်းထန်ရမယ်။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိနေရမှာပဲ ဖြစ်ပါတယ်။-လက်ရှိ VOCစာရင်းမှာ အယ်ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်တာဆိုပြီး ၄ခုရှိထားပါတယ်။-ကူးစက်နှုန်း၊ ရောဂါပြင်းထန်နှုန်း၊ ကာကွယ်ဆေးပြီးတာ၊ ရောဂါရှာဖွေတာနဲ့ ကုသရာမှာ အခက်အခဲတွေ့နိုင်တယ်လို့ သံသယဝင်ရင်။-လူအများကြီး၊  နိုင်ငံအများကြီးကို ကူးစက်ပြန့်နှံ့ပြီး ရောဂါဖြစ်တဲ့သူတွေ တိုးလာမယ်လို့ ယူဆရင် စောင့်ကြည့်စာရင်းထဲမှာ ပါပါတယ်။-လက်ရှိVOIစာရင်းမှာ ခုပြောမယ့် မျူအပါအဝင် ၅မျိုးစာရင်းပေါက်ပါတယ်။မျိုးဗီဇအသစ် မျူ(Lineage B.1.621)ကို ဇန်နဝါရီလတည်းက ကိုလမ်ဘီယာမှာ စတွေ့ခဲ့ပါတယ်။ လက်ရှိမှာဆိုရင်တော့ နိုင်ငံပေါင်း ၄၃နိုင်ငံကို ပျံ့နှံ့ခဲ့ပြီဖြစ်လို့ WHOရဲ့ VOIစာရင်းထဲမှာ သြဂုတ်လကုန်က ထည့်လိုက်တာပဲ ဖြစ်ပါတယ်။ကိုလမ်ဘီယာကနေ စတွေ့ခဲ့တဲ့ ဒီမျိုးစိတ်အသစ်က တဖြည်းဖြည်းနဲ့ ကမ္ဘာ့နိုင်ငံတွေကို ပြန့်လာခဲ့ပါတယ်။ တောင်အမေရိကကို ကျော်လွန်ပြီး ယူကေ၊ ယူဆက်စ်၊ ဥရောပနဲ့ ဟောင်ကောင်တွေမှာပါ တွေ့လာရပါတယ်။သြဂုတ်လ ၂၉ရက် စာရင်းတွေအရ မျူက တစ်ကမ္ဘာလုံးရဲ့ ကိုဗစ်ဖြစ်နှုန်းနဲ့ ယှဉ်ရင် ၀.၁%လောက်ပဲ ရှိပေမယ့် တောင်အမေရိကမှာတေ့ ဆက်တိုက်ကို တိုးလာနေပါတယ်။ ခုဆိုရင် ကိုလမ်ဘီယာမှာ ဖြစ်သမျှ ကိုဗစ်လူနာတွေရဲ့ ၃၉%နဲ့ ယူကေဒါမှာ ၁၃% ဖြစ်နေပါပြီ။ ဒါကြောင့် စောင့်ကြည့်စာရင်းထဲမှာ ထည့်ခဲ့တာပါ။ကိုဗစ်မျိုးဗီဇအသစ် “မျူ”မှာ အရင်က ဗီဇပြောင်းတဲ့ပုံစံတွေကို အစုလိုက်တွေ့နေရပါတယ်လို့ WHOကဆိုပါတယ်။ ဆက်ပြီးလေ့လာဖို့လိုသေးပေမယ့် ရှေ့က ဘီတာမျိုးစိတ်လိုမျိုးAntibodiesခုခံအားတွေကို ခံနိုင်ရည်ရှိမယ်လို့ ယူဆရပါတယ်တဲ့။ တောင်ဖရိကမှာ စတွေ့ခဲ့တဲ့ ဘီတာမျိုးစိတ်သစ်ကတော့ ကာကွယ်ဆေးတွေကို အနည်းငယ် ခံနိုင်ရည်ရှိနေတာကို တွေ့ခဲ့ရပါတယ်။ဒါ့ပြင် WHOက ကိုဗစ်မျိုးဗီဇအသစ် မျူကို ခုရှိနေတဲ့ဒယ်တာမျိုးစိတ်နဲ့ တွဲပြီး စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။University of Leicesterမှ ဗိုင်းရပ်စ်ပညာရှင် Dr Julian Tangက မျူမှာ စိုးရိမ်ရတဲ့ ဗီဇပြောင်းမျိုးစိတ်တွေဖြစ်တဲ့ အယ်ဖာနဲ့ ဘီတာမှာ တွေ့ရတဲ့ မျိုးဗီဇ၃ခု (E484K, N501Y,  P681H) ကိုတွေ့နေရပါတယ်။ ဒီဗီဇပြောင်းဗိုင်းရပ်စ်တွေမှာပါတဲ့ ပရိုတင်းတွေက ကာကွယ်ဆေးတွေကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိပြီး ကူးစက်နှုန်းမြန်တာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ဒါဆို ဒါတွေရဲ့ မျိုးဗီဇကို ဆက်ခံထားတဲ့ “မျူ”ကိုလည်း သတိထားရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ကိုဗစ်မျိုးဗီဇအသစ် “မျူ”ကို ဘယ်လိုကာကွယ်ကြမလဲ။ဒီလိုဗီဇပြောင်းတွေ ထပ်ထပ်ပြီး ထွက်လာရတာက တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းတွေ အားနည်းတာ၊ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတာတွေကြောင့် ပါပါတယ်။လူရဲ့ ကိုယ်ထဲကို ဝင်ပြီး ပွားနိုင်သရွှေ့တော့ ဗိုင်းရပ်စ်က ဗီဇတွေ ဆက်ဆက်ပြီး ပြောင်းနေဦးမှာပါပဲ။ ဒါကြောင့် အတတ်နိုင်ဆုံး ကူးစက်မခံရအောင် နေတာက အကောင်းဆုံးပါပဲ။ လက်ရှိကာကွယ်ရေး နည်းလမ်းတွေ ဖြစ်တဲ့။–နှာခေါင်းစည်းတပ်တာ။–လက်ဆေးတာ။–လူစုလူဝေးရှောင်တာတွေ လုပ်ရဦးမှာပါ။ကာကွယ်ဆေးကိုလည်း စိတ်ချရတဲ့ နေရာကရရင် ထိုးထားသင့်ပါတယ်။ အသက်ကြီးတဲ့သူ၊ ရောဂါအခံရှိတဲ့သူတွေအပြင် ထိုးလို့ရတိုင်း သူတိုင်း ထိုးထားပါ။ ကာကွယ်ဆေးတွေကို အနည်းငယ်ခံနိုင်ရည်ရှိလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် ကာကွယ်ဆေးတွေက ရောဂါပြင်းထန်တာတွေ၊ ဆေးရုံတက်ရတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဘာမှအကာအကွယ်မရှိတာထက်စာရင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တာကလည်း အထောက်အကူဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/new-covid-variant-mu/
၄ နှစ် နှင့် ၅ နှစ် ကလေးများအတွက် အစားအသောက်နှင့် အာဟာရ
ကလေးတွေဟာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားရတဲ့အခါမှာ ပိုပြီးနေကောင်းကြပါတယ်။ မူကြိုနဲ့ သူငယ်တန်းအရွယ်တွေမှာ သင့်ရဲ့ကလေးဟာ အခြားသောမိသားစုဝင်တွေစားတဲ့အစာအတိုင်း စားသင့်နေပါပြီ။ သင့်ရဲ့တာဝန်ကတော့ ကလေးအတွက် ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မှာ အာဟာရ ပြည့်ဝတဲ့အစာတွေကို ဖန်တီးဖို့နဲ့ စားချိန်မှန်အောင် အချိန်တစ်ခု သတ်မှတ်ပေးဖို့ပါပဲ။ သင့်ကလေးတွေဟာ သူတို့ဆာ၊မဆာဆိုတာနဲ့ ရလာတဲ့ခွဲတမ်းကို ဘယ်လောက်များများစားမလဲဆိုတာကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။သင့်ရဲ့ကလေးဟာ သူတို့ကိုယ်တိုင်စားတတ်နေပြီး အစားအစာအမျိုးမျိုးကိုလည်း စမ်းသပ်စားသုံးကြည့်နိုင်ပါပြီ။ သင်က သူတို့အတွက် ရွေးချယ်စရာအမျိုးမျိုးပေးသင့်သလို ပုံစံအသစ်၊အရောင်သစ်နဲ့ အရသာအသစ်တွေကိုလည်း ဖန်တီးေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေပျော်ရွှင်ဖို့အတွက် စားစရာတွေကို ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးပါ။ ကလေးတွေဟာ အောက်ပါ အစာအုပ်စုတွေကို စုံအောင် စားဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအစာအုပ်စုတွေကတော့ အနှံ၊ အသီးအရွက်၊ အသီးအနှံ၊ နို့နဲ့ အသားတွေပါ။သူတို့ဘာကိုစားမလဲ၊ ဘယ်လောက်စားမလဲဆိုတာ သင့်ကလေးတွေကို ကိုယ်တိုင်ဆုံးဖြတ်ခိုင်းလိုက်ပါ။ တစ်ရက်ပြီးတစ်ရက် တစ်မျိုးပြီးတစ်မျိုး စားရင်းနဲ့ အကြိုက်တွေပြောင်းသွားတာက ပုံမှန်ပါပဲ။ စိတ်ထဲထည့်ထားရမှာတစ်ခုက သင့်ကလေးတွေက သူတို့ပန်းကန်ကို သူတို့ကိုယ်တိုင်ဆေးကြောနေဖို့တော့ မလိုသေးပါဘူး။အောက်ပါဇယားက သင့်ကလေးတစ်ရက်ကိုဘယ်လောက်စားသင့်သလဲဆိုတာ သင်သိသွားစေဖို့ ကူညီပေးနိုင်ပါတယ်။အနှံအုပ်စု– တစ်ရက်ကို အနည်းဆုံး ၆မျိုး။ပေါင်မုန့်တစ်ချပ်။Crackers မုန့် ၄ခုမှ ၆ခု။ထမင်း၊ ပါစတာ သို့မဟုတ် cereal ပန်းကန်ဝက်။ပေါင်မုန့်လုံး၊ muffin သို့မဟုတ် bagel (ပေါင်မုန့်ကွင်း) တစ်ဝက်။အသီးအနှံနဲ့ အသီးအရွက်အုပ်စု– တစ်ရက်မှာအနည်းဆုံး ၅မျိုး။စည်သွပ်ထားတာ သို့မဟုတ် ပိုင်းဖြတ်ထားတဲ့အသီးစိမ်းတွေနဲ့ ချက်ပြီးသား ပန်းကန်ဝက်။အသီးသေးသေး သို့မဟုတ် ဟင်းသီးဟင်းရွက် တစ်ဝက်။ဖျော်ရည် ခွက်တစ်ဝက်။နို့အုပ်စု– တစ်ရက်မှာ အနည်းဆုံး ၃ကြိမ်။ဒိန်ချဉ် သို့မဟုတ် နို့ ခွက်ရဲ့ ၄ပုံ ၃ပုံ။ချိစ် ၂၁.၃ ဂရမ်။အသားအုပ်စု-တစ်ရက်မှာ ၂ကြိမ်။အဆီထုတ်ထားတဲ့အသား၊ကြက်၊ငါး စားပွဲဇွန်း ၁ဇွန်းမှ ၃ဇွန်း။ပဲအမျိုးမျိုး စားပွဲဇွန်း ၄ဇွန်းမှ ၅ဇွန်း။ကြက်ဥတစ်လုံး။အဆီ တစ်ရက်ကို ၃ကြိမ်မှ ၄ကြိမ်။မာဂျရင်း၊ ထောပတ်နဲ့ အဆီများ လက်ဖက်ရည်ဇွန်းတစ်ဇွန်း။အစာနင်ခြင်း၊အသက်ရှူကြပ်ခြင်းကိုဖြစ်စေနိုင်တဲ့ အစားအစာတွေ ဥပမာ- ချော်ဝင်သွားနိုင်တဲ့အစာတွေ (စပျစ်သီးလုံး၊ အသားစ ကြီးကြီး၊ ငုံးဥ ဟော့ဒေါ့စ်တွေနဲ့ ချိုချဉ်တွေ)၊ သေးငယ်မာကျောတဲ့ အစာတွေ (အခွံမာသီး၊ အစေ့များ၊ ပေါက်ပေါက်၊ အာလူးကြော်) ကပ်စေးတဲ့အစာတွေ (မြေပဲထောပတ် နဲ့ Marshmallows ) စတာတွေကို သတိထားဖို့လည်းအရေးကြီးပါတယ်။စားစရာတွေကို သေးသေးလေးတွေဖြစ်အောင် ပိုင်းဖြတ်ပြီးကျွေးပါ။ ကျွေးနေစဉ်တစ်လျှောက်လုံးမှာလဲ မျက်ခြေမပြတ်စောင့်ကြည့်ပါ။ သင့်ကလေးတွေဟာ အချို့သောစားစရာတွေနဲ့ ဓါတ်မတည့်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ နို့၊ ကြက်ဥ၊ မြေပဲနဲ့ အခြားသော အခွံမာသီးတွေ၊ ပဲပုပ်၊ ဂျုံ၊ ငါးနဲ့ ပင်လယ်စာ (shellfish) စတာတွေပါ။• စားစရာအမျိုးမျိုးကို တစ်ကြိမ်ပြီးတစ်ကြိမ်ပြောင်းကျွေးကြည့်ပါ။ ပြီးတော့ စားစရာသစ်တစ်မျိုးကို သူလက်မခံခင် ၁၀ကြိမ်နဲ့အထက် စမ်းကျွေးကြည့်ဖို့မမေ့ပါနဲ့။ သင့်ကလေးက ဗိုက်ဆာလွန်းမက ဆာပြီး အစာစစားရတဲ့အချိန်မှာ အစာသစ်တစ်မျိုးကို စကျွေးကြည့်ပါ။• သူကြိုက်မယ်လို့ သင်သေချာသိနေတဲ့ စားစရာတစ်မျိုးကိုပေးပါ။ ဒါပေမယ့် အခြားသော မိသားစုဝင်တွေစားတဲ့ တူညီတဲ့စားစရာတွေကိုပဲ စားဖို့ တိုက်တွန်းပါ။• စားစရာတွေကို ရိုးရှင်းပြီးမှတ်မိလွယ်အောင် ပြုလုပ်ပါ။• တစ်ခါတလေမှာ ကလေးတွေဟာအစာတစ်မျိုးတည်း စားဖို့ ငြင်းဆန်တတ်ကြပါတယ်။ ဒါဟာ အန္တရာယ်မရှိတဲ့ကိစ္စဖြစ်ပြီး လုံးဝပုံမှန်ပါပဲ။ သူတို့ငြင်းဆန်နေတဲ့အရာတွေကလွဲပြီး အခြားသော စားစရာအမျိုးမျိုးကိုလည်း သင်ကကျွေးနိုင်ပါသေးတယ်။ ဒါပေမယ့် သင့်ကလေးက အထက်ဖော်ပြပါ အုပ်စုတွေထဲက အစာတွေအားလုံးကို ရက်သတ္တ၂ပတ်နဲ့အထက် ငြင်းဆန်နေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။• ကလေးကို သူမကြိုက်တဲ့အစာတွေအတင်းကျွေးတာမျိုး မလုပ်ပါနဲ့။ သူတို့အတွက် ရွေးချယ်စရာတွေများများထားပေးပါ။ ဒါမှသာ သူကြိုက်ရာကို သူရွေးချယ်နိုင်မှာ မဟုတ်လား။• ပထမဆုံးအနေနဲ့ကတော့ သင့်ကလေးရဲ့ အလေးချိန်ဟာ အလွန်ပဲများနေတာ ဟုတ်သလား မဟုတ်ဘူးလားဆိုတာ အာဟာရပညာရှင် ဒါမှမဟုတ် ဆရာဝန်နဲ့တိုင်ပင်ပါ။ ပြီးတော့ ကြီးထွားနှုန်းတည်ငြိမ်သွားတဲ့အချိန် မရောက်မချင်း ကလေးက ဝိတ်တက်လာမယ်ဆိုတာကို မမေ့ပါနဲ့။ ဝိတ်အများကြီးတိုးတာကို ကာကွယ်နိုင်ဖို့ အချက်အနည်းငယ်တော့ရှိပါတယ်။• အချိန်စာရင်းဆွဲထားတဲ့တိုင်း စားစရာတွေနဲ့သွားရည်စာတွေကို မကြာခဏစားပါ။ ဒါတွေက သင့်ကလေးကို အဆာလွန်ခြင်းမှ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အဆာလွန်နေပြီဆိုရင်တော့ လိုအပ်တာထက် ပိုစားမိဖို့ အသေအချာပါပဲ။• သင့်ကလေး ၂နှစ်ပြည့်ပြီးသွားတဲ့နောက် သင်က အဆီနည်းတဲ့အစာတွေကို စကျွေးနိုင်ပါပြီ (အဆီနည်းနို့၊ အဆီနည်းချိစ် နဲ့ အဆီထုတ်အသားတွေပေါ့)။• လှုပ်ရှားမှုများများလုပ်ပါ။• အစာစားတဲ့အခါမှာ ကလေးအတွက် ပုံမှန်ထက်ပိုနည်းတဲ့ ဝေစုကိုသာပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/%e1%81%84-%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%81%85-%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a/
ကိုယ်ဝန်ဆောင်စဉ် စထရပ်ပိုးကြောင့် လည်ချောင်းနာခြင်း
စထရပ်ပိုးကြောင့်လည်းချောင်းနာခြင်းသည် လည်ချောင်းနှင့် အာသီးတို့၌ စထရပ်တိုကော်ကဲလ် ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင်းဖြစ်သည်။ လည်ချောင်းနာခြင်းနှင့်အတူ ဖျားခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်လာပါက ဆရာဝန်မှ စထရပ်ပိုးစစ်ဆေးမှုလုပ်ရန် ဘက်တီးရီးယားပိုး ရှိနိုင်မည့် အားသီးကိုဂွမ်းစနှင့် သုတ်ယူကာ စစ်ဆေးပါလိမ့်မည်။ စထရပ်ပိုးကြောင့် လည်ချောင်းနာကြောင်း အတည်ပြုနိုင်ပါက ပဋိဇီဝဆေးများ ပေးမည်ဖြစ်သည်။စထရပ်ဘက်တီးရီးယားအမျိုးမျိုးရှိ၏။ ၎င်းတို့ထဲမှ တစ်ချို့ကသာ ပြင်းထန်သည့်ရောဂါများကို ဖြစ်စေနိုင်ပါသည်။အမည်များ ခပ်ဆင်ဆင်ဖြစ်နေသောကြောင့် စထရပ် လည်ချောင်းနာပိုးနှင့် စထရပ်တိုကောကပ်စ် အုပ်စုဘီပိုးတို့အား မှားတတ်ကြ၏။ အမှန်မှာ အုပ်စုဘီပိုးအား အမျိုးသမီးများ၏ မိန်းမကိုယ်နှင့် စအိုတစ်ဝိုက်တွင်သာ တေါ့ရတတ်ပြီး လုံးဝကိုမသက်ဆိုင်း ခြားနားသည့် ဘက်တီးရီးယားများသာဖြစ်သည်။ အသက် ၃၅ နှင့် ၃၇ ကြား ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အုပ်စုဘီ စထရပ်တိုကောကပ်ပိုး စစ်ဆေးလေ့ရှိပါသည်။ ကံကောင်းစွာနှင့် ထိုပိုးမျိုးသည် ကလေးဆီသို့ ကူးစက်ခြင်း မရှိပါပေ။စထရပ်ပိုးလည်ချောင်းနာခြင်းရှိကြောင်း အတည်ပြုထားသည့် အမျိုးသမီးများတွင် လက္ခဏာအမျိုးမျိုးအား တွေ့ကြုံရနိုင်၏။ အထူးသဖြင့် လည်ချောင်း၊ အာသီးနှင့် လည်ပင်းတစ်ဝိုက်၌ ရောင်ခြင်း၊ နာခြင်း၊ အဖုများစမ်းမိခြင်းနှင့် အဖြူပျောက်များကို တွေ့ရနိုင်သည်။ ထို့အပြင် ခေါင်းကိုက်၊ မောလွယ်ပန်းလွယ်၊ အားနည်း၊ ဖျားနာ၊ ချောင်းဆိုး၊ ပျို့အန်၊ ချွေးအလွန်ထွက်၊ အစားအသောက်ပျက်၊ ပြန်ရည်ကျိတ်များကြီးခြင်းနှင့် ဗိုက်နာခြင်းကို ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ အစာစား၊ မျိုရ၊ အသက်ရှုရရာတွင် ခက်ခဲနေတတ်ပါသည်။လည်ချောင်းနာစထရပ်ပိုးအား သေစေနိုင်သည့် ပဋိဇိဝဆေးအမျိုးမျိုးကို သုံးနိုင်ပါသည်။ အသုံးများသော ဆေးများမှာ ခက်ဖလဇင်း၊ ပန်နစလင်နှင့် အမောက်ဆဲလ်စလင်တို့ ဖြစ်ကြသည်။ ထိုဆေးများအားလုံးအား ကိုယ်ဝန်ဆောင်သောက်ဆေး လုံခြုံရမှု အမျိုးအစား ဘီ အဖြစ်သတ်မှတ်ထားပါသည်။တိရိစ္ဆာန်များ၌စမ်းသပ်ချက်များအရ ခက်ဖလဇင်းသည် မျိုးဆက်မြုံခြင်း သို့မဟုတ် သန္ဓေသားအားထိခြင်းတို့ ဖြစ်စေတတ်ကြောင်း သက်သေပြချက်များ ရှိထား၏။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များတွင် သုံးနိုင်မသုံးနိုင် စိတ်ချရသည့်လေ့လာမှုများ မရှိသေးပါ။ ထို့ကြောင့် ခက်ဖလဇင်းအား ကိုယ်ဝန်ဆောင်များ၌ တကယ်လိုအပ်မှသာ အသုံးပြုသင့်ပါသည်။လည်ချောင်းနာခြင်းအားကုသနိုင်သည့် နောက်ဆေးတစ်ခုမှာ ပန်နစလင်ဖြစ်သည်။ ပန်နစလင်နှင့် ဓါတ်မတည့်မှု မရှိပါက ကိုယ်ဝန်ဆောင်များ အန္တရာယ်ကင်းကင်းနှင့် အသုံးပြုနိုင်ပါသည်။ ပန်နစလင်ဓါတ်မတည့်မှု၏ သတိထားမိလွယ်သော လက္ခဏာမှာ ဝမ်းလျှောခြင်းပင်။ ဝမ်းသွားချိန် တစ်ရက်နှစ်ရက်မကတော့လျှင် ဝမ်းထဲသွေးပါလာလျှင် ဆရာဝန်ဆီသွားပါ။အမောက်ဆဲလ်စလင်ကို တိရိစ္ဆာန်များ၌ စမ်းသပ်ထားသော်လည်း လူသားမျာမှာတော့ သန္ဓေသားသို့ ထိခိုက်နိုင်မှုရှိမရှိ ရှင်းရှင်းလင်းမသိရသေးပါ။ ထို့ကြောင့် အကျိုးနှင့် ပြဿနာကို ချိန်ဆပြီးမှသာ ကိုယ်ဝန်ဆောင်ကို တိုက်သင့်ကြောင်း ညွှန်ကြားထားပါသည်။လည်ချောင်းနာစထရပ်ပိုးအတွက် ပဋိပစ္စည်းများ သုံးမည်ဆိုပါက ဆရာဝန်၏ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် အရေးကြီး၏။ ညွှန်းထားသည့် ဆေးပမာဏအတိုင်းသာ သောက်ရမည်ဖြစ်ပြီး ဆေးလွန်ပါက သင်ရောကလေးကိုပါ အန္တရာယ်ရှိသွားနိုင်ပါသည်။ဆရာဝန်ညွှန်သော ပဋိဇီဝဆေးများအပြင် တစ်ချို့အိမ်သုံးကုထုံးများကလည်း လက္ခဏာများ မသက်မသာဖြစ်မှုများကို သက်သာစေနိုင်ပါသည်။ သောက်စရာအအေးများသည် လည်ချောင်းနာခြင်းကိုပိုဆိုးစေတတ်သောကြောင့် ရှောင်ပါ။ ထိုအစား ဆားရည်နှင့်ပလုတ်ကျင်ခြင်း သို့မဟုတ် လက်ဖက်စိမ်း၊ ချာမိုမိုင်းပန်း၊ သို့မဟုတ် သစ်ဂျပိုးပါ လီမွန်တီး ခတ်ထားသော ရေနွေးနွေးကို သောက်သုံးပေးနိုင်ပါသည်။ပါရာစီတမော၊ အလွယ်ဝယ်နိုင်သည့် အကိုက်အခဲပျောက်ဆေး အဖျားပျောက်ဆေးများကို သတ်မှတ်ထားသည့်ပမာဏအတိုင်းသာ သောက်ရပါမည်။ သို့သော် အက်စပရင်နှင့် အိုက်ဗြူပရိုဖန်တို့ကိုတော့ ရှောင်ကြဉ်ရပါမည်။ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်သော ကူးစက်ရောဂါ ဖြစ်နိုင်ချေအား လျော့ချနိုင်ရန်အတွက် ရေနှင့် တခြားအရည်များ များများသောက်ပြီး ရေဓါတ်ဖြည့်ပါ။ ထို့အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းစေမည့် လက်ဆေးမှန်မှန်ဆေးခြင်းမျိုး အထူးသဖြင့် လူထူသည့်နေရာ သွားပြီးနောက် ပြုလုပ်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%85%e1%80%91%e1%80%9b%e1%80%95%e1%80%ba%e1%80%95/
လည်ပင်းဆစ်ချော်သောသူများတွင် သိထားရမည့် အိမ်တွင်း ကုထုံး ၅ မျိုး
လည်ပင်းဆစ်ချော်ခြင်းသည် ရှားပါးပါသည်။ ထိုသို့ဖြစ်ခြင်းသည် လည်းပင်းနေရာရှိ အဆစ်များ အနေအထားချော်သွားခြင်းကြောင့် ဖြစ်ပါသည်။ တခါတရံတွင် လည်ပင်းတွင် နာကျင်ခြင်း၊ ထုံခြင်းနှင့် အားနည်းခြင်းတို့ ခံစားရတတ်ပါသည်။ထိုသို့ မပြင်းထန်သော ဝေဒနာများကို ခံစားရလျှင် အိမ်တွင်းကုထုံးများဖြင့် ကုသခြင်းက အသုံးဝင်နိုင်ပါသည်။အပူ သို့မဟုတ် အအေးကုထုံး။လည်ပင်းနေရာကို အပူသို့မဟုတ် ရေခဲကပ်ခြင်းဖြင့် သက်သက်သာစေနိုင်ပါသည်။ အပူသည် သွေးကြောများကို ကျယ်စေပြီး အဆစ်ချော်သည့်နေရာသို့ သွေးလည်ပတ်မှုကောင်းစေသောကြောင့် နာကျင်ခြင်းကို လျှင်မြန်စွာ သက်သာစေပါသည်။ရေခဲကပ်ခြင်းသည် သွေးကြောများကို ကျုံ့စေပြီး ရောင်ရမ်းခြင်းနှင် နာကျင်မှုများကို သက်သာစေပါသည်။လည်ပင်းနာနေသောနေရာကို ရေခဲဖြင့် ၁၀-၁၅ မိနစ်ကြာမျှ ကပ်ပေးပါ။ ၂-၃ နာရီခြားစီကပ်ပေးပါ။ သို့သော် အအေးကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်နိုင်ရန် ရေခဲနှင့် အရေပြားကြားတွင် အဝတ်ပါးတစ်လွှာခံပေးပါ။ထို့ပြင် ရေနွေးဝတ်ဖြင့် ကပ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းတို့ကိုလည်း ပြုလုပ်ပေးခြင်းဖြင့် အကြောအခြင်များကို ပြေလျော့စေနိုင်ပါသည်။ မပူချိန်အလယ်အလတ်မျှသာရှိသော ရေနွေးအိတ်ကိုသုံးပါ။အပူအလွန်ပြင်းလျှင် သင့်အရေပြားအပူလောင်စေနိုင်သောကြောင့် ဖြစ်ပါသည်။ လည်ပင်းနာနေသောရောကို ရေခဲဖြင့် ၁၀-၁၅ မိနစ်ကြာမျှ ကပ်ပေးပါ။ ၂-၃ နာရီခြားစီကပ်ပေးပါ။အဆိုပါ ရေနွေးအိတ်၊ ရေခဲများကို တညလုံးကပ်ထားခြင်းကလည်း အရေပြားကို ပျက်စီးစေနိုင်ကြောင်း သတိပြုရပါမည်။နှိပ်နယ်ခြင်းသည် တောင့်တင်းနေသောကြွက်သားများကို ပြေလျော့စေပါသည်။ လည်ပင်းကို နှိပ်ပေးခြင်းဖြင့် လည်ပင်းကြွက်သားများကို ပြေလျော့စေပြီး လည်ပင်းတဝိုက်ရှိကြွက်သားများ၊ အရွတ်များ၊ အရိုးဆက်အရွတ်များကိုပါ ပြေလျော့စေပါသည်။ ထို့ပြင် နှိပ်နယ်ခြင်းသည် စိတ်ဖိစီးမှုများကိုလည်း ပြေလျော့စေပါသည်။လည်ပင်းဆစ်ချော်ခြင်းအတွက် ပြုလုပ်ရမည့် လေ့ကျင့်ခန်းများတွင် ဆန့်ထုတ်သော လေ့ကျင့်ခန်းများ၊ အေရိုးဗစ်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါသည်။ လည်ပင်းနှင့် ပခုံးများကို လှည့်ခြင်း၊ ခေါင်းမော့ ခေါင်းငုံ့ပြုလုပ်ခြင်း စသည့်လေ့ကျင့်ခန်းများသည် လှုပ်ရှားမှုများနှင့် အကွေးအဆန့်များကို ပိုမိုကောင်းမွန်နိုင်စေပါသည်။ထို့အပြင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများသည် ပေါ့ပါးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။ ထို့ပြင် နှလုံးခုန်မှန်စေခြင်း၊ ပင်မကျောရိုးသို့ သွေးလည်ပတ်မှုကောင်းခြင်းဖြစ်စေကာ သင့်ကို ကျန်းမာစေပါသည်။လေ့ကျင့်ခန်းမလုပ်မီတွင် ရေနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ ၅ မိနစ်ခန့်လမ်းလျှောက်ခြင်းဖြင့် သွေးပူလေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မနာကျင်စေပါ။သို့သော် တင်းသော ခံစားမှုကိုရပါမည်။ သင့်ကို အပြင်းအထန် နာကျင်စေသော လေ့ကျင့်ခန်းများကို မပြုလုပ်ပါနှင့်။ လေ့ကျင့်ခန်းပြုလုပ်နေရင်းလည်ပင်းဆစ်များ ပိုနာလာလျှင် ဆက်မလုပ်ဘဲ ရပ်ပစ်လိုက်ပါ။ကိုယ်ဟန် အနေအထားမမှန်ခြင်းသည် လည်ပင်းဆစ်ချော်ခြင်းကို ဖြစ်စေနိုင်ပါသည်။ သင်အိပ်နေစဉ်နှင့် ထိုင်ခြင်း၊ထခြင်းနှင့် အလေးချိန်များသော ပစ္စည်းများကို မ ခြင်းများပြုလုပ်လျှင် ခေါင်း၊ လည်ပင်းနှင့် ခါးအနေအထားကို မတ်မတ်ထားပါ။သင့်စာကြည့်စားပွဲအနေအထားကို ညှိပါ။ ကွန်ပျူတာကို သင့်မျက်စိနှင့် ရေပြင်ညီ အနေအထားတွင် ထားပါ။ ဖုန်းကို အချိန်ကြာမြင့်စွာ မကြည့်ပါနှင့်။ ထသွားထလာပြုလုပ်ပါ။အိပ်သော အနေအထားသည် အရိုးကျီးပေါင်းဖြစ်စေပြီး အရိုးကျီးပေါင်းကြောင့် လည်ပင်းဆစ်ချော်ခြင်းဖြစ်ရပါသည်။ ထို့ကြောင့် အိပ်နေစဉ်တွင် ကျောရိုးကို ဆန့်ဆန့်ထားပါ။ လည်ပင်းအောက်တွင် ခေါင်းအုံးပါးပါးအုံးပါ။ ခေါင်းအုံး နှစ်ဆင့်အုံးခြင်း၊ ထူထူအုံးခြင်းများကို မပြုလုပ်ပါနှင့်။ဒူးခေါင်းအောက်တွင် ခေါင်းအုံးငယ်တစ်ခုကို ထားပြီး အိပ်ပါ။ သင့်ကိုယ်အနေအထားကို ထောက်ပံ့ပေးသော အိပ်ရာမျိုးရှိလျှင် အကောင်းဆုံးဖြစ်ပါသည်။ ထိုင်နေလျက်အနေထားဖြင့် အိပ်ခြင်း၊ မှောက်အိပ်ခြင်းတို့သည် သင့်လည်ပင်းကို ပိုပြီး ဒဏ်ဖြစ်စေပါသည်။အဆစ်ချော်ခြင်းများသည် ခါးနေရာတွင် အများဆုံးဖြစ်တတ်ပါသည်။ လည်ပင်းအဆစ်ချော်ခြင်းသည် ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်လာလျှင် အထက်ဖော်ပြပါ အိမ်တွင်းကုထုံးများဖြင့် သက်သာစေနိုင်ပါသည်။သို့သော် သင်သည် နာကျင်ခြင်း၊ ထုံခြင်းများမခံမရပ်နိုင်အောင်ဖြစ်လာလျှင် ပိုမဆိုးလာမီ ဆရာဝန်နှငိ ပြသပြီး ထိရောက်သော ကုသမှုများ ခံယူသင့်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%85%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%9e%e1%80%b0%e1%80%99%e1%80%bb/
ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ်
ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ်။အခုနောက်ပိုင်း မြန်မာနိုင်ငံမှာဆီးချိုသွေးချိုရောဂါခံစားနေရသူတွေ တော်တော်လေးများလာပါတယ်။ ဆီးချိုသွေးချိုခံစားရတဲ့အခါ အနေအထိုင်အစားအသောက်အရာရာကို ဂရုစိုက်နိုင်မှ သက်တမ်းစေ့စေ့နေနိုင်မှာပါ။ ဒါကြောင့် ဆီးချိုဝေဒနာကို မခံစားရခင်က ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဘယ်သူမှတော့ ရောဂါဖြစ်လိုကြမှာမဟုတ်ပါဘူး။ မဖြစ်ချင်ပေမယ့် ရောဂါခံစားလာတဲ့အခါမှာတော့ သေသေချာချာဂရုစိုက်ပေးဖို့က မဖြစ်မနေလိုအပ်တဲ့အချက်ပေါ့။ ဒီဆောင်းပါးလေးထဲမှာ ဆီးချိုဝေဒနာသည်တွေအတွက် ဆီးချိုထိန်းရာမှာ အထောက်အပံ့ဖြစ်စေမယ့် အာဟာရနည်းလမ်းသစ်လေးတစ်ရပ်ကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့Whey proteinပါ။Whey Protein ဆိုတာက နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်နေတဲ့ အဓိကကျတဲ့ပရိုတင်းတွေထဲတစ်မျိုးပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအဆီကျစေဖို့နဲ့ကြွက်သားတက်လာစေဖို့အတွက် အားကစားလုပ်တဲ့အခါမှာ သောက်ရတဲ့ အားဖြည့်သောက်စရာတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ လေ့လာတွေ့ရှိချက်တွေအရ Whey Protein ကအမျိုးအစား – ၂ ဆီးချိုရောဂါရှိသူတွေမှာသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သိရှိခဲ့ကြပါတယ်။ဆီးချိုရောဂါရှိသူတွေအနေနဲ့ အစာကြေမမြန်၊ သွေးတွင်းသကြားဓါတ်ကို ခပ်မြန်မြန်ကြီးတက်သွားတာမျိုးမဖြစ်စေတဲ့ အစားအစာတွေကိုစားသုံးဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပြုထောက်ခံထားကြပါတယ်။ ဆီးချိုသမားတွေဟာ ကြွက်သားဆုံးရှုံးမှုဖြစ်လေ့ရှိတာကြောင့်လည်း အစားအသောက်တွေထဲမှာ ပရိုတင်းရင်းမြစ်တွေပါဝင်ဖို့ကိုပါ အကြံပြုကြပါတယ်။ ဒီတော့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Whey Protein ကဆီးချိုရောဂါရှိသူတွေအတွက် ဘယ်လိုအထောက်အကူပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအတွင်း နေ့စဉ်အစားအစာတွေစားသုံးတဲ့အခါ Whey Protein ကိုထည့်သွင်းစားသုံးခြင်းက အမျိုးအစား – ၂ ဆီးချိုရောဂါရှိသူတွေမှာအင်ဆူလင်ထုတ်လုပ်မှုပိုမိုကောင်းမွန်လာပြီးသွေးတွင်းသကြားပမာဏက ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းလောက်အထိကျဆင်းနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ဆီးချိုရှိသူတွေအတွက် Whey Protein က အောက်မှာပြောပြတဲ့အကြောင်းအချက်လေးတွေအတိုင်းအထောက်အကူပြုပေးပါတယ်။Whey Protein မှာ Amino Acid ကြွယ်ဝစွာပါဝင်နေပါတယ်။Whey Protein မှာ L-cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်အတွက် အရမ်းအရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကို ထွက်ရှိလာအောင်လုပ်ဆောင်ပေးပါတယ်။ဓါတ်တိုးဆန့်ကျင်အာနိသင်တွေက ခန္ဓါကိုယ်ထဲမှာဓါတ်တိုးပစ္စည်းတွေများလာတာကြောင့် ဖြစ်တဲ့ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းတာကို သက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ ဆီးချိုကြောင့်မျက်လုံးထိခိုက်ခြင်း၊အာရုံကြောအားနည်းခြင်း၊ကျောက်ကပ်ထိခိုက်ခြင်းလိုမျိုး နောက်ဆက်တွဲရောဂါတွေအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။သွေးတွင်းအဆီဓါတ်ကိုကျဆင်းစေတယ်။Whey Protein က ဆီးချိုသမားတွေမှာ အစားစားပြီးချိန် သွေးတွင်းအဆီတက်လာတာကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့်သွေးတွင်းအဆီဓါတ်တိုးလာမှာကို စိတ်ပူစရာနည်းသွားမှာပါ။အင်ဆူလင်ထွက်ရှိလာအောင် လုပ်ဆောင်ပေးနိုင်တယ်။အစားအစာတွေစားသောက်တဲ့အခါ Whey Protein ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင်အင်ဆူလင်ထွက်ရှိမှုတိုးလာအောင် လှုံ့ဆော်ပေးနိုင်မှာပါ။ အင်ဆူလင်က သွေးထဲက သကြားဓါတ်တွေကို ကြွက်သားတွေက သုံးစွဲနိုင်အောင် ပြုလုပ်ပေးတဲ့အတွက် သွေးတွင်းသကြားဓါတ်ကို လျော့နည်းစေပြီး ကြွက်သားဆုံးရှုံးမှုတွေကို အကာအကွယ်ပေးနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ကို ထိန်းညှိတာနဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက ဆီးချိုရောဂါရှိသူတွေမှာ ရောင်ရမ်းမှုတွေဖြစ်မလာအောင် ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ Whey Protein ကိုဖြည့်စွက်စာအနေနဲ့ စားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေရုံတင်မဟုတ်ဘဲအသည်းအဆီတွေကိုလျော့ကျစေနိုင်မှာပါ။အစားအများကြီးမစားမိအောင် လုပ်ဆောင်ပေးနိုင်တယ်။ကိုယ်အလေးချိန်ပုံမှန်ထက်များနေတာ၊အဝလွန်တာတွေက ဆီးချိုရောဂါကိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေပါ။ Whey Protein က အဆာခံစေတာကြောင့် ခဏခဏအစားစားမိတာမျိုးအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ အစားတွေကို တသွတ်သွတ်မစားမိတဲ့အခါ သွေးချိုတက်တာနဲ့ အဝလွန်တာမျိုးမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာပါ။အရေပြားဓါတ်မတည့်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။Whey Protein ကအရေပြားမှာဓါတ်မတည့်မှြုဖစ်တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အတွက် ဆီးချိုရဲ့နောက်ဆက်တွဲအရေပြားပြဿနာတွေမဖြစ်လာစေနိုင်ပါဘူး။ကိုယ်ခံအားကောင်းစေပါတယ်။Whey Protein မှာပါဝင်တဲ့ စွမ်းအားမြင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ glutathione ကကိုယ်ခံအားကို ကောင်းမွန်အောင် အထောက်အပံ့ပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းမှ ရောဂါတွေအန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ဆီးချိုသမားတွေမှာ ကိုယ်ခံအားက ကျဆင်းနေတတ်တဲ့အတွက်ကြောင့် ရောဂါပိုးကူးစက်ခံရနိုင်မှု မြင့်တက်နေချိန်မှာ Whey protein က ကိုယ်ခံအားပြန်လည်မြင့်တက်လာစေဖို့ အထောက်အကူပြုမှာပါ။Whey protein ကို တစ်နေ့ကို အနည်းဆုံး ၂၀ဂရမ်လောက်သောက်ရင် လုံလောက်ပါတယ်။ အဲဒီပမာဏက သင်နို့သောက်လိုက်ရင် ၊ ဒိန်ခဲစားလိုက်ရင် ရမယ့် ပရိုတင်း ပမာဏပဲဖြစ်တာကြောင့် ဆီးချိုသမားတစ်ယောက်သောက်နိုင်တဲ့ အတိုင်းအတာ ပဲဖြစ်တယ်။ကဲ ဆီးချို သမားတွေ အတွက် whey protein ကတော့ အားထားရမယ့် အစားအသောက်တစ်ခုပဲနော် ။ ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/nutrition-tips-for-diabetics/
မုတ်သုံမှာ ကျန်းမာစေဖို့ လိုက်နာရမယ့် သန့်ရှင်းရေး အလေ့အထများ
မုတ်သုံကာလကကျန်းမာရေး ပြဿနာတော်တော်များများကို မုတ်သုံရဲ့ မိုးစက်တွေနဲ့အတူ ယူဆောင်လာတတ်ကြပါတယ်။ အအေးမိ၊ တုပ်ကွေး၊ အရေပြားပြဿနာ၊ မျက်လုံးကျန်းမာရေးပြဿနာတွေပေါ့။ အကြောင်းကတော့မိုးရာသီရဲ့ ပတ်ဝန်းကျင်လေထုထဲမှာ စိုထိုင်းဆ များပြီး ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေက လေထုထဲမှာ အချိန်ကြာမြင့်စွာ ရှင်သန်နေနိုင်တာကြောင့်ပါ။ မုတ်သုံမှာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် အချိန်တိုင်းမှာ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် မုတ်သုံမှာ ကျန်းမာစေဖို့ ကျန်းမာခြင်းရဲ့ အခြေခံအကျဆုံး နည်းလမ်းဖြစ်တဲ့ သန့်ရှင်းရေး ကျန်းမာစေဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။မိုးလေးဖွဲဖွဲနဲ့ အေးမြစိုစွတ်တဲ့ မုတ်သုံမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေကတော့။မုတ်သုံမှာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ၊ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ လိုက်နာရမယ့် သန့်ရှင်းရေး အလေ့အထလေးတွေ ရှိပါတယ်။ ဒီအလေ့အထတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လက်ဆေးတာက ရောဂါတော်တော်များများကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ အကြောင်းကတော့ လက်တွေက အရာဝတ္ထုတွေနဲ့ နေရာများစွာကို ထိတွေ့ ကိုင်တွယ်နေရပြီး ရောဂါပိုး များစွာ ကပ်ညှိနေနိုင်တာကြောင့်ပါ။ ဒီရောဂါပိုးတွေ ပေကျံနေတဲ့ လက်တွေနဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစတာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ ရောဂါတွေ ခံစားရတာပါ။ဒါကြောင့် အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း၊ ရေအိမ်က အဆင်းနဲ့ အစားမစားခင်အချိန်တွေမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ သန့်စင်ဆေးကြောပါ။တစ်နေ့တာမှာ အသုံးပြုမယ့် အသုံးအဆောင်တွေကို သန့်ရှင်းအောင် ဂရုစိုက်ပါ။ ညစ်ပေနေတာမျိုးရှိမယ်ဆိုရင် သေချာ သန့်စင်ဆေးကြောပါ။ သောက်ရေခွက်၊ ပန်းကန်ခွက်ယောက်တွေ မသန့်ရှင်းတာကလည်း ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို အသည်းရောင်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသုံးအဆောင်တွေကို သန့်ရှင်းအောင် ထားပါ။နေ့စဉ်ထိတွေ့နေရတဲ့ မျက်နှာပြင်တွေ၊ အိမ်ခန်းကြမ်းပြင် စတာတွေကို ပိုးသတ်ပါ။ ဘက်တီးရီးယားတွေ၊မှိုပိုးတွေရှိနေမယ်ဆိုရင် အအေးမိတာ၊ရာသီတုပ်ကွေးနဲ့ အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။ခန္ဓာကိုယ်မှာ ကပ်တွယ်နေနိုင်တဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကြောင့် ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့နဲ့ ကြွက်သားတွေ ပြေလျော့ပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ မိုးရာသီမှာ ပုံမှန်ရေချိုးပေးပါ။ ရေနွေးနဲ့ဖြစ်ဖြစ်၊ ရိုးရိုးရေနဲ့ ဖြစ်ဖြစ် နေ့စဉ်ရေချိုးပြီး သန့်ရှင်းအောင် နေသင့်ပါတယ်။အဝတ်တွေကို အချိန်တိုင်းမှာ မီးပူတိုက်သင့်တယ်ဆိုပေမယ့် မိုးရာသီမှာ ပိုပြီး တိုက်သင့်ပါတယ်။ ဒါမှ အဝတ်အစားတွေ စိုထိုင်းဆကင်းပြီး ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေ ကင်းမှာပါ။ အရေပြားပြဿနာတွေ ကင်းပြီး မုတ်သုံမှာ ကျန်းမာချင်တယ်ဆိုရင် အဝတ်အစားတွေကို မီးပူတိုက်ပြီးမှ ဝတ်ပါ။မိုးရာသီမှာ ခြင်တွေပေါက်ဖွားမှုနှုန်း မြင့်သလို သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာ တော်တော်များများကို ခံစားကြရပါတယ်။ ဒါကြောင့် မိုးရာသီမှာ ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။ နေအိမ်ကို သန့်ရှင်းအောင် ထားပြီး ခြင်ပုန်းခိုမနေအောင် သတိထားပေးပါ။မိုးရာသီမှာ အပြင်စာတွေ စားတာကို လျှော့ပါ။ ရေကိုလည်း သန့်ရှင်းမှု သေချာလေး ဂရုစိုက်ပါ။ ရေသန့်ရှင်းမှုကို စိတ်မချရဘူးဆိုရင် ရေကို ကျိုချက်ပြီး သောက်ပါ။ ဒီလို လုပ်တာက အသည်းရောင်အသားဝါ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အိမ်ချက် အစားအစာတွေကိုပဲ စားပေးပါ။ အသီးအရွက်တွေကိုလည်း သေချာ ဆားရေစိမ်ပြီး ဆေးကြောပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/monsoon-hygiene-tips/
အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဆက်စပ်မှု
အဝလွန်တဲ့ သူတွေက ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများတယ်ဆိုတာ သိထားပြီးသားပါ။ ဒါတင်ပဲလားဆိုတော့ဆီးချိုသွေးချိုရောဂါရဲ့ အပေါင်းအဖော်တွေ ဖြစ်တဲ့ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းတာကိုလည်း အဖော်ခေါ်လာတတ်ပါတယ်။ ဒါကြောင့် ခုခေတ်မှာ အဝလွန်တာကို ရောဂါတစ်ခုလို သတ်မှတ်လာပါပြီ။အဝလွန်တယ် ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လူအများနဲ့ လက်လှမ်းမီတာကတော့ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့Body mass index (BMI)ပါ။ ကိုယ်အလေးချိန်ကို အရပ်နဲ့ စားပြီး တွက်ထားတာပါ။အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို အဝလွန်ခြင်း အဆင့် ၂၊ ၄၀နဲ့ အထက်ဆို အဆင့်၃ဆိုပြီး ထပ်ခွဲထားပါတယ်။ပိုပြီးတော့ တိကျသေချာအောင် ခါးပတ်လည်အတိုင်းနဲ့လည်း သတ်မှတ်လို့ရပါတယ်။ အမျိုးသားတွေမှာ ၈၅ စင်တီမီတာ (၃၃လက်မ) အထက်၊ အမျိုးသမီးတွေမှာ ၇၄-၈၀ စင်တီမီတာ (၂၉-၃၁ လက်မ)အထက်ဆိုရင် အဝလွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ဆီးချိုသွေးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ ရှင်းပြဖို့ ခက်နေပေမယ့်လည်း ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို မြင့်စေတဲ့ အချက်တွေရှိပါတယ်။ဒီထဲမှာ အဝလွန်ခြင်းက ထိပ်ဆုံးကပါပဲ။ အထူးသဖြင့်အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါမှာပါ။ BMI ၃၀နဲ့ အထက်ဖြစ်လာပြီဆိုရင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ များလာပါပြီ။ အဝလွန်ခြင်းက အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို ၈၀-၈၅ ရာခိုင်နှုန်းထိ တိုးစေပါတယ်။လေ့လာချက်တွေအရ အဝလွန်တဲ့သူတွေက BMI ၂၂အောက် ရှိသူတွေထက် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ အဆ ၈၀ ပိုများပါတယ်တဲ့။အရင်ကဆိုရင် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါက အသက် ၄၀အထက် လူကြီးတွေမှာပဲ ဖြစ်တာများပါတယ်။ ခုတော့ အသက်ငယ်ငယ်နဲ့လည်း ဖြစ်လာပါပြီ။ အကြောင်းရင်းကတော့ စားသောက်နေထိုင်မှု ပုံစံတွေကြောင့် အဝလွန်တဲ့သူတွေ များလာတာကြောင့်ပဲ ဖြစ်ပါတယ်။လေ့လာချက်တွေအရ ဝမ်းဗိုက်က အဆီတွေက ‘pro-inflammatory’ chemicals လို့ ခေါ်တဲ့ ဆဲလ်တွေ ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းတွေကို ထုတ်ပေးပါတယ်။ ဒီဓာတုပစ္စည်းတွေက အင်ဆူလင်ကို တုံ့ပြန်တဲ့ ဆဲလ်တွေကို ပျက်စီးစေတဲ့အတွက်အင်ဆူလင် မတိုးတဲ့ ပြဿနာကို ဖြစ်စေပါတယ်။အင်ဆူလင် မတိုးဘူးဆိုတာက အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရဲ့ အဓိက ပြဿနာပဲ ဖြစ်ပါတယ်။အဝလွန်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ ပြောရရင် အဆီတစ်ရှူးတွေကနေ သွေးထဲကို အဆီမော်လီကျူးတွေကို ရောက်စေပြီး အင်ဆူလင် တုံ့ပြန်တဲ့ ဆဲလ်တွေကို ထိခိုက်စေတာကြောင့် အင်ဆူလင် မတိုးတာကို ဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်ကဆီးချိုသွေးချို အကြိုအဆင့်ကို ဖြစ်စေတာပါ။ အဝလွန်တာကြောင့် အကြိုအဆင့်ဖြစ်ပြီး ဒါကို မထိန်းနိုင်ဘူးဆိုရင် တကယ့် ဆီးချိုသွေးချိုရောဂါ အဆင့်ကို ရောက်သွားနိုင်ပါတယ်။အဝလွန်တဲ့ သူတွေက ဆီးချိုသွေးချိုရောဂါပိုဖြစ်နိုင်သလို ဖြစ်ပြီးပြီဆိုရင်လည်းနောက်ဆက်တွဲ ပြဿနာတွေပိုခံစားရတတ်ပါတယ်။ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှင်တွေ အဝလွန်နေရင် ဝိတ်ချခိုင်းတာပါ။အဝလွန်တာက မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို၊ ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျိုးဗီဇကြောင့် ဝနေရင်တောင့် သင့်တင့်လျောက်ပတ်တဲ့ စားသောက်နေထိုင်မှု ပုံစံရှိနေရင် အလွန်အကျွံ ဝမလာအောင် ထိန်းပေးနိုင်ပါတယ်။အဝလွန်စေတဲ့ ပတ်ဝန်းကျင် အခြေအနေကို “obesogenic environment” လို့ခေါ်ပါတယ်။ အဝလွန်ခြင်းကို ထိန်းထားတဲ့ တခြားအချက်တွေဖြစ်တဲ့ ဟော်မုန်း မညီမျှမှုတွေ၊ ထိန်းမရအောင် စားတာတွေ၊ လှုပ်ရှားမှု နည်းတာတွေ စတာတွေ ပါဝင်ပါတယ်။ဥပမာ နောက်ကျမှအိပ်တယ် ဒါမှမဟုတ် အိပ်ချိန် နည်းလွန်းတယ်ဆိုရင် ဟော်မုန်း မညီမျှမှု ဖြစ်ပြီး ghrelin ဆိုတဲ့ ဆာလောင်စေတဲ့ ဟော်မုန်းထွက်လာပါတယ်။ ဒီကနေမှ အမြဲလိုလို ဆာလောင်နေပြီး စားချင်နေတဲ့ ခံစားချက်မျိုး ရလာတာကြောင့် အဝလွန်လာပါလိမ့်မယ်။ဒါကြောင့်အဝမလွန်စေဖို့ဆိုရင်။အဝမလွန်အောင် ကာကွယ်တာက ဆီးချိုသွေးချိုရောဂါကို ကြိုတင်ကာကွယ်ရာ ရောက်သလို ရှိပြီးသားဆိုရင်လည်း ပိုဆိုးမလာအောင် ထိန်းသိမ်းရာ ရောက်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/relationship-between-diabetes-and-obesity/
အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး
ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီးအနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့နောက်ဆက်တွဲ ပြဿနာတွေမဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးရမယ့်အိမ်တွင်းကုထုံးလေးတွေကို အတူတူ ကြည့်လိုက်ရအောင်လား။ရှာစောင်းလက်ပပ် ဂျယ်လီသားကို ကြေအောင်မွှေထားတာ ဒါမှမဟုတ် ခပ်ပါးပါး အလွှာလေး ဖြစ်အောင် လှီးလိုက်ပါ။ ပြီးရင် သေချာ သန့်စင်ထားတဲ့ အရည်ကြည်ဖုလေးပေါ်မှာ ကပ်ပေးပါ။ ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် အရည်ကြည်ဖုလေးတွေက အထိအခိုက် မဖြစ်ဘဲ သက်သာသွားမှာပါ။petroleum jelly ကလည်း အရည်ကြည်ဖုတွေကို သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတစ်ခုပါ။ အရည်ကြည်ဖုလေးတွေပေါ်ကို petroleum jelly ခပ်ပါးပါးလေး လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ပန်းသီးရှာလကာရည်က အသားအရေကို ကျန်းမာစေသလိုအရည်ကြည်ဖုလေးတွေသက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ဆတူရော ဂွမ်းစသန့်သန့်လေးနဲ့ တို့ပြီး အရည်ကြည်ဖုလေးပေါ်မှာ ကပ်ပေးထားရုံပါ။ အချိန်အကြာကြီး မထားမိဖို့တော့ လိုပါမယ်။ပန်းသီးရှာလကာရည်က ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။သဘာဝ အုန်းဆီ စစ်စစ်လေးက အရေပြားပေါ်က အရည်ကြည်ဖုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့ အရည်ကြည်ဖုလေးတွေကို အုန်းဆီလေး ခပ်ပါးပါး လိမ်းပေးထားရုံပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၄ ကြိမ်လောက်အထိ လိမ်းပေးလို့ ရပါတယ်။သွားတိုက်ဆေးကတော့ လူသုံးများတဲ့ အရည်ကြည်ဖု အိမ်တွင်းကုထုံး တစ်ရပ်ပါ။ အရည်ကြည်ဖုလေးတွေပေါ်မှာ သွားတိုက်ဆေးလေး ခပ်ပါးပါး လိမ်းပေးရမှာပါ။ ခြောက်သွားအောင် ထားလို့လည်း ရပါတယ်။လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို အအေးခံပြီး အဝကျယ်ကျယ် ဇလုံထဲကို ထည့်ပါ။ ပြီးရင် အရည်ကြည်ဖု ဖြစ်နေတဲ့ နေရာလေးကို ရေနွေးကြမ်းထဲ စိမ်ထားပေးရမှာပါ။ ၁၅ မိနစ်ကနေ မိနစ် ၂၀လောက် စိမ်ထားပေးပါ။ဒီလို စိမ်ထားတာက အရည်ကြည်ဖုကို သက်သာစေနိုင်သလို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။Diaper Rash Cream က ဇင့်အောက်ဆိုဒ်ပါတာကြောင့် ဘေဘီလေးတွေသေးခံလောင်တာကို သက်သာစေနိုင်သလို အရေပြားပေါ်က အရည်ကြည်ဖုတွေကို သက်သာအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ အရည်ကြည်ဖုလေးတွေပေါ်မှာ ခပ်ပါးပါးလေး ပုံမှန် လိမ်းပေးရုံပါ။တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိ အသုံးပြုပေးလို့ ရပါတယ်။အရေပြားပေါ်က အရည်ကြည်ဖုလေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့တော့။ အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး ပိုးဝင်ကူးစက်မှု မရှိအောင် ကာကွယ်ပြီး အမြန်ဆုံး သက်သာအောင် လုပ်ဆောင်လိုက်စို့နော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/home-remedies-for-blisters-cause-by-pressure/
ကိုယ်ဝန်ဆောင်ကာလအတွင်းမှာလည်း Psoriasis ဖြစ်နိုင်ပါတယ်
ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်ထက်ပိုပြီး အီစထရိုဂျင်တွေကို ထုတ်ပေးပါတယ်။ ကံကောင်းတာတစ်ခုက ဒီလို အီစထရိုဂျင်လယ်ဗယ် မြင့်မားနေခြင်းဟာ Psoriasis ကို သက်သာစေတာပါပဲ။Psoriasis ဆိုတာ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံး အဆိုးရွားဆုံး အရေပြားပြဿနာတွေထဲက တစ်ခုပါပဲ။ အရေပြားဆဲလ်တွေဟာ ပုံမှန်ထက် ၁၀ဆပိုပြီးမြန်မြန်ဖြစ်ပေါ်လာပါတယ်။ ဆဲလ်က အရေပြားမျက်နှာပြင်ပေါ်ရောက်သွားပြီဆိုတာနဲ့ သေဆုံးသွားပါတယ်။ အရေပြားမျက်နှာပြင်မှာ ဖုံးလွှမ်းနေတဲ့ အနီရောင်အချပ်တွေ ဒါမှမဟုတ် အဖြူရောင်ကြေးခွံတွေလိုမျိုး ဖြစ်လာစေပါတယ်။Psoriasis တွေဟာ ဒူးခေါင်း၊ တံတောင်နဲ့ ဦးရေပြားတွေလို နေရာမျိုးတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေမှာလည်း Psoriasis ဟာခန္ဓာကိုယ်၊ လက်ဖဝါးတွေနဲ့ ခြေဖဝါးတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။၂၀၀၅ခုနှစ် မေလမှာလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကတော့ psoriasis ဟာ ကိုယ်ဝန်ဆောင်ကာလမှာ သက်သာသွားနိုင်တယ်လို့ ဆိုထားပါတယ်။ အီစထရိုဂျင်လယ်ဗယ် မြင့်တက်လာမှုက psoriasis ကို သက်သာစေတာပါတဲ့။ Jenny E. Murase ကတော့ ပိုကောင်းလာတဲ့ အမျိုးသမီးပမာဏဟာ ပိုဆိုးသွားတဲ့အမျိုးသမီးပမာဏထက် ၂ဆ ပိုများပါတယ်လို့ ဆိုပြန်ပါတယ်။အစမှာတော့ progesterone ဟာ ကောင်းကျိုးတွေပိုဖြစ်စေနိုင်တယ်လို့ လူတွေက ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူနာတွေရဲ့ အခြေအနေကို ပိုကောင်းလာစေတာက အီစထရိုဂျင်က ကူညီပေးနေလို့သာဖြစ်တယ်ဆိုတာ တွေ့ရှိလာကြပါတယ်။သုတေသန ပညာရှင်တွေဟာ ကလေးယူနိုင်တဲ့အရွယ်အမျိုးသမီးတွေကို လေ့လာခဲ့ကြတာပါ။ အဲ့ဒီထဲက ၄၇ယောက်က ကိုယ်ဝန်ဆောင်ထားတာဖြစ်ပြီး ၂၇ယောက်ကတော့ ကိုယ်ဝန်မရှိပါဘူး။ သူတို့ရဲ့ Psoriasis အခြေအနေတွေကို မှတ်တမ်းတင်ထားဖို့လည်း သူတို့ကို မှာကြားထားပါတယ်။ သူတို့တွေဟာ psoriasis ဖြစ်နေတဲ့ ဧရိယာတွေကို တိုင်းတာမှတ်သားထားပြီး ပြင်းထန်မှုပေါ်လိုက်လို့ အဆင့်တွေ ခွဲခြားထားပါတယ်။ ပြီးတဲ့အခါမှာတော့ လက္ခဏာရပ်တွေအားလုံးကို စုစုပေါင်း ငါးကြိမ် စစ်ဆေးပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးအုပ်စုမှာတော့ ၅၅%ဟာ အခြေအနေတိုးတက်လာပါတယ်။ ၂၁%ကတော့ ဘာမှမပြောင်းလဲဘဲ ၂၃%ကတော့ ပိုဆိုးလာပါတယ်။ တိုးတက်လာတဲ့သူတွေမှာတော့ ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တ၁၀ပတ်ကနေ ၂၀အတွင်းမှာက အကောင်းဆုံးရလဒ်တွေကို တွေ့ရတာပါ။ကိုယ်ဝန်မဆောင်ထားတဲ့ အမျိုးသမီးတွေမှာတော့ လေ့လာမှု ကာလတစ်လျှောက်လုံး Psoriasis အခြေအနေ ပြောင်းလဲမှုမရှိပါဘူး။ကလေးမွေးပြီး ၆ပတ်လောက်ကြာတဲ့အခါမှာ ၆၅%က ပိုဆိုးလာပြီး ၂၅%က အပြောင်းအလဲမရှိပါဘူး။ ၉%ကတော့ သူတို့အခြေအနေတွေ ဆက်ပြီးတိုးတက်လာနေဆဲပါပဲလို့ ဆိုပါတယ်။ယေဘုယျအားဖြင့်တော့ ကလေးမွေးဖွားပြီး ၃ပတ်ကနေ ၆ပတ်အတွင်းမှာပိုဆိုးလာတာက ၃၀%ရှိပါတယ်။နောက်ဆုံးမှာတော့ ကိုယ်ဝန်မဆောင်ရသေးတဲ့အခြေအနေကို အဖွဲ့ ၂ဖွဲ့လုံးပြန်ရောက်သွားတဲ့အခါ psoriasis ဖြစ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပြောင်းလဲမှုမရှိဘဲ အတူတူပဲဖြစ်နေတာကို တွေ့ရပါတယ်။လုပ်ငန်းစဉ်အတွင်းမှာ လေ့လာသူတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလနဲ့ ကိုယ်ဝန်ဆောင်ပြီးကာလတွေမှာ ဟော်မုန်းလယ်ဗယ်ပြောင်းလဲသွားတာကို မှတ်တမ်းတွေ တင်ထားခဲ့ကြပါတယ်။ သူတို့တွေဟာ ဟော်မုန်းလယ်ဗယ်မြင့်တက်လာလေလေ psoriasis အခြေအနေတွေပြောင်းလဲလာလေလေဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်းမှာ progesterone လယ်ဗယ်က သက်ရောက်မှုမရှိခဲ့ပါဘူး။ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဟော်မုန်းကတော့ အီစထရိုဂျင်ပါပဲ။ ကိုယ်ဝန်ဆောင်ကာလမှာ estriol ထုတ်ပေးခြင်းက psoriasis အခြေအနေတွေကို တိုးတက်လာစေနိုင်တာ ဒါမှမဟုတ် ပိုဆိုးမလာစေအောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba/
28 လအရွယ်ကလေးငယ်
သင့်ကလေးငယ်ဟာ social butterfly ဆိုရင် သူဟာ အခြားကလေးတွေပေါ်မှာ စိတ်ဝင်စားမှု ပြပါလိမ့်မယ်။ ဒီလို အစပထမ ခင်မင်မှုတွေဟာ ကလေးငယ်တွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ဟာ ကျောင်းမတက်ခင် ကလေးငယ်တွေကို လူမှု ဆက်ဆံရေး ကျွမ်းကျင်မှုတွေကို သင်ကြားပေးနိုင်ပါတယ်။ သင့်ကလေးငယ်ဟာ မူကြိုသွားရင် သူနှစ်သက်တဲ့ သူငယ်ချင်းတွေကို တွေ့ရှိပြီး ဖြစ်နိုင်ပါတယ်။ကျောင်းမတက်ခင် ကလေးငယ်တွေဟာ လွယ်ကူလျင်မြန်စွာ သင်ယူနိုင်ပါတယ်။ သင့်ကလေးငယ်ဟာ ပါရမီပါလားဆိုတာ ဒီလိုအသက်အရွယ်မှာ သိနိုင်ပါသလား။ သင်ယူမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ကလေးငယ်တစ်ယောက်ဟာ သူ့အသက်အရွယ်အခြားကလေးတွေနဲ့ ယှဉ်ရင် သင်ယူမှု မြန်ဆန်ခြင်း ရှိမရှိဆိုတာ ဒီအရွယ်မှာတည်းက သိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကလေးအတော်များများအတွက်ကတော့ ပါရမီပါခြင်းဟာ သူငယ်တန်း စမတက်မချင်း မသိသာဘူးလို့ ဆိုပါတယ်။သင့်ကလေးငယ်ဟာ သူ့ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ သူဟာ သေးငယ်တဲ့ အရာဝတ္ထုတွေကို လွယ်ကူစွာ ဆော့ကစားပြီး ပြုတ်မကျပဲ အိမ်ဆောက်နိုင်ပါတယ်။ တကယ်လို့ ကလေးဟာ အလွန်စိတ်ဝင်စားနေတယ်ဆိုရင် မိနစ် ၂၀ လောက်အထိ အာရုံစူးစိုက်နိုင်ပါတယ်။ကလေးငယ် စောစီးစွာ မိတ်ဆွေဖွဲ့ခြင်းကို အားပေးဖို့။• ကလေးငယ် အယောက်နည်းနည်းနဲ့ ပေးဆော့ပါ။ ကလေးငယ်တွေ အများကြီးကို တစ်နေရာထဲမှာ ဆော့စေခြင်းဟာ သူတို့ကို မခံနိုင်စေပဲ ရန်ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေအတွက် သူတို့အသက်အရွယ်နဲ့ အရေအတွက်ညီမျှတဲ့ အုပ်စုဆို အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် အသက် ၂ နှစ်အရွယ်တွေဟာ နှစ်ယောက်ဆော့ကစားသင့်ပါတယ်။• သူတို့ဆော့ကစားချိန်ကို တိုအောင်လုပ်ပါ။ အထူးသဖြင့် သူငယ်ချင်းအသစ်တွေနဲ့ ဆော့ကစားမယ်ဆိုရင် ဒီအရွယ်မှာ နာရီဝက်ကနေ တစ်နာရီထက် မပိုသင့်ပါဘူး။• အသက်အရွယ်ပေါင်းစုံ ဆော့နိုင်ပါတယ်။ အသက် ၂ နှစ်အရွယ်ကလေးငယ်ဟာ သူ့ထက် အသက်အနည်းငယ် ကြီးသူတွေ၊ ကျောင်းမတက်ခင် ကလေးငယ်တွေနဲ့ ငယ်ရွယ်တဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေ ဆီက အများအပြား သင်ယူနိုင်ပါတယ်။သင်တတ်နိုင်တဲ့ အချိန်မှာ အရုပ်နဲ့ မဆော့စေပါနဲ့။ အိမ်အပြင်မှာ ပြေးလွှားခြင်း၊ အရုပ်တွေနဲ့ ဆော့ကစားခြင်းဟာ အငြင်းပွားခြင်းကို ဖြစ်စေတဲ့ ပိုင်ဆိုင်မှု ပြဿနာတွေကို ရှောင်ရှားနိုင်ပါတယ်။ သင့်သူငယ်ချင်းနဲ့ သင့်ကလေးသူငယ်ချင်းတွေ အကြောင်းပြောရင် သူငယ်ချင်းဆိုတဲ့ စကားလုံးကို ထည့်ပြောသင့်ပါတယ်။ကလေးငယ်တွေ လိင်စိတ်ဖြေဖျောက်တာကို မြင်ရင် ကြောက်မသွားသင့်ပါဘူး။ လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်ဖြစ်ပြီး ကိုယ်ခန္ဓါ အန္တရာယ်၊ ကျန်းမာရေး အန္တရာယ် ဖြစ်စေခြင်းမရှိပဲ သင့်ကလေးဟာ လိင်စိတ်စွဲလန်းသူ တစ်ယောက် ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ကလေးငယ်တွေမှာ လိင်စိတ်ဖြေဖျောက်ခြင်းဟာ သူတို့က လိင်ကိစ္စကို မသိရှိတာကြောင့် လိင်ကိစ္စနဲ့ မသက်ဆိုင်ပါဘူး။ သူ့ကိုယ်ခန္ဓါကို သိချင်တာကြောင့် လိင်စိတ်ဖြေဖျောက်ခြင်း ဖြစ်ပါတယ်။ဒါပေမယ့် လိင်စိတ်ဖြေဖျောက်မှု လွန်ကဲခြင်းဟာ ပြဿနာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အလွန်အကျွံဆက်တိုက် လိင်စိတ်ဖြေဖျောက်နေမယ်ဆိုရင် ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခု ဖြစ်နိုင်ပါတယ်။ ဒါကို ပြဿနာလို့ ထင်တယ်ဆိုရင် ဆရာဝန်ကို ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။ဒီအသက်အရွယ်မှာ မူကြိုကို ဘယ်အချိန်မှာ ပို့သင့်သလဲ ဆိုတာကို တွေးနေမိနိုင်ပါတယ်။ သင့်ကလေးအတွက် သင့်လျော်တဲ့ မူကြိုကို ရွေးချယ်ရာမှာ အခက်အခဲ ဖြစ်နိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးဖို့ မူကြိုရွေးချယ်ရာမှာ ကူညီပေးမယ့် အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။• မူကြိုဟာ သန့်ရှင်း သင့်ကာ ရောဂါပိုးတွေ ပေါက်ပွားရာနေရာ မဖြစ်သင့်ပါဘူး။ မူကြို ကျောင်းတွေဟာ ရောဂါပိုး ကူးစက်မှုအတွက် အလွယ်ဆုံး ဖြစ်ပါတယ်။ သန်းတွေ၊ လက်၊ ခြေထောက်၊ ပါးစပ်ရောဂါတွေ ကူးစက်နိုင်ပါတယ်။ သူတို့ရဲ့ အရုပ်တွေ၊ ဖျာတွေကို ဘယ်လောက်စတ်ခါ လျှော်လဲဆိုတာ မေးမြန်းသင့်ပါတယ်။• ကျောင်းကိုလည်း သွားလည်သင့်ပါတယ်။ ဒါဆို ကျောင်းပတ်ဝန်းကျင်ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဆော့ကစားစရာ နေရာရှိရဲ့လား၊ စာသင်ခန်းကရော ကြီးရဲ့လား၊ မူကြိုကျောင်းသူ ဘယ်နှစ်ယောက် ရှိတာလဲ။ အစရှိတာတွေကို မေးမြန်းနိုင်ပါတယ်။• ဆရာမကို စကားပြောကြည့်သင့်ပါတယ်။ သင့်ကလေးငယ်ရဲ့ ဆရာမနဲ့ ဆက်ဆံရေးကောင်းမွန်မှုကလည်း အရေးကြီးပါတယ်။ ပုံမှန်နေ့တစ်နေ့ဟာ ဘာနဲ့ တူလဲဆိုတာကို မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။စာသင်နည်းတွေနဲ့ ကျောင်းအမျိုးအစားတွေ များစွာ ရှိပါတယ်။ သင့်ကလေးအတွက် အကောင်းဆုံးကို ရှာဖွေသင့်ပါတယ်။အသက်နှစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ တစ်နေ့ကို TV နှစ်နာရီလောက် ကြည့်ခြင်းဟာ သင့်ကလေးငယ်ကို အန္တရာယ် မဖြစ်စေပါဘူး။ TV အလွန်အကျွံကြည့်ခြင်းဟာ ဘာသာစကားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ှုကို နောက်ကျစေပြီး အာရုံစူးစိုက်မှု နည်းပါးခြင်းနဲ့ ဆက်စပ်နေပါတယ်။သင့်ကလေးငယ်ကို တစ်နေ့ ၂၄ နာရီ စောင့်ကြည့်နေရခြင်းဟာ ပင်ပန်းဖွယ်ဖြစ်ပါတယ်။ အသက် ၁ နှစ်နဲ့ ၂ နှစ်အရွယ်ကလေးငယ်တွေဟာ မတော်တဆ ဖြစ်ခြင်းတွေ ဖြစ်တဲ့ ရေနစ်ခြင်း၊ အဆိပ်သင့်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလို စိတ်ဖိစီးဖွယ် အချိန်တွေမှာ ပင်ပန်းနိုင်ပါတယ်။ မနက်ပိုင်း၊ ညနေစာ မစားခင်၊ ပါတီလုပ်စဉ်၊ အပန်းဖြေစဉ်၊ ဧည့်သည်တွေရှိစဉ်၊ နောက်ကျခြင်းတွေ ဖြစ်ရင် ပင်ပန်းနိုင်ပါတယ်။ ဒီလိုအချိန်တွေမှာ အာရုံ အများဆုံး ရှုပ်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%81%82%e1%81%88-%e1%80%9c-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bc%e1%80%af%e1%80%85%e1%80%af%e1%80%b1/
ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ်
ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ် ….. လူတစ်ယောက်ရဲ့ တစ်နေ့တာ အလုပ်တွေကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်စေဖို့စားသောက်နေထိုင်မှုပုံစံမှန်ကန်ဖို့ လိုအပ်သလို အိပ်ချိန်ပြည့်ဝမှုဟာလည်း အလွန်အရေးကြီးပါတယ်။လူတစ်ယောက်မှာ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇နာရီကနေ ၈နာရီအထိ ရှိသင့်ပါတယ်။ အိပ်ချိန်ပြည့်ဝမှသာ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်မယ်။ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်ပြီးစိတ်ရွှင်လန်းတက်ကြွစေတယ်။ အာရုံစူးစိုက်နိုင်စွမ်း မြင့်တက်လာပြီး ပိုပြီးတီထွင်ကြံဆနိုင်လာမယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်လွှားသွားနိုင်ပြီး အောင်မြင်တဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ညဘက်မှာ လူတစ်ယောက် ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အလွန်အရေးကြီးတယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်။ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ် ဆိုရာမှာ ကိုယ့်မှာ ညဘက် ကောင်းကောင်းအိပ်မပျော်နိုင်တဲ့ ကျန်းမာရေးပြဿနာ ရှိနေတယ်ဆိုရင် ပေါ့ဆလို့ မဖြစ်ပါဘူး။ အချိန်ကြာသည်အထိ မကုသ၊ မဖြေရှင်းပဲ ထားမယ်ဆိုရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရလာမှာပါ။ ဒီဆောင်းပါးလေးမှာတော့ Insomnia လို့ ခေါ်တဲ့ ညဘက်မှာ အိပ်ပျော်စေဖို့ အဟန့်အတားဖြစ်စေတဲ့ ရောဂါအကြောင်း ပြောပြပေးမယ်နော်။လူတော်တော်များများမှာ တွေ့ရတတ်ပြီး အိပ်ပျော်ဖို့ ခဲယဉ်းတာ၊ မနက်မိုးလင်းတဲ့အထိ တောက်လျှောက်အိပ်မပျော်စေတာ၊ အိပ်နေစဉ် နိုးထလာပြီး ပြန်အိပ်ဖို့အတွက် ခဲယဉ်းစေတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။အိပ်ရေးမဝတော့ နိုးလာရင်တော့ စိတ်ထဲမှာ ပင်ပန်းပြီး နုံးချိသလို ခံစားနေရတယ်။ တစ်နေ့တာ အလုပ်လုပ်ဖို့ အားမရှိသလို၊ စိတ်မပါသလို ဖြစ်နေတယ်။ကျန်းမာရေးပါ ထိခိုက်လာနိုင်တဲ့အထိ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ ရောဂါဆိုလည်း မမှားပါဘူး။စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ပြီးတဲ့နောက်မှာ ခဏတာ ရောဂါလက္ခဏာတွေ ကြုံတွေ့ရတတ်ပြီး တချို့လူတွေမှာ လ၊ နှစ်တွေနဲ့ ချီပြီး ကြာမြင့်တဲ့အထိ ရောဂါဝေဒနာကို ခံစားရနိုင်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် Insomnia ဆိုတာ ပြင်းထန်တဲ့ ရောဂါ လက္ခဏာမျိုး မဟုတ်သည့်တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာသည်အထိ လူကို ဒုက္ခပေးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။၁။ ညဘက်မှာ အိပ်ပျော်ဖို့ ခဲယဉ်းတာ။၂။ အကြောင်းရင်းမရှိဘဲ ညသန်းခေါင် အိပ်နေရင်း နိုးလာတာ။၃။ မနက်မိုးမလင်းခင် နိုးထလာတာ။၄။ ညအိပ်ချိန်ပြည့်ဝတာတောင် စိတ်ထဲမှာ ပင်ပန်းနုံးချိနေတာ။၅။ မနက်ပိုင်းမှာ မောပန်းတာ၊ အိပ်ချင်နေတာ။၆။ စိတ်ရှုပ်လွယ်တာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ပူပန်ခြင်းတွေ အလွယ်တကူခံစားရတာ။၇။ အလုပ်ခွင်မှာ အာရုံစူးစိုက်လို့ မရတာ၊ စိတ်နှစ်ပြီး အလုပ်လုပ်ဖို့ ခဲယဉ်းတာ။၈။ မကြာခဏ မေ့လွယ်တာ၊ အမှားမှား အယွင်းယွင်းဖြစ်တာ။၉။ အိပ်မပျော်တဲ့ ကိစ္စက ခေါင်းထဲမှာ အမြဲရောက်နေပြီး စိုးရိမ်ပူပန်နေရတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။၁။ စိတ်ဖိစီးမှုတွေ။အလုပ်၊ ကျောင်း၊ စာ၊ ငွေရေးကြေးရေး၊ မိသားစု ပြဿနာအခက်အခဲတွေဟာ စိတ်ဖိစီးမှုကို ဖြစ်စေပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေမှုကို ထိခိုက်စေပါတယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာနိုင်မှာပါ။ ကိုယ့်ရဲ့ စိတ်ထဲမှာ ပူပင်သောက ရှိနေတာ၊စိတ်ဓါတ်ကျေနတာ၊ စိတ်ဖိစီးမှုတွေ ကြုံနေရပြီဆိုရင် အိပ်ချိန်ကိုလည်း သွားပြီး အဟန့်အတားဖြစ်စေမှာပါ။ အိပ်ရာမဝင်ခင်မှာ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကိုခေါင်းထဲက ခဏထုတ်ထားလိုက်ပါ။၂။ ခရီးထွက်နေရလို့ ဒါမှမဟုတ် အလုပ်ချိန်ပုံမှန် မဟုတ်တာ။အချိန်မတူတဲ့ နိုင်ငံတွေ ခရီးသွားရတဲ့အခါ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အလုပ်က ပုံမှန်ရုံးချိန်မရှိဘဲ ညဆိုင်းဆင်းရတဲ့ သူတွေမှာ ညဘက်အိပ်မပျော်တဲ့ ပြဿနာ တွေ့နိုင်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ခန္ဓာကိုယ်က ပုံမှန်အိပ်နေရမယ့် အချိန်မှာ အလုပ်လုပ်နေရတာ၊ နေ့ခင်းဘက်မှာ တက်နေတဲ့ ခန္ဓာကိုယ်တွင်း အပူတွေဟာ အိပ်စက်ခြင်းကို သွားပြီး ထိခိုက်နိုင်ပါတယ်။၃။ အိပ်ချိန် မမှန်တာ။ပုံမှန်အိပ်ချိန် မသတ်မှတ်ထားသူတွေ၊ နေ့လည်ဘက်မှာ တရေးတမော အိပ်တာ၊ အိပ်ရာမဝင်ခင်မျက်လုံးကို ထိခိုက်စေမယ့် တီဗီကြည့်တာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာ၊ ဂိမ်းဆော့တာတွေဟာ ကိုယ့်ရဲ့ ညဘက်အိပ်စက်မှုကို ထိခိုက်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် အိပ်ခါနီး မျက်လုံးညောင်းစေမယ့် အပြုအမူတွေ မလုပ်မိအောင်ရှောင်ပါ။၄။ ညနောက်ကျမှ ထမင်းစားတာ။အိပ်ရာမဝင်ခင် ပေါ့ပေါ့ပါးပါး မုန့်လေး စားတာက ပြဿနာမရှိပေမဲ့ အဆီများပြီး ရင်ပြည့်စေတဲ့ အစားအစာတွေကို အများကြီးစားမယ်ဆိုရင် ညဘက်အိပ်ရမယ့်အချိန်မှာ စိတ်ထဲ နေမထိ ထိုင်မသာ ဖြစ်နေမှာပါ။ ဒါ့အပြင် အစာကို ခြေဖျက်ဖို့ အစာအိမ်က အလုပ်လုပ်နေရတဲ့အတွက် ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ အိပ်ခါနီး အစာစားတတ်တဲ့ အကျင့်ကိုဖျောက်ဖို့ အရေးကြီးပါတယ်။၅။ ရောဂါနဲ့ ဆေးဝါးတွေ။ကင်ဆာ၊ ဆီးချို၊ နှလုံးနဲ့ရင်ကျပ်ပန်းနာရောဂါရှိသူတွေမှာ နာကျင်မှုကြောင့် အိပ်ချိန်မမှန်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ရောဂါပျောက်ဆေးအချို့မှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေဟာလည်း ညဘက်အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပါဝင်နေပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဆေးမရပ်သင့်ဘဲ ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှသာဆေးပြောင်းသောက်တာ၊ ရပ်လိုက်တာမျိုးပြုလုပ်ပါ။၆။ ကော်ဖီ၊ ဆေးလိပ်၊ အရက်သောက်တာ။ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်၊ အရက်နဲ့ ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဓာတ်တွေဟာ စိတ်ကို တက်ကြွစေတဲ့ အရာတွေ ဖြစ်ပါတယ်။ နေ့လယ်နေ့ခင်းနဲ့ အိပ်ခါနီးမှာ ကော်ဖီသောက်တာ၊ဆေးလိပ်နဲ့ အရက်သောက်ခြင်းဟာ ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ အနှောင့်အယှက်ပေးနိုင်တဲ့အပြင် ညဘက်မှာလည်း မကြာခဏ လန့်နိုးလာနိုင်ပါတယ်။ဒီပြဿနာကြောင့် ကိုယ့်ရဲ့ ပုံမှန်လုပ်ဆောင်နေတဲ့ အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူးလို့ ခံစားနေရရင်၊ ညဘက်အိပ်မပျော်တဲ့ ပြဿနာ ဖြစ်တာ အချိန်ကြာလာပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို ရှာဖွေသင့်ပါတယ်။ရောဂါဇစ်မြစ်ကို သိရမှ ဘယ်လိုပျောက်ကင်းအောင် ကုသမလဲ။ နောက်မဖြစ်အောင် ဘယ်လို နေထိုင်မလဲ အစရှိတဲ့ နောက်ဆက်တွဲအဖြေတွေကို ရှာနိုင်မှာပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/preventing-insomnia/
စိတ်ပြဿနာတွေ ရဲ့ အဓိကဗီလိန်
စိတ်ပြဿနာတွေ မှာ ပတ်ဝန်းကျင်၊ အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ ရုပ်ပိုင်းတုံ့ပြန်မှုတွေနဲ့ အကျင့်စရိုက် အခြေနေ (၅)မျိုးဆက်စပ်ဖြစ်ပေါ်တယ်ဆိုတာကို ကျနော်တို့သိပြီးပြီ။ ဒီတစ်ခါတော့ ဒီဆက်စပ်ဖြစ်ပေါ်မှုမှာ ဘယ်အရာက အခရာကျလဲဆိုတာကို မြင်အောင်ကြည့်ကြမယ်။ဖြစ်စဉ် – ဖေ့ဘွတ်ပေါ်မှာ ကိုယ်နဲ့မကြာခဏ စကားပြောပြီး အပြန်လှန်စနောက်လေ့ရှိတဲ့ အသိတစ်ယောက်က ဒီရက်ပိုင်းမှာ ကိုယ်နဲ့စကားမပြောဘူး။ ကိုယ့်ပုံတွေစာတွေလည်း reaction, comment မပေးဘူး။“ငါနဲ့လည်းစကားမပြောဘူး၊ ငါ့စာတွေပုံတွေလည်း အဖတ်မလုပ်ဘူး။ ငါ့အကြောင်းကို တစ်ယောက်ယောက်ကများ မကောင်းပြောထားလို့လား။”။“အမယ် အကောင်းချည်းကနေ ငါ့ကိုအဖတ်မလုပ်ဘူး။ သူအဖတ်မလုပ်ရင် ငါကရော လုပ်စရာလား။ အရေးအရာလုပ်လို့။”။“ငါ့သူငယ်ချင်း အဆင်မှပြေရဲ့လားမသိဘူး။ စကားတောင်သိပ်မပြောဖြစ်ဘူး၊ အလုပ်များရှုပ်နေလား တစ်ခုခုများပြဿနာဖြစ်နေလို့လားမသိဘူး။”။ဖြစ်စဉ်တစ်ခုတည်းအပေါ်မှာ ပေါ်လာတဲ့အတွေးတွေ မတူဘူး။ ပထမအတွေးက ကိုယ့်အကြောင်းတစ်ယောက်ယောက်များ မကောင်းပြောနေတာလားဆိုတဲ့အပေါ်မှာဖြစ်လာပြီး စိတ်မလုံခြုံမှု၊ ဝမ်းနည်းမှုတွေဖြစ်စေတယ်။ ဒုတိယအတွေးက ကိုယ့်ကိုချိုးနှိမ်တယ် အရေးမလုပ်ဘူးဆိုတဲ့အတွေးကလာပြီး ဒေါသဖြစ်တယ်။ တတိယအတွေးမှာတော့ စိုးရိမ်စိတ်၊ ဂရုစိုက်တဲ့စိတ်တွေဖြစ်တယ်။ မတူညီတဲ့အတွေးတွေကနေ မတူညီတဲ့စိတ်ခံစားချက်တွေဖြစ်ပြီး သူတို့က နောက်ဆက်တွဲ ရုပ်ပိုင်းတုံ့ပြန်မှုတွေနဲ့ အကျင့်စရိုက်တွေဆက်ဖြစ်တယ်။ ဒေါသနဲ့ အန်ဖရန့်ပစ်လိုက်တာမျိုး၊ ဘလော့ပစ်လိုက်တာမျိုးတွေဖြစ်ပြီး အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ဒီသူငယ်ချင်းနဲ့အဆက်သွယ်ပြတ်၊ မုန်းတီးသွားတာမျိုးထိတောင်ဖြစ်နိုင်သေးတယ်။ ဘာအကြောင်းမှရယ်မဟုတ်ဘဲ အတွေးတွေက ပုံဖော်သွားတာပဲ။ရုပ။အတွေးတစ်ခုဖြစ်လာတဲ့အခါ ဒီအတွေးက ခံစားချက်တွေဆက်ဖြစ်ပေါ်လာစေတယ်။ခံစားချက်ဖြစ်လာတဲ့အခါ နောက်ထပ်အတွေးတွေဟာ ဒီခံစားချက်ကို အားဖြည့်ပေးတော့တာပဲ။ ဥပမာ လူတစ်ယောက်ပေါ်ဒေါသထွက်ပြီဆိုရင် သူလုပ်ခဲ့တဲ့အမှားတွေကို ပြန်သတိရလာတာမျိုး၊ ဝမ်းနည်းလာတဲ့အခါ ကိုယ့်ဘဝရဲ့ဝမ်းနည်းစရာတွေကိုပဲ တွေးမိတာမျိုးပေါ့။ ကိုယ့်အတွေးတွေက စိတ်ခံစားချက်တွေဖြစ်၊ အဲဒီစိတ်ခံစားချက်က အတွေးတွေဆက်ဖြစ်နဲ့ တဖြည်းဖြည်း စိတ်ခံစားချက်တွေပိုပြင်းထန်လာလေ အတွေးတွေက ပိုအစွန်းရောက်လာလေပဲ။ ကိုယ့်ရဲ့အတွေးတွေက မှားတယ်လို့ မဆိုလိုဘူး။ ဒါပေမယ့် အတွေးတွေက ပြင်းထန်တဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို သဘောပေါက်လာရင် ကိုယ့်ရဲ့စိတ်ခံစားချက်တွေ ပြင်းထန်နေချိန်မှာ ကိုယ့်ရဲ့အတွေးတွေဟာလည်း မမှန်နိုင်တော့ဘူးဆိုတာကို သတိထားရမယ်။ ဒါက အတွေးတွေနဲ့ စိတ်အခြေနေတွေကို ကောင်းတဲ့အပြောင်းအလဲရအောင် ထိန်းကျောင်းဖို့ ပထမအဆင့်ပဲ။အပေါ်က အဖြစ်ပျက်ကိုပဲ ပြန်စဉ်းစားကြည့်ရအောင်။ အကောင်းချည်းကနေ ငါ့ကိုအဖတ်မလုပ်ဘူး။ သူအဖတ်မလုပ်ရင် ငါလည်း အဖတ်မလုပ်ဘူးဆိုတဲ့အတွေးမျိုးဆိုပါတော့။ အဲဒီအတွေးကနေ ဒေါသဖြစ်လာတယ်။ဒေါသဖြစ်တော့ ဒါတွေဆက်လုပ်တယ်။သူက ငါ့ကျအဖတ်မလုပ်ဘူး။ သူ့ဘာသာကျ စာတွေတင်တယ်၊ ပုံတွေတင်တယ် (ကိုယ့်ရဲ့ ဒေါသကို အားဖြည့်တယ်)။သူ့ရဲ့အောက်မှာ တခြားသူတွေပေးထားတဲ့ ကွန်မန့်တွေကို ရီပလိုင်းမလုပ်ဘူး။ ဒါပေမယ့် ဒါလည်း ချေနေတာဖြစ်မှာပဲ (အခြေနေမှန်ကိုမြင်ပေမယ့် ကိုယ့်အတွေးဘက်ကိုပဲတွေးလိုက်တယ်)။ငါကလည်း ဒီလိုမျိုးတွေတင်မိနေတော့ သူ့ကိုများပြောသလား၊ အထင်လွဲသွားလားမသိဘူး။ ရှုပ်ပါတယ်လေ၊ အန်ဖရန့်လိုက်မယ်။ (ကိုယ်ထင်ထားတဲ့အတွေး မှန်ကန်ကြောင်း ကောက်ချက်ချတယ်)။ဒီလိုနဲ့ အတွေးတစ်ခုနဲ့ ခံစားချက်တစ်ခုဖြစ်လာတဲ့အခါ နောက်ဆက်တွဲခံစားချက်နဲ့ လုပ်ရပ်တွေက အဲဒီခံစားချက်ကိုပဲ အားဖြည့်ရင်း ဖြစ်ရပ်အမှန်တွေကို ဂရုမစိုက်နိုင်တော့ဘူး။ ကိုယ်စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့အချိန် အတွေးတွေမမှန်ကန်နိုင်ဘူး၊ ဒီအမြင်တွေဟာ ဓမ္မဓိဌာန်ကျမနေဘူး ဆိုတာကို သတိပြုမိဖို့က ကိုယ့်စိတ်ကို ပြင်ဆင်ကုစားဖို့အတွက် အဓိကကျတယ်။ ကိုယ့်မှာ ပြဿနာရှိနေမှန်းသိခြင်းက ဒီပြဿနာကိုဖြေရှင်းဖို့ လမ်းစပဲ။ဒီနေ့ရဲ့ သင်ခန်းစာကတော့ စိတ်ခံစားချက်တွေဖြစ်လာတဲ့အခါ အဲဒီစိတ်ခံစားချက်တွေကို သတိပြုကြည့်ပါ၊ အဲဒီစိတ်ခံစားချက်တွေကို ဘယ်အတွေးတွေက ဖြစ်စေလဲဆိုတာကို ဆင်ခြင်ကြည့်ပါ။ ကိုယ့်အတွေးတွေဟာ ဓမ္မဓိဌာန်ကျနေလား တကယ်မှန်ကန်ရဲ့လားဆိုတာကို သုံးသပ်ကြည့်ပါ။ အတွေးရယ်၊ ခံစားချက်ရယ်၊နောက်ဆက်တွဲ တုံ့ပြန်မှုတွေရယ် ဆက်စပ်ဖြစ်ပေါ်ပုံလာတာကို သဘောပေါက်လာလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/villain-of-your-emotions/
ကလေးတွေကိုနွေရာသီနေလောင်ဒဏ်မှကာကွယ်မယ်-နေလောင်ခံခရင်မ်, အဝတ်အထည်, ဦးထုပ်နှင့်အခြားအရာများ
သင့်ကလေး၏အသားရေသည် နေဒဏ်ကိုပိုခံနိုင်ရပါသည်။ အထူးသဖြင့် အိမ်အပြင်၌လှုပ်ရှားမှုများသည့်ကာလဖြစ်သော နွေရာသီမျိုးတွင်ပိုဆိုးသည်။ အကာအကွယ်မပါပဲ ကလေးကိုအိမ်အပြင်မှာဆော့ခိုင်းပါက ပြင်းထန်သည့်ကျန်းမာရေးအခြေအနေများကို ခံစားရနိုင်ပါသည်။ ကလေးများအား နေရောင်ခံလိမ်းဆေး၊ ဦးထုပ်၊ အဝတ်အစားများနှင့် ကာကွယ်ပါ။ သင်ဘာလုပ်နိုင်မလဲ ရှာကြည့်ပါ။နေရောင်ခံလိမ်းဆေးကိုအမြဲဆောင်ထားပါ။ ကလေး၏ချောမွတ်နူးညံ့သောအသားရေကို နေလှောင်ဒဏ်မခံရပါစေနှင့်။ နေမှလာသော UV အလင်းများသည် အရေတွန့်ခြင်း၊ အပြောက်များထခြင်းနှင့် အရေပြားကင်ဆာထိအောင်ဖြစ်နိုင်ပါသည်။ နေရောင်ခံခြင်းသည် မကောင်းပါ။ နေရောင်ခံခြင်းသည် ကလေးများ၏အရေပြားကို ပျက်စီးစေ၏။အပြင်မထွက် ၁၅ မိနစ်ကြိုတင်၍နေရောင်ခံဆေးလိမ်းပေးရမည်ကို သတိပြုပါ။ ကလေးကို ကိုယ်တိုင်လိမ်းတတ်စေရန်သင်ပေးပါ။ နား၊ မျက်စေ့ဝန်းကျင်၊ လည်ပင်းနှင့် ဒူးနောက်ဖက်တို့ပါ လိမ်းရန်မမေ့ပါနှင့်။ နေရောင်ခံလိမ်းဆေးကို ၂ ခြားတစ်ခါလိမ်းပေးရမည်ဖြစ်သည်။ ကလေးရေကူးသွားလျှင် သို့ ချွေးအလွန်ထွက်လျှင် ၂ နာရီထက်စောလိမ်းပေးသင့်သည်။ ကလေးများအတွက်ထုတ်သော နေရောင်ခံဆေးကိုသာသုံးရန် မေမ့ပါနှင့်။ နေရောင်ခံလိမ်းဆေးတွင် zinc dioxide သို့ titanium dioxide များပါဝင်သင့်သည်။Oxybenzone ပါသောဆေးများကိုရှောင်ပါ။ SPF 30 နှင့်အထက် ‘broad spectrum’ လို့အညွှန်းပါသည့်ဟာကိုပဲရွေးပါ။နေရောင်ခံလိမ်းဆေးသည် ကလေးကိုအပြည့်အဝမကာကွယ်ပေးနိုင်သောကြောင့် ကလေးကိုအဝတ်အစားများ ဝတ်ဆင်ပေးရမည်။ အင်္ကျီရှည် ဘောင်းဘီရှည်များ လက်အိတ်များဝတ်ပေးပါ။ အထူးပြုထားသော ဓါတုပစ္စည်းတစ်ချို့ကိုသုံးပါ။ ထိုပစ္စည်းများက ကလေးကိုနေဒဏ်မှကာကွယ်ပေးနိုင်သည်။အပြင်သွားလျှင် ဦးထုပ်ဆောင်းပါက ရူးကြောင်ကြောင်နိုင်သည်ဟု ထင်သောကြောင့် ကလေးများက မဆောင်းချင်ကြပါ။ သို့သော် ဦးထုပ်သည်ကလေးမျက်နှာကိုကာကွယ်ပေးနိုင်သောကြောင့် အရေးပါ၏။ အထူးပြုထားသောဦးထုပ်များသည် UVA နှင့် UVB ရောင်ခြည်များကို စစ်ထုတ်နိုင်ပေးနိုင်၏။ဒီလိုဆောင်းကျင့်ရဖို့ သင်ကကလေးအတွက် Role Model ဖြစ်အောင်လုပ်ပေးနိုင်သည်။ ကလေးစိတ်ဝင်စားမည့် ကာတွန်းပုံများ ရုပ်ပုံများပါသည့်ဦးထုပ်များကို ရွေးချယ်နိုင်ပါသည်။ နေကာမျက်မှန်တပ်ခြင်သည်လည်း အရေးကြီး၏။ကလေးငယ်ကို မနက် ၁၀နာရီ မှညနေ ၂ နာရီအတွင်း အပြင်မထွက်ပါစေနှင့်။ တိမ်ထူလျှင်တောင်မှ UV အလင်းတန်းများက တိမ်ကိုဖောက်ပြီး ကလေးအရေပြားကိုထိခိုက်နိုင်သေးသည်။ ပျက်စီးမှုသည် နေရောင်ဆက်တိုက်ထိချိန်ကြာခြင်းမှ ဖြစ်ပေါ်နိုင်သည်။ကလေးငယ်တွင်နေလှောင်ပါက အရေပြားသည်နီရဲလာမည်ဖြစ်သည်။ အောက်ပါနည်းလမ်းများကိုအသုံးပြုပါက သက်သာစေနိုင်ပါသည်။ကလေများသည် အထူးသဖြင့်နွေရာသီတွင် ပိုတက်ကြွကြသည်။ နေရောင်ထဲတွင် ဘောလုံးကစားခြင်း၊ ဘက်စကက်ဘောကစားခြင်း၊ ရေကူးခြင်းတ်ု့သည့် အသားရေကိုအန္တရာယ်ဖြစ်စေ၏။ နေရောင်ခံလိမ်းဆေး၊ အဝတ်အစားမပါပဲ နေရောင်ထဲမထွက်ခိုင်းပါနှင့်။ အရေးပြာကင်ဆာအပါအဝင် ရောဂါအများအပြားဖြစ်စေနိုင်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af%e1%80%94%e1%80%bd%e1%80%b1%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%94%e1%80%b1%e1%80%b1%e1%80%9c%e1%80%b1/
ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလား ဆိုတာ စားသောက်မှုပုံစံနဲ့ ဆိုင်သလား
ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလား ဆိုတာ စားသောက်မှုပုံစံနဲ့ ဆိုင်သလား …….. ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဖန်ပြွန်သန္ဓေဆောင်ခြင်း၊ သုက်ပိုးထည့်သွင်းပြီး ကိုယ်ဝန်ဆောင်စေခြင်းစတဲ့ နည်းပညာကို အသုံးပြုပြီး ကိုယ်ဝန်ဆောင်ရင်တော့ ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလားဆိုတာ ရွေးလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း ကိုယ်ဝန်ဆောင်မယ် ဆိုရင်တော့ ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလား ဆိုတာ ကံကြမ္မာအရပါပဲ။တချို့လေ့လာချက်တွေမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့စားသောက်မှုပုံစံက ဘာလေးမွေးမလဲ ဆိုတာအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါကို တိတိပပတော့ သက်သေမပြနိုင်ပေမယ့် ဗဟုသုတအနေနဲ့တော့ လေ့လာထားသင့်ပါတယ်။Sir Jules Thorn Charitable Trust ထူထောင်ခဲ့တဲ့ ဗြိတိန်က သုတေသနတစ်ခုမှာ သားဦး ကိုယ်ဝန်ဆောင်သူ ၇၂၁ဦးကို သူတို့ရဲ့ ကိုယ်ဝန် မဆောင်မီနဲ့ ကိုယ်ဝန်ဆောင် ပထမ၃လအတွင်း စားသောက်မှုပုံစံတွေကို စာရင်းပြုစုခဲ့ပါတယ်။ ပုံမှန်စားနေကျ အစားအစာတွေအပြင်ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးမှုများကိုပါ မှတ်တမ်းတင်စေခဲ့ပါတယ်။သုတေသီများက အမျိုးသမီးများကို အုပ်စု ၃ စု ခွဲခြားပြီး စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ နဲ့အထက် စားသုံးသူ အမျိုးသမီးများဟာ ပုံမှန်ပမာဏ ၁၈၅၀ ခန့်သာ စားသုံးတဲ့ အမျိုးသမီးများထက် သားယောက်ျားလေး မွေးဖွားနိုင်ခြေ ၁၁% ပိုမို မြင့်မားပါတယ်။“အမျိုးသမီးတွေက ပိုပြီးစားတဲ့အခါ ယောက်ျားလေး ကိုယ်ဝန်ပိုရနိုင်ခြေ ရှိပါတယ်” လို့ အောက်စဖို့ဒ် တက္ကသိုလ်မှ Dr. ဖီအိုနာက ဆိုပါတယ်။“ဒီအချက်က ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မိန်းကလေးတွေ အနေနဲ့ ကိုယ်အလေးချိန် ထိန်းဖို့ ကယ်လိုရီနည်းတဲ့ အစာတွေကို ရွေးချယ်လာကြတာကြောင့် သားယောက်ျားလေး မွေးဖွားနှုန်း ကျဆင်းလာတယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု ရှိပါတယ်” လို့ သူမက ထပ်မံရှင်းပြပါတယ်။ဒါပေမယ့် ဒီသုတေသနမှာ မိခင်ရဲ့ BMI ညွှန်းကိန်းနဲ့ မွေးကင်းစကလေးများရဲ့ ကျား/ မ ကွဲပြားမှုရဲ့ ဆက်စပ်မှု ရှိ မရှိ ပြောမထားပါဘူး။ဒီတွေ့ရှိချက်တွေအရ လူအများဟာ ယောက်ျားလေးလိုချင်လား၊ မိန်းကလေး လိုချင်လား ဆိုတာပေါ် မူတည်ပြီး စားသုံးမှုပုံစံတွေ ပြောင်းလဲလာကြပါတယ်။အထက်ပါ လေ့လာချက်ကို အခြေခံပြီးတော့ ကလေးရဲ့ လိင်ကို ရွေးချယ်နိုင်ဖို့ အမျိုးသမီးတွေက သူတို့ စားသောက်မှု ပုံစံကို ပြောင်းလဲလာကြပါတယ်။ အကြမ်းအားဖြင့်တော့။ဒီစားသုံးမှုမှာ ကယ်လိုရီမြင့်တဲ့ အစားအစာတွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်နဲ့ ဆားများတဲ့ အစာတွေဖြစ်တဲ့ ဆီရီယယ်၊ ငှက်ပျောသီး၊ အသား၊ ကော်ဖီ စတာတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာကို တတ်နိုင်သလောက် အယ်လ်ကာလိုင်းဓာတ်များ ဖြစ်အောင်လုပ်ပြီး ယောက်ျားလေးမွေးစေမယ့်သုက်ပိုးတွေကို ရှင်သန်နိုင်ခွင့် ပိုမိုများစေဖို့ ဖြစ်ပါတယ်။မိန်းကလေး ကိုယ်ဝန်ရချင်ရင်တော့ အထက်မှာ ပြောခဲ့တဲ့ အချက်တွေနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးချယ်စားသုံးဖို့ပါပဲ။ ကယ်လိုရီနည်းတဲ့ အစာတွေ၊ အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေဖြစ်တဲ့ နို့ထွက်ပစ္စည်းနဲ့ ဘယ်ရီသီးတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာရဲ့ အက်ဆစ်ဓာတ်ကို မြင့်တက်စေပြီး ယောက်ျားလေးသုက်ပိုးတွေ ရှင်သန်နိုင်မှု ခက်ခဲစေဖို့ပါပဲ။ဒါပေမယ့် ဒီစားသောက်မှုပုံစံတွေကို ကိုယ်ဝန်မရခင် လအနည်းငယ်မှာပဲ စားသုံးသင့်ပါတယ်။ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ ကျန်းမာရေးကောင်းမွန်ဖို့ အာဟာရဓာတ်မျှတဲ့ အစားအသောက်တွေ စားသုံးဖို့ လိုအပ်ပါတယ်။ခုပြောခဲ့တဲ့ စားသောက်မှုပုံစံတွေက ဘာလေးမွေးမလဲဆိုတာကို လွှမ်းမိုးနိုင်တယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြဖို့ လေ့လာချက်တွေ အများကြီး လိုပါသေးတယ်။ ကိုယ်ဝန်မဆောင်ခင်မှာရော၊ ကိုယ်ဝန်ဆောင်ပြီးချိန်မှာရော ကယ်လိုရီနဲ့ တခြားအာဟာရတွေ ပြည့်ဝမျှတဖို့ အရေးကြီးပါတယ်။ဥပမာ ယောက်ျားလေး မွေးချင်ဇောနဲ့ ကယ်လိုရီနဲ့ ဆားများတာတွေ စားတဲ့အခါ အဝလွန်ပြီးသွေးတိုးတာဖြစ်တတ်ပါတယ်။ ဒီကြောင့် ဒီအစားအစာတွေကို သိပ်အစွဲအလမ်း မထားပါနဲ့။ ပုံမှန်တော်သင့်ရုံသာ စားပေးပါ။ ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးကို ဦးစားပေးဖို့ အကြံပြုလိုပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/second-trimester-being-pregnant/baby-sex-and-diet/
ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု
သွေးထဲမှာသကြားဓာတ်ပုံမှန်ထက်မြင့်မားနေတဲ့သူတွေကို ဆီးချိုရောဂါရှိသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်တယ်ဆိုတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာပါ။ နေ့စဉ်စားသောက်လိုက်တဲ့ အစားအစာတွေထဲမှာ ပါဝင်နေတဲ့ အချိုဓာတ်တွေက သွေးတွင်းသကြားဓာတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နေ့စဉ်စားသောက်နေတဲ့အစားအစာတွေကို မှန်မှန်ကန်ကန်ရွေးချယ်စားသုံးမှုက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အပံ့ဖြစ်စေမှာပါ။ ဒီတစ်ခေါက်တော့ ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု အတိုင်းအတာလေးကို လေ့လာလိုက်ရအောင်နော်။ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု အတိုင်းအတာကို ဆက်ကြည့်လိုက်ရအောင်နော်။တကယ်လို့ သင်ဟာ ဆီးချိုရောဂါခံစားနေရသူဆိုရင် အာဟာရပြည့်ဝအောင်စားသုံးပေးတဲ့စားသောက်မှုပုံစံက နေ့စဉ်ဘဝမှာ ကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံကို မွေးမြူပေးရင်ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကတော့ –။ကျန်းမာအောင် စားသောက်နေထိုင်တယ်ဆိုတဲ့နေရာမှာလည်း ဆီးချိုသမားမို့လို့ ပိုပြီး အစားရှောင်ရတယ်ဆိုတာမျိုးမရှိပါဘူး။ သာမန်လူတွေ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်နေထိုင်တဲ့အတိုင်း စားသောက်နေထိုင်ရင်ကိုရပါပြီ။ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု အတိုင်းအတာကို ပြည့်မီစေဖို့ ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။စားသုံးလိုက်တဲ့ အစားအစာတွေကိုခန္ဓာကိုယ်က ချေဖျက်တဲ့အခါ စားသုံးလိုက်တဲ့ အစားအစာထဲမှာပါတဲ့ အချိုဓာတ်တွေနဲ့ကစီဓာတ်တွေက သွေးတွင်းသကြားဓာတ်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ၊ ပဲအမျိုးမျိုးနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကနေ ရရှိတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို များများစားပေးပါ။အစာအိမ်အူလမ်းကြောင်းတွေကျန်းမာစေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်လုံလောက်မျှတစွာ ပါဝင်နေဖို့လိုအပ်ပါတယ်။ အမျှင်ဓာတ်ကအစာခြေစနစ်ကို ထောက်ပံ့ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပေးပါသေးတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အခွံမာသီးတွေ၊ ပဲတောင့်ရှည်၊ ပဲနီလေးနဲ့ ပဲအမျိုးမျိုး ပါဝင်အောင်စားသုံးပေးပါ။ ပေါင်မုန့်အညိုနဲ့ အုတ်ဂျုံပေါင်မုန့်တွေကိုလည်း စားသုံးပေးလို့ရပါတယ်။ငါးက အဆီများတဲ့ အသားတွေထက် ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ငါးစားပေးပါ။ ပင်လယ်ငါးတွေဖြစ်တဲ့ တူနာ၊ မက်ကာရယ်၊ ဆယ်လ်မွန်လိုမျိုး Omega – 3 Fatty Acid ပါတဲ့ ငါးတွေကို စားသုံးပေးပါ။ ဒီလိုစားသုံးပေးတာကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီးနှလုံးကို ကျန်းမာစေနိုင်ပါတယ်။ သတိထားရမှာတစ်ချက်ကတော့ မာကျူရီဓာတ်ပါဝင်မှုများတဲ့ ငါးတွေကို ကြော်စားတာမျိုး မလုပ်မိစေဖို့ပါ။အစားအစာတွေထဲမှာပါဝင်တဲ့ monounsaturated နဲ့ polyunsaturated fat တွေက သွေးတွင်းကိုလက်စထရောကျအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာထောပတ်သီး၊ အယ်လ်မွန်စေ့၊ သစ်ကြားသီး၊သံလွင်ဆီနဲ့ ပဲဆီစစ်စစ်တို့စားသုံးပေးပါ။ အဆီတိုင်းမှာကယ်လ်လိုရီပါဝင်နေနိုင်တာကြောင့် အဆီကို အလွန်အကျွံစားသုံးမိတာမျိုး မဖြစ်အောင်သတိထားပေးပါ။ပရိုတင်းကို များသောအားဖြင့် အသားတွေမှာ တွေ့ရတာများပါတယ်။အနီရောင်အသားတွေ၊ ကြက်သား၊ ဘဲသား၊ ငါး၊နို့ထွက်ပစ္စည်းတွေ။ ပဲအမျိုးမျိုး၊အသီးအရွက်တွေကနေ ပရိုတင်းကိုရရှိနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အခါ ကြက်သား၊ ငါးတို့ ပါဝင်အောင်စားသုံးပေးပါ။ အနီရောင်အသားတွေကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်လောက်ပဲစားသုံးပေးပါ။ အသားတွေစားတဲ့အခါ အရေပြားတွေကို မစားမိအောင်သတိထားပါ။ အဆီတွေကိုလည်း မစားပါနဲ့။ နို့ထွက်ပစ္စည်းတွေ စားသုံးတဲ့အခါမှာလည်း အဆီထုတ်ထားတာ ဒါမှမဟုတ် အဆီပါဝင်မှုနည်းတာမျိုးတွေကိုရွေးချယ်စားသုံးပေးပါ။Whey protein ဆိုတာက ပရိုတင်း (အသားဓာတ်)တစ်မျိုးဖြစ်ပြီး နို့ကနေထုတ်ယူထားပါတယ်။ Whey protein က ကျန်းမာတဲ့ပရိုတင်းဓာတ်ဖြစ်တာကြောင့် ခန္ဓာကိုယ်ကြွက်သားတွေတည်ဆောက်ဖို့နဲ့ မဆုံးရှုံးဖို့ကို အဓိက ကူညီပေးနိုင်တာအပြင် ဆီးချိုသမားတွေမှာဆိုရင် အင်ဆူလင်ထွက်ရှိမှုကို လှုံ့ဆော်ပေးလို့ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တယ်။နှလုံးကြွက်သားအလုပ်လုပ်မှုကို အားပေးတဲ့အတွက် နှလုံးကျန်းမာရေးအတွက်ကောင်းတယ်။ ခဏခဏမဆာအောင် လုပ်ပေးနိုင်တဲ့အတွက် ကိုယ်အလေးချိန်ထိန်းညှိနိုင်တယ်။ သကြားဓါတ်အဖြစ်ကို ပြောင်းလဲသွားတဲ့နှုန်းကလည်း နှေးကွေးတဲ့အတွက် ဆီးချိုတွေ အလွန်အမင်းတက်တာ မဖြစ်တော့ဘူး။ ဒါတွေက Whey protein ရဲ့ ဆီးချိုသမားတွေအတွက်ကောင်းကျိုးတွေပါ။အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်တွေဆီကနေရတဲ့ အဆီတွေ၊ကြက်ဥအနှစ်၊အသည်းနဲ့ အခြားဝမ်းတွင်းသားတွေက ကိုလက်စထရောပါဝင်မှုများတာကြောင့် မစားသုံးသင့်ပါဘူး။ တစ်နေ့ကို ကိုလက်စထရောပမာဏ ၂၀၀ မီလီဂရမ် ထက်ပိုမစားပါနဲ့။နားလည်လွယ်အောင်ပြောပြရရင် အငန်ဓာတ်ပေါ့။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခံတွင်းတွေ့အောင်ဆိုပြီး ဆားတွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်စားတာမျိုး မလုပ်ပါနဲ့။သွေးတိုးရောဂါဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် တတ်နိုင်သမျှ အငန်ကဲတာတွေကို လျှော့စားပေးပါ။အဆီပါဝင်မှုများတဲ့နို့ထွက်ပစ္စည်းတွေအမဲသား၊ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်လိုမျိုး တိရစ္ဆာန်ကနေရတဲ့ အဆီတွေကနေထုတ်ထားတဲ့ အစားအစာတွေမှာ ပြည့်ဝဆီတွေပါနေတတ်ပါတယ်။ဒီအဆီတွေကို အသင့်စား သရေစာတွေ၊ ဘီစကစ်၊ပေါင်မုန့်အဖြူ၊ ကိတ်မုန့်လိုမျိုး အစားအစာတွေကနေ ရတတ်တာကြောင့် ဒါတွေကို အများကြီးမစားပါနဲ့။နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် ဆီးချိုရောဂါရှိပေမယ့်လည်း လူတန်းစေ့ကျန်းမာအောင် နေနိုင်မှာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကို သင့်တင့်မျှတစွာ စားသုံးရင်း ကျန်းမာတဲ့ စားသောက်မှုပုံစံကို ပျိုးထောင်နိုင်ကြပါစေလို့ တိုက်တွန်းအပ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-and-healthy-eating/
ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင်
ဘလူးဘယ်ရီသီးလေး တွေက အမြင်လှသလို စားရင်လည်း အရသာရှိပါတယ်။ သူ့ရဲ့ အရည်အချင်းက ဒီလောက်နဲ့ပဲ ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ ရှိနေပါသေးတယ်။စားရတာ အရသာရှိတဲ့ ဘလူးဘယ်ရီသီးလေး မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။စားလို့ကောင်းတဲ့ ဘလူးဘယ်ရီသီးတွေက ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။ ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင် တွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဘလူးဘယ်ရီသီးကို အသီးအတိုင်း စားပေးလို့ရသလို ဒိန်ချဉ်နဲ့ တွဲဖက်ပြီးလည်း စားလို့ရပါတယ်။ ဆံသား အတွက်ကတော့ သံလွင်ဆီနဲ့ ရောစပ်ပြီး ခေါင်းမလျှော်ခင် နာရီဝက်လောက် ပေါင်းတင်ပေးရုံပါ။ တစ်နေ့ကို ဘလူးဘယ်ရီ တစ်ခွက်စာ ပုံမှန်စားသုံးပေးမယ်ဆိုရင် ခေါင်းအစခြေအဆုံး လှပမှုနဲ့ ရောဂါကင်းပြီးကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်နိုင်မှာပါ။ကဲ … ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေး အာနိသင်တွေကို သိပြီဆိုတော့ သင့်တော်သလို စားသုံးပေးလို့ ရပြီပေါ့။ဘလူးဘယ်ရီသီးက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့် အများကြီး မစားမိဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးဖို့ အကြံပြုချင်ပါတယ်။ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး အခြေအနေတွေကြောင့် ဆေးသောက်နေရသူတွေအနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-blueberry/
ကိုယ်ဝန်ဆောင်စဉ်အတွင်း အက်စစ်ပြေ လေဆေးတွေကို စိတ်ချလက်ချသုံးနိုင်လား
ကိုယ်ဝန်ဆောင်မိခင်တော်တော်များများမှာ အစာမကျေခြင်း၊ စားချဉ့်ပြန်ခြင်းကြောင့် ရင်ပူခြင်းခံစားရတတ်ပါတယ်။ အန္တရာယ်မပေးတတ်ပေမဲ့ မအီမသာဖြစ်စေနိုင်ပါတယ်။ ကိစ္စအများစုမှာ အာဟာရပုံစံနဲ့နေထိုင်ပြောင်းလဲမှုပုံစံပြောင်းလဲခြင်းနဲ့အတူ စိတ်ချ၇တဲ့ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရနိုင်တဲ့ဆေးတွေနဲ့တင် ကုသနိုင်ပါတယ်။သောက်ဖို့လိုတဲ့သူတွေအတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်းစိတ်ချလက်ချပေးနိုင်တဲ့ ရင်ပူသက်သာဆေးအချို့ကို ပေးနိင်ပါတယ်။အက်စစ်ဓါတ်ချေဖျက်ပေးတဲ့ဆေးအများစုမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ချလက်ချသုံးနိုင်ပါတယ်။ တချို့သောဆေးတွေကိုတော့ မသုံးသင့်ပါဘူ။ ဘယ်ဆေးကိုမဆို မသောက်ခင်မှာ ဆရာဝန်ခွင့်ပြုချက်ရဖို့တော့ လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင်တွေအတွက် ပထမဦးစားပေးကတော့ ကယ်ဆီယမ်လို့ပဲဆေးညွှန်းပေါ်မှာရေးထားေလေ့ရှိတဲ့ ကယ်ဆီယမ်ကာဘွန်နိတ်နဲ့ပြုလုပ်ထားတဲ့ ဝါးစားနိုင်တဲ့ အက်ဆစ်ချေဖျက်ဆေးကို သုံးသင့်ပါတယ်။ လျင်မြန်ပြီးအကျိုးသက်ရောက်မှုကေင်းပါတယ်။ အရသာလည်းကောင်းပါတယ်။ မဂ္ဂနီဆီယမ်ဟိုက်ဒရောဆိုဒ်သို့ မဂ္ဂနီဆီယမ်အောက်ဆိုဒ်ပါတဲ့အက်ဆစ်ချေဖျက်ဆေးတွေကလည်း ကိုယ်ဝန်ဆောင်တွေအတွက် ရွေးချယ်နိုင်ပါတယ်။ အရေည်သို့ဆေးပြားပုံစံနဲ့ လာပါတယ်။ဆေးအရည်သောက်ရမှာလည်း ဆေးအရည်ဆိုပေမဲ့ရေနဲ့သောက်ဖို့ လိုပါတယ်။ ဆေးပြားတွေက အစာအိမ်လုပ်နေကျအတွင်း လျော့နည်းအောင်လုပ်ဖို့ အထူးလိုအပ်တဲ့ အက်ဆစ်ပါတဲ့အစာခြေရည်တွေကို ထွက်အောင်လုပ်ပါတယ်။ ရင်ပူခြင်းရှိနေမယ်ဆိုရင် ဆေးပြားတွေကို ရေနည်းနည်းနဲ့ဆေးသောက်တာက ပိုကောင်းပါတယ်။ဒီအမျိုးအစားဆေးတွေက သင့်အစာအိမ်ထဲထွက်သွြးပြီးသားအက်ဆစ်တွေကို ဓါတ်ပြယ်အောင်လုပ်ပါတယ်။ ဝါးစားလို့ရတဲ့ပုံစံနဲ့ဆေးအရည်တွေက ပျော်ဝင်ပြီးသားဖြစ်တာကြောင့် ဆေးပြားတွေထက်ပိုပြီး။လျင်မြန်စွာအလုပ်လုပ်ပါတယ်။ ဘယ်အမျိုးအစားက သင့်အတွက်ပိုပြီးအကျိုးသက်ရောက်မှုပေးလဲဆိုတာကို စမ်းသပ်ကြည့်နိုင်ပါတယ်။အလူမီနီယမ်ဟိုက်ဒရိုဆိုဒ်၊ အလူမီနီယမ်ကာဗွန်နိတ် ပါတဲ့ဆေးတွေကို ရှောင်ပါ။ အလူမီနီယမ်က ဝမ်းချုပ်စေပြီး အရမ်းများသွားရင် အဆိပ်သင့်စေနိုင်ပါတယ်။ သတ်မှတ်ပေးထားတဲ့ပမာဏကို ရံဖန်ရံခါအသုံးပြုခြင်းက စိတ်ချရပေမဲ့လည်း ကိုယ်ဝန်ဆောင်နေစဉ်မှာ ရွေးချယ်ဖို့အသင့်ဆုံးဖြစ်ပါတယ်။အရသာကောင်းပြီး သစ်သီးနံ့ရတဲ့ဝါးစားလို့ရတဲ့ဆေးတွေက ဆေးတွေပဲဆိုတာကိုမမေ့ပါနဲ့။ အကြံပြုထားတာထက် ပိုသောက်နေကြောင်း ကိုယ့်ကိုကိုသိတဲ့အခါမှာ အက်ဆစ်အထွက်နည်းစေပြီး အကျိုးသက်ရောက်မှုကောင်းတဲ့ ကြာကြာခံတဲ့ဆေးတွေကို ဆေးတွေကိုဆရာဝန်ကို မေးသင့်ပါတယ်။ အန်တဆစ်တွေလို အက်ဆစ်ကိုအာနိသင်ပျယ်စေတဲ့ဆေးတွေအစား အစာအိမ်ကအက်ဆစ်သာမန်အတိုင်းထုတ်နေတာကို အက်ဆစ်အထွက်နည်းဆေးတွေက ကာကွယ်ပေးနိုင်ပါတယ်။သင့်အစာအိမ်ကရှိနှင့်ပြီး အက်ဆစ်တွေအတွက် အကူအညီမပေးနိုင်ပါဘူး။ ဒါကြောင့် အစားမစားခင်သောက်တာက ပိုပြီးထိရောက်နိုင်ပါတယ်။ တချို့ဆေးတွေက အက်စစ်နည်းဆေး ( ဖာမိုတီဒင်း) နဲ့ အက်စစ်ဓါတ်ပျယ်ဆေး( ကယ်ဆီယမ်ကာဗွန်နိတ်နဲ့ မဂ္ဂနီဆီယမ်ဟိုက်ဒရောဆိုဒ်ကဲ့သို့)ဆေးတွေ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ သင့်ကိုအနှောင့်အယှက်ပေးနေတဲ့ အစာအိမ်အချဉ်မှာချက်ချင်း သက်သာစေပြိ နောက်ထပ်၁၂နာရီအထိ အက်ဆစ်ထပ်ထွက်ခြင်းကို နည်းစေပါတယ်။အက်စစ်အထွက်နည်းဆေးတွေအချို့က ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အချို့ကတော့ဆရာဝန်ညွှန်ကြားချက်လိုပါတယ်။ လတ်တလောမှာတော့ ပထမကိုယ်ဝန်ဆောင်ချိန်မှာတောင် ကိုယ်ဝန်ဆောင်တွေအတွက် ဘေးကင်ေးကြာင်း ယုံကြည်ထားကြပါတယ်။ ဆေးမည့်သည့်အမျိုးအစားကိုမဆို မသုံးခင်မှာ ရလာနိုင်တဲ့ဆိုးကျိုးနဲ့ကောင်းကိျုးတွေကိ ဆရာဝန်နဲပဆွေးနွေးသင့်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8/
ကလေးတွင် မွေးရာပါ နှလုံးရောဂါရှိခဲ့လျှင် မေးလေ့မေးထရှိသော မေးခွန်းများ
မွေးရာပါ နှလုံးရောဂါ ဖြစ်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါတစ်မျိုး ဖြစ်ပါသည်။ မွေးရာပါ ဟူသည့်သဘောမှာ မွေးစဉ်အခါကတည်းက ပါလာသောရောဂါကို ဆိုလိုပါသည်။ မွေးရာပါ နှလုံးရောဂါသည် မွေးကတည်းက ပုံမှန်နှလုံး၏ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။ အောက်ဖော်ပြပါ မေးခွန်းများသည် မေးလေ့မေးထရှိသော မေးခွန်းများ ဖြစ်ပါသည်။အများအားဖြင့် မွေးရာပါ နှလုံးရောဂါဖြစ်သော အကြောင်းအရာကို ရှာမတွေ့ပါ။ သို့သော် ဖြစ်နိုင်ခြေများသော အချက်များ ရှိပါသည်။• မိခင်တွင် ဝက်သက်စသော ရောဂါ ကိုယ်ဝန်ဆောင်စဉ်တွင် ရှိနေလျှင်။• မိခင်တွင် ဆီးချိုရောဂါရှိလျှင်။• ဒေါင်းရောဂါ ဟုခေါ်သော ကလေး၏ ဦးနှောက်နှင့် ခန္ဓာဖွံဖြိုးမှု နှောင့်နှေးသည့် ရောဂါရှိလျှင်။• တခြား ခရိုမိုဇုန်းဓါတ်များ လိုအပ်သော ရောဂါဖြစ်လျှင် နှလုံးရောဂါဖြစ်နိုင်ခြေ များပြားပါသည်။မွေးရာပါနှလုံးရောဂါ အများစုမှာ ကလေးမမွေးခင် အချိန်ကတည်းကစ၍ အာထရာဆောင်းနှင့် စစ်ဆေးနိုင်ပါသည်။ သို့သော် အမြဲတမ်းတော့ မစစ်ဆေးနိုင်ပါ။မွေးရာပါ နှလုံးရောဂါ အမျိုးအစားများစွာ ရှိပါသည်။ တစ်ခါတရံ တွဲ၍ပင်ဖြစ်နိုင်ပါသည်။• နှလုံးတွင် အပေါက်ဖြစ်ခြင်း၊ နှလုံးအကန့် နှစ်ကန့်ကြားတွင် အတားအဆီး မရှိ၍ အပေါက်ဖြစ်သောကြောင့် ဖြစ်နိုင်ပါသည်။• ပင်မသွေးကြောကြီး သေးသွယ်နေခြင်း။• သွေးလွှတ်ကြောကြီး နေရာပြောင်းနေခြင်း။• အဆုတ်ထဲသို့သွားသည့် သွေးလွှတ်ကြောအဆို့ရှင် ကျဉ်းနေခြင်း – ထို့ကြောင့် သွေးသည် ညာဘက်နှလုံးခန်းသို့ သွေးလုံလောက်စွာ မရရှိနိုင်ခြင်းတို့ ဖြစ်ပါသည်။• အသက်ရှူမြန်ခြင်း။• နှလုံးခုန်မြန်ခြင်း။• အသားပြာခြင်း။• ချွေးထွက်များခြင်း။• အလွန်အမင်း ပင်ပန်းခြင်းနှင့် နုံးခြင်း။• ကလေးကို အစာကျွေးသည့် အချိန်များတွင် အသက်ရှူမြန်၍ မောခြင်းတို့ ဖြစ်ပါသည်။ထိုလက္ခဏာများသည် မွေးမွေးပြီးချင်း သတိထားမိပါသည်။ အနည်းငယ်သော ချို့ယွင်းမှုများမှာ ဘဝတစ်လျှောက်လုံး လက္ခဏာမပေါ်ပေါက်နိုင်ပါ။ ရောဂါရှိမှန်းတောင် မသိလိုက်ပါ။မည်မျှ အခြေအနေ ဆိုးရွားသည်ကို ကြည့်၍ ကုသ၍ ရ၊ မရ ဆုံးဖြတ်ရပါမည်။ အနည်းငယ်သာ ချို့ယွင်းချက်ရှိလျှင်၊ ဥပမာ နှလုံးအပေါက်ငယ် ဖြစ်ခြင်းတွင် ကုသရန် မလိုပါ။ သူ့ဟာသူ ပျောက်ကင်းနိုင်ပါသည်။ အပေါက်ကြီးလျှင် ခွဲစိတ်ရန်နှင့် ပစ္စည်းအစားထိုး ကုသရန် လိုအပ်ပါသည်။ ယခု တိုးတက်လာသော နည်းပညာများသည် နှလုံးကို ပုံမှန်ဖြစ်အောင် ပြန်လည်ပြုပြင်နိုင်ပါသည်။ ကုသမှု၏ ၈၀ ရာခိုင်နှုန်းသည် အကောင်းအတိုင်း ပြန်လည်ဖြစ်နိုင်ပါသည်။သို့သော် ရှုပ်ထွေးသော နှလုံးရောဂါ အမျိုးအစားများတွင် တစ်သက်လုံး ကုသရမည့် အခြေအနေမျိုးလည်း ရှိပါသည်။ ကြီးလာသည်အထိ နှလုံးရောဂါ အထူးကုများနှင့် ကုသရလေ့ ရှိပါသည်။ ပို၍ ဆိုးရွားသော အခြေအနေများတွင် သက်ဆိုး မရှည်နိုင်ပါ။ ထို့ကြောင့် နှလုံးရောဂါရှိသော ကလေးများ၏ မိဘများမှာ နှလုံးအထူးကုများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။မွေးရာပါ နှလုံးရောဂါရှိသော ကလေးများအဖို့ ထိုရောဂါကို အလွန်ပင် ထိတ်လန့် စိုးရွံ့နေပါလိမ့်မည်။ သို့သော် ထိုရောဂါမှာ ဖြစ်လေ့ရှိသော ရောဂါဖြစ်ပြီး စမ်းသပ်ချက်များဖြင့် ချို့ယွင်းချက်နေရာများကို ဖော်ထုတ်နိုင်ပါသည်။ သို့သော် ၁၀၀ ရာခိုင်နှုန်းတော့ အာမခံချက် မပေးနိုင်ပါ။ သို့သော် နှလုံးရောဂါရှင် ကလေးအများစုမှာ ပျော်ပျော်ရွှင်ရွှင်နှင့် ဘဝကို ဖြတ်သန်းသွားနိုင်ပါသည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/congenital-heart-disease/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8/
Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်
လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။Peer pressureဆိုတာကစိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ သူငယ်ချင်းက ယဉ်ကျေးတယ်။ သူက စကားပြောတဲ့အခါ ကိုယ့်ထက်ကြီးတဲ့သူကို ဖြစ်ဖြစ်၊ ငယ်တဲ့သူကိုဖြစ်ဖြစ် ယဉ်ယဉ်ကျေးကျေး ပြောတတ်တယ်။ ကိုယ့်ကိုယ်လည်း အမြဲ ယဉ်ယဉ်ကျေးကျေး ပြောတဲ့အခါ စိတ်ထဲမှာ သူ့ကိုရိုင်းရိုင်းပျပျ ပြောမိမှာကို စိုးရိမ်လာသလို သူ့လိုမျိုး ကိုယ်တိုင်လည်း ယဉ်ယဉ်ကျေးကျေး လိုက်ပြောမိတာမျိုးပါ။သူငယ်ချင်းက ဆေးလိပ်သောက်လို့ လိုက်သောက်တာ၊အရက်သောက်လို့ လိုက်သောက်တာ၊ သောက်ဖို့ခေါ်တဲ့အချိန်မှာ အပြစ်မြင်မှာစိုးလို့ မငြင်းတာတွေက ကိုယ့်အပေါ်မှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ သက်ရောက်နေတဲ့ Peer pressureတွေ ဆိုပါတော့။Peer pressureတွေကပုံသဏ္ဍာန် အမျိုးမျိုးနဲ့ သက်ရောက်နေကြပါတယ်။ အဓိကအားဖြင့်ကတော့ ဒီပုံစံတွေနဲ့ သက်ရောက်နေနိုင်ပါတယ်။ကောင်းမွန်တဲ့ peer pressureတွေကပိုမိုကောင်းမွန်တဲ့ အလေ့အထတွေကို ရစေနိုင်တယ်ဆိုပေမယ့် အပျက်သဘောဆောင်နေတဲ့ peer pressureတွေကတော့ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များစေတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်တာတွေ ရှိလာနိုင်ပါတယ်။Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် အခုလို သက်ရောက်နေပါတယ်။Peer pressureတွေက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို သံသယဖြစ်စေပြီး ယုံကြည်မှု နည်းလာတာ ကိုယ့်ကိုယ်ကိုယ် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ယူဆလာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။Peer pressureတွေက အာရုံစူးစိုက်နိုင်စွမ်းအပေါ်မှာ သက်ရောက်မှု ရှိသလို လူတစ်ယောက်ရဲ့ အတွေးအမြင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒါဆင်လားဆိုတော့ မဟုတ်ပါဘူး။ လုပ်ဆောင်နိုင်စွမ်း စိတ်ကူးဖန်တီးနိုင်စွမ်းတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။Peer pressureတွေကဆေးလိပ်သောက်တာ၊ အရက်သောက်တာ အပါအဝင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေ လုပ်ဆောင်ဖြစ်စေဖို့လည်း တွန်းအားပေးပါတယ်။ စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ်တိုင်ကိုရော သူတစ်ပါးတွေကိုပါ ထိခိုက်အောင် လုပ်မိစေဖို့အတွက် တွန်းအားပေးပါတယ်။Peer pressureတွေကစိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို ဖြစ်စေပြီး မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေနဲ့ ဝေးကွာစေဖို့လည်း တွန်းအားပေးပါတယ်။ ကာလကြာရှည် စိတ်ဓာတ်ကျစေတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။စိတ်ရှုပ်ထွေးစရာတွေ များစေပြီး ချစ်ရသူတွေနဲ့ ခပ်ကင်းကင်းနေဖြစ်အောင် တွန်းအားပေးနေပါတယ်။လူတိုင်းက သူငယ်ချင်း မိတ်တွေတွေက သူတို့ကို လိုလားနှစ်သက်တာ၊ ချစ်ခင်တာကို လိုချင်ကြပါတယ်။ ဒါပေမယ့် Peer pressureတွေကြောင့် ကိုယ်မနှစ်သက်တာတွေကိုတောင် သူများတွေနဲ့ အဆင်ပြေအောင်ဆိုပြီး နှစ်သက်သလို လုပ်ဆောင်လာတတ်ပါတယ်။ ဒီလိုအခြေအနေတွေက များလာလေလေ အားလုံးနဲ့ အဝေးကိုရောက်လာလေလေဖြစ်ပြီး ရေရှည်မှာ စိတ်အားငယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။Peer pressureတွေကြောင့် ထိခိုက်မှုတွေ မဖြစ်လာစေဖို့ဆိုရင်။ကဲ …… မလိုချင်ဘဲ ရောက်လာတဲ့ Peer pressureတွေကြောင့် စိတ်ထိခိုက်မနေဘဲ အခုလိုလေး ဖြေရှင်းလိုက်နော်။ ခံစားမနေပါနဲ့ ….. ရဲရဲကြီး ရင်ဆိုင်ဖြေရှင်းလိုက်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-can-peer-pressure-affect-mental-health/
ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ
နေမကောင်းဖြစ်ရင်ပါးစပ်ပျက်တာ၊ နုံးပြီး စားချင်သောက်ချင်စိတ် မရှိတာ ဖြစ်တတ်ပါတယ်။ကိုဗစ်မှာတော့ ဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံအားနဲ့ အဓိကထားပြီး တိုက်ခိုက်နေရတာ ဖြစ်တဲ့အတွက်ကိုဗစ်လူနာ တွေက အာဟာရပျက်လို့ မရပါဘူး။ မရတဲ့အပြင် လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝရအောင် တိုးကျွေးသင့်ရင် ကျွေးရပါမယ်။လူနာတွေကို ကြက်စွပ်ပြုတ်လေးတိုက်လိုက်၊ ဆန်ပြုတ်လေး တိုက်လိုက် လုပ်မယ့်အစား တိတိကျကျ ဘာတွေကို ဘယ်လောက်ပမာဏ ကျွေးရမလဲ။ ဘယ်လိုကျွေးရင် လူနာစားဖို့ ပိုအဆင်ပြေမလဲဆိုတာ အကြံဉာဏ်ပေးပါ့မယ်။ခန္ဓာကိုယ်ထဲကို ရောဂါပိုးတစ်ခုခု ဝင်လာပြီဆိုရင် ခုခံအားက ပြန်လည်တိုက်ထုတ်တဲ့အတွက် ကိုယ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဥပမာ ဖျားတယ်ဆိုတာကလည်း ရောဂါပိုးကို တိုက်ထုတ်နည်းတစ်မျိုးပါပဲ။ လူနာက ဖျားပြီဆိုရင် အပူချိန်တက်လာတဲ့အတွက် ခန္ဓာကိုယ်ကနေ ရေဓာတ်ဆုံးရှုံးမှုများလာပါတယ်။ ဒီလိုပဲကယ်လိုရီ လိုအပ်ချက်လည်း ပိုများလာပါတယ်။လူကို ကြည့်လိုက်ရင် အိပ်ရာပေါ်မှာ ပက်လက်လေး၊ လှုပ်လှုပ်ရှားရှားလည်း မရှိလို့ ဒီလောက် စားဖို့ မလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ လူနာကိုယ်တိုင်ကလည်း ရေဆာတာ၊ ဗိုက်ဆာတာ ခံစားရမှာ မဟုတ်ပါဘူး။ သူ့ကို မေးလိုက်ရင် မဆာဘူး၊ စားချင်စိတ် မရှိဘူးလို့ပဲ ပြောမှာပါ။ ဒါပေမယ့် ကိုယ်တွင်းမှာ တိုက်ထုတ်နေရတဲ့အတွက် အချိန်နဲ့အမျှ အာဟာရဓာတ်တွေ၊ ရေဓာတ်တွေ လိုနေနိုင်ပါတယ်။အိပ်ရာထဲ လဲနေတဲ့သူ၊ လှုပ်လှုပ်ရှားရှား မလုပ်နိုင်တဲ့သူဆိုရင် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ အသားဓာတ်နဲ့ ကယ်လိုရီ ပိုလိုအပ်ပါတယ်။ကိုဗစ်လူနာက တစ်နေ့ကို။ရေ- ၃လီတာ (ရေအပါအဝင် ဟင်းချိုရည်၊ ဖျော်ရည်၊ ဓာတ်ဆား)။ကယ်လိုရီ- ၂၀၀၀-၂၅၀၀။ပရိုတင်း- ၇၅-၁၀၀ ဂရမ် လိုအပ်ပါတယ်။ ဒီပမာဏကို တစ်နေ့တာမှာ နည်းနည်းစီ ခွဲပြီး ပြည့်မီအောင် ကျွေးရမှာပါ။၁၅မိနစ် တစ်ခါလောက် ရေ (အရည်) ၂-၄ အောင်စလောက် ဝင်ပါစေ။ ဒါက ခွက်ရဲ့ ၄ပုံ ၂ပုံကနေ ခွက်တစ်ဝက် ပမာဏလောက်ထိ ရှိပါတယ်။ ရိုးရိုးရေ၊ ထမင်းရည်၊အာဟာရမှုန့်ကို ဖျော်ထားတဲ့အရည်၊ ဓာတ်ဆား၊ ကြက်ပြုတ်ရည် အကုန်ရပါတယ်။ ကယ်လိုရီနဲ့ ပရိုတင်းများတာဆို ပိုကောင်းပါတယ်။ လူနာက ခဏခဏစားဖို့ အဆင်မပြေဘူးဆိုရင် စားတိုင်း စားတိုင်းမှာ အာဟာရပါနေဖို့ လိုပါတယ်။  ရေများများသောက်တာကသွေးမခဲဖို့ကိုလည်း အထောက်အကူပြုပါတယ်။-ဆာဆာ၊ မဆာဆာ ၂-၃နာရီခြားတစ်ခါ ကျွေးပါ။ လူနာ ဆာမှ မကျွေးပါနဲ့။ လူနာက ရောဂါကြောင့် နုံးပြီး မဆာဘူးပဲ ပြောမှာပါ။ ဆေးကို အချိန်နဲ့ သောက်သလို အစာကို အချိန်နဲ့သာ ကျွေးပါ။-အစားမဝင်ဘူးဆိုရင် အားရှိဖို့ ခန္ဓာကိုယ်က ကြွက်သားတွေကို ဖြိုသုံးပါလိမ့်မယ်။ ဒါကြောင့် လူနာတွေက ကိုဗစ်ဖြစ်ပြီးရင် ပိန်ကျသွားတာပါ။ ဒါ ကောင်းသော ကြွက်သားတွေ ဆုံးရှုံးတာဖြစ်တဲ့အတွက် ကောင်းသော ပိန်ခြင်း မဟုတ်ပါဘူး။ ကိုဗစ်မှာ ဖိစီးမှုလည်း ပိုများတဲ့အတွက် သာမန်အချိန်ထက် ကယ်လိုရီပိုစားဖို့ လိုပါတယ်။-တစ်ရက်ကို ပရိုတင်း ၇၅- ၁၀၀ ဂရမ်လောက် ဝင်အောင် ကျွေးပါ။ ဒါက အသား ၅-၆ ကျပ်သားလောက်ရှိပါတယ်။ ကြက်သား ကျွေးလို့ရပါတယ်။ အနီရောင်အသားဆို အဆီမပါတာ ဖြစ်ရပါမယ်။ အသားမစားတဲ့သူဆို မြေပဲ၊ နို့၊ ကြက်ဥ၊  ဒိန်ချဉ်၊ ချိစ်၊ ပရိုတင်းအမှုန့်တွေ ဖျော်တိုက်နိုင်ပါတယ်။-ကိုဗစ်ဖြစ်နေချိန်မှာ ကယ်လိုရီကို မလျှော့ပါနဲ့။ ပါးစပ်ပျက်လို့ အစားမဝင်တဲ့အတွက် တိုးပြီး စားသင့်ပါတယ်။ နို့၊ သစ်သီးဖျော်ရည် ဒီလိုမျိုး နည်းနည်းစား၊ များများကယ်လိုရီတက်တာတွေ စားပေးပါ။–ကျန်းမာရေးနဲ့ ညီတဲ့အဆီတွေ ပိုစားပေးပါ။ ဥပမာ ထောပတ်သီး။-ထမင်းကြီးတွေ ကြားမှာ အာဟာရမှုန့်တွေ ဖျော်တိုက်ပါ။ ကိုဗစ်လူနာတွေမှာ အောက်ဆီဂျင်ကျလို့ ရှူနေရရင် လူကောင်းတွေလို မဝါးနိုင်ကြပါဘူး။ အာဟာရအရည်တွေ၊ အမှုန့်တွေ ဖျော်တိုက်ပြီး ကယ်လိုရီ ဖြည့်ပေးရမှာပါ။-သာမန်အချိန်တွေလို မနက်စာ၊ နေ့လယ်စာ၊ ညစာ သုံးနပ် ကျွေးဖို့ လွယ်မှာ မဟုတ်ပါဘူး။ နာရီပိုင်းလောက် ခြားပြီးနည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။တစ်ရက်ကို အသီးအနှံ တရုတ်ထမင်းပန်းကန် ၂လုံးစာ၊ အသီးအရွက်ဆို တရုတ်ထမင်းပန်းကန် ၂လုံးခွဲ စားပေးပါ။ ဆီးချိုရှိတဲ့သူက အသီးတွေကို ထမင်းကြီးနဲ့ အချိန်ခွာစားပါ။ ဒါမှမဟုတ် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။အသီးအရွက်တွေကို မီးပြင်းပြင်းနဲ့ ကြော်တာ၊ ပြုတ်တာကဗီတာမင်တွေကို ဆုံးရှုံးစေပါတယ်။ ပေါင်းတာ၊ မီးမပြင်းဘဲ ကြော်ပြီး ကျွေးနိုင်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီကို စားပေးပါ။ ဥပမာ ငါးဗိုက်သား၊ ထောပတ်သီး၊ မြေပဲလို အစေ့အဆန်တွေ၊ သံလွင်ဆီ၊ နေကြာဆီ။ ပြည့်ဝဆီ၊ တိရိစ္ဆာန်က ရတဲ့ အဆီကို ရှောင်ပါ။ တာရှည်ခံ အသားတွေ ရှောင်ပါ။ ဥပမာ စဉ်သွပ်ဘူး၊ ဝက်အူချောင်း၊ ကြက်အူချောင်း။ဟင်းချက်တဲ့အခါ ငံပြာရည်၊ အကြည်ရည်၊ အနောက်ရည်၊ ခရုဆီ စတာတွေ လျှော့ပါ။ ဆားဆို လူနာတစ်ယောက်အတွက် တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းထက် မပိုပါစေနဲ့။ အသင့်စား မုန့်တွေ မကျွေးပါနဲ့။ အချိုရည်တွေ၊ ဂတ်စ်ပါတဲ့ အအေးတွေကို တတ်နိုင်သမျှ လျှော့ပါ။အပြင်စာကို အားမကိုးဘဲ အိမ်မှာပဲ တတ်နိုင်သမျှ ချက်စားပါ။ လတ်လတ်ဆတ်ဆတ် စားစရာတွေကို အိမ်မှာ ပူပူနွေးနွေး၊ သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားသောက်ပါ။ဗီတာမင်တွေနဲ့ ကိုဗစ်ကို သက်သာစေသလားဆိုတာ လေ့လာချက်တွေက အနည်းငယ်သာ ရှိပြီး တိကျတဲ့ အဖြေမထွက်သေးပါဘူး။ ဒါကြောင့် အားဆေးတွေကို အလွန်အကျွံ မသောက်ပါနဲ့။ သောက်ချင်ရင် ဗီတာမင်အစုံ ပါတာကို တစ်မျိုးသောက်ရင် ရပါပြီ။ အစားဝင်အောင် ကျွေးပါ။ အစားမဝင်တဲ့ လူနာဆို အာဟာရဆရာဝန်နဲ့ ပြပါ။ အစားနည်းတဲ့၊ မဝင်တဲ့ လူနာကို အားဆေးတွေပဲ မတိုက်သင့်ပါဘူး။ကိုဗစ်လူနာ တွေအတွက် အစာက ဆေးပါ။ ဆေးလို သဘောထားပြီး အချိန်မှန်မှန်၊ ပမာဏမှန်မှန် အာဟာရပြည့်အောင် စားမှသာ ရောဂါအမြန်သက်သာပြီး နာလန်ထမြန်မှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/role-of-nutrition-and-hydration-in-covid-patient/
နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။
နေ့ခင်းဆို တမှေး အိပ်လိုက်ရမှ၊နေ့လည်စာလေးစားပြီး ထမင်းလုံးစီလိုက်ရမှ ဆိုတဲ့သူတွေ ရှိပါသလား။ တချို့နေ့လယ်ခင်း တရေးအိပ်တာ ကို ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောတဲ့သူရှိသလို တချို့ကျတော့လည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ပြောကြတဲ့သူတွေလည်းရှိပါတယ်။ ဒီလို နှစ်ခြမ်းကွဲနေတဲ့ အုပ်စုကြီး ဘယ်သူက မှန်လဲ ဘယ်သူမှားလဲ။အရာရာတိုင်းက အကောင်းနဲ့ အဆိုးအမြဲဒွန်တွဲနေတာပါ။ အသွားမတော် တစ်လှမ်း အစားမတော်တစ်လုတ်ဆိုသလိုပဲ မှန်ကန်တဲ့ ဘောင်ထဲက လုပ်မှသာ ကောင်းကျိုးတွေ ပြည့်ပြည့်ဝဝ ခံစားရမှာပါ။ ဒီလိုပဲ နေ့လယ်ခင်း တရေးအိပ်တာ မှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ကဲ ဒီတော့ နေ့လည်ဘက် တရေးမှေးတာမှာ ကောင်းတဲ့ အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ် စာဖတ်ပရိသတ်ကြီးရေ။ဒီလိုဆို ကိုယ်က နေ့လယ် တရေးလည်း မှေးချင် ကျန်းမာရေးကိုလည်း မထိခိုက်စေချင်ဘူးဆို ဘယ်လို အကျိုးရှိအောင် အိပ်ရမလဲဆိုတဲ့ အချက်တွေကို ပြောပြပေးမယ်နော်။ကဲ ဒီတော့ နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကောင်းတဲ့အချက်တွေလည်းရှိသလို နည်းလမ်းမှားနေရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိတယ်ဆိုတဲ့ အကြောင်းကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/napping/
ကလေးတွေမှာ အဖြစ်များတဲ့ Omicron
လက်ရှိ စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာCovid -19 ကူးစက်မှုက အသက် ၅ နှစ်ကနေ ၁၁ ကြား ကလေးတွေမှာ အမြင့်ဆုံး ဖြစ်နေပါတယ်။အကြောင်းကတော့ အခုလက်ရှိမှာ ဖြစ်ပွားနေတဲ့OmicronကDeltaထက် ကလေးတွေမှာ ပိုပြီး ကူးစက်နေတာကြောင့်ပါ။ လက်ရှိမှာ Omicron ကူးစက်မှုက အယောက် ၁၀၀၀၀၀ မှာ ၆၇ ယောက်က အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေမှာဖြစ်ပြီး ၁၀၀၀၀၀ မှာ ၅၅ ဦးက အသက် ၁၂ နှစ်ကနေ ၁၉ နှစ်ကြား ကလေးတွေ ဖြစ်ကြပါတယ်။ဒီအခြေအနေက Delta နဲ့ Omicron တို့ကြားက ကွာခြားချက်ပါ။ လက်ရှိမှာ Omicron ကူးစက်နှုန်းက လူကြီးတွေမှာထက် ကလေးတွေမှာ ပိုများနေပါတယ်။လူကြီးတွေကကာကွယ်ဆေးတွေနဲ့ထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှံတာကြောင့် ကူးစက်မှု အရမ်းမများတာလားဆိုတာကို အသေးစိတ် သိရှိနိုင်ဖို့ လေ့လာမှုတွေ လုပ်ဆောင်နေကြပါတယ်။ကလေးတွေမှာ အသက် ၁၂ နှစ်ပြည့်ပြီဆိုရင် ကာကွယ်ဆေး ထိုးလို့ ရပါပြီ။ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီး ၂၈ ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးကို ထိုးနှံလို့ ရပါပြီ။ ကလေးတွေကို ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့တော့ ညွှန်ကြားထားတာမျိုး မရှိပါဘူး။(၁၂နှစ် ဆိုတာ နိုင်ငံအလိုက် သတ်မှတ်ချက်ဖြစ်တာကြောင့် ကာကွယ်ဆေး မထိုးခင်မှာ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။)။အရမ်းငယ်လွန်းတဲ့ ကလေးတွေ အပါအဝင် ကလေးအများစုမှာ ကိုဗစ် ကူးစက်ခံရတဲ့အခါ အများစုက လက္ခဏာ မပြကြပါဘူး။ အချို့ ကလေးတွေမှာ ဖျားတာ၊ ခြေကုန်လက်ပမ်းကျတာ၊ ချောင်းဆိုးတာလိုမျိုး သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ အချို့ ကလေးလေးတွေမှာတော့ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေး လက္ခဏာတွေကိုပဲ တွေ့ရပါတယ်။ ဒါကလည်း တော်တော်လေး တွေ့ရခဲပါတယ်။ ရောဂါအခံရှိတဲ့ ကလေးတွေမှာတော့ ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့နှလုံး နဲ့ ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်တာနဲ့ အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ multisystem inflammatory syndrome in children (MIS-C)ကို ခံစားကြရပါတယ်။ ဒီလက္ခဏာကို နှလုံး၊ အဆုတ်၊ ကျောက်ကပ်တွေ၊ ဦးနှောက်၊ အရေပြား၊ မျက်လုံးတွေနဲ့အစာခြေစနစ်တွေမှာ ခံစားရနိုင်ပါတယ်။MIS-Cရဲ့ လက္ခဏာတွေအနေနဲ့။Omicron က ကလေးတွေမှာအဖြစ်များလာတာကြောင့်ကလေးတွေကို ရောဂါမကူးစက်အောင်ကာကွယ်ဖို့ဆိုရင်။ကလေးတွေမှာအဖြစ်များတယ်ဆိုတော့ ချစ်ရတဲ့ သားသားမီးမီးတွေကို သေချာ ဂရုတစိုက်လေးနဲ့ Omicron ကင်းဝေးအောင် ကာကွယ်ပေးစို့နော်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/childern-have-highest-covid-infection/
နှလုံးရောဂါရှိ ကလေးတစ်ယောက်၏ အဘိုးအဘွား ဖြစ်ရခြင်း
မိမိမြေးလေးတွင် နှလုံးရောဂါ ရှိနေပါက အဘိုးအဘွားများအဖို့ ရောဂါအကြောင်းကို ပို၍ပင်သိချင်ပါလိမ့်မည်။ ကလေး ၁၃၃ ယောက်တွင် ၁ ယောက်မှာ နှလုံးရောဂါနှင့် မွေးဖွားလာကြပါသည်။ တချို့သော အခြေအနေများသည် ကုသရန်မလိုဘဲ အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါသည်။ သို့သော် တချို့သော အခြေအနေများသည် မွေးမွေးပြီးခြင်း သို့မဟုတ် လနုစဉ်အတွင်း ခွဲစိတ်ကုသရန် လိုအပ်ပါသည်။ ဆေးပညာ၏ တိုးတက်လာမှုကြောင့် နှလုံးရောဂါ ဖြစ်သော ကလေးများ ခွဲစိတ်ကုသပြီး ရှင်နိုင်သော ပမာဏသည် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါသည်။ ထို့ကြောင့် မိမိ၏ မြေးလေးသည် နှလုံးရောဂါရှိသူ ဖြစ်ပါက ခွဲစိတ်ကုသ၍ ပျောက်ကင်းနိုင်ပါသည်။မိမိ၏မြေးလေး အကြောင်းပို၍ သိချင်ပါက ဆရာဝန်နှင့် အမြဲတိုင်ပင်သင့်ပါသည်။ ဖုန်းနှင့်ဖြစ်စေ စာရွက်ဖြင့်ဖြစ်စေ မေးမြန်း၍ မည်သို့ ကုသရမည်ကို တိုင်ပင်သင့်ပါသည်။မွေးရာပါ နှလုံးရောဂါရှိသော ကလေးများ မိမိမိသားစုတွင် ရှိလျှင် စိတ်မချမှုများ ရှိတတ်ပါသည်။ အဘိုးအဘွားများလည်း စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်း၊ စာသင်၍ မရနိုင်သော အခြေအနေများ ရှိပါက ဘာကြောင့် သင်၍မရနိုင်သည်ကို စဉ်းစားရင်းစိတ်ဆင်းရဲမှုများ ရှိနိုင်ပါသည်။မိသားစုများအတွက် စိတ်ဖိစီးမှုများသော အခြေအနေမှာ မိမိကလေးကို မည်သို့ စောင့်ရှောက်ရမလဲ ဆိုသည့်အဖြေပဲ ဖြစ်ပါသည်။ ပေးနိုင်သော အကြံပေးမှုမှာ မိမိကလေးသည် အထုးဂရုစိုက် ကုသရမည် ဖြစ်သောကြောင့် မိသားစုအတွက် အနည်းငယ် စိတ်ပျက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။တစ်ခါတရံ အဘိုးအဘွားများသည် မိမိတို့မြေးလေးကို သူ၏မိဘများက ခရင်များ ကျွေးနေလျှင် စိတ်ပူပြီး ဆက်သွယ်လာကြပါသည်။ ခရင်သည် နှလုံးအတွက် မကောင်းဘူးဟု ထင်ကြသည်။ အမှန်တကယ်မှာ ကလေးများ ကိုယ်အလေးချိန်တိုးရန် ကယ်လိုရီများသော အစားအစာများကို စားသုံးရမည် ဖြစ်ပါသည်။မိမိကလေးများ၏ စောင့်ရှောက်မှု ပုံစံနှင့် အဖွဲ့သားများကို နားလည်မှု မလွဲသင့်ပါ။မိမိသည် မိမိ၏ မြေးလေးကို တိုက်ရိုက် စောင့်ရှောက်မည်ဆိုပါက ပို၍ ဂရုစိုက်သင့်ပါသည်။ မိမိ၏ သားသမီးကို မြေးလေးအား မည်သို့မည်ပုံ စောင့်ရှောက်ရမည်ကို မေးမြန်းပါက သူတု့ိလည်း ဝမ်းပန်းတသာ ရှင်းပြကြမည် ဖြစ်ပါသည်။တစ်ခါတရံ နားလည်မှု လွဲမှားသည်များ ရှိတတ်ပါသည်။ ထိုနေရာမျိုးတွင် မိမိ၏ အဘိုးအဘွားများသည် အဓိကကျသော နေရာများတွင် ပါဝင်ပါသည်။လူတိုင်းလူတိုင်းသည် မိမိ၏ သားသမီးများ လိုအပ်သည်ကို မေးမြန်း၍ ကူညီပေးကြပါသည်။ အကြံဉာဏ်များ ရှိလျှင်လည်း ပေးနိုင်ပါသည်။ အကောင်းဆုံးမှာ ပေါ့ပေါ့ပါးပါး ဖြစ်ရန် အရေးကြီးပါသည်။ မိမိ၏ မိဘများမှာ အကူအညီ မလိုအပ်ဘူးဟု ဆိုသော်လည်း နောင်တွင် အကူအညီ လိုအပ်လားဟု မေး၍ အကူအညီပေးပါ။ အဘိုးအဘွားများ ကူညီနိုင်သော နည်းလမ်းမျိုးစုံ ရှိပါသည်။ ကလေးထိန်းခြင်း၊ ထမင်းဟင်း ချက်ပေးခြင်း၊ အိမ်အလုပ်များ ကူလုပ်ပေးခြင်း၊ ဆေးစစ်ရမည့် အချိန်များတွင် ကူညီပေးခြင်းတို့ ဖြစ်ပါသည်။ တချို့အဘိုးအဘွားများသည် မိမိမြေးလေး ရောဂါအကြောင်း လွန်စွာဗဟုသုတ ကြွယ်ဝသောကြောင့် နှလုံးဆရာဝန်နှင့် ပြသရန် လိုက်သွားပေးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဦးနားထောင်လျှင် ဗဟုသုတ ပိုရသောကြောင့် ဖြစ်ပါသည်။တစ်ခါတရံ အဘိုးအဘွားများသည် နားထောင်ပေးရန် အသုံးဝင်ပါသည်။ တစ်ခါတရံ သားသမီးများသည် မိမိ၏ ကလေးအခြေအနေကို တိုင်ပင်ဆွေးနွေးရန် မိမိတို့၏ မိဘများကို တိုင်ပင်တတ်ကြသည်။ ထိုအခါ မိမိတို့၏ မြေးလေး အခြေအနေကို နားထောင်ပေးနိုင်ပါသည်။အဝေးမှာနေသော အဘိုးအဘွားများအဖို့ ဖုန်းနှင့်ခေါ်၍ အခြေအနေ မေးမြန်းနိုင်ပါသည်။ နှလုံးရောဂါရှိသော ကလေးသည် မိသားစုထဲတွင် ရှိလျှင် ငွေရေးကြေးရေး အရလည်း စိတ်ဖိစီးမှု ရှိနိုင်ပါသည်။ ထို့ကြောင့် ငွေကြေးပိုင်ဆိုင်ရာ ထောက်ပံ့မှု ပေး၍လည်း ကူညီန်ုင်ပါသည်။စိုးရိမ်ပူပန်ရတဲ့အတွက် ဆွေမျိုးသားချင်းတွေဟာ နှလုံးရောဂါရှိ ကလေး၏ မွေးချင်း မောင်နှမများကို သတိမပြုမိသလို မကြာခဏ ဖြစ်တတ်ပါသည်။ မိဘတွေ ကိုယ်တိုင်ကလည်း နှလုံးရောဂါရှိ ကလေးငယ်ကို အာရုံစိုက်နေရသဖြင့် တခြား ကလေးတွေကို အချိန်ပေးဖို့ ခက်နိုင်ပါသည်။ အဘိုးအဘွားများက တခြား ကလေးများကို အချိန်ပေး အာရုံစိုက်ပေးနိုင်ပါသည်။ထို့အတူ အဘိုးအဘွားများက နှလုံးရောဂါရှိ ကလေးကို ဂရုစိုက်ပေးချိန်တွင် မိဘများက တခြားသော ကလေးများအတွက် အချိန်ပေးနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%82%8f%e1%80%bd%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%bd%e1%80%ad-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%85%e1%80%b9%e1%80%b1/
ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း
ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း က ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး တော်တော်များများ ခံစားကြရတဲ့ ကိုယ်ဝန်ဆောင် ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတယ်ဆိုတာက သွေးပေါင်ချိန်က 90/60 အောက်ရောက်နေတာကို ဆိုလိုချင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျတာက ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ်နဲ့ ဒုတိယ သုံးလပတ်မှာ အဖြစ်များပါတယ်။ များသောအားဖြင့်ကတော့ကိုယ်ဝန်ဆောင်ကာလတတိယ သုံးလပတ်အရောက်မှာ သွေးပေါင်ချိန်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် တလျှောက်လုံးမှာတော့ အိုဂျီကို သေချာလေး ပြောပြပေးဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်စဉ်မှာ သွေးပေါင်ကျတာကကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေ ထွက်ရှိလာတာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေနဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ထွက်ရှိလာပါတယ်။ ဒီဟော်မုန်းက သွေးကြောနံရံတွေကို ပြေလျော့စေပြီး ကလေးဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးတာပါ။တစ်ခါတရံမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက အခြားကျန်းမာရေး ပြဿနာတွေကို ညွှန်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက သားအိမ်ပြင်ပမှာ သန္ဓေတည်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သားဥပြွန်မှာသန္ဓေတည်ပြီး သားဥပြွန်ကနေ သွေးတွေ စိမ့်လာမယ်။ သားဥပြွန်ပေါက်သွားမယ်ဆိုရင် သွေးပေါင်ထိုးကျလာတတ်ပါတယ်။ သွေးပေါင်အရမ်း ကျလာချိန်မှာ ဦးနှောက် နဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းသွားပြီး ရုတ်တရက် လဲကျတာ၊ ရှော့ခ်ရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက အရေးပေါ်ကုသမှု ခံယူဖို့ လိုပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက လက္ခဏာမပြတာမျိုး ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်ကြည့်မှ သိတာမျိုးပါ။ တချို့ ကိုယ်ဝန်ဆောင်တွေမှာတော့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။[embed-health-tool-due-date]။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက ကိုယ်ဝန်ဆောင်သွေးတိုးလောက်တော့ ကလေးကို ထိခိုက်စေတာမျိုး မရှိပါဘူး။ လေ့လာမှုတွေအရတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက လမစေ့ဘဲ ကလေးမွေးဖွားတာ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက အရမ်းကြီး စိုးရိမ်စရာတော့ မလိုပါဘူး။ အကြောင်းအရင်း မရှိဘူး။ ကိုယ်ဝန်ကြောင့် ကျတာဆိုရင်ပေါ့။ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာကြောင့် ရုတ်တရက် မူးဝေပြီး လဲကျတာမျိုး ခံစားရနိုင်သလို မကြာခဏ မိုက်ခနဲ မူးပြီး လဲကျတာက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်သလို သွေးစီးဆင်းမှု အဟန့်အတား ဖြစ်ပြီး ကိုယ်တွင်းမှာ ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက ကလေးဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက များသောအားဖြင့် ဆေးဝါးတွေ သောက်ဖို့ မလိုပါဘူး။ ရောဂါကြောင့် မဟုတ်ဘူး။ ကိုယ်ဝန်ကြောင့်ပဲဆိုရင်တော့အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။မကြာခဏသွေးပေါင်ကျနေတယ်၊ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/low-blood-pressure-during-pregnancy/
ကလေး၏ အာဟာရဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုကို စောင့်ကြည့်ခြင်း
သင့်ကလေးကို ကျန်းမာရေးနှင့်ညီညွှတ်သည့်အစားအစာကျွေးရတာခက်နေလျှင် အထူးသဖြင့် သင့်ကလေးမှာအစာခြေခြင်းနှင့်ဆိုင်သောဆိုးဝါးသည့်ရောဂါတစ်ခုရှိနေလျှင် ဒီဆောင်းပါးက သင့်အတွက်အကောင်းဆုံးပါပဲ။ ဤဆောင်းပါး၌ သင့်ရဲ့ကလေးကိုကောင်းမွန်စွာဘယ်လိုကျွေးမလဲ ကျန်းကျန်းမာမာကြီးပြင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတစ်ချို့အား ဖော်ပြထားပါသည်။သင့်ကလေးမှာ အစာခြေရောဂါရှိနေပြီဟုအဖြေထွက်လျှင် ကောင်းကောင်းမကုသပါက ကောင်းလာမည်မဟုတ်ပါ။ သူတို့လိုအပ်သည့်ဆေးကိုရရှိသည်နှင့် နေကောင်းပြီးအစားပိုစားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကုသမှုကိုသေချာလိုက်နာရန် အရေးကြီးပါသည်။ကလေးအတွက်လိုအပ်သည့်အာဟာရသည် လူကြီးများနှင့်မတူပါ။ ထို့ကြောင့်သူတို့အတွက် အထူးကုကိုလိုအပ်ပါသည်။ ကလေးများနှင့်ဆက်နွယ်သည့်ပညာရှင်ကိုရှာရမည်ဖြစ်သည်။အခုသင့်မှာအာဟာရပညာရှင်ရှိသွားပြီဆိုလျှင် ကလေးကိုဖြည့်စွက်စာဘာကျွေးရမလဲဆိုသည်ကိုမေးပါ။ အစာခြေရောဂါများသည် များသောအားဖြင့် အာဟာရချို့တဲ့ခြင်းနှင့်တွဲတတ်သည်။ ကလေးတွင် နာတာရှည်ဝမ်းလျှောနေပါက ဇင့်ဖြည့်စွက်စာလိုအပ်ပါလိမ့်မည်။ သွေးထွက်သောရောဂါမျိုးရှိလျှင်မူ သံဓါတ်ဖြည့်စွက်ခြင်းက အတော်လေးအထောက်အကူ ပြုပါလိမ့်မည်။အားလူချောင်းကြော်သည် ကလေးများအကြိုက်ဖြစ်သည်။ သို့သော် Junk Food တိုင်းက ကလေးအလေးချိန်တိုးစေရန် ကူညီမည်တော့မဟုတ်ပါ။ ထောပတ်သီးလို သံလွင်ဆီလို အဆီများက ကလေးလိုအပ်သည့် ကျန်းမာရေးနှင့်ညီညွှတ်သောအဆီများဖြစ်သည်။ ကာဗိုဟိုက်ဒြိတ် သို့မဟုတ် ပရိုတင်းအမှုန့်များ သောက်စရာများကလဲ အထောက်အကူဖြစ်စေပါသည်။ သင့်ကလေးအတွက် မှန်ကန်သောရွေးချယ်မှုဖြစ်စေရန် ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ဆွေးနွေးပါ။ကလေးများဖျားနာသည့်အခါ အမျှင်ဓါတ်လျှော့စားဖို့ဆရာဝန်ကမှာကောင်းမှာလိမ့်မည်။ သို့သော် နေပြန်ကောင်းလာပါက သူတို့လိုအပ်သည့် အမျှင်ဓါတ်ကိုပြန်ကျွေးပေးပါ။ ယေဘုယျအားဖြင့် လိုအပ်သည့်အမျှင်ဓါတ်ပမာဏသည် ကလေးအသက်ကို 5 ပေါင်းထည့်ပြီး ရလာသည့်ကိန်းကို ဂရမ်အဖြစ်ယူရမည်ဖြစ်သည်။ ကလေးအတွက် အကောင်းဆုံးအမျှင်ဓါတ်ဘာဖြစ်မလဲဆိုတာကို အာဟာရပညာရှင်နဲ့ဆွေးနွေးပါ။အစာခြေရောဂါရှိသောကလေးအတွက် များများနှင့်သုံးနှပ်ကျွေး့ခြင်းထက် နည်းနည်းနှင့်အကြိမ်ရေများများကျွေးခြင်းက ပိုအကျိုးရှိစေပါသည်။ မိသားစုကို ကလေးနှင့်အတူစားဖြစ်အောင် တတ်နိုင်သလောက်ကြိုးစားပေးပါ။ ဒီနည်းဖြင့် ကလေးတွင် စားချင်စိတ်ပိုဖြစ်လာစေနိုင်ပါသည်။ကလေးကြီးထွားမှုနှင့်ပါတ်သတ်၍ ဖိအားမထားပါနှင့်။ တခြားကလေးများနှင့် ကိုယ့်ကလေးကိုမနှိုင်းကြည့်ပါနှင့်။ ကလေးတွင်အစာခြေရောဂါရှိသည်မှာ သူ့အမှားမဟုတ်ပါ။ သူတို့ကြီးထွားနေသည်ဆိုလျှင်ကို အဆင်ပြေပါပြီ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%81%8f-%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b%e1%80%96%e1%80%bd%e1%80%b6%e1%80%b7%e1%80%96%e1%80%bc%e1%80%ad%e1%80%af%e1%80%b8/
အင်ဆူလင် နှင့် အလွဲများ
ဆီးချို…… ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားနေရတဲ့ ရောဂါတစ်ရပ်ပါ။ မြန်မာနိုင်ငံမှာလည်း တစ်နှစ်ထက်တစ်နှစ် ဆီးချို ခံစားနေရသူ အရေအတွက်တွေ တိုးလာပါတယ်။ ဆီးချိုကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို ခံစားနေရသူတွေလည်း မနည်းပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဆီးချိုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ကုထုံးတစ်ရပ်လို့ ယူဆထားတဲ့အင်ဆူလင် ကုထုံးအပေါ် မှားယွင်း သိရှိထားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။တကယ်ကတော့ အင်ဆူလင်က ဆီးချိုရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံးတစ်ရပ်ပါ။ ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာတွေ နည်းနိုင်သမျှ နည်းအောင် ကာကွယ်ပေးနိုင်တဲ့ အင်ဆူလင်နဲ့ ပတ်သက်ပြီး မှားယွင်း သိထားနိုင်တာလေးတွေကို ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးသွားပါမယ်။အင်ဆူလင်က ဆီးချို ရှိသူတွေအတွက် အထိရောက်ဆုံးကုထုံးတစ်ရပ်ဆိုပေမယ့် အခုလိုလေးတွေ မှားသိထားနိုင်ပါတယ်။အင်ဆူလင်ထိုးတာက ဆီးချို နောက်ဆုံး အဆင့် မဟုတ်ပါဘူး။ အင်ဆူလင်ထိုးတာက ဆီးချိုကြောင့် အင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တဲ့အတွက်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ဖြစ်နေတဲ့ အင်ဆူလင်နေရာမှာ အစားထိုးတာပါ။ ဆီးချိုကို အကောင်းဆုံး ထိန်းသိမ်းနိုင်ဖို့ပါ။ဒါ့ပြင်အမျိုးအစား ၂ဆီးချိုသမားတွေမှာ  အင်ဆူလင်ကို စောစောစထားတာက ပန်ကရိယကနေ အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေ ပြုန်းတီးတာကို သက်သာစေပြီး သွေးတွင်းသကြားဓာတ်ကို ပိုပြီးထိန်းရလွယ်စေပါတယ်။အင်ဆူလင်ကသောက်ဆေးမဟုတ်ဘဲ အသားထဲကို ထိုးရတဲ့ ဆေးတစ်မျိုးပါ။ အပ်နဲ့ ထိုးရတာဖြစ်တာကြောင့် အပ်ကြောက်သူတွေကတော့ အင်ဆူလင်ထိုးရင် နာမယ်လို့ ယူဆနေကြပါတယ်။ အင်ဆူလင်ထိုးတဲ့ အပ်က အသစ်စက်စက်ဆိုရင် စက္ကူလေး တစ်ရွက်စာလောက် ခပ်ပါးပါးလေးပါ။ ဆေးထိုးတဲ့အခါမှာလည်း ပုရွက်ဆိတ် ကိုက်သလောက်ပဲ နာတာပါ။အင်ဆူလင်က ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုပေမယ့် တော်တော်လေး ရှားပါတယ်။ ၁၀၀ မှာ ၂ ယောက် ကနေ ၃ ယောက်ဝန်းကျင်ပဲ ဖြစ်တာပါ။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါမှာလည်း ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ဆေးထိုးထားတဲ့ နေရာနားမှာနီရဲတာနဲ့ယားယံတာမျိုးလောက်ပဲ ဖြစ်ပါတယ်။ အရမ်းလည်း မပြင်းထန်ပါဘူး။အင်ဆူလင်က နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေတယ်။ သေစေနိုင်တယ်ဆိုတာမျိုးကတော့ မဟုတ်ပါဘူး။တကယ်ကတော့ အင်ဆူလင်က ဆီးချိုကြောင့် ဖြစ်လာနိုင်နဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို စောစောစီးစီး ကာကွယ်ပေးတဲ့အရာဖြစ်သလို ဆီးချိုရှိတဲ့အချိန်မှာ စောနိုင်သမျှစောစော အင်ဆူလင်ထိုးတာကသက်တမ်းစေ့စေ့နေနိုင်စေဖို့အကောင်းဆုံး ထောက်ကူပေးမှာပါ။အင်ဆူလင်က ဆီးချိုရှိသူ တော်တော်များများကို ကိုယ်အလေးချိန် တက်စေတာကတော့ ဟုတ်ပါတယ်။ စတင် အသုံးပြုချိန်မှာ ကိုယ်အလေးချိန် တိုးလာတာကို သိရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါက အင်ဆူလင် အပြစ်မဟုတ်ပါဘူး။ အင်ဆူလင် ထိုးရုံသက်သက်နဲ့တော့ ဝမလာပါဘူး။ စားတဲ့ အစားအစာ၊ ကိုယ့်ရဲ့ လှုပ်ရှားမှုပေါ်လည်း မူတည်ပါသေးတယ်။ဒါကြောင့် ဝလာမှာ စိုးတယ်ဆိုရင်တော့ မထိုးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်စားရမယ့် ပမာဏ၊ အစားအစာ၊ လုပ်ရမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေကို တိုင်ပင်သင့်ပါတယ်။ ဝလာမှာ စိုးတာနဲ့ အင်ဆူလင်ကို မရပ်သင့်ပါဘူး။ ကောင်းကျိုး ဆိုးကျိုး ချိန်ဆသင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/insulin-myths/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/vitamin-d-reduce-your-risk-of-severe-covid-19/
စိတ်ပြဿနာများကို ကုစားခြင်း
စိတ်ပြဿနာများကို ကုစားခြင်း။စိတ်ဟာ ရုပ်ကိုဆောင်တယ်။ စိတ်မကျန်းမာတဲ့သူဟာ ရုပ်မကျန်းမာမှုတွေပါ ဆက်ဖြစ်ပေါ်စေတယ်။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ တခြားပြစ်ချက်မရှိပါဘဲနဲ့ အမြဲတမ်းပင်ပန်းနေတာ၊ မလှုပ်ချင်မကိုင်ချင်အောင် နာကျင်ကိုက်ခဲနေတာမျိုးဖြစ်နိုင်တယ်။ စိတ်ပြဿနာတွေဟာ လူ့လောကထဲကနေထွက်ခွာသွားဖို့အတွက်တောင် အကြောင်းရင်းဖြစ်နေနိုင်တယ်။ မကုစားဘဲထားရင် ပျောက်မသွားဘဲ ရေရှည်မှာပိုဆိုးလာနိုင်တယ်။ ဒါကြောင့်စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း အစရှိတဲ့စိတ်ပြဿနာတွေဟာ အလေးနက်ထားပြီး ကုသမှရမယ်။စီးတီးမတ်မှာ ပိုက်ဆံရှင်းတဲ့အချိန် တန်းအရှည်ကြီးစီနေရတယ်ဆိုပါတော့။ သင်က ဘယ်လိုမျိုးဖြစ်မလဲ။– တန်းကလည်းရှည်လိုက်တာ၊ တန်းစီရတာ စိတ်ညစ်လိုက်တာ၊ ဘာလို့ ကောင်တာတွေက အပြည့်မဖွင့်ထားတာလဲ၊ လူများနေတာကိုမသိဘူးလားနဲ့ စိတ်တိုပြီး စောင့်နေမယ့်သူလား။စိတ်ဓာတ်ကျတာ၊ စိတ်တိုတာ၊ ဝမ်းနည်းတာ၊ အထီးကျန်တယ်ခံစားရတာ၊ အားမလိုအားမရဖြစ်တာ အစရှိတဲ့စိတ်ခံစားချက်တွေအကုန်လုံးဟာ အခြေအနေတစ်ခုပေါ်မှာဖြစ်ပျက်လာတဲ့ အတွေးတွေကနေလာတယ်။ ကိုယ်နဲ့ အမြဲတမ်းစကားပြောနေကျ သူငယ်ချင်းတစ်ယောက်က အခုတလောမှာ ကိုယ်နဲ့စကားမပြောတော့ဘူးဆိုတဲ့အဖြစ်အပျက်ကို “သူအလုပ်များနေတာဖြစ်မယ်၊ အဆင်မှပြေရဲ့လားမသိဘူး” ဆိုတဲ့ အတွေးပေါ်သူအတွက်က သူငယ်ချင်းအတွက်စိုးရိမ်တာ၊ ဂရုစိုက်တာဆိုတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်ပြီး ဖုန်းဆက်ရင်ဆက်မယ်၊ စကားသွားပြောရင် ပြောမယ်။ “ငါ့အကြောင်းတစ်ယောက်ယောက်ကများ မကောင်းပြောလိုက်လို့ စကားမပြောတော့တာလားမသိဘူး” ဆိုတာမျိုးဖြစ်တဲ့သူကျ ဒေါသထွက်တာ၊စိတ်မလုံခြုံတာဆိုတဲ့ ခံစားချက်တွေဖြစ်ပြီး အန်ဖရန့်လုပ်လိုက်တာမျိုး၊ အခေါ်အပြောမလုပ်တော့တာမျိုးတွေ ဖြစ်လာနိုင်တယ်။စိတ်ခံစားချက်တွေကို ကုစားဖို့ဆိုရင် အဲဒီဖြစ်ပျက်လာတဲ့အခြေအနေတွေနဲ့ အတွေးတွေကို ပြောင်းလဲပစ်ဖို့ လိုအပ်တယ်။ ဒါပေမယ့်အကောင်းမြင်စမ်းပါဆိုတာလောက်နဲ့တော့ မရဘူး။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကို စိတ်ဓာတ်မကျနဲ့ အကောင်းမြင်စမ်းပါဆိုတာက ပိုတောင်ဆိုးစေသေးတယ်။ အတိုဆုံးပြောရရင်တော့ အဖြစ်ပျက်ကို ပြောင်းလဲလို့ရရင် ပြောင်းလဲရမယ်၊ ကိုယ်မပြောင်းလဲနိုင်တဲ့အရာဆိုရင်တော့ အတွေးကိုပြောင်းလဲရမယ်။ ဥပမာ ကားကျပ်လို့ စိတ်တိုပြီးရုံးနောက်ကျရတဲ့ကိစ္စမှာ ကားမကျပ်တဲ့အချိန်သွားဖို့ လုပ်နိုင်ရင်လုပ်၊ မဟုတ်ရင်တော့ ကားကျပ်မှာပဲဆိုတာကို စိတ်ထဲမှာပြင်ဆင်ပြီး အတွေးတွေကို ပြောင်းရင်ပြောင်း၊ ဒါမှမဟုတ်ရင်တော့ ကားကျပ်လိုက် စိတ်တိုလိုက်နဲ့ တဖြည်းဖြည်းပိုဆိုးလာမှာပဲ။စိတ်ကိုကုစားဖို့အတွက် ချက်ခြင်းထိရောက်တယ်ဆိုတဲ့နည်းလမ်းတော့ မရှိဘူး။ ဒါပေမယ့် လူတွေက ချက်ခြင်းထိရောက်တဲ့နည်းလမ်းကို ပိုကြိုက်တယ်။ ဒါကြောင့် အိပ်ဆေးသောက်တာ၊ အရက်သောက်ဆေးသုံးပြီး High တာတွေလုပ်တယ်။ စိတ်မပျော်လို့ ဒါတွေလုပ်တိုင်း ရေရှည်မှာ ပိုဆိုးလာစေတယ်။ အတွေးတွေကို ပြောင်းလဲဖို့ ကြိုးစားနိုင်တဲ့နည်းလမ်းတွေရှိတယ်။ အဲဒါကို စိတ်ပညာမှာCognitive Behavioural Therapyလို့ခေါ်တယ်။ အခုနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုသတဲ့နေရာမှာ အရမ်းထိရောက်တဲ့ကုထုံးပါ။ ကျွန်တော် တဖြည်းဖြည်းလမ်းပြပေးမယ်၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုစားဖို့ အတွေးတွေကို ပြောင်းလဲကြည့်ရအောင်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/dealing-with-emotions/
သွေးကျဲဆေးများဟာ ကိုယ်ဝန်ပျက်ခြင်းကို မကာကွယ်နိုင်ပါဘူး
မလိုအပ်ဘဲ သွေးခဲခြင်းဖြစ်ပေါ်တဲ့အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ တခြား ဆိုးရွားတဲ့ ကျန်းမာရေး ပြသနာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးခဲခြင်း ဖြစ်တတ်ပြီး သွေးကြဲဆေးတွေကို ရံဖန်ရံခါ ပေးရလေ့ရှိပါတယ်။ ဒါပေမယ့် သုတေသနတခုအရ မျှော်လင့်ထား သလောက် အကျိုးသက်ရောက်မှု မရှိဘူးလို့ သိရပါတယ်။သွေးကြဲဆေးဆိုတာ သောက်ဆေး၊ ဒါမှမဟုတ် အကြောဆေးအနေနဲ့ ပေးပြီး သွေးခဲခြင်းကို ကာကွယ်စေတဲ့ ဆေးတွေဖြစ်ပါတယ်။ သွေးခဲခြင်းဟာ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်စတာတွေကိုသွားတဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ပေးပါတယ်။– သွေးမခဲဆေး။Heparin၊ Warfarin စတဲ့ ဆေးမျိုးတွေဖြစ်ပြီး သွေးခဲခြင်းကို နှေင့်နှေးစေပါတယ်။– သွေးဥမွှာဆန့်ကျင်ဆေး။Aspirin လို ဆေးဖြစ်ပြီး သွေးဥမွှာများက သွေးခဲဖြစ်ပေါ်ခြင်းကို တားမြစ်ပေးပါတယ်။– နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ်ကို လျှော့ချပေးခြင်း။– နှလုံးခုန်စည်းချက် ပုံမမှန်ခြင်း (နှလုံးခါခြင်း)ကို ထိန်းညှိပေးခြင်း။– နှလုံးအဆို့ရှင်ခွဲစိတ်ရာတွင် အထောက်အကူ ပြုခြင်း။– မွေးရာပါနှလုံးရောဂါ ကုသရာတွင် အထောက်အကူပြုခြင်း။သွေးကြဲဆေးများဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အသုံးမဝင်ဘူးလို့ သက်သေပြထားကြပါတယ်။လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက ဆရာဝန်များဟာ သွေးခဲခြင်း ပြသနာနဲ့ ကိုယ်ဝန်ပျက်ကျခြင်း ဆက်စပ်မှု ရှိတယ်လို့ ယူဆခဲ့ကြပြီး heparin လို သွေးကြဲဆေးများကို သွေးခဲခြင်းကနေ ကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အတောအတွင်း သွေးကြဲဆေးပေါင်း ၄၀၀ကျော် ထိုးရပြီး အာမခံမလုပ်ခင် ဒေါ်လည ၈၀၀၀ ခန့် ကုန်ကျပါတယ်။Lancet ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ စားတမ်းတစောင်အရ သွေးခဲခြင်းပြသနာရှိတဲ့ ကိုယ်ဝန်သည် ၂၉၂ယောက်ကို လေ့လာခဲ့ရာမှာ အဆိုပါ အမျိုးသမီးများဟာ ယခင်က တခြား ပြသနာတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ ခြေထောက်နှင့် အဆုတ်တွင် သွေးခဲခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်း၊ အချင်းကွာခြင်း စတာတွေကို ဖြစ်ပွားနိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ်။ သုတေသီများဟာ အမျိုးသမီးများကို အုပ်စု၂စု ခွဲခဲ့ပါတယ်။ တဖွဲ့ကို သွေးကြဲဆေး Fragmin ပေးပြီး နောက်တဖွဲ့ကို မပေးပါဘူး။ ဆေးထိုးခြင်းကို ကိုယ်ဝန်ဆောင်ကာလ ၁၂ပတ်ကနေ ၃၇ပတ်အထိ ပေးခဲ့ပါတယ်။အမျိုးသမီး ၆ယောက်မှာ တယောက်ဟာ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ပြသနာတွေ ကြုံရပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီး၂ဖွဲ့လုံးမှာ ကွာခြားမှု မရှိပါဘူး။ သွေးကြဲဆေးသုံးစွဲသူ အမျိုးသမီးများမှာ နှာခေါင်း၊ သွားဖုံးနဲ့ မိန်းမကိုယ်ကနေ သွေးအနည်းငယ်ယိုဆင်းတာတွေ ကြုံရပါတယ်။ ဒါ့အပြင် ဆေးမတည့်ခြင်း၊ နေ့စဉ်ဆေးထိုးရခြင်းကြောင့် အစာအိမ်အောင့်ခြင်း၊ ပေါင်နာခြင်း စတာတွေ ခံစားရနိုင်ပါတယ်။အချို့အမျိုးသမီးများအနေနဲ့ သွေးကြဲဆေးဟာ သွေးခဲခြင်းကို ကာကွယ်နိုင်တယ်လို့ ယူဆပြီး သုံးစွဲဖို့လည်း လိုအပ်တယ်လို့ ယူဆကြပါတယ်။ သုတေသနအသစ်အရ အမျိုးသမီးများဟာ ဆေးတောက်လျှောက်ထိုးနေရလို့ နာကျင်ခြင်းကနေ လွတ်ကင်းဖွယ်ရာ ရှိပါတယ်။ သွေးကြဲဆေးများဟာ အတွင်းပိုင်း သွေးပြန်ကြောတွေမှာ ဖြစ်တတ်တဲ့ သွေးခဲခြင်းကိုတော့ ကာကွယ်နိုင်ပါသေးတယ်။ ဒါပေမယ့် ရှားပါတယ်။ ကိုယ်ဝန်ပျက်ခဲ့တဲ့ ရာဇဝင်ရှိတဲ့ အမျိုးသမီးများမှာတောင် သွေးကြဲဆေးတွေက အထောက်အကူ မပြုခဲ့ပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b2%e1%80%86%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9f%e1%80%ac-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d/
မြွေကိုက်ခံရရင် ဘာတွေကို မလုပ်ရဘူးလဲ။
မြွေကိုက်ခံရတာ ရေသောက်လိုက်လို့ အဆိပ်ပြန့်ပြီး ဆုံးသွားတယ်ဆိုတာမျိုး၊ မြွေကိုက်ခံရတယ်။ အရမ်းအိပ်ချင်လာပြီဆိုပြီး အိပ်လိုက်ရာကနေ အသက်သေဆုံးသွားတယ်ဆိုတာမျိုးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ဒါကတွေက တကယ်လား။ မြွေကိုက်ခံရမှတော့ ဘာပဲလုပ်လုပ် သေမှာပဲလေ။ မြွေဆိုတာကအဆိပ်ပြင်းတာကိုးလို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။မြွေဆိုတာက အဆိပ်ပြင်းတဲ့ သတ္တဝါလို့ လူသိများကြပါတယ်။ မြွေဆိုတဲ့နေရာမှာ အမျိုးအစား နဲ့ အရွယ်အစားကိုလိုက်ပြီး အဆိပ်ပြင်းတာက ကွာခြားနိုင်ပါတယ်။ မြွေဆိပ်ဆိုတဲ့နေရာမှာလည်းအာရုံကြောတွေကို ထိခိုက်စေနိုင်တာမျိုး ရှိသလို သွေးထဲမှာ ပြန့်သွားတဲ့မြွေဆိပ်တွေလည်း ရှိပါတယ်။မြွေဆိပ်က အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုပေမယ့်ရှေးဦးသူနာပြုစုနည်းကို သေချာ လုပ်ဆောင်မယ်။ အချိန်မီဆေးကုသမှုခံယူမယ်။ လိုက်နာဂရုစိုက်ရမယ့် အချက်တွေကို သေချာလေး လိုက်နာဂရုစိုက်မယ်ဆိုရင် မြွေကိုက်ခံရပေမယ့်လည်း အသက်ရှင်နိုင်ပါတယ်။မြွေကိုက်ခံရတဲ့အခါ ဒီနည်းလမ်းလေးတွေအတိုင်း ပြုစုပေးပါ။မြွေကိုက်ခံရရင်။မြွေကိုက် ခံရရင် အသက်အန္တရာယ် ထိခိုက်မှု နည်းစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း သေချာလေး ဂရုစိုက် လုပ်ဆောင်ပေးပြီး နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး ပို့ဆောင်လို့ မြွေဆိပ်ဖြေဆေး ထိုးပေးပါ။မြွေကိုက်ခံရတဲ့အခါ သေချာလေး ဂရုစိုက် ပြုစုမယ်။မြွေဆိပ်ဖြေဆေး အချိန်မီ ထိုးဖြစ်မယ်ဆိုရင် အသက်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/not-to-do-after-snake-bite/
အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ
သင်က စူပါဟီးရိုးမဟုတ်ပါဘူး။ ဒါကြောင့်အိပ်စက်ချိန်လိုအပ်မှာပါ။ အလုပ်အရမ်းများလို့ ရံဖန်ရံခါအိပ်ချိန်နောက်ကျတာက ကိစ္စမရှိပေမယ့်နေ့တိုင်းနောက်ကျနေတာကတော့မကောင်းပါဘူး။ခန္ဓါကိုယ်မှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ရရှိတဲ့ အိပ်စက်ချိန်လေးမှာပြည့်ပြည့်ဝဝအိပ်စက်ပြီးအိပ်ရေးမဝတာ။ အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ အကြောင်း ပြောပြပေးပါရစေနော်။အိပ်မပျော်သူတွေအတွက်အသုံးတည့်မယ့် ယောဂပို့စ်များ ကတော့။ပြီးရင်တော့ လက်တွေခြေထောက်တွေကို သက်တောင့်သက်သာ ဆန့်ထားပြီးဝင်သက်ထွက်သက်မှတ်ပေးပါ။ဖြည်းဖြည်းချင်း အိပ်ပျော်သွားပြီး နိုးလာချိန်မှာလည်း အိပ်ရေးဝပြီး လန်းဆန်းနေပါလိမ့်မယ်။ညတိုင်းအိပ်ရေးဝလို့ လန်းဆန်းတက်ကြွစွာနိုးထနိုင်ကြပါစေကြောင်း……။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/yoga-poses-for-best-sleep/
မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား
လိင်ကျန်းမာရေးနဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်း မစတင်ခင်မှာ အမျိုးသားတွေရဲ့ လိင်အင်္ဂါနဲ့ ဆက်စပ်နေတဲ့ ဝှေးစေ့ရဲ့ လုပ်ဆောင်ပုံအကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ဝှေးစေ့သည် အမျိုးသားအတွက် မရှိမဖြစ်လိုအပ်တဲ့ တက်စတိုစတီရုန်းကျားဟော်မုန်း(Testosterone) အပြင် သုက်ကောင်တွေကိုပါ သိုလှောင်သိမ်းဆည်းထားပေးပါတယ်။ ဒါကြောင့်လည်း တချို့သော အမျိုးသားတွေအနေနဲ့ ဝှေးစေ့ အရွယ်အစား သေးငယ်နေတဲ့အခါ ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်လားဆိုပြီး မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား အကြောင်း လေ့လာလိုက်ရအောင်နော်။အမျိုးသားလိင်အင်္ဂါရဲ့ အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်ဘက်တစ်လုံး၊ ညာဘက်တစ်လုံး အနေနဲ့ တည်ရှိပါတယ်။ ပုံမှန်အားဖြင့် ဘယ်ဘက် ဝှေးစေ့သည် အောက်ကို ပိုတွဲကျနေတတ်ပြီး ညာဘက် ဝှေးစေ့က အပေါ်နား နည်းနည်းရောက်ပြီး ပိုကြီးနေတတ်ပါတယ်။ တချို့အမျိုးသားတွေမှာတော့ ဒီအနေအထားနဲ့ ဆန့်ကျင်ဘက်ဖြစ်တတ်ပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ဝှေးစေ့သည်သုက်ပိုးတွေကို သိုလှောင်သိမ်းဆည်းထားတယ်ဆိုတာ မှန်ပေမယ့် ဝှေးစေ့ ပိုကြီးခြင်းကြောင့် မျိုးအောင်နိုင်စွမ်း ပိုကောင်းတယ်ဆိုတာတော့ မဟုတ်ပါဘူး။ မျိုးရိုးဗီဇ၊ လူတစ်ယောက်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ ကျန်းမာရေးအခြေအနေတွေကသာ သုက်ပိုးရဲ့ ကျန်းမာရေးနဲ့ မျိုးအောင်နိုင်ခြင်းကို သက်ရောက်မှုဖြစ်စေတာပါ။ကျားဟော်မုန်းသည် အမျိုးသားတစ်ယောက်ကို ကျန်းမာစေဖို့၊ ကြွက်သားထုတွေ တည်ဆောက်ပေးဖို့၊ သုက်ပိုးကောင်တွေ ထုတ်လွှတ်နိုင်စွမ်း၊ လိင်စိတ်ဆန္ဒ၊ ကာမသုခကို မြှင့်တင်ပေးဖို့ မရှိမဖြစ် ဟော်မုန်းဖြစ်ပါတယ်။ ဒီဟော်မုန်းတွေက သတ်မှတ်ထားတဲ့ ပမာဏတစ်ခုထက် နည်းလာတဲ့အခါ။ကျားဟော်မုန်းနည်းခြင်းကြောင့်လည်း သုက်ပိုးတွေရဲ့ ကူးခတ်နိုင်စွမ်းဟာ ကျဆင်းနိုင်ပြီး ကိုယ်ဝန်ရနိုင်ဖို့ အနည်းငယ် ခက်ခဲကြန့်ကြာနိုင်ပါတယ်။ ဒီပြဿနာကို ကျားဟော်မုန်း အစားထိုးကုထုံးဖြင့် ကုသမှုခံယူပြီး ပုံမှန်အခြေအနေရောက်အောင် ပြန်လည်လုပ်ယူလို့ရပါတယ်။မွေးဖွားလာချိန်မှာ ယောက်ျားလေးတစ်ယောက်ရဲ့ ဝှေးစေ့သည် ပဲကြီးစေ့ထက်သေးတဲ့ ပမာဏ (၁ကုဗစင်တီမီတာ အရွယ်အစား) သာ ရှိပါတယ်။ အသက် ၈ နှစ်အရွယ်မှာ ဖြည်းဖြည်းချင်းစကြီးလာပြီး လူပျိုဖြစ်ပြီးနောက်ပိုင်းကနေ အသက် ၁၈ နှစ်အထိအတွင်းမှာ ကွမ်းသီးလုံးအရွယ်အစားခန့် ကြီးလာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ညာဘက်အလုံးက ကြီးထွားနှုန်းပိုများပြီး ဘယ်ဘက် ဝှေးစေ့နဲ့ ယှဉ်လိုက်ရင် အနည်းငယ်ပိုကြီးနေတတ်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းပမာဏ ဖြည်းဖြည်းချင်းကျဆင်းလာပြီး ဝှေးစေ့ရဲ့ အရွယ်အစားပါ ကျုံ့ဝင်သွားနိုင်ပါတယ်။ ဒါပေမယ့် သိသိသာသာ ပြောင်းလဲသွားတာမျိုးတော့ တွေ့ရမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ ရေချိုးပြီးချိန်၊ ရာသီဥတုအပြောင်းအလဲဖြစ်ချိန် (အထူးသဖြင့် အေးတဲ့ရာသီတွေမှာ) ကပ္ပာယ်အိတ်က အောက်ကိုတွဲကျခြင်းမရှိဘဲ ကျုံ့ဝင်တာမျိုးဖြစ်တတ်ပါတယ်။ ဒီအခြေအနေကတော့ တစ်ခဏတာဖြစ်ပြီး ပုံမှန်အပူချိန်ပြန်ရောက်တာနဲ့ ဝှေးစေ့က ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပါ။စိတ်ပူစရာအနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ ဂနိုရောဂါ၊ ကာလသားရောဂါ၊ တီဘီရောဂါ၊ ဝှေးစေ့ အတွင်းသို့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ရောဂါဖြစ်ခြင်း၊ မာကျောတဲ့အရာဝတ္ထုတစ်ခုခုနဲ့ ထိခိုက်မိခြင်းကြောင့် ဝှေးစေ့ကျုံ့ဝင်သွားနိုင်ပါတယ်။ ဒီအခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ကိုယ့်ရဲ့ ဝှေးစေ့ကို ကိုင်တွယ်နေချိန်မှာ ပုံမှန်မဟုတ်တဲ့ အကျိတ်အလုံးတွေ စမ်းမိတယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာပြသပြီး ဓာတ်မှန်ရိုက်ကြည့်တာမျိုး လုပ်သင့်ပါတယ်။ ရောဂါဆိုတာ စောစောသိလေ ဆရာဝန်အတွက်လည်း ကုသရတာပိုလွယ်သလို လူနာအနေနဲ့လည်း ဝေဒနာခံစားရတာ ပိုသက်သာနိုင်ပါတယ်။အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ဝှေးစေ့သည်လည်း လိင်အင်္ဂါအရွယ်အစားလိုပဲ အဓိက အရမ်းကျတာတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်မယ်၊ နေ့စဉ်စားသောက်နေတဲ့ အစာအာဟာရကို ဆင်ခြင်ပြောင်းလဲမယ်၊ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် ပြဿနာမရှိပါဘူး။ ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သေချာသိလိုတယ်ဆိုရင် ခင်ပွန်းရော၊ ဇနီးသည်ပါ ဆရာဝန်နဲ့ သေချာပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုမျိုးလုပ်ကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/reproductive-health-and-testes-size/