title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
null
null
allergies
allergies
https://hellosayarwon.com/allergies/food-allergies/sea-food-allergy/
Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း)
လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းဆိုတာဘာလဲ။လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ဆိုသည်မှာ အဖိုလိင်အင်္ဂါ၏ ထိပ်ကိုငုံထားသော အရေပြားနှင့် ထိပ်ဖျား တို့၏ ရောင်ရမ်းခြမ်း နှင့် နာကျင်ခြင်း၊ ကျိန်းစပ်ခြင်း ဖြစ်ပါသည်။ လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုဖြစ်ပွားပါသည်။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း သည် နာကျင်သော်လည်း အရမ်းပြင်းထန်သော အခြေအနေတစ်ခု မဟုတ်ပါ။ အရေပြား ပေါ် တွင် ဆေးလိမ်းခြင်းဖြင့် သက်သာစေနိုင်ပါသည်။လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းသည် လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုမိုဖြစ်ပွားသော အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါသည်။ သင်သည် အန္တရာယ် ဖြစ် စေ သော အချက်များကို လျော့ချခြင်း၊ တကိုယ်ရည် သန့်ရှင်းမှု ကိုထိန်းသိမ်းခြင်း တို့ဖြင့် လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအ တွက် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ၏ အတွေ့ရများသော ရောဂါလက္ခဏာများမှာ။လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းကို မကုသဘဲထားပါက လိင်တံတစ်လျှောက်ကို ထိခိုက်ကာ မီး လောင်ဖုများ ပြည်တည်ဖုများ ပေါက်လာနိုင်ပါသည်။အထက်တွင်ဖော်ပြမထားသော အခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းသည် မပြင်းထန်ပါ။ သို့သော် လိင်အင်္ဂါမှ ကူးစက်သော ရောဂါများ၊ မှို ရောဂါ များ ကဲ့သို့သော အရင်းခံရောဂါ များ၏ လက္ခဏာ တစ်ခုလည်း ဖြစ်နိုင်ပါသည်။ သင်၏ကလေးသည် လိင်အင်္ဂါထိပ် ရောင်ရမ်းပါက ကလေးအထူးကုဆရာဝန် ထံ အမြန် သွားရောက် ပြသပါ။အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်ကိုခေါ်ပါ။လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်းသည် လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသား များတွင် သန့်ရှင်းမှု အားနည်းခြင်းကြောင့် မကြာခဏဖြစ်ပွား တတ်ပါသည်။ အခြား ဖြစ်နိုင်သော အကြောင်း ရင်းများမှာ။လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေသော အကြောင်းရင်း များစွာရှိပါ သည်။ ဥပမာအားဖြင့်။ရေယုန် သို့မဟုတ် ကာလသားရောဂါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တော်သော ရောဂါအဖြေရှာခြင်းအတွက် သင်၏ဆရာဝန်သည် အောက်ပါစစ်ဆေး စမ်းသပ်မှု များကို လုပ်ဆောင်နိုင်သည်။ကုသမှုသည်အသက်အရွယ်၊ ဖြစ်ပွားစေသောအကြောင်းရင်း၊ လိင်ပိုင်းဆိုင်ရာ နိုးကြား ထကြွ ခြင်း လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းရှိမရှိ များအပေါ် မှုတည်ပါသည်။ ကုသမှုတွင် လိင်အင်္ဂါထိပ်ပိုင်း အုပ် အရေပြားအား ဆွဲကာ နွေးရုံမျှဖြစ်သော ရေထဲတွင် စိမ်ခြင်းတို့ ပါဝင်ပါသည်။ အနည်းငယ်ပြင်းထန်သော အခြေအနေများတွင် နေရာသို့ ပဋိဇီဝ လိမ်းဆေး လိမ်းပေးနိုင်ပါသည်။ ပြင်းထန်သောအခြေအနေရှိသူများ နှင့် ဆီးချိုသွေးချို ရှိသူများ သည် ပဋိဇီဝ ဆေးများကို သောက်သုံးနိုင်ပါသည်။ တစ်ခါတစ်ရံတွင် Corticosteroid လိမ်းဆေး များကို ရောင်ရမ်းမှု သက်သာရန်အတွက် အသုံးပြု နိုင်ပါသည်။ ခွဲစိတ်ကုသမှု လိုအပ်သည်မှာ ရှားပါးလှပါသည်။ပြန်လည်ကောင်းမွန်ရန်အချိန်မှာ ဖြစ်စေသောအကြောင်းရင်းနှင့် ရောဂါလက္ခဏာ များအပေါ်မူ တည်ပါသည်။ ရိုးရိုးဖြစ်သောကိစ္စများတွင် ရောဂါလက္ခဏာများသည် ငါးရက်မှ ဆယ်ရက်အတွင်း ပျောက်ကွယ် သို့မဟုတ် သက်သာလာနိုင်ပါသည်။ ရှုပ်ထွေးသော ကိစ္စများတွင် ပြီးပြည့်စုံစွာ သက်သာ ပျောက် ကင်းမှုသည် ပို၍ကြာနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကလိင်အင်္ဂါထိပ်ပိုင်းရောင်ရမ်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် လိင်အင်္ဂါထိပ်ပိုင်းရောင်ရမ်းခြင်း ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/balanitis-%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%a1%e1%80%82%e1%81%a4%e1%80%ab%e1%80%91%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%99%e1%80%b9__/
ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ
ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ …..  တစ်ချို့လူတွေက ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ STI (sexually transmitted infections) လို့ခေါ်တဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်နိုင်တော့ဘူး လို့ထင်တတ်ကြတယ်။ တကယ်တော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့် လိင်ကူးစက်တတ်တဲ့ရောဂါတွေ (STI ) တွေ ကူးစက်နိုင်ပါသေးတယ်။ STI ရောဂါတစ်ချို့ဖြစ်တဲ့ လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါနဲ့ ဆီးပူညောင်းကျ ရောဂါ (gonorrhea) တို့ဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ ဆိုတော့ WHO အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်လိင်မှ တစ်ဆင့် ဖြစ်ပွားတဲ့ ရောဂါ အမျိုးပေါင်း ၁ သန်းလောက်တွေ့ရှိနေရပြီး လိင်မှုကိစ္စကို ပုံမှန်လုပ်ဖြစ်နေတဲ့ သူတွေအနေနဲ့ STI ရောဂါ ကူးစက်မှုတွေ လျော့ကျစေဖို့ ဒီရောဂါတွေ ဘယ်လို ကူးစက်တတ်လဲဆိုတာသိထားဖို့လိုပါတယ်။ ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့အခါ ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေနဲ့ ထိတွေ့နေတဲ့အတွက် STI တွေ ကူးစက်နိုင်ပါတယ်။STI ရောဂါတွေဟာ ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေနဲ့ ကူးစက်ခံထားရတဲ့ အရေပြားတွေနဲ့ ထိတွေ့တဲ့အခါ ကူးစက်နိုင်ပြီး STI ရောဂါတွေက အမျိုးမျိုးရှိတာကြောင့် ခန္ဓါကိုယ်က ထွက်တဲ့ အရည်တွေနဲ့ ထိတဲ့အခါ မြန်မြန်ကူးစက်နိုင်တဲ့ ရောဂါတွေရှိသလို နှေးနှေး ကူးစက်တတ်တဲ့ရောဂါတွေလည်းရှိပါတယ်။ပါးစပ်မှ တစ်ဆင့် လိင်ဆက်ဆံတဲ့အခါ အကူးစက်ခံရဆုံး STI ရောဂါတွေကတော့-။လိင်အင်္ဂါမှာ ဖြစ်ပွားတတ်တဲ့ ရေယုန်ရောဂါ။ဒီရောဂါဟာ ရေယုန်ရောဂါရှိတဲ့ လူတစ်ယောက်နဲ့ အင်္ဂါချင်းဖြစ်စေ၊ ပါးစပ်ချင်းဖြစ်စေ၊ စအိုသို့ဖြစ်စေ ထိတွေ့မိတဲ့အခါမှာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး စဖြစ်ဖြစ်ချင်း အချိန်မှာ ပိုကူးစက်လွယ်ပါတယ်။လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါရဲ့ အဓိကလက္ခဏာကတော့ မီးလောင်ရည်ဖုနဲ့တူတဲ့ အနာလေးတွေ လိင်အင်္ဂါ တစ်ဝိုက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒီအနာတွေဟာ ပေါင်တံ၊ တင်ပါး နဲ့ အနီးတစ်ဝိုက်နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ ရေယုန်အမျိုးအစားအပေါ်မူတည်ပြီး ရေယုန်တွေဟာ ပါးစပ်၊ လျှာနဲ့ နှုတ်ခမ်းတွေမှာလည်း ပေါက်နိုင်ပါသေးတယ်။ ကွန်ဒုံးက မဖုံးပေးထားနိုင်တဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ အနာပေါက်နေမယ်ဆိုရင် ကွန်ဒုံးတောင် ဒီဗိုင်းရပ်စ်ကို မကာကွယ်နိုင်ပါဘူး။ နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်နေတဲ့လူတွေဟာ နှုတ်ခမ်းနဲ့ လိင်ဆက်ဆံမယ်ဆိုရင် သူ့ရဲ့ အဖော်ဖြစ်သူကိုလိင်အင်္ဂါမှာပေါက်တဲ့ ရေယုန်ကူးစက်စေနိုင်ပါတယ်။ လူတစ်ယောက်မှာ ရေယုန် အနာတွေမရှိဘဲနဲ့ ရေယုန်ရောဂါရှိနေနိုင်သလို တစ်သက်မှာ ရေယုန်တစ်ခါပေါက်ပြီး ရောဂါ လက္ခဏာ မပြတော့ပေမဲ့ ရေယုန်ဖြစ်နေတဲ့ အချိန်တွေလည်းရှိနိုင်ပါတယ်။ ရေယုန်ရောဂါ လက္ခဏာတွေကို ထိန်းသိမ်းလို့ရပေမဲ့ ကုသလို့တော့မရပါဘူး။ဆီးပူညောင်းကျရောဂါ (Gonorrhea)။ဆီးပူညောင်းကျရောဂါ ဆိုတာကလည်း ရောဂါရှိနေတဲ့ လူရဲ့ ပါးစပ်၊ စအို၊ အမျိုးသားလိင်အင်္ဂါ၊ အမျိုးသမီး လိင်အင်္ဂါတွေမှ ပျံ့နှံ့တတ်တဲ့ ကူးစက်နှုန်းမြင့်သော ဗိုင်းရပ်စ်ရောဂါ ပိုးတစ်မျိုး ဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါရှိနေလူတစ်ယောက်ဟာ ပုံမှန်အားဖြင့် ရောဂါ လက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါ လက္ခဏာ ပြတဲ့ အချိန်တွေဆိုရင်။ဆီးပူညောင်းကျရောဂါ ဟာ ကုသလို့ရပေမဲ့ မကုသဘဲ ဒီအတိုင်းထားရင် ပြင်းထန်တဲ့ ရောဂါသစ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ဆီးပူညောင်းကျရောဂါ ကို မကုသဘဲ ထားတဲ့အခါ တင်ပါးဆုံ အရိုးများ ရောင်ရမ်းတဲ့ ရောဂါကို ဖြစ်စေနိုင်ပြီး နောက်ဆုံး သန္ဓေမရတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေလောက် အဖြစ်မများပေမဲ့ ဆီးပူညောင်းကျရောဂါ ဟာ အမျိုးသားတွေမှာလည်း သန္ဓေမရနိုင်တော့သည် အထိဖြစ်စေနိုင်ပါတယ်။ဆစ်ဖလစ်ကာလသားရောဂါ (Syphilis)။ဆစ်ဖလစ်ကာလသားရောဂါလည်း ရောဂါရှိနေတဲ့ အမျိုးသမီး အင်္ဂါ၊ အမျိုးသားအင်္ဂါ၊ ပါးစပ်၊ စအို တို့နဲ့ ဆစ်ဖလစ် အနာရှိနေတဲ့ အရည်ပြားနဲ့ ထိတွေ့မိတဲ့ အခါ ကူးစက်နိုင်တဲ့ ရောဂါပါ။ ဆစ်ဖလစ် အနာတွေဟာ သတိမထားမိနိုင်လောက်အောင် သေးငယ်တဲ့အတွက် လူတစ်ယောက်အနေနဲ့ဆစ်ဖလစ်ရောဂါရှိလား၊ မရှိလားသိချင်ရင် ဆေးစစ်ကြည့်မှပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ဆစ်ဖလစ်ကာလသားရောဂါကို ကုသနိုင်ပါတယ်။ ဒါပေမဲ့ မကုသဘဲ ထားမယ်ဆိုရင် လိင်အင်္ဂါပျက်ဆီးခြင်း၊ ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ စိတ်ဖောက်ပြန်မှု နဲ့ ပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ရောဂါ ဖြစ်ဖြစ်ခြင်း ကာလတွေမှာ အရည်ကြည်ဖုလို အဖုသေးတွေ အများကြီးထွက်နိုင်ပါတယ်။ ဒီလို အရည်ကြည်ဖုလို အနာတွေဟာ ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံရတဲ့အချိန်မှာ စတင်ဖြစ်ပေါ်တာ ဖြစ်ပြီး ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံခဲ့ရသူတွေဟာ သူတို့ရဲ့ လိင်အင်္ဂါနဲ့ ပါးစပ်တွေတစ်ဝိုက်မှာ အနာဖုသေးတွေရှိနေနိုင်ပါတယ်။ ဆစ်ဖလစ်ကာလသားရောဂါ ကြာလာတာနဲ့အမျှ အရည်ပြားပေါ်မှာ အနီကွက်တွေ ပေါ်လာနိုင်ပြီး ချွဲကျိတဲ့ အမြှေးပါးတွေကို ပျက်ဆီးစေပါတယ်။ ရောဂါ ပြင်းလာတာနဲ့အမျှ ဆစ်ဖလစ်ကြောင့် နှလုံးနဲ့ ဦးနှောက်အပါအဝင် ခန္ဓါကိုယ်အင်္ဂါ တွေ ပျက်ဆီးစေပါတယ်။တစ်ခြား STI ရောဂါတွေကတော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကူးစက်နိုင်ခြေတော့ ရှိနေပါသေးတယ်။ အဲ့ဒီ STI ရောဂါတွေကတော့-။HIV (human immunodeficiency virus)။HIV (human immunodeficiency virus) ဗိုင်းရပ်စ်ဟာ ရောဂါရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓါကိုယ်အရည်တွေဟာ တစ်ခြားလူတစ်ယောက်ရဲ့ သွေးလမ်းကြောင်းနဲ့ တိုက်ရိုက်ထိတွေ့မိရင် ကူးစက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာတော့ HIV ဟာ ဘာရောဂါ လက္ခဏာမှ မပြသေးပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး acquired immunodeficiency syndrome (AIDS) လို့ခေါ်တဲ့ ရောဂါ လက္ခဏာကို ဖြစ်စေနိုင်ပါတယ်။Chlamydia။Chlamydia ရောဂါလည်း ရောဂါရှိနေတဲ့ အမျိုးသမီး အင်္ဂါ၊ အမျိုးသားအင်္ဂါ၊ ပါးစပ်၊ စအို တို့နဲ့ ထိတွေ့မိတဲ့ အခါ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ လူအများစုမှာ Chlamydia ရောဂါ လက္ခဏာတွေ မပြပေမဲ့ အချိန်ကြာလာတဲ့အခါ လိင်အင်္ဂါတွေ ယားယံခြင်း၊ ပူလောင်ခြင်းနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ဆီးခုံသန်းများ။ဆီးခုံ သန်းများဟာ လူအသွေးကို အာဟာရပြုပြီး ဆီးခုံမွှေးတွေမှာ နေထိုင်တဲ့ အင်းဆက်ငယ်လေးတွေ ဖြစ်ပါတယ်။ ဒီအင်းဆက်တွေဟာ တစ်ခြား ခန္ဓါကိုယ် အမွှေးတွေမှာလည်း နေထိုင်နိုင်ပေမဲ့ ဦးရေပြားမှာတော့ မနေထိုင်ကြပါဘူး။ ဆီးခုံသန်းများဟာ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓါကိုယ်ထိပြီဆိုတာနဲ့ ခုန်ကာကူးစက်နိုင်ပါတယ်။အသည်းရောင်ရောဂါ B၊ C (Hepatitis B and C)။အသည်းရောင်ရောဂါပိုး B နဲ့ C တို့ဟာ အသည်းကို တိုက်ခိုက်ကြတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေဟာလည်း ရောဂါရှိသူနဲ့ ခန္ဓါကိုယ်ထွက် အရည်တွေနဲ့ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။ စစချင်းရောဂါလက္ခတွေကတော့ တုပ်ကွေး အဖျားရောဂါတွေ ဖြစ်တတ်ပြီး လူတစ်ချို့မှာတော့ ဒီဗိုင်းရပ်စ်တွေဟာ ပြင်းထန်တဲ့ အသည်းရောဂါတွေနဲ့ နာတည်ရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။လိင်အင်္ဂါ အသားပိုတွေ(Genital warts)။လိင်အင်္ဂါအသားပိုတွေဟာ လိင်အင်္ဂါနားတစ်ဝိုက်မှာ human papillomavirus (HPV) ဗိုင်းရပ်စ်တွေကြောင့် အသားပိုတွေ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ လိင်အင်္ဂါ အသားပို ရှိနေတဲ့ လူနဲ့ အသားချင်းထိတဲ့အခါမှာ ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါ အသားပိုရောဂါ အများစုဟာ ဘာရောဂါ လက္ခဏာမှ မရှိတတ်ကြပေမဲ့ တစ်ချို့လူတွေကတော့ လိင်အင်္ဂါနားတစ်ဝိုက် ယားယံခြင်းကို ခံစားကြရပါတယ်။HIV နဲ့ AIDS။HIV ဗိုင်းရပ်စ်ပိုးတွေဟာ အမျိုးသမီး လိင်အင်္ဂါ၊ အမျိုးသား လိင်အင်္ဂါနဲ့ အကျိအချွဲ အမြှေးပါးတွေမှ ကူးစက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး ဒီဗိုင်းရပ်စ်တွေဟာ သွေး၊ မိန်းမနို့ရည်၊ အမျိုးသမီး အင်္ဂါ အရည်၊ စအိုအရည်၊ သုတ်ရည် နဲ့ သုတ်ရည်အရင်ထွက်တဲ့ အရည်များနဲ့ တစ်ခြားလူတစ်ယောက်ရဲ့ ပင်မသွေးစီးကြောင်းနဲ့ထိတွေ့ရင် ကူးစက်နိုင်ပါတယ်။HIV ဗိုင်းရပ်စ် ကူးစက်ဖို့အတွက် နည်းလမ်း ၃ လမ်းရှိပါတယ်။ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ သွေးစီးကြောင်းချင်းတော့ တိုက်ရိုက်မထိတွေ့ကြပါဘူး။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတစ်ယောက်ဆီက ခန္ဓါကိုယ်ထွက်အရည်တွေဟာ တစ်ခြားတစ်ယောက်ရဲ့ ပါးစပ်က ပေါက်ပြဲနေတဲ့ ဒဏ်ရာတွေ၊ ပေါက်ပြဲနေတဲ့ အကျိအချွဲ အမြှေးပါးတွေနဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင်တော့ ကူးစက်နိုင်ပါတယ်။ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ချိန်ကြာမြင့်လာတဲ့အချိန်မှာ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်က ချို့ယွင်းသွားပါတော့တယ်။ ဒီအချိန်ကိုacquired immunodeficiency syndrome(AIDS) လို့ခေါ်တဲ့ ရောဂါ လက္ခဏာလို့ အမည်ပေးထားပါတယ်။ AIDS ရောဂါ လက္ခဏာဟာ ပုံမှန်မဟုတ်တဲ့ ကူးစက်ခြင်းများနဲ့ ဖျားနားခြင်း အမျိုးမျိုး ကို ဖြစ်ပွားစေနိုင်ပြီး HIV ဗိုင်းရပ်စ်ပိုး ကူးစပ်ပြီးမှ AIDS ရောဂါ လက္ခဏာ ဖြစ်လာတာ ဖြစ်ပါတယ်။ AIDS ရောဂါ လက္ခဏာကြီးတိုက်ရိုက်ကူးတယ်ဆိုတာ မရှိပါဘူး။ HIV ဗိုင်းရပ်စ်ပိုး ဘယ်လောက်ပျံ့နှံ့ ကူးစက်နိုင်လဲဆိုတာ အချိန်နဲ့ရော၊ ကုသမှုနဲ့ရော သက်ဆိုင်ပါသေးတယ်။ သွေးထဲမှာ ဗိုင်းရပ်စ်ပိုး ပိုများနေလေ ပိုကူးစက်လွယ်လေပါပဲ။လိင်ဆက်ဆံရာမှ တစ်ဆင့် ကူးစက်နိုင်တဲ့ STI ရောဂါ ကူးစက်နိုင်ခြေကို အပြီးသတ်တားဆီးဖို့ကတော့ ပါးစပ်နဲ့ပဲဖြစ်ဖြစ်၊ စအိုပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ အမျိုးသမီး အင်္ဂါနဲ့ပဲ ဖြစ်ဖြစ် လိင်ဆက်ဆံတာကို ရှောင်ဖို့ပါပဲ။ မရှောင်နိုင်ဘူးဆိုတဲ့ လိင်မှု ကိစ္စ ပုံမှန်ရှိနေတဲ့ လူတွေအနေနဲ့ကလည်း။လိင်မှုကိစ္စ ပုံမှန်ပြုလုပ်နေတဲ့ လူတွေဟာ STI ရောဂါရှိနေတဲ့ လူနဲ့ ပါးစပ်မှ လိင်ဆက်ဆံရင် ကူးစက်နိုင်ခြေ အကြောင်းသိဖို့ ဆရာဝန်တွေနဲ့ သွားရောက်ဆွေးနွေးသင့်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ STI ကူးစက်နိုင်ခြင်းကို ကာကွယ်ဖို့အတွက် ကြိုတင်တားဆီးမှုတွေ လုပ်သင့်ပါတယ်။ ကျန် ကိစ္စတွေကိုတော့ မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကို အမြဲတမ်းဝေမျှနေသင့်ပါတယ်။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို Hello ဆရာဝန်မှာ ယုံကြည်စိတ်ချစွာ ရယူနိုင်ပါတယ်။# ပါးစပ်နဲ့ လိင်ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုမလား!။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/stds-cause-by-oral-sex/
မိုးရေစိုစိုမှာ သတိထားရမယ့် အရေပြားပေါ်က ပြဿနာများ
မိုးလေး တစ်ပြိုက်နှစ်ပြိုက်ကျရာကနေ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ မုန်တိုင်းဆင်တဲ့ကာလကို ရောက်လာခဲ့ပါပြီ။ မိုးတွင်း စစ်စစ်ကြီးကို ရောက်လာပြီပေါ့။ မိုးရာသီဟာ ပတ်ဝန်းကျင်တစ်ခွင် စိမ်းစိမ်းစိုစို ရှူမျှော်ခင်းသာသာနဲ့ လှပတဲ့ ရာသီတစ်ခုဖြစ်ပါတယ်။ မိုးရာသီကို ရောက်လာပြီဆိုရင် သူ့ရဲ့ အလှတရားတွေအပြင် ကျန်းမာရေးပြဿနာတွေအကြောင်း လူတွေရဲ့ ခေါင်းထဲကို အတွေးတွေဝင်လာတတ်ကြပါတယ်။ အရေပြားပေါ်က ပြဿနာများ က တော့ ထိပ်ဆုံးပေါ့။မိုးရာသီဟာ တခြားရာသီဥတုတွေထက် ကျန်းမာရေးပြဿနာပိုများတတ်တာကြောင့်ပါ။ ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကနေစလို့ကူးစက်ရောဂါတွေ၊ဝမ်းပျက်ဝမ်းလျှောလိုဝေဒနာမျိုးတွေက မိုးရာသီမှာ အဖြစ်များကြလေ့ရှိပါတယ်။လေထုစိုထိုင်းစမြင့်တာ၊ မိုးအဆက်မပြတ်ရွာတာနဲ့ ရေကြီးရေလျှံတာတွေကြောင့် တခြားကျန်းမာရေးပြဿနာကြီးတစ်ခုကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ ဒါကတော့ အရေပြားကျန်းမာရေးပြဿနာပါပဲ။ယားယံတာတွေ၊ နေမထိထိုင်မသာဖြစ်တာတွေ၊ မှိုလို ဘက်တီးရီးယားလို ပိုးမွှား ကူးစက်ခံရတာတွေ လှိုင်လှိုင်ဖြစ်တတ်တဲ့ကာလလို့ ဆိုရမှာပါပဲ။မိုးရေစိုရွှဲနေတာ၊ စိုစိုစိစိဖြစ်တာ၊ ဗွက်တွေကြား သွားလာရင်း မသန့်တဲ့ရေတွေကို ထိတွေ့ရတာနဲ့ မိုးရေနဲ့ အကြာကြီး ထိတွေ့ရတာကြောင့် ဒီကာလတွေမှာ အရေပြားပြဿနာတွေ ဖြစ်ပေါ်တာပါ။မိုးရာသီ စိုစိုစွတ်စွတ်ဆိုတာကဘက်တီးရီးယားတွေ၊ပိုးမွှားတွေကို ပိုမိုပေါက်ဖွားလွယ်စေတယ်လေ။ ဒီဘက်တီးရီးယားတွေကြောင့် မှိုစွဲတာ၊ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။မိုးရာသီမှာ အဖြစ်များတဲ့အရေပြားပြဿနာတွေအများအပြားရှိပါတယ်။ ဒီရောဂါတွေအားလုံးဟာ ကြိုတင်ကာကွယ်တာတွေ၊ ကုသတာတွေ ပြုလုပ်လို့ရနိုင်တဲ့ ဝေဒနာတွေဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဝေဒနာတွေဟာ မိုးရာသီမှာ အဖြစ်အများဆုံး အရေပြားဆိုင်ရာ ဝေဒနာတွေဖြစ်ပါတယ်။အဖြစ်အများဆုံးပြဿနာဖြစ်ပါတယ်။ များသောအားဖြင့် မျက်နှာ နီမြန်းတာ၊ ယားယံတာနဲ့ ဝက်ခြံထွက်တာတွေ ဖြစ်တတ်ပါတယ်။ မှိုနဲ့ ဘက်တီးရီးယားတွေ ကူးစက်ခံရတာကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အရေပြားကို ပိုးမွှားကူးစက်နိုင်ပြီး ချွေးအဆက်မပြတ်ထွက်တာ၊ ရေဓာတ်ချို့တဲ့တာ၊ နေလောင်တာ၊ စိုထိုင်းစများတာနဲ့ ရာသီဥတုကူးပြောင်းမှုရဲ့ သက်ရောက်မှုတွေကြောင့်ဖြစ်တတ်ပါတယ်။ဒီလို ပိုးမွှားကူးစက်မှုမခံရဖို့ဆိုရင် ခန္ဓာကိုယ်ကို ခြောက်သွေ့အောင်ထားဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ အထူးလိုအပ်သလို ပုံမှန်ရေချိုးပေးဖို့လည်း လိုမှာဖြစ်ပါတယ်။ နောက်ပြီး ရေများများ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ပုံမှန်မဟုတ်တဲ့ချွေးအလွန်အကျွံထွက်တတ်တဲ့သူတွေက မိုးရာသီကာလမှာ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရင်ဘတ်၊ ချိုင်းကြား၊ လက်ဖဝါး၊ ခြေဖဝါး၊ မျက်နှာနဲ့ ဦးရေပြားတို့မှာ ချွေးတွေ အလွန်အကျွံထွက်တာကြောင့် ရေဓာတ်ဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သလို ရောဂါပိုးတွေ ပိုမိုကူးစက်လာစေနိုင်ပါတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ချွေးထွက်တဲ့နေရာကို မကြာခဏ သန့်စင်ပါ။ ဒါမှမဟုတ်လည်း ရေဓာတ်လုံလုံလောက်လောက် ပြန်လည်ဖြည့်တင်းတာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ဘယ်လိုမှ မသက်သာဘူးဆိုရင်တော့ Botox ထိုးသွင်းတဲ့နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။Pigmentationဒါမှမဟုတ် Hyperpigmentation ပြဿနာဟာ မိုးရာသီမှာ အဖြစ်များလေ့ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အချက် ၂ ချက်ကတော့ ခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ ပမာဏမျိုးနဲ့ Melanin ထုတ်လုပ်တာကြောင့် ဒါမှဟုတ် နေရောင်ခြည်ကြောင့် Melanocytes တွေ အလွန်အမင်း လှုပ်ရှားသက်ဝင်နေတတ်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ဒီပြဿနာအတွက် အဓိက နည်းလမ်းကတော့ နေရောင်ခြည်ကို ရှောင်ရှားတာပါပဲ။ နေပူထဲသွားရင် နေရောင်ပြင်းပြင်းမထိအောင် ရှောင်ရှားသွားလာတာ၊  နေလောင်ကာခရင်မ်လိမ်းတာ အကောင်းဆုံးပါ။ဝက်ခြံကလည်း မိုးရာသီမှာ ပိုပြီးအဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်းကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လက်နဲ့ ထိမိပြီး မျက်နှာကို ကိုင်တွယ်မိတဲ့အခါမှာ ဝက်ခြံတွေ အရမ်းကိုဖြစ်လွယ်ပါတယ်။မျက်နှာအသားအရေဟာလည်း မိုးရာသီမှာခြောက်သွေ့နေမှာ မဟုတ်တာကြောင့် ဘက်တီးရီးယားတွေပျော်ပျော်ကြီးနေရာယူနေမှာပါ။ ဒါကြောင့် မျက်နှာကို သန့်ရှင်းအောင် ထားတာက ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်ပါ။မိုးရေမကြာခဏ စိုနေပြီဆိုရင်ဦးရေပြားယားယံတာနဲ့ ဗောက်ထတာတွေက နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆံပင်တွေမှာ လှိုင်းအတွန့်တွေပေါ်လာတာပါ။ ဒါကတော့ လေထဲမှာ အစိုဓာတ်တွေ ပိုလျှံနေခြင်းကြောင့်ဖြစ်တာပါ။ဒီလိုမျိုး မိုးရာသီမှာ ဦးရေပြား ယားယံခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ ပန်းသီးရှာလကာရည်ကို ရေလေးနဲ့ရောကာ ဦးရေပြားမှာ လိမ်းပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ပြီး ခေါင်းလျှော်ပါ။ခြေသည်းနဲ့ခြေထောက်မှာ မှိုစွဲတဲ့အခါမှာ သဲဝဲစားတာ၊ ဝဲပေါက်တာ၊ ခြေသည်းကြား သဲတွေဝင်ပြီး ခြေစွယ်ငုတ်တာတွေ ဖြစ်နိုင်ပါတယ်။ ခြေထောက်မှာ အနာဖြစ်နိုင်တဲ့အပြင် ပြည်တည်တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါဟာ မိုးရေထဲမှာလျှောက်သွားတာကြောင့် ဘက်တီးရီးယားတွေ ကပ်ညှိလာပြီးဖြစ်တာပါ။ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ မိုးရေနဲ့ ထိပြီးတိုင်း ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ ခြေသည်းကြားလေးတွေကိုလည်း ဂရုတစိုက်ဆေးကြောရပါမယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/monsoon-skin-problems/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/safe-sex-guide/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/rare-individuals-can-block-and-lock-hiv-in-their-chromosomes/
ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းတွေကြောင့်ရလာတဲ့ဝက်ခြံတွေအတွက် နည်းလမ်းတချို့
အမျိုးသမီးတော်တော်များများဟာ ကိုယ်ဝန်ဆောင်ကာလမှာ ဝက်ခြံတွေအနည်းငယ်မှ ဆိုးဆိုးရွားရွားထိရနိုင်ပါတယ်။ ထိုဟော်မုန်းကြောင့်ရလာတဲ့ ဝက်ခြံတွေအတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းတချို့အကြောင်း ကြည့်လိုက်ရအောင်။ကိုယ်ဝန်ဆောင်ချိန်မှာ ‘အန်ဒရိုဂျင်’ လို့ခေါ်တဲ့ အဖိုဟော်မုန်းများလာပါတယ်။ ဒီဟော်မုန်းက အဆီဂလင်းတွေပိုကြီးလာစေပြီး အဆီတွေပိုထွက်လာစေတယ်။ ထိုအဆီတွေက အပေါက်များကိုပိတ်သွားစေကာ ရောင်ရမ်းပေါက်ထွက်သွားစေပါတယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ခြံတွေဟာ ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမပိုင်းနဲ့ဒုတိယပိုင်းတွေမှာ အများအားဖြင့်ရတတ်ပါတယ်။မျက်နှာခဏခဏသစ်ခြင်းဟာ သင့်မျက်နှာပေါ်က ပုံမှန်ရှိသင့်တဲ့အဆီတွေကို ဆေးပစ်လိုက်တာကြောင့် အဆီဂလင်းတွေကို အဆီပိုထုတ်စေပါလိမ့်မယ်။ အဆီထုတ်များခြင်းဟာ ဝက်ခြံပေါက်စေပါတယ်။ နောက်တစ်ချက်က ရေပူနဲ့မျက်နှာမသစ်ပါနဲ့။ ရေပူနဲ့မျက်နှာသစ်ခြင်းဟာ သင့်မျက်နှာကိုခြောက်သွေ့စေပါလိမ့်မယ်။ ဒီနေရာမှာ မျက်နှာသန့်ဆေးကအရေးပါပါတယ်။ ဆပ်ပြာဓါတ်၊ အဆီဓါတ်မပါတဲ့ သန့်စင်ဆေးပျော့ပျော့နဲ့ အနည်းငယ်ရေနွေးနွေးလေးကိုသုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ချေးချွတ်လိုက်တာဟာ အဆီပိုထုတ်စေပါလိမ့်မယ်။ နူးညံ့ညင်သာတဲ့နည်းနဲ့သာ အရေပြားသန့်စင်သင့်ပါတယ်။ နူးညံ့တဲ့အဝတ်ပိုင်းလေးနဲ့ မျက်နှာကိုစက်ဝိုင်းပုံပွတ်တိုက်သန့်စင်ပေးပါ။ အသားအရည်စိုပြေရန်အတွက်ကိုလည်း အဆီမပါသောပစ္စည်းများအသုံးပြုပါ။ သုံးရာမှာလည်း မျက်နှာကိုပွတ်ပစ်လိုက်ခြင်းမလုပ်ဘဲ အသာအယာတို့ထိပေးသင့်ပါတယ်။ရေနဲ့ ပန်းသီးရှာလကာရည်ကို ၃ဆ ၁ဆ ရောကာ တိုနာအဖြစ်သုံးနိုင်ပါတယ်။ သို့မဟုတ် ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးမှာစွတ်ပြီး မျက်နှာပေါ်ကမလိုအပ်တဲ့အဆီတွေကိုသုတ်ပစ်နိုင်ပါတယ်။မုန့်ဖုတ်ဆော်ဒါစားပွဲတင်ဇွန်းတစ်ဇွန်းကို ရေစားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ရောကာ ဝက်ခြံများ အဖုများပေါ်လိမ်းပြီး ခြောက်သွားပါက ရေနဲ့ဆေးချလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါက မလိုအပ်တဲ့အဆီတွေကိုဖယ်ရှားပြီး ပျက်စီးသွားတဲ့နေရာများကိုလည်း အလျင်အမြန်သက်သာစေပါလိမ့်မယ်။ပျားရည်ဟာအနာဒဏ်ရာကျက်တာမြန်စေတယ်၊ ဘက်တီးရီးယားအန္တရာယ်မှကာကွယ်ပေးတယ် ပိုးသတ်ပေးတဲ့အာနိသင်ရှိတယ် စသည်ဖြင့်သိထားကြပါတယ်။ ဒီနည်းလေးကိုသုံးဖို့ကတော့ ပထမသင့်မျက်နှာကို ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ၊ ထို့နောက်ဝက်ခြံတွေပေါ်ပျားရည်တို့ပြီး မိနစ်၂၀ ၃၀ လောက်အကြာမှာရေသန့်နဲ့ဆေးချပါ။ ပျားရည်ဟာ ဝက်ခြံကြောင့် ထိခိုက်ထားတဲ့နေရာတွေကိုသက်သာစေပြီး သင့်မျက်နှာကိုချောမွေ့စေပါလိမ့်မယ်။အုန်းဆီဟာ အသားအရေစိုပြည်စေပါတယ်။ အိပ်ခါနီးမှာ အုန်းဆီစစ်စစ်ပါးပါးလေးလိမ်းလိုက်ခြင်းဟာ သင့်အသားအရည်အတွက်ကောင်းပါတယ်။ အုန်းဆီမှာ မှိုများ ဘတ်တီးရီးယားများကိုသတ်ပေးနိုင်စွမ်းရှိပြီး အလွယ်တကူလည်းစုတ်ယူလို့ရပါတယ်။အုတ်ဂျုံနဲ့သခွားသီးမှာ အသားအရေကိုအေးမြစေပြီး ချောမွေ့စေတဲ့အာနိသင်ရှိပါတယ်။ သခွားသီးကိုခြစ်၊ အုတ်ဂျုံမှုန့်နဲ့ရောကာ ရေခဲသေတ္တာထဲခဏထည့်ထားပါ၊ ထို့နောက် အရေပြားပေါ်မှာ ၁၀မိနစ် ၁၅မိနစ်လောက် လိမ်းထားနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba/
နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ နှင့် မစားသင့်သည့် အစားအစာများ
မွေးကာစကလေးတွေအတွက်မိခင်နို့ရည်က အာဟာရဓာတ်အပြည့်ဆုံး ရင်းမြစ်ဖြစ်ပါတယ်။ နို့တိုက်မိခင်တွေက အများအားဖြင့် အစားရှောင်စရာ မလိုပါဘူး။ နို့တိုက်နေချိန်မှာ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ စားပေးတာက မိခင်ကိုရော ကလေးကိုပါ ကျန်းမာစေပါတယ်။ ဒါပေမယ့် နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ နှင့် မစားသင့်သည့် အစားအစာများ ဆိုပြီး ရှိပါတယ်။ ဆိုလိုတာက တချို့သော အစားအစာတွေက မိခင်ကို နို့ထွက်ကောင်းစေတာကြောင့် ပုံမှန်စားပေးဖို့ လိုပါတယ်။ တချို့သော အစားအစာတွေကတော့ နို့စို့ကလေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ဖို့ လိုပါတယ်။ငါးမှာ ပရိုတိန်းတွေ၊ အိုမီဂါ (၃) နဲ့ မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တွေ ပါဝင်နေတဲ့အတွက် နို့တိုက်နေချိန်မှာ စားပေးသင့်ပါတယ်။ စားတဲ့အခါ ရေချိုငါးကို ဦးစားပေးစားပါ။ ပင်လယ်ငါးတွေနဲ့ ပင်လယ်စာတွေမှာ မာကျူရီပါတတ်လို့ပါ။သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို သိသာစွာ လျော့နည်းစေတဲ့ အမျှင်တွေ၊ ကာဗိုဟိုက်ဒရိတ်တွေနဲ့ ပရိုတိန်းတွေရဲ့ တကယ့်ရင်းမြစ်ကောင်း တစ်ခုပါ။ အထူးသဖြင့် အဝလွန်တဲ့ ကိုယ်ဝန်ဆောင်တွေ၊ သွေးတိုး၊ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ နို့တိုက်ချိန်မှာ စားပေးသင့်ပါတယ်။ကြက်သွန်ဖြူစားလေ့ရှိတဲ့ မိခင်တွေရဲ့ ကလေးတွေက အခြားသောကလေးတွေထက် နို့သောက်နှုန်း ပိုများတယ်လို့ ဆိုကြပါတယ်။ လေ့လာချက်တွေအရတော့ ဒါဟာ မိခင်နို့ရဲ့ အရသာ အပြောင်းအလဲကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်ကြွယ်ဝပြီးglycemic index(သွေးတွင်း သကြားဓာတ်မြင့်တက်စေနိုင်တဲ့စနစ်) နည်းပါးပါတယ်။ ဒါ့ပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ ဒါကြောင့် မိခင်တွေဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့စဉ်ပါဝင်အောင် စားသုံးသင့်ပါတယ်။ မိခင်စားသုံးတဲ့အစားအစာတွေထဲမှာ ကလေးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝပါဝင်နေဖို့ကလည်း အရေးကြီးလှပါတယ်။ဥပမာ- ကော်ဖီ၊ ချောကလက်၊ အသင့်ဖျော်လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်များ။ မိခင်စားသုံးလိုက်တဲ့ကဖိန်းဓာတ်ရဲ့ အချို့သောပမာဏဟာ နို့ရည်ထဲမှာ ပါဝင်သွားပြီး ကလေးဆီ ရောက်နိုင်ပါတယ်။ ဒီကနေ သူတို့ရဲ့ အိပ်စက်ခြင်းကို သက်ရောက်စေနိုင်ပါတယ်။နို့တိုက်ချိန်မှာ အရက်မသောက်တာကတော့ အကောင်းဆုံးပါ။ ဒါပေမယ့် ရံဖန်ရံခါ သောက်တာကကလေးကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။ ရံဖန်ရံခါဆိုတာ တစ်ပတ်ကို ၁−၂ကြိမ်၊ ၁ကြိမ်ကို ၂ယူနစ်ထက် မပိုတဲ့ ပမာဏ ဖြစ်ပါတယ်။  (၁ယူနစ်= ဝိုင် 125 ml (သို့) အရက် 25ml (သို့) ဘီယာ ခွက်တစ်ဝက်)။ဖြစ်နိုင်မယ်ဆိုရင် အရက်သောက်တဲ့အချိန်နဲ့ နို့တိုက်ချိန်နဲ့ ၂−၃နာရီလောက် ခွာသင့်ပါတယ်။ နောက်တစ်ခုက အရက်မသောက်ခင်မှာ နို့ကို ညှစ်ပြီး အပြင်မှာ သိမ်းထားပါ။ ကလေးနို့တိုက်ရမယ့်အချိန်ဆို ညှစ်ထားတာကို တိုက်ရုံပါပဲ။ ဒါဆို အရက်ပါမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။နောက်ထပ် အရေးကြီးတဲ့အချက်က အရက်မူးနေချိန်မှာ နို့မတိုက်ဖို့ပါ။ မိခင်မူးနေတာကြောင့် ကလေးကို ဖိမိပြီး ရုတ်တရက် သေဆုံးတာ SIDS ဖြစ်နိုင်ပါတယ်။ပင်လယ်ငါးတွေမှာမာကျူရီပါတဲ့အတွက် နို့တိုက်ချိန်မှာ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။ ငါးသေတ္တာတို့၊ တူနာတို့ဆို တစ်ပတ်ကို ၂ကြိမ်၊ တစ်ကြိမ်ကို ၆ဂရမ် (၂တုံးစာ) လောက်ပဲ စားသင့်ပါတယ်။ ပင်လယ်ငါးကြီးတွေကိုတော့ တစ်ပတ်ကို ၁ကြိမ်လောက်ပဲ စားသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/what-food-to-take-and-avoid-in-breastfeding/
လူပျိုဖော်/အပျိုဖော် အဝင်စောတာကို ဘယ်လိုသိမလဲ၊ ဘယ်လို ကုသမလဲ
လူပျိုဖော်/အပျိုဖော်အဝင်စောတယ်ဆိုတာမိန်းကလေးတယောက်အတွက်အသက်ရှစ်နှစ်မတိုင်ခင်ဒါမှမဟုတ်ယောက်ျားလေးတယောက်အတွက်အသက်ကိုးနှစ်မတိုင်ခင်ကြီးကောင်ဝင်တဲ့လက္ခဏာပြောင်းလဲမှုတွေသူတို့ခန္ဓါမှာ ဖြစ်ပေါ်လာတာကိုဆိုလိုပါတယ်။အထက်မှာဖော်ပြခဲ့တဲ့အသက်တွေမတိုင်ခင်ကြီးကောင်ဝင်တဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပေါ်လာလေ့ရှိပါတယ်။ မိန်းကလေးတွေမှာဆိုရင်ဒီပြောင်းလဲမှုလက္ခဏာတွေကရင်သားကြီးထွားလာခြင်းနဲ့ပထမဆုံးရာသီပန်းစပွင့်တာပဲ ဖြစ်ပါတယ်။ ယောက်ျားလေးတွေမှာဆိုရင်လိင်တံနဲ့ကပ္ပါယ်အိတ်ကြီးလာတာ၊မျက်နှာမှာအမွှေးအမျှင်(မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးစသည်)တွေပေါက်လာတာနဲ့အသံပြောင်းလာတာစသဖြင့် ဖြစ်ကြပါတယ်။ ယောက်ျားလေးရောမိန်းကလေးပါတွေ့ကြုံခံစားရမယ့်လက္ခဏာတွေကတော့။ဦးနှောက်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြဿနာရှိတာ (ဥပမာအကျိတ်ဖြစ်နေတာ)၊ခေါင်းထိခိုက်မိလို့ဦးနှောက်မှာဒါဏ်ရာရတာ၊ကူးစက်ပိုးဝင်တာ(ဥပမာဦးနှောက်အမြှေးပါးရောင်တာ) ၊သိုင်းရွိုက်ဂလင်းဒါမှမဟုတ်သားဥအိမ်မှာ ပြဿနာတွေရှိနေတဲ့အတွက်လူပျိုဖော်/အပျိုဖော်ဝင်တာကိုစောအောင်နှိုးဆွတာစတဲ့အကြောင်းအရာတွေကြောင့်စောစီးစွာကြီးကောင်ဝင်ရပါတယ်။ မိန်းကလေးအများစုမှာသိသာထင်ရှားသတိထားမိလောက်တဲ့အကြောင်းပြချက်ထူးထူးခြားခြားမရှိတတ်ပါဖူး။ ယောက်ျားလေးတွေမှာဒီလိုစောစီးစွာကြီးကောင်ဝင်တာက ဖြစ်လေ့သိပ်မရှိပါဖူး။ တခြားကျန်းမာရေးအခြေအနေတွေနဲ့ပိုဆက်စပ်ဖို့များပါတယ်။ စောစီးစွာကြီးကောင်ဝင်တဲ့ယောက်ျားလေးတွေရဲ့ငါးရာခိုင်နှုန်းဟာမျိုးရိုးဗီဇကြောင့် ဖြစ်ရတာပါ။သင့်ကလေးမှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုတွေ့ရှိနေရပြီးနောက်မှာဆရာဝန်အနေနဲ့ဟော်မုန်းပြောင်းလဲမှုတွေကိုရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်သွေးစစ်၊ဆီးစစ်တာတွေကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဒါ့အပြင်အရိုးတွေ မြန်မြန်ဆန်ဆန်ကြီးထွားနေတာရှိမရှိသိနိုင်ဖို့အတွက်လက်ဒါမှမဟုတ်လက်ကောက်ဝတ်ကိုဓါတ်မှန်ရိုက်ပါလိမ့်မယ်။ ကင်ဆာကျိတ်လိုမျိုးတခြားအကြောင်းရင်းတွေကိုရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်အခြားအခြားသောစစ်ဆေးမှုတွေ (ဥပမာ CT scan ရိုက်တာ)ကိုလည်း ပြုလုပ်ဖို့လိုကောင်းလိုပါလိမ့်မယ်။တကယ်လို့သင့်ကလေးဟာစောစီးစွာကြီးကောင်ဝင်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတာသေချာပြီဆိုရင်ဟော်မုန်းဗေဒကျွမ်းကျင်ကလေးဆရာဝန်ဆီကိုလွှဲပါလိမ့်မယ်။ ဟော်မုန်းဗေဒကျွမ်းကျင်ကလေးဆရာဝန်ဟာကလေးတွေရဲ့ကြီးထွားမှုနဲ့ဟော်မုန်းဆိုင်ရာအပြောင်းအလဲ ပြဿနာတွေကိုအထူးပြုလေ့လာထားတဲ့ကျွမ်းကျင်သူတွေ ဖြစ်တာမို့သူတို့အနေနဲ့ဆက်လက်စမ်းသပ်စစ်ဆေးတာတွေပြုလုပ်ပြီးလိုအပ်သလိုကုသမှုပေးပါလိမ့်မယ်။ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကိုရပ်ပစ်ဖို့(ဖြစ်နိုင်ရင် ပြန်နည်းသွားအောင် ပြုလုပ်ဖို့)၊ခန္ဓါကိုယ်နဲ့အရိုးတွေလျင်မြန်စွာကြီးထွားတာကိုရပ်ပစ်ဖို့ဟာဒီကုသမှုရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ဒီအခြေအနေတွေဟာအသက်ကြီးလို့အရွယ်ရောက်လာတဲ့အခါလူကောင်ပုသေးတာမျိုး ဖြစ်သွားစေနိုင်တဲ့အတွက်ဖြစ်ပါတယ်။အဓိကကုသပေးမယ့်နည်းလမ်းနှစ်သွယ်ကတော့။အခုလက်ရှိတွင်တွင်ကျယ်ကျယ်သုံးနေကြတဲ့ဟော်မုန်းဆိုင်ရာကုသမှုကတော့ LHRH analogs လို့ခေါ်တဲ့ဆေးတွေပေးပြီးကုသတာပါပဲ။LHRH analogs တွေဆိုတာလူပျိုဖော်/အပျိုဖော်အဝင်စောခြင်းမှာအဓိကတာဝန်ရှိတဲ့ကျား/မဟော်မုန်းတွေထွက်ရှိမှုကိုတားဆီးပိတ်ပင်ပေးနိုင်တဲ့ (ဓါတ်ခွဲခန်းမှာဖန်တီးပြုလုပ်ထားသော) ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်းဆေးအသုံးပြုပြီးတစ်နှစ်အတွင်းမှာပဲအင်မတန်သိသာထင်ရှားတဲ့အကျိုးရလာဒ်တွေကိုရရှိလေ့ရှိပါတယ်။ ဒါ့အပြင် LHRH analogs တွေနဲ့ကုသတာဟာစိတ်ချရပြီးကလေးတွေမှာဘာဘေးထွက်ဆိုးကျိုးကိုမှမဖြစ်ပေါ်စေဖူးလို့ယေဘုယျအနေနဲ့ယူဆထားကြပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/adolescence-health/%e1%80%9c%e1%80%b0%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%a1%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%96%e1%80%b1%e1%80%ac%e1%80%ba-%e1%80%a1%e1%80%9d%e1%80%84/
11 ပတ်
11 ပတ် အရွယ်ကလေးကလေးက ခေါင်းအစခြေအဆုံး လက်သီးစုပ်အရွယ် ၄ စင်တီမီတာရှိပါတယ်။ ဖွံ့ဖြိုးဆဲကလေးလေးကို အထောက်အပံ့ပေးဖို့အချင်းထဲက သွေးကြောတွေက အရွယ်အစားကြီးလာပြီး သွေးကနေတစ်ဆင့် ကလေးလေးဆီပို့တဲ့ အာဟာရလည်း များလာပါတယ်။ ဒီအချိန်ဆိုရင်တော့ သန္ဓေသားလေးက တရားဝင်သန္ဓေသားလေးဖြစ်သွားပါပြီ။ ကလေးလေးရဲ့ခေါင်းက ဖွံ့ဖြိုးနေတုန်းပါပဲ။ ပုံမှန်ဆို ခေါင်းက ကိုယ်ရဲ့တစ်ဝက်ကျော်လောက်ကို ပိုရှည်ပါတယ်။ ဒါပေမယ့် နောက်အပတ်တွေထဲမှာ ခန္ဓာကိုယ်ကြီးထွားနှုန်းကမြန်လာပြီးတော့ လိုက်လို့မီလာမှာပါ။ဒီအပတ်အကုန်မှာဆိုလိင်အင်္ဂါပေါ်လာပြီး ကျားမစကွဲတော့မှာပါ။ နောက်အပတ် နည်းနည်းလောက်ကြာတဲ့အထိကို ဆက်ဖွံ့ဖြိုးနေမှာ ဖြစ်ပြီးတော့ ၁၈-၂၀ ပတ်လောက်မှ အာထရာဆောင်းရိုက်ပြီး ကွဲကွဲပြားပြားသိရမှာပါ။အခုဆို အားတွေ နည်းနည်းပြန်ပြည့်လာသလို ခံစားရပြီးတော့ ပျို့ချင်တာလည်း သက်သာလာမှာပါ။ ဒါပေမယ့် ဆိုးတာက နောက်ထပ် မနှစ်မြို့စရာ လက္ခဏာတွေ ထပ်ဖြစ်တော့တာပါပဲ။ဒီထဲမှာဝမ်းချုပ်တာလည်း တစ်ခုအပါအဝင်ပါ။ ဝမ်းသွားဖို့ခက်ပြီး ၃ ရက်လောက် ဝမ်းမသွားတော့ဘူးဆို ဝမ်းစချုပ်တော့တာပါပဲ။ ကိုယ်ဝန်ဟော်မုန်းတွေကိုပဲ အပြစ်တင်ရမှာပေါ့နော်။ ဒီဟော်မုန်းတွေက အစာအိမ်၊ အစာမျိုပြွန်တွေကို ဖြေလျှော့ချလိုက်ပြီး အစာခြေတာကို နှေးချလိုက်ပါတယ်။ အစာမကြေတာ၊ လေပွတာတွေလည်း ဖြစ်နိုင်ပါတယ်။ဝမ်းချုပ်တာသက်သာစေဖို့ ရေများများသောက်ပြီး အမျှင်ဓာတ်များများပါတာတွေ စားပေးကြပါနော်။ အမျှင်ဓာတ်များတာတွေကတော့ လတ်ဆတ်တဲ့အသီးတွေ (သင်္ဘောသီး၊ ဖရဲသီး၊ ငှက်ပျောသီး)၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ နှံစားပင်ကနေ လုပ်ထားတဲ့ပေါင်မုန့်တွေပဲ ဖြစ်ပါတယ်။ အစာကို နည်းနည်းခြင်း စားပေးတာက လေပွတာကို သက်သာစေပါတယ်။ လှုပ်လှုပ်ရှားရှားနေပါ။ အကြာကြီး ထိုင်တာမျိုးမလုပ်ပါနဲ့။ ဒါမှ အစာခြေတာ မြန်မှာပါနော်။ဝမ်းချုပ်တာက အိမ်တွင်းနည်းလမ်းလေးတွေနဲ့တော့ မသက်သာဘူးဆိုရင် ကုသမှုတွေခံယူရမှာပါ။ ဖြည့်စွက်အမျှင်ဓာတ်တွေစားပေးတာ၊ဝမ်းပျော့ဆေးသောက်တာမျိုး လုပ်လို့ရပါတယ်။ ဆေးတွေသုံးတော့မယ်ဆို စိတ်ချရအောင် ဆရာဝန်နဲ့ တိုင်ပင်ကြနော်။ တချို့ဝမ်းပျော့ဆေးတွေက ဝမ်းလျှောပြီး ရေဓာတ်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။အဆင်မပြေတဲ့ လက္ခဏာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ အစာစားချင်စိတ်ရော ဘယ်လိုလဲ။ စားရောဝင်ကြလား မေမေတို့။ အိပ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဆရာဝန်နဲ့ တိုင်ပင်ချင်တာရှိမှာပေါ့နော်။ အိပ်ရေးဝဝအိပ်တာက မေမေရော သားသားမီးမီးလေးအတွက်ပါ အရေးကြီးတယ်နော်။အိပ်ရခက်တာတွေစတဲ့ တခြားလက္ခဏာတွေကို သက်သာအောင်ဆရာဝန်တွေက ကူညီပေးနိုင်ပါတယ်။ဒီအပတ်မှာ ဆရာဝန်ကခရိုမိုဇုမ်း ပုံမှန်ဟုတ်မဟုတ်သိဖို့ စစ်ဆေးမှုလုပ်ဖို့ အကြံပေးမှာပါ။ ဒါကတော့ လူတိုင်းတော့ စစ်ဖို့မလိုပါဘူး၊၊ ချို့ယွင်းချက်ပါနိုင်တဲ့ ကိုယ်ဝန်တွေဆို ဆရာဝန်က စစ်ဖို့ အကြံပေးပါလိမ့်မယ်၊၊။ခရိုမိုဇုမ်းမူမမှန်ရင် မျိုးရိုးဗီဇနဲ့ဆိုင်တဲ့မွေးရာပါ မျက်နှာပြား၊ မျက်လုံးမှေး၊ ဉာဏ်ရည်ချို့တဲ့တဲ့ဒေါင်းဆင်ဒရုန်းမွေးရာပါရောဂါမျိုး ပါလာတတ်ပါတယ်။ ဒီမွေးရာပါရောဂါက ခရိုမိုဇုမ်းနံပါတ်၂၁ မှာ အပိုတစ်ခုပါလာလို့ပါ။ ပုံမှန်ဆို ကလေးလေးက ခရိုမိုဇုမ်း၂၃စုံ (၄၆ခု) ပါပြီး မေမေဆီကတစ်ဝက် ဖေဖေဆီကတစ်ဝက် အမွေဆက်ဆံထားတာပါ။ ဆဲလ်ကွဲတဲ့အခါမှာ ပုံမှားပြီး ခရိုမိုဇုမ်းတစ်ခု ပိုပါလာတာပါ။ ဒါကိုသိဖို့ စမ်းသပ်စစ်ဆေးကြည့်မှ သိမှာပါ။နည်း၂နည်းနဲ့ စစ်လို့ရပါတယ်။ ဆန်ကာတင်စစ်ဆေးခြင်းနဲ့ အတည်ပြုစစ်ဆေးခြင်းဖြစ်ပါတယ်။ ဆန်ကာတင်စစ်ဆေးနည်းကတော့ ကိုယ်ဝန်နဲ့ဆိုင်တဲ့ ပလပ်စမာပရိုတိန်း (plasma protein) အတွက် သွေးစစ်ဖို့လိုပါတယ်။ ကလေးလည်ပင်းအထူကိုသိဖို့ အာထရာဆောင်းရိုက်တာနဲ့ တွဲလုပ်ရမှာပါ။ ဒီနည်းက ၈၀ ရာခိုင်နှုန်းလောက်ကို ရောဂါရှိမရှိ သိစေနိုင်ပါတယ်။ စမ်းသပ်မှုကို ပိုသေချာအောင် တခြားနည်းနဲ့လည်း ထပ်စစ်သင့်ပါတယ်။ဆန်ကာတင်စစ်ဆေးခြင်း လုပ်ကြည့်လို့ဖြစ်နိုင်ခြေရှိနေရင် သန္ဓေသားကိုအုပ်ထားတဲ့ အမြှေးပါးက အသားစ ဒါမှမဟုတ် ရေမြွှာရည်ထုတ်စစ်ခြင်းစသည့် အတည်ပြုစစ်ဆေးခြင်း ထပ်လုပ်ကြည့်ဖို့လိုပါတယ်။ ဆန်ကာတင် စစ်ဆေးခြင်းနဲ့ စစ်ကြည့်တာ ဖြစ်နိုင်ခြေရှိတယ်ဆိုရင်တောင် အသားစစစ်ရာမှာ ပုံမှန်ဖြစ်နေနိုင်လို့ပါ။လိင်ဆက်ဆံပြီးရင် ဗိုက်အောင့်တာမျိုးဖြစ်နိုင်ပါတယ်။ စိတ်မပူပါနဲ့။ ဒါကပုံမှန်ပါပဲ။ ဒီလိုဖြစ်ရတာ လိင်ဆက်ဆံနေတုန်းမှာ ဆီးခုံတစ်ဝိုက် သွေးစီးဆင်းမှုများလာလို့ပါ။ နောက်ဆက်တွဲအနေနဲ့ သားအိမ်ကျုံ့လာတာကြောင့်ပါ။ နာတာက သိပ်မပြင်းထန်ပါဘူး။ မိနစ်ပိုင်းအတွင်း ပျောက်သွားမှာပါ။ နာတာမပျောက်သွားဘူးဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းပြောပြကြပါ။ပုံမှန်အားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံတာ ဘာမှမဖြစ်နိုင်ပေမယ့် ဘေးကင်းဖို့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ကြပါနော်။ လိင်ဆက်ဆံတာက ကလေးလေးကို ထိခိုက်စေနိုင်မလားဆိုပြီး စိတ်ပူနေမှာပေါ့ မေမေတို့ရေ။ စိတ်ပူစရာမလိုပါဘူးနော်။ ကလေးလေးကို ရေမြွာရည်တွေ အပြည့်ပါတဲ့ရေမြွာအိတ်က ကာကွယ်ပေးထားပြီးသားပါ။ ဘေးကင်းပါတယ်နော်။နောက်အပတ်ကျရင်ရောဘယ်လိုကြီးထွားလာမှာပါလိမ့်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/week-11/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/what-your-hands-say-about-your-health/
ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ
ခန္ဓာကိုယ်ကြီး ကျန်းမာပြီး လုပ်ငန်းစဉ်တွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကနေElectrolytesတွေ ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါတယ်။Electrolytes ဆိုတဲ့စကားကို ဓာတ်ဆားရည်နဲ့ တွဲမြင်ကြမယ်ထင်ပါတယ်။အားကစားတွေပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အခါ၊ ရာသီဥတု တအားပူလို့ ချွေးတွေ အများကြီး ထွက်တဲ့အခါ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ကိုယ်တွင်းက ရေဓာတ်​တွေ မှာ ဆုံးရှုံးသွားတဲ့အခါမျိုးတွေမှာ ရေဓာတ်နဲ့ Electrolytesတွေကို ပြန်ဖြည့်ဖို့ဆိုပြီး ဓာတ်ဆားရည်ကို သောက်ကြတယ်လေ။Electrolytes တွေက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းစဉ် တော်တော်များများမှာ ပါဝင်နေပါတယ်။အာရုံကြောစနစ်တွေကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေ ကျုံ့ဆန့်ဖို့၊ ရေဓာတ်ဖြည့်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ pH ပမာဏကို ထိန်းညှိပေးဖို့ လုပ်ဆောင်ရမှာ အရေးပါတဲ့ တာဝန်ကို ယူထားပါတယ်။ဒီဆောင်းပါးလေးထဲမှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ Electrolytes ဆိုတာ ဘာလဲဆိုတာနဲ့ ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။Electrolytes ဆိုတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် အရေးပါတဲ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေထဲမှာရှိတဲ့ အသေးငယ်ဆုံး chemical လေးတွေပါ။အာရုံကြောတွေ၊ ကြွက်သားတွေ ကျန်းမာစေဖို့ ကောင်းစွာ လှုပ်ရှား လုပ်ဆောင်နိုင်စေဖို့၊သွေးပေါင်ချိန် ထိန်းညှိဖို့၊ ရေဓာတ်ပြည့်ဝနေစေဖို့ Electrolytesက မရှိမဖြစ်ပါပဲ။Electrolytes တွေက အစားအစာတွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေအနေနဲ့ ရှိနေပါတယ်။ ဥပမာပြောပြရရင် Electrolytes တွေက အစားအစာတွေထဲမှာ။လူသားတွေက ကျန်းမာနေစေဖို့အတွက် electrolytesကို သင့်တင့်မျှတတဲ့ ပမာဏ ရရှိဖို့ လိုအပ်ပါမယ်။ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစု ဟန်ချက်ညီစေဖို့အတွက် electrolytesကို လိုအပ်ပါတယ်။ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အရမ်းနည်းရင် ဖြစ်ဖြစ် အရမ်း များရင်ဖြစ်ဖြစ် ဓာတ်ဆားမမျှတမှု ဖြစ်နိုင်ပါတယ်။ Electrolytes တွေက သွေးထဲမှာရှိနိုင်သလို တစ်ရှူးတွေ နဲ့ခန္ဓာကိုယ် အနှံ့အပြားမှာ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေပေါ့။လူသားတွေက electrolytes တွေကို အစားအစာနဲ့ သောက်စရာတွေကနေ ရရှိပါတယ်။ ကျောက်ကပ် နဲ့ အသည်းတို့က ကိုယ်တွင်းက electrolytes ပမာဏကို ထိန်းညှိပေးပါတယ်။တကယ်လို့ အစာအုပ်စု စုံလင်အောင် စားမယ်။ ရေဓာတ်ကိုလည်း ပြည့်ဝလုံလောက်စေဖို့ ရေအပါအဝင် အရည်တွေကို ပြည့်ဝလုံလောက်အောင် သောက်မယ်ဆိုရင် ခန္ဓာကိုယ်မှာ electrolytes ပမာဏက အမြဲ ပြည့်ဝမျှတမှာပါ။ခန္ဓာကိုယ်ထဲမှာ electrolyte ပမာဏ ပြောင်းလဲသွားတဲ့ အခြေအနေမှာ ဓာတ်ဆားမမျှတမှု ဖြစ်လာပါတယ်။ ခန္ဓာကိုယ်တွင်းက အရည်တွေထဲမှာ electrolytes ပမာဏ ပြောင်းလဲသွားတဲ့ အခြေအနေပေါ့။ electrolytes ပမာဏ အရမ်း နည်းလွန်းတာ များလွန်းတာက ဆဲလ်တွေရဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သလို အမျိုးမျိုးသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အခြေအနေတွေက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ပြည့်ဝအောင် ဖြည့်ပေးနိုင်ရင် ဘာမှ မဖြစ်ပေမယ့် ရေသောက်နည်းတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါမျိုး ဖြစ်ဖြစ် ရေအပါအဝင် အရည်ဓာတ်တော်တော်များများ သောက်မိတာကြောင့် ကိုယ်တွင်းမှာ ရေဓာတ် အရမ်းများသွားတဲ့ အခါမျိုးမှာဖြစ်ဖြစ် ဓာတ်ဆားမမျှတမှု ဖြစ်တတ်ပါတယ်။ဒါတွေအပြင်။ခန္ဓာကိုယ်က ဓာတ်ဆားမမျှတမှုကို နည်းမျိုးစုံနဲ့ တုံ့ပြန်ပါတယ်။ ဓာတ်ဆားမမျှတမှု ဖြစ်တဲ့ အနေအထား ဘယ်လောက် ပြင်းထန်သလဲဆိုတဲ့ အခြေအနေအပေါ် မူတည်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်သလို ရောဂါအခံရှိသူတွေမှာ ပိုပြင်းထန်တာမျိုးလည်း ရှိနိုင်ပါတယ်။ဓာတ်ဆားမမျှတမှုက ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ပျက်စေတာကနေစလို့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အထိ အမျိုးမျိုး ခံစားရနိုင်ပါတယ်။  အပြင်းထန်ဆုံးအနေနဲ့ကတော့ အသက်ဆုံးရှုံးစေနိုင်တာပါ။ဓာတ်ဆားမမျှတမှု ဖြစ်တဲ့အခါ။ပြင်းထန်တဲ့ အခြေအနေမျိုးမှာဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ဓာတ်ဆားမမျှတမှုဖြစ်နေပြီလို့ ယူဆရတဲ့ လက္ခဏာ တစ်ခုခုကို ခံစားရပြီဆိုရင် အရင်ဆုံး ဓာတ်ဆားရည်ကို သောက်နိုင်သမျှ များများသောက်ပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/what-you-need-to-know-about-electrolyte-imbalance/
ဘယ်လိုအရေးပေါ်သန္ဓေတားနည်း (EC) ကို ကျွန်မ အသုံးပြုသင့်လဲ
အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီးမှာ သန္ဓေတားဖို့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကတော့ အရေးပေါ် သန္ဓေတားနည်း EC (Emergency contraception) ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အရေးပေါ် သန္ဓေတားနည်း (EC) အမျိုးမျိုးရှိပါတယ်။ တချို့သန္ဓေတားနည်းတွေက တချို့နည်းလမ်းတွေထက် ပိုပြီး စိတ်ချရပါတယ်။အရေးပေါ် သန္ဓေတားနည်း (EC) ဘယ်နှစ်မျိုးလောက်ရှိပါသလဲ။အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးမှ သန္ဓေတားချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ ရွေးချယ်စရာ နည်းလမ်း (၂) နည်းရှိပါတယ်။နည်းလမ်း (၁)။အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ (၅ရက်) အတွင်း ParaGard IUD ကို အသုံးပြုခြင်း။သားအိမ်အတွင်း ထည့်သွင်းရတဲ့ ပဋိသန္ဓေတားပစ္စည်း intrauterine devices (IUDs) တွေမှာဆိုရင် ၂ မျိုးထပ်ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ဟော်မုန်းပါတဲ့ IUD နဲ့ ဟော်မုန်းမပါတဲ့ IUD တို့ပါပဲ။ ဒီ IUD နှစ်ခုရဲ့ တူညီတဲ့အချက်ကတော့ နှစ်မျိုးလုံးဟာ အင်မတန် ထိရောက်မှုရှိပြီး တစ်နှစ်နဲ့ အထက် သန္ဓေတားချင်တဲ့ အမျိုးသမီးတွေအသုံးပြုသင့်ဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ParaGard IUD ဟာ ဟော်မုန်းမပါဝင်တဲ့ IUD ဖြစ်ပါတယ်။ အမေရိကန်က အမျိုးသမီးဆရာဝန်တွေအများစုနဲ့ ဆေးပညာလောက ကအမျိုးသမီး အများစုက IUD တွေကို သန္ဓေတားနည်း တစ်ခုအဖြစ်အများဆုံး အသုံးပြုကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဆရာဝန်အများစုဟာ IUD က စိတ်ချရပြီး ကရိကထ မများတဲ့အပြင် အလွန်ထိရောက်တဲ့ သန္ဓေတားနည်းမှန်းသိတဲ့အတွက် ဖြစ်ပါတယ်။နည်းလမ်း (၂)။(emergency contraceptive) EC ဆေးများကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် နာရီပေါင်း ၁၂၀ (၅) ရက်အတွင်း သောက်သုံးခြင်း။ဒီဆေးတွေကို morning-after pill လို့လည်းခေါ်ဆိုကြပါတယ်။ ဒီ EC ဆေးတောင့်တွေမှာလည်း ၂ မျိုးထပ်ရှိပါတယ်။ အဲ့ဒါတွေ ကတော့-။(၁) Ulipristal Acetate ဓာတု ဓာတ်ပေါင်းပါဝင်တဲ့ Ella တံဆိပ် အရေးပေါ် သန္ဓေတားနည်းဆေးတောင့်။ Ella ကိုဝယ်ယူနိုင်ဖိုအတွက်ဆိုရင် သူနာပြုဆရာမ တစ်ယောက် (သို့) ဆရာဝန်တစ်ယောက်ထံမှ ဆေးညွန်းစာရွက်လိုအပ်ပါတယ်။ Ella ဆေးတောင့်ဟာ morning-after pill ဆေးတောင့်တွေထဲမှာ အစွမ်းထက်ဆုံး ဆေးလည်း ဖြစ်ပါတယ်။ Ella ကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ (၅ ရက်) အကြာမှာ အသုံးပြုနိုင်ပါတယ်။ ၅ ရက်အကြာမှ သောက်လည်း ချက်ခြင်းသောက်တဲ့နေ့လိုပဲ ဆေးအာနိသင်က တူတူပါပဲ။ ဒါပေမဲ့ ကိုယ်က အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိလို့ အရေးပေါ် ပဋိသန္ဓေတားနည်းအသုံးပြုမယ်ဆိုရင် IUD တွေက Ella ထက်ပိုကောင်းတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။(၂) levonorgestrel ဟော်မုန်းဆေးများ။levonorgestrel ဆိုတာ ဟော်မုန်း ဆေးဝါးတစ်မျိုးဖြစ်ပြီး သန္ဓေတားနည်းလမ်း အမျိုးမျိုးမှာ အသုံးပြုကြပါတယ်။ တံဆိပ်တွေကတော့ Plan B One Step, Next Choice One Dose, Take Action, My Way, AfterPill စသဖြင့် တံဆိပ် အမျိုးမျိုးရှိပါတယ်။ ဒီဆေးတွေ ၅ ရက် (နာရီပေါင်း ၁၂၀) အတွင်း သောက်သုံးရတဲ့ ဆေးတွေ ဖြစ်ပြီး အချိန်ကြာသွားလေ ထိရောက်မှုနည်းလေပါပဲ။ ဒါ့အပြင် ဒီဆေးတွေဟာ ပဋိသန္ဓေမရသေးခင်ဘဲ ကာကွယ်နိုင်တာဖြစ်ပါတယ်။ ကိုယ်ဝန်ရပြီးသားဆိုရင်တော့ မကာကွယ်နိုင်ပါဘူး။ ကိုယ်ဝန်ရချိန် သောက်သုံးမိတယ်ဆိုရင်လည်း သန္ဓေသားကို ထိခိုက်နိုင်ကြောင်း အထောက်အထားတွေတော့ မရှိပါဘူး။ ဒီဆေးတွေဟာ မျိုးဥကြွေခြင်းကို တားဆီးလိုက်ပြီး သုတ်ကောင် မဝင်ရောက်နိုင်စေရန် သားအိမ်ခေါင်းကို အချွဲတွေနဲ့ ပိတ်ဆို့လိုက်ခြင်းဖြင့် သန္ဓေတားပေးတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ နိုင်ငံအနှံ့က ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ morning-after pills တွေကို ဆရာဝန်ရဲ့ ဆေးထောက်ခံစာမပါဘဲ ဝယ်ယူနိုင်ပါတယ်။ ဒီလို morning-after pills ဆေးအမျိုးအစားတွေက အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး ၇၂နာရီ (၃ ရက်) မှာ အာနိသင် အထိရောက်ဆုံးဖြစ်ပြီး သက်တမ်းအရဆိုရင်တော့ ၅ ရက်လောက်အထိ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့အမြန်ဆုံးသောက်သုံးလေ အာနိသင်အထိရောက်ဆုံး ဖြစ်လေဆိုတာ သတိရထားဖို့လိုပါတယ်။သင့်အနေနဲ့ ဒီ EC ( အရေးပေါ်သန္ဓေတားနည်း) တွေကို ဒီလို အဖြစ်မျိုးတွေ ကြုံလာရတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။သင်ဟာ အကာအကွယ်မပါဘဲလိင်ဆက်ဆံခဲ့ပြီးနောက် ဒီလို EC ( အရေးပေါ် သန္ဓေတားနည်း) တွေကို မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ အခွင့်အလမ်းတွေ နည်းပါးသွားပါတယ်။ ဒီနေရာမှာ မှန်မှန်ကန်ကန်ဆိုတာ EC အရေးပေါ် သန္ဓေတားနည်းတွေကို အချိန်မှီသောက်သုံးတာမျိုး၊ သက်တမ်းမကုန်သေးတဲ့ ဆေးကိုသောက်သုံးတာမျိုးကိုဆိုလိုတာပါ။ ဒါပေမဲ့ တစ်ခုတည်းသော သန္ဓေတားနည်းအဖြစ် EC (အရေးပေါ် သန္ဓေတားနည်း) ဆေးတွေကိုပဲ မမှီခိုပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို EC တွေဟာ ပုံမှန်အရေးပေါ်မဟုတ်တဲ့ သန္ဓေတားနည်းတွေဖြစ်တဲ့ IUD တို့၊ သန္ဓေတားဆေးတို့ ( EC မဟုတ်ပါ)၊ ကွန်ဒုံးတို့လောက် မထိရောက်လို့ဖြစ်ပါတယ်။ကျွန်မအတွက် ဘယ်လိုအရေးပေါ် သန္ဓေတားနည်းက အကောင်းဆုံးဖြစ်မလဲ။သင့်အတွက် အကောင်းဆုံး အရေးပေါ် သန္ဓေတားနည်းကို ဘယ်လိုရွေးချယ်မလဲဆိုတာ အောက်ပါအချက်တွေကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။သင်အနေနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိခဲ့မယ်ဆိုရင် အထိရောက်ဆုံး အရေးပေါ်သန္ဓေတားနည်းတွေ သုံးတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အရေးပေါ် သန္ဓေတားနည်းတွေထဲမှာ အထိရောက်ဆုံးဖြစ်တဲ့ IUD နဲ့ Ella တို့က အလွယ်တကူရဖို့ မလွယ်ကူပါဘူး။ IUD ဆိုရင်လည်း သူနာပြုဆရာမ တစ်ယောက် ဒါမှမဟုတ် ဆရာဝန်တစ်ယောက် ထည့်သွင်းပေးမှရတာပါ။ Ella ဆိုရင်လည်း ဝယ်ဖို့အတွက် ဆရာဝန်ရဲ့ ဆေးစာလိုအပ်ပါတယ်။ ဒီတော့ ဒီ ၂ ခုကိုသုံးဖို့ဆိုရင်ကိုယ်က ဘယ်လောက် အချိန်က အကာအကွယ်မပါဘဲ လိင်ဆက်ဆံထားလဲဆိုတဲ့အချိန်ကို ကြည့်ပြီး အချိန်မှီသောက်သုံးရမှာ ဖြစ်ပါတယ်။levonorgestrel ဟော်မုန်းဆေးတွေဖြစ်တဲ့ Plan B တို့လို ဆေးတွေဟာ သင်အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့ပြီးနောက် ၃ ရက်ကျော်သွားမယ်ဆိုရင်၊ သောက်သုံးမယ့်သူက BMI တန်ဖိုးမြင့်နေတယ်ဆိုရင် IUD နဲ့ Ella တို့လောက်ကို မထိရောက်တော့ပါဘူး။ ဒါပေမဲ့ Plan B နဲ့ တစ်ခြား levonorgestrel ဟော်မုန်းဆေးတွေက ဝယ်ရအလွယ်ဆုံးပါပဲ။ ဒါတွေဝယ်ဖို့အတွက် သင့်အနေနဲ့ ဆရာဝန်ဆေးစာ မလိုအပ်ပဲ နိုင်ငံအနှံ့ ကဆေးဆိုင်တွေမှာ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဝယ်ယူနိုင်ပါတယ်။ပဋိသန္ဓေတားဆေး တွေသောက်ဖို့မေ့တာပဲ ဖြစ်ဖြစ်၊ သန္ဓေတား Patch တွေ၊ Ring တွေသုံးထားပြီး ရက်ကျော်သွားတာပဲဖြစ်ဖြစ် သန္ဓေတားဆေးသောက်မယ်ဆိုရင် Ella က Plan B တွေလောက်မထိရောက်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်သုံးထားတဲ့ သန္ဓေတားနည်းလမ်းတွေမှ ဟော်မုန်းအကျန်တွေက Ella ရဲ့ အလုပ်လုပ်တဲ့ပုံစံကိုသွားနှောင့်ယှက်လို့ပါ။ တကယ်လို့ သင်လည်း ဘယ်လို EC အရေးပေါ်သန္ဓေတားနည်း တွေသုံးရမလဲဆိုတာ ဝေခွဲမရဖြစ်နေတယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သတိထားဖို့တစ်ခုကတော့ Ella တို့ Plan B တို့လိုမတူတဲ့ morning-after pills နှစ်မျိုးကို ၅ ရက်လောက်မခြားဘဲ သွားမသုံးမိပါစေနဲ့။ ဘာကြောင့်လဲ ဆိုတော့ ဒီဆေးနှစ်မျိုးက အချင်ချင်း တုံ့ပြန်ပြီး သန္ဓေတားပေးနိုင်တော့မှာ မဟုတ်ပါဘူး။ဒါ့အပြင် ကိုယ်ဝန်မရနိုင်အောင်ဆိုပြီး morning-after pill ကို ပိုသောက်တာမျိုးလည်း မလုပ်ပါနဲ့။ ဒါဟာ သင့်ကို ပိုပြီး သန္ဓေတားပေးနိုင်မှာ မဟုတ်တဲ့အပြင် သင့်ကို ပိုပြီး နေထိုင်မကောင်းသာ ဖြစ်စေမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ ဘယ်လို အရေးပေါ် သန္ဓေတားနည်းက အကောင်းဆုံးလဲဆိုတာ စဉ်းစားလို့မရဘူးဆိုရင်လည်း ဘာသန္ဓေတားဆေးမှ မသောက်ထားတာထက် အရေးပေါ် သန္ဓေတားနည်းတစ်ခုခု သုံးလိုက်တာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရေးပေါ် သန္ဓေတားဆေးတွေမှာ အချိန်မီဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အရေးပေါ် သန္ဓေတားဆေးတွေ အသုံးပြုမယ်ဆိုရင် နာရီပေါင်း ၁၂၀ (၅ ရက်) အတွင်းသောက်သုံးသင့်ပါတယ်။အရေးပေါ် သန္ဓေတားနည်းတွေကို ဘယ်လောက် အချိန်အတွင်း သောက်သုံးသင့်လဲ။အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ ( ၅ ရက် ) အတွင်းမှာ ParaGard IUD နဲ့ Ella တို့ကို အသုံးပြုမယ်ဆိုရင် ပဋိသန္ဓေကို တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ Plan B My Way, Next Choice တို့လို တစ်ခြား levonorgestrel ဟော်မုန်းဆေးတွေကတော့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး အမြန်ဆုံးသောက်သုံးလေ အထိရောက်ဆုံး ဖြစ်လေဖြစ်ပြီး အချိန်အားဖြင့်တော့ ၇၂ နာရီ (၃ ရက်) အတွင်း သောက်သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ၅ ရက်လောက်အထိ သောက်သုံးနိုင်တယ်ဆိုပေမဲ့ စောစောသောက်သုံးထားတာ လောက်ထိတော့ ထိရောက်မှာ မဟုတ်ပါဘူး။morning-after pill သန္ဓေတားဆေးတွေက စိတ်ချရရဲ့လား။အရေးပေါ် သန္ဓေတားနည်း (EC) တို့က စိတ်ချရပါတယ်။ လူသန်းပေါင်းများစွာက အရေးပေါ် သန္ဓေတားနည်း (EC) အမျိုးမျိုးကို နှစ်ပေါင်း ၃၀ လောက်အထိ အသုံးပြုခဲ့ကြပြီးပါပြီ။ အခုချိန်အထိ အရေးပေါ် သန္ဓေတားနည်းသုံးလို့ ရောဂါသစ်ထပ်တိုးတယ်ဆိုတာမျိုးတော့ မရှိပါဘူး။morning-after pill ဆေးတွေကို ဘယ်နှစ်ကြိမ်လောက်အထိ သုံးစွဲနိုင်လဲ။morning-after pill တွေကို ဘယ်အချိန်အထိပဲ ဖြစ်ဖြစ် အသုံးပြုတာက သင့်ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ morning-after pill ဆေးတွေကို ပုံမှန် သန္ဓေတားနည်းအဖြစ် တော့ တစ်ချို့အကြောင်းတွေကြောင့် မမှီဝဲသင့်ပါဘူး။ အောက်မှာတော့ ဒီအချက်တွေကို ဖော်ပြထားပါတယ်။အရေးပေါ် သန္ဓေတားနည်း (EC) တွေက ဘယ်လိုအလုပ်လုပ်လဲ။ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံအပြီး ချက်ခြင်းတန်းဖြစ်လာတာမဟုတ်ပါဘူး။ ဒါကြောင့် သန္ဓေတားချင်တယ်ဆိုရင် လိင်ဆက်ဆံအပြီး ရက်အနည်းငယ်အတွင်းမှာ တားဆီးသင့်တာပါ။ ဒီနေရာမှာ အချိန်က အလွန်စကားပြောပါတယ်။သုတ်ကောင်တွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အများဆုံး ၆ ရက်ခန့်အထိ နေထိုင်နိုင်ပြီး မျိုးဥကြွေမယ့် အချိန်ကို စောင့်နေကြတာပါ။ အဲ့အချိန်မှာ သင်က မျိုးဥကြွေမယ်ဆိုရင်တော့ သုတ်ကောင်တွေက မျိုးဥအိမ်ဆီသွားပြီး သန္ဓေတည်နိုင်ပါတယ်။ morning-after pill ဆေးတွေဟာ သင့်ရဲ့ မျိုးဥအိမ်ကို မျိုးဥ မကြွေစေဖို့ အတွက် ယာယီတားဆီးပေးခြင်းဖြစ်ပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင်တော့ မျိုးဥအိမ်မှ မျိုးဥမကြွေစေဖို့အတွက် အရေးပေါ် ဘရိတ် ဆွဲထားတဲ့ ပုံစံပါပဲ။ သင်က ဓမ္မတာ လာနေတဲ့အချိန် morning-after pill ဆေးကို သောက်သုံးမယ်ဆိုရင် သူတို့ရဲ့ သန္ဓေတားနိုင်စွမ်းကို ထိခိုက်စေပါတယ်။ morning-after pill တွေက မျိုးဥကြွေနှင့်ပြီးသားဆို အလုပ်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် အချိန်ကိုက်ဖြစ်ဖို့ အရေးကြီးတယ်လို့ပြောတာပါ။ အမျိုးသမီး အများစုက သူတို့ ဘယ်အချိန် မျိုးဥကြွေတယ်ဆိုတာကို မသိကြပါဘူး။ ဒီလိုမျိုးဆိုရင်တော့ အရေးပေါ် သန္ဓေတားနည်း (EC) တွေကို အမြန်ဆုံး အသုံးပြုတာက အကောင်းဆုံး ဖြစ်ပါတယ်။ParaGard IUD တွေကတော့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး ၅ ရက် အထိ သန္ဓေတားပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုတ်ကောင်တွေက ကြေးနီကို မကြိုက်လို့ပါ။ ParaGard IUD ထဲမှာပါဝင်တဲ့ ကြေးနီက သုတ်ကောင်တွေကို မျိုးဥအိမ်ဆီသို့ ကူးခတ်ခြင်းကို တားဆီးပေးပါတယ်။morning-after pill တွေက ကိုယ်ဝန်ဖျက်ချတဲ့ ဆေးတွေဖြစ်တဲ့ RU-486 တို့လိုမဟုတ်ပါဘူး။ morning-after pill ဆေးတွေက သန္ဓေ မပျက်ကျစေပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေပြီးသားဆိုလည်း အလုပ်မလုပ်ပါဘူး။ ကိုယ်ဝန်ဆောင်နေတဲ့ အချိန် သောက်သုံးမယ်ဆိုရင်လည်း သန္ဓေသားကို မထိခိုက်စေနိုင်ပါဘူး။ အရေးပေါ် သန္ဓေတားနည်း (EC) တွေဟာ သန္ဓေတားပေးတာဖြစ်ပါတယ်။ ပျက်ကျစေတာ မဟုတ်ပါဘူး။morning-after pill နဲ့ copper IUD တို့က ဘယ်လောက် တန်ဖိုးရှိလဲ။morning-after pill ဆေးတွေရဲ့ ဈေးနှုန်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် Plan B One-Step က ဒေါ်လာ ၄၀ -၅၀ လောက်အထိ ကျသင့်မှာ ဖြစ်ပြီး Next Choice One Dose, Take Action နဲ့ My Way တို့ကတော့ ဒေါ်လာ ၁၅ – ၄၅ ဒေါ်လာ လောက်အထိသာကျသင့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ဒီလိုသန္ဓေတားဆေးတွေက မြန်မာကျပ် ၁၀၀၀ ကနေ ၃၀၀၀ အကြားသာ ကျသင့်ပါတယ်။ Ella ကတော့ ဒေါ်လာ ၅၀ ကနေ အထက် ကျသင့်ပါတယ်။ IUD ကတော့ အမြင့်ဆုံး ဒေါ်လာ ၁၀၀၀ လောက်အထိ ရှိတတ်ပြီး အမေရိကန်နိုင်ငံမှာဆိုရင်တော့ ကျန်းမာရေး အာမခံနဲ့ဆိုရင် အခမဲ့ တပ်ဆင်နိုင်ပါတယ်။HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%9e%e1%80%94%e1%80%b9%e1%80%93%e1%80%b1%e1%80%90%e1%80%ac%e1%80%b8/
အိုမီခရွန် အကူးခံလိုက်ပြီး ကိုယ်ခံအား ရသွားရင် ကောင်းမလား။
လက်ရှိ မြန်မာနိုင်ငံအပါအဝင်  ကမ္ဘာ့နိုင်ငံအတော်များများမှာကိုဗစ်လူနာတွေ ပြန်များလာနေပါပြီ။ တရားခံကတော့ နောက်ဆုံး ဗီဇပြောင်းထားတဲ့ အိုမီခရွန် ပဲ ဖြစ်ပါလိမ့်မယ်။ လေ့လာမှုတွေ ဆက်လုပ်နေဆဲဆိုပေမယ့် ခုချိန်ထိ သိရသသလောက်ကတော့အိုမီခရွန်ကဒယ်တာထက်စာရင် ကူးစက်တာမြန်တယ်။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာလည်း ဖြစ်တယ်ဆိုပေမယ့် ဆေးရုံတက်ရတာတွေ၊ သေနှုန်းတွေကတော့ သိသိသာသာ မများလာပါဘူး။အများစုကတုပ်ကွေးလက္ခဏာလောက်နဲ့ ပြီးသွားတာများပါတယ်။ အောက်ဆီဂျင်လိုအပ်ချက်လည်းဒယ်တာလောက် မများတာကို တွေ့ရပါတယ်။ လက္ခဏာမပြင်းထန်တဲ့အတွက် ခေါင်းထဲမှာ ဘာရောက်လာလဲဆိုတော့ ‘ဒီပိုးက ပြင်းလည်း မပြင်းဘူးဆိုတော့ ကူးလည်း တုပ်ကွေးလိုမျိုးပဲ ပြီးသွားမှာပါ။ ကူးပြီးရင်လည်း ကိုယ်ခံအားက ရဦးမှာဆိုတော့ ဘယ်တော့ ကူးမလဲ ကြောက်နေမယ့်အစား တမင်အကူးခံလိုက်ပြီး ကိုယ်ခံအား ထွက်သွားတာကမှ ကောင်းဦးမယ်’ ဆိုပြီး တွေးဖူးကြမှာပါ။ ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား။လာမယ့်ဘေး ပြေးတွေ့ရမယ့်အထဲမှာ အိုမီခရွန်တော့ မပါခဲ့တာ သေချာပါတယ်။ ဘာကြောင့် တမင် အကူးမခံသင့်သလဲဆိုတာကိုအချက် ၆ချက်နဲ့ ရှင်းပြပေးပါ့မယ်။ကိုယ်ကတော့ တုပ်ကွေးလောက်ပဲ ထင်လိုက်ပေမယ့် ကိုယ်အလှည့်ရောက်မှ ပြင်းထန်နေတာလည်း ဖြစ်နိုင်ပါတယ်။ မပြင်းထန်ဘူးဆိုရင်တောင် တုပ်ကွေးလို လက္ခဏာတွေက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဒီဝေဒနာတွေကို ရက်ပိုင်းလောက် ခံစားနေရတာကိုက လူကို နုံးစေနိုင်သလို အလုပ်ပျက် အကိုက်ပျက်လည်း ဖြစ်စေနိုင်ပါတယ်။ ဒီလောက်မဆိုးဘူးဆိုရင်တောင်မှာ အကူးခံနေရတဲ့အချိန်မှာ သီးသန့်ခွဲနေရမှာ ဖြစ်တဲ့အတွက် အလုပ်လည်း နားထားရမှာ ဖြစ်သလို သွားတာလာတာလည်း ကန့်သတ်ခံထားရမှာပါ။ကိုယ့်ဆီမှာ မပြင်းထန်ပေမယ့် ကိုယ်ကနေ သူများကို ပိုးတွေ ပြန့်သွားစေနိုင်ပါတယ်။ အိုမီခရွန်ကကူးစက်နှုန်း မြန်တဲ့အတွက် ကိုယ်ကလေ နောက်ထပ် လူပေါင်းများစွာကို ကူးစေနိုင်ပါတယ်။ အကူးခံရတဲ့ သူတွေထဲမှာ အသက်ကြီးတဲ့သူ၊ ခုခံအားကျနေတဲ့သူ၊ ရောဂါအခံရှိသူတွေ ပါနေရင် သူတို့မှာ ပြင်းထန်ပြီး ဆေးရုံတက်ရတာ၊ သေဆုံးတာတွေ ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် တစ်အိမ်တည်း နေသူတွေမှာ ဒီလိုပြင်းထန်နိုင်တဲ့သူရှိရင် ပိုပြီး သတိထားသင့်ပါတယ်။ကာကွယ်ဆေးတွေ ထိုးထားတာဖြစ်ဖြစ်၊ ရောဂါပိုး ဝင်ဖူးတာဖြစ်ဖြစ် ခုခံအားက ဖြစ်စမှာ များနေပေမယ့် အချိန်တစ်ခုကြာရင် ပြန်ပြီး ကျသွားပါတယ်။ ဒီခုခံအားတွေက တစ်သက်လုံး ခံတာ မဟုတ်ပါဘူး။ နောက်တစ်ခုက ပိုးတွေကဗီဇပြောင်းလာတဲ့အခါ ခုခံအားကို ကျော်လွှားနိုင်ကြပါတယ်။ ဒါကြောင့် အိုမီခရွန်ဆိုရင် ကာကွယ်ဆေး ထိုးထားတဲ့သူ၊ အရင်က ဖြစ်ဖူးတဲ့သူတွေမှာ ပြန်ဖြစ်နေတာပါ။ ဒါကြောင့် အကူးခံလို့ ရလာမယ့် ခုခံအားကို အားကိုးလို့ မရပါဘူး။ကိုယ်က တမင်အကူးခံလိုက်တယ်ဆိုပေမယ့် ကိုယ်ကနေ နောက်ထပ် လူတွေအများကြီး ကူးသွားတဲ့အခါ လှိုင်းဖြစ်သွားပါတယ်။ ဒီထဲမှာ ဆေးရုံတက်ရတဲ့သူတွေ၊ ပြင်းထန်တဲ့သူတွေလည်း ပါနိုင်တဲ့အတွက် မလိုအပ်ဘဲ ကျန်းမာရေးစနစ်ကို ဝန်ပိစေပါတယ်။ တခြားရောဂါတွေကို ကုသမှု ပေးဖို့ နှောင့်နှေးသွားနိုင်ပါတယ်။တတိယလှိုင်းတုန်းက ရောဂါပြင်းထန်တဲ့သူတွေမှာအောက်ဆီဂျင်ရှာရခက်တာ၊ ဆေးတွေ ဝယ်ရခက်တာကို တွေ့ဖူးမှာပါ။ အိုမီခရွန်မှာလည်း ဒီလိုမဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ ရောဂါပိုးဝင်ဝင်ချင်း ပေးရတဲ့ ဆေးတွေ စျေးကြီးတာ၊ ရှာရခက်တာကြောင့် အဖိတ်အစင် ဖြစ်တတ်ပါတယ်။ဒယ်တာတုန်းကတော့ အကူးခံရတဲ့ သူတွေက ပြန်သက်သာလာတာတောင် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရပါတယ်။ တချို့ဆို ဒီနောက်ဆက်တွဲတွေကြောင့်ပဲ အသက်ဆုံးရှုံးရတာတွေ ရှိပါတယ်။ အိုမီခရွန်က ရောဂါကူးချိန်မှာ မပြင်းထန်ဘူးဆိုပေမယ့် ပြီးရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ ဒါကြောင့် လက်တည့်စမ်းပြီး အကူးမခံသင့်ပါဘူး။ဒါကြောင့် ခြုံပြောရရင် မတော်တဆ ကူးသွားတယ်ဆိုရင်တော့ မပြောတတ်ပေမယ့် တမင်တကာတော့ အကူးမခံသင့်ပါဘူး။ ဒါတွေက တစ်ခါကူးရင် တစ်သက်လုံး ခုခံအား ရတာလည်း မဟုတ်ပါဘူး။ ကိုယ်အလှည့်ကျမှ ပြင်းထန်တဲ့ အခြေအနေရောက်သွားတာ၊ ကိုယ်ကနေ နောက်ထပ်  လူတွေအများကြီး အကူးခံရတာ ဖြစ်နိုင်လို့ တမင်အကူးခံတာမျိုး မလုပ်ဖို့ အကြံပေးလိုပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/why-you-should-not-be-infected-with-omicron-deliberately/
အသက်ရွယ်ကြီးလာသူတွေ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာများ။
လူတို့သည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကျန်းမာရေးပြဿနာများကြုံလာရပါသည်။ ၎င်းပြဿနာများကို ဆွေမျိုးများနှင့် အိမ်သားများကအသက်ကြီးသောကြောင့် သဘာဝအလျောက်ဖြစ်တတ်ခြင်းဟုထင်မှတ်ကာလျစ်လျူရှုမိတတ်ကြပါသည်။ သို့သော် ၎င်းတို့သည် ဂရုမပြုဘဲထားလျှင် ပိုဆိုးလာနိုင်ကြောင်းသိသင့်သည်။အောက်ဖော်ပြပါ လက္ခဏာများသည် ဂရုပြုသင့်သောလက္ခဏာများဖြစ်ပေသည်။အသက်ကြီးသူများသည် လူငယ်များလောက်မလှုပ်ရှားနိုင်သော်လည်းပုံမှန်ထက် လွန်ကဲစွာမောပန်းနွမ်းလျနေခြင်းဖြစ်နေလျှင် ဗီတာမင်နှင့် သတ္တုဓါတ်နည်းခြင်း ၊ သွေးအားနည်းခြင်းနှင့် နှလုံးရောဂါများဖြစ်နေနိုင်ကြောင်းဂရုပြုရပေမည်။ အထူးသဖြင့် အမောမခံနိုင်ခြင်းများဖြစ်နေလျှင် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများဖြစ်နိုင်ခြေများပေသည်။အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်စွမ်းရည်များလည်းကျဆင်းလာသည်ဖြစ်ရာအရာဝတ္ထုပစ္စည်းများကိုသိသော်လည်းပြောမထွက်ခြင်း၊ မိမိပြုလုပ်ခဲ့သည်များကိုမေ့လျော့ခြင်း ၊ မိမိနှင့် သိကျွမ်းသူများ၏နံမည်များကိုမမှတ်မိတော့ခြင်းမှတ်ဉာဏ်ချွတ်ယွင်းမှုကြောင့်ဖြစ်သောအယ်လ်ဇိုင်းမားရောဂါ ၏ကနဦးလက္ခဏာများကိုခံစားလာကြရပါသည်။အမြဲတမ်း ဝမ်းနည်းနေခြင်း၊ စိုးရိမ်လွန်နေခြင်း၊ ခံတွင်းပျက်ခြင်း၊ နေ့စဉ်လုပ်ငန်းများတွင် စိတ်အားတက်ကြွမှုမရှိခြင်း၊ အိပ်မပျော်ခြင်းစသည်တို့ ခံစားရသောသူများသည် စိတ်ကျရောဂါဖြစ်နိုင်ချေများကြောင်းတွေ့ရသည်။ ထိုအရာများသည် အထီးကျန်ခြင်းကြောင့်ြုဖစ်လာရခြင်းဖြစ်သည်။ဝမ်းချုပ်ခြင်းသည် သက်ကြီးရွယ်အိုများတွင်ဖြစ်လေ့ရှိသောပြဿနာဖြစ်သည်။ ထိုသို့ အချိန်ကာလကြာရှည်စွာ ဝမ်းမကြာခဏချုပ်နေပါကလိပ်ခေါင်းရောဂါဖြစ်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် အလုံးအကြိတ်များဖြစ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ ထို့အပြင်ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဝမ်းမထိန်းနိုင်ခြင်းစသည်တို့ကိုဖြစ်စေသော ဝမ်းမမှန်သောရောဂါစုတမျိုးကို လည်းခံစားရနိုင်ပါသည်။သက်ကြီးရွယ်အိုများသည် ဆီးမကြာခဏသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်းစသည့်ပြသနာများလည်းခံစားရနိုင်ပါသည်။သက်ကြီးရွယ်အိုများတွင် ပုံမှန်အတိုင်းမလှုပ်ရှားနိုင်တော့လျှင် ပါကင်ဆန်ရောဂါဖြစ်နိုင်ချေများသည်။ ပုံမှန်ထက် လှုပ်ရှားမှုများနှေးသွားခြင်း၊ ဟန်ချက်မထိန်းနိုင်တော့ခြင်း၊ လက်များကတုန်ကယင်ဖြစ်ခြင်း၊ အရာဝတ္တုများမကိုင်နိုင်ခြင်းနှင့် စကားလျှောလျှူစွာမပြောနိုင်ခြင်းတို့သည် ပါကင်ဆန်ရောဂါလက္ခဏာများဖြစ်သည်။အသက်ကြီးလာသည်နှင့် အမျှ အသားအရေစိုပြေမှုမရှိတော့ဘဲဆံပင်များလည်းကျွတ်လွယ်လာသည်။ သို့သော် သွေးခြေဥခြင်း၊ အသားအရေအရောင်မညီညာခြင်းနှင့် ဆံပင်ကျွှတ်ခြင်း။စသည်တို့သည် သွေးအားနည်းခြင်း၊ သွေးကျဲခြင်းစသည့် သွေးနှင့်ဆိုင်သောရောဂါရှိသူများတွင် ဖြစ်တတ်သည်။အသက်ကြီးလာသည်နှင့်အမျှ အနီးမှုန်လာကြသည်။ ထို့အပြင် အမြင်များလည်းမကြည်လင်ဘဲ မှုန်ဝါးလာကြသည်။ ထိုသို့ဖြစ်ခြင်းသည် မျက်စိအမြင်အာရုံခံလွှာပျက်စီးခြင်းနှင့် အတွင်းတိမ်စွဲခြင်းတို့ကြောင့် အများဆုံးဖြစ်ကြောင်းတွေ့ရသည်။အချုပ်ဆိုရသော် အသက်အရွယ်ကြီးရင့်သူများသည် ၎င်းတို့၏ ပုံမှန်အိုမင်းမှုဖြစ်စဉ်များနှင့် ကျန်းမာရေးပြသနာများကိုခွဲမရဘဲရှိရာမှ အထက်ပါရောဂါ လက္ခဏာများကိုလျစ်လျူရှုထားတတ်ကြပြီးဆိုးကျိုးများခံစားရစေပါသည်။ ထို့ကြောင့် အိမ်သားများနှင့် ဆွေမျိုးများကထိုရောဂါလက္ခဏာများကိုဂရုထားပြီးလိုအပ်လျှင် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%9c%e1%80%ac%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc-%e1%80%9c%e1%80%ba%e1%80%85/
အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ
ကွန်ဒုံးဆိုတဲ့ အဓိပ္ပာယ်ဟာ ပြွန်ပုံစံ၊ အတားအဆီးအဖြစ် လုပ်ဆောင်ပေးတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ကွန်ဒုံးတွေကို လိင်ဆက်ဆံတဲ့ အချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ၊ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ (STD – sexually transmitted infection ) ရနိုင်ခြေ နည်းပါးအောင် လျှော့ချပေးနိုင်ရန်အတွက် အသုံးပြုကြတာပါ။ ကွန်ဒုံးမှာ အမျိုးသမီးသုံးရော၊ အမျိုးသားသုံးရော ကွန်ဒုံး ၂ မျိုးရှိပါတယ်။ အမျိုးသားသုံးကွန်ဒုံးနဲ့ အမျိုးသမီးသုံး ကွန်ဒုံးတွေဟာ ပုံစံကွဲပြားပေမဲ့ အလုပ်လုပ်တဲ့ ပုံစံကတော့ သုက်ရည်နဲ့ တခြားသော အရည်ကြည်တွေကို တားဆီးပေးတဲ့ ပုံစံအနေနဲ့ လုပ်ဆောင်ကြတာ ချည်းပါပဲ။ အမျိုးသမီး ကွန်ဒုံးတွေကိုကျတော့ အမျိုးသမီး သားအိမ်လမ်းကြောင်းပေါက်ထဲ အံ့ကျအောင်ထည့်ပြီး သန္ဓေနဲ့ လိင်မှ ကူးစက်တဲ့ ရောဂါတွေကို တားဆီးဖို့အတွက် ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီး ကွန်ဒုံးကို အဖော်အမျိုးသားက ကွန်ဒုံးသုံးနေတဲ့ အချိန်မှာ သွားမသုံးမိဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုအချိန်ကြရင် ကွန်ဒုံး ၂ ခုက ကပ်နေပြီး ပေါက်သွားတာမျိုး၊ ကျွတ်ထွက်သွားတာမျိုး ဖြစ်တတ်ပါတယ်။အမျိုးသမီးသုံး ကွန်ဒုံးဆိုတာဘာလဲ။အမျိုးသမီးသုံးကွန်ဒုံးတွေဟာ ရှည်လျားတဲ့ အိတ်ပုံစံမျိုးဖြစ်ကြပြီး များသောအားဖြင့် ပလတ်စတစ်တစ်မျိုးဖြစ်တဲ့ polyurethane ( ပေါ်လီယူရသိန်း)နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အမျိုးသားကွန်ဒုံးတွေနဲ့ မတူတာတစ်ခုကတော့ အမျိုးသမီးသုံး ကွန်ဒုံးတွေရဲ့ ထိပ်မှာ ပျော့ပြောင်းတဲ့ ကွင်း ၂ ကွင်းပါဝင်ပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးဟာ သုက်ရည်များနဲ့ တခြားအရည်ကြည်များကို စုသိမ်းပေးခြင်းဖြင့် သန္ဓေနဲ့ STD ရောဂါတွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။ဘာကြောင့် အမျိုးသားကွန်ဒုံးကို မသုံးကြတာလဲ။သန္ဓေတားနည်းတွေကတော့ အမျိုးမျိုးရှိကြပါတယ်။ ဘယ်နည်းလမ်းကို သုံးမလဲဆိုတာကတော့ သင့်ရွေးချယ်မှုနဲ့ပဲဆိုင်ပါတယ်။ ဒါပေမဲ့ တချို့သော အမျိုးသမီးတွေနဲ့ စုံတွဲတွေကတော့ အမျိုးသားသုံး ကွန်ဒုံးထက် အမျိုးသမီးသုံးကွန်ဒုံးကို အောက်ပါအချက်တွေကြောင့် ပိုနှစ်ခြိုက်ကြပါတယ်။တချို့လူတွေက ဘာကြောင့် အမျိုးသမီး ကွန်ဒုံး မသုံးကြတာလဲ။ယောက်ျားလေး ကွန်ဒုံးတွေလိုပဲ အမျိုးသမီးကွန်ဒုံးတွေကို တချို့စုံတွဲတွေက မကြိုက်ကြပါဘူး။ ဒီထဲက အချက်တွေကို ပြောရမယ်ဆိုရင်။အမျိုးသမီးသုံး ကွန်ဒုံးတွေက စိတ်ချရရဲ့လား။မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ အမျိုးသမီးသုံး ကွန်ဒုံးတွေလည်း အမျိုးသားသုံး ကွန်ဒုံးတွေလောက် သန္ဓေနဲ့ STD ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်နှစ်အတွင်းမှာ အမျိုးသမီး ကွန်ဒုံးအသုံးပြုသူ အယောက် ၁၀၀ အနက် ၅ ယောက်ခန့်သာ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားသုံးကွန်ဒုံးသုံးတဲ့ စုံတွဲတွေမှာဆိုရင် အယောက် ၁၀၀ မှာ ၂ယောက်ခန့်သာ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသမီးသုံး ကွန်ဒုံးကို မှန်မှန်ကန်ကန် မသုံးတတ်ဘူးဆိုရင်တော့ ၁၀၀ မှာ ၂၁ ယောက်က ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားကွန်ဒုံးကို မှန်မှန်ကန်ကန် မသုံးစွဲဘူးဆိုရင် အယောက် ၁၀၀ မှာ ၁၈ ယောက်ခန့်က ကိုယ်ဝန်ရကြပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးတွေက လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ STD ရောဂါတွေကို အပြီးသတ် မကာကွယ်ပေးနိုင်ပေမဲ့ ရာခိုင်နှုန်း အများအပြားလျှော့ချပေးနိုင်ပါတယ်။အမျိုးသမီးသုံးကွန်ဒုံးတွေကို ဘယ်လိုသုံးမလဲ။အမျိုးသမီးသုံးကွန်ဒုံး အသုံးပြုနည်းဟာ မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရတဲ့ အတောင့် သုံးနည်းနဲ့ ဆင်ပါတယ်။ အစပိုင်းမှာတော့ နည်းနည်းခက်နိုင်ပေမဲ့ အသုံးပြုသားကျသွားရင် လွယ်ကူသွားမှာပါ။ ဘယ်လိုသုံးရမလဲဆိုတော့။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8-%e1%80%80%e1%80%bd%e1%80%94%e1%80%ba%e1%80%92%e1%80%af%e1%80%b6%e1%80%b8/
ကိုဗစ်ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် ခြင်း
ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာဘေးထွက်ဆိုးကျိုးတွေကို အနည်းနဲ့ အများ ခံစားရနိုင်တယ်ဆိုတာကို သိထားပြီးသားပါ။ တကယ်လည်း ထိုးပြီးတဲ့အခါ ဖျားတဲ့သူဖျား၊ နာတဲ့သူ နာကြပါတယ်။ ဒီလောက်က ဘာမှမဟုတ်ပေမယ့် ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက် လာကြတဲ့အခါ စိုးရိမ်စိတ်တွေ များလာကြပါတယ်။ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘယ်အမျိုးအစားပဲ ထိုးထိုး အောက်ပါဆိုးကျိုးတွေကို အနည်းနဲ့ အများ ခံစားရနိုင်ပါတယ်။ဒီလက္ခဏာတွေက များသောအားဖြင့် မပြင်းထန်ဘဲ တစ်ရက်၊ ၂ရက်လောက်နေရင် ပျောက်သွားပါတယ်။ ဒီလက္ခဏာတွေ ခံစားရတာက ကာကွယ်ဆေးကိုခုခံအားက တုံ့ပြန်တာကြောင့်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့အခါအကျိတ်ထွက်လာကြတာကြောင့် လူအများကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာကြပါတယ်။ အထူးသဖြင့် ညှပ်ရိုးအောက် ဒါမှမဟုတ် ချိုင်းအောက်မှာ အကျိတ်စမ်းမိတတ်ကြပါတယ်။ ဒါဘာကြောင့်များပါလိမ့်။သူတို့ပြောတဲ့ အကျိတ်ဆိုတာ တကယ်တော့ပြန်ရည်ကျိတ်တွေ ကြီးလာတာပါ။ ပြန်ရည်စနစ်ဆိုတာ ခုခံအားစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ။ တစ်ခါတလေ ဖျားတဲ့အခါ၊ တုပ်ကွေးမိတဲ့အခါ လည်ပင်းမှာ အကျိတ်လေးတွေ ထွက်လာတာကို ကြုံဖူးမှာပါ။ ဒါက ပိုးတွေကို ခုခံအားက တိုက်ထုတ်လို့ပါ။ကာကွယ်ဆေးမှာလည်း ဒီသဘောတရားပါပဲ။  ကာကွယ်ဆေးထိုးတယ်ဆိုတာကလည်း ခုခံအားကို လှုံ့ဆော်မှု ပေးတာဖြစ်တဲ့အတွက် ခုခံအားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပြန်ရည်ကျိတ်တွေ ကြီးလာရတာပဲ ဖြစ်ပါတယ်။ဒါကြောင့် ကာကွယ်ဆေး ထိုးတဲ့သူတွေက ဘယ်ဘက်မှာ ထိုးရင် ဘယ်ဘက်ချိုင်းအောက် ဒါမှမဟုတ် ညှပ်ရိုးအောက်၊ ညာဘက်မှာထိုးရင် ညာဘက်ချိုင်းအောက် ဒါမှမဟုတ် ညှပ်ရိုးအောက်မှာ အကျိတ်လေးတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။ဒီလိုထွက်တာက ပုံမှန်ပါ။ ကာကွယ်ဆေးထိုးပြီး ဖျားတာ၊ လက်မောင်းအောင့်တာနဲ့ အတူတူပဲ ဖြစ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ အကျိတ်လေးတွေကို ကိုင်ကြည့်ရင် ဖုဖုလေးနဲ့ နာလည်း နာပါတယ်။ ဒါကြောင့်လည်း အများစုက စိုးရိမ်ကြတာပါ။ ဒါပေမယ့် တော်တော်များများက တစ်ပတ်၊ ၁၀ရက်လောက်ဆိုရင် အလိုလို သက်သာသွားကြပါတယ်။ ထူးထူးခြားခြား ကုသစရာ၊ ဆေးလိမ်းစရာတောင် မလိုပါဘူး။ဒါပေမယ့် ဓာတ်မှန်တွေ ဘာတွေ ရိုက်ကြည့်ရင်တော့ တစ်လလောက်ထိ တွေ့ရနေဦးမှာပါ။တချို့ကလည်း အကျိတ်ထွက်တာကိုအသားစယူလိုက်တဲ့အခါ ကင်ဆာလို့ ထွက်လာတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးတွေက ကင်ဆာဖြစ်စေနိုင်သလားဆိုပြီး စိုးရိမ်နေကြတာမျိုးလည်း ရှိပါတယ်။ပြန်ရည်ကျိတ်တွေက ခုခံအားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ကာကွယ်ဆေး ထိုးတာအပြင်။နောက်ပြီးကင်ဆာလို ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး၊ ပြန်ရည်ကျိတ်ကြီးလို့ စစ်ဆေးလိုက်တာ ကင်ဆာဖြစ်နေတယ်ဆိုရင် တိုက်ဆိုင်တာဖြစ်ဖို့ များပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ခုထက်ထိ ကိုဗစ်ကာကွယ်ဆေးတွေက ကင်ဆာဖြစ်စေတယ်ဆိုတဲ့ အချက်အလက်ကို မတွေ့ရသေးပါဘူး။ နောက်ပြီး ကင်ဆာကြောင့် အကျိတ်ထွက်တာက အချိန်တိုအတွင်းမှာ ဖြစ်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။နောက်တစ်ခုက ဆေးစစ်ချက်မှားနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြန်တိုင်ပင်ကြည့်ဖို့ လိုပါတယ်။ကိုဗစ်ကာကွယ်ဆေးက ဆက်ထိုးရမှာပါ။ အကျိတ်ထွက်လို့ ဆိုပြီး ကာကွယ်ဆေးထိုးတာကို မရပ်သင့်ပါဘူး။ ကာကွယ်ဆေးထိုးပြီး အကျိတ်ထွက်တာက ဖြစ်ရိုးဖြစ်စဉ် ကိစ္စဖြစ်ပြီး အန္တရာယ်လည်းမရှိတဲ့အတွက် စိတ်ချ လက်ချထိုးနိုင်ပါတယ်။ဒါပေမယ့် အကျိတ်ထွက်တာက ၂ပတ်ကျော်ကြာတဲ့အထိ  မသက်သာရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်။နောက်ပြီး အကျိတ်က အပြင်မှာ စမ်းလို့ မမိဘူးဆိုရင်တောင် ဓာတ်မှန်မှာ ပေါ်တတ်ပါတယ်။ ၁လလောက်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ရင်သားဓာတ်မှန်ရိုက်စရာရှိတယ်ဆိုရင် အချိန်ရွေ့ဖို့ယေးလ်တက္ကသိုလ်မှ Dr Roy က အကြံပေးထားပါတယ်။ ဆိုလိုတာက ရင်သားဓာတ်မှန်ရိုက်မယ်ဆိုရင် ကာကွယ်ဆေးထိုးပြီး တစ်လကျော်မှရိုက် ဒါမှမဟုတ် ကာကွယ်ဆေး မထိုးခင် ရိုက်ဖို့ပါ။ဒီလိုမဟုတ်ရင် ဓာတ်မှန်မှာ အကျိတ်တွေ့တယ်ဆိုပြီး အဖြေတွေမှားတာ၊ မလိုအပ်ဘဲ ဆေးထပ်စစ်ရတာတွေ ဖြစ်လာနိုင်လို့ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/lymphadenopathy-after-covid-vaccine/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba/
သက်ကြီးရွယ်အိုများအတွက် မှတ်ဉာဏ်ကောင်းစေသော အစားအသောက်များ
ကိုယ်ခန္ဓါကို အာဟာရပေးခြင်း၊ အနားယူခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတွေကို ညီမျှစွာပြုလုပ်ရင် အသက်ကြီးသူတွေရဲ့ ကိုယ်ခန္ဓါနဲ့ ဦးနှောက်ကို သန်မာစေပါတယ်။ အသက်ကြီးသူတွေမှာ အာဟာရလုံလောက်တဲ့ အစားအသောက်တွေစားသုံးခြင်းဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အစားအသောက်စားစဉ်မှာ အသက်ကြီးတဲ့ ဦးနှောက်အတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ဖို့ အရေးကြီးပါတယ်။ဆယ်မွန်ငါးနဲ့ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ ကိုယ်ခန္ဓါနဲ့ ဦးနှောက်အတွက် ကောင်းမွန်နဲ့ omega 3 ပါဝင်ပါတယ်။ Omega 3 ဟာ ဦးနှောက်ဆဲလ်တွေအတွက် ကောင်းမွန်တဲ့ အဆီကိုပေးပြီး သူတို့ကို ဦးနှောက်အတွင်းပိုမိုလွယ်ကူစွာ ဝင်ရောက်စေပါတယ်။ ဦးနှောက်ကို အောက်စီဂျင်ပိုပေးတာမို့ အချက်အလက်အဟောင်းတွေကို ထိန်းသိမ်းပေးပြီး အချက်အလက် အသစ်တွေကို ပိုမိုလွယ်ကူစွာ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေမှာ ဖြစ်တဲ့ Alzheimer’s ရောဂါ ဖြစ်ပွားနှုန်း သိသာစွာ ကျဆင်းစေနိုင်ပါတယ်။ဟင်းသီးဟင်းရွက်အစိမ်းတွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ဟင်းနုနွယ်အစရှိတာတွေဟာ ဗီတာမင် B6, b12 နဲ့ folate တွေပါဝင်ပြီး သတိမေ့ခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ homocysteine (ဟိုမိုဆစ်စတင်း) ပမာဏ ဖြိုဖျက်ခြင်းအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ပါတယ်။သိပ္ပံပညာရှင်တွေက cocoa မှာပါတဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ပစ္စည်း (flavonols) တွေဟာ ဦးနှောက် သွေးစီးဆင်းမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။လတ်ဆတ်တဲ့ လက်ဖက်စိမ်းဟာ စိတ်ဂယောင်ခြောက်ခြား ဖြစ်ခြင်းကို ပျောက်ကင်းစေပြီး ကောင်းကောင်း အလုပ်လုပ်စေပါတယ်။ သူဟာ ဦးနှောက်ကို အလုပ်ကောင်းကောင်းလုပ်စေရုံသာမ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းခြင်းကိုလည်း သက်သာစေပါတယ်။Antioxidants ကြွယ်ဝစွာ ပါဝင်တဲ့ အသီးတွေဖြစ်တဲ့ ငှက်ပျောသီး၊ ပန်းသီး၊ ထောပတ်သီးအစရှိတာတွေမှာ ဦးနှောက်ကို ရေရှည်မှတ်ဉာဏ်ကောင်းမွန်စေတဲ့ အာဟာရဓါတ်တွေပါဝင်ပါတယ်။ ဒါ့ပြင် အသက်ကြီးသူတွေမှာ မှတ်ဉာဏ်ကောင်းမွန်စေပြီး အရင်က ဖြစ်ရပ်တွေကို လွယ်ကူစွာ ပြန်သတိရနိုင်စေတဲ့ fisetin နဲ့ flavonoid ပါဝင်တဲ့ ဘယ်ရီသီးတွေကို စားသင့်ပါတယ်။ဟင်းချက်မှုန့်ရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ curcumin မှာ အသက်ကြီးခြင်းကို တိုက်ခိုက်ပြီး မှတ်ဉာဏ်ကောင်းမွန်စေတဲ့ anti-oxidants တွပါဝင်ပါတယ်။ ဟင်းဟာ ဦးနှောက်အတွက်သာမက အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း တိုက်ခိုက်နိုင်ပါတယ်။ဆန်ကြမ်း၊ oatmeal၊ ပေါင်မုန့်ကြမ်း၊ ဂျုံ၊ folate များစွာပါဝင်တဲ့ barley (ဘာလီ) အစရှိတဲ့ cereals တွေဟာ ဦးနှောက်ကို သွေးစီးဆင်းခြင်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒီ whole-grain အစာတွေမှာ vitamin B6, thiamine များစွာ ပါဝင်ပါတယ်။ Thiamine ဟာ မှတ်ဉာဏ်ကောင်းမွန်ချင်သူတွေအတွက် အလွန်သင့်လျော်ပါတယ်။အသီးအရွက် အများအပြားထဲမှာ ရွှေဖရုံသီးဟာ အသက်ကြီးသူတွေအတွက် အလွန်ကောင်းမွန်ပြီး ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ရွှေဖရုံသီးမှာ gluatamic acid ပါဝင်ပြီး သူဟာ ဦးနှောက်အတွက် လိုအပ်တဲ့ ဓါတ်တစ်မျိုး ဖြစ်ပါတယ်။ သူဟာ အာရုံကြော အားဖြည့်ပေးပြီး ဦးနှောက်နဲ့ ဦးနှောက်ဆဲလ်တွေထဲမှာ ဓါတုဇီဝ ဖြစ်စဉ်တွေကို မြန်ဆန်စေပါတယ်။နွားနို့ဟာ အသက်ကြီးသူတွေအတွက် အဖိုးအတန်ဆုံး အစားအစာ တစ်ခု ဖြစ်ပါတယ်။ နွားနို့မှာ ဦးနှောက်အတွက် ကယ်စီယမ်နဲ့ အခြားလိုအပ်တဲ့ အရာတွေပါဝင်ပါတယ်။ အထူးသဖြင့် နေ့စဉ် နွားနို့သောက်ခြင်းဟာ ကယ်စီယမ်ဓါတ်ကို ဖြည့်ဆည်းပေးပါတယ်။ အလုပ်ကြောင့် ဖိအားများပြီး အိပ်မပျော်ရင်လည်း ညအချိန် နွားနို့ နွေးနွေး တစ်ခွက်ကိုသောက်ခြင်းဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။အခွံမာသီးတွေဖြစ်တဲ့ peanuts, corn, millet, almonds တွေဟာ ဦးနှောက်အတွက် ကောင်းမွန်ပါတယ်။ Peanuts မှာ lecithin နဲ့ cephalin ပါဝင်ပါတယ်။ Peanut စားခြင်းဟာ သွေးလှည့်ပတ်မှုကို တိုးတက်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေကာ အသက်ကြီးရင့်မှုကို တားမြစ်ပေးတယ်လို့ သက်သေပြထားကြပါတယ်။အစားအသောက်ဟာ အထူးသဖြင့် အသက်ကြီးသူတွေမှာ မှတ်ဉာဏ်ကို တိုးတက်စေဖို့ အလွန်အရေးကြီးတဲ့ အရာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်း အပြင် အသက်ကြီးသူတွေမှာ ဦးနှောက်ကောင်းစေဖို့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကိုပါ ပြုလုပ်သင့်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80-3/
သစ်သီးဝလံများက ဘာအတွက်ကောင်းသလဲ
သစ်သီးတွေမှာဟင်းရွက်တွေလိုပဲဗီတာမင်၊ သတ္တုဓါတ် နဲ့အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။သစ်သီးတွေမှာကာဗိုဟိုက်ဒရိတ်လည်းပါတဲ့အတွက်သူတို့ကိုသင့်အစားအစာရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်မှတ်ယူနိုင်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးဒါမှမဟုတ်သစ်သီးအသုပ်လေးတွေကသင့်ကိုခံတွင်းတွေ့စေမှာဖြစ်သလိုအာဟာရဓါတ်အပိုတွေလည်းရစေမှာပါ။အကောင်းဆုံးသစ်သီးရွေးချယ်မှုဆိုတာကသကြားထပ်မထည့်ထားဘဲသဘာဝအတိုင်းလတ်ဆတ်တဲ့၊အအေးခံထားတဲ့သစ်သီးတွေပဲဖြစ်ပါတယ်။သစ်သီးထည့်ထားတဲ့အချိုရည်၊သစ်သီးခြောက်နဲ့၁၀၀ရာခိုင်နှုန်းသစ်သီးဖျော်ရည်တွေကလည်းအာဟာရပြည့်တဲ့ရွေးချယ်မှုတွေပါပဲ။ ဒါပေမယ့်သူတို့ပမာဏက နည်းတဲ့အတွက်တခြားအစားအစာတွေလောက်တော့ဗိုက်ပြည့်မှာမဟုတ်ပါဘူး။သစ်သီးတစ်လုံးရဲ့ အစိတ်လေးတစ်ခု (သို့) အအေးခံထားတဲ့ သစ်သီး (သို့) စည်သွပ်သစ်သီး ခွက်တစ်ဝက်လောက်မှာ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်လောက်ပါပါတယ်။ ဘယ်ရီသီးတွေနဲ့ ဖရဲသီးတွေရဲ့ တစ်ခါစားပမာဏက ခွက်ရဲ့လေးပုံသုံးပုံကနေ တစ်ခွက်ထိပါ။ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ရဖို့ အသီးအပေါ်လိုက်ပြီး ခွက် သုံးပုံတစ်ပုံကနေ နှစ်ပုံတစ်ပုံထိ ကွာခြားနိုင်ပါတယ်။စပျစ်သီးခြောက်၊ဘယ်ရီသီးခြောက်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းမှာတော့ကာဗိုဟိုက်ဒရိတ်၁၅ဂရမ်ပါဝင်ပါတယ်။ ဒါကြောင့်သင်စားတဲ့ပမာဏတွေကိုသတိပြုပါ။သစ်သီးတွေကိုတခြားကာဗိုဟိုက်ဒရိတ်အရင်းအမြစ်တွေနေရာမှာအစားထိုးပြီးစားသောက်လို့ရပါတယ်။ဥပမာ – ဆန်မှုန့်ပြောင်းမှုန့်၊ ကောက်ပဲသီးနှံများ၊နို့ထွက်ထုတ်ကုန်များ။ပန်းကန်အသုံးပြုစားသုံးတဲ့နည်းလမ်းအတွက်ဆိုရင်တော့အချိုပွဲအတွက်အသီးစိတ်လေး (သို့) အသီးသုပ်ခွက်တစ်ဝက်က သင့်ပန်းကန်ထဲတွင်ရှိသော ကစီဓါတ်မပါသော အသီးအရွက်များ၊ ကစီဓါတ်ပမာဏအနည်းငယ် နဲ့ပရိုတင်းအစားအစာများအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်စာတစ်ခုပါပဲ။အသီးတော်တော်များများမှာglycemic index (GI) (ကလူးကိုစ့်) ပါဝင်မှုနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့မှာ fructose လို့ခေါ်တဲ့သကြားဓါတ်တစ်မျိုးနဲ့အမျှင်ဓါတ်ပါဝင်မှုများလို့ပါ။ ဖရဲသီးနဲ့နာနတ်သီးတွေမှာတော့ GI ပါဝင်မှုအလယ်အလတ်ရှိပါတယ်။ တချို့အသီးခြောက်တွေဖြစ်တဲ့စွံပလွန်ခြောက်၊စပျစ်ခြောက်နဲ့ဘယ်ရီသီးခြောက်တွေမှာလည်း GI ပါဝင်မှုအလယ်အလတ်ရှိပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%85%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%9d%e1%80%9c%e1%80%b6%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80-%e1%80%98%e1%80%ac%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba%e1%80%b1/
1 ပတ်
ကိုယ်ဝန်ဆောင်ကာလ ပထမအပတ် (1 ပတ်)က နည်းနည်းတော့ ရှုပ်ထွေးပါလိမ့်မယ်။ ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ရှိမှန်း စသိချိန်မှာ အနည်းဆုံး ၄ပတ်ရှိနေပါပြီ။ မျိုးစအောင်တဲ့ရက် အတိအကျသိဖို့က ခက်ခဲပေမယ့်ရာသီစက်ဝန်းစတဲ့ရက်ကတော့ သိသာပါတယ်။ ဒါကြောင့် ရာဝန်တွေက နောက်ဆုံးရာသီစက်ဝန်းရဲ့ပထမရက်နဲ့မီးဖွားမယ့်ရက်ကို တွက်တာပါ။မီးဖွားရက်ကို ဆရာဝန်တွေအကောင်းဆုံး ခန့်မှန်းပေးနိုင်ဖို့ မျိုးမအောင်ခင် ပထမ၂ပတ်ကို ရေတွက်ရတာပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလက အပတ် ၄၀လောက်ကြာပါတယ်။ တချို့က ၃၈ပတ်မှာ မွေးတတ်သလို တချို့လဲ ၄၂ပတ်မှာ မွေးတတ်ပါတယ်။ ဆရာဝန်တွေကတော့ ၄၂ပတ်ကျော်တဲ့အထိ မထားပါဘူး။ အခု သင့်ရဲ့ မွေးဖွားမယ့်ရက် ဘယ်လိုတွက်ချက်လဲဆိုတာကို အနည်းငယ်ပြောပြပြီးပါပြီ။ အခု သင့်ကလေး ဘယ်လိုပြောင်းလဲလာလဲဆိုတာကို ကြည့်ကြရအောင်ပါ။ပြောရမယ်ဆိုရင် သင်ကိုယ်ဝန်မရသေးပါဘူး၊၊ ဒီရာသီစက်ဝန်းရဲ့သားဥကြွေတဲ့အချိန်မှာ ကိုယ်ဝန်ရမှာပါ၊၊ ဒီအချိန်မှာ သင့်ခန္ဓာကိုယ်က မမျိုးဥကြွေဖို့ပြင်ဆင်နေပါပြီ။ မမျိုးဥကြွေတယ်ဆိုတာ သားဥအိမ်ကနေ မျိုးဥကြွေကျတာပါ။ အများစုက နောက်တစ်ခါ ရာသီလာမယ့် ရက်မတိုင်ခင် ၁၂-၁၄ ရက်ကြားမှာ ကြွေပါတယ်။အဲဒီ သားဥကြွေဖို့ ကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတချို့ စအလုပ်လုပ်ပါတယ်။ သားဥကြွေခါနီးရက်တွေမှာ အတူနေရင် ကိုယ်ဝန်ရနိုင်ခြေ များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်ဆိုရင် ဒီရက်ပိုင်းတွေမှာ အတူနေဖို့ လိုပါတယ်။1 ပတ် မှာ ဘာမှသိပ်စိတ်ပူစရာမရှိပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ သန္ဓေသားလောင်းအတွက် လိုအပ်တဲ့ ဗီတာမင်တွေ သောက်ပေးရင်ရပါပြီ။ လိုအပ်တဲ့ ဗီတာမင်ပမာဏ အလုံအလောက်ရဖို့လိုပါတယ်။ အထူးသဖြင့် ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းအတွက် လိုအပ်တဲ့ဖောလစ်အက်စစ်ပါ။အခုချိန်မှာ လိုအပ်တဲ့  ပမာဏကတစ်နေ့ကို ၄၀၀ မိုက်ခရိုဂရမ်ပါ။ မွေးရာပါ ကျောရိုးနဲ့ အာရုံကြောမကြီးတွင်ချို့ယွင်းချက်ပါတဲ့ ကလေးမွေးဖူးသူ အမျိုးသမီးများ ပမာဏထက် ပိုလိုအပ်ပါတယ်။သင်သောက်သုံးနေတဲ့ ညွှန်ကြားထားသောဆေး၊ မညွှန်ကြားထားသောဆေး စတာတွေကို သေချာပြောပြသင့်ပါတယ်။ ဒီဆေးတွေက သင့်ကလေးကို ဘေးဖြစ်စေနိုင်လို့ပါ။ တကယ်လို့ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးရှိရင်လည်း ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ရပ်ပစ်လိုက်တာမျိုးမလုပ်သင့်ပါဘူး။ သင့်ဆရာဝန်က ရပ်လိုက်လို့ရလာမယ့် ကောင်းကျိုးဆိုးကျိုးကို တွက်ဆရဦးမှာပါ။ဘာစစ်ဆေးမှုတွေ လုပ်ဖို့လိုမလဲ၊၊ သင့်ခန္ဓာကိုယ်ကို ကလေးလေးအတွက် ပြင်ဆင်ပေးဖို့ ဆရာဝန်က အောက်ပါစစ်ဆေးမှုတွေကို လုပ်ခိုင်းပါလိမ့်မယ်။ဒီစစ်ဆေးမှုတွေက သင့်ခန္ဓာကိုယ်ကို ကလေးလေးအတွက်ပြင်ဆင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ကျန်းမာစွာ ကိုယ်ဝန်ဆောင်ဖို့အတွက် ဘာတွေရှောင်ရမလဲဆိုတာ သင်သိချင်မှာပေါ့။ သင်ကိုယ်ဝန်ရှိလာပြီဆိုရင် ကိုယ်ခံအားက အရင်လိုမကောင်းတော့တာကြောင့် ရောဂါကူးစက်မှု ပိုများနိုင်ပါတယ်။ ဘယ်ကာကွယ်ဆေးတွေက သင့်အတွက် ဘေးကင်းစိတ်ချရစေမလဲဆိုတာကို အောက်မှာဖော်ပြထားပါတယ်။ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝက်သက်ရောဂါ လက္ခဏာတွေကတော့ အဖျားနည်းနည်းရှိမယ်၊ ချောင်းဆိုး၊ နှာရည်ယိုမယ်၊ ၂-၃ရက်နေရင် အနီ စက်တွေ ပေါက်လာလိမ့်မယ်။ပါးကျိတ်ရောင်တာက တံတွေးဂလန်းတွေ ရောင်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါပါ။ ကိုယ်ဝန်ဆောင်နေတုန်း ဒီရောဂါတစ်ခုခုဖြစ်ခဲ့ရင် ပျက်ကျနိုင်ချေများပါတယ်။ဂျိုက်သိုးရောဂါကို ဂျာမန်ဝက်သက်လို့လည်း သိကြပါတယ်။ သူလည်း ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ဖျားရာကနေ အနီဖုတွေပေါက်လာတာပါ။ ကိုယ်ဝန်ဆောင်တုန်း ဒီရောဂါဖြစ်တဲ့မိခင်က မွေးတဲ့ကလေး ၈၅% က အကြားအာရုံနဲ့ ဉာဏ်ရည် ချို့ယွင်းနိုင်ပါတယ်။ဒီကာကွယ်ဆေးက ကိုယ်ဝန်ဆောင်မှ ထိုးတာထက် ၁-၃လကြိုထိုးပြီးမှ ကိုယ်ဝန်ဆောင်ရင် ပိုကောင်းပါတယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ရေကျောက်က အရမ်းကို ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးပါ။ လက္ခဏာက ဖျားမယ်၊ မအီမသာဖြစ်မယ်၊ ယားယံတဲ့ အနီဖုတွေပေါက်မယ်။ ကိုယ်ဝန် ပထမ ၅လမှာ ရေကျောက်ပေါက်တဲ့ မိခင်က မွေးတဲ့ကလေး ၂% က ခြေလက်တွေ ချို့ယွင်းပြီး မွေးလာနိုင်ပါတယ်။ မီးဖွားခါနီးဖြစ်ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ ဆရာဝန်နဲ့ သေချာဆွေးနွေးကြည့်ပါ။ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့က ညွှန်ကြားချက်အရ ကိုယ်ဝန်ရှိချိန်မှာ တုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ဒီဆေးက ဗိုင်းရပ်စ်ပိုးအသေတွေနဲ့ လုပ်ထားလို့ ကလေးကို ဘေးမဖြစ်စေနိုင်ပါဘူး။ကိုယ်ဝန်ဆောင်တုန်း တုပ်ကွေးမိခဲ့ရင် အခန့်မသင့်ပါက သင့်ကို အဆုတ်ရောင်စေနိုင်ပြီး ကလေးလည်း လမစေ့ဘဲမွေးတာမျိုး ဖြစ်စေနိုင်ပါတယ်။ မီးဖွားပြီးရင်လည်း တုပ်ကွေးနောက်ဆက်တွဲဆိုးကျိုးရောဂါတွေ ဖြစ်နိုင်ချေများပါတယ်။ များသောအားဖြင့် တုပ်ကွေးကာကွယ်ဆေးတွေက ကိုယ်ဝန်ဆောင်နေတုန်းလည်း ထိုးလို့ရပါတယ်။ကိုယ်ဝန်ဆောင်တုန်းထိုးလို့ ကလေးကို ရောဂါကာကွယ်ပေးနိုင်တဲ့ အထောက်အထားတွေရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးက သင့်ဆီကနေ ရောဂါခုခံနိုင်တဲ့ ပဋိပစ္စည်းတွေ ရပါတယ်။ သင်က ခုခံအားမြင့်နေရင် ကလေးထိခိုက်နိုင်ခြေ နည်းပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/week-1/
အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲ
လေ့လာချက်တွေအရတော့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန် ဘယ်လိုပုံစံမျိုးကို ကြိုက်နှစ်သက်သလဲဆိုတာနဲ့ အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူးလို့ ဆိုထားပါတယ်။ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက် ခြင်းအတွက် မိမိကိုယ်ကိုအမြင်ရယ်၊ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန် ပွင့်လင်းစွာ စကားပြောဆက်သွယ်ခြင်းရယ်က အရေးပါနေပါတယ်။လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ အသက် ၂၀ ကနေ ၃၀ နှစ်အထိ အချိန်ကာလတွေမှာ လိင်ဆက်ဆံချိန်မှာ အထွတ်အထိပ်ရောက်ခြင်းကို မခံစားရပါဘူး။ကနေဒါနိုင်ငံ Université du Québec à Montréal (UQAM) လိင်မှုဗေဒဌာနမှ ဒေါက်တာ Léa J. Séguin ဟာ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းကို မျက်မှောက်ခေတ်အပြာရုပ်ရှင်လောကတွေမှာ ဘယ်လိုပုံဖော်ကြလဲဆိုတာ လေ့လာခဲ့ပါတယ်။မျက်မှောက်ခေတ်နာမည်ကြီး အပြာရုပ်ရှင် ၅၀ ခန့်ကို လေ့လာခဲ့ရာမှာတော့ ဒီဇာတ်ကားတွေထဲမှာ ၁၈.၃ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြောင်း သရုပ်ဖော်ထားတာကိုတွေ့ရပြီး အမျိုးသမီးလိင်အင်္ဂါအစေ့(Clitoris) ကို လှုံ့ဆော်ခြင်းကြောင့် လိင်ခံစားမှုအထွတ်အထိပ်ရောက် တယ်လို့ဖော်ပြထားတာ ၂၅ ရာခိုင်နှုန်းသာရှိကြောင်း ဆိုထားပါတယ်။ ဒါဟာ မျက်မှောက်ခေတ် အပြာရုပ်ရှင်ကားများက အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက် ခြင်းကို လွဲမှားစွာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။လတ်တလော စစ်တမ်းများအရ အမေရိကန်နိုင်ငံမှာ ၅၃ ရာခိုင်နှုန်းသော အမျိုးသားများက အပြာရုပ်ရှင်ကားများကို ကြည့်ကြပြီး အမျိုးသမီး ၂၅ ရာခိုင်နှုန်းကသာ အပြာကားများကို ကြည့်ကြကြောင်းသိရပါတယ်။လူမှုစံနှုန်းတွေနဲ့ သိပ္ပံပညာအရ နည်းစနစ် မမှန်တဲ့ အပြာရုပ်ရှင်ကားများကြောင့် အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို လူတွေ လွဲမှားစွာ နားလည်ထားကြပါတယ်။ဒါဆိုရင် သိပ္ပံပညာကရော အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ထားလဲ။ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် အမျိုသမီး လိင်အင်္ဂါအစေ့ (clitoris) ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ပါဝင်သလဲ၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုရဖို့အတွက် ဘာတွေ လိုချင်ကြသလဲဆိုတာ ဒီဆောင်းပါးထဲမှာ တစ်ချက်ကြည့်လိုက်ရအောင်။ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီ (Helsinki) မြို့ Population Research Institute တက္ကသိုလ်မှ ပါမောက္ခ Prof. Osmo Kontula ရဲ့ လေ့လာချက်တစ်ခုထဲမှာ ဖင်လန်နိုင်ငံမှ အမျိုးသမီး ၈၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ဒီလေ့လာချက်အရတော့ အသက် ၃၅ နှစ်အောက် အမျိုးသမီး အများစုကတော့ သူတို့ရဲ့ ပထမဆုံး လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို တစ်ကိုယ်ရည်အာသာ ဖြေခြင်းမှ ရခဲ့တာ ဖြစ်ပြီး ဒီလို လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းဟာ အသက် ၁၀ နှစ်ဝန်းကျင်၊ ၁၀ နှစ်နဲ့ ၁၃ နှစ်အောက် အရွယ်တွေမှာ ဖြစ်ခဲ့တာလို့ဆိုပါတယ်။ဖင်လန်နိုင်ငံမှာပထမဆုံးအကြိမ် လိင်ဆက်ဆံကြတဲ့ အမျိုးသမီးများရဲ့ ပျှမ်းမျှ အသက်အရွယ်ဟာ ၁၇ နှစ်ဖြစ်ပြီး အများစုကတော့ ပထမဆုံး လိင်ဆက်ဆံတဲ့ အချိန်မှာ လိင်ခံစားမှု အထွတ်အထိပ် မရောက်ခဲ့ကြဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီး ၈၀၀၀ အနက် လေးပုံတစ်ပုံကသာ အမျိုးသားအဖော်နဲ့ ပထမဆုံး တစ်နှစ်အတွင်း လိင်ဆက်ဆံရာမှာ ၁ ကြိမ်သာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ခဲ့တယ် လို့ဆိုခဲ့ကြပါတယ်။ ဒီစစ်တမ်းတစ်ခုနဲ့ ကောက်ချက်တစ်ခုကို အပြီးပြတ်ချလို့မရနိုင်ပေမယ့် အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ဆိုတာ အမျိုးသားတွေထက် ပိုခက်ခဲတဲ့ အရာဆိုတာကတော့ သေချာပါတယ်။ပါမောက္ခ Prof. Osmo Kontula ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့လေ့လာချက်မှာတော့ လိင်ဆက်ဆံကြတဲ့ အမျိုးသမီးများအနက် ၆ ရာခိုင်နှုန်းက လိင်ဆက်ဆံချိန်တိုင်း အမြဲတမ်း လိင်ခံစားမှု အထွတ်အထိပ် ရောက်တယ်လို့ဆိုခဲ့ပြီး ၄၀ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန်တိုင်းလိုလို လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြတယ် လို့ဆိုပါတယ်။၁၆ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန် အများစုတိုင်းမှာ ခံစားမှု အထွတ်အထိပ်ရောက်ကြတယ်လို့ဆိုပါတယ်။ ၃၈ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန်တိုင်း ခံစားမှုအထွတ်အထိပ်မရောက်ဘဲ တစ်ခါတစ်ရံမှ ခံစားမှု အထိပ်အထွတ်ရောက်တယ်လို့ဆိုခဲ့ပြီး အသက် ၃၅ နှစ်အောက် အမျိုးသမီး ၁၄ ရာခိုင်နှုန်းကတော့ အမျိုးသားအဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်တိုင်း တစ်ခါမှ လိင်ခံစားမှု အထွတ်အထိပ် မရောက်ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်ကတည်းက လိင်ဆက်ဆံရင်း ခံစားမှု အထွတ်အထိပ်ရောက်တဲ့ အမျိုးသမီး အရေအတွက်ဟာ ၅၆ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။ဒါ့ကြောင့် အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက် ဖို့အတွက် ဘာလိုအပ်သလဲဆိုတာနဲ့ ဘာကြောင့် ခံစားမှု အထွတ်အထိပ်မရောက်တာလဲဆိုတာ ပါမောက္ခ Prof. Osmo Kontula လေ့လာခဲ့ရာမှာတော့ “ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်စေဖို့ သော့ချက်တစ်ခုကတော့ စိတ်ခံစားချက်နဲ့ ရင်းနှီးစွာ ပေါင်းသင်းမှုတို့ ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ဒီအချက်တွေထဲမှာ လိင်ဆန္ဒ ဘယ်လောက်ပြင်းပြသလဲဆိုတဲ့ အချက်ရယ်၊ လိင်ပိုင်းဆိုင်ရာ ယုံကြည်ချက်ရယ်၊ အဖော်ဖြစ်သူနဲ့ ဘယ်လောက် ပွင့်လင်းစွာ စကားပြောဆက်သွယ်နိုင်သလဲဆိုတဲ့ အချက် ၃ ချက်က လိင်ခံစားမှုအထွတ်အထိပ်ရောက် ဖို့အတွက် အရေးကြီးပါတယ်။ ” လို့ဆိုပါတယ်။လိင်ပိုင်းဆိုင်ရာယုံကြည်ချက်တော့အိပ်ရာထဲမှာအမျိုးသမီးတွေ ဘယ်လောက် တတ်ကျွမ်းကြောင်း ယုံကြည်ချက်ကိုဆိုလိုတာဖြစ်ပြီး လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် တခြားလိုအပ်တာတွေကတော့ လိင်ဆက်ဆံမှုကို ဘယ်လောက်အာရုံစိုက်ထားနိုင်သလဲဆိုတာရယ်၊ နှစ်ဦးသား မြေစမ်းခရမ်းပျိုးအဆင့်များကို ကောင်းမွန်စွာ ဖြတ်ကျော်ခဲ့မှုနဲ့ အဖော်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့လည်းပါဝင်ပါသေးတယ်။အိမ်ထောင်ရှိတဲ့ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကျော်က လိင်ဆက်ဆံချိန်မှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြကြောင်း ပြောဆိုခဲ့ကြပြီး အဖော်မရှိတဲ့အမျိုးသမီး ၄၀ ရာခိုင်နှုန်းက တစ်ကိုယ်ရည်အာသာဖြည်ရာမှ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြကြောင်းဆိုခဲ့ကြပါတယ်။ဒါဟာ အမျိုးသမီးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြိုက်နှစ်သက်တဲ့ ပုံစံခြင်း မတူကြောင်းပြနေပြီး အဖော်နဲ့ပဲ ဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေတာပဲ ဖြစ်ဖြစ် လိင်ခံစားမှု အထွတ်အထိပ်ရောက်နိုင်ကြောင်း ပြသနေတာပါ။လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို အဓိက တားမြစ်ထားတဲ့ အရာတွေကတော့ “ပင်ပန်းခြင်း၊ စိတ်ဖိအား ခံစားနေရခြင်း “နဲ့ “အာရုံစူးစိုက်နိုင်စွမ်း နည်းခြင်း” တို့ဖြစ်ကြပါတယ်။ပါမောက္ခ Prof. Osmo Kontula ကတော့ “ အလွန်အကျွံတွေးတောတဲ့အခါ လိင်ခံစားမှု အထွတ်အထိပ်မရောက်နိုင်ပါဘူး။ တွေးတောခြင်းက စိတ်ခံစားချက်ကို စတင်ဖြစ်စေတာဆိုပေမယ့် တွေးတောခြင်းရပ်သွားတဲ့အခါမှ လိင်ခံစားမှု အထွတ်အထိပ်ရောက်တာ ဖြစ်ပါတယ် ” လို့ဆိုပါတယ်။အတွေးများက လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို အဓိကသက်ရောက်စေနိုင်ပြီးလိင်စိတ်တက်ကြွမှုငြိမ်းနေတဲ့ အမျိုးသမီးဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ခက်ခဲကြပါတယ်။ အမျိုးသမီး လိင်အင်္ဂါ အစေ့နဲ့ ရင်သားများကို လှုံဆော်ခံရခြင်းကို တွေးတဲ့အချိန်နဲ့ ကိုယ့်ဘာသာ လှုံ့ဆော်တဲ့အခါမှာ သက်ရောက်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ဇီဝဗေဒနဲ့ ခန္ဓာကိုယ် အင်္ဂါဖွဲ့စည်းပုံတွေကို ခဏအသာထားဦး။ အမျိုးသမီးတွေဟာ မအင်္ဂါစေ့ (Clitoris) က သူတို့အတွက် လိင်ခံစားမှုအထွတ်အထိပ်ရောက် စေနိုင်ကြောင်းကို သိကြပါတယ်။အမေရိကန် အင်ဒီယာနာ ပြည်နယ် Bloomington မြို့ရှိ Indiana တက္ကသိုလ်မှ လေ့လာချက်အရ အမျိုးသမီး ၃၆.၆ ရာခိုင်နှုန်းဟာ Clitoris ကို လှုံ့ဆော်ပေးမှ လိင်ဆက်ဆံချိန်မှာ ခံစားမှု အထွတ်အထိပ်ရောက်ကြောင်းတွေရှိခဲ့ကြပါတယ်။ ကျန် ၃၆ ရာခိုင်နှုန်းကတော့ ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် clitoris ကို လှုံ့ဆော်ပေးစရာမလိုပေမယ့် ဒီလို လှုံ့ဆော်ပေးခြင်းက လိင်ခံစားချက်ကို မြှင့်တက်စေကြောင်းဆိုခဲ့ပြီး ကျန် ၁၈.၄ ရာခိုင်နှုန်းကတော့ အမျိုးသမီး အင်္ဂါအတွင်း လိင်ဆက်ဆံခြင်းနဲ့ တင်လုံလောက်ပြီလို့ဆိုခဲ့ပါတယ်။ဒါ့အပြင် Clitoris ကို လှုံ့ဆော်ရာမှာလည်း အမျိုးသမီး ၃ ပုံ ၂ ပုံဟာ တိုက်ရိုက် အပေါ်အောက်ရွှေ့လျားမှုပုံစံ၊ စက်ဝိုင်းပုံစံ၊ ဘေးဘက်ရွေ့လျားတဲ့ ပုံစံတွေနဲ့ တိုက်ရိုက်လှုံ့ဆော်ပေးခြင်းကို ကြိုက်နှစ်သက်တယ်လို့ဆိုခဲ့ပြီး အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်ကတော့ ကြမ်းကြမ်းတမ်းတမ်း လှုံ့ဆော်ပေးခြင်းကို ကြိုက်နှစ်သက်တယ်လို့ ဆိုထားပါတယ်။ကျန်အမျိုးသမီးများကတော့ အားမပါတဲ့ လှုံ့ဆော်ခြင်းကိုသာ ကြိုက်နှစ်သက်ကြတယ်လို့ ဆိုခဲ့ပါတယ်။ ဒီအချက်တွေအရ သိရတဲ့အချက်ကတော့ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် ပုံသေနည်းမရှိဘဲ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်းကလည်း ကွဲပြားနေနိုင်ပါတယ်။အမေရိကန် အင်ဒီယာနာ ပြည်နယ် Bloomington မြို့ရှိ Indiana တက္ကသိုလ်မှ လိင်မှုကျန်းမာရေး စင်တာပါမောက္ခ Prof. Debby Herbenick ဟာ အမျိုးသမီး ၁၀၄၆ ယောက်နဲ့ အမျိုးသား ၉၇၅ ယောက်ပါဝင်တဲ့ အဖွဲ့ကို ဘယ်လို လိင်မှု ကိစ္စတွေကို ကြိုက်နှစ်သက်ကြသလဲဆိုတာမေးမြန်းခဲ့ပါတယ်။ဒီစစ်တမ်းအရ အမျိုးသား၊ အမျိုးသမီးတွေ လိင်မှုကိစ္စတွေထဲမှာ အကြိုက်ဆုံးအရာတွေကတော့-။ဒီလေ့လာချက်အရ သိရှိလာရတဲ့ အရေးကြီးဆုံးတစ်ချက်ကတော့ အမျိုးသမီးတွေ တစ်ဦးတစ်ယောက်မျှ မကြိုက်တဲ့ လိင်မှုကိစ္စလုပ်ငန်းဆိုတာ မရှိတာပါပဲ။ ဥပမာပြောရရင် အမျိုးသမီးအများစုက အပြာရုပ်ရှင်ဇာတ်ကားများနဲ့ ရာဂနှိုးဆွပေးနိုင်တဲ့ ဇာတ်ကားများကို မကြိုက်ကြပေမဲ့ ၁၁.၄ ရာခိုင်နှုန်းက ကြိုက်နှစ်သက်ကြပါသေးတယ်။ဒီအချက်ဟာ အဓိကကျတဲ့အချက်မှန်း လူတိုင်း နီးပါးသိကြမှာပါ။ ပွင့်လင်းမှုမရှိတဲ့အခါ အမျိုးသမီးတွေနဲ့ လိင်ခံစားမှုအထွတ်အထိပ်ရောက် ဖို့ ပိုခက်ခဲပါတယ်။အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေ၊ ကြိုက်နှစ်သက်တဲ့ အနေအထားတွေ၊ ပြဿနာတွေကို အဖော်ဖြစ်သူနဲ့ ပွင့်လင်းစွာပြောမယ်ဆိုရင် လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ လွယ်ကူပြီး ခံစားမှု မြင့်တက်စေနိုင်ပါတယ်။နိဂုံးအနေနဲ့လိင်ကိစ္စဆိုတာ ပျော်ရွှင်မှုနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာပါ။ အဖော်ဖြစ်သူနဲ့ လိင်ပိုင်းဆိုင်ရာကြိုက်နှစ်သက်မှုတွေကို ပွင့်လင်းစွာဝေမျှနိုင်ခြင်းက လိင်ခံစားမှု ပြည့်စုံစေဖို့ အဓိက နည်းလမ်းတစ်ခုထဲမှာပါဝင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/sexual-pleasure-in-females/
ကလေး ရေကျောက်ပေါက်ခြင်း
ရေကျောက်ဆိုတာ ရေယုန်ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ ကလေးအများစုက ရေကျောက်ပေါက်ဖူးကြပါတယ်(အများအားဖြင့် အသက်ဆယ်နှစ် မတိုင်ခင်လောက်မှာပေါ့)။ ဗိုင်းရပ်စ်ပိုးဝင်တဲ့အခါမှာ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကနေ ပဋိပစ္စည်း(antibody)လို့ခေါ်တဲ့ ပရိုတင်းတွေကို ထုတ်ပေးလိုက်ပါတယ်။ဒီပဋိပစ္စည်းလေးတွေဟာ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်တဲ့အပြင် နောက်တခါ ရေကျောက်ထပ်မပေါက်တော့အောင်လည်း ကူညီကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ လူတယောက်မှာ ရေကျောက်နှစ်ခါ ပေါက်တယ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။ဦးဆုံးဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက ဖျားတာ၊၊ခေါင်းကိုက်တာ၊လည်ချောင်းနာတာ ဒါမှမဟုတ် ဗိုက်နာ၊ဗိုက်အောင့်တာ စတာတွေပဲ ဖြစ်ပါတယ်။ ရေကျောက်ပေါက်ပြီဆိုရင် ပထမဆုံးအနေနဲ့ မျက်နှာနဲ့ ကျောမှာ ယားယံတဲ့ အနီစက်လေးတွေ ထွက်လာပါမယ်။ဒီအစက်လေးတွေဟာ တကိုယ်လုံးကို ပျံ့သွားနိုင်ပါတယ်။ တချို့ကလေးတွေမှာဆိုရင် နေလို့ထိုင်လို့မကောင်း၊မအီမသာဖြစ်တာ၊အစားအသောက်ပျက်တာတွေကိုပါ တွေ့ရတတ်ပါတယ်။အဓိက လက္ခဏာကတော့ အဆင့်သုံးဆင့်နဲ့ ဖြစ်ပေါ်လာတဲ့ အနီစက်တွေပါပဲ။ ပထမဆုံး ဝက်ခြံလို၊ခြင်ကိုက်ဖုလို အနီစက်လေးအနေနဲ့ စထွက်လာပြီး အရမ်းယားပါတယ်။နှစ်ရက်ကနေ လေးရက်ကြာပြီးတဲ့အခါမှာ အနီစက်လေးတွေဟာ ပေါက်လွယ်တဲ့ အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းလဲသွားပြီး သူတို့ပေါက်သွားတဲ့အခါ ဟောင်းလောင်းပေါက်လေးတွေ ဖြစ်ကျန်ခဲ့ရာကနေ အညိုရောင်အနာဖတ်ခြောက်လေးတွေဖြစ်လာပါတော့တယ်။ဒီအဆင့် သုံးဆင့်လုံး (အနီစက်၊အရည်ကြည်ဖု၊အညိုရောင်အနာဖေး)ဟာ တချိန်တည်းမှာ မြင်တွေ့ရနိုင်ပါတယ်။ နဂိုကတည်းက အရေပြားပြဿနာရှိတဲ့ ဒါမှမဟုတ် ခုခံအားစနစ်အားနည်းတဲ့ ကလေးတွေမှာဆိုရင်တော့ အနီစက်တွေဟာ ပိုများပြီး ပိုဆိုးပါတယ်။ရေကျောက်ပေါက်သူအများစုဟာ ရာနှုန်းပြည့်လုံးဝ ပြန်ကောင်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ဆိုသလို ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်တွေ၊ကလေးငယ်ငယ်လေးတွေ နဲ့ ခုခံအားစနစ် မကောင်းတဲ့ သူတွေမှာ ဖြစ်ပါတယ်။ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲပြဿနာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ဆိုခဲ့တဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ ရှားပင်ရှားပေမယ့် ဂရုတစိုက် စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ တကယ်လို့ မိဘတွေအနေနဲ့ ရေကျောက်ပေါက်နေတဲ့ ကိုယ့်ကလေးမှာ အသက်ရှုတာနဲ့ ပတ်သက်ပြီး ပြဿနာတွေရှိနေပြီ၊အရမ်းမှိန်းနေပြီ ဒါမှမဟုတ် ခေါင်းအရမ်းကိုက်နေပြီဆိုရင်တော့ နီးစပ်ရာ အရေးပေါ်ဌာနကို ပြေးရမှာပဲ ဖြစ်တယ်။varicella-zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်မှု အများဆုံး ရောဂါတမျိုးဖြစ်ပါတယ်။ ရောဂါရှိတဲ့သူနဲ့ ထိတွေ့မိတာနဲ့ ကူးစက်နိုင်ပါတယ်။ ရေကျောက်ပေါက်နေသူရဲ့ အရည်ကြည်ဖုလေးတွေကနေထွက်လာတဲ့ ဗိုင်းရပ်စ်အမှုန်လေးတွေကို ရှုလိုက်မိရင်ပဲ ဖြစ်ဖြစ် သူ့ဆီကနှာချေတာ၊ချောင်းဆိုးတာကို လေထဲကတဆင့် ရှုလိုက်မိရင်ပဲ ဖြစ်ဖြစ် ရောဂါကူးဖို့ လုံလောက်နေပါပြီ။ရေကျောက်တခါပေါက်ပြီးရင် ဒီဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိသွားပြီမို့ နောက်တခါထပ်မဖြစ်နိုင်တော့သလောက်ပါပဲ။ ဒါ့ကြောင့် ရေကျောက်လည်းတခါမှ မပေါက်ဖူး၊ကာကွယ်ဆေးလည်းတခါမှ မထိုးထားဖူးသူတွေဟာ ရေကျောက်ဖြစ်ဖို့ အခွင့်အလမ်းအများဆုံးသူတွေပဲ ဖြစ်ပါကြောင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%9b%e1%80%b1%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ခွဲမွေးသောကလေးများသည် ၁၅ ရာခိုင်နှုန်းပို၍ ဝလာနိုင်ခြေ ရှိသည်
ကိုယ်ဝန်ဆောင်မိခင်များသည် မိမိနှင့် ရင်သွေးလေးအတွက် ဆုံးဖြတ်ချက်ချရာတွင် အကောင်းဆုံးသာဖြစ်လိုကြပါသည်။ အဓိကအားဖြင့် ရိုးရိုးမွေးခြင်းနှင့် ခွဲမွေးခြင်းရွေးချယ်ရာတွင် ဖြစ်သည်။ခွဲမွေးခြင်းဆိုသည်မှာ ကလေးကို ခွဲစိတ်၍ မွေးဖွားခြင်းဖြစ်သည်။ အချို့ မိခင်များတွင်မူ ခွဲမွေးခြင်းမှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။အာထရာဆောင်းရိုက်ခြင်းနှင့် မမွေးခင် ကြိုတင်စမ်းသပ်ခြင်းများက ခွဲမွေးရန် ပိုမို သင့်တော်သည် ကိစ္စများကို ဆုံးဖြတ်ပေးသည်။ တစ်ခါတစ်ရံတွင် မမျှော်လင့်သော အရေးပေါ်အခြေအနေများကြောင့် ခွဲမွေးလိုက်ရသော ကိစ္စအချို့လည်းရှိတတ်သည်။ ခွဲမွေးသောကလေးများသည် အသက်ကြီးလျှင် အဝလွန်နိုင်ခြေ ပိုများပါသည်။ ၁၆နှစ်ကြာ လူပေါင်း၂၂၀၀၀ ကိုလေ့လာချက်အရ အဝလွန်ခြင်းနှင့် ခွဲမွေးခြင်းမှာသိသာစွာ ဆက်စပ်နေသည်ကိုတွေ့ရသည်။ခွဲမွေးသောကလေးများသည် ရိုးရိုးမွေးသော ကလေးများ ထက် ၁၅ ရာခိုင်နှုန်း ပို၍ဝတတ်သည်။ ကျွမ်းကျင်သူများအဆိုအရ ခွဲမွေးသောကလေးများသည် မွေးလမ်းကြောင်းတွင်းပိုးမွားများနှင့် ထိတွေ့ခြင်း နည်းသဖြင့် ကလေး၏ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲစေသည်။ ဒီအချက်ဟာ ကလေးအသက်ကြီးလာသောအခါ သူတို့၏ စားသောက်ပုံ နှင့် ကိုယ်အလေးချိန် ကွာခြားချက်များကို ဖြစ်စေသည်။လေ့လာချက်များအရ အူလမ်းကြောင်းရှိ ကိုယ်တွင်းပိုးမွားဂေဟ စနစ်သည် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ ဇီဝကမ္မဖြစ်စဉ်၊ ဆီးချိုသွေးချိုအန ္တရာယ် နဲ့စိတ်ကျန်းမာရေးအပေါ်ပင် သက်ရောက်မှုများစွာ ရှိတာကို သိရသည်။ ဥပမာ- ခွဲမွေးသောကလေးများသည် မိခင်နို့စို့ရနိုင်ချေနည်းပြီး ဤအခြင်းအရာသည် ကလေးအူလမ်းကြောင်းပိုးမွှားများအပေါ်သက်ရောက်မှု ရှိစေပြီး အဝလွန်ခြင်းများဖြစ်ပေါ်စေနိုင်သည်။ကျွမ်းကျင်သူများအဆိုအရ ခွဲမွေးသူများသည် အခြား ပတ်ဝန်းကျင်တူ ကြီးပြင်းသော ကလေးများထက် ၆၄ရာခိုင်နှုန်း ပို၍ ဝနိုင်သည်ဟု ဆိုသည်။ ထို့အပြင် ခွဲမွေးသောကလေးများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာများ ခံစားရတတ်သည်။ ပြင်းထန်လေ့မရှိသော်လည်း တစ်ခါတရံ ပျောက်ကင်းရန်ကြာတတ်သည်။အသက်ရှူလမ်းကြောင်းပြဿနာများသည် လမစေ့ဘဲမွေးသောကလေးနှင့် ခွဲမွေးသောကလေးများတွင်အဖြစ်များသည်။ အဓိကအားဖြင့် ၃၉ပတ်မတိုင် ခင်ခွဲမွေးသော ကလေးများတွင် ပိုတွေ့ရတတ်သည်။ ရိုးရိုးမွေးသောကလေးများနှင့် ယှဉ်လျှင် ခွဲမွေးသော ကလေးများသည် ကလေးအထူးကု ကြပ်မတ်ဆောင်တွင် စောင့်ကြည့်ခံရနိုင်ချေ ပိုများသည်။ နောက်ပိုင်းတွင် ပန်းနာရင်ကျပ်ဖြစ်နိုင်ချေလည်း ပိုများသည်။ကိုယ်ဝန်ဆောင်များအတွက် ခွဲမွေးခြင်းမှာ ဆေးပညာလိုအပ်ချက်အရ မွေးရခြင်းဖြစ်၍ ကလေးအဝလွန်ခြင်းကိုရှောင်ရန် သီးသန့် အနေဖြင့် ခွဲမွေးခြင်း ငြင်းဆန်တာကိုတော့ မပြုသင့်ဟုဆိုသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%81%e1%80%bd%e1%80%b2%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%81%81/
အကိုက်ခံရခြင်း
အများစုအားဖြင့် ရန်ဖြစ်ကြတဲ့အခါမှာ ကလေးအချင်းချင်း ကိုက်မိတတ်ကြပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ ဖြစ်တတ်ပြီး လက်မောင်း သို့မဟုတ် လက်ဖျံမှာ ဖြစ်တတ်ပါတယ်။ နည်းနည်းကြီးသွားရင် လက်သီးနဲ့ထိုးရင်း သွားနဲ့ထိခိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်ကိုက်တာထက်စာရင် လူကကိုက်ခြင်းက ပိုပြီး ပိုးဝင်လွယ်ပါတယ်။ လက်မှာဖြစ်ရင်တော့ နောက်ဆက်တွဲပြဿနာတွေ ပိုများတတ်ပါတယ်။အနာတစ်ဝိုက်မှာ ရဲလာမယ်၊ ရောင်လာမယ်၊ ထိလိုက်တာနဲ့ နာမယ်၊ ပြည်ထွက်မယ်။ အနာမှာတင်မကတော့ဘဲ ပြန်ရည်ကြောတစ်လျှောက်မှာ ရောင်ရမ်းနာကျင်မှုတွေ ဖြစ်လာမယ်။ အကြိတ်တွေ ထွက်လာမယ်။ အဖျားကြီးမယ်၊ ချမ်းတုန်လာမယ်။ထိုးသွင်းဒဏ်ရာနဲ့ စုတ်ပြဲဒဏ်ရာဖြစ်ရင် ဖြစ်ဖြစ်ချင်း စီးဆင်းနေတဲ့ရေအောက်မှာ ဆပ်ပြာနဲ့ ၁၀မိနစ်ခန့် ဆေးချပစ်ပါ။ သင့်ကလေးကို မေးခိုင်ကာကွယ်ဆေးထိုးထားမထား ပြန်စစ်ပါ။ပြတ်ရှမှုများအတွက် ဆပ်ပြာ၊ ရေတို့နဲ့ ၅မိနစ်ခန့် ဆေးပါ။ ဒီအတိုင်းထားလည်း ရသလို၊ ညစ်ပတ်လွယ်တဲ့ နေရာမျိုးမှာဖြစ်ရင်တော့ ပတ်တီးကို ၁၂နာရီခန့် စည်းထားလို့ရပါတယ်။ ပိုးသတ်ဆေးတွေ ထည့်စရာ မလိုပါဘူး။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။• သွားက အရေပြားကို ပေါက်သွားရင်။• အရေပြားကွဲသွားပြိး ချုပ်ဖို့ လိုအပ်လာရင်။• ကလေးက ဆရာဝန်နဲ့ ပြသင့်တယ်လို့ သင်ယူဆရင်။• အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင်လည်း သင့်ကလေးရဲ့ ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• အနာပိုးဝင်တယ်လို့ ထင်ရင်။• ဒုတိယနေ့အပြီးမှာ နာကျင်မှုက ပိုဆိုးလာရင်၊ ပိုပြီး နီရဲလာရင်။• ကလေးအခြေအနေက ပိုဆိုးလာတယ်ထင်ရင်။အများအားဖြင့် အရက်နဲ့ ဆက်နွယ်ပြီး ဖြစ်ကြတာမို့ ဒီလိုကိစ္စမျိုးတွေ မဖြစ်ချင်ဘူးဆိုရင် အရက်သောက်သုံးမှုကို ဆင်ခြင်ဖို့ လိုပါတယ်။သင့်ကလေးကိုလည်း ရန်လိုတတ်တဲ့ကလေးတွေ၊ သူစိမ်းတွေနဲ့ ခိုက်ရန်မဖြစ်အောင် ထိန်းသိမ်းဖို့ လိုပါမယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%80%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%81%e1%80%b6%e1%80%9b%e1%81%bf%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့
နွေရာသီမှာ အေးတဲ့လေ၊ အေးပြီး နေရထိုင်ရ သက်သောင့်သက်သာရှိတဲ့ နေရာလေးတွေကို လူတိုင်းလိုလို သဘောကျကျပါတယ်။ အခြားမပြောနဲ့ နွေပူပူ အပြင်က ပြန်လာလို့ သောက်ရေအိုး သဲအိုးအေးအေးလေးက အေးစိမ့်နေရင်တောင် ပါးလေး ကပ်လိုက် လက်လေးကပ်လိုက် လုပ်မိတတ်ကြတယ်ဟုတ်။နေပူရင်အားအင် ကုန်ခမ်းတာမို့ နေအရမ်းပူချိန်မှာ အေးတဲ့နေရာမှာနေဖို့ အရိပ်ရတဲ့နေရာမှာနေဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ အပြင်က နွေနေပူရင်တောင် ကိုယ့်ရဲ့ အိမ်ကလေးထဲမှာ အေးနေအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဘယ်လိုတွေ စီစဉ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား………။နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဆိုရင် အဲကွန်း ဖွင့်လို့ရတာပဲလို့ ဖြေမယ်လို့များ စိတ်ကူးနေလား…… အခုပြောပြမယ့် နည်းလမ်းကအဲကွန်းဖွင့်စရာ မလိုဘဲ သဘာဝအတိုင်းနေအိမ်လေးအေးနေအောင် လိုက်နာလုပ်ဆောင်သင့်တာလေးတွေကို ပြောပြပေးသွားချင်တာပါ။ဒီတော့ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ နေအိမ်လေး အေးမြနေစေဖို့အတွက်။အခန်းတိုင်းရဲ့ တံခါးတွေကို ဖွင့်ထားတာက နေအိမ်ကို အေးမြအောင် ထားတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ နေရောင်ခြည်တိုက်ရိုက် ဝင်နေတဲ့အခါ အိမ်ထဲမှာ လှောင်ပြီး ပူနေတတ်ပါတယ်၊၊ ဒါကြောင့် နေအိမ်လေးကို အေးမြနေစေချင်တယ်ဆိုရင် ရေချိုးခန်း၊ အိမ်သာလိုမျိုးအခန်းတွေနဲ့ အခြား အသုံးမပြုတဲ့ အခန်းတွေရဲ့ တံခါးတွေကို သေသေချာချာ တင်းတင်းလေး ပိတ်ထားပေးပါ။ဒီလို ပိတ်ထားတာက အခန်းထဲက အအေးတွေကို  ပြန့်သွားတာ ပြယ်သွားတာမျိုး မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် အခန်းတံခါးတွေကို အသုံးပြုပြီးတိုင်း သေချာလေး ပိတ်ထားပေးပါ။မှန်တွေကနေ ဖောက်ဝင်လာတဲ့ အပူတွေက ပိုပြီး ပူစေနိုင်ပါတယ်။ ဒါကြောင့် နေအိမ်အတွင်းမှာ မလိုအပ်ဘဲ ပူလောင်အိုက်စပ်တာမျိုး မဖြစ်စေဖို့ မှန်ပြတင်းပေါက်တွေနဲ့ နေရောင်ဝင်ရောက်နိုင်မယ့် နေရာတွေကို လိုက်ကာ ထူထူနဲ့ ပိတ်ထားပေးပါ။ပြတင်းပေါက်တွေက လေဝင်စေဖို့ လိုအပ်ပေမယ့် နွေပူနေချိန်မှာ လေမတိုးနိုင်လောက်တဲ့ နေရာတွေက ပြတင်းပေါက်တွေကို လိုက်ဖွင့်ထားတာက နေအိမ်ထဲမှာ အပူချိန် တိုးစေတာပဲ ဖြစ်စေမှာပါ။ လေဝင်နိုင်တဲ့ နေရာဆိုရင်တော့ ဖွင့်ထားနိုင်ပါတယ်။ဒါကြောင့် နေအိမ်ထဲမှာ အပူချိန် လျှော့ချနိုင်ဖို့ဆိုရင် ပြတင်းပေါက်တွေကို လိုသလောက်ပဲ ဖွင့်ထားပြီး မလိုတဲ့ တံခါးတွေကို ပိတ်ထားပါ။မီးလုံးတွေ၊ မီးချောင်းတွေလိုမျိုး အပူထွက်လွယ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမလိုဘူးဆိုရင် ပိတ်ထားပေးပါ။ ဒီလို ဖွင့်ထားတာက နေအိမ်ကို အပူချိန် မြင့်စေနိုင်လို့ပါ။ဒါကြောင့် နေပူနေချိန်မှာ အိမ်ထဲမှာ အပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ မလိုအပ်တဲ့ မီးခလုတ်တွေ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပေးပါ။အဝတ်လျှော်စက်လိုမျိုး အပူတွေ အများကြီး ထုတ်တဲ့ စက်မျိုးတွေ အပါအဝင် မီးလုံးတွေ၊ မီးချောင်းတွေကို နေပူနေချိန်မှာ မလိုအပ်ဘဲအသုံးပြုတာက နေအိမ်ထဲမှာ အပူချိန် မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ နေအိမ်လေး အေးမြနေစေချင်တယ်ဆိုရင် စက်ကိရိယာ အကြီးစားတွေကို ညဘက်ပိုင်းမှ အသုံးပြုပေးပါ။ညဘက် မအိပ်ခင် အချိန်အထိ ပြတင်းပေါက် အားလုံးကို ဖွင့်ထားပါ။ ဒါမှ အိမ်ထဲမှာ ရှိတဲ့ အပူတွေက အကုန် အပြင်ထွက်သွားမှာ ဖြစ်ပြီး ညအိပ်ချိန်မှာ အေးအေးလေးနဲ့ အိမ်လို့ ကောင်းမှာပါ။ညနေပိုင်း နေရောင်ကျသွားချိန်ကစပြီး ပြတင်းတံခါးတွေကို ဖွင့်ထားပါ။ ခြင်မကိုက်စေဖို့ဆိုရင်တော့ ခြင်လုံဇကာ တပ်ထားရင် ပိုအဆင်ပြေပါတယ်။နေအိမ်ပတ်ဝန်းကျင်ကို မနက်ခင်းနဲ့ ညနေခင်းတိုင်းမှာ ရေတွေ ပက်ထားတာကလည်း နေအိမ်ဝန်းကျင်ကို ဖုန်မထစေဖို့ရော အေးနေစေဖို့ပါ ကူညီပေးနိုင်ပါတယ်။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ နေအိမ်ကို နွေရာသီမှာ အေးမြနေအောင် လုပ်ဆောင်ကြည့်လို့ ရပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-keep-home-cool-in-summer-naturally/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%98%e1%80%80%e1%80%ba%e1%80%90%e1%80%ae/
ဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးများ - နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း
ဆးလိပ်သောက်ခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါနဲ့ ငယ်ငယ်ရွယ်ရွယ်သေဆုံးမှုတွေကို ဖြစ်စေတယ်ဆိုတာ သက်သေပြနိုင်ဖို့ ဆယ်စုနှစ်များစွာ ကြာခဲ့ပါတယ်။ အဲဒီလိုပဲ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိခြင်းကလည်း အန္တရာယ်ပေးတယ်ဆိုတာသိဖို့ အချိန်တွေ ယူခဲ့ရပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက ဆေးလိပ်နဲ့သက်ဆိုင်တဲ့ နောက်ထပ်တွေ့ရှိချက်တစ်ခုကို ထုတ်ဖော်လိုက်ပါပြီ။ အဲဒါကတော့ Thirdhand smoke လို့ခေါ်တဲ့ ဆေးလိပ်ငွေ့ကြောင့် အခန်းတွင်းမှာ ကျန်နေခဲ့တဲ့ နီကိုတင်းနဲ့ တခြားဓါတုပစ္စည်း အကြွင်းအကျန်တွေပါပဲ။ အဲဒီအကြွင်းအကျန်တွေဟာ အခန်းထဲမှာရှိနေတဲ့ ညစ်ညမ်းပစ္စည်း အိုဇုန်း၊ နိုက်ထရပ်စ်အက်ဆစ်တို့နဲက ပေါင်းသွားရင် နောက်ထပ်ပစ္စည်းတစ်ခု ဖြစ်သွားပါတယ်။ အဲဒီအငွေ့တွေက ဖုန်မှုန်တွေနဲ့ရောပြီး ကောဇောပေါ်၊ ပရိဘောဂပစ္စည်းတွေပေါ် ရောက်ကုန်ပါတယ်။ နောက်ပြီး ဆံပင်၊ အရေပြား၊ အဝတ်အစားနဲ့ လက်သည်းတွေပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့်မို့ မိခင်တစ်ယောက်ဟာ ကလေးရှေ့မှာ ဘယ်တော့မှ ဆေးလိပ်မသောက်ဘူးဆိုရင်တောင် တခြားနေရာမှာ သောက်လာခဲ့မယ်၊ ကလေးကို ကောက်ချီလိုက်မယ်ဆိုရင် ကလေးဆီကို အဲဒီအငွေ့တွေကို ရောက်ကုန်နိုင်ပါတယ်။ အဲဒီအငွေ့တွေကို စွန့်ထုတ်ရလည်း ခက်သလို၊ ခန္ဓါကိုယ်ထဲမှာ ကြာရှည်စွာ ရှိနေနိုင်ပါတယ်။ နောက်ပြိး tobacco-specific nitrosamine (NNA) လို့ခေါ်တဲ့ ကွန်ပေါင်းက ခန္ဓါကိုယ်ထဲက DNA ကို ဖျက်ဆီးပစ်တာကြောင့် ကင်ဆာလည်း ဖြစ်စေတယ်။ ကျွမ်းကျင်သူတချို့ကတော့ ဒီအငွေ့တွေဟာ လူတွေရဲ့ မျိုးဗီဇကိုလည်း ထိခိုက်စေပြီး သူတို့ရဲ့ ဖျက်ဆီးမှုဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။တွေ့ရှိချက်အသစ်ဖြစ်တာမို့ ဒီအငွေ့တွေဟာ ဘယ်လောက်ကြာအောင် ရှိနေနိုင်တယ်ဆိုတာ ဘယ်သူမှမသိကြသေးပါဘူး။ လွန်ခဲ့တဲ့နှစ်၂၀အတွင်း ဆေးလိပ်သောက်သူ မရှိခဲ့တဲ့ အိမ်တွေရဲ့ နံရံတွေ၊ ဖုန်မှုန့်တွေမှာတောင် တွေ့နေရတယ်လို့ ဆိုပါတယ်။ အဲဒီဓါတ်ငွေ့အကြွင်းအကျန်တွေကြောင့် အထိခိုက်နိုင်ဆုံးကတော့ ကလေးငယ်တွေပါပဲ။ သူတို့ဟာ ကြမ်းပြင်ပေါ်မှာ လေးဖက်သွားတယ်၊ ကော်ဇောပေါ် အိပ်တယ်၊ ပရိဘောဂတွေကို ပါးစပ်နဲ့ ကိုက်ကြည့်တယ်၊ အဲဒါတွေအားလုံးဟာ thirdhand smoke အငွေ့တွေနဲ့ ပြည့်နေတဲ့ နေရာတွေချည်းပါပဲ။ သုတေသီတချို့ကတော့ ကင်ဆာအပြင် ပန်းနာရင်ကြပ်နဲ့ ဓါတ်မတည့်တဲ့ရောဂါတို့လို တခြားသော ကျန်းမာရေးပြဿနာတွေပါ ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဟိုတယ်တွေမှာ ဆေးလိပ်သောက်သူရဲ့ အခန်းကို တံမြက်စည်းလှဲ၊ ဖုန်စုပ်၊ အခင်းလဲရတဲ့သူတွေ၊ ရှင်းလင်းပေးရတဲ့သူတွေဟာ ဒီအငွေ့တွေနဲ့ ထိတွေ့မှုမှာ ဆေးလိပ်ငွေ့တွေရှိနေတဲ့ အခန်းထဲမှာ ရက်အနည်းငယ်နေသွားတဲ့ ဧည့်သည်တွေထက် ပိုများပါတယ်။ ဘယ်လောက်ပမာဏထိ ထိတွေ့ရင် ကျန်းမာရေး ထိခိုက်မယ်ဆိုတာမျိုး မပြောနိုင်သေးပေမယ့် ယခင်က ဆေးလိပ်သောက်ခွင့်ပြုခဲ့တဲ့ နေရာတွေမှာလည်း ဒီအငွေ့တွေဟာ ကျန်သင့်သလောက် ကျန်နေလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဆေးလိပ်သောက်သူ ပိုင်ဆိုင်ဖူးတဲ့ အိမ်ကို ပြောင်းရွှေ့လာမယ်ဆိုလည်း ဒီလိုပဲ ကြုံတွေ့နိုင်ပါတယ်။ ဒီအငွေ့တွေဟာ ဖယ်ရှားဖို့လည်း ခက်တာမို့ ကြမ်းခင်းတွေအကုန် ခွာလိုက်တာမျိုးထိ မလုပ်နိုင်ရင် ဒီအငွေ့တွေကလည်း ဆက်ရှိနေဖို့များပါတယ်။ကိုယ့်ရဲ့ အိမ်တွင်းမှာ ဒီအငွေ့တွေ ရှိမနေအောင် လုပ်သင့်တာတချို့ကိုတော့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ အခန်းကို ဆေးပြန်သုတ်ပါ။ အကောင်းဆုံးကတော့ ကောဇောတွေ အသစ်လဲလိုက်ပါ။ လေဝင်လေထွက်စနစ်ကို သန့်ရှင်းနေအောင် ထားပါ။ ဘယ်လောက်ထိ များများစားစားရှိနေတယ်၊ ဘယ်လောက်ထိ အန္တရာယ်ပေးမယ်ဆိုတာ တိတိကျကျ မသိသေးပေမယ့် မိဘတွေအနေနဲ့ ကလေးတွေကို ဒီအငွေ့တွေနဲ့ မထိတွေ့အောင် ကာကွယ်ပေးဖို့၊ ဆေးလိပ်သောက်သူတွေ သုံးသွားတဲ့ အခန်းနဲ့ ကားတွေကိုဖြစ်နိုင်ရင် မငှားဖို့၊ ပြန်မဝယ်ဖို့ အကြံပေးလိုပါတယ်။ ဒါကြောင့် ရှောင်နိုင်သလောက် အကောင်းဆုံးရှောင်ကြမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အထောက်အကူပြုမှာပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%84%e1%80%bc%e1%82%95%e1%80%9b%e1%80%b2%e1%82%95-%e1%80%86%e1%80%af%e1%80%ad%e1%80%b8%e1%80%80%e1%80%ba%e1%80%ad%e1%80%b3/
ကလေးငယ်၏ ကြီးထွားနှုန်းကို သက်ရောက်စေနိုင်သော အချက်များ
သင့်ကလေးကို ပန်းခြံတွေကိုခေါ်ပြီးကစားခိုင်းတဲ့အချိန်မျိုးတွေမှာ အခြားကလေးငယ်တွေနဲ့ သင့်ကလေးရဲ့ အရွယ်အစားချင်းနှိုင်းယှဉ်မိတာမျိုး ဒါမှမဟုတ် အခြားသောသူ့အတန်းဖော်သူငယ်ချင်းတွေ သို့မဟုတ် အားကစားအသင်းကသူငယ်ချင်းတွေနဲ့ သင့်ကလေးရဲ့အရွယ်အစားကို နှိုင်းယှဉ်လိုက်ရင်ဘာကြောင့် သင့်ကလေးကပိုသေးနေတာလဲဆိုပြီးတွေးမိတာမျိုး ဖြစ်ဖူးပါသလား။ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို သက်ရောက်နိုင်တဲ့အချက်တွေကိုလေ့လာနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေက အုပ်စုလေးခုခွဲလိုက်ပါတယ်။အဆိုပါအချက်တွေမှာ အချို့သောအချက်တွေဟာပြောင်းလဲနိုင်ပေမယ့် အချို့ကတော့ ပြောင်းလဲလို့မရပါဘူး။ ဒီအချက်တွေထဲက အတော်များများက ကလေးရဲ့ကြီးထွားမှုနဲ့ အရပ်အမြင့်ဘယ်လောက်ရှိနိုင်တဲ့အပေါ် သက်ရောက်မှုတွေဖြစ်နိုင်ပါတယ်။ မိသားစုရာဇဝင်ကလည်းအလွန်ကိုအရေးကြီးပြီး နောက်ဆုံးအရပ်အမြင့်ကို မိခင်နဲ့ဖခင်ရဲ့အရပ်တွေကနေပြီး အနီးစပ်ဆုံးခန့်မှန်းလို့ရပါတယ်။ အာဟာရမပြည့်စုံခြင်းနဲ့ ပြင်းပြင်းထန်ထန် သို့မဟုတ် နာတာရှည်ရောဂါဖြစ်ခြင်းတွေကလည်း ကြီးထွားမှုကိုနှောင့်နှေးစေပြီး မျိုးရိုးနဲ့ ဇီဝဖြစ်စဉ်မမှန်တာတွေကလည်း အရပ်ပုခြင်းနဲ့ ဆက်နွယ်နေတတ်ပါတယ်။ နောက်ဆုံး သိုင်းရွိုက်ဟော်မုန်းနဲ့ ကြီးထွားစေတဲ့ဟော်မုန်း (growth hormones)တွေချို့တဲ့ခြင်းတွေကလည်း ကြီးထွားမှုကို သိသိသာသာနှောင့်နှေးစေပါတယ်။မျိုးရိုးဗီဇဟာ လူမှုဆက်ဆံရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဍာန်တွေကို မိဘထံမှ သားသမီးဆီလက်ဆင့်ကမ်းတဲ့အခါ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ မျိုးရိုးဟာ မတူညီကွဲပြားတဲ့ ဖွံ့ဖြိုးကြီးထွားမှုပုံစံအမျိုးမျိုး၊ ဥပမာ-သဘာဝစွမ်းရည်တွေ၊ ဉာဏ်ကောင်းမှု၊ ခန္ဓါကိုယ်ဖွဲ့စည်းပုံ၊ အလေးချိန်၊ အရပ်အမြင့် နဲ့ မျက်လုံးနဲ့ဆံပင်အရောင်တွေ စတာတွေအပေါ် လွှွှမ်းမိုးနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက မျိုးရိုးဗီဇ ၇ခု နဲ့ ၂၀ကြားဟာ လူသားတွေရဲ့ကြီးထွားမှုပေါ်သက်ရောက်နိုင်ပြီး မိသားစုတစ်ခုတည်းမှာရှိတဲ့ ကလေးတွေရဲ့ကြီးထွားမှုပုံစံတွေကိုပြောင်းလဲနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။မတူညီတဲ့လူမှုစီးပွားရေးအဆင့်အတန်းရှိတဲ့ ကလေးတွေဟာ ကြီးထွားနှုန်းလည်းမတူညီကြပါဘူး။ ပိုပြီးအဆင့်မြင့်တဲ့မိသားစုတွေက ကလေးတွေက ပိုပြီးကောင်းမွန်တဲ့အကျိုးတွေရနိုင်ပါတယ်။ ဒါဟာ အဓိကအားဖြင့်တော့ ပိုကောင်းတဲ့ အထောက်အပံ့တွေ၊ အာဟာရတွေ၊ လေ့ကျင့်ခန်းတွေနဲ့ ပုံမှန်အစားအစာတွေကြောင့်ပါပဲ။ အလားတူပဲ ကြီးထွားမှုနှုန်းဟာ ဝင်ငွေနည်းကြတာချင်းအတူတူဆိုရင်တောင် မိသားစု အနည်းအများပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသေးတယ်။Endocrine ဂလင်းတွေက သွေးကြောတွေထဲကို မတူညီတဲ့ဟော်မုန်းတွေထုတ်လွှတ်ပေးပြီး ခန္ဓါကိုယ်လှုပ်ရှားမှုအဆင့်တွေအားလုံး အနည်းဆုံးတော့ ခန္ဓါကိုယ်ရဲ့အချို့သော အင်္ဂါအစိတ်အပိုင်းတွေရဲ့လုပ်ဆောင်ချက်တွေကို လျှော့ချတာမျိုး သို့မဟုတ် တိုးလာတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီဟော်မုန်းထုတ်လွှတ်မှုတွေမှာ တစ်ခုခုပြောင်းလဲခဲ့ရင်လည်း ကြီးထွားမှုပေါ်မှာ တိုက်ရိုက်သက်ရောက်နိုင်ပါတယ်။ အချို့သောဟော်မုန်းတွေမရှိခဲ့ရင် ခန္ဓါကိုယ်ကလည်း ကြီးထွားဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဟော်မုန်းကလည်း ကြီးထွားမှုကိုသက်ရောက်စေတဲ့အချက်တွေထဲမှာ သေချာပေါက် ပါနေရတာပါ။လုံလောက်တဲ့ ကယ်လိုရီတွေနဲ့ အာဟာရဓါတ်တွေ မရနိုင်ဘူးဆိုရင် လူ့ခန္ဓါကလည်းပုံမှန်အတိုင်းကြီးထွားနိုင်မှာမဟုတ်ပါဘူး။ မတူညီတဲ့အဆင့်တွေမှာ သင့်ရဲ့လိုအပ်ချက်တွေကလည်း အမျိုးမျိုးပြောင်းလဲနိုင်ပေမယ့် ဒါကတော့ ကြီးထွားဖွံ့ဖြိုးမှုအားလုံးပေါ်မှာ လွှမ်းမိုးမှုရှိနေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများဟာ အာဟာရချို့တဲ့မှုကို ကျော်ဖြတ်နိုင်အောင်ကြိုးစားနေကြပြီး ဒါကသူတို့အတွက်တော့ ကြီးမားတဲ့ပြဿနာကြီးတစ်ခုပါပဲ။ ဒီလိုနေရာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ အလေးချိန်မပြည့်တာနဲ့ ပျမ်းမျှရှိသင့်တဲ့အရပ်ထက်ပိုပုနေတာမျိုးတွေ အဖြစ်များကြပါတယ်။ ကြီးထွားခြင်းလုပ်ငန်းစဉ်တွေဟာ ကလေးငယ်တွေအာဟာရချို့တဲ့နေတဲ့အခါမျိုးမှာ ပိုပြီးထိခိုက်တတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းကတော့ ကလေးငယ်တွေမှာ မတူညီတဲ့ အမိုင်နိုအက်ဆစ်၉မျိုးကို လိုအပ်ပေမယ့် သူတို့ကို အားလုံးအလုံအလောက်ပြည့်ဝစွာမရရှိနိုင်လို့ဖြစ်ပါတယ်။ အိုင်အိုဒင်း၊ ဇင့်၊ ဖော့စဖောရပ်၊ကယ်လ်စီယမ်နဲ့ ဗီတာမင်တွေ တစ်ခုခုလိုအပ်နေတာမျိုးဖြစ်ရင်လည်း ကြီးထွားမှုအတွက် အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။လေထုညစ်ညမ်းမှုဟာ အသက်ရှူအင်္ဂါအစိတ်အပိုင်းတွေကို မကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေပြီး ဒါကလည်း ကြီးထွားမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းညစ်ညမ်းမှုတွေကလည်း လူတွေကို အလွန်အမင်းနာမကျန်းဖြစ်စေနိုင်ပါတယ်။ ဒီညစ်ညမ်းမှုတွေကလည်း ကြီးထွားနှုန်းအတွက် အနှောက်အယှက်တွေဖြစ်စေနိုင်ပါတယ်။ ဥပမာပြောရရင် ခဲဆိပ်သင့်ခြင်းကလည်းကလေးတွေအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ခဲဓါတ်ဟာ ခန္ဓါကိုယ်ထဲဝင်ရောက်နိုင်ပြီး ဦးနှောက်နဲ့ အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ပုံမှန်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။ နာမကျန်းဖြစ်ခြင်းဟာ ကြီးထွားခြင်းကို အနှောက်အယှက်ဖြစ်စေတဲ့အချက်တွေထဲက တစ်ခုဖြစ်နေပါတယ်။ မွေးကင်းစအရွယ်မှာ ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်ခဲ့တဲ့ကလေးတွေဟာ အခြားသော ကျန်းမာရေးကောင်းခဲ့တဲ့ကလေးငယ်တွေနဲ့ယှဉ်ရင် ကြီးထွားနှုန်းက ပိုပြီးနှေးကွေးတာကို တွေ့ရမှာပါ။လူမျိုးဆိုင်ရာ အချက်အလက်တွေကလည်း လူတစ်ယောက်ရဲ့ အလေးချိန်၊အရပ်အမြင့်၊ ပုံပန်းသဏ္ဍာန်၊ အသားရောင်နဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံတွေပေါ်မှာ လွှမ်းမိုးနိုင်ပါတယ်။ ဒါက လူမဲကလေးငယ်တစ်ယောက်မှာ သူနဲ့မျိုးနွယ်တူတွေအတိုင်း ဆံပင်၊အရပ်၊မျက်နှာကျနဲ့ မျက်လုံးအရောင်တွေ ရှိနေရသလဲဆိုတာရဲ့ အဖြေပါပဲ။အချို့သူတွေမှာတော့ မွေးရာပါ Pituitary tumors တွေဖြစ်တတ်ပြီး အခြားသူတွေကတော့ သူတို့ဘဝနောက်ပိုင်းကာလတွေမှာသာ ဖြစ်တတ်ပါတယ်။ ဒီ tumors တွေဟာ ကြီးထွားမှုနဲ့ လူတစ်ယောက်ရဲ့ဖွံ့ဖြိုးနှုန်းကို သိသိသာသာနှောင့်နှေးစေတတ်ပါတယ်။ ဒါပေမယ့် ကြီးထွားနှုန်းပေါ်သက်ရောက်မှုဟာ များသောအားဖြင့် ဒီtumors တွေက ဂလင်းတွေပေါ်ဘယ်လိုသက်ရောက်နေသလဲဆိုတာပေါ်မူတည်ပါတယ်။ တကယ်လို့ Pituitary gland ပေါ်က tumor တစ်ခုဟာ ကြီးထွားစေတဲ့ဟော်မုန်းကို အလွန်အကျွံထုတ်ပေးလိုက်ရင်တော့ အဝလွန်တာမျိုး ဖြစ်တတ်ပါတယ်။အချို့သောဆေးဝါးတွေဟာ လူတွေရဲ့ကြီးထွားမှုပုံစံကိုလည်း အကျိုးသက်ရောက်စေပါတယ်။ လေ့လာမှုတွေကတော့ attention deficit hyperactivity disorder တွေအတွက် Ritalin ကိုသုံးစွဲရတဲ့ကလေးတွေဟာ ကြီးထွားမှုနှုန်းနှေးကွေးတယ်လို့ဆိုပါတယ်။ ဒီလိုဆေးတွေနဲ့အခြားဆေးတွေကို သုံးစွဲနေရတဲ့ကလေးတွေဟာ အခြားသော သက်တူရွယ်တူကလေးတွေနဲ့စာရင် ပိုသေးပြီး အရပ်ပိုပုတတ်ကြပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%81%8f-%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%91%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8/
မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ........
မိုးရာသီမှာ အသားအရေက စိုပြေမနေဘဲ ကြမ်းတမ်း ခြောက်သွေ့နေပြီလား……. ဒါဆိုရင် ဆန်းစစ်ရမယ့် အချက်က သိပ်မများဘူး။ နှစ်ခုပဲ ရှိတယ်။ ဒါက စားနေတဲ့အစားအသောက်တွေကြောင့်လား၊ နေ့စဉ် လုပ်မိနေတဲ့အလေ့အထကြောင့်လား ဆိုတာပါ။ ကဲ ဒီတော့ မိုးတွင်းမှာအသားအရေလေးGlowပြီး လှနေစေဖို့ ဘာတွေ စားရမလဲဆိုတာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။မိုးရာသီမှာ အသားအရေလေး Glow  ပြီး လှစေဖို့ဆိုရင် ဒါလေးတွေကို စားပေးသင့်ပါတယ်။မိုးရာသီမှာ သီးတဲ့ သရက်သီး၊ သစ်တော်သီး၊ မက်မွန်သီး၊သပြေသီးလိုမျိုး အသီးတွေမှာ အသားအရေကို ကျန်းမာနေစေဖို့ အထောက်အပံ့ပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီအာနိသင်က အသားအရေကို နေ့စဉ်လှုပ်ရှားသွားလာမှုအတွင်း ထိတွေ့မိနိုင်တဲ့ဓာတ်တိုးပစ္စည်းတွေ။ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေကြောင့် အသားအရေ မွဲခြောက်တာ၊အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ပေးမှာပါ။ဒါကြောင့်မိုးတွင်းမှာ အသားအရေလေး Glow ဖို့ဆိုရင် ရာသီစာ အသီးအနှံလေးတွေကို စားပေးပါ။အရေပြားဆဲလ်တွေမှာ အဓိက ပါဝင်ဖွဲ့စည်းထားတာကရေဓာတ်ပါ။ ရေသောက်နည်းမယ်ဆိုရင် အသားအရေက ခြောက်သွေ့ ကွဲအက်ပြီး ထိခိုက်လွယ်ပါတယ်။ မိုးအေးတာကြောင့် ရေသောက်နည်းတာက အသားအရေရဲ့ ကြည်လင်လှပနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ အသားအရေလေးကြည်လင်လှပနေစေဖို့ဆိုရင် နေ့စဉ် ရေ ၈ ခွက်ထက်မနည်းသောက်ပေးဖို့ လိုပါမယ်။ရေက အရသာမရှိလို့ မသောက်ချင်ဘူးဆိုရင်သဘာဝ သစ်သီးဖျော်ရည်၊ green tea နဲ့ ဟင်းချိုရည်တို့ကို သောက်သုံးပေးလို့ ရပါတယ်။အစေ့အဆန်တွေက အာဟာရကြွယ်ဝတဲ့ အဆာပြေ စားစရာတွေပါ။ ကျန်းမာရေးကို အထောက်အကူပြုသလိုဗီတာမင် Eပါဝင်နေတာကြောင့်  အသားအရေကို နုပျိုစေပြီး ကြည်လင်လှပစေပါတယ်။သကြားအစားများတာက အသားအရေကို အရေးအကြောင်း ဖြစ်စေတာအပြင် အသားအရေ ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ကြည်လင်ပြီး လှပနေစေဖို့ဆိုရင် အချိုများတဲ့ ရေခဲမုန့်၊ ကွတ်ကီး၊အချိုရည်စတာတွေကို မစားပါနဲ့။မိုးရာသီမှာ အသားအရေလေး Glowစေဖို့ ဒါလေးတွေ စားပေးလို့ ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/best-diet-for-a-healthy-younger-looking-skin-during-monsoon/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/17-%e1%80%9c%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8/
အမျိုးသမီးလစဉ်သုံး Tampon သုံးစွဲပြီး ရေကူးခြင်းကအဆင်ပြေနိုင်ခြင်းရှိ/မရှိ
အမျိုးသမီးလစဉ်သုံးTampon ဆိုသည်မှာ။-Tamponသည် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကဲ့သို့ပင်အမျိုးသမီးများ၏ ရာသီသွေးကိုစုပ်ယူနိုင်သော ပစ္စည်းဖြစ်ပါသည်။Tamponများကို နူးညံ့သောဝါဂွမ်းဖြင့် ပြုလုပ်ထားပြီးရှည်မျောမျော ပုံစံဖြစ်သည်။ အချောင်းပုံစံပြုလုပ်ထားသဖြင့် မိန်းမကိုယ်အတွင်းသို့ လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ရာသီသွေးကို ချက်ချင်းစုပ်ယူနိုင်သဖြင့် သင့်ကို ခြောက်သွေ့သန့်ရှင်းစေပါသည်။Tamponများကို စုပ်ယူအားပေါ် မူတည်၍အရွယ်အစား အမျိုးမျိုး ရရှိနိုင်ပါသည်။ နီးစပ်ရာ စူပါမားကတ်၊ဆေးဆိုင်များနှင့် စတိုးဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူရှိနိုင်သည်။Tampon ၏အရွယ်အစားကိုရွေးချယ်နည်း။-သင့်ရာသီသွေးပမာဏအပေါ် မူတည်၍ နှစ်သက်သလိုရွေးချယ်နိုင်ပါသည်။ သို့သော် ယခုမှစ၍ Tamponသုံးသူဖြစ်ပါက အရွယ်အစားသေးသေးကို သုံးမှသာ ထည့်သွင်းအသုံးပြုရလွယ်ကူပေလိမ့်မည်။သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ။-သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ ဘက်တီးရီးယားပိုးဝင်ခြင်း၏ နောက်ဆက်တွဲရှားပါးသော အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် staphylococcus မျိုးနွယ် ရောဂါပိုးကြောင့်ဖြစ်သည်။ အထူးသဖြင့် Tampon အသုံးပြုသော ဆယ်ကျော်သက်အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိပါသည်။Tampon ကိုယ်တိုင်ကTSS ဖြစ်စေခြင်းတော့ မဟုတ်ပါ။Tampon သုံးခြင်းဖြင့် မိန်းမကိုယ်အတွင်းတွင် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားရန်နေရာ ဖန်တီးပေးသကဲ့သို့ရှိပြီး ထိုရောဂါပိုးများက ရောဂါဖြစ်စေခြင်းဖြစ်သည်။ ငယ်ရွယ်သော အမျိုးသမီးများတွင် TSS ကိုတိုက်ဖျက်နိုင်သော ပဋိဇီဝပစ္စည်းများ နည်းပါးသဖြင့် ရောဂါဖြစ်ရန် ပိုမိုလွယ်ကူရခြင်းဖြစ်သည်။Tampon သုံးရာတွင်သတိပြုသင့်သော အချက်များ။နည်းလမ်းမှန်ကန်စွာ အသုံးပြုခြင်းဖြင့် သင့်ကို သက်တောင့်သက်သာရှိစေပြီး ရောဂါပိုးအန္တရာယ်မှလည်း ကာကွယ်ပေးပါသည်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%9c%e1%80%85%e1%80%89%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8-tampon-%e1%80%9e%e1%80%af%e1%80%b6/
အဆုတ်ကင်ဆာလက္ခဏာ ၉ ချက်
အဆုတ်ကင်ဆာဟာ တိတ်ဆိတ်ပြီး သေစေနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူဟာ ကင်ဆာများအနက် သေနှုန်းအမြင့်မားဆုံး ကင်ဆာတစ်ခုဖြစ်ပြီး WHO က အဆုတ်ကင်ဆာကြောင့် ၂၀၁၂ မှာ လူပေါင်း ၁.၅၉ သန်း သေခဲ့တယ်လို့ ပြောကြားပါတယ်။ဒီလိုသေနှုန်းမြင့်မားရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အဆုတ်ကင်ဆာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ မပြခြင်းကြောင့် ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ ရှိသူတွေရဲ့ ၄၀%မှာ ရောဂါဆိုးရွားလာမှ ရောဂါဖြစ်မှန်း သိရှိကြပါတယ်။ သိရှိသူတွေရဲ့ သုံးပုံတစ်ပုံမှာ ကင်ဆာဟာ အဆင့် ၃ ရှိနေပြီး ဖြစ်ပါတယ်။အောက်ပါ လက္ခဏာတွေကတော့ အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ချောင်းဆိုးခြင်းဟာ အဖြစ်များပါတယ်။ အအေးမိခြင်း၊ အစာနင်ခြင်းတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ အအေးမိခြင်း ပျောက်သွားပြီး (သို့) ဆေးသောက်ပြီး ချိန်အထိ ချောင်းဆိုးခြင်းက မကောင်းသွားဘူးဆိုရင် သင့်ဆရာဝန်ကို အဆုတ် နားထောင်ခြင်း (သို့) X-ray ရိုက်ခြင်းတွေ ပြုလုပ်နိုင်ဖို့ ပြသသင့်ပါတယ်။နာတာရှည်ချောင်းဆိုးခြင်းဟာ အခြားရောဂါတွေဖြစ်တဲ့ GERD၊ ပန်းနာရင်ကျပ်နဲ့ hay fever တို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချောင်းဆိုးပုံ ပြောင်းလဲခြင်း (ဥပမာ ချောင်းခြောက်ဆိုးရာကနေ ချွဲတွေ၊ သွေးတွေ ပါတဲ့ ချောင်းဆိုးခြင်း) ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။တကယ်လို့ မကြာခဏ မောနေခြင်း (သို့) အသက်ရှူစဉ် အသံမြည်ခြင်း ဖြစ်မယ်ဆိုရင် ဒါဟာ အဆုတ်ရောဂါ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အသက်ရှူလမ်းကြောင်းကို အကျိတ်နဲ့ ပိတ်ဆို့ခြင်း (သို့) အဆုတ်ပတ်ပတ်လည်က အရည်တွေများလာခြင်းကြောင့် အဆုတ်မှာ ဖိအားများနိုင်ပါတယ်။မောခြင်းဟာ ပုံမှန်လူတွေမှာလည်း ဖြစ်နိုင်တာကြောင့် ဒါကို သတိမမူမိတတ်ပါဘူး။ ဒါပေမယ့် ပုံမှန်အလုပ်တွေဖြစ်တဲ့ လှေကားတက်ခြင်း၊ အရင်တုံးက လုပ်ဖူးတဲ့ အလုပ်တွေ လုပ်ချိန်မှာ အသက်ရှူဖို့ ခက်ခဲလောက်အောင် မောတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။အဆုတ်ကင်ဆာဟာ အဆုတ်ရဲ့ အလယ်ပိုင်းမှာ ဖြစ်ရင် နာကျင်မှု မဖြစ်စေပဲ အထူးသဖြင့် အဆုတ် အပြင်ပိုင်း မှာ ဖြစ်တဲ့ အဆုတ်ကင်ဆာတွေက ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာဟာ ရင်ဘတ်အောင့်ခြင်း၊ ပုခုံးအောင့်ခြင်း၊ ကျောအောင့်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။အဆုတ်ကင်ဆာဟာ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်သလို ပြန်ရည်ကျိတ်ကြီးမားခြင်း၊ ရင်ဘတ်နံရံ၊ အဆုတ်မြှေးနဲ့ နံရိုးတွေကို ကင်ဆာ ပြန့်သွားခြင်းကြောင့် နေလို့မကောင်းခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။သင့်အသံဟာ အအေးမိခြင်း၊ အိပ်ရာ ထထချင်းတွေမှာ ပြောင်းလဲမှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အသံပြောင်းလဲခြင်း၊ အခြားသူတွေက သင့်အသံပြောင်းတယ် ပြောခြင်းတွေ ဖြစ်ပြီး အသံက ပိုမို အက်ကွဲစူးရှလာရင် ဆရာဝန်ကို ပြသသင့်ပါတယ်။တကယ်လို့ အသံအက်ကွဲခြင်းက နှစ်ပတ်အတွင်း ဆေးနဲ့ မသက်သာရင်လည်း ဆရာဝန်ကို ပြသသင့်ပါတယ်။ အဆုတ်ကင်ဆာဟာ အသံအိုးကို ထိပြီး အသံပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းခြင်းဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဆုတ်ကင်ဆာ ရှိသူတွေဟာ အချိန်အနည်းငယ်အတွင်းမှာ ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။ဒါဟာ ကင်ဆာဆဲလ်တွေက အားအင်တွေ၊ အာဟာရတွေကို အသုံးပြုနေတာကြောင့် ဖြစ်ပါတယ်။ သင်ကိုယ်အလေးချိန် လျှော့ချမှု မရှိပဲ ကိုယ်အလေးချိန်ပြောင်းလဲမှုဖြစ်လာရင် လျစ်လျူမရှုသင့်ပါဘူး။ ဒါဟာ သင့်ကျန်းမာရေး ပြောင်းလဲမှုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။အဆုတ်ကင်ဆာ ဆိုးရွားတဲ့အဆင့်ဟာ အရိုးနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အရိုးကင်ဆာ ရှိသူ အများစုဟာ အသက်ကြီးလာတဲ့အခါ အရိုးပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ အရိုးနာကျင်မှုဟာ အဓိကအားဖြင့် နောက်ကျော၊ ပုခုံး၊ လက်မောင်း၊ လည်ပင်း အစရှိတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။အဆုတ်ကင်ဆာ လူနာတွေမှာ ဖြစ်တဲ့ နာကျင်မှုဟာ အနားယူစဉ်နဲ့ ညအချိန်မှာ ပိုဆိုးနိုင်ပါတယ်။ နာကျင်မှုဟာလည်း ဘယ်တော့မှ ကောင်းသော လက္ခဏာ မဖြစ်နိုင်တာကြောင့် လျစ်လျူမရှုသင့်ပဲ တတ်နိုင်သမျှ စောစော စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ အဆိုးဆုံးနာကျင်မှုကတော့ ခေါင်းကိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ ကင်ဆာ ဦးနှောက်ကို ပြန့်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာ အကျိတ်ဟာ ရင်ဘတ်ကို ဖြတ်သွားတဲ့ အာရုံကြောတွေကို ဖိမိခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဖိအားဟာလည်း ခေါင်းကိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။အခြားလက္ခဏာတွေကတော့ အဖျားတက်ခြင်း၊ အလွန်ပင်ပန်းခြင်း၊ အစားစားရ ခက်ခဲခြင်း၊ မျိုချရခက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်ခန္ဓါမှာ အကျိတ်တွေ့ခြင်း တွေပဲ ဖြစ်ပါတယ်။အထူးသဖြင့် သင်ဟာ ဆေးလိပ်သောက်သူ ဖြစ်ပြီး အသက် ၅၅ ကနေ ၇၉ နှစ်အတွင်း ရှိသူဆိုရင် ကိုယ်ခန္ဓါ မူမမှန်မှုတွေကို သိရှိဖို့ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ စောစီးစွာ သိရှိခြင်းဟာ အဆုတ်ရောဂါကုသမှုမှာ တိုးတက်မှုတွေကို ဆောင်ယူလာနိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac-%e1%81%89-%e1%80%81%e1%80%bb%e1%80%80%e1%80%ba/
ကနဖော့ ဆေးဖက်ဝင်လား
ကနဖော့ ဆိုတာက ကန်စွန်းရွက်လိုပဲ ရေထဲမှာ ပေါက်လေ့ရှိတဲ့ အပင်တစ်မျိုးပါ။ အလေ့ကျပေါက်ပင် တစ်မျိုးပေါ့။ ငယ်ငယ်က ရေမြောင်းထဲမှာ အလေ့ကျပေါက်ရောက်နေတာကို ခူးပြီးတော့တောင် ဆော့ခဲ့ဖူးပါတယ်။ ဒီလို အလေ့ကျပေါက်တဲ့ ကနဖော့ကို ချဉ်ရည်ချက်စားတာ၊ ပြုတ်တို့တာအပြင် ကြော်စား၊ သုပ်စားလို့လည်း ရပါတယ်။ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့်တို့၊ သံပုရာရည်၊ ငရုတ်သီးစိမ်းတို့နဲ့ သုပ်ပြီး ရေနွေးကြမ်းပူပူလေးနဲ့ စားရင် အတော်လေး အရသာရှိတဲ့ ကနဖော့က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ကနဖော့ ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်းလိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို ရိုးတံ နီနီလေးနဲ့လည်း ရှိပါတယ်။ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပြီး အဆိပ်အတောက်ကို ပြေစေတဲ့ အရွက် တစ်မျိုးအဖြစ် ရှေးယခင်ကာလတွေကတည်းက မှတ်ယူအသုံးပြုခဲ့ကြတာပါ။စားလို့ ကောင်းတဲ့ ကနဖော့မှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ချဉ်ရည်ချက်စားတာ၊ ပြုတ်တို့တာအပြင် ကြော်စား၊ သုပ်စားလည်း စားလို့ရတဲ့ ကနဖော့ကကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့။ကနဖော့မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး ဖျားနာတာ၊ အအေးမိတာ၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ပြည့်ဝမှုက ကျန်းမာရေးကို အတော်လေး ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ် ပါဝင်တာကြောင့် အဆာခံနိုင်စေပြီး ကယ်လ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှု နည်းတာက ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးကျစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ကနဖော့က ဆီးအောင့်တာ၊ ဆီးနည်းတာတွေကို သက်သာစေပြီး ဆီးရွှင်စေနိုင်ပါတယ်။ ဆီးသွားရခက်နေသူတွေ စားပေးလို့ ရပါတယ်။ကနဖော့က ဖောတာရောင်တာကို ကျစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ကနဖော့က အဆိပ်ပြေစေသလို ကျောက်ကပ်က အညစ်အကြေးတွေကိုလည်း ထိထိရောက်ရောက် သန့်စင်ပေးနိုင်ပါတယ်။ဒရင်ကောက်ပင်မှာ copper နဲ့ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကနဖော့က ဗီတာမင် A ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေပြီး မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြက်မျက်သင့်တာ၊ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ခြေလက်တွေ ကြွက်သားတွေ ညောင်းကိုက်နေတာကို သက်သာစေဖို့အတွက်လည်း ကနဖော့ကို အသုံးပြုပေးလို့ ရပါတယ်။ ပြုတ်ရည်ကို သောက်ပေးလို့ ရသလို တို့စားလို့လည်း ရပါတယ်။ကဲ …. ငယ်ငယ်က ဆော့ခဲ့တဲ့ ကနဖော့က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ကနဖော့ပင်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် အစိမ်းမစားသင့်ပါဘူး။ အလွန်အကျွံစားတာကိုလည်း ရှောင်သင့်ပါတယ်။ ဒါ့ပြင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/enhydra-fluctuans-lour-benefits/
အဆီပိုများဖြစ်ရခြင်းအကြောင်းရင်း
တချို့လူတွေက Cellulite ဆိုတာ အဆီပဲ လို့ပြောကြတယ်။ အချို့ကတော့ Cellulite မှာ အရေပြားအောက်မှာ ပိုနေတဲ့ ရေတွေနဲ့ ပိတ်မိနေတဲ့ အဆိပ်အတောက်တွေ ပါဝင်တယ်လို့ ဆိုကြတယ်။ အမှန်ကတော့ Cellulite ဟာ အရေပြားရဲ့ ပုံသဏ္ဍာန်ကို ပျက်ပြားစေပြီး အဆီဖုလေးတွေ အရေပြားအောက်မှာရှိနေတာကြောင့် ခွက်နေ၊ အဖုထနေတဲ့ ပုံစံမျိုးဖြစ်တဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။အဆီဟာ သူ့ချည်းဆိုရင် Cellulite ရဲ့ဖုထစ်နေတဲ့ ပုံစံမျိုးဖြစ်အောင် မလုပ်ပါဘူး။ မှန်ကန်တဲ့ အခြေအနေမှာဆိုရင် အဆီဟာ လှပစေပါတယ်။ တကယ်တော့ မျက်နှာကအဆီဟာ ငယ်ရွယ်တဲ့လူတွေရဲ့ မျက်နှာမှာတွေ့ရတဲ့ ချောမွေ့လှပတဲ့ ပါးလေးတွေကို ဖြစ်စေပါတယ်။ ပလပ်စတစ် ဆာဂျင်တွေက လူနာတွေရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓါထဲကို အဆီထိုးသွင်းဖို့အတွက် ပိုက်ဆံအများကြီး ယူကြတာဖြစ်ပါတယ်။ တကယ်တော့ အဆီထိုးခြင်းဟာ Cellulite ဖြစ်ပေါ်ခြင်းကို ကုသမှုတစ်ခု အနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။ဘယ်အရာက cellulite ကို ပုံမှန် အဆီတွေကနေ ကွာခြားအောင် လုပ်လိုက်တာလဲ။တကယ်တော့ နေရာတစ်ခုဟာ ချောမွေ့မလား၊ ကြမ်းတမ်းမလားဆိုတာဟာ အပေါ်ယံအရေပြားနဲ့ အောက်မှာရှိတဲ့ connective tissue တို့ရဲ့ တည်ဆောက်ပုံပေါ်မှာ မူတည်ပါတယ်။ဘယ်သူတွေက Cellulite ရတတ်တာလဲ။အမျိုးသားတွေဟာ အဝလွန်နေရင်တောင် Cellulite ရဖို့ ခက်ခဲတယ်ဆိုတာ ဘာလို့လဲလို့ တွေးတောဖူးပါသလား။ အဝလွန်တဲ့ ကလေးတွေကရော ဘာလို့ Cellulite မရှိတာလဲ။ ဒါမှမဟုတ် အရမ်းပိန်တဲ့ အမျိုးသမီးတွေမှာရော Cellulite ကို မြင်ဖူးပါသလား။သူဖြစ်တဲ့နေရာမှာ အဆီပါဝင်မှုပေါ်မူတည်ပြီး Cellulite ဖြစ်တတ်သော်လည်း သူဟာ အလွန်ပိန်တဲ့ အမျိုးသမီးတွေမှာတောင် ဖြစ်ပွားတတ်ပါတယ်။ ဒီအခါမျိုးမှာတော့ အဆီဟာ သူ့ရဲ့ ပထမ အကြောင်းရင်း မဟုတ်တော့ပါဘူး။ဘာလို့ Cellulite ရှိကြတာလဲ။အရေပြားအောက်မှာ ကြွက်သားနဲ့ ကပ်ထားပေးတဲ့ fibrous tissue ဆိုတဲ့ အလွှာတစ်ခုရှိပါတယ်။ အမျိုးသားအများစုမှာ ဒီ တစ်ရှူးဟာ ထောင့်ဖြတ် အနေအထားနဲ့ ရှိနေပြီးတော့ ချောမွေ့တဲ့ ပုံစံကို ပေးစွမ်းပါတယ်။အမျိုးသမီးတွေမှာတော့ ဒီလိုမဟုတ်ပဲ ဒေါင်လိုက်ပုံစံရှိပါတယ်။ ဒါ့ကြောင့် ဒီကပ်စေတဲ့ fibrous bands တွေက အချို့နေရာတွေမှာ အရေပြားနဲ့ အောက်က တစ်ရှူးကို ကပ်စေပြီး အဆီအတွက် အခန်းငယ်တွေကို ဖြစ်ပေါ်စေပါတယ်။ဒီလို ပုံစံကွာခြားမှုဟာ ဘာလို့ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ Cellulite ပိုဖြစ်တာလဲ ဆိုတာ ရှင်းပြနိုင်ပါတယ်။သတင်းဆိုးကို အရင်ပြောပါရစေ။ငယ်ရွယ်စဉ်မှာ connective tissue တွေဟာ အရေပြားကို ချောမွေ့စေဖို့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အစွမ်းရှိပါတယ်။ အရွဝ်ရောက်လာရင်တော့ ဟော်မုန်းဖေါက်ပြန်မှုတွေ ဖြစ်လာပြီးတော့ သူတို့ကို မာကျောလာစေပါတယ်။ တစ်ချိန်တည်းမှာပဲ အဆီဆဲလ်တွေဟာ အခြားနေရာတွေကို ပြန့်သွားပြီးတော့ အရေပြားကို တွန်းတင်လိုက်ပါတယ်။Bands of connective tissue တွေဟာ ကျုံ့လာပြီးတော့ အသက်ကြီးလာတာနဲ့အမျှ မာလာတာကြောင့် သူတို့ဟာ အရေပြားကို ပိုပြီးတောင် ဆွဲချပ်သေးတယ်။ ဒီအချိန်မှာ အဆီသိုလှောင်မှုများလာပြီး ပတ်ဝန်းကျင်နေရာတွေကိ တွန်းတင်လိုက်ပါတယ်။ ဒီလိုနှစ်ခု အတူတူဖြစ်လာရင်တော့ ခွက်လိုက် ဖေါင်းလိုက် ဖြစ်တဲ့ နေရာတွေ ဖြစ်ပေါ်လာပါတော့တယ်။အသက်ကြီးလာတာနဲ့ အမျှ အရေပြားရဲ့ အပေါ်ယံအလွှာဟာ အားနည်းလာပြီး ပါးလာကာ ကျုံ့နိုင်ဆန့်နိုင်စွမ်း နည်းပါးလာပါတယ်။ အရေပြားဟာ ကျုံ့လာပါတယ်။ connective septae တွေဟာ ဒီအတိုးရှိပြီးတော့ ကျုံ့လိုက်ခြင်းကြောင့် အချိန်ကြာလာတဲ့အမျှ Cellulite ဖြစ်ပေါ်မှုဟာ ပိုမို ဆိုးဝါးလာပါတယ်။ဖစ်နိုင်တဲ့ နောက်တစ်ချက်ကတော့ Yo-yo dieting ပဲဖြစ်ပါတယ်။ ပိန်လိုက် ဝလိုက် ဖြစ်နေတာဟာ အရေပြားရဲ့ ကျုံ့ဆန့်နိုင်ခြင်းကို ပျက်စီးစေပြီး Cellulite တွေ ပိုပြီး သိသာ ထင်ရှားလာမှာပါ။သတင်းကောင်း။ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူနေထိုင်ခြင်းနဲ့ Cellulite တွေရဲ့ ပုံပန်းသဏ္ဍာန်ကို တိုးတက်စေနိုင်ပါတယ်။ ဒါဟာ ရေဓါတ်ဖြည့်တင်းခြင်း၊ ဆေးလိပ်မသောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ကောင်းမွန်တဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အရေပြားအောက်မှာရှိတဲ့ အဆီလွှာကို လျော့နည်းလာစေပြီး Cellulite တွေကို ပျောက်ကင်းစေပါတယ်။ သင့်တော်တဲ့ အစားအစာတွေ စားသောက်ခြင်းဟာ အရေပြားနဲ့ connective tissue ကို ပိုမို သန်မာ စေပါတယ်။ ရေများများသောက်ခြင်းကလဲ Cellulite ကို ပိုဆိုးစေတဲ့ ရေကို ကိုယ်ခန္ဓါထဲမှာ သိုလှောင်ထားမှုကို ကာကွယ်ပေးပါတယ်။လေ့ကျင့်ခန်းကတော့ Cellulite ကို နည်းလမ်းအမျိုးမျိုးနဲ့ အထောက်အကူပြုပါတယ်။ အဆီကို ကျဆင်းစေရုံတင်မက သွေးစီးဆင်းမှုကို အားပေးပြီး ကြွက်သားတွေကို မာလာစေပါတယ်။ ဒါဟာ အရေပြားနဲ့ connective tissue ကို ကျန်းမာသန်စွမ်းစေပြီး မလိုလားအပ်တဲ့ ပစ္စည်းတွေကို ထုတ်ပစ်ခြင်းနဲ့အရည်ကို သိမ်းဆည်းခြင်းတို့ကို ကူညီပေးပါတယ်။ခါးသီးတဲ့ အမှန်တရား။ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအစာတွေကို စားနေပေမယ့်လည်း Cellulite တော့ ဖြစ်နိုင်သေးတာပါပဲ။ ပြင်းထန်မှုနဲ့ တည်နေရာတို့ကတော့ ဟော်မုန်းနဲ့ မျိုးရိုးဗီဇပေါ် မူတည်ပါတယ်။Cellulite ကုသမှုတွေ ရှိပေမယ့် လုံးဝပျောက်ကင်းအောင်တော့ လုပ်လို့မရပါဘူး။ တကယ်တော့ အကောင်းဆုံး နည်းလမ်းတွေကို ပေးနေကြတဲ့သူတွေဟာ ဈေးကြီးတဲ့ အာနိသင်မရှိတဲ့ ဆေးတွေကို သုံးပြီး သင်ခက်ခက်ခဲခဲ ရှားထားရတဲ့ ပိုက်ဆံကို ယူဖို့ ကြိုါ်စားနေကြတာပါပဲ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%a1%e1%80%86%e1%80%ae%e1%80%95%e1%80%ad%e1%80%af%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9b%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%b1/
လုံးဝမအိပ်တဲ့ လူတစ်ယောက် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ
လက်ရှိစစ်တမ်းကောက်ယူချက်အရ လုံးဝမအိပ်ဘဲ အကြာဆုံး အသက်ရှင်နိုင်တာ ၂၆၄ နာရီ တစ်နည်းအားဖြင့် ၁၁ရက် ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။အိပ်စက်ခြင်းဆိုတာ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို ထိန်းချုပ်ပေးနေတဲ့ အရေးကြီးတဲ့ အရာတွေထဲက တစ်ခုပါ။ ဒီတော့ တစ်ရက်လောက် မအိပ်ဘဲနေလိုက်တာနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ အားလုံး တဖြည်းဖြည်းပြိုလဲလာမယ်ဆိုတာတော့ အသေအချာပါပဲ။ ခံနိုင်ရည်အားထက် ကျော်လွန်သွားတဲ့အခါ လုံးဝမအိပ်တဲ့ လူတစ်ယောက်ဟာလည်း အသက်သေဆုံးနိုင်ခြေ ရှိပါတယ်။အလုပ်များတဲ့ လူတစ်ယောက် တစ်ရက်တစ်လေ အိပ်ဖို့ ပျက်ကွက်တတ်တာ အဖြစ်များတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီ တစ်ရက်ဆိုတဲ့ အချိန်မှာ မအိပ်ဘဲနေလိုက်လို့ ကြီးကြီးမားမား ပြဿနာမရှိသေးဘူးဆိုပေမဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးက စတင်ဆုတ်ယုတ်လာမှာကို သတိထားဖို့ လိုပါတယ်။ ဒီလိုဆုတ်ယုတ်လာတာကို ပြနေတဲ့ လက္ခဏာတွေကတော့။ဒီလက္ခဏာတွေဟာ သိပ်ပြင်းထန်လေ့ မရှိတဲ့အပြင် ၂၄နာရီပြီးလို့ ပြန်အိပ်ပြီးသွားတဲ့အခါ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။တစ်ရက်ထက်ပိုပြီး မအိပ်ဘဲနေတဲ့အခါ ကိုယ်ခန္ဓာက ကော်တီဆောဟော်မုန်း၊အင်ဆူလင်ဟော်မုန်း၊ ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဟော်မုန်းတွေ ထုတ်လုပ်နိုင်စွမ်း နည်းသွားပါတယ်။ ဒါ့အပြင် တခြားလက္ခဏာတွေအနေနဲ့။၂ရက်လောက် လုံးဝမအိပ်ဘဲနေတဲ့ လူတစ်ယောက်မှာ ထပ်မအိပ်ဘဲ နေရလောက်အောင် ခွန်အားမရှိတော့ဘဲ လူကတော်တော်လေး ပျော့ခွေနေပါပြီ။ အလုပ်လုပ်နေရင်းနဲ့ စက္ကန့် ၃၀ လောက် သတိမထားမိဘဲ အိပ်ပျော်သွားတတ်ပြီး အဲ့လိုခဏလေး အိပ်နေချိန်မှာ ဦးနှောက်ဟာ လုံးဝအလုပ်မလုပ်ဘဲ ရပ်တန့်သွားပါတယ်။ ဒီလိုအိပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်က တည်ငြိမ်နေတာမျိုး မဟုတ်ဘဲ လှုပ်ရှားနေမှာပါ။ဒါ့အပြင် ၄၈ နာရီလုံး အိပ်စက်အနားယူခြင်း မရှိတဲ့အခါ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး လူကိုဖျားနာစေတယ်။ကိုယ်ခံအားထဲမှာ နဂိုဝင်နေတဲ့ ရောဂါပိုးတွေက လူကို စတင်တိုက်ခိုက်ပြီး ဝေဒနာပိုပြင်းထန်စေနိုင်ပါတယ်။ အပြင်ကနေ ဝင်လာတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကိုလည်း ကာကွယ်တိုက်ထုတ်နိုင်စွမ်း နည်းသွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုလွယ်လာပါတယ်။၃ရက်ကြာ မအိပ်ဘဲ နေလိုက်တဲ့ လူတစ်ယောက်က အိပ်စက်အနားယူဖို့ကို စိတ်ရော ခန္ဓာက ပြင်းပြင်းထန်ထန် အချက်ပြနေပါပြီ။ ဒီအချိန်မှာ လူက ကိစ္စတော်တော်များများကို မမှတ်မိတာ၊ သေချာအာရုံစိုက်ပြီး စဉ်းစားလို့ မရတော့တာအပြင် အလုပ်လုပ်တဲ့အခါမှာလည်း စွမ်းဆောင်ရည်ကို ဆိုးဆိုးရွားရွား ကျဆင်းစေနိုင်ပါတယ်။စိတ်က အလိုလိုနေရင်း ခြောက်ခြားနေပြီး စိတ်ခံစားချက်အပြောင်းအလဲ မြန်တာ၊ ဘာကိုမှ တွေးလို့မရဘဲ ငူငူငိုင်ငိုင်ကြီး ငေးကြည့်နေတာ၊စိုးရိမ်ပူပန်စိတ်တွေဝင်လာတာ၊ စိတ်ကျရောဂါအပြင် စိတ်ကယောင်ခြောက်ခြားဖြစ်တာ၊ ပျော်ရွှင်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်း အမူအရာတွေကိုတောင် မခွဲခြားတတ်တော့တာ၊ စိတ်ထင်ယောင်ထင်မှားဖြစ်တာ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။၇၂နာရီထက် ကျော်လွန်လာတဲ့အခါ နဂိုရှိနေတဲ့ အိပ်ရေးပျက်လက္ခဏာတွေက ပိုဆိုးလာမှာဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာ၊ စိတ်ပုံမှန်မဟုတ်တော့တာ၊ ဘာကိုမှ သေချာအာရုံစိုက်တွေးလို့ မရတော့တာ၊ အားအင်မရှိတော့ဘဲ ပျော့ခွေပြီး အိပ်ရာထဲလဲသွားတာအပြင် ဦးနှောက်အလုပ်လုပ်တာ လုံးဝရပ်သွားပြီး အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ ကိုယ်က အစာအာဟာရကို သေချာဂရုစိုက်ပြီး စားတဲ့သူဆိုရင် အိပ်ရေးပျက်လက္ခဏာဟာ သိပ်ပြီး ပြင်းထန်မှာ မဟုတ်ပေမဲ့ ကိုယ်ခန္ဓာအတွက် အိပ်ချိန်ဟာ မရှိမဖြစ်လိုအပ်တဲ့အရာမို့ အနှေးနဲ့ အမြန်တော့ ကျန်းမာရေးထိခိုက်လာမှာ အသေအချာပါပဲ။ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ရဲ့ အိပ်ချိန်ကို ဂရုစိုက်ဖို့နဲ့ ဘယ်လောက်ပဲ အလုပ်များနေပါစေ မအိပ်ဘဲ မနေဖို့ ဂရုစိုက်ပါ။ ညဘက်မှာအိပ်ချိန်၈နာရီ အနည်းဆုံး ရှိအောင် အိပ်စက်အနားယူပါ။ တစ်ရက်တစ်လေက ပြဿနာမဟုတ်ပေမဲ့ နေ့စဉ်ရက်ဆက်ဆိုရင်တော့ လူ့ခန္ဓာကိုယ်က ထိခိုက်လာမယ့်အပြင် နောက်ဆက်တွဲ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ၊ စိတ်ရောဂါအပြင် အဝလွန်တာ၊ ပိန်ချုံးကျသွားတာ၊ ရုတ်တရက် သတိလစ်တာတွေပါ ဖြစ်နိုင်တာမို့ မပေါ့ဆဖို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%9d%e1%80%99%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%9c%e1%80%b0%e1%80%90%e1%80%85%e1%80%b9%e1%80%b1%e1%80%9a%e1%80%ac%e1%80%80/
သားအိမ်ခေါင်းတွင် အသားပိုဖြစ်ခြင်း
သားအိမ်ခေါင်းမှာ အလုံး (အသားပို)ဖြစ်ခြင်း ဆိုတာက အမျိုးသမီးရောဂါတစ်ခု ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ လိင်မှုကိစ္စကို ထိခိုက်စေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာပါ ပြဿနာပေးနိုင်ပါတယ်။သားအိမ်ခေါင်းမှာ ကင်ဆာမဟုတ်တဲ့ အကြိတ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့်တော့ အဖြစ်နည်းပါတယ်။ ဒါပေမယ့် ဖြစ်လိုက်ရင်တော့ သားအိမ်အထက်ပိုင်းမှာ အလုံးအကြိတ်ဖြစ်တာမျိုးနဲ့ တွဲဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အဲ့ဒီအလုံးအကြိတ်က ကြီးလာပြီး ဆီးလမ်းကြောင်းကို ပိတ်မယ်၊ မွေးလမ်းကြောင်းထဲကို ထိုးထွက်လာနိုင်ပါတယ်။ အဲဒီအချိန်မှာဆိုရင်တော့ သင့်အနေနဲ့သက်သောင့်သက်သာမဖြစ်တဲ့ ခံစားမှုမျိုး ရပါလိမ့်မယ်။သင့်မှာ သားအိမ်ခေါင်းအကြိတ်ဖြစ်တာမျိုး ရှိရင်တော့။ဒီရောဂါကို သိနိုင်တဲ့ ပုံမှန်စစ်ဆေးမှု ဖြစ်ပါတယ်။ အကြိတ်က အပြင်ကို ထွက်နေရင်တော့ အဲဒီစစ်ဆေးမှုကတစ်ဆင့် ဆရာဝန်က သင့်မှာ အကြိတ်ရှိမရှိ ပြောပြနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ထွက်မနေဘူးဆိုလည်း တိုက်ရိုက်တော့ စမ်းလို့ရမှာ မဟုတ်ပေမယ့် သင့်သားအိမ်နဲ့ သားအိမ်ခေါင်းအရွယ်အစား၊ ပုံသဏ္ဍာန်စတာတွေကိုတော့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။အာထရာရ်ဆောင်းရိုက်လို့ရတဲ့ ကိရိယာကို မွေးလမ်းကြောင်းတစ်လျှောက် ထည့်သွင်းပြီး စစ်ဆေးတာပါ။ ဒီနည်းလမ်းကတစ်ဆင့် ဆရာဝန်က ပုံမမှန်ဖြစ်နေတဲ့နေရာတွေကို သိနိုင်ပါတယ်။အဲဒီအပြင် သွေးအားနည်းမှုရှိမရှိ စစ်ဆေးခြင်း၊ သားအိမ်ခေါင်းကင်ဆာ ရှိမရှိ သိနိုင်ဖို့ ချွဲယူစစ်ဆေးမှုတို့ကိုလည်း လုပ်နိုင်ပါတယ်။တကယ်လို့ အလုံးအကြိတ်က သေးတယ်၊ သင့်အနေနဲ့ ဘာမှခံစားမနေရဘူးဆိုရင် သင့်ကို ဘာကုသမှုမှ ပေးမှာမဟုတ်ပါဘူး။တကယ်လို့ အကြိတ်က မွေးလမ်းကြောင်းဆီ ထွက်လာတယ်ဆိုရင် သင့်ဆရာဝန်က ကိရိယာလေးတစ်ခုနဲ့ အဲဒီအပိုင်းကို ဖြတ်တောက်ပါလိမ့်မယ်။တကယ်လို့များ ပြင်းထန်တဲ့လက္ခဏာတွေ ဖြစ်လာရင်တော့ သင့်အနေနဲ့ ခွဲစိတ်မှုခံယူရပါလိမ့်မယ်။ အဲဒီလိုခွဲစိတ်ပြီးရင်လည်း သင့်အနေနဲ့ ကလေးယူလို့ရပါသေးတယ်။တအားကို အကြိတ်ကကြီးနေရင်တော့ ဆရာဝန်က သင့်သားအိမ်တစ်ခုလုံးကို ဖယ်ရှားဖို့အထိ လုပ်ကောင်းလုပ်နိုင်ပါတယ်။ဒီရောဂါဟာ စောစောစီးစီးမသိလို့ ကုသမှုမခံယူလိုက်ရရင် နောက်ဆက်တွဲပြဿနာတွေ ပေးနိုင်ပါတယ်။ သင့်ရဲ့မိခင်ဘဝကို အပြီးအပိုင် ဆုံးရှုံးလိုက်ရနိုင်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် သတိထားစောင့်ကြည့်ပါ။ မသင်္ကာစရာ လက္ခဏာတွေ တွေ့ရတာနဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြသပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%95/
စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ခြင်းဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေသလား
စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ခြင်းဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မူမမှန်တဲ့ အပြောင်းအလဲတွေကို ဖြစ်လာစေပါတယ်။စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှုများတဲ့ သန္ဓေသားလေးတွေဟာ ဦးနှောက်ရဲ့ cortex လို့ခေါ်တဲ့ အစိတ်အပိုင်းမှာ မူမမှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ဦးနှောက်ရဲ့ အပြင်ဖက်အခြမ်းဖြစ်တဲ့ cortex ဟာ ဉာဏ်ရည်ဉာဏ်သွေး၊ကိုယ်ရည်ကိုယ်သွေး၊ကြွက်သားလှုပ်ရှားမှုနဲ့ တခြားသော လုပ်ငန်းတာဝန်အမျိုးမျိုးကို ထိန်းချုပ်လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။organophosphates လို့ လည်းခေါ်တဲ့ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေကို ယာခင်းထဲမှာ အဓိကအသုံးပြုတာဖြစ်ပေမယ့် တချို့ပိုးသတ်ဆေးတွကို အိမ်ကဥယျာဉ်ထဲ၊ခြံထဲမှာလည်း အသုံးပြုလေ့ရှိကြပါတယ်။ဒီပိုးသတ်ဆေးတွေဟာ အင်းဆက်ပိုးမွှားတွေနဲ့ လူတွေမှာ အာရုံကြောတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့လိုအပ်တဲ့ အင်ဇိုင်းမ်တမျိုးကို ပိတ်ဆို့ခြင်းအားဖြင့် အာနိသင်ပြပါတယ်။ ဒါကြောင့် သူတို့ဟာ အာရုံကြောဆဲလ်တွေကို ထိခိုက်မှုရှိစေပြီး ဦးနှောက်ဆဲလ်တွေ ပုံမှန်အလုပ်လုပ်တာကိုလည်း နှောင့်ယှက်ပါတယ်။ပိုးသတ်ဆေးတွေဟာ ကလေးတွေအတွက် အရမ်းအန္တရာယ်များတဲ့အတွက် စိုက်ပျိုးရေးသုံးမဟုတ်ဘဲ အိမ်သုံးအဖြစ် အသုံးပြုခြင်းကို ပိတ်ပင်တားဆီးထားပါတယ်။ ပိုးသတ်ဆေးတွေရဲ့ အဆိပ်သင့်နိုင်စွမ်းဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးဆဲဦးနှောက်ကို အပြင်းအထန် ထိခိုက်စေနိုင်ပါတယ်။ဒီလိုမျိုး ပိုးသတ်ဆေးတွေနဲ့ ထိတွေ့ပြီး ဦးနှောက်ဖွဲ့စည်းပုံ မမှန်မကန်နဲ့ မွေးလာတဲ့ကလေးတွေကို အစားအသောက်ကောင်းကောင်းကျွေး၊ပညာတွေကောင်းကောင်းသင်ပေးလို့လည်း ဘာမှ အကျိုးထူးလာတော့မှာ မဟုတ်ပါဖူး။ပိုးသတ်ဆေးအဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေက ပျို့အန်မအီမသာဖြစ်ခြင်း၊မူးဝေခြင်း၊စိတ်ရှုပ်ထွေးခြင်း၊အသက်ရှုကြွက်သားတွေအလုပ်မလုပ်ခြင်းတွေ ဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။Chlorpyrifos ဟာ organophosphate ပိုးသတ်ဆေးတမျိုးဖြစ်ပြီး ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းကို ပြင်းထန်စွာ အဆိပ်သင့်စေ၊ပျက်စီးစေပါတယ်။ မိခင်ရဲ့ ဝမ်းဗိုက်ထဲ သန္ဓေသားဘဝမှာ Chlorpyrifos နဲ့ ထိတွေ့ခြင်းကြောင့် ကာလတိုမှတ်ဉာဏ်ထိခိုက်တာဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုဆိုးစေတာကို လေ့လာချက် အသစ်တခုအရ သိရှိရပါတယ်။ ဒါ့ကြောင့် ယောက်ျားလေးတွေဟာ ပိုးသတ်ဆေးအဆိပ်သင့်မှုဒါဏ်ကို မိန်းကလေးတွေလောက် ခံနိုင်ရည်မရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။မိခင်ရဲ့ ဗိုက်ထဲရှိနေစဉ်ကာလမှာ ပိုးသတ်ဆေးတွေနဲ့ ထိတွေ့မှုရှိတာဟာ ကလေးရဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့အတွက် ဉာဏ်ရည်ကိုပါ နိမ့်ပါးစေပါတယ်။ အသက်ခုနှစ် နှစ်အရွယ်မှာ အိုင်ကျူ(IQ)လို့ ခေါ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးခြင်းဟာ သန္ဓေသားဘဝက ပိုးသတ်ဆေးတွေ ထိတွေ့တာနဲ့ ဆက်စပ်မှုရှိတာကို လေ့လာချက်အားလုံးက ညွှန်ပြနေပါတယ်။ ဒီနေရာမှာ သိထားရမှာက ဆက်စပ်တယ်လို့ သုံးထားတဲ့ အသုံးအနှုန်းကို ဖြစ်ပါတယ်။ပိုးသတ်ဆေး ထိတွေ့မှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးထိခိုက်တာဟာ ဆက်စပ်မှုရှိတာသာ ဖြစ်ပြီး တိုက်ရိုက် ဖြစ်စေတဲ့ အကြောင်းအရင်းတော့ မဟုတ်ပါဖူး။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးထားတဲ့ အစားအစာတွေကို စားသုံးမိတာဟာလည်း သန္ဓေသားနဲ့ ပိုးသတ်ဆေးတွေကို ထိတွေ့စေတဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။မိခင်ဗိုက်အပြင်ကို ထွက်လာပြီးတဲ့ အခါမှာတော့ ပိုးသတ်ဆေးထိတွေ့မှုနဲ့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးတို့ အကြားမှာ ဆက်စပ်မှု မရှိတော့ပါဖူး။ ဆိုလိုချင်တာကတော့ သန္ဓေသားဘဝမှာ ပိုးသတ်ဆေးနဲ့ ထိတွေ့ခြင်းဟာ ကလေးဘဝမှာ ထိတွေ့တာထက် အများကြီးပိုပြီး အန္တရာယ်ကြီးတယ်ဆိုတာပါပဲ။အစားအစာကတဆင့်သာမက အိမ်မှာ၊ကျောင်းမှာနဲ့ အခြားအဆောက်အဦးတွေကနေတဆင့်လည်း ပိုးသတ်ဆေးတွေကို ထိတွေ့စေနိုင်ပါတယ်။ လယ်ယာလုပ်သူတွေ၊ဥယျာဉ်စိုက်ပျိုးသူတွေနဲ့ ပန်းအလှပြင်သူ၊ပန်းစိုက်သူတွေဟာ အခြားသူတွေထက် ပိုးသတ်ဆေးနဲ့ ထိတွေ့နိုင်ချေ ပိုပြီးများပါတယ်။အိမ်နဲ့ ပန်းခြံထဲက ပိုးမွှားတွေကို ပိုးသတ်ဆေးအပြင်းစားတွေ သုံးစရာမလိုဘဲ ထိန်းချုပ်နိုင်တဲ့အတွက် အဆိုပါ ပိုးသတ်ဆေးတွေကို အိမ်မှာ အသုံးမပြုရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလယ်ယာစိုက်ပျိုးတာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို မလုပ်သင့်ပါဖူး။ အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေကို စားသုံးတဲ့အခါမှာလည်း မစားခင် ရေအသေအချာဆေးပြီးမှ စားပါ။အော်ဂဲနစ်အစားအစာတွေကို စားရင်တော့ အကောင်းဆုံးဖြစ်ပေမယ့် ဒီအစားအစာတွေဟာ ဈေးအရမ်းကြီးပြီး သာမန်လူတန်းစားတွေ လက်လှမ်းမမှီနိုင်တဲ့အတွက် လက်တွေ့မှာ ထင်သလောက်တော့ မလွယ်ပါဖူး။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9e/
ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး နဲ့ပတ်သက်ပြီး သိချင်နေလောက်မယ့် မေးခွန်းတွေ
ကိုဗစ် ကာကွယ်ဆေးတွေကို အမျိုးမျိုးသော အစီအစဉ်တွေနဲ့ ထိုးနှံနေကြရာမှာ အခုဆိုရင် တော်တော်များက ကာကွယ်ဆေးတွေ ထိုးပြီးကြပြီပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးတာ တော်တော်များများ ထိုးပြီးချိန်မှာOmicron မျိုးစိတ်သစ်က ထွက်ပေါ်လာတာကြောင့် ဒီ မျိုးစိတ်ကို ကာကွယ်ဖို့အတွက် ထပ်ဆောင်းကာကွယ်ဆေး (Booster) ထပ်ထိုးဖို့က လိုလာပါတယ်။အကြောင်းကတော့ Omicron ကို ကာကွယ်ဖို့ဆိုရင် booster ထပ်ထိုးထားမှ ဖြစ်မယ်၊ ဒါမှ ကောင်းကောင်း ကာကွယ်နိုင်မယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာတာကိုး။ ဒီတော့ Omicron ကို ကာကွယ်ဖို့ မဖြစ်မနေ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ စဉ်းစားရပြီလေ။ ဒီလို စဉ်းစားလိုက်ချိန်မှာ ​ခေါင်းထဲမှာ ဒီလိုဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးလို့ဖြစ်ပါ့မလား။ ဒါဆိုရင်ရော ထိုးလို့ ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း အဖြေထွက်သွားအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိချင်နေလောက်မယ့် မေးခွန်းလေးတွေရဲ့ အဖြေတွေကို အတူတူ ကြည့်လိုက်ရအောင်လား။ကိုဗစ် ကာကွယ်ဆေးကလည်း အခြားသော ကာကွယ်ဆေးတွေလိုပါပဲ။ အချိန်ကြာလာတဲ့အခါ ကာကွယ်နိုင်စွမ်းက ကျလာပါတယ်။ ဒီလို ကာကွယ်နိုင်စွမ်းကျလာချိန်မှာ မတော်တဆ ကူးစက်တာမျိုး မဖြစ်စေဖို့နဲ့ကိုယ်ခံအားကို ကိုဗစ်ရန်ကို ကောင်းကောင်း ကာကွယ်တုံ့ပြန်နိုင်စေဖို့အတွက် ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးကို ထိုးဖို့ လိုအပ်တာပါ။ကာကွယ်နိုင်စွမ်းကို တိုးမြှင့်စေဖို့နဲ့ ထပ်ထပ်ထွက်ပေါ်လာမယ့်မျိုးစိတ်သစ်တွေကို ကာကွယ်နိုင်စေဖို့အတွက် ထပ်ဆောင်း ကာကွယ်ဆေး ထိုးရတာပါ။ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးတဲ့နောက် အနည်းဆုံး ၃ လကနေ အများဆုံး ၅ လကြာအပြီးမှာ ထပ်ဆောင်း ကာကွယ်ဆေးကို ထိုးနှံရပါမယ်။အသက်အရွယ်ကိုလိုက်ပြီးတော့ ဖြစ်စေ၊ ရောဂါအခံ ရှိနေတဲ့အပေါ် မူတည်ပြီး ဖြစ်စေ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ အချိန်ကာလ ကွာခြားနိုင်ပါတယ်။ထပ်ဆောင်း ကာကွယ်ဆေး မထိုးသင့်တဲ့သူဆိုတာ မရှိသလောက် ရှားပါတယ်။ တကယ်လို့ ကာကွယ်ဆေး ထိုးတုန်းက ပြင်ပြင်းထန်ထန် တုံ့ပြန်မှု ခံဖူးသူတွေဆိုရင်တော့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ဆရာဝန်နဲ့ သေချာ တိုင်ပင်သင့်ပါတယ်။ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးရင် ကိုဗစ်ဗိုင်းရပ်စ် မကူးတော့ဘူးလို့ တထစ်ချ ပြောလို့ မရပါဘူး။ ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီး ရက်အနည်းငယ် ကြာမှကိုယ်ခံအားက အပြည့်အဝဖွံ့ဖြိုးမှာ ဖြစ်တာကြောင့် ကိုယ်ခံအား မပြည့်ဝချင် အချိန်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်။ဒါပေမယ့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးထားတာကြောင့် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရရင်ဆောင် ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေ နည်းသွားမှာပါ။အစောပိုင်း ကာကွယ်ဆေး ၂ ကြိမ် မထိုးရသေးဘူးဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန်ကာကွယ်ဆေး ၂ ကြိမ်ကို အရင်ထိုးနှံရပါမယ်။ ကာကွယ်ဆေး ၂ ကြိမ်ပြည့်ပြီးမှသာ ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံလို့ ရမှာပါ။ကိုဗစ် ကာကွယ်ဆေး ထိုးထားတာ ၂ ကြိမ် ပြည့်အောင် ထိုးလိုက်တယ်။ ဒါပေမယ့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ စောင့်နေတဲ့ ကာလအတွင်းမှာ မတော်တဆ ကိုဗစ် ကူးစက်ခံလိုက်ရတယ်။ ဒါဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထပ်ထိုးဖို့ မလိုတော့ဘူးထင်တယ်။ ထပ်ထိုးလို့ ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့သူတွေများ ရှိလား။ဒါဆိုရင်တော့ ထပ်ဆောင်းကာကွယ်ဆေးကို ထိုးဖြစ်အောင် ထပ်ထိုးလိုက်ပါလို့ ပြောပါရစေ။ ကိုဗစ်ကနေ  သေချာသက်သာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနိုင်ပါတယ်။အသက် ၁၆ နှစ် ပြည့်ပြီးပြီ။ ကိုဗစ် ကာကွယ်ဆေးလည်း ၂ ကြိမ် ထိုးပြီးပြီ။ ကာကွယ်ဆေး ထိုးပြီးတာလည်း ၅ လ (တရုတ်ကာကွယ်ဆေးတွေမှာ ၃လ)ကျော်နေပြီဆိုသူတိုင်း ထပ်ဆောင်း ကာကွယ်ဆေးထိုးဖို့ လိုပါမယ်။ အထူးသဖြင့်။ကိုယ်ခံအား အရမ်းနည်းတဲ့သူတွေဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီး ၃ လအကြာမှာ နောက်ထပ် ထပ်ဆောင်းကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-booster-shots/
နီကိုတင်းအစားထိုးကုထုံးအပေါ် စိုးရိမ်မှုများ
နီကိုတင်းအစားထိုးကုထုံးဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးပါသလား။ သည်အသုံးအနှုန်းဟာ ဆေးလိပ်မသောက်တဲ့ သာမန်သူတွေအတွက်တော့ ထူးဆန်းနေနိုင်ပါတယ်။ ဒါပေမယ့် နီကိုတင်းစွဲလန်းနေတဲ့သူတွေအတွက်ကတော့ စဉ်းစားသင့်တဲ့အချက်တစ်ချက်ပါ။ နီကိုတင်းအစားထိုးကုထုံးဆိုတာက ဆေးလိပ်သောက်သုံးသူတွေကို နီကိုတင်းဆေးပြားတွေ၊ ပီကေ၊ ပူရှိန်ပြား ဒါမှမဟုတ် နီကိုတင်း ရှူဆေးဘူးတွေကို အသုံးပြုပြီး စီးကရက်သောက်သုံးမှု အနေအထားကို ပြောင်းလဲအောင် လုပ်ဆောင်ပေးမယ့် ကုထုံးတစ်ခုဖြစ်ပါတယ်။ သည်ကုသမှုကို ဆေးလိပ်သောက်သုံးသူတွေက ခံနိုင်စွမ်းရှိမလားဆိုတဲ့ စိုးရိမ်မှုတွေကတော့ ကြီးထွားလာနေပါတယ်။ အရင်ဆုံးအနေနဲ့ ကုထုံးခံယူမယ့်သူက ဆေးလိပ်သောက်သုံးမှုနဲ့ နီကိုတင်းအစားထိုးကုထုံး (NRT) တို့ကို ပိုနားလည်သွား အောင်လုပ်လိုက်ကြပါစို့။အရာရာတိုင်းက ဒိုဖာမင်း (dopamine) ကနေအစပြုတာဖြစ်ပါတယ်။ ဒိုဖာမင်းကကျွန်တော်တို့ကို စိတ်ကျေနပ်မှုရစေနိုင်တဲ့အရာလို့ ယူဆနိုင်ပါတယ်။ တစ်ခုခုကိုအောင်မြင်တဲ့အခါမျိုး၊ ပြိုင်ပွဲမှာအနိုင်ရတဲ့အခါမျိုး၊ ရွှေခါးပတ်ဆုရှင်ဖြစ်တဲ့အခါမျိုးနဲ့ လိင်ဆက်ဆံမှုမှာ စိတ်ကျေနပ်မှုရတဲ့အခါမျိးတွေမှာ ကျွန်တော်တို့တွေရဲ့ ဦးနှောက်က ဒိုဖာမင်လို့ခေါ်တဲ့ဓါတ် ပစ္စည်းလေးကို ထုတ်လွှတ်ပေးပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ သည်ဓါတ်ကစိတ်ကျေနပ်မှုကို ရစေနိုင်တဲ့အရာပဲဖြစ်ပါတယ်။ သည်ဓါတ်ကို ကျွန်တော်တို့ကို ခံစားမှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ဒီအနေအထားကကျွန်တော်တို့ကို ဆေးလိပ်ပိုမိုသောက်သုံးမိအောင် တိုက်တွန်းနေပါတယ်။ နီကိုတင်းက ဒိုဖာမင်း ဓါတ်ကိုတိုးလာအောင်လုပ်ဆောင်ပေးတယ်လို့ သိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းအသွင်ဖြင့် နီကိုတင်းသုံးစွဲခြင်းမှတစ်ဆင့် နီကိုတင်းစွဲလမ်းတဲ့ပြဿနာတစ်ရပ်ဖြစ်တဲ့ ဆေးလိပ်သောက်သုံးမှုကို ဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်သောက်သုံးသူတွေဟာ သူတို့ခန္ဓါကိုယ်ထဲက နီကိုတင်းပမာဏကို ထိန်းသိမ်းဖို့အတွက် ဆေးလိပ်သောက်သုံးတဲ့နည်းကိုအသုံးပြုနေကြပါတယ်။ ဒီအနေအထားကိုရပ်တန့်လိုက်ပါက စိတ်ပူပန်သောကရောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ငြီးစီစီ ဖြစ်ခြင်းနဲ့ နီကိုတင်းဓါတ်ကို သုံးစွဲလိုစိတ်ပြင်းပြခြင်းအပါအဝင် နီကိုတင်းဖြတ်တဲ့အခါ ခံစားရတဲ့လက္ခဏာတစ်ရပ် ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဒါတွေက အချိန်တစ်ခု ကြာရင်ပျောက်သွားမှာဆိုပေမယ့် ဖြစ်နေတဲ့အချိန်မှာတော့ တကယ်ကို ခံရခက်ပါတယ်။ ဒါကြောင့်လည်း နီကိုတင်းအစားထိုးကုထုံးတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ဆေးလိပ်ဖြတ်လက္ခဏာတွေခံစားရတာကြောင့် ဆေးလိပ်ကို ချက်ချင်းတိကနဲဖြတ်ဖို့မဖြစ်နိုင်သူတွေအပေါ်မှာ အခြေခံပြီး နီကိုတင်းအစားထိုးကုထုံးက လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သုံးမှုအစား ကျွန်တော်တို့ကနီကိုတင်းပမာဏကို ထိန်းသိမ်းဖို့အတွက် နီကိုတင်း ကပ်ခွာ၊ ပီကေ၊ပူရှိန်းဆေးပြားတွေနဲ့ရှူဆေးဘူးတွေကို အသုံးပြုကြပါတယ်။ ဒီအချက်တွေကကုထုံးခံယူနေစဉ်မှာ သိထားသင့်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။နီကိုတင်းကို ဆက်လက်စွဲလမ်းနေခြင်း။ကျွန်တော်တို့ဟာ နီကိုတင်းဓါတ်ကို စီးကရက်ကနေမရတော့ပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ နီကိုတင်း အခြားပုံစံတစ်မျိုးအပေါ်မှာမှီခိုနေဆဲဖြစ်ပါတယ်။ ( NRT ကုထုံးက နီကိုတင်းကို အခြားပုံစံတစ်ခုနဲ့ ပြောင်းလဲအသုံးပြုတာပဲဖြစ်ပါတယ်။ ) ဒါကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကုထုံးရဲ့ဘေးထွက် ဆိုးကျိုးတွေကိုလည်း ခံစားရမှာဖြစ်ပါတယ်။ကုထုံးပုံစံတစ်မျိုးစီတိုင်းမှာ မတူကွဲပြားတဲ့ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ပုံမှန်အားဖြင့် နီကိုတင်းပီကေကုထုံးက ကြို့ထိုးတာနဲ့ပီကေဝါးရတာကြောင့်မေးရိုးတွေနာတာမျိုးကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အလားတူပဲ ပူရှိန်းဆေးပြားကုထုံးကလည်း အစာအိမ်အောင့်တာ၊ ရင်ပူတာနဲ့ခေါင်းကိုက်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ နီကိုတင်းဆေးပြားတွေကို အသုံးပြုတဲ့အခါမှာလည်း ရုပ်ပိုင်းဆိုင်ရာထိတွေ့ဖို့လိုအပ်တာကြောင့် အရေပြားမှာအနီပြင်တွေထွက်တာနဲ့အရေပြားဓါတ်မတည့်မှု ဖြစ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အချို့မှာ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေတွေ့ကြုံရနိုင်ပါတယ်။ အိပ်ပျော်နေစဉ် နီကိုတင်းစုပ်ယူမှုဖြစ်စဉ်နဲ့အသားမကျတာကြောင့် အိပ်နေစဉ်လန့်နိုးတာနဲ့အိပ်မက်ဆိုးတွေမက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ရှူဆေးဘူးတွေကို အသုံးပြုတဲ့အခါမှာလည်း ချောင်းဆိုးတာမျိုးကိုကြုံတွေ့ခံစားရနိုင်ပါတယ်။ လည်ချောင်းယားတာနဲ့ အစာအိမ် အောင့်တာမျိုးလည်း ခံစားရနိုင်ပါတယ်။လူတွေဟာတစ်ခါတရံမှာ ဘယ်ကုထုံးကအဆင်ပြေနိုင်မလဲဆိုတာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေအပေါ် မှာ အခြေခံပြီးကုထုံးပုံစံတွေကိုရွေးချယ်တာဖြစ်ပါတယ်။ဘာတွေသိထားသင့်သလဲ။ဆေးလိပ်စွဲနေတာကို ဖြတ်ပစ်ဖို့ကြိုးစားတာက ပုဂ္ဂိုလ်ရေးဆိုင်ရာရွေးချယ်မှုတစ်ရပ်ဖြစ်ပါတယ်။ သည်အနေအထား သင့်အနေနဲ့ဆေးလိပ်ဖြတ်ဖို့ဘယ်လောက် စိတ်အားထက်သန်လည်းဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ NRT (နီကိုတင်းအစားထိုး ကုထုံး )ကိုပါ ပေါင်းစပ်ထည့်သွင်းထားတဲ့ ပြီးပြည့်စုံတဲ့ ဆေးလိပ်ဖြတ်တဲ့အစီအစဉ်က သင့်ကိုဆေးလိပ်ပြတ်သွားစေနိုင်မယ့် အခွင့်အရေးကိုပိုတိုးစေမှာဖြစ်ပါတယ်။ ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့နဲ့ ဆက်သွယ်ပါ။ ဆရာဝန်နဲ့ဆွေးနွေး တိုင်ပင်ပါ။ ဆေးလိပ်ဖြတ်မယ့်ရက်ကို အချိန်ဇယားဆွဲပါ။ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်လာနိုင်တဲ့ကိစ္စကို ဖြေရှင်းနိုင်မယ့် အစီအစဉ်တစ်ရပ်ကိုကြိုတင်လုပ်ဆောင်ထားပါ။ သည်အချက်တွေက သင့်ရဲ့ဆေးလိပ်ဖြတ်မယ့် အစီအစဉ်ကိုအောင်မြင်အောင် အထောက်အကူပြုပါလိမ့်မယ်။သင့်စိတ်ထဲမှာမှတ်ထားရမှာက ဆေးလိပ်ကို အောင်အောင်မြင်မြင်ဖြတ်နိုင်ပြီဆိုတဲ့အချိန်မှာ သင့်အနေနဲ့ နီကိုတင်းသုံးစွဲမှုပမာဏကို တဖြည်းဖြည်းချင်းလျှော့ချသွားမှုကို စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နီကိုတင်းအစားထိုးကုထုံး တွေမှာလည်း စီးကရက်ထဲမှာတွေ့ရှိရတဲ့ နီကိုတင်းပမာဏထက် တစ်ဝက် ဒါမှမဟုတ် ၃ ပုံ ၂ ပုံလောက်လျော့နည်း နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ကုထုံးကို ခပ်မြန်မြန်အချိန်မတိုင်ခင်မှာ ရပ်တန့်လိုက်တဲ့အခါ တကျော့ပြန် ဆေးလိပ်ပြန်စွဲတာမျိုးဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နှလုံးရောဂါရှိသူတွေအနေနဲ့ ကိုယ်သဘောနဲ့ကိုယ် နီကိုတင်းအစားထိုးကုထုံးကို မလုပ်ဆောင်သင့်ပါဘူး။ ဆရာဝန်တွေမှာ ဆေးလိပ်ဖြတ်ဖို့အသုံးပြုတဲ့နည်းလမ်းတွေ အများအပြားရှိပါတယ်။ NRT ကုထုံးဟာတစ်ခါတရံမှာ နောက်ဆုံး အသုံးပြုတဲ့နည်းလမ်းတစ်ရပ်အဖြစ် သတ်မှတ်ခံရလေ့ရှိပါတယ်။NRT ကုထုံးဟာဆေးလိပ်ဖြတ်တဲ့ကုသမှုတွေထဲမှာ အငြင်းပွားဖွယ်ရာအကြောင်းအရင်းတစ်ရပ်ဖြစ်ပေမယ်လို့ ကောင်းတဲ့အချက်တွေလည်းတော်တော်များများရှိနေဆဲဖြစ်ပါတယ်။ သင့်တော်သလိုအသုံးပြုမယ်ဆိုရင်တော့ ကုထုံးနည်းလမ်းတွေအားလုံးဟာ ဆေးလိပ်ဖြတ်ဖို့အတွက် ထိရောက်တဲ့အာမခံချက်တွေပေးနိုင်ပါတယ်။ ဘယ်ကုထုံးမှာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ဆတွက်ချက ်သင့်ပါတယ်။ အကောင်းဆုံးသောရလဒ်ထွက်ပေါ်လာစေဖို့အတွက် ဆရာဝန်ရဲ့အကြံပြုချက်ကိုလိုက်နာဆောင်ရွက်သင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%94%e1%80%ae%e1%80%80%e1%80%ad%e1%80%af%e1%80%90%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%af%e1%80%91%e1%80%b6%e1%80%af/
ကိုဗစ် Booster ထိုးပြီးတဲ့အခါ ဘယ်လို ဂရုစိုက်မလဲ။
ကိုဗစ် ကာကွယ်ဆေးတစ်ကြိမ်ထိုးတိုင်း အဆင်ပြေပါ့မလား။ ဘာတွေကိုများ ဘေးထွက်ဆိုးကျိုး အနေနဲ့ ခံစားရမလဲ မသိဘူးဆိုပြီး စိတ်ပူရင်း ကျော်ဖြတ်ခဲ့တာ ၂ ကြိမ်ပြည့်ပြီးလို့ အဆင်ပြေပြီလို့ တွေးနေချိန်မှာ ကိုဗစ် မျိုးစိတ်သစ် omicron ကြောင့် ကိုဗစ် Booster ထိုးရမယ်။ Boosterထိုးမှ ကိုဗစ် မျိုးစိတ်သစ် omicron ကို ကာကွယ်နိုင်မယ်ဆိုတော့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့အတွက် ပြင်ဆင်ကြရပြန်တယ်လေ။ကိုဗစ် Booster ကို ထိုးဖို့ နောက်ဆုံး ကာကွယ်ဆေး ထိုးပြီးချိန်ကနေ ၃ လ ကြာပြီလား။ ၆ လပြည့်ပြီလားလို့ တွက်ပြီးချိန်မှာ မဖြစ်မနေဆိုတော့လည်း Booster ထိုးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်လည်း ကြောက်တယ်။ ကိုဗစ် Boosterထိုးပြီးရင် ဘေးထွက်ဆိုးကျိုး မဖြစ်စေဖို့ ဘယ်လို ဂရုစိုက်ရမလဲ မသိဘူးဆိုပြီး စိတ်ပူနေတဲ့သူလေးတွေ ရှိလား။ ကိုယ်တိုင်အတွက် ဖြစ်ဖြစ် ချစ်ရတဲ့သူတွေကိုပဲ ဖြစ်ဖြစ် ကိုဗစ် Boosterထိုးပြီးချိန်မှာ ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ကိုဗစ် Boosterထိုးပြီးရင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို မပြောခင်မှာ ဘယ်သူတွေက booster ထိုးဖို့ လိုမလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ကိုဗစ် ကာကွယ်ဆေးလည်း ၂ ကြိမ် ထိုးပြီးပြီ။ ကာကွယ်ဆေး ထိုးပြီးတာလည်း ၃ လ ဒါမှမဟုတ် ၆ လကျော်နေပြီဆိုသူတိုင်း ထပ်ဆောင်း ကာကွယ်ဆေးထိုးဖို့ လိုပါမယ်။ အထူးသဖြင့်။ကိုယ်ခံအား အရမ်းနည်းတဲ့သူတွေဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီး ၃ လအကြာမှာ နောက်ထပ် ထပ်ဆောင်းကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးဖို့ လိုနိင်ပါတယ်။ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးတဲ့နောက် အနည်းဆုံး ၃ လကနေ အများဆုံး ၆ လကြာအပြီးမှာ ထပ်ဆောင်း ကာကွယ်ဆေးကို ထိုးနှံရပါမယ်။အသက်အရွယ်ကိုလိုက်ပြီးတော့ ဖြစ်စေ၊ရောဂါအခံရှိနေတဲ့အပေါ် မူတည်ပြီး ဖြစ်စေ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ အချိန်ကာလ ကွာခြားနိုင်ပါတယ်။ကိုဗစ် Boosterထိုးပြီးချိန်မှာ လူတိုင်း မဟုတ်ပေမယ့် အချို့မှာတော့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။ဒီလက္ခဏာတွေက ၂ ရက်ကနေ ၃ ရက်လောက် အတွင်းမှာ သက်သာသွားတတ်ပါတယ်။ လူတိုင်း ဖြစ်မယ်ရယ်တော့ မဟုတ်ပါဘူး။ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက တော်တော်လေးတော့ ဖြစ်ခဲပါတယ်။တကယ်လို့ ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက် ပြသဖို့ လိုပါမယ်။ကိုဗစ်Boosterထိုးပြီးတဲ့အခါအခုလိုလေး ဂရုစိုက်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-take-care-after-covid-booster/
အမျိုးသားများ အိပ်ရာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး
အမျိုးသား အများစု ခံယူထားကြတာက သူတို့တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် မြင်းရိုင်းတစ်ကောင်လို စွမ်းဆောင်နိုင်တယ်ထင်ကြပေမဲ့ အမျိုးသားအများစုဟာ အိပ်ရာထဲမှာလည်း အမှားတွေကို လုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ကိုယ်နည်းစနစ်တွေကို မသိလို့ သူမက မကျေမနပ်ဖြစ်နေတာမဟုတ်ဘဲ အိပ်ရာထဲမှာ အမှားတွေလုပ်မိတာကြောင့် အဖော်ဖြစ်သူ အမျိုးသမီး စိတ်မကျေမနပ် ဖြစ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင် ထုတ်ပြောတတ်သူတွေ မဟုတ်ကြတဲ့ အတွက် ယောက်ျားလေးတွေဟာ သူတို့ရဲ့ အဖော် ဘာကြောင့် လိုအင်ဆန္ဒ မပြည့်ဝတာလဲဆိုပြီး ခေါင်းရှုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စပိုင်းဆိုင်ရာမှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေနဲ့ တခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူတာက အကောင်းဆုံး ဖြစ်ပါတယ်။အမျိုးသမီး ချောချောလေးတစ်ယောက်လောက်ကို တွေ့ရလိုက်တဲ့ အချိန်မှာ ယောကျ်ားလေးတွေရဲ့ ခန္ဓာကိုယ်က အနည်းငယ်အချက်ပြပါတယ်။ ကိုယ့်ရဲ့ အဖော်အမျိုးသမီးနဲ့ လူရှင်းတဲ့ အချိန်မှာတွေ့မယ်ဆိုရင် အမျိုးသားလိင်အင်္ဂါက အနည်းငယ်ထောင်မတ်လာနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ အဖော်အမျိုးသားပဲဖြစ်ဖြစ်၊ တခြားယောကျ်ားလေးပဲဖြစ်ဖြစ် တွေ့လိုက်မယ်ဆိုရင် သူ့တို့ လိင်အင်္ဂါတွေက ချက်ခြင်း အချက်ပြတာမျိုး မရှိကြပါဘူး။ ဒီလိုဖြစ်ခြင်းထက် “ဒီတစ်ယောက်ကတော့ ကြည့်လို့ကောင်းတယ် ” ဆိုတာလောက်ပဲပြောကြမှာ ဖြစ်ပြီး သူမရဲ့ လိင်အင်္ဂါတွေကတော့ အချက်ပြမှာ မဟုတ်ပါဘူး။ ယောက်ျားလေးတွေရဲ့ လိင်ဆက်ဆံလိုစိတ်ဆန္ဒဟာ ခန္ဓာကိုယ်က အရင်းတည်ပြီး အမျိုးသမီးတွေကတော့ သူမရဲ့ မှတ်ဉာဏ်၊ စိတ်ကူးနဲ့ အထိအတွေ့တို့မှ အခြေခံပေါက်ဖွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်ကို ချက်ခြင်း ဝုန်းဒိုင်းကြဲလို့မရပါဘူး။အမျိုးသားနဲ့ အမျိုးသမီး လိင်စိတ်ထကြွတဲ့ ပုံစံဟာ ဂတ်စ်မီးဖိုနဲ့ မီးသွေးမီးဖိုလိုပါပဲ။ ဂတ်စ်မီးဖိုက ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ မီးတောက်လာပေမဲ့ မီးသွေးမီးဖိုကတော့ ချက်ခြင်းမီးမတောက်လာပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ဆန္ဒကိုက ချက်ခြင်း မီးတောက်ချင်တယ်ဆိုရင်တောင် သူတို့ရဲ့ ဇီဝကမ္မဗေဒဖွဲ့စည်းပုံက ချက်ခြင်းစိတ်ဆန္ဒ ပြင်းပြလာချင်စိတ်ကို ခွင့်မပြုပေးပါဘူး။ အဲ့ဒီအချိန်မှာ အဖော်ဖြစ်သူ အမျိုးသားက စိတ်ပျက်နေတာကို အမျိုးသမီးတွေ သတိထားမယ်ဆိုရင် သူမရဲ့ စိတ်ဆန္ဒပြင်းပြစိတ်က ပိုနှေးကွေးနိုင်ပါတယ်။ ဒါကို ကုစားနိုင်မယ့် အချက်ကတော့ အချိန်ယူပါ။ တဖြည်းဖြည်း စိတ်ဆန္ဒပြင်းပြခြင်းလာတာကို စိတ်ရှည်ပါ။ မချင့်မရဲ ဖြစ်တဲ့စိတ်ကို နိုင်အောင်ထိန်းပါ။အမျိုးသားတစ်ယောက်ဟာ သူတို့ အင်္ဂါထောင်မတ်ခြင်းနဲ့ ကြာချိန်အပေါ် အလွန်အကြူး စိုးရိမ်နေမယ်ဆိုရင် အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ရင်းနှီးမှုကို ပျက်ဆီးစေနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သူတို့ရဲ့ ထောင်မတ်ခြင်းနဲ့ ပတ်သတ်ပြီး အလွန်အကျွံစိုးရိမ်နေမယ်ဆိုရင် လိင်ဆက်ဆံတဲ့အခါ အထွတ်အထိပ်သို့ ရောက်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ အဖော်ဖြစ်သူနဲ့ စိတ်ချင်းနီးကပ်နေဖို့လိုပြီး စကားများလည်းပြောပေးဖို့လိုပါတယ်။ လိင်တံထောင်မတ်တဲ့ ပြဿနာရှိနေမယ်ဆိုရင်တောင် ဒီကြားကာလအချိန်လေးဟာ ၂ ဦး ပိုနီးကပ်စေမယ့် အချိန်လည်း ဖြစ်ပါတယ်။အမျိုးသားအများစုက အဖော်အမျိုးသမီး ရဲ့ လိင်ဆက်ဆံချင်စိတ်ကို နှိုးဆွဖို့ဆုံးဖြတ်လိုက်တာနဲ့ အမျိုးသမီး အင်္ဂါကို သွားထိတွေ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေ ကိုယ်တိုင်ကလည်း သူတို့ရဲ့ လိင်အင်္ဂါကို တိုက်ရိုက်လှုံ့ဆော်တာကို ကြိုက်နှစ်သက်ကြတဲ့အတွက် သူတို့ရဲ့ အဖော်အမျိုးသမီးတွေလည်း လိင်အင်္ဂါကို တိုက်ရိုက်ထိတွေ့တာကို ကြိုက်နှစ်သက်မယ်လို့ ထင်တာကြောင့်ပါ။ ဒါပေမဲ့ အဖော်အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခွင့်မပေးသေးဘဲ လိင်အင်္ဂါကို အရင်သွားထိတွေ့ခြင်းဟာ အတင်းအကျပ်ကျူးလွန်ခံရတဲ့ စိတ်ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံဖို့ ပြင်ဆင်မယ်ဆိုရင် အရင်ဆုံး မြေစမ်းခရမ်းပျိုးအဆင့်ကနေ စိတ်ရှည်ရှည်နဲ့ စတင်သင့်ပါတယ်။အမျိုးသမီးမွေးလမ်းကြောင်းမှာ ဖြစ်ပေါ်တဲ့ ခံစားချက်ဟာ အမျိုးသားလိင်အင်္ဂါမှာ ဖြစ်ပေါ်တဲ့ ခံစားချက်နဲ့လုံးဝကွာခြားတာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ အမျိုးသားလိင်အင်္ဂါမှာ ဖြစ်ပေါ်တဲ့ ခံစားချက်ဟာ အထိအတွေ့အပေါ်မှာ အခြေခံပေမဲ့ အမျိုးသမီး လိင်အင်္ဂါကြတော့ ကျုံ့ခြင်းနဲ့ ဖိအားတို့ကြောင့် ခံစားချက်ဖြစ်ပေါ်တာပါ။ အမျိုးသမီးတွေမှာ အမျိုးသားလိင်အင်္ဂါနဲ့ ခံစားပုံခြင်း ဆင်တဲ့ အရာကတော့ အမျိုးသမီး အင်္ဂါစေ့ (clitoris) ဖြစ်ပါတယ်။ ကွာခြားတာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒ ဖွဲ့စည်းပုံက ပိုနူးညံပြီး တုံ့ပြန်မှုအားကောင်းတာပါပဲ။ လိင်ဆက်ဆံတဲ့အချိန်မှာ ခံစားချက်ကိုပေးစွမ်းနိုင်တာက လိင်အင်္ဂါအစေ့သာ ဖြစ်ပြီး မွေးလမ်းကြောင်း မဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါတွေကို ကိုယ့်လိင်အင်္ဂါတွေလိုပဲလို့ မတွေးမိဖို့လိုပါတယ်။ အမျိုးသမီးတစ်ယောက်အတွက် ဘယ်လို အထိအတွေ့မျိုးက ပိုပြီး ခံစားမှုကောင်းနိုင်စေလဲဆိုတာလေ့လာပြီး အတင်းအကြပ် မဖြစ်စေရန် အချိန်ယူဖို့လိုပါတယ်။ အမျိုးသမီးအများစုကတော့ လိင်မဆက်ဆံခင် အမျိုးသမီး လိင်အင်္ဂါစေ့ကိုလှုံဆော်ပြီး အထွတ်အထိပ်ရောက်တာကို ကြိုက်နှစ်သက်ကြပါတယ်။အမျိုးသားအများစုကတော့ လိင်ဆက်ဆံချိန်မှာ ဦးဆောင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အမျိုးသမီးတွေကလည်း ဦးဆောင်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က မတူပါဘူး။ အမျိုးသမီးအများစုဟာ အဖော်အမျိုးသားကပဲ ဦးဆောင်နေကြတာကို မကြိုက်ကြပါဘူး။ သူတို့မှာလည်း ဘယ်လို လိင်ဆက်ဆံတဲ့အခါ လုပ်ဆောင်ချင်တဲ့ ရွေးချယ်မှုတွေရှိကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အဖော်ဖြစ်သူ စိတ်ကျေနပ်စေဖို့ ဂရုစိုက်ဖို့လိုအပ်ပြီး တစ်ခါတစ်ရံ သူမကိုလည်း ဦးဆောင်ခွင့်ပြုသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/6-mistakes-men-make-in-bed/
မွေးဖွားပြီးနောက် ဆီးမထိန်းနိုင်ခြင်းကို ကုသနည်းများ
ဆီးမထိန်းနိုင်ခြင်း ဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ပုံမှန်ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်မရှိပေမယ့် သက်တောင့်သက်သာတော့ မရှိစေပါဘူး။ဆီးမထိန်းနိုင်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ လူအချို့မှာတော့ ကလေးမွေးပြီးသည်အထိ ဖြစ်တတ်ပါတယ်။ အမျိုးသမီးအချို့အတွက်ကတော့ မပြင်းထန်ပေမယ့် အချို့အတွက်ကတော့ ပြင်းထန်တတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးပြီး ၃-၄ လအကြာမှာ ဆီးအိမ်နဲ့ သားအိမ်ဟာ ပုံမှန်အခြေအနေတွေကို ပြန်ရောက်သွားရင် ဆီးမထိန်းနိုင်ခြင်းလည်း ပျောက်သွားတတ်ပါတယ်။ကိုယ်ဝန်ဆောင်အပြီး ဆီးမထိန်းနိုင်ခြင်းဟာ ဆီးအိမ်ပေါ်မှာ ဖိအားများတာကြောင့် ဆီးထွက်ကျခြင်းကို ဆိုလိုပါတယ်။ ဆီးအိမ်ရဲ့ အဝက ကြွက်သားဟာ ဆီးကို ကောင်းကောင်းထိန်းပေးဖို့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး။များသောအားဖြင့် အာရုံကြော၊ အရွတ်နဲ့ တင်ပါးဆုံကြွက်သားတွေက ဆီးမထွက်ကျအောင် ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို အထောက်အပံ့ပေးထားကြပါတယ်။ ဒီနေရာတွေ အဆန့်လွန်ခြင်း (သို့) ဒဏ်ရာရခြင်းတွေဟာလည်း ဆီးမထိန်းနိုင်ခြင်း ကို ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးအများစုဟာ ကလေးမွေးအပြီးမှာ ပျောက်သွားတတ်ပါတယ်။ အချို့မိခင်တွေအတွက် ဆီးထွက်ကျခြင်းဟာ အကြိမ်ရေ နည်းလာပြီးကလေးမွေးအပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ အချို့တွေမှာတော့ လပေါင်းများစွာ (သို့) ဒီထက်ပိုပြီး ကြာမြင့်တတ်ပါတယ်။အောက်ပါအချက်တွေက ဆီးမထိန်းနိုင်ခြင်း ကို သက်သာစေနိုင်ပါတယ်။သင့်ဆရာဝန်က ဆီးမထိန်းနိုင်ခြင်းကို ထိန်းချုပ်ဖို့၊ လက္ခဏာတွေကို သက်သာစေဖို့ ကီဂယ်လေ့ကျင့်ခန်းတွေကို ပြုလုပ်ခိုင်းနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံကြမ်းပြင်က ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ဒီကြွက်သားတွေ သန်စွမ်းခြင်းဟာ ဆီးပြွန်နဲ့ အစာဟောင်းအိမ်အ၀ ကြွက်သားရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေပါတယ်။ကီဂယ်လေ့ကျင့်ရမဲ့ ကြွက်သားတွေကို ရှာဖွေဖို့ကတော့ အိမ်သာမှာထိုင်ပြီး ဆီးစသွား သင့်ပါတယ်။ ပြီးရင်တော့ ဆီးကြောင်းတစ်ဝက်မှာ ရပ်လိုက်ပါ။ ဆီးကြောင်းကို ရပ်ဖို့ အသုံးပြုလိုက်တဲ့ ကြွက်သားတွေဟာ ကီဂယ်ကြွက်သား တွေပဲဖြစ်ပါတယ်။ ကီဂယ်လေ့ကျင့်ခန်း လုပ်ဖို့အဆင့်တွေကတော့။ဒီလေ့ကျင့်ခန်းကို မနက်မှာ ၁၀ ကြိမ်၊ နေ့လည်မှာ ၁၀ ကြိမ်နဲ့ ညမှာ ၁၀ ကြိမ်၊ စုစုပေါင်း တစ်နေ့မှာ အကြိမ် ၃၀ ပြုလုပ်သင့်ပါတယ်။ တစ်နေ့တာရဲ့ အချိန်တိုင်း နေရာတိုင်းမှာ ပြုလုပ်နိုင်ပါတယ်။ ကားမောင်းနေစဉ်၊ စာကြည့်စားပွဲမှာ ထိုင်နေစဉ်၊ တီဗွီ ကြည့်နေစဉ်တွေမှာလည်း ပြုလုပ်နိုင်ပါတယ်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%96%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%86%e1%80%ae%e1%80%b8%e1%80%99%e1%80%91/
နွေပူပူအတွက် သောက်စရာ
နွေပူပူမှာ ရင်ကို အေးမြသွားစေမယ့်သောက်စရာလေးတွေကို လူတိုင်း တောင့်တမိမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ နွေပူပူမှာ လူတိုင်း တောင့်တမိတတ်တဲ့ သောက်စရာ အေးအေးလေးတွေထဲက ကျန်းမာရေးနဲ့ ညီညွတ်ပြီးနွေအပူဒဏ်ကို သက်သာစေမယ့် သောက်စရာလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ နွေပူပူအတွက်သောက်စရာဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။မကြာခင်မှာ နွေရောက်လာတော့မှာပါ။ အပူချိန်တွေက အခုချိန်ကတည်းက စပြီး မြင့်တက်စပြုနေပါပြီ။ချွေးတွေ တအား ထွက်တာ၊ခြေကုန်လက်ပမ်းကျတာ၊ နေရထိုင်ရတာ ငြီးစီစီ ဖြစ်တာတွေကို ခံစားနေရတာ လူတိုင်းနီးပါးပါ။ ဒီတော့ နွေပူပူအတွက် သောက်စရာ ကောင်းကောင်းလေးတွေကို သိထားဖို့တော့ လိုပြီနော်။ဒီလို ကာလမှာ ကျန်းမာနေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့ လိုပါမယ်။ ဒီလိုရေဓာတ် ပြည့်ဝအောင်ဖြည့်တင်းတဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖြည့်တင်းဖို့ လိုပါမယ်။ ဒီတော့ နွေပူပူမှာ ကျန်းမာစွာနဲ့ရေဓာတ်ဖြည့်ပေးနိုင်မယ့်သောက်စရာလေးတွေကို ပြောပြပေးသွားပါမယ်။အုန်းစိမ်းရည်က အပူဒဏ်ကို သက်သာစေနိုင်သလို ကိုယ်တွင်းက ဓာတ်တွေကိုလည်း ညီညွှတ်မျှတအောင် ထိန်းညှိပေးပါတယ်။အသားအရေကိုလည်း နေရောင်ကြောင့် မပျက်စီးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကြံရည်က ခန္ဓာကိုယ်ကို အပူဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် သောက်စရာ တစ်မျိုးပါ။ ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို ကိုယ်တွင်းက ရေဓာတ်တွေကို ဖြည့်ပေးပါတယ်။ အပူဒဏ်ကြောင့် ငြီးစီစီဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နွေပူပူမှာ ကြံရည်ချိုချိုလေး သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မှာပါ။ဖရဲသီးက ရေဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ နွေအပူဒဏ်ကို သက်သာစေနိုင်သလို နွေပူပူကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးကို ဖျော်သောက်ပေးတာကလည်း နွေအပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာကို သက်သာပြီး တက်ကြွ လန်းဆန်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။နွေရာသီမှာ သံပုရာရည် အေးအေးလေးက အမောပြေစေနိုင်သလို အပူဒဏ်ကြောင့် ပင်ပန်းတာကို သက်သာစေနိုင်ပါတယ်။နာနတ်သီးလေးကို ကြိတ်ခြေပြီး ဖျော်ထားတဲ့ နာနတ်သီး ဖျော်ရည်ကလည်း နွေပူပူမှာ ကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ သောက်စရာ တစ်မျိုးပါ။ ဗီတာမင် C ပြည့်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။နွေပူပူမှာ အပူဒဏ်ကို ခံနိုင်စေဖို့နဲ့ နွေရာသီ အပူကြောင့် ဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့ သောက်ပေးလို့ ရတဲ့ နောက်ထပ် သောက်စရာ တစ်မျိုးကတော့ သောက်ရေပါ။ ရေအေးအေးလေး သောက်ပေးတာက အပူဒဏ်ကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်သလို နွေအပူကြောင့် ချွေးထွက်များတာနဲ့ အခြားသော အပူဒဏ်ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဒါတွေ အပြင် နွေပူပူမှာ ရေဓာတ်ပြည့်ဝပြီး ကျန်းမာစေဖို့အတွက် သလဲသီးဖျော်ရည်၊ စတော်ဘယ်ရီသီး ဖျော်ရည်၊ ဂရိတ်ဖရုစ် ဖျော်ရည်၊ ကီဝီသီးဖျော်ရည်တွေကိုလည်း သောက်ပေးလို့ ရပါတယ်။ သစ်သီးဖျော်ရည်တွေကို ဖျော်သောက်တဲ့အခါ တတ်နိုင်သမျှ သကြားနဲ့ နို့ဆီကို လျှော့ထည့်ပြီး အချိုမကဲထားဖို့ လိုပါတယ်။ကဲ  ……. နွေပူပူကို အခုပြောပြခဲ့တဲ့သောက်စရာလေးတွေသောက်ရင်း အပူဒဏ်ကို အကောင်းဆုံး ရင်ဆိုင်လိုက်စို့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/cooling-drinks-for-summer/
Liver Fluke Infection (အသည်းတွင် ကပ်ပါးပိုးဝင်သော ရောဂါ)
အသည်းတွင် ကပ်ပါးပိုးဝင်သောရောဂါသည် သည်းခြေပြွန်များတွင်ဖြစ်သော နာတာရှည်ရောဂါဖြစ်သည်။ထိုသို့ဖြစ်ခြင်းသည် ကပ်ပါးပိုးကောင်များတွယ်ညိနေသော အစာများ၊ ရေများကို စားသောက်မိခြင်းနှင့် မကျက်သေးသော ငါးများကို စားမိခြင်းတို့ကြောင့် ဖြစ်သည်။အသည်းတွင် ကပ်ပါးပိုးဝင်သောရောဂါသည် အလွန်အဖြစ်များပြီး ယောကျာ်း မိန်းမ၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။ သို့သော်။ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ။၂၀% သောရောဂါဖြစ်သူများတွင် အင်ပြင်ထခြင်းကို တွေ့ရတတ်သည်။ကလေးများတွင် မူးဝေခြင်း၊ ချွေးပြန်ခြင်းများကို အတွေ့ရများပါသည်။အရေပြားတွင် အဖုများဖြစ်ခြင်း၊ သန်ကောင်များသည် အသက်ရှုလမ်းကြောင်းတွင် ပိတ်ခြင်းကြောင့် တရွှီရွှီ မြည်ခြင်းတို့ဖြစ်နိုင်ပါသည်။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အသည်းတွင် တွယ်သော ကပ်ပါးသန်ပြားကောင်သည် သိုးများနှင့် ဆိတ်များကို ကူးစက်ဝင်ရောက်နိုင်သည်။ သို့သော် လူတို့ဆီကူးစက်ခြင်းသည် ထိုအကောင်များ၏ အသားကို အစိမ်းစားသောကြောင့် ကူးစက်ခြင်းမျိုး တခါတရံတွင်သာဖြစ်ပြီး ရေချိုတွင် စိုက်အပျိုးသော အပင်များကို စားမိခြင်းကြောင့် အဓိက ရောဂါကူးစက်ခြင်းဖြစ်ပါသည်။ လူများသည် အစားများကို အစိမ်းစားခဲပါသည်။ ထို့ကြောင့် ကန်စွန်းရွက်၊ ဆလပ်ရွက်၊ နံနံပင်၊ ပူစီနံ စသည့် ရေချိုတွင် စိုက်အပျိုးသော အပင်များကို စားမိခြင်းကြောင့် အဓိက ရောဂါကူးစက်ခြင်းဖြစ်ပါသည်။အသည်းရှိ ကပ်ပါးပိုးကောင်များသည် သည် အသည်းနှင့် သည်းခြေအိတ်ကို ဆက်ထားသော သည်းခြေပြွန်များထဲတွင် အနှစ် ၂၀မှ ၃၀ ခန့်အထိ ခိုအောင်းပြီး နေနိုင်ပါသည်။ ထိုအခါ သည်းခြေပြွန်ရောင်ခြင်း၊ အမာရွတ်ဖြစ်ခြင်း နှင့် ကျယ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ ထိုကပ်ပါးကောင်များသည် သန်ပြားကောင်များဖြစ်ပြီး တကောင်သည် တနေ့လျှင် ဥပေါင်း ၂၀၀၀မှ ၄၀၀၀ အထိဥနိုင်ပြီး ထိုဥများကို သည်းခြေပြွန်များနှင့် လူတို့၏မစင်တွင် မှန်ဘီလူးနှင့် ကြည့်လျှင် တွေ့နိုင်ပါသည်။ လူတို့၏ စွန့်ပစ်ပစ္စည်းများကို ငါးများက စားမိပြီး ရေချိုငါးများကို လူတို့က မချက်ပြုတ်ဘဲပြန်စားမိပါကထိုသံသရာစက်ဝန်း ပြန်လည်ပတ်သွားပြီး ရောဂါပိုဆိုးစေပါသည်။ကျောက်ကပ်ပြည်တည်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ထိုရောဂါဖြစ်ပွားတတ်သော ဒေသများတွင် ဝမ်းထဲတွင် သန်ဥများစစ်ဆေးခြင်း၊ အသည်း အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း စသည့် စစ်ဆေးမှုများကို ပြုလုပ်သင့်ပါသည်။ အသံလှိုင်းဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်များသည် သည်းခြေပြွန်များကျယ်နေခြင်းကိုပြသနိုင်ပြီး ထိုစစ်ဆေးမှုများအရ သန်ကောင်ရှိကြောင်း တွေ့ရှိပါက သန်ချဆေးများကို တိုက်သင့်ပါသည်။ထို့ကြောင့် လူများကို ဝမ်းထဲတွင် သန်ဥများရှိမရှိ ပုံမှန် ဝမ်းစစ်ခြင်းများကို ပြုလုပ်သင့်ပါသည်။အသည်းတွင် ဖြစ်သော ကပ်ပါးသန်ကောင်များသည် သည်းခြေပြွန်များတွင် ပိတ်ဆို့နေခြင်းကြောင်း သည်းခြေရည်များစီးမထွက်နိုင်တော့ဘဲ ပြွန်များကျယ်လာခြင်း၊ ဖောင်းလာခြင်းကို ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်နှင့် အသံလှိုင်းဓါတ်မှန်များတွင် တွေ့ရပေမည်။ ရောဂါလက္ခဏာမပြဘဲ ကျန်းမာနေသူများတွင် လည်း ထိုသို့ တွေ့ရနိုင်ပါသည်။လူအများစုသည် ရောဂါဖြစ်နေသော်လည်း ရောဂါလက္ခဏာ မပြခြင်းကြောင့် သတိမထားမိကြချေ။ ထိုသို့ အသည်းတွင် ကပ်ပါးသန်ကောင်များရှိနေခြင်းကို လက္ခဏာမပြသောကြောင့် ကြာရှည်စွာ မသိဘဲနေမိပါက ကြာလာလျှင် အသည်းကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေပါသည်။ ရာခိုင်းနှုန်းအနည်းငယ်သော ရောဂါဖြစ်သူများတွင်သာ နုံးချိခြင်း၊ ဗိုက်နာခြင်းများဖြစ်တတ်ပြီး ထိုသို့ဖြစ်လျှင် အစာမကြေခြင်း၊ ဝမ်းပျက်ခြင်းကြောင့် ဗိုက်နာခြင်းဖြစ်သည်ဟု ထင်မှတ်တတ်ကြသည်။ ထို့ကြောင့် ထိုရောဂါသည် အသည်းကို တမြေ့မြေ့ပျက်စီးစေနိုင်သောရောဂါဖြစ်သောကြောင့် စောစီးစွာသိရှိရန် အရေးကြီးပါသည်။ထိုရောဂါအတွက် သန်ချဆးများကိုပေးရမည်ဖြစ်ပြီး အသိနောက်ကျပါက ထိုကပ်ပါးကောင်များသည် အသည်းကို ထိခိုက်စေနိုင်သည့်အတွက် ခွဲစိတ်ကာ ဖယ်ထုတ်ရမည်ဖြစ်ပါသည်။ ထိုကကြောင့် ရောဂါဖြစ်ကြောင်းသိသိချင်း ဖယ်ရှားနိုင်လေလေ အသည်းနှင့် သည်းခြေပြွန်များကို ထိခိုက်နိုင်ချေလျော့နည်းလေလေဖြစ်ပါသည်။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/liver-fluke-infection-%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%80%e1%80%95%e1%80%b9%e1%80%95%e1%80%ab%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8/
ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်
ကိုဗစ်ဖြစ်ပွားမှုက ၃ နှစ်တာလောက် ကြာမြင့်လာပြီးတဲ့နောက်မှာတော့ သုတေသီတွေက ကိုဗစ်ကို ကာကွယ်ကုသနိုင်မယ့် နည်းလမ်းမျိုးစုံကို ရှာဖွေလာကြပါတယ်။ ကိုဗစ်အတွက်ကာကွယ်ဆေးတွေကို ကြိုးပမ်းနေသလို ကုသနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါတယ်။ ဒီရှာဖွေ ကြိုးပမ်းမှုရဲ့ ရလဒ်အနေနဲ့ မ​ကြာသေးခင်က ကိုဗစ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့ပါတယ်။ဒါက ဘာများဖြစ်မလဲ။ ဒီနည်းလမ်းက ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား …….။ဆေးခြောက် သောက်သုံးမှုက သောက်သုံးသူကိုnovel coronavirusကနေ မကာကွယ်ပေးနိုင်လောက်ပေမယ့် ဆေးခြောက်ကို ဆေးဝါးအသုံးပြုမှုအနေနဲ့ အသုံးပြုတာက ကိုဗစ်ကို ကာကွယ်ပေးကောင်း ကာကွယ်ပေးနိုင်တော့မယ့် အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအနေအထားကို အတည်ဖြစ်လာစေဖို့ မျှော်လင့်နေသူတွေကလည်း အများကြီးပါ။ဆေးခြောက်ကို မှန်ကန်တဲ့ ပမာဏ၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုတာကကိုဗစ်ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခြေ ရှိပါတယ်။ ဆေးခြောက်မှာပါတဲ့ CBD ဒြပ်ပေါင်းကCovid-19 ကူးစက်ခံရတဲ့အခါရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလို ဗိုင်းရပ်စ် ပြန့်ပွားမှုကိုတောင် တားဆီးပေးနိုင်စွမ်း ရှိတယ်လို့ အခုအပတ်အတွင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ဆေးခြောက်မှာပါတဲ့ အချို့သော ဒြပ်ပေါင်းတွေက ကျန်းမာတဲ့လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကိုကိုရိုနာဗိုင်းရပ်စ်မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်၊ လို့ Journal of Nature Productsမှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ဒီလေ့လာမှုကို Oregon ပြည်နယ် တက္ကသိုလ်က ဦးဆောင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်း ၂ မျိုးဖြစ်တဲ့ cannabigerolic acid (CBGA)နဲ့ cannabidiolic acid (CBDA) တို့က ကိုရိုနာဗိုင်းရပ်စ်တွေကို ဆဲလ်တွေထဲ ဝင်ရောက်မှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။လေ့လာမှုအရ ဒီအက်ဆစ်တွေကSARS-CoV-2spike protein ကို တားဆီးပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကာကွယ်ဆေးတွေလိုပဲ ကိုဗစ် ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိနေပြီဆိုရင်လည်း ဆဲလ်တွေထဲ ဝင်ရောက်မှုကို နည်းနိုင်သမျှ နည်းအောင် တားဆီးပေးပါတယ်။သဘောကတော့ကျန်းမာတဲ့ဆဲလ်တွေထဲကို ရောဂါပိုး မရောက်အောင် တားဆီးပေးသလို ဗိုင်းရပ်စ် အမှုန်တွေ ဆဲလ်တွေဆီ ကူးစက်မှု မရှိအောင် တားဆီးပေးပြီး ရောဂါပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို လျှော့ချပေးသလို ရောဂါဖြစ်ပွားမှုကာလကိုလည်း တိုစေနိုင်ပါတယ်။အဆုတ်တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုဗစ်မျိုးစိတ်တွေဖြစ်တဲ့alpha မျိုးစိတ်ကိုရောbeta မျိုးစိတ်ကိုပါ ထိထိရောက်ရောက် တားဆီးပေးနိုင်တာပါ။ ဆေးခြောက်ကို ယခင်ကတည်းကလည်း ဆေးဝါးအတွက် အသုံးပြုမှုတွေ ရှိခဲ့ပါတယ်။ဒီဒြပ်ပေါင်းတွေကို လက်ရှိ ကိုရိုနာမျိုးစိတ်တွေအပေါ်မှာရော နောက်ထပ် ထွက်ပေါ်လာမယ့် ကိုရိုနာမျိုးစိတ်တွေအပေါ်မှာပါ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။အခုလေ့လာတွေ့ရှိမှုအရ ဆေးခြောက်ကို မှန်ကန်တဲ့ပမာဏကို နည်းလမ်းမှန်မှန်နဲ့ အသုံးပြုမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မှာပါ။ ဆေးခြောက်ကို အလွဲသုံးတာ၊ သောက်သုံးတာမျိုးတွေကတော့ကိုဗစ်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထပ်ဆောင်း သတိပေးပါရစေ။ဆေးဝါးအနေနဲ့ ထုတ်လုပ်ပြုပြင်ထားတဲ့ အနေအထားကို နည်းလမ်းမှန်မှန်နဲ့ သုံးစွဲမှုကပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ကုသနိုင်မှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/can-marijurana-compound-prevent-covid/
လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြားမှာ ကျန်းမာနေစေဖို့
“ကိုယ်သဘောကျတဲ့ အလုပ်ကို လုပ်ရင် နေ့တိုင်း အလုပ်လုပ်နေသလို မခံစားရဘူး၊၊” လို့စီးပွားရေးဂုရုတွေက ပြောကြပါတယ်၊၊ ဒါက မှန်သင့်သလောက် မှန်ပေမယ့် လုပ်ငန်းခွင် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ အနည်းနဲ့ အများတော့ စိတ်ဖိစီးလာကြပါတယ်၊၊ အလုပ်နဲ့ လက်ထပ်ထားသလို နေ့ရော ညပါ အိမ်ပြန်ရောက်သည်အထိ  အိပ်ရာထဲမှာတောင် အလုပ်အကြောင်း စဉ်းစားနေရရင် သင့်ရဲ့ လုပ်ငန်းခွင် စိတ်ဖိစီးမှု က လျစ်လျူရှုဖို့ မသင့်တော့ပါဘူး၊၊။ကျွန်တော်တို့က အလုပ်လက်မဲ့ဖြစ်နေတဲ့အချိန်ဆိုလည်းစိတ်ဓာတ်ကျတတ်ပါတယ်၊၊ အတည်တကျ အလုပ်တစ်ခုခု ရှိနေသည့်လုပ်တိုင် အောက်ကအချက်တွေက ကျွန်တော်တို့ကို စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပါသေးတယ်၊၊။ဒါတွေအပြင် အလုပ်ဆင်းတာ နောက်ကျတာ၊ အချိန်ပိုတွေ ဆက်တိုက်ဆင်းရတာ၊ နေ့ဆိုင်း ညဆိုင်း ဆင်းရတာ၊ တစ်နေကုန် သွားလာလှုပ်ရှားနေရတာ၊ ခုလိုပူပြင်းတဲ့ နွေရာသီမှာ အပြင်ထွက် အလုပ်လုပ်ရတာ၊ အလုပ်တွေ မပြီးပြတ်ဘဲ အိမ်မှာ ဆက်လုပ်နေရတာ စတာတွေကလည်း လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကို ပိုဆိုးစေပါတယ်၊၊။လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကလည်း စိတ်ဖိစီးမှု အမျိုးအစား တစ်ခုပဲ ဖြစ်တာကြောင့် ရေရှည်မှာကိုယ်ရော စိတ်ပါ ထိခိုက်လာမှာပါ၊၊ ပိုဆိုးတာက အလုပ်ကနေ အိမ်ပြန်ရောက်သွားပေမယ့် စိတ်ဖိစီးမှုတွေက အိမ်ထိလိုက်လာပြီး လူကို ဒုက္ခပေးနေတာပါပဲ၊၊။လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေက။ဒါတွေအပြင် စိတ်ဖိစီးမှုတွေက ရေရှည်မှာ။ပိုဆိုးတာက စိတ်ဖိစီးမှု သက်သာလို သက်သာငြား အစားတွေ တရားလွန်စားတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေပဲ စားတာ၊ ဆေးလိပ်နဲ့ အရက်တွေ သောက်တာ၊ တစ်နေကုန် တီဗွီရှေ့မှာပဲ နေတာ စတာတွေကလည်း ကျန်းမာရေးကို ပိုထိခိုက်စေပါတယ်၊၊။ဘာတွေက သင့်ကို စိတ်ဖိစီးနေတာလဲ၊၊ မပြီးပြတ်သေးတဲ့ အလုပ်တွေလား၊၊ လစာနည်းတာလား၊၊ အထက်လူကြီးက အပြစ်ရှာလွန်းနေတာလား စသဖြင့် ကိုယ့်ကို ဖိစီးစေတဲ့အရာတွေကို စဉ်းစားကြည့်ပါ၊၊ တချို့ပြဿနာတွေက စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေထာထက်စာရင် တည့်ရင်ဆိုင်လိုက်တာက စိတ်ကို သက်သာရာရစေပါတယ်၊၊။ကိုဗစ်ဖြစ်တုန်းက အိမ်ကနေပဲ အလုပ်လုပ်ရတယ်၊၊ ခုရောဂါတွေ ငြိမ်သွားတော့ ရုံးပြန်တက်ကြတယ်၊၊ ခက်တာက အိမ်မှာနေလည်း အလုပ်လုပ်လို့ရနေတော့ ရုံးဆင်းလို့ အိမ်ပြန်သွားရင်တောင် အလုပ်က နောက်ကနေ လိုက်လာပါသေးတယ်၊၊ ဒီလိုဆို နားချိန် ရှိမှာ မဟုတ်တော့ပါဘူး၊၊ နားချိန်မှာ အပြည့်အဝနားနိုင်ဖို့ အလုပ်ချိန်ကို တိတိကျကျ သတ်မှတ်ထားပါ၊၊။အနည်းဆုံးတော့ အခြေခံကျတဲ့ အအိပ်နဲ့ အစားကို သတိထားဖို့ လိုပါတယ်၊၊ ပုံမှန် အိပ်ချိန်ထချိန် သတ်မှတ်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အားထုတ်တာတွေက လိုအပ်ပါတယ်၊၊။အစားအသောက်ဆိုလည်း အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားဖို့ လိုပါတယ်၊၊ အလုပ်သိပ်ရှုပ်လွန်းရင် အစားစားချိန်တွေ လွတ်သွားတာ၊ အာဟာရမဖြစ်ဘဲ အလွယ်ရတာတွေ စားမိတတ်ပါတယ်၊၊ ဒီလိုမဖြစ်အောင် အားရှိပြီး စားရလွယ်မယ့် စားစရာတစ်ခုခု ဆောင်ထားသင့်ပါတယ်၊၊။တစ်နေကုန် အလုပ်ခွင်က ပြန်လာပြီဆိုရင် အိမ်မှာ စိတ်သက်သောင့်သက်သာဖြစ်အောင် အနားယူပါ၊၊ မိသားစုနဲ့ အချိန်ဖြုန်းမလား၊၊ သီချင်းတွေ အော်ဆိုမလား၊၊ ချွေးထွက်သွားတဲ့အထိ လေ့ကျင့်ခန်းတွေ လုပ်မလား၊၊ တိတ်တိတ်ဆိတ်ဆိတ် စာဖတ်မလား၊၊ ခွေးလေးတွေ ကြောင်လေးတွေနဲ့ ဆော့မလား စသဖြင့် အလုပ်နဲ့ မဆိုင်တဲ့ နည်းတစ်ခုခုနဲ့ အနားယူပေးပါ၊၊အနားယူဖို့ မမေ့ပါနဲ့၊၊။နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေနဲ့ပဲ ရင်ဆိုင်နေရရင် လူက လဲသွားနိုင်ပါတယ်၊၊ လူလည်း နုံးချိလာသလို အကြံကောင်း ဉာဏ်ကောင်းတွေလည်း ထွက်မှာ မဟုတ်ပါဘူး၊၊ ဒီလို မဖြစ်အောင် ရက်ပိုင်းလောက် ခွင့်ယူပြီး နားလိုက်ပါ၊၊ ခရီးထွက်လိုက်ပါ၊၊ ဦးနှောက်ထဲမှာ အလုပ်အကြောင်း မစဉ်းစားဘဲ နားလိုက်မယ်ဆိုရင် ပြန်လာတဲ့အခါ ကိုယ်ရော စိတ်ပါ လန်းဆန်းပြီး စိတ်သစ်လူသစ် ဖြစ်သွားနိုင်ပါတယ်၊၊။တစ်နေ့တာရဲ့ ၃ပုံ ၁ပုံကို လုပ်ငန်းခွင်မှာ ကုန်ဆုံးနေရတဲ့အတွက် လုပ်ငန်းခွင်ကနေ စိတ်ဖိစီးမှုတွေကို ကြာကြာ မခံစားဖို့ လိုပါတယ်၊၊ စိတ်ဖိစီးမှုတွေကြားမှာကျန်းကျန်းမာမာနဲ့ နေနိုင်မယ့် နည်းလမ်းတွေကိုလည်း လိုက်နာနေဖို့ လိုအပ်ပါတယ်၊၊။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-stay-fit-work-related-stress/
သမားရိုးကျမဟုတ်သော အဆုတ်ကင်ဆာ ကုထုံးများ
Alternative therapies တွေဟာ အဆုတ်ကင်ဆာ လက္ခဏာတွေကို ကုသဖို့နဲ့ ကုသမှုရဲ့ ဆိုးကျိုးတွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ သူတို့ကို သူတို့ချည်းပဲတော့ မကုသနိုင်ပါဘူး။ Alternative therapies တွေဟာ ပုံမှန် ကင်ဆာ ကုသမှုတွေလုပ်နေစဉ်မှာ လူနာကို သက်သာအောင် ကုသပေးတဲ့ ကုသမှုဖြစ်ပါတယ်။ဒီကုသမှုနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ထားမှုတွေ နည်းပါးကာ သူ့ရဲ့ အစွမ်းထက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ထင်မြင်ယူဆချက်တွေ များပြားပါတယ်။ ဒါပေမယ့် လူအတော်များများဟာ ရောဂါအခြေအနေ အတွေကို ရင်ဆိုင်ဖြေရှင်းကြရမှာ Alternative therapies တွေကို အသုံးပြုပြီး အောင်မြင်မှုတွေ ရရှိတတ်ကြပါတယ်။ ဒီရောဂါတွေထဲမှာ အဆုတ်ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။Alternative therapies တွေကို အသုံးမပြုခင် ဒီနည်းတွေက သင့်အတွက် မှန်ကန်ပြီး စိတ်ချရရဲ့လားဆိုတာ သိရှိဖို့ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။အပ်စိုက်ကုသနည်းဟာ အလွန်ပါးလွှာတဲ့ အပ်တွေနဲ့ ကိုယ်ခန္ဓါရဲ့ တိကျတဲ့နေရာတွေမှာ နှိုးဆွ အသုံးပြုရတဲ့ တရုတ်ရိုးရာ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီကုသမှုဟာ ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေရဲ့ သဘာဝအတိုင်း စွမ်းအင်စီးဆင်းမှုကို ကူညီပေးပါတယ်။အပ်စိုက်ပညာဟာ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဆက်စပ်နေတဲ့ ပျို့အန်ခြင်းကို ထိန်းချုပ်ရာမှာလည်း အစွမ်းထက်ပါတယ်။ ခွဲစိတ်ကုသပြီး နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။အနံ့ကုထုံးတွေဟာ essential oils တွေကို အသုံးပြုပြီး ခံစားမှုတွေဖြစ်စေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို လှုံ့ဆောင်ပေးတာဖြစ်ပါတယ်။ သုတေသန တွေက essential oils တွေဟာ စိတ်ဖိစီးမှု၊ စိတ်ကျမှု၊ နာကျင်မှု၊ ပျို့အန်မှုတွေကို သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။Frankincense ဟာ ဆေးစွမ်းထက်ပြီး Jasmine စံပယ်ပန်းနံ့ ကတော့ အကောင်းမြင်စိတ် ဖြစ်ပေါ်စေပါတယ်။ Peppermint ကတော့ ပျို့ခြင်းကို ကာကွယ်ပေးပြီး rosemary က နာကျင်မှုကို သက်သာစေပါတယ်။Essential oil အနည်းငယ်ကို jojoba oil ထဲမှာထည့်ပြီး ဖိအားနေရာတွေဖြစ်တဲ့ လက်ကောက်ဝတ်၊ လည်ပင်းနဲ့ နားအနောက်ဘက်တွေမှာ အသုံးပြုနိုင်ပါတယ်။ စိတ်အပန်းပြေစေတဲ့ ရေချိုးခြင်းအတွက် သင်ကြိုက်တဲ့ မျက်နှာသစ်ဆေး အစက်အနည်းငယ်ကို ရေချိုးကန်ထဲ ထည့်နိုင်ပါတယ်။နှိပ်ခြင်းဟာ နာကျင်မှုကို သက်သာစေပြီး စိတ်အပန်းပြေစေပါတယ်။ အနှိပ်ပညာရှင်တွေဟာ သူတို့ရဲ့ လက်တွေကို အသုံးပြုပြီး နာကျင်မှု (သို့) ဖိအားကြောင့် ဖြစ်စေတဲ့ ကြွက်သားထုံးခြင်းကို သက်သာစေပါတယ်။ အချို့ အနှိပ်ပညာရှင်တွေက ကင်ဆာဝေဒနာရှင်တွေကို ကုသခြင်းကို အထူးလိုက်စားထားကြပါယတ်။အိပ်ငွေ့ချခြင်းဟာ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ပြုလုပ်ရတာ ဖြစ်ပါတယ်။ အိပ်ငွေ့ချခြင်းဟာ ကင်ဆာကြောင့် ဖြစ်တဲ့ စိတ်ပူခြင်း၊ ပျို့အန်ခြင်း၊ နာကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။တရားထိုင်ခြင်းဟာ အပြင်ဘဝကနေ ခွာထုတ်ပြီး စိတ်ကို အေးချမ်းအောင် ထားနည်းဖြစ်ပါတယ်။ သူဟာ စိတ်ဖိစီးခြင်းနဲ့ အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ တင်းကျပ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ယောဂဟာ တရားထိုင်နည်းတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓါကို ဆန့်တန်းတဲ့ လေ့ကျင့်ခန်းတွေနဲ့ အသက်ရှူနည်းတွေကို ပေါင်းစပ်အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ သူဟာ ကင်ဆာ ဝေဒနာရှင်တွေမှာ စိတ်အပန်းပြေစေပြီး ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%86%e1%80%af%e1%80%90/
တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိရာမှ ဖြစ်နိုင်သောရောဂါများ
တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက မီးညှိထားတဲ့စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ်သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ ပေါင်းစပ်မှုကြောင့်ဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်သော အန္တရာယ်များတဲ ဓါတုပစ္စည်းတွေ ပါဝင်တာချင်းအတူတူပဲဖြစ်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်း ၇,၀၀၀ ကျော်ပါဝင်ပါတယ်။ ဓါတုပစ္စည်း ရာပေါင်းများစွာက အဆိပ်ဖြစ်စေပြီး ၇၀ ကတော့ ကင်ဆာဖြစ်စေနိုင်ပါတယ်။တစ်ဆင့်ခံဆေးလိပ်ငွေ့က နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်စေနိုင်ပါတယ်။ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူလိုပဲ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်မိတာကလည်း နှလုံးရောဂါအမျိုးမျိုးကိုဖြစ်ပေါ် စေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ် မသောက်သုံးသူတွေမှာတောင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေများစေပါတယ်။ နေအိမ်မှာတစ်ဆင့်ခံဆေးလိပ်ငွေ့ကို ကာလရှည်ကြာ ရှူရှိုက်နေမိသူတွေမှာ ဆေးလိပ်ငွေ့ နဲ့လုံးဝမထိတွေ့မိသူတွေနဲ့ နှိုင်းစာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိပိုများနေတာကို တွေ့ရှိရပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ချေ အန ္တရာယ်ဟာ ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူတွေ မှာရှိတဲ့အန ္တရာယ်ရဲ့သုံးပုံတစ်ပုံ ရှိပါတယ်။အဆုတ်ရောဂါလည်းခံစားရနိုင်ပါတယ်။ဆးလိပ်သောက်သုံးခြင်းက လေပြွန်နဲ့အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ရောဂါတွေဖြစ်စေပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် emphysema (အဆုတ်လေအိတ်ငယ်လေးများ ပျက်စီးခြင်း) နဲ့ နာတာရှည်လေပြွန်ရောင်ရမ်းခြင်း တို့ပါဝင်တဲ့COPD လိုမျိုး အဆုတ်ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တကယ်လို့ ပန်းနာရင်ကျပ်ရောဂါအခံရှိပါက ဆေးရွက်ကြီးကနေထွက်ပေါ်လာတဲ့ ဆေးလိပ်ငွေ့ကြောင့် ရင်ကျပ်ရောဂါထနိုင်စေသလို အခြေအနေကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ ဆေးလိပ်သောက်သုံးသူတွေနဲ့ ထိတွေ့နေရသူတွေဟာ ဆေးလိပ်မသောက်သုံးသူတွေ ထက် COPD ကြောင့်သေဆုံးနိုင်ခြေ ၁၂ ဆကနေ ၁၃ ဆအထိပိုများပါတယ်။တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကင်ဆာရောဂါ ဖြစ်ပေါ်ခံစားရနိုင်တယ်။တဆင့်ခံဆေးလိပ်ငွေ့က လူသားတွေမှာ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတ ဲ့အချက်တစ်ချက်ကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။တစ်ဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ်မသောက်သူတွေမှာတောင် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဆေးရွက်ကြီးကနေ ထွက်လာတဲ့ဆေးလိပ်ငွေ့နဲ့ ကာလရှည်ကြာ ထိတွေ့မိတဲ့ ဆေးလိပ် မသောက်သူတွေဟာ ဆေးလိပ်ငွေ့နဲ့ လုံး၀ ထိတွေ့မှုမရှိတဲ့ သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ကလေးငယ်များကျန်းမာရေး။ကလေးငယ်တွေရဲ့ခန္ဓါကိုယ်ဟာဆက်လက် ကြီးထွားဖွံ့ဖြိုးနေဆဲဖြစ်သလို ကလေးငယ်တွေရဲ့ အသက်ရှုနှုန်းဟာ အရွယ်ရောက်ပြီးသူတွေထက် ပိုမြန်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့ရဲ့ဆိုးကျိုးကို ခံစားရနိုင်ခြေပိုများပါတယ်။ ငယ်ရွယ်တဲ့ကလေးငယ်တွေဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ပိုမိုခံစားရပါတယ်။ ကလေးငယ်တွေဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ရှားနိုင်စွမ်းနည်းပါတယ်။ ကလေးငယ်တွေမှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မှု အနေအထား အများစုက နေအိမ်မှာ အရွယ်ရောက်ပြီးသူတွေ ဆေးလိပ်သောက်သုံးမှုကြောင့်ဖြစ်ပါတယ်။လေ့လာမှုတွေအရ။ဆေးလိပ်သောက်သုံးသူမိဘတွေကနေ မွေးဖွားတဲ့ ကလေးငယ်တွေဟာ။• မကြာခဏဖျားနာခြင်း။• အဆုတ်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေ ပိုခံစားရခြင်း(လေပြွန်ရောင်ရမ်းတာ နဲ့ အဆုတ်ရောင်ရောဂါ လိုမျိုး)။• ချောင်းဆိုး၊ အသက်ရှူမဝ၊ မောခြင်း နဲ့ အသက်ရှူလျှင် လေသံ တရွှီရွှီ မြည်ခြင်းတို့ကို ပိုခံစားရနိုင်ခြင်း။• နားကူးစက်ရောဂါ ပိုခံစားရခြင်း။တစ်ဆင့်ခံဆေးလိပ်ငွေ့က ပန်းနာရင်ကျပ်ရောဂါ ထစေနိုင်သလို၊ ရောဂါအခြေအနေကိုလည်း ပိုဆိုးစေပါတယ်။ အရင်က ရောဂါမရှိတဲ့ ကလေးတွေမှာတောင် ပန်းနာရင်ကျပ်ရောဂါဖြစ်စေနိုင်ပါတယ်။တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ဘယ်လိုရှောင်ရှားမလဲ။အဖြေကတော့ ရိုးစင်းပါတယ်။ ဆေးလိပ်သောက်သုံးသူများ အနီးမှာ မနေပါနဲ့။ ကိုယ့်အနီးဝန်းကျင်ကဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပါ။ ဆေးလိပ်သောက်သုံးသူတွေ အနေနဲ့လည်း အခြားသူများနဲ့ဝေးဝေး ဖြစ်နိုင်ရင် လူမရှိတဲ့ နေရာပြင်ပကို ထွက်ပြီး ဆေးလိပ်သောက်သင့်ပါတယ်။ တကယ်လို့များ နေအိမ်မှာ ကလေးငယ်တွေ ရှိနေမယ်ဆိုရင် နေအိမ်ကို ဆေးလိပ်ကင်းစင်နေရာ အဖြစ်သတ်မှတ် ထားရှိဖို့က အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ကလေးငယ်တွေကို ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေစေတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ ပြင်းထန်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာနဲ့အခြား ပြင်းထန်တဲ့ရောဂါလက္ခဏာများ ခံစားရနိုင်ခြေကို ကျဆင်းအောင်အထောက်အကူ ပေးနိုင်ပါတယ်။မိဘတွေအနေနဲ့ ကလေးငယ်တွေကို တစ်ဆင့်ခံဆေးလိပ်ငွေ့ကနေ အကာအကွယ် ပေးနိုင်ဖို့အတွက် အောက်ပါအချက်တွေကို လုပ်ဆောင်ပေးသင့်ပါတယ်။• နေအိမ်ထဲမှာ (သို့) နေအိမ်အနီးဝန်းကျင်မှာ တစ်ဦးတစ်ယောက်ကိုမှ ဆေးလိပ် သောက်သုံးခွင့်မပေးပါနဲ့။• ကားပြတင်းတံခါးတွေကို မှန်ချထားတယ် ဆိုရင်တောင်မှ တစ်ဦးတစ်ယောက်ကိုမှ ကားထဲမှာဆေးလိပ်သောက်သုံးခွင့် မပေးပါနဲ့။• ကလေးငယ်ကိုသွားရောက်အပ်နှံမယ့် နေ့ကလေးထိန်းစင်တာတွေနဲ့ စာသင်ကျောင်းတွေမှာ ဆေးရွက်ကြီး ကင်းစင်တာ သေချာအောင်ဆောင်ရွက်ပါ။• တကယ်လို့မိမိနေထိုင်တဲ့ နိုင်ငံက အများပြည်သူပိုင် နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့် ပေးထားပါက အပြင်ကိုသွားတဲ့အခါ ဆေးလိပ် သောက်သုံးခွင့်မပြုတဲ့ စားသောက်ဆိုင်တွေနဲ့ နေရာတွေကို ရှာဖွေပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%90%e1%80%85%e1%80%b9%e1%80%86%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%b6%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%84%e1%80%bc%e1%82%94-%e1%80%9b%e1%80%bd/
ကိုယ်အလေးချိန် မြန်မြန်ကျအောင် ဘယ်လိုလုပ်ကြမလဲ
သင်ဟာဝိတ်ချဖို့အဆင်သင့်ဖြစ်နေပြီလား။ သင့်အနေနဲ့လက်တွေ့အကျဆုံးအထိရောက်ဆုံးအစီအစဉ်တွေနဲ့အောင်မြင်နိုင်ဖို့အခွင့်အရေးကိုမြှင့်တင်နိုင်ပါတယ်။ လက်တွေ့ကျပြီးသင် ပြုလုပ်နိုင်မယ့်ပန်းတိုင်ကိုအရင်သတ်မှတ်ပါ။ဥပမာ – သင့်အစားအသောက်ပုံစံမှာတစ်ခုခုပြောင်းလိုက်တာမျိုး၊သင့်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြောင်းလိုက်တာမျိုးတို့ဖြစ်ပါတယ်။စိတ်ရှည်ရှည်နဲ့တစ်ကြိမ်ကိုတစ်ဆင့်ချင်းစီပဲသွားပါ။ တစ်ညတည်းနဲ့တစ်သက်လုံးအတွက်ကိုယ်အလေးချိန်ကျအောင်လုပ်နိုင်တာမျိုးမရှိပါဘူး။ သင့်အစီအစဉ်တွေကိုအတတ်နိုင်ဆုံးတိတိကျကျဖြစ်အောင်လုပ်ပါ။ အောက်မှာဖော်ပြထားတာတွေကိုလမ်းညွှန်အဖြစ်အသုံးပြုပါ။ဥပမာ -ကျွန်တော်လိုချင်တဲ့ ကိုယ်အလေးချိန်ထက် ပေါင်၄၀များနေတယ်ဆိုပါတော့။အဲဒါဆိုရင်အောက်မှာပြထားတာတွေကကိုယ်အလေးချိန်ကျဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုတာပါပဲ။ဥပမာ –။ကျွန်တော်ဘယ်အချိန်တွေမှာလုပ်မလဲဆိုတော့။ဥပမာ –။ကျွန်တော်အဆင်သင့်ဖြစ်ထားရမှာတွေက။ဥပမာ –။ဒါတွေ ကျွန်တော့အစီအစဉ်ကိုနှောင့်ယှက်နိုင်တယ်။ဥပမာ –။အဲလိုတွေဖြစ်လာရင်ကျွန်တော် ဒါတွေအစားထိုးလုပ်မယ်။ဥပမာ –။အခုပြောမှာကကျွန်တော်ဘယ်အချိန်စမလဲဆိုတာပါပဲ။ဥပမာ – ဒီပန်းတိုင်နှစ်ခုလုံးကိုတနင်္လာနေ့မှာကျွန်တော်စလုပ်မယ်။ဒီမှာကကျွန်တော့်ကိုကျွန်တော်ဘယ်လိုဆုချမလဲဆိုတာပါပဲ (ဆုချတဲ့ထဲအစားအစာမပါစေပါနဲ့)။ဥပမာ – နောက်လအထိဒီအစီအစဉ်အတိုင်းလုပ်နိုင်ရင်ရုပ်ရှင်ရုံသွားမယ်။သင်ပထမပန်းတိုင်ကိုရောက်တာနဲ့ နောက်ထပ်ပန်းတိုင်အသစ်တွေထပ်လုပ်ပါ။နောက်ထပ်အဆင့်တွေအတွက်ဥပမာများ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/start-the-nhs-weight-loss-plan/
မျိုးဆက်ပွားကျန်းမာရေးရဲ့ ကောင်းကျိုးဆိုးပြစ်များ
မျိုးဆက်ပွားကျန်းမာရေးတဲ့ လိင်ပညာပေးတဲ့ နာမည်ကြားတာနဲ့ စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်ချင်သလိုလို။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ၊ သက်ငယ်မုဒိမ်းတွေ၊လက်တည့်စမ်းရင်းကနေ HIV ပိုးကူးသွားတာတွေ စတဲ့ပြဿနာတွေ တစ်စထက်တစ်စ ပိုမိုများပြားလာတာနဲ့အမျှ မျိုးဆက်ပွားကျန်းမာရေးရဲ့ အခန်းကဏ္ဍက ပိုပိုပြီး အရေးကြီးလာပါပြီ။ရှေးရိုးဆန်သူတွေရဲ့ အမြင်မှာတော့ မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပညာပေးဆိုတာ ကလေးတွေကို အရွယ်မတိုင်ခင် ဖိုမကိစ္စတွေ သိသွားအောင်၊စိတ်ဝင်စားလာအောင် သွေးဆောင်ဖြားယောင်းခြင်းတစ်မျိုးလို့ ယူဆကြတဲ့အတွက် ဒါကို ကန့်ကွက်ကြ၊မနှစ်မြို့ကြပါဘူး။ ကျောင်းတွေမှာ သင်ရိုးတစ်ခုအဖြစ် ထည့်သွင်းခြင်းကိုလည်း သဘောမတွေ့ကြပါဘူး။ တကယ်က လိင်မှုကိစ္စဆိုတာ အရွယ်ရောက်သူမှန်သမျှ ရှောင်လွှဲလို့ မရနိုင်တဲ့ကိစ္စဖြစ်တာမို့ သူတို့စိတ်နဲ့သူတို့ လက်တည့်စမ်းကြ၊အတွေ့အကြုံရှာကြတဲ့အခါ မျိုးဆက်ပွားကျန်းမာရေးအကြောင်း နားလည်သဘောပေါက်ထားတဲ့ ဆယ်ကျော်သက်တွေဟာ အများကြီးတပန်းသာတာကို တွေ့မြင်ရပါလိမ့်မယ်။ဒါကြောင့် အခြေခံပညာကျောင်းတွေမှာ မျိုးဆက်ပွားကျန်းမာရေးပညာပေးကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးသင့်ပါတယ်။ဒီဆောင်းပါးလေးမှာတော့ မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်နှစ်ထွေကို တင်ပြဆွေးနွေးပေးသွားပါမယ်။ကောင်းကျိုးများ။မျိုးဆက်ပွားကျန်းမာရေးကို အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးခြင်းအားဖြင့် မိမိတို့ရဲ့ ဘဝနေထိုင်မှုအပေါ်မှာ ‘လိင်မှုကိစ္စ’က ဘယ်လိုသက်ရောက်နေတယ်ဆိုတာကို ကလေးတွေ ပိုမိုသိရှိလာနိုင်ပြီး ကြားဖူးနားဝတွေ၊ ကာလသားကြီးတွေရဲ့ မဟုတ်တမ်းတရား ပုံပြင်တွေ၊ဇာတ်လမ်းတွေထဲမှာ နစ်မြောနေမှာ မဟုတ်တော့ပါဘူး။ခုနှစ်တန်း၊ရှစ်တန်းအရွယ်ကစလို့ တွေ့ကြုံလာရတဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေ၊ လိင်အင်္ဂါပုံစံအနေအထား၊လုပ်ဆောင်နိုင်စွမ်း ပြောင်းလဲမှုတွေဟာ လူတိုင်းကြုံတွေ့ရမယ့် အဖြစ်အပျက်တခုမျှသာဖြစ်ပြီး ထိတ်လန့်စရာ၊ရှက်ရွံ့စရာမလိုကြောင်းကို သဘောပေါက်နားလည်လာပါလိမ့်မယ်။ကလေးတွေဟာ စပ်စုတတ်ပါတယ်။ သိချင်စိတ်၊ လက်တည့်စမ်းချင်စိတ်တွေ များတတ်ပါတယ်။ ဒါကြောင့် ဆန့်ကျင်ဖက်လိင်အကြောင်းကို စိတ်ဝင်စား၊ သိချင်လာတတ်တာလည်း အဆန်းတော့ မဟုတ်ပါဘူး။ မျိုးဆက်ပွားကျန်းမာရေးကို အခြေခံပညာကျောင်းတွေမှာ ထိထိရောက်ရောက် သင်ကြားပေးခြင်းအားဖြင့် ဆန့်ကျင်ဖက်လိင်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်ပုံသဘောသဘာဝတွေကို (အရွယ်နဲ့လိုက်လျောညီထွေစွာ) သိရှိရမှာဖြစ်တဲ့အတွက် တလွဲဆံပင်ကောင်းလက်တည့်စမ်းခြင်းတွေကို ပြုလုပ်တော့မှာ မဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံမှာ တစထက်တစ များပြားလာတဲ့ သက်ငယ်မုဒိမ်းမှုတွေကို ကာကွယ်လျှော့ချဖို့အတွက်လည်း မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းဟာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ ကလေးတွေအနေနဲ့ မိမိခန္ဓာကိုယ်ရဲ့ ဘယ်လိုအစိတ်အပိုင်းတွေကို ကိုင်တွယ်ခွင့်မပြုရဘူး၊ ဘယ်လိုအပြုအမူတွေလုပ်နေပြီဆိုရင် မိဘ/အုပ်ထိန်းသူနဲ့ ပြန်တိုင်ရမယ်၊ ဘယ်လိုအခြေအနေတွေမှာ ကိုယ်လွတ်ရုန်းထွက်ပြေးရမယ် စသဖြင့် ပိုမိုသိရှိနားလည်လာပါလိမ့်မယ်။ကျွန်တော်တို့ သင်ပေးသည်ဖြစ်စေ၊ မသင်ပေးသည်ဖြစ်စေ ကလေးတွေကတော့ လိင်မှုကိစ္စတွေနဲ့ တစ်ချိန်ချိန်မှာ ထိတွေ့လာမှာပါပဲ။ ဒီခေတ်လို အင်တာနက်တွေ၊ဖုန်းတွေ အလွယ်တကူ ရနေတဲ့ခေတ်ကြီးမှာ ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါကြောင့် လိင်ပညာပေး/မျိုးဆက်ပွားကျန်းမာရေးကို စနစ်တကျသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေအသုံးပြုပြီး သင်ကြားပေးခြင်းအားဖြင့် အင်တာနက်ပေါ်က ပေါက်ကရရှစ်သောင်း ညစ်ညမ်းကိစ္စတွေရဲ့ရန်ကနေ သင့်ကလေးကို ကာကွယ်နိုင်ပါလိမ့်မယ်။ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း မျိုးဆက်ပွားကျန်းမာရေးပညာပေးသင်ကြားခြင်းက ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါလိမ့်မယ်။လိင်ကိစ္စဆိုတာဟာ ရှက်စရာကြောက်စရာမဟုတ်ဘဲ သဘာဝကိစ္စတစ်ခုသာဖြစ်တဲ့အတွက် မှန်ကန်ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ (ရောဂါကူးစက်နိုင်ခြင်းမရှိတဲ့) လိင်မှုရေးရာအထွေထွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို မျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းက သင်ကြားပေးပါလိမ့်မယ်။အားနည်းချက်များ။မျိုးဆက်ပွားကျန်းမာရေးပညာပေးကို သင်ကြားပို့ချပေးတဲ့ အချို့သော ဆရာ/ဆရာမတွေကိုယ်တိုင်က ဒီသင်ခန်းစာတွေကို ရှက်စရာ၊ရွံ့စရာအဖြစ် သဘောထားတာ၊မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လို့ သူတို့ကိုယ်တိုင် ဂဃနဏမသိတာ အစရှိတဲ့အချက်တွေဟာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး ဖြစ်စေတတ်ပါတယ်။ ကလေးတွေအနေနဲ့ ငယ်ရွယ်စဉ်ကာလမှာ အသိသညာအမှားတွေ စွဲမှတ်သွားရင် တစ်သက်တာလုံး အယူအဆတွေလွဲသွားနိုင်တာကို သတိချပ်ရပါမယ်။ ဒါကြောင့် ကလေးတွေကို မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမယ့် ဆရာ/ဆရာမ ကိုယ်တိုင်က လိင်ပညာပေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီး သဘောပေါက်နားလည်ဖို့ လိုအပ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် မျိုးဆက်ပွားကျန်းမာရေးဟာ ငယ်ရွယ်တဲ့ကျောင်းသား/ကျောင်းသူလေးတွေအဖို့ အထူးအဆန်းနဲ့ စိတ်လှုပ်ရှားစရာဖြစ်ပြီး ရှက်ရွံ့မှုတွေလည်း ရှိနေနိုင်တာမို့ သင်ကြားပုံနည်းစနစ်မမှန်ကန်ရင် ကလေးတွေအနေနဲ့ ပိုမိုအိုးတိုးအမ်းတမ်းဖြစ်သွားနိုင်၊ ရှက်ရွံ့သွားနိုင်တာမို့ ပညာသားပါပါနဲ့ သင်ကြားဖို့ အထူးအရေးကြီးပါတယ်။ကျောင်းအများစုဟာ မျိုးဆက်ပွားကျန်းမာရေးဘာသာရပ်ကို အရေးမကြီးတဲ့ အပိုဆာဒါးကိစ္စတစ်ခုလို သဘောထားပြီး ဝတ်ကျေတန်းကျေ သင်ကြားလေ့ရှိတာကြောင့် ကျောင်းသားတွေဖက်ကလည်း အရေးတယူမလုပ်တော့တာမျိုးတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးအချက်က ဘာလဲဆိုတော့ အခြေခံပညာကျောင်းတွေမှာ မျိုးဆက်ပွားကျန်းမာရေးကို သင်ကြားခြင်းဟာ ဘာသာရေးရှုထောင့်ကကြည့်ရင် မသင့်တော်ဘူး၊ယဉ်ကျေးမှုနဲ့ မလျော်ညီဘူး၊ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ မဟုတ်မဟတ်တွေ သင်ပေးနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုအခြေအနေမျိုးတွေကို ရှဉ့်လည်းလျှောက်သာ၊ပျားလည်းစွဲသာ ဆိုသလို အဖက်ဖက်က အဆင်ပြေအောင် အကွက်ကျကျ စီမံပေးသင့်ပါတယ်။အချုပ်ဆိုရင်တော့ ကိလေသာမကုန်ခမ်းသေးတဲ့ လူသားအားလုံး ထင်းခွေမကြုံ၊ရေခပ်ကြုံလာမှာဖြစ်တဲ့ လိင်မှုကိစ္စတွေ၊မျိုးဆက်ပွားပညာပေးရေး ကိစ္စတွေဟာ ကျန်းမာရေးရှုထောင့်ကပဲကြည့်ကြည့်၊လူမှုရေးရှုထောင့်ကပဲကြည့်ကြည့် အရေးကြီးလှတဲ့အတွက် သူ့ရဲ့ အားသာချက်၊အားနည်းချက်တွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး ဆယ်ကျော်သက်လူငယ်လေးတွေရဲ့ အကျိုးကို မျှော်တွေးလို့ အကောင်းဆုံး လုပ်ဆောင်ရမှာပဲဖြစ်ပါကြောင်း မျှဝေတင်ပြလိုက်ရပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%ab%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8/
တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း
တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း တွေ ရှိပါတယ်။ ညသန်းခေါင်ကျမှတီဗီရှေ့မှာ တရေးနိုး လာတဲ့ ဖီလင်က ဘယ်လိုမျိုးလဲ။ အိပ်ရာထဲလည်း မရောက်၊ တီဗီလည်း မပိတ်ဘဲ ဘယ်အချိန်က အိပ်ပျော်သွားမှန်း မသိလိုက်တာမျိုးက သင့်ကို ဝလာစေနိုင် ပါတယ်လို့ သုတေသနက ဖော်ပြလာပါတယ်။ ဘာလို့လဲ ဆိုတော့ …။National Institute of Health သုတေသီတွေက အသက် ၃၅ နှစ် ကနေ ၇၄ နှစ် အတွင်း အမေရိကန် အမျိုးသမီး ၄၃၇၂၂ ဦး အပေါ်လေ့လာမှု အချက်အလက်တွေကို ဆန်းစစ်ခဲ့ကြ ပါတယ်။ညဘက် အလင်းရောင် မှိန်မှိန် ထားအိပ်တဲ့ အမျိုးသမီးတွေဟာကိုယ်အလေးချိန်ထိန်းနိုင်တာ တွေ့ရပြီး ညဘက်အိပ်စက်ချိန်မှာ အလင်းရောင် သို့မဟုတ် တီဗီ အလင်းရောင်နဲ့ ထိတွေ့လေ့ ရှိတဲ့ အမျိုးသမီးတွေ ကတော့ ၅ နှစ်တာ ကာလအတွင်း ၁၁ ပေါင်လောက် ဝိတ်ပိုတက် လာနိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ဒီ သုတေသန ရလဒ်တွေကိုJAMA Internal Medicineမှာ ဖော်ပြခဲ့တာပါ။တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း က တီဗီကနေ ထွက်ရှိတဲ့ အလင်းတုက အမျိုးသမီးတွေရဲ့ ကိုယ်တွင်း ဇီဝနာရီကို အနှောင့်အယှက် ဖြစ်စေတဲ့ အခါ အိပ်စက်မှု ဟော်မုန်းမယ်လာတိုနင် ထွက်ရှိမှုကို အဟန့်အတား ဖြစ်စေတယ်လို့ သုတေသီတွေက တွက်ချက်ခဲ့ကြ ပါတယ်။ကိုယ်အလေးချိန် တိုးလာရတာက တခြား အကြောင်းအချက်တွေ ကြောင့်လည်း ပါဝင်နေနိုင် ပါတယ်။ သုတေသီတွေ ကတော့ အသက်အရွယ်၊ လူမျိုး၊ လူမှုစီးပွားရေး အနေအထား၊ စားသုံးတဲ့ ကယ်လိုရီ ပမာဏ၊ကိုယ်လက် လှုပ်ရှားမှုစတဲ့ အချက်တွေကိုလည်း ထည့်တွက်ခဲ့ပါတယ်။“အိပ်စက်မှု မမှန်တာက အဝလွန်ခြင်း၊ ကိုယ်အလေးချိန် များခြင်းတို့နဲ့ ဆက်နွှယ် နေပေမယ့် အိပ်စက်ချိန် အတွင်း အလင်းတု ထိတွေ့မှုနဲ့ ကိုယ်အလေးချိန် ကြားက ဆက်နွှယ်မှုကို မရှင်းနိုင်သေးပါဘူး” လို့National Institute of Environmental Health Sciences(NIEHS) မှ ပါမောက္ခ သုတေသီ Dale Sandler က ပြောပါတယ်။လူကို ဝစေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေသေးတာမို့ ဒီအကျင့်တွေလည်း ရှိမယ်၊ တီဗီရှေ့ အိပ်ပျော်တတ်တဲ့ အကျင့်လည်း ရှိမယ်ဆိုရင် ဝလာဖို့က သူများထက် အခွင့်အရေး ပိုများတာပေါ့။ဒါ့ကြောင့် ကယ်လိုရီများပြီးကျန်းမာရေးနဲ့ မညီတာတွေ စားမယ်၊ အထိုင်များတဲ့ အမူအကျင့်လည်း ရှိတယ်ဆိုရင် အဝလွန်ခြင်း ဘက်ကိုခြေလှမ်း စနေပြီလို့ သတိရပါ။တီဗီရှေ့မှာ အိပ်ပျော်ပြီ ဆိုမှတော့ မအိပ်ခင် ကတည်းက မုန့်လေး စားရင်း အေးဆေး တီဗီ ကြည့်ဖြစ်ခဲ့မှာ သေချာသလောက်ရှိပါတယ်။ တီဗီကြည့်ရင်း အစားစားတာကလည်း အဆီတက်စေနိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။အိပ်တာချင်းအတူတူ တီဗီကထွက်တဲ့ရောင်ခြည်၊ အလင်းတုတွေ မပါဘဲ အိပ်ရာထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာက လူ့ခန္ဓါကိုယ်အတွက် ပိုအကျိုးပြုပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/sleeping-artificial-light-night-associated-weight-gain-women/
အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဒီလိုဖျောက်
အိပ်နေတုန်း စကားပြောတတ်တာကရောဂါတစ်ခု မဟုတ်ပေမယ့် ရေရှည်မှာ ကိုယ်မသိလိုက်ဘဲ မိသားစုကို အနှောင့်အယှက်ဖြစ်နေစေတာမျိုး ဖြစ်နိုင်ပါတယ်။ အိပ်နေချိန်မို့ မသိစိတ်က ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်မိတာကြောင့် ထိန်းဖို့ဆိုတာ ခက်မှာပါ။ ဒါပေမယ့် ကိုယ့်ကြောင့် မိသားစုဝင်တွေ၊ ချစ်ရသူတွေမှာ စိတ်အနှောင့်အယှက်ဖြစ်ရမှာကိုတော့ လိုလားမယ်မထင်ပါဘူး။ ဒီတော့ အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဘယ်လိုဖျောက်မလဲ။ ဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။အိပ်နေရင်းစကားပြောခြင်းကို ဆေးပညာအခေါ်အဝေါ်အနေနဲ့ somniloquy လို့ ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တာက ဖြစ်တတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်း စကားပြောတတ်တဲ့ အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။အိပ်နေတုန်း စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်း လုပ်မိနေတဲ့အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာ ဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ မဖြစ်တတ်ကြပါဘူး။REM အဆင့်မှာ အိပ်မက်မက်နေရင်း အိပ်မက်ထဲမှာ မြင်မက်နေတဲ့ အကြောင်းအရာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ နှုတ်ကနေ အသံထွက်တာကြောင့် အိပ်နေစဉ်စကားပြောခြင်းဖြစ်စဉ် ဖြစ်လာရတာပါ။ အသံက သဲသဲကွဲကွဲတော့ သိပ်မဖြစ်တတ်ပါဘူး။ဘယ်သူတွေမှာ ပိုအဖြစ်များတယ်ရယ်လို့တော့ မရှိပါဘူး။ကလေးတွေမှာတော့ အဖြစ်များကြပါတယ်။ အထူးသဖြင့် အသက် ၃ နှစ်ကနေ ၁၀ နှစ်အရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ အယောက် ၁၀၀ မှာ ၅ယောက်လောက်ပဲဖြစ်တတ်တာပါ။နေ့တိုင်းဖြစ်ခဲပြီး ၃လ၊ ၄ လတစ်ခါလောက်မှဖြစ်တတ်ကြပါတယ်။ ငယ်စဉ်မှာတော့ အိပ်နေစဉ်စကားပြောတာက မိန်းကလေးမှာရော ယောက်ျာလေးမှာပါဖြစ်နိုင်ခြေအတူတူပါပဲ။ အသက်အရွယ်ရလာတဲ့ အခါမှာတော့ အမျိုးသားတွေကအမျိုးသမီးတွေထက်ပိုပြီး အိပ်နေစဉ်စကားပြောကြတာပိုများပါတယ်။အိပ်ပျော်နေစဉ်စကားပြောတာနဲ့အတူ အိပ်မက်ဆိုးတွေမက်မယ်။ ခြေလက်တွေ ရုန်းကန်မယ်။ ချွေးထွက်မယ်။ အထိတ်လန့်အော်ဟစ်မယ်။ ခဏခဏဖြစ်နေမယ်။ စိတ်ဖိစီးစေမယ်။ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်တာက အကောင်းဆုံးဖြစ်မှာပါ။အိပ်နေစဉ်စကားပြောတတ်တာက ရောဂါမဟုတ်ဘဲ အကျင့်တစ်ခုပဲဖြစ်တာကြောင့် ဖျောက်ဖျက်လို့ရပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/facts-about-somniloquy/
ကလေးလိပ်ခေါင်းရောဂါ - ရောဂါလက္ခဏာနှင့် ကုသမှုများ
အူသိမ်အဆုံးပိုင်းနဲ့ စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းဖောင်းကားနေတာကို လိပ်ခေါင်းလို့ ခေါ်ပါတယ်။ သွေးကြောနံရံတွေဟာ တစ်ချိန်လုံး ဆွဲဆန့်ခံထားရသလို ဖြစ်နေတာမို့ ယားယံတာနဲ့ နာကျင်တာတွေကို ခံစားရစေပါတယ်။ လူတော်တော်များများက အရွယ်ရောက်ပြီးသူတွေမှာပဲ လိပ်ခေါင်းဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါဟာမှားပါတယ်။ တကယ်တမ်းကျတော့ ကလေးတွေမှာလည်း လိပ်ခေါင်းဖြစ်နိုင်ပါတယ်။အောက်ကအချက်တွေ ဖြစ်နေပြီဆိုရင် လိပ်ခေါင်းမှန်း သိနိုင်ပါတယ်။စအိုက သွေးထွက်တာဟာ ဆိုးရွားပြီး အရေးကြီးတဲ့ ရောဂါတွေဖြစ်တဲ့ အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn’s disease၊ diverticulitis နဲ့ အူမကြီးကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေလည်း ဖြစ်နိုင်တဲ့အတွက် သင့်ကလေးရဲ့ စအိုကနေ သွေးထွက်လာပြီဆိုရင်တော့ ဆေးရုံ/ဆေးခန်းကို အမြန်ပြေးရမှာပဲ ဖြစ်ပါတယ်။သင်ကလေးရဲ့စအိုတဝိုက်ကို ဆရာဝန်က စမ်းသပ်စစ်ဆေးပါလိမ့်မယ်။ ချောဆီသုတ်ထားပြီး လက်အိတ်စွတ်ထားတဲ့ လက်ကို ဒါမှမဟုတ် အထူးပြုလုပ်ထားတဲ့ ကိရိယာတစ်ခုကို သင့်ကလေးရဲ့စအိုထဲ ထည့်သွင်းပြီး စမ်းသပ်ပါလိမ့်မယ်။ အများဆုံး အသုံးပြုလေ့ရှိတဲ့ ကိရိယာကို စအိုတွင်းထည့်မှန်ပြောင်း (anoscope) လို့ ခေါ်ပါတယ်(ဒီမှန်ပြောင်းဟာ အလင်းပါတဲ့ အခေါင်းပေါက် ပြွန်လေးဖြစ်ပြီး အူမကြီး အဆုံးပိုင်းရဲ့ လက်မအနည်းငယ်ကို လေ့လာကြည့်ရှုနိုင်ပါတယ်)။ Proctoscope လို့ခေါ်တဲ့ ကိရိယာဟာ anoscope နဲ့ အလုပ်လုပ်ပုံ ခပ်ဆင်ဆင်တူပြီး သူကတော့ အူမကြီးထဲကို ပိုပြီးကောင်းကောင်းမြင်စေနိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ခဲ့ရင် ဒါမှမဟုတ် တခြားသော စအိုကသွေးယိုစေတဲ့ ရောဂါတွေ ဟုတ်မဟုတ်သေချာသိချင်ရင် တခြားစမ်းသပ်စစ်ဆေးမှုတွေကိုလည်း ထပ်လုပ်ဖို့ လိုကောင်းလိုဦးမှာဖြစ်ပါတယ်။ကလေးကို ရေနွေးလေးနဲ့ နေ့တိုင်းရေချိုးပေးပါ။ စအိုလေးကိုလည်း ရေနွေးနဲ့ သေချာဆေးပေးပါ။ လိပ်ခေါင်းကို ပိုဆိုးလာစေနိုင်တဲ့အတွက်(ယားယံနာကျင်တာတွေကို ပိုဆိုးလာစေနိုင်တဲ့အတွက်) ဆပ်ပြာမသုံးရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ စအိုနား တဝိုက်ကို ၁၀မိနစ်-၁၅မိနစ်လောက် ရေနွေးနဲ့ စိမ်တာကို တနေ့နှစ်ခါသုံးခါလောက်လုပ်ပေးပါ။ ပြီးရင် ဆံပင်မှုတ်တဲ့ dryer နဲ့ ခြောက်အောင်မှုတ်ပါ။ကလေးအိမ်သာတက်ပြီးတိုင်း နူးညံ့တဲ့ ကလေးအိမ်သာသုံးတစ်ရှူးစလေးနဲ့ စအိုကို သန့်စင်ပေးပါ။ ယားယံနာကျင်တာတွေကို သက်သာစေဖို့ ရေခဲအိတ်ကပ်လို့လည်း ရပါတယ်။ ဒါတွေအပြင် လိပ်ခေါင်းအတွက်လိမ်းတဲ့ ခရင်မ်လိမ်းချင်ရင်လည်း ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ ဒါပေမယ့် သိထားသင့်တဲ့အချက်က ဒီခရင်မ်တွေဟာ နာကျင်တာကိုပဲ သက်သာစေတာဖြစ်ပြီး လိပ်ခေါင်းကို လုံးဝပျောက်သွားစေတာမဟုတ်ဘူး ဆိုတာကိုပါပဲ။ ရေရှည်အတွက်ဆိုရင် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို များများစားတာ၊အရည်များများသောက်တာတို့က ပိုပြီး အကျိုးရှိစေပါလိမ့်မယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%9b%e1%80%b1/
သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ
ရေအသက် တစ်မနက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀% ကျော်ပါဝင်နေတာကြောင့်ရေဓာတ်က ပြည့်ဝဖို့က အတော်လေး အရေးကြီးတာပါ။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်တယ်ဆိုတဲ့နေရာမှာလည်း ကျန်းမာဖို့ဆိုရင်သန့်ရှင်းတဲ့ သောက်သုံးရေကို သောက်ဖြစ်ဖို့ လိုပါမယ်။သောက်ရေဆိုတိုင်း ရေသန့်တာမဟုတ်သလို ရေကြည်တိုင်းလည်း ရေသန့်လို့ မဆိုသာပါဘူး။ ဒီတစ်ခေါက်တော့ နေ့စဉ် သောက်သုံးနေတဲ့ သောက်သုံးရေက သန့်ရဲ့လား။ ဘေးကင်းရဲ့လား။ ဘေးမကင်းဘူးဆိုရင်ဘယ်လို လက္ခဏာတွေတွေ့ရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။ရေက အသက်ရှင်နေထိုင်ရေးအတွက် အတော်လေး အရေးပါပါတယ်။ ချက်ပြုတ်ဖို့ရော လျှော်ဖွတ်ဖို့ရော၊ သောက်ဖို့ရော၊ ချိုးဖို့ရောပေါ့။ ဒီလို အသုံးပြုနေရတဲ့ ရေတွေက သန့်ရှင်းဖို့ လိုပါမယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနေတဲ့ သောက်ရေပေါ့။ဒီတော့ နေ့စဉ် သောက်နေတဲ့သောက်သုံးရေက ဘေးကင်းရဲ့လားဆိုတာကို စစ်ဆေး သိရှိနိုင်စေဖို့အတွက် သောက်သုံးရေက ဘေးမကင်းရင် ဘယ်လိုလက္ခဏာတွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။ရေက သန့်လား မသန့်ဘူးလားဆိုတာကို အရင်ဆုံး သိရှိနိုင်မှာက ရေရဲ့ အရောင်ပါ။ ရေကို ကြည်လိုက်လို့ ရေက ကြည်ကြည်လင်လင် ရှိမနေဘူး။ ရေက အရောင်တစ်ခုခု ရှိနေမယ်။ ခပ်နောက်နောက် ဖြစ်နေမယ်ဆိုရင်တော့ ရေက သန့်ရှင်းမှု အားနည်းနေပါပြီ။သောက်ရေက သန့်မယ်ဆိုရင် အနံ့ မရှိရပါဘူး။ ရေက အရောင်အဆင်း အနံ့အရသာ ကင်းမှ ရေသန့်ပါ။ ရေက ကလိုရင်း အနံ့ရနေမယ်ဆိုရင် သောက်သုံးဖို့ မသင့်တော်ပါဘူး။ ရေကို သန့်စင်ဖို့ ကလိုရင်းကို သုံးကြပေမယ့် အနံ့ ကျန်နေလောက်အောင် ပမာဏများတာမျိုး မရှိပါဘူး။ ရေမှာ ကလိုရင်းနံ့ ရှိနေပြီဆိုရင်တော့ သောက်သုံးဖို့ မသင့်တော်ပါဘူး။အပေါ်မှာလည်း ပြောခဲ့ပါတယ်။ ရေက ကြည်လင်နေရမယ်လို့လေ။ ရေက သန့်ရှင်းနေမယ်ဆိုရင် ကြည်လင်နေမှာဖြစ်သလို အရောင်အဆင်း တစ်စုံတရာလည်း မရှိရပါဘူး။ တကယ်လို့ ရေက လိမ္မော်ရောင် ဖြစ်နေမယ်၊ အညိုရောင်သန်းနေမယ် ဆိုရင် ရေမှာ သံဓာတ်များနေတာ ဒါမှမဟုတ် မဂ္ဂနီဆီယမ် များနေတာ ဖြစ်နိုင်ပါတယ်။ဒီလို ရေမှာ အရောင်အဆင်း ပါနေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ရေက မိုင်းတွင်းတွေနဲ့ နီးနေမယ်ဆိုရင်လည်း ရေက မသန့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရေဖြန့်တဲ့ ပိုက်က သက်တမ်းအရမ်းကြာနေမယ်ဆိုရင် ရေက အရောင်ရှိနေနိုင်ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ရေမှာ အရောင်ရှိနေမယ်ဆိုရင်တော့ ရေကို မသောက်ပါနဲ့။ရေကို သောက်လိုက်လို့ ရေထဲမှာ ကြက်ဥပုပ်နံ့လိုမျိုး အနံ့ရနေမယ်ဆိုရင် sulfur ပါဝင်မှု များနေတာပါ။ Sulfur  က မြေအောက်ထဲမှာ သဘာဝအရကိုက ရှိနေတာပါ။ ပုံမှန် ပမာဏဆိုရင် အနံ့မထွက်ပေမယ့် အလွန်အကျွံ ဖြစ်လာပြီဆိုရင်တော့ အနံ့စူးစူး ခံစားမိမှာပါ။ ဒီလိုမျိုး sulfur  အနံ့ပြင်းနေတာမျိုးကိုလည်း မသောက်သင့်ပါဘူး။Sulfur အလွန်အကျွံ သောက်သုံးမိတာကရေဓာတ်ခမ်းခြောက်တာ၊ အူကျန်းမာရေး ထိခိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ရေဖြန့်ဝေတဲ့ ပိုက်တွေကို သေချာလေး စစ်ဆေးဖို့ လိုပါမယ်။ တကယ်လို့ ရေဖြန့်ဝေတဲ့ပိုက်တွေက ပျက်စီးနေမယ်ဆိုရင် ဒီပိုက်တွေကနေလာတဲ့ ရေတွေကို မသောက်သုံးသင့်ပါဘူး။ ဒီလို ရေတွေထဲမှာကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ဓာတ်တွေ ပါဝင်နေပါတယ်။ရေကို သောက်နေရင်းက အသားအရေတွေမှာအရေပြားပြဿနာတွေဖြစ်လာရင်ဖြစ်ဖြစ်၊ ရေကိုအရေပြားမှာ အသုံးပြုလိုက်လို့ အသားအရေမှာ ထိခိုက်တာတွေ ဖြစ်လာရင်ဖြစ်ဖြစ်၊ လက်သည်းတွေမှာ အဝါရောင် အညိုရောင်တွေ ဖြစ်လာမယ်ဆိုရင် ရေက ဘေးကင်းမှု စံနှုန်းနဲ့ မပြည့်မီတာကြောင့် သောက်သုံးဖို့ မသင့်တော်ပါဘူး။ရေထဲမှာ သဲ၊ နုန်းနှစ်၊ အမှိုက်စတွေ နဲ့ သာမန်မျက်စိနဲ့ မြင်သာတဲ့ အမှိုက်စလေးတွေ ပါနေမယ်ဆိုရင်တော့ ရေက သောက်သုံးဖို့ ဘေးကင်းမှု မရှိပါဘူး။ မသောက်သုံးတာ အကောင်းဆုံးပါ။ရေကို ကျိုကြည့်လိုက်လို့ ကျိုလိုက်တဲ့ အိုးတွေ ခွက်တွေမှာ အစွန်းတွေ ဖြစ်ကျန်ခဲ့မယ်၊ ရေအရာအတိုင်း အရစ်လိုက် စွန်းထင်း ကျန်ခဲ့မယ်ဆိုရင် ရေက သောက်သုံးဖို့ ဘေးကင်းစိတ်ချရမှု မရှိပါဘူး။ကဲ ….. ဒီလက္ခဏာတွေလေးကို တိုက်စစ်ပြီး သောက်သုံးရေက ဘေးကင်းရဲ့လားဆိုတာကို ဆုံးဖြတ်ကြည့်လိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/signs-that-you-are-drink-contaminated-water/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/sacha-inchi-benefits/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/19-%e1%80%9c%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba/
HIV/AIDS နဲ့ ပတ်သတ်ပြီး လူတွေ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်များနဲ့ ချေပရှင်းလင်းချက်
HIV/ AIDS ဟာ လူအများစု ရောထွေးစွာ နားလည်ထားကြတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အခြေခံအချက်တွေက စရှင်းရမယ်ဆိုရင် HIV ဟာ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး AIDS ကတော့ ရောဂါ အမည်ဖြစ်ပါတယ်။ HIV ရဲ့ အရှည်ကောက်ဟာ human immunodeficiency virus ဖြစ်ပြီး ဒီဗိုင်းရပ်စ်က သွေးဖြူဆဲလ်တွေကို ဖျက်ဆီးပြီး ကိုယ်ခံအား စနစ်ကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ HIV ဗိုင်းရပ်စ်ဟာ ခန္ဓါကိုယ်ရဲ့ CD4 ဆဲလ်တွေလို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ထိန်းသိမ်းရာမှာ အရေးကြီးဆုံးဆဲလ်တွေကို တိုက်ခိုက်လိုက်ပါတော့တယ်။ အဲ့ဒီအချိန် ခန္ဓါကိုယ်ထံ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။ HIV ဗိုင်းရပ်စ် ကူးစက်ခံရတာ ကြာပြီး မကုသဘဲ ထားမယ်ဆိုရင် AIDS ရောဂါ ဖြစ်လာပါတယ်။ AIDS ရဲ့ အရှည်ကောက်ကတော့ acquired immunodeficiency syndrome ဖြစ်ပြီး ဒီရောဂါဟာ HIV ဗိုင်းရပ်စ် ကူးစက်ခံရခြင်းရဲ့ နောက်ဆုံး အဆင့်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဆေးတွေကိုပုံမှန်သောက်သုံးမယ်၊ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်လက်လှုပ်ရှားမှုရှိမယ်ဆိုရင် HIV ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပြီး AIDS အဆင့်ကို မရောက်ဘဲ သက်တမ်းစေ့နေနိုင်မှာ ဖြစ်ပါတယ်။၁။ HIV ဗိုင်းရပ်စ်ရှိတယ်ဆိုတာနဲ့ သင့်မှာ AIDS ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ (အမှား)။Human immunodeficiency virus (HIV) ဆိုတာ ခန္ဓါကိုယ်ရဲ့ CD4 ဆဲလ်ဆိုတဲ့ ရောဂါပိုးကို တိုက်ဖျက်ပေးတဲ့ ကိုယ်ခံအား ဆဲလ်တွေကို တိုက်ခိုက် ဖျက်ဆီးတဲ့ဗိုင်းရပ်စ် တစ်မျိုးပါ။ မှန်မှန်ကန်ကန် ဆေးကူသမှု ခံယူထားမယ်ဆိုရင် သင့်အနေနဲ့ HIV ဗိုင်းရပ်စ်တွေကို AIDS ရောဂါအဆင့်ထိ ရောက်မလာအောင် ဆယ်စုနှစ် တစ်ခု အထိ ထိန်းထားလို့ရပါ်တယ်။ AIDS (acquired immunodeficiency syndrome) ဆိုတာကတော့ HIV ဗိုင်းရပ်စ် အပြင် တစ်ခြား ကူးစက်ရောဂါတွေကိုပါ ခံစားနေရတဲ့ ရောဂါစုကို ခေါ်တာ ဖြစ်ပြီး သင့်ရဲ့ CD4 ဆဲလ်က ၁ ကုဗမီလီမီတာမှာ CD4 ဆဲလ် ၂၀၀ (200 cells per cubic millimeter) အောက်ရောက်သွားပြီဆိုဖြစ်လာပါတယ်။ ၁ ကုဗ မီလီမီတာမှာ CD4 ဆဲလ် ၂၀၀ အောက်ကျသွားတဲ့ အခြေအနေကို အဆင့်သုံး HIV ဗိုင်းရပ်စ် အခြေအနေလို့လည်း သတ်မှတ်ကြပါတယ်။၂။ HIV နဲ့ ပတ်သတ်တဲ့ ကူးစက်ရောဂါတွေ Opportunistic infections (OIs) ကို ရှောင်ရှားလို့ မရဘူး။(အမှား)။HIV ဗိုင်းရပ်စ်ရှိနေတဲ့ သူတွေ အနေနဲ့ အဆုတ်ရောင် ရောဂါ (pneumonia)၊ TB ရောဂါ (tuberculosis)၊ ရေယုန်ရောဂါနဲ့ တစ်ခြား ကူးစက်ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ဒီအန္တရာယ်တွေကို ကာကွယ်ဖို့ အတွက် အကောင်းဆုံးကတော့ HIV ဆေးဝါးတွေပါပဲ။ ခန္ဓါကိုယ်ရဲ့ CD4 ဆဲလ်တွေ ၁ ကုဗမီလီမီတာ မှာ CD4 ဆဲလ် ၂၀၀(200 cells per cubic millimeter) အောက်ရောက်လာပြီး AIDS ဆိုတဲ့ HIV ဗိုင်းရပ်စ်အခြေအနေရင့်လာချိန်အထိမရောက်ခင် antiretroviral ကုသမှု လို့ခေါ်တဲ့ HIV ဗိုင်းရပ်စ်ကုသမှု နည်းလမ်းတွေနဲ့ ဆေးဝါးများကို သောက်သုံးရင် ဒီရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကူးစက်ခံထားရသူအနေနဲ့ ထပ်လုပ်နိုင်တာကတော့ ကျက်အောင် မချက်ပြုတ်ထားတဲ့ အသားတွေကို ရှောင်ခြင်း၊ ညစ်ပတ်သော ရေများကို မသောက်သုံးခြင်းဖြင့်လည်း ကူးစက်ရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။၃။ ဆေးဝါးတွေက အရမ်းဈေးကြီးတယ်။ (အမှား)။HIV/AIDS ဆေးဝါးတွေကို အခမဲ့ ဝေမျှပေးနေတဲ့ အစိုးရအဖွဲ့တွေ၊ NGO တွေနဲ့ ဆေးကုမ္ပဏီများစွာရှိပါတယ်။ ဒီဆေးတွေက တစ်နှစ်စာ အတွက်ဆိုရင် ဈေးကြီးပေမဲ့ ကျန်းမားရေး အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီဆေးဝါးတွေကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။၄။ HIV ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်မှာ သိပ်ကြာကြာ အသက်မရှင်ရတော့ဘူး။ (အမှား)။ဘာကြောင့်လဲဆိုတော့ အခုဆိုရင် HIV နဲ့ပတ်သတ်တဲ့ ဆေးဝါးတွေကို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် HIV ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူတွေ အနေနဲ့ သာမန်လူတွေရဲ့ သက်တမ်း အောက် အနည်းငယ် (သို့) သာမန် သက်တမ်း နီးပါးနေထိုင်နိုင်ကြပါတယ်။ ဆရာဝန်ထံ ပုံမှန်သွားပြခြင်း၊ သောက်သုံးရမယ့် ဆေးတွေကို ပုံမှန်သောက်သုံးခြင်းနဲ့ ဆရာဝန်ရဲ့လမ်းညွန်ချက်တွေ။အတိုင်း နေထိုင်ခြင်းဖြင့် HIV ဗိုင်းရပ်စ်မှ AIDS ရောဂါ အဆင့် အထိ မပြန့်ပွားလာအောင် ထိန်းထားလို့ရပါတယ်။၅။ HIV ဗိုင်းရပ်စ် ကူးစက်ခံထားရလားဆိုတာကို ရောဂါလက္ခဏာတွေကြောင့် သိရှိနိုင်ပါတယ်။ (အမှား)။လူတော်တော်များများက HIV ဗိုင်းရပ်စ်ပိုးရဲ့ လက္ခဏာများကို ကူးစက်ခံရပြီး နှစ်ပေါင်းများစွာ ကြာသည် အထိ မသိကြပါဘူး။ ဒါပေမဲ့ တစ်ချို့တွေကျတော့ ကူးစက်ခံရပြီး တစ်ပတ်မှ ၁၀ ရက်အတွင်းမှာ ရောဂါလက္ခဏာတစ်ချို့ကို စတင်ခံစားလာရမှာ ဖြစ်ပါတယ်။ ဒီရောဂါ လက္ခဏာတွေက တုပ်ကွေး ရောဂါနဲ့ mononucleosis လို့ခေါ်တဲ့ Epstein-Barr virus (EBV) ကြောင့် ဖြစ်ရတဲ့ နာတာရှည် အားနည်းတဲ့ ရောဂါတွေရဲ့ လက္ခဏာတွေ နဲ့ တူပြီး အဖျားဝေဒနာ၊ သွေး့ဖြူတစ်ရှုးများ ရောင်ကိုင်းလာခြင်း၊ လည်ချောင်းနာခြင်း၊ အရေပြားတွင် အနီကွက်များထခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဝေဒနာတွေဟာ ရက်သတ္တပတ် အတွက် ပြန်လည်ပျောက်ကင်းသွားတတ်တာမို့ HIV ဗိုင်းရပ်စ် ရှိ၊ မရှိ သိစေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ သွေးစစ်ဖို့ပဲ ဖြစ်ပါတယ်။၆။ နှစ်ယောက်လုံးမှာ HIV ဗိုင်းရပ်စ်ရှိနေတယ်ဆိုရင် လိင်ဆက်ဆံဖို့ စိုးရိမ်စရာမလိုတော့ဘူး။ (အမှား)။သင်ရော သင်အဖော်ဖြစ်သူမှာ ရော HIV ဗိုင်းရပ်စ်ရှိနေတာနဲ့ပဲ လိင်ဆက်ဆံချိန်မှာ အကာအကွယ်တွေ သုံးစရာမလိုတော့ဘူး ဆိုတာ လုံးဝမှားနေပါတယ်။ ဒီလိုမျိုး အဖြစ် ဖြစ်နေတယ်ဆိုရင် ကွန်ဒုံးများကို အသုံးပြုခြင်းဖြင့် လိင်မှ တဆင့် ကူးစက်တဲ့။ရောဂါများကို ကာကွယ်နိုင်မှာ ဖြစ်သလို ဆေးရင့်နေတဲ့ HIV ဗိုင်းရပ်စ်ပိုးများကူးစက်ခြင်းမှလည်း ကာကွယ်နိုင်မှာပါ။၇။ HIV ဗိုင်းရပ်စ်ကို ကုသလို့ ရတယ်။ (အမှား)။လက်ရှိအချိန်ထိ HIV ဗိုင်းရပ်စ်ကို အပြီးသတ်ကုသလို့ရတဲ့ နည်းလမ်း မရှိသေးပါဘူး။ ဒါပေမဲ့ မှန်ကန်တဲ့ ကုသမှု ခံယူမယ်ဆိုရင် ဗိုင်းရပ်စ် အကောင်ရည် ပမာဏ ကို ထိန်းချုပ်ထားနိုင်ပြီးကိုယ်ခံအားစနစ်ကိုလည်း အပျက်အဆီးမများအောင် ထိန်းပေးထားနိုင်ပါတယ်။ HIV ဆေးဝါးတွေထဲမှာ တစ်ချို့ကတော့ HIV ဗိုင်းရပ်စ်ပိုး ပုံတူပွားဖို့ အတွက် လိုအပ်တဲ့ ပရိုတင်းတွေ မရအောင် တားမြစ်ပေးနိုင်ပြီး တစ်ချို့ဆေးဝါးတွေကျတော့ HIV ဗိုင်းရပ်စ်က သူ့ရဲ့ မျိုးရိုးဗီဇတွေကို ကိုယ်ခံအား စနစ်တွင်းမှ ဆဲလ်တွေထဲ ထည့်သွင်းခြင်းကို တားမြစ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ သူတွေ အနေနဲ့ ကုသမှုကို အမြန်ဆုံး ခံယူမယ်ဆိုရင် ဆရာဝန်တွေက HIV ဗိုင်းရပ်စ်တွေရဲ့ လုပ်ဆောင်ပုံတွေကို ထိန်းချုပ်ဖိနှိပ်ပေးနိုင်တဲ့ antiretroviral therapy ကုသမှု ပေးနိုင်မှာ ဖြစ်ပါတယ်။၈။ သာမန် ထိတွေ့ခြင်းကနေပြီး HIV ကူးစက်ခံဖို့ ခက်ခဲတယ်။ (အမှန်)။HIV ရှိတဲ့ လူတစ်ယောက်ကို ပွေ့ဖက်ခြင်း၊ သဘတ်ကို အတူတကွ သုံးခြင်း၊ ရေခွက် တစ်ခွက် တည်းသောက်ခြင်းကနေ HIV ဗိုင်းရပ်စ် မကူးစက်နိုင်ပါဘူး။ ဒါ့အပြင် သွေးများကို ဆေးရုံများက အထူးဂရုစိုက်ပြီး စစ်ဆေးထားတတ်ကြတဲ့ အတွက် HIV ဗိုင်းရပ်စ်ကို သွေးသွင်းရာမှကူးစက်နိုင်ခြေ တော်တော်နည်းပါးပါတယ်။ သု့်ပေမဲ့ HIV ဗိုင်းရပ်စ်ကို အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးသွားခြင်းနဲ့ သေချာပိုးမသတ်ထားတဲ့ ကိရိယာများနဲ့ တက်တူးထိုးခြင်းတို့ ပြုလုပ်တဲ့ အခါမျိုးမှာတော့ HIV ဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။၉။ ဘယ်သူမဆို HIV ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တယ်။ (အမှန်)။အမေရိကန်နိုင်ငံမှာဆိုရင် တစ်နှစ်မှာ လူပေါင်း ၃၇၆၀၀ ခန့်က HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရပြီး လူပေါင်း ၁၂၀၀၀ ခန့်ကလည်း AIDS ရောဂါကြောင့် သေဆုံးနေကြပါတယ်။ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ်၊ ကလေးပဲ ဖြစ်ဖြစ်၊ လိင်တူ စိတ်ဝင်စားသူပဲ ဖြစ်ဖြစ်၊ လိင်ကွဲစိတ်ဝင်စားသူပဲ ဖြစ်ဖြစ် အကုန်လုံး HIV ကူးစက်ခံရနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ လိင်တူ ဆက်ဆံသူ အမျိုးသားတွေဟာ တစ်နှစ်ကို ၂၆၃၀၀ ခန့် HIV ဗိုင်းရပ်စ် ကူးစက်ခံနေရပြီး အမျိုးသမီးတွေဟာ ၇၄၀၀ ခန့် HIV ဗိုင်းရပ်စ် ကူးဆက်ခံနေရပါတယ်။ ဒီအထဲမှာမှ လူမျိုးနွယ်အရ ပြောရမယ်ဆိုရင် အာဖရိကန်- အမေရိကန် လူမျိုးတွေဟာ တစ်ခြား လူမျိုးတွေထက် HIV ဗိုင်းရပ်စ် ကူးစက်တာကို ခံစားနေရဆုံးသူတွေ ဖြစ်ကြပါတယ်။၁၀။ HIV-Positive ဆိုရင် ကလေးယူလို့ရတယ်။ (အမှန်)။မိခင်ဖြစ်သူက HIV ဗိုင်းရပ်စ်ရှိနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားတွေထံ ကူးစက်စေနိုင်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ဆရာဝန်နဲ့ သေချာပြသမယ်၊ မှန်ကန်တဲ့ ဆေးကုသမှု ခံယူမယ်ဆိုရင်တော့ ဒီအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ HIV ဗိုင်းရပ်စ်ကို ဆေးကုသမှု ခံယူနိုင်ပြီး ရင်သွေးများထံ HIV ဗိုင်းရပ်စ် မပြန့်ပွားစေရန်လည်း ကာကွယ်နိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/living-with-hivaids/
18 လအရွယ်ကလေးငယ်
ဒီလထဲမှာသင့်ကလေးအလျင်အမြန်ဖွံ့ဖြိုးလာတာကိုတွေ့ရမှာပါ။ ယေဘုယျအားဖြင့် သင့်ကလေးရဲ့အတိုင်းအတာတွေကအောက်ပါအတိုင်းရှိသင့်ပါတယ်။တကယ်လို့ သင့်ကလေးကဒီအတိုင်းအတာတွေအတိုင်းမဖြစ်လည်းစိတ်မပူပါနဲ့။ ဒါကယေဘုယျတိုင်းတာထားတာပါ။ သင့်ကလေးပုံမှန်ကြီးထွားနေပြီးသွက်လက်နေဖို့ပဲအရေးကြီးတာပါ။ သင်စိတ်ပူနေသမျှအရာအားလုံးကို ဆရာဝန်ကိုမေးပါ။သင့်ကလေးဟာသူ့ခြေထောက်ပေါ်သူမတ်မတ်ရပ်နိုင်ပါပြီ။ ဘောလုံးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးသင့်ထံလည်းပစ်ပေးနိုင်ပါပြီ။ သူ့မျက်စိရှေ့မှာမရှိတဲ့ပစ္စည်းတွေကိုဘယ်လိုခေါ်သလဲဆိုတာကိုတောင် သူမှတ်မိနေပါပြီ။ သူအကြိုက်ဆုံးပစ္စည်းတွေနဲ့ တူတူပုန်းတမ်းဆော့ဖို့ အကောင်းဆုံးအချိန်ပါ။ အရောင်တွေနဲ့ အထိအတွေ့ကိုအသုံးပြုပြီးတော့ သူ့ရဲ့အာရုံခံစားနိုင်စွမ်းပိုကောင်းလာဖို့လည်းလုပ်ပေးနိုင်ပါသေးတယ်။တစ်ခါတလေမှာကိုယ့်ဖာသာလမ်းလျှောက်နိုင်တဲ့ကလေးကိုလည်းပွေ့ချီခေါ်သွားဖို့လိုအပ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ပါ။ လူတွေကြားထဲမှာသင့်ကလေးဟာပျောက်သွားမှာကိုကြောက်နေတတ်ပြီးကိုယ့်ကိုကိုယ်လည်းသိမ်ငယ်နေတတ်ပါတယ်။ သူတကယ်ကိုပင်ပန်းနေတာပါ။ သူ့ကိုအာရုံစိုက်ပြီးဂရုစိုက်ဖို့ တကယ်ကိုလိုအပ်နေတာပါ။ သင်ပွေ့သွားမယ်ဆိုပြီးပွေ့ပြီးခေါ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင့်အိမ်ကိုသို့မဟုတ် ကားဆီရောက်ဖ့ို ၁ ဘလောက် ၂ဘလောက်လောက် လျှောက်ရမယ်ဆိုရင်တော့ တွန်းလှည်းလေးယူလာတာအကောင်းဆုံးပါ။ သင့်ကလေးနဲ့ လက်ချင်းတွဲပြီးလမ်းလျှောက်ပေးခြင်းနဲ့လည်းသူ့ကိုအားပေးနိုင်ပါတယ်။ လက်ချင်းတွဲထားတာကသူ့စိတ်ထဲမှာလုံခြုံမှုကိုခံစားရစေတယ်လေ။ “ဟိုမီးပွိုင့်လေးရောက်တဲ့ထိလက်တွဲပြီးလမ်းလျှောက်ရအောင်လေ” ဆိုပြီးသူနဲ့ ညှိနှိုင်းခြင်းကလည်းလမ်းနည်းနည်းလေးပိုလျှောက်ဖြစ်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။သင့်ကလေးကသူမကြိုက်တဲ့အရာတွေကိုစပြီးပြတတ်လာပါပြီ။ ဥပမာသူအရင်ကကြိုက်ခဲ့ဖူးပေမဲ့ ခုချိန်မှာ နွားနို့လုံးဝမသောက်ချင်တာမျိုးပေါ့။ ဒါမျိုးတွေဖြစ်လာရင် အကြီးကြီးမတွေးပါနဲ့။ ဒါကလည်းသူတို့မှာကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဆိုတာကို ပြတဲ့ နည်းလမ်းငယ်လေးတွေထဲကတစ်ခုပါ။ နွားနို့ကိုဆက်တိုက်ပါ။ ဒါပေမဲ့ အတင်းဖိအားပေးပြီးသောက်ခိုင်းတာမျိုးမလုပ်ပါနဲ့။ အဲ့ဒီအချိန်မှာသူလိုအပ်တဲ့ ကယ်လ်ဆီယမ်ဓါတ်ကိုချိစ် ၊ ဒိန်ချဉ်နဲ့ cottage cheese တွေကိုများများကျွေးခြင်းနဲ့ ဖြည့်ပေးပါ။ နွားနို့ကိုပူတင်းတွေ ဖျော်ရည် တွေအဖြစ် ပုံစံပြောင်းပြီးအချိုတည်းစာအနေနဲ့ ကျွေးပါ။ဒီချိန်မှာပုံမှန်စစ်ဆေးချက်တွေကိုရနေပြီးဖြစ်နေမှာပါ။ သင့်ဆရာဝန်က သင့်ကိုအောက်ပါမေးခွန်းတွေ မေးနိုင်ပါတယ်။ဒီမေးခွန်းတွေဟာသင့်ကလေးအမူအကျင့်တွေဘယ်လောက်တိုးတက်လာသလဲဆုံးဖြတ်တဲ့နေရာမှာအထောက်အပံ့ပေးပါလိမ့်မယ်။ ကလေးတိုင်းဟာဖွံ့ဖြိုးကြီးထွားမှုနှုန်းခြင်းမတူကြပါဘူး။ သင့်ဆရာဝန်က သင့်ကလေးမှာရှိကိုရှိရမယ့် ဖွံ့ဖြိုးခြင်းတွေရှိသလားဆိုတာကိုဆုံးဖြတ်ပေးမှာပါ။ သင်စိတ်ပူနေသမျှတွေကို ဆရာဝန်နဲ့တိုင်ပင်ပါ။သင့်ကလေးအတွက် အရေးကြီးတဲ့ ကာကွယ်ဆေးတွေအားလုံးထိုးပြီးပြီမဟုတ်လား။ သင်သိသင့်တဲ့ ကာကွယ်ဆေးတွေအကြောင်းဒီမှာဖော်ပြထားပါတယ်။ငယ်သေးတဲ့အချိန်မှာနေလောင်တာကနောက်ပိုင်းမှာအရေပြားကင်ဆာဖြစ်စေနိုင်ပါတယ်။ နေရောင်နဲ့ထိတွေ့တာများလွန်းရင်လည်းအသားအရေကိုထိခိုက်ပျက်စီးစေပြီးအိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် သင့်ကလေးအပြင်ရောက်နေတဲ့အချိန်မှာနေရောင်ကာလိမ်းဆေးတွေ၊ အပေါ်ထပ်အင်္ကျီပါးပါးတွေ၊ ဦးထုပ် နဲ့ နေကာမျက်မှန်တွေကိုသုံးပြီးသူ့အသားအရေကိုကာကွယ်ပေးပါ။ ဖြစ်နိုင်ရင် အရိပ်ထဲမှာပဲနေခိုင်းပါ။သင့်ကလေးနောက်လမှာဘယ်လိုကြီးထွားလာမလဲ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/18-%e1%80%9c%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba/
မနက်ပိုင်းတွင် လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
မနက်ပိုင်းမှာ လိင်ဆက်ဆံတာ ပိုကောင်းလား၊ ညနေပိုင်းမှာ လိင်ဆက်ဆံတာက ပိုကောင်းလားဆိုတဲ့ အငြင်းအခုံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အငြင်းအခုံဟာ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ သဘာဝတရားကြောင့် ဖြစ်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားတွေအတွက် မနက်ခင်းဟာ လိင်စိတ် အတက်ကြွဆုံးအချိန်ဖြစ်ပြီး အမျိုးသမီးတွေကျတော့ ညနေပိုင်း အိမ်ထောင်မှု ကိစ္စတွေ အားလုံးအပြီး အနားယူရတဲ့အချိန်ကို ပိုသဘောကြတတ်ကြပါတယ်။ဒီလို အချိန်ခြားနားမှု ဘာကြောင့် ဖြစ်နေရတာလဲ။ပထမအချက်ကတော့။တက်စတိုစတီရုန်း ဟော်မုန်းခြားနားမှု။တက်စတို စတီရုန်းဟာ ယောက်ျားလေးတွေမှာပဲ ရှိတာ မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း တက်စတို စတီရုန်း ဟော်မုန်းရှိပါတယ်။ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းတွေကို အမျိုးသမီး မျိုးဥအိမ်တွေမှ ထုတ်လုပ်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အဆီတစ်ရှူးကနေလည်း အီစထရိုဂျင် ဟော်မုန်းထွက်ရှိပါသေးတယ်။ဒီဟော်မုန်းတွေကအမျိုးသမီးတွေရဲ့ ကြီးထွားမှု၊ မျိုးပွားတစ်ရှူးများကို ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ ကြီးထွားခြင်းကိုလွှမ်းမိုးနေပါတယ်။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်းဟော်မုန်းပမဏက မနက် ၆ နာရီမှ ၉ နာရီအတွင်းမှာ အမြင့်ဆုံးအချိန် ဖြစ်ပါတယ်။ဒါ့ကြောင့် မနက်ခင်းမှာ လိင်တံက ထောင်မတ်နေတတ်ပြီး အမျိုးသားတွေက မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းကို ပိုကြိုက်တတ်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကျတော့ မနက်ခင်းမှာ တက်စတိုစတီရုန်းဟော်မုန်းက ပမာဏ အနည်းဆုံးဖြစ်ပြီး သူတို့ရဲ့ တက်စတိုစတီရုန်း ဟော်မုန်းက ညနေပိုင်းမှာ တဖြည်းဖြည်း မြင့်တတ်သွားတာ ဖြစ်ပါတယ်။ဟော်မုန်းစက်ဝန်းများ မတူညီခြင်း။အမျိုးသားတွေဟာ မနက်ခင်းမှာ တက်စတိုစတီရုန်းဟော်မုန်းကွာဟမှုက ၂၅ % ကနေ ၅၀ % အထိ တစ်နေ့တွင်းချင်းမြင့်တက်နေပါတယ်။ ဒီလို ပမာဏခြားနားမှုကြောင့် မနက်ပိုင်း လိင်ဆက်ဆံချင်စိတ်ဖြစ်နေကြတာ ဖြစ်ပါတယ်။အမျိုးသမီးတွေမှာကျတော့ တက်စတိုစတီရုန်းဟာ နေ့ချင်း သိသိသာသာပြောင်းလဲမှု မရှိဘဲ လအလယ်ပိုင်း မျိုးဥကြွေချိန်လောက်မှာသာ တက်စတိုစတီရုန်းက သိသိသာသာပြောင်းလဲမှုကို တွေ့ကြုံရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုပြောင်းလဲမှုဟာ အမျိုးသားတွေလောက် ပမာဏ မများပါဘူး။သန့်ရှင်းမှုကြောင့်။အမျိုးသမီး အများစုက လိင်မဆက်ဆံခင် သန့်သန့်ရှင်းရှင်း ဖြစ်နေတာကို ပိုသဘောကျကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အတွက် မနက်ပိုင်း လိင်ဆက်ဆံဖို့ဆိုတာ မနက်ပိုင်းမှာထွက်ရှိတဲ့ ခံတွင်းနံ့တွေနဲ့ လိင်အင်္ဂါများရဲ့ အနံ့များက မနက်ပိုင်း လိင်ဆက်ဆံချင်စိတ်ကိုနည်းပါးနေမှာပါ။ အမျိုးသားတွေကျတော့ အနံ့ခံနိုင်စွမ်းဟာ အမျိုးသမီးတွေလောက် အာရုံခံနိုင်စွမ်းမကောင်းတဲ့ အတွက်ကြောင့် အနံ့အသက်ကိစ္စဟာ သူ့အတွက် ပြဿနာ တစ်ရပ်မဟုတ်ပါဘူး။ညပိုင်းလိင်ဆက်ဆံခြင်းမှာလည်း သက်ဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိသလို မနက်ပိုင်းလိင်ဆက်ဆံခြင်းမှာလည်း အကျိုးကျေးဇူးတွေ ရှိပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းဟာ နေ့တစ်နေ့ရဲ့ အစပိုင်းမှာ စိတ်ပြေလျော့စေနိုင်ပြီး စွမ်းအင် ပမာဏကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှုကိုလည်း ဖြေလျော့ပေးနိုင်ပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံချိန် စိတ်လှုပ်ရှားမှု အကောင်းဆုံး အချိန်ရောက်ရှိခြင်း (orgasm) ဖြစ်တဲ့အခါ သင်ရဲ့ စိတ်ပိုင်းကို ပိုကြည်လင်စေသလို သင့်ရဲ့ အဖော်ဖြစ်သူနဲ့လည်း ပိုရင်းနှီးလာစေမှာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းရဲ့ တစ်ခြားသောအကျိုးကျေးဇူးတွေကတော့။၁။ မနက်ပိုင်းမှာ ခန္ဓာကိုယ်ဟာ စွမ်းအား ပြည့်နေပါတယ်။မနက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေက အမြင့်ဆုံး အချိန်ဖြစ်တဲ့အတွက် လိင်ဆက်ဆံဖို့ အသင့်တော် ဆုံးအချိန်လည်း ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ လိင်ဆက်ဆံချင်စိတ်ကို လွှမ်းမိုးနေတဲ့ တက်စတို စတီရုန်းဟော်မုန်း ပမာဏက မနက်ပိုင်း အချိန်တွေမှာ မြင့်တက်နေပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာချက်အရတွေ ဒီလိင်ဟော်မုန်း များလေလေ သင့်အနေနဲ့ စွမ်းအားပိုပြည့်ပြီး လိင်ဆက်ဆံချင်စိတ်များနေကြောင်း တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။၂။ လိင်ဆက်ဆံချိန် ပိုပြီး ကြာမြင့်ခြင်း။လိင်ဆက်ဆံခြင်းအပေါ်မှာ ဟော်မုန်းတွေက အများကြီး လွှမ်းမိုးနေပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်းများလေ လိင်ဆက်ဆံခြင်းက ပိုပြီး ကောင်းမွန်လေပါပဲ။ တက်စတိုစတီရုန်း ဟော်မုန်းများတဲ့အခါ ကာမရာဂစိတ်ပိုတက်ကြွပြီး လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပိုပြီး အားကောင်းစေနိုင်ပါတယ်။ ဒါ့အပြင် တက်စတိုစတီရုန်း ဟော်မုန်းများနေတဲ့အချိန် လိင်တံထောင်မတ်မှု အားလည်း ပိုကောင်းကြောင်းတွေ့ရှိခဲ့ကြပါတယ်။၃။ မနက်ပိုင်းမှာ ပွေ့ဖက်ခြင်းဟော်မုန်းလို့ လူသိများတဲ့ အောက်စီတိုစင် (oxytocin) ပိုပြီး ထွက်ရှိပါတယ်။မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းဟာ သင့်နဲ့ သင့်အဖော်ဖြစ်သူက်ု ပိုပြီး ရင်းနှီးလာစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လိင်ဆက်ဆံချိန်မှာ ပွေ့ဖက်ခြင်းဟော်မုန်းလို လူသိများတဲ့ အောက်စီတိုစင် (oxytocin) ထွက်ရှိပါတယ်။ အောက်စီတိုစင် (oxytocin) ဟာ ဦးနှောက်ထဲက ချစ်ခြင်းနဲ့ ရင်းနှီးခြင်းကို ထိန်းချုပ်တဲ့ ဓာတုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လိင်ဆက်ဆံချိန် ဒီဟော်မုန်းထွက်ရှိတဲ့အခါမှာ သင့်အနေနဲ့ သင့်ရဲ့ လက်တွဲဖော်နဲ့ ပိုပြီး ရင်းနှီးလာမှာ ဖြစ်ပါတယ်။၄။ စိတ်ဖိစီးမှုကိုလျော့ပါးစေတယ်။စိတ်ဖိစီးမှုလျော့ပါးချင်ပါသလား။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှု လျော့ပါးစေနိုင်ပါတယ်။ ပျော်ရွှင်ကြည်နှုးဖွယ်ရာ လုပ်ဆောင်မှုတွေက စိတ်ဖိစီးမှု ပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒီတော့ မနက်ပိုင်း အလုပ်မသွားခင် စိတ်ဖိစီးမှု ကင်းဝေးအောင် လုပ်ဆောင်ခြင်းဖြင့် ကျန်တစ်နေ့တာ လုံးကို စိတ်ကြည်လင်စွာနဲ့ ဖြတ်သန်းနိုင်မှာလည်း ဖြစ်ပါတယ်။၅။ အမ်ဒေါ်ဖင် (endorphins) ဟော်မုန်းကို ထွက်ရှိစေတယ်။မနက်ပိုင်းလိင်ဆက်ဆံခြင်းဟာ အမ်ဒေါ်ဖင် (endorphins) လို့ ခေါ်တဲ့ နာကျင်မှုကို လျော့ပါးစေတဲ့ ဟော်မုန်းကို ထွက်ရှိစေတာကြောင့် သင့်အနေနဲ့ ကျန်တစ်နေ့တာလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံပြီး လိင်စိတ်အပြင်းပြဆုံးရောက်ရှိအပြီးမှာ ပျော်ရွှင်မှုကို အနည်းငယ်ခံစားရတာ ဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်ထဲဒီအရာကို စတင်လုပ်ခြင်းဖြင့် ပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။၆။ ကိုယ်လက်လှုပ်ရှားမှု အသေးစားတစ်ခု ဖြစ်ပါတယ်။သေချာတာကတော့ မနက်ပိုင်း လိင်ဆက်ဆံချိန်ဟာ မနက်ပိုင်း တစ်နာရီ အပြေးစက်ပေါ်မှာ ပြေးတာနဲ့တော့ ယှဉ်လို့ မရပေမဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခု အဖြစ် သတ်မှတ်နိုင်ပါသေးတယ်။လိင်ဆက်ဆံချိန် တစ်မိနစ်မှာ ၅ ကယ်လိုရီ လောင်ကျွမ်းနိုင်တယ်လို့ ဟားဗတ်ဆေးကျောင်းမှ လေ့လာချက်က ဆိုထားပါတယ်။ ဒီပမာဏက လမ်းလျှောက်ချိန် ကယ်လိုရီလောင်ကျွမ်းနှုန်းနဲ့ တူညီနေပါတယ်။ ဒီတော့ မနက်ပိုင်း လိင်ဆက်ဆံခြင်းက အနည်းဆုံး ၇၅ ကယ်လိုရီလောက်တော့ လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ ဘာအားကစားမှ မလုပ်တာထက်စာရင် ကယ်လိုရီ ၇၅ လောက် လောင်ကျွမ်းတာက ကောင်းတယ်လို့ ဆိုရမှာပါ။၇။ ဦးနှောက်အတွက်ကောင်းမွန်ပါတယ်။ဦးနှောက်ရဲ့ စွမ်းအားကို မြှင့်တင်ချင်တယ်ဆိုရင်တော့ မနက်ပိုင်း လိင်ဆက်ဆံခြင်းက အဖြေတစ်ခု ဖြစ်လာပါလိမ့်မယ်။ လေ့လာချက် တော်တော်များများ အရတော့ ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းဟာအာရုံကြော အချက်ပြချက်တွေနဲ့ ဒိုပါမင်း (dopamine) လို့ခေါ်တဲ့ ဟော်မုန်းအပါအဝင် တစ်ခြားဟော်မုန်းများကို ထွက်ရှိစေပါတယ်။ ဒိုပါမင်း(dopamine) ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းဖြစ်ပြီး သင့်ဦးနှောက်ရဲ့ ကျန်းမာရေးနဲ့ သိစိတ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။၈။ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။မနက်ပိုင်း လိင်မှု ကိစ္စလုပ်ဆောင်ခြင်းက ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက် အရတော့ လိင်ဆက်ဆံခြင်းက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ရောဂါပိုးမွှားတွေကို ခုခံတိုက်ခိုက်ပေးတဲ့ ကိုယ်ခံအား စနစ်ကို တိုးတက်စေတယ်လို့ ဆိုပါတယ်။၉။ သင့်ကို ပိုပြီး နုပျိုစေနိုင်ပါတယ်။မနက်ပိုင်း လိင်ဆက်ဆံခြင်းက သင့်ရဲ့ ကိုယ်ပိုင် နုပျိုနည်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံခြင်းဟာ အောက်စီတိုစင်( oxytocin)၊ ဘီတာ အမ်ဒေါ်ဖင်း ( beta endorphins) နဲ့ တစ်ခြားသော အရောင်အရမ်းကို လျော့ပါးစေနိုင်တဲ့ ပစ္စည်းများကို ထွက်ရှိစေနိုင်လို့ပါ။လေ့လာချက်တစ်ခုအရတော့ တစ်ပတ်ကို ၃ ကြိမ် လိင်ဆက်ဆံခြင်းဟာ ဒီအကြိမ်အရေတွက်လောက် လိင်မဆက်ဆံတဲ့ သူတွေထက် နှစ်ပေါင်းများစွာ နုပျိုစေနိုင်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းဟာ သင့်ရဲ့ အရေပြားကျန်းမာရေး အတွက်လည်းကောင်းမွန်ပါတယ်။မနက်ပိုင်း လိင်ဆက်ဆံနိုင်ဖို့ အတွက် နည်းလမ်းများ။မနက်ပိုင်း လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုပေမဲ့ သင့်စိတ်ကူးရတဲ့ အချိန်တော့ ကောက်ကာငင်ကာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ သင့်အနေနဲ့ မနက်ပိုင်း လိင်ဆံတက်ဖို့အတွက် ကြိုတင်စီစဉ်ထားဖို့လိုပါတယ်။ အခုဒီမှာတော့ Hellosayarwon ပရိတ်သတ်ကြီးအတွက် သင့်အနေနဲ့ တစ်နေ့တာ လုပ်ငန်းစဉ်အချိန်ဇယားထဲမှာ မနက်ပိုင်းလိင်ဆက်ဆံမှု လုပ်ဆောင်နိုင်ရန်အတွက် ဘယ်လိုထည့်သွင်းရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။၁။ အချိန်မလောက်မှာ စိုးရိမ်နေပါသလား။မနက်ပိုင်းလိင်ဆက်ဆံခြင်းအတွက် မနက်ပိုင်းမှာ ကိုယ်လုပ်ဆောင်နေကျအရာတွေ အတွက် အချိန်မလောက်မှာ စိုးရိမ်နေပါသလား။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းကတော့ နှိုးစက်ကို မိနစ် ၂၀ ကစလို့ ကိုယ်လိုချင်တဲ့ အချိန်အထိ တစ်နာရီလောက်အထိ Alarm ပေးထားလို့ရပြီး မနက်ပိုင်း ရေချိုးခန်းမဝင်မှာ ပြုလုပ်နိုင်ပါတယ်။၂။ အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။အမျိုးသားတွေရော၊ အမျိုးသမီးတွေရော မနက်ပိုင်းလိင်ဆက်ဆံပြီးနောက် အလုပ်မှာ ပိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ကြကြောင်း လေ့လာချက်တွေက ဆိုပါတယ်။ ဒါ့အပြင် မနက်ပိုင်း လိင်ဆက်ဆံအပြီးမှာ vasopressin လို့ခေါ်တဲ့ သိစိတ်အပေါ် လွှမ်းမိုးနိုင်တဲ့ ဟော်မုန်းမြင့်တတ်လာပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အမျိုးသားတွေဟာသူ့ရဲ့ ကြင်ဖော် အပေါ် ပိုပြီး စိတ်ပိုင်းဆိုင်ရာရင်းနှီးမှု ပိုများလာစေနိုင်ပါတယ်။၃။ ဖြည်းဖြည်းချင်းစတင်ပါ။အချိန်ပေးပြီး ပွေ့ဖက်ခြင်း၊ အဖော်ဖြစ်သူကို ချီးမွမ်းခြင်း ပြုလုပ်ပါ။ အမျိုးသမီးတွေ လိင်ဆက်ဆံချင်စိတ်ကို အဓိက တားဆီးတဲ့ အရာတစ်ခုက သူမခန္ဓာကိုယ် ပုံရိပ် အပေါ် ထင်မြင်ချက်ဖြစ်တဲ့အတွက်ကြောင့် မနက်ခင်းမှာ သူမရဲ့ ပုံစံက ဘယ်လောက်လှပကြောင်း ချီးကျူးနိုင်ပါတယ်။၄။ အိမ်ရာ စောစောဝင်ပါ။အိပ်ရေးမဝတဲ့အခါ အမျိုးသမီးတွေရော၊ အမျိုးသားတွေမှာရော တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာပါတယ်။ ဒါ့ကြောင့် ဟော်မုန်းပမာဏ ပုံမှန်ရှိနေစေဖို့နဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ Alarm – System ဖြစ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း cortisol ကို နည်းပါးစေဖို့ အတွက် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။အနှစ်ချုပ်။မနက်ပိုင်းလိင်မှုကိစ္စလုပ်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ အများကြီးပါ။ ဒီအထဲက အချက်တွေကို အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင် သင့်ရဲ့ ခွန်အားတွေ အမြင့်ဆုံးအချိန် ဖြစ်နေတဲ့အတွက် လုပ်ဆောင်ဖို့ အကောင်းဆုံး အချိန် ဖြစ်နေခြင်း၊ စိတ်ဖိစီးမှု ကင်းဝေးခြင်း၊ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ရင်းနှီးမှု ပိုရှိလာခြင်းနဲ့ နုပျိုမှုကို ခံစားရနိုင်ခြင်းတို့ ဖြစ်ပါတယ်။ဒါအပြင် အလုပ်ဆင်းရတဲ့နေ့တွေမှာ စိတ်ဖိစီးမှု ကင်းဝေးစွာနဲ့ ပျော်ရွှင်စွာနဲ့ နေ့တစ်နေ့ကို စတင်နိုင်မှာ ဖြစ်ပါတယ်။ နေ့တိုင်းလုပ်ဆောင်ဖို့က ပင်ပန်းလွန်းနေမယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/benefits-of-morning-sex/
ဘယ်နီကိုတင်းအစားထိုးကုထုံးက သင့်အတွက် အသင့်တော်ဆုံးလဲ
အခုခေတ်မှာေ ဆးလိပ်ဖြတ်နိုင်မယ့်နည်းတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် နည်းလမ်းအားလုံးက ပြင်းပြင်းထန်ထန်ကြိုးစားဖို့တော့ လိုအပ်ပါတယ်။ နီကိုတင်းအစားထိုး ကုသမှုကုထုံးကလည်း ဆေးလိပ်ဖြတ်တဲ့ကုထုံးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ NRT (နီကိုတင်း အစာထိုးကုထုံး) က စီးကရက်မှာပါဝင်တဲ့ နီကိုတင်းပမာဏထက်နည်းပါးတဲ့ နီကိုတင်းဓါတ်ကို ထောက်ပံ့ပေးတဲ့ အစားထိုးကုထုံးဖြစ်ပါတယ်။ သည်ကုထုံးက နီကိုတင်း ငုံဆေးပြား၊ ပီကေ ၊ ပူရှိန်းပြား၊ ရှူဘူးနဲ့ စပရေး (ဖျန်းဆေး)တွေကို အသုံးပြုပြီး ဆေးလိပ်ပြတ်အောင်ကုသတဲ့နည်းလမ်းဖြစ်ပါတယ်။ NRT (နီကိုတင်းအစားထိုး) ကုထုံးကို အသုံးပြုခြင်းအားဖြင့် ဆေးလိပ်သောက်သုံးသူဟာ တဖြည်းဖြည်းချင်း ဆေးလိပ်ပြတ်လာတဲ့ လက္ခဏာတွေကိုတွေ့ကြုံခံစားလာရပြီး ဆေးလိပ်ဖြတ်ဖို့ပိုမိုလွယ်ကူတဲ့နည်းလမ်းတွေကို တွေ့ရှိလာရမှာဖြစ်ပါတယ်။ သည်မှာတော့ NRT ကုထုံးအမျိုးအစားအများအပြားရှိပါတယ်၊ ကိုယ်နဲ့အဆင်ပြေမယ့် နည်းတစ်ခုကိုတော့ရွေးချယ် ရမှာဖြစ်ပါတယ်။နီကိုတင်း ပီကေ -နီကိုတင်းပီကေကို ဆေးဆိုင်တိုင်းမှာဝယ်ယူလို့ရပါတယ်။ အထူးစီမံထားတဲ့ သည်ပီကေက နီကိုတင်းပမာဏကို လျော့ချထည့်သွင်းထား တာကြောင့် ဝါးလိုက်တဲ့အခါ ခံတွင်းအတွင်းပိုင်းနံရံက နီကိုတင်းဓါတ်ကို စုပ်ယူထားမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ နီကိုတင်းပီကေကို သာမန်ပီကေတစ်ခုလိုဝါးနေလို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ နီကိုတင်းပီကေကို အများဆုံး ၆ လအထိစွဲသုံးလေ့ရှိပါတယ်။နီကိုတင်း ငုံဆေးပြား– နီကိုတင်း ငုံဆေးပြားကို နီကိုတင်းဆေးပြားလို့လည်း သိကြပါတယ်။ လည်ချောင်းနာခြင်းလို အအေးမိအခြေအနေမှာသုံးတဲ့ ငုံဆေးပြားမျိုးနဲ့ ဆင်တူပါတယ်။ ပါးစပ်ထဲထည့်ပြီး ၃၀ မိနစ် ကြာသော် အရည်ပျော်သွားပါတယ်။ လူများက ဒီငုံဆေးပြားကို ၁၂ ပတ်အထိအသုံးပြုလေ့ရှိပါတယ်။နီကိုတင်း ကပ်ခွာ– ဖော်ပြခဲ့တဲ့နီကိုတင်း အစားထိုးပစ္စည်းတွေ နဲ့တော်တော်လေး ကွဲပြားခြားနားတဲ့ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ နီကိုတင်းကိုအခိုးအငွေ့အဖြစ်နဲ့ရှုရှိုက်ခြင်း၊ ခံတွင်းကနေတဆင့်ခန္ဓါကိုယ်ထဲကို စုပ်ယူခြင်းမျိုးအစား အရေပြားကတစ်ဆင့် နီကိုတင်းဓါတ်ကို စုပ်ယူပြီး ခန္ဓါကိုယ်ထဲကိုရောက်ရှိသွားစေတာဖြစ်ပါတယ်။ နီကိုတင်းကပ်ခွာကို ခန္ဓါကိုယ်မှာအသုံးပြုပါက ၁၆ နာရီကနေ ၂၄ နာရီကြာတဲ့အခါ နီကိုတင်းဓါတ်ကို စုပ်ယူသွားပါလိမ့်မယ်။ သည်နည်းကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေသလို နေရာတိုင်းလိုလိုမှာရရှိနိုင်ပေမယ့် အချို့ နီကိုတင်းကပ်ခွာတွေကို အသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်ရဲ့ဆေးညွှန်းကို လိုအပ်မှာဖြစ်ပါတယ်။နီကိုတင်းနှာခေါင်းတွင်းဖြန်း စပရေး– နီကိုတင်း နှာခေါင်းဖြန်းစပရေးဆိုတာက ခန္ဓါကိုယ်တွင်းထဲကို နှာခေါင်းကနေတဆင့် နီကိုတင်းဓါတ်ရောက်ရှိသွားစေတဲ့ စပရေးတစ်မျိုးဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ အငွေ့ကနေတဆင့် နီကိုတင်းကိုရှုရှိုက်ရတဲ့ ရှူဘူးနဲ့ ဆင်တူပါတယ်။ တစ်ခုတည်းသော ကွာခြားချက်က သည်စပရေးမှာ စီးကရက်တွေမှာပါဝင်လေ့ရှိတဲ့အန္တရာယ်ဖြစ်စေတဲ့ အရာတွေမပါဝင်ပါဘူး။ စပရေးကို ၂ နာရီကြားတစ်ခါ အသုံးပြုပေးဖို့လိုအပ်ပါတယ်။ ၃ လလောက်ကနေ ၆ လလောက်အထိ အသုံးပြုလေ့ရှိကြပါတယ်။နီကိုတင်းရှူဘူး– ပုံမှန်ရှုဘူးတွေလိုပဲဖြစ်ပါတယ်။ ပန်းနာရင်ကျပ်သမားတွေ သူတို့အိတ်ကပ်ထဲမှာသယ်ဆောင်သွားလေ့ရှိတဲ့ရှူဆေးဘူးမျိုးနဲ့ ဆင်တူပါတယ်။ နီကိုတင်းရှုဘူး ရှုရှိုက်မှုကနေတဆင့် နီကိုတင်းဓါတ်ကို ခန္ဓါကိုယ်ထဲကို ရောက်ရှိစေတာဖြစ်ပါတယ်။ နီကိုတင်းရှူဘူးကို ၃ လကနေ ၆ လအထိအသုံးပြုပေးရမှာဖြစ်ပြီး ပထမရက်သတ္တပတ်အနည်းငယ်မှာ တစ်နေ့ကို နီကိုတင်းပမာဏ ၆ တောင့်လောက်အထိအသုံးပြုလို့ရပါတယ်။ပထမဆုံးအနေနဲ့သိထားရမယ့်အချက်တစ်ချက်က နီကိုတင်းအစားထိုးကုထုံးဟာ လူအပေါ်မှာသာမူတည်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ လူတွေအနေနဲ့ သူတို့ကြိုက်နှစ်သက်တဲ့နည်းလမ်းတစ်မျိုးကို aရွးချယ်လို့ရပါတယ်။ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့အတွက် သည်နည်းလမ်းတွေနဲ့ပတ်သက်တဲ့ အချက်တွေကိုပိုမိုသိနားလည်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။နီကိုတင်း ပီကေ၊ ငုံဆေးပြားနဲ့ ရှုဘူးတွေမှာ နီကိုတင်းပါဝင်တာကြောင့် နီကိုတင်းစွဲလမ်းမှုကို ထိန်းသိမ်းဖို့အတွက် နေ့စဉ်ခန္ဓါကိုယ်က လိုအပ်တဲ့နီကိုတင်းပမာဏကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နီကိုတင်းသုံးစွဲမှု ပမာဏတဖြည်းဖြည်းကျဆင်းသွားမှာဖြစ်ပါတယ်။နှာခေါင်းအတွင်းကိုဖျန်း တဲ့ နီကိုတင်းဖျန်းဆေးက နီကိုတင်းတောင့်တစိတ်ကို ချက်ချင်းအစားထိုး အာနိသင်ပေးနိုင်ပါတယ်။နီကိုတင်းရှူဘူးက အခြေခံအားဖြင့် အငွေ့ဆိုပေမယ့်လည်း ဆေးရွက်ကြီးမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေမပါဝင်သလို ဆေးလိပ်ငွေ့လည်းမဟုတ်ပါဘူး။ အငွေ့ဆိုပေမယ့်လည်း စီးကရက်ငွေ့တော့မဟုတ်ပါဘူး။နီကိုတင်းဆေးပြားတွေကလည်း ၁၆ နာရီကနေ ၂၄ နာရီအထိခန္ဓါကိုယ်ထဲမှာနီကိုတင်းဓါတ်ကိုထိန်းပေးထား တာကြောင့် သည်နည်းလမ်းဟာ နာရီအနည်းငယ်ကြာတိုင်း တစ်ခါပြန်လည်လုပ်ဆောင်နေရတဲ့ အခြားနီကိုတင်းအစားထိုးကုထုံးတွေအတွက် အချိန်မပေးနိုင်သူတွေမှာ ပိုအဆင်ပြေပါတယ်။တကယ်လို့သင့်အနေ နီကိုတင်းရှုဘူးနဲ့ နှာခေါင်းတွင်းဖျန်းစပရေးကိုအသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်ရဲ့ထောက်ခံ အတည်ပြုချက်လိုအပ်မှာဖြစ်ပါတယ်။နီကိုတင်းဆေးပြားတွေ၊ရှုဘူးတွေနဲ့နှာခေါင်းတွင်းဖျန်းတဲ့စပရေးတွေက အချို့လူတွေမှာဓါတ်မတည့်မှုတွေဖြစ်စေပါတယ်။ဒါ့အပြင်ကို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နှလုံးရောဂါရှိသူတွေအနေနဲ့ နီကိုတင်းအစားထိုးကုထုံးခံယူမယ်ဆိုပါက ဆိုးကျိုးများရှိသောကြောင့် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဆရာဝန် လမ်းညွှန်မှုအတိုင်း လိုက်နာလုပ်ဆောင်တာက အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ နီကိုတင်းအစားထိုးကုထုံးကို ဆက်လက်အသုံးပြုသင့်ရဲ့လား ဒါမှမဟုတ် သင့်တော်အဆင်ပြေမှုရှိရဲ့လားဆိုတာကိုလည်း စဉ်းစားသင့်ပါ တယ်။ နီကိုတင်းဖြတ်တဲ့အခါ စိတ်ဖိစီးတဲ့လက္ခဏာတွေ aတွ့ကြုံရနိုင်တာကြောင့် နီကိုတင်းစွဲလမ်းမှုကိုတိုက်ဖျက်နိုင်မယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%98%e1%80%9a%e1%80%b9-%e1%80%94%e1%80%ae%e1%80%80%e1%80%ad%e1%80%af%e1%80%90%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%af%e1%80%ad%e1%80%b8%e1%80%80%e1%80%af/
ကလေးများ လူကြားထဲတွင် အပြုအမူဆိုးများပြုလုပ်ခြင်းကို ပြုပြင်သွန်သင်ဖို့ နည်းလမ်း (၁၀) သွယ်
လူလယ်ခေါင်မှာ ကလေးကိုအော်ဟစ်နေတဲ့ မိဘမျိုးကို သင်တွေ့ဖူးပါသလား။ ဒါဟာ မြင်ရသူတိုင်းအတွက် စိတ်မချမ်းမြေ့စရာပါပဲ။ အကယ်၍ သင်ဟာသင့်ရဲ့ကလေးကို လူလယ်ခေါင်မှာ ဆူပူတတ်တဲ့မိဘမျိုးဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ကလေးလူလယ်ခေါင်မှာ အပြုအမူဆိုးတွေ ပြုလုပ်တဲ့အခါ သွန်သင်ဖို့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။သင့်ရဲ့ကလေးဟာ ဆိုးသွမ်းတဲ့ အပြုအမူတွေကို ပြုလုပ်နေပြီဆိုရင် အဲဒီနေရာကနေ လူရှင်းတဲ့နေရာကို သင့်ကလေးကိုခေါ်သွားဖို့လိုပါတယ်။ ဒါဟာ သင့်ရဲ့ပတ်ဝန်းကျင်ကိုလည်း ဆူဆူညံညံမဖြစ်စေသလို သင့်ရဲ့ကလေးကို ပြောဆိုဆုံးမဖို့လည်း ပိုပြီးလွယ်ကူသွားပါလိမ့် မယ်။ ကလေးတွေ ဒေါသထွက်နေပြီဆိုရင် သူတို့ရဲ့မိဘတွေကို ဆန့်ကျင်လာကြပါတယ်။ သင့်ရဲ့ကလေးကို အဝေးကိုခေါ်ဆောင်သွားခြင်းဟာ သူတို့ပတ်ဝန်းကျင်က ပစ္စည်းတွေကို ဖျက်ဆီးခြင်းနဲ့ သူတို့ကိုသူတို့နာကျင်အောင် လုပ်ခြင်းမှ လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာပြောရရင် သူတို့ကိုဈေးဝယ်စင်တာထဲကနေ အပြင်ကို ခေါ်ဆောင်သွားခြင်းဟာ စင်တာထဲက ပစ္စည်းတွေကို လျှောက်ကန်နေခြင်းမှ လည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ဒါဟာ သင့်ရဲ့ကလေးကိ ုသွန်သင်ဆုံးမဖို့ အခွင့်အရေးပဲဆိုတာ သင့်ကိုယ်သင်သတိပေးပါ။ သူတို့ဟာအမှားတွေကို မကြာခဏလုပ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘာလုပ်လိုက်သလဲဆိုတာ နားမလည်သေးလို့ပါပဲ။ ဒါကြောင့် သင့်ရဲ့ဒေါသကိုထိန်းချုပ်ပြီး လူကြားထဲမှာကလေးကို မအော်မိအောင် ဆင်ခြင်ရပါမယ်။သင့်ရဲ့ ကလေးအမှား ပြုလုပ်နေတာကို သင်ဟာအားပေးနေတာမဟုတ်ဘူး ဆိုတာကိုသူသိပါစေ။ မိဘတော်တော်များများကတော့ အသံတိုးတိုးညင်ညင် သာသာနဲ့ ဆုံးမတာဟာ ထိရောက်တာကိုတွေ့ရပါတယ်။ ဒီလိုအသံမျိုးနဲ့ ဆုံးမခြင်းဟာ သူတို့ရဲ့ အပြုအမှုတွေကို ရပ်တန့်စေပြီး ကိုယ်ပြောတာ မှန်ကန်အကျိုးရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။အခြေအနေ အားလုံးကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော အဖြေဆိုတာ မရှိပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး သင့်ကလေးရဲ့ စရိုက်လက္ခဏာအပေါ် မူတည်ပြီး ဖြေရှင်းပါ။ တချို့ကလေးတွေဟာ သူတို့လိုချင်တာကို ဘာလို့ ချက်ချင်း မရလဲဆိုတာကို အကျိုးသင့် အကြောင်းသင့် ရှင်းပြတာကို ကောင်းကောင်း လက်ခံကြပါတယ်။ တစ်ချို့ကတော့ ဘာဖြစ်သွားတယ်ဆိုတာရယ် ရလဒ်အနေနဲ့ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာရယ်ကို လိုရင်း တိုရှင်းရှင်းပြတာကိုပိုပြီး နားဝင်လွယ်ပါတယ်။အချိန်အနည်းငယ်ကြာအောင် စောင့်ဆိုင်းအနားယူစေလိုက်ခြင်းဟာ သင့်ကလေးအတွက် အကျိုးရှိစေပါတယ်။ ဒီလိုအနားယူနေတဲ့အချိန်မှာ သူတို့ရဲ့လုပ်ရပ်ကို ကိုယ်တိုင်ပြန်လည်ဆန်းစစ်နိုင်ပါတယ်။ မိုက်ခရိုဝေ့ဖ် မီးဖိုနဲ့ ချက်ပြုတ်ရင်တောင်မှ ချက်ပြုတ်တဲ့အရာတွေ ကျက်သွားဖို့ အချိန်တစ်ခုလိုတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ အရာရာတိုင်းမှာ ရလဒ်ကောင်းရဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။အရွယ်ကြီးတဲ့ ကလေးတွေအတွက် ကောင်းမွန်တဲ့ အကြံဉာဏ်ပေးရမယ်ဆိုရင်တော့ သူတို့ရဲ့ အခွင့်ထူးတွေကို ခေတ္တရုပ်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ သင့် ကလေးတွေရဲ့ အခွင့်အရေးတွေကို စာရင်းပြုလုပ်ထားပါ။ အဲဒါတွေကတော့ တီဗီကြည့်ခြင်း၊ သရေစာစားခြင်း ၊ သင်ခန်းစာများ (သို့) အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။ ထိုသို့ အခွင့်အရေးထူးများကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် သူတို့သည် အပြုအမူဆိုးများကို လွယ်လင့်တကူ ပြုလုပ်ရဲမည် မဟုတ်တော့ပေ။သင့်ရဲ့ သမီးဟာ ဖုန်းနားကမခွာတာမျိုး၊ သင့်သားဟာ တီဗီက ဘောလုံးပွဲတွေက အလွန်အကျွံးကြည့်နေတာမျိုး တို့ အတွက် သင်ဟာ အိမ်စည်းကမ်းထုတ်ပြီး တင်းကျပ်ခြင်း၊ အပြစ်ပေးခြင်းတို့ ပြုလုပ်ပြီး ထိန်းနိုင်ပါတယ်။အကယ်၍သင့်ရဲ့ကလေးဟာ သင့်စကားကိုနားမထောင်ဘူးဆိုရင် တစ်ခြားတစ်ယောက်ရဲ့စကားကိုတော့ နားထောင်ကောင်း ထောင်နိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဇနီး၊ခင်ပွန်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ကို အကူအညီတောင်းကြည့်သင့်ပါတယ်။ သူတို့ဟာကလေးကိုမှန်ကန်တဲ့ အတွေးအမြင်တွေရအောင် အကူအညီပေးကောင်းပေးနိုင်ပါတယ်။မိသားစုတွေ့ဆုံပွဲတစ်ခု လုပ်ပြီးတော့ တချို့အခြေခံစည်းမျဉ်း စည်းကမ်းတွေကို လိုက်လျောစေဖို့လိုပါတယ်။ ဥပမာ သင့် ရဲ့အိမ်ထဲမှာ တစ်စုံတစ်ယောက်ကိုမုန်းကြောင်းပြောခြင်း၊ ရည်ရွယ်ချက်ရှိရှိ ဒေါသထွက်အောင်လုပ်ခြင်း၊ ခွန်းတုံ့ပြန်ပြောခြင်းတို့ ကို တားမြစ်တဲ့ စည်းကမ်းတွေ ထုတ်နိုင်ပါတယ်။တည်ငြိမ်နေဖို့ အလွန် အရေးကြီးပါတယ်။ တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားပါ။ ကလေးအများစုဟာ တစ်ပတ်ကို အနည်းဆုံးတစ်ခါတော့ သင့်ကိုစမ်းသပ်တတ်ပါတယ်။ တစ်ချို့ကတော့ တစ်ပတ်တစ်ခါထက်ပိုပြီး စမ်းသပ် တတ်ကြပါတယ်။ သင့်ရဲ့ဒေါသကိုမြိုသိပ်ထားလိုက်ပါ။ သင့် ကိုယ်သင် တီဗီကပြနေတဲ့ ဘောလုံးပွဲထဲက ဒိုင်လူကြီးတစ်ယောက်လို့ သဘောထားကြည့်လိုက်ပါ။ သင်ဟာ ကလေးတွေ စည်းကမ်း ချိုးဖောက်ခြင်းကို ဒိုင်တစ်ယောက်၏ တည်ငြိမ်သောစိတ်မျိုး နဲ့ဒေါသမပါဘဲ ဖြေရှင်းဖို့ ကြိုးစားပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%91%e1%80%b2%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%bc/
ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက်
ကိုယ်ဝန်ဆောင်မိခင်များသည် ပုံမှန်အားဖြင့် နည်းလမ်း ၂ မျိုး( ရိုးရိုးမွေးခြင်း၊ ဗိုက်ခွဲ၍မွေးခြင်း) ဖြင့် ကလေး မီးဖွားလေ့ရှိပါသည်။ နည်းလမ်း ၂ မျိုးစလုံးတွင် အားနည်းချက် အားသာချက်ရှိပါသည်။ ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေကတော့။မည်သည့်ဆေးအကူမှမယူဘဲ သဘာဝမွေးလမ်းကြောင်း အတိုင်းမွေးခြင်းကို ဆိုလိုပါသည်။အားသာချက်။အားနည်းချက်။ဗိုက်ခွဲမွေးခြင်း (C-section (သို့) cesarean section) မွေးခြင်းဆိုသည်မှာ မိခင်၏ ဝမ်းဗိုက်နှင့်သားအိမ် တို့တွင် ခွဲစိတ်ရာပေး၍ ကလေးကိုမွေးထုတ် ခြင်းဖြစ်ပါသည်။အားသာချက်။အားနည်းချက်။ထိုနည်းလမ်းနှစ်သွယ်တွင် ကောင်းကျိုး၊ဆိုးကျိုး များစွာ ရှိပါသည်။ မိခင်၏ ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်၍ ဆရာဝန်များမှ သင့်လျှော်သော နည်းလမ်းကို ရွေးချယ်ပေးပါလိမ့်မည်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/vaginal-birth-vs-cesarean-section/
ဆေးလိပ်ဖြတ်နည်းအကြံပေးချက်များ - ငါးမိနစ်စာ တောင့်တစိတ်ကိုဖြေဖျောက်နည်း
ဆေးလိပ်စစဖြတ်ချင်းမှာတော့ သင့်စိတ်ထဲမှာ ပျင်းလာမယ်။ စီးကရက်သောက်ချင်စိတ်တွေ ဆက်တိုက်ဖြစ်လာမယ်။ သေချာသတိထားကြည့်မယ် ဆိုရင်တော့ ဒီလိုဆေးလိပ်ကိုတောင့်တစိတ်ဖြစ်လာတဲ့ အချိန်အများစုဟာ သုံးမိနစ်ကနေ ငါးမိနစ်လောက်ပဲ ကြာမြင့်တတ်တာကို သထိထားမိပါလိမ့်မယ်။ ဆေးလိပ်ကို အရမ်းတောင့်တလာပြီးတော့မှ တဖြည်းဖြည်း တောင့်တစိတ်လျော့ပါးလာလေ့ရှိပါ တယ်။ဆေးလိပ်ဖြတ်လိုက်တဲ့ အစပိုင်းရက်တွေမှာ ခံစားရတတ်တဲ့ တောင့်တမှုနှစ်မျိုးရှိပါတယ်။၁ )ရုပ်ပိုင်းဆိုင်ရာတောင့်တမှုဆိုတာ နီကိုတင်းကို ဖြတ်နိုင်ဖို့ သင့်ခန္ဓါကိုယ်ရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ သင့်ရဲ့ လည်ချောင်းထဲ ဒါမှမဟုတ် ဗိုက်ထဲမှာ မအီမသာခံစားရနိုင်ပြီး စိတ်ဖိစီးမှုနဲ့ထိတ်လန့် ပူပန်စိတ်တွေဖြစ်လာတတ်ပါတယ်။၂)စိတ်ပိုင်းဆိုင်ရာတောင့်တမှုကတော့ သင့်ရဲ့နေ့စဉ် ဘဝမှာဖြစ်နေကျကိစ္စတွေကြောင့် ဖြစ်လာတတ်ပါ တယ်။ ကျွန်တော်တို့အားလုံးက ကိုယ့်ကိုယ်ကိုယ်မသိဘဲ လုပ်မိတဲ့ကိစ္စတွေ အများကြီးရှိကြပါတယ်။ ကျွန်တော်တို့က အလိုအလျောက် ဆေးလိပ်သောက်ဖို့ လုပ်မိတတ်ပါတယ်။ ဆေးလိပ်ကိုဖြတ်ပြီဆိုရင်တော့ အကျင့်ပါနေတဲ့ ဒီလုပ်ရပ်တွေကနေ အငမ်းမရသောက်ချင်စိတ်ကို ဖြစ်လာစေပါတယ်။ ကားမောင်းခြင်း၊ အစားစားခြင်း၊ ကော်ဖီ ဒါမှမဟုတ် အရက်သောက်ခြင်း၊ ဒါမှမဟုတ် ရိုးရိုးအနားယူခြင်းလိုမျိုး လှုပ်ရှားမှုတွေက လူအတော်များများကို ဆေးလိပ်သောက်ဖို့ အတွေးတွေ ပေါ်လာစေပါတယ်။ စိတ်ရဲ့စေ့ဆော်မှုတွေက ခန္ဓါကိုယ်ကတောင့်တနေ တဲ့အတိုင်းအတာနဲ့တူညီစွာပဲ ခံစားချက်တွေ ဖြစ်လာစေနိုင်ပါတယ်။ရိုးရိုးလေးပဲဆက်ထိန်းသွားပါ။ တောင့်တစိတ်တွေဖြစ်လာတာနဲ့ တားဆီးပါ။ အထိရောက်ဆုံးနည်းလမ်း ကတော့ အဲဒီအချိန်လေးမှာပဲ သင့်ရဲ့အတွေးကို တားဆီးနိုင်ဖို့ပါ။ စိတ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်ဖြစ် သင့်လုပ်ရပ်ကို ပြောင်းလဲပါ။ တောင့်တစိတ်က ပျောက်သွားပါလိမ့်မယ်။ အောက်ပါ အချက်တွေထဲက တစ်ခုခုကို လုပ်ကြည့်ပါ ဒါမှမဟုတ် အခြေအနေနဲ့ သင့်တော်မယ်ထင်တဲ့အချက်ကို သင်ယူဆတဲ့အတိုင်း လုပ်ကြည့်ပါ။(၁)လမ်းလျှောက်ထွက်ပါ– အိပ်ရာကထတာနဲ့ လှုပ်ရှားပါ။ ဖြစ်နိုင်ရင် ငါးမိနစ်လောက် အပြင်ထွက် လမ်းလျှောက်ပါ။ ပန်းခြံတစ်ပတ် ကိုယ်လက်လှုပ်ရှား ပြီး အသက်ကိုတတ်နိုင်သလောက် ရှိုက်ရှူပါ။ ကိုယ်လက်လေ့ကျင့်ခန်းအနည်းငယ်နဲ့ ရှုခင်းဝန်းကျင် အပြောင်းအလဲက အထောက်အကူပေးနိုင်ပါတယ်။(၂)စိတ်ကူးနဲ့ ခရီးတိုထွက်ကြည့်ပါ– မျက်စိကိုမှိတ် လိုက်ပါ။ သင့်စိတ်တွေ ဖြေလျှော့ပြီးအနားယူဖို့ လိုလာချိန်မှာ သင်ပုံဖော်မြင်ယောင်မိလို့ရတဲ့ နေရာတစ်ခုကို စိတ်ကူးနဲ့ပုံဖော်ကြည့်ပါ။အဲဒီနေရာက အမှန်တကယ်ရှိတဲ့နေရာ ဟုတ်ချင်မှဟုတ်နိုင်မယ် ဆိုပေမယ့် အသေးစိတ် ပုံဖော်ကြည့်ပြီး ကိုယ့်စိတ်ကြိုက်ဖန်တီးပါ။ ဒီလေ့ကျင့်ခန်းကို လုပ်နေတဲ့အခါတိုင်း အဲဒီနေရာကို သွားပါ။ စိတ်ထဲရင်းနှီးလာပြီး သက်တောင့်သက်သာ ဖြစ်လာတဲ့အထိပေါ့။ အတွေးထဲ အခြေကျပြီဆိုတာနဲ့ အသက်စရှူပါ။ တဖြည်းဖြည်း နှေးလိုက်ပါ။ အသက်ကို ရှူသွင်း၊ ရှူထုတ် သုံးမိနစ်မှ ငါးမိနစ်ခန့်အထိ ခပ်ပြင်းပြင်းလုပ်ပါ။(၃)ရေတစ်ဖန်ခွက်သောက်ပါ– ဆေးလိပ်ကို တောင့်တလာတဲ့အခါ ရေတစ်ဖန်ခွက်သောက်ချနိုင် ပါတယ်။ ဒီလိုသောက်ခြင်းက သင့်ကို ဆေးလိပ်တောင့်တမှု သက်သာစေရုံမက ခန္ဓါကိုယ်အတွက်လည်းကောင်းပါတယ်။ ကျန်းမာရေးကောင်းမွန်စေဖို့ ရေကိုသောက်ပါ။ ရေဟာ သဘာဝရဲ့အကောင်းဆုံးအထောက်အကူတစ်ခုဖြစ်ပြီး သင့်ခန္ဓါကိုယ်အတွက် အကျိုးကျေးဇူးတွေအများကြီး ပါဝင်ပါတယ်။ ကျန်းမာရေးကို ထိန်းသိမ်းနိုင်ဖို့ ရေများများသောက်ပါ။(၄)ဆေးလိပ်ဖြတ်ရတဲ့ သင့်ရဲ့အကြောင်းရင်းတွေကို သေချာပြန်တွေးပါ– ကိုယ့်ရဲ့ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်းစာရင်းကို ပြန်ဖတ်ခြင်းက ဦးစားပေး အကြောင်းရင်းအချက်တွေကို အမြန်ဆုံးပြန်သတိရမိ စေမှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်မယ်ကြံတိုင်း ငါးမိနစ်အချိန်ယူကာ သင်ဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်ခဲ့ချိန်က ဘယ်လိုခံစားခဲ့ရလဲဆိုတာပြန်တွေးပါ။ နောက်ဆုံး ဆေးလိပ်သောက်ခဲ့ချိန်က ဘာကြောင့်အခုလိုဆုံးဖြတ်ခဲ့မိတာလဲဆိုတဲ့ အကြောင်းရင်းတွေကို ပြန်တွေးပါ။(၅)ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာကို စားပါ– သွေးတွင်းသကြားဓါတ်ပမာဏက ကျဆင်းသွားတဲ့ အခါ သင့်မှာ ဆေးလိပ်သောက်ချင်စိတ်က မြင့်မား လာပြီး စိတ်ထိန်းနိုင်မှာမဟုတ်ပါဘူး။ အာဟာရဖြစ်မယ့်အစားအစာတစ်ခုခုကို စားပါ။ ဥပမာ- သစ်သီး၊ ဒိန်ချဉ်၊ ဒါမှမဟုတ် မြေပဲထောပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ဘီစကစ် ပေါ်တင်စားပါ။ လူက ပြန်လည်လန်းဆန်းလာပြီး စိတ်ခိုင်မာလာပါလိမ့်မယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%a1%e1%81%be%e1%80%80%e1%80%b6%e1%80%b1%e1%80%95%e1%80%b8/
ရိုးရိုးမွေးရန် ပြင်ဆင်ခြင်း
သင့်ဘဝထဲသို့ ကလေးလေး ရောက်မလာခင် မိခင် အများစုသည် ကလေးမမွေးခင် ဘာလုပ်ရမည်၊ ဘာကို မလုပ်ရမည်ကို စဉ်းစားပြီး စိုးရိမ်တတ်ကြသည်။ သဘာဝအတိုင်း မွေးဖွားရန် ပြင်ဆင်ချိန်တွင် မိခင်တိုင်း စဉ်းစားရမည့် အချက်များစွာရှိသည်။ ဤဆောင်းပါးသည် သင်မွေးဖွားရန်အတွက် အရေးကြီးသော လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။အမျိုးသမီးတိုင်းတွင် ကလေးမွေးသည့်အခါ ခံစားရသည်များ မတူညီကြပေ။ သင်မွေးဖွားလျှင် မည်သို့ ဖြစ်မည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ပေ။ သို့သော် ကလေး မွေးဖွားရာတွင် အောက်ပါ အဆင့်သုံးဆင့်ကို သင်ကြုံတွေ့ရမည်ဖြစ်သည်။ပထမအဆင့်တွင် သင့်သားအိမ်သည် စတင်၍ တင်းလာပြီး ကျုံ့ခြင်း၊ ပြေလျော့ခြင်းကို တလှည့်စီ ဖြစ်စေမည်။ ထိုအခါ သားအိမ်ခေါင်းသည် ပါးပြီးကျယ်လာသည့် အတွက် ကလေးသည် မွေးလမ်းကြောင်း မှတဆင့် တိုးထွက်လာနိုင်သည်။ ဤအစောဆုံး အဆင့်သည် နာရီအနည်းငယ်မှ ရက်ပိုင်းအထိ ကြာနိုင်သည်။ နောက်ပိုင်းတွင် သားအိမ်ညှစ်ခြင်းသည် ပုံမှန် အကြိမ်ရေ စိတ်လာပြီး တစ်မိနစ်ခန့် ကြာလာနိုင်သည်။ဒုတိယအဆင့်တွင် သားအိမ်ခေါင်းသည် ကျယ်လာပြီး သင့်ကလေးကို ထွက်စေရန် သင်စတင် ညှစ်ထုတ်ရသည်။တတိယအဆင့်တွင် သင့်ကလေး ထွက်လာပြီးနောက် အချင်းထွက်စေရန် ဆက်ပြီး ညှစ်ရပါသည်။မွေးဖွားစဉ်တွင် နာကျင်မှုကို သက်သာစေရန် ကိုယ်ဝန် ဆောင်နေချိန်တွင် အောက်ပါတို့ကို ပြင်ဆင်နိုင်ပါသည်။ခန္ဓါကိုယ် အောက်ပိုင်းကို နှိပ်နယ်ပေးခြင်းသည် မိန်းမကိုယ်နှင့် စအိုတဝိုက်တွင် ရှိသော အရေပြားနှင့် တစ်သျှူးများကို ဖြည်းညင်းစွာ ဆန့်ထုတ်စေသည်။ ပုံမှန်အားဖြင့် ကိုယ်ဝန် ၃-၄ ပတ် နောက်ပိုင်းတွင် ထိုလေ့ကျင့်ခန်းကို စတင်နိုင်သည်။ လေ့လာမှုများအရ ထိုသို့ နှိပ်နယ်ပေးခြင်းသည် ကလေးမွေးရာတွင် စုတ်ပြဲခြင်းကို သက်သာစေသည်။တင်ပဆုံကွင်း လေ့ကျင့်ခန်းသည် သင့်ကလေးကို ထွက်စေရန် ညှစ်ထုတ်သည့် အခါတွင် သင့်ကြွက်သားများ အလုပ်လုပ်နိုင်စေရန် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မွေးဖွားသည့် အချိန်တွင် လွယ်ကူစေသည်။ ကြွက်သားများကို သန်မာစေခြင်းဖြင့် မွေးဖွားချိန်နှင့် မွေးဖွားပြီးနောက် သင့်ကြွက်သားများကို ထိန်းချုပ်နိုင်စွမ်း ကောင်းစေသည်။ဆီးခုံအမွေးများကို ဂရုစိုက်ပါ။ကိုယ်ဝန်ရှိသောအခါ အထူးသဖြင့် ပထမဆုံး ကိုယ်ဝန်တွင် သင်သည် အမွေးရိတ်ခံရမည်ကို စိုးရိမ်နေနိုင်သည်။ ဆီးခုံတစ်ဝိုက်ကို သန့်ရှင်းအောင် ထားခြင်းသည် သင်နှင့် သင့်ဆရာဝန်ကို မွေးဖွားချိန်တွင် လုပ်ဆောင်ရမည်များကို အဆင်ပြေစေသည်။ အမွေးရိတ်လျှင် ကလေးမွေးသော အခါ ပိုးဝင်ခြင်းကို လျော့နည်းစေသည်။ ထို့ကြောင့် ဆေးရုံမတက်ခင် သင့်ကို ကျန်းမာရေးအတွက် ဘေးကင်းစိတ်ချရစေရန် အမွေးရိတ်လာရန် ဆေးရုံမှ ညွှန်ကြားနိုင်သည်။ကလေးမွေးခြင်းကို ပညာပေးသည့် အတန်းများကို တက်ပါ။တချို့သော မိခင်များတွင် နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများထံမှ ပညာပေးအတန်းများ တက်ရန် အကြံဉာဏ်ရနိုင်ပါသည်။ အတန်းတက်ခြင်းအားဖြင့် ကလေးမွေးသည့် အခါတွင် သင့်စိုးရိမ်မှုများကို လျော့စေပြီး၊ သေသေချာချာသိပြီး ဆုံးဖြတ်ချက်ချနိုင်စေသည်။ အောက်ပါတို့သည် ပညာပေးအတန်းတွင် သင်လေ့လာရမည့် အချက်အလက်များ ဖြစ်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9b%e1%80%94%e1%80%b9-%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%86%e1%80%84%e1%80%b9/
ဒရင်ကောက်ပင် ကပေးတဲ့ ကျန်းမာရေး
ဒရင်ကောက်ပင်ဆိုတာက နေ့စဉ် စားသုံးနေကျကန်စွန်းရွက်တွေလိုမျိုး တရင်းတနှီး မရှိပေမယ့် လုံးဝ မရင်းနှီးတာမျိုးတော့ မဟုတ်ပါဘူး။ ကြားဖူးနားဝတော့ ရှိသလို နည်းနည်းကျဉ်းကျဉ်းလောက်တော့ စားဖူးမိနိုင်ပါတယ်။ ပုံစံလေး ဆန်းတဲ့ ဆေးဖက်ဝင် အပင်အနေနဲ့ လူသိများလာတဲ့ ဒရင်ကောက်ပင်ကကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ဒရင်ကောက်ပင် ဆိုတာက ရိုးတံ ခပ်ပျော့ပျော့နဲ့ နွယ်ပင်လိုပုံစံ ရှိတဲ့ အပင်ငယ်လေးတွေပါ။ ထိပ်ပိုင်းမှာ အရွက်လိပ်ခွေခွေလေးတွေက ” ဋ ” ပုံစံ ဖြစ်နေတာကြောင့် ဒရင်ကောက်ပင်လို့ ခေါ်ကြတာပါ.။ဒရင်ကောက်ပင်ကို စားသုံးတဲ့အခါ အရွက်ဖျား ထိပ်ပိုင်း နုနုခွေခွေလေးတွေကိုပဲ စားကြတာ များပါတယ်။ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ် ဒေသခံ အမေရိက လူမျိုးတွေနဲ့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဒေသခံတွေက လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက စားသုံးခဲ့ကြပါတယ်။ပုံစံလေးက ချစ်ဖို့ကောင်းသလို စားလို့လည်း ကောင်းတဲ့ ဒရင်ကောက်ပင်လေးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ကြော်စားလို့ရသလို ပြုတ်ပြီး သုပ်စားလို့လည်း ရတဲ့ ဒရင်ကောက်ပင် ကကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ဒရင်ကောက်ပင်မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး ဖျားနာတာ၊ အအေးမိတာ၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ပြည့်ဝမှုက ကျန်းမာရေးကို အတော်လေး ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ် ပါဝင်တာကြောင့် အဆာခံနိုင်စေပြီး ကယ်လ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှု နည်းတာက ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးကျစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကင်ဆာမဖြစ်စေဖို့ ကာကွယ်ပေါ်သလို ကင်ဆာဆဲလ်တွေ ပြန့်ပွားတာမျိုး မဖြစ်စေဖို့လည်း တားဆီးပေးနိုင်ပါတယ်။ဒရင်ကောက်ပင်မှာ copper နဲ့ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဗီတာမင် A ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေပြီး မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြက်မျက်သင့်တာ၊ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဒရင်ကောက်ပင်မှာ ဗီတာမင် B2 ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်တာကို သက်သာစေဖို့လည်း စားပေးလို့ ရပါတယ်။ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အဆစ်တွေ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်တွင်းကိုယ်ပမှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် ဒရင်ကောက်ပင်ကို စားသုံးပေးလို့ ရပါတယ်။ဒရင်ကောက်ပင်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် အစိမ်းမစားသင့်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/fiddlehead-fern-health-benefits/
အအိပ်မမှန်တာ ဒါတွေနဲ့ဆိုင်တယ်နော်
လူက ညဘက်အိပ်မပျော်တာလားဆိုတော့လည်းမဟုတ်ဘူး။ အိပ်ရေးဝတဲ့အခါ ဝတယ်၊ အိပ်မပျော်တဲ့အခါမပျော်ဘူး။ တစ်ညနဲ့တစ်ည အိပ်ပျော်လိုက်၊ မပျော်လိုက် အအိပ်မမှန်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်လောက်ပါဘူး။ ဒီလိုဖြစ်လေ့ဖြစ်ထရှိကြတာ ဘာတွေကြောင့်လဲဆိုတာ နည်းနည်းစပ်စုကြည့်ရအောင်။အိပ်ချိန်မှန်ပြီး အိပ်ရေးဝဖို့က နာရီ alarmပေးထားပြီး အတင်းဝင်အိပ်ရုံနဲ့၊ အိပ်ရာထဲလှိမ့်နေရုံနဲ့မရပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်လို့ အစားအသောက်က အရေးပါတယ်ဆိုတာ သိရင် ပိုအဆင်ပြေပါလိမ့်မယ်။ အိပ်ရေးဝဖို့ ဘာကိုဆောင်သင့်လဲ၊ ဘာကိုရှောင်သင့်လဲ ဆိုတာ သိရအောင် ဆက်ပြီးဖတ်ကြည့်ပါဦး။ညအိပ်ခါနီး နွားနို့ပူပူလေးသောက်ရင် ကောင်းကောင်း အိပ်ပျော်တယ်လို့ပြောလေ့ရှိကြတယ်။ ဘာလို့လဲသိလား။ နို့ထွက်ပစ္စည်းတွေမှာtryptophan ပါဝင်လို့ဖြစ်ပါတယ်။tryptophan ဆိုတာ အိပ်စက်ခြင်းကို အထောက်အကူပေးတဲ့ဓါတ်ပစ္စည်းဖြစ်ပြီး အစေ့အဆန်တွေ၊ ငှက်ပျောသီး၊ ပျားရည်နဲ့ ကြက်ဥတို့မှာလည်း ပါဝင်တတ်ပါတယ်။ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကသွေးထဲမှာtryptophan ကိုတိုးစေပါတယ်။ ဒါ့ကြောင့်ကွေကာနဲ့ နို့၊ အစေ့အဆန်နဲ့ခရက်ကာ၊ပေါင်မုန့်နဲ့ချိစ် အတွဲအစပ်တွေလိုမျိုးကို ညဘက်စားသုံးရင် ပိုအိပ်ပျော်စေပါတယ်။အိပ်မပျော်တတ်ဘူးဆိုရင် အိပ်ရာဝင်ခါနီးမှာ အဆာပြေတစ်ခုခုစားခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် နည်းနည်းပဲစားသင့်ပါတယ်နော်။ များခဲ့ရင် အစာကြေဖို့မလွယ်သလို အဆီတက်တာလည်းများပါလိမ့်မယ်။ ဒါဆို အိပ်ပျော်ဖို့ ပိုတောင်ခက်စေနိုင်ပါတယ်။နေ့ဘက်မှာဖြစ်ဖြစ်၊ ညဘက်မှာဖြစ်ဖြစ် အဆီများတာတွေမကြာခဏစားတတ်သူတွေက ပိုဝလာမယ်၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ခက်တယ်လို့ သုတေသနတွေ့ရှိချက်တွေကဆိုပါတယ်။ အဆီများတော့ အစာမကြေ၊ အိပ်မပျော်၊ အစာခြေစနစ်ပြဿနာတွေရှိလာနိုင်တယ်။ညနေပိုင်းမှာကော်ဖီသောက်ရင် ညကျသိပ်အိပ်မပျော်တော့ဘူးမလား။ ကဖင်းဓါတ်ဟာတော်တန်ရုံပမာဏလောက်နဲ့တင် အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါပေမယ့်ကော်ဖီနဲ့လက်ဖက်ရည်ကိုပဲသတိထားနေလို့မရပါဘူး။ချောကလက်၊ ကိုလာနဲ့ လက်ဖက်သုပ်တို့မှာ လည်း ကဖင်းပါဝင်ပါတယ်နော်။ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင်တော့ မအိပ်ခင် ၄ နာရီကနေ ၆ နာရီအလိုတည်းက ကဖင်းကိုရှောင်သင့်ပါတယ်။အကိုက်အခဲပျောက်ဆေး၊ အဆီကျဆေးတွေ၊ ဆီးဆေးတွေနဲ့ အအေးမိပျောက်ဆေးတွေမှာ ကဖင်းဓါတ်တွေပါဝင်တတ်ပါတယ်။ တချို့ဆိုကော်ဖီတစ်ခွက်ထက်တောင် ကဖင်းပိုများနေတတ်ပါတယ်။ ညညအိပ်မရဖြစ်နေတယ်ဆို ကိုယ်သောက်သုံးနေတဲ့ဆေးဝါးကြောင့်များလားဆိုတာ တစ်ချက်ထည့်စဉ်းစားပေးပါ။မူးရင် ဘာမှမသိတော့ဘဲ အိပ်ပျော်သွားရောလို့ ထင်ကြပေမယ့် တကယ်တမ်းကျ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့က မဖြစ်နိုင်ပါဘူး။ ကိုယ်ကမသိပေမယ့် ဟိုလှိမ့်ဒီလှိမ့်၊အငြိမ်မနေဘဲ အိပ်တာမို့ အိပ်ရေးဝမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အိပ်ပျော်ချင်တယ်ဆို သောက်မယ့်အချိန်ကို အိပ်ရာမဝင်ခင် ၄ နာရီ သို့မဟုတ် ၆ နာရီလောက်တော့ခြားပါ။ပရိုတင်းဓါတ်ကို တစ်နေ့တာမှာလိုအပ်တာမှန်ပေမယ့် အိပ်ရာဝင်ခါနီးမှာတော့ များများမစားသင့်ပါဘူး။ ပရိုတင်းကိုချေဖျက်ဖို့ခက်ခဲပြီး အမိုင်နိုအက်စစ်tyrosine ပါဝင်လို့ ဦးနှောက်ကိုလှုပ်ရှားမှုပိုများစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ ပရိုတင်းများတာတွေသိပ်မစားပါနဲ့။ဆေးလိပ်သောက်သူတွေရဲ့အကျင့်ကဆေးလိပ်လေးဖွာရှိုက်ရင်း အတွေးနယ်ချဲ့တာပါပဲ။ အနားယူချိန်၊ စိတ်ကိုဖြေလျှော့ချိန်မှာဆေးလိပ်ကိုအားကိုးတတ်ကြပါတယ်။ ဆေးလိပ်ရဲ့ Nicotine ဆိုတာ ကဖင်းလိုပဲ နိုးကြားစေတဲ့အာနိသင်ရှိပါတယ်။ အိပ်ခါနီး ဆေးလိပ်လေးဖွာပြီး အတွေးများတာ၊ ညလယ် တရေးနိုးမှာဆေးလိပ်ထသောက်တာမျိုးရှောင်ပါ။Hello ဆရာဝန်ရဲ့ စာဖတ်သူတို့ အိပ်ရေးဝဝနဲ့ အိပ်မက်လှလှမက်ပါစေနော်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/%e1%80%a1%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%90%e1%80%ac-%e1%80%92%e1%80%ab%e1%80%90%e1%80%bd%e1%80%b1%e1%80%94%e1%80%b2%e1%80%b7%e1%80%86%e1%80%ad/
null
null
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/why-adults-need-8-hours-of-sleep/
null
null
parenting
parenting
https://hellosayarwon.com/parenting/22-%e1%80%9c%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9/
ကိုလက်စထရောတက်ခြင်းနှင့် လိင်မှုဘဝ
Cholesterol မြင့်မားခြင်း။Cholesterol မြင့်မားခြင်းကို hypercholesteremia ဟုခေါ်ပြီး ယင်းမှာ ရောဂါမဟုတ်ပါ။ သို့သော် သွေးကြောများ ထူလာနိုင်ပြီး အသက်အန္တရာယ်ရှိသော ကျန်းမာရေး ပြဿနာများ ဖြစ်သော နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေပါသည်။Cholesterol များပြားခြင်းကို သွေးစစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်ပြီး အများအားဖြင့် မည်သည့်ရောဂါ လက္ခဏာမှ ပြသလိမ့်မည်မဟုတ်ပါ။Cholestrol မြင့်မားခြင်းသည် မျိုးရိုးလိုက်တတ်ပြီး မျိုးဗီဇသည်လည်း အရေးကြီးသော နေရာတွင် ပါဝင်ပါသည်။ မမေ့ရန်မှာ သင့်၏ စားသောက်နေထိုင်မှုပုံစံသည် အရေးကြီးဆုံးဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှု၊ အစားအသောက်ပုံစံနှင့် ကိုယ်အလေးချိန်တို့သည် သင်၏ Cholestrol အပေါ်များစွာ မှိခိုနေပါသည်။Cholesterol မြင့်မားခြင်းနှင့် လိင်မှုဘဝ။Cholestrol မြင့်မားခြင်းသည် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည့်အပြင် သင်၏ လိင်မှုဘဝကိုလည်း ထိခိုက်နိုင်ပါသည်။ သွေးကြောကျဉ်းခြင်းကြောင့် လိင်အင်္ဂါသို့ ရောက်သောသွေးနည်းလာပြီးနောက် လိင်မှုရေးရာကိုလည်း ထိခိုက်နိုင်ပါသည်။လိင်တံ့သို့သွေးရောက်နည်းပါက ထောင်မတ်ခြင်းဆိုင်ရာ ပြဿနာများ ရှိလာစေပါသည်။ ယင်းသို့ ပန်းသေပန်းညှိုးဖြစ်ခြင်းအတွက် သောက်ဆေးများသည် သွေးကြောနံရံများကို ကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေသော်လည်း နှလုံးသွေးလွှတ်မှုတွင် ပြဿနာဖြစ်စေပါသည်။ သွေးတွင်း Cholestrol မြင့်မားသူတွင် နှလုံးသွေးစီးဆင်းမှု ပြဿနာရှိပြီး လိင်အင်္ဂါတောင့်တင်းမှုကို ပြဿနာဖြစ်စေပါသည်။ထပ်မံလေ့လာတွေ့ရှိချက်များ အရမူ Cholestrol မြင့်မားခြင်းသည် အမျိုးသမီးများတွင်လည်း လိင်ပိုင်းဆိုင်ရာ ပြဿနာဖြစ်စေပါသည်။ သွေးတွင်း Cholestrol များသော အမျိုးသမီးများတွင် လိင်ဆက်ဆံစဉ် သဘာဝအလျောက် ထွက်သောအရည်သည် ချော့မွေ့မှု နည်းလာသောကြောင့် နာကျင်မှု့ ဖြစ်လာပြီး လိင်ဆက်ဆံရန် ကြောက်ရွံ့ပြီး လိင်စိတ်နည်းပါးစေပါသည်။သွေးတွင်းCholesterolမြင့်မားခြင်းနှင့် လိင်တံမတောင့်တင်းနိုင်ခြင်း။သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်အရ သွေးတွင်း Cholestrol မြင့်မားခြင်းသည် လိင်တံတောင့်တင်းခြင်းနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိပါသည်။ ထိုနည်းတူစွာ သွေးတိုးရောဂါရှိသော အမျိုးသားများတွင်လည်း အလားတူ ပြဿနာရှိနိုင်ပါသည်။ သွေးတွင်း Cholestrol များသောသူတွင် မကောင်းသော Cholestrol ဖြစ်သော LDL Cholestrol တက်လာပြီး သွေးကြောတွင် အနယ်အနှစ်များ ဖြစ်လာပြီး သွေးကြောများကို ကျဉ်းစေပါသည်။ ထိုအခါတွင် သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပါမည်။ အများစုမှာ နှလုံးကို ထောက်ပံ့ပေးသော သွေးကြောများအတွက်သာ စိတ်ပူကြသော်လည်း လိင်တံဆီသွားသော သွေးကြောများတွင်လည်း ပြဿနာဖြစ်လာပါသည်။လိင်ပိုင်းဆိုင်ရာ ပြဿနာရှိသောသူတိုင်း ဆရာဝန်နှင့် ဆွေးနွေးသင့်ပြီး အကယ်၍ ဆရာဝန်မှ သွေးတွင်း Cholestrol မြင့်မားမှုကြောင့် ဖြစ်သည်ဟု ဆိုပါက သင်၏ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲရပါမည်။ ဥပမာ။ အဆီများသော အစားအစာများကို ရှောင်ကြည်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း စသည်တို့ပြုလုပ်ရပါမည်။ ထို့အပြင် လိုအပ်သော ဆေးဝါးများကိုလည်း လိုအပ်သလို သောက်သုံးရပါမည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%80%e1%80%ba%e1%80%85%e1%80%91%e1%80%9b%e1%80%b1%e1%80%ac%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84/
ခွဲမမွေးဘဲ ရိုးရိုးပဲ ကလေးမွေးမယ် လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက်များ
ကလေးမွေးမယ်ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ရိုးရိုးမွေးခြင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။ဗိုက်နာတတ်တဲ့ ကိစ္စတစ်ခုပဲ ပြောစရာရှိပြီး ကလေးထွက်သွားရင် ၃ ရက်လောက်နဲ့ သာမာန်လူလို ပြန်ဖြစ်သွားတဲ့အတွက် ရိုးရိုးမွေးတာကို ကြိုက်တဲ့သူတွေလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ်ကလည်း ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ၁၀ ချက်ကို သိထားဖို့တော့ လိုပါတယ်။မီးမဖွားခင် အကြိုသင်တန်းတွေ တက်ထားတဲ့အခါကျတော့ တကယ်လည်း မွေးခန်းထဲလည်းရောက်ရော ကလေးကို ဘယ်လိုညှစ်ရတယ် ဘယ်လိုပုံစံမျိုးနဲ့နေရင် ကလေးထွက်ဖို့ ပိုမြန်တယ်ဆိုတာတွေကို သိပြီးသားဖြစ်နေမှာပါ။တချို့ရှိပါတယ်။ ဗိုက်နာတယ်၊မီးဖွားချင်သလိုလိုဖြစ်နေတယ်ဆိုပြီး ဆေးရုံသွား ဟိုရောက်တော့မှ မီးဖွားချင်တာမဟုတ်မှန်း သိရတဲ့ အခိုက်အတန့်တွေပါ။ ရောက်လက်စနဲ့ ဆက်ပြီးနေသွားမယ်ဆိုပြီး ဆရာဝန်လည်း မညွှန်ကြားဘဲ ဆေးရုံမှာ မနေပါနဲ့ ။ ဆေးရုံဆိုတာ ရောဂါပိုးပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။ရိုးရိုးမွေးတယ်ဆိုမှတော့ ဗိုက်နာတာကို ခံနိုင်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ တော်ကြာ ရိုးရိုးမွေးမယ်လုပ်ပြီး ဗိုက်နာတာကို မခံနိုင်တော့လို့ ခွဲမွေးမယ်ဆိုတာမျိုး မဖြစ်တာအကောင်းဆုံးပါ။ မဟုတ်ရင် နှစ်ခါခံရတယ်လေနော်။ကလေးမွေးချင်လို့ နာတာကတစ်ခါ၊ ဗိုက်ခွဲပြီး နာကျန်ခဲ့တာက တစ်ခါ။ကိုယ်က တကယ် ရိုရိုးမွေးချင်တယ်ဆိုရင် ကျန်းမာရေးအခြေအနေအရ ရိုးရိုးမွေးလို့ ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့အခြေအနေတွေမှာ ကိုယ်က ရိုးရိုးမွေးချင်ပေမယ့် အခြေအနေမပေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ ကလေးကန့်လန့်ဖြစ်နေတာ၊ အချင်းရှေ့မှာ ပိတ်နေတာ။ကျန်းမာရေးအတွက်ကောင်းတဲ့ စားသောက်မှုပုံစံဟာ သင့်ကိုယ်ခန္ဓာအတွက်သာမက ဗိုက်ထဲက ရင်သွေးလေးကိုပါ အကျိုးရှိစေမှာ အသေအချာပါ။ ပြည့်ဝတဲ့ အာဟာရတွေရှိနေမှလည်း ကလေးကို ညှစ်ထုတ်ဖို့ အားရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ဝမ်းမချုပ်အောင်အမျှင်ဓာတ်ကြွယ်ဝတာတွေ စားပေးပါ။ မီးဖွားပြီးနောက်ပိုင်းသွေးအားနည်းတာမျိုး မဖြစ်အောင်လို့သံဓာတ်နဲ့ Folic acid ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေးစားပါ။ကိုယ်လက်လှုပ်ရှားမှုရှိတဲ့အခါ သက်လုံကောင်းစေပြီး ကလေးမွေးမယ် ဆို ကောင်းကောင်းညှစ်နိုင်မယ့်အပြင် ဗိုက်နာတဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ မီးဖွားရတာလည်း လွယ်ကူစေမှာပါ။ခုနောက်ပိုင်းခွဲမွေးတဲ့ ကိစ္စမှာ နောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ ကလေးကို မိဘတွေ လိုချင်တဲ့ရက်အတိုင်းရအောင် မွေးတာပဲ ဖြစ်ပါတယ်။ရိုးရိုးမွေးရင်တော့ ဒီလိုရက်ရွေးလို့ ရမှာမဟုတ်ပါဘူး။ကလေးမွေးမယ် ဆို ရိုးရိုးကလေးမွေးတာ ဘယ်လောက်တောင် ဆိုးသလဲဆိုတဲ့ negative ပုံပြင်တွေကို နားမယောင်မိပါစေနဲ့။ သွားနားထောင်မိလေလေ ရိုးရိုးမွေးရမှာကို ကြောက်လာလေလေဖြစ်တတ်ပါတယ်။အိပ်ရေးဝဝ အိပ်ခြင်းဟာ ဗိုက်ထဲက ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ သင့်စိတ်ကို တည်ငြိမ်အောင်လုပ်နိုင်တဲ့အကောင်းဆုံး အရာတစ်ခုပါ။အချုပ်ပြောရမယ်ဆိုရင် ကလေးမွေးမယ် ဆို ရိုးရိုးပဲမွေးမွေး၊ ခွဲပဲ မွေးမွေး အတတ်နိုင်ဆုံးစိတ်ဖိစီးမှုမရှိအောင် နေပြီး ကိုယ့်ကိုကိုယ်လည်း သေချာဂရုစိုက်ကာ အရာရာကို အကောင်းဘက်ကပဲ တွေးထားသင့်ပါတယ်နော်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%81%e1%80%bc%e1%80%b2%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%99%e1%80%9a%e1%80%b9%e1%80%86%e1%80%af%e1%80%ad%e1%80%9b%e1%80%84%e1%80%b9-%e1%80%9e%e1%80%84/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/20-%e1%80%9c%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba/
ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ
ကလာမိုင်းဒီးယား (chlamydia) ဆိုတာ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ပျောက်ကင်းအောင်ကုသဖို့ လွယ်ကူပေမယ့် မကုသဘဲထားမယ်ဆိုရင် ရောဂါပိုးရှိသူ အမျိုးသမီးတွေကို ကိုယ်ဝန်မရအောင် အနှောင့်အယှက်ပေးနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ကဲ ….. ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ ကို လေ့လာကြည့်လိုက်ရအောင်နော်။ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ ကတော့။ကလာမိုင်းဒီးယားရောဂါဆိုတာ ကျားမမရွေး ဖြစ်ပွားနိုင်ပြီး လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပြီး နောက်ဆုံးရလဒ်အနေနဲ့ ရောဂါပိုးရှိသူ အမျိုးသမီးကို ကိုယ်ဝန်မဆောင်နိုင်တော့တဲ့အထိ ဖြစ်သွားစေပါတယ်။ဒါ့အပြင် ကလာမိုင်းဒီးယားရောဂါက မျိုးပွားအင်္ဂါတွေကို ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ရလာရင်တောင် နေရာလွဲမှားသန္ဓေတည်ခြင်းကို ဖြစ်စေနိုင်လို့ အထူးသတိထားသင့်တဲ့ ရောဂါတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ကလာမိုင်းဒီးယားရောဂါလို လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရမလာအောင် ကာကွယ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါက လက်တွေ့မကျတဲ့ အကြံပြုချက်ဖြစ်နေပါတယ်။ဒါကြောင့် သင်ဟာ လိင်ကိစ္စနဲ့ မကင်းကွာတဲ့သူဖြစ်မယ်ဆိုရင် အောက်ပါအကြံပြုတွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ရောဂါကူးစက်ခံရနိုင်ချေကို လျော့နည်းစေပါတယ်။အထက်မှာပြောခဲ့သလိုပဲ ကလာမိုင်းဒီးယားရောဂါဟာလိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်တဲ့အလျောက် လိင်ကိစ္စထိတွေ့မှုများတဲ့ လူငယ်တွေမှာ ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ လူငယ်တွေရဲ့ အပြုအမူနဲ့ ဇီဝဆိုင်ရာ အကြောင်းအချက်တွေဟာလည်း ရောဂါကူးစက်ခံရနိုင်ချေနဲ့ ဆက်စပ်လျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ပါးစပ်နဲ့စအိုမှာ လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်နိုင်ခြေ ပိုမြင့်တဲ့အတွက် လိင်တူဆက်ဆံသူ၊ လိင်တူလိင်ကွဲဆက်ဆံသူ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတွေဟာ အခြားသူတွေထက်စာရင် ဒီရောဂါကူးစက်နိုင်ချေ ပိုများပါတယ်။သင့်အနေနဲ့ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးဦးကို သင့်ကျန်းမာရေးအခြေအနေအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြပြီး ကလာမိုင်းဒီးယားရောဂါ နဲ့ အခြား လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရှိမရှိ စစ်ဆေးဖို့လိုမလို မေးမြန်းတိုင်ပင်သင့်ပါတယ်။အသက် ၂၅နှစ်အောက် လိင်ကိစ္စထိတွေ့မှုရှိတဲ့ အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးပေမယ့်လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေ၊ မိမိအဖော်မှာ ရောဂါပိုးရှိနေသူ အမျိုးသမီးတွေကတော့ ကလာမိုင်းဒီးယားရောဂါရှိမရှိ တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။ရောဂါကူးစက်ဖို့ အလားအလာများတဲ့ လိင်တူဆက်ဆံသူ၊ လိင်တူလိင်ကွဲဆက်ဆံသူ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတွေသာမက ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း ကလာမိုင်းဒီးယားရှိမရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။အထက်မှာပြောခဲ့သလိုပဲ ဒီရောဂါဟာ ရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်ကနေ ရင်သွေးငယ်ဆီ ကူးစက်နိုင်ပြီး မွေးကင်းစကလေးငယ်မှာ မျက်စိပိုးဝင်ခြင်းနဲ့ အဆုတ်ရောင်ရောဂါများ ခံစားရတတ်ပါတယ်။ ဒါ့အပြင် ဒီရောဂါကြောင့် လမစေ့ဘဲ မီးဖွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပထမဦးဆုံး ကိုယ်ဝန်ပြသတဲ့အချိန်မှာ ကလာမိုင်းဒီးယားရောဂါပိုး ရှိမရှိ စစ်ဆေးပြီး ရောဂါပိုးရှိခဲ့ရင်လည်း အချိန်မီ ကုသမှုခံယူခြင်းအားဖြင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။လူအများစုဟာ ရောဂါပိုးကူးစက်ခံရပြီး ချက်ချင်း လက္ခဏာပြလေ့မရှိဘဲ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံပြီး ရက်သတ္တပတ်များစွာကြာမှသာ လက္ခဏာပြလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာမပြပေမယ့်လည်း ရောဂါပိုးကူးစက်ခံထားရသူရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့။အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့။ဒီရောဂါဟာ မျိုးပွားအင်္ဂါတွေကိုသာမက အစာဟောင်းအိမ်ကိုပါ ကူးစက်နိုင်ပါတယ်။ စအိုမှာလိင်ဆက်ဆံခြင်းကတဆင့် ကူးစက်နိုင်သလို မိန်းမကိုယ်ကဲ့သို့ အခြားကိုယ်အင်္ဂါတစ်နေရာကနေလည်း ကူးစက်တတ်ပါတယ်။အစာဟောင်းအိမ်ဆီ ရောဂါပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကတော့။သင့်ခန္ဓာကိုယ်မှာ အထက်ပါလက္ခဏာတစ်ခုခု သတိပြုမိမယ်ဆိုရင် ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါတယ်။ သင့်အဖော်မှာ လိင်အင်္ဂါအနာပေါက်ခြင်း၊ အနံ့နံတဲ့ အရည်ဆင်းခြင်း၊ ဆီးပူခြင်း၊ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း စတဲ့လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါလက္ခဏာတွေရှိလာခဲ့ရင်လည်း ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။မှန်ကန်တဲ့နည်းလမ်းနဲ့ ကုသမယ်ဆိုရင် ကလာမိုင်းဒီးယားဟာ ပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ညွန်ကြားတဲ့ ဆေးအားလုံးကို မပျက်မကွက်သောက်သုံးခြင်းအားဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို တားဆီးနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ချေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကို အခြားဘယ်သူ့ကိုမှ ပေးမသောက်မိဖို့ အထူးသတိပြုသင့်ပါတယ်။ဒီရောဂါဟာ ကုသပျောက်ကင်းပြီးနောက်ပိုင်း နောက်တစ်ကြိမ် ပြန်ဖြစ်လာနိုင်တဲ့အတွက် သင်ရော သင့်အဖော်ပါ ရောဂါအရှင်းပျောက်ကင်းပြီး သုံးလအကြာမှာ ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးဖို့ လိုအပ်ပါတယ်။သင်ရော သင့်အဖော်ပါ ကုသမှုမပြီးမချင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်သင့်ပါတယ်။ အကယ်၍ ဆေးတစ်မျိုးထဲကို တစ်ကြိမ်သာ အသုံးပြုရမယ်ဆိုရင်တော့ နောက် ၇ရက်ကြာပြီးမှ လိင်ဆက်ဆံသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ၇ရက်တာ ဆေးထိုး/ဆေးသောက်ရမယ်ဆိုရင်တော့ ရက်ပြည့်တဲ့အထိ စောင့်ဆိုင်းပြီးမှသာ လိင်ဆက်ဆံသင့်ပါတယ်။ဒီရောဂါကြောင့်ဖြစ်လာမယ့် ကနဦးထိခိုက်မှုတွေက မသိသာပေမယ့် နောက်ပိုင်းမှာ ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။အမျိုးသမီးတွေမှာ ကလာမိုင်းဒီးယားရောဂါကို မကုသဘဲထားမယ်ဆိုရင် သားအိမ်နဲ့ သားဥပြွန်တွေဆီ ရောဂါပိုးပျံ့နှံ့ပြီး pelivic inflammatory disease (PID) ခေါ် မမျိုးပွားအင်္ဂါများရောင်ရမ်းတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်။PID ဟာ များသောအားဖြင့် လက္ခဏာမပြတတ်ပေမယ့် အချို့အမျိုးသမီးတွေမှာ ဝမ်းဗိုက်နဲ့ဆီးစပ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရတတ်ပါတယ်။PID ဟာ မမျိုးပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေပြီး နာတာရှည် နာကျင်ကိုက်ခဲမှုဝေဒနာ၊ ကိုယ်ဝန်မဆောင်နိုင်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအပြင် သန္ဓေသားရော မိခင်ကိုပါ အသက်ဆုံးရှုံးစေတတ်တဲ့ နေရာလွဲမှားသန္ဓေတည်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ကလာမိုင်းဒီးယားဟာ အမျိုးသားတွေမှာတော့ ထူးထူးခြားခြား ပြဿနာပေးလေ့မရှိပါဘူး။ ရောဂါပိုးရှိသူ အမျိုးသားတွေဟာ ရံဖန်ရံခါဆိုသလို သုက်ပို့ပြွန်တွေဆီ ရောဂါပိုးပျံ့နှံ့ရာကတဆင့် ဖျားနာခြင်းနဲ့ နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရတတ်ပြီး ရှားရှားပါးပါးဆိုသလို ကလေးရအောင် မစွမ်းဆောင်နိုင်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/chlamydia/what-you-should-know-about-chlamydia-infection/
လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ
IQ လို့သိကြတဲ့ ဉာဏ်ရည်ဉာဏ်သွေး၊EQလို့ သိကြတဲ့ စိတ်ခံစားမှုစွမ်းရည် ထိန်းချုပ်နိုင်စွမ်းတွေနည်းတူ လူ့လောကမှာ အကောင်းဆုံး ရှင်သန်နိုင်ဖို့ အရေးပါတဲ့ စွမ်းရည် တစ်ခုရှိပါတယ်။ ဒါကတော့ လူသိနည်းနေနိုင်သေးတဲ့ AQ (Adversity Quotient) လို့ ခေါ်တဲ့ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ပါ။ တိုတိုနဲ့ လိုရင်း ပြောပြရရင် လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း လို့ ဆိုရမှာပေါ့။ အခက်အခဲတွေ ပြဿနာတွေ ကြုံလာတိုင်း အပြုံးမပျက် နေတတ်တဲ့ ဖြေရှင်းကျော်လွှားနိုင်တဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ပါ။ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့၊ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့ ဒီစွမ်းရည်က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ အကြောင်းလေး ပြောပြပေးမှာမို့ အတူတူ လေ့လာလိုက်ရအောင်နော်။လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ ဆိုတာက ပြဿနာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းဆိုတာထက် အကျယ်တဝင့် ပြောပြရမယ်ဆိုရင် ပတ်ဝန်းကျင် အခြေအနေ အနေအထားနဲ့ လိုက်လျောညီထွေ နေထိုင်တတ်တဲ့ အရည်အသွေး တစ်ခုပါပဲ။ပြဿနာတွေ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာ ရှောင်ဖယ်ဖို့၊ အရှုံးပေးဖို့ထက် အကောင်းဆုံး ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကို စဉ်းစား အဖြေထုတ်တဲ့ စွမ်းရည်ပါ။လောကကြီးကို ဒေါင်ကျကျ ပြားပြားကျကျ အပြုံးမပျက်ဘဲ ရင်ဆိုင်နိုင်စွမ်းပေါ့။ ပြဿနာ တစ်ခုခု ဖြစ်လာတဲ့အခါ AQ မြင့်သူတွေက အခက်အခဲတွေကို အကောင်းဆုံး အထိရောက်ဆုံး ဖြစ်မယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ကြပါတယ်။စိတ်ဖိစီးမှုတွေကင်းစွာနဲ့ သူတို့ရဲ့ စွမ်းအားတွေကို မလိုအပ်ဘဲ ဖြုန်းတီးတာမျိုးတွေ မဖြစ်အောင် ဖြေရှင်း တတ်ကြပါတယ်။အရာရာကို အကောင်းဘက်က မြင်တတ်ပြီး အဆိုးမြင်ခြင်းကြောင့် စိတ်ဖိစီးမှုကို မရအောင် နေတတ်သူတွေပါ။ မလွှဲသာ မရှောင်သာ ဆုံးရှုံးမှုတွေ ဖိစီးမှုတွေကို ခံလာရရင်တောင် ဒီလို ဖိစီးမှုတွေ ဆုံရှုံးမှုတွေကို အကောင်းဆုံး သည်းခံနိုင်စွမ်း ရှိကြပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ဖိစီးမှု အနည်းဆုံး နည်းလမ်းတွေနဲ့ ဖြေရှင်းတတ်သူတွေပေါ့။အခက်အခဲတွေကို ရှောင်လွှဲတာ ပုံကြီးချဲ့တာတွေလိုမျိုး နိယာမတွေနဲ့ ခပ်ဝေးဝေးမှာ နေနိုင်သူတွေပါ။ အလုပ်ထဲက ဖိစီးမှုတွေ ဒေါသတွေကို အိမ်ပြန် သယ်မလာတတ်သလို အိမ်က စိတ်ညစ်စရာ တွေးစရာတွေကြောင့်လည်း အလုပ်ကို မထိခိုက်စေသူတွေပါ။ရောမ ရောက်ရင် ရောမလို ကျင့်တတ်ပြီး ရောက်ရှိရာ ပတ်ဝန်းကျင် ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ နေတတ်သလို အဆိုးမြင်စိတ်လည်း ကင်းကြပါတယ်။ရှုံးနိမ့်မှုတွေမှာ အခြားသူတွေကို အပြစ်တင်တာမျိုး မလုပ်ဘဲ နောက်တစ်ကြိမ်မှာ အားနည်းချက် မရှိစေဖို့ အလားတူ အမှားမဖြစ်စေဖို့ ကိုယ့်ကိုယ့်ကိုယ် စွမ်းရည် မြှင့်တင်တတ်ကြသူတွေပေါ့။အောင်မြင်ပြီး ခေါင်းဆောင်မှု စွမ်းရည် မြင့်မားကြသူ အတော်တော်များများက ဆုံးရှုံးမှုတွေကို ကြုံတွေ့ရချိန်မှာ အကောင်းဆုံး ဖြေရှင်းကျော်လွှားနိုင်တဲ့ AQ မြင့်မားကြသူတွေပါ။ ဒီလိုဆို တိုးတက်အောင် AQ စွမ်းရည်ကို ပျိုးထောင်လို့ မရဘူးလားဆိုတော့ ရပါတယ်။ ဘယ်လို ပျိုးထောင်ရမလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQတိုးတက်စေဖို့ ဒီနည်းလမ်း ၄ ခုကို လိုက်နာ ကျင့်သုံးဖို့ လိုပါမယ်။ကိုယ်ရဲ့လူနေမှုဘဝမှာဖြစ်ဖြစ် လုပ်ငန်းနယ်ပယ်မှာဖြစ်ဖြစ် ပြောင်းလဲမှုတွေ လိုအပ်နေတဲ့ ပြောင်းလဲမှုတွေကို မြင်အောင် ကြည့်ပါ။ လက်ခံပါ။ ဘယ်လို ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲဆိုတာကို သေချာလေး အကဲဖြတ်ပါ။ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကိုယ်တိုင် လုပ်ဆောင်ပါ။ ပွင့်လင်းမြင်သာမှု ရှိတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ပါ။ အခြားသူတွေရဲ့ အမြင်တွေကို ရယူပါ။ အခြားသူတွေရဲ့ အမြင်တွေကို ပွင့်လင်းစွာ ရရှိနိုင်ဖို့ မလွယ်ပေမယ့်လည်း AQ တိုးတက်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ဆိုရင်တော့ အတော်လေး အရေးပါမယ်ဆိုတာ သတိရပါ။ကြုံလာရတဲ့ အခြေအနေတွေကို လက်ခံပါ။ ပြောင်းလဲမှုတွေ လုပ်တဲ့အခါ အချို့သော နေရာတွေမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပြီး ရှုံးနိမ့်နိုင်တယ်ဆိုတာကို လက်ခံပါ။ ဒါပေမယ့် ဒီအရှုံးတွေကြောင့် ပန်းတိုင်ကို လက်လျှော့လိုက်တာမျိုးတော့ မဖြစ်ပါစေနဲ့။ပြဿနာ တစ်ခုခု အခက်အခဲ တစ်ရပ်ရပ် ရင်ဆိုင်ရချိန်မှာ ဒီပြောင်းလဲမှု အခြေအနေအခက်အခဲကို ဘယ်လို အောင်မြင်အောင် လုပ်ဆောင်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေ လုပ်ငန်းစဉ် အဆင့်ဆင့်တွေကို ကိုယ့်ကိုယ့်ကိုယ် ဆက်တိုက် မေးခွန်းထုတ်ပါ။ကိုယ်တိုင်က ဘာလုပ်နိုင်မလဲဆိုတာနဲ့ သူမတူတဲ့ ဖြေရှင်းနည်း အသစ်တစ်ရပ်ရပ်နဲ့ ဖြေရှင်းနိုင်ဖို့ ကိုယ့်ရဲ့ တွေးတောနိုင်စွမ်းကို အစွမ်းကုန် အသုံးချပြီး ဖြေရှင်းပါ။အပြောင်းအလဲတွေ သူမတူတဲ့ ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို ရဲရဲ လုပ်ဆောင်ပါ။ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တွေကို လက်တွေ့ အကောင်အထည်ဖော်ပြီး အောင်မြင်အောင် လုပ်ဆောင်ပါ။ဒီနည်းလမ်းလေးတွေကို ကျင့်သုံးရင်း နေ့စဉ်ဘဝမှာ ကြုံရနိုင်တဲ့ အခက်အခဲတွေကို မရှောင်လွှဲဘဲ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် AQ စွမ်းရည်လည်း တိုးတက်လာပြီး နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ အောင်မြင်ပျော်ရွှင်မှုတွေကို ရရှိစေမှာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/what-is-aq/
ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း များ
ဆောင်းတွင်းမှာ သာမန်အချိန်ထက် ပိုပြီးဖျားနာလွယ်ကြပါတယ်။ လူကြီးရော ကလေးပါ မကြာခဏဆိုသလိုနှာစေး၊ ချောင်းဆိုးတာ၊ ဖျားနာတာ ဖြစ်ကြပါတယ်။ အဓိကကတော့ အသက်ရှူလမ်းကြောင်း ကို ပိုးဝင်တာကြောင့်ပါ။အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့။အေးတဲ့အတွက် အိမ်မှာပဲ အနေများကြပါတယ်။ လူချင်း ထိတွေ့မှု များတဲ့အတွက် တစ်ယောက်မှာ ရောဂါပိုး တစ်ခုခုရှိနေရင် နောက်တစ်ယောက်ကို အလွယ်တကူ ကူးနိုင်ပါတယ်။အေးမြတဲ့ရာသီဥတုဖြစ်တဲ့အတွက် လေထုခြောက်သွေ့ပါတယ်။ ဒီလို အနအထားက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ နှစ်သက်တဲ့ အခြေအနေပါ။ ဒါ့ပြင် အေးမြခြောက်သွေ့တဲ့ လေထုက အသက်ရှူလမ်းကြောင်းကို အချွဲတွေ ထွက်စေပါတယ်။ ဒီအခြေအနေနှစ်ခု တိုက်ဆိုင်သွားတဲ့အခါ ပိုးဝင်လွယ်ပြီး ဖျားနာနိုင်ပါတယ်။ဗီတာမင် ဒီက ခုခံအားအတွက် အရေးပါတဲ့ ဗီတာမင်တစ်မျိုးပါ။ ဆောင်းတွင်းမှာ နေရောင်ရရှိမှု နည်းတာကြောင့် ဗီတာမင် ဒီ အလိုလိုချို့တဲ့ လာပါတယ်။ဒီအချက်တွေကြောင့် ဆောင်းရာသီက တခြားအချိန်တွေထက်အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို ပိုဖြစ်စေပါတယ်။ဆောင်းတွင်းမှာ အဖြစ်များတဲ့အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေကတော့။အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း (အထူးသဖြင့် နှာခေါင်းနဲ့ လည်ချောင်း)ကို ပိုးဝင်တာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Rhinovirus, Respiratory syncitial virus (RSV) တွေကြောင့် အဖြစ်များပါတယ်။တစ်ယောက်ယောက်က နှာချေချောင်းဆိုးလိုက်တာ၊ ပိုးရှိနေတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီး မျက်နှာကို ထိတွေ့မိတဲ့အခါ ကူးစက်တတ်ပါတယ်။ လက္ခဏာအနေနဲ့ နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းယားတာ၊ ငွေ့ငွေ့ဖျားတာ၊ ကိုယ်လက်ကိုက်ပြီး နုံးတာတွေ ဖြစ်တတ်ပါတယ်။ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများတဲ့အတွက် တိကျတဲ့ ကုသမှုမရှိပါဘူး။ လက္ခဏာတွေ သက်သာအောင် ဆေးဝါးတွေ (နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး ဒါမှမဟုတ် အအေးမိဖျားနာပျောက်ဆေး) မှီဝဲနိုင်ပါတယ်။ များများအနားယူ၊ အာဟာရပြည့်အောင် စားရင် ရက်ပိုင်းလောက်နဲ့ သက်သာလာနိုင်ပါတယ်။အများစုက လက္ခဏာမပြခင် တစ်ရက်နဲ့ လက္ခဏာပြပြီး တစ်ပတ်လောက်ထိ ကူးစက်နိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ လူအများနဲ့ ထိတွေ့တာကို ရှောင်ဖို့ လိုပါတယ်။ လက်ဆေးတာ၊ နှာစေး ချောင်းဆိုးရင် အုပ်ဆိုးတာတွေ လိုက်နာဖို့ လိုပါတယ်။ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းကနေ ပိုးတွေ ဝင်လာပြီး အဆုတ်ထိ ကူးစက်နိုင်ပါတယ်။ နှာချေချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်တွေကို ရှူမိတာ၊ ဒီအမှုန်တွေ ပေနေတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီး မျက်နှာကို ထိတွေ့ရာကနေ  ကူးစက်တတ်ပါတယ်။တုပ်ကွေးက အအေးမိတာထက် ပိုပြင်းထန်တတ်ပါတယ်။ အထူးသဖြင့် နုံးတာ၊ ကိုယ်လက်ကိုက်တာ ပြင်းထန်ပါတယ်။ နှာချေချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဖျားတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်တတ်ပါတယ်။ တချို့တွေမှာ အန်တာ၊ ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။အများစုကတော့ လက္ခဏာသက်သာအောင်  ဆေးဝါးတွေ မှီဝဲတာ၊ အနားယူတာ၊ အာဟာရပြည့်အောင်  စားတာ၊ ရေဓာတ်ပြည့်ဝအောင် နေတာလောက်နဲ့ သက်သာသွားပါတယ်။ ဗိုင်းရပ်စ်သတ်ဆေးတွေကတော့ လိုလေ့မရှိပါဘူး။ ဆရာဝန်က ညွှန်ကြားမှပဲ သောက်သင့်ပါတယ်။ဖျားတာ၊ ကိုယ်လက်ကိုက်တာက ၃-၅ရက်လောက်နေရင် သက်သာပေမယ့် ချောင်းဆိုးတာ၊ နုံးတာကတော့ ၂ပတ်လောက်အထိ ကျန်တတ်ပါတယ်။ သူများကို မကူးစက်အောင် လက္ခဏာပြပြီး ၅ရက်လောက်ထိ နားသင့်ပါတယ်။ ဖျားနေတယ်ဆိုရင် အဖျားကျပြီး ၁ရက်နေမှ အလုပ်သွားသင့်ပါတယ်။တုပ်ကွေးရောဂါ မကူးစက်စေဖို့ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးတာကလည်း ထိရောက်တဲ့ ကာကွယ်နည်းတစ်ခု ဖြစ်ပါတယ်။လေပြွန်ထဲမှာ အချွဲတွေပြည့်နေပြီး ရောင်ရမ်းနေတာပဲ ဖြစ်ပါတယ်။ အများစုက အအေးမိတာ ဒါမှမဟုတ် တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖြစ်တတ်ကြပါတယ်။ဆေးလိပ်သောက်တဲ့သူ၊ ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိသူ၊ ထိပ်ကပ်နာ၊ အာသီးရောင်တဲ့သူတွေက ပိုပြီး အဖြစ်များပါတယ်။လက္ခဏာအနေနဲ့ ချောင်းသိသိသာသာ ဆိုးပါတယ်။ စစချင်းမှာ ချောင်းခြောက်ပဲ ဆိုးပေမယ့် နောက်ပိုင်းမှာ ချွဲတွေ ပါလာပါတယ်။ လေပြွန်ရောင်ပြီး ကျဉ်းနေတာကြောင့် အသက်ရှူလိုက်ရင် တရွှီရွှီဖြစ်နေတာ၊ မောတာတွေကို ခံစားရမှာပါ။ ဒါ့ပြင် ချမ်းတုန်ဖျားတာ၊ လည်ချောင်းနာတာ၊ နှာစေးတာတွေလည်း ဖြစ်နိုင်ပါတယ်။အများစုက ၂ပတ်လောက်ဆိုရင် အလိုလိုသက်သာသွားကြပါတယ်။ အခြေအနေမဆိုးတဲ့သူဆိုရင် ချောင်းဆိုးပျောက်ဆေးတွေ၊ နှာစေးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးလောက်နဲ့တင် သက်သာသွားကြပါတယ်။ ချောင်းဆိုးတာကတော့ လပိုင်းလောက် ကြာတတ်ပါတယ်။လေပြွန်ရောင်ရောဂါကိုပဲ တစ်နှစ်ကို ၃လနဲ့ နှစ်နှစ်ဆက်တိုက် ခံစားနေရရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ အထူးသဖြင့်တော့ ချွဲထွက်ပြီး ချောင်းဆိုးတဲ့ လက္ခဏာပါ။ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းတာတွေက လေပြွန်ရောင်တာကို ပိုဆိုးစေပါတယ်။ ဆောင်းတွင်းလို အချိန်မျိုးမှာ ရောဂါဟောင်းပြန်ထတတ်ပါတယ်။လနဲ့ချီ ချောင်းဆိုးရတဲ့ အခါကျတော့ ရင်ဘတ်တွေ အောင့်လာပြီး မောလာတာကိုပါ ထပ်ဆောင်းခံစားရပါတယ်။ ဒီလို အခြေအနေကတော့ ဆရာဝန်နဲ့ ပြပြီး သေချာကုဖို့ လိုပါတယ်။ လူနာအနေနဲ့ ဆေးလိပ်သောက်နေရင် ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။အဆုတ်နဲ့ လေအိတ်တွေထဲမှာ ပြည်တွေ၊ အရည်တွေနဲ့ ပြည့်နေတဲ့ အဆုတ်ရောဂါပါ။ အဆုတ်ရောင်ရောဂါရဲ့ သုံးပုံတစ်ပုံက ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ကျန်တာက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကြောင့် ဖြစ်တာပါ။ခုခံအား ကျနေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ အထူးသတိထားသင့်ပါတယ်။ လက္ခဏာတွေက သာမန်ဖျားနာတာကနေ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။ ပြင်းထန်လွန်းတဲ့အခြေအနေမှာ။-သတိမကောင်းတာ။-နည်းနည်းလှုပ်တာနဲ့ မောတာ။-ချောင်းဆိုးတာ၊ အသက်ပြင်းပြင်း ရှူလိုက်တာနဲ့ ရင်ဘတ်ထဲက စူးခနဲအောင့်လာတာတွေ ဖြစ်တတ်ပါတယ်။ဗိုင်းရပ်စ်ကြောင့်ဆိုရင်တော့ အအေးမိတာ၊ တုပ်ကွေးဖြစ်တာလိုပဲ ကုလို့ရပါတယ်။ ဘက်တီးရီးယားတွေ၊ မှိုတွေကြောင့်ဆိုရင်တော့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ လိုလာနိုင်ပါတယ်။ရက်တစ်ရာချောင်းလို့လည်း ခေါ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ကလေးတွေမှာ အဓိက ဖြစ်ပါတယ်။ အင်မတန်လည်း ကူးလွယ်ပါတယ်။ နှာချေ၊ ချောင်းဆိုးတာအပြင် ပိုးရှိသူက ရှူထုတ်လိုက်တဲ့လေကို ရှူမိရင်တောင်  ကူးတတ်ပါတယ်။လက္ခဏာတွေက အအေးမိတာနဲ့ ဆင်ပါတယ်။ သိသာတာကတော့ ချောင်းဆိုးတဲ့ ပုံစံပါ။ တခွပ်ခွပ်နဲ့ ဆက်တိုက်ဆိုးတတ်ပြီး နောက်ဆုံးမှာ လေတက်သလိုမျိုး “အု” ခနဲဖြစ်သွားတတ်ပါတယ်။ ရက်တစ်ရာချောင်းဆိုတဲ့အတိုင်း ဆေးကုပြီးတာတောင်  ၁၀ပတ်လောက်ထိ ချောင်းကျန်တတ်ပါတယ်။ဘက်တီးရီးယားကြောင့် ဖြစ်တာကြောင့် ပိုးသတ်ဆေး လိုပါတယ်။ ကလေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ချောင်းဆိုးတာသက်သာအောင် ရေများများတိုက်ပါ။ ဆေးလိပ်ငွေ့တွေ၊ ဖုန်တွေ၊ အမှုန်တွေနဲ့ ခပ်ဝေးဝေးထားပါ။ကူးစက်လွယ်တာကြောင့် ပိုးသတ်ဆေး စပြီး ၅ရက်လောက်ထိ လူအများနဲ့ ထိတွေ့မှု မရှိအောင် ထားရပါမယ်။ ကလေးတွေမှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/common-respiratory-infections-in-winter/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/bitter-tomato-health-benefits/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/why-is-coughing-more-common-in-winter/
Covid-19 ကူးစက်ခံရသူမှာ ရောဂါလက္ခဏာလုံးဝမပြတာရော ဖြစ်နိုင်လား
Covid-19ကပ်ဘေးဟာ မြန်မာနိုင်ငံကို ရောက်လာတာ အခုဆိုရင် ၆လတောင် ရှိနေပါပြီ။ လက်ရှိSecond Waveမှာဆိုရင် ကူးစက်သူဦးရေလည်း ထောင်ကျော်လာသလို သေဆုံးသူအရေအတွက်ဟာလည်း ပိုမိုများပြားလာပါပြီ။ ပုံမှန်အားဖြင့် Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၂ ရက်မှ ၁၄ ရက်အတွင်းချောင်းခြောက်ဆိုးခြင်း၊ ဖျားနာခြင်း၊အသက်ရှူကြပ်ခြင်း၊အနံ့အရသာခံမရခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။Covid-19နဲ့ ဆင်တူလက္ခဏာများကို တွေ့ရပြီဆိုတာနဲ့ မိမိအနေနဲ့ ကိုယ့်မှာရောဂါပိုးရှိမရှိကို Swab Test ဖြင့် စစ်ဆေးမှု ပြုဖို့ လိုအပ်ပါတယ်။ ရောဂါပိုးရှိတယ်ဆိုရင် ဆေးရုံတက်ရမှာ ဖြစ်ပြီး ရောဂါပိုးမရှိဘူးဆိုရင်တော့ သေချာအောင် စစ်ဆေးဖို့ ကွာရန်တင်းဝင်ရမှာပဲ ဖြစ်ပါတယ်။ဒါဆိုCovid-19ကူးခံရပြီး ဘာရောဂါလက္ခဏာမှ မပြတာမျိုးရော မရှိဘူးလားလို့ မေးစရာပေါ်လာပါတယ်။ ဒီမေးခွန်းအတွက် အဖြေအတိအကျမရှိသေးပေမဲ့ ရှိနိုင်တယ်လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတော့ကိုယ်ခံအားကောင်းနေသူ၊ ကိုယ်တွင်းအင်္ဂါတွေ အထူးသဖြင့် အဆုတ်၊ နှလုံး အားကောင်းနေသူတွေမှာ ရောဂါလက္ခဏာ ပြတာမျိုးလည်း ရှိသလို လုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ယခုလက်ရှိအခြေအနေအရ သုံးသပ်ရမယ်ဆိုရင်တော့ ကာယကံရှင်အနေနဲ့ရော၊ ထိုသူနဲ့ ထိစပ်နေတဲ့မိသားစုဝင်တွေအတွက်ပါ တော်တော်လေးကို အန္တရာယ်များပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့။၁။ ပိုးကူးစက်ခံရပေမယ့်လက္ခဏာလုံးဝမပြသူတွေဟာ အချိန်တော်တော်ကြာမှ လက္ခဏာပြတတ်ပြီး ရောဂါအခြေအနေ ဆိုးရွားလာတာမျိုးလည်း ရှိနိုင်တယ်။ ရှိလို့ရှိမှန်း လုံးဝမသိ၊ ကုသမှုလည်း မခံယူဘဲ သူ့ဘာသာပျောက်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။၂။ ရောဂါလက္ခဏာ မခံစားရတဲ့တိုင်အောင် ထိုသူရဲ့ ကိုယ်ခန္ဓာမှာ ရောဂါပိုးရှိတဲ့အတွက် တခြားသူတွေကိုပါလည်ချောင်း၊ နှာခေါင်းကနေတစ်ဆင့် ထွက်တဲ့ တံတွေးအမှုန်အမွှားကနေ ကူးစက်ခံရနိုင်ပါတယ်။၃။ ကာယကံရှင်က ကံကောင်းပြီး ရောဂါလက္ခဏာမပြဘူး၊ ဘာဝေဒနာမှလည်း မခံစားရဘူးဆိုရင်တောင် တစ်အိမ်တည်း အတူနေသူတွေအတွက် ဒီလိုဖြစ်ချင်မှ ဖြစ်မှာပါ။ အထူးသဖြင့် အသက်ကြီးပိုင်းတွေ၊အဆုတ်၊ နှလုံးမကောင်းသူတွေမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။၄။ မိမိကိုယ်ကို ရောဂါကင်းစင်တယ်အထင်နဲ့ မိသားစုဝင်တွေအပြင် တခြားသူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာလည်း ကူးစက်နှုန်းကို မြင့်တက်စေပါတယ်။အမြဲတမ်း မှာခဲ့သလိုပါပဲ။ ဘယ်သူဘယ်ဝါမှာ ရောဂါပိုးရှိတယ်၊ မရှိဘူးဆိုတာ Swab Test နမူနာဖြင့် စစ်ဆေးမှုမပြုဘဲ မသိနိုင်တဲ့အတွက် ကိုယ့်ဘက်က ကာကွယ်မှုအမြဲ ယူထားဖို့ လိုအပ်ပါတယ်။မဖြစ်မနေ လုပ်ပေးရမှာက။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%81%e1%80%b6%e1%80%9b%e1%80%9e%e1%80%b0%e1%80%99%e1%80%be%e1%80%ac-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9c%e1%80%80/
မိခင်နို့တိုက်နည်း ၄ နည်း
လွယ်ကူသည်ဟု ထင်ရသော်လည်း မိခင်များအတွက်နို့တိုက်ခြင်းသည် တကယ်တော့ ခက်ခဲပါသည်။ အထူးသဖြင့် သားဦးမိခင်များတွင် ပို၍ခက်ခဲတတ်ပါသည်။ သဘာဝအလျောက်သူ့ဘာသာ သူတတ်ကျွမ်း သွားနိုင်သော်လည်း အလေ့အကျင့်တော့ လိုပါသည်။ အကယ်၍ သင်သည် ကလေးနို့တိုက်ရာတွင် အခက်အခဲဖြစ်နေသည်ဆိုပါက ဤ နို့တိုက်နည်း လေးသွယ်က သင့်အားပိုမိုလွယ်ကူအောင် ကူညီပေးပါမည်။ မိခင်နို့တိုက်နည်း ၄ နည်း အကြောင်း လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။မိခင်နို့တိုက်နည်း ၄ နည်း မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။အခြေခံကျဆုံးနည်းလမ်းဖြစ်သည်။ ညာဖက် နို့ကို တိုက်မည်ဆိုလျှင် ကလေးကို ညာဖက်လက်နှင့် ချီပါ။ ဘယ်ဖက်နို့နှင့် တိုက်မည်ဆိုလျှင် ကလေးကို ဘယ်ဖက်လက်နှင့် ချီပါ။ ကလေး၏ ခေါင်းကို သင်၏ လက်မောင်းကွေး ဆုံရာတွင် ထားလျက် ပွေ့ချီပါ။ လက်ရန်းပါသော ခုံတွင်ထိုင်၍သော်လည်းကောင်း၊ အိပ်ရာပေါ်တွင် ထိုင်၍ လက်မောင်းအောက်တွင် ခေါင်းအုံးများ ခုထား၍သော်လည်းကောင်း လက်မညောင်းစေရန် ပြုလုပ်ပါ။မိခင်၏ ခန္ဓာကိုယ်ကို ကလေးပေါ်တွင် ငိုက်မကျစေရန် မိခင်၏ ခြေထောက်ကို ခုံမြင့်တစ်ခုပေါ်တွင် တင်ထားပါ။ ကလေးငယ်၏ လက်မောင်းကို မိခင်လက်မောင်းအောက်တွင် ရှိနေစေ၍ ကလေးငယ်နှင့် သင်သည် မျက်နှာချင်းဆိုင် အနေအထား ဖြစ်နေပါစေ။ ကလေးငယ်၏ ခေါင်း၊ ကျောနှင့် ခန္ဓာကိုယ်အောက်ပိုင်းကို သင်၏ လက်ဖျံနှင့် လက်ဖဝါးတို့ဖြင့် ထိန်းထားပါ။ ဤနည်းသည် နေ့စေ့လစေ့ မွေးဖွားသော ကလေးများအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်။၂။ ဆန့်ကျင်ဘက်လက်နှင့် နို့တိုက်ခြင်း။အကယ်၍ ညာဖက်နို့ကို တိုက်မည်ဆိုပါက ကလေးကို ဘယ်ဖက်လက်နှင့်ချီပါ။ ဘယ်ဖက်နို့နှင့် တိုက်မည်ဆိုပါက ကလေးကို ညာဖက်လက်နှင့် ချီပါ။ ကလေးငယ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်သည် မိခင်၏ ခန္ဓာကိုယ်နှင့် မျက်နှာမူနေပါစေ။သင်၏ လက်မနှင့်လက်ချောင်းများကို ကလေးငယ်၏ ခေါင်းနောက်တွင် ထားလျက် ကလေး၏ ပါးစပ်ကို သင်၏ နို့သို့ ညင်သာစွာ ဦးတည်ပေးပါ။ ကလေးငယ်ကို အထက်တွင် ဖော်ပြထားသော ဘက်တူလက်နှင့် နို့တိုက်ရန်အဆင်မပြေပါက ဤနံပါတ်နှစ်အနေအထားကိုသုံးသင့်သည်။ ဤနံပါတ်နှစ်အနေအထားသည်သေးငယ်သောကလေးများကို နို့တိုက်ရာတွင် အဆင်ပြေသည်။၃။ လက်ပွေ့အိတ်ကိုင်သကဲ့သို့ နို့တိုက်နည်း။ကလေးကို လက်ပွေ့အိတ်ကိုင်သကဲ့သို့ သင်၏လက်မောင်းအောက်တွင် ထားရမည်။ သင်၏ကလေးကို သင့်ခန္ဓါကိုယ်ဘေးတွင် ကပ်လျက် ကလေး၏နှာခေါင်းနှင့် နို့သီးခေါင်းကို တန်းတူအနေအထားတွင် ထားပါ။ သင်၏လက်မောင်းကို သက်သောင့်သက်သာရှိမည့်အရာတစ်ခုခုပေါ်တွင် (ဥပမာ ခေါင်းအုံး)ပေါ်တွင် ထားလျက် သင်၏လက်ဖြင့်ကလေးကို ထိန်းထားပါ။ကလေးပါးစပ်ကို နို့သီးခေါင်းဆီသို့ ဂရုတစိုက်ထိန်းပေးပါ။ ကလေးကို နို့စို့စေရန် အတင်းမတွန်းထားပါနဲ့။ ထိုသို့ပြုလုပ်လျှင် ကလေးမှ တောင့်ခံပြီး နို့တိုက်ခြင်းကို ပိုမိုခက်ခဲစေပါသည်။ နို့ကိုင်ပြီး ကလေးပါးစပ်နဲ့ ညှိပေးပါ။ ဤအနေအထားသည် သေးငယ်သောကလေးများနှင့် အမြွာမွေးထားသော မိခင်များအတွက် အလွန်သင့် လျော်ပါသည်။ ရင်သား အလွန်ကြီးသော အမျိုးသမီးများအတွက်လည်း အလွန်သက်သောင့်သက်သာ ရှိစေပါသည်။၄။ နောက်မှီ အနေအထားဖြင့်နို့တိုက်ခြင်း။အိပ်ရာပေါ်မှာ လှဲပါ။ သင်၏ ကျောနှင့် တင်ပါးတို့သည် တဖြောင့်တည်းဖြစ်ပါစေ။ သင်၏ နောက်ကျော သို့မဟုတ် ခါးသို့မဟုတ် သင်လိုအပ်သောနေရာတွင် ခေါင်းအုံးအချို့ခုထားပါ။ကလေးကို သင်နှင့် မျက်နှာချင်းဆိုင်အနေအထားတွင် ထားပါ။ ထို့နောက် သင်နှင့် နီးရာသို့ ကလေးကိုဆွဲယူပါ။ သင်၏ အိပ်ရာနှင့် ကပ်နေသောလက်မောင်းဖြင့်ကလေးကို ထိန်းထားပါ။အခြားတစ်နည်းကတော့ သင်၏ လက်မောင်းကို ခေါင်းအုံးအိပ်ပြီး ကျန်တစ်ဖက်လက်မောင်းဖြင့် ကလေးခေါင်းကိုထိန်းထားပါ။ ဤအနေအထားသည် ခက်ခဲစွာကလေးမွေးထားသော မိခင်များအတွင်သင့်တော်ပါသည်။မိခင်တိုင်းမှာ သူမ အကြိုက်ဆုံးနို့တိုက်သည့်ပုံစံရှိပါသည်။ အကယ်၍ သင်ဟာ ဤနည်းလမ်းလေးခုကို မလုပ်ကြည့်ဖူးပါက နည်းလမ်းတစ်ခုစီနှင့် စမ်း၍ နို့တိုက်ကြည့်ပါ။ သင့်အတွက် အဆင်ပြေသော နို့တိုက်နည်း ပုံစံတွေ့လာပါမည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/4-breastfeeding-positions/
သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ
သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။အရိုးပျော့ရောဂါဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အာရုံစိုက်စရာ ရောဂါတစ်ခု ဖြစ်လာပါတယ်။ ဒီရောဂါက အာဟာရချို့တဲ့တဲ့ နိုင်ငံတွေမှာသာဖြစ်လာတာမဟုတ်ဘဲ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာပါ ဖြစ်လာတာတွေ့ရပါတယ်။ အရိုးပျော့ရောဂါဆိုတာ ကိုယ်မှာရှိတဲ့ အရိုးတွေကို ပျော့လာပြီး အားနည်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၆လ နဲ့ ၃၆ လ ကြားက ကလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒီရောဂါဟာ vitamin D အလွန်အမင်း မလုံလောက်မှုကြောင့် အရိုးအတွက် Calcium နဲ့ Phosphorus စုပ်ယူမှုအားနည်းသွားတဲ့အခါ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီ Calcium နဲ့ Phosphorus တွေဟာ အရိုးတွေရဲ့ကြံ့ခိုင်မှုအတွက် အဓိကလိုအပ်တဲ့ ဓါတ်တွေဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ vitamin တွေမပြည့်စုံဘဲနဲ့ သင့်ကလေးရဲ့အရိုးတွေကကြံ့ခိုင်ပြီးဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်တဲ့အပြင် အားနည်းပြီးပျော့ပျောင်းသွားနိုင်ပါတယ်။ကလေးတွေကိုဘာကအရိုးပျော့ရောဂါဖြစ်စေတာလဲ။ကလးတွေမှာ အရိုးပျော့ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဗီတာမင် ဒီ(Vitamin D) မလုံလောက်တာကြောင့် ဖြစ်ပါတယ်။ ဒီ Vitamin D ဟာ Calcium နဲ့ Phosphorus တွေကို အစာကနေစုပ်ယူနိုင်ဖို့ အဓိကကျတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ သင့်ကလေးမှာ တကယ်လို့ Vitamin D မလုံလောက်ခဲ့ရင် သူ့မှာအရိုးပျော့ရာဂါဖြစ်လာနိုင်ပါတယ်။ Vitamin D ကို အစားအစာတွေကရရှိမယ့်အပြင် နေရောင်နဲ့ အရေပြားထိတဲ့အခါ အရေပြားကနေ Vitamin Dကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ တကယ်လို့ သင့်ကလေးဟာ နေရောင်အနည်းငယ်သာရတဲ့နေရာမှာသာ နေရမယ်ဆိုလျှင် သူ့မှာ Vitamin D လုံလောက်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သက်သက်လွတ်စားခြင်းနဲ့ နို့မသောက်ခြင်း စတာတွေကလည်း သင့်ကလေးကို Vitamin D မလုံလောက်မှုဖြစ်စေပါတယ်။ တချို့အခြေအနေမှာ အရိုးပျော့ရောဂါဟာ မျိုးရိုးအလိုက်ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။အရိုးပျော့ရောဂါရဲ့ လက္ခဏာတွေကဘာတွေလဲ။သင်ကလေးမှာ အရိုးပျော့ရောဂါရှိတယ် မရှိဘူးဆိုတာကို သင်ကိုယ်တိုင်သိနိုင်ပါတယ်။• ကြီးထွားမှုနှုန်း နှေးခြင်း။• ကြောရိုးမကြီး၊တင်ပါးဆုံရိုးနှင့် ခြေထောက်များနာကျင်ခြင်း။• လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်ရောင်ရမ်းခြင်း။• ကြွက်သားများအားနည်းခြင်း။• သင့်ကလေးရဲ့ ခြေထောက်ရိုးများအပြင်ဘက်ငေါထွက်နေခြင်း။• အရိုးများအက်ခြင်း။• သွားဖွ့ြံဖိုးမှု နောက်ကျခြင်း။တကယ်လို့ သင့်ကလေးမှာ ဒီ လက္ခဏာတွေရှိနေတယ်ဆိုလျှင် ကလေးအထူးကုဆရာဝန်ဆီအမြန်သွားပါ။ သင့်ကလေးဖွံဖြိုးနေတဲ့အချိန်မှာ ဒီအရိုးပျော့ရောဂါကို မကုသထားရင် သင့်ကလေးအရွယ်ရောက်တဲ့အခါ ဖွံ့ဖြိုးသင့်သလောက်မဖွ့ြံဖိုးဘဲနေပါလိမ့်မယ်။သင့်ကလေးကိုအရိုးပျော့ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။သင့်ကလေးကို အရိုးပျော့ရောဂါကနေ ကာကွယ်ဖို့ အဓိကအချက်က Vitamin D, Calcium နဲ့Phosphorus ပါဝင်တဲ့ စားအစာတွေကို အာဟာရမျှမျှတတဖြစ်အောင် စားသောက်ဖို့ပဲဖြစ်ပါတယ်။ Vitamin D ကို အများသောအားဖြင့် ငါးနဲ့ ကြက်ဥအနှစ်တွေကနေ ရနိုင်ပါတယ်။ တခြား Vitamin D ပါဝင်တဲ့ အစားအစာတွေက ကောက်ပဲသီးနှံများ၊ နို့နဲ့ လိမ္မော်ရည်တို့ဘဲ ဖြစ်ပါတယ်။ မိ ခင်ရဲ့နို့ရည်ကလည်း Vitamin D အနည်းငယ်ပါဝင်ပါတယ်။ နို့တိုက်ကလေးငယ်တွေအားလုံး တစ်နေ့ကို Vitamin D 400 IU လောက်ကို လိုအပ်ပါတယ်။ ပိုပြီး စုံစုံလင်လင်သိချင်ရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။အာဟာရစုံလင်စွာ စားသောက်ခြင်းအပြင် သင့်ကလေးအနေနဲ့ လုံလောက်တဲ့ နေရောင်ခြည်ရဖို့လည်းလိုအပ်ပါတယ်။ လေ့လာချက်တွေအရ သင့်ကလေးရဲ့ မျက်နှာနဲ့ လက်တွေကိုသာ တစ်ပတ်ကိုအကြိမ်အနည်းငယ်လောက် နေရောင်နဲ့ ပေးထိရမှာဖြစ်ပါတယ်။ နေရောင်ကြာကြာခံခြင်းကလည်း အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးက နေပူထဲကိုအကြာကြီးထွက်မယ်ဆိုရင် နေလောင်ဒဏ်ခရင်ကို လိမ်းပေးဖို့မမေ့ပါနဲ့။လေ့လာမှုတွေအရ သင့်ကလေးကို အရိုးပျော့ရောဂါမဖြစ်အောင် မမွေးခင်တည်းက ကာကွယ်လို့ရပါတယ်။ သင့်အနေနဲ့ ကိုယ်ဝန်လွယ်ထားတဲ့အချိန်တည်းက Vitamin D အလုံအလောက်ပါဝင်တဲ့အ စားအစာတွေကို လုံလုံလောက်လောက်စားသင့်ပါတယ်။ ဒါတွေက မိခင်ရဲ့အရိုးတွေကို ကြံ့ခိုင်စေရုံသာမက မမွေးသေးတဲ့သင့်ကလေးရဲ့အရိုးတွေကိုလည်း ကြံ့ခိုင်စေပါတယ်။ တကယ်လို့ သင်က နေရောင်ခံဖို့အဆင်မပြေဘူးဆိုရင် သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး အထောက်အကူပြု ဗီတာမင်တွေကို သောက်သုံးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%bb%e1%80%b1/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/bitter-flavour-diabetes/
လမ်းလျှောက်တတ်ခါစကလေးကို သရေစာမုန့် ကျွေးရင်သိထားရမယ့် အချက် (၅)ချက်
လမ်းလျှောက်တတ်ခါစ ကလေးအရွယ် ၁နှစ်မှ ၃နှစ်သား များဟာ ကြီးထွားဖွံ့ဖြိုးမှု အလွန်မြန်ဆန်တယ်လို့ သိထားကြပါတယ်။ ဒီအချိန်ကလည်း သူတို့လိုအပ်တဲ့ ဗီတာမင် သတ္ထုဓာတ်တွေနဲ့ အစာကောင်းစွာစားဖို့ သေချာအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကျန်းမာပြီး စုံလင်တဲ့ အစားအသောက်ပုံစံတည်ဆောက်ဖို့ သင့်တော်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေဘာစားသင့်လဲ သိနိုင်ဖို့နဲ့ ဘယ်လိုသရေစာတွေကို မှန်ကန်အောင်ကျွေးဖို့ မိဘတွေအတွက် ခက်ခဲနိုင်ပါတယ်။ ခုလမ်းညွန်ချက်ကတော့ မိဘနဲ့ ကလေးထိန်းတွေအတွက် ကလေးကိုသရေစာကျွေးလျှင် သိသင့်တဲ့ ၅ ချက် ဖြစ်ပါတယ်။လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေကို သရေစာမုန့် ကျွေးမွေးခြင်းက ကလေးဗိုက်ဝဖို့အတွက် အလွယ်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီအရွယ်ကလေးငယ်တွေဟာ လောကအကြောင်း အလုပ်ရှုပ်လောက်အောင် လေ့လာနေပုံပေါက်တဲ့အတွက် အစာငြိမ်ငြိမ် ထိုင်မစားနိုင်ကြပါဘူး။ အချို့တွေက အစားအသောက်နဲ့ပတ်သက်ပြီး ကြေးများတတ်သလို စားသောက်ဖို့လည်းငြင်းဆန်ကြပါတယ်။ကျန်းမာတဲ့ သရေစာတွေဟာ မညီမျှတဲ့စားသောက်မှုပုံစံကို မျှတစေနိုင်တယ်။ အစာစားချိန် တစ်ခုနှင့်တစ်ခုကြား ဗိုက်အရမ်းဆာမနေအောင် သင့်ကလေးလိုအင်ကို ဖြည့်ပေးနိုင်ပါတယ်။ အသီးအနှံ၊ ဂျုံ ပါဝင်တဲ့ အစားအစာတွေနှင့် ကယ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ကလေး ကျန်းမာဖို့ ကျွေးသင့်ပါတယ်။ အစားအသောက် သုတေသနပြုသူများ ကတော့ လမ်းလျှောက်တတ်ခါစ ကလေးတွေကို တစ်နေ့ အစား ၃ ကြိမ် နှင့် သရေစာမုန့်၂ ခေါက် မှ ၃ခေါက် ကျွေးသင့်တယ်ဆိုပါတယ်။ မနက်ပိုင်း ၊ နေ့လယ်ပိုင်းနဲ့ ညစာစားပြီးချိန်တွေဖြစ်ပါတယ်။ကလေးတွေဟာ သကြားလုံးတွေ မုန့်တွေဝယ်ဖို့ စတိုးဆိုင်မသွားနိုင်ကြပါဘူး။ ဒါကြောင့် ဒီအချိန်မှာ ကလေးကောင်းမွန်တဲ့ အစားစားဖို့ သင်ကိုယ်တိုင်ဆုံးဖြတ် ချမှတ်ပါ။ လတ်ဆတ်တဲ့ အသီးအနှံတွေဟာ (ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတိန်းနှင့် အမျှင်ဓာတ်လိုမျိုး ) အာဟာရဓါတ် များစွာပါပါတယ်။ ပြီးတော့ အသင့်ထုတ်ပိုးထားတဲ့ အစားအစာတွေရှောင်ပါ။ ဒီဟာတွေက သကြား၊ ဆားနှင့် အဆီများစွာ ပါဝင်ပါတယ်။ ဒါကြောင့် စံမီတဲ့ အစားအသောက်ဆိုတာ။ကလေးတွေကို အချိန်ဇယား သတ်မှတ်ကျွေး တာပိုကောင်းပါတယ်။ နေ့စဉ် တူညီတဲ့အချိန်မှာ သရေစာမုန့်ကိုကျွေးရင် သူဘာစားရမလဲ သိနိုင်ပါတယ်။ ဗိုက်ဆာတာတွေ ဗိုက်ပြည့်တာတွေကို ခံစားသိရှိခြင်းက စားချင်စိတ်ကို ဘယ်လိုတုံ့ပြန်မလဲနဲ့ ဘယ်အချိန်မှာစားရမယ်၊ ဘယ်အချိန်မှာ မစားရဘူး ဆိုတာ သင်ပေးနိုင်ပါတယ်။ တစ်နေ့လုံး စားချင်တာစားခွင့်ပေးလိုက်မယ်ဆိုရင် သူဆာလား၊ မဆာလားဆိုတာ မခန့်မှန်းနိုင်တော့ပါဘူး။ ဒီလိုဆို အလွန်အကျွံစားသောက်မိနိုင်ပါတယ်။သင့်ကလေး တစ်နေ့ကိုအချိုရည် ၄ အောင်စ ထက်ပိုမသောက်ဖို့ထိန်းပါ။ သူရေငတ်ရင် တိုက်ကျွေးဖို့အကောင်းဆုံးကတော့ ရေနဲ့နို့သာ ဖြစ်ပါတယ်။ သင့်ကလေးက အချိုရည်ကြိုက်ရင် သူ့ကိုသီးနှံသာ အစားကျွေးပါ။ ဘာကြောင့်လဲဆိုရင် အချိုရည်တွေက ဆိုဒါနဲ့ညီတဲ့ ကယ်လိုရီပါပြီး သကြားပမာဏ များစွာပါဝင်နေလို့ပါ။ကလေးဆိုပေမယ့် သူတို့ဟာ သူတို့စိတ် သဘောအတိုင်း ရွေးချယ်ဖို့အသင့်ဖြစ်နေ တတ်ကြပါတယ်။ သရေစာ တွေဟာ အကန့်အသတ်နဲ့ ကျွေးမွေးဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ သရေစာ တစ်ခါကျွေးရင် အာဟာရပြည့်တဲ့ အစာတွေထည့်ရွေးချုယ်ထားပြီး သင့်ကလေး ဘယ်အရာကို ဘယ်လောက်စားသလဲဆိုတာ ထိုင်ကြည့်နေလိုက်ပါ။သရေစာ ကျွေးချိန်မှာ အခြားအစာအသစ်တစ်ခုကို တွဲကျွေးပါ။ သင့်ကလေးငြင်းဆန်နေရင်တောင်မှ ဆက်ကျွေးပါ။ ကလေးတွေအသစ်တစ်ခုကို စားသောက်ဖို့အတွက် အကြိမ်များစွာ ကြိုးစားယူရပါတယ်။သင့်ကလေး သရေစာတွေကို စားချင်တဲ့ အချိန်စားဖို့ကို ခွင့်မပြုပါနဲ့။ သရေစာကို တိကျတဲ့ အချိန်မှာသာ စားခွင့်ပြုမယ်ဆိုတာကို ကလေးကို နားလည်အောင်သင်ကြားပါ။အချို့မိဘတွေက ကလေးကိုအရသာရှိတာ ကျွေးမယ်လို့ ပြောတတ်ပေမယ့် ဒါဟာရေရှည်မှာကောင်းမွန်တဲ့ နည်းမဟုတ်ပါဘူး။ သကြားလုံးတွေဟာ အခြားအရာတွေထက် ပိုတန်ဖိုးရှိ ပိုကျန်းမာစေတယ် ထင်ရတတ်ပေမယ် တကယ်တော့ သကြားလုံးမှာ ဘာအာဟာရမှ မပါပါဘူး။ တစ်ခါတစ်ရံကျွေးတဲ့ မွေးနေ့ကိတ်တွေ ကွတ်ကီးတွေက သင့်တော်ပေမယ့် ဒီလိုကယ်လိုရီ များတဲ့အစာတွေကို ပုံမှန် အစားအသောက်စာရင်းထဲ မထည့်သင့်ပါဘူး။ သကြားလုံးတွေကိုတော့ ချွင်းချက်ထားထားပါ။ ဒါမှသင်က သကြားလုံး မကျွေးဘူးလို့ပြောတဲ့ အခါသင့်ကလေးက အလွန်စိတ်ဆိုးစိတ်ကောက်တာမျိုး မဖြစ်မှာပါ။ ဒါဟာ သင် ဒီလိုသရေစာကို မကျွေးဘဲထားချိန်မှာ သင့်ကလေးက အလွန်အမင်း တောင့်တပူဆာတဲ့ အလေ့အထမျိုး မဖြစ်စေမှာပါ။ကောင်းမွန်တဲ့ စားသောက်မှုအလေ့အထဟာ သင့်အိမ်မှာငယ်စဉ်ကတည်းက စတင်နိုင်ပါတယ်။ အသင့်စား အစားအသောက်များဟာ အဓိကအစားအစာတွေ မဟုတ်ဘဲ အသေးအဖွဲမျှသာ ဖြစ်ပါတယ်။ သင့်ကလေးကို ပိုကောင်းတဲ့ရွေးချယ်မှုတွေလုပ်တတ်အောင်သင်ပေးခဲ့ရင် နောင်တစ်ချိန်မှာ ကောင်းမွန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ပါလိမ့်မယ်။ အသင့်စား အစားအသောက်တွေကိုရှောင်ကြဉ်ပြီး တစ်ပတ်ကို ၁ ခေါက် ၂ ခေါက်သာ ကျွေးသင့်ပါတယ်။ အိမ်မှာပြုလုပ်တဲ့ အစားအသောက်များကသာ အမြဲတမ်းကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/toddler-feeding-schedule/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%90%e1%80%ac%e1%80%b8%e1%80%86%e1%80%b1%e1%80%b8/
အအေးမိတာလား ....... Sinus Infection လား .......
နှာစေး လာပြီဆိုရင် တွေးမိတာက အအေးမိပြီလို့ပေါ့။ အခုကာလဆိုရင်တော့ နှာစေး ပြီဆိုရင် ထည့်စဉ်းစားစရာ တစ်ခု ရှိလာပါတယ်။ ဒါကတော့ကိုဗစ်ဖြစ်နေတာလားပေါ့။တကယ်ကတော့ နှာစေး လာပြီဆိုရင် အအေးမိတာ အပြင် ကိုဗစ်ကို ထည့်မတွက်ခင် နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခု ရှိပါတယ်။ ဒါကတော့Sinus Infectionလား ဆိုတာပါ။ဒီတစ်ခေါက်တော့ နှာစေးတဲ့အခါ အအေးမိတာလား ……. Sinus Infection လား ……. ဆိုတာကို သဲသဲ ကွဲကွဲ သိရှိနိုင်အောင် ပြောပြပေးသွားပါမယ်။အအေးမိတယ်ဆိုတာအသက်ရှူ လမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာပါ။ အသက်ရှူ လမ်းကြောင်း အထက်ပိုင်းကို ဝင်ရောက် ကူးစက်နိုင်တဲ့ဗိုင်းရပ်စ်တွေက rhinoviruses၊ respiratory syncytial virus (RSV)၊ adenoviruses နဲ့ coronaviruses တွေပါ။အအေးမိတာက လူတစ်ဦး ကနေ တစ်ဦးဆီကို လေထဲက တဆင့် ကူးစက်နိုင်သလို တစ်ဦးနဲ့တစ်ဦး ထိတွေ့မိတာကနေ တဆင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ရှိနေတဲ့ မျက်နှာပြင်တွေကို ကိုယ်တွယ်ထိတွေ့မိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ရောဂါပိုးတွေရှိတဲ့ ပစ္စည်းတွေကို ကိုယ်တွယ်ထားတဲ့ လက်တွေနဲ့မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို ကိုင်တွယ်ထိတွေ့မိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။အအေးမိတဲ့အခါ။sinus infection ဆိုတာက Sinus လို့ ခေါ်တဲ့ မျက်နှာပေါ်က လေအိတ်လေးတွေထဲမှာ အရည်တွေ ပြည့်လာတာကြောင့် ပိုးမွှားတွေ ပေါက်ဖွားပြီး ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ sinus infections က ဗိုင်းရပ်စ်ရောဘက်တီးရီးယားတွေကြောင့်ရော ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကတော့ ပိုများပါတယ်။sinus infection ဖြစ်ရင်။အအေးမိတာကို သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို သေချာလေး လုပ်ဆောင်ပေးဖို့ လိုပါမယ်။sinus infectionက ဘက်တီးရီးယားကြောင့် ဖြစ်မယ်ဆိုရင် ပဋိဇီ​ဝ ပိုးသတ်ဆေး တစ်မျိုးမျိုး သောက်ဖို့ လိုပါမယ်။ ဒီလို သေချာ သိရှိနိုင်ဖို့က ဆရာဝန်နဲ့ သေချာ ပြသဖို့ လိုပါမယ်။ဆေးကို ရက်ပြည့်အောင် သေချာလေး သောက်ဖို့ လိုပါမယ်။ ပြင်းထန်မယ်ဆိုရင် ဆရာဝန်နဲ့ ရက်အတော်ကြာ ပြဖို့ လိုပါမယ်။သက်သာစေဖို့ဆိုရင်။ကဲ … နှာစေး ပြီဆိုရင် အအေးမိတာလား ……. Sinus Infection လား ……. ဆိုတာကို သေချာလေး ခွဲလို့ ရပြီ ထင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/cold-or-sinus-infection/
ချောင်းခြောက်ဆိုးရင် ဘာတွေ စားပေးရမလဲ......
ချောင်းတွေ တအားဆိုးနေတယ်။ ချွဲကျတော့လည်း မထွက်ဘူး။ချောင်းခြောက်ဆိုးတာဖြစ်မယ်။ ချောင်းခြောက်ဆိုးတာကြောင့် ညဘက်တွေဆို အိပ်မရသလို လူကြားထဲမှာ ချောင်းဆိုးသံကြောင့် လူအများက ဝိုင်းကြည့်ခံနေရလို့ စိတ်ညစ်နေသူလေးတွေ ရှိလား ……။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ချောင်းခြောက်ဆိုးလို့ စိတ်ညစ်နေတာတွေကို ပြေလျော့စေဖို့ ကူညီပေးနိုင်မှာပါ။ ဒီတော့ချောင်းခြောက်ဆိုးတဲ့အခါ သက်သာအောင်ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ချောင်းဆိုးတယ်လို့ လွယ်လွယ်ပြောလိုက်​ကြပေမယ့် ချောင်းဆိုးတယ်ဆိုတဲ့နေရာမှာ ချောင်းခြောက်ဆိုးတာနဲ့ချောင်းအစိုဆိုးတာဆိုပြီး ၂ မျိုး ခွဲကြပါတယ်။ သူတို့ ၂ မျိုး ဘာကွာသလဲဆိုတော့ ချောင်းအစို ဆိုးတာကချောင်းဆိုးတယ်။ ချောင်းဆိုးတဲ့အခါချွဲသလိပ်တွေထွက်ပါတယ်။ချောင်းခြောက်ဆိုးတာက ချောင်းဆိုးသံ ပိုကျယ်ပြီး ချွဲသလိပ်တွေ မထွက်ပါဘူး။ လည်ချောင်းယားတာ၊ ရင်ဘတ်အောင့်တာတွေပါ ခံစားရနိုင်ပါတယ်။ချောင်းခြောက်ဆိုးရင် သက်သာစေဖို့ဒါလေးတွေ စားပေးဖို့လိုပါမယ်။ပျားရည်ကိုတော့ ချောင်းဆိုးတာ သက်သာစေဖို့ ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြပါတယ်။ ပျားရည်က အရောင်ကျစေနိုင်ပြီး ချောင်းဆိုးတာကြောင့် ရောင်ရမ်းနေတဲ့ လည်ချောင်းအတွင်းကြွက်သားတွေကို အရောင်ကျစေနိုင်ပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့်ဘက်တီးရီးယားတွေကြောင့် ချောင်းဆိုးတာ ပိုဆိုးမလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ချောင်းခြောက်ဆိုးနေတယ်ဆိုရင် ပျားရည်ကို ရေနွေးနဲ့ ဖျော်သောက်လို့ ရသလို ဒီအတိုင်း စားပေးလို့လည်း ရပါတယ်။နွယ်ချိုကလည်ချောင်းယားတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ချွဲတွေကို ရှင်းပေးပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။ နွယ်ချိုကို ရှေးနှစ်ပေါင်း များစွာကတည်းက ချောင်းဆိုးတာ သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။နွယ်ချိုကို ရေနွေးဆူဆူထဲမှာ ၅ မိနစ်ကနေ ၁၀ မိနစ်လောက်အထိ ထည့်ပြုတ်ပြီး သောက်ပေးရုံပါ။နနွင်းမှာ curcumin ပါဝင်နေတာကြောင့် ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို အရောင်လည်း ကျစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေနိုင်သလိုအသက်ရှူ လမ်းကြောင်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။နာတာရှည် ချောင်းဆိုးတာကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ်ကိုလည်း သက်သာစေနိုင်ပါတယ်။ချင်း (ဂျင်း) က ချောင်းဆိုးတာကို သက်သာစေနိုင်သလို လေပြွန် ကြွက်သားတွေကို ပြေလျော့စေပြီး ချောင်းဆိုးတာ ကို သက်သာစေနိုင်ပါတယ်။ ချင်း ရေနွေးကြမ်း သောက်ပေးလို့ ရသလို ရေနွေးဆူဆူထဲကို ချင်း (ဂျင်း) ထောင်းထည့်ပြီး ရေနွေးငွေ့ ရှူပေးလို့လည်း ရပါတယ်။ချောင်းခြောက်ဆိုးတာ ကြောင့် စိတ်ညစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်လို့ ရပါတယ်။ ရက်အတော်ကြာအောင် မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/best-foods-for-dry-cough/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/5-foods-that-should-avoid-by-childs/
Happy water က တကယ်ပျော်စရာကောင်းသလား။
ခုနောက်ပိုင်း night lifeတွေမှာ တွေ့လာရတာကတော့ Happy water လို့ ခေါ်တဲ့ အရည်တစ်မျိုးပါ။ နာမည်အတိုင်းပဲ သူ့ကို သောက်ပြီးရင် ပျော်သလိုလို ခံစားရလို့ လူငယ်တွေကြားထဲမှာ အသုံးများလာကြပါတယ်။ Happy waterကို မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ တရုတ်နိုင်ငံမှာပါ ပေါပေါများများ တွေ့ရပါတယ်။Happy waterဆိုတာ အရောင်နဲ့ အနံ့မရှိတဲ့ အရည်ပါ။ အမှုန့်ထုတ်အနေနဲ့လည်း လာတတ်ပါတယ်။ ဒါကို ရေနဲ့ ဖျော်တာ၊ အချိုရည်၊ အရက် စတာတွေနဲ့ ရောပြီး သောက်ကြပါတယ်။ သူ့ထဲမှာ ecstasy, methamphetamine, caffeine, tramadol, diazepam,ketamineစတာတွေ ပါဝင်တတ်ပါတယ်။ ဒီလိုမျိုးစုံ ရောနှောထားတာကြောင့်drug cocktailလို့လည်း ခေါ်ကြပါတယ်။ဒီနှစ်ပိုင်းမှာ Happy waterတွေကို လူကြိုက်များလာရတဲ့ အကြောင်းရင်းက သူက အရောင်၊ အနံ့မရှိတဲ့အတွက်  သယ်ရလွယ်၊ သုံးရလွယ်လို့ပါ။ တစ်ခုခုနဲ့ ရောနှောပြီး သောက်ဖို့လည်း အင်မတန်လွယ်ပါတယ်။ ဒီတော့ သူငယ်ချင်း စနောက်ချင်ရင်ပဲဖြစ်ဖြစ်၊ ခုမှစသုံးမှာမို့လို့ အဝင်ဆိုးမှာ စိုးရင်ပဲဖြစ်ဖြစ် သုံးကြပါတယ်။Happy waterက မူးယစ်ဆေး တစ်မျိုးထက်မက ပါဝင်နေတာကြောင့် ဆေးအာနိသင် ပေါင်းစုံကို ခံစားရမှာပါ။ အကြမ်းအားဖြင့် ပြောရရင်တော့ လူက ကြွတက် လွင့်မျောပြီး “high”နေတာပါ။ဒါတင်ပဲလားဆိုတော့ကဖင်းပါလို့ စိတ်ရော လူရောလန်းပြီး အားအင်တွေ ပြည့်နေသလို tramadolပါဝင်နေတာကြောင့် တော်ရုံ နာတာ၊ ကျင်တာ၊ ကိုက်တာခဲတာလောက်ကို မသိတော့ပါဘူး။ ဒီတော့ ကလပ်နဲ့ ပါတီတွေမှာ တစ်ညလုံး ကဲနိုင်၊ ခုန်နိုင်၊ ကနိုင်ကြတာပါ။စစချင်းမှာဆိုရင် နည်းနည်းလောက်သုံးရုံနဲ့ လူက သာယာမှုကို ခံစားရပါတယ်။ အချိန်အကြာကြီး မစားမအိပ်ဘဲ နေနိုင်ကြပါတယ်။ ဒါပေမယ့် ပမာဏများများ သုံးမိရင်တော့ ဆေးစွဲတာာအပြင် ခေါင်းကိုက်တာ၊ သတိမကောင်းတာ၊ ကိုယ်အပူချိန်တွေတက်တာ၊ သွေးတက်တာ၊ ချွေးစေးထွက်တာတွေ ခံစားရပါတယ်။ကြာကြာသုံးမယ်၊ များများသုံးမယ်ဆိုရင်တော့ အိပ်မပျော်တာ၊ထင်ယောင်ထင်မှားတွေ မြင်တာ၊ ကြားတာ၊ တစ်ယောက်ယောက်က ကိုယ့်ကို နှိပ်စက်နေတယ်လို့ ထင်လာတာ၊ စိတ်ပျော်စရာမရှိတော့သလို ခံစားရတာတွေ ဖြစ်လာပါတယ်။ဒါ့ပြင်  နားအူတာ၊ နားထဲကနေ လေထွက်သလို ခံစားရတာ၊ ကိုယ်ထဲကနေ  ဝိဉာဉ်ထွက်တာတွေကို ထင်ထင်ရှားရှား မြင်လိုက်ရတာမျိုးတွေပါ ဖြစ်လာပါတယ်။ တချို့ဆို ထိလည်း မသိ၊ နာလို့ နာမှန်းမသိနဲ့ ခန္ဓာကိုယ်ကလည်း မတ်မတ်မရပ်နိုင်ဘဲ ဟန်ချက်ပျက်နေတတ်ပါတယ်။ ဘာဖြစ်ခဲ့လဲဆိုတာကို မမှတ်မိတော့တာတွေလည်း ဖြစ်နိုင်ပါတယ်။ဒါ့ပြင် Happy water သုံးထားတဲ့သူရဲ့ ဆီးမှာ ketamineတွေ အများကြီးပါနေတတ်ပါတယ်။ Ketamineက ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ကို ထိခိုက်စေတတ်ပါတယ်။ ရေရှည်စွဲသုံးတဲ့သူတွေမှာ ဆီးအိမ်ရောင်တာ၊ ဆီးခဏခဏ သွားချင်တာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးကျင်တာ၊ ဆီးထဲသွေးပါတာတွေ ဖြစ်တတ်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ ဆီးအိမ်မှာ ဖြတ်ထုတ်ရနိုင်ပါတယ်။Happy waterမှာ အပေါ်မှာ ပြောခဲ့တဲ့ မူးယစ်ဆေးတွေအပြင် တခြားဆေးဝါးတွေလည်း ပါနိုင်ပါသေးတယ်။ အများစုက အရောင်အနံ့မရှိတာကြောင့် အလွယ်တကူသုံးစွဲမိပြီး မသိလိုက်ဘဲ ဆေးစွဲသွားနိုင်ပါတယ်။Happy water နဲ့ ဆေးခတ်ခံရဖို့က လွယ်ပါတယ်။ အရောင်အနံ့ မရှိတာကြောင့် အရက် ဒါမှမဟုတ် အချိုရည်နဲ့ ရောလိုက်ရင် သိဖို့ခက်ပါတယ်။ အထူးသဖြင့် သူငယ်ချင်းအချင်းချင်း စနောက်ချင်ရင်ဖြစ်ဖြစ်၊ အမျိုးသမီးတွေကိုဆေးခတ်ချင်ရင်ဖြစ်ဖြစ် အင်မတန်လွယ်ပါတယ်။ဒါကြောင့် ပါတီတွေ၊ ကလပ်တွေ သွားတဲ့အခါ ကိုယ်သောက်နေတဲ့ ခွက်ကို ဂရုစိုက်ပါ။ အထူးသဖြင့် စားပွဲဝိုင်းမှာ ခွက်ကို ထားခဲ့ပြီး ပြန်လာတဲ့အခါ တစ်ယောက်ယောက်က ကိုယ့်ခွက်ကို တစ်ခုခုလာထည့်ထားနိုင်တယ်ဆိုတာ အမြဲသတိရှိပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/happy-water-and-its-effects/
ကိုယ်ဝန်ဆောင်အတွက် မရှိမဖြစ်လိုအပ်သောအာဟာရ : ဗီတာမင် D
ဗီတာမင် အားဖြည့်ဆေးတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကိုတော့ ဘယ်လိုမှ အစားထိုးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် နေ့စဉ်လိုအပ်တဲ့အာဟာရတွေကို လုံလောက်အောင်ပေးနိုင်ဖို့အတွက်တော့ အထောက်အကူဖြစ်စေပါတယ်။တကယ်လို့များသင်က ပုံမှန်ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေမပြင်ဆင်နိုင်လောက်အောင် အလုပ်များတယ်ဆိုရင်တော့ မှန်ကန်တဲ့ဖြည့်စွက်စာ (အားဆေး) တွေဟာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါပဲ။ သင့်ရဲ့ခန္ဓါကိုယ်ဟာ essential ဗီတာမင် ၁၃မျိုးကို လိုအပ်သလို တစ်ခုချင်းစီကလည်း မတူညီတဲ့အရာတွေကို လုပ်ဆောင်ပေးပါတယ်။သင်ကိုယ်ဝန်ဆောင်ပြီဆိုရင်တော့ ဗီတာမင် D က အထူးကို အရေးကြီးလာပါတော့တယ်။ဗီတာမင် D က သင့်ခန္ဓါကိုယ်ကို ကယ်လ်စီယမ်တွေစုပ်ယူဖို့ အားပေးပါတယ်။ ကယ်လ်စီယမ်က သင့်ကလေးငယ်ရဲ့ အရိုး၊ သွား၊ နှလုံး၊ ကြွက်သားနဲ့ အာရုံကြောတွေကြီးထွားစေဖို့ ကူညီနိုင်တဲ့ သတ္တုဓါတ်တစ်မျိုးပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ တစ်ရက်ကို ကယ်လ်စီယမ် ၁၀၀၀ မီလီဂရမ်လိုအပ်ပါတယ။် ဒါကြောင့် ဗီတာမင် Dက သင့်ခန္ဓါကိုယ်ဟာ သင်စားသုံးလိုက်တဲ့အရာရဲ့ ကောင်းကျိုးတွေကို ရရှိနိုင်စေဖို့အတွက် အထောက်အပံ့ဖြစ်စေတာပါ။ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် Dချို့တဲ့ခြင်းဟာ ကြီးထွားမှုပြဿနာတွေနဲ့ အရိုးဖွဲ့စည်းပုံ မမှန်ခြင်းစတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါဟာ ကလေးရဲ့ အလေးချိန်ပေါ်လည်း သက်ရောက်မှုရှိနိုင်ပြီး ကလေးဟာမွေးဖွားစဉ်တည်းက ဗီတာမင်ချို့တဲ့ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကလေးငယ်အတွက်တော့ Rickets ဖြစ်နိုင်ချေများပြီး (ကျိုးပဲ့ခြင်းနဲ့ ပုံမမှန်ခြင်း၊ ပုံပျက်ခြင်းကို ဦးတည်စေနိုင်) ပုံမှန်မဟုတ်တဲ့ အရိုးကြီးထွားမှုတွေ နဲ့ ကလေးရဲ့ ကြီးထွားမှုတွေ နှောင့်နှေးစေတာမျိုး ဖြစ်စေတတ်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် D ချို့တဲ့ခြင်းဟာ မွေးဖွားစဉ်ကာလမှ အရွယ်ရောက်သည်ထိ တောက်လျှောက် အရိုးကြီးထွားမှုနဲ့ ခုခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ဗီတာမင်D ချို့တဲ့ခြင်းကြောင့် ဖြစ်လာစေနိုင်တဲ့ အကျိုးဆက်တွေထဲမှာတော့ အဝလွန်ခြင်း၊ ပုံမှန်ထက် အသားမဲခြင်း၊ ဆေးကုသမှုခံယူရခြင်း (စတီးရွိုက်၊ ကိုလက်စထရောနည်းပါးတဲ့ဆေးဝါးများ) နဲ့ fat malabsorption conditions တွေ ပါဝင်ပါတယ်။ကျွမ်းကျင်သူအများစုကတော့ သင့်ရဲ့ နေ့စဉ်ရရှိရမယ့် ဗီတာမင် D ပမာဏဟာ ၆၀၀ International Units (IU) နဲ့ ၂၀၀၀ IU ကြားမှာ ရှိသင့်တယ်လို့ဆိုပါတယ်။ ဒါဟာ နို့တိုက်ကျွေးနေစဉ်ကာလအထိ သို့မဟုတ် အဲ့ဒီထက်ပိုတဲ့ကာလတစ်ခုထိ ဒီတိုင်းပဲ ဆက်ရှိနေသင့်ပါတယ်လို့လည်း ဆိုပါတယ်။ အရည်ပြားဟာ နေရောင်ခြည်ကို ဗီတာမင်D ထုတ်လုပ်ဖို့ သုံးစွဲနေတာဖြစ်လို့ ဗီတာမင် D ရရှိစေဖို့ နေရောင်ခြည်နဲ့ ထိတွေ့ရအောင် ဆယ်မိနစ်လောက် အပြင်ထွက်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ဒါပေမဲ့ နေရောင်ခြည်မှာပါတဲ့ UV အလင်းတန်းတွေဟာ ရောင်ခြယ်ပစ္စည်းပြောင်းလဲမှုကို ဖြစ်စေနိုင်ခြင်းကို မြင့်တက်စေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပုံမှန်မဟုတ်တဲ့ အသားမဲခြင်းတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် ဆရာဝန်အများစုက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အစားအသောက် သို့မဟုတ် အားဆေးတွေကနေပဲ ဗီတာမင် D ရယူသင့်ပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုကို ရှောင်ရှားသင့်တယ်လို့ အကြံပြုထားကြတာပါ။ငါးကြီးဆီ ( fish liver oil ) ၊ အဆီများတဲ့ ငါးတွေနဲ့ ကြက်ဥတွေဟာ ဗီတာမင် D ပါဝင်တဲ့ ကျန်းမာရေးကောင်းစေတဲ့ အစားအစာတွေပါ။ဗီတာမင် D ရရှိစေဖို့ ထိပ်တန်းအစားအစာတွေကတော့။အခြားသော စားစရာအများစုမှာကတော့ ဗီတာမင် D သဘာဝအတိုင်းမပါဝင်တာကြောင့် အများစုကတော့ ဒီအရေးကြီးတဲ့ ဗီတာမင်ကိုရဖို့ အားဖြည့်ထားကြရတာပါ။ အချို့သော ချိစ်တွေ၊ ဒိန်ချဉ်တွေနဲ့ cereals တွေဟာ ဗီတာမင် D ထပ်ဖြည့်ထားတာမျိုးရှိတတ်ပါတယ်။ အချို့မှာတော့ ဒီလို မရှိတာကြောင့် တံဆိပ်တွေကို သေချာစစ်ဆေးပါ။ (နို့တွေအားလုံးကတော့ ဗီတာမင် D ပါဝင်အားဖြည့်ပြီးသားပါ)။သင်က ဗီတာမင် D လုံလောက်စွာ မရရှိမှာကို စိုးရိမ်နေတယ်ဆိုရင် ဒါမှမဟုတ် ဗီတာမင်D အားဖြည့်ဆေးတွေ ထပ်သောက်ဖို့ လိုမလိုဆိုတာကို သင့်ရဲ့ လက်ရှိပြသနေတဲ့ ဆရာဝန်နဲ့ ဆွေးနွေးပြီး ဗီတာမင် D ချို့တဲ့မှုရှိမရှိ စမ်းသပ်သင့်ပါတယ်။ အားဆေးကို ရွေးချယ်တဲ့အခါမှာ အထိရောက်ဆုံးပုံစံဖြစ်တဲ့ ဗီတာမင် D3 သို့မဟုတ် cholecalciferol ဆိုတဲ့ စာတမ်းကပ်ထားတဲ့ ပါဝင်တဲ့ တံဆိပ်ကို သေချာရွေးချယ်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%99%e1%80%9b%e1%80%be%e1%80%ad/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%94%e1%80%b1%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ
မနက်အိပ်ရာထတဲ့အခါ သင့်အတွင်းခံဘောင်းဘီ ဒါမှမဟုတ် ညဝတ်ဘောင်းဘီထဲ စိုထိုင်းထိုင်း စေးကပ်ကပ်ဖြစ်နေတာမျိုး ကြုံဖူးပါသလား။ အစပိုင်းမှာ သင့်ကိုယ်သင် အိပ်ရာထဲ ဆီးပေါက်ချမိတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် သင်ဟာ လူပျိုဖော်ဝင်တဲ့အရွယ် ဒါမှမဟုတ် လူပျိုဖော်ဝင်ပြီးစအရွယ် ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ အိပ်နေရင်းသုတ်လွှတ်တာကို ဖော်ပြတဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ လူပျိုဖော်ဝင်လာချိန်မှာ အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ ဖြစ်တတ်တဲ့ အလေ့အထ တစ်ခုပါ။အိပ်နေရင်းသုတ်လွှတ်ခြင်းကို ဆရာဝန်တွေက “ညဘက်သုတ်လွှတ်ခြင်း” (nocturnal emission) လို့ ခေါ်ပါတယ်။ Nocturnal ဆိုတာ “ည” ကို ဆိုလိုတာဖြစ်ပြီး Emission ကတော့ “ထုတ်လွှတ်ခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ဒီဆောင်းပါးမှာတော့ အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ နဲ့ အမေးများတဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ ကတော့။အိပ်နေစဉ်သုတ်လွှတ်ခြင်းဆိုတာ သင်အိပ်ပျော်နေစဉ် အချိန်အတွင်း လိင်တံကတဆင့် သုတ်ရည်ထုတ်လွှတ်ခြင်းကို ခေါ်ပါတယ်။ များသောအားဖြင့် လိင်ကိစ္စနဲ့ဆက်နွယ်တဲ့ အိပ်မက်မက်တဲ့အခါ သုတ်လွှတ်လေ့ရှိပြီး အိပ်မက်ကိုတော့ မမှတ်မိတတ်ပါဘူး။အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ လိင်အင်္ဂါကို နှိုးဆွစရာမလိုဘဲ (လိင်တံကိုထိတွေ့စရာမလိုဘဲ) အလိုအလျောက်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။လူပျိုဖော်ဝင်စအရွယ်မှာ သင့်ခန္ဓါကိုယ်က တက်စတိုစတီရုန်းလို့အမည်ရတဲ့ ကျားဟော်မုန်းတစ်မျိုး စတင်ထုတ်လုပ်ပြီး သုတ်ကောင်ထုတ်လွှတ်ခြင်း လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပါတယ်။ ဒါဟာ တနည်းအားဖြင့် သင့်မှာ မမျိုးဥကို သန္ဓေအောင်စေပြီး သင်နဲ့လိင်ဆက်ဆံတဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရစေနိုင်တဲ့ စွမ်းရည်ရှိနေပြီလို့ ဆိုလိုပါတယ်။သင့်အနေနဲ့ လူပျိုဖော်ဝင်ချိန်မှာ လိင်တံထောင်မတ်ခြင်းကို အချိန်မရွေး နေရာမရွေး ကြုံရတတ်ပါတယ်။ ကျောင်းတက်နေရင်း၊ ရုပ်မြင်သံကြားကြည့်နေရင်း၊ ရေချိုးနေရင်း လိင်တံထောက်မတ်လာနိုင်သလို အိပ်ပျော်နေစဉ် အတောအတွင်းမှာလည်း ဖြစ်လာတတ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေနဲ့အတူ သင့်ခန္ဓါကိုယ်အတွင်း သုတ်ရည်တွေ စုပုံများပြားလာရာကတဆင့် အိပ်နေစဉ်သုတ်လွှတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ ထိန်းချုပ်ရပ်တန့်လို့မရနိုင်တဲ့ ပုံမှန် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။မကြာခဏ အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ ပြဿနာတစ်ခု မဟုတ်ပါဘူး။ အချို့လူတွေဟာ တစ်ပတ်မှာ အကြိမ်အနည်းငယ် အိပ်နေရင်း သုတ်လွှတ်တတ်ကြပြီး အချို့တွေကတော့ တစ်သက်မှာ အကြိမ်အနည်းငယ်လောက်သာ အိပ်နေရင်း သုတ်လွှတ်တတ်ကြတယ်လို့ သိရှိရပါတယ်။လိင်အင်္ဂါကိုနှိုးဆွပြီး သုတ်လွှတ်တဲ့ အလေ့အကျင့်၊ တစ်စုံတစ်ယောက်နဲ့လိင်ဆက်ဆံပြီး သုတ်လွှတ်တဲ့ အလေ့အကျင့် ရလာတာနဲ့အမျှ အိပ်နေစဉ်သုတ်လွှတ်တဲ့ အကြိမ်ရေ တဖြည်းဖြည်းနည်းလာမှာ ဖြစ်ပါတယ်။ဆယ်ကျော်သက်ယောက်ျားလေးတိုင်း အိပ်နေစဉ် သုတ်မလွှတ်တတ်ပါဘူး။ အိပ်နေစဉ်သုတ်လွှတ်ခြင်းကို တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးတိုင်း သင့်ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုရှိနေတယ်လို့ ယူဆလို့မရပါဘူး။လူပျိုဖော်ဝင်ပြီး ဝှေးစေ့တွေက သုတ်ကောင်ထုတ်လုပ်နိုင်မှသာအိပ်နေစဉ်သုတ်လွှတ်မှာ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ လူပျိုဖော်ဝင်ချိန်မှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။အိပ်နေစဉ်သုတ်လွှတ်တတ်သူတွေအနေနဲ့ အိပ်ရာနိုးလာတဲ့အခါ ပေကျံနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သန့်စင်ဆေးကြောသင့်ပါတယ်။ လိင်တံ၊ ဝှေးစေ့နဲ့ လိင်တံထိပ်ဖျားရှိ အရေပြားအောက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး ဆေးကြောသင့်ပါတယ်။အိပ်နေစဉ်သုတ်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး စိတ်မသက်မသာဖြစ်မယ်၊ စိတ်မလုံမလဲဖြစ်မယ်ဆိုရင်တော့ ဆရာဝန်၊ မိဘ၊ နှစ်သိမ့်ဆွေးနွေးပညာပေးသူ ဒါမှမဟုတ် မိမိယုံကြည်ရတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ယောက်ကို ပြောပြတိုင်ပင်သင့်ပါတယ်။အချို့လူတွေမှာ အိပ်နေရင်းသုတ်မလွှတ်အောင် ကာကွယ်ဖို့ အကြံဉာဏ်တွေ ရှိကြပေမယ့် တကယ်တမ်းတော့ ဒီဖြစ်စဉ်ကို တားဆီးကာကွယ်နိုင်တဲ့ နည်းလမ်းမရှိသေးပါဘူး။ သင့်အနေနဲ့ အိပ်ရာခင်းတွေကို လဲရ၊ လျှော်ဖွတ်ဆေးကြောရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရပေမယ့် ဒါဟာ ပုံမှန်ဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ခုဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။အိပ်နေစဉ်သုတ်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်နေမယ်ဆိုရင်တော့ အထက်မှာပြောခဲ့သလို သင့်မိဘ၊ ကျန်းမာရေးစောင့်ရှောက်သူ၊ ကျောင်းသားရေးရာ နှစ်သိမ့်ဆွေးနွေးပညာပေးသူ စတဲ့ သင်ယုံကြည်ရမယ့် အရွယ်ရောက်ပြီးသူတစ်ယောက်ယောက်ကို ပွင့်ပွင့်လင်းလင်း ပြောပြဆွေးနွေးခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/facts-to-know-about-wet-dreams/
ပွင့်သောပန်းတိုင်း မညှိုးရအောင်
အိမ်ထောင်ရှင်အမျိုးသားတဦးအတွက် လိင်မှုရေးရာ စွမ်းဆောင်ရည်ဆိုတာဟာလည်း အရေးအကြီးဆုံး မဟုတ်ရင်တောင် အရေးအကြီးဆုံးတွေထဲက တခုအဖြစ်တော့ သေချာပေါက် ပါဝင်နေပါတယ်။ အိမ်ထောင်ဦးစီး ယောက်ျားတွေအနေနဲ့ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ စိတ်ဖိစီးမှုဒဏ်တွေကိုလည်း ခံရလေ့ရှိသေးတာမို့ အိမ်ထောင်ရေးသုခအပြည့်အဝရဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကောင်းလေးတွေ၊ အမူအကျင့်ကောင်းလေးတွေ၊ ဆောင်ရန်ရှောင်ရန်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးက သင့်ရဲ့ ပန်းဥယျာဉ်ကမ္ဘာကြီးထဲက ပွင့်သောပန်းတိုင်း မညှိုးရအောင် တထောင့်တနေရာကနေ ကူညီပေးနိုင်မှာပါ။၁။ ကိုယ်အလေးချိန်ထိန်းပါ။တခါတလေကျပြန်တော့ နည်းနည်းဝလာတာနဲ့တင် သင့်ရဲ့ အိပ်ရာတွင်း စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အဝလွန်နေသူတဦးဖြစ်ခဲ့မယ်ဆိုရင်တော့ ဒါနဲ့အတူတွဲပြီး တွေ့ရတတ်တဲ့ ကိုလက်စထရောပမာဏများပြားခြင်းဟာပန်းသေပန်းညှိုးပြဿနာဆီကို ဦးတည်လာနိုင်ပါတယ်။ခါးဆိုဒ် ၄၀ ထက်ကျော်သူတွေဟာ လိင်ဆက်ဆံရာမှာ လိုသလောက် ခရီးမပေါက်တတ်ဘူးလို့ လေ့လာချက်အချို့က ညွှန်းဆိုနေတဲ့အတွက် သင့်ကိုယ်အလေးချိန်ကို ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။၂။ သွေးပေါင်ချိန်မှန်မှန်တိုင်းပါ။သွေးပေါင်ချိန်တက်တဲ့အခါ သင့်ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သွေးကြောတွေ ကျဉ်းလာပါတယ်။ ဒီလို ကျဉ်းလာတဲ့အတွက်လိင်တံထောင်မတ်ဖို့ လိုအပ်တဲ့ သွေးပမာဏကို လုံလုံလောက်လောက် မရရှိနိုင်တော့ပါဘူး။ ဒါဟာလည်း ပန်းသေပန်းညှိုးရောဂါရဲ့ အကြောင်းရင်းတခုဖြစ်တဲ့အတွက် သင့်သွေးပေါင်ချိန်ကို မှန်မှန်တိုင်းတာစစ်ဆေးသင့်ပါတယ်။၃။ အဆီအဆိမ့်လျှော့စားပါ။အဆီအဆိမ့်တွေ အများအပြားစားခြင်းဟာ အပေါ်မှာမျှဝေပေးခဲ့တဲ့ အချက်နှစ်ချက်ကို တိုက်ရိုက်ကြီးသွားရောက် ထိခိုက်တာမို့ အဆီမရှောင်ရင် သင့်ပန်းကလေးခမျာ ပူဆာညှိုးခွေ ဖြစ်သွားပါလိမ့်မယ်။၄။ ဆီးချိုရှိရင် သေချာကုပါ။သွေးတွင်းသကြားဓာတ်များပြားခြင်းဟာ လိင်တံမှာရှိတဲ့ အာရုံကြောနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့အတွက် ကုတင်ထက်က စွမ်းဆောင်ရည်ကို ကျဆင်းစေပါလိမ့်မယ်။၅။ ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ။ဆေးလိပ်ဟာလည်း သွေးကြောတွေကို ကျဉ်းစေနိုင်တဲ့အတွက် ဆင်ခြင်ဖို့ လိုပါလိမ့်မယ်။ လေ့လာချက်တွေအရ ဆေးလိပ်သောက်တဲ့အမျိုးသားတွေဟာ မသောက်တဲ့သူတွေထက် ပန်းသေပန်းညှိုးဖြစ်နိုင်ချေ နှစ်ဆပိုများတယ်လို့ သိရပါတယ်။ ဒီတော့ ဆေးလိပ်ကို အမြန်ဆုံးနည်းနဲ့ ဖြတ်ပါ။၆။ အရက်လျှော့သောက်ပါ။ဆေးလိပ်ပြီးတော့ အရက်လာပါပြီ။ အရက်အလွန်အကျွံသောက်ခြင်းဟာလည်း ပန်းသေပန်းညှိုးရောဂါရစေနိုင်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုသလို အရမ်းကြီးများသွားအောင် မသောက်ရပါဘူး။၇။ မူးယစ်ဆေး မသုံးပါနဲ့။စိတ်ခံစားမှုကို တက်ကြွစေတဲ့ဆေးတွေ (ဥပမာ ကိုကင်း၊အမ်ဖက်တမင်း)ပဲဖြစ်ဖြစ်၊ ငြိမ်ပြီးကျသွားစေတဲ့ ဆေးတွေပဲဖြစ်ဖြစ် (ဥပမာ ဆေးခြောက်) လိင်မှုရေးရာ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။မူးယစ်ဆေးတွေဟာ ဦးနှောက်နဲ့ အာရုံကြောရဲ့ တုံ့ပြန်မှုကို နှေးကွေးစေတဲ့အပြင် သွေးကြောတွေကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် မူးယစ်ဆေးကို အဆန်းထွင်ပြီး အစမလုပ်ပါနဲ့။ အစလုပ်ခဲ့မိရင်လည်း အမြန်ဖြတ်ဖို့ ကြိုးစားပါ။၈။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကျန်းမာရေးအတွက်သာမက အိပ်ရာထက်က စွမ်းဆောင်ရည်ကိုပါ နည်းအမျိုးမျိုးနဲ့ တိုးတက်မြင့်မားစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် သင့်နှလုံးအားကောင်းပြီး အမောခံနိုင်လာမယ်၊ တကိုယ်လုံးကို သွေးလည်ပတ်မှုကောင်းစေမယ်၊ ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်မယ်၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေမယ် စသဖြင့် ကောင်းကျိုးအမျိုးမျိုး ရရှိစေနိုင်တာမို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။၉။ သွေးတွင်း တက်စတိုစတီရုန်း ပမာဏကို စစ်ဆေးပါ။သင့်အသက်သုံးဆယ်ကျော်လာပြီဆိုတာနဲ့ ကျားဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်း ပမာဏဟာ ဖြည်းဖြည်းချင်းလျော့နည်းလာပြီး အသက်ကြီးလာလေ ပိုကျလာလေပါပဲ။ ဒီဟော်မုန်းပမာဏ အရမ်းနည်းသွားရင် လိင်စိတ်ဖြစ်ပေါ်မှုနဲ့ စိတ်သွားတိုင်းကိုယ်ပါမှုတို့ကို ထိခိုက်လျော့နည်းစေလာမှာ ဖြစ်တာကြောင့်သွေးတွင်းတက်စတိုစတီရုန်းပမာဏကို  စစ်ဆေးကြည့်နိုင်ပြီးသင့်တော်တဲ့ ကုသမှုကို ခံယူနိုင်ပါတယ်။၁၀။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ သားရေးသမီးရေး စသဖြင့် စိတ်ဖိစီးမှုတွေ စုပြုံလာတဲ့အခါ သင့်ရဲ့ ကျားမာန်ဟုန်လည်း ကျဆင်းလာနိုင်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တဲ့အတွက် စိတ်နဲ့ပဲ ပြန်ကုရပါမယ်။တတ်နိုင်သမျှ စိတ်ကောင်းမွေးမြူခြင်း၊ အကောင်းမြင်စိတ်ထားခြင်း၊ တရားထိုင်ခြင်း၊ ကိုယ်စိတ်ဖြေလျှော့ အပန်းဖြေခြင်း၊ ခရီးထွက်ခြင်း စတာလေးတွေကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို တတပ်တအား လျှော့ချပေးနိုင်မှာပါ။၁၁။ သင်သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိပါစေ။သင်နေ့စဉ်သုံးစွဲနေရတဲ့ အချို့သော ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေအဖြစ် လိင်စိတ်လျော့နည်းခြင်း၊ ပန်းညှိုးခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်သဘောနဲ့သင် ဆေးဆိုင်က ဝယ်သောက်တဲ့ ဆေးပဲဖြစ်ဖြစ်၊ ဆရာဝန်ညွှန်ကြားတဲ့ ဆေးပဲဖြစ်ဖြစ် ဘေးထွက်အာနိသင် ဘာတွေရှိမလဲဆိုတာကို ဆေးဗူးမှာ သေချာဖတ်ရှုပါ။အထက်ပါ အချက် ၁၁ ချက်ကတော့ ပန်းသေပန်းညှိုးခြင်းကို အတိုင်းအတာတခုအထိ ရှောင်ရှားနိုင်စေဖို့ သတိပြု လိုက်နာဆောင်ရွက်ရမယ့် အချက်လေးတွေပဲဖြစ်ပါတယ်။ ဒါမှသာ သင့်အိမ်ထောင်ရေးဟာ သာယာမှုသုခတွေနဲ့ ပြည့်စုံပြီး ပျော်ရွှင်ကျန်းမာတဲ့ မိသားစုတခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ပွင့်သော ပန်းတိုင်း လန်းကြပါစေ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/lifestyle-tips-for-erectile-dysfunction/
ကိုယ်ဝန်ရှိနေစဉ် စစ်ဖလစ်ကာလသားရောဂါ ရခြင်း
ထရီပိုနီးမား ပယ်လီဒမ် ဆိုသည့်ပိုးကြောင့်ဖြစ်ရသော စစ်ဖလစ်သည် ကူးစက်လွယ်သောရောဂါဖြစ်ပြီး အဓိကအားဖြင့် လိင်မှတစ်ဆင့် ကူးစက်ပါသည်။ သို့သော် ကိုယ်ဝန်ရှိနေစဉ် စစ်ဖလစ်ဖြစ်နေပါက ကလေးတွင်လည်း စစ်ဖလစ်ရောဂါ ဖြစ်လာနိုင်ပါသည်။ အချင်းမှတစ်ဆင့် သန္ဓေသားသို့ ကူးစက်ခြင်းကြောင့်ဖြစ်သည်။ကူးစက်ခြင်းသည် ကိုယ်ဝန်ဘယ်နှစ်လတွင်မဆို ဖြစ်ပွားနိုင်ပါသည်။ နောက်ဆက်တွဲပြဿနာများတွင် အင်္ဂါတစ်ခုထက်ပိုပြီးပြဿနာပေါ်ခြင်း၊ နားရွက်၊ မျက်လုံး၊ အသည်း၊ ရိုးတွင်းခြင်ဆီ၊ အရေပြား၊ အရိုးနှင့် နှလုံးတို့တွင် မကောင်းမွန်သည်များဖြစ်လာနိုင်ပါသည်။ အဆိုးဆုံးမှာ သေဆုံးနိုင်ခြင်းပင်။ စစ်ဖလစ်ရှိသောအမျိုးသမီးများတွင် ကလေးအသေမွေးနိုင်ပါသည်။ကိုယ်ဝန်ဆောင်နေစဉ် သင့်ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိနေသည်ဆိုပါက အချိန်ယူပြီး ကောင်းကောင်းနားပေးပါ။ သင်၏ကျန်းမာရေးစောင့်ရှောက်သူမှ မမွေးခင်ကျန်မာရေးအတွက် ပြင်ဆင်ရမည်များ သတိထားရမည်များကို ရှင်းပြပေးပြီး မွေးရာပါစစ်ဖလစ် ကလေးတွင်ဖြစ်လာနိုင်သည့်အန္တရယ်များကို ကန့်သတ်ပေးပါလိမ့်မည်။စစ်ဖလစ်ဖြစ်သူများတွင် လိင်အင်္ဂါတစ်ဝိုက်၌ နာကျင်သည့် အဖုလုံးပေါက်လာပြီး ထိုမှ မနာကျင်သည့် အနာတစ်ခု ဖြစ်လာသည်ကို သတိပြုမိနိုင်ပါသည်။ ထိုအနာသည် ပေါ်လာပြီးနောက် ၄ ပတ်မှ ၆ ပတ်အတွင်း ပျောက်သွားပါလိမ့်မည်။ အနာကျက်သွားပြီး ၂ ပတ်မှ ၁၀ ပတ်လောက်ကနေ ဒုတိယအဆင့်စစ်ဖလစ် ကူးသွားသည်အထိ နာကျင်မှုကို ထပ်ခံစားရမည်မဟုတ်ပါ။ထိုအချိန်ပိုင်းတွင် သင့်၌ တခြားလက္ခဏာများဖြစ်သည့် တစ်ကိုယ်လုံးတွင် အကွက်များထခြင်း၊ ပြည်ဖုများပေါက်ခြင်း၊ မီးခိုရောင် အဖြူရောင် ကြွက်နို့လိုအရာများပေါက်လာခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက် မစားချင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ လည်ချောင်းနာခြင်းနှင့် တခြားသောတုပ်ကွေးကဲ့သို့ လက္ခဏာများ ဖြစ်လာနိုင်၏။ ပထမပိုးဝင်ပြီးနောက် ၁-၂ လအကြာတွင် ဒုတိယအဆင့် စစ်ဖလစ် ဖြစ်လာပါမည်။ထို့နောက်တွင် ဘာလက္ခဏာများမပြပဲ နှစ်အတော်ကြာသွားနိုင်သည်။ နောက်ဆုံးမှ စစ်ဖလစ်နောက်ဆုံးအဆင့်သည် အာရုံောကာဆိုင်ရာရောဂါများ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများနှင့် ပြန်ပေါ်လာမည်ဖြစ်သည်။သင့်လျော်သည့်ပဋိဇီဝဆေးဖြင့် စစ်ဖလစ်ကို အလွယ်တကူ ကုသနိုင်ပါသည်။ ထို့ကြောင့် သင့်ကျန်းမာရေးကို အမြဲတမ်း အလေးထားစောင့်ကြည့်ပြီး မြန်မြန်ရောဂါသိ မြန်မြန်ကုတာ ကောင်းပါသည်။ မကုသပဲထားပါက စစ်ဖလစ်သည် ကလေးကို ကူးနိုင်ချေ ၁၀၀%ထိရှိပြီး ကူးစက်ခံရသည့် ကလေးများတွင် သေနှုန်း ၄၀% ရှိပါသည်။ အသက်ရှင်သည့်ကလေများတွင်လည်း စစ်ဖလစ်၏အစောဆုံး လက္ခဏာများသည် ပထမ ၂ နှစ်အတွင်းပေါ်လာပြီး အသက် ၂၀ အတွင်းမှာပင် နောက်ဆုံးအဆင့်လက္ခဏာများကို ခံစားရနိုင်ပါသည်။စောလျင်စွာ သိရှိကုသသည်နှင့် ကလေး၌မွေးရာပါစစ်ဖလစ်ဖြစ်နိုင်ချေ လျော့နည်းစေပါသည်။ သို့သော်လည်း ကလေးနှင့်သင့်ကျန်းမာရေးအတွင် တခြားလိုအပ်သည့် သတိပေးချက်များကို လိုက်နာရန် လိုအပ်ပါသည်။အားလုံးထဲမှ ပထမဆုံးအနေဖြင့် သင့်၌စစ်ဖလစ်ရှိကြောင်း ဆရာဝန်ကိုပြောပြပြီး ကိုယ်ဝန်စောင့်ရှောင်မှု စောစောခံယူရပါမည်။ ထို့နောက်မှ စစ်ဆေးမှုများကို တစ်ခုမကျန်ပြုလုပ်ကာ ကလေးတွင် စစ်ဖလစ်ကူးစက်မှုရှိမရှိ သိရှိနိုင်မည်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် သင်လုပ်ရမည်မှာ မှန်မှန်စစ်ဆေးမှုခံယူရမည်ဖြစ်ပါသည်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%9b%e1%80%be%e1%80%ad%e1%80%94%e1%80%b1%e1%80%85%e1%80%89%e1%80%ba-%e1%80%85%e1%80%85%e1%80%ba%e1%80%96%e1%80%9c%e1%80%85/
အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ
စိတ်ဖိစီးမှုဆိုတာ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး ခံစားရနိုင်တယ်ဆိုတာ သိပြီးသားပါ။ လိင်ပိုင်းဆိုင်ရာအရမှာရော ကိုကိုတွေ နဲ့ မမတွေမှာ ဘယ်သူက ပိုပြီး စိတ်ဖိစီးတတ်သလဲ။ စိတ်ဖိစီးနိုင်ခြေက အတူတူပဲလို့ ထင်လား။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်လိုက်ရအောင်နော်။ ကဲ …… အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ ဆိုတာ အဖြေထုတ်လိုက်ရအောင်နော်။အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲဆိုတော့အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး စိတ်ဖိစီးတတ်ကြပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်စိတ်ဖိစီးနိုင်ခြေ၂ ဆလောက် ပိုများနေပါတယ်။ ဘာကြောင့် မမတွေက ကိုကိုတွေထက် ပိုစိတ်ဖိစီးတတ်တာလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်ကြည့်လိုက်ရအောင်နော်။အမျိုးသမီးတွေ အမျိုးသားတွေထက် ပိုပြီး စိတ်ဖိစီးရတာက အခုလို အချက်လေးတွေကြောင့်ပါ။ဒါကတော့ ဗီဇသဘာဝလို့ပဲ ဆိုရပါမယ်။ အမျိုးသားတွေက အမျိုးသမီးတွေလောက် အရာရာကို လေးလေးနက်နက် မတွေးဆတတ်ကြပါဘူး။ နောက်တစ်ခုက အမျိုးသမီးရော အမျိုးသားတွေပါ စိတ်ပူတတ်တယ်။စိုးရိမ်စိတ် များတယ်ဆိုပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ ဆလောက် ပိုပြီး စိုးရိမ်စိတ် များတတ်ကြပါတယ်။ ဒီလို စိုးရိမ်စိတ်လေးရဲ့ အတိုင်းအတာ ကွာခြားချက်ကပဲ မမတွေကို ကိုကိုတွေထက် စိတ်ဖိစီးမှု ပိုဖြစ်စေတာပါ။အမျိုးသားတွေက စိတ်တိုစရာစိတ်ထိခိုက်စရာတွေတွေ့လာတဲ့အခါ အော်ဟစ်ဒေါသထွက်တတ်ကြပေမယ့် အမျိုးသမီးတွေမှာ ဒီလို ပေါက်ကွဲဒေါသထွက်တတ်သူက အနည်းစုပါ။ ဒါကြောင့်ပဲ အမျိုးသမီးတွေက စိတ်ဖိစီးမှု ပိုများကြတာပါ။ အကြောင်းကတော့ ထွက်ပေါက်မရှိတဲ့ စိတ်က ပိုဖိစီးတတ်တယ် ဆိုတာမျိုးပေါ့။အမျိုးသားတွေက စိတ်ညစ်စရာတွေ ကြုံရတဲ့အခါအရက်ဘီယာသောက်ရင်း သူငယ်ချင်းတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ အခင်ဆုံးဆိုတဲ့ သူတွေကလွဲလို့ တော်တော်များများနဲ့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောဆိုကြတာ နည်းသလို ပြဿနာတိုင်းကို ရင်ဖွင့်တိုင်ပင်ခဲပါတယ်။ ဒါကြောင့်ပဲ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုစိတ်ဖိစီးကြရတာပါ။ဒါတွေက ယေဘုယျအချက်တွေသာဖြစ်ပြီး ဘယ်သူ့မှာမဆို စိတ်ဖိစီးတတ်ပါတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေ၊ ပတ်ဝန်းကျင်အနေအထားတွေနဲ့လည်း ဆိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ အမျိုးသမီးတွေက ပိုပြီး စိတ်ဖိစီးတတ်တယ်လို့ ပြောလို့ရပါတယ်။ အမျိုးသားတွေကလည်း စိတ်ဖိစီးတတ်ပေမယ့် မဖော်ပြကြလို့ မသိကြတာဖြစ်နိုင်ပါတယ်။စိတ်ဖိစီးတဲ့အခါ အရက်သေစာ သောက်စားတာ၊စိတ်ခံစားမှု ကောင်းစေတဲ့ ဆေးဝါးတွေအသုံးပြုတာက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အသုံးမပြုဘဲ မှန်ကန်တဲ့ နည်းလမ်းနဲ့ စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ ပြောပါရစေ။စိတ်ဖိစီးမှုက လူတိုင်း ရှောင်လွှဲလို့ မရပေမယ့် အကောင်းဆုံး ကျော်ဖြတ်လို့တော့ ရပါသေးတယ်။ ဒါကြောင့် ကိုကိုတွေရော မမတွေပါ စိတ်ဖိစီးမှု ခံစားလာရတဲ့အခါ မှန်ကန်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ ပြောပါရစေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/who-will-more-depressed-men-or-women/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8/
သားဆက်ခြားဖို့ ဘာကြောင့်အရေးကြီးတာလဲ
ရင်သွေးလေးမပိုင်ဆိုင်ချင်တဲ့ အိမ်ထောင်စုံတွဲရယ်လို့ သိပ်မရှိလောက်ပါဘူး။ ရင်သွေးလေးတွေကို အိမ်ရဲ့ ဆည်းလည်းလေးတွေလို့တောင် တင်စားကြတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေက မိသားစုကိုချစ်မြတ်နိုးမှုကြီးမားကြပါတယ်။သားသမီးလေးတွေကိုပြည့်စုံတဲ့ ဘဝတစ်ခုကိုပေးချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိကြမှာပါ။ပြည့်စုံနေတဲ့အချိန်မှာဘေဘီလေးတစ်ယောက် ကိုယ်တွေဘဝထဲကိုရောက်လာတာကပျော်စရာကောင်းပေမယ့် မပြည့်စုံခင်မှာမျှော်လင့်မထားဘဲရောက်လာခဲ့ရင် ဝမ်းသာရပေမယ့် လိုအပ်ချက်တွေရှိနေတဲ့ အနေအထားကြောင့် အပြည့်အဝတော့ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။လိုအပ်ချက်နည်းပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ဖို့ဆိုရင် အရင်ဆုံးလုပ်ရမယ့် အလုပ်တစ်ခုက မိသားစု အစီအစဉ်ဆွဲတာပါ။နေထိုင်ရေး၊စားသောက်ရေးကစလို့ ကျန်းမာရေးအထိမကျန်အကုန်လုံးကိုထည့်စဉ်းစားဖို့လိုပါမယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘယ်နှစ်နှစ်ခြားမယ်၊ ဆိုတဲ့အချက်ကလည်းမေ့ထားလို့မဖြစ်ပြန်ပါဘူး။မိခင်နဲ့ကလေးမှာ ကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့အတွက် ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အချိန်ကာလအပိုင်းအခြားတစ်ခုထားရှိဖို့က အရေးကြီးပါတယ်။ သုတေသနပြုမှုတွေအရ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ၂ နှစ်လောက်မခြားဘဲ မွေးဖွားတဲ့အခါ –။ကျန်းမာရေးပြဿနာတွေတင်မကပါဘူး။ကလေးတစ်ယောက်နဲ့တစ်ယောက်ကြား အချိန်အပိုင်းအခြားတစ်ခု မစီစဉ်ထားဘဲမွေးဖွားခြင်းက ကလေးနဲ့မိခင်အတွက် ကျန်းမာရေးပြဿနာတွေတင်ရှိတာမဟုတ်ပါဘူး။ အခြားသောငွေကြေးပြဿနာနဲ့ကသီလင်တဖြစ်မှုတွေလည်းရှိပါတယ်။ ကလေးတစ်ဦးနဲ့တစ်ဦးကြားငွေကြေးပြင်ဆင်ချိန်မရှိဘဲမွေးဖွားတဲ့အခါမွေးဖွားစရိတ်၊ ကလေးနှစ်ယောက်လုံးအတွက် ကုန်ကျစရိတ်တွေ၊ပြုစုစောင့်ရှောက်ဖို့အတွက် ကသီလင်တဖြစ်မှုတွေကိုကြုံတွေ့နိုင်ရတဲ့အပြင် အလုပ်လုပ်ကိုင်လို့မရတော့တာ၊ လူမှုရေးတွေပျက်ကွက်တာနဲ့ ကိုယ်ပိုင်အချိန်တွေ လုံးဝမရှိတော့တာလိုမျိုးတွေလည်း ခံစားရနိုင်ပါတယ်။ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အနည်းဆုံး ၂ နှစ်တော့ မဖြစ်မနေခြားသင့်ပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှ အချိန် နှစ်နှစ်လောက်ခြားပေးမှ မိခင်ရော ကလေးပါကျန်းမာစေမှာဖြစ်ပါတယ်။ အချိန်နှစ်နှစ်ခြားခြင်းဖြင့် မိခင်မှာ ပထမကလေးမွေဖွားလိုက်တာကြောင့် ကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်လည်ဖြည့်တင်းဖို့ အချိန်ရရှိစေမှာဖြစ်သလိုကိုယ်တွင်းအင်္ဂါတွေကိုလည်း ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးတာက မိခင်တင်ကျန်းမာတာမဟုတ်ဘဲ နောက်ထပ်မွေးလာမယ့် အတွက်ပါ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစေမှာဖြစ်ပါတယ်။သိထားစရာလေးများ။ကလေးတိုင်းကောင်းစွာဖွံ့ဖြိုးကြီးပြင်းဖို့အတွက်က မိခင်နဲ့ဖခင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို အပြည့်အဝရရှိဖို့လိုအပ်တာကြောင့် ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အနည်းဆုံး နှစ်နှစ်လောက်ခြားပေးတာအဆင်ပြေဆုံးပါ။ တကယ်လို့ အကြောင်းကြောင်းကြောင့်ခြားတဲ့ကာလက ၂ နှစ်ထက်နည်းနေခဲ့မယ်ဆိုရင်ရှေ့ကလေးကို ဂရုစိုက်ပေးနိုင်မှုနည်းသွားသလိုနောက်မွေးတဲ့ ကလေးမှာလည်း လိုအပ်တဲ့ အာဟာရဓါတ်တွေမပြည့်ဝတာကြောင့်မွေးကင်းစအရွယ် ကလေးငယ်သေဆုံးတာမျိုးဖြစ်နိုင်သလို ကလေးမှာ ကျန်းမာရေးချို့ယွင်းတာနဲ့ မိခင်ကျန်းမာရေးထိခိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ကလေးတစ်ယောက်နဲ့တစ်ယောက်သိပ်မခြားဘဲမွေးတဲ့အခါ ကြုံတွေ့ရနိုင်တဲ့နောက်ထပ်ပြဿနာတစ်ခုက ကလေးကိုနို့စောစောဖြတ်လိုက်တာကြောင့် ကလေးမှာကိုယ်ခံအားနည်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ မိခင်နို့က ကလေးတွေအတွက်အကောင်းဆုံးအစားအစာဖြစ်ပြီးရောဂါတွေအန္တရာယ်ကနေလည်း ကာကွယ်မှုပေးနိုင်ပါတယ်။ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ နှစ်နှစ်လောက်ခြားတာက ကလေးအတွက်ငွေရေးကြေးရေးကစလို့ အစစအရာရာပြင်ဆင်ဖို့အတွက်လည်း အချိန်ရသွားစေမှာပါ။ပြည့်စုံတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ဖို့အတွက်ကရွေးချယ်စရာသားဆက်ခြားနည်းတွေအများကြီးပါ။ သန္ဓေတားဆေးသောက်တာ၊ဆေးထိုးတာ၊ လက်မောင်းထဲထည့်တဲ့ ပစ္စည်းထည့်တာနဲ့သားအိမ်တွင်းထည့်ပစ္စည်း(IUD) ထည့်တာပါ။ ဒီထဲမှာမှ အလုပ်များတဲ့လေဒီမေမေတို့အတွက် အဆင်ပြေစေမယ့် သားဆက်ခြားနည်းလေးတစ်ခုကိုပြောပြရမယ်ဆိုရင်တော့ IUD ပါ။သားအိမ်တွင်းထည့်ပစ္စည်း (IUD) က ကိုယ်ဝန်တားတဲ့နေရာမှာ အင်မတန်မှကို ထိရောက်မှုရှိပါတယ်။စထည့်တဲ့အချိန်ကတည်းက အာနိသင်ပြပြီး အချိန်အကြာကြီး ခံပါတယ်။ ကြေးနီပါတဲ့ IUD က ၁၀နှစ်အထိ အစွမ်းရှိပြီး ပရိုဂျက်စထရုန်းပါဝင်တဲ့ပစ္စည်းကတော့ အမျိုးအစားအပေါ် မူတည်ပြီး ၃နှစ်ကနေ ၅နှစ်အထိ ခံပါတယ်။ ပြီးပြည့်စုံတဲ့ မိသားစုတစ်စု ဖန်တီးချင်တဲ့ ဇနီးမောင်နှံတွေအတွက် အင်မတန်မှကို သင့်တော်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နှစ်တွေအကြာကြီး ထည့်ထားလို့ရပြီး မထည့်ချင်တော့ဘူးဆိုတဲ့အခါမှာလည်း အချိန်မရွေး ပြန်ထုတ်လိုက်လို့ ရပါတယ်။ IUD ရဲ့အားသာချက်တစ်ခုကဖယ်ထုတ်ပြီးတာနဲ့ အလွယ်တကူ ကလေးရရှိနိုင်ပါတယ်။ကလေးမွေးဖွားထားတဲ့မိခင်တွေအနေနဲ့ကတော့ ကလေးမွေးပြီးပြီးချင်း အသုံးပြုလို့ရနိုင်တဲ့ IUD ကိုအသုံးပြုပေးလို့ရပါတယ်။နို့ထွက်နှုန်းကို ထိခိုက်မှုမရှိစေတာကြောင့် နို့တိုက်မိခင်တွေအတွက် အထူးသင့်တော်ပါတယ်။IUD (သားအိမ်တွင်းထည့်ပစ္စည်း) ကနှစ်ရှည်ခံပြီး စိတ်ချရတဲ့သန္ဓေတားနည်းြဖစ်တာကြောင့် အလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် အဆင်အပြေဆုံး သန္ဓေတားနည်းတစ်ခုလို့ဆိုချင်ပါတယ်။ အိမ်မှုကိစ္စတွေနဲ့ အလုပ်များတာကြောင့် သန္ဓေတားဆေးကို ရက်မှန်အချိန်မှန်မသောက်မိတာ ဆေးထိုးရမယ့်ရက်ကျော်လွန်သွားတာမျိုးတွေကြောင့် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေ မဖြစ်စေဖို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် သန္ဓေတားနည်းကတော့သားအိမ်တွင်း သန္ဓေတားပစ္စည်းထည့်တာပဲဖြစ်ပါတယ်။ အလုပ်များတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိနဲ့သင့်တော်မယ့် IUD ကိုထည့်ထားခြင်းအားဖြင့် မထင်မှတ်ဘဲကိုယ်ဝန်ရရှိသွားတာမျိုးကို အထိရောက်ဆုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/the-importance-of-birth-spacing/
ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး
အပြင်သွားရင်းနဲ့ဆီးသွားချင်လို့ အိမ်သာအလောတကြီး လိုက်ရှာရ၊ ခရီးသွားရင်လည်း နေမထိထိုင်မသာတွေဖြစ်၊ ဆီးပေါက်ချင်လို့ အိမ်သာရှာရင်းနဲ့ ဆီးကလည်းထွက်ကျ၊၊ ဒီလို အဖြစ်တွေ ကြုံနေပြီလား။ တစ်ခါနှစ်ခါလောက်ဆို ပြဿနာ မရှိပေမယ့် အကြိမ်များများလာပြီ ဆီးသွားချင်တိုင်း ဒီလိုဆီးမထိန်းနိုင်တာတွေဖြစ်နေပြီဆိုရင်တော့ သေချာပါတယ်၊၊ဆီးမထိန်းနိုင်ခြင်း ပြဿနာရှိနေပြီဆိုတာပါပဲ။ဒါပေမယ့် ဆီးမထိန်းနိုင်ဘူး ဆိုတာမှာလည်း အမျိုးအစားတွေ ရှိသေးတယ်ဆိုတော့ ကိုယ်က ဘယ်လိုမျိုးထဲမှာများ ပါနေမလဲ။ ပြီးတော့ ဘာကြောင့်ဖြစ်ရတာလဲ။ အကြောင်းအရှိမှ အကျိုးဆိုတာ ဖြစ်လာတာမလား။ ဒီတော့ ကိုယ်ဖြစ်နေတဲ့ပြဿနာနဲ့ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းလေး သိထားတော့မမှားဘူးပေါ့။( ၁ )Stress incontinence။လက္ခဏာ – ဒါကတော့ ရယ်လိုက်၊ချောင်းဆိုးလိုက်တဲ့အခါ ၊ လှုပ်ရှားမှုလုပ်လိုက်တဲ့အခါမျိုးတွေနဲ့ အလေးအပင်မလိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်တဲ့ဆီးမထိန်းနိုင်ခြင်း တစ်မျိုးပါ။ဖြစ်ရတဲ့ အကြောင်းအရင်း – ဒီလို အလေးပင်မ၊ လှုပ်ရှားမှုလုပ်လိုက်တိုင်း ဖြစ်ရတဲ့ ဆီးမလုံခြင်းပြဿနာ အဖြစ်များတဲ့သူတွေကတော့။( ၂ ) Urge incontinence။လက္ခဏာ – စိတ်ကနေဆီးသွားချင်တယ်လို့ ဖြစ်လိုက်တာနဲ့ ဆီးထွက်သွားတာမျိုးကို Urge incointenceလို့ သတ်မှတ်ပါတယ်။ ဒီလို Urge incontinence ပြဿနာဖြစ်နေတဲ့သူတွေက ဆီးသွားပြီးတိုင်းလည်း သွားချင်နေတတ်ပြီး ညဘက်အိပ်ကောင်းတဲ့ အချိန်တွေမှာပါ ထသွားရတတ်ပါတယ်။ဖြစ်ရတဲ့ အကြောင်းအရင်းများ။( ၃ ) Overflow incontinence။လက္ခဏာများ –ဆီးသွားပြီးနောက်ပိုင်း ဆီးတစက်စက်ကျနေတာဆိုရင်တော့ သင့်မှာ Overflow incontinence ပြဿနာရှိနေပါပြီ။ဖြစ်ရတဲ့ အကြောင်းအရင်းများ -ဒီပြဿနာရဲ့ အဓိက အရင်းခံကတော့ဆီးအိမ်ကြွက်သားအားပျော့ပြီး ဆီးအကုန် မညှစ်နိုင်တာဖြစ်ပါတယ်။ ဒီလို ဆီးအိမ်ကြွက်သားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကတော့။( ၄ ) Total incontinence။ဒါကတော့ တစ်ချိန်လုံးတောက်လျှောက် ဆီးယိုနေတဲ့ပြဿနာဖြစ်ပါတယ်။ဒီလို တောက်လျှောက်ကြီး ဆီးယိုနေတာ၊ဆီးမထိန်းနိုင်တာကို အဓိကဖြစ်စေတာကတော့မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကြားထဲမှာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတစ်ခု ပွင့်နေတာကြောင့်ဖြစ်ရတာပါ။ဒါတွေကတော့ ဆီးမထိန်းခြင်း တွေထဲကမှ အတွေ့ရအများဆုံး အမျိုးအစား ၄ မျိုးအကြောင်းဖြစ်ပါတယ်။ ပြီးတော့ ဆီးမထိန်းနိုင်တဲ့ ပြဿနာတွေက မရှားတာကြောင့် ကိုယ့်ဆီမှာ ဘယ်လိုပုံစံဖြစ်နေတာ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာလေး သိထားတော့ မမှားဘူးပေါ့။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-incontinence/4-types-of-urinary-incontience/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/type-2-diabetes-symptoms-causes/
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အိပ်စက်ခြင်းဟာ မွေးဖွားခြင်းအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသလား
အိပ်ချိန်လုံလောက်ဖို့နဲ့ ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ အိပ်စက်ခြင်းဟာ အမျိုးသားတွေရော အမျိုးသမီးတွေအတွက်ပါ ခုခံအားစနစ်အတွက် အကျိုးသက်ရောက်စေပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ခြင်းဟာ အိပ်ပျော်ဖို့နဲ့ အိပ်စက်ချိန်တွေအတွက် အကျိုးသက်ရောက်စေသလို ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုကလည်း ဒီကာလအတွင်းမှာ အိပ်ရေးပျက်ခြင်းကို ခံစားကြရပါတယ်။အိပ်ရေးပျက်ခြင်းဟာ ခုခံအားစနစ်အပေါ် လွှမ်းမိုးသက်ရောက်စေပါတယ်။ တကယ်လို့များ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ လုံလောက်အောင် မအိပ်ရဘူးဆိုရင် ဒါမှမဟုတ် ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ခန္ဓါကိုယ်ရဲ့ ရောင်ရမ်းတတ်တဲ့ တုံ့ပြန်မှုကို ပိတ်ချလိုက်ပါတယ်။ ဒါဟာ cytokines တွေ ပိုထုတ်ပေးခြင်းကို ဖြစ်စေနိုင်ပါတယ်။ Cytokines တွေဟာ ခန္ဓါကိုယကနေ ခုခံအာစနစ်ကို အချက်ပြသတင်းပို့တဲ့ မော်လီကျူးတွေဖြစ်ပါတယ်။Cytokines တွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲက ကောင်းမွန်တဲ့ အရာတွေဖြစ်ပေမယ့် ဒါတွေများလာခြင်းဟာ ကျန်းမာတဲ့ဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ သူတို့တွေဟာ ကျန်းမာတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်ပြီး ရောဂါတွေကို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည်ကို လျှော့ချပစ်လိုက်ပါတယ်။ Cytokines စုစည်းမှုတွေ များလာခြင်းကိုခံစားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မွေးဖွားရာမှာအခက်အခဲတွေတွေ့ရနိုင်ပါတယ်။ ဥပမာ – ကိုယ်ဝန်သွေးတိုးခြင်း(preeclampsia)နဲ့ စောစီးစွာမွေးဖွားခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် Cytokins တွေ ပိုလျှံနေခြင်းဟာ စိတ်ဓာတ်ကျဆင်းခြင်း၊ သွေးကြောဆိုင်ရာရောဂါတွေ နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အချင်းကိုဖြစ်ပေါ်စေတဲ့ ကျောရိုးသွေးကြောတွေမှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်မှာ အိပ်စက်ခြင်းပြဿနာနဲ့ ရင်ဆိုင်နေရတ့ အမျိုးသမီးတွေဟာ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်နဲ့ အချိန်ကြာကြာအိပ်ပျော်စေဖို့ သူတို့လုပ်နိုင်သမျှ ကြိုးစားဆောင်ရွက်သင့်ပါတယ်။ပိုပြီးအိပ်လို့ကောင်းစေဖို့ သင့်ကို ကူညီပေးနိုင်မယ့် နည်းလမ်း ၁၃မျိုး။– အိပ်စက်ဖို့နဲ့ လိင်မှုကိစ္စတွေအတွက် အိပ်ရာထားပါ။– အိပ်စက်ချိန်ပုံမှန်ဖြစ်အောင် အချိန်ဇယားဆွဲပါ။– ကဖိန်းမပါတဲ့ လက်ဖက်ရည်နွေးနွေးတစ်ခွက်သောက်ပါ။ ဒါမှမဟုတ် အိပ်ရာမဝင်ခင် အမျိုးသားကို ပုခုံးကို ညင်ညင်သာသာ နှိပ်နယ်ခိုင်းပါ။– အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေ ဥပမာ ရုံးအလုပ်တွေ၊ တစ်ညလုံး TV ဖွင့်ထားတာတွေ ဒါမှမဟုတ် အိမ်ထောင့်တွေက အလင်းရောင်စူးစူးတွေကို ရှောင်ကြဉ်ပါ။– အိပ်ရာမဝင်ခင် သွားရည်စာနည်းနည်းစားပါ။ အစာမကြေခြင်းဟာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အိပ်စက်ရာမှာ အနှောက်အယှက်ဖြစ်စေတယ်ဆိုတာကို မမေ့ပါနဲ့။– အရေပြားကို သက်တောင့်သက်သာဖြစ်စေမယ့် အိပ်ရာခင်းတွေကို အသုံးပြုပါ။– ကိုယ်ဝန်ဆောင်ခေါင်းအုံးကို အသုံးပြုပါ။ ဒါမှမဟုတ် သင့်ရဲ့ ကိုယ်အနေအထားကို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သက်သောင့်သက်သာဖြစ်စေမယ့် ဖက်လုံးကို သုံးပါ။– တကယ်လို့များ စိုးရိမ်သောကတွေကြောင့် အိပ်မပျော်ဘူးဆိုရင် ပူပန်စရာတွေအားလုံးကို ချရေးထားပြီး မအိပ်ခင်လွှင့်ပစ်လိုက်ပါ။ အနားယူပြီးတဲ့နောက် နောက်တစ်နေ့မှာ အားလုံးကိုဖြေရှင်းလိုက်ပါ။– ဖြည်းဖြည်းမှန်မှန်အသက်ရှူတဲ့လေ့ကျင့်ခန်းတွေ၊ ကိုယ်ဝန်ဆောင်ယောဂတွေ ဒါမှမဟုတ် တရားထိုင်တာတွေ လုပ်ပါ။–သင့်လိုအင်ကို သင်ဆန့်ကျင်နေတာကလည်း စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေပြီး အိပ်စက်ရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။– စားလိုက်ပြီးတာနဲ့ လေပွတာ ဒါမှမဟုတ် အစာမကြေဖြစ်စေပြီး သင့်ကိုညဘက်မှာပြန်နိုးလာစေတဲ့ ဘယ်အစားအစာကိုမဆို မှတ်သားထားပါ။– ဖြစ်နိုင်မယ်ဆို တစ်ရေးတစ်မောအိပ်ပါ။– သင့်ရဲ့အဓိကတာဝန်က အိပ်စက်ခြင်းပါ။ အိပ်မပျော်အောင် သင့်ကိုယ်သင်တားဆီးနေခြင်းဟာ သင့်ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ခုခံအားစနစ်မှာ အနှောက်အယှက်တစ်ခုခုရှိခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်အတွက်တော့ ကိုယ်ဝန်ပြဿနာတွေဖြစ်လာနိုင်ချေတိုးလာစေပါတယ်။ ဒီအနှောက်အယှက်တွေထဲမှာ အိပ်ရေးမဝခြင်းနဲ့ စိတ်ဓာတ်ကျဆင်းခြင်းဟာလည်း အပါအဝင်ပါပဲ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/sleep-and-pregnancy/
သင့်ကလေးစိတ်ရောဂါ ခံစားနေရသည့် လက္ခဏာများ
ကလေးများသည် လူကြီးများကဲ့သို့ တူညီသောစိတ်ရောဂါများရရှိနိုင်သည်။ သို့သော် သူတို့၏ လက္ခဏာများအား မိဘများသတိထားမိရန် ခက်ခဲပါသည်။ ထို့ကြောင့် စိတ်ရောဂါခံစားနေရသည့် ကလေးများတွင် ထိရောက်သောကုသမှုမရရှိကြပါ။ မိဘများအနေနှင့် ကလေးများရှိစိတ်ရောဂါသတိပေးသည့် လက္ခဏာများကိုသိပြီး အချိန်မှီကျော်လွှားသင့်ပါသည်။စိတ်ရောဂါရှိသည့် ကလေးများ၏ အမူအရာသည် တူညီသောရောဂါရှိသည့် လူကြီးနှင့် ကွဲပြားနိုင်သည်။ ဥပမာ- စိတ်ကျရောဂါရှိသည့် ကလေးသည် လူကြီးထက်ပို၍ စိတ်တိုလွယ်သည် ။ လူကြီးများတွင် ပို၍ဝမ်းနည်းနိုင်ပါသည်။စိုးရိမ်ပူပန်မှု– စိုးရိမ်စိတ်ရှိသည့် ကလေးများသည် ကြောက်ရွံမှု၊ စိုးရိမ်မှု၊ အာရုံရှုပ်ထွေးမှုစသည့် အခြေအနေများကို တုံြ့ပန်ကြပါသည်။ဖျက်ဆီးလိုသောအပြုအမူများ– ဤရောဂါရှိသည့် ကလေးများသည် ကျောင်းစသည့် ပတ်ဝန်းကျင်တွင် စည်းမျဉ်းများချိုးဖောက်ပြီး လူမှုဝန်းကျင်နှင့် ဆန့်ကျင်သည့် အပြုအမူများရှိနိုင်ပါသည်။ပျံ့နှံ့သောတွေးများဖြစ်ပေါ်သည့် ပြဿနာများ– ကလေးသည် တွေးသည့်အခါ အာရုံရှုပ်ထွေးနေပြီးကမ္ဘာလောကကြီးကိုနားမလည်နိုင်သောအခြေအနေတစ်ခုဖြစ်သည်။စားသောက်ခြင်းပုံမမှန်သည့် ကလေးများတွင် အစာတစ်ခုစားရန်တွန်းအားပေးသည့်အခါ ပြင်းထန်သောစိတ်ခံစားမှုများစသည့် ပုံမမှန်သည့် အပြုအမူများရှိနိုင်သည်။အတွေးများကိုသက်ရောက်သော ပြဿနာများ– ဤလက္ခဏာရှိသည့် ကလေးများသည် အချိန်အများစုတွင် ဝမ်းနည်းနေတတ်ပြီးသူတို့စိတ်အပြောင်းအလဲသည် အလွန်မြန်ပါသည်။ပုံမှန် မဟုတ်သည့် သိမြင်နားလည်ခြင်းနှင့် အတွေးများနှင့် သက်ဆိုင်သော ဆိုးဝါးသည့် ရောဂါကိုschizophreniaဟုခေါ်သည်။ ဤရောဂါသည် ရုတ်တရက် အဓိပ္ပါယ်မဲ့သော လှုပ်ရှားမှုများပြုလုပ်သော ပြင်းထန်သည့် ကျန်းမာရေးတစ်ခုဖြစ်သည်။သင့်ကလေးခံစားနေရသည့် စိတ်ရောဂါ၏သတိပေးသောလက္ခဏာများမှာ-။•စိတ်အပြောင်းအလဲဖြစ်ခြင်း။ဆိုးဝါးသောနေ့တစ်နေ့တွင်သာမက နောက်အပတ်ပေါင်းများစွာကြာသည်အထိ ဝမ်းနည်းမှုခံစားချက်များကို ရှာဖွေနေသည်။ အိမ်(သို့) ကျောင်းတွင် ပြဿနာများဖြစ်သည်စေသည့် ပြင်းထန်သောစိတ်ပြောင်းလဲမှုများရှိသည်။ အပြုအမူပြောင်းလဲမှုများသည်လည်းကလေးများ၏စိတ်ရောဂါတွင် သတိပြုရမည့် လက္ခဏာတစ်ခုဖြစ်သည်။ ၎င်းတို့တွင် ပင်ကိုစရိုက် လျင်မြန်စွာပြောင်းလဲမှုများ၊ တုံပြန်မှုတစ်ခု၊ ဥပမာခဏခဏရန်ဖြစ်ခြင်း(သို့) တစ်စုံတစ်ယောက်ကိုဆိုးရွားစွာထိခိုက်စေလိုခြင်းစသည့် ပြောင်းလဲမှုတို့ဖြစ်သည်။•လွယ်ကူစွာစိုးရိမ်တတ်ခြင်း။စိုးရိမ်စိတ်ရှိသည့် ကလေးများတွင် အကြောင်းရင်းမရှိဘဲလွှမ်းမိုးခံရတတ်သည်။ မိဘများသည် ကလေးတစ်ယောက်၏ နေ့စဉ်လှုပ်ရှားမှုများကိုနှောင့်ယှက်နိုင်သည့် ပြင်းထန်သောစိုးရိမ်စိတ်ဖြစ်သည့်အခါ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်းတို့ကိုရှာဖွေပေးနိုင်သည်။•အာရုံစူးစိုက်ရန် ခက်ခဲခြင်း။ ကလေးတစ်ယောက်သည် ကျောင်းတွင်ဆိုးဝါးသော အပြုအမူကိုလုပ်ဆောင်နိုင်သည်။ အကြောင်းမှာသင်ခန်းစာများကိုအာရုံစူးစိုက်ခြင်း(သို့) စကားလုံးများကိုနားလည်ခြင်းတွင် အခက်အခဲများရှိသောကြောင့်ဖြစ်သည်။•အကြောင်းရင်းမရှိဘဲ ပိန်ကျခြင်း။ရုတ်တရက် ခံတွင်းပျက်ခြင်း၊ မကြာခဏအန်ခြင်း(သို့) ဝမ်းပျော့ဆေးများသုံးခြင်းသည် အစားအသောက် ပုံမမှန်ခြင်းကိုဖော်ပြနိုင်သည်။•စိတ်ရောဂါရှိသည့် ကလေးများတွင် အချို့သောရုပ်ပိုင်းဆိုင်ရာပြဿနာများရှိပါသည်။ အကြောင်းရင်းမရှိဘဲကိုယ်လေးချိန်ကျခြင်း(သို့) စားသောက်ခြင်း ပြဿနာများသည် သတိပေးလက္ခဏာများပင်ဖြစ်သည်။ စိတ်ရောဂါရှိသည့် ကလေးငယ်များ၏ တုံပြန်မှုသည် လူကြီးများနှင့် ကွာခြားပါသည်။ ကလေးများတွင် ဝမ်းနည်းမှု၊ စိုးရိမ်မှုတို့ထက် ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်းတို့ဖြစ်နိုင်သည်။ အချို့ ကလေးများတွင် တမင်သက်သက်သူတို့ ခန္ဓါကိုယ်ကိုထိခိုက်နိုင်သည်။ ၎င်းကို မိမိကိုယ်ကိုထိခိုက်စေခြင်းဟူခေါ်သည်။ သူတို့ဘာသာသူတို့ လှီးဖြတ်ခြင်း(သို့) မီးလောင်စေခြင်း(သို့) သတ်သေရန် အတွေးများရှိပြီးကိုယ့်ကိုယ်ကိုသတ်သေချင်ကြသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/signs-that-your-kid-is-suffering-from-mental-illness/
ကာလသားတွေရဲ့ လွဲလွဲလေးများ
ဖုန်းတွေ၊အင်တာနက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တာနဲ့အမျှ တောရောမြို့ပါမကျန် မျက်စိနားတွေ ပွင့်လာကြပါတယ်။ ဒီလို ပွင့်လာတာနဲ့အမျှ လူငယ်လူရွယ်လူလတ်တွေရဲ့ လိင်မှုရေးရာအဖြာဖြာဟာလည်း ပိုမိုပွင့်လင်းမြင်သာလို့ လာပါတယ်။ အခုဆိုရင် လက်မထပ်ခင်အတူနေကြတာ အပါအဝင် ဖိုမဆက်ဆံရေးဟာ သိပ်ထူးဆန်းတဲ့ အရာတစ်ခု မဟုတ်တော့ပါဘူး။ အခုတစ်ခေါက်လတော့ တိုးတက်မှုဗတွ အများသား ဖြစ်ပေါ်နေချိန်မှာ တွေ့ရတတ်တဲ့ ကာလသားတွေရဲ့ လွဲလွဲလေးများ အကြောင်းပါ။လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘုတ်အပါအဝင် ဝဘ်ဆိုက်တွေမှာလည်း အပြာရောင်လွှမ်းတဲ့ ပေ့ခ်ျတွေ၊ဆိုက်တွေ ပလူပျံလာပါတယ်။ အဓိကအားဖြင့် ကာလသားတွေရဲ့ စားကျက်ဖြစ်တဲ့ ဒီပေ့ခ်ျတွေ၊ ဝဘ်ဆိုက်တွေဆီကို ဆရာဝန် ကာလသားတစ်ဦးဖြစ်တဲ့ စာရေးသူလည်း ဘုရားဖူး၊လိပ်ဥတူးဆိုသလို အခါအားလျော်စွာ ဝင်ရောက်လေ့လာမိပါတယ်။ဒီလို လေ့လာတဲ့အခါ စိတ်မကောင်းစရာပြောရမလား၊ ထိတ်လန့်စရာဆိုရမလား မဝေခွဲနိုင်တဲ့ အခြင်းအရာတွေကို တွေ့မြင်ရလေ့ရှိပါတယ်။ ဘာတွေလဲဆိုတော့ လိင်မှုရေးရာနဲ့ ပတ်သက်လို့ အတော်လေး အယူအဆ လွဲမှားနေတဲ့ အကြောင်းလေးတွေပါ။ အထူးသဖြင့် အမေးအဖြေပို့စ်လေးတွေမှာ ဒီလို အလွဲလေးတွေ၊ သာမန်ဗဟုသုတလေးတွေကိုတောင် မှားယွင်းစွာ ယူဆနားလည်ပြီး မေးနေကြတဲ့အပြင် ဖြေပေးတဲ့သူတွေကလည်း ကာလသားကြီးတွေရဲ့ အစဉ်အဆက် ‘ဂျင်း’ တွေ၊ပေါက်ကရ အယူလွဲတွေကို ဝမ်းသာအားရနဲ့ ဖောက်သည်ချမျှဝေနေတာတွေကို တွေ့ရတဲ့အတွက် ဆရာဝန်တစ်ယောက်၊ လူငယ်တစ်ယောက်အနေနဲ့ အတော်လေး မချင့်မရဲ ဖြစ်သင့်ပါတယ်။ တဆက်တည်းမှာပဲ အခြေခံကျောင်းတွေက စတင်ပြီး မျိုးဆက်ပွားကျန်းမာရေးကို စနစ်တကျ သင်ကြားပေးသင့်ပါပြီ (တကယ်ထိထိရောက်ရောက်ပေါ့)။ဒီဆောင်းပါးလေးမှာတော့ စာရေးသူ ကွန်ပြူတာရှေ့မှာ ကမ္ဘာပတ်စဉ်က မြင်တွေ့ခဲ့ရတဲ့ လိင်မှုဆိုင်ရာ လွဲလွဲလေးတွေကို စုစည်းမျှဝေပေးထားပါတယ်။ သင်ရော လွဲလွဲလေးတွေ ဖြစ်နေသလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦး။ ကာလသားတွေရဲ့ လွဲလွဲလေးများ ကတော့။၁။ ပါးစပ်နဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်သလား/သုက်ရည်ကို မျိုချရင် ကိုယ်ဝန်ရနိုင်သလား။ဒါဟာ အပြာပေ့ခ်ျတွေ၊အမေးအဖြေကဏ္ဍတွေမှာ အတော်များများ တွေ့ရတဲ့ မေးခွန်းပါ။ အောက်မှာ အကောင့်တုမျိုးစုံနဲ့ ပေါက်ကရခြောက်သောင်းဖြေပေးထားသူတွေကိုလည်း တွေ့ရပါသေးတယ်။ ထားပါတော့။ လိုရင်းကို ဆက်သွားရရင် ဒီမေးခွန်းကို ဖြေဖို့အတွက် လူ့ခန္ဓာကိုယ်ရဲ့ ခန္ဓာဗေဒဖွဲ့စည်းပုံကို အကြမ်းဖြင်းနားလည်ရပါမယ်။ကိုယ်ဝန်ရဖို့အတွက် သုက်ကောင်တက်သွားရမယ့် လမ်းကြောင်းဟာ သားအိမ်နဲ့ ဆက်စပ်နေတဲ့ အမျိုးသမီးမျိုးပွားအင်္ဂါလမ်းကြောင်း ဖြစ်ပြီး သုတ်ရည်ကို ပါးစပ်ကမျိုချရင် ဆက်လက်ရောက်ရှိမယ့် လမ်းကြောင်းကတော့ အစာခြေအဖွဲ့အစည်းဆိုင်ရာ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းနှစ်ခုဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိတဲ့ လမ်းကြောင်းနှစ်ခုဖြစ်တဲ့အတွက် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း၊သုက်ရည်မျိုချခြင်းတို့ကြောင့် ကိုယ်ဝန်ရစရာအကြောင်း လုံးဝ (လုံးဝ) မရှိပါဘူး။ဆံပင်ခဏခဏ ညှပ်ရင် အသားမည်းတတ်လားလို့ မေးသလိုပဲ ဘယ်လိုမှ မဖြစ်နိုင်၊အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း၊ သုက်ရည်မျိုချခြင်းတို့ကြောင့် AIDS အပါအဝင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေ ပြန့်ပွားကူးစက်လာနိုင်တဲ့အတွက် အထူးသတိပြုရပါမယ်။၂။ စအိုနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်သလား။ဒီမေးခွန်းဟာလည်း အပေါ်က မေးခွန်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ပါးစပ်ဟာ အစာချေအဖွဲ့အစည်းဆိုင်ရာလမ်းကြောင်းရဲ့ အပေါ်ဆုံးနေရာဖြစ်ပြီး စအိုကတော့ အစာချေအဖွဲ့အစည်းဆိုင်ရာလမ်းကြောင်းရဲ့ အောက်ဆုံးနေရာ ဖြစ်ပါတယ်။ ဒါကြောင့် သုက်ရည်တွေဟာ ဒီလမ်းကြောင်းထဲမှာပဲ ရှိနေမှာဖြစ်တဲ့အတွက် စအိုနဲ့ လိင်ဆက်ဆံရင်လည်း ကိုယ်ဝန်ရနိုင်စရာအကြောင်း လုံးဝ(လုံးဝ) မရှိပါဘူး။ သို့သော် …… သို့သော် သတိပြုရမှာ နှစ်ချက်ရှိနေပါတယ်။တစ်အချက်က စအိုသည် မိန်းမကိုယ်ယောနိနဲ့ နီးကပ်စွာ ရှိနေတာကြောင့် စအိုထဲက သုတ်ရည်တွေဟာ ယောနိထဲ အနည်းငယ်ဝင်သွားပြီး ကိုယ်ဝန်ရလာတာမျိုး ဖြစ်သွားနိုင်ပါတယ်။နှစ်အချက်က စအိုသည် လိင်ဆက်ဆံဖို့ သဘာဝက ဖန်တီးပေးထားတဲ့ နေရာမဟုတ်ဘဲ အညစ်အကြေးစွန့်ပစ်ဖို့ကိုပဲ ရည်ရွယ်တာကြောင့် သဘာဝနဲ့ ဆန့်ကျင်ပြီး လိင်ဆက်ဆံခြင်းဟာ ဆိုးကျိုးတွေဆီ ဦးတည်နိုင်ပါတယ်။ မစင်အညစ်အကြေးတွေကတဆင့် ရောဂါကူးစက်ခြင်း၊တင်းကြပ်ပြီး စုတ်ပြဲလွယ်တဲ့ စအိုတစ်ရှူးတွေကြောင့် AIDS အပါအဝင် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်ခြင်းစတဲ့ ဆိုးကျိုးတွေပါပဲ။ဒါကြောင့် စအိုမှတဆင့် လိင်ဆက်ဆံခြင်းကို အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပြီး မရှောင်နိုင်ရင် အကာအကွယ်ပစ္စည်း (ကွန်ဒုံး) သုံးရမယ့်အပြင် သင့်တော်မှန်ကန်တဲ့ ချောဆီတွေကိုလည်း သုံးစွဲပေးရမှာ ဖြစ်ပါတယ်။၃။ အထွတ်အထိပ်ရောက်တဲ့အထိ (ဝါ) သုက်ရည်ထွက်တဲ့အထိ မဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူး။တချို့က မေးပါတယ်။ ကျွန်တော့်ကောင်မလေးနဲ့ ဆက်ဆံပေမယ့် သုက်ရည်ထွက်တဲ့အထိ(ကိစ္စပြီးမြောက်တဲ့အထိ) မဆက်ဆံဘဲ တစ်ဝက်တစ်ပျက်နဲ့ ရပ်ထားလိုက်ပါတယ်။ ဒါဆိုရင် ကိုယ်ဝန်မရှိနိုင်ဘူးပေါ့နော် ဆိုပြီး မေးတာမျိုးပါ။ယေဘုယျအားဖြင့် သုက်ရည်ကြောင့် ကိုယ်ဝန်ရတယ်ဆိုပေမယ့် အထွတ်အထိပ်ရောက်တဲ့အချိန်ကျမှ သုက်ရည်ထွက်တာမဟုတ်ဘဲ ကနဦးအစပျိုးချိန် (foreplay)နဲ့ ဆက်ဆံနေဆဲကာလတွေမှာလည်း ရှေ့ပြေးသုက်ရည်ကြည်လေးတွေ ထွက်တတ်ပြီး သုက်ပိုးအနည်းငယ်ပါတတ်ပါတယ်။ ဒါကြောင့် ကိုယ့်လူကံကောင်းရင် ခေါ်မလား၊ ကံဆိုးရင် ခေါ်မလား …. ကိုယ်ဝန်ရသွားတတ်ပါတယ်။ဒါကြောင့် မပြီးဘဲနဲ့လည်း ကိစ္စပြီးသွားနိုင်တာ (ကိုယ်ဝန်ရသွားနိုင်တာ)ကို သိထားရပါမယ်။ ထုံးစံအတိုင်း ထပ်မှာချင်တဲ့အချက်ကတော့ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အကာအကွယ်ပစ္စည်း(ကွန်ဒုံး) သုံးရမယ်ဆိုတာပါပဲ။၄။ ကောင်မလေးနဲ့ အတူနေပြီးတဲ့အခါ အရေးပေါ်ပဋိသန္ဓေတားဆေး တိုက်လိုက်ရင် အားလုံးအေးဆေးပဲမလား။ဒီမေးခွန်းရဲ့ အဖြေဟာ ယေဘုယျအားဖြင့်တော့ မှန်ပါတယ်၊ ကိုယ်ဝန်မရနိုင်ပါဘူးလို့ ဖြေရမှာ ဖြစ်ပေမယ့် သူ့ရဲ့ ထိရောက်မှုဟာ ၇၅ – ၈၅ ရာခိုင်နှုန်းအကြားမှာပဲရှိတဲ့အပြင် အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုပြုလုပ်အပြီး ၇၂နာရီအတွင်းမှာ သုံးစွဲမှသာလျင် အာနိသင်အထိရောက်ဆုံးဖြစ်မှာပါ။ဒါ့အပြင် ဒီနေ့ခေတ်လူငယ်တွေဟာ ခဏခဏ အရေးပေါ်လာကြပြီး ပဲကြီးလှော်စားသလို စားလာကြတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ အတူနေမယ်ဆိုရင်လည်း အကာအကွယ်ပစ္စည်းသုံးဖို့ကိုပဲ ဦးစားပေး စဉ်းစားသင့်ပါတယ်။၅။ ဆီလီကွန်ထိုးရင်၊ ဂေါ်လီထည့်ရင် လိင်ဆက်ဆံဖက်က ပိုစွဲသလား။ပထမဆုံး ပြောချင်တာကတော့ သဘာဝနဲ့ ဖီဆန်တဲ့ ဘယ်အရာမှ မကောင်းပါဘူးဆိုတာကိုပါပဲ။ သာမန်ထက်ကြီးမားရှည်လျားတဲ့ အမျိုးသားအင်္ဂါဟာ ဆက်ဆံဖော်အမျိုးသမီးကို နာကျင်စေသလိုဂေါ်လီထည့်ထားတဲ့လိင်တံဟာလည်း ဆက်ဆံဖော်အမျိုးသမီးရဲ့ ယောနိအတွင်းပိုင်းကို စုတ်ပြဲဒဏ်ရာရစေနိုင်တာကြောင့် နာကျင်စေမှာပါ။လောကကြီးမှာ နာကျင်တဲ့ဝေဒနာကို ကြိုက်သူတော့ မရှိဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ကာလသားကြီးတွေရဲ့ ပေါက်တတ်ကရ လမ်းညွှန်မှုတွေ၊ အပြာစာပေတွေရဲ့ တလွဲဖော်ပြမှုတွေနောက်ကို ကောက်ကောက်ပါအောင် မလိုက်ပါနဲ့။ မိမိရဲ့ အဖော်အတွက် နာကျင်စေတဲ့အပြင် မိမိကိုယ်တိုင်အတွက်လည်း ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ဆီလီကွန်ကြီးဆေးထိုးပြီး ရောင်ကိုင်းပုပ်ပွ မရှူနိုင်မကယ်နိုင်ဖြစ်မှ ဆေးရုံတက် ခြစ်ထုတ်ရသူတွေ၊ အင်္ဂါဖြတ်ပစ်ရသူတွေ ဒုနဲ့ဒေးပါ။ ဂေါ်လီထည့်ခြင်းဟာလည်း အရေပြားကို လှီးပြီးထည့်ရခြင်းဖြစ်တဲ့အတွက် မေးခိုင်ပိုးအပါအဝင် အခြားသော ကူးစက်ပိုးတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ ဘယ်ဖက်ကကြည့်ကြည့် အကျိုးမရှိတဲ့ ကိစ္စမို့ ဒါမျိုးတွေကို လုံးဝမလုပ်သင့်ပါဘူး။အထက်မှာ ဖော်ပြခဲ့တဲ့ မေးခွန်းတွေကတော့ အင်တာနက်ပေါ်မှာ အများစုမြင်တွေ့ရလေ့ရှိတဲ့ ခပ်လွဲလွဲ မေးခွန်းလေးတွေပါ။ ဉာဏ်နဲ့တိုင်းဆ ဆင်ခြင်သိနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/myths-related-to-sexual-health/