title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%a1%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%80%e1%80%ba%e1%80%95/
ကိုဗစ်က လေထဲကနေ ကူးတယ်ဆိုတာ ဘယ်လိုမျိုးလဲ။
ကိုဗစ်ကိုလေထဲကကူးတယ်လို့ ပြောကြတဲ့အတွက် လူတော်တော်များများရဲ့ စိတ်ထဲမှာ ဘာကို တွေးသလဲဆိုတော့ လေထဲကဗိုင်းရပ်စ်က ရှိနေတယ်။ ရှူလိုက်ရင် ကူးတော့မှာ၊Positiveထွက်တော့မှာလို့ ထင်နေကြပါတယ်။ ဒါကြောင့် တချို့က အိမ်ထဲမှာနေလည်း မထူးဘူး။ အသက်ရှူနေတော့ လေထဲကနေ ကူးမှာပဲလို့ ထင်တတ်ကြပါတယ်။ မြန်မာလို လေထဲကကူးတယ်လို့ တစ်ခွန်းထဲပြောလို့သာ ရှုပ်သွားတာပါ။ တကယ်တော့ ဒီလိုမလုပ်ပါဘူး။ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေဆိုတာ အကြောင်းမဲ့ထုတ်ထားတာ မဟုတ်ပါဘူး။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကို လိုက်ပြီး ဘယ်လိုကာကွယ်လိုက်ရင်တော့ မကူးနိုင်တော့ဘူးဆိုပြီး တွက်ချက်ထားတာပါ။ ကူးနိုင်တဲ့ပုံစံလေးတွေကို တစ်ခုချင်းစီ ကြည့်လိုက်ရအောင်။ထိတယ်ဆိုတာက လူနာကို အသားချင်းထိမိတာနဲ့ ကူးတာ မဟုတ်ပါဘူး။ ဆိုပါစို့။ လူတစ်ယောက်က ဗိုင်းရပ်စ်အပြင်ထွက်လာနိုင်တဲ့ အပြုအမူတစ်ခုလုပ်လိုက်တယ်။ ဥပမာနှာချေလိုက်၊ချောင်းဆိုးလိုက်တယ်။ ပြီးတော့ သူကမရှိတော့ဘူး။ အပြင်ထွက်သွားတယ်။ နောက်တစ်ယောက်ဝင်လာတယ်။ ခုနက နှာချေ၊ ချောင်းဆိုးထားတဲ့ အမှုန်အမွှားတွေ ပေနေတဲ့ ပစ္စည်းကို ကိုင်တယ်။ လက်မဆေးဘူး။ ဒီပိုးရှိတဲ့လက်နဲ့ မျက်လုံးတို့၊ နှာခေါင်းတို့၊ ပါးစပ်တို့ကို လျှောက်ကိုင် လျှောက်ပွတ်မယ်။ ဒီလိုဆိုကူးနိုင်ပါတယ်။လူတိုင်းတော့ မဟုတ်ပေမယ့် ဗိုင်းရပ်စ်ပမာဏ၊ လူနာရဲ့ ခုခံအားပေါ်မူတည်ပြီး တချို့က  positiveထွက်သွားပါတယ်။ တချို့ကလည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကူးနိုင်တဲ့ လမ်းကြောင်းဖြစ်လို့  သတိထားရပါမယ်။လက်နဲ့ မျက်နှာကို မထိပါနဲ့။ လက်ကိုမကြာမကြာဆေးပါဆိုတာက ဒီကူးစက်နည်းကို တားချင်လို့ ဖြစ်ပါတယ်။အမှုန်အမွှားတွေဆိုတာက နှာချေ၊ ချောင်းဆိုးရာက ထွက်တဲ့အမှုန်အမွှားတွေကို ဆိုလိုတာပါ။ Respiratory dropletsလို့ ခေါ်ပါတယ်။အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေပေါ့။ ဒီအမှုန်လေးတွေက ကိုယ်ထဲက အချွဲတွေနဲ့ ဗိုင်းရပ်စ်နဲ့ ရောထားတာဖြစ်လို့ အရွယ်နည်းနည်းကြီးပါတယ်။ >5-10 မိုက်ခရိုလောက် ရှိပါတယ်။ ကိုယ့်အနီးအနားမှာ ပိုးရှိတဲ့ လူတစ်ယောက်က အကာအကွယ်မလုပ်ဘဲ နှာချေလိုက်မယ်၊ ချောင်းဆိုးလိုက်မယ်ဆိုရင် ဒီအမှုန်အမွှားတွေက ကိုယ့်ဆီတန်းတန်းမတ်မတ် ဝင်လာမှာပါ။ ကိုယ်ကလည်း အကာအကွယ်မလုပ်ထားဘူးဆိုရင် ပိုပြီးတောင် အလွယ်တကူဝင်လာနိုင်ပါသေးတယ်။နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက ဒီအမှုန်အမွှားတွေက နှာချေ၊ ချောင်းဆိုးရုံနဲ့တင် ထွက်တာမဟုတ်ပါဘူး။ စကားကျယ်ကျယ်ပြောတာ၊ သီချင်းအော်ဆိုတာ၊ သမ်းဝေတာ စတာတွေကနေလည်း ထွက်လာတတ်ပါတယ်။ အလွယ်ပြောရရင် ရင်ဘတ်ကို ဖွင့်ထုတ်ပြီး လုပ်တဲ့ အလုပ်မှန်သမျှကနေ အမှုန်အမွှားထွက်နိုင်ပါတယ်။ဒါကြောင့် KTVတို့၊ ဘားတို့၊ ဘာသာရေးပွဲတွေမှာ လူတွေ အစုလိုက် အပြုံလိုက် ကူးစက်ခံရတာက ဒီနေရာတွေက လူများပြီး တစ်ယောက်နဲ့ တစ်ယောက် ခွာနေလို့ မရဘူး။ လေဝင်လေထွက်မကောင်းဘူး စတာတွေအပြင် ဒီလို အားရပါးရ ပြောဆိုနေတာတွေကြောင့်လည်း ပါပါတယ်။အားနဲ့ ထွက်လာနဲ့ အမှုန်အမွှားတွေက အနည်းဆုံး တစ်မီတာ (၃ပေ) အကွာအဝေးကိုတော့ ကောင်းကောင်းရောက်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ ပြောတာပါ။ အနည်းဆုံး၆ပေလောက် ခွာထားမှ စိတ်ချရမှာပါ။ ဝေးလေ ကောင်းလေပါပဲ။ မတော်တဆ တစ်ယောက်ယောက်က ကိုယ့်နားမှာ ဒါမျိုးအပြုအမူတွေ လာလုပ်ရင်လည်း မကူးအောင်လို့နှာခေါင်းစည်းတပ်ခိုင်းတာပါ။လေထဲက ဆိုပေမယ့် လေထဲမှာ ဗိုင်းရပ်စ်တွေ ပျံ့နှံ့နေတာမျိုး မဟုတ်ပါဘူး။ Aerosol transmissionလို့ ခေါ်တဲ့ အမှုန်အမွှားသေးသေးလေးတွေကနေ ကူးစက်တာပါ။ ခုနကပြောခဲ့တဲ့ နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတာတွေထက် ပိုသေးပါတယ်။ <5 မိုက်ခရိုလောက်ပဲ ရှိပါတယ်။ ဒီလို သေးပြီးပေါ့တဲ့အတွက် လေထဲမှာ အချိန်တစ်ခုထိအောင် နေနိုင်တာပါ။ ကိုဗစ်က လေထဲမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာကတော့ သုတေသန ရလဒ် အမျိုးမျိုးဖြစ်နေတုန်းပါပဲ။ဒီလို လေထဲက ကူးတာကို အဓိကအားဖြင့် ဆေးကုသတဲ့နေရာမှာ ပိုတွေ့ရပါတယ်။ လူနာကို အသက်ရှူပိုက်ထည့်တာမျိုး၊ ချွဲစုပ်တာမျိုး၊ အသက်ရှူနိုင်အောင် လေပြွန်ဖောက်တာမျိုးတွေမှာ အသက်ရှူလမ်းကြောင်းထဲက အမှုန်သေးသေးလေးတွေ လေထဲကို လွင့်ပျံလာပြီး ကူးတတ်ပါတယ်။ ဒါကြောင့် ကုသမှုပေးတဲ့ ဆရာဝန်တွေ ဝတ်စုံပြည့်ဝတ်ထားကြတာပါ။ဒါပေမယ့် ဘယ်လိုဆို ပြဿနာ ရှိသလဲဆိုတော့ အလုံပိတ်အခန်းထဲမှာ ရောဂါရှိတဲ့သူက နှာချေလိုက်၊ ချောင်းဆိုးလိုက် လုပ်နေမယ်ဆိုရင် ပိုးတွေက လေထဲမှာ ပျံ့နေမှာပါ။ ခုနကပြောသလို နှာခေါင်းစည်းချွတ်ပြီး စကားကျယ်ကျယ်ပြောမယ်၊ ဖုန်းတွေ အော်ဟစ်ပြောနေမယ်၊ အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်နေမယ်ဆိုရင် လေထဲကို ရောက်မယ်။ လေထဲမှာ အချိန်အတိုင်းအတာတစ်ခုထိနေပြီး ရှူမိရင် ကူးမှာပါ။ မျက်နှာချင်းဆိုင်ပြီး ထမင်းတူတူစားတာကလည်း ခုချိန်မှာ အန္တရာယ်ရှိတဲ့ အပြုအမူတစ်ခုပါပဲ။ဒါကြောင့် တတ်နိုင်သမျှ အခန်းတွေကို အလုံပိတ်မထားပါနဲ့။လေဝင်လေထွက်ကောင်းပြီး နေရောင်လေးရအောင် ထားပေးပါ။ ဘတ်စ်ကားတွေဆိုလည်း လူကြပ်လွန်းတာတွေ၊ အလုံပိတ်ပြီး စီးတာတွေ မလုပ်သင့်ပါဘူး။ကပ်သီးကပ်သတ်မေးလို့ ဒီလိုဖွင့်လိုက်လို့ ပိုးတွေ အပြင်ရောက်လာပြီး ပတ်ဝန်းကျင်ကို ပျံ့လာရင်ရောဆိုရင် လေထုအကျယ်ကြီးထဲကို ရောက်သွားတဲ့အတွက် ပိုးတွေက ချဲသွားနိုင်ပါတယ်။ ရှိသမျှ ပိုးတွေကို တစ်ယောက်တည်းရှူမိဖို့ဆိုတာကလည်း ဖြစ်နိုင်ခြေနည်းပါတယ်။ ကိုယ်ထဲကို ဝင်မယ့် ဗိုင်းရပ်စ်ပမာဏနဲ့ ကိုယ်ခံအားပေါ်လည်း မူတည်ပါသေးတယ်။ ပြီးတော့ ပိုးတွေက အချိန်တစ်ခုရောက်ရင် လေထဲမှာမရှိတော့ဘဲ သေသွားမှာပါ။ဒါက လက်ရှိလေ့လာထားမိသလောက် ကိုဗစ်ရဲ့ ကူးစက်ပုံတွေပါပဲ။ ကူးစက်နည်းပေါ်အခြေခံပြီး ကာကွယ်နည်းတွေကို ထုတ်ထားတာဖြစ်တဲ့အတွက် သေချာလိုက်နာသင့်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba%e1%80%80-%e1%80%9c%e1%80%b1%e1%80%91%e1%80%b2%e1%80%80%e1%80%94%e1%80%b1-%e1%80%80%e1%80%b0%e1%80%b8%e1%80%90%e1%80%9a%e1%80%ba%e1%80%86%e1%80%ad/
အပြာစာအုပ် နဲ့ ရုပ်ရှင်တွေ က တကယ်ဟုတ်ရဲ့လား
လူတွေကို ခေတ်အဆက်ဆက် သတင်းမှားအပေးဆုံး ဖျော်ဖြေရေးကို ပြပါဆိုရင် အပြာစာအုပ် နဲ့ အပြာဖျော်ဖြေရေးတွေကို လက်ညှိုးထိုးပြရမှာပဲ ဖြစ်ပါတယ်။တစ်မျိုးပြန်စဉ်းစားရင် ဖျော်ဖြေရေးဆိုတာ ယုတ္တိရှိစရာမလိုဘူးလို့ ပြောလို့ရပေမယ့် တချို့တချို့သော အရာတွေဟာ ကျန်းမာရေးအသိမှားတွေနဲ့ ပြစ်မှုကျူးလွန်ခြင်းတွေဆီကိုပါ ဦးတည်လာတဲ့အခါ ပြဿနာရှိလာပါပြီ။ဒါကြောင့် လူအတော်များများနဲ့ မကင်းနိုင်တဲ့ အပြာရောင်လွှလွှ ဖျော်ဖြေမှုတွေက ပေးနေတဲ့ သတင်းမှား၊အချက်အလက်မှားတွေကို မျှဝေပေးသွားပါမယ်။ဒါဟာ အပြာစာအုပ် ၊ အပြာရုပ်ရှင် တွေမှာ ပါနေကျ ဇာတ်သွားပါပဲ။ တစ်အိမ်တည်းနေတဲ့ သွေးမတော်သားမစပ် ဆန့်ကျင်ဖက်လိင်နှစ်ဦးပဲဖြစ်ဖြစ်၊ တစ်နေရာရာမှာ ခုမှစတွေ့တဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့တွေဟာ အမြဲတမ်းလိင်စိတ်တက်ကြွနေပြီး အဆင်သင့်ဖြစ်နေသယောင် သရုပ်ဖော်ထားတတ်ပါတယ်။ပြီးတော့ အမျိုးသားက ဇာတ်လမ်းစလာရင်လည်း အစပိုင်းသာ ဟန်ပြငြင်းဆန်ပြီး နောက်ပိုင်း လုံးဝမငြင်းတော့ပါဘူး။ဒါဟာ မှားပါတယ်။ ထပ်ပြောပါမယ်။ လုံးဝ(လုံးဝ) မှားပါတယ်။ အမျိုးသားတွေဟာ ဆင်လိုက်လို့ ပြေးရင်းနဲ့တောင် ငယ်ပါတင်းနိုင်သေးတယ်လို့ ဆိုစမှတ်ပြုကြပေမယ့် ချစ်ခြင်းမေတ္တာနဲ့ လိင်အာသာဆန္ဒကို တကန့်ချင်းစီ ထားနိုင်ပေမယ့် (ဆိုလိုတာက ကိုယ်မချစ်တဲ့ မိန်းမနဲ့လည်း ချစ်တင်းနှောဖို့ ဝန်မလေးဘူးလို့ ဆိုလိုချင်တာပါ) အမျိုးသမီးတွေအတွက်တော့ ဒီလို မဟုတ်ပါဘူး။အမျိုးသမီးတွေဟာ (အပြာဖျော်ဖြေရေးတွေထဲကလို) လိင်စိတ်အမြဲထကြွနေသူတွေ မဟုတ်တဲ့အပြင် ကိုယ်မချစ်မနှစ်သက်သူနဲ့ဆိုရင် လက်ဖျားနဲ့တောင် အထိခံချင်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် ရုပ်ရှင်ထဲ၊စာအုပ်ထဲကလို လက်တည့်မစမ်းဖို့နဲ့ စမ်းမိရင် ထောင်နန်းစံရဖို့ပဲ များပါတယ်။အမျိုးသားတွေကို ‘ဂျင်း’ထည့်ပြီး ရောင်းစားနေတဲ့ ‘ကြီးဆေး‘ တွေ၊ စက်ပစ္စည်းတွေ၊ ဆီလီကွန်ထိုးဆေးတွေကို အဓိက အကျိုးပြုနေတဲ့ အချက်တချက်ပဲဖြစ်ပါတယ်။ ကြောင်အရွယ်အစား အကြီးအသေးထက် ကြွက်ကောင်းကောင်းခုတ်နိုင်ဖို့သာ လိုရင်းဖြစ်တဲ့အကြောင်း ပညာပေးဆောင်းပါးတွေမှာ အထပ်ထပ်အခါခါ ရေးခဲ့ကြပြီးဖြစ်ပါတယ်။ကိုယ့်ရဲ့ အမျိုးသမီး၊ ပါတနာအပေါ်မှာ ချစ်ခင်မြတ်နိုးစိတ်၊ ယုယကြင်နာစိတ်၊ တာဝန်ယူလိုစိတ်တို့ကသာ တသက်တာရွှေလက်တွဲမြဲစေနိုင်မယ့် ဆေးနည်းကောင်းတွေ ဖြစ်ပါတယ်။ သိထားဖို့က ရုပ်ရှင်ထဲမှာပါသူတွေဟာ စံပြုလောက်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိသူတွေ ဖြစ်ပါတယ်။ လူတိုင်း ဒါမျိုးရှိရမယ်၊ ရှိမှဖြစ်မယ်လို့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်ဟာလည်း မှားပါတယ်။ဒီအချက်ကို တိုက်ရိုက်ကြီး ပြောတာမဟုတ်ပေမယ့် အပြစာအုပ်နဲ့ ရုပ်ရှင်တွေထဲမှာ အကာအကွယ်ပစ္စည်းသုံးလေ့ မရှိသလောက်ပါပဲ။ ဒီဇာတ်ကားတွေမှာ သရုပ်ဆောင်သူတွေဟာ သုံးလတစ်ခါ ဆေးစစ်ရပြီး ရောဂါပိုးကင်းရှင်းကြောင်း သေချာသူတွေဖြစ်တဲ့အပြင် ‘ဖျော်ဖြေရေး’ ဖြစ်တာကြောင့် အကာအကွယ်ပစ္စည်းကို မသုံးတာပါ။ ဒါကို အဟုတ်မှတ်ပြီး လိုက်လုပ်ရင်တော့ ဘဝဆုံးသွားပါလိမ့်မယ်။တရားဝင်အိမ်ထောင်ပြုထားတဲ့ လင်မယားမှတပါး လိင်ဆက်ဆံတဲ့အခါတိုင်း အကာအကွယ်ပစ္စည်း (ကွန်ဒုံး)ကို အသုံးပြုပါ။ ဒီလို အသုံးပြုခြင်းအားဖြင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ပြီးဖြစ်သလိုAIDSအပါအဝင်လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။တချို့ အပြာစာအုပ် တွေ၊ ရုပ်ရှင်တွေရဲ့ theme အရ အမျိုးသမီးတွေကို လိင်ကျွန်သာသာ သဘောထားတဲ့၊ အလိုမတူဘဲ အတင်းအကျပ် စပ်ယှက်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို မြင်တွေ့ရတတ်ပါတယ်။ဒါဟာလည်း စိတ်ကူးယဉ်ဖန်တီးထားမှုသာဖြစ်ပြီး အပြင်မှာလိုက်လုပ်လို့မရကြောင်း သဘောပေါက် နားလည်ပြီး အမျိုးသမီးတွေကို တန်ဖိုးထားချစ်ခင်ရပါမယ်။(လိင်ကိစ္စအပါအဝင်) ဘယ်အရာမဆို အလိုမတူဘဲ အတင်းအကျပ် လုပ်လို့မရကြောင်း၊ မလုပ်သင့်ကြောင်း နားလည်ထားရပါမယ်။သဘာဝနဲ့ ဆန့်ကျင်တဲ့ အရာမှန်သမျှ ဘယ်ဟာမှ မကောင်းပါဘူး။ စအိုဟာ အစာ‌‌ခြေလမ်းကြောင်းတလျှောက် ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့အတွက်သာ ဖြစ်ပြီး လိင်မှုရေးရာနဲ့ လုံးဝ မပတ်သက်ပါဘူး။ရုပ်ရှင်ထဲမှာ ဘယ်လိုပဲရိုက်ပြရိုက်ပြ ဒါဟာ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့အတွက် အတိုင်ခံရရင် တရားဥပဒေအရ ပုဒ်မ ၃၇၇ နဲ့ အရေးယူခံရနိုင်သလို နာကျင်ခြင်း၊အူမကြီးထိခိုက်နိုင်ခြင်း၊ကူးစက်ရောဂါများ ဝင်နိုင်ခြင်း၊ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများ ရရှိနိုင်ချေ ပိုများခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒီ category အမျိုးအစားဟာ နိုင်ငံတကာမှာတောင် တင်းတင်းကျပ်ကျပ် ပိတ်ပင်ပြီး ဖမ်းဆီးအရေးယူနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ နှစ်ဦးသဘောတူ ချစ်တင်းနှောခွင့်ရှိတယ်ဆိုတာကို သိထားရပါမယ်။ကနေ့ ကျွန်တော်တို့နိုင်ငံမှာ အဖြစ်များနေတဲ့သက်ငယ်မုဒိမ်းဟာလည်း ဖောဖောသီသီ ရလာပြီဖြစ်တဲ့ ဒီအပြာဖျော်ဖြေရေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတခုလို့ ဆိုရင် မှားအံ့မထင်ပါဘူး။ ဒါက ရုပ်ရှင်တွေထဲလို လက်တည့်စမ်းစရာ မဟုတ်ပါဘူး။ဒါကြောင့် ရုပ်ရှင်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်နဲ့ လိင်ဆက်ဆံခြင်းဟာ ကျင့်ဝတ်အရရော၊တရားဥပဒေအရပါ အင်မတန်လွဲမှားပြီး အန္တရာယ်များတဲ့ ကိစ္စတစ်ခုဆိုတာကို သိထားရပါမယ်။တချို့အရာတွေဟာ မလုပ်ပါနဲ့လို့ ပြောလို့မရသလို လုံးဝကြီး တားမြစ်ပိတ်ပင်ထားလို့လည်း မရပါဘူး။ ဖုန်းတွေ၊ အင်တာနက်တွေဟာ တောရောမြို့ပါမကျန် ပျံ့နှံ့နေပြီး သုံးနှစ်သားကလေးကအစ လက်ထဲဖုန်းပွတ်နေတဲ့ ခေတ်ကြီးမှာ အပြာဖျော်ဖြေရေးကို လိုက်ပိတ်ပင်လို့ မရတာဟာ အမှန်တရားပါ။ဒါပေမယ့် ဖျော်ဖြေရေးဟာ ဖျော်ဖြေရေးပဲဖြစ်ကြောင်း၊ လက်တွေ့မဆန်တဲ့အကြောင်း၊ အပြင်လောကမှာ လိုက်လုပ်လို့ မရတဲ့အကြောင်းကို သဘောပေါက်နားလည်ဖို့ ပညာပေးတွေကို တွင်တွင်ကျယ်ကျယ် လုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးဟာလည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/porn-book-and-movies-real/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%96%e1%80%80%e1%80%ba%e1%80%94%e1%80%ac%e1%80%86%e1%80%b1%e1%80%b8%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%be%e1%80%af%e1%80%9f/
အိမ်ထဲမှာ တုပ်ကွေး ကူးစက်မှု နည်းစေဖို့
ခုဆိုရင်တုပ်ကွေး ရောဂါတွေက တော်တော်များများ ဖြစ်လာကြပါတယ်။ တစ်ယောက်ဖြစ် တစ်အိမ်လုံး ဖြစ်လို့ ပြောရအောင်ကို ကူးစက်တာလည်း မြန်ပါတယ်။ ဒီလို ကူးစက်တဲ့အခါကျတော့ သာမန်လူအနေနဲ့ ပြဿနာမရှိပေမယ့် ရောဂါအခံရှိသူတွေ၊ မကြာသေးခင်ကမှ ကိုဗစ်ဖြစ်ပြီး နာလန်ထတဲ့ လူနာတွေအတွက်က အရေးကြီးပါတယ်။ နဂိုတည်းက ခုခံအား နည်းနေတဲ့အတွက် တုပ်ကွေးပါ ထပ်ကူးခံရရင် သူတို့အတွက် မလွယ်ပါဘူး။ဒါကြောင့် သူများတွေဆီကနေ တုပ်ကွေးကူးမလာအောင်၊ အိမ်မှာ တစ်ယောက်ဖြစ်ရင် ကျန်တဲ့သူတွေ မကူးအောင် စနစ်တကျ ကာကွယ်ထားသင့်ပါတယ်။တုပ်ကွေးက နှစ်တိုင်း အချိန်ရောက်ရင်ဖြစ်နေကျပါ။ တချို့နှစ်တွေမှာ သိပ်မပြင်းထန်ဘဲ လူနည်းနည်းလောက်ပဲ ဖြစ်သွားတာ ရှိသလို ခုလိုမျိုး လူတွေ အများကြီး အကူးခံရတာမျိုးလည်း ရှိပါတယ်။ရာသီတုပ်ကွေးကinfluenza ဗိုင်းရပ်စ်type A ဒါမှမဟုတ် B ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာမြောက်ခြမ်းနိုင်ငံတွေက ဆောင်းတုပ်ကွေးလို့ ခေါ်တဲ့ အောက်တိုဘာနဲ့ မတ်လကြားမှာ တုပ်ကွေး ကွေးတတ်ပါတယ်။ တောင်ခြမ်း နိုင်ငံတွေကတော့ မိုးတုပ်ကွေး ခေါ်ပါတယ်။ ဧပြီကနေ စက်တင်ဘာကြားမှာ ဖြစ်တတ်ပါတယ်။ မုတ်သုံနိုင်ငံတွေကတော့ တစ်နှစ်ပတ်လုံး ကွေးနိုင်ပါတယ်။မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ နိုင်ငံတော်တော်များများက မုတ်သုံရာသီဥတု ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် တစ်နှစ်ပတ်လုံး ကွေးတဲ့ထဲမှာ ပါပါတယ်။တုပ်ကွေးကွေးတဲ့အခါ ရုတ်တရက် အဖျားတွေ တက်မယ်၊ ချောင်းဆိုးမယ် (အများစုက လည်ချောင်းယားပြီး ဆိုးတဲ့ချောင်းခြောက်ပါ)၊ ခေါင်းတွေ ကိုက်မယ်၊ ကိုယ်လက်တွေ ကိုက်မယ်၊ နှာစေးနှာပိတ်မယ်၊ လည်ပင်းတွေ နာမယ် စတာတွေ ခံစားရပါတယ်။ ၃-၄ရက်လောက်တော့ ခံရတတ်ပါတယ်။ နေကောင်းသွားသည့်တိုင် ချောင်းဆိုးတာ၊ နှာရည်ယိုတာတွေက ၂ပတ်လောက် ဆက်ဖြစ်နေတတ်ပါတယ်။ ဒါတုပ်ကွေးရဲ့ သဘာဝတွေပါပဲ။တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံး ဖြစ်နိုင်တဲ့အတွက် တတ်နိုင်သမျှ အပြင်ကနေ အိမ်ထဲကို တုပ်ကွေး သယ်မလာဖို့ လိုပါတယ်။ အထူးသဖြင့် နေ့တိုင်း ရုံးတက်နေရတဲ့သူတွေ၊ စျေးထွက်ဝယ်တဲ့သူတွေက ပိုပြီး သတိထားသင့်ပါတယ်။ကိုယ့်ဆီကို တုပ်ကွေးမကူးစေဖို့။–လူစုလူဝေးကို ရှောင်ပါ။ ဘယ်သူက တုပ်ကွေးကွေးနေလဲဆိုတာ အလွယ်မသိနိုင်တဲ့အတွက်ကြောင့်ပါ။-ကိုဗစ်ကြောင့်နှာခေါင်းစည်း တပ်နေကြတာဖြစ်တဲ့အတွက် တုပ်ကွေးကိုလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။-မကြာခဏလက်ဆေးပါ။ ဒါမှ လက်ကနေတဆင့် ကူးစက်တာကို လျှော့ချနိုင်မှာပါ။-ရုံးမှာ တုပ်ကွေးကွေးနေတဲ့သူ ရှိရင် ခွင့်ယူဖို့ အကြံပေးပါ။ တစ်ယောက်ကစ တစ်ရုံးလုံးကူးသွားရင် မိသားစုဝင်တွေကိုပါ ဆက်ကူးသွားနိုင်ပါတယ်။-ကိုယ် မကြာခဏ ထိတွေ့တဲ့ မျက်နှာပြင်တွေကို ဆပ်ပြာရည် ဒါမှမဟုတ် အရက်ပြန်နဲ့ ပိုးသတ်ပါ။-မိမိကိုယ်တိုင်လည်း တုပ်ကွေး ရာသီမရောက်ခင်တုပ်ကွေးကာကွယ်ဆေးကြိုထိုးထားပါ။ဒီလိုမျိုး ကာကွယ်ထားမယ်ဆိုရင် ကိုယ်ကနေ နောက်ထပ် လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေဆီကို တုပ်ကွေးမကူးအောင် ကာကွယ်နိုင်မှာပါ။ကိုယ်က သေချာ မကာကွယ်နိုင်လို့ ကူးသွားပြီ ထားပါတော့။ ကိုယ်ကနေ အိမ်မှာ အတူနေတဲ့ မိသားစုဝင်တွေကို မကူးအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါ အများစုက အားရှိအောင် နေထိုင် စားသောက်ရုံနဲ့ သက်သာသွားတယ်ဆိုပေမယ့် ဒီလူတွေကတော့ အရေးကြီးပါတယ်။သူတို့တွေက ခုခံအားနည်းတဲ့အတွက် ကူးစက်ရလွယ်သလို ကူးခံရရင်လည်း ပြင်းထန်နိုင်ခြေ ရှိပါတယ်။ဒါကြောင့် မိသားစုဝင်ထဲက တစ်ယောက်ယောက် တုပ်ကွေးကွေးနေပြီ။ သူကနေ နောက်ထပ် ထပ်မကူးစေဖို့ဆိုရင်။-တုပ်ကွေး ကွေးနေတဲ့သူကို အခန်းခွဲထားပါ။ အကြမ်းအားဖြင့် တုပ်ကွေးက လက္ခဏာ မပြခင် ၁ရက်၊ ပြပြီး ၁ပတ်လောက်ထိ ကူးနိုင်ပါတယ်။ ဒီတော့ တစ်ပတ်လောက် အခန်းခွဲထားပါ။-တုပ်ကွေးကွေးနေတဲ့သူကလည်း တတ်နိုင်သမျှ အခန်းပြင် မထွက်ပါနဲ့။ မိသားစုနဲ့အတူ အနီးကပ်နေတာကို ရှောင်ပါ။-ထမင်း တစ်ဝိုင်းတည်း မစားပါနဲ့။ တစ်ပတ်လောက် သီးသန့်စားပါ။ ဇွန်း၊ ပန်းကန်တွေ သီးသန့် ခွဲသုံးပါ။-ဗိုင်းရပ်စ် ကပ်ညှိလွယ်တဲ့ နေရာတွေ ဖြစ်တဲ့ ကြမ်းပြင်တွေ၊ စားပွဲမျက်နှာပြင်တွေ၊ ဘေစင်တွေ၊ အိမ်သာတွေ စတာတွေကို မကြာခဏ ပိုးသတ်ပါ။-အလုပ်သွားတာ၊ အပြင်ထွက်တာကို တစ်ပတ်လောက် ရှောင်ထားပါ။–နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးနဲ့ အုပ်ပြီး စနစ်တကျ လွှင့်ပစ်ပါ။အထူးသဖြင့် ခုနက ပြောထားတဲ့ တုပ်ကွေးကူးလွယ်တဲ့ သူတွေအနေနဲ့ မိမိအိမ်က တစ်ယောက်ယောက်မှာ တုပ်ကွေး ဖြစ်နေရင် တတ်နိုင်သမျှ သူတို့နဲ့ ဝေးဝေး နေပါ။ ဒါ့ပြင် ခုခံအားကောင်းနေအောင်။အကောင်းဆုံးကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားတာပါပဲ။တုပ်ကွေးဗိုင်းရပ်စ်က တစ်နှစ်နဲ့ တစ်နှစ် မတူတဲ့အတွက် နှစ်တိုင်း အသစ် ပြန်ထိုး ရပါတယ်။ တုပ်ကွေးကာကွယ်ဆေးတွေက တုပ်ကွေး မဖြစ်အောင် ၄၀-၆၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သလို ဖြစ်လာခဲ့ရင်တောင် အခြေအနေမဆိုးအောင် ကာကွယ်ပေးနိုင်တာကြောင့် နှစ်စဉ် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/how-to-prevent-flu-among-family-members/
ခံတွင်း မှက္ခရု ဆိုတာဘာလဲ
ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျှော့ချခြင်းဖြင့် ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။အဖြစ်များသော လက္ခဏာများမှာ—။ဆိုးရွားသော အခြေအနေများတွင် မှက္ခရုသည် အစာရေမျိုပြွန်ထိ ပျံ့နှံ့သွားနိုင်သည်။ အစာရေမျိုပြွန်ဆိုသည်မှာ ပါးစပ်နောက်ဖက်မှ အစာအိမ်ထိ ဆင်းသွားသော ကြွက်သားမျှင်များဖြင့် ဖွဲ့စည်းထားသော ပြွန်လမ်းကြောင်းဖြစ်သည်။ ထိုသို့ ဖြစ်ပွားခဲ့လျှင် သင်သည် အစာမျိုချရခက်ခဲပြီး အစာသည် လည်ပင်းတွင် တစ်နေသော ခံစားချက်ကို ခံစားရမည်။အစပိုင်းတွင် သင်သည် ခံတွင်း မှက္ခရုကို သတိပင်ထားမိမည် မဟုတ်ပါ။ နောက်ခံရောဂါပေါ် မူတည်ပြီး ရောဂါလက္ခဏာများသည် တဖြည်ဖြည်း ဖြစ်လာနိုင်သလို ရုတ်တရက်လည်း ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ရက်အနည်းငယ်မှ ရက်သတ္တပတ်ထိ၊ သို့မဟုတ် လပိုင်းအထိ ကြာနိုင်ပါသည်။ထို့ပြင် တစ်နှစ်အောက်ကလေးငယ်များသည် ခံတွင်းတွင် အဖြူဖတ်များ ရှိနေရုံသာမက အစာကျွေးရခက်ပြီး ဂျီကျတတ်သည်။ သူတို့အား နို့တိုက်စဉ် ရောဂါပိုးများသည် မိခင်ထံသို့ ကူးစက်နိုင်သည်။ ရောဂါပိုးသည် မိခင်ရင်သား နှင့် ကလေးပါးစပ် ကြားတွင် ကူးချည်၊ သန်းချည် သွားနေနိုင်သည်။ Candida မှိုပိုးကူးစက်နေသော ရင်သားပိုင်ရှင် အမျိုးသမီးများသည် အောက်ပါလက္ခဏာများကို ခံစားရမည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘယ်အရာတွေက ခံတွင်းမှက္ခရု ရောဂါကို ဖြစ်စေသလဲ။ပုံမှန်အားဖြင့် သင့်ကိုယ်ခံအားစနစ်သည် ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးကဲ့သို့သော အန္တရာယ်ရှိသော ပိုးမွှားများကို တိုက်ထုတ်ပေးသည်။ ၎င်းသည် ခန္ဓာကိုယ်တွင် ပုံမှန်နေထိုင်သော ဇီဝပိုး အကောင်းနှင့် အဆိုးများကြား မျှခြေကို ထိန်းသိမ်းပေးသည်။ သို့သော် တစ်ခါတစ်ရံတွင် ထိုကာကွယ်ရေးလုပ်ငန်းစဉ်များသည် ကျရှုံးသွားပြီး Candida မှိုအရေအတွက် တိုးပွားလာပြီး ခံတွင်း မှက္ခရုဖြစ်ပွားစေသည်။ရောဂါ (သို့) Prednisone ကဲ့သို့သော ဆေးများ (သို့) သင့်ခန္ဓာကိုယ်ရှိ ဇီဝပိုးမွှားများကို ထိန်းညှိပေးသော သဘာ၀ မျှခြေ ကို ပျက်ယွင်းစေသော ပိုးသတ်ဆေးများကြောင့် ကိုယ်ခံအားနည်းသောအခါတွင် ခံတွင်းမှက္ခရုနှင့် အခြား Candida ပိုးဝင်ခြင်းများ ဖြစ်ပွားသည်။ခံတွင်းမှက္ခရု ပိုဖြစ်ပွားစေသော ရောဂါနှင့် အခြေအနေများမှာ။အခြား ဖြစ်ပွားစေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ဘယ်အရာတွေက ခံတွင်း မှက္ခရု ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။ခံတွင်း မှက္ခရု ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်အချက်များမှာ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။သင့်သွားဆရာဝန်က မှက္ခရု ရှိမရှိသိဖို့ သင့်ပါးစပ်ကို စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ပါးစပ်၊ လျှာ၊ ပါး အတွင်းရှိ ထင်ရှားသော အဖြူဖတ်များကို ရှာဖွေပါလိမ့်မည်။ ထိုအဖတ်များကို အသာအယာပွတ်သတ်လိုက်သောအခါတွင် နီရဲနာကျင်ပြီး သွေးအနည်းငယ်ထွက်နိုင်ပါသည်။ မှက္ခရုမှ တစ်ရှုးစကို မိုက်ခရိုစကုပ်အောက်တွင် စစ်ဆေးကြည့်သောအခါ ရောဂါ အတည်ပြုနိုင်ပါသည်။အစာရေမျိုပြွန်ထိ ကူးစက်သွားသော မှက္ခရုအတွက်မူ အခြားသော စစ်ဆေးမှုများ ထပ်မံလိုအပ်ပါသည်။ထိုစစ်ဆေးမှုများမှာ။ခံတွင်း မှက္ခရုကို မှိုပိုးသတ်ဆေးဖြင့် ကုသအောင်မြင်ပါသည်။ ထိုဆေးသည် အများအားဖြင့် ဂျယ်လ် (သို့) အရည်အနေဖြင့် လာပြီး ခံတွင်းအတွင်းပိုင်းထိ လိမ်းနိုင်ပါသည်။ သောက်ဆေး ဆေးပြား နှင့် ဆေးလုံးများအသွင်နဲ့လည်း တစ်ခါတရံ လာတတ်ပါသည်။ လိမ်းဆေးများသည် တစ်ရက်ကို အကြိမ်ပေါင်းများစွာ လိမ်းဖို့ လိုအပ်ပြီး ၇ ရက်မှ ၁၄ ရက်ပတ်ဝန်းကျင်ထိ လိမ်းရပါမည်။ သောက်ဆေးများသည် တစ်ရက်ကို တစ်ကြိမ်သာ သောက်ရမည်။ ထိုဆေးများသည် များသောအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိတတ်ပါ။ သို့သော် အချို့သည် ပျို့အန်ခြင်း၊ လေကယ်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတတ်သည်။ သင့် သွားဆရာဝန်က သင့်အသက်အရွယ်နှင့် ရောဂါဖြစ်ရခြင်း အကြောင်းရင်းပေါ်မူတည်ပြီး သင့်အတွက် သီးသန့်ကုသမှုကို ပေးပါလိမ့်မည်။အကယ်၍ ပိုးသတ်ဆေး (သို့) ကော်တီကို စတီးရွိုက်များသည် သင့် ခံတွင်း မှက္ခရုကို ဖြစ်စေသော အကြောင်းရင်းများဆိုလျှင် ဆေးပြောင်းခြင်း (သို့) ဆေးပေးသည့် ပုံစံပြောင်းခြင်း (သို့) ဆေးလျှော့ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်သည်။Candida ပိုးဝင်ခြင်းသည် အခြား ရောဂါအခြေအနေတစ်ရပ်၏ လက္ခဏာလည်းဖြစ်နိုင်သောကြောင့် သင့်သွားဆရာဝန်က အထွေထွေရောဂါကု ဆရာဝန်၏ အကူအညီကို ယူဖို့ အကြံပြုနိုင်သည်။ သို့မှသာ အခံရောဂါဇာတ်မြစ်ကို ရှာဖွေကုသနိုင်မည်ဖြစ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခံတွင်းမှက္ခရု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/%e1%80%81%e1%80%b6%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%99%e1%80%bd%e1%80%80%e1%81%a1%e1%80%9b%e1%80%af-%e1%80%86%e1%80%af%e1%80%ad%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/home-quarantine-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%9e%e1%80%ae%e1%80%b8%e1%80%9e%e1%80%94%e1%80%ba%e1%80%b7%e1%80%94%e1%80%b1%e1%80%91%e1%80%ad%e1%80%af%e1%80%84/
စိတ်ကျဝေဒနာ အကြိမ်ကြိမ် ပြန်ဖြစ်ရခြင်း အကြောင်း
လူတွေဟာ စိတ်ဓာတ်ခဏခဏကျနိုင်ပေမယ့်စိတ်ကျရောဂါကတော့ တစ်သက်မှာ တစ်ကြိမ်သာဖြစ်တတ်ကြတာများပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ အခြေအနေက အဲ့လိုမရိုးရှင်းတတ်ပါဘူး။တစ်ကြိမ်ကုသပြီးချိန်မှာတောင်မှ နောက်ထပ်တစ်ကြိမ် စိတ်ကျဝေဒနာပြန်ခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် ဒီဝေဒနာကို ဆေးဝါး၊ စိတ်ပိုင်းဆိုင် ဒါမှမဟုတ်လျှပ်စစ်ရှော့ခ်ရိုက်ပြီး လိုက်ကြတာများပါတယ်။ဆေးဝါးနဲ့ကုသတဲ့နည်းလမ်းကတော့ အသုံးများပြီးတော့ ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့။ဒီလိုစနစ်တကျကုသမှုတွေ ခံယူပြီး ပျောက်ကင်းသွားချိန်မှာ ရောဂါလက္ခဏာတွေပြန်ပြပြီး စိတ်ကျဝေဒနာ ထပ်ပြီးခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ ပျောက်ကင်းပြီးမှ ထပ်ကျော့စိတ်ဓာတ်ကျတာမျိုးပေါ့။ဒီလိုဖြစ်လာစေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ အလွန်စိတ်ဖိစီးစရာ စိတ်ပင်ပန်းစရာ အဖြစ်အပျက်မျိုးကို ပြင်းထန်စွာကြုံတွေ့လိုက်ရချိန်တွေမှာ ခုလိုထပ်ဖြစ်နိုင်ပါတယ်။ဒါ့အပြင်။ထပ်ကျော့စိတ်ကျဝေဒနာခံစားလာရရင် ပုံမှန်စိတ်ကျဝေဒနာတွေလိုပဲ ရောဂါလက္ခဏာတွေပြသတတ်ပါတယ်။ အောက်ပါလက္ခဏာတွေဟာ စိတ်ကျဝေဒနာ ထပ်မံဖြစ်ပွားသူတွေမှာ ပြသတတ်တဲ့ လက္ခဏာတွေဖြစ်ကြပါတယ်။စိတ်ကျဝေဒနာ ထပ်ပြီး မဖြစ်ပေါ်စေဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်ခြင်းဖြစ်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီး ကောင်းမွန်တဲ့နည်းလမ်းလို့ ဆိုလို့ရပါတယ်။အောက်ပါနည်းလမ်းတွေနဲ့ ဒီဝေဒနာကို ကာကွယ်နိုင်ပါတယ်။ဒီနည်းလမ်းတွေက စိတ်ကျဝေဒနာ ခံစားခဲ့ရသူတွေကို နောက်တစ်ကြိမ် စိတ်ဓာတ်ကျဆင်းတာမျိုးထပ်မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/depression-relapse/
ကိုယ်ဝန်ဆောင်စဉ်မှာ မိတ်ကပ်လိမ်းမယ်ဆိုရင် ဘာတွေသိထားသင့်သလဲ
ကိုယ်ဝန်ဟာသင့်ကိုပျော်ရွှင်စိတ်တက်ကြွစရာတွေပေးမှာအမှန်ဖြစ်ပေမယ့်သင့်အသားအရေကိုလည်းအံ့အားသင့်ဖွယ်အပြောင်းအလဲတချို့ ဖြစ်စေမှာပါ။ သင့်အသားအရေကမှဲ့ခြောက်၊ဝက်ခြံတွေများနေရင်၊အသားအရေခြောက်သွေ့တာဒါမှမဟုတ်အဆီပြန်တာတွေဖြစ်နေရင် ပြုံးပြုံးကြီးနေနေမယ့်အစားမနက်ခင်းတိုင်းမနက်ခင်းတိုင်းမှာမိတ်ကပ်လေးပါးပါးတို့ပေးဖို့ကိုအချိန်ပေးပါ။ ဒီလိုအချိန်နည်းနည်းဖဲ့ပေးလိုက်လို့သင့်အနေနဲ့အလုပ်သွားဖို့ကသီသွားမယ်ဒါမှမဟုတ်ပင်ပန်းသွားမယ်စသဖြင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အချိန်ခဏပေးပြီးပညာသားပါပါလေးနဲ့မိတ်ကပ်လိမ်းလိုက်ခြင်းဟာသင့်ကိုတနေ့တာလုံးလန်းဆန်းတက်ကြွပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုတွေအပြည့်နဲ့ ဖြစ်နေစေမှာပါ။မျက်လုံးမို့တာတွေဒါမှမဟုတ်အိပ်ရေးတွေပျက်တာများလို့မျက်ကွင်းညိုတာတွေအတွက်ခပ်တောက်တောက်စိုစို (မျက်လုံးကိုလည်းအာဟာရဓါတ်တွေ ဖြည့်ပေးတဲ့) eye cream ကိုသုံးနေကျ moisturizer မသုံးခင်လိမ်းပေးပါ။ ပြီးရင် concealer လေးကိုအသာအယာတို့ပါ။ ဒီလိုလုပ်လိုက်မယ်ဆိုရင်ငိုက်မျဉ်းနေတဲ့ရုပ်သွင်ပျောက်သွားပြီးသင့်မျက်ဝန်းတွေကိုလည်းတောက်ပစေမှာပါ။ မျက်ကွင်းညိုတာအကုန်လုံးကိုဖုံးကွယ်နိုင်ပါ့မလားလို့တွေးပူနေမယ်ဆိုရင်သင့်အနေနဲ့ BB cream ဒါမှမဟုတ် tinted moisturizer ကိုသုံးပြီးထပ်အုပ်နိုင်သေးတဲ့အတွက်ဘာမှမပူပါနဲ့။ကိုယ်ဝန်ဆောင်စဉ်ကာလမှာထွက်လာတဲ့ဟော်မုန်းတွေကသင့်အသားအရေကိုထိခိုက်လွယ်စေပြီးဝက်ခြံတွေ၊အစက်အပြောက်တွေအလွယ်တကူထွက်စေတာမို့ဒီအချိန်မှာမိတ်ကပ်အောက်ခံအထူကြီးတွေမလိမ်းသင့်ပါဖူး။ သင့်အသားအရေကိုခဏလောက်တော့အနားပေးထားလိုက်ပါ။ တကယ်လို့သင့်မျက်နှာမှာအမဲစက်တွေအများကြီးရှိနေတယ်ဆိုရင် tinted moisturizer ကဖြေရှင်းပေးနိုင်ပါတယ်။ မျက်နှာအသားအရေတွေယာယီအနေနဲ့ဘယ်လိုပဲပြောင်းလဲပြောင်းလဲသင့်အသားအရေနဲ့အရောင်ညီသွားမှာပဲဖြစ်လို့ foundation မိတ်ကပ်တွေလိမ်းစရာမလိုပါဖူး။BB cream နဲ့ CC cream တို့ဟာသင့်အသားအရေကိုကျန်းမာစွာတောက်ပစေပြီးအမြန်ဆုံးလှပကြည့်ကောင်းစေတဲ့စွယ်စုံအသုံးပြုနိုင်တဲ့မိတ်ကပ်တွေပဲ ဖြစ်ပါတယ်။ သူတို့အတော်များများမှာနေလောင်ဒါဏ်ကာကွယ်ပေးနိုင်တဲ့ SPF အနည်းဆုံး၁၅လောက်ပါဝင်ပါသေးတယ်။ မျက်နှာသစ်ပြီးသန့်စင်ပြီးသားမျက်နှာနဲ့လည်ပင်းတို့ကိုခရင်မ်လေးတွေအသာအယာလိမ်းပေးပါ။ အစက်ရှိတဲ့နေရာတွေကိုထူထူလေးလိမ်းပေးနိုင်ပါတယ်။ သင့်အသားအရေဘယ်လောက်ပြောင်းလဲသွားတယ်ဆိုတဲ့အပေါ်မူတည်ပြီးအခါတိုင်းကိုယ်ဝန်မရှိခင်သုံးနေကျမိတ်ကပ်ခြယ်သတဲ့အရောင်နဲ့အနည်းငယ်မတူကွဲပြားတဲ့အရောင်တွေ၊ခြယ်သပုံတွေကိုသုံးပေးနိုင်ပါတယ်။ချစ်စရာရင်သွေးလေးမွေးဖွားပြီးချိန်မှာရောအခုအချိန်အတွက်ပါ blusher ပါးနီမှုန့်လေးတွေကသင့်ရဲ့အဖော်မွန်ပါ။ သင့်မျက်နှာလေးတင်းတင်းရင်းရင်းရှိစေဖို့၊မျက်ဝန်းလေးတွေတောက်ပဖို့နဲ့အိပ်ရေးပျက်တဲ့ပုံမပေါက်စေဖို့အတွက် blusher ထက်ပိုပြီးသင့်ကိုကူညီပေးနိုင်တဲ့သူမရှိပါဖူး။ တကယ်လို့သင်အချိန်မရဖူးဆိုရင် blusher ခရင်မ်လေးဒါမှမဟုတ်ပါးနီလေးကိုအသာလေးတို့ပေးလိုက်ခြင်းအားဖြင့်သင့်မျက်နှာလေးဟာလန်းဆန်းနေတဲ့ပုံပေါ်သွားမှာဖြစ်ပြီးအသားအရေကလည်းတခဏအတွင်းမှာကိုတောက်ပလာမှာပါ။ သူ့ကိုမျက်နှာပေါ်တိုက်ရိုက်လိမ်းနိုင်သလို BB cream ဒါမှမဟုတ် tinted moisturizer ပေါ်မှာထပ်ပြီးတော့လည်းလိမ်းနိုင်ပါတယ်။ အမှုန့်ပုံစံလေးတွေဟာအသားအရေကိုသဘာဝပိုဆန်စေမှာဖြစ်သလိုခရင်မ်ပုံစံကလည်းအသားအရေခြောက်သွေ့တတ်သူတွေမှာကြာရှည်ပိုခံမှာဖြစ်ပါတယ်။blusher နည်းနည်းကိုလက်ထိပ်မှာတို့ပြီးယူလိုက်ပါ။ ပြီးရင်ပါးစပ်ကို ပြုံးလိုက်ပြီးပါးမို့မို့လေးမှာအသာအယာတို့ပါ။ ကိုယ်လိုချင်တဲ့အရောင်အနေအထားရတဲ့အချိန်ထိလိုက်ညှိပေးပါ။ ပုံမှန်ထက်ပိုတောက်ပအောင်သင်ခြယ်သကောင်း ခြယ်သပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
HIVမှာ တွေ့ရတဲ့ opportunistic infectionများ
HIVရှိတဲ့ လူနာတစ်ယောက်မှာ တချို့သော ရောဂါပိုးတွေ၊ ကင်ဆာတွေ ဖြစ်လာခဲ့ရင် ဒါကိုOpportunisticလို့ ခေါ်ပါတယ်။ ဒီပိုးတွေ၊ ကင်ဆာတွေ ရှိနေရင် HIVကနေAIDS(ခုခံအားကျဆင်းမှု ရောဂါအစုအဝေး)လို့ ပြောင်းခေါ်လို့ရပါပြီ။CD4လို့ ခေါ်တဲ့ ခုခံအားဆဲလ်တွေ ပမာဏတစ်ခုအောက် ကျဆင်းသွားရင်လည်း AIDS လို့ ပြောလို့ရပါတယ်။Opportunistic infection ဆိုတာခုခံအားကျဆင်းတဲ့ သူတွေမှာ အတွေ့ရများတဲ့ ရောဂါတွေပါ။ ခဏခဏလည်း ဖြစ်တတ်သလို ပြင်းလည်း ပြင်းထန်ပါတယ်။ HIV အစပိုင်းမှာတော့ ဆေးသောက်တာရော၊ ခုခံအားကောင်းနေသေးတဲ့ အတွက်ကြောင့်ရော ဒီရောဂါတွေ ဝင်မလာသေးပါဘူး။ ဒါပေမယ့် တချို့တွေကျတော့ HIV ရှိမှန်းလည်း မသိဘူး၊ ဆေးလည်း မကုကြဘူး၊ ခုခံအားကလည်း မကောင်းဘူးဆိုရင် ရောဂါပိုးတွေ အလွယ်တကူ ဝင်လာနိုင်ပါတယ်။ဒါကြောင့် HIV ရှိတဲ့သူတွေက ဖြစ်တတ်တဲ့  Opportunistic infection တွေအကြောင်း သိထားဖို့ လိုပါတယ်။ လက္ခဏာတွေကို သိထားမှ စောစောသိပြီး စောစောကုလို့ ရမှာပါ။ဒီနေရာမှာ ရောဂါပိုးနဲ့ ကင်ဆာဆိုပြီး နှစ်ခုခွဲပြောပါမယ်။ရောဂါပိုးများ။Candidaမှိုပိုးက ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ စွဲတတ်ပါတယ်။ ပြောရရင် ပါးစပ်မှာ ဖြစ်တဲ့ မှက္ခရုကစလို့  မိန်းမကိုယ်အထိ မှိုစွဲတတ်ပါတယ်။ အစာရေမျိုပြွန်၊ လေပြွန်၊ လေပြွန်ခွဲ၊ အဆုတ်မှာပါ မှိုစွဲနေရင်တော့ AIDSလားဆိုပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ မှိုသတ်ဆေးတွေ၊ လိမ်းဆေးတွေနဲ့ ကုသရပါမယ်။Cryptococcusဆိုတာ မှိုပိုးဖြစ်ပြီး မြေကြီးနဲ့ ငှက်ချေးတွေ (အထူးသဖြင့် ခိုချေး)တွေမှာ အများဆုံးတွေ့ရပါတယ်။ ဒီမှိုရှိတဲ့ အမှုန်တွေကို ရှူမိရင် ဦးနှောက်အမြှေးပါးရောင်တတ်ပါတယ်။ဒီကပ်ပါးကောင်လေးတွေက လူတွေနဲ့ တိရိစ္ဆာန်လေးတွေရဲ့ အူလမ်းကြောင်းမှာ တွေ့ရတတ်ပါတယ်။ မသန့်ရှင်းတဲ့ ရေတွေ၊ အစားအစာတွေကို စားရာကနေ ကူးစက်တာပါ။ သာမန်လူကောင်းမှာတောင် ပြင်းပြင်းထန်ထန် ဝမ်းလျှောတတ်တဲ့ ဒီပိုးက HIV ရှိတဲ့သူတွေမှာဆို ပိုပြင်းထန်ပြီး ပျောက်ဖို့ အချိန်ပိုကြာတတ်ပါတယ်။ဒီဗိုင်းရပ်စ်က ခုခံအားကျတဲ့သူတွေမှာ ဆိုးရွားတဲ့ မျက်စိပြဿနာကို ဖြစ်စေပါတယ်။ အခန့်မသင့်ရင် အမြင်ပါ ကွယ်တတ်ပါတယ်။ မျက်လုံးအပြင် တခြားနေရာတွေဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း၊ အာရုံကြောစနစ်ကိုလည်း ထိခိုက်တတ်ပါတယ်။ရေယုန်က အားလုံးသိတဲ့အတိုင်းပဲ ပါးစပ်၊ နှုတ်ခမ်းတစ်ဝိုက်နဲ့ လိင်အင်္ဂါတွေမှာ ပေါက်တတ်ပါတယ်။ ဘယ်သူမဆို ရေယုန်ပေါက်တတ်ပါတယ်။ ခုခံအားကျလို့ပဲ ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲ ဖြစ်ဖြစ် သာမန်လူတွေတောင် ရေယုန်ပေါက်တတ်ပါတယ်။ HIV ရှိတဲ့သူတွေဆိုရင်တော့ ခဏခဏ ပေါက်နိုင်သလို ပြင်းလည်း ပြင်းထန်တတ်ပါတယ်။ဒီအဆုတ်ရောင်ရောဂါက စောစောမသိ စောစောမကုရင် သေနိုင်တဲ့ ရောဂါမျိုးပါ။ ပိုးသတ်ဆေးတွေနဲ့ ကုရတာပါ။ အဖြစ်များတဲ့ ရောဂါမို့လို့ HIVရှိတဲ့ သူတွေမှာ CD4ပမာဏ ၂၀၀အောက်ဆိုတာနဲ့ ကာကွယ်ဖို့ ပိုးသတ်ဆေးတွေ ကြိုပေးပါတော့တယ်။တီဘီရောဂါက HIVပိုးရှိတဲ့သူတွေကို သေစေတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဆိုပါတယ်။Mycobacterium tuberculosisကြောင့် ဖြစ်ပြီး လေကနေ တဆင့် ကူးစက်နိုင်ပါတယ်။ HIVရှိတဲ့သူတွေက ခုခံအားကျနေတဲ့အတွက် တီဘီပိုဖြစ်နိုင်ပါတယ်။ အချိန်မီကုသမှ သက်သာရာရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။ကင်ဆာများ။သားအိမ်ခေါင်းကင်ဆာက လိင်အင်္ဂါကြွက်နို့ကြောင့် ဖြစ်တယ်ဆိုတာ သိပြီးသားပါ။ လိင်ဆက်ဆံဖော်များတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ခုလေ့လာချက်တွေအရ HIVပိုးရှိတဲ့သူတွေမှာ လိင်အင်္ဂါကြွက်နို့ ဖြစ်နိုင်ချေ ပိုများပါတယ်တဲ့။ ဒါကြောင့် HIVပိုးရှိတဲ့ အမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ကြွက်နို့ ဗိုင်းရပ်စ် အမှတ် ၈ human herpes virus 8 (HHV-8) ကြောင့် ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ ကင်ဆာရောဂါ ဖြစ်စေပါတယ်။ အရေပြားမှာ ခရမ်းပုပ်ရောင် အကွက်တွေ တွေ့ရတတ်ပါတယ်။Lymphocytesလို့ ခေါ်တဲ့ သွေးဆဲလ်လေးတွေက ခုခံအားစနစ်ရဲ့ အရေးပါတဲ့ ဆဲလ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ပြန်ရည်ကျိတ်တွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ ရိုးတွင်းခြင်ဆီနဲ့ ဘေလုံးမှာလည်း တွေ့ရပါတယ်။ HIVရှိတဲ့သူတွေမှာ ဒီဆဲလ်တွေက ကင်ဆာဆဲလ်အဖြစ် ပြောင်းသွားတတ်ပါတယ်။အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆေးပုံမှန်သောက်နေဖို့လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ ရောဂါအခြေအနေကို အမှန်အတိုင်းသိရမှာပါ။ ဒါ့ပြင်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv%e1%80%99%e1%80%be%e1%80%ac-%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-opportunistic-infection%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင်
လေဒီတို့အတွက် စွန့်စားရဆုံးနဲ့ အပျော်ရဆုံး အချိန်ကကိုယ်ဝန်ဆောင်ထားချိန်နော်။ ကိုယ်ချစ်ရတဲ့ ရင်သွေးလေးကို လွယ်ထားရတာက မလွယ်ကူပေမယ့် ချစ်တဲ့စိတ်နဲ့ ပျော်ရွှင်နေမိတာက မေမေတိုင်းလိုလို ဖြစ်မယ် ထင်ပါတယ်နော်။ ဒီလို ပျော်ရွှင်နေချိန်မှာမေမေက ကျန်းမာရေးကို သေချာလေး ဂရုစိုက်မှ မွေးလာမယ့် ဘေဘီလေးရော မေမေပါ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ကိုယ်ဝန်ဆောင်မေမေတော်တော်များများမှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန်ခြေထောက်ကြွက်တက်တာကို ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက် တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ခုလို့ပဲ ဆိုပါရစေ။ကိုယ်ဝန်ဆောင်ချိန်ရဲ့ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ်တွေမှာ ခြေသလုံး ကြွက်တက်တာက ပိုအဖြစ်များပြီးညဘက်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတဲ့ အချက်လေးတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာ သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါနော်။ကိုယ်ဝန်ဆောင်ချိန်မှာ ညအိပ်ရာမဝင်ခင် ခြေသလုံး ကြွက်သားတွေကို အကြောလျှော့ပေးတာက ကြွက်တက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။ နံရံကိုမျက်နှာမူပါ။ လက်နှစ်ဖက်ကို နံရံမှာ ထောက်ထားပါ။ ပြီးရင် ညာဘက် ခြေထောက်ကို အရှေ့ဘက်ဆီ ကွေးပါ။ ဘယ်ဘက် ခြေထောက်ကို နောက်ဖက်ကို ဆန့်ထုတ်ပါ။ စက္ကန့် ၃၀ ထားပါ။ တစ်ဖက်ပြီး တစ်ဖက် လုပ်ပေးပါ။ ဖြည်းဖြည်းချင်း တတ်နိုင်သလောက်ပဲ လုပ်ပေးပါ။ကိုယ်ဝန်ဆောင်ကာလအတွင်း သွေးတွင်းမှာ ကယ်လ်ဆီယမ် လုံလောက်ပြည့်ဝမှု ရှိတာက  ကိုယ်ဝန်ဆောင်စဉ် ခြေသလုံး ကြွက်တက် တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ တစ်နေ့ကို ကယ်လ်ဆီယမ်ပမာဏ ၁၀၀၀ မီလီဂရမ် ပြည့်ဝအောင် စားသုံးပေးဖို့ လိုပါမယ်။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပေးလို့ ရပါတယ်။ဖိနပ်ရွေးချယ်တဲ့အခါ သက်သောင့်သက်သာဖြစ်တာမျိုးကို ရွေးချယ်ပေးပါ။ ဒီလိုရွေးချယ်တာက သွားလာလှုပ်ရှားတဲ့အခါ သက်သောင့်သက်သာဖြစ်စေပြီး ကြွက်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခုံမြင့်ဖိနပ်တွေကို တတ်နိုင်သမျှ ရှောင်ပါ။ ရှူးဖိနပ် ခပ်ပါးပါးလေးတွေကကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာရှိနေစေပြီးလမ်းလျှောက်ရတာကိုအဆင်ပြေစေမှာဖြစ်သလို ခြေထောက်ကြွက်မတက်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။အပေါ်ကနည်းတွေက ခြေထောက်ကြွက်မတက်အောင် ကာကွယ်ပေးသလို ခြေထောက်ကြွက်တက်တာကိုသက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ အကယ်လို့များ ခြေထောက်ကြွက်တက်လာတဲ့အခါ သက်သာစေဖို့အတွက်။ကဲ….ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်နေလို့ စိတ်မပူနဲ့တော့နော်။ ကိုယ်ဝန်ဆောင်မေမေ ကြွက်တက်ခဲ့ရင် ဒီနည်းလေးတွေသုံးပြီး ကြွက်တက်တာကို သက်သာအောင်လုပ်လိုက်ပါနော်။ မေမေရော ဘေဘီလေးပါ ကျန်းမာပါစေကြောင်း…………..။[embed-health-tool-ovulation]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/leg-cramps-during-pregnancy/
ဆီးချိုရှိသူတွေအတွက် ကျန်းမာစေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ
ဆီးချိုရှိနေမယ်ဆိုရင်လေ့ကျင့်ခန်း လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ အကြောင်းကတော့ဆီးချိုရှိသူတွေအနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက များစွာသော ကောင်းကျိုးတွေကို ရရှိစေနိုင်တာကြောင့်ပါ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုတွေကို လျော့ကျစေရုံမက သွေးတွင်းသကြားဓာတ်တွေကိုလည်း ထိန်းညှိပေးနိုင်သလို အင်ဆူလင် ဟော်မုန်းထွက်ရှိမှုကိုလည်း ကောင်းမွန်စေပါတယ်။ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာစေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။လေ့ကျင့်ခန်း လုပ်တာက ဆီးချိုရှိသူတွေ ကျန်းမာစေဖို့ တော်တော်လေး အရေးကြီးတဲ့ အချက်တစ်ရပ်ပါ။ ဆီးချိုရှိသူတွေအနေနဲ့အေရိုးဗစ်လိုမျိုး ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းကို တစ်ပတ်ကို မိနစ် ၁၅၀ လောက် လုပ်ဆောင်ပေးဖို့ လိုပါမယ်။ တစ်ပတ်ကို အနည်းဆုံး ၅ ရက်လောက်တော့ လုပ်ဆောင်ရပါမယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်စီပေါ့။ဆီးချိုအတွက် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့လိုတယ်ဆိုတော့ အကောင်းဆုံးဖြစ်စေမယ့် လေ့ကျင့်ခန်းလေးတွေကို သိချင်နေလောက်မယ်ထင်ပါတယ်။ ဒီတော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာစေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ အကြောင်းကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဆီးချိုရှိသူတွေအတွက် ကျန်းမာစေမယ့်ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကတော့။လမ်းလျှောက်တာက နေရာမရွေး၊ အချိန်မရွေး ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းပါ။ လူတွေ အများဆုံး လုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းဆိုလည်း ဟုတ်ပါတယ်။ ဆီးချိုရှိသူတွေအတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်း တစ်ရပ်လို့လည်း အသိအမှတ်ပြုထားတဲ့ လေ့ကျင့်ခန်းပါ။ လမ်းလျှောက်တာက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို တိုးတက်စေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။တစ်နေ့ကို မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ်ကို ၅ ကြိမ်လောက် လမ်းလျှောက်ပေးတာ ဒါမှမဟုတ် တစ်ခါလျှောက်ရင် ၁၀ မိနစ်လောက်နဲ့ တစ်နေ့ကို ၃ ကြိမ်ခွဲပြီး လမ်းလျှောက်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။တရုတ်လူမျိုးတွေ လုပ်ဆောင်လေ့ရှိတဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်မျိုးဖြစ်တဲ့ ထိုက်ချိ လေ့ကျင့်ခန်းက ဖြည်းဖြည်းချင်း လှုပ်ရှား လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်း ဖြစ်တာကြောင့် စိတ်ရောကိုယ်ပါ အနားရစေပါတယ်။ ထိုက်ချိလေ့ကျင့်တာက သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်စွမ်း တိုးစေနိုင်ပြီး ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေနိုင်သလို စိတ်ပိုင်ဆိုင်ရာကိုလည်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ယောဂ လေ့ကျင့်တာက ကိုယ်တွင်းက အရည်တွေ စီးဆင်းမှုကို ကောင်းမွန်စေပြီး အကြောတွေကိုပြေလျော့စေသလို ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး ဟန်ချက်ညီစေပါတယ်။ ဆီးချို အပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာ ရှိသူတွေအတွက် သင့်တော်တဲ့  လေ့ကျင့်ခန်း တစ်မျိုးပါ။စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အာရုံကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြွက်သား တက်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့ ထောက်ကူပေးပါတယ်။ကတာက ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားရတာပါ။ ခန္ဓာကိုယ်ကို ကျန်းမာစေသလို ဦးနှောက်စွမ်းဆောင်ရည် တိုးတက်စေပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။ ဝိတ်ကျစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး အကြောတွေကို ပြေလျော့စေပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် ကပေးတာက ကယ်လ်လိုရီ ၁၅၀ လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ရေကူးတာက အကြောတွေကို ပြေလျော့စေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အဆစ်တွေအပေါ်မှာ ဖိအား သက်ရောက်မှု ကင်းတာကြောင့် ဆီးချိုရှိူတွေနဲ့ အထူးသင့်တော်တဲ့ လေ့ကျင့်ခန်း တစ်ရပ်ပါ။ ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် ကျဆင်းအောင် ထောက်ကူပေးသလို ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးတွင်းကအကျိုးပြု ကိုလက်စထရောပမာဏကို တိုးစေပြီး ကယ်လ်လိုရီတွေ လောင်ကျွမ်းစေသလို စိတ်ဖိစီးမှုလည်း ပြေလျော့စေပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်နှုန်းလောက်နဲ့ တစ်ပတ်ကို ၃ ကြိမ် လောက်ကူးပေးရင်ကို လုံလောက်ပါတယ်။ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း တိုးသွားပေးရုံပါ။ဆီးချိုရှိသူတွေ အနေနဲ့ ဘေးကင်းကင်းနဲ့ လေ့ကျင့်ခန်း လုပ်ဆောင်နိုင်စေဖို့ဆိုရင် လေ့ကျင့်ခန်း မလုပ်ခင်မှာ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/best-exercises-for-diabetes/
ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အာဟာရဓါတ်များ
ကလေးတွေဟာကျောင်းသွားလိုက်သင်ယူလိုက် အိမ်ပြန်လာလိုက်ဆိုတဲ့အလုပ်တွေကို အလျင်အမြန် လုပ်ဆောင်နေသလိုမျိုးပ ဲသူတို့လေးတွေရဲ့ ဦးနှောက်ကလည်း လျင်လျင်မြန်မြန်ကြီးထွားဖွံ့ဖြိုးလာနေပြီး ပြောင်းလဲမှုတွေဖြစ်ပေါ်လာနေပါတယ်။အောက်ဖော်ပြပါအစားအသောက်ဆယ်မျိုးက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်စားသုံးပေးသင့်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ကလေးတွေရဲ့ငယ်ရွယ်စဉ်အရွယ်မှာ စားသောက်မှုပုံစံက ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သိမြင်မှုစွမ်းရည်တွေတိုးတက်စေဖို့အတွက် အရမ်းကိုအရေးပါ ပါတယ်။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ အောက်မှာ ကြည့်လိုက်ရအောင်။စတော်ဘယ်ရီ၊ချယ်ရီ၊ဘလူးဘယ်ရီနဲ့ဘလက်ဘယ်ရီသီးတွေမှာ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ ဗီတာမင် စီ လိုမျိုးဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေတိုးပွားအောင်လည်း လုပ်ဆောင်ပေးပါ တယ်။လေ့လာမှုတွေအရ ဘလူးဘယ်ရီနဲ့စတော်ဘယ်ရီတွေက မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေပြီး အာဟာရဓါတ်တွေလည်းများစွာပါဝင်တဲ့အပြင် ဘယ်ရီသီးတွေရဲ့အစေ့တွေထဲမှာအိုမီဂါ- သရီးဖက်တီးအက်ဆစ် တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ပဲတွေမှာ ပရိုတင်းဓါတ်တွေ၊အမျှင်ဓါတ်၊ဗီတာမင်နဲ့သတ္တုဓါတ်များစွာပါဝင်တာကြောင့် ကိုယ်ခန္ဓါအတွက် စွမ်းအင်ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေရဲ့နေ့လည်စာထဲမှာပဲအမျိုးမျိုးကိုထည့်သွင်းစားသုံးပေးတာက နေ့လယ်ပိုင်းအချိန်မှာ ကလေးငယ်တွေရဲ့ စွမ်းရည်နဲ့တွေးတောနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ဗိုလ်စားပဲနဲ့ pinto ပဲတွေမှာ အခြားပဲတွေထက် အိုမီဂါ သရီးဖက်တီးအက်ဆစ်ဓါတ်ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ-သရီးဖက်တီးအက်ဆစ်က ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုနဲ့ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးပါ ပါတယ်။သံဓါတ်က ကလေးတွေကိုစွမ်းအင်ပြည့်ဝနေစေပြီး ကျောင်းမှာအာရုံစိုက်နိုင်ဖို့အတွက်အထောက်အကူပြုတဲ့ အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ အဆီနည်းတဲ့အမဲအသားဟာ သံဓါတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အမဲသားမှာ မှတ်ဉာဏ်ကောင်းမွန်အောင်အထောက်အကူပြုတဲ့ ဇင့်ဓါတ်ပါဝင်နေပါတယ်။ဥအမျိုးမျိုးမှာပါဝင်တဲ့ ပရိုတင်းနဲ့အာဟာရဓါတ်တွေက ကလေးတွေကိုအာရုံစိုက်နိုင်စွမ်းမြင့်မားအောင် အထောက်အကူပြုပါတယ်။အဆီက ဦးနှောက်ကျန်းမာသန်စွမ်းဖို့အတွက်အရေးပါပါတယ်။ အဆီပြည့်ဝတဲ့ ဒိန်ချဉ်က ဦးနှောက်ဆဲလ်တွေကို သတင်းအချက်အလက်တွေ လက်ခံမှု၊ပေးပို့မှုတွေအတွက် ကောင်းမွန်တဲ့အနေအထားမျိုးဖြစ်အောင် ကူညီ ထိန်းသိမ်းပေးပါတယ်။ သည်အာဟာရဓါတ်တွေက ဦးနှောက်ထဲကိုသွေးစီးဆင်းမှု တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းဖြင့် မှတ်ဉာဏ်ကိုထက်မြက်စေပါတယ်။ဗီတာမင်တွေကြွယ်ဝစွာပါဝင်နေတဲ့ ဒေါက်ခွရွက်တွေနဲ့ကိုက်လန်တွေက အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခံစား ရနိုင်တဲ့ မှတ်ဉာဏ်ပျက်ယွင်းတဲ့ဝေဒနာ (dementia) ရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ကိုက်လန်မှာ ဦးနှောက်ဆဲလ်အသစ်တွေကို ကြီးထွားဖွံ့ဖြိုးစေတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အခြားဓါတ်တွေများစွာပါဝင် နေပါတယ်။ငါးမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းတာနဲ့မှတ်ဉာဏ်စွမ်းရည်လျော့ကျတာတွေကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် ဒီ နဲ့ အိုမီဂါ သရီးဖက်တီး အက်ဆစ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဆယ်လ်မွန်၊တူနာနဲ့ဆာဒင်းငါးတွေ မှာ အိုမီဂါ သရီးကြွယ်ဝစွာပါဝင်နေပါတယ်။ ဦးနှောက်အတွက်အိုမီဂါ သရီး ပမာဏများများရရှိလေလေ ကလေး တွေကို အာရုံစူးစိုက်နိုင်စွမ်းပိုမိုကောင်းမွန်စေမှာဖြစ်သလို ကလေးတွေရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ပရိုတင်းဓါတ်တွေ၊အရေးပါတဲ့ ဖက်တီးအက်ဆစ်တွေ၊ဗီတာမင်တွေနဲ့သတ္တုဓါတ်တွေများစွာပါဝင်နေတဲ့ အခွံမာ အသီးတွေနဲ့ အစေ့အဆန်တွေက သင့်ကလေးရဲ့ စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေပြီး အာရုံစနစ်ကို ထိန်းသိမ်းပေးပါတယ်။ပရိုတင်းနဲ့အမျှင်ဓါတ်ကြွယ်ဝတဲ့ အုတ်ဂျုံက နှလုံးနဲ့ဦးနှောက်က သွေးကြောတွေကို ရှင်းလင်းစေပါတယ်။ လေ့လာမှုတစ်ရပ်မှာ အချိုဓါတ်ပါတဲ့ အုတ်ဂျုံက ကလေးတွေကိုမှတ်ဉာဏ်စွမ်းရည်နဲ့သက်ဆိုင်တဲ့ ကျောင်းသင်ခန်းစာတွေကိုလေ့လာနိုင်စွမ်းပိုမိုကောင်းမွန်စေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ကလေးတွေဟာပျင်းလာတဲ့အခါမျိုးမှာ အချိုစားချင်စိတ်ဖြစ်ပေါ်တတ်ပါတယ်။ ပန်းသီးနဲ့ဇီးသီးလိုမျိုး အသီးတွေမှာ စိတ်ပိုင်းဆိုင်ရာအရည်အသွေးကိုကျဆင်းစေမှုကို တိုက်ဖျက်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ quercetin ဓါတ်ပါဝင်ပါတယ်။ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုဟာအရွယ်ရောက်ပြီးသူတွေထက်အနည်းဆုံး နှစ်ဆလောက် ပိုပြီး တက်ကြွ လှုပ်ရှားနေတာကြောင့် ကလေးတွေကို ငယ်ရွယ်စဉ်အချိန်မှာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင် မိဘတွေအနေနဲ့ မှန်ကန်တဲ့ အာဟာရဓါတ်၊ လှုံ့ဆော်ပေးမှုနဲ့စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးမှုတွေလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%96%e1%80%bd%e1%80%b7/
အသားဖြူချင်သူလေးတွေအတွက် အိမ်တွင်းကုထုံး
ဘယ်နားသွားသွားထင်းခနဲလှပစေဖို့နဲ့ ဘာလေးဝတ်ဝတ်လှနေစေဖို့ အသားဖြူချင်လိုက်တာလို့ဆိုပြီး တွေးနေတဲ့သူလေးတွေများရှိလား။အသားဖြူချင်ပေမယ့် ထိခိုက်မှုနည်းစေဖို့အတွက်သဘာဝနည်းလေးတွေပဲသုံးချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက လိုချင်နေတဲ့အဖြေကို ထုတ်ပေးနိုင်မှာပါ။ ကဲ..အသားဖြူဖို့ အသင့်ဖြစ်ပြီလား…………။မြင်သူတိုင်းအားကျရလောက်အောင် အသားလေးဖြူဝင်းစေဖို့ဆိုရင်။သင်္ဘောသီးနဲ့ပျားရည်။သင်္ဘောသီးက အရသာရှိရုံတင်မဟုတ်ပါဘူး။ အသားအရေအတွက်ပါ တော်တော်လေးအထောက်အကူပြုပေးပါတယ်။ အကြောင်းကတော့ သင်္ဘောမှာပါတဲ့ papain ဆိုတဲ့ဒြပ်ပေါင်း နဲ့ alpha hydroxy acids တို့ကအရေပြားပေါ်ကဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားအတွင်းပိုင်းလွှာအထိသန့်စင်စေပြီး အသားအရေကိုကြည်လင်ဖြူဝင်းစေပါတယ်။ ပျားရည်ကတော့ အနာကျက်စေပြီးအမာရွတ်တွေကိုပါးစေနိုင်သလို ဘက်တီးရီးယားတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ရလာတဲ့အနှစ်ကို မျက်နှာအပါအဝင်ခန္ဓါကိုယ်အနှံ့မှာလူးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။ နောက်ဆုံးအဆင့်ကတော့ ရေအေးနဲ့ရေချိုးချပြီး အရေပြားကိုခြောက်အောင်သုတ်ပေးပါ။ ၃ ရက်တစ်ကြိမ်လောက်လုပ်ပေးပါ။လိမ္မော်ခွံ နဲ့ဒိန်ချဉ်။လိမ္မော်သီးကလည်း ရှာရခက်လှတာတော့မဟုတ်ပါဘူး။ အသားဖြူစေဖို့လည်း တကယ်ကို အထောက်အကူပြုပေးပါတယ်။ဗီတာမင် Cကြွယ်ဝမှုကြောင့် အသားအရေကို ကြည်လင်စေတာ အမှန်ပါ။ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင်ရေနွေးနဲ့ ဆေးချလိုက်ပါ။ တစ်ရက်ခြားတစ်ခါလုပ်ပေးပါ။ခရမ်းချဉ်သီး၊ ဒိန်ချဉ် နဲ့ Oatmeal။ခရမ်းချဉ်သီးမှာပါတဲ့ lycopene ကအသားအရေကို အိုမင်းရင့်ရော်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ အသားအရေကိုကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ Oatmeal ကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ခရမ်းချဉ်သီးကို ထက်ပိုင်းပိုင်းလိုက်ပါ။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဒါမှမဟုတ် နှစ်ဇွန်းစာလောက်အရည်ညှစ်ပါ။ Oatmeal တစ်ခွက်စာထဲကို ခရမ်းချဉ်သီးအရည်နဲ့ ဒိန်ချဉ်တို့ကို အချိုးကျရောစပ်လိုက်ပါ။ ပြီးရင် သမအောင်မွှေပါ။ သန့်စင်ထားတဲ့အရေပြားပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ ကြာထားပေးပါ။ ပြီးရင် ရေနွေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ကနေ ၃ ကြိမ်လောက်အထိလုပ်ပေးပါ။နို့၊ သံပရာရည် နဲ့ ပျားရည်။သံပရာရည်က ဗီတာမင် C ကြွယ်ဝပြီး အသားအရေကို ကြည်လင်စေနိုင်ပါတယ်။မယ်လ်လာနင်ထွက်ရှိမှုကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ နေလောင်ဒဏ်ကြောင့်အသားအရေပျက်စီးတာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာလူးပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ပဲအစိမ်းမှုန့် နဲ့ ဒိန်ချဉ်။ပဲမှုန့်က အရေပြားကို ရောဂါပိုးတွေကူးစက်ခံရမှုက အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က အသားအရေကိုအစိုဓါတ်ထိန်းပေးပြီး လန်းဆန်းကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။အသားအရေကို ကျန်းမာပြီး ကြည်လင်လှပစေနိုင်ပါတယ်။ပဲအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ။ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ဒါမှမဟုတ် ၃ ဇွန်းစာတို့ကို သမအောင်မွှေပါ။သန့်စင်ထားတဲ့ အရေပြားပေါ်မှာ အနှစ်ကို နှံ့နေအောင်လူးပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်ထိလုပ်ပေးလို့ရပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%bb%e1%80%96%e1%80%b4%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9e%e1%80%b0%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc/
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အိပ်ရာထဲမှာပဲ ဘာ့ကြောင့်နားနေခိုင်းတာလဲ
အိပ်စက်အနားယူခြင်း ( အိပ်ရာပေါ်၌သာ အနားယူနေရခြင်း Bed rest)ကို ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ပြဿနာတွေ ဖြစ်မလာစေဖို့အတွက် ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ ဒါပေမယ့် သူ့မှာ ကောင်းကျိုးတွေရှိနေသလို ဆိုးကျိုးတွေကလည်းများပြားလှပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အိပ်ရာပေါ်မှာအနားယူတာအရေးကြီးတယ်ဆိုတာ ကျွန်ုပ်တို့သိကြပြီး အဆင်မပြေမှုတွေကိုဖြေရှင်းနည်းတွေကိုသိဖို့လည်းအရေးကြီးပါတယ်။Bed rest ဆိုတာ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ကလေးရဲ့ကျန်းမာရေးပေါ်ထိခိုက်စေမှာနဲ့ နဂိုရှိရင်းစွဲကျန်းမာရေးပိုဆိုးလာတာကို လျှော့ချနိုင်ဖို့ သင့်ရဲ့ကိုယ်ကာယလှုပ်ရှားမှုတွေကို ရပ်တန့်လိုက်တာပါပဲ။ သင့်ရဲ့ကျန်းမာရေးအကြံပေးပေါ်မူတည်ပြီး သင့်ရဲ့လှုပ်ရှားမှုတွေဟာ လေးလံတာတွေပါတဲ့ အိမ်မှုကိစ္စတွေလုပ်ရတာကစပြီး ကန့်သတ်ခံရကာ ရေချိုးချိန်နဲ့ အိမ်သာသွားချိန်တွေကလွဲပြိး ကျန်တဲ့အချိန်တွေ အိပ်ရာထဲမှာပဲနေဖို့ တင်းကြပ်စွာသတိပေးတားမြစ်ထားနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ ခဏတာလည်းဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်အများစုမှာဒီတိုင်းနေရတာလည်းဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းပြချက်တွေကတော့။Bed rest ဟာ အဆင်မပြေနိုင်တာတွေများစွာရှိသလို ပုံမှန်လုပ်ငန်းဆောင်တာတွေကိုလည်း သင်လုပ်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့အိပ်ရာထဲနေရမယ့်ကာလတွေမှာ အဆင်ပြေစေဖို့ နည်းလမ်းအနည်းငယ်တော့ရှိပါတယ်။စိတ်ဖိစီးမှုတွေလျော့ကျဖို့နဲ့ စိတ်ပူမှုတွေကို မျှဝေဖို့ သင့်ရဲ့လက်တွဲဖော် သို့မဟုတ် အခြားမိခင်လောင်းတွေနဲ့ တီးတိုးစကားဆိုပါ။ဆိုးကျိုးတွေအများကြီးရှိနေပေမယ့်လည်း အိပ်ရာထဲမှာအနားယူခြင်းဟာ ကိုယ်ဝန်ဆောင်ကာလမှာ သင်နဲ့သင့်ကလေးရဲ့ကျန်းမာရေးအတွက် အကာအကွယ်ကောင်းပါပဲ။ အိပ်ရာထဲမှာအနားယူဖို့ညွှန်ကြားခံရတယ်ဆိုရင် သူ့ရဲ့ကောင်းကျိုးဆိုးပြစ်တွေနဲ့ ရင်ဆိုင်ရမယ့်နည်းလမ်းတွေနဲ့ အခြားအချက်အလက်တွေကို ဆရာဝန်ကိုမေးဖို့မမေ့ပါနဲ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae-3/
တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
နေ့စဉ်နဲ့ အမျှဆူညံသံတွေကြားမှာ လှုပ်ရှားသွားလာနေရတာက တကယ်တော့ စိတ်ပင်ပန်းစေပါတယ်။ အထူးသဖြင့် လူနေထူထပ်တဲ့ မြို့ပြတွေမှာပေါ့။ ကားသံတွေ၊ လူသံတွေနဲ့ တစ်နေ့ တစ်နေ့ ဖိစီးလို့ နေပါတယ်။ ဆူညံသံတွေကို နေ့စဉ်ကြားနေရလို့သာ ယဉ်ပါးသလို ဖြစ်နေပေမယ့် တကယ်တော့ ဆူညံသံတွေက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ယနေ့ခေတ်လူသားတွေကတိတ်ဆိတ်ခြင်း ကို ရှာဖွေလာကြပါပြီ။ဆူညံသံတွေကို နောက်ပိုင်းမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုရယ်လို့တောင် ယူဆလာကြပြီး Noise pollution လို့တောင် သတ်မှတ်လာကြပါပြီ။ ဆူညံသံတွေက ရေရှည်မှာ စိတ်ရော ကိုယ်ပါ ပင်ပန်းစေတာကြောင့် ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တာကလည်း ကိုယ့်ကိုယ်ကို အနားပေးရာ ရောက်ပါတယ်။ဆူညံနေတဲ့ ပတ်ဝန်းကျင်ကနေ ခဏလောက်ခွာပြီး တိတ်တိတ်ဆိတ်နေလိုက်တာက အောက်ပါ ကျန်းမာရေး ကောင်းကျိုးတွေကို ရစေပါတယ်။ကိုယ်ကျန်းမာရေးအတွက်ဆိုရင်။စိတ်ကျန်းမာရေးမှာဆိုရင်။ဆူညံနေရင် စိတ်တွေက ဟိုရောက် ဒီရောက်ရောက်ဖြစ်ပြီး ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကလည်း တောင်စဥ်ရေမရ ဖြစ်နေမှာပါ။ ဒါကြောင့် ရုတ်တရက် ပြဿနာနဲ့ တွေ့တယ်အခါ ဘာလုပ်ရမလဲ မစဉ်းစားတတ်တော့ပါဘူး။ တိတ်ဆိတ်ခြင်းက အတွေးတွေကို ငြိမ်သက်စေပြီး အကြံကောင်း ဉာဏ်ကောင်းတွေကို ထွက်စေပါတယ်။တိတ်ဆိတ်နေရင် စိတ်ပျံ့လွှင့်မှု နည်းပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့သူတွေက တိတ်ဆိတ်တဲ့နေရာကို ရွေးချယ်ကြတာပါ။ စိတ်ပျံ့လွှင့်မှု နည်းတဲ့အတွက် ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကိုပဲ အာရုံစိုက်ပါတယ်။ ပြင်ပကို အာရုံလွှင့်တာ နည်းသွားတဲ့အတွက် သတိကောင်းလာပါတယ်။တစ်ခါတလေ တစ်ယောက်ယောက် ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ပြဿနာ တက်လာရင် ငါဘာမှားလို့ ဒီလိုပြောရတာလဲဆိုပြီး ဒေါသတွေ ထွက်နေတတ်ပါတယ်။ တကယ်တော့ အာရုံတွေ ရှုပ်ထွေးပြီး ကိုယ့်ကိုယ်ကို မမြင်နိုင်လို့ပါ။ တိတ်ဆိတ်တဲ့ နေရာမှာ ခဏလောက် ထိုင်ပြီး စဉ်းစားလိုက်ရင် ကိုယ့်အမှား၊ သူ့အမှားတွေကို အမှန်အတိုင်း မြင်နိုင်မှာပါ။၂၀၁၅ကJAMA Internal Medicineမှာ ဖော်ပြချက်အရ တိတ်ဆိတ်ခြင်းက အိပ်မပျော်တာကို သက်သာစေပါတယ်တဲ့။ အိပ်မပျော်တဲ့ ဘိုးဘိုးဘွားဘွားတွေကို ၆ပတ်အကြာ တစ်နေ့ကို အချိန်ပိုင်း တစ်ခုလောက် တိတ်ဆိတ်တဲ့ နေရာမှာ နေခိုင်း (တရားထိုင်)တာက ညဘက်မှာ အလွယ်တကူ အိပ်ပျော်စေတာကို တွေ့ရပါတယ်။သွားသွားလာလာမရှိသေးတဲ့ မနက်စောစောက တိတ်ဆိတ်နေတဲ့အတွက် အဲ့ဒီအချိန်ဆို အိုင်ဒီယာကောင်းတွေ ထွက်တတ်ပါတယ်။အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် တအားဆူပြီး စိတ်တွေ တင်းကြပ်လာပြီဆိုရင် လူရှင်းတဲ့နေရာကို ထွက်သွားလိုက်ပါ။ လူနည်းတဲ့အရပ်က အသံတွေ ဆူတာလည်း နည်းပါတယ်။ အနည်းဆုံးတော့ အနားမှာ ဆူမယ့်သူ မရှိတော့ဘူးပေါ့။ အဲ့ဒီမှာ ၁၅မိနစ်လောက် အချိန်ဖြုန်းပြီးမှ ပြန်လာပါ။မြို့ပြက နယ်မြို့လေးတွေထက်စာရင် လူနေထူထပ်တဲ့အတွက် အသံလည်း ပိုဆူပါတယ်။ ရံဖန်ရံခါ အချိန်ရမယ်ဆိုရင် အေးအေးလူလူ ရှိပြီး တိတ်ဆိတ်တဲ့ အပန်းဖြေစခန်းမှာ ကိုယ်ရော စိတ်ပါ အနားယူလိုက်ပါ။ဆူညံသံတွေက ကိုယ်ရော စိတ်ပါ ပင်ပန်းစေပါတယ်။ ဒါကြောင့် တစ်ခါတလေ တိတ်ဆိတ်မှုကို ရှာဖွေပြီး အနားယူဖို့ လိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-benefits-of-staying-silence/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/common-mistakes-in-controlling-diabetes/
စားပြီးသား ငှက်ပျောခွံက ဘယ်လိုအသုံးဝင်သလဲ
ကြားရတာထူးဆန်းသွားလား။ ငှက်ပျောသီးက အာဟာရဓာတ်ပေါင်းများစွာနဲ့ ကာဗိုဟိုက်ဒရိတ်တွေကြွယ်ဝတဲ့အသီးတစ်မျိုးပါ။ သူ့မှာ ဗီတာမင် B6၊ B12 ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ပါဝင်မှုများပါတယ်။ အဲဒီငှက်ပျောသီးကို စားပြီးရင်တော့ အခွံကိုလွှင့်ပစ်ကြတာပဲလေ။ အခုတော့ အမှိုက်အဖြစ်သတ်မှတ်ကြတဲ့ ငှက်ပျောခွံရဲ့ နည်းလမ်းအမျိုးမျိုးနဲ့အသုံးဝင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။(၁) သွားကို ဖြူစင်တောက်ပစေတယ်။ငှက်ပျောခွံနဲ့ နေ့တိုင်း တစ်မိနစ်လောက်သွားတိုက်ပေးပါ။ တစ်ပတ်လောက်ကြာရင် ပုလဲလုံးလေးတွေစီထားသလို သွားတွေဖြူစင်တောက်ပလာမှာပါ။(၂) ကြွက်နို့သတ်နိုင်တယ်။ငှက်ပျောခွံနဲ့ ကြွက်နို့သတ်လို့ရသလို နောက်ထပ်လည်းမဖြစ်လာအောင် အမြစ်ပြတ်စေတယ်လို့ သိရပါတယ်။ ကြွက်နို့ရှိတဲ့နေရာမှာ။ငှက်ပျောခွံနဲ့ပွတ်ပေးတာ ဒါမှမဟုတ် တစ်ညလောက် ကပ်စည်းထားပေးတာမျိုး လုပ်ရုံပါပဲ။(၃) စားလို့လည်းရတယ်။ငှက်ပျောခွံကိုစားလို့ရပါတယ်။ ငှက်ပျောခွံနဲ့ချက်တဲ့ အိန္ဒိယဟင်းချက်နည်းတွေရှိပါတယ်။ ကြက်သားကို နူးအိစေဖို့လည်း သုံးကြတယ်လို့သိရပါတယ်။(၄) ဝက်ခြံပျောက်တယ်။ငှက်ပျောခွံနဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို တစ်နေ့ ၅ မိနစ်လောက် နှိပ်နယ်ပေးရင် ဝက်ခြံပျောက်ပါတယ်တဲ့။ တစ်ပတ်လောက်ဆို ရလဒ်သိသာနိုင်တယ်လို့ဆိုပါတယ်။(၅) အရေးအကြောင်းတွေလျော့စေတယ်။ငှက်ပျောခွံက အရေပြားကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောခွံကိုကြိတ်ပြီး ကြက်ဥအနှစ်ထည့်ပါ။ မွှေပြီးရတဲ့အနှစ်ကို မျက်နှာမှာလိမ်း၊ ၅ မိနစ်နေရင် မျက်နှာသစ်ပါ။(၆) အကိုက်အခဲပျောက်စေတယ်။ငှက်ပျောခွံကို နာကျင်ကိုက်ခဲနေတဲ့နေရာပေါ် တင်ထား၊ကပ်ထားပေးပါ။ မိနစ် ၃၀ ကြာတဲ့အခါ နာကျင်ကိုက်ခဲမှုသက်သာလာပါလိမ့်မယ်။ အဆီတစ်မျိုးမျိုးနဲ့ရောပြီး လိမ်းကပ်ပေးရင်လည်း ရပါတယ်။(၇) ဆိုရီရေးစစ်အရေပြားပြဿနာကို ကုသနိုင်တယ်။ဆိုရီရေးစစ်အရေပြားနာပေါ် ငှက်ပျောခွံကပ်ထားပေးပါ။ သူက အစိုဓာတ်ကိုထိန်းပေးတဲ့အာနိသင်ရှိတဲ့အပြင် ယားယံမှုကိုလည်း သက်သာစေပါတယ်။ အရေပြားအနာတွေကို အကျက်မြန်စေပြီး အမြန်ဆုံးသက်သာစေမှာပါ။(၈) ကြမ်းပိုးကိုက်အနာတွေကို ကုသနိုင်တယ်။ခြင်ကိုက်၊ ကြမ်းပိုးကိုက်ခံရတဲ့နေရာကို ငှက်ပျောခွံနဲ့နှိပ်ပွတ်ပေးပါ။ နာကျင်မှုနဲ့ အယားသက်သာစေပါလိမ့်မယ်။(၉) ဖိနပ်တိုက်လို့ရတယ်။ဖိနပ်၊ လည်သာနဲ့ ငွေထည်တွေကို ငှက်ပျောခွံနဲ့ပွတ်တိုက်ပေးရင် ပိုမိုတောက်ပလာစေပါတယ်။(၁၀) ခရမ်းလွန်ရောင်ခြည် ကာကွယ်တယ်။ငှက်ပျောခွံက မျက်စိကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောခွံကို နေပူခဏပြပြီး မျက်ခွံပေါ်မှာ ညင်ညင်သာသာ ပွတ်ပေးပါ။ ရေတိမ်ဖြစ်လာနိုင်ခြေကို လျော့နည်းစေပါလိမ့်မယ်လို့ ဆိုပါတယ်။အရေးကြီးတာက –။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%85%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8-%e1%80%84%e1%80%bd%e1%80%80%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%81%e1%80%bc%e1%80%b6%e1%80%80/
Liraglutide ကို သုံးပြီး ဝိတ်ချလို့ရ မရ
လတ်တလောမှာဝိတ်ချဖို့ ထိုးဆေးရှိပြီဆိုပြီး ခေတ်စားနေတဲ့အတွက် ဒီလိုဆေးမျိုး တကယ်ရှိသလား။ ဒါဆို ဝိတ်ကျဖို့ အစားတွေလျှော့၊ လေ့ကျင့်ခန်းတွေ မလုပ်ဘဲ ချလို့ရတော့မှာလားဆိုပြီး သိချင်လာကြပါတယ်။ ဒီလိုမျိုး ဆေးထိုးပြီး ဝိတ်ချလို့ရတယ်ဆိုပြီး နာမည်ကြီးလာတာကတော့ Liraglutide ဆိုတာပဲ ဖြစ်ပါတယ်။Liraglutide ဆိုတာက ဆေးနာမည်ဖြစ်ပြီး သူ့မှာ နာမည်ကြီး brand name Saxendaနဲ့ Victozaဆိုပြီး ရှိပါတယ်။ အရေပြားအောက် အဆီပြင်ထဲကို ထိုးရတဲ့ ထိုးဆေးအမျိုးအစား ဖြစ်ပါတယ်။Victozaကတော့ မြန်မာနိုင်ငံမှာအမျိုးအစား ၂ဆီးချိုသမားတွေအတွက် ဆရာဝန်တွေက လိုအပ်ရင် ညွှန်လေ့ရှိပါတယ်။ သူ့ကို ဝိတ်ကျစေဖို့သက်သက်တော့ မသုံးကြပါဘူး။Saxendaကတော့ သူများနိုင်ငံမှာ ဝိတ်ချတဲ့နေရာမှာ သုံးဖို့ FDA ခွင့်ပြုချက်ရထားပါတယ်။ မြန်မာနိုင်ငံမှာတော့ တရားဝင်တင်သွင်းခွင့် ရှိမရှိ၊ FDA ခွင့်ပြုချက် ရမရ မသိပါ။Liraglutideဆိုတာက glucagon-like peptide-1 (GLP-1) receptor agonist ပဲ ဖြစ်ပါတယ်။ သူက။ဒါကြောင့် ရေရှည်မှာ ဝိတ်ကျတာပါ။Liraglutideက ဆေးလေးထိုးရုံနဲ့ ဝိတ်ကျတာတော့ မဟုတ်ပါဘူး။ လူတိုင်းလည်း သုံးလို့မရပါဘူး။ဒီတော့ ခြုံပြောရရင် ဝတဲ့ သူတိုင်း သုံးရတာမျိုး မဟုတ်ဘဲ အဝလွန်တာကြောင့် နောက်ဆက်တွဲရောဂါဖြစ်နေတဲ့သူတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးသင့်ပါတယ်။ အစားအသောက်ဆင်ခြင်တာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေပါ တွဲလုပ်ပေးရမှာ ဖြစ်ပါတယ်။Liraglutideက တကယ်ပဲ ဝိတ်ကျပါတယ်။ ဆေးစထိုးပြီး ၂ပတ်လောက်ဆို အာနိသင်စပြပါတယ်။အဝလွန်/ ကိုယ်အလေးများနေတဲ့အပြင် သွေးတွင်းအဆီဓာတ်များနေတာ ဒါမှမဟုတ် ဆီးချိုရှိနေတာ ဒါမှမဟုတ် သွေးတိုးရောဂါရှိနေတဲ့ လူအယောက် ၃,၀၀၀ကိုလေ့လာချက်လုပ်ခဲ့ပါတယ်။လေ့လာချက်မှာ ဒီလူနာတွေကိုအစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်း လုပ်ခိုင်းတာအပြင် Liraglutideပါ ထိုးပေးလိုက်တဲ့အခါ တစ်နှစ်အကြာမှာ ၈.၉ပေါင်ကနေ ၁၃.၃ပေါင်အထိ ကျတာကို တွေ့ရပါတယ်။ လူနာရဲ့ တစ်ဝက်လောက်က နဂိုရှိပြီးသား ကိုယ်အလေးချိန်ရဲ့ ၅ရာခိုင်နှုန်းလောက် ကျသွားကြပါတယ်။လေ့လာချက်မှာ ပါဝင်သူရဲ့ ၂၅-၃၃ ရာခိုင်နှုန်းလောက်ကတော့ နဂိုအလေးချိန်ရဲ့ ၁၀ရာခိုင်နှုန်းလောက် ကျသွားကြပါတယ်။ ဒီတိုင်းလေး ဆက်သုံးသွားကြတာ နောက်နှစ်နှစ်လောက်ထိ ဝိတ်ကျတာကို တွေ့ရပါတယ်။ဒါပေမယ့် ဆေးရပ်လိုက်တဲ့အခါမှာ ပြန်ပြီး ဝလာနိုင်ပါတယ်လို့ ဆိုပါတယ်။ဝိတ်ကျတယ်ဆိုပေမယ့် Liraglutideက ဘေးထွက်ဆိုးကျိုးတော့ ရှိပါတယ်။ သုံးတဲ့သူ ၁၀ယောက်မှာ ၁ယောက်လောက်က အောက်ပါ လက္ခဏာတွေကြောင့် ရေရှည် မသုံးနိုင်ပါဘူးတဲ့။ဒီထဲက တချို့သော လက္ခဏာတွေက အချိန်ကြာလာတာနဲ့အမျှ သက်သာသွားတာရှိသလို ဒီလက္ခဏာတွေကြောင့်ပဲ ဆေးရပ်လိုက်ရတာတွေ ရှိပါတယ်။Liraglutideက အပေါ်မှာ ပြောခဲ့သလို သာမန်လက္ခဏာတွေအပြင် တချို့လူတွေမှာ တခြားရောဂါဖြစ်နိုင်ခြေကို များစေပါတယ်။ ဥပမာ။တိရိစ္ဆာန်တွေမှာ စမ်းသပ်ချက်အရ Liraglutideက သိုင်းရွိုုက်ကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။ ဒါကြောင့် မိသားစုထဲမှာ ကင်ဆာမျိုးရိုးရှိနေရင် သတိထားသင့်ပါတယ်။ရှားပေမယ့် ဖြစ်တတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ထိုးနေရင်း ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာမျိုး ဖြစ်လာခဲ့ရင် ချက်ချင်း ရပ်ပြီး ဆေးရုံသွားသင့်ပါတယ်။အထူးသဖြင့် ဆီးချိုုရှိတဲ့သူတွေ၊ ဆိးချိုအတွက် တခြားဆေးတွေလည်း သောက်နေရတယ်ဆိုရင် သတိထားသင့်ပါတယ်။နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူဆိုရင် ကျောက်ကပ်ရောဂါကို ပိုဆိုးစေပါတယ်။ ဆေးထိုးနေရင်း ဆီးနည်းသွားတယ်၊ ဆီးလုံးဝမသွားတော့ဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ပြပါ။ဝိတ်အမြန်ချမယ်ဆိုရင် ဘာနည်းနဲ့ပဲချချ သည်းခြေကျောက်တည်တတ်ပါတယ်။ ဒါပေမယ့် Liraglutideကတော့ တချို့သုံးစွဲသူတွေမှာ သည်းခြေအိတ်ရောင်တာ၊ သည်းခြေကျောက်တည်တာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။လူတိုင်း မဟုတ်ပေမယ့် နဂိုတည်းက စိတ်ကျရောဂါရှိတဲ့သူတွေမှာ ပိုဆိုးစေတယ်လို့ ဆိုပါတယ်။Liraglutideက ဝိတ်ကျတယ်ဆိုပေမယ့်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/liraglutide-and-weight-loss/
ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများ
ဆီးချိုက ကမ္ဘာတလွှားမှာ အဖြစ်များလာတဲ့ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ အရင်က အသက် ၄၀ နောက်ပိုင်းလောက်မှ ဆီးချိုရောဂါ အဖြစ်များတာ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းတွေမှာပါ ဆီးချိုအဖြစ်များလာတာကို  တွေ့လာရပါတယ်။ဆီးချိုဆိုတဲ့နေရာမှာ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားရတာ ရှိသလို ဒီအခြေအနေကို သတိမထားလိုက်မိရင်းကအမျိုးအစား – ၂ ဆီးချိုဖြစ်သွားကြတာတွေလည်း ရှိပါတယ်။  ဒီတစ်ခေါက်တော့လေ့လာချက်တွေရဲ့ ရလဒ်ဖြစ်တဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာရုတ်တရက် နှလုံးရပ်နိုင်ခြေပိုများတယ်ဆိုတဲ့ အကြောင်းလေးကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။ဆီးချိုကို ဆီးချိုသွေးချိုရောဂါလို့လည်း ခေါ်ပါတယ်။ ဆီးချိုသွေးချိုရောဂါဆိုတာကနာတာရှည်ရောဂါတစ်မျိုးပါ။ သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။သွေးချိုဆီးချိုမှာ အမျိုးအစားတွေက ၅ မျိုးအထိ ရှိပါတယ်။ဆီးချိုရောဂါ အများစု အထူးသဖြင့် အမျိုးအစား – ၂ ဆီးချိုက ဆီးချိုမဖြစ်ခင်မှာ ဆီးချိုရောဂါ အကြိုလက္ခဏာကို ခံစားရပါတယ်။ ဒီလိုမျိုး ဆီးချိုရောဂါအကြိုလက္ခဏာကို ခံစားရသူတွေ အဓိကကတော့ လူလတ်ပိုင်းတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်​ခြေ ပိုများနေပါတယ်။ဆီးချိုရောဂါ အမျိုးအစားတိုင်းမှာ ခံစားရတဲ့အစောပိုင်း လက္ခဏာတွေက ခပ်ဆင်ဆင် တူပါတယ်။ ဆီးချိုရောဂါ အမျိုးအစား တစ်ခုခုကို ခံစားရပြီဆိုရင်။ဒီလို လက္ခဏာတွေ တွေ့လာပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။လူလတ်ပိုင်းတွေထဲမှာမှ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေဟာ အခြားသော ဆီးချိုရောဂါ မခံစားရသူတွေထက်ရုတ်တရက် နှလုံးရပ်နိုင်ခြေပိုများနေပါတယ်လို့ လေ့လာမှုအသစ်တွေအရ သိရပါတယ်။ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရသူတွေမှာ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် မြင့်တက်နေတတ်ပါတယ်။ မနက်စောစော အစာမစားခင်ချိန်တဲ့သွေးချိုပမာဏက 100 and 125 mg/dL ရှိနေပါတယ်။ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရတာကို သေချာလေး ကုသတာမျိုး မလုပ်ဖူးဆိုရင် အမျိုးအစား -၂ ဆီးချိုအဆင့်ရောက်သွားပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားလာရပြီး ရုတ်တရက် နှလုံးရပ်တာနဲ့ အရွယ်မတိုင်ခင် သေဆုံးမှုတွေကို ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေက အခြားကျန်းမာတဲ့သူတွေထက် 1.7 ဆလောက် ပိုများနေပါတယ်။ဆီးချိုရောဂါ ရှိနေတာက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများစေတဲ့အချက်ပါ။ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် နှလုံးရောဂါကို ခံစားရတာတင် မဟုတ်ပါဘူး။ သွေးတိုး ရောဂါ၊ သွေးတွင်းကိုလက်စထရော များတာတွေကိုပါ ခံစားရပါတယ်။ ဆေးလိပ်ပါသောက်မယ်ဆိုရင်တော့ ဆီးချိုရှိသူတွေမှာ နှလုံးရောဂါ ခံစားရနိုင်ခြေက ပိုများနိုင်ပါတယ်။ဆီးချိုရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတာက သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေကို ထိန်းချုပ်ထားတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကို ပျက်စီးစေနိုင်လို့ပါ။ ဒီလို ပျက်စီးမှုတွေက အချိန်ကြာလာတဲ့အခါ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ဆီးချိုရောဂါ အကြိုလက္ခဏာနဲ့ အမျိုးအစား -၂ ဆီးချို ခံစားနေရသူ လူငယ်တွေကတော့ အခြား ဆီးချိုမရှိတဲ့သူတွေထက် နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေက ၂ ဆလောက် ပိုများနေပါတယ်။ဒါပေမယ့် သတင်းကောင်းတစ်ခုက သွေးချိုကို သေချာထိန်းမယ်။ အရက်နဲ့ ဆေးလိပ်ဖြတ်မယ်ဆိုရင်တော့ ဆီးချိုကြောင့် နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာတွေ ခံစားရနိုင်ခြေ နည်းပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/prediabetes-up-heart-attack-risk/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/stay-at-home-benefits/
ပျားရည်နဲ့ ဆံကေသာကို ပေါင်းတင်ကြရအောင်
အသားအရေကို ထိန်းသိမ်းတဲ့အိမ်သုံးပစ္စည်းတွေထဲမှာ ပျားရည်ဟာလည်း အလွန်နာမည်ကြီးပါတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းသလို အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ပေးစွမ်းနိုင်တယ်။ လုပ်ရတာလည်း လွယ်ကူသလို အချိန်မကုန် အလုပ်မရှုပ်တဲ့အတွက် ကိုယ့်အိမ်မှာပဲ အချိန်ခဏလေးပေးပြီး အသားအရေထိန်းသိမ်းလို့ရတယ်။ပျားရည်ကို အများစုက မျက်နှာပေါင်းတင်တဲ့နေရာမှာ သုံးတဲ့ သဘာဝ Mask အဖြစ်အသုံးပြုကြပါတယ်။ အချိန် ၁၀ မိနစ်လောက်ပေးပြီး မျက်နှာမှာ ကပ်ထားရုံနဲ့ ဝက်ခြံအဖုအပိမ့်တွေကို သက်သာစေပြီးအမည်းစက်တွေကို ဖယ်ရှားပေးတယ်။ အဆီပြန်ခြင်းကင်းပြီး နူးညံ့ချောမွေ့တဲ့ မျက်နှာအသားအရေကို ရစေတယ်။ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အသားအရေကိုလည်း ဖြူစင်ဝင်းပလာစေပါတယ်။အရင်ဆောင်းပါးတွေတုန်းက ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေအကြောင်း ပြောပြခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာ ဆံကေသာအတွက် ပျားရည်ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာနဲ့ သူ့ရဲ့ အားသာချက်တွေကို ပြောပြပေးသွားပါမယ်။ဆံကေသာကို ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတဲ့နောက် ပျော့ဆေးအဖြစ်နဲ့လည်း အသုံးပြုကြသလို ခေါင်းမလျှော်ခင်မှာ အရင်ပေါင်းတင်တာမျိုးတွေလည်း ရှိပါတယ်။ ဘယ်လိုပုံစံပဲ သုံးပါစေ ပျားရည်နဲ့ ဦးရေပြားပေါင်းတင်မယ်ဆိုရင်။ကဲ ဒါဆိုရင် ပျားရည်နဲ့ ဦးရေပြားကို ပေါင်းတင်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ ပြောပြပေးမယ်နော်။အရင်ဆုံး ခေါင်းမလျှော်ရသေးရင် ရေနည်းနည်းစွတ်ထားပေးပါ။ ပျားရည် ခွက်တစ်ဝက်၊ သံလွင်ဆီ သို့မဟုတ် အုန်းဆီ တစ်ဇွန်းစာကို သမအောင် ရောပြီး မွှေထားပေးပါ။ ပြီးရင် မွှေထားတဲ့ ပျားရည်အနှစ်ကို မီးဖိုမှာ မိနစ် ၂၀ခန့် အပူပေးဖို့လိုပါတယ်။ အေးသွားပြီဆိုတော့မှ ဦးရေပြားနဲ့ ဆံသားတွေကို နေရာအနှံ့သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ နှိပ်တဲ့အခါ ဦးရေပြားကို လက်ချောင်း၊ လက်မနဲ့ဖိပြီး စက်ဝိုင်းပုံသဏ္ဍာန် နှိပ်ပေးပါ။ ခေါင်းကို ရေမစိုစေတဲ့ ခေါင်းစွပ်၊ ဒါမှမဟုတ် ပလတ်စတစ်အိတ်နဲ့ ခေါင်းကို စွပ်ထားပြီး နာရီဝက်ခန့်ကြာမှ ရေနဲ့ပြောင်စင်အောင် လောင်းပြီး ခေါင်းပြန်လျှော်ပေးပါ။ခုပြောပြပေးမယ့် နည်းလမ်းကတော့ ဒိန်ချဉ် ခွက်တစ်ဝက်၊ ပျားရည် ၄ဇွန်း၊ အုန်းဆီ ၂ဇွန်းကို သမအောင် ရောမွှေပေးပါ။ ၁၅ မိနစ်ခန့် အပူပေးပြီးရင် အအေးခံထားပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ ဦးရေပြားကို ရေနည်းနည်းစွတ်ပြီးတော့မှ ပျားရည်အနှစ်နဲ့ သုတ်လိမ်းပေးရမှာပါ။ နာရီဝက်လောက် ဒီအတိုင်းထားပြီးမှ ရေနဲ့ပြောင်စင်အောင်ဆေး၊ ပြီးရင် ခေါင်းပြန်လျှော်ပေးရမှာပါ။ငှက်ပျောသီး ၂လုံးလောက်ကို ကျေညက်နေအောင် ချေပြီးသွားရင် ပျားရည် ၂ဇွန်း၊ သံလွင်ဆီ ၂ဇွန်းရောမွှေပေးရပါမယ်။ ဆံပင်ရှည်တဲ့သူတွေဆိုရင် ဆီ ပိုထည့်ပြီး မွှေရပါမယ်။ ဦးရေပြားနေရာအနှံ့သုတ်လိမ်းပြီး ယားလွန်းတဲ့နေရာမှာ နှိပ်ပေးရင်း ဖြည်းဖြည်းချင်းကုတ်ပေးပါ။ ပြီးသွားမှ ဒီအတိုင်းထားထားပြီး ၁၀မိနစ်လောက်နေရင် ရေနဲ့ပြန်လောင်းပြီး ခေါင်းပြန်လျှော်ပေးပါ။ကြက်ဥတစ်လုံးကိုအရင်ခေါက်ပြီး ပျားရည် ၂ဇွန်း၊ အုန်းဆီ ၂ဇွန်း ထည့်မွှေပေးပါ။ ဦးရေပြားနဲ့ ဆံသားတွေကို သေချာပွတ်လိမ်းပြီးသွားရင် ဆံသားတွေကို အရင်းမှ အဖျားထိ ဖြည်းဖြည်းချင်း ပွတ်ဆွဲပေးပါ။ မိနစ် ၂၀ လောက်ထားပြီးသွားရင် ရေကျက်နွေးနဲ့ ခေါင်းပြန်လျှော်ပေးပါ။ပျားရည်ကို ဘယ်လိုအသားအရေပိုင်ရှင်မျိုးမဆို သုံးလို့ရပေမယ့် ဓာတ်မတည့်တဲ့သူတွေ၊ သုံးပြီး ၅မိနစ်လောက်မှာ အင်ပျဉ်ထလာတာ၊ မခံမရပ်နိုင်အောင် ယားလာတယ်ဆိုရင်တော့ ဆက်မသုံးသင့်ပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%95%e1%80%ba%e1%80%ac%e1%80%b8%e1%80%9b%e1%80%8a%e1%80%b9%e1%80%94%e1%80%b2%e1%82%94-%e1%80%86%e1%80%b6%e1%80%b1%e1%80%80%e1%80%9e%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%b1%e1%80%95%e1%80%ab/
ကိုယ့်ကိုယ်ကို တစ်ဝကြီး ချစ်လိုက်စမ်းပါ။
အချစ်ခံချင်လို့တို့၊ ချစ်ရမယ့်သူ မရှိဘူးလို့ ဆိုပြီး ဝမ်းနည်းမနေပါပဲ။ ဘယ်သူမှ မရှိလည်း ကိုယ်ကိုယ်တိုင်တော့ ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ။ကိုယ့်ကိုယ်ကို ချစ်ပါဆိုတာကို ဒီဘက်ခေတ်မှာ တော်တော်အသုံးများလာကြပါပြီ။ အဓိကကတော့ လူတွေက ပြိုင်ဆိုင်မှုတွေ ကြားထဲမှာ ပင်ပန်းလာကြတယ်။ ရုပ်ပင်ပန်းတာထက်စာရင်စိတ်ပင်ပန်းတာက ပိုများလာကြတယ်။ ဒါပေမယ့်လည်း ရပ်တန့်လို့မရဘူး။ကိုယ်ကိုယ်တိုင် မဟုတ်ရင်တောင် ကိုယ့်ကို မှီခိုနေတဲ့ မိသားစုရှိသေးတာကိုး။ဒါကြောင့် ဒီဘက်ခေတ် စိတ်ပညာရှင်တွေ၊ motivational speakerတွေက ကိုယ့်ကိုယ်ကို ချစ်ပါ။ တိုးတက်အောင် ကြိုးစားပါလို့ ပြောလာကြတာပါပဲ။ဒီနေရာမှာ လူတွေ အထင်မှားနေကြတာက တချို့က အရာအားလုံးကို လက်လျှော့လိုက်တာက ကိုယ့်ကိုယ်ကို ချစ်တာလို့ မြင်တယ်။ တချို့ကလည်း ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ အတ္တဆန်တဲ့ စိတ်ပဲ။ ကိုယ်က လွဲရင် ဘာမှမသိတဲ့သူလို့ ထင်တယ်။ တကယ်က အဲ့ဒီနှစ်ခုကြားပါ။လူက ကိုယ့်ကိုယ်ကို မချစ်တတ်ရင် သူများကို မချစ်တတ်ပါဘူး။ ကိုယ့်ကိုယ်ကိုတောင် မစောင့်ရှောက်နိုင်ရင် သူများကို ဘယ်လိုစောင့်ရှောက်ရမလဲ မသိပါဘူး။အရာရာတိုင်းကို အတင်းကြီးအကောင်းမြင်နေဖို့ မလိုပါဘူး။ ကောင်းရင်လည်း ကောင်းတဲ့အလျောက်၊ ဆိုးရင်လည်း ဆိုးတဲ့အလျောက် လက်ခံလိုက်ပါ။ ပြီးရင် အကောင်းဆုံး တုံ့ပြန်ပါ။ သူ့ဘက် ကိုယ့်ဘက်ကြည့်ပါ။ကိုယ့်ကိုယ်ကိုခွင့်လွှတ်ခိုင်းတာပါ။ တစ်ခါတလေမှာ ကိုယ်မသိတာလည်း ရှိမယ်၊ မှားတာလည်း ရှိမယ်။ နားလည်ပေးပါ။ ခွင့်လွှတ်ပေးပါ။ သူများကsorryဆို ခွင့်လွှတ်ပေးတယ် မလား။ ကိုယ့်ရဲ့ sorryကိုလည်း လက်ခံပေးပါ။ကိုယ့်ကိုယ်ကို သနားစရာကောင်းအောင် မနေပါနဲ့။ လူတိုင်း စိတ်ဆန္ဒကို လိုက်လျောပေးစရာ မလိုပါဘူး။ (သမီးရည်းစား အပါအဝင်ပေါ့) မငြင်းရက်လို့၊အားနာလို့ လုပ်ပေးလိုက်ရတာတွေ တော်လိုက်ပါတော့။ လုပ်နိုင်သလောက်ပဲ လုပ်ပေးပါ။  အကြောင်းအရင်းမရှိဘဲ တစ်ယောက်ယောက်ကို တာဝန်ယူနေစရာ မလိုပါဘူး။တစ်နေ့ကို အချိန်နည်းနည်းလောက်ပေးပြီး ကိုယ့်ကိုယ်ကို လှည့်ကြည့်ပါ။ ကိုယ့်ရဲ့ စိတ်ထဲမှာ ဘာတွေ ခံစားနေရလဲ။ ဘာတွေက ကိုယ့်ကို စိတ်ညစ်စေတာလဲ အကြောင်းရင်း ရှာကြည့်ပါ။တစ်နေ့ကို ကိုယ့်မှာရှိတဲ့ကံကောင်းမှုတွေ ချရေးကြည့်ပါလား။ ဥပမာ ဒီနေ့ အသက်ရှင်နေသေးတယ်၊ လက်တွေခြေတွေ လှုပ်နိုင်သေးတယ် ဒီလို အသေးစိတ်လေးတွေပေါ့။ ၁၀ခုက စရေးကြည့်ပါ။ အခု ၁၀၀ပြည့်အောင် သင်ရေးနိုင်မှာပါ။ဒီလို ကောင်းကောင်းမွန်မွန် နေနေတဲ့ ကိုယ့်ကိုရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုရော ကျေးဇူးတင်စကားပြောပါ။ နောက်ဆုံး ထမင်းစားရင်တောင်၊ ကားစီးရင်တောင်ကျေးဇူးတင်စိတ်လေးနဲ့ နေလို့ရပါတယ်။ ဟုတ်တယ်လေ။ ထမင်းစားရဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ၊ ကားမရှိရင် လမ်းလျှောက်သွားနေရမှာပေါ့။ ဒီလို သက်သောင့်သက်သာ နေနိုင်တာ ကိုယ့်ရဲ့ ကံကောင်းမှု၊ ဒီပစ္စည်းကို ထွင်ခဲ့တဲ့ လူတွေရဲ့ ကျေးဇူးတင်စရာ အချက်တွေပါပဲ။ကိုယ့်ကိုယ်ကိုလည်း မှန်ထဲကြည့်ပြီးချီးကျူးပေးပါ။ သူများရဲ့ အရှိတရား တစ်ခုခုကို မြှောက်ပင့်တာမျိုး မဟုတ်ဘဲ စိတ်ရင်းအမှန်နဲ့ ချီးကျူးပေးပါ။ သင့်ပတ်ဝန်းကျင်က နွေးထွေးသွားမှာပါ။ညဘက်မှာ တောင်တွေး မြောက်တွေး တွေးပြီး အိပ်မပျော်နိုင် ဖြစ်နေပြီလား။ တကယ်တော့ သင်တွေးနေတာတွေက မဖြစ်သေးတဲ့ ကိစ္စတွေပါ။ ဖြစ်မယ်ဆိုရင်တောင် ရာခိုင်နှုန်းနည်းပါတယ်။ သင်ကတော့ အကြီးကြီးတွေ တွေးပြီး ကိုယ့်စိတ်ကိုယ်ကို ဒုက္ခတွေ ပေးလို့။ဒီလိုမျိုး လူတိုင်း ဖြစ်ဖူးပါတယ်။ ဒါပေမယ့် ကိုယ်စိုးရိမ်ထားတဲ့ ကိစ္စကြီး ဘယ်နှခါများ လက်တွေ့ဖြစ်ခဲ့ပါသလဲ။ ဒီလို အခက်အခဲအတွက် အကောင်းဆုံးနည်းလမ်းက တစ်ဆုံးထိတွေးပစ်လိုက်တာပါပဲ။ ဘယ်လောက်ထိ ဆိုးနိုင်မလဲ။ ဆိုးချင်သလောက် ဆိုးစမ်းဆိုပြီး တစ်ဆုံးထိတွေးချလိုက်တာပါ။အဆိုးဆုံး တွေးလိုက်တာတောင် အသက်ရှင်နိုင်တဲ့ အခွင့်အလမ်း ရှိနေသေးရင် ဒါပြဿနာ မဟုတ်သေးပါဘူး။ စိတ်ချလက်ချ အိပ်လိုက်ပါတော့။ပြဿနာတွေနဲ့ ကြုံလာရင် လုပ်စရာက ၂ခုတည်းရယ်ပါ။ ရှင်းမှာလား၊ ပြေးမှာလား။ ရှင်းသင့်တဲ့အခါ ရှင်းရသလို ပြေးသင့်တဲ့အခါ ပြေးလိုက်ပါ။ တချို့ပြဿနာတွေက ရှင်းလေ ရှုပ်လေမဟုတ်လား။ ခဏလောက် ပြေးပြီး ပြီးမှ ပြန်လာရှင်းပါ။ ပြီးတော့ ရှင်းလို့ရနေသရွေ့ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ကိုယ့်ကိုယ်ချစ်တယ်ဆိုတဲ့နေရာမှာ စိတ်တင်မကပါဘူး။ ရုပ်လည်း ဂရုစိုက်ရပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တယ်ပြောပြီး ကိုယ်နဲ့ မတည့်တာတွေ လျှောက်စားနေရင် မဟုတ်သေးပါဘူး။ စောစောအိပ်၊ စောစောထ၊ အာဟာရရှိတာစား၊ မတည့်တာရှောင်၊ လေ့ကျင့်ခန်းလုပ် ဒီလောက်ပါပဲ။ကိုယ့်ကိုယ်ကိုလည်း လှအောင်နေဖို့ မမေ့ပါနဲ့။ ဘယ်လိုပဲ အရေပြားတစ်ထောက်စာ အလှဆိုဆို လူကြားထဲမှာ နေနေသေးရင်တော့ လိုပါတယ်။ ဒါကြောင့် လှလှပပ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေ။ Impression မ down စေနဲ့။အဆုံးသတ်အနေနဲ့ ချုပ်ပြီး မှာရရင် ကိုယ့်ဟာကိုယ် ချစ်တယ်ဆိုရင် ကောင်းတာပဲလုပ်၊ ကောင်းတာပဲပြော၊ ကောင်းတာပဲတွေး။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေပဲထား။ ကိုယ့်ဟာကိုယ်လည်း စိတ်ညစ်မခံနဲ့။ သူများကိုလည်း စိတ်ညစ်အောင် မလုပ်နဲ့။ခေါင်းထဲမှာ ကိုယ်ထဲမှာ မကောင်းတာတွေ ဘာမှ မထားနဲ့။ လက်လွှတ်စရာရှိတာ လက်လွှတ်၊ ခွင့်လွှတ်စရာရှိတာ ခွင့်လွှတ်။ လူမှာ သိုးဖြူ သိုးမည်း နှစ်ကောင်ရှိတာ သိတယ်ဟုတ်။ သိုးဖြူကိုပဲ အစာကျွေးစမ်းပါ။ သိုးမည်းကို အစားသွားကျွေး မနေပါနဲ့။ဘယ်သူမှ မရှိလည်း ကိုယ့်ကိုယ်ကို တစ်ဝကြီး ချစ်လိုက်စမ်းပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%b7%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%85%e1%80%ba%e1%80%9d%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/
ခေါင်းခဏခဏ ကိုက်တတ်တာ ဘာကြောင့်လဲ
ခေါင်းကိုက်တာက သာမန် အချိန်မှာ ပြောတော့သာ ခပ်ပေါ့ပေါ့နော်။ ခေါင်းတကယ် ကိုက်နေချိန်မှာ ခေါင်းကိုက် တယ်လို့ ပြောရတာက အတော်လေး ခံစားရခက်တဲ့ ကိစ္စပါ။ခေါင်းကိုက်တာက နေ့စဉ် ဘဝမှာ အချိန်မရွေး ခံစားရနိုင်တဲ့ကျန်းမာရေး ပြဿနာပါ။ ဒါပေမယ့် နေ့တိုင်း ခံစားနေရတဲ့ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ တကယ်လို့ ခေါင်းကိုက်တာကို နေ့စဉ် လိုလို ခံစားနေရပြီဆိုရင် တစ်ခုခု မှားယွင်းနေတာ ဖြစ်နိုင်ပါတယ်။ဒီတော့ ဘာကြောင့်ခေါင်းခဏခဏ ကိုက်ရတာလဲဆိုတာကို အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ခေါင်းကိုက်တယ်ဆိုတာက ခေါင်းထဲမှာနေရတာ သက်သောင့်သက်သာမရှိတဲ့အနေအထားမျိုးပါ။ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့ အခြေအနေ တစ်ရပ်ပေါ့။ခေါင်းတဝိုက်က ကြွက်သားတွေနာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။လှုပ်ရှားလွန်းတာကြောင့် ဖြစ်နိုင်သလို ခေါင်းထဲမှာရှိတဲ့ နာကျင်မှုကိုအာရုံခံတဲ့ အစိတ်အပိုင်းတွေမှာ ပြဿနာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။ခေါင်းကိုက်တာက တစ်ပတ်ကို တစ်ကြိမ်လောက်ဆိုရင် ပုံမှန်လို့ ပြောလို့ ရပေမယ့် ခဏခဏ ခေါင်းကိုက်နေမယ်ဆိုရင်တော့ အခုလို အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။အဖျားရှိနေတာ၊ အအေးမိတာတွေကြောင့် တစ်နေ့တာမှာ ခဏခဏ ခေါင်းကိုက်နိုင်ပါတယ်။ အဖျားရှိတဲ့အခါ သွေးပေါင်ချိန် တက်တာ၊ ကိုယ်တွင်းမှာ ရေဓာတ် နည်းတာတွေကြောင့် ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ကြွက်သားတွေ တောင့်တင်းနေတာ အထူးသဖြင့် လည်ပင်း နဲ့ ဇက်ကြောတဝိုက်က ကြွက်သားတွေ တောင့်တင်းနေတာက ခဏခဏ ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းပါ။ကွန်ပျူတာ တစ်ချိန်လုံး ကြည့်နေရသူတွေ၊ ဖုန်း အသုံးများတဲ့သူတွေမှာ ခံစားရနိုင်ပါတယ်။ခန္ဓာကိုယ်ထဲမှာ ရေဓာတ် နည်းနေတဲ့အခါ ဇက်တဝိုက်နဲ့ လည်ပင်းက ကြွက်သားတွေ တောင့်တင်းပြီး ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ကိုယ်တိုင်က ရေသောက်နည်းမယ် ရာသီဥတု ပူနွေးစိုစွတ်တာကြောင့် ချွေးထွက် များမယ်ဆိုရင်တော့ ခေါင်းခဏခဏ ကိုက်နေရတဲ့ အကြောင်းအရင်းက ကိုယ်ထဲမှာ ရေဓာတ် နည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ခေါင်း ခဏခဏ ကိုက်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ရပ်ကတော့ သွေးတိုးတာပါ။ သွေးတိုးတဲ့အခါ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေကို ခံစားရနိုင်ပါတယ်။ခေါင်းကိုက်တာနဲ့အတူ နားထင်နားက သွေးကြောလေးက တဒုတ်ဒုတ် ခုန်နေပြီဆိုရင်တော့ သွေးပေါင်ချိန်ကြည့်ဖို့ လိုပါပြီ။ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာကြောင့်လည်း ခေါင်းခဏခဏ ကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဓိက ဇာတ်လိုက်တွေ ဖြစ်တဲ့ serotonin နဲ့ estrogen ဟော်မုန်းတွေ ပြောင်းလဲမှုက ခေါင်းကိုက်ခြင်းကို အစပျိုး စေနိုင်ပါတယ်။ ဟော်မုန်း အတက်အကျ ကလည်း ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းဆိုတာ မေ့မထားပါနဲ့။စိတ်ညစ်စရာတွေကို သိမ်းထားတတ်သူတွေ သာမန် အခြေအနေ အသေးအဖွဲလေးတွေကိုကအစ လိုက်ပြီး စိတ်ဖိစီးတတ်သူတွေက ခေါင်းခဏခဏ ကိုက်တတ်ကြပါတယ်။ ဒါကြောင့် ခဏခဏ ခေါင်းကိုက်နေပြီဆိုရင် စိတ်ဖိစီးမှုတွေကို သိမ်းထားမိပြီလားဆိုတာကို ကိုယ်တိုင် ဆန်းစစ်ပြီး ရှင်းထုတ် လိုက်ပါလို့ အကြံပြုပါရစေ။စိတ်ဖိစီးမှု များတဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။ ဒီတော့ သက်သာစေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်တာ၊ ဝင်လေထွက်လေ မှတ်တာမျိုး လုပ်ပေးပါ။ ယောဂလေ့ကျင့်ပေးလို့လည်း ရပါတယ်။ခေါင်းခဏခဏ ကိုက်တတ်တာ ဘာကြောင့်လဲ ……… ကိုယ်တိုင်ရော အဖြေထွက်ပြီလား ………..။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/why-often-get-headache/
ဆိုင်မသွားဘဲ စပျစ်သီးလေးနဲ့ အသားအရေ ထိန်းသိမ်းကြမယ်
စပျစ်သီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း အတော်များများသိကြပြီးဖြစ်မှာပါ။ စပျစ်သီးလေးရဲ့ချိုမြတဲ့အရသာနဲ့ ဆေးဖက်ဝင်ပြီး ကင်ဆာပါကာကွယ်တယ်ဆိုတဲ့ စပျစ်စေ့ရဲ့ ကောင်းကျိုးကလည်း မက်လောက်စရာပါ။ သည်လိုချစ်စရာကောင်းတဲ့ စပျစ်သီးလေးတွေက ကိုယ်ခံအားကိုကောင်းစေပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် အသားအရေ အတွက်လည်း နုပျိုလှပမှုမှာ။နတ်ဆေးတမျှ အစွမ်းထက်တယ်လို့ ဆိုပါတယ်။သူ့မှာပါတဲ့ဗီတာမင်စီက အရေပြားထဲက collagen ထုတ်လုပ်မှုကိုတိုးစေပြီး အရေပြားရဲ့ကျုံ့ဆန့်နိုင်စွမ်းကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဗီတာမင်အေက အသားအရေလှပကျန်းမာမှုကို အားဖြည့်ပေးပြီး အသားဖြူဝင်းလှပစေနိုင်တယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့်လည်း အရေးအကြောင်းတွေကိုလျော့စေတယ်၊ အသားညက်ညောစေတယ်၊ နေလောင်ဒဏ်နဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်က။ကာကွယ်ပေးတယ်လေ။ကဲ စပျစ်သီးလေးနဲ့ အသားအရေကို ဘယ်လိုတွေထိန်းသိမ်းလို့ရမလဲ ကြည့်ရအောင်။စပျစ်သီးမှာပါတဲ့ဗီတာမင်ဓါတ်တွေက အသားအရေကိုအသစ်မွေးဖွားလိုက်သလို နုပျိုစေပြီး အသားဖြူဝင်းစေနိုင်ပါတယ်။ ညစ်နေတဲ့အသားလေး ဖြူဝင်းစေမယ့်နည်းက ကြိတ်ထားတဲ့စပျစ်သီးအနည်းငယ်၊ ရေပန်းကန်လုံးတစ်လုံးစာပဲ လိုပါတယ်။စပျစ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အသားအရေကိုသဘာဝအတိုင်း ဝင်းလက်တောက်ပလာစေနိုင်ပါတယ်။ tannic acid ပါဝင်မှုကြောင့် အသားအရေချောမွတ်စေလို့ ဒီပေါင်းတင်နည်းနဲ့ တစ်ပတ်တစ်ကြိမ်လုပ်ပေးရုံနဲ့ ရလဒ်သိသာနိုင်လိမ့်မယ်။ ဒီနည်းမှာတော့ စပျစ်အသားအနှစ် တစ်ဇွန်းနဲ့ ပျားရည်ပါဝင်ပါတယ်။ဝက်ခြံတွေသက်သာစေတဲ့အပြင် ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့အမာရွတ်တွေနဲ့ အမည်းစက်တွေကိုပါ လျော့ပါးစေနိုင်ပါတယ်။ တစ်ပတ်နှစ်ကြိမ်သုံးနိုင်တဲ့နည်းပါ။စပျစ်သီးဟာ ခြောက်သွေ့တဲ့အသားအရေကို သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးထားနိုင်စွမ်း ရှိပါတယ်။ အသားအရေကို နူးညံ့စိုပြေလှပစေနိုင်လို့ ပုံမှန်လုပ်ပေးသင့်တဲ့ ပေါင်းတင်နည်းဖြစ်ပါတယ်။ စပျစ်သီးအနှစ်တစ်ဇွန်း၊အုတ်ဂျုံတစ်ဇွန်း၊ပျားရည်တစ်ဇွန်း၊ကြက်ဥအနှစ်တို့ လိုအပ်ပါတယ်။အားလုံးပဲ အပြစ်အနာအဆာကင်းပြီး ဖြူစင်လှပတဲ့မျက်နှာလေး ပိုင်ဆိုင်နိုင်ကြပါစေနော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%99%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%98%e1%80%b2-%e1%80%85%e1%80%95%e1%80%ba%e1%80%85%e1%80%b9%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%9c/
ဆီးကျောက်တည်တာကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကောင်းများ။ ။
ဆီးကျောက်တည်တယ်တဲ့ ဆိုတဲ့ ပြဿနာဟာ လူတိုင်းကြားဖူးနေကြဖြစ်တဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ မြန်မာနိုင်ငံမှာဆို ထုံးဓါတ်များတဲ့ အလယ်ပိုင်းဒေသမှာနေရတဲ့ လူတွေက ပိုဆိုးတာပေါ့။ သူတို့ဆီမှာ အဖြစ်အများဆုံးပြဿနာက ဆီးကျောက်တည်တဲ့ ပြဿနာလေ။ ဒါပေမယ့် ထုံးဓါတ်များတဲ့နေရာမှာ မနေပေမယ့် ဆီးကျောက်တည်တဲ့သူတွေလည်း အများကြီးပါ။ရေများများသောက်လေလေ ဆီးအနည်ကျတာ နည်းလေလေဖြစ်ပြီး ဆီးကျောက်တည်တဲ့ပြဿနာတွေ ဝေးသွားမှာ ဖြစ်ပါတယ်။ ရေသောက်နည်းတဲ့အချိန်သွားတဲ့ဆီးအရောင်က အရောင်ရင့်နေတတ်ပါတယ်။ ရေများမျာသောက်ဆိုတဲ့နေရာမှာ ရိုးရိုးရေ တစ်မျိုးတည်းကသာ အသင့်တော်ဆုံး ဖြစ်မှာပါ။ဆိုဒီယမ်နဲ့ ဆားဓါတ်တွေဟာ ရေကို ဆွဲယူတဲ့ အာနိသင်ရှိတာကြောင့် ေရဓါတ်ခမ်းခြောက်လေ့ရှိပါတယ်။ ရေဓါတ်ခမ်းခြောက်ရင် အနည်ပိုကျပြီးဆီးကျောက်ပိုတည်တတ်ပါတယ်။ ဒါေ့ကြာင့် အငန်လျှော့စားပါ။ အရွယ်ရောက်ပြီးသားသူတစ်ယောက်ဟာ တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏလောက်သာ စားသင့်ပါတယ်။အဝလွန်လေလေကျောက်ကပ်ပေါ်သက်ရောက်တဲ့ ဖိအားများလေလေနဲ့ ကျော်ကပ်ပိုအလုပ်လုပ်ရလေလေဖြစ်ပြီး စွန့်ပစ်ရမယ့် ပစ္စည်းတွေ မစွန့်ပစ်နိုင်ဖြစ်သွားကာ ဆီးကျောက်တည်တဲ့ပြဿာနတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုကိုလိုအပ်ပါတယ်။calcium oxalate ဆိုတာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေတဲ့ဓါတ်အမျိုးအစားတစ်ခုပါ။ ဒီတော့ calcium oxalate များတဲ့အစားအစာတွေကြောင့် ကိုယ်ခန္ဓါထဲမှာ သူတို့တွေများလာတဲ့အခါ ဆီးကျောက်တည်တဲ့ ပြဿနာ ပိုဖြစ်စေမှာပါ။ ဒါ့ကြောင့် calcium oxalate များတဲ့အစားအစာတွေဖြစ်တဲ့စပျစ်သီး၊အာလူး၊ ပဲပိစပ်၊ ဟင်းနုနွယ်၊ ချော့ကလက်၊ ရေကညွန့် လက်ဖက်နဲ့ ကန်စွန်းဥ စတာတွေကို လျှော့စားရမှာ ဖြစ်ပါတယ်။အရက်ဟာ ဆဲလ်တွေဆီက ရေဓါတ်ကို ဆွဲထုတ်ပြီး ဆဲလ်တွေထဲ ရေဓါတ်ပြန်ဝင်ခြင်းကို တားဆီးတာကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းကိ ုဖြစ်စေတဲ့အရာတစ်ခုပါ။ ဒ့ါကြောင့်ဆီးကျောက်တည်မှာ ကျောက်တဲ့သူတွေအနေနဲ့ အရက်ကို လုံဝရှောင်သင့်ပါတယ်။ကဖင်းဓါတ်များတဲ့ ကော်ဖီလက်ဖက်ရည်တွေဟာ ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ရေဓါတ်ကို ခမ်းခြောက်စေတာကြောင့် ဆီးကျော်တည်မှ ာကြောက်တဲ့သူတွေ အနေနဲ့ ကဖင်းဓါတ်ကို လျှော့ချဖို့ လိုပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-track-stones/urine-stone/
အကိုက်အခဲပျောက်ဆေး အကြောင်း တစေ့တစောင်း
နေ့စဉ်နဲ့အမျှ ကြုံတွေ့ရနိုင်တာကတော့ကိုက်ခဲနာကျင်မှုတွေပါ။ ကိုက်ခဲနာကျင်မှုတွေက သက်သောင့်သက်သာမဖြစ်ဘဲ နေ့စဉ်အလုပ်တွေကို ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ မြန်မြန်သက်သာလေ ကောင်းလေလေပါပဲ။ ဒါကြောင့်အကိုက်အခဲပျောက်ဆေး တွေကို ကြည့်လိုက်ရင် အများကြီး ရှိနေတာပါ။အကိုက်အခဲပျောက်ဆေးတွေကို အဓိက ၂မျိုး ခွဲထားပါတယ်။ အလွယ်ပြောရရင် ဘိန်းပါတာနဲ့ မပါတာပါ။ Opioidနဲ့ Non-opioid analgesicsဆိုပြီး ခေါ်ကြပါတယ်။ဘိန်းမပါတဲ့ အကိုက်အခဲပျောက်ဆေးတွေမှာမှ ၂မျိုးထပ်ခွဲထားပါတယ်။၂မျိုးလုံးကတော့နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ WHO ရဲ့ နာကျင်မှု ကုထုံးအရ သာမန်နာကျင်မှုတွေကနေ ပြင်းထန်ကိုက်ခဲမှုတွေအထိ သုံးလို့ရပါတယ်။နောက်တစ်မျိုးက ဘိန်းကို အခြေခံပြီး ထုတ်ထားတဲ့ အမျိုးအစားပါ။ သူ့မှာလည်း။သူကတော့ ထိန်းချုပ်ဆေးဝါးတွေ ဖြစ်ပြီး ဆရာဝန်လက်မှတ်နဲ့မှ ဝယ်လို့ရတာမျိုးတွေ ဖြစ်ပါတယ်။နာကျင်ကိုက်ခဲမှု တော်တော်များများကို သက်သာစေဖို့ သုံးနိုင်ပါတယ်။ ရုတ်တရက် နာကျင်ကိုက်ခဲတာကနေနာတာရှည်ကိုက်ခဲတာတွေအထိ သုံးလို့ရပါတယ်။အကိုက်အခဲပျောက်ဆေး တွေက ညွှန်းထားတဲ့အတိုင်းပဲ သောက်မယ်ဆိုရင် ဘေးကင်းပါတယ်။ ခဏခဏ သောက်မယ်၊ စွဲသောက်မယ်၊ လိုတာထက် အများကြီး သောက်မယ်ဆိုရင်တော့ အောက်ပါ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ဘိန်းကို အခြေခံပြီး ထုတ်ထားတဲ့ အကိုက်အခဲပျောက်ဆေးတွေကလည်း ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါတယ်။ ဒါတွေအပြင် စွဲတာ၊ အလွဲသုံးစားလုပ်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ထိန်းချုပ်ဆေးဝါးထဲမှာ ထည့်ထားတာပါ။အကိုက်အခဲပျောက်ဆေးတွေက သောက်ရင်း သောက်ရင်းနဲ့ မသက်သာဘူးလို့ ပြောကြပါတယ်။ ဒါက ဆေးယဉ်သွားတာပါ။ ဒါဆို နောက်ပိုင်းမှာ ဆေးများများနဲ့ ခဏခဏ သောက်ရတတ်ပါတယ်။ ဒီလိုနဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။နောက်တစ်ချက်က အကိုက်အခဲပျောက်ဆေးက နာကျင်ကိုက်ခဲမှု ‘လက္ခဏာ’ ကိုပဲ သက်သာစေတာပါ။ ကိုက်ခဲစေတဲ့ အကြောင်းရင်းကို သက်သာစေတာ မဟုတ်တဲ့အတွက် ဖြစ်တဲ့ အကြောင်းရင်းကို ရှာပြီး ကုဖို့ လိုပါတယ်။အကိုက်အခဲပျောက်ဆေးတွေက တကယ်ကို အစွမ်းထက်တဲ့ ဆေးတွေပါ။ တချို့က ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်လို့ရသလို တချို့ကျ ဆရာဝန်ညွှန်ကြားချက်နဲ့ အညီသောက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကိုက်အခဲပျောက်ဆေးသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ကိုက်ခဲမှုတွေ ပျောက်အောင် သောက်တတ်ဖို့ အရေးကြီးပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/all-about-analgesics/
ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ
ကလေးငယ်လေးများရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက သူတို့လေးတွေရဲ့ အနာဂတ်အသိဉာဏ်စွမ်းရည်တွေတိုးတက်ဖို့ အတွက် လမ်းဖွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု တွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ကလေးငယ်ရဲ့ ဘဝသက်တမ်း ပထမ ၅နှစ်တာကာလအတွင်းမှာ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ၉၀ ရာခိုင်နှုန်း ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေထဲက ၅၁ ရာခိုင်နှုန်းလောက်ကတော့ ပတ်ဝန်းကျင် အနေအထားအချင်းအရာတွေကြောင့်ဖြစ်ပေါ်လာတာလို့ယူဆရပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%89%e1%80%ac%e1%80%8f%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba/
ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊
ဆီးချိုရောဂါရှင်တွေ အများစုက ကျောက်ကပ်ထိ မှာကို စိုးရိမ်ကြပါတယ်၊၊ တကယ်လည်း ဆီးချိုရောဂါကကျောက်ကပ်ပျက်စီးစေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ၊၊ ဆီးချိုရောဂါရှိသူ၃ယောက်မှာ ၁ယောက်က ကျောက်ကပ်ထိခိုက်တတ်တာကိုလည်း တွေ့ရပါတယ်၊၊။ဆီးချိုလူနာအများစုက သူတို့ဆီးချို ရှိပြီဆို ကျောက်ကပ်ထိ နေပြီလား၊၊ ဘယ်တော့ ကျောက်ကပ်ပျက်စီးမှာလဲဆိုတာကို သိချင်ကြပါတယ်၊၊ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ၊၊ ကျောက်ကပ်ထိခိုက်ပြီးသားဆိုရင် ကုစရာရှိတာ စောစောကုနိုင်သလို တကယ်လို့ ကောင်းနေသေးတယ်ဆိုရင်လည်း ဆီးချိုကြောင့် ကျောက်ကပ်မထိခိုက်အောင် ဂရုစိုက်နိုင်မှာပါ၊၊။အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေ တော်တော်များများက ရောဂါရှိပြီး ၂-၅နှစ်အတွင်းမှာ ကျောက်ကပ်အဖြေတွေ ပုံမှန်မဟုတ်တော့တာကို တွေ့ရပါတယ်လို့ တချို့လေ့လာချက်တွေက ဖော်ပြထားပါတယ်၊၊ ဆိုလိုတာက လူနာက အပြင်ပန်းမှာ ဘာလက္ခဏာမှ မရှိတာ ဖြစ်နိုင်ပေမယ့် သွေးစစ်၊ ဆီးစစ်ရင် အဖြေတွေက ပုံမှန်မဟုတ်တော့ပါဘူး၊၊ ဒါ့ပြင် လူနာတွေရဲ့ ၃၀-၄၀ ရာခိုင်နှုန်းလောက်က ၁၀နှစ်ကနေ နှစ်၃၀အတွင်းမှာ ပိုပြီးပြင်းထန်တဲ့ ကျောက်ကပ်ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်၊၊။အမျိုးအစား ၂ဆီးချိုရောဂါရှိသူတွေအတွက်ကတော့ ပြောဖို့ခက်ပါတယ်၊၊ ဒါပေမယ့် အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေရဲ့ ကျောက်ကပ်ထိဖို့ ကြာချိန်နဲ့ တူတူလောက်ပဲလို့ ယူဆထားကြပါတယ်၊၊။တစ်ခုရှိတာက ဒါက ယေဘုယျခန့်မှန်းချက်ဖြစ်ပြီး ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့ ဆီးချိုအခြေအနေပေါ် မူတည်ပြီး စောစောဖြစ်တာ၊ နောက်ကျမှဖြစ်တာ ကွာနိုင်ပါသေးတယ်၊၊။ဆီးချိုရောဂါသက်ရင့်နေတဲ့သူတွေက ကျောက်ကပ်ထိနိုင်ခြေ ပိုများပါတယ်၊၊ ဒါက ကိုယ်တတ်နိုင်တဲ့အချက်တော့ မဟုတ်ဘူးပေါ့၊၊ တချို့ဆို ဆီးချိုရောဂါရှိမှန်း လုံးဝမသိဘဲ ကျောက်ကပ်မကောင်းဘူးထင်လို့ ဆေးစစ်လိုက်တော့မှ ဆီးချိုရောဂါအခံရှိနေမှန်း သိကြတာပါ၊၊ ဆိုလိုတာက နှစ်ပေါင်းများစွာ ဆီးချိုရောဂါရှိမှန်းမသိခဲ့တော့ ကျောက်ကပ်ထိပြီး နောက်ဆက်တွဲတွေ ဖြစ်မှပဲ ကိုယ့်မှာဆီးချိုရှိမှန်း သိပါတော့တယ်၊၊။ပြန်ဆက်ရရင် ဆီးချိုရောဂါရှိတာခြင်း အတူတူကို ကျောက်ကပ်စောစောပျက်နိုင်ခြေရှိတဲ့ သူတွေကတော့။ဆီးချိုရောဂါရှိသူတွေက မိမိရဲ့ ကျောက်ကပ်ထိနေပြီလားဆိုတာကို သိဖို့လိုပါတယ်၊၊ စောစောသိလေ စောစောကုနိုင်လေမို့လိုပါ၊၊ ခက်တာက ကျောက်ကပ်ပျက်စမှာ ဘာလက္ခဏာမှ မပြပါဘူး၊၊  လူနာကို ကြည့်ရင် ပုံမှန်အတိုင်း အကောင်းပဲ တွေ့ရမှာပါ၊၊ သွေးစစ်၊ ဆီးစစ်ကြည့်မှ သိရမှာပါ၊၊ သူနေလို့ ကောင်းနေလို့ ‘သွေးအဖြေ၊ ဆီးအဖြေ မကောင်းဘူး၊၊ ကျောက်ကပ်စထိနေပြီနော်’ လို့ ပြောရင်တောင် ယုံမှာ မဟုတ်ပါဘူး၊၊။ဒီနေရာမှာ စကားစပ်လို့ ပြောရရင် ဆီးချိုလူနာတွေကို ၆လတန်သည်၊ ၁နှစ်တန်သည် ရက်ချိန်းခေါ်ကြည့်တယ်ဆိုတာ ဒါကြောင့်ပါ၊၊ ဆီးချိုကောင်းကောင်းထိန်းနိုင်ရဲ့လား၊၊ ဆီးချိုဆေးတွေ ပုံမှန်သောက်နေရဲ့လား၊၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရလို့ ဆေးမသောက်ဘဲများ နေနေသလား၊၊ ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကျောက်ကပ်တွေ၊ မျက်လုံးတွေကောင်းရဲ့လားဆိုတာကို သိချင်လို့ ခေါ်ကြည့်တာပဲ ဖြစ်ပါတယ်၊၊။တော်ကြာ လူနာရဲ့ စိတ်ထဲမှာ ရက်ချိန်းသာ ခေါ်ကြည့်၊ ဆေးတွေစစ်၊ ပြီးတော့လည်း ဆရာဝန်က ဒီဆေးက ဒီဆေးပဲ ပေးတာပဲလို့ ထင်မှာပါ၊၊ တကယ်တော့ ဆေးတွေစစ်လို့ အဖြေကောင်းရင် စိတ်အေးရပါတယ်၊၊ ဒီဆေးတွေပဲ ပြန်ပေးတာကလည်း ဒီဆေးတွေနဲ့တင် ဆီးချိုထိန်းနိုင်တော့ နောက်ဆေးထပ်ပေးစရာ မလိုလို့ပါ၊၊။ခုနလိုမျိုး ကျောက်ကပ်ထိတာမှာ ဆေးစစ်မှ သိပြီး စောစောကုလို့ရမှာပါ၊၊ လူနာ လက္ခဏာပြမှဆို နောက်ကျပြီး ကုရတာလည်း ခက်ပါတယ်၊၊ ဒါဆို ဘာကြောင့် ရက်ချိန်းမှန်မှန်သွားသင့်လဲဆိုတာ သိလောက်ပါပြီ၊၊။ကျောက်ကပ်ထိနေတာကို မသိခဲ့ဘူး၊၊ ဒီလိုနဲ့ ရောဂါရင့်လာပြီဆိုရင်တော့။ဒီလက္ခဏာတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး ကျောက်ကပ်ကို စစ်ဆေးသင့်နေပါပြီ၊၊။ဆီးချိုရောဂါရှိတာခြင်း တူပေမယ့် ကျောက်ကပ်စောစောထိမှာလား၊ နောက်ကျမှ ထိမှာလားဆိုတာက ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံပေါ် အများကြီး မူတည်ပါတယ်၊၊ ကျောက်ကပ်ပျက်စီးတာကို လျှော့ချနိုင်ဖို့။အပေါ်မှာပြောခဲ့သလို ကျောက်ကပ်ထိစမှာ လက္ခဏာမပြပါဘူး၊၊ ဆေးစစ်မှ သိနိုင်တာပါ၊၊ ဒါကြောင့် ရက်ချိန်းပုံမှန်ပြပြီး ကျောက်ကပ်အပါအဝင် တခြားနောက်ဆက်တွဲရောဂါတွေ ရှိမရှိ ပုံမှန်စစ်ဆေးဖို့ လိုပါတယ်၊၊။အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ဆေးတွေလည်း ပုံမှန်သောက်မယ်ဆိုရင် ဆီးချိုရောဂါကို သေချာထိန်းနိုင်မှာပါ၊၊ ဒါဆို ကျောက်ကပ်ရောဂါ မဖြစ်အောင် အချိန်ဆွဲထားလို့ရပါတယ်၊၊။သွေးတိုးသက်သက်ကလည်း ကျောက်ကပ်ထိစေတဲ့ ရောဂါတစ်ခုပါ၊၊ ဆီးချိုနဲ့ပါ တွဲထားလိုက်ရင် ကျောက်ကပ်ပျက်နိုင်ခြေက သိသိသာသာ တက်လာမှာပါ၊၊ ဒါကြောင့် သွေးတိုးကိုပါ သေချာထိန်းထားဖို့ လိုပါတယ်၊၊ ဒါ့ပြင် တခြားရောဂါအခံတွေ ရှိနေရင်လည်း သေချာထိန်းထားဖို့ လိုပါတယ်၊၊။အထူးသဖြင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်ဟာကိုယ်ဝယ်သောက်တဲ့အခါမျိုးမှာပါ၊၊ တချို့ဆေးတွေက ပမာဏများရင်၊ ခဏခဏသောက်ရင် ကျောက်ကပ်ထိနိုင်ပါတယ်၊၊ ဥပမာ NSAIDs အမျိုးအစားအကိုက်အခဲပျောက်ဆေးတွေပါ၊၊ မသောက်ခင်မှာ ဆေးအညွှန်းကို သေချာဖတ်ဖို့ လိုသလို၊ လိုအပ်ရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို မေးမြန်းပါ၊၊။ကိုယ်အလေးချိန်များနေတယ်ဆိုရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ဘာတွေစားရမလဲဆိုတာကို တိုင်ပင်ပါ၊၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပါ၊၊ အဝမလွန်ဘူး၊၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိတယ်ဆိုရင်တောင် နေ့စဉ်လှုပ်ရှားမှုလုပ်၊ အစားအသောက်ဆင်ခြင်ပြီး ကိုယ်အလေးချိန်ထိန်းထားဖို့ လိုအပ်ပါတယ်၊၊။ဆေးလိပ်က ကောင်းနေတဲ့ ကျောက်ကပ်ကို ထိခိုက်စေသလို နဂိုပျက်ပြီးသား ကျောက်ကပ်ဆို ပိုပြီးဆိုးစေနိုင်ပါတယ်၊၊ ဆေးလိပ်မသောက်တတ်ရင် အစမလုပ်ဘဲ သောက်တတ်ရင်တော့ ဖြတ်လိုက်ဖို့ အကြံပေးချင်ပါတယ်၊၊။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/how-long-does-it-take-to-have-kidney-damge-in-diabetic-patients/
အိမ်မှာနေရင်း အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ
အခုဆိုရင်Covid-19ရဲ့second waveကာလထဲ ရောက်လာပြီ၊ ရန်ကုန်တိုင်းအတွက်လည်း အိမ်မှာသာနေထိုင်ရမည့် အမိန့်ကျလာပြီနော်။ရောဂါကူးစက်မှုနည်းနိုင်သလောက် နည်းအောင် ထိန်းချုပ်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ စည်းမျဉ်းထုတ်ပြန်ချက်ကို ပြည်သူအားလုံး လိုက်နာမှသာ အဆင်ပြေမှာပါ။ပုံမှန်အချိန်ဆိုရင်တော့အသားအရေထိန်းသိမ်းဖို့အတွက် အရမ်းလွယ်တယ်။ ကိုယ်သုံးနေကျ ပစ္စည်းတွေကို ဝယ်ပြီး ရုံးဖွင့်ရက်တွေဆို အိပ်ခါနီး ညဘက်အချိန်တွေမှာအသားအရေထိန်းသိမ်းကြတယ်။ တချို့ကျတော့လည်း ပိတ်ရက်မှာ အေးအေးဆေးဆေး လုပ်ကြတယ်။ ခုလိုအချိန်မျိုးကျတော့အသားအရေထိန်းသိမ်းဖို့ အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ အပြင်ထွက်ပြီးစျေးဝယ်တာမျိုး လုပ်ဖို့ မသင့်လျော်တော့ပါဘူး။ဒါဆို တတ်နိုင်သလောက် အသားအရေလှအောင် ထိန်းသိမ်းဖို့ထက် အသားအရေ ပျက်စီးခြင်းနည်းအောင် ဂရုစိုက်ဖို့က ပိုပြီး အရေးပါလာပါပြီ။ ခုဆောင်းပါးမှာအလှကုန်ပစ္စည်းတွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ လုံးဝမပါဝင်ဘဲ အသားအရေအတွက် သင့်တော်တဲ့ နေထိုင်စားသောက်ပုံနဲ့ လိုအပ်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။ပထမတစ်ကြိမ်Stay Homeဖြစ်တုန်းက အခြေအနေနဲ့ ခုဆိုတော်တော်တော့ ကျင့်သားရလောက်ပြီလို့ မျှော်လင့်ရပါတယ်။ ဒီအတွက် ပုံမှန်အတိုင်းပဲ စိတ်အေးအေးထားပြီး ညကိုစောစောအိပ်နိုင်အောင် ကြိုးစားပေးပါ။ ညဘက်ကို စောစောအိပ်စက်အနားယူခြင်းဟာ မနက်ခင်းအစောပိုင်းမှာ အသားအရေကို သဘာဝအတိုင်း ပြုပြင်ပေးတဲ့ ဆဲလ်တွေကို ထုတ်လုပ်နိုင်စွမ်း မြင့်တက်စေနိုင်ပါတယ်။အရင်တုန်းကတော့ရုံးသွားရတာနဲ့၊ စျေးသွားရတာနဲ့၊ ညဘက်ဆိုလည်း ကလပ်တက်၊ အပေါင်းအသင်းတွေနဲ့ တွေ့လို့ အိပ်တာ နောက်ကျတာနဲ့ အိပ်ရေးတွေ အမြဲပျက်ရတယ်နော်။ ခုလိုကပ်ဘေးကာလမှာ မလိုအပ်ဘဲ အပြင်ထွက်တာမျိုးလည်း လုပ်စရာမလိုတော့ဘူးဆိုတော့ အိမ်မှာပဲ နေပြီး တတ်နိုင်သလောက် အိပ်ချိန်ကို များများ ရနိုင်အောင် ယူထားပါ။ ပုံမှန် ၆ နာရီလောက်ပဲ အိပ်ဖြစ်တယ်ဆိုရင် ခုအချိန်တွေမှာ ၈နာရီလောက် ရအောင် အိပ်ပါ။အိပ်ရေးဝလေ၊ အသားကကြည်ပြီး မနက်နိုးလာတဲ့အခါ မျက်လုံးမို့အစ်တာ၊ မျက်ကွင်းညိုတာ၊ အသားအရေ မွဲခြောက်ခြောက်ဖြစ်တာမျိုးတွေကို လျော့နည်းစေမှာပါ။ခုချိန်က အလုပ်လုပ်နေတဲ့သူတွေကို အိမ်မှာသာ အလုပ်လုပ်ဖို့ အမိန့်ထုတ်ပြန်ထားတာပါ။ လုံးဝအပြင်ထွက်ခွင့်မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒီအတွက် အိမ်ထောင်ရဲ့ စားဝတ်နေရေးကို တာဝန်ယူထားသူတွေအနေနဲ့ ပုံမှန်အတိုင်းပဲ အပြင်ထွက်ပြီး စျေးဝယ်လို့ ရပါတယ်။ စျေးဝယ်တဲ့အခါ ပုံမှန်စားနေကျ အသားငါး၊ ဆီ၊ ဆန်၊ ဆားတွေကို လိုသလောက်ဝယ်ပြီးအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများဝယ်ပြီး ချက်ပြုတ်ပေးပါ။ ဟင်းသီးဟင်းရွက်တွေမှာအမျှင်ဓာတ်ပါဝင်လို့ အိမ်မှာပဲ အမြဲနေလို့ အထိုင်များပြီး ဝမ်းချုပ်တာ၊ အစာမကြေဖြစ်တာတွေကို သက်သာစေတယ်။ အသီးအနှံသည် အရည်ရွှမ်းပြီး အချဉ်ဓာတ်ကြွယ်ဝလို့ အသားအရေကို လှပစေနိုင်ပါတယ်။ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေခြင်းဟာဦးနှောက်ရဲ့လုပ်ဆောင်ရည်ကို မြှင့်တင်ပေးသလို သွေးလည်ပတ်မှုကိုလည်း ကောင်းစေတယ်။ ဆီးမကြာခဏထသွားရတဲ့အတွက် တစ်နေရာထဲမှာ အချိန်အကြာကြီး ထိုင်မိစေမှာ မဟုတ်ပါဘူး။အသားအရေနဲ့ အလှအပပိုင်းက ကြည့်မယ်ဆိုရင်လည်း ရေဓာတ်ပြည့်ဝနေတဲ့အခါ အသားအရေ မွဲခြောက်ခြင်း၊ အသားပပ်ပြီး အဖတ်လန်ခြင်း၊ ယားယံခြင်း၊ဓာတ်မတည့်ခြင်း၊ အဖုအပိမ့်များထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေကို ပုံမှန်အတိုင်း သောက်ပေးပြီး တစ်နေ့ကို အနည်းဆုံး ၃လီတာလောက် ကုန်အောင် သောက်ပေးဖို့တော့ လိုပါမယ်။အိမ်မှာပဲ နေရတာကလွဲလို့ ကျန်တာက သိပ်ပြီးပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး။ အကုန်လုံးနဲ့လည်း အသားကျပြီးသား အခြေအနေဖြစ်လို့ ကိုယ်လုပ်နေကျအတိုင်းပဲ နေ့စဉ် ဖြတ်သန်းသွားပါ။ အဓိက မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်၊ မျက်နှာသန့်စင်ပါ။ ရေကို တစ်နေ့တစ်ကြိမ်လောက် ရအောင်ချိုးပါ။ဆန်းဆန်းပြားပြားအနေနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းချင်တယ်ဆိုရင် ပျားရည်နဲ့ သကြား အနည်းငယ်ရောမွှေပြီး မျက်နှာကို သုတ်လိမ်းပေးပါ။ အသားခြောက်တဲ့သူတွေအတွက် ရှားစောင်းလက်ပပ်က ရတဲ့ သဘာဝအနှစ်တွေကို လက်၊ ခြေထောက်တွေမှာ လိမ်းပေးပါ။ Mask အနေနဲ့ အသားအရေ ပေါင်းတင်ပေးဖို့ အသီးအနှံတွေကို ဇွန်းနဲ့ချေပြီး မျက်နှာမှာ သုတ်လိမ်းတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။အဓိက ဒီကပ်ဘေးကာလကို တတ်နိုင်သလောက် မိမိအိမ်မှာသာ ဂရုစိုက်နေထိုင်ပြီး ဖြတ်ကျော်သွားကြပါ။ Covid-19 ကာကွယ်ဆေး၊ ကုသနိုင်တဲ့ဆေးဝါးတွေ လုံးဝမပေါ်သေးသ၍ကတော့ ခုလို New Normal ဘဝနေထိုင်မှုပုံစံမှာပဲ အားလုံးအသားကျအောင် နေထိုင်သွားရဖို့သာ ရှိပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%94%e1%80%b1%e1%80%9b%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%99%e1%80%95/
အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ
အမျိုးအစား – ၂ ဆီးချိုက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဆီးချိုရောဂါ ခံစားနေရသူတွေရဲ့ 90% ကနေ 95% လောက်အထိက အမျိုးအစား -၂ ဆီးချိုကို ခံစားနေရတာပါ။ လူတော်တော်များများက သူတို့မှာ အမျိုးအစား – ၂ ဆီးချို ခံစားနေရတာကို သူတို့ရဲ့ သွေးချိုပမာဏများလွန်းပြီး ခန္ဓာကိုယ်မှာ ထိခိုက်မှု တစ်ရပ် မဖြစ်စေခင်အထိ လုံးဝ သတိမထားမိတာမျိုး ရှိပါတယ်။ဒီလို လူတော်တော်များများ ခံစားနေရတဲ့ အမျိုးအစား – ၂ ဆီးချိုကို ကာကွယ်နိုင်ဖို့ဖြစ်ဖြစ် ဆီးချိုရှိပေမယ့်လည်း ကျန်းမာစွာနေထိုင်နိုင်စေဖို့ဖြစ်ဖြစ် နည်းလမ်းတွေကို သိရှိလိုပါသလား …… ဒါဆိုရင်တော့ အမျိုးအစား -၂ ဆီးချို ဆိုတာ ဘာလဲ။ အမျိုးအစား – ၂ ဆီးချိုက အချိန်ကြာလာတာနဲ့အမျှ ဘယ်လို ပြောင်းလဲလာသလဲ။ ကျန်းမာစေဖို့ ဘယ်လို နေထိုင်ရမလဲဆိုတာကို သေချာသိရှိနိုင်စေဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။အမျိုးအစား – ၂ ဆီးချို ဆိုတာပန်ခရိယက အင်ဆူလင်ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်လုပ်နိုင်တာ၊ ထုတ်လုပ်မှုလျော့နည်းလာတာကြောင့် စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့သကြားဓာတ်တွေကို ဆဲလ်တွေဆီ ပို့ဆောင်ပြီး စွမ်းအင်အဖြစ် မပြောင်းလဲနိုင်တဲ့ အခြေအနေပါ။  ဒီလို မပြောင်းလဲနိုင်တာကြောင့် သွေးထဲမှာ သကြားဓာတ်တွေ များနေပြီး သွေးတွင်းအချိုဓာတ် များရာကနေသွေးချိုဆီးချိုဖြစ်လာရတာပါ။အမျိုးအစား -၂ ဆီးချို ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ ရောဂါအနေအထားက ပိုမိုပြင်းထန်လာတာမျိုး ရှိလာမှာပါ။ သိသာတဲ့ ရလဒ်အနေနဲ့ကတော့ သွေးချိုအတိုင်းအတာ ပမာဏက အရင်ကထက် ပိုများများလာတာပါ။အဓိက အချက်ကတော့ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း မတုံ့ပြန်နိုင်တာကြောင့်ပါ။ ဒီအနေအထားကို insulin resistance လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ပန်ခရိယကအင်ဆူလင်ဟော်မုန်း ထုတ်လုပ်နိုင် မှုတဖြည်းဖြည်း နည်းလာနိုင်ပါတယ်။အမျိုးအစား-၂ ဆီးချိုရောဂါ အများစုက အင်ဆူလင်မတိုးရာကနေ စတာပါ။ အချို့က insulin resistance ဖြစ်နေတဲ့အနေအထားမှာ ဆီးချို ဖြစ်နေပြီဆိုတာကို သိကြပေမယ့် အများစုကတော့ ရောဂါရှိမှန်း လုံးဝမသိကြပါဘူး။ပန်ခရိယမှာရှိတဲ့ ဘီတာဆဲလ်တွေက အင်ဆူလင် ထုတ်လုပ်မှုကို လုံးဝရပ်တန့်လိုက်တဲ့အခါမျိုးနဲ့ လုံလောက်အောင် မထုတ်လုပ်နိုင်တော့တဲ့အခါမျိုးမှာ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် မြင့်တက်တာတွေဖြစ်လာပါတယ်။ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်တာက အချိန်ကြာလာတဲ့အခါ ဆီးချိုကို ထိန်းနိုင်စွမ်းကျလာတာကြောင့်ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်ကြတဲ့။အမျိုးအစား – ၂ ဆီးချိုရောဂါကဘယ်လောက်မြန်မြန် ရောဂါတိုးလာသလဲဆိုတာကတော့ မျိုးဗီဇ၊ စားသောက်မှုပုံစံ၊ နေ့စဉ် လှုပ်ရှားမှု ပမာဏ နဲ့ ခန္ဓာကိုယ်က သောက်သုံးတဲ့ဆေးဝါးတွေအပေါ် တုံ့ပြန်မှုအလိုက် တစ်ဦးနဲ့ တစ်ဦး ကွာခြားနိုင်ပါတယ်။ဆီးချို ပြင်းထန်လာတဲ့အခါ အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ကုထုံးပြောင်းလဲတာမျိုး လုပ်ဆောင်ကြည့်ဖို့ လိုပါမယ်။အမျိုးအစား – ၂ ဆီးချို ရှိပေမယ့်လည်း ကျန်းမာစေဖို့ဆိုရင်။အမျိုးအစား – ၂ ဆီးချို အတွက် သီးသန့် စားသောက်မှုပုံစံရယ်လို့ မရှိပေမယ့် သွေးချို မတက်စေမယ့် အစားအစာတွေကိုတော့ ရွေးချယ် စားသုံးဖို့ လိုပါမယ်။ အသီးအရွက်တွေ များများစားပေးပြီး ဆန်လုံးညိုတို့လိုမျိုး ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတဲ့ ဆန်မျိုးကို စားသုံးပေးသင့်ပါတယ်။ သစ်သီးတွေကိုလည်း သင့်တော်သလို စားသုံးပေးလို့ ရပါတယ်။ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေနဲ့ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေကိုတော့ ရှောင်ပါ။ သန့်စင်ထားတဲ့ ဂျုံ၊ ပေါင်မုန့်အဖြူစတာတွေကိုလည်း တတ်နိုင်သမျှ လျှော့စားပါ။ အချိုရည်တွေကို ရှောင်ပါ။ ကွတ်ကီး၊ ကိတ်မုန့်စတာတွေကိုလည်း ရှောင်ပါ။နေ့စဉ် အေရိုးဗစ်လိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးပါ။ ဒီလို လုပ်ဆောင်ပေးတာက ခန္ဓာကိုယ်ကို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဆီးချိုရှိမယ်ဆိုရင် အနည်းဆုံး တစ်နေ့ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၅ ရက်ထက် မနည်း လေ့ကျင့်ခန်း လုပ်ပေးပါ။ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိအောင် ထိန်းတာ၊ အဝလွန်နေရင် ကိုယ်အလေးချိန် ချတာတွေက အမျိုးအစား -၂ ဆီးချိုကို ထိန်းချုပ်ရာမှာ တိုးတက်ထိရောက်မှု ရှိသလို ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်လေး ရအောင် ထိန်းသိမ်းပေးပါ။ဆီးချိုရောဂါရှိသူတွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။ ဒါကြောင့် တစ်နေ့ကို တစ်ကြိမ်လောက်တော့ ပုံမှန်လေး သွေးချိုစစ်ပါ။ သွေးချို အရမ်းမြင့်နေရင် ထိန်းညှိဖို့နဲ့ သွေးချိုကျနေမယ်ဆိုရင် ဆေးပမာဏ ညှိတာ၊ စားသောက်မှုပုံစံကို ဂရုစိုက်တာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/type-2-diabetes-can-change-over-time/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ
နွေရာသီ၊ ဆောင်းရာသီတွေမှာအရေပြားခြောက်သွေ့ခြင်း၊ အသားပပ်ခြင်းစတဲ့ အရေပြားပြဿနာတွေ ကြုံတွေ့ရသလိုပဲ မိုးရာသီမှာလည်း အရေပြားပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ စိုစိုစိစိဖြစ်နေတဲ့ရေတွေ၊ ဗွက်တွေကြား သွားလာရင်း ထိတွေ့ရတာနဲ့ မိုးရေတွေ ထိပြီး ဦးရေပြား ယားယံတာတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။မိုးရာသီ စိုစိုစွတ်စွတ်မှာဘက်တီးရီးယားတွေလည်း ပိုမိုပေါက်ဖွားလွယ်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ခြေထောက် နဲ့ ခြေသည်းကြားမှာ မှိုစွဲတာတွေဖြစ်တတ်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာ အလာ့ဂျစ်ဖြစ်ခြင်းတွေက မိုးရာသီမှာ ပိုဖြစ်ပါတယ်။ ဒါက ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းမှုနဲ့လည်း သက်ဆိုင်ပါတယ်။မိုးရာသီမှာ ဖြစ်တတ်တဲ့အရေပြားပြဿနာများကတော့။မိုးရာသီမှာ ဝက်ခြံတွေ ပိုပြီး အဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်းကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လက်နဲ့ ထိမိပြီး မျက်နှာကို ကိုင်တွယ်မိတဲ့အခါမှာ ဝက်ခြံတွေ အရမ်းကို ဖြစ်လွယ်ပါတယ်။မျက်နှာ အသားအရေဟာလည်း မိုးရာသီမှာ ခြောက်သွေ့နေမှာ မဟုတ်တာကြောင့် ဘက်တီးရီးယားတွေ ပျော်ပျော်ကြီး နေရာ ယူနေမှာပါ။ ဒါကြောင့် မျက်နှာကို သန့်ရှင်းအောင် ထားပါ။မိုးရာသီကို အမျိုးသမီးတွေ စိတ်ကုန်တဲ့ အချက် တစ်ချက်ကတော့ ဦးရေပြား ယားယံခြင်း ဖြစ်နိုင်ပါတယ်။ မိုးရေခေါင်းထဲကို ထိပြီဆိုတာနဲ့ ဦးရေပြား ယားယံခြင်းတွေ ဖြစ်လာပါပြီ။ ဒီလိုမျိုး မိုးရာသီမှာ ဦးရေပြား ယားယံခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ပန်းသီးရှာလကာရည်ကို ရေလေးနဲ့ရောကာ ဦးရေပြားမှာ လိမ်းပါ။နောက်တော့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။မိုးရာသီမှာ ဘက်တီးရီးယားတွေနဲ့ မှိုကပ်စွဲမှုတွေ ပိုဖြစ်တာကြောင့် မျက်နှာမှာ နီရဲရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်တော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ မျက်နှာမှာ အဆီထွက်ခြင်းတွေ လျော့ကျစေဖို့အတွက်လည်း ဂရုစိုက်ပါ။ ဒါဆိုရင်တော့ မျက်နှာမှာ နီရဲရောင်ရမ်းခြင်းတွေ သက်သာမှာပါ။ခြေသည်း နဲ့ ခြေထောက်မှာ မှိုစွဲတဲ့ အခါမှာ သဲဝဲစားခြင်း၊ ဝဲပေါက်ခြင်း၊ ခြေသည်းကြား သဲတွေဝင်ပြီးခြေစွယ်ငုတ်ခြင်းတွေဖြစ်နိုင်ပါတယ်။ ခြေထောက်မှာ အနာဖြစ်နိုင်တဲ့ အပြင် ပြည်တည်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ မိုးရေထဲမှာ လျှောက်သွားတာကြောင့် ဘက်တီးရီးယားတွေ ကပ်ညှိလာပြီး ဖြစ်တာပါ။ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ဆိုရင်တော့ မိုးရေနဲ့ ထိပြီးတိုင်း ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ ခြေသည်းကြားလေးတွေကိုလည်း ဂရုတစိုက် ဆေးကြောရပါမယ်။မိုးရာသီမှာ အဖြစ်များတဲ့အရေပြားပြဿနာတွေကို သိထားပြီးပြီ ဆိုတော့ ကြိုတင်ကာကွယ်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ အဓိကကတော့ မိုးရာသီမှာ အရေပြား သန့်ရှင်းအောင် ဂရုစိုက်ဖို့ ပါပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/common-skin-problems-in-rainy-season/
အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း
အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း(သားအိမ်နှင့် အချင်းကို သွေးပို့ပေးသည့်သွေးကြောများ မလုံလောက်ခြင်း)သည် ကိုယ်ဝန်ဆောင်များတွင် ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးတခု ဖြစ်သည်။ထိုသို့ဖြစ်ခြင်းသည် အချင်းသည် ကောင်းမွန်စွာ မဖွံ့ဖြိုးခြင်း၊ ပျက်စီးခြင်းကြောင့် သနေ္ဓသားဆီသို့ အောက်ဆီဂျင် နှင့် အာဟာရဓါတ်များ လုံလောက်စွာ မပို့ပေးနိုင်ခြင်းဖြစ်သည်။အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် သွေးနှင့် ပက်သတ်သောရောဂါများ နှင့် ဆက်စပ်လျက်ရှိသည်။ သို့သော် ဆေးဝါးများ၊ စားသောက်နေထိုင်မှု အကျင့်များနှင့် လည်း သက်ဆိုင်ပါသည်။အဖြစ်များစေသော အကြောင်းများမှာ။အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် အချင်းက သားအိမ်တွင် ကောင်းစွာ မကပ်တွယ်ခြင်း သို့မဟုတ် သားအိမ်နံရံမှ ကွာကျခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ကိုယ်ဝန်ဆောင်မိခင်များတွင် ရောဂါလက္ခဏာများ မတွေ့ရတတ်ပါ။ သို့သော် အချို့သော သတိပြုစရာအချက်များ တွေ့ရတတ်သည်။ကိုယ်ဝန်သည် ယခင်ကိုယ်ဝန်ထက် အရွယ်အစားသေးခြင်း၊ ကလေးသည် ပုံမှန်ဖြစ်သင့်သည့် လှုပ်ရှားမှုများထက်နည်းနေခြင်း တို့သည် သတိပြုရမည့်အချက်များဖြစ်သည်။အကယ်၍ကလေးသည် ကောင်းစွာမဖွံ့ဖြိုးလျှင် မိခင်၏ကိုယ်ဝန်သည် သေးငယ်ပြီး ကလေးကောင်းစွာလှုပ်မည် မဟုတ်ပါ။ အကယ်၍အချင်းကွာကျခြင်းကြောင့် အချင်းသို့သွေးလုံလောက်စွာမရရှိပါက ကိုယ်ဝန်ဆောင်မိခင်သည် သွေးသွန်ခြင်း၊ လမစေ့မီ သားအိမ်ညှစ်အားများသောကြောင့် ဗိုက်နာလာခြင်း တို့ဖြစ်နိုင်ပါသည်။အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် ကိုယ်ဝန်ဆောင်မိခင်သည် သွေးတိုးရောဂါ ၊ ဆီးချိုရောဂါများရှိမှသာ အန ္တရာယ်ရှိပါသည်။ မိခင်သည် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ အချင်းကွာကျခြင်း၊ လမစေ့မီမွေးခြင်း တို့ဖြစ်ကာ အန ္တရာယ်ရှိနိုင်ပါသည်။ကလေးများ အတွက်မူ အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် အဖြစ်စောလေလေ ဆိုးကျိုးများလေလေဖြစ်သည်။ကလေးငယ်များတွင်ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ-။အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းကို အသံလှိုင်းဓါတ်မှန်များ၊ ပရိုတင်းစစ်ဆေးမှုများ နှင့် ကလေးအား ဖိအားမပေးဘဲ စစ်ဆေးမှုများမှ တဆင့်သိနိုင်ပါသည်။ ကလေး၏ကျန်းမာရေးသည် မိခင်က ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်း အပေါ်တွင် များစွာမူတည်ပါသည်။ကလေး၏ ဝမ်းဗိုက်အတွင်းလှုပ်ရှားမှုများကို မှတ်သားထားခြင်း နှင့် သင်သည် လမစေ့ဘဲမွေးနိုင်ချေရှိပါက ကလေး၏ အဆုတ်သန်မာစေရန် စတီးရွိုက်ဆေးများထိုးခြင်း တို့ဖြင့် ဂရုစိုက်နိုင်ပါသည်။အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းကို ကုသခြင်း၊ ကာကွယ်ခြင်း မပြုလုပ်နိုင်ပါ။ ရောဂါကို စောစောသိပြီါ် ကလေး မမွေးမီစောင့်ရှောက်မှုများ စနစ်တကျခံယူရန် လိုအပ်ပါသည်။ထိုမှသာလျှင် ဗိုက်ထဲမှကလေးသည် စနစ်တကျကြီးထွားလာနိုင်ချေများလာပြီး နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်ချေနည်းသွားမည်ဖြစ်ပါသည်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%a1%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%af%e1%80%b6%e1%80%9c%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်
ဆီးချိုရှိသူတွေက အရေပြားကို အခြားသူတွေထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေမှာ အနာကျက်ဖို့ ခက်ခဲတာ၊ အရေပြား ထိခိုက်လွယ်တာကြောင့်ပါ။ ဆီးချိုသမားတွေအနေနဲ့ အချိန်တိုင်းမှာအရေပြားကို သေချာလေး ဂရုစိုက်ဖို့ လိုတယ်ဆိုပေမယ့် နွေရာသီလို ပူပြင်းတဲ့ရာသီမျိုးမှာတော့ သေချာလေး ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် လေးကို ပြောပြပေးချင်ပါတယ်။ဒါကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဆီးချိုရောဂါက တစ်သက်တာလုံး ခံစားနေရမယ့်နာတာရှည် ကျန်းမာရေးပြဿနာပါ။ ဒီတော့ အကောင်းဆုံး နည်းလမ်းက ဆီးချိုကို ပိုဆိုးမလာအောင် ထိန်းသိမ်းတာပါ။သွေးတွင်းသကြားဓာတ်ကို သေချာ ထိန်းညှိထားတာက ဆီးချိုရှိသူတွေမှာအရေပြားပြဿနာကင်းစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ သွေးချို ထိန်းညှိတာနဲ့အတူ အရေပြားကို သေချာလေး ဂရုစိုက်ပေးတာက ပြင်းထန်တဲ့အရေပြား ကူးစက်မှုပြဿနာကို ကာကွယ်ပေးနိုင်မှာပါ။ ဒီတော့ ဆီးချိုရှိတယ်ဆိုရင် အရေပြားကို သေချာလေး ထိန်းသိမ်းဖို့ကလည်း မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။ဆီးချိုရောဂါ ခံစားနေရသူတော်တော်များများဟာ ဆီးချိုနဲ့အတူ အရေပြား ပိုးဝင်ကူးစက်တာကို ခံရတာပါ။ သွေးချိုတက်တာက အရေပြားကို ထိခိုက်လွယ်သေပြီးအနာကျက်ဖို့ခက်စေပါတယ်။ ဒီလိုကနေတဆင့် အရေပြားက ထိခိုက်လွယ်လာပါတယ်။ သွေးချိုမြင့်နေတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို ရှင်သန်နေနိုင်စေဖို့ ထောက်ကူပေးပြီး အနာကျက်နှေးစေတာကနေတဆင့် အရေပြားပိုးဝင်လွယ်လာတာပါ။ ဒီလိုကနေနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ခံစားလာရတော့ပါတယ်။ဆီးချိုရှိသူတွေ အနေနဲ့အသားအရေ ကျန်းမာစေဖို့အခုလိုလေး အသားအရေ ထိန်းသိမ်းပေးလို့ ရပါတယ်။ဆီးချိုရှိတာက အချိန်ကြာလာလေလေ အရေပြားက ထိခိုက်လွယ်လာလေလေပါ။ ဒါကြောင့် အရေပြားကို ဓာတုပစ္စည်းတွေပါတာမျိုးတွေနဲ့ သန့်စင်တာက အရေပြားကို ဓာတ်မတည့်မှု ခံစားရစေပြီး ထိခိုက်တာကြောင့် ပိုးဝင်လွယ်ပါတယ်။ ဒါကြောင့် အရေပြားကို ကျန်းမာစေဖို့အတွက် ဆပ်ပြာခပ်ပျော့ပျော့လေးကို သုံးပြီး သန့်စင်ပေးပါ။အမွှေးနံ့မပါတဲ့ ဆပ်ပြာတွေကို သုံးပေးပါ။ သဘာဝဆန်တာတွေကို သုံးပေးတာက ပိုအဆင်ပြေမှာပါ။အရေပြား ကုတ်ဖဲ့ခြင်းက အသားအရေခြောက်သွေ့မှုကနေ အလကားရလာတဲ့ လက်ဆောင်ပါ။ အရေပြား ခြောက်သွေ့တဲ့အခါ အသားအရေက အလိုလို ယားယံလာပြီး ကုတ်ဖဲ့ချင်လာပါတယ်။ ဒီလို ကုတ်ဖဲ့တဲ့အခါ အရေပြားပေါက်ပြဲပြီး အရေပြား ပိုးဝင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။အရေပြားက ယားယံတာကြောင့် ကုတ်ဖဲ့ချင်လာတဲ့အခါ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ချွေးတအားထွက်တဲ့အခါ အရေပြားမှာ မှိုပိုးအလွယ်တကူ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချိုင်းကြား၊ ပေါင်ခြံ၊ ရင်သားအောက်ဘက်တွေမှာ ချွေးထွက်များတာကြောင့် အရေပြား ထိခိုက်နိုင်ခြေများပါတယ်။ ဒါကြောင့် အရေပြားမှာ ချွေးထွက်နေပြီဆိုရင် မှိုပိုးပေါက်ဖွားတာမျိုး မဖြစ်စေဖို့ အရေပြားကို ချွေးခြောက်အောင် သုတ်ပေးပါ။ခြောက်သွေ့နေအောင် သေချာလေး ဂရုစိုက်ပေးပါ။ဆီးချိုရှိမယ်ဆိုရင် ထိခိုက်ဒဏ်ရာ တစ်ခုခု ရလာတဲ့အခါ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ထိခိုက်ဒဏ်ရာကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်စေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါမှပိုးဝင်ကူးစက်တာမျိုး မဖြစ်မှာပါ။ဒဏ်ရာကို သေချာပိုးသတ်တာ၊ ဆေးထည့်တာမျိုး လုပ်ပေးဖို့ လိုပါတယ်။ အနာာက သေးတယ်ဆိုရင်တောင် ဆရာဝန်နဲ့ သေချာပြသပြီး အနာကျက်အောင်၊ ပိုးမဝင်အောင် ဂရုစိုက်ဖို့ လိုပါတယ်။ဆီးချိုရှိသူတွေအနေနဲ့ အရေပြားပြဿနာတွေ ကင်းစေဖို့ နေ့စဉ် အရေပြားမှာ ထိခိုက်တာတွေ ရှိလားဆိုတာကို ကိုယ်တိုင် ပုံမှန်လေး စစ်ဆေးကြည့်ပေးပါ။ ထိခိုက်မိတာရှိလား။ အနာဖြစ်နေလား။ အရည်ကြည်ဖုထနေလားဆိုတာကို စစ်ဆေးကြည့်ပါ။ အထူးသဖြင့် ခြေထောက်နှစ်ဖက်ကို ညအိပ်ရာဝင်ချိန်တိုင်း ပုံမှန် စစ်ဆေးဖို့ အကြံပြုချင်ပါတယ်။ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် ကို သေချာလေး လိုက်နာ ဂရုစိုက်လုပ်ဆောင်ကြည့်လိုက်နော်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/skin-care-tips-for-diabetes/
ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ
ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ က ဘာတွေများလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ တစ်ခါတလေမဟုတ်ဘဲ အမြဲတမ်းလိုလို ညစာထမင်းဝိုင်းမှာ အစားအသောက်တွေစားဖို့ မိဘတွေနဲ့ကလေးတွေအကြား အားပြိုင်ရတဲ့အခါ ညစာ ထမင်းဝိုင်းလေးကပျော်စရာမကောင်းတော့ပါဘူး။ ထမင်းစားဝိုင်းမှာ ကလေးကို ပန်းဂေါ်ဖီစိမ်းလေးတစ်ကိုက်လောက်စားလိုက်ပါလို့ တောင်းပန်တာကနေစလို့ ထမင်းတစ်ပန်းကန်လုံးကုန်အောင်စားရမယ်ကြိမ်းမောင်းတာအထိ အနုနည်း အကြမ်းနည်းမျိုးစုံသုံးရင်း ညစာစားပြီးချိန်မှာကလေးကလည်းငို၊ လူကြီးလည်းပင်ပန်းတာမျိုးအထိ အခက်အခဲအမျိုးမျိုးနဲ့တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးက ကလေးကိုနောက်တစ်ကြိမ် ထမင်းမစားဝိုင်းကိုမလာချင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ကလေးကိုတုတ်ပြပြီး ထမင်းကျွေးတာမျိုးက ကလေးကိုစိတ်ဖိစီးတာမျိုးဖြစ်စေနိုင်ပါတယ်။အစားအသောက်စားသုံးတာကပျော်ရွှင်စရာကောင်းတဲ့ တစ်နေ့တာလုပ်ငန်းတစ်ရပ်ဖြစ်သင့်တာပါ။ တစ်နေ့ကို သုံးကြိမ်လောက်စားသုံးနေရတဲ့ အစားအသောက်စားသုံးချိန်လေးက မိသားစုတွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးပဲဖြစ်သင့်ပါတယ်။ စိတ်ဖိစီးမငကင်းတဲ့ ညစာဖြစ်ဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးကို သူနှစ်သက်တတ်တဲ့အစားအစာတွေပြင်ဆင်ပေးတာမျိုးလုပ်ဆောင်ပေးဖို့လိုအပ်သလို ကလေးတွေကို သူတို့မကြိုက်တဲ့အစားအစာတွေကို အတင်းအကျပ်စားစေတာမျိုးမလုပ်ဆောင်ဖို့ကအရေးကြီးလှပါတယ်။ကလေးတွေကို ထမင်းစားချိန်တိုင်းမှာပျော်ရွှင်နေအောင်လုပ်ဆောင်ပေးမယ့် နည်းလမ်းအချို့ကို လမ်းညွှန်ပေးလိုက်ပါတယ်။ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ ကတော့။အစားအစာတွေကို အမည်ပေးပါ။ပန်းဂေါ်ဖီစိမ်းကို ပန်းဂေါ်ဖီစိမ်းလို့ခေါ်မယ့် အစားရယ်ရတဲ့ နာမည်တစ်ခုခုပြောင်းပေးတာမျိုးလုပ်ပေးပါ။ အစားအသောက်တွေကို ကလေးတွေကြိုက်နှစ်သက်လောက်တဲ့ ရယ်စရာကောင်းတဲ့နာမည်လေးတွေပေးပေးတာက၊ အစားအစာတွေမှာပါတဲ့ စကားလုံးတွေနဲ့ဆက်စပ်ပြီး ပုံပြင်လေးတွေဖန်တီးပေးတာက ကလေးတွေကိုအစားစာချင်စိတ်ပိုမိုဖြစ်စေမယ့်အပြင် အစားစားတဲ့အချိန်တွေမှာပျော်ရွှင်မှုရရှိစေမှာဖြစ်ပါတယ်။ထမင်းစားခန်းကို ပြင်ဆင်သူဖြစ်ခွင့်ပေးလိုက်ပါ။ကလေးက စားဖိုမှူးတစ်ဦးဖြစ်ဖို့အရမ်းငယ်သေးတာကြောင့် စားဖိုမှူးလုပ်ခိုင်းဖို့မဖြစ်နိုင်ဘူးဆိုရင် ထမင်းစားခန်းကို စီစဉ်သူတော့ဖြစ်ခွင့်ပေးလိုက်ပါ။လက်သုတ်ပဝါကို တိရစ္ဆာန်ရုပ်လေးတွေ ခေါက်စေတာ (သို့) ပုံစံအမျိုးမျိုးခေါက်စေတာမျိုး ခေါက်ခွင့်ပေးလိုက်ပါ။ မိသားစုဝင်တွေကို ထမင်းစားဖို့ အသင့်ပြင်ပြီးတဲ့အကြောင်း အသိပေးခိုင်းတာ နဲ့ အဓိကဟင်းလျာက ဘာလဲဆိုတာမျိုးကို ကြေညာခွင့်ပေးလိုက်ပါ။အစားအစာတွေနဲ့ ကစားခွင့်ပေးလိုက်ပါ။ညစ်ပတ်လောက်တဲ့အထိ ကစားတာမျိုးတော့မလုပ်ပါနဲ့။ အစားအသောက်တွေကို အရောင်အသွေးစုံစုံလင်လင်ဖြစ်အောင် ပြင်ဆင်တာ မိသားစုဝင်တွေအားလုံး စားသောက်ပွဲတွေပြင်ဆင်ရာမှာ လှလှပပပြင်ဆင်ခြယ်သတာမျိုးတွေလုပ်ဆောင်ပေးလို့ရပါတယ်။ အစားအသောက်တွေကို အရောင်အသွေးစုံစုံလင်လင်နဲ့ ရယ်စရာကောင်းအောင်ပြင်ဆင်တာကလည်း ကလေးကို အစားစားဖို့ပျော်ရွှင်စေမယ့်နည်းလမ်းတစ်ရပ်ပါ။ကလေးအကြိုက်ရွေးချယ်ခွင့်ပေးလိုက်ပါ။ကလေးကို အမြဲမဟုတ်တောင်မှ တစ်ခါတစ်လေ ဘာချက်ရမလဲဆိုတာကို သူတို့သဘောကျ လုပ်ပေးလိုက်ပါ။ ဘာတွေထည့်ချက်ရမလဲဆိုတာကို သူတို့စိတ်ကြိုက်ပေးထည့်လိုက်ပါ။မိသားစုထမင်းပွဲပြင်ဆင်ရာမှာလည်း ပါဝင်ခွင့်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကလေးပြင်ဆင်ထားတဲ့ အစားအသောက်ကိုကောင်းကောင်းစားပေးလိုက်ပါ။ကိုယ်တိုင် ပီဇာလုပ်ခွင့်ပြုလိုက်ပါ။ကလေးကို အသီးအရွက်တွေစားဖြစ်အောင် ကိုယ်တိုင်အသေးစားပီဇာလေးကို လုပ်ဆောင်ခွင့်ပြုလိုက်ပါ။ ပီဇာလုပ်ရာမှာ ထည့်မယ့်ဟင်းသီးဟင်းရွက်တွေကို သူတို့စိတ်ကြိုက်ပုံစံလှီးဖြတ်ပေးလိုက်ပါ။ ကလေးတွေအတွက် လွယ်ကူရိုးရှင်းတဲ့ အဆာပလာလေးတွေကို ရှာဖွေပေးပါ။ဥယျာဉ်ခြံလေးတစ်ခုစိုက်ပျိုးပေးပါ။ကလေးတွေကို အသီးအရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးပြီး ရိတ်သိမ်းစားသောက်နိုင်စေဖို့အတွက် ဟင်းသီးဟင်းရွက်စိုက်ခင်းလေးတွေ စိုက်ပျိုးထားပေးတာမျိုးလုပ်ဆောင်ပေးပါ။ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားမလဲဆိုတဲ့အကြောင်း ကလေးငယ်နဲ့ပြောဆိုဆွေးနွေးပါ။ဒီအချက်ကရိုးရှင်းတယ်လို့ထင်ရပေမယ့် ကလေးတွေကို မှန်မှန်ကန်ကန် စားသောက်နေထိုင်တတ်အောင် သင်ကြားပေးဖို့လိုအပ်ပါတယ်။ ကလေးကို ပန်းသီးကသကြားလုံးတွေထက် ပိုကောင်းတယ်ဆိုတာကို သိအောင်ပြောပြပေးပါ။ ဒါ့အပြင် ကလေးကိုအာဟာရတန်ဖိုးတွေကို သိအောင်သင်ကြားပေးပါ။ ဘယ်အစားအစာတွေက နေ့စဉ်စားသုံးသင့်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေလဲဆိုတာနဲ့ ဘယ်အစားအစာတွေကတော့ မဖြစ်မနေပါသင့်တာမျိုးမဟုတ်ဘဲ တစ်ခါတလေမှာ ခန္ဓာကိုယ်အတွက် အာဟာရပြည့်ဝအောင်စားသုံးသင့်တဲ့အရာတွေလဲဆိုတာကိုပြောပြပေးရမှာဖြစ်ပါတယ်။ကလေးတွေကို စူပါမားကတ်တွေကိုခေါ်သွားပြီး စားသောက်ကုန်တွေမှာပါတဲ့ အညွှန်းတွေကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်တတ်အောင်သင်ပေးပါ။ ဘယ်လိုဈေးဝယ်ရလဲဆိုတာကိုလည် သင်ပေးရမှာဖြစ်ပါတယ်။ဟင်းလျာတွေကိုမြည်းခိုင်းပါ။ဟင်းချက်တာရဲ့ပျော်စရာအကောင်းဆုံးအချိန်ကို လက်မလွှတ်မိပါစေနဲ့။ ဟင်းတွေချက်ပြီးတဲ့အခါ ကလေးနဲ့အတူတူမြည်းကြည့်ပါ။ စွပ်ပြုတ်ကို နည်းနည်းလောက်ဖြစ်ဖြစ်မြည်းကြည့်တာမျိုး၊ ခရမ်းချဉ်သီးသေးသေးလေးတွေကို တစ်ကိုက်စာလောက်မြည်းကြည့်တာမျိုး လုပ်ပေးလို့လည်းရပါတယ်။ ကလေးကို ဘယ်လိုအရသာရှိလဲဆိုတာမြည်းစမ်းကြည့်ခိုင်းပါ။မီးဖိုခန်းကို သန့်ရှင်းတာမျိုးလုပ်ဆောင်ပါ။ကလေးတွေနဲ့အတူ ချက်ပြုတ်ရတာက ရှုပ်ပွတာကိုပိုဖြစ်စေတယ်ဆိုပေမယ့်ကောင်းတဲ့အချက်တစ်ချက်ကတော့ ကလေးတွေကို သန့်ရှင်းရေးလုပ်ရတာကို နှစ်သက်သွားစေတာပဲဖြစ်ပါတယ်။ မီးဖိုခန်းကိုသန့်ရှင်းရေးလုပ်တာက ချက်ပြုတ်ခြင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်ဆိုတာကို ကလေးကိုသင်ပေးပါ။ ထမင်းစားစားပွဲကို သန့်ရှင်းဖို့လည်း ကလေးကို သင်ပေးပါ။အထက်ပါနည်းလမ်းလေးတွေကို အကျိုးရှိရှိအသုံးချပြီးကလေးတွေကိုအစားစားချိန်တိုင်းကပျော်စရာအချိန်တွေဖြစ်အောင်ပြင်ဆင်ပေးနိုင်ကြပါစေကြောင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/ways-to-make-food-fun-for-junior/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/cosmetic-%e1%80%9c%e1%80%ac%e1%80%b8-skincare-%e1%80%9c%e1%80%ac%e1%80%b8/
Sleeping Mask သုံးရင် မျက်နှာမှာဘာတွေအကျိုးထူးမလဲ
မျက်နှာလေး အမြဲတမ်းကြည်လင်လှပနေဖို့ဆိုရင် မိတ်ကပ်လိမ်းရုံနဲ့တင် မလုံလောက်ပါဘူးနော်။ အသားအရေထိန်းပစ္စည်းတွေလည်း လိမ်းပေးဖို့ လိုပါတယ်။ မိတ်ကပ်တွေ အမျိုးမျိုးရှိသလို အသားအရေထိန်းပစ္စည်းတွေလည်း အမျိုးမျိုး ရှိကြပါတယ်။ အခုနောက်ပိုင်းမှာတော်တော်များများ လိမ်းကြတဲ့ အသားအရေထိန်းပစ္စည်းတစ်မျိုးအကြောင်းပြောပြချင်ပါတယ်။ အဲဒါကတော့ Sleeping mask အကြောင်းပါ။ ဘယ်လိုအသားအရေပိုင်ရှင်မဆို၊ အသက်အရွယ်ဘယ်လောက်ဖြစ်ဖြစ် လိမ်းနိုင်ပါတယ်။ Sleeping mask မှာလည်း အသားအရေအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်ထားတာတွေ ရှိပါတယ်။Sleeping mask သုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး (၄) မျိုး ရှိပါတယ်။တစ်နေကုန်နေပူထဲ ဖုန်မှုန့်တွေကြားထဲ သွားလာလှုပ်ရှားထားတာကြောင့် မျက်နှာအသားအရေဟာရေဓာတ်ဆုံးရှုံးနေပါပြီ။ Sleeping mask သုံးပေးမယ်ဆိုရင်တော့ရေဓာတ်အပြည့်အဝ ပါဝင်တာမို့ တစ်ညလုံး မျက်နှာကိုရေဓာတ်အပြည့်အဝ ရရှိနေမှာပါ။ မျက်နှာမှာ အရေပြားခြောက်သွေ့တာကြောင့် နီရဲခြင်း၊ ယားယံခြင်းတွေလည်း မရှိစေတော့ပါဘူး။မျက်နှာ အပေါ်ယံအရေပြားမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းနဲ့ချွေးပေါက်ထဲမှာ အညစ်အကြေးရှိနေခြင်းကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်ချွေးပေါက်တွေကျယ်တာကိုလည်းလျှော့ချပေးနိုင်ပါသေးတယ်။ ညအိပ်ချိန်မှာ မျက်နှာလေး တင်းရင်းအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် မနက်အိပ်ရာနိုးတဲ့အခါမှာ ကြည်လင်ပြီးအေးမြလတ်ဆတ်တဲ့ အသားအရေကို ရရှိနိုင်မှာပါ။မျက်နှာမှာနေရောင်ခြည်ဒဏ်နဲ့ ထိတာကြောင့်ပဲဖြစ်ဖြစ် အသားအရေခြောက်သွေ့ပိုင်ရှင်ပဲဖြစ်ဖြစ် အစိုဓာတ် လိုအပ်ပါတယ်။ sleeping mask က အစိုဓာတ်ပေးစွမ်းနိုင်တဲ့အပြင် အရေးအကြောင်းဖြစ်ခြင်းတွေကိုပါလျော့ကျစေပြီး တင်းတင်းရင်းရင်းနဲ့ချောချောမွေ့မွေ့လေးဖြစ်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။အသားအရေ မညီမညာဖြစ်ခြင်းနဲ့ အရွယ်မတိုင်ခင် ကြီးရင့်တဲ့ပုံပေါက်စေတဲ့ အရေးအကြောင်းတွေကို ဖယ်ရှားပေးပြီး မျက်နှာ နူးနူးညံ့ညံ့ဖြစ်နေစေဖို့ တာဝန်ယူပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေက လိုအပ်တဲ့ အာဟာရတွေလည်းပေးစွမ်းနိုင်တာကြောင့် အသားအရေ ပျက်စီးတာတွေ မဖြစ်စေနိုင်တော့ပါဘူး။ညဘက် skin care အဆင့်ဆင့် လုပ်ရမှာပျင်းတယ်ဆိုရင်တော့ sleeping maskလေးသာ အပြေးဝယ်သုံးလိုက်ပါတော့နော်။ မျက်နှာကို cleansing လုပ်ပြီးတာနဲ့ sleeping maskလေးရုံပါပဲ။ မနက်ဆိုရင် နူးနူးညံ့ညံ့ စိုစိုပြေပြေနဲ့ ကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ရမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/sleeping-mask-%e1%80%b1%e1%80%90%e1%80%bc%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%82%94-%e1%80%9c%e1%80%ad%e1%80%af%e1%81%bf%e1%80%95%e1%80%ae%e1%80%9c%e1%80%ac%e1%80%b8/
အရက်က ဆီးချို ကျစေသတဲ့လား ……
ဆီးချို ရှိတယ်။ အရက်လည်း သောက်တတ်တယ်ဆိုတဲ့ သူတွေရှိလား….. နောက်တစ်ချက်က အရက်လေး နည်းနည်လောက် ချလိုက် ဆီးချိုတောင် ကျသေးတယ်။ ဆေးတောင် မလိုဘူးဆိုသူတွေရော ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဆီးချိုရှိနေသူ တစ်ယောက်အနေနဲ့ အရက်သောက်တာကသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို သွေးတွင်းသကြားဓာတ် ကျဆင်းစေတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အယ်လ်ကိုဟောမှာ ကယ်လ်လိုရီ များစွာ ပါဝင်နေလို့ပါ။အရက်က ဒီလိုမျိုး သွေးတွင်းသကြားဓာတ်ကို မငြိမ်မသက်ဖြစ်စေတဲ့အတွက် မသောက်တာကတော့ အကောင်းဆုံးပါ။တကယ်လို့ ဆီးချိုလည်း ရှိတယ်အရက်ကိုလည်း မဖြတ်နိုင်ဘူး ကြိုက်တယ်ဆိုရင်တော့ ပထမ တစ်ချက် အနေနဲ့ အလွန်အကျွံ မသောက်မိဖို့ နဲ့ မသောက်ခင်မှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး တိုင်းတာချိန်ညှိဖို့ပါ။ ပြီးမှ သောက်သင့်ပါတယ်။ ဖြတ်လိုက်တာကတော့ အကောင်းဆုံးပေါ့။ကျန်းမာရေးအခြေအနေအရ အယ်လ်ကိုဟော သောက်ဖို့ သင့်တော်ရဲ့လားဆိုတာကိုလည်း ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်ဖို့ လိုပါမယ်။ ရေရှည်မှာကတော့ အရက်ဖြတ်ဖို့ကိုပဲ အကြံပေးမှာဖြစ်ပါတယ်။အရက် အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွ ဆီးချိုရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အရက်ကို နည်းနည်းပဲ သောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီးအရက်ကို အလွန်အကျွံ သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အပြင်းထန်ဆုံးအနေနဲ့ အသက်အန္တရာယ် ထိခိုက်စေလောက်တဲ့အထိ သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့်အမျိုးအစား -၁ ဆီးချိုရှိသူတွေမှာပါ။အယ်လ်ကိုဟော သောက်သုံးမှုက သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေတာ ဖြစ်စေနိုင်သလို ရုတ်ချည်း ကျဆင်းတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာကအင်ဆူလင် မတိုးတာကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ဘီယာနဲ့ ဝိုင်ချိုချိုတွေကတော့ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ဆီးချို ရှိရင် အယ်လ်ကိုဟော မသောက်သင့်ပါဘူး။ ဒီလိုပြောရတာက။ဒီအချက်တွေအပြင် ဆီးချို ရှိသူအနေနဲ့ အရက်သောက်တဲ့အခါ အခုလို ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ အရက်အလွန်အကျွံ သောက်တာကြောင့် သွေးတိုးတာဖြစ်စေနိုင်သလို အာရုံကြောတွေ ထိခိုက်ပျက်စီးတာ၊ ရေဓာတ်ဆုံးရှုံးပြီး ကောင်းကောင်း အိပ်မပျော်တာ၊ နှလုံးရောဂါ နဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေကို ခံစားရနိုင်ပါတယ်။ဆီးချို ရှိပေမယ့်အရက်ကို မစွန့်လွှတ်နိုင်လို့ သောက်ချင်တယ်ဆိုရင် ဒီအချက်လေးတွေကို သတိရစေချင်ပါတယ်။ဆီးချို ရှိသူတွေအနေနဲ့ အယ်လ်ကိုဟောကို မသောက်တာ အကောင်းဆုံးပါ။ ရှောင်မရလို့ သောက်တော့မယ်ဆိုရင်။ဆီးချို ရှိသူ တစ်ဦးအနေနဲ့ တစ်နေ့ကို အယ်လ်ကိုဟော ၃ယူနစ်နဲ့အထက် သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။တစ်ခုထပ်ပြီး သတိပေးချင်တာကတော့ အရင်တည်းက အရက်မသောက်တတ်တဲ့သူက အရက်က ဆီးချိုအနည်းငယ်ကျစေတာပဲဆိုပြီး အစလုပ်မသောက်သင့်ပါဘူး။ ဆီးချိုကျစေနိုင်တဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ခုပြောထားတဲ့ အရက်ပမာဏကလည်း နေ့စဉ်သောက်ရမယ့် ပမာဏမဟုတ်ပါဘူး။ မရှောင်နိုင်လို့ သောက်ဖြစ်ခဲ့ရင် ဒီပမာဏတွေကို မကျော်လွန်သင့်ဘူးဆိုတာ သတိပေးထားတာပဲ ဖြစ်ပါတယ်။ကဲ ….. အရက်က ဆီးချို ကျစေသတဲ့လား …… လို့မေးရတဲ့ အကြောင်းအရင်းကို သိပြီဟုတ်။# ခန္ဓာကိုယ်ထဲက အသည်း ဘယ်လို အလုပ်လုပ်သလဲ!။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-and-alcohol-drinking/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1-%e1%80%96%e1%80%bc%e1%80%b0%e1%80%9d%e1%80%84%e1%80%ba%e1%80%b8%e1%80%b1/
ကိုယ်ဝန်ကြောင့် ပြင်းပြင်းထန်ထန် ပျို့အန်ခြင်း
ပျို့အန်ခြင်းဆိုတာ မိန်းမအများစုအတွက် ကိုယ်ဝန်ရှိကြောင်းကို ပြသတဲ့ ပထမဆုံး လက္ခဏာတစ်ခုပါ။ Morning Sickness လို့ ခေါ်သော်လည်း ထက်ဝက်ကျော်လောက်က မနက်မှာတင် ဖြစ်တာမဟုတ်ပါဘူး။ယင်းလက္ခဏာတွေဟာ ကိုယ်ဝန် ၁၄ပတ်မပြည့်မချင်း ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေမှာပါ။ တစ်ချို့ကတော့ အလွန်အမင်း ပျို့အန်ခြင်းကို ခံစားရမှာပါ။ အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားပါမယ်။ စားရသောက်ရ ခက်ပါလိမ့်မယ်။ အဲဒါတွေက ကလေးနဲ့ မိခင်အတွက် ဆိုးကျိုးတွေ ရစေပါတယ်။မိန်းမတစ်ယောက်ဟာ အလွန်အမင်း ပျို့အန်နေပြီဆိုရင် ကိုယ်ဝန်ကြောင့် ပြင်းထန်စွာ ပျို့အန်ခြင်း (Hyperemesis gravidarum) (HG) ရှိတယ်လို့ ဆိုနိုင်ပါတယ်။ HGက ထပ်တိုး ရောဂါတွေ ဖြစ်စေနိုင်တာကြောင့် ဆေးရုံတင်ဖို့ လိုအပ်ပါတယ်။HG ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ပုံမှန် ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်းတွေဟာ ၁၄ပတ်အကြာမှာ ပျောက်ကင်းသွားနိုင်သော်လည်း HGတွေကတော့ ပိုမိုကြာတတ်ပါတယ်။ တချို့လက္ခဏာတွေကတော့ သူဘာသာ ရက်သတ္တပတ်၂၀လောက်အကြာတွင် သက်သာသွားနိုင်သော်လည်း မကုသဘူးဘူးဆိုရင်တော့ ကလေးမွေးပြီးသည်ထိအောင် ဆက်လက်ပျို့အန်နေဆဲဖြစ်မှာပါ။HG၏ လက္ခဏာများ သက်သာစေဖို့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သောက်သုံးနိုင်မယ့် ဆေးများညွှန်ကြားပါလိမ့်မယ်။ အအန်ပျောက်ဆေးများ၊ စတီးရွိုက်များ၊ B6 သို့ B12 သက်စောင့်ဓါတ်များအားတစ်ခုချင်း သို့မဟုတ် ပေါင်းစပ်ပေးခြင်းပဲဖြစ်ပါတယ်။ဆေးဖြင့်မရတော့သော ပျို့အန်ခြင်းများတွင် သင့်တော်တဲ့ ကုသနည်းပေးဖို့ ဆရာဝန်က သေချာ စစ်ဆေးကြည့်ရှုပါလိမ့်မယ်။ အကြောဆေးသွင်း ကုသဖို့လိုနိုင်ပါတယ်။ပျို့အန်ခြင်း ပျောက်စေဖို့ အအန်ပျောက်ဆေးများကို အကြောထဲမှ ထိုးသွင်းပေးမှာပါ။ သင့်တော်တဲ့ ဆေးအမျိုးအစား မတွေ့မချင်း ဆေးအမျိုးမျိုး စမ်းသပ်အသုံးပြုကြည့်ဖို့ လိုနိုင်ပါတယ်။ခဏခဏ ကိုယ်ဝန်ကြောင့် ပျို့အန်မယ်၊ အစားအသောက်တွေ ပျက်မယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ကျွမ်းကျင်သူတို့၏ အကူအညီ ရယူဖို့ လိုအပ်ပါတယ်။ HG ရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ မြန်မြန်သိ၊ မြန်မြန်ကုလေ ကုသရလွယ်ကူလေပဲလို့ ဆရာဝန်များက ယုံကြည်ထားကြပါတယ်။Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc/
Mask တပ်ပါလျက်နဲ့ ပိုးကူးခံရသူတွေ များလာတာ ဘာကြောင့်လဲ
Covid-19ရဲ့ လှိုင်းဂယက်က မြန်မာနိုင်ငံကို ဒုတိယအကြိမ် ထပ်ရိုက်ခတ်လာတဲ့အခါ ပထမတစ်ခေါက်ကထက်ကို ပိုဆိုးလာတယ်ဆိုတာ အားလုံးလည်း တွေ့ကြပြီထင်ပါတယ်။ အရင်ကလည်း ခဏခဏ သတိပေးခဲ့ပါတယ်၊Covid-19ဟာ ရောဂါပိုးကူးစက်ခံရသူ မတွေ့တော့ဘူးဆိုတာနဲ့ ငြိမ်သွားတာမဟုတ်ပါဘူး။ကာကွယ်ဆေးတွေ၊ ကုသနိုင်မယ့်ဆေးတွေ ကျွန်တော်တို့နိုင်ငံကို မရောက်မချင်း ဒီရောဂါနဲ့ ပတ်သက်ပြီး အမြဲတွေးပူနေရမှာပါ။ တစ်စက္ကန့်လောက်လေး ဂရုမပြုမိတာနဲ့ ကူးစက်ခံရသူဟာ တစ်ရာကနေ တစ်ထောင်အဆင့်ကို စက္ကန့်ပိုင်းလေးအတွင်းမှာ မြင့်တက်သွားနိုင်ပါတယ်။အခုတော့ လူတွေတော်တော်များများ ရောဂါကို ပြန်ကြောက်လန့်နေပြီး သွားလာတာက အစ ပြန်ပြီး ဂရုစိုက်လာတယ်၊Maskကိုလည်း သေချာပြန်တပ်လာတာကို တွေ့ရတာ တော်တော်လေးတော့ ကောင်းတဲ့အချက်လို့ ဆိုရမှာပါ။ ဒါပေမယ့် ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ကတော့ ခုထိ မြင့်တက်နေဆဲပါပဲ။ဒါဆို Mask တပ်နေပါလျက်နဲ့ ကူးစက်ခံရသူတွေ ဘာလို့ တိုးလာသလဲ။ကိုးကွယ်ယုံကြည်ရာ အဆောင်ယတြာတစ်ခုလိုMaskကို သဘောထားလို့ မရပါဘူး။ ဆိုလိုတာက မျက်နှာပေါ်Maskကို အဖြစ်သဘောတပ်တာမျိုး၊ Mask ကို နှာခေါင်း၊ ပါးစပ် အကုန်ဖော်ပြီး စတိသဘောလောက်လေး တပ်ထားရုံနဲ့ ရောဂါပိုးက ကြောက်ပြီး မပြေးပါဘူးခင်ဗျ။ အဲဒီပိုးက ပါးစပ်တွေ၊ နှာခေါင်းကနေတစ်ဆင့်အသက်ရှူလမ်းကြောင်းမှ ကိုယ်ခန္ဓာထဲကို ဝင်ပြီး ကူးစက်တာပါ။မြင်ရတဲ့အထဲမှာ စိတ်မချမ်းသာဆုံးအရာကတော့ Mask ကို တလွဲတွေ တပ်ထားတဲ့ပြဿနာပါ။ အသက်ရှူမဝလို့ ဆိုပြီး တချို့က နှာခေါင်းပေါက်လေးကို ဖော်ပြီး Mask တပ်ကြတယ်။ တချို့ကျတော့လည်းချွေးထွက်လို့ဆိုပြီး Mask ကို မေးစေ့ထိ ဆွဲချထားကြတယ်။တချို့ကျလည်း ဘက်ပြောင်းပြန်တပ်ကြတယ်၊ ဥပမာ – အဖြူဘက်ခြမ်းက နှာခေါင်း၊ ပါးစပ်ရှိတဲ့ဘက်၊ အပြာဘက်ခြမ်းက အပြင်ဘက် တပ်ရမယ့်အစား ပြောင်းပြန်တွေ တပ်ထားတာမျိုးပါ။ ဒီလိုတပ်တော့ ဘာဖြစ်သလဲဆိုရင် Mask က ခန္ဓာကိုယ်ထဲ ရောဂါပိုးမဝင်လာအောင် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိတော့ဘဲ ပိုးကူးစက်နှုန်းက ပိုပြီးများလာနိုင်ပါတယ်။FaceShieldကို အစပိုင်းက ကျန်းမာရေးစောင့်ရှောက်သူတွေသာ တပ်ဆင်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ ပြည်သူတွေပါ တပ်ဆင်လာတာကို တွေ့ရပါတယ်။ Face Shield အကာရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ အရှေ့ဘက်က လူတွေဆီကနေ ရောဂါပိုးနဲ့ အမှုန်အမွှားတွေ ကိုယ့်ဆီကို လုံးဝဝင်မလာစေဖို့နဲ့ ကိုယ့်မှာ ပိုးရှိရင်လည်း သူများကို မကူးစေဖို့ ကာပေးထားတာပါ။ဒါပေမယ့် ၃၆၀ ဒီဂရီ ကာပေးထားတာမဟုတ်ဘဲ အရှေ့ဘက်ကိုသာ ဦးစားပေးထားတာဖြစ်လို့ အနောက်ကနေ ရောဂါပိုးရှိသူတစ်ယောက်က ချောင်းဆိုးလိုက်ရင် ဘေးဘက်မှာ လွတ်နေတဲ့ အခြမ်းကနေ ပိုးတွေက ဝင်သွားပြီး Shield မှာသွားကပ်မယ်။ အဲ့ဒီမှာ Mask မတပ်တဲ့သူက နှာခေါင်းနဲ့ အနီးကပ်ဆုံးဖြစ်နေတဲ့ Shield ကနေ ရောဂါပိုးတွေ အကုန်လုံးကို ရှူမိသားဖြစ်သွားတော့ပါပဲ။Covid-19 ဖြစ်စေတဲ့ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့သည် N95 Mask နဲ့ Surgical Mask တွေကို စနစ်တကျ တပ်ဆင်ခြင်းနည်းလမ်းသာ ရှိပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံသည် အခြေခံလူတန်းစားတွေ များတဲ့အတွက် တစ်ခါသုံးပြီး လွှင့်ပစ်ရမယ့်၊ စျေးကြီးပေးဝယ်ရတဲ့ ဒီလို Mask တွေကို တော်ရုံ မတတ်နိုင်ပါဘူး။ ဒီအခါ ထပ်တလဲလဲ အသုံးပြုလို့ရတဲ့ ClothMaskကို ပိုပြီးသုံးစွဲလာကြပါတယ်။Cloth Mask ရဲ့ ပြဿနာက ၂ချက်ပါ။ ပထမတစ်ချက်က ပိုးသန့်စင်ထားတာမဟုတ်တဲ့အပြင် ရောဂါပိုးတွေ ကပ်သွားစေနိုင်တဲ့ Filter အလွှာ မခံထားတာပါ။ ဒုတိယတစ်ချက်က အပြင်က ပြန်လာပြီးတိုင်း Cloth Mask ကိုပိုးသန့်စင်ခြင်းမပြုတာပါ။ ပိုးပေါင်း သောင်းခြောက်ထောင်နဲ့ ထိတွေ့ထားနိုင်တဲ့ Cloth Mask ကို တချို့က အချိန်ဆွဲပြီးမှ လျှော်ဖွပ်တာမျိုးလည်း ရှိသလို တချို့ဆိုရင် လုံးဝမလျှော်ဘဲ တန်းမှာ လှန်းထားလိုက်တာမျိုးလည်း ရှိပါတယ်။Covid-19ပြန်ပြီး ဂယက်မထခင် တစ်ပတ်လောက်အလိုက ကျွန်တော် အပြင်ကို ဘတ်စ်ကားနဲ့ပဲ စီးပြီးသွားခဲ့တာပါ။ ဘတ်စ်ကားပေါ်က လူတွေ အကုန်လုံးကတော့ Mask ကိုယ်စီနဲ့ပါပဲ။ဒါပေမယ့် အသက်ရှူကြပ်လို့ဆိုပြီး Mask ကို အောက်တစ်ဝက်လောက် လျှောချပြီးတပ်ထားသူတွေ၊ Mask ကို အသာလေးချွတ်ပြီး ကားပြတင်းပေါက်ကနေ တံတွေးလှမ်းထွေးလိုက်သူတွေကိုလည်း တွေ့ရပါတယ်။ဒီတော့ စဉ်းစားစရာတွေ ရှိလာပါတယ်။ကွမ်းတံတွေးလှမ်းထွေးလိုက်သူမှာ ရောဂါပိုးရှိနေခဲ့ရင် သူထွေးလိုက်တဲ့ နေရာမှာ ရောဂါပိုးက ပျံ့နှံ့သွားပါပြီ။ နောက်တစ်ချက်က ကားပြတင်းပေါက်ကနေ လှမ်းပြီးထွေးတာဖြစ်တဲ့အတွက် အပြင်က လေတွေက ကားထဲမှာ တိုက်ခတ်နေမှာပါ။တံတွေးထွေးလိုက်တဲ့အခါ အဲဒီတံတွေးက အထဲက ဝင်လာတဲ့လေထဲ အမှုန်အမွှားတချို့ပါသွားနိုင်ပြီး Mask ကို နှာခေါင်း၊ ပါးစပ်ဖော်တပ်ထားသူတွေကို ကူးသွားနိုင်ခြေ အရမ်းများပါတယ်။Mask တပ်တဲ့အခါ သတိထားသင့်တဲ့အချက်က အပြင်ဘက်ခြမ်းသည် ရောဂါပိုးများ ကပ်ငြိနေတဲ့ အခြမ်းဖြစ်ပါတယ်။ ဒီအတွက် တတ်နိုင်သလောက် Mask ရဲ့ အပြင်ဘက်ခြမ်းကို လက်နဲ့ထိတာမျိုး၊ အဲဒီအခြမ်းကနေ Mask ကို အောက်ဆွဲချတာမျိုး မလုပ်သင့်ပါဘူး။လက်နဲ့ထိမယ်ဆိုရင် အရင်ဆုံး လက်ကိုဆပ်ပြာ၊ ရေနဲ့ ဆေးရပါမယ်။ ပြီးမှ Mask ရဲ့ ဘေးဘက်ခြမ်းက ကြိုးကို ဆွဲဖြုတ်ပြီး ကိုယ့်မျက်နှာကို ထိကိုင်ပါ။ ပြီးရင် လက်ကို ပြန်ဆေးပါ။အပြင်က ပြန်လာရင်လည်း Mask ကို ဘေးကြိုးကနေပဲ ဖြုတ်ပြီး ပလတ်စတစ်အိတ်ထဲ စနစ်တကျ စွန့်ပစ်ပါ။ Cloth Mask ဆိုရင် ချွတ်ပြီးတာနဲ့ တစ်ခါတည်း တန်းလျှော်ပါ။ လက်မဆေးဘဲ မျက်နှာကို မထိကိုင်ပါနဲ့။ Mask မှာ ကပ်နေတဲ့ ပိုးက နှာခေါင်းထဲကို အလွယ်တကူ ဝင်သွားနိုင်ပါတယ်။ကပ်ဘေးဆိုတာ ပေါ့ဆစရာမဟုတ်သလို အေးအေးဆေးဆေး နေလို့လည်း ရတဲ့အချိန်မဟုတ်ပါဘူး။ တတ်နိုင်သလောက် အိမ်မှာပဲ နေကြပါ။ အပြင်ကို မဖြစ်မနေ သွားစရာရှိရင်လည်း ကိုယ့်ကိုယ်ကိုယ်ရော၊ ပတ်ဝန်းကျင်ကိုရော အမြဲသတိပြုပါ။ချောင်းမဆိုးဘူး၊ဖျားနာနေတဲ့ပုံ မပေါက်ဘူးဆိုတိုင်း ဒီလူမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိပါဘူးလို့ သတ်မှတ်လို့မရပါဘူး။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/mask-%e1%80%90%e1%80%95%e1%80%ba%e1%80%95%e1%80%ab%e1%80%9c%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%b0%e1%80%b8%e1%80%81%e1%80%b6/
ကိုယ်ဝန်ဆောင်မိခင်များအတွက် တတိယလပတ်လမ်းညွှန်
မိခင်လောင်းတွေအတွက် မွေးဖွားမယ့်ရက် နီးကပ်လာတဲ့အချိန်မှာ သူတို့ဟာ အရမ်းကို စိတ်လှုပ်ရှားနေတတ်ကြပြီး သူတို့ရဲ့ကလေးငယ်လေးကို ပိုက်ထွေးထားရမယ့်အချိန်ကို မျှော်လင့်ရင်ခုန်နေတတ်ကြပါတယ်။ကိုယ်ဝန်ဆောင်ကာလ တတိယလပတ်ထဲ ဝင်လာတဲ့အခါ ကလေးငယ်ရဲ့ဖွံ့ဖြိုးပြောင်းလဲမှုတွေဟာ သင့်ကို ပင်ပန်းစေတာမျိုးတွေ၊ စိတ်ဖိစီးစေတာမျိုးတွေနဲ့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့ ကောင်းမွန်တဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် မိခင်လောင်းတွေ သတိပြုလုပ်ဆောင်ရမယ့်အချက်တွေရှိနေပါတယ်။ရက်သတ္တပတ် ၂၈ပတ်မြောက်ကိုရောက်လာပြီဆိုတာနဲ့ သင့်ကလေးရဲ့ လှုပ်ရှားမှုတွေနဲ့ ကန်တာတွေမှာ ပြောင်းလဲလာတာ ရှိလားဆိုတာကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုလာပါပြီ။ အထူးသဖြင့် ၉လထဲရောက်လာပြီဆိုတာနဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေကို သတိထားဖို့ လိုအပ်လာပါပြီ။တတိယလပတ်အစမှာ အစာစားချင်စိတ်တွေ အရမ်းတိုးလာတာကို ခံစားနေရမှာပါ။ ဒါကြောင့် ဒီအချိန်မှာ အလေးချိန်ထိန်းဖို့ဆိုတာ အနည်းငယ်တော့ ခက်ခဲမှာပါ။တကယ်လို့သင်က အလေးချိန်အရမ်းတိုးလာပြီဆိုရင် ဒါမှမဟုတ် တတိယကိုယ်ဝန်ပတ်တွေရဲ့ စံအလေးချိန်ကို မရနိုင်တော့ဘူးဆိုရင် ဆရာဝန်ထံမှ အကြံပြုချက်ရယူပါ။ ဒါမှမဟုတ် မှန်ကန်တဲ့လမ်းကြောင်း(စားသောက်မှုပုံစံ)ကို ချိန်ညှိပါ။ကလေးနို့တိုက်ဖို့ လိုအပ်သမျှအရာအားလုံးကို ပြင်ဆင်ပါ။ : ဒါဟာတကယ်တမ်းတော့ သိပ်ပြောနေစရာလိုမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မိခင်လောင်းတိုင်းကတော့ ကိုယ်ဝန်ရှိစဉ်တည်းက သူတို့နို့တိုက်ချိန်မှာ ကလေးအတွက်လိုအပ်မဲ့အရာအားလုံးကို ပြင်ဆင်ထားတတ်လေ့ရှိလို့ပါပဲ..(ဥပမာ နို့ဘူးတွေ၊ ကလေးအနှီးတွေ၊ diapersတွေ၊ wipesတွေ၊ နို့သီးခေါင်းအတုတွေနဲ့ နို့မှုန့်တွေ အစရှိသဖြင့်ပေါ့)။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား။ဘယ်ဆေးရုံမှာ မွေးမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် မွေးဖွားမယ့်နေရာ သို့မဟုတ် ဆေးရုံနဲ့ ရင်းနှီးကျွမ်းဝင်အောင် သွားလည်တာမျိုး သွားကြည့်တာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် ၇လထဲရောက်တဲ့အခါ သင့်ကလေးအတွက် ကလေးအထူးကုကို ရွေးချယ်နိုင်ပါပြီ။ကလေးမမွေးဖွားခင် သင်နဲ့သင့်လက်တွဲဖော်ဟာ ကလေးတစ်ယောက်ကို မွေးမြူရမယ့် စရိတ်တွေကို သေချာဂရုတစိုက်တွေးတောသင့်ပါတယ်။ သေချာလုပ်ထားတဲ့အစီအစဉ်တိုင်းလိုက်နာပြီး ပိုက်ဆံကို စတင်စုဖို့လိုအပ်လာပါလိမ့်မယ်။ပိုက်ဆံစုပြီးတဲ့အခါ ဒီပိုက်ဆံတွေကို ဘယ်နေရာတွေမှာ အသုံးချမလဲဆိုတာကို စဉ်းစားဖို့ လိုအပ်လာပါပြီ။ ပထမဆုံး ကလေးအတွက်လိုအပ်နိုင်မယ့် အရာတွေအားလုံးကို ဝယ်ယူပါ။ (ဥပမာ- တွန်းလှည်း၊ ပုခက်၊ ကလေးထိုင်ခုံ၊ နို့ညှစ်ကိရိယာ၊ cottage ၊ ကားထိုင်ခုံ )။သင့်မိခင်နဲ့ဆွေမျိုးတွေဆီက အကြံဉာဏ်ယူတာအပြင် ကလေးမွေးဖွားခြင်းသင်တန်းတွေ တက်ခြင်းအားဖြင့် မွေးဖွားမယ့်နေ့အတွက် ပိုပြီး ယုံကြည်မှုတွေရှိလာနိုင်ပြီး မွေးဖွားပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောကရမယ့် အရည်အသွေးတွေကို သင်ယူနိုင်မှာပါ။နို့တိုက်ခြင်းအတွက်လည်း ဘယ်လိုတွေလုပ်ရမယ်ဆိုတာနဲ့ ဘာကြောင့် ၁နှစ်ပြည့်တဲ့အထိ(အနည်းဆုံး) နို့တိုက်ကျွေးရလဲဆိုတဲ့အကြောင်းရင်းတွေကို သင်ယူဖို့လညး လိုအပ်ပါသေးတယ်။ကလေးငယ်ကို ဘဝသစ်ကိုခေါ်ဆောင်ရာမှာ အဆင်သင့်ဖြစ်နေစေဖို့အတွက် မမွေးဖွားခင်နဲ့ မွေးဖွားစဉ်အချိန်တွေမှာ ဘယ်လက္ခဏာတွေပြမလဲဆိုတာကို သိနေဖို့လည်း အရေးကြီးပါတယ။်။ကလေးကိုဘယ်လို အပြင်ကိုတွန်းထုတ်မလဲဆိုတာနဲ့ သန္ဓေသားကို ဘယ်လိုမွေးဖွားမလဲဆိုတာတွေကို သင်ယူဖို့လည်း လိုအပ်ပါတယ်။၇လနဲ့ ၈လထဲမှာ ဂလူးကို့စ်လယ်ဘယ်နဲ့ အုပ်စု B သွေးအားနည်းခြင်းတွေအတွက် စစ်ဆေးမှုတွေ ခံယူရမှာပါ။နောက်ဆုံးလမှာတော့ သင့်ရဲ့သားအိမ်ခေါင်း ပါးလွှာမှုအခြေအနေနဲ့ ပွင့်နိုင်တဲ့အဆင့်တွေကိုစစ်ဆေးနိုင်ဖို့အတွက် သားအိမ်ခေါင်းစစ်ဆေးမှုကို ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။နောက်ဆုံး၃လမှာ တကယ်လို့ သင်ကပုံမှန်အတိုင်းဖြစ်နေဆဲဆိုရင်တော့ အကောင်းဆုံးဟာ Pilates တို့၊ ယောဂသို့မဟုတ် ရေကူးခြင်းတို့လို ပျော့ပျောင်းတဲ့ လေ့ကျင့်ခန်းတွေ လုပ်သင့်ပါပြီ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/third-trimester-being-pregnant/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
သင့်ကလေးငယ် သင့်ကိုချစ်ကြောင်းသိရှိနိုင်တဲ့ နည်းလမ်း ၇ သွယ်
အမှန်တော့ သင်ဖြတ်သန်းခဲ့ရတဲ့ အိပ်ပျက်ညတွေ ပင်ပန်းနာကျင်ခဲ့ရတဲ့မီးဖွားမှုတွေအဆုံးမှာ သင့်ကလေးငယ်လေးက သင်မျှော်လင့်နေခဲ့တဲ့ပုံစံကိုတော့ ပြပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်နဲ့ ကလေးရင်းနှီးလာတာနဲ့အမျှ သင်တို့ကြားမှာ သံယောဇဉ်တွယ်လာတာကပြီး ဒါဟာ ‘ချစ်ပါတယ်’လို့ အကျယ်ကြီးပြောလိုက်တာထက် အများကြီးပိုသိသာတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုသံယောဇဉ်တွယ်လာခြင်းက တိုးတက်လာခြင်းတစ်မျိုးပါ။ သင့်ကလေးက သင့်ဂရုစိုက်မှုတွေခံစားလာရတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့သင့်ကို ပိုပိုချစ်လာပြီး သူတို့နည်းသူတို့ဟန်နဲ့ ကျေးဇူးတင်စကားပြောကြပါလိမ့်မယ်။ကလေးလေးတွေဟာ မျက်နှာတွေကိုလိုက်ကြည့်ရတာ နှစ်သက်တတ်ပြီး သင့်မျက်နှာကတော့ သူတို့ရဲ့ပထမဆုံးဦးစားပေးပေါ့။ စောင့်ရှောက်သူတွေဆီက ချစ်ခြင်းနဲ့ အာရုံစိုက်မှုတွေကိုဆွဲဆောင်ယူနိုင်မယ့် ထိုခံစားချက်အပြည့်နဲ့ အကြည့်တွေဟာ မွေးရာပါပင်ကိုယ်ဗီဇတစ်မျိုးပါ။ ကလေးတွေရဲ့ ထိုအကြည့်တွေဟာ သူတို့ဘဝအတွက် သင့်အရေးပါမှုကိုသိရှိလာတဲ့အတွက် သင့်အတွက်သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အစပေါ့။ကလေးလေးတွေဟာ သူတို့ကိုစောင့်ရှောက်နေသူတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သိရှိမှတ်မိပြီး ထိုသူတွေက သူတို့လေးတွေရဲ့ ဦးစားပေးတွေဖြစ်လာပါတယ်။ မွေးပျံ့နေတဲ့နှင်းဆီပန်းတွေနဲ့ သင့်ရဲ့ချွေးနံ့ နို့နံ့ရနေတဲ့အင်္ကျီကို ယှဉ်ရင် သူတို့ဟာသင့်အင်္ကျ ီ ကိုပဲ အမြဲတမ်းရွေးချယ်ကြပါလိမ့်မယ်။ တစ်ပတ်သားလေးတွေတောင်မှ သူတို့မိခင်နို့စိုနေတဲ့ရင်ခံစကို လှမ်းဆွဲတတ်ပါတယ်။ ကလေးလေးတွေအတွက် သူတို့မေမေရဲ့ ကိုယ်သင်းနံ့ထက် ပိုချိုမြိန်တာမရှိတော့ပါဘူး။တချို့တွေက ကလေးငယ်လေးတွေရဲ့အပြုံးဟာ မရည်ရွယ်ဘဲ အလိုအလျောက်ဖြစ်ပေါ်ခြင်းတစ်ခု သက်သက်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ လတ်တလောလေ့လာမှုတွေအရ မွေးကင်းစကလေးငယ်ရဲ့ အပြုံးဟာ ထို့ထက် အဓိပ္ပါယ် ပိုပါတယ်။ သင့်ကလေးငယ်ဆီက ပထမဆုံးစစ်မှန်ပြီး တောက်ပတဲ့အပြုံးရလိုက်ရတဲ့အချိန်ဟာ အမတန်လှပတဲ့အခိုက်အတန့်လေးပါ။ ဒါဟာ သူတို့နည်းသူတို့ဟန်နဲ့ ‘မေမေ့ကိုချစ်တယ်’ လို့ပြောခြင်းပါ။ ကလေးအသက် ၆ပတ်နဲ့ ၈ပတ်လောက်မှာ မေမေတို့ရဲ့နေ့ရက်တွေကို တောက်ပသွားစေမယ့် သူတို့ရဲ့ပထမဆုံး အပြုံးစစ်စစ်ကိုသင်တွေ့ရပါလိမ့်မယ်။ကလေးလေးတွေရဲ့ အစောဆုံးတီတီတာတာသံလေးတွေက သင် ဒါမှမဟုတ် သူတို့ကိုစောင့်ရှောက်ပေးတဲ့ အခြားသူတွေ ကို ရည်ရွယ်ပြောဆိုနေတာပဲဖြစ်ပါတယ်။ ကလေးတွေက စတင်စကားပြောရာမှာ သူတို့ကိုယ်သူတို့စပြောတာမဟုတ်ဘဲ သူတို့ရဲ့အစောဆုံးဘာသာစကားက သင်နဲ့အဆက်အသွယ်ပြုလုပ်ခြင်းပါ၊ ဒါကြောင့် သူတို့ကိုပြန်ဆော့ကစားပေးပါ။ သင်တို့နှစ်ယောက်စလုံးက တကယ့်စကားပြောခြင်းအတွက် အစပျိုးနေတာပါ။ကလေးငယ်ရဲ့ပထမဆုံးခြောက်လမှာ သူတို့ဟာ သင်မရှိရင် မပျော်တာကိုတွေ့ရမှာပါ၊ သင်အခန်းထဲကထွက်သွားတာနဲ့ ရှုံ့မဲ့ငိုကြွေးကြပြီး သင်ပြန်လာရင်သူတို့ကျေနပ်သွားတာ ပြုံးသွားတာတွေ့ရပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့သင့်အပေါ်တွယ်တာလာမှုကို ပြပါတယ်။အပန်းဖြေရက်ညနေခင်းက လှပတဲ့မီးဆိုင်းလေးတွေဖြစ်ပါစေ၊ ညစ်ပတ်နေတဲ့အဝတ်ပုံကြီးဖြစ်ပါစေ၊ သင်ကဂရုတစိုက် အာရုံကျနေရင် သင့်ကလေးလေးလည်း အာရုံလိုက်စိုက်နေတာကိုတွေ့ရမှာပါ။ အသက်၉လ၊ ၁၂လ အရွယ်လောက်လေးမှာတင် သူတို့ဟာ သင်နဲ့အာရုံတူတူရှိတယ်ဆိုတဲ့ အပြုအမူလေးတွေလုပ်လာတတ်ကြပါတယ်။ ဒါဟာ သင့်ကလေးငယ်က သင့်ဘက်မှာရှိကြောင်းနဲ့ သင့်အာရုံကိုသူတို့တန်ဖိုးထားကြောင်းပြနေတာပါ။တစိမ်းတစ်ယောက် ရုတ်တရတ်ကြီးရောက်လာတဲ့အခါ ကလေးလေးက သင့်ရင်ထဲခေါင်းတိုးလိုက်တာကို အံ့သြမသွားပါနဲ့။ ဒါဟာဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ထိုကဲ့သို့သင့်ဆီကနေ ကာကွယ်မှုယူတယ်ဆိုတာ သူတို့သင့်ကိုချစ်ပြီး သင်ဟာသူတို့ကိုကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်နေတာကို ပြပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%81%e1%80%bb%e1%80%85%e1%80%ba/
ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့ အရေပြားကို အာဟာရဓာတ် ပေးနိုင်တဲ့သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့မော်လီကျူးလေးတွေက အရေပြားကနေ အဆီကို အလွယ်တကူစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲလ်အတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှူးတွေအထိ ရောက်ရှိစေပါတယ်။ ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ က ဒါတင် မကသေးပါဘူး။ကလေးဦးရေပြား ခြောက်သွေ့တာမျိုးဖြစ်နေရင် အုန်းဆီ လူးပေးလို့ရပါတယ်။ ဦးရေပြား ခြောက်သွေ့ပြီး အဖက်လန်တာ ဖြစ်နေရင် ကလေးခေါင်းကို အုန်းဆီရွဲနေအောင် လူးပြီး မိနစ် ၂၀ ဒါမှမဟုတ် တစ်ညသိပ်ထားပါ။ နောက်ရက်မှာ ဘီးအပျော့လေးနဲ့ ဖြီးချလိုက်ရင် အဖက်လေးတွေ ပါလာပါလိ့မ်မယ်။ ပြီးမှ ခေါင်းလျှော်ပေးပါ။နှင်းခူနာဖြစ်တဲ့အခါ ကလေးအရေပြားက ခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။ ဒီအတွက် ရေမချိုးခင်နဲ့ ရေချိုးအပြီးမှာ အုန်းဆီလိမ်းပေးနိုင်ပါတယ်။ အိပ်ခါနီးရင်လည်း လိမ်းပြီး နှိပ်နယ်ပေးလို့ ရပါတယ်။ အုန်းဆီက အရေပြားအစိုဓာတ်ကို ထိန်းပေးတာကြောင့် နှင်းခူလက္ခဏာတွေကို သက်သာစေပါတယ်။အုန်းဆီက အစိုဓာတ်ထိန်းပေးနိုင်တာ‌ကြောင့်သေးခံလောင်ပြီး နီရဲရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ပိုးသေစေနိုင်တဲ့ သတ္တိရှိတာကြောင့် သေးခံလောင်နာတွေ ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေချိုးပြီးချိန်နဲ့ သေးခံလဲပြီးတဲ့အချိန်မှာ လိမ်းပေးနိုင်ပါတယ်။လေ့လာချက်တွေအရ အုန်းဆီမှာပါတဲ့ Lauric acidက ဆံပင်ပရိုတင်း‌တွေကို ဖြစ်ပေါ်စေသလို ဆံပင်ထဲကိုလည်း စိမ့်ဝင်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုဆံပင်သန်အောင်လိမ်းပေးနိုင်ပါတယ်။ ညမအိပ်ခင်မှာ ခေါင်းကို အုန်းဆီလိမ်း၊ နှိပ်နယ်ပြီး မနက်ကျရင် ပြန်လျှော်လိုက်ရုံပါပဲ။ကလေး‌လေးတွေက အရေပြားတင် မကပါဘူး။နှုတ်ခမ်းလည်း ခြောက်တတ်ပါတယ်။ နှုတ်ခမ်းခြောက်တဲ့အခါ ကလေးက လျှာနဲ့ နှုတ်ခမ်းသပ်တာကြောင့် ပိုခြောက်ပြီး နို့စို့တဲ့အခါ နာတတ်ပါတယ်။ ဒီလို မဖြစ်အောင် နှုတ်ခမ်းတစ်ဝိုက်ကို အုန်းဆီပါးပါးလေး လိမ်းပေးနိုင်ပါတယ်။အကောင်ကိုက်တဲ့အခါ ကလေးအရေပြားက နီပြီးရောင်ရမ်းတတ်ပါတယ်။ အရောင်ကျစေဖို့ လူကြီးရဲ့ လက်ထဲကို အုန်းဆီထည့်၊ လက်နှစ်ဘက်ကို ပွတ်လို့ ပူလာပြီဆိုရင် ကိုက်ခံရတဲ့နေရာမှာ လိမ်းပေးနိုင်ပါတယ်။ကလေးတွေရဲ့ အိပ်ရာနဲ့ ငြိပြီး တွန့်လိမ်တာ၊ ကြေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကို သက်သာဖို့ အုန်းဆီကို အသုံးပြုပေးနိုင်ပါတယ်။ အုန်းဆီမှာပါတဲ့ Lauric acidက ဆံပင်အတွင်းပိုင်းထိ ဝင်ရောက်နိုင်တာ‌ကြောင့် ဒီပြဿနာကို ပြေလည်စေနိုင်မှာပါ။ နည်းလမ်းကတော့ ကလေးကို ခေါင်းမလျှော်ခင် အုန်းဆီလိမ်းပေးထားပြီး ခေါင်း‌လျှော်ပေးရုံပဲ ဖြစ်ပါတယ်။ကလေး အအေးမိပြီး ချောင်းဆိုးတဲ့အခါ အုန်းဆီကို လက်ဖဝါးထဲထည့်ပြီး ပူအောင် ပွတ်ပြီး က‌လေးရင်ဘတ်မှာ လိမ်းပေးလို့ ရပါတယ်။ ဒါက ရှေးလူကြီးတွေ သုံးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ရင်ဘတ်မှာ ပွတ်တာက ချောင်းဆိုး သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကလေးချောင်းဆိုးတာကို ဆရာဝန်နဲ့ သေချာပြပြီးကုသဖို့ လိုပါတယ်။အုန်းဆီက အစိုဓာတ်ထိန်းပေးနိုင်တာရော၊ ပိုးသေစေတဲ့ အာနိသင်ရှိတာကြောင့်ရော လိုးရှင်းအနေနဲ့ လိမ်းပေးနိုင်ပါတယ်။ ရေချိုးပြီးတဲ့အခါ ‌လိမ်းပေးပြီး နောက်ရက်ရေချိုးမှ ပြန်သန့်စင်ပေးရင် ရပါတယ်။အုန်းဆီနဲ့ ကလေးကို နှိပ်နယ်ပေးမယ်ဆိုရင် အရေပြားကို စိုပြေစေမှာဖြစ်သလို ကလေးငယ်ကိုလည်း အိပ်ပျော်စေမှာဖြစ်ပါတယ်။ဘယ်လို အုန်းဆီကို အသုံးပြုနိုင်သလဲ။အုန်းဆီမှာ။Virgin coconut oilကတော့ ဓာတုပစ္စည်းတွေ၊ အပူချိန်မြင့်မြင့်တွေကို မသုံးဘဲ အုန်းသီးအသားကနေ အဆီထုတ်ထားတာ ဖြစ်ပါတယ်။ ကလေးတွေအတွက် ဒါက သင့်တော်ပါတယ်။Refined coconut oilကိုတော့ ဓာတုဗေဒနည်းနဲ့ အရောင်ချွတ်တာ၊ အနံ့‌ဖျောက်တာတွေ လုပ်ထားတတ်ပါတယ်။Partially hydrogenated coconut oilမှာတော့ ဓာတုဗေဒနည်းအရ ပြုပြင်လိုက်တဲ့အတွက် ကောင်းတဲ့ မပြည့်ဝဆီတချို့က မကောင်းတဲ့ ပြည့်ဝဆီအဖြစ် ပြောင်းလဲ သွားပါတယ်။ရှားပါးပေမယ့် တချို့ကလေးတွေက အုန်းဆီနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ အုန်းဆီလိမ်းပြီးမှ ကလေးအရေပြားမှာ အနီစက်တွေ ထွက်လာတာ၊ မျက်နှာအမ်းလာတာ‌၊ အသက်ရှူကျပ်လာတာတွေ ဖြစ်ရင် ထပ်မသုံးပါနဲ့။အုန်းဆီကလည်း အုန်းဆီစစ်စစ်ဖြစ်ပြီး အရောအနှောကင်းတဲ့ အုန်းဆီရနိုင်ရင် ပိုကောင်းပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/benefits-coconut-oil-on-infants-and-children/
မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ
COVID-19က တစ်ကမ္ဘာလုံးမှာ တစ်နေ့တစ်ခြား ပိုပိုပြီး ဆိုးရွားလာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း နေ့စဉ် လူနာတွေ အမြောက်အများတိုးပွားလာနေပါပြီ။ဒီလိုတိုးပွားလာနေတဲ့လူနာတွေထဲမှာ လူနာတချို့ဟာ ရောဂါလက္ခဏာမပြသကြပဲ ကွာရန်တင်းဝင်ခိုင်းပြီး ရောဂါပိုးစစ်ဆေးကြည့်မှသာ ရောဂါရှိနေကြောင်း သိလာကြရသူတွေများလာနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ပိုးတွေ့ရှိသူတွေထဲက အများစုဟာရောဂါလက္ခဏာမပြသကြဘူးလို့ ဆိုပါတယ်။ဒါပေမယ့်လည်းလက္ခဏာမပြသတာကြောင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ်အနီးအနားက လူတွေမှာ ရောဂါပိုးရှိမရှိသိမနေနိုင်ဘူးဆိုပြီး အရာရာကို အကြောက်လွန်ဖို့တော့ မသင့်ပါဘူး။နိုင်ငံတကာလေ့လာသူတွေရဲ့အဆိုအရဆိုရင် COVID-19 ရောဂါပိုးတွေ့ရှိသူအများစုဟာ ရောဂါလက္ခဏာမပြသကြဘဲPositiveဖြစ်နေကြတယ်ဆိုတာ မှန်ပေမယ့် ကွာရန်တင်းဝင်ချိန်မှာ ရောဂါလက္ခဏာမပြသခြင်းသာ ဖြစ်နိုင်ခြေများပြီး တခြားအချိန် ဒါမှမဟုတ် အခြေအနေ တစ်ခုခုမှာတော့ ရောဂါလက္ခဏာ ပြလာတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ကွာရန်တင်းကာလက ၁၄ ရက် ၂၁ ရက်စသဖြင့် နိုင်ငံလိုက်တူညီချင်းမရှိကြပဲ ရောဂါလက္ခဏာ ပြသနိုင်တဲ့ကာကိုလည်း ၁၄ ရက်ကနေ ၂၁ ရက်အကြားလို့ ပျမ်းမျှသတ်မှတ်ထားတာကြောင့်ပါ။ တချို့သော ပညာရှင်တွေကတော့ ဒီထက်ပိုကြာနိုင်တယ်လို့လည်း ဆိုကြတယ်မဟုတ်လား။ဒီတော့ လက္ခဏာပြပြ၊ မပြပြ ရောဂါလက္ခဏာတွေကိုတော့ သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှ မသင်္ကာစရာတစ်စုံတစ်ရာရှိလာခဲ့ရင် စစ်ဆေးနိုင်မှာလေ။ ဒါကြောင့် လမ်းညွှန်ချက်တွေအရ မဖြစ်မနေ သိထားသင့်တဲ့ အဓိက လက္ခဏာရပ်တွေကို ပြောပြချင်ပါတယ်။ပြောရမယ်ဆိုရင် မြန်မာပြည်မှာနေထိုင်သူတွေအနေနဲ့ မေလ၊ ဧပြီလလောက်ကတည်းကနေစပြီး ခုချိန်အကြားမှာ ဖျားတာနာတာဖြစ်ဖူးတယ်ဆိုရင် သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ တက္ကဆက်တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရဆိုရင် သူတို့စစ်ဆေးခဲ့တဲ့တချို့လူနာတွေဟာ ခရစ္စမတ်လောက်ကတည်းက ရောဂါပိုးကူးစက်ခံထားရတယ်လို့ ယူဆစရာရှိနေပေမယ့် ၃-၄ လအကြာလောက်ရောက်ချိန်Swabလုပ်ပြီး စစ်ဆေးချိန်အထိ ရောဂါလက္ခဏာမပြသတာမျိုး ကြုံခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဆိုပါ စစ်ဆေးမှုပြုလုပ်ချိန်မှသာ Positive အဖြေထွက်လာတာဖြစ်ပါတယ်။ ဒီကြားကာလမှာ အဆိုပါလူနာတွေ ဖြစ်ခဲ့တာဆိုလို့ အအေးမိ ဖျားနာဝေဒနာလောက်သာဖြစ်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။လူသိများတဲ့ ရောဂါလက္ခဏာတစ်မျိုးဖြစ်ပြီး အဖြစ်လည်းများပါတယ်။ COVID-19 ဝေဒနာရှင်အများစုဟာ အနံ့မရတော့တဲ့ ပြဿနာကို ရင်ဆိုင်ရလေ့ရှိကြပါတယ်။ အမေရိကမှာဆိုရင် လူနာ ၂၇% လောက်ဟာ အဆိုပါလက္ခဏာမျိုးပြသကြပြီး ပိုးကူးစက်ပြီး ၇ ရက်နဲ့ ၁၀ ရက်အကြားမှာ ရောဂါလက္ခဏာစတင်ပြသတယ်လို့ ဆိုပါတယ်။အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်တာဖြစ်တဲ့အတွက်အသက်ရှူရကျပ်တာနဲ့ အသက်ရှူမဝတာတွေ ကြုံရတာက သိသာထင်ရှားတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သတိထားဖို့လည်း မဖြစ်မနေလိုအပ်တဲ့ လက္ခဏာတစ်ခုပါ။COVID-19 ရဲ့ လက္ခဏာတွေထဲမှာ ချောင်းခြောက်တွေ မကြာခဏဆိုးနေတာလည်း ပါပါတယ်။ ဆက်တိုက်ဆိုးနေတာမျိုး ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတာမျိုးတွေက COVID-19 ရဲ့ လက္ခဏာတွေလို့ ဆိုလို့ရပါတယ်။ JAMA ရဲ့ လေ့လာချက်အရ COVID-19 လူနာ ၄၃% လောက်က ဒီလက္ခဏာပြသတတ်ကြတယ်လို့ ဆိုထားပါတယ်။COVID-19 လူနာတွေရဲ့ ၅၃% ဟာမောပန်းနွမ်းနယ်ပြီးအားအင်ကုန်ခမ်းနေတတ်ပါတယ်။ ဒီလေ့လာချက်ကို JAMA ကပဲ ဖော်ပြခဲ့တာပါ။ ဒီလက္ခဏာကို ရက်ပေါင်း ၆၀ လောက်အထိပြသနေတတ်တယ်လို့ အဆိုပါလေ့လာချက်မှာဖော်ပြထားပါတယ်။တစ်ချို့သောလူနာတွေဟာ။ဒီလို ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေကို လူနာ ၇၈% လောက်အထိ ကြုံရလေ့ရှိတယ်လို့ JAMA က ဖော်ပြထားပါတယ်။ဒါကြောင့် ကိုယ့်မှာ မသင်္ကာစရာရောဂါလက္ခာတစ်မျိုးမျိုးပြသလာရင် ဒါမှမဟုတ် ပြသဖူးခဲ့ရင် ဆေးစစ်ကြည့်ဖို့ တိုက်တွန်းပါရစေ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/signs-you-already-had-covid-19/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/about-bisexuality/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/home-remedies-for-white-bumps-on-face/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/how-to-prevent-heart-attack-in-diabetes/
အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ။
အရိုးကျိုးသွားတယ်ဆိုတဲ့ ပြဿနာဟာ ပြင်းထန်ပြီး အင်မတန်မှ စိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ သွားလာ လှုပ်ရှားလို့လည်းမရ ၊ နာကလည်းနာ၊ကျောက်ပတ်တီးကြီးနဲ့ တစ်ချိန်လုံး အံသေနေရတဲ့ အဖြစ်ကိုဘယ်သူမှ မလိုချင်ပါဘူး။ ဒါပေမယ့်လည်း အခန့်မသင့် တစ်ခုခု ထိခိုက်မိလို့ အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်တတ်နိုင်ပါ့မလဲ။ ကျောက်ပတ်တီးလေးစည်းပြီး ပြန်ဆက်မယ့်အချိန်ကိုပဲ စောင့်နေရတော့တာပေါ့။ အဲဒီအခါကျရင် ကျိုးသွားတဲ့ အရိုးတစ်ခုက ဘယ်လိုဘယ်ပုံပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုတာ သိချင်လာကြပြီမလား ။ ။အရိုးကျိုးသွားပြီဟေ့ဆို။ဒါတွေပေါ်မူတည်ပြီး ခွဲစိတ်ရမလား၊ ဒီတိုင်း ပတ်တီးနဲ့ ပျောက်မှာလား၊စတီးချောင်းထည့်ရမှာလား သိနိုင်မှာ ဖြစ်ပြီး ပြင်းထန်မှုအလိုက်အရိုးပြန်ဆက်တဲ့အချိန်လည်း ကြာသွားတတ်နိုင်ပါတယ်။ နောက်ပြီး လူနာရဲ့ အသက်၊ စားသောက်နေထိုင်မှု ပုံစံတွေပေါ်မူတည်ပြီးလည်း အရိုးပြန်ဆက်တာ ကွာခြားသွားနိုင်ပါတယ် ။ ။အရိုးတစ်ခုကျိုးပြီးသွားရင် နာရီပိုင်းလေးအတွင်းမှာတင်အရိုးဆက်ခြင်းလုပ်ငန်း စတင်ပါတယ်။ ကျိုးသွားတဲ့နေရာပတ်လည်မှာ ဖူးရောင်လာပြီး ကျိုးသွားတဲ့ အရိုးအပိုင်းစတွေရှင်းဖို့နဲ့ ပိုးတွေသတ်ဖို့ ခုခံအားက ဆဲလ်တချို့ လွှတ်ပါလိမ်မ့ယ်။ နောက်ပြီး ကျိုးသွားတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းနေမှာဖြစ်လို့ အဲဒီနေရာက ပူနေပါလိမ့်မယ်။ ဒီ အဆင့်က ၁ ပတ်ကနေ ၂ ပတ်လောက်အထိကြာတတ်ပါတယ်။အရိုးကျိုးပြီး ၄ရက်ကနေ ၂၁ ရက် လောက်ကြာတဲ့အခါ အရိုးပတ်လည်မှာ soft callus လို့ခေါ်တဲ့ကျီးပေါင်းလေးတွေ တက်နေတာကို တွေ့ရတတ်ပါတယ်။ အရိုးလောက်မမာပေမယ့် သွေးခဲတွေလောက်လည်း မပျော့တဲ့ ကျီးပေါင်းအစိုင်အခဲလေးပါ။ အရိုးကျိုးသွားတဲ့ ပြဿနာတိုင်း Callus ပေါ်ကိုပေါ်လာပါတယ်။ သူရဲ့တာဝန်က ကျိုးသွားတဲ့ အရိုးလေး ပုံစံတစ်ကျပြန်ဖြစ်စေဖို့ အပြင်ကနေထိန်းထားပေးရတဲ့ တာဝန်ပါ။ တကယ်လို့ အဲဒီအချိန် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေလုပ်မိလိုက်ရင် callus လေးကွဲသွားပြီး အရိုးပြန်ဆက်တာ အစက ပြန်စနေရပါလိမ့်မယ်။အရိုးတစ်ခုကျိုးပြီးသွားရင်  ၂ ပတ်လောက်အကြာမှာ osteoblasts လို့ခေါ်တဲ့ အရိုးအသစ်ဖြစ်မေယ့် ဆဲလ်လေးတွေ စပြီး အလုပ်လုပ်ရပါပြီ။ ဒီအဆင့်ရောက်ရင်တော့ အပေါ်မှာ ပြောထားတဲ့ soft callus ကျီးပေါင်းအပျော့လေးက အရိုးလောက်နီးနီးမာသွားပြီး hard callus ကို ပြောင်းသွားပါလိမ့်မယ်။ ဒီ အဆင့်ကအရိုးကျိုးပြီး ၆ပတ်ကနေ ၁၂ ပတ် လောက်အတွင်းမှာ ပြီးသွားမှာ ဖြစ်ပါတယ်။ဒီအဆင့်ကတော့အရိုးပြန်ဆက်ခြင်းရဲ့ နောက်ဆုံးအဆင့် bone remodeling ( ပုံစံပြန်ချခြင်း) အဆင့်ပါ။ ဒီအဆင့်မှာ တာဝန်ရှိသူတွေကတော့ osteoclasts လို့ခေါ်တဲ့အရိုးဆဲလ်လေးတွေ ဖြစ်ပြီး အရိုးပြန်ဆက်တုန်းက မညီမညာဖုထစ်နေတဲ့ အရိုးမျက်နှာပြင်တွေကို သူက ပြန်ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ ကြာချိန်ကတော့ အရိုးကျိုးပြီး ၁ နှစ် အတွင်းဖြစ်နိုင်သလို တချို့ဆို ၉ နှစ်လောက်အထိ ပုံမှန်အရိုးအတိုင်းပြန်ဖြစ်ဖို့ စောင့်ရတတ်ပါတယ်။ကျောက်ပတ်တီး စည်းထားပေမယ့် ဒီလိုအခြေအနေဆို ဆရာဝန်နဲ့ ပြန်ပြဖို့ လိုပါတယ်။ရေးသားသူ− Dr Thin Yadanar@ Frances။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/how-bone-fracture%e2%88%92healed/
အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကိုယ်ခံအား ကလည်း နည်းလာ တတ်ပါတယ်။ ဒီလိုကိုယ်ခံအားနည်းလာတာက ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်သလို ကာကွယ်ဆေး တုံ့ပြန်နိုင်စွမ်း အားနည်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်ခံအား စနစ်အတွက် အရေးပါတဲ့သွေးဖြူဥဆဲလ်တွေဟာ အသက် ၃၀ အရွယ်ရောက်လာတာနဲ့အမျှ တစ်နှစ်ကို ၁ရာခိုင်နှုန်းလောက် ကျဆင်းလာတာပါ။ ဒီလို ကျဆင်းမှုက ကိုယ်ခံအားကို နည်းစေပြီး ရောဂါတွေကို ခုခံနိုင်စွမ်း ကျစေပါတယ်။ ဒါကြောင့်လည်းဖိုးဖိုးဖွားဖွားတွေအသက် (၅၀) နှစ်နဲ့အထက် လူ​ကြီးတွေကို ရောဂါခုခံနိုင်စွမ်း နည်းပြီး ကူးစက်ခံရနိုင်ခြေ အများဆုံး အုပ်စုရယ်လို့ သတ်မှတ်ကြတာပါ။ အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာ ပြောပြချင်ပါတယ်။အသက်ကြီးလာတာကို သိနိုင်မယ့်လက္ခဏာတွေကတော့ ဆံပင်ဖြူလာတာ၊ ပါးရေတွေ တွန့်လာတာ မဟုတ်ပါဘူး။ ကိုယ်ခံအားကျလာတာအပါအဝင် ခန္ဓာကိုယ်ရဲ့ အတွင်းစနစ်တွေ ယိုယွင်းလာတာပါ။ ဒီလို ကိုယ်ခံအားကျလာတာက ကူးစက်နိုင်တဲ့ ရောဂါတွေကို အလွယ်တကူ ဝင်ရောက်နိုင်စေဖို့ တံခါးဖွင့်ပေးလိုက်တာပါ။ဒီတော့ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့က မဖြစ်မနေ လိုအပ်မှာပါ။အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ကျန်းမာရေးကို စောင့်ရှောက်ဖို့က ကိုယ်တိုင်လုပ်ဆောင်ရမယ့် တာဝန် တစ်ရပ်ပါ။ ဒါကရောဂါ အခံရှိသူတွေရော ရောဂါ အခံ မရှိသူတွေပါ လိုက်နာဖို့ လိုမယ့် အချက်ပါ။ရောဂါ အခံမရှိသူတွေက အာဟာရ မျှတအောင် စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ဆီးချိုရောဂါ။ အဆစ်ရောင်ရောဂါတွေလိုမျိုး နာတာရှည် ရောဂါအခံရှိသူတွေက ပုံမှန် ဆေးခန်းပြတာမျိုး လုပ်ဖို့လိုသလို ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို အချိန် မှန်မှန် သောက်ဖို့ လိုပါမယ်။အိပ်ရေးပျက်တာ၊ လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာတွေက ကျန်းမာငယ်ရွယ်တဲ့ သူတွေကိုတောင် ကိုယ်ခံအား ကျစေနိုင်တဲ့ အချက် တစ်ခုပါ။ ကျန်းမာပြီး ကိုယ်ခံအား ကောင်းဖို့ဆိုရင် တစ်နေ့ကို အိပ်ချိန် ၇ နာရီ ရှိဖို့ လိုပါမယ်။ဒါကြောင့် ကိုယ်ခံအား ကောင်းဖို့ ညဘက်တွေမှာ အိပ်ရေးဝဝအိပ်ပါ။စိတ်ဖိစီးမှု များတာက ကိုယ်ခံအားကို ကျစေနိုင်ပါတယ်။ တစ်ခုခု စိုးရိမ်စရာများလာရင် နေမကောင်းချင်သလို ဖြစ်လာတတ်တယ်လေ။စိတ်ဖိစီးမှုကအိပ်ပျော်စေဖို့ကို အနှောင့်အယှက် ပေးသလိုကျန်းမာရေးနဲ့ မညီတာတွေကို စားမိစေဖို့လည်း အားပေး ပါတယ်။ ဒါကြောင့် နေ့စဉ် စိတ်ဖိစီးမှု ပြေလျော့စေဖို့ တရားထိုင်တာ လိုမျိုး ပြုလုပ်ပေးပါ။အသက်ကြီးလာလေ​လေ ကိုယ်ခံအားက နည်းလာလေလေပါ။ ဒါကြောင့် နေထိုင်မကောင်းတဲ့သူတွေနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးပါ။အအေးမိ၊ ဖျားနာရှိသူတွေနဲ့ အနီးကပ် မနေပါနဲ့။မကြာခဏ လက်ဆေးပါ။အသက်ကြီးလာရင် ကာကွယ်ဆေးက ထိရောက်နိုင်စွမ်း နည်းလာတယ်ဆိုပေမယ့် ပြင်းထန်တဲ့ အဖျားရောဂါတွေကနေ ကာကွယ်နိုင်ဖို့ အတွက်ကတော့ ကာကွယ်ဆေးတွေ ထိုးထားဖို့ လိုမှာပါ။အသက်အရွယ်ရလာသူတွေအနေနဲ့ အဆုတ်ရောင် ကာကွယ်ဆေး၊ရာသီတုပ်ကွေးကာကွယ်ဆေးတွေကို နှစ်စဉ် ထိုးထားဖို့ လိုပါမယ်။တစ်နေ့တာမှာ လေ့ကျင့်ခန်းတွေကို အသင့်အတင့် လုပ်ဆောင်တာကကိုယ်ခံအားကောင်းစေဖို့အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကောင့် နေ့စဉ် လမ်းလျှောက်တာ ကစလို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက် အထိ လုပ်ပေးပါ။နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေနဲ့ အဆီမပါတဲ့ အသားတွေ။ ငါး စသည်တို့ကို မျှတအောင် စားသုံးပေးဖို့ လိုပါမယ်။အာဟာရကို မျှတအောင် စားသုံးပေးတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်သလို စိတ်ဖိစီးမှု ပြေလျော့စေပြီး ကိုယ်ခံအားလည်း ကောင်းစေပါတယ်။ဆေးလိပ်သောက်တာက ကိုယ်ခံအားကို နည်းစေနိုင်ပါတယ်။ အလွယ်တကူ ဖျားနာတာ၊ ကူးစက်လွယ်တာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဆေးလိပ်ဖြတ်ပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/good-immune-elderly-people/
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား
အသက်အရွယ်တိုင်းမှာကျန်းမာနေစေဖို့အရေးကြီးတဲ့အချက်က ကိုယ်ခံအားပါ။ ကိုယ်ခံအားက ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်သလို ပြင်းထန်နာမကျန်းမှုတွေကနေလည်း ကင်းဝေးမှပါ။ ဒါကြောင့် အသက်အရွယ် ရလာတဲ့အခါ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ကိုယ်ခံအားဆိုတာက ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ စနစ် တစ်ရပ်ပါ။ ဒီအရာလေးတွေက အတူပူးပေါင်းပြီးဘက်တီးရီးယားလိုမျိုး ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ကူးစက်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်တာပါ။ဒီလိုစွမ်းဆောင်ရည်က အသက်အရွယ်တိုင်းမှာ တသမတ်တည်းသွားလာဆိုတော့ မသွားပါဘူး။ အသက်အရွယ်ရလာလေလေ ကိုယ်ခံအားရဲ့ တုံ့ပြန်နိုင်စွမ်းကလည်း ကျလာလေလေပါပဲ။ အသက်အရွယ်ရလာလေလေ ဘာကြောင့် ကိုယ်ခံအားက ကျလာရတာလဲဆိုတဲ့ အ​ကြောင်းအရင်းကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကိုယ်ခံအားစနစ်မှာT-cellလို့ခေါ်တဲ့ နာမကျန်းမှုကို ဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပေးတဲ့ ဆဲလ်လေးတွ ပါဝင်နေပါတယ်။ သူတို့ကခန္ဓာကိုယ်ထဲကို ကျူးကျော်သူတွေ ဝင်ရောက်လာတဲ့အခါ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နိုင်စေဖို့ ရန်သူမှန်း သိအောင် အချက်ပြ ပေးပါတယ်။အသက်အရွယ် ရလာတဲ့အခါ ဒီလို အချက်ပြပေးတဲ့ တိုက်ထုတ်ပေးတဲ့ T-cell လေးတွေ နည်းလာပါတယ်။ ဒါကပဲ ကိုယ်ခံအား ကျလာရတဲ့ အကြောင်းအရင်းပါ။ဒါ့အပြင် ခန္ဓာကိုယ်ကကိုယ်ခံအားဆဲလ်တွေက အသက်အရွယ်ရလာတဲ့အခါ နည်းလာတာ၊ တစ်ခုခုနဲ့ တစ်ခု ချိတ်ဆက် နိုင်စွမ်း ကျလာတာကြောင့်လည်း အသက်ကြီး လာတဲ့အခါ ကိုယ်ခံအားက ငယ်ရွယ်စဉ်ကထက် နည်းလာတာပါ။ဆိုလိုတာကတော့ ခုခံပေးမယ့် ဆဲလ်လေးတွေ နည်းလာတာကြောင့် ပြင်ပက ဝင်ရောက်လာတဲ့ဘက်တီးရီးယားတွေကို တိုက်ခိုက်ဖို့ အရင်ကထက် အချိန် ပိုယူလာရတဲ့ သဘောပါ။ ဒါကြောင့် အသက်ကြီးတဲ့အခါအဖျား တာရှည်တာ၊ နလန်ထချိန် ကြာတာ၊အနာ ကျက်ခဲတာတွေ ခံစားရတာပါ။အသက်အရွယ် ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်ကသွေးဖြူဥတွေအပါအဝင် ကိုယ်ခံအားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းလည်း ကျဆင်း လာပါတယ်။ကိုယ်ခံအားကျလာတာကို အပြင်ကမြင်ရုံနဲ့ သိနိုင်လား။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/aging-changes-in-immunity/
ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်းကို ဘယ်လိုသက်သာအောင် လုပ်မလဲ
ရင်ပူခြင်းဟာ ကိုယ်ဝန်ဆောင်နေစဉ် မိခင်တွေ တစ်ချိန်ချိန်မှာ ကြုံတွေ့နိုင်တဲ့ အရာ ဖြစ်ပါတယ်။ ဒါဟာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်ရဲ့ အပေါ်မှာ အဆို့ရှင်တစ်ခုရှိပြီး သူဟာ အစာခြေပြီးသားအစာတွေနဲ့ အက်ဆစ်တွေကို အစာအိမ်အတွင်းမှာ ထားဖို့ ကူညီပေးပါတယ်။ကိုယ်ဝန်ရှိစဉ်မှာ ဖြစ်ပေါ်လာတဲ့ ဟော်မုန်း progesterone ဟာ ဒီအဆို့ရှင်အလုပ်လုပ်မှုကို အနားယူစေတာမို့ အစာခြေပြီးသား အစာတွေနဲ့ အက်ဆစ်တွေဟာ အပေါ်ကို ပြန်တက်သွားနိုင်ပါတယ်။ဒီလိုဖြစ်တဲ့အခါ မိခင်ဟာ ရင်ပူခြင်းကို ခံစားရနိုင်ပါတယ်။ ကံကောင်းတာကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ရင်ပူခြင်းကို သက်သာစေမယ့် လုံခြုံစိတ်ချရပြီး ထိရောက်တဲ့ နည်းလမ်းတွေ ရှိပါတယ်။အစာစားစဉ်မှာ အနည်းငယ်သာစားသင့်ပါတယ်။ အစာတွေရဲ့ သိပ်သည်းဆကို တိုးမြှင့်ခြင်းဟာ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် သာမက ရင်ပူခြင်းကို ခံစားနေရသူတွေအတွက်လည်း အကျိုးရှိပါတယ်။ အစာကို လိုအပ်သည်ထက် ပိုစားခြင်းဟာ အစာအိမ်က များပြားတဲ့ အစာတွေကို တစ်ချိန်တည်းကိုင်တွယ်နိုင်ခြင်းမရှိတာကြောင့် ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင် အတော်များများက ကိုယ်အလေးချိန်များလာခြင်းဟာ ကလေးအတွက် ကောင်းတယ်လို့ ယူဆကြပါတယ်။ တကယ်တမ်းတော့ သူ့မှာ ဆိုးကျိုးတွေလည်း ရှိပါတယ်။ လိုအပ်သည်ထက် အစာပိုစားခြင်းဟာ ဝမ်းဗိုက်ပေါ်မှာ ဖိအားသက်ရောက်မှု များစေပြီး ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့် တစ်ကြိမ်တည်း အစာများစွာ စားမယ့်အစား အစာကို အနည်းငယ်စီ ခွဲစားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ထိန်းသိမ်းခြင်းအားဖြင့် ရင်ပူခြင်းကို သက်သာစေပြီး ကိုယ်ဝန်ဆောင်နေစဉ်တစ်လျှောက်လည်း ကျန်းမာတဲ့ စားသောက်မှုပုံစံကို ဖန်တီးနိုင်ပါတယ်။ပီကေတွေဟာ ပိုနေတဲ့ အစာအိမ် အက်ဆစ်တွေကို ကူညီပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ရင်ပူခြင်း ရှိမယ်ဆိုရင် ပီကေ ဝါးသင့်ပါတယ်။ တကယ်လို့ အချိုမစားချင်ရင် သကြားမပါတဲ့ ပီကေကို ဝါးနိုင်ပါတယ်။သံပုရာသီး၊ လိမ္မော်သီး၊ ဂျင်း အနံ့ ပါတဲ့ Essential oils သုံး၊ လေးစက်ကို base oil လက်ဖက်ရည်ဇွန်းတစ်ဇွန်းထဲကို ထည့်ပြီး ရင်ဘတ်နဲ့ နောက်ကျော်ကို နှိပ်နယ်နိုင်ပါတယ်။ သင့်ရင်ပူခြင်းဟာ အသက်ရှူထုတ်ခြင်းနဲ့အတူ သက်သာသွားနိုင်ပါတယ်။ဆေးဆိုင်မှာ ဝယ်တဲ့ ဆေးတွေဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆရင် စမ်းကြည့်နိုင်တဲ့ သဘာဝ ကုထုံးတွေ ရှိပါတယ်။ သင့်ရဲ့ ရင်ပူခြင်းကို သက်သာစေဖို့အတွက် အောက်ဖေါ်ပြပါ နည်းလမ်း သုံးခုကို အသုံးပြုနိုင်ပါတယ်။သင်္ဘောသီး – သင်္ဘောသီးမှည့်တွေဟာ အရသာရှိရုံသာမက ရင်ပူခြင်းကို သက်သာစေပါတယ်။Almonds – အစာစားပြီးချိန်မှာ almonds စားခြင်းဟာ ရင်ပူခြင်းကို သက်သာစေပြီး ကိုယ်ခန္ဓါအတွက် ကယ်စီယမ်ဓါတ်ကို ဖြည့်တင်းပေးပါတယ်။ပျားရည် – ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို နို့နွေးနွေး တစ်ခွက်ထဲ လောင်းထည့်ပြီး အနည်းငယ် သောက်ပါ။ ဒါဟာ ရင်ပူခြင်းကို သက်သာစေရုံသာမက ကောင်းကောင်းအိပ်ပျော်စေပါတယ်။တကယ်လို့ အထက်ပါနည်းတွေက သင့်အတွက် အကျိုးမရှိဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်က သင့်ကလေးကို မထိခိုက်စေပဲ ရင်ပူသက်သာစေတဲ့ ဆေးတွေ ပေးနိုင်ပါတယ်။Proton pump inhibitors သို့ H2 blockers တွေဟာ ဒီအခြေအနေမှာ ကူညီပေးနိုင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%9b%e1%80%84%e1%80%ba%e1%80%95%e1%80%b0%e1%80%bc/
ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိတယ် ဘာတွေ စားရမလဲ။
အရေပြားပြဿနာမှန်သမျှက မသက်သာပါဘူး။ ဒီထဲမှာမှ အခါခွင့် သင့်ရင် သင့်သလို ပြန်ပြန်ပေါ်လာလေ့ရှိတဲ့ ဆိုရီရေးစစ်(psoriasis) အရေပြား ပြဿနာကို ခံစားနေရတယ်ဆိုရင်တော့ ပိုဆိုးပြီပေါ့။ဒီတစ်ခေါက်တော့ဆိုရီရေးစစ် အရေပြား ပြဿနာခံစားနေရသူတွေ သိထားသင့်တဲ့ ဆောင်သင့် ရှောင်သင့်တဲ့အစားအစာလေးတွေအကြောင်း ပြောပြပေးသွားမယ်နော်။အစားအသောက်ကလည်း အရေပြားကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ ရှိနေတဲ့ အရေပြားပြဿနာလေး ပြန်မထလာစေဖို့ဆိုရင် ဒါလေးတွေ စားပေးပါ။ပင်လယ်စာက အရေပြား ပြဿနာ အများစုနဲ့ မတည့်ပေမယ့် ဆိုရီရေးစစ် သမားတွေအတွက်တော့ဓာတ်စာပါ။ ဒီလိုပြောရတာက ပင်လယ်စာမှာ အရေပြားကို အာဟာရဖြည့်ပေးတဲ့Omega-3 fatty acidsကြွယ်ဝစွာ ပါဝင်နေလို့ပါ။ဒီတော့ ဆိုရီရေးစစ် အရေပြား ပြဿနာ သက်သာစေဖို့ဆိုရင်။ဒီလို စားပေးတာက ဆိုရီရေးစစ်ကိုရော ဆိုရီရေးစစ်ကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲနှလုံးရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ထောပတ်သီးက အရသာရှိသလိုအသားအရေကိုလည်း ကျန်းမာစေတယ်။ ဆိုရီရေးစစ် သမားတွေနဲ့ အထူး သင့်တော်တယ်။ဒီလိုပြောရတာက ထောပတ်သီးက Omega-3 fatty acids ကြွယ်ဝလို့ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် စားရင်ကို သိသိသာသာ သက်သာစေမှာပါ။အစေ့အဆန်က ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို အများက လက်ခံထားပြီးသားပါ။ အစေ့အဆန်က polyunsaturated fat အမျိုးအစားဝင် ဖြစ်တာကြောင့် အသားအရေကို ကျန်းမာစေပြီး အရေပြား ပြဿနာတွေကို လျော့ပါးစေနိုင်ပါတယ်။အဆာပြေ အနေနဲ့ ဖြစ်ဖြစ်၊ဆေးဖြစ်ဝါးဖြစ်အနေနဲ့ ဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက် စားပေးစေချင်ပါတယ်။ဘလူးဘယ်ရီက အသားအရေကို တကယ်ကို အားဖြည့်ပေးတာပါ။ရောင်ရမ်းမှုကို သက်သာစေသလို အရေပြား ကျန်းမာစေဖို့ အထိရောက်ဆုံး အာဟာရ ဖြည့်တင်းပေး ပါတယ်။တစ်နေ့ကို ဘလူးဘယ်ရီ လက်တစ်ဆုပ်စာ စားပေးတာက ဆိုရီရေးစစ် အရေပြား ပြဿနာ အတွက် နည်းလမ်းကောင်းပါ။ ဘလူးဘယ်ရီအပြင် အရေပြား ကျန်းမာစေဖို့။ဆိုရီရေးစစ် အရေပြား ပြဿနာရှိတယ် ဆိုရင်တော့ ဒါတွေ မစားသင့်ပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/best-foods-for-psoriasis/
ဗီတာမင် PP နဲ့ အသားအရေ
ဗီတာမင် PPဆိုလို့ ရှိလို့လား၊ ဟုတ်ရော ဟုတ်ရဲ့လားဆိုပြီး မအံ့ဩ သွားနဲ့နော်။ ဗီတာမင် PP ဆိုတာကဗီတာမင် Bအုပ်စုဝင် ဗီတာမင် B3 ပါ။ဒီ ဗီတာမင်က စားသုံးလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးမှု တာဝန်ကို အဓိက ထမ်းဆောင်နေတာပါ။ ခန္ဓာကိုယ်က ပရိုတင်း နဲ့ အဆီတွေကို အသုံးပြုဖို့ ထောက်ပံ့ပေးသလိုအာရုံကြောစနစ်ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။အလှအပအတွက်တော့ဆံသားနဲ့အသားအရေကျန်းမာလှပစေဖို့လည်း ကူညီ အားဖြည့်ပေးပါသေးတယ်။ဗီတာမင် PP၊ဗီတာမင် B3၊ niacinamide လို့ အမည်နာမ အမျိုးမျိုး ရှိတဲ့ ဗီတာမင်လေးက အသားအရေအတွက် လိုအပ်တဲ့ ပရိုတင်းတွေကို ထောက်ပံ့ပေးပြီး ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့အစိုဓာတ်ထိန်းပေးတာနဲ့အတူ အခုလို အလှအပအကျိုးကျေးဇူးလေးတွေကိုလည်း ပေးပါသေးတယ်။Niacinamideက ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးသလို အရေပြားတွေကို တင်းရင်း ကျန်းမာစေဖို့လည်း ကူညီပေးပါတယ်။Niacinamide  က အရေပြား အပေါ်ယံလွှာကို ကာကွယ်ပေးတဲ့ ceramide (lipid) ကို ဖြစ်ပေါ်စေပြီး အရေပြားကိုအစိုဓာတ်ထိန်းပေးပါတယ်။ အရေပြား ခြောက်သွေ့ ကြမ်းတမ်းတာ နဲ့ နှင်းခူတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။အရေပြားမှာ ဝက်ခြံ၊နှင်းခူတို့လိုမျိုး အရေပြား ပြဿနာတွေကြောင့် နီမြန်းရောင်ရမ်းတာကို သက်သာစေဖို့လည်း ဗီတာမင် PP က အားဖြည့်ပေးပါသေးတယ်။ဗီတာမင် PP က အရေပြားကို အစိုဓာတ် ထိန်းပေးပြီး ချွေးပေါက်တွေကို ထိန်းညှိပေးတာကြောင့် ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။အစိုဓာတ် ထိန်းပေးတာကြောင့် အသားအရေကိုခြောက်သွေ့မှုကင်းစေသလို အဆီဂလင်းတွေကိုလည်း အဆီတွေ အများကြီး မထွက်စေဖို့ ထိန်းညှိပေးတာကြောင့် အဆီပြန်ခြင်း ကင်းစေမှာပါ။ဗီတာမင် PP က အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကျန်းမာတဲ့အရေပြားဆဲလ်တွေပြန်လည်ဖြစ်ပေါ်စေဖို့လည်း အားဖြည့်ပေးပါတယ်။ဗီတာမင် PP ကကော်လာဂျင်ထွက်ရှိလာစေဖို့ လှုံ့ဆော်ပေးတာကြောင့် အရေပြားပေါ်က အမည်းစက်တွေ အမာရွတ်တွေ လျော့ပါးစေဖို့ အားဖြည့်ပေးပါတယ်။ အစက်အပြောက် ကင်းစင်တဲ့ အလှတရားကို ဖန်တီးပေးနိုင်မှာပါ။ဗီတာမင် PP က နေရောင်​ကြောင့် အသားအရေ အိုမင်းတာနဲ့ အရေးအကြောင်း ဖြစ်ပေါ်တာတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။အရွယ်မတိုင်ခင် အိုမင်းတာကိုလည်း ကာကွယ်ပေးပါတယ်။ဝက်ခြံတွေ၊အဆီဖုတွေကြောင့် စိတ်ညစ်နေသူတွေအတွက်လည်း ဗီတာမင် PP က ကူညီပေးနိုင်ပါတယ်။ ဝက်ခြံ သက်သာစေပြီး အသားအရေ ကောင်းလာစေဖို့လည်း အားဖြည့်ပေးပါတယ်။စိတ်ဖိစီးမှု၊ နေရောင်၊ အဆိပ်အတောက်တွေ၊ ညစ်ညမ်းမှုတွေလိုမျိုး အရာတွေကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးတဲ့ တာဝန်ကိုလည်း ဗီတာမင် PP က လုပ်ဆောင်ပေးပါတယ်။ကဲ………….. ဗီတာမင် PP ကအလှအပဗီတာမင်ရယ်လို့ တင်စားရလောက်တဲ့အထိ ကောင်းတယ်ဟုတ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/vitamin-pp-beauty-benefits/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/face-shields-versus-face-masks/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%9b%e1%80%b1%e1%80%99%e1%80%bc%e1%80%bd%e1%80%be%e1%80%ac%e1%80%9b%e1%80%8a/
ခန္ဓာကိုယ်မှာ ကော်လာဂျင်နည်း နေတာလား
ကော်လာဂျင် ဆိုတဲ့ စကားလုံးတွေက အခုနောက်ပိုင်း လူအတော်များများ အထူးသဖြင့်လေဒီလေးတွေနဲ့ ပိုပြီး ရင်းနှီးလာတဲ့ စကားလုံးလေးပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်က ဘယ်လို အခန်းကဏ္ဍတွေကို လုပ်ဆောင်ပေးနေလဲဆိုတာနဲ့ ကော်လာဂျင်နည်း ရင် ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူး။ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ပြောပြချင်တဲ့ အချက်တစ်ခုကကော်လာဂျင်က အသားအရေလှရုံ၊ဆံသားတွေသန်စွမ်းရုံ နဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။ကောလာဂျင်ကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်တယ်ဆိုပေမယ့် အသက် ၂၀ ကျော်လာတဲ့အခါခန္ဓာကိုယ်က ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်း ကျလာပါတော့တယ်။ ဒီလို ကော်လာဂျင် ထွက်ရှိမှု ကျဆင်းလာတဲ့အခါ ခန္ဓာကိုယ်မှာအခုလို လက္ခဏာတွေခံစားလာရနိုင်ပါတယ်။ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် လျော့ကျနေတဲ့အခါ မြင်သာတဲ့ လက္ခဏာတစ်ရပ်အနေနဲ့ မြင်တွေ့နိုင်တာက အရေပြားတွေ တွဲကျလာတာ၊မျက်နှာ၊ လည်ပင်း အရေပြားတွေမှာ အရေးအကြောင်းတွေ ပေါ်လာတာပါ။အသက် ၂၀ကျော်၊ ၃၀ လောက်ရောက်လာတဲ့အခါ အရေးအကြောင်းတွေက စဖြစ်တာပါတော့တယ်။ ဒီလို အရေးအကြောင်း ဖြစ်ပေါ်မှုက ကော်လာဂျင် နည်းနေပြီဆိုတဲ့ လက္ခဏာ တစ်ရပ်ပါ။အသက်အရွယ် ကြီးရင့်လာတဲ့အခါ အဆစ်တွေ နာကျင်ကိုက်ခဲတာကအသက်အရွယ် ကြီးရင့်မှု ဖြစ်စဉ်ရဲ့ သာမန် အစိတ်အပိုင်း တစ်ရပ်ဆိုပေမယ့် အသက် ငယ်ငယ်မှာ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာက ကိုယ်တွင်းမှာ ကော်လာဂျင် လျော့နည်းနေတဲ့ လက္ခဏာပါ။ကော်လာဂျင်ကအရိုးနုလေးတွေ၊ အရွတ်တွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးထာတာကြောင့်ပါ။တွယ်ဆက်တစ်ရှူးတွေကျန်းမာစေဖို့လည်း အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။လေ့ကျင့်ခန်း လုပ်ပြီးတိုင်းမှာ ကြွက်သား နာကျင်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ဆိုပေမယ့် ဒီလိုနာကျင်မှုတွေက အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေတာ။ ကြွက်သားမှာ ထိခိုက်မှုတွေ ဖြစ်တဲ့အခါ အချိန် တော်တော်ကြာတဲ့အထိ မသက်သာတာတွေက ကိုယ်ထဲမှာ ကော်လာဂျင် နည်းနေပြီဆိုတဲ့ လက္ခဏာပါ။ကော်လာဂျင်က တွယ်ဆက်တစ်ရှူးတွေရဲ့ လုပ်ဆောင်မှု ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးသလို ကြွက်သားတွေကို ပြေလျော့စေဖို့၊ ထိခိုက်နာကျင်မှုတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ကော်လာဂျင် နည်းလာတာက ကြွက်သားနာကျင်မှုတွေကို သက်သာစေဖို့ အချိန်ကြာစေသလို ကြွက်သားထုထည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။အစာခြေလမ်းကြောင်းမှာ ပြဿနာဖြစ်တိုင်း ကော်လာဂျင် နည်းနေတယ်လို့ တထစ်ချ မပြောနိုင်ပေမယ့်  leaky gut syndrome လို့ခေါ်တဲ့ အူနံရံတွေ ကျန်းမာရေး အားနည်းပြီး သွေးကြောတွေထဲကို ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေ ရောက်ရှိစေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် လျှော့နည်းနေတာပါ။ကော်လာဂျင်က အရေပြား၊ကြွက်သားနဲ့ အဆစ်တွေ ကျန်းမာစေဖို့ပဲ လိုအပ်တာ မဟုတ်ပါဘူး။ ကိုယ်တွင်းအင်္ဂါတွေဖြစ်ကြတဲ့ အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနေပါတယ်။ အူလမ်းကြောင်း အတွင်းနံရံနဲ့ အစာအိမ် အတွင်းနံရံက ဆဲလ်တွေကို ပြုပြင်ပေးဖို့လည်း ကော်လာဂျင်က လုပ်ဆောင်ပေးပါတယ်။ခွဲစိတ်ကုသပြီးချိန်မှာ ဖြစ်ဖြစ်၊ တစ်ခုခု ထိခိုက်မိချိန်မှာဖြစ်ဖြစ်၊ဒဏ်ရာအနာတရတွေရပြီးချိန်မှာ အနာကျက်ဖို့ သက်သာဖို့ ပုံမှန်ထက် ပိုကြာနေတတ်တာက ကိုယ်ထဲမှာ ကော်လာဂျင် နည်းနေတာကြောင့်ပါ။ကော်လာဂျင်တွေက ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြုပြင်ပေးသလို အနာကျက်စေဖို့ ထောက်ကူပေးပါတယ်။ တကယ်လို့ အနာကျက်ဖို့ သက်သာဖို့ ကြာနေတယ်ဆိုရင်တော့ ကော်လာဂျင် နည်းနေတာပါ။အခုပြောတဲ့ လက္ခဏာတွေထဲက ဘယ်လိုလက္ခဏာတွေ ခံစားနေရပြီလဲ ………. ခန္ဓာကိုယ်မှာ ကော်လာဂျင် နည်းနေတာလား ……. ကိုယ်တိုင် ဂရုစိုက် စစ်ဆေးကြည့်လိုက်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/signs-of-collagen-deficiency/
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ အန္တရာယ်ကင်းရဲ့လား၊ မွေးဖွားလာမယ့် ကလေးကိုရော ထိခိုက်နိုင်လား
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ အန္တရာယ်ကင်းရဲ့လား။စုံတွဲတော်တော်များများဟာ ကိုယ်ဝန်ဆောင်ထားစဉ်မှာ လိင်ဆက်ဆံမှု ပြုကြဖို့ကို အနည်းငယ် ထိတ်လန့်နေတတ်ကြပါတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ဆန္ဒတွေကိုလည်း ထိန်းချုပ်ထားဖို့ မတတ်နိုင်ကြပါဘူး။ တစ်ဆက်တည်းမှာလည်း မွေးဖွားလာမယ့် ရင်သွေးလေးအတွက်လည်း စိုးရိမ်နေတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံသယကင်းကင်းနဲ့ လိင်ဆက်ဆံမှုပြုလုပ်ကြစေဖို့အတွက် လူအများစိတ်ဝင်တစားမေးမြန်းထားကြတဲ့ မေးခွန်းလေးတွေရဲ့ အဖြေတွေကတော့ …..။အဖြေကတော့ ကင်းပါတယ်။ ထိုးသွင်းနေစဉ်မှာ သားအိမ်ဟာ လှုပ်ရှားမှု အနည်းငယ်ဖြစ်သွားတာကို ခံစားရနိုင်ပါတယ်။ ဒီအခါမှာ ကလေးကို သွားထိခိုက်ပြီလားလို့ စိုးရိမ်တတ်ကြပါတယ်။ သားအိမ်ဟာ ကိုယ်ဝန် ဆောင်နေစဉ်မှာ ယခင်သာမန်အချိန်တွေထက် ရွေ့လျားနိုင်မှု မြင့်ပါတယ်။ ဒါ့အပြင် သန္ဓေသားဟာလည်း အထပ်ထပ်ကာရံမှုတွေနဲ့ ကောင်းမွန်စွာကြီးထွားနေမှာပါ။ ဒီတော့ဆရာဝန်က လိင်ဆက်ဆံဖို့ တားမြစ်ထားတဲ့ အခြေအနေတွေကလွဲလို့ ကျန်ပုံမှန်အခြေအနေတွေမှာ ကိုယ်ဝန်ဆောင်လိင်ဆက်ဆံခြင်းဟာ အဆင်ပြေပါတယ်။အားနည်းနေတဲ့ သားအိမ်ခေါင်း ရှိသူတွေနဲ့ အချင်းအနေအထားမမှန်တဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ လိင်ဆက်ဆံဖို့ တားမြစ်ထားမှာပါ။ ၈၀% သော အိမ်ထောင်ဖက်အမျိုးသားတွေဟာ မိမိကလေးကို ထိခိုက်သွားမှာ ကြောက်ကြပါတယ်။ ဒါကြောင့်ကိုယ်ဝန်အပ်ဖို့ ဆရာဝန်နဲ့ ချိန်းဆိုမှုတွေမှာ မိမိရဲ့အိမ်ထောင်ဖက်ကိုပါ ခေါ်သွားပါ။ အမျိုးသားလိင်အင်္ဂါဟာ ထိုးသွင်းနေစဉ်အတွင်း သန္ဓေသားကို ထိခိုက်မှုမရှိကြောင်း သိရှိသွားနိုင်ပါလိမ့်မယ်။လိင်ဆက်ဆံခြင်းကြောင့်ကိုယ်ဝန်ပျက်ကျတာမျိုး မဖြစ်နိုင်ပါဘူး။ ကိုယ်ဝန် ပျက်ကျတယ်ဆိုတာ သန္ဓေသားဟာ ပုံမှန်အတိုင်း ဖွံ့ဖြိုးမှုမရှိဘဲ ပြဿနာတစ်စုံတစ်ခုရှိလို့ပါ။ (၂၀၁၁) လေ့လာ ချက်တွေအရ ကျန်းကျန်းမာမာပုံမှန် ကိုယ်ဝန်တွေမှာဆိုရင် လိင်ဆက်ဆံမှုဟာ မီးဖွားရာမှာ လွယ်ကူစေတယ်လို့ တောင် ဆိုထားပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်းမျိုးလည်း မဖြစ်နိုင်ပါဘူး။ဒါပေမယ့် မိမိရဲ့ အိမ်ထောင်ဖက်နဲ့သာ သစ္စာရှိရှိ လိင်ဆက်ဆံသင့်ပါတယ်။ ပါတနာများတဲ့အခါ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ကူးလာနိုင် ပါတယ်။ ဒီအခါမှာတော့ ကိုယ်ဝန်ပျက်ကျခြင်း၊ အသေမွေးခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာမှာပါ။ကိုယ်ဝန်ရှိစဉ်မှာ သားအိမ်ခေါင်းဟာ သာမန်ထက်ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် သွေးထွက်နိုင် ပါတယ်။ ဒါပေမယ့် စွန်းရုံအနေအထား အနည်းငယ်ထွက်ခြင်းဟာ ကိစ္စမရှိပေမယ့် သွေးဆင်းတာ မရပ်တော့တာမျိုး၊ နာကျင်မှုတွေ ခံစားလာရတာမျိုးနဲ့ ရက်သတ္တပတ် အတော်ကြာသွေးဆင်းနေတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ အချင်းအနေအထားမမှန်တာမျိုး၊ သားအိမ်ပြင်ပ သန္ဓေတည်တာမျိုး ဖြစ်နိုင်လို့ပါ။လိင်ဆက်ဆံမှုတစ်ခုထဲနဲ့တော့ သွေးအများကြီး ဆင်းတာမျိုး မဖြစ်တတ်ပါဘူး။ အတူနေပြီးနောက်ပိုင်း သားအိမ်ခေါင်းကျိန်းစပ်ခြင်းနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့လည်း သွားရောက်တိုင်ပင်နိုင်ပါတယ်။သွေးလည်ပတ်မှုနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်၊ ရင်သားနဲ့ နို့သီးခေါင်းထိပ်တွေဟာ သာမန်ထက်ထိလွယ်ရှလွယ်တဲ့ အနေအထားပါ။  ဒါကြောင့် ပုံမှန်အချိန်တွေထက် နာကျင်မှုကို ပိုမိုခံစားရနိုင် ပါတယ်။ နာကျင်မှုကို နည်းနိုင်သမျှနည်းစေနိုင်တဲ့ နည်းလမ်းလေးတွေကို ပါတနာနဲ့အတူတူ ရှာဖွေကြည့်သင့် ပါတယ်။မ ဟော်မုန်းမြင့်တက်လာပြီး သွေးလည်ပတ်မှုများလာတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အိပ်ရာနိုးခါစမှာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေ အလိုလိုခံစားလာရနိုင်ပါတယ်။ လိင်စိတ်အထွဋ်အထိပ် ရောက်စေတဲ့ အိပ်မက်တွေကြောင့်ပါ။မဟုတ်ပါဘူး။ ယုံမှားပုံပြင်တွေပါ။ လိင်ဆက်ဆံတဲ့ပုံစံဟာ သားသားလေးမွေးမလား၊ မီးမီးလေးမွေးမလားဆိုတဲ့ အပေါ်မှာ လုံးဝဥဿုံ သက်ရောက်မှုမရှိပါဘူး။ဖြစ်နိုင်ပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်အသစ်ကို ပိုင်ဆိုင်လိုက်ရသလို ခံစားရမှာပါ။ ဒီအခါမှာတော့ လိင်စိတ်တွေကျဆင်းလာမယ်။ သက်သောင့်သက်သာမရှိတော့ဘူး။ မောပန်းလွယ်လာမယ် စတာတွေကို ခံစားလာရမှာပါ။ အထူးသဖြင့် နောက်ဆုံး (၃)လ (3rdtrimester) အတွင်းမှာ ပိုဆိုးပါတယ်။ဒီလိုစိတ်ဖိစီးမှုတွေကို အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းပါ။ကိုယ်ဝန်ဆောင်စဉ် သွေးလည်ပတ်မှုဟာ ပိုမိုကောင်းလာတာကြောင့် သင့်အသားအရေ လှပမှု ပိုရှိလာ မှာပါ။ စိုပြေလှပလာတဲ့ အသားအရေကို အပြည့်အဝပိုင်ဆိုင်လိုက်ပါ။အရိုင်းဆန်တဲ့ ဆက်ဆံမှုတွေပါ။ ဥပမာ ကြာပွတ်နဲ့ ရိုက်တာမျိုး၊ ကြိုးတုပ်ဆက်ဆံတာမျိုးတွေကို ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် ဗိုက်ကို ကြိုးနဲ့ ချည်နှောင်ထားတာမျိုးဟာသွေးလည်ပတ်မှုကို ပိတ်ဆို့စေလို့ပါ။ မအင်္ဂါကို လေမှုတ်သွင်းတာမျိုးကိုတော့ လုံးဝ ရှောင်ရှားပါ။ လေကြောင့် သွေးကြောဆို့ခြင်းကို ဖြစ်စေနိုင်ပြီး သေတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။မွေးပြီး ခြောက်ပတ်အကြာပါ။ အနာကျက်ပြီးချိန်နဲ့ ပိုးမဝင်နိုင်တော့ဘဲ အခြေအနေရောက်ရင် လိင်ဆက်ဆံမှုကို ပြန်လည်စတင်နိုင်ပါပြီ။ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ သွေးသားပြောင်းလဲမှုကြောင့် လိင်စိတ်မပါတဲ့သူရှိသလို၊ အတူနေချင်စိတ်ရှိတဲ့သူလည်း ရှိမှာပါ။ ဆရာဝန်က မိခင်ရဲ့ ကျန်းမာရေးထိခိုက်မှာကြောင့် တားမြစ်ထားတာမျိုးမရှိရင် စိတ်ချလက်ချ အတူနေလို့ရပါတယ်။ ဒါက သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်လို့ ဒါနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို အပြစ်တင်စိတ် ဖြစ်စရာ မလိုပါဘူး။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/sexing-during-pregnant/
ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုး
အသည်းတစ်ရှူးတွေမှာအသည်းရောင် အသားဝါဘီပိုးကူးစက်ပြီး အသည်းတစ်ခုလုံး ရောင်ရမ်းလာတာကို ကလေးတွေမှာ ဖြစ်တဲ့ အသည်းရောင် အသားဝါဘီရောဂါလို့ ခေါ်ပါတယ်။ တခြား ဖြစ်လေ့ရှိတဲ့အသည်းရောင် အသားဝါရောဂါတွေက အေပိုး နဲ့ စီပိုးတို့ကြောင့် ဖြစ်ပါတယ်။ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူရဲ့ သွေး ဒါမှမဟုတ်ခန္ဓာကိုယ်က ထွက်တဲ့ တခြားအရည်တွေကနေတဆင့် ကလေးတွေဆီကို ဘီပိုး ကူးစက်နိုင်ပါတယ်။ ကူးစက်လေ့ရှိတဲ့ပုံစံတွေက။ပွေ့ဖက်တာ၊ နမ်းတာ၊ ချောင်းဆိုးတာ၊ နှာချေတာကနေတဆင့်တော့ ဘီပိုးမကူးနိုင်ပါဘူး။ မွေးပြီးခါစမှာ ကလေးကို မှန်ကန်ကောင်းမွန်တဲ့ ကုသမှုပေးထားပြီးပြီဆိုရင်တော့ ကလေးမှာ ကူးနိုင်ခြေ နည်းပါတယ်။ တကယ်လို့ ဆယ်ကျော်သက်လူငယ်လေးတွေ ဘီပိုး ကာကွယ်ဆေး မထိုးထားဘူးဆိုရင်မူးယစ်ဆေးသုံးတာ၊အကာအကွယ်မဲ့ လိင်ဆက်ဆံတာတို့ကတဆင့် ဘီပိုးကူးနိုင်ပါတယ်။ယေဘုယျအနေနဲ့ ပြောရမယ်ဆိုရင် အသည်းရောင် အသားဝါဘီပိုးက ထူးထူးခြားခြားဆိုးရွားတဲ့ လက္ခဏာတွေ ပြလေ့မရှိပါဖူး။ အသက်ငါးနှစ်အောက် ကလေးတွေမှာ ရောဂါလက္ခဏာပြတာ အရမ်းရှားပါတယ်။ အသက်ကြီးတဲ့ ကလေးတွေမှာတော့ ဘီပိုး ကူးစက်ခံရပြီး သုံးလေးလအကြာမှာ ရောဂါလက္ခဏာလေးတွေ စပြီးပြလာလေ့ ရှိပါတယ်။ ရောဂါပိုး ကူးစက်ခါစမှာ ပြလေ့ရှိတဲ့ လက္ခဏာလေးတွေက။တကယ်လို့ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ဖို့ခုခံအားကောင်းနေတယ်ဆိုရင် ဒီလက္ခဏာတွေက ရက်သတ္တပတ်အနည်းငယ်ကနေ ခြောက်လအတွင်းမှာ ပျောက်သွားတတ်ပါတယ်။ ဒီလိုအနေအထားမျိုးကို ခဏတာဖြစ်တဲ့ (acute) အခြေအနေလို့ခေါ်ပြီး တချို့တွေမှာ ကာလရှည်ပြဿနာတွေ ကျန်ခဲ့လေ့မရှိပါဘူး။ တချို့မှာတော့ ဘီပိုးက ဆက်လက်ပွားပြီး နာတာရှည် အသည်းရောဂါကို ဖြစ်စေပါတယ်။သွေးစစ်ခြင်းအားဖြင့် အသည်းရောင် အသားဝါ ဘီပိုး ရှိ၊ မရှိ သိနိုင်ပါတယ်။ ဒါ့အပြင် ဒီလို သွေးစစ်လိုက်မယ် ဆိုရင် ပိုး ရှိ၊မရှိသာမကဘဲ အခုမှ စကူးတာလား။ ဖြစ်နေတာကြာနေပြီလား ဒါမှမဟုတ် အရင်က ဖြစ်ထားဖူးတာလား ဆိုတာကိုပါ ရှာဖွေသိရှိနိုင်ပါတယ်။ခဏတာဖြစ်တဲ့ အသည်းရောင် အသားဝါဘီပိုးကို ထူးထူးခြားခြား ကုသပေးစရာမလိုပါဘူး။ သင့်ကလေးရဲ့ ခုခံအားစနစ်က သူ့ဖာသာကြည့်ရှင်းသွားပါလိမ့်မယ်။ ခြောက်လကြာပြီးတဲ့အခါ အသည်းရောင် အသားဝါဘီပိုးရဲ့လက္ခဏာတွေ လုံးဝမရှိတော့ဘူးဆိုရင် သင့်ကလေးအပြည့်အဝ နေပြန်ကောင်းပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သင့်ကလေးရဲ့ ကိုယ်ထဲမှာ ရောဂါပိုးကဆက်ရှိနေတဲ့အတွက် တခြားလူတွေကို ကူးစက်နိုင်တာကြောင့် သင်ကိုယ်တိုင်ကိုရော တခြားတခြားလူတွေကိုပါ ရောဂါမကူးစက်ရလေအောင် သတိထားဖို့ အရေးတကြီးလိုအပ်ပါတယ်။နာတာရှည် အသည်းရောင်ရောဂါဖြစ်လာပြီဆိုရင်တော့ ကုသပေးဖို့လိုလာပါပြီ။ ကုသမှုရဲ့အဓိကရည်ရွယ်ချက်က ရောဂါလက္ခဏာတွေကို သက်သာစေဖို့၊တခြားသူတွေဆီ မကူးစက်စေဖို့နဲ့ နောက်ဆက်တွဲ အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတော့ သင့်ကလေးအနေနဲ့ လူကြီးတွေလိုပဲ အသည်းရောင် အသားဝါ ဘီပိုးကုသဆေးတွေ သောက်ဖို့ လိုပါတယ်။ ဒါ့ပြင်။ဒီနည်းလမ်းတွေနဲ့ ကလေးမှာ ဖြစ်တဲ့ အသည်းရောင်အသားဝါ ဘီရောဂါကို ကိုင်တွယ်ကုသနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/hepatitis-b-in-children/
နှုတ်ခမ်းတွင် ပေါက်သော ရေယုန်နာ (Cold Sore)
ပါးစပ်မှာဖြစ်တဲ့ရေယုန်နာသည် ရေယုန်ဗိုင်းရပ်စ် (HSV-1) နှင့် (HSV-2) ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်တင်မကဘဲလိင်အင်္ဂါမှာပါ အနာပေါက်တတ်ပါတယ်။ အနာဖြစ်နေချိန်မှာ အခြားသူတစ်ဦးကို ကူးစက်ဖို့ အလွန်လွယ်ကူလျင်မြန်ပါတယ်။အနာသည်ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ထဲက ရေယုန်ဗိုင်းရပ်စ်ပိုးကိုတော့ လက်ရှိအချိန်ထိ ကုသလို့ရတဲ့ ဆေးဝါးများ ပေါ်ထွက်ခြင်းမရှိသေးပါဘူး။ ဒီအတွက်ရေယုန်နာပျောက်သွားတဲ့တိုင်အောင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကတော့ ကျန်နေဦးမှာပါ။အနာစတင် မဖြစ်ခင်မှာ အနာဖြစ်မယ့် နှုတ်ခမ်းတစ်ဝိုက်တွင် အမည်ဖော်မရတဲ့ယားယံခြင်းမျိုး၊ အသားထဲက ရုတ်တရက် စူးသလို၊ တစ်ခုခုက ထိုးသလို ခံစားရပါတယ်။ ပူစပ်ပူလောင်ဖြစ်ခြင်းလည်း တွေ့ရတတ်ပါတယ်။ ဒါဟာ အနာဖုလေး မပေါက်ခင် တစ်ရက်အလိုလောက်မှာ ကျော်ဖြတ်ရတဲ့ ပထမအဆင့်ပါ။ဒီအဆင့်မှာတော့ အနာဖြစ်ဖို့အတွက်နှုတ်ခမ်း၏ တစ်နေရာမှာ အဖုသေးသေးလေးများ စုပြီး ပေါက်လာတာကို တွေ့ရပါတယ်။ ပုံမှန်ကတော့ နှုတ်ခမ်းရဲ့ ထောင့်စွန်းတွေမှာ အတွေ့များပြီး ပါးစပ်ထဲ၊ ပါး၊နှာခေါင်းတွေမှာလည်း ပေါက်တတ်ပါတယ်။ ဒီအခြေအနေမှာတော့ ယားယံခြင်း၊ စူးသလို ခံစားရခြင်းတွေပဲ ကြုံနိုင်ပါတယ်။ပုံမှန်ကတော့ အဖုငယ်လေးတွေဟာ သူ့အလိုလို ပေါက်သွားတတ်သလို မျက်နှာသစ်တဲ့အချိန် လက်နဲ့ထိခိုက်မိပြီးတော့လည်း ပေါက်သွားတတ်ပါတယ်။ ပေါက်သွားချိန်မှာ အနာက စပ်နေတတ်ပြီး ယားယံနေနိုင်ပါတယ်။ ပျောက်ဖို့လည်း အချိန်ပိုကြာသွားတတ်ပါတယ်။ အနာရဲ့ အလယ်မှာ ချိုင့်ဝင်နေတာကို တွေ့ရတတ်ပြီး ပြည်ယိုစီးကာ ပတ်လည်အရေပြားက မာနေနိုင်ပါတယ်။အခြားလက္ခဏာများအနေနဲ့။အသက် (၅) နှစ်အောက်ကလေးတွေမှာ ရေယုန်နာကို တခြားထိခိုက်မှုကြောင့်ဖြစ်တဲ့ Ulcer အနာနဲ့ မှားတတ်ပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ပြဿနာဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ လိုအပ်ပါတယ်။ရေယုန်ဗိုင်းရပ်စ်ပိုးဟာ တစ်ယောက်ကနေ တစ်ယောက် ကူးစက်ဖို့ အလွန်လျင်မြန်သလို အနာဖြစ်တဲ့အချိန်ကလွဲရင် ဒီလူမှာ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်းကို ဘယ်လိုမှ မသိနိုင်ပါဘူး။ပုံမှန်အားဖြင့် ရေယုန်နာတွေဟာ ၂ပတ်အတွင်းမှာ ပျောက်သွားတတ်ပြီး နှစ်အတန်ကြာတဲ့အထိ ပြန်မပေါက်ဘဲ နေတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကတော့ ခန္ဓာကိုယ်အာရုံကြောထဲမှာ မြုပ်နေတာပါ။ပုံမှန်အားဖြင့် ရေယုန်နာတွေဟာ ဆရာဝန်ထိ သွားရောက်ပြသစရာမလိုပါဘူး။ အဓိက လုပ်ပေးဖို့ လိုအပ်တဲ့အချက်တွေကတော့။၁။ အနာဖြစ်နေတဲ့ နေရာကို သန့်ရှင်းအောင် ထားပါ။ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပေးပါ။၂။ မသန့်ရှင်းတဲ့ လက်နဲ့ အနာကို ထိတွေ့ကိုင်တွယ်တာ မလုပ်ပါနဲ့။၃။မျက်နှာသစ်တဲ့အခါ အနာကို ပွန်းပဲ့သွားစေနိုင်တဲ့အထိ ကြမ်းကြမ်းတမ်းတမ်း သစ်တာမျိုး မလုပ်ပါနဲ့။၄။ ရေများများ သောက်ပေးပါ။၅။စိတ်ဖိစီးမှုနည်းအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။၆။ ကိုယ့်ရဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများကို တခြားတစ်ယောက် ယူပြီး မသုံးစွဲမိဖို့ သတိထားပါ။၇။ ရေယုန်ပျောက်လိမ်းဆေးများကို ဆေးဆိုင်မှ အလွယ်တကူဝယ်ယူ၍ ဆေးညွှန်းအတိုင်း သေချာလိမ်းပေးပါ။ဒီနည်းအတိုင်း သေချာလုပ်ပေးမယ်ဆိုရင် ၂ပတ်အတွင်းမှာ သေချာပျောက်နိုင်ပါတယ်။ ၂ပတ်ထက် ကျော်လို့မှ အနာလုံးဝမပျောက်တာ၊ တဆစ်ဆစ်နဲ့ ကိုက်နေတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/herpes/%e1%80%94%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%9b/
အသုံးပြုပြီးသား Face Mask တွေကို ဘယ်လိုပိုးသန့်စင်မလဲ
Covid-19ကလည်း တစ်ဖန်ပြန်ပြီး ထလာပြန်ပြီဆိုတော့ ခုဆိုရင် အပြင်သွားတိုင်းmaskကို ပုံမှန်ပြန်တပ်ပြီး သွားလာနေကြတာကို တွေ့ရတာ တစ်ဖက်က ကြည့်ရင်တော့ ဝမ်းသာစရာပေါ့ဗျာ။ ဒီပိုးကလည်းကာကွယ်ဆေးနဲ့ ကုသဆေး မပေါ်မချင်းကတော့ ဒီလိုပဲ နေ့စဉ်ဘဝကို ကျော်ဖြတ်နေရမှာဆိုတော့ မကြိုက်လည်း အောင့်အီးသည်းခံလို့ပဲ ရမှာပါ။ မတပ်ရင်လည်း ဒုက္ခရောက်မှာက ကိုယ်အပြင် ကိုယ်ဖြတ်သန်းသွားလာခဲ့သမျှ နေရာတိုင်းမှာရှိနေတဲ့Maskမတပ်သူတွေ အားလုံးပါပဲ။Face Mask ထဲမှာCovid-19ဗိုင်းရပ်စ်ပိုးကို ကောင်းစွာ ကာကွယ်ပေးနိုင်တာ N95 Mask နဲ့ Surgical Mask ၂ မျိုးပဲရှိပါတယ်။ ဒါပေမယ့်လည်း ငွေအကုန်ကြေးကျ များလို့ ပုံမှန်လက်လုပ်လက်စားတွေအနေနဲ့တော့ တပ်လိုက်၊ လွှင့်ပစ်လိုက်၊ နောက်အသစ်တစ်ခု တပ်လိုက်လုပ်ဖို့ဆိုတာ တော်တော်လေးတော့ ကသီတယ်ဗျ။ ဒီတော့ အဝတ်၊ ပိတ်စနဲ့လုပ်ထားတဲ့ ClothMaskဆိုတာမျိုး ထပ်ပြီး ထွက်လာပါတယ်။Cloth Mask တွေရဲ့ဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးနိုင်စွမ်းက Surgical Maskလောက် မကောင်းပေမယ့် ဟိုနားဒီနားထွက်ပြီးစျေးဝယ်တဲ့အိမ်ထောင်ရှင်တွေ၊ မိသားစုဝင်တွေ၊ အခြေခံလူတန်းစားတွေအတွက်တော့ ထပ်တလဲလဲ ပြန်အသုံးပြုလို့ရတယ်ဆိုတော့ ငွေရေးကြေးရေးအရတော့ အဆင်ပြေနိုင်ပါတယ်။နောက်တစ်ခုက Face Shield လို့ခေါ်တဲ့ အကာပါ။ ဒီအကာသည်လည်း စျေးအတန်အသင့်တော့ မြောက်ပါတယ်။ ဒါပေမယ့် ထပ်ကာတလဲလဲ ပြန်သုံးလို့ရတယ်၊ ကလေးတွေအတွက်လည်း ပိုအဆင်ပြေပါတယ်။ သူက ဦးခေါင်းပတ်လည်မှာ နေရာကျအောင် စွပ်လိုက်ရုံပါပဲ။ အရှေ့တည့်တည့်မှာရှိတဲ့ ရောဂါပိုးများကို ကာကွယ်ပေးနိုင်ပေမယ့် ဘေးဘက်နဲ့ အနောက်ဘက်မှာ ဟာလာဟင်းလင်းပေါက်ဖြစ်နေလို့ အနောက်ကနေချောင်းဆိုးလိုက်ရင် ကူးနိုင်ပါသေးတယ်။ ဒီအတွက် Mask ကတော့ မဖြစ်မနေ တပ်နေရဦးမှာပါပဲ။ဒီMaskအမျိုးအစားတွေကတော့ တစ်ကြိမ်တစ်ခါသာ အသုံးပြုဖို့အတွက် ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်သုံးလို့ မရပါဘူး။ အထူးသဖြင့် စုတ်ပြဲသွားတာ၊ ညစ်ပတ်နေတာ၊ ရေငွေ့ပျံပြီး စိုနေပြီဆိုရင်တော့ အိမ်မရောက်သေးရင်လည်း ချွတ်ပြီး စနစ်တကျ စွန့်ပစ်ဖို့၊ အသစ်တစ်ခု ပြန်သုံးဖို့ အရေးကြီးပါတယ်။အိမ်ပြန်ရောက်တဲ့အခါ လက်ကို အရင်ဆုံး ဆပ်ပြာနဲ့ သေချာပြောင်စင်အောင် ဆေးကြောပြီးမှMaskရဲ့ ဘေးသိုင်းကြိုးကို မပြီးဖြုတ်ကာ ပလတ်စတစ်အိတ်တစ်လုံးထဲ ထည့်ပြီး လုံအောင်ချည်ကာ အမှိုက်ပုံးထဲ ပစ်ရပါမယ်။ ပြီးရင် နောက်တစ်ခေါက် လက်ကိုဆပ်ပြာ၊ ရေနဲ့ သေချာပြောင်စင်အောင် ဆေးရမှာပါ။ထပ်ကာတလဲလဲ အသုံးပြုဖို့နဲ့ ငွေကုန်ကြေးကျ လျှော့ချဖို့အတွက် လုပ်ထားတဲ့ Mask ပါ။ အရင်ဆုံး လက်နှစ်ဖက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောပေးပါ။ အဝတ်လျှော်စက်နဲ့ လျှော်မယ့်သူတွေအနေနဲ့ Mask ကိုအဝတ်လျှော်စက်ထဲ တခြားအဝတ်တွေနဲ့အတူ ရောထည့်ပါ။ ပြီးရင် ဘာမှမကိုင်သေးဘဲ လက်ကို ဆပ်ပြာ၊ ရေနဲ့ ပြန်ဆေးပါ။ ပြီးသွားမှ ဆပ်ပြာမှုန့်ကို လိုသလောက်ပမာဏ ထည့်ပြီး စက်လျှော်လျှော်လိုက်ရုံပါပဲ။လက်နဲ့လျှော်မယ်ဆိုရင်တော့ Mask ကို ကိုယ်လျှော်မယ့် ပုံးထဲ ထည့်ပြီး တစ်ခါတည်း အဝတ်လျှော်ဆပ်ပြာနဲ့ တိုက်ချွတ်ပြီး လျှော်ရမှာပါ။ Mask ကို လျှော်ပြီးသွားရင် ရေခြောက်အောင်ညှစ်ပြီး အဝတ်တန်းမှာ နေအရောင်ပြပြီး လှမ်းထားပေးပါ။ ခြောက်သွားတာနဲ့ မီးပူတိုက်ပေးပါ။ ခဏခဏလျှော်လို့ ရွဲလာပြီဆိုရင်တော့ အသစ်လဲဖို့ အကြံပေးပါရစေ။အရင်ဆုံး သန့်ရှင်းတဲ့အဝတ်တစ်စုံကို ရေများများစွတ်ပြီး အယ်လ်ကိုဟော ပါတဲ့ဆပ်ပြာ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည်လိုသလောက်ထည့်ပေးထားပါ။ ပြီးသွားမှ Face Shield ကို ချွတ်ပြီး ဆပ်ပြာထည့်ထားတဲ့ အဝတ်နဲ့ အပြင်ရော အတွင်းပါတိုက်ပေးပါ။ပြီးသွားရင် ရေနဲ့ ပြောင်စင်အောင် ဆေးချပြီး နေပူထဲ ထုတ်လှမ်းပေးပါ။ လက်ကို ဆပ်ပြာ၊ ရေနဲ့ နောက်ဆုံးအကြိမ် ပြောင်စင်အောင် ဆေးဖို့လည်း မမေ့ပါနဲ့။မည်သည့် Mask ကိုမဆို အသုံးပြုပြီးရင် စနစ်တကျ စွန့်ပစ်ပါ သို့မဟုတ် သေချာပိုးသန့်စင်ပေးပါ။ အသေးစိတ်ကနေ သေချာဂရုစိုက်ပေးမှ ကိုယ်ရော ကိုယ့်မိသားစုဝင်တွေအားလုံး ကျန်းမာနိုင်မှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%a1%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%bc%e1%80%af%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8-face-mask-%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af/
ရာသီလာရက်မှာ မပင်ပန်းရအောင် ရှောင်စားသင့်တဲ့ အစားအသောက်တွေ
ဓမ္မတာလာချိန်မှာ ပုံမှန်ထက်ပိုဆိုးတဲ့လက္ခဏာတွေခံစားနေရတာ ဘာကြောင့်လဲ သိပါသလား။ ရာသီလာရက်မှာ ကိုယ့်ရဲ့စားသောက်ပုံတွေက ကောင်းကျိုးပေးနိုင်သလို ဆိုးကျိုးလည်းပေးနိုင်တာကြောင့် သတိထားဆင်ခြင်သင့်ပါတယ်။အမျိုးသမီးတွေမှာ လစဉ်ကြုံတွေ့ရတဲ့ ဓမ္မတာဖြစ်တဲ့ရာသီသွေးဆင်းခြင်းဟာ နာကျင်ကိုက်ခဲမှု၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ပွခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းတို့ဖြစ်စေတတ်တဲ့ ခံစားရခက်တဲ့အချိန်ကာလဖြစ်ပါတယ်။ အမျိုးသမီး ၈၅ ရာခိုင်နှုန်းဟာ ရာသီလာနေစဉ်အတွင်းမှာ သည်လက္ခဏာတွေ ခံစားရတတ်ပါတယ်။သည် ၃၊ ၄ ရက်အတွင်းမှာ နာကျင်ကိုက်ခဲမှုဝေဒနာ၊ မောပန်းနွမ်းနယ်မှု၊ စိတ်မတည်ငြိမ်မှုတွေနဲ့ လုံးပန်းနေရပြီဆိုရင် ကိုယ်ဘာတွေစားမိနေသလဲဆိုတာ တချက် စစ်ကြည့်သင့်ပါတယ်။ တကယ်တော့ တချို့အစားအစာတွေက သင့်ရဲ့စိတ်ပူပန်မှုတွေကို တိုးစေပြီး ဗိုက်အောင့်ခြင်းကို ပိုခံစားရစေပါတယ်။ ပြဿနာများတဲ့ အစားအစာတွေကို ရှောင်နိုင်ရင်တော့ နောက်တစ်လမှာ ခံစားရတဲ့ဝေဒနာတွေ လျော့နည်းသွားစေနိုင်ပါတယ်။စားသောက်ပုံအာဟာရ၊ အိပ်စက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့က သင့်ရဲ့ ရာသီစက်ဝန်းမှာ အဓိကအရေးပါနေပါတယ်။ ရာသီလာရက်မှာ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ဥအမျိုးမျိုး၊ ပြောင်းနှံများ၊ ကြက်သား၊ ဘဲသား ၊ဗာဒံစေ့တို့လို ဗီတာမင်ဘီကြွယ်ဝတာတွေ၊ အချဉ်သီးတွေ၊ ငရုတ်နီတောင့်၊ စတော်ဘယ်ရီတို့လို ဗီတာမင်စီပါဝင်တာတွေကို စားသုံးနိုင်ပါတယ်။ရာသီလာရက်မှာ ဝေဒနာတွေ မခံစားရစေဖို့ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဂျုံပြောင်းနှံတွေကို စားပေးပါ။ ပြုပြင်စီမံထားတဲ့ အစားအစာတွေဟာ ကာဗိုဟိုက်ဒရိတ်တွေဆီက ထုတ်လုပ်ထားတာဖြစ်ပြီး သင့်ကို မောပန်း အားကုန်စေ၊ စိတ်အပြောင်းအလဲမြန်စေတဲ့ ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစားအစာကို ပိုကြည့်ကောင်းစေဖို့၊ ပိုအရသာရှိစေဖို့ အငန်ဓာတ်၊ ဓာတုပစ္စည်းနဲ့ အရသာအတုတွေ ပိုထည့်ထားပါတယ်။ ဥပမာ –။ဂျုံပြောင်းနှံထုတ်ကုန်တွေနဲ့ ပြုပြင်စီမံမှုနည်းတဲ့ အစားအစာတွေကို ရွေးချယ်စားပါ။ဖြစ်နိုင်ရင် အော်ဂင်းနစ် အစားအစာတွေကိုစားပါ။ရာသီလာရက်မှာ ဖြစ်တတ်တဲ့နာကျင်ကိုက်ခဲမှုတွေက ခန္ဓာကိုယ်အတွင်းမှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ရောင်ရမ်းမှုနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။ သည်အခြေအနေကို အသည်းထဲက C-reactive protein (CRP) ပမာဏကို စစ်ဆေးပြီး တိုင်းတာနိုင်ပါတယ်။ CRP ပမာဏမြင့်မားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း၊ လေပွခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း စတဲ့လက္ခဏာတွေဖြစ်နိုင်ခြေ ၄၁ ရာခိုင်နှုန်း အထိဖြစ်စေနိုင်ပါတယ်လို့ သုတေသနတစ်ခုအရ သိရပါတယ်။အဆီများလွန်းတဲ့ အစားအစာတွေ၊ ပြည့်ဝဆီတွေနဲ့ trans fats တွေ စားတာများရင် ခန္ဓာကိုယ်ထဲရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ချက်ပြုတ်ရာမှာ ဆီလျှော့ပါ၊၊ သံလွင်ဆီကိုသုံးပါ။ နို့ထွက်ပစ္စည်းတွေမှာ အဆီနည်းတဲ့ အမျိုးအစားတွေကို ရွေးဝယ်ပါ။ရာသီလာရက်မှာ ဗိုက်ကယ်ခြင်း၊လေပွခြင်းတို့ကို လစဉ်ခံစားနေရတယ်ဆိုရင် အငန်များတဲ့အစာတွေကို ရှောင်နိုင်ပါတယ်။ အငန်အစားများခြင်းက အရည်ဓာတ်ထိန်းသိမ်းမှုကို ပျက်ယွင်းစေပြီး ဖောရောင်ခြင်းကို ဖြစ်စေကာ သွေးတက်စေနိုင်ပါတယ်။စိတ်မတည်ငြိမ်တာနဲ့ စိတ်ပူပန်မှုတွေကြောင့် သကြားလုံးတွေ၊ အချိုများတဲ့အစားအစာတွေကို တောင့်တနေတတ်ပါတယ်။ အချိုများတာ စားလိုက်ရင် အားအမြန်ပြည့်သွားသလိုခံစားရပြီး ခန္ဓာကိုယ်ထဲ ပျံ့နှံ့ပြီးတာနဲ့ သွေးတွင်းသကြားဓာတ်က တဟုန်ထိုးမြင့်တက်သွားပါလိမ့်မယ်။ ဒါဆိုရင် သင်ခံစားရမှာက အရင်ကထက်ပိုဆိုးနေနိုင်ပါတယ်။ဒါ့ကြောင့် –။အယ်ကိုဟောပါဝင်တဲ့ သောက်စရာတွေဟာ နာကျင်ကိုက်ခဲမှု၊ စိတ်မတည်ငြိမ်မှုကို သက်သာစေနိုင်တယ်လို့ ထင်ရပေမယ့် နောက်ဆုံးမှာ ပိုတောင်ဆိုးနိုင်ပါတယ်။ ရာသီလာရက်မှာ နာကျင်ကိုက်ခဲမှုဝေဒနာတွေကို ရက်ပိုရှည်စေနိုင်ပြီး ညလယ်မှာ တရေးနိုးစေတာမျိုး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အဆီများတဲ့ အနီရောင်အသားတွေမှာ arachidonic အက်စစ်တွေပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကို ပိုဆိုးစေနိုင်တဲ့ prostaglandins ထွက်ရှိမှုနဲ့ ဆက်နွယ်နေတယ်လို့သိရပါတယ်။ဒ ါတွေအစား ရောင်ရမ်းမှုကို လျော့ကျစေမယ့် ဆော်လမွန်ငါး၊ တူနာငါးတို့လို omega-3 ကြွယ်ဝတဲ့ငါးတွေကိုသာ ပြောင်းစားလိုက်ပါ။ ပိုသက်သာစေပါလိမ့်မယ်။တကယ်တော့ ကဖင်းနဲ့ပတ်သက်ရင် ယတိပြတ်အဖြေက ထွက်မလာတတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ စကားကိုသာ နားထောင်လိုက်ပါ။ ရာသီလာနေချိန်မှာ တစ်နေ့လုံး ပင်ပန်းအားကုန်နေတာကို ဖြေဖျောက်ဖို့ လန်းဆန်းသွားအောင် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်တစ်ခွက်သောက်မိမှာပါ။ ဒါပေမယ့် ကဖင်းက စိတ်ပူပန်မှုတွေကို မြင့်တက်စေနိုင်ပြီး စိတ်ဖိစီးမှုဟော်မုန်း cortisol ပမာဏကိုမြင့်တက်စေနိုင်လို့ စိတ်အပြောင်းအလဲမြန်စေနိုင်ပါတယ်။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသေးတယ်။ ဒါ့ပြင် သံဓာတ်စုပ်ယူမှုကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်၊၊။ကဖင်းကို ရှောင်တာထက် လျှော့သောက်တာ၊ ထိန်းချုပ်တာကောင်းပါတယ်။ နေ့လယ်ခင်း၊ နေ့တဝက်လောက်အထိပဲ သောက်လို့ကောင်းပါတယ်။ ညနေပိုင်းသို့မဟုတ် ညအိပ်ရာမဝင်မီ နာရီပိုင်းအတွင်း သောက်တာမျိုးရှောင်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/what-not-to-eat-during-period/
လူကြီးသုံးသေးခံ ရွေးချယ်မယ်ဆိုရင် ဘောင်းဘီက အကောင်းဆုံးဆိုတာ ဘာကြောင့်လဲ။
ဇရာထောင်းရင် အကုန်ပြောင်းတယ်တဲ့။ ဟုတ်တယ်နော်။ ရုပ်ရည်သွင်ပြင်၊ကျန်းမာရေး၊ ကိုယ်ခန္ဓါ ကြံ့ခိုင်မှု အားလုံး အားလုံး လူလတ်ပိုင်းတစ်ယောက်နဲ့မတူတော့ပါဘူး။ ဒီ ဇရာထောင်းလို့ ပြောင်းသွားတဲ့ ကိစ္စတွေမှာ ဘိုးဘိုးဘွားဘွားတိုင်း စိတ်ညစ်ရတဲ့ ကိစ္စတစ်ခုရှိပါတယ်။ ပြင်းထန်တဲ့ရောဂါတော့မဟုတ်ပေမယ့် သူတို့ရဲ့ လူနေမှု ဘဝကို ထိခိုက်စေတဲ့ဆီးမထိန်းနိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ညညအိပ်ရာထဲမှာ ဆီးသွားမိတာပဲ ဖြစ်ဖြစ် ၊ ဆီးသွားချင်တာနဲ့ ဆီးပေါက်ချမိတာပဲဖြစ်ဖြစ် ဆီးမထိန်းနိုင်တဲ့ ပြဿနာကို အသက်ကြီးလာတဲ့ ဘိုးဘိုးဘွားဘွားတိုင်း ခံစားရလေ့ရှိပါတယ်။ ရောဂါရဲ့ သက်ရောက်မှုကြောင့်ဖြစ်နိုင်သလို အသက်အရွယ်ကြောင့် ကြွက်သားတွေ အားနည်းလာလို့ ဆီးမထိန်းနိုင်တာတွေဖြစ်နိုင်ပါတယ်။ ဘယ်သူကတော့ ဆီးထွက်ကျတာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်ချင်မလဲနော်။ ရှက်စရာလည်းကောင်းတယ်၊ စိတ်လည်းညစ်ရတယ်လေ။ပြဿနာရှိရင် ဖြေရှင်းဖို့နည်းလမ်းဆိုတာ ရှိစမြဲဖြစ်တာကြောင့် ဆီးမထိန်းနိုင်လို့ ၊ ဆီးပေါက်ချမိလို့ စိတ်ညစ်နေရတဲ့ လူကြီးတွေအတွက် လူကြီးသုံးသေးခံ တွေ ပေါ်ထွက်လို့လာပါပြီ။လူကြီးသုံးသေးခံဆိုတော့ ကြားရတာ အထူးအဆန်းဖြစ်နေပြီး ဝယ်ဖို့လည်းရှက်နေတတ်ပါတယ်။ ဆီးမထိန်းနိုင်လို့ အရှက်ရတဲ့ ပြဿာနာကို သူကသာ ဖြေရှင်းပေးနိုင်တာကြောင့် လူကြီးသုံးသေးခံတွေကို ဝယ်ရတာ၊ သုံးရတာ ရှက်စရာ မဟုတ်ပါဘူး။ အသုံးပြုတဲ့အခါမှာလည်း သက်တောင့်သက်သာနဲ့ ဝတ်ထားမှန်းတောင် မသိသာတာကြောင့် ရှက်စရာလုံးဝမလိုအပ်ပါဘူးနော်။ အရေးကြီးတာက သုံးရအဆင်ပြေပြီး အကိုက်ညီဆုံးဖြစ်မယ့် သေးခံတွေကို ရွေးဝယ်တတ်ဖို့ပါပဲ ။ ။လူကြီးသုံးသေးခံ ၆မျိုးရှိပါတယ်။ ။၁- Pantiliner ( အတွင်းခံတစ်လျှောက် ကပ်ထားနိုင်တဲ့ ကပ်ခွာ)။၂- Pads (လစဉ်သုံး ပစ္စည်း ေတွလိုမျိုး အတွင်းခံထဲ ထည့်ကပ်ရတဲ့ လူကြီးသေးခံကပ်ခွာ)။၃ – Guards ( man) ( အမျိုးသားများအတွက် သီးသန့်ထုတ်ထားတဲ့ အတွင်းခံထဲ ထည့်ကပ်ရတဲ့ ကပ်ခွာ)။၄ – Belted Undergarment ( ခါးပတ်လိုမျိုး ကွင်းလေးပါပြီး အတွင်းခံထဲ ထည့်ဝတ်ရတဲ့ လူကြီးသုံးသေးခံ)။၅ – PULL-ON (သေးခံပါတစ်ခါတည်းပါတဲ့အပြင်အတွင်းခံဘောင်းဘီလိုမျိုး သရေပါပြီး ကျုံနိုင်ဆန့်နိုင်အားကောင်းတဲ့ Pants type ( အတွင်းခံပုံစံလူကြီးသုံးသေးခံ)။၆ – Tab Brief ( အတွင်းခံဘောင်းဘီကပ်ခွာပုံစံမျိုး လူကြီးသုံးသေးခံ ) ဆိုပြီး လူကြီးသုံးသေးခံ ပုံစံ ၆ မျိုးရှိပါတယ်။လူကြီးသုံးသေးခံတစ်ခုဟာစုပ်ယူအားကောင်းရမယ်၊ သက်တောင့်သက်တာရှိရမယ်၊ဘက်တီးရီးယားတွေကြောင့်ြဖစ်တဲ့ အနံ့ဆိုးကို ကာကွယ်ပေးနိုင်ရမယ်၊ ဝတ်ရချွတ်ရတာလည်း လွယ်ကူရမယ်၊ စတဲ့ အချက်တွေကတော့ ပြည့်စုံမှရမှာပါ။ အကောင်းဆုံး လူကြီး သေးခံတစ်ခုမှာ ဒီလို အချက်တွေ ပါကိုပါနေရပါမယ်။ကိုယ်ဝယ်ပေးမယ့် သေးခံမှာ ပါသင့်တဲ့ အချက်တွေ အကုန်ပါနေတယ် ဆိုရင် နောက်ထပ် ခေါင်းစားကြတာက အပေါ်မှာ ပြောခဲ့တဲ့လူကြီးသုံးသေးခံ ၆ မျိုး ထဲကဘယ်လိုပုံစံမျိုးကို ဝယ်ပေးရမလဲဆိုတာပါ။အကြံပေးချင်တာကတော့ ဘောင်းဘီအတွင်းခံ ပုံစံမျိုး ဝတ်ထားလို့ရတဲ့ လူကြီးသုံးသေးခံတွေက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ pants type သေးခံလို့လည်း လူသိများကြပါတယ်။ သူက ဘာကြောင့် ကောင်းတာလဲ ။ ။ကဲ ဒီလောက်သိထားပြီဆိုရင်တော့ အိမ်က ဘိုးဘိုးဘွားဘွားတို့အတွက် ဘယ်လို အမျိုးအစားသေးခံတွေ ဝယ်ပေးရမလဲဆိုတာ အထူးတလည် စဉ်းစား မနေနဲ့တော့နော် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/pants-type-diaper/
ကိုယ်ဝန်ဆောင်မေမေ အဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင်
ဒီအယူအဆကမမှန်ပါဘူးနော်။ ကိုယ်ဝန်ဆောင်ချိန်မို့ အဆိပ်မတက်ဘူးဆိုတာမရှိပါဘူး။ အဆိပ်ရှိတဲ့အကောင်ကိုက်ခဲ့ရင် ကိုယ်ဝန်ဆောင်ချိန်မှာပဲဖြစ်ဖြစ် သာမန်အချိန်မှာပဲဖြစ်ဖြစ် အဆိပ်တက်နိုင်ပါတယ်။ အခန့်မသင့်လို့များ အဆိပ်ပြင်းတဲ့ အကောင်ကိုက်ခံရရင် ဗိုက်ထဲက ကလေးလေးအတွက်တောင် စိတ်ပူရပါသေးတယ်။အဆိပ်ရှိတဲ့အကောင်ကိုက်ခံရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မှာ လက္ခဏာတွေမတူနိုင်ပါဘူး။ အချို့မှာ သိပ်မပြင်းထန်ပေမယ့် ပြင်းထန်စွာခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။အရင်ဆုံး ဆူးတွေကိုဖယ်ရပါမယ်– တကယ်လို့ပျားလိုမျိုး အဆိပ်ရှိတဲ့အကောင်ကိုက်ခံရမယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက အရေပြားထဲမှာ စိုက်ကျန်ခဲ့တဲ့ အဆူးကိုဖယ်ရမှာပါ။ လက်နဲ့ညှစ်ထုတ်ပြီး အဆူးဖယ်တာမျိုး၊ ဇာဂနာတွေကိုသုံးပြီး အဆူးဖယ်တာမျိုးမလုပ်ပါနဲ့ အဆိပ်တွေပိုပြန့်သွားနိုင်လို့ပါ။ လက်သည်းကို သုံးပြီးဖြစ်ဖြစ် အပ်ကိုသုံးပြီးဖြစ်ဖြစ် အဆူးကိုဖယ်ပေးပါ။အနာတစ်ဝိုက်ကိုသေချာသန့်စင်ပါ– အကောင်ကိုက်ခံရတဲ့နေရာတစ်ဝိုက်ကို ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်ပေးပါ။ရေခဲကပ်ပေးပါ-အကောင်ကိုက်ခံရတာကြောင့် နာကျင်ရောင်ရမ်းမှုသက်သာစေဖို့အတွက်ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀ မိနစ်လောက်ကပ်ပေးပါ။အယားသက်သာစေမယ့်ဆေး တစ်ခုခုလိမ်းပေးပါ– ယားယံတာကြောင့် ခဏခဏကုတ်မိနေတာမျိုးမဖြစ်စေဖို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လီသား၊ မုန့်ဖုတ်ဆော်ဒါနဲ့ရေကိုဖျော်ထားတဲ့အရော ဒါမှမဟုတ် အင်းဆက်ကိုက်ခံရရင် လူးလို့ရတဲ့ အယားသက်သာစေတဲ့ဆေးတစ်ခုခုလူးပေးပါ။ ပရုတ်ပါတဲ့ဆေးတွေကိုတော့ မလူးပါနဲ့။ဆရာဝန်နဲ့သွားပြပါ– အခုပြောခဲ့တဲ့အဆင့်တွေကို အကုန်လုပ်ပြီးပြီဆိုရင်တော့ ဆရာဝန်နဲ့သွားပြဖို့ပြောပါရစေနော်။ ကိုယ်ဝန်ဆောင်နေချိန်က အတိမ်းအစောင်းမခံတဲ့အချိန်ဖြစ်တာကြောင့် ဆရာဝန်နဲ့သေချာလေးပြသပြီး လိုအပ်တဲ့ကုသမှုကို ခံယူပေးပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%b1%e1%80%99%e1%80%b1-%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%ba/
အရိုးအစားထိုးကုသပစ္စည်းကို ကြက်ဥခွံကနေ ထုတ်လုပ်ဖန်တီး
အရိုးအစားထိုးကုသတဲ့ပစ္စည်းထုတ်လုပ်ရာမှာ စွန့်ပစ်ကြတဲ့ ကြက်ဥအခွံကနေ ဖန်တီးတဲ့နည်းလမ်းကို အိန္ဒိယသုတေသီတွေကတွေ့ရှိခဲ့ပါတယ်။သုတေသီတွေက I-tricalcium phosphate (I-TCP) လို အရိုးအစားထိုးပစ္စည်းတွေကို အဆိပ်အတောက်ရှိတဲ့ဓါတုပစ္စည်းတွေ မသုံးဘဲ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။ကြက်ဥခွံဟာ သတ္တုဓါတ်ပါတဲ့ကယ်လ်စီယမ် အများဆုံး(၉၅.၁ ရာခိုင်နှုန်း) ပါဝင်တဲ့အပြင် ပရိုတင်းနဲ့ရေဓါတ်အနည်းငယ်လည်းပါဝင်ပါတယ်။အရိုးပျက်စီးမှုတွေကိုကုသဖို့ အရိုးဆက်အစားထိုးပစ္စည်းတွေသုံးခဲ့တာ ကြာပါပြီ။ ကြက်ဥခွံကရတဲ့ ကယ်လ်စီယမ်ကိုညောင်ပင်ရဲ့အစေးနဲ့ပေါင်းစပ်ပြီး အရိုးအစားထိုးပစ္စည်းဖန်တီးပါတယ်။ကနေ့ခေတ်ဆေးပညာမှာ လူနာ သို့မဟုတ် အလှူရှင်ဆီက အရိုးကိုPlaster of Paris လို ကယ်လ်စီယမ်ပါဝင်တဲ့ အတုပစ္စည်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရိုးတွေကို အစားထိုးကုသပါတယ်။နောက်ပိုင်းတော့hydroxyapatite နဲ့calcium phosphate တို့လိုဖော့စဖိတ်ဒြပ်ပေါင်းတွေကို သုံးကြပါတယ်။၁၆၆၈ ခုနှစ်မှာ ဒတ်ခ်ျလူမျိုးဆရာဝန်Van Meek’ren က အစောဆုံးမှတ်တမ်းဝင် အရိုးအစားထိုးကုသမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးကတည်းက အရိုးအစားထိုးကုသမှုပေါင်း ၅၀ကျော်ကို စမ်းသပ်ကုသခဲ့ပြီးဖြစ်ပါတယ်။ဒီလေ့လာမှုကို Indian Institute of Technology (IIT)၊National institute of Technology တို့မှ သုတေသီတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့တွေ့ရှိချက်ရလဒ်ကို ၂၀၁၉ မတ်လထုတ်Ceramics Internationalဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။ဓါတုပစ္စည်းတွေသုံးပြီး အစားထိုးကုသမှုအတုပစ္စည်းတွေပြုလုပ်ရာမှာတွေဝေနေရတာတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြီးအပြတ်မဖယ်ရှားနိုင်ရင် အဆိပ်အတောက်ဖြစ်စေနိုင်မယ့် ဓါတုအကြွင်းအကျန်တွေရှိနေတတ်တာကြောင့်ပါ။ ဥပမာI-tricalcium phosphate (I-TCP) ကိုပြုလုပ်တဲ့အခါ နိုက်ထရိတ်ဒြပ်ပေါင်းတွေသုံးပြီးပေါင်းစပ်ဖန်တီးရတယ်။ အကြွင်းအကျန်တွေရှိမယ်ဆိုရင် အန္တရာယ်ရှိတယ် လို့ သုတေသီတစ်ဦးကပြောပါတယ်။ကြက်ဥခွံကနေပြုလုပ်တဲ့ ဇီဝပစ္စည်းကဆိုရင် သူ့မှာသဘာဝအလျောက်ပါပြီးသား ဇီဝပစ္စည်းတွေ၊ionတွေရှိနေတာကြောင့် တခြားအတုပစ္စည်းတွေထက် ပိုဘေးကင်းတယ်။နောက်ပြီး အကုန်အကျသက်သာတယ်။ ကမ္ဘာတလွှားမှာ စွန့်ပစ်နေကြတဲ့ ကြက်ဥခွံပေါင်း တန်ချိန်သန်းပေါင်းများစွာရှိနေတော့ အရေအတွက်ကလည်း အကန့်အသတ်မရှိ ရနိုင်တယ် လို့ သုတေသီတွေက ဆိုပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%af%e1%80%9e%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%92%e1%80%b0%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%af%e1%80%9e%e1%80%90%e1%80%9a%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac/
သွေးစစ်ပြီး အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းအရင်းကို အဖြေရှာကြမယ်။ ။
ကိုယ်လက်တွေ ကိုက်ခဲနေလို့ ဆေးခန်းသွားပြတဲ့အခါ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးနောက် အကြောင်းအရင်းကို အဖြေရှာဖို့ စစ်ဆေးမှုတွေလုပ်ကြရပါတယ်။အဆစ်အမြစ်ကိုက်တာဆိုတော့ ခြေတွေလက်တွေကိုဓါတ်မှန်ရိုက်တာက လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်လို့ လူနာတွေစိတ်ထဲ မရှင်းတာမျိုးမဖြစ်ပေမယ့်သွေးစစ်တဲ့အခါကျတော့ ဘာလို့စစ်ရမှန်းမရှင်းဖြစ်နေတတ်ပါတယ်။ ဖြစ်တဲ့နေရာက အဆစ်အမြစ် သွေးက ဘယ်လိုအတွက်ကြောင့်၊ ဘာတွေကိုသိရလို့ စစ်ရတာလဲဆိုတာ မရှင်းဖြစ်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ASO– ASO Titer လို့ခေါ်တဲ့ဒီသွေးစစ်နည်းဟာ Antistreptolysin Oလို့ခေါ်တဲ့ ကိုယ်တွင်း antibody ကို စစ်ဆေးတာဖြစ်ပြီးလေးဖက်နာပိုး( group AStreptococcus ) ရဲ့ antibody ပါ။ ဒါပေမယ့် ASOတက်တိုင်း လေးဖက်နာပါလို့ ပြောလို့မရပါဘူး။Uric acid-ယူရစ်အက်ဆစ်ကိုတော့ အားလုံးကြားဖူးကြမှာပါ။Gout( ဂေါက်) ဆိုတဲ့ အဆစ်အမြစ်ကိုက် ရောင်ရမ်းတဲ့ ပြဿနာရှိမရှိ အဖြေထုတ်ပေးတဲ့ သွေးစစ်နည်းပါ။Rheumatoid factor (RF) – သွေးထဲက gamma globulinကိုဆန့်ကျင်ပြီးထွက်လာတဲ့ antibody ကို စစ်ဆေးတာဖြစ်ပြီး positive ဖြစ်နေရင် ကိုယ့်မှာ အဆစ်အမြစ်ရောင် လေးဘက်နာ (Rheumatoid Arthritis) ရှိမရှိ သိရမှာပါ။Anti-cyclic citrullinated peptide (anti-CCP)– RF လိုပဲအဆစ်အမြစ်ရောင်ေလးဘက်နာရောဂါကို စစ်ဆေးတာဖြစ်ပါတယ်။ RF က အခြား အဆစ်အမြစ်ကိုက်ပြဿနာတွေမှာလည်း များနေတတ်တာကြောင့် RF ထက်စာရင်anti-CCP ကအဆစ်အမြစ်ရောင်လေးဘက်နာရောဂါ (Rheumatoid Arthritis) ရှိနေကြောင်း ပိုပြီး တိတိကျကျ အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက RF တက်နေတိုင်းanti-CCPလိုက်မတက်ပေမယ့်anti-CCPတက်နေပြီဆိုရင်တော့ RF ပါလိုက်တက်နေမှာ ဖြစ်ပါတယ်။Antinuclear antibody (ANA) –Lupusရောဂါဆိုတဲ့ ခုခံအားစနစ်ဆိုင်ရာ ပြဿနာရှိနေတဲ့အခါ စစ်ဆေးလို့ရတဲ့ antibody ဖြစ်ပါတယ်။ polymyositis, scleroderma, Sjogren’s syndrome, mixed connective tissue disease နဲ့ rheumatoid arthritis စတဲ့ ရောဂါတွေမှာလည်းANAတက်နေနိုင်ပါတယ်။ ANA အနည်းအများ၊ အခြားစစ်ဆေးခြင်းတွေ၊ ခံစားနေရတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး ရောဂါကို အဖြေရှာမှာ ဖြစ်ပါတယ်။HLA tissue typing –သွေးထဲက မျိုးရိုးဗီဇဆိုင်ရာ maker HLA-B27 ကို စစ်ဆေးတာဖြစ်ပြီးခါးဆစ်ရိုး ရောင်ရမ်းပြီး ကိုက်ခဲတဲ့ ပြဿနာဖြစ်တဲ့ankylosing spondylitisရှိမရှိ အဖြေရှာပေးနိုင်မှာပါ။ HLA-B27 ဟာ အခြား ရောင်ရမ်းခြင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ဆီးပြွန်ဝရောင်ရမ်းခြင်း၊ မျက်လုံးနဲ့ အခြား အဆစ်အမြစ်တွေရောင်ရမ်းခြင်းမှာလည်း တက်နေနိုင်ပါတယ်။Erythrocyte sedimentation rate – ESRလို့လူသိများကြတဲ့စစ်ဆေးနည်းကတော့ ဖန်ပြွန်တစ်ခုထဲ သွေးထည့်ပြီး တစ်နာရီလောက်ထောင်ထားရတဲ့ စစ်ဆေးနည်းတစ်ခုပါ။သွေးနီဥဆဲလ်ေလးတွေ ဘယ်လောက်မြန်မြန် အနည်ကျလဲဆိုတာကို စစ်ဆေးတာပါ။ အနည်ကျတာမြန်လေလေ ကိုယ်တွင်းတစ်နေရာမှာ ရောင်ရမ်းတာရှိနေလေလေ ဆိုတာကို ပြောတာပါ။ ဒါပေမယ့်သွေးအားနည်းတဲ့ပြဿနာတွေ၊ ကိုယ်တွင်းပိုးဝင်ဖျားနာတဲ့ ပြဿနာတွေမှာလည်း ESR တက်နေနိုင်တာကြောင့် သူတက်နေတိုင်း အဆစ်အမြစ်ဆိုင်ရာရောဂါဖြစ်နေပြီလို့ အတပ်ဆိုလို့တော့ မရပါဘူး။C-reactive protein –ဒါကတော့ ကိုယ်တွင်းမှာရောင်ရမ်းတဲ့တစ်နေရာ ရှိနေပြီဆိုတာနဲ့ လိုက်တက်လာတဲ့ CRP ဖြစ်ပါတယ်။ အသည်းက ထုတ်လုပ်ပေးတာဖြစ်ပြီးရောင်ရမ်းတဲ့ပြဿနာ တော်တော်များများမှာ တက်နေတာဖြစ်လို့ ဘယ်ရောဂါရယ်လို့ တိတိကျကျ အဖြေထုတ်ပေးနိုင်တာရှားပါတယ်။Lyme serology –ဒါက ခုခံအားဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့Lyme diseaseကို စစ်ဆေးတဲ့ သွေးစစ်နည်းပါ။ဒါတွေကတော့ အဆစ်အမြစ်ကိုက်ခဲရတဲ့အကြောင်းအရင်းတွေကို ရှာပေးတဲ့ သွေးစစ်နည်းတွေပါ။ ထွက်လာတဲ့ သွေးအဖြေရယ်၊ ဓါတ်မှန်အဖြေတွေရယ်၊ ဖြစ်နေတဲ့ လက္ခဏာတွေရယ်၊ စမ်းသပ်ချက်တွပေါ်မူတည်ပြီး ရောဂါကို အဖြေရှာလို့ရတာပေါ့။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/blood-test/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/pelvic-pain-in-pregnancy/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/psoriasis-vs-skin-cancer/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b1%e1%80%ac%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c/
ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်းက သင့်ကလေး၏ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
တီဗွီ ကို ဘယ်သူမှ ကြည့်မနေရင်တောင်မှ ဒီအတိုင်းဖွင့်ထားခဲ့တာမျိုး အလွန်ကို အဖြစ်များပါတယ်။ ဒါပေမယ့် လေ့လာမှု အသစ်တစ်ခုအရ တကယ်လို့ သင့်အိမ်မှာ ငယ်ရွယ်တဲ့ ကလေးငယ်ရှိမယ်ဆိုရင် တီဗွီမကြည့်ဘဲဖွင့်ထားခြင်း ဟာ ဆိုးဝါးတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။လေ့လာမှုတစ်ခုက ကောက်ခံတဲ့ အချက်အလက်တွေအရ တီဗွီမကြည့်ဘဲဖွင့်ထားခြင်းဟာ ငယ်ရွယ်တဲ့ကလေးတွေမှာ သင်ယူခြင်း၊ စာဖတ်ခြင်းတွေအတွက် လေးနက်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နယူးမက္ကဆီကို တက္ကသိုလ် ကလေးဌာန ပရော်ဖက်ဆာ Victor Strasburger က ကလေးငယ်တွေဟာ အလုပ်မျိုးစုံကို တစ်ပြိုင်နက်တည်း မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။ကျွမ်းကျင်သူတွေက အသက် ၈ လကနေ ၈ နှစ်အတွင်း ကလေးငယ်တွေရှိတဲ့ အိမ်ပေါင်း ၁၄၅၁ အိမ်က ဒီအတိုင်း ဖွင့်ထားသော တီဗွီတွေကို ကြည့်သောကလေး တွေကို စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုအရ အခြားကလေးတွေနဲ့ ယှဉ်ရင် ငယ်ရွယ်တဲ့ကလေးတွေနဲ့ အာဖရိကန်-အမေရိကန်နွယ်ဖွား ကလေးတွေဟာ ပိုကြည့်တယ်ဆိုတာ သိသာစွာ တွေ့မြင်ရပါတယ်။Pennsylvania တက္ကသိုလ်မှ Matthew Lapierre က ကြည့်သူမဲ့တီဗွီ ဆိုတာဟာ ကလေးက ကြည့်မနေပေမယ့် ကလေးရဲ့ အနီးမှာ ပွင့်နေတဲ့ တီဗွီ ကို ဆိုလိုတာဖြစ်တယ်လို့ ဆိုပါတယ်။ ဥပမာ ကလေးတစ်ယောက် ကစားနေစဉ်၊ စားနေစဉ်မှာ အနားမှာ ဘယ်သူမှမကြည့်ဘဲ ဒီအတိုင်း ဖွင့်ထားသော တီဗွီ ကို ကြည့်သူမဲ့တီဗွီ လို့ ခေါ်နိုင်ပါတယ်။ အခြေအနေတွေ ကွဲပြားမှု ရှိပေမယ့် ဒီလိုဖွင့်ထားသော တီဗွီ ကြောင့် သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ နှောင့်နှေးစေခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေက ကလေးတွေရဲ့ အခန်းအတွင်းမှာ တီဗွီ မရှိဘူးဆိုရင် သူတို့ဟာ ဒီပြဿနာ နဲ့ ထိတွေ့မှု နည်းနိုင်တယ်လို့ ဆိုပါတယ်။လေ့လာမှုတစ်ခုအရ အသက်ကြီးတဲ့ ကလေးငယ်တွေဟာ သင့်လျော်တဲ့ တီဗွီအစီအစဉ်တွေကို တစ်နေ့ကို တစ်နာရီ၊ နှစ်နာရီသာ ကြည့်သင့်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အသက် ၂ နှစ်အောက် ကလေးငယ်တွေဟာ တီဗွီ ကြည့်ချိန်ကို ကန့်သတ်သင့်တယ်လို့ ဆိုပါတယ်။ အရေးအကြီးဆုံးကတော့ ဘယ်သူမှ မကြည့်နေချိန်မှာ တီဗွီ ကို ပိတ်ထားသင့်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။အိမ်အများစုမှာ တီဗွီ ကို နာရီပေါင်းများစွာ ဖွင့်ထားတတ်ပါတယ်။ လူတွေဟာ သူတို့အဖေါ်ရစေဖို့အတွက် မကြည့်ဘဲနှင့် ဒီအတိုင်းဖွင့်ထားတတ်ကြပါတယ်။ ဒါပေမယ့် အသက် ၂ နှစ်အောက် ကလေးငယ်တွေအတွက်ကတော့ ဒီအခြေအနေ ဟာ တကယ့် ပြဿနာ တစ်ခုပဲဖြစ်ပါတယ်။ ဆိုးကျိုးတွေကတော့ ကလေးရဲ့ အသက်အရွယ်ပေါ်မူတည်နိုင်ပါတယ်။အသက် ၂ နှစ်ထက် ကြီးတဲ့ကလေးငယ်တွေအတွက် ဒီအတိုင်းဖွင့်ထားတဲ့ တီဗွီတွေကနေတစ်ဆင့် သူတို့မိဘတွေ မသိမမြင်စေချင်တဲ့အရာတွေကို တွေ့မြင်နိုင်ပါတယ်။ အသက် ၂ နှစ်အောက်ကလေးငယ်တွေအတွက်ကတော့ သူတို့ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ရှောင်ကြဉ်ဖို့ တီဗွီ ဖွင့်ပြီး ကလေးငယ်တွေကို ဆူညံသံတွေ ကြားနေစေမယ့်အစား တီဗွီ ကို ပိတ်ပြီး ကလေးငယ်ကို စာဖတ်ပြခြင်းမျိုး ပြုလုပ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%80%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%9e%e1%80%b0%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%98%e1%80%b2-%e1%80%90%e1%80%ae%e1%80%97%e1%80%bd%e1%80%ae%e1%80%96%e1%80%bd%e1%80%84%e1%80%ba/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%af-%e1%80%98%e1%80%ae-%e1%80%85%e1%80%91%e1%80%9b%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%95%e1%80%ad%e1%80%af%e1%80%b8/
မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အမျိုးသမီး အများအပြားဟာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို ပြန်လည် ရရှိဖို့၊ ကလေးမွေးပြီး ဒါမှမဟုတ် အသက်အရွယ် ကြီးလာချိန်မှာ မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့အတွက် မိန်းမကိုယ် ပြင်ဆင်ခွဲစိတ်ခြင်းကို ပြုလုပ်ကြလေ့ ရှိပါတယ်။ဒီလို ခွဲစိတ်လိုက်ခြင်းကမိန်းမကိုယ်ကိုပြန်လည် တင်းကျပ်သွားစေပြီး တွဲကျတာ၊ ပုံပျက်တာမျိုးတွေကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ် ပြင်ဆင်ခွဲစိတ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့ အတွက် ခွဲစိတ်မှု မခံယူမီ ဒီအချက်ကိုလည်း သေချာစွာ ထည့်သွင်းစဉ်းစား ရပါမယ်။မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ က အရမ်းကြီး သိသာထင်ရှားများပြားလှတာတော့ မဟုတ်ပါဘူး။ဒါပေမယ့် မိန်းမကိုယ် တဝိုက်မှာ နီရဲရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှု ခံယူပြီး ရက်အနည်းငယ် အတွင်းမှာ နာကျင်တာမျိုး၊ အဖြူဆင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် ဒီ လက္ခဏာတွေဟာ မကြာခင်မှာပဲ ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ မိန်းမကိုယ် ခွဲစိတ်ပြုပြင်ပြီးရင် တွေ့ကြုံရမယ့် နောက်ထပ် ပြဿနာ တခု ရှိပါသေးတယ်။ ဒါကတော့ သင့်မိန်းမကိုယ်ရဲ့ အာရုံခံစားနိုင်စွမ်း ကာလကြာရှည် ဆုံးရှုံးတာ ဒါမှမဟုတ် အမြဲတမ်း ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ် (မိန်းမကိုယ်မှာ ရှိတဲ့ တစ်ရှူးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲသွားလို့ ဖြစ်ပါတယ်)။ဒါပေမယ့် ဒီလို ပြဿနာမျိုးဟာ အင်မတန် ဖြစ်ခဲပြီး ဖြစ်ခဲ့ရင်လည်း ခွဲစိတ်ထားတဲ့ နေရာမှာပဲ အာရုံခံစားနိုင်စွမ်း ဆုံးရှုံးတာမျိုး ဖြစ်တတ်တာပါ။ ခွဲစိတ်လိုက်လို့ သင့်မိန်းမကိုယ် အရမ်းကြီး တင်းကျပ်သွားတယ် ဆိုရင် သင့်အနေနဲ့ မိန်းမကိုယ် တဝိုက်မှာ အနည်းငယ် ကသိကအောင့် ခံစားရပါလိမ့်မယ်။တခု ရှိတာက အထက်မှာ ပြောခဲ့သလို မိန်းမကိုယ်ရဲ့ အာရုံခံစားနိုင်စွမ်း ဆုံးရှုံးသွားမယ် ဆိုရင်တော့ သင့်အနေနဲ့လိင်ဆက်ဆံတဲ့အခါသာယာမှုကို ခံစားရတော့မှာ မဟုတ်ပါဘူး။ဒါ့အပြင် အခြားသော ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းဟာ ဆီးအိမ်အောက်ခြေပိုင်း (ဆီးထွက်တဲ့နေရာ) နဲ့ စအို၊အူမကြီးအဆုံးပိုင်း အစရှိတဲ့ နေရာတွေက တစ်ရှူးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ခွဲစိတ်ပြီးနောက်မှာ ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း မနေထိုင်ရင် ဒါမှမဟုတ် ဆေးထိုး၊ဆေးသောက်ဖို့ ပျက်ကွက်ရင် ပြင်းထန်ဆိုးရွားတဲ့ ကူးစက်ပိုးဝင်ခြင်းတွေကိုလည်း ခံစားရစေနိုင်ပါတယ်။မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းရဲ့ အဖြစ်များဆုံး ပြဿနာကတော့ ခွဲစိတ်မှုရလဒ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်လိုချင်တဲ့ အနေအထား၊ ဖြစ်ချင်တဲ့ ပုံစံနဲ့ပတ်သက်ပြီး ခွဲစိတ်မှု မပြုလုပ်ခင်မှာ ဆရာဝန်နဲ့ သေချာစွာ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။ဒါမှသာ သင့်ဆရာဝန် အနေနဲ့ သင်ဖြစ်ချင်တဲ့ အနေအထားအတိုင်း အတတ်နိုင်ဆုံး ထပ်တူကျအောင် ခွဲစိတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။အခြားသော ခွဲစိတ်ကုသမှုတွေ နည်းတူပါပဲ။ မိန်းမကိုယ် ပြုပြင်ခွဲစိတ်တာဟာလည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မလွှဲမရှောင်သာ ဖြစ်ပေါ်စေနိုင်ပါတယ်။ဒီလိုမျိုး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်ဖို့အတွက် ခွဲစိတ်မှု မပြုလုပ်ခင်မှာ ဆရာဝန်နဲ့ ရိုးသားပွင့်လင်းစွာ အသေးစိတ် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါ့အပြင် ရလဒ်ကောင်းတွေကို ရရှိဖို့အတွက် ခွဲစိတ်ပြီးတဲ့အခါမှာလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဖို့လည်း လိုပါလိမ့်မယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/complications-of-vaginal-tightening-surgery/
ဝါးကပေးတဲ့ အလှအပတရား
ဝါးလို့ ပြောလိုက်ရင် အသုံးအဆောင်တွေကို ပြုလုပ်ဖို့ သုံးတဲ့အရာလို့ပဲအတော်များများက ပြေးမြင်နိုင်ပါတယ်။ ဝါးကိုအလှအပအတွက် အသုံးပြုဖို့ဆိုတာ တွေးမိဖို့ ခက်နိုင်မှာပါ။ဒါပေမယ့် ကိုရီးယားနိုင်ငံက ထုတ်တဲ့အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာ ဝါးကနေ ထုတ်ထားတယ်ဆိုတာတွေကို တော်တော်များများ တွေ့ရတယ်နော်။ ဒါဆိုရင် ဒီ စကင်းကဲတွေကို ရွေးသင့်ရဲ့လား။ ရွေးသင့်တာပေါ့လို့ပဲ ဖြေပါရစေ။ ဘာလို့ ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှ ပြောပြပေးထားတာမို့ ဖတ်ကြည့်ပေးပါနော်။ဝါးပင်ရဲ့အဆီအနှစ်တွေက အလှအပတရားကို အခုလို အားဖြည့်ပေးပါတယ်။ဝါးမှာ အသားအရေကို glow စေတဲ့ သဘာဝsilicaပါဝင်နေပါတယ်။ကော်လာဂျင်ကို ဖြစ်ပေါ်စေပြီး အသားအရေကို ရေဓာတ် ဖြည့်ပေးသလိုအရွယ်တင်စေဖို့အားဖြည့်ပေးပါတယ်။အသားအရေနူးညံ့စေပြီး တင်းရင်းလှပစေမှာပါ။ဝါးရဲ့ နောက်ထပ် အလှအပ အာနိသင် တစ်ရပ်က အရေပြား ရောင်ရမ်းမှုကို သက်သာစေတာပါ။ဝက်ခြံတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားဆဲလ်တွေ အသစ်ဖြစ်စေဖို့လည်း အားဖြည့်ပေးပါတယ်။အနာကျက်စေဖို့လည်း အားဖြည့် ပေးပါတယ်။ အရေပြားမှာဓာတ်မတည့်ဖြစ်တာကို သက်သာစေဖို့ အတွက်လည်း လိမ်းပေးလို့ ရပါတယ်။ဝါးပင်ရဲ့ အဆီအနှစ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပြီး အရေပြားကို ရေဓာတ်ဖြည့်ပေးတာကြောင့် ဝက်ခြံ အပါအဝင် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အရေပြား ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။ဝါးပင်ရဲ့ နောက်ထပ် အစွမ်းသတ္တိတစ်ခုကဓာတ်တိုးပစ္စည်းပါဝင်တာပါ။ ဓာတ်တိုးပစ္စည်း ပါဝင်တာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။အသားအရေက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကြည်လင်ဝင်းပစေမှာပါ။အပေါ်မှာ ပြောပြခဲ့သလိုပဲ ဝါးပင်လေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် သူ့ရဲ့ အဆီအနှစ်ကို လိမ်းပေးတာက အသားအရေကို နေ့စဉ် ထိတွေ့မိနေတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့်အရွယ်မတိုင်ခင် အိုမင်းတာ၊အရေးအကြောင်းတွေဖြစ်တာနဲ့ အသားအရေ ထိခိုက်ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။နေလောင်ဒဏ်​ကြောင့် အသားအရေမှာ အရေးအကြောင်း ဖြစ်တာ၊အမည်းစက်တွေ၊တင်းတိပ်၊မှဲ့ခြောက်စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းချင်ရင်တော့ ဝါးပင်ရဲ့ အဆီအနှစ်ကို လိမ်းပေးလို့ ရပါတယ်။ဝါးပင်ရဲ့ အဆီအနှစ်က အရေပြားကို နေလောင်ဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။အသားအရေအတွက် အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ဝါးပင်က အသားအရေကို ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အသားအရေကိုစိုပြေကြည်လင်စေပြီး အနာအဆာ ကင်းစေဖို့ အကောင်းဆုံး ကူညီပေးမှာပါ။ဝက်ခြံ အမာရွတ်တွေ၊ အမည်းစက်တွေ သက်သာစေဖို့ အတွက်လည်း ဝါးပင်ရဲ့ အဆီအနှစ်ကို သုံးပေးလို့ ရပါတယ်။အခုလောက်ဆိုရင်တော့ ဝါးပင်လေးကနေ ထုတ်ထားတဲ့ အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကို သုံးသင့်လား ဆိုတာ ဆုံးဖြတ်လို့ ရပြီ ထင်ပါတယ်နော် ………….။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/bamboo-beauty-benefits/
ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း (၅) ခု
ဒီအချိန်ဆို ဖြစ်လာတတ်တဲ့ ဝေဒနာတွေက ဘာဆိုဘာရယ် အမည်တပ်ရခက်တယ်နော်။ နေလို့မကောင်းဘူးပဲ ပြောရပေမယ့် ဗိုက်နားတဝိုက် ကိုယ်ခံစားရတာကိုယ်ပဲသိပါတယ်။ မိန်းကလေးတော်တော်များများက ရာသီမလာခင် နဲ့ ရာသီစပြီးလာချိန်မှာ ဗိုက်ပွဗိုက်ကယ်ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီတော့ ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ဒီအချိန်ဆို လူကနေရခက်နေတဲ့အပြင် ဗိုက်က အနည်းငယ်ပိုပူနေသလိုဖြစ်နေတာမို့ဝိတ်ပဲပိုတက်လာသလိုလိုနဲ့ မိန်းကလေးတွေ စိတ်ညစ်ရပါတယ်။ပရိုဂျက်စထရုန်း နဲ့ အက်စထရိုဂျင် ဟော်မုန်းတို့ ပမာဏ အပြောင်းအလဲကြောင့် ရာသီမလာခင်နဲ့ ရာသီလာကာစ ရက်မှာ ဒီဝေဒနာကို ခံစားရတတ်ပါတယ်။ ရာသီမလာခင် တစ်ပတ်/နှစ်ပတ် အလိုမှာ ဖြစ်တတ်တဲ့ရာသီမလာခင် ခံစားရတဲ့ဝေဒနာစု(PMS)လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။PMSရဲ့တခြားလက္ခဏာတွေက –။ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်းတွေကတော့။ဆိုဒီယမ်ကြောင့် ခန္ဓာကိုယ်ထဲမှာ water retention လို့ခေါ်တဲ့ ရေဓာတ်တွေ ပိုထိန်းထားမှုကို ဖြစ်စေနိုင် ပါတယ်။ ဒါ့ကြောင့် အငန်များတာတွေ ရှောင်မယ်ဆိုရင် ရေဓာတ်ကြောင့် ဖောရောင်တာတွေလျော့စေပြီး ရာသီလာချိန်ဗိုက်ပွခြင်းကို သက်သာစေပါတယ်။ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေက ရာသီလာချိန် ဗိုက်ပွခြင်းကို လျော့ပါး သက်သာစေနိုင်ပါတယ်။ ပိုတက်စီယမ်က ဆိုဒီယမ် ပမာဏကို လျော့ကျစေပြီး ဆီး ပိုများစေပါတယ်။ ဒီလိုနည်းနဲ့ ရေဓာတ် ပိုထိန်းမှုကို လျော့ပါးစေပြီး ဒီဝေဒနာ သက်သာစေပါတယ်။အစိမ်းရင့်ရောင် အရွက်တွေ၊ ကန်စွန်းဥ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ခရမ်းချဉ်သီး တို့လို ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားလို့ ရပါတယ်။ဒီ အစားအစာတွေ ထဲမှာ ကညွှတ်၊ နာနတ်သီး၊ မက်မွန်သီး၊ သခွားသီး၊ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူ တို့ ပါဝင်ပါတယ်။ဒီအချိန်မှာ ရေဓာတ် ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေများများ သောက်ရင် ဖောရောင်တာ ပိုဆိုးလာမယ်လို့ တချို့က စိုးရိမ်ကြတယ်။ တကယ်တော့ ရေသောက်မှ ကျောက်ကပ် လုပ်ဆောင်ချက်တွေ ပိုကောင်းစေပြီး ဖောရောင်ခြင်းနဲ့ ဗိုက်ပွခြင်းကို သက်သာစေနိုင်ပါတယ်။လေ့လာမှု အရ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာကPMSလက္ခဏာတွေကို သက်သာစေနိုင်တယ်လို့ တွေ့ရှိ ထားပါတယ်။ ဒါ့ကြောင့် နေလို့ မကောင်းတိုင်း မှိန်းမနေဘဲ နည်းနည်းတော့ ပုံမှန် လှုပ်ရှားပါ။ရာသီလာလို့ ပြီးသွားတာတောင် ဒီဝေဒနာက မပျောက်သေးဘူး ဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး တိုင်ပင်သင့် ပါတယ်။ တခြား ရောဂါအကြောင်းရင်းကြောင့် ဟုတ်၊ မဟုတ်ကို ပြန်စစ်ဆေး အဖြေရှာသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/5-tips-to-relieve-bloating-during-periods/
ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစား ဆက်စပ်မှု ရှိသလား
လိင်တံအရွယ်အစားဆိုတာဟာ အမျိုးသားတွေကြားမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ ဆွေးနွေးစရာ တခု ဖြစ်ပါတယ်။ ဒါဟာ ယောက်ျားပီသမှု၊လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတခုအဖြစ် အဓိက ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမယ့် လေ့လာချက်အသစ်တခုအရတော့ လိင်တံအရွယ်အစားဟာ ဒီထက်အများကြီး အဓိပ္ပါယ်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကတော့ ကလေးမရနိုင်ခြင်းနဲ့ လိင်တံအရွယ်အစားဟာ ဆက်စပ်မှုရှိကောင်းရှိနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ယေဘုယျအားဖြင့် အမျိုးသားတဦးရဲ့ မျိုးအောင်နိုင်စွမ်း (ကလေးရနိုင်ချေ ရှိမရှိ)ကို အတိအကျ သိဖို့ဆိုရင် သုတ်ကောင်တွေရဲ့ အရေအတွက်၊အရည်အသွေး စတာတွေကို ဓါတ်ခွဲခန်းမှာ စနစ်တကျ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် University of Utah က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ပျမ်းမျှ လိင်တံအရွယ်အစားထက် ပိုသေးတဲ့ အမျိုးသားတွေဟာ မျိုးအောင်နိုင်ချေနည်းတယ်လို့ သိရှိခဲ့ရပါတယ်။ဘယ်သူတွေကို လေ့လာခဲ့သလဲ။၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆေးရုံဆေးခန်းတွေဆီ ရောက်လာခဲ့ကြတဲ့ အမျိုးသား ၈၁၅ ယောက်ဆီက စုဆောင်းကောက်ယူထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ဒီလေ့လာမှုကို ပြုလုပ်ခဲ့တာပါ။ ဒီလို လေ့လာခဲ့ရာမှာတော့ ကလေးမရလို့ ဆေးခန်းရောက်လာသူတွေ ပါဝင်သလို မျိုးပွားခြင်းဆိုင်ရာ ပြဿနာတစုံတရာ မရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။ အတိအကျပြောရရင် မျိုးမအောင်ခြင်း (ကလေးမရခြင်း) ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဆေးခန်းကို ရောက်လာသူ အမျိုးသား ၂၁၉ ဦးနဲ့ အခြားသော ပြဿနာတွေကြောင့် (ဥပမာ ပန်းသေပန်းညှိုးခြင်း၊ဝှေးစေ့နာကျင်ခြင်း) ဆေးခန်းရောက်လာသူ ၅၉၆ ဦး ဖြစ်ပါတယ်။ဘာတွေ တွေ့ရှိခဲ့သလဲ။ဒီလို လေ့လာရာမှာ မျိုးမအောင်ခြင်း (ကလေးမရနိုင်ခြင်း) ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားဟာ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတစုံတရာ မရှိတဲ့ အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားထက် ယေဘုယျအားဖြင့် ဝ.၄ လက်မ ပိုတိုနေတာကို တွေ့ရှိခဲ့ရပါသတဲ့။ မျိုးမအောင်တဲ့ အမျိုးသားတွေရဲ့ လိင်တံဟာ ပျမ်းမျှအားဖြင့် ၄.၉၂ လက်မ အရှည်ရှိပြီး မျိုးအောင်နိုင်စွမ်းရှိတဲ့ အမျိုးသားတွေရဲ့ လိင်တံကတော့ ပျမ်းမျှခြင်း ၅.၃ လက်မ အရှည်ရှိပါတယ်။ ဒီအတိုင်းအတာတွေကတော့ လိင်တံထောင်မတ်နေချိန်မှာ တိုင်းတာထားခြင်း ဖြစ်ပါတယ်။လိင်တံအရွယ်အစားနဲ့ မျိုးအောင်နိုင်စွမ်းကို ချိတ်ဆက်သုတေသနပြုခြင်းဟာ ဒါ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ပြီးတော့ သုတေသနပြုလုပ်ရာမှာ ပါဝင်သူဦးရေဟာလည်း (အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း) သိပ်များလှတယ် မဆိုနိုင်တာမို့ ဦးဦးတို၊ကိုကိုတို တို့အနေနဲ့ သိပ်ကြီးအလန့်တကြား ဖြစ်သွားဖို့ မလိုပါဘူး။ ကနဦး သုတေသန အဆင့်ပဲ ရှိပါသေးတယ်။ လိင်တံသေးတယ်၊တိုတယ် ဆိုတာနဲ့ ကလေးမရနိုင်တော့ဘူးလို့ ကံသေကံမ ဆိုလိုခြင်း မဟုတ်ပါဘူး။ လိင်တံတိုခြင်းဟာ ကပ္ပါယ်အိတ်ထဲ ဝှေးစေ့မဆင်းခြင်းကဲ့သို့သော အခြားသော မျိုးမအောင်နိုင်တဲ့ ပြဿနာတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ဒါကြောင့် ထူးထူးခြားခြားကြီး လန့်သွားဖို့ မလိုပါဘူး။ဒါပေမယ့် လိင်တံတိုလေ မျိုးမအောင်ဖို့ ရာခိုင်နှုန်းများလေ ဖြစ်မလားဆိုတဲ့ အချက်ကိုလည်း ဆက်လက်သုတေသန ပြုရပါဦးမယ်။ ဒါပေမယ့် တဖက်က ပြန်တွေးရင်လည်း အမျိုးသားတွေအနေနဲ့ လိင်တံအတိုအရှည်ကိစ္စကို နဂိုကတည်းက သောကမျိုးစုံ ပွားနေခဲ့ကြ၊ဆေးဝါးမျိုးစုံ မှီဝဲနေကြနဲ့ အလုပ်ရှုပ်နေကြပြီးသားပါ။ ဒါကိုမှ ဗူးလေးရာ ဖရုံဆင့်ဆိုသလို လိင်တံတိုရင် ကလေးမရနိုင်ဘူးလို့ ပြောလိုက်ခြင်းဟာ မလိုလားအပ်တဲ့ စိုးရိမ်မှုတွေကိုသာ ပေါ်ပေါက်လာစေနိုင်တယ်လို့ ဝေဖန်ကြတဲ့ ပညာရှင်တွေလည်း ရှိနေပါတယ်။ အထက်မှာ ပြောခဲ့ပြီးသလို ဒီလေ့လာချက်ဟာ ကနဦးအဆင့်သာ ရှိသေးတာမို့ လိင်တံအတိုအရှည်နဲ့ ကလေးရနိုင်ချေ တိုက်ရိုက်ဆက်စပ်နေတယ်လို့ တထစ်ချကြီး ယူဆထားဖို့ မလိုသေးပါဘူး။ ဒါပေမယ့် သင့်အရွယ်အစားကို သင် စိတ်ကျေနပ်ခြင်း မရှိဘူး၊ကလေးမရမှာကို စိုးရိမ်တယ် စတဲ့ ပူပန်မှုတွေ ရှိနေရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ သွားရောက်ပြသတိုင်ပင်သင့်ပါတယ်။ အရက်သေစာ ရှောင်ကျဉ်ခြင်း၊သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားပေးခြင်း၊သင့်အသက်အရွက်၊အရပ်အမောင်းနဲ့ လိုက်လျောညီထွေရှိမယ့် ကိုယ်အလေးချိန်ကို ထိန်းထားခြင်း စတဲ့အချက်တွေဟာ သင့်ခန္ဓါကိုယ်ထဲက သုတ်ကောင်လေးတွေရဲ့ အရေအတွက်ရော၊အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်တဲ့အတွက် မျိုးအောင်နိုင်ချေ ပိုများလာပါလိမ့်မယ် ဆိုတဲ့အကြောင်း မျှဝေပေးလိုက်ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%9b%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%9c%e1%80%ad%e1%80%84/
ချစ်ရသော အဘိုးအဘွားများနဲ့ ပျော်ရွှင်စရာအချိန်လေး ဖန်တီးနိုင်ဖို့
ကျွန်တော်တို့တွေရဲ့ အဘိုးအဘွားတွေဟာ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး။ အရင်တုန်းကလိုပဲ သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်တုန်းပါပဲ။ အိုဇာတာ ကောင်းတယ်ဆိုတာ ဒါမျိုးပေါ့။ ဒီလိုဖြစ်အောင်လည်း ကျွန်တော်တို့တွေက အားပေးထောက်ပံ့ပေးထားတယ်လေ။တစ်သက်လုံးစောင့်ရှောက်လာခဲ့တဲ့ အဘိုးအဘွားတွေကို ကျွန်တော်တို့က လက်ပြန်ကမ်းပေးဖို့ အချိန်ရောက်လာခဲ့ပါပြီ။ နေဝင်ချိန်မှာ ဆည်းဆာတွေနဲ့ လှပနိုင်ဖို့ ကျွန်တော်တို့တွေမှာ အများကြီး တာဝန်ရှိပါတယ်။ဒါအရေးကြီးဆုံးပါပဲ။ ကံကောင်းတာက ဒီမှာက အသက်ကြီးတဲ့အထိ မိဘနဲ့ပဲ အတူနေကြတာ များတဲ့အတွက် နေ့တိုင်းလိုလို တွေ့ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်သိပ်များလွန်းတဲ့အခါကျ တစ်အိမ်ထဲမှာ နေတာတောင် ဂရုမစိုက်မိတဲ့အခါတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နာရီပိုင်းလောက်ဖြစ်ဖြစ် အားအောင်လုပ်ပြီး အဖော်လုပ်ပေးပါ။ ထမင်းအတူစားပေးပါ။အဝေးမှာ နေရတယ်ဆိုရင်လည်း အဆက်အသွယ် မပြတ်ပါစေနဲ့။ ဖုန်းလေးတော့ ပုံမှန်ပြောဖြစ်အောင် ကြိုးစားပါ။ အခါကြီး ရက်ကြီးတွေမှာ သွားလည်ပေးပါ။ လက်ဆောင်လေးတွေ ယူသွားပါ။ ဒါတွေက သူတို့ကို နည်းတယ် များတယ်မဟုတ်ဘဲ ပျော်ရွှင်စေပါတယ်။အသက်ကြီးလာတာနဲ့အမျှ အထီးကျန်ခြင်း ဝေဒနာက ပိုဆိုးလာပါတယ်။ အရင်က အလုပ်နဲ့ လက်နဲ့ မပြတ်ခဲ့တဲ့သူဆို ပိုဆိုးပါတယ်။ ဒါကြောင့် သူတို့ဝါသနာပါရာ တစ်ခုခုပေးလုပ်လိုက်ပါ။ တချို့က စာသင်တာဝါသနာပါတဲ့ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးတွေ၊ တချို့က အပင်စိုက်ဝါသနာပါတဲ့ ဥယျာဉ်မှူးတွေ၊ အချုပ်အလုပ်ဝါသနာပါတာတွေ စသဖြင့် ဝါသနာပါရာ ပေးလုပ်လိုက်ပါ။ နောက်ဆုံး အိမ်အလုပ်ဖြစ်ဖြစ်ပေါ့။ငွေရေး ကြေးရေးက အဓိက မဟုတ်ပါဘူး။ တချို့ဆို ပင်စင်အစီအစဉ်တွေ၊ သားသမီးထောက်ပံ့တာတွေနဲ့ လုံလောက်ပြီးသားပါ။ အဓိကက အပျင်းပြေအောင်ရယ်၊ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုဖြစ်အောင်ရယ်၊ သူတို့ကိုယ်သူတို့ အသုံးဝင်သေးတယ်၊ အလုပ်လုပ်နိုင်သေးတယ်လို့ ခံစားမိစေဖို့ပါပဲ။ တစ်ခါတလေ သားသမီးတွေက မိဘအလုပ်တွေမှာ ဝင်ကူလုပ်ပေးလိုက်ရင် ပိုတောင် ပျော်စရာကောင်းဦးမှာပါ။ ဒါလည်း အချိန်ပေးနည်း တစ်မျိုးပါပဲ။နေ့စဉ် ထမင်းတစ်နပ်လောက် အတူတူ စားပေးတာကလည်း အချိန်ပေးနည်း တစ်မျိုးပါပဲ။ သူတို့ချက်တာကို အားရပါးရ စားပြရင် လူကြီးတွေက သိပ်ပျော်ကြပါတယ်။ ကြုံကြိုက်ရင် မီးဖိုချောင်ထဲမှာ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာ (ဥပမာ အော်ဂဲနစ်အစားအစာ) ဝယ်ဖြည့်ထားပါ။ အချိန်ရတဲ့အခါ အတူတူချက်ပြုတ်တာ၊  ထမင်းစားရင်း စကားအတူပြောတာကလည်း ပျော်စရာတစ်မျိုးပါပဲ။ ရပ်ကွက်ထဲက သင်မသိတဲ့ အကြောင်းတွေအကုန်လုံးကို ပြန်ပြောပြပါလိမ့်မယ်။ ပွဲတော်ရက်တွေဆိုရင်လည်း အချိန်ပေးပြီး အပြင်မှာ ထွက်စားတာမျိုး၊ လျှောက်လည်တာမျိုး လုပ်ပေးပါ။COVID-19 ကာလမှာ လူကြီးတွေက တစ်ခုခုဆို ပြင်းထန်နာမကျန်း ဖြစ်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်မထွက်ခိုင်းတာ ကြာခဲ့ပါပြီ။ လူကြီးတွေက လှုပ်ရှားမှုမရှိရင် ပိုပြီး နာဖျားတတ်ပါတယ်။ဒါကြောင့် COVID-19 ကာကွယ်နည်းတွေ ဖြစ်တဲ့ ခပ်ခွာခွာနေတာ၊ နှာခေါင်းစည်းတပ်တာတွေ လိုက်နာပြီး မနက်စောစော လူရှင်းတဲ့အချိန်မှာ လေ့ကျင့်ခန်း ပေးလုပ်ပါ။ တတ်နိုင်ရင် အချိန်ပေးပြီး အတူတူလမ်းထွက်လျှောက်တာမျိုး၊ ခြံထဲမှာပဲ အတူတူ လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးလို့ရပါတယ်။ အိမ်ထဲမှာ မြေးထိန်းတာကလည်း လေ့ကျင့်ခန်း တစ်မျိုးပဲမို့လို့ မြေးလေးတွေနဲ့ ဆော့ကစားနိုင်အောင် စီစဉ်ပေးလိုက်ပါ။နည်းပညာသုံးတယ်ဆိုတာ ပညာရပ် အသစ်တစ်ခုခုကို သင်ယူတာပါပဲ။ ဦးနှောက်ကို အလုပ်ပေးတာဖြစ်တဲ့အတွက် လူကြီးတွေမှာ သတိမေ့တာ၊ သူငယ်ပြန်တာကို ကာကွယ်ပေးပါတယ်။ အချိန်ပေးပြီး စိတ်ရှည်လက်ရှည်သင်ပေးပါ။ ကျွန်တော်တို့က တစ်ချိန်လုံး သူ့တို့နားမှာ မရှိတဲ့အတွက် အားတဲ့အခါ အမျိုးတွေ၊ သူငယ်ချင်းဟောင်းတွေနဲ့ အပျင်းပြေ စကားပြောနိုင်အောင် သင်ထားပေးသင့်ပါတယ်။သူတို့တွေဟာ ကျွန်တော်တို့တွေရဲ့ မိဘတွေ ဖြစ်တဲ့အတွက် ဘယ်လောက်ပဲ အသက်ကြီးလို့ အရင်ကလောက် မစွမ်းဆောင်နိုင်ဘူးဆိုဆို လေးစားမှု ပြသင့်ပါတယ်။ အထူးသဖြင့် လူအများကြားမှာ၊ သားသမီးတွေ ရှေ့မှာပေါ့။ ကျွန်တော်တို့တွေထက် အသက်ရော၊ အတွေ့အကြုံရော များတဲ့အတွက် သူတို့ပြောစကားကို အချိန်ပေးပြီး လေးလေးစားစား နားထောင်သင့်ပါတယ်။ ဆုံးဖြတ်ချက်ချခွင့်တွေ ပေးသင့်ပါတယ်။နည်းတာ၊ များတာ၊ ဆင်းရဲ၊ ချမ်းသာနဲ့ မဆိုင်ပါဘူး။ ပမာဏတစ်ခု သတ်မှတ်ပြီး ပုံမှန်ထောက်ပံ့ပေးပါ။ အသက်ကြီးလာပေမယ့် သူတို့မှာလည်း သုံးစရာ၊ လှူစရာ၊ ကျန်းမာရေး အသုံးစရိတ်တွေ ရှိတာပါပဲ။လက်ထဲငွေရှိနေတော့ စိတ်အေးအေး နေနိုင်ပါတယ်။ ဒါကြောင့် ဘဏ်မှာ စုငွေများ အစီအစဉ်တစ်ခုလုပ်ပေးပါ။ ဒါကလည်း ငွေကြေး ရင်းနှီး မြှုပ်နှံမှု တစ်ခုပါပဲ။ဒီအရွယ်လူကြီးတွေက ဒူးနာခြင်းက စလို့ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် လူကြီးသဘာဝအရ တစ်ခုခုဆို ဆေးရုံဆေးခန်း ပြသဖို့ ဝန်လေးတတ်ပါတယ်။ ကျွန်တော်တို့က ဦးဆောင်ပြီး အချိန်ပေး လိုက်ပြပေးမှပဲ အဆင်ပြေမှာပါ။အိမ်ကျတော့လည်း လိုအပ်တဲ့ ဆေးဝါးတွေကို ပုံမှန် သောက်ရဲ့လား၊ အစားအသောက် အနေအထိုင် ဆင်ခြင်ရဲ့လားဆိုတာ ကျွန်တော်တို့က လိုက်ဂရုစိုက်ပေးမှပဲ အဆင်ပြေနိုင်ပါမယ်။သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လာပြီဆိုရင် လူကြီးတွေ စိုးရိမ်တာက ငွေကုန်ကြေးကျများမှာ၊ သားသမီးတွေကို မနိုင်ဝန်တွေ ပေးမိမှာကိုပါပဲ။ဒါကြောင့် ဖြစ်လာမှ တစ်ခါတည်း ပေးလိုက်ရတာထက်စာရင် ကျန်းမာရေး အာမခံ လုပ်ထားတာက ရေရှည်မှာ ပိုအဆင်ပြေမှာပါ။ ခုခေတ်မှာ ထိခိုက်မှု အာမခံ၊ ပြင်းထန် နာမကျန်း အာမခံ၊ စရိတ်နည်း အာမခံ စသဖြင့် အမျိုးမျိုးရှိနေတာကြောင့်  ကိုယ်နဲ့ လိုက်ဖက်တဲ့ အာမခံကြေး ပေးသွင်းမှု တစ်ခုခု လုပ်ထားတာ ပိုကောင်းပါယ်။အွန်လိုင်း အာမခံ စနစ်ရှိနေတာကြောင့် သိပ်လည်း ကရိကထမများပါဘူး။ လူကြီးတွေလည်း သိထားတယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ စိတ်ပူပန်နေရမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အဘိုးအဘွားတွေအတွက် ကျန်းမာရေးထက် အရေးကြီးတာ ဘာများရှိဦးမှာလဲ။အသက်ကြီးလာတာနဲ့အမျှ သူတို့က အချိန်ပိုတွေထွက်ပြီး ကျွန်တော်တို့ကတော့ တစ်နေ့တစ်နေ့ အချိန်မလောက်အောင် အလုပ်တွေရှုပ်လာကြပါတယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ မိဘတွေကို အချိန်ပေး၊ အဖော်လုပ်ပေးဖို့ ပျက်ကွက်လာကြပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ကို ထိန်းရင်း အလုပ်တစ်ဖက်နဲ့ ဖြတ်သန်းလာကြတဲ့ မိဘတွေကို ကျွန်တော်တို့ကလည်း အချိန်ပေးပြီး ဂရုစိုက်ဖို့ ဝန်မလေးနေသင့်တော့ပါဘူး။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%9b%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%98%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%98%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။
Gymစစချင်းသွားတဲ့ ပထမ အပတ်က အတော်ကြီး ဝေဒနာခံစားရတယ်ဆိုတာ gym သွားဖူးတဲ့ လူတိုင်းသိကြမှာပါ။ gym မှာတင်မဟုတ်ပါဘူး အိမ်မှာနေရင်းတောင် လေ့ကျင့်ခန်းလေးလုပ်နေရင် ပထမစစချင်းလုပ်တဲ့ အပတ်က အခံစားရဆုံးပါ။ အရင်လှုပ်ရှားမှု သိပ်မရှိခဲ့တဲ့ကြွက်သားတွေ gym ဆော့လိုက်တဲ့ အခါကျမှ ရောင်ရမ်းနာကျင်ကုန်လို့ ခြေတစ်လှမ်းလှမ်းတိုင်း နာကျင်ကိုက်ခဲတဲ့သူချည်းပါပဲ။ လှေကားတက်တဲ့ ဆင်းတဲ့အချိန်ကတော့ အခံရဆုံးပေါ့။လေ့ကျင့်ခန်း လုပ်ပြီးနောက်ပိုင်း နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေက လေ့ကျင့်ခန်းလုပ်တဲ့ ၂ ပတ်မြောက်လောက်ကျရင် သက်သာသွားမှာ ဆိုပေမယ့် စစချင်းအပတ်မှာ အတော်ခံထားရတော့ နောက်ပိုင်း လေ့ကျင့်ခန်းတွေကို မလုပ်နိုင်တော့တာမျိုးတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။. ဒီတော့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကြွက်သားနာကျင်ခိုက်ခဲတာတွေ အတွက် အဖြေရှာကြည့်ရအောင်။လေ့ကျင့်ခန်းလုပ်ရင်းကြွက်သားတို့ အဆစ်နေရာတို့ရောင်လာပြီး ကိုင်ကြည့်လိုက်လို့ ပူနေရင် ပုဝါတစ်ထည်ကို ရေခဲရေထဲနစ်ပြီး နာနေတဲ့ နေရာကို ၁၅ မိနစ်လောက်ကပ်ပေးပါ။ရောင်ပြီးနီရဲနေတဲ့ လက္ခဏာမတွေ့ဘဲ နာပဲနာနေတာဆိုရင်တော့ ရေနွေးအိတ်ကို နာတဲ့နေရာပေါ် ၁၅ မိနစ်ကပ်ပေးပါ။ ရေပူနဲ့ ရေချိုးပေးလည်းရပါတယ်။ထိလိုက်တာနဲ့တင် နာမှန်းသိပေမယ့် တင်းနေတဲ့ကြွက်သားတွေပြေလျော့အောင် ဖွဖွလေးဖိပြီး နှိပ်နယ်ပေးလို့ရပါတယ်။ ဒဏ်ကြေ လိမ်းဆေးလေးလည်း လိမ်းပေးလို့ရပါတယ်။လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ကိုက်ခဲနေတာပဲ မသွားနိုင်တော့ဘူးဆိုပြီး လုံးဝမလုပ်ပါနဲ့။လေ့ကျင့်ခန်းတစ်ခု အကျိုးရှိရှိ ထိရောက်ဖို့အတွက် အရေးအကြီးဆုံးက မရပ်ဘဲ ဆက်သွားနေတာပါ။နားလိုက်ရင်ပိုနာတယ်ဆိုတဲ့ စကားကလည်း ရှိသေးတော့ မနားဘူးကွာ နာရင်နာပါစေ ဆက်လုပ်မယ်ဆိုတဲ့ သူတွေလည်း ရှိမှာပါ။ နားလိုက်ရင် ပိုနာတယ်ဆိုတဲ့ စကားရဲ့ အမှန်က အနားယူတာကြောင့် ကြွက်သားတွေ ပိုနာတာမဟုတ်ပါဘူး။ အကြာကြီးနားလိုက်ပြီးနောက်ပိုင်း လေ့ကျင့်ခန်းပြန်လုပ်တဲ့အခါ အစကလို ဖြစ်သွားလို့ကြွက်သားတစ်ခါ ပြန်နာတာကို ပြောချင်တာပါ။ ဒီလိုပြောလို့ မနားဘဲနေရင်ပိုကောင်းတာပေါ့ဆိုတာလည်း မဟုတ်သေးပါဘူး။ နာနေတဲ့ ကြွက်သားတွေကို အနားပေးဖို့ အချိန်လည်းလိုအပ်တာကြောင့် လေ့ကျင့်ခန်း လုပ်နေစဉ် နားပေးရပါတယ်။ လေ့ကျင့်ခန်းကို ၄ ရက်လုပ် ၁ ရက်လောက်နားပေါ့။လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးနောက်ပိုင်း ကြွက်သားတွေ အရမ်းနာကျင် ကိုက်ခဲတာမျိုး မဖြစ်ချင်ရင် လေ့ကျင့်ခန်းရဲ့ နောက်ဆုံးအဆင့်အနေနဲ့ အကြော ၁၀ မိနစ်လောက် လျှော့ပေးဖို့လိုအပ်သလို လေ့ကျင့်ခန်း မစခင်မှာလည်း သွေးပူလေ့ကျင့်ခန်း လုပ်ပေးဖို့လိုပါတယ် ။ကိုယ်ကလည်း အစာအိမ်ရောဂါ မရှိဘူး ကိုက်ခဲနေတာတွေလည်း ဘယ်လိုမှ မသက်သာတော့တဲ့အဆုံး အကိုက်အခဲပျောက်ဆေးသောက်ပေးလို့ရပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းကြောင့် နာကျင်ကိုက်ခဲတယ်ဆိုတာ ခဏတာပဲမို့ ဒါလေးအတွက်ကြောင့်နဲ့ ရေရှည် အကျိုးများမယ့် လေ့ကျင့်ခန်း လုပ်တာကို မရပ်လိုက်ဖို့ အကြံပေးပါရစေ ။ ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/workout/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/hpv-genital-warts/
သရေစာစားခြင်း၏ ဆိုးကျိုးများ
သရေစာ စားတဲ့ အလေ့အကျင့်ဟာ ကောင်းကျိုးအများကြီးရှိတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကလေးရဲ့ အစာစားချင်စိတ်ကိုလည်း လျော့နည်းစေပါတယ်။သရေစာတွေဟာ ကလေးတွေကို ဗိုက်ပြည့်စေပါတယ်။ ဒါကြောင့် အစာစားချိန်တွေမှာ ဗိုက်မဆာဘဲ ဖြစ်တတ်ပါတယ်။ ဒီအချက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဒီသရေစာတွေထဲမှာ အစားအစာနဲ့ အာဟာရဓါတ်လုံလောက်စွာ ပါဝင်ခြင်း မရှိတာကြောင့် သိပ်မကြာခင်မှာ ဗိုက်ပြန်ဆာနိုင်ပါတယ်။သရေစာ စားခြင်းရဲ့ဆိုးကျိုးကတော့ သူဟာ အစားအသောက်နှင့် သက်ဆိုင်သော မူမမှန်ပြဿနာတွေကို ဖြစ်စေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သရေစာစားခြင်းဟာ အလွန်အမင်း စားခြင်းကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ ဒီပြဿနာရှိပြီဆိုရင် သူဟာ သူစားနေကျအစာတွေရဲ့ ပမာဏကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့ပြင် သင့်ကလေးမှာ ဒီပြဿနာ ကို အချိန်တော်တော်ကြာမှ သိရှိရတတ်ပါတယ်။ ဒီရောဂါကို ကုသဖို့ ဆိုရင်တော့ အချိန်ပိုမို ကြာမြင့်နိုင်ပါတယ်။အစာကြီးတွေ စားချိန်တွေ ကြားမှာ သရေစာစားရင် သင့်ကလေးဟာ သူတို့ရဲ့ အစာခြေစနစ်ကို ပုံမှန်ထက်ပိုပြီး မြန်ဆန်စေပါတယ်။ ဒီလိုအကြာကြီး ဖြစ်နေမယ်ဆိုရင် သင့်ကလေးမှာ အစာချေစနစ်ဆိုင်ရာ ရောဂါတွေ ရရှိနိုင်ပါတယ်။ ဒီရောဂါတွေကတော့ ကိုယ်ခန္ဓါက အစားအစာတွေက အာဟာရဓါတ်တွေ စုပ်ယူဖို့ ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။သရေစာ အရမ်းစားရင် အစာချေစနစ်ပေါ်မှာ ဖိအားသက်ရောက်ရုံသာမက သင့်အသည်းနဲ့ ကျောက်ကပ်တွေပေါ်မှာလည်း ဖိအားသက်ရောက်နိုင်ပါတယ်။ ကလေးတွေမှာလည်း အတူတူပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်အင်္ဂါတွေဟာ လူကြီးတွေလောက် ဖွံ့ဖြိုးမှု မရှိသေးတာကြောင့် ပိုတောင် ဆိုးနိုင်ပါတယ်။ ဆက်တိုက် သရေစာစားသောက်ခြင်းကြောင့် သူတို့ဟာ ဆက်တိုက် ဖိအားကို ခံနေရနိုင်ပါတယ်။ ဒါဟာ အသည်းနဲ့ ကျောက်ကပ်မှာ အဆိပ်သင့်စေတဲ့ အရာတွေ စုပြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။သရေစာ စားသောက်စဉ်မှာ လူတွေဟာ ကိုလက်စထရော များတဲ့ အသင့်စားအစားအသောက်တွေကို စားလေ့ ရှိကြပါတယ်။ ဒါဟာ သွေးကြောတွေ အတွက် မကောင်းပါဘူး။ မကောင်းတဲ့ ကိုလက်စထရောတွေ စုပြုံခြင်းဟာ သွေးကြော ပိတ်ခြင်းနဲ့ နှလုံးထိခိုက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ လှုပ်လှုပ်ရှားရှားမရှိဘူးဆိုရင်တော့ နာတာရှည်ရောဂါဖြစ်ပွားနှုန်း တိုးမြင့်နိုင်ပြီး ရောဂါရနိုင်ခြေ နှစ်ဆ တိုးနိုင်ပါတယ်။သိပ္ပံပညာရှင်တွေက သရေစာအများစုမှာ တေ့ွရတဲ့ acrylamide ဓါတ်ပစ္စည်းဟာ ကင်ဆာ ဖြစ်စေတယ်လို့ ဆိုပါတယ်။ သူဟာ စားသုံးသူကို မောပန်းစေပြီး အာရုံစူးစိုက်မှု လျော့ကျစေပါတယ်။ အခြား ဆိုးကျိုးတွေကတော့ ပျို့အန်ခြင်း၊ မထိန်းချုပ်နိုင်အောင် ချွေးထွက်ခြင်း၊ ဆီးသွားခြင်း၊ ကြွက်သား နာကျင်ခြင်း၊ အစရှိသည်တို့ ဖြစ်ပါတယ်။ ဒါ့ပြင် လေ့လာမှုတွေက ဒီအရာဝတ္ထုဟာ အမျိုးသား မျိုးပွားစနစ်နဲ့ အာရုံကြောစနစ်တွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။စိတ်ဖိစီးလို့၊ ပျင်းလို့၊ စိတ်ရှုပ်လို့ စသည့် မည့်သည့်အကြောင်းရင်းကြောင့်ပဲ သရေစာစားစား ကိုယ်အလေးချိန်တိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အစာကို လျင်မြန်စွာစားရင် သူတို့ကိုယ်ခန္ဓါဟာ ကယ်လိုရီတွေ ပိုမို ရရှိတာမို့ ကိုယ်အလေးချိန်တိုးလာပါ လိမ့်မယ်။ ကယ်လိုရီများတဲ့ အစာတွေ ဖျော်ရည်တွေဟာလည်း ကိုယ်ခန္ဓါအတွက် ပြဿနာ အတော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် အလွန်အကျွံစားခြင်းဟာ သွားပိုးစားခြင်းကို တိုးမြှင့်စေနိုင်ပါတယ်။ သွားကြားအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားတွေဟာ အက်ဆစ်ထုတ်ဖို့ အချိန်ပိုရပြီး သွားကို ပျက်စီးစေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါဟာ များသောအားခြင့် စေးကပ်တဲ့ မုန့်တွေဖြစ်တဲ့ကပ်စီးနှဲ နဲ့ ချောကလက်တို့ကြောင့် ဖြစ်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9e%e1%80%9b%e1%80%b1%e1%80%85%e1%80%ac%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8f-%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af/
အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ
လေဒီလေးတစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေက  မနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေ ကုန်လွန်ရင်း ဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံ မျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ လျှောက်ပြေးလွှားဆော့နေတဲ့ အချိန် ကလေးဘဝကနေ လေဒီလေးဘဝကိုပြောင်းလဲမှုက ပိုးတုံးလုံး ဘဝကနေ လိပ်ပြာဘဝကို ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်လိုပါပဲ။အတွေ့အကြုံသစ်တွေကို အချိန်ပေး ကျော်ဖြတ်ရတာပါ။ ဒီလိုရင်ဆိုင်ကျော်ဖြတ်ရတဲ့ အဆင့်တွေထဲမှာရာသီလာခြင်းကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတစ်ခေါက်တော့ အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ကလေးပေါက်စလေး အဖြစ်ကနေ အပျိုပေါက်လေးအဖြစ် ပြောင်းလဲလာချိန်မှာခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ကြုံရနိုင်သလိုရာသီသွေးဆင်းတဲ့ကိစ္စကိုလည်း စကြုံလာရပါပြီ။ ဒီအချိန်မှာ အတွေ့အကြုံသစ်ကို စိတ်ရှုပ်မှာ မှန်ပေမယ့် ဒါလေးတွေကို သိထားဖို့တော့ လိုပါမယ်။ရာသီလာတာကအပျိုဖော်ဝင်တဲ့ မိန်းကလေးတိုင်း တွေ့ကြုံရမယ့် ကိစ္စဖြစ်ပြီး မိန်းကလေးတိုင်းဘဝမှာ ရှောင်လွှဲလို့မရတဲ့ ကိစ္စဆိုတာကို လက်ခံထားဖို့လိုပါမယ်။ရာသီလာတဲ့အခါ ပုံမှန်အားဖြင့် ၃ ရက်ကနေ ၅ ရက်အတွင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ယောက် နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ရာသီသွေး ဆင်းတာကလည်း နည်းတဲ့သူက နည်းနိုင်ပြီး များတဲ့သူက များနိုင်ပါတယ်။များသောအားဖြင့်ကတော့ အသက် ၁၂ နှစ် ကနေ ၁၃ နှစ်ဝန်းကျင်မှာ လာတတ်ပါတယ်။ ဒီထက်ပိုစောနိုင်သလို နောက်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။ရာသီလာတိုင်းမှာ အခုလိုတွေ မဖြစ်မနေ ခံစားရနိုင်တာ မဟုတ်ပေမယ့် ခံစားရနိုင်ခြေတော့ ရှိပါတယ်။မအီမသာဖြစ်မယ်– ခြေလက်တွေ ကိုက်သလို၊ ခေါင်းမူးသလို၊ ချွေးစေးတွေပြန်ပြီး ခြေဖျားလက်ဖျားတွေ အေးတာ၊ မူးဝေတာ၊ ကိုက်ခဲနာကျင်တာတွေ ခံစားရနိုင်ပါတယ်။သွေးဆုံးရှုံးမယ်– ရာသီသွေး ဆင်းတာကြောင့် ခန္ဓာကိုယ်မှာ သွေးဆုံရှုံးတာမျိုး၊သွေးအားနည်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။သွေးခဲတွေဆင်းမယ်– ရာသီသွေးဆင်းတဲ့အခါ သွေးအရည်တွေပဲ ဆင်းနိုင်သလို တစ်ခါတရံမှာ သွေးခဲလေးတွေ ဆင်းတာမျိုးလည်း ရှိနိုင်ပါတယ်။ အရမ်းမများဘူးဆိုရင်တော့ မစိုးရိမ်ဖို့ ပြောပါရစေနော်။ဗိုက်အောင့်မယ်– ဒါကတော့ လေဒီလေးတိုင်း မဖြစ်ပါဘူး။ အချို့လေဒီလေးတွေမှာတော့ ရာသီလာချိန်မှာ ဗိုက်အောင့်တာမျိုး ဖြစ်နိုင်ပါတယ်။စိတ်ခံစားမှု မကောင်းဖြစ်မယ်– ရာသီသွေး ဆင်းနေချိန်မှာ ဝမ်းနည်းသလို၊ စိတ်အားငယ်သလို ခံစားရတာ၊ စိတ်တိုလွယ်တာ၊ ဒေါသဖြစ်လွယ်တာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရမယ်– ဗိုက်တွေ အောင့်သလို ဆီးစပ်တွေ ကိုက်သလိုမျိုးကိုလည်း ရာသီလာစဉ် နဲ့ ရာသီမလာခင်တွေမှာ ခံစားရနိုင်ပါသေးတယ်။ ဒါတင်မကပါဘူး။ ခါးတွေ၊ ခြေထောက်တွေ ကိုက်တာကိုလည်း ခံစားရနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/facts-should-know-your-first-period/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%97%e1%80%ae%e1%80%87%e1%80%90%e1%80%85%e1%80%ba%e1%80%81/
ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း
ကိုယ်ဝန်ဆောင်စဉ် အူကျွံခြင်း ဆိုတာဘာလဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အတွင်းကလီစာတစ်စိတ်တစ်ပိုင်းက သူတို့ကို ထိန်းထားတဲ့ ကြွက်သား သို့မဟုတ် တစ်သျှူး အတွင်းရှိ အပေါက်မှတဆင့် အပြင်ကို တွန်းထွက်လာတဲ့အခါ အူကျွံခြင်းကို ခံစားရနိုင်ပါတယ်။အူကျွံခြင်းဟာ ဝမ်းဗိုက်ပိုင်းနဲ့ ပေါင်ခြံဧရိယာတဝိုက်မှာ အဖြစ်များပေမယ့် ပေါင်အထက်ပိုင်းနဲ့ ဝမ်းဗိုက်အောက်ပိုင်းတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ကိုယ်ဝန်ဆောင်အတော်များများက အူကျွံခြင်း ဖြစ်နေပေမယ့် နာကျင်မှုကို ခံစားရလေ့ မရှိပါဘူး။ သို့ပေမယ့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မဟုတ်ရင် ပိုမို ဆိုးရွားလာတတ်ပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ကိုယ်ဝန်မဆောင်ခင်နဲ့ ဆောင်နေစဉ်အတွင်း သင်အူကျွံနေပါက ဆရာဝန်ကို အသိပေးပါ။ ဒါမှ ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေကို စစ်ဆေးနိုင်မယ်၊ သင့်တော်တဲ့ ကုသမှုတွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။အူကျွံခြင်းဆိုတာ ကြွက်သားနံရံတွေ အားနည်းခြင်း သို့မဟုတ် အတူတကွ ဖွံ့ဖြိုးရမယ့် ကြွက်သားတွေ လုံးဝ မပြည့်စုံခြင်းတို့ကြောင့် ဖြစ်ပွားတာပါ။ လူတချို့ကတော့ မွေးကတည်းက တစ်သျှူးတွေ အားနည်းနေတတ်ပါတယ်။ တချို့မှာ ကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ အလေးအပင်တွေ မခြင်း၊ ဝမ်းဗိုက်ထဲ အရည်များခြင်း၊ ဝမ်းဗိုက်အတွင်း ဖိအား မြင့်တက်လာခြင်း၊ ဝမ်းသွားစဉ် သို့မဟုတ် ဆီးသွားစဉ် အားစိုက်ရခြင်း၊အဝလွန်ခြင်း၊ နာတာရှည် နှာချေ၊ ချောင်းဆိုးခြင်း စတာတွေ ပါဝင်ပါတယ်။ဒီထဲမှာကိုယ်ဝန်ဆောင်တွေက အူကျွံတာ အဖြစ်များပါတယ်။ ကိုယ်ဝန်လွယ်ထားရတာကြောင့် သူတို့ရဲ့ ကြွက်သားတွေက ဆန့်ထွက်၊ ပါးလျပြီး အားနည်းနေလို့ပါ။အမျိုးသမီးတချို့မှာ အူကျွံခြင်းရဲ့ ရောဂါလက္ခဏာတွေကို မြင်နိုင် ခံစားရနိုင်ပေမယ့် တချို့မှာတော့ သေချာ မသိရပါဘူး။ တချို့တွေမှာတော့ လှဲချလိုက်တာပဲ ဖြစ်ဖြစ်၊ အဲ့နေရာကို ဖိမိတာပဲ ဖြစ်ဖြစ် တစ်ဆို့ဆို့ ခံစားမှုကို ရတတ်ပါတယ်။အူကျွံတဲ့အခါ အပြင်ပိုင်းအရ အရေပြားအောက် တွဲကျနေတာကို မြင်ရတတ်ပါတယ်။ လှုပ်ရှားတဲ့အခါ၊ ကုန်းတဲ့အခါ၊ ပြင်းပြင်းထန်ထန် နှာချေ၊ ချောင်းဆိုး၊ ရယ်တဲ့အခါတွေမှာ နာနာကျင်ကျင် ခံစားရမှာတော့ မလွဲမသွေပါပဲ။ ရောဂါရှိတဲ့အပြင် ကိုယ်ဝန်ဆောင်တဲ့အခါ တချို့မှာ လှုပ်ရှားသွားလာရ ခက်ခဲတတ်တာ တွေ့ရမှာပါ။ခွဲစိတ်ကုသမှုကသာအူကျွံခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းပါ။ သို့ပေမယ့် ဒီနည်းလမ်းက မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဆရာဝန်တွေက ကလေးမွေးဖွား သန့်စင်ပြီး သင်ပါ ကျန်းမာတဲ့ အချိန်အထိ စောင့်ဖို့ ညွှန်ကြားပါလိမ့်မယ်။အဲ့လိုမဟုတ်ဘဲကိုယ်ဝန်ဆောင်စဉ်ခွဲစိတ်မှု ခံယူဖို့ လိုအပ်လာရင်တော့ ခွဲစိတ်ဆရာဝန်တွေက ကိုယ်ဝန်၃လကျော်မှ ခွဲစိတ်မှု ပြုလုပ်ပေးပါလိမ့်မယ်။အူကျွံခြင်းကို ကာကွယ်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ဆောင်တာက အူကျွံခြင်းကို ပိုမိုဆိုးရွားစေတာမျိုး မဖြစ်စေပါဘူး။ အလွန်အကျွံ လှုပ်လှုပ်ရှားရှား လုပ်တာမျိုးတွေ ရှောင်သင့်ပါတယ်။နှာချေ၊ ချောင်းဆိုး၊ ရယ်တဲ့ အချိန်တွေတိုင်း အူကျွံတဲ့နေရာကို ပင့်ထားပေးနိုင်ပါတယ်။ အဲ့နည်းလမ်းနဲ့ မသက်မသာဖြစ်တာ၊ ပိုဆိုးရွားလာတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။# ဘေဘီလေးကို  မွေးဖွားမယ့်ရက်ကို ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/hernia-during-pregnancy/
အုန်းလွဲလို့ စိတ်ညစ်နေပြီလား
အုန်းလွဲလို့ စိတ်ညစ်နေပြီလား …. ခေါ်တာ လှည့်တောင်မကြည့်ဘူး။ သွေးကြီးနေတယ်လို့ မပြောခင် ကိုယ့်သူငယ်ချင်း အုန်းများလွဲနေလား အရင်မေးဦးနော်။ တစ်ခါတလေ ကိုယ်ခေါ်တာကို လှည့်မကြည့်ဖြစ်တာက သူအလုပ်များနေလို့ဖြစ်နိုင်သလို ပါးစပ်ကထူးပြီး လှည့်မကြည့်တာက အုန်းလွဲနေလို့လည်းဖြစ်နိုင်ပါတယ်။ အုန်းလွဲနေတာကရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာတော့ တော်တော်လေးထိခိုက်စေသား။အုန်းလွဲတာက မဖြစ်ဖူးတဲ့သူ မရှိလောက်ပါဘူး။ကွန်ပျူတာတစ်ချိန်လုံး ကြည့်နေရတဲ့သူတွေ။ ဖုန်းတစ်ချိန်လုံး ကြည့်နေသူတွေက အချိန်အကြာကြီး တစ်ပုံစံတည်းနေတာကြောင့်ဇက်ကြောတွေ၊ ကြွက်သားတွေတောင့်တင်းပြီး ဦးခေါင်းကို ဘယ်ညာလှည့်ဖို့ တော်တော်လေးခက်သွားနိုင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် ကွန်ပျူတာတွေနဲ့ အလုပ်လုပ်၊ စမတ်ဖုန်းတွေနဲ့ အပန်းဖြေတာတွေကြောင့်ဦးခေါင်းနဲ့ လည်ပင်းတဝိုက်ကြွက်သားတွေဟာ လှုပ်ရှားမှုနည်းပြီး အုန်းလွဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။အုန်းလွဲတာက အရွယ်သုံးပါးစလုံး ဖြစ်နိုင်ပါတယ်။ သင်ကနေ့စဉ် ဒီအလုပ်တွေလုပ်နေမိပြီဆိုရင်တော့ အုန်းလွဲနိုင်ပါတယ်။အုန်းလွဲလို့ စိတ်ညစ်နေပြီလား ….. ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေမှာပါ။ခပ်ဖွဖွလေးနှိပ်ပေးပါ။အုန်းလွဲတဲ့အခါ ဇက်နဲ့ ပခုံးကို လက်ချောင်းလေးတွေသုံးပြီး ခပ်ဖွဖွလေးနှိပ်ပေးပါ။ အားပြင်းပြင်းနဲ့ မနှိပ်ပါနဲ့နော်။ အကြောနဲ့ကြွက်သားတွေမှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။ ကျွမ်းကျင်သူနဲ့ နှိပ်ရင်တော့ အကောင်းဆုံးပါ။သိပ်မလှုပ်ရှားပါနဲ့။အရမ်းနာနေတဲ့အချိန်မှာ စိတ်လိုက်မာန်ပါနဲ့ လည်ပင်းကို လှည့်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ လှုပ်ရှားမှုနည်းအောင်ဂရုစိုက်ပါ။ရေခဲကပ်မယ်။နာနေတဲ့နေရာကို ရေခဲကို တဘက်လေးနဲ့ထုပ်လို့ ကပ်ပေးပါ။ စဖြစ်ချိန်ကနေ ၄၈ နာရီအတွင်းလုပ်ပေးနိုင်ရင် အကောင်းဆုံးပါနော်။ ၁၅ မိနစ်လောက်ကပ်ပြီးတိုင်း ၅ မိနစ်လာက်နေပြီးမှ ထပ်တစ်ခါကပ်ပါ။ရေနွေးအိတ်ကပ်ပါ။ကြွက်သားတွေနဲ့ အကြောအခြင်တွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်လေးနဲ့ နာနေတဲ့နေရာကို ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၅ မိနစ်စီလောက်ကပ်ပေးပါ။ တစ်ချိန်လုံး ရေနွေးအိတ်ကပ်တာမျိုးမလုပ်ပါနဲ့။ပုံစံမှန်မှန်ထိုင်ပေးပါ။ထိုင်တဲ့အခါ ခါးကို မတ်မတ်လေးထားပြီး ပခုံးတွေကို ပြေလျော့စေတဲ့ပုံစံမျိုးနဲ့ ထိုင်ပါ။ ဒါမှဇက်ကြောနဲ့ ဇက်တဝိုက်က ကြွက်သားတွေအပေါ်မှာ သက်ရောက်မှု တင်းအားတွေ လျော့ကျမှာပါ။နားချိန်လေးပေးပါ။တစ်ချိန်လုံး ကွန်ပျူတာသုံးနေတာမျိုး မလုပ်ပါနဲ့။ ဖုန်းကိုလည်း တစ်ချိန်လုံးကြည့်မနေပါနဲ့။မျက်လုံးနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို သက်သောင့်သက်သာနဲ့ နားနားနေနေနေဖို့ အချိန်လေးပေးပါ။ရေနွေးနဲ့ ရေချိုးပေးပါ။ရေနွေးနွေးလေးနဲ့ ရေချိုးတာက ကြွက်သားတွေကိုပြေလျော့စေနိုင်တာကြောင့် အုန်းလွဲနေတဲ့အခါရေနွေးနွေးလေးနဲ့ရေချိုးပေးပါ။အုန်းလွဲတာက ၃ရက်လောက်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးသောက်ကြည့်ဖို့ပြောပါရစေ။ခံစားရခက်တဲ့ အုန်းလွဲတဲ့ပြဿနာကို ကာကွယ်လို့ရပါတယ်။လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေကိုပြေလျော့စေနိုင်ပြီး ရုတ်တရက်အကြောတင်တာမျိုးတွေ၊ အုန်းလွဲတာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အိပ်ရာကို သက်သောင့်သက်သာရှိအောင်ပြင်ဆင်ပါ။အိပ်ရာက သက်သောင့်သက်သာမရှိတာ၊ခေါင်းအုံးက မာတာ၊ မြင့်တာတွေကြောင့် အုန်းလွဲနိုင်တဲ့အတွက် အိပ်စက်မယ့် အိပ်ရာကို သက်သောင့် သက်သာဖြစ်အောင်ပြင်ဆင်ပါ။အကြောလျှော့ပါ။အလုပ်ခွင်က အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်မနေပါနဲ့။ အညောင်းပြေ အညာပြေလမ်းလျှောက်ပါ။ ခုံမှာထိုင်ရင်း ဦးခေါင်းလေ့ကျင့်ခန်းလုပ်ပေးတာ၊ အကြောလျှော့တာမျိုးတွေလုပ်ပေးပါ။သီချင်းနားထောင်ပါ။စိတ်ဖိစီးမှုကြောင့် အုန်းလွဲနိုင်တဲ့အတွက် အကြောတွေပြေလျော့ပြီး စိတ်ဖိစီးမှုကင်းနေစေဖို့ သီချင်းနားထောင်ပေးပါ။တရားထိုင်ပါ။စိတ်ဖိစီးမှုများပြီး ကြွက်သားတွေ တင်းတာမျိုးမဖြစ်စေဖို့အတွက် ဝင်သက်ထွက်သက်မှတ်ပြီး တရားထိုင်ပေးပါ။ဒါတွေအပြင် ကွန်ပျူတာသုံးတဲ့အခါ ကိုယ်နေဟန်ထားမှန်အောင်နေမယ်၊ တစ်ချိန်လုံး ကွန်ပျူတာကနေ မခွာဘဲနေတာမျိုးကိုရှောင်မယ်။ ဖုန်းတစ်ချိန်လုံးသုံးတာမျိုးကို ဆင်ခြင်မယ်ဆိုရင် မာနကြီးတယ်လို့ ထင်ခံရနိုင်တဲ့ အုန်းလွဲတဲ့ပြဿနာကနေ ကင်းဝေးမှာပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/tips-for-neck-muscle-strain/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%a1%e1%80%81/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%b1%e1%80%98%e1%80%b8%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%ad/
ကလေးများအတွက်အဆိပ်ပိုဖြစ်စေသော ရေမလိုလက်သန့်ဆေးရည်များ
ရေမလိုလက်သန့်ဆေးရည်အနည်းငယ်ခန့်ကို လျှက်မိလျှင်ဖျားနာမှုမဖြစ်နိုင်သော်လည်းအရသာခံမိရုံလောက်မဟုတ်ပဲအများအပြားမျိုချမိသောကလေးများတွင် အရက်အဆိပ်သင့်ခြင်းအန္တရာယ် ရှိစေနိုင်ပါသည်။ မိဘများနှင့် ကျောင်းဝန်ထမ်းများကို အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုသောက်မိပါက အန္တရာယ်ရှိစေနိုင်ကြောင်းသတိပေးထားရမည်။အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများသည် အလွန်အသုံးဝင်ပြီးကလေးများပိုမွှားအန္တရာယ်ကင်းဖို့ရာဘက်တီးရီးယားများ၊ ဗိုင်းရပ်များကိုတချို့မှလွဲ၍ သတ်ပေးနိုင်သောနည်းလမ်းဖြစ်သော်လည်းကလေးများကမလျော်မကန်သုံးမိလျှင် အန္တရာယ်ဖြစ်စေနိုင်သည်။ ဖြစ်ရပ်အချို့တွင် မျက်လုံးစပ်ခြင်း၊ အန်ခြင်းများတွေ့ရပြီးတစ်ချို့အနည်းစုသောဖြစ်ရပ်များတွင် ကလေးမှမျိုချမိပြီ Coma ဝင်သွားတာမျိုးဖြစ်ပွားဖူးပါသည်။အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများသည် လှပသောအရောင်ပုလင်းများနှင့်လာသည်။ တလက်လက်အမှုန်များနှင့် အလှဆင်ထားနိုင်ပြီးပီကေလိုအနံ့မွှေးမွှေးမျိုး၊ လီမွန်နိတ်လိုသစ်ခွလိုအနံ့မျိုးရှိတတ်၏။ ဤကဲ့သို့ထုပ်ပိုးမှုသည် ကလေးငယ်များကိုဆွဲဆောင်စေနိုင်သည်။နည်းနည်းလောက်မျိုချမိရုံနှင့်ပင် ကလေးငယ်ကိုအဆိပ်သင့်စေနိုင်သည်။ အရက်ကိုတစ်ခွက်နှစ်ခွက်လောက် သောက်လိုက်သည်နှင့် တူသွားစေ၏။ ကျောပိုးအိတ်ထဲအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးထည့်ပေးလိုက်ရုံနှင့်တော့ ပြဿနာမဖြစ်နိုင်ပါ။ သို့သော် တစ်ချို့သောအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးမျာတွင် အရက်ပြန် ၆၀ % ပါဝင်ပါသည်။ အရက်ပြန်သည် သာမန်အရက်များထက် ပြင်းအားပိုကောင်းသည်။ နှိုင်းယှဉ်ကြည့်ပါကဘီယာနှင့်ဝိုင်များတွင် အရက်ပမာဏ ၁၀ -၁၅% လောက် ၅-၁၀% လောက်သာပါပါသည်။ ထို့ကြောင့် မိဘများကကလေးကိုစီစကီသို့ ရမ် တစ်ပုလင်းနှင့်ကျောင်းလွှတ်လိုက်သလို ဖြစ်သွား၏။ကလေးငယ်များသည် အရွယ်အစားသေးငယ်သောကြောင့် အရွယ်ရောက်ပြီးသူများထက် အရက်အဆိပ်သင့်မှုကိုပိုဖြစ်စေနိုင်တာဖြစ်သည်။ ခလုတ်တိုက်မိခြင်း၊ ငိုက်မြည်းခြင်း၊ အန်ခြင်းများ ဖြစ်စေနိုင်သည်။ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှုနှုန်းတို့ နှေးသွားစေနိုင်၏။ အရက်သည် ကလေးငယ်၏ သွေးတွင်းသကြားဓါတ်ကိုကျသွားစေပြီးတက်ခြင်း coma ဝင်ခြင်းများ ဖြစ်သွားစေနိုင်ပါသည်။အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများသည် မိဘများကျောင်းသို့ထည့်ပေးသင့်သောပစ္စည်းများစာရင်းတွင် ပါလာတတ်သည်။ အရက်ပမာဏအများကြီးှနှင့်ပြုလုပ်ထားသည်ကိုမသိသောသူများလဲအများကြီးရှိသည်။ သို့မဟုတ် ဒီဆေးရည်များကအဆိပ်အတောက်ဖြစ်စေနိုင်သည်ကိုမသိတာလဲဖြစ်မည်။ရေနှင့်ဆပ်ပြာသုံးပြီးလက်ဆေးလျှင်ပိုကောင်းသော်လည်းအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကလက်သန့်ရှင်းရေးအတွက် ဒုတိယအကောင်းဆုံးနည်းဖြစ်နေပြန်သည်။ ကျောင်းသို့ထည့်ပေးလိုက်ရမည်ဆိုလျှင် အရက်မပါသောဘရန်းများကိုမိဘများကရွေးချယ်ခြင်းသို့မဟုတ် ကလေးကိုသုတ်စရာထည့်ပေးလိုက်ခြင်းများ ပြုလုပ်ပေးပါ။ ကလေးများအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးကိုလူကြီးရှေ့တွင်သုံးသည်ကိုသေချာပါစေ။ ဒီနည်းအားဖြင့် အန္တရာယ်ကိုလျော့ချနိုင်သည်။ အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုတစ်ညှစ်စာ နှစ်ညှစ်စာလောက်သာတိတိကျကျသုံးပါ။ လက်နှစ်ဖက်နှင့်မြန်မြန်ပွတ်ပြီးရှေ့နောက်၊ လက်ကြားထဲနှင့် လက်သည်းဝန်းကျင်တို့ပါနှံအောင် ခြောက်သည်အထိပွတ်ပေးပါ။ လူကြီးများကအရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုကလေးများလက်လှမ်းမမှီသည့်နေရာများတွင် ထားပါ။ အရက်ပြန်အခြေခံရေမလိုလက်သန့်ဆေးများကိုတလွဲအသုံးချနိုင်သည့် ဆယ်ကျော်သက်များတွင် မိဘဆရာပူးပေါင်းစောင့်ကြည့်မှုကိုတိုးမြှင့်သင့်ပါသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%bc/
null
null
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/lupus-nephritis-lupus%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သင့်အမျိုးသားကို သားဆက်ခြားခြင်းနည်းလမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုပြောမလဲ
ခိုင်မာတဲ့ဆက်ဆံရေးတစ်ရပ်တည်ဆောက်တဲ့နေရာမှာ နားလည်မှုရှိဖို့နဲ့ ပွင့်လင်းမှုရှိဖို့ကတော်တော်လေးအရေးကြီးပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာရောအိမ်ထောင်ရေးမှာပါ ဒီအချက်တွေကအရေးပါတာပါ။ ကျွန်မတို့မြန်မာအမျိုးသမီးတော်တော်များများက ငယ်စဉ်ပျိုးထောင်ကတည်းက စည်းကမ်းတင်းကျပ်လွန်းစွာကြီးပြင်းခဲ့ရတာကြောင့် ကိစ္စတော်တော်များများကို ဖွင့်ထုတ်မတိုင်ပင်ရဲကြတာများပါတယ်။ အထူးသဖြင့် အိမ်ထောင်မှုရေးရာနဲ့လိင်မှုကိစ္စတွေကိုပေါ့။အိမ်ထောင်တစ်ခုကို ထူထောင်တဲ့အခါမြန်မာအမျိုးသမီးအများစုက လင်ယောက်ျားကို အိမ်ထောင်ဦးစီးဆိုပြီးလေးစားကြတာက မမှားပေမယ့် ကိစ္စတိုင်းကိုတော့ တစ်ဦးတည်းသဘောနဲ့ လိုက်လုပ်နေစရာမလိုပါဘူး။ လူတိုင်းမှာ အခွင့်အရေးကိုယ်စီရှိတာမို့ အချို့ကိစ္စတွေမှာ သူဖြစ်ချင်တာ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ညှိနှိုင်းကြည့်ဖို့ပြောပါရစေ။ ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးဘယ်နှယောက်ယူမယ်ဆိုတာနဲ့ ဘယ်လိုသားဆက်ခြားနည်းက အဆင်ပြေဆုံးဖြစ်မလဲဆိုတာတွေကို နှစ်ဦးသားပွင့်ပွင့်လင်းလင်းဆွေးနွေးမှုကနေတဆင့် အကောင်းဆုံးအဖြေထုတ်နိုင်ပါတယ်။သားဆက်ခြားနည်းက အရေးကြီးတာကြောင့် မိမိရဲ့လက်တွဲဖော်နဲ့တိုင်ပင်ဖို့ကို အားနာတာရှက်ရွံ့တာတွေမလုပ်ပါနဲ့။ သားဆက်ခြားနည်းကိုသေသေချာချာရွေးချယ်တာက နှစ်ယောက်စလုံးအတွက် အကျိုးရှိစေမှာ အသေအချာပါပဲ။ လက်တွဲဖော်နဲ့ သားဆက်ခြားနည်းပြောရတာက အခက်အခဲရှိနိုင်ပေမယ့် မပြောလို့မဖြစ်တဲ့ အရေးကြီးတဲ့ကိစ္စပါ။ ကျွန်မတို့မြန်မာအမျိုးသမီးအများစုက သားဆက်ခြားနည်းရွေးချယ်တဲ့အခါ အိမ်ထောင်ဘက်နဲ့ မဆွေးနွေးမိဘဲ မိခင် ဒါမှမဟုတ် အမလိုမျိုးဆွေမျိုးရင်းချာတွေနဲ့ တိုင်ပင်ဖြစ်တာပိုများပါတယ်။ ဒါကြောင့် အိမ်ထောင်ဘက်နဲ့ပြောဖို့ခက်ခဲနေတဲ့ သားဆက်ခြားနည်းအကြောင်းကို ဘယ်လိုတိုင်ပင်ရမလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးပါရစေ။အသင့်တော်ဆုံးဖြစ်မယ့် သန္ဓေတားနည်းကိုရွေးချယ်နိုင်စေဖို့အတွက် သန္ဓေတားနည်းလမ်းတွေကိုပါ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။သားဆက်ခြားနည်းအကြောင်းတိုင်ပင်ဖို့က အမြဲလိုလိုခက်ခဲနေနိုင်တာကိုနားလည်ပေမယ့် အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လက်တွဲဖော်နဲ့ တိုင်ပင်ပြီး အဆင်ပြေမယ့် နည်းလမ်းလေးတွေကိုရွေးချယ်ကြည့်ပါ။ အိမ်ထောင်တစ်ခုမှာ နှစ်ဦးနှစ်ဖက်ကြားမှာ ပွင့်လင်းမှုရှိဖို့က အရေးကြီးဆုံးအစိတ်အပိုင်းပါ။ အိမ်ထောင်ဖက်ဆိုတာကလည်း မိသားစုဝင်ဘဲဖြစ်တာကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေထဲက ကိုယ်နဲ့အရင်းနှီးဆုံးလူသားတစ်ယောက်ဆိုတဲ့ အတွေးနဲ့ ပွင့်ပွင်းလင်းလင်းဆွေးနွေးတိုင်ပင်ကြည့်ဖို့ တိုက်တွန်းပါရစေ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/how-to-talk-to-your-partner-about-contraception-methods/
ဗိုက်ထဲက ရင်သွေးလေး လှုပ်နေပြီလား မေမေတို့ ။ ။
ကိုယ်ဝန်ဆောင်နေတဲ့ မေမေတိုင်း ဗိုက်ထဲကကလေးလေးလှုပ်ပြီဆိုတာနဲ့ စိတ်လှုပ်ရှား ဝမ်းသာကြတဲ့ သူချည်းပါ။ ဗိုက်ထဲက ကလေးလေးက အရမ်းကန်တယ်ဟ ယောက်ျားလေးများလား၊ ကြီးလာရင် ဘောလုံးသမားများဖြစ်မလားဟ ဆိုပြီး တွေးတွေးပြီး ပျော်တတ်ကြတာ မိဘတိုင်းပါ။ ဗိုက်ထဲက ကလေးလေးက မလှုပ်သေးလို့၊ ဘယ်တော့လှုပ်မှာလဲ၊ အရင်ကလှုပ်နေကျ ခု မလှုပ်တော့လို့ဆိုပြီး စိုးရိမ်ကြီးခဲ့ရတဲ့ အခိုက်အတန့်တွေလည်း မိဘတိုင်းမှာ ရှိခဲ့ပါတယ်။ ဒီတော့ ဗိုက်ထဲက ရင်သွေးလေး လှုပ်နေပြီလား ။ လှုပ်နေပြီဆိုရင် ဗိုက်ထဲက ရင်သွေးလေး လှုပ်ခြင်း ( fetal quickening) အကြောင်း ကြည့်လိုက်ရအောင် ။ ။ကလေးစလှုပ်တာကို ကိုယ်ဝန်သက်၁၆ပတ်ကနေ၂၅ ပတ်အတွင်းမှာ မေမေတို့ ခံစားရမှာပါ။ ဒါပေမယ့် ပထမဦးဆုံးကိုယ်ဝန်ဆိုရင်တော့ ကလေးလှုပ်တာကို ၂၅ ပတ်နားရောက်ခါနီးမှ သိကြလေ့ရှိပြီး ဒုတိယကြိမ်ဆောင်တဲ့ကိုယ်ဝန်သည်တွေကတော့ ကလေးလှုပ်တာကို အစောဆုံး ၁၃ ပတ်လောက်တည်းက စပြီးခံစားရလေ့ရှိပါတယ်။ဘယ်လိုအနေအထားမှာဆို ကလေးလှုပ်တာကို ပိုသိသလဲ ။ ။လှဲအိပ်လိုက်တဲ့အချိန် ထိုင်နေတဲ့အချိန်တွေမှာ ကလေးလှုပ်တာကို ပိုသိနိုင်ပါတယ်။ကလေးက တစ်နေ့ ဘယ်နှစ်ကြိမ်လောက် လှုပ်သလဲ ။ ။ကိုယ်ဝန်နုစဉ်ကာလတွေမှာတော့ ကလေးလှုပ်တာ သိပ်သိသာမှု မရှိပေမယ့် ကလေးလက်တွေခြေတွေ စပြီး ဖွံ့ဖြိုးလာတဲ့၂၁ပတ်လောက်မှာတော့ ကလေးလှုပ်တာ သိသိသာသာ စိပ်လာပါလိမ့်မယ်။ ကိုယ်ဝန် တတိယပတ်မှာတော့ ကလေးက တစ်နာရီအတွင်း အကြိမ်ရေ ၃၀ လောက်ကိုလှုပ်တတ်ပါတယ်။ဘယ်အချိန်တွေဆို ပိုလှုပ်သလဲ ။ ။ဗိုက်ထဲက ရင်သွေးလေးတွေ အလှုပ်ဆုံးအချိန်ကတော့ မေမေတို့ အိပ်ဖို့ အားယူနေတဲ့ ည ၉ နာရီကနေ မနက် ၁ နာရီ အချိန်ပဲ ဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာသွေးတွင်းသကြားဓာတ်ပမာဏ အပြောင်းအလဲရှိတာကြောင့် ကလေးတွေ အလှုပ်ဆုံးဖြစ်ရတာပါ။နောက်ပြီး ကလေးတွေက ဗိုက်ထဲကနေပြီး ကြားရတဲ့ အသံတွေ၊ ဗိုက်ကိုလာကိုင်တဲ့ အထိအတွေ့တွေကို တုန့်ပြန်နိုင်စွမ်းရှိတာကြောင့် ဗိုက်ကိုလာကိုင်တဲ့အချိန်၊ ဗိုက်နားကပ်ပြီး စကားပြောတဲ့အချိန်တွေမှာ ပိုလှုပ်တတ်ပါတယ်။ကလေးလှုပ်တဲ့ အကြိမ်အရေအတွက်ကို မှတ်ထားဖို့လိုလား ။ ။ကလေး လက်တွေခြေတွေ အကောင်းဆုံး ဖွံ့ဖြိုးတဲ့ ကိုယ်ဝန်သက်၂၈ ပတ်ကစပြီး ကလေးလှုပ်တဲ့အကြိမ် အရေအတွက်လေးတွေကို မှတ်ထားပေးနိုင် ပိုကောင်းပါတယ်။ ပုံမှန်ဆို ကလေးက ၂၄ နာရီအတွင်း အနည်းဆုံး ၁၀ ကြိမ်လောက်တော့လှုပ်သင့်ပါတယ်။ ၂၄ နာရီအတွင်းနေလို့မှ ၁၀ ကြိမ်တောင် မလှုပ်ဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်တာသာ အကောင်းဆုံးပါ။၂၅ပတ်မရောက်ခင်၊ ကလေးလှုပ်လိုက်တာကို သေချာမသိတဲ့အခါ၊ ကလေးလုံးဝမလှုပ်ဘူးလို့ သံသယဝင်တဲ့အခါမျိုးတွေမှာ အရမ်းကြီး ထိတ်လန့်မသွားလိုက်ပါနဲ့။ဗိုက်ထဲကကလေးမလှုပ်ဘူးဆိုတာ သူအိပ်နေတာကြောင့်ဖြစ်နိုင်သလို သူလှုပ်တဲ့အချိန်မှာ သင်အိပ်ပျော်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီးကိုယ်ဝန်ရင့်လာလေလေ ကလေးကြီးလာလေလေဖြစ်ပြီး သူလှုပ်ဖို့နေရာလွတ်လည်း နည်းလာတဲ့အတွက် ကလေးသိပ်မလှုပ်တာမျိုးဖြစ်တတ်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ၂၄ နာရီအတွင်းမှာ အနည်းဆုံး ၁၀ ကြိမ်လောက်တော့ လှုပ်သင့်တာမို့ ၁၀ကြိမ်အောက် သိသိသာသာကြီး နည်းနေခဲ့ရင် ဆရာဝန်ဆီသွားဖို့ မမေ့နဲ့နော် ။ ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/second-trimester-being-pregnant/fetal-quickening/
ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ။
ခါးနာတဲ့ပြဿနာဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြုံတွေ့ရတတ်တဲ့ပြဿနာတစ်ခုပါ။ အလေးအပင်မလိုက်လို့ ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ဖြစ်စေ ဒီခါးနာတဲ့ ပြဿနာကိုခံစားရမှာပါ။ ဒီတော့အခန့်မသင့်လို့ ကိုယ်ကလည်း ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ။ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ။ ဆိုတော့။ခါးနာနေတော့ ထိုင်လို့အဆင်မပြေ။ အဲတော့ လှဲအိပ်။ လှဲအိပ်တော့ ခါးပိုနာနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါပေမယ့် မအိပ်လို့ကလည်း မရဘူးလေ။ ဒီတော့ ဘေးစောင်းလှဲအိပ်ပြီး ဒူးခေါင်းကြားထဲ ခေါင်းအုံးလေးညှပ်ထားပါ။ ပက်လက်အိပ်မယ်ဆိုရင်တော့ဒူးခေါင်းအောက် ခေါင်းအုံးခံထားတဲ့ အနေအထားမျိုးနဲ့ အိပ်စက်ပါ။ ဒါဆိုရင် ခါးနာတဲ့ဝေဒနာလည်း သက်သာသွားသလိုနောက်ထပ်ခါးနာမယ့် အဖြစ်တွေကို ကြိုတင်ကာကွယ်ပြီးသားလည်းဖြစ်မှာပါ။ခါးကိုဆန့်ထားပြီး မတ်မတ်အနေအထားနဲ့ မထိုင်ဘဲ ပျင်းရိပျင်းတွဲနဲ့ လျှောထိုင်ရင် ခါးပိုနာပါလိမ့်မယ်။ ဒီတော့ ခါးကိုမတ်မတ်ဆန့် နောက်ကျောထိုင်ခုံကိုမီတဲ့ အနေအထားနဲ့ထိုင်ပါ။ ထိုင်ခုံနဲ့ခါးကြားထဲ ခေါင်အုံးလေးခံထားပြီ းထိုင်လို့လည်း ရပါတယ်။လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားသလို ညက်နေတဲ့ အကြောတွေလည်း လွတ်သွားနိုင်ပါတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်း ပြင်းထန်ရင် ခါးပိုနာသွားတတ်တာကိုတော့ သတိထားစေချင်ပါတယ်။ခါးနာတဲ့အခါ အိပ်ရာပေါ် လှဲအိပ်နေရတာ သက်သာသယောင်ရှိပေယ့် လှဲနေတဲ့အနေအထားက ခါးကို ပိုပြီး အားပြုသလိုဖြစ်သွားတာကြောင့် တစ်ချိန်လုံး အိပ်ရာပေါ်မှာလှဲနေမယ့်အစား ရေကူးတာ၊ လမ်းလျှောက်တာ။ ယောဂကစားတာတို့ လုပ်ပေးပါ။နာပြီးရောင်နေတဲ့ ခါးနေရာကို အရောင်ကျအောင်လို့ရေခဲကပ်တာ ( ဒါမှမဟုတ် )ရေနွေးအိတ်ကပ်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။တင်းနေတဲ့ကြွက်သားတွေ ပြေလျော့သွားစေဖို့၊ ညှပ်နေတဲ့အကြောတွေ လွတ်သွားစေဖို့ ခါးကို နှိပ်ပေးလို့ရပါတယ်။ တစ်ခုရှိတာက အကြောပိုင်းဆိုင်ရာ တကယ်လို ကျွမ်းကျင်တဲ့ ဆရာနဲ့ နှိပ်ဖြစ်ဖို့လိုပါတယ်။ခါးနာတာကို သက်သာစေဖို့အကိုက်အခဲပျောက်ဆေးတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဝယ်သောက်လို့ရပါတယ်။ ဒါပေမယ့် ဆေးတစ်ခုတည်းကို အားကိုးလို့တော့ မရပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်တာများရင်အစာအိမ်ရောဂါတွေ ဖြစ်တတ်သေးတာကြောင့်ပါ။ ဒါ့ကြောင့် ဆေးလေးလည်းသောက် လေ့ကျင့်ခန်းလေးလည်း လုပ်ပါ။ဒါကလည်း ပုံမှန်ခါးနာ‌တာတွေမှာ ထိုးလေ့မရှိပါဘူး။ ဆိုးရွားပြင်းထန်လွန်းတဲ့ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတွေ သက်သာစေဖို့ ခါးဆစ်ရိုးထဲစတီးရွိုက်ဆေးတစ်မျိုးထိုးသွင်းတဲ့နည်းပါ။ ဒါကိုတော့ ကိုယ့်ခါးနာတဲ့ ပြင်းထန်ခြင်းပေါ်မှာမူတည်ပြီး ဆရာဝန်က ထိုးသင့်မထိုးသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ခါးဆစ်ရိုးကျွံပြီး အကြောပေါ် သွားဖိနေတဲ့ ခါးနာတဲ့ ပြဿနာမျိုးတွေမှာဆိုရင် တော့ ကျွံနေတဲ့ ခါးဆစ်ရိုးကို ပြန်ပြုပြင်ဖို့ ခွဲစိတ်မှုတွေ လုပ်ရတတ်ပါတယ်။ဒါတွေကတော့ ခါးနာတာကို သက်သာစေဖို့အတွက် လုပ်လို့ရတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာအကောင်းဆုံး ဖြစ်တာကြောင့် ပုံစံတကျ ထိုင်တာ၊ အိပ်စက်တာ၊ နည်းလမ်းမှန်မှန် အလေးအပင်မတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာတွေနဲ့ ခါးနာတာကို ကြိုတင်ကာကွယ်လို့ရပါတယ် ။ ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/back-pain-treatment-tips/
ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ
ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ ဆိုပြီး စိတ်ပူနေပြီလား ……. ရာသီလာတာ သိပ်နည်းနေလို့ စိုးရိမ်နေလား။ ငါများသွေးအားနည်းနေလို့လား၊ မီးယပ်ကြောင့် တစ်ခုခု ဖြစ်နေတာများလား။ ဘာတွေကြောင့် ဖြစ်နိုင်လဲ၊ ဘယ်လိုမျိုးဆို စိုးရိမ်ရမလဲ သိချင်ကြမှာပါပဲ။ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ ဆိုတာက မပြောခင် အရင်ဆုံး ပြောချင်တာလေးက မိန်းကလေးတွေရဲ့ရာသီသွေးဆင်းတဲ့ပမာဏက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ရာသီသွေး အပေါ် သက်ရောက်မှု ရှိပြီး ပြောင်းလဲစေတဲ့ အကြောင်းရင်းခံတွေကလည်း အများကြီး ရှိနိုင်ပါတယ်။ရာသီသွေးဆင်း နည်းတယ် ဆိုတာ ပုံမှန်အားဖြင့် စိတ်ပူဖို့ မလိုပါဘူး။ တစ်လနဲ့တစ်လ ရာသီလာတဲ့ ပမာဏလည်း ကွာခြားနိုင်သလို တချို့လတွေမှာ အရင်ထက် ပိုနည်းတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကတော့ –။ရာသီသွေးဆင်းပမာဏ အနည်းအများက လူတစ်ယောက်ရဲ့အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ အသက် ၃၀၊ ၄၀ လောက်မှာ ရာသီသွေးဆင်းများလာတတ်ပြီး ရက်တိုလာတတ်ပါတယ်။ လချီပြီး ထိန်တဲ့အခါထိမ်နိုင်တယ်၊ နောက်မှ များများဆင်းတာမျိုးလည်းရှိတတ်တယ်။ သွေးဆုံးကာနီးဆို အရင်ထက် နည်းလာသလို ပိုပြီး မူမမှန်ရှိတတ်ပါတယ်။အမျိုးသမီး တစ်ယောက်မှာ သားဥ မထုတ်လုပ်ပေးနိုင်တဲ့အခါမျိုးမှာ တစ်ခါတလေ ရာသီ မမှန်ဖြစ်တတ်ပါတယ်။ လက္ခဏာအားဖြင့် ရာသီသွေးဆင်းနည်းတာ၊ရာသီမမှန်တာတွေ ဖြစ်လေ့ရှိပါတယ်။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတဲ့သူတွေမှာ ရာသီသွေးဆင်း နည်းတာ၊ ရပ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်နည်းလွန်းတဲ့အတွက် ဟော်မုန်းကမောက်ကမဖြစ်ပြီး ရာသီသွေးဆင်းတဲ့အခါ နည်းနေတာပါ။ဒီလိုလူတွေမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ လွန်ကဲရင်လည်း ရာသီထိမ်တာ၊ နည်းတာတွေ ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ရှိရင် ရာသီ မလာဘူးလို့ သိထားကြပေမယ့် ကိုယ်ဝန် ရှိကာစမှာ သွေးအနည်းငယ်‌ ဆင်းတတ်တဲ့ ဖြစ်စဉ်ကို ရာသီလာနည်းတာ လို့ ယူဆပြီး မှားတတ်ကြပါတယ်။ သွေးအနည်းငယ် ဆင်းတတ်တာက ကိုယ်ဝန်ရှိစ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေမှာ ရာသီ သိပ်နည်းတယ်၊ ထိမ်တယ်ဆိုရင် ဆီးစစ်ကြည့်တာ အသေချာဆုံး ပါပဲ။သားဥအိမ်ရေအိတ်တည်ခြင်းရောဂါစု(PCOS) လိုမျိုး ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေကို သက်ရောက်မှု ရှိနိုင်တဲ့ ရောဂါတွေ နဲ့ သိုင်းရွိုက်နဲ့ဆိုင်တဲ့ပြဿနာတွေကြောင့် ရာသီစက်ဝန်းကို ထိခိုက်ပြောင်းလဲစေနိုင် ပါတယ်။စိတ်ဖိစီးမှုကြောင့်လည်း ခန္ဓာကိုယ်ရဲ့ဟော်မုန်း ထိန်းညှိမှုကို ထိခိုက်စေနိုင်တာမို့ ပုံမှန် ရာသီစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။သန္ဓေတားဆေးတွေ သောက်နေတဲ့ အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲကြောင့် ရာသီမမှန် ဖြစ်တတ်ပါတယ်။ ဒီလို အချိန်မှာ သွေးဆင်းနည်းတာလည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်း IUD ၊ အရေပြားအောက်ထည့် ပစ္စည်း၊ တားဆေး ထိုးတဲ့သူတွေမှာလည်း ဒီပြဿနာ ရှိနိုင်ပါတယ်။ တစ်လ တစ်ကြိမ် မဟုတ်ဘဲနဲ့ ကြားမှာ နှစ်ကြိမ် သုံးကြိမ်လောက် ရာသီသွေး နည်းနည်းလေး ဆင်းတာတွေ ရှိနိုင်ပါတယ်။အမြဲ စိုးရိမ်နေဖို့ မလိုပေမယ့် တောက်လျှောက်ကို နည်းနည်းလေးပဲ ဆင်းတယ်၊ ပြီးရင် ရာသီထိမ်သွားတာမျိုး၊ ဗိုက်အောက်ပိုင်း နာကျင်မှုအပါအဝင် တခြား လက္ခဏာတွေပါ ရှိနေမယ်ဆိုရင်တော့ ဆရာဝန်ပြတာ အကောင်းဆုံးပါပဲ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/why-is-period-so-light/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-for-ingested-poisoning/
null
null
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/as-you-get-older-you-need-to-drink-more-water-heres-why/
မုတ်သုံမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာစေဖို့
မုတ်သုံရာသီရဲ့ မိုးရွာသွန်းမှုက အငြိုးတကြီးပူထားတဲ့နွေရဲ့အပူချိန်ကိုလျော့ပါးစေတာကြောင့် မပေါ့မပါးဖြစ်နေရတဲ့ မမဗိုက်ကို နွေမှာလောက် မပင်ပန်းစေတာတော့အမှန်ပါ။ ဒါပေမယ့် မုတ်သုံမှာ ထိုင်းဆ များမှုကြောင့် ပတ်ဝန်းကျင်မှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့ဘက်တီးရီးယားတွေအများကြီးရှိနေနိုင်ပါတ်ယ။ ဒီအခြေအနေက ပုံမှန်ထက်ကျန်းမာရေးပိုဂရုစိုက်ဖို့ လိုအပ်နေတဲ့ မမဗိုက်တို့အတွက် အကောင်းကြီးပဲတော့မဟုတ်ပါဘူး။မုတ်သုံမှာ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ။ မိုးလေးဖွဲဖွဲမှာ ကျန်းမာနေဖို့မိခင်လောင်းတွေအနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ပါ။မိုးရာသီမှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေက အခွင့်ကောင်းကိုစောင့်နေကြတာပါ။ ဒီအခြေအနေမှာ သေချာလေး ဂရုစိုက်နိုင်မှ မေမေရောဘေဘီလေးပါ ကျန်းမာစေနိုင်မှာပါ။ မုတ်သုံကို အကောင်းဆုံး ကျော်ဖြတ်ဖို့ မိခင်လောင်းတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။မုတ်သုံရာသီက ဘက်တီးရီးယား အန္တရာယ်များတာကြောင့် ခုခံနိုင်ဖို့အတွက် ကိုယ်ခံအားကောင်းနေဖို့လိုမှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေကို လတ်ဆတ်ပြီး အာဟာရ ပြည့်ဝစေဖို့ သတိထားပေးပါ။ တစ်နေ့ကို အနည်းဆုံး ၃ ကြိမ်စားဖြစ်အောင်လည်း ဂရုစိုက်ပါ။ ဒါမှခန္ဓါကိုယ်က လိုအပ်တဲ့ အာဟာရတွေပြည့်ဝပြီး ကိုယ်ခံအားလည်းကောင်းနေမှာပါ။ ခံတပ်ကို ကောင်းကောင်း ဆောက်ထားနိုင်မှ စိတ်လက်ချမ်းသာ နေနိုင်မှာပါ မေမေတို့ရေ…….။မိုးရာသီမှာ အစားအသောက်တွေက သန့်ရှင်းမှုအားနည်းနိုင်ခြေများပါတယ်။ ဒါကြောင့် လမ်းဘေးမှာရောင်းချတဲ့ လက်လုပ်ချဉ်တွေနဲ့ သန့်ရှင်းမှုနည်းတဲ့ အစားအစာတွေ အမှည့်လွန်နေတဲံ အသီးတွေကို မစားပါနဲ့။ ပူပူနွေးနွေးနဲ့ သန့်သန့်ရှင်းရှင်းလုပ်ထားတဲ့ အစားအသောက်တွေကို ဂရုစိုက်စားပေးပါ။မိခင်ရော ကလေးပါကျန်းမာစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေက ပုံမှန်ထက်ရေဓါတ်ပြည့်ဝနေဖို့ လိုပါမယ်။ ဒါကြောင့် ရာသီဥတုအေးနေပေမယ့်လည်းရေကို လုံလောက်အောင်သောက်ဖို့မမေ့ပါနဲ့။ ဒါမှ မအီမသာဖြစ်တာ၊ခေါင်းကိုက်တာ၊ မူးဝေတာတွေ ကင်းစေမှာပါ။ရေပဲသောက်မနေချင်ဘူးဆိုရင် အုန်းစိမ်းရည်သောက်ပေးလို့ရပါတယ်။မိုးရာသီရဲ့ စိုစွတ်မှု၊ရေညှိတွေပေါက်ဖွားမှုကြောင့် မတော်တဆချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ တစ်ယောက်တည်း မသွားပါနဲ့။ချော်နိုင်တဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။ မိုးတွင်းစီးဖိနပ်ကောင်းကောင်းလေးစီးပေးပါ။မိုးမိတဲ့အခါဆေးသောက်ဖို့ မလွယ်ပါဘူး။ ဒီတော့ မိုးမိတာကြောင့်ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ဖို့အတွက် အစောကတည်းက မိုးမမိအောင်ကာကွယ်ဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်မေမေတွေကဆေးသောက်တဲ့အခါဘေဘီလေးကိုထိခိုက်တာမျိုးဖြစ်လာနိုင်တာကြောင့် မိုးမမိအောင် ဂရုစိုက်ပေးပါ။မိုးရွာတာမှန်ပေမယ့်တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုမစိုက်လို့ မဖြစ်ပြန်ပါဘူး။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ရေချိုးတာကိုမေ့မထားပါနဲ့။ တစ်နေ့ကိုတစ်ကြိမ်တော့ရေချိုးသန့်စင်ပေးပါ။အဝတ်အစားကလည်း အရေးကြီးပါတယ်။ မိုးရွာတာကြောင့် အပူချိန်လျော့သွားတာမှန်ပေမယ့် စိုထိုင်းဆမျာေးနတဲ့ အနေအထားက သင့်ကိုချွေးပြန်စေမှာ အသေအချာပါ။ ဒါကြောင့် အရမ်းထူတဲ့အဝတ်အစားမျိုးတွေကို မဝတ်ပါနဲ့။ချောင်ချောင်ချိချိနဲ့ သက်တောင့် သက်သာရှိတာမျိုးကို ဝတ်ဆင်ပေးပါ။ချွေးမစုပ်တဲ့အဝတ်အစားတွေကအရေပြားပြဿနာတွေဖြစ်စေနိုင်တာကြောင့် သတိထားစေချင်ပါတယ်။နေအိမ်မှာ မှိုနဲ့ ဘက်တီးရီးယားတွေပေါက်ဖွားနေနိုင်တာကြောင့် အရေပြားပြဿနာတွေဖြစ်နိုင်သလိုအအေးမိတုပ်ကွေး တွေနှာစေးနှာပိတ်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာမေမေလောင်းတွေအနေနဲ့နေရာထိုင်ခင်းကို သန့်ရှင်းအောင်ထားဖို့ မမေ့သင့်ပါဘူး။ရာသီတိုင်းမှာ သတိထားရမှာဆိုပေမယ့် မိုးကျလာရင်ခြင်တွေကို ပိုသတိထားရတာက အမြဲလိုလိုပါ။ ဒါကြောင့်ခြင်ကိုက်မခံရအောင် အဝတ်အစားကို လုံလုံခြုံခြုံဝတ်ဆင်ပေးပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် ဖန်တီးဖို့လည်း မမေ့ဖို့ပြောပါရစေ။အခုမိုးရာသီမှာ ဒီအချက်လေးတွေကို ဂရုစိုက်လို့ဆေးသောက်ဖို့ခက်တဲ့လေဒီမေမေတို့ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ကြပါလို့ အကြံပြုရင်း………….။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/tips-for-pregnancy-during-monsoon/
null
null
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/long-term-memory-loss/
null
null
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/what-diet-is-best-for-older-adults/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/wound-need-to-stich/