title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဆီးချိုရောဂါရှိနေတဲ့ မိဘအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံပြုလုပ်ပေးခြင်း
ဆီးချိုသွေးချိုရောဂါ ဖြစ်လာတဲ့သူတွေမှာ အများအားဖြင့်ဖြစ်တတ်ကြတာ သုံးမျိုးရှိပါတယ်။ ဆီးချိုကြောင့် ဘာမှမစားရဲမသောက်ရဲဘဲ အစားရှောင်ရင်းအာဟာရမပြည့် သကြားဓါတ်ကျဆင်းရသူတွေ၊ အစားမရှောင်နိုင် နေထိုင်ပုံမဆင်ခြင်နိုင်လို့ ဆီးချိုရောဂါ ကို ထည့်မတွေးဘဲ မေ့ထားလိုက်သူတွေနဲ့ ဆီးချိုသွေးချိုအတွက် နေထိုင်စားသောက်ပုံပြောင်းလဲလိုက်သူတွေဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ ဘယ်သူကအန္တရာယ်ကင်းပြီး အသက်ရှည်မယ်ထင်ပါသလဲ။ကိုယ်ချစ်ခင်လေးစားရတဲ့ အဖေ သို့မဟုတ် အမေ့မှာ ဆီးချိုရောဂါရှိနေပြီဆို အရင်ဆုံးတွေးရမှာက ဒီရောဂါရှိနေပေမယ့်သက်တမ်းစေ့နေထိုင်သွားနိုင်မယ့်လမ်းပါပဲ။သွေးတွင်းသကြားဓါတ်ကိုထိန်းရမယ်၊ အစားရှောင်ရမယ်ဆိုပေမယ့် ဘာမှ မစားရဲမသောက်ရဲအောင် ဖြစ်နေစရာမလိုဘဲ အာဟာရနဲ့ရေဓါတ်လည်းမလျော့အောင်လည်း ဂရုစိုက်ပေးရပါမယ်။ဆီးချိုသမားအတွက် ကျန်းမာရေးနဲ့အညီဆုံးစားသောက်မှုပုံစံက ပမာဏအချိုးချ တိုင်းချင့်ပြီးစားတဲ့နည်းဖြစ်ပါတယ်။ ထမင်းပန်းကန်မှာ ထမင်းကိုလေးပုံတစ်ပုံပဲထည့်ပြီး တစ်ပုံကို အသား(ပရိုတင်း)နဲ့ နှစ်ပုံစာကိုအသီးအရွက်များများ စားသုံးတာ အကောင်းဆုံးပါ။ ဟင်းတွေမှာ ဆီမများဖို့တော့လိုပါတယ်။ဆီးချိုရှိသူတွေမှာ နဂိုကမှ သွေးတွင်းသကြားဓါတ်ကိုမထိန်းညှိနိုင်ရတဲ့အထဲကာဗိုဟိုက်ဒရိတ်ေတွကြောင့် သကြားဓါတ်မြင့်တက်လာနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်တွေကနေဂလူးကို့စ်အဖြစ်ပြောင်းလဲသွားတာကြောင့်ပါ။ ဒါ့ကြောင့် ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို ထိုက်သင့်တဲ့ပမာဏထက်ပိုမကျွေးမိဖို့ သတိထားပေးပါ။စားလိုက်တဲ့အစာအာဟာရတွေဟာ သကြားဓါတ်အဖြစ်ကို ပြောင်းလဲပြီးခန္ဓါကိုယ်က အသုံးပြုပါတယ်။ သကြားဓါတ်အဖြစ် မြန်မြန်ပြောင်းလဲတဲ့အစားအသောက်တွေက ခန္ဓါကိုယ်က လိုက်သုံးဖို့မမီတော့ဘဲ သွေးထဲမှာ သကြားဓါတ်တွေအဖြစ်များနေပြီး ဆီးချိုတက်စေပါတယ်။ ဒါကြောင့် အစားအသောက်တွေကိုရွေးချယ်တဲ့အခါမှာ သကြားဓါတ်ပြောင်းလဲမှုညွှန်းကိန်းကို ကြည့်ပြီးရွေးချယ်ရပါမယ်။ သကြားဓါတ်ပြောင်းလဲမှုညွှန်းကိန်းနိမ့်လေ ကောင်းလေပါပဲ။သူတို့ကြိုက်တတ်တဲ့စားစရာတစ်ခုခုက သိပ်မတည့်ဘူးဆိုရင် ကျန်းမာရေးနဲ့ညီမယ့်ပုံစံအဖြစ်ပြောင်းလဲပြင်ဆင်ပေးပါ။ ဥပမာ အာလူးကြော်အစား ကန်စွန်းဥကိုအစားထိုးတာမျိုး၊ ယိုကြိုက်တယ်ဆိုရင် သကြားမပါတဲ့သဘာဝအသီးယိုတွေ ကိုယ်တိုင်ထိုးပေးတာမျိုး။ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေက ခက်ခက်ခဲခဲပြင်ဆင်ရတာနည်းပါတယ်။ ဟင်းတွေပြင်ဆင်တဲ့အခါအသား၊ငါးနဲ့ အသီးအရွက်မျှတအောင်စီစဉ်သင့်ပေမယ့် ချက်နည်းမှာ သိပ်မကွန့်စေချင်ပါ။ ဆိုင်ချက်တွေလို ခရုဆီ၊အမွှေးအကြိုင်တွေ၊ ဟိုဟာဒီဟာထည့်တာ၊ အဆင့်ဆင့်ကြော်လှော်တာတွေထက် ဆီနည်းနည်းနဲ့လွယ်လွယ်ချက်တာကပိုကောင်းပါတယ်။ အသားနဲ့ငါးကို ကင်တာ၊ ပေါင်းတာတွေလည်းကျွေးလို့ရပါတယ်။မနက်စာ၊နေ့လယ်စာ၊ညစာ ဒါမှမဟုတ် အဆာပြေစားချိန်တို့ကို အချိန်မှန်စားနိုင်အောင် ပုံမှန်အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ ဆီးချိုသွေးချိုဆိုတာ အစာမရှိရင် ကျတတ်တာမို့ ထမင်းစားချိန်နောက်မကျဖို့၊ ဆေးပုံမှန်သောက်နိုင်ဖို့အရေးကြီးပါတယ်။ဆီးချိုရောဂါရှိနေတဲ့ သူတွေအတွက် အစာအာဟာရအဖြစ်စေဆုံးကပရိုတင်းဓါတ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဆီးချိုသီးသန့်ဖြည့်စွက်အာဟာရတွေမှာ ပရိုတင်းအဓိကထုတ်လုပ်ကြတာဖြစ်ပါတယ်။ နို့ထွက်ပရိုတင်းတွေထဲမှာမှ Whey protein လို့ခေါ်တဲ့တစ်မျိုးကို ကြွက်သားတက်စေဖို့နဲ့ အဆီကျစေဖို့ အားကစားဖြည့်စွက်အစာအဖြစ်သုံးနေကြတာကြာပြီဖြစ်ပါတယ်။ အဲဒီ Whey proteinက ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သုတေသနတွေက တွေ့ရှိတာမကြာသေးပါဘူး။ Whey protein ကို မနက်စာမစားခင် စားသုံးတဲ့အခါ အမျိုးအစား(၂) ဆီးချိုရောဂါကို ကာကွယ်နိုင်၊ ထိန်းချုပ်နိုင်တယ်လို့ Newcastle University ကလေ့လာမှုအရသက်သေပြခဲ့ပါတယ်။ကဲ ဒါကြောင့် အိမ်ကဖေဖေမေမေတို့ ဆီးချိုရှိနေပြီဆိုတာနဲ့ ခုပြောထားတဲ့ စားသောက်မှုပုံစံအတိုင်း စားစရာတွေ ကိုပြင်ဆင်ပေးသင့်တယ်နော် ။ ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/plan-healthy-meals-seniors-diabetes/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc/
သတို့သားလောင်း၊သတို့သမီးလောင်းတို့ ရွှေလက်မတွဲခင် ဘာတွေပြင်ဆင်ကြမလဲ။
ဝါကျွတ်ပြီဖြစ်တဲ့အတွက် လက်ထပ်ကြတော့မယ့် ကိုကိုမမတို့အားလုံးရင်ခုန်နေကြပြီထင်ပါတယ်။ မင်္ဂလာဆောင်အတွက် နှစ်ယောက်လုံး လုံးပန်းပြင်ဆင်နေရင်း တကယ်အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးတာတွေ၊ သွေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးရမှာတွေကို မေ့လျော့နေကြပြီလား။ဒါဆိုရင် မင်္ဂလာဆောင်ခင် အနည်းဆုံး ကျန်းမာရေးအတွက် လုပ်သင့်၊ စစ်သင့်တာလေးတွေကိုဖော်ပြလိုက်ပါတယ်။အသည်းရောင်အသားဝါ ဘီပိုး၊စီပိုး၊အိပ်ဂျ်အိုင်ဗီပိုး၊ကာလသားရောဂါစသဖြင့် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် နှစ်ယောက်လုံး စစ်ဆေးဖို့လိုပါတယ်။ ကိုယ့်ချစ်သူကို အကြွင်းမဲ့ယုံကြည်ပါတယ်ဆိုရင်တောင် ဒီလိုရောဂါတွေဟာ လိပ်ဆက်ဆံခြင်းကနေသာ ကူးစက်နိုင်တာ မဟုတ်ဘဲ မသန့်တဲ့သွေးသွင်းမိတာတွေ၊ အလှပြင်ဆိုင်က မသန့်တဲ့ခြေသည်းညှပ်၊ ဆံပင်ညှပ်ဆိုင်က ဘရိတ်ဓား၊ တက်တူးထိုးတာတွေကနေ ကူးစက်နေနိုင်တာကြောင့် လက်မထပ်သေးခင် စစ်ဆေးထားပြီး လိုအပ်တဲ့ကုသမှုတွေခံယူထားတာအကောင်းဆုံးပါ။အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးဟာ ကလေးဘဝထဲက အပြည့်ထိုးရပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့ချိန်မှာလည်း ဘီပိုးကာကွယ်ဆေး ပြန်ထိုးဖို့လိုပါတယ်။ မထိုးခင်မှာ ဘီပိုးကို ခုခံနိုင်တဲ့ အန်တီဘော်ဒီလို့ခေါ်တဲ့ ပဋိပစ္စည်းတွေ သွေးထဲမှာ အလုံအလောက် ရှိမရှိကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး လိုအပ်ရင် အပြည့်ပြန်ထိုးရပါမယ်။သားအိမ်ခေါင်းကင်ဆာဟာ မြန်မာနိုင်ငံမှာ အဖြစ်များဆုံးကင်ဆာတစ်မျိုးဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းရင်းများကြီးရှိတဲ့ထဲကမှ သားအိမ်ခေါင်းကင်ဆာရဲ့ အဓိကတရားခံ အိပ်ဂျ်ပီဗီဗိုင်းရပ်စ် ၁၆ နဲ့ ၁၈ (Human Papilloma VirusType 16 and 18) အတွက် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။နှစ်ဦးနှစ်ဖက် သဘောတူတဲ့မိသားစုစီမံကိန်းဟာလည်း အိမ်ထောင်ရေးတစ်ခုမှာအရေးကြီးပါတယ်။ကလေးလိုချင်တာလား၊ မလိုချင်တာလား၊ ကလေးကိုဘယ်အချိန်မှစယူမှာလဲ စသဖြင့် မေးခွန်းတွေကို လက်မထပ်ခင်တိုင်ပင်ထားသင့်ပါတယ်။ ကလေးမယူသေးဘူးဆိုရင်လည်း ရေတိုတားဆေး သုံးမှာလား ရေရှည်တားမှာလား၊ ဘယ်လိုတားဆေးသုံးမှာလဲ၊ တားဆေးသုံးရင်ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုး စသဖြင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သတို့သမီးလောင်းတွေအနေနဲ့ ကိုယ်နဲ့သင့်တော်ရာ ရွေးချယ်သင့်ပါတယ်။နှစ်ဦးနှစ်ဖက် သာယာပျော်ရွှင်ကျန်းမာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်စေဖို့အတွက် ဒီအခြေခံကျန်းမာရေး စစ်ဆေးတာတွေ၊ ကာကွယ်ဆေးတွေဟာ အရမ်းအရေးကြီးပါတယ်။မင်္ဂလာဆောင်တစ်ခုအတွက် ပြင်ဆင်တဲ့ဆိုတာလွယ်တဲ့အလုပ်မဟုတ်တဲ့အတွက် မင်္ဂလာဆောင်အတွက် လုံးပန်းရင်း ဒီအချက်တွေကို အလွယ်တကူ မေ့လျော့သွားနိုင်ပါတယ်။ဒါကြောင့်လည်း ဒီဆောင်ပါးလေးကနေ သတိပေးတိုက်တွန်းရင်း သတို့သား၊သတို့သမီးလောင်းလေးတွေ သာယာချမ်းမြေ့စွာ ရွှေလက်တွဲတွေ မြဲနိုင်ကြပါစေလို့ Hello Sayarwon ကဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%9e%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%81%8a%e1%80%9e%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%99/
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ။ဆီးချိုရှိသူတွေလိုက်နာရမယ့် စားသောက်မှုပုံစံက သီးသန့်ရှိပါတယ်။ ဒီစကားကြောင့် စိတ်ထဲမှာ ရှုပ်ထွေး မသွားစေချင်ပါဘူး။ ဆီးချိုရှိတယ်ဆိုတာနဲ့စားနေကျ အစားအစာတွေကို လုံးဝ မစားရတော့ဘူး။ အပြီးတိုင် စွန့်လွှတ်ရတော့မယ်လို့ မတွေးစေချင်ပါဘူး။ဒီပြဿနာကို ဖြေရှင်းဖို့ ပထမဆုံး လုပ်ရမယ့် ခြေလှမ်း တစ်ရပ်က ဆီးချိုနဲ့ ပတ်သက်ပြီးမှန်ကန်တဲ့ စားသောက်မှုပုံစံကို သိရှိဖို့နဲ့ နောက်တစ်ဆင့်က လိုက်နာဆောင်ရွက်ဖို့ပါ။​ကြားဖူးမိနေမယ့်  ဆီးချို နဲ့အစားအသောက်ဆိုင်ရာ myths များစွာရှိနေနိုင်ပါတယ်။ ဒါကတွေက မှန်ရဲ့လားဆိုတာကို အတူတူ ဆန်းစစ်ကြည့်ရအောင်နော်။ဆိးချို ရှိပြီဆိုတာနဲ့ သကြားကို လုံးဝ ရှောင်လိုက်ဖို့ မလိုပါဘူး။ ဒါပေမယ့်သ​ကြားပါဝင်မှုကိုတော့ သတိထားဖို့ လိုပါမယ်။ အချိုပွဲတွေကို အနည်းငယ်လောက်တေ့ စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏလောက်အထိတော့ သကြားကို စားလို့ ရပါတယ်။ကာဗိုဟိုက်ဒရိတ်ကို လုံးဝ ဖြတ်လိုက်စရာ မလိုပါဘူး။ စားလို့ရပါတယ်။ ဒါပေမယ့် ကာ​ဗိုဟိုက်ဒရိတ် အမျိုးအစားနဲ့ ပမာဏကိုတော့ သေချာလေး တွက်ချက်ကြည့်ဖို့ လိုပါမယ်။ကောက်နှံတစ်ခုလုံးကို စားသုံးတာ၊ဂျုံကြမ်းပေါင်မုန့်စားသုံးတာ၊အမျှင်ဓာတ်ပါဝင်မှု များတဲ့ အစားအစာတွေကို အဓိက ရွေးချယ်ပေးပါ။ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့က အရေးကြီးပေမယ့် ဆီးချိုအတွက် သီးသန့် ထုတ်ထားတာတွေကိုပဲ စားဖို့ မလိုပါဘူး။ ဈေးကြီးပေးရတဲ့ဆီးချိုအတွက် သီးသန့်ထုတ်ထားတယ်ဆိုတဲ့အစားအစာတွေကလည်း အလွန်အကျွံစားမိရင် ထိခိုက်စေနိုင်တာပါပဲ။လေ့လာမှုတွေအရကတော့ ပရိုတင်းတွေ အလွန်အကျွံ စားသုံးတာ အထူးသဖြင့် တိရစ္ဆာန် ပရိုတင်းတွေက အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ထိခိုက်စေပြီး ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုလို့ သိရပါတယ်။ ဒါကြေင့် ဆီးချိုရှိသူတွေ အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်တယ်ဆိုရင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊အဆီဓာတ်တွေမျှတစွာ ပါဝင်အောင် စားသုံးပါ။ဒီအစားအစာတွေ အားလုံးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရင်းမြစ်တွေကနေ ရယူထားတယ်ဆိုတာတော့ သေချာဖို့ လိုပါမယ်။ ဒါမှလည်း ကျန်းမာမှာပါ။ဒါတွေပိုစားပါ။ဒါတွေ လျှော့စားပါ။ကဲ…… သိထားတာတွေက ဘာတွေ မှန်လို့ ဘာတွေမှားနေလဲ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/myths-and-facts-about-diabetes-and-diet/
နွေရာသီမှာ ကျန်းမာနေအောင် စားသောက်နေထိုင်နည်း
နွေရာသီက ခရီးသွားလို့ ကောင်းသလို ရိုးရာပွဲ တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်လည်း ရှိနေပြန်တာကြောင့် အမှတ်တရများတဲ့ ရာသီဥတု တစ်ခုလို့ ဆိုရပါမယ်။ ပျော်စရာကောင်းသလို နွေရာသီမှာ အနေမတတ်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နွေရာသီကာလမှာကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာလေးကို ပြောပြပေးပါရစေ။အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ကျန်းမာသန်စွမ်းနေနိုင်ဖို့အတွက်က အနေအထိုင် အစားအသောက်တွေကို သေချာဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ဆိုတဲ့နေရာမှာလည်း ရာသီဥတုအခြေအနေနဲ့ ကိုက်ညီအောင်နေထိုင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ နွေရာသီမှာ ကျန်းမာနေစေဖို့အတွက်ကတော့ –။ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုကင်းပြီး ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်မှာပါ။ ပူပြင်းတဲ့ရာသီဥတုမှာ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိသောက်သုံးပေးပါ။ ရေဓာတ်ပြည့်ဝအောင် လုပ်ထားမယ်ဆိုရင် ဖျားနာမှုတွေကင်းဝေးမှာဖြစ်သလို အရိုးတွေနဲ့ ကြွက်သားတွေလည်း ကျန်းမာမှာဖြစ်တဲ့အပြင် တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာ သေချာပါတယ်။ ဒါ့ပြင် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း သွားလေရာကို ရေဘူးယူသွားပါ။နွေရာသီမှာ လတ်ဆတ်တဲ့ အစားအသောက်တွေကိုပဲ စားသုံးမိဖို့အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကစလို့ ထမင်း၊ ဟင်းတွေပါမကျန် လတ်ဆတ်သန့်ရှင်းနေတာမျိုးကို စားသုံးပေးပါ။ သန့်ရှင်းမှုအားနည်းတဲ့ အစားအသောက်မျိုးကို မစားပါနဲ့။ လက်လုပ်ချဉ်တွေ၊ ယင်နားစာတွေကို ရှောင်ပါ။ အမှည့်လွန်နေတဲ့ အသီးတွေကိုလည်း မစားပါနဲ့။နေရောင်ခြည်က ခန္ဓာကိုယ် အတွက် ဗီတာမင် D ကိုပေးစွမ်းတယ်ဆိုပေမယ့် နေအရမ်းပူတဲ့အခါမှာတော့ အရိပ်ရတဲ့နေရာမှာနေတာ အကောင်းဆုံးပါ။ မနက်ခင်း ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းက ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဖြစ်တာကြောင့် နေပူထဲမထွက်ပါနဲ့။ အပြင်ထွက်မယ်ဆိုရင်တောင် မထွက်ခင် မိနစ် ၃၀ အလိုမှာနေလောင်ကာခရင်မ်ကို လူးပေးပါ။ အပြင်သွားတဲ့အခါ ဦးထုပ်ဆောင်းပေးပါ။ နေကာမျက်မှန်တပ်ပေးပါ။ ထီးယူသွားဖို့မမေ့ပါနဲ့။ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အိပ်စက်ခြင်းက တော်တော်လေးအရေးပါပါတယ်။ အိပ်ရေးဝနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေမှာဖြစ်ပါတယ်။ နွေအပူဒဏ်ကို အံတုနိုင်စေမယ့် ခွန်အားတွေရရှိအောင် ညဘက်မှာ အိပ်ရေးဝအောင်အိပ်ပါ။လေအေးပေးစက်ရှိသူတွေက အိမ်ထဲမှာလေအေးပေးစက်ဖွင့်ပြီး အပူရှောင်လို့ရပါတယ်။ လေအေးပေးစက်မရှိဘူးဆိုရင်တော့ နေအိမ်တွင်းကို နေရောင်ခြည်ဝင်ရောက်မှုနည်းနိုင်သမျှနည်းအောင် ပြတင်းပေါက်တွေမှာ လိုက်ကာတွေတပ်ထားတာမျိုး လုပ်ပေးပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ။ သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာနေပြီး အပူရှောင်လို့လည်းရပါတယ်။နွေရာသီမှာ မဖြစ်မနေ ပင်ပင်ပန်းပန်းအလုပ်လုပ်ရမယ်ဆိုရင်တောင် ဦးထုပ်ဆောင်းထားတာမျိုး အင်္ကျီလက်ရှည်ဝတ်ထားတာမျိုးလုပ်ပါ။ ရေကို ပြည့်ပြည့်ဝဝသောက်ပေးပါ။ လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့လည်း ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ သက်သောင့်သက်သာနေပါ။အပူဒဏ်ကို အံတုနိုင်ဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးဖို့လိုပါမယ်။ ဗီတာမင် Bက အာရုံကြောစနစ်ကို တည်ငြိမ်စေနိုင်ပြီး ဆဲလ်တွေအတွက်လည်းကောင်းပါတယ်။ ဗီတာမင် Cနဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ နွေရာသီမှာ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွားသီး၊ မုန်လာဥဖြူတွေလိုမျိုး ရေဓာတ်ပြည့်ဝစေမယ့် အစားအသောက်တွေကို စားသုံးပေးပါ။ အဆီများတဲ့ အစားအသောက်တွေ၊ သွေးတိုးစေနိုင်မယ့် အစားအသောက်မျိုးတွေကို မစားမိအောင်သတိပြုပါ။ အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေ၊ လက်လုပ်ချဉ်တွေကို မစားမိအောင်သတိပြုပါ။နွေရာသီမှာ ဘီယာအေးအေးလေး သောက်ရတာကို တော်တော်များများက နှစ်သက်ပေမယ့် အလွန်အကျွံမဖြစ်အောင် သတိပြုပါ။ အရက်ပါဝင်တဲ့ သောက်စရာတွေက ရေဓာတ်ဆုံးရှုံးစေနိုင်သလို သွေးလည်း တိုးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/healthy-tips-for-summer/
ကလေးတွေ ချောင်းဆိုးခြင်းကို ကုသနိုင်မည့်နည်းလမ်းများ
အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းတွေဟာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ လူကြီးတစ်ယောက်က ချောင်းဆိုးနေမယ်ဆိုရင် သူတို့ဝေဒနာကိုသက်သာစေဖို့ ကိုယ့်ဖာသာ ဆေးဆိုင်ကနေ ဆေးတွေဝယ်သောက်လို့ရနိုင်ပါတယ်။ ဒါပေမယ့် မွေးကင်းစတွေနဲ့ ကလေးငယ်တွေအတွက်တော့ ဆေးညွှန်းမပါဘဲ ကိုယ့်ဖာသာ ဆေးဆိုင်ကဝယ်လို့ရတဲ့ ဆေးတွေကို အမြဲတမ်းသုံးစွဲလို့မရနိုင်ပါဘူး။ လူကြီးတွေနဲ့ ကလေးတွေအတွက် အန္တရာယ်ကင်းအောင်ထုတ်လုပ်ထားတဲ့ အဖျားပျောက်ဆေးတွေရဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ၂နှစ်အောက်ကလေးတွေမှာ အသက်အန္တရာယ်ကိုပါထိခိုက်နိုင်စေတဲ့အတွက် ထိုဆေးကိုလုံးဝမသုံးစွဲသင့်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ ကလေးတွေ ချောင်းဆိုးခြင်းကို ထိရောက်စွာကုသနိုင်မယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြချင်ပါတယ်။ပျားရည်ဟာ ကျန်းမာရေးဆိုင်ရာပြဿနာအမျိုးမျိုးမှာ သုံးစွဲနိုင်တဲ့ မှော်ဝင်ပစ္စည်းပါ။ အထူးသဖြင့် အအေးမိခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေမှာ ပိုပြိးထိရောက်ပါတယ်။ တကယ်လို့သင့်ကလေးက အပြင်းအထန်ချောင်းဆိုးနေတယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုတိုက်ကြည့်ပါ။ ဒါကလည်ချောင်းနာတာကိုသက်သာစေပြီး ချောင်းဆိုးခြင်းကိုလျော့ကျစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက်ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ ပျားရည်ဟာ သူတို့လေးတွေရဲ့ အားနည်းတဲ့ အစာခြေစနစ်အတွက် မကောင်းလှပါဘူး။ဒါကမသက်ဆိုင်ဘူးလို့ထင်ရပေမယ့် သင့်ကလေးအအေးမိတဲ့အခါမှာ အရည်တွေပိုသောက်ခြင်းက ချွဲတွေကို လျော့ပါးသွားစေပြီး နှာခေါင်းပိတ်တာကို ကုသပေးနိုင်ကာ လည်ချောင်းကိုလည်းသက်သာစေပါတယ်။ လည်ချောင်းရှင်းသွားရင် ချောင်းဆိုးတာကလည်း သက်သာသွားနိုင်ပါတယ်။ ၆လအောက်ကလေးငယ်တွေအတွက် မိခင်နို့ သို့မဟုတ် နို့မှုန့် ကို ကြက်သီးနွေးအနေမှာထားပြီးတိုက်ပါ။ အစာခြေစနစ်ကို ထိခိုက်မှာစိုးရိမ်ရတာကြောင့် ရေသို့မဟုတ် ဖျော်ရည်တွေမတိုက်ကျွေးသင့်သေးပါဘူး။ ၆လအထက်ကလေးတွေအတွက်ကတော့ ရေ၊ ဖျော်ရည် သို့မဟုတ် နို့ကို တိုက်ကျွေးနိုင်ပေမယ့် ဒါတွေကို နွေးနေတဲ့အချိန်မှာတိုက်တာက အကောင်းဆုံးပါ။ လည်ချောင်းနာတာကိုသက်သာသွားစေဖို့ ပန်းသီးကြိတ်ရည်၊ ကြက်စွပ်ပြုတ်၊ ချောကလက်ပူပူနဲ့ ဂျုံယာဂုစတဲ့ နွေးထွေးတဲ့အရည်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ကလေးတစ်ယောက် အအေးမိပြီဆိုရင် နှာခေါင်းပိတ်တတ်ပြီး တစ်ချိန်တည်းမှာပဲ အသက်ရှူရတာ၊စားရတာ၊အိပ်ရတာတွေကို ခက်ခဲစေပါတော့တယ်။ တဖြည်းဖြည်းနဲ့ လေပြွန်ကိုထိခိုက်လာနိုင်ပြီး ချောင်းဆိုးခြင်းကိုဖြစ်ပေါ်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သန့်စင်တဲ့ပစ္စည်းတွေပါဝင်တဲ့ နှာခေါင်းအစက်ချဆေး (saline nasal drops)ကိုသုံးတာက နှာခေါင်းထဲမှာရှိတဲ့အချွဲတွေကိုပျော်ဝင် ပါးလျသွားစေပြီး လေပြွန်ရောင်တာကိုသက်သာစေပါတယ်။ နှာခေါင်းအစက်ချဆေးသုံးပြီးတဲ့နောက်မှာ နှာခေါင်းထဲက အချွဲတွေကို အလွယ်တကူဖယ်ရှားလို့ရနိုင်ပါပြီ။ ထိုအစက်ချဆေးရည် တွေဟာ ကလေးအအေးမိတာ မသက်သာမချင်း နေ့ဘက်တွေမှာအချိန်တိုင်းအသုံးပြုလို့ရပါတယ်။ ဒါပေမယ့် နာခေါင်းအနာမဖြစ်စေဖို့အတွက် အလွန်အကျွံအသုံးပြုခြင်းကိုရှောင်ပါ။ချောင်းဆိုးခြင်းဟာ ရာသီဥတုကြောင့်နဲ့ ညစ်ညမ်းတဲ့လေထုကြောင့်လည်းဖြစ်နိုင်ပါတယ်။ Humidifierက နွေးထွေးပြီးရေငွေ့ပါတဲ့လေကိုထုတ်လွှတ်ပေးနိုင်တာကြောင့် ကလေးငယ်ရဲ့ချောင်းဆိုးခြင်းကိုလည်း သက်သာစေပါတယ်။ တကယ်လု့ိ သင့်မှာ ဒီအပူရေနွေးငွေ့စက် မရှိခဲ့ရင် ရေချိုးဇလုံထဲကို ရေနွေးပူတွေထည့်ပြီး သင့်ကလေးနဲ့အတူ ပူနွေးနေတဲ့ရေချိုးခန်းထဲမှာ ၁၅မိနစ်ခန့်ထိုင်ပေးနိုင်ပါတယ်။ တစ်ဘက်မှာလည်း အအေးရေနွေးငွေ့စက် ကို ကလေးရဲ့အခန်းတွင်းမှာအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် သင့်လျော်တဲ့ အဝတ်အစားတွေဝတ်ပေးကာ မိနစ်၂၀ခန့် အပြင်ခေါ်ထုတ်ပြီး ပြင်ပလေရအောင်လုပ်ပေးပါ။ သန့်ရှင်းလတ်ဆတ်တဲ့လေရတာကလည်း ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ကလေးတွေချောင်းဆိုးခြင်းဟာ ထိန်းသိမ်း ကုသရလွယ်ကူတဲ့ကျန်းမာရေးအခြေအနေတစ်ခုပါ။ ဒါပေမယ့် ဂရုမစိုက်ဘဲပစ်ထားမိမယ်ဆိုရင်တော့ ကလေးအခြေအနေက ပိုဆိုးသွားနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ ရိုးရှင်းတဲ့နည်းလမ်းတွေက သင့်ကလေးကို အအေးမိခြင်းနဲ့ချောင်းဆိုးခြင်းတွေကနေ သက်သာသွားစေနိုင်ပါတယ်။ ဆရာဝန်မညွှန်ကြားဘဲကိုယ့်ဖာသာ ဆေးဆိုင်ကဝယ်ပြီး အသုံးပြုတဲ့ဆေးတွေထက် များစွာလွယ်ကူပြီး အန္တရာယ်ကင်းတဲ့နည်းလမ်းတွေကို ရွေးချယ်တာက အကောင်းဆုံးပါပဲ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/respiratory-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%bc/
ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်တဲ့ ဝမ်းဗိုက်ပြဿနာ
ဆီးချိုရောဂါရှင်တွေက နည်းနည်းလောက် သက်တမ်းကြာလာပြီဆိုရင် ဒီပြဿနာလေးတွေ ပြောလေ့ရှိပါတယ်။ ဆရာရယ် အစာမကြေဘူး၊ အမြဲတမ်း ရင်ခေါင်းတောင့်တယ်။ ဗိုက်ကယ်တယ်။ရင်ပူတယ် စသဖြင့် ဝမ်းဗိုက်ပြဿနာ ပေါင်းများစွာကို ပြောပြလေ့ရှိပါတယ်။ ဆီးချိုက ကောင်းကောင်းမထိန်းနိုင်ဘူးဆိုရင်၊ သက်တမ်းကြာလာပြီဆိုရင် နောက်ဆက်တွဲတွေ ဖြစ်တတ်တယ်ဆိုတာ ဆီးချိုရှိတဲ့သူတိုင်း သိပါတယ်။ သူတို့ ခုလို ခံစားနေရတဲ့ ဝမ်းဗိုက်ပြဿနာတွေကရော ဆီးချိုကြောင့်ပဲလား။ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ဆီးချိုသက်တမ်းကြာလာလေလေ (အမျိုးအစား ၁ပဲဖြစ်ဖြစ်၊ ၂ပဲဖြစ်ဖြစ်) ကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေကို အနည်းနဲ့ အများထိခိုက်နိုင်ပါတယ်။ ဒီထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းလည်း ပါပါတယ်။ဝမ်းဗိုက်ပြဿနာတွေက ဆီးချိုကို ဖြစ်စေတဲ့ အကြောင်းရင်း (ဥပမာ အဝလွန်ခြင်း)ကြောင့် ဖြစ်နိုင်သလို ဆီးချိုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊HbA1cလို့ ခေါ်တဲ့ သုံးလဆီးချိုဓာတ်တက်တာ၊ ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီထဲမှာမှ အဖြစ်များဆုံး ပြဿနာကတော့ ဆီးချိုကြောင့် အာရုံကြောထိခိုက်တာပဲ ဖြစ်ပါတယ်။ ဆီးချိုကြောင့် အာရုံကြောထိခိုက်တဲ့အခါ ခြေဖျား လက်ဖျားတွေ ထုံတယ်၊ ကျဉ်တယ်ဆိုတာလောက်တော့ လူတိုင်း သိကြပါတယ်။ လူသိနည်းတာကတော့ ထိခိုက်တဲ့ အာရုံကြောတွေထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းက အာရုံကြောတွေပါ ပါသွားတယ်ဆိုတာပါပဲ။အစာအိမ်နဲ့ အူလမ်းကြောင်းမှာလည်း အာရုံကြောတွေ ရှိပါတယ်။ ဒီအာရုံကြောတွေက အူလမ်းကြောင်း လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဒီအာရုံကြောတွေ ထိခိုက်တဲ့အခါ အစာမျိုရခက်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်လာပါတယ်။ရောဂါတွေ များပေမယ့် အဖြစ်များတဲ့ ၃ခုလောက်ကို ရှင်းပြပေးချင်ပါတယ်။Acid refluxလို့ ခေါ်ကြပြီး ရင်ပူတယ်လို့ လူနာတွေ ပြောလေ့ရှိပါတယ်။ အစာအိမ်ထဲမှာ hydrochloric acid လို့ခေါ်တဲ့ အက်စစ်အပြင်းစားတစ်မျိုး ရှိပါတယ်။ ပုံမှန်တော့ အက်စစ်က အစာအိမ်ထဲမှာပဲ နေရပါတယ်။ အစာအိမ်ထဲကနေ အကြောင်းတစ်ခုခုကြောင့် အစာရေမျိုပြွန်ထဲကို ဆန်တက်လာပြီဆိုရင် စားချဉ့်ပြန်ရောဂါဖြစ်ပြီး ရင်ပူတဲ့ ဝေဒနာကို ခံစားရပါတယ်။ဆီးချိုရှိပြီးသွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းနိုင်တဲ့သူတွေမှာ အတွေ့ရများပါတယ်။ အဝလွန်နေတဲ့ ဆီးချိုရောဂါရှင်တွေမှာလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။ တစ်ခါတလေတော့ ရင်ပူတယ်လို့ မပြောဘဲ ရင်ဘတ်အောင့်တယ် (စမ်းလိုက်တော့လည်း နှလုံးတို့ အဆုတ်တို့က အကောင်း)၊ လည်ပင်းမှာ တစ်ဆို့ဆို့နဲ့ အစာမျိုရတာ နင်တယ် စတဲ့ လက္ခဏာတွေကို ပြောတတ်ပါတယ်။ဒီလို စားချဉ့်ပြန်နေတာ ကောင်းလားဆို မကောင်းပါဘူး။ ရင်ပူတဲ့အတွက် လူနာလည်း နေရထိုင်ရ မသက်သာသလို ရေရှည်မှာ အစာရေမျိုပြွန်က ဆဲလ်တွေ အက်စစ်ဒဏ်ကြောင့် ပျက်စီးပြီး ကင်ဆာပြောင်းတတ်ပါတယ်။ကုသနည်းတွေကတော့ အစာအိမ်ဆေးတွေ ပေးတာ၊ နေထိုင်စားသောက်ပုံပြောင်းလဲတာ (ဆီးချိုမတက်အောင် ထိန်းထိန်းသိမ်းသိမ်းစားတာ၊ အပူအစပ်တွေ ရှောင်တာ)၊ ဝိတ်ချတာ၊ ဆေးလိပ်ဖြတ်တာ စတာတွေ လုပ်ရပါတယ်။ တချို့သူတွေမှာ ခွဲစိတ်ကုသရတာမျိုးလည်း ရှိပါတယ်။အစာအိမ်ထဲက အစာက အချိန်တစ်ခုရောက်တဲ့အခါ အူထဲကို ဆက်ဆင်းသွားရမှာပါ။ ဆက်မဆင်းဘဲ အစာအိမ်ထဲမှာ ဆက်ရှိနေတဲ့ ပြဿနာကို gastroparesisလို့ ခေါ်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ ပျို့တာ၊ အန်တာ၊ ရင်ပြည့်တာ၊ ဗိုက်ကယ်တာ၊ ဗိုက်အောင့်တာ၊ ရင်ပြည့်တော့ အစာသိပ်မစားနိုင်ဘဲ တဖြည်းဖြည်း ပိန်လာတာ၊ စားချဉ့်ရည်ဆန်တက်ပြီး ရင်ပူတာ စတာတွေ ဖြစ်နိုင်ပါတယ်။ဒါကတော့  ဆီးချိုသက်တမ်းကြာလာတာနဲ့အမျှ ဖြစ်လာနိုင်ပြီး ဆီးချို ထိန်းနိုင်တာ၊ မထိန်းနိုင်တာနဲ့ မဆိုင်ပါဘူး။ ဘာကြောင့်လည်း မသိပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။ အမျိုးအစား ၁ဆီးချိုရောဂါရှင်တွေက အမျိုးအစား ၂ဆီးချိုရောဂါရှင်တွေထက် ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။ကုသနည်းတွေကတော့ စားသောက်မှု ပုံစံပြောင်းလဲတာ (ကြေလွယ်တဲ့ အစားအစာတွေ စားတာ)၊ အဆီများတာ၊ အမျှင်ဓာတ်များတာတွေ လျှော့စားတာ၊ ဆေးဝါးအကူအညီယူတာ စတာတွေပဲ ဖြစ်ပါတယ်။သူ့လက္ခဏာတွေက irritable bowel syndrome (IBS) လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်တဲ့ ရောဂါနဲ့ ဆင်တူပါတယ်။ ဆီးချိုသမားတွေမှာ အူလမ်းကြောင်း ပြဿနာတွေက အူမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်လို့ ဖြစ်ရတာပါ။ သွေးထဲမျာ သကြားဓာတ်တွေ များလာတဲ့အခါ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ အာရုံကြောက လုံးလုံးပျက်စီးသွားပါတယ်။ဒါကြောင့် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တော့ဘဲ ဝမ်းလျှောတဲ့အခါလျှော၊ ဝမ်းချုပ်တဲ့အခါ ချုပ်၊ ဗိုက်တွေရစ် စတဲ့ ပြဿနာတွေ ခံစားရတာပါ။ ကုသနည်းတွေကတော့ လက္ခဏာတွေ ဆိုးနေတဲ့အချိန်ဆို အစာကြေခဲတဲ့ အဆီနဲ့ အမျှင်ဓာတ်တွေ လျှော့စားမယ်၊ အူလမ်းကြောင်း လှုပ်ရှားမှု ကောင်းပြီး အစာကြေစေတဲ့ ဆေးတွေ သောက်ရပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်ကုသရပါတယ်။ဆီးချိုကြောင့်ဖြစ်တဲ့ ဝမ်းဗိုက်ပြဿနာ တွေကို လျစ်လျူမရှုသင့်ပါဘူး။ လက္ခဏာတွေက မပြင်းထန်ပေမယ့် ကြာလာတဲ့အခါ နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။ ဝမ်းဗိုက်ပြဿနာတွေကို သက်သာစေဖို့။နေ့စဉ် သွေးတွင်းသကြားဓာတ်ရော HbA1cလို့ခေါ်တဲ့ သုံးလသွေးတွင်းသကြားဓာတ်ကိုရော သေချာထိန်းပါ။ အထူးသဖြင့် HbA1cက အစာရေမျိုပြွန်နဲ့ အစာအိမ်နဲ့ လုပ်ဆောင်ချက်အပေါ် အများကြီး လွှမ်းမိုးထားနိုင်ပါတယ်။အထူးသဖြင့် ချိုလွန်းတဲ့ အစားအစာတွေကို ရှောင်ကြည်ပါ။ သကြားဓာတ်များတဲ့ အစားအစာတွေက အူလမ်းကြောင်းက ဘက်တီးရီးယားတွေကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ဒါ့ပြင် အဆီများတဲ့အစားအစာတွေ၊ ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေ ဖြစ်တဲ့ ပေါင်မုန့်ဖြူ၊ ထမင်းဖြူစတာတွေကို ချင့်ချိန်ပြီး စားပါ။ဒီလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတာက ဝမ်းဗိုက်ပြဿနာကို ကာကွယ်ပေးနိုင်သလို ပိုဆိုးမလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဝမ်းဗိုက်ပြဿနာတွေ သိပ်မဆိုးတဲ့အချိန်တွေမှာ အမျှင်ဓာတ်ပါတာတွေကို စားပေးနိုင်ပါတယ်။ အမျှင်ဓာတ်က ဗိုက်ပြည့်လွယ်ပြီး  သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်လို့ပါ။ဒီလိုပုံစံနဲ့ စားတာက စားချဉ့်ရည်ဆန်တက်တာ၊ ဗိုက်ကယ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ တစ်ထိုင်တည်း အများကြီးစားတာထက် နည်းနည်းစီ ခွဲစားပါ။စားပြီး သောက်ပြီး ဗိုက်လေးလာတာနဲ့အမျှ မျက်လုံးလေးလည်း စင်းလာပါတယ်။ ဒီတော့ လှဲပြီး အိပ်မိတတ်ပါတယ်။ ဒီလို အိပ်လိုက်တာက ခုမှစားထားတဲ့ အစားအစာတွေ၊ အစာအိမ်ထဲက အက်စစ်တွေ ပြန်တက်စေပြီး ရင်ပူတတ်ပါတယ်။ ဒါကြောင့် စားပြီး ၂နာရီ၊ ၃နာရီလောက်ကြာတဲ့အထိ မလှဲပါနဲ့။ မတ်မတ်ထိုင်ပါ။ အိပ်ငိုက်ရင် လမ်းထလျှောက်ပါ။ခုဆို ဆီးချိုရှိတဲ့သူတွေမှာ ဝမ်းဗိုက်ပြဿနာတွေ ခံစားရနိုင်တယ်ဆိုတာကို သိသွားပါပြီ။ ဒါပေမယ့် ဝမ်းဗိုက်ပြဿနာဖြစ်တိုင်း ဆီးချိုကြောင့်ပဲလို့ တရားသေ မမှတ်လိုက်ပါနဲ့။ တခြားအကြောင်းရင်းလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် လိုအပ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/common-stomach-problems-in-diabetics/
နှစ်ဆင့်ခံဆေးလိပ်ငွေ့ ရဲ့ ကျန်းမာရေးဆိုးကျိုး
တဆင့်ခံဆေးလိပ်ငွေ့ကိုတော့ ကောင်းကောင်းကြားဖူးမှာပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဘာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအကြောင်းမပြောခင် ဆေးလိပ်ငွေ့ဆိုတာ ပါတဲ့အတွက် ဒါကဆေးလိပ်ရဲ့ ဆိုးကျိုးတစ်ခုဆိုတာကိုတော့ ခန့်မှန်းလို့ရမှာပါ။ဆေးလိပ်ငွေ့တွေမှာ။နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဆေးလိပ်သောက်ရာက ထွက်လာတဲ့နီကိုတင်းနဲ့ တခြားဓာတုပစ္စည်းတွေက အဝတ်အစားတွေ၊ မျက်နှာပြင်တွေမှာ ကပ်ညှိနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဆေးလိပ်သောက်တဲ့သူရော၊ဆေးလိပ်ငွေ့ရော မရှိသည့်တိုင် ဒီနေရာဟာ ခဏခဏ ဆေးလိပ်ငွေ့နဲ့ ထိတွေ့ထားတဲ့အတွက် ဆေးလိပ်နံ့တွေ စွဲနေတတ်ပါတယ်။အထူးသဖြင့် အိမ်ထဲမှာ ဆေးလိပ်သောက်တတ်တဲ့သူတွေအနေနဲ့ အိမ်အတွင်းခန်း တစ်ခုလုံးက နှစ်ဆင့်ခံဆေးလိပ်ငွေ့ တွေနဲ့ ပြည့်နေတဲ့ နေရာပါပဲ။ အဝတ်အစားတွေ၊ ဆိုဖာတွေ၊ နံရံတွေ၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေ၊ ကော်ဇောတွေ စတာတွေမှာ အနံ့စွဲတတ်ပါတယ်။ ကားထဲမှာဆေးလိပ်သောက်ရင်လည်း ဒီလိုပဲ အနံ့စွဲတတ်ပါတယ်။တဆင့်ခံဆေးလိပ်ငွေ့မှာ ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ဆိုးကျိုးတွေ ခံစားရသလို နှစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာလည်း ဒီလိုပဲဖြစ်တတ်ပါတယ်။ အိမ်ထဲမှာ အနံ့တွေ စွဲနေတဲ့အတွက် ဒီအနံ့တွေကို နေ့စဉ်နဲ့အမျှ ရှူနေရသလို ဒီအနံ့စွဲနေတဲ့ ပစ္စည်းတွေကို နေ့စဉ် သုံးနေရမှာပါ။ ဥပမာ ညအိပ်တိုင်း အနံ့စွဲနေတဲ့ ခေါင်းအုံးနဲ့ အိပ်နေရတာမျိုးပေါ့။နှစ်ဆင့်ခံဆေးလိပ်ငွေ့ ရဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်သောက်တာ၊ သူများသောက်တာကို ရှူမိတာလိုမျိုး သေချာမသိကြသေးပေမယ့် လေ့လာမှုတွေ ဆက်လုပ်နေကြပါတယ်။ ဒီထဲမှာ ခုပြောမယ့်အချက်တွေ ဖြစ်လာနိုင်တယ်လို့ သံသယရှိကြပါတယ်။တစ်ခါတစ်လေကျရင် ကိုယ်တိုင်လည်း မသောက်၊ သူများသောက်တာကိုလည်း မရှူမိပါဘဲနဲ့အဆုတ်ကင်ဆာလူနာတွေကို တွေ့လာရတဲ့အခါ ဒီအချက်ကို ထည့်သွင်း စဉ်းစားလာကြပါပြီ။လေ့လာချက်တစ်ခုမှာ သုံးဆင့်ခံဆေးလိပ်ငွေ့က DNAကို ပျက်စီးစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါက ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ တွေ့တာဖြစ်ပြီး ပြင်ပ လူသားဆဲလ်မှာရော ဒီလိုပဲလားဆိုတာကို ဆက်ပြီး လေ့လာရပါမယ်။ကလေးတွေက နှစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ အကြောင်းက ကလေးသဘာဝအရ ဟိုဟိုဒီဒီ လျှောက်ကိုင်မယ်။ နံရံတွေ မှီမယ်။ ပစ္စည်းတွေကို ပါးစပ်ထဲ ကောက်ထည့်မယ် စတာတွေကြောင့်ပါ။ဒီလို အပြုအမူတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲကို ဆေးလိပ်ငွေ့ရဲ့ အကြွင်းအကျန်တွေနဲ့ ဓာတုပစ္စည်းတွေ ရောက်သွားစေနိုင်ပါတယ်။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေကလည်း နုနုနယ်နယ်လေးတွေ ဖြစ်တဲ့အတွက် ပိုပြီးထိခိုက်တတ်ပါတယ်။ဆေးလိပ်ငွေ့တွေက အိမ်ထဲမှာ သောက်တာကြာလေလေ ပစ္စည်းတွေမှာ စွဲလေလေပါပဲ။ အချိန်ကြာလည်း မပျောက်သွားပါဘူး။ လနဲ့ချီ၊ နှစ်နဲ့ချီ ရှိနေနိုင်ပါတယ်။ ပိုဆိုးတာက အနံ့က ဆေးလိပ်သောက်တဲ့သူဆီက တိုက်ရိုက်ရတာလောက် မပြင်းတဲ့အတွက် သိပ်သတိမထားမိပါဘူး။ နောက်ပြီး အနံ့ယဉ်သွားပြီး ဘာအနံ့မှ မရှိဘူးလို့ ထင်မိစေပါတယ်။ပိုဆိုးတာက သာမန်သန့်ရှင်းရေး နည်းလမ်းတွေနဲ့ သန့်စင်လို့ မရပါဘူး။ ဆိုလိုတာက။ဒီနည်းနဲ့ စွဲနေတဲ့ အနံ့တွေ ပျောက်သွားမှာ မဟုတ်ပါဘူး။ ဘာတွေလုပ်ရမလဲဆိုတော့။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/what-is-third-hand-smoke/
ညအိပ်ခါနီး ဒါတွေမစားပါနဲ့
အိပ်ချင်လိုက်တာ၊မျက်လုံးတွေစပ်တယ်။ ညက အိပ်ရေးမဝဘူး၊ကောင်းကောင်း အိပ်မပျော်ဘူး။တစ်နေကုန်ဘယ်လို ကျော်ဖြတ်ရမလဲ မသိဘူး။ အလုပ်ထဲမှာ အိပ်ငိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ဒီလို ဖြစ်တဲ့အခါ အကြောင်းအရင်းကို စဉ်းစားမိရဲ့လား။ ညမအိပ်ခင်စားမိတဲ့ အစားအစာတွေကြောင့် ညအိပ်ချိန်မှာ ကောင်းကောင်း အိပ်မပျော်တာမျိုး ဖြစ်နိုင်တယ်ဆိုတာကို သိပါရဲ့လား။ ဒီတော့ ညဘက်မှာ ကောင်းကောင်း အိပ်မပျော်လို့ နောက်တစ်နေ့မှာ အလုပ် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ညအိပ်ရာ မဝင်ခင် ဒါလေးတွေ ရှောင်ပေးပါနော်။ဒီတော့ ပြည့်ဝစွာ အိပ်စက် အနားယူနိုင်စေဖို့ ဘာတွေ မစားရဘူးလဲ ပြောပြမယ်နော်။ ညအိပ်ခါနီး ဒါတွေမစားပါနဲ့။အိပ်စက်မှုက လူတစ်ယောက်ရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့အတွက် တော်တော်လေး အရေးပါတဲ့ အရာပါ။ ဒီတော့ အဖိုးအခ မပေးရဘဲ လူတိုင်းအတွက် မွေးရာပါ အခွင့်အရေး တစ်ရပ် အနေနဲ့ ပါလာတဲ့ အိပ်စက်မှုကို ပြည့်ပြည့်ဝဝ ရရှိနိုင်စေဖို့ အိပ်ခါနီးမှာ ဒါတွေ မစားပါနဲ့နော်။ပရိုတင်းများတဲ့ အစားအစာတွေ– ပရိုတင်းက တစ်နေ့တာ လှုပ်ရှားမှုတွေအတွက် လိုအပ်တယ်ဆိုပေမယ့် ညအိပ်ခါနီးတော့ မစားပါနဲ့။ အစာကြေခဲပြီး ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေမှာပါတဲ့tyrosine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နီးနေပြီဆိုရင် ချိစ်၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားသောပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို မစားဖို့ပြောပါရစေ။ရေလျှော့သောက်ပါ– ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့အတွက် ရေဓါတ်က လိုအပ်တာ မှန်ပေမယ့် ညကောင်းကောင်း အိပ်ပျော်ချင်ရင်တော့ ည ၈ နာရီ နောက်ပိုင်း ရေနဲ့ အရည်ဓါတ်ပါတဲ့ စားစရာတွေကို တတ်နိုင်သမျှ ရှောင်ပါနော်။ လုံးဝကြီး မဟုတ်ပေမယ့် နည်းနည်းတော့လျှော့ပေါ။ တစ်ညလုံးမှာ ဆီးထသွားရင်း အချိန်ကုန် သွားနိုင်တာကြောင့်ပါ။ကဖင်းပါတဲ့ စားစရာ၊ သောက်စရာတွေ– ကဖင်းက စိတ်ကို လန်းဆန်းတက်ကြွစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပင်ပန်းနေတဲ့ အချိန်မှာ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်လိုမျိုး သောက်စရာတွေက လန်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် အိပ်ရမယ့် အချိန်မှာ စိတ်က လန်းနေမယ်ဆိုရင် သွားပြီလေ။ ဒီတော့ မနက်ခင်းမှာ မျက်တွင်းချောင်ချောင်လေး မနိုးချင်ရင် ညအိပ်ရာဝင်ခါနီး ကဖင်းပါတာတွေနဲ့ ခပ်ကင်းကင်းနေပါ။ လက်ဖက်သုပ်၊လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်၊ အားဖြည့်အချိုရည်တွေနဲ့ ခပ်ကင်းကင်းလေး နေပါနော်။ အိပ်ရာမဝင်ခင် အနည်းဆုံး ၂ နာရီ ကနေ အများဆုံး ၆ နာရီအတွင်း ကဖင်းပါတာတွေကို မစားပါနဲ့။ မသောက်ပါနဲ့။နီကိုတင်း– ကဖင်းလိုပါပဲ။ စိတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် နီကိုတင်း အရင်းအမြစ် တစ်ခုဖြစ်တဲ့ဆေးလိပ်ကို အိပ်ရာဝင်ခါနီး မသောက်ပါနဲ့။အယ်လ်ကိုဟော– အရက်က မူးစေတော့ ပိုအိပ်မပျော်ဘူးလားလို့ မေးစရာ ရှိမှာပေါ့။ အရက်မူးလို့ အိပ်ပျော်လည်း တစ်နာရီထက်ပိုပြီး အိပ်မပျော်နိုင်ပါဘူး။ ခဏခဏ နိုးတာ၊ ဆီးခဏခဏ ထသွားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အိပ်ရာမဝင်ခင် ၂ နာရီလောက် အလိုကတည်းကအရက်နဲ့ အခြားသော အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို မသောက်ပါနဲ့။အစပ်ကဲတဲ့ စားစရာတွေ– ခပ်စပ်စပ်လေးက စားရတာ အရသာရှိသလိုကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတောင် ရှိစေနိုင်တယ်ဆိုပါတယ်။ ဒါပေမယ့် ခပ်စပ်စပ်စားစရာလေးကို ညအိပ်ခါနီး စားတာကတော့ အကြံကောင်း တစ်ခု မဟုတ်ပါဘူး။ ရင်ပူပြီး ကောင်းကောင်းအိပ်မပျော်တာမျိုး ခံစားရနိုင်ပါတယ်။အဆီများတဲ့ စားစရာတွေ– အဆီများတဲ့ အစားအစာတွေက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အဆီတွေက အစာကျေချက်မှုကို ဖြစ်စေပြီး အစာအိမ်ထဲမှာအစာခြေရည်တွေကို ထွက်ရှိစေပြီး အစာခြေရည်တွေက အစာရေမျိုဆီကို ပြန်ဆန်တက်တဲ့အခါ မအီမလည်ခံစားရပြီး ကောင်းကောင်း အိပ်မပျော်တော့ဘူးပေါ့။ကဲ ဒီအစားအစာတွေကို ညအိပ်ခါနီးမစားဘဲ ရှောင်ကြဉ်ရင်း ပြည့်ဝတဲ့ အိပ်စက်ချိန်လေး ရရှိပိုင်ဆိုင်ပြီး နေ့ရက်တိုင်းကို ပျော်ရွှင်လန်းဆန်းစွာဖြတ်သန်းနိုင်ကြပါစေနော်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/foods-that-keep-you-awake/
ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါဆေးများ သောက်သင့်၊ မသောက်သင့်
စိတ်ကျရောဂါဆေးတွေက စိတ်ဓါတ်ကျခြင်းကိုကုသဖို့အတွက် သုံးတဲ့ဆေးတွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကုသမှုခံယူသင့်လားဆိုတာ သိထားသင့်ပါတယ်။ ဒိဆေးတွေက ဘေးထွက်ဆိုးကျိုးတွေရှိတဲ့နည်းတူ စိတ်ဓါတ်ကျခြင်းကိုမကုသခြင်းကလည်း သင်ရောသင့်ကလေးကိုရော ထိခိုက်စေနိုင်ပါတယ်။အရင်တုန်းက လူအများယုံကြည်ထားကြတာက ကိုယ်ဝန်ဆောင်စဉ်အတွင်း ထွက်တဲ့ဟော်မုန်ေးတွက စိတ်ဓါတ်ကျခြင်းကနေကာကွယ်ပေးပါတယ်။ အမှန်မှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ပြဿနာတွေနဲ့လက္ခဏာတွေက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေပြီး စိတ်ဓါတ်ကျခြင်းနဲ့ပတ်သက်ပြီး သင့်အတွက်ခက်ခဲနိုင်ပါတယ်။မဆိုသလောက်လေးစိတ်ဓတ်ကျနေပြီး အနည်းဆုံးခြောက်လလောက် လက္ခဏာမပြဘူးဆိုရင် ကိုယ်ဝန်မဆောင်ခင်နဲ့ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ။စိတ်ကျရောဂါဆေးတွေကို ရပ်လိုက်လို့ရပါတယ်။ စိတ်ဓါတ်ကျခြင်းကြောင့် သင်နဲ့သင့်ကလေးကိုမထိခိုက်စေဘူးဆိုတာ သေချာဖို့ဆရာဝန်နဲ့အမြဲစောင့်ရှောက်မှုခံယူသင့်ပါတယ်။ဆေးအကူအညီမလိုဘဲ စိတ်ဓါတ်ကျခြင်းကိုကျော်လွှားနိုင်ပါတယ်။ ရိုး၇ှင်းတဲ့နည်းလမ်းတွေကိုပြထားပါတယ်။ကိုယ်ဝန်ဆောင်စဉ်မှာ ဒီဆေးတွေကိုမှီဝဲနေမယ်ဆိုရင် အန္တရယ်နည်းနည်ေးတာ့ရှိပါတယ်။ ဖြစ်နိုင်ချေတော့နည်းပါတယ်။ ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့။မွေးရာပါချို့ယွင်းမှုများ-နှလုံး၊ အာရုံကြောမ၊ ဦးနှောက်၊ ဦးခေါင်းခွံ၊ ကလီစာနဲ့ ခြေလက်ပုံပျက်ခြင်းတွေဖြစ်နိုင်ပါတယ်။အဆုတ်သွေးလွှတ်ကြောသွေးဖိအားများခြင်း-အဆုတ်နဲ့နှလုံးကနေလာတဲ့သွေးလွှတ်ကြောတွေမှာ သွေးဖိအားများခြင်းက ကလေးမှာပြင်းထန်တဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာက ကလေးကြီးလာတာနဲ့အမျှ ပိုဆိုးလာစေနိုင်ပါတယ်။ကိုယ်ဝန်ပျက်ခြင်း။လမစေ့ဘဲစောမွေးခြင်း(ကလေးက ကိုယ်ဝန်ပတ်၃၇ပတ်မတိုင်ခင်စောမွေးခြင်း ဖြစ်နိုင်ပါတယ်။)။မွေးပေါင်ချိန်နည်းခြင်း၊မွေးကင်းစကလေးမှာ ၂၅၀၀ဂရမ်ထက်နည်းနေနိုင်ပါတယ်။မွေးကင်းစကလေးမှာ အသက်ရှုခြင်း၊ နို့ိစို့ခြင်း၊ အီနေခြင်း၊ သွေးတွင်းသကြားဓါတ်နည်းခြင်းပြဿနာတွေအပါအဝင် ကျန်းမာရေးပြဿနာတွေပေးနိင်ပါတယ်။ မွေးဖွားပြီးနောက်မှာ ကလေးကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ရက်အနည်းငယ်ထားရနိုင်ပါတယ်။ကံကောင်းတာက ဒီဘေးထွက်ဆိုးကျိုးတွေက ရေရှည်ပြဿနာမပေးနိုင်ပါဘူး။စိတ်ဓတ်ကျဆန့်ကျင်ဆေးတွေက တချို့သောဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပေမယ့် မကုသခြင်းက နောက်ဆက်တွဲရလဒ်တွေကိုဖြစ်စေနိုင်ပါတယ်။ သတ်သေချင်စိတ်ပေါက်တဲ့အထိဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင်မစောင့်ရှောက်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားကိုအာဟာရမျှမျှတတမစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားနပ်မှန်အောင်မစားလည်းဖြစ်နိုင်ပါတယ်။ဒါ့အပြင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးသုံးခြင်းတွေပါဖြစ်နိုင်ပါတယ်။ ဒီအပြုအမုူတွေက သင်ရောသင့်ကလေးအတွက်ပါ ဥပါဒ်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ခြင်း၊ မွေးရာပါချို့ယွင်းချက်များ၊ ကလေးစောမွေးခြင်း၊ မွေးပေါင်ချိန်နည်းခြင်းတွေက ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ဓါတ်ကျဆန့်ကျင်ဆေးတွေရပ်လိုက်တဲ့အမျိုးသမီးတွေမှာလည်း တွေ့ရပါတယ်။စိတ်ဓါတ်ကျခြင်းကိုမကုသခြင်းက သင့်မိသားစုနဲ့သင့်သူငယ်ချင်းမိတ်ဆွေဆက်ဆံရေး၊ ဇနီးမောင်နှံဆက်ဆံရေးတွေကိုပါ သက်ရောက်စေနိုင်ပါတယ်။ သင့်ရဲ့ကလေးကြီးတွေနဲ့သင့်ခင်ပွန်းကိုလည်း စောင့်ရှောက်ချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်နေ့လုံးပင်ပန်းနွမ်းနယ်နေပြီး မိသားစုတွင်းနေ့စဉ်တာဝန်တွေကို လုပ်ဆောင်ဖို့အင်အားလုံလုံလောက်လောက်မရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သင်နဲ့သင့်ကလေးကြားဆက်ဆံရေးသံယောဇဉ်ကိုပါ သက်ရောက်စေနိုင်ပါတယ်။အောက်မှာဖော်ပြထားတဲ့စိတ်ဓါတ်ကျဆန့်ကျင်ဆေးတွေက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိတ်ချရပါတယ်။ သင်မှီဝဲနေတဲ့ဆေးတွေနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့အမြဲဆွေးနွေးသင့်ပါတယ်။ဆီရိုတိုနင် serotonin reuptake inhibitors (SSRIs)-ဆီတာလိုပရမ်၊ ဖလူရိုဇီတင်း၊ ဆာထရယ်လင်း။Serotonin and norepinephrine reuptake inhibitors (SNRIs)- ဂျူလိုဇီတင်း၊ ဗန်လာဖာဇင်း။ဗျူပရိုပီရွန်- အခြားဆေးတွေမတိုးတော့တဲ့အခါမှာ ညွှန်းလေ့ရှိပါတယ။်။Tricyclic antidepressants (ထရိုင်ဆိုင်ကလစ် စိတ်ကျရောဂါဆေး)တွေဖြစ်တဲ့ အမ်မီထရစ်တိုင်လင်း ၊ နော်ထရစ်ပ်တိုင်လင်း။စိတ်ဓါတ်ကျခြင်းက အဖြစ်များတဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစတဲ့အခါမှာ မိခင်ရောကလေးကိုပါ သက်ရောက်စေပါတယ်။ ကံကောင်းတာက စိတ်ဓါတ်ကျခြင်းက တစ်ခါတစ်လေမှာ ဆေးဝါးအကူအညီမလိုဘဲနဲ့ ပျောက်ကင်းနိုင်ပါတယ်။ စိတ်ဓတ်ကျဆန့်ကျင်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေနိုင်ပေမယ့် ဥပါဒ်ဖြစ်စေနိုင်တာထက်ပိုကောင်းတာကိုဖြစ်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေတွေကို နည်းအောင်ပြုလုပ်ပေးနိုင်ပါတယ်။ သင့်အတွက်အကောင်းဆုံးကုသမှုကိုရရှိဖို့ သင့်ဆရာဝန်နဲ့ပဲဆွေးနွေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb/
ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း
ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်းဆိုတာကတော့ ခွဲစိတ်ထားတဲ့ အနာမကျက်ခင် ခွဲတဲ့နေရာမှာ ရောဂါပိုးများ ဝင်ရောက်ပေါက်ပွားလာခြင်း ဖြစ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။ စစ်တမ်းတွေအရ ခွဲစိတ်ကုသမှုအားလုံးရဲ့ ၂-၅ ရာခိုင်နှုန်းခန့်မှာ ရောဂါပိုးဝင်တတ်တယ်လို့ သိရပါတယ်။ရောဂါပိုးဝင်ရောက်နှုန်းဟာ ခွဲစိတ်မှုအမျိုးအစားပေါ်လည်း မူတည်ပါတယ်။ ရောဂါပိုးဝင်ခြင်းတွေအနက် Staph ပိုးဝင်ခြင်းအမျိုးအစားက အများဆုံး ဖြစ်ပါတယ်။ အခြေအနေဆိုးရွားပြင်းထန်ရင် ရောဂါပိုးများဟာ တကိုယ်လုံး ပျံ့သွားနိုင်ပြီး သွေးဆိပ်တက်ခြင်း ဖြစ်နိုင်ပါတယ်။ခွဲစိတ်မှုပြုလုပ်ထားတဲ့နေရာမှာ ခွဲစိတ်ထားတဲ့အနာမကျက်ခင် ရောဂါပိုးဝင်တတ်ပါတယ်။ ရောဂါပိုးဝင်လာတဲ့အခါ။– ခွဲစိတ်သည့်နေရာတွင် နီရဲရောင်ရမ်းခြင်း။– ခွဲစိတ်သည့်နေရာမှာ အဝါရောင်အရည်များ (သို့မဟုတ်) ပြည်များ စီးထွက်ခြင်း။–အဖျားတက်ခြင်းစတာတွေ ဖြစ်ပါတယ်။ခွဲကြောင်းချုပ်ရိုးရာတွေရှိတဲ့ အပေါ်ဆုံးအရေပြားမှာ ပိုးဝင်ခြင်းကို superficial infection လို့ ခေါ်ပါတယ်။ အရေပြားပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေကဖြစ်စေ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများမှဖြစ်စေ ခွဲစိတ်ဒဏ်ရာနဲ့ထိတွေ့တဲ့မိရင် ရောဂါပိုးဝင်ရောက်ပေါက်ပွားပါတယ်။ ကိုယ်ခံစွမ်းအားဟာ ခွဲစိတ်မှုဒဏ်ကနေ နာလန်ပြန်ထနိုင်ဖို့ အားယူနေချိန်မှာ ရောဂါပိုးတွေဟာ အနာနေရာကနေ ဝင်ရောက်ပေါက်ပွားသွားနိုင်ပါတယ်။ အပေါ်ယံအရေပြားအောက်မှာ ပေါက်ပွားခြင်းကိုတော့ပဋိဇီဝဆေးများသောက်ခြင်း၊ အနာနေရာကို ဆေးကြာသန့်ရှင်းပြီး ပြည်များ အရည်များကို ဖောက်ထုတ်ခြင်းအားဖြင့် ကုသနိုင်ပါတယ်။တခါတရံမှာ ကြွက်သားများ၊တစ်ရှူးများကိုပါ ရောဂါပိုးဝင်ရောက်သွားနိုင်ပါတယ်။ ခွဲစိတ်ဒဏ်ရာနဲ့ ကပ်လျက်က တစ်ရှူးတွေကို ကူးစက်ရာကနေ ကြွက်သားများထဲထိ ရောဂါပိုးများဝင်ရောက်နိုင်ပါတယ်။ရောဂါကုသဖို့ရည်ရွယ်ချက်နဲ့ အရေပြားအောက်မှာ ထည့်သွင်းထားတဲ့ ဆေးပစ္စည်းကိရိယာများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပဋိဇီဝဆေးများနဲ့ ကုသရုံနဲ့ မလုံလောက်ရင် အနာကိုပြန်ဖွင့်ပြီး ပြည်များအရည်များကို စုပ်ထုတ်ခြင်း၊ မကောင်းသည့် တစ်ရှူးအပိုင်းအစများကို ဖယ်ရှားခြင်း စတာတွေ ပြုလုပ်ရပါတယ်။ကိုယ်တွင်းအစိတ်အပိုင်းများ၊ အရိုးများထိ ရောဂါပိုးဝင်ရောက်ခြင်းကတော့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ခွဲစိတ်မှုများပြုလုပ်နေစဉ်မှာ ကိုယ်တွင်းအင်္ဂါများဆီ ရောဂါပိုးဝင်ရောက်နိုင်သလို အပေါ်ယံအရေပြားရောဂါပိုးဝင်ခြင်းကို ထိရောက်စွာမကုသခဲ့ရင်လည်း ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒီအဆင့်မှာတော့ ပဋိဇီဝဆေးများ သောက်သုံးခြင်း၊ ပြည်များ အရည်များဖယ်ရှားခြင်းအပြင် ကိုယ်တွင်းအင်္ဂါတွေကို ပြန်လည်ခွဲစိတ်ကုသဖို့ နောက်တကြိမ်ထပ်မံပြီး ခွဲစိတ်ခန်းဝင်ရနိုင်ပါတယ်။အသက်ကြီးပိုင်းတွေမှာ ပိုဖြစ်နိုင်ပါတယ်။ကိုယ်ခံအားစနစ်ပေါ် သက်ရောက်စေမယ့် တခြားအရာတွေဖြစ်တဲ့ ဆီးချို၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရေပြားရောဂါပိုးဝင်ထားခြင်း စတဲ့ အခြေအနေတွေမှာလည်း ရောဂါပိုးဝင်နိုင်ခြေ ပိုများပါတယ်။ခွဲစိတ်မုခံယူပြီးချိန်မှာတော့ ခွဲစိတ်ပြီးလူနာများထားတဲ့ အထူးခန်းမှာ လူနာကိုထားပြီး အခြေအနေစောင့်ကြည့်မှာ ဖြစ်ပါတယ်။ ဆေးရုံတွင် ရှိနေစဉ်ဖြစ်စေ၊ ဆေးရုံဆင်းပြီးမှဖြစ်စေ ခွဲစိတ်ထားတဲ့နေရာမှာ နာပြီးရောင်လာရင်၊ အဖျားတက်လာရင်၊ ခွဲစိတ်တဲ့နေရာနဲ့ တပ်ထားတဲ့ ပိုက်ကနေ အနံ့မကောင်းတဲ့ အရည်တွေ ပြည်တွေ ထွက်လာရင် ဆရာဝန် ဒါမှမဟုတ် တာဝန်ရှိသူတဦးဦးကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ခွဲစိတ်ကုသခြင်းကနေ ရောဂါပိုးမဝင်အောင် ဆေးရုံခွဲစိတ်ခန်းမှ တာဝန်ရှိသူများက သန့်ရှင်းရေး၊ ရောဂါပိုးသန့်စင်ရေးကို လုပ်ဆောင်ထားပါတယ်။ ခွဲစိတ်ခန်းမဝင်မီ ဆရာဝန်ညွှန်ကြားတဲ့ ဆေးများကို သောက်သုံးခြင်း၊ ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာခြင်း စတဲ့အချက်တွေ လုပ်ဆောင်ရင် ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဆိုရင် ဆေးလိပ်ဖြတ်ထားသင့်ပါတယ်။ခွဲစိတ်အပြီး ၄၈ နာရီအတွင်း ဆေးရုံကနေ သတ်မှတ်ပေးထားတဲ့ ပိုးသန့်စင်ပြီး ဝတ်စုံကိုသာ ဝတ်ဆင်ရပါမယ်။ ခွဲစိတ်မှုမခံယူမီနဲ့ ခွဲစိတ်ပြီးချိန်မှာ ကိုယ်ခံစွမ်းအားကောင်းအောင်အာဟာရပြည့်ဝတဲ့ အစားအစာတွေစားသောက်ရပါမယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို စနစ်တကျ သောက်သုံးရပါမယ်။ ဆေးများကို မိမိသဘောနဲ့ ရပ်တန့်ခြင်း၊ လျှော့ချခြင်းတွေ မပြုပါနဲ့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/signs-of-infection-after-surgery/
ကိုဗစ်အတွက် အိမ်သုံးဆေး နည်းများ
ကိုဗစ်ဖြစ်တဲ့သူတိုင်းကတော့ ပြင်းထန်ကြတာ မဟုတ်ပါဘူး။ အများစုကသာမန်လက္ခဏာလောက်ပဲ ခံစားရပြီး နေပြန်ကောင်းသွားကြပါတယ်။ ဒီလို မပြင်းထန်တဲ့ အခြေအနေဆိုရင် အိမ်မှာပဲ ကိုယ့်ဟာကိုယ် ဆေးဝယ်သောက်ပြီး သက်သာအောင် နေလို့ ရပါတယ်။ ကိုဗစ်ကဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ခုခံအားကို အားကိုးပြီး တိုက်ရမှာပါ။ ခုဆောင်းပါးမှာ ပြောပြမယ့် ဆေးတွေက ခံစားနေရတဲ့ လက္ခဏာ သက်သာအောင် သောက်ပေးနိုင်တဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ ဆေးဆိုင်မှာ ဆရာဝန်ညွှန်ကြားချက် မလိုဘဲ အလွယ်တကူ ဝယ်သောက်နိုင်တဲ့အိမ်သုံးဆေး တွေပဲ ဖြစ်ပါတယ်။ဖျားရင်ပါရာစီတမော သောက်ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား သူဆိုရင် ပါရာစီတမော ၅၀၀ မီလီဂရမ် တစ်ကြိမ်မှာ ၁ပြား (သို့) ၂ပြား (သို့) ၆၅၀ မီလီဂရမ် ၁ပြား ကို တစ်ရက် ၄ကြိမ် သောက်နိုင်ပါတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ် အနည်းဆုံး ၄နာရီ ခြားသင့်ပါတယ်။၁၈နှစ်အောက် ဒါမှမဟုတ် ကိုယ်အလေးချိန် ၅၀ ကီလိုဂရမ်  (ပေါင် ၁၁၀) အောက် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။ကလေးတွေ ဆိုရင်တော့ ဆေးပြားထက် ဆေးရည်က ပိုအဆင်ပြေနိုင်ပါတယ်။ ပေါင်ချိန်/ အသက်အလိုက် တိုက်ရတာ ဖြစ်တဲ့အတွက် ဆေးဘူးက အညွှန်းကို အရင်ဖတ်ပြီးမှ တိုက်ပါ။ဆေးသောက်ပြီး ဆေးရှိန်ပြယ်တဲ့အခါ ပြန်ဖျားတတ်ပါတယ်။ ဆေးပတ်လည်အောင် တိုက်ပေးပါ။ဒါ့ပြင် ရေပတ်ဝတ်ကပ်ပေးပါ။ ရိုးရိုးရေ (ရေခဲရေ မဟုတ်)ကို အဝတ်စိုအောင် လုပ်၊ သေချာညှစ်ပြီး လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံမှာ တင်ထားပေးပါ။ အဝတ်မစိုတော့ရင် လဲပေးပါ။ ရေချိုးလို့ရပါတယ်။ ရိုးရိုးရေ၊ ရေကျက်သီးနွေးနဲ့ ချိုးပေးပါ။ ခေါင်းလျှော်လို့လည်း ရပါတယ်။ ခပ်မြန်မြန်လျှော်ပြီး သေချာခြောက်အောင် သုတ်ပေးပါ။ နေမကောင်းတဲ့အချိန်မှာ တစ်ကိုယ်ရည် သန့်ရှင်းရေးကလည်း အရေးကြီးပါတယ်။ပါရာစီတမောကို ဖျားတာအပြင် ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာတွေအတွက်လည်း သောက်လို့ရပါတယ်။ ဆေးပမာဏ အတူတူပဲ ဖြစ်ပါတယ်။ချောင်းက ချွဲထတာနဲ့ ရိုးရိုးချောင်းခြောက်ရယ်ဆိုပြီး ရှိပါတယ်။ချွဲထွက်တာ ဒါမှမဟုတ် လည်ချောင်းမှာ တစ်ခုခုကပ်နေသလို ခံစားရတဲ့အခါ ချွဲပျော်ဆေးကို သောက်ရပါတယ်။ ဆေးအမျိုးမျိုး ရှိပါတယ်။ ဆေးဘူးမှာ Mucolytics, Expertorantစတဲ့ စာလုံးတွေကို ရှာပါ။ ချွဲပျော်ဆေးလို့ မေးဝယ်ပါ။ ချွဲက အရောင်ပါလာရင် ဆရာဝန်နဲ့ ပြပါ။ချောင်းခြောက်ဆိုရင်တော့ Dextromethophanစာပါတဲ့ ဆေးတွေ ဝယ်သောက်ပါ။ ဆေးဘူးမှာ dry coughဆိုတဲ့ စာသားကို ရှာပါ။ ချောင်းဆိုးပျောက်ဆေးလို့ မေးဝယ်ပါ။ဆေးတွေက အရည်၊ အခဲ မျိုးစုံလာပါတယ်။ ဆေးပမာဏကို သိဖို့ ဆေးအညွှန်းကို သေချာ ဖတ်ပါ။ အများစုကတော့ ၃ခါ (သို့) ၄ခါ သောက်ရလေ့ရှိပါတယ်။ဒီဆေး၂ခုက မှားလို့ မရပါဘူး။ ချွဲပျော်ဆေးက ချွဲတွေ ထွက်မှ သက်သာမှာမို့လို့ ဆေးသောက်ပြီးတဲ့အခါ ချောင်းနည်းနည်း ပိုဆိုးပါလိမ့်မယ်။ ဒါပေမယ့် သလိပ်တွေ ထွက်သွားတဲ့အတွက် နေရတာ ချောင်သွားပါတယ်။ ချောင်းဆိုးပျောက်ဆေးကတော့ ဦးနှောက်က ချောင်းဆိုးတဲ့ စင်တာကို ထိန်းလိုက်လို့ ချောင်းဆက်မဆိုးတော့ပါဘူး။ချွဲထနေတာကို ချောင်းဆိုးပျောက်ဆေး သောက်မိရင် ချွဲလည်း မထွက်၊ ချောင်းလည်း မဆိုးဘဲ အထဲမှာ အောင်းနေမှာပါ။ ချောင်းဆိုးတာကို ချွဲပျော်ဆေး သောက်မိရင်လည်း ချွဲမထွက်ဘဲ ချောင်းပဲ ပိုဆိုးလာမှာပါ။နှာစေးရင် သောက်လို့ရတာတွေက။-Diphenhydramine ၂၅-၅၀ မီလီဂရမ် တစ်နေ့ ၃ကြိမ်မှ ၄ကြိမ် (၃ကြိမ်ဆို ၈နာရီခြား၊ ၄ကြိမ်ဆို ၆နာရီခြား သောက်ပေးပါ။) ဒီဆေးကို ဘာမီတွန်လို့ လူသိများပါတယ်။ အိပ်ငိုက်ပါတယ်။ တစ်ခုကောင်းတာက နှာ-လည်း စေးတယ်၊ ညဘက်လည်း အိပ်မပျော်ဘူးဆိုရင်တော့ သောက်သင့်ပါတယ်။ အိပ်ချိန်လေးနဲ့ ကပ်သောက်ပေးပါ။-Cetrizine ၁၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်ပါ။ သူကတော့ ဘာမီတွန်လောက် အိပ်မငိုက်ပါဘူး။ တချို့ကလည်း ငိုက်တယ်လို့ ပြောကြပါတယ်။-Loratadine ၁၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်ပါပဲ။ဒီဆေးတွေက အကုန်သောက်ရမှာ မဟုတ်ပါဘူး။ ဝယ်လို့ အဆင်ပြေတဲ့ တစ်မျိုးပဲ သောက်ရင် ရပါပြီ။နှာစေးတာမဟုတ်ဘဲ နှာပိတ်တာဆိုရင်တော့ Pseudoephedrine ၆၀ မီလီဂရမ်ကို တစ်နေ့ ၄ကြိမ်ထိ သောက်ပေးနိုင်ပါတယ်။ဒါ့ပြင် ရေနွေးငွေးရှူတာ၊ ရေနွေးဝတ်လေး နှာခေါင်းပေါ်တင်ပေးတာလည်း လုပ်လို့ရပါတယ်။ဝမ်းလျှောရင်တော့ ဝမ်းပိတ်ဆေး တန်းမသောက်ပါနဲ့ဦး။ ဓာတ်ဆားသာ နိုင်နိုင်သောက်ပေးပါ။ အောက်က ထွက်သမျှကို အပေါ်က ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဆေးသောက်မယ်ဆို Probioticsတွေ သောက်ပေးနိုင်ပါတယ်။ ဒိန်ချဉ် စားပေးနိုင်ပါတယ်။Domperidone ၁၀ မီလီဂရမ် ၈နာရီခြား တစ်နေ့ ၃ကြိမ် သောက်ပေးပါ။ အစာမစားခင် ၁၅မိနစ်၊ နာရီဝက် ကြိုသောက်ပေးပါ။လည်ချောင်းနာရင် ငုံဆေးပြားလေးတွေ ငုံပေးပါ။ ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ။ အရည်များများ သောက်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/otc-drugs-for-covid/
ကိုယ်ဝန်ဆောင်တို့အတွက် ထိပ်တန်းယောဂကျင့်စဉ်များ
ကိုယ်ဝန်ဆောင်ခြင်းဟာ သင်ထင်ထားတာထက် ပိုပြီး သင့်ခန္ဓါကိုယ်ကို ပြောင်းလဲပစ်နိုင်ပါတယ်။ ပုခုံးတွေ၊ ကျော်တွေ၊ ခြေထောက်တွေ နာကျင်မှုတွေကို ဖြစ်စေနေိုင်ပါတယ်။ သင့်ရဲ့ Center of gravity ကိုလည်း ပြောင်းလဲပစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ချော်လဲလွယ်တာပေါ့။ ကိုယ်ဝန်ဆောင်ယောဂဟာ ဒီပြဿနာတွေအားလုံးအတွက် အဆင်ပြေနိုင်ပါတယ်။ ခန္ဓါကိုယ်ကို ပိုသန်မာစေပြီး မွေးဖွားမယ့်နေ့ထိ ပြင်ဆင်ထားနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြည့်သင့်တဲ့ ထိပ်တန်းယောဂကျင့်စဉ်တွေကို ဖော်ပြပေးထားပါတယ်။ဒါကတော့ ယောဂသင်တန်းအများစုရဲ့ စစချင်းကျင့်စဉ်ပါပဲ။ ဒါကသင့်ရဲ့ ကြွက်သားတွေကို အနားရစေပြီး နောက်ထပ် ပိုခက်ခဲတဲ့ လှုပ်ရှားမှုတွေအတွက် ခန္ဓါကိုယ်ကို အသင့်ပြင်ထားပေးနိုင်ပါတယ်။ ခါးအကျယ်ထက်ပိုကျယ်အောင် ခြေထောက်နှစ်ဘက်ကို ကားရပ်လိုက်ပါ။ ခြေမတွေကို တစ်ဖြောင့်တည်းထားပြီး ဒူးကို ဖြည်းဖြည်းချင်းကွေးပါ။ လက်တွေကိုတော့ နှလုံးပေါ်မှာတင်ထားပါ။ မျက်လုံးတွေမှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူပါ။ အသက်ရှူလိုက်တဲ့အချိန်မှာ လက်မောင်းတွေကို ခေါင်းအပေါ်ဘက်နဲ့ နောက်ဘက်ကို ဆန့်ထုတ်လိုက်ပါ။ အသက်ပြန်ရှူထုတ်ပါ။ ပြီးတော့ လက်တွေကို နှလုံးပေါ် ပြန်တင်ထားလိုက်ပါ။ ဒီအနေအထားကိုပဲ ဆယ်ကြိမ်လုပ်ပါ။ဒီတြိဂံပို့စ်ကတော့ သင့်ခန္ဓါကိုယ်တစ်ခုလုံးကို သန်မာစေပါတယ်။ ခါးအကျယ်ထက် ခြေထောက်တွေကို ပိုကားလိုက်ပါ။ ညာဘက်ခြေချောင်းလေးတွေကို ရှေ့ကိုဦးတည်ပြီး ဘယ်ဘက်ခြေချောင်းတွေကိုတော့ အပြင်ဘက်လှည့်ထားပါ။ ဘယ်ဘက်ခြေထောက်ကိုကွေးပြီး ဘယ်ဘက်လက်ကို ပေါင်ပေါ်တင်ထားပါ။ မျက်လုံးကတော့ ကြမ်းပေါ်သာ အာရုံစိုက်ပါ။ အသက်ရှူသွင်းပါ။ ပြီးရင်တော့ ပြန်ရှူထုတ်ပြီး ညာက်လက်မောင်းကို အပေါ်ဆွဲတင်လို့ ခေါင်းကိုလှည့်ပြီး အပေါ်ကို ကြည့်ပါ။ ပိုပြီး အထောက်အကူဖြစ်စေဖို့ ဘယ်ဘက်လက်မောင်းကိုပါ ပေါင်ပေါ်တင်ထားပါ။ ညာဘက်လက်မောင်းကိုပြန်ချတဲ့အခါ အသက်အောင့်ပြီး ခြေထောက်ကိုပြန်ဖြောင့်ပါ။ ပြီးရင်တော့ နဂိုပုံစံကိုပြန်သွားပါ။ ဘက်ပြောင်းလုပ်ပါ။ ဟိုဘက်ဒီဘက်ကို အားလုံး ၅ကြိမ်လေ့ကျင့်ပါ။ဒီအနေအထားအတွက်တော့ ခေါင်းအုံးတွေလိုပါလိမ့်မယ်။ ခေါင်းအုံးပေါ်မှာ ခြေထောက်ကို ခါးအကျယ်ထက် ပိုကျယ်အောင် ခွထားပါ။ ဒူးကို Low squat အနေအထားနဲ့ ကွေးချပြီး ခေါင်းအုံးပေါ်ထိုင်နိုင်တဲ့အထိကွေးပါ။ လက်ဖဝါးတွေကို နှလုံးအလယ်မှာ ဖိထားပါ။ မျက်လုံးကိုမှိန်ပြီး နှာခေါင်းကတစ်ဆင့် အသက်ပြင်းပြင်းရှူကာ မိန်းမကိုယ်တစ်ဝိုက်က ကြွက်သားတွေကို ဖြေလျော့လိုက်ပါ။ ဒီအနေအထားကို အသက်ဆယ်ကြိမ်ရှူပြီးတဲ့ထိနေပါ။ ဒီအနေအထားဟာ တင်ပါးဆုံကြမ်းပြင်ကို သန်မာစေတဲ့အတွက် လမစေ့ဘဲမွေးနိုင်တဲ့ လက္ခဏာတွေကို ခံစားနေရတဲ့ မိခင်လောင်းတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ကိုယ်ဝန်ဆောင်ယောဂဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဘယ်တုန်းကမှ ယောဂကို မလေ့ကျင့်ခဲ့ဖူးရင်တောင်မှအန္တရာယ်ကင်းတယ်လို့ဆိုပါတယ်။ ယောဂဟာ မိခင်တွေအတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်အောင် ပြင်ဆင်ပေးပါတယ်။ ယောဂကို ပုံမှန်လေ့ကျင့်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပိုပြီးလွယ်လွယ်ကူကူ မွေးဖွားနိုင်တယ်လို့ ဆိုပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%9d%e1%80%94%e1%80%b9%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9/
အိပ်တိုင်း ကျန်မားရေးအတွက် အကျိုးရှိသလား ။ ။
အိပ်တယ်ဆိုတာ လူတိုင်း မွေးကတည်းက နေ့တိုင်းလုပ်နေရတဲ့ မလုပ်မဖြစ် အလုပ်တွေထဲက တစ်ခုပါ။ ပြောကြတာတွေရှိပါတယ်။ အိပ်မှအားရှိတာ။အိပ်ရေးပျက်ရင် မကောင်းဘူးစတာတွေပေါ့။ သူတို့တွေ ပြောကြသလိုမျိုး အိပ်တိုင်း ကောင်းတာလား။ ။ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းပါဘူး။ ဒါကြောင့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေး ပေါ်ထွက်လာရတာဖြစ်ပါတယ်။ ဒါဆို ဘယ်လိုမျိုး အိပ်စက်တာက အတော်အသင့်လဲ ။အသက်အရွယ်။မွေးကင်းစ ကလေးငယ်။နို့စို့အရွယ်ကလေးငယ်။လမ်းလျှောက်တတ်စအရွယ် ကလေးငယ်။မူကြိုအရွယ် ကလေးငယ်။ကျောင်းနေအရွယ်ကလေးငယ်။ဆယ်ကျော်သက်။အရွယ်ရောက်ပြီးတဲ့သူ။သက်ကြီးရွယ်အို။တစ်နေ့တာ ရှိသင့်တဲ့အိပ်စက်ချိန်။၁၄ နာရီ ကနေ ၁၇ နာရီ။၁၂ နာရီ ကနေ ၁၅ နာရီ။၁၁ နာရီ ကနေ ၁၄ နာရီ။၁၀ နာရီ ကနေ ၁၃ နာရီ။၉ နာရီကနေ ၁၁ နာရီ။၈ နာရီ ကနေ ၁၀ နာရီ။၇ နာရီ ကနေ ၉ နာရီ။၇ နာရီ ကနေ ၈ နာရီ။အိပ်စက်ချိန်မလုံလောက်တဲ့အခါ ရောဂါလက္ခဏာရပ်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်လာရမှာဖြစ်သလို အိပ်ချိန်တအားများရင်လည်း ကျန်းမာရေးထိခိုက်လာနိုင်တာမျိုးတွေရှိပါတယ်။အိပ်ချိန်နည်းတာကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို လူတိုင်းသိပြီးဖြစ်တာကြောင့် အိပ်ချိန်များတာကရော ဘယ်လို ကျန်းမာရေးကို ထိခိုက်စေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ဆီးချို–လေ့လာမှုတွေအရ အိပ်ရေးပျက်တာကဆီးချိုရောဂါကိုဖြစ်စေနိုင်သလို အအိပ်များလွန်းတာကလည်း ဆီးချိုရောဂါကိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ။နှလုံးရောဂါ–တစ်ညကို အိပ်ချိန် ၉ နာရီ ကနေ ၁၁ နာရီ ကြားအိပ်စက်တဲ့အမျိုးသမီးတွေက တစ်ညကို ၈ နာရီသာအိပ်တဲ့အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေက ၃၈ ရာခိုင်နှုန်းကျော်ပိုများနေတာကိုတွေ့ရှိခဲ့ရပါတယ်။ အအိပ်များတာနဲ့ နှလုံးရောဂါကြားကဆက်စပ်မှုကို အခုထိတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ ။အဝလွန်ခြင်း–အိပ်ချိန်တအားနည်းတာကြောင့် ကိုယ်အလေးချိန်တိုးနိုင်သလို အိပ်ချိန်တအားများတာကြောင့်လည်း ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။ ၆ နှစ်ကျော်လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ ညတိုင်းအိပ်ချိန် ၉ နာရီ ကနေ ၁၀ နာရီအတွင်းအိပ်စက်သူတွေက တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီကြားအိပ်တဲ့သူတွေထက် အဝလွန်နိုင်ခြေ ၂၁ ရာခိုင်နှုန်းပိုများနေတာကိုတွေ့ရှိခဲ့ပါတယ်။ခေါင်းကိုက်ခြင်း– အိပ်စက်ချိန်က ပုံမှန်အိပ်စက်နေကျအတိုင်းအတာထက် ပိုများသွားရင် အချို့သူတွေမှာခေါင်းကိုက်တာကိုခံစားရလေ့ရှိပါတယ်။ သုတေသီတွေကတော့ အအိပ်များတာကserotonin အပါအဝင် ဦးနှောက်ထဲကneurotransmitterတွေအပေါ်မှာ သက်ရောက်မှုရှိတာကြောင့် လို့ယူဆကြပါတယ်။နေ့ဘက်မှာ တအားအိပ်ထားတဲ့သူတွေမှာ ညအခါကောင်းကောင်းအိပ်မပျော်ဘဲဖြစ်တတ်တာကြောင့်နောက်တစ်နေ့မနက်မှာခေါင်းမကြည်၊ ခေါင်းကိုက်ေနတာမျိုးတွေခံစားရနိုင်ပါတယ်။ခါးနာခြင်း –အိပ်နေတဲ့အချိန် တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ခါးကထိန်းထားရတဲ့အတွက် အိပ်ချိန်များလေလေ ခါးနာလေလေပါပဲ။ ။စိတ်ဓါတ်ကျခြင်း –များသောအားဖြင့်တော့ အိပ်ချိန်နည်းတာနဲ့ စိတ်ဓါတ်ကျတာနဲ့က ဆက်စပ်နေတာပါ။ ဒါပေမယ့် တစ်ချို့လူတွေက စိတ်ဓါတ်ကျတဲ့အခါ ပုံမှန်ထက်ပိုမိုအိပ်စက်တတ်ကြပါတယ်။ အိပ်တာ အရမ်းများသွားရင်လည်း လန်းဆန်းမှု မရှိတော့ဘဲ စိတ်ဓါတ်ကျတာ ပိုဆိုးသွားနိုင်ပါတယ်။ ။သေဆုံးစေနိုင်ခြင်း–လေ့လာမှုတော်တော်များများမှာ တစ်ညကို ၉ နာရီ (သို့) ၈ နာရီကျော်အထိအိပ်စက်လေ့ရှိသူတွေဟာ တစ်ညကို ၇ နာရီကနေ ၈ နာရီလောက်သာအိပ်စက်သူတွေထက်သေဆုံးနိုင်ခြေပိုများနေတာကိုတွေ့ရှိရပါတယ်။ စိတ်ဓါတ်ကျတာနဲ့ လူမှုစီးပွားအဆင့်အတန်းနိမ့်ကျမှုကလည်း အိပ်စက်ချိန်များနေတာနဲ့ဆက်စပ်နေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့် တစ်ညကို ၇ နာရီ ကနေ ၈ နာရီအထိအိပ်စက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်မှုအလေ့အကျင့်ကိုမွေးမြူပါ။ အိပ်ချိန် ထချိန်မှန်အောင်အလေ့အကျင့်လုပ်ပါ၊ အိပ်ခါနီးအရက်နဲ့ကဖင်းဓါတ်ပါတဲ့ အစားအစာတွေမစားပါနဲ့။လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး အိပ်ယာဝန်းကျင်ကို အိပ်ချင်စဖွယ်ဖြစ်အောင်လုပ်ဆောင်တာကကောင်းမွန်တဲ့ အိပ်စက်မှုရရှိအောင်အထောက်အကူပြုပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/oversleep/
မိခင်နို့တိုက်ခြင်းနှင့်ပတ်သက်သောအမှန်တရား
မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တစ်ဦးအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးအကြား ဆက်နွယ်မှုကို လှုံ့ဆော်ပေးရန်နှင့် ထိန်းသိမ်းဖို့ကူညီပေးရန် နို့တိုက်ခြင်းနှင့် ပတ်သက်သော အမှန်တရားအချို့ကိုဖော်ပြပေးပါမည်။မိခင်များစွာသည် အစောပိုင်းရက်သတ္တပတ်များတွင် နို့သီးခေါင်း၌ နာကျင်ခြင်းအနည်းငယ်ခံစားရသည်။ အကယ်၍ နို့သီးခေါင်းနာကျင်ခြင်းသည် နို့စတိုက်ချိန်ကျော်သောအချိန်အထိ ဆက်လက်နာကျင်နေလျှင်သော်လည်းကောင်း၊ နို့သီးခေါင်းထိပ်တွင် ဒဏ်ရာလက္ခဏာ အနည်းငယ်တွေ့ရှိလျှင်သော်လည်းကောင်း သင့်ကလေးသည် နို့ကောင်းကောင်းစို့မည်မဟုတ်ပါ။ အကယ်၍ သင့်နို့သီးခေါင်းသည် နို့တိုက်ပြီး အချိန်ကြာမြင့်သည်အထိ နာကျင်နေမည်ဆိုပါက သင့်နို့သီးခေါင်းတွင် ရောဂါပိုးဝင်နေခြင်းဖြစ်နိုင်ပါသည်။ အကယ်၍ မိခင်နို့တိုက်ကျွေးခြင်းသည် အချိန်ကြာရှည်စွာ နာကျင်ခြင်းကိုဖြစ်ပေါ်စေသည်ဆိုပါက မိခင်နို့တိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူသို့မဟုတ် ဆရာဝန်တစ်ဦးဦး နှင့်အမြန်ဆုံးတိုင်ပင်ကာ အကြံဉာဏ်ရယူသင့်ပါသည်။ရင်သားအရွယ်အစားသည် သင့်တွင် အဆီတစ်ရှူး ဘယ်လောက်ရှိသလဲဆိုတာကိုသာ ဖော်ပြပါသည်။ အဆီတစ်ရှူးများများရှိလေလေ သင့်၏ရင်သားသည် ကြီးလေလေဖြစ်ပါသည်။ နို့ထုတ်သော ဂလင်းပါဝင်မှု ပမာဏကသာလျှင် သင့်ခန္ဓာကိုယ်နို့ရည်ဘယ်လောက်ထုတ်မလဲဆိုသည်ကို ဆုံးဖြတ်ပေးသော အကြောင်းအချက်ဖြစ်ပါသည်။ သင့်ကလေးနို့ဆာတိုင်း နို့တိုက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်တွင် နို့အလုံအလောက် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ညဘက်နို့တိုက်ခြင်းသည် ကလေးအတွက်ရော မိခင်အတွက်ပါအရေးကြီးသည်။ပရိုလက်တင် ဟော်မုန်းသည် ညဘက်တွင် အများဆုံးထွက်သည်။ ထို့ကြောင့် ညဘက်တွင် နို့တိုက်ခြင်းသည် မိခင်နို့များများထွက်စေသည်။ ကလေးများ၏ အစာအိမ်သည် အလွန်သေးငယ်သောကြောင့် ညဘက်တွင်လည်း နို့ထပ်တိုက်ပေးဖို့လိုအပ်ပါသည်။ ပထမသုံးလအတောအတွင်း ညဘက်ကလေးကို နို့တိုက်သောမိခင်များသည် အခြားသူများထက်စာလျှင် မိနစ်လေးဆယ်ခန့်လောက် ပိုမိုကြာရှည်စွာ အိပ်ရသည်။ အချို့မိခင်များသည် ကလေးများကို နို့ဘူးတိုက်ခြင်းအားဖြင့် ညဘက်တွင်အချိန်ကြာရှည်စွာ အိပ်ဖို့ကြိုးစားကြသည်။ ထိုအချက်သည်မမှန်ကန်ပါ။ ပိုပြီးတောင်ဆိုးနိုင်ပါသည်။ ညဘက်နို့မတိုက်သောမိခင်များသည် နို့ထွက်နည်းသွားနိုင်ပါသည်။ နို့တိုက်နေစဉ်အတွင်း ထွက်လာသောဟော်မုန်းများသည် ကလေးရောအမေရောနှစ်ယောက်စလုံးကို သက်တောင့်သက်သာရှိစေပြီး အလွယ်တကူနှစ်ခြိုက်စွာ အိပ်စေပါသည်။ ညအချိန်နို့တိုက်ခြင်းသည် ကလေးအား ဦးနှောက်ဖွံ့ဖြိုးမှု မြန်ဆန်ပြည့်ဝစေသည့်အပြင် မိခင်နှင့်ကလေးအကြားဆက်နွယ်မှုကိုလည်း ခိုင်မာစေပါသည်။တကယ်တော့ သင့်ရင်သားများထဲတွင် ကိုယ်ဝန်စရှိစဉ်လောက်ကတည်းက နို့ရည်များအမြဲတမ်း ရှိပါသည်။ နို့ရည်ထွက်နှုန်းကတော့ သင့်ကလေးဘယ်လောက်စို့သလဲပေါ်တွင် မူတည်ပါသည်။ သင့်ကလေး နို့များများစို့လေလေ၊ နို့ရည်များများ ထုတ်လုပ်နိုင်လေလေပဲဖြစ်ပါသည်။ နို့စို့ပြီးသောအချိန်တွင် သင့်ကလေး ဗိုက်ဆာနေပုံပေါ်ပါက သင့်ကလေးကိုနို့ဆက်တိုက်လို့ရပါသည်။ နို့ရည်သည် သင့်ကလေး လုံလောက်အောင်စို့ဖို့အတွက် အမြဲတမ်းအဆင်သင့်ရှိနေပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%94%e1%80%af%e1%80%ad%e1%82%95%e1%80%90%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%bd%e1%80%84/
စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း
စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း။ကိုကျော်ကြီးက နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာ Digital Marketing Manager အဖြစ် တာဝန်ယူနေတဲ့သူတစ်ယောက်ပါ။ အခုတလော ညဘက်တွေ အိပ်မပျော်ဘူး။ အိပ်ဆေးကူရင်ကူ ဒါမှမဟုတ် အရက်ကိုမူးအောင်သောက်မှ အိပ်ပျော်တယ်။ ညဘက်တွေ မကြာခဏနိုးတယ်။ မနက်ထတဲ့အခါ အိပ်ရေးဝတယ်လို့မခံစားရတဲ့အပြင် တကိုယ်လုံး နာကျင်ကိုက်ခဲနေတာ၊ အာရုံစူးစိုက်လို့မရတာတွေဖြစ်တယ်။ ပိတ်ရက်တွေဆိုလည်း အိပ်ရေးမဝတာက မဝတာပဲ။ ညဘက်တွေဆိုရင် အိပ်ရမှာကြောက်တယ်၊ ငါအိပ်မပျော်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေဆက်ဖြစ်နေမှာကိုစိုးတယ်၊ အိပ်ရေးမဝလို့ နောက်နေ့မှာ အလုပ်မလုပ်နိုင်မှာကိုကြောက်တယ်။ ဒီလိုနဲ့အစိုးရိမ်လွန်တာကနေပြီး အိပ်မပျော်တာက ပိုဆိုးလာတယ်၊ တချိန်လုံးပင်ပန်းနေပြီး မလှုပ်ချင်မကိုင်ချင်တာ၊ အာရုံစူးစိုက်လို့မရတာ၊ အိမ်ထဲက အိမ်ပြင်မထွက်ချင်တာမျိုးတွေဖြစ်နေတယ်။ နေ့တိုင်းမှာစိတ်မကြည်တော့ အလုပ်ကိုထိခိုက်လာတယ်၊ အလုပ်မှာအပြည့်အဝအာရုံစူးစိုက်လို့မရဘူးလို့တွေးတယ်၊ အဲဒါက ညဘက်အိပ်မပျော်တာပိုဆိုးလာစေပြီး သံသရာလည်နေတယ်။ဒီလိုမျိုးနဲ့ ရင်းနှီးပါသလား။ အဖြစ်ပျက်ချင်း ထပ်တူမကျနိုင်ပေမယ့် တော်တော်များများမှာ ဒီအဖြစ်ပျက်နဲ့ ဆင်တူတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပြဿနာတွေ ရှိလိမ့်မယ်။ ဘယ်ကနေစပြီးပြင်ဆင်ရမယ်ဆိုတာလည်းမသိနဲ့ ရေတိုဖြေရှင်းနည်းဖြစ်တဲ့အိပ်ဆေးသောက်တာ၊ အရက်မူးအောင်သောက်တာမျိုးတွေနဲ့ပဲ ဖြေရှင်းနေရတယ်။ အမှန်တော့ ညဘက် အိပ်မပျော်တာတို့၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲပြီး မလှုပ်ချင်မသွားချင်ဖြစ်တာတို့က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဆက်ဖြစ်လာတဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေပါ။စိတ်ပြဿနာကို အရင်ရှာဖွေကုသဖို့မလုပ်ဘဲ ဒီအဖြစ်ပျက်မှာလိုမျိုး အိပ်ဆေးသောက်တာ၊ အရက်သောက်တာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုပဲ ကုသဖို့ကြိုးစားတာမျိုးက အလုပ်မဖြစ်နိုင်ဘူး။ အကြောင်းရင်းခံ ရှိနေသ၍ အကျိုးဆက်တွေက ဆက်ဖြစ်နေမှာပဲ။ကျနော်တို့ဖြစ်ပျက်နေတဲ့ပြဿနာတွေအကြောင်းကို ပိုနားလည်လေ၊ ဒါတွေကို ဘယ်လို‌ဖြေရှင်းရမလဲ ပိုသိလေမလား။ ဒါကြောင့်ကုသတဲ့နေရာမှာ စိတ်ကိုအရင်နားလည်ဖို့နဲ့ ဘယ်လိုအကြောင်းရင်းခံတွေက ပြဿနာဖြစ်နေစေတာလဲဆိုတာကို အရင်နားလည်ဖို့ လိုအပ်တယ်။ ဒီအတွက် အခြေနေ (၅)မျိုးကို သိအောင်လုပ်ရပါမယ်။၁။ အတွေးများ။၂။ စိတ်အခြေအနေ။၃။ အကျင့်စရိုက်ပုံစံ။၄။ ရုပ်ပိုင်းဆိုင်ရာအပြုအမူ။၅။ ပတ်ဝန်းကျင်အခြေအနေ။အပေါ်မှာပေးထားတဲ့ဥပမာကိုရှင်းပြမယ်။ ကိုကျော်ကြီးကြုံတွေ့နေရတဲ့အခြေနေဟာ အစိတ်ပိုင်း (၅)ခုနဲ့ဖွဲ့စည်းထားတယ်။၁။ ကိုကျော်ကြီးဟာ အရင်က လက်ထောက်မန်နေဂျာဖြစ်ပြီး လွန်ခဲ့တဲ့ ၃လလောက်ကမှ အစမ်းခန့်အဖြစ်နဲ့ မန်နေဂျာရာထူးရထားတယ်။ လက်ရှိမှာ နိုင်ငံရေးစီးပွားရေးအကျပ်အတည်းတွေကြောင့် ကျပ်တည်းတယ်၊ အလုပ်အကိုင်ရှားပါးတယ် – ပတ်ဝန်းကျင်အခြေအနေ။၂။ ညဘက်အိပ်မပျော်ဘူး၊ ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရတယ်၊ ကိုယ်လက်တွေကိုက်ခဲတယ် – ရုပ်ပိုင်းဆိုင်ရာအပြုအမူ။၃။ စိတ်ဖိစီးတယ်၊ စိုးရိမ်တယ် – စိတ်အခြေအနေ။၄။ အိပ်ဆေးသောက်တယ်၊ အရက်သောက်တယ်၊ အပြင်မထွက်တော့ဘူး – အကျင့်စရိုက်ပုံစံ။၅။ အာရုံစူးစိုက်လို့မရဘူး၊ အလုပ်ပြုတ်တော့မလားမသိဘူး၊ ညဘက်အိပ်မပျော်ရင်ဒုက္ခပါပဲ၊ အလုပ်မှာမစဉ်းစားနိုင်တော့ရင် ပြဿနာပဲ – အတွေးများ။ဒီအကြောင်းရင်း ငါးခုဟာ တစ်ခုနဲ့တစ်ခုဆက်စပ်ပြီးဖြစ်ပေါ်နေတယ်။ တစ်ခုခုရဲ့ အပြောင်းအလဲဟာ ကျန်တဲ့အရာတွေကို ဆက်ပြီးရိုက်ခတ်မှုတွေရှိတယ်။ တစ်ခုချင်းစီမှာ နည်းနည်းစီ ကောင်းမွန်တဲ့အပြောင်းအလဲတွေလုပ်ရင် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်ပေါ်လာသလို၊ အနှုတ်ဆန်တဲ့အပြောင်းလဲတွေလုပ်ရင်ကျတော့လည်း ဆိုးတဲ့အပြောင်းလဲတွေဖြစ်လာနိုင်တာပေါ့။ဥပမာ ကိုကျော်ကြီးက ရာထူးတိုးသွားတာ ကောင်းမွန်တဲ့အပြောင်းလဲအဖြစ် သတ်မှတ်ပြီး “ဘယ်လောက်ခက်ခဲတဲ့ပြဿနာဖြစ်ဖြစ် ငါဖြေရှင်းနိုင်ပါတယ်၊ အမှားလုပ်ခဲ့မိရင်တောင် သင်ခန်းစာရတာပေါ့”လို့တွေးလာနိုင်ရင်စိတ်ဖိစီးတာ သက်သာလာမယ်၊ အပြင်ပိုထွက်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အိပ်ဆေးသောက်တာ အရက်သောက်တာမျိုးတွေလုပ်စရာမလိုဘဲ ညဘက်တွေအိပ်ပျော်မယ်၊ ပင်ပန်းနွမ်းနယ်သလိုခံစားရတာတွေ သက်သာမယ်။သီအိုရီအရ ပြောရတာမှန်ပေမယ့် လက်တွေ့မှာတော့ ဒီလောက်ဘယ်လွယ်ပါ့မလဲ။ တချို့အကြောင်းရင်းရှာဖွေရတာတွေက ထင်ထားသလောက်မလွယ်ဘူး။ ကိုယ်ဘယ်လိုအတွေးမျိုးတွေဖြစ်ပေါ်နေလဲ။ ဘယ်လိုစိတ်အခြေအနေမျိုးရှိနေလဲ။ ကိုယ်ကစိတ်ဓာတ်ကျတယ်ထင်ပေမယ့် တကယ်တမ်းမှာတော့ စိတ်တိုတာ၊ စိတ်ဖိစီးတာဖြစ်နေနိုင်တယ်။ ဒါတွေကို ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်မှုတွေလုပ်လဲ။ ကိုယ်ကရော ဘယ်လိုအကျင့်မျိုးတွေဖြစ်လာလဲ။ ဒါတွေကို သတိထားကြည့်ရတယ်။ ကိုယ့်ကိုယ်မေးခွန်းတွေမေးပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆန်းစစ်ရတယ်။ ဖြစ်ပျက်နေတဲ့အခြေနေတွေနဲ့ ကိုယ့်ရဲ့အတွေးအခေါ်၊စိတ်ခံစားချက်တွေဖြစ်ပေါ်လာပုံ၊ သူတို့ကနေတဆင့် အပြုအမူနဲ့ အကျင့်စရိုက်တွေအဖြစ်ကူးပြောင်းသွားတာတွေကို သတိပြုမိလာလေ၊ ကိုယ့်ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေတွေ့လာလေပါပဲ။ဒါကြောင့် ပထမဆုံးသင်ခန်းစာကတော့ ကိုယ့်ရဲ့လက်ရှိအနေအထားကို အပေါ်မှာပေးထားတဲ့အချက် (၅)ချက်နဲ့ စပြီးဆန်းစစ်ကြည့်ဖို့ပါ။ စိတ်ဓာတ်ကျနေတယ်ဆိုရင် ဘာလို့စိတ်ဓာတ်ကျတာလဲ၊ ဘယ်အတွေးကြောင့် အဲဒီလိုဖြစ်နေတာလဲ။ အဲဒီလိုအတွေးမျိုးဖြစ်လာအောင် ဘယ်လိုအခြေအနေတွေက ဖန်တီးလာတာလဲ။စိတ်ဓာတ်ကျမှုကြောင့် ကိုယ့်ခန္ဓာရုပ်ပိုင်းဆိုင်ရာမှာ ဘာတွေပြောင်းလဲလာတာလဲ၊ ဘယ်လိုအကျင့်မျိုးတွေဖြစ်လာစေတာလဲ။ ဒီလိုဆက်စပ်မှုတွေကို တွေ့လာတဲ့အခါ အခြေအနေတွေကိုပြောင်းလဲဖို့၊ အတွေးတွေနဲ့ ခံစားချက်တွေကို ပြောင်းလဲဖို့ ဖြစ်နိုင်လာပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/finding-rootcause-of-emotional-problems/
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး
တစ်ခုခု သောက်တော့မယ်ဆိုရင် ပထမဆုံး စဉ်းစားမိတာကအချိုများမလား၊ တည့်ပါ့မလား၊ ဘယ်လောက်လောက် သောက်လို့ရမလဲ။သွေးတွင်းသကြားဓာတ်မြင့်တက်စေမလားဆိုတာတွေပေါ့။ဆီးချိုရှိသူတွေကို ကျန်းမာရေး  ညီညွတ်စွာနဲ့ရေဓာတ် ဖြည့်ပေးနိုင်မယ့် သောက်စရာတွေကတော့။ရေသန့်သန့်လေးက ဆီးချိုရှိသူတွေ ရဲ့ရေဓာတ်လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်စွမ်းပေးမယ့် သောက်စရာလေးပါ။ ရေက ကာဗိုဟိုက်ဒရိတ်ရော၊ ကယ်လ်လိုရီ ပါဝင်မှုရော သုညပါ။ ဒါကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်မှာကို စိတ်ပူစရာ မလိုဘဲ စိတ်ရှိတိုင်း သောက်သုံးပေးလို့ ရပါတယ်။အဆီထုတ်နို့က ကာဗိုဟိုက်ဒရိတ် ပါဝင်နေပေမယ့် ဆီးချိုရှိသူတွေ အနေနဲ့ ရေဓာတ်ဖြည့်ဖို့ တစ်နေ့တာကို ဖန်ခွက် တစ်ခွက်စာလောက် သောက်သုံးပေးလို့ ရပါတယ်။အဆီထုတ်နို့က ရေဓာတ်ဖြည့်ပေးသလိုအရိုးပါးတာ၊ အရိုးပွတာတွေကို ကာကွယ်ပေးဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ်တွေလည်း ပါဝင်နေပါတယ်။လက်ဖက်ခြောက်အများကြီး ခပ်မထားတဲ့ ရေနွေးကြမ်းကလည်း ဆီးချိုရှိသူတွေကို ရေဓာတ်ပြည့်စေပြီး အင်ဆူလင် တုံ့ပြန်မှုတွေကို ပိုကောင်းစေပါတယ်။ သွးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလိုသွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ တစ်နေ့ကို အကြမ်းပန်းကန်လုံးနဲ့ ၅ ခွက်ကနေ ၈ ခွက်လောက်အထိ သောက်သုံးပေးလို့ ရပါတယ်။ကော်ဖီဆိုတဲ့နေရာမှာ အသင့်ဖျော် ကော်ဖီတွေ မဟုတ်ပါဘူး။ ကော်ဖီမှုန့် စစ်စစ်ကို နှပ်ထားတဲ့ ကော်ဖီပါ။ ကော်ဖီ စစ်စစ်ကို နှပ်ထားတဲ့ ကော်ဖီကို အချိုလျှော့ပြီး တစ်နေ့ကို ၁ ခွက် သောက်ပေးလို့ ရပါတယ်။ကော်ဖီသောက်ပေးတာကအင်ဆူလင်တုံ့ပြန်မှု ကောင်းစေသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ မှတ်ဉာဏ်ကိုလည်း ကောင်းစေပါတယ်။သဘာဝ ခရမ်းချဉ်သီး စစ်စစ်ကို ကြိတ်ထားတဲ့ ဖျော်ရည်ကလည်း ဆီးချိုရှိသူတွေ သောက်သုံးပေးလို့ ရတဲ့ ဖျော်ရည် တစ်မျိုးပါ။ ဆားတွေ၊ သကြားတွေ ဖြည့်စွက်မထားတဲ့ခရမ်းချဉ်သီး ဖျော်ရည်က သွေးပေါင်ချိန်ကို ကျစေသလို ဆီးချိုကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။မုန်လာဥနီက ဗီတာမင် A၊ အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အချို၊ အငန် ဖြည့်စွက်မထားဘဲ သဘာဝအတိုင်း ကြိတ်ထားတဲ့ မုန်လာဥနီ ဖျော်ရည်က ရေဓာတ်ပြည့်ဝစေသလို သွေးတွင်းသကြားဓာတ်ကိုလည်း အထိရောက်ဆုံး ထိန်းညှိပေးနိုင်မှာပါ။ဆီးချိုရှိသူတွေအတွက် ရေဓာတ်ပြည့်ဝဖို့က အရေးကြီးသလို ရေဓာတ်ဖြည့်စွက်မယ့် အရာတွေကလည်း ကျန်းမာရေးနဲ့ သင့်တော်ဖို့လည်း လိုပါမယ်။ ဒါကြောင့် ဆီးချိုရှိတယ်။ ရေဓာတ်လည်း ပြည့်စေချင်တယ်ဆိုရင် ဒီသောက်စရာလေးတွေကို သောက်သုံးပေးလို့ ရပါတယ်။ဆီးချိုရှိသူတွေအနေနဲ့ အခုပြောပြမယ့် သောက်စရာတွေကို လုံးဝ မသောက်သင့်ပါဘူး။နောက်တစ်ခုက အသီးတွေကို ဖျော်ထားတာပါ။ Smoothiesလိုမျိုး ဖျော်ထားတာက အသီးအစစ်တွေဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကို မြန်မြန်တက်စေနိုင်ပါတယ်။ အမျှင်ဓာတ်တွေလည်း ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် အသီးအစစ်တွေကို ဖျော်သောက်တယ်ဆိုပေမယ့် ခဏခဏမသောက်ဖို့တော့ လိုပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/best-dehydration-drinks-for-diabetes/
ပင့်ကူကိုက် ခံရတဲ့အခါ
မြင်တာနဲ့ အသည်းယားစရာ ကောင်းတဲ့ ပင့်ကူကို လူတိုင်းက ဝေးဝေးက ရှောင်ကြပါတယ်။ ဒါပေမယ့်လည်း မတော်တဆပင့်ကူကိုက် ခံရတဲ့အခါထိတ်လန့်မသွားဘဲ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိထားသင့်ပါတယ်။ပင့်ကူကိုက်ခံရတာနဲ့ ချက်ချင်းဆိုသလိုအဆိပ်တက်ပြီး တစ်ကိုယ်လုံး မည်းတက်လာတာက ရှားပါတယ်။ ဒါမျိုးက ရုပ်ရှင်ထဲမှာပဲ ရှိတာပါ။ များသောအားဖြင့် အိမ်မှာ တွေ့ရတဲ့ ပင့်ကူတွေ၊ လူနဲ့ အနေနီးတွေ ပင့်ကူတွေက တခြားအင်းဆက်တွေလိုပဲ အန္တရာယ်ပေးတာ နည်းပါတယ်။ဒါကြောင့် အိမ်တွင်းပြုစုနည်းတွေကလည်း တခြားအင်းဆက်အကိုက်ခံရတာနဲ့ ဆင်တူပါတယ်။အများစုက ဒီလောက်ဆိုရင် ရက်ပိုင်းလောက်ကြာတဲ့အခါ သက်သာသွားကြပါတယ်။သာမန်မဟုတ်ဘဲ သတိထားရမယ့် ပင့်ကူနှစ်ကောင် ရှိပါတယ်။အညိုရောင် ပင့်ကူပါ။ အနောက်နိုင်ငံတွေမှာ ပိုတွေ့ရပါတယ်။ သူကိုက်ခံရရင်တော့။-စစချင်းမှာ သိပ်မနာပါဘူး။-နောက်ရက်တွေမှာ ချမ်းတုန်ဖျားတာ၊ ကိုယ်လက်ကိုက်တာ ဖြစ်လာပါတယ်။-ကိုက်ခံရတဲ့ နေရာမှာ အညိုအမည်းစွဲသလို ဖြစ်လာပြီး ဘေးနားမှာ နီနေတတ်ပါတယ်။-ပျို့အန်တတ်ပါတယ်။သူကတော့ တစ်ကိုယ်လုံး မည်းနေပြီး ကျောမှာ အနီရောင် သဲနာရီအမှတ်လေး ရှိပါတယ်။ သူလည်းပဲ အနောက်နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ လက္ခဏာအနေနဲ့။-အကိုက်ခံရပြီး ၈နာရီအတွင်းမှာ ကြွက်တက်သလို ဖြစ်လာပါတယ်။-ဗိုက်ထဲကနေ ညှစ်ထားသလို နာပါတယ်။-ပျို့အန်ပါတယ်။-အသက်ရှူရခက်ပါတယ်။-ထူးခြားချက်က ကိုက်ခံရတဲ့ ဒဏ်ရာ သေးပါတယ်။ တစ်ခါတလေ မြင်တောင် မမြင်ရပါဘူး။ပင့်ကူကိုက် ခံရပြီး ဓာတ်မတည့်ဖြစ်ခြင်း။ဒါကတော့ အဆိပ်နဲ့ မဆိုင်ပါဘူး။ ကိုက်ခံရတဲ့အချိန်မှာပြင်းထန်ဓာတ်မတည့်လက္ခဏာ ခံစားရတာပါ။ အိမ်မှာ ရှိတဲ့ ပင့်ကူအသေးလေးတွေနဲ့လည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာအနေနဲ့။ပြင်းထန်ဓာတ်မတည့် လက္ခဏာဖြစ်လို့ ချက်ချင်းဆေးရုံသွားဖို့ လိုပါတယ်။ပင့်ကူကိုက်တိုင်း အရေးပေါ်ဆေးကုသဖို့ မလိုပေမယ့် အောက်ပါအခြေအနေတွေဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းအမြန်သွားသင့်ပါတယ်။ပင့်ကူကိုက်တာက အမြဲတမ်းအန္တရာယ်ရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြောက်မလွန်ဖို့နဲ့ ဆေးရုံဆေးခန်း သွားသင့်တဲ့ အရေးပေါ်လက္ခဏာတွေကိုတော့ သိထားဖို့ လိုပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-for-spider-bite/
သွေးချိုဆီးချိုသမားတွေမှာ Whey protein က ဘယ်လိုအထောက်အကူဖြစ်နိုင်မလဲ။
Proteinပရိုတင်း လို့ဆိုလိုက်တာနဲ့ လူတိုင်းသိကြသည်ကအသားဓါတ်။ဒါဆို WheyProteinဆိုတာကရောဘာလဲ။ WheyProtein ဆိုတာနှင့်လူတိုင်းမသိပေမယ့် GYMဆော့သောယောက်ျားလေးတိုင်းသိကြသည့် ကြွက်သားထွက်ချင်ရင်သောက်ရသောဖြည့်စွက်စာ။ ဒီတော့ ဝိတ်ကျချင်ရင်နဲ့ကြွက်သားတက်ချင်ရင်သောက်ရတဲ့WheyProtein သည်ကိုယ်အလေးချိန်ကျဖို့အပြင်အခြားကျန်းမာရေးကောင်းကျိုးများလည်းပေးသေးတာသင်သိပါသလား။Why protein ဟာ ကင်ဆာဖြစ်ခြင်းကနေကာကွယ်ပေးတာ၊ပန်းနာရင်ကြပ်ြဖစ်နေသောကလေးများ၏ခုခံအားကို မြင့်တက်စေတာ၊သွေးတွင်းအဆီဓါတ် (cholesterol)လျှော့ချပေးတာနှင့်သွေးတိုးသမားများအတွက်သွေးပေါင်ချပေးတာစတဲ့အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်စေပါတယ်။ ဒါ့အပြင်ကမ္ဘာကြီးပေါ်ကလူဦးရေရဲ့ ၈.၈ရာခိုင်နှုန်း လောက်ဖြစ်နေသောဆီးချိုရောဂါသမားတွေအတွက်လည်း ကောင်းကျိုးပေးသေးတယ်ဆိုပဲ။ဒီတော့ထမင်းဟင်းစားချင်တိုင်းစားလို့မရအသီးအရွက်ပဲ များများစားရမယ်ဆိုတဲ့ ဆီးချိုသမားတွေအတွက်WheyProtein ကဘယ်လိုကောင်းလဲကြည့်ရအောင်။၁။ ကြိုက်တဲ့အချိန်ကောက်ဖောက်ပြီးတိုင်းတာ(RBS)။၂။ ည ၁၀နာရီနောက်ပိုင်းအစာမစားဘဲအိပ်ရာထမနက်စာမစားခင်သွေးဖောက်တိုင်းတာ( FBS ) နှင့်။၃။ထမင်းစားပြီး၂နာရီအကြာသွေးတွင်းသကြားဓါတ်ပြန်တိုင်းတာ( 2HPP )တို့ ဖြစ်တယ်။ပြန်ဖောက်တာဖြစ်တယ်မလား။ လျှော့စားလည်း ပြန်တိုင်း ပြန်တက်ဆိုတော့ စိတ်ညစ်စရာပေါ့နော်။ ဝမ်းသာစရာ သတင်းကတော့ Whey Protein ကိုမနက်စာမစားခင်သောက်မယ်ဆိုရင်Type 2 Diabetesဆီးချိုမှာ သွေးတွင်းသကြားဓါတ်ကို ကူထိန်းပေးနိုင်ပါတယ်။ Whey protein ကို အစာနဲ့တွဲစားမယ်ဆို သွေးတွင်းသကြားဓါတ်လျှော့ချနိုင်စွမ်းက ပုံမှန်လျော့နေကြထက်၂၈ရာခိုင်နှုန်းတောင် ပိုလျော့သွားနိုင်ပါတယ်။ အဲဒီတော့ whey protein သောက်ရင် ဝိတ်ချပြီးဖြစ်သလို ဆီးချိုလည်း ထိန်းပြီးသားဖြစ်တယ်နော်။ ဆီးချိုသမားတွေစိတ်ညစ်ရတဲ့ စားပြီး ၂ နာရီ ပြန်ဖောက်တဲ့ နေရာမှာ အဓိကထိန်းတော့ ဖောက်ခါနီးတိုင်း စိတ်ညစ်စရာ မလိုတော့ဘူးနော်။သွေးတွင်းသကြားဓါတ်လျှော့ချတဲ့ နေရာမှာ Whey Potein ဘယ်လိုဆောင်ရွက်လဲ။၁ ။ Whey Protein မှာ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်တယ်။WheyProtein မှာပါတဲ့ L-Cysteine amino acid က ကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်တဲ့နေရာမှာ ဆရာတစ်ဆူလို့ခေါ်လောက်တဲ့ Glutathione ဖွဲ့စည်းတဲ့နေရာမှာ အကူအညီ ပေးနိုင်ပါတယ်။ မကောင်းတဲ့ ဓါတုပစ္စည်းတွေကိုယ်တွင်းမှာ စုလာခြင်းက Insulin (အင်ဆူလင်) ရဲ့ ဆီးချိုထိန်းတဲ့ တာဝန်ကို ထိခိုက်စေပြီး ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်တဲ့ မျက်လုံးကွယ်ခြင်း ၊ ခြေထောက်များ ထုံပြီး ထိ၍ထိမှန်းမသိတော့ခြင်း နှင့် ကျောက်ကပ်ထိခိုက်ခြင်းတွေကို ပိုအဖြစ်များစေပါတယ်။ WheyProtein မှာပါတဲ့ amino acid တွေက ဆိုးလွန်းတဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဖျက်ဆီးပေးတယ်ဆိုတော့ ဆီးချိုသမားတွေ ကောင်းကျိုးတွေရရှိစေတာပေါ့။၂ ။ မကောင်းတဲ့ အဆီတွေကို လျော့ချပေးတယ်။Whey Protein ကို ဆီးချိုသမားတွေ အစာစားပြီးချိန်သောက်မယ်ဆိုရင် နှလုံးသွေးကြောကို ပိတ်စေတဲ့ Triglyceride အဆီတွေကို လျော့ကျစေနိုင်တာက နှလုံးကျန်းမာရေးကိုကောင်းစေပြီး သွေးတိုးရောဂါမဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။၃။ ဆီးချိုထိန်းတဲ့ နေရာမှာ အဓိကကျတဲ့ အင်ဆူလင်ကို ပိုထွက်စေပါတယ်။ကိုယ်စားနေတဲ့ အစားအသောက်ထဲ Whey Protein ထည့်စားမယ်ဆို သွေးထဲမှသကြားဓါတ်ကို ကြွက်သားတွေထဲ ရောက်အောင်သုံးစွဲပေးတဲ့အင်ဆူလင်ကိုပိုထွက်စေပြီး သွေးထဲသကြားဓါတ် မြင့်တက်မှု နည်းစေကာဆီးချိုတက်ခြင်းကို လျော့ကျစေပါတယ်။၄။ အရောင်ကျစေတဲ့အာနိသင်။ကိုယ်ခန္ဓါတွင် ရောင်ရမ်းခြင်းများရှိနေလျှင် သွေးတွင်းသကြားဓါတ်ထိန်းခြင်းနှင့်ကိုယ်အလေးချိန်ေလျှာ့ခြင်း ကိစ္စတွေမှာ အဟန့်အတား ဖြစ်နေတတ်ပါတယ်။ Whey Protein မှာအရောင်ကျ အာနိသင်ရှိတဲ့ အတွက်ကြောင့်သွေးတွင်းသကြားဓါတ်ထိန်းညှိခြင်းကို အကူအညီ ပေးတဲ့အပြင်အသည်းအဆီဖုံးခြင်းကိုလည်း လျော့ကျစေပါတယ်။၅။ ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ်။Whey protein က ဗိုက်ပြည့်တာကိုမြန်စေပါတယ်။အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း ၊အဝလွန်ြခင်းနဲ့ ဆီးချိုသမားနဲ့က ခွဲခြားလို့မရဘူး မဟုတ်လား။ မစားရလေ ပိုစားချင်လေလေ။ Whey Protein သောက်လိုက်တော့ ဗိုက်လည်းမြန်မြန်ပြည့် အစားလည်းသိပ်မစားဖြစ်တော့ ဆီးချိုလည်းထိန်းပြီးသား ဝိတ်လည်းကျပြီးသား ဖြစ်သွားတာပေါ့။Whey Protein တစ်နေ့ ဘယ်လောက်သောက်ရမလဲ။Whey proteinကို တစ်နေ့ကို အနည်းဆုံး ၂၀ဂရမ်လောက်သောက်ရင် လုံလောက်ပါတယ်။ အဲဒီပမာဏက သင်နို့သောက်လိုက်ရင် ၊ ဒိန်ခဲစားလိုက်ရင် ရမယ့်ပရိုတင်းပမာဏပဲဖြစ်တာကြောင့် ဆီးချိုသမားတစ်ယောက်သောက်နိုင်တဲ့ အတိုင်းအတာ ပဲဖြစ်တယ်။ဒါ့ကြောင့် Whey Protein သောက်လိုက်တာနဲ့ ဆီးချိုလည်းထိန်း၊ ဝိတ်လည်းကျ၊ ဗိုက်လည်းမြန်မြန်ပြည့်တော့၊ ဆီးချိုသမားတွေအတွက် Whey Protein က ရွေးချယ်သင့်တဲ့ဖြည့်စွက်စာတစ်ခုဖြစ်ပါတယ်။ ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc/
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ။ဆီးချိုကနာတာရှည်ရောဂါဆိုပေမယ့်လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမယ်။ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်မယ်ဆိုရင် သက်တမ်းစေ့စေ့ နေထိုင်မှာပါ။ဒီတော့ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသုံးရမလဲ။ ဘယ်အချက်လေးတွေကို ဂရုစိုက်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ဆီးချိုရှိသူတွေအနေနဲ့ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့စေ့နေနိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ကာဗိုဟိုက်ဒရိတ် အားလုံးကသွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိနေတာကြောင့် ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေကို စားသုံးတဲ့အခါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ဒီလိုဆိုတာနဲ့ ဆီးချိုရှိရင် ကာဗိုဟိုက်ဒရိတ် မစားရတော့ဘူးလားဆိုတေ့ာ မဟုတ်ပါဘူး။ကျန်းမာစေမယ့် အစားအစာကို ရွေးချယ်ဖို့နဲ့ ပမာဏကို သတိထားရမှာပါ။ ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေက။ဆား၊ အငန် လျှော့စားတာက သွေးပေါင်ချိန် တက်နိုင်တဲ့ အလားအလာကို လျှော့ချပေးနိုင်ပါတယ်။ ဒီလို လျှော့ချနိုင်မှုကသွေးတိုးရောဂါမဖြစ်စေဖို့ ကာကွယ်ရာ ရောက်သလို နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကိုပါ လျှော့ချရာ ရောက်ပါတယ်။ဒါကြောင့် တစ်နေ့တာကိုဆားပမာဏအများဆုံး ၆ ဂရမ် ( လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ) ပဲ စားသုံးပေးပါ။ အစားအစာ ရွေးချယ်တဲ့အခါ ဆားနည်းတာကို ရွေးချယ်ပါ။ကာဗိုဟိုက်ဒရိတ် လျှော့စားရမယ်ဆိုတော့ အသား ပိုစားလိုက်မယ်။ ဒါက ကျန်းမာရေးနဲ့ ညီလိမ့်မယ်လို့ တွေးကောင်းတွေးမိနိုင်ပါတယ်။ ဒါက တကယ်တော့ အကြံကောင်း တစ်ရပ် မဟုတ်ပါဘူး။အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်အစား ပရိုတင်းနဲ့ ဖြည့်မယ်ဆိုရင်။ပဲအမျိုးမျိုးက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ပေါ် သက်ရောက်မှု မရှိစေဘဲ ပရိုတင်း ဖြည့်ပေးမှာဖြစ်သလို အဆာခံနိုင်စေမှာပါ။ ငါးကလည်းဆယ်လ်မွန်၊ မက်ကာရယ်တို့လိုမျိုး omega-3 ကြွယ်ဝတဲ့ ငါးတွေက နှလုံးကျန်းမာစေဖို့  ထောက်ကူပေးပါတယ်။သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးတာက ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် နဲ့အမျှင်ဓာတ်တွေကို ထောက်ပံ့ပေးပါတယ်။ဆီးချိုရှိသူအနေနဲ့တော့ အချိုများတဲ့ သစ်သီးတွေကို ရှောင်ဖို့ လိုပါမယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ လိုပါမယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကသွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ ရရှိစေဖို့။ဒါတွေအပြင်။အခုလို စားသောက်မှုတွေအပြင် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာက ဆီးချိုရောဂါကို ထိန်းညှိပေးဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetes-best-food/
ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ လိင်ဆက်ဆံခြင်းကို ခေတ္တရပ်ထားဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ကြပေမယ့် လူတွေဆိုတာကလည်း ကာမဆန္ဒကို ထိန်းချုပ်ရခက်ခဲတတ်ကြတာမလား။ ဒီတော့ ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား ၊ လိင်ဆက်ဆံခြင်း ပြုသင့်၊ မပြုသင့်နဲ့ အကယ်လို့ ဆက်ဆံမယ်ဆိုရင်ရော ဘာတွေကို ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ဆက်ဆံသင့်၊ မဆက်ဆံသင့်ဆိုတာကို မပြောခင် ဘာတွေဖြစ်နိုင်လဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။၁။ ရောဂါဖြစ်နေချိန်မှာ ဆီးလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေက အတွင်းနံရံတစ်ရှူးတွေကို ယားယံစေပြီး ထိခိုက်ပွန်းပဲ့မှုပိုဖြစ်စေနိုင်ပါတယ်။ ဒီအခါ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်း ပိုများသွားပါတယ်။၂။ ရောဂါရှိနေသူက အမျိုးသမီးဆိုရင် မိန်းမကိုယ်အတွင်းသို့ မည်သည့်ပစ္စည်းမဆို (အမျိုးသားရဲ့လိင်တံ၊ အရုပ်၊ လက်ချောင်း) ထိုးသွင်းခြင်းက ဆီးလမ်းကြောင်းရောင်နေတဲ့အခြေအနေကို ပိုဆိုးသွားစေနိုင်ပြီး တခြားရောဂါပိုးတွေပါ ဝင်စေနိုင်ပါတယ်။၃။ ဆီးသွားနေစဉ်မှာသာ နာကျင်ခြင်းမဟုတ်ဘဲထိုးသွင်းဆက်ဆံခံရတဲ့အခါ ပုံမှန်ထက်ပိုပြီး နာကျင်စေနိုင်ပြီး အတွင်းနံရံမှလည်း ယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။၄။ ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူရဲ့ လိင်အင်္ဂါကိုပါးစပ်ဖြင့် စုပ်ယူခြင်း၊ လျှာဖြင့် လျက်ခြင်းဟာ ရောဂါပိုးတွေကို လည်ချောင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခြင်း ဖြစ်စေနိုင်ပြီး ရှိနေတဲ့ရောဂါက ပျောက်ကင်းသက်သာဖို့ အချိန်ပိုကြာသွားနိုင်တဲ့အပြင် တခြားဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေပါ ဝင်လာစေနိုင်ပါတယ်။၅။ ထိုးသွင်းဆက်ဆံခြင်းကို ပြုတဲ့အခါ ဆီးလမ်းကြောင်းအတွင်းမှာ အောင်းနေတဲ့ ဘက်တီးရီးယားပိုးတွေကို အထဲသို့ တွန်းပို့သလို ဖြစ်စေတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို လျင်မြန်စွာ ပျံ့နှံ့သွားနိုင်ပါတယ်။ဒါကြောင့် အကောင်းဆုံးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဖြစ်နေတဲ့အချိန်မှာ ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်သတ်မှတ်ထားတဲ့ ဆေးအညွှန်းအတိုင်း မပျက်မကွက်သောက်ပြီး လုံးဝပျောက်ကင်းသွားပြီဆိုမှ လိင်ဆက်ဆံတာ အကောင်းဆုံးပါပဲ။ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သိထားတယ်ဆိုရင် ဘယ်လိုအချက်တွေက ရောဂါကို တခြားသူဆီ ကူးစက်စေနိုင်လဲ၊ ဘယ်လိုအပြုအမူက ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်လဲ စတာတွေကို ကြိုသိထားဖို့လိုတဲ့အပြင် ဆောင်ရန်၊ ရှောင်ရန်များကို တစ်ဆက်တည်း နားလည်ထားဖို့ လိုပါတယ်။ဒါကြောင့် မတော်တဆ လိင်ဆက်ဆံမိသွားတယ်ဆိုရင်လည်း ခုပြောပြမယ့် အချက်တွေကို သေချာလိုက်နာဖို့ အကြံပေးလိုက်ချင်ပါတယ်။လိင်ဆက်ဆံပြီးနောက်ပိုင်း ဆီးထဲ သွေးပါလာခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ခါးကိုက်ခါးနာဖြစ်ခြင်း၊ လိင်တံကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာခြင်း တွေ့ရပါက ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/can-u-have-sex-with-a-uti/
ကိုယ်ဝန်ဆောင်ချိန်မှာ ပုံရိပ်ဖော်ရောဂါရှာဖွေတာတွေ က ဘယ်လောက်စိတ်ချရမလဲ
ကိုယ်ဝန်ဆောင်ချိန်က အမျိုးသမီးတိုင်းအတွက် အရမ်းကို အရေးကြီးပါတယ်။ မိခင်ကိုယ်တိုင်ကျန်းမာဖို့ လိုသလို မွေးဖွားလာမယ့် ကလေးငယ်လေး ကျန်းမာသန်စွမ်းဖို့အတွက်လည်း အနေအထိုင်ကစလို့ အစားအသောက်အဆုံး အကုန်လုံးကို ဆင်ခြင်နေရတဲ့အချိန်ပါ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အတွက် အစစအရာရာ ဂရုစိုက်နိုင်မှ တော်ကာကျမှာဖြစ်ပါတယ်။ မိခင်ကျန်းမာမှ ကလေးကကျန်းမာမယ်ဆိုတဲ့အချက်ကို မိခင်တိုင်း မမေ့သင့်ပါဘူး။ အခုတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာပုံရိပ်ဖော်ရောဂါရှာဖွေတာတွေအကြောင်းနဲ့ ကိုယ်ဝန်ဆောင်အတွက် ဘယ်လိုပုံရိပ်ဖော်စစ်ဆေးမှုက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ပုံရိပ်ဖော်ရောဂါရှာဖွေတာတွေ က ဘယ်လောက်စိတ်ချရမလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။X-Ray ဆိုတာက electromagnetic radiation လို့သိကြတဲ့ ပုံရိပ်ဖော်စစ်ဆေးမှု နည်းလမ်းတစ်ရပ်ပါ။ X-rays က ကြားခံတစ်ခုမှ ပါဝင်တာမျိုးမရှိဘဲ လျှပ်စစ်သံလိုက်လှိုင်းတွေကို ဖြန့်ထုတ်ပြီး လူ့ကိုယ်ခန္ဓာအတွင်းပိုင်း၊ အထုတ်အပိုးတွေရဲ့ အတွင်းပိုင်းက အရာတွေကို ပုံရိပ်ဖော်ပေးပါတယ်။ X-rays မှာပါတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ထူထဲတဲ့ အစိုင်အခဲအရာဝတ္ထုတွေကို ထွင်းဖောက်မြင်နိုင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ X-rays ကို သုံးပြီး ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါတွေမှာ ဖြစ်နေတဲ့ရောဂါတွေကို စစ်ဆေးရှာဖွေနိုင်ပါတယ်။ သွားဓာတ်မှန်ရိုက်တဲ့အခါမျိုး၊ လက်မောင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းတွေကိုလည်း X-ray ရိုက်ပြီးရောဂါရှာဖွေလို့ရပါတယ်။သွား၊လက်မောင်းနဲ့ ခြေထောက်တို့ကို ဓာတ်မှန်ရိုက်တာက သန္ဓေသားကို ထိခိုက်စေတာမျိုးမရှိပေမယ့် ရင်ခေါင်း၊ ဝမ်းဗိုက်ပိုင်းနဲ့ ကျောက်ကပ်၊ ခါးကို ဓာတ်မှန်ရိုက်တာတွေကသန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ခေါင်းအောက်ပိုင်းနဲ့ ခါး၊ ကျောက်ကပ်တို့ကို X-Ray ရိုက်တာက သားအိမ်ထဲမှာရှိနေတဲ့ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်တွေကို ဓာတ်မှန်ရိုက်လေ့ မရှိပါဘူး။ မဖြစ်မနေရိုက်ရမယ်ဆိုရင်လည်း အကာအကွယ်ဝတ်ပြီးမှ ရိုက်ပေးပါတယ်။Magnetic resonance imaging (MRI) က သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေ ပေါင်းစပ်ပြီး ကိုယ်တွင်းပိုင်းက ပုံရိပ်တွေကို ကွန်ပျူတာမှာ အသေးစိတ်ဖော်ပြပေးတဲ့ ပုံရိပ်ဖော်စနစ်တစ်ခုပါ။ X-Rayတွေ၊ CT scanတွေနဲ့ မတူတာတစ်ခုက MRI က radiation ကို အသုံးမပြုတာပါပဲ။MRI က ဆရာဝန်တွေကို ရောဂါတွေ၊ ထိခိုက်ဒဏ်ရာတွေကို စစ်ဆေးအဖြေရှာနိုင်အောင် ကူညီပေးပါတယ်။ ရောဂါကုသမှု ခံယူနေစဉ်မှာလည်း ကုထုံးက ဘယ်လောက်အထိအလုပ်ဖြစ်လဲဆိုတာကို MRI နဲ့ စစ်ဆေးလို့ရပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ ဖြစ်နေတဲ့ ရောဂါတွေကို MRI သုံးပြီးရှာဖွေလို့ရပါတယ်။ကိုယ်ဝန်ဆောင်တွေအနေနဲ့ကတော့ မဖြစ်မနေလိုအပ်တာမျိုးမဟုတ်ဘူးဆိုရင် ကိုယ်ဝန်ဆောင် အစောပိုင်းကာလတွေမှာ MRI နဲ့ရောဂါ ရှာဖွေတာမျိုးမလုပ်သင့်ပါဘူး။ကိုယ်ဝန်အစောပိုင်းကာလမှာ ကလေးငယ်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက စတင်ဖွံ့ဖြိုးနေချိန်ဖြစ်တာကြောင့်ပါ။ ကလေးက နုနယ်လွန်းတဲ့အချိန်မှာ MRI ရိုက်မယ်ဆိုရင် မလိုလားအပ်ဘဲ ကလေးမှာ ထိခိုက်မှုတွေဖြစ်လာနိုင်တာကြောင့်ပါ။CT Scan ဆိုတာ computed axial tomography scan လို့ခေါ်တဲ့ ပုံရိပ်ဖော်စစ်ဆေးမှု နည်းလမ်းတစ်ရပ်ပါ။ CT scan က ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေကို X-ray ပုံရိပ်အနေနဲ့ ဖမ်းယူပေါင်းစပ်ပြီး ကွန်ပျူတာ ဖန်သားပြင်ကနေတဆင့် ကြည့်ရှုလို့ရအောင်ပုံရိပ်ဖော်ပေးတဲ့ စနစ်တစ်ခုပါ။CT Scan ကို ဦးနှောက်မှာ သွေးခဲတာ၊ ဦးခေါင်းခွံထိခိုက်မိတာ၊ အကျိတ်နဲ့ ပိုးဝင်ကူးစက်တာတွေကို စစ်ဆေးဖို့ အသုံးပြုနိုင်သလို ကျောရိုးနဲ့ ကျောရိုးတစ်လျှောက်မှာရှိတဲ့ အရိုးအချပ်ပြားတွေမှာ ထိခိုက်မိတဲ့ ဒဏ်ရာတွေကို စစ်ဆေးဖို့လည်း အသုံးပြုနိုင်ပါတယ်။ရင်ခေါင်းပိုင်းက နှလုံးနဲ့ အဆုတ်တွေကိုလည်း CT scan ရိုက်ပြီး စစ်ဆေးလို့ရပါတယ်။ ဝမ်းဗိုက်ပိုင်းထဲမှာ ဖြစ်တတ်တဲ့ အကျိတ်၊ ရောဂါပိုးဝင်တာ၊ အူအတက်ရောင်တာ၊ ကိုယ်တွင်းအင်္ဂါတွေမှာ ပြည်တည်တာမျိုးတွေကို လည်း CT scan ရိုက်ပြီးစစ်ဆေးကြည့်လို့ရပါတယ်။CT scan မှာပါတဲ့ radiations level က ပုံမှန် X-rays မှာပါတဲ့ radiations level ထက် နည်းနည်းလေးပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ တကယ်လိုအပ်တဲ့အခါမျိုးမှာသာ CT scan ကို ရိုက်ကြည့်သင့်ပါတယ်။ CT scan မှာပါတဲ့ radiation က ဖွံဖြိုးကြီးထွားနေတဲ့ သန္ဓေသားကို ထိခိုက်စေနိုင်တာကြောင့်ပါ။CT scan ရိုက်တဲ့အခါ အဖြစ်အများဆုံးပြဿနာတစ်ခုက CT scan ရိုက်ခါနီးမှာ အသုံးပြုတဲ့ဆေးက ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်မှုဖြစ်ပြီး အရေပြား ယားယံတာ၊ အင်ပျဉ်တွေထွက်တာ၊ မအီမသာဖြစ်တာ၊ အသက်ရှူမြန်လာတာမျိုးတွေပါ။ဒီလိုဓာတ်မတည့်မှုက အရမ်းပြင်းထန်မယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိတဲ့ မိခင်တွေအနေနဲ့ ရောဂါတစ်ခုခုကို CT scan နဲ့ စစ်ဆေးရှာဖွေတာမျိုး မလုပ်ခင်မှာ မိမိဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်သင့်ပါတယ်။Ultrasound scan က သားအိမ်ကနေ အသံလှိုင်းတွေကို ပေးပို့ပြီး ပုံရိပ်ဖော်ပေးတာပါ။ ဒီပုံရိပ်ကနေတစ်ဆင့် ကလေးရဲ့ အနေအထား နဲ့ လှုပ်ရှားမှုတွေကိုဖော်ပြပေးပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းက သူတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ Ultrasound scan ကိုတစ်ကြိမ်လောက်တော့ရိုက်ဖူးကြမှာပါ။ မိမိရင်သွေးလေးရဲ့ ပထမဆုံးပိုရိပ်ကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ခွင့်ရတဲ့အခိုက်အတန့်ပါ။ကိုယ်ဝန်ဆောင်တွေအတွက် အသင့်တော်ဆုံး ပုံရိပ်ဖော်စနစ်ပါ။ သန္ဓေသားကို ထိခိုက်မှုမရှိစေဘဲ ကလေးက အမြွာလွယ်ထားရတာလား၊ တစ်ယောက်တည်းလွယ်ထားရတာလား ဆိုတာကို သိစေနိုင်သလို ကလေးက ပုံမှန်အတိုင်း ဖွံ့ဖြိုးနေရဲ့လားဆိုတာကိုလည်း သိရှိစေနိုင်ပါတယ်။လနုချိန်မှာရိုက်တဲ့ Ultrasound scan မှာတော့ ရင်သွေးလေးက သားသားလေးလား၊ မီးမီးလေးလားဆိုတာကို မသိရနိုင်သေးပါဘူး။ ကလးရဲ့ နှလုံးခုန်နှုန်း၊ ကိုယ်လက်အင်္ဂါတွေ၊ ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်း ကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာကိုပဲ သိရဦးမှာပါ။Ultrasound scan ကို လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက ကိုယ်ဝန်ဆောင်တွေအတွက် အသုံးပြုခဲ့တာဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် မိခင်ရော ကလေးကိုပါ ဘေးကင်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံး ပုံရိပ်ဖော်ရောဂါ ရှာဖွေတဲ့စနစ်ကိုပြောပြပါဆိုရင် Ultrasound scan လို့ပဲပြောချင်ပါတယ်။လေ့လာမှုတွေအရ Ultrasound scan က ကလေးရဲ့ကိုယ်အလေးချိန်၊ ကလေးမှာ ကင်ဆာဖြစ်တာ၊ အမြင်အာရုံပြဿနာနဲ့ အကြားအာရုံထိခိုက်တာမျိုးတွေနဲ့ ပတ်သက်နေတာမျိုးမရှိဘူးလို့သိရပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/imaging-techniques-in-pregnancy/
ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ........
ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား …….. လူတွေရဲ့ ဘဝရှင်သန်မှုဟာ တာဝန်တွေ များစွာနဲ့ ပြည့်နှက်နေသလို တစ်နေထွက်လာကစလို့ တစ်နေမဝင်ခင်အထိ ရင်ဆိုင်ရတဲ့စိတ်ဖိစီးမှုပေါင်းကလည်း များစွာပါ။ ဒီလို စိတ်ဖိစီးမှုတွေကရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလိုစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လည်း ထိခိုက်စေနိုင်ပါတယ်။ဒီလို စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ အချို့သောအရာတွေက ပတ်ဝန်းကျင် အကြောင်းတရားတွေကြောင့် ဖြစ်တာဆိုပေမယ့် အချို့သော အကြောင်းအရာတွေက ကိုယ်တိုင်က ဖန်တီးတာပါ။အလေ့အကျင့်ဆိုးတွေက ဘဝပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေနိုင်ပါတယ်။အလေ့အကျင့်ဆိုးတွေက ဖျားနာစေမယ်လို့ပဲ ထင်ထား​ကြပေမယ့် တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချို့သော အလေ့အထတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေ ခံစားရစေနိုင်ပါတယ်။ဒီတစ်ခေါက်တော့ ကိုယ်တိုင် လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ ဘယ် အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ဒီ အလေ့အထတွေကစိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား …….. ဘယ်လို အလေ့အထတွေ များလဲ ……ကိုယ်တိုင်ရော လုပ်မိနေလား …… ဆိုပြီး စိတ်ပူနေပြီလား…… ဒါဆို ဆောင်းပါးကို အတူတူ ကြည့်လိုက်ရအောင်နော်။ကိုယ်နေဟန်ထား မမှန်တာက ကျောရိုးနဲ့ ကြွက်သား နာကျင်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပဲ ထိခိုက်စေနိုင်တယ်လို့ တော်တော်များများက ယူဆနေကြပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ ကိုယ်နေဟန်ထား မမှန်တာက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။လေ့လာမှုတွေအရ ထိုင်တဲ့အခါ မတ်မတ်လေး ထိုင်တာက စိတ်ဓာတ်ကျမှု ကင်းဝေးစေတယ်လို့ ဆိုပါတယ်။ ပုံစံမှန်မှန် ထိုင်တာက အကောင်းမြင်စိတ် တိုးစေပြီး စိတ်ဓာတ်ကျမှု ကင်းစေနိုင်ပါတယ်။စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အတွက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေး လုပ်ပေးဖို့ လိုပါမယ်။ တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုကို များများ မလုပ်ဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ခပ်ရွရွလေး ပြေးတာမျိုးကလည်း စိတ်ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ကျန်းမာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက်တော့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ဖုန်းတွေ ပေါပေါများများ ပေါ်လာပြီးတဲ့နောက်မှာ လူတော်တော်များများက သူတို့ရဲ့ အချိန်တွေကို Social Media သုံးရင်း ကုန်ဆုံး ကြပါတယ်။ ဒီလို ဖေ့ဘုတ်ခ် အသုံးများတာ၊ social media အသုံးများတာက စိုးရိမ်စိတ် များစေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျစေပြီး မနာလိုစိတ် များစေပါတယ်။ ဒါ့အပြင် အထီးကျန်တယ်လို့ ခံစားရစေနိုင်ပါတယ်။ဒီလိုကနေတဆင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာစေဖို့ဆိုရင် Social Mediaအလွန်အကျွံ မသုံးပါနဲ့။Social Media အသုံးများတာတင် မဟုတ်ပါဘူး။  Smartphone အသုံးများတာကလည်း social media အသုံးများတာလိုပဲ စိတ်ဖိစီးမှု များတာ၊ စိတ်ဓာတ်ကျတာကို ခံစားရစေပြီး အထီးကျန်စေနိုင်ပါတယ်။ ဖုန်းတွေကို တစ်ချိန်လုံး သုံးစွဲနေတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ကွတ်ကီးတို့၊ အာလူးကြော်တို့လိုမျိုး Junk Food တွေက စားရတာ အရသာရှိပေမယ့် သကြားပါဝင်မှု များသလို အဆီနဲ့ အငန်လည်း ကဲပါတယ်။ အကြိမ်ကြိမ် ပြုပြင်ထားတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။Junk Food အစားများတာက နှလုံးထိခိုက်တာ၊ သွေးတွင်းအဆီများတာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု အနေနဲ့  စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေ ခံစားရစေနိုင်ပါတယ်။ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် Junk Food လျှော့စားပါ။ဘယ်လို အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီ ဆိုတော့ ကဲ ….. ကိုယ်တိုင်ရော ဘယ်လို အလေ့အထတွေကို လုပ်မိနေသေးလဲ……….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/bad-habits-for-mental-health/
ဆယ်ကျော်သက်သားသမီးတွေကို စိတ်ဓါတ်မကျအောင် ဘယ်လိုကာကွယ်ပေးကြမလဲ
အပျိုဖော်လူပျိုဖော်ဝင်လာတဲ့အခါ ဆယ်ကျော်သက်လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါ အများအပြားတွေ့ကြုံရပါတယ်။ ထိုအရွယ်မှာ စိတ်ဓါတ်ကျခြင်းဟာ အကြီးမားဆုံးပြဿနာကြီးပါ။ ထိုကိစ္စကိုဖြေရှင်းဖို့ မိဘတွေရဲ့အားပေးမှုက အလွန်အရေးကြီးပါတယ်။မိဘနဲ့သားသမီးတွေကြားမှာ ရင်းနှီးမှုရှိခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ စိတ်ဓါတ်ကျမှုပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ မိဘတွေဟာ :။• ကလေးတွေနဲ့နေ့စဉ်စကားပြောမယ်။• သူတို့ခံစားချက်တွေ၊ လျှို့ဝှက်ချက်တွေကို မျှဝေမယ်။• အားပေးမယ်၊ ချီးကျူးမယ်။• သူတို့ရဲ့ဆိုးတဲ့အပြုအမူလေးတွေကိုလည်း တဖက်လှည့်နဲ့ ညင်သာစွာပြုပြင်ပေးမယ်။သူငယ်ချင်းတွေ တခြားလူမှုဆက်ဆံရေးတွေကလည်း ဆယ်ကျော်သက်စိတ်ဓါတ်ကျခြင်းအတွက် အရေးကြီးပါတယ်။ သင့်ကလေးတွေကို သူငယ်ချင်းကောင်းတွေနဲ့ အချိန်ကုန်ပါစေ၊ အဖွဲ့လိုက်လုပ်ဆောင်ရတာတွေ၊ အားကစားအဖွဲ့တွေ၊ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်ပါစေ။ ဒါတွေဟာ သူတို့ကို မိမိကိုယ်ကိုယုံကြည်မှုတိုးစေပြီး အရည်အချင်းတွေလည်း တက်လာစေပါတယ်။ ချစ်သူရည်းစားပြဿနာတွေမှာလည်း အကြံပေးပါ။ ထိုပြဿနာများမှ စိတ်ဖိစီးမှုတွေကလည်း စိတ်ဓါတ်ကျခြင်းကို ဖြစ်စေနိုင်လို့ပါ။ကိုယ်လက်လှုပ်ရှားမှုတွေဟာ စိတ်ရှုပ်ထွေးမှု၊ စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ တစ်ရက်လျှင် အနည်းဆုံးတစ်နာရီလောက်လှုပ်ရှားပေးပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ကြိုးခုန်တာမှစလို့ တောင်တက်တာ၊ အလေးမတာတွေထိ အကုန်အဆင်ပြေပါတယ်။ဖုန်း၊ ကွန်ပျူတာ ဖန်သားပြင်တွေရှေ့မှာ အချိန်ကုန်နေခြင်းဟာ အိပ်ချိန်ကိုလျော့ကျစေပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်တွေ၊ အင်တာနက်တွေဟာ သင့်ကလေးကို အွန်လိုင်းပေါ်မှာ အနိုင်ကျင့်လှောင်ပြောင်ခံရစေနိုင်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေထဲက စံလူသားတွေနဲ့ ယှဉ်ပြီး လက်တွေ့ဘဝကို စိတ်ပျက်စေပါတယ်။ လူမှုကွန်ရက်တွေ အွန်လိုင်းတွေပေါ်က ရိုင်းစိုင်းသော မကောင်းသော စကားတွေ၊ ဖြစ်ရပ်တွေဟာလည်း အန္တရာယ်တစ်ခုပါပဲ။ ဒါတွေဟာ ကလေးတွေအတွက် မကောင်းသောရှေ့ဆောင်တစ်ခုဖြစ်နိုင်ပြီး လူမှုဘဝကိုကြောက်သွားစေပါလိမ့်မယ်။ ဒီအရာအားလုံးက ဆယ်ကျော်သက်တွေကို စိတ်ဓါတ်ကျစေနိုင်ပါတယ်။တနေကုန်ပင်ပင်ပန်းပန်းစာသင်ပြီးတဲ့အခါမှာ ကောင်းမွန်တဲ့အိပ်စက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကောင်းကောင်းဖြစ်မှာပါ။ အိပ်ရေးပျက်ပါက စိတ်ဓါတ်ကျခြင်းကိုအားပေးနိုင်ပါတယ်။ ဆယ်ကျော်သက်တွေကို အိပ်ရာစောစောဝင်စေခြင်းက စိတ်ဓါတ်ကျနိုင်ချေနည်းစေပါတယ်။တကယ်လို့ သင့်ကလေးဟာ စိတ်ဓါတ်ကျမှု လက္ခဏာများပြနေပြီဆိုရင်တော့ သေးသေးလေးဖြစ်ပါစေ ဆရာဝန်နှင့်ဆက်သွယ်ပါ။တက်ကျွမ်းသူဆီမှ အကူအညီနဲ့ ထိုလက္ခဏာတွေလျော့သွားသည်ထိ ကုသမှုဆက်လက်ခံယူပါ။ မိသားစုပြဿနာနဲ့ပတ်သတ်သော စိတ်ဓါတ်ကျမှုမျိုးအတွက်က မိသားစုများရဲ့ဝိုင်းဝန်းကုသပေးမှုက အကောင်းဆုံးဖြစ်ပါတယ်။ထိုကဲ့သို့ကုသမျိုးမှာဆိုရင် စိတ်ဆရာဝန်က။• စိတ်ဓါတ်ကျခြင်း အကြောင်းရင်း ကိုနားလည်စေခြင်း။• စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျခြင်းရဲ့ ဘဝအပေါ်သက်ရောက်မှု အမျိုးမျိုး ကိုသိစေခြင်း။• အကောင်းဆုံးနည်းလမ်းနဲ့ စိတ်ဓါတ်ကျမှု သက်သာစေခြင်း။• တခြားလူများနှင့်ဆက်ဆံတတ်စေခြင်း၊ ခံစားတတ်များမျှဝေတတ်စေခြင်း တို့အတွက် အကြံဉာဏ်များပေးပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%86%e1%80%9a%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80/
ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက်
ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေ ရှိပါတယ်။ လူအတော်များများသည် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းမျိုးကို ကြားဖူးကြပါလိမ့်မည်။ ယင်းအပြုအမူသည် အာရှသားများအဖို့ ကြောင်တောင်တောင်နိုင်သော်လည်း အနောက်တိုင်းသားများအဖို့ မဆန်းတော့ပါ။ အောက်ပါတို့သည်ကိုယ်လုံးတီးအိပ်စက်ခြင်းမှ ရရှိနိုင်မည့် သင်မကြားဖူးသေးသော အကျိုးရလဒ်များ ဖြစ်ပါသည်။ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင်လား။အဝတ်အစားမပါဘဲ အိပ်စက်သူများသည်နှစ်ဦးသားချစ်ခြင်းကို တိုးလာစေကြောင်း ဗြိတိန်ရှိ အိပ်ရာခင်း ကုမ္မဏီတစ်ခုက အရွယ်ရောက်ပြီးသူ ၁၀၀၀ ကို သုတေသနပြုလုပ်ထားပါသည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကိုယ်လုံးတီးအိပ်စက်သူများ၏ ၅၇ %သည် နှစ်ဦးသားချစ်ခြင်းတွင် စိတ်ပျော်ရွှင်မှုများ ရရှိကြပြီး ၄၈%သည် ကိုယ်လုံးတီးအိပ်စက်ခြင်းနှင့် သင့်တင့်ကြောင်း တွေ့ရပါသည်။အိပ်ချင်စိတ်ဖြစ်လာရန်အတွက် သင့်ခန္ဓာကိုယ် အတွင်းပိုင်းအပူချိန်သည် ဒီဂရီတစ်ဝက်ခန့် နိမ့်ကျသွားရမည်ဖြစ်ပါသည်။ အိပ်ပျော်နေစေဖို့အတွက် သင့်ဦးနှောက်မှ သင့်ခန္ဓာကိုယ်အပူချိန်ကို အသိအမှတ်မပြုခင် အပူချိန်ကို အနေအထားတစ်ခုတွင် သတ်မှတ်ထားပြီးသားဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်လုံးတီးအိပ်စက်ခြင်းက သင့်ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်အေးသွားစေပြီး အိပ်ပျော်သွားရန် ဦးနှောက်ကအလိုရှိနေသော အတွင်းပိုင်းအပူချိန်ကို မြန်မြန်ရစေပါသည်။ပူလွန်းသောကြောင့်အိပ်ရေးပျက်ခြင်းများသည် သာမန်အားဖြင့် အိပ်ရေးမဝရုံသာဖြစ်မည်ဟု တွေးကြသော်လည်း အမှန်မှာ သင့်အတွက် အရေးကြီးသော မှတ်ဉာဏ်များတည်ဆောက်ခြင်းနှင့် ဦးနှောက်ဆဲလ်များကို ထိန်းသိမ်းထားနိုင်ခြင်းတို့ကို ထိခိုက်သွားခြင်းဖြစ်ပါသည်။သင့်အိမ်ထောင်ဖက်နှင့်အတူ ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းကအောက်ဆီတိုစင် ဟော်မုန်းကို မြင့်တက်စေပါသည်။ ထိုဟော်မုန်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးများကို ဖြစ်စေပါသည်။ အသားချင်း ထိနေခြင်းက ဦးနှောက်ကို အောက်ဆီတိုစင် ဟော်မုန်း ထွက်စေရန် လှုံ့ဆော်ပေးပါသည်။ ထိုဟော်မုန်းသည် နှလုံးကို ကာကွယ်ပေးခြင်း၊သွေးပေါင်ကျစေခြင်း၊ ကိုယ်ခံအားတက်စေခြင်းနှင့် စိုးရိမ်သောကများကို လျော့နည်းစေခြင်းတို့ ဖြစ်စေပါသည်။ကျားမ အင်္ဂါများ၊ ချိုင်းနှင့် ခြေဖဝါးများသည် တစ်နေကုန် အဝတ်အစားများဖြင့် ကာထားခြင်းခံရသော နေရာများ ဖြစ်ပါသည်။ ကိုယ်လုံးတီးချွတ်ပြီး အိပ်ခြင်းဖြင့် သင့်အရေပြားကို အသက်ရှူ ဝစေပါသည်။ ထို့ပြင်အရေပြား ရောဂါများဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ အားကစားသမားများတွင် ခြေထောက် စိုထိုင်းခြင်းကြောင့် မှိုစွဲခြင်းများကို လည်း လျော့နည်းစေနိုင်ပါသည်။အမျိုးသားများတွင်ကပ္ပာယ်အိတ်သည် အပူချိန် ကျဆင်းနေမှ သုက်ကောင်များကို ကျန်းမာစေပြီး မျိုးပွားအင်္ဂါများကို ပုံမှန်အတိုင်း အလုပ်လုပ် စေပါသည်။အမျိုးသမီးများတွင်လည်း မိန်းမကိုယ် မှိုရောဂါများ စွဲကပ်ခြင်းကို ကာကွယ်ပေးပါသည်။ ပိုပြီး အေးလေလေ၊ ခြောက်သွေ့လေလေ မှိုများ မကပ်တွယ်နိုင်လေလေ ဖြစ်ပါသည်။အဝတ်အစားများနှင့် မအိပ်ခြင်းကြောင့် ညဝတ်အင်္ကျီများ ဝယ်စရာ မလိုသည့်အတွက် ငွေကို ချွေတာရာ ရောက်ပါသည်။ အဝတ်များများကိုလည်း လျှော်ရန် မလိုတော့ပါ။ သင့် အိပ်ရာခင်းများကို မကြာခဏ လျှော်ရန် လိုအပ်သော်လည်း ညဝတ်အင်္ကျီများ ထည်လဲဝယ်ရခြင်းကို သက်သာစေနိုင်ပါသည်။ကဲ …. ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိပြီဆိုတော့ စမ်းကြည့် မစမ်းကြည့်ကတော့ ကိုယ်တိုင်ရဲ့ သဘောပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/6-benefits-of-sleeping-naked/
သင့်ကလေးကိုအစာအမာများမကျွေးခင်သင်သိသင့်သောအချက်များ
သင့်ကလေးကို အစာအမာကျွေးခြင်းသည် သင့်ကလေး၏ အသက်ပထမတစ်နှစ်တွင် စိတ်လှုပ်ရှားစရာကောင်းသောမှတ်တိုင်တစ်ခုဖြစ်သည်။ အစာအမာများ ပထမဆုံးစကျွေးခြင်းသည် ကမ္ဘာပေါ်တွင်ရှိသောအရသာမျိုးစုံကို စတင်စမ်းသပ်ခွင့်ရဖို့ ကနဦးအစပင်ဖြစ်သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် အမေရိကန်ကလေးဆရာဝန်များ အဖွဲ့အစည်းသည် ကလေးများကို လေးလနှင့်ခြောက်လအတွင်းတွင် အစာအမာများ စတင်ကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ ထိုအချိန်ကတည်းကပင် ကလေး၏အစာချေစနစ်သည် အစာမျိုးစုံကိုချေရန် လုံလောက်စွာ ဖွံ့ဖြိုးနေပြီဖြစ်သည်။ အချို့ကိစ္စရပ်များတွင် သင်သည် ကလေးကို အနည်းငယ်နောက်ကျပြီးမှ အစာအမာကိုစတင်ကျွေးနိုင်သည်။ (ခုနစ်လ ပတ်ဝန်းကျင်)။ အရမ်းအစောကြီး အစာအမာစတင်ကျွေးခြင်းသည် မကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် ဓါတ်မတည့်ခြင်း တုံ့ပြန်မှုများနှင့်တွေ့ကြုံနိုင်ရသောကြောင့် သို့မဟုတ် အသက်ကြီးလာလျှင် အဝလွန်ခြင်းနှင့် ဆက်စပ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း အသက်ရှစ်လ၊ကိုးလအထိ အစာအမာ မကျွေးခြင်းသည် နောက်ကျသည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွယ်တွင် အစာစားသည့် အလေ့အကျင့်ကို ပြောင်းလဲရ ခက်ခဲလာသောကြောင့်ဖြစ်ပါသည်။ သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီး မိဘများ၏အကူအညီနှင့် ထိုင်နိုင်မည်ဆိုလျှင် အစာအမာများစားရန် အဆင်သင့်ဖြစ်နေပါပြီ။ ကလေးသည် အစားအစာကို စိတ်ဝင်စားကြောင်းပြလိမ့်မည်။ ပါးစပ်ထဲမှ လည်ပင်းထဲအထိအစာကိုမျိုချနိုင် နေပြီဖြစ်သည်။အသားများ၊ ပဲတောင့်ရှည်များ၊ ဟင်းသီးဟင်းရွက် များနှင့်အားဖြည့်ထားသော စီရီယယ်လ်များကို အဓိကကျွေးပါ။ အသားသည် မိခင်နို့ကို အားဖြည့်ပေးမည် အရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်နို့တွင် ပါဝင်မှုအလွန်နည်းပါးသော သံဓါတ်နှင့် ဇင့်ဓါတ်ပမာဏများစွာ ပါဝင်သောကြောင့်ဖြစ်သည်။ သို့သော်လည်းပဲ မိဘများသည် ကလေးများအတွက် အသားကိုစောစောစီးစီးစတင်သင့်သော အရာမဟုတ် ဟုအထင်လွဲတတ်ကြသည်။ဥနှင့်ငါးများကိုလည်း ကျွေးသင့်သည်။ ပဲတောင့်ရှည်သည် အသားဓါတ်ပရိုတင်းနှင့် သံဓါတ်ပါဝင်သည်။ သင့်ကလေးကို ပဲနီလေး၊ ပဲတောင့်ရှည်များကိုလည်း ကျွေးသင့်သည်။ သစ်သီးများသည် ကလေးငယ်များကို အာဟာရများစွာမပေးပါ။ သို့သော်လည်းသစ်သီးများတွင် ရေဓါတ်နှင့် သကြားဓါတ်များစွာပါဝင်သည်။ သင်သည် တစ်နေ့လျှင် အာဟာရဖြည့်စွက်ထားသော စီရီယယ်လ် နှစ်ပွဲကျွေးခြင်းဖြင့် သင့်ကလေးကို လုံလောက်သော သံဓါတ်ဖြည့်စွက်ပေးပါ။ ချိစ့်၊ဒိန်ချဉ် ကဲ့သို့သော နို့ထွက်ပစ္စည်းများကို ပမာဏ ကန့်သတ်ပြီး ကလေးကိုကျွေးပါ။ သုတေသနပြုလုပ်ချက်များအရ မိခင်ကိုယ်ဝန်ဆောင်စဉ်အခါ စားခဲ့သော အစားအစာများကို ကလေးက မှတ်မိနေလေ့ရှိသည်ဟုဆိုကြပါသည်။ဥပမာဆိုရသော် နို့တိုက်စဉ်ကာလ သို့မဟုတ် ကလေးမွေးကာနီးနောက်ဆုံးသုံးလတွင် မုန်လာဥဖျော်ရည်သောက်သော မိခင်များ၏ကလေးများသည် သုံးလမှဆယ်လခန့်ရောက်သောအခါတွင် ရေထက်မုန်လာဥဖျော်ရည်နှင့်ပြုလုပ်သော စီရီယယ်လ်ကိုပိုမိုနှစ်ခြိုက်တတ်ကြသည်ဟု တွေ့ရှိရသည်။ သို့သော် မိခင်ပန်းဂေါ်ဖီစိမ်းကြိုက်တိုင်း ကလေး ပန်းဂေါ်ဖီစိမ်းကြိုက်ရမည်ဟု အာမခံထားခြင်းမျိုးတော့မရှိပါ။ သင်သည် အမျိုးအစားစုံလင်ပြီး ကျန်းမာရေးနှင့်ပိုမိုညီညွတ်သော အစားအစာများရွေးချယ်လေလေ ပိုမိုကျန်းမာသောကလေးလေး ဖြစ်လာနိုင်လေလေဖြစ်သည်။သင့်ကလေးကို အချိန်အနည်းငယ်အတွင်းမှာ အစားအစာအမျိုးုအစားများစွာဖြင့် လွှမ်းမိုးရန်မကြိုးစားပါနှင့်။ အစားအစာတစ်မျိုးကို အနည်းဆုံး သုံးရက်ကြာကျွေးပါ။ ဤနည်းအားဖြင့် သင်သည်သင့်ကလေးကို အစားအစာများနှင့် ပတ်သက်ပြီး စိတ်မရှုပ်ထွေးစေသလို ဓါတ်မတည့်ခြင်း စသောအစားအစာနှင့်ပတ်သက်သော ပြဿနာများတစ်စုံတစ်ရာရှိခဲ့လျှင်လည်း ချက်ချင်းသိရှိနိုင်မည်ဖြစ်သည်။ ပမာဏမည်မျှစားမည်ဆိုသည်ကို ကလေးကိုယ်တိုင်ဆုံးဖြတ်ပါစေ။ ကလေး၏ခန္ဓါကိုယ်တွင် ဗိုက်ဆာခြင်း၊ ဗိုက်ပြည့်ခြင်း ကို ပုံမှန်ဖြစ်စေသောစနစ်ရှိပြီးသောကြောင့် ကယ်လိုရီမည်မျှလိုအပ်သည် မည်မျှစားသင့်သည်ဆိုသည်ကို ကလေးကိုယ်တိုင်သိပါလိမ့်မည်။ ကလေးကိုအတင်းကျွေးခြင်း၊ ခြောက်ခြင်းတို့ဖြင့် အစားအစာကိုပိုစားစေခြင်းသည် ကောင်းသောအကြံဉာဏ်မဟုတ်သကဲ့သို့နောက်ပိုင်းတွင် လည်းပိုမိုပြင်းထန်သော အစားအသောက်နှင့် ပတ်သက်သည့်ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါသည်။ကလေးများသည်တစ်ယောက်နှင့်တစ်ယောက်မတူညီပါ။ ထို့ကြောင့် အစားအစာများကို တုံ့ပြန်ပုံသည်လည်း ကွဲပြားပါလိမ့်မည်။ သင်သည် သင့်ကလေးကို အစာမြန်မြန်စားဖို့၊ များများစားဖို့ဖိအားမပေးပါနှင့်။ စိတ်ရှည်လက်ရှည်နှင့် နည်းမှန်လမ်းမှန် ညွှန်ပြခြင်းသည်သာ ကလေးများကို အစာမာစကျွေးချိန်တွင် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%99%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%99/
အိပ်ရာဝင်နောက်ကျခြင်း၊ ကျန်းမာရေး နည်းလမ်း
နောက်ဆုံးစာမေးပွဲများ၊ ကျောင်း ပရောဂျက်များ၊ ကောလိပ် စာတမ်းများ၊ နောက်ဆုံး သတ်မှတ်ရက်များနဲ့ ရုံးမှာ အပြန် နောက်ကျတဲ့အထိ အလုပ်လုပ်ခြင်း၊ ဒါတွေအကုန်လုံးက လူတစ်ယောက်ကို ညထွက်တဲ့ ဇီးကွက်တစ်ကောင်လို ဖြစ်သွားစေပါတယ်။အိပ်ချိန်နည်းတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ လူ့ခန္ဓါကိုယ်ဆိုတာ နေ့အချိန်မှာ နိုးနေပြီး ညအချိန်ဆို အိပ်စက်ဖို့ အစီအစဉ်ချထားတာပါ။ အိပ်ရာဝင်နောက်ကျတဲ့သူတွေမှာ ဆီးချိုရောဂါ၊ သွေးတွင်း သကြားဓါတ်များခြင်း၊ အဝလွန်ရောဂါ စတာတွေ ပိုဖြစ်လာစေတဲ့အပြင် တခြား ကျန်းမာရေး ပြဿနာတွေဆီကို ချိတ်ဆက်စေပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင် နောက်မကျပါစေနဲ့။ ဒါပေမယ့် တခါတလေ ရှောင်လွဲလို့ မရပါဘူး။ တကယ်လို့ အိပ်ရာဝင် နောက်ကျဖို့ လိုပြီဆိုရင် သင်ရိုးရိုးရှင်းရှင်း လုပ်နိုင်တဲ့ ကျန်းမာရေးနည်းလမ်းတွေကို ဒီမှာ ဖော်ပြပေးပါမယ်။နေ့ဖက်မှာ ၁၅မိနစ်၊ မိနစ် ၂၀လောက် မှေးခြင်းက ညဖက်မှာ သင့်ကို လန်းဆန်းစေမှာပါ။ “ ညလုံးပေါက်အလုပ် မစခင် တပတ်လောက် တည ၉နာရီ အိပ်ပြီး အိပ်စက်မှု တချို့ကို စုထားပါ “ လို့ Detroit ၊ School of Medicine Wayne State University က အိပ်စက်ခြင်း လေ့လာသူနဲ့ ပရော်ဖက်ဆာတစ်ယောက် ဖြစ်တဲ့ Christopher Drake က ဆိုပါတယ်။ ညလုံးပေါက်နေတဲ့ ကြားမှာ အိပ်ချင်ရင် မနက်အထိပဲ အိပ်လိုက်ပါ။လေ့လာမှုတွေမှာ အလင်းရောင်က သင့်ကို နိုးကြားစေတယ်လို့ သက်သေပြထားပါတယ်။ ဒါက မနက် နေရောင်အောက်မှာ သင့်ခန္ဓါကိုယ်က ဗီတာမင် ဒီ ထုတ်တဲ့အချိန်နဲ့ ဆင်တူပါတယ်။ ညဖက် အိမ်ထဲက အလင်းရောင် မှိန်မှိန်မှာ ခန္ဓါကိုယ်က melatonin ဒါမှမဟုတ် အိပ်စတဲ့ ဟော်မုန်းကို ထုတ်ပေးပြီး သင့်ကို အိပ်ချင်စိတ် ဖြစ်စေတာပါ။မီးတွေထွန်းထားပြီး ဒါအိပ်ချိန်မဟုတ်သေးဘူးလို့ သင့်ခန္ဓါကိုယ်က ယူဆအောင် ခဏလောက် လှည့်စားနိုင်ပါတယ်။ အလင်းရောင်က သင့်ကိုယ်တွင်း နာရီအပေါ် သက်ရောက်မှု ကောင်းကောင်း ရှိပါတယ်။ “ နေ့စဉ်နာရီက အမြင်အာရုံနဲ့ ချိတ်ဆက်မှု ရှိပြီး အလင်းရောင်က ကျွန်တော်တို့ ကိုယ်တွင်းနာရီကို ပြန်လည် ပြောင်းလဲနိုင်ပါတယ် “ လို့ Florida Sleep Institute ရဲ့ Medical Director တစ်ဦးဖြစ်သူ William Kohler က ဆိုပါတယ်။ နာရီက ကျွန်တော်တို့ ခန္ဓါကိုယ် နိုးကြားတာနဲ့ ပင်ပန်းတာကို သင်္ကေတ ထုတ်ပေးပါတယ်။ညအချိန်မှာ နိုးကြားနေဖို့ ကော်ဖီ ၂ခွက်လောက် သောက်ဖို့ ညွှန်းချင်ပါတယ်။ ညဖက် တလျှောက်လုံးကို ကဖိန်း ၂ ခွက်ထက် ပိုသောက်ဖို့တော့ အားမပေးပါဘူး။ ဒါက သင့်ကို စိတ်ပျံ့နှံ့စေပြီး မအီမသာ ဖြစ်စေတတ်လို့ပါ။ကော်ဖီချက်ချင်းသောက်ပါ၊ အိပ်ရာဝင် နောက်ကျဖို့ အစီအစဉ်ရှိရင် အဲ့တာမတိုင်ခင် တစ်ပတ်အလိုမှာ ကော်ဖီသောက်တာ ရပ်ပါ။ နေ့ဖက် မမှေးခင်း ကော်ဖီ တစ်ခွက် သောက်နိုင်ပါတယ်။ ဒါ နောက်ဖြစ်လာမယ့် အိပ်ချင်စိတ်ကို လျော့စေပါတယ်။သင် လန်းဆန်းဖို့ သင့်ကော်ဖီကို ရေများများနဲ့ ဖျော်တာ သေချာပါစေ၊ ကဖိန်းဓါတ်က ညတလျှောက်လုံး နိုးကြားဖို့ ကူညီမှာ မှန်ပေမယ့် မကြာမကြာသောက်တာနဲ့ ဒီအားသာချက်ကို ခန္ဓါကိုယ်က ငြင်းဆန်လာမယ်ဆိုတာ မှတ်ထားပါ။ညလယ် သရေစာတွေက သင့်ကို နိုးကြားစေဖို့ အကောင်းဆုံး ဖြည့်စွက်အစာပါပဲ။ နောက်ဆုံးစာမေးပွဲကြောင့်ပဲ ဒါမှမဟုတ် အလုပ်မှာ နောက်ကျတာကြောင့် အိပ်ရာဝင်နောက်ကျရင် သင့်ဦးနှောက်က ပုံမှန်ညထက် ပိုပြီး အလုပ်လုပ်ရတာမို့ အစားအစာ ပိုများများ လိုအပ်ပါလိမ့်မယ်။ ကျန်းမာစေတဲ့ ပရိုတိန်းနဲ့ အဆီ များများပါတဲ့ အစားအစာတွေ စားပါ။ သကြားလုံး၊ ချောကလက်နဲ့ အသင့်စား အစားအစာတွေကို ရှောင်ပါ။ ဒါတွေက သင့်ကို အားအင် မြန်မြန် ရစေပြီး အဲ့မှာပါတဲ့ သကြားဓါတ်က စိတ်ပိုင်းဆိုင်ရာ လေးလံထိုင်းမှိုင်းမှုကို ဖြစ်စေပါတယ်။ဒိန်ချဉ်၊ protein shakes ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်၊ cheese ပါပြီး အဆီနည်းတဲ့ wheat cracker ဒါမှမဟုတ် ပဲထောပတ်နဲ့ ပန်းသီး စတာတွေလိုမျိုး ရေရှည်အတွက် ပိုကောင်းတဲ့ အားအင်တွေ ရစေမယ့် သရေစာတွေကို ရွေးချယ်ပါ။အခန်းထဲမှာ လမ်းလျှောက်တာ၊ ဒိုက်ထိုးတာ၊ ထိုင်ထ၊ ရိုးရိုးခုန်တာနဲ့ ဒါမဟုတ် ကြိုးခုန်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပါ။ ၄၅မိနစ် တစ်ခါ ၁၅မိနစ်လောက် အကြောဆန့်တာက သင့်ခန္ဓါကိုယ်ကနေ အောက်ဆီဂျင်တွေကို သွေးကြော၊ ဦးနှောက်နဲ့ ကြွက်သားတွေဆီ ရောက်ဖို့ ကူညီပေးပါတယ်။ သင့်ဦးနှောက် အောက်ဆီဂျင်ပိုရတာက သင့်ကို အာရုံစူးစိုက်မှု၊ သတိရှိမှုနဲ့ တီထွင်ဖန်တီးမှုတွေ ရှိနေစေပါတယ်။တကယ်လို့ စားပွဲနဲ့ အလုပ်လုပ်ရရင် ခဏလောက် လမ်းလျှောက်တာကို မကြာမကြာ လုပ်ပေးပါ။ အားမြန်မြန် ပြည့်ပေမယ့် ၁နာရီအကြာမှာ အားမရှိသလို ဖြစ်နေမယ့် သကြားလုံး စားတဲ့သူတွေထက် ၁၀မိနစ်လောက် ရိုးရိုးလမ်းလျှောက်တဲ့သူတွေက ၂နာရီ ပိုပြီး အားအင်ရှိနိုင်ပါတယ်။ နေ့လယ်စာ စားချိန်တွေဆို သင့်ရုံးအပြင်မှာ လမ်းလျှောက်ပါ၊ နေ့လယ်စာ စားဖို့ စားသောက်ဆိုင်ကို လမ်းလျှောက်ပါ၊ ဒါတွေက သင့်ကို ဒါတွေက သင့်ကို ပို အာရုံစူးစိုက်မှုကောင်းစေပြီး ပို လန်းဆန်းစေမှာပါ။ဟောက်ဖို့ သင့်တော်တဲ့ အခန်းအပူချိန်က ၁၈~၂၀ ံC ပါ။ တကယ်လို့ သင်အိပ်ရာဝင် နောက်ကျမယ်ဆို သင့်အခန်းအပူချိန်ကို အရမ်းမအေးအောင်၊ မပူအိုက်အောင် ထားပါ။ သင် လန်းဆန်းပြီး မပင်ပန်းစေလောက်မယ့် ၂၃~၂၅ ံC လောက် ထိန်းညှိထားပါ။ တစ်ခုခုလုပ်ဖို့ လိုအပ်လို့ အိပ်ရာဝင်နောက်ကျ အမှားမဟုတ်ပါဘူး။ ဒါပေမယ့် နေ့တိုင်းတော့ မဖြစ်ပါစေနဲ့။ ပိုအလုပ်လုပ်နိုင်အောင် အိပ်ရေးဝဝအိပ်ပါ။ ဒါမှ ညဇီးကွက် ဖြစ်ဖို့ လုံးဝ မလိုအပ်တော့မှာပါ။Hello Health Group သည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/lategotobed/
နို့ထွက်များခြင်း အကြောင်းသိကောင်းစရာများ
မိခင်နို့လုံလုံလောက်လောက်မထွက်ခြင်းသည် မိခင်များစိတ်ပူသည့်အကြောင်းအချက်တစ်ရပ်ဖြစ်သကဲ့ သို့ နို့ထွက်များခြင်းသည်လည်း ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ ဤဆောင်းပါးတွင် နို့ထွက်များခြင်း အကြောင်းရင်များနှင့် ဘယ်လိုလျော့ချရမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြထားပါတယ်။နို့ထွက်များရခြင်းအကြောင်းအရင်းများ စွာရှိပါသည်။ အချို့မိခင်များ၏ခန္ဓါကိုယ်များသည် အစကတည်းကပင် နို့ထွက်များကြသည်။ အချို့ကိစ္စရပ်များတွင်တော့ ဟော်မုန်းမညီမျှခြင်းကြောင့် နို့ထွက်များကြသည်။ အကယ်၍ မိခင်သည် ကလေးနို့စို့နည်းစေရန် နို့မတိုက်မီ ပမာဏများစွာကို ညှစ်ထုတ်ထား လျှင် ဖြစ်တတ်ပါသည်။နောက်တစ်ချက်အတော့ သူငယ်ချင်းများ၊မိသားစု သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်သူများထံမှ ကြားသိဖူးသော ရှေးရိုးစွဲယုံကြည်မှုကြောင့်ဖြစ်သည်။ နို့တိုက်လျှင်တစ်ဖက်ကို မိနစ် အနည်းငယ်စီမျှတိုက်ခြင်း သို့မဟုတ် ကလေးက နို့တိုက်တိုင်း နှစ်ဖက်လုံးကို စို့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။အကယ်၍သင့်ကလေးသည် နှစ်နာရီအတွင်း နို့ပြန်ဆာပါက ပထမတိုက်ခဲ့သော နို့တစ်ဖက်တည်းကိုပြန်တိုက်ပါ။ ကလေး၏တုံ့ပြန်မှုကိုကြည့်ပါ။ သင့်ကလေး၏လိုအပ်ချက်ကြောင့်နို့ရည်သည် ထွက်သွားသည်နှင့်အမျှ နို့ထုတ်လုပ်နှုန်းလည်းနှေးသွားပါလိမ့်မည်။ နို့ရည်ထုတ်လုပ်နှုန်းသည် ကလေး၏လိုအပ်ချက်နှုန်းနှင့် သက်ဆိုင်ပါသည်။ နို့သောက်နှုန်းမြင့်လေလေ နို့ရည်ထုတ်လုပ်မှုများလေလေဖြစ်ပြီး ကလေးနို့သောက်မှုနှေးလေလေ နို့ရည်ထုတ်လုပ်မှုကျဆင်းလာလေလေ ဖြစ်ပါသည်။ နို့တစ်ဖက်တည်းကိုအချိန်ကြာမြင့်စွာ တိုက်ခြင်းဖြင့်သင့်ကလေးကို ကယ်လိုရီပိုများသော နို့ရည်ရစေပါသည။် အဘယ်ကြောင့်ဆိုသော် နို့ထဲတွင်ရှိသော နို့ရည်များ ကလေးဆီသို့ အပြည့်အ၀ စီးဆင်းသွားသောကြောင့်ဖြစ်သည်။ သင်သည်ရင်သားတင်းခြင်းကို လျှော့ချနိုင်ရန် စက္ကန့်နှစ်ဆယ်၊သုံးဆယ်ခန့်ကြာ နို့ရည်ညှစ်ထုတ်နိုင်ပါသည်။နို့ရည်ညှစ်ထုတ် သောအခါတွင် အရမ်းအများကြီးမညှစ်ထုတ်မိဖို့ကိုလည်းသတိရပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ညှစ်ထုတ်ရခြင်းကြောင့် နို့ရည်ပိုမိုထုတ်လုပ်ဖို့ အချက်ပြသလိုဖြစ်သွားနိုင်သောကြောင့်ဖြစ်သည်။ ကလျာဏီပင်မျိုး (sage)တွင် ပရိုလက်တင်ဟော်မုန်းကို လျှော့ချပြီး နို့ရည်ထုတ်လုပ်မှုကိုနည်းစေသည အီစထရိုဂျင် သဘာဝပုံစံ ပါဝင်ပါသည်။ အခြားနည်းလမ်းတစ်ခုကတော့ မိခင်နို့အလှူရှင်ဖြစ်လာဖို့ပင်ဖြစ်ပါသည်။ နို့ရည်အထွက်များသော မိခင်အချို့သည် နို့ရည်ကိုညှစ်ထုတ်ပြီး လှူကြပါသည်။ မိခင်နို့ရည်လှူခြင်းသည် မိဘများစွန့်ပစ်ခြင်းခံရသော ကံမကောင်းသည့် ကလေးငယ်များ၏ကျန်းမာရေးကိုတိုးတက်စေပြီးအသက်များစွာကယ်တင်နိုင်ပါသည်။ ကလေးငယ်များကိုသဘာ၀ နို့ရည်မတိုက်နိုင်သော မိခင်များကို လည်းလှူဒါန်းနိုင်ပါသည်။များသောအားဖြင့် နို့ရည်များစွာထွက်သောပြဿနာသည် သင့်ကလေးကြီးလာသောအခါတွင် အလိုအလျောက် ပျောက်သွားတတ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ခန္ဓါကိုယ်သည် ကလေးလိုအပ်သောပမာဏကို ထိန်းညှိနိုင်ပြီးလျှော့ချနိုင်သောကြောင့်ဖြစ်သည်။ အခြားပြဿနာများကဲ့သို့ပင် အချိန်တန်လျင်ပျောက်သွားမည့်ပြဿနာ တစ်ရပ်သာဖြစ်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%94%e1%80%ad%e1%80%af%e1%82%95%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac/
အိပ်နေရင်း ဟောက်တတ်သူတွေ နှလုံးရောဂါ အန္တရာယ် သတိထားပါ
လူအများစုဟာအိပ်ပျော်နေစဉ်မှာဟောက်တတ်ကြပါတယ်။ ဒါကြောင့်လည်း ဟောက်တာဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုအဖြစ် မှတ်ယူထားတတ်ကြပါတယ်။ ဒါပေမယ့် အိပ်နေစဉ်မှာ ဟောက်ရတဲ့ အကြောင်းအရင်းရှိပါတယ်။ဟောက်တာဟာအိပ်ပျော်နေစဉ်မှာ အသံဆူညံစွာနဲ့ အသက်ရှူမိတာဖြစ်ပါတယ်။ ယခင်တုန်းကတော့ ကျန်းမာရေးပြဿနာတစ်ခုအဖြစ် မမြင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီကနေ့ခေတ်မှာတော့ ဟောက်ခြင်းနဲ့ ဆက်နွယ်ပြီး ကျန်းမာရေးဆိုင်ရာပြဿနာတွေရှိလာတာကို သိလာကြရပြီဖြစ်ပါတယ်။ဒီထဲက ကျန်းမာရေးပြဿနာတစ်ခုကတော့ အိပ်ဟောက်အသက်ရှူရပ်ရောဂါ (Obstructive Sleep Apnea) လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အိပ်ပျော်နေစဉ်နဲ့ ဟောက်သံထွက်ပေါ်နေစဉ်အတွင်း အသက်ရှူရပ်ပြီး အသက်ဆုံးပါးသွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။Obstructive Sleep Apneaဟာအဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း မြင့်မားသွားစေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါ့အပြင် အရက်စွဲတာနဲ့ Metabolic Syndrome (ဇီဝကမ္မဖြစ်ပျက်မှု မူမမှန်ခြင်း) တွေကြောင့်လည်း Obstructive Sleep Apnea ဝေဒနာ စွဲကပ်နိုင်ပါတယ်။Obstructive Sleep Apnea ခံစားနေရသူအများစုဟာ သူတို့မှာ ဒီဝေဒနာရှိနေတာကို သိရှိကြခြင်းမရှိကြပါဘူး။ အိပ်နေစဉ် သာမန်ဟောက်တယ်လို့ပဲ ယူဆထားကြတာပါ။ ဒါကြောင့် ကုသမှုတွေ နှောင့်နှေးတာမျိုး၊ လုံးမဝကုသမိတာမျိုးတွေအဖြစ်များပြီးနှလုံးရောဂါစွဲကပ်ချိန်မျိုးမှာမှ ရောဂါအကြောင်းအရင်းကို နောက်ကျစွာ သိရှိရတတ်ပါတယ်။ရောဂါလက္ခဏာတွေကတော့။အမေရိကန်နှလုံးရောဂါအသင်းနဲ့ ဘာမင်ဂမ်တက္ကသိုလ်တို့ရဲ့ ပူးပေါင်းလေ့လာချက်အရဆိုရင် Obstructive Sleep Apnea ဝေဒနာစွဲကပ်နေသူတွေရဲ့ နှလုံးတွေဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ဖွဲ့စည်းပုံပျက်ယွင်းလာတတ်ပြီး အလုပ်လုပ်ဆောင်ပုံလည်း မူမမှန်ဖြစ်လာတယ်လို့ ဆိုထားပါတယ်။ယခင်တုန်းကတော့ Obstructive Sleep Apnea ကြောင့် ဖြစ်နိုင်ခြေအများဆုံး နောက်ဆက်တွဲရောဂါက သွေးတိုးဝေဒနာလို့ မှတ်ယူထားခဲ့ကြပေမယ့် ခုအခါမှာတော့ နာတာရှည်နှလုံးရောဂါဟာ အဖြစ်အများဆုံးဆိုတာကို သိလာကြရပါပြီ။လေ့လာချက်တွေအရ Obstructive Sleep Apnea ဝေဒနာစွဲကပ်နေသူတွေရဲ့ ၄၇% ကနေ ၈၃% အထိဟာ နောက်ဆက်တွဲ နာတာရှည်နှလုံးရောဂါခံစားရလေ့ရှိပြီး ၁၂% ကနေ ၅၃% အထိကတော့ နှလုံးဖောက်ပြန်တဲ့ ဝေဒနာခံစားရလေ့ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့သွေးတိုးဝေဒနာစွဲကပ်သူက ၃၅% သာရှိပါတယ်။ဒါကြောင့် မိမိဟာ အလွန်အမင်းဟောက်တတ်နေပြီး ကိုယ်အလေးချိန်မြင့်မားတာမျိုး၊အရက်သေစာ စွဲလန်းနေတာမျိုးတွေရှိနေမယ်ဆိုရင် Obstructive Sleep Apnea ရောဂါရှိနေမနေ စစ်ဆေးဖို့ လိုအပ်ပါတယ်။Obstructive Sleep Apnea ရောဂါဖြစ်ပွားနေသူတစ်ယောက်မှာ နှလုံးရောဂါအပြင် နောက်ဆက်တွဲကျန်းမာရေး ပြဿနာအများအပြား ဆက်လက်စွဲကပ်နိုင်ပါသေးတယ်။ ဒါတွေကို အလွယ်တကူမှတ်ယူနိုင်ဖို့ အတိုကောက်အားဖြင့် HEARTS လို့ ခေါ်ပါတယ်။စတာတွေပါပဲ။ သတိထားသင့်တာကတော့ Obstructive Sleep Apnea ဟာ သွေးတိုးနဲ့လည်း အထူးတလည် ဆက်စပ်နေပြီး သွေးတိုးရှိသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ဒီဝေဒနာရှိနေပါတယ်။ ထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဆိုရင်လည်မမှားပါဘူး။ဒါ့အပြင် Pulmonary Hypertension (နှလုံးနဲ့ အဆုတ်ကို ဆက်သွယ်ထားတဲ့ သွေးကြောလေးတွေကျဉ်းပြီး ဖြစ်လာတဲ့သွေးတိုး)၊ Edema (ခြေထောက်ဖောရောင်ခြင်း) နဲ့ ကျောက်ကပ်ရောဂါတွေလည်း ခံစားရနိုင်ပါသေးတယ်။Obstructive Sleep Apnea နဲ့ သူ့ကြောင့်ဖြစ်ပေါ်လာမယ့် နာတာရှည်နှလုံးရောဂါအပါအဝင် နောက်ဆက်ဆွဲပြဿနာတွေကို တားဆီးဖို့ဆိုရင် ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ အရက်သောက်သုံးမှုကို ရှောင်ရှားဖို့က အလွန်အမင်းအရေးကြီးပါတယ်။ ဒီနှစ်ချက်ဟာ အဆိုပါဝေဒနာကို တားဆီးဖို့အတွက် အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင်လဲCPAP (အောက်ဆီဂျင်ပေးစက်မျိုး)လို့ခေါ်တဲ့ Sleep Machine တွေကို ဆရာဝန်လမ်းညွှန်ချက်နဲ့ အသုံးပြုတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/untreated-sleep-apnea-puts-your-heart-at-high-risk/
သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ
သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။တစ်နေ့တစ်လုံး သောက်ရတဲ့ ဟော်မုန်းနှစ်မျိုးပါဝင်သောသားဆက်ခြားစားဆေးတွေဟာ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပြီး ဆေးရုံဆေးခန်းသွားစရာ မလိုတဲ့အတွက် အမျိုးသမီး တော်တော်များများ သုံးစွဲကြပါတယ်။ အဓိကကတော့ ကိုယ်ဝန်တားဖို့အတွက် သောက်သုံးကြတာ ဖြစ်ပေမဲ့ ရာသီမမှန်တဲ့ ပြဿနာ‌တွေ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတွေကို ကုစားဖို့ အတွက်ပါ သုံးကြပါတယ်။ ‌။သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ ကတော့။သားဆက်ခြားစားဆေး ၂ မျိုး ရှိတဲ့အနက် ဟော်မုန်း ၂ မျိုး ပါဝင်တဲ့ သောက်ဆေးကပဲ အထက်ပါ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တာဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေဟာခန္ဓာကိုယ်ကနေ ထုတ်လုပ်တဲ့ မဟော်မုန်းတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။လွယ်လွယ်ပြောရရင် ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားနည်းတိုင်းဟာသားဥကြွေတာကို ပိတ်ပင်တားဆီးလိုက်တဲ့အတွက် ရာသီလာခြင်းကိုပါ ရပ်တန့်သွားစေပါတယ်။ ဒါပေမဲ့ ဟော်မုန်း ၂ မျိုး ပါတဲ့ သောက်ဆေးမှာတော့ ထူးဆန်းစွာပဲ ပုံမှန် ရာသီလာ သကဲ့သို့ တစ်လတစ်ခါ သွေးဆင်းပါတယ်။ ဒါကို “withdrawal bleeding” ဆေးရပ်လိုက်တဲ့အခါသွေးဆင်းခြင်းလို့ ခေါ်ပါတယ်။ပုံမှန်ရာသီစက်ဝန်းတစ်ခုမှာ ခန္ဓာကိုယ်က ဟော်မုန်းထုတ်လုပ်တဲ့အတိုင်း ဆေးကတ်ရဲ့ အပေါ် ၃တန်းမှာ ဟော်မုန်းတွေပါပါတယ်။ ‌အပေါ် ၃တန်းသောက်ပြီးသွားတဲ့အခါ အောက်ဆုံးအနီတန်းက ဆေးလုံးလေးတွေဟာ ဟော်မုန်းမပါဝင်တဲ့ အတွက် withdrawal bleeding လာရခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက အနီရောင် ဆေးလုံးလေးတွေကို သောက်သည်ဖြစ်စေ၊ မသောက်ဘဲ လွှင့်ပစ်သည်ဖြစ်စေ အပေါ်က ၃တန်းကို မှန်မှန်သောက်ခဲ့ရင် ရာသီလာပါလိမ့်မယ်။ ခန္ဓာကိုယ်ကမဟော်မုန်းထုတ်လုပ်ပုံမမှန်တဲ့ ပြဿနာရှိတဲ့ အမျိုးသမီးတွေမှာ (ဥပမာ- သားဥအိမ်မှာရေအိတ်တည်ခြင်း) ရာသီလစဉ်မှန်မှန် မလာတဲ့ ပြဿနာကြုံတွေ့ကြရပါတယ်။ ဒီလိုလူတွေအတွက်ဆို သိပ်အဆင်ပြေပါတယ်။ရာသီလာတဲ့အချိန်မှာ ဘာကြောင့်နာကျင်ကိုက်ခဲရသလဲဆိုတာ အရင်သိဖို့လိုပါတယ်။ Prostaglandin ဆိုတဲ့ ဟော်မုန်းတစ်မျိုးဟာ သားအိမ်ရဲ့ ကြွက်သားများကို ကျုံ့ဆန့်ခြင်းများပြုလုပ်စေပါတယ်။ အဲ့ဒီလို ကျုံ့ဆန့်ခြင်းများပြုလုပ်‌ခြင်းဖြင့် သားအိမ်အတွင်းမှာရှိတဲ့ အမြှေးပါးလေးကွာကျပြီး ရာသီသွေးအဖြစ်ဆင်းရပါတယ်။ ဒါပေမယ့် အလွန်အကျွံ ကျုံ့ဆန့်ခြင်းများဖြစ်လာတဲ့အခါ နာကျင်မှုကို ခံစားရစေပါတယ်။ဒါ့အပြင် အဆိုပါ prostaglandin ဟော်မုန်းက သားအိမ်က သွေးကြောလေးတွေကို ကျဉ်းသွားစေပြီး သားအိမ်နံရံကြွက်သားများဆီကို အောက်ဆီဂျင်ရောက်ရှိတာ နည်းသွားတဲ့အခါမှာလည်း နာကျင်မှုကို ခံစားရစေပါတယ်။ သားဆက်ခြားစားဆေးက အဆိုပါ prostaglandin ထုတ်လုပ်မှုကို လျော့နည်းအောင် ပြုလုပ်ပေးတဲ့အတွက် နာကျင်မှုတွေကို သက်သာစေခြင်းတဲ့ အကျိုးအာနိသင်ကို ရပါတယ်။ဒါတွေကတော့သားဆက်ခြားစားဆေးတွေက ပေးစွမ်းနိုင်တဲ့ အခြားသော အာနိသင်လေးတွေ ဖြစ်ကြပါတယ်။ ဆိုလိုတာကတော့ သူတို့ကိုသန္ဓေတားဖို့အပြင် တခြားအခြေအနေတွေမှာပါ သုံးလို့ရတယ်လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။ရေးသားသူ – Dr. Saint။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/contraceptive-pill-other-benefits/
အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး
ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုကနေ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ သတ္တုဓာတ်တွေ ပြည့်ဝဖို့ဆိုတဲ့ထဲမှာ အိုင်အိုဒင်း ပြည့်ဝစေဖို့ကလည်း အရေးကြီးပါတယ်။ ဒီတော့ အိုင်အိုဒင်း ဆိုတာ ဘာလဲ။ ဘယ်လို အစားအစာတွေကနေ အိုင်အိုဒင်းကို ရရှိနိုင်မလဲဆိုတာကို ပြောပြပေးပါမယ်။အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက်အရေးပါတဲ့သတ္တုဓါတ်တစ်မျိုးပါ။ ဒီအရေးပါတဲ့ အိုင်အိုဒင်း ကို အစားအသောက်ကနေတဆင့်ရရှိနိုင်ပါတယ်။ အိုင်အိုဒင်းကို အဓိကလိုအပ်တဲ့အစိတ်အပိုင်းကသိုင်းရွိုက်ဂလင်းပါ။ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့အတွက် အိုင်အိုဒင်းကိုလုံလောက်စွာရရှိဖို့လိုပါမယ်။ဒီတစ်ခေါက်တော့ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။အိုင်အိုဒင်း လုံလောက်စွာရရှိဖို့ဘာတွေစားမလဲ………… ဆိုပြီး စဉ်းစားရခက်နေပြီလား။ ဒါဆိုရင် အိုင်အိုဒင်း ကြွယ်ဝတဲ့ အစားအစာ တွေကို ကြည့်လိုက်ပါဦး။ဓါတ်တိုးဆန့်ကျင်အာနိသင်၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီးကယ်လ်လိုရီပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်သလို အိုင်အိုဒင်းလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ အိုင်အိုဒင်းကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။နို့ထွက်ပစ္စည်းတွေက အိုင်အိုဒင်းကြွယ်ဝစွာပါဝင်နေတဲ့အစားအသောက်အရင်းအမြစ်တွေထဲကတစ်ခုပါ။ ဒါကြောင့် ခန္ဓါကိုယ်မှာ အိုင်အိုဒင်းကြွယ်ဝနေစေဖို့အတွက် တစ်နေ့ကိုနို့တစ်ခွက်သောက်ပေးပါ။ဒိန်ချဉ်၊ ချိစ်နဲ့ အခြားသောနို့ထွက်ပစ္စည်းတွေကလည်း အိုင်အိုဒင်းကြွယ်ဝစွာပါဝင်နေပါတယ်။အိုင်အိုဒင်းဖြည့်စွက်ထားတဲ့ အိုင်အိုဒင်းဆားကသိုင်းရွိုက်ဂလင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် အားဖြည့်ပေးတဲ့ အိုင်အိုဒင်းဓါတ်ကို အပြည့်အဝရရှိစေမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒါကြောင့်တစ်နေ့တာစားသုံးတဲ့ အစားအစာတွေထဲမှာ အိုင်အိုဒင်းဆားကို စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံလောက်ပါဝင်အောင်စားသုံးပေးပါ။ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းကြွယ်ဝတဲ့ပင်လယ်စာတစ်မျိုးပါ။ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားအစာတစ်မျိုးဆိုလည်း မမှားပါဘူး။ ပုစွန်ကဗီတာမင် B12၊ ဆီလီနီယမ်၊ဖော့စဖရိတ်တို့ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်ပါတယ်။ကယ်လ်လိုရီ နည်းပြီး အိုင်အိုဒင်း နဲ့ ပရိုတင်း ကြွယ်ဝတဲ့ ပင်လယ်ငါး တစ်မျိုးပါ။ ဒီ အာဟာရဓါတ်တွေ အပြင်ပိုတက်ဆီယမ်၊သံဓါတ်နဲ့ ဗီတာမင် B အုပ်စုတွေပါဝင်နေ ပါတယ်။အဆီပါဝင်မှု နည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုပါ။ကဲ ….. အိုင်အိုဒင်း ကြွယ်ဝတဲ့ အစားအစာတွေ ကို သိသွားပြီဆိုတော့ နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် စားသုံးလိုက်တော့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/iodine-rich-foods/
ကိုယ်ဝန်ဆောင်စဉ် တင်ပါးဆုံလေ့ကျင့်ခန်းအတွက် ယောဂကျင့်စဉ် ၈ မျိုး
တကယ်လို့ သင်ဟာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် ကလေးမွေးရလွယ်ကူစေဖို့ တတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှားမှု ပြုသင့်ပါတယ်။ ဒါပေမယ့် သင်ပြုလုပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေဟာ ငြင်သာသင့်ပြီး စိတ်ချရသင့်ပါတယ်။ အောက်ပါ လေ့ကျင့်ခန်းတွေကတော့ ကိုယ်ဝန်ဆောင်စဉ် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။ဒါဟာ သင့်တင်ပါးဆုံကို လုံခြုံစိတ်ချပြီး လွယ်ကူစွာ ကလေးမွေးဖို့ လေ့ကျင့်ပေးမယ့် အကောင်းဆုံးလေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ရိုးစင်းပြီး သက်သာပါတယ်။ အိမ်မှာတင် ပြုလုပ်နိုင်ပါတယ်။ အဆင့်တွေကတော့။· ပတ်လက်လှန်ပြီး ဒူးတွေကွေးထားပါ။ ခြေဖဝါးကို ကြမ်းပြင်ပေါ်မှာ ရှိပါစေ။· သင့်ခါးကို ကြမ်းပြင်ပေါ်မှာ ပြားအောင်ထားပြီး တင်ပါးဆုံကို အပေါ်ကို မပါ။· ခဏလောက်နေပြီး ဖြည်းညင်းစွာ လွှတ်သင့်ပါတယ်။ဒီယောဂ ပုံစံကိုလေ့ကျင့်ဖို့အတွက် လေ့ကျင့်ခန်းဘောလုံးကို အသုံးပြုနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ နည်းပြဟာ သင့်အနားမှာ တစ်ချိန်လုံးရှိနေဖို့ အရေးကြီးပါတယ်။လမ်းလျှောက်ခြင်းဟာ သင့်တင်ပါးဆုံကို လေ့ကျင့်ပေးပြီး ကလေးမွေးဖို့ ပြင်ဆင်ပေးတာမို့ သင့်ကိုယ်ခန္ဓာကိုယ်အတွက် အကျိုးများစွာ ရှိပါတယ်။ ဒါ့ပြင် လမ်းလျှောက်ခြင်းဟာ  ကိုယ်ဝန်ရှိနေစဉ် အိပ်ရာပေါ်နေရတဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ရတဲ့ အမျိုးသမီးတွေအတွက် သင့်လျော်ပါတယ်။လမ်းလျှောက်ခြင်းဟာ ကလေး သားအိမ်အောက်ပိုင်းကို ဆင်းလာပြီး သားအိမ်ခေါင်းကျယ်လာခြင်းကို ကူညီပေးပြီး ကလေးမွေးဖို့ ပြင်ဆင်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ကီဂယ်လေ့ကျင့်ခန်းတွေကို တင်ပါးဆုံအောက်ပိုင်း ကြွက်သားလေ့ကျင့်ခန်း တွေလို့ခေါ်ပြီး သူတို့ဟာ ဆီးမထိန်းနိုင်သူတွေသာမက မွေးရက်ကျော်နေတဲ့ အမျိုးသမီးတွေမှာ ကလေးမွေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့ပြင် သူဟာ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကို ကလေးမွေးနိုင်ဖို့အတွက် ကူညီပေးပါတယ်။ တင်ပါးဆုံကြွက်သားတွေ ကျုံ့ခြင်း၊ ဆန့်ခြင်း (ဆီးသွားခြင်းကို ထိန်းချုပ်တဲ့ကြွက်သား) ကို တစ်နေ့ကို ၁၅ မိနစ်ခန့် ပြုလုပ်ခြင်းဟာ ကလေးမွေးခြင်းအတွက် ကောင်းမွန်ပါတယ်။ဒီလေ့ကျင့်ခန်းဟာ ကြမ်းပြင်ပေါ်မှာ တင်ပျဉ်ခွေပုံစံထိုင်ပြီး ခြေဖဝါးချင်းအပ်ထားပါ။ ပြီးရင်တော့ သင့်ပေါင်အတွင်းဘက်ကို ဆန့်စေဖို့အတွက် တံတောင်ဆစ်အသုံးပြုပြီး ဒူးနှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိနိုင်သလောက် ဖိချပါ။ ခါးကို ထောက်ပံ့ပေးဖို့ နံရံကို အသုံးပြုနိုင်ပါတယ်။ ဒီပုံစံမှာ ၇-၁၀ စက္ကန့်အထိ နေပြီး ၅-၇ ကြိမ် ပြုလုပ်သင့်ပါတယ်။လှေကားတက်ခြင်းဟာ သင့်နှလုံးခုန်နှုန်းကို မြန်စေပြီး ကလေးငယ်ကို မွေးလမ်းကြောင်းအတွင်းရောက်အောင် ကူညီပေးပါတယ်။ ဒါ့ပြင် သူဟာ တင်ပါးဆုံအောက်ပိုင်းကို ပွင့်စေပြီး သားအိမ်ခေါင်းကို ကျယ်စေပါတယ်။ ဒါတွေကြောင့် သားအိမ်ညှစ်ခြင်းကို စတင်ပြီး ကလေးမွေးဖို့ သင့်ကိုယ်ခန္ဓာကို အဆင်သင့်ဖြစ်စေမှာဖြစ်ပါတယ်။သင်ဟာ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်ပြေနိုင် မပြေနိုင်ကို ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ab-2/
ကွန်ဒုံးများ သက်တမ်းကုန်ဆုံးခြင်း
လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုသင့်ပါတယ်။ လိင်မှတစ်ဆင့်ကူးစက်ရောဂါများနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့ အသုံးပြုရခြင်း ဖြစ်ပါတယ်။ တစ်ကြိမ် လိင်ဆက်ဆံရင်ကွန်ဒုံးတစ်ခုသာ အသုံးပြုရပြီးသုက်လွှတ်ပြီးတာနဲ့ ဂရုတစိုက် လွှတ်ပစ်ဖို့ လိုပါတယ်။ လိင်ဆက်ဆံနေစဉ် ပေါက်ပြဲသွားခဲ့ရင် အသစ်တစ်ခုကို အမြန်ဖြုတ်လဲဖို့ အရေးကြီးပါတယ်။ ကွန်ဒုံး ဝယ်တဲ့အခါ သက်တမ်းကုန်ဆုံးနေခြင်း ရှိမရှိကို သေချာစစ်ဆေးပါ။ကွန်ဒုံးတစ်ခု သက်တမ်းကုန်ဆုံးသွားတဲ့အခါ ထည့်သွင်းထားတဲ့ချောဆီတွေဟာလည်း ခမ်းခြောက်သွားပြီး ပါးသွားတတ်ပါတယ်။ ဒီအခါ လိင်ဆက်ဆံနေရင်း ပေါက်ပြဲသွားနိုင်ခြေ ပိုများပါတယ်။ အဲဒီအခါကိုယ်ဝန်၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိတော့ပါဘူး။များသောအားဖြင့်ကွန်ဒုံးတွေသည် စတင်ထုတ်လုပ်ပြီးတဲ့အချိန်မှ စတင်၍ ၃ နှစ်မှ ၅ နှစ်အတွင်း သက်တမ်းကုန်ဆုံးသွားနိုင်ပါတယ်။ သက်တမ်းကုန်ဆုံးရက်ကို ကွန်ဒုံးဘူးခွံ၊ အထဲမှ ပါကင်ထုတ်တွေမှာ ထည့်သွင်းပေးထားပါတယ်။သက်တမ်းကုန်ဆုံးရက် (Expiry Date) မပါဝင်တဲ့ ကွန်ဒုံးအမျိုးအစားကို လုံးဝ မဝယ်သင့်ပါ။ တချို့သော အရာတွေကကွန်ဒုံးရဲ့ သက်တမ်းကုန်လွန်ခြင်းကို မြန်ဆန်စေနိုင်ပါတယ်။၁။ဘောင်းဘီ၊ ပိုက်ဆံအိတ်၊ လွယ်အိတ် အိတ်ကပ်တွေမှာ အချိန်ကြာမြင့်စွာ သိမ်းဆည်းထားတဲ့အခါ အထဲက အောင်းနေတဲ့အပူချိန်ကြောင့် ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးမှုကို လျင်မြန်စေနိုင်ပါတယ်။ ဒါကြောင့် သွားလေရာ ဆောင်ယူသွားသင့်တယ်ဆိုပေမယ့် အသစ်စက်စက်ကို ဝယ်ပြီးမှ ချက်ချင်း အသုံးပြုတာက အကောင်းဆုံး ဖြစ်မှာပါ။ ဝယ်ပြီးသိပ်မကြာသေးတဲ့ကွန်ဒုံးတွေဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။၂။နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း လုံးဝမရှိစေရပါဘူး။ နေရောင်ခြည်ရဲ့ အပူရှိန်ဟာ ပြင်းထန်လွန်းတာကြောင့် ကွန်ဒုံးရဲ့ သက်တမ်းကို အကုန်မြန်စေနိုင်တယ်ဆိုတာ သတိထားပေးပါ။ ဘယ်မှာ သိမ်းထားမလဲဆိုရင် ကိုယ့်အိပ်ခန်းရဲ့ အံဆွဲထဲမှာ၊ မီးအိမ်၊ မီးချောင်းနဲ့ ဝေးတဲ့ ခုံပေါ်မှာ ထားသင့်ပါတယ်။၃။ ခုနောက်ပိုင်းမှာတော့ ကွန်ဒုံးတွေကို Latex ရာဘာသားနဲ့ ထုတ်လုပ်မှုပိုများလာပါတယ်။ အကြောင်းရင်းကတော့ ရာဘာသား ဖြစ်တဲ့အတွက် သက်တမ်းပိုကြာသလို အလွယ်တကူ ပေါက်ပြဲနိုင်ခြင်း မရှိတာပါ။ အရင်တုန်းက ကွန်ဒုံးအများစုဟာ တိရစ္ဆာန် အရေခွံကနေ ထုတ်လုပ်တာဖြစ်တဲ့အတွက် ထိရောက်မှုလည်း နည်းသလို သက်တမ်းကုန်ဆုံးဖို့လည်း လျင်မြန်နိုင်ပါတယ်။လိင်ဆက်ဆံခြင်း မပြုခင်မှာ ကွန်ဒုံးကို ဖောက်ပြီး သေချာကြည့်သင့်ပါတယ်။• ကွန်ဒုံးထုတ်ဟာ ပြဲနေခြင်း၊ချောဆီများ ယိုစိမ့်ထွက်နေခြင်း။• ကွန်ဒုံးမှာ အပေါက်ငယ်လေးများ ပေါက်နေခြင်း၊ ပြဲနေခြင်း။• ကွန်ဒုံးသည် ကပ်စေးစေးဖြစ်နေခြင်း။• အနံ့အသက် မကောင်းခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင် အသုံးမပြုသင့်တော့ပါဘူး။ကွန်ဒုံးကို ဖောက်တဲ့အခါ ကပ်ကြေးနဲ့ သေချာဂရုစိုက်ပြီး ဖောက်သင့်ပါတယ်။ ပါးစပ်နဲ့ ဆွဲပြီး ကိုက်ဖောက်ခြင်းဟာ အခန့်မသင့်ရဲ့ အထဲမှာ ရှိတဲ့ ကွန်ဒုံးကို ပြဲသွားစေနိုင်တာကြောင့် နည်းနည်းတော့ သတိထားဖို့ လိုပါမယ်။ ကွန်ဒုံးကို ဝယ်ပြီး မသုံးဖြစ်တာ ၆ လအထက် ရှိနေပြီဆိုရင်တော့ အသုံးမပြုခင်မှာ သေချာ ဖောက်ပြီး စစ်ကြည့်ဖို့ လိုပါတယ်။နှစ်ခုလုံးကတော့ စိတ်ချရတဲ့ အခြေအနေမှာ မရှိပါဘူး။ ဒါပေမယ့်လည်း ဘယ်လိုမှ မတတ်သာတဲ့ အခြေအနေမျိုးမှာ သက်တမ်းလွန်နေတဲ့ ကွန်ဒုံးကို အသုံးပြုပြီးလိင်ဆက်ဆံခြင်းဟာ ကွန်ဒုံးလုံးဝ မသုံးတာထက်တော့ ရာခိုင်နှုန်းအနည်းငယ် ပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/condom-expiry-date/
လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့ PrEP ဆေး
ကာမကိစ္စတွေနဲ့ ကင်းဝေးနိုင်တဲ့ လူသားတွေဆိုတာ တော်တော်လေးကို ရှားပါတယ်။လိင်ဆက်ဆံတယ်ဆိုတာ မှားယွင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အန္တရာယ်ကင်းစွာ လိင်ဆက်ဆံနိုင်ဖို့တော့ လိုအပ်တာပေါ့။ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဆိုရင် ပိုပြီးတောင်လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်။•စအိုကို အသုံးပြုပြီး လိင်ဆက်ဆံခြင်း။• လိင်ဆက်ဆံဖော် တစ်ဦးထက် များနေတတ်ခြင်း။• အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း။•မူးယစ်ဆေးများ အသုံးပြုမိတဲ့အခါ ကွန်ဒုံးသုံးဖို့ကို မေ့လျော့တတ်ခြင်း စတဲ့ အချက်တွေကြောင့် HIV အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါရဖို့ အခွင့်အလမ်း အရမ်းများပါတယ်။ဒါကြောင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း PrEP ဆေးအကြောင်းကို နားလည်ထားဖို့ လိုပါတယ်။ PrEP ဆေးဆိုတာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာHIV ပိုးရှိတယ်ဆိုရင် PrEP ကို ပုံမှန်သောက်ပေးသင့်ပါတယ်။• ဆေးရဲ့ အရှည်ကောက်ကတော့Pre-exposure prophylaxisဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။• အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။• HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။• နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။• နေ့တိုင်း PrEPဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင်အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။• ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။• မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။• ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။• PrEPဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။• ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။• ၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။ဒီဆေးဟာ HIV ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပေမယ့် ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ခြင်း မဟုတ်တဲ့အတွက် တတ်နိုင်ရင်တော့ ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံဖို့၊ လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုပြီး မများစေဖို့ကို ထပ်ပြီး အကြံပေးချင်ပါတယ်။လိင်တူဆက်ဆံတဲ့သူတွေဟာ စအိုကို အသုံးပြုတာဖြစ်တဲ့အတွက် ပွန်းပဲ့ထိခိုက်မိပြီး ရောဂါပိုး ကူးစက်ခံရဖို့ အလားအလာ ပိုများတာကြောင့် တတ်နိုင်သလောက် ကိုယ့်ဘက်က ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/prep/
26 လအရွယ်ကလေးငယ်
ကျောင်းမနေခင် ကလေးငယ်ဟာ သူတို့ခံစားရမှုတွေနဲ့ ပတ်သက်ပြီး ပြောပြဖို့ အခက်အခဲ ဖြစ်တဲ့အခါ၊ စိတ်တိုတဲ့အခါ၊ ကြောက်တဲ့အခါ ကိုက်တတ်တာကြောင့် သင်ခေါင်းခဲ နေပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကလေးငယ်ဟာ စားသောက်ခြင်း၊ လှမ်းယူခြင်း အစရှိတဲ့ အပြုအမူတွေအတွက် လက်တစ်ဖက်ကို အဓိက အသုံးပြုတာကို သင်သတိထားမိနိုင်ပါတယ်။ ဒီနှစ်မှာတော့ သူသန်တဲ့ လက်ကိုသာ အသုံးများတာမို့ သူဟာ ဘယ်သန်လား၊ ညာသန်လားဆိုတာ သိနိုင်ပါတယ်။ကလေးငယ် ကိုက်ခြင်းဟာ နားလည်လို့ရပေမယ့် ဒါကို လက်ခံရမယ်လို့ မဆိုလိုပါဘူး။ ဒီအပြုအမူဟာ လက်ခံနိုင်ဖွယ်မရှိဘူးဆိုတာ သင့်ကလေးကို သိစေသင့်ပါတယ်။ ကလေးငယ်ကို တည်ငြိမ်စွာ ပြောပြပါ။ မကိုက်ရဘူး။ ကိုက်ခြင်းဟာ လူတွေကို နာကျင်စေတယ် အစရှိသည်ဖြင့် ပြောပြပါ။ အကိုက်ခံရတဲ့ ကလေးငယ်ကို ဂရုစိုက်ပါ။ ကိုက်ခြင်းကို ကိစ္စအကြီးကြီးလုပ်လိုက်မယ်ဆိုရင် သင့်ကလေးငယ်က နောက်တစ်ကြိမ် သင့်ဂရုစိုက်မှုကို ရဖို့ ထပ် ကိုက်နိုင်ပါတယ်။ကလေးအထူးက အတော်များများက အသက် ၂နှစ်အရွယ်ဟာ သင်ကြားမှု အထောက်အကူ ပစ္စည်းတွေကို စတင်အသုံးပြုဖို့ အချိန်ရောက်ပြီလို့ ယူဆကြပါတယ်။ သင့်ကလေးဟာ အကျိုးအကြောင်းကို နားလည်နိုင်လောက်တဲ့ အသက်ရောက်လာပြီ ဖြစ်ပါတယ်။ အောင်မြင်တဲ့ time-out တစ်ခု ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။• သတိပေးခြင်း – သင့်ကလေးငယ်ကို သူ့ရဲ့ ဆိုးသွမ်းတဲ့ အပြုအမူကို ရပ်တန့်ဖို့၊ ဒါမှမဟုတ်ရင် တည်ငြိမ်ဖို့ အတွက် time-out လိုအပ်လိမ့်မယ်လို့ ပြောပါ။• နေရာ – အထူး time-out နေရာ (သို့) သင့်ကလေးငယ်ကို သူရှိတဲ့နေရာမှာသာ ထိုင်ခိုင်းပါ။• မှန်ကန်သော အပြစ်ပေးခြင်း – တည်ငြိမ်စွာနေပါ။ time-out အတွင်းမှာ ကလေးငယ်ကို lecture ရိုက်ခြင်း မပြုလုပ်သင့်ပါဘူး။• မှန်ကန်တဲ့ အဓိက ထားမှုကို ပြပါ။ – သင်မကြိုက်တာဟာ သူပြုတဲ့ အပြုအမူကိုပါ။ သူ့ကိုမဟုတ်ပါဘူး။• Timer – တစ်နှစ်မှာ တစ်မိနစ်ဟာ အပြစ်ပေးခြင်း ပုံမှန် ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂ နှစ်အရွယ် ကလေးငယ်အတွက်တော့ စက္ကန့် ၃၀ဟာ လုံလောက်ပြီ ဖြစ်ပါတယ်။• ပြန်လှည့်ခြင်း – ကလေးမှားတာတွေချည်းကိုပဲ ဆက်တိုက်ဖိမပြောသင့်ပါဘူး။ အချိန်ပြည့်ရင် သူပျော်ရွှင်စေမယ့် ဆော့ကစားမှုတွေကို ပြုလုပ်စေသင့်ပါတယ်။အသက် ၂ နှစ်နဲ့ ၃နှစ်ကြားမှာ သင့်ကလေးငယ်ဟာ စကားလုံးပေါင်း အလုံး ၃၀၀ အထိ ပြောနိုင်လာပြီး စကားလုံး ၉၀၀ လောက်ကို နားလည်လာမှာ ဖြစ်ပါတယ်။ ကလေးအကုန်လုံးကတော့ အသက်နှစ်နှစ်အရွယ်မှာ ပြတ်သားပြီး ပြည့်စုံတဲ့ စာကြောင်းတွေကို ပြောမှာ မဟုတ်သေးပါဘူး။ စကားပြောခြင်း နဲ့ ပတ်သက်တဲ့ သတိထားသင့်တဲ့ အချက်တွေကတော့။• စကား ရှားရှားပါးပါးသာ ပြောခြင်း။• အခြားသူတွေရဲ့ မိန့်ခွန်းတွေကို အတုမယူခြင်း။• Consonants တွေကို ကျော်သွားခြင်း။• အသက် ၃ နှစ်ပြည့်ချိန်မှာ စကားလုံး ၂ -၄ လုံးပါတဲ့ စာကြောင်းတွေကို အသုံးမပြုခြင်း။• မေးခွန်းမမေးခြင်း၊ နားလည်တဲ့ပုံစံ မရှိခြင်း။အသက် ၂ နှစ်အရွယ်မှာ ကလေးငယ်ဟာ ကျွမ်းကျင်မှုအသစ်တွေကို စတင်လိုက်စားမှာကြောင့် ဆရာဝန်တွေက ကလေးငယ်အတွက် အရေးကြီးတဲ့ milestones တွေကို သိထားဖို့လိုအပ်ပါတယ်။ အသက် ၂နှစ်အရွယ်ကလေးငယ်ဟာ အောက်ပါ အရာတွေကို ပြုလုပ်နိုင်သင့်ပါတယ်။• သင်ပြောတဲ့ အရာဝတ္ထုကို လက်ညှိုးညွှန်နိုင်ခြင်း။• ရင်းနှီးနေတဲ့ လူတွေ၊ အရာဝတ္ထုတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မှတ်မိခြင်း။• စကားပိုင်းတွေ၊ ၂- ၄ လုံးပါတဲ့ စာကြောင်းတွေကို အသုံးပြုခြင်း။• ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်း။• သူကြားတဲ့ စကားလုံးတွေကို လိုက်ရွတ်နိုင်ခြင်း။• စောင် နှစ်ခု၊ သုံးခု အောက်မှာ ဖွက်ထားတဲ့ အရာဝတ္ထုကို ရှာနိုင်ခြင်း။• အရောင် (သို့) ပုံစံတွေကိုလိုက်ပြီး အရာဝတ္ထုများကို ခွဲခြားနိုင်ခြင်း။• Make-believe ဆော့နိုင်ခြင်း။တကယ်လို့ သင့်ရဲ့ ကျောင်းမနေခင်ကလေးဟာ ဖွံ့ဖြိုးမှုနောက်ကျတယ်လို့ ထင်ရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ ပြဿနာတစ်ခုကို ကျွမ်းကျင်သူတွေက အဖြေရှာပြီး သင့်ရဲ့ ပါဝင်မှုနဲ့ အတူ ဆရာဝန်တွေက ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို အချိန်မီ ဖေါ်ထုတ်ခြင်းဟာ အကောင်းဆုံ ဖြစ်ပါတယ်။ကလေးငယ်တွေ အတွက် စိတ်ချရတဲ့ ထိုင်ခုံတွေ လိုအပ်မှုကို စိတ်ပူကောင်းပူနိုင်ပါတယ်။ သင့်ကလေးကို ပေါင်ပေါ်မှာတင်ထားရင် safety seat ရဲ့ ဒုက္ခတွေ ယူစရာမလိုတော့တာမို့ ပိုသက်သာတာကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာစွာ ပြန်စဉ်းစားသင့်ပါတယ်။Saftety seats တွေဟာ တိုက်မိမှု ဖြစ်လာရင် သေဆုံးခြင်း၊ ပြင်းထန်ဒဏ်ရာရခြင်းတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ မိဘတိုင်းဟာ ကလေးငယ်တွေအတွက် သက်တောင့်သက်သာ ရှိတဲ့ safety seats တွေကို အသုံးပြုသင့်ပြီး ဒါဟာ သင့်ကလေးကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%81%82%e1%81%86-%e1%80%9c-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bc%e1%80%af%e1%80%85%e1%80%af%e1%80%b1/
တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။
တံခါး ဖွင့်ရင်းဖြစ်ဖြစ် တံခါးပိတ်ရင်း ဖြစ်ဖြစ် တံခါးဘောင်ကို ကိုင်ထားရင်း တစ်ယောက်ယောက်က မသိဘဲ တံခါးပိတ်လိုက်တာကြောင့် ဖြစ်ဖြစ် လက်ကို တံခါးညပ် သွားတဲ့အခါသွေးခြည်ဥပြီး ထောက်မရအောင် နာတာမျိုး။ တစ်ခုခုကို ကိုင်လို့ မရအောင်နာတာမျိုး ခံစားဖူးကြမယ် ထင်ပါတယ်။တံခါးညပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု တစ်မျိုးပါ။ ဆေးခန်းပြရလောက်တဲ့အထိ မပြင်းထန်ဘူးဆိုပေမယ့် ထိခိုက်မိတာကြောင့် နာကျင်မှုကတော့ မသေးပါဘူး။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ တံခါးညပ်တာကြောင့် နာကျင်တာကို သက်သာစေဖို့ အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်ဆောင်လို့ရမယ့်ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးချင်ပါတယ်။တံခါးညပ်တဲ့အခါ အရှိန်ပြင်းထန်တာနဲ့ တံခါးရဲ့ အလေးချိန်ပေါ် မူတည်ပြီး ထိခိုက်တဲ့ အတိုင်းအတာ ကွာခြားနိုင်ပါတယ်။တံခါးညပ်တဲ့အခါ လက်အသားကို ထိမိမယ်ဆိုရင် အညိုအမဲစွဲတာ၊ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ အထိမခံနိုင်အောင် နာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။တကယ်လို့ တံခါးညပ် တာက အဆစ်တွေပေါ်ကို ထိမယ်။ လက်သည်းကို ထိမယ်ဆိုရင်လက်ဆစ်ရောင်တာ၊ ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ နာကျင်တာ၊ သွေးခြည်ဥတာ၊လက်သည်းအောက်ဘက်မှာ သွေးယိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။ထိခိုက်မိတဲ့ အရှိန် ပြင်းရင် ပြင်းသလောက် နာကျင်မှုကလည်း ပြင်းထန်နိုင်ပါတယ်။တံခါးညပ်မိတာကြောင့် ထိခိုက်တဲ့အခါ အရင်ဆုံး လုပ်ရမယ့် အချက်ကနာကျင်တာကို သက်သာစေဖို့ပါ။ နောက်တစ်ချက်ကတော့ရောင်ရမ်းတာမျိုး နည်းနိုင်သမျှ နည်းအောင် ဂရုစိုက်ဖို့ပါ။ဒါကြောင့် တံခါးညပ်မိပြီဆိုရင် ဒီအချက်လေးတွေအတိုင်း သေချာလေး ဂရုစိုက် လုပ်ဆောင်ပေးစေချင်ပါတယ်။တံခါးညပ်တဲ့အခါ ထိခိုက်မိနေတဲ့နေရာကို ရေခဲဝတ်လေး ကပ်ပေးပါ။ ရေခဲကို မထူမပါး အဝတ်သန့်သန့်လေးထဲကို ထည့်ပြီး ၁၅ မိနစ် ကပ်လိုက် နာရီဝက်၊ တစ်နာရီလောက် နားလိုက် လုပ်ပေးပြီး တစ်နေ့ကို ၃ ကြိမ်လောက် ကပ်ပေးပါ။ အရမ်းအေးနေတာကို အချိန် အကြာကြီး ကပ်မိမယ်ဆိုရင် အသားလောင်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။တံခါးညပ်မိတဲ့နေရာကို လှုပ်ရှားတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာဖြစ်မယ့် အနေအထားမျိုး ထားပေးပါ။ ဒါမှ ရောင်ရမ်းတာကို သက်သာစေနိုင်မှာပါ။ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့ တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။ထိခိုက်မိတဲ့နေရာကို နောက်ထပ် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက်ပတ်တီးစည်းတာမျိုး၊ တစ်ခုခုနဲ့ သိုင်းထားတာမျိုး လုပ်ပေးပါ။ ထိခိုက်မှုကို ပိုဆိုး မသွားစေဖို့ပါ။တံခါးညပ်တဲ့နေရာကို ရောင်ရမ်းမှု လျော့နိုင်သမျှ လျော့စေဖို့အတွက် ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းရောက်ရှိမှု နည်းသွားစေဖို့အတွက် နှလုံးထက် မြင့်တဲ့နေရာမှာ ထားပေးပါ။တံခါးညပ်မိတာကြောင့် နာကျင်မှုကို ခံစားရမယ်ဆိုရင် ဆေးစာ မလိုဘဲ ဝယ်ယူလို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးလို့ ရပါတယ်။ ဆေးညွှန်းအတိုင်း တိတိကျကျ သောက်ဖို့တော့ လိုပါမယ်။ထပ်မံ ထိခိုက်မိတာမျိုးကနေ ကာကွယ်ဖို့အတွက် ဖြစ်ဖြစ်၊ အဆစ်တွေကို ထိခိုက်မိတဲ့အခါမှာ နာကျင်မှု သက်သာစေဖို့ ဖြစ်ဖြစ် ပတ်တီးလေးနဲ့ ခပ်ဖွဖွလေး စည်းထားပေးလို့ ရပါတယ်။ ပတ်တီးကို ခပ်ဖွဖွ စည်းခိုင်းရတာက သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်ပြီး ရောင်ရမ်းမှု ပိုဆိုးလာနိုင်တာကြောင့်ပါ။ကဲ …. မတော်တဆ တံခါးညပ်မိခဲ့ရင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ တကယ်လို့ ထိခိုက်မိတဲ့နေရာက ထုံနေမယ်။ အရမ်းကို ညိုမဲလာမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို သွားရောက်ဖို့ လိုပါမယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/hand-slammed-in-door/
အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။
ခုတလော အနံ့ မရတော့ဘူးဆိုရင်ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ကိုယ်ပူတယ်၊ခေါင်းကိုက်လိုက်တာ၊ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့……အနံ့ ရသေးရဲ့လားဆိုတာဟုတ်။အင်း….. အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။ကဲ… အခုတစ်ခေါက်တော့အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။အနံ့ရှူကြည့် မရရင် အနံ့ပျောက်နေတာလို့ မဖြေနဲ့ဦးနော်။ အပေါ်က အချက်တွေ ခံစားနေရရင်လည်း အနံ့ပျောက်နိုင်ပါတယ်။အနံ့ရလားဆိုတာကို စမ်းသပ်ရမယ့် နည်းလမ်းလေးနာမည်ကတော့  ‘Jellybean test’ ပါ။အရင်ဆုံး jellybean လေးကို လက်တစ်ဖက်ထဲ ထည့်လိုက်ပါ။ ပြီးရင် နောက်လက်တစ်ဖက်နဲ့နှာခေါင်းကို ခပ်တင်းတင်းလေး ပိတ်ပါ။ လေဝင်မလာအောင်ပေါ့။ ပြီးရင် ဂျယ်လီစေ့လေးတွေကို ပါးစပ်ထဲထည့်လို့ စဝါးပါ။ နှာခေါင်း မဖွင့်နဲ့ဦးနော်။စားရင် လျှာနဲ့ အရင် အရသာခံကြည့်ပါ။ ဂျယ်လီက ချိုတာကို သိတယ်ဆိုရင် သင်ရဲ့အရသာခံ အာရုံမထိခိုက်သေးပါဘူး။ ဒီလို ဝါးနေရင်း ရုတ်တရက် နှာခေါင်းကို ညှစ်ထားတာကို လွှတ်လိုက်ပါ။ဒီအချိန်မှာ စားနေတဲ့ ဂျယ်လီစေ့လေးရဲ့ အနံ့ကို ခံစားပြီး စတော်ဘယ်ရီ အရသာပဲ။ စပျစ်အရသာပဲ။ သံပုရာ အရသာပဲ။ လိမ္မော် အရသာပဲဆိုပြီး ပြောနိုင်သေးတယ်ဆိုရင် သင် အနံ့ မပျောက်သေးပါဘူး။တကယ်လို့ အိမ်မှာ ဂျယ်လီစေ့လေးတွေ အလွယ်တကူ မရှိခဲ့ရင်လည်း အခြား အရာတစ်ခုခုကို သုံးလို့ရပါတယ်။ အနံ့ပါတာမျိုးလေးတော့ ဖြစ်ဖို့ လိုတာပေါ့။ လိမ္မော်သီးခွံ၊ ရှောက်သီးခွံ၊ ရှောက်ရွက်၊ ကော်ဖီမှုန့် စတာတွေကို အသုံးပြုပေးလို့ ရပါတယ်။တကယ်လို့ ဒီလို စမ်းသပ်တဲ့အခါ အနံ့မရဘူး ဖြစ်နေမယ်ဆိုရင်တော့ ကိုဗစ်ရဲ့ အခြားလက္ခဏာတွေဖြစ်ကြတဲ့ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ ချောင်းဆိုးတာလိုမျိုး အခြား လက္ခဏာတွေ ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ဒီလက္ခဏာတွေ ရှိနေမယ်ဆိုရင်တော့ နေအိမ်မှာပဲ နေပါ။ မဖြစ်မနေသွားစရာရှိမယ်ဆိုရင် မတ်ခ်တပ်ပါ။ ကိုဗစ် စစ်ဆေးဖို့အတွက်Swab(နှာခေါင်းနဲ့အာခေါင်တို့ဖတ်) ရယူဖို့ နီးစပ်ရာ ဖျားနာကုဆေးခန်း ဒါမှမဟုတ် ဆေးရုံကို သွားပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-smell-testing/
အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။
အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ ဆိုလို့ ထူးဆန်းသွားသလား …… နေ့စဉ်ပုံမှန် အရေပြား သန့်စင်တာ၊ ညအိပ်ရာဝင်တဲ့အခါ မျက်နှာကိုsheet Mask ကပ်တာ၊moisturizer လိမ်းတာတွေက အသားအရေ ကိုတင် ကျန်းမာကြည့်ကောင်းစေတာ မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာ သိထားပြီးပြီလား ……။မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းမှုကစိတ်ကျန်းမာရေးကို ဘယ်များ ထောက်ကူပေးနေတာလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။အသားအရေ ထိန်းသိမ်းတာက အရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ဝက်ခြံချွေးပေါက်ပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပမှုက စိတ်ခံစားမှုကို ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် အသားအရေ ထိန်းသိမ်းတာကစိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေများ သက်ရောက်မှု ရှိနေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……။အသားအရေ ထိန်းသိမ်းတာက အရေပြားကိုတင် သက်သောင့်သက်သာ ဖြစ်စေတာ မဟုတ်ပါဘူး။ စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလိုအထီးကျန်ဆန်တာ၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေနဲ့ မပျော်ရွှင်မှုတွေကို သက်သာစေနိုင်ပါတယ်။ဒါကြောင့် စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ကင်းစေဖို့ ညစဉ် အသားအရေ ထိန်းသိမ်းမှု လုပ်ပေးပါ။ Mask ကပ်တာ၊ Exfoliateလုပ်တာလိုမျိုးကိုတော့ ၃ ရက် တစ်ကြိမ် ဒါမှမဟုတ် ၁ ပတ် တစ်ကြိမ်လောက်တော့ လုပ်ပေးပါ။တစ်နေ့တာရဲ့ စိတ်ပူပန်မှုတွေ၊ စိုးရိမ်မှုတွေကို ပြေလျော့ချင်တယ်ဆိုရင် ညအိပ်ရာမဝင်ခင်မှာ အရေပြားကို သန့်စင်ပြီး Toner သုံးတာ၊ moisturizer  လိမ်းတာမျိုးတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ပူပန်မှုတွေကို ပြေလျော့စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အသားအရေ ထိန်းသိမ်းတဲ့အခါ မျက်နှာကို နှိပ်နယ်ပေးရပါတယ်။ ဒီလို နှိပ်နယ်ပေးတာက ဦးနှောက်ထဲမှာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ဖိစီးမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဒီလို နှိပ်နယ်ပေးတာက အရေးအကြောင်းကင်းစေပြီး အရွယ်တင်နုပျိုစေသလို လန်းဆန်းတဲ့ ခံစားမှုကိုလည်း ရရှိစေနိုင်ပါတယ်။အသားအရေ ထိန်းသိမ်းတာက ဝါသနာ တစ်ခုခုကို တစိုက်မတ်မတ် လုပ်နေသလိုပါပဲ။ ဒီလို လုပ်ဆောင်မှုကြောင့် အာရုံစူးစိုက်မှု ကောင်းလာသလို အလုပ်တွေကို စွဲစွဲမြဲမြဲ လုပ်တတ်လာစေပါတယ်။ ဒီလို ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်ဆောင်ခြင်းက စိတ်ဖိစီးမှုကို ကင်းစေပြီး ပျော်ရွှင်မှုကို ခံစားရစေမှာပါ။ဒီလို အသားအရေ ထိန်းသိမ်းနည်းလမ်းတွေကို မျှဝေပေးခြင်းကလည်း အသိမိတ်ဆွေတိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။အသားအရေ ထိန်းသိမ်းပေးတာက ကြည်လင်တဲ့ အသားအရေကို ရရှိစေနိုင်ပြီး လူအများကြားမှာ ကြည့်ကောင်းနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေမှာပါ။ အရေပြားပြဿနာ ကင်းပြီး ကြည်လင်တဲ့ အသားအရေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်မယ့် အကောင်းဆုံး အချက် တစ်ခုပါ။ကဲ ….. skincare တာက အသားအရေကိုတင် လှပ ကျန်းမာစေတာ မဟုတ်ဘဲ စိတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်တဲ့။ ဒီတော့ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ လား ……..။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/skin-care-is-good-for-your-mental-health/
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ရေဓာတ်ခမ်းခြောက် ခြင်း။ဆီးချိုရောဂါခံစားနေရသူတွေက အခြားသူတွေထက်ရေဓာတ်ဆုံးရှုံးနိုင်ခြေပိုများပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် ထိခိုက်နိုင်ခြေကလည်း ပိုများနေပါတယ်။ ရေဓာတ် ဆုံးရှုံးမှု များလေလေသွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ရတာ ခက်လာလေလေပါ။ဆီးချို လည်း ရှိမယ် အသက်အရွယ်ကလည်း ၅၀ ကျော်ဖြစ်နေမယ်ဆိုရင်တော့ ရေဓာတ် မဆုံးရှုံးဖို့က အတော်လေး အရေးကြီးပါတယ်။အသက်ကြီးလာတဲ့အခါရေသောက်တာ နည်းလာတာကြောင့်ရေဓာတ်ပြည့်ဝမှုအားနည်းတတ်ကြသလို ဆီးချိုလည်း ရှိမယ်ဆိုရင်ကျန်းမာရေးထိခိုက်နိုင်ခြေက အတော်လေး များတာကြောင့်ပါ။ရေဓာတ်ခမ်းခြောက် နေတာလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်းကို ခံစားရပြီဆိုရင်။အခုအခြေအနေတွေက ရေဓာတ်ခမ်းခြောက် ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေပါ။သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ထိုက်သင့်တဲ့ အချိန်ထက် ပိုကြာသွားတဲ့အခါကျောက်ကပ်တွေက ဆီးသွားတာကနေ တဆင့် ကိုယ်ထဲမှာ ပိုနေတဲ့ သွေးတွင်းသကြားဓာတ်တွေကို စွန့်ထုတ်ရပါတယ်။ကျောက်ကပ်က သကြားဓာတ်တွေကို အဆိုပါ နည်းလမ်းနဲ့ စစ်ထုတ်တဲ့အခါ ကိုယ်တွင်းမှာ ရေဓာတ်က ပိုမို လိုအပ်မှာပါ။ သွေးထဲက ရေဓာတ် ကျဆင်းသွားမှုကို ​ဖြည့်တင်းဖို့လည်း ရေကို လိုအပ်မှာပါ။ ဒီအချိန်မှာ ပုံမှန်ထက်ရေပိုဆာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီရေဓာတ်ကို ပြည့်ဖို့ဆိုရင် ရေများများ သောက်ဖို့ လိုပါမယ်။ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို မဖြည့်တဲ့အခါ ကျောက်ကပ်တွေက စစ်ထုတ်ဖို့အတွက် လိုအပ်တဲ့ ရေဓာတ်ကို ကိုယ်တွင်းက ရေဓာတ်တွေဖြစ်တဲ့ တံထွေး၊ မျက်ရည်နဲ့ ဆဲလ်တွေထဲက ရေတွေကို ရယူလိုက်ပါတယ်။ဒီအခြေအနေက ကိုယ်တွင်း ရေဓာတ် နည်းစေပြီး ခံတွင်းခြောက်တာ၊ မျက်လုံးခြောက်တာ နဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ဖြစ်စေပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရေကို ပြည့်ပြည့်ဝဝ သောက်သုံးတာပါ။ကိုယ်တွင်းမှာ ရေဓာတ်နည်းလေလေ သွေးတွင်းသကြားဓာတ်က မြင့်လေလေပါ။ ဆီးချိုရှိသူအနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ပြင်းထန်တဲ့နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ဆီးချို ရှိသူအနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ။သွေးတွင်းသကြားဓာတ် မြင့်တက်မှုက အခုလို အခြေအနေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို ချက်ချင်းသွားရောက်ဖို့ လိုပါမယ်။ရေဓာတ်ခမ်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများတာကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်တော့ သေချာလေး သောက်ပေးတာက ဆီးချို ရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်ခြေကို လျှော့ချရာ ရောက်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetes-and-dehydration/
Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ)
ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဆိုသည်မှာ မျက်လုံး၏အနောက်ဘက်တွင် တည်ရှိသောအာရုံကြောမမှ ဖြစ်သောရောဂါတခုဖြစ်သည်။ ထိုအာရုံကြောသည် ပုံရိပ်များ လက်ခံ၍သင့်ဦးနှောက်သို့ထိုပုံရိပ်များကို ပေးပို့ရသောမျက်လုံး၏အစိတ်အပိုင်းတခုဖြစ်သည်။ ဆီးချိုရောဂါသည်အများစုတွင် ထိုရောဂါရှိကြပြီး ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဟုခေါ်သည်။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည် အမြင်စွမ်းအားကျစေပြီး မျက်လုံးကန်းသည်အထိဖြစ်စေနိုင်သည်။ နှစ်ပေါင်းများစွာအတွင်း ပိုဆိုးလာတတ်သည်။ ပထမပိုင်းတွင် မျက်လုံးရှိသွေးကြောများလျော့လျဲအားနည်းလာခြင်းဖြင့် မျက်လုံးအာရုံကြောထဲသို့ထိုသွေးကြောများမှ သွေးနှင့်အခြားအရည်များစိမ့်ဝင်လာစေသည်။ ထိုကဲ့သို့ဖြစ်ခြင်းကို non-proliferative retinopathyဟုခေါ်သည်။ ထိုရောဂါသည်အဖြစ်များဆုံးသော ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါတစ်မျိုးဖြစ်သည်။ အကယ်၍ထိုအရည်များသည် သင့်မျက်လုံးအလယ်သို့စိမ့်ဝင်သွားပါက သင့်တွင်အမြင်ေဝဝါးလာနိုင်သည်။ ကံမကောင်းစွာပဲ non-proliferative retinopathy ဖြစ်ပွားသောသူများတွင် မည်သည့်လက္ခဏာမျှပြသခြင်းမရှိပါ။ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည်ကမ္ဘာအနှံ့ဖြစ်ပွားသောအမြင်စွမ်းအားဆုံးရှံူးစေသည့်အကြောင်းအရင်းတခုဖြစ်သည်။ ခန့်မှန်းခြေ285သန်းပေါင်းသော ကမ္ဘာအနှံ့ရှိ ဆီးချိုရောဂါသည်များတွင် သုံးပုံတစ်ပုံခန့်သည် ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါလက္ခဏာများရှိကြပြီး နောက်ထပ်သုံးပုံတစ်ပုံသည် ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဖြစ်ပွားနိုင်ချေရှိနေသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရောဂါကနဦးပိုင်းတွင် မည်သည့်လက္ခဏာမျှပြမည်မဟုတ်ပေ။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါလက္ခဏာများသည် မျက်လုံးအတွင်းတွင် မဖြစ်ပွားသေးသရွေ့အဓိကထိခိုက်မှုများကို မဖြစ်ပွားစေပါ။ သင်သည်ထိုကဲ့သို့မမြင်နိုင်သည့် ရောဂါအန္တာရယ်ကို သင့်၏သွေးထဲရှိသကြားပမာဏကို ထိန်း၍ မျက်လုံးအားဆရာဝန်နှင့်ပုံမှန်ပြသစစ်ဆေးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ ရောဂါလက္ခဏာများပေါ်လာသောအခါ အများစုသည် မျက်လုံးတွင်သာဖြစ်ပြီး အောက်ပါအတိုင်းဖြစ်သည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။တစ်နေ့ပြီးတစ်နေ့သင့်သွေးထဲရှိသကြားပမာဏများလာခြင်းသည် မျက်လုံး၏အာရုံကြောအားထောက်ပံ့ပေးသော သွေးကြောငယ်လေးများကို ပိတ်ဆို့စေကာ သွေးထောက်ပံ့မှုကို ရပ်တန့်စေသည်။ ထိုမှတဆင့် မျက်လုံးသည် သွေးကြောအသစ်များကို ဖန်တီးတည်ဆောက်ရစေသည်။ သို့သော်ထိုသွေးကြောအသစ်များသည် ကောင်းစွာဖြစ်ပေါ်လာခြင်းမရှိပဲ လွယ်ကူစွာယိုစိမ့်နိုင်သည်။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါ၏ အဓိကပုံစံနှစ်မျိုးမှာ။ပို၍အဖြစ်များသော non proliferative diabetic retinopathy ဟုခေါ်သည့် ယခုရောဂါတွင် သွေးကြောအသစ်များသည် မကြီးထွားလာနိုင်ပဲ မျက်လုံး၏အာရုံကြောမကြီးသည် စတင်၍ရောင်ရမ်းဖောင်းကားလာနိုင်သည်။ တခါတရံတွင် မျက်လုံးအာရုံကြောမ၏ အလယ်ဗဟိုပိုင်းသည် စတင်ရောင်ရမ်းဖောင်းကားလာကာ ကုသမှုလိုသောအခြေအနေဖြစ်လာတတ်သည်။Advanced diabetic retinopathy(အဆင့်မြင့်နေသောရောဂါအဆင့်)။ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည် ပိုမိုပြင်းထန်သော အခြေအနေသို့တိုးတက်ဖြစ်ပွားသွားနိုင်သည်။proliferative diabetic retinopathy ဟုခေါ်သည်။ ယခုပုံစံတွင်ကား ထိခိုက်ပျက်စီးနေသာ သွေးကြောများသည် ပိတ်သွားကာ ပုံမှန်မဟုတ်သည့် သွေးကြောအသစ်များကို မျက်လုံးအာရုံကြောမတွင် ဖြစ်ပေါ်လာစေကာ သင့်မျက်လုံးဗဟိုအတွင်းသို့ကြည်လင်၍ဂျယ်လီကဲ့သို့သောပစ္စည်းများကိုစိမ့်ဝင်သွားစေသည်။ နောက်ဆုံးတွင် သွေးကြောအသစ်များ။၏ကြီးထွားလာမှုကြောင့်ဖြစ်ရသော အသားမာတစ်ရှူးသည် မျက်လုံး၏အာရုံကြောမကြီး ကို မျက်လုံးအနောက်ဘက်မှ ကွာကျသွားစေသည်။ အကယ်၍သွေးကြောအသစ်များသည် မျက်လုံးမှ အရည်များ၏ပုံမှန် စီးဆင်းမှုလမ်းကြောင်းကို နှောင့်ယှက်လာပါက မျက်လုံးတွင်းဖိအားများလာပါလိမ့်မည်။ ထိုကဲ့။သို့ဖြစ်ခြင်းသည် သင့်မျက်လုံးမှ ပုံရိပ်များကို သင့်ဦးနှောက်သို့ပို့ပေးသောမျက်လုံးအာရုံကြောအားထိခိုက်စေ။ကာ မျက်လုံးရေတိမ်ရောဂါကို ဖြစ်ပွားလာစေသည်။ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ကြာရှိလေ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဖြစ်ပွားနိုင်ချေများလေလေဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တွင်ထိုရောဂါရှိနေသည်ဟုသင့်ဆရာဝန်မှ သံသယရှိပါက မျက်လုံးကိုချဲ့ကာကြည့်ရှူကိုင်တွယ်စစ်ဆေးတတ်သည်။ မျက်လုံး၏ သူငယ်အိမ်များကို ပိုကျယ်သွားစေသည့် မျက်ဆင်းဆေးစက်များကို သုံးကာ သင့်ဆရာဝန်အားသင့်မျက်လုံးတွင်းသို့ကောင်းစွာကြည့်ရှူခွင့်ရစေသည်။ သင့်ဆရာဝန်သည် အောက်ပါတို့ကို လည်းရှိမရှိစစ်ဆေးတတ်သည်။Fluorescein angiography test ဟုခေါ်သော မျက်လုံးသွေးကြောများကိုဓါတ်မှန်ရိုက်သည့် စစ်ဆေးမှုကိုလည်းပြု။လုပ်ရတတ်သည်။ ထိုစစ်ဆေးမှုတွင် သင့်ဆရာဝန်သည် သင့်လက်မောင်းအတွင်းသို့အရောင်ဆိုးဆေးရည်တခုထိုးသွင်းကာ။သင့်မျက်လုံးအတွင်းရှိသွေးလည်ပတ်မှုကို စစ်ဆေးကြည့်ရှူသည်။ထို့နောက်သင့်မျက်လုံးတွင် လည်ပတ်စီးဆင်းနေသော အရောင်ဆိုးဆေးရည်များကို ဓါတ်မှန်ရိုက်ယူကာ မည်သည့်သွေးကြောများပိတ်ခြင်း၊ယိုစိမ့်ခြင်း(သို့)ပျက်စီးပေါက်ထွက်နေခြင်းရှိနေသည်ကို ဆုံးဖြတ်သည်။Optical coherence tomography (OCT) စစ်ဆေးမှုသည် အလင်းလှိုင်းများအားအသုံးပြုကာ မျက်လုံးအာရုံကြောမအားဓါတ်။မှန်ရိုက်ယူစစ်ဆေးခြင်းဖြစ်သည်။ ထိုဓါတ်မှန်များမှတဆင့် သင့်ဆရာဝန်သည် သင့်မျက်လုံးအာရုံကြောမအထူကို ဆုံးဖြတ်သည်။OCT စစ်ဆေးမှုသည် မျက်လုံးအာရုံမတွင် မည်မျှအရည်များ စုပုံနေသည်ကိုလည်း သိစေနိုင်သည်။Early diabetic retinopathy။အကယ်၍သင့်တွင် သိပ်မပြင်းထန်သော(သို့)သာမာန် non-proliferative diabetic retinopathyရောဂါဖြစ်ပွားပါက ကုသမှုချက်ချင်းရယူရန်မလိုအပ်ပေ။ သို့သော်လည်း သင့်မျက်လုံးဆရာဝန်သည် ကုသမှုလိုအပ်ချိန်တွင် သင့်မျက်လုံး။များအားအနီးကပ်ကြည့်ရှူစစ်ဆေးတတ်သည်။Advanced diabetic retinopathy။အကယ်၍သင့်တွင် proliferative diabetic retinopathy (သို့) macular edema ရောဂါရှိပါက သင့်အားချက်ချင်းခွဲစိတ်ကုသရန်လိုအပ်တတ်သည်။ သင့်မျက်လုံးအာရုံကြောမ၏ရောဂါများအပေါ်မူတည်၍ ကုသမှုပုံစံများမှာအောက်ပါအတိုင်းဖြစ်သည်။Focal laser treatment။Photocoagulation ဟုခေါ်သည့် ယခုကဲ့သို့သောလေဆာကုသမှု။သည် မျက်လုံးတွင်းရှိ သွေးနှင့်အရည်များစိမ့်ဝင်ခြင်းကို ရပ်တန့်နှေးကွေးစေနိုင်သည်။ ထိုကုသမှုတွင် ပုံမှန်မဟုတ်သော။သွေးကြောများ၏ယိုစိမ့်နေသည့်နေရာများကို လေဆာအပူစွမ်းအား။နှင့်ဖာထေးကုသသည်။Scatter laser treatment။Panretinal photocoagulation ဟုခေါ်သည့် ထိုလေဆာကုသမှုသည် ပုံမှန်မဟုတ်သည့် သွေးကြောများကို ကျုံ့။သွားစေနိုင်သည်။ ကုသမှုအတွင်းတွင် Macula မှ ဝေးနေသည့် မျက်လုံးအာရုံကြောမကြီး၏နေရာများအား ပြန့်ကျဲနေသောလေဆာရောင်ခြည်များဖြင့် ကုသသည်။ ထိုလေ။ဆာများသည် ပုံမှန်မဟုတ်သည့် သွေးကြောအသစ်များကို ကျုံ့စေ။ကာ အသားမာတက်စေသည်။Vitrectomy။ယခုကုသမှုတွင်ကား သင့်မျက်လုံးတွင် သေးငယ်သောဓါးရာပေးကာ မျက်လုံးအလယ်ရှိသွေးများနှင့် မျက်လုံးအာရုံကြောမတွင် ကပ်တွယ်နေသော အသားမာတစ်ရှူးများကို ဖယ်ထုတ်ခြင်းဖြစ်သည်။ ခွဲစိတ်ဆောင်(သို့)ဆေးရုံတွင် ထုံဆေး(သို့)မေ့ဆေးသုံးကာ ပြုလုပ်ရသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ရယူပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetic-retinopathy-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%b1%e1%80%bb%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7/
သင့်ကလေးကို သင်ကြားပေးရမည့် လူ့တန်ဖိုးများ
မိဘအများစုသည် သူတို့ကလေးများကို မှန်ကန်သော တန်ဖိုးထားမှုများ ရှိစေရန် လိုအပ်ကြောင်း သတိပြုမိကြသည်။မိဘအများစုသည် လမ်းလျောက်တတ်စကလေး၊ မူကြိုတက်စကလေးများ များကို တန်ဖိုးထားမှုများ သင်ကြားပေးရန် စောလွန်းသေးသည်ဟု ထင်ကြသည်။သို့သော် ၎င်းသည် အယူအဆမှားသာဖြစ်သည်။ အောက်ပါတို့သည် ကလေးများ အသက် ၅နှစ်မှစ၍ စတင်ထားရှိသင့်သော တန်ဖိုးထားမှုများဖြစ်ပြီး သူတို့ကောင်းစွာ မှတ်ယူစေရန်နည်းလမ်းအချို့ဖြစ်သည်။သင့်ကလေးသည် စာနယ်ဇင်း မီဒီယာများနှင့် ကြီးပြင်းလာသူဖြစ်လျှင် သူတို့သည် သင်မျှော်လင့်ထားသည်ထက် ပို၍မြန်မြန် အရာတော်တော်များများကို တတ်သိနားလည်ပါလိမ့်မည်။ မီဒီယာများမှ သင့်ကလေးကို သင်ကြားပေးလေ့ရှိသောအရာမှာ လိမ်ညာပြောခြင်းဖြစ်သည်။သင့်ကလေးကို ငယ်စဉ်ကပင် အမှန်ပြောတတ်စေရန် သင်ကြားပေးရမည်။ ရိုးသားဖြောင့်မတ်မှုကိုတန်ဖိုးထားတတ်အောင် သင်ကြားပေးပြီး သူတို့ကိုလည်းရှေ့ဆောင် လမ်းပြ လုပ်ပြသင့်သည်။ သင့်ကလေးကို ရိုးသားစွာ ဆက်ဆံပါ။ သူတို့ ကို အမှန်ပြောခြင်းကိုချီးကျူးပါ။ ထိုသို့မလုပ်လျှင် အပြစ်တစ်ခုခုပေးပါ။သင့်ကလေးသည် သင်အခြားသူများကိုဆက်ဆံပုံပေါ်တွင် မူတည်ပြီး အပြန်အလှန်လေးစားတတ်ခြင်းကို သင်ယူပါလိမ့်မည်။ သင့်ကလေးသည် သင့်အပြုအမူများ၏ ရောင်ပြန်ဖြစ်သောကြောင့် အရာရာကို သတိထားပါ။သင်သည် ယဉ်ကျေးစွာ ကျေးဇူးပြု၍၊ ကျေးဇူးတင်ပါတယ်၊ ရပါတယ်ခင်ဗျာ စသည့်အသုံးအနှုန်းများကို အသုံးပြုလျှင် သင့်ကလေးသည်လည်း ထိုသို့ပင် ဖြစ်လာပါလိမ့်မည်။ သင့်ကလေးကိုအခြားသူ၏ ထင်မြင်ချက်သည် အရေးပါကြောင်း၊ လေးစားရမည်ဖြစ်ကြောင်း သင်ကြားပေးထားရန်အရေးကြီးပြီး၊ သို့မှသာ သင့်ကလေးသည် အခြားသူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောင်နိုင်ပါလိမ့်မည်။သင့်ကလေးကို ရရှိသော အရာများအတွက်ကျေးဇူးတင်တတ်အောင် သင်ကြားပေးပါ။ ထို့အပြင် သင့်ကလေးကိုလည်း သူပြုလုပ်ပေးသည့်အရာများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားပါ။ ထိုသို့ နားလည်အောင် သင်ကြားပေးခြင်းဖြင့် သင့်ကလေးသည် သူ့တွင် ပိုင်ဆိုင်ရသော အရာများအတွက် ကျေးဇူးတင်တတ်သူဖြစ်လာပါလိမ့်မည်။သူလိုချင်သော အရာကို ရအောင်ယူခြင်းသည် ကလေးတစ်ယောက်အတွက် မှန်ကန်သည်ဟု ထင်ဖွယ်ရှိသည်။ သို့သော် အိမ်တွင် အချင်းချင်း မျှဝေပေးခြင်းကို သင်ကြားပေးခြင်းဖြင့် သင့်ကလေးသည် ကျောင်းတက်ချိန်တွင် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေး ပိုကောင်းပါလိမ့်မည်။အစားအစာများ၊ အဝတ်အထည်များ ကို လှူဒါန်းခြင်းကို သင့်ကလေးကို သင်ကြားပေးခြင်းအားဖြင့် သင့်ကလေးသည် ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်သူဖြစ်လာနိုင်ပါသည်။မခွင့်လွှတ်တတ်သော သူသည် ခါးသီးမှုများနှင့် ဘဝကို ရှင်သန်ကြရသည်။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူတို့သည် တစ်ခါတစ်ရံ ဆိုးရွားသော အပြုအမူများကို ပြုလုပ်တတ်ကြသည်။ ထိုသို့သောလူများကို ခွင့်လွှတ်ပေးပြီး အာဃာတမထားပဲ ကိုယ်ချင်းစာနားလည်ပေးပါ။ သင့်ကလေးကို ဘဝတွင် နောင်တမရှိပဲ ပျော်ရွှင်စွာ နေထိုင်စေလိုလျှင် အခြားသူများကို ခွင့်လွှတ်တတ်ခြင်းဖြင့် ကျန်းမာသောစိတ်ပိုင်းဆိုင်ရာအနေအထားကို အားပေးပါ။ပြီးပြည့်စုံသော လူဟူ၍ မရှိပေ။ အလုပ်တစ်ခုကို ပြီးမြောက်ရန် တစ်ကြိမ်ထက်ပို၍ ကြိုးစားကြရသည်သာ ဖြစ်သည်။ စိတ်အားထက်သန်မှု သင်ခန်းစာသည် ကလေးများအတွက်လမ်းလျောက်တတ်စအချိန်၊ အစားစစားချိန်၊ စကားစပြောချိန်တွင် စတင်သည်။ ထိုအချိန်တွင် ကလေးများသည် ထပ်ခါထပ်ခါကြိုးစားတတ်ကြသည်။သို့သော် အရွယ်ရောက်လာချိန်တွင် သူတို့ကိုယ်သူတို့ အခြားသူများနှင့် နှိုင်းယှဉ်တတ်လာသည့်အတွက် စိတ်အားမရသော ခံစားချက်များဖြစ်ပေါ်နိုင်သည်။ မိဘအနေဖြင့် သင့်ကလေးကို သူတို့အတွက် အမြဲဂုဏ်ယူသည့်အကြောင်း သိအောင်လုပ်ပြီး စိတ်ဓါတ်ကျနေသည့်အချိန်ကို ကုစားပေးသင့်သည်။ သင့်ကလေးသည် ငယ်သည့်အချိန်တွင် စိတ်ဓါတ်အားထက်သန်ခြင်းကို သင်ယူခဲ့လျှင် ကြီးလာသည့်အခါတွင် သူ့အတွက် အကောင်းဆုံးကို အမြဲကြိုးစားပါလိမ့်မည်။နှိမ့်ချတတ်ခြင်းသည် တစ်ခါတစ်ရံ အပိုလုပ်ခြင်းဟု ထင်မြင်ခံရသော်လည်း ရှိဖိုမဖြစ်မနေလိုအပ်သည့် အရည်အချင်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် မိမိ၏ ပြီးမြောက်အောင်မြင်ခြင်းကို ဂုဏ်မယူတတ်ခြင်းမဟုတ်ပဲ မိမိမှားသည့်အခါ တောင်းပန်တတ်သည့် သတ္တိရှိခြင်းဖြစ်သည်။မိဘကောင်းများသည်သားသမီးကို စိတ်ထဲက စစ်မှန်သော တောင်းပန်မှုမျိုး၏ အရေးကြီးမှုကို သင်ကြားပေးကြသည်။တာဝန်ယူစိတ်ရှိသော ကလေးများသည် တာဝန်ယူတတ်သော လူကြီးများဖြစ်လာကြသည်။ ကလေးများကို သူတို့ပြုလုပ်လိုက်သော အပြုအမူအတွက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တာဝန်ယူတတ်ရန် သင်ကြားပေးရမည်။ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်ကလေးသည် မိမိအမှားအတွက် သူတစ်ပါးကို အပြစ်တင်တတ်သော သူမျိုး ဖြစ်မလာစေရန် ကာကွယ်ပေးသည်။မိဘများသည် ကလေးများသည်သဘာဝအားဖြင့် ချစ်တတ်ပြီး ကြင်နာတတ်သည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုအရာကိုတည်မြဲစေရန် ခံစားမှုကို ထိန်းသိမ်းပေးရန်လိုအပ်သည်။ သင့်ကလေးရှေ့တွင် အခြားသူများကို ကြင်နာချစ်ခင်ပေးခြင်းကို ပြသပြီး၊ သင့်ကလေးကိုလည်း ကြင်နာစွာ ချစ်ခင်ပေးပါ။သင့်ကလေးအား သင့်ချစ်ခြင်းမေတ္တာကို မမျှော်လင့်ထားသည့် အချိန်တွင် ကောင်းမွန်သော အမူအရာဖြင့် ဖော်ထုတ်ပြသပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%b8-2/
အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ
ကိုယ့်ချစ်သူနဲ့တွဲလာတာ ရက်ပေါင်း ၃၀ မကလို့ နှစ်ပေါင်း ၃၀ ပဲဖြစ်နေပါစေ၊ချစ်ခြင်းမေတ္တာနဲ့ ကာမကိစ္စမှာ ရိုးမသွားဖို့ဆိုတာ အရေးကြီးပါတယ်။ အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့စုံတွဲတွေဟာ တခြားစုံတွဲတွေထက် တစ်ယောက်အပေါ်တစ်ယောက် ပိုပြီးသံယောဇဉ်တွယ်ကာ နားလည်မှု၊ ချစ်ခြင်းမေတ္တာ ပိုပေးနိုင်သလို ဘဝမှာလည်း အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ အဲ့တော့ ချစ်ကာစအချိန်မှာစုံတွဲတွေက လိင်ဆက်ဆံဖို့အတွက်ကို အချိန်ပေးသလောက် အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ ဒီလိင်စိတ်ဆန္ဒတွေ ပျောက်ကွယ်မသွားစေဖို့ ထိန်းသိမ်းရမှာကတော့ စုံတွဲနှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ ဒီတော့ အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ က ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ဒီနေ့ဆောင်းပါးမှာတော့ အိမ်ထောင်ပြုကတည်းကကာမသုခအပြည့်အဝမရဘူးဆိုတဲ့ စုံတွဲတွေ၊ ညားကာစမှာတော့ အကောင်း အချိန်ကြာလာတော့မှ တစ်ယောက်အပေါ် တစ်ယောက်စိတ်မပါတော့သလို ဖြစ်နေတယ်ဆိုတဲ့ စုံတွဲတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လိင်ကျန်းမာရေး ဗဟုသုတတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ ကတော့။၁။ တစ်ယောက်မှာရှိတဲ့ ပြဿနာတွေကို ရင်ဖွင့်တိုင်ပင်ပါ။လူတော်တော်များများ လုပ်တတ်ကြတဲ့ အမှားက ကိုယ့်မှာပြဿနာတစ်ခုခုရှိလာပြီဆိုရင် ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တိတ်တိတ်လေးကြိတ်ပြီး မျိုသိပ်လိုက်တာ၊ ဖုံးကွယ်လိုက်တာ၊ ခံစားနေတာမျိုးပါ။ ကိုယ်ချစ်လို့ တစ်ဘဝလုံးစာလက်တွဲဖို့ ယူထားတဲ့သူတစ်ယောက်ကို ကိုယ့်မှာ ရှိတဲ့ပြဿနာတွေမပြောလို့ ဘယ်သူက လာပြောမလဲ ပြန်စဉ်းစားကြည့်ပါ။ လိင်မှုကိစ္စမှာဆိုလည်း ဒီလိုပါပဲ။အမျိုးသားတွေမှာ သုက်လွှတ်မြန်နေသလား၊ အရွယ်သေးနေသလို ခံစားနေရလား၊ ကာမစွမ်းဆောင်ရည်မှာ စိတ်ကျေနပ်စရာကောင်းရဲ့လား၊ ကောင်းကောင်းထောင်မတ်နိုင်သေးလား စတာတွေကို ပြောပြလို့ရသလို အမျိုးသမီးတွေမှာလည်း ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက် အဆင်မပြေဘူးလဲ၊ ဘယ်အနေအထားကတော့ ကိုယ်တိုင်ပြီးမြောက်ဖို့လွယ်ကူလဲ၊ နာကျင်မှုတွေ ခံစားနေဆဲလား၊လိင်စိတ်ဆန္ဒနည်းနေသလား စတဲ့ ပြဿနာတွေကို ရင်ဖွင့်လို့ရပါတယ်။ တစ်ယောက်မှာရှိတဲ့ အခက်အခဲတွေကို ဖွင့်ပြောပါမှ ပြဿနာကို ရှောင်ပြေးတာထက် နှစ်ဦးသားအတူရင်ဆိုင်ပြီး ဖြေရှင်းလို့ရမှာပါ။၂။ ပွင့်ပွင့်လင်းလင်းရှိပါ။စိတ်ထဲ ဘာဖြစ်ချင်လဲ၊ ဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲ ပွင့်ပွင့်လင်းလင်း ပြောပါ။ လင်ရယ်၊ မယားရယ် အထမြောက်ပြီးလို့ အတူတောင်အိပ်ပြီးနေပြီကို ဒီနေရာမှာ ရှက်နေတော့ ဘာထူးမှာမို့လို့လဲနော်။ တစ်ခုခုဆိုရင် ရှက်နေရတာ၊ ကြောက်နေရတာ၊ ပြောလိုက်လို့ စိတ်ဆိုးသွားမလားဆိုတဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ စိတ်ထဲရှိတဲ့အတိုင်းကို ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ မြုံစိမြုံစိ လုပ်မနေပါနဲ့။ စိတ်ထဲမကျေနပ်တာ၊ စိတ်အလိုမကျတာ ရှိရင်လည်း ထုတ်ပြောပါ။၃။ ကိုယ့်လက်နဲ့ အာသာဖြေတယ်ဆိုတာ မှားယွင်းတဲ့အလုပ်မဟုတ်ပါ။တချို့တွေယူဆထားကြတဲ့အလွဲတစ်ခုကတော့ အိမ်ထောင်ပြုပြီးသွားပြီဆိုရင် ကိုယ့်လက်နဲ့ကိုယ် အာသာမဖြေသင့်တော့ဘူးဆိုတဲ့ ကိစ္စပါ။ တကယ်က ဘာမှမဆိုင်ပါဘူး။ လူပျိုလူလွတ်ဘဝမှာဖြစ်ဖြစ်၊ အိမ်ထောင်ရှင်ဘဝရောက်နေပြီဖြစ်စေ လက်နဲ့အာသာဖြေတယ်ဆိုတာ ပုံမှန်ကိစ္စတစ်ခုပါပဲ။ အထူးသဖြင့် သုက်လွှတ်မြန်တတ်တဲ့ ပုရိသတွေအတွက်ဆိုရင် လိင်ဆက်ဆံခြင်းမပြုခင် ၂နာရီလောက်ခြားပြီး အာသာဖြေထားတဲ့အခါ သုက်လွှတ်မမြန်စေဖို့ ပိုထိန်းနိုင်ပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း ကိုယ့်ရဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ပွတ်သပ်ပေးခြင်းဖြင့် ဘယ်နေရာက ခံစားသိရှိနိုင်မှုပိုကောင်းလဲ၊ ဘယ်နေရာကတော့ ကိုယ့်အတွက် ဆန္ဒပြီးမြောက်မှုကို ဖြစ်ပေါ်စေနိုင်လဲဆိုတာ လေ့လာလု့ိရပါတယ်။၄။ ထိုးသွင်းဆက်ဆံဖို့ မလောပါနဲ့။လိင်ဆက်ဆံတယ်ဆိုတာ ထိုးသွင်းဆက်ဆံလိုက်ရုံ၊ လိင်စိတ်ဆန္ဒအထွတ်အထိပ်ရောက်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ကိုယ့်အတွက်ရော၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက်အတွက်ကိုပါ လိင်ဆက်ဆံတဲ့အခါ သာယာမှု၊ ခံစားမှုရသမျိုးစုံကို ပေးစွမ်းနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် တစ်ခုခုဆို အတင်းထိုးသွင်းဆက်ဆံတာမျိုး မလုပ်ပါနဲ့။ ပွေ့ဖက်နမ်းရှုံ့တာ၊ အသားကို ယုယုယယထိတွေ့တာ၊ ပါးစပ်၊ လျှာနဲ့ ကိုယ်ခန္ဓာအနှံ့ နှိုးဆွပေးတာ၊ လက် သို့မဟုတ် လိင်အာသာဖြေအရုပ်တွေ အသုံးပြုတာမျိုး လုပ်ပေးလို့ရပါတယ်။၅။ အနံ့ဆိုးကင်းပြီး သန့်ရှင်းနေဖို့ ဂရုစိုက်ပါ။ဘယ်လောက်ပဲ ချစ်လို့ယူထားတာဖြစ်ပါစေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုကိုတော့ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တစ်နေ့ကို ရေနှစ်ကြိမ်လောက် ချိုးပေးပါ။ လိင်အင်္ဂါ၊ ပေါင်ခြံ၊ တင်ပါးနေရာတွေကို ရေချိုးပြီးတိုင်း ရေခြောက်အောင် သုတ်ပါ။ ချွေးနံ့၊ အညှီနံ့အရမ်းမပြင်းစေဖို့ ဂရုစိုက်ပါ။ ကိုယ်သင်းရနံ့လေး မွှေးနေတဲ့အခါ ပင်ပန်းနေတဲ့ကိုယ့်အိမ်ထောင်ဖက်တောင် လိင်ဆက်ဆံဖို့ စိတ်အားထက်သန်လာမှာပါ။ ဒါ့အပြင် ပါးစပ်နဲ့ လိင်ဆက်ဆံနှိုးဆွတဲ့အခါမှာလည်း အနံ့ဆိုးကင်းပြီး သန့်ရှင်းနေမှုဟာ လွန်စွာအရေးပါပါတယ်။၆။ ကိုယ်ပြီး ပြီးရော မလုပ်ပါနဲ့။ဒါကတော့ ယောက်ျားအများစု လုပ်တတ်ကြတဲ့ ကိစ္စပါ။ ကိုယ်က ဆန္ဒပြီးသွားလို့ သုက်လွှတ်ပြီးသွားပြီဆိုတာနဲ့ ကိုယ့်အမျိုးသမီးက စိတ်ပါနေသေးလား၊ သူကိုယ်တိုင်ရော လိင်စိတ်အထွတ်အထိပ်ရောက်သွားပြီလားဆိုတာ မကြည့်တော့ပါဘူး။ တချို့ဆို ချက်ချင်းထပြီး ရေသွားဆေးတာ၊ ဟိုဘက်လှည့်ပြီး အိပ်လိုက်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေလုပ်တတ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အိမ်ထောင်ရေးကို ပျက်စီးစေဖို့ အဓိကတရားခံဖြစ်လာနိုင်ပါတယ်။ ကိုယ်က မြန်မြန်ပြီးတတ်တယ်၊ ကိုယ့်ချစ်သူက နည်းနည်းကြာတယ်ဆိုရင် ထိုးသွင်းဆက်ဆံဖို့ကို အလျင်မလိုပါနဲ့၊ သူပြီးစေဖို့ ကိုယ့်ဘက်ကလုပ်ပေးလို့ရမယ့် အရာလေးတွေ လုပ်ပေးပါ။၇။ နေ့တိုင်းလိင်ဆက်ဆံဖို့ မလိုပါဘူး။အိမ်ထောင်ရေးသုခပြည့်ဝဖို့ လိင်ဆက်ဆံတဲ့အကြိမ်ရေက အဓိကမကျပါဘူး။ နှစ်ဦးလုံး လိင်ဆက်ဆံပြီးနောက် ကာမသုခ အပြည့်အဝခံစားရဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှဖို့၊ နားလည်မှုရှိဖို့၊ ဂရုစိုက်တတ်ဖို့၊ ဒီအရာတွေကသာ အဓိကကျတာပါ။ အထူးသဖြင့် အလုပ်အရမ်းများတဲ့ စုံတွဲတွေဆိုရင် လိင်ဆက်ဆံဖို့နဲ့ ရာသီလာတဲ့ရက်တွေကို သေချာတွက်ပြီး အစီအစဉ်လုပ်ထားသင့်ပါတယ်။ ဒါဆို ကိုယ့်ဘက်က ပြင်ဆင်စရာရှိတာတွေ ကြိုတင်ပြင်ဆင်လို့ ပိုအဆင်ပြေတာပေါ့။၁။ အသက်ကြီးလာလို့ လိင်စိတ်ဆန္ဒနည်းသွားတာမျိုး မရှိဘဲ တက်တက်ကြွကြွ ဖြစ်နေမယ်။၂။ ချစ်ခြင်းမေတ္တာတွေ တိုးပွားပြီး အိမ်ထောင်ရေးခိုင်မြဲမယ်။၃။ စိတ်ဖိစီးမှု၊ စိတ်ညစ်စရာတွေကို လျော့ကျစေနိုင်တယ်။၄။ နှလုံးကျန်းမာရေးကောင်းစေသလို လေ့ကျင့်ခန်းကဲ့သို့ ချွေးလည်းထွက်စေတဲ့အတွက် သွေးလည်ပတ်မှုကောင်းစေတယ်။၅။ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။ဒါကြောင့် ခုပြောပြခဲ့တဲ့အချက်တွေကို သေချာလိုက်နာပြီး ကိုယ့်ရဲ့လိင်မှုဘဝကို ပြန်လည်တည်ဆောက်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ အားလုံးပဲ ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျပြီး သာယာတဲ့မိသားစုဘဝ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/tips-for-happy-sex/
diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ)
ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါဆိုသည်မှာ သကြားဓါတ်များသွေးထဲတွင် ကြာရှည်စွာ မြင့်တက်နေခြင်းကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်းကိုဆိုလို။သည်။ဆီးချိုရောဂါ၏ ပြင်းထန်သည့် အဖြစ်များသော။နောက်ဆက်တွဲရောဂါတခုဖြစ်သည်။60-70ရာခိုင်နှုန်းသောဆီးချို။ရောဂါသည်များသည် အချို့သော အာရုံကြောရောဂါများကို ခံစား။ရတတ်သည်။ ဆီးချိုကြောင့်ဖြစ်သည့်အဓိကအာရုံကြောရောဂါ4ခုမှာ။Peripheral,autonomic,proximal နှင့်focal တို့ဖြစ်သည်။Peripheral neuropathy။အဖြစ်အများဆုံးသော ဆီးချိုကြောင့်ဖြစ်သည့် အာရုံကြောရောဂါဖြစ်ပြီး အများအားဖြင့် ခြေလက်များတွင် ဖြစ်ပွား။တတ်သည်။ လက်များ၊လက်မောင်းများ၊ကျောပြင်နှင့်ဗိုက်တွင်လည်း။ဖြစ်ပွားနိုင်သည်။ လက္ခဏာများသည် အပျော့စားမှ ပြင်းထန်သည်။အထိရှိနိုင်ပြီး ညဘက်တွင် ပိုမိုဆိုးဝါးတတ်သည်။ နာကျင်ကိုက်ခဲ။ခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်း၊ထုံကျဉ်နေခြင်း၊ထိတွေ့မှုအာရုံပျောက်သွားခြင်း၊ကြွက်သားအားနည်းခြင်း၊တုံ့ပြန်မှုစနစ်များ။ပျောက်သွားခြင်း စသည်တို့ပါဝင်သည်။ ထိုရောဂါကြောင့် ခြေထောက်တွင် ပိုးဝင်ခြင်း၊အနာများဖြစ်ခြင်းနှင့် ပုံပျက်ပန်းပျက်ဖြစ်ခြင်းစသောပြဿနာများဖြစ်တတ်သည်။Autonomic neuropathy။ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ၏ ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်ပြီး အတွင်းကလီစာများကို ထိန်းချုပ်သော အာရုံကြောတွင်ဖြစ်ပွားသည်။ အလိုအလျောက်အာ။ရုံကြောစနစ်မှ ထိန်းချုပ်သောကလီစာများတွင်အစာလမ်းကြောင်း။စနစ်၊ချွေးဂလင်းများ၊လိင်အဂါများ၊နှလုံးနှင့်သွေးကြောစနစ်များ၊ဆီးအိမ် စသည်တို့ပါဝင်သည်။အစာလမ်းကြောင်းစနစ်အားထိန်းချုပ်သော အာရုံကြောကိုထိခိုက်ပါက မျိုမချနိုင်ခြင်း၊ဝမ်းချုပ်ခြင်း၊အစာအိမ်။အလုပ်လုပ်နိုင်စွမ်းနှေးကွေးနေခြင်းစသည်တို့ဖြစ်ပွားစေသော။ကြောင့်ပျို ့ခြင်း၊အန်ခြင်း၊အစာစားချင်စိတ်မရှိခြင်းနှင့် လေအောင့်ခြင်းတို့ကိုလည်းဖြစ်ပွားစေသည်။ အလိုအလျောက်အာရုံကြောစနစ်ရောဂါသည် အမျိုးသားများတွင် လိင်တံမထောင်မတ်နိုင်ခြင်းနှင့်အမျိုးသမီးများတွင် မိန်းမကိုယ်ချောက်ကပ်ခြင်းကဲ့သို့သော လိင်ပိုင်းဆိုင်ရာပြဿနာများကိုဖြစ်စေတတ်သည်။ နှလုံးနှင့်သွေး။ကြောဆိုင်ရာစနစ်အားထိန်းချုပ်သောအာရုံကြောထိခိုက်သွားပါက။သွေးပေါင်နှင့်နှလုံးခုန်နှုန်းတွင် ပြောင်းလဲမှုများဖြစ်ပေါ်စေကာ ဝေဒနာရှင်များကိုမူးဝေစေခြင်း(သို့)မူးလဲစေခြင်းတို့ကိုဖြစ်စေတတ်သည်။Focal neuropathy။Mononeuropathy ဟုလည်းခေါ်ပြီး အာရုံကြောတခု(သို့)အာရုံကြောအုပ်စုတခုကို ထိခိုက်သွားသော။အခါဖြစ်ပွားသည်။ မျက်နှာ၊ကိုယ်နှင့် ခြေထောက်များတွင် ဖြစ်ပွားတတ်သည်။ ရုတ်တရက်ဖြစ်ပေါ်လာပြီး ပြင်းထန်စွာနာကျင်။စေတတ်သည်။ သို့သော် လ(သို့)ရက်သတပတ်အနည်းငယ်။အတွင်းပျောက်သွားကာ မည်သည့် ထိခိုက်မှုမျိုးကိုမှ ချန်ထားခဲ့မည်။မဟုတ်ပေ။Focal neuropathy ၏လက္ခဏာများသည် ဖြစ်ပွားသောအာရုံကြောအပေါ်တွင် မူတည်ပြီး အမြင်နှစ်ထပ်ဖြစ်ခြင်း၊အာရုံမစိုက်နိုင်ခြင်း၊မျက်လုံးအနောက်တွင် အောင့်ခြင်း၊မျက်နှာတခြမ်းသေခြင်း၊ဒူး(သို့)ခြေထောက်တွင်နာ။ကျင်ကိုက်ခဲခြင်း၊ရင်ဘတ်၊ဝမ်းဗိုက်၊ကျောအောက်ပိုင်း၊တင်ပဆုံဝန်းကျင်၊နှင့် ပေါင်အရှေ့တွင် နာကျင်ကိုက်ခဲခြင်းတို့လည်းပါဝင်သည်။Proximal neuropathy။အဖြစ်နည်းသော အာရုံကြောရောဂါတခုဖြစ်ပြီး ပေါင်၊တင်ပါး၊တင်ပဆုံ၊ခြေထောက်နှင့်ကိုယ်တခြမ်းတွင် နာကျင်ကိုက်ခဲနေစေသည်။Femoral neuropathy (သို့)diabetic။Amyotrophy တို့သည် ဆီးချိုအမျိုးအစား 2ဖြစ်ပွားနေသော လူကြီးများတွင် ပို၍ဖြစ်ပွားနိုင်သည်။ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါအား ကုသမှုများ။ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါအတွက် ပျောက်ကင်းစေနိုင်သည့် ကုသမှုမရှိသော်လည်း ကုသမှုဖြင့် ရောဂါ။တိုးတက်မှုအားနှေးကွေးစေနိုင်သည်။ ကုသမှုဖြင့် ဆီးချိုရောဂါသည်၏ အစာမကြေခြင်း၊ဝမ်းချုပ်ခြင်း၊နာကျင်ကိုက်။ခဲခြင်းစသော လက္ခဏာများကို သက်သာအောင်လုပ်ပေးနိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါကြောင့်ကိုက်ခဲမှုများ။ကိုလည်း ဆေးသောက်၍ပျောက်ကင်းနိုင်သည်။Ibuprofen နှင့် acetaminophen ကဲ့သို့သော အလွယ်တကူဝယ်ယူရရှိနိုင်သည့်။ဆေးများသုံးခြင်းဖြင့် အပျော့စားမှ သာမန်အကိုက်အခဲများကို သက်သာစေနိုင်သည်။အနာသက်သာစေရန်သုံးနိုင်သောအခြားဆေးများမှာ opiod ဆေးများဖြစ်သည်။ အခြားသော ကုသမှုပုံစံများမှာ အလင်းရောင်ဖြင့်ကုသမှု၊လျှပ်စစ်ဖြင့်အာရုံကြောအားနှိုးဆော်ကုသမှု၊(သို့)အပ်စိုက်ကုသမှုတို့ဖြစ်သည်။ ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါဖြစ်နိုင်ချေအား လျှော့ချနိုင်သည့် အရေးကြီးဆုံးအရာမှာ သွေးထဲရှိသကြားပမာဏများအား သတ်မှတ်ထားသော ပမာဏအတွင်း ထိန်းချုပ်ထားနိုင်ရန်ဖြစ်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းတို့သည်လည်း ကုသမှုအစီအစဉ်၏ အစိတ်အပိုင်းများပင်ဖြစ်သည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetic-neuropathy-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%b1%e1%80%bb%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%bb/
IUD ဖယ်ပြီးတဲ့အခါ
ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကသုက်ပိုးကို မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီတွေကတားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်ကိုတားပေးပါတယ်။ကိုယ်ဝန်မရှိတာသေချာရင် ဘယ်အချိန်မဆိုထည့်လို့ရပါတယ်။ အိမ်ထောင်ရှင်လေဒီ အသစ်စက်စက်လေးတွေအနေနဲ့လည်း IUD ကိုထည့်လို့ရပါတယ်။အခုလိုအခြေအနေမျိုးတွေမှာ IUD ကိုဖယ်ထုတ်ဖို့လိုပါမယ်။IUD က ဖယ်ဖယ်ပြီးချင်းမှာ သန္ဓေအောင်နိုင်တာကြောင့် ကိုယ်ဝန်ချက်ချင်းဆောင်ဖို့ အစီအစဉ်မရှိသေးဘူးဆိုရင် IUD မထုတ်ခင် ၇ ရက်အလိုမှာ လိင်ဆက်ဆံခြင်းမပြုသင့်ပါဘူး။ အခန့်မသင့်ရင်ကိုယ်ဝန်ရရှိသွားနိုင်တာကြောင့်ပါ။ IUD ကိုထုတ်ပြီးပြီးဆိုရင်လည်း ချက်ချင်းကလေးမယူသေးဘူးဆိုရင် အခြား သားဆက်ခြားနည်းတစ်ခုခုကို အသုံးပြုဖို့လိုမှာဖြစ်ပြီး ၇ ရက်ကြာမှ အတူနေသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းက။IUD ဖယ်လိုက်တဲ့အခါလေဒီတွေအနေနဲ့ ပုံမှန်အတိုင်းရာသီသွေးြပန်ပေါ်နိုင်ပြီး အကယ်လို့များ IUD မဖယ်ခင်မှာ အတူနေမိမယ်ဆိုရင် သုက်ပိုးတွေက အမျိုးသမီးမျိုးပွားလမ်းကြောင်းထဲမှာ ဆက်ဆံပြီးချိန်ကနေစလို့ ၅ ရက်အထိ ဆက်လက်ရှင်သန်နေနိုင်တာကြောင့် ကိုယ်ဝန်ရရှိသွားနိုင်ပါတယ်။ ဒါကြောင့် IUD မထုတ်ခင် ၇ ရက် ထုတ်ပြီး ၇ ရက်အတွင်းမှာလိင်ဆက်ဆံတာမျိုးမလုပ်မိဖို့လိုပါမယ်။IUD ထုတ်တာက ထည့်တာလောက်တော့ မနာပါဘူး။ ဆရာဝန်က IUD ကိုဖယ်နေတဲ့အချိန်မှာ ရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုးနည်းနည်းတော့ ခံစားရနိုင်ပါတယ်။IUD ထုတ်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ မလိုပါဘူး။IUD ထုတ်ဖို့က မိနစ်ပိုင်းလောက်ပဲ ကြာမှာပါ။ ဆရာဝန်အနေနဲ့ IUD ကိုထုတ်ရခက်တဲ့အခါမျိုးမှာတော့ အချိန်နည်းနည်းလောက်ကြာနိုင်ပါတယ်။IUD ထုတ်ပြီး ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုးခံစားရတာ၊သွေးအနည်းငယ်ဆင်းတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုအချိန်မှာအကိုက်အခဲပျောက်ဆေးနည်းနည်းလောက်သောက်ဖို့တော့လိုနိုင်ပါတယ်။IUD ထုတ်ပြီးတဲ့အခါ ရာဦသွေးက ပုံမှန်အတိုင်းပြန်ဆင်းမှာဖြစ်သလို ပုံမှန်အတိုင်းပဲ ကိုယ်ဝန်ဆောင်နိုင်မှာပါ။ အခြားကုသမှုခံစရာမလိုပါဘူး။ကဲ… IUD ကိုဖယ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားတာက အဆင်ပြေစေမှာပါနော်………….။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/iud-remova/
တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။
တုပ်ကွေးရောဂါဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါပါ။ရာသီတုပ်ကွေးဆို နှစ်တိုင်းကို ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။ တုပ်ကွေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲဆိုတာ မျှဝေပေးပါ့မယ်။တုပ်ကွေးက တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပါတယ်။တုပ်ကွေးဗိုင်းရပ်စ်အေ၊ ဘီ၊ စီ၊ ဒီဆိုပြီး ၄မျိုးရှိတဲ့အထဲက အေနဲ့ ဘီအုပ်စုက နှစ်စဉ် ရာသီတုပ်ကွေး ဖြစ်စေတဲ့ အမျိုးအစား ဖြစ်ပါတယ်။တုပ်ကွေးမှာ ကမ္ဘာ့မြောက်ခြမ်း တုပ်ကွေး (Northern hemisphere flu)နဲ့ ကမ္ဘာ့တောင်ခြမ်း တုပ်ကွေး (Southern hemisphere flu)ဆိုပြီး ရှိပါတယ်။ မြောက်ခြမ်းတုပ်ကွေးက ၁၂လပိုင်းကနေ ၅လပိုင်းမှာ ဖြစ်တတ်ပါတယ်။ ဆောင်းတုပ်ကွေးပေါ့။ တောင်ခြမ်းတုပ်ကွေးကတော့ ၆လပိုင်းကနေ ၁၀လပိုင်းအထိ ဖြစ်တတ်ပါတယ်။ မိုးတုပ်ကွေးပါ။ မြန်မာနိုင်ငံမှာတော့ မိုးတုပ်ကွေးက အဖြစ်များပြီး ပိုလည်း ပြင်းထန်ပါတယ်။တစ်နှစ်နဲ့ တစ်နှစ် ဖြစ်တဲ့ ပိုးအမျိုးအစား မတူသလို မိုးတုပ်ကွေးနဲ့ ဆောင်းတုပ်ကွေးနဲ့လည်း မတူပါဘူး။ ဒါကြောင့် နှစ်တိုင်းကာကွယ်ဆေး ထိုးရတာပါ။ကူးစက်တဲ့နည်းကတော့ ပိုးရှိသူက နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရာက၊ အမှုန်အမွှားတွေကို ထိတွေ့မိပြီး နှာခေါင်းတို့၊ ပါးစပ်တို့ကို ထိတွေ့မိရာက ကူးစက်ပါတယ်။ အမှုန်အမွှားတွေက တစ်မီတာ (၃ပေ)လောက်ထိ လွင့်နိုင်တဲ့အတွက် လူနေထူထပ်တဲ့ နေရာတွေ (ဥပမာ ကျောင်းတို့၊ ဘိုးဘွားရိပ်သာ) မှာ တစ်ယောက်ဖြစ်ရင် နောက်ထပ်လူတွေ ကူးစက်ဖို့ အင်မတန်လွယ်ပါတယ်။တုပ်ကွေးက သာမန်အအေးမိတာနဲ့ ဆင်တူပေမယ့် အအေးမိတာက ဖြည်းဖြည်းချင်း ဖြစ်ပြီး တုပ်ကွေးက ရုတ်တရက် နေမကောင်းထဖြစ်ပါတယ်။ လက္ခဏာတွေကလည်း ပိုဆိုးပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့။အများစုက တစ်ပတ်လောက်ဆို အဖျားကျပြီး နေကောင်းသွားပါတယ်။ ချောင်းဆိုးတာကတော့ နှစ်ပတ်လောက်ထိ ကျန်တတ်ပါတယ်။ငယ်တယ်၊ ကျန်းမာတယ်ဆိုရင်တော့ ဖြစ်ဖြစ် ပျောက်ပျောက်ပါပဲ။ တုပ်ကွေး ကွေးတဲ့အချိန်တော့ နေလို့မကောင်းပေမယ့် တစ်ပတ် နှစ်ပတ်လောက်ဆို သက်သာသွားပါတယ်။ ဒါပေမယ့် ခုနကလို ဖြစ်နိုင်ခြေများတဲ့ အုပ်စုက လူတွေ ဆိုရင်တော့။ဒီထဲမှာ နမိုးနီးယားက အဆိုးဆုံးပါပဲ။ အသက်ကြီးတဲ့သူတွေဆို နောက်ဆက်တွဲ နမိုးနီးယားဝင်ပြီး သေဆုံးတတ်ပါတယ်။တုပ်ကွေးရောဂါကို လူနာခံစားရတဲ့ လက္ခဏာတွေနဲ့ပဲ သတ်မှတ်ပါတယ်။ အထူးသဖြင့် တုပ်ကွေးရာသီဆို ခွဲရပိုလွယ်ပါတယ်။ တိတိကျကျ သိချင်ရင်တော့ နှာခေါင်းတို့၊ အာခေါင်တို့ကနေ တို့ဖတ်လိုမျိုး ယူပြီး Antigenရှာတာ၊ ဗိုင်းရပ်စ်ပိုးမွေးတာ၊ မျိုးဗီဇ RNAကို ရှာဖွေတာ (RT-PCR)နည်းတွေရှိပါတယ်။ ဆေးခန်းမှာ အလွယ်သုံးလို့ရတဲ့ Rapid influenza diagnostic tests (RIDTs)တွေ ရှိပေမယ့် (RT-PCR)လောက် မတိကျပါဘူး။လက်တွေ့မှာတော့ ရောဂါလက္ခဏာနဲ့ပဲ ဆုံးဖြတ်တာ များပါတယ်။ ဆေးစစ်နည်းတွေ သိပ်သုံးလေ့ မရှိပါဘူး။သာမန်အခြေအနေဆို လက္ခဏာသက်သာရုံပဲ ကုပါတယ်။ ဖျားရင် အဖျားကျဆေး၊ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး စသဖြင့် ပေးပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့လို့ပိုးသတ်ဆေးတွေ ပေးလို့ မထူးခြားပါဘူး။ နောက်ဆက်တွဲ ဘက်တီးရီးယား နမိုးနီးယားဝင်သွားမှသာ သုံးပါတယ်။လူနာအနေနဲ့ နာလန်ထမြန်အောင် အာဟာရပြည့်အောင်စား၊ ရေများများသောက်ပြီး၊ အနားကောင်းကောင်းယူရင် လုံလောက်ပါတယ်။သိပ်ပြင်းထန်လွန်းတဲ့အခြေအနေလည်း ဖြစ်မယ်၊ တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်တွေလည်း အတိအကျ ရှိတယ်ဆိုရင်တော့ ဗိုင်းရပ်စ်သတ်ဆေး ပေးပါတယ်။ သာမန်အခြေအနေ၊ မသေချာတဲ့ အခြေအနေမှာတော့ သုံးလေ့မရှိပါဘူး။တုပ်ကွေးကို ကာကွယ်ဖို့။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/influenza-explainer/
ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း
ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း အကြောင်း မပြောခင် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) အကြောင်း အရင်ပြောပြပေးချင်ပါတယ်။Fifth Diseaseဆိုတာ human parvovirus B19 (ပါဗို ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတာပါ။ ဒါဟာကူးစက်နိုင်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် ကိုယ်တွင်းအရည်တွေကနေပြီး ကူးစက်တတ်ပါတယ်။ အများအားဖြင့်တော့ ဒီရောဂါဟာ မပြင်းထန်ဘဲ ကုသမှု မခံယူဘဲတောင် အလိုအလျောက် ပျောက်ကင်းလေ့ရှိပါတယ်။ ဒီရောဂါကို ခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာလည်းပဲ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးကို မွေးဖွားပေးနိုင်ပါသေးတယ်။Fifth disease ရှိတယ်လို့ သတ်မှတ်ခံရတဲ့ လူနာတွေမှာ မတူညီတဲ့လက္ခဏာတွေ ရှိနေပါတယ်။ ဒီထဲမှာ အဆစ်တွေ နာကျင်ခြင်း (ဒါကတော့ ရက်အနည်းငယ်သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်လောက် ကြာမြင့်နိုင်ပါတယ်။) ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း နဲ့ ပါး၊ ခြေထောက်၊ ဗိုက်နဲ့ လည်ပင်းတွေမှာ အနီကွက်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။ဒီရောဂါဖြစ်နေတယ်လို့ သတ်မှတ်နိုင်ဖို့အတွက်ဆိုရင် သင့်မှာအကွက်တွေ အဖုတွေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သွေးစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆရာဝန်ကသင့်ရဲ့ကျန်းမာရေးအခြေအနေကို ဆုံးဖြတ်ပြီးတဲ့နောက်မှာ သင့်ရဲ့ မမွေးဖွားရသေးတဲ့ ကလေးကို အထူးသတိပြု စောင့်ကြည့်ပါလိမ့်မယ်။ ဒါ့အပြင် လိုအပ်တယ်ဆိုရင် ၈ပတ်မှ ၁၂ပတ်ထိ အာထရာဆောင်းတွေ ရိုက်ပြီး စစ်ဆေးဖို့တောင်းဆိုနိုင်ပါတယ်။ဒီစစ်ဆေးမှုဟာ အခြားသောကိုယ်ဝန်ပြဿနာဖြစ်နိုင်ခြေတွေ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးတာပါ။ တကယ်လို့ အာထရာဆောင်းက ကလေးမှာ တစ်ခုခုဖြစ်နေတဲ့လက္ခဏာ (နေမကောင်းဖြစ်နေတဲ့လက္ခဏာ)တွေ တွေ့ခဲ့ရင် ဆရာဝန်ကတော့ ဆေးပညာဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု သို့မဟုတ် ၂ခု ပြုလုပ်ဖို့ တိုက်တွန်းပါလိမ့်မယ်။ ဒါတွေကတော့ ရေမြွှာရည်စစ်ဆေးခြင်း သို့မဟုတ် အချင်းစစ်ဆေးခြင်း တို့ဖြစ်ပြီး ကူးစက်မှုကို အတည်ပြုနိုင်ဖို့နဲ့ သူ့ရဲ့ ပြင်းထန်မှု ဘယ်လောက်ရှိလဲ သိနိုင်ဖို့ဖြစ်ပါတယ်။Fifth disease ဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာတော့ အလွန် အန္တရာယ်ရှိတဲ့ အခြေအနေကို ပေးနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေဟာ အလွန်ကို ရှားပါးပြီး ၅ ရာခိုင်နှုန်းပဲရှိနေပါတယ်။ သင့်ကလေးငယ်မှာ Fifth disease ဖြစ်နေရင်တော့ သွေးအးနည်းခြင်းဟာ အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာပါပဲ။ တကယ်လို့ဖြစ်ခဲ့ရင် သင့်ကလေးမှာ ကျန်းမာသန်စွမ်းတဲ့ သွေးနီဥတွေ နည်းပါးလာပြီး အကျိုးဆက်အနေနဲ့ ခန္ဓါကိုယ်ဖွံ့ဖြိုးဖို့ လုံလောက်တဲ့ အောက်ဆီဂျင်မရရှိနိုင်တော့ပါဘူး။ ကလေးငယ်တွေကြားမှာ ဖြစ်လေ့ရှိတဲ့ သွေးအားနည်းဖြစ်ရပ်အများစုဟာ မပြင်းထန်ကြဘဲ မွေးဖွားပြီးမှ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့များကလေးမှာသာ ပြင်းထန်တဲ့ သွေးအားနည်းခြင်းရှိခဲ့ရင် ဒါဟာ Hydrops (သန္ဓေသားလေး ရေဖောဖောခြင်း) ဖြစ်နိုင်ခြေ ပိုပြီး မြင့်တက်သွားနိုင်ပါပြီ။Hydrops ကိုတော့ ကလေးရဲ့ခန္ဓါကိုယ်ထဲမှာ အရည်တွေ ပုံမှန်မဟုတ်ဘဲ စုပုံလာခြင်းနဲ့ သတ်မှတ်ပါတယ်။ ဒီလိုမမျှော်လင့်ထားတဲ့ နောက်ဆက်တွဲပြဿနာတွေဟာ နှလုံးဖောက်ခြင်းကိုဖြစ်စေတတ်ပြီး သေသည်ထိဖြစ်သွားနိုင်ပါတယ်။ ကလေးငယ်ကို ကယ်တင်နိုင်ဖို့ ဆရာဝန်တွေဟာ ကလေးရဲ့သန္ဓေသားဘဝမှာတည်းက သွေးသွင်းခြင်းတွေကိုလုပ်ဆောင်ရပါတယ်။ တစ်ဘက်မှာလည်း သင့်ရဲ့ကိုယ်ဝန်ကာလ တတိယ ၃လတာအတွင်းမှာ ကလေးက Hydrops ကို ခံစားနေရတယ်ဆိုရင် စောမွေးဖို့ လိုအပ်လာပါလိမ့်မယ်။သတင်းဆိုးကတော့ ခုချိန်ထိ ကျွမ်းကျင်သူတွေကFifth diseaseကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေကို မထုတ်လုပ်နိုင်သေးပါဘူး။ ဒါကြောင့် သင်ကဒါကို အစောကြီးတည်းက ကာကွယ်ထားဖို့လိုပါတယ်။ဒီရောဂါနဲ့ဝေးဖို့ဆိုရင် နှာချေတဲ့အခါ သို့မဟုတ် ချောင်းဆိုးတဲ့အခါ ပါးစပ်ကိုအုပ်ထားပြီး လက်ကိုရေနွေး၊ဆပ်ပြာတွေနဲ့ ပုံမှန်ဆေးကြောပေးဖို့လိုပါတယ်။ ဒါ့အပြင် ဒီရောဂါခံစားနေရသူတွေရဲ့ ကိုယ်တွင်းအရည်တွေနဲ့တိုက်ရိုက်ထိတွေ့ခြင်း ဒါမှမဟုတ် အဆိုပါအရာတွေကျထားတဲ့ ပစ္စည်းတွေကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pregnancy-and-fifth-disease/
အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။
PTSD ဆိုတာကPost Traumatic Stress Disorderဖြစ်ပြီး မကောင်းတဲ့ အခြေအနေတစ်ခုကြောင့်စိတ်ဒဏ်ရာရတာကို ဆိုလိုပါတယ်။ အမျိုးသမီးတွေက ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ ကြုံရတဲ့အတွက် စိတ်ဒဏ်ရာရတာလည်း ပိုများပါတယ်။ PTSDက အမျိုးသားရော၊ အမျိုးသမီးမှာပါ တွေ့ရပေမယ့် တွေ့ရပေမယ့် တုံ့ပြန်ပုံခြင်းက မတူပါဘူး။ အမျိုးသမီးတွေက ကျိတ်ပြီး ခံစားတတ်ကြတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေပဲ ရလာပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေက တစ်ဆင့်နိမ့်တယ်လို့ သတ်မှတ်ပြီး အနိုင်ကျင့်ကြတာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောင့် အမျိုးသမီး အများစုက ဘဝတကွေ့ကွေ့မှာ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ တွေ့ရတတ်တာတွေကတော့။PTSDကို တုံ့ပြန်တဲ့အခါ အမျိုးသားနဲ့ အမျိုးသမီးက အနည်းငယ်ကွာခြားပါတယ်။ အမျိုးသားတွေက အပြင်ဘက်ကို ပွင့်ထွက်တဲ့ ပုံစံ (ဥပမာ အရက်သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ) စတာတွေနဲ့ တုံ့ပြန်တတ်ပါတယ်။ အမျိုးသမီးတွေကကျတော့  အတွင်းစိတ်ထဲမှာ ကျိတ်ပြီး ခံစားတတ်ကြပါတယ်။ ဥပမာစိုးရိမ်စိတ်တွေ များတာ၊ စိတ်ဓာတ်ကျတာစသဖြင့်။ခုပြောမယ့် လက္ခဏာတွေကတော့ အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရတတ်ပေမယ့် တချို့လက္ခဏာလေးတွေက အမျိုးသမီးတွေမှာ ပိုပြင်းထန်တာကို တွေ့ရပါတယ်။လေ့လာတစ်ခုမှာ ဖော်ပြထားတာက အမျိုးသမီးတွေက PTSD ခံစားရရင် ရှောင်ဖယ်ဖယ် လုပ်လာကြပါတယ်တဲ့။ ဘာတွေကို ရှောင်တာလဲဆိုတော့ သူတို့ရဲ့ စိတ်ဒဏ်ရာကို ပြန်ပြီး အမှတ်ရစေမယ့် နေရာ၊ လူ၊ ပတ်ဝန်းကျင် စတာတွေကို ရှောင်လိုက်တာပဲ ဖြစ်ပါတယ်။ဒီလက္ခဏာကလည်း အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ပြန်ပြန်သတိရနေတဲ့အတွက် စိတ်စွဲပြီး အိပ်မက်ဆိုးတွေမက်တာ၊ ဒါမျိုး နောက်တစ်ခေါက်ဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။အမျိုးသမီးတွေက PTSD ကို အတွင်းစိတ်ကနေ တုံ့ပြန်တာဖြစ်တဲ့အတွက် စိတ်ဒဏ်ရာကြောင့် စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်များတဲ့ ပြဿနာကိုပါ တွဲပြီး ခံစားရတာ ဖြစ်ပါတယ်။ဒီလိုစိတ်ဒဏ်ရာရပြီးနောက်မှာ အမျိုးသမီးတွေက သတိကြီးကြီးထားတတ်လာကြပါတယ်။ ဥပမာ နာဂစ်မှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာရဖူးတဲ့ အမျိုးသမီးတွေက မိုးရွာတိုင်း ပြေးဖို့ အထုပ်ပြင်ထားတတ်နေပါပြီ။ ဒါက သတိလွန်နေတာဖြစ်တဲ့အတွက် တစ်ခုခုဆို လိုတာထက် ပိုစိုးရိမ်တာ၊အာရုံစူးစိုက်မရတာ၊ ညအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ဒါကတော့ အပေါ်ကနဲ့ ပြောင်းပြန် ခံစားချက်တွေ ထုံသွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ကြည့်လိုက်ရင် စိတ်နဲ့ ကိုယ်နဲ့ မကပ်တာ၊ ခံစားချက်မရှိသလို ဖြစ်နေတာ၊ မပျော်တတ်တော့တာ၊ သီးခြားနေလိုတာ၊ အကောင်းမမြင်နိုင်တော့တာတွေ တွေ့ရပါတယ်။PTSD ခံစားရတာခြင်း တူရင်တောင် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လန့်လွယ်ပါတယ်။ သူတို့ကို တစ်ခုခု ထိမယ်။ ကိုင်မယ်ဆို လိုအပ်တာထက် ပိုပြီး လန့်နေတတ်ကြပါတယ်။စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တဲ့အတွက်စိတ်ကုထုံးတွေနဲ့ပဲ ကုသလို့ရပါတယ်။ အောက်မှာပြောထားတဲ့ ကုထုံးတွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး သုံးရနိုင်ပါတယ်။CBT ဆိုတာ လူနာနဲ့ စိတ်ရောဂါအထူးကုတို့ စကားပြောဆွေးနွေးတဲ့ ကုထုံးတစ်ခုဖြစ်ပါတယ်။ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ဆိုးတွေကို မေ့ပစ်ခိုင်းတာမျိုး မဟုတ်ဘဲ ဒီအဖြစ်အပျက်အပေါ် ရှုမြင်သုံးသပ်ပုံ မှန်ကန်လာအောင် ကူညီပေးတာပဲ ဖြစ်ပါတယ်။ဒါကလည်း အပေါ်က နည်းလမ်းနဲ့ ခပ်ဆင်ဆင်ပါ။ အတိတ်ဆိုးတွေကနေ ရှောင်မပြေးဘဲ နည်းမှန်လမ်းမှန်နဲ့ ရင်ဆိုင်နိုင်အောင် ကူညီပေးတာဖြစ်ပါတယ်။ ဒီလိုနဲ့ အရင်က အတိတ်က အဖြစ်အပျက်တွေကို သတိရမှာစိုးလို့ ရှောင်ခဲ့တဲ့ နေရာတွေ၊ လူတွေ၊ ပတ်ဝန်းကျင်တွေကို ပြန်လည်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။EMDR ဆိုတာက ရုပ်ပုံ တစ်ခုခုကို ကြည့်ရင်း ဒါမှမဟုတ် white noise လိုမျိုး အသံတစ်ခုခုကို နားထောင်ရင်း အဖြစ်အပျက်ကို ပြန်ပြောပြရတာပဲ ဖြစ်ပါတယ်။ ဒီလိုပြောရင်း ပြောရင်းနဲ့ အဖြစ်အပျက်ပေါ် ရှုမြင်ပုံကို ပြောင်းလဲပေးတာပဲ ဖြစ်ပါတယ်။ဆေးဝါးတွေကတော့ PTSD ကြောင့်ဖြစ်တဲ့ စိတ်ကျဝေဒနာတို့၊ စိုးရိမ်စိတ်များတာတို့အတွက် သုံးပါတယ်။ PTSDမှာ ဆေးဝါးတွေပဲ သုံးတာထက်စာရင် အပေါ်ကကုထုံးတွေနဲ့ ပေါင်းပြီး ကုသတာက ပိုပြီး ထိရောက်တာကို တွေ့ရပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-can-women-recover-from-ptsd/
ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား
မိသားစု အတော်များများဟာ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်တွေကို မိသားစုဝင်အဖြစ် စဉ်းစားကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေဟာ အိမ်တစ်အိမ်ကို ပျော်ရွှင်မှုတွေပေးတာကြောင့် တိရိစ္ဆာန်ဆိုတာထက် မိသားစုဝင်လို့ ပြောရင် ပိုမှန်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား ဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ဒါပေမယ့် သင့်မှာ ကိုယ်ဝန်ရှိခဲ့ရင်တော့ အိမ်မွေးတိရိစ္ဆာန်အကုန်လုံးဟာ အဆင်မပြေပါဘူး။ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဘယ်လို အိမ်မွေးတိရိစ္ဆာန်ကို အိမ်မှာ ထားမယ်၊ သူတို့ကို ဘယ်လို ကိုင်တွယ်မယ်၊ ဂရုစိုက်မယ်ဆိုတာကို သေချာစွာ ကြိုတင်တွေးထားသင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား ဆိုတော့။ယေဘုယျအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခွေးတွေကို အိမ်မှာ ဆက်ပြီး မွေးထားလို့ ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ချရစေဖို့ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကြောင်တွေကို ကိုင်တွယ်တဲ့အခါမှာ Toxoplasmosis (တော့ဆိုပလပ်စမိုးဆစ်) ရောဂါ ကို သတိထားသင့်ပါတယ်။ ဒါဟာကပ်ပါးကောင်တစ်မျိုးကြောင့် ဖြစ်ပြီး ကြောင်ကနေ ကူးစက်တတ်ပါတယ်။Toxoplasma gondiiလို့ခေါ်တဲ့ ဆဲလ်တစ်ခုတည်းပါတဲ့ ကပ်ပါးကောင်ဟာ toxoplasmosis ရောဂါ ကို ဖြစ်စေပါတယ်။ ဒီကပ်ပါးကောင်က ကြောင်ရဲ့ မစင်မှာ အဓိကပါပါတယ်။ လူကိုတော့ ကြောင်ရဲ့ မစင်၊ အညစ်အကြေး၊ ပန်းခြံအတွင်းမှ မြေကြီး အစရှိတာတွေကို ထိတွေ့မိတာကြောင့် ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါ့ပြင် သေချာ ကျက်အောင် မချက်ထားတဲ့ အသားတွေ (ဥပမာ ဝက်သား၊ အမဲသား) ကနေလည်း ကူးစက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဒီရောဂါပိုး ကူးစက်တဲ့အခါ အခန့်မသင့်ရင်ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ မွေးရာပါချို့ယွင်းချက်ပါတာတွေ ဖြစ်တတ်ပါတယ်။တကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြောင်ဆက်မွေးမယ်ဆိုရင် toxoplasmosis ရောဂါမဖြစ်အောင် အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။လူအတော်များများဟာ ကြွက်တွေ၊ ဟမ်းစတားနဲ့ ပူးတွေကို အိမ်မွေးတိရိစ္ဆာန်အနေနဲ့ မွေးလေ့ရှိပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ယူဖို့ ကြိုးစားရှိရင် ဒီတိရိစ္ဆာန်တွေကို ဂရုစိုက်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဟာ lymphocytic choriomeningitis virus လို့ ခေါ်တဲ့ LCMV ဗိုင်းရပ်စ် ကို သယ်ဆောင်နိုင်လို့ပါ။ ဒီဗိုင်းရပ်စ်ဟာ သင်နဲ့ သင့်ကလေးငယ်အတွက် ဆိုးကျိုးဖြစ်စေပြီး ပြင်းထန်တဲ့ မွေးရာပါ ချို့ယွင်းချက်တွေနဲ့ ကလေးပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။သင်ဟာ LCMV ဗိုင်းရပ်စ်ပိုးကို အောက်ပါအချက်တွေကြောင့် ကူးစက်ရနိုင်ပါတယ်။သင့်မှာ LCMV ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း ရဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူကို ပြောပြသင့်ပါတယ်။ ဒီလက္ခဏာတွေကတော့။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဟမ်းစတား၊ ပူးနဲ့ ကြွက်တွေ မွေးမယ်ဆိုရင်။အချို့မိသားစုတွေမှာ တွားသွားသတ္တဝါတွေဖြစ်တဲ့ ပုတ်သင်ညို၊ မြွေ၊ လိပ်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူလေ့ရှိကြပါတယ်။ အချို့တိရိစ္ဆာန်တွေဟာ လူတွေကို ဖျားနာစေတဲ့ ရောဂါပိုးတွေကို သယ်ဆောင် တတ်ကြပါတယ်။သူတို့သယ်ဆောင်တဲ့ ရောဂါတစ်မျိုးကတော့ Salmonellosis လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းပဲဖြစ်ပါတယ်။Salmonella ရောဂါပိုးအများစုဟာ အသား၊ ကြက်ဥ အစရှိတဲ့ အစားအစာတွေက လာတာဖြစ်ပါတယ်။ ဒါပေမယ့် Salmonella ရောဂါပိုးဝင်ခြင်းက တွားသွားသတ္တဝါတွေနဲ့လည်း ဆက်စပ်မှု ရှိပါတယ်။သင့်ရဲ့ တွားသွားသတ္တဝါတစ်ကောင်ကောင်ကို Salmonella စစ်ဆေးလို့ အနုတ်လက္ခဏာ ထွက်တယ်ဆိုရင်တောင် ဒါဟာ တိရိစ္ဆာန်တွေက ရောဂါမဖြစ်စေဘူးလို့ မဆိုလိုနိုင်ပါဘူး။ စစ်ဆေးတဲ့နေ့မှာ တိရိစ္ဆာန်တွေဟာ Salmonella ကူးစက်မှုမရှိဘူးလို့သာ ဆိုလိုပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တွားသွားသတ္တဝါတွေ မွေးမယ်ဆိုရင်။ရေးသားသူ− Dr Phyu Mon Latt။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/caring-for-pets-during-pregnancy/
COVID-19 ကာကွယ်ရေးနည်းလမ်းများကို ထပ်မံသတိပေးခြင်း
ယခုအချိန်မှာလူသားအားလုံးကိုခြောက်လှန့်နေတာဟာCOVID-19 ကပ်ရောဂါဆိုးကြီးပါ။ ဒီတစ်ခေါက်ရောဂါကူးစက်ခြင်းဟာ ဒုတိယလှိုင်းဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံးနီးပါး ဟာ ကာကွယ်ဖို့နည်းလမ်းတွေကိုသိထားနှင့်ပြီးသားပါ။ ဒါဟာလည်းကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဖေ့ဘွတ်နဲ့ အခြားလူမှုကွန်ယက်စာမျက်နှာတွေကဖော်ပြပေးထားတဲ့ ကျန်းမာရေးသတိပေးချက်တွေ ကြောင့်ဆိုလည်း မမှားပါဘူး။ မီးသတ်၊ ကြက်ခြေနီစတဲ့ အသင်းအဖွဲ့တွေအပြင် တီဗွီ၊ မီဒီယာတွေကလည်း အလျဉ်းသင့်သလို ပညာပေးထားကြပါတယ်။သို့သော်လည်း သတိမမူ ဂူမမြင်ဆိုတဲ့ စကားအတိုင်း ယခုထိနည်းလမ်းတွေ၊ အမူအရာတွေ မှားယွင်းနေကြသူတွေ ရှိနေပါသေးတယ်။ Mask တပ်ပုံချွတ်ပုံမှားနေတာမျိူးဟာ ထောက်ပြစရာ အကောင်းဆုံးသာဓကပါ။ ဒါဟာလည်း အပြစ်မဟုတ်ပါ။ ယခုCOVID-19သည်ယနေ့မျိူးဆက်အတွက် ပထမဆုံးသောကပ်ရောဂါဖြစ်တာမို့ အတွေ့အကြုံမရှိခဲ့ကြလို့ပါ။ဒီဆောင်းပါးမှာတော့ လက်တွေ့ကျတဲ့ COVID-19 ကာကွယ်ခြင်းနည်းလမ်းများကို အနှစ်ချုပ်ပြန်ပြောပြထားပါတယ်။ ပါဝင်တဲ့အကြောင်းအရာ တွေကို ဖတ်ဖူးမှတ်ဖူးကြမှာ အမှန်ပါပဲ။ သို့သော်လည်းဒုတိယလှိုင်းကပ်ဘေးစတင် ဖြစ်ပွားရာမြို့မှာ နေထိုင်ခဲ့တဲ့ အတွေ့အကြုံတွေအရပြန်လည်စုစည်းထားတာမို့ ကျင့်သုံးသင့်ပါတယ်။ လက်တွေ့ကျပြီး ကျင့်သုံးရလွယ်တာမို့ ဖော်ပြပေးလိုက်ပါတယ်။၁)Surgical mask တပ်ပါ။၂)Face shieldတပ်ပါ။ Maskမတပ်ဘဲ face shieldပဲ မတပ်ပါနဲ့။၃) တပ်ပြီး လက်နဲ့လုံးဝပြန်မထိပါနဲ့တော့။၄) မေးစေ့မှာလည်းမချိတ်ပါနဲ့။ လုံးဝပြန်မချွတ်ပါနဲ့။ တပ်ထားစဉ် လက်နဲ့ရှေ့မျက်နှာပြင်ကိုမထိမကိုင်ပါနဲ့။၅) ဖြစ်နိုင်လျှင်ဆိုင်ကယ်၊ စက်ဘီးတို့ နဲ့ပဲသွားပါ။၆) ဘတ်စ်လုံးဝမစီးပါနဲ့။ မဖြစ်မနေဝေးလံမှသာစီးပါ။၇) လမ်းမှာ လူတိုင်းနဲ့ ၆ ပေအကွာနေပါ။၈) စျေးဆိုင်မှာပြုံတိုးမဝယ်ပါနဲ့။၉) Mask တပ်ထားလည်း ၆ ပေအကွာက လိုကိုလိုပါတယ်။၁၀) မဝယ်ခင်ထဲကသေချာစာရင်းလုပ်ပြီး ဆိုင်ရောက်တာနဲ့စာရွက်ပေး မြန်မြန်ဝယ်ပါ။၁၁) လှေကားလက်ရန်းတွေကိုမထိပါနဲ့။၁၂) ​ ပြန်ရောက်တာနဲ့ ရေချိုးခန်းထဲတန်းဝင် လက်ဆေး၊ ခြေထောက်ဆေး၊ ပြီးရင် Face shieldချွတ်၊ ဆပ်ပြာရည်ထဲထည့်ပါ။၁၃) ပါလာတဲ့ပစ္စည်း နဲ့ ပိုက်ဆံကို အိမ်အဝင်ဝ ပုံးတစ်ခုထားပြီး ပုံးထဲထည့်ပြီးမှဝင်ပါ။၁၄) ပြီးလျှင် Mask ကိုကြိုးစကကိုင်ချွတ်ပြီး အမှိုက်ပုံးထဲ ချက်ချင်းပစ်ပါ။၁၅) လက်တစ်ခေါက်ထပ်ဆေးပါ။၁၆) အဝတ်အစားအကုန်ချွတ်၍ ဆပ်ပြာပုံးထဲစိမ်ပါ။၁၇)ဆပ်ပြာမှုန့်အမြုပ်ထနေပါစေ။၁၈) ရေချိုး၊ ခေါင်းပါလျှော်ပါ။ ဆံပင်ကိုလည်းဗိုင်းရပ်စ်ကပ်ပါတယ်။၁၉) တစ်ခုခု ချွတ်ပြီးတိုင်းလက်ကို ပြန်ပြန်ဆေးပါ။၂၀) ပုံးထဲက ပိုက်ဆံနဲ့ ပစ္စည်းတွေကိုကိုင်ဖို့ Mask ပြန်တပ်၊ လက်အိတ်ရှိရင်လက်အိတ်စွတ်ပါ။ မရှိလည်းရပါတယ်။ ကိုင်ပြီးရင် လက်ပြန်ဆေးပါ။၂၁) ပိုက်ဆံတွေကိုအရက်ပြန်နဲ့ဖျန်းနိုင်ပါတယ်။ မဖျန်းလည်း ပြဿနာ မရှိပါ။ လက်ပြန်ဆေးဖို့သာ မမေ့ပါနဲ့။ ဆေးဖျန်းထားလည်း ကိုင်ပြီးရင် လက်ပြန်ဆေးရမှာပါပဲ။၂၂) ပြီးရင် ပလတ်စတစ်တွေအကုန်ချွတ်လွှင့်ပစ်ပါ။ ဘာကိုမှ နှမြောပြီးမသိမ်းပါနဲ့။၂၃) ကိုယ်ယူမယ့်ပစ္စည်းကို အရက်ပြန်ဖျန်းပါ။ အစားအသောက်တွေဆိုမဖျန်းရပါ။၂၄) အသီး အသားကို ရေနဲ့ သေချာဆေး၍ သေချာကျက်အောင် ချက်ပါ။၂၅)  မိမိအဲ့ဒီလိုလုပ်နေချိန်ဘေးမှာဘယ်သူမှမရှိပါစေနဲ့။၂၆) အပြင်ထွက်လို့ဖုန်းပါသွားခဲ့ရင် ဖုန်းကိုလည်း အရက်ပြန်ဖျန်း၊ တစ်သျှူးနဲ့သုတ်ပါ။သုံးပြီးသားတစ်သျှူးကိုလွှင့်ပစ်ပါ။၂၇) အားလုံးပြီးရင်လက်ကိုသေချာဆေး Mask ချွတ်ပြီး နောက်တစ်ကြိမ်ထပ်ပြီး လက်ဆေးပါ။၂၈) အဓိက ကတော့ အပြင် ခဏခဏ မထွက်ပါနဲ့။၂၉) မုန့်သရေစာသည်အဓိကမကျတာမို့ မုန့်ဝယ်ဖို့အကြောင်းအရာတစ်ခုတည်းကြောင့်နဲ့ အပြင်မထွက်ပါနဲ့။၃၀) အာဟာရပြည့်ဝတဲ့အစားအစာသုံးနပ်နဲ့တင် လုံလောက်ပါတယ်။၃၁) ထွက်တဲ့အခါမိသားစုတစ်ခုမှ တစ်ဉီးတည်းကဒိုင်ခံထွက်ပါ။ သွက်သွက်လက်လက်နဲ့စိတ်ချရတဲ့ လူငယ်ဆိုပိုကောင်းပါတယ်။ အပြင်မှာရှိနေချိန်ကိုအတတ်နိုင်ဆုံးလျှော့ချဖို့ပါ။ဖြစ်နိုင်ပါက အပြင်ထွက်ရသူနှင့် အပြင်ထွက်စရာမလိုတဲ့ လူကြီး၊ ကလေးငယ် များကိုခွဲထားပါ။ ဤအချိန်ဟာတဒင်္ဂလေးပါပဲ။ ဒီအချက်ဟာမိသားစုအခြေအနေပေါ်မှာမူတည်နိုင်တာမို့ အတင်းမတိုက်တွန်းလိုပါ။အချုပ်ဆိုရသော် ကျွန်မတို့က ကပ်ရောဂါကြီးထက်  ခြေတစ်လှမ်းဦးနေဖို့ လိုပါလိမ့်မယ်။ ကူးစက်သွားကာမှနောင်တရနေလို့မရပါဘူး။ အဘက်ဘက်က  နည်းစနစ်ကျစွာ ပိတ်ကာနိုင်မှတော်ကာကျတာမို့ လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေကိုထပ်မံ သတိပေး ဖော်ပြပေးလိုက်ရပါတယ်။ကပ်ရောဂါဆိုးကြီး အမြန်ဆုံးပြီးဆုံးဖို့မျှော်လင့်ရင်း…..။ရေးသားသူ- ဒေါက်တာမှူးခင်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-prevention-tips/
လေပြွန်များ ပျက်စီးခြင်း (Bronchiectasis)
လေပြွန်များ ပျက်စီးခြင်း (Bronchiectasis) အကြောင်း လေ့လာလိုက်ရအောင်လား။အသက်ရှူလိုက်တယ်ဆိုရင် လေတွေက လေပြွန်တွေဖြတ်ပြီး အဆုတ်ထဲကို ရောက်လာပါတယ်။လေပြွန်တွေ ပျက်စီးခြင်းဆိုတာကတော့ လေပြွန်ရဲ့ နံရံတွေ ပြုပြင်မရအောင် ပျက်စီးပြီး ထူထဲလာတာပဲ ဖြစ်ပါတယ်။ ဒီလို ထူလာတာနဲ့အမျှ လေပြွန်ထဲက အချွဲတွေကို ကောင်းကောင်း မဖယ်ရှားနိုင်တော့တဲ့အတွက် တဖြည်းဖြည်းစုပုံလာပြီး ပိုးမွှားတွေ ပေါက်ဖွားလာပါတယ်။ပိုးမွှားတွေ ပေါက်တဲ့အတွက်လေပြွန်တွေ ရောင်ရမ်းတယ်။ ကျဉ်းလာတယ်။ ကျဉ်းလာတဲ့အတွက် အချွဲတွေ ပြည့်လာတယ်။ ပိုးတွေ ထပ်ပေါက်တယ်။ ဒီလိုနဲ့ သံသရာလည်ပြီး နောက်ဆုံးမှာ လေပြွန်များ ပျက်စီးပြီး အဆုတ်စွမ်းဆောင်ရည်ပါ ကျလာပါတယ်။ ဒီလို ပျက်စီးတာက လေပြွန်တစ်ခု၊ နှစ်ခုပဲ ဖြစ်နိုင်သလို လေပြွန်အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ပျက်စီးတဲ့ လေပြွန်များလေလေ ရောဂါက ပိုပြင်းထန်လေလေပါပဲ။တစ်ခါတလေကျတော့လည်း လေပြွန်ပျက်စီးတာက အဆုတ်ရောဂါတစ်ခုခုကို အခြေခံပြီး ဖြစ်လာတာပါ။ အဆုတ်မှာရှိတဲ့ အလုံးအကျိတ်တစ်ခုခုက လေပြွန်ကို ဖိတဲ့အခါ လေပြွန်ပိတ်ပြီး အချွဲတွေ ပြည့်လာတာကြောင့် လေပြွန်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။Cystic fibrosisလို့ ခေါ်တဲ့ရောဂါနဲ့ တွဲပြီးတွေ့ရတာ များပါတယ်။ ဒါ့ပြင် ဖြစ်နိုင်ခြေကို မြင့်စေတဲ့ တခြားအကြောင်းတွေကတော့။ဒါ့ပြင် အဆုတ်ခဏခဏ ပိုးဝင်တဲ့ ရောဂါတွေ ဖြစ်တဲ့။လေပြွန်ပျက်စီးခြင်းရဲ့ လက္ခဏာတွေက လပိုင်းကနေ နှစ်နဲ့ချီကြာတတ်ပါတယ်။ နာတာရှည်ရောဂါပါ။ ကြာလာလေလေ ပိုဆိုးလေလေပါပဲ။ လက္ခဏာတွေကတော့။ပိုးဝင်လို့ ရောဂါဖောက်ချိန်ဆိုရင်တော့။လူနာခံစားရတဲ့ လက္ခဏာပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ ရောဂါတွေကို ဆန်းစစ်မေးမြန်းခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ လေပြွန်ပျက်စီးတဲ့ ရောဂါမှာဆို ချောင်းဆိုးချွဲပါ၊ချောင်းဆိုးသွေးပါတွေ အကြောင်းကို အသေးစိတ်မေးတာမျိုးပါ။-အဆုတ်မှာ ထူးဆန်းတဲ့ အသံတွေ ကြားနေရသလား။-လက်ထိပ်တွေ ဖောင်းနေသလား (clubbing)။-လေပြွန်ကျဉ်းပြီး လေကောင်းကောင်း မဝင်တာကြောင့် အောက်စီဂျင်နည်းပြီး လူနာက ပြာနှမ်းနေသလား။-ပိန်လှီနေသလား။-အဆုတ်ပျက်စီးတာကနေ နှလုံးထိခိုက်တဲ့အဆင့်ထိရောက်နေပြီလား စသဖြင့် လိုအပ်တာတွေကို စမ်းသပ်သွားမှာပါ။လေပြွန်ပျက်စီးတာ သေချာသလား၊ ဘာကြောင့် ပျက်စီးတာလဲဆိုတာ သိနိုင်ဖို့။-သွေးစစ်တာတွေ။-အဆုတ်စွမ်းဆောင်ရည် စစ်ဆေးတာတွေ။-ရင်ဘတ်ဓာတ်မှန်။-ကွန်ပျူတာဓာတ်မှန်။-သလိပ်စစ်တာ။-လေပြွန်ထဲ မှန်ပြောင်းထည့်ပြီး စစ်ဆေးတာတွေ လုပ်ရပါမယ်။ဒါတွေက လူနာပေါ်မူတည်ပြီး လိုအပ်တာတွေပဲ စစ်ဆေးရမှာ ဖြစ်ပါတယ်။ကုသနည်းတွေကတော့။လူနာတွေအနေနဲ့ ဘာတွေ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရမလဲ။လူနာအနေနဲ့။Takeaways။လေပြွန်ပျက်စီးခြင်းဟာ နာတာရှည်ရောဂါဖြစ်တဲ့အတွက် ရေရှည်ကုသရမှာ ဖြစ်ပါတယ်။ ဆရာဝန်ကိုပဲ အားမကိုးဘဲ လူနာအနေနဲ့လည်း ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရပါမယ်။ ဒါမှ ရောဂါပိုမဆိုးဘဲ ကောင်းကောင်းထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/bronchiectasis/bronchiectasis-explainer/
သင့်ကလေးတွင် သူငယ်ချင်းမရှိလျှင် မည်သို့လုပ်မည်နည်း
ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ကလေးများကို အကောင်းဆုံးများကိုသာ ရစေလိုကြသည်။ ဖြစ်နိုင်လျှင် အကောင်းဆုံးအစားအစာ၊ အကောင်းဆုံးပညာရေး၊ အကောင်းဆုံး အဝတ်အထည်များကိုသာ ပေးလိုကြသည်။သို့သော် ကလေးများအတွက်မိဘများ ဘယ်သောအခါမှ မဝယ်ပေးနိုင်သည့် အရာများလည်း ရှိပါသည်။ ထိုအရာများထဲမှတစ်ခုသည် သူငယ်ချင်းမိတ်ဆွေဖြစ်သည်။ သင့်ကလေးကိုသူငယ်ချင်းများရစေရန် ဝယ်မပေးနိုင်သော်လည်း သင့်ကလေးကို ကောင်းမွန်သော လူမှုဆက်ဆံရေးပတ်ဝန်းကျင်ရစေရန် ပြုလုပ်ပေးနိုင်ပါသည်။သင်နှင့် သင့်ကလေးသည် ကျောင်းတွင်တစ်နေ့တာအကြောင်းကို ပြောဆိုဆွေးနွေးရန် အချိန်ပေးနိုင်လျှင် ကောင်းပါသည်။ ထိုအချိန်တွင် သင့်ကလေးနှင့် ဆက်ဆံရေးပိုကောင်းလာပြီး သင့်ကလေးအတွက် အကြံဉာဏ်ကောင်းများပေးနိုင်သော အချိန်လည်း ဖြစ်သည်။ သင့်ကလေးကို အောက်ပါတို့ကို သင်ကြားပေးပါ။သင့်ကလေးကို သူငယ်ချင်းခင်မင်မှု၏ လှပမှုကို ဖော်ကျူးသော ပုံပြင်များကို ပြောပြနိုင်သည်။ သူငယ်ချင်းများနှင့် အတူကစားနိုင်သော ပျော်စရာကောင်းသော ကစားနည်းများကို သင်ပေးနိုင်သည်။ သင်သည် သင့်ကလေးကို ဆရာများနှင့် သူငယ်ချင်းများ၏ ချစ်ခင်မှုရစေရန် ကောင်းမွန်သော အပြုအမူများနှင့် ကိုယ်ရည်ကိုယ်သွေးများကို ရစေရန် လေ့ကျင့်သင်ကြားပေးရမည်။သင့်ကလေးကို အခြားသူများနှင့် ပြောဆိုဆက်ဆံစေခြင်းဖြင့် သူတို့၏ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို တိုးတက်စေနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေသည်။ သင့်ကလေးကို ကစားကွင်းများ၊ မွေးနေ့ပွဲများ စသည့်နေရာများသို့ ခေါ်သွားခြင်းဖြင့် ထိုအခွင့်အရေးကိုဖန်တီးပေနိုင်သည်။ အဆင်ပြေလျှင် သင့်အိမ်တွင် သင့်ကလေး၏ သူငယ်ချင်းများကို ဖိတ်ခေါ်ပေးပြီး ကစားစေခြင်း၊ ပါတီအသေးစားလေးများ ပြုလုပ်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်သည်။ဤအရာသည် သူငယ်ချင်းနည်းပြီး၊ မိတ်ဆွေဖွဲ့ရန် စိတ်မပါသောကလေးများ၏ မိဘများအတွက်ဖြစ်သည်။ မိဘများသည် ဆရာများကို အခြေအနေဆွေးနွေးခြင်းဖြင့် ကလေးကို အာရုံစိုက်ပြီး သူတို့နှင့် အဆင်ပြေသော သူငယ်ချင်းများရစေရန် ဖန်တီးပေးနိုင်သည်။သင့်ကလေးတွင် ပေါင်းသင်းဆက်ဆံရေးတွင် ပြသနာရှိနေခြင်း၊ အခြားသူမှအနိုင်ကျင့်ခံနေရခြင်း ရှိမရှိ စောင့်ကြည့်လေ့လာပါ။ သင့်ကလေးကို အခြား မောင်နှမဝမ်းကွဲများ၊ အမျိုးများနှင့် ဆက်ဆံရေးကိုလည်း စောင့်ကြည့်နေသင့်သည်။ပြဿနာသည် သင့်ကလေးသည်စိတ်ဆတ်သောကြောင့် သို့မဟုတ် လူများများနှင့် ပေါင်းသင်းဆက်ဆံတတ်သော လူမျိုးမဟုတ်သောကြောင့်ဖြစ်နိုင်သည်။ အကြောင်းရင်းပေါ်မူတည်ပြီး မိဘက အဖြေရှာပေးနိုင်သည်။ သူငယ်ချင်းများသည် သင့်ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးခြင်းအတွက်အလွန် အရေးကြီးပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%ba%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8/
သင့်ကလေးကို ဘာကြောင့်ရေကူးသင်ပေးသင့်ပါသလဲ
ရေကူးခြင်းသည် ကလေးများ အနှစ်သက်ဆုံးသော ကစားနည်းဖြစ်သည်။ ကလေးများသည် ရေကူးကန်ထဲတွင် တစ်နေကုန်ဆော့ရခြင်းကို နှစ်သက်ကြသည်။ သို့သော် ရေကူးခြင်းသည် အပျော်သက်သက်သာမဟုတ်ပဲ သေချာစွာလေ့ကျင့်သင်ကြားပေးလျှင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရနိုင်သည့်အပြင် အသက်ကိုလည်း ကယ်နိုင်သည်။မတော်တဆ ရေနစ်ခြင်းသည် တစ်နှစ်မှ လေးနှစ်အတွင်းတွင် ကလေးများသေဆုံးသော အကြောင်းရင်းထဲမှ တစ်ခုဖြစ်သောကြောင့် သင့်ကလေးကို ထိုအန္တရာယ်မှ ကာကွယ်ရန် ရေကူးသင်ပေးသင့်သည်။ ထို့ကြောင့် သင့်ကလေးကို တတ်နိုင်သမျှမြန်မြန် ရေကူးသင်တန်းသို့ သွားရောက်အပ်နှံသင့်သည်။ကလေးအများစုသည် ရေကူးကန်သို့ ရေသွားကူးရန် မိဘများကို တောင်းဆိုကြသည်။ ပူအိုက်သည့်ရာသီတွင် ရေကူးရခြင်းသည် ဘာနဲ့မှမလဲနိုင်ပေ။ ထို့ကြောင့် သင့်ကလေးကို ဘေးကင်းစွာ ရေကူးနိုင်ရန် ပြင်ဆင်ပေးထားသင့်သည်။ သင့်ကလေးကို ရေရှိသည့်နားသို့ မသွားခိုင်းမည့်အစား ရေကူးတတ်စေရန် သင်ပေးသင့်သည်။ သင့်ကလေး ကျွမ်းကျင်စွာရေကူးတတ်လျှင် သူ၏ သူငယ်ချင်းများနှင့် ရေကစားသည့်အခါတွင် သင်စိုးရိမ်ရန် မလိုတော့ပေ။ရေကူးခြင်းသည် အသက်အရွယ်မရွေးလုပ်သင့်သော အားကစားနည်းလည်းဖြစ်သည်။ သင့်ကလေးကို ငယ်စဉ်မှာပင် ရေကူးသင်ပေးလျှင် သင်ကလေးသည် ဘဝတစ်လျောက်လုံး ထိုအတတ်ကို မမေ့ပဲဆက်လက်အသုံးပြုသွားနိုင်သည်။ ရေထဲတွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် လူကြီးများအတွက် အလွန်ကောင်းသည်။ မလှုပ်ရှားနိုင်သည်များကို သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်စေသည်။ ရေကူးခြင်းသည် အန္တရာယ်မရှိသောကြောင့် အသက်ကြီးသူများအတွက်လည်း စိတ်ချရသော အားကစားနည်းလည်းဖြစ်သည်။ ထို့ကြောင့် ပြေးသည့်အခါ၊ စက်ဘီးစီးသည့်အခါ လဲကျမည်ကို စိုးရိမ်နေရသည်ထက် သင့်ကလေးကို ရေကူးလေ့ကျင့်ပေးရန် စဉ်းစားသင့်ပါသည်။ ကလေးတိုင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ရေကူးသင်သင့်ပါသည်။ ရေကူးခြင်းတွင် အဆင့်အမျိုးမျိုးရှိသောကြောင့် သင့်ကလေးသည် ဘဝတစ်လျောက် ရေကူးခြင်းကို ဆက်လေ့ကျင့်နိုင်ပြီး အကျိုးကျေးဇူးများရနိုင်သည်။ အသက်ငယ်စဉ်မှာပင်မှာပင် ရေကူးသင်ပေးခြင်းဖြင့် သူတို့၏ ဘဝတစ်လျောက်တွင် အခြားသော စွမ်းရည်များကိုလည်း ရရှိနိုင်စေပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b1/
ဒါကြောင့် အိပ်ရေးမပျက်စေလို
တကယ်လို့သာ သင်ဟာ တညတာကို ကြက်အိပ်ကြက်နိုးဖြစ်နေပြီး ကောင်းစွာ အိပ်မပျော်ဘူးဆိုရင် နောက်တနေ့မှာပင်ပန်းနွမ်းနယ်သလို ခံစားနေရမှာ ဖြစ်ပါတယ်။ တညတာမှာ ၇နာရီလောက် မအိပ်နိုင်ဘူးဆိုရင် နောက်တရက်မှာ မူးဝေခြင်း၊ မကြည်မလင်ဖြစ်ခြင်းတွေ ခံစားရမှာ ဖြစ်ပါတယ်။တကယ်တော့ အိပ်ရေးပျက်တာ ကြာလာပြီဆိုရင် ရှေည်မှာ ခန္ဓာကိုယ်အပေါ် ထိခိုက်လာမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မုှရှိပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်တွေအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ကိုယ်ခံစွမ်းအားလည်း ကျဆင်းလာပါလိမ့်မယ်။အိပ်ရေးမဝခြင်းရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတွေကတော့။– အလွန်အမင်း အိပ်ငိုက်ခြင်း။– သမ်းဝေခြင်း။– သည်းမခံနိုင်ဖြစ်ခြင်း။– နေ့အချိန်တွင် ပင်ပန်းနွမ်းနယ်နေခြင်း စတာတွေ ဖြစ်ပါတယ်။အဲဒီလိုအချိန်မှာ ကဖိန်းလို လှုံ့ဆော်ပေးတဲ့အရာတွေကလည်း ကိုယ်ခန္ဓာရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ပါဘူး။ တကယ်တော့ ကဖိန်းဟာ အိပ်စက်ခြင်းကို ပိုမိုထိခိုက်စေပါတယ်။ နေ့လယ်ကနေ မအိပ်ခင်အထိ သောက်ထားတဲ့ ကော်ဖီများဟာ အိပ်ချိန်မှာ ထိခိုက်မှုဖြစ်စေပါတယ်။အိပ်ရေးပျက်လွန်းလာတဲ့အခါ ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လိုထိခိုက်စေသလဲဆိုတာ ဆက်လက်ဖော်ပြသွားပါမယ်။ဗဟိုအာရုံကြောစနစ်ဟာ ကိုယ်ခန္ဓာတလျှောက်မှာ သတင်းအချက်အလက် သယ်ယူပို့ဆောင်ပေးတဲ့ လမ်းကြောင်းကြီးပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ ကောင်းကောင်းအိပ်စက်ပေးဖို့ လိုပါတယ်။ အိပ်ရေးပျက်တာကြာလာရင် ကိုယ်ခန္ဓာရဲ့ သတင်းအချက်အလက် ပို့ဆောင်နိုင်စွမ်း လျော့နည်းသွားပါတယ်။အိပ်ချိန်မှာ ဦးနှောက်ထဲကအာရုံကြောဆဲလ်လေးတွေဟာ တနေ့တာမှာ သိရှိမှတ်သားခဲ့တဲ့ အချက်အလက်တွေကို လက်ဆင့်ကမ်းပြီး မှတ်သားပါတယ်။ အိပ်ရေးပျက်ရင် ဦးနှောက်ပင်ပန်းပြီး အဆိုပါ လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားပါတယ်။ဒါ့အပြင် အာရုံစူးစိုက်နိုင်စွမ်း၊ အသစ်တွေကို လေ့လာသင်ယူနိုင်စွမ်းလည်း လျော့နည်းသွားပါတယ်။ ကိုယ်ခန္ဓာအတွင်း သတင်းအချက်အလက် လက်ဆင့်ကမ်းနိုင်စွမ်းလည်း လျော့သွားတဲ့အတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဟန်ချက်ညီအောင် မထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ဒါ့အပြင် အိပ်ရေးပျက်ခြင်းဟာ စိတ်ကျန်းမာရေးနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာကိုပါ ထိခိုက်မုရှိလာပါတယ်။ စိတ်အပြောင်းအလဲ မြန်လာပါတယ်။ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေ လျော့ပါးလာနိုင်ပါတယ်။အိပ်ရေးပျက်ခြင်း အရမ်းဆိုးလာရင် ပတ်ဝန်းကျင်မှာ မရှိတာတွေကို မြင်တွေ့ကြားယောင်လာရတဲ့ အာရုံခြောက်ခြားခြင်းမျိုး ဖြစ်လာကြပါတယ်။ စိတ်ကြွစိတ်ကျပြဿနာရှိသူများမှာ စိတ်ကြွခြင်း ဖြစ်လာနိုင်ပါတယ်။ တခြားဖြစ်ပွားလာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကတော့။– စိတ်ပူပန်ခြင်း။– စိတ်ကျခြင်း။– အကြောက်လွန်ခြင်း။– မိမိကိုယ်ကို သတ်သေလိုစိတ်များ ပေါ်တတ်ခြင်း စတာတွေ ဖြစ်ပါတယ်။အိပ်စက်နေချိန်မှာ ကိုယ်ခံအားစနစ်ကနေပြီး cytokine လို့ခေါ်တဲ့ ရောဂါပိုးကာကွယ်ရေး ပစ္စည်းတမျိုးကို ထုတ်လုပ်ပေးပါတယ်။ ၎င်းပစ္စည်းဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ ရောဂါပိုးတွေ ဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးပါတယ်။Cytokine ဟာ သင်အိပ်ပျော်နိုင်စေဖို့ အထောက်အကူပြုပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ ရောဂါဘယတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အိပ်ရေးပျက်ရင်တော့ ကိုယ်ခံစွမ်းအားကို ထိခိုက်လာစေပါတယ်။ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို မကာကွယ်နိုင်တာကြောင့် ကူးစက်နိုင်ခြေ ပိုများလာပါတယ်။ နေမကောင်းဖြစ်ရင်လည်း ကြာလာပါတယ်။ ရေရှည်အိပ်ရေးပျက်လာရင် နာတာရှည်ပြဿနာများဖြစ်တဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ ပိုများလာစေပါတယ်။အိပ်စက်ခြင်းနဲ့ အသက်ရှူစနစ်ကြား ဆက်နွယ်မှုဟာ အပြန်အလှန်ဖြစ်ပါတယ်။ OSA လို့ အတိုကောက်ခေါ်တဲ့ အိပ်စက်ချိန် အသက်ရှူရပ်တန့်ခြင်းဟာ အိပ်ရေးမဝဖြစ်စေနိုင်ပါတယ်။ကောင်းကောင်းအိပ်မပျော်ပြန်ရင်လည်း အအေးမိ၊ တုပ်ကွေး စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ နာတာရှည်အဆုတ်ရောဂါတွေ ရှိနေရင်လည်း ပိုဆိုးလာတတ်ပါတယ်။အစားများများစားခြင်း၊ ကိုယ်လက်လှုပ်ရှားမရှိခြင်း စတာတွေနဲ့အတူ အိပ်ရေးပျက်ခြင်းဟာ ကိုယ်အလေးချိန်တက်စေဖို့၊ အဝလွန်စေဖို့ အကြောင်းတရားတခု ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ leptin နဲ့ ghrelin လို့ခေါ်တဲ့ ဟော်မုန်းနှစ်မျိုးပေါ် သက်ရောက်မှု ရှိပါတယ်။ အဲဒီနှစ်မျိုးဟာ ဆာလောင်ခြင်းနဲ့ ဗိုက်ပြည့်ခြင်း ဆိုတဲ့ ခံစားချက်နှစ်မျိုးကို ထိန်းချုပ်ပေးပါတယ်။Leptin ဟာ သင်ဗိုက်ပြည့်ကြောင်း ဦးနှောက်ဆီ သတင်းပို့ပါတယ်။ အိပ်ရေးမဝရင် ဦးနှောက်ကနေ leptin ထွက်တာကို လျော့နည်းစေပြီး ghrelin ကို များစေပါတယ်။ ဒါကြောင့် ပိုဆာနေတတ်ပြီး ညအချိန်မှာ လိုတာထက် ပိုစားမိခြင်းကို ဖြစ်စေပါတယ်။အိပ်ရေးပျက်ခြင်းကြောင့် စားသောက်ပြီးချိန်မှာ ကိုယ်ခန္ဓာကနေ အင်ဆူလင်ကို ပိုမိထုတ်လွှတ်စေပါတယ်။ အင်ဆူလင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါတယ်။ အင်ဆူလင်မြင့်လာရင် အဆီသိုလှောင်မှုကို မြှင့်ပေးပါတယ်။အိပ်စက်ခြင်းဟာ သင့်ရဲ့နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်၊ ရောင်ရမ်းမှုပမာဏ စတာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ သွေးကြောများ ထိခိုက်မှုဖြစ်ပြီးရင် ပြန်လည်ကောင်းမွန်စေဖို့လည်း အဓိကကျပါတယ်။အိပ်ချိန်မလုံလောက်ခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်လာစေပါတယ်။ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ဟော်မုန်းများထုတ်လုပ်ခြင်းဟာ အိပ်စက်ခြင်းအပေါ် မူတည်နေပါတယ်။ ဥပမာအားဖြင့် တက်စတိုစထရုန်း ထုတ်လုပ်ခြင်းအတွက် အနည်းဆုံး ၃နာရီခန့် ဆက်တိုက်အိပ်စက်ဖို့ လိုပါတယ်။ ညအချိန် နိုးနေခြင်းက ဟော်မုန်းထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိပါတယ်။အိပ်ရေးမဝခြင်းဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေအတွက် အရေးကြီးလှတဲ့ ဖွံ့ဖြိုးကြီးထွားမှုဆိုင်ရာ ဟော်မုန်းတွေ ထုတ်လုပ်ခြင်းကိုလည်း အနှောက်အယှက်ဖြစ်စေပါတယ်။ အဆိုပါဟော်မုန်းတွေဟာ ကြွက်သားထုများ၊ ဆဲလ်များ တစ်သျှူးများကို တည်ဆောက်ပေးပါတယ်။ ပီကျူထရီဂလင်းကနေ ထုတ်လုပ်ပေးပြီး အိပ်စက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက ဖွံ့ဖြိုးမှုဟော်မုန်းတွေထွက်ဖို့ အထောက်အကူပြုပါတယ်။အကောင်းဆုံးကတော့ အိပ်ရေး၀၀အိပ်ဖိုပပါပဲ။ အသက်အရွယ်ပေါ်လိုက်ပြီး အိပ်စက်မှုကွာခြားနိုင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အသက် ၁၈ နှစ်ကနေ ၆၄ နှစ်အတွင်းဆိုရင် တနေ့ကို ၇နာရီမှ ၉နာရီကြား အိပ်စက်ဖို့ လိုပါတယ်။ တခြားလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။• နေ့အချိန် အိပ်စက်ခြင်း သိပ်မလုပ်ပါနဲ့။• ညနေစောင်းမှာ ကော်ဖီသောက်ခြင်းရှောင်ပါ။• ညတိုင်းမှာ အချိန်တခု သတ်မှတ်ထားပြီး အိပ်စက်ပါ။• မနက်ပိုင်းမှာလည်း အချိန်တခုသတ်မှတ်ပြီး နိုးထပါ။• အိပ်ရာမဝင်မီ သက်တောင့်သက်သာဖြစ်တာတွေလုပ်ပါ။ ဥပမာ စာဖတ်ခြင်း၊ တရားထိုင်ခြင်း။• အိပ်ရာမဝင်မီ နှစ်နာရီအတွင်း အစားများများ မစားပါနဲ့။• အိပ်ရာဝင်ခါနီး အီလက်ထရွန်းနစ်ပစ္စည်းများ မသုံးပါနဲ့။• လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အိပ်ခါနီးတော့ မလုပ်ပါနဲ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/effects-on-body/
မျက်နှာအကာအကွယ် (Face Shield) တစ်မျိုးတည်း တပ်ခြင်းက စိတ်ချရပါ့မလား
COVID-19 ကပ်ရောဂါကြီးကို ရင်ဆိုင်နေရတဲ့အချိန်မှာStay at Homeဆိုတဲ့အစီအစဉ်အတိုင်းမလိုအပ်ဘဲနဲ့အပြင်ကိုမထွက်တာဟာအကောင်းဆုံးပါ။ သို့သော်လည်း မသွားမဖြစ်အကြောင်းအရာတွေဟာ ရှိနေပါတယ်။ ဥပမာ အစားအသောက်အတွက် စျေးသွား ရတာမျိုး၊နေထိုင်မကောင်းတဲ့အခါဆေးရုံဆေးခန်းသွားရတာမျိုးစတာတွေတော့ရှိနိုင်ပါတယ်။ ထိုအခါ နှာခေါင်းစည်း(Mask)နဲ့မျက်နှာအကာအကွယ်(FaceShield)ကိုတော့မဖြစ်မနေတပ်သွားသင့်ပါတယ်။ နှာခေါင်းစည်းကတော့ အလိုအပ်ဆုံးပါပဲ။  မပါမဖြစ်ပါ။ အချို့လူတွေကတော့ Face Shieldတစ်ခုတည်းသာ တပ်ဆင်သွားလာနေတာကိုတွေုရပါတယ်။ အကြောင်းပြချက်ကတော့ ပူအိုက်ခြင်းတွေနဲ့ အသက်ရှူရအဆင်မပြေခြင်းတို့ကြောင့် ပလတ်စတစ် Face Shield တွေကို အစားထိုးတပ်ကြတာပါ။ မျက်နှာအကာအကွယ်(Face Shield) တွေဟာ နှာခေါင်းစည်းတွေလောက် ကာကွယ်မှုပေးနိုင်ရဲ့လား။ ဘယ်လောက်ထိလုံခြုံစိတ်ချရသလဲဆိုတာကိုတော့ဘယ်သူမှမပြောနိုင်သေးပါဘူး။COVID-19 ရဲ့ကူးစက်မှုပုံစံဟာ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာတဲ့ အစက်အမှုန်တွေ အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ကာ ကူးစက်ရတာပါ။ ပလတ်စတစ် မျက်နှာအကာတွေဟာမျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကိုဖုံးအုပ်ပေးထားတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကိုအတော်အသင့်ကာကွယ်ပေးနိုင်တယ်ဆိုတာတော့အမှန်ပါပဲ။ ဒါပေမဲ့ လေ့လာခဲ့သမျှထဲမှာတော့ Face Shield တစ်ခုတည်းတပ်ဆင်ထားခြင်းဟာ ဗိုင်းရပ်စ် ကူးစက်မှုကို ဘယ်လောက်အတိုင်းအတာထိကာကွယ်ပေးနိုင်တယ်ဆိုတာကိုတော့ဖော်ပြထားခြင်းမရှိသေးပါဘူး။ Mask နဲ့ အတူတကွသုံးခြင်းကတော့ အသင့်တော်ဆုံးပါပဲ။ဆွစ်ဇာလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ဘေးကြီးမှာဆိုရင် Face Shield တစ်ခုတည်းကိုသာ ဝတ်ဆင်ခဲ့သူတွေမှာ ပိုးကူးစက်မှုရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ COVID-19 ကို ကာကွယ်ဖို့ ကျွန်မတို့ဆီမှာလက်နက်တွေအများကြီးရှိမနေပါဘူး။ ရှိတဲ့လက်နက်လေးတွေကိုပဲ လစ်ဟာမှု မရှိအောင်အသုံးချတိုက်ထုတ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။နှာခေါင်းစည်းနဲ့ တွဲတပ်ခြင်းသည် ပိုမိုလုံခြုံစိတ်ချရပါတယ်။ အခြား သူတစ်ယောက် နှာခေါင်းစည်းတွေ၊ မျက်နှာအကာတွေဝတ်ဆင်ထားခြင်းဟာ သူ့အတွက် ပိုးကူးစက်မှုကိုဟန့်တားနိုင်သလိုသင့်ဆီကိုလည်းပိုးမွှားဝင်ရောက်ခြင်းမရှိအောင်ကာကွယ်ပေးထားခြင်းပါ။ သင်ကိုယ်တိုင်လည်းနှာခေါင်းစည်းနဲ့ မျက်နှာအကာတပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုသာမက အခြားသူများအတွက်ပါကာကွယ်လိုက်ပါ။တပ်ဆင်ထားတဲ့ Face Shield ဟာ မေးစေ့အောက်ထိရှိရပါမယ်။ မျက်နှာ(နဖူး) နဲ့ Face Shield ကြားထဲမှာလည်း နေရာလစ်လပ်နေခြင်း၊ ကွာနေခြင်းမရှိရပါဘူး။ ကွာနေခဲ့ရင်လည်း ဖော့တုံး၊ ပလတ်စတစ်အကာ စတာတွေခံထားပေးရပါမယ်။ ဒါမှသာ ပြင်ပက အစက်အမှုန်တွေ သင့်မျက်နှာဆီကိုမဝင်လာမှာပါ။  အရည်အသွေးစိတ်ချရတဲ့ Face Shield ကိုသာ ဝယ်ယူတပ်ဆင်ဖို့ အင်မတန်အရေးကြီးပါတယ်။ပလတ်စတစ်ဖြစ်တဲ့အတွက်အရက်ပြန်၊ Hand Gel တို့နဲ့ သန့်စင်ခြင်းဟာ ကြိမ်ဖန်များလာတဲ့အခါ ပလတ်စတစ်ရဲ့အရည်အသွေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် အမြင်ကြည်လင်မှုကိုလည်း နှောင့်ယှက်လာနိုင်ပါတယ်။ မကြာခဏ အသစ်လဲလှယ်အသုံးပြုနိုင်ရင်တော့ ပိုအဆင်ပြေပါတယ်။ဆပ်ပြာရည်နဲ့ အရင်ဆေးကြောကာ ပြီးမှရေနဲ့ပြန်ဆေး သန့်စင်ခြင်းဟာ ပလတ်စတစ်အတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ဆေးကြောရန် နည်းလမ်းပါ။ ပြီးရင်တော့ သန့်စင်တဲ့အဝတ်စ(သို့မဟုတ်)တစ်ရှူးတို့ကိုအသုံးပြုကာ ရေအခြောက်ခံပါ။ ဤနည်းနဲ့ နောက်တစ်ခေါက်ပြန်သုံးနိုင်ပါတယ်။ မသန့်စင်ဘဲ ပြန်သုံးခြင်း လုံးဝမပြုလုပ်သင့်ပါ။COVID-19 ကပ်ရောဂါကို ရှိသမျှလက်နက်တွေထုတ်သုံးရင်း ကာကွယ် ကြရအောင်။ ကပ်ရောဂါကြီးရဲ့ အဆုံးမှာ အားလုံးကျန်းကျန်းမာမာနဲ့ အလုပ်တာဝန်တွေပြန်လည်ထမ်းဆောင်နိုင်ကြပါစေ။ရေးသားသူ- ဒေါက်တာမှူးခင်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/face-shield/
23 လ အရွယ်ကလေးငယ်
သင့်ကလေးငယ်ဟာ တစ်နေ့မှာ စကားလုံးအသစ် ဆယ်လုံးလောက်ကို သင်ယူနေပြီ ဖြစ်ပါတယ်။ သင့်ကလေး အသက်နှစ်နှစ်ဝန်းကျင်ရောက်တဲ့အခါမှာ မျှော်လင့်ထားနိုင်တဲ့ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။• စကားလုံး နှစ်လုံးကနေ လေးလုံးအထိ ပါတဲ့ စာကြောင်းများ။• ရိုးစင်းတဲ့ သီချင်းတွေ ဆိုခြင်း။• ရိုးစင်းတဲ့ ညွှန်ကြားချက်တွေ လိုက်နာခြင်း။• နာမ်စားတွေကို မှန်ကန်စွာ မဟုတ်ရင်တောင် အသုံးပြုနိုင်ခြင်း။• စကားပြောဆိုခြင်းတွေမှာ ကြားတဲ့ စကားတွေကို ပြန်ပြောနိုင်ခြင်း။• လူတွေ၊ အရာဝတ္ထုတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မှတ်မိခြင်း။တကယ်လို့ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုဟာ သူ့ရဲ့ ပထမနှစ်နဲ့ ယှဉ်ရင် ကျဆင်းလာနိုင်ပါတယ်။ ပုံမှန်ကလေးတစ်ယောက်ဟာ သူ့အသက်တစ်နှစ်မှာ ကိုယ်အလေးချိန် သုံးဆတိုးလာပေမယ့် အသက်နှစ်နှစ်အရွယ်မှာတော့ ၁.၄ ကီလိုကနေ ၂.၂ ကီလိုအထိသာ ရှိနိုင်ပါတယ်။ အခုအချိန်မှာဆိုရင်တော့ သင့်ရဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ကလေးသေးသေးလေးနဲ့ မတူတော့ပဲ မတ်မတ်ရပ်ခြင်း၊ လျှောက်သွားခြင်း၊ လှုပ်ရှားခြင်း၊ ကလေးငယ်အဆီတွေ ပျော်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။သူ့ကိုယ်ခန္ဓါ ထိန်းသိမ်းပုံနဲ့ လှုပ်ရှားပုံတွေဟာလည်း ကွာခြားမှု ရှိနိုင်ပါတယ်။ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေရဲ့ လှုပ်ရှားမှုတွေဟာ ပိုမို ပြေပြစ်လာပြီး ညှိနှိုင်းမှု ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ သင့်ကလေးငယ်ရဲ့ ၂ နှစ်မွေးနေ့မှာ ကလေးငယ်အများစုဟာ အရုပ်တွေကို နောက်မှာ ဝှက်ထားခြင်း၊ လမ်းလျှောက်စဉ်မှာ ပစ္စည်းတွေ သယ်ဆောင်ခြင်းနဲ့ ပြေးခြင်းတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သင်မထင်ထားတဲ့ နေရာတွေကိုလည်း ရောက်သွားနိုင်ပါတယ်။ သူဟာ ခွေးခြေခုံ၊ စားပွဲနဲ့ ကောင်တာတွေပေါ် တက်နေနိုင်ပြီး အရင်က စိတ်မဝင်စားခဲ့တဲ့ ဘူးတွေကို ဖွင့်ခြင်း၊ အန္တရာယ်ရှိတဲ့ နေရာတွေကို (ရေကူးကန်၊ ရေပုံး) သင်ထင်ထားတာထက် မြန်မြန်ရောက်သွားနိုင်ပါတယ်။သင့်ကလေးငယ်ကို စကားပြောပြီး စကားလုံးအသစ်သုံးနှုန်းခြင်းတွေကို အားပေးဖို့အတွက် အောက်ပါအချက်တွေ လုပ်ပေးနိုင်ပါတယ်။• စာအုပ်အစုံ ဖတ်ပြပါ။ စာအုပ်တွေဟာ သင့်ကလေးငယ်ကို စကားလုံး ရွေးချယ်မှု တိုးတက်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။• သင့်ကလေးငယ်ရဲ့ စကားလုံးတွေကို စာကြောင်းတွေအဖြစ် ပြောင်းပေးပါ။ ဒါဟာ သင့်ကလေးငယ်က နို့ ဆိုပြီး ပြောရင် သူဟာ သူ့ခွက်ထဲမှာ နို့ပိုလိုချင်တယ်ဆိုမျိုး ပြောပြသင့်ပါတယ်။• စာအတူ ဖတ်ပြမယ်ဆိုရင် သင့်ကလေးငယ်ကို စာအုပ်အကြောင်း မေးမြန်းခြင်းအားဖြင့် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကို တိုးတက်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ စာအုပ်ထဲမှာ ပါတဲ့ ပုံတွေကို ညွှန်ပြပြီး ဒါဘာအရာဝတ္ထုလဲဆိုတာကို မေးမြန်းနိုင်ပါတယ်။• လမ်းလျှောက်ရင်း၊ ကားမောင်းရင်းနဲ့ တွေ့တဲ့ အရာဝတ္ထုတစ်ခုကို ညွှန်ပြပြီး သင့်ကလေးကို ဘယ်အရာဝတ္ထုလဲဆိုတာကို မေးမြန်းနိုင်ပါတယ်။တစ်ယောက်တည်းပြောနေတဲ့ အခြေအနေမျိုး ဖြစ်နေရင်တောင် သင့်ကလေးငယ်နဲ့ အဆက်မပြတ် စကားပြောနေသင့်ပါတယ်။ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုဟာ မတူညီနိုင်ပါဘူး။ တကယ်လို့ သူတို့ရဲ့ အမူအရာ၊ အစားအသောက်နဲ့ အိပ်တဲ့ အကျင့်တွေမှာ ပြောင်းလဲမှုတွေရှိတယ်ဆိုရင် စိုးရိမ်သင့်ကာ တကယ်လို့ သေးငယ်တဲ့ အရာလို့ ယူဆရင်တောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သင့်ကလေးမှာ separation anxiety ရှိခြင်းကို သတိထားမိနိုင်ပါတယ်။ ဒီအချိန်တွေဟာ ဖြစ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်တတ်ပါတယ်။ ဒါဟာ ပုံမှန်ပဲ ဆိုတာသိထားသင့်ပြီး ဖြစ်စေတဲ့ အကြောင်းတွေတော့ ရှိပါတယ်။ ဒီအကြောင်းရင်းတွေကတော့ ကလေးထိန်းအသစ်ဖြစ်ခြင်း၊ မိသားစုအတွင်း မောင်နှမ အသစ်ရခြင်း၊ သူမပါပဲ သင်တို့ဟာ ပျော်ရွှင်စရာ တစ်ခုခုကို လုပ်နေမယ်လို့ ထင်ခြင်း တွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ညင်သာစွာ နှုတ်ဆက်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးကို နှုတ်မဆက်ပဲ မသွားသင့်ပါဘူး။ ဒါဟာ အခြေအနေကို ပိုဆိုးစေပြီး ကလေးက သူ့ကို ပစ်သွားတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သင့်ကလေးဟာ ဒီ separation anxiety ကို ကျော်လွှားနိုင်ပါတယ်။ တိုးတက်မှုတွေ မရှိရင်တော့ သင့်ဆရာဝန်ကို သိစေသင့်ပါတယ်။ သင့်ဆရာဝန်က ဖြစ်စေတဲ့ အရာတွေကို သိရှိစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။သင့်ကလေးဟာ အထူးသဖြင့် စူပါ မားကတ်၊ လေယာဉ်ပံျ၊ စားသောက်ဆိုင် အစရှိတဲ့ လူများတဲ့နေရာတွေမှာ ထူးဆန်းစွာ ပြုမူခြင်းကြောင့် သင်စိတ်ပူနိုင်ပါတယ်။ သင့်ကလေးရဲ့ ဒေါသစိတ်ဟာ ခန့်မှန်းရခက်ပါတယ်။ တခါတရံမှာ သင်က ဒါကို ထိန်းချုပ်နိုင်ခြင်း မရှိဘူးလို့ ထင်နေပေမယ့် ဒါဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ ကလေးကို သူတို့ရဲ့ အပြုအမူတွေဟာ မသင့်လျော်ဘူးလို့ ပြောပြရင် သူတို့ဟာ အစပိုင်းမှာ လက်မခံနိုင် ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ နားလည်လာမှာ ဖြစ်ပါတယ်။ပင်ပန်းခြင်း (သို့) ဗိုက်ဆာခြင်းတွေဟာလည်း ကလေးငယ်ကို စိတ်တိုစေပါတယ်။ သင့်ကလေးဟာ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် လူတွေကြားထဲမှာ ကလေးအော်ခြင်းကို ထိန်းချုပ်ဖို့ တစ်ခုခု ပြုလုပ်သင့်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ မုန့်ထည့်ထားနိုင်ပြီး သင့်ကလေးငယ်ကို နေ့လည်အိပ်ချိန်မှာ ပေးအိပ်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%81%82%e1%81%83-%e1%80%9c-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bc%e1%80%af%e1%80%85%e1%80%af%e1%80%b1/
ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobia
ဆိတ်ငြိမ်မှုက သင့်ကို စိတ်ကသိကအောင့် ဖြစ်စေသလား။ တိတ်ဆိတ်နေတာက အထီးကျန်သလိုလို၊ စိတ်ထဲခြောက်ခြားသလိုဖြစ်နေပါသလား။ ဒါကို ကိုယ်တစ်ယောက်တည်း ခံစားနေရတာလား။ ဒါမှမဟုတ်  အခြားသူတွေရော ခံစားရတာသလားဆိုပြီးတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လို့ လိုပါမယ်။လူတော်တော်များများက တိတ်ဆိတ်တာကို မကြောက်ကြဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ လူတိုင်း တိတ်ဆိတ်မှုကို မကြောက်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်မှုက သူတို့အတွက် ချောက်ချားမှုဖြစ်စေတာကြောင့် ဆိတ်ငြိမ်မှုကို ကြောက်ရွံ့တဲ့သူတွေ ရှိပါတယ်။ဒီလို တိတ်ဆိတ်မှုကို ကြောက်တာကစိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဒီစိတ်ကျန်းမာရေးပြဿနာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမည် မဖော်နိုင်ခဲ့ကြပါဘူး။ ဒီနေ့ခေတ်မှာတော့ တိတ်ဆိတ်မှုကို ကြောက်တဲ့ စိတ်ရောဂါကို Sedatephobic လို့ခေါ်ဆို သတ်မှတ်နိုင်ခဲ့ကြပါပြီ။လူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကားသံ၊ လူသံ၊ ကျေးငှက်တွေ၊ တိရစ္ဆာန်တွေရဲ့အသံတွေ၊ စက်ကိရိယာတွေရဲ့ အသံတွေနဲ့ ကုန်ဆုံးမှန်း မသိ ကုန်ဆုံးနေကြပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် တိတ်ဆိတ်မှုက အဆန်းတကြယ်လိုတောင် ဖြစ်လာကြပါတယ်။ ကားမောင်းရင်း၊ ကားစီးရင်း ရုံးတွေ အလုပ်ခွင်တွေကို သွားကြတဲ့အခါ ဖုန်းတွေနဲ့ သီချင်းနားထောင်တာ၊ ရေဒီယိုကလာတဲ့သီချင်းတွေအစီအစဉ်တွေကို နားထောင်ရင်း သွားကြသလို အလုပ်ခွင်ရောက်တဲ့အခါမှာလည်း လုပ်ငန်းခွင်က အသံအမျိုးမျိုးက နားမစိုက်ထောင်ဘဲတောင် နားထဲရောက်လာပါတယ်။ညနေ အလုပ်ပြန်ချိန်မှာလည်း ဖုန်းနဲ့ သီချင်းနားထောင်ရင်း အိမ်ပြန်ရောက် အိမ်အလုပ်တွေ လုပ်ရင်း TV ဖွင့် နားထောင်နေတာမျိုးတွေကြောင့် လုံးဝ တိတ်ဆိတ်တဲ့ အခြေအနေဆိုတာ ခပ်ရှားရှားလို ဖြစ်လာပါတယ်။ဒါကြောင့် ကိုယ်တိုင်က တိတ်ဆိတ်မှုကို ကြောက်တတ်တဲ့ စိတ်ရောဂါ ရှိလားဆိုတာကို သိရှိသူက ခပ်ရှားရှားပါ။ နေ့စဉ် ထိတွေ့နေကျ ကြားနေကျ အသံတွေ အားလုံးတိတ်ဆိတ်ပြီး နာရီပိုင်းလောက်နေကြည့်ချိန်မှာစိတ်ထဲ ကြောက်သလိုလိုဖြစ်လာမယ်ဆိုရင်တော့ ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (Sedatephobia) ကို ခံစားနေရတာပါ။ဒီစိတ်ကျန်းမာရေး ပြဿနာကို ခံစားနေရသူတွေဟာ အမြဲလိုလို ဆူညံသံတွေ၊ လူအချင်းချင်း ပြောဆိုမှုတွေကို  လိုအပ်နေပြီး တိတ်ဆိတ်သွားမှုက သူတို့ကို အတော်လေး ချောက်ချား ထိတ်လန့်စေပါတယ်။စိတ်ဖိစီးမှုတွေစိုးရိမ်စိတ်တွေ များစေပါတယ်။ ဒီစိတ်ကျန်းမာရေး ပြဿနာရှိသူတွေက အမှောင်ကိုလည်း ကြောက်တတ်ကြပါသေးတယ်။ ဒီလို အမြဲတစေ ဆူညံမှုတွေကို လိုအပ်နေခြင်းက အရမ်းကို အန္တရယ်များတဲ့ အခြေအနေပါ။အကြောင်းကတော့ လူတွေရဲ့ စိတ်ဖိစီးမှုတွေနဲ့ တင်းအားတွေကို ပြေလျော့စေဖို့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ရတဲ့ အခိုက်အတန့်လေးတွေက မဖြစ်မနေ လိုအပ်တာကြောင့်ပါ။ကြောက်ရွံ့မှုတိုင်းလိုလိုမှာ ထိတ်လန့်တုန်လှုပ်စရာ ကောင်းတဲ့ အဖြစ်အပျက်တွေ၊ အပျက်သဘောဆောင်တဲ့ဘဝအတွေ့အကြုံတွေရှိပါတယ်။ ဒီလိုပါပဲ ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobia ကိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ရှိပါတယ်။အခန်းတွေထဲမှာ အလုံပိတ် ခံခဲ့ရဖူးတာ၊ မြေအောက်ခန်းလိုနေရာမျိုး၊ အလင်းရောင်ရော အသံပါ မဝင်နိုင်တဲ့ နေရာမျိုးမှာ ပိတ်လှောင် အပြစ်ပေးခံရတာ၊ လူကြီးတစ်ဦးဦးရဲ့နှိပ်စက်ညှင်းပန်း ခံရဖူးသူတွေက ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ကြပါတယ်။ ကလေးဘဝမှာ ဒီအဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရသူတွေက ဆိတ်ငြိမ်မှုကို Sedatephobia ကို ခံစားရနိုင်ပါတယ်။ဒီ စိတ်ကျန်းမာရေး ပြဿနာကို ခံစားနေရသူတွေက တိတ်ဆိတ်တဲ့ အခန်းတွေ၊ နေရာတွေမှာ မိနစ် နည်းနည်းလောက် နေထိုင်ဖို့ ခက်ခဲသလို တရားထိုင်ဖို့လည်း မဖြစ်နိုင်ပါဘူး။ သူတို့ဟာ အမြဲလိုလို ဖုန်း၊ TV စတာတွေကို လိုအပ်နေတတ်ကြပါတယ်။အချို့ ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobia အရမ်းမပြင်းထန်ဘဲ ခံစားနေရတာမျိုးတွေ ရှိပါတယ်။ ဒီလို အခြေအနေကတော့ကလေးဘဝမှာ အသံထွက်ရင် ရိုက်မှာနော်။ အပြစ်ပေးခံရမယ်ဆိုပြီး လူကြီးတွေရဲ့ ပြောဆိုမှုတွေကို ခံခဲ့ရတာ၊ အပြစ်ပေးမှုတွေကို ခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။ပြင်းထန်စူးရှတဲ့ ဆူညံသံတွေကခေါင်းကိုက်စေပါတယ်။ ဒါပေမယ့် တိတ်ဆိတ်မှုကို ကြောက်ရွံ့သူတွေအတွက်ကတော့ ဆိတ်ငြိမ်မှုက စိတ်ဖိစီး စိုးထိတ်စေပြီး ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန် ကြောက်ရွံ့တာတွေကို ဖြစ်စေနိုင်ပါတယ်။ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobia ခံစားရသူတွေမှာ လက္ခဏာ အနေနဲ့။ဒီ စိတ်ကျန်းမာရေး ပြဿနာကို ခံစားနေရသူတွေက အုပ်စုလိုက် စကားပြောနေချိန် ရုတ်တရက် ငြိမ်ကျသွားတာကို ကြောက်တာမျိုး ရှိသလို စာကြည့်တိုက်ထဲမှာ တိတ်ဆိတ်နေတာကို ကြောက်တာ၊ တစ်ယောက်တည်း အိပ်ဖို့ လှဲနေချိန်မှာ ကြောက်တာမျိုး အမျိုးမျိုး ရှိကြပါတယ်။ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobiaက စိတ်ကျန်းမာရေး ပြဿနာ တစ်ရပ်ဖြစ်တာ​ကြောင့် ကုသလို့ ရပါတယ်။ စိုးရိမ်မှုကို အရင်းနှါ်ဆုံးသူကို ပွင့်ပွင့်လင်းလင်းပြောပြပြီး သက်သာစေမယ့် နည်းလမ်းတွေကို ရှာတာမျိုးကနေစလို့ စိတ်ပညာကုထုံး ပညာရှင်တွေနဲ့ ကုသတာမျိုး အထိပေါ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/sedatephobia/
ပန်းနာရင်ကျပ်ရောဂါ အကြောင်း သိကောင်းစရာ
ပန်းနာရင်ကျပ်ရောဂါ က မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံးအသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၆ချိတ်ပါတယ်။ မျိုးရိုးလည်း လိုက်တတ်တာကြောင့် အဖြစ်များတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်တွေက သိထားသင့်သလဲဆိုတာ မျှဝေပေးလိုပါတယ်။ပန်းနာရင်ကျပ်ဆိုတာလေပြွန်တွေ ရောင်ရမ်းတဲ့ရောဂါပါ။ လေပြွန်တွေ ရောင်ရမ်းတဲ့အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကျပ်လာပြီး တရွှီရွှီနဲ့ မောလာပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်ပြတ်ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင်တော့ လူကောင်းအတိုင်း နေသွားနိုင်ပါတယ်။ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့်လို့ပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်သမားတွေမှာ ရင်ကျပ်ထစေတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကို triggersလို့ ခေါ်ပါတယ်။ ဥပမာ ပြောရရင်။ပန်းနာရင်ကျပ် အမျိုးအစားများ။ဒါကြောင့်ပဲ ပန်းနာရင်ကြပ်ရောဂါက အောက်ကလိုမျိုး အမျိုးအစားတွေ ကွဲသွားပါတော့တယ်။ပန်းနာရင်ကျပ်က ဘာကြောင့်ပဲ ကျပ်ကျပ်၊ ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် ရောဂါအရ လေပြွန်ရောင်ရမ်းပြီး ကျဉ်းမြောင်းတာဖြစ်တဲ့အတွက် လက္ခဏာတွေက အတူတူပါပဲ။လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ တချို့က ချောင်းပဲဆိုးပေမယ့် တချို့က ဆေးရှူရလောက်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တစ်ယောက်တည်းမှာတောင်မှ တစ်ခေါက်နဲ့ တစ်ခေါက် မတူနိုင်ပါဘူး။ ဒီတစ်ခါ ချောင်းပဲဆိုးပေမယ့် နောက်တစ်ခါ ဆေးရုံတက်ရတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လက္ခဏာတွေက ပုံသေမရှိဘူးဆိုတာ သိထားရပါမယ်။ဒါကြောင့် ပန်းနာရင်ကျပ်နဲ့ ပတ်သက်လာရင် စနစ်တကျ ကုသမှု ခံယူပြီး ဆောင်ရန် ရှောင်ရန်တွေကို သေချာလိုက်နာတာက ရေရှည်မှာ လူနာအတွက် ထိခိုက်မှု နည်းပြီး အများကြီး အကျိုးရှိပါတယ်။ပန်းနာရင်ကျပ်ရောဂါ ရှိမရှိကို အဆင့် ၃ဆင့်နဲ့ စစ်ဆေးပါတယ်။-ဆေးစစ်မှုတွေမှာ Spirometryလို့ ခေါ်တဲ့ အဆုတ်ကောင်းကောင်း အလုပ်လုပ်မလုပ်ကို စမ်းသပ်တာ။-ရင်ဘတ်ဓာတ်မှန်။-ကွန်ပြူတာ ဓာတ်မှန်။-သွေးစစ်ချက်။-သလိပ်ပိုးမွေးတာ။-စားချဉ့်ပြန်ဆန်တက်တဲ့ ရောဂါရှိမရှိ စစ်ဆေးတာ (တချို့ပန်းနာရင်ကြပ်သမားတွေက ဒီရောဂါကြောင့် ကြပ်လေ့ရှိပါတယ်။)။-ဓာတ်မတည့် ရောဂါရှိမရှိ စစ်ဆေးတာ စတာတွေ လုပ်ရနိုင်ပါတယ်။ရောဂါရာဇဝင် မေးမြန်းတာနဲ့ လူနာကို စမ်းသပ်တာကတော့ လူနာတိုင်း ခံယူရပါမယ်။ ဆေးစစ်ချက်တွေကတော့ လူနာပေါ် မူတည်ပြီး စစ်ရတဲ့နည်းတွေ ကွဲသွားနိုင်ပါတယ်။ အကုန်စစ်ချင်မှ စစ်ရမှာပါ။ ရောဂါကို မှန်မှန်ကန်ကန် ရှာတွေ့မှသာ ကုသရတာ လမ်းမလွဲမှာပါ။ပန်းနာရင်ကြပ်ရောဂါကို Stepwise managementလို့ ခေါ်တဲ့ ပြင်းထန်မှု အဆင့်အလိုက် ဆေးတွေ အတိုးအလျှော့လုပ်ပြီး ကုသပေးပါတယ်။ ရံဖန်ရံခါ ကြပ်တာလား၊ မကြာခဏ ကြပ်တာလား။ မကြာခဏ ကြပ်တာကိုမှ သာမန်ပဲလား၊ နည်းနည်းပြင်းထန်သလား၊ ပြင်းထန်အဆင့်လား စသဖြင့် အဆင့်ခွဲပြီး ကုသပေးပါတယ်။သုံးတဲ့ ဆေးတွေကတော့။-စတီးရွိုက်ရှူဆေးတွေ။-စတီးရွိုက်နဲ့ လေပြွန်ကျယ်ဆေးတွေကို ပေါင်းစပ်ထားတဲ့ ရှူဆေးတွေ။-Leukotriene modifiersလို့ ခေါ်တဲ့ ဆေးတွေ။-Theophyllineဆိုတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။-လေပြွန်ကျယ်ဆေးတွေ။-စတီးရွိုက်တွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/asthma-all-you-need-to-know/
ဒေါသ ဖြစ်နေလား ...... ဒါတွေ စားပါ။
ဒေါသ မထွက်ဘူးသူရယ်လို့ ခပ်ရှားရှားပါ။ လူတိုင်း ပြင်းပြင်းထန်ထန် မဟုတ်တောင် တစ်လမှာ တစ်ကြိမ်လောက်တော့ ဒေါသ ဖြစ်စမြဲပါ။ ဒေါသက လူတိုင်းမှာ ဖြစ်ပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့သည်းခံနိုင်စွမ်းက ကွာခြားတာကြောင့် ဒေါသကို ထိန်းချုပ်နိုင်တဲ့ အနေအထားကတော့ ကွာခြားနိုင်ပါတယ်။အချို့က တော်ရုံနဲ့ စိတ်မတို ဒေါသမထွက်ပေမယ့် အချို့ကတော့ သေးသေးဖွဲဖွဲ ကိစ္စတွေအပေါ်မှာတောင် စိတ်တိုတာ ဒေါသဖြစ်တာမျိုး ဖြစ်တတ်ကြပါတယ်။ နောက်တစ်ချက်ကဒေါသကို ဖော်ပြပုံခြင်းလည်း ကွာခြားတတ်ပါတယ်။ဒေါသ အရမ်းထွက်တဲ့အခါရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ ဒေါသဆိုတာကစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ရပ်ကြောင့် ကိုယ်တွင်းမှာ အဒရီနယ်လင်ဟော်မုန်းတွေ မြင့်တက်လာရာကနေ စဖြစ်တာပါ။ ဒီဟော်မုန်းပမာဏ လွန်ကဲတဲ့အခါ တင်းအားများပြီး ခေါင်းကိုက်တာ၊ ခေါင်းကိုက်တာ၊ သွေးတိုးတာ၊စိတ်ဓာတ်ကျတာတွေကိုခံစားရနိုင်ပါတယ်။ဒေါသဖြစ်တဲ့အခါစိတ်ရော ကိုယ်ပါ ထိခိုက်မှုကင်းစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ပင်လယ်ငါးတွေဖြစ်ကြတဲ့ ဆယ်လ်မွန်၊ cod၊ မက်ကာရယ် နဲ့ ဆာဒင်းငါးတွေမှာ အမဲသားနဲ့ ကြက်သားတွေကလို ပရိုတင်းတွေ ပါဝင်နေပါတယ်။ အမိုင်နိုအက်ဆစ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်ကို ကျန်းမာစေသလို စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။omega-3 fatty acidsကြွယ်ဝတာကြောင့် စိတ်ခံစားမှု ကောင်းစေနိုင်ပါတယ်။L-lysine ပြည့်ဝမှုကလည်း ဒေါသဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။အခွံမာသီးတွေ အထူးသဖြင့် ဘရာဇီး နက်စ်၊ အယ်လ်မွန်စေ့၊ သစ်ကြားသီးတွေမှာပါတဲ့ ပရိုတင်းနဲ့နဲ့ ဗီတာမင် D၊ ဗီတာမင် Eနဲ့ ဆီလီနီယမ် တို့ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်တဲ့ ဟော်မုန်းတွေ ဖြစ်ကြတဲ့ serotonin နဲ့dopamine ဟော်မုန်းတွေပါဝင်နေပါတယ်။ ဒါကြောင့် အခွံမာသီးတွေကို စားသုံးပေးတာက ဒေါသတွေကို ပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါတယ်။ဒိန်ချဉ်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုတာကို သိထားပြီးသားပါ။ ဒိန်ချဉ်ကအစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဦးနှောက် ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်ပါတယ်။စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပြီး ဒေါသ ဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။လက်ဖက်စိမ်း ရေနွေးကြမ်းက စိတ်ကို တည်ငြိမ်စေပြီး စိတ်ခံစားမှု ကောင်းစေနိုင်ပါတယ်။အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်သလိုစိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။လက်ဖက်စိမ်းမှာ active polyphenol တစ်မျိုး ဖြစ်တဲ့ L-theanine ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်သလို အာရုံကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမိုင်နိုအက်ဆစ် ပါဝင်နေတာက ဒေါသ ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပါ။အနက်ရောင် ချောကလက်စားတာက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ အကြောင်းကတော့ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့်ပါ။  မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့်လည်း  စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဒေါသတွေကို ပြေလျော့စေနိုင်ပါတယ်။ဒေါသ ဖြစ်နေလား …… ဒေါသကြောင့် ထိခိုက်တာတွေကို သက်သာစေဖို့အတွက် ဒေါသကို ဖြေလျော့ဖို့ဆိုရင် အခုပြောတဲ့ အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/best-foods-for-anger-management/
24 လ (2 နှစ်) အရွယ်ကလေးငယ်
လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ အခုဆို နှစ်နှစ်ရှိပြီ ဖြစ်ပါတယ်။ အခုအချိန်အထိ သင့်ကလေး ဖြတ်သန်းခဲ့ပြီးတဲ့ milestone တွေ မြောက်မြားစွာ ရှိနေပြီဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ ကိုယ်တိုင် အဝတ်အစား ဝတ်ခြင်း၊ ချွတ်ခြင်းတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သူဘယ်လို အဝတ်အစားတွေကို ဝတ်ချင်တယ်ဆိုတာကိုလည်း သိနေပြီ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ ကျွမ်းကျင်မှုနဲ့ ပြင်းပြတဲ့ အမှီအခို ကင်းမဲ့မှုတွေကို ဖေါ်ပြနေတာ ဖြစ်ပါတယ်။သင့်ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုတွေဟာလည်း တိုးတက်လာနေပါတယ်။ သူဟာ နှစ်ပေလောက်ကို ယုံကြည်မှုရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ကုန်ပြီးတော့ ကြမ်းပြင်က အရာဝတ္ထုတွေကို ကောက်နိုင်ပြီ ဖြစ်ပါတယ်။ ခုန်ခြင်း (သို့) ခြေဖျားထောက်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။အသက်နှစ်နှစ်မှာတော့ သင့်ကလေးငယ်ဟာ အရာဝတ္ထုတွေရဲ့ ဓလေ့ နဲ့ သူတို့ကို ပတ်ဝန်းကျင်နဲ့ ဘယ်လို ဆက်စပ်ရမလဲဆိုတာ နားလည်လာမှာ ဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုရဲ့ အရွယ်အစားနဲ့ အခြားအရာဝတ္ထုတစ်ခုနဲ့ နှိုင်းယှဉ် စဉ်းစားတတ်မှာ ဖြစ်ပါတယ်။ သူဟာ လမ်းကြောင်းတွေကို သိလာမှာ ဖြစ်ပြီး “ထောင့်မှာ ရှိတဲ့ ဘောလုံးဆီ သူ့ကို ခေါ်သွားပါ”သို့ “ထိပ်ဆုံးကို ကြည့်လိုက်ပါ အစရှိသဖြင့် ပြောဆိုလာနိုင်ပါတယ်။သင့်ကလေးငယ်ကို ကြည်သီး အနည်းငယ်၊ ချိတ်အနည်းငယ် ပါတဲ့ အဝတ်အစားတွေ ဝယ်ပေးပြီး ကိုယ်တိုင် ဝတ်ဆင်နိုင်အောင် သင်ပေးသင့်ပါတယ်။ သင့်ကလေးငယ်အတွက် သားရေကြိုးပါတဲ့ ဘောင်းဘီတွေ၊ လည်ပင်းစွပ်ဝတ်ရတဲ့ အင်္ကျီတွေ၊ Velcro-close ဖိနပ်တွေဟာ အသင့်လျော်ဆုံးဖြစ်ပါတယ်။ သင့်ကလေးငယ်ရဲ့ အံဆွဲကို ဒီလိုလွယ်ကူတဲ့ ပစ္စည်းတွေနဲ့ ဖြည့်ပေးထားခြင်းအားဖြင့် မနက်ပိုင်းအလုပ်ရှုပ်တာ သက်သာစေနိုင်ပါတယ်။ သင့်ကလေးငယ်ကို စိန်ခေါ်မှု အသစ်တွေ ဖြစ်တဲ့ ကြီးမားတဲ့ ကြယ်သီးတစ်လုံးတပ်စေခြင်းတွေကို ဖြည်းဖြည်းချင်း သင်ကြားပေးနိုင်ပါတယ်။သင့်ကလေးငယ်ကို ပိုမို နားလည်နိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ အောက်ပါအချက်တွေက ကူညီပေးနိုင်ပါတယ်။• သူတို့နဲ့ အတူမရှိတဲ့အချိန်မှာ ဘယ်ရောက်နေတယ်ဆိုတာ ပြောပြသင့်ပါတယ်။ အဖေက အလုပ်မှာ (သို့) အဖွားက အဝေးမှာ နေတယ် အစရှိတယ်ဆိုတာမျိုးကို ပြောပြသင့်ပါတယ်။• မတူညီတဲ့ စေခိုင်းမှုတွေပါဝင်တဲ့ ရိုးစင်းတဲ့ ညွှန်ကြားချက်တွေကို ပြောပြသင့်ပါတယ်။ ဥပမာ အရုပ်ကို ထိုင်ခုံပေါ်ကို အရင်တင်ပါ။ ပြီးရင် ထိုင်ခုံအောက်မှာ ထားပါ၊ ပြီးရင်တော့ သင့်ဆီကို ပြန်ပေးပါ အစရှိတာတွေပဲ ဖြစ်ပါတယ်။• နေရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း မေးနိုင်ပါတယ်။ ငှက်တွေ ဘယ်မှာနေသလဲ။ လေယာဉ်ပျံတွေက ဘယ်လို ပျံသန်းကြသလဲ။ တံခါးက ဘယ်မှာလဲ။ မှန်ကန်တဲ့ အဖြေကို တစ်ချိန်လုံးမျှော်လင့်ထားခြင်း မရှိသင့်ပါဘူး (သို့) ပဟေဠိအဖြစ် ပြောင်းလဲသင့်ပါတယ်။ ဒီမေးခွန်းတွေကို နေ့စဉ်ဘဝရဲ့ စကားပြောဆိုမှုတွေမှာ ထည့်သွင်းပြောကြားသင့်ပါတယ်။သင့်ကလေးအသက်နှစ်နှစ်အရွယ်မှာ ဆရာဝန်နဲ့ ပြသ စစ်ဆေးမှုဟာ အရေးကြီးပါတယ်။ ဆရာဝန်ဟာ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး သင့်ကလေးငယ်ရဲ့ အဓိကကျတဲ့ milestone တွေ ရောက်ရဲ့လားဆိုတာ စစ်ဆေးပေးမှာဖြစ်ပါတယ်။ ဆရာဝန် စမ်းစစ်မှုကို အထောက်အကူဖြစ်စေဖို့ သင့်ဆရာဝန်နဲ့ အောက်ပါအချက်တွေကို ဆွေးနွေးသင့်ပါတယ်။သင့်ကလေးငယ်ရဲ့ အိပ်စက်တဲ့အကျင့်။ကလေးအတော်များများဟာ ညအခါမှာ ၁၁ နာရီလောက်အိပ်ပြီး နေ့အချိန်မှာ နှစ်နာရီလောက် အိပ်ကြပါတယ်။ အချို့ကလေးငယ်တွေဟာ နေ့အချိန်မှာ မအိပ်ပဲ ညအချိန်မှာမှ အကြာကြီး အိပ်ကြပါတယ်။ သင့်ကလေးငယ်ဟာ အိပ်မက်ဆိုးတွေကနေ နိုးနေတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အိပ်မက်ဆိုးတွေဟာ ဒီအရွယ်မှာ အဖြစ်များပေမယ့် သင့်ဆရာဝန်က ကလေးငယ် သက်တောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။ကလေးငယ်ရဲ့ စားတဲ့ အကျင့်။အခုအချိန်အထိမှာ သင့်ကလေးငယ်စားတဲ့ သကြားဓါတ်ပမာဏကို သင်က ကန့်သတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အချိန်မှာ ကလေးငယ်ဟာ အပြင်စာ စားခြင်းကို နှစ်သက်လာနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ကလေးငယ်ကို သွားပိုးမစားအောင် ပြုလုပ်ဖို့ ခက်ခဲနေတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပြီး ဆရာဝန်က ကလေးငယ်ရဲ့ စားသောက်ပုံနဲ့ ပတ်သက်တဲ့ သင့်ရဲ့ စိုးရိမ်စိတ်တွေကို သက်သာစေမယ့် ကျန်းမာစေတဲ့ မုန့်တွေကို အကြံပြုနိုင်ပါတယ်။ကလေးငယ် လမ်းလျှောက်ပုံ။ကလေးအတော်များများဟာ ဒီအချိန်မှာ ခြေထောက်တွေ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ဒူးခေါင်းကွေးကျသွားနိုင်ပါတယ်။ ဒါဟာ ကလေးအသက် ၇ နှစ်ရောက်ချိန်မှာ ပြန်ကောင်းသွားမှာ ဖြစ်ပါတယ်။သင့်ကလေးငယ်ရဲ့ လှုပ်ရှားမှု။ဒီအချိန်မှာ ကလေးငယ်ဟာ လက်၊ ခြေထောက်တွေကို ပိုမို ထိန်းချုပ်နိုင်ပြီ ဖြစ်တာကြောင့် ပိုမိုညှိနှိုင်းဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အားမထုတ်ရပဲ ဘောလုံးကန်ခြင်း၊ block towers ဆောက်ခြင်း၊ ပရိဘောဂတွေပေါ် တက်ခုန်ခြင်း၊ လှေကား တက်ခြင်း၊ ဆင်းခြင်း အစရှိတာတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သူ့ကို လှုပ်လှုပ်ရှားရှားနေနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးထားပေးသင့်ပါတယ်။သင့်ကလေးငယ်ရဲ့ ကိုယ်အလေးချိန်၊ အရပ်၊ ခေါင်း အရွယ်အစားအစရှိတာတွေကို ဆရာဝန်က တိုင်းထားပေးမှာဖြစ်ပါတယ်။ CDC အရ သင့်ကလေးငယ်ဟာ အောက်ပါ သတ်မှတ်ချက်အတွင်း ရှိနေသင့်ပါတယ်။• ကိုယ်အလေးချိန်: 10.7kg to 15.5kg (ယောက်ျားလေး), 10kg to 14.5kg (မိန်းကလေး);။• အရပ်: 82.5cm to 93.3cm (ယောက်ျားလေး), 80cm to 91.4cm (မိန်းကလေး);။• ခေါင်း အရွယ်အစား: 46.4cm to 50.8cm (ယောက်ျားလေး), 45.7cm to 49.5cm (မိန်းကလေး);။သင့်ဆရာဝန်က BMI ကို တွက်ချက်ပေးနိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ BMI ဟာ 85th 94th percentile အတွင်းမှာရှိရင် ကလေးငယ်ဟာ ကိုယ်အလေးချိန် များနေနိုင်ပါတယ်။ 95th percentile ရဲ့ အထက်မှာရှိရင်တော့ ဒါဟာ သင့်ကလေးငယ် အဝလွန်ခြင်းကို ဖေါ်ပြနိုင်ပါတယ်။ သင့်မှာ စိုးရိမ်မှုတွေ ရှိရင် (သို့) မရှုင်းတာရှိရင် ဆရာဝန်နဲ့ ဆက်သွယ်စကားပြောသင့်ပါတယ်။ စိတ်မညစ်သင့်ပါဘူး။ ဒီကိန်းဂဏန်းတွေဟာ စိတ်ရှုပ်ဖွယ်ဖြစ်ပါတယ်။မိခင်တစ်ယောက်အနေနဲ့ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုတွေ၊ ဘယ်လိုစားသောက်နေလဲဆိုတာတွေကို စိုးရိမ်နေသင့်ပါတယ်။ ဒီအချိန်မှာ သင့်ကလေးနဲ့ ကြာရှည်စွာ စကားပြောနိုင်ပြီ ဖြစ်ပါတယ်။ နောက်ကျမှ စကားပြောတဲ့ ကလေးငယ်တွေလဲ ရှိနိုင်ပါတယ်။ ဒါဟာ စိုးရိမ်ဖွယ်ဖြစ်ပေမယ့် မစိုးရိမ်ပါနဲ့လို့ ပြောချင်ပါတယ်။ကလေးတိုင်းဟာ ဖွံ့ဖြိုးမှု မတူညီကြပါဘူး။ အသက် ၂ နှစ်အရွယ်မှာ သင့်ကလေးငယ်ဟာ စကားလုံး အလုံး ၅၀ ထက်ပိုပြောနိုင်ပြီး စာကြောင်းတစ်ခုဖြစ်အောင် စကားလုံးနှစ်လုံးကို စီနိုင်ပြီ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ ဒီလိုမလုပ်နိုင်သေးရင် နောက်လအထိ စောင့်ဆိုင်းသင့်ပါတယ်။ လပေါင်းများစွာ ကြာတဲ့အထိ မလုပ်နိုင်သေးရင်တော့ စိတ်ပူသင့်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%81%82%e1%81%84-%e1%80%9c-%e1%81%82%e1%80%94%e1%80%be%e1%80%85%e1%80%ba-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%bc/
Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို )
ဆီးချို ဆိုသည်မှာ သွေးတွင်းသကြားဓာတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စု (Metabolic syndrome) တွင် ပါဝင်သောရောဂါ ဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင်ပေါ်မှီခိုသောဆီးချိုမှာ ဘဝတစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပါသည်။ တခြားသော ဆီးချိုအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်မရှိခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။အင်ဆူလင်သည် သွေးတွင်းသကြားဓာတ်အား ထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်းသကြားဓာတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓာတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာပါသည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်များတွင် စတင်လေ့ရှိသောကြောင့်ဖြစ်သည်။အမျိုးအစား ၁မှာ ၂လောက်အဖြစ်မများပါ။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် မုန့်ချိုအိတ်ပြဿနာရှိသူများ၊ အမျိုးအစား ၁ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိပါသည်။ ကလေးငယ်များနှင့် မြီးကောင်ပေါက်အရွယ်များတွင် အတွေ့ရများပြီး အသက် ၄-၇ နှစ်နှင့် ၁၀ -၁၄ နှစ်ကြားတွင် အတွေ့ရများ၏။ အရွယ်ရောက်လာသည်နှင့်အမျှ ၁၄ နှစ်နောက်ပိုင်း၌ ဖြစ်ပွားနှုန်းလျော့ကျသွားပါသည်။အမျိုးအစား ၁ ဆီးချို ၏ ရောဂါလက္ခဏာများမှာ အချိန်တိုအတွင်း မြန်မြန်ဖြစ်ပွားလာနိုင်ပါသည်။ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြထားသည့်အထဲတွင် မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပါ။အမျိုးအစား ၁ ဆီးချိုမှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်များကို ကိုယ်ခံအားမှ ပြန်တိုက်ခိုက်ပြီး ဖျက်ဆီးခြင်းကြောင့် ဖြစ်လာရပါသည်။ အကျိုးဆက်အနေနှင့် အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ပါ။ တစ်နည်းဆိုရလျှင် သွေးထဲမှ ဂလူးကို့စ်များကို ဆဲလ်အတွင်းသို့  ပို့ဆောင်ရန် အင်ဆူလင် မရှိတော့သောကြောင့် သွေးတွင်းသကြားဓာတ် မြင့်မားလာပါသည်။ တခြားသော အကြောင်းရင်းများမှ မုန့်ချိုအိတ်ကိုထိသော Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။အမျိုးအစား ၁ ဆီးချို ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းတချို့မှာ။အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်သည့် တခြားသော အန္တရာယ်များကို စူးစမ်းလေ့လာထားသော်လည်း သက်သေမပြရသေးပါ။ ထိုအချက်များမှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါအချက်များနှင့် တိုက်ဆိုင်လျှင် သင့်၌ဆီးချိုရှိကြောင်း အတည်ပြုနိုင်ပါသည်။သင့်၌ အမျိုးအစား ၁ ဆီးချိုကို အတည်ပြုပြီးပါက ဆရာဝန်နှင့် ပုံမှန်ပြသရမည်။ ထိုမှသာအောက်ပါတို့ကို လုပ်နိုင်မည်ဖြစ်သည်။အောက်ပါစစ်ဆေးမှုများက သင့်ဆီးချိုရောဂါကို စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲများအား ကာကွယ်ခြင်းတို့အတွက် ဆရာဝန်အား အထောက်အကူပြုပါသည်။ ထို့အပြင် အောက်ပါတို့ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်၏။ထိုဆရာများကိုလည်း သင့်တွင်ဆီးချိုရှိကြောင်း ပြောပြထားရမည်။အမျိုးအစား ၁ ဆီးချိုမှာ မြန်မြန်ဆန်ဆန်စတင်တာကြောင့် လက္ခဏာများကလည်း ပြင်းထန်နိုင်သည်။ လတ်တလောမှ ရောဂါကို အတည်ပြုထားသည်ဆိုလျှင် ဆရာဝန်နှင့် ပုံမျန်ပြသင့်ပါသည်။ သွေးတွင်းသကြားဓာတ်အား ကောင်းကောင်းမထိန်းနိုင်မချင်း ခပ်စိတ်စိတ်ပြသသင့်ပါသည်။ယခုလက်ရှိတွင် အမျိုးအစား ၁ ဆီးချိုအား အရှင်းပျောက်အောင် မကုသနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်မှာ သွေးတွင်းသကြားဓာတ်အားထိန်းရန် အကောင်းဆုံးဖြစ်သည်။ အိမ်မှာပင် အင်ဆူလင်ကို တစ်ရက် ၂-၃ ကြိမ် ထိုးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်နှင့်တိုက်ပြီး အင်ဆူလင်ပမာဏကို ချိန်ညှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။အင်ဆူလင်များသွားလျှင် သွေးတွင်းသကြားဓာတ် ကျသွားနိုင်ပြီး အန္တရာယ်ရှိပါသည်။ အင်ဆူလင်အား အမျိုးမျိုးရရှိနိုင်ပါသည်။ (အာနိသင် မြန်မြန်သက်ရောက်ခြင်း၊ အချိန်ကြာကြီးသက်ရောက်ခြင်း၊ နှစ်ခုအရော) သင့်အခြေအနေနှင့်ကိုက်ညီသည်ကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။ကျန်းမာသောအစားအသောက်မှာ ဂလူဒကို့စ်လယ်ဗယ်ကို ထိန်းရာတွင် အကူအညီရပါသည်။ နေ့စဉ် သကြားနှင့် ကစီဓာတ်စားသောက်မှုအား လိုအပ်သည့်ပမာဏအတိုင်း ထိန်းချုပ်ခြင်းမှာ အရေးပါပါသည်။ အစားအသောက်ပညာရှင်များက အစားအသောက်နှင့် ပတ်သတ်ပြီး အကြံပေးပါလိမ့်မည်။လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းရာတွင်အကူအညီဖြစ်ပါသည်။ ထို့အပြင် နောက်ဆက်တွဲပြဿနာများအား ကာကွယ်နိုင်ရန် ခြေထောက်နှင့် မျက်လုံးအား ဂရုစိုက်သင့်ပါသည်။Pramlintide (Symlin) သည် အမိုင်လင်ပုံစံတူထိုးဆေးတစ်မျိုးဖြစ်ပြီး အမျိုးအစား ၁ နှင့် ၂ တွင်အသုံးပြုနိုင်ပါသည်။ ၎င်းသည် အစာအိမ်မှ အစာများ အူအတွင်းသို့အရောက်နှေးစေပြီး အစားစားပြီးစတွင်ဖြစ်တတ်သော သွေးတွင်းသကြားဓာတ်ထိုးတက်မှုကို နှေးသွားစေပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက အမျိုးအစား ၁ ဆီးချို ကို ထိန်းချုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍ သင့်၌ မေးခွန်းများရှိသည်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-1-diabetes/diabetes-mellitus-type-1/
အစာစားတဲ့ အသံတွေက သင့်ကို ဒေါသဖြစ်စေနေပြီလား။
အနားမှာ အစာစားတဲ့ အခါ ‘ပကျက် ပကျက်’၊ ဟင်းရည်သောက်တဲ့အခါ ‘ရှူး ရှူး’ စတဲ့ အသံတွေကို ကြားရတဲ့အခါ စိတ်ထဲမှာဒေါသထွက်လာတာကို ကြုံဖူးမှာပါ။ ဒါက လူတိုင်းတော့ မဟုတ်ပါဘူး။ ဒီအသံလေးတွေက တိုးတိုးလေးပဲလေ။ ဒေါသထွက်စရာ မကောင်းဘူးဆိုပေမယ့် ခံရတဲ့သူအတွက်တော့ နည်းနည်းမှ သည်းခံချင်စရာ မကောင်းပါဘူး။ ဒါစိတ်ရောဂါဖြစ်နေတာများလား။သူများရဲ့ အစာစားတဲ့ အသံတွေကို စိတ်အနှောင့်အယှက်ဖြစ်တာကိုMisophoniaလို့ခေါ်ပါတယ်။ သူတို့က ထမင်းစားဝိုင်းမှာ ထွက်တဲ့အသံတွေအပြင် ခုံကို တတောက်တောက် ခေါက်တာ၊ ဖိနပ်တရှပ်ရှပ် စီးတာ စတဲ့ အသံတွေကိုပါ သည်းမခံနိုင်ကြပါဘူး။အများအမြင်မှာတော့ ကြီးကျယ်လိုက်တာလို့ ထင်စရာ ရှိပေမယ့် သူတို့တကယ်ပဲ သည်းမခံနိုင်တာပါ။ ခုဆောင်းပါးဖတ်နေရင်းတောင် အသံတွေကို ကြားယောင်ရင်း ဒေါသထွက်နေလောက်ပါပြီ။Misophonia ကို လေ့လာနေကြဆဲဖြစ်ပြီး ခုထိတော့ စိတ်ရောဂါလို့ မသတ်မှတ်သေးပါဘူး။ ဒီပြဿနာကို။ဒါက ပြောရမယ်ဆို ဦးနှောက်ရဲ့ အလွန်အကျွံတုံ့ပြန်မှု တစ်မျိုးပါ။ ဦးနှောက်မှာ Anterior Insular Cortex (AIC) ဆိုတဲ့ အစိတ်အပိုင်းလေး ရှိပါတယ်။ AICကစိတ်ခံစားချက်တွေ ထိန်းချုပ်သလို ပြင်ပကအသံ (ဥပမာ အစာစားတဲ့အသံတွေ)ကိုလည်း ထိန်းချုပ်ပါတယ်။Misophonia ရှိတဲ့ သူတွေကို fMRI ရိုက်ပြီး လေ့လာကြည့်လိုက်တဲ့အခါ ပြင်ပကအသံကြားရတိုင်းမှာ AICက အလွန်အကျွံတုံ့ပြန်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အသံတွေကြားရတိုင်းမှာ စိတ်ခံစားချက်တွေ ပြင်းထန်ပြီး ဒေါသတွေ ထွက်လာတာပါ။အတိအကျတော့ မဟုတ်ပေမယ့် အောက်ပါအချက်တွေ ရှိနေရင် Misophonia လားလို့ သံသယရှိသင့်ပါတယ်။ ပိုပြီး တိတိကျကျပြောရရင် အစာစားသံတွေကကို ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့ အချက်တွေပေါ့။  ဥပမာ ပြောရရင် အစာစားတဲ့ ‘ပလက် ပလက်’ အသံတွေ၊ MukbangASMRဗီဒီယိုတွေ ကြည့်လို့ တရှူးရှူး အသံတွေ ကြားနေရပြီဆိုရင်။ဒီလိုခံစားနေရရင် Misophonia လို့ သံသယဖြစ်သင့်ပါတယ်။လက်ရှိအချိန်မှာတော့ ဒါကို အပြီးပျောက်အောင် ကုသလို့ မရသေးပါဘူး။ ဒါပေမယ့် သက်သာအောင်၊ အခြေအနေမဆိုးအောင်တော့ လုပ်လို့ရပါတယ်။ နည်းလမ်းတွေကတော့ စိတ်ရောဂါကုသနည်းတွေနဲ့ ဆင်တူပါတယ်။နားအူအောင် လုပ်ထားတာမျိုးပါ။ အပြင်ကနေ  ဘယ်သူမှ မကြားရဘဲ ကိုယ်ပဲ ကြားရအောင်  လုပ်ထားတာပဲ။ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံတွေ မကြားရအောင် တခြားအသံကို အစားထိုးထားတဲ့ ပုံစံမျိုးပါ။ နားအူအောင် ဆိုပေမယ့် သည်းမခံနိုင်လောက်အောင် မဟုတ်ပါဘူး။ဒါကတော့ စိတ်ထဲမှာ သက်သောင့်သက်သာဖြစ်အောင် သာယာနာပျော်ဖွယ်အသံလေးတွေ၊ စိတ်ချမ်းသာစေတဲ့ ပုံလေးတွေကို ကြည့်ခိုင်းတာပဲ ဖြစ်ပါတယ်။ အသံတွေ ကြားနေရချိန်မှာ ဒီလိုအာရုံပြောင်းလိုက်တာက စိတ်ခံစားချက်ပြင်းထန်တာကို သက်သာစေတယ်လို့ ဆိုပါတယ်။ဒါကတော့ အသံထွက်နေတဲ့ နေရာကနေ ထထွက်သွားလိုက်တာပါ။ ထွက်ဖို့ အဆင်မပြေဘူးဆိုရင်လည်း အသံလုံတဲ့ နားကျပ်တပ်ပေးတာမျိုး၊ တခြားသီချင်းတစ်ခုခု ဖွင့်နားထောင်တာမျိုးပါ။ ဒါကတော့ လုပ်ရအလွယ်ဆုံးပါပဲ။စိတ်ကျန်းမာရေး အထူးကုနဲ့ ဆွေးနွေးတာပါ။ စိတ်ခံစားချက်တွေ ပြင်းထန်တာကြောင့် အတူနေမိသားစု၊ ချစ်ချင်ရသူတွေ၊ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး ထိခိုက်လာပြီဆိုရင် ဆွေးနွေးပြီး အဖြေရှာသင့်ပါပြီ။အစာစားတဲ့အခါ အသံတွေကို သည်းမခံနိုင်တာက သူများတွေအမြင်မှာ အပိုလုပ်နေတယ်လို့ ထင်စရာ ရှိပေမယ့် သူတို့ တကယ်ခံစားရတာပါ။ Misophonia ရှိတဲ့သူတွေကို နားလည်ပေးဖို့ ဒီပြဿနာရဲ့ သဘာဝကို သိထားသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/misophonia/
ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။
မြန်မာလူမျိုး တော်တော်များများက  အစားစားရင်ခပ်စပ်စပ်လေးမှ အရသာတွေ့တတ်ကြပါတယ်။ နေထိုင်မကောင်းတဲ့အခါမုန့်ဟင်းခါးကို ငရုတ်သီး နိုင်ချင်းလေးထည့်ပြီး ခပ်စပ်စပ်လေး စားလိုက်တာ ဒါမှမဟုတ် ချဉ်ငန်စပ်မုန့်တီလေးများ သောက်လိုက်ရင်ချွေးလေးတွေ စို့လာပြီး ပေါ့ပါးသွားတတ်ကြပါတယ်။ခံတွင်း မတွေ့တာတွေတောင် ပျောက်လို့ ခံတွင်းလိုက်လာပြီး နေကောင်းဖို့ အတော်လေး နီးစပ်လာပြီပေါ့။ ဒီလိုဆို ငရုတ်သီးက နေကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်ပေါ့။ ဒါဆိုကိုဗစ်ကိုရော ကာကွယ်ပေးနိုင်မလား………..။ငရုတ်သီးက ခံတွင်းတွေ့စေတာအပြင် သူ့မှာခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့။ငရုတ်သီးမှာ ဗီတာမင် C ပါဝင်တာကြောင့်ကိုယ်ခံအားကို ကောင်းစေတယ် ဆိုပေမယ့် သာမန် ဖျားနာတာနဲ့ရာသီတုပ်ကွေးလောက်ကိုပဲ သက်သာစေနိုင်တာပါ။ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝတာကြောင့်ခန္ဓာကိုယ်ကို ရောဂါ တော်တော်များများရဲ့ ဒဏ်ကနေ ကာကွယ်ပေးနိုင်ပေမယ့်ကိုဗစ်ကိုတော့ ကာကွယ်ပေးနိုင်တယ်လို့ မတွေ့ရှိရသေးပါဘူး။အစားအသောက်တွေထဲမှာ ငရုတ်သီး ထည့်စားတာက အရသာတိုးစေတယ်ခံတွင်းတွေ့စေတယ်ဆိုပေမယ့် ကိုဗစ်ကို မကာကွယ်နိုင်သလို ကုသမှုလည်း မပေးနိုင်ပါဘူး။ ငရုတ်သီးကို အလွန်အကျွံ စားသုံးမိတဲ့အခါ အစာအိမ် ပူတာ၊ နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အဆိုးဆုံး အနေနဲ့ကတော့ မှိုတက်နေတာတွေ စားမိရင်ကင်ဆာဖြစ်စေနိုင်တာပါ။ငရုတ်သီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပေမယ့်တန်ဆေး လွန်ဘေးပါ။ ကိုဗစ်ကိုလည်း မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ကိုဗစ်ကို ကာကွယ်ချင်တယ် ဆိုရင်တော့ ငရုတ်သီး မစားပါနဲ့။ ကိုဗစ်ကို ထိရောက်စွာ ကာကွယ်နည်းဖြစ်တဲ့။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/pepper-to-your-soup-or-other-meals-does-not-prevent-or-cure-covid-19/
ကိုဗစ်လူနာများမှာ တွေ့ရတတ်တဲ့ မှိုစွဲရောဂါ
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဒုတိယလှိုင်းတုန်းက ကိုဗစ်လူနာတွေမှာမှိုစွဲရောဂါ အတွေ့များခဲ့တယ်ဆိုတာ သတင်းတွေမှာ တွေ့လိုက်မှာပါ။ မြန်မာနိုင်ငံမှာလည်း ဒီတတိယလှိုင်းမှာကိုဗစ်လူနာတွေ များခဲ့ပါတယ်။ ဒါပေမယ့် မှိုစွဲတာတော့ သိပ်မကြားမိပါဘူး။ ဒီရောဂါက ဖြစ်လာရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တာ၊ အသက်သေနိုင်တဲ့အထိ အန္တရာယ် ရှိတာကြောင့် သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ကိုဗစ်မှာ အတွေ့ရရများတဲ့ မှိုစွဲရောဂါဆိုတာ Mucormycosisကို ခေါ်တာပါ။ Black fungusလို့လည်း ခေါ်ပါတယ်။အဖြစ်နည်းပါတယ်။ ဖြစ်လာရင်လည်း သေနိုင်သည်အထိ ပြင်းထန်ပါတယ်။ မြေကြီးတွေ၊ အစိုပြန်နေတဲ့ ပစ္စည်းတွေ၊ သစ်ဆွေးတုံးတွေမှာ အများကြီး တွေ့ရပါတယ်။ လေထဲကနေလည်း ရှူမိပြီး ကူးနိုင်ပါတယ်။ သာမန်လူတွေမှာ ဖြစ်ခဲပါတယ်။ကိုယ်ခံအားကျတဲ့ လူနာတွေမှာတော့ တွေ့ရတတ်ပါတယ်။ကိုဗစ်မှာ ဘာကြောင့် မှိုစွဲရောဂါကို ပိုတွေ့ရတာလည်း။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဆိုးဆိုးရွားရွား တွေ့ခဲ့ရပါတယ်။စစ်တမ်းတွေအရ အိန္ဒိယနိုင်ငံမှာ မေလ ၅ရက်နေကနေ သြဂုတ်လ ၃ရက်နေ့အထိ လူနာပေါင်း ၄၇,၅၀၈ တွေ့ခဲ့ပြီး ၄၄၂၅ သေဆုံးခဲ့ပါတယ်။ မြေပြင်မှာတော့ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။ဘာကြောင့် အိန္ဒိယမှာ ဒီလောက်များရတာလည်း ဆိုတော့။-ကိုဗစ်လူနာ များလွန်းတာ။–ဆီးချိုရောဂါသည်တွေ များလွန်းတာ (အာရှမှာ တရုတ်ပြီးရင် အိန္ဒိယက ဆီးချိုလူနာအများဆုံးပါပဲ။ ဆီးချိုလူနာတွေက ကိုယ်ခံအား ကျတတ်ပါတယ်။ ကိုဗစ်ကာလမှာစတီးရွိုက်တွေ သောက်ရတဲ့အတွက် ပိုဆိုးပါတယ်။) ကြောင့်ပဲ ဖြစ်ပါတယ်။ကိုဗစ်လူနာတွေမှာ Mucormycosisက။-ဆီးချိုကောင်းကောင်း မထိန်းနိုင်တဲ့လူနာ။-စတီးရွိုက်တွေ အများကြီး ပေးပြီး ကိုယ်ခံအားကို ထိန်းညှိထားတဲ့လူနာ။-အထူးကြပ်မတ်ဆောင်မှာ အကြာကြီး ကုသမှု ခံနေရတဲ့ (ရောဂါပြင်းထန်တဲ့) လူနာတွေမှာ အတွေ့ရများပါတယ်။သာမန်အားဖြင့်တော့ သွားရင်းလာရင်းနဲ့ လေထဲကနေ ဒီမှိုပိုးတွေကို ရှူမိနိုင်ပါတယ်။ ခုလို ပူနွေးစိုစွတ်ပြီး မှိုစွဲလွယ်တဲ့ မိုးတွင်းဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် အများစုက ဘာမှမဖြစ်ကြပါဘူး။ မှိုပိုးအများစုက ကိုယ်တွင်းက အပူချိန်ကို မခံနိုင်ဘဲ သေသွားကြလို့ပါ။ ဒါပေမယ့် အိန္ဒိယမှာ တွေ့ရတဲ့ အမျိုးအစားCOVID-19-associated mucormycosis (CAM)က အပူဒဏ်ကို ခံနိုင်တဲ့ thermotolerant အမျိုးအစား ဖြစ်နေတာကြောင့် ပိုဆိုးနေတာပဲ ဖြစ်ပါတယ်။Mucormycosis က ဖြစ်တဲ့နေရာပေါ်လိုက်ပြီး လက္ခဏာလေးတွေ အနည်းငယ် ကွဲပြားပါတယ်။-မျက်နှာ တစ်ခြမ်း ရောင်တာ။-ခေါင်းကိုက်တာ။–ထိပ်ကပ်နာဖြစ်တာ။-နှာတံနဲ့ အာခေါင်မှာ အမည်းကွက်တွေ ထွက်လာပြီး ခပ်မြန်မြန် ပြန့်သွားတာ။-ဖျားတာ စတာတွေ ဖြစ်တတ်ပါတယ်။ အိန္ဒိယမှာ ဒီအမျိုးအစားကို အများကြီး တွေ့ရပါတယ်။ ခုနကပြောသလို ဆီးချိုလူနာတွေ များလို့ပါ။-ဖျားတာ။-ချောင်းဆိုးတာ။-မောတာ။-ရင်ဘတ်အောင့်တာ ဖြစ်တတ်ပါတယ်။-ပျို့အန်တာ။-ဗိုက်အောင့်တာ။-အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုတာ ဖြစ်တတ်ပါတယ်။-အနာဖြစ်လာတာ။-ရောင်လာတာ။-မည်းလာတာ။-အရည်ကြည်ဖုတွေ ထွက်လာတာ ဖြစ်တတ်ပါတယ်။ဒီအမျိုးအစားတွေထဲမှာ အပေါ်ဆုံးက လေအိတ်နဲ့ ဦးနှောက်မှာ ဖြစ်တာက ကိုဗစ်လူနာတွေမှာ အတွေ့ရဆုံးပါ။စတီးရွိုက်သောက်တဲ့ လူနာတွေမှာ မှိုစွဲရောဂါ အဖြစ်များလို့ မသောက်ရဘူးလားလို့ မေးစရာ ရှိပါတယ်။ စတီးရွိုက်က ကိုဗစ်လူနာတွေမှာ ကိုယ်ခံအား အလွန်အကျွံတုံ့ပြန်တာကို ထိန်းဖို့ မသုံးမဖြစ် သုံးရတဲ့ဆေးပါ။ မှိုစွဲမှာ ကြောက်လို့ ဒါကို မသုံးဘူးဆိုရင်လည်း ကိုဗစ်ကို ကုလို့ရမှာ မဟုတ်ပါဘူး။ဒါကြောင့် လိုတဲ့ လူနာကိုတော့ ပေးရမှာပါ။ ပေးနေရင်းနဲ့  မှိုစွဲတာအပါအဝင် တခြားသော စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်ရမှာပါ။ ဆရာဝန်ညွှန်မှသောက်ပါ ဒါကြောင့် ပြောတာပါ။ဒါ့ပြင် ဆီးချိုရှိတဲ့သူကိုဆီးချိုကောင်းအောင် ထိန်းမယ်၊ မိမိပတ်ဝန်းကျင်ကို ဂရုစိုက်မယ်ဆိုရင် အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။မှိုစွဲရောဂါက အဖြစ်နည်းတယ်၊ ဖြစ်လာရင် သေနှုန်းမြင့်တယ်ဆိုပေမယ့်  ကုသလို့တော့ ရပါတယ်။ စောစောသိတယ်ဆိုရင် မှိုသတ်ဆေးတွေ သွင်းလို့ရပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်စီးသွားတယ်ဆိုရင်တော့ ခွဲစိတ်ပြိး ဖယ်ထုတ်ပစ်ရမှာပါ။ဥပမာ အိန္ဒိယမှာ မျက်နှာက လေအိတ်တွေနဲ့ ဦးနှောက်မှိုစွဲရောဂါဖြစ်ပြီး  မျက်နှာတစ်ခြမ်းရောင်ရမ်းပြီး နောက်ကျမှ ရောက်လာတာကြောင့် မျက်လုံးတစ်ဖက် ထုတ်လိုက်ရတဲ့ သာဓကလည်း ရှိပါတယ်။-ကိုဗစ်လူနာ ဆီးချိုရှိရင် ဆီးချိုကောင်းကောင်း ထိန်းပါ။-စတီးရွိုက်ကို ဆရာဝန်မညွှန်ဘဲ မသောက်ပါနဲ့။-မိမိပတ်ဝန်းကျင်မှာ မှိုမစွဲအောင်ထားပါ။ လူနာနေတဲ့အခန်းကို သန့်ရှင်းအောင်ထားပါ။ နေကောင်းကောင်း၊ လေကောင်းကောင်း ဖြစ်ပါစေ။ နံရံတွေအစိုပြန်နေတာ၊ အသုံးအဆောင်တွေ အစိုပြန်နေတာမျိုး မဖြစ်အောင်ဂရုစိုက်ပါ။ လူနာသုံးတဲ့ အောက်စီဂျင် စလင်ဒါတွေ၊ စက်တွေ၊အောက်စီဂျင်ပိုက်တွေကိုလည်း သန့်အောင်ထားဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/mucormycosis/
ဆောင်းရာသီအတွက် သစ်သီးတွေကဘာတွေဖြစ်မလဲ
ဆောင်းရာသီလေးအေးတယ်။ ဆောင်းအေးအေးလေးမှာ ကျန်းကျန်းမာမာနဲ့အသားအရေလှလှလေး ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးလေး များရှိလား။ ဒါဆိုရင်တော့ ဒီစိတ်ကူးလေး အထမြောက်စေဖို့  ဒီသစ်သီးလေးတွေကို စားပေးနော်။ ဆောင်းရာသီအတွက် သစ်သီးတွေက ဘာတွေဖြစ်မလဲ ။ အတူတူ ကြည့်လိုက်ရအောင်နော်။ဆောင်းရာသီအတွက် သစ်သီးတွေကဘာတွေဖြစ်မလဲ ။ ဆောင်းရာသီမှာအသားအရေ ခြောက်သွေ့မှုကင်းပြီးအအေးမိ ဖျားနာတာတွေ ကနေ ကင်းစေဖို့ ဆိုရင်တော့။ငှက်ပျောသီး။ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် ရေသောက်နည်းနေလည်းအမျှင်ဓာတ်​ ကြွယ်ဝစွာ ပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရတွေ အကောင်းဆုံး စုပ်ယူစေနိုင်သလို ဝမ်းလည်း မှန်စေမှာပါ။လိမ္မော်သီး။ဗီတာမင် C ကြွယ်ဝသလို ရေဓာတ် ပြည့်ဝမှုက အသားအရေအတွက်ရော ကိုယ်ခံအား အတွက်ပါ အကောင်းဆုံး အားဖြည့် ပေးနိုင်မှာပါ။ ဒါကြောင့် ဆောင်းအေးအေးလေးမှာ လိမ္မော်သီးလေး စားပေးလို့ ကျန်းမာရေး စောင့်ရှောက်လိုက်ပါ။ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအား ကောင်းစေပြီး ဖျားခဲ့ရင်တောင် အဖျား တာတိုစေမှာပါ။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရော အသားအရေ ကျန်းမာစေဖို့ပါ စားပေးလို့ရပါတယ်။ အသီး မစားချင်ရင်တောင် ဖျော်ရည် သောက်ပေးလို့ ရပါတယ်။ဗီတာမင် C၊ အမျှင်ဓာတ်တို့ ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်သလို နှလုံး ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆောင်းရာသီမှာ ပန်းသီး ချိုချိုလေး စားပေးတာက အသားအရေ ကိုရော ကိုယ်ခံအား ကိုရော အကောင်းဆုံး အားဖြည့်ရာ ရောက်ပါတယ်။တည်သီး။ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင် A၊ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အမြင်အာရုံ ကောင်းစေသလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးနိုင် ပါသေးတယ်။အခုပြောခဲ့တဲ့ အသီးလေးတွေကိုစားရင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ရရှိအောင် လုပ်ဆောင်လို့ ဆောင်းအေးအေးလေးကို ကျန်းမာပျော်ရွှင်စွာ ကျော်ဖြတ်လိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-fruits-to-eat-winter/
25 လ အရွယ်ကလေးငယ်
စိတ်ကူးဉာဏ်ကွန့်မြုးခြင်းဟာ ကြောက်တတ်တဲ့ ပုံစံမျိုးက လွဲရင် ကျောင်းမတက်ခင် ကလေးငယ်တွေရဲ့ ကျေနပ်ဖွယ်အကောင်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အသက် ၂ နှစ်ကလေးငယ်ဟာ သူတို့ရှေ့မှာ တွေ့တဲ့ အရာတွေကို ကျော်လွန်ပြီး စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒီအရွယ်အချို့ကလေးငယ်တွေဟာ လူစိမ်းတွေကို မကြိုက်ကြပဲ အရင်တုံးက ပြုလုပ်ခဲ့ဖူးတဲ့ အပြုအမူတစ်ခု (ဥပမာ ကာကွယ်ဆေးထိုးခြင်း) ကို သတိရတတ်ကြပါတယ်။ကျောင်းမတတ်ခင် ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ လောကကြီးကို နားလည်စေဖို့ ဘာတွေလဲ၊ ဘာလို့လဲ၊ ဘယ်လိုလဲ အစရှိတဲ့ မေးခွန်းတွေကို နားလည်စေမယ့် အာရုံကြောပိုင်းဆိုင်ရာ ဆက်သွယ်မှု အမြောက်အမြားပြုလုပ်နေတဲ့ ပျားအုံသဏ္ဍန် နဲ့ ဆင်တူပါတယ်။ သူဟာ မေးခွန်းတွေ အများကြီးကို စတင်မေးမြန်းမှာဖြစ်ပါတယ်။ ဒါဟာ အရာရာကို စတင်သိရှိဖို့အတွက် နည်းလမ်းတစ်ခုဖြစ်ပြီး လူတွေနဲ့ ဆက်သွယ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ သူ့ကို လူကြီးတွေနဲ့ ဆက်သွယ်မှု ပိုမိုဖြစ်စေပြီး စကားလုံးရွေးချယ်မှု တိုးတက်စေပါတယ်။ကလေးငယ်ဟာ အိုးနဲ့ အခင်းသွားတတ်ပြီလား။ အသက် ၂ နှစ်အရွယ်ကလေးငယ်ဟာ ကိုယ်တိုင် အိုးနဲ့ အခင်းမသွားတတ်သေးပေမယ့် အတော်များများကတော့ လေ့ကျင့်ပေးဖို့အတွက် အဆင်သင့်ဖြစ်ပြီ ဖြစ်ပါတယ်။• ကလေးငယ်တွေ ဆော့ကစားဖို့ ဆရာဝန် နားကျပ်၊ အပူချိန်တိုင်း ကိရိယာတွေ ယူလာပေးရင် သူဟာ ဆရာဝန်လုပ်တိုင်း ကစားနိုင်ပါတယ်။ ကလေးရဲ့ လူနာလုပ်ဖို့အတွက် ကလေးအရုပ်တစ်ခုကို ယူသွားသင့်ပါတယ်။• ဘာဖြစ်မယ်ဆိုတာ ပြောထားပါ။ ပထမဦးစွာ ရှေ့စားပွဲကို သွားပြီး ကလေးနာမည်ကို ပြောလိမ့်မယ်။ ပြီးရင်တော့ စောင့်နေတဲ့ အချိန်မှာ စာအုပ်တစ်အုပ် ဖတ်နေမယ် အစရှိသဖြင့် ပြောပြထားသင့်ပါတယ်။• ကလေးကို စစ်ဆေးနေချိန် ဆေးထိုးနေချိန်မှာ ကလေးကို ပေါင်ပေါ်တင်ထားသင့်ပါတယ်။• ဘယ်တော့မှ မလိမ်ပါနဲ့။ ဆေးထိုးခြင်းဟာ အနည်းငယ် နာလိမ့်မယ်လို့ ပြောထားပါ။• ကလေး ဆေးထိုးခံရတော့မယ်ဆိုရင် မမှန်တဲ့ အချက်အလက်တွေဖြစ်တဲ့ ဆေးမထိုးဘူးဆိုတာမျိုး မပြောသင့်ပါဘူး။• အကောင်းမြင်စိတ်ထားပါ။ အသက်နှစ်နှစ်အရွယ်ကလေးငယ်တွေဟာ မျက်နှာအမူအရာနဲ့ ကိုယ်ခန္ဓါ အပြုအမူတွေကို ဖတ်တတ်ပါတယ်။စူးစမ်းတဲ့ သင်ယူသူတွေကို အားပေးဖို့အတွက်။• အိမ်တစ်ပတ်လည်မှာ အရာရာကို စူးစမ်းနေရင် မတားမြစ်သင့်ပါဘူး။• သူ့ရဲ့ အာရုံအကုန်လုံးကို လှုံ့ဆော်ပါ။ မြေစေး၊ သဲ၊ တေးဂီတဆိုင်ရာ အရုပ်တွေဖြစ်တဲ့ xylophone ပတ္တလား သို့ maracas တွေကို ဝယ်ပေးသင့်ပါတယ်။• သူ့ကိ နေရာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေနဲ့ ပေးထိတွေ့ပါ။ ဥပမာ ရေကန်၊ တိရိစ္ဆာန်ရုံ၊ လေယာဉ်ကွင်း။• သူနေတဲ့ နေရာအနှံ့မှာ စာအုပ်တွေကို ထားရှိပါ။ စာအုပ်ပြန်ထားဖို့ စာကြည့်တိုက်ကို မကြာခဏ သွားပါ။သင့် အသက်နှစ်နှစ်အရွယ် ကလေးအတွက် စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖြစ်နိုင်ပါတယ်။ တကယ်လို့ စစ်ဆေးမှု ပြီးခဲ့တဲ့လက မလုပ်ခဲ့သေးရင် ဒီလမှာ စစ်ဆေးသင့်ပါတယ်။ သင့်ဆရာဝန်ကို အပြုအမူ၊ အကျင့်ပြောင်းလဲမှုတွေ ရှိရင် ပြောပြသင့်ပါတယ်။ကလေးကို အိုးနဲ့ အခင်းသွားဖို့ ဘယ်အချိန်မှာ လေ့ကျင့်ပေးနိုင်မလဲဆိုမျိုး သိချင်တာတွေ ရှိပါလိမ့်မယ်။ သင်သိသင့်တာကတော့ ကလေးငယ်တိုင်းမှာ စတင်တဲ့ အသက်အရွယ်မတူညီပါဘူး။ အိုးနဲ့ အခင်းသွားအောင် လေ့ကျင့်ပေးခြင်းဟာ သင့်အတွက်ရော သင့်ကလေးငယ်အတွက်ပါ စိတ်ဖိစီးဖွယ်ဖြစ်ပါတယ်။ အောက်ပါအချက်တွေက သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။• ကလေးငယ်အဆင်သင့် မဖြစ်သေးခင်မှာ အတင်းမလုပ်ခိုင်းသင့်ပါဘူး။ အတင်းလုပ်ခိုင်းခြင်းဟာ ဒီဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။ သူဟာ ပိုပြီးတော့ ကြောက်လန့်လာပါလိမ့်မယ်။• သူ့ကို အဖုံးမပါတဲ့ အိုးပေါ်မှာ ထိုင်စေအောင် လုပ်ပြီး အိုးအကြောင်း၊ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ပြောပြသင့်ပါတယ်။• စာအုပ်ဖတ်ပြသင့်ပါတယ်။ ကလေးက အိုးပေါ်မှာ ထိုင်နေချိန်မှာ သူ့ကို စာအုပ်ဖတ်ပြနိုင်ပါတယ်။ ဒါဟာ သူ့ကို စိတ်ပြေလက်ပျောက် ဖြစ်စေနိုင်ပါတယ်။• ကလေးကို ဆုပေးပါ။ ဥပမာ သူပြီးသွားရင် သူအကြိုက်ဆုံးမုန့်ကျွေးနိုင်ပါတယ် (သို့) အိုင်ပတ်ကို အပို ၁၅ မိနစ် ပေးသုံးနိုင်ပါတယ်။• တကယ်လို့ တစ်ခုမှ မအောင်မြင်ရင် ရပ်ပြီး နောက်တစ်ချိန်မှာ ထပ်ကြိုးစားသင့်ပါတယ်။စိတ်ရှုပ်တာကြောင့် ဒေါသမထွက်မိဖို့ အရေးကြီးပါတယ်။ သင့်ကလေးငယ်ဟာ စိတ်တည်ငြိမ်ပြီး စိတ်လက်ကြည်သာ ဖြစ်ဖို့ အရေးကြီးပါတယ်။နောင်တစ်ချိန်မှာ ပြဿနာ မဖြစ်ရအောင် သင့်ကလေးရဲ့ အဆီနဲ့ ကိုလက်စထရောဓါတ်တွေကို ကန့်သတ်ပေးဖို့အရေးကြီးပါတယ်။ ကောင်းတဲ့အဆီတွေကို စားစေပြီး မကောင်းတဲ့အဆီတွေကို ဖယ်ထုတ်ဖို့ အရေးကြီးပါတယ်။ သင့်ကလေးကို နွားနို့တိုက်ကျွေးနိုင်ပေမယ့် အာလူးကြော်လိုမျိုးတွေကို ရှောင်ကျဉ်သင့်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ သင်ဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့ grains, legumes နဲ့ အသီးအရွက်တွေကို ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသား၊ ငါးတွေနဲ့ အတူ ကျွေးသင့်ပါတယ်။ ဒါပေမယ့် သိပ်ပြီး ကန့်သတ်မထားသင့်ပါတယ်။ သင့်ကလေးငယ်ဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ နှလုံးအတွက် ကောင်းမွန်တဲ့ အဆီတွေကို လိုအပ်ပါတယ်။ ဒါကြောင့် ကလေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%81%82%e1%81%85-%e1%80%9c-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bc%e1%80%af%e1%80%85%e1%80%af%e1%80%b1/
စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ
စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ …… စအိုမှ မဟုတ်ပါဘူး။ ဘယ်လိုထိုးသွင်းဆက်ဆံမှုမဆို ပြီးသွားတဲ့အချိန်မှာ အနည်းငယ်တော့ သွေးထွက်တတ်ကြပါတယ်။ ဒါဟာ ကျန်းမာရေးပြဿနာကြောင့် မဟုတ်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။စအိုအတွင်းသားနံရံမှာ ရှိတဲ့ တစ်ရှူးတွေဟာ နူးညံ့လွန်းတာကြောင့်၊ ထိုးသွင်းဆက်ဆံသူ အမျိုးသားရဲ့လိင်အင်္ဂါက ကြီးလွန်းတာ သို့မဟုတ် ပြင်းပြင်းထန်ထန် လိင်ဆက်ဆံတာကြောင့် သွေးကတော့ ထွက်တတ်ပါတယ်။အဲ့လိုမှမဟုတ်ဘဲ သွေးထွက်တာ အရမ်းများလွန်းတာ၊ ပန်းနုရောင် သွေးစလေးတွေ ထွက်လာတာ၊ ၂ရက်နဲ့အထက် ကြာတဲ့အထိ နေလို့ထိုင်လို့ အဆင်မပြေတာ၊ သွေးမတိတ်တော့တာ၊ ဝမ်းသွားရခက်ခဲတဲ့ အခြေအနေတွေ၊ အပြင်းအထန်ဖျားလာတာ အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ တခြား ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသကြည့်ပြီး ပြဿနာအရင်းအမြစ်ကို အဖြေရှာတာပါပဲ။စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်စို့နော်။၁။ စအိုအတွင်းသားနံရံ ပွန်းပဲ့ခြင်း (Anal Fissures)။ထိုးသွင်းဆက်ဆံနေစဉ် စအိုပတ်လည်နဲ့စအိုအတွင်းသား နံရံလမ်းကြောင်းမှာရှိတဲ့ နူးညံ့လွန်းတဲ့ တစ်ရှူးတွေ ထိခိုက်ပွန်းပဲ့မိတာကြောင့် သွေးထွက်နိုင်ပါတယ်။ လိင်တံရဲ့ ထပ်ခါတလဲလဲ ပွတ်တိုက်မှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့သော လက်ချောင်းကို အသုံးပြုပြီး စအိုကို နှိုးဆွတဲ့အခြေအနေမျိုးမှာလက်သည်းတွေ ရှည်နေရင် အတွင်းသားနံရံကို ကုတ်ခြစ်မိပြီး ပွန်းပဲ့နိုင်ပါတယ်။၂။ အတွင်းလိပ်၊ အပြင်လိပ် (Internal or External Hemorrhoids)။လိပ်ခေါင်းရှိနေတဲ့သူတွေစအိုဖြင့် လိင်ဆက်ဆံမှု ပြုတဲ့အခါ ပွန်းပဲ့ထိခိုက်မိပြီး သွေးထွက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် လိင်ဆက်ဆံမှုမတိုင်ခင် စအိုအတွင်း သွေးကြောတွေ ရောင်နေတာကို သတိမထားမိတတ်ဘဲ ဆက်ဆံမှုအပြီး သွေးတွေ ထွက်လာတော့မှသာ သတိထားမိတတ်ကြတာပါ။ သွေးကြောရောင်စေတဲ့ အကြောင်းရင်းတွေထဲမှာ လက်ချောင်း၊ လိင်နှိုးဆွအရုပ်တွေ၊ လိင်အင်္ဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လိပ်ခေါင်းရှိတဲ့သူတွေ လိင်ဆက်ဆံနေစဉ် စအိုအတွင်း နေလို့ အဆင်မပြေတာ၊ နာကျင်မှုဝေဒနာ ခံစားရတာပါ ဖြစ်နိုင်ပါတယ်။၃။ စအိုကြွက်နို့ (Condylomata)။လိင်မှတစ်ဆင့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး စအိုပတ်လည်နဲ့ အတွင်းထဲမှာ သေးငယ်တဲ့ အဖုလေးတွေအနေနဲ့ ဖြစ်တည်နေတတ်ပါတယ်။ ယားယံမှုက လွဲပြီး နာကျင်မှု၊ နေထိုင်ရခက်ခဲမှု တစ်စုံတစ်ရာ မရှိဘဲ လိင်ဆက်ဆံနေစဉ် လိင်တံနဲ့ ပွတ်တိုက်မိတဲ့အခါမှသာ သွေးထွက်နိုင်ပါတယ်။၄။ ဝမ်းချုပ်ခြင်း (Constipation)။မကြာခဏ ဝမ်းချုပ်တတ်တဲ့သူတွေ၊ ဝမ်းမမှန်တဲ့သူတွေဆိုရင် လိင်ဆက်ဆံတဲ့အခါ ပွန်းပဲ့ထိခိုက်ဖို့ ပိုလွယ်ကူပါတယ်။ ဝမ်းကို အားနဲ့ညှစ်ရတာကြောင့် စအိုကြွက်သားတွေက နာကျင်နေချိန်မှာ လိင်တံရဲ့ ပွတ်တိုက်အားက အတွင်းသားနံရံကို ထိခိုက်စေပြီး သွေးထွက်စေတယ်၊ နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။၅။ ဝမ်းချူဆေးရည် အသုံးများတာ (Overusing Enemas)။ဝမ်းမမှန်တဲ့သူတွေ သို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံခြင်းမပြုမီ ဝမ်းရှင်းတဲ့အနေနဲ့ ဝမ်းချူဆေးရည်ကို အသုံးပြုတတ်ကြပါတယ်။ စအိုနဲ့ အစာအိမ်အတွင်း အရည်စီးဝင်သွားပြီး အထဲမှာကျန်နေတဲ့ ဝမ်းတွေနဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ် ထွက်လာစေပါတယ်။ ပုံမှန်အားဖြင့်တော့ အန္တရာယ်မရှိပေမဲ့ အမြဲလိုလို အသုံးပြုနေတဲ့အခါ စအိုအတွင်းတစ်ရှူးတွေ အားနည်းလာပြီး လိင်ဆက်ဆံနေစဉ် ပွန်းပဲ့ထိခိုက်မှု ပိုများလာတတ်ပါတယ်။သွေးထွက်ရုံ၊ နာကျင်တာတင်မကဘဲ ယားယံလွန်းတာ၊ဝမ်းသွားဖို့ အခက်အခဲဖြစ်တာ၊ မခံမရပ်နိုင်အောင် နာကျင်တာ၊ သွေးမတိတ်တာ၊ ဝမ်းဗိုက်အောက်ပိုင်း ဖောရောင်တာ၊ အောင့်သလို ခံစားနေရတာ၊ အဖျားရှိပြီး အော့အန်ချင်သလို ဖြစ်နေတယ်ဆိုရင် ကုသမှုအမြန်ဆုံးခံယူတာ အကောင်းဆုံးပါပဲ။သွေးတိတ်စေဖို့ လုပ်ပေးသင့်တဲ့ အိမ်တွင်းနည်းလမ်းကောင်းတွေ။အနည်းငယ် သွေးထွက်တာ၊ နာကျင်မှုဝေဒနာ ခံစားရတာတွေအတွက် ဒီနည်းလမ်းကို အသုံးပြုလို့ ရပါတယ်။၁။ရေနွေးနွေးထဲမှာ ၁၀ မိနစ်ကနေ မိနစ် ၂၀အထိ စိမ်ထားပေးပါ။ ကိုယ်က ရေစိမ်ဖို့ မတတ်နိုင်ဘူးဆိုရင် ရေနွေးနဲ့ တင်ပါးတစ်ဝိုက်ကို ရေပတ်တိုက်ပေးပါ။၂။ နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် လိမ်းဆေးတစ်မျိုးမျိုးကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ပြီး လိမ်းပေးလို့ ရပါတယ်။ ဆေးနည်းနည်းလောက်ကို လက်ညှိုးပေါ်တင်ပြီး စအိုတစ်ဝိုက်ကို ပွတ်လိမ်းပေးရုံပါပဲ။၃။ ဝမ်းသွားရခက်တာ၊ အထဲက စပ်သလိုလို ဖြစ်နေရင်တော့ ဝမ်းပျော့ဆေး ဝယ်သောက်လို့ ရသလို စအိုအတွင်း ထည့်တဲ့ ဆေးတောင့်နဲ့လည်း အဆင်ပြေပါတယ်။၄။ ရေများများသောက်ပေးပါ။၅။အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစားပေးပါ။၆။ ဝမ်းချုပ်စေတဲ့ ကဖင်းဓာတ်ပါတဲ့ အအေးတွေ၊ ကော်ဖီတွေ၊ အဆီ၊ အပူအစပ်၊ အကြော်အလှော် နည်းနည်းရှောင်ပေးပါ။ပုံမှန်အားဖြင့် သွေးထွက်တာက ၂ရက်လောက်ဆိုရင် ပျောက်နိုင်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ လိင်ဆက်ဆံမှုအပြီး သွေးတွေအရမ်းထွက်လာတာ၊ မခံမရပ်နိုင်အောင် နာကျင်လာပြီဆိုရင်တော့ အမြန်ဆုံး ဆေးကုသမှုခံယူသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/leeding-after-anal-sex/
ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ
ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေသာမက လူကြီးတွေပါ ညအိပ်မပျော်တဲ့ ပြဿနာတွေ အဖြစ်များလာပါတယ်။ လူငယ်တွေမှာကတော့ နေ့နဲ့ ညမှားအိပ်တာ၊ ဖုန်းတွေကွန်ပျူတာတွေ အသုံးပြုနေတာ၊ ဂိမ်းဆော့နေတာကြောင့် ညဘက်ဆိုအိပ်ပျော်ဖို့ ခဲယဉ်းကြတယ်။ လူကြီးတွေမှာ ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ကြုံတွေ့ကြရတဲ့ ကျန်းမာရေး ပြဿနာတွေ၊ နာကျင်ကိုက်ခဲမှုတွေနဲ့ မိသားစုအတွက် စိတ်ဖိစီးစရာတွေကြောင့် အိပ်မပျော်နိုင်ကြပါဘူး။ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ညအိပ်မပျော်တာ ကြာလာတာနဲ့ အမျှ ကိုယ့်ရဲ့ကျန်းမာရေးထိခိုက်လာနိုင်တယ် ဆိုတဲ့ အချက်ကိုတော့ မေ့ထားလို့ မဖြစ်ဘူးနော်။ ခုဆောင်းပါးမှာတော့ ညအိပ်မပျော်ဘူး ဆိုတဲ့ သူတွေအတွက် အဆင်ပြေစေလောက်မယ့် ညအိပ်မပျော်ခြင်းအတွက် အလွယ်ကူဆုံး ကုထုံးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။အရင်ဆုံး ပြင်ဆင်သင့်တဲ့ နေထိုင်မှု ပုံစံတွေ။ပထမဆုံး ပြင်ဆင်ဖို့ လိုအပ်တာကတော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံကိုပါ။ လူတွေ သတိမထားတတ်ကြတဲ့ အချက်က ကိုယ် တစ်နေ့တာမှာ လုပ်လိုက်တဲ့ အပြုအမူတစ်ခုဟာ ကိုယ့်ရဲ့အိပ်စက်ခြင်းနဲ့ ကျန်းမာရေးကို သွားပြီး သက်ရောက်နေတယ် ဆိုတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ဘာတွေ အဓိက ပြင်ဆင်မလဲဆိုရင်။• ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း ပထမ နေရာက ဦးစားပေးပါ။• ညဘက်ကို နောက်ကျပြီး အိပ်တာမျိုး လုံးဝမလုပ်ပါနဲ့။• ကိုယ့်ရဲ့ တစ်နေ့တာထမင်းစားချိန်၊ အိပ်စက်အနားယူချိန်ကို သေချာသတ်မှတ်ထားပါ။•စိတ်ဖိစီးမှုတွေကို မမွေးထားပါနဲ့။• အလုပ်လုပ်ရမယ့် အချိန်မှာ အလုပ်လုပ်ပါ၊ အနားယူရမယ့်အချိန်ကို အပြည့်အဝ အနားယူပါ။အိပ်ခန်းဟာ အိပ်စက်အနားယူဖို့အတွက်သာ ဖြစ်ပါစေ။ကိုယ် အိပ်တော့မယ့် နေရာမှာ ကုတင်နဲ့ စာအုပ် အနည်းငယ်၊ စိတ်ကို ကြည်နူးပေါ့ပါးစေမယ့် အရာလေးတွေလောက်ပဲ ထားတာ အကောင်းဆုံးပါ။• အိပ်ရာပေါ်ကို အလုပ်တွေ၊စိတ်ဖိစီးမှုတွေ သယ်မလာပါနဲ့။• ဖုန်းလုံးဝ ယူမလာပါနဲ့။ အိပ်ဖို့ အချိန်ကျပြီဆိုရင် ဖုန်းကို ပိတ်ထားပြီး အခန်းအပြင်မှာပဲ ထားခဲ့ပါ။• မုန့်တွေ၊ စားစရာတွေ မသယ်လာပါနဲ့။• ကိုယ်အိပ်မယ့်အခန်းသည် အလင်းရောင်၊ အသံ လုံနေပါစေ။• တတ်နိုင်ရင် မီးပိတ်အိပ်ပါ၊ မီးလင်းနေမှ အိပ်တတ်တယ်ဆိုရင် ကုတင်ဘေးမှာ မီးအိမ်လေး ဖွင့်ထားလို့ ရပါတယ်။အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေ မလုပ်ပါနဲ့။ဘာတွေကို အဓိက ပြင်ဆင်ရမလဲဆိုရင်။•ကဖင်းဓာတ် ပါဝင်မှုများတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကို တတ်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ရင်လည်း အိပ်ချိန်နဲ့ အနည်းဆုံး ၈နာရီလောက် ခြားပြီး သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။• ညအိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီ ခြားပြီး အစာစားပါ။ ညစာနဲ့ အိပ်ချိန်ဟာ လုံးဝ နီးကပ်နေလို့ မဖြစ်ပါဘူး။ ညအိပ်မပျော်ရင်လည်း ကြိုးစားပြီး အိပ်ပါ။ အစာလုံးဝ ထမစားပါနဲ့။• ရေကို များများသောက်ပါ။ အိပ်ခါနီး ၂ နာရီအလိုမှာ နောက်ဆုံးအကြိမ် ရေအဝ သောက်ပါ။• အိပ်ခါနီး ဆီး၊ ဝမ်း တစ်ခါတည်း သွားထားပါ။•ဆေးလိပ်၊ အရက်ကို တတ်နိုင်သလောက် ရှောင်ပေးပါ။လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ ကျွန်တော်တို့ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ကူပေးတယ်။ ကြွက်သားနဲ့ အရိုးအဆစ်ကိုလည်း သန်မာစေသလို မကောင်းတဲ့ အဆီတွေနဲ့ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ ညဘက်တွေမှာလည်း ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးပါတယ်။ လေ့ကျင့်ခန်းဆိုလို့Gymလိုမျိုး အားကစားခန်းမတွေမှာ သေချာ ကစားမယ်ဆိုလည်း အဆင်ပြေသလို ကိုယ့်ဘာသာ လမ်းလျှောက်တာ၊ ဘောလုံးကန်တာ၊ ရေကူးတာ အစရှိတဲ့ အားကစားတွေ လုပ်လို့လည်း ရပါတယ်။ အသက်ကြီးပိုင်းတွေနဲ့ အပြင်းအထန် လှုပ်ရှားရတာ မကြိုက်တဲ့သူတွေဆိုရင် ယောဂကျင့်စဉ်ကိုလည်း ကျင့်နိုင်ပါတယ်။ အဓိကက လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်လောက် လုပ်ပေးဖို့ပါပဲ။အစာအာဟာရကိုလည်း သေချာဂရုစိုက်ပါ။ကိုယ့်ရဲ့ တစ်နေ့တာ စားတဲ့ အစာအာဟာရမှာ အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဥ၊ ပဲ၊ အစေ့အဆန်၊ နွားနို့ အစရှိသဖြင့် စုံလင်စွာ စားပေးဖို့ လိုပါတယ်။ ငါကတော့ ဒါကြိုက်လို့ဆိုပြီး ဒါကိုပဲ နေ့တိုင်းစားတာမျိုးက ကိုယ့်ကျန်းမာရေးအတွက် အဆင်မပြေစေပါဘူးနော်။ ကျန်းမာရေးကောင်းမှ လူက ကောင်းကောင်း အိပ်နိုင်မယ်။ ကောင်းကောင်း အိပ်နိုင်မှလည်း ကိုယ်ခန္ဓာက ကောင်းကောင်း အလုပ်လုပ်နိုင်ပြီး ကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်စားလိုက်တဲ့ အစားအစာတိုင်းကအိပ်ချိန်ကို သွားပြီး သက်ရောက်စေနိုင်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။ဘာတွေ ထပ်လုပ်ပေးဖို့ လိုမလဲ။ကိုယ်ကနေထိုင်မှုပုံစံမှားယွင်းလို့ မဟုတ်ဘဲ ရောဂါတစ်ခုခု ရှိလို့ဆိုရင်တော့ ဆရာဝန်နဲ့ ပုံမှန်သွားပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါမှပဲ ကိုယ့်ရောဂါကို ထိန်းချုပ်ပြီး ဆေးဝါးအကူအညီ ယူသင့်ရင် ယူရမယ်၊ ရှောင်ရန်၊ ဆောင်ရန်တွေကို လိုက်နာရမယ်။ စိတ်ကြောင့် ဖြစ်တယ်ဆိုရင်လည်း အတတ်နိုင်ဆုံး ကိုယ့်ရဲ့ စိတ်ကို မဖိစီးအောင်လို့ စိတ်ကုထုံး ခံယူတာမျိုး၊ ယောဂကျင့်စဉ် ကျင့်ပေးတာမျိုး လုပ်လို့ ရသလို စိတ်ဆရာဝန်နဲ့လည်း သေချာ ပြသကြည့်နိုင်ပါတယ်။ စိတ်ထင်သလိုအိပ်ဆေးဝယ်သောက်တာမျိုးတော့ အကြံမပေးချင်ပါဘူး။ ရေရှည်အတွက်လည်း ဒါဟာ ဖြေဆေး မဟုတ်နိုင်တာကြောင့်ပါပဲ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/insomnia-treatments/
ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ
ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ …… ဆီးချိုဝေဒနာကို ထိန်းချုပ်ဖို့ဆိုတာက တော်ရုံတန်ရုံကိစ္စတော့မဟုတ်ပါဘူး။ ဆီးချိုဝေဒနာသည်တွေအနေနဲ့ ဆေးဝါးတွေ သောက်သုံးနေရုံသာမက အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ဂရုတစိုက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ချစ်ရတဲ့ သူတစ်ဦးဦးမှာဆီးချိုရောဂါရှိနေတယ်ဆိုရင် ဂရုစိုက်ပေးရာမှာ အထောက်အပံ့ပေးနိုင်မယ့် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ ….. ဆိုတော့။၁) ဆီးချိုဝေဒနာအကြောင်း နားလည်အောင်လုပ်ပါ။ဆီးချို ဝေဒနာသည်တွေကို စောင့်ရှောက်ပေးတဲ့သူတွေအနေနဲ့ ပထမဆုံးသိထားသင့်တဲ့အချက်က ဆီးချိုဝေဒနာခံစားနေရတဲ့ ကိုယ်ချစ်ခင်ရသူမှာ မျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေ့ကြုံလာနိုင်ပါတယ်။ ဒီအခါမှာ အကူအညီပေးနိုင်စေဖို့ ဆီးချို ဝေဒနာနဲ့ပတ်သက်ပြီး များများသိရှိနိုင်အောင်ကြိုးစားရပါမယ်။ ဒီလိုမျိုးလေ့လာတာက ဆီးချို ဝေဒနာ အကြောင်းကို သိရှိနိုင်ပြီး အရေးပေါ်အခြေအနေတွေနဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူကဆရာဝန်ဆီ သွားရောက်ပြသတဲ့အခါမှာလည်း အတူလိုက်ပါခွင့်ပြုဖို့ ခွင့်တောင်းပါ။၂) ဆီးချိုရောဂါအကြောင်းဆွေးနွေးပါ။ဆီးချို ဝေဒနာခံစားနေရတဲ့ သင်ချစ်ရတဲ့သူကို သင်က သူနဲ့ အတူရှိနေတယ်ဆိုတာကို သိအောင်ပြောပြပေးပါ။ သူ့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို နားထောင်ပေးချင်တယ်ဆိုတာကိုလည်း သိအောင်ပြောပြပေးရပါမယ်။ အချို့သူတွေမှာ သူတို့ ဘယ်လိုခံစားနေရလဲဆိုတာကိုပြောပြဖို့ ခက်ခဲတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူ့အတွက် ပြောဖို့ဆိုဖို့ သက်သောင့်သက်သာရှိစေမယ့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးသင့်ပါတယ်။ သူတို့ကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားဆက်ဆံပါ။၃) အိမ်မှုကိစ္စအချို့ကို ဝိုင်းကူလုပ်ခွင့်ပေးလိုက်ပါ။သင်ချစ်ရတဲ့သူကို သူ့မှာနာတာရှည်ဝေဒနာတစ်ခုခုခံစားနေရတာကြောင့် အသုံးမကျတဲ့သူတစ်ယောက်လို ခံစားရတာမျိုးမဖြစ်ပါစေနဲ့။ သင်ချစ်ရသူက သူဟာသင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရတဲ့သူတစ်ဦး ဘယ်တော့မှမဖြစ်ချင်ဘူးဆိုတာကို သတိရပါ။ သူ့ကိုလည်း သာမန်လူတစ်ယောက်လိုပဲ အိမ်အလုပ်တွေဝိုင်းကူလုပ်ခွင့်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက သင်ချစ်ခင်ရတဲ့သူအနေနဲ့ သူကအခြားသူတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့သူဆိုပြီး စိတ်ဒုက္ခရောက်တာမျိုးရှိမှာမဟုတ်တော့ပါဘူး။၄) ပျော်အောင်ထားပါ။နာမကျန်းဖြစ်မှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အရေးကြီးဆုံးအချက်က အကောင်းမြင်ခြင်းပါ။ အကောင်းမြင်တဲ့ စိတ်သဘောထားက ရောဂါတွေကို တိုက်ထုတ်နိုင်အောင် အကူအညီပေးပါတယ်။ သင့်ချစ်ခင်ရတဲ့သူကို သူစိတ်ပျော်ရွှင်စေမယ့် လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ရာမှာ ပါဝင်ခွင့်ပေးတာက အကောင်းမြင်စိတ်တွေဖြစ်ပေါ်နေစေမှာဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်မှုတွေကပဲ သူတို့ကို ကျန်းကျန်းမာမာနေနိုင်စေမှာဖြစ်ပါတယ်။ ဒါမှလည်း သူတို့ကဝေဒနာကိုခံစားနေရပေမယ့် ဘဝကိုအဓိပ္ပာယ်ရှိရှိ ဆက်လက်ဖြတ်သန်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။၅) ကိုယ်ချစ်ခင်ရတဲ့သူကို ပွင့်ပွင့်လင်းလင်းပြောပြပေးနိုင်အောင်ကူညီပါ။ဆီးချို ဝေဒနာက မျိုးပွားစနစ်အပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုဝေဒနာသည် အမျိုးသမီးတွေမှာဆိုရင် မွေးလမ်းကြောင်းနဲ့ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ ဆီးချို ဝေဒနာက အာရုံကြော ထိခိုက်ပျက်စီးတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါ ခြောက်သွေ့ပြီး လိင်ဆက်ဆံတဲ့အခါ နာကျင်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ဆီးချို ဝေဒနာသည် အမျိုးသားတွေမှာဆိုရင် ပန်းသေပန်းညှိုးဝေဒနာ ခံစားရစေနိုင်ပါတယ်။ တကယ်လို့ ဒီလိုမျိုးဝေဒနာတွေ မဖြစ်ဘူးဆိုရင်တောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလာနိုင်ပါတယ်။ ဒီအနေအထားက လိင်မှုရေးရာ ကိစ္စရပ်တွေမှာ စိတ်ပါဝင်စားမှုလျော့နည်းလာစေပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ လက်တွဲဖော်က ဆီးချို ဝေဒနာခံစားနေရတယ်ဆိုရင် သူ့မှာ ခံစားနေရတဲ့ ဆီးချိုကြောင့် ဖြစ်တဲ့ မျိုးပွားမှုစနစ်နဲ့ပတ်သက်တဲ့ ပြဿနာ တစ်ခုခု ခံစားနေရတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အားပေးရပါမယ်။ လိုအပ်ခဲ့မယ်ဆိုရင် ဆေးကုသမှု ခံယူဖို့ လုပ်ပေးရပါမယ်။ဘယ်လိုပဲဖြစ်ဖြစ် သင်ချစ်ရတဲ့သူက သင့်ထံကနေ ချစ်ခင်ကြင်နာမှု နဲ့ ကူညီအားပေးမှုတွေကိုလိုအပ်နေတယ်ဆိုတာကို သိထားပါ။ သူတို့ကို ဆူငေါက်တာမျိုး၊ တစ်ခုခုကိုရွေးချယ်ခိုင်းတာမျိုးတွေမလုပ်ပါနဲ့။ သူတို့မှာ ဆီးချို ရောဂါရှိနေတယ်ဆိုတာနဲ့ဆီးချိုရောဂါကပျောက်သွားမယ့်ဝေဒနာမဟုတ်ဘဲ ဂရုတစိုက်စောင့်ရှောက်ပေးဖို့ လိုတယ်ဆိုတာကို သတိရပေးပါ။သူတို့ကိုလည်း ကျန်းမာနေတဲ့ သူတွေလိုပဲ နေထိုင်နိုင်အောင် ကူညီပေးပါ။ တကယ်လို့ သင်ဘာလုပ်ရမလဲ မသေချာတာမျိုး ဖြစ်နေမယ်ဆိုရင် သင့်အနေနဲ့ သူ့ကိုဘယ်လိုမျိုး အကောင်းဆုံး ဖြစ်အောင်ကူညီပေးနိုင်မလဲ ဆိုတာကို သင်ချစ်ခင်ရတဲ့သူကို မေးကြည့်ကြည့်ပါ။ အဓိကကျတဲ့ အချက်က အကောင်းမြင်တဲ့သဘောထား ရှိဖို့ နဲ့ ချစ်ခင်ရတဲ့သူကို ဘယ်လိုလုပ်ပါလို့ ပြောနေမယ့်အစား သူတို့ကို စိတ်အားထက်သန်လာအောင် လုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/helping-a-loved-one-with-diabetes/
မိတ်ကပ်က ချွေးပေါက်တွေကို ဘယ်လိုထိခိုက်စေသလဲ
ပုံမှန်အားဖြင့် မိတ်ကပ်တွေက သင့်အသားအရေကို ထိခိုက်စေတာရှားပါတယ်။ ဒါပေမယ့် ထိရှလွယ်တဲ့အသားအရေပိုင်ရှင်တွေကျတော့ အလှကုန်ပစ္စည်းတွေကို ခဏခဏသုံးစွဲလွန်းရင် မလိုလားအပ်တဲ့အကျိုးဆက်တွေ ဥပမာ- ချွေးထွက်ပေါက်တွေပိတ်တာမျိုးကို ဖြစ်စေပါတယ်။ ချွေးပေါက်ပိတ်တာဟာ ဝက်ခြံတွေအများအပြားထွက်ရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့သင့်အနေနဲ့တသက်လုံးမိတ်ကပ်မလိမ်းရတော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ ချွေးပေါက်တွေအပေါ်သက်ရောက်တဲ့မိတ်ကပ်ရဲ့ အကျိုးဆက်တွေကို သိထားမယ်ဆိုရင် ဒီကိစ္စကိုအကောင်းဆုံး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိစေမှာ ဖြစ်ပါတယ်။မျက်နှာလိမ်းမိတ်ကပ်တွေက ပုံစံအမျိုးမျိုးရှိပါတယ်။(အမှုန့်၊ ဂျဲလ်၊ လိုးရှင်း၊ ခရင်မ်၊ အဆီ၊ အရည်စသဖြင့်ပေါ့)။ မိတ်ကပ်လိမ်းလိုက်တဲ့အခါ မျက်နှာပြင်ပေါ်မှာရှိတဲ့အပြစ်အနာအဆာတွေကို ဖုံးကွယ်ထားနိုင်တာမို့ ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်ဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် မိတ်ကပ်တွေဟာ သင့်ရဲ့ချွေးပေါက်တွေထဲမှာ ပိတ်ဆို့လာနိုင်ပါတယ် (အထူးသဖြင့် အောက်ခံမိတ်ကပ်၊ ပေါင်ဒါနဲ့ပါးနီတို့ကိုသုံးရင်)။ ကောင်းပြီ။ ချွေးပေါက်တွေထဲ ပိတ်တော့ဘာဖြစ်လဲ။တကယ်လို့သင့်မျက်နှာက အဆီပြန်တတ်တယ်ဆိုရင် ဝက်ခြံလည်း ခဏခဏထွက်တတ်လိမ့်မယ်လို့အဓိပ္ပါယ်ပေါက်ပါတယ်။ မျက်နှာအဆီပြန်ရတာဟာ အဆီတွေအလွန်အကျွံထွက်လို့ ဖြစ်ပြီး ဒီအဆီတွေ ချွေးပေါက်တွေထဲပိတ်ဆို့တဲ့အခါ ဝက်ခြံတွေပေါက်လာပါတော့တယ်။ တကယ်လို့ သင်ဟာ မိတ်ကပ်မဖျက်ဘဲ ညအိပ်တတ်တယ်ဆိုရင် ဒီအခြေအနေကို ပိုဆိုးစေပါလိမ့်မယ်။ ဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေက ချွေးပေါက်တွေထဲစိမ့်ဝင်ပြီး ဝက်ခြံကိုပိုးဝင်ရောင်ရမ်းစေကာ အရည်ကြည်ဖုတွေ၊ ဖုတွေ၊ အနာအဆာတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါမျိုးဖြစ်လာရင် အင်မတန်ကုရခက်ပြီး ကောင်းသွားရင်တောင် အမာရွတ်တွေ၊ အမှတ်တွေကျန်ခဲ့စေပါလိမ့်မယ်။မိတ်ကပ်တွေက ချွးထွက်ပေါက်တွေထဲပတ်ဆို့စေသလို ရောင်ရမ်းနီရဲမှုကိုလည်း ဖြစ်စေပြီး ဒါမျိုးဟာအသားအရည်နုတဲ့သူတွေမှာ အဓိက ဖြစ်တတ်ပါတယ်။ ဈေးကွက်ထဲရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေမှာပါဝင်တဲ့ပစ္စည်းအများစုဟာဓါတုဗေဒပစ္စည်းတွေ ဖြစ်တယ်ဆိုတာကိုသတိချပ်ဖို့လိုပါတယ်။ တကယ်လို့အဆိုပါဓါတုဗေဒပစ္စည်းတခုခုနဲ့သင့်အသားအရေမတည့်တာမျိုးရှိမယ်ဆိုရင်သင့်အနေနဲ့ပူလောင်တာ ဒါမှမဟုတ် ယားယံတာတွေကို ခံစားရမှာဖြစ်ပြီး အသားအရေဟာလည်း နီရဲရောင်ရမ်းနေပါလိမ့်မယ်။ ဒီအခြေအနေနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ သင့်အနေနဲ့မိတ်ကပ်အသုံးပြုတာကိုချက်ချင်းရပ်ပြီး အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။မိတ်ကပ်တွေဟာ သင့်အသားအရေကို အနည်းငယ်ထိခိုက်ကောင်း ထိခိုက်စေပါလိမ့်မယ်။ ဒါပေမယ့် အရမ်းကြီးတော့လည်း စိတ်မပူပါနဲ့။ မိတ်ကပ်ကြောင့် အသားအရေထိခိုက်တာကို လျှော့ချပေးနိုင်ပြီး အသားအရေကိုကာကွယ်ပေးမယ့် နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲဒီနည်းလမ်းတွေက ဘာတွေလဲ။(၁)တကိုယ်ရည် သန့်ရှင်းရေးကို အလေးပေးပါ။မိတ်ကပ်လိမ်းတဲ့အခါ ဒီအချက်ကိုမှတ်ထားဖို့အထူးအရေးကြီးပါတယ်။ အလှကုန်ပစ္စည်းတွေ အသုံးမပြုခင် သင့်မျက်နှာကိုရေနဲ့ပြောင်စင်အောင် ဆေးကြောသန့်စင်ရပါမယ်။ သင့်လက်က အညစ်အကြေးတွေနဲ့ဘက်တီးရီးယားပိုးတွေက မျက်နှာဆီကူးစက်ရောက်ရှိသွားနိုင်တာမို့မျက်နှာအရေပြားကို ခဏခဏဆိတ်ဆွကိုင်တွယ်နေတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ နောက်ထပ်သတိထားသင့်တဲ့အချက်က မိတ်ကပ်ကိုပုံမှန်အသုံးပြုခြင်းဟာ သင့်အသားအရေကို ပျက်စီးစေတယ်ဆိုတာပါပဲ။ ဒါကြောင့် မိတ်ကပ်ကို တကယ်လိုအပ်တဲ့အချိန်မှ လိမ်းပါ။ ဒါ့အပြင် လိမ်းထားတဲ့မိတ်ကပ်တွေကို အိပ်ရာမဝင်ခင်ဖျက်ပစ်ဖို့လည်း မမေ့ပါနဲ့ဦး။ ပြီးတော့မှ ညဖက်အသုံးပြုလို့ရတဲ့အသားရေထိန်းသိမ်းတဲ့ပစ္စည်းတွေကို အသုံးပြုပါ။(၂)မှန်ကန်တဲ့ ပစ္စည်းကိုရွေးချယ်ပါ။ဈေးကွက်ထဲမှာ မိတ်ကပ်တွေမှတပုံကြီးပါ။ တံဆိပ်မျိုးစုံရှိပါတယ်။ ဒါပေမယ့် သင့်အသားအရေနဲ့လိုက်ဖက်သင့်လျော်မယ့် မိတ်ကပ်ကိုရွေးချယ်ဝယ်ယူတတ်ရပါမယ်။ ပုံမှန်အသားအရေ၊ခြောက်သွေ့တဲ့အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ နူးညံ့ပြီးထိခိုက်လွယ်တဲ့ အသားအရေစသဖြင့်ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့်ပစ္စည်းကိုရှာဖွေသုံးစွဲပါ။ တကယ်လို့သင်ဟာအဆီပြန်တတ်တဲ့မျက်နှာပိုင်ရှင်ဆိုရင် “noncomedogenic” ဒါမှမဟုတ် “nonacnegenic” (အဆီမပြန်စေပါ။ ဝက်ခြံမဖြစ်စေပါ) လို့အညွှန်းစာပါတဲ့ပစ္စည်းမျိုးကိုရွေးချယ်ဝယ်ယူရပါမယ်။ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအတွက် “hypoallergenic” (ဓါတ်မတည့်မှု ဖြစ်ခဲတယ်) လို့ရေးထားတဲ့ပစ္စည်းမျိုးကို ရွေးချယ်နိုင်ပါတယ်။ ပိုသေချာအောင် အရေပြားဆရာဝန်ဆီက အကြံဉာဏ်ကိုပါ တောင်းခံသင့်ပါတယ်။ မိတ်ကပ်တွေဟာသင့်ကိုပိုပြီးချောမောလှပစေမှာအမှန်ပါ။ ဒါပေမယ့်သင့်အနေနဲ့အရေပြားဆိုင်ရာ ပြဿနာတွေကိုရင်ဆိုင်နေရတယ်ဆိုရင် ဒါကိုဖုံးကွယ်ပတ်ပြေးနေမယ့်အစား ရင်ဆိုင်လိုက်တာအကောင်းဆုံး ဖြစ်ပါတယ်(အထူးသဖြင့်ဝက်ခြံတွေပေါ့)။ ဝက်ခြံတွေကိုဆေးထိုး၊ဆေးသောက်၊ဆေးလိမ်း၊လေဆာပစ်ခြင်းစတဲ့နည်းလမ်းအမျိုးမျိုးနဲ့ကုသနိုင်နေပါပြီ။ဘယ်ကိစ္စမဆို အဆိုးအကောင်းဒွန်တွဲနေလေ့ရှိပြီး မိတ်ကပ်လိမ်းတဲ့ကိစ္စမှာလည်းဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့လှဖို့ပဖို့မိတ်ကပ်လိမ်းတဲ့အခါ ဖြစ်လာနိုင်တဲ့မလိုလားအပ်သောဆိုးကျိုးတွေကိုလည်းသတိထားဂရုတစိုက်ရှိဖို့အလွန်ပဲအရေးကြီးလှပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%80-%e1%80%b1%e1%80%81%e1%80%bc%e1%81%bd%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80/
စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်းလုပ်တာက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့နဲ့ကြွက်သားတွေ သန်မာစေဖို့ပဲ ထောက်ကူပေးတာလား။ အခြားရော ဘယ်လိုများ ထောက်ကူပေးမလဲ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာကိုရော ထောက်ပံ့ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေဖို့ ထောက်ကူပေးပြီးစိတ်ဓာတ်မကျစေဖို့လည်း ထောက်ကူပေးပါသေးတယ်။စိတ်ဖိစီးမှုကို ပြေလျော့စေသလိုစိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ပျော်ရွှင်တက်ကြွစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာကြံ့ခိုင်ပြီး နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့အတွက် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးသွားပါမယ်။လေ့ကျင့်ခန်း လုပ်တာက စိတ်ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးနိုင်ပါတယ်။စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေက။လမ်းလျှောက်တာက သွေးတိုးကျစေတာ၊ သွေးချို ကျစေတာတွေတင် မဟုတ်ဘဲ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလို စိုးရိမ်စိတ်တွေကိုလည်း ကျဆင်းစေပါတယ်။ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်သလို ခေါင်းကြည်စေပါတယ်။တစ်နေ့ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပေးတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ လမ်းလျှောက်တဲ့အခ့ လေကောင်းလေသန့်ရနိုင်တဲ့နေရာကို ရွေးချယ်လျှောက်ဖို့ အကြံပြုပါရစေ။ယောဂလေ့ကျင့်တာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်တယ်ဆိုတာကိုတော့ အများက သိပြီးဖြစ်မှာပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက နှလုံးနဲ့ အဆုတ်ကို ကျန်းမာစေနိုင်သလို စီတ်အပန်းပြေစေနိုင်ပါတယ်။ကြွက်သားတွေကို ပြေလျော့စေသလို ဦးနှောက်နဲ့ စိတ်ကို အနားရစေပါတယ်။ သွေးစီးဆင်း လည်ပတ်မှု ကောင်းစေပြီး ဦးနှောက်ဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေတာကြောင့် စိတ်ခံစားမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန် ယောဂလေ့ကျင့်ပေးတာက စိတ်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ဆီရိုတိုနင်ဟော်မုန်း ထွက်ရှိမှု ကောင်းမွန်စေတာကြောင့် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။ပြေးတာက ရုပ်ပိုင်းဆိုင်ရာကိုတင် ကြံ့ခိုင်စေတာ မဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာစေနိုင်ပါတယ်။လေကောင်းလေသန့်ရရှိတဲ့နေရာမှာ အပြေးလေ့ကျင့်တာက စိတ်ခံစားမှု ကောင်းစေနိုင်သလို အိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။စိတ်ဖိစီးမှု ကင်းစေပြီး စိတ်ဓာတ်မကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အလေးမ လေ့ကျင့်တာ၊ အားစိုက်ရတဲ့ခန္ဓာကိုယ် ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားတွေ ဖြစ်စေသလို အရိုးတွေကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။မှတ်ဉာဏ်ကောင်းစေပြီး စိတ်ဖိစီးမှု ပြေလျော့စေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ သိမြင်မှု စွမ်းရည်ကို ကောင်းစေပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။လက်ဝှေ့လေ့ကျင့်တာ၊ သိုင်းကစားတာလိုမျိုး ကိုယ်ခံပညာလေ့ကျင့်မှုတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးသလို စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်သလို  ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း ကောင်းစေပါတယ်။ စိတ်ဓာတ်ကျတာတွေကိုလည်း ကင်းစေနိုင်ပါတယ်။ကဲ …… နေ့ရက်တိုင်းမှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကျန်းမာပျော်ရွှင်စေဖို့အတွက် အခုပြောခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/best-exercises-for-mental-health/
ကိုယ်ဝန်ဆောင်စဉ်မှာ ပင်လယ်စာတွေစားသုံးခြင်းဟာ အန္တရာယ်ကင်းပါသလား
ကျွန်ုပ်တို့အားလုံးသိထားကြတဲ့အတိုင်းပဲ ကိုယ်ဝန်ဆောင်စဉ်မှာအစာအာဟာရ မျှတအောင် စားသုံးဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ အချို့အစားအစာတွေဟာ ကိုယ်ဝန်ဆောင်နေစဉ် မှာရှောင်ကျဉ်ကြရပါတယ် ။ အချို့ပင်လယ်စာများဆိုလျှင် မစားရမယ့်စာရင်းရဲ့ထိပ်ဆုံးမှာ ပါဝင်ပါတယ် ။ ပုံမှန်အားဖြင့်တော့ ပင်လယ်စာတွေဟာ စိတ်ချရပြီး အာဟာရများစွာ ပါဝင်ပါတယ် ။ သို့သော်လည်း အချို့မစားရမယ့် ချွင်းချက်အနည်းငယ်တော့ ရှိပါတယ်။ကိုယ်ဝန်ဆောင်နေတဲ့အမျိုးသမီးတွေဟာ တစ်နေ့ကို ငါး ၂၀၀ ဂရမ် ကနေ ၃၅၀ ဂရမ် ပတ်ဝန်းကျင်အထိစားပေးသင့်ပါတယ် ။ ငါးတွေပင်လယ်စာတွေစားသုံးပေးခြင်းဟာ လိုအပ်ပါတယ် ။ ဘာလို့လဲဆိုတော့သူတို့ဟာ ပိရိုတိန်း၊ သံဓါတ်နဲ့အိုမီဂါ ဓါတ်တွေကြွယ်ဝလို့ပါပဲ။ တစ်ခြားရောဂါများမရှိတဲ့ကိုယ်ဝန်သည်များဟာ သွေးအားနည်းခြင်းမှကာကွယ်နိုင်ရန် တစ်နေ့ကို သံဓါတ် ၂၇ မီလီဂရမ် နည်းဆုံးသောက်သုံးသင့်ပါတယ်။ ကလေးဖွင့်ဖြိုးမှုကို အားပေးရန်အတွက်လည်း တစ်နေ့ကို ပရိုတိန်း ၇၁ ဂရမ် စားသုံးရန်လိုအပ်ပါတယ် ။ ငါးဟာဆိုရင် ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုကို အားပေးပြီးတော့သွေးပေါင်တက်ခြင်း ၊ ကိုယ်အလေးချိန်မပြည့်ခြင်းနဲ့ လမစေ့ပဲမွေးခြင်းတို့မှကာကွယ်ပေးနိုင်တဲ့အိုမီဂါဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။မာကျူရီဓါတ်ပါသောငါးများ။မာကျူရီဆိုသည်မှာငါမန်း ၊ ဓါးရှည်နှုတ်သီးငါး ၊ တိုက်ခိုက်တတ် သောငါးများ မှာပါဝင်တဲ့အလွန်အဆိပ်ပြင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ မာကျူရီပါဝင်တဲ့ငါးကိုစားသုံးမိတဲ့ကိုယ်ဝန်သည်အမျိုးသမီးများတွင် ကလေးရဲ့ဦးနှောက်ကိုပျက်ဆီးစေနိုင်ပြီး ဖွံ့ဖြိုးမှုကိုနှေးကွေးစေပါတယ် ။ တူနာငါးဟာ အခြားငါးများထက်တော့ မာကျူရီပါဝင်မှုနှုန်းနည်းပါတယ် ။ ဒါပေမယ့် သင်ဟာအသင့်အတင့်ပဲစားသုံးသင့်ပါတယ်။ကြာရှည်ခံအောင်ထားသောပင်လယ်စာများ။ကြာရှည်ခံအောင်လုပ်ထားတဲ့ပင်လယ်စာတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာမစားသုံးသင့်ပါဘူး။ ဒါတွေကို အသင့်စားသုံးခြင်းဟာ သင့်ကိုဦးနှောက်ရောင်ရမ်းခြင်းကိုူ ဖြစ်စေပါတယ် ။ စည်သွပ်ဘူးများနဲ့လာတဲ့ပင်လယ်စာများကို သေသေချာချာချက်ပြုတ်ပြီးမှာစားသုံးခြင်းဟာ စိတ်ချရပါတယ်။အစိမ်းစားကြသော အခွံမာပင်လယ်စာများ။ကိုယ်ဝန်ဆောင်များသာမဟုတ်ပဲ ပုံမှန်လူများတွင်လည်း အခွံမာအစားအစာတွေအစိမ်းစားမိတဲ့အခါ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာကြပါတယ်။ ပင်လယ်စာများကြောင့်ဖြစ်တဲ့ဖျားနာခြင်းအများစုဟာ ကမာကောင် ၊ ခုံးကောင်၊ ယောက်သွားကောင်တို့ကိုမချက်ပြုတ်ပဲစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာရပါတယ် ။ ချက်ပြုတ်ခြင်းဟာ ပင်လယ်စာထဲမှာပါလာတဲ့ရောဂါပိုးတွေ၊ ဘတ်တီးရီးယားတွေကို သတ်နိုင်ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ အခွံမာအကောင်များကို အစိမ်းလိုက်စားသုံးခြင်းမှရှောင်ကျဉ်ကြရပါမယ် ။ငါးနဲ့ပင်လယ်စာတွေဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးတဲ့အားဟာရများစွာပါသော့လည်း တစ်ချိန်တည်းမှာပဲသူတို့နဲ့ပါလာတဲ့မာကျူရီဟာ ဦးနှောက်ပျက်စီးမှုနဲ့PCBs ဓါတ်တွေကိုဖြစ်ပေါ်စေပါတယ် ။ ဒါကြောင့်အ ချုပ်ဆိုရလျှင် ကိုယ်ဝန်သည်များဟာ ငါးနဲ့ပင်လယ်စာတွေကိုမရှောင်ရှားသင့်ပါဘူး ။ ဒါပေမယ့် ငါးကိုသေသေချာချာရွေးချယ်၍သေသေချာချာ ချက်ပြုတ်စားသောက်ရန်လိုအပ်ပါတယ်။Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%95%e1%80%84%e1%80%ba/
မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ
ဆန်းဆန်းပြားပြား မတော်တဆမှုတွေထဲမှာ ဒီကိစ္စဟာလည်းစုံတွဲတွေကြားမှာ တော်တော်လေး အဖြစ်များတယ်လို့ ဆိုရမှာပါ။ ကွန်ဒုံး ကိုယ်တိုင်က အမျိုးသမီးတွေအတွက် ပြဿနာမရှိပေမဲ့ သူ့ထဲမှာ သိုလှောင်ထားတဲ့သုက်ရည်တွေက အဓိကပြဿနာပါ။ ဒီသုက်ရည်ကြောင့် မလိုလားအပ်တဲ့ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်တာကိုး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် ပျာယာမခတ်ဘဲ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ကဲ …… မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာ ​ကြည့်လိုက်ရအောင်နော်။မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့။၁။ မိန်းမကိုယ်ထဲ လက်ချောင်းအရင်ထည့်ကြည့်ပြီးကွန်ဒုံးကျန်နေလားဆိုတာကို စမ်းပါ။၂။ ကွန်ဒုံးက အထဲသိပ်မရောက်နေဘူးဆိုရင် ကိုယ်တိုင် လက်မ၊ လက်ညှိုးနဲ့ ညှပ်ပြီး ဆွဲထုတ်လို့ ရမှာပါ။၃။ ဆွဲထုတ်လိုက်တဲ့အခါကွန်ဒုံးက ပေါက်ပြဲနေတာမျိုး ရှိ၊ မရှိ အရင်စစ်ကြည့်ပါ။၄။ ကွန်ဒုံးကို လုံးဝထုတ်ပြီးသွားတဲ့အခါမှသာမိန်းမကိုယ်ကို သေချာဆေးကြောပါ။၅။ ကိုယ်က လက်နဲ့ ဆွဲထုတ်လို့မရဘူး၊ ဒါမှမဟုတ် ကွန်ဒုံး အစအနလေးတွေ အထဲမှာ ကျန်နေခဲ့တယ်ဆိုရင်တော့ ဆေးရုံကို သွားပြီး ဆရာဝန်ရဲ့ အကူအညီနဲ့ ထုတ်ဖို့ ကြိုးစားပါ။၆။ ကိုယ့်ဘာသာ ထုတ်လို့ရခဲ့ရင်တောင် ကွန်ဒုံးထဲမှာ ရှိနေတဲ့သုက်ရည်တွေဟာ ဖိတ်ကျနိုင်တဲ့အတွက် ကိုယ်ဝန်တွေ မရအောင် ကာကွယ်ချင်တယ်ဆိုရင် လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း အရေးပေါ်သန္ဓေတားဆေး အမြန်သောက်ပါ။၇။ ၃လပြည့်တဲ့အချိန်မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရှိ၊ မရှိကို ဆေးခန်းမှာ သွေးဖောက်စစ်ဆေးကြည့်ပါ။၁။ ကွန်ဒုံး ကျွတ်ကျန်ခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ အမျိုးသားတွေက ကိုယ့်ပစ္စည်းအရွယ်နဲ့ မကိုက်တဲ့ ကွန်ဒုံးဆိုဒ် အကြီးတွေ ဝယ်တာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ်က ဘယ်အရွယ်နဲ့ အနေတော်ဖြစ်မလဲဆိုတာကို ဆက်ဆံခြင်းမပြုခင် ကိုယ်တိုင်စွပ်ပြီး စမ်းကြည့်ပါ။၂။ ကွန်ဒုံးကို ကျကျနန ဝတ်ဆင်ပါ။ကွန်ဒုံးက ကိုယ်နဲ့ မတော်လို့ဖြစ်ဖြစ်၊ ကိုယ်က မစွပ်တတ် စွပ်တတ်နဲ့ စွပ်ချလိုက်တဲ့အခါ အလယ်မှာ ရောက်နေပြီး ဆက်ဆံပြီးချိန်မှာရော ဆက်ဆံနေတဲ့အချိန်မှာပါ ကျွတ်ထွက်ဖို့ အရမ်းလွယ်ပါတယ်။၃။ ကွန်ဒုံးကိုလိင်တံအရင်းနား ရောက်တဲ့အထိ ဆွဲပါ။ ကွန်ဒုံးက အလယ်ထိပဲ ဆွဲချလို့ရတယ်ဆိုရင် အမျိုးသားရဲ့ ငယ်ပါနဲ့ ဆိုဒ်မတော်တာ သေချာပါပြီ။ ပတ်လည်မှာ လေခိုနေတာမျိုး မရှိပါစေနဲ့။၄။ ဆက်ဆံပြီးလို့ ကွန်ဒုံးကို ချွတ်တော့မယ်ဆိုရင် အရင်းနားမှာ ရှိနေတဲ့ ကွန်ဒုံး အစကို သေချာ ဖိထိန်းပြီးမှ ဆွဲချွတ်ပါ။ ထောင်မတ်နေတဲ့ အချိန်မှာ ချွတ်ပါ။ ပျော့သွားတဲ့ အချိန်ထိ မစောင့်ပါနဲ့။၅။ အမှိုက်ပုံးထဲမှာ ကွန်ဒုံးနဲ့ သူ့ထဲမှာ ပါနေတဲ့ သုက်ရည်တွေ အကုန် သေချာစွန့်ပစ်ပါ။ အပြင်ကို ဖိတ်မကျစေဖို့ သေချာဂရုစိုက်ပါ။မတော်တဆမှု ဆိုတာ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးမို့ အမျိုးသားရော၊ အမျိုးသမီးတွေပါ ဒီအချက်တွေ သိထားဖို့ လိုမယ်နော်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/tips-when-condoms-left-in-vagina/
ပျော်ရွှင်ဖွယ်အသိုက်အမြုံလေးကို နှစ်ဦးသားတည်ဆောက်ကြမယ်
အိမေ်ထာင်တစ်ခုမှာ သားသမီးယူဖို့မိသားစုစီမံကိန်းဆိုတာ ရှိသင့်ပါတယ်။ လက်မထပ်ခင်တည်းက သားသမီးယူဖို့ကိစ္စနဲ့ပတ်သက်ပြီး အချင်းချင်းပွင့်ပွင့်လင်းလင်း သဘောတူညီချက်ယူထားတာကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိဘတွေက အသက်အရွယ်ငယ်နေလို့၊ စီးပွားရှာနေရတုန်းမို့ စတဲ့ အကြောင်းကြောင်းတွေကြောင့် အသင့်မဖြစ်သေးခင်မှာ ကလေးယူလိုက်မိရင် နောက်ဆက်တွဲအခက်အခဲတွေဖြစ်လာစေနိုင်လို့ပါ။ကျန်းမာရေးအရပြောရင်လည်း မိသားစုစီမံကိန်းရှိထားဖို့ကမိခင်နဲ့ကလေးရဲ့ကျန်းမာရေးအတွက် အရေးကြီးနေပါတယ်။ လေ့လာမှုတွေအရ သားသမီးတစ်ဦးနဲ့တစ်ဦးကြားမှာ ငါးနှစ်ကျော်ခြားတာ သို့မဟုတ် နှစ်နှစ်မပြည့်ခင် နောက်တစ်ယောက်ထပ်ယူတာမျိုးက မိခင်နဲ့ကလေးတွေရဲ့ကျန်းမာရေးမှာ နောက်ဆက်တွဲပြဿနာတွေရှိစေနိုင်ပါတယ်တဲ့။ ဥပမာ – ကလေးကချူချာတာ၊ကလေးရဲ့ဖွံ့ဖြိုးမှုအားနည်းတာနဲ့ မိခင်ရဲ့အာဟာရချို့တဲ့မှုစတဲ့ အချက်တွေပါဝင်ပါတယ်။တကယ်တမ်းက ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အနည်းဆုံး ၂နှစ် ခြားသင့်ပါတယ်၊ ၅ နှစ်ထက်ပိုမခြားသင့်ပါဘူး။ ဒါမှ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ကိုယ်ဝန်မမြဲခြင်း၊လမစေ့ဘဲမွေးဖွားခြင်း၊ ကလေးညှက်ခြင်းတို့လို မိခင်နဲ့ကလေးမှာ ဆိုးကျိုးသက်ရောက်မှုတွေ ကင်းစေမှာပါ။ဒါ့ကြောင့် လင်ရယ် မယားရယ်ဖြစ်လာပြီဆိုရင် ဘဝခရီးလမ်းအတွက် ရည်မှန်းချက်တွေအတူရေးဆွဲကြမယ်၊ သားသမီးဘယ်နှယောက်ယူမလဲ၊ ဘယ်အချိန်မှာ ကလေးယူမလဲ၊ ကလေးအတွက် ငွေကြိုစုကြမယ်၊ ကလေးကိုဘယ်လိုစောင့်ရှောက်မယ်ဆိုတာတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ညှိနှိုင်းပြီး အစီအစဉ်ချထားသင့်ပါတယ်။လူကြီးမိဘတွေကတော့ မြေးချီချင်တယ်၊ မြေးတွေအများကြီးနဲ့ပျော်စရာကောင်းဖို့ မျှော်လင့်ကြမှာပဲ။ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ်သာအသိဆုံးမို့ ကိုယ့်အိမ်ထောင်အတွက် အဆင်ပြေဆုံးမိသားစုစီမံကိန်းကို ကိုယ်တိုင်ဆုံးဖြတ်ကြရမှာပါ။ တော်ကြာ မြေးလေးတွေမွေးပေးလိုက်ပြီး မနိုင်မနင်းဖြစ်လာရင် အဖိုးအဖွားတွေလက်ထဲချည်း ထားလို့မဖြစ်ဘူးလေ။ကလေးလိုချင်တယ်ဆိုတိုင်း ဘယ်သူ့ဘယ်သူရဲ့လွှမ်းမိုးမှုကြောင့်မှမဟုတ်ဘဲ ဖခင်လောင်းနဲ့မိခင်လောင်းကိုယ်တိုင် နှစ်ဦးသဘောတူဆုံးဖြတ်တာအကောင်းဆုံးပါပဲ။ သင့်တော်မယ့်သားဆက်ခြားနည်းတစ်ခုခုကို ရွေးချယ်အသုံးပြုထားပါ။ သားဆက်ခြားဖို့ကို စနစ်တကျမလုပ်ဆောင်ရင်(သန္ဓေတားဆေးကို သောက်လိုက်မသောက်လိုက်လုပ်နေတာမျိုး၊အရေးပေါ်တားဆေးေတွ မကြာခဏသောက်နေတာမျိုး) မထင်မှတ်ဘဲ ကိုယ်ဝန်ရခဲ့ရင် သန္ဓေမမြဲတာ၊ လမစေ့ဘဲမွေးတာ၊ ကလေးမှာချို့တဲ့မှုများတာ၊ မိသားစုအခက်အခဲတွေဖြစ်လာတာတွေ ရှိစေနိုင်ပါတယ်။ ရရှိလာမယ့်သားသမီးတွေအတွက် ဘာမှပြင်ဆင်ထားတာမရှိသေးချိန် ကိုယ်ဝန်ရခဲ့ရင် ဇနီးမောင်နှံနှ်စ်ဦးစလုံးရဲ့ ရည်မှန်းထားသမျှတွေ ကမောက်ကမဖြစ်ကုန်ပါလိမ့်မယ်။အသုံးများတဲ့ သားဆက်ခြားနည်းတွေထဲမှာအရေးပေါ်သန္ဓေတားဆေး၊ နေ့စဉ်သောက် သန္ဓေတားဆေး၊ သုံးလ/ခြောက်လခံထိုးဆေး၊ လက်မောင်းထဲထည့်ပစ္စည်း၊ သားအိမ်တွင်းထည့်ပစ္စည်း IUD တို့ပါဝင်ပါတယ်။ ဒါပေမယ့် သောက်ဆေးနဲ့ထိုးဆေးတွေက အချိန်မှန်ဖို့အဓိကလိုအပ်ပြီး အချိန်နောက်ကျသွားတာနဲ့ ထိရောက်မှုမရှိတော့ပါဘူး။ အလုပ်များသူတွေ၊ သတိထားဖို့ အချိန်မပေးနိုင်သူတွေအတွက်တော့ တစ်ခါအသုံးပြုလိုက်တာနဲ့ နှစ်နဲ့ချီပြီး ထိရောက်မှုပေးနိုင်တဲ့သားအိမ်တွင်းထည့်ပစ္စည်း IUDက အသင့်တော်ဆုံးပါ။ ဘာကြောင့်သင့်တော်လဲဆိုတာIUDရဲ့အားသာချက်လေးတွေကို ကြည့်လိုက်ပါဦး။ဘယ်နည်းကိုပဲရွေးရွေး သက်ဆိုင်သူနှစ်ဦးအပြန်အလှန် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ထားတဲ့ မိသားစုစီမံကိန်းတော့ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ဦးတည်းမှာတာဝန်ရှိနေတယ်လို့ သတ်မှတ်တာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့ အခြေအနေနဲ့ ကိုက်ညီမှုမရှိဘဲ မိဘဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ တိုက်တွန်းမှုတွေနဲ့ ဆုံးဖြတ်စီမံတာမျိုးကို ရှောင်ဖို့လိုအပ်ပါတယ်။ သားဆက်ခြားခြင်းနဲ့ မှန်ကန်တဲ့ မိသားစုစီမံကိန်းဟာမိသားစုတိုင်းအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျန်းမာသာယာတဲ့မိသားစုဘဝကို ရရှိနိုင်စေဖို့ ကြီးမားသောအထောက်အပံ့ဖြစ်နိုင်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/it-takes-2-for-family-planning/
မောင်နှမများကြား အသက်ဘယ်လောက်ခြားခြင်းက အကောင်းဆုံးလဲ
ညဘက်မအိပ်ရခြင်းများသက်သာလာပြီး၊ ဘဝသည်လည်း ယခင်အချိန်ကဲ့သို့ ပုံမှန်အချိန်ကို ပြန်ရောက်လာသောအခါ သင့်စိတ်သည် ထိုအရာများကို နောက်တစ်ကြိမ် ကြုံတွေ့ချင်လာသည်။ ဤအချိန်သည် ကလေးနောက်တစ်ယောက်ယူရန် စဉ်းစားသည့်အချိန်ဖြစ်သည်။သင့်ကလေးများကြားတွင် ကွာခြားရမည့်အသက်ကို သိပ်မစဉ်းစားပါနှင့်၊ အကြီးနှင့် အငယ်ကလေးများကြား အသက်ကွာခြားရမည့် အပိုင်းအခြားများတွင် အကျိုးနှင့်အပြစ်များ ရှိသည်။သင့်ကလေးများ အတူတကွကြီးပြင်းလာသည်ကို မြင်ယောက်ကြည့်ပြီး သင့်အတွက် ကောင်းစွာစီမံခန့်ခွဲနိုင်သည်ဟုထင်လျှင် သင့်ကလေးများကြား အသက်သိပ်မကွာခြင်းသည် သင့်အတွက် သင့်တော်ပါသည်။လအနည်းငယ်နှင့် နှစ်အနည်းငယ် အလုပ်ရှုပ်နိုင်ပါသည်။ သို့သော် အချိန်တို တစ်ခုကိုသာ အာရုံစိုက်ထားလျှင် အလုပ်ရှုပ်ရမည့် ဆူညံပင်ပန်းသော နှစ်များကို ပျော်ရွှင်ရပါလိမ့်မည်။ကလေးအကြီးလမ်းလျှောက်တတ်လျှင် သူသည် လူကြီးဖြစ်ချင်သောကြောင့် အစားကိုသူကိုယ်တိုင်စားချင်သည်။ အဝတ်ကို ကိုယ်တိုင်ဝတ်ချင်သည်၊ အခြားသူကို အားမကိုးပဲ ကိုယ့်ဘာသာလုပ်ချင်လာခြင်းဖြင့် ပုံစံပြောင်းလာပါလိမ့်မည်။ကလေးအငယ်သည် သူ့အတွက် စိတ်ဝင်စားစရာကောင်းပြီး ကစားနည်းများကို အတူကစားပြီး ပျော်ရွှင်နေနိုင်သည်။ သူတို့အချင်းချင်း ရင်းနှီးကြသောကြောင့် ၁နှစ်ခန့်တွင် သူတို့သည် အကြိုက်တူနေနိုင်သည်။ သူတို့အချင်းချင်း ငြင်းခုံနိုင်သော်လည်း တစ်ယောက်နှင့် တစ်ယောက်လိုအပ်သည်ကို သိသော မောင်နှမများသည် သဘောထားမတူညီမှုကို ပြေလည်အောင်ဖြေရှင်း ဆက်လက်အတူတကွကစားကြသည်။သို့သော် ပထမကလေး ၁၈ လမတိုင်ခင် နောက်ကလေးတစ်ယောက်ယူခြင်းသည် ပင်ပန်းသောအလုပ်ဖြစ်သည်။ အစောနှစ်များသည် မသိလိုက်ဘဲ ကုန်ဆုံးသွားနိုင်သည်။ အတွေ့အကြုံများသည် အိပ်ရေးပျက်ရခြင်း၊ ကလေးသေးခံလဲရခြင်း၊ နို့တိုက်ရခြင်း၊ အစားကျွေးရခြင်း၊ အဝတ်လျှော်ရခြင်းများဖြင့် ရှုပ်နေပြီး သင့်ကလေးနှင့် သင့်စိတ်တိုင်းကျ အတူပျော်ရွှင်ရမည့် အချိန်သိပ်မရှိပေ။ ထိုအစောပိုင်းနှစ်များတွင် သင်နှင့် သင့်အဖော်သည် ကလေးနှစ်ယောက်ကို တပြိုင်တည်း စောင့်ရှောက်ရသောကြောင့် ပင်ပန်းရပါလိမ့်မည်။သင့်ကလေး တစ်ဦးချင်းစီ၏ ငယ်ရွယ်သေးသော အချိန်ကာလများကို သေချာစွာ အချိန်ပေးလိုလျှင် ၂နှစ် မှ ၃ နှစ် အချိန်သည် သင့်အတွက် သင့်တော်ပါသည်။ ဒုတိယကလေး ရှိလာချိန်တွင် ပထမကလေးကို ကြည့်စရာသိပ်မလိုပဲ လက်လွှတ်နိုင်သည့်အတွက် သင့်တွင် အိပ်ချိန်ရနိုင်ပါသည်။ သင့်ပထမကလေး သို့မဟုတ် အငယ်ဆုံးကလေးသည် သေးခံဝတ်ပေးစရာမလိုနိုင်တော့ပေ။ သူ့ဘာသာသူ အဝတ်ဝတ်တတ်ပြီး အစားလည်း စားနေတတ်ပြီဖြစ်သည်။ သူ့လိုအပ်ချက်ကို လည်း ပြောနိုင်နေပြီဖြစ်သည်။ ထိုအချိန်တွင် သင်သည် နောက်ကလေးတစ်ယောက်အတွက် အိပ်ရေးပျက်ညများ၊ သေးခံလဲပေးရခြင်း၊ နို့တိုက်ရခြင်းများအတွက် အားအင်တစ်ဖန်ပြန်ပြည့်နေပြီဖြစ်သည်။သင့်ကလေးအကြီးသည် အကြီးတစ်ယောက်နေရာကို နေရန် အသင့်ဖြစ်နေပြီးဖြစ်သောကြောင့် အသစ်ရောက်လာမည့် သူ့မောင်လေး၊ ညီမလေးများကို ပျော်ရွှင်စွာ ကြိုနေပါလိမ့်မည်။ထိုအသက်ကွာခြင်းချိန်သည် သင့်ကလေးများ အတူတကွ ဆော့ကစားခြင်းမပြုလုပ်နိုင်သေးခင် အချိန်ထိသာဖြစ်သည်။ သင့်ကလေးအငယ်သည့် သူ့အကြီးများ လုပ်သည့်အတိုင်း လိုက်လုပ်ချင်ပြီး သင့်ကလေးအကြီးသည် အငယ်ကလေးသည် ညီမလေးဖြစ်လျှင် သူကစားသော ကစားနည်းများကို လိုက်မကစားနိုင်သည့်အတွက် သိပ်မနှစ်သက်သည်ကို တွေ့ရမည်။ သူတို့နည်းနည်းထပ်ကြီးလာသောအခါ သူတိုကြားက အသက်ကွာခြားချက်သည် အရေးမပါတော့ပေ။ အသက် ၇နှစ် နှင့် ၁၀ နှစ်သည် အတူတကွကစားနိုင်ကြသည်။သင်သည်သင့်ကလေးမူကြိုတက်သည့် အရွယ်အထိ ကလေးတစ်ဦးတည်းကိုသာ ပျော်ရွှင်စွာ အာရုံစိုက်လိုလျှင် ၅နှစ်နှင့် အထက် ကွာခြင်းသည် သင့်အတွက်သင့်တော်သည်။ သင့်အငယ်ဆုံးကလေးသည် ငယ်လွန်းသောအချိန်ကို ကျော်လွန်ခဲ့သည်မှာ ကြာသွားပြီဖြစ်ပြီး နောက်တစ်ယောက်ရချိန်တွင် သင့်ကလေးသည်ကျောင်းတက်မည့် အရွယ်သို့ရောက်ပြီးဖြစ်သည်။ထိုအချိန်မျိုးတွင် သင်သည် ပိုသက်သာမည်ဖြစ်ပြီး အသေးအဖွဲကိစ္စများအတွက် စိတ်ပူစရာမလိုပေ။ သင့်နောက်ကလေးအတွက် အင်အားအပြည့်ရှိမည်ဖြစ်ပြီး အချိန်ကောင်းစွာ ပေးနိုင်ပါလိမ့်မည်။ ထို့အပြင် ကလေးကို နောက်တစ်ကြိမ်ထိန်းရသည့်အတွက် သင့်အနေဖြင့် အပြောင်းအလဲတစ်ခုကဲ့သို့ဖြစ်ပြီး ပျော်ရွှင်စေသည်။သင့်ကလေးအကြီးသည်လည်း ကလေးငယ်လေးကို နှစ်သက်ပြီး ပျော်ရွှင်နိုင်သည်။ သို့သော် ကလေးအကြီးကို ဂရုစိုက်မှု မလျော့စေရန် ဂရုစိုက်ပါ။ သူတို့အတူတကွဆော့ကစားသည်ကို ကြည့်ရင်း သင်ပျော်ရွှင်ရပါလိမ့်မည်။သင့်ကလေးများသည် ဖွံ့ဖြိုးတိုးတက်မှုမတူညီကြသောကြောင့် စိတ်ဝင်စားမှုလည်း မတူညီကြပေ။ သူတို့တွင် တူညီသည့်အချက်များလည်း နည်းနိုင်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%99%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%99%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ac%e1%80%b8-%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%98%e1%80%9a/
လူလတ်ပိုင်းအရွယ်တွင် အရက်အလွန်အကျွံသောက်ခြင်းကြောင့် လေဖြတ်နိုင်ခြေကို မြင့်စေခြင်း
လေဖြတ်ခြင်းအကြောင်းဂျာနယ်ရဲ့ အဆိုအရ တရက်ကို အရက်၂ခွက်ထက် ပိုသောက်သူများဟာ တဝက်လောက်ပဲ သောက်သူများထက် လေဖြတ်နိုင်ခြေ ၃၄% မြင့်တက်တယ်လို့ သိရပါတယ်။သက်လတ်ပိုင်း ဆွီဒင်လူမျိုး ၁၁၆၄၄ ဦးအပေါ် ၄၃ နှစ်အကြာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ သုတေသီတွေဟာ တရက်ကို ၂ခွက်ထက်ပိုသောက်ခြင်း (အသောက်များခြင်း)နဲ့ တဝက်အောက်လျော့သောက်ခြင်း (အသောက်နည်းခြင်း) တို့ရဲ့ သက်ရောက်ပုံတွေကို လေ့လာနိုင်ခဲ့ပါတယ်။ အဲဒီလေ့လာမှုအရအသောက်များသူများဟာ နည်းသူများထက် လေဖြတ်နိုင်ခြေ ၃၄% ပိုများပါတယ်။သက်လတ်ပိုင်း (၅၀ – ၆၀) အသောက်များသူများဟာ မျိုးရိုးနဲ့အသက်အရွယ်အရ ခန့်မှန်းထားခြင်းထက် ၅နှစ်ပိုစောပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။ အသောက်များသူများဟာ သက်လတ်ပိုင်းမှာ တခြား ဖြစ်နိုင်ခြေအကြောင်းအရာတွေဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုလိုပဲ လေဖြတ်နိုင်ခြေကို ပိုပြီးမြင့်မားစေပါတယ်။အသက် ၇၅ နှစ်ဝန်းကျင်မှာတော့ သွေးတိုးနဲ့ဆီးချိုဟာ လေဖြတ်နိုင်စရာရှိတဲ့ တခုတည်းသောလွှမ်းမိုးတဲ့အရာဖြစ်သွားပါတယ်။ဒါ့အပြင် အရက်နဲ့ လေဖြတ်ခြင်းကို ဆက်စပ်လေ့လာတဲ့ တခြားသုတေသနတွေ ရှိပါသေးတယ်။ သုတေသီတွေ တွေ့ရှိချက်အရ အသက် ၅၀-၆၀ အရွယ်မှာ အသောက်များသူတွေဟာ အသောက်နည်းသူတွေ၊ လုံးဝမသောက်နိုင်သူတွေထက်စောပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။ တခြားလေ့လာချက်တခုအရ နေ့စဉ် ၂ခွက်ထက် ပိုသောက်သူများဟာ လေဖြတ်ခြင်းကို ၅နှစ်စောပြီး ကြုံနိုင်ပါတယ်။ အရက်အလွန်သောက်ခြင်းရဲ့ လေဖြတ်နိုင်ခြေမြင့်မားမှုဟာ သွေးတိုးနဲ့ ဆီးချိုတို့နဲ့ပါ ပေါင်းစပ်သွားရင် လေဖြတ်နိုင်ဖို့ ပိုပြီးသေချာသွားစေပါတယ်။ဒီလေ့လာမှုမှာ သက်လတ်ပိုင်းအရွယ် ဆွီဒင်လူမျိုး အမြွှာ ၁၁၆၄၄ ဦးကို လေဖြတ်နိုင်ခြေနဲ့ ပတ်သက်လို့ မျိုးရိုးဗီဇနဲ့ နေထိုင်မှုပုံစံတွေက ဘယ်လိုသက်ရောက်တယ်ဆိုတာ စစ်ဆေးခြင်း ပါဝင်ပါတယ်။သုတေသီတွေဟာ ကျား/မ တူညီတဲ့ ဆွီဒင်လူမျိုး အမြွှာများကို ၁၉၆၇ မှ ၁၉၇၀ အတွင်း မေးခွန်းများ မေးမြန်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဆေးရုံမှတ်တမ်း၊ သေစာရင်းစတဲ့ ၄၃နှစ်စာ ပြန်လည်ပြသထားတဲ့ မှတ်တမ်းတွေ ရယူပါတယ်။ပါဝင်ဖြေဆိုသူတွေရဲ့ ၃၀%ဟာ လေဖြတ်ဖူးကြပါတယ်။ ဖြေဆိုမှုတွေအရ သူတို့ကို အသောက်နည်း၊ အသင့်အတင့်၊ အသောက်များ၊ မသောက်သူ စသဖြင့် အုပ်စုများခွဲပြီး အရက်ကြောင့်ဖြစ်နိုင်ခြေနဲ့ တခြားလေဖြတ်နိုင်ခြေ အခြေအနေတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ ဆေးလိပ်သောက်ခြင်း စတဲ့အချက်တွေကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။သုတေသီတွေဟာ အသောက်များသူတွေအနေနဲ့ အသက် ၅၀ကျော်လောက်ကစပြီး အရက်ရဲ့ဆိုးကျိုးတွေ စကြုံရပါတယ်။ နှိုင်းယှဉ်ကြည့်ရင် အသောက်နည်းသူတွေ၊ မသောက်တတ်သူတွေဟာ အသက်အရွယ်နဲ့အတူ တဖြည်းဖြည်းချင်းပဲ မြင့်တက်လာပါတယ်။ဆင်တူအမြွှာတွေအကြား လေဖြတ်ဖူးသူဟာ မဖြတ်သူထက် ပိုပြီးသောက်တာကို တွေ့ရပါတယ်။ ဒီအချက်ဟာ သက်လတ်ပိုင်းရွယ်မှာ အရက်သောက်ခြင်းကြောင့် မျိုးရိုးဗီဇ၊ အစောပိုင်းနေထိုင်မှုပုံစံတွေနဲ့ မဆိုင်တော့ဘဲလေဖြတ်ခြင်းကို မြင့်တက်စေတယ်လို့ ဆိုနိုင်ပါတယ်။ဒါကြောင့် သက်လတ်ပိုင်း (၅၀ – ၆၀) အသောက်များသူ များဟာ မျိုးရိုးနဲ့အသက်အရွယ်အရ ခန့်မှန်းထားခြင်းထက်၅နှစ်ပိုစောပြီး။လေဖြတ်နိုင်ခြေ ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။အမေရိကန်နှလုံးအဖွဲ့အစည်းကြီးရဲ့ အဆိုအရ သက်လတ်ပိုင်းမှာ အရက်ကို တနေ့၂ခွက်ထက် ပိုသောက်သုံးရင် သွေးတိုး ဆီးချိုစတဲ့ အရာတွေထက်ပိုပြီး လေဖြတ်နိုင်ခြေကို ပိုမြင့်မားစေတယ်လို့ သိရပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%9c%e1%80%b0%e1%80%9c%e1%80%90%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%9b/
COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း
COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ယနေ့ခေတ်ကမ္ဘာပါ်မှာနေထိုင်နေကြတဲ့ လူတစ်ဦးတစ်ယောက်ချင်းဆီကို လိုက်မေးကြည့်ပါ။သင်တို့ယခုအကြောက်ဆုံးဟာ ဘာဖြစ်မလဲလို့။ပြန်ဖြေတဲ့ဘာသာစကားသာမတူဘဲနေရင်နေပါမယ်။ အဖြေကတော့ တစ်မျိုးထဲပါပဲ။ဟုတ်ပါတယ်။COVID-19လို့ပဲပြန်ဖြေကြမှာပါ။COVID-19 ရောဂါဖြစ်ပွားသူဦးရေဟာလည်းတစ်နေ့တစ်ခြားတိုးပွားလျက်ရှိနေဆဲပါပဲ။ ဒါပေမဲ့ ဒီကပ်ရောဂါကြီးစဖြစ်ခဲ့တုန်းကလောက်တော့ လူတွေဟာ သိပ်တုန်လှုပ်ခြင်းမရှိကြတော့ပါဘူး။မြန်မာနိုင်ငံမှာဆိုရင်လည်းCOVID ပထမလှိုင်းဝင်ခဲ့တုန်းက လူတွေဟာအလွန်တရာကိုမှကြောက်ရွံ့ခဲ့ကြပြီးPanic Buyingဆိုတဲ့ အသည်းအသန် ပစ္စည်းဝယ်ယူစုဆောင်းမှုတွေလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအခါ အမြတ်ကြီးစားသူစျေးဆိုင်ရှင်တွေက စျေးများများနဲ့ ရောင်းချခဲ့ကြပါတယ်။ ယခု နောက်ပိုင်းမှာတော့ အတွေ့အကြုံရှိခဲ့ပြီးပြီမို့ အဲ့ဒီလိုမလုပ်ကြတော့ပါဘူး။ အမြတ်ကြီးစားတဲ့သူတွေတော့ရှိနေပါသေးတယ်။ COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း အကြောင်းလေး ဆက်ပြောကြရအောင်နော်။ကဲ ကျန်းမာရေးရှုထောင့်ကိုသွားကြည့်ရအောင်။COVID စဖြစ်ဖြစ်ချင်းမှာ လူတွေဟာ ကြောက်ကြတာမို့ အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး။သာမန်လူအိမ်အပြင်မထွက်တာကောင်းတဲ့ကိစ္စဆိုပေမဲ့ အမှန်တကယ်နာမကျန်းသူတွေကတော့ ဆေးရုံဆေးခန်းကို ကျိန်းသေပေါက် သွားပြရပါမယ်။ COVID တစ်ခုတည်းသာရောဂါမဟုတ်ပါ။ COVID ထက် ကြောက်ဖို့ကောင်းတဲ့ရောဂါတွေမှအများကြီးပါ။ ဆရာဝန်ဆီက မှန်ကန်တဲ့ နည်းလမ်းတွေနဲ့မှ ကုသနိုင်မယ့်ရောဂါတွေရှိပါတယ် (ဉပမာ သွေးတိုး၊ ဆီးချို စသဖြင့်)။ ပထမလှိုင်းငြိမ်သွားတဲ့ အချိန်ကြောက်ရွံ့မှုနည်းသွားပေမဲ့ အခုနောက်ပိုင်းမှာလည်း ဒီအတိုင်းပြန်ဖြစ်လာတော့မှာပါ။COVID-19 ဖြစ်တဲ့အခါ အချို့ရပ်ကွက်ထဲက ဆေးခန်းတွေ မဖွင့်တာရှိပါတယ်။ ဒါက ရှင်းပါတယ်။ COVID-19 အတွက် အဆင်သင့်မဖြစ်နိုင်တဲ့ ဆေးခန်းတေွရှိနိုင်ပါတယ်။ (ဉပမာ နေရာကျဉ်းတာ၊ လူနာထားရာနေရာကို စနစ်တကျ ပိုးသတ်ဖို့ အခက်အခဲရှိတာ၊ ဆရာဝန်ကိုယ်တိုင်ကိုက အသက်ကြီးသူမို့ ဒီအချိန်မှာ Risk မယူချင်တာ စသဖြင့်ပါ)။ ဒီလိုဆေးခန်းတွေကိုက ရောဂါဖြန့်ဖြူးရာနေရာဖြစ်မှာစိုးတဲ့အတွက် ပိတ်ထားနိုင်ပါတယ်။ ဒီအခါ လူနာတွေအနေနဲ့ ဆေးခန်းအလွယ်တကူမရှိတဲ့အခါ မပြတော့ပါဘူး။ ဒီလိုနည်းနဲ့ရှိရင်းစွဲရောဂါလက္ခဏာတွေဟာပိုဆိုးလာရပါတော့တယ်။ တစ်ရက်နေတယ်၊ သက်သာမလားစောင့်တယ် မသက်သာပါဘူး။ နောက်တစ်ရက်နေတယ်၊ မသက်သာပါဘူး။ ဒီလို နဲ့ COVID-19 ကိုကြောက်ရင်း ဆေးခန်းမသွားရင်းကနေ အသက်ဆုံးရှုံးသည်အထိဖြစ်လာရပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ သာဓကတွေအများကြီးပါ။ဒါကြောင့်ပြနေကျ ဆေးခန်းမရှိလည်းရှိတဲ့နေရာပြပါ။ အရေးပေါ် အခြေအနေဆိုရင် ဆေးရုံသာပြေးပါ။ အကာအကွယ် (နှာခေါင်းစည်း၊ Face shield) တော့အသေအချာဝတ်ဆင်ပါ။ဆေးရုံတွေဟာကျန်းမာရေးစောင့်ရှောက်မှုကို အမြဲတစေပေးနေရာနေရာပါ။ အဓိကကတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တွေ့ဖို့ပါ။ မိမိသဘော (သို့) ရမ်းကုတွေနဲ့ ကြိတ်ကုနေလို့မရပါဘူးနော်။ သို့သော် တကယ်လိုအပ်မှသွားပါ။ မလိုအပ်ဘဲ သွားရင်လည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် အလုပ်ပိုနေနိုင်သလိုCOVIDကူးစက်ဖို့အခွင့်အလမ်းလည်း များပါသေးတယ်။အဓိကပြောချင်တာကတော့ ကျွန်မတို့ဟာ COVID နဲ့အတူတကွယှဉ်တွဲနေထိုင်တတ်ရပါတော့မယ်။နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်း ပြုလုပ်ရင်း ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားတဲ့အတိုင်း ပြုမူနေထိုင်တတ်ရပါတော့မယ်။COVID-19 ကပ်ရောဂါကာလဟာဘယ်ချိန်ပြီးမလဲမသိနိုင်တာကြောင့် ကပ်ရောဂါရန်မှကာကွယ်ရင်း မိမိရှိရင်းစွဲရောဂါကိုလည်းပိုမဆိုးသွားအောင် ၊ သက်သာလာအောင်နေထိုင်တတ်ရပါမယ်။ ငယ်ရွယ်သူတွေအနေနဲ့လည်း မိမိရော၊ မိမိ မိသားစုရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ရင်း နေထိုင်သင့်ပါတယ်။ အခြားရောဂါတွေရဲ့ ရန်ကိုလည်းအတတ်နိုင်ဆုံး ဉာဏ်ယှဉ်ကာ ကာကွယ်တတ်ရပါတော့မယ်။ကဲ ကျွန်မတို့လည်း COVID-19 နဲ့ အတူတကွ ယှဉ်တွဲနေထိုင်လိုက်ရအောင်လား။ရေးသားသူ: ဒေါက်တာမှူးခင်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/stay-together-with-covid-19/
Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း
Homophobia – လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဂေးဖြစ်ခြင်း၊ တစ်နည်းအားဖြင့်လိင်တူ ချစ်သူ ဖြစ်ခြင်း၊ လိင်တူ၊လိင်ကွဲ နှစ်မျိုးလုံးကို ချစ်ခြင်း စတာတွေကို မုန်းတီးရွံရှာပြီး ခွဲခြားဆက်ဆံတာ၊ နှိမ့်ချပြောဆိုတာ၊ ဖယ်ကြဉ်ထားတာတွေဟာ Homophobia တွေရဲ့ လက္ခဏာတစ်ခုပါ။ ထပ်ပြီး ရှင်းအောင်ပြောရရင် လိင်တူချစ်သူ အမျိုးသမီးတွေ၊ အမျိုးသားတွေကို မုန်းတီးကြောက်ရွံ့ ရွံရှာခြင်းစိတ်ဝေဒနာတစ်ရပ်ပါပဲ။ Homophobia ကို အမျိုးသမီးတွေထက် အမျိုးသားတွေမှာ တွေ့ရတာ ပိုများပါတယ်။Homophobia – လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း  ပြဿနာဟာ ဘာကြောင့် ဖြစ်လာသလဲဆိုတာကိုတော့ မရှင်းလင်းသေးပေမဲ့ စစ်တမ်းတွေ၊ စိတ်ပညာဆိုင်ရာ ဖြေရှင်းချက်တွေအရတော့ Homophobia ဟာစိုးရိမ်ပူပန်မှုကို အခြေခံတဲ့ ဖြစ်စဉ်တစ်ရပ်လို့ သုံးသပ်ကြပါတယ်။ ကိုယ့်ကိုယ်ကို လိင်တူချစ်သူတစ်ဘောက်လို့ လက်ခံရမှာ ဒါမှမဟုတ် လိင်တူချစ်သူ ဖြစ်သွားမှာကို အစိုးရိမ်လွန်ကြခြင်းက Homophobia ကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့လည်း စစ်တမ်းတစ်ခုက ဆိုပါတယ်။ ကိုယ်တိုင်ရဲ့လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုကို သိလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာထားခြင်း၊လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတွေကို အတင်း ချိုးနှိမ်ဖိနှိပ်ခြင်းတွေနဲ့ ဒီစိတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားနေရခြင်းတွေက နောက်ဆက်တွဲ Homophobia ကို ဦးတည်နေတဲ့ ဖြစ်စဉ်တွေပါပဲ။လိင်တူ ချစ်ခြင်းကို ဟိုးအရင်က စိတ်ဝေဒနာ တစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ ခုချိန်မှာတော့ သဘာဝဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြင်းထန်တဲ့ Homophobia ရှိသူတွေကိုတော့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှိသူတွေ အဖြစ် သတ်မှတ်ထားကြပါတယ်။ပြင်းထန်တဲ့ Homophobia ရှိသူတစ်ယောက်ဟာ လိင်တူချစ်သူတွေကို ရည်ရွယ်တဲ့ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုနဲ့စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းဆဲမှုတွေ၊ နှုတ်အားဖြင့် စော်ကားညှဉ်းပန်းမှုတွေ၊ ခွဲခြား ဆက်ဆံမှုတွေ ပြုလုပ်နိုင်ခြေ အလွန်များပါတယ်။ ၂၀၁၅ မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရလည်း Homophobic (Homophobia ရှိသူ) တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းတဲ့သူတွေ၊ မရင့်ကျက်တဲ့သူတွေ ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ Homophobia တွေဟာ များသောအားဖြင့် အသက်ကြီးသူ၊ ရှေးရိုးစွဲသူ၊ ပညာရေး နိမ့်ပါးသူတွေနဲ့LGBT+ တွေနဲ့ မပေါင်းသင်း မဆက်ဆံဖူးတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။နောက်ပြီးAIDS ရောဂါဟာ လိင်တူချစ်သူတွေကနေ ပျံ့နှံ့ခဲ့တာပါဆိုတဲ့ ကောလဟာလတွေကလည်း Homophobia တွေအတွက် ထောက်ပြစရာတစ်ရပ်လို ဖြစ်နေခဲ့ပါသေးတယ်။ ဒီကိစ္စဟာ မမှန်ဘူးဆိုတာ သိတဲ့နောက်မှာတောင် လူထုကြား ပျံ့နှံ့စိမ့်ဝင်နေခဲ့ပြီး ဖြစ်တာမို့လိင်တူချစ်သူတွေကို မုန်းတီးတဲ့ စိတ်တွေက အမြစ်တွယ်နေဆဲ ဖြစ်နေတာပါ။LGBT တွေဆိုတာ မွေးကတည်းက ဒီလို ဖြစ်တည်လာတာပါလို့  Homophobia တွေကို သွားပြောပြလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ အသိရေချိန်ထဲမှာတော့ ယောက်ျားဟာ မိန်းမကိုသာ သဘောကျရမယ်၊ မိန်းမက ယောက်ျားကိုသာ နှစ်သက်ရမယ်လို့ မွေးကတည်းက ပါလာတာဖြစ်ပြီး လိင်တူချစ်ခြင်းဟာ ပတ်ဝန်းကျင်ကြောင့်၊ အပေါင်းအသင်းတွေကြောင့် ဖြစ်လာတာပါလို့ စွဲထင်နေကြတာပါ။ ဒီရောဂါကို ကုသဖို့နည်းလမ်းဆိုတာကတော့ သူတို့ကိုယ်တိုင် တစ်ဦးချင်း လက်ခံနိုင်မှသာ အစွဲပြုတ်နိုင်မယ့်စိတ်ပိုင်းဆိုင်ရာ ပြဿနာမို့ စိတ်ရှည်သည်းခံ ရှင်းပြပြီး ပညာပေးနိုင်မယ့် နည်းလမ်းတစ်ခုသာ ရှိပါတယ်။အမြင်ကျယ်ကျယ်နဲ့ မျက်လုံးတွေ ဖွင့်ကြည့်ပြီး သဘာဝကို လက်ခံနိုင်ကြပါစေ။Wathun Myet Chal။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/homophobia-explained-article/
ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ
ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ …….. တစ်ည တစ်ညအိပ်ရာပေါ်မှာလူးလိုက် လှိမ့်လိုက်နဲ့ အိပ်မရဖြစ်နေပြီလား။ တစ်ခါတစ်လေမှာ စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်တွေကြောင့်ပဲဖြစ်ဖြစ် ခုလို အိပ်မရတာမျိုးတွေဖြစ်နေတတ်ပါတယ်။ဘာကြောင့် အိပ်ပျော်ဖို့ ခက်နေတာလဲ ……. တကယ်တမ်းအားဖြင့် အိပ်မပျော်ဘူးဆိုတာက စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ညဘက် အိပ်မပျော်တဲ့ဝေဒနာကို (Insomnia) လို့ခေါ်ကြပါတယ်။ Insomnia ကတော့ ပုံမှန် အိပ်မပျော်တဲ့ နာတာရှည်ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ –။တကယ်လို့ ကိုယ့်မှာ ဒီလိုလက္ခဏာတွေ မရှိဘဲ ပုံမှန်အခြေအနေမျိုးနဲ့ အိပ်စက်ဖို့ ခက်နေတာ၊ အိပ်မပျော်ဖြစ်နေတာဆိုရင်တော့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေမှာ Insomnia ကြောင့်မဟုတ်ဘဲ အိပ်ရခက်ခဲတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ရဲ့ အနေအထိုင် အပြုအမူတွေနဲ့ သက်ဆိုင်တဲ့ ပြဿနာဆိုတာကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုအပ်ပါတယ်။ဒီလို အိပ်စက်ရခက်ခဲနေတာဟာ အောက်က အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။၁။Sleep apnea(အိပ်နေစဉ် အသက်ရှူရပ်ခြင်း ဝေဒနာ) ခံစားနေရတာ။၂။ အပြင်းအထန် ကိုယ်အလေးချိန်လျှော့ချနေမိတာ။၃။ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်မှုနည်းပါးတာ။၄။ နာကျင်မှုဝေဒနာ တမျိုးမျိုး ခံစားနေရတာ။၅။Restless legs syndrome(ခြေထောက်လှုပ်ရှားချင်စိတ်ကို မထိန်းနိုင်သော အာရုံကြောရောဂါတစ်မျိုးပါ)။၆။ စိတ်ဓာတ်ကျနေတာ။၇။ စိတ်ဖိစီးမှုများနေတာ။၈။ အိပ်ချိန်မမှန်တာ။၉။ သွေးတိုးနေတာ၊။၁၀။အဝလွန်နေတာ။၁၁။နှလုံးရောဂါခံစားနေရတာ။၁၂။ ဆီးချိုဝေဒနာခံစားနေရတာ တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒီလိုပြဿနာတွေကြောင့် အိပ်စက်လို့မရဖြစ်နေတယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး သက်သာအောင် ကုစားနိုင်ပါတယ်။အထက်ပါနည်းလမ်းတွေကတော့ အိပ်ရာထက်မှာ လူးလှိမ့်ပြီး အိပ်ရခက်နေသူတွေကို ကောင်းမွန်စွာအိပ်စက်နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ လူမှုရေး၊ ကျန်းမာရေး အားလုံးနဲ့ ချိတ်ဆက်နေတာမို့ ကောင်းကောင်းအိပ်ပျော်ဖို့ လုံလုံလောက်လောက် အိပ်စက်ဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ တစ်နေ့ကို ပျမ်းမျှ ၈ နာရီလောက် အိပ်စက်ဖြစ်ဘူးဆိုရင် နေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုတွေဖြစ်လာနိုင်တာမို့ အိပ်မပျော်တဲ့ ဝေဒနာခံစားနေရရင် အမြန်ဆုံး ပျောက်ကင်းအောင် ကုသကြပါလို့ တိုက်တွန်းချင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/sleeping-difficulty/
အချိန်စောပြီး အရွယ်ရောက်တဲ့ သင့်ကလေးကို ဘယ်လို ကူညီမလဲ
Precocious puberty ဆိုတာ အချိန်စောပြီး အရွယ်ရောက် ဖွံ့ဖြိုးလာတာပါ။ ပုံမှန်ဆိုရင် ကလေးတွေက မိဘတွေထက် အရွယ်ရောက်တာ ပိုစောလေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားမှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက မိဘရောသားသမီးအတွက်ပါ စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ဒီဆောင်းပါးမှာ စောပြီးအရွယ်ရောက်တဲ့ သင့်ကလေးကို အသက်သာဆုံးနည်းလမ်းနဲ့ ကူညီနိုင်မယ့် တချို့အချက်လေးတွေကို ဖော်ပြသွားမှာပါ။Precocious puberty ဆိုတာ ကလေးက ငယ်တဲ့အရွယ်မှာ အရွယ်ရောက်တဲ့ လက္ခဏာရပ်တွေ ပေါ်လာတာကို ဆိုလိုတာပါ။ precocious puberty ဟာ ယနေ့ခေတ်မှာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်လာပါပြီ။ အရွယ်ရောက်စောတာ ဖြစ်စေတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်တဲ့ သီအိုရီတွေ အများအပြားရှိပါတယ်။ မိသားစုဆက်ဆံရေး၊ ကပ်ရောဂါ၊ ပလပ်စတစ်၊ အဝလွန်ခြင်း စတာတွေ ဖြစ်ပါတယ်။North Carolina ၊ private practice ရဲ့ ကလေးအထူးကုတစ်ဦးဖြစ်တဲ့၊ Dad to Dad: parent Like a Pro ရဲ့ ရေးသားသူ David L. Hill, MD ရဲ့အဆိုအရ precocious puberty မှာ central precocious puberty နဲ့ peripheral precocious puberty ဆိုပြီး ၂ မျိုးရှိပါတယ်။ပိုအသေးစိတ်ပြောရရင် central precocious puberty ဆိုတာ pineal gland က ဦးနှောက်ထဲကို ဟော်မုန်းထုတ်ပေးရင် ဖြစ်တာပါ။ peripheral precocious puberty ကတော့ ကလေးရဲ့ sex organs နဲ့ adrenal glands က ဟော်မုန်းပမာဏ အတော်များများ ထုတ်လုပ်ပေးတဲ့အခါ ဖြစ်တတ်ပါတယ်။ကလေးတွေမှာ အရွယ်ရောက်စောတာက သတိထားမိဖို့ လွယ်ကူပါတယ်။ မိန်းကလေးတွေမှာဆို အသက်၈နှစ်မတိုင်ခင်မှာ ရင်သားတွေ ဖွံ့ဖြိုးလာမယ်၊ ဆီးခုံနဲ့ ချိုင်းမှာ အမွှေးအမျှင်တွေ ပေါက်လာမယ်၊ ချိုင်းနံ့ ထွက်လာမယ်၊ ဓမ္မတာ စလာပါလိမ့်မယ်။ယောက်ျားလေးတွေမှာဆို ကပ္ပါယ်အိတ်တွေ၊ လိင်တံတွေ ဖွံဖြိုးလာမယ်၊ အသက်၉နှစ်မတိုင်ခင် သုတ်လွှတ်မှု ကို ကြုံတွေ့ရတတ်ပါတယ်။တကယ်လို့ သင့်သမီးက အပျိုဖော်ဝင်တာ စောခဲ့ရင် ဟော်မုန်းအပြောင်းအလဲက သူမရဲ့ စိတ်အခြေအနေကို ရိုက်ခတ်စေနိုင်ပါတယ်။ အဲ့အချိန်ဟာ မိန်းကလေးတွေအတွက် ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ စိတ်ကျခြင်း၊ အစားအသောက်မမှန်ခြင်း၊ အပြောအဆိုမထိန်းသိမ်းနိုင်ခြင်း စတာတွေ အဖြစ်များပါတယ်။မိဘအနေနဲ့ သူမရဲ့ သူငယ်ချင်း၊ ချစ်သူရည်းစား၊ လိင်ကိစ္စတွေကို သူမနဲ့ သေသေချာချာ ပြောဆိုဆွေးနွေးသင့်ပါတယ်။ ဒီပြောင်းလဲမှုဆိုတာ ပုံမှန်ဖြစ်ကြောင်း၊ တခြားကလေးတွေထက် စောသွားတာပဲ ဖြစ်ကြောင်း သူမသိအောင် ပြောပြပေးပါ။များသောအားဖြင့် အချိန်စောပြီး အရွယ်ရောက်တာက ယောက်ျားလေးထက်စာရင် မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တကယ်လို့ သင့်သားက အရွယ်ရောက်စောခဲ့ရင် လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ရန်လိုချင်စိတ်များခြင်း စတာတွေ ကြုံတွေ့ရတတ်ပါတယ်။ကျောင်းမှာ အဆင်မပြေဖြစ်တာ၊ တခြား ယောက်ျားလေးတွေနဲ့ ပြဿနာတတ်တာတွေ ဖြစ်တတ်ပါတယ်။ သူ့ကို လူကြီးတစ်ယောက်လို မြင်နေရင်တောင်မှ ပုံမှန်အတိုင်းပဲ ဆက်ဆံသင့်ပါတယ်။ကလေးတွေဟာ မကြာခဏဆိုသလို သူတို့ရဲ့ ပြောင်းလဲမှုတွေကို ကိုင်တွယ်တဲ့အခါ အခက်အခဲ တွေ့တတ်ကြပါတယ်။ သူတို့ဖာသာ ရင်ဆိုင်ဖြေရှင်းစေမယ့်အစား သင့်အနေနဲ့ သူတို့ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောဆိုသင့်ပါတယ်။အရွယ်ရောက်တာနဲ့ ပတ်သက်ပြီး သူတို့ သိသင့်သမျှအားလုံးကို ရှင်းပြပေးသင့်ပါတယ်။ သင့်အနေနဲပ အိမ်အပြင်မှာ ဖြစ်တာတွေကို မထိန်းချုပ်နိုင်ပေမယ့် အိမ်ကိုတော့ သူတို့စိတ်ထဲ ရှိတဲ့ အတိုင်းနေနိုင်တဲ့ အိမ်ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%85%e1%80%b1%e1%80%ac%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%80/
ရုပ်မြင်သံကြားကို ပိုကြည့်သော ကလေးများသည် လူမှုဆက်ဆံရေးမကောင်းသည့် အခြေအနေမျိုးပိုဖြစ်နိုင်သည်
ရုပ်မြင်သံကြားသည် ကလေးများကို ဖျော်ဖြေရေနှင့်ပညာရေး အတွက် အရင်းအမြစ်များစွာ ပေးနိုင်သည်။ သို့သော် ရုပ်မြင်သံကြားကို ကြာမြင့်စွာ ကြည့်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။Sociopath သည်မည်သည်ကို ဆိုလိုပါသလဲ။Sociopath သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးအဆင်မပြေပဲ ကိုယ်ချင်းစာစိတ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းဖြစ်သည်။ ထိုသို့သောလူများတွင် အမှန်အမှားကို ခွဲခြားနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ထိုသူများသည် အကြမ်းဖက်မှုများပြုလုပ်နိုင်ပြီး၊ လူများကို သူတို့ အလိုဆန္ဒအတွက် အသုံးချစရာပစ္စည်းများအဖြစ်သတ်မှတ်တတ်ကြသည်။ထိုသူများသည် လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိသော သူများအဖြစ် သတ်မှတ်ထားကြသည်။– ရည်ရွယ်ချက်ဖြင့် မီးရှို့ခြင်း။– တိရိစ္ဆာန်များကို ညှင်းပန်းနှိပ်စက်ခြင်း။– အမှားပြုလုပ်သည့်အတွက် နောင်တမရတတ်ခြင်း။– သူတစ်ပါးအား ခြိမ်းခြောက်ရန်၊ အပြစ်ပေးရန် မကြောက်ရွံ့ခြင်း။မိဘများသည် မိမိ ကလေးတွင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်စုံတစ်ရာဖြစ်လာလျင် တတ်ကျွမ်းနားလည်သော ပညာရှင်များနှင့် တိုင်ပင်ပြီး အမြန်ဆုံးအကူအညီရယူသင့်သည်။ ထိုအခြေအနေကို ကိုယ့်ဘာသာ ကိုင်တွယ်ဖြေရှင်းရန် မကြိုးစားသင့်ပါ။မျိုးရိုးဗီဇပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်မှလွှမ်းမိုးမှုများသည် အဓိက အကြောင်းရင်းဖြစ်သည်။ သို့သော် sociopath သည် မူလ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုထက်စာလျင် ပတ်ဝန်းကျင်ကြောင့် ပိုဖြစ်နိုင်ပါသည်။အသက်ငယ်စဉ်တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရရင်၊ ခြိမ်းခြောက်ခံရရင်၊ ဥပေက္ခာပြုခံရရင် ထိုအခြေအနေမျိုးဖြစ်သွားနိုင်ပါသည်။ ရုပ်မြင်သံကြားတွင် အကြမ်းဖက်မှုကို ကြည့်ရှုခြင်းသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် အကြမ်းဖက်မှုကို ထိတွေ့ခံစားရခြင်းဖြစ်သည်။ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါသည်။ရုပ်မြင်သံကြားကို ကြာရှည်စွာကြည့်ခြင်းသည် sociopath ဖြစ်စေရန် ဆက်စပ်နေပါသည်။အသက် ငါးနှစ်မှ ဆယ့်ငါးနှစ် ကလေးပေါင်း ၁၀၀၀ ပါဝင်သော လေ့လာမှုတစ်ခုတွင် ကလေးများကို သူတို့၏ ရုပ်မြင်သံကြားစက်ကို ကြည့်သည့်အလေ့အထကို နှစ်နှစ်တစ်ခါ မေးမြန်းထားသည်။ထိုသုတေသနမှ သုတေသီများသည် လူမှုဆက်ဆံရေး မကောင်းခြင်းနှင့် ပြစ်မှုများကျူးလွန်နိုင်ခြေသည် တီဗွီပိုကြည့်သော ကလေးများတွင် ပိုများသည်ကို တွေ့ရှိကြသည်။ ထိုသုတေသနတွင် ကလေးတစ်ယောက်သည် ခုနှစ်ရက်အတွင်း တီဗွီကြည့်ချိန် တစ်နာရီပိုတိုင်း ပြစ်မှုကျူးလွန်နိုင်ခြေ ၃၀% ပိုများလာကြောင်းကို လည်း ဖော်ပြထားသည်။ကလေးဘဝတွင် ရုပ်မြင်သံကြားကို မကြာခဏကြည့်ပြီး အချိန်ကြာရှည်စွာ ကြည့်ခြင်းသည် ကလေး၏အနာဂတ်တွင် စိတ်ပိုင်းဆိုင်ရာ မကောင်းသော ခံစားမှုများဖြစ်နိုင်ပြီး သည်းခံစိတ်နည်းသော အပြုအမူများလည်း ဖြစ်စေနိုင်သည်။ရုပ်မြင်သံကြားကြည့်ခြင်းသည် ကောင်းကျိုးများလည်း ဖြစ်နိုင်သည့် အတွက် လုံးဝတားမြစ်ခြင်းကို မပြုလုပ်သင့်ပါ။ မိဘများအနေဖြင့် မိမိ ကလေးများအတွက် တစ်နေ့စာ ကြည့်ချိန်ကို အများဆုံး နှစ်နာရီခန့် ကန့်သတ်ပေးပြီး ကလေးများနှင့် သင့်တော်သော အစီအစဉ်များကိုသာ ကြည့်ခိုင်းသင့်သည်။ကလေးများအတွက် အချက်အလက်များရသည့် အရင်းအမြစ်နေရာများဖြစ်သည့် အင်တာနက်၊ စာအုပ်၊ ရုပ်ပြစာအုပ်များကိုလည်း ပုံမှန်စစ်ဆေးသင့်ပါသည်။Hello Health Groupသည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%9e%e1%80%b6%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%ad%e1%80%af%e1%80%80%e1%80%bc/
ပန်းနာရင်ကျပ်ရောဂါ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။
ချောင်းဆိုးတယ်၊မောတယ်၊အသက်ရှူရင် တရွှီရွှီမြည်တယ် စတဲ့ လက္ခဏာတွေ ရှိရုံနဲ့ ပန်းနာရင်ကျပ်ရောဂါ ပါလို့ တန်းပြီး သတ်မှတ်လို့ မရပါဘူး။ ဒီလက္ခဏာတွေက တခြား အသက်ရှူလမ်းကြောင်းရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပန်းနာရင်ကျပ် ဟုတ်မဟုတ် သေချာချင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ အဆုတ်နဲ့ ရင်ခေါင်းအထူးကုဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေတာ အကောင်းဆုံးပါပဲ။ ဒါမှ ရောဂါအမှန်ကို သိရပြီး ကုသမှု လမ်းမလွဲမှာ ဖြစ်ပါတယ်။ပန်းနာရင်ကျပ်လို့ သတ်မှတ်ဖို့ ဆိုရင် ဆေးပညာမှာ ရောဂါတစ်ခု ရှာဖွေမယ်ဆိုရင် အဆင့် ၃ဆင့် လိုပါတယ်။ လူနာကို ရောဂါရာဇဝင်မေးမြန်းတာရယ်၊ စမ်းသပ်တာရယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာရယ်ပါ။ ဒါမှလည်း ရောဂါအဖြေမှန်ကို ရနိုင်ပါတယ်။လူနာက ပြောတဲ့ ရောဂါရာဇဝင်က ရောဂါရှာဖွေတဲ့ နေရာမှာ သိပ်ကို အရေးကြီးပါတယ်။ လူနာခံစားရတာကို အသိဆုံးက သူကိုယ်တိုင်ပါပဲ။ ဒါကြောင့် လူနာပြောတာကို နားထောင်ပြီး ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားရပါတယ်။ လိုအပ်တဲ့ မေးခွန်းတွေ ထပ်မေးရပါတယ်။ ဥပမာ။ရောဂါရာဇဝင်တွေ လုံလောက်ပြီဆိုရင် လူနာကို စမ်းသပ်ပါမယ်။ဒါ့ပြင် လတ်တလောမှာ ဒီလက္ခဏာတွေ ရှိသလား၊ လက်ရှိရော ခံစားနေရသလားဆိုတာ စစ်ဆေးပါမယ်။ကလေးတွေမှာဆိုရင်တော့။လူနာကို စမ်းသပ်ပြီးရင်တော့ ရောဂါရှာဖွေမှုကို အထောက်အကူဖြစ်မယ့် ဆေးစစ်ချက်တွေကို ဆက်လုပ်ရပါမယ်။ အတွင်းက ကလီစာတွေကို ဒီတိုင်းမှ မမြင်ရဘဲကိုး။ဒီဆေးစစ်ချက်ကို အသက် ၅နှစ်အထက် လူနာတွေမှာ သုံးပါတယ်။ ဆေးစစ်ချက်ကနေ သိနိုင်တာက အဆုတ်တွေ ဘယ်လောက် အလုပ်ကောင်းကောင်း လုပ်လဲဆိုတာပါ။ ဒါကို သိဖို့အတွက် အသက်ပြင်းပြင်းရှူပြီး စက်နဲ့ ချိတ်ထားတဲ့ ပြွန်ထဲကို ခပ်ပြင်းပြင်း ပြန်ရှူထုတ်ပါတယ်။ရှူထုတ်လိုက်တဲ့ လေပမာဏနဲ့ ကြာချိန်ကို မှတ်ထားပါတယ်။ ပန်းနာရင်ကျပ်မှာ လေပြွန်တွေ ကျဉ်းနေတဲ့အတွက် ရှူထုတ်နိုင်တဲ့ မပမာဏ နည်းသလို ပိုလည်း ကြာပါတယ်။ပြီးရင်လေပြွန်ကျယ်ဆေးတွေ ရှူခိုင်းပြီး ပြန်စမ်းသပ်ပါတယ်။ ဒီအခါမှာတော့ ခုနကထက် ရလဒ်ကောင်းတာကို တွေ့ရပါတယ်။ ပန်းနာရင်ကျပ်မို့လို့သာ ဆေးက တုံ့ပြန်ပြီး သက်သာသွားခြင်းပဲ ဖြစ်ပါတယ်။အပေါ်က နည်းလမ်းနဲ့ စမ်းလို့ အဖြေက သိသိသာသာ မထွက်ဘူးဆိုရင် ဒီနည်းနဲ့ စမ်းလို့ရပါတယ်။ ခုနက နည်းက သာမန်အခြေအနေမှာ စမ်းတာပါ။ ခုနည်းကတော့ လူနာနဲ့ မတည့်တဲ့ အရာတစ်ခုခုကို ပမာဏ အနည်းငယ်ပေးပြီး ရောဂါကြွလာတဲ့အခါ Spirometryနဲ့ ပြန်စမ်းသပ်တာပါ။ ဒါမှ အဖြေက သိသိသာသာ ထွက်လာနိုင်ပါတယ်။ဥပမာ သာမန်လူတွေမှာ သိပ်မသိသာပေမယ့် ပန်းနာရင်ကြပ်ရှိတဲ့သူတွေကို လေပြွန်တွေ ကျဉ်းသွားစေတဲ့ methacholine ပေးတာမျိုး၊ နည်းနည်းလောက် လှုပ်လှုပ်ရှားရှားနေခိုင်းပြီးမှ ပြန်စမ်းသပ်တာမျိုးပါ။၅နှစ်အောက်ကလေးတွေဆိုရင်တော့ ဆေးစစ်ချက်တွေ သိပ်မလုပ်ပါဘူး။ ဒီအရွယ်လေးတွေမှာ သာမန် ပိုးဝင်တာကတောင် ပန်းနာရင်ကျပ် လက္ခဏာနဲ့ တူနေလို့ပါ။ ပန်းနာရင်ကြပ်လို့ ယူဆရင် လေပြွန်ကျယ်ဆေး ပေးလိုက်ပါတယ်။ ဆေးရှူပြီးလို့ သက်သာသွားရင်တော့ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ များပါတယ်။ပန်းနာရင်ကျပ်ရောဂါ သက်သက်ပဲ မဟုတ်ဘဲ တခြားရောဂါတစ်မျိုးမျိုးပါ တွဲနေတယ်လို့ ယူဆရင်တော့။-ရင်ဘတ်ဓာတ်မှန်။-ကွန်ပျူတာ ဓာတ်မှန်။-သွေးစစ်ချက်။-သလိပ်ပိုးမွေးတာ။-စားချဉ့်ပြန်ဆန်တက်တဲ့ ရောဂါရှိမရှိ စစ်ဆေးတာ (တချို့ပန်းနာရင်ကျပ်သမားတွေက ဒီရောဂါကြောင့် ကျပ်လေ့ရှိပါတယ်။)။-ဓာတ်မတည့် ရောဂါရှိမရှိ စစ်ဆေးတာ စတာတွေ လုပ်ရနိုင်ပါတယ်။ရောဂါရာဇဝင် မေးမြန်းတာနဲ့ လူနာကို စမ်းသပ်တာကတော့ လူနာတိုင်း ခံယူရပါမယ်။ ဆေးစစ်ချက်တွေကတော့ လူနာပေါ် မူတည်ပြီး စစ်ရတဲ့နည်းတွေ ကွဲသွားနိုင်ပါတယ်။ အကုန်စစ်ချင်မှ စစ်ရမှာပါ။ ရောဂါကို မှန်မှန်ကန်ကန် ရှာတွေ့မှသာ ကုသရတာ လမ်းမလွဲမှာပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/asthma-diagnosis/
ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်း အကြောင်း သိကောင်းစရာ
ကာကွယ်ဆေးတွေဟာ သင်နဲ့ သင့်ကလေးငယ်ကို ပြင်းထန်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာကိုယ်ဝန်ရှိနေတယ်ဆိုရင် သင်ဟာ အရာရာကို သင့်ကလေးငယ်နဲ့ အတူမျှဝေရမယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် သင် ကာကွယ်ဆေးထိုးခြင်း ဟာ သင့်အတွက်သာမက ကလေးငယ်ကိုပါ ကြိုတင်ကာကွယ်ပြီး ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးတာက မေမေရော ဘေဘီလေးကိုပါ ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးခြင်းအကြောင်း သိကောင်းစရာ တွေက ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ရှိချိန်တွေမှာ ထိုးရတဲ့ကာကွယ်ဆေးတွေက သင့်ကျန်းမာရေးကို ကာကွယ်ပေးရုံသာမကကလေးကျန်းမာရေးကိုပါ ကာကွယ်ပေးပါတယ်။ သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ကလေးငယ်တွေကို ဆိုးရွားတဲ့ ရောဂါတွေကနေ ကာကွယ်ပေးတဲ့ ပထမဆုံး ကာကွယ်မှုဖြစ်ပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိနေရင် ကာကွယ်ဆေးတွေကို ထိုးထားသင့်ပါတယ်။ဒါပေမယ့် တချို့ကာကွယ်ဆေးတွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မထိုးသင့်ပါဘူး။ ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။ ကာကွယ်ဆေးတွေဟာ ပုံစံသုံးမျိုးနဲ့လာတတ်ပါတယ်။ Live vaccine၊ dead vaccine နဲ့ toxoids တွေ ပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ live vaccines (သက်ရှိအကောင်ကို သုံးတဲ့ကာကွယ်ဆေး) တွေဖြစ်တဲ့ ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ကလေးငယ်ကို ထိခိုက်ဖို့အတွက် ရာနှုန်းအနည်းငယ် ရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဒီကာကွယ်ဆေးတွေကို ကိုယ်ဝန်မဆောင်ခင် ကြိုထိုးထားသင့်ပါတယ်။Dead vaccine (သက်မဲ့အကောင်အခွံကို သုံးတဲ့ ကာကွယ်ဆေး) တွေ ဖြစ်တဲ့တုပ်ကွေးကာကွယ်ဆေးနဲ့ toxoid ကာကွယ်ဆေးတွေဖြစ်တဲ့ ဆုံဆို့၊ ကြက်ညှာ၊မေးခိုင်ကာကွယ်ဆေးတွေဟာ လုံခြုံစိတ်ချရပါတယ်။ အောက်ဖော်ပြပါ ဆေးတွေကတော့ ကိုယ်ဝန်မဆောင်မီနဲ့ ဆောင်နေစဉ်မှာ ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေပဲဖြစ်ပါတယ်။အချို့ရောဂါပိုးတွေက ကိုယ်ဝန်ဆောင်စဉ်မှာ ကူးစက်ခံရရင်ကိုယ်ဝန်ပျက်ကျတာ၊ ကလေးကို ထိခိုက်တာ စတဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ဒီရောဂါပိုးတွေဒဏ်ကို ခံနိုင်ရည်ရှိနေသလားဆိုတာ သိရှိဖို့ ကိုယ်ဝန်မဆောင်ခင်မှာ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။မရှိဘူးဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ အထူးသဖြင့် သက်ရှိအကောင်ကို သုံးတဲ့ ကာကွယ်ဆေးတွေပါ။ ဒီကာကွယ်ဆေးတွေကို ကိုယ်ဝန်မဆောင်ခင်ထိုးပြီး တစ်လလောက်နေမှ ကိုယ်ဝန်ယူသင့်ပါတယ်။•ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး။ဝက်သက် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အလွန်ကူးစက်နိုင်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ဝက်သက်ဟာ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ကျခြင်းတွေနဲ့အတူ နောက် နှစ်ရက်လောက်အကြာမှာ အနီရောင် အကွက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ပါးချိတ်ရောင်ရောဂါကတော့ တံတွေးဂလင်းတွေ ရောင်စေတဲ့ ကူးစက်ဗိုင်းရပ်စ် ရောဂါပိုးတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဒီရောဂါတစ်ခုခု ဖြစ်တယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနှုန်းမြင့်မားနိုင်ပါတယ်။ဂျိုက်သိုးရောဂါ ကိုတော့ ဂျာမန်ဝက်သက်လို့လည်း ခေါ်ကြပြီး တုပ်ကွေးလက္ခဏာတွေဖြစ်ကာ နောက်ပိုင်းမှာ အရေပြား အကွက်ထနိုင်ပါတယ်။ သူဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အန္တရာယ် ရှိနိုင်ပါတယ်။ ပထမသုံးလပတ်အတွင်း ဒီရောဂါကူးစက်ခံရတဲ့ အမေတွေက မွေးတဲ့ ၈၅ ရာခိုင်နှုန်းသော ကလေးတွေမှာ ပြင်းထန်တဲ့ မွေးရာပါချို့ယွင်းမှုတွေဖြစ်တဲ့ အကြားအာရုံချို့ယွင်းခြင်းနဲ့ ဦးနှောက်မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။•ရေကျောက် ကာကွယ်ဆေး။သူဟာ အလွန်ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဖျားတက်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းနဲ့ အနီကွက်ထခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန် ပထမ ငါးလအတွင်း ဒီရောဂါကူးစက်ခံရတဲ့ မိခင်တွေရဲ့ ကလေး ၂ ရာခိုင်နှုန်းဟာ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်တဲ့ ခြေလက်ပုံစံမမှန်ခြင်း၊ အကြောသေခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးမွေးခါနီးအချိန်မှာ ရောဂါကူးစက်ခံရသူအမျိုးသမီးတွေဟာ ရောဂါပိုးကို ကလေးကို ကူးစက်စေနိုင်ပါတယ်။အောက်ဖော်ပြပါ ကာကွယ်ဆေးတွေကတော့ ပိုးအသေတွေ၊ toxoids တွေကနေ ထုတ်ထားတာဖြစ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးဖို့ စိတ်ချရပါတယ်။• အသည်းရောင် ဘီပိုး။ဒီရောဂါက ကူးစက်နှုန်းမြင့်မားပြီး ဗိုင်းရပ်စ်ပိုး မရှိသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဒီကာကွယ်ဆေးထိုးနိုင်ပါတယ်။ သူဟာ မိခင်ရော ကလေးကိုပါ ကလေးမမွေးခင်ရော မွေးအပြီးမှာပါ ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားအပြည့်ရစေဖို့ ၃ ကြိမ်ထိုးဖို့လိုအပ်ပါတယ်။ ဒုတိယနဲ့ တတိယအကြိမ်ကို ပထမအကြိမ်ထိုးပြီး ၁ လ နဲ့ ၆ လ အကြာမှာ ထိုးနိုင်ပါတယ်။•ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်။ဒီကာကွယ်ဆေးကို ကိုယ်ဝန် ၂၇-၃၆ ပတ်အတွင်း ထိုးခြင်းဟာ ကလေးကို ရောဂါ၃မျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။ ၃မျိုးလုံး မရနိုင်ရင်တောင် မေးခိုင်ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားဖို့ လိုပါတယ်။• ကြက်ညှာချောင်းဆိုး။ကြက်ညှာချောင်းဆိုးဟာ လူတိုင်းအတွက် မပြင်းထန်ပေမယ့် သင့်မွေးကင်းစ ကလေးငယ်အတွက်တော့ ဒါဟာ သေစေနိုင်ပါတယ်။ အမေရိကန်မှာ ကလေး အယောက် ၂၀ ဟာ ကြက်ညှာချောင်းဆိုးကြောင့် နှစ်စဉ် သေဆုံးနေပါတယ်။ ကြက်ညှာချောင်းဆိုးဖြစ်တဲ့ အသက်တစ်နှစ်အောက် ကလေးငယ် တစ်ဝက်လောက်ဟာ ဆေးရုံမှာ ဆေးကုသဖို့ လိုအပ်ပါတယ်။ဒီရောဂါရတဲ့အချိန်မှာ အသက်ငယ်လေလေ ဆေးရုံမှာ ကုသဖို့လိုအပ်လေလေ ဖြစ်ပါတယ်။ မွေးစကလေးတွေမှာ ချောင်းကောင်းကောာင်းမဆိုးတတ်တာကြောင့် ရောဂါရနေသလားဆိုတာ သိဖို့ ခက်ခဲပါတယ်။အသက်ရှူရပ်စေပြီး ပြာလာမှ သိကြပါတယ်။ ဒီကာကွယ်ဆေးကို တစ်မျိုးတည်း ထိုးနိုင်သလို အပေါ်ကလို ၃မျိုးစပ်လည်း ထိုးနိုင်ပါတယ်။•တုပ်ကွေး ရောဂါ။ကိုယ်ခံအား၊ နှလုံး၊ အဆုတ် လုပ်ငန်းဆောင်တာတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲခြင်းက တုပ်ကွေးကြောင့် သင့်ကို ပြင်းထန်စွာ ခံစားရစေပါတယ်။ တုပ်ကွေးမိခြင်းက လမစေ့ဘဲ ကလေးမွေးခြင်း အပါအဝင် အခြား ပြင်းထန်တဲ့ ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။တုပ်ကွေးရာသီချိန်ရောက်ရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တုပ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ဒီကာကွယ်ဆေးရဲ့ အာနိသင်က ကလေးကို မွေးပြီး ၆လအထိ ခုခံအားပေးနိုင်ပါတယ်။ဒါက အင်မတန်ကောင်းတဲ့အချက်ပါ။ ၆လအောက် ကလေးတွေက တုပ်ကွေးဖြစ်လာရင် ပြင်းထန်နိုင်ခြေများပေမယ့် သူတို့အတွက် သီးခြားတုပ်ကွေးကာကွယ်ဆေး မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမေက ထိုးထားသင့်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/vaccines-in-pregnancy/
မိဘတွေ ရန်ဖြစ်ခြင်းက ကလေးတွေအပေါ် ဘယ်လို ထိခိုက်စေနိုင်သလဲ
အတွဲတွေ ဘယ်လောက်ချစ်ချစ်၊ တစ်ခါတလေ သဘောထားမတိုက်ဆိုင်လို့ စကားများ၊ ရန်ဖြစ်ကြရတာမျိုးတွေ အနည်းနဲ့အများတော့ ရှိကြမှာပါ။ မထူးဆန်းတဲ့ ကိစ္စပဲပေါ့။ ဒါပေမဲ့ ကလေးတွေ ရှိလာပြီဆိုရင်တော့ ပြောစရာတွေ ရှိလာပါပြီ။မိဘတွေ ရန်ဖြစ်တာက ကလေးတွေကို ရိုက်နှက်နာကျင်နေတာမျိုး မဟုတ်ပေမဲ့စိတ်ပိုင်းဆိုင်ရာအပေါ် အများကြီး ဆိုးကျိုးသက်ရောက်စေပါတယ်။ ဘာကြောင့်လဲ။(၆) လအရွယ် ကလေးတွေကစပြီး အသက် (၁၉) နှစ်လောက် လူငယ်တွေထိမိဘတွေရဲ့ ငြင်းခုန်မှုကြောင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရကြပါတယ်။ ဒါဟာ အနောက်တိုင်း စံနှုန်းအရ (၁၈) နှစ်ကျော်ရင် မိဘတွေနဲ့ ခွဲနေရတဲ့ ဓလေ့ကြောင့်ပါ။ မိဘတွေနဲ့ အသက်ကြီးတဲ့ထိ အတူနေကြတဲ့ သား၊သမီးတွေဟာ မိဘတွေ ရန်ဖြစ်တိုင်း အသက်အရွယ်မရွေးစိတ်ဒဏ်ရာကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်တာလဲ။မိဘတွေ ရန်ဖြစ်တဲ့အခါ ကလေးတွေအတွက် လုံခြုံမှု ကင်းမဲ့သလို ခံစားရစေပါတယ်။ အမြဲလိုလို မလုံမလဲ ဖြစ်စေပါတယ်။ ရန်အဖြစ်များတဲ့ မိသားစုက သား၊သမီးတွေဟာ ရန်ဖြစ်တဲ့ အချိန်တိုင်း မိဘတွေ ကွာရှင်းမှာကို ကြောက်ရွံ့နေရတာတွေ၊ သူတို့ ဘယ်တော့ စကားပြန်ပြောမလဲလို့ စိုးရိမ်နေရတာတွေ စတဲ့ အချက်တွေက သူတို့အတွက် အားကိုးယုံကြည်ရတဲ့ မိသားစုစိတ်ဓာတ်ကို ပျောက်ဆုံးစေပါတယ်။မိဘ နဲ့ သားသမီးကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး ဖိအားတွေများလွန်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်ကြီးပြင်းရစေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “Child Development” ဂျာနယ်ထဲမှာတော့ မိဘတွေရဲ့ ခိုက်ရန်ဖြစ်ပွားမှုဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ရေရှည် ထိခိုက်စေနိုင်တဲ့အပြင် ကလေးတွေရဲ့သိမြင်နိုင်စွမ်းတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ စံနှုန်းဟာ ပုံမှန်မဟုတ်ဘဲ ရှုပ်ထွေးပြီး သူများကို ထိခိုက်စေတာတွေ၊ ဆိုးရွားတဲ့ အမှတ်ထွက်တာတွေ၊ စိတ်မပျော်ရွှင်တာတွေ နဲ့ တစ်ဖက်သားကို မညှာတာတတ်၊ အနိုင်ကျင့်တတ်တာတွေ ဖြစ်လာစေသလိုပေါင်းသင်းဆက်ဆံရေး ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။တစ်ခါတလေ ကလေးတွေ အထူးသဖြင့်ဆယ်ကျော်သက်လေးတွေကြောင့် မိဘတွေ ပြဿနာတက်ကြတဲ့အခါမှာ ကလေးတွေဟာ သူတို့ဘာသာ အပြစ်တင်စိတ်တွေ များတတ်ကြပါတယ်။ တစ်ခါတလေမှာ ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ ရန်ထဖြစ်ကြတာ ဆိုပေမဲ့ ကလေးတွေရဲ့ အမြင်မှာတော့ ဘယ်လိုပဲ ရန်ဖြစ်ဖြစ် မိဘတွေက အချင်းချင်း မချစ်ကြတော့ဘူးဆိုတဲ့စိုးရိမ်ပူပန်မှုမျိုး ဝင်လာတော့တာပါပဲ။မိဘတွေ ရန်ဖြစ်ချိန်မှာ သူတို့တွေအတွက် အကာအကွယ် မရှိတော့သလို၊ မလုံခြုံတော့သလို ခံစားရတယ်၊ အိပ်မပျော်တာတွေ၊ ကျောင်းမသွားချင်တော့တာတွေ ဖြစ်တတ်ပြီး ရှက်စိတ်ကြောင့် ပေါင်းသင်းဆက်ဆံရေး မကောင်းတော့တာတွေ၊ ပုံမှန် လုပ်နေကျ လုပ်ငန်းဆောင်တာတွေကို မလုပ်ဘဲ စွန့်ပစ်လိုက်တာမျိုးတွေထိ အခြေအနေဆိုးသွားနိုင်ပါတယ်။ဒါကြောင့် အငြင်းပွားစရာတွေ ဖြစ်လာခဲ့ရင် ကလေးတွေကို စိတ်ပိုင်း၊ရုပ်ပိုင်း ဘယ်အရာကိုမှ မထိခိုက်စေမယ့်။ပြင်းပြင်းထန်ထန် အငြင်းပွားစရာရှိလာရင် ကလေးတွေ မမြင်ကွယ်ရာမှာတင် ပြီးပြတ်အောင် ဆွေးနွေး ညှိနှိုင်းပြီး ပြန်အဆင်ပြေသွားပြီဖြစ်တဲ့အကြောင်း ကလေးတွေကို အသိပေးတာက သူတို့စိတ်တွေကို ပိုပြီး လုံခြုံစိတ်ချရစေမှာပါ။သာယာပျော်ရွှင်တဲ့ မိသားစုဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။Wathun Myet Chal။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%99%e1%80%ad%e1%80%98%e1%80%90%e1%80%bd%e1%80%b1-%e1%80%9b%e1%80%94%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%80%e1%80%9c%e1%80%b1/
အရောင်တွေနဲ့ ခံစားချက်များ
“When in doubt, wear Red” – ဒွိဟတွေနဲ့ ဝေခွဲမရဖြစ်နေရင် အနီရောင်ကို ဝတ်ပါ။ ဒီ စကားကို အားလုံး ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အနီရောင်ဟာ တက်ကြွခြင်း၊ လတ်ဆတ် နုပျိုခြင်း၊ ရဲရင့်ခြင်း စတာတွေရဲ့ ပြယုဂ်ပါ။ အနီရောင်လိုပဲ တခြားအရောင်တွေကလည်းစိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် လွှမ်းမိုးမှုတွေ ရှိပါတယ်။ ဒါကို စိတ်ပညာအရ Color Psychology လို့ ရိုးရှင်းစွာ သုံးနှုန်းထားပါတယ်။ အခုတစ်ခေါက်မှာတော့ အရောင်တွေနဲ့ ခံစားချက်များ အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။အရောင်တွေနဲ့ ခံစားချက်များ အကြောင်း ပြောရမယ်ဆိုရင် အရောင်တွေက ကလေးဘဝအမှတ်တရတွေ၊ ခံစားချက်တွေနဲ့ အများကြီး ဆက်နွယ်နေပါတယ်။ ဥပမာအားဖြင့် သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ အနီရောင် တောက်တောက်ကို အမေက ဆင်ပေးလိုက်တယ်။ သူငယ်ချင်းတွေနဲ့တွေ့လို့ ဝိုင်းရယ်တာ ခံရတဲ့အခါမှာ အနီရောင်ကို မုန်းသွားတာမျိုးပေါ့။သင့်အကြိုက်ကို လိုက်ပြီး တစ်ခါတလေမှာ အရောင်တချို့က စိတ်ပျော်ရွှင်စေပါတယ်။ တချို့ အရောင်တွေကဖန်တီးမှုတွေကို ဆန်းသစ်စေသလို တချို့ အရောင်တွေက လွမ်းဆွတ်မှုကို ခံစားရစေပါတယ်။ ဒီတော့ အရောင်တွေရဲ့ အုပ်စုအလိုက် ဘယ်အရောင်တွေက ဘယ်လိုခံစားချက်တွေကို အသက်သွင်းပေးနိုင်သလဲဆိုတာ လေ့လာကြည့်ရအောင်။အနီ၊ လိမ္မော် နဲ့ အဝါ ဘက်သွားတဲ့ အရောင်တွေကို နွေးထွေးတဲ့ အရောင်တွေ တစ်နည်းအားဖြင့် Warm Colors တွေလို့ ခေါ်ပါတယ်။ ဒီအရောင်တွေက အကောင်းမြင်စိတ်၊ ပျော်ရွှင်မှုနဲ့ စွမ်းအင်တွေကို ထုတ်ပေးပြီး လူအများရဲ့ အာရုံစိုက်မှုကို ရရှိစေနိုင်ပါတယ်။ အနီရောင်ကအစာစားချင်စိတ်ကိုတောင် မြှင့်တင်ပေးနိုင်ပါသေးသတဲ့။အစိမ်း၊ အပြာနဲ့ ခရမ်းတို့လို အေးမြတဲ့ အရောင်တွေကတော့ဝမ်းနည်းမှုကို ဖော်ပြနိုင်သလို ငြိမ်းအေးတဲ့ စိတ်ကိုလည်း ဖော်ဆောင်နိုင်ပါတယ်။ ကျန်းမာခြင်း၊ လှပခြင်း နဲ့ လုံခြုံမှုတွေကို ဖော်ပြပေးနိုင်ဖို့အတွက်တော့ ဒီအရောင်တွေက ကွက်တိပါပဲ။ဒါဖြင့် အရောင်တစ်ခုချင်းစီအကြောင်း နည်းနည်း လေ့လာကြည့်ရအောင်။သန့်စင် လတ်ဆတ်ပြီး တက်ကြွတဲ့ ခံစားမှုကို ပေးပါတယ်။ ငယ်ရွယ် နုပျိုခြင်း နဲ့ မော်ဒန်ဆန်တဲ့ ခံစားမှုတွေကို လိုချင်ရင် အဖြူရောင်ကို ဆင်ကြည့်ပါ။ဝမ်းနည်းခြင်း အရောင်လို့ဆိုပေမဲ့ အနက်ဟာ အတော်ကို ဆွဲဆောင်မှု ပြင်းတဲ့ အရောင်ပါ။ ပြီးတော့ အနက်ဟာလျှို့ဝှက်ဆန်းကြယ်ခြင်းနဲ့ အာဏာ၊ ဩဇာလွှမ်းမိုးခြင်းဆိုတဲ့ ခံစားချက်တွေကိုလည်း ပေးစွမ်းနိုင်တာကြောင့် ဇိမ်ခံကားတွေဆိုရင် အနက်ရောင်တွေ အထုတ်များတာပေါ့။မော်ဒန်ကျကျ ဆန်းသစ်တဲ့ ခံစားမှုကို လိုချင်ရင် ငွေရောင်က အသင့်တော်ဆုံးပါပဲ။ အဆင့်မြင့်နည်းပညာတွေ အသုံးပြုထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဟာ ငွေရောင်တွေများပါတယ်။ ငွေရောင်ဟာ လုံးဝ အသစ်လွင်၊ အဆန်းသစ်ဆုံး မော်ဒန်ပစ္စည်းတွေနဲ့ ဆက်နွယ်နေတာပါ။အနီရောင်ဟာအနွေးထွေးဆုံးနဲ့ အရွေ့ အများဆုံး အဓိပ္ပာယ် အများဆုံး အရောင်ပါ။ သူက ဆန့်ကျင်ဖက် ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဥပမာအားဖြင့် ချစ်ခြင်း နဲ့ စိတ်အားထက်သန်ခြင်း၊ ဒေါသနဲ့ အန္တရာယ် စတဲ့ ဝိရောဓိ အဓိပ္ပာယ်တွေပေါ့။အနီရောင်ဟာ တက်ကြွပြီး အားအင်ပြည့်စေတာတော့ ငြင်းမရတဲ့ အချက်ပါပဲ။ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကိုလည်း မြန်စေပြီး စိတ်လှုပ်ရှားအောင်လည်း ပြုစားနိုင်ပါသတဲ့။ ဒါကြောင့် အနီရောင်နဲ့ဆို သိပ်ပြီး ညှို့အားပြင်းတယ်လို့ သတ်မှတ်ထားကြတာပေါ့။လိမ္မော်ရောင်ကတော့ စွမ်းအင်အပြည့် နဲ့စိတ်အားထက်သန်မှုကို ကိုယ်စားပြုနေသလို ရှင်သန်ခြင်း နဲ့ ပျော်ရွှင်ခြင်းကိုလည်း ကိုယ်စားပြုနေပါတယ်။ ပြီးတော့ ရင်းနှီးနွေးထွေးမှုကိုလည်း ခံစားရစေတယ်လေ။အဝါရောင်ကတော့ ပျော်ရွှင်ခြင်း၊ ရယ်မောခြင်း၊ မျှော်လင့်ချက်နဲ့ နေရောင်ခြည်လို နွေးထွေးခြင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အကောင်းမြင်စိတ် နဲ့ ပျော်ရွှင်တက်ကြွခြင်းကို ပေးစွမ်းနိုင်သလို အဝါက လင်းလွန်းတာကြောင့် ကြည့်သူတွေကိုလည်း မျက်စိစပါးမွှေး စူးစေတတ်တာကြောင့် နည်းနည်း သတိထားဆင်ယင်ရမယ့် အရောင်ပါပဲ။အစိမ်းရောင်ဟာ အကောင်းမြင်စိတ်နဲ့ လန်းဆန်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ မျက်လုံးပင်ပန်းနေတဲ့အခါ အစိမ်းရောင်အပင်တွေကို ကြည့်လိုက်ရင် အားပြည့်လန်းဆန်းလာတယ်မဟုတ်လား။ အေးဆေးပြီး သက်တောင့်သက်သာဖြစ်စေမယ့် အရောင်မျိုးကို လိုအပ်နေတယ်ဆိုရင် အစိမ်းရောင်ကို ရွေးချယ်ပါ။အပြာရောင်ကတော့ လုံခြုံစိတ်ချမှု၊ ယုံကြည်မှုနဲ့ သက်တောင့်သက်သာ ဖြစ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ကောင်းကင်ပြင်ကို ငေးလိုက်ရင် ဘာမှမဟုတ်ပေမဲ့ ကြည်နူးအေးချမ်းတယ် မဟုတ်လား။ ဒါဟာ အပြာရောင်ရဲ့ ဂုဏ်သတ္တိပါပဲ။အပြာရောင်ကို မြင်ရတဲ့အခါ ခန္ဓာကိုယ်ထဲက တည်ငြိမ်အေးချမ်းမှုကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတွေကို အလိုအလျောက် ထုတ်ပေးပါတယ်။ အပြာရင့်တွေကတော့ ပရော်ဖက်ရှင်နယ်လ် ဆန်တဲ့ ခံစားချက်ကို ပေးပြီး အပြာနုက သက်သောင့်သက်သာ နဲ့ ရင်းနှီးခင်မင်တဲ့ ခံစားချက်တွေကို ပေးပါတယ်။ခရမ်းရောင်ကတော့ ဖန်တီးနိုင်စွမ်း၊ လျှို့ဝှက်ဆန်းကြယ်မှု၊ တော်ဝင်ဆန်မှု နဲ့ ကြွယ်ဝခြင်းတွေရဲ့ ပြယုဏ်ပါ။ ခရမ်းဖျော့ရောင်တွေက ကြည့်သူတွေကို အေးချမ်းစေပြီး ခရမ်းရောင်ကို ပစ္စည်းဒီဇိုင်းတွေထဲ ထည့်သုံးတဲ့အခါ ဈေးကြီးတဲ့ ဇိမ်ခံပစ္စည်းအသွင်ပေါက်စေပြီး ခရမ်းဖျော့ရောင်ကို ထည့်သုံးတာက အချစ်နဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ကိုယ်စားပြုနေပါတယ်။ပန်းရောင်က ရိုမန့်တစ် ဆန်ပြီး တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်သလို ချိုမြိန်ပြီး ချစ်စရာကောင်းတဲ့ အသွင်ကို ရစေပါတယ်။အညိုရောင်ကတော့ သဘာဝဆန်ဆန်နဲ့ တည်ငြိမ်ပြီး အားကိုးရလောက်တယ်ဆိုတဲ့ ခံစားမှုကို ပေးစွမ်းသလို မီးခိုးရောင်က ပရော်ဖက်ရှင်နယ်လ်ဆန်ပြီး လေးနက်တဲ့ သဘောကို ဆောင်ပါတယ်။အရောင်တွေတိုင်းဟာ ခံစားမှုတွေပေါ် နည်းလမ်းအမျိုးမျိုးနဲ့ သက်ရောက်နေပြီး ကိုယ့်အခြေအနေနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ရွေးချယ်ဆင်ယင်နိုင်မယ်ဆိုရင်တော့ Career နဲ့ နေ့စဉ်ဘဝတွေမှာ အကျိုးရှိစေမှာ ကျိန်းသေပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/how-color-impacts-emotions-and-behaviors/
ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်း သိကောင်းစရာ
သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်စီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့ သွေးနီဥတွေ နည်းသွားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရနိုင်ခြေပိုများပါတယ်။အောက်စီဂျင်ကို သယ်ဆောင်ဖို့ သွေးနီဥတွေမှာဟေမိုဂလိုဘင်လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးလိုအပ်ပြီး ဒီပရိုတင်းထုတ်လုပ်ဖို့ သံဓာတ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကလေးအတွက်ပါ သွေးထုတ်လုပ်ပေးနေရတဲ့အတွက် မူလလိုအပ်သောသံဓာတ်ထက် ပမာဏပိုလိုအပ်တယ်။ သံဓာတ်အလုံအလောက်မရှိပါက သင့်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ပြင်းထန်တဲ့ သွေးအားနည်းရောဂါကြောင့်နေ့မစေ့လမစေ့ မီးဖွားခြင်း၊ ပေါင်မပြည့်ခြင်းနဲ့ မီးဖွားပြီး စိတ်ကျဝေဒနာခံစားရခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တချို့သော လေ့လာမှုတွေမှာ သန္ဓေသားသေဆုံးနိုင်ခြေနဲ့ပါ ဆက်စပ်နေတတ်တယ်လို့ ဖော်ပြကြတယ် (မမွေးခင် သို့မဟုတ် မွေးပြီးပြီးချင်း သေဆုံးခြင်း)။တကယ်လို့။ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများပါတယ်။တွေ့ရများသော လက္ခဏာတွေကတော့ :။ဒီလက္ခဏာတွေက ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေနဲ့ ဆင်တူတာကြောင့် သွေးအားနည်းခြင်း ဟုတ်မဟုတ် သင့်ဘာသာ ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ဒါပေမယ့်ကိုယ်ဝန်အပ်လို့ စစ်ဆေးမှုတွေလုပ်ရတဲ့အခါ သွေးအားနည်းရောဂါအပြင် တခြားအခြေအနေတွေသိဖို့ သွေးစစ်ဆေးတာတွေရှိမှာ ဖြစ်တဲ့အတွက် မသိမှာ စိုးရိမ်စရာတော့မရှိပါဘူး။လိုအပ်တဲ့ ကိုယ်ဝန်ဆောင် ဗီတာမင်များ၊ အားဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးပေးခြင်းက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ တစ်ရက်ကို သံဓာတ်၂၇မီလီဂရမ် လိုအပ်တာကြောင့် ဆရာဝန်က သံဓာတ်အားဆေးသီးသန့်ညွှန်းပါလိမ့်မယ်။ညီညွှတ်မျှတတဲ့ စားသောက်မှုပုံစံကလည်း အကျိုးရှိစေပါလိမ့်မယ်။ အနီရောင်အသား၊ ငါး၊ ဥ၊ ကြက်၊ ပဲအမျိုးမျိုးတွေက သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။ သင့်ခန္ဓာကိုယ်ကသံဓာတ်စုပ်ယူမှုအားကောင်းရန်အတွက် ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ စတော်ဘယ်ရီ စတဲ့ဖျော်ရည်တွေကို သောက်သုံးပေးပါ။သံဓာတ်နဲ့ ဗီတာမင်စီ တွဲပြီး မှီဝဲလို့ရပေမယ့် သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်ကိုတော့ အတူတကွမသောက်မိစေရန် သတိပြုသင့်ပါတယ်။ ကယ်လ်စီယမ်က ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးများစွာရှိပေမယ့် သံဓာတ်စုပ်ယူမှုကိုတော့ အားလျော့စေပါတယ်။ ဒါကြောင့် ဆေးနှစ်ခုကို ၂ နာရီလောက်ခြားပြီး သောက်ပါ။သင့်သွေးအားနည်းခြင်းက တခြားရောဂါတစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့ သင့်ဆရာဝန်က သင့်တော်တဲ့ သွေးရောဂါကျွမ်းကျင်ဆရာဝန်ထံ ညွှန်းပါလိမ့်မယ်။ ပါးစပ်မှ သောက်သုံးသော သံဓာတ်ကိုမစုပ်ယူနိုင်သော အခြေအနေဖြစ်နေပါက သွေးကြောကနေတဆင့် ထောက်ပံ့ဖို့ လိုအပ်ပါလိမ့်မယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရောဂါက အဖြစ်များပေမယ့် သေချာကုသမှုခံယူပြီး ဆရာဝန်နဲ့ ညွှန်ကြားချက်တွေ လိုက်နာမယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ရေးသားသူ- Dr Aye Myat Myat Noe။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/iron-deficiency-in-pregnancy/
ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်
နည်းလမ်းမှန်မှန်သုံးမယ်ဆိုရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေ အတော်များများက တိကျတဲ့အဖြေ ထုတ်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ သုံးတဲ့သူအမှားကြောင့်ပဲဖြစ်ဖြစ်၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်ဖြစ် အဖြေတွေမှားတတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အိမ်သုံးဆီးချိုတိုင်းစက်တွေနဲ့  ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် သိထားရမယ့် အချက်တချို့ကိုပြောပြပေးပါ့မယ်။ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုမယ်နော်။အဓိက ပစ္စည်း (၃) ခုလိုပါတယ်။ ဆီးချိုတိုင်းတာစက် (Blood Glucose Monitor)၊ လက်ထိပ်ကိုသွေးဖောက် ပေးမယ့် အပ် (Lancet) နဲ့ သွေးကို လက်ခံယူပြီး ဆီးချိုတိုင်းတာစက်ကို ပို့ပေးမယ့် Test strip ချောင်း တို့ပဲဖြစ်ပါတယ်။စက်လည်းကောင်းမယ်၊ အသုံးပြုတဲ့ test strip ချောင်းတွေရဲ့ အခြေအနေလည်းကောင်းမယ်၊ သုံးစွဲနည်းလည်းမှန်ရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေက ထုတ်ပေးတဲ့အဖြေက အတော်လေးတိကျမှုရှိပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးတဲ့ ဆီးချိုစစ်ဆေးမှုအဖြေနဲ့ အကြမ်းဖျင်း ၁၅% လောက်ပဲကွာခြားချက်ရှိနိုင်ပါတယ်။ဒီအချက်တွေကြောင့် အိမ်သုံးဆီးချိုတိုင်းတာစက်က ထုတ်ပေးတဲ့အဖြေတွေ လွဲမှားနိုင်ပါတယ်။ဒါကတော့ ပြောဖို့ခက်ခဲပါတယ်။ အိမ်သုံးဆီးချိုတိုင်းတာစက်ထုတ်ပေးတဲ့ ကုမ္ပဏီတွေအများကြီးရှိပြီး ထုတ်တဲ့ မော်ဒယ်တွေလည်းအများကြီးမို့ အကောင်းဆုံးစက်ဆိုပြီး ညွှန်းပေးဖို့မလွယ်ပါဘူး။အိမ်သုံးဆီးချိုတိုင်းတာစက်ကို တစ်ယောက်နဲ့ တစ်ယောက်မျှဝေသုံးစွဲရင်းနဲ့အသည်းရောင် အသားဝါဘီပိုး၊ စီပိုးလို ကူးစက်ရောဂါပိုးတွေ ကူးစက်ခံလိုက်ရသူတွေအများကြီးရှိပါတယ်။ စက်အသုံးပြုရင်း ပေကျံသွားတဲ့သွေးစသွေးနတွေကနေတဆင့်ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်  ဒီစက်တွေကို လူတစ်ယောက်တည်းပဲသုံးစွဲသင့်ပါတယ်။ အထူးသဖြင့်တော့ ဆီးချိုဖောက်တဲ့ အပ်တွေကိုပါ။အကြောင်းကြောင်းကြောင့် မျှဝေသုံးစွဲဖို့ ဖြစ်လာခဲ့ရင် မသုံးခင်စက်ကို သေချာသန့်စင်ပိုးသတ်ဖို့လိုအပ်ပါတယ်။ပိုးသတ်နည်းလမ်းကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက်နည်းနည်းစီကွဲပြားနိုင်ပါတယ်။အကောင်းဆုံးကတော့ တစ်ကြိမ်ဖောက်ပြီးတိုင်း အသစ်တစ်ချောင်းလဲလှယ်ပေးပါ။ သုံးပြီးသားအပ်ကိုပဲ ထပ်ခါတလဲလဲ ပြန်သုံးနေရင်ပိုးဝင်နိုင်သလို အပ်တုံးသွားတဲ့အတွက် သွေးဖောက်ရင်ပိုပြီးနာကျင်နိုင်ပါတယ်။အိမ်သုံးဆီးချိုတိုင်းတာစက် အတော်များများက ဝယ်ကတည်းကဘူးထဲမှာ control solution နဲ့ control test strip ပါဝင်တတ်ပါတယ်။ Control solution အရည်နဲ့ control test strip ကိုသုံးပြီး ကိုယ့်စက်ကောင်းကောင်း အလုပ်လုပ်သလား စမ်းသပ်လို့ရပါတယ်။ဆီးချိုတိုင်းစက်ကရတဲ့ အဖြေတစ်ခုတည်းကိုကြည့်ပြီးဆီးချိုရောဂါကို အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။ သွေးတွင်း ဆီးချိုဓာတ်အကြောင်း အသေးစိတ်သိရဖို့ ဓာတ်ခွဲခန်းမှာပါ သွေးဖောက်စစ်ဆေးဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/blood-glucose-testing-faqs/
အိပ်ချိန်ပုံမှန်မရှိသူတွေ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများ
အိပ်ချိန်အပြည့်အဝ မရတဲ့ သူတွေ တခြားသူတွေထက်ကျန်းမာရေး ချူချာနိုင်တယ် ဆိုတဲ့ အကြောင်းကို အရင်ကလည်း ခဏခဏ ပြောခဲ့ဖူးတာ သတိထားမိမှာပါ။ ဒီဘက်ခေတ်မှာဆိုရင်အိပ်ချိန်မမှန်တဲ့ ပြဿနာက လူငယ်တွေနဲ့ဆယ်ကျော်သက်တွေမှာ အလွန် အတွေ့များသလို လူကြီးပိုင်းတွေမှာလည်း ဖြစ်လာတတ်ကြပါတယ်။ အကြောင်းရင်း အမျိုးမျိုး ပြပြီး အိပ်ချိန် လျှော့ချပစ်လို့ ကိုယ့်အတွက် ဘာ အကျိုးကျေးဇူးမှလည်း မရနိုင်သလို နေ့လည် တစ်ရေးတစ်မော အိပ်လို့လည်း လွတ်သွားတဲ့ အိပ်ချိန်တွေကို အစားပြန်ထိုးလို့ မရနိုင်ပါဘူးနော်။လူတစ်ယောက်မှာအစာစားချိန်၊ အိပ်ချိန်ဆိုတာ အချိန်တစ်ခု တိတိကျကျ သတ်မှတ်ထားဖို့ လိုပါတယ်။ ဒါမှပဲ ကျွန်တော်တို့ ခန္ဓာကိုယ်က ဒီအချိန်အတိုင်း အလုပ်လုပ်ပြီး သူ့အချိန်ရောက်ပြီ ဆိုတာနဲ့ ဗိုက်ဆာလာမယ်၊ အိပ်ချင်လာမယ်၊ အနားယူရမယ့် အချိန်ဆို လူက ပင်ပန်းလာမယ်၊ ဒါမျိုး အချက်တွေ ပြနိုင်မှာပေါ့။ အချိန်တွေကို သတ်မှတ်မထားဘဲ ကိုယ် စားချင်တဲ့အချိန် စား၊ အိပ်ချင်တဲ့အချိန် ထအိပ်ရင်တော့ ကြာရင် အဆင်မပြေနိုင်ဘူးနော်။အိပ်ချိန်မမှန်ဘူး ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အိပ်ဖို့အတွက် အချိန်ဇယား တစ်ခု သတ်မှတ်ထားခြင်း မရှိတာပေါ့။ ဒီနေ့တော့ ည ၁၀ စောစော အိပ်လိုက်တယ်၊ နောက်နေ့တော့ ညသန်းခေါင် ၁၂ ထိ နေတယ်၊ နောက်ရက်တွေမှာ မနက် ၂နာရီလောက်မှ အိပ်တာမျိုး၊ တချို့ကျတော့လည်း ညဆိုင်းသမားတွေဆိုတော့ ညဘက်တွေမှာ အလုပ်သွား၊ နေ့ဆိုင်း ပြန်ဆင်းရမယ့် နေ့ကျတော့ ညဘက်ကို ပြန်အိပ်၊ တချို့ကျတော့လည်း မနက်နဲ့ ည အိပ်ချိန် မှားနေတာမျိုး ဒါတွေ အကုန်လုံးကိုအိပ်ချိန်မမှန်ဘူးလို့ ယူဆလို့ ရပါတယ်။ညဘက် မအိပ်တဲ့ သူတွေ ဘာလုပ်နေကြလဲလို့ ကြည့်လိုက်ရင် ညလုံးပေါက် ရုပ်ရှင်ကြည့်တာ၊ စာထိုင်ကျက်နေတာ၊ ရေခဲသေတ္တာထဲမှာ ရှိတဲ့ မုန့်တွေ စားတာ၊ ဖုန်းထိုင်သုံးတာမျိုးတွေ အများဆုံး တွေ့ရပါတယ်။ အဲ့လို အမူအကျင့်တွေဟာ။•အဝလွန်ခြင်း။• ကိုယ်ခန္ဓာ အဆီတက်မြန်ခြင်း။• မောပန်းလွယ်ခြင်း။•မျက်စိအာရုံပိုစိုက်ရခြင်း။• မျက်စိ မှုန်လာခြင်း။•ခေါင်းမူးခေါင်းကိုက် ဖြစ်ခြင်း။• ဇီဝကမ္မ ဖြစ်ပျက်မှု နှေးကွေးခြင်း။• ခန္ဓာကိုယ်တွင်း ကလီစာတွေ လုပ်ဆောင်အား ကျဆင်းခြင်း တွေ ဖြစ်လာနိုင်ပါတယ်။ဒီလို ဖြစ်ရာကနေ အခြေအနေ ဆိုးလာတဲ့အခါဆီးချို၊ သွေးတိုးရောဂါ အပြင် နှလုံးနဲ့ အာရုံကြောစနစ်ပါ ထိခိုက်လာနိုင်ပြီး နှလုံးအမောဖောက်တာ၊ တက်တာ၊ သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။လူတစ်ယောက်ရဲ့ တစ်နေ့တာအိပ်ချိန်သည် အနည်းဆုံး ၇နာရီမှ ၈နာရီထိ ရှိဖို့ လိုအပ်ပါတယ်။ ညဘက်ကို စောနိုင်သလောက် စောစောအိပ်ပြီး မနက်ဘက်ကို စောစော ထနိုင်ရင် အကောင်းဆုံးပါပဲ။ တစ်နေ့တာအတွက်အစာစားချိန်၊ ညအိပ်ချိန်ကို သတ်မှတ်ထားပြီး အဲ့အချိန်အတိုင်း နေ့တိုင်း လိုက်နာဖို့ ကြိုးစားပါ။ အစာအာဟာရ စုံလင်စွာ စားပါ။ ညအိပ်ချိန်နဲ့ အနည်းဆုံး ၂နာရီ ၃နာရီခန့် ခွာပြီး နောက်ဆုံး အစာစားထားပါ။ ကိုယ့်ရဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာ အမြဲတမ်း ရှိနေတယ်ဆိုတာ သတိထားပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%95%e1%80%af%e1%80%b6%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b0/
သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ
သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ …. သင့်ကလေးငယ်အတွက် အရေးတကြီးလိုအပ်တဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓါကိုယ်ကနေ ထုတ်လုပ်ခြင်းမရှိတော့ဘူးဆိုရင် သူလေးမှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါ ရှိနေပါပြီ။ ဆီးချိုဝေဒနာသည်တယောက်အဖို့ ရှင်သန်နေထိုင်ရတာ မလွယ်ကူပါဘူး။ ဒါကြောင့် အောက်ဖော်ပြပါ ရိုးရှင်းတဲ့ အချက်လေးတွေကို သိထားခြင်းအားဖြင့် သင်ရောသင့်ကလေးအတွက်ပါ ပိုမိုကောင်းမွန်သာယာတဲ့ ဘဝလေးတခုကို ရရှိစေပါလိမ့်မယ်။သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ ဆိုတော့ –။ဒါ သင့်အပြစ်မဟုတ်ပါဘူး။”မိသားစုထဲက တယောက်ယောက်မှာဆီးချိုရှိလို့ ငါ့သားလေး/သမီးလေးမှာ ဆီးချိုရှိရတာ”၊”ငါမတည့်တာတွေ ကျွေးမိလို့ ငါ့ကလေး ဆီးချိုဖြစ်ရတာ” ဒါမှမဟုတ် “ကလေးစားတတ်သောက်တတ်အောင် ငါသေချာမသင်ပေးမိလို့ ဖြစ်ရတာ” စသဖြင့် လျှောက်တွေးမနေပါနဲ့။မျိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကလည်း တစိတ်တဒေသတော့ ပါကောင်းပါ ပါလိမ့်မယ်။ဒါပေမယ့် အဆိုပါ အချက်တွေက အမှတ်တစ်အမျိုးအစား ဆီးချိုမဖြစ်စေနိုင်ပါဘူး။ ဆရာဝန်အနေနဲ့ ကလေးရဲ့ နေပုံထိုင်ပုံအသေးစိတ်ကို သိချင်မှ သိနိုင်ပါလိမ့်မယ်။ ဘယ်အချက်တွေက သင့်ကလေးက ဆီးချိုဖြစ်စေသလဲ ဒါမှမဟုတ် ဘယ်လိုကာကွယ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အတိအကျ သိချင်မှသိပါလိမ့်မယ်။ ဒါကြောင့် သင့်ကလေးကိုဆီးချိုမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကို သင်မသိတာ ဘာမှမထူးဆန်းတဲ့ ကိစ္စပါ။သင့်ကလေးမှာ အမှတ်တစ်အမျိုးအစား ဆီးချိုရောဂါရှိနေပြီဆိုရင် သူလေးကို အသိပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှသာ ဆီးချိုရောဂါကို သင်တို့တတွေ အတူတကွ တိုက်ထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။ လုပ်ရမှာက လွယ်ပါတယ်။ ဆီးချိုရောဂါ ဖြစ်လာတာဟာ သားသား/မီးမီးလေးရဲ့ အပြစ်မဟုတ်ကြောင်း ရှင်းပြပါ။ ဒါဟာ ရောဂါတမျိုးမျှသာဖြစ်ပြီး လူတိုင်းခံစားနိုင်ရတဲ့အကြောင်းကို သူသိပါစေ။သင့်ကလေးအနေနဲ့ တခြားကလေးတွေနည်းတူ ပုံမှန်အတိုင်း နေထိုင်သွားလာလှုပ်ရှားနိုင်တဲ့အကြောင်း ပြောပြပါ။ ဘောလုံး၊ဘက်စကတ်ဘော၊ဘော်လီဘော ဆော့လို့ရတယ်၊ကျောင်းကို ပုံမှန်အတိုင်း တက်လို့ရတယ်၊အသက်ကြီးလာရင်လည်း ဖေကြီး၊မေကြီးတို့လိုပဲ အလုပ်လုပ်လို့ရတယ် စသဖြင့် သေချာစွာ ရှင်းပြရပါမယ်။ ဦးဦးဆရာဝန်၊တီတီဆရာဝန်ကလည်း သားသား/မီးမီးရဲ့ ရောဂါသက်သာသွားအောင် ကူညီပေးမှာ ဖြစ်တဲ့အတွက် ဘာမှမစိုးရိမ်ဖို့ အသိပေးရပါမယ်။ဆီးချိုဝေဒနာရှင်ကလေးငယ်ကို ပြုစုရတာဟာ အတော်လေးတော့ ခက်ခဲပါလိမ့်မယ်။ ကလေးရဲ့သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်စစ်ဆေးပေးရမှာဖြစ်ပြီး ယေဘုယျအားဖြင့် တနေ့ကို ဆယ်ကြိမ်လောက် စစ်ဆေးပေးရပါတယ်။ ဒါမှသာ ကလေးရဲ့ အခြေအနေကို သိနိုင်မှာ ဖြစ်ပါတယ်။ အင်ဆူလင်ကို အချိန်မှန်မှန်ထိုးဖို့၊ပမာဏ မှန်မှန်ကန်ကန်ထိုးဖို့ ဂရုစိုက်ပေးရပါမယ်။ သိချင်တာတွေရှိရင် ဆရာဝန်ကို အားမနာတမ်း မေးမြန်းရမှာဖြစ်ပြီး အရေးကြီးတဲ့ အချက်တွေကို ရေးမှတ်ထားရပါမယ်။သင့်ကလေးစားတဲ့ အစားအသောက်တွေထဲကို ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေ ပိုထည့်ပေးပြီး သကြား၊သကြားလုံးနဲ့ ကိတ်မုန့်စတာတွေကို လျှော့ကျွေးရပါမယ်။ သင့်ကလေးစားတဲ့ ပမာဏကို မှတ်သားထားရမှာဖြစ်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ဖို့လည်း သင်ပေးရပါမယ်။ သင့်ကလေး လေ့ကျင့်ခန်းလုပ်ချင်စိတ်ပိုများလာအောင်၊မမေ့မလျော့လုပ်မိအောင် သင်ကိုယ်တိုင်လည်း ကလေးနဲ့အတူ လေ့ကျင့်ခန်းဝင်လုပ်နိုင်ပါတယ်။ဒါတင်မကသေးပါဘူး။ သင့်ကလေးရဲ့ စိတ်ခံစားမှုအခြေအနေတွေကိုလည်း မပြတ်အကဲခတ်နေရပါမယ်။ ဘာလို့လဲဆိုတော့ သင့်ကလေးအနေနဲ့ ဒေါသထွက်တာ၊စိတ်တိုတာ ဒါမှမဟုတ် အမူအကျင့်ပြောင်းလဲတာတွေ ဖြစ်ပေါ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ သူဟာ တခြားကလေးတွေနဲ့ မတူကွဲပြားခြားနားတယ်လို့ ကလေးအနေနဲ့ တွေးကောင်းတွေးမိ၊ခံစားမိနေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်ကလေးငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လေးတွေဆီ သင့်ကလေးကို ခေါ်သွားပြီး ပါဝင်လှုပ်ရှားပါစေ။ ဒါဆို သင့်ကလေးအနေနဲ့ အထီးကျန်ဆန်ခြင်းကို သိပ်ခံစားရတော့မှာ မဟုတ်ပါဘူး။သင့်ကလေးနဲ့ သင်အနီးကပ်ရှိမနေရင်လည်း သူလေးကို ဂရုစိုက်ဖို့ အစီအမံတွေကို ကြိုတင်ဆောင်ရွက်ပါ။ ကလေးရဲ့ လက်ရှိအခြေအနေကို ဖော်ပြပေးနိုင်မယ့် လက်ပတ် ဒါမှမဟုတ် လည်ဆွဲလေး ဆင်ပေးထားပါ။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ အကူ/ကလေးထိန်းတယောက်လောက် လိုပါလိမ့်မယ်။ အကူ/ကလေးထိန်းအနေနဲ့ သင့်ကလေးမှာ အမှတ်တစ်အမျိုးအစား ဆီးချိုရှိတယ်ဆိုတာ သိထားရမှာ ဖြစ်တဲ့အပြင် ဆီးချိုနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတရှိဖို့လည်း လိုအပ်ပြီး ကလေးမှာ ပြဿနာတွေ ရုတ်တရက်ပေါ်ပေါက်လာပြီဆိုရင် ဆရာဝန်ကို ဘယ်လိုအကြောင်းကြားရမလဲဆိုတာကိုပါ သိထားရပါမယ်။ကိုယ့်ဝမ်းနာကိုယ်သာ အသိဆုံးဖြစ်တာမို့ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့လည်း သင့်ကလေးကို သင်ပေးထားပါ။ သွေးတွင်းသကြားဓါတ်ကို ကျောင်းမှာစစ်ဆေးတတ်အောင်လည်း သင်ပေးထားရမှာပါ။ အစားအသောက်ပုံစံတွေကို ဘယ်လိုပြောင်းလဲရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သင်ပေးရမှာဖြစ်ပါတယ်။ ကလေးငယ်အနေနဲ့ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးသင့်ပြီးခန္ဓါကိုယ်အလေးချိန်ကို သင့်တော်တဲ့ အနေအထားတခုမှာ ထိန်းထားဖို့အတွက် သကြားလျှော့စားရပါမယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-1-diabetes/child-has-type-1-diabetes-now-what/
ကိုယ့်မှာဆီးချိုရှိနေရင် နှလုံးကိုမထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ
ဆီးချိုနဲ့နှလုံးကျန်းမာရေးက ဆက်နွှယ်မှုကြီးမားတယ်လို့ပြောရင်တော်တော်များများက အံ့သြကြပါတယ်။ တကယ်တော့ နှလုံးရောဂါကသေဆုံးမှုများတဲ့အကြောင်းရင်းတစ်ခုဖြစ်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါဝေဒနာရှင်တွေမှာနောက်ဆက်တွဲပြဿနာအဖြစ်တွေ့ရတတ်ပါတယ်။ ဆီးချိုဝေဒနာရှင် ၃ ဦးမှာ ၂ ဦးနှုန်းကနောက်ဆုံးမှာ နှလုံးရောဂါ သို့မဟုတ်လေဖြတ်ခြင်းကြောင့်သေဆုံးကြတယ်လို့American Heart Association (AHA) ကဖော်ပြထားပါတယ်။ဆီးချိုနဲ့နှလုံးရောဂါ ဘယ်လိုဆက်စပ်နေသလဲ။ဆီးချိုနဲ့နှလုံးရောဂါကြားက ဆက်နွှယ်မှုက နည်းနည်းတော့ရှုပ်ထွေးပါတယ်။ ဆီးချိုက သွေးတွင်းကိုလက်စထရောဓါတ်မြင့်တက်ခြင်း၊ သွေးတိုးနဲ့ အဝလွန်ခြင်းဖြစ်နိုင်ခြေပိုများစေတယ်။ ဒီအချက်တွေအားလုံးကရောင်ရမ်းမှုကိုဖြစ်စေနိုင်ပြီး ရုတ်တရက် နှလုံးခေတ္တရပ်ခြင်း သို့မဟုတ်လေဖြတ်ခြင်းတို့လို နှလုံးသွေးကြောကျဉ်းတဲ့အဖြစ်တွေဖြစ်လာစေနိုင်ပါတယ်။ဆီးချိုဝေဒနာရှင်တွေဟာ ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ရုတ်တရက်နှလုံးခေတ္တရပ်ခြင်း(heart attack) ကြောင့် အသက်ဆုံးရှုံးရနိုင်ခြေပိုများပါတယ်။heart attackဖြစ်လာရင်သွေးကြောမျှင်လေးတွေမှာ အပြောင်းအလဲတွေဖြစ်စေတဲ့အခါ ဆီးချိုသမားရဲ့နှလုံးဟာ ကျန်းမာတဲ့သူတွေလိုပြန်မကောင်းနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ဒါ့ကြောင့် နောက်ဆက်တွဲရောဂါတွေမဖြစ်လာစေဖို့ သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရမယ့်အပြင် နှလုံးကိုကာကွယ်နိုင်ဖို့ သွေးတိုး၊ ကိုလက်စထရောနဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းဖို့လိုပါတယ်။ဆီးချိုရှိနေပြီဆိုရင် နှလုံးကို ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲ။လေ့ကျင့်ခန်း။တော်သင့်ရုံ ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၁၅၀ ခန့် ဒါမှမဟုတ် အားစိုက်ရတဲ့လေ့ကျင့်ခန်း မိနစ် ၉၀ ခန့် တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။ ကိုယ့်ကျန်းမာရေးအတွက် တခြားဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်လေ့ကျင့်ခန်းတော့လုပ်သင့်ပါတယ်။ လှုပ်လှုပ်ရှားရှားနေပေးတာကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးဖို့၊ နှလုံးကျန်းမာရေးကိုကောင်းမွန်စေဖို့၊နဲ့သွေးတိုး၊ကိုလက်စထရောကို ထိန်းနိုင်ဖို့အဓိကသော့ချက်ဖြစ်ပါတယ်။ ကိုယ်က အဆစ်နာခြင်း ဒါမှမဟုတ် အရိုးပွရောဂါရှိနေသူဖြစ်ရင်တော့ရေထဲမှာအေရိုးဗစ်ကစားတာ၊ရေကူးတာ၊ စက်ဘီးဖြည်းဖြည်းစီးတာတွေလိုမျိုးပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေလုပ်နိုင်ပါတယ်။အစာအာဟာရ။ကျန်းမာရေးအတွက်မကောင်းတဲ့ အဆီတွေကို တတ်နိုင်သလောက်လျှော့စားပါ။ပြည့်ဝဆီ ဆိုတာ ကိုယ်စားရမယ့် ကယ်လိုရီပမာဏရဲ့ ၇ ရာခိုင်နှုန်း( ၁၇ ဂရမ်ခန့်) သာပါဝင်သင့်ပါတယ်။transfatတွေစားသုံးခြင်းကိုတော့ တတ်နိုင်သလောက်ရှောင်ပါ။ ငါး၊ပြောင်းနှံ၊အသီးအရွက်တွေကရတဲ့အဆီတွေလို အရင်းအမြစ်ကောင်းတွေကနေရတဲ့ မပြည့်ဝဆီတွေကိုစားပါ။ ဆိုရရင် အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေ၊ ပဲ၊ ဂျုံပြောင်းနှံ၊ငါးတို့ကို ပိုစားပြီး အသင့်အမြန်စား အစားအစာတွေ၊ အငန်များတဲ့အစားအစာတွေနဲ့ အကြော်အလှော်တွေကိုလျော့စားပါ။ တစ်နေ့ကို အမျှင်ဓါတ် ၃၀ ဂရမ်အနည်းဆုံးစားသုံးသင့်ပါတယ်။အငန်ဓါတ်။အငန်ဓါတ်ကသွေးတွင်းသကြားဓါတ်ပမာဏကို သက်ရောက်မှုမရှိပေမယ့် အငန်အစားများရင်သွေးတိုးမြင့်တက်စေနိုင်ပါတယ်။ ဆီးချိုရှိသူတွေဟာ တစ်နေ့ကို အငန်ဓါတ်စားသုံးမှု ၂၃၀၀ မီလီဂရမ်ထက်မကျော်သင့်ပါဘူး။သွေးတိုးရှိပြီးသားဆိုရင်ပိုပြီးတောင် အငန်လျှော့စားသင့်ပါတယ်။ အငန်ကိုလျှော့ဖို့က အစပိုင်းတော့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အသင့်စီမံထုပ်ပိုးပြီးသား အစားအစာတွေအစား လတ်လတ်ဆတ်ဆတ်တွေကို အစားထိုးစားသုံးပါ။ ကိုယ့်အစားအစာတွေထဲ ဆားထည့်မယ့်အစားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ဟင်းခတ်အမွှေးအကြိုင်တွေသုံးကြည့်ပါ။သွေးဖိအား။သွေးဖိအားက ၁၂၀/၈၀ နဲ့အောက်ဖြစ်နေရင် ပုံမှန်လို့ယူဆရပါတယ်။သွေးဖိအားမြင့်တက်လာပြီဆိုရင် အပေါ်သွေးက ၁၃၀ နဲ့အထက်၊အောက်သွေးက ၈၀ နဲ့အောက်ရှိတတ်ပါတယ်။သွေးဖိအားကို အမြဲသတိထားစောင့်ကြည်နေရပါမယ်။ တတ်နိုင်ရင် အိမ်မှာသွေးပေါက်ချိန်စက်ကောင်းကောင်းတစ်ခုဝယ်ထားပါ။ သွေးပေါင်ချိန်က ပုံမှန်ထက်မြင့်တက်နေပြီဆိုရင် ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ပြီး အစားအသောက်ကို ပိုဆင်ခြင်ပေးရပါမယ်။ဆေးလိပ်မသောက်ဖို့။ဆေးလိပ်သောက်တတ်သူဖြစ်ရင်ဆေးလိပ်ဖြတ်ဖို့စဉ်းစားသင့်ပါတယ်။ ဆေးလိပ်ငွေ့မရှူမိအောင်လည်းရှောင်သင့်ပါတယ်။ဆေးလိပ်သောက်သူအများစုဟာ အကြံပေးဆွေးနွေးကုထုံး၊နီကိုတင်းအစားထိုးကုထုံးနဲ့ဆေးဝါးကုထုံးတို့ပေါင်းစပ်ထားတဲ့ကုသမှုကို ခံယူရတဲ့အခါဆေးလိပ်ဖြတ်ဖို့ပိုလွယ်ကူတာတွေ့ရပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%9b%e1%80%be%e1%80%ad%e1%80%94%e1%80%b1%e1%80%9b/
ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း
ဆီးချိုရောဂါဟာအင်ဆူလင်ဟော်မုန်းကို ကိုယ်ခန္ဓာကနေ ထိရောက်စွာ မထုတ်လုပ်နိုင်၊ အသုံးမချနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ ကိုယ်ခန္ဓာထဲမှာ သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးချနိုင်အောင် အားပေးတာကြောင့် အင်ဆူလင်အာနိသင် မထိရောက်တဲ့အခါ သွေးတွင်းသကြားဓာတ်ဟာ မြင့်တက်လာပါတယ်။သွေးတွင်းသကြားဓာတ်မြင့်မားနေခြင်းဟာ ကိုယ်ခန္ဓာမှာထိခိုက်အနာတရဖြစ်ရင် အနာကျက်နှေးသွားစေပါတယ်။ ဆီးချိုရောဂါသည်တွေမှာ ထိခိုက်ပွန်းခြစ်ခြင်း၊ ကွဲရှခြင်း၊ အပူလောင်ခြင်း စတာတွေကြောင့် အနာဖြစ်လွယ်တဲ့အပြင် ပျောက်ဖို့လည်း ခဲယဉ်းပါတယ်။ ခြေထောက်ဟာ ထိခိုက်မှုအများဆုံး ကြုံရတဲ့နေရာဖြစ်ပါတယ်။ သာမန်ထိခိုက်ရှနာလေးဖြစ်ရုံနဲ့ အနာဟာ ကြီးသွားတတ်ပါတယ်။ထိရောက်စွာ မကုသရင် အနာရင်းပြီး ခြေထောက်ဖြတ်ရလောက်တဲ့ ဆိုးရွားသွားနိုင်ပါတယ်။ စစ်တမ်းများအရ ဆီးချိုဖြစ်ပြီးခြေထောက်အနာဖြစ်သူများရဲ့ ၁၄-၂၄ ရာခိုင်နှုန်းခန့်ဟာ ခြေထောက်ဖြတ်တောက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ဒါကြောင့် ဆီးချိုရောဂါရှိသူများအနေနဲ့ မိမိကိုယ်ခန္ဓာမှာ အထူးသဖြင့် ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိထားခြင်း ရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမယ်။ အနာဖြစ်တာကို စောစောသိလေလေ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေ လျော့နည်းလေ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဆီးချိုဟာ အနာကျက်ခြင်းကို ဘယ်လိုနှောင့်နှေးစေသလဲ ဆိုတာပါပဲ။ဆီးချိုဟာ နည်းမျိုးစုံနဲ့ အနာကျက်ခြင်းကိုနှေးစေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း ကတော့ အဓိကအားဖြင့် အောက်ပါအကြောင်းတွေကြောင့် ဖြစ်ပါတယ်။သွေးတွင်းသကြားဓာတ်မြင့်မားနေတဲ့အခါ စွမ်းအင်ထုတ်လုပ်ဖို့ လိုအပ်တဲ့ဆဲလ်တွေမှာ အာဟာရဓာတ်များနဲ့ အောက်ဆီဂျင်ကို ထိရောက်စွာ အသုံးချနိုင်ခြင်း မရှိတော့ပါဘူး။ ကိုယ်ခံစွမ်းအားလည်း ပုံမှန်အလုပ်လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဆဲလ်တွေမှာ ရောင်ရမ်းခြင်း မြင့်မားလာပါတယ်။ ဒီအကြောင်းအရာတွေကြောင့် အနာကျက်နှေးပါတယ်။သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက်မြင့်တက်နေတာ ကြာလာရင် အာရုံကြောများ အားနည်းလာနိုင်ပါတယ်။ အထူးသဖြင့် အစွန်အဖျားနေရာတွေဖြစ်တဲ့ ခြေဖျားလက်ဖျားက အာရုံကြောတွေ ချို့ယွင်းလာပါတယ်။ အာရုံခံနိုင်စွမ်းလည်း လျော့ကျလာပါတယ်။ အာရုံခံနိုင်စွမ်း လျော့လာတဲ့အတွက် မိမိရဲ့ခြေထောက်ဟာ ဆူးညောင့် ဒါမှမဟုတ် တခြားအရာဝတ္တုတွေနဲ့ ထိခိုက်မိတာတွေ၊ အပူလောင်တာတွေကို ခံစားမှု သိပ်မရပါဘူး။ဒါ့အပြင် လမ်းလျှောက်ရာမှာလည်း မိမိခြေထောက်ကို လိုရာကို ထိထိရောက်ရောက်လှမ်းနိုင်စွမ်း နည်းလာပါတယ်။ ဒါကြောင့် ဆီးချိုရောဂါသည်တွေမှာ ခြေထောက်ပိုင်း မကြာခဏထိခိုက်မှုဖြစ်ပြီး ဖြစ်ခဲ့ရင်လည်း အနာကျက်နှေးရခြင်း ဖြစ်ပါတယ်။ဆီးချိုရှိသူတွေဟာ သာမန်လူတွေထက် သွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားမှု များတတ်ပါတယ်။ အထူးသဖြင့် ခြေဖျားလက်ဖျားသွေးကြောတွေဟာ ကျဉ်းမြောင်းလာပြီး သွေးလည်ပတ်မှု မကောင်းတော့ပါဘူး။ သွေးနီဥဆဲလ်တွေဟာ သွေးကြောတွေထဲမှာ လိုရာနေရာကို လှည့်ပတ်သွားလာဖို့ ခက်ခဲလာပါတယ်။ သွေးလည်ပတ်မှုမကောင်းတာကြောင့် အနာဖြစ်ရင် အကျက်နှေးသွားပါတယ်။ဆီးချိုရှိသူတွေမှာ ကိုယ်ခံစွမ်းအားနဲ့ပတ်သက်တဲ့ ပြဿနာလည်း ရှိပါတယ်။ ထိခိုက်ရှနာဖြစ်တဲ့နေရာတွေကို ခုခံတိုက်ခိုက်မယ့် ဆဲလ်တွေဟာ ကောင်းကောင်းမရောက်နိုင်တော့ပါဘူး။ ကိုယ်ခံစွမ်းအား ကောင်းစွာ အလုပ်မလုပ်တော့တဲ့အတွက်အနာကျက်နှေးပြီး ရောဂါပိုးမွှားများ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူလာပါတယ်။ကိုယ်ခန္ဓာအရေပြားပေါ်မှာ ထိခိုက်ဒဏ်ရာရရင်၊ အနာဖြစ်ရင် ရောဂါပိုးဝင်ရောက်ဖို့ ပိုမိုလွယ်ကူသွားပါတယ်။ အထူးသဖြင့် ဆီးချိုရှိသူတွေမှာ အနာဖြစ်လွယ်တဲ့အပြင် ကိုယ်ခံအားလည်း နည်းသွားလို့ ရောဂါပိုးများ ဝင်ရောက်နိုင်ခြေ ပိုများပါတယ်။ သွေးတွင်းသကြားဓာတ်များနေခြင်းကလည်း ဘက်တီးရီးယားတွေကို ပိုမိုပေါက်ပွားစေနိုင်ပါတယ်။ ထိရောက်စွာ မကုသဖြစ်ရင် သွေးဆိပ်တက်ခြင်း၊ အသားပုပ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ဆီးချိုရှိသူတွေမှာ ထိခိုက်ဒဏ်ရာ၊ အနာဖြစ်ခြင်းဟာ သေချာမကုသရင် နောက်ဆက်တွဲပြဿနာကြီးသွားနိုင်ပါတယ်။ ဆီးချိုကို ပုံမှန်စစ်ဆေးခြင်း၊ အနာရောဂါဖြစ်လာရင် ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကုသမှု ခံယူခြင်းတွေ ပြုလုပ်သင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-and-wound-healing/
Diabetes (ဆီးချိုရောဂါ)
သွေးထဲမှာသကြားဓါတ်မြင့်မားနေခြင်းကိုဆီးချိုရောဂါဟုခေါ်သည်။ဆီးချိုအမျိုးအစား (၂)ခုရှိသည်။အမျိုးအစား ၁။ခန္ဓါကိုယ်၏ခုခံအားမှပန်ကလိယခေါ်မုန့်ချိုအိတ်ရှိ အင်အူလင်ထုတ်သော ဆဲလ်များကိုတိုခိုက်ခြင်းကြောင့်ဖြစ်လာသည်။အမျိုးအစား ၂။မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ်လုပ်မှုနည်းပါးပြီး ခန္ဓါကိုယ်ရှိဆဲလ်များအပေါ်တွင်လည်း ထိုအင်ဆူလင်သက်ရောက်မှုအားနည်းနေခြင်းဖြစ်သည်။ သွေးထဲသကြားဓါတ်မြင့်မားခြင်းကြောင့် မကြာခဏဆီးသွားခြင်း၊ရေဆာခြင်း၊ဆာလောင်ခြင်းတို့ ခံစားရတတ်သည်။ဆီးချိုရောဂါဟာ အခုအခါမှာအဖြစ်များလာကြပြီး ဆီးချိုကိုပိုမိုဖြစ်စေနိုင်သောအချက်များကိုကြိုတင်ကာကွယ်သောအားဖြင့် ရှောင်ရှားသင့်ပေသည်။ အသေးစိတ်အချက်အလက်များကို နီးစပ်ရာဆရာဝန်နင့်တိုင်ပင်ရန်လိုအပ်သည်။အမျိုးအစား ၂ဆီးချိုရောဂါသည်များတွင် လက္ခဏာမှာမသိသာတတ်ပေ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ထိုလက္ခဏာများသည်အမျိုးအစား ၁တွင် ရက်ပိုင်းအတွင်းဖြစ်ပေါ်တတ်သည်။အမျိုးအစား ၂ တွင်မူလက္ခဏာမှာမသိသာ၍ သတိထားမိဖို့ရာ အချိန်ကြာတတ်သည်။စားလိုက်သောအစားများထဲမှသကြားဓါတ်ကိုအစာအိမ်မှချေဖျက်စုပ်ယူပြီးနောက် ဆဲလ်များတွင်စွမ်းအင်အဖြစ်ပြောင်းလဲသိုလှောင်ရန် အင်ဆူလင် လိုအပ်သည်။ ဆီးချိုရောဂါသည်များတွင် ထိုအင်ဆူလင်မရြိှခ်းကြောင့် စွမ်းအင်အဖြစ်မပြောင်းလဲနိုင်ဘဲ သွေးတွင်းသကြားဓါတ်မြင့်တက်ခြင်းများကိုဖြစ်ပေါ်စေသည်။အမျိုးအစား ၁ ဖြစ်နိုင်ချေကိုလျှော့ချ၍မရနိုင်ပေမယ့် အမျိုးအစား ၂ ကတော့အဝလွန်သူများတွင်အဖြစ်များသည်။အသက် ၄၀ ကျော်လာလျှင်ဆီးချိုရောဂါပိုဖြစ်လာနိုင်သည်။ အထူးသဖြင့် ဝလွန်းသူများ၊ဆေးလိပ်သောက်သူများ၊ဆီးချိုမျိုးရိုးရှိသူများပိုမိုဖြစ်နိုင်ချေရှိသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးချိုလက္ခဏာတွေရှိလာခဲ့ပါက သွေး၃မျိုးဖောက်စစ်နိုင်ပါသည်။ဆီးချိုအမျိုးအစား ၁များဟာသွေးထဲမှာ အင်ဆူလင်ဟိုမုန်းမရှိခြင်းကြောင့်ထိုဟိုမုန်းဆေးကို အစားစားခါနီးတိုင်း ပုံမှန်ထိုးပေးရန်လိုအပ်သည်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
နေလောင်ခြင်းနှင့် အသားအရေအိုမင်းရင့်ရော်ခြင်း
နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်ခြင်းနဲ့ အသားအရေအိုမင်းရင့်ရော်ခြင်း ဟာ အဖြစ်အများဆုံးသော အရေပြားပြဿနာတွေ ဖြစ်ကြပါတယ်။ အသက်ကြီးပြီး အသားအရေအိုမင်းရင့်ရော်လာတဲ့အခါ နေရောင်ကြောင့်အသားအရေထိခိုက်တာကို ပိုဆိုးလာစေပါတယ်။ ဘာလို့လဲဆိုတော့ အရေပြားက ပိုပြီးထိခိုက်လွယ်လာလို့ ဖြစ်ပါတယ်။ နေရောင်ကြောင့် အသားအရေထိခိုက်တာနဲ့ အသားအရေအိုမင်းရင့်ရော်လာတဲ့အကြောင်းကို ပိုမိုသိရှိနိုင်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။နေမင်းကြီးရဲ့ အနွေးဓာတ်နဲ့ အလင်းဓာတ်က သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုရော၊ စိတ်ပိုင်းဆိုင်ရာခံစားမှုကိုပါ အများကြီးအကျိုးရှိစေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့လွန်းရင်လည်း သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ နေရဲ့အပူရှိန်က သင့်အရေပြားကို ခြောက်သွေ့စေပြီး သဘာဝအတိုင်း ပုံမှန်ထွက်ရှိရမယ့် အဆီတွေ ထွက်မလာနိုင်တော့ပါဘူး။ ဒါ့အပြင် နေရောင်ခြည်မှာပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်ဟာလည်း နေလောင်ဒဏ်ကို ဖြစ်စေပြီး ရေရှည်မှာ သင့်အရေပြားရဲ့အစိတ်အပိုင်းတွေကို ထိခိုက်စေပါလိမ့်မယ်။ပထမဆုံးခံစားရတဲ့လက္ခဏာကတော့ အသားအရေခြောက်သွေ့ခြင်းပဲ ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့လေ့မရှိတဲ့ အရေပြားအစိတ်အပိုင်းတွေက ပုံမှန်ပဲရှိနေပေမယ့် နေရောင်ခြည်နဲ့ အများဆုံးထိတွေ့ရတဲ့ အသားအရေတွေကတော့ ခြောက်သွေ့အက်ကွဲပြီး အရေတွေလည်း အနည်းငယ်တွန့်နေပါလိမ့်မယ်။ ဒါ့အပြင် ယားယံတာတွေလည်း ဖြစ်စေနိုင်ပါတယ်။နေလောင်တာကလည်း နေရောင်ကြောင့် အသားအရေထိခိုက်ရခြင်းရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ နေလောင်တာ သိပ်မပြင်းထန်ဘူးဆိုရင် နေလောင်ထားတဲ့နေရာမှာ နီရဲပြီးနာကျင်နေပါလိမ့်မယ်။ ဒါ့အပြင် အင်္ကျီလက်၊ ဘောင်းဘီတို၊ ရေကူးဝတ်စုံ ဒါမှမဟုတ် တခြားအဝတ်တခုခုနဲ့ အုပ်ထား၊ ကာထားတာကြောင့် နေမလောင်ဘဲရှိနေတဲ့ အရေပြားနေရာနဲ့ နေလောင်ထားတဲ့နေရာကြားက နယ်နိမိတ်ကိုအထင်အရှား မြင်နေရပါလိမ့်မယ်။ပြင်းထန်တဲ့ နေလောင်ဒဏ်ရာတွေမှာဆိုရင် နာကျင်စေတဲ့ အရည်ကြည်ဖုတွေတောင် ထွက်လာတတ်ပြီး ပျို့အန်တာ၊ မအီမသာဖြစ်တာ ဒါမှမဟုတ် ခေါင်းမူးဝေတာမျိုးပါ ဖြစ်ပေါ်ခံစားရမှာပါ။ဒါ့ပြင်Actinic keratosisဆိုတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်း ပြဿနာနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒီပြဿနာဖြစ်ရင် အရေပြားပေါ်မှာ ဝက်ခြံအရွယ်အဖုလေး အရင်ထွက်လာပါမယ်။ ယားယံတာ ဒါမှမဟုတ် အနည်းငယ်မာတင်းပြီး နာနေတာမျိုးတော့ ရှားပါတယ်။ ဖြစ်ခဲပါတယ်။ကာလကြာရှည်လာရင် သင့်အရေပြားမှာရှိတဲ့collagen ဓာတ်တွေပြောင်းလဲသွားပါလိမ့်မယ်။ ဒီလိုပြောင်းလဲသွားတဲ့အခါအရေးအကြောင်းတွေပေါ်လာတာ၊ အရေတွေတွန့်တာ၊ အရေပြားကြမ်းတမ်းလာတာ ဒါမှမဟုတ် နေရောင်ခြည်နဲ့ ထိတွေ့ခဲ့တဲ့နေရာတွေမှာ သွေးခြည်ဥလွယ်တာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။အကြောင်းရင်းခံတွေ အများကြီးရှိပါတယ်။ တချို့အကြောင်းရင်းတွေကို ထိန်းချုပ်တားဆီးလို့မရပေမယ့် တချို့အချက်တွေကိုတော့ ကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။ အသားအရေအိုမင်းရင့်ရော်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုက အသက်အရွယ်ကြီးမြင့်လာခြင်း၊ အိုမင်းခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကိုပြောင်းလဲထိန်းချုပ်လို့မရနိုင်ပါဘူး။အရေပြားပါးလာခြင်း၊ အရေပြားခြောက်ခြင်းနဲ့ မျက်နှာမှာအရေးအကြောင်းတွေထင်လာခြင်းကို ဘယ်သူကမှတားဆီးလို့မရနိုင်ပါဘူး။ ဒါကို ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇ ဖြစ်စဉ်က ထိန်းချုပ်ထားပြီး ကိုယ်တွင်းဖြစ်စဉ်ကြောင့် အိုမင်းရင့်ရော်မှု (intrinsic aging) လို့ခေါ်ပါတယ်။သင်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာနေထိုင်မှုပုံစံတွေကလည်း အရေပြားရဲ့ အိုမင်းရင့်ရော်မှုအပေါ်ကို သက်ရောက်မှုရှိနေပါတယ်။ဒီလိုမျိုး ပြင်ပဖြစ်စဉ်တွေကြောင့် အသားအရေ အိုမင်းရင့်ရော်မှုကို extrinsic aging လို့ခေါ်ပါတယ်။ ဥပမာ မကြာခဏနေလောင်ခံရတာကြောင့် အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်လာတာမျိုးပါ။အသက်ကြီးလာတာနဲ့အမျှ သင့်အရေပြားက အရင်လို မနူးညံ့တော့ပါဘူး။တင်းတင်းရင်းရင်းမရှိတော့ပါဘူး။ အရင်ကထက်ခြောက်သွေ့၊ ပါးလျပြီး အထိခိုက်လည်း မခံတော့ပါဘူး။ ဒါ့အပြင် သွေးကြောတွေက အရေပြားကို ကောင်းကောင်းထောက်မပေးထားနိုင်တဲ့အတွက် အလွယ်တကူသွေးခြည်ဥလာနိုင်ပါတယ်။ပါး၊ နားထင်၊ မေးစေ့၊ နှာခေါင်းနဲ့ မျက်စိနားတစ်ဝိုက်က အဆီတွေလည်းမရှိတော့တာကြောင့်အရေပြားတွေလည်း တွဲကျလာကာ မျက်နှာတစ်ခုလုံးချောင်ကျသွားမှာ ဖြစ်ပါတယ်။ နှာခေါင်းမှာရှိတဲ့ အရိုးနုတွေပါ ဆုံးရှုံးသွားမယ်ဆိုရင် နှာခေါင်းလည်းပုံစံပြောင်းလဲလာနိုင်ပါတယ်။သင် မျက်နှာအမူအရာတစ်ခုခုပြုလုပ်တဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေကို သိသာထင်ရှားစွာ မြင်နေရမှာဖြစ်ပြီး ဒီလိုမျိုးအခြေအနေဟာအသက် ၃၀ကျော်၊ ၄၀ ပတ်ချာလည်လောက်မှာ အစောဆုံးအနေနဲ့စတင် ဖြစ်ပေါ်လေ့ရှိပါတယ်။ နဖူးမှာ ကန့်လန့်ပြတ် အရေးကြောင်းတွေ၊ နားထင်၊ ပါး ဒါမှမဟုတ် ပါးစပ်နားတဝိုက်မှာ ခပ်ကွေးကွေးပုံစံရှိတဲ့ အရေးကြောင်းအသေးလေးတွေပေါ်လာမှာပဲ ဖြစ်ပါတယ်။သင့်အရေပြားကလည်း ကျုံ့နိုင်ဆန့်နိုင်စွမ်းနည်းပါးပြီမို့ မျက်ခုံးမွေးနဲ့ မျက်ခွံနေရာတွေကလည်း တွဲကျနေပြီ ဖြစ်ပါတယ်။သင့်အနေနဲ့ အသက်အရွယ်ကြီးရင့်လာတာကို ရှောင်ရှားလို့မရဘူးဆိုပေမယ့် ဒါကို နှေးကွေးသွားအောင်တော့လုပ်လို့ရတဲ့အပြင် နေရောင်ခြည်ကြောင့် ထိခိုက်မှုမရှိအောင်လည်း ရှောင်ရှားလို့ရနိုင်ပါတယ်။ နေရောင်ခြည်ကြောင့် ထိခိုက်မှုမရှိအောင် ရှောင်ရှားနိုင်တာနဲ့အမျှ သင့်အသားအရေဟာပိုလို့ကျန်းမာလာပြီးငယ်ရွယ်နုပျိုလာစေမှာပဲ ဖြစ်ပါကြောင်း။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/sunburn-and-skin-aging/
HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ
HIV ပိုးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိပါ လူတွေ မှားယွင်းစွာသိထားတဲ့ အလွဲတွေ အများကြီးရှိပါတယ်။ ဒီအလွဲတွေကြောင့်ပဲHIVဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေရဲ့ အကြောက်တရားက ပိုလာသလို ပတ်ဝန်းကျင်ရဲ့ နှိမ့်ချဆက်ဆံမှုတွေဟာလည်း ဆိုးသထက် ဆိုးလာပါတယ်။ ဒီဆောင်းပါးလေးမှာ HIV ပိုးကူးစက်ပုံတွေ၊ ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေသိထားတဲ့အလွဲတွေအကြောင်း ဖြေရှင်းပေးချင်ပါတယ်။ ကဲ …. HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ အကြောင်း လေ့လာလိုက်ဦးစို့နော်။ခုခံအားစနစ်ကို အားနည်းအောင် တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ HIV ပိုးဟာ သွေး၊သုက်ရည်၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်၊ မိခင်နို့ရည်မှာ ပါရှိတတ်ပြီး ဒီအရည်တွေက တခြားသူတစ်ယောက်ရဲ့ သွေးထဲကို တိုက်ရိုက်ဝင်မှသာ ရောဂါပိုး ကူးစက်ခံရတာဖြစ်ပါတယ်။HIV ပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တယ်ဆိုပေမယ့် လူတွေသိထားသလို အသားချင်းထိလို့၊ နမ်းလို့၊ ပစ္စည်းတစ်ခုကို အတူသုံးစွဲတာ၊ တစ်အိမ်တည်း အတူနေတာနဲ့ မကူးစက်နိုင်ပါဘူး။ ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးမယ်ဆိုရင် ရောဂါပိုးကို တခြားသူဆီ မကူးစက်အောင် ထိန်းပေးနိုင်သလို သွေးထဲမှာရှိတဲ့ ပိုးတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။အကာအကွယ် မပါဘဲ လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော် တစ်ဦးထက် ပိုများတာ၊ လိင်အပျော်အပါး လိုက်စားတာ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲတာ၊ ပိုးရှိသူ မိခင်က ပိုးထိန်းဆေး သေချာမသောက်တာတွေဟာ HIV ပိုးကူးစက်ခံရတဲ့ အဓိကအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။လုံးဝမကူးစက်နိုင်ပါဘူး။ တံတွေးထဲမှာ ပါနေတဲ့ အင်ဇိုင်းဓာတ်ဟာ HIV ဗိုင်းရပ်စ်ပိုး သူများကို မကူးခင်မှာတင် သတ်ပစ်လိုက်တဲ့အတွက် နောက်ထပ် မပြန့်ပွားစေတော့ပါဘူး။ ဒါကြောင့် နမ်းတာ၊ လျှာချင်းထိတာ၊ တံတွေးချင်းဖလှယ်တာ အစရှိတဲ့ နမ်းတဲ့ပုံစံတွေကြောင့် ကူးစက်တာမျိုးမရှိပါဘူး။အလွန်ရှားပါးလွန်းတဲ့ ဖြစ်စဉ်ကတော့ ပိုးရှိတဲ့သူရဲ့ ပါးစပ်မှာ အကြောင်းအမျိုးမျိုးကြောင့် သွေးထွက်နေတာ၊ ပိုးမရှိတဲ့သူရဲ့ ပါးစပ်မှာအနာဖြစ်နေတာ၊ ပွန်းပဲ့ပြီး ဒဏ်ရာဖြစ်နေရင်တော့ ကူးစက်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ဒီလို ကူးစက်ဖို့ ရာခိုင်နှုန်းဟာ အလွန်ကိုနည်းတယ်လို့ ဆိုနိုင်ပါတယ်။၁။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးဖြစ်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါတိုင်းကွန်ဒုံးကို အသုံးပြုပါ။၂။ ကိုယ့်မှာ HIV ပိုးကူးနိုင်တဲ့ အမူအကျင့်တွေ ရှိတယ်ဆိုရင် ဆေးပုံမှန်စစ်ပါ။၃။ HIV ပိုးရှိတယ်ဆိုရင် ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးပါ။၄။ ကိုယ့်မှာ ရောဂါပိုးရှိတဲ့အကြောင်းကို မိသားစုဝင်၊ အိမ်ထောင်ဖက်၊ ချစ်သူကို ပြောပြထားပါ။၅။ ရောဂါပိုးရှိတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်မယ်ဆိုရင် မွေးလာမယ့်ကလေးကို ပိုးမကူးစက်စေဖို့ ART ဆေး ပုံမှန်သောက်ပြီး ကာကွယ်ပေးနိုင်ပါတယ်။၆။ ဆေးထိုးအပ်ကို တခြားသူနဲ့ မျှဝေမသုံးစွဲပါနဲ့။ သုံးပြီးသား ဆေးထိုးအပ်တွေကို ထပ်ခါထပ်ခါ ပြန်မသုံးပါနဲ့။၇။ ပါးစပ်ဖြင့် လိင်ဆက်ဆံမယ်ဆိုလည်း ကွန်ဒုံးကို အသုံးပြုပါ။ အထူးသဖြင့် ပါးစပ်ထဲ သုက်မလွှတ်မိစေဖို့၊ တခြား ပွန်းပဲ့ဒဏ်ရာ၊ အနာတွေ မရှိစေဖို့ ဂရုစိုက်ပါ။HIV ပိုးကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးပညာ မပေါ်လာသေးဘူးဆိုပေမဲ့ ပိုးကို ထပ်မပြန့်ပွားအောင် ထိန်းပေးနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ရောဂါပိုးရှိမှန်း သိသိချင်း ကုသမှုခံယူမယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေထိုင်သွားနိုင်မှာပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/things-you-know-wrong-with-hiv/
အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ
အိပ်ရေးကောင်းကောင်းဝဖို့ဆိုတာဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို အားပြည့်လန်းဆန်းစေပါတယ်။ ကောင်းစွာအိပ်စက်အနားယူပြီးချိန်မှာ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်းရည်၊ ဖန်တီးနိုင်မှုစွမ်းရည် စတာတွေ မြင့်မားနေတတ်ပါတယ်။ ဒါ့အပြင် လုံလောက်စွာ အိပ်စက်ခြင်းဟာ နှလုံးရောဂါ၊ ဆီးချို၊လေဖြတ်ခြင်း၊ အဝလွန်ခြင်း စတာတွေကိုလည်း ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အဆိုပါအကျိုးကျေးဇူးများကို သိရှိကြပေမယ့်လည်း လူသားများအနေနဲ့ အိပ်ချိန်ဟာ နည်းသည်ထက်နည်းလာကြပါတယ်။ မှတ်သားထားရမယ့် အချက်ကတော့ အိပ်စက်ခြင်း အလေ့အထဟာ မွေးမြူလို့ ရပါတယ်။ အိပ်ရေး၀၀အိပ်စက်နိုင်ဖို့ အကူအညီပေးမယ့် အချက်တွေလည်း ရှိပါတယ်။ ယခုဖော်ပြမယ့် အချက်အလက်တွေကတော့ အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ ပဲ ဖြစ်ပါတယ်။၁။မယ်လတိုနင်။မယ်လတိုနင်ဟာ ကိုယ်ခန္ဓာထဲကနေ သဘာဝအလျောက် ထွက်ရှိတဲ့ဟော်မုန်းဖြစ်ပါတယ်။ ဦးနှောက်ကို အိပ်ချိန်ရောက်ပြီဖြစ်ကြောင်း အချက်ပြတဲ့ဟော်မုန်း ဖြစ်ပါတယ်။ မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်ခြင်းဟာ တစ်နေ့တာရဲ့ အချိန်ပေါ် မူတည်ပါတယ်။ ညနေပိုင်းမှာ မြင့်တက်လာပြီး မနက်ပိုင်းဆိုင်ရင် ပြန်ကျသွားတတ်ပါတယ်။အခုအခါမှာ မယ်လတိုနင်အားဖြည့်ဆေးတွေ ပေါ်လာပြီဖြစ်ပါတယ်။ ခရီးရှည် လေယာဉ်စီးပြီး ပင်ပန်းတာမျိုး၊ အိပ်ချိန်မမှန်တာမျိုးဆိုရင် မယ်လတိုနင်ဟော်မုန်းစက်ဝိုင်း ပျက်သွားတာမျိုးဆိုရင် မယ်လတိုနင် အားဖြည့်ဆေးတွေကို သုံးနိုင်ပါတယ်။မယ်လတိုနင်ဟာ ရေတိုအတွက် ဘေးကင်းစိတ်ချရမှုရှိပေမယ့် ရေရှည်မှာ ဘေးကင်းစိတ်ချရခြင်းရှိမရှိ သေချာစွာ မသိရသေးဘူး။၂။ ဗယ်လရီယန် (ထိကရုန်း) အမြစ်။ဗယ်လရီယန် (ထိကရုန်း)ဟာ အာရှမှာရော ဥရောပမှာပါ ပေါက်ရောက်ပါတယ်။ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း၊သွေးဆုံးခြင်းစတာတွေအတွက် သဘာဝဆေးဘက်ဝင်အပင်အနေနဲ့ အသုံးပြုပါတယ်။ ဗယ်လရီယန်အမြစ်ကို သဘာဝအိပ်ဆေးအနေနဲ့လည်း သုံးကြပါတယ်။ အိပ်ပျော်စေတဲ့ အာနိသင်ရှိတယ်လို့ ဆိုပါတယ်။ ရေတိုအတွက် ကောင်းမွန်ပါတယ်။ ရေရှည်မှာ ဘေးကင်းစိတ်ချရမှုရှိမရှိကိုတော့ သုတေသနတွေ ထပ်မံလေ့လာဖို့ လိုပါသေးတယ်။၃။မဂ္ဂနီဆီယမ်။မဂ္ဂနီဆီယမ်ကတော့ လူ့ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းပေါင်းများစွာမှာ ပါဝင်တဲ့ သတ္တုဓာတ်ပဲ ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ စိတ်နဲ့ ကိုယ်ခန္ဓာကို ငြိမ်သက်သိမ်မွေ့စေပြီး အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ မဂ္ဂနီဆီယမ်ရဲ့ နောက်လုပ်ဆောင်ချက်တခုကတော့ မယ်လတိုနင်ဟော်မုန်းထုတ်လုပ်ခြင်းကို ထိန်းညှိပေးခြင်းပါပဲ။ဒါ့အပြင် ဦးနှောက်ထဲက gamma-aminobutyric acid (GABA) ထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။ အဆိုပါဓာတ်ဟာ သိမ်မွေ့အေးချမ်းတဲ့ အာနိသင်ကို ပေးပါတယ်။သုတေသနစာတမ်းတွေအရ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်နည်းခြင်းဟာအိပ်ရေးမဝခြင်း၊ အိပ်မပျော်ခြင်း စတာတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။၄။လာဗန်ဒါ။လာဗန်ဒါဟာ ကမ္ဘာ့အနှံ့အပြားမှာ ပေါက်ရောက်တဲ့အပင်ပဲ ဖြစ်ပါတယ်။ ခရမ်းရောင်အပွင့်တွေပွင့်ပြီး အပွင့်ကို မျိုးစုံအသုံးပြုကြပါတယ်။လာဗန်ဒါရနံ့ဟာ ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ လေ့လာချက်တွေအရ လာဗန်ဒါအဆီရဲ့ ရနံ့ကို မအိပ်စက်မီ မိနစ် ၃၀ ခန့် ကြိုတင်ပြီး ရှူရှိုက်ခြင်းဟာ တညတာမှာ ကောင်းစွာအိပ်စက်နိုင်စေတယ်လို့ သိရပါတယ်။ အိပ်မပျော်ခြင်းဝေဒနာခံစားနေရသူများကို သက်သာစေတယ်လို့ဆိုပါတယ်။လာဗန်ဒါရနံ့ကုထုံးဟာ ပုံမှန်အိပ်ဆေးတွေလို အာနိသင်ရှိပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းပါးပါတယ်။လာဗန်ဒါရနံ့ကုထုံးဟာ ဘေးကင်းစိတ်ချရပေမယ့် လာဗန်ဒါဖြည့်စွက်စာကို စားသုံးသူတချို့မှာ ပျို့အန်ခြင်း ဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။၅။ပင်မှည့်ပန်း။ပင်မှည့်ဖျော်ရည်သီးဟာ လူသားတွေကို အကျိုးပြုသလို သူ့ရဲ့ အပွင့်ဟာလည်း အိပ်မပျော်သူတွေအတွက် ဆေးတလက်ပဲ ဖြစ်ပါတယ်။ ပန်းကိုအခြောက်ခံပြီး လက်ဖက်ခြောက်လို သုံးနိုင်ပါတယ်။ အဆိုပါပန်းခြောက်ကို ရေနွေးမှာခပ်ပြီး အိပ်ရာမဝင်ခင် တနာရီခန့်ကြိုပြီး သောက်သုံးရင် အိပ်ပျော်စေတယ်လို့ ဆိုကြပါတယ်။၆။ ဂလိုင်စင်း။ဂလိုင်စင်းဟာ အာရုံကြောစနစ်အတွက် အရေးပါတဲ့ အမိုင်နိုအက်ဆစ်တမျိုး ဖြစ်ပါတယ်။ မကြာသေးမီက လေ့လာထားတဲ့ သုတေသနတွေအရ အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ ဂလိုင်စင်းရဲ့ အလုပ်လုပ်ပုံကို သေချာတော့ မသိရသေးပါဘူး။ ညအိပ်ရာဝင်ချိန်နီးလာရင် ကိုယ်ခန္ဓာအပူချိန်ကို လျှော့ချပေးပြီး အိပ်ချိန်ရောက်ကြောင်း အချက်ပြတယ်လို့ ယူဆကြပါတယ်။ဂလိုင်စင်းဓာတ်ကို အားဆေးတွေကလည်း ရနိုင်သလို အစားအစာတွေဆီကလည်း ရနိုင်ပါတယ်။ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီ၊ငှက်ပျောသီး၊ ကီဝီသီး စတာတွေ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/nutrition-sleep-aids/
ရာသီဥတု အကူးအပြောင်းမှာ ဖြစ်လာမယ့် စိတ်အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲ
နေ့စဉ်လူနေမှုဘဝမှာ စိတ်ကျန်းမာပျော်ရွှင်နေဖို့က အရေးကြီးလှပါတယ်။ စိတ်ချမ်းသာမှု ဒါမှမဟုတ် စိတ်ကျန်းမာမှုမရှိဘူးဆိုရင် ဘဝက နေပျော်စရာဖြစ်လာမှာမဟုတ်တော့ပါဘူး။ ဒီလိုစိတ်မချမ်းမြေ့မှု၊စိတ်မကျန်းမာမှုတွေဟာရာသီဥတုသက်ရောက်မှုကြောင့်လည်း ပိုဆိုးရွားနိုင်တယ်ဆိုရင် သင် အံ့သြနေမလား။လူမှုရေး၊ စီးပွားရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင်COVID-19လို ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကလည်း ဆီးကြိုနေတာမို့ ဒီခေတ်ဒီကာလမှာ လူဖြစ်ရတာ ခက်ခဲလိုက်တာလို့ လူအများစုက တွေးမိနေကြမယ် ထင်ပါရဲ့။ဒီလို ရှုပ်ထွေးများမြောင်လှတဲ့ လူဘဝထဲမှာ ရာသီဥတုတွေကလည်း သက်ရောက်မှုတွေ ပေးပါတယ်။ အေးရင်လည်း အေးလို့၊ ပူရင်လည်း ပူလို့၊ စိုစွတ်နေပြန်ရင်လည်း ပြဿနာတစ်မျိုးပေါ့။ ဒီလိုရာသီအကူးအပြောင်းတွေဟာ စိတ်ကျန်းမာရေး ပြဿနာရှိသူတွေအတွက်တော့ သာမန်ထက်ပိုမိုပြီး မလွယ်ကူလှတဲ့အခြေအနေမျိုးပါ။ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ဖြစ်တတ်တဲ့ စိတ်ကျန်းမာရေးပြဿနာကိုSeasonal affective disorder(SAD) လို့ခေါ်ပါတယ်။ ရာသီအကူးအပြောင်းတွေမှာ အဖြစ်တတ်ဆုံး ပြဿနာပေါ့။ နောက်ပြီး ဒီရောဂါဟာ မြန်မာပြည်မှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတစ်မျိုးလည်းဖြစ်တာမို့ သတိထားရမယ့် ကိစ္စပါ။လူအတော်များများက ကိုယ့်မှာစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာတစ်စုံတစ်ရာရှိနေရင် အကြမ်းဖျဉ်းအားဖြင့် မသိတတ်ကြပါဘူး။ စိတ်ဓာတ်ကျရင်လည်း အဆင်မပြေလို့ စိတ်ဓာတ်ကျတယ်၊ ဝမ်းနည်းရင်လည်း ဝမ်းနည်းစရာကြုံလို့ ဝမ်းနည်းတယ်ဆိုတာမျိုး ပေါ့ပေါ့တွေးတတ်ကြတယ်။တကယ်တော့ ဒီဖြစ်ရပ်တွေမှာ နောက်ကွယ်က အကြောင်းတရားတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ခဏခဏ ဖြစ်နေတတ်တယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေက ချွတ်ချော်မှု တစ်စုံတစ်ရာ ရှိနေပြီလား ပြန်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ရာသီအကူးအပြောင်းမှာ ပုံမှန်ထက်လွန်ကဲတဲ့စိတ်အပြာင်းအလဲတွေ၊စိတ်ခံစားချက်တွေကြုံလာရတယ်ဆိုရင် SAD ဖြစ်နေတာ ဒါမှမဟုတ် ဖြစ်ချင်နေတာဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို အသုံးချပြီး စိတ်ကို တည်ငြိမ်အောင် အာရုံစူးစိုက်နိုင်အောင် ပြုလုပ်နိုင်ပါတယ်။ပြောချင်တာက လူအများနဲ့ ဆက်ဆံပြောဆိုဖို့ ပါပဲ။ လူတွေရဲ့ စကားတွေကို နားထောင်။ လူတွေနဲ့ အဆက်အသွယ် မပြတ်စေနဲ့ပေါ့။ ဘာမှမကြားရရင် တွေးချင်တာတွေ တွေးလာတတ်ပြီး အတွေးလွန်ကာ ပိုပြီး စိတ်ဓာတ်ကျတာမျိုး၊ စိတ်ဖိစီးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်းနေသူတွေမှာ ပိုကြုံရနိုင်ပါတယ်။အပေါ်မှာ ပြောခဲ့သလိုပဲ အဆက်အသွယ်တွေ မပြတ်စေဖို့ စကားတွေ ဆက်ပြောနေဖို့ လိုအပ်ပါတယ်။ တချို့က အခြေအနေတွေကို ရှောင်လွဲသွားဖို့ ကြိုးစားကြတယ်။ ရာသီဥတု အပြောင်းအလဲကြောင့် စိတ်ခံစားချက်၊ စိတ်ကျန်းမာရေးအခြေအနေ တစ်ခုခုဖြစ်လာပြီဆိုရင် စကားတွေပြောနေဖြစ်ဖို့က အရေးကြီးပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး၊ အထီးကျန် မနေဘူးဆိုတာကို နားလည်သဘောပေါက်နေစေမယ့် နည်းလမ်းကောင်း တစ်ခုမို့ပါ။ကိုယ်တစ်ယောက်တည်းစိတ်ကျနေတယ်၊ စိတ်ဖိစီးနေတယ်၊စိတ်ပင်ပန်းနေတယ်လို့ မတွေးပါနဲ့။ အပြင်ပန်းမှာ သာမန်လူလို့ ထင်ရပေမယ့် ကိုယ့်လိုခံစားနေရသူတွေ အများကြီးပါ။ ဒီနေ့ခေတ်လို အဘက်ဘက်က ဖိအားတွေ ဝန်းရံနေတဲ့ခေတ်မျိုးမှာ လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ စိတ်ပင်ပန်းနေကြတာပါ။ ကိုယ့်လို ဘဝတူတွေကို မြင်တဲ့အခါ ကူညီပါ။ ကိုယ်တိုင်လည်း စိတ်ချမ်းသာမှုကြောင့် စိတ်ဝေဒနာတွေ စိတ်ပင်ပန်းတာတွေ လျော့ပါးသွားပါလိမ့်မယ်။အဆင်ပြေသွားမှာပါလို့ တွေးလိုက်တာဟာ အဆင်ပြေသွားတာမဟုတ်ပါဘူး။ အဆင်မပြေတာကို မပြေဘူးလို့ မှန်မှန်ကန်ကန်တွေးပါ။ ပြောပါ။ တကယ်အဆင်ပြေမှ အဆင်ပြေတယ်ပြောပါ။ ဒီလိုမှမဟုတ်ရင် ဝန်ထုပ်ဝန်ပိုးက ကိုယ့်ဆီမှာ ကျန်ခဲ့ပါလိမ့်မယ်။ ဒီအမူအကျင့်က ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ပိုထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။လူတိုင်းမှာ မတူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ အခက်အခဲတွေ၊စိန်ခေါ်မှုတွေက ပုံသဏ္ဍာန်မျိုးစုံ အနေအထားမျိုးစုံနဲ့ မတူခြားနားစွာ ရင်ဆိုင်ကြရတာပါ။ ချမ်းသာတဲ့လူလည်း ချမ်းသာတဲ့အလျောက် ဆင်းရဲတဲ့လူလည်း ဆင်းရဲတဲ့အလျောက်ပေါ့။ “သူတို့က အဆင်ပြေနေတယ်၊ ငါ့ကျ ဆင်မပြေဘူး” လို့ မတွေးပါနဲ့။ တခြားလူတွေဟာ ကိုယ်နဲ့အတူတဲ့ တခြားအခြေအနေတွေမှာ ခက်ခဲနေကြတာဖြစ်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်း အခက်အခဲတွေ ကြုံနေရတယ်ဆိုတဲ့ အတွေးက စိတ်ကိုပိုပြီးပင်ပန်းစေနိုင်ပါတယ်။ နောက်ပြီး ဒီအတွေးက မှန်ကန်တဲ့အချက်လည်းမဟုတ်ပါဘူး။ဒီအချက်တွေက ပြောင်းလဲချင်လာတဲ့၊ ကျချင်၊ တက်ချင်၊ ပင်ပန်းချင်တဲ့ စိတ်ကို ဟန့်တားနိုင်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း ပုံမှန် စိတ်ကျန်းမာစေမယ့် နည်းလမ်းတွေဖြစ်တဲ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/seasons-and-mental-health/
နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ
နာတာရှည် လေပြွန်ရောင်ရမ်းခြင်းဆိုတာနာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ(COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ဆေးလိပ်သောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အဆုတ်အားနည်းနေတာကြောင့် မကြာခဏလည်း ပိုးဝင်လွယ်ပါတယ်။ နာတာရှည်ရောဂါဆိုပေမယ့် တစ်ချက် တစ်ချက် ထဖောက်တာမျိုးလည်း ရှိတတ်ပါတယ်။ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ ကလည်း သိသာပါတယ်။နာတာရှည် လေပြွန်ရောင် ရောဂါလို့ သတ်မှတ်ဖို့ဆိုရင် တစ်နှစ်ကို အနည်းဆုံး ၃လလောက်ချောင်းဆိုးချွဲကြပ်ဖြစ်ရပါမယ်။ နှစ်နှစ် ဆက်တိုက်ဖြစ်ရပါမယ်။ ဒီလိုချောင်းဆိုးတာကလည်း တီဘီတို့ တခြားအဆုတ်ရောဂါတို့ကြောင့် မဖြစ်ရပါဘူး။ခဏခဏ လေပြွန်ကို ထိခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် ကြာလာတဲ့ လေပြွန်ပျက်စီးပြီး အောက်ကလက္ခဏာတွေ ပေါ်လာပါတယ်။အတွေ့ရအများဆုံး လက္ခဏာပါပဲ။ နေ့တိုင်းနီးပါးနဲ့ ၃လလောက် ဆိုးနိုင်ပါတယ်။ ဘယ်လောက်ဆိုးမှာလဲ။ ချွဲဘယ်လောက်ထွက်မှာလဲကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ချွဲအရောင်ကလည်း အကြည်ရောင်ကနေ အဝါရောင်၊ အစိမ်းရောင်၊ တစ်ခါတလေ သွေးရောင်လေး ပါတတ်ပါတယ်။ဆေးလိပ်ကြောင့် ဖြစ်တာမို့လို့ ‘ဆေးလိပ်ချောင်း’ လို့လည်း ခေါ်ပါသေးတယ်။ မနက်စောစောဆိုရင် တစ်ညလုံး စုထားတဲ့ ချွဲတွေ ထွက်လာာတာကြောင့် ပျစ်ပြီး အရောင်ပါပါတယ်။ နောက်ပိုင်းကျမှ အရောင်ကြည်ပြီး ကျဲသွားပါတယ်။ရောဂါရင့်လာလေလေ ပိုမောလေလေပါပဲ။ လှုပ်လှုပ်ရှားရှားနေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါဆို ပိုမောပါတယ်။ နောက်ပိုင်း နာတာရှည် လေပြွန်ကျဉ်းရောဂါတို့၊ လေအိတ်ပျက်စီးတဲ့ ရောဂါတွေ ဖြစ်လာရင် အလိုလိုနေရင်းနဲ့ကို မောလာပါတယ်။လေပြွန်တွေ ပျက်စီးတဲ့အတွက် ကျဉ်းမြောင်းပြီး အသက်ရှူသွင်း ရှူထုတ်လုပ်လိုက်တိုင်းမှာ တရွှီရွှီအသံထွက်လာပါတယ်။ဒါ့ပြင်။နာတာရှည် လေပြွန်ရောင်တာက သေချာမကုသဘူးဆိုရင် ကြာလာတာနဲ့အမျှ နောက်ဆက်တွဲရောဂါတွေ ဝင်လာမှာပါ။ တချို့ကျတော့လည်း ရောဂါရှိမှန်းကို မသိတဲ့အတွက် မကုသဘဲ နောက်ဆက်တွဲ လက္ခဏာတွေပြမှ သိကြတာမျိုး ရှိပါတယ်။ ဒါတွေကတော့။နာတာရှည် လေပြွန်ရောင်ရမ်းတဲ့အခါ အဆုတ်အားနည်းပြီး မကြာခဏ ပိုးဝင်လွယ်ပါတယ်။ တုပ်ကွေးရော၊ ဘတ်တီးရီးယားရော ဝင်နိုင်ပါတယ်။ ပိုးခဏခဏဝင်တဲ့အခါ အဆုတ်က ပိုအားနည်းပါတယ်။ ချောင်းဆိုးလည်း မပြတ်တဲ့အတွက် ရင်ဘတ်အောင့်လာပါတယ်။ ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ် ဖြစ်နေတတ်ပါတယ်။ပိုးဝင်လွယ်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ လူနာက ခဏခဏ ဖျားပါတယ်။ မကြာမကြာ နေမကောင်း ဖြစ်တဲ့အတွက် ကိုယ်အလေးချိန်ကျသွားပါတယ်။နောက်ပိုင်းမှာ နာတာရှည် လေပြွန်ကျဉ်းတာကြောင့် သွေးထဲကို အောက်စီဂျင် ကောင်းကောင်း မရဘဲ နှုတ်ခမ်းတွေ ပြာတာ၊ လက်သည်းတွေ ပြာတာ ဖြစ်လာပါတယ်။အဆုတ်ပျက်စီးလာတာနဲ့အမျှ အဆုတ်သွေးကြောတွေမှာ ဖိအားတွေ များလာပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး နှလုံးမှာပါ လိုက်ပြီး ထိခိုက်လာပါတယ်။ နှလုံးမှာ ဖိအားတွေ များလာပြီး နှလုံးပျက်စီးတာကြောင့် မောလာတာ၊ ခြေထောက်တွေ ဖောလာတာ ဖြစ်တတ်ပါတယ်။နာတာရှည် လေပြွန်ရောင် ရောဂါက လူနာတစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံချင်း မတူပါဘူး။ တချို့လူနာတွေက ရောဂါအစပိုင်းမှာ လက္ခဏာ ခံစားရပါတယ်။ တချို့ကျတော့လည်း နောက်ဆက်တွဲ ခံစားရမှ သိကြပါတယ်။ လက္ခဏာတွေ သိထားရင် စောစောစီးစီးကုသနိုင်မှာမို့လို့ လေ့လာထားသင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/chronic-bronchitis-symptoms/
ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ
နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးတွေအတွက် အဘက်ဘက်ကနေအကျိုးပြုနေပါတယ်။ မိဘတွေက ကလေးရဲ့လှုပ်ရှားမှုတွေနဲ့ ဆော့ကစားတဲ့အခါမျိုးတွေမှာ အတူပါဝင်ဆောင်ရွက်ပေးခြင်းက ကလေးရဲ့ လှုပ်ရှားမှုကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ကလေးတွေက သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို အခြားအရာတွေထက်ပိုမိုလုပ်ဆောင်ချင်စိတ်ရှိတတ်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပျော်မွေ့လာတဲ့အခါ ကလေးရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကလည်း တဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ကလေးရဲ့နေ့စဉ်ဆော့ကစားမှုတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းနိုင်သလိုတော်တော်ငယ်ငယ်အရွယ်လောက်မှာကတည်းက သင်ကြားပေးလို့ရနေပြီဖြစ်ပါတယ်။ကလေးတွေဟာ အသက် ၂ နှစ်ခွဲအရွယ်ရောက်တဲ့အခါ –။ကလေးကို ကိုယ်တိုင်ဖြုတ်ရ၊တပ်ရတဲ့အရုပ်တွေနဲ့ပေးဆော့ပါ။အရုပ်ဆက်ရတဲ့ ကစားနည်းမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ပါးစပ်နဲ့နှာခေါင်းထဲဝင်လောက်အောင်သေးတဲ့အရွယ်မျိုးမဖြစ်ဖို့တော့ ဂရုပြုပါ။ကလေးကို အိမ်ပြင်ပမှာဆော့ကစားဖို့အချိန်များများပေးပါ။ကလေးကိုပန်းခြံတွေကိုခေါ်သွားပြီး လွတ်လွတ်လပ်လပ်ပေးဆော့တာမမျိုး ကမ်းခြေကိုခေါ်သွားပြီးသောင်ယံမှာ သဲကျင်းပေးတူးတာလိုမျိုးခြံထဲမှာဘောလုံးပေးကန်တာလိုမျိုးရေနဲ့ပေးဆော့တာလိုမျိုးပေးဆော့ပေးပါ။သူတို့လေးတွေကို ကိုယ်တိုင်စူးစမ်းလေ့လာခွင့်ပေးပါ။သူတို့လေးတွေက ကိုယ့်ကိုကိုယ်ဘေးကင်းအောင် မထိန်းသိမ်းနိုင်သေးဘူးဆိုတာ ကိုတော့သတိရပါ။မိသားစုနဲ့အတူလမ်းလျှောက်ထွက်ပေးပါ။လမ်းလျှောက်တာ၊ပြေးတာ၊ ခပ်ရွရွလေးပြေးတာ နဲ့ ချီတက်လမ်းလျှောက်သလိုမျိုးတွေလျှောက်ပေးတာမျိုးလုပ်ဆောင်လို့ရပါတယ်။ လမ်းလျှောက်နေတုန်း လမ်းတစ်လျှောက်မှာတွေ့ရတဲ့ ငှက်မွှေးတောင်လေးတွေ၊ သစ်ရွက်လေးတွေကို စုဆောင်းတာကို စတင်လုပ်ဆောင်ပါ။ အိမ်ထဲမှာလည်း အလံတွေကိုင်ဆောင်ပြီးပဲဖြစ်ဖြစ်တေးဂီတ ကိရိယာတွေတီးမှုတ်ပြီးတော့ပဲဖြစ်ဖြစ် ချီတက်သလိုမျိုး ကစားပေးပါ။သဲပုံးထဲမှာ ကစားတာကိုအားပေးပါ။သေတ္တာပုံး အလွတ်တစ်ခုထဲကို သဲတွေ၊အရုပ်တွေထည့်ပေးထားပြီးပေးဆော့ပါ။ ကလေးကို ပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်တတ်လာစေမှာဖြစ်ပါတယ်။ခြံထဲမှာရေနဲ့ပေးကစားပါ။ခြံထဲမှာ ကလေးကစားတဲ့ရေကန်၊မြက်ခင်းရေဖျန်းတဲ့ရေပန်း၊ ပန်းပင်ရေလောင်းတဲ့ရေပိုက်တွေထားရှိပေးပြီး ကလေးကိုပေးဆော့ပါ။ ထိုကဲ့သို့ပေးဆော့တာက ကလေးကို ရေထဲကိုဖြတ်ပြေးတာမျိုး၊ရေထဲမှာပြေးလွှားတာမျိုးတွေလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ဧည့်ခန်းထဲမှာဖြစ်ဖြစ်၊နောက်ဖေးခြံဝင်းထဲမှာဖြစ်ဖြစ် ကူရှင်တွေ၊ ကတ်ထူစက္ကူပုံးတွေ၊အရုပ်တွေနဲ့ အခြားသောအရာတွေကို အသုံးပြုပြီး တွယ်တက်ကစားလို့ရမယ့်အနေအထားမျိုးဖန်တီးပေးပါ။ပုံစံတူလိုက်လုပ်ရတဲ့ ဂိမ်းတွေကစားပေးပါ။ကလေးလေးတွေက တိရစ္ဆာန်တွေကို တအားသဘောကျတတ်ကြတာကြောင့် သင့်အနေနဲ့ ကြက် တစ်ကောင်လိုမျိုး လမ်းလျှောက်ပြတာ၊မြင်းလိုမျိုး ကဆုန်ပေါက်တာ၊ခွေးပေါက်လေးလိုမျိုးလုပ်ပြတဲ့ ကစားနည်းမျိုးတွေ ကစားပေးပါ။ခြံထဲမှာ ကလေးငယ်ကိုလေယာဉ်ပျံ ပျံတယ်ဆိုပြီး လက်နှစ်ဖက်ကိုဆန့်တဲ့အနေအထားနဲ့ ပျံဝဲတဲ့ ပုံစံမျိုး ပတ်ပြေးစေတာမျိုး နဲ့ အိမ်ထဲမှာလှေလှော်တယ်ဆိုပြီး ကစားတဲ့ကစားနည်းတွေပေးကစားပါ။ကလေးကို ထိတွေ့ကစားရတဲ့ကစားနည်းအသစ်တွေနဲ့ မိတ်ဆက်ပေးပါ။ဥပမာကျောက်ရုပ်ကျောက်ဖျက်ကစားတာမျိုးပေါ့။ဘောလုံးနဲ့ပေးကစားပါ။ကန်တာ၊ပစ်တာနဲ့ဖမ်းတာမျိုးတွေကစားနည်းတွေပေးကစားပါ။ ကလေးကို စည်းကမ်းတွေ တအားတင်းကျပ်တာမျိုးမလုပ်ပါနဲ့။သီချင်းနဲ့အတူကတတ်အောင်လုပ်ဆောင်ပေးပါ။ကလေးကိုဂီတအမျိုးအစား အမျိုးမျိုးနဲ့ပေးထိတွေ့ပါ။ ဂီတတူရိယာတွေနဲ့ပေးကစားစေတာကလည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုတိုးတက်မှုကို တိုးတက်စေပါတယ်။ ကလေးကို ဂီတစည်းချက်နဲ့အတူ လှုပ်ရှားတတ်အောင်လေ့ကျင့်ပေးတာကလည်း ကလေးရဲ့လှုပ်ရှား မှုစွမ်းရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ဟန်ချက်ညီစေမယ့် ကစားနည်းတွေကစားပေးပါ။မြေပြင်ပေါ်မှာကြိုးတစ်ချောင်းချထားပြီး မိမိက ကြိုးနဲ့တုပ်ခံထားရသလိုမျိုး (သို့) ပင်လယ်ဓါးပြလှေရဲ့ပျဉ်ချပ်ပေါ်မှာ ရှိနေသလိုမျိုး သဏ္ဍန်တူအောင်လုပ်ဆောင်ပြီး ဟန်ချက်ညီအောင်လုပ်ဆောင်ပါ။ကလေးနဲ့အတူတူ ကားတွေ၊ဆိုင်ကယ်တွေရေးဆေးတာ။ခွေးရေချိုးပေးတာမျိုး လုပ်ဆောင်ပါ။ထိုသို့လုပ်ဆောင်တဲ့အခါမျိုးမှာ အသုံးပြုရတဲ့ ဆပ်ပြာမြှုပ်တွေနဲ့ရေတွေက ကလေးကိုပျော်ရွှင်စေမှာဖြစ်ပါတယ်။ ဆပ်ပြာပူဖောင်းတွေကိုမှုတ်ထုတ်ပြီး ကလေးကိုလိုက်ဖမ်းခိုင်းပါ။မိမိငယ်စဉ်က ကစားခဲ့တဲ့ကစားနည်းတွေ ကလေးကိုပေးကစားပါ။မိမိကလေးဘဝက ကစားခဲ့တဲ့ စိန်ပြေးလိုက်တမ်း၊ တူတူပုန်းတမ်းနဲ့ ထုပ်စီးထိုးတမ်းကစားတာမျိုးတွေ၊ရွှေစွန်ညိုကစားတာ၊ ကုန်းလားရေလား ကစားတဲ့ကစားနည်းမျိုးတွေပေးကစားပါ။ရုပ်သေးရုပ်လေးတွေနဲ့ ပြဇာတ်လိုမျိုးလုပ်ပြပါ။မိမိက စားပွဲခုံနောက်ဘက်မှာ ထိုင်ချပြီး လက်ထိုးရုပ်လေးတွေ အရုပ်လေးကိုအသုံးပြုပြီး သရုပ်ဖော်တင်ဆက်ပြတဲ့ပုံစံမျိုးလုပ်ပေးပါ။ပန်းချီစားပွဲမဟုတ်တဲ့နေရာမှာ ကလေးကို ရုပ်ပုံတွေရေးဆွဲစေခြင်းဖြင့် လှုပ်ရှားမှုစွမ်းရည်တိုးတက်အောင် လုပ်ဆောင်ပါ။ကလေးကို စားပွဲမှာထိုင်ပြီး ပုံတွေကိုမြေဖြူနဲ့ရေးဆွဲစေမယ့်အစား အပြင်ဘက်ကမြေပြင်တွေ သဲတွေထဲမှာ တုတ်ချောင်းကိုသုံးပြီး စာလုံးတွေရေးခြစ်တာနဲ့ အိမ်ထဲမှာပဲ ဂျုံမှုန့်တွေပြောင်းမှုန့်တွေပေါ်မှာ လက်ခေျာင်းလေးတွေသုံးပြီးပဲဖြစ်ဖြစ် တုတ်ချောင်းကိုသုံးပြီးပဲဖြစ်ဖြစ်ပုံဖော်ရေးဆွဲတာစေတာမျိုးလုပ်ဆောင်ပေးပါ။ကလေးကို စက်ဘီးစီးတတ်အောင်သင်ပေးပါ။ကလေးတွေက စက်ဘီး၊ စကူတာနဲ့သုံးဘီး စက်ဘီးတွေစီးတတ်အောင်သင်ရတာကို သဘောကျတတ်ကြတာကြောင့် ကလေးကို စက်ဘီး၊စကူတာနဲ့ သုံးဘီးစက်ဘီးတွေစီးတတ်အောင်ကိုယ်တိုင်သင်ကြားပေးပါ။ ကစားစရာ အရုပ်ကားလေးတွေ၊အရုပ်လက်တွန်းလှည်းလေးတွေ၊ ကစားစရာမြက်ရိတ်စက်လေးတွေလိုမျိုး တွန်းပြီးဆော့ရတဲ့ ကစားစရာတွေနဲ့ပေးကစားပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%80%bb%e1%80%96%e1%80%ad%e1%80%b3%e1%80%b8%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%91%e1%80%bc/
စိုးရိမ်ပူပန်တတ်တဲ့ သင့်ကလေးကို ဘယ်လို ဖေးမကူညီမလဲ
ငါတို့ကလေးတွေက သူတို့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့၊ ပူပန်ဖို့ ငယ်သေးတယ်၊ မရင့်ကျက်သေးဘူး လို့တွေးတာဟာ မိဘတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အထင်မှားမှုတစ်ခုပါ။ ဒါပေမယ့် ကလေးတွေရဲ့ စိုးရိမ်ပူပန်မှုဟာ အမှန်တကယ်ဖြစ်ကြောင်း သိပ္ပံနည်းကျ သက်သေပြပြီးသားပါ။ဒါကို သတိမထားမိတာ၊ မကုသမိတာမျိုးဆို အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ ဆိုးရွားလာပြီး စိတ်မမှန်တော့တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ကလေးတွေမှာဖြစ်တဲ့ စိုးရိမ်ပူပန်မှုဆိုတာ ဘာလဲ။ကျွန်တော်တို့ သက်တမ်းတစ်လျှောက်မှာ စိုးရိမ်ပူပန်မှုတွေကို ကြုံတွေ့ ဖြတ်သန်းဖူးကြပါတယ်။ ဒါပေမယ့် ဒီပုံမှန် စိုးရိမ်ပူပန်မှုတွေက ယာယီပါ။ အချိန်တစ်ခုကြာရင် ပျောက်ပြယ်သွားမှာပါ။ ကလေးတွေအတွက်ကျတော့ ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကိုခံစားနေရပြီဆိုရင် အလွန်အမင်း ကြောက်ရွံ့နေမယ်၊ ဖိအားတွေများနေမယ်၊ စိတ်ဓါတ်တွေကျနေမယ်၊ စိတ်ပင်ပန်းမယ်။ သူတို့ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့ကို ပိတ်ပင်တားဆီးနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ စိုးရိမ်ပူပန်လွန်မှုဆိုတာ ကျွမ်းကျင်မှန်ကန်တဲ့ ကုသမှုကို လိုအပ်တဲ့ တကယ် စိတ်ရောဂါတစ်ခုပါ။ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေအရ တစ်နှစ်ကို လူ၁၃ယောက်မှာ ၁ယောက်နှုန်း ခံစားနေရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဖြစ်နိုင်ချေ ပိုများပါတယ်။ငယ်ရွယ်စဉ် ဖြစ်တတ်တဲ့ စိုးရိမ်ပူပန်မှု အမျိုးအစားများ။တကယ်လို့ သင့်ကလေးက စိုးရိမ်ပူပန်လွန်တဲ့ ရောဂါခံစားနေရရင် ဒီ ၅ခုထဲ က ၁ခုကြောင့် ဖြစ်ပါလိမ့်မယ်။– Generalized Anxiety Disorder (GAD): GAD ခံစားနေရတဲ့ ကလေးတွေဟာ သူတို့ဘဝရဲ့ အတန်းအဆင့်၊ အပေါင်းအသင်း၊ ပါဝင်ဆင်နွဲရတဲ့ အားကစားပွဲ စတဲ့ ကိစ္စရပ်တွေမှာ အသိအမှတ်ပြုတာ၊ ပြီးပြည့်စုံမှုတွေကို ရှာဖွေတတ်ကြပါတယ်။ သူတို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ စိတ်ပူပန်တာ၊ ကြောက်ရွံ့တာကို အလွန်အမင်း ခံစားရတတ်ကြပါတယ်။ အန္တရာယ်တစ်ခုခု ဖြစ်တော့မယ်လို့ အမြဲတမ်း မြင်ယောင်နေတတ်ကြပါတယ်။– Panic Disorder: ဒီရောဂါခံစားနေရတဲ့ ကလေးတွေဟာ ဘာရောဂါလက္ခဏာမှ မပြဘဲ ရုတ်တရက် ထိတ်လန့်လာမှာကို ကြောက်ရွံ့တဲ့စိတ်နဲ့ အမြဲ နေထိုင်နေရတတ်ပါတယ်။ အထိတ်တလန့် ဖြစ်တဲ့အခါ နှလုံးခုန် အရမ်းမြန်လာပြီး အသက်ရှုကြပ်လာတတ်ပါတယ်။ အဲ့အချိန်မှာ လူနာတွေက သူတို့ ရူးသွားမတတ်၊ သေမတတ် ခံစားရကြောင်း မကြာခဏ ပြောကြပါတယ်။– Separation Anxiety Disorder: ကလေးတွေက သူတို့ ချစ်ခင်တဲ့သူတွေနဲ့ ခွဲပြီး မနေလိုကြပါဘူး။ သူတို့နဲ့ အဝေးမှာ နေရရင် သူတို့ ဂရုစိုက်တဲ့သူမှာ မတော်တဆ တစ်ခုခု ဖြစ်လိမ့်မယ်လို့ ယုံကြည်တတ်ကြပါတယ်။– Social Anxiety Disorder (Social Phobia): ကလေးတွေဟာ ရှက်ရွံ့မှုကြောင့် လူတောတိုးဖို့ကို အလွန်အမင်း ကြောက်ရွံ့ကြပါတယ်။– Specific Phobia: အမြင့်ကြောက်ခြင်း၊ အမှောင်ကြောက်ခြင်း၊ တချို့တိရစ္ဆာန်တွေကြောက်ခြင်း၊ ခွဲစိတ်ခံရမှာကြောက်ခြင်း စတဲ့ ဖြစ်လေ့ရှိတဲ့ ငယ်စဉ် ကြောက်ရွံ့မှုတွေပါ။ဒါဟာ နာတာရှည်ရောဂါဖြစ်ပေမယ့် မိဘတွေက သူတို့ကလေးရဲ့ ရောဂါကို သင့်တော်တဲ့ ကုသမှုနဲ့ စောစောစီးစီး ဂရုစိုက်ပြီး ပြင်းထန်မှုကို လျှော့ချနိုင်ပါတယ်။ စိုးရိမ်ပူပန်လွန်မှု ပုံစံအားလုံးအတွက် ကုသမှုတွေကတော့-။-ဆေးဝါးများ။-Cognitive behavioural therapy။-Psychotherapy။-Relaxation therapy။-အစားအသောက်၊ အနေအထိုင်ပြောင်းလဲခြင်း။– အော်ငေါက်တာက သူတို့အခြေအနေကို ပိုဆိုးစေနိုင်တာမို့ စိတ်ရှုပ်နေတဲ့အခါ သင့်ဒေါသကို ထိန်းပါ။– သေးသေးမွှားမွှား အောင်မြင်မှုလေးတွေကအစ ချီးကျူးပါ။– အစီအစဉ် ၂တွေ ၃တွေ ထားထားပါ။ ရုတ်တရက် ပြောင်းလဲဖို့ လိုအပ်တဲ့အခါ ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့ အမြဲအသင့်ရှိပါ။– သင့်ကလေးရဲ့ စိတ်ခံစားချက်ကို ပုံမှန်ထက် ပိုဂရုစိုက်ပါ။– သူတို့ စိတ်ခံစားချက်ကို သူတို့ဖာသာ ထိန်းကျောင်းနိုင်အောင် ကူညီပါ။ ဖေးမတာ၊ အားပေးတာတွေကို ပုံမှန် ပြသပေးပါ။– စိုးရိမ်ပူပန်လွန်တာနဲ့ ပုံမှန် ဆိုးသွမ်းတဲ့ အပြုအမူတွေကို ခွဲခြားနိုင်ပါစေ။စိုးရိမ်ပူပန်လွန်တဲ့ ကလေးတွေအတွက် ပုံမှန်နဲ့မတူတဲ့ ပြုစုပျိုးထောင်မှုကို လိုအပ်ပါတယ်။သို့ပေမယ့်လည်း တခြားပုံမှန်ကလေးတွေနည်းတူ သူတို့အတွက် တူညီတဲ့ မျှော်လင့်မှုတွေ ရှိတယ်ဆိုတာကို သူတို့ သိအောင် ပြသပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%ba%e1%80%95%e1%80%b0%e1%80%95%e1%80%94%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%84%e1%80%ba/
ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။
ပန်းနာရင်ကျပ် ရောဂါကို ကုသတာက တခြားရောဂါတွေနဲ့ သိပ်မတူပါဘူး။ လူနာတစ်ယောက်နဲ့ တစ်ယောက် ခံစားရတာခြင်း မတူတာရော၊ တစ်ယောက်တည်းမှာတောင် တစ်ခေါက်နဲ့ တစ်ခေါက် ပြင်းထန်ပုံခြင်း မတူတာကြောင့် ကုသမှုကို လက္ခဏာအလိုက် စနစ်တကျ သတ်မှတ်ထားပါတယ်။ဒါကို Stepwise managementလို့ ခေါ်ပါတယ်။ လက္ခဏာပေါ်၊ ပြင်းထန်မှုပေါ်လိုက်ပြီး အတိုးအလျော့ လုပ်ပြီး ကုသတာပါ။  ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး guidelinesတွေ အများကြီးရှိပါတယ်။ တစ်ခုနဲ့ တစ်ခု အနည်းငယ်ဆီကွဲပြားပေမယ့် အခြေခံအချက်တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ခုမှီငြမ်းထားတာကတော့ ၂၀၁၆က ထွက်ထားတဲ့ American Family Physician guidelines ပဲ ဖြစ်ပါတယ်။ကုသနည်းတွေကို မပြောခင် ပြင်းထန်ပုံအဆင့်ဆင့်ကို အရင်သိထားရပါမယ်။ ရောဂါအဆင့်ကို လိုက်ပြီး ကုသမှုတွေ ပေးရတာကြောင့်ပါ။ မွေးစက ၄နှစ်၊ ၅နှစ်က ၁၁နှစ်၊ ၁၂နှစ်အထက်ဆိုပြီး ခွဲသတ်မှတ်ထားပါတယ်။ တစ်ခုနဲ့ တစ်ခု သိပ်မကွာလှတာကြောင့် ၁၂နှစ်အထက်တွေမှာ ခံစားရတဲ့ ပြင်းထန်ပုံအဆင့်ဆင့်ကို ဥပမာပေး ဖော်ပြပါ့မယ်။-ပန်းနာရင်ကျပ် လက္ခဏာများ (ချောင်းဆိုးတာ၊တရွှီရွှီမြည်တာ)ကို တစ်ပတ်လျှင် နှစ်ရက်ထက်မပိုဘဲ ခံစားရခြင်း။–ညဘက်ထထကျပ်တာက တစ်လမှာ နှစ်ကြိမ်ထက်မပိုခြင်း။-အကျပ်သက်သာအောင်လေပြွန်ကျယ်ဆေးကို ရှူရတာက တစ်ပတ်ကို နှစ်ရက်ထက်မပိုခြင်း။-ကျပ်ပေမယ့် နေ့စဉ်အလုပ်များကို ဆက်လုပ်နိုင်ခြင်း။–အဆုတ်စွမ်းဆောင်ရည်မှာ မကျပ်တဲ့ အချိန်ဆို FEV1က ပုံမှန်အတိုင်း ဖြစ်နေခြင်း (FEV1> 80% predicted, FEV1/FVC normal)။-ပြင်းပြင်းထန်ထန် ကျပ်ပြီးစတီးရွိုက် သောက်ရတဲ့အဆင့်အထိရောက်တာ တစ်နှစ်ကို တစ်ကြိမ်ထက် မပိုခြင်း။–ပန်းနာရင်ကျပ် လက္ခဏာများ (ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ)ကို တစ်ပတ်လျှင် နှစ်ရက်ထက် ခံစားရသော်လည်း နေ့တိုင်းမဟုတ်ခြင်း။-ညဘက်ထထကျပ်တာက တစ်လမှာ ၃-၄ကြိမ်ဖြစ်လာခြင်း။-အကျပ်သက်သာအောင် လေပြွန်ကျယ်ဆေးကို ရှူရတာက တစ်ပတ်ကို နှစ်ရက်ထက်ပိုခြင်း၊ သို့သော် တစ်နေ့လျှင် တစ်ကြိမ်ထက် မပိုခြင်း။-ကျပ်နေချိန်မှာ နေ့စဉ်အလုပ်လုပ်နိုင်စွမ်း အနည်းငယ် လျော့ကျခြင်း။-အဆုတ်စွမ်းဆောင်ရည်မှာ FEV1> 80% predicted, FEV1/FVC normal။-ပြင်းပြင်းထန်ထန် ကျပ်ပြီး စတီးရွိုက် သောက်ရတဲ့အဆင့်အထိရောက်တာ တစ်နှစ်ကို နှစ်ကြိမ်နဲ့အထက် ဖြစ်လာခြင်း။-ပန်းနာရင်ကျပ် လက္ခဏာများ (ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ)ကို နေ့တိုင်းနီးပါး ခံစားရခြင်း။-ညဘက်ထထကျပ်တာက တစ်ပတ် တစ်ကြိမ်လောက်ဖြစ်လာခြင်း၊ သို့သော် ညတိုင်းတော့ မဟုတ်။-အကျပ်သက်သာအောင် လေပြွန်ကျယ်ဆေးကို ရှူရတာက နေ့တိုင်းနီးပါး ဖြစ်လာခြင်း။-ကျပ်နေချိန်မှာ နေ့စဉ်အလုပ်လုပ်နိုင်စွမ်း လျော့ကျလာခြင်း။-အဆုတ်စွမ်းဆောင်ရည်မှာ FEV1က 80% အောက် – 60% အထက်predicted, FEV1/FVC က 5 %။-ပြင်းပြင်းထန်ထန် ကျပ်ပြီး စတီးရွိုက် သောက်ရတဲ့အဆင့်အထိရောက်တာ တစ်နှစ်ကို နှစ်ကြိမ်နဲ့အထက်။-ပန်းနာရင်ကျပ် လက္ခဏာများ (ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ)ကို တစ်နေကုန် ခံစားရခြင်း။-ညတိုင်းထကျပ်လာခြင်း။-အကျပ်သက်သာအောင် လေပြွန်ကျယ်ဆေးကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ရှူနေရခြင်း။-ကျပ်နေချိန်မှာ နေ့စဉ်အလုပ်လုပ်နိုင်စွမ်း မရှိတော့ခြင်း။-အဆုတ်စွမ်းဆောင်ရည်မှာ FEV1က 60% အောက် predicted, FEV1/FVC က 5 %အောက်။-ပြင်းပြင်းထန်ထန် ကျပ်ပြီး စတီးရွိုက် သောက်ရတဲ့အဆင့်အထိရောက်တာ တစ်နှစ်ကို နှစ်ကြိမ်နဲ့အထက်။လူနာရဲ့ လက္ခဏာက ဘယ်အဆင့်နဲ့ ကိုက်နေလဲဆိုတာ စစ်ဆေးပြီး အဆင့်အတိုင်း ကုပါတယ်။အဆင့် ၁။-ကျပ်ရင် ရှူရတဲ့ လေပြွန်ကျယ်ဆေးကို သုံးပါတယ်။အဆင့် ၂။-ပမာဏ နည်းသောစတီးရွိုက်ရှူဆေးကို သုံးပါတယ်။အဆင့် ၃။-ပမာဏ နည်းသော စတီးရွိုက်ရှူဆေးနဲ့ လေပြွန်ကျယ်ဆေးကို တွဲပေးပါတယ်။-ဒါမှမဟုတ် စတီးရွိုက်ရှူဆေးကို ပမာဏ အနည်းငယ် ထပ်တိုးပါတယ်။အဆင့် ၄။-ပမာဏ အနည်းငယ် ထပ်တိုးထားတဲ့ စတီးရွိုက်ရှူဆေးအပြင် လေပြွန်ကျယ်ဆေးပါ သုံးရပါတယ်။အဆင့် ၅။-စတီးရွိုက်ကို ပမာဏ ထပ်တိုးပါတယ်။ လေပြွန်ကျယ်ဆေးပါ တွဲပေးပါတယ်။-အလာဂျီရှိတဲ့သူတွေမှာ omalizumabဆေးကို သုံးဖို့ စဉ်းစားပါတယ်။အဆင့် ၆။-အဆင့်၅က စတီးရွိုက်နဲ့ လေပြွန်ကျယ်ဆေး ရှူဆေးတွေ အပြင် စတီးရွိုက်သောက်ဆေးကိုပါ ထည့်သွင်းကုသပါတယ်။–အလာဂျီရှိတဲ့သူတွေမှာ omalizumabဆေးကို သုံးဖို့ စဉ်းစားပါတယ်။အဆင့်တိုင်း အဆင့်တိုင်းမှာလည်း လူနာကို ဆောင်ရန် ရှောင်ရန်တွေ လိုက်နာစေတာ၊ ပန်းနာရင်ကျပ် ဖြစ်စေတဲ့ အချက်တွေကို ရှောင်ခိုင်းတာ၊ ဆေးကုသမှကို စနစ်တကျ လိုက်နာစေတာ၊ ရောဂါအခံတွေကိုပါ ကုသပေးတာ စတဲ့အချက်တွေကိုလည်း လုပ်ပေးရပါတယ်။လူနာက အားလုံးလိုက်နာပါလျက်နဲ့ ပိုဆိုးလာတယ်ဆိုရင်တော့ ကုသမှုအဆင့်ကို တင်ရမှာပါ။ အဆင့်တစ်ခုလောက် ၃လလောက် ငြိမ်နေပြီဆိုရင်တော့ ဆေးတွေ ပြန်လျော့ပေးနိုင်ပါတယ်။တစ်ခါတလေမှာတော့ အပြင်းအထန်ကျပ်လာတာမျိုးတွေ ရှိတတ်ပါတယ်။ ပြာနှမ်းပြီး စကားတောင် ဆုံးအောင် ပြောလို့မရတော့ဘူး၊ ဆေးရှူတာလည်း ခဏခဏရှိပြီ မသက်သာဘူးဆိုရင်တော့ ဆေးရုံကို အမြန်သွားပြသင့်ပါတယ်။ပန်းနာရင်ကျပ်ကို ကုသတဲ့ နေရာမှာ ဆေးကိုပဲ အားကိုးလို့ မရပါဘူး။ လူနာကလည်း ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာလိုက်နာမှသာ ရောဂါကို ကောင်းကောင်းထိန်းချုပ်လို့ ရမှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/asthma-treatments/
ကိုယ်ဝန် နှင့် ချော်လဲခြင်း/လိမ့်ကျခြင်း ဆောင်ရန် ရှောင်ရန်များ
ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဝမ်းဗိုက်ထဲမှ ပိုနေသော အလေးချိန်တွေ၊ ဟော်မုန်းပြောင်းလဲတာတွေနဲ့ Center of Gravity ( ကမ္ဘာဆွဲအားတည်ချက်) ပြောင်းလဲတာတွေဖြစ်နိုင်တဲ့အပြင် ဒါတွေက အဆစ်တွေနဲ့ ကြွက်သားတွေကိုလျော့ရဲသွားစေပြီး လဲကျတာမျိုးကို မကြာခဏဖြစ်စေတတ်ပါတယ်။ တကယ်တမ်းတော့ Maternal Child Health Journal (မိခင်နှင့် ကလေးကျန်းမာရေး ဂျာနယ်) (2010) မှာပါဝင်တဲ့ kari Dunningရဲ့ တင်ပြချက်အရတော့ ၂၇%သော မိခင်လောင်းတွေဟာ ကိုယ်ဝန်ဆောင်နေစဉ် အနည်းဆုံးတော့ တစ်ကြိမ်တစ်ခါလောက် လဲကျဖူးတာပါပဲတဲ့။ Cincinnati စင်စီနတီ တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ရပ်မှာလည်း ဒီလိုလဲကျမှုတွေဟာ 29%သော ကိုယ်ဝန်ဆောင်စဉ် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိမှုတွေရဲ့ တရားခံပါပဲလို့ ဖော်ပြထားပါတယ်။နည်းနည်းလေးချော်ကျလိုက်တာနဲ့တော့ အရမ်းကာရောကြီး ထိတ်လန့်နေစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်က သန္ဓေသားကို ကာကွယ်ဖို့အတွက် သားအိမ်နံရံအထူကြီးတွေ၊ ရေမြွှာရေတွေနဲ့ ကူရှင်အဖြစ် တည်ဆောက်ထားလို့ပါပဲ။ ကိုယ်ဝန်အစောပိုင်းကာလမှာ သားအိမ်ဟာ တင်ပါးဆုံရိုးအတွင်းမှာပဲ ရှိနေပါသေးတယ်။ ဒါက ပိုပြီးလုံခြုံစိတ်ချရပါတယ်။ ဒါကြောင့်သင်ကတကယ်လို့ ကိုယ်ဝန်ပထမ၃လအတွင်းမှာ လဲကျခဲ့တယ်ဆိုရင် သင့်ကလေးဘာမှမဖြစ်ဖို့ ရာနှုန်းများပါတယ်။ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးရက်သတ္တပတ်တွေလောက်မှာ လဲကျခဲ့တယ်ဆိုရင် ဒါဟာ စောစောမွေးဖွားရဖို့ဖြစ်လာနိုင်ပါတယ်။ လဲကျပြီးတဲ့နောက် နာကျင်မှုတွေခံစားလာရတယ် ဒါမှမဟုတ် မိန်းမကိုယ်ကနေ သွေးတွေဆင်းလာမယ်၊ ရေမြွှာပေါက်လာမယ်၊ သားအိမ်ညှစ်လာမယ် (ကြုံ့လာမယ်) ဆိုရင် ချက်ချင်း ဆေးကုသမှုခံယူပါ။ သန္ဓေသားထိခိုက်သွားခဲ့ရင် ဒီအဖြစ်ဟာ အချင်းကွာခြင်းတွေကိုတောင်ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ကိစ္စရပ်တွေမှာ ရက်မစေ့ဘဲမွေးဖွားရခြင်းတွေဖြစ်စေနိုင်ပြီး ပိုပြီးဆိုးတဲ့အခြေအနေတွေမှာတော့ မိခင်ရော သန္ဓေသားပါ သေဆုံးသွားနိုင်ပါတယ်။ရက်မစေ့ဘဲ မွေးဖွားခြင်းဟာ သိပ်မပြင်းထန်တဲ့ ဝမ်းဗိုက်ဒဏ်ရာရမှုကြောင့်ဖြစ်လေ့ရှိပြီး များသောအားဖြင့် ကောင်းကောင်းအနားယူခြင်းနဲ့ ရေဓါတ်ဖြည့်ခြင်းတို့ ပြုလုပ်ရလေ့ ရှိပါတယ်။ မပြင်းထန်တဲ့ အချင်းကွာခြင်းတွေဟာ ကုသမှုမခံယူရဘဲ ဖြည်းဖြည်းချင်း ပျောက်ကင်းသွားနိုင်ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေကတော့ အချင်းရဲ့ အဓိကတွယ်ဆက်ကြောင်းကို ထိခိုက်စေနိုင်တာကြောင့် ချက်ချင်းမွေးဖွားလိုက်ရတာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ မွေးဖွားပြီးရင်တောင်မှ သွေးဆင်းနေဆဲဆိုရင်တော့ ဆရာဝန်က သားအိမ်ထုတ်ခြင်း သို့မဟုတ် သားအိမ်ခြစ်ခြင်း ( Hysterectomy) ကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။လဲကျခြင်းဆိုတာကတော့ မိခင်လောင်းတိုင်းကို ခြောက်လှန့်နေတတ်တာပါပဲ။ အသာအယာလဲကျတာဟာ သင့်ကလေးကို မထိခိုက်စေနိုင်ဘူးဆိုတာ ယုံကြည်လိုက်ပါ။ တကယ်လို့သင်က မတော်တဆမှုကို ကာကွယ်လို့မရဘူးဆိုရင်တောင် ထိခိုက်ဒဏ်ရာတွေလျော့နည်းသွားစေဖို့အတွက် ပတ်ဝန်းကျင်ကို သတိကြီးကြီးထားပါ။ ဥပမာ ချိုင့်ခွက်တွေရှိနေတာနဲ့ ချောကျိတဲ့ မျက်နှာပြင်တွေကိုပေါ့။ သင်နှစ်သက်လှပါတယ်ဆိုတဲ့ ဒေါက်မြင့်တွေကို လွှင့်ပစ်လိုက်ပါ။ ပါးလွှာပြီး အထောက်အပံ့ဖြစ်စေနိုင်မယ့် ရှူးတွေစီးပါ။ လှေကားတက်ရဖို့လိုအပ်လာပြီဆိုရင် လှေကားလက်ရန်းတွေကို သေချာတင်းကြပ်နေအောင်ကိုင်ပြီး ဖြည်းဖြည်းချင်းတက်ပါ။ အကူအညီလိုအပ်လာပြီဆိုလည်း လက်ကမ်းခိုင်းဖို့ ဘယ်တော့မှ တွေဝေမနေပါနဲ့။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%b2%e1%80%81%e1%80%bc/