title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%a1%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%bc%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%bb%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%bd/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%a1%e1%80%94%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%b8-%e1%80%a1%e1%80%b1%e1%80%b8/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/after-covid-vaccine/
ခွဲမမွေးဘဲ ရိုးရိုးပဲ ကလေးမွေးမယ် လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက်များ
ကလေးမွေးမယ်ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ရိုးရိုးမွေးခြင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။ဗိုက်နာတတ်တဲ့ ကိစ္စတစ်ခုပဲ ပြောစရာရှိပြီး ကလေးထွက်သွားရင် ၃ ရက်လောက်နဲ့ သာမာန်လူလို ပြန်ဖြစ်သွားတဲ့အတွက် ရိုးရိုးမွေးတာကို ကြိုက်တဲ့သူတွေလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ်ကလည်း ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ၁၀ ချက်ကို သိထားဖို့တော့ လိုပါတယ်။မီးမဖွားခင် အကြိုသင်တန်းတွေ တက်ထားတဲ့အခါကျတော့ တကယ်လည်း မွေးခန်းထဲလည်းရောက်ရော ကလေးကို ဘယ်လိုညှစ်ရတယ် ဘယ်လိုပုံစံမျိုးနဲ့နေရင် ကလေးထွက်ဖို့ ပိုမြန်တယ်ဆိုတာတွေကို သိပြီးသားဖြစ်နေမှာပါ။တချို့ရှိပါတယ်။ ဗိုက်နာတယ်၊မီးဖွားချင်သလိုလိုဖြစ်နေတယ်ဆိုပြီး ဆေးရုံသွား ဟိုရောက်တော့မှ မီးဖွားချင်တာမဟုတ်မှန်း သိရတဲ့ အခိုက်အတန့်တွေပါ။ ရောက်လက်စနဲ့ ဆက်ပြီးနေသွားမယ်ဆိုပြီး ဆရာဝန်လည်း မညွှန်ကြားဘဲ ဆေးရုံမှာ မနေပါနဲ့ ။ ဆေးရုံဆိုတာ ရောဂါပိုးပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။ရိုးရိုးမွေးတယ်ဆိုမှတော့ ဗိုက်နာတာကို ခံနိုင်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ တော်ကြာ ရိုးရိုးမွေးမယ်လုပ်ပြီး ဗိုက်နာတာကို မခံနိုင်တော့လို့ ခွဲမွေးမယ်ဆိုတာမျိုး မဖြစ်တာအကောင်းဆုံးပါ။ မဟုတ်ရင် နှစ်ခါခံရတယ်လေနော်။ကလေးမွေးချင်လို့ နာတာကတစ်ခါ၊ ဗိုက်ခွဲပြီး နာကျန်ခဲ့တာက တစ်ခါ။ကိုယ်က တကယ် ရိုရိုးမွေးချင်တယ်ဆိုရင် ကျန်းမာရေးအခြေအနေအရ ရိုးရိုးမွေးလို့ ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့အခြေအနေတွေမှာ ကိုယ်က ရိုးရိုးမွေးချင်ပေမယ့် အခြေအနေမပေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ ကလေးကန့်လန့်ဖြစ်နေတာ၊ အချင်းရှေ့မှာ ပိတ်နေတာ။ကျန်းမာရေးအတွက်ကောင်းတဲ့ စားသောက်မှုပုံစံဟာ သင့်ကိုယ်ခန္ဓာအတွက်သာမက ဗိုက်ထဲက ရင်သွေးလေးကိုပါ အကျိုးရှိစေမှာ အသေအချာပါ။ ပြည့်ဝတဲ့ အာဟာရတွေရှိနေမှလည်း ကလေးကို ညှစ်ထုတ်ဖို့ အားရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ဝမ်းမချုပ်အောင်အမျှင်ဓာတ်ကြွယ်ဝတာတွေ စားပေးပါ။ မီးဖွားပြီးနောက်ပိုင်းသွေးအားနည်းတာမျိုး မဖြစ်အောင်လို့သံဓာတ်နဲ့ Folic acid ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေးစားပါ။ကိုယ်လက်လှုပ်ရှားမှုရှိတဲ့အခါ သက်လုံကောင်းစေပြီး ကလေးမွေးမယ် ဆို ကောင်းကောင်းညှစ်နိုင်မယ့်အပြင် ဗိုက်နာတဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ မီးဖွားရတာလည်း လွယ်ကူစေမှာပါ။ခုနောက်ပိုင်းခွဲမွေးတဲ့ ကိစ္စမှာ နောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ ကလေးကို မိဘတွေ လိုချင်တဲ့ရက်အတိုင်းရအောင် မွေးတာပဲ ဖြစ်ပါတယ်။ရိုးရိုးမွေးရင်တော့ ဒီလိုရက်ရွေးလို့ ရမှာမဟုတ်ပါဘူး။ကလေးမွေးမယ် ဆို ရိုးရိုးကလေးမွေးတာ ဘယ်လောက်တောင် ဆိုးသလဲဆိုတဲ့ negative ပုံပြင်တွေကို နားမယောင်မိပါစေနဲ့။ သွားနားထောင်မိလေလေ ရိုးရိုးမွေးရမှာကို ကြောက်လာလေလေဖြစ်တတ်ပါတယ်။အိပ်ရေးဝဝ အိပ်ခြင်းဟာ ဗိုက်ထဲက ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ သင့်စိတ်ကို တည်ငြိမ်အောင်လုပ်နိုင်တဲ့အကောင်းဆုံး အရာတစ်ခုပါ။အချုပ်ပြောရမယ်ဆိုရင် ကလေးမွေးမယ် ဆို ရိုးရိုးပဲမွေးမွေး၊ ခွဲပဲ မွေးမွေး အတတ်နိုင်ဆုံးစိတ်ဖိစီးမှုမရှိအောင် နေပြီး ကိုယ့်ကိုကိုယ်လည်း သေချာဂရုစိုက်ကာ အရာရာကို အကောင်းဘက်ကပဲ တွေးထားသင့်ပါတယ်နော်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/normal-delivery-for-mom/
လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ နှင်းခူရောဂါ
လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့ ပြဿနာကို ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူမှာ ပေါက်တာဖြစ်ဖြစ် တွေ့ဖူးကြမှာပါ။ တချို့များဆို လက်ချောင်းတွေမှာ အရည်ကြည်ဖုတွေနဲ့ တင်းပြီး ရောင်ကိုင်းနေတတ်ပါတယ်။ ဒါက ဘယ်လိုအရေပြားရောဂါလဲ။ ကူးစက်တတ်လား။ အရည်ကြည်ဖုတွေကို ဖောက်လိုက်ရင် သက်သာသွားမှာလား။ဒါကိုDyshidrotic eczemaလို့‌ခေါ်ပါတယ်။ အရည်ကြည်ဖုလေးတွေက ပူစီဖောင်းလေးတွေနဲ့ တူတဲ့အတွက် Pompholyx လို့လည်း ခေါ်ကြပါတယ်။ ဒါကအရေပြားနှင်းခူရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထူးခြားချက်က လက်ချောင်း၊ လက်ဖဝါး၊ ခြေချောင်းနဲ့ ခြေဖဝါးတွေမှာပဲ ဖြစ်ပါတယ်။နှင်းခူရောဂါတို့ရဲ့ သဘာဝအတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျ မရှိပါ။ မျိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေ၊ ခုခံအားတုံ့ပြန်မှု စတာတွေပေါ် မူတည်နေပါတယ်။ဒီအရေပြားရောဂါ ရှိတဲ့သူတွေကကိုယ်နဲ့မတည့်တာကို ထိတွေ့မိတဲ့အခါ ပိုဆိုးတတ်ပါတယ်။ ဥပမာ တချို့က သတ္တု(ကြေးနီ)လိုမျိုးတွေနဲ့ မတည့်ပါ။ တချို့က ဆပ်ပြာမှုန့်မှာပါတဲ့ ဓာတ်တွေ၊ ဘိလပ်မြေ စသဖြင့် တစ်ယောက်ချင်းဆီမှာ မတည့်တာလေးတွေ သီးသန့်ရှိတတ်ပါတယ်။တချို့တွေကတော့ စိတ်ဖိစီးမှုများရင် ပိုဖြစ်တတ်ပါတယ်။ စာမေးပွဲရာသီဆို တချို့ကျောင်းသားတွေရဲ့ လက်မှာ အရည်ကြည်ဖုလေးတွေ ထွက်တတ်တာကို တွေ့ရပါတယ်။နှင်းခူရောဂါတွေရဲ့ ထုံးစံအတိုင်း ဒီအရည်ကြည်ဖုလေးတွေက ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေတတ်ပါတယ်။ အပြီးမပျောက်ဘဲ ကိုယ်နဲ့ မတည့်တာကို ထိမိကိုင်မိတိုင်း ပြန်ပြန်ကြွတတ်ပါတယ်။ရောဂါတစ်ခါကြွရင် ၂-၃ပတ်လောက် ကြာတတ်ပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ လက်ဖဝါး၊ လက်ချောင်း၊ ခြေဖဝါး၊ ခြေချောင်းမှာ အရည်ကြည်ဖု ပေါက်တာအပြင်။အရည်ကြည်ဖုတွေကို မနေနိုင် မထိုင်နိုင် သွားကုတ်မိရင်၊ သွားဖောက်မိရင် အရေပြားက ထူပိတ်ကျပ်ခဲကြီး ဖြစ်တတ်ပါတယ်။ အရေပြား ပိုးဝင်ပြီး လက်ချောင်းတွေ ကွေးမရ၊ ဆန့်မရနဲ့ ရောင်ကိုင်းနေတတ်ပါတယ်။လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တိုင်း Dyshidrotic eczema လား။ ဒီလိုတော့လည်း မဟုတ်ပြန်ပါဘူး။Hand, foot and mouth disease၊ဆိုရီယေးစစ်၊သဲဝဲစား‌ရောဂါစတာတွေလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် ကိုယ့်ကိုယ်ကို ဘာရောဂါလည်း မသေချာရင် ဆရာဝန်နဲ့ ပြသပါ။အဓိကကတော့ လူနာရဲ့ ရောဂါရာဇဝင်၊ လက္ခဏာတွေကနေ ခွဲလို့ရပါတယ်။ တခြားရောဂါတွေနဲ့ တူနေရင်တော့ သွေးစစ်တာ၊ Allergy testတွေ လုပ်ရနိုင်ပါတယ်။ဒီအရည်ကြည်ဖုက အရည်တွေက စိမ့်ထွက်တတ်ပါတယ်။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ ဒါက ကူးစက်ရောဂါ မဟုတ်လို့ သူများထိမိရင် မကူးပါ။ ကိုယ့်ခန္ဓာကိုယ်က တခြားတစ်နေရာရာကို ထိမိရင်လည်း အရည်ကြည်ဖု ထပ်မပေါက်ပါ။အရည်ကြည်ဖုက အရည်က မကူးဘူးဆိုပြီး အရည်ကြည်ဖုကို ဖောက်တာ၊ ညှစ်တာတွေတော့ မလုပ်ရပါ။ ပိုးဝင်ပြီး ပိုဆိုးတတ်ပါတယ်။ဒီအရေပြားရောဂါက နာတာရှည် ဖြစ်လိုက် ပျောက်လိုက် ရောဂါဖြစ်တဲ့အတွက် လူနာရဲ့ ဂရုစိုက်မှုက သိပ်ကို အရေးကြီးပါတယ်။ သူနဲ့ မတည့်တာကိုမထိရင် အေးအေးဆေးဆေး လူကောင်းတစ်ယောက်လို နေနိုင်ပါတယ်။‌ရောဂါကြွလာချိန်မှာ လူနာအနေနဲ့ လုပ်နိုင်တာတွေကတော့။ပြီးရင် ဆရာဝန်နဲ့ ပြဖို့လည်း လိုပါတယ်။ ဆရာဝန်နဲ့ပြတဲ့အခါ။ဒီလောက်ဆို အများစုက ၂ပတ်၊ ၃ပတ်လောက်နေရင် သက်သာသွားကြပါတယ်။ တကယ်လို့ မသက်သာဘူး။ ပိုဆိုးတယ်ဆိုရင်တော့ ပိုပြီးမြင့်တဲ့ဆေးတွေ ဖြစ်တဲ့။Dyshidrotic eczema က ဘာကြောင့်ဖြစ်မှန်း မသိတဲ့အတွက် လုံးဝမဖြစ်‌အောင်တော့ ကာကွယ်လို့ မရပါဘူး။ ဒါပေမဲ့ ခဏခဏ ပြန်မဖြစ်စေဖို့။လက်ချောင်းကြားမှာ အရည်ကြည်ဖုပေါက် တဲ့အခါ အ‌ရေပြားပြဿနာတင် ခံစားရတာ မဟုတ်ဘဲ လူတွေ မြင်တွေ့နိုင်တဲ့နေရာမှာ ဖြစ်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကိုပါ ခံစားရတတ်ပါတယ်။ ဒါကြောင့် မြန်မြန်သက်သာဖို့၊ ခဏခဏပြန်မဖြစ်ဖို့ အထက်ပါ အချက်တွေကို လိုက်နာဖို့ လိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/dermatitis/dyshidrotic-eczema-explained/
စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!
စာအုန်းဆီလို့ ပြောလိုက်ရင် တော်တော်များများ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆီလို့ မြင်လိုက်ကြပါတယ်။ ဒီတော့ စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား! မသိချင်ဘူးလား ……. စားအုန်းဆီက ခဲတယ်။ နှလုံးရောဂါ ရလိမ့်မယ်ဆိုတဲ့ စကားနဲ့ လက်ပွန်းတတီး ကြီးပြင်းလာကြပေမယ့် မနက်ခင်း အိပ်ရာနိုးချိန်ကစလို့ စားမိတဲ့ မနက်စာကနေ နေ့ခင်းနေ့လယ်နဲ့ ညမအိပ်ခင်မှာ စားလေ့ရှိတဲ့ သရေစာတော်တော်များများက စားအုန်းဆီနဲ့ လုပ်ဆောင်ထားတဲ့အရာတွေပါ။မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတွင်း နိုင်ငံတော်တော်များများမှာ စားအုန်းဆီ စားသုံးမှုက တော်တော်လေးကို မြင့်တက်လာနေတာပါ။အခုနောက်ပိုင်းမှာ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီဆိုပြီး ဆီအမျိုးအစားတွေ အမျိုးမျိုး ရှိလာကြပေမယ့် စာအုန်းဆီ စားသုံးမှုကတော့ ကျသွားတာမျိုး မရှိပါဘူး။ ဒီတော့ ကိုယ်တွေ နေ့တိုင်း စားသုံးမိနေတဲ့ အစားအစာတွေထဲမှာ အနည်းနဲ့အများ ပါဝင်နေတဲ့ စားအုန်းဆီက ကျန်းမာရေးအတွက် ဆိုးကျိုးပဲ ပေးတာလား! ကောင်းကျိုးများ မရှိနိုင်ဘူလား! ဆိုတာတွေကို သိထားဖို့ လိုလာပါပြီ။စားအုန်းဆီဆိုတာက အားလုံးလိုလို သိထားပြီးဖြစ်တဲ့ စားသုံးဆီ တစ်မျိုးပါ။ ဆီအုန်းပင်  အသီးရဲ့ အသားလွှာကနေ ထုတ်လုပ်တာပါ။ စားအုန်းဆီကလည်း တကယ်ကတော့ အသီးအရွက်ဆီ တစ်မျိုးလို့ ဆိုရပါမယ်။ဆီအုန်းပင်တွေက ကမ်းရိုးတန်းဒေသတွေမှာ ပေါက်ရောက်မှု များပြီး အာဖရိက အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း​ဒေသတွေ ဖြစ်ကြတဲ့ အန်ဂိုလာ၊ ဂါဘွန်း၊ လိုက်ဘေးရီးယား၊ ဆီယာရာလီယွန်၊ နိုင်ဂျီးရီးယားတို့မှာ ပေါက်ရောက်ကြပြီး ရှေးယခင်ကာလတွေကတည်း ဆီထုတ်လုပ် အသုံးပြုခဲ့ကြပါတယ်။ဒါတင်မကသေးပါဘူး။ ဆီအုန်းပင်တွေက တောင်အမေရိကဒေသမှာ ပေါက်ရောက်သလို အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ပေါက်ရောက်စိုက်ပျိုးတာတွေ ရှိလာကြပါတယ်။ မြန်မာနိုင်ငံမှာ ဆီအုန်း ထုတ်လုပ် စိုက်ပျိုးတာတွေ ရှိသလို အာရှဒေသရဲ့ ဆီအုန်းထွက်ရှိမှုရဲ့ ၈၀% က အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကပါ။စားအုန်းဆီက ဈေးသက်သာသလို လူသုံးလည်း များကြပါတယ်။ စားအုန်းဆီဆိုရာမှာ ဆီအုန်းပင်ရဲ့ အသီးဖက်ကို ကြိတ်ပြီး ထုတ်လုပ်တဲ့ မသန့်စင်ရသေးတဲ့ စားအုန်းဆီ ရှိသလို သန့်စင်ပြီးသား စားအုန်းဆီလည်း ရှိပါတယ်။ မသန့်စင်ရသေးတဲ့ စားအုန်းဆီက အနီရောင်ရှိပြီး အနံ့ရော အရသာရော ထူးခြားနေပါတယ်။လက်ရှိမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ စားအုန်းဆီကတော့ သန့်စင်ပြီးသား စားအုန်းဆီတွေပဲ ဖြစ်ပါတယ်။စားအုန်းဆီ ကျန်းမာရေးနဲ့ ညီလား၊ မညီဘူးလား!  ဆိုတာလေးကို ဆက်ကြည့်လိုက်ရအောင်နော်။စားအုန်းဆီက အခုလို ကောင်းကျိုးလေးတွေ ရှိပါတယ်။စားအုန်းဆီမှာ ဗီတာမင် E ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို ဆဲလ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ နေ့စဉ် စားသုံးမှုကနေ ဗီတာမင် E လုံလောက်ပြည့်ဝစွာ ရရှိမှုက ကိုယ်ခံအား ကောင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။စားအုန်းဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် E  ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စားအုန်းဆီမှာ ပါဝင်နေတဲ့ အာဟာရဓာတ် အချို့က ဦးနှောက်တစ်ရှူးတွေကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။လေ့လာမှုတွေအရ စားအုန်းဆီမှာပါတဲ့ ဗီတာမင် E နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စားအုန်းဆီမှာပါတဲ့ ဗီတာမင် E က နှလုံးကျန်းမာစေပြီး နှလုံးရောဂါ ပြင်းထန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။စားအုန်းဆီက ခန္ဓာကိုယ်ရဲ့ ဗီတာမင် A စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် A က အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး အမြင်အာရုံ ကျန်းမာစေဖို့၊ အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။စားအုန်းဆီက အာဟာရတွေ များစွာ ပါဝင်နေတယ် ဆိုပေမယ့် အခုလို ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။စားအုန်းဆီက သွေးထဲက အကျိုးမပြုတဲ့ အဆီကို မြင့်တက်စေပြီးသွေးတွင်းအဆီများစေနိုင်ပါတယ်။ စားအုန်းဆီက ထောပတ်ထက် ကျန်းမာတယ်ဆိုပေမယ့် အခြား ဟင်းချက်ဆီတွေထက်တော့ သွေးတွင်းအဆီတက်စေနိုင်ပါတယ်။စားအုန်းဆီက သွေးတွင်းအဆီကို မြင့်တက်စေနိုင်သလို အထပ်ထပ် အခါခါ သန့်စင်ပြီး အပူပေးအကြော်ခံထားတဲ့ စားအုန်းဆီက သွေးကြောထဲမှာ အနယ်တွေ စုပုံစေပြီး နှလုံးသွေးကြောကျဉ်းတာကို ဖြစ်စေနိုင်ပါတယ်။အခြား စားသုံးဆီတွေနဲ့ နှိုင်းစာရင် စားအုန်းဆီကပြည့်ဝဆီ၅၀% အထိ ပါဝင်နေပြီး ဒါက များပြားတဲ့ ပမာဏပါ။ ဒီလို ပြည့်ဝဆီ ပါဝင်မှု များတာကပဲ နှလုံးရောဂါ ရစေနိုင်သလို နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/palm-oil-benefits-and-side-effects/
မီးဖွားပြီးနောက် အမျိုးသားနဲ့ အတူပြန်နေတဲ့အခါ သွေးဆင်းခြင်း
မီးဖွားတယ်ဆိုတာ အမျိုးသမီးတွေအတွက်တော့ အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စပါပဲ။ကိုယ်ဝန်စလွယ်တည်းမီးဖွားချိန် နဲ့နောက်ပိုင်း မီးဖွားပြီးတဲ့အချိန်တွေအထိ ပြောင်းလဲမှုတွေနဲ့ချည်း ရင်ဆိုင်ရတာပါ။ ဒီအထဲမှာ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူနေတဲ့ ကိစ္စလည်းပါတာပေါ့။မီးဖွားပြီးနောက် အိမ်ထောင်သည်အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ ကိစ္စတွေထဲမှာ အမျိုးသားနဲ့ အတူနေတဲ့အချိန် သွေးဆင်းတဲ့ ပြဿနာဟာ စိတ်ညစ်စရာ အကောင်းဆုံးပါ။ ဘာ့ကြောင့် ဖြစ်ရတာလဲ။ စိုးရိမ်ရလားပေါ့။မီးဖွားပြီးနောက် ဘယ်အချိန်အမျိုးသားနဲ့အတူပြန်နေသင့်တာလဲ ဆိုတာကို အရင်သိထားဖို့လိုပါတယ်။ မီးဖွားပြီး ၄၅ ရက်နောက်ပိုင်းမှသာ အမျိုးသားနဲ့အတူပြန်နေသင့်ပါတယ်။ ဒီမတိုင်ခင် အတူပြန်နေတဲ့အခါ နောက်ကိုယ်ဝန် ထပ်ရသွားနိုင်သလို နုနယ်နေတဲ့ သားအိမ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ဒီတော့ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူပြန်နေတဲ့ခါ သွေးဆင်းရတာ ဘာ့ကြောင့်လဲ။( ၁ ) မီးဖွားပြီးနောက်ပိုင်း ပုံမှန်ဆင်းတဲ့သွေး မရပ်ခင် အတူနေမိတာကြောင့် ဖြစ်နိုင်ပါတယ်။မီးဖွားပြီးနောက်ပိုင်း သွေးဆင်းတတ်တာ ပုံမှန်ဖြစ်နေကျပါ။ကလေးမွေးထားပြီးရင် မီးနေသွေးဆိုတာ ဆင်းပါတယ်။ သားအိမ်ကနေ သွေးတွေ၊ အကျိအချွဲတွေနဲ့ တစ်ရှူးစတွေ မီးဖွားပြီးနောက်ပိုင်း ဆင်းကိုဆင်းလာရပါတယ်။ ဒီလို သွေးဆင်းတာဟာ မီးဖွားပြီးပြီးချင်းရက်တွေမှာ များတတ်ပြီး နောက်ပိုင်း တဖြည်းဖြည်းနည်းသွားတတ်ကာ အချိန်ကတော့ ၁လခွဲလောက်အထိ ကြာကြာ သွေးဆင်းတတ်ပါတယ်။အဲဒီ အချိန်ဟာအနာကျက်ဖို့ အားယူနေတဲ့ သားအိမ် အနူးညံ့ဆုံးနဲ့ ပိုးဝင်ဖို့ အလွယ်ဆုံးအချိန် ဖြစ်နေတာပါပဲ။ ဒါကြောင့် အဲဒီအချိန်အတွင်း ( ၄၅ ရက် အတွင်း ) အတူတူမနေဖို့ တားမြစ်ထားတာပဲ ဖြစ်ပါတယ်။( ၂ ) အဆင်သင့်မဖြစ်သေးတဲ့အချိန် ဆက်ဆံမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ရိုးရိုးပဲ မွေးမွေး၊ ခွဲပဲ မွေးမွေး မီးဖွားပြီနောက်ပိုင်းကာလတွေဟာ မိန်းကလေးတွေ အတွက်တော့ တကယ်ကို အပြောင်းအလဲ မျိုးစုံနဲ့ ရင်ဆိုင်ရတဲ့အချိန်ပါ။ ခွဲထားတဲ့သူတွေက ချုပ်ရိုးနာနေတာတစ်မျိုး၊ ရိုးရိုးမွေးထားတဲ့သူတွေကလည်း ကလေးမွေးထားတဲ့အရှိန်ကြောင့် လိင်ကိစ္စ စိတ်မပါတာ၊ စိတ်အားငယ်နေတာမျိုးတွေ ဖြစ်တတ်ပါတယယ်။ဒီလိုအချိန်မျိုးမှာ လိင်ဆက်ဆံခဲ့တယ်ဆိုရင် အိမ်ထောင်ရေးသုခ အပြည့်အဝခံစားရမှာ မဟုတ်တဲ့အပြင် အတူနေပြီးနောက်ပိုင်း သွေးဆင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကိုယ့်အိမ်ထောင်ဘက်ကိုသေချာပြောပြပါ။( ၃ ) မိန်းမကိုယ်ခြောက်သွေ့နေတာကလည်း အတူနေပြီးနောက်ပိုင်းသွေးဆင်းစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုပါ။ကလေးမွေးပြီးနောက်ပိုင်း အတူနေတဲ့အချိန်မှာတော့ စိတ်မပါသေးတာ၊ စိတ်ခံစားမှုတွေများနေတာ၊ အဆင်သင့်မဖြစ်သေးတို့ကြောင့် မိန်းမကိုယ်ခြောက်သွေ့တာမျိုးတွေ ဖြစ်နေနိုင်တဲ့အတွက် အဲဒီ အချိန်မှာ လိင်ဆက်ဆံခဲ့ရင် အတူနေပြီးနောက်ပိုင်း သွေးဆင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။( ၄ ) ချုပ်ရိုးမကျက်သေးတာကြောင့်လည်း ဖြစ်တတ်ပါတယ်။မီးဖွားချိန် မွေးလမ်းကြောင်းချဲ့လိုက်ရပြီး ပြန်ချုပ်ခဲ့ရတဲ့ အခါမျိုးမှာချုပ်ရိုးမကျက်သေးလို့ အတူနေပြီးနောက်ပိုင်း သွေးဆင်းတာဟာလည်း ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ဒီချုပ်ရိုးပျောက် ချုပ်ရိုးတွေဟာ ၁၀ ရက်နေ ၁၄ အတွင်း ပျော်သွားတယ်ဆိုပေမယ့် အနာကျက်ဖို့ကတော့ ၁ လလောက်ကောင်းကောင်းအချိန်ယူ ရမှာဖြစ်ပါတယ်။ ဒီလိုအနာမကျက်သေးတဲ့ အချိန်မှာ ဆက်ဆံခဲ့မိရင် သွေးဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။ဒါတွေကတော့မီးဖွားပြီး အတူပြန်နေတဲ့အခါ သွေးဆင်းရခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်း ၄ ခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆင်းတဲ့သွေးဟာ အနည်းငယ်ပဲ ဖြစ်သင့်ပြီး ခဏလေးပဲ ဆင်းရမှာပါ။ ဒါပေမယ့် သွေးဆင်းများတာမျိုး၊ အတူနေပြီး ဆင်းတဲ့ရက် ၁ ရက် ၂ ရက် ကြာတာတောင် မရပ်သေးတာမျိုးတွေ ဖြစ်ခဲ့ရင်တော့ ဆရာဝန်ဆီ သွားတာကသာ အကောင်းဆုံးပါ။ရေးသားသူ- Dr Thin Yadanar@Frances။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/postpartum-bleeding-and-intercourse/
Autism (အော်တစ်ဇင်)
အော်တစ်ဇင် ဆိုတာက ကလေးဘဝထဲကစပြီး တစ်ဘဝလုံးကြန့်ကြာနေနိုင်တဲ့ ဦးနောက်အာရုံကြောနှင့် ဖွံဖြိုးမှုဆိုင်ရာ စိတ္တဇအထီးကျန်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အော်တစ်ဇင် က လူတွေနှင့် ဆက်ဆံတာတွေ၊ ပြောဆိုတာတွေနှင့် သင်ကြားမှုပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီရောဂါရှိတဲ့ ကလေးတွေမှာ လူမှုဆက်ဆံရေး၊ အရိပ်ပြ အကောင်မမြင်၊ စကားနားမလည်ခြင်း နှင့် အမြင်ကျဉ်းခြင်းဆိုင်ရာ ပြဿနာများ၊ အစွဲအလမ်းကြီးခြင်း စတဲ့ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ဒီအပြုအမူတွေက အနည်းအကျဉ်းမှ ဒုက္ခိတဖြစ်တဲ့အထိဖြစ်နိုင်ပါတယ်။ အော်တစ်ဇင် က ရောဂါနှင့် ရောဂါလက္ခဏာအနည်းအများပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်ပြီး အထူးသဖြင့် ရောဂါအခြေအနေ မပြင်းထန်တဲ့ ကလေးတွေ သို့မဟုတ် ပိုဆိုးတဲ့ရောဂါတွေက ဖုံးကွယ်ထားခံရလျှင် မသိသာနိုင်ပါဘူး။ သိပ္ပံပညာရှင်တွေကတော့ အော်တစ်ဇင် ကိုဖြစ်စေတဲ့ အကြောင်းအရာကို သေချာမသိကြသော်လည်း မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် နှစ်မျိုးစလုံးနှင့် သက်ဆိုင်နိုင်တယ်လို့ ယူဆကြပါတယ်။အော်တစ်ဇင် ဟာ ကလေးတွေတော်တော်များများမှ တွေ့လာရတာနှင့်အမျှ ပိုပြီးအဖြစ်များလာပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာန(CDC) အရ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အော်တစ်ဇင် တွေ့ရှိမှုူဟာ တစ်ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကလေးအယောက် ၁၀၀ မှာ ၁ ယောက်နှုန်းဖြစ်တယ်လို့ ဆိုလိုပါတယ်။ အော်တစ်ဇင် က မိန်းကလေးတွေမှာထက် ယောင်္ကျားလေးတွေမှာ ၅ ဆ ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။တချို့သော အော်တစ်ဇင် ရဲ့ လက္ခဏာတွေက အနည်းငယ်မှ ပြင်းထန်တဲ့ အခြေအနေတွေ အထိဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေက အလွန်ငယ်သေးတဲ့ အခြေအနေ ၁ နှစ် ကနေ ၂ နှစ်ကလေးငယ်တွေမှာတောင် စပြနိုင်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့။• မတုန်မလှုပ် ဆိတ်ဆိတ်နေခြင်း။• ကိုင်တာ မကြိုက် သို့ ချီတာမကြိုက် သို့မဟုတ် သူတို့လိုအပ်မှသာချီခိုင်းစေတတ်ခြင်း။• တခြားသူက ညွှန်ပြတဲ့အရာကို တည့်တည့်မကြည့်နိုင်ခြင်း။• ပုခက်ထဲ သို့ အိပ်ရာထဲမှာသာ တစ်ယောက်တည်းနေလိုခြင်း တစ်ခါတစ်ရံ နာရီပေါင်းများစွာ ကြာတတ်သည်။• လူတွေ စကားလာပြောလျှင် သတိမပြုသယောင်ပြတတ်သော်လည်း တခြားသော အသံများကိုတော့ တုံ့ပြန်မှုရှိခြင်း။• အပြုအမူတစ်ခု သို့ ကိစ္စတစ်ခုကို ထပ်ခါတလဲလဲ လုပ်နေတတ်ခြင်း ဥပမာ လက်ချောင်းတွေ လှုပ်နေတတ်ခြင်း၊ ပစ္စည်းတွေ စီနေတတ်ခြင်း။• ပုံမှန်ကိစ္စတစ်ခု ပြောင်းလဲသွားတဲ့အခါ ကျင့်သားရနိုင်ဖို့ ခက်ခဲခြင်း။• သူတို့လိုအပ်တဲ့အရာကို ပြောပြဖို့ရာ သို့မဟုတ် ပြဖို့ရာ အခက်တွေ့နေတတ်ခြင်း။• ပိုကြီးတဲ့ကလေးတွေမှာ အသံ၊အနံ့၊ထိတွေ့မှု သို့ အရသာတို့ကို တုံ့ပြန်မှုလွန်ကဲခြင်း။• စိတ်ကူးယဉ်နိုင်စွမ်း မရှိခြင်း။• စကားပြော နောက်ကျခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်စေနိုင်တဲ့ အရာတွေကိုတော့ အဖော်ထုတ်နိုင်သေးပါ။ အော်တစ်ဇင် ဟာ မိဘတွေရဲ့ လေ့ကျင့်ပေးမှုနဲ့လည်း ဆိုင်တဲ့ဆိုတဲ့ သီအိုရီကိုလည်း လက်ခံခြင်းမရှိတော့တာ ကြာပါပြီ။ ကလေးတွေကို ကူးစက်ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဆေးထိုးခြင်းကြောင့်လည်း အော်တစ်ဇင် ဖြစ်နိုင်ချေ မမြင့်မားစေနိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိချက်များစွာအရ သိရှပြီးဖြစ်ပါတယ်။အော်တစ်ဇင် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• လိင်။ ။ အော်တစ်ဇင် က မိန်းကလေးတွေမှာ ထက် ယောင်္ကျားလေးတွေမှာ ၅ ဆ ပိုအဖြစ်များနိုင်ပါတယ်။• မိသားစုကျန်းမာရေးရာဇဝင်။ ။ အော်တစ်ဇင် ဖြစ်နေတဲ့ ကလေးတစ်ယောက်ရှိနေတဲ့ မိသားစုမှာ နောက်ထပ် အော်တစ်ဇင် ကလေးတစ်ယောက်ရနိုင်ဖို့ များပါတယ်။• တခြားရောဂါများ။ ။ အော်တစ်ဇင် ဟာ တစ်ချို့သော မျိုးရိုးဗီဇရောဂါတွေ ဥပမာ fragile X syndrome သို့ tuberous sclerosis ဖြစ်နေတဲ့ ကလေးတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။• လမစေ့ ကလေးငယ်များ။ ။ နေ့မစေ့ လမစေ့ပဲ မွေးတဲ့ ကလေးတွေမှာ အော်တစ်ဇင် ဖြစ်တာများတာလဲ တွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့် ၂၆ ပတ်မတိုင်ခင် မွေးတဲ့ကလေးတွေမှာ ဖြစ်နိုင်ချေများတတ်ပါတယ်။• မိဘတွေရဲ့ အသက်အရွယ်။ ။ အသက်ကြီးမှ ကလေးယူတဲ့ မိဘတွေနှင့် အော်တစ်ဇင် ဆက်စပ်မှု ရှိကြောင်းကိုလည်း သုတေသီတွေက တွေ့ရှိထားပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အော်တစ်ဇင် ရောဂါအဖြေရှာခြင်းမှာ ပုံမှန်အားဖြင့် အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမတစ်ဆင့်ကတော့ ကလေးအထူးကု သို့ အစောပိုင်းကလေးကျန်းမာရေး စောင့်ရှောက်သူတို့နှင့် ပုံမှန်ရက်ချိန်းပြခြင်းဖြင့် ယေဘုယျ ဖွံဖြိုးတိုးတက်မှုကို စောင့်ကြည့်စစ်ဆေးတာဖြစ်ပါတယ်။ တစ်ချို့ ဖွံ့ဖြိုးမှု ပြသနာတွေရှိနေတဲ့ ကလေးတွေကိုတော့ နောက်ထပ် စစ်ဆေးမှုတွေလုပ်ဆောင်နိုင်ရန် လွှဲပြောင်းတတ်ကြပါတယ်။ ဒုတိယအဆင့်ကတော့ ဆရာဝန်တွေ နဲ့ တခြားအထူးပြုနယ်ပယ်အသီးသီးမှ ကျန်းမာရေးပညာရှင်တွေ အမြောက်အမြားပါဝင်တဲ့ အဖွဲ့အစည်းနှင့် အလုံးစုံစစ်ဆေးစမ်းသပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ကလေးမှာ အော်တစ်ဇင် သို့ တခြားသော ဖွံဖြိုးမှုဆိုင်ရာ ရောဂါရှိမရှိ အတည်ပြုနိုင်ပါလိမ့်မယ်။လောလောဆယ်မှာတော့ အော်တစ်ဇင် အတွက် ကုသရန်ဆေးမရှိသေးပါဘူး။ သို့သော်လည်း သုတေသနပြုမှုအရ အစောပိုင်းကြားဝင်စွက်ဖက်ကုသမှုတွေနဲ့ ကလေးရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ တိုးတက်လာနိုင်တာကို တွေ့ရပါတယ်။ ဒီကုသမှုတွေကတော့။• စကားပြောခြင်းနှင့် ဘာသာစကားကုထုံး။ ။ အော်တစ်ဇင် ကလေးတွေမှာ စကားပြောလေ့ကျင့်ခန်းတွေနှင့် အပြန်အလှန် ရုပ်သံပြ အထောက်အကူတွေနှင့် ပြောဆိုဆက်ဆံရေးတိုးတက်အောင် ကျင့်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။• အလုပ်အကိုင်ပိုင်းဆိုင်ရာ ကုထုံး။ ။ အော်တစ်ဇင် ကလေးတွေကို နေ့စဉ် ပုံမှန်လုပ်ငန်းတွေလုပ်ကိုင်နိုင်ရန် နှင့် နေထိုင်နိုင်ရန် ကျင့်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။• ရုပ်ပိုင်းဆိုင်ရာ ကုထုံး။ ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိစေရန် နှိပ်နယ်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း အစရှိတဲ့ နည်းလမ်းတွေနှင့် ကုသခြင်း ဖြစ်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အော်တစ်ဇင် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အော်တစ်ဇင် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ကုသမှုပြီးတိုင်း ဆရာဝန်ရဲ့ ညွှန်ကြားမှုကို လိုက်နာပါ။• ထပ်ခါတစ်လဲလဲလုပ်တတ်တဲ့ အမူအကျင့် ပျောက်စေရန် အိမ်မှာ ပုံမှန်လုပ်ငန်းစဉ်တစ်ခု သတ်မှတ်ထားပါ။• ဆရာဝန်တွေနှင့် ဆွေးနွေးအတိုင်ပင်ခံတွေ ဦးဆောင်တဲ့ ကုသရေးအစီအစဉ်မှာ သင့်ကလေးကို စာရင်းသွင်းထားပါ။• မိဘတွေ သို့ အော်တစ်ဇင် ကလေးတွေအတွက် လုပ်ပေးတဲ့ ဒေသခံ အထောက်အပံ အသင်းတွေနှင့် ဝန်ဆောင်မှုတွေမှာ ပါဝင်ကြည့်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/autism-%e1%80%a1%e1%80%b1%e1%80%ac%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%87%e1%80%84%e1%80%ba/
Plantar Fasciitis (ခြေဖနောင့်နာခြင်း)
plantar fasciitis (ခြေဖနောင့်နာခြင်း)ဆိုတာဟာ ခြေထောက်ရောင်ပြီး ဖနောင့်နာတဲ့ အခြေအနေကို ပြောခြင်းဖြစ်ပါတယ်။ plantar fascia ဆိုတာက ခြေထောက်အရိုးအောက်မှာရှိတဲ့ သားရေပင်လို တစ်ရှူးအပြားတွေကို ခေါ်ပါတယ်။၎င်းတို့ကို ခြေမနှင့် ဖနောက်အနားက အရိုး၏် အစွန်ဖျားကို တွဲနှောင်ထားပါ တယ်။ plantar fascia ရောင်တဲ့အခါ လူနာဟာ ဖနောက်အနားမှာ စူးသလို နာကျင်မှုကိုခံစားရပြီး အထူးသဖြင့် မနက်ပိုင်းစောစော လမ်းထလျှောက်ချိန် ပိုခံစားရပါတယ်။ခြေဖနောင့်နာခြင်း ရောဂါဟာ အသက် ၄၀ နှင့် ၆၀ ကြား အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အားကစားသမားတွေနှင့် အပြေးများတဲ့ လူတွေမှာ အဖြစ်များပါတယ်။ထို့ပြင် ကိုယ်အလေးချိန်များပြီး ဖော့ခံအထောက်အကူမျိုး ပါတဲ့ ဖိနပ်မစီးလျှင်လည်း ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ခြေဖနောင့်နာခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖနောင့်မှာ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း သို့ အိပ်ရာထပြီးချင်း လမ်းထလျှောက်တဲ့ အခါမှာ နာခြင်းတို့ဖြစ်ကြပါတယ်။ လမ်းလျှောက်တာကြာလာတဲ့ အခါ သက်သာလာပါတယ်။ ပိုဆိုးလာတဲ့ အခြေအနေမျိုးများတော့လမ်းလျှောက်တိုင်း နာကျင်နေပါမယ်။ တစ်ခါတလေ နာကျင်မှုက ဖနောင့်ကနေ ခြေချောင်းလေးတွေ အထိခံစားရခြင်း နှင့် ဖိနောင့်ရောင်ခြင်း (သို့ )အညိုမဲ စွဲခြင်းတွေပါ ဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲ ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ခြေဖနောင့်နာခြင်း ကို ဖြစ်စေတာကတော့ ခြေထောက်ကြွက်သား ထိခိုက်မိခြင်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့ အခါ၊ ပြေးတဲ့အခါ၊ နှင့် အချိန်အကြာကြီး မတ်တတ်ရပ်ခြင်းကြောင့် ခြေထောက်ကို ထိခိုက်စေပြီး နာကျင်စေပါတယ်။ တို့အပြင် အထောက်အပံ့ဖော့ မပါတဲ့ ဖိနပ်တွေကို ကြာရှည်စီးခြင်းကလည်း ခြေဖနောင့်နာခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ခြေဖနောင့်နာခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ခြေဖနောင့်နာခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်တွေက သင့်ရောဂါလက္ခဏာတွေကို မေးမြန်းခြင်း နှင့် ခြေထောက်လက်တွေ့စမ်းသပ်မှုတွေလုပ်ပြီး ရောဂါအဖြေရှာ အတည်ပြုနိုင်ပါတယ်။ တကယ်လို့ ရောဂါက မသေချာဖူးဆိုလျှင် ဆရာဝန်က သင့်မှာ တခြားရောဂါတွေ ရှိနေနိုင်လားဆိုတာ ကို အောက်ပါစမ်းသပ်မှုတွေ လုပ်ပြီး စစ်ဆေးနိုင်ပါတယ်။ခြေဖနောင့်နာခြင်း အား ကုသရာမှာ အသုံးများတဲ့ နည်းတွေကတော့။ထိုနည်းလမ်းများနှင့် မသက်သာလျှင် ပလက်စတစ်ဆာဂျင်၊ ပြန်လည်သန်စွမ်းရေး အထူးကု သို့ ခြေထောက်အထူးကုတစ်ယောက်နဲ့ သွားပြသင့်ပါတယ်။ ပြန်လည်သန်စွမ်းရေးအထူးကုက လေ့ကျင့်ခန်းတွေ (သို့) နှိပ်နယ်ခြင်းတွေ လုပ်နိုင်ဖို့ လမ်းပြပေးပါတယ်။ အကြောပြင်ဆရာတွေက ခြေထောက်ကို ကွေးခြင်းနှိပ်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သင်လှုပ်ရှားရာမှာ အနာသက်သာစေပါတယ်။ညဘက်ခြေစည်း စည်းထားခြင်းဖြင့်လည်း ခြေထောက်ကို တစ်ညလုံးအနားရစေပြီး ဖနောင့်အရွတ်တွေမထိအောင် ကာကွယ်ပေးတဲ့ အတွက် အနာသက်သာစေပါတယ်။ ဖနောင့်ထဲသို့ စတီးရွိုက်ဆေး ထိုးခြင်းဖြင့်လည်း အနာသက်သာစေပါတယ်။တကယ်လို့ ဆက်ပြီး နာနေဦးမယ်ဆိုလျှင် ဆရာဝန်တွေက ခြေထောက်နဲ့ ခြေချင်းဝတ်ကို ပတ်တီးစည်းခြင်း၊ အာရုံကြော လှုံ့ဆော်ပေးခြင်း နှင့် အပ်စိုက်ကုသခြင်းများ ပြုလုပ်ပါလိမ့်မယ်။ ခွဲစိပ်မှုတွေ လည်း ပြုလုပ်နိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခြေဖနောင့်နာခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ခြေထောက်ကို အနားပေးပါ။ ကိုယ်အလေးချိန်လျှော့ချ၍ သင့်တော်တဲ့ ဖိနပ်တွေ စီးပါ။• သင့်အရေပြားလုံး၀ ပြန်ကောင်းသွားမှသာ လေ့ကျင့်ခန်းပြန်လုပ်ပါ။• ကုသမှုတွေပြုလုပ်နေရင်း ရောဂါလက္ခဏာတွေက မသက်သာလျှင် ဆရာဝန်နဲ့ ပြပါ။ခဏခဏ အကြောလျှော့ပါ အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ခြင်းက ခါးနာတာကို ကာကွယ်ပေးပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/plantar-fasciitis-%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%94%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကလေး သေးခံလောင်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။
ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် သေးခံလောင်ခြင်းဖြစ်ပွားတတ်ပါသည်။ဘယ်လောက်ပဲ စုပ်ယူမှုအားကောင်းသည်ဟု ကြော်ငြာထားသော ကလေးသေးခံ (Diaper) ဖြစ်စေကာမူ စိုထိုင်းမှုအနည်းငယ်တော့ရှိပြီး သင့်ကလေး အရေပြားနှင့်ထိတွေ့နေရမည်ဖြစ်သည်။ ထို့အပြင် သင့်ကလေး၏ ဆီးနှင့်ဝမ်းမျာ း ရောသွားသောအခါ ဘက်တီးရီးယားပိုးများပေါက်ပွားရန် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိမ့်မည်။ ရလဒ်အနေဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေသောကလေးများသည် သေးခံလောင်ခြင်းဝေဒနာကို ပိုမိုခံစားရ လေ့ ရှိသည်။ တစ်ဖက်တွင်မူ သေးစိုခံဒိုင်ပါ ပုံမှန်လဲပေးနေလျှင်တောင်မှ သေးခံလောင်ခြင်း မဖြစ်ဘူးဟု အာမမခံနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ထိခိုက်လွယ်သောအရေပြားသည် သေးခံလောင်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သည်။သေးခံလောင်ခြင်း၏ အကြောင်းအရင်းတစ်ရပ်သည် သေးစိုခံဒိုင်ပါနှင့် ကလေး၏အရေပြားများ ပွတ်တိုက်မိခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် သေးစိုခံဒိုင်ပါတွင် ပါဝင်သောအမွှေးရနံ့များ သို့မဟုတ် အနှီးလျှော်ရာတွင်သုံးသော ဆပ်ပြာများ စသောဓါတုပစ္စည်းများနှင့် ထိတွေ့ရခြင်းကြောင့်ဖြစ်သည်။ သေးခံလောင်ခြင်းသည် ကလေးငယ်ကိုသုံးပေးသော ကလေးလိုးရှင်း သို့မဟုတ် အစိုဓါတ်ထိန်းပစ္စည်းများ ကြောင့်လည်းဖြစ်နိုင်သည်။ပိုးသတ်ဆေး သောက်နေရသော ကလေးများ သို့မဟုတ် မိခင်က ပိုးသတ်ဆေးသောက်နေရသော ကလေးများသည် သေးခံလောင်ခြင်း ပိုမိုဖြစ်ပွားလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ပိုးသတ်ဆေးများသည် ကလေးအတွက် လိုအပ်သော ကျန်းမာရေးနှင့်ညီညွတ်သည့် ဘက်တီးရီးယားအကောင်းများ၏ အရေအတွက်ကို လျော့နည်းစေသောကြောင့်ဖြစ်သည်။ ထို့အပြင် ပိုးသတ်ဆေးများသည် ဝမ်းပျက်ဝမ်းလျှောခြင်းများကို ဖြစ်ပွားစေသောကြောင့် သေးခံလောင်ခြင်းကို ပိုမိုဖြစ်ပွားစေသည်။မိခင်နို့တိုက်သော ကလေးများ သေးခံလောင်သည်ဆိုပါက မိခင်စားသော အစားအစာကြောင့်ဖြစ်နိုင်သည်။ သို့ဖြစ်၍ သင်စားနေသောအစားအစာသည် မိခင်နို့မှတစ်ဆင့်ကလေးကို မထိခိုက်စေရန်အရေးကြီးပါသည်။သင့်ကလေးငယ် သေးခံလောင်ပြီဆိုပါက အရေးကြီးသောအရာသည် ဒိုင်ပါ တစ်ခုနှင့်တစ်ခုလဲသော အချိန်တွင် ပိုပြီးဂရုစိုက်သင့်သည်။ ဒိုင်ပါများကို သန့်ရှင်းပြီးခြောက်သွေ့နေအောင်ထားပါ။ ထိုအခါတွင် သင့်ကလေး အရေပြားမထိခိုက်နိုင်သကဲ့သို့ ဘက်တီးရီးယားပိုးများလည်း မပေါက်ပွားစေပါ။ ဒိုင်ပါတစ်ခုလဲတိုင်း သင့်ကလေး၏အရေပြားကို ရေဖြင့်ညင်သာစွာဆေးကြောပေးပါ။ ကလေးအရေပြားသည် အလွန်နူးညံ့ပြီးထိခိုက်လွယ်သောကြောင့် မပွတ်တိုက်မိအောင်ဂရုပြုပါ။ အရက်ပျံပါသော ဂွမ်းများဆပ်ပြာများကိုမသုံးပါနှင့်။ အမွှေးနံ့အလွန်ပါသော အရာများကိုလည်းမသုံးပါနှင့်။ သေးခံဝတ်များကို အလွန်တင်းကြပ်စွာ မဝတ်ပေးပါနှင့်။ သင့်ကလေးကို နေ့အချိန်တွင်ဒိုင်ပါမဝတ်ပေးဘဲ ထားပါ။အထက်ပါအချက်များကိုစိတ်ထဲတွင် မှတ်ထားခြင်းအားဖြင့် သင့်ကလေး သေးခံလောင်ခြင်းမှကာကွယ်ပါ။ သို့သော်လည်းပဲ သင့်ကလေးသည် အချိန်ကြာမြင့်စွာ သေးခံလောင်ခြင်းရှိနေပါက သို့မဟုတ် သေးခံလောင်ခြင်းပိုဆိုးလာပါက အရေပြားအထူးကု သို့မဟုတ် ကလေးဆရာဝန်နှင့်ပြသဖို့ မနှောင့်နှေးပါနှင့်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%9e%e1%80%b1%e1%80%b8%e1%80%81%e1%80%b6%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%bf/
စကားနားမထောင်သော ကလေးများကို မည်သို့ကိုင်တွယ်မည်နည်း
(ဒီကလေး ငါပြောသမျှစကားကိုနားမထောင်တာဘယ်တော့ရပ်မလဲ၊ငါပြောတဲ့အတိုင်းဘယ်တော့မှ လုပ်မလဲ) သင်ဒီလိုမျိုး စဉ်းစားဖူးပါသလား။ ဤအရာသည် အလွန်စိတ်ပျက်စရာလည်း ကောင်းကာ ပင်ပန်းပါသည်။ သင့်ကလေးသည် သင်ပြောသမျှအရာတိုင်းကို ဆန့်ကျင်မည်၊ ဒေါသထွက်မည်၊ စိတ်ပျက်စရာ ကောင်းလောက်အောင်ပြုမူနေမည်ဆိုလျှင် ဤကဲ့သို့ကလေးများကို ကိုင်တွယ်ရသည်မှာ အလွန်စိတ်ပျက်စရာကောင်းပြီး ခြေကုန်လက်ပမ်း ကျနိုင်ဖွယ်ရှိပါသည်။ မိဘများသည် မကြာခဏဆိုသလို ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ကူကယ်ရာမဲ့သလို ခံစားတတ်ကြပါသည်။ ထိုကဲ့သို့ခေါင်းမာသောကလေးများကို အနာဂါတ်နှင့်ပက်သက်ပြီး စိတ်ပူတတ်ကြပါသည်။ ကံကောင်းသည်ကတော့ ကလေးများတွင် ထိုကဲ့သို့စကားနားမထောင်တာကို ဖြေရှင်းဖို့က် သင်ထင်ထားသည်ထက်ပိုမိုလွယ်ကူသောနည်းလမ်းများရှိပါသည်။ သင်သိလိုပါသလား။ အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ပါ။ကလေးများသည် သူငယ်ချင်းများ အိမ်မှပြန်ဖို့ငြင်းဆန်မည်၊သင်ပြောသမျှကိုအရုပ်များနှင့် ပစ်ပေါက်ပြီးငြင်းဆန်မည်၊သင်ဘယ်လောက် သတိပေးပေး လှေကားတွင် ကားများတွန်းပြီးဆော့နေမည်၊ ဘာကြောင့်ကလေးသည် ထိုကဲ့သို့ခေါင်းမာပြီးမိဘစကားနားမထောင်ရသလဲ။ မူကြိုအရွယ်ကလေးများသည် လမ်းလျှောက်တတ်ကာစ အရွယ်ကထက်စာလျှင် သင့်ကို မှီခိုမှုကင်းမဲ့သွားပြီဖြစ်ပါသည်။ ယခုဆိုလျှင်သူတို့သည်ပိုမိုသန်မာကြံ့ခိုင်လာပြီဖြစ် ပါသည်။ ပုန်ကန်တတ်သောအလေ့အကျင့်အနည်းငယ် ဖွံ့ဖြိုးလာပြီဖြစ်ပါသည်။နားလည်မှုရှိပါ။နားလည်မှုရှိခြင်းသည်ပြဿနာ၏ ဖြေရှင်းနည်းတစ်မျိုးပင်ဖြစ်သည်။ အခြားသူများရှေ့တွင်ဖြစ်နေစေကာမူ စိတ်မဆိုးပါနှင့်။ ကလေးများကိုကြင်နာပါ။ သို့သော်ပြောသင့်သော အရာကိုခပ်တင်းတင်းပြောပါ။ဒေါသမထွက်ပါနှင့်။သင်သည်အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်သည့်အပြင် သင့်ကလေး၏ စံပြပုဂ္ဂိုလ်လည်း ဖြစ်သည်။ ခက်ခဲသောအခြေအနေတစ်ခုမှာ ဘယ်လိုပြုမူရမလဲ ဆိုတာ သင့်ကလေးအတုယူမမှားဖို့လိုအပ်သည်။ ခေါင်းမာသောကလေးများတွင် နောက်တစ်ခါဘာလုပ်ရမလဲဆိုတာနှင့်ပက်သက်ပြီး အကြံဉာဏ်များမရှိသကဲ့သို့သင်၏လမ်းညွှန်မှုကိုလည်း ရှာဖွေနေတတ်ကြပါသည်။သင့်ကလေးခေါင်းမာရသော အကြောင်းအရင်းများစွာရှိပါသည်။ အချို့အကြောင်းအရင်းများကို သင်ကောင်းမွန်စွာနားလည်နိုင်မည်မဟုတ်ပါ။ အခြေခံကျသော အကြောင်းအရာများထဲမှတစ်ခုကတော့ သူတို့ဘာလုပ်ရမှန်းမသိ၍ဖြစ်ပါသည်။ ဤကဲ့သို့သင်ကြားပေးနိုင်သောအချိန်တွင် သင်သည်သင့်ကလေးကို အရမ်းဒေါသထွက်နေလျှင် မည်ကဲ့သို့တုံ့ပြန်ရမည်ဆိုသည်ကို ကောင်းစွာသင်ပြလမ်းညွှန်ပေးနိုင်မည် မဟုတ်ပါ။ကောင်းမွန်စွာနေထိုင်ရန်အားပေးပါ။ကလေး ဆိုးသွမ်းနေသောအချိန်မှသာ အာရုံစိုက်ခြင်းထက် ကလေးကို အခြားအချိန်များတွင်လည်းဂရုစိုက်ပါ။ သားက လိမ္မာလိုက်တာ၊သမီးက ကူညီတတ်လိုက်တာ စသည်ဖြင့်သူတို့ကောင်းမွန်သော အရာတစ်ခုပြုလုပ်တိုင်း နောက်တစ်ကြိမ်ပြုလုပ်ချင်လာအောင် အားပေးချီးကျူးပါ။ကလေး၏ ဆိုးသွမ်းမှုအတွက် ထိုက်သင့်သော အပြစ်ငယ်ပေးပါ။ကလေးများကို စကားနားမထောင်ဘဲဆိုးလျှင် ဘယ်လိုအကျိုးဆက်တွေရတတ်သည်ဆိုတာကို သင့်တင့်သော အပြစ်ငယ်လေးများပေး၍ သင်ပေးနိုင်သည်။ ဥပမာ- မောင်နှမအချင်းချင်းရိုက်လျှင် အိပ်ရာစောစောဝင်ခိုင်းခြင်း၊ ကာတွန်းကားပေး မကြည့်ခြင်း စသည်ဖြင့် အပြစ်ပေးနိုင်ပါသည်။ ကလေးကို ရိုက်နှက်ခြင်း၊ အခန်းထဲပိတ်လှောင်ထားခြင်းမျိုးကိုတော့ မပြုလုပ်ရပါ။ကလေးကို အားပေးပါ။သင့်ကလေးကို မိမိကိုယ်တိုင် လုပ်ပိုင်ခွင့်၊ အခွင့်အလမ်းများပေးခြင်းသည် သူတို့၏ ရပ်တည်မှုကို အသိအမှတ်ပြုရာ အားပေးရာ ရောက်သည်။ အခါအခွင့်သင့်တိုင်း သင့်ကလေးကို ရွေးချယ်ခွင့်ပေးပါ။ ဥပမာ သူတို့ဝတ်မည့်အဝတ်အစားကို ကိုယ်တိုင်ရွေးချယ်ခိုင်းခြင်း၊ လှေကားကိုကိုယ်တိုင်တက်ခိုင်းခြင်း။သူတို့အသက်အရွယ်နှင့်အခြေအနေကိုလေးစားပါ။သင်သည်သင့်ကလေးကို အိပ်ရာသိမ်းခိုင်းသောအခါ ကြမ်းတိုက်ခိုင်းသောအခါမျိုးတွင် သူတို့သေချာသိလား၊ မသိလား သေချာအောင် အရင်လုပ်ပါ။ လုပ်ငန်းဆောင်တာ အသစ်များသင်ပေးဖို့အတွက် အချိန်ယူပါ။ သူကိုယ်တိုင် သေချာစွာမလုပ်တတ်သေးခင် အချိန်အထိ သင်ပါအတူတကွလုပ်ပေးပါ။ တစ်ခါတစ်ရံတွင် ပြောစကားနားမထောင်ခြင်းသည် မိမိပေးသောတာဝန်ကို လိုက်လံလုပ်ဆောင်ရန် အလွန်ခက်နေသောကြောင့်ဖြစ်နိုင်သည်။ကြိုတင်စီစဉ်ပါ။လုပ်ဆောင်ချက်တစ်ခုမှတစ်ခုသို့ပြောင်းခြင်းသည် ခက်ခဲနိုင်သောကြောင့် အပြောင်းအလဲတစ်ခု လုပ်တော့မည်ဆိုလျှင်ကြိုတင်သတိပေးပါ။ ကလေးကို မြန်မြန်လုပ်ဖို့တတွတ်တွတ်ပြောနေမည့်အစား သင့်ကလေး အပြောင်းအလဲကို လက်သင့်ခံနိုင်ရန် ကြိုတင်ပြောကာအချိန်ပေးပါ။ကြောက်စရာကောင်းသော စိတ်လှုပ်ရှားဖွယ် ဂိမ်းအချို့ဆော့ပါ။ကလေး၏ခေါင်းမာခြင်းသည် ခန္ဓါကိုယ်မှ အက်ဒရီနယ်လင်း (adrenalin) လိုအပ်မှုကြောင့်ဟု သိပ္ပံနည်းကျဖော်ပြထားသည်များရှိပါသည်။ သို့ဖြစ်၍ ကလေးအား တူတူပုန်းတမ်းကဲ့သို့ လုံခြုံစိတ်ချရပြီး ကြောက်စိတ် ၊ စိတ်လှုပ်ရှားမှု ကိုဖြစ်ပေါ်စေသည့် ဂိမ်းများဆော့ပါ။ အချိန်နဲ့ ဆော့ရသောဂိမ်းများ၊ စည်းဝိုင်းထဲမှအပြင်ထွက်လျှင် ဖမ်းရသောဂိမ်းများဆော့ပါ။ ထိုကစားနည်းများဆော့ခြင်းအားဖြင့် အက်ဒရီနယ်လင်းထွက်စေသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%86%e1%80%ad/
ကိုဗစ် ကာကွယ်ဆေး မထိုးခင် ဘာတွေ စားသွားမလဲ ......
ကိုဗစ် ဖြစ်ပွားတာအချိန် အတော်ကြာလာပြီ ဖြစ်သလို ပညာရှင်တွေရဲ့ ကြိုးပမ်းမှုကြောင့်ကိုဗစ် ကာကွယ်ဆေးတွေလည်း အများအပြား ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာလည်း ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသူတွေ အတော်လေး များလာပါပြီ။ကိုဗစ် ကာကွယ်ဆေး ထိုးနှံမှုတွေကို လုပ်ဆောင်နေချိန်မှာ လူအများ စိုးရိမ်နေတဲ့ ကိစ္စက ကာကွယ်ဆေး ထိုးပြီးရင် ဖျားမှာလား …..ကိုဗစ် လက္ခဏာတွေခံစားရမှာလား…. နေရထိုင်ရ မအီမသာ ဖြစ်မှာလားဆိုတဲ့ ကိစ္စတွေပါ။ဒီကိစ္စတွေကို မခံစားရစေဖို့ လိုက်နာရမယ့် အချက်လေးတွေ ရှိသလို စားပေးရမယ့် အစားအစာလေးတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ကိုဗစ်ကာကွယ်ဆေး ထိုးပြီးချိန်မှာ မအီမသာဖြစ်တာတွေ ကင်းစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ကိုဗစ် ကာကွယ်ဆေးထိုးပြီးချိန်မှာ မအီမသာဖြစ်တာတွေ ကင်းစေဖို့ ကာကွယ်ဆေး မထိုးခင်မှာ ဘာတွေ စားရမလဲဆိုတာ ပြောပြပေးသွားပါမယ်။နနွင်းမှာပါတဲ့ curcumin က ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီးစိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင်ပါတယ်။ကာကွယ်ဆေးထိုးချိန်မှာ စိတ်ဖိစီးမှု ကင်းစေဖို့ကလည်း အရေးပါတဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ကာကွယ်ဆေး မထိုးခင်မှာ နနွင်းပါတဲ့ ဟင်းစားတာမျိုး လုပ်ပေးလို့ရသလိုနွားနို့ထဲ ထည့်သောက်ပေးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။ကြက်သွန်ဖြူက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အစားအစာ တစ်မျိုးပါ။အစာခြေစနစ်ကို ကျန်းမာစေပြီးကိုယ်ခံအား ကောင်းစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ဆေးထိုးပြီးချိန်မှာ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက နေ့စဉ်ဘဝမှာ ကျန်းမာနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေသလိုသတ္တုဓာတ်တွေနဲ့ phenolic compound တွေလည်း ပါဝင်နေပါတယ်။ဒါတင်မကသေးပါဘူး။ကယ်လ်ဆီယမ်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကာကွယ်ဆေး မထိုးခင်မှာ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းတို့ကို စားပေးပါ။လတ်ဆတ်တဲ့ သစ်သီးတွေကဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်နေသလို သတ္တုဓာတ်တွေနဲ့ အပင်ကနေ ရတဲ့ synthetic compounds တွေ ပါဝင်နေပါတယ်။ သစ်သီးတွေက ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာပါ။ဘလူးဘယ်ရီသီးမှာ Phyto flavonoids ပါဝင်နေသလို ပိုတက်ဆီယမ်နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပြီး ကာကွယ်ဆေးထိုးပြီးချိန်မှာ သွေးတိုးတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ကြက်စွပ်ပြုတ်။ကိုယ်ခံအားကို မြှင့်တင်ဖို့အတွက် ကြက်စွပ်ပြုတ် သောက်ပေးတာက ကောင်းတယ်ဆိုတာကို လူတိုင်း သိထားပြီး ဖြစ်မှာပါ။ အခုလည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ မအီမသာဖြစ်တာ ကင်းစေဖို့ဆိုရင် ကာကွယ်ဆေးဖိုးပြီး ပြန်လာချိန်မှာ ကြက်စွပ်ပြုတ် တစ်ခွက်လောက်တော့ သောက်ပေးပါ။ကာကွယ်ဆေး မထိုးခင်နဲ့ ထိုးပြီးချိန်မှာ ကျန်းမာစေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။ကဲ ….. ကိုဗစ် ကာကွယ်ဆေး မထိုးခင် မှာ ဒါလေးတွေ စားသွားပြီး ကာကွယ်ဆေး ထိုးပြီးချိန်မှာ မအီမသာဖြစ်စေမှု ကင်းဝေးအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/foods-should-eat-before-covid-vaccination/
သံစဉ်များရဲ့ အာနိသင်
ဂီတသံစဉ်ဆိုတာ လူ့စိတ်ကိုဖမ်းစားနိုင်တယ်။ သီချင်းမကြိုက်ဘူး၊ တစ်ခါမှလိုက်မဆိုခဲ့ဖူးဘူး ဆိုတဲ့သူတွေတောင် အမှတ်တရဟောင်းနဲ့ ဒါမှမဟုတ် လက်ရှိအဖြစ်နဲ့ တိုက်ဆိုင်မှုရှိခဲ့ရင် သီချင်းနဲ့မျောပါသွားမှာ ၈၀% သေချာပါတယ်။ လူတော်တော်များများက ဆူညံသံနဲ့ ဂီတသံကို ခွဲခြားသိနိုင်စွမ်းကို ပင်ကိုပိုင်ဆိုင်ထားပါတယ်(လော်အသံနဲ့မတရားနှိပ်စက်တဲ့သူတွေမပါ)။ ထားပါတော့။ ဆက်ပြောရရင် ဂီတသံက သိပ်မြန်နေရင် နားထောင်ရသူမှာ နှလုံးခုန်မြန်လာတယ်၊ အသက်ရှူမြန်လာတယ်၊သွေးခုန်နှုန်းမြင့်လာတယ်။ သီချင်းအေးအေးလေးတွေကျတော့ စိတ်တွေငြိမ်းချမ်းလာတယ်ပေါ့။သုတေသနတွေအရတော့ ကိုယ်နှစ်သက်တဲ့သီချင်းကိုနားထောင်နေရတဲ့အချိန်မှာ ဦးနှောက်ကdopamineဆိုတဲ့ဓါတ်တစ်မျိုးကိုထုတ်ပေးလို့ စိတ်ခံစားချက်ကို ကောင်းစေတာပါတဲ့။ သီချင်းသံတွေက ပျော်ရွှင်မှု၊ကြည်နူးမှု၊ ဝမ်းနည်းမှု၊ လွမ်းဆွေးမှု၊ ပေါက်ကွဲမှု စတဲ့ ခံစားချက်တွေအမျိုးမျိုးပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံတယ်ဟုတ်။ စိတ်ပိုင်းဆိုင်ရာကတော့ ဟုတ်ပါပြီ။ လူ့ကျန်းမာရေးမှာရော ဂီတသံစဉ်တွေက ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာ သိရင် သီချင်းချစ်သူတွေ အရမ်းပျော်မှာပဲနော်။သံစဉ်တွေက –။စိတ်ကိုပျော်ရွှင်စေတယ်။စိတ်ညစ်၊ ဒေါသထွက်၊ စိတ်ဖိစီးနေရင်တောင်မှ တချို့သီချင်းလေးတွေကြောင့် ကိုယ့်အပူတွေကို မေ့သွားစေတဲ့အထိ နစ်မျောသွားစေနိုင်ပါတယ်။ သီချင်းနားထောင်ရင်း စိတ်ခံစားချက်တွေကို ထိန်းသွားနိုင်တယ်၊ ပျော်ရွှင်မှုကိုဖန်တီးယူနိုင်လာတယ်၊ စိတ်ပေါ့ပါးစေတယ်။စိတ်ဖိစီးမှုကိုလျော့စေတယ်။သီချင်းအေးအေးလေးတွေနားထောင်ရင် ငြိမ့်ညောင်းတဲ့သံစဉ်လေးတွေကြောင့် စိတ်ဖိစီးနေတာတွေ၊ ပူပန်သောကတွေကို လျော့စေပြီး စိတ်တည်ငြိမ်စေပါတယ်။ ရောဂါဝေဒနာသည်တွေတောင် သီချင်းသံကြောင့် ကုသမှုမှာပိုထိရောက်တာ၊ နာကျင်မှုသက်သာစေတာတွေရှိပါတယ်။မှတ်ဉာဏ်ပိုကောင်းစေတယ်။တေးသွားသံစဉ်တွေနဲ့ စာသားတွေကို ထပ်ကာထပ်ကာကြားမိနေတဲ့အခါ ဦးနှောက်လုပ်ဆောင်ချက်တွေကိုအားပေးပြီး မှတ်ဉာဏ်ကိုနှိုးဆွသလိုဖြစ်စေပါတယ်။ လေဖြတ်ထားတဲ့လူနာတွေကို လေ့လာတဲ့ သုတေသနတစ်ခုမှာတော့ သီချင်းနားထောင်စေခြင်းကနေ သူတို့ရဲ့မှတ်ဉာဏ်၊ စဉ်းစားနိုင်စွမ်းနဲ့အာရုံစူးစိုက်နိုင်စွမ်းကိုတိုးတက်လာစေတာတွေ့ရပါတယ်။နာကျင်မှုကိုလျော့ပါးစေတယ်။ခွဲစိတ်လူနာတွေကို လေ့လာတဲ့အခါ မခွဲစိတ်ရသေးခင်၊ ခွဲစိတ်နေချိန် ဒါမှမဟုတ် ခွဲစိတ်ပြီး အချိန်တွေမှာ သီချင်းနားထောင်ရတဲ့လူနာတွေဟာ တခြားလူတွေထက် နာကျင်မှုခံစားရတာပိုလျော့နည်းပါတယ်။အားပေးနှစ်သိမ့်မှုရစေတယ်။ရောဂါကြီးတစ်ခုခုရှိနေသူ သို့မဟုတ် တသက်လုံးစောင့်ရှောက်မှုလိုအပ်နေမယ့် လူနာတွေရဲ့ ကြောက်စိတ်၊ အထီးကျန်စိတ်နဲ့ ဒေါသစိတ်တွေကို ကူညီကုသပေးဖို့၊ ချဉ်းကပ်ဆက်သွယ်ဖို့ ဂီတကို ကုထုံးအဖြစ် အသုံးပြုနေကြပြီဖြစ်ပါတယ်။ဉာဏ်ရည်ပိုင်းရောဂါတွေကို ကုသနိုင်တယ်။အယ်လ်ဇိုင်းမားေကြာင့် မှတ်ဉာဏ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသူတွေကို သီချင်းနားထောင်စေတာက ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေကို ပြန်ဖော်နိုင်ဖို့အပြင် စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကိုလည်း ရောဂါကြောင့် မပျောက်သွားအောင်ထိန်းပေးနိုင်ဖို့ အထောက်အကူပေးပါတယ်။စိတ်ပင်ပန်းေနချိန် သီချင်းလေးနဲ့ အဖော်လုပ်တာက အားပေးမယ့်မိတ်ဆွေတစ်ယောက်လို၊ ပျော်စရာကောင်းတဲ့သီချင်းလေးတွေနဲ့ ခွန်အားပေးတဲ့သီချင်းတွေနားထောင်ရင်း ရှေ့ဆက်မယ့်ခြေလှမ်းတွေအတွက် အားတွေရှိလာနိုင်တယ်။ ခံစားချက်တွေပေါက်ကွဲလို့ ကောင်းမယ့် သီချင်းအကြမ်းလေးတွေနဲ့လည်း အသားကုန်ဟစ်ပစ်လိုက်လို့ ရင်ထဲပေါ့သွားတာမျိုးလည်းရှိတယ်။ ချစ်ဖို့ကောင်းတဲ့ ဂီတသံစဉ်လေးတွေက သင်နဲ့မကွာ အမြဲရှိနေပေးမှာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9e%e1%80%b6%e1%80%85%e1%80%89%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%ac%e1%80%94%e1%80%ad%e1%80%9e%e1%80%84%e1%80%ba/
သင့်ကလေးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် သူတစ်ယောက် ဘယ်လိုရှာဖွေမလဲ
အိမ်ကိုမွေးကင်းစကလေးတစ်ယောက် ရောက်လာပြီဆိုတာနဲ့ သင်ဘာကိုအရင်ဆုံးတွေးမိမလဲ။ ကလေးအတွက်လိုအပ်တာတွေ မဝယ်ခင် နာမည်ပေးတာတွေမလုပ်ခင် အရေးကြီးဆုံးက ကလေးရဲ့ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပေးဖို့သူတစ်ယောက် ရဖို့ပါ။ ဒါမှသာသင့်ကလေးရဲ့အရေးကြီးဆုံး အချိန်ကာလမှာလုံခြုံမှုနဲ့ ကျန်းမာမှုရစေမှာဖြစ်ပါတယ်။ ဒါဟာအရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ကလေးနဲ့သင့်လျော်တဲ့ စောင့်ရှောက်မှုရစေဖို့အောက်ပါစာပိုဒ်လေးတွေကို သေချာဖတ်ရှုစေချင်ပါတယ်။ဝန်ဆောင်မှုပေးသူ (၃)မျိုးရှိပါတယ်။ဆရာဝန်တွေဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေအတွက် စောင့်ရှောက်မှုပေးရာမှာထူးချွန်ပြီးသားသူ တွေဖြစ်ပါတယ်။ သူတို့အဓိက လုပ်မယ့်အရာတွေက ကလေးအတွက် ရောဂါကာကွယ်ရေး ကိုယ်ခံအားတက်ရေး ကိုယ်နဲ့စိတ် ကျန်းမာကြံ့ခိုင်ရေးတို့ဖြစ်ပါတယ်။ နောက်တစ်ခုက ခုခေတ်မှာ ကလေးဆရာဝန်တွေဟာ ပြင်းထန်တဲ့ရောဂါတွေကိုလည်း ရှာဖွေကုသနိုင်နေပါပြီ။ အကယ်လို့သာ သူတို့က အရေးပေါ်စောင့်ရှောက်မှု နှလုံးဆိုင်ရာနဲ့ အရေးပေါ်ဆေးကုသမှုနဲ့ပတ်သက်တဲ့ဘွဲ့တွေရထားမယ်ဆိုရင်ပေါ့။သင့်ကလေးအတွက် ကလေးအထူးကု သမားတော်တစ်ယောက်ရှိထားမယ်ဆိုရင် ကလေးအသက် ၂နှစ်ပြည့်တဲ့အထိ တစ်ပတ်ကိုအကြိမ်များများလာပြီး စောင့်ရှောက်ပေးမှာပါ။၂နှစ်ပြည့်ရင်တော့ တစ်နှစ်တခေါက်လာပြီး နှစ်စဉ်စောင့်ကြည့်ပေးမှာပါ။ ဘယ်လိုပဲဖြစ်ပါစေ သမားတော်တွေဟာ သင့်ကလေးကျန်းမာရေး ပြဿနာပေါ်ပြီဆိုတာနဲ့ ပထမဆုံး ခေါ်ယူရမယ့်သူတွေ ဖြစ်ပါတယ်။ကလေးအထူးကုများဟာ သူတို့လိုင်စင်အတွက် ၇ နှစ်ခန့်လေ့လာထားသူ တွေဖြစ်ပါတယ်။ သူတို့တွေဟာလက်မှတ်အတွက်လည်း နှစ်စဉ်ကျန်းမာရေးအသိပညာပေးသင်တန်း (CME)တက်ရောက်ကြရသူတွေလည်း ဖြစ်ပါတယ်။မိသားစုဆရာဝန်များဟာ ကလေးကျန်းမာရေးပိုင်းအပါအဝင် အခြားသောလေ့လာမှုတွေမှာလည်း လေ့ကျင့်ပြီး လိုင်စင်ရထားသူတွေဖြစ်ပါတယ်။ ဒါကြောင့်ကလေးအထူးကုများနဲ့ကွာခြားတာက မိသားစုဆရာဝန်တွေဟာ သင့်မိသားစုတစ်ခုလုံးကို ကြီးငယ်မရွေးစောင့်ရှောက်မှုပေးနိုင်တယ်ဆိုတာပါပဲ။ သင်ကမိသားစုဆရာဝန် တစ်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင် သူ ဒါမှမဟုတ် သူမက သင့်ရဲ့မိသားစုဝင်လို ဖြစ်လာရုံတင်မဟုတ်ဘဲ မိသားစုဝင် တစ်ယောက်ချင်းစီရဲ့ ရောဂါရာဇဝင်သာမက မိသားစုရဲ့ နောက်ပါအချက်အလက်တွေကိုပါ ထိတွေ့သိရှိမှာ ဖြစ်ပါတယ်။ မိသားစုဆရာဝန်တစ်ဦးကို ရွေးချယ်ခြင်းက ဘုံကျန်းမာရေးအသုံးစရိတ်ကို လျော့ချပေးနိုင်ရုံတင်မဟုတ်ပဲ မိသားစုဝင်တစ်ဦးဦး ဆေးရုံတက်ရနိုင်ခြေတွေကိုပါ လျော့နည်းစေတဲ့အတွက် လက်ရှိမှာခေတ်စားနေပါတယ်။သူနာပြုများဟာ ကလေးအထူးကုသမားတော် အစုအဝေးထဲမှာအပါအဝင် သို့မဟုတ် မိသားစုဆရာဝန်အုပ်စုထဲမှ တစ်စိတ်တစ်ပိုင်းပါဝင်သူဖြစ်ပါတယ်။ သို့ပေမယ့် တစ်ချို့သူနာပြု တွေက တစ်ဦးချင်းအလုပ်လုပ်ကြပါတယ်။ ကလေးသူငယ်ကျန်းမာရေးစောင့်ရှောက်မှု အထူးသူနာပြု များက ဆရာဝန်ရဲ့လမ်းညွန်ချက်မလိုဘဲ သင့်ရဲ့ကလေးကို ရောဂါရှာဖွေစမ်းသပ်နိုင် ဆေးဝါးကုသမှုပေးနိုင် စေရန် အရည်အချင်းပြည့်အောင် လေ့ကျင့်ထားတဲ့ သူနာပြုတွေပဲဖြစ်ပါတယ်။ သို့ပေမယ့် သူနာပြုများဟာ ဆရာဝန်များနဲ့ ဆေးရုံတွေမှာအနီးကပ်ကြပ်မတ်မှုရှိနေတဲ့ အတွက် ထူးခြားတဲ့ရောဂါတစ်ခုခု စမ်းသပ်တွေ့ရှိရင် သမားတော်ကြီးတွေနဲ့ သေချာဆွေးနွေးနိုင်စွမ်းလည်းရှိပါတယ်။ ဒီလို ကျန်းမာရေးနဲ့ ကလေးအတွက် လိုအပ်တဲ့စောင့်ရှောက်မှု တွေကို အချိန်သေချာပေးပြီး မေးမြန်းဆွေးနွေးနိုင်တဲ့အတွက် မိဘအများစုက ဆရာဝန်အစား သူနာပြု တွေကိုပဲ ကလေးအတွက်ရွေးချယ်လေ့ရှိကြပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%b1/
လက်ဖဝါး ဘာလို့ယားတာလဲ
လက်ဖဝါးယားရတာက ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။လက်မှာ ယားစပ်စပ်နဲ့ ဖြစ်လာရာကနေ အရေပြားအရောင်ပြောင်းလာတတ်ပါတယ်။ အရေပြားက ခြောက်သွေ့လာနိုင်ပါတယ်။ အဖုလေးတွေပေါက်ပြီးရင် အရေပြားက ပိုဆိုးလာနိုင်ပါတယ်။ ဒါပေမယ့် ရက်ပိုင်း သို့မဟုတ် တစ်ပတ် နှစ်ပတ် လောက်ပဲဖြစ်နိုင်ပါတယ်။ လနဲ့ချီပြီး ခံစားနေရမှာမဟုတ်ပါဘူး။ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းရင်းက ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုများခြင်းလည်း ပါဝင်ပါတယ်။ သန့်ရှင်းရေး၊ ဆံသ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်ပြင် စတဲ့အလုပ်တွေက ဓာတုပစ္စည်းတွေနဲ့ လက်ဖဝါးထိတွေ့ရတာများတဲ့ အလုပ်အကိုင်တွေဖြစ်ပါတယ်။အလှလက်စွပ်နဲ့ တခြားလက်ဝတ်လက်စားတွေလိုမျိုးဆီက သံသတ္တုနဲ့ ဓာတ်မတည့်ခြင်း၊ ရေမွှေး၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ဖုန်မှုန့်စတဲ့ အရာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တာများပါတယ်။လူတစ်ယောက်မှာ ဆီးချိုရောဂါရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်လွန်းနေတဲ့အခါ အရေပြားခြောက်သွေ့ပြီး ယားယံလာနိုင်ပါတယ်။ အဲဒီလိုယားယံတဲ့အခါ လက်ဖဝါး သို့မဟုတ် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ အရေပြားနီမြန်းလာတာ၊ အဖုလေးတွေ ဖြစ်လာတာတွေ ဖြစ်တတ်ပါတယ်။Primary biliary cirrhosis (PBC) လို့ခေါ်တဲ့ အသည်းခြောက်ရောဂါဟာ လက်ဖဝါးမှာ ယားယံပြီး အကွက်လေးတွေ ဖြစ်လာစေနိုင်ပါတယ်။ PBCကြောင့် အသည်းနဲ့ အူလမ်းကြောင်းကို ဆက်သွယ်ပေးတဲ့ သည်းခြေပြွန်ကို ထိခိုက်စေနိုင်ပါတယ်။ အသည်းနဲ့ အူလမ်းကြောင်းကြားမှာ ရွေ့လျားနေတဲ့ သည်းခြေရည်တွေက အသည်းမှာစုနေပြီး အသည်းရွတ်ဖြစ်စေနိုင်ပါတယ်။ လက်ဖဝါးအကွက်တွေဖြစ်တာ၊ မအီမသာဖြစ်တာ၊ အရိုးနာကျင်တာ၊ ဝမ်းပျက်တာ၊ ဆီးအရောင်ရင့်တာတွေ ရှိနိင်ပါတယ်။လက်ဖဝါး ယားတယ် ဆိုတိုင်း ရောဂါလက္ခဏာဖြစ်နေတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေကျ ဘာရယ်မဟုတ် ခဏလောက် လက်ဖဝါး ယားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ ဆောင်းရာသီမို့ အသားခြောက်တာမျိုး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/why-palms-are-itching/
Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ!
ခုတလော Tik Tok မှာရော အသားအရေ ထိန်းသိမ်းမှု ဆိုင်ရာ ဗီဒီယိုတွေနဲ့ အသားအရေ ထိန်းသိမ်းမှု လုပ်ဆောင်နေကြသူတွေကြားမှာ တစတစ နာမည်ကြီးလာနေတာက  niacinamide serum ပါ။  Niacinamide ကို serum အနေနဲ့ တွေ့ရနိုင်သလိုမျက်နှာသစ်ဆေး၊ အစိုဓာတ်ထိန်း ခရင်မ်တွေအနေနဲ့လည်း တွေ့ရနိုင်ပါတယ်။  ဒီလိုမျိုး ရေပန်းစားလာတဲ့ Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ! ဆိုတာကို ဆောင်းပါးလေးထဲကနေ ပြောပြပေးချင်ပါတယ်။Niacinamide ဆိုတာက ဗီတာမင် B3 တစ်မျိုးပါ။ ဗီတာမင် B အုပ်စုဝင် ၈ မျိုးထဲက ၁ မျိုးပါ။ ကျန်းမာရေးအတွက် အမျိုးစုံ အထောက်အကူ ပြုပေးနေတဲ့ ဗီတာမင် B တစ်မျိုးဖြစ်ပါတယ်။Niacinamide က အသားအရေကို အမျိုးမျိုးသော အကျိုးကျေးဇူးတွေ ပေးနိုင်တဲ့ အရာတစ်မျိုးပါ။  Niacinamide က အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ ပရိုတင်း တစ်မျိုး ဖြစ်တဲ့keratinကို ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ Niacinamide က အသားအရေကို ကျန်းမာစေပြီး အသားအရေ ချောမွေ့ ဝင်းလက်စေဖို့ ထောက်ကူပေးပါတယ်။Niacinamide ကို retinolလို active ingredientsတွေနဲ့ တွဲဖက်ပြီးဝက်ခြံတွေသက်သာစေဖို့ အသုံးပြုပေးလို့ ရသလို အသားအရေကို ဝင်းပစေဖို့လည်း ထောက်ကူပေးပါတယ်။ကဲ ……. ကောင်းကျိုးလေးတွေကို အရင်ကြည့်လိုက်ရအောင်နော်။Niacinamideက အရေပြားအပေါ်ယံမှာရှိတဲ့ အရေပြားကို ကာကွယ်ပေးတဲ့ အဆီပြင်လွှာရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အသားအရေ ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။Niacinamide က အရောင်ကျစေနိုင်သလို ဝက်ခြံကြောင့် အရေပြား နီမြန်းရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။Niacinamide က ကော်လာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့်ချွေးပေါက်တွေကို ကျဉ်းစေဖို့ ထိန်းညှိပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်ချောမွေ့စေဖို့ ထောက်ကူပေးပါတယ်။ အဆီဂလင်းတွေရဲ့ အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီးချွေးပေါက်ပိတ်ဆို့တာတွေကို နည်းစေပါတယ်။ ဒါကပဲ ဝက်ခြံနဲ့ အမည်းစက်တွေ ပိုဆိုးမလာအောင် ထိန်းပေးနိုင်ပါတယ်။Niacinamid က အသားအရေကို ကြည်လင်ဝင်းပစေတဲ့ အာနိသင်ရှိပါတယ်။ အမည်းစက်တွေကို သက်သာစေပါတယ်။ လေ့လာချက်တွေအရ 5% concentrationရှိတဲ့ Niacinamid serumက အမည်းစက်တွေကို သက်သာစေပါတယ်။ Retinolနဲ့ ပေါင်းသုံးမယ်ဆိုရင် အရေးကြောင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။Niacinamid ကဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ဗီတာမင် တစ်မျိုး ဖြစ်တာကြောင့် အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေ၊ နေရောင်နဲ့ စိတ်ဖိစီးမှုတွေကြောင့် အသားအရေ ထိခိုက်တာတွေကို သက်သာစေဖို့ ကူညီပေးပါတယ်။ အရေပြား ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။Niacinamide ကိုမျက်နှာသန့်စင်ပြီးချိန်မှာ တစ်နေ့ကို တစ်ကြိမ် ကနေ ၂ ကြိမ်အထိ ပုံမှန်လေး အသုံးပြုပေးလို့ ရပါတယ်။Niacinamideက တော်တော်များများနဲ့ တည့်ပါတယ်။ ရှားရှားပါးပါး ဘေးထွက်ဆိုးကျိုးအနေနဲ့။ဒါကြောင့် မသုံးခင်မှာ Skin testလုပ်ဖို့ လိုပါတယ်။# အသားအရေ ထိန်းသိမ်းပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-of-niacinamide/
ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့
ဆောင်းရာသီမှာ အသားပပ်တာက ငယ်ငယ်ကတည်းက ရင်းနှီးပြီးသား အသားအရေ အခြေအနေလေး တစ်ခုပေါ့။ ဆောင်းရာသီမှာ ရာသီဥတုက အေးမြခြောက်သွေ့တာ၊ လေထုက အေးမြခြောက်သွေ့တာတွေက အသားအရေမှာ ရှိနေတဲ့ ရေဓာတ်ကို ခမ်းခြောက်စေပြီး အသားပပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုလို ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ လုပ်ဆောင်လို့ ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဆောင်းရာသီမှာ အသားပပ်တာက ဆောင်းရာသီမှာ အဖြစ်များတဲ့ အရေပြားအခြေအနေပါ။ ကလေးကစလို့ လူကြီးအထိ အကုန်လုံးမှာ ဖြစ်နိုင်ပါတယ်။ ဆောင်းရာသီမှာ အသားပပ်တာက ရာသီဥတုက အေးမြခြောက်သွေ့ သလို ခြောက်သွေ့အေးမြတဲ့ လေထုနဲ့ တိုက်ရိုက်ထိတွေ့ရတာကြောင့်လည်းအသားအပေါ်ယံလွှာက ရေဓာတ်နဲ့ အဆီဓာတ်တွေ ဆုံးရှုံးသွားတာကြောင့်ပါ။ ဒါကြောင့် အသားအရေခြောက်သွေ့ အဖက်လန်ပြီး အသားပပ်ရတာပါ။ဆောင်းရာသီရဲ့ အအေးဒဏ်ကြောင့် အသားပပ်ပြီဆိုရင်တော့ –။ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။အရေပြားမှာ ဆဲလ်သေတွေ ရှိနေတာက အသားအရေကို အစိုဓာတ်ထိန်းဖို့ ခက်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်လည်း အရေပြားက သူ့အလိုလို ဆဲလ်သေတွေကို ဖယ်ရှားနိုင်ပေမယ့် ကိုယ်က scrubလေး ပုံမှန်တိုက်ပေးရင်တော့ ‌အစိုဓာတ်ထိန်းကရင်မ် လိမ်းတဲ့အခါ ပိုပြီး စုပ်ယူမှု ကောင်းပါတယ်။ရေကို အချိန်ကြာမြင့်စွာ ချိုးတာက အပေါ်ယံ အရေပြားက အဆီဓာတ်တွေ ခမ်းစေပြီး အသားခြောက်တာ၊ အသားပပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ရေနွေးနဲ့ပဲဖြစ်ဖြစ်၊ ရေအေးနဲ့ပဲဖြစ်ဖြစ် အကြာကြီး မချိုးပါနဲ့။ ၅-၁၀မိနစ်လောက်နဲ့ မြန်မြန်ချိုးပါ။အနံ့ပြင်းလွန်း၊ ဓာတုပစ္စည်းတွေ ပါဝင်မှုများတဲ့ ဆပ်ပြာ အပြင်းစားတွေကို အသုံးပြုတာကအသားအရေကို ခြောက်သွေ့ ထိခိုက်လွယ်စေပြီး ဆောင်းရာသီမှာ အသားပပ်တာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒီလိုဆပ်ပြာတွေက အရေပြားပေါ်မှာရှိတဲ့ ချေးတွေအပြင် အဆီတွေကို စုပ်ယူသန့်ရှင်းလိုက်လို့ပါ။လေထုထဲမှာ အစိုဓာတ် ရှိတာက အသားအရေ ခြောက်သွေ့မှု ကင်းစေပြီး အသားပပ်တာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ နေအိမ်ခန်းထဲမှာ အစိုဓာတ် ထိန်းစက်လေး ဖွင့်ထားပေးပါ။ဆောင်းရာသီမှာ တိုက်ခတ်တဲ့ ခြောက်သွေ့သွေ့ လေတွေက အသားပပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားပပ်တာကို သက်သာစေဖို့ လေတိုးခံတာမျိုး မလုပ်ပါနဲ့။ ဆောင်းတွင်းမှာ အဲကွန်းခန်းထဲ အကြာကြီး မနေပါနဲ့။ဆောင်းရာသီမှာ မျက်နှာအပါအဝင် ခန္ဓာကိုယ်အရေပြားတွေကိုပါအစိုဓာတ်ထိန်းခရင်မ်တွေလိမ်းပေးပါ။ ဒီလို လိမ်းပေးတာက အသားအရေ ခြောက်သွေ့မှု ကင်းစေပြီး အသားပပ်တာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သလို အသားပပ်တာကိုလည်း သက်သာစေမှာပါ။ရေချိုးပြီးစအချိန်တွေဆို ရေသုတ်ပြီးတာနဲ့ ချက်ချင်း လိမ်းပေးပါ။ တစ်နေ့တာလုံးမှာ အသားခြောက်တိုင်း ခဏခဏ လိမ်းဖို့ လိုပါတယ်။ဆောင်းရာသီက ရေသောက်နည်းတတ်ကြတဲ့ ရာသီပါ။ ဒီရာသီမှာရေသောက်နည်းတာက အသားခြောက်စေပြီး အသားပပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့ ရေကိုတတ်နိုင်သမျှများများလေး သောက်ပေးပါ။သနပ်ခါးက အသားအရေအတွက် သဘာဝ ဆေးတစ်မျိုးပဲ ဆိုပေမယ့် ဆောင်းရာသီမှာ အရေပြားပေါ်မှာ သနပ်ခါးတွေကို ထူပိန်းနေအောင် လိမ်းပေးတာက အရေပြားခြောက်သွေ့ပြီး အသားပပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဆောင်းရာသီမှာ သနပ်ခါးတွေ ထူပိန်းနေအောင် မလိမ်းပါနဲ့။ သနပ်ခါးထက်စာရင် အစိုဓာတ်ထိန်းကရင်မ်ကို လိမ်းပေးပါ။အမွှေးနံ့ ပြင်းတဲ့ အရေပြား သန့်စင်ရေးသုံး ပစ္စည်းတွေက အသားအရေကို ခြောက်သွေ့တာ အသားပပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အရေပြားပေါ်မှာ အနံ့ပြင်းတာမျိုးတွေ သုံးတာကို ရှောင်ပါ။ကဲ …. ဆောင်းရာသီမှာ အသားပပ်တာ သက်သာစေဖို့အတွက် အခုပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာဖို့  မမေ့နဲ့နော်။# ဝက်ခြံပြဿနာ ဒီလို ဖြေရှင်းပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-prevent-and-treat-winter-rash/
ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး
နွေရာသီလိုမျိုး ပူပြင်းတဲ့ရာသီမှာ ရေကို ခဏခဏ သောက်မိနိုင်ပေမယ့်ဆောင်းရာသီလိုမျိုး အေးတဲ့ကာလမျိုးမှာ တော့ နွေရာသီလောက် ရေသောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တကယ်ကတော့ ဆောင်းရာသီမှာလည်းနွေရာသီလိုပဲ ရေများများ သောက်မိဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ! ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဆောင်းရာသီမှာ နွေလောက် မပူဘူးဆိုပေမယ့် ပတ်ဝန်းကျင်က အေးမြခြောက်သွေ့ပြီး လေထုထဲမှာလည်းစိုထိုင်းဆတွေနည်းနေနိုင်ပါတယ်။ ဒီလိုအခြေအနေကပဲချွေးစေးပြန်ပြီး ချွေးခြောက်ဖို့ ခက်တာကြောင့် ကိုယ်တွင်းမှာ အပူတွေ များနေတတ်ပါတယ်။ဒါ့ပြင် ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရင်း ချွေးထွက်နိုင်သလို အေးမြတဲ့ ရာသီဥတု အခြေအနေကြောင့် ဆီးခဏခဏ သွားရတာကလည်း ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေမှာပါ။ ဒါကြောင့် ရေလုံလောက်အောင် မသောက်မိရင် ကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။ရေဓာတ်ပြည့်ဝမှုက ရာသီတိုင်းအတွက် အရေးပါတာကြောင့် ဆောင်းရာသီမှာလည်း ရေများများ သောက်ဖို့ လိုအပ်ပါမယ်။ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ –။ကိုယ်ခံအား ကောင်းစေမယ်။ဆောင်းရာသီက လေထုထဲမှာ  ပိုးမွှားတွေ များနေတဲ့အချိန်ပါတယ်။ ဒီလိုမျိုး မတော်တဆ ဖျားနာမှုတွေ၊ ရောဂါပိုးဝင် ကူးစက်မှုတွေကို ကာကွယ်ဖို့ဆိုရင်ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေခြင်းက ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ဒါကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းချင်တယ်ဆိုရင်တော့ ရေကို လုံလောက်အောင် သောက်မိဖို့ လိုပါမယ်။အသားအရေ ခြောက်သွေ့မှု ကင်းစေမယ်။ဆောင်းရာသီမှာ အေးမြခြောက်သွေ့တဲ့ လေထုကြောင့်ရော ရေသောက်နည်းတာကြောင့်ပါ အသားအရေ ခြောက်သွေ့တာ၊ အသားအရေ ကြမ်းတမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အရေပြား ပြဿနာ ကင်းပြီးကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။ချွေးထွက်များတာကြောင့် ရေဓာတ်ဆုံးရှုံးတာကို သက်သာစေမယ်။ဆောင်းရာသီမှာလေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်ဖြစ်၊ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ကြတာကြောင့်ဖြစ်ဖြစ်ချွေးထွက်ပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ ရေအပြင် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကို ပြည့်ဝစေဖို့ဆိုရင်ဓာတ်ဆားဖြည့်ဖျော်ရည်ကို သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။ဆံသားတွေ ကျန်းမာသန်စွမ်းစေမယ်။ဆောင်းရာသီမှာ ဆံသားခြောက်တာ၊ ဗောက်ထတာ၊ဆံပင်ကျွတ်တာတွေ ကင်းဝေးချင်တယ် ဆိုရင်တော့ ရေများများ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝတာက ဦးရေပြား ကျန်းမာစေပြီး ဆံသားတွေကိုလည်း ကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။ကိုယ်လက်ကိုက်ခဲမှု ကင်းစေတယ်။ရေများများ သောက်တာက ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီးကြွက်သားတွေအရိုးအဆစ်တွေဆီကို သွေးရောက်ရှိစေပါတယ်။ ဒီလိုမျိုး သွေးစီးဆင်းလည်ပတ်မှု ကောင်းတာက ကိုက်ခဲတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။လန်းဆန်းစေတယ်။ရေက ခန္ဓာကိုယ်တွင်းမှာ လန်းဆန်းပြီး အင်အားပြည့်ဝစေဖို့ လုပ်ဆောင်ပေးပါတယ်။ရေသောက်ပေးတာ အပြင် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးလို့လည်း ရပါတယ်။ဒါကြောင့်ဆောင်းရာသီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် နေ့ရက်တိုင်းမှာ ရေဓာတ် ပြည့်ဝအောင် သောက်ပေးဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/benefits-of-drinking-water-during-winter/
Diphtheria (ဆုံဆို့နာရောဂါ)
ဆုံဆို့နာရောဂါဆိုတာ သင့်ရဲ့နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ အချွဲအမြှေးပါးတွေမှာ ဘက်တီးရီးယားပိုးဝင်ပြီး ဆိုးဝါးတဲ့ ထိခိုက်မှုဖြစ်စေခြင်းကိုခေါ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ အထူးသဖြင့် နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ တစ်ရှူး အသားမျှင်တွေကို ဖျက်ဆီးစေတဲ့ အဆိပ်ကိုထုတ် ပေးပြီး ရောဂါခံစားရစေပါတယ်။ဆုံဆို့နာရောဂါ ကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ဆုံဆို့နာရောဂါဟာ US နဲ့ ဥရောပနိုင်ငံကြီးတွေမှာ ဖြစ်တာအလွန်ရှားပါးနေပါပြီ။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ကာကွယ်ဆေးထိုးနိုင်မှု နည်းနေ သေးတဲ့အတွက် ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆုံဆို့နာရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဆုံဆို့နာရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးဟာ ခန္ဓါကိုယ်ထဲက။ဘယ်အသားအမျှင်ကိုမဆို တိုက်ခိုက်နိုင်ပါတယ်။ လည်ချောင်းနဲ့ ပါးစပ်မှာတော့ ရောဂါလက္ခဏာတွေကို သိသိသာသာ အခံစားရဆုံးပဲ ဖြစ်ပါတယ်။ဆုံဆို့နာရောဂါရဲ့ အဖြစ်များဆုံး ရောဂါလက္ခဏာတွေကတော့။• သင့်လည်ချောင်းဟာ မီးခိုးရောင် အမြှေးပါးထူထူနဲ့ အုပ်ခြင်းခံရခြင်း၊။• လည်ချောင်းနာပြီး အသံဝင်ခြင်း၊။• လည်ပင်းမှ ဂလင်းများ ရောင်ရမ်း၍ ဖောင်းလာခြင်း၊။• အသက်ရှုရာ၊ အစာမြိုချရမှာ ခက်ခဲလာခြင်း၊ ကိုယ်လက်မ။• အီမသာဖြစ်ခြင်း၊။• နှာရည်ယိုခြင်း၊ နှာစေးခြင်း၊။• ချမ်းတုန်၍ဖျားခြင်း၊ အသားအရေ ပြာနှမ်းနှမ်းဖြစ်လာခြင်း၊။• ကျယ်လောင်၍ အားပြင်းစွာချောင်းဆိုးခြင်း၊။• သက်တောင့် သက်သာ မရှိပဲ နေထိုင် မကောင်းဖြစ်ခြင်း၊။• အမြင်အာရုံပြောင်းလဲမှုများဖြစ်ခြင်း၊။• စကားပြော ပီသမှုမရှိခြင်း၊။• သွေးလန့်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အရေပြားအရောင်ဖျော့၍ အေးစက်လာခြင်း၊ ချွေးထွက်ခြင်းနှင့်။• နှလုံးခုန်မြန်လာခြင်းစတာတွေပဲဖြစ်ပါတယ်။သင်(သို့) သင့်ကလေးဟာ ဆုံဆို့နာရောဂါ ရှိတဲ့သူတစ်ယောက်နဲ့ ထိတွေ့မိတဲ့အခါ၊ အနားမှာနေမိတဲ့အခါ သင့်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကယ်၍ သင်(သို့)သင့်ကလေးဟာ ဆုံဆို့နာရောဂါ ကာကွယ်ဆေး မထိုးရသေးဘူးဆိုရင် တက်နိုင်သမျှ အစောဆုံး သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးထားသင့်ပါတယ်။၎င်းရောဂါဟာ Corynebacterium လိုခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ပြီး လေမှတဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါအပြင်ရောဂါပိုးရှိသူရဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ပိုးရှိနေတဲ့ အိမ်သုံးပစ္စည်းတွေက တစ်ဆင့်လည်း ကူးစက် နိုင်ပါတယ်။ရောဂါပိုးရှိသူရဲ့ နှာချေခြင်း၊ ချောင်းဆိုးခြင်းက တစ်ဆင့်လေထဲမှာ ပိုးတွေရောက်သွားပြီး ဒီလေကိုသင်ရှု ရှိုက်မိတဲ့အခါ ဆုံဆို့နာရောဂါဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လူထူထပ်တဲ့နေရာတွေကို သွားတဲ့အခါ ဒီရောဂါကူးစက် ဖို့ လွယ်ကူပါတယ်။ဆုံဆို့နာရောဂါဖြစ်စေတဲ့အကြောင်းအရင်းကတော့ ရောဂါပိုး ရှိသူရဲ့ အသုံးအဆောင်တွေကို သင်ကိုင်တွယ်မိတာပဲ ဖြစ်ပါတယ်။ သင်ဟာဒီလူရဲ့ သုံးပြီးသား တစ်ရှူးကို ကိုင်တွယ်မိခြင်း၊ သောက်ပြီးသား ဖန်ခွက်ကို မဆေးပဲ သောက်မိခြင်း( သို့) သူရဲ့ပိုးရှိနေတဲ့ အခြားပစ္စည်းတစ်ခုခုကို သေချာကိုင်တွယ်မိခြင်း စတာတွေကြောင့်လည်း ဆုံဆို့နာရောဂါဖြစ်နိုင်ပါတယ်။အရမ်းရှားပါးတဲ့ အခြေအနေတစ်ခု ဖြစ်တဲ့ တဘက်( သို့) အရုပ်လိုမျိုး အိမ်သုံးပစ္စည်း ကစားစရာတွေမှာလည်း ဆုံဆို့နာပိုးက ပြန့်နေတတ်ပါတယ်။ဆုံဆို့နာ ပိုးဝင်နေတဲ့အနာကို ကိုင်တွယ်မိရင်လည်း ဒီဘက်တီးရီးယားပိုးက သင့်ဆီကူးလာနိုင်ပါတယ်။ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ဥပမာအားဖြင့်။• သင်နေထိုင်သောနေရာဒေသ။• ကာကွယ်ဆေးအချိန်မှန် ထိုးမှုမရှိခြင်း။• ကာကွယ်ဆေး ထိုးနှံပေးနိုင်ခြင်းမရှိသော နိုင်ငံသို့ခရီးသွားခြင်း။• AIDS ကဲ့သို့ ခုခံအားကျရောဂါရှိခြင်း။• သန့်ရှင်းမှုမရှိ၍ လူနေထူထပ်သောနေရာ များတွင်နေထိုင်ခြင်း။စတာတွေဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါ ဟုတ်၊ မဟုတ် အဖြေရှာရန်အတွက် ဆရာဝန်ကသင့်ရဲ့လည်ပင်းကဖောင်းနေတဲ့ ပြန်ရည်ကြော အလုံးအကျိတ်တွေကို စမ်းသပ်ပါလိမ့်မယ်။တကယ်လို့ သင့်လည်ချောင်းနဲ့ အာသီးမှာ မီးခိုးရောင် အလွှာထူထူ အုပ်ထားတာတွေ့ပြီဆိုရင်တော့ ဆုံဆို့နာ ရောဂါဖြစ်နေပြီလို့ ဆရာဝန်ကယူဆပါလိမ့်မယ်။သင့်ရဲ့ရောဂါနောက်ကြောင်း ရာဇဝင်နဲ့ ခံစားရတဲ့ လက္ခဏာတွေကိုလည်း မေးပါလိမ့်မယ်။သို့သော်ဆုံဆို့နာရောဂါ မှန်းသိရန်အသေချာဆုံး နည်းလမ်းကတော့အသားစယူ၍ အတည်ပြုခြင်းပဲ ဖြစ်ပါတယ်။ အသားစ ယူတယ်ဆိုတာ ရောဂါဖြစ်နေတဲ့ အသားမျှင် နမူနာကိုယူပြီး ဓါတ်ခွဲခန်းပို့၍ စစ်ဆေးခြင်းအားဖြင့် သင့်မှာ ဆုံဆို့နာ ရောဂါပိုးရှိ၊ မရှိ သိစေရန်ဖြစ်ပါတယ်။သင့်ဆရာဝန်ဟာ သင့်ရောဂါကိုအမြန်ဆုံး ကုသမှုခံယူ စေချင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဆုံဆို့နာရောဂါဆိုတာ အမှန်တော့ ဆိုးဝါးတဲ့ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ပထမဆုံးသင့်ကို ဆရာဝန်က အဆိပ်ဖြေဆေး ထိုးပေးပါလိမ့်မယ်။ ဒါဟာ ဘက်တီးရီးယားပိုးက ထုတ်တဲ့အဆိပ်တွေကို တိုက်နိုင်အောင်ထိုးပေးခြင်း ဖြစ်ပါတယ်။တကယ်လို့သင်ဟာအဆိပ်ဖြေဆေးနဲ့မတည့်ဘူးဆိုရင်ဆရာဝန်ကိုပြောပြဖို့လိုပါတယ်။ ဒါမှဆရာဝန်က သင့်ဆေးကို ပြန်ညှိပေးနိုင်မှာဖြစ်ပါတယ်။ဓါတ်မတည့်တဲ့ လူနာတွေကို ဆရာဝန်တွေက များသောအားဖြင့် အဆိပ်ဖြေဆေး အနည်းငယ်သာ စထိုးပေးလေ့ရှိပြီး တဖြည်း။ဖြည်းဆေးပမာဏကို မြှင့်ပေးလေ့ရှိပါတယ်။အဲဒီ နောက်မှာသင့်ဆရာဝန်က Erythromycin နဲ့ Penicillin လို ပိုးသတ်ဆေးတွေကိုလည်း သောက်ပေးဖို့ ညွှန်ကြားမှာဖြစ်ပါ။တယ်။ ဒါမှ ပိုးကိုသေချာရှင်းပစ် လို့ရမှာပါ။ ဒီလိုညွှန်ကြားပြီးတဲ့နောက် သင်နေပြန်ကောင်းလာတဲ့ အခါ ဆုံဆို့နာပိုးကို တိုက်ဖို့ကိုယ်ခံအား တက်လာအောင် ကာကွယ်ဆေးကို ထပ်ထိုးပေးဖို့ ပြောလာပါလိမ့်မယ်။သင့်ဆရာဝန်က သင့်ကိုဆေးပေးပြီး ဖြစ်လာမယ့် လက္ခဏာတွေကို စောင့်ကြည့်ဖို့နဲ့ အပြင်ကိုရောဂါပိုးတွေ မကူးစက်စေဖို့ ဆေးရုံတက်ခိုင်းခြင်းဟာ ပုံမှန် ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဆုံဆို့နာရောဂါပိုးရှိသူနဲ့ ထိတွေ့မိတယ်လို့ယူဆတဲ့အခါ ဆရာဝန်ဆီသွားရောက် စစ်ဆေးပြီးကုသမှု ခံယူရမှာမလွဲဧကန်ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/diphtheria-%e1%80%86%e1%80%af%e1%80%b6%e1%80%86%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။
ခုတလော အနံ့ မရတော့ဘူးဆိုရင်ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ကိုယ်ပူတယ်၊ခေါင်းကိုက်လိုက်တာ၊ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့……အနံ့ ရသေးရဲ့လားဆိုတာဟုတ်။အင်း….. အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။ကဲ… အခုတစ်ခေါက်တော့အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။အနံ့ရှူကြည့် မရရင် အနံ့ပျောက်နေတာလို့ မဖြေနဲ့ဦးနော်။ အပေါ်က အချက်တွေ ခံစားနေရရင်လည်း အနံ့ပျောက်နိုင်ပါတယ်။အနံ့ရလားဆိုတာကို စမ်းသပ်ရမယ့် နည်းလမ်းလေးနာမည်ကတော့  ‘Jellybean test’ ပါ။အရင်ဆုံး jellybean လေးကို လက်တစ်ဖက်ထဲ ထည့်လိုက်ပါ။ ပြီးရင် နောက်လက်တစ်ဖက်နဲ့နှာခေါင်းကို ခပ်တင်းတင်းလေး ပိတ်ပါ။ လေဝင်မလာအောင်ပေါ့။ ပြီးရင် ဂျယ်လီစေ့လေးတွေကို ပါးစပ်ထဲထည့်လို့ စဝါးပါ။ နှာခေါင်း မဖွင့်နဲ့ဦးနော်။စားရင် လျှာနဲ့ အရင် အရသာခံကြည့်ပါ။ ဂျယ်လီက ချိုတာကို သိတယ်ဆိုရင် သင်ရဲ့အရသာခံ အာရုံမထိခိုက်သေးပါဘူး။ ဒီလို ဝါးနေရင်း ရုတ်တရက် နှာခေါင်းကို ညှစ်ထားတာကို လွှတ်လိုက်ပါ။ဒီအချိန်မှာ စားနေတဲ့ ဂျယ်လီစေ့လေးရဲ့ အနံ့ကို ခံစားပြီး စတော်ဘယ်ရီ အရသာပဲ။ စပျစ်အရသာပဲ။ သံပုရာ အရသာပဲ။ လိမ္မော် အရသာပဲဆိုပြီး ပြောနိုင်သေးတယ်ဆိုရင် သင် အနံ့ မပျောက်သေးပါဘူး။တကယ်လို့ အိမ်မှာ ဂျယ်လီစေ့လေးတွေ အလွယ်တကူ မရှိခဲ့ရင်လည်း အခြား အရာတစ်ခုခုကို သုံးလို့ရပါတယ်။ အနံ့ပါတာမျိုးလေးတော့ ဖြစ်ဖို့ လိုတာပေါ့။ လိမ္မော်သီးခွံ၊ ရှောက်သီးခွံ၊ ရှောက်ရွက်၊ ကော်ဖီမှုန့် စတာတွေကို အသုံးပြုပေးလို့ ရပါတယ်။တကယ်လို့ ဒီလို စမ်းသပ်တဲ့အခါ အနံ့မရဘူး ဖြစ်နေမယ်ဆိုရင်တော့ ကိုဗစ်ရဲ့ အခြားလက္ခဏာတွေဖြစ်ကြတဲ့ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ ချောင်းဆိုးတာလိုမျိုး အခြား လက္ခဏာတွေ ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ဒီလက္ခဏာတွေ ရှိနေမယ်ဆိုရင်တော့ နေအိမ်မှာပဲ နေပါ။ မဖြစ်မနေသွားစရာရှိမယ်ဆိုရင် မတ်ခ်တပ်ပါ။ ကိုဗစ် စစ်ဆေးဖို့အတွက်Swab(နှာခေါင်းနဲ့အာခေါင်တို့ဖတ်) ရယူဖို့ နီးစပ်ရာ ဖျားနာကုဆေးခန်း ဒါမှမဟုတ် ဆေးရုံကို သွားပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/mix-and-match-covid-vaccines/
အနာမခံရဘဲ မီးဖွားနိုင်တဲ့ Epidural Analgesia (EA) နည်းကို ရွေးတော့မယ်ဆိုရင် ။ ။
ဗိုက်ခွဲပြီး ကလေး မမွေးချင်ဘူး။ရိုးရိုးပဲ မီးဖွားချင်တယ်၊ နာမှာလည်း ကြောက်တဲ့ မေမေတို့အတွက် ခုနောက်ပိုင်း ခေတ်စားလာတဲ့ အနာမခံရဘဲ ရိုးရိုးမီးဖွားတဲ့ နည်းက အားကိုးစရာဖြစ်လို့လာပါတယ်။ ဒီတော့ ဗိုက်မနာဘဲမီးဖွားလို့ရတယ်ဆိုတာ ဘယ်လိုနည်းမျိုးလဲ။ သူက တကယ်ပဲ စိတ်ချရလို့လား ရွေးချယ်သင့်ရဲ့လားဆိုတာတွေနဲ့ ပက်သက်ပြီး ခုပြောပြမယ့်အချက်တွေကို သိဖို့လိုလိမ့်မယ်နော် ။ ။ခုနောက်ပိုင်း အနာမခံရဘဲ မီးဖွားလို့ရတဲ့နည်းတွေထဲက အသုံးအများဆုံးကတော့ epidural injection လို့ခေါ်တဲ့ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းပြီး နာကျင်တဲ့အာရုံကြောကို သွားပိတ်တဲ့နည်းဖြစ်ပါတယ်။ ဒီလိုနဲ့ အောက်ပိုင်းထုံလာပြီးဗိုက်နာတဲ့ နာကျင်ခြင်းကို လျှော့ချပေးမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း လုံးဝမနာဘူးလို့တော့ အာမ မခံပါဘူး။ နဂိုနာတာထက်စာရင် ခုလိုအနာသက်သာတာ နည်းလားနော်။ဗိုက်စစချင်း နာပြီဆိုတာနဲ့ ပေးတာမဟုတ်ဘဲ ၁၀ မိနစ်အတွင်းသားအိမ်ညှစ်တာ ၃ ကြိမ်လောက်ရှိနေတဲ့ အချိန်မျိုးမှာမှ epidural injection ပေးလေ့ရှိပါတယ်။ ရှေ့ပိုင်း ဗိုက်လေးနာတယ်ဆိုတာ နောက်ပိုင်းနာတဲ့အနာထက်စာရင် အများကြီး လျော့တာမို့ လေ့ကျင့်ခန်းလေးလုပ်၊ ရေနွေးလေးနဲ့ ရေချိုး၊ နှိပ်နယ်ပေးတာနဲ့ သက်သာအောင်နေလို့ရတာကြောင့်ပါ။အနာသိပ်မခံရဘဲ မီးဖွားတဲ့နည်းတွေထဲမှာ ဒီepiduralနည်းက အခြားနည်းတွေထက်စာရင် မိခင်နဲ့ ကလေးအတွက် စိတ်အချရဆုံးပါ။ဒါပေမယ့်လည်း သူက ဆေးတွေထဲကတစ်ခုဖြစ်ပြီး သဘာဝတရားကြီးကို ဆန့်ကျင့်ထားတာကြောင့် အားနည်းချက်တွေလည်း ရှိပါတယ်။သဘာဝ တရားကြီးကို ဆန့်ကျင်တဲ့ဘယ်အရာမှ အကောင်းချည်းပဲ ဆိုတာမရှိပါဘူး။ ဒီတော့။သက်လုံကောင်းအောင်လုပ်မယ်၊မီးဖွားချိန်ဘယ်လို အားစိုက်မရလဲ၊ ဘယ်လိုအသက်ရှူရမလဲဆိုတဲ့ လေ့ကျင့်ခန်းတွေကို You Tube ကနေ လေ့လာမယ်၊ ငါအနာခံနိုင်တယ်ဆိုတဲ့ စိတ်ကိုလုံးဝ ပိုင်းဖြတ်ထားမယ်၊ ဘေးက မိသားစုဝင်တွေကလည်း ကောင်းကောင်း ထောက်ပံ့ပေးမယ်ဆိုရင်Epiduralထိုးစရာမလိုဘဲ ကျိန်းသေ ဒီတောင်ကို ကျော်လွှားနိုင်မှာပါ။ဒါပေမယ့် တချို့ နာမှာကို အရမ်းကြောက်တာ၊ တစ်နေ့လုံးနီးပါးလောက် ဗိုက်နာမှာ ကြောက်တဲ့သူတွေ အဖို့တော့ epidural နည်းကို အားကိုးလို့ရပါတယ်။ ဒီတော့ ကိုယ်က ဘယ်နည်းနဲ့ မီးဖွားချင်လဲဆိုတာ ကိုယ်ဝန်စရှိတည်းက သေချာ စိတ်ပိုင်းဖြတ်ပြီး ရွေးချယ်ထားဖို့တော့ လိုလိမ့်မယ်နော် ။ ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/ea/
တုပ်ကွေး လား ကိုဗစ်လား မသေချာရင် ဘာလုပ်ကြမလဲ။
ခုတလော တော်တော်များများ ဖျားကြပါတယ်။ အများစုကတော့ရာသီတုပ်ကွေးပါ။ ဒါပေမယ့်ကိုဗစ်ကလည်း မပြီးသေးတဲ့အတွက် ဖျားပြီ၊ ချောင်းဆိုးပြီဆို တုပ်ကွေးလား၊ ကိုဗစ်လား ဆိုတာ ခွဲရခက်ပါတယ်။ တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် သက်သာသွားပေမယ့် ကိုဗစ်က အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တာကြောင့် လက္ခဏာ တစ်ခုခု ခံစားရတဲ့အခါ ကိုဗစ်လား၊ တုပ်ကွေး လားဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။လက္ခဏာတွေကတော့ တူတူပဲလို့ ပြောလို့ရလောက်တဲ့အထိပါ။ နှစ်ခုလုံးက ရောဂါကူးခံရပြီး လက္ခဏာမပြတာ ဖြစ်နိုင်သလို ပြင်းထန်တဲ့ လက္ခဏာလည်း ဖြစ်သွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။အနံ့ပျောက်တာကတော့ ကိုဗစ်မှာ ပိုတွေ့ရတယ်ဆိုပေမယ့် ဒါတစ်ခုတည်းနဲ့ ခွဲခြားလို့ မရပါဘူး။ ဗိုင်းရပ်စ်တော်တော်များများက အနံ့ပျောက် ဒါမှမဟုတ် အနံ့ရတာ လျော့စေနိုင်လို့ပါ။ဒါဆိုရင်တော့ သိနိုင်ပါတယ်။ ကိုဗစ်အတွက်လည်း စစ်လို့ရသလို တုပ်ကွေး အတွက်လည်း စစ်လို့ရတဲ့ test kitလေးတွေ ရှိပါတယ်။ လက္ခဏာ သက်သက်နဲ့ ခွဲတာထက်စာရင် ဆေးစစ်လိုက်တာက ပိုပြီး တိကျပါတယ်။တစ်ခုရှိတာက စစ်တဲ့အချိန်ပါ။ ကိုဗစ်ဆိုရင် လက္ခဏာပြပြီး ၅ရက်အတွင်းမှာ စစ်မှ ပေါ်မှာပါ။ ရက်ကျော်သွားလို့ စစ်လို့ မပေါ်တော့ရင် ကိုဗစ်မဟုတ်ဘူးဆိုပြီး ပေါ့ဆမိနိုင်ပါတယ်။စစ်ဖို့ရက်က ကျော်သွားပြီ ဒါမှမဟုတ် ဆေးစစ်ဖို့ ခက်တဲ့နေရာမှာဆိုရင်တော့ လုပ်စရာ ၂ခုရှိပါတယ်။ မိမိကိုယ်ကို သက်သာအောင် နေဖို့ရယ်၊ သူများကို မကူးအောင်ရယ်ပါ။ဒီအတွက် ခံစားနေရတဲ့ ဝေဒနာအလိုက် ဆေးဝါးတွေ မှီဝဲနိုင်ပါတယ်။ အများစုက ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်လို့ရတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင်။-အဖျားနဲ့ကိုယ်လက်ကိုက်တာအတွက်အတွက် ပါရာစီတမော။-ချောင်းဆိုးတာအတွက်ချောင်းဆိုးပျောက်ဆေး(Dextromethorphan)။-ချွဲထတာအတွက်ချွဲပျော်ဆေး။–နှာစေး နှာပိတ်အတွက် antihistamine အုပ်စုတွေ စတာတွေ ဝယ်သောက်နိုင်ပါတယ်။ဒါက ကိုဗစ်ရော တုပ်ကွေးရောအတွက် အတူတူပါပဲ။ သတိထားရမှာက ဆရာဝန်ညွှန်ကြားချက် မရှိဘဲပိုးသတ်ဆေးတွေ၊ စတီးရွိုက်တွေ၊ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ မသောက်မိဖို့ပါပဲ။နောက်တစ်ခုက ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးနေဖို့ လိုပါတယ်။ လက္ခဏာတွေက ပိုပြီး ပြင်းထန်လာသလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်သလို လက်ချောင်းထိပ်ကနေ သွေးတွင်းအောက်စီဂျင်ကိုလည်း ပုံမှန်တိုင်းဖို့ လိုပါတယ်။ ဆီးချို သွေးတိုး အခံရှိသူတွေဆိုရင်လည်း သွေးပေါင်ချိန်တွေ၊ သွေးတွင်းသကြားဓာတ်တွေ ပုံမှန်တိုင်းနေရမှာပါ။ တစ်ခုခု ပုံမှန်မဟုတ်တာရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။ကိုဗစ်လား တုပ်ကွေး လား မသေချာသည့်တိုင် နှစ်ခုလုံးက သူများကို ကူးစက်စေနိုင်ပါတယ်။ သာမန်လူဆို မပြင်းထန်ပေမယ့်။-ကိုယ်ဝန်ဆောင်တွေ။-၅နှစ်အောက် ကလေးတွေ။-၆၅နှစ်အထက် လူကြီးတွေ။-နာတာရှည် ရောဂါအခံရှိသူတွေဆိုရင် ပြင်းထန်တတ်ပါတယ်။ဒါကြောင့် ကိုယ့်မှာ ဘာမှန်းမသိဘဲ ဖျားနေတယ်၊ ချောင်းဆိုးတယ်ဆိုရင် အကောင်းဆုံးက အခန်းခွဲနေလိုက်ပါ။ ကိုဗစ်ဆိုရင် လက္ခဏာစပြတာကနေ စလို့ ၁၀ရက်လောက်၊ တုပ်ကွေး ဆို လက္ခဏာပြပြီး ၁ပတ်လောက် အခန်းခွဲနေလိုက်တာပါပဲ။အခန်းခွဲနေတာအပြင် တတ်နိုင်သမျှ မိသားစုဝင်တွေနဲ့ ထိတွေ့မှု မရှိအောင် နေရမှာပါ။ ထမင်းလည်း ခွဲစားသင့်ပါတယ်။ ကိုယ်ကိုင်တွယ် ထိတွေ့ထားတဲ့အရာတွေကိုလည်း မကြာခဏ ပိုးသတ်သန့်စင်ပေးရမှာ ဖြစ်ပါတယ်။ မကြာခဏလည်း လက်ဆေးဖို့ လိုပါတယ်။မပြင်းထန်တဲ့ ကိုဗစ်ရော တုပ်ကွေးရောက ၁ပတ်လောက်နေရင် သက်သာသွားပါပြီ။ အများစုကကိုယ်ခံအားကို အားကိုးပြီး တိုက်ထုတ်ရတာကြောင့် နေမကောင်း ဖြစ်နေတဲ့အချိန်အတွင်းမှာ အားရှိအောင် စားဖို့၊ အိပ်ဖို့ လိုပါတယ်။ အလုပ်တွေကို တတ်နိုင်သမျှ နားထားပါ။ အထူးသဖြင့် အပြင်ထွက်ပြီး လူအများနဲ့ ထိတွေ့ရတဲ့ အလုပ်တွေကို နားထားတာ အကောင်းဆုံးပါ။ကိုဗစ်ပဲဖြစ်ဖြစ် တုပ်ကွေးပဲ ဖြစ်ဖြစ် တချို့သူတွေမှာ ပြင်းထန်တဲ့ အဆင့်ကို ပြောင်းသွားတာရှိနိုင်ပါတယ်။ ဒီလို အခြေအနေဖြစ်လာပြီဆိုရင်တော့ မပေါ့ဆဘဲ အမြန်ဆုံး ဆေးကုသမှု ခံယူဖို့ အကြံပေးချင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-or-flu-what-will-you-do/
မျက်နှာအဆီပြန်တတ်တဲ့ အမျိုးသားတွေ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ
မျက်နှာအဆီပြန်တတ်တဲ့ အမျိုးသားတွေ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ။ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အမျိုးသားတွေလည်း ကိုယ့်ရဲ့ မျက်နှာအသားအရေကို အရင်ကထက် ပိုပြီးဂရုစိုက်လာကြပါပြီ။ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေအတွက်တော့ မျက်နှာအဆီပြန်တယ်ဆိုတာ ထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ မျက်နှာက အဆီအမြဲပြန်နေရင် ဖုန်မှုန့်တွေ ပိုမိုကပ်ငြိနိုင်တဲ့အပြင် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံနဲ့ အမည်းစက်တွေ ထွက်လာနိုင်တဲ့အပြင် အသားအရေရေ ကြမ်းလာတတ်ပါတယ်။ဒါဆိုရင် မျက်နှာအဆီမပြန်အောင် ဘယ်လိုကာကွယ်သင့်လဲ။ မျက်နှာအဆီပြန်တတ်တဲ့သူတွေရော ကိုယ့်ရဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။မျက်နှာအဆီပြန်တတ်တဲ့ အမျိုးသားတွေ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ ဆိုတော့။၁။ အပြင်းစားဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေကို ရှောင်ပါ။မျက်နှာကို မနက်နိုးလာရင် တစ်ခါ၊ ညမအိပ်ခင် တစ်ခါ၊ တစ်နေ့ကို ပုံမှန် ၂ကြိမ်သစ်ပေးရင် လုံလောက်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း အမွှေးရနံ့တွေ၊ chemical တွေ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေအစား ဆပ်ပြာအပျော့လေးကို သုံးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။၂။ မျက်နှာကို ခြောက်သွားအောင် ဖွဖွလေးသုတ်ပေးပါ။မျက်နှာသစ်ပြီးတဲ့အခါမှာ နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ ရေခြောက်အောင် သုတ်ပေးပါ။ သုတ်တဲ့အခါမှာလည်း မျက်နှာကို အောက်ဆွဲချပြီး မသုတ်ပဲ ဖွဖွလေး ပုတ်ပြီးသုတ်ပေးပါ။၃။ အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ။မျက်နှာအသားအရေဟာ စိုပြည်ကြည်လင်နေဖို့အတွက် မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် (Moisturizer) သုံးပေးရဖို့ လိုအပ်ပါတယ်။ အဆီပြန်တတ်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အစိုဓာတ်ထိန်းခရင်မ်ကို ရွေးတဲ့အခါမှာ အဆီမပါတဲ့ oil-free ပစ္စည်းတွေ ဒါမှမဟုတ် ရှားစောင်းလက်ပပ် ပါဝင်တဲ့ moisturizer မျိုးကို ရွေးချယ်သင့်ပါတယ်။၄။ မျက်နှာပေါ်က ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားပေးပါ။အဆီပြန်တဲ့သူတွေအနေနဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ အရေပြားအပေါ်ယံလွှာက ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားတာမျိုး လုပ်ပေးသင့်ပါတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ scrub အသုံးပြုခြင်းဟာ မျက်နှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေတဲ့အပြင် ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။၅။ Mask ကို အသုံးပြုပါ။Mask ဆိုတာ အမျိုးသမီးတွေအတွက်ပဲ သုံးရတာ မဟုတ်ပါဘူးနော်။ အမျိုးသားတွေလည်း facial mask ကို ပုံမှန်အသုံးပြုပေးရင် ချွေးပေါက်ပိတ်တာကို သက်သာစေတဲ့အပြင် မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အချိန်သိပ်မပေးနိုင်ဘူးဆိုရင်တောင် တစ်ပတ်ကို တစ်ကြိမ်လောက် Mask အုပ်ပေးပါ။ပြီးမှ မျက်နှာကို အစိုဓာတ်ထိန်းပေးဖို့အတွက်moisturizerတစ်မျိုးမျိုးပြန်လိမ်းပေးရပါမယ်။သဘာဝပျားရည်ကိုMask အနေနဲ့လည်းအသုံးပြုလို့ ရပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မျက်နှာကိုလည်း သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ မျက်နှာပေါ်မှာ ပျားရည်ကို သုတ်ပြီး ၁၀မိနစ်လောက် ကပ်ထားပြီး ရေဆေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို မကြာခဏပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေနဲ့ မျက်နှာပေါ်က အဆီတွေကို သက်သာစေတဲ့အပြင် အသားအရည်ဟာလည်း အရင်ကထက် နူးညံ့ချောမွေ့လာမှာပါ။ဒါတွေအပြင် . . .။အသားအရေကို သေချာထိန်းသိမ်းဖို့ဆိုတာ စိတ်ရှည်တတ်ဖို့တော့ လိုပါတယ်။ ရေကို တစ်နေ့ အနည်းဆုံး ဖန်ခွက် ၈ခွက်ထက် မနည်း သောက်ပေးရမယ်။ အပြင်ထွက်တဲ့အခါ အင်္ကျီလက်ရှည်ဝတ်တာ၊ နေလောင်ကာ ခရင်မ်တွေ လိမ်းပေးတာမျိုး လုပ်ပေးပါ။ ကိုယ့်အသားအရေရေ လိုက်ဖက်တဲ့ skin care ပစ္စည်းတွေကိုပဲ စွဲစွဲမြဲမြဲ သုံးပေးပါ။ မျက်နှာဟာ အင်မတန်နူးညံ့တဲ့ အရေပြားဖြစ်လို့ နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လည်း လိုမယ်နော်။ မျိုးရိုးဗီဇ ဒါမှမဟုတ် ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ့်မျက်နှာက အဆီပြန်နေတာဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာကုသပေးဖို့ လိုပါလိမ့်မယ်။နွေနေပူပူကို အန်တုနေရတဲ့အမျိုးသားတွေလည်း ကျန်းမာစိုပြည်ပြီး ယောက်ျားပီသတဲ့ မျက်နှာအသားအရေမျိုးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skincare-tips-for-men-with-oily-skin/
မီးဖွားရလွယ်ခြင်းခက်ခြင်းရဲ့ အရေးအပါဆုံး ကလေးအနေအထား တွေ အကြောင်း ။ ။
ကိုယ်ဝန်စရှိလာတဲ့အချိန်တည်းက တစ်နေ့ပြီးတစ်နေ့ ဗိုက်ထဲမှာ ကိုယ့်အသွေးအသားလေးက တစတစ ကြီးထွားလာနေတာကို အားလုံးသိကြမှာပါ။ စပြီး သန္ဓေတည်တုန်းကတော့ သေးသေးလေးဆိုတော့ သားအိမ်ထဲမှာ ဟိုလှည့်ဒီလှည့် ကြိုက်သလိုနေရာကနေမီးဖွားခါနီးအချိန်လည်း ရောက်ရော ကြီးလာတဲ့ ရင်သွေးလေးနဲ့သားအိမ်နဲ့က အပြည့်ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ မီးဖွားရခက်မှာလား၊ ဖွားရလွယ်မှာလားဆိုတာကို စကားအပြောဆုံးကတော့ သားအိမ်ထဲက ကလေး အနေအထား ပဲ ဖြစ်ပါတယ်။ ဒီတော့ ရင်သွေးလေးတွေက သားအိမ်တွေထဲ ဘယ်လို ပုံစံမျိုးတွေနဲ့ နေနေကြလဲဆိုတာ သိထားဖို့လိုပါတယ်။( ၁ ) Anterior position။ဒီလို အနေအထား မျိုးမှာ ကလေးရဲ့ နောက်စေ့က မိခင်ရဲ့ ဗိုက်ဘက်မှာရှိပြီး ကလေးရဲ့မျက်နှာကတော့ မိခင်ရဲ့ ကျောဘက်ကို မျက်နှာမူထားတာပါ။ ကလေးရဲ့ မေးစေ့လေးကလည်း သူ့ရင်ဘတ်ရှိရာဆီ ကွေးနေတတ်ပြီး မိခင်ရဲ့ တင်ပဆုံအရိုးကွင်းထဲကိုဝင်ဖို့ ငယ်ထိပ်က အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဆေးပညာအရဆို ဒါကို occipito-anterior ( နောက်စေ့အရှေ့ရောက် အနေအထား) ဒါမှမဟုတ် cephalic presentation (ခေါင်းနဲ့ဖွားမယ် ) လို့ခေါ်တတ်ကြပါတယ်။ဒါ ရိုးရိုးမိန်းမကိုယ်ကနေမီးဖွားဖို့အတွက် အသင့်တော်ဆုံးနဲ့ အလွယ်ကူဆုံး ပုံစံဖြစ်ပြီး မီးဖွားချိန်ဆို ကလေးဦးခေါင်းလေးကသားအိမ်ခေါင်းကို တဖြည်းဖြည်းတိုးဝင်လာပြီး သားအိမ်ခေါင်းကို ချဲ့စေပါတယ်။ ကိုယ်ဝန်သက် ၃၃ပတ်ကနေ ၃၆ ပတ် အတွင်းမှာ ဒီလိုမျိုး မိခင်ရဲ့ တင်ပဆုံအရိုးကွင်းထဲ ကလေးခေါင်းဆင်းလာတတ်ပါတယ်။( ၂ ) Posterior Position။ဒီ အနေအထား ကတော့ အပေါ်ကနဲ့ဆန့်ကျင်ဘက်ပါ။ ကလေးရဲ့ မျက်နှာက မိခင်ဗိုက်ဘက်ကို မျက်နှာမူထားပြီး နောက်စေ့ကတော့ မိခင်ကျောဘက်ကို မျက်နှာမူထားတာပါ။ ဆေးပညာမှာဆို ဒါကို နောက်စေ့ အနောက်ဘက်ရောက်အနေအထား ( occipito posterior) လို့ခေါ်ကြပါတယ်။မီးဖွားခြင်းမှာ ဒီပုံစံနဲ့ ကလေးဆင်းလာတတ်ပေမယ့် ကလေး ၁၀ ယောက်မှာ ၁ယောက်လောက်က ပုံစံအမှန်ဖြစ်တဲ့ occipito-anterior အနေအထားကို မီးဖွားနေရင်းနဲ့ပဲ ပြန်လည်သွားတတ်ပါတယ်။ ဒါပေမယ့် ပုံစံအမှန်ကို ပြန်မလည်သွားတဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်။ ဒီလို အနေအထားနဲ့ ကလေးဆင်းလာပြီဆိုရင် မီးဖွားချိန် ကြာတတ်ပြီး ဗိုက်နာခါးကိုက်တာတွေကိုလည်း ပိုဖြစ်စေပါတယ်။( ၃ ) Breech Delivery ( တင်ပဆုံဖွား )။တင်ပဆုံဖွားဆိုတာကတော့ နာမည်အတိုင်း ကလေးက ခေါင်းနဲ့ ဆင်းမလာဘဲ တင်ပဆုံပိုင်းနဲ့ ဆင်းလာတဲ့ အနေအထားကိုပြောတာပါ။ မြင်လွယ်အောင် ပြောရမယ်ဆိုရင် ကလေးက ဗိုက်ထဲမှာ ထိုင်နေသလိုမျိုးပေါ့။ တင်ပဆုံဖွားကို ၃ မျိုး ခွဲလို့ရပါတယ်။ဆုံပိုင်းနဲ့ မီးဖွားတာက သင့်တော်တဲ့ ပုံစံတော့မဟုတ်ပါဘူး။ သေးငယ်တဲ့ မွေးလမ်းကြောင်းထဲကို ကလေးရဲ့ အကြီးဆုံး အပိုင်းဖြစ်တဲ့ တင်ပဆုံကြီးက ဝင်ရမယ်ဆိုတော့ တစ် နေတတ်ပါတယ်။တချို့ ကံကောင်းပြီး ဆုံပိုင်းနဲ့ အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလို ဆုံပိုင်းနဲ့ မီးဖွားခြင်းက မီးဖွားချိန်ကြာတာ၊ မီးဖွားရခက်တာတွေအပြင် ကလေးလည်ပင်းချက်ကြိုးပတ်တာ စတဲ့ စိုးရိမ်ရတဲ့ အနေအထားတွေကိုဖြစ်စေနိုင်ပါတယ်။ဒ့ါကြောင့် ဆရာဝန်တော်တော်များများက ကလေးကဆုံပိုင်းနဲ့ ဖွားမယ်ဆိုတာကို စမ်းသပ်သိရှိထားရင် ကလေးခေါင်းနဲ့ပြန်ဖွားအောင် မီးဖွားမယ့်ရက်မတိုင်ခင် external cephalic version (ECV) ဆိုတဲ့ အပြင်ကနေ ကလေးကို ပြန်လှည့်တဲ့ ကုသမှုကို လုပ်ပေးတတ်ကြပါတယ်။ တကယ်လို့ ECV လုပ်ပြီးတာတောင် ကလေးက ပြန်လည်မလာဘူး၊ မွေးချိန်ကြာပြီး မွေးရလည်း ခက်နေတတ်တယ်ဆိုရင် ဗိုက်ခွဲမွေးရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးအနေအထားကို ကြိုသိဖို့ကိုယ်ဝန်သည်တွေ အာထရာဆောင်း ရိုက်ဖို့လိုတာပါ။( ၄ ) ကန့်လန့်အနေအထား ။ ။ဒီလို အနေအထားမှာ ကလေးကမွေးလမ်းကြောင်းတည့်တည့်ကို ကျောကြီးနဲ့ ပိတ်ထားပြီး အိပ်နေတဲ့ ပုံစံမျိုးပါ။ မီးမဖွားခင်အချိန်ထိတော့ ဒီလိုပုံစံမျိုးနဲ့ နေနေတတ်ပေမယ့် မီးဖွားချိန်မှာဆို ကလေးကိုယ်ခန္ဓာပြန်လည်သွားပြီး ခေါင်းနဲ့ပြန်ဖွားတတ်ပါတယ်။ ပြန်မလည်ခဲ့ဘူးဆိုရင်တော့ ဘယ်လိုမှ ရိုးရိုးမွေးလို့မရဘဲ ခွဲမွေးကို မွေးရမယ့် အနေအထားတစ်ခုပါ။ မဟုတ်ရင်ကလေးချက်ကြိုးပတ်တာ၊ ချက်ကြိုးထွက်ကျလာတာတွေ ဖြစ်တတ်တာကြောင့်ပါ။ကလေးတွေဆိုတာ အပြင်ရောက်မှ မဟုတ်ပါဘူး။ ဗိုက်ထဲမှာတည်းက အငြိမ်ကို မနေတတ်တာကြောင့် ၃၆ ပတ် မပြည့်မချင်း အနေအထား အမျိုးမျိုး ပြောင်းပါတယ်။ ဒါ့ကြောင့် ၃၆ပတ် မတိုင်ခင် အာထရာဆောင်းရိုက်လို့ ကလေးက မွေးရခက်တဲ့ အနေအထားမျိုး ဖြစ်နေရင် အရမ်းကြီး မစိုးရိမ်ပါနဲ့။ ၃၆ပတ်မတိုင်ခင်ဆို ကလေးက ပြန်လည်သွားတတ်လို့ မွေးရလွယ်တဲ့အနေအထားပြန်ရောက်သွားတတ်ပါတယ်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/baby-position-and-labour/
အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား
ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ၊ကပ်ဘေးတွေကြောင့် စိတ်တွေညစ်လိုက်တာ၊စိတ်တွေပင်ပန်းလိုက်တာဆိုပြီး နေ့စဉ်ရက်ဆက် ပိုသောက်မိနေပြီလား။ စိတ်ပင်ပန်းမှုကို ယမကာလေးနဲ့ ဖြေဖျောက်ချင်တတ်ကြတာ သဘာဝမဟုတ်လား။နိုင်ငံတကာ လေ့လာချက်တွေအရလည်း ခုလိုကိုဗစ်ကပ်ဘေးအပါအဝင် အကျပ်အတည်းပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်နေရတဲ့ကာလမှာ လူအများစုရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ပုံမှန်ထက်ပိုမို မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။အကျပ်အတည်းကာလမှာ အလုပ်လက်မဲ့ဖြစ်သွားလို့၊ ဝင်ငွေထိခိုက်သွားလို့၊ချစ်ခင်ရသူတွေ ဆုံးရှုံးသွားလို့စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အရွယ်ရောက်ပြီး အမျိုးသားတွေရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ယခင်ကထက်ပိုပြီး မြင့်တက်လာနေတာပါ။ကိုဗစ်ကြောင့်Lockdown ကာလတွေ စတင်ချိန်ကတည်းက အိမ်ထောင်ဦးစီးအမျိုးသားတွေဟာ သူတို့ရဲ့ စိတ်ပင်ပန်းနေမှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အရက်ကို ပိုမှီဝဲလာကြပါတယ်။ အများစုဟာ နေ့စဉ်ရက်ဆက် သောက်သုံးလာကြတယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။အထူးသဖြင့် အသက်လတ်ပိုင်းအရွယ်အမျိုးသားတွေမှာ အရက်သောက်သုံးမှုနှုန်း ပိုမိုမြင့်တက်လာနေပြီး ရေရှည်မှာ အရက်စွဲရောဂါ ရနိုင်လောက်တဲ့အထိ ပမာဏများပြားတယ်လို့ လေ့လာချက်ကဆိုထားပါတယ်။အရက်သေစာကို အန္တရာယ်ရှိနိုင်လောက်တဲ့ ပမာဏမျိုး မှီဝဲမှုနှုန်းဟာ ဧပြီလတုန်းက ၂၁% တိုးတက်လာတာကနေ စက်တင်ဘာလမှာ ၄၀.၇% အထိ မြင့်တက်လာခဲ့တာပါတဲ့။ ဒါဟာ အတော်လေး ကြောက်စရာကောင်းတဲ့ ပမာဏမျိုးနဲ့ ခုန်ကျော်တိုးတက်လာနေတာ ဖြစ်ပါတယ်။ခုလို အရက်သေစာမှီဝဲမှုနှုန်းမြင့်တက်လာတာနဲ့အတူ အမေရိက တစ်လွှားမှာ ကင်ဆာ၊အသည်းရောဂါ၊ စိတ်ကျန်းမာရေးပြဿနာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အရွယ်မတိုင်ခင်သေဆုံးမှုနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာနေတယ်လို့ လေ့လာသူတွေက ဆိုထားကြပါတယ်။အလွန်အကျွံမှီဝဲမှုတွေရဲ့ နောက်ဆက်တွဲပြဿနာတွေက ကျန်းမာရေးပြဿနာတွေတင်မကပါဘူး။ အိမ်တွင်းအကြမ်းဖက်မှုလိုမျိုး လူမှုရေးပြဿနာတွေပါပိုဖြစ်လာနေတာပါ။ အဆင်မပြေမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အရက်သေစာတို့ပေါင်းဖက်သွားချိန်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ၊Abuseလုပ်မှုတွေကလည်း အဆမတန်တိုးတက်လာနေတာပါ။ဒါကြောင့် အကျပ်အတည်းကာလမှာ အရက်သေစာ အလွန်အကျူးမှီဝဲမိနေတယ်ဆိုရင် ရပ်တန့်ပစ်လိုက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ရဲ့ လူနေမှုဘဝကိုရော ကျန်းမာရေးကိုပါ ထိခိုက်လာမှာမို့ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပိုသောက်မိနေပြီလား သေချာပြန်ဆန်းစစ်ပါ။ပုံမှန်အခြေအနေမှာ ကြိုက်တတ်လို့ ယမကာမှီဝဲကြတာက သဘာဝကျပေမယ့် စိတ်ပင်ပန်းမှုတွေ၊ စိတ်ညစ်မှုတွေကြောင့် ယမကာကို ဖိသောက်တာမျိုးကတော့ အလွန်အန္တရာယ်ကြီးမားတဲ့အပြု အမူဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ဒီလိုသောက်စားမှီဝဲမိနေပြီဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး တားဆီးဖို့ အကြံပြုပါရစေ။အထက်ပါနည်းလမ်းတွေဟာ အမေရိကန်အခြေစိုက် National Institute on Alcohol Abuse and Alcoholism (NIAAA) က အကြံပြုထားတဲ့အရက်သေစာသောက်သုံးမှု ကို လျှော့ချနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။အရေးအကြီးဆုံးကတော့ ကိုယ်တိုင်ရဲ့ စိတ်ပါပဲ။ ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်စွမ်းတွေက အရက်သေစာ အလွန်အကျွံမှီဝဲမှုကို တားဆီးပေးနိုင်တာမို့ ကိုယ့်ရဲ့စိတ်ကို ကြံ့ခိုင်အောင် ပြင်ဆင်ထားဖို့လည်း တိုက်တွန်းပါရစေ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/drinking-too-much-during-the-pandemic/
ခေါင်းလျှော်ရမှာကြောက်တဲ့ကလေးအတွက် နည်းဗျူဟာ ၆ ခု
အမေကခေါ်နေရင် ရေမချိုးချင်လို့ ပတ်ပြေးခဲ့တဲ့အဖြစ်တွေ ၊ ခေါင်းလျှော်ပေးမှာကြောက်လို့အော်ငိုခဲ့ရတာတွေ ငယ်ငယ်ကကြုံဖူးခဲ့သူတွေရှိမှာပါ။ ကလေးအတော်များများက ရေချိုးရတာပျော်တယ်ဆိုရင်တောင်မှ ခေါင်းလျှော်တဲ့အခါ သူတို့ရဲ့မျက်နှာကိုရေစိုတာ၊ခေါင်းကိုရေလောင်းတာမကြိုက်ကြပါဘူး။မွေးကင်းစအရွယ်ဆို ကလေးကငြင်းဆန်ရင်တောင် လုပ်ပေးရလွယ်ပေမယ့် နည်းနည်းကြီးလာတဲ့အခါ နှစ်နှစ်ဝန်းကျင်ကလေးတွေဆိုခေါင်းလျှော်ကာနီးတိုင်း တိုက်ပွဲဝင်ရတာမိဘတွေရဲ့အခက်အခဲတစ်ခုပါ။ တချို့က စည်းရုံးရလွယ်ပေမယ့် တချို့က အကြောက်အကန် ငိုယိုရုန်းကန်တာ၊ ပတ်ပြေးနေတာတွေရှိပါတယ်။ ဒါတွေဟာ ကလေးက –။(၁) ခေါင်းခဏခဏမလျှော်ပေးပါနဲ့။ကလေးကိုရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့်ခေါင်းလျှော်ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။(၂) ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ။ကလေးကိုခေါင်းလျှော်ပေးသင့် မပေးသင့်ဆိုတာထက် ဘယ်လိုရအောင်လျှော်ပေးမလဲဆိုတာကိုအဓိကထားပါ။ ကလေးကခေါင်းလျှော်ရည်ကို ကိုယ်တိုင်လက်နဲ့ယူပြီးလျှော်ခွင့်ရရင် ပိုပျော်လာနိုင်ပါတယ်။ရေစချိုးကတည်းကခေါင်းလျှော်ပေးပါ။ ရေချိုးရင်း၊ရေချိုးဇလုံထဲကစားရင်းပျော်နေမယ်ဆိုရင် တစ်ကိုယ်လုံးရော ဆံပင်ရောလျှော်ပြီးချိန်အထိ သူပျော်ရွှင်နေမှာပါ။(၃) ဘာကြောင့် မလျှော်ချင်တာလဲဆိုတာ သိအောင်လုပ်ပါ။ကလေးက စကားပြောတတ်နေပြီဆိုရင် ခေါင်းလျှော်တဲ့အချိန် သူဘာကိုစိတ်အရှုပ်ဆုံးလဲဆိုတာမေးကြည့်လို့ရပါပြီ။ မျက်နှာပေါ်ရေကျတာမကြိုက်တာ ဒါမှမဟုတ်ခေါင်းလျှော်ရည်သုံးတဲ့အခါ ခေါင်းကို ပွတ်တာလျော်တာကိုမကြိုက်တာလည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့် မလျှော်ချင်တာလဲဆိုတဲ့အကြောင်းရင်းကိုသိပြီဆိုရင်ဖြေရှင်းဖို့ကြိုးစားကြည့်နိုင်ပြီလေ။ကလေးကခေါင်းကိုရေလောင်းချတာမကြိုက်ဘူးဆိုရင် မျက်နှာပေါ်စီးမကျအောင်ရေပိုက်လေးနဲ့ခပ်ဖြည်းဖြည်းဆံပင်ကိုဆေးပေးနိုင်ပါတယ်။ရေချိုးဇလုံထဲ ပက်လက်လေးမှီလျက်နေမယ်ဆိုရင်တော့လျှော်ရပိုလွယ်ကူစေပါတယ်။(၄) အရုပ်ကိုလည်း လျှော်ပေးပါ။ရေချိုးတဲ့အခါ သူ့ကစားဖော်အရုပ်လေးကိုပါခေါင်းလျှော်ခိုင်းလိုက်ပါ။ အရုပ်ကို သူလျှော်ပေးနေတဲ့အချိန် ကိုယ်ကလည်း သူ့ကိုခေါင်းလျှော်ပေးပါ။ အရုပ်ကိုခေါင်းလျှော်ပေးတဲ့အချိန် သူလုပ်တဲ့အတိုင်းကိုယ်က လိုက်လျှော်ပေးရုံပါပဲ။(၅) ပျော်စရာဖန်တီးပါ။ရေချိုးတဲ့အခါ ကလေးကို အိတ်ဆောင်မှန်အသေးလေးတစ်ခုပေးထားပြီးခေါင်းလျှော်လက်စဆံပင်မှာ အမြှုပ်ကိုပုံစံအမျိုးမျိုးလုပ်ပေးပါ။ ဥပမာ – အမြှုပ်နဲ့ဆံပင်ကို ချိုလေးတွေ၊ အလိပ်လေးတွေ၊ နားရွက်ပုံလေးတွေ စသည်ဖြင့် ကလေးကြိုက်မယ့် ပုံစံလေးတွေလုပ်ပြီး မှန်မှာပြပေးပါ။ အာရုံစိုက်ရင်း၊ ကြည့်ရင်းနဲ့ကိုခေါင်းလျှော်ပြီးသားဖြစ်သွားမှာကို သူသတိထားမိလိုက်မှာမဟုတ်ပါဘူး။(၆) အာရုံပြောင်းပါ။ရေချိုးခန်းအပေါ်မျက်နှာကြက်မှာ ရယ်စရာကောင်းတဲ့ရုပ်ပုံ သို့မဟုတ် လှုပ်တုပ်တုပ် အရုပ်တစ်ခုခုချိတ်ဆွဲထားပါ။ခေါင်းလျှော်နေတဲ့ကိစ္စကနေ သူအာရုံပြောင်းသွားစေမယ့်အရာတစ်ခုခုပေါ့။ သီချင်းတစ်ခုခုကိုကျယ်ကျယ်ဆိုနေတာမျိုးကလည်း အာရုံပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။ လက်ကလေး၊ခြေထောက်လေးတွေကိုရေချိုးပေးရင်းလည်း တစ်ခုချင်းအသံထွက်ပြီးစကားပြောပေးမယ်ဆိုရင် တစ်ကိုယ်လုံးရေချိုးပြီးတဲ့အခါ သင်သာလက်မြန်ခဲ့ရင်ခေါင်းတခါတည်းလျှော်လိုက်လို့ရပါတယ်။ခေါင်းလျှော်နေတဲ့အချိန် မျက်နှာကြက်ကအရုပ်တွေကို ကြည့်ဖို့ ကလေးကို သတိပေးပါ။ ကလေးကမော့ကြည့်နေမယ်ဆိုရင်ရေရောခေါင်းလျှော်ရည်ရော မျက်နှာပေါ်မကျတော့ဘဲ၊ မျက်လုံးထဲမဝင်တော့ဘဲအေးဆေးဖြစ်သွားပါလိမ့်မယ်။ တစ်ကြိမ်အဆင်ပြေသွားခဲ့ရင် နောက်တစ်ခါလျှော်ဖို့ ကလေးကကြောက်တော့မှာမဟုတ်ပါဘူး။ တခါတခါကျရင်ရေလောင်းချချိန်မှာ မိုးတွေရွာလာလာသလိုလို လည်းလှည့်စားနိုင်ပါတယ်။ တကယ်တော့ ဘယ်နည်းကိုပဲ သုံးသုံး ကလေးစိတ်ကျေနပ်ဖို့က အဓိကပါပဲ။ ကိုယ့်ကလေးရဲ့အကြိုက်ကိုလိုက်ပြီး အဆင်ပြေမယ့်နည်းလမ်းကို သုံးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%99%e1%80%be%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
မြန်မာနိုင်ငံမှာ ကိုဗစ်စတုတ္ထလှိုင်း ထပ်လာနိုင်သလား။
မြန်မာနိုင်ငံမှာကိုဗစ်က တတိယလှိုင်းအထိ ဖြစ်ပြီးပါပြီ။ ကိုဗစ်ရဲ့ သဘောက လှိုင်းလိုမျိုး တက်တိုက်၊ ငြိမ်သွားလိုက်နဲ့ ဖြစ်နေတာပါ။ကာကွယ်ဆေးကို ၃ကြိမ်အထိ  ထိုးထားပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခုထိ ကောင်းကောင်းထိန်းထားနိုင်တာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာရော ကိုဗစ်စတုတ္ထလှိုင်း ဖြစ်လာနိုင်သေးလား။ရှာဖတ်ကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပြီးသားပါ။ တချို့ကလည်း ဖြစ်နေဆဲပါ။ ကြည့်ရတာ ကိုဗစ်က နိုင်ငံတိုင်းမှာ လှိုင်းအလိုက် တက်လိုက် ကျလိုက် ဖြစ်နေတဲ့ ပုံပါပဲ။ မြန်မာနိုင်ငံမှာတောင် တတိယလှိုင်းအထိ ရောက်လာခဲ့ပြီလေ။အကောင်းဆုံးကတော့ ကြိုတင်ပြင်ဆင်ထားတာပါပဲ။ သူများနိုင်ငံတွေမှာ စဖြစ်နေပါပြီ။ ဒါကြောင့် ခုချိန်မှာ ကာကွယ်စရာရှိတာ ကာကွယ်ထားမယ်ဆိုရင် အထိအခိုက် နည်းမှာပါ။တတိယလှိုင်းမှာ လူတော်တော်များများ ကူးပြီးသွားပြီလေ။ ကူးစရာလူရော ကျန်သေးလို့ရောလို့ မေးစရာ ရှိပါတယ်။ကိုဗစ်ဗိုင်းရပ်စ်ကတော့ သူကူးလို့ရနေသရွေ့ လိုက်ကူးနေဦးမှာပါပဲ။ ကူးလို့ရအောင်လို့လည်း သူ့ကိုယ်သူ အမြဲ အဆင့်မြှင့်နေမှာပါ။ ဥပမာ ဗီဇပြောင်းပစ်တာမျိုးပေါ့။ကိုဗစ်လှိုင်းတွေ ပြန်ပြန်လာနေရတဲ့ အကြောင်းရင်းက။အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံကြီးတွေရဲ့ ကာကွယ်ဆေး လှူဒါန်းမှုတွေ၊ WHOလို အဖွဲ့ကြီးတွေရဲ့ ကာကွယ်ဆေး ဖြန့်ဝေမှုတွေကို မှီခိုနေရတာပါ။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတော်တော်များများမှာ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းနေပါသေးတယ်။ကပ်ရောဂါရဲ့ သဘောတရားက လူအများစုကို ကာကွယ်ဆေး ထိုးပေးနိုင်မှ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်မှာပါ။ လက်ရှိအချိန်မှာတော့ ကပ်ရောဂါကို ရပ်တန့်နိုင်လောက်အောင် ကာကွယ်ဆေး အလုံအလောက် မထိုးရသေးပါဘူး။ကာကွယ်ဆေးသမိုင်းမှာကိုဗစ်ကာကွယ်ဆေးက အမြန်ဆုံးထွက်လာတဲ့ ကာကွယ်ဆေးလို့တောင် ပြောလို့ရပါတယ်။ ကာကွယ်ဆေးကို အရင်လို စိတ်ရှည်လက်ရှည် ထွင်နေရင် လူမျိုးတုံးတဲ့အထိ ဖြစ်သွားနိုင်လို့ ကာကွယ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိရမယ်။ စိတ်ချရလောက်မယ်ဆိုရင် အရေးပေါ်အသုံးပြုခွင့်တွေ ချပေးရတာပါ။မြန်မြန်ထွက်လာပေမယ့် ကာကွယ်ဆေးတွေရဲ့ အာနိသင်က စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်။ ဆေးတိုင်းက ၅၀ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းနဲ့ အထက်မှာ ရှိနေပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေက ကိုဗစ်ကြောင့် ရောဂါပြင်းထန်နှုန်း၊ ဆေးရုံတက်ရနှုန်းနဲ့ သေနှုန်းကိုပဲ ထိထိရောက်ရောက် ချပေးနိုင်ပါတယ်။ ဒါကြောင့်ဆေးထိုးပြီး ရောဂါပြန်ကူးတဲ့ သူတွေ ရှိနေတာပါ။ပြန်ကူးပေမယ့် သူတို့က ပြောခဲ့သလို ပြင်းထန်တာမျိုးတော့ မရှိသလောက်ပါပဲ။ ဒါပေမယ့် ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့အခါကျတော့ ထိုးပြီးသားလူဆီက ပိုးက မထိုးရသေးတဲ့သူဆီ ရောက်သွားတဲ့အခါ လှိုင်းတစ်လှိုင်းရဲ့ အစဖြစ်သွားပါတယ်။WHOရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်းပိုးVariants of Concern (VOC)၄မျိုး (အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ)နဲ့ စောင့်ကြည့်နေရတဲ့ ဗီဇပြောင်းပိုး Variants of Interest (VOI) ၂မျိုး (လမ်ဒါ၊ မျူ) ရှိပါတယ်။ (လက်ရှိVOCမှာ Omicronအပါ ၅မျိုး ဖြစ်သွားပါပြီ။)။ဒီလို စိုးရိမ်ရတဲ့၊ စောင့်ကြည့်ရတဲ့ စာရင်းထဲပါလာတယ်ဆိုတာက သူတို့တွေက အရင်ကထက် ကူးစက်နှုန်း ပိုမြန်သလား၊ ပိုပြီး ပြင်းထန်သလား။ကာကွယ်ဆေးတွေကို ပိုပြီး ခံနိုင်ရည်ရှိနေသလားဆိုတာ စောင့်ကြည့်ဖို့ အတွက်ပါ။ကူးစက်နှုန်းတွေကတော့ အရင်ပိုးအဟောင်းတွေထက် မြန်လာတယ်လို့ ဆိုကြပါတယ်။ ကံကောင်းတာက ကာကွယ်ဆေးတွေက ဒီပိုးတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နေနိုင်သေးတာပါပဲ။ ဒါပေမယ့် ဆေးမထိုးထားတဲ့သူတွေဆီရောက်တဲ့အခါ ဆက်ကာ ဆက်ကာ ကူးသွားပြီး လှိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ကာကွယ်ဆေးတွေက နောက်တစ်ကြိမ် ပြန်မကူးအောင် လုံးဝမကာကွယ်ပေးနိုင်တဲ့အတွက် လူသားတွေဘက်က ကိုယ့်ကိုယ်ထဲကို ပိုးမဝင်အောင် ကာကွယ်ဖို့ လိုလာပါပြီ။ လူစုလူဝေး ရှောင်တာ၊ လက်ဆေးတာ၊နှာခေါင်းစည်းတပ်တာ စတာတွေကို ဆက်ပြီး လုပ်နေဖို့ လိုပါတယ်။ ဒါပေမယ့် ဒါက လှိုင်း ဖြစ်လာတုန်း ခဏပဲ၊ ပြီးရင် ပုံမှန်လို ပြန်နေကြတဲ့အတွက် တစ်ယောက်ကနေစပြီး လူအများကို ဆင့်ကာဆင့်ကာ အလွယ်လေး ကူးသွားနိုင်ပါတယ်။အားလုံးက ကိုယ့်အသိစိတ်ဓာတ်ကိုယ် ကာကွယ်မယ်ဆိုရင် တတိယလှိုင်းလို အခြေအနေမဆိုးအောင် ကာကွယ်နိုင်မှာပါ။ ဒါကြောင့်။လူတိုင်း ကိုယ့်အသိစိတ်နဲ့ ကိုယ်ကာကွယ်မယ်ဆိုရင် ကိုဗစ်စတုတ္ထလှိုင်း ကို ခေါင်းမထောင်နိုင်အောင် တားဆီးနိုင်မှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/health/health-news/covid-fourth-wave-in-myanmar/
ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး နဲ့ပတ်သက်လို့
ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပြီးသူတွေ တော်တော် များလာပါပြီ။ အရင်က ရောဂါပိုးတွေက ပြင်းထန်လာချိန်မှာ ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးဖို့ကို အပြင်းအထန် ကြိုးပမ်းခဲ့ကြပေမယ့် အခုကာကွယ်ဆေးတွေ ထိုးပြီးချိန်မှာတော့ နောက်ထပ် ခေါင်းထဲဝင်လာတဲ့ အတွေးတွေက booster ( ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ) ထိုးဖို့လိုမလား။ ဘယ်အချိန်မှာboosterထပ်ထိုးဖို့ လိုမလဲ။ ဆိုတဲ့ ခေါင်းစဉ်တွေပါ။ဒီခေါင်းစဉ်တွေအတွက် အဖြေတွေကို ဆောင်းပါးလေးထဲမှာ ဖြေပေးထားပါတယ်။ ကဲ …… အတူတူ ကြည့်လိုက်ရအောင်လား ……..။ကာကွယ်ဆေး အများစုက ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးရပါမယ်။ ဒါမှ ရောဂါကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ၆ လ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးနှံရပါတယ်။ဒီတော့ ကိုဗစ် ကာကွယ်ဆေးကရော ထပ်ဆောင်း ကာကွယ်ဆေး လိုမလားဆိုတော့ လောလောဆယ်မှာ CDC ကတော့ ထပ်ဆောင်း ကာကွယ်ဆေးဖိုး အကြံပြုထားတာတွေ ရှိပါတယ်။လအတော်ကြာ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆွေးနွေးမှုတွေအပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (CDC) က အမေရိကန်ပြည်ထောင်စုက သန်းပေါင်းများစွာသော ပြည်သူတွေကို ပြင်းထန်တဲ့ရောဂါ ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေး ထိုး​ကြဖို့ တိုက်တွန်း အကြံပြုလိုက်ပါတယ်။ကိုဗစ်ကာကွယ်ဆေးရဲ့ ထပ်ဆောင်း ကာကွယ်ဆေးကတော့ ကာကွယ်ဆေး ထိုးနှံပြီးသူတိုင်း ထိုးနှံလိုက်တာ အကောင်းဆုံးပါ။ ဒါမှပြင်းထန်တဲ့ ရောဂါပိုး အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ကိုဗစ် ကာကွယ်ဆေးကို လူတိုင်း ထိုးဖို့ လိုမယ်ဆိုပေမယ့် Booster ကို မဖြစ်မနေ ထိုးဖို့လိုမယ့်သူတွေက အသက် ၆၅ နှစ်အထက်ဖိုးဖိုးဖွားဖွားတွေပါ။နာတာရှည် ရောဂါတစ်ခုခုပါ တွဲရှိနေရင် ပုံမှန်ကာကွယ်ဆေးအပြင် ထပ်ဆောင်းကာကွယ်ဆေးကိုပါ မဖြစ်မနေ ထိုးဖို့ လိုမှာပါ။ ဒါမှ ပြင်းထန်တဲ့ ရောဂါပိုးတွေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။အခုပြောခဲ့သူတွေအနေနဲ့ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ၆ လအကြာမှာ ထပ်ဆောင်းကာကွယ်ဆေး (Booster) ကို ထိုးဖို့ လိုအပ်ပါမယ်။ဒုတိယ ဦးစားပေး အနေနဲ့ မဖြစ်မနေ booster ထိုးဖို့ လိုအပ်သူတွေကတော့ ရောဂါအခံရှိသူတွေပါ။ရောဂါအခံတစ်ခုခုရှိနေမယ်ဆိုရင် ကိုဗစ်ဖြစ်တဲ့အခါ ဆေးရုံတက်ရနှုန်း၊ သေဆုံးနှုန်း များနိုင်လို့ပါ။ဒါကြောင့် ရောဂါအခံရှိသူတွေ အနေနဲ့လည်း ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ၆ လအကြာမှာ ထပ်ဆောင်းကာကွယ်ဆေး (Booster) ကို ထိုးဖို့ လိုအပ်ပါမယ်။လူကယ်တွေ လူလတ်ပိုင်းတွေက လူကြီးတွေထက်ကိုယ်ခံအားပိုကောင်းတယ်။ ပိုကျန်းမာတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးတာနဲ့တင် လုံလောက်ပြီလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ လူငယ်တွေလည်းကိုဗစ် ကူးစက်ခံရတာရှိသလို ပြင်းထန်ရင် သေဆုံးနိုင်တာပါပဲ။ဒါကြောင့် ၁၈ နှစ်ကနေ ၄၉ နှစ်အတွင်း လူငယ်တွေ လူလတ်ပိုင်းတွေအနေနဲ့လည်း ကာကွယ်ဆေး ၂ ကြိမ်ပြည့်ပြီးရင်တောင် Booster ထိုးဖို့လိုပါမယ်။ လူငယ်တွေ လူလတ်ပိုင်းတွေ ဖြစ်ပေမယ့် ရောဂါအခံရှိမယ်ဆိုရင်တော့ Booster က မဖြစ်မနေကို လိုအပ်မှာပါ။လူငယ်တွေ လူလတ်ပိုင်းတွေ ဖြစ်တာကြောင့် Booster ကိုဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီး ၆ လက နေ ၈ လအတွင်းမှာ အဆင်ပြေသလို ထိုးလို့ ရပါတယ်။ ရောဂါအခံရှိသူတွေကတော့ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီး ၆ လဆိုတာနဲ့ ထပ်ဆောင်း ကာကွယ်ဆေးကို ထိုးထားတာက စိတ်အချရဆုံးပါ။အနှစ်ချုပ်ပြောပြရရင် ကိုဗစ်က ပြင်းထန်တဲ့ ဗိုင်းရပ်စ် တစ်မျိုး ဖြစ်တာကြောင့် ကာကွယ်ဆေး ထိုးပြီး ၆ လ ကနေ ၈ လ အတွင်းမှာ Booster ကို ထိုးထားလိုက်တာကတော့ အကောင်းဆုံးပါ။ဒါပေမယ့် တစ်ခုရှိတာက CDCက ချမ်းသာတဲ့ အမေရိကန်နိုင်ငံကပါ။ တစ်ကမ္ဘာလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေး လွှမ်းခြုံမှုအားက အင်မတန်မှ နည်းပါသေးတယ်။ ကိုဗစ်ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ဖို့ မလုံလောက်သေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ  ထိုးပြီးသားသူတွေက ထပ်ဆောင်းထိုးတာ မဖြစ်သင့်ဘူးလို့ ထောက်ပြတဲ့ သူတွေလည်း ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၂လုံးထိုးပြီးရင် ပြင်းထန်ကိုဗစ်ကနေ တော်တော်လေး ကာကွယ်နိုင်နေပြီမို့လို့ပါ။WHOကတော့ ခုခံအား ပြင်းပြင်းထန်ထန် ကျနေလို့ ဆေးမအောင်တဲ့ သူတွေကလွဲပြီး ကျန်တဲ့သူတွေက ထပ်ဆောင်း မထိုးလည်း ရတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်မှာ ထပ်ဆောင်းကာကွယ်ဆေးတွေက တကယ်ပဲ အလုပ်ဖြစ်ရဲ့လားဆိုတာကို လေ့လာနေဆဲ အခြေအနေမို့လို့ပါ။ဒီ ဒီဇင်ဘာ ၉ရက်နေ့မှာတော့ ကိုယ်ခံအားကျတဲ့သူအပြင် ပိုးအသေကနေ ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး (Sinopharm, Sinovac, Covaxin) ထိုးထားတဲ့သူတွေလည်း ၆လပြည့်တဲ့အခါ ထပ်ဆောင်းထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။ကပ်ရောဂါရဲ့ သဘောက အားလုံးနီးပါးကာကွယ်ဆေးထိုးထားမှ ကူးစက်နှုန်းကို ရပ်တန့်နိုင်မှာပါ။ လူတိုင်းနီးပါး ကာကွယ်ဆေး ရသင့်ပါတယ်။  ကိုယ်တစ်ယောက်တည်း ၃လုံး ထိုးထားလည်း ကူးစက်မှုတွေက ဆက်ဖြစ်နေမယ်ဆိုရင် ဗီဇပြောင်းတွေ ထပ်ထွက်လာနိုင်ပြီး ထပ်ကူးနိုင်ပါတယ်။ကာကွယ်ဆေးက တစ်ကမ္ဘာလုံးစာအတွက် မလုံလောက်သေးတာကြောင့် မျှဝေသုံးသင့်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံက ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတဲ့အထဲမှာ ပါပါတယ်။ ၂လုံးအပြည့် ထိုးထားတဲ့ သူက အင်မတန်မှ နည်းပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ သာမန်လူတွေကတော့ ၂လုံးထိုးထားရင် လုံလောက်တယ်လို့ ပြောလို့ရပါတယ်။ ကျန်တဲ့ မထိုးရသေးတဲ့သူတွေကို ဦးစားပေးပေးပါ။ချွင်းချက်အနေနဲ့ ကိုယ့်မှာ ပြင်းထန်တဲ့ ခုခံအားကျစေတဲ့ ရောဂါတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးသင့် မထိုးသင့် စဉ်းစားနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးရင် ဆေးအောင် မအောင် Antibody စစ်လေ့စစ်ထမရှိပေမယ့် ဒီလို ခုခံအားကျတဲ့ လူတွေကတော့ ကိုယ့်ကိုယ်ကို ဆေးမအောင်ဘူးလို့ ယူဆရင် ဆရာဝန်ညွှန်ကြားချက်နဲ့ Antibody စစ်ပြီး  (Test kitနဲ့ မဟုတ်ပါ) ထပ်ဆောင်း ထိုးနိုင်ပါတယ်။တရုတ်ကာကွယ်ဆေး Sinopharm, Sinovacနဲ့ အိန္ဒိယကာကွယ်ဆေး Covaxin ထိုးထားမယ်ဆိုရင်လည်း ၆လပြည့်တဲ့အခါ ထပ်ဆောင်း ထိုးထားသင့်ပါတယ်။ဒါ့ပြင် အသက်ကြီးတဲ့သူတွေနဲ့ ရောဂါအခံရှိသူတွေကလည်း တတ်နိုင်မယ်ဆိုရင် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/what-to-know-about-covid-19-vaccine-booster-shots/
ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ
အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။(၁) သွားတိုက်ဆေး။ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး စတာတွေမှာ Triclosan အသုံးပြုမှုကို ကန့်သတ်လိုက်ပြီး ၂၀၁၉မှာတော့ USက သွားတိုက်ဆေးတွေမှာ Triclosan မပါတော့ပါဘူး။Triclosan ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သွားတိုက်ဆေးကို အရေပြားပေါ်မှာ မသုံးသင့်ပါဘူး။ သွားတိုက်ဆေးမှာပါတဲ့ ပစ္စည်းတွေက သွားချေးတွေ ပြောင်ဖို့ သွားဖုံးတွေ ကျန်းမာအောင် ထုတ်ထားတာဖြစ်ပြီး အရေပြားမှာ အသုံးပြုဖို့ကတော့ ပြင်းလွန်းပါတယ်။ ဒါကြောင့် သွားတိုက်ဆေးကို အရေပြားမှာ သုံးတဲ့အခါ။(၂)  ကြက်သွန်ဖြူ။ဝက်ခြံထွက်ရင် လုပ်တတ်တဲ့ နောက်တစ်မျိုးကတော့ကြက်သွန်ဖြူနဲ့ ပွတ်တာပါ။ ကြက်သွန်ဖြူကို ခြမ်းပြီးဖြစ်ဖြစ်၊ ကြိတ်ပြီးဖြစ်ဖြစ် ဝက်ခြံမှာ အုံကျ၊ ပွတ်ကျတာပဲ ဖြစ်ပါတယ်။ကြက်သွန်ဖြူက ပိုးသေစေတယ်။ အရောင်ကျစေတယ်ဆိုတဲ့ အာနိသင်ရှိပေမယ့်လည်း အရေပြားကို လောင်စားနိုင်လို့ သတိပြုဖို့ လိုပါတယ်။(၃) သံပုရာရည်။သံပုရာသီးမှာပါတဲ့ Citric acidက အက်စစ်ဂုဏ်သတ္တိကြောင့် ပိုးသေစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အရေပြားရဲ့ pHကိုပါ ပျက်စေပြီး barrierထိခိုက်တတ်ပါတယ်။ ဒါ့ပြင် အရေပြားလောင်စားတာ၊ အသားခြောက်ပြီး ယားယံတာ၊ နေလောင်ဒဏ်ပိုခံရတာတွေလည်း ဖြစ်တတ်ပါတယ်။တချို့က သံပုရာရည်ကို အားမပြင်းအောင် ရေနဲ့ ရောပြီး လိမ်းကြပေမယ့် ဒါက စိတ်ချရတဲ့ နည်းလမ်းလည်း မဟုတ်ပါဘူး။ သံပုရာရည်ကို ဝက်ခြံပေါ်မှာ လိမ်းတာက ဝက်ခြံသက်သာစေတယ်ဆိုတဲ့အချက်ကိုလည်း တိတိကျကျ သက်သေမပြနိုင်ကြသေးပါဘူး။(၄) သစ်ကြံပိုးခေါက်။ဒါက ဒီမှာ အသုံးနည်းပေမယ့် သုံးကြသူတွေလည်း ရှိပါတယ်။သစ်ကြံပိုးခေါက်ကို သွေးလိမ်းတာ ဒါမှမဟုတ် အမှုန့်ကြိတ်ပြီး အနှစ်ဖျော်လိမ်းတာပါ။သစ်ကြံပိုးခေါက်က ပိုးသေစေတဲ့ အာနိသင်ရှိတယ်ဆိုပေမယ့် ဒါက လေ့လာဆဲပါ။ ဝက်ခြံပျောက်မပျောက်ဆိုတာက ပိုဝေးသွားပါပြီ။ကိုယ့်အသားအရေနဲ့ အဆင်မပြေတဲ့အခါ အရေပြားကို လောင်စေပြီး နီရဲရောင်ရမ်းတာတွေ ဖြစ်စေလို့ မသုံးသင့်ပါဘူး။(၅) ကြက်ဥအကာ။ဝက်ခြံထွက်လာပြီဆိုကြက်ဥအကာကို ခေါက်ပြီးဖြစ်ဖြစ်၊ ဒီတိုင်းဖြစ်ဖြစ် facial mask ပုံစံနဲ့ ကပ်ကြတယ်ဟုတ်။ တကယ်တော့ ကြက်ဥအကာက ဝက်ခြံပျောက်စေသလားဆိုတာနဲ့ ပတ်သက်လို့ တိကျတဲ့ လေ့လာချက် မရှိပါဘူး။ကြက်ဥအစိမ်းဖြစ်တဲ့အတွက် မျက်နှာမှာ အသုံးပြုတဲ့အခါ ပိုးဝင်နိုင်ခြေရှိတာကိုလည်း သတိပြုရပါမယ်။ အထူးသဖြင့် ကိုယ်က ဝက်ခြံတွေကို ညှစ်ထားမယ်၊ ဆိတ်ဆွထားမယ်ဆိုရင်ပေါ့။ မျက်နှာမှာ အသေးစား ပြတ်ရှနာတွေရှိရင်လည်း သတိထားရပါမယ်။ ကြက်ဥနဲ့ ဓာတ်မတည့်တဲ့သူဆိုရင်လည်း မသုံးသင့်ပါဘူး။ဝက်ခြံထွက်လာရင် အကောင်းဆုံးက ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ Benzoyl peroxide ဒါမှမဟုတ်  Salicylic acid တွေပါတဲ့ spot treatmentတွေ သုံးပေးလို့ ရပါတယ်။ ဝက်ခြံကို မကုတ်မိအောင်ဝက်ခြံကပ်ခွာလေးတွေ ကပ်ထားလို့ ရပါတယ်။ ဝက်ခြံအများစုက သိပ်မပြင်းထန်ဘူးဆိုရင် အလိုလိုပျောက်သွားနိုင်ပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။အိမ်တွင်းနည်းလမ်းတွေက သဘာဝပစ္စည်းတွေဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အတွက် အရေပြားကို ဒုက္ခဖြစ်စေနိုင်ပါတယ်။ ဒါတွေသုံးပြီး ဝက်ခြံသက်သာသွားသူတွေ ရှိကောင်းရှိနိုင်ပေမယ့် ကိုယ့်အရေပြားက ဘယ်လိုတုံ့ပြန်မလဲဆိုတာ မသိနိုင်ပါဘူး။ ဒါ့ပြင် ဒါတွေက ဝက်ခြံကို ကုသနိုင်တယ်ဆိုပြီး သိပ္ပံနည်းကျ လေ့လာထားတာမျိုးလည်း မရှိသေးပါဘူး။ ဒါကြောင့် ဝက်ခြံထွက်လာတဲ့အခါ စိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ကုသတာကသာ အကောင်းဆုံးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/home-remedies-should-not-be-used-for-acnes/
ကိုဗစ်အပြီးမှာ ဆံပင် တွေ ပိုကျွတ်လာသလား။
ကိုဗစ်ဖြစ်ပြီးတဲ့အခါ လူနာတွေက မောတယ်။ နုံးတယ်။ မေ့တတ်လာတယ်။ ချောင်းဆိုးကျန်တယ် စသဖြင့် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ပြောလေ့ရှိပါတယ်။ ဒါတွေကို စုပေါင်းပြီးlong haulersရယ်လို့ နာမည်တပ်ထားပါတယ်။ ဒါ့ပြင် ကိုဗစ်ဖြစ်ထားဖူးတဲ့ လူနာတွေက ထူးထူးခြားခြား နောက်ထပ်တစ်ခုလည်း ပြောကြပါသေးတယ်။ ဒါကတော့ ဆံပင်ကျွတ်တာပါ။ ကိုဗစ်ဖြစ်ပြီးမှဆံပင် တွေ အထွေးလိုက် ကျွတ်လာတယ်တဲ့လေ။ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ်SAR-CoV-2က ဆံပင်ကို တိုက်ရိုက်ကျွတ်စေတာမျိုးတော့ မရှိပါဘူး။ ခုထက်ထိလည်း ဒါနဲ့ ပတ်သက်ပြီး သက်သေအခိုင်အမာ မပြနိုင်သေးပါဘူး။ ဒါပေမယ့် ကိုဗစ်ဖြစ်ပြီးသွားတဲ့ လူနာတွေ ဆံပင်ကျွတ်တာက အမှန်ပါ။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဆံပင်ကျွတ်စေတယ်လို့တော့ ယူဆရပါတယ်။ကိုဗစ်ဖြစ်တဲ့အတွက် သာမန်ထက်တော့ စိတ်ဖိစီးမှုတွေ များနေနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေက ဆံပင်ကျွတ်ရခြင်းရဲ့ အကြောင်းရင်းပါပဲ။ ဒီလို စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာကိုTelogen effluviumလို့ ခေါ်ပါတယ်။ဒါကိုတော့ ရုပ်ဖိစီးမှုလို့ ပြောရမှာပါ။ ပြင်းပြင်းထန်ထန် ဆိုတာက အောက်စီဂျင်ရှူရလောက်တဲ့အထိကို ပြောတာမဟုတ်ပါဘူး။ သာမန်ဖျားတယ်၊ အဖျားကြီးတယ်ဆိုရုံနဲ့တင် ခန္ဓာကိုယ်ကို ဖိစီးစေတာကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ကိုဗစ်မှ မဟုတ်ပါဘူး။ တခြား ဘယ်ရောဂါမှာပဲ ဖြစ်ဖြစ်အပြင်းဖျား၊ ရက်ရှည်ဖျားပြီဆိုရင် လူနာက ဆံပင်ကျွတ်တတ်ပါတယ်။ဒါက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်ပါ။ နေမကောင်းဖြစ်ပြီဆိုရင် အရေးကြီးတဲ့ နေရာ၊ အသက်ရှင်ဖို့ မဖြစ်မနေလိုတဲ့ နေရာတွေကလွဲပြီး အာဟာရမပေးတော့ပါဘူး။ ဆံပင်က အသက်ရှင်ဖို့ မလိုတဲ့အတွက် သူ့ကို အာဟာရမပေး၊ မပေးတော့ ကျွတ် ဒီလို ဖြစ်သွားတာပါ။သာမန်လူတစ်ယောက်က တစ်နေ့ကို ဆံပင် အချောင်း ၁၀၀လောက် ကျွတ်ပါတယ်။ ဒါက ပုံမှန်ပါ။ ဘာကြောင့်လဲဆိုတော့ ဆံပင်မှာ ပေါက်တဲ့အဆင့်၊ ရှည်တဲ့အဆင့်၊ အရှည်ရပ်ပြီး ကျွတ်တာကို စောင့်တဲ့အဆင့်ဆိုတာ ရှိတာကြောင့်ပါ။ ဒါက ဆံပင် တစ်ချောင်းနဲ့ တစ်ချောင်းမှာ မတူပါဘူး။ တစ်ချောင်းက ပေါက်တဲ့အဆင့်ဆို၊ နောက်တစ်ချောင်းက ကျွတ်တဲ့အဆင့်ပါ။ အကုန်တူနေရင် ကျွတ်တဲ့အဆင့် ရောက်တဲ့အချိန်မှာ တစ်ခါတည်း ဆံပင်တွေ အကုန်ကျွတ်ပြီး ကတုံး ဖြစ်သွားမှာပါ။ကျွတ်တဲ့ အဆင့်ကို ရောက်နေတဲ့ ဆံပင်က သူ့အလိုလိုကျွတ်သွားမှာပါ။ သူကျွတ်မှ နောက်က အသစ်ထပ်ထွက်လို့ရမှာကိုး။ Telogen effluvium လို့ ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့် ကျွတ်တာကျတော့ နဂိုထက် ၃ဆလောက် ပိုကျွတ်ပါတယ်။ ဒါကြောင့်ကိုဗစ်နာလန်ထလူနာတွေက။-မနက်အိပ်ရာထရင် ခေါင်းအုံးမှာ ဆံပင်အထွေးလိုက်။-ခေါင်းဖြီးရင် အထွေးလိုက်။-ခေါင်းလျှော်လည်း အထွေးလိုက်။-နောက်ဆုံး ဆံပင်ကို မကိုင်ရဲလိုက်အောင် ဖြစ်နေကြပါတယ်။ ကိုင်ပြီး သပ်လိုက်တာနဲ့တင် အထွေးလိုက် ပါပါလာတာကိုး။အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး သတိထားမိတာများပါတယ်။ ဆံပင်ပိုရှည်တာကြောင့်လည်း ဖြစ်မှာပါ။ဒီTelogen effluviumဆိုတဲ့ ပြဿနာက ၆လလောက်ကြာတတ်ပါတယ်။ကုသနည်းလား။ မရှိပါဘူး။ ဆရာဝန်သွားပြရင် ဆံပင်ကျွတ်ရခြင်းရဲ့ အကြောင်းရင်းတွေကို စစ်ဆေးမှာပါ။သိုင်းရွိုက်ဟော်မုန်းကြောင့်လား။ အာဟာရချို့တဲ့တာလား။ သောက်လက်စ ဆေးတွေကြောင့်လား။ ဒါတွေကြောင့်လည်း မဟုတ်။ တခြား ဦးရေပြား ပြဿနာလည်း မရှိဘူး။ မကြာခင်ကမှ ကိုဗစ်လည်း ဖြစ်ထားဖူးတယ်ဆိုရင် Telogen effluvium ကြောင့် ဖြစ်နိုင်ပါတယ်။ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ ကုသမှု မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒါက ယာယီပဲ ဖြစ်ပြီး သူ့အလိုလို ပြန်ကောင်းလို့ပါ။ ဆံပင်ပေါက်စေတဲ့ ဆေးတွေ၊ အားဖြည့်အာဟာရတွေ၊ ခေါင်းလျှော်ရည်တွေ အသုံးမဝင်ပါဘူး။ သုံးရင်း သုံးရင်း ကောင်းလာတယ်ဆိုတာတော့ တွေ့ရပါလိမ့်မယ်။ အကြောင်းက ရောဂါရဲ့ သဘာဝကြောင့်ပါ။ သုံးသုံး မသုံးသုံး ၆လလောက် နေရင် ဆံပင်ကျွတ်တာ ပြန်နှေးသွားပါလိမ့်မယ်။လူနာအနေနဲ့ လုပ်ရမှာ ၂ချက်တည်း ရှိပါတယ်။စိတ်ဖိစီးမှုကြောင့် ဖြစ်တာဖြစ်တဲ့အတွက် တတ်နိုင်သမျှ စိတ်မဖိစီးအောင် နေပါ။ အထူးသဖြင့် ဆံပင်ကျွတ်တာကို စိတ်မပူပါနဲ့။ စိတ်ပူလေလေ ကျွတ်လေလေ၊ ကျွတ်လေလေ စိတ်ပူလေလေနဲ့ သံသရာလည်တတ်ပါတယ်။ Telogen effluvium ကြောင့် ကျွတ်တာက အလိုလိုဆံပင်ပြန်ပေါက်ပါတယ်။ အချိန်တော့ လိုပါတယ်။ ဆံပင်ပါးလာတာမျိုး ရှိပေမယ့် ထိပ်ပြောင်သွားမှာ မဟုတ်တဲ့အတွက် သိပ်ပြီး မစိုးရိမ်ပါနဲ့။အထူးသဖြင့်ဆံပင်အတွက် ကောင်းတဲ့သံဓာတ်၊ ဇင့်ဓာတ်၊ ပရိုတင်းကြွယ်ဝတာတွေကို စားပါ။ ဆံပင်အတွက် ထုတ်ထားတဲ့ အားဆေးတွေကို ယာယီသောက်နိုင်ပါတယ်။ ဒါပေမယ့် သဘာဝအစားအစာကတော့ အကောင်းဆုံးပါပဲ။ အာဟာရပြည့်ဝအောင် စားတာက နောက်ထပ် ဖျားနာမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထပ်ပြီး ဖျားနာရင် ဆံပင်ထပ်ကျွတ်နိုင်လို့ပါ။ ဒါ့ပြင် ဆေးလိပ်လည်း ရှောင်ထားဖို့ အကြံပေးချင်ပါတယ်။ကိုဗစ်ဖြစ်ပြီးလို့ ဆံပင်တွေ ကျွတ်နေရင် မလန့်ပါနဲ့။ ဒါက ဖြစ်တတ်ပါတယ်။ အချိန်လိုပါတယ်။ သူ့အလိုလို သက်သာသွားပါလိမ့်မယ်။ ဒီကြားထဲမှာ စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းအောင်နေပါ။ အာဟာရပြည့်အောင် စားသောက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/hair-loss-after-covid/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-loss/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/ghost-pepper-health-benefits/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%94%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%9a%e1%80%ba/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-vaccine-for-kids/
ခွဲမမွေးဘဲ ရိုးရိုးပဲ ကလေးမွေးမယ် လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက်များ
ကလေးမွေးမယ်ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ရိုးရိုးမွေးခြင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။ဗိုက်နာတတ်တဲ့ ကိစ္စတစ်ခုပဲ ပြောစရာရှိပြီး ကလေးထွက်သွားရင် ၃ ရက်လောက်နဲ့ သာမာန်လူလို ပြန်ဖြစ်သွားတဲ့အတွက် ရိုးရိုးမွေးတာကို ကြိုက်တဲ့သူတွေလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ်ကလည်း ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ၁၀ ချက်ကို သိထားဖို့တော့ လိုပါတယ်။မီးမဖွားခင် အကြိုသင်တန်းတွေ တက်ထားတဲ့အခါကျတော့ တကယ်လည်း မွေးခန်းထဲလည်းရောက်ရော ကလေးကို ဘယ်လိုညှစ်ရတယ် ဘယ်လိုပုံစံမျိုးနဲ့နေရင် ကလေးထွက်ဖို့ ပိုမြန်တယ်ဆိုတာတွေကို သိပြီးသားဖြစ်နေမှာပါ။တချို့ရှိပါတယ်။ ဗိုက်နာတယ်၊မီးဖွားချင်သလိုလိုဖြစ်နေတယ်ဆိုပြီး ဆေးရုံသွား ဟိုရောက်တော့မှ မီးဖွားချင်တာမဟုတ်မှန်း သိရတဲ့ အခိုက်အတန့်တွေပါ။ ရောက်လက်စနဲ့ ဆက်ပြီးနေသွားမယ်ဆိုပြီး ဆရာဝန်လည်း မညွှန်ကြားဘဲ ဆေးရုံမှာ မနေပါနဲ့ ။ ဆေးရုံဆိုတာ ရောဂါပိုးပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။ရိုးရိုးမွေးတယ်ဆိုမှတော့ ဗိုက်နာတာကို ခံနိုင်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ တော်ကြာ ရိုးရိုးမွေးမယ်လုပ်ပြီး ဗိုက်နာတာကို မခံနိုင်တော့လို့ ခွဲမွေးမယ်ဆိုတာမျိုး မဖြစ်တာအကောင်းဆုံးပါ။ မဟုတ်ရင် နှစ်ခါခံရတယ်လေနော်။ကလေးမွေးချင်လို့ နာတာကတစ်ခါ၊ ဗိုက်ခွဲပြီး နာကျန်ခဲ့တာက တစ်ခါ။ကိုယ်က တကယ် ရိုရိုးမွေးချင်တယ်ဆိုရင် ကျန်းမာရေးအခြေအနေအရ ရိုးရိုးမွေးလို့ ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့အခြေအနေတွေမှာ ကိုယ်က ရိုးရိုးမွေးချင်ပေမယ့် အခြေအနေမပေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ ကလေးကန့်လန့်ဖြစ်နေတာ၊ အချင်းရှေ့မှာ ပိတ်နေတာ။ကျန်းမာရေးအတွက်ကောင်းတဲ့ စားသောက်မှုပုံစံဟာ သင့်ကိုယ်ခန္ဓာအတွက်သာမက ဗိုက်ထဲက ရင်သွေးလေးကိုပါ အကျိုးရှိစေမှာ အသေအချာပါ။ ပြည့်ဝတဲ့ အာဟာရတွေရှိနေမှလည်း ကလေးကို ညှစ်ထုတ်ဖို့ အားရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ဝမ်းမချုပ်အောင်အမျှင်ဓာတ်ကြွယ်ဝတာတွေ စားပေးပါ။ မီးဖွားပြီးနောက်ပိုင်းသွေးအားနည်းတာမျိုး မဖြစ်အောင်လို့သံဓာတ်နဲ့ Folic acid ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေးစားပါ။ကိုယ်လက်လှုပ်ရှားမှုရှိတဲ့အခါ သက်လုံကောင်းစေပြီး ကလေးမွေးမယ် ဆို ကောင်းကောင်းညှစ်နိုင်မယ့်အပြင် ဗိုက်နာတဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ မီးဖွားရတာလည်း လွယ်ကူစေမှာပါ။ခုနောက်ပိုင်းခွဲမွေးတဲ့ ကိစ္စမှာ နောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ ကလေးကို မိဘတွေ လိုချင်တဲ့ရက်အတိုင်းရအောင် မွေးတာပဲ ဖြစ်ပါတယ်။ရိုးရိုးမွေးရင်တော့ ဒီလိုရက်ရွေးလို့ ရမှာမဟုတ်ပါဘူး။ကလေးမွေးမယ် ဆို ရိုးရိုးကလေးမွေးတာ ဘယ်လောက်တောင် ဆိုးသလဲဆိုတဲ့ negative ပုံပြင်တွေကို နားမယောင်မိပါစေနဲ့။ သွားနားထောင်မိလေလေ ရိုးရိုးမွေးရမှာကို ကြောက်လာလေလေဖြစ်တတ်ပါတယ်။အိပ်ရေးဝဝ အိပ်ခြင်းဟာ ဗိုက်ထဲက ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ သင့်စိတ်ကို တည်ငြိမ်အောင်လုပ်နိုင်တဲ့အကောင်းဆုံး အရာတစ်ခုပါ။အချုပ်ပြောရမယ်ဆိုရင် ကလေးမွေးမယ် ဆို ရိုးရိုးပဲမွေးမွေး၊ ခွဲပဲ မွေးမွေး အတတ်နိုင်ဆုံးစိတ်ဖိစီးမှုမရှိအောင် နေပြီး ကိုယ့်ကိုကိုယ်လည်း သေချာဂရုစိုက်ကာ အရာရာကို အကောင်းဘက်ကပဲ တွေးထားသင့်ပါတယ်နော်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/baby-into-the-best-birth-position/
null
null
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/juvenile-rheumatoid-arthritis-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%9c%e1%80%b1%e1%80%b8%e1%80%96%e1%80%80%e1%80%ba%e1%80%94%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/facts-about-red-silk-cotton-flowers/
null
null
health
health
https://hellosayarwon.com/health/bounce-back-if-new-years-goals-fail/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/cold-the-flu-or-covid-19/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9b%e1%80%9a%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%9e%e1%80%b0-%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%b1/
null
null
parenting
parenting
https://hellosayarwon.com/parenting/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%bb/
Perimenopause (သွေးဆုံးချိန်ဝန်းကျင်ကာလ)
သွေးဆုံးခါနီးကာလ ကိုခေါ်သည်။ ထိုအချိန်တွင်သင့်ခန္ဓါကိုယ်သည် သွေးဆုံးခြင်းဖြစ်ရန်သဘာဝပြောင်းလဲခြင်းများဖြစ်သည်။ မျိုးပွားနိုင်သောနောက်ဆုံးအချိန်များလဲဖြစ်သည်။မိန်းမမျာ်း အသက်အရွယ်မျိုးစုံတွင်ဖြစ်နိုင်သည်။ သွေးဆုံးခါနီး လက္ခဏာများဖြစ်သော ရာသီပုံမှန်မလာခြင်း များကို အသက် လေးဆယ်နှောင်းပိုင်းတွင်စခံစားရတတ်သည်။ အချို့သူများတွင် အသက်သုံးဆယ်တွင်စတင်သတိထားမိတတ်သည်။မဟော်မှန်းပမာဏ သည် သွေးဆုံးခါနီးကာလတွင် တက်ခြင်း ကျခြင်းများမညီမျှစွာဖြစ်သည်။ ရာသီလာမှု ကြာခြင်းတိုခြင်း သို့မဟုတ် သင့် သားဥအိမ်မှ သားဥကိုမထုတ်တော့ခြင်းများဖြစ်တတ်သည်။ သွေးဆုံးခြင်းလက္ခဏာများ(ပူခြင်း မျက်နှာရခြင်း အိမ်ရေးမဝခြင်း နှင့် မအဂါၤခြောက်ခြင်းများကိုခံစားရနိုင်သည်။ လက္ခဏာများသက်သာစေရန်ကုသမှုများရှိသည်။။ဆယ့်နှစ်လကျော်အောင်ရာသီမလာပါက သွေးဆုံးခြင်းဖြစ်ပြီး သွေးဆုံးကာလပြီးဆုံးပြီးဖြစ်သည်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သွေးဆုံးခါနီးကာလရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအချက်များရှိကဆရာဝန်နှင့်တိုင်ပင်သင့်သည်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။သွေးဆုံးခါနီးကာလရောက်ပါက မဟော်မှန်းသန္ဓေထိန်းဟော်မှန်းများကျခြင်းတက်ခြင်းကိုဖြစ်စေသည်။ သွေးဆုံးခါနီးဖြစ်တတ်သောလက္ခဏာများသည် အဓိကအားဖြင့် မဟော်မှန်းကျခြင်းကြောင့်ဖြစ်သည်။သွေးဆုံးခြင်းသည်ပုံမှန်အခြေအနေတွင်လည်းဖြစ်တတ်သည်။ သို့သော် အချို့မိန်းကလေးများတွင်စော၍ဖြစ်တတ်သည်။ သက်သေအတိအကျမရှိသော်လည်း စော၍သွေးဆုံးစေခြင်း အကြောင်းအရာများမှာအောက်ပါအတိုင်းဖြစ်သည်ဟုယူဆနိုင်သည်။ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်တတ်သောမိန်းမများတွင် တစ်နှစ်နှစ်နှစ်ခန့်စော၍ သွေးဆုံးတတ်သည်။မိသားစုမျိုးရိုးရှိခြင်း။ သွေးဆုံးခြင်းစောသော မျိုးရိုးရှိပါကလည်းစော၍ သွေးဆုံးနိုင်သည်။ကင်ဆာကုထုံးများ။ ကင်ဆာဆေးသွင်းခြင်း ဓါတ်ရောင်ခြည်ပြခြင်းများမှလည်း းသွေးစောဆုံးနိုင်သည်။သားအိမ်ထုတ်ထားခြင်း။ သားအိမ်ထုတ်၍သားဥအိမ်မထုတ်ထားပါက သွေးဆုံးခြင်းမဖြစ်စေပါ။ သိုံသော်ရာသီသွေးမလာသော်လည်း သားဥအိမ်မှ မဟော်မှန်း ဆက်ထုတ်နေတတ်သည်။ သို့သော် ထိုသို့ခွဲစိတ်ပြီးပါက စော၍ သွေးဆုံးခြင်းဖြစ်တတ်သည်။ သားဥ အိမ် တစ်လုံးပဲထုတ်ပါက ကျန်တလုံးသည် စောစီးစွာ လုပ်ဆောင်မှုများရပ်တတ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးဆုံးခါနီးကာလသည် တဖြည်းဖြည်းချင်းဖြစ်လာသောအချိန်ကာလတစ်ခုဖြစ်သည်။ စမ်းသက်မှုများပြုလုပ်လေ့မရှိပါ။ သို့သော် သင့်အသက် ရာသီလာခဲ့သောသမိုင်း နှင့် ရောဂါလက္ခဏာများအပေါ်မူတည်ပြီး သင့်ဆရာဝန်မှအခြေအနေများကိုစဉ်းစားလိမ့်မည်။ အချို့ဆရာဝန်များက ဟော်မှန်းအားစစ်ဆေးခိုင်းလိမ့်မည်။ တွီုင်းရွိုက် မှထုတ်သော ဟော်မှန်းများလဲစစ်တတ်သည်။ သို့သော် ဟော်မှန်းစမ်းသက်မှများက မလိုအပ်တတ်ပါ။ရောဂါလက္ခဏာသက်သာစေရန်အောက်ပါဆေးများပေးတတ်သည်။ဘယ်ကုသမှုယူမည်ကိုဆုံးဖြတ်ပြီးနောက် ထိုကုသမှု၏ကောင်းကျိုး ဆိုးကျိုးနှင့် ဖြစ်လာနိုင်သောအန္ဓရာယ်များကိုသင့်ဆရာဝန်ဖြင့်ဆွေးနွေးပါ။ သင့်ခန္ဓါကိုယ်လိုအပ်ချက်အမြဲပြောင်းလဲနီုင်သောကြောင့် သင်ရွေးချယ်နိုင်သောကုသမှုနည်းလမ်းများကိုနှစ်စဉ်နှစ်တိုင်းဆွေးနွေးပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သွေးဆုံးခါနီးကာလကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ထိခိုက်မှုနည်းစေသောကုထုံးများ ဥပမာ အပ်စိုက်ကုထုံး ယောဂ နှင့် တည်ြငိမ်စွာ အသက်ရူခြင်းများသည် စိတ်ဖိစီးမှုအားသက်သာစေပြီါ် စိတ်ကျန်းမာရေးအားပိုကောင်းစေသည်။ အပ်စိုက်ကုထုံးသည် မျက်နှာရဲခြင်းကိုသက်သာစေသော်လည်း တိတိကျကျမဆိုနိုင်ပါ။ စိတ်သက်သာစေသော အရာများလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုသက်သာစေပြီး သွေးဆုံးချိန်ရောဂါလက္ခဏာအားလည်းသက်သာစေသည်။ဖြည့်စွက်စာနှင့် ဆေးပင်များသောက်သုံးမည်ဆိုပါကဆရာဝန်နှင့်တိုင်ပင်ပါ။ အဖ်ဘီအေမှ တိုင်းရင်းဆေးပင်များကို မထိန်းချုပ်ထားသော်လည်း အချို့အရာများသည် အန္ဓါရယ်ရှိစေပြီးအချို့သည် အခြားဆေးဝါးများနှင့် ဓါတ်ပြုစေတတ်သည်။ ထိုသို့ဖြင့်သင့်အခြေအနေက်ု ပိုဆိုးစေတတ်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/perimenopause-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%84/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/potatoes-skin-benefits/
သင့်ကျန်းမာရေးအတွက် အနမ်းတစ်ပွင့်
ချစ်သူရသူတွေ အချင်းချင်းအကြားနှုတ်ခမ်းချင်းနမ်းရှုံ့ပြီး အချစ်တွေ ဖလှယ်ကြတာက ဒီဘက်ခေတ်မှာ ထူးဆန်းလှတဲ့ အပြုအမူတော့မဟုတ်ပါဘူး။လိင်စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်၊ ချစ်ခင်မြတ်နိုးမှုကို ပြသလိုတဲ့ စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အနမ်းချင်း ဖလှယ်တတ်ကြပါတယ်။ ဒါပေမယ့် ကျန်းမာဖို့ သင့်ကျန်းမာရေးအတွက် အနမ်းတစ်ပွင့် ပေးပါ လို့ ပြောရင်တော့ အံ့သြသွားကြမယ်မဟုတ်လား။တကယ်တော့ နမ်းရှုံ့တယ်၊ အကြင်နာပေးတယ်၊Kissingပေးတယ်ဆိုတာတွေဟာ အချစ်ကို ကိုယ်စားပြုရုံတင် မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ လူနှစ်ဦးအကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။သိပ္ပံနည်းကျလေ့လာမှုတွေအရ အနမ်းတစ်ပွင့် ဟာ လူတွေရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်တဲ့။ ဘယ်လို အကျိုးပြုသလဲ ကြည့်ကြရအောင် …။နှုတ်ခမ်းချင်း ထိစပ်နမ်းရှုံ့လိုက်တဲ့အခါမျိုးတွေမှာ ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။ ဒါကြောင့် နာမကျန်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ ဘက်တီးရီးယားတွေကို ပြန်လည်တိုက်ထုတ်မယ့် သင့်ရဲ့ကိုယ်ခံအားစနစ်ကို လှုံ့ဆော်မှုပေးလိုက်တာလည်း ဖြစ်လာမှာပါ။ သြစတြေးလျက သိပ္ပံပညာရှင်တွေကတော့ တစ်နေ့ကို ၉ ကြိမ်နမ်းပါလို့ ဆိုထားကြပါတယ်။ဟုတ်ပါတယ်။ “အပြန်အလှန် ချစ်ခင်နှစ်သက်မှု သီအိုရီ” ဆိုတာ ရှိပါတယ်။ အဆိုပါသီအိုရီအရဆိုရင် အနမ်းချင်းဖလှယ်တာအပါအဝင် ရုပ်ပိုင်းဆိုင်ရာအရ ချစ်ခင်နှစ်သက်မှုကို ဖော်ပြနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတိုင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်တဲ့။နှုတ်ခမ်းချင်းနမ်းရှုံ့တဲ့အခါမှာ နှစ်ဦးလုံးရဲ့ ခံတွင်းမှာ တံတွေးရည်တွေပိုမိုထုတ်လုပ်နိုင်ပြီး အလွယ်တကူမျိုချနိုင်အောင်လည်း ကူညီပါတယ်။ ဒီအချက်က သွားအတွင်းမှာကပ်ငြိနေတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားရှင်းလင်းနိုင်စေမှာဖြစ်ပါတယ်။နမ်းရှုံ့ကြတဲ့အခါ “The Love Hormone” လို့ လူသိများကြတဲ့Oxytocinနဲ့ Vasopressin တွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး Endogenous Opioids၊Dopamineနဲ့ တခြားသော လူကိုအကျိုးပြုတဲ့ Neurohormones တွေကိုလည်း ပိုမိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ကျေနပ်နှစ်သိမ့်မှုနဲ့ တပ်မက်စိတ်တို့ဟာ စိတ်ဖိစီးမှုကိုလျှော့ချနိုင်သလို ရေရှည်ကျန်းမာတဲ့ အကျိုးကျေးဇူးကိုလည်း ပေးနိုင်ပါတယ်တဲ့။ စိတ်ဖိစီးစေတဲ့ဟိုမုန်းတွေကို လျှော့ချနိုင်မယ်ဆိုရင် စိတ်ကျန်းမာရေးဘက်မှာ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။နမ်းရှုံ့ကြတဲ့အခါမှာ Adrenaline နဲ့ Noradrenaline တို့လို ဓာတ်မျိုးတွေ ထွက်ရှိလာပါတယ်။ အဆိုပါဓာတ်တွေဟာ လူတွေရဲ့နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး စိတ်လှုပ်ရှားစေ၊ လူကိုပိုပြီးသတိရှိနေစေဖို့လည်း အကျိုးပြုပါတယ်။စိတ်ဖိစီးမှုနည်းပါးလာတဲ့အခါ သွေးတွင်းမှာရှိတဲ့ ကိုယ်လက်စထရော ပမာဏလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။တစ်စုံတစ်ခုနဲ့ အလက်ဂျစ်ရှိနေတဲ့အခါ စိတ်ဖိစီးမှုက ဝေဒနာပိုဆိုးအောင် တွန်းအားပေးပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ နမ်းရှုံ့မှုကြောင့် Feel-good Hormones တွေ များများထုတ်လွှတ်လာတဲ့အခါ အလက်ဂျစ်ဖြစ်တဲ့ဝေဒနာတချို့ကို ထိန်းချုပ်လျှော့ချနိုင်တာကို သိရှိခဲ့ရပါတယ်။နမ်းရှုပ်တာနဲ့ တခြားသောရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေဟာ ချစ်သူနှစ်ဦးအကြားဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမှာလည်းဖြစ်ပါတယ်။ များများနမ်းတာဟာ များများလိင်ဆက်ဆံတာထက် ပိုပြီး ဆံဆံရေးတွေကို ခိုင်မြဲစေနိုင်တယ်လို့ သုတေသနတွေကဆိုပါတယ်။ဒါပေမယ့်အနမ်းပွင့်တွေရဲ့ နောက်ကွယ်မှာ အမြဲတမ်း ကောင်းကျိုးတွေချည်း ရှိနေတာမဟုတ်ဘူးဆိုတာကိုတော့ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အနမ်းပွင့်တွေဟာ ကျန်းမာစေသလို ကူးစက်ရောဂါတွေကိုလည်း ဖိတ်ခေါ်သလိုဖြစ်စေတတ်ပါတယ်။ဒါကြောင့် နမ်းရှုံ့မယ်ဆိုရင် အောက်ပါအချက်တွေကို သတိထားရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် နှစ်လိုဖွယ် အနမ်းတစ်ပွင့် အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပိုင်ဆိုင်ရဦးမှာဖြစ်သလို ကူးစက်ရောဂါတွေ ဘေးကိုလည်း စိုးရွံ့နေစရာ လိုအပ်တော့မှာမဟုတ်ပါဘူး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/kissing-and-your-health/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/sleep-when-you-are-tired/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-care-tips-for-monsoon-season/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/night-blooming-cereus-cactus-buds-health-benefits/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/why-you-should-consult-with-psychiatrics/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/the-benefits-of-double-cleansing/
Menopause (သွေးဆုံးခြင်း)
တစ်ဆယ့်နှစ်လကြာအောင် ရာသီလာခြင်းမရှိတော့ပါက ရာသီသွေးဆုံးသည်ဟုခေါ်သည်။ သွေးဆုံးကာလ သည် မျိုးပွားခြင်းရပ်တန့်သောအချိန်(ကလေးမရနိုင်တော့သောကာလ) ဖြစ်သည်။ သို့သော် သင်သည် ကျန်းမာစွာနေနိုင်သည်။ လိင်ဆက်ဆံမှုများလည်းလုပ်ဆောင်နိုင်သေးသည်။ သွေးဆုံးခြင်းကာလသည် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်သဖြင့်စိတ်ပူစရာမလိုအပ်ပါ။မိန်းကလေးတိုင်းသည် သွေးဆုံးခြင်းကာလကိုတွေ့ကြုံရမည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမရသော သဘာဝဖြစ်စဉ်တခုဖြစ်သောကြောင့်ဖြစ်သည်။ သွေးဆုံးကာလသည်တစ်ဉ်းနှင့်တစ်ဦးမတူနိုင်ပါ။ ထပ်မံသိရှိလိုသည်များအတွက်သင်၏ဆရာဝန်ဖြင့်တိုင်ပင်ပါ။သွေးဆုံးခြင်းတွင်များသောအားဖြင့်တွေ့ရသောလက္ခဏာများမှာ။အထက်တွင်မဖော်ပြထားသောရောဂါလက္ခဏာများရှိ၍ ဆရာဝန်ဖြင့်တိုင်ပင်ပါ။သင့်တွင်အောက်ပါအချက်အလက်များရှိနေပါကဆရာဝန်ဖြင့်တိုင်ပင်ပါ။သွေးဆုံးခြင်းဖြစ်စေသောအကြောင်းအရာထဲမှတခုမှာ မျိုးပွားဟော်မှန်းများ သဘာဝအလျောက်ကျဆင်းလာခြင်းကြောင်ဖြစ်သည်။ အသက်ကြီးလာချိန်( အသက်၃၀နှောင်းပိုင်း) တွင် သင်၏သားဥအိမ်မှထုတ်သော ဟော်မှန်းများကျဆင်းလာသည်။ ထိုဟော်မှန်းများက ရာသီသွေးလာမှုကိုပုံမှန်စေသည်။ ဟော်မှန်းနည်းသွားသောကြောင့် မျိုးပွားနိုင်နှုန်းများလဲကျလာသည်။ အသက်လေးဆယ်နှောင်းပိုင်းတွင် ရာသီသွေးလာချိန်သည် ရှည်လာခြင်းသို့မဟုတ် တိုသွားခြင်း ရာသီသွေးနည်းခြင်းများခြင်းများဖြစ်လာနိုင်သည်။ အသက် ၅၁ တွင် သွေးဆုံးခြင်းများဖြစ်လာသည်။သားအိမ်ထုတ်ထားခြင်းသည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။ သားဥအိမ်ကျန်သေးသဖြင့် သွေးဆုံးခြင်းတော့မဖြစ်စေပါ။ သားအိမ်ထုတ်တားသဖြင့်ရာသီသွေးမပေါ်တော့သည်တိုင် သင့်သားဥအိမ်မှ သားလောင်းနှင့် ဟော်မှန်းများဆက်လက်ထုတ်နေသေးသည်။ သို့သော် သားဥအိမ်ပါထုတ်လိုက်သော ကိစ္စများတွင်သွေးဆုံးခြင်းဖြစ်စေသသည်။ဓါတ်ကင်ခြင်း ရောင်ခြည်ပြခြင်းတို့မှလဲသွေးဆုံးခြင်းကိုဖြစ်စေတတ်သည်။ ထိုသို့ကုသပြီးနောက် သွေးဆုံးခြင်းရောဂါလက္ခဏာများခံစားရတတ်သည်။အခြားဖြစ်စေတတ်သောအခြေအနေမှာ သားဥအိမ်မှ ပုံမှန်မလုပ်ဆောင်နိုင်တော့ခြင်းကြောင့်ဖြစ်သည်။ အသက်၄၀မတိုင်မီ သွေးဆုံးခြင်း (စောစီးစွာသွေးဆုံးခြင်း) သည် မိန်းကလေးအားလုံး၏ တစ်%သာဖြစ်တတ်သည်။ သားဥအိမ်မှပုံမှန် မျိုးပွားဟော်မှန်းများမထုတ်နိုင်တော့ခြင်း သည် မျိုးရိုးကြောင့် သို့မဟုတ် ကိုယ်ပိုင်တစ်သျူးနှင့်ဓါတ်မတည့်သောရောဂါများကြောင့်ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါကလဲ သွေးဆုံးခြင်းကိုဖြစ်စေသည်။သွေးဆုံးခြင်းသည် ရှောင်ရှား၍မရသောသဘာဝဖြစ်စဉ်ဖြစ်သော်လည်း အောက်ပါအခြေအနေများကြောင့်စောစီးစွာသွေးဆုံးခြင်းကိုဖြစ်စေသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာအားကြည့်၍ ဆရာဝန်မှ သွေးဆုံးခြင်းဟုတ်မဟုတ်ကို စဉ်းစားမည်။ အကယ်၍ သင်သည် ပုံမှန်မဟုတ်သော ရာသီသွေးလာခြင်းများ ပူခြင်းများကို စိတ်ပူပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ အချို့ကိစ္ခများသည် ထပ်မံစမ်းသက်ဖို့လိုအပ်တတ်သည်။သွေးစစ်ပြီး ဟော်မှန်းများ (FSH TSH oestrogen) ကိုစစ်ဖို့လိုအပ်သည်။ FSH တက်၍estradiol ကျပါက သွေးဆုံးခြင်းဖြစ်နိုင်သည်။ တိုင်းရှိုက် (လည်ပင်းရှိ အဂါၤတစ်ခု) အလုပ်လုပ်မှုနည်းခြင်းတို့ကလဲ သွေးဆုံးခြင်းလက္ခဏာများခံစားရတတ်သည်။သွေးဆုံးခြင်းအားကုသရန်မလိုပါ။ ကုသမှုမှာ ရောဂါလက္ခဏာသက်သာစေရန်နှင့် အသက်ကြီး၍ ဖြစ်သော အခြေအနေများအားကာကွယ်ရန်အတွက်သာဖြစ်သည်။ဟော်မှန်းဖြင့်ကုသခြင်းက ကုသခြင်းများထဲကတစ်ခုဖြစ်သည်။ ရောဂါလက္ခဏာများသက်သာစေသောအကောင်းဆုံးနည်းလမ်းဖြစ်သည်။ မိမိအခြေအနေနဲ့ မိသားစု အခြေအနေပေါ်မူတည်၍ estrogen ခေါ် မဟော်မုန်းကို လိုအပ်သည့် အနည်းဆုံးပမာဏကို ပေးလိမ့်မည်။မအဂါၤ ခြောက်သွေ့ခြင်းအတွက် မအဂါ်လိမ်းestrogenပါဆေးက အထောက်အကူပြုပါလိမ့်မည်။ လိမ်းဆေး အတောင့် လက်စွပ်ပုံသဏာန်များရှိသည်။စိတ်ကျဝေဒနာကုဆေးဝါးများကို ပမာဏ အနည်းငယ်ပေးခြင်းဖြင့်လည်း သွေးဆုံးခြင်းအချို့လက္ခဏာများကိုသက်သာစေနိုင်သည်။ ဟော်မှန်းသောက်ရန်သင့်ကျန်းမာရေးက မကောင်းလျင် စိတ်ကျဝေဒနာဆေးဝါးများက အထောက်အကူပေးပါမည်။အရိုးပွခြင်းအားသက်သာစေရန် ဆေးပေးပါလိမ့်မည်။ သင်လိုချင်သော သင်လိုအပ်သောပုံကိုမူတည်၍ ဆရာဝန်မှအကောင်းဆုံးဆုံးဖြတ်ချက်ပေးပါလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကသွေးဆုံးခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သွေးဆုံးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/menopause-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/can-you-get-a-covid-19-vaccine-if-youre-sick/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/pericarditis-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%ac-%e1%80%a1%e1%80%b1%e1%80%bb%e1%80%99%e1%80%bd%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-%e1%80%b1%e1%80%9b%e1%80%ac/
တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးအတွက် ဘေးကင်းစိတ်ချရဆုံးအသုံးအဆောင်ပစ္စည်းကို ဘယ်လိုရွေးချယ်မလဲ
ကလေးရဲ့အသားအရေဟာ ချောချောမွတ်မွတ်၊ နူးနူးညံ့ညံ့လေးမို့ဖေဖေမေမေတို့ မနမ်းဘဲ မထိဘဲ မနေနိုင်ကြပါဘူး။ ဒါပေမယ့် ဒီလိုအသားအရေလေးကို ထိန်းသိမ်းပေးနိုင်ဖို့က လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်။ ကလေးရဲ့အရေပြားဆိုတာ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေနဲ့မတူဘဲ အမေ့ဝမ်းထဲမှာတည်းကကောင်းကောင်းဖွံ့ဖြိုးဖြစ်တည်နိုင်ဖို့ အချိန် ၉လလောက် ကြာခဲ့ရတာဖြစ်ပါတယ်။ကလေးအသုံးအဆောင်ပစ္စည်းတွေက တကယ်ရောဘေးကင်းရဲ့လား။အားလုံးတော့စိတ်ချလို့မရပါဘူး။ ကလေးတွေအတွက်ဆိုပြီး တံဆိပ်ကပ်ထားတဲ့အသားအရေနဲ့ဆံသားထိန်းသိမ်းမှုပစ္စည်းအတော်များများမှာ အရေပြားကိုနှိုးဆွပြီး ထိခိုက်စေတဲ့ဓါတ်တွေပါတတ်ပါတယ်။ ကလေးတွေမှာသုံးတဲ့အခါ တချို့ကဘာမှမဖြစ်ပေမယ့် တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးတွေမှာ အရေပြားပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင်parabens နဲ့phthalates ၊dibutyl phthalate (DBP)၊ dimethylphthalate (DMP) နဲ့ diethyl phthalate (DEP) တို့က စိုးရိမ်ရတဲ့ပါဝင်ပစ္စည်းတွေပါ။ ဒီဓါတ်ပစ္စည်းတွေနဲ့ထိတွေ့မိရင် လူ့ခန္ဓါကိုယ်ရဲ့ဟော်မုန်းပမာဏကို မကောင်းတဲ့သက်ရောက်မှုဖြစ်စေပြီး ဖွံ့ဖြိုးမှုပိုင်းမှာပြဿနာတွေရှိလာစေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေကဖော်ပြထားပါတယ်။ ဒီသုတေသနအများစုက တိရစ္ဆာန်တွေမှာလေ့လာခဲ့တာဖြစ်လို့ အထောက်အထားခိုင်မာမှုက အကန့်အသတ်ရှိနေပေမယ့် ဒီပစ္စည်းတွေရဲ့စိတ်ချရမှုကလည်း သက်သေပြနိုင်တာမရှိသေးပါဘူး။ ဒီတော့ ကိုယ့်ရဲ့ရင်နှစ်သည်းချာလေးတွေအတွက်ဘေးကင်းစိတ်ချရဖို့ပဲ အဓိကထားတာအကောင်းဆုံးပါပဲ။ကလေးအတွက် စိတ်ချရဆုံးအသုံးအဆောင်ပစ္စည်းကို ဘယ်လိုရွေးချယ်မလဲ။(၁) အရင်းအမြစ်ကို ကြည့်ပါ။ကလေးအတွက် အသားအရေထိန်းပစ္စည်းတွေဝယ်တော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကိုဘယ်ကရရှိသလဲဆိုတာ ကြည့်ဖူးပါသလား။ဘေးကင်းစိတ်ချရမှုဆိုတာ ကုန်ကြမ်းပစ္စည်းက စတာပါပဲ။ ဒီတော့ အရည်အသွေးနဲ့ဘေးကင်းစိတ်ချရမှုစံနှုန်းကောင်းမွန်ကြောင်း ဂုဏ်သတင်းရှိတဲ့ ကုန်အမှတ်တံဆိပ်ကိုရွေးပါ။ အရေပြားနဲ့ဓါတ်တည့်မတည့်ကိုအမြဲစစ်ကြည့်သင့်ပါတယ်။ ကလေးအတွက်လို့ဆိုလိုက်တာနဲ့ပြဿနာရှိနိုင်တဲ့ဓါတ်ပစ္စည်းတစ်ခုလောက်ပဲပါစေဦးတော့ လက်ခံလို့မရနိုင်ပါဘူး။ အသေးအဖွဲလေးကနေ အန္တရာယ်ရှိတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။(၂) ပါဝင်ပစ္စည်းတွေကို ဖတ်ကြည့်ပါ။နောက်တစ်ချက်ကတော့ ကုန်ပစ္စည်းရဲ့ ပါဝင်ပစ္စည်းတွေကဘေးကင်းရဲ့လားဆိုတာ ကြည့်ရပါမယ်။ အပေါ်မှာပြောခဲ့သလိုပဲphthalates နဲ့ parabens လို ဓါတ်တွေမပါတဲ့ ကုန်ပစ္စည်းကိုရွေးဖို့ အကြံပြုချင်ပါတယ်။ သဘာဝကုန်ကြမ်းပစ္စည်းတွေနဲ့လုပ်ထားတယ်ဆိုတဲ့ အမှတ်တံဆိပ်တွေကြောင့် သင့်ကလေးအတွက် သဘာဝ၊အော်ဂန်းနစ်ထုတ်ကုန်တွေလိုအပ်တယ်လို့ ထင်ကောင်းထင်လာနိုင်ပါတယ်။ ဒါပေမယ့် သဘာဝဆိုတိုင်းသေချာပေါက်ဘေးကင်းမယ်လို့ မသေချာပါဘူး။ တာရှည်ခံစေမယ့်ဓါတ်ပစ္စည်းတွေပါရင်လည်း အလားတူပါပဲ။ ဒါတွေမပါရင် ကလေးတွေရဲ့အသားအရေနဲ့ထိတွေ့ရမယ့် ကုန်ပစ္စည်းမှာ မှိုတွေလွယ်လွယ်လေးနဲ့ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တာရှည်ခံပစ္စည်းဟာ FDA ကခွင့်ပြုထားတဲ့ ပမာဏနည်းနည်းလေးပဲ ပါရှိရမယ်ဆိုတာ သတိထားပြီးသေချာစစ်ဆေးပါ။(၃) အရည်အသွေးဆန်းစစ်ချက်နဲ့ စမ်းသပ်မှုလုပ်ငန်းစဉ်ကို လေ့လာပါ။ကုန်ပစ္စည်းတစ်ခုဟာ ကလေးတွေအတွက်သုံးရင်ဘေးကင်းစိတ်ချရမှုအာမခံနိုင်ဖို့အတွက် ဘယ်လိုတုံ့ပြန်မှုဖြစ်နိုင်ခြေအတွက်မဆို ဂရုတစိုက်စမ်းသပ်စစ်ဆေးရမှာဖြစ်ပါတယ်။ ဒီဖော်မြူလာက မျက်စိ သို့မဟုတ် အရေပြားကိုပြဿနာဖြစ်စေနိုင်သလား။ ထင်ထားတဲ့အတိုင်း အကျိုးရလဒ်ပေးနိုင်ရဲ့လား။ ကလေးနဲ့ထိတွေ့တဲ့အခါ ဓါတ်မတည့်တာ၊ တုံ့ပြန်တာတစ်ခုခုဖြစ်လာနိုင်မလား စသည်ဖြင့် စဉ်းစားရပါမယ်။ ကုန်အမှတ်တံဆိပ်က တရားဝင်အသိအမှတ်ပြုတံဆိပ်ဖြစ်ရင် ကုန်ပစ္စည်းအပေါ် အရည်အသွေးဆန်းစစ်ချက်နဲ့ စမ်းသပ်မှုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်အားလုံးကို လူသိရှင်ကြားဖွင့်ချထားသင့်ပါတယ်။ ကိုယ့်ကုန်ပစ္စည်းရဲ့အရည်အသွေးဆန်းစစ်ချက်နဲ့ စမ်းသပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လျှို့ဝှက်ချက်လိုကွယ်ဝှက်ထားတဲ့ ကုန်အမှတ်တံဆိပ်ဆိုရင်တော့ ထည့်ကိုမစဉ်းစားသင့်ပါဘူး။(၄) ပြင်ပက လက်တွေ့အနေအထားတွေမှာ စမ်းသပ်ထားတဲ့ ကုန်ပစ္စည်းတွေကိုရှာပါ။ကုန်ပစ္စည်းက သူအာမခံထားတဲ့အတိုင်း တကယ့်လက်တွေ့ဘဝမှာ လုပ်ဆောင်ချက်ရှိရဲ့လား။ ဒါကိုသိနိုင်ဖို့အတွက် ကုန်ပစ္စည်းကို မတူညီတဲ့နယ်ပယ်တွေမှာ ထပ်ထပ်ပြီးစမ်းသပ်ရပါမယ်။ ကုန်ပစ္စည်းကို အပူ၊အအေး၊ စိုထိုင်းမှုလွန်ကဲတဲ့နေရာတွေမှာမထားဖို့ label မှာ ညွှန်ကြားချက်ပါရှိရင်တောင်မှ အဲဒီနေရာတွေမှာရှိနေခဲ့ရင်ဘေးကင်းနေဆဲဖြစ်ဖို့လိုပါတယ်။ စက်ရုံကထွက်သွားပြီးနောက်ပိုင်းမှာ ကုန်ပစ္စည်းက ဘယ်ကိုရောက်မယ်၊ ဘာဆက်ဖြစ်မယ် ဘယ်သူသိနိုင်ပါ့မလဲ။ တခါတလေကျရင် ကုန်ပစ္စည်းတွေဟာဈေးကွက်ထဲမရောက်ခင် ပူနွေးစိုထိုင်းတဲ့ ဂိုဒေါင်ရုံတွေမှာပဲ သိုလှောင်ထားနိုင်လို့ပါ။(၅) အမြဲမပြတ်ဆန်းစစ်နေတဲ့ကုန်အမှတ်တံဆိပ်ကိုရွေးပါ။ဝယ်သူတွေအတွက်တကယ်တမ်းစဉ်းစားပေးတဲ့ကုန်အမှတ်တံဆိပ်တစ်ခုဟာ အမြဲမပြတ်ဆန်းစစ်နေတတ်ပါတယ်။ ဝယ်သူတွေဆီက မှတ်ချက်တွေနဲ့ဝေဖန်အကြံပြုချက်တွေကို အမြဲနားထောင်ပေးတာကိုဆိုလိုတာပါ။ customer service ဖုန်းခေါ်ဆိုမှုတွေ ၊ လူမှုမီဒီယာတွေကတဆင့် ဝယ်သူတွေရဲ့အသံကို ဂရုတစိုက်အမြဲရှိတဲ့သူတွေကိုရွေးပါ။ပြဿနာတွေများလာပြီဆိုရင် ကုမ္ပဏီက ကုန်ပစ္စည်းအားလုံးရဲ့ အရည်အသွေးနဲ့ဘေးကင်းစိတ်ချရမှုကိုသေချာစေဖို့ တာဝန်ယူစိတ်ရှိသင့်သလို ထိုက်သင့်သလောက် ကုန်ပစ္စည်းအဆင်ြ့မှင့်တင်တာတွေ လုပ်ပေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%90%e1%80%af%e1%80%b6%e1%80%b7%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9c%e1%80%bd%e1%80%9a%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%9b%e1%80%be%e1%80%ad-2/
သင်၏ စိတ်ဖိစီးမှုကို သဘာဝသည်မည်ကဲ့သို့လျော့ပါးစေရန် ကူညီသနည်း
မိုက်ကယ်ဆိုနာ အမည်ရှိ အော်ရီဂွန်တက္ကသိုလ်၏ ကထိကပေါမောက္ခ သည် အာရုံစူးစိုက်မှုကိုလေ့လာသည်။ ကျွန်တော်တို့၏ဦးနှောက်များသည် အလုပ်ကြာမြင့်စွာ လုပ်ပြီးနောက်ပင်ပန်းလာကြပြီး အထူးသဖြင့် လုပ်ရသောအလုပ်မှာ အာရုံစူးစိုက်မှုလိုအပ်ကာ ထပ်ကာထပ်ကာလုပ်ဆောင်နေရသောအရာဖြစ်လျှင် ပိုဖြစ်တတ်သည်။အရမ်းဖိအားများတဲ့အချိန်တွေမှာ နားခြင်းသည် စိတ်ဖိစီးမှုကို ကူညီဖြေရှင်းပေးနိုင်စွမ်းရှိကောင်းရှိနိုင်သကဲ့သို့မရှိသည်လည်းဖြစ်နိုင်သည်။ အရေးကြီးဆုံးအချက်မှာ အနားယူပုံယူနည်းဖြစ်သည်။ဝေါလ်စရိဂျာနယ်အရ ပန်းခြံထဲကော်ဖီသောက်ရင်းလမ်းလျှောက်ခြင်းသည်ပို၍ စိတ်ဖိစီးမှုနည်းစေသည်ဟုဆိုသည်။မကြာသေးမီမှပြုလုပ်သော စစ်တမ်းကောက်ချက်များအရ သဘာဝပတ်ဝန်းကျင်ပုံစံထဲတွင် လမ်းလျှောက်ခြင်းသည် သင်၏အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ သဘာဝကို ကြည့်ရှူနားဆင်ခံစားခြင်းသည် အကျိုးရှိသောစိတ်ဖြစ်လာစေနိုင်သည်။ အမှန်ဆိုရလျှင် ဒေါက်တာ မာ့ခ်ဘားမန်းနှင့် သူ၏အဖွဲ့ဝင် များဖြစ်သည့် မီချီကန် တက္ကသိုလ်မှ သုတေသီများသည် သစ်ရိပ်ဝါးရိပ်ရှိ၍စိမ်းစိုကာ သဘာဝအတိုင်းဖြစ်နေသည့် ခြံထဲတွင် လမ်းလျှောက်သော စမ်းသပ်ခံသူများတွင် မှတ်ဉာဏ်စွမ်းဆောင်ရည် နှင့် အာရုံစူးစိုက်မှုများ 20ရာခိုင်နှုန်းခန့်ပိုမိုတိုးတက်ကောင်းမွန်လာကြောင်းတွေ့ရှိရသည်။ထိုသူများကို ရှုပ်ထွေးသော မြို့လမ်းမများအပေါ်လမ်းပေးလျှောက်ကြည့်သောအခါ ထိုကဲ့သို့တိုးတက်မှုများမရှိကြောင်းတွေ့ရှိခဲ့ရသည်။တိတ်ဆိတ်သောအခန်းထဲတွင် သဘာဝအလှဓါတ်ပုံများကို ကြည့်ရှူခြင်းသည်ပင်လျှင်ရှုပ်ထွေးသောမြို့လယ်ကောင်တွင် လမ်းလျှောက်ရမှဖြစ်ပေါ်သည့် ဉာဏ်ရည်ထက်ပိုမိုကောင်းမွန်နေကြောင်းသိရှိရသည်။ထပ်မံလေ့လာမှုတွင်ကား သုတေသီများသည် တိတ်ဆိတ်သောအခန်းထဲတွင် သဘာဝအလှဓါတ်ပုံများ (သို့) မြို့လယ်ရှိလမ်းမများကို ဆယ်မိနစ်ခန့်နားကာ ကြည့်ရှူစေသည်။ သဘာဝအလှသည်စာရွက်ပေါ်တွင်သာရှိသော်လည်း ဉာဏ်စွမ်းရည်သည် သဘာဝအလှဓါတ်ပုံများကိုကြည့်ရှူအနားယူပြီးနောက် ပိုမို တိုးတက်လာကြောင်းတွေ့ရှိခဲ့ရသည်။ ထိုသို့တိုးတက်မှုသည် သစ်ပင်များကြား လမ်းဖြတ်လျှောက်သောအခါရသော ဉာဏ်စွမ်းရည်တိုးတက်မှုလောက် မကြီးမားသော်လည်း မြို့ထဲလျှောက်သွားသောအခါရသည့်ဉာဏ်စွမ်းထက်တော့ ပို၍များပြားထိရောက်သည်ဟု ဒေါက်တာဘားမန်းမှ ဆိုသည်။သင်သည် ပန်းခြံနှင့် သဘာဝပန်းဥယျဉ်ကြီးများ(သို့) သစ်တောအုပ်များကို အပြင်မှာတကယ်မခံစားရသော်လည်း။ထိုသို့ကြည့်ရှူရာမှတဆင့်အကျိုးကျေးဇူးကိုရရှိနိုင်သေးသည်။ဒေါက်တာဘားမန်းမှ “သင်သည်ထိုသို့အကျိုးကျေးဇူးများရရန်အတွက်လမ်းလျှောက်ရန်ပင်အရမ်းမလိုအပ်ပါ။ အကျိုးရရှိရန် သင်ကြိုက်သောအရာများကို။လက်တွေ့လုပ်ဆောင်ရန်ပင်မလိုအပ်ပါ။”ဟုဆိုသည်။ သဘာဝအလှဓါတ်ပုံများကို ကြည့်ရှူခြင်းသည် စိတ်ဖြင့်မလုပ်ဆောင်ရသောအာရုံစူးစိုက်မှုကို ပေးစွမ်းနိုင်ပြီး အတင်းအာရုံစိုက်ရန်မလိုအပ်ပဲစိတ်ဝင်စားစရာကောင်းနေသည့် ကြည်နူးကျေနပ်စရာဓါတ်ပုံပန်းချီကား(သို့)သဘာဝအလှတို့သည် ကျွန်တော်တို့၏စိတ်များကို ဆွဲဆောင်သွားနိုင်သည်။ ထိုအရာကို သတိပြုမိနေရင်းပင် ကျွန်တော်တို့စကားပြောခြင်း၊တွေးတောခြင်းတို့ကိုပြုလုပ်နိုင်ကြသည်။ဆန့်ကျင်ဘက်ပြောရလျှင်ရှူပ်ထွေးနေသောလမ်းမတွင်လမ်းလျှောက်ခြင်းသည် ကြာရှည်စွာ ပင်ပန်းစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကားများ၊ဆိုင်ကယ်၊စက်ဘီးများနှင့် လူများကိုကျွန်တော်တို့အားလာမတိုက်မိစေရန်သတိထားနေရ၍ဖြစ်သည်။အချို့သောသဘာ၀ အကျိုးကျေးဇူးများရရှိရန် လူများသည် သဘာဝပတ်ဝန်းကျင်အနားတွင်နေထိုင်ရန်မလိုအပ်ပါ။ပို၍ဆိတ်ငြိမ်သောလမ်းများ၊စိတ်ဝင်စားစရာကောင်းသော သဘာဝအလှများနှင့် မြို့သည်လည်းတူညီသောအကျိုးကျေးဇူးတို့ကို ပေးစွမ်းနိုင်သည်။မည်ကဲ့သို့သောသဘာဝအလှများက ဉာဏ်ရည်ကို မြှင့်တင်ပေးနိုင်ကြောင်းကို သုတေသီများမှ လေ့လာဆောင်ရွက်နေဆဲဖြစ်သည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9e%e1%80%84%e1%80%ba%e1%81%8f-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%98%e1%80%ac/
ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့!
ကော်ဖီဆိုတာက တော်တော်များများ နှစ်သက်တဲ့ သောက်စရာ တစ်မျိုးပါ။မနက်ခင်းကို ကော်ဖီ တစ်ခွက်နဲ့မှ မစတင်ရရင် အဆင်မပြေဘူးလို့ ခံစားရသူက ခပ်များများပါ။ ဒီလိုမျိုး ကော်ဖီကြိုက်သူတွေ အနေနဲ့ ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့! ဘာကြောင့် ဒီလိုပြောရသလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း။လေ့လာမှုတွေအရ ကော်ဖီက အစာအိမ်ကို လှုံ့ဆော်ပေးပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်တာက စိတ်ကို လန်းဆန်းစေပြီး တက်ကြွစေတာမှန်ပေမယ့် ဆေးဝါးတွေနဲ့တော့ တွဲသောက်တာမျိုး မလုပ်တာကောင်းပါတယ်တဲ့။အကြောင်းကတော့ ကော်ဖီက အစာခြေစနစ်ရဲ့အာဟာရစုပ်ယူနိုင်စွမ်း၊ အာဟာရ ဖြန့်ဝေမှုဖြစ်စဉ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေသလို ဆေးဝါးရဲ့ အာနိသင် သက်ရောက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့! ဘာဆေးတွေလည်း ဆိုတော့။သိုင်းရွိုက်အတွက် သောက်ရတဲ့ဆေးတွေ။ခန္ဓာကိုယ် ကျန်းမာဖို့အတွက် သိုင်းရွိုက်ဟော်မုန်း မျှတဖို့ လိုပါမယ်။သိုင်းရွိုက်ဟော်မုန်း များလွန်း နည်းလွန်း တာက အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သိုင်းရွိက်ဟော်မုန်း မမျှတတာက ကိုယ်အလေးချိန် တက်တာ၊ အသားခြောက်တာ၊ အဆစ်နာတာ၊ ဆံပင်ကျွတ်တာနဲ့ ရာသီသွေးမမှန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။သိုင်းရွိုက်ပြဿနာအတွက် သောက်ရတဲ့ ဆေးတွေကို ကော်ဖီနဲ့ သောက်လိုက်တာက ဆေးရဲ့ ထိရောက်မှုကို အဟန့်အတား ဖြစ်စေပြီး ခန္ဓာကိုယ်က ဆေးကို စုပ်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ကျန်းမာရေး တစ်ခုခုကြောင့် ဆေးသောက်နေရမယ်ဆိုရင် ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။အဖျားကျဆေး နဲ့ ဓာတ်မတည့် သက်သာစေတဲ့ ဆေးတွေ။အဖျားကျဆေးတွေနဲ့ ဓာတ်မတည့်မှုကို သက်သာစေတဲ့ ဆေးတွေမှာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်တဲ့ ဆေးတွေ ပါဝင်နေပါတယ်။ ကော်ဖီကလည်း လှုံ့ဆော်ပေးနိုင်တဲ့ အရာတွေပါ။ ဒါကြောင့် ကော်ဖီကိုဓာတ်မတည့်မှုကို သက်သာစေနိုင်တဲ့ ဆေးနဲ့ တွဲသောက်လိုက်မယ်ဆိုရင်တော့ အိပ်ပျော်ဖို့ခက်တာ စိတ်ရောကိုယ်ပါ အနားမရတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် အဖျားကျဆေး နဲ့ဓာတ်မတည့်တာကို သက်သာစေတဲ့ ဆေးတွေနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ဆီးချိုအတွက် သောက်ဆေးတွေ။ကော်ဖီကို သကြားတွေ နို့တွေ ဖြည့်စွက်ပြီး သောက်သုံးတာကသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို ကော်ဖီကို ဆီးချိုဆေးနဲ့ တွဲသောက်တာက ဆီးချိုဆေးတွေရဲ့ အာနိသင် သက်ရောက်မှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ဆီးချို ရှိမယ်ဆိုရင် ဆီးချိုဆေးတွေနဲ့ ကော်ဖီကို တွဲသောက်တာမျိုး မလုပ်ပါနဲ့။အယ်လ်ဇိုင်းမားအတွက် သောက်ဆေးတွေ။အယ်လ်ဇိုင်းမားအတွက် ဆေးတစ်မျိုးမျိုးကို သောက်နေရတယ်ဆိုရင်တော့ ကော်ဖီနဲ့ ဆေးကို  တွဲသောက်တာမျိုး မလုပ်ပါနဲ့။ အယ်လ်ဇိုင်းမားအတွက် သောက်ရတဲ့ ဆေးကို ကော်ဖီနဲ့တွဲသောက်လိုက်တဲ့အခါဦးနှောက်ကို ထိခိုက်စေနိုင်သလို ဆေးရဲ့ အာနိသင် သက်ရောက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် အယ်လ်ဇိုင်းမား ဝေဒနာ ခံစားနေရလို့ ဆေးသောက်နေရမယ်ဆိုရင်တော့ ဆေးတွေကို ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ပန်းနာရင်ကြပ်ဆေးတွေ။ပန်းနာရင်ကြပ်ဆိုတာက နာတာရှည် ကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ အဆုတ်ကို ထိခိုက်စေပြီး လေပြွန်ကို ရောင်ရမ်းစေသလို အသက်ရှူရခက်တာ၊ ချောင်းဆိုးတာမျိုးနဲ့ အသက်ရှူသံ တရွှီရွှီ မြည်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ဒီလိုမျိုး နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေး ပြဿနာကို ခံစားနေရတာကြောင့် ဆေးသောက်ရမယ်ဆိုရင်တော့ ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ ဒီလို သောက်တာက ဆေးတွေရဲ့ အာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။အရိုးပွရောဂါဆေးတွေ။အရိုးပွရောဂါက အရိုးတွေကို ပါးစေပြီး ထိခိုက်လွယ်စေပါတယ်။ အရိုးပွတာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။အရိုးပွတာကြောင့် ဆေးသောက်နေရမယ်ဆိုရင်တော့ ဆေးတွေကို ကော်ဖီနဲ့ တွဲမသောက်မိဖို့ လိုပါမယ်။ ဒီလိုပြောရတာက ကော်ဖီက အရိုးပွတာအတွက် သောက်ရတဲ့ ဆေးတွေရဲ့ အာနိသင်ကို ထက်ဝက်လောက် ကျဆင်းစေနိုင်တာကြောင့်ပါ။စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ဆေးတွေ။စိတ်ဓာတ်ကျတာကို ခံစားနေရပြီဆိုရင် စိတ်ကျတာကို သက်သာစေတဲ့ဆေးကို ပုံမှန်လေး သောက်သုံးပေးဖို့ လိုပါမယ်။ ဒီလို ဆေးကို ပုံမှန်လေး သောက်သုံးနေရချိန်မှာ ကော်ဖီနဲ့ ဆေးကို တွဲသောက်ရတာက ဆေးရဲ့ အာနိသင်ကို ထိခိုက်စေနိုင်တာကြောင့် တွဲသောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။ဆေးကို ကော်ဖီနဲ့ တွဲသောက်တာက ခန္ဓာကိုယ်ရဲ့ ဆေးစုပ်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။သွေးကျဆေးတွေ။သွေးတိုးရောဂါ ရှိလို့ သွေးကျဆေး သောက်ရသူတွေ အနေနဲ့လည်း သွေးကျဆေးကို ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးကျဆေးကို ကော်ဖီနဲ့ တွဲသောက်လိုက်တဲ့အခါ ဆေးရဲ့ အာနိသင် သက်ရောက်မှု ကျဆင်းစေပြီး နှလုံးကို ဝန်ပိစေနိုင်ပါတယ်။ကော်ဖီအပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေ (ဥပမာ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အားဖြည့်အချိုရည်၊ ချောကလက်)ကို အထက်ပါဆေးတွေအပါအဝင် ဘယ်ဆေးနဲ့မှ ရောမသောက်ပါနဲ့။ ကဖင်းပါတဲ့ သောက်စရာတွေက ဆေးရဲ့ အာနိသင်၊ အူလမ်းကြောင်း စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆေးသောက်တဲ့အခါ ရိုးရိုးရေနဲ့ပဲ သောက်ပေးပါ။ မိမိက ကော်ဖီသောက်တတ်သူဆိုရင် ဆေးသောက်ရမယ့်အချိန်နဲ့ ခပ်ခွာခွာသောက်ပေးပါ။# တတိုင်းမွှေး ဆေးဖက်ဝင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/medications-you-should-never-mix-with-coffee/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%96%e1%80%84%e1%80%ba%e1%80%b8%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1/
အဆုတ်လေး တွေကို ကျန်းမာအောင်၊ သန့်စင်အောင် ကူညီကြမယ်
အားလုံးသိတဲ့အတိုင်း lungs လို့ခေါ်တဲ့အဆုတ်လေးတွေဟာအသက်ရှူလမ်းကြောင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူသားတွေ နေ့စဉ်ရှူလိုက်တဲ့ လေတွေ၊ ဖုန်တွေ နဲ့ မသန့်စင်တဲ့ အညစ်အကြေးတွေကအစ ခန္ဓာကိုယ်အတွက် မကောင်းဘဲ ရှုမိလိုက်တဲ့ဆေးလိပ်ငွေ့၊ ဓာတ်ငွေ့တွေအဆုံး အားလုံးကို အတတ်နိုင်ဆုံးသန့်စင်ပေးတဲ့ တာဝန်ကိုလည်း ယူနေကြပါတယ်။ သူတို့ဟာ မကောင်းတဲ့ အငွေ့တွေကိုလည်း သန့်စင်ပေးတယ်ဆိုပေမယ့် ကြာလာတဲ့အခါမှာ ပင်ပန်းနွမ်းနယ်လာနိုင်ပြီး ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့အနေနဲ့လည်း အဆုတ်လေးတွေ အကောင်းဆုံးအလုပ်လုပ်နိုင်ဖို့၊ ရောဂါတွေ အလွယ်တကူဖြစ်မလာဖို့ သန့်စင်အောင်၊ ကျန်းမာအောင် ကူညီပေးဖို့လိုအပ်ပါတယ်။ အဲလို ကူညီနိုင်ဖို့ အတွက် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။သစ်ပင်တွေများပြီးလေကောင်းလေသန့်ရနိုင်မယ့် နေရာမျိုးက လေတွေကို မကြာခဏ ရှူရှိုက်သင့်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ ဓာတ်ငွေ့တွေ၊ ဖုန်တွေ များတဲ့ နေရာတွေကို တတ်နိုင်သလောက်ရှောင်ကြဉ်ပြီး အဲလိုနေရာတွေ သွားတဲ့အခါ နှာခေါင်စည်းလေးတပ်သွားသင့်ပါတယ်။၂။ လေသန့်စက်ထားရှိပါ။နေထိုင်တဲ့ အိမ်(သို့) ကိုယ်ပိုင်အခန်းထဲမှာလေသန့်စက်လေးတွေဝယ်ပြီး ထားမယ်ဆိုရင် အဆုတ်အတွက် အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ အချို့က အမွှေးနံ့တွေပါတဲ့ air fresher တို့၊ ဖယောင်းတိုင်တို့ကို သုံးရင် အဆုတ်အတွက် ပိုကောင်းတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် တချို့ အနံ့ပြင်းတဲ့ အသုံးအဆောင်တွေမှာ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင် နေနိုင်တာကြောင့် အမွှေးနံ့တွေပါတာမျိုးကို အများကြီး မသုံးဖို့ အကြံပေးချင်ပါတယ်။၃။ လေ့ကျင့်ခန်းလုပ်ပါ။အထူးသဖြင့်အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင် အဆုတ်ကို အားကောင်းစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းတွေအပြင် aerobic activity လို့ခေါ်တဲ့ အောက်ဆီဂျင်ကို နှလုံး၊ အဆုတ်စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဆီ သယ်ပို့အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း၊ လက်ဝှေ့ထိုးခြင်း စတဲ့ အားကစားတွေကို လုပ်ဆောင်မယ်ဆိုရင်လည်း အဆုတ်ကို သန့်စင်စေပြီး ကျန်းမာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆုတ်တင်မကဘဲ နှလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ကြံ့ခိုင်စေတာကြောင့် ပုံမှန်လေး လေ့ကျင့်ခန်းလုပ်ကြဖို့ မမေ့ကြပါနဲ့နော်။၄။ အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာတွေကို စားပါ။ဆယ်လမွန်ငါး၊ တူနာငါး၊ ဥအမျိုးမျိုး၊ ပဲနို့၊ ချိစ် စတဲ့ ဗီတာမင် D ကြွယ်ဝတဲ့အစားအစာတွေက အဆုတ်ကို အားကောင်းစေပါတယ်။ တစ်ခါတစ်လေမှာ ရှူလိုက်တဲ့ မသန့်စင်တဲ့လေတွေရယ်၊ ပိုးမွှားတွေ ရယ်ကြောင့်အဆုတ်ရောင်တာတွေ ဖြစ်တတ်ပြီး အသက်ရှုတဲ့အခါ အခက်ခဲဖြစ်စေပါတယ်။ ဒါ့ကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ ဘယ်ရီသီးတွေ၊ ဂေါ်ဖီပန်းစိမ်း၊ dark chocolate ၊ ချင်း(ဂျင်း) စတာတွေကိုလည်း စားပေးသင့်ပါတယ်။၅။ ရေများများသောက်ပေးပါ။ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အဆုတ်ကို လုပ်ငန်းကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးပါတယ်။၆။ ဆေးလိပ် ရှောင်ပါ။ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ လေပြွန်လေးတွေကို ရောင်ရမ်းစေပြီး၊ ကျဉ်းလာစေနိုင်တဲ့အတွက် အသက်ရှူရခက်ခဲစေနိုင်ပါတယ်။ ကြာလာတဲ့အခါမှာ အဆုတ်ထိခိုက်ပြီး အဆုတ်ကင်ဆာတွေ၊ Chronic Obstructive Pulmonary disease လို့ခေါ်တဲ့ အဆုတ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အဆုတ်လေးကို ကျန်းမာစေဖို့ဆေးလိပ်ရှောင်သင့်ပါတယ်။၇။ အိမ်မှာ ရှိနေတဲ့ ဖုန်တွေကို မကြာခဏ ရှင်းလင်းပေးပါ။ဖုန်တွေ၊ အမှိုက်တွေနဲ့ ပိုးမွှားတွေက အသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်ထဲရောက်သွားတဲ့အခါ အဆုတ်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အိမ်မှာ ဖုန်တွေ မရှိရအောင် သန့်ရှင်းရေးသေချာလုပ်ပေးတာမျိုး၊ အင်းဆက်ပိုးတွေ မရှိအောင် မကြာခဏ ရှင်းလင်းတာမျိုး၊ ဖုန်တွေ ကပ်နေနိုင်တဲ့ ကော်ဇောတွေ ရှိမယ်ဆိုရင်လည်း ဖုန်စုပ်စက်နဲ့ မကြာခဏ သန့်စင်ပေးတာမျိုး တွေကို လုပ်ဆောင်ပေးသင့်ပါတယ်။၈။ လက်ကိုစင်ကြယ်အောင်ဆေးပါ။လက်ဟာ ဟိုကိုင် ဒီကိုင်လုပ်ရတဲ့အတွက် ပိုးမွှားတွေအများကြီး တွယ်ကပ်နေနိုင်ပါတယ်။ အဲဒီလက်နဲ့ နှာခေါင်း၊ ပါးစပ်တွေကနေတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲရောက်သွားမယ်ဆိုရင် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ဒီလိုအချက်တွေအပြင် အဆုတ်ကျန်းမာရေးအတွက် ဆရာဝန်နဲ့လည်း မကြာခဏ ပြသပေးသင့်ပါတယ်။Hello ဆရာဝန်ပရိသတ်ကြီးလည်း ဒီဆောင်းပါးထဲကနည်းလမ်းလေးတွေကို လက်တွေ့အသုံးချပြီး ကိုယ့်ရဲ့အဆုတ်လေးတွေကို ကျန်းမာသန့်စင်အောင် ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/lungs-detoxify/
လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ
လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများ က ဘာတွေများ ဖြစ်မလဲ ….. သိချင်နေပြီလား ! ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။အမျိုးသားတစ်ယောက်အနေနဲ့ လိင်စိတ်ဆန္ဒ ကို ဘယ်လိုများပြားအောင်နေထိုင်ရမလဲဆိုတာသိဖို့ အရေးကြီးသလို တခြားဖက်ကလည်း လိင်စိတ်ကို နည်းပါးစေတဲ့ အကြောင်းရင်းများကို သိဖို့လိုပါတယ်။ တချို့သော အကြောင်းအရာတွေက ကျန်းမာရေးနဲ့ ဆက်နွယ်နေနိုင်ပေမဲ့ တချို့သော အကြောင်းအရာတွေက ကျန်းမာရေးနဲ့ မဆိုင်ဘဲ လူနေမှု ဘဝပုံစံတွေကြောင့် လိင်စိတ်နည်းပါးနေကြတာ ဖြစ်ပါတယ်။သင့်အနေနဲ့ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးမှာ လိင်တံထောင်မတ်မှု ချို့ယွင်းခြင်း (erectile dysfunction (ED) ) နဲ့ လိင်စိတ်ဝင်စားမှု နည်းပါးတာမျိုး ဖြစ်ပွားနေပါက အောက်ပါအကြောင်းရင်းတွေ ခံစားနေရလို့ ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကို ပိုကောင်းအောင်လုပ်ဆောင်ခြင်းဖြင့် သင့်အနေနဲ့ ပိုကောင်းတဲ့ လိင်မှု ဆက်ဆံရေးဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ အခု ဖော်ပြပေးမယ့် လိင်စိတ်ဆန္ဒကို နည်းပါးစေတဲ့ အကြောင်းရင်းများကတော့-။လူတချို့ကတော့ စိတ်ဖိစီးနေတဲ့ အချိန် အလုပ်ဖိလုပ်လိုက်တာမျိုး၊ Gym သွားပြီး ကာယလေ့ကျင့်ခန်းတွေကို လိုလိုလားလား လုပ်ဆောင်တာမျိုး လုပ်ကြပေမဲ့ စိတ်ဖိစီးနေတဲ့ အချိန်ဆိုရင် လိင်ဆက်ဆံချင်စိတ်တော့ လျော့နည်းနေမှာပါ။ အလုပ်နဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အိမ်ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ လက်တွဲဖော်နဲ့ ပတ်သတ်ပြီးပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကို ဘယ်သူမဆို ခံစားရနိုင်ပါတယ်။စိတ်ဖိစီးမှုကို ကောင်းကောင်း ကိုင်တွယ်နိုင်ခြင်းက သင့်ကျန်းမာရေးအတွက်ရော လိင်မှု ဘဝအတွက်ရော ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုကို တစ်ကိုယ်တည်းလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့ နည်းလေးတွေ အများကြီးရှိပြီး တကယ်လို့တိုင်ပင်ဖို့လိုလာပြီဆိုရင်လည်း အတိုင်ပင်ခံ တစ်ယောက်ယောက်နဲ့ပဲ ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့ပဲ ဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ပြဿနာတက်ခြင်းဟာ လိင်စိတ်ကို နည်းပါးစေနိုင်တဲ့ ထိပ်ဆုံးအကြောင်းရင်းတစ်ခုပါပဲ။ အမျိုးသမီးတွေ အတွက်ဆိုရင် နီးနီးကပ်ကပ်ရှိခြင်းက လိင်စိတ်ဖြစ်စေတဲ့ အရာ တစ်ခု ဖြစ်ပြီး အမျိုးသားရော၊ အမျိုးသမီးတွေ အတွက်ရောဆိုရင်တော့ ရန်ဖြစ်ပြီးအချိန်၊ စကားပြောဆိုမှု မရှိတာမျိုး၊ သစ္စာဖောက်ခံထားရတာမျိုးနဲ့ တခြားသော ယုံကြည်မှုနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ဖြစ်နေမယ်ဆိုရင်လိင်ဆက်ဆံချင်စိတ်နည်းပါးကြမှာ ဖြစ်ပါတယ်။ဒီလို အခြေအနေကနေ နှစ်ယောက်သားအတူတကွ တိုင်ပင်ညှိနှိုင်းလို့ရပေမဲ့ ညှိနှိုင်းဖို့ ခက်တဲ့ ပြဿနာမျိုးဆိုရင်တော့ အကြံပေးအတိုင်ပင်ခံတွေနဲ့ သွားရောက်ဆွေးနွေးသင့်ပါတယ်။အရက် တစ်ခွက်လောက် သောက်လိုက်ရင်တော့ လိင်ဆက်ဆံချင်စိတ်ပိုများလာပေမဲ့ အရက်အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ သင့်ရဲ့ လိင်စိတ်တွေကို လျော့နည်းစေနိုင်ပါတယ်။ သင်ကိုယ်တိုင်က အရက်သမားဖြစ်နေမယ်ဆိုလည်း သင့်လက်တွဲဖော်ရဲ့ လိင်ဆက်ဆံချင်စိတ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အရက်ဖြတ်ဖို့ ပြဿနာ ရှိနေတယ်ဆိုရင်လည်း ကျန်းမာရေး ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီး ဆွေးနွေး အဖြေရှာသင့်ပါတယ်။တကယ်လို့ သင့်ရဲ့ လိင်ဆက်ဆံချင်စိတ်က ရုတ်တရက် လျော့နည်းသွားမယ်ဆိုရင် ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ သင် အိပ်စက်ချိန် အလုံအလောက်မရလို့လည်း ဖြစ်နိုင်ပါတယ်။ အဲ့လိုမျိုး ဖြစ်နေတယ်ဆိုရင် အိပ်ရာကို နောက်ကျမှ အိပ်ပြီး မနက်အစောကြီး ထမိနေသလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ဒါမှမဟုတ် သင့်မှာ အိပ်မပျော်တဲ့ ဝေဒနာမျိုး၊ အိပ်စက်ချိန် အသက်ရှူမရဖြစ်တဲ့ ရောဂါမျိုးခံစားနေရသလားဆိုတာကို သေချာအောင်စစ်ဆေးပါ။ညဘက် ကောင်းကောင်း အိပ်မပျော်ဘူးဆို လိင်ဆက်ဆံချင်စိတ်လည်း နည်းသွားမှာ အမှန်ပါပဲ။ ပင်ပန်းခြင်းက လိင်စိတ်ပြင်းပြခြင်းကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံချင်စိတ်နည်းပါးနေတယ်ဆိုရင် အိပ်ရေး ဝရဲ့လားဆိုတာ စစ်ဆေးပါ။ ဒါမှမဟုတ် တကယ်အိပ်လို့မရတဲ့ ဝေဒနာ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။မိဘ ဖြစ်သွားတာနဲ့ လိင်စိတ်နည်းပါးသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ ကလေးတွေရှိတဲ့ အချိန်မှာ သင့်အနေနဲ့ လက်တွဲဖော်နဲ့ ရင်းနှီးဖို့ အချိန်တွေတော့ ပိုနည်းပါးသွားမှာပါ။ ဒါ့ကြောင့် အဆင်ပြေမယ်ဆိုရင်တော့ မိဘကောင်းဖြစ်ဖို့ လိုတဲ့အပြင် လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် အချိန်ကို မျှတအောင်စီမံသင့်ပါတယ်။တချို့သော ဆေးဝါး အမျိုးအစားတွေကတော့ လိင်စိတ် ပြင်းပြစိတ်ကို လျော့နည်းစေပါတယ်။ အဲ့ဒီ ဆေးအမျိုးအစားတွေကတော့-။ဒီလိုဆေး အမျိုးအစားတွေကို မှီဝဲနေပြီး လိင်စိတ်ဆန္ဒ ကလည်း လျော့နည်းသွားမယ်ဆိုရင်တော့ ဆေးဝါး ပြောင်းသုံးတာမျိုးက အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဆုံးဖြတ်ချက်နဲ့ ဆေးသောက်ရပ်လိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ဆရာဝန်များနဲ့ အရင်တိုင်ပင်ပြီး ဆေးဝါးသစ်တစ်မျိုး ပြောင်းသုံးလိုက်တာနဲ့ လိင်စိတ်ဆန္ဒက ပြန်လည်မြင့်မားလာမှာ ဖြစ်ပါတယ်။ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံစံကို ကိုယ်နှစ်သက်ခြင်းအပေါ် အခြေခံပြီး လိင်စိတ်ဆန္ဒ ပြင်းပြမှုတွေ ဖြစ်ပေါ်တာပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံစံကို ကိုယ်ကောင်းကောင်းလက်ခံပါ။ သင်က ခန္ဓာကိုယ်ပိုလှပအောင် ကြိုးစားနေတယ်ဆိုရင်တောင် လက်ရှိ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံစံကို ကိုယ်အရင် သဘောကျတတ်ဖို့လိုပါတယ်။ ကိုယ်ရဲ့ ခန္ဓာကိုယ်ပုံစံကို သဘောကျမယ်ဆိုရင် လိင်စိတ်ဆန္ဒများပြားလာမှာပါ။ တကယ်လို့ သင့်ရဲ့ လက်တွဲဖော်က သူရဲ့ ခန္ဓာကိုယ်ဟာ ကြည့်ရဆိုးနေတယ်လို့ထင်ရင် သူဟာ ဆွဲဆောင်မှုရှိကြောင်း သေချာပြောပြဖို့လိုအပ်ပါတယ်။သင်ဟာ အဝလွန်နေသူတစ်ယောက်ဆိုရင် လိင်ဆက်ဆံချင်စိတ်တွေက တဖြည်းဖြည်းနည်းသွားမှာပါ။ ဒီလို လိင်စိတ် နည်းသွားရခြင်း အကြောင်းရင်းဟာ သင့်ကိုယ်တိုင်က လိင်ဆက်ဆံရတာကို မကြိုက်လို့လည်း ဖြစ်နိုင်သလို၊ လိင်ကောင်းကောင်း မဆက်ဆံနိုင်တာလည်းဖြစ်နိုင်ပြီး ကိုယ်ရုပ်ဆိုးကြောင်း ခံစားနေမိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာကိုယ်ပုံရိပ်ကို ကိုယ်ဘယ်လိုမြင်လဲဆိုတာကို ပြောင်းလဲဖို့အတွက် ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးခြင်းက လိင်စိတ်ဆန္ဒကို ပိုများလာစေနိုင်ပါတယ်ယ်။ထောင်မတ်ခြင်းပြဿနာED (erectile dysfunction) ပြဿနာ တက်နေတဲ့ အမျိုးသားများဟာ သူတို့တွေ လိင်ပိုင်းဆိုင်ရာမှာ စွမ်းဆောင်ရည် ကောင်းနိုင်ပါ့မလားဆိုတာ အမြဲတမ်းစိုးရိမ်တတ်ကြပါတယ်။ ဒီစိုးရိမ်စိတ်ကပဲ သူတို့တွေရဲ့ လိင်စိတ် ဆန္ဒကို နည်းပါးစေတာ ဖြစ်ပါတယ်။ ED ဟာ ကုသလို့ရနိုင်တဲ့အပြင် လက်တွဲဖော်ကလည်း ကိုယ့်အမျိုးသားကို ချစ်ခင်ယုယခြင်းဖြင့်လည်း ဒီပြဿနာကိုဖြေရှင်းလို့ရပါတယ်။T ဟော်မုန်းလို့ အသိများတဲ့ တက်စတိုစတီရုန်းဟော်မုန်းဟာ လိင်စိတ် ကို မောင်းနှင်ပေးနေတာပါ။ အသက်ရတာနဲ့ အမျှ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ အနည်းငယ်ကျဆင်းသွားပါတယ်။ T ဟော်မုန်း ကျသွားလို့ လိင်စိတ်ဆန္ဒ အကုန်ကျဆင်းသွားတာမဟုတ်ပေမဲ့ အနည်းငယ်တော့ ကျဆင်းသွားပါတယ်။ ဒါ့အပြင် တခြားအရာတွေဖြစ်တဲ့ အဖော်ဖြစ်သူနဲ့ ပြဿနာတက်တာကအစ ကိုယ်အလေးချိန်ပြဿနာတွေကလည်း လိင်စိတ်ဆန္ဒနဲ့ တက်စတိုစတီရုန်း ပမာဏ အပေါ်သက်ရောက်နိုင်ပါတယ်။စိတ်ကျရောဂါဟာ လိင်ကိစ္စအပါအဝင် ဘဝက သာယာဖွယ်ကိစ္စတွေကို တားဆီးနိုင်ပါတယ်။ ဒီလိုစိတ်ကျရောဂါ ဖြစ်နေတယ်ဆိုရင် ဆရာဝန်တွေနဲ့ သွားရောက်ပြသသင့်ပါတယ်။ တကယ်လို့ ဆေးဝါးတွေပါ မှီဝဲရတယ်ဆိုရင် ဆရာဝန်ကို ဆေးရွေးချယ်မှုအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးမဟုတ်ပေမဲ့ တချို့သော စိတ်ကျရောဂါ ကုဆေးတွေဟာ လိင်စိတ်ဆန္ဒကိုကျဆင်းစေနိုင်လို့ပါ။ ဒါ့ကြောင့် မှန်မှန်ကန်ကန် ဆေး ရွေးချယ်ဖို့လိုပါတယ်။အမျိုးသမီးအများစုရဲ့ လိင်စိတ်ဆန္ဒဟာ သွေးဆုံးချိန်တစ်ဝိုက် နည်းပါးသွားပါတယ်။ ဒါဟာ သွေးဆုံးချိန် အမျိုးသမီး အင်္ဂါခြောက်သွေ့သွားတဲ့ အတွက် လိင်စိတ်ဆက်ဆံချိန် နာကျင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ တစ်ယောက်ချင်းစီတိုင်းက မတူညီကြပါဘူး။ သွေးဆုံးချိန်ရောက်သွားပြီးရင်လည်း ကိုယ်လက်တွဲဖော်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းခြင်း၊ ကိုယ့်ခန္ဓာကိုယ်အပေါ်အမြင်နဲ့ ကျန်းမာရေးကောင်းနေမယ်ဆိုရင် သွေးဆုံးရောက်သွားတာတောင် ကောင်းမွန်တဲ့ လိင်မှုဆက်ဆံရေးဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါသေးတယ်။နီးစပ်တဲ့ ခံစားချက် မရှိခြင်းက လိင်စိတ်ဆန္ဒတွေကို သတ်ပစ်နိုင်ပါတယ်။ ရင်းနှီးမှု ရှိခြင်းက လိင်စိတ်ထက်ပိုအရေးကြီးပါတယ်။ သင်ရဲ့ လိင်မှုကိစ္စက အသက်မဝင်ဖြစ်နေမယ်ဆိုရင် ကိုယ့်လက်တွဲဖော်နဲ့ လိင်မှုကိစ္စတွေမဟုတ်ဘဲ တခြား စကားပြောတာမျိုး၊ ပွတ်သီးပွတ်သပ်နေတာမျိုး၊ နှိပ်နင်းပေးတာမျိုးလုပ်ပြီး နှစ်ယောက်သားအတူတကွ အချိန်ဖြုန်းသင့်ပါတယ်။ လိင်မှုကိစ္စမဟုတ်ဘဲ အချစ်ကို ဖော်ပြလို့ရတဲ့ နည်းလမ်းတွေရှာကြည့်ပါ။ နှစ်ဦးသား နီးနီးကပ်ကပ်ရှိခြင်းဟာ သင့်ရဲ့ လိင်စိတ်ဆန္ဒကို ပိုတိုးမြှင့်စေနိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/sex-drive-killers/
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း
လိင်ဆက်ဆံရာတွင် စိတ်ကျေနပ်မှုရရှိခြင်းက အိမ်ထောင်ရေးသာယာဖို့ အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ လိင်ဆက်ဆံမှုက ကိုယ်ဝန်အပေါ် ထိခိုက်မှုရှိနိုင်မလား ဆိုတဲ့စိုးရိမ်မှု အတွက် ဒီဆောင်းပါးမှာ အချက်အလက်တချို့ကိုဝေမျှပေးမှာ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ အမျိုးသမီးရော အမျိုးသားများပါ စိုးရိမ်ကြတာက လိင်ဆက်ဆံခြင်းကြောင့် ကလေးနဲ့ မိခင်ကိုထိခိုက်မှု ရှိမှာကို ဖြစ်ပါတယ်။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ လိင်ဆက်ဆံရာမှာ သက်သောင့်သက်သာ မရှိပေမယ့်လည်း ကိုယ်ဝန်ကိုထိခိုက်စေတာမျိုးတော့မရှိပါ။ အဘယ်ကြောင့်ဆိုသော် သားအိမ်ခေါင်းကပိတ်ထားတဲ့အတွက် အမျိုးသားရဲ့ လိင်တံက သားအိမ်အတွင်းသို့မရောက်နိုင်ပါ။ နောက်တစ်ချက်အနေနဲ့ လိင်ဆက်ဆံလို့ ကိုယ်ဝန်ပျက်ကျမှာကို စိုးရိမ်တတ်ကြတယ်။ ဒါပေမယ့် ကိုယ်ဝန်ပျက်ကျမှု အများစုက လိင်ဆက်ဆံတာနဲ့မသက်ဆိုင်ဘဲ သန္ဓေသား ပုံမှန်ဖွံ့ဖြိုးမှုမရှိ၍သာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံရာမှာ အဆင်ပြေဆုံးနဲ့ စိတ်ချရဆုံးဖြစ်မယ့် အနေအထားအချို့ကိုပြောပြပေး မှာဖြစ်ပါတယ်။အမျိုးသမီးက အမျိုးသားနဲ့ မျက်နှာခြင်းဆိုင် ဘေးတစောင်းအနေအထား နှင့် ဆက်ဆံခြင်းက အမျိုးသမီးအတွက် သက်သောင့်သက်သာ အဖြစ်ဆုံးဖြစ်ပါလိမ့်မယ်။ ဗိုက်အပေါ်ကို ကိုယ်အလေးချိန်ဖြင့် ဖိမိခြင်းမရှိနိုင်ပါ။ကိုယ်ဝန်လရင့်လာတဲ့အခါမှာ သည်အနေအထားက ပိုသင့်တော်ပါတယ်။ အမျိုးသားရဲ့လိင်တံ အတွင်းသို့ အလွန်မဝင်အောင် သတိထားရမည်။ကုတင်အစွန်းမှာ ပက်လက်အနေအထားဖြင့် ခြေထောက်ကို အောက်သို့တွဲလောင်းချထားပါ။ အမျိုးသားက မတ်တပ်အနေအထားဖြင့်ဆက်ဆံနိုင်သည်။ မကောင်းတာကတော့ အမျိုးသားအနေနဲ့ အတွင်းသို့ဝင်အောင်ထိုးသွင်းရ ခက်မည်။ ဖြေးဖြေး ညှင်ညှင်သာသာ ဆက်ဆံဖို့ လိုမည်။အမျိုးသမီးက C ပုံစံကွေးနေပြီး အမျိုးသားက နောက်ကျောမှ C ပုံစံကွေးပြီး ဆက်ဆံသည့်အနေအထားက သက်သောင့်သက်သာနဲ့ အဆင်ပြေစေပါလိမ့်မယ်။အန္တရာယ် ရှိနိုင်သည့် မူမမှန်လိင်ဆက်ဆံနည်းလမ်းတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။အိမ်ထောင်ရေးတစ်ခုမှာ ကလေးရဲ့ စိတ်ချလုံခြုံမှု့ကအရေးကြီးသလို လိင်ဆက်ဆံရာတွင်စိတ်ကျေနပ်မှု့ရရှိဖို့ကလည်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံရာတွင် အခက်အခဲရှိလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%86%e1%80%80/
HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား
ခုခံအားကျဆင်းမှုရောဂါပိုး (HIV) ကူးစက်ခံရခြင်းဟာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတဲ့ အယူအဆကနေ ဒါဟာ ထိန်းချုပ်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်တယ်ဆိုတဲ့ ရှုထောင့်သစ်ဆီကို ပြောင်းလဲလို့ လာခဲ့ပါပြီ။ ဆေးပညာဖွံ့ဖြိုးတိုးတက်မှုက အံ့မခန်းဖြစ်တာမို့ HIV ပိုး ကူးစက်ခံနေရသူတွေအနေနဲ့ မိမိရဲ့ အိမ်ထောင်ဖက် သို့မဟုတ် မွေးဖွားလာမယ့် ကလေးဆီကို ရောဂါပိုးမကူးစက်ဘဲ ကလေးယူလို့ ရနိုင်မယ့် အနေအထားတစ်ရပ်ကို ဆောင်ကြဉ်းခဲ့ပြီ ဖြစ်ပါတယ်။HIV ပိုးကို ကုသရာမှာ တိုးတက်ဖြစ်ထွန်းထွက်ပေါ်လာတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို Mount Elizabeth Novena ဆေးရုံရဲ့ ကူးစက်ရောဂါကုဆရာဝန် Dr Leong Hoe Nam က အခုလို မျှဝေပေးခဲ့ပါတယ်။HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား ဆိုတော့။“လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်ဆီကို လူနာတစ်ယာက် လွှဲလိုက်တယ်ခင်ဗျ။ သူ့နာမည်က ကိုကျော် ဆိုပါစို့ဗျာ။ ကိုကျော်က HIV ပိုး ကူးစက်ခံနေရတာ။ ထုံးစံအတိုင်းပဲပေါ့…. သူ့မှာ HIV ရှိနေပြီဆိုတာကို စစသိချင်းမှာ ကိုကျော်လည်း အလဲလဲအပြိုပြိုပေါ့လေ။ သာယာတဲ့ အိမ်ထောင်သည်ဘဝကိုလည်း လိုချင်သေးတဲ့ လူလွတ်တစ်ယောက်အနေနဲ့ သူ့ဘဝတစ်ခုလုံးတော့ သွားပါပြီလို့ ကိုကျော်က တွေးမိလိုက်တာကိုး။ ဒါပေမယ့် သူက အခြေအနေကို အရှိအတိုင်း လက်ခံပြီး ကုသမှုတွေကို ချက်ချင်းပဲ ခံယူခဲ့တယ်ဗျ။အဲ.. လအနည်းငယ်လောက်ကြာတဲ့အခါကျတော့ သူ့ဘဝနေထိုင်မှုပုံစံတွေက အားလုံးနီးပါး ပုံမှန်အတိုင်း တစ်ခါ ပြန်လည်ပတ်နေပြီလေ။ ချွင်းချက်လေးတစ်ခုတော့ ရှိတာပေါ့… သူ့မှာ ရည်းစားသနာ၊ လက်တွဲဖော်တော့ မရှိဘူးလေ။လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ကိုကျော်က ကျွန်တော့်ကို ဘာပြောသလဲဆိုတော့ ဆရာတဲ့.. ကျွန်တော့်မှာ ချစ်သူရှိနေပြီ။ သူက ကျွန်တော့် ရောဂါအကြောင်းကိုလည်း သိတယ်။ နားလည်း နားလည်ပေးတယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း သူ့ချစ်သူအမျိုးသမီးကိုခေါ်တွေ့ပြီး ရောဂါရဲ့ အတိမ်အနက်နဲ့ ကူးစက်ပုံအနေအထားတွေကို ရှင်းပြရတာပေါ့။ အခု သူတို့နှစ်ယောက်က လက်ထပ်ပြီး သဘာဝနည်းအတိုင်းပဲ ကလေး လိုချင်သတဲ့လေ။ ကျွန်တော်လည်း သူတို့ကို ကူညီပါ့မယ်လို့ အာမဘန္တေခံလိုက်တယ်။သက္ကရာဇ်နှစ်ထောင်ပြည့်နှစ်လောက်ကစလို့ ကမ္ဘာတစ်လွှား HIV ပိုးကူးစက်ခံရတဲ့ လူနာအသစ် တွေ့ရှိမှုပမာဏဟာ ၃၅%လောက် ကျဆင်းသွားခဲ့ပါတယ်။ ကလေးတွေမှာဆို ၅၈%လောက်ထိကို ကျဆင်းခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးမှာပဲဖြစ်ဖြစ် (အရင်က ကူးစက်နှုန်းအင်မတန်များပြားတဲ့) အာဖရိကနိုင်ငံတွေမှာပဲဖြစ်ဖြစ် HIV လူနာအသစ် တွေ့ရှိမှုဟာ ကျဆင်းလာပါတယ်။HIV ပိုးကို တိုက်ဖျက်ရာမှာ ကမ္ဘာအနှံ့ ဒီလိုမျိုး သိသာထင်ရှားတဲ့ အပေါင်းလက္ခဏာရလာဒ်တွေ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတာဟာ လူထုကြားအသိအမြင် နိုးကြားလာခြင်း၊ စောစောသိပြီး စောစောကုသခြင်း၊ ပိုမိုကောင်းမွန်တဲ့ ဆေးဝါးတွေနဲ့ ကုသခြင်းဆိုတဲ့ အချက်တွေကြောင့်ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အကာအကွယ်ပစ္စည်း ကွန်ဒုံး အသုံးပြုခြင်းဟာလည်း ရောဂါကူးစက်မှုကို ၈၅-၉၅%လောက်ထိကို လျှော့ချပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။ နောက်ထပ် သိသာထင်ရှားတဲ့ အဓိက တိုးတက်မှုတခုကတော့ HIV ဆေးတွေကို ယခင်ကထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သင့်တော်မှန်ကန်တဲ့ ကုသမှုကို ခံယူခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပမာဏကို လျှော့ချပေးနိုင်တဲ့အတွက် တခြားလူဆီထပ်မံ ကူးစက်နိုင်စွမ်းကို လျော့နည်းသွားစေနိုင်ပါတယ်။HIV ပိုး ကူးစက်ခံနေရခြင်း ရှိ၊ မရှိကို စောလျင်စွာ သိရှိနိုင်နေပြီ ဖြစ်ပါတယ်။ အတိအကျပြောရရင် အစောဆုံးအနေနဲ့ ပိုးကူးစက်ခံရပြီး ခုနှစ်ရက်မြောက်နေ့မှာပဲ HIV ပိုး ကူးစက်ခံရမှုကို အဖြေထုတ်သိရှိနိုင်မှာပါ (အဆိုပါ အချိန်ဟာ လူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေထဲကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်)။ ပိုးကူးစက်ခံရပြီး နှစ်ဆယ့်တစ်ရက်အကြာမှာတော့ စတုတ္ထမျိုးဆက် antigen-antibody assay ကိုအသုံးပြုခြင်းအားဖြင့် HIV ပိုးရှိမရှိကို အတိအကျ သိရှိနိုင်ပါပြီ။ ဒီလို ပိုးရှိမရှိဖော်ထုတ်တဲ့ ဇကာတိုက်စစ်ဆေးမှု (screening test)ကို ဆေးရုံတွေအားလုံးနဲ့ ဓာတ်ခွဲခန်းအားလုံးနီးနီးမှာ အလွယ်တကူလုပ်ဆောင်နိုင်ပြီး HIV ပိုးရှိမရှိကို ဖော်ထုတ်စစ်ဆေးဖို့အတွက် စင်ကာပူနိုင်ငံမှာ အများဆုံး အသုံးပြုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။Antibodies ကိုပဲ စစ်ဆေးတဲ့ တတိယမျိုးဆက်စစ်ဆေးမှုနည်းလမ်းနဲ့ မတူတဲ့အချက်ကတော့ ယခုစတုတ္ထမျိုးဆက်ဟာ antibodies နဲ့ antigens နှစ်မျိုးလုံးကို ရှာဖွေဖော်ထုတ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ HIV ပိုးရဲ့ အမှတ်အသား antigens တွေကို တိုက်ထုတ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကို antibodies (ဝါ)ပဋိပစ္စည်းတွေလို့ ခေါ်ပါတယ်။ antigens တွေဟာ HIV ပိုးရဲ့ မျက်နှာပြင်မှာ ကပ်ပြီးတည်ရှိနေတဲ့ ပရိုတင်းလေးတွေ ဖြစ်ပါတယ်။ တချို့လူနာတွေမှာဆိုရင် ခန္ဓာကိုယ်ထဲမှာ ပဋိပစ္စည်းတွေ ထွက်ရှိမလာခင်အချိန်မှာတောင် antigens တွေကို ဖော်ထုတ်စစ်ဆေးလို့ ရကောင်းရနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ HIV ပိုးရှိနေသော်ငြား သွေးစစ်ရင်မပေါ်တဲ့ ကာလဖြစ်တဲ့ window period ကို တိုသွားစေမှာပဲ ဖြစ်ပါတယ်။HAART လို့အတိုကောက်ခေါ်တဲ့ စွမ်းအားမြင့် အေအာရ်တီဆေးဟာ HIV ပိုးကူးစက်ခံရသူကို ကုသရာမှာ ရှေ့တန်းကို ရောက်လာပြီဖြစ်ပါတယ်။ ဒီကုသမှုဟာ HIV ပိုးပွားများခြင်းကို ဖိနှိပ်ထိန်းချုပ်ပေးတဲ့ ဆေးအမျိုးမျိုးကို ပေါင်းစပ်ထားတာဖြစ်တာကြောင့် ဆေးယဉ်ပါးခြင်းကိုလည်း တော်ရုံတန်ရုံ မဖြစ်ပေါ်နိုင်တော့ပါဘူး (ဆေးယဉ်ပါးခြင်းဆိုတာဟာ လက်ရှိသုံးနေတဲ့ ဆေးဝါးတွေကို ဗိုင်းရပ်စ်ပိုးက ခံနိုင်ရည်ရှိသွားပြီး ဆေးမတိုးတော့တာကို ဆိုလိုပါတယ်)။HIV ပိုးကို ကုသရာမှာ အဓိကထားတဲ့ ပန်းတိုင်ကတော့ ဗိုင်းရပ်စ်ပိုးပမာဏကို စမ်းသပ်စစ်ဆေးလို့မရလောက်တော့တဲ့ ပမာဏအထိ နည်းပါးသွားအောင် လျှော့ချဖို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ရရှိနိုင်တဲ့ ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး တစ်နေ့ကိုတစ်ကြိမ်သုံးစွဲဖို့ပဲ လိုအပ်မှာပါ။ ဒီလို ပေါင်းစပ်ထားတဲ့ ဆေးတွေကို တစ်နေ့တစ်ပြားပဲ သောက်ဖို့လိုအပ်တာမို့ လူနာတွေကလည်း သဘောကျကြပါတယ်။ဆေးဝါးကုသမှုခံယူမယ်ဆိုရင် HIV လူနာတွေဟာ ပုံမှန်အတိုင်း လူတန်းစေ့နေနိုင်မှာ ဖြစ်ပြီး ခုခံအားစနစ်ဟာလည်း တဖြည်းဖြည်းနဲ့ (အထိုက်အလျောက်) ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ လူနာအများအပြားဟာ သာယာတဲ့ လိင်မှုဘဝကို သူတို့ရဲ့ ချစ်သူအိမ်ထောင်ဖက်တွေနဲ့ ပုံမှန်အတိုင်း ဆက်လက်ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။HAART ဆေးဝါးသုံးစွဲနေသူတွေဆီကနေပြီး အိမ်ထောင်ဖက်(လိင်ဆက်ဆံဖက်)ဆီ ရောဂါကူးစက်ပျံ့နှံ့တာမျိုး မရှိသေးဘူးလို့ နောက်ဆုံးလေ့လာချက်တွေအရ သိရှိရပါတယ်။ဒါကြောင့် HIV လူနာတွေအနေနဲ့ အိမ်ထောင်ဖက် သို့မဟုတ် မွေးလာမယ့်ကလေးဆီကို HIV ပိုး မကူးစက်ဘဲ ကလေးယူနိုင်နေပြီဖြစ်ပါတယ်။ ဆေးပညာရဲ့ တိုးတက်မှုတွေကတော့ အံ့မခန်းပါ။သင့်သွေးထဲမှာ ရှိတဲ့ CD4 ပမာဏ (ဒါဟာ သင့်ခုခံအားစနစ် ဘယ်လောက်ကောင်းမွန်နေသေးလဲဆိုတာကိုပြတဲ့ ညွှန်းကိန်းပါ) နဲ့ ဗိုင်းရပ်စ်ပိုးပမာဏဟာ ရောဂါကူးစက်ပျံ့ပွားနိုင်ခြေကို အကျိုးသက်ရောက်မှုရှိပါတယ်။ CD4 ပမာဏနည်းလေလေ၊ ဗိုင်းရပ်စ်ပမာဏများလေလေ တခြားသူဆီ ကူးစက်နိုင်ချေလည်း များလေလေပါပဲ။ ဒါက ရှင်းပါတယ်။ ကုသမှုခံယူမယ်ဆိုရင်တော့ CD4 ပမာဏကို (HIV ဗိုင်းရပ်စ်ပိုးကို ဖိနှိပ်ထားနိုင်လောက်တဲ့ အနေအထားမှာ) ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။HAART ဆေးဝါးသုံးစွဲခြင်းအားဖြင့် HIV ပိုးကူးစက်ပြန့်ပွားနိုင်ခြေကို သိသိသာသာကြီး လျှော့ချပေးနိုင်တာကို စာရင်းဇယားတွေအရ သိရှိရပါတယ်။ရေးသားသူ−Dr.Leong Hoe Nam။(ကူးစက်ရောဂါကုဆရာဝန်၊ Mount Elizabeth Novena ဆေးရုံ)။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/should-we-have-baby-in-hiv-couple/
ဆောင်းရာသီမှာ ကလေးငယ်များမဖျားနာဖို့ ဆောင်ရွက်သင့်သည့်နည်းလမ်းများ
ဆောင်းရာသီသို့ ဝင်ရောက်လာသည်နှင့်အမျှ အအေးမိနှာစေးခြင်း၊ ဖျားနာခြင်းတို့အဖြစ်များလာပါတယ်။ ကိုယ်ခံစွမ်းအား ဖွံ့ဖြိုးဆဲကာလဖြစ်သည့် ကလေးအရွယ်တွင် ရောဂါပိုးမွှားများဝင်ရောက်ကာ ဖျားနာခြင်းတို့ ပိုမိုအဖြစ်များလေ့ရှိပါတယ်။ ဖြစ်မှဆေးခန်းသွားပြီး ဆေးဖိုးဝါးခကုန်မယ့်အစား မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီကာလမှာ ကိုယ်ခံအားကောင်းမွန်ဖို့ ရိုးရှင်းပြီး အစွမ်းထက်တဲ့ အောက်ပါနည်းလမ်းများကို စမ်းသပ်ကြည့်နိုင်ပါတယ်။၁။ နေ့စဉ် အနည်းဆုံး နို့နှစ်ခွက် ပုံမှန်တိုက်ပါ။ကလေးများရဲ့ ကိုယ်ခန္ဓါဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် နို့ကိုရွေးချယ်တိုက်ပေးပါ။ တစ်ချို့ကလေးတွေက နွားနို့မကြိုက်တတ်တဲ့အတွက် ဗန်နီလာအရသာနဲ့လာတဲ့ Dutch Lady မလိုင်ပြည့်နို့မှုန့်ကို စမ်းတိုက်ကြည့်ဖို့ အကြံပြုလိုပါတယ်။ Dutch Lady မလိုင်ပြည့်နို့မှုန့်မှာ ကိုယ်ခံစွမ်းအားကိုတည်ဆောက်ပေးသော အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ ပရိုတင်း၊ ဇင့်နဲ့ ဗီတာမင် (D, A, B6) တွေ ဖြည့်စွက်ထည့်သွင်းထားတာဖြစ်ပြီး နွားနို့စစ်စစ်ကနေ ထုတ်ထားတဲ့အတွက် နွားနို့မှာပါဝင်တဲ့အကျိုးကျေးဇူးများအားလုံးကိုရရှိမှာပါ။ တစ်ထုတ်ချင်းအလိုက် ဝယ်ယူနိုင်တဲ့ ၁၈ ဂရမ်ပါ အထုပ်သေးနဲ့ မိသားစုအရွယ် ၂၀၀ ဂရမ်ပါ အထုပ်ကြီးဆိုပြီး ပက်ကေ့ခ်ျနှစ်မျိုးနဲ့လာပါတယ်။ လက်လီအရောင်းဆိုင်များနဲ့ စူပါမားကတ်ကြီးတွေမှာ ရနေပြီလို့ သိရပါတယ်။၂။ အသီးအနှံနှင့် အရွက်များကို စုံလင်မျှတအောင်စားပေးပါ။ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာများကို စားသုံးပေးခြင်းက တစ်သက်တာ ကိုယ်ခံအားကောင်မွန်ဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A, B, C, zinc နဲ့ antioxidant တွေလို အရေးကြီးအာဟာရဓါတ်တွေ ပါဝင်တဲ့အတွက် ကလေးများကို အသီးအရွက်စားတတ်တဲ့အကျင့် သင်ပေးထားသင့်ပါတယ်။၃။အိပ်ရေးဝဝအိပ်ပါ။အချို့သောကလေးများဟာ ညသန်းခေါင်အချိန်ထိ မိုဘိုင်းဖုန်းပေါ်မှာ ဂိမ်းဆော့နေတာမျိုး၊ ကာတွန်းကားကြည့်နေတာမျိုး၊ စာဖတ်တာမျိုး ပြုလုပ်တတ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ကိုယ်ခံအားနည်းလာတဲ့အတွက် ရောဂါတွေကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကလေးများကို အလိုမလိုက်ဘဲ အိပ်ချိန်မှန်အောင် လေ့ကျင့်ပေးသင့်ပါတယ်။၄။ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ပါ။မိုဘိုင်းဖုန်းများပေါ်လာပြီးနောက်ပိုင်းမှာ ကလေးများဟာ မိုဘိုင်းဖုန်းပေါ်မှာ ဂိမ်းများကိုသာ နေ့နေ့ညညအဆော့များကာ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ဘောလုံးကန်ခြင်း၊ ပြေးလွှားဆော့ကစားခြင်းတို့ နည်းပါးလာကာ အထိုင်များလာပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိပါမှ ကိုယ်ခန္ဓါကြံ့ခိုင်ပြီး ဖျားနာခြင်းများကို တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။၅။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပါစေ။ရေပုံမှန်ချိုးသည့်အလေ့အကျင့်ကို မွေးမြူပေးပါ။ တစ်ခုခုကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောဖို့ သင်ပေးပါ။ ကလေးများဟာ ကျောင်းမှာ၊ လမ်းမှာ၊ ကစားကွင်းမှာ ပြေးလွှားဆော့ကစားရင်း မမြင်နိုင်တဲ့ အန္တရာယ်ရှိတဲ့ဘက်တီးရီးယားပိုးမွှားများကို ထိတွေ့မိတတ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ရောဂါပိုးမွှားများရန်မှ ကာကွယ်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%99%e1%80%bb/
Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ)
Atrial fibrillation ဆိုတာ နှလုံးရဲ့ လျှပ်စစ်ပိုင်းစနစ်ချွတ်ယွင်းမှုကြောင့် arrhythmia လို့ခေါ်တဲ့ နှလုံးစည်းချက်မမှန်ခြင်းရောဂါတစ်မျိုး ဖြစ်ပါတယ်။နှလုံးရဲ့ လျှပ်စစ်စနစ်မှ နှလုံးရဲ့ နှလုံးခုန်ခြင်းရဲ့ စည်းချက်နဲ့ အမြန်နှုန်းအတွက် signals တွေ ပို့ပေးရပါတယ်။ သင့်မှာ atrial fibrillation ဖြစ်တဲ့အခါ နှလုံးကြွက်သားတွေက ညှစ်နေရမယ့်အစား တွန့်နေပါတော့တယ်။Atrial fibrillation က အသက်ကြီးရွယ်အိုတွေ၊ နှလုံးရောဂါ အခံရှိသူများနဲ့ အဝလွန်သူတွေမှာ အဖြစ်များပါတယ်။Atrial fibrillation ရဲ့ လက္ခဏာတွေက နှလံးခုန်မမှန်ခြင်းနဲ့ မြန်ခြင်းပဲ ဖြစ်ပါတယ်။ တခြားရောဂါလက္ခဏာတွေကတော့။အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ နှလုံးခုန်မမှန်တာ သို့ တခြား AF ရဲ့ ရောဂါလက္ခဏာတွေ ခံစားလာရလျှင် ဆရာဝန်ဆီ အတတ်နိုင်ဆုံး မြန်မြန်သွားပြပါ။သင့်မှာ ရင်ဘတ်အောင့်ခြင်း သို့ လေဖြတ်တဲ့ လက္ခ္ခဏာတွေ ရှိလာလျှင် အရေးပေါ်ကုသမှု ခံယူပါ။ကျွန်တော်တို့ နှလုံးမှာ အခန်းကြီး လေးခန်းရှိပါတယ်။ အပေါ်၂ ခန်းက atria (သွေးလက်ခံခန်း) နဲ့ အောက်၂ ခန်းက ventricles (သွေးညှစ်ခန်း)ဆိုပြီး ဖြစ်ကြပါတယ်။ အခန်းတွေ အားလုံးက တိကျတဲ့ စည်းချက်တဲ့အတိုင်းညှစ်မှ သွေးတွေ ပုံမှန် လှုပ်ရှားလည်ပတ်နိုင်ပါတယ်။သင့်ရဲ့ နှလုံးမှာ နှလုံးကို ဘယ်အချိန်ခုန်ရမလဲဆိုတာကို ပြောပြတဲ့ ဆဲလ်တွေပါဝင်တဲ့ လျှပ်စစ်စနစ်တစ်ခု ပါဝင်ပါတယ်။ ဒီဆဲလ်တွေကသာ မူမမှန်တော့ဘဲ လျှပ်စစ်လှိုင်းတွေ ပိုထုတ်လာရင် နှလုံးခုန်တာ မမှန်နိုင်တော့ပါဘူး။Fibrillating ဖြစ်နေတဲ့ နှလုံးAtriaမှာ သေးပြီး၊ မူမမှန် မြန်ဆန်တဲ့ နှလုံးညှစ်ခြင်းတွေ ရှိပါတယ်။ Atria ထဲက သွေးအကုန်လုံးကို ventricles ထဲ ညှစ်မထုတ်နိုင်တာကြောင့် သွေးတွေ အိုင်လာပါတယ်။ အိုင်နေတဲ့ သွေးတွေက ခဲ၊ ခဲတဲ့သွေးတွေက သွေးစီးပတ်လမ်းထဲရောက်ပြီး လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။နှလုံးက ခုန်နှုန်းမငြိမ်တာကြောင့် Ventricles တွေက သွေးညှစ်အားကို ကြိုးစားပြီး ထိန်းရတဲ့အတွက် နှလုံးညှစ်အားကျခြင်း heart failure တွေပါဖြစ်လာနိုင်ပါတယ်။အပေါ်က ဖြစ်စဉ်တွေက အသက်ကြီးလေလေ ဖြစ်နိုင်ခြေပိုများလေး ဖြစ်ပါတယ်။ ဒါ့ပြင်။ဒါတွေကတော့ AF ကို ပိုဆိုးစေပါတယ်။AF ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ မိမိရောဂါအကြောင်းပိုသိလိုပါက ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။ဆရာဝန်က AF ကို အတည်ပြုနိုင်ရန် ECG လို့ခေါ်တဲ့ လျှပ်စစ်လှိုင်းတိုင်းခြင်းဖြင့် နှလုံးစည်းချက်ပုံစံကို ရှာဖွေကြည့်ရှုနိုင်ပါတယ်။ နှလုံးအခန်းတွေရဲ့ လှူပ်ရှားမှုနဲ့ နှလုံးအတွင်းပိုင်းကို video အာထရာဆောင်း ရိုက်ပြီး စစ်ဆေးပေးတဲ့ Echocardiogram  (အက်ကိုး) ရိုက်နိုင်ပါတယ်။သင့်ရဲ့ AF က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေမယ်ဆိုရင် ဆရာဝန်က သင့်ရဲ့ နှလုံးခုန်နှုန်း စီးချက်ကို မှတ်သားပေးတဲ့ သယ်ဆောင်သွားလို့ရတဲ့ ကိရိယာ( Holter monitor) တပ်ဖို့ မှာကြားပါလိမ့်မယ်။ဆရာဝန်က သင့်ရဲ့ AF ကို ကုသဖို့အတွက် ဖြစ်ပွားစေတဲ့ အရာကို အရင်ရှာဖွေပါလိမ့်မယ်။ ဥပမာ သိုင်းရွိုက်ရောဂါရှိနေရင် အဲ့ဒီရောဂါကို အရင်ကုပါလိမ့်မယ်။ ကဖင်း သို့ အရက်ကြောင့် AF ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်က ရှောင်ခိုင်းပါလိမ့်မယ်။ပထမဆုံးအနေနဲ့ ဆရာဝန်က သင့်ရဲ့ နှလုံးစည်းချက်နဲ့ နှလုံးတုန်တာအတွက် ဆေးတွေ ပေးပါလိမ့်မယ်။ ဒီဆေးတွေကတော့ နှလုံးခုန်နှုန်းကို ငြိမ်စေပြီး ပုံမှန်ပြန်ဖြစ်စေတဲ့ antiarrhythmic တွေပဲ ဖြစ်ပါတယ်။ တခါတရံ AF က သူ့ဖာသာ ရပ်သွားတတ်ပါတယ်။ဒါ့ပြင် ဆရာဝန်က သင်ကို သွေးမခဲအောင် သွေးကျဲဆေးတွေဖြစ်တဲ့ warfarin ပေးနိုင်ပါတယ်။ ဒါပေမယ့် အညိုအမည်းစွဲလွယ်ခြင်းနဲ့ သွေးထွက်ခြင်းဆိုးကျိုးတွေကြောင့် ဒီဆေးတွေကို ပုံမှန်အနီးကပ်စောင့်ကြည့်ပြီးမှ ပေးပါလိမ့်မယ်။တခါတလေမှာ သင့်ရဲ့ မူမမှန်တဲ့ စီးချက်ကို ပုံမှန်ပြန်ဖြစ်စေအောင် ရှော့ရိုက်တဲ့ cardioversion လုပ်ရတာလဲ ရှိနိုင်ပါတယ်။ ဒီကုသနည်းမှာ နှလုံးအထူးကုက သင့်ရဲ့ နှလုံးမှာရှိတဲ့ လျှပ်စစ်လှုပ်ရှားမှုတွေ အားလုံးခဏရပ်သွားစေအောင် ခဏတာ ရှော့ရိုက်လိုက်ခြင်းဖြင့် ပုံမှန်ပြန်ဖြစ်စေတာပဲ ဖြစ်ပါတယ်။ရင်ဘတ်အောင့်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးညှစ်အားကျခြင်း သို့ တခြားအန္တရာယ်များတဲ့ ရောဂါတွေအတွက်ကတော့ အရေးပေါ် cardioversion လုပ်ဖို့လိုပါတယ်။ နှလုံးအထူးကုက အခန်းနှစ်ခန်းပါဝင်တဲ့ နှလုံးစက်ကို လဲတပ်နိုင်ပါတယ်။သင့်နှလုံးရဲ့ AF ဖြစ်စေတဲ့ အပိုင်းကို ဖျက်ဆီးဖြစ်ဖို့အတွက် နှလုံးပိုက်ထည့်ခြင်း သို့ ခွဲစိတ်ကုသခြင်းတို့လည်း လုပ်ရလာနိုင်ပါလိမ့်မယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေနဲ့ atrial fibrillation ကိုကုသတဲ့နေရာမှာ ပိုပြီးအဆင်ပြေစေပါလိမ့်မယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/atrial-fibrillation-explained/
အမျိုးသမီးတွေလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှု ၅ ခု
အမျိုးသမီးတွေဟာ အလုပ်အတွက်၊ အိမ်အတွက်၊ မိသားစုအတွက်၊ ကိုယ့်ရဲ့အလှအပအတွက် စတဲ့ ဘာကြောင့် ညာကြောင့် အကြောင်းရင်းတွေအတွက် အမျိုးသားတွေထက် အလုပ်ပိုများပါတယ်။ ဒါပေမယ့် ဘယ်လိုပဲအလုပ်များပါစေ ကိုယ့်ကျန်းမာရေးအတွက်အရေးပါတဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ စိတ်ဖိစီးမှုဖြေရှင်းတာတွေအပြင် မှန်ကန်တဲ့အစားအစာတွေကိုရွေးချယ်ဖို့ အလေ့အကျင့်လုပ်သင့်ပါတယ်။ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစောသိရှိထားနိုင်ဖို့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့လည်း လိုအပ်ပါတယ်။ဘာအတွက်ပဲ အလုပ်တွေများများ ကိုယ့်ကျန်းမာရေး ကိုယ်ပဲဂရုစိုက်မှ အသက်ရှည်နိုင်မှာပါ။ရောဂါတစ်ခုခုကိုစောစောသိလိုက်ရရင်နောက်ဆက်တွဲပြဿနာတွေကိုကြိုတင်ကာကွယ်နိုင်ပြီး ဘဝနေထိုင်မှုအနေအထားကို ပိုကောင်းမွန်စေပါလိမ့်မယ်။ ကိုယ့်မှာ ဘာကျန်းမာရေးပြဿနာတွေရှိနေလဲ၊ ဘာတွေဆင်ခြင်ဂရုစိုက်ရတော့မလဲ သိထားတဲ့သူတစ်ယောက်က တခြားသူတွေထက်အန္တရာယ်တွေကိုရှောင်ကွင်းနိုင်တဲ့အခွင့်အလမ်းပိုများပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှု တွေထဲက အရေးကြီးဆုံး ၅ ခုကိုဖော်ပြလိုက်ပါတယ်။အမျိုးသမီးတွေလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှု။အသက် ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာPap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးစဉ်အတွင်း ဆရာဝန်တွေက သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေကို ညင်သာစွာခြစ်ထုတ်ယူပြီး ပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။ အသက် ၃၀ နဲ့အထက်ဆိုရင် HPV စစ်ဆေးမှုနဲ့ပေါင်းပြီး ငါးနှစ်တစ်ကြိမ်စစ်ဆေးလို့ရပါတယ်။ HPV ဗိုင်းရပ်စ်ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်လာစေနိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။အသက် ၄၀ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒီ စစ်ဆေးမှု ခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိသူ မျိုးရိုးရှိတယ်ဆိုရင် မမ်မိုဂရမ်စစ်ဆေးမှုကို အကြိမ်ရေပိုများများ ခံယူသင့်ပါတယ်။အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတွေ စစ်ဆေးမှု ခံယူသင့်ပါတယ်။ မိသားစုမှာ အရိုးပွရောဂါ သို့မဟုတ် အရင်ကအရိုးကျိုးအက်မှုဖြစ်ခဲ့ဖူးတဲ့ မျိုးရိုးရှိတယ်ဆိုရင် တစ်နှစ်တစ်ကြိမ်စစ်ဆေးဖို့ ဆရာဝန်က အကြံပြုလာနိုင်ပါတယ်။အရိုးကျိုးအက်ဖူးတဲ့ မိသားစုမျိုးရိုးရှိတယ်ဆိုရင်၊သွေးဆုံးပြီးအမျိုးသမီးဆိုရင်၊ အရိုးသေးတဲ့ အရိုးပါးတဲ့သူတွေဖြစ်ရင်၊ဆေးလိပ်သောက်တာ၊ ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီချို့တဲ့တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အမျိုးသမီးတွေဆိုရင် အရိုးပွရောဂါဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများလို့ ပိုပြီးစောစောစစ်ဆေးသင့်ပါတယ်။အူမကြီးကင်ဆာစစ်ဆေးမှုကို အသက် ၅၀ မှာ စတင်ခံယူသင့်ပါတယ်။ အူမကြီးအတွင်းကိုစစ်ဆေးဖို့ စအိုကနေပြွန်ထည့်ပြီး မှန်ပြောင်းစစ်ဆေးမှုဖြစ်ပါတယ်။ အူမကြီးမှန်ပြောင်းစစ်ဆေးမှုမှာ sigmoidoscopy ကို ၅ နှစ်တစ်ကြိမ် နဲ့colonoscopy ကို ၁၀ နှစ်တစ်ကြိမ် စစ်ဆေးမှုခံယူသင့်ပါတယ်။ အသက် ၅၀ အထက် အသက်ကြီးသူတွေမှာ အများဆုံးတွေ့ရတဲ့ရောဂါဖြစ်ပေမယ့် လူငယ်တွေမှာလည်းတွေ့ရနိုင်ပါတယ်။ ဖြစ်နိုင်ခြေများစေတဲ့ အန္တရာယ်အချက်တွေကတော့ အသက်ကြီးသူတွေ၊ အူမကြီးကင်ဆာမျိုးရိုးရှိတာ၊ အူရောင်ရောဂါ၊ အမျှင်ဓာတ်နည်းပြီး အဆီများတဲ့စားသောက်မှုပုံစံ၊ အထိုင်များခြင်း၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ ဝမ်းဗိုက်ပိုင်းမှာ ဓာတ်ရောင်ခြည်ကုထုံးထိတွေ့မိခြင်းတို့ဖြစ်ပါတယ်။ပုံမှန်ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါရှိမရှိကို ဆီး သို့မဟုတ်သွေးနမူနာ နဲ့သွေးတွင်းသကြားဓာတ်စစ်ဆေးသင့်ပါတယ်။ ကိုယ်အလေးချိန်များနေတာ သို့မဟုတ် အဝလွန်နေတဲ့ အသက် ၄၀ နဲ့ ၇၀ ကြားအမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အမျိုးအစား၂ ဆီးချိုရောဂါဟာ နှလုံးရောဂါဖြစ်စေနိုင်ဖို့ အန္တရာယ်အများဆုံးအကြောင်းရင်းခံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါဟာ စိတ်ကျရောဂါနဲ့ စားသောက်မှုမူမှန်ခြင်းကိုဖြစ်နိုင်ခြေပိုများစေနိုင်ပြီး ဒီနှစ်မျိုးလုံးဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာပိုအဖြစ်များတာတွေ့ရပါတယ်။ ကံကောင်းတာတစ်ခုကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပြီး ပုံမှန်အတိုင်းနေထိုင်လို့ရနိုင်သလို ဆီးချိုအကြိုလက္ခဏာအဆင့်မှာပဲ ထိန်းလို့ရနိုင်ပါတယ်။ ဒါပေမယ့် မဆင်ခြင်ရင်တော့ခြေလက်ဖြတ်တောက်ကုသရတာ၊ မျက်စိကွယ်တာ၊ အသက်ဆုံးရှုံးရတာတွေအထိဖြစ်စေနိုင်လောက်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ဘာပဲဖြစ်ဖြစ် အရေးပါတဲ့တစ်ချက်ကျန်နေပါသေးတယ်။ အဲဒါကတော့ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းရေးပါပဲ။ အမျိုးသမီးတွေအနေနဲ့ ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း (BMI) ကို အမြဲစစ်ဆေးနေဖို့လိုပါတယ်။ ရှိသင့်တာထက် ကိုယ်အလေးချိန်များနေတာ ၊အဝလွန်နေတာဆိုရင် ဆီးချို၊သွေးတိုး၊နှလုံးစတဲ့ရောဂါကြီးတွေဖြစ်လာနိုင်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်နေနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/screening-tests-women/medical-tests-for-lady/
သွေးဆုံးချိန်မှာ ခံစားရမယ့် အရေပြားပြဿနာတွေကို ရင်ဆိုင်နည်း
အမျိုးသမီးတိုင်းလိုလိုက သွေးဆုံးတာကို မဖြစ်မနေရင်ဆိုင်ကြရမှာပါ။သွေးဆုံးတယ်ဆိုတာက ရှုပ်ထွေးတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်အတွင်းရော အပြင်ဘက်မှာပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး သေချာဂရုစိုက်ဖို့ လိုမှာလည်းဖြစ်ပါတယ်။ အရေပြားကတော့ အသိသာဆုံးထိခိုက်တဲ့ အစိတ်အပိုင်းပါ။ ဒီဆောင်းပါးလေးထဲမှာ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရေပြားပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာပြောပြပေးပါရစေ။သွေးဆုံးတာက အသားအရေကို ပြောင်းလဲမှု တော်တော်လေးဖြစ်စေနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခန္ဓာကိုယ်ကကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်တာနဲ့ တစ်ဆက်တည်းမှာပဲ အရေပြားအောက်က အဆီအချို့က လျော့ရဲလာပြီး အရေပြားရဲ့ ကျုံ့ဆန့်အားလည်း ကျဆင်းသွားပါတယ်။ဟော်မုန်းပြောင်းလဲမှုကြောင့်အရေပြားခြောက်သွေ့မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။ လည်ပင်း၊ မေးရိုးနဲ့ ပါးတွေမှာ အသားအရေတွဲကျတာတွေ ဖြစ်လာမှာပါ။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ မျက်လုံးထောင့်မှာ အရေပြားတွန့်တာတွေ၊ အပေါ်နှုတ်ခမ်းအထက်ပိုင်းမှာ အရေပြားတွန့်တာတွေ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။အမျိုးသမီးရဲ့ အရေပြားက အမျိုးသားတွေထက် ၂၅ ရာခိုင်နှုန်းလောက် ပိုပါးလွှာပါတယ်။ သွေးဆုံးချိန်မှာ အရေပြားကပိုပြီး ထိခိုက်လွယ်ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်လာသလို ခန္ဓာကိုယ်ရဲ့ အခြေခံလုပ်ဆောင်မှုတွေကလည်း ပြောင်းလဲလာပါတယ်။ အသားအရေကျန်းမာစေဖို့အတွက် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိဖို့လိုသလို ခန္ဓာကိုယ်ကိုနေရောင်ခြည်ထိတွေ့မှုကနေ ကာကွယ်ပေးဖို့လည်း လိုပါတယ်။ အရေပြားကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးဖို့လိုသလို ရေနဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းပေးဖို့လည်း လိုပါတယ်။သွေးဆုံးတဲ့အချိန်မှာ အရေပြားမှာ –။အသားအရေကို သန့်စင်တာက အသားအရေထိန်းသိမ်းမှုရဲ့ အရေးကြီးဆုံးအဆင့်တစ်ခုပါ။ အသက်အရွယ်ကြီးရင့်လာလေလေ အရေပြားက ခြောက်သွေ့လာလေလေပါ။ ဒါကြောင့် အရေပြားကို အရင်ကထက်ပိုပြီးအစိုဓာတ်ထိန်းပေးဖို့လိုပါမယ်။ မျက်နှာသစ်ဆေးသုံးတဲ့အခါမှာလည်း ရေဓာတ်ဖြည့်ပေးတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်လို့ရပါတယ်။အရေပြားကင်ဆာနဲ့ အရေပြားမှာ အရေးအကြောင်းတွေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက သက်လတ်ပိုင်းအရွယ်မှာ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာကြောင့်ပါ။ ဒါကြောင့် ဘယ်အသက်အရွယ်ပဲရောက်ရောက် အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးဖို့လိုပါမယ်။ နေ့တိုင်း SPF 30 ဒါမှမဟုတ် SPF 30 ထက် ပိုမိုပါဝင်တဲ့ နေလောင်ကာခရင်မ်ကို လူးပေးဖို့လိုပါမယ်။ကော်လာဂျင်က အရေပြားကို နုပျိုစေသလို အသားအရေကို  တင်းရင်းလှပစေတာဖြစ်ပါတယ်။ အက်စထရိုဂျင်ပမာဏ ကျဆင်းသွားတဲ့အခါ အရေပြားကို နုပျိုစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကလည်း ကျဆင်းသွားပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ အစားအသောက်တွေက အရေပြားကို ကျန်းမာသန်စွမ်းစေပါတယ်။ အရောင်တောက်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးမယ်ဆိုရင် လိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ရရှိစေမှာဖြစ်ပါတယ်။အသားအရေကို စိုပြည်စေဖို့ တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာကနေ ၃ လီတာလောက်အထိ သောက်သုံးပေးဖို့ လိုပါမယ်။ ရေသောက်ဖို့ ပျင်းတယ်ဆိုရင်တော့ သဘာဝ သစ်သီးဖျော်ရည်တွေနဲ့ ဆေးဖက်ဝင် လက်ဖက်ရည်တွေ သောက်သုံးပေးလို့ရပါတယ်။ အချိုရည်နဲ့ အရက်တို့ကို မသောက်သင့်ပါဘူး။နောက်ထပ်လုပ်လို့ရတာတစ်ခုကတော့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်းခရင်မ်တွေ လူးပေးဖို့ပါပဲ။အရေပြားသန့်စင်စေဖို့နဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့အတွက် တစ်ပတ်တစ်ကြိမ်လောက် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ သကြားနဲ့ပျားရည်ကို အသုံးပြုပြီးတော့လည်း အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားလို့ရပါတယ်။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အသက်အရွယ်တိုင်းအတွက် အသားအရေကောင်းမွန်စေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေအနေနဲ့ အသားအရေကောင်းမွန်စေဖို့ ယောဂ ကစားတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓာကိုယ်မွေးညှင်းပေါက်တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက အသားအရေကိုလည်း တင်းရင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့ကျင့်ခန်းလုပ်တာကအရိုးပွတာကို ကာကွယ်ပေးနိုင်သလို နှလုံးကျန်းမာစေပြီး စိတ်ဖိစီးမှုကိုလည်းလျော့ကျစေနိုင်ပါသေးတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/how-to-deal-with-menopausal-skin-changes/
သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ
အမျိုးသမီးတွေ မလွဲမသွေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ခုဖြစ်တဲ့ သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေအောင်လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ရင်ဆိုင်နေရချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ထပ်မဖြစ်လာစေဖို့ အစားအသောက်လေးတွေ စားရင်း သက်သာအောင် လုပ်လို့ ရပါတယ်။ ဒီတော့ သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။သွေးဆုံးချိန်မှာ သားဥအိမ်တွေက oestrogen ထုတ်လွှတ်မှုကို ရပ်တန့်လိုက်ပါတယ်။ ဒီအနေအထားက ခန္ဓါကိုယ်မှာ မအီမသာ ဖြစ်စေတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်လာစေတာပါ။ သွေးဆုံးချိန်မှာ ခန္ဓါကိုယ်မှာ ဖြစ်ပေါ်တဲ့ ဝေဒနာတွေက အမျိုးသမီးတွေ အတွက် တော်တော်လေး ခံရခက်ပါတယ်။ oestrogen ဟော်မုန်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးသလိုအရိုးသိပ်သည်းဆကိုလည်း တိုးစေပါတယ်။ သွေးဆုံးချိန်မှာ ခန္ဓါကိုယ်မှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဖို့ ဘာတွေ စားသောက်ပေးသင့်လဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးပါရစေ။သွေးဆုံးချိန်မှာ ခန္ဓါကိုယ် ကျန်းမာနေစေဖို့ ဘာတွေစားသင့်လဲ ဆိုတော့။သွေးဆုံးချိန်မှာ အမျှင်ဓါတ် များများစားသုံးပေးတာကခန္ဓါကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓါတ် ပါတဲ့ အစားအသောက်တွေက ဝမ်းချုပ်တာ မဖြစ်အောင် ကာကွယ်ပေးသလို၊ ကိုလက်စထရောနဲ့ သွေးတွင်းအချိုဓါတ်ကို ကျဆင်းစေတဲ့အပြင် သွေးဆုံးတာကြောင့် ခံစားရနိုင်တဲ့ ဝေဒနာတွေကိုပါ သက်သာစေနိုင်ပါတယ်။အသက်ကြီးလာတာနဲ့အမျှအရိုးတွေက အားနည်းလာပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာတော့ estrogen ထုတ်လုပ်မှု နည်းလာတာကြောင့် အရိုးပွရောဂါ ခံစားရနိုင်ခြေက ပုံမှန်ထက် ပိုများပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို ကြံ့ခိုင်စေဖို့အတွက် အထောက်အကူ ပြုနိုင်ပါတယ်။ သွေးဆုံးပြီးချိန်မှာအရိုးပွရောဂါခံစားရတာ၊ အရိုး ကျိုးလွယ်တာမျိုး မဖြစ်စေဖို့အတွက် နို့သောက်ပေးတာ၊ လိမ္မော်ရည်သောက်ပေးတာ၊ အယ်လ်မွန်စေ့ နဲ့ ဆယ်လ်မွန်ငါး စားပေးတာတွေ လုပ်ပေးလို့ ရပါတယ်။အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးချိန်မှာ ခံစားရတဲ့ လက္ခဏာတွေ သက်သာစေဖို့အတွက် ဟော်မုန်းတွေကို ညီမျှအောင် လုပ်ဆောင်ပေးဖို့လိုပါမယ်။ ပဲပိစပ်မှာပါတဲ့ phytoestrogens က သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါဖို့ လိုအပ်ပါတယ်။ အသက် ဘယ်အရွယ်ပဲဖြစ်ဖြစ် ခန္ဓါကိုယ် ကျန်းမာအောင် လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီက ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေး ရာမှာ အထောက်အကူ ပေးပါတယ်။phytoestrogen ကို ရရှိနိုင်တဲ့ အစားအစာ တစ်ခုပါ။ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးဆုံးချိန်မှာ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဟော်မုန်းတွေကို တိုက်ဖျက်ပေးနိုင်အောင် ကူညီပေးတဲ့အပြင် သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။ကိုက်လန်လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေမှာ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် C ပမာဏ မြင့်မားစွာ ပါဝင်တာကြောင့် adrenal glandsတွေကို အထောက်အပံ့ပေးပြီး oestrogenတွေ ထွက်ရှိအောင် လှုံ့ဆော်ပေးသလို စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အယ်လ်မွန်စေ့မှာ thyroid hormone ထုတ်လုပ်မှု အတွက် လိုအပ်တဲ့ ဇင့်ဓါတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ရေညှိမှာ အိုင်အိုဒင်း ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးဆုံးချိန်မှာ ထုတ်လုပ်မှု လျော့ကျသွားတတ်တဲ့ သွိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ဟော်မုန်း အချို့ထွက်ရှိစေဖို့နဲ့ omega 3 ရရှိစေနိုင်မယ့် ပရိုတင်းဓါတ် ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။oestrogen ထုတ်လုပ်မှုအတွက် အရေးပါတဲ့ ပြည့်ဝအဆီ တစ်မျိုး ပါ။အသည်း ကျန်းမာစေဖို့အတွက် အထောက်အကူ ပြုပေးပါတယ်။အခုလောက်ဆိုရင် ကိုယ်တိုင် ပဲဖြစ်ဖြစ်၊မေမေတွေကို ဂရုစိုက်ပေးချင်ရင် ပဲဖြစ်ဖြစ် အသုံးတည့်မယ် ထင်ပါတယ်။ အမျိုးသမီးတိုင်း ကျန်းမာပျော်ရွှင်ကြပါစေကြောင်း။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/what-foods-can-ease-menopause-symptoms/
မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ !
နွေရာသီမှာ ရေကို ပုံမှန်ထက် သောက်ဖြစ်ကြပေမယ့်နွေရဲ့ အပူချိန်လျှော့ကျလာပြီး မိုးလေး စရွာလာပြီဆိုရင်ရေသောက်နည်းလာကြတာ လူတိုင်းလိုလိုပါ။ ဒါပေမယ့် မိုးရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်ပေးသင့်ပါတယ်။ အကြောင်းကတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေရှိနေလို့ပါ။ ဒီတော့ မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။မိုးရာသီမှာ ရေများများ သောက်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲဆိုတော့။မုတ်သုံရာသီရောက်ပြီဆိုရင် တော်တော်များများက ဖျားနာကြပါတယ်။ ဒါကလည်း ပိုးမွှားတွေ များနေတဲ့အချိန်၊ ကိုယ်ခံအား နည်းတဲ့အချိန် ဖြစ်တာကြောင့်ပါ။ ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေခြင်းကကိုယ်ခံအားကိုထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကိုယ်ခံအား ကောင်းချင်တယ်ဆိုရင် ရေများများ သောက်ပေးပါ။မိုးရာသီမှာ ဝက်ခြံတွေ ထွက်လွယ် တာက အသားအရေမှာဘက်တီးရီးယားတွေပေါက်ဖွားတာကြောင့် ဖြစ်နိုင်သလို ရေဓာတ် နည်းနေရင်၊ အသားခြောက်နေရင် ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ အသားအရေ ကျန်းမာ လှပချင်တယ်ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ကနေ ၃ လီတာလောက် သောက်ပေးပါ။မိုးရာသီမှာ မသန့်ရှင်းတဲ့ရေကနေ ကူးစက်တတ်တဲ့ဝမ်းပျက်ဝမ်းလျှောတာမျိုး၊ အူရောင်ငန်းဖျားနဲ့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ သန့်ရှင်းတဲ့ သောက်သုံးရေကို သောက်သုံးဖို့ လိုပါမယ်။ ဒါ့ပြင် ရေဓာတ် ပြည့်ဝနေတာက အစာခြေစနစ်ကိုရော ကိုယ်ခံအားစနစ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။မုတ်သုံမှာ ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ကင်းဝေးချင်တယ်ဆိုရင်တော့ ရေများများ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝတာက ဦးရေပြား ကျန်းမာစေပြီးဆံသားတွေကိုလည်း ကျန်းမာ သန်စွမ်းစေနိုင်မှာပါ။မိုးရာသီမှာ အပူရှိန် နည်းသွားပြီ ဆိုပေမယ့် လေထုထဲမှာ စိုထိုင်းဆကတော့ များနေဆဲပါ။ ဒီလို စိုထိုင်းဆ များတဲ့အခါ အိုက်စပ်စပ်နဲ့ချွေးထွက်တတ်ပြီး ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင် ရေများများ သောက်ပေးပါ။ရေများများ သောက်တာက ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကြွက်သားတွေ အရိုးအဆစ်တွေဆီကို သွေးရောက်ရှိစေပါတယ်။ ဒီလိုမျိုး သွေးစီးဆင်းလည်ပတ်မှု ကောင်းတာကကိုက်ခဲတာကို သက်သာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ကိုယ်အလေးချိန်  ထိန်းညှိချင်တယ်ဆိုရင် ရေလုံလောက်အောင် သောက်ပေးဖို့ လိုပါမယ်။ ရေကကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ရေက ခန္ဓာကိုယ်တွင်းမှာ အင်အားပြည့်ဝစေဖို့ လုပ်ဆောင်ပေးပါတယ်။ အားအင်ပြည့်ဝစေဖို့ ရေသောက်ပေးတာ အပြင် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးလို့လည်း ရပါတယ်။ရေဓာတ်နည်းနေတာက သွေးတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးပေါင်ချိန်ကို ထိန်းညှိချင်တယ်ဆိုရင် ရေများများ သောက်ပေးပါ။ မိုးအေးလည်း လုံလောက်တဲ့ ရေပမာဏ သောက်သုံးပေးမှသာ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်မှာပါ။# ကျန်းမာရေးနဲ့ ညီညွတ်အောင် အရောင်အသွေးစုံလင်စွာ စားသုံးကြပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/benefits-of-drinking-more-water-in-monsoon/
Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း )
နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းရောဂါသည် နှ လုံး ကြွက်သားများကညစ်အားကျသောအခြေအနေတစ်ခု ဖြစ်ပါသည်။ အန္တရာယ်ရှိသောအောက်ပါအကျိုးဆက်များကို ဖြစ်ပေါ် စေပါသည်။နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းသည် နှလုံး၏ တစ်ဖက်ဖက်တွင်သာ ဖြစ် ပွားပါသည်။ အများအားဖြင့် ဘယ်ဘက်တွင် စတင်ပြီးသင့် တော်စွာမကုသပါကညာဘက်သို့ ကူးပြောင်းနိုင်ပါသည်။ နှလုံးရောဂါသည် အသက်အန္တရာယ်ရှိပါသည်။နှလုံးရောဂါသည် အသက်ကြီးသူများတွင် အများဆုံး ဖြစ်ပွားသော်လည်းမည်သည့်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါ သည်။ မွေးရာပါ နှလုံးချို့ယွင်းချက်ရှိသောကလေးများသည် နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်း ဖြစ်နိုင်ချေမြင့်ပါသည်။နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းသည် နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပြီးရုတ်တရက် ပြုပြင်ပြောင်းလဲခြင်းမပြုနိုင်ပါ။ အဖြစ်များသောရောဂါလက္ခဏာများမှာ-။အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ရောဂါလက္ခဏာများပေါ်လာပါကဆရာဝန်နှင့် အမြန် ပြသပါ။ ရောဂါ၏ အစောပိုင်းလက္ခဏာများမှာရင်ဘတ် နာခြင်း၊ အသက်ရှူမြန်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း နှင့် အားနည်းခြင်းတို့ ဖြစ်ပါသည်။ ကုသမှုအပြီးဆိုးကျိုးများခံစားရပါကသို့မဟုတ် ရောဂါလက္ခဏာများပိုဆိုးလာပါကဆရာဝန် နှင့် ပြသပါ။နှလုံးညှစ်အားကျဆင်းခြင်းသည် နှလုံးကြွက်သားများကိုထိခိုက်စေသော နှလုံးနှင့် သွေးကြောရောဂါအချို့၏ ဆိုးကျိုးတစ်ခု ဖြစ် ပါသည်။ ထိုရောဂါများမှာသွေးတိုးခြင်း၊ နှလုံးကြွက်သားများပုပ်ခြင်း၊ နှလုံးကြီးခြင်း နှင့် နှလုံးအဆို့ရှင် ရောဂါ၊ ရောဂါ ပိုးကူးစက်ခြင်း၊ နှလုံးခုန်သံစည်းချက်မမှန်ခြင်း၊ သွေးအားနည်းခြင်း၊ သိုင်းရွိုက်ရောဂါ၊ အဆုတ်ရောဂါ နှင့် ခန္ဓါကိုယ် တွင်းအရည်အလွန်များခြင်းတို့ဖြစ်ပါသည်။နှလုံးရောဂါကိုပိုဆိုးစေသောအချက်များစွာရှိပါသည်။ ၎င်းတို့မှာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ခန္ဓါကိုယ်အားစစ်ဆေးမှုများသည် ခြေထောက်များဖောရောင်ခြင်း၊ အဆုတ်တွင် အရည်များစုပြုံ၍ အသက်ပြင်းပြင်း ရှူရခြင်းစသောပုံမှန်မဟုတ်ခြင်းများကိုဖော်ထုတ်နိုင် ပါသည်။ထို့အပြင် ဆရာဝန်သည် ရင်ဘတ်အားဓါတ်မှန်ရိုက်ခြင်းကိုလည်း ပြုလုပ်ရန်ညွှန်ကြားနိုင်ပါသည်။ ဓါတ်မှန်သည် နှလုံးနှင့် အဆုတ်တွင် ရှိသောပြဿနာများကိုဖော်ထုတ် ပေးနိုင်ပါသည်။ Echocardiogram ( အသံလှိုင်းများအသုံးပြု ၍ နှလုံးလှုပ်ရှားမှုကိုကြည့်သောစစ်ဆေးမှု) သည် နှလုံး၏ အရွယ်အစားနှင့် နှလုံးကြွက်သား၊ အဆို့ရှင် တို့၏ ပြဿနာများကို ပြသနိုင်ပါသည်။သင့်ကျန်းမာရေးနှင့် သင့်အခြေအနေဘယ်လောက်တိုးတက်သလဲအပေါ်မူတည်၍ ကုသမှုအမျိုးမျိုးကိုစဉ်းစားနိုင် ပါသည်။နှလုံးညှစ်အားလျော့ခြင်းတွင် အသုံးပြုနိုင်သောဆေးများစွာရှိပါသည်။ဆေးသောက်ခြင်းဖြင့် မသက်သာပါကခွဲစိတ်ကုသခြင်းနည်းလမ်းများလိုအပ်ပါသည်။ Angioplasty ဟုခေါ်သောပိတ်နေသောသွေးကြောများကိုပွင့်အောင်ခွဲသောနည်းကိုရွေးချယ်အသုံးပြုနိုင်သည်။ နှလုံးအထူးကုဆရာဝန်သည် သင်၏ နှလုံးအဆို့ရှင်များကောင်းစွာပွင့်နိုင် ပိတ်နိုင်အောင် ကူညီနိုင်သော နှလုံးအဆို့ရှင် ပြင်ဆင်ခွဲစိတ်မှုကိုလည်းလုပ်ဆောင်နိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် နှလုံးညှစ်အားကျဆင်းခြင်းကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် နှလုံးရောင်ခြင်းကိုကာကွယ်ရန် သို့မဟုတ် ပိုမဆိုးစေရန် ကူညီနိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-failure/congestive-heart-failure-%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba/
အွန်လိုင်းပေါ်မှာကြော်ငြာနေတဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အန္တရာယ်
အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာ မိန်းမကိုယ်ရဲ့ ကျုံ့ဆန့်နိုင်အားကို လျော့နည်းစေတာက ကလေးမီးဖွားခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အသက်အရွယ်ကြောင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကြောင့် ဒါမှမဟုတ် ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန် ပြောင်းလဲမှုကြောင့် ဖြစ်တတ်ပါတယ်။မိန်းမကိုယ်၊ သားဖွားလမ်းကြောင်း မတင်းရင်းတော့တဲ့အခါ အိမ်ထောင်ရေးသုခကို မရရှိနိုင်ဘဲ မိသားစုပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ယူဆကြတာကြောင့် အိမ်ထောင်သည် အမျိုးသမီးတွေအတော်များများက ဒီအတွက် ဖြေရှင်းဖို့ နည်းလမ်း ရှာကြပါတယ်။ ဒီလိုနဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အစွမ်းကို အားကိုးလာပါတယ်။ဒါပေမယ့် သဘာဝတရားအရ ဖြစ်လာတာမို့ အားနည်းချက်လိုမျိုး စိုးရိမ်နေဖို့တော့ မလိုပါဘူး။ ယောကျာ်းပစ်သွားမှာ၊ အိမ်ထောင် အဆင်မပြေမှာစိုးပြီး ပြန်လည် နုပျိုတင်းရင်းမှုကို ပြန်ရနိုင်ဖို့ နည်းလမ်းမှားတွေကို လိုက်လုပ်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ မိန်းမကိုယ် ပြန်လည် တင်းရင်းလာဖို့အတွက် မိန်းမကိုယ်ကျဉ်းဆေးခရင်မ် သုံးတာအပါအဝင် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အာရှမှာ ဒီအတွက် သီးသန့် အဖြစ် သဘာဝဆေးဖက်ဝင်တွေနဲ့ ထုတ်လုပ်ထားတဲ့ဆေးနည်းတွေကို သုံးကြပါတယ်။အာရှမှာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမိန်းမကိုယ်ကျဉ်းဆေးတွေကို ခရင်မ်၊ ဆေးတောင့် နဲ့ medicated stick၊ ဆပ်ပြာ၊ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝင်လာကြပါတယ်။ အရည်အသွေးကတော့ တချို့မှာပဲ ရလဒ်ကောင်းပြီး တချို့မှာ မကောင်းပါဘူး။Vaginal tightening creamတွေဟာ ဆေးဖက်ဝင် သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားလို့ ၁၀၀ ရာခိုင်နှုန်း ဘေးကင်းတယ်လို့ တော်တော်များများက ထင်ကြပါတယ်။ အခုဆိုရင် Vaginal tightening cream အဖြစ်နဲ့ ကြော်ငြာနေတဲ့ အွန်လိုင်း ဈေးကွက်ထဲက မိန်းမကိုယ်ကျဉ်းဆေး ကုန်ပစ္စည်းတွေလည်းအများကြီး ရှိနေပါတယ်။ ဒါပေမယ့် ဘေးကင်းတယ်လို့ ကြော်ငြာထားကြတဲ့ ပစ္စည်းတွေအကုန်လုံးကဘေးမကင်းနိုင်ပါဘူး။တကယ်တော့ Vaginal tightening cream တွေ၊ gel တွေဆိုတာ ဓာတုပစ္စည်းတွေ အပြည့်ပါဝင်နေတာဖြစ်ပြီး အသုံးပြုသူနဲ့ ဓာတ်မတည့်တာတွေ၊ နီရဲရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်ထဲက ဘက်တီးရီးယား ထိန်းညှိမှုကိုပြောင်းလဲစေခဲ့ရင် မိန်းမကိုယ်ရောင်ရမ်းခြင်း သို့မဟုတ် မှိုပိုးဝင်ခြင်း ဖြစ်လာစေနိုင်ပါတယ်။ ဒီအမျိုးသမီးသုံးပစ္စည်းတွေဟာ ဟော်မုန်း ကမောက်ကမဖြစ်ခြင်း အန္တရာယ်လည်း ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာလိင်ကတဆင့် ကူးစက်တဲ့ရောဂါSTD တစ်မျိုးမျိုး ရှိနေတယ်ဆိုရင် ဒီဆေးတွေကြောင့် လက္ခဏာ ပိုဆိုးလာနိုင်ပါတယ်။မိန်းမကိုယ်ဟာ ခန္ဓာကိုယ်မှာ နုနယ်ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းဖြစ်လို့ ဂရုတစိုက်ရှိဖို့ လိုပါတယ်။ ကလေးမွေးဖွားပြီးနောက်ပိုင်း နဂိုမူလအတိုင်းနီးပါး ပြန်တင်းရင်းချင်တယ်ဆိုရင် ဒီလိုဆေးတွေ၊ ပစ္စည်းတွေဝယ်သုံးဖို့က လွယ်သလို ဈေးပေါတဲ့ ပစ္စည်းတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် သူတို့က ဖော်ပြထားသလို တကယ်ဘေးကင်းပါ့မလား။ ခံစားရနိုင်တဲ့အန္တရာယ်တွေထဲမှာ အများအားဖြင့် အောက်ပါဘေးထွက်ဆိုးကျိုး ၅ ခု ပါဝင်နိုင်ပါတယ်။မိန်းမကိုယ်ကျဉ်းဆေးတွေက ဓာတုပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။ Manjakani အဆီအနှစ်နဲ့ ထုတ်လုပ်ထားတယ်ဆိုရင်တောင်မှ ဒီလိုပါနေနိုင်ပါတယ်။ Manjakani ဟာ ကလေးမီးဖွားပြီးနောက်ပိုင်း မိန်းမကိုယ်ကိုပြန်လည်တင်းရင်းစေဖို့ သုံးကြတဲ့ ရှေးခေတ်ဆေးနည်းတစ်ခုဖြစ်ပါတယ်။ဒီလို ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်ကို အတွင်းရောအပြင်ပါ နီရဲရောင်ရမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဆီးသွားရင်၊ လမ်းလျှောက်ရင်၊ ထိုင်ရင် နာကျင်ရတတ်ပါတယ်။ပိုဆိုးတာက ဆေးရဲ့ ပါဝင်ပစ္စည်းတစ်ခုခုကို ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခဲ့ရင် ယားယံတာ၊ နီရဲလာတာ၊ အကွက်တွေဖြစ်တာ စတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာမျိုးတွေက အရေပြားမှာဖြစ်တာတောင် အတော်ခံစားရတတ်တာ၊ မိန်းမကိုယ်အထဲမှာဆိုရင် မတွေးရဲစရာပါ။ အရမ်းကို ခံရခက်ပြီး နာကျင်ရမှာအသေအချာပဲ။ဒီလိုအမျိုးသမီးပစ္စည်းတွေ၊ ဆေးတွေက ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း(BV) နဲ့ မှိုပိုးဝင်ခြင်း ဖြစ်နိုင်ခြေပိုများစေပါတယ်။ ခရင်မ်နဲ့တင်မကဘဲ မိန်းမကိုယ်ထဲကို ပြင်ပအရာဝတ္ထုတစ်ခုခု (ဥပမာ medicated stick) ထည့်သွင်းခြင်းက မိန်းမကိုယ်အတွင်းpH ထိန်းညှိမှုကို ပျက်ယွင်းစေပါတယ်။ မိန်းမကိုယ်အတွင်းက ဘက်တီးရီးယားထိန်းညှိမှုကို ပြောင်းလဲစေတာကြောင့် ရောဂါပိုးဝင်လွယ်စေတာ ဖြစ်ပါတယ်။မိန်းမကိုယ်ကျဉ်းဆေးတွေက endocrine ဟော်မုန်းစနစ်ကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒီစနစ်မှာ သားဥအိမ်၊ သိုင်းရွိုက်ဂလင်းနဲ့ pituitary ဂလင်းတို့ပါဝင်ပါတယ်။ဒီဂလင်းတွေက ဟော်မုန်းထုတ်ပေးတာဖြစ်ပြီး သူတို့မှာအပြောင်းအလဲဖြစ်လာတာ ဒါမှမဟုတ် ထိခိုက်ပျက်စီးလာရင်ဟော်မုန်းတွေအတွက် စိုးရိမ်စရာရှိလာပါတယ်။ဒီဆေးတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ STDရောဂါလက္ခဏာတွေကို ဖုံးကွယ်သလိုဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်တင်းရင်းစေတဲ့ခရင်မ်တွေက အနံ့အသက်ကင်းစေတဲ့ အာနိသင်ပါရှိတာကြောင့် STDကြောင့် ဖြစ်လာတဲ့အနံ့ကို လျော့ကျစေပါတယ်။ ရလဒ်အနေနဲ့က ကိုယ့်မှာ STDတွေရှိနေရင်တောင် ရှိမှန်းမသိနိုင်လောက်တော့ပါဘူး။ဒါနဲ့ပဲ ကုသမှုခံယူဖို့နှောင့်နှေးစေပါတယ်။ သေချာမကုသရင် STD တစ်မျိုးမျိုးကြောင့်ယောနိမှာ ထိခိုက်မှုပိုများစေနိုင်ပါတယ်။ ဒါ့အပြင် တခြားသူနဲ့လိင်ဆက်ဆံရင်းလည်း ရောဂါကူးစက်ပြန့်ပွားနိုင်ပါသေးတယ်။ဈေးကြီးပြီး ကုန်ကျစရိတ်များတဲ့ဆေးတွေ၊ ခရင်မ်တွေသုံးမယ့်အစား ခါးအောက်ပိုင်းလေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ယောနိလမ်းကြောင်းက နံရံတွေကို ကျုံ့ဆန့်အားပိုကောင်းစေပါလိမ့်မယ်။Kegel လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေက အထိရောက်ဆုံးပါပဲ။ Kegel လုပ်ရင် တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကို ညှစ်လိုက်ဖြေလျှော့လိုက် လုပ်ရတာကြောင့် ဒီလေ့ကျင့်ခန်းကို များများလုပ်လေ မိန်းမကိုယ် ပိုတင်းရင်းလေဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆိုရင် ဆီးကိုအောင့်ထားသလို ယောနိဝနဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကိုစက္ကန့်ပိုင်းလောက် ညှစ်ထားပြီးဖြည်းဖြည်းပြန်ဖြေလျှော့ရပါမယ်။ တစ်နေ့ သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ လှဲနေရင်း၊ ထိုင်နေရင်း၊ မတ်တပ်ရပ်နေရင်း ပုံစံသုံးမျိုး တစ်လှည့်စီလုပ်နိုင်ပါတယ်။နောက်ထပ်သတိထားသင့်တာက မိန်းမကိုယ်မှာ ဘယ်ဆေး၊ ဘယ်ပစ္စည်းကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မလိမ်း မသုံးသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် နုနယ်တဲ့ ဒီဧရိယာမှာ နောက်ဆက်တွဲထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီတော့ လိမ်းဆေးခရင်မ်တွေ၊ ဂျယ်လ်တွေရဲ့ ဆိုးကျိုးတွေကိုရှောင်နိုင်စေဖို့ သဘာဝနည်းနဲ့သာ ကြိုးစားကြည့်ကြပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/side-effects-of-vaginal-tightening-creams/
ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း
ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်စဉ် အချိန်တွင်သန္ဓေသား ဖွံ့ဖြိုးမှုအတွက် ပုံမှန် အချိန်ထက် ရေဓါတ် ပိုမို လိုအပ်ပါတယ်။ ဗိုက်ထဲက ကလေးက ရေမသောက်နိုင်တဲ့အတွက် မိခင်က ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း ကို ခံစားရနိုင်ပါတယ်။ခန္ဓါကိုယ် အပူချိန်တက်လာခြင်းက ရေဓါတ် နည်းနေပြီဆိုတဲ့ လက္ခဏာ တစ်ရပ် ပဲပေါ့။ သင့်ခန္ဓါကိုယ်မှာ ရေဓါတ် ပြည့်ဝနေရင် ခန္ဓါကိုယ်အပူချိန်ကို ကောင်းမွန်စွာ ထိန်းညှိထားနိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ဆီးအရောင်ဟာ အဝါရောင် ရင့်ရင့် ပြောင်းလာပြီ ဆိုရင် သင်ရေများများ သောက်ဖို့ လိုပြီဆိုတာ သိလိုက်ပါ။ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ အခြားသော လက္ခဏာ တွေကတော့။အထက်ပါ လက္ခဏာ တွေအပြင် ရေဓါတ်ခန်းခြောက်ခြင်း အလွန်အမင်း ဆိုးရွားလျှင်။ခန္ဓါကိုယ်မှ အသုံးပြုနေသော ရေပမာဏ ထက် သောက်သုံးသော ရေပမာဏက နည်းသောအခါ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့ အာဟာရ အဓိက ပံ့ပိုးပေးတဲ့ အချင်း ဖြစ်ပေါ်မှု အတွက် ရေဓါတ်များစွာ လိုအပ်ပါတယ်။ ရေဓါတ်ခန်းခြောက်ရခြင်းရဲ့ အဓိက ဖြစ်စေသော အကြောင်းရင်းများမှာ –။ရေဓါတ်ခန်းခြောက်ခြင်း ကြောင့် အောက်ပါ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်ပါတယ်။သေချာတာကတော့ ရေနှင့် အခြား အရည် များများ သောက်သုံးဖို့ လိုအပ်ပါတယ်။ ကဖင်းဓါတ် ပါဝင်သော ပစ္စည်းများ စားသုံးမှုကိုလည်းလျှော့ချဖို့ လိုပါတယ်။ကဖင်းဓါတ်က ဆီးသွားများစေတဲ့ အတွက် ရေဓါတ် ဆုံးရှုံးမှုကို များစေနိုင်ပါ တယ်။ ချွေးထွက်လွန်ခြင်း မဖြစ်အောင် လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းနှင့် ပူပြင်းတဲ့ရာသီမှာ အပြင်ထွက်တာ ကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ဘယ်နေရာကိုသွားသွား အပြင်သွားတိုင်း ရေတစ်ဘူးအမြဲဆောင်သွားပါ။ တစ်နေ့ရေ မည်သည့် ပမာဏလောက် သောက်ဖြစ်တယ်ဆိုတာကို မှတ်ထားဖို့လိုပါတယ်။ နေ့စဉ် အနည်းဆုံး ရေ ၁၂ ဖန်ခွက် သောက်ဖို့လိုအပ်ပါတယ်။အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်နေရင်တော့ အစားစားနေရင်းရေမသောက်ဘဲ အချိန်အနည်းငယ်ခြားပြီးမှသောက် ပါ။ မနက်ပိုင်း ပျို့အန်တာ အလွန်ဆိုးရွားလျှင် ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/symptoms-of-severe-dehydration-during-pregnancy/
ရာသီတုပ်ကွေးလား ကိုဗစ်လား ဘယ်လိုသိနိုင်မလဲ
ဆောင်းရာသီကတည်းက စတင်လာတဲ့ COVID-19 ကပ်ဘေးကြီးဟာ နွေရာသီကိုဖြတ်သန်းပြီး မိုးဦးအချိန်အခါကို ရောက်လာတဲ့အထိ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေဆဲဖြစ်ပါတယ်။လူတွေမှာလည်း တစ်နေ့တစ်နေ့ COVID-19 သတင်းတွေချည်း ကြားနေကြရတော့ ကိုယ့်ခန္ဓာကိုယ်က တစ်ခုခု ချို့ယွင်းလာရင်တောင် ဒီရောဂါစွဲကပ်ပြီလားလို့ တွေးပူနေကြရပါတယ်။ ချောင်းလေးဆိုးလည်း စိတ်ပူရ၊ နှာခေါင်းယားလည်း စိတ်ပူရ၊ ကိုယ်ပူချိန်မြင့်လည်း စိတ်ပူရနဲ့ ဘာဝေဒနာခံစားရ ခံစားရ COVID-19 လားလို့ တွေးတွေးပူနေရတာက အလုပ်တစ်ခုလိုပါပဲ။ကိုဗစ်ပြဿနာက မပြီးသေးချိန်မှာ ရာသီအကူးအပြောင်းတွေမှာ ဒုက္ခပေးနေကျ နောက်ထပ်ရောဂါ တစ်ခုကလည်း အဆင်သင့်စောင့်ကြိုလို့ နေပြန်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးပါပဲ။ရာသီတုပ်ကွေး (Influenza) ရော၊ ကိုရိုနာဗိုင်းရပ် (COVID-19) ရောဟာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဝေဒနာတွေဖြစ်ကြပြီး တချို့သော ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကလည်း ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။ဒီတော့ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တာချင်းကလည်းတူ၊ ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တာလည်း တူနေတော့ ကိုဗစ်နဲ့ ရာသီတုပ်ကွေးကို ဘယ်လိုခွဲခြား သိနိုင်ကြမလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူးလို့ အလွယ်တကူသုံးလိုက်ကြပေမယ့် ကိုဗစ်လား၊ တုပ်ကွေးလားဆိုတာကို ကွဲကွဲပြားပြား သိထားဖို့တော့ လိုအပ်တယ်မဟုတ်လား။ဒါကြောင့် တုပ်ကွေး (Influenza) နဲ့ ကိုရိုနာဗိုင်းရပ် (COVID-19) တွေရဲ့ တူမယောင်နဲ့ ကွဲပြားတဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။မိုးရာသီဆိုတာ တုပ်ကွေးဝေဒနာ အမျိုးအစားစုံနဲ့ ဗိုင်းရပ်စ်မျိုးစုံ ထကြွသောင်းကျန်းကြတဲ့ကာလဖြစ်ပါတယ်။ ရုတ်တရက်ဆိုရင် တုပ်ကွေးဝေဒနာဟာ အအေးမိတာနဲ့လည်း ဆင်တူနေတတ်ပါတယ်။အအေးမိတာက ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသက်သာသွားပေမယ့် တုပ်ကွေးကတော့ ဒီလိုမဟုတ်ပါဘူး။ တုပ်ကွေးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်ပြီး ရောဂါအစပျိုးချိန်က (၁) ရက်ကနေ (၄) ရက်အထိ ကြာမြင့်နိုင်ပါတယ်။ အဖျားပျောက်ကင်းချိန်ကတော့ ကူးစက်ခံရတဲ့ရောဂါပိုးရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး (၅) ရက်ကနေ သီတင်းပတ် (၂) ပတ်အထိ ကြာမြင့်နိုင်ပါတယ်။တုပ်ကွေးဟာ ဒီနေ့မှာ ဖျားမယ်လို့တောင် အရိပ်အယောင်သိပ်မမြင်ရဘဲ အကောင်းကြီးကနေ နောက်တစ်နေ့မှာ ဘယ်လိုမှ နေသာထိုင်သာမရှိအောင် အပြင်းအထန်ဖျားနာသွားနိုင်တဲ့ အခြေအနေပါ။ အရမ်းမြန်တဲ့ ဖျားနာမှု တစ်မျိုး ဖြစ်ပါတယ်။တုပ်ကွေးရောဂါအများစုက “Upper Respiratory Tract” လို့ခေါ်တဲ့ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ် ပိုးမွှားတွေ ဝင်ရောက်ခြင်းကနေတဆင့် ဖြစ်တာပါ။ ပုံမှန်ဖြစ်ပျက်လေ့ရှိတဲ့ တုပ်ကွေးဝေဒနာရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။တုပ်ကွေးမိပြီဆိုရင်။COVID-19 နဲ့ သာမန်တုပ်ကွေးတို့အကြား ခြားနားချက်က ရိုးရိုးတုပ်ကွေးဝေဒနာခံစားရသူတွေမှာ အသက်ရှူမဝဖြစ်တာ၊ အသက်ရှူရခက်တာတွေ ဖြစ်လေ့ဖြစ်ထမရှိတာပဲဖြစ်ပါတယ်။ ကလေးငယ်တွေ တုပ်ကွေးဝေဒနာခံစားရတဲ့အခါမျိုးမှာ ဝမ်းသွားတာနဲ့ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။အိမ်မှာတစ်စုံတစ်ယောက်များ တုပ်ကွေးဖြစ်ပီဆိုတာနဲ့ ကျန်တဲ့ အိမ်သားတွေပါ ကူးစက်ဖို့ အလားအလာများတာကြောင့် တုပ်ကွေးဟာ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ထားဖို့လိုအပ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။အများသိတဲ့အတိုင်းပဲ COVID19 ရဲ့ ရောဂါလက္ခဏာတွေက ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ ပင်ပန်းနွမ်းနယ်တာတွေက အများစုမို့ ရုတ်တရက်ဆိုရင် သာမန်နေမကောင်းဖြစ်ခြင်းနဲ့ နီးစပ်နေတတ်ပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကလည်း COVID-19 တစ်ခုတည်းမှာ ပြသတတ်တာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ အတွေ့များတတ်တဲ့ အဆုတ်ရောင်တာ၊ တီဘီဖြစ်တာလို ဝေဒနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ဒါကြောင့် တကယ်လို့ မသင်္ကာစရာ အခြေအနေတစ်ရပ်ရပ်ကြုံလာပြီဆိုရင် ဘယ်လိုရောဂါရဲ့ လက္ခဏာမျိုးလဲဆိုတာကို ကွဲကွဲပြားပြားသိရှိထားဖို့ လိုအပ်လာပါတယ်။ လူတစ်ယောက်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အဓိကအားဖြင့် ပြသလာမယ့် ရောဂါ လက္ခဏာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီဆိုရင်။ဒီလက္ခဏာတွေဟာ ပိုးကူးစက်ခံရပြီး ၅ ရက်နေကနေ ၁၄ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အဖြစ်နည်းပေမယ့် ကြုံလာရနိုင်တဲ့ တခြားလက္ခဏာတွေကတော့ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာနဲ့ အော့အန်တာတွေပဲဖြစ်ပါတယ်။COVID-19 နဲ့ ရာသီတုပ်ကွေးကို အဓိက ခွဲခြားပေးတာက ရောဂါပျိုးချိန်နဲ့ ရောဂါကူးစက်နှုန်းလို့ WHO က ဆိုထားပါတယ်။ တုပ်ကွေးက အဖျားစတင်ပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပြီးတော့ ကိုဗစ်ကတော့ ၂၄ နာရီ ကနေ ၄၈ နာရီအကြားကာလမှာတင် အဓိက လက္ခဏာတွေ ပြသမှာဖြစ်ပါတယ်။ Secondary Infection ဖြစ်နှုန်းမှာလည်း ကိုဗစ်က ၂.၅ ကြိမ်လောက်ဖြစ်နိုင်ခြေရှိပြီး ရာသီတုပ်ကွေးက ၁ ကြိမ်သာရှိပါတယ်။ရာသီတုပ်ကွေးဟာ ဖြစ်ပြီး ၃ ရက်အတွင်းမှာ သူများကို စကူးစက်ပြီး ကိုဗစ်ကတော့ ရောဂါပိုးဝင်ပြီး ၅ရက် ၆ရက်လောက်နေမှ သူများကို စကူးတာပါ။နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ရာသီတုပ်ကွေး ကူးစက်မှုမှာ ကလေးတွေဟာ ရောဂါပြန့်ပွားစေဖို့ အဓိကကျတဲ့အချက်ဖြစ်တယ်လို့ ဆိုထားတာပါပဲ။ ကိုဗစ်မှာကတော့ ကလေးတွေမှာ ရောဂါကူးစက်မှုနှုန်းနဲ့ ရောဂါကြောင့်ထိခိုက်မှုနှုန်းအလွန်နည်းပါးလှပါတယ်။ဒါ့အပြင် ရာသီတုပ်ကွေးဟာ ကာကွယ်ဆေးရှိပါတယ်။ ကိုဗစ်ကတော့ ကာကွယ်ဆေးရော၊ ကုသဆေးပါ ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ရောဂါသစ်တစ်မျိုးဖြစ်တာပါပဲ။နောက်တစ်ချက်ကတော့ သေဆုံးနှုန်းပါ။ ကိုဗစ်ကြောင့် သေဆုံးနှုန်းဟာ ၃%-၄% ဝန်းကျင်ရှိပေမယ့် ရာသီတုပ်ကွေးကြောင့်သေဆုံးနှုန်းကတော့ ဝ.၁% အောက်မှာသာရှိတာဖြစ်ပါတယ်။တုပ်ကွေးပဲဖြစ်ဖြစ် ကိုဗစ်ပဲဖြစ်ဖြစ် ကိုယ်ခံအားစနစ် အားနည်းနေချိန်မှာ ဝင်လာတတ်တာမို့ ခုခံအားကောင်းအောင် နေထိုင်၊ စားသောက်သင့်ပါတယ်။အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်ဝတာတွေ စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ လက်ကိုသေချာ သန့်ရှင်းစင်ကြယ်အောင် ဆပ်ပြာနဲ့ဆေးတာ၊ တတ်နိုင်သမျှ အပြင်မထွက်ပဲနေတာ၊ အပြင်ထွက်ရရင် Mask တပ်တာတွေက ကိုဗစ်အတွက်ရော၊ ရာသီတုပ်ကွေးကိုပါ ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။တုပ်ကွေးဝေဒနာကို တားဆီးဖို့အတွက် ကာကွယ်ဆေးတွေလည်းရှိနေပြီမို့ ဖြစ်နိုင်ရင် တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးထားသင့်ပါတယ်။တကယ်လို့ ကိုယ်က ဖျားနာနေပြီး ဘာဝေဒနာမှန်းမသိဘူးဆိုရင် ကိုယ့်မှာရှိတဲ့ ရောဂါအခံနဲ့ လက်ရှိပြသနေတဲ့ ရောဂါလက္ခဏာကို အရင်ဆုံးတိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။ ဥပမာ ကိုယ့်မှာ သွေးတိုး ဆီးချိုရှိသလား။ ရင်ကြပ်ရှိသလားဆိုတာမျိုးပေါ့။ပြီးရင်တော့ ကိုယ့်ရဲ့ ရောဂါလက္ခဏာတွေနဲ့ အခံရောဂါ အခြေအနေအားလုံးကို သက်ဆိုင်ရာ ကျန်းမာရေးဌာနထံ အသိပေးပြီး စစ်ဆေးကုသတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။[covid_19]။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/similarities-and-differences-covid-19-and-influenza/
ကိုယ်ဝန်ဆောင်စဉ် ဆံပင်ဆေးဆိုးလို့ရသလား
အများစုကတော့ ကိုယ်ဝန်ဆောင်နေစဉ် ဆံပင်ဆေးမဆိုးရဘူးလို့ထင်ကြတယ်။ ဆရာဝန်တချို့ကတားမြစ် ပေမယ့် တချိကတော့ ဆိုးလို့ရတယ်ပြောကြတယ်။ ဆိုးသင့် မဆိုးသင့်လေ့လာကြည့် ကြရအောင်။ဆံပင်ဆေးဆိုးတာက ကိုယ်ဝန်အပေါ်ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာ သုတေသနလေ့လာချက် မရှိတော့ ထင်ကြေးအမျိုးမျိုးဖြစ်နေကြတာပေါ့။ သိပ္ပံပညာရှင် တွေကတော့ ဆံပင်ဆိုးဆေးထဲမှာပါတဲ့ ဓါတ်ပစ္စည်းတွေက ဦးရေပြားမှတဆင့် သွေးထဲဝင်ရောက်ပြီး ကလေးဆီသို့ရောက်ရှိသွားနိုင်မယ်လို့ထင်ကြတယ်။ ကိုယ်ဝန်ရဲ့ပထမသုံးလမှာ သန္ဓေသား အကောင်ထည်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက် တိတိကျကျ သုတေသနအဖြေမရှိပေမယ့်လည်း ပထမ သုံးလအတွင်းတော့ ဆေးဆိုးတာရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပထမသုံးလပြည့်သွားပြီ ဆိုရင် ဆံပင်ဆေးဆိုးလို့တော့ရပြီ။ ဒါပေမယ့် သတိထားစရာအချက်လေး တွေတော့ရှိပါတယ်။အန္တရာယ် အကင်းဆုံးပုံစံ နဲ့ ဆိုးပါ။ဆိုးဆေးကို ဦးရေပြားပေါ် ရောက်တဲ့အထိဆိုးတာမျိုးက ဦးရေပြား မှတဆင့်ခန္ဓါကိုယ်ထဲ စိမ့်ဝင်သွားနိုင်လို့ ဆံပင်အရင်းထိမရောက်စေဘဲ ထိပ်ပိုင်းလောက်သာဆိုးတာမျိုး ပြုလုပ်သင့်ပါတယ်။အရောင်ရွေးချယ်မှု သတိပြုပါ။ချွတ်ဆေးမပါဝင်တဲ့ ဆိုးဆေး သို့မဟုတ် အမိုးနီးရား မပါဝင်တဲ့ အရောင်နု မျိုးကိုရွေးချယ်သင့်ပါတယ်။ ဒန်းပင်မှထုတ် လုပ်ထားတဲ့ဆိုးဆေး သို့မဟုတ် သစ်သီးသစ်ရွက်ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ဆိုးဆေးမျိုးကိုစဉ်းစားသင့်ပါတယ်။ မဆိုးခင်မှာ ဆိုးဆေးက အတတ်နိုင်ဆုံးသဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားလား သေချာစေရန် အညွန်းစာရွက်ကို ဖတ်ကြည့်ပါ။လေဝင်လေထွက်ကောင်းတဲ့နေရာမှာဆိုးပါ။ဆိုးဆေးမှာပါဝင်တဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အငွေ့တွေ အဝေးလွင့်သွားအောင် လေဝင်လေထွက်ကောင်း တဲ့နေရာမှာဆိုးပါ။ ကိုယ်ကိုတိုင် ဆိုးတာမျိုးဆိုရင်တော့ လက်အိတ်ရှည်ဝတ်ပြီး ဆိုးပါ။ ဆိုးပြီးတဲ့အခါမှာ ဦးရေပြား မှာ ဆိုးဆေးအကြွင်းအကျန်တွေကပ်မနေစေပါနဲ့။ ဆိုးပြီးလျှင် လက်ကို သေချာဆေးကြောသင့်ပါတယ်။ဆိုးဆေးကြောင့် ကိုယ်ဝန်အပေါ် မည့်သည့်သက်ရောက်မှု့တွေဖြစ်ပေါ်နိုင်တယ်ဆိုတာကို သုတေသနပြုလုပ်ထား တာမရှိပေမယ့်လည်း ဆိုးဆေးမှာပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကြောင့် အန္တရာယ် ဖြစ်စေနိုင်တာမျိုးရှိမှာ စိုးရိမ်ရတဲ့အတွက် ဖြစ်နိုင်ရင် ကလေးမွေးပြီးတဲ့အထိစောင့်ပါ။ ကိုယ့်ရဲ့အသက်မွေး ဝမ်းကြောင်းလုပ်ငန်း သဘောအရ မဖြစ်မနေ ဆေးဆိုးရမယ်ဆိုရင်တော့ အထက်ပါအချက်တွေကိုသတိပြုဆင်ခြင်ဖို့သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%89%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84/
ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ
အရေပြားခြောက်သွေ့မှုက အသက်အရွယ်မရွေးကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ နူးညံ့ပြီး တုံ့ပြန်လွယ်သလို ခံနိုင်ရည်နည်းတဲ့ ကလေးငယ်လေးတွေမှာ အရေပြားခြောက်သွေ့တာက ပိုဆိုးပါတယ်။ ကလေးအရေပြားခြောက်သွေ့တဲ့အခါ အရေပြားမှာ နီရဲတာ၊ ခပ်တင်းတင်းကြီးဖြစ်နေတာ၊ ယားယံတာ၊ အရေပြားအဖတ် လန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အရေပြားခြောက်သွေ့တဲ့ ပြဿနာက ကလေးတွေကို  အနေရခက်စေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိရင်သွေးလေးတွေရဲ့ အရေပြားကို မခြောက်သွေ့အောင်  ကာကွယ်ပေးသင့်ပါတယ်။ဆောင်းရာသီမှာ ပြင်ပက အေးမြခြောက်သွေ့တဲ့လေနဲ့ အိမ်တွင်းက အပူပေးထားတဲ့ လေထုတွေက အသားအရေကို ခြောက်သွေ့စေတဲ့ အဓိကအကြောင်းအရင်းတွေပါ။ ဒီလိုမျိုး အပူအအေးလွန်ကဲတဲ့ လေထုက အရေပြားပေါ်က သဘာဝအစိုဓာတ်ကို ကုန်ခမ်းစေနိုင်ပါတယ်။ နွေရာသီမှာဆိုရင်တော့ နေပူရှိန်၊ လေအေးပေးစက်ကလေ၊ ဆားငန်ရေနဲ့ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ထဲက ရေတွေကကလေးအရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။ဒါ့ပြင် ကလေးအရေပြားမှာ အသုံးပြုတဲ့ ဆပ်ပြာတွေ၊ Skincareတွေကလည်း အပြင်းစားတွေ ဖြစ်နေတဲ့အခါ ကလေးရဲ့ အရေပြားမှာကို ထိခိုက်ပြီး ခြောက်သွေ့စေပါတယ်။အရေပြားခြောက်သွေ့တာကြောင့်ဖြစ်တဲ့ ပြဿနာတွေနဲ့ နောက်ဆက်တွဲပြဿနာတွေက ပြင်းထန်နိုင်ပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲ အရေပြားပြဿနာတွေကတော့ –။ကလေးကို အချိန်အကြာကြီးရေချိုးပေးတာ၊ ရေပူနဲ့ ချိုးပေးတာမျိုး မလုပ်ပါနဲ့။ ရေချိုးပေးတာက ညစ်ပေတာတွေကို သန့်စင်ပေးနိုင်ပေမယ့် အရေပြားပေါ်က သဘာဝအဆီတွေကိုလည်း ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် ကလေးအရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။ကလေးရေချိုးချိန်ကို မိနစ် ၃၀လောက်ချိုးပေးမယ့်အစား ခပ်သွက်သွက်နဲ့ မြန်မြန်လေး ချိုးပေးပါ။ ရေပူနဲ့ ချိုးပေးမယ့်အစား ရေခပ်နွေးနွေးလေးကိုပဲ သုံးပြီးချိုးပေးပါ။ ကလေးကို ရေချိုးကန်ထဲမှာ ဆပ်ပြာရည်ထည့်ပြီး ရေစိမ်ချိုးစေတာမျိုးကိုလည်း ရှောင်ပါ။Body cleanser အနေနဲ့ကတော့ အမွှေးနံ့ကင်းစင်ပြီး ဆပ်ပြာမပါတာမျိုးကို သုံးပေးတာက ပိုကောင်းပါတယ်။ Body cleanserတွေက ပုံမှန်အသုံးပြုနေကျ လူကြီးသုံးဆပ်ပြာတွေထက် ပိုပြီးနူးညံ့ပါတယ်။ ကလေးတွေကို သန့်စင်ပေးဖို့အတွက် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ Body cleanserတွေက အသင့်တော်ဆုံးလို့ ပြောချင်ပါတယ်။ရေချိုးပေးပြီးတိုင်း ကလေးငယ်ကို တဘက်စတစ်ခုနဲ့ ဖွဖွလေးသုတ်ပေးရပါမယ်။ ပြီးရင်တော့moisturizerတစ်ခုခုကို ချက်ချင်း လူးပေးဖို့လိုပါတယ်။ ဒါမှ ရေချိုးလိုက်တုန်းက ကုန်ခမ်းသွားတဲ့ အစိုဓာတ်ကို ပြန်ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။ကလေးရဲ့အရေပြားကို တစ်နေ့နှစ်ကြိမ် အစိုဓာတ်ထိန်းခရင်မ် လူးပေးရပါမယ်။ ရေချိုးပြီးတစ်ကြိမ်နဲ့ အရေပြားပေါ်က moisturizerတွေ ကုန်သွားလောက်တဲ့အခါ တစ်ကြိမ် လူးပေးပါ။ကလေးငယ်အတွက် moisturizer ရွေးချယ်တဲ့အခါမှာလည်း ကလေးနဲ့သင့်တော်မယ့် moisturizer ကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။ ကလေးအရေပြားနဲ့ မသင့်တော်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက ကောင်းကျိုးထက် ဆိုးကျိုးပိုများပါစေပါလိမ့်မယ်။ အရေပြားခြောက်သွေ့တာကို မသက်သာစေမယ့်အပြင် အရေပြားကျိန်းစပ်တာကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။ နေရထိုင်ရမသက်မသာဖြစ်တာ ပိုဆိုးလာလေလေ ကလေးက ဂျီကျပြီး ကောင်းကောင်းလည်းမအိပ်တော့ပါဘူး။ ဒီလိုတွေဖြစ်တာက ကလေးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။တကယ်လို့ အခန်းတွင်းကလေထုက ခြောက်သွေ့နေပုံပေါ်နေရင် အခန်းတွင်းမှာ အစိုထိန်းစက်တပ်ဆင်ထားရပါမယ်။အရေပြားမှာ အစိုဓာတ်မရှိတာက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်တာရဲ့ နောက်ဆက်တွဲဖြစ်စဉ်ပါ။ ဒါကြောင့် အရေပြားက အစိုဓာတ်တွေ အငွေ့ပြန်သွားတဲ့အခါ အစိုဓာတ်ရရှိစေနိုင်ဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ ကလေးက မွေးကင်းစအရွယ်ဆိုရင်တော့ မိခင်နို့နိုင်နိုင်တိုက်ပေးပါ။ရေအများကြီးသောက်ပေးရုံနဲ့ အရေပြားမှာ moisturizer မလူးဘဲ နေလို့တော့မရပါဘူး။ ရေအများကြီးသောက်ပြီး moisturizer မလူးဘဲ နေတာက တွင်းပေါက်ထဲကို ရေပုံးနဲ့ရေလောင်းချနေတာနဲ့တူတူပါပဲ။ရာသီဥတုအေးတဲ့အခါ အေးမြတဲ့ ရာသီဥတုအခြေအနေနဲ့ လေဒဏ်ကြောင့် လက်အရေပြားတွေခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်စေဖို့အတွက် လက်အိတ်တွေဝတ်ထားပေးပါ။ နွေးနွေးထွေးထွေးထားပေးပါ။ ဆောင်းရာသီမဟုတ်တဲ့ တခြားအချိန်တွေမှာလည်း ကလေးရဲ့ အသားအရေကို နေဒဏ်၊ လေဒဏ်တွေကနေ ကာကွယ်ပေးပါ။တကယ်လို့ သင့်ကလေးငယ်ရဲ့ အသားအရေက တုံ့ပြန်လွယ်တယ်ဆိုရင် ကလေးရဲ့ အရေပြားပေါ်မှာ အမွှေးနံ့ပါတဲ့ ပစ္စည်း‌တွေမသုံးပါနဲ့။ ကလေးအဝတ်အစားတွေကို လျှော်မယ်ဆိုရင်လည်း အမွှေးနံ့မပါတဲ့ ဆပ်ပြာမှုန့်တွေကို ရွေးချယ်ပေးရပါမယ်။ ရေနယ်တဲ့အခါမှာလည်း ကလေးအဝတ်တွေမှာ ဆပ်ပြာတွေကျန်နေခဲ့တာမျိုးမဖြစ်အောင် နှစ်ကြိမ်လောက်ရေနယ်ပေးရပါမယ်။ဒါ့အပြင်parabens and phthalates– dibutyl phthalate (DBP)၊ dimethylphthalate (DMP) နဲ့ diethylphthalate (DEP) တို့လိုမျိုး ဓာတုပစ္စည်းတွေပါဝင်နေတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက လူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သလို ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ကလေးအတွက် သုံးမယ့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေမှာ ဒီဓာတုပစ္စည်းတွေ ပါမပါ စစ်ဆေးပါ။ကလေးငယ်ကို ကြမ်းတမ်းပြီး တင်းကျပ်လွန်းတဲ့အဝတ်အစားတွေ မဝတ်ပေးပါနဲ့။ သိုးမွေးလိုမျိုးပိတ်စတွေက အရေပြားကို ရောင်ရမ်းနီမြန်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ကလေးငယ်ရဲ့ လက်သည်းတွေကို သန့်သန့်ရှင်းရှင်းထားပြီး ခပ်တိုတိုညှပ်ထားပေးပါ။ ဒါမှ ကလေးငယ်က ယားယံတဲ့နေရာတွေကို ကုတ်တဲ့အခါ ကုတ်ရာခြစ်ရာတွေ မထင်ကျန်ခဲ့မှာဖြစ်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/consequences-of-dry-skin-in-babies/
တရားထိုင်ခြင်းနှင့် ကျန်းမာရေး
တရားထိုင်ခြင်းကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘာသာရေး အမှုကိစ္စတခုအဖြစ် ရင်းနှီးကြသလို အခြားဘာသာဝင်တွေအနေနဲ့ဆိုရင်လည်း စိတ်တည်ငြိမ်မှု၊အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ လုပ်ဆောင်မှုတခုအဖြစ် နားလည်ထားကြပါတယ်။ မှန်ပါတယ်။ တရားထိုင်ခြင်းဟာ ဘာသာရေးအရ ယုံကြည်ထားတဲ့ နောင်တမလွန်အကျိုးတရားတွေကို ပေးကောင်းပေးနိုင်မှာဖြစ်တဲ့အပြင် မျက်မှောက်ကာလမှာကိုပဲ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာ ဖြစ်ထွန်းစေမှာပါ။ တရားထိုင်ခြင်းဟာ ကိုယ်စိတ်ဖြေလျှော့စေခြင်း၊စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုရစေခြင်း၊နာကျင်မှုဝေဒနာတွေကို ကြံ့ကြံ့ခံစေနိုင်ခြင်း အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တရားထိုင်ခြင်းနဲ့ ကျန်းမာရေး ဘယ်လိုဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာကို ဆွေးနွေးဖော်ပြသွားမှာဖြစ်ပါတယ်။၁။ ကင်ဆာဝေဒနာရှင်များ။တရားထိုင်ခြင်းကြောင့် ကင်ဆာရောဂါကို အရှင်းပျောက်စေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်ဆာရောဂါကြောင့် ခံစားရတဲ့ စိတ်ပင်ပန်းထိခိုက်မှုတွေ၊ခန္ဓါကိုယ်နာကျင်မှုတွေ၊သုံးစွဲရတဲ့ ဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ တရားထိုင်ခြင်းက အထိုက်အလျောက်သက်သာစေပါလိမ့်မယ်။ ခန္ဓါကိုယ်ကြီးတခုလုံးကို စိတ်ကမောင်းနှင်တယ်လို့ အရှေ့တိုင်းက ယူဆထားတဲ့အတိုင်း စိတ်ကိုတည်ငြိမ်စေတဲ့ တရားထိုင်ခြင်းဟာ ခန္ဓါကိုယ်အပေါ်လည်း သိသာထင်ရှားတဲ့ ကောင်းကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါဆိုရင် ကင်ဆာဝေဒနာရှင်များအနေနဲ့ quality of life လို့ခေါ်တဲ့ ဘဝရဲ့ အနှစ်သာရတွေကို ပိုမိုခံစားရမှာပါ။၂။ သွေးတိုးသမားများ။တရားထိုင်ခြင်းဟာ သွေးပေါင်ချိန်ကိုလည်း အတိုင်းအတာတခုထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအချို့အရ သိရှိရပါတယ်။ ဒါဆိုရင် သွေးကျဆေးလုံးဝမသောက်ဘဲ တရားပဲ လှိမ့်ထိုင်နေတော့မယ်လို့တော့လည်း မဟုတ်ဘူးပေါ့လေ။American Heart Association လို့ခေါ်တဲ့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံပြုချက်အရဆိုရင်တော့ ပုံမှန်သုံးစွဲရမယ့် သွေးကျဆေးတွေကို သုံးစွဲရုံသာမက နေ့စဉ်တရားထိုင်ပေးမယ်ဆိုရင် သွေးတိုးရောဂါကို ပိုမိုအောင်မြင်စွာ ထိန်းချုပ်ထားနိုင်မယ်လို့ ဆိုပါတယ်။၃။ အိပ်မပျော်သောညများအတွက်။ရာသီဥတုပူရတဲ့အထဲ မီးပျက်လို့ပဲဖြစ်ဖြစ်၊သားရေးသမီးရေး၊စီးပွားရေး၊လူမှုရေး၊ပညာရေး ဘာရေးညာရေးတွေကို ပူပန်နေရလို့ပဲဖြစ်ဖြစ်၊အချစ်နာကျနေလို့ပဲဖြစ်ဖြစ် အိပ်၍မပျော်သော ညညသံသရာတွေကို တခါတရံ (တချို့ကျပြန်တော့ မကြာခဏ) ရင်ဆိုင်ရတတ်ပါတယ်။ အိပ်မပျော်ပေါင်းများလာပြီဆိုရင် ကိုယ်စိတ်နှလုံးသုံးပါးလုံးကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ဆေးတွေဆိုတာလည်း အကျင့်ဖြစ်သွားတတ်လို့၊စွဲသွားတတ်လို့ မသုံးရင်တော့ အကောင်းဆုံးပါပဲ။ တရားထိုင်ခြင်းက ဒီနေရာမှာ အခန်းဝင်လာပါပြီ။ တရားထိုင်ခြင်းဟာ သင့်ရဲ့ မတည်မငြိမ်၊လှုပ်ရှားနေတဲ့ စိတ်အလျဉ်ကို အနည်းနဲ့အများ တည်ငြိမ်သွားစေတာမို့ မြန်မြန်အိပ်ပျော်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ ကိုယ့်ရဲ့ဝင်သက်ထွက်သက်လေးကိုပဲ စိတ်ကအမှီလိုက်မှတ်ပြီး တခြားသော ပူပန်သောကအာရုံတွေ ဝင်မလာအောင် ကြိုးစားရှုမှတ်ရုံပါပဲ။၄။ ကျောင်းသားကျောင်းသူများ။အခြေခံကျောင်းသားကျောင်းသူတွေကစပြီး ဟိုးတက္ကသိုလ်က ကိုကိုမမတွေအထိ ဒါမှမဟုတ် ဘွဲ့လွန်တက်နေတဲ့ ဆရာသမားတွေအဖို့ စာတွေကိုကျက်မှတ်ရတဲ့အခါ မှတ်ဉာဏ်ထက်မြက်ရင့်သန်ဖို့ အထူးလိုအပ်ပါတယ်။ ဉာဏ်ရည်ဟာ မွေးလာကတည်းက သတ်မှတ်ပြီးသားဆိုပေမယ့်လည်း ပိုမိုထက်မြက်လာအောင်တော့ လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။ လှုပ်ရှားဘောင်ဘင်ခတ်နေတဲ့ ရေမျက်နှာပြင်ပေါ်မှာ ပုံရိပ်တခုခု ထင်ဖို့မလွယ်ကူပေမယ့် တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်ပေါ်မှာတော့ ပုံရိပ်ဟာအလွယ်တကူ ထင်ဟပ်နိုင်ပါတယ်။ ဒီသဘောပါပဲ။ သင့်အနေနဲ့ တစုံတခုကို မှတ်သားချင်တဲ့အခါ စိတ်တွေက တောင်ပြေးမြောက်ပြေးဆိုရင် မှတ်ရပြုရတာ ပိုခက်တာကို တွေ့ပါလိမ့်မယ်။ ဒါကြောင့် စာမကျက်ခင်၊တစုံတခုကို မမှတ်သားခင်မှာ ဆယ်မိနစ်လောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး တရားထိုင်ပါ။ ဒါဟာ မျောက်ကလေးလို လှုပ်ရှားနေတဲ့ သင့်စိတ်တွေကို အတိုင်းအတာတခုထိ တည်ငြိမ်သွားစေနိုင်တာမို့ လေ့လာမှတ်သားရတာ ပိုအဆင်ပြေလာတာကို လက်တွေ့မြင်ရပါလိမ့်မယ်။ စမ်းကြည့်ပါ။၅။ စိတ်ကျဝေဒနာရှင်များ။အထက်မှာဆိုခဲ့တဲ့အတိုင်း တရားထိုင်ခြင်းဟာ စိတ်တည်ငြိမ်အေးချမ်းမှုကို အဓိက ပေးစွမ်းနိုင်တာမို့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျဝေဒနာခံစားနေရသူတွေအနေနဲ့ ပုံမှန်တရားထိုင်ပေးမယ်ဆိုရင် အကျိုးထူးတာကို လက်တွေ့မြင်ရပါလိမ့်မယ်။ တရားထိုင်နေစဉ်မှာ စိတ်တည်ငြိမ်မှုကို ရရှိခြင်းသာမက တခြားအချိန်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို အတိုင်းအတာတခုထိ ဆက်ရှိနေစေတဲ့အတွက် ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ခေါင်းအေးအေးထား ဖြေရှင်းလာနိုင်မှာပါ။ ဒါဆိုရင် စိတ်ကျဝေဒနာတွေ အမြန်ဆုံး လွင့်ပါးပျောက်ပြယ်သွားမှာပဲဖြစ်ပါတယ်။တရားထိုင်ခြင်းကြောင့် အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်မယ်ဆိုပေမယ့် ဘယ်အရာမဆို အလေ့အကျင့် လိုအပ်ပါတယ်။ ဒီနေ့မှ တရားထထိုင်ပြီး စိတ်တည်ငြိမ်အေးချမ်းမှုကို ချက်ချင်းကြီး လိုချင်လို့ မရပါဘူး။ တရားထိုင်ခြင်းဟာ ပုံမှန်လုပ်သွားရမယ့် လုပ်ဆောင်မှုတခု ဖြစ်ပါတယ်။ ကောင်းတာက မအိပ်ခင် ဆယ်မိနစ်လောက်အချိန်ပေးပြီး နေ့စဉ်တရားထိုင်ပေးနိုင်မယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ချမ်းသာရေး၊ကိုယ်ကျန်းမာရေးအတွက် အင်မတန်အကျိုးထူးမှာပဲ ဖြစ်ပါကြောင်း။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%bb%e1%80%94/
ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဘယ်လိုဖြေရှင်းမလဲ
ဝါတွင်းကာလအပါအဝင် လပြည့်နေ့လိုမျိုးဖြစ်ဖြစ်၊ သင်္ကြန်ပွဲတော်လိုမျိုး နှစ်သစ်ကူးကာလတွေမှာဖြစ်ဖြစ် မြန်မာလူမျိုးတွေက အလေးမြတ်ထား ကုသိုလ်ယူကြတဲ့ အလေ့အထလေး တစ်ခု ရှိပါတယ်။ ဒါကတော့ဥပုသ်စောင့်တာပါ။ ဥပုသ်စောင့်တယ် ဆိုတာက နေ့လွဲညစာ မစားဘဲ သီလစောင့်တည်တာမျိုးပါ။ဒီတော့ ညနေစာ မစားဘဲနေတာက တစ်ခါတရံမှဥပုသ်သီလ စောင့်တည်သူတွေအတွက် ဗိုက်ဆာတာမျိုး သွေးတွင်းသကြားဓာတ်ကျပြီး အာရုံစိုက်ရ ခက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီအခြေအနေမှာ ဥပုသ်သီလ စောင့်တည်မှုကိုပဲ ဖျက်လိုက်ရမလား! ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို  ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးများ မရှိဘူးလားဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ အတူတူ လေ့လာလိုက်ရအောင်နော်။ဥပုသ် စောင့်တည်တယ်ဆိုတာက ဘာသာရေးအရ ကုသိုလ်ရနိုင်သလို လောကီရေးရာ ကောင်းကျိုးတွေ အနေနဲ့လည်းစိတ်ရောကိုယ်ပါကျန်းမာစေနိုင်တဲ့ အာနိသင်ရရှိစေနိုင်ပါသေးတယ်။ ဥပုသ်စောင့်တည်ပြီး နေ့လွဲညစာ ရှောင်တာကအစာရှောင်နည်း တစ်မျိုးပါ။မြင်သာအောင် ပြောပြရရင် ဝိတ်ကျစေဖို့ တော်တော်များများ အသုံးပြုနေကြတဲ့intermittent fastingတစ်မျိုးပဲပေါ့။ မနက်ပိုင်း အိပ်ရာနိုးချိန်ကနေ စလို့ ၁၂ နာရီ မကျော်ခင်မှာ အာဟာရ ပြည့်ဝအောင် စားပြီး ၁၂ နာရီ နောက်ပိုင်း ကနေ နောက်တစ်နေ့ မနက်ခင်းကာလအထိ အစားမစားတော့တာမျိုးပါ။ဒီတော့ ဥပုသ်စောင့်တည်တာကနေ အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။ဥပုသ်စောင့်တာက အခုလို ကောင်းကျိုးလေးတွေ များတယ်ဆိုပေမယ့် ဥပုသ်စောင့်တာက အလေ့အထ မရှိသူတွေ အတွက်မှာတော့ ညဘက်ကို ရောက်ချိန်မှ ဗိုက်ဆာတာကို ခံစားရနိုင်ပါတယ်။ ဒီလို ဗိုက်ဆာလာတဲ့အခါ ဥပုသ် ပျက်မှာစိုးပြီး မစားဘဲ နေချင်ပေမယ့် ဗိုက်ထဲက မခံမရပ်နိုင်အောင် ဗိုက်ဆာလာခဲ့ရင် ဥပုသ်ကိုပဲ ဖျက်လိုက်ရမလား! ဘယ်လို ဖြေရှင်းရမလဲ မသိဘူးလားဆိုပြီး အတွေးများနေတာကို အခုလိုလေး ဖြေရှင်းလို့ ရပါတယ်။ကဲ …… ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဥပုသ်စောင့်တည်ထားရင်း ဗိုက်ဆာလာပြီဆိုရင်တော့ –။ဥပုသ်စောင့်ထားချိန်မှာ ဗိုက်ဆာလာတာက ကိုယ်တွင်းမှာ သကြားဓာတ်နဲ့ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ဗိုက်ဆာလာပြီဆိုရင် ဥပုသ်ကို မပျက်စေဘဲ ဗိုက်ဆာတာကို သက်သာစေဖို့အတွက် ဓာတ်ဆားဖြည့် ဖျော်ရည်ကို သောက်ပေးလို့ ရပါတယ်။နောက်ပြီး ဥပုသ်စောင့်ပြီးချိန်မှာ ကိုယ်တွင်းမှာ သကြားဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ လျော့နည်းသွားတာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကလည်း ဓာတ်ဆားဖြည့် ဖျော်ရည် သောက်ပေးတာပါ။ ဒါကြောင့် ဥပုသ်စောင့်ချိန်မှာဓာတ်ဆားဖြည့် ဖျော်ရည်လေး တစ်ဘူးလောက်တော့ လိုရမယ်ရ ဆောင်ထားဖို့ လိုပါမယ်။ဥပုသ်စောင့်ထားချိန်မှာ ဗိုက်ဆာတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ ချင်း (ဂျင်း) ကို ပဲကြော်၊ အကြော်အလှော်၊ ပုစွန်ခြောက်တွေ မထည့်ဘဲ ဆီစိမ်းလေးနဲ့ ခပ်ကြမ်းကြမ်းလေး သုပ်ပြီး စားပေးတာမျိုးပါ။ ဒါကလည်း ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးပါ။ဥပုသ်စောင့်တည်တာကို မပျက်စေဘဲ ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့  ဥပုသ်ကြောင့် ဗိုက်ဆာတာကို  ဖြေရှင်းနိုင်မယ့် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ သစ်သီးလေးတွေကို ကြိတ်ပြီး အရည်ညှစ်လို့ ရလာတဲ့ အသီးဖျော်ရည် စစ်စစ်လေးကို သောက်ပေးတာပါ။ဒီလို သောက်ပေးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဖြေရှင်းနိုင်မှာပါ။ထန်းလျက်ခဲ ဒါမှမဟုတ် ကြံသကာပြားကို ရေနွေးနွေးလေးနဲ့ သောက်ပေးတာကလည်း ဥပုသ်သီလ စောင့်တည်ထားချိန်မှာ ဥပုသ် မပျက်စေဘဲ ဗိုက်ဆာတာကို သက်သာစေမှာပါ။ အချိုဓာတ်က ဗိုက်ပြည့်စေပြီး သွေးတွင်းသကြားဓာတ် ကျနေတာမျိုးကို သက်သာစေနိုင်တာကြောင့် ဥပုသ်စောင့်ရင်း ဗိုက်ဆာလာခဲ့ရင် ထန်းလျက်ခဲ ဒါမှမဟုတ် ကြံသကာခဲလေး စားပေးပါ။စတုမဒူကလည်း ဥပုသ်စောင့်သူတွေရော နေ့လွဲညစာ ရှောင်ကြတဲ့ ပုဂ္ဂိုလ်တွေအတွက်ပါ အဆင်ပြေစေတဲ့ နည်းလမ်း တစ်ခုပါ။ ဒါကြောင့် ဥပုသ် သီလ စောင့်တည်ထားပြီး ဗိုက်ဆာတာကို ဖြေရှင်းချင်တယ်ဆိုရင် စတုမဒူ စားပေးလို့ ရပါတယ်။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေက ဥပုသ်သီလ စောင့်တည်နေချိန်မှာ ဥပုသ် မပျက်စေဘဲ ဗိုက်ဆာတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးပါ။ ဒီနည်းလမ်းလေးတွေထဲက ကိုယ်နဲ့ အဆင်အပြေဆုံးဖြစ်မယ့် နည်းလမ်းလေးကို သုံးလို့ ဖြေရှင်းလိုက်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/ways-to-solve-hungry-sabbath-day/
သင့်အစားအစာများထဲမှာ ခိုအောင်းနေနိုင်သော ကပ်ပါးပိုးနှင့် ဘက်တီးရီးယားများ
အစားအစာများကတစ်ဆင့် ကပ်ပါးပိုးနဲ့ဘက်တီးရီးယားစတဲ့ ရောဂါပိုးတွေ ပျံ့နှံ့ခြင်းဟာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ အစားအစာတွေကို လတ်ဆတ်စွာစားဖို့၊ ကောင်းစွာချက်ပြုတ်စားဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနများက ဆော်သြနေခြင်း ဖြစ်ပါတယ်။အစားအစာများကတစ်ဆင့်ရောဂါပိုးကူးစက်ခြင်းဟာ အစုလိုက်အပြုံလိုက်လည်း ဖြစ်ပွားတတ်ပါတယ်။ ဥပမာ အလှူအတန်းပွဲ၊ မင်္ဂလာပွဲ စသဖြင့် ရောဂါပိုးကူးစက်ထားတဲ့ အစားအစာကိုစားမိပြီး အစုလိုက်အပြုံလိုက် ရောဂါဖြစ်တတ်တာမျိုး ဖြစ်ပါတယ်။ ရောဂါပိုးတိုင်းဟာ အသက်အန္တရာယ်မပေးပေမယ့် မိမိရဲ့ နေ့စဉ်နေထိုင်မှုပုံစံအပေါ် သက်ရောက်မှုရှိပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစားအစာတွေထဲမှာ ခိုအောင်းနေတတ်တဲ့ ကပ်ပါးပိုးမွှားများနဲ့ ဘက်တီးရီးယားရောဂါပိုးတွေအကြောင်း ဖြစ်ပါတယ်။E Coli ဘက်တီးရီးယားကို ကောင်းစွာမချက်ပြုတ်ထားတဲ့ အသားတွေမှာ တွေ့ရတတ်ပါတယ်။ ဒီပိုးရှိနေကြောင်းကို အရောင်အဆင်း အနံ့အရသာအရ ဘယ်လိုမှ မသိရပါဘူး။ စားလိုက်ပြီးမှသာ အစာအိမ်အောင့်ခြင်း၊ အန်ခြင်း၊ ဖျားခြင်း၊ ဝမ်းသွားခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါပိုး ကူးစက်ခြင်းမခံရအောင် အသားများကို ချက်ပြုတ်ရာမှာ ၁၆၀ ဒီဂရီဖာရင်ဟိုက်ထိ အပူပေးပြီး ကျက်အောင် ချက်ပြုတ်ရပါမယ်။ အသားစိမ်းများကို ကိုင်တွယ်ပြီးရင်လည်း လက်ကို စင်ကြယ်အောင်ဆေးခြင်း၊ အသုံးအဆောင်များကို ဆေးကြောခြင်းများ ပြုလုပ်ရပါမယ်။ရေကနေရော အစားအစာကပါ ကူးစက်နိုင်တဲ့ ပိုးမွှားဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ လူ၊ တိရစ္ဆာန် စတာတွေရဲ့ မစင်နဲ့ ထိတွေ့မိတဲ့ရေထဲကို ရောက်သွားရာကနေ အဆိုပါရေနဲ့ထိတွေ့မိတဲ့ လူတွေကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ ဝက်၊ သိုး စတာတွေကို သေချာစွာ မချက်ပြုတ်ရင်လည်း စားမိတဲ့သူကို ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ရောဂါပိုး၊ လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုး မကူးစက်ခံရအောင် လက်ကိုသေချာဆေးဖို့၊ မြစ်ချောင်းများထဲ ရေကူးနေစဉ် ရေမသောက်မိဖို့၊ အသားများကို ကောင်းစွာချက်ပြုတ်ဖို့ လိုအပ်ပါတယ်။တုတ်ပြားကောင်အမျိုးအစားများစွာရှိပြီး သားစိမ်းငါးစိမ်းများ၊ ကောင်းစွာ မကျက်တဲ့အသားငါးများကနေ ကူးစက်နိုင်ပါတယ်။ ကပ်ပါးပိုးအမျိုးအစားဖြစ်ပြီး ကိုယ်ခန္ဓာထဲရောက်ရှိပြီးချိန်မှာ လက္ခဏာမပြပါဘူး။ လူသားတို့ရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ လနဲ့နှစ်နဲ့ချီပြီးနေထိုင်ကာ အာဟာရဓာတ်များကို ရယူစားသောက်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ စအိုဝယားယံခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ တုတ်ပြားကောင်များမဝင်ရအောင် အသားများကို သေချာစွာ ချက်ပြုတ်ရပါမယ်။ အသီးအနှံများကို မစားသုံးခင် ရေနဲ့သေချာဆေးကြောရပါမယ်။ ကလေးများ ဖုန်သဲများနဲ့ ဆော့ကစားပြီးရင် လက်ကို သေချာစွာ ဆေးကြောပေးရပါမယ်။Toxoplasmosis လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့ ကပ်ပါးပိုး အမျိုးအစားဖြစ်ပါတယ်။ တိရစ္ဆာန်များကို ကိုင်တွယ်ရာကနေ ကူးစက်တတ်ပါတယ်။ အထူးသဖြင့် ကြောင်ဖြစ်ပါတယ်။ ကြောင်ရဲ့မစင်ကနေ ကူးစက်တတ်ပါတယ်။ ကြောင်များရဲ့ နေရာထိုင်ခင်းတွေကို သန့်ရှင်းရေးလုပ်ရင်း ကူးတတ်ပါတယ်။ ဒါ့အပြင် ကောင်းစွာ မချက်ပြုတ်ထားတဲ့ အသားများနဲ့ ရေထဲကနေလည်း ကူးစက်တတ်ပါတယ်။ ရောဂါပိုးမကူးအောင် လက်ကို မကြာခဏဆေးကြောဖို့၊ တိရစ္ဆာန်နဲ့ပတ်သက်တဲ့ ပစ္စည်းများကို ကိုင်တွယ်ရာမှာ လက်အိတ်စွပ်ဖို့ အကြံပြုထားပါတယ်။သန်လုံးကောင်အမျိုးအစားဖြစ်ပြီး သူ့ရဲ့ဥတွေကို အစားအစာများကတဆင့် စားသုံးမိရင် ကူးစက်တတ်ပါတယ်။ သန်ဥရှိတဲ့ မြေကြီးကို ကိုင်တွယ်မိခြင်း၊ သန်ဥရှိရာမြေကြီးမှာ ပေါက်ရောက်တဲ့ အသီးအနှံ အသီးအရွက်များကို ရေသေချာမဆေးဘဲ စားမိခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ သန်လုံးကောင်ကြောင့် ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းအပြင် အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်း စတာတွေပါ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ လက်ကိုသေချာစွာ ဆေးကြောခြင်း၊ အသီးအနှံများ မစားသောက်မီ ရေဆေးခြင်း၊ လူ့မစင်ကို မြေသြဇာအနေနဲ့သုံးပြီး စိုက်ပျိုးထားတဲ့ အသီးအရွက်များကို ရှောင်ကြဉ်ခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။အခွံမာတဲ့ ကပ်ပါးပိုးတစ်မျိုးဖြစ်ပြီး နို့၊ အသီးဖျော်ရည် စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကူးစက်တဲ့အခါ အစာအိမ်နာခြင်း၊ ငွေ့ငွေ့ဖျားခြင်း၊ ပျို့အန်ခြင်း၊ အရည်ဝမ်းသွားခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဒီရောဂါပိုး ကူးစက်မခံရအောင် အစားအစာများကို ဆေးကြောခြင်း၊ ပိုးသတ်ထားသော နို့၊ ဖျော်ရည်များသာ သောက်သုံးခြင်း၊ လက်ကို စင်ကြယ်အောင် ဆေးကြောခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ကလေးတွေမှာ အဖြစ်များပါတယ်။ ရောဂါပိုးရှိတဲ့ အစားအသောက်ကို စားမိရင်ဖြစ်စေ၊တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းရင်ဖြစ်စေ တုတ်ကောင်ကူးစက်နိုင်ပါတယ်။ တုတ်ကောင်ဟာ ကူးစက်လွယ်ပါတယ်။ မိသားစုတွင်းမှာ တစ်ယောက်ဖြစ်ရင် ကျန်တဲ့သူတွေဆီပါ ပျံ့နှံ့တတ်ပါတယ်။ အဓိကလက္ခဏာအနေနဲ့ စအိုမှာ ယားယံနေတတ်ပါတယ်။ ကလေးများကို သန့်ရှင်းရေး ဂရုစိုက်ဖို့၊ အစာမစားမီ လက်ကို သေချာဆေးဖို့ သတိပြုရပါမယ်။…..။အချုပ်အားဖြင့် ဆိုရရင် အသားများကို သေချာစွာချက်ပြုတ်စားဖို့၊အသီးအနှံများကို မစားသုံးမီ ရေဖြင့် စင်ကြယ်စွာဆေးဖို့၊ မြေကြီးအပါအဝင် မသန့်ရှင်းတဲ့ အရာဝတ္တုများကို ကိုင်တွယ်ပြီးရင် လက်ကို သေချာဆေးကြောဖို့ ဂရုပြုရပါမယ်။ ဒီနည်းနဲ့ အစားအစာများကနေ ဝင်ရောက်နိုင်တဲ့ ဘက်တီးရီးယားများနဲ့ ကပ်ပါးပိုးများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/parasites-bacteria-in-food/
ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ
ကလေးသေးခံလောင်တာ (Diaper rash) ဆိုတာက ကလေးငယ်ကိုသေးခံဝတ်ပေးထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းမှုဖြစ်တာကို ဆိုလိုတာပါ။ တစ်ခါတလေမှာ သေးခံလောင်တာကြောင့် ကလေးရဲ့အရေပြားက နီမြန်းရောင်ရမ်းပြီး ခပ်နွေးနွေးဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာလည်း ခံစားရတဲ့အနေအထားချင်းမတူတတ်ပါဘူး။အချို့ကလေးတွေမှာ ကလေးသေးခံလောင်တာရဲ့ အနေအထားက တော်တော်လေးပြင်းထန်တတ်ပေမယ့် အချို့ကလေးငယ်တွေမှာတော့ သိပ်မပြင်းထန်တာမျိုးလည်းရှိပါတယ်။စုပ်ယူမှုအားအရမ်းကောင်းပါတယ်ဆိုတဲ့သေးခံသုံးပေးမယ်ဆိုရင်တောင်မှ သေးခံတွေက အကုန်လုံးကို စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးငယ်ရဲ့အရေပြား စိုစွတ်တာမျိုးက ဖြစ်နေစေဦးမှာပါပဲ။ ကလေးငယ်ရဲ့ သေးခံထဲမှာ ဆီးတွေ၊ ဝမ်းတွေရောသွားတဲ့အခါ ဒီအနေအထားက ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်ရလွယ်တဲ့ ဝန်းကျင်တစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဝမ်းခဏခဏသွားတဲ့ ကလေးငယ်တွေနဲ့ ဝမ်းပျက်နေတဲ့ ကလေးငယ်တွေမှာသေးခံလောင်တဲ့ဝေဒနာကို ပိုခံစားရတာပါပဲ။ဂရုတစိုက်နဲ့ မပြတ်တမ်းစောင့်ကြည့်ပြီး သေးခံလဲပေးနေတဲ့ မိဘတွေရဲ့ ကလေးငယ်တွေမှာလည်း သေးခံလောင်တဲ့ပြဿနာ မရှိတာတော့မဟုတ်ပါဘူး။ ထိခိုက်တုံ့ပြန်လွယ်တဲ့အသားအရေက အရေပြားပြဿနာတွေကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ အရေပြားကို သေးခံနဲ့ ခဏခဏပွတ်တိုက်မိတာ၊ သေးခံမှာပါတဲ့ အမွှေးနံ့လိုမျိုး ဓာတုပစ္စည်းတွေ ဒါမှမဟုတ် ကလေးရဲ့ အဝတ်အစားတွေကို လျှော်တဲ့ဆပ်ပြာမှုန့်တွေလိုမျိုး  ဓာတုပစ္စည်းတွေကြောင့် ကလေးရဲ့အရေပြားမှာ ဓာတ်မတည့်မှုတွေဖြစ်ရတာပါ။အချိန်အကြာကြီးမထားပါနဲ့။ကလေးကို ညစ်ပေနေတဲ့သေးခံကို အကြာကြီး မဝတ်ထားပေးမိပါစေနဲ့။ အရေပြားမှာ ဓာတ်မတည့်တာမျိုး၊ ထိခိုက်တာမျိုးတွေဖြစ်စေပြီး သေးခံလောင်တာကိုပါ ဖြစ်စေနိုင်တာကြောင့်ပါ။ သေးခံလောင်တာကို သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ ပထမဆုံးအချက်က သေးခံညစ်ပေနေတာတွေ့တိုင်း မြန်နိုင်သမျှမြန်မြန်လဲပေးဖို့ပါ။သေးခံလဲပေးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ။ကလေးကိုသေးခံလဲပေးတဲ့အခါတိုင်း ကလေးရေချိုးဆပ်ပြာရည်နဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကို သေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင်သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။အရေပြားကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေမသုံးပါနဲ့။ကလေးမှာ အရေပြားဓာတ်မတည့်မှုဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကလေးမှာ အရေပြားဓာတ်မတည့်တာမျိုးဖြစ်တဲ့အခါ ကလေးကိုအသုံးပြုပေးနေတဲ့ ပစ္စည်းတွေကို သေချာစစ်ဆေးကြည့်ပါ။ အပြင်းစားဆပ်ပြာတွေနဲ့ အယ်လ်ကိုဟောတွေ (သို့မဟုတ်) ဓာတုပစ္စည်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ကလေးငယ်ကို မသုံးပေးပါနဲ့။မိဘတော်တော်များများက ကလေးသေးခံလောင်တာ ကို လူကြီးတွေမှာ အမျိုးသမီးအင်္ဂါမှိုပိုးဝင်တဲ့အခါအသုံးပြုတဲ့ ဆေးစာမလိုတဲ့ ဆေးတွေကို အသုံးပြုလိုက်ရင် သက်သာသွားမယ်လို့ ထင်နေကြပါတယ်။ အချို့ဆို သေးခံလောင်တဲ့ အရေပြားပွန်းရှဒဏ်ရာတွေပေါ်မှာ ပြောင်းမှုန့်လူးပေးတာမျိုးတောင် ရှိတတ်ပါသေးတယ်။ ဒါတွေကမလုပ်သင့်ပါဘူး။ ကောင်းကျိုးမရှိတဲ့အပြင် အန္တရာယ်တောင်ပိုများပါသေးတယ်။Baby Cream သုံးပေးပါ။ဆီးတွေက အရေပြားနဲ့ထိမိပြီး အရေပြားမှာ ဓာတ်မတည့်တာမျိုးတွေ၊ အဖုအပိမ့်ထွက်တာမျိုးတွေမဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း အရေပြားမှာBaby Cream ကိုခပ်ထူထူလေး လိမ်းပေးထားသင့်ပါတယ်။ အသုံးပြုမယ့် Baby Cream ကလည်း သေးခံလဲပေးပြီးတိုင်း လူးပေးလို့အဆင်ပြေစေမယ့် ခပ်ပျော့ပျော့ခရင်မ်ဖြစ်ဖို့လိုပါတယ်။ကလေးငယ်ကို သေးခံလဲပေးပြီးတိုင်း Baby Cream မှန်မှန်လူးပေးတာက အရေပြားထိခိုက်တာကို နည်းစေနိုင်ပြီး သေးခံလောင်ထားတဲ့ပွန်းပဲ့ဒဏ်ရာတွေကိုလည်း အနာကျက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် သေးခံလာင်တာက အရေပြားအခြားနေရာတွေကို ပြန့်သွားတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ကလေးကိုသေးခံလဲပေးတိုင်း သန့်ရှင်းရေးလုပ်ပေးပြီး ခြောက်သွေ့အောင် လုပ်ပေးဖို့လည်း မမေ့ပါနဲ့။သေးခံလောင်တာကို ဂရုတစိုက်စောင့်ကြည့်ပေးပါ။အပေါ်မှာပြောခဲ့တဲ့အချက်တွေအားလုံးကို လုပ်ဆောင်နေသလို သေးခံလဲပေးတဲ့အခါတိုင်းမှာလည်း Baby Cream ကို ဂရုတစိုက်သုံးပေးနေတယ်ဆိုရင် ကလေးသေးခံလောင်တာ က သက်သာသွားသင့်ပါတယ်။ ဒီလိုတွေဂရုတစိုက်လုပ်နေပါရက်နဲ့ ရက်အနည်းငယ်ကြာတာတောင်မှ ကလေးမှာဖြစ်တဲ့ သေးခံလောင်တာက မသက်သာဘဲ ပိုဆိုးလာမယ်၊ နာကျင်မယ်၊ ပြည်ဖုလေးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်ဆီခေါ်သွားတာကအကောင်းဆုံးပါပဲ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/what-parents-need-to-know-about-diaper-rash/
ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ
ကျန်းမာရေးဝန်ထမ်းတစ်ယောက်ဖြစ်ရခြင်းဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ် ပါဘူး။ လူတစ်ယောက်ရဲ့ အသက်ကိုကယ်ဆယ်ရင်း မိမိအပေါ်ကိုလည်း ဘေးအန္တရာယ်တွေပြန်လည်ကျရောက်လာနိုင်ပါ တယ်။COVID-19ကမ္ဘာ့ကပ်ရောဂါဟာ သာဓကပါပဲ။ ဆရာဝန်တွေ၊ ဆရာမတွေဟာCorona virusကူးစက်ခံရသူ လူနာတွေရဲ့ အသက်ကိုကယ်တင်ကုသပေးရင်း သူတို့ပါ Virus ကူးစက်ခံလိုက်ရပါတယ်။ အီတလီနိုင်ငံမှာဆိုရင် ဆရာဝန်စုစုပေါင်း ၅၉ ယောက်ဟာ COVID-19 ကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ယောက်မှာ ဘယ်လိုအန္တရာယ်တွေ ရှိနေသလဲဆိုတာ ကြည့်လိုက်ကြရအောင်။ကူးစက်ရောဂါတစ်ခုခုရှိနေတဲ့ လူနာတစ်ယောက်ကို ကုသပေးရာမှာ ဆရာဝန်တွေဆီကိုပါ ကူးစက် သွားနိုင်ပါတယ်။  ကူးစက်တဲ့အခါ နည်းလမ်း(၃)မျိုးနဲ့ ကူးစက်နိုင်ပါတယ်။ကျန်းမာရေးဝန်ထမ်းတွေဆီ အများဆုံး ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ တီဘီရောဂါ၊  အသည်းရောင်အသားဝါဘီပိုး၊ စီပိုး ၊ (HIV) ခုခံအားကျဆင်းမှု  AIDS ရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ရေကျောက် ရောဂါနဲ့ ခွေးရူးပြန်ရောဂါ၊ ယခုကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ရောဂါအစရှိတဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ ဆရာဝန်၊ ဆရာမတွေဟာ ရောဂါပိုးရှိ လူနာတွေနဲ့ အနီးကပ်စကားပြောတာမျိုး၊ လူနာတွေရဲ့သွေးကို ဖောက်ပေးရတာမျိုး၊ သွေးသွင်းပေးရတာမျိုး၊ ဆေးထိုးပေးရတာမျိုးတွေကြောင့် ကူးစက်ရခြင်းပါ။ သွေးသွင်း/သွေးဖောက်တာတွေ၊ ခွဲစိတ်ပေးရတာတွေပြုလုပ်နေချိန်မှာ လူနာကို ဖောက်ထားတဲ့အပ် မတော်တဆ စူးမိတာမျိုး၊ ဓားရှတာမျိုးတွေ ရှိလာနိုင်ပါတယ်။ လူနာကို အနီးကပ်ကုသပေးရာမှာလည်း လူနာချောင်းဆိုး၊ နှာချေလိုက်တဲ့ အစက်အမှုန်တွေဟာ ကျန်းမာရေးဝန်ထမ်းဆီကို ရောက်ရှိကူးစက်သွားနိုင်ပါတယ်။ ဒါတွေဟာ ဆရာဝန်၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အကြီးမားဆုံးသော ဘေးအန္တရာယ်ပါပဲ။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေဟာ လက်အိတ်၊ mask နဲ့ gown(ခွဲစိတ်ရာမှာသုံးတဲ့ ပိုးသတ်ဝတ်စုံ)တွေကို အကာအကွယ်ယူ ဝတ်ဆင်ထားကြခြင်းပါ။ဆရာဝန်တွေဟာ (၂၄)နာရီ ဂျူတီကို ဆင်းပေးရတဲ့တာဝန်ရှိပါတယ်။ အလုပ်ခွင်ထဲမှာ (၂၄)နာရီ လုံးလုံး လူနာတွေကိုကုသပေးရတာပါ။ အိပ်ချိန်စားချိန်တွေဟာ ပုံမှန်မဟုတ်တော့ပါဘူး။ (၂၄)နာရီဂျူတီကို တစ်ပတ်မှာ အနည်းဆုံး(၂)ရက်ကနေ (၃)ရက်ထိဆင်းပေးရပါတယ်။ ဒီအခါမှာတော့ စိတ်ကျရောဂါ တွေခံစား လာရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာရတာကြောင့် မျှော်လင့်ချက်တွေမဲ့လာတာမျိုး၊ မိမိကိုယ်ကို သတ်သေတာမျိုးတွေရှိလာနိုင်ပါတယ်။ အလုပ်တွေ ဖိစီးလာတဲ့အခါ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲလာနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။အလုပ်တွေများတဲ့အခါ၊ night duty တွေများများဆင်းတဲ့အခါ မိသားစုကို အချိန်မပေးနိုင်တာမျိုးတွေ ဖြစ်လာပါတယ်။ အလုပ်ထဲက စိတ်ဖိစီးမှုတွေ အိမ်အထိပါလာတဲ့အခါ အိမ်တွင်းရေးမပြေလည်တာတွေ ရှိလာ နိုင်ပါတယ်။ အကျိုးဆက်ကတော့ အိမ်ထောင်ရှိသူ ဆရာဝန်၊ ဆရာမတွေဆိုရင် အိမ်ထောင်ပြိုကွဲတဲ့အထိ တောင် ဖြစ်နိုင်ပါတယ်။အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်။နေရောင်ခြည်ဟာ ဗီတာမင်ဒီဖွဲ့စည်းဖို့ရန် အရေးကြီးပါတယ်။ နေရောင်ခြည်မရတဲ့အခါ ဗီတာမင် ဒီ ချို့တဲ့တာမျိုး၊ အရိုးကျန်းမာရေးကို ထိခိုက်လာတာမျိုးတွေဖြစ်လာမှာပါ။ နေရောင်ခြည်ကင်းမဲ့ ခြင်းကြောင့်  စိတ်ကျရောဂါလည်း အလွယ်တကူဖြစ်လာနိုင်ပါတယ်။ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးရုံဆေးခန်းတွေမှာ အသုံးပြုတဲ့ပိုးသတ်ဆေးဆွေ၊ လေဆာနဲ့ အခြားလျှပ်စစ်ကို အသုံးပြုပြီး ပြုလုပ်တဲ့ခွဲစိတ်မှုတွေကထွက်တဲ့ မီးခိုးငွေ့တွေ၊ ဓါတ်ရောင်ခြည်တွေနဲ့ ကင်ဆာဓါတ်ကင်မှုတွေနဲ့ ထိတွေ့ရာကနေ ခန္ဓာကိုယ်ပေါ်ကို ဓာတုဘေးအန္တရာယ်တွေ သက်ရောက်လာနိုင် ပါတယ်။ဆရာဝန်၊ ဆရာမနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဆေးရုံကနေ တာဝန်ပြီးချိန် အိမ်ပြန်တဲ့အခါ ဆေးရုံဆေးခန်းတွေဆီက ရောဂါပိုးတွေဟာ နည်းအမျိုးမျိုးနဲ့ အိမ်ကိုပါလာနိုင်ပါတယ်။ ဒါဆိုရင်တော့ အိမ်က မိသားစုတွေ၊ ကလေးတွေဆီကိုပါ ရောဂါပိုးတွေပျံ့နှံ့ရောက်ရှိသွားမှာပါ။သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာဒေသတွေကို လူနာတွေကို သွားရောက်ကုသရတဲ့ အခြေအနေမျိုး တွေ မှာဆိုရင်တော့ တခြား ဘေးဥပါဒ်တွေ ဖြစ်လာနိုင်ပါတယ်။ လူနာတင်ယာဉ် မတော်တဆမှုဖြစ်ပွားခြင်း၊ ရေးကြီးခြင်း၊ ငလျင်လှုပ်ခြင်းတို့မှာ ပါဝင်ထိခိုက်ရခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။ကျန်းမာရေးဝန်ထမ်းတွေဟာ လူနာတွေကို သယ်ယူမတင်ရင်းနဲ့ ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာတွေ လည်း ရလာနိုင်ပါတယ်။လူနာတိုင်းဟာတော့ ရောဂါသက်သာ ပျောက်ကင်းလာမှာ မဟုတ်ပါဘူး။ ဆိုးရွားတဲ့ရလဒ်မျိုးတွေ လည်း ရှိနိုင်ပါတယ်။ ဒီအခါမှာတော့ လူနာတွေအပါအဝင် လူနာရှင်တွေဟာ စိတ်မကျေနပ်မှုတွေ ရှိလာပါတယ်။ ဆရာဝန်၊ ဆရာမတွေကို ပြစ်တင်ဝေဖန်တာမျိုးတွေရှိလာနိုင်ပါတယ်။ အဖြစ်အများဆုံး ကတော့ နှုတ်နဲ့ရုန့်ရင်းကြမ်းတမ်းစွာ ပြစ်တင်ဝေဖန်ခြင်းပါပဲ။ ဒီထက်ဆိုးလာရင်တော့ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ လူနာရှင်တိုင်းကို မဆိုလိုပါဘူး။ အချို့သောသူတွေပါ။လူတိုင်းလူတိုင်းဟာ မိမိရဲ့အလုပ်ခွင်မှာအနည်းနဲ့ အများတော့ အန္တရာယ်ရှိကြတာ ချည်းပါပဲ။ ဒါပေမယ့် သတိတစ်ချက်တော့ရပေးစေချင်ပါတယ်။ ဆရာဝန်၊ ဆရာမနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ လူနာတွေရဲ့ အသက်ကိုကယ်ရင်း ထိခိုက်နာကျင်မှုတွေ၊ ရောဂါတွေကို ခံစားနေရပါတယ်။ တရားစွဲခံရတာ မျိုးတွေအထိတောင် ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ဒီလိုကပ်ရောဂါကြီးဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာ ရှေ့ တန်းက တိုက်နေရတဲ့ ဆရာဝန်၊ ဆရာမတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးကြရအောင်နော်။ရေးသားသူ-ဒေါက်တာမှူးခင်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%9d%e1%80%94%e1%80%ba%e1%80%91%e1%80%99%e1%80%ba%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1/
တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်
ကိုယ်လက်လှုပ်ရှားမှုကစိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အတော်လေး အရေးပါပါတယ်။ သုတေသန လေ့လာချက်တွေအရ သိရတာက လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာကနှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ဆီးချိုနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။ အခုတစ်ခေါက် ပြောပြပေးချင်တာကလည်း တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင် တယ်ဆိုတဲ့ အကြောင်းလေးပါ။တကယ်ကတော့နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှု လုံလောက်အောင် လုပ်ဆောင်မိသူတွေကကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သူတွေနဲ့ နှိုင်းစာရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ ၂၀% ကနေ ၃၀ % လောက်အထိ နည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO ) က ဖော်ပြထားပါတယ်။ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာစေဖို့ အရေးပါတယ်ဆိုပေမယ့်လည်း အမျိုးသမီး ၃ ဦးမှာ ၁ ဦး၊ အမျိုးသား ၄ ဦးမှာ ၁ ဦးနှုန်းလောက်က တစ်ပတ်တာမှာ အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်း မိနစ် ၁၅၀ ထက် မနည်း လုပ်ဆောင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်နဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့ ကိုယ်လက်လေ့ကျင့်ခန်း ၇၅ မိနစ်ထက်မနည်း လုပ်ဆောင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို မလိုက်နာကြပါဘူး။အခုနောက်ဆုံး တွေ့ရှိထားတဲ့ သုတေသန ရလဒ်က လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရသူတွေ ပျင်းတဲ့သူတွေအတွက်တော့ သတင်းကောင်းပါ။ ဒါကတော့ ပြင်းပြင်းထန်ထန် လုပ်ဆောင်ရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို တစ်နေ့ကို ၄ – ၅ မိနစ်လောက် လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ် ဆိုတာပါ။တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်တယ်ဆိုတဲ့ နေရာမှာ ပြင်းပြင်းထန်ထန် လုပ်ရတဲ့ လေ့ကျင့်ခန်းကို ဆိုလိုချင်တာပါ။  ဒီလိုလေ့ကျင့်ခန်း လုပ်တဲ့အခါ Vigorous intermittent lifestyle physical activity (or VILPA)  လို့ခေါ်တဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်စေချင်တာပါ။ ဆိုလိုတာကတော့ အချိန်က တိုပေမယ့် ဒီလို အချိန်တိုအတွင်းမှာ ပြင်းပြင်းထန်ထန် လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးပါ။မြင်သာအောင် ပြောပြရရင်။ဒီလိုမျိုး ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ရေရှည်မှာ ပုံမှန်လုပ်ပေးမယ်ဆိုရင်ကင်ဆာဖြစ်နိုင်ခြေကိုပါ လျှော့ချနိုင်မှာပါ။အချိန်တိုအတွင်းမှာပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့ကိုယ်လက်လှုပ်ရှားမှုကို အချိန်အတိုင်းအတာ အနည်းဆုံးအဖြစ် ၁ မိနစ် ကနေ ၂ မိနစ်ကစလို့ ၄ မိနစ် ကနေ ၅ မိနစ် နဲ့ အများဆုံး ၁၆ မိနစ်လောက်အထိ လုပ်ဆောင်ပေးတာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါပတယ်။လေ့ကျင့်ခန်းကို တစ်နေ့ကို ၄ မိနစ် ကနေ ၅ မိနစ်လောက် လုပ်ပေးတာက ကင်ဆာဖြစ်နိုင်ခြေကို  ၂၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ပြီး လေ့ကျင့်ခန်း တစ်နေ့ကို ၃  မိနစ်နဲ့ အထက် လုပ်ပေးတာက ကင်ဆာဖြစ်နိုင်ခြေကို ၁၇% ရာခိုင်နှုန်းလောက် အထိ လျှော့ချပေးနိုင်တယ်လို့ လေ့ကျင့်ခန်း ပုံမှန် မလုပ်တဲ့ အသက် ၆၂ နှစ်ဝန်းကျင်အရွယ်ရှိသူ ၂၂၃၉၈ ဦးပါဝင်တဲ့လေ့လာမှုအရသိရပါတယ်။ ဒီလေ့လာမှုကို သြစတေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က ၆ နှစ် ကျော် ၇ နှစ်ကြာ လုပ်ဆောင်ခဲ့တာပါ။လေ့ကျင့်ခန်းကို တစ်နေ့ကို ၄ မိနစ် ကနေ ၅ မိနစ်လောက် ပြင်းပြင်းထန်ထန်လေး လုပ်ပေးတာက။ဒီတွေ့ရှိချက်က လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့သူတွေကို အကူအညီ ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မရှိလို့ မလုပ်ဘူးဆိုသူတွေလည်း တစ်ရက်ကို ၅မိနစ်လောက် အချိန်ပေးပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို စကြည့်သင့်ပါတယ်။ဒါကြောင့်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်တာနဲ့အတူ နေ့စဉ် လေ့ကျင့်ခန်းကို ၄ မိနစ် ကနေ ၅ မိနစ်လောက် ပြင်းပြင်းထန်ထန်လေး လုပ်ပေးပါ။ လေ့ကျင့်ခန်း သီးသန့် မလုပ်ချင်ဘူးဆိုရင်လည်း နေ့စဉ်လုပ်နေကျ အိမ်မှုကိစ္စလေးတွေကို အင်တိုက်အားတိုက် လုပ်လိုက်တာဖြစ်ဖြစ် ဈေးသွားဝယ်တဲ့အခါ ဆိုက်ကားစီးတာ ကားစီးတာမျိုး မလုပ်ဘဲ ခပ်သွက်သွက် လမ်းလျှောက်တာမျိုး လုပ်ပေးတာကလည်း ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/fewer-than-5-minutes-a-day-lowers-cancer-risk/
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ဆိုတာ အမျိုးသမီးတိုင်း သိချင်ကြတဲ့ ခေါင်းစဉ်ပါ။ တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်း ကြုံနေရတဲ့ ပြဿနာလေးတစ်ခုက ရာသီလာတာပါ။ လေဒီတော်တော်များများကတော့ ဒါကို စိတ်ရှုပ်ကြလောက်မယ်ထင်ပါတယ်။ ခါးကိုက်တာ၊ ဆီးစပ်ကိုက်တာ၊ ဝမ်းဗိုက်အောင့်တာ စတဲ့ ရာသီပြဿနာတွေကို သက်သာအောင်ဘယ်လိုနေထိုင်မလဲဆိုတာကိုပြောပြပေးမယ်နော်။ရာသီလာတဲ့အခါဝမ်းဗိုက်ပိုင်းတဝိုက်၊ ခါးနဲ့ တင်ပါးဆုံပိုင်း၊ ပေါင်တို့မှာ ကိုက်ခဲတာ၊ တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တော် များများခံစားကြရပါတယ်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေ ပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကို လုပ်ဆောင်နေတာကြောင့်ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။အချို့တွေမှာဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ ဝမ်းသွားတာမျိုးတွေအထိ ခံစားကြရတာမျိုးတောင်ရှိပါတယ်။ ဒီလိုမျိုး  လစဉ်လတိုင်းကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာအောင် ဆေးဝါးအကူအညီနဲ့ လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်း ရပါတယ်။ဒီအမျိုးသမီးတွေက ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုခံစားရနိုင်ပါတယ်။သားအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ရှူးကြီးထွားနေတာ၊ သားအိမ်အလုံးတည်တာနဲ့သန္ဓေတားနည်းလမ်းတွေကြောင့်လည်း ရာသီလာစဉ်မှာနာကျင်ကိုက်ခဲတာဖြစ်နိုင်ပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေဖို့။ရေများများသောက်ပေးပါ– ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ လေပွတာကို သက်သာစေဖို့ ရေများများသောက်ပေးဖို့လိုပါမယ်။ ရာသီလာနေစဉ်အတွင်းမှာ တစ်နေ့ကိုရေ ၆ ခွက်ကနေ ၈ ခွက်လောက်အထိသောက်ပေးပါ။ ရာသီလာစဉ်မှာ ဝမ်းသွားတတ်တဲ့ မိန်းကလေးဆိုရင်တော့ ရေဓာတ်ကို ပိုဖြည့်ပေးဖို့လိုပါမယ်။ဒီအစားအစာတွေမစားပါနဲ့ –ရာသီလာစဉ်မှာ ဗိုက်ပွစေနိုင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့လိုပါမယ်။ အဆီများတဲ့ အစားအစာတွေ၊ အရက်သေစာ၊ အချိုရည်တွေ၊ကဖင်းဓာတ်နဲ့ဆားပါဝင်မှုများတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။ဒါတွေစားပေးပါ –ရာသီလာစဉ်မှာ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေစားသုံးပေးသင့်ပါတယ်။သင်္ဘောသီး၊ ဆန်လုံးညို၊သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဖရုံစေ့၊သံလွင်ဆီ၊ပန်းဂေါ်ဖီစိမ်း၊ ကြက်သား၊ ငါး၊ အစိမ်းရင့်ရောင်အရွက်တွေ၊ နှမ်းကြတ်စေ့တို့ကို စားသုံးပေးသင့်ပါတယ်။ ကယ်လ်ဆီယမ် နဲ့ phosphorus တို့ကို စုပ်ယူနိုင်အောင် အထောက်အကူပြုပေးတဲ့ သတ္တုဓာတ်ဖြစ်တဲ့ Boron ရရှိနိုင်တဲ့ ထောပတ်သီး၊ မြေပဲထောပတ်၊ ကုလားပဲ၊ငှက်ပျောသီးတို့ကိုလည်းစားသုံးပေးသင့်ပါတယ်။ Boron ဓာတ်က ရာသီလာစဉ်နာကျင်ကိုက်ဲမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေမယ့်ဆလတ်ရွက်၊ သခွားသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီလိုမျိုး ဘယ်ရီသီးတွေကိုလည်းစားသုံးပေးလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်ဓာတ်ရရှိစေနိုင်မယ့် နို့ထွက်ပစ္စည်းတွေ၊ နှမ်း၊ အယ်လ်မွန်သီး နဲ့ အစိမ်းရောင်အသီးတွေစားသုံးပေးသင့်ပါတယ်။ဒါလေးတွေစားပေးရင်လည်း သက်သာပါတယ် –ရာသီလာစဉ် နာကျင်ကိုက်ခဲနေတဲ့အခါချာမိုမိုင်းရေနွေးကြမ်းသောက်တာ၊ ချင်းတစ်ပြားလောက်ကို ရေနွေးထဲစိမ်သောက်တာ၊ စမုန်စေ့ဆီကို သောက်ပေးတာ၊ သစ်ကြံပိုးခေါက်အမှုန့်စားပေးတာတွေ လုပ်လို့ရပါတယ်။ သစ်ကြံပိုးခေါက်က သွေးဆင်းတာကို နည်းစေပြီး ရာသီလာတာကြောင့် နာကျင်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ပေးပါ–ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါ သိပ်မပြင်းထန်ဘဲ သက်သောင့်သက်သာလုပ်နိုင်မယ့် လေ့ကျင့်ခန်းကိုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး endorphinဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ လမ်းဖြည်းဖြည်းလျှောက်ပေးတာမျိုးလုပ်ပေးလည်း ရပါတယ်။ဝမ်းဗိုက်ပိုင်းကို နှိပ်နယ်ပေးပါ –လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး ဝမ်းဗိုက်အောက်ဘက်ပိုင်းကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး သားအိမ်ဆီကို သွေးရောက်ရှိစေနိုင်တာကြောင့်နာကျင်ကိုက်ခဲမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ရေနွေးအိတ်ကပ်ပေးပါ –ရာသီလာလို့ နာကျင်ကိုက်ခဲတဲ့အခါ နာကျင်ကိုက်ခဲတဲ့ ဝမ်းဗိုက်နေရာကိုရေနွေးအိတ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ တကယ်လို့ ရေနွေးအိတ်မရှိဘူးဆိုရင် ရေနွေးပုလင်း၊ ရေနွေးဝတ်ကပ်ပေးပါ။ အပူက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးပေးလည်းရပါတယ်။ဒီနည်းလေးတွေသုံးပြီး လစဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းလိုက်ကြပါစို့ လေဒီတို့ရေ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/menstrual-cramp-remedies/
နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ
ဒါဟာ ရောဂါပိုး ကူးစက်မှုကာကွယ်ရေးအတွက် အန္တရာယ်ဖိတ်ခေါ်မှု တစ်ခုပါနော်။နှာခေါင်းစည်း(Mask) တွေက နှာခေါင်းနဲ့ ပါးစပ် တို့ကနေ ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတာပါ။ခုတော့ အသက်ရှူမဝတာ၊ ချွေးထွက်တာ၊ ပူအိုက်တာ၊ စိတ်ကျဉ်းကျပ်တာတွေကြောင့် နှာခေါင်းစည်းကို အောက်ဆွဲချထားကြတာ အတော်များများပါပဲ။ တချို့ဆို နှာခေါင်းလေးပဲ ထုတ်ထားတာက ရှိပါသေးတယ်။ ဒီလို ဆွဲချရင် ဘာဆိုးကျိုးတွေ ရှိလာမလဲ ဆိုတာလေး တစ်ချက် ဖတ်ကြည့်လိုက်ပါ။နှာခေါင်းစည်း ဆိုတဲ့အတိုင်းပဲ နှာခေါင်းနဲ့အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ဖုံးအုပ် ကာကွယ်ပေးတဲ့ပစ္စည်းပါ။ သူ့ရဲ့ကာကွယ်နိုင်စွမ်းက တကယ်ကို ထိရောက်၊ အသုံးဝင်လှတာမို့ အပြင်ထွက်တိုင်း တပ်ဖို့ သတိပေးလာကြတာပါ။နှာခေါင်း နဲ့ ပါးစပ် ကို ဖုံးအုပ်ကာကွယ်ဖို့ သုံးတဲ့ ပစ္စည်းကို နှာခေါင်း ဖော်ထားတာ၊ မေးစေ့အောက်မှာ ဆွဲချထားတာက ဆိုးကျိုးပိုများစေနိုင်တာကြောင့် ဒီလိုပဲလုပ်မယ်ဆို မတပ်တာမှ ပိုကောင်းပါလိမ့်ဦးမယ်နော်။Mask တွေကို တွေ့ရာ ပစ်ချမထားဖို့ပါပဲ။ အမှိုက်အိတ်ထဲ၊ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။ ဒီတိုင်းလမ်းမှာ လွှင့်ပစ်လိုက်တာ၊ ခဏလောက်ဖြစ်ဖြစ် တစ်နေရာ ချထားလိုက်တာက ရောဂါပိုး ကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။ရောဂါပိုးက mask တွေမှာ ရက်ပိုင်းလောက် အထိ ရှိနေနိုင်တာကြောင့် ပြန်သုံးဖို့ ရည်ရွယ်တယ် ဆိုရင် လူတွေနဲ့ ဝေးလွတ်ရာ တစ်နေရာမှာ နေပူပြပြီး ထားထားပါ။ဒါမှမဟုတ် ဘူးထဲ ထည့်သိမ်းထားပါ။အဝတ် maskဆိုလည်း ဝတ်ဆင်ပြီးတဲ့ အချိန် ချက်ချင်း ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပစ်ပါ။ သန့်ရှင်းစွာ သုံးပါ လို့ အကြံပြုလိုက်ချင်ပါတယ်။Covid-19ကပ်ဘေးရောဂါ ကနေ ဘေးကင်းလုံခြုံစွာနဲ့ ကျော်လွှားနိုင်ကြပါစေ၊ အကောင်းဆုံး ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%94%e1%80%be%e1%80%ac%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%8a%e1%80%ba%e1%80%b8-%e1%80%90%e1%80%95%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%80/
Granuloma Inguinale
Granuloma inguinale ကို Donovanosis ဟုလည်းခေါ်ပြီး Klebsiella granulomatis ယခင်အမည် Calymmatobacterium granulomatis ဘက်တီးရီးယားကြောင့် ဖြစ်သော အခြေအနေတစ်ခု ဖြစ်သည်။ ၎င်း၏ဝိသေသနလက္ခဏာမှာ လိင်အင်္ဂါတွင် lesion ဖြစ်ခြင်းပင်။ ဖွံ့ဖြိုးမှုနောက်ကျသော တိုင်းပြည်များ၌ အတော်အဖြစ်များသည်။ ၎င်း၏ ပုံမှန်အမည်နှစ်မျိုးဖြစ်သော granuloma inguinale နှင့် donovanosis တို့အပြင် တခြားအခေါ်နည်းသော အမည်များမှာ granuloma genitoinguinale, granuloma inguinale tropicum, granuloma venereum, granuloma venereum genitoinguinale, lupoid form of groin ulceration, serpiginous ulceration of the groin, ulcerating granuloma of the pudendum နှင့် ulcerating sclerosing granuloma တို့ဖြစ်သည်။၎င်းကိုတွေ့ရသောတိုင်းပြည်များတွင် ကုသရန်ဆေး ရှားပါးမှုကြောင့် ရောဂါမှ မကုသရပဲ ရှိနေတတ်သည်။ ထို့အပြင် နာကျင်မှုမရှိသော လိင်အင်္ဂါအနာများကြောင့် ဆစ်ဖလစ်ကာလသားရောဂါနှင့်လည်း မှားတတ်သေးသည်။ အနာများမှာ အတွင်းအပြင် တစ်ရှူးများဆက်တိုက်ပျက်စီးရာမှ ဖြစ်လာကြသည်။ အကျိအချွဲများထွက်ခြင်း သွေးအရများသော တစ်ရှူးများတွင်ဖြစ်လျှင် သွေးထွက်ခြင်းတို့ ဖြစ်နိုင်သည်။ Donovanosis ၏ ဖျက်စီးတတ်သော သဘာဝက တခြားသော ရောဂါဖြစ်ပိုးများ ဝင်နိုင်စေရန် အန္တရာယ်များလာစေပါလိမ့်မည်။ရောဂါမှာ များသောအားဖြင့် မိန်းမကိုယ် သို့ စအိုနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်ပါသည်။ ရှားပါးစွားဖြင့် ပါးစပ်နှင့်ဆက်ဆံခြင်းမှ ကူးခဲသည်။ အမျိုးသမီးများထက် အမျိုးသားများက ၂ ဆ ပိုအဖြစ်များသည်။ ပိုးကူးစက်မှုမှာ အသက် ၂၀ – ၄၀ ကြားလူများတွင် အဖြစ်များဆုံးဖြစ်သည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။Granuloma inguinale ၏ ပြင်းထန်မှုပေါ်မူတည်ကာ လက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦးမတူကြပါ။အစောပိုင်းအဆင့်များတွင် Donovanosis နှင့် Chancroid တို့အား ခွဲရခက်သည်။ သို့သော် နောက်ပိုင်းတွင် Donovanosis မှာ အဆင့်လွန် လိင်အင်္ဂါကင်ဆာ၊ lymphogranuloma venereum နှင့် anogenital cutaneous amebiasis စသည်တို့နှင့် ဆင်တူသွား၏။စောလျင်စွာ အတည်ပြုခြင်းနှင့် ကုသခြင်းတို့မှာ ရောဂါအခြေအနေ ပိုဆိုးမလာအောင်နှင့် အရေးပေါ်ကိစ္စများ ဖြစ်မလာအောင် ကာကွယ်ရာတွင် အရေးပါပါသည်။ ထို့ကြောင့် ပြင်းထန်သည့်အခြေအနေကို ကာကွယ်ရန်အတွက် ဆရာဝန်နှင့် တတ်နိုင်သလောက် မြန်မြန်ပြသ ဆွေးနွေးပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။Donovanosis (granuloma inguinale) မှာ Klebsiella granulomatis ဘက်တီးရီးယားကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိုရောဂါကို အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများ ဥပမာ အရှေ့တောင်အိန္ဒိယ၊ ဂူရာနာနှင့် နယူးဂီနီတို့တွင် တွေ့ရများသည်။အမေရိက၌ တစ်နှစ်လျှင် ၁၀၀ လောက်ရှိကြောင်း မှတ်တမ်းများကဆိုသည်။ ထိုဖြစ်ရပ်အများစုမှာ ရောဂါဖြစ်သောနေရာများသို့ ခရီးသွားဖူးသူ၊ ထိုနေရာများမှ လာခဲ့သူများဖြစ်နေကြသည်။မိန်းမကိုယ်နှင့် စအိုတို့အား ဆက်ဆံမှုများက ရောဂါပျံ့စေသည့် နည်းလမ်းများဖြစ်သည်။ ရှားပါးစွာဖြင့် ပါးစပ်နှင့်ဆက်ဆံခြင်းမှ ကူးခဲပါသည်။ အမျိုးသားများမှာ အမျိုးသမီးများထက် ပိုအဖြစ်များ၏။ အသက် ၂၀-၄၀ ကြားအရွယ်များမှာ ကူးစက်မှုအဖြစ်ဆုံးဖြစ်သည်။အောက်ပါတို့ကို သင်ဖြစ်နေပါက Granuloma inguinale ဖြစ်နိုင်ချေပိုများပါလိမ့်မည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တွင် Granuloma inguinale ရှိကြောင်း ဆရာဝန်မှ သံသယဖြစ်လျှင် ရောဂါကို စမ်းသပ်ကြည့်ရှုပါလိမ့်မည်။ လူနာ၏ လိင်ရာဇဝင်နှင့် စမ်းသပ်မှုပေါ်မူတည်ကာ နာကျင်မှုမရှိ၊ မာတင်းသော အနာ၊ Granulation တစ်ရှူး အလိပ်ဘောင် စသည်တို့ကိုတွက်ချက်ပြီး ရောဂါကိုဆုံးဖြတ်ပါလိမ့်မည်။ ဆစ်ဖလစ်အနာများနှင့် နှိုင်းယှဉ်ပါက ပေါင်ခြံပြန်ရည်ကြိတ်အခြေအနေမှာ ပိုပျော့လေ့ရှိသည်။ တစ်ရှူးနမူနာယူပြီး Wright-Giemsa ဆိုးဆေးနှင့်စစ်ဆေးခြင်းက ရောဂါကို အတည်ပြုရာတွင် အကူအညီဖြစ်ပါသည်။ Donova bodies များ တစ်ရှူးနမူနာတွင် ရှိနေပါက Donovanosis ဟု အတည်ပြုနိုင်ပါသည်။ Donova bodies ဆိုသည်မှာ အချောင်းပုံစံ၊ ဘဲဥပုံစံ အကောင်များကို လူနာ၏တစ်ရှူးနမူနာမှ mononuclear phagocytes သို့မဟုတ် histiocytes ဆဲလ်များအတွင်း တွေ့ရခြင်းဖြစ်သည်။Wright ဆိုးဆေးနှင့်ဆိုးသည့်အခါ သူတို့ကို ခရမ်းရင့်ရောင်အဖြစ်တွေ့ရသည်။ အဆိုပါ ဆဲတွင်းနေပစ္စည်းများမှာ Gram-negative ပိုးကောင်များသာ ဖြစ်ပါသည်။ဘက်တီးရီးယားကူးစက်ခြင်းဖြစ်သောကြောင့် ပဋိဇီဝဆေးများသုံးပါသည်။ ဆေးများမှာ azithromycin, doxycycline, ciprofloxacin, erythromycin နှင့် trimethoprim-sulfamethoxazole တို့ဖြစ်သည်။ ရောဂါကို အရှင်းပျောက်စေရန် ရေရှည်ကုသရန်လိုသည်။ ကုသမှုအများစုမှာ ၃ ပတ်ကြာတတ်သည်။ သို့မဟုတ် အနာများပျောက်သည်အထိ ကြာသည်။ပျောက်ကင်းသွားပြီဟုထင်ရသော်လည်း ရောဂါမှာ ပြန်ဖြစ်တတ်သောကြောင့် မှန်မှန်ပြန်ပြရန် လိုအပ်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Granuloma inguinale ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။ရောဂါမှာ ပဋိဇီဝဆေးများဖြင့် ပျောက်သည်။ ထို့ကြောင့် donovanosis မှာ ဖွံဖြိုးပြီးနိုင်ငံများတွင် အဖြစ်နည်းသည်။ အမေရိကန်တွင် တစ်နှစ်ကို ဖြစ်ရပ် ၁၀၀ သာရှိသည်။ သို့သော် ရောဂါဖြစ်ပွားသော နိုင်ငံများတွင် လိင်ဆက်ဆံမှုများရှိခဲ့ပါက ရောဂါဖြစ်နိုင်ချေတိုးလာပါမည်။ ထိုသို့အန္တရာယ်ရှိ လိင်ဆက်ဆံမှုများကိုရှောင်ခြင်း လိင်မဆက်ဆံခင် လိင်မှတစ်ဆင့်ကူးသောရောဂါများကို နှစ်ဦးနှစ်ဖက်စစ်ခြင်းက donovanosis ကိုကာကွယ်ရန် အကောင်းဆုံးဖြစ်သည်။ထို့အပြင် ကွန်ဒုံးသုံးခြင်း medical check-up မှန်မှန်လုပ်ခြင်းက granuloma inguinale ကိုကာကွယ်ရန်အတွက် အရေးကြီးပါသည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/granuloma-inguinale/
အင်ဆူလင် သိုလှောင်နည်းများ
အသုံးပြုလက်စအင်ဆူလင် တွေကိုအခန်းအပူချိန်မှာထားခြင်းကသူကိုအသုံးပြုတဲ့အခါပိုအဆင်ပြေပါတယ်။ လက်ရှိမသုံးနေတဲ့အင်ဆူလင် တွေကိုတော့ ရေခဲသေတ္တာထဲမှာသိမ်းတာအကောင်းဆုံးပါ။ သတိထားရမှာက အခဲခန်းထဲမထည့်ဖို့၊ ရေခဲခန်းအနားမထားဖို့ပဲဖြစ်ပါတယ်။ တချို့အင်ဆူလင် တွေကမတူညီတဲ့သိုလှောင်နည်းတွေလိုပါတယ်။ ဒါကြောင့်အသုံးမပြုခင်သင့်ရဲ့လူနာစာရွက်ထဲကအချက်အလက်တွေကိုအရင်သေချာဖတ်ပါ။သင်ခရီးသွားနေရင် အောက်ပါတွေကိုလိုက်နာပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%a1%e1%80%84%e1%80%b9%e1%80%86%e1%80%b0%e1%80%9c%e1%80%84%e1%80%b9-%e1%80%9e%e1%80%ad%e1%80%af%e1%80%b1%e1%80%9c%e1%80%bd%e1%80%ac%e1%80%84%e1%80%b9%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%99/
စိတ်အတက်အကျမြန်ရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ
စိတ်အတက်အကျမြန်ရောဂါ – Bipolar disorder ဟာ လူတွေမှာ ရှားရှားပါးပါးတွေ့ရတတ်တဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ လက္ခဏာ စတင်ပြလာတတ်ပါတယ်။စိတ်အတက်အကျမြန်ရောဂါရှင်တွေစိတ်ဓါတ်ကျပြီဆိုရင် အနည်းဆုံး ၂ပတ်ခန့် ကြာတတ်ပါတယ်။ စိတ်အခြေအနေ အမြင့်ဆုံးထိ တက်ကြွနေပြီဆိုရင်လည်း ရက်သတ္တပတ် အနည်းငယ် ကြာနိုင်ပါတယ်။ တစ်နှစ်ကို အကြိမ်ပေါင်းများစွာ စိတ်အပြောင်းအလဲ မြန်တတ်ပြီး တချို့လူတွေမှာတော့ ရံဖန်ရံခါမှသာ လက္ခဏာပြနိုင်ပါတယ်။Mania နဲ့ Hypomania ဆိုပြီး စိတ်ဓာတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့ အဆင့် စုစုပေါင်း ၃ခု ရှိပါတယ်။၁။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၁ (Mania)။စိတ်အတက်အကျမြန်ရောဂါ ရှိသူတွေမှာစိတ်ပိုင်းဆိုင်ရာအရ အရမ်းတက်ကြွနေမယ်။ စိတ်လှုပ်ရှားနေမယ်။ စိတ်လိုက်မာန်ပါလုပ်တတ်တယ်။ အရာရာကို အားရပြီး စိတ်တိုင်းကျ ကျေနပ်နေမယ်။ ပြောရမယ်ဆိုရင်တော့ စိတ်အခြေအနေ အမြင့်ဆုံးထိ ရောက်တဲ့ အဆင့်ပါပဲ။ဒီအဆင့်မှာ စိတ်လွတ်လက်လွတ် ပိုက်ဆံကို သုံးဖြုန်းတာ၊ အကာအကွယ်မပါပဲလိင်ဆက်ဆံတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ အလွန်အမင်း မြူးကြွလန်းဆန်းနေတာ၊ ပုံမှန်မဟုတ်ပဲ စကားအရမ်းပြောတာ၊ အတွေးမြန်တာ၊အိပ်ချင်စိတ်သိပ်ပြီးမဖြစ်တာ၊ အာရုံမစူးစိုက်နိုင်တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ဒီအဆင့်မှာ တွေ့ရတဲ့ စိတ်အလွန်အကျွံတက်ကြွတဲ့ လက္ခဏာကြောင့် လုပ်ငန်းခွင်၊ ကျောင်းနဲ့ လူမှုရေးမှာ ပြဿနာတွေ မကြာခဏ ဖြစ်လာနိုင်ပါတယ်။၂။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၂ (Hypomania)။အဆင့် ၁ မှာ ဖြစ်ခဲ့တဲ့ လက္ခဏာတွေကို ကြုံတွေ့ရမှာပါ။ အဆင့် ၁ မှာလောက် မပြင်းထန်တဲ့အတွက် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ၊ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ခံစားနေရသူတွေအနေနဲ့ ကိုယ့်ရဲ့ စိတ်အခြေအနေက ရုတ်တရက်ကြီး တက်ကြွလာတာကို သတိထားမိမှာပါ။၃။ စိတ်ဓာတ်ကျခြင်း အဆင့် (Depression)။ဒီအဆင့်မှာ စိတ်ဓာတ်ဟာ အောက်ဆုံးအခြေအနေထိ ထိုးဆင်းသွားတတ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။စိတ်ဓာတ်ကျသူတွေမှာ တွေ့ရတတ်တဲ့ ဝမ်းနည်းပူဆွေးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အရာရာ အမှောင်ပကတိ ဖုံးသွားသလို၊ ဘဝကြီးဟာ အဓိပ္ပာယ်မရှိတော့သလို ခံစားရခြင်း စတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အရာရာကို လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းမယ်။ ကိုယ့်အတွက်ပျော်ရွှင်မှုကို ရရှိခဲ့တဲ့၊ ကိုယ့်ဝါသနာပါတဲ့ အလုပ်တွေကို စိတ်ဝင်စားမှု ပျောက်သွားမယ်။မျက်စိကြောင်ပြီး အိပ်မပျော်တော့တာ ဒါမှမဟုတ် အကြာကြီး အိပ်ပစ်လိုက်တာမျိုး၊ အစား စားချင်စိတ်မရှိတာ၊ အစားအရမ်းစားလိုက်တာ၊ မောပန်းလွယ်တာ၊ အားမရှိတဲ့ ပုံပေါက်တာ၊ ဘယ်နေရာမှာမှ အသုံးမဝင်ဘူးလို့ ခံစားရတာ၊ မလိုအပ်ပဲ အပြစ်ရှိတယ်လို့ ခံစားရတာ၊ ကိုယ့်ဘဝကို အပြစ်တင်တာ၊ အာရုံစူးစိုက်နိုင်ခြင်းမရှိတာ၊ ဘာကိုမှ သေချာမတွေးတောနိုင်တာအပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ တွေးတာ၊ ကြံစည်တာ၊ လက်တွေ့ပြုမူတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။စိတ်အတက်အကျမြန်ရောဂါဟာ စိတ်မှာ အချိန်မရွေး ပြောင်းလဲနိုင်တဲ့ လက္ခဏာတွေ များလွန်းတာကြောင့် ရောဂါအခြေအနေကို အတိအကျသိရဖို့ ခက်ခဲတတ်ပါတယ်။ကလေးတွေနဲ့ဆယ်ကျော်သက်အရွယ်တွေမှာ ပုံမှန်တွေ့ရတတ်တဲ့ စိတ်ဖိစီးမှုတွေကြောင့် သမားရိုးကျ (စိတ်ရောဂါမဟုတ်ပဲ) စိတ်အတက်အကျမြန်နိုင်သလို တခြားသော စိတ်ရောဂါအခြေအနေတွေ ဖြစ်လာစေဖို့ လက္ခဏာပြတာလည်း ဖြစ်နိုင်ပါတယ်။အမျိုးသမီးတွေမှာ အသက် ၂၀၊ ၃၀ နောက်ပိုင်းမှာ လက္ခဏာကိုတွေ့ရတတ်ပြီး စိတ်ဓာတ်ကျတဲ့ အဆင့်မှာ ပိုပြီး ပြင်းထန်တတ်ပါတယ်။ တစ်နှစ်ကို ၄ကြိမ် ဒါမှမဟုတ် အဲ့ထက်ပိုပြီး စိတ်အတက်အကျ ဝေဒနာကို ခံစားရတတ်ပါတယ်။စိုးရိမ်ပူပန်လွန်တာ၊ ခေါင်းတစ်ခြမ်းကိုက်ခဲတာအပြင် အရက်အလွန်အကျွံ သောက်နိုင်တဲ့ အခြေအနေတွေကိုပါ ကြုံလာနိုင်ပါတယ်။ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့သွေးဆုံးချိန်တွေမှာလည်း ဒီလက္ခဏာတွေကို ပိုပြီး ကြုံတွေ့ရတတ်ပါတယ်။အမျိုးသားတွေမှာလည်း စိတ်အတက်အကျဖြစ်တဲ့အခါ တူညီတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပြီး အမျိုးသမီးတွေထက် ပိုစောပြီး လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ စိတ်ဓာတ်တက်ကြွတဲ့အဆင့်မှာ ပိုပြီး ပြင်းထန်တတ်ပြီး နိုင်ထက်စီးနင်းလုပ်တာ၊ ကိုယ်ထိလက်ရောက် စော်ကားတာ၊ ငွေအလွဲသုံးစားပြုလုပ်တဲ့ လက္ခဏာတွေကို ပိုတွေ့ရပါတယ်။ စိတ်အတက်အကျမြန်ရောဂါ ရှိတဲ့ အမျိုးသားတွေဟာ စိတ်ဆရာဝန်နဲ့ တိုင်ပင်ကုသတာမျိုး သိပ်မလုပ်တတ်တဲ့အပြင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နိုင်ခြေလည်း ပိုများပါတယ်။လူတွေဟာ စိတ်ရောဂါနဲ့ ပတ်သက်လာရင် ကိုယ့်အနီးအနားက လူတွေကိုရော၊ မိသားစုဝင်တွေကိုရော ပြောပြရမှာ ရှက်တတ်ကြပါတယ်။ ဒါဟာလည်း ကိုယ်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆ၊ မိသားစု၊ ငယ်ဘဝအခြေအနေတွေအပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကြောင့်လည်း အများကြီး သက်ဆိုင်နေပါတယ်။ကိုယ့်မှာ ဒီလိုလက္ခဏာတွေ မကြာခဏ ကြုံလာရပြီဆိုတာ သတိထားမိလာရင် စိတ်ဆရာဝန်နဲ့ သေချာပြသပြီး ဆွေးနွေးတိုင်ပင်ကြည့်ပါ။ ကုသမှုကို ခံယူပါ။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ ဂရုစိုက်ပါ။ စိတ်ရောဂါ ဆိုတာ ရှက်ရွံ့စရာကိစ္စမဟုတ်ပါဘူး။လူတွေဟာ စိတ်ရောဂါနဲ့ ပတ်သက်လာရင် ပေါ့ပေါ့လေး တွေးတတ်တာကြောင့် အချိန်လွန်မှ နောင်တရစရာ အဖြစ်မျိုး မကြုံရလေအောင် ကိုယ်ချစ်ရသူ၊ မိသားစုဝင်တွေမှာရော၊ ကိုယ့်မှာပါ ဒီလိုလက္ခဏာတွေ ရှိလား သေချာဆန်းစစ်ကြည့်ပါ။ ပြီးရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။လူသားတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သာယာလှပတဲ့ ဘဝနေ့သစ်လေးတွေ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/bipolar-disorder-and-mental-health/
စိတ်ကွန့်မြူးခြင်းနှင့် မျိုးရိုးလိုက်ခြင်းဆက်စပ်မှု
စိတ်ကွန့်မြူးခြင်း သို့မဟုတ် အော်တစ်ဆန် သည် ဖွံဖြိုးမှု မကောင်းခြင်းဖြစ်သည် အစောပိုင်းနှစ် အသက်၃ နှစ်မတိုင်မီတွင်ဖြစ်သည်။ စိတ်ကွန့်မြူးသောလူများသည် ဆက်သွယ်ခြင်း အခြားလူများနှင့်လူမှုဆက်ဆံခြင်းများမရှိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံဖြိုးမှုများနည်းတတ်သည်။စိတ်ကွန့်မြူးစေသော အကြောင်းများ-လေ့လာချက်များကို စုံစုံလင်လင်မလေ့လာရသေးပါ။ လေ့လာနေဆဲဖြစ်ပြီး အချို့ဖြစ်စေသောအကြောင်းအချို့တော့ရှိနေသည်။ လေ့လာချက်အချို့ကို ဒီဆောင်းပါးတွင်ဖော်ပြပေးမည်။လေ့လာသူတော်တော်များများက မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သည်ဟုဆိုကြသည်။ သို့သော်ရောဂါဖြစ်စေသော ဗီဇ သို့မဟုတ် ဗီဇပေါင်းစပ်မှုများမရှိပေ။ မျိုးရိုးပေါင်းစပ်ခြင်းကြောင့်ဖြစ်နိုင်လိမ့်မည် ဆိုသော်လည်း စိတ်ကွန့်မြူးသောကလေးအများစုက ပုံမှန်မိဘများမှမွေးဖွားလာသည်ဟုတွေ့ရသည်။အချို့သောကိုယ့်ဆဲလ်ပြန်တိုက်သည့်ရောဂါက စိတ်ကွန့်မြူးခြင်းနှင့်တွဲနိုင်သည်။ဥပမာ ဓါတ်မှန်အမှား။အမွာများသို့မဟုတ် မျိုးရိုးစဉ်ဆက်ကိုလေ့လာသောအခါ စိတ်ကွန့်မြူးမှုနှစ်တွဲနှုန်း ၃၀ရာခိုင်နှုန်းသည့်ရှိသည်ကိုတွေ့ရသည်။ ဗီဇချို့တဲ့ခြင်းက ဦးနှောက်လုပ်ဆောင်ချက်များများသောအားဖြင့် ခံစားချက် လူမှုဆက်ဆံမှုများကိုထိန်းပေးသည်ဟုဆိုသည်။ အမေရိကတွင်ရှိသောသိပ္ပံပညာရှင်များက စိတ်ကွန့်မြူးသူ ၁၉ နှင့်ကျန်းမာသူ ၁၇ ၏ဆဲလ်ပုံစံကိုလေ့လာရာတွင် သူငယ်ချင်း ပတ်ဝန်းကျင်နှင့်ဆက်ဆံခြင်း စသည်တို့ကိုလုပ်ဆောင်ပေးသောဗီဇ ၂၀၉ခုကအလုပ်မလုပ်နေပဲ ခုခံအား စနစ် လုပ်ပေးသော ၂၃၅ ဗီဇက အလုပ်လုပ်နေကြောင်းတွေ့ရသည်။ စိတ်ကွန့်မြူးခြင်းဖြစ်မှုကိုများစေသော မျိုးရိုးအကွဲ ၆၁ ခုကိုသိပ္ပံပညာရှင်များကရှာဖွေနိုင်ခဲ့သည်။ ထိုသို့ရှာဖွေနိုင်ခြင်းက ရောဂါဖြစ်လာစေသည့်ပုံစံများကိုပိုနားလည်လာစေပြီး ထိရောက်သောကုထုံးများလုပ်လာနိုင်သည်။ရောဂါအဆင့်မျိုးစုံရှိသော စိတ်ကွန့်မြူးသည့်ကလေးငယ်များ၏မိသားစု မျိုးပွားပစ္စည်းများကိုစမ်းသက်မှုများလုပ်ခဲ့သ်ည။ ထိုလို့စမ်းသက်ချက်များမှ ရောဂါပြင်းသော ဖျော့သောသူများတွင်တွေ့ရသည့်ဗီဇများဆင်တူသည်ကိုတွေ့ရသည်။ဥပမာ။ အသစ်ရှာတွေ့ထားသော စိတ်ကွန့်မြူးခြင်းဖြစ်စေသည့် ဗီဇအနည်းဆုံးနှစ်ခုကအတက်ရောဂါကိုဖြစ်စေကြောင်းသိရသည်။ ထိုအသစ်ဗီဇက အခြားရောဂါများကိုဖြစ်စေသေးရောင်းလေ့လာချက်များကဆိုသည်။ ထိုအရာက က စိတ်ကွန့်မြူးခြင်းရောဂါသည် အခြားသောရောဂါများနှင့်တွဲနိုင်သည့်အချက်ကိုရှင်းလင်းပေးသည်။အချို့သောဗီဇများက နှလုံးပုံမမှန်ဖြစ်စေသောနှုန်း အရွယ်ရောက်ဆီးချိုဖြစ်စေသောနှုန်းကိုများစေသည်။အမေတွင်ဖြစ်သော ရောဂါ(ကိုယ်ဝန်ဆောင်နေချိန်အတွင်း)။နိဂုံးချုပ်ရသော် စိတ်ကွန့်မြူးခြင်းဖြစ်စေသော ဗီဇကိုရှာဖွေခြင်းဖြင့် အသုံးဝင်သောကုသချက်များရနိုင်သည် သို့မဟုတ် အနည်းဆုံးရောဂါစောစောသိနိုင်သော စမ်းသက်ချက်များရနိုင်သည်။ ထိုကလေးများတွင် ကုသမှုကိုချက်ချင်းလုပ်ခြင်းဖြင့် အထောက်အကူအများဆုံးဖြစ်နိုင်သည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bd%e1%80%94%e1%80%b7%e1%80%ba%e1%80%99%e1%80%bc%e1%80%b0%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%ba/
အမျိုးသမီး လိင်ဆက်ဆံနေတုန်း ဘာကြောင့် ဆီးထွက်ရတာလဲ
လိင်ဆက်ဆံနေတုန်း မှာ အမျိုးသားလိင်တံ၊ လက်ချောင်းနဲ့ တခြားအရာ တစ်ခုခုက အမျိုးသမီး ဆီးအိမ်အပေါ် ဖိထားမိတဲ့အတွက် အမျိုးသမီးတွေ လိင်ဆက်ဆံချိန်မှာ ဆီးထွက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးခန္ဓာကိုယ်ရဲ့ ဆီးအိမ်ဟာ အမျိုးသမီးမွေးလမ်းကြောင်းနဲ့ မိန်းမအင်္ဂါအစေ့တို့နားမှာ နီးကပ်စွာ တည်ရှိနေလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံချိန်မှာ အမျိုးသမီးဆီးအိမ်ကို သွားထိမိတယ်ဆိုတာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ရပ်ပါပဲ။အမျိုးသမီးတွေလိင်ခံစားမှု အထွတ်အထိပ်ရောက်သွားတဲ့အချိန် ထွက်လာတဲ့အရည်တွေဟာ ဆီးရည်တွေလား ဒါမှမဟုတ် တခြား အရည်တွေလားဆိုတာကို ယနေ့အချိန်ထိ ငြင်းခုံနေကြဆဲပါ။ လိင်ဆက်ဆံချိန် ပန်းထုတ်ခြင်းဆိုတာ အမျိုးသမီးတိုင်းမှာ မဖြစ်ပေမယ့် တချို့သော အမျိုးသမီးတွေကတော့ လိင်ခံစားမှု အထွတ်အထိပ်ရောက်တဲ့အချိန် ဆီးလမ်းကြောင်းမှ အရည်တချို့ထွက်လာတယ်လို့ ဆိုကြပါတယ်။အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်ကတော့ လိင်ခံစားမှုအထွတ်အထိပ်ရောက်တဲ့ အချိန် ထွက်လာတဲ့ အရည်တွေဟာ ဆီးရည် မဟုတ်သလို မွေးလမ်းကြောင်း အရည်လည်း မဟုတ်ဘူးလို့ ဆိုထားကြပေမယ့် တခြားသော လေ့လာချက်တစ်ခုကတော့ ခံစားမှု အထွတ်အထိပ်ရောက်တဲ့ အချိန် ထွက်လာတဲ့ အရည်တွေဟာ ထိန်းမထားနိုင်တဲ့ ဆီးရည်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကျွန်တော်တို့ ဒီဆောင်းပါးလေးထဲမှာတော့ အမျိုးသမီးတွေ လိင်ဆက်ဆံနေတုန်း ဘာကြောင့်ဆီးထွက်ရသလဲဆိုတဲ့ အကြောင်းရင်းအပြင် ကုသနည်းစနစ်တွေ၊ ဆီးမထွက်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။အမျိုးသမီးတွေ လိင်ဆက်ဆံနေတုန်း ဆီးထွက်ရခြင်းရဲ့ အဓိကအကြောင်းရင်းဟာဆီးထိန်းမထားနိုင်တာကြောင့် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ National Association for Continence အဖွဲ့ရဲ့ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံမှာ ဆီး၊ ဝမ်းမထိန်းနိုင်သူတွေ စုစုပေါင်း ၂၅ သန်း အထိရှိနေတယ် လို့ဆိုပါတယ်။ ဒီအထဲမှာမှ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၅ ဆခန့် ပိုများပါတယ်၊၊။ဆီးမထိန်းနိုင်ခြင်း ပြဿနာ (UI) ဟာ အမျိုးသမီး အများစုမှာ အဖြစ်များတဲ့ ဖြစ်စဉ်တစ်ခုပါ။ အမျိုးသမီး လိင်အင်္ဂါတွေနဲ့ ဆီးလမ်းကြောင်းအင်္ဂါတွေဆိုတာ ခန္ဓာကိုယ်ရဲ့ တူညီတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံချိန်မှာ နှစ်ခုလုံးရဲ့ လုပ်ဆောင်ချက်တွေ ရောထွေးနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရ အမျိုးသမီး ၆၀ ရာခိုင်နှုန်းခန့်ဟာ လိင်ဆက်ဆံချိန် ဆီးထွက်ကြတယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေကတော့ ဆီးမထိန်းနိုင်ခြင်း (Urinary incontinence) UI ကို အမျိုးအစား (၃) ခုခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့-။(၁) ဆီးအိမ်ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်း။(၂) အရေးပေါ် ဆီးမထိန်းနိုင်ခြင်း။(၃) တခြားအကြောင်းရင်းများကြောင့် ဆီးမထိန်းနိုင်ခြင်း။ဒီအမျိုးအစားကတော့ လိင်ဆက်ဆံချိန်အဖြစ်များတဲ့ ဆီးထွက်ခြင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီအမျိုးအစားကြောင့် ဆီးထွက်တဲ့ ဖြစ်စဉ်ဟာ လိင်ဆက်ဆံချိန် ဆီးထွက်ခြင်း ဖြစ်စဉ်များရဲ့ ၅၁ ရာခိုင်နှုန်း အထိရှိပါတယ်။ ဒီလို ဆီးထွက်တဲ့ ဖြစ်စဉ်တွေဟာ လိင်ဆက်ဆံနေတုန်း ဆီးအိမ်ကို ဖိထားလို့ ထွက်တာဖြစ်တဲ့ အပြင် တခြားအကြောင်းရင်းတွေကတော့။ဒီလို အရေးပေါ် ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ်တွေဟာ ရုတ်တရက် ထိန်းလို့မရတဲ့ ဆီးထွက်ခြင်းကိုခေါ်တာ ဖြစ်ပြီး ဒီဖြစ်စဉ်ဟာ တရားလွန်အလုပ်လုပ်နေတဲ့ ဆီးအိမ်ရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန် အလုပ်လုပ်တဲ့ ဆီးအိမ်တွေမှာဆိုရင် ဆီးအိမ်တစ်ဝက်ခန့် ဆီးရှိမှ ဆီးသွားချင်စိတ်ဖြစ်ပေါ်မှာ ဖြစ်ပြီး ဒီလိုဖြစ်ပေါ်တဲ့ အချိန်တွေဆိုရင်လည်း လူတွေဟာ အိမ်သာတစ်ခုကို ရှာတွေ့တဲ့ အချိန်ထိ ဆီးကို ကောင်းကောင်းအောင့်ထားနိုင်ကြပါတယ်။အရေးပေါ်ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ် တွေမှာဆိုရင် ဆီးအိမ်က အစောကြီး ကျုံ့လိုက်တဲ့အတွက် ထိုလူဟာ ရုတ်တရတ် ဆီးသွားချင်စိတ်ဖြစ်ပေါ်ပြီး အိမ်သာသွားမယ်ဆိုရင်တောင် အိမ်သာမရောက်ခင် ဆီးထွက်တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဆီးအိမ် တရားလွန်အလုပ်လုပ်ခြင်းရဲ့ အကြောင်းရင်းကိုတော့ မသိရပေမယ့် အသက်ကြီးတဲ့ လူတွေမှာတော့ ဖြစ်လေ့ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။တခြားအကြောင်းရင်းများကြောင့် ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ်တွေဟာ စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်သလို အရေးပေါ် ဖြစ်စဉ်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ဒီလို တခြားအကြောင်းတွေကြောင့် ဆီးမထိန်းတဲ့ဖြစ်စဉ်တွေဟာ အရေးပေါ်ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ်ထက် ပိုအတွေ့ရများပါတယ်။အသက်ကြီးလာခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းတို့ဟာ ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ တချို့သော အမျိုးသမီးတွေမှာတော့ မွေးရာပါ ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတတ်ကြပါတယ်။ အဲ့ဒါတွေကတော့ ဆီးလမ်းကြောင်းကောင်းကောင်းမွန်မွန် မဖွံ့ဖြိုးခြင်းနဲ့ မျိုးရိုးလိုက် ဆီးမထိန်းနိုင်ခြင်းတို့ပါပဲ။ဆီးမထိန်းနိုင်ခြင်း (Urinary incontinence) UI ဟာ ရောဂါ တစ်ခုမဟုတ်ဘဲ တစ်ခြားသော အကြောင်းရင်းများကြောင့် ဖြစ်ရတဲ့ ရောဂါ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ UI ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကတော့။လိင်ဆက်ဆံနေတုန်း ဆီးထွက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီလို ဆွေးနွေးတဲ့အခါမှ ဆီးထွက်ခြင်းဟာ ပုံမှန် ဆီးမထိန်းနိုင်ခြင်းကြောင့်လား၊ တခြားအကြောင်းရင်းကြောင့်လား သိရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပုံမှန်ဆီးမထိန်းနိုင်ခြင်းကြောင့် ဖြစ်တယ်ဆိုရင် ဆရာဝန်က အကောင်းဆုံး ကုသမှု နည်းစနစ်တွေကို လမ်းညွှန်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ဆီးမထိန်းနိုင်ခြင်း (Urinary incontinence) UI ကုသဖို့အတွက် လုပ်ဆောင်နိုင်တဲ့ အချက် (၃) ခု ရှိပါတယ်။တင်ပါးဆုံ အောက်ခြေ ကြွက်သား လေ့ကျင့်ခန်းကိုKegel exerciseလို့လည်းခေါ်ပြီး ဒီကြွက်သားတွေ သန်မာအောင်လေ့ကျင့်ရတာ ဖြစ်ပါတယ်။ သန်မာတဲ့ တင်ပါးဆုံအောက်ခြေကြွက်သားများဟာ အားနည်းတဲ့ ကြွက်သားတွေထက် ဆီးထိန်းနိုင်ကြပါတယ်။ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ရဲ့ နည်းစနစ်ပြသမှုများနဲ့ လုပ်ဆောင်ရန် အချိန်များကို သိပြီးမှ လုပ်ဆောင်သင့်ပါတယ်။ခွဲစိတ်လိုက်တာကလည်း UI ကို ကုသပေးနိုင်ပါတယ်။ ခွဲစိတ်တဲ့အခါ ဆီးလမ်းကြောင်း ဧရိယာတစ်လျှောက် တခြားဖြည့်တင်းဖို့လိုတာမျိုး ဒါမှမဟုတ် ဆီးအိမ်အထက်ပိုင်းကို ပုံစံပြန်ချတာမျိုး လုပ်ဆောင်ကြပါတယ်။ ဒီခွဲစိတ်မှုလုပ်ဖို့အတွက် သာမန်မေ့ဆေးသာ လိုအပ်ပြီး ခွဲစိတ်အပြီး ပုံမှန်ပြန်ဖြစ်ဖို့ ၂ ပတ်ကနေ ၃ ပတ်အထိ ကြာမြင့်ပါတယ်။ ဒီလို ဆီးမထိန်းနိုင်လို့ ခွဲစိတ်တဲ့အခါ နောက်ဆက်တွဲတွေ ထပ်တိုးနိုင်ခြေရှိတာမို့ မခွဲစိတ်ခင် ဆရာဝန်နဲ့အရင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အရေးပေါ် ဆီးမထိန်းနိုင်တဲ့ ဖြစ်စဉ်တွေမှာဆိုရင် ဆီးအိမ်ကို ငြိမ်စေနိုင်တဲ့၊ ဆီးအိမ်ကျုံ့ခြင်းကို နည်းပါးစေတဲ့ ဆေးဝါးတွေ သောက်သုံးပြီး ကုသနိုင်ပါတယ်။ ဆရာဝန်တွေ ပေးမယ့် ဆေးအမျိုးအစားတွေထဲမှာတော့ antimuscarinics လို့ခေါ်တဲ့ ဦးနှောက်အာရုံကြောစနစ်ကို ထိန်းချုပ်ပေးတဲ့ ဆေးတွေ၊ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ tricyclic antidepressants နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးနိုင်တဲ့ beta-3 agonists ဆေးတို့ ပါဝင်ကြပါတယ်။အလေ့အကျင့်တချို့နဲ့ ဘဝနေထိုင်စားသောက်မှု တချို့ကို ပြောင်းလဲလိုက်မယ်ဆိုရင် လိင်ဆက်ဆံချိန် ဆီးမထိန်းနိုင်တဲ့သူတွေအနေနနဲ့ ဒီအဖြစ်ကို ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။ ပြောင်းလဲရမယ့် အချက်လေးတချို့ကတော့။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/urination-during-sex-in-females/
ရောဂါပေါင်းစုံကို ပိုမိုဆိုးရွားစေနိုင်သော အကြောင်းအရင်း (သို့) စိတ်ဖိစီးမှု
…။စိတ်ဖိစီးမှုဆိုတာ လူသားအားလုံး နေ့စဉ်ရင်ဆိုင်နေရတဲ့ အရာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်ဆိုင်ရတဲ့ စိတ်ဖိစီးမှုအတိုင်းအတာ ကွာခြားပါတယ်။ ဒါ့အပြင် ခံနိုင်ရည် ရှိပုံချင်းလည်း မတူပါဘူး။ တစ်စုံတစ်ယောက်အပေါ် စိတ်ဖိစီးမှုကြီးစွာ ဖြစ်လောက်စေတဲ့အရာဟာ တခြားတစ်ဦးအတွက် ပြောပလောက်တဲ့အရာ ဖြစ်ချင်မှလည်း ဖြစ်နေတတ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများခြင်းဟာ မကောင်းတဲ့အချက်ဖြစ်ပါတယ်။ စိတ်ထောင်းရင်ကိုယ်ကြေ ဆိုသလိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကနေ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။အောက်ပါပြသနာများကတော့စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြသနာတွေပဲ ဖြစ်ပါတယ်။သုတေသီတွေရဲ့ အဆိုအရ ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး ယှဉ်ပြိုင်ကြိုးစားချင်စိတ်များသူတွေမှာသွေးတိုးခြင်းနဲ့ နှလုံးရောဂါအဖြစ်များတယ်လို့ သိရပါတယ်။ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် စိတ်ဖိစီးမှုဟာ အကြောင်းအရင်းခံလို့ ယူဆရပါတယ်။ စိတ်ဖိစီးခြင်းကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှု ပိုမိုမြန်ဆန်လာပြီး ကိုလက်စထရောနဲ့ triglyceride ကို သွေးကြောတွေထဲ ရောက်လာစေပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုဆိုင်ရာရုတ်တရက် ထိခိုက်ခြင်းများဟာ နှလုံးထိခိုက်ခြင်း heart attack ကို ဖြစ်ပွားစေနိုင်ပါတယ်။စိတ်ဖိစီးမှုဟာ ရင်ကြပ်ပန်းနာကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ သုတေသနများစွာကနေ ဖော်ပြထားပါတယ်။ ဒီနှစ်ချက်ကြားမှာလည်း အကြောင်းအရင်း အတိအကျကို မသိရသေးပါဘူး။ အယူတဆအချို့အရ လူအများဟာစိတ်ပူပန်ချိန်၊ စိတ်ဖိစီးလာချိန်မှာ အသက်ရှူရတာ ပိုပြီးမြန်ဆန် ပြင်းထန်လာပါတယ်။ ဒါ့အပြင် ပူဆွေးဝမ်းနည်းချိန်မှာကိုယ်ခန္ဓာထဲမှာ အချွဲဓာတ်တွေ ပိုထွက်လာပြီး အသက်ရှူရတာ ပိုခက်ခဲလာစေပါတယ်။ အဲဒီအခါ ရင်ကျပ်ပန်းနာအခံရှိသူတွေကို ပိုမိုဆိုးရွားလာစေပါတယ်။ယေဘုယျအားဖြင့် စိတ်ဖိစီးမှုခံစားရခြင်းနဲ့ ပတ်သက်ရင် ကိုယ်ခန္ဓာပိန်ချုံးနေသူများကိုသာ ယှဉ်တွဲမြင်ယောင်လေ့ရှိပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုနဲ့ အဝလွန်ခြင်းဟာလည်း ဆက်စပ်နေပါတယ်။ စိတ်ဖိစီးခြင်းဟာ ကော်တီဆောဟော်မုန်းကို မြင့်တက်လာစေပါတယ်။ အဲဒီအခါ ဝမ်းဗိုက်မှာ အဆီဓာတ်တွေ ပိုမိုစုပုံစေတယ်လို့ သိရပါတယ်။စိတ်ဖိစီးခြင်းဟာ နည်းလမ်းနှစ်မျိုးနဲ့ ဆီးချိုကို ပိုမိုဆိုးရွားစေပါတယ်။ ပထမတစ်ချက်ကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံတွေ ဖြစ်ပေါ်လာစေခြင်း ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ စိတ်ဖိစီးမှုဟာအမျိုးအစား (၂) ဆီးချိုရောဂါရှင်တွေရဲ့ သွေးတွင်းဂလူးကို့စ်ဓာတ်ကို တိုက်ရိုက်မြင့်တက်စေနိုင်ခြင်းပဲ ဖြစ်ပါတယ်။စိတ်ဖိစီးမှုဟာ ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ သာမန်ခေါင်းကိုက်ခြင်း မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း(Tension Headache)၊ ခေါင်းတခြမ်းကိုက်ခြင်း (Migraines) စတာတွေကို ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးမှုကြောင့် အစာမကြေရင်ပြည့်ခြင်း၊ အစာခြေရည်များ အစာရေမျိုမှ ပြန်လည်လျှံတက်ခြင်း၊ အစာလမ်းကြောင်းခံနိုင်ရည်မရှိဘဲ ဝမ်းပျက်လွယ်ခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းမှာ ဖြစ်ပွားတတ်တဲ့အနာတွေကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။စိတ်ဖိစီးမှုနဲ့ အယ်လ်ဇိုင်းမားဝေဒနာကြား ဆက်စပ်နေတယ်လို့ သုတေသနတခုမှာ ဆိုထားပါတယ်။ စိတ်ဖိစီးခြင်းကြောင့်ဦးနှောက်ဆဲလ်များပျက်စီးမှု ပိုမိုမြန်ဆန်စေတယ်လို့ ဆိုပါတယ်။ အပြန်အလှန်အားဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်တာနဲ့ ရောဂါဆိုးရွားမှုကို နှေးကွေးသွားစေတယ်လို့ ဆိုပါတယ်။ဒီအချက်နဲ့ ပတ်သက်ပြီး ပညာရှင်အချို့ဟာ မော်လီကျူးအတိုင်းအတာအထိ သုတေသနလုပ်ခဲ့ကြပါတယ်။ သုတေသနတစ်ခုမှာ မိခင်နှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါတယ်။ မိခင်တစ်ဦးမှာ ကျန်းမာတဲ့ကလေးတစ်ဦးရှိပြီး ကျန်တစ်ဦးမှာ နာတာရှည်ရောဂါခံစားနေရတဲ့ ကလေးရှိပါတယ်။ တွေ့ရှိချက်အရ စိတ်ဖိစီးမှုများတဲ့ ရောဂါသည်ရဲ့အမေမှာ ပုံမှန်ထက် ရင့်ရော်ပျက်စီးမှုမြန်ဆန်တဲ့ ခရိုမိုဆုမ်း အစိတ်အပိုင်းတွေကို တွေ့ရပါတယ်။ စိတ်ဖိစီးမှုဟာ မူရင်းအသက်ထက် ၉ နှစ်ကနေ ၁၇နှစ်စာအထိ အိုမင်းရင့်ရော်စေတယ်လို့ ဆိုပါတယ်။စိတ်ဖိစီးမှုများခြင်းဟာ အရွယ်မတိုင်မီ စောစီးစွာ သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်။ ရောဂါမျိုးစုံနဲ့ ဆက်စပ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ သုတေသနတခုမှာတော့ မိမိရဲ့အဖော် အိမ်ထောင်ဖက်ကို ပြုစုစောင့်ရှောက်နေရတဲ့ သက်ကြီးပိုင်းတွေကို လေ့လာခဲ့ရာပါတယ်။ အဲဒီလိုလေ့လာရာမှာ မိမိအဖော်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရပြီး စိတ်ဖိစီးမှုများသူတွေဟာ တခြားပုံမှန်သက်ကြီးပိုင်းတွေထက် သေဆုံးနိုင်ခြေ ၆၃ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။..။ဒီဆောင်းပါးမှာ စိတ်ဖိစီးမှုနဲ့ ရောဂါအများအပြား ဆက်စပ်နေခြင်းကို ဖော်ပြခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ စိတ်ဖိစီးမှုကို ပေါ့ပေါ့တန်တန်သဘောမထားဖို့၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အန္တရာယ်တစ်ခုအနေနဲ့ သတိထားဖြေရှင်းဖို့ သိမြင်စေလိုခြင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျှော့စေတဲ့ နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ အဲဒီနည်းလမ်းတွေအကြောင်း ရေးသားထားတဲ့ ဆောင်းပါးတွေကို သေချာဖတ်ရှုပြီး စနစ်တကျပြုလုပ်ဖို့ လိုပါတယ်။စိတ်ဖိစီးမှုဆိုတာ ရောဂါပေါင်းစုံနဲ့ ဆက်စပ်နေတဲ့၊ ပြဿနာပေါင်းများစွာကို ထကြွလာစေမယ့် အကြောင်းအရင်းဖြစ်နေလို့ပါပဲ။…။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/effects_of-stress-on-the-body/
ဆေးခန်းမသွားချင်တဲ့ အအေးမိ နေသူတွေအတွက် နည်းလမ်းကောင်းတချို့
ရာသီဥတု အကူးအပြောင်းတွေမှာ အအေးမိ နဲ့ တုပ်ကွေး အဖြစ်များကြပါတယ်။ ဒါပေမယ့် ထစ်ခနဲဆို ဆေးခန်းပြေးဖို့ မလွယ်တဲ့ အနေအထားတွေ၊ ဆေးခန်းမသွားချင်သူတွေ အတွက် ကံကောင်းတဲ့အချက်က အအေးမိဗိုင်းရပ်စ်ဟာ သူ့အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာ ပြန်လည်ပျောက်ကင်းနိုင်တယ်ဆိုတာပါပဲ။ မြန်မြန်သက်သာဖို့ကတော့ ဒီအတောအတွင်းမှာ ကိုယ်ခံအားနဲ့ ဘယ်လောက် ခုခံနိုင်မလဲဆိုတာကို မူတည်နေပါတယ်။နေပြန်ကောင်းတယ် ဆိုတာအအေးမိ တုပ်ကွေးဗိုင်းရပ်စ်တွေကို ကိုယ်ခံအားစနစ်က ခုခံတိုက်ထုတ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုခုခံနေတဲ့ကာလအတွင်းမှာ နေမကောင်းလို့ ဆိုပြီး ကွေးနေရုံနဲ့ ရောဂါလက္ခဏာတွေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးနော်။ရောဂါပိုးတွေကို ခုခံပေးမယ့်ခန္ဓာကိုယ်ကိုစောင့်ရှောက်အားဖြည့်ပေးဖို့လည်းလိုပါတယ်။နေမကောင်း ဖြစ်နေတဲ့အချိန်မှာဆို ရောဂါပိုးဗိုင်းရပ်စ်တွေကို ခုခံဖို့ ခန္ဓာကိုယ်ကပင်ပန်းနေမှာဖြစ်လို့ ပုံမှန်ထက် ပိုပြီးအားကုန်ပါတယ်။ ဒါ့ကြောင့် ဘာကြောင့်ပဲနေမကောင်းဖြစ်ဖြစ် အနားယူဖို့ တတ်နိုင်သလောက်ဦးစားပေးပါ။ကျောင်းတွေ၊အလုပ်တွေကိုဖြစ်နိုင်ရင် ခွင့်ယူလိုက်တာက ကိုယ့်အတွက်အနားယူဖြစ်တဲ့အပြင် လူအများကြားမှာ ကူးစက်ပြန့်ပွားမှုကိုကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့တစ်နေ့တာအလုပ်တွေကို ပမာဏလျှော့လုပ်ပြီး ခန္ဓာကိုယ်ကိုနားချိန်ပေးပါ။နားနေတယ် ဆိုလည်း တီဗီရှေ့တော့ ညဉ့်မနက်စေနဲ့ပေါ့။အိပ်ရေးပျက်တာကကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့အတွက် ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ခက်သွားစေပါတယ်။ အိပ်ရာစောစောဝင်ပါ၊ နေ့ဘက်မှာလည်း တစ်ရေးအိပ်ပေးပါ။ခံစားနေရတဲ့ ရောဂါလက္ခဏာတွေက ညဘက်ဆို ပိုဆိုးနေလို့ အိပ်မရဘူးလား။ ခေါင်းအုံးနည်းနည်းမြှင့်ထားလိုက်ရင် နှာစေးနှာပိတ်နဲ့ချောင်းဆိုးရင်ကျပ်တာတွေသက်သာပြီး အသက်ရှူရပိုကောင်းပါလိမ့်မယ်။ရေ သို့မဟုတ် အရည်များများ သောက်မှ ချွဲသလိပ်တွေ ကျဲပြီး ပိတ်ဆို့ခြင်း(နှာပိတ်၊ ချွဲကျပ်) သက်သာပါလိမ့်မယ်။ ရေဓာတ်ဖြည့်တင်းခြင်းက ခေါင်းကိုက်ခြင်း နဲ့ မောပန်းနွမ်းနယ်ခြင်း မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ နေမကောင်းရင် ရေ သို့မဟုတ် ရေကျက်အေး၊ ဓာတ်ဆားရည်၊ စွပ်ပြုတ်ရည် တို့ကို မကြာမကြာ သောက်ပေးပါ။လည်ချောင်းနာ သက်သာစေဖို့က ဆားရည် ငုံပြီး ပလုတ်ကျင်းလို့ရပါတယ်။ ခံတွင်းသန့်ဆေးရည် အသုံးပြုပေးလို့လည်း ရပါတယ်။ ခံတွင်းသန့်ဆေးရည်ကို ခွက်ထဲ ထည့်ပြီး ငုံ၊ ခေါင်းကို မော့ပြီး စက္ကန့် ၃၀ လောက် ပလုတ်ကျင်း၊ ပြီးမှ ထွေးထုတ်လိုက်ပါ။ ဒါမှမဟုတ် ဆေးရည် တစ်ဆ ရေနှစ်ဆ ထည့်ပြီး ပလုတ်ကျင်းလို့ ရပါတယ်။ရေနွေးကြမ်းပူပူလေးသောက်တာကလည်း လည်ချောင်းထဲ နေရခက်တာကို သက်သာစေပြီး အအေးမိဝေဒနာကို လျော့ပါးစေပါတယ်။ ဥပမာ စံပယ်လက်ဖက်ရည်ကြမ်း၊ လီမွန်တီး၊ သို့မဟုတ် စွပ်ပြုတ်ရည် ပူပူလေး သောက်တာမျိုး။ချိုတာစားရင် ချောင်းပိုဆိုးမယ်လို့ ထင်ကြပါလိမ့်မယ်။ ပျားရည်ကတော့ လည်ချောင်းထဲက ဝေဒနာတွေသက်သာစေပြီး ချောင်းဆိုးကိုပါ သက်သာစေနိုင်စွမ်းရှိပါတယ်။ ညအိပ်ခါနီး ပျားရည်စစ်စစ် တစ်ဇွန်းလောက် သောက်သုံးသူတွေက နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်ပျော်ပြီး ချောင်းလည်း သိပ်မဆိုးတော့ဘူးလို့ သုတေသနလေ့လာမှုတွေက တွေ့ရှိထားပါတယ်နော်။ ပျားရည်က စစ်ဖို့တော့ လိုပါလိမ့်မယ်။ ရေနွေးထဲကို ပျားရည်တစ်ဇွန်း ထည့်ပြီး တစ်ခွက် သောက်ပေးပါ။နေမကောင်း ဖြစ်နေတဲ့အချိန်မှာ ရေမချိုးရဘူးဆိုတာ မရှိပါဘူး။ ခံနိုင်သလောက် ရေနွေးလေးစပ်ချိုးလို့ ရပါတယ်။ ရေနွေး နဲ့ ချိုးတဲ့အခါ ခြောက်သွေ့ယားစပ်နေတဲ့ လည်ချောင်း နဲ့ နှာခေါင်းလမ်းကြောင်းကို အစိုဓာတ် ရစေပြီး နှာစေးနှာပိတ်၊ ချွဲကျပ်ခြင်းကို လျော့ပါးစေပါတယ်။ နောက်တစ်ချက်က ကြွက်သားနာကျင်ကိုက်ခဲမှု တွေကိုလည်း ရေနွေးနွေးကြောင့် သက်သာလျော့ပါးစေနိုင်ပါသေးတယ်။နေရသက်သာစေဖို့ အသုံးများကြတာက အဖျားကျဆေး(အကိုက်အခဲပျောက်ဆေး)၊ အအေးမိသက်သာဆေးတွေ၊ ငုံဆေး၊ ချွဲပျော်ဆေးတွေ စတဲ့ ဆရာဝန်ဆေးညွှန်း မလိုတဲ့ ဆေးတွေကို ဆေးဆိုင်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ဘာမှန်းမသိတဲ့ ဆေးမျိုးစုံ ပါဝင်တဲ့ စပ်ဆေးတွေကိုတော့ မသောက်ပါနဲ့။အာဟာရ ပြည့်အောင် အစားစားဖို့လည်း အရေးကြီးပါတယ်။ နေမကောင်းရင်ခံတွင်းပျက်တတ်တယ်၊ အစားနည်းတတ်တယ်၊ အစားလည်း ရှောင်ရင် ရှောင်မိတတ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းဖြစ်တဲ့ အခါ လိုအပ်နေတဲ့ အာဟာရကို ဖြည့်နိုင်ဖို့ ကြက်စွပ်ပြုတ် သောက်ပေးပါ။ အပူသောက်ဖို့ နဲ့ အားပြည့်ဖို့ အပြင် အအေးမိ လက္ခဏာတွေကို သက်သာစေတယ် ဆိုတဲ့ ကြက်စွပ်ပြုတ်က တကယ်ကို တစ်ချက်ခုတ် လေးငါးချက်ပြတ်တဲ့ ဆေးတစ်ခွက်လည်း ဖြစ်နေပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/%e1%80%a1%e1%80%a1%e1%80%b1%e1%80%b8%e1%80%99%e1%80%ad/
မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၂)
မွေးကင်းစ ကလေးငယ်အတွက် ကလေးရေကန် ဝယ်ပေးခြင်းဟာ ကလေးငယ်ရဲ့ နူးညံ့တဲ့ အရေပြားကို အလွယ်တကူ ထိခိုက်နိုင်တာကြောင့် မလိုအပ်ပဲ မဝယ်သင့်ပါဘူး။ ဒါ့ပြင် အချင်း ခြောက်တဲ့ ဖြစ်စဉ်ဟာ ရေချိုးကန်ထဲမှာ ရေချိုးခြင်းကြောင့် နှောင့်နှေးနိုင်ပါတယ်။ပထမ အပတ်မှာ မိခင်တွေဟာ သန့်ရှင်းပြီး ပူနွေးတဲ့ အဝတ်တစ်ခုကို အသုံးပြုပြီး ကလေးကို ကိုယ်ပတ်တိုက်ပေးသင့်ပါတယ်။ ဒုတိယပတ်မှာတော့ ကလေးငယ်တွေကိုရေမြှုပ်နဲ့ ရေပတ်တိုက်ခြင်းကို ဆက်လုပ်ပေးခြင်း (သို့) အချင်းကွာကျတဲ့အထိ ရေပတ်တိုက်ခြင်းကို ဆက်လုပ်ခြင်းမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ အချင်းနေရာက လုံးဝကျက်သွားရင်တော့ ကလေးငယ်တွေကို ကလေးရေကန်အတွင်း ရေချိုးပေးနိုင်ပါတယ်။မိခင်တွေဟာ ကလေးငယ်တွေအတွက် အထူးပြုလုပ်ထားတဲ့ ပျော့ပြီး အနံ့မပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုဖို့ သတိရသင့်ပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်ထက်ပိုပြီး ရေမချိုးသင့်ပဲ အသားနီခြင်း၊ ခြောက်ခြင်းတွေကို သတိထားမိရင် သေးခံခရင်မ်ကို လိမ်းသင့်ပါတယ်။သေးခံ အဆီတွေကိုလည်း ကလေးလည်ပင်း၊ မျက်နှာက အနီကွက်ထတဲ့ နေရာတွေကို လိမ်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို မလိမ်းခင် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။ကလေးငယ်ကို လူများတဲ့နေရာကို ပထမ နှစ်ပတ်အတွင်း ခေါ်သွားခြင်းဟာ သူတို့ရဲ့ ကိုယ်ခံအား မကောင်းသေးတာကြောင့် အန္တရာယ်ရှိပါတယ်။ ဒီအချိန်ပြီးမှသာ ကလေးငယ်ဟာ ကျန်းမာပြီး လူအရမ်းများတဲ့နေရာမဟုတ်ရင် အပြင်က လတ်ဆတ်တဲ့ လေ၊ နေရောင်တွေ ရစေဖို့ ခေါ်သွားသင့်ပါတယ်။ကလေးငယ်တွေကို သင့်လျော်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်စေသင့်ပါတယ်။ သူတို့ကို အလွန်အကျွံ အဝတ်ဆင်ခြင်းဟာ သက်တောင့်သက်သာ မရှိမှုကို ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ ဝတ်ဆင်ဖို့ မလိုအပ်ပဲ လိုအပ်တာထက်ပိုပြီး အသားတွေ ပေါ်နေတဲ့ အဝတ်အစားတွေကိုလည်း မဝတ်ဆင်သင့်ပါဘူး။တကယ်လို့ သင်ဟာ ဒရိုင်ဘာဆိုရင် ခရီးက ဘယ်လောက်ပဲ တိုပါစေ ကလေးငယ်ကို ချီမထားသင့်ပါဘူး။ ကလေး အသက်နှင့်လိုက်ပြီး သင့်တော်တဲ့ ကားထိုင်ခုံကို ဝယ်ထားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ကားထိုင်ခုံငှားမယ် ဆိုရင်တော့ ဒီခုံတွေဟာ ပြဲနေခြင်း၊ ရက်လွန်နေခြင်းတွေ မရှိအောင် သတိထားသင့်ပါတယ်။မွေးကင်းစကလေး အိပ်စက်မှု ကြာမြင့်ချိန်ဟာ ၁၆ နာရီကနေ ၁၈ နာရီအထိ ဖြစ်ပါတယ်။ သူတို့ နှစ်ခြိုက်စွာ အိပ်ပျော်ပြီး မကြာခဏ မနိုးစေဖို့ မိခင်တွေဟာ သူတို့ အိပ်ပျော်တဲ့အထိ ထွေးပွေ့ထားသင့်ပါတယ်။ သူတို့ကို အနှီးနဲ့ သေချာစွာ ထုပ်ပေးခြင်းဟာလည်း မိခင်ရဲ့ သားအိမ်အတွင်းမှာ နေရတဲ့ လုံခြုံတဲ့ ခံစားမှုကို ကလေးငယ်တွေကို ပြန်လည် ရရှိစေပါတယ်။တစ်နှစ်အောက်ကလေးငယ်ရုတ်တရက်သေဆုံးခြင်းကို ကာကွယ်နိုင်စေဖို့ မိခင်ဟာ ကလေးငယ်ကို သူတို့ရဲ့ ဝမ်းဗိုက်ပေါ်မှာ မထားသင့်ပါဘူး။ စောင်တွေ၊ ခေါင်းအုံး၊ အရုပ်တွေရှိတဲ့ နေရာတွေဟာ အသက်ရှူကျပ်မှု ဖြစ်စေနိုင်တာကြောင့် ဒီအရာတွေရှိတဲ့နေရာမှာ မသိပ်သင့်ပါဘူး။ ဒါ့ပြင် ကလေးငယ်တွေ အသက် ၆ လ အောက်ဆိုရင် မိခင်တွေဟာ ကလေးနဲ့ တစ်ခန်းတည်း အိပ်ဖို့ အကြံပြုထားပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%ae%e1%80%b8%e1%80%96%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1-2/
ရေနဲ့ထိတဲ့အခါ ဘာကြောင့် လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာလဲ။
ရေချိုးတာ ကြာတဲ့အခါ၊ ပန်းကန်ဆေးတာ ကြာတဲ့အခါ လက်ချောင်းတွေ ပဲကြီးရေခွံတွန့် တာကို ကြုံဖူးကြမှာပါ။ ခဏနေတော့လည်း သူ့အလိုလို ပြန်ပျောက်သွားတာပါပဲ။ ပဲကြီးရေခွံတွန့်တာက သာမန်အားဖြင့်တော့ ပြဿနာ မရှိပါဘူး။ တချို့သူတွေမှာ ‌ရေနဲ့လည်း မထိပါဘဲနဲ့ လက်ရေနူး ကြတာလည်း ရှိပါတယ်။ဟိုးအရင်တုန်းကတော့ ရေတွေ လက်ချောင်းထိပ်ကို ဝင်သွားလို့ တွန့်တယ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းသိပ္ပံပညာထွန်းကားလာတော့ ဒါက အာရုံကြောစနစ်ရဲ့ အချက်ပြမှုကြောင့် လက်ချောင်းထိပ်က သွေးကြောလေးတွေ ကျုံ့သွားတာ။ ဒါကြောင့် လက်ချောင်းထိပ်က အရေပြားတွေ တွန့်သွားတာလို့ သိလာကြပါပြီ။ဘာကြောင့် ဒီလိုမျိုး တွန့်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သေချာ မသိကြသေးပါဘူး။ တချို့လေ့လာချက်တွေမှာ ဒါက ရေထဲက ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ မြဲမြဲမြံမြံ ကိုင်တွယ်နိုင်အောင်လို့ ပြောကြပေမဲ့ တချို့ကလည်း ဒါနဲ့ မဆိုင်ဘူးလို့ ဆိုကြပါတယ်။ဘာပဲဖြစ်ဖြစ် ရေနဲ့ ထိလို့ လက်ချောင်းတွေ ပဲကြီးရေခွံတွန့်တာက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။တချို့လူတွေက ရေနဲ့လည်း မထိဘဲ လက်ချောင်းတွေ ပဲကြီးရေခွံတွန့်တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင်တော့ ဖြစ်နိုင်တာတွေက။ရိုးရိုးရေဓာတ် ခမ်းခြောက်တာ မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးလွန်းလို့ ရှော့ရခါနီးအခြေအနေတွေမှာ တွေ့ရပါတယ်။ သူတို့မှာဆိုရင် ခြေဖျားလက်ဖျားတွေ အေးစက်နေပြီး လက်ချောင်းထိပ်တွေပါ တွန့်နေတတ်ပါတယ်။ရေဓာတ်ဆုံးရှုံးတာကြောင့်ဆိုရင်တော့ ဒီလက္ခဏာအပြင် ဆီးနည်းသွားတာ၊ အာခြောက်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာတွေပါ ခံစားရမှာပါ။ဒါက အအေးဓာတ်ကို တုံ့ပြန်မှု များတဲ့ ရောဂါတစ်မျိုးပါ။ ခြေချောင်းလက်ချောင်းထိပ်က သွေးကြောတွေကို ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ဒီရောဂါမှာဆိုရင် အေးတာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ လက်ချောင်းခြေချောင်းတွေက ဖြူလာမယ်၊ ပြာလာမယ်၊ နီလာမယ်၊ နာလာမယ်၊ ထုံလာမယ် စတာတွေပါ ခံစားရမှာ ဖြစ်ပါတယ်။သိုင်းရွိုက်ဟော်မုန်းများလွန်း၊ နည်းလွန်းရင်လည်း လက်မှာ ပဲကြီးရေခွံတွန့်တတ်ပါတယ်။ သိုင်းရွိုက်ရောဂါကြောင့် ဆိုရင်တော့ ပဲကြီးရေခွံတွန့်တာအပြင် သိုင်းရွိုက်ဟော်မုန်း မမျှတတဲ့ တခြားလက္ခဏာတွေပါ ခံစားရမှာပါ။ဥပမာ မျက်နှာဖောတာ၊ အပူမခံနိုင်တာ၊ အအေးမခံနိုင်တာ၊ အလိုလိုနေရင်း ဝလာတာ၊ ပိန်သွားတာ၊ အမျိုးသမီးတွေဆို ရာသီမမှန်တာ၊ ချွေးတစိုစို ဖြစ်နေတာ စတာတွေပါ ခံစားရနိုင်ပါတယ်။ဗီတာမင် B12ချို့တဲ့တာက ဖြစ်ခဲပါတယ်။ နှစ်ရှည်လများ အသားကို လုံလောက်အောင်  မစားတဲ့သူတွေ၊ သက်သတ်လွတ်သမားတွေမှာဆိုရင်တော့ ချို့တဲ့တတ်ပါတယ်။ ဗီတာမင် B12က သွေးဆဲလ်တွေ၊ အာရုံကြောဆဲလ်တွေ ဖြစ်ပေါ်ဖို့ လိုအပ်တာကြောင့် B12ချို့တဲ့တဲ့အခါ လက်မှာ ပဲကြီးရေခွံတွန့်တာပါ။ဗီတာမင် B12ချို့တဲ့တဲ့အခါ ပဲကြီးရေခွံတွန့်တာအပြင် သွေးအားနည်းတာ၊ မူးတာ၊ မောတာတွေပါ ခံစားရမှာ ဖြစ်ပါတယ်။အလွယ်ပြောရရင်တော့ ဖောတာပါပဲ။ ဖောတဲ့အခါ အရည်တွေက အရေပြားတစ်ရှူးအောက်ကို ရောက်ပြီး တစ်ရှူးတွေကို ပျက်စီးစေတာကြောင့် လက်ချောင်းလေးတွေက ရာဘာလို ခပ်တင်းတင်းနဲ့ ပဲကြီးရေခွံတွန့်လာပါတယ်။Lupusလို့ခေါ်တဲ့အရေပြား လေးဖက်နာ၊ Scleroderma စတဲ့ရောဂါတွေမှာလည်း ခုခံအားစနစ်က ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တာကြောင့် လက်ချောင်းထိပ်လေးတွေ တွန့်နေတတ်ပါတယ်။လက်ချောင်းမှာ ပဲကြီးရေခွံတွန့်တာက ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး။ ရေနဲ့ ထိရင် တွန့်တယ်။ ချွေးထွက်များရင်၊ စိုထိုင်းဆများတဲ့နေရာမှာနေရင် အစိုဓာတ်ကြောင့် တွန့်တယ်။ ဒါတွေအကုန်လုံးက လက်ချောင်းလေးတွေ ပြန်နွေးလာတဲ့အခါ အလိုလိုပျောက်သွားတာကြောင့် ဆေးကုစရာမလိုပါဘူး။ဒါပေမဲ့ အပေါ်မှာ ပြောခဲ့တဲ့ ကျန်းမာရေးပြဿနာတွေကြောင့်ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။ အလွယ်ဆုံးကတော့ ဘာမှမလုပ်ဘဲနဲ့ လက်‌ချောင်းထိပ်မှာ ပဲကြီးရေခွံတွန့်လာရင်၊ တခြား ထူးခြားတဲ့ လက္ခဏာတွေပါ ရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/wrinkled-pruney-skin-when-touch-with-water/
လိင်အင်္ဂါကြွက်နို့
လိင်အင်္ဂါကြွက်နို့ ဟာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့ Human Papillomavirus (HPV) ရောဂါပိုးကြောင့် ဖြစ်ရတာပါ။HPV ဗိုင်းရပ်စ်ပိုးမှာ မျိုးစိတ်များစွာ ရှိပါတယ်။ ၎င်းမျိုးစိတ်တချို့က လက်နဲ့ ခြေထောက်တွေမှာ ကြွက်နို့တွေဖြစ်လာစေပြီး တခြား မျိုးစိတ်တွေကတော့ လိင်အင်္ဂါကြွက်နို့တွေ ဖြစ်စေပါတယ်။အမည်အတိုင်းပဲ လိင်အင်္ဂါကြွက်နို့တွေဟာ လိင်အင်္ဂါတဝိုက်မှာဖြစ်လာလေ့ရှိပါတယ်။ဥပမာ – အမျိုးသမီးတွေမှာဆိုရင် ယောနိဝ၊ သားအိမ် လမ်းကြောင်းနံရံ၊ သားအိမ်ခေါင်း၊ စအိုနဲ့ အမျိုးသားတွေမှာ လိင်တံ၊ကပ်ပယ်အိတ် တို့မှာ ဖြစ်တတ်ကြပါတယ်။ တစ်ခါတရံ ၎င်းတို့က ကူးစက်ခံရသူရဲ့ ပါးစပ် သို့မဟုတ် လည်ချောင်းအတွင်း ပေါက်လာတတ်ပါတယ်။လက္ခဏာတွေကတော့ ဖုလာ၊ ပြားလာပြီး ပန်းရောင် သို့မဟုတ် အသားရောင်ပြောင်းလာတဲ့ကြွက်နို့တွေဖြစ်ပါတယ်။ ၎င်းတို့က ဂေါ်ဖီပန်းလိုဖုထစ်တွေဖြစ်လာစေပြီး အနည်းငယ်ယားယံကာ နေမထိထိုင်မသာဖြစ်စေပါ တယ်။အများအားဖြင့်တော့ ၎င်းကြွက်နို့တွေဟာ သာမန်မျက်စိနဲ့မမြင်နိုင်လောက်အောင် သေးငယ်နေ တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေ သိသိသာသာ ပြူထွက်လာဖို့က လနဲ့ချီ၊ နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ လူတစ်ယောက် မှာ HPV ကိုဘယ်အချိန်က ကူးစက်ရရှိခဲ့သလဲဆိုတာနဲ့ ဘယ်သူ့ဆီက ကူးစက်ခဲ့သလဲဆိုတာကို အတိအကျ သိနိုင်ဖို့ခက်ခဲသွားစေပါတယ်။ကူးစက်မှုအများစုမှာ ဒီရောဂါပိုး သင့်ခန္ဓါကိုယ်ထဲ ရောက်လာတာနဲ့ HPV ပိုးကို ကိုယ်ခံအားစနစ်က သတ်ပစ်မှာဖြစ်တဲ့အတွက် သင့်ကျန်းမာရေးကို မထိခိုက်စေဘဲ HPV ပိုးကို အလိုအလျောက်ရှင်းပစ် နိုင်ပါတယ်။ဒါပေမယ့် ဒီပိုးကိုတိုက်ထုတ်နိုင်လောက် အောင် သင့်ရဲ့ ကိုယ်ခံအားစနစ်က အားမကောင်း တဲ့အခါ သင့်ရဲ့လိင်အင်္ဂါကြွက်နို့တွေကနေသားအိမ် ခေါင်းကင်ဆာ၊ ယောနိကင်ဆာ၊စအိုကင်ဆာ၊ လိင်တံကင်ဆာ၊ခံတွင်းကင်ဆာနဲ့လည်ချောင်းကင်ဆာ တို့လို ဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာ နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ကူးစက်ခံရတယ်ဆိုရင် လိင်အင်္ဂါကြွက်နို့တွေကြောင့် သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်အပြောင်းအလဲ တွေ ဖြစ်လာစေပြီး ဆန့်ထုတ်နိုင်စွမ်းလျော့ကျ စေပါတယ်။လိင်အင်္ဂါကြွက်နို့တွေကို သားအိမ်ခေါင်းကင်ဆာ စမ်းသပ်ခြင်း(Pap test )၊ HPV စစ်ဆေးခြင်းတို့နဲ့ ရောဂါရှာဖွေ စစ်ဆေးနိုင်ပါတယ်။ Pap test မှာ သားအိမ်ခေါင်းမှ တစ်ရှူးနမူနာတွေကိုယူပြီး မူမမှန်တာ ရှိမရှိစစ်ဆေးတာဖြစ်ပါတယ်။၎င်းနည်းက လိင်အင်္ဂါကြွက်နို့ရှိမရှိနဲ့ သားအိမ်ခေါင်းကင်ဆာကို အစောပိုင်းအဆင့်မှာသိရှိနိုင်စေပါတယ်။ Pap test အတွင်း ထုတ်ယူထားတဲ့တစ်ရှူးနမူနာတွေကိုHPV testမှတဆင့် ကင်ဆာဖြစ်စေနိုင်တဲ့တခြား HPV ပိုးမျိုးစိတ်တွေကို စစ်ဆေးဖို့ အသုံးပြုနိုင်ပါတယ်။ဒီဗိုင်းရပ်စ်အတွက် ကုသဆေးမရှိပေမယ့် သူ့ကြောင့် ဖြစ်လာရတဲ့ ကျန်းမာရေးပြဿနာတွေကိုတော့ လိင်အင်္ဂါကြွက်နို့တွေကို လောင်ကျွမ်းသွားစေမယ့် လိမ်းဆေးခရင်မ်တွေလို ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။တကယ်လို့ လိင်အင်္ဂါကြွက်နို့တွေက ကြီးလွန်းနေတာ ဒါမှမဟုတ် ဆေးဝါးကုထုံးမှာ တုံ့ပြန်မှုမရှိတာဆိုရင် ၎င်းတို့ကို ခွဲစိတ်ဖယ်ရှားဖို့ လိုလာနိုင်ပါတယ်။ခွဲစိတ် ကုသမှုတွေထဲမှာ နိုင်ထရိုဂျင်အရည်ကိုသုံးပြီးကြွက်နို့ တွေကိုအအေးဓါတ်ပေးတာ၊ လျှပ်စစ်စီးကြောင်း သို့မဟုတ် လေဆာကိုသုံးပြီး ကြွက်နို့ကို လောင်ကျွမ်း စေတာ၊ အထူးကိရိယာတွေသုံးပြီး ကြွက်နို့ကိုဖြတ် ထုတ်တာတွေ ပါဝင်ပါတယ်။လိင်အင်္ဂါကြွက်နို့တွေဟာ အရမ်းကိုကူးစက်လွယ်ပါ တယ်။ ကွန်ဒုံးတွေကတောင် HPV ကို ရာနှုန်းပြည့် ကာကွယ်မပေးနိုင်ပါဘူး။ ကံကောင်းတာ တစ်ခုက လိင်အင်္ဂါကြွက်နို့နဲ့ ကင်ဆာကိုအများဆုံးဖြစ်စေနိုင်တဲ့ HPV မျိုးစိတ်တွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ ကာကွယ်ဆေးရှိနေပြီဖြစ်ပါတယ်။HPV ကာကွယ်ဆေးက လိင်ကိစ္စမဖြစ်သေးတဲ့ ကလေးတွေမှာပဲ ထိရောက်မှုအကောင်းဆုံး ဖြစ်ပါတယ်။ဒါပေမယ့် ကာကွယ်ဆေးထိုးခြင်းဟာ ရောဂါပိုးမျိုးစိတ်အားလုံးအတွက် အပြည့်အဝ ကုသမှုလည်း မဟုတ်၊ အပြည့်အဝကာကွယ်မှုလည်း မဟုတ်တာကြောင့် လိင်ဆက်ဆံတဲ့သူအရေအတွက် ကို ကန့်သတ်သင့်သလို နောက်ကြောင်းရာဇဝင်ကိုယ် ကောင်းကောင်းသိတဲ့ လူတွေနဲ့ပဲ ပတ်သက်ကြဖို့ အကြံပြုကြပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/genital-warts-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%a1%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%ab%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7/
ကိုဗစ်ရောဂါအချိန်အတွင်း သားသားမီးမီးလေးတို့ကိုဘယ်လိုစောင့်ရှောက်သင့်သလဲ
ကလေးတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရတာလွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ပုံမှန်အချိန်မှာတောင် ပြုစုစောင့်ရှောက်ရတာ ခက်ခဲအတွက် ဒီလိုကိုဗစ်ရောဂါအချိန်ကျောင်းတွေပိတ်ပြီး အိမ်မှာပဲနေရတဲ့အခါစောင့်ရှောက်ရတာပိုတောင်ခက်ခဲပါသေးတယ်။ စိုးရိမ်ပူပန်မှုတွေကို လျော့ချပြီး လုပ်သင့်လုပ်ထိုက်တာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်တော့ သားသားမီးမီးတို့နဲ့အတူ အဆင်ပြေပြေ ကျော်ဖြတ်နိုင်မှာပါ။လေယာဉ်ပေါ်မှာ အရေးပေါ်အခြေအနေရောက်ရင် မိမိကိုယ်ကိုယ်အောက်စီဂျင်အရင်တပ်ပြီးမှ သူများကိုတပ်ပေးဖို့အတွက် သတိပေးလေ့ရှိပါတယ်။ ဒီလိုပါပဲ သူများကိုဂရုစိုက်ပေးဖို့အတွက် အရင်ဆုံးကိုယ့်ကိုယ်ကိုဂရုစိုက်ရပါမယ်။ ကလေးငယ်တွေကို ဂရုစိုက်နိုင်ဖို့အတွက် ကိုယ်ကကျန်းမာနေမှဖြစ်မှာပါ။ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့်အပြင်သွားရတိုင်း ဂရူစိုက်ပြီး ပြန်လာရင်လည်း ကလေးငယ်တွေကို မပွေ့ချီပဲ လက်အရင်ဆေးကြောရပါမယ်။ ကလေးတွေက ကိုယ့်ဆီပြေးလာရင်တောင်ငြင်းပယ်ပြီး အရင်ဆုံးသန့်စင်အောင်လုပ်ရပါမယ်။ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း အကောင်ဆုံးဖြစ်နေမှ ကလေးတွေကို ပိုပြီးကောင်းမွန်အောင်ထိန်းကြောင်းနိုင်မှာဖြစ်လို့ မှန်ကန်တဲ့သတင်းအချက်အလက်တွေနဲ့ ကျန်းမာရေးဗဟုသုတတွေရှိနေအောင်လုပ်ထားရပါမယ်။ကလေးတွေကိုကောင်းကောင်း ဂရုစိုက်ပေးချင်တယ်ဆိုရင် အရင်ဆုံးမိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းနဲ့စပေးရပါမယ်။စိုးရိမ်ပူပန်တာ၊ စိတ်အလိုမကျဖြစ်တာမျိုးက ဒီလိုအချိန်တွေမှာ လူတိုင်းနီးပါးဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်ခံစားချက်နောက်ကို အလွန်အကြူးလိုက်ပါမယ်ဆိုရင်တော့ အိမ်အတွက်ပုံမှန်လုပ်နေကြအလုပ်တွေ လစ်လပ်သွားတဲ့အခါ ကိုယ်သာမက ကလေးငယ်တွေအတွက်ပါ ဆိုးကျိုးရှိစေနိုင်တဲ့အတွက် အထူးဂရုပြုရပါမယ်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေကိုသေချာလေ့လာပါ၊ နားထောင်ပါ။ ကောလဟာလတွေကို နားယောင်မိခြင်းက အစိုးရိမ်လွန်ကဲစေနိုင်ပါတယ်။သင့်ကျန်းမာရေးကိုသာမက ကလေးရဲ့ကျန်းမာရေးကိုပါ ဂရုစိုက်ပါ။ သံသယဖြစ်ဖွယ် လက္ခဏာတွေ့ရှိရင် သက်ဆိုင်ရာကျန်းမာရေးဌာနကိုအကြောင်းကြားသင့်သလို သာမာန်ရောဂါတွေအတွက်လည်း ဆေးရုံ၊ ဆေးခန်းအထိသွားစရာမလိုတဲ့ တယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးကုသမှုတွေကို ခံယူလို့ရနေပြီဖြစ်ပါတယ်။ကလေးတော်တော်များများက သူတို့ရဲ့ခံစားချက်တွေကို တိတိကျကျမဖော်ပြတတ်ကြပါဘူး။ သုံးနှစ်အောက် ကလေးတွေဆိုရင် စကားတောင်ပြည့်စုံအောင် မပြောတတ်တဲ့အတွက် သူတို့ရဲ့အမူအကျင့်ပြောင်းလဲမှုတွေကို သတိထားဖို့လိုပါတယ်။ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက်ဆော့ကစားခြင်းကလည်း အရေးပါပါတယ်။ အပြင်သွားဖို့မဖြစ်နိုင်တော့တဲ့အခါ သူ့ကိုအိမ်ထဲမှာပဲ ပျော်ရွှင်စွာကစားနိုင်အောင် နည်းလမ်းတွေဖန်တီးပေးထားသင့်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်ကိုယ်တိုင်အပြင်ထွက်ရတာဖြစ်ဖြစ်၊ ကလေးကိုအပြင်ထွက်ပေးရတာမျိုးဖြစ်ခဲ့ရင် ပြန်လာတာနဲ့ လက်ကိုသေချာဆေးကြောပေးပါ။လူအများနဲ့ကလေးကိုဖြစ်နိုင်သလောက်မထိစေပါနဲ့။ကပ်ရောဂါအချိန်မှာ တွေကိုပြုစုစောင့်ရှောက်ရတာ ပုံမှန်ထက်ပိုခက်ခဲပေမယ့် စည်းကမ်းတစ်ကျပြုလုပ်သွားမယ်ဆိုရင် လွယ်လွယ်ကူကူ အောင်အောင်မြင်မြင်နဲ့ပဲကျော်လွှားသွားနိုင်ကြမှာပါ။ ။ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/young-children-at-home-during-the-covid-19-outbreak-the-importance-of-self-care/
အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ
အင်ဆူလင်ကို တစ်ခါသုံးဆေးထိုးအပ်နဲ့ထိုးပြီး အင်ဆူလင်အလုပ်လုပ်ပုံအတိုင်း သင့်နေထိုင်မှုပုံစံကို လိုက်ဖက်ညီအောင်လိုက်နေခြင်းထက် အင်ဆူလင်စက်ကိုအသုံးပြုပြီး သင့်နေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီအောင် အင်ဆူလင်ကိုပြုလုပ်စေခြင်းက ပိုကောင်းပါတယ်။အင်ဆူလင်စက်ဆိုတာ ဖုန်းအရွယ်လောက်ပဲရှိတဲ့ လျှပ်စစ်ကိရိယာတစ်မျိုးဖြစ်ပါတယ်။ ဒီအင်ဆူလင်စက်ကို ခါးပတ်မှာပဲဖြစ်ဖြစ်အိတ်ထဲမှာပဲဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်သွားလို့ရပါတယ်။ အင်ဆူလင်စက်က သင့်ဗိုက်အရေပြားအောက်ထဲကို ပျော့ပြောင်းတဲ့ပြွန်လေးထည့်ထားပြီး အဲဒီပြွန်ကနေမှတစ်ဆင့် အင်ဆူလင်တွေကို လိုအပ်သလောက် ဆက်တိုက်ထုတ်ပေးပါတယ်။အင်ဆူလင်စက်က ပုံမှန်မုန့်ချိုအိတ်လိုပဲ အင်ဆူလင်တွေကို တဖြည်းဖြည်းထုတ်ပေးပါတယ်။ အင်ဆူလင်စက်နဲ့ဆိုရင်သင်အင်ဆူလင်သွင်းတဲ့အခါတိုင်း ပမာဏကို တိုင်းတာဖို့မလိုပါဘူး။အင်ဆူလင်စက်က အင်ဆူလင်ကို အောက်ပါနည်း များနဲ့သွင်းပေးပါတယ်။အခြေခံအင်ဆူလင်ပမာဏ ကသင်ကိုယ်ထဲကို၂၄နာရီလုံးသွင်းပေးနေပြီးအစားစားချိန်နဲ့ညအိပ်ချိန်ကြားကသင့်သွေးတွင်းသကြားပမာဏကို ပုံမှန်ရှိအောင် ထိန်းထားပေးပါတယ်။ မကြာခဏဆိုသလိုပဲသင့်ကိုယ်ထဲကိုသွင်းတဲ့အင်ဆူလင်ပမာဏက နေ့နဲ့ညမတူညီတဲ့အချိန်တွေမှာကွဲပြားပါတယ်။သင်အစာစားတဲ့အခါစက်ကတစ်ဆင့် ထပ်လောင်းပမာဏလို့ခေါ်တဲ့ အင်ဆူလင်ကို ပမာဏပိုများများသွင်းနိုင်ပါတယ်။ သင်စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ် အနည်းအများကိုလိုက်ပြီး ထပ်လောင်းအင်ဆူလင်ပမာဏ ဘယ်လောက်လိုလဲဆိုတာကို တွက်ချက်နိုင်ပါတယ်။သွေးတွင်းသကြားဓါတ် တက်တဲ့အခါမှာလည်းထပ်လောင်းအင်ဆူလင်နဲ့ကုသနိုင်ပါတယ်။ သင်အစာမစားခင်တည်းက ဆီးချို သွေးချို တက်နေတယ်ဆိုရင် ပြုပြင်တဲ့အထောက်အကူပြု အင်ဆူလင်ပမာဏကို သွေးတွင်းသကြားဓါတ် ပုံမှန်ပြန်ရောက်ဖို့အသုံးပြုနိုင်ပါတယ်။သင့်အနေနဲ့အခြားမေးခွန်းများရှိလျှင် ဆရာဝန်နဲ့ ဆွေးနွေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%a1%e1%80%84%e1%80%b9%e1%80%86%e1%80%b0%e1%80%9c%e1%80%84%e1%80%b9%e1%80%85%e1%80%80%e1%80%b9-%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%bb%e1%80%95%e1%80%b3%e1%80%95%e1%80%b6%e1%80%af/
အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး
ဟတ်ချိုး…ရာသီဥတုက ကိုယ့်ဘက်မှာပါနော်။ မိုးလေး အေးလာတာနဲ့ လူက နှာတချေချေ ဖြစ်ရတဲ့အထဲ ကားထဲရောက်လည်း အဲကွန်း၊ ရုံးရောက်လည်း အဲကွန်းနဲ့ တွေ့တဲ့အခါ အအေးမိ ဖျားပြီလေ။လူကလည်း နေမကောင်းဖြစ်၊ အလုပ်လည်း ပျက်လို့ မဖြစ်တဲ့ အနေအထားမှာ ဘယ်လို အနားယူရပါ့မလဲ။ စဉ်းစားရခက်နေပြီလား။နေမြန်မြန်ကောင်းဖို့ အသည်းအသန် ထိုင်ဆုတောင်းနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူးနော်။ ကိုယ်ခံအား ပြန်ကောင်းပြီး အအေးမိ ဝေဒနာကို ခုခံနိုင်ဖို့က အစာအာဟာရ ပြည့်ဝဖို့ အရေးကြီးပါတယ်။အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ တွေက။(၁) ကြက်စွပ်ပြုတ်။ကြက်စွပ်ပြုတ်ကို အအေးမိဝေဒနာ အတွက်ဆေးတစ်လက် အဖြစ် ဟိုးအရင်တည်းက လက်ခံထားကြပါတယ်။ ကြက်သားမှာ ပါတဲ့ amino acid cysteine ကြောင့် ဒီလို အစွမ်းသတ္တိရှိတာလည်း ဖြစ်ပါတယ်။ N-acetyl-cysteine ဟာ ချွဲသလိပ်ကို ကြေစေပြီး ရောဂါပိုးတွေကို သေစေနိုင်စွမ်း၊ ရောင်ရမ်းမှုကို လျော့ကျစေနိုင်စွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ရှိပါတယ်။ကြက်စွပ်ပြုတ်က အရည်ဓာတ် ရတဲ့အပြင်၊ နေမကောင်းချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေကို ပမာဏများများရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ စွပ်ပြုတ်ရည် ပူပူလေးကြောင့် ချွဲသလိပ်တွေ ရှင်းစေနိုင်ပြီး နှာစေးချောင်းဆိုးကို သက်သာစေနိုင်ပါတယ်။အာဟာရပိုပြည့်ဝစေဖို့ အရိုးပြုတ်ရည်ပဲ မဟုတ်ဘဲ အသားကိုပါ စားပေးဖို့ လိုပါတယ်။(၂) ရေနွေးပူပူ။လက်ဖက်ရည်ကြမ်း ဟာ အအေးမိတုပ်ကွေး နဲ့ပတ်သက်တဲ့ လက္ခဏာ တော်တော်များများကို သက်သာစေတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်လိုပဲ ရေနွေးကြမ်းက နှာပိတ်ခြင်းနဲ့ချွဲသလိပ်‌တွေကို ရှင်းလင်းစေတဲ့ သဘာဝဆေးတစ်လက်ပါ။သတိထားရမှာက ထိုက်သင့်သလောက် ပူတဲ့ အနေအထားကိုပဲ သောက်သင့်ပါတယ်။လည်ချောင်းကို ထိခိုက်စေနိုင်လို့ အရမ်းပူတာ မသောက်ပါနဲ့။(၃)ပျားရည်။ပျားရည်မှာ ဘက်တီးရီးယားကို သေစေတဲ့ အစွမ်းသတ္တိတွေ ပါရှိပြီး ကိုယ်ခံအားစနစ်ကို အထောက်အပံ့ ပေးပါတယ်။ ပျားရည်ကျွေးပေးရင် ချောင်းဆိုး သက်သာစေနိုင်ပါတယ်။နွားနို့နွေးနွေး တစ်ခွက်ထဲ ပျားရည် ဇွန်းတစ်ဝက် ထည့်ပြီး သောက်ပါ။ ရေဓာတ် ဖြည့်တင်းပေးပြီး ရောဂါပိုးကို သေစေတဲ့ အာနိသင် ရှိပါတယ်။(၄)ငှက်ပျောသီး။ငှက်ပျောသီးက ပိုတက်စီယမ် ကြွယ်ဝပြီး ချွေးစေးထွက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း တွေကို သက်သာစေပါတယ်။ အစာကြေလွယ်စေပြီး ကိုယ်ပူကျစေတယ်၊ ဆုံးရှုံးထားတဲ့ ဓာတ်ဆားဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။(၅)ဗီတာမင် Cကြွယ်ဝတဲ့ အစားအစာ။ဗီတာမင် C က ရောဂါပိုးတွေ ခုခံတိုက်ဖျက်တဲ့ နေရာမှာ လူသိများတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ဗီတာမင် C ကိုဆေးအဖြစ် သောက်ရင် လွန်ကဲမှု ဖြစ်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို စားတာ ပိုကောင်းပါတယ်။ ပန်းငရုတ်ပွ၊ အရည်ရွှမ်းတဲ့ အချဉ်သစ်သီးတွေ၊ အချဉ်သီးဖျော်ရည်တွေ၊ ကီဝီသီး၊ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်းတို့မှာ ဗီတာမင် C ကြွယ်ဝပါတယ်။(၆)အစပ်လေးတွေ။တုပ်ကွေးဖြစ်နေရင် အပူအစပ်လေး နဲ့မှ ပွင့်သွားတယ်တို့ ဘာတို့။ နှာခေါင်းပိတ်၊ ခေါင်းကိုက်၊ ချွေးမထွက်ဘဲ ကွေးနေရတယ် ဆိုရင် ပူပူစပ်စပ်လေး (အရည်သောက်ဆို ပိုကောင်းပါတယ် ။ ဥပမာ ရခိုင်မုန့်တီ) တစ်ခုခု စားလိုက်ရင် ချွေးထွက်လာပြီး နေရသက်သာသွားနိုင်ပါတယ်။ အစပ်မစားနိုင်ရင် ကြက်ပြုတ်ရည်ကို ငရုတ်ကောင်းလေး နည်းနည်း ခတ်သောက်တာမျိုးလည်း ရပါတယ်။ အစာအိမ်ပြဿနာနဲ့ ရင်ပူခြင်း အတွက်တော့ သတိထားစားပါ။[embed-health-tool-bmr]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/best-foods-when-ill/
စိတ်ပျော်ရွှင်စေဖို့ ဒိုပါမင်ဟော်မုန်းကို မြှင့်တင်ကြစို့
လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာစိတ်ပျော်ရွှင်မှုဟာ အလွန်အရေးပါပါတယ်။ စိတ်ပျော်ရွှင်တဲ့အခါမှာ ဘဝကြီးက နေရတာ ပျော်လာတယ်။ အရာရာကို အကောင်းမြင်လာမယ်။ အလုပ်ခွင်မှာရော လူမှုပတ်ဝန်းကျင်မှာပါ ပိုပြီး အောင်မြင်လာမယ်။ ကျန်းမာရေးဘက်က ကြည့်ရင်လည်းစိတ်ချမ်းသာကိုယ်ကျန်းမာ ဆိုသလို ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း အရင်ကထက် ပိုပြီး ကောင်းလာနိုင်ပါတယ်။ဒိုပါမင် – dopamine ဆိုတာ ဦးနှောက်ကနေ လွှတ်ထုတ်လိုက်တဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းဟာ ကျွန်တော်တို့ နေ့စဉ် သွားလာလှုပ်ရှားတဲ့ နေရာမှာ၊မှတ်ဉာဏ်၊ သတိပြုမိခြင်းနဲ့ ခန္ဓါကိုယ်တွင်း အင်္ဂါတွေ ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်စေဖို့ ကူညီပေးပါတယ်။ဦးနှောက်က ဒိုပါမင်ဓါတ်တွေ ပုံမှန်ထုတ်လုပ်ပေးနေပြီး အာရုံကြောစနစ်ထဲမှာ ပုံမှန် လည်ပတ်နေပါတယ်။ ဒိုပါမင်ဟော်မုန်းတွေ အများအပြား ထုတ်လွှတ်လိုက်တဲ့အခါ စိတ်က အရင်ကထက် ပိုပြီး ပျော်ရွှင်လာတယ်။ ပြီးပြည့်စုံမှုကို ခံစားလာရတယ်။ ဒီဟော်မုန်းဓါတ်တွေ နည်းသွားတဲ့အခါ နေ့စဉ်ဘဝမှာ လုပ်ဆောင်ရည်တွေ ကျဆင်းလာမယ်။ မကြာခဏ သတိမေ့တတ်လာတယ်။ မောပန်းလွယ်တယ်။ အာရုံစူးစိုက်နိုင်စွမ်း နည်းလာမယ်။ ပျော်ရွှင်မှု၊ စိတ်အားတက်ကြွမှုတွေ နည်းလာမယ်။ တဖြည်းဖြည်းနဲ့ စိတ်ရောဂါ၊ ခန္ဓါဗေဒဆိုင်ရာ ရောဂါတွေ ဝင်လာနိုင်ပါတယ်။ဒါဆိုရင် ဒိုပါမင်ဟော်မုန်းဟာ စိတ်ရဲ့ ပျော်ရွှင်မှုနဲ့ အများကြီးဆက်စပ်မှု ရှိနေတယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်။ အဲ့ဒါဆို ဒိုပါမင်ဟော်မုန်းကို ခန္ဓါကိုယ်က အရင်ကထက်ပိုပြီး ထုတ်လုပ်နိုင်အောင် ကျွန်တော်တို့ ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။အသားဓါတ် (ပရိုတင်းဓါတ်) ဟာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဓါတ်ပေါင်းဖြစ်ပါတယ်။ အသားဓါတ်ထဲမှာ ပါဝင်တဲ့ တိုင်ရိုစင် – tyrosine အမိုင်နိုဆက်ဆစ် ဟာ ဒိုပါမင်ထုတ်လုပ်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အင်ဇိုင်းတွေဟာ တိုင်ရိုစင်ကို ဒိုပါမင်ဟော်မုန်းအဖြစ် ပြောင်းလဲပေးပါတယ်။အမဲသား၊ ကြက်ဆင်သား၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ ပဲငံပြာရည်၊ ပဲတောင့်ရှည်တွေမှာ ပရိုတင်းဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒီအစားအစာတွေဟာ တွေးခေါ်နိုင်စွမ်းနဲ့ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေတယ်။ စိတ်ထဲမှာလည်း ပျော်ရွှင်မှုကို ဖြစ်စေနိုင်ပါတယ်။လေ့ကျင့်ခန်းဟာ စိတ်နဲ့ ခန္ဓါ ကျန်းမာစေဖို့ အဓိကသော့ချက်တစ်ခုပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခန္ဓါကို ကျန်းမာစေတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ဒါ့အပြင် စိတ်ကို ပေါ့ပါးစေပြီး တက်ကြွလန်းဆန်းစေတယ်။ ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။တစ်နေ့ကို ၁၀မိနစ်ကနေ မိနစ် ၂၀ထိ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ဦးနှောက်ထဲက ဒိုပါမင်ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ gym မှာ အပြင်းအထန် လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ယောဂကျင့်စဉ် ကျင့်တာဖြစ်စေ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး စိတ်ကျရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။လူတစ်ယောက် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်နိုင်ဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်စေဖို့ အိပ်ချိန်မှန်ဖို့ အလွန်အရေးကြီးပါတယ်။ လူတစ်ယောက်မှာ ပုံမှန်အားဖြင့် ၇နာရီကနေ ၈နာရီအထိ အိပ်ချိန်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။အိပ်ချိန်ပြည့်ဝနေတဲ့ သူတစ်ယောက်ဟာ မနက်ခင်း နိုးလာတဲ့အခါမှာ ဦးနှောက်က ဒိုပါမင်ဟော်မုန်းတွေ အများအပြား ထုတ်လွှတ်ပေးတဲ့အတွက် စိတ်ပျော်ရွှင်ပြီး လန်းဆန်းတက်ကြွနေမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ညဘက်မှာ နောက်ကျမှာ အိပ်သူတွေနဲ့ အိပ်မပျော်နိုင်တဲ့ ရောဂါရှိသူတွေမှာ ဒိုပါမင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်း နည်းနိုင်ပါတယ်။ဂီတ သီချင်းသံစဉ်တွေ နားဆင်ခြင်းဟာ ဦးနှောက်ရဲ့ ဒိုပါမင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ မကြာခဏ သီချင်းနားထောင်ပေးတဲ့သူတွေမှာ စိတ်ပျော်ရွှင်မှုကို ပိုရစေနိုင်ပါတယ်။ ဒါ့အပြင်စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေ မဖြစ်လာအောင် ကာကွယ်ပေးတဲ့ နေရာမှာလည်း ဂီတသီချင်းသံစဉ်တွေဟာ အရေးပါတဲ့ နေရာကနေ ပါဝင်နေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ယုံကြည်ကိုးကွယ်ရာ ဘာသာတရားနဲ့ မသက်ဆိုင်ပဲ တရားထိုင်ခြင်းဟာ စိတ်ကို ပေါ့ပါးစေတယ်။ ကြည်လင်စေတယ်။ ကိုယ့်ရဲ့ တစ်နေ့တာမှာ ပိုပြီး အာရုံစူးစိုက်လာနိုင်စေတယ်။ မကောင်းမြင်တဲ့ အတွေးတွေကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။မတ်တပ်ရပ်နေစဉ်၊ ထိုင်နေစဉ်၊ လမ်းလျှောက်နေစဉ် တစ်နာရီခန့် ဝင်လေထွက်လေ မှတ်ပြီး တရားထိုင်ခြင်းဖြင့် ဒိုပါမင်ဟော်မုန်းတွေကို အများအပြား ထုတ်လွှတ်ပေးနိုင်ပြီး စိတ်ကို ပျော်ရွှင်လန်းဆန်းစေနိုင်ပါတယ်။မနက်ခင်းမှာလမ်းလျှောက်တာ၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာ၊ လေကောင်းလေသန့် ရှူရှိုက်တာ အစရှိသဖြင့် ပြုလုပ်ပေးခြင်းဖြင့် စိတ်ကို အေးမြလန်းဆန်းစေနိုင်ပါတယ်။စိတ်ဓါတ်ကျေနချိန်၊ စိတ်ပင်ပန်းမှုတွေ ရှိနေချိန်ဆိုရင် အပြင်ထွက်ပြီး နေရောင်ခြည်နဲ့ ထိတွေ့လိုက်ပါ။ မနက်ခင်း ၁၀နာရီနဲ့ နေ့လည် ၂နာရီကြား အချိန်တွေမှာတော့ ခရမ်းလွန်ရောင်ခြည်ဒဏ်ဟာ ပိုပြီး ပြင်းထန်နိုင်တဲ့အတွက် နေလောင်ကာခရင်မ် လိမ်းသွားဖို့တော့ မမေ့သင့်ပါဘူးနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/boosting-dopamine-level/
တုပ်ကွေး ကို ဘယ်လို ကာကွယ်ကြမယ်
မိုးကလေး တဖြိုက်နှစ်ဖြိုက်ကျလာပြီဆိုတော့နှာစေး၊ ချောင်းဆိုးလေးကတော့ ဝင်လာတတ်ပါပြီ။ တော်ရုံကိုယ်ခံအားမကောင်းတဲ့လူတွေဆို တုပ်ကွေးမိဖို့ အတော်နီးစပ်တဲ့ကာလလို့ ဆိုရမှာပါ။မြန်မာပြည်လို မုတ်သုံတိုင်းပြည်တစ်ခုအတွက်တော့ မိုးလေးကျလာပြီဆိုရင်ရာသီတုပ်ကွေးအန္တရာယ်ကို တွေးပူရတတ်ပါတယ်။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အဆိုအရလည်း ရာသီတုပ်ကွေး ကူးစက်ခံထားရသူ တချို့စမ်းသပ်တွေ့ရှိထားတယ်လို့ ဆိုထားပါတယ်။ ခုမှမိုးရာသီရဲ့ အစောပိုင်းကာလမို့ တုပ်ကွေးကူးစက်ခံရသူတွေ ဒီထက်ပိုတိုးပွားလာနိုင်ပါသေးတယ်။ဒီတော့ ကိုယ့်မှာ ရာသီတုပ်ကွေးကူးစက်မခံရဖို့ အရေးကြီးလာပါပြီ။ တုပ်ကွေးနဲ့ အဝေးမှာနေနိုင်ဖို့၊ တုပ်ကွေးကူးစက်မခံရဖို့ နည်းလမ်းတွေတော့ သိထားရမှာပေါ့။တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးနှံတာပါပဲ။ကာကွယ်ဆေးကို တတ်နိုင်မျှ စောစောထိုးနှံထားတာက အကောင်းဆုံးနည်းလမ်းပါပဲ။ကာကွယ်ဆေးတွေကခန္ဓာကိုယ်အတွင်းကို အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုးတွေ ဝင်မလာအောင် တိုက်ထုတ်ဖို့ စီမံထားပါတယ်။ တချို့ဆေးတွေဟာ တုပ်ကွေးပိုး ၃ မျိုးလောက်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။တစ်ခုရှိတာက ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ထိုးနှံမယ့် ဆေးအမျိုးအစားတွေကိုလည်း သိနားလည်ထားသင့်တာပါပဲ။Fluzone ကတော့ အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေအတွက်ပါ။ သူတို့ရဲ့ ကျဆင်းလာနေတဲ့ ကိုယ်ခံအားစနစ်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ဖန်တီးထားပါတယ်။ဆေးထိုးပြီးတဲ့အခါ လက်မောင်းမှာ အနည်းငယ်နာကျင်နေတာမျိုး ခံစားနေရနိုင်ပါတယ်။ ဒီအတွက်နဲ့တော့ ဆေးမထိုးပဲ မနေပါနဲ့။ ဆေးထိုးထားတာက အကောင်းဆုံး နည်းလမ်းဖြစ်တာကြောင့်ပါ။ဆေးထိုးတဲ့ နည်းလမ်းအပြင် တခြားနည်းလမ်းတွေနဲ့လည်း တုပ်ကွေးဝေဒနာကို ကာကွယ်တားဆီးနိုင်ပါသေးတယ်။ အဲ့ဒီနည်းလမ်းတွေကတော့။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/how-to-prevent-flu/
တုပ်ကွေးဖြစ် နေချိန်မှာ ရုံးတက်ရတဲ့အခါ
တဖြည်းဖြည်းနဲ့မိုးရာသီကို ရောက်လာပြီမို့လို့ မိုးရာသီရောဂါတွေကို ဂရုစိုက်ရတော့မှာပါ။ အဓိကကတော့ရာသီတုပ်ကွေးပေါ့။ ခုချိန်မှာ ရုံးတွေကလည်း ပြန်တက်နေရပြီ။ မိုးတွင်းမှာ မတော်တဆများ တုပ်ကွေးဖြစ် ခဲ့ရင် ဘယ်လိုလုပ်လုပ်မလဲ။ အလုပ်ဆက်လုပ်ရမလား၊ နားရမလား။ အလုပ်ဆက်လုပ်ရမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်တွေ ဘာရှိမလဲ ဆိုတာ ပြောပြပေးပါ့မယ်။ရုံးတက်မှာလား၊ မတက်ဘူးလား ဆိုတာ အရင်စဉ်းစားရမှာပါ။ အလုပ်တွေကပုံနေတယ်၊ ခွင့်ကိစ္စကလည်း မလွယ်ဘူး၊ ကိုယ်ပြန်လာရင် လုပ်ရမယ့် အလုပ်တွေကလည်း ပုံနေမှာမို့လို့ ဆေးသောက်ပြီး တက်ချင်တယ်ဆိုတဲ့ သူတွေလည်း ရှိမှာပါ။ဒါပေမယ့် အကြံပေးချင်တာကတော့ တုပ်ကွေးဖြစ် ရင် အကောင်းဆုံးကအိမ်မှာ နားတာပါပဲ။ အိမ်မှာနားတော့ ကောင်းကျိုး ၂ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မြန် သက်သာတာပါ။ အိမ်မှာ သေသေချာချာ နားလိုက်တော့မြန်မြန်နာလန်ထူပါတယ်။ နောက်တစ်ခုက ရုံးက တခြားသူတွေကို မကူးတော့ပါဘူး။CDCရဲ့ အကြံပြုချက်အရဆိုရ င် အဖျားကျဆေးတွေ မသောက်ဘဲအဖျားကျပြီး ၂၄နာရီပြည့်မှ ရုံးပြန်တက်ခိုင်းပါတယ်။ နောက်ပြီး တုပ်ကွေးတိုင်းက မဖျားပါဘူး။ တခြားသူတွေမှာ နှာစေးချောင်းဆိုး ကိုယ်လက်ကိုက်တာလောက်ပဲ ရှိပါတယ်။ဒါပေမယ့်လည်း အနည်းဆုံး အိမ်မှာ ၄၊ ၅ရက်တော့ နားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တုပ်ကွေးက စဖြစ်ဖြစ်ချင်း ၃ရက်မှာ အကူးစက်နိုင်ဆုံး မို့လို့ပါ။ အိမ်မှာ ဖျားနေတာကို ရုံးလာဖို့ မပြောနဲ့။ ရုံးရောက်မှ ဖျားတယ် ဒါမှမဟုတ် ရုံးတက်နေရင်း ဖျားတယ်ဆိုရင်တောင် ချက်ချင်း အိမ်ပြန်နားသင့်တယ်လို့ အကြံပြုထားပါတယ်။ဒါပေမယ့်ပေါ့နော်။ ဒါတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တုပ်ကွေးကလည်း သိတဲ့အတိုင်း တုပ်ကွေးတွေရဲ့ ထုံးစံက ဖျားတာကပဲ ၃ရက်ကနေ ၇ရက်လောက်ထိကြာတယ်။ အဖျားကျသွားရင်တောင် နှာစေးတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်တာက ၂ပတ်လောက်ကြာတဲ့အထိ ကျန်ခဲ့တာဆိုတော့ ဒီကာလကို ဘယ်လို ဖြတ်သန်းကြမလဲဆိုပြီး စိုးရိမ်နေကြမှာပါ။ တုပ်ကွေးဖြစ် ဖူးတဲ့သူတွေကတော့ ဒီလိုခံစားရတာ ဘယ်လောက် ပြင်းထန်လဲဆိုတာ သိပါတယ်။ပြောခဲ့သလိုပဲ အဖျား မကျမချင်း ဒါမှမဟုတ် ၃၊ ၄ရက်လောက်ကြာတဲ့အထိ ရုံးမတက်သင့်သေးပါဘူး။ မဖြစ်မနေလုပ်စရာရှိတယ်ဆိုရင်work from homeလုပ်ဖို့ ညှိနှိုင်းပါ။ နည်းနည်းသက်သာလို့ ရုံးတက်ရမယ်ဆိုရင် လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။ ဒါတွေကတော့။ဖြစ်လာရင် လူလည်း ခံစားရတယ်။ အလုပ်လည်း ပျက်တာကြောင့် မဖြစ်အောင် ကာကွယ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ကာကွယ်နည်းတွေက တုပ်ကွေးရာသီမှာ။ဒီအချက်လေးတွေက ရုံးတက်ချိန်မှာ တုပ်ကွေးဖြစ် ခဲ့ရင် သတိထားရမယ့်အချက်တွေပါ။ တစ်ခုခု အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/flu-at-work/
Snoring ( ဟောက်ခြင်း)
Snoring ( ဟောက်ခြင်း) အကြောင်း လေ့လာလိုက်ရအောင်လား ……..။အိပ်စက်နေစဉ် အသက်ရှူလမ်းကြောင်း ခေတ္တပိတ်သွားတာကြောင့် ထွက်လာတတ်သည့် ကြမ်းရှသောအသံဖြစ်တယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရှိ တစ်သျှူးများတစ်ခုနှင့်တစ်ခု ထိရိုက်မိမှုကြောင့် တုန်ခါပြီးထွက်လာသောအသံဖြစ်တယ်။ တခါတရံမှာတော့ ဟောက်ခြင်းဟာ အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်းဖြစ်နိုင်တယ်။ ညတိုင်းလည်းဟောက်နိုင်သလို တစ်ညတလေမှဟောက်တတ်တာမျိုးလည်းရှိနိုင်ပါတယ်။ဆိုးဆိုးရွားရွားဟောက်ခြင်းတွေဟာ ညဘက်တွေမှာ မကြာခဏနိုးစေခြင်း၊ နေ့ဘက်အိပ်ငိုက်ခြင်းတွေနဲ့ မိမိအဖော်အိပ်ခြင်းတို့ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အလွန်ကိုအဖြစ်များပြီး ယောကျာ်းတွေမှာ ပိုဖြစ်လေ့ရှိတယ်။ အရွယ်မရွေးဟောက်နိုင်ပြီး ဟောက်စေတတ်တဲ့အချက်တချို့ကိုရှောင်ခြင်းဖြင့် လျှော့ချထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်ကိုဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ဟောက်ခြင်းဟာ တခါတရံအိပ်နေစဉ် အသက်ရှူကြပ်မှုနှင့် စပ်ဆက်နေတတ်ပါတယ်။ ဟောက်တိုင်းထိုသို့မဟုတ်ပေမယ့် အထက်ပါလက္ခဏာတွေနဲ့ တိုက်ဆိုင်နေရင်တော့ အိပ်နေစဉ်အသက်ရှူကြပ်မှုရှိမရှိသိရဖို့ ဆရာဝန်ပြကြည့်သင့်ပါတယ်။ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးကြည့်သင့်ပါတယ်။တကယ်လို့အထက်ပါလက္ခဏာတွေရှိရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်ပြသင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကမတူညီတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။သင့်ကလေးငယ်လေးမှာ အိပ်ရင်းဟောက်တတ်နေရင်တော့ ကလေးဆရာဝန်နဲ့မေးမြန်းဆွေးနွေးကြည့်သင့်တယ်။ ကလေးငယ်တွေမှာလည်း အိပ်နေရင်းအသက်ရှူကြပ်ခြင်း ဖြစ်နိုင်ပါတယ်။ အာသီးကြီးခြင်းလို နှာခေါင်းနဲ့ လည်ချောင်းဆိုင်ရာပြဿနာတွေ၊ အဝလွန်ခြင်းတွေဟာ ကလေးငယ်အသက်ရှူလမ်းကြောင်းကို ကျဉ်းစေနိုင်ပြီး အိပ်နေစဉ်အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်တယ်။နှာခေါင်း၊ ပါးစပ်တို့ကို လေဖြတ်သန်းရာမှာ ကျဉ်းနေ၊ ပိတ်နေတဲ့အခါ ဟောက်သံတွေဖြစ်ပေါ်လာရပါတယ်။ ထိုသို့ပိတ်ဆို့ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်-။အသက်ရှူလမ်းကြောင်းပိတ်ခြင်း – လူတချို့က ဓါတ်မတည့်မှုတွေ ဖြစ်တတ်တဲ့ရာသီတွေမှာ ဟောက်တတ်ကြတယ်။ နှာခေါင်းဝနှစ်ဖက်ကြား ခြားထားသောနံရံထိခိုက်သွားခြင်း၊ သို့မဟုတ် နှာခေါင်းတွင်အဖုငယ်များပေါ်ခြင်းကြောင့် ပိတ်နိုင်ပါတယ်။လည်ချောင်း၊ လျှာတို့မှ ကြွက်သားများအားနည်းခြင်း – ပျော့ပျောင်းအားနည်းနေသာအခါ အသက်ရှူလမ်းကြောင်းကို သွားပိတ်တတ်ပါတယ်။ အလွန်အမင်းနှစ်ခြိုကစွာအိပ်ခြင်း၊ အရက်သောက်ခြင်း သို့ အိပ်ဆေးများသောက်အိပ်ခြင်းတို့မှာ ဖြစ်နိုင်တယ။် အသက်ကြီးလာခြင်းကလည်း ကြွက်သားများအားလျော့ပျော့တွဲတတ်ပါတယ်။လည်ချောင်းတစ်သျှူးကြီးခြင်း – အဝလွန်သောအခါ လည်ပင်းကြွက်သားများကြီးတတ်တယ်။ အာသီးကြီးသော ကလေးငယ်များလည်းဟောက်တတ်ပါတယယ်။အာခေါင်ရှိအရိုးနုပြားရှည်ခြင်း – အာခေါင်ရှိ လေပြွန်ပေါ်အုပ်ထားသော အရိုးနုပြားရှည်ခြင်းဟာလည်း နှာခေါင်းမှလည်ချောင်းသို့ သွားသောအပေါက်ဝကို ကျဉ်းစေနိုင်ပါတယ်။ ထိုပစ္စည်းများတုန်ခါပြီး တစ်ခုနှင့်တစ်ခု တိုက်ခိုက်မိသောအခါ လေလမ်းကြောင်းပိတ်ပြီး ဟောက်သံဖြစ်ရပါတယ်။အရက်သောက်ခြင်း – မအိပ်မီ အရက်အလွန်အကျွံသောက်ခြင်းဟာလည်း ကြွက်သားတွေကို လျော့သွားစေပြီး အသက်ရှူလမ်းကြောင်းပိတ်စေနိုင်သောကြောင့် ဟောက်ခြင်းကိုဖြစ်စေနိုင်တယ်။အိပ်ချိန်မလောက်ခြင်း – အိပ်စက်ခြင်းမလုံလောက်ပါကလည်း လည်ချောင်းကြွက်သားများလျော့ရဲသွားစေတယ်။အိပ်စက်သောပုံစံ – အဖြစ်အများဆုံးနဲ့ အကျယ်ဆုံးဟောက်သံတွေကတော့ ပတ်လတ်အိပ်သောအခါ ကမာမြေကြီးဆွဲအားကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားတဲ့အခါဖြစ်တတ်တယ်။အိပ်စက်စဉ်အသက်ရှူကြပ်ခြင်း – အိပ်စက်စဉ်အသက်ရှူကြပ်ခြင်းကြောင့်လည်း ဟောက်နိုင်တယ်။ လည်ချောင်းတစ်သျူးများ အသက်ရှူလမ်းကြောင်းကို အနည်းငယ် သို့ လုံးဝပိတ်သွားစေပြီး အသက်ရှူရခက်စေပါတယ်။အမျိုးသားများ – အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုဟောက်လေ့ရှိသလို၊ အိပ်နေစဉ်အသက်ရှူပိုကြပ်လေ့ရှိပါတယ်။အဝလွန်ခြင်း – အဝလွန်ပါက အိပ်နေစဉ်အသက်ရှူရပိုခက်နိုင်တယ်။အသက်ရှူလမ်းကြောင်းကျဉ်းခြင်း – တချို့လူတွေမှာ အာခေါင်ရှိအရိုးနုရှည်ခြင်း၊ အာသီးကြီးခြင်းတို့ကြောင့် အသက်ရှူလမ်းကြောင်းကျဉ်းကာ ဟောက်သံဖြစ်ပေါ်စေတယ်။အရက်သောက်ခြင်း – အရက်သောက်ခြင်းကြောင့် လည်ချောင်းကြွက်သားများ လျော့ရဲသွားကာ ဟောက်စေနိုင်ပါတယ်။နှာခေါင်းဆိုင်ရာပြဿနာများ – နှာဝနှစ်ခုကြားရှိ အကန့်ထိခိုက်ခြင်း၊ နှာခေါင်းပိတ်ခြင်း တို့ကြောင့်လည်း ဟောက်နိုင်ပါတယ်။မိသားစုအတွင်း ဟောက်တတ်သူ၊ သို့ အိပ်နေစဉ်အသက်ရှူကြပ်တတ်သူရှိပါကလည်း ဟောက်နိုင်ချေရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ကလက္ခဏာတွေကိုမေးမြန်းပါလိမ့်မယ်။ တချို့စစ်ဆေးစမ်းသပ်မှုတွေလည်းလုပ်နိုင်ပါတယ်။ရောဂါအခြေအနေအတိမ်အနက်ကိုသိဖို့ သင့်အဖော်ဖြစ်သူကိုလည်း မေးခွန်းတချို့မေးနိုင်ပါတယ်။ သင့်ကလေးမှာဟောက်နေရင်တော့ ဘယ်လောက်ဆိုးလဲ သင့်ကိုမေးပါလိမ့်မယ်။ရုပ်ပုံရိုက်ကူးစစ်ဆေးမှုများ – ဓါတ်မှန်ကဲ့သို့ ရုပ်ပုံရိုက်ယူစစ်ဆေးမှုတွေလုပ်ကာ နှာဝနှစ်ခုကြား အကန့်ထိခိုက်ယိုယွင်းနေခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းတလျှောက်ပြဿနာတွေ စစ်ဆေးနိုင်ပါတယ်။အိပ်စက်စစ်ဆေးခြင်း – ဟောက်ခြင်းဘယ်လောက်ဆိုးရွားသလဲနဲ့ တခြားလက္ခဏာတွေပေါ်မူတည်ကာ အိပ်စက်စစ်ဆေးနိုင်တယ်။ အိမ်မှာ သို့မဟုတ် သက်ဆိုင်ရာနေရာမှာ တစ်ညတာ စက်ပစ္စည်းများ ချိတ်ဆက်ထားပြီး အိပ်စက်ခြင်းဖြစ်တယ်။ သင့်ဦးနှောက်မှထွက်သောလှိုင်းများ၊ သွေးတွင်းအောက်စီဂျင်ပမာဏ၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ အိပ်စက်ခြင်းအဆင့်များ၊ မျက်လုံးနှင့် ခြေထောက်လှုပ်ရှားမှုများကို စစ်ဆေးမှတ်သားထားမှာဖြစ်တယ်။နေထိုင်မှုပုံစံ၊ ဥပမာ-ဝိတ်လျှော့ခြင်း၊ အိပ်ခါနီးအရက်သောက်မှုရှောင်ခြင်း စသည့်နေထိုင်မှုပုံစံတွေကို အရင်အကြံပေးပါလိမ့်မယ်။ နောက် နှာခေါင်းပိတ်မှုအတွက်ကုသခြင်းနှင့် အိပ်ရေးပျက်ခြင်း၊ ပတ်လက်အနေအထားနှင့်အိပ်ခြင်း တို့ကိုရှောင်ခိုင်းပါလိမ့်မယ်။အိပ်စက်နေစဉ် အသက်ရှူကြပ်ခြင်းကြောင့် ဟောက်နေပါက ဆရာဝန်ကအောက်ပါတို့ကိုညွှန်းနိုင်တယ်။အသက်ရှူလမ်းကြောင်းကို ထိန်းသိမ်းထားပေးဖို့ မေးရိုး၊ လျှာ၊ အာခေါင်ရှိအရိုးပျော့တို့ကို နေရာမှန်စေမယ့် ပါးစပ်မှာတပ်ရသောပစ္စည်းတစ်မျိုးပေးနိုင်ပါတယ။် ထိုပစ္စည်းကိုအသုံးပြုမည်ဆိုပါက သွားဆရာဝန်ထံ ပထမတစ်နှစ်မှာ ခြောက်လလျှင်တစ်ခါခန့်သွားပြီး နောက်ပိုင်းတွေမှာ တစ်နှစ်တစ်ခါမှန်မှန်သွားပေးဖို့ လိုပါလိမ့်မယ်။ သင်နှင့်အဆင်ပြေသင့်လျော်သလား၊ အခြေအနေပိုဆိုးလာသလား စစ်ဆေးစောင့်ကြည့်ဖို့ဖြစ်တယ်။CPAP အသုံးပြုခြင်း-အိပ်နေစဉ် နှာခေါင်းပေါ်အုပ်ရသောပစ္စည်းတစ်မျိုးဖြစ်ပြီး သင့်အသက်၇ှူလမ်းကြောင်းထဲ လေများမှုတ်သွင်းကာ ပွင့်နေအောင်ကူညီပေးပါလိမ့်မယ်။အာခေါင်ရှိအရိုးနုကိုထောက်ပံ့ခြင်း – ပေါလီအစက်စတာ အမျှင်လေးများဖြင့် အာခေါင်ရှိအရိုးနုကို သန်မာစေခြင်းဖြစ်တယ်။ခွဲစိတ်မှု(UPPP) – မေ့ဆေးပေးကာ လည်ချောင်းကြွက်သားများ သန်မာစေကာ ပိုနေသောတစ်သျှူးများကို ဖယ်ထုတ်ပစ်ခြင်းဖြစ်တယ်။လေဆာနည်း (LAUPPP)- အာခေါင်ရှိအရိုးပါးကို လေဆာသုံးကာတိုပစ်ဖြင်းဖြစ်တယ်။ ထိုသို့ပြုလုပ်ခြင်းဟာ လေလမ်းကြောင်းကျယ်စေသလို တုန်ခါမှုလျှော့ချပေးပါတယ်။ တစ်ခါမကဆရာဝန်ပြန်ပြဖို့တော့လိုပါလိမ့်မယ်။somnoplasty -ထုံဆေးပေးကာ အားနည်းရေဒီယိုလှိုင်းဖြင့် အာခေါင်ရှိအရိုးနုပြားမှ ကြွက်သားများကို ကျုံ့သွားစေပြီး ဟောက်ခြင်းလျော့စေသောနည်းဖြစ်တယ်။ ထိုကုသမှုရဲ့အာနိသင်ကတော့ ထပ်မံလေ့လာရန်လိုပြီး နာကျင်မှုအသက်သာဆုံးနည်းဖြစ်ပါတယ်။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရရန် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/snoring-explained/
Stockholm Syndrome (စတော့ဟုမ်းရောဂါစု)
Stockholm syndrome ဆိုတာ ပြန်ပေးဆွဲခံရသူတွေမှာ ကိုယ့်ကိုပြန်ပေးဆွဲတဲ့သူကို အကောင်းမြင်စိတ်တွေပေါ်လာစေတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ ရောဂါရဲ့အမည်ကို မှုခင်းပညာရှင် Nils Bejerot က စသုံးခဲ့တာပါ။ သည်ရောဂါက ကိုယ့်ကိုပြန်ပေးဆွဲသူက ကိုယ့်အပေါ် ကြင်ကြင်နာနာဆက်ဆံတယ်လို့ ခံစားရတဲ့အခါ ဖြစ်လာပါတယ်။ ရောဂါအမည်က သိပ်နာမည်မကျော်တဲ့ ဆွီဒင်က စတော့ဟုမ်းမြို့ ဘဏ်ဖောက်မှုကနေ ရလာတာလို့ဆိုပါတယ်။ ကခီဒီဘန်ကန်ဆိုတဲ့ ဆွီဒင်ဘဏ် မှာ ၁၉၇၃ ခုနှစ်က ဖောက်ထွင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင်ထားတဲ့ အော်စ်စွန်နဲ့ အိုလဗ်စွန်တို့က ဘဏ်ဝန်ထမ်းတွေကို ဓါးစာခံအဖြစ် ၆ ရက်ကြာအောင် ဖမ်းထားခဲ့တယ်။ ၆ ရက်မြောက်နေ့မှာ ကယ်ဆယ်ရေးစတင်တော့ ပြန်ပေးဆွဲခံရသူတွေက သူတို့ဖက်ကနေ ရပ်တည်ကြသတဲ့။ လာကယ်သူတွေကိုလည်း ကယ်လို့မရအောင် တားကြတယ်။ ပြန်ပေးဆွဲသူတွေ လက်နက်ချပြီး ထောင်ကျသွားသည့်တိုင် ပြန်ပေးဆွဲခံရသူတွေက သူတို့ကိုကယ်ဖို့ လုပ်ကြသေးတယ်။ တရားဝင်ခွင်ကို တရားပြန်စွဲပြီး ပြန်ပေးဆွဲသူတွေကို ပြစ်မှုကြီးမကျအောင်ထိ လုပ်ကြတယ်။ ဖမ်းထားသူက ဖမ်းခံရသူတစ်ယောက်နဲ့ လျှို့ဝှက်စွာ စေ့စပ်ခဲ့ကြတယ်လို့တောင် ပြောကြပါတယ်။Stockholm syndrome တွေ့ရတဲ့ မှုခင်းတွေ အများကြီးရှိပါတယ်။အောက်မှာဖော်ပြထားတာတွေက Stockholm syndrome တွေ့ရတဲ့ နာမည်ကြီးမှုခင်းတွေပါပဲ။အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။Stockholm syndrome ရဲ့ အသိများတဲ့လက္ခဏာတွေကတော့။Stockholm syndrome ကို ကျွန်/သခင် ဆက်ဆံရေး၊ အရိုက်အနှက်ခံအိမ်ရှင်မနဲ့ ဖျက်လို့ဖျက်စီး ကိုးကွယ်မှုဆိုင်ရာကိစ္စတွေမှာလည်း တွေ့ရပါတယ်။အခြေအနေတစ်ရပ်မှာ Stockholm syndrome ဖြစ်လာဖို့ဆိုရင် အချက်သုံးချက် အနည်းဆုံးရှိရပါတယ်။နောက်ထပ်အချက်တွေမှာတော့ အဖမ်းခံရသူက ထွက်ပြေးလို့မလွတ်ဘူးဆိုပြီး (အမှန်ဖြစ်ဖြစ် အမှားဖြစ်ဖြစ် အရေးမကြီး) ယုံနေတာမျိုး။ သည်လိုကနေ အာဏာရှိတဲ့ဖမ်းခေါ်သူတွေ ချမှတ်ထားတဲ့စည်းမျဉ်းတွေထဲမှာနေမှပဲ အသက်ရှင်မယ်လို့ မြင်လာတယ်။နောက် အဖမ်းခံရသူကို ဖမ်းခေါ်သူတွေကလွဲလို့ ကျန်တဲ့သူတွေနဲ့ မတွေ့ရအောင် ခွဲခြားလိုက်တဲ့အခါ ဖမ်းခေါ်သူတွေရဲ့ အမြင်မှန်သမျှကို စိတ်နဲ့တောင်ချိုးဖောက်ဖို့ မတွေးနိုင်တော့ပါဘူး။ ဒီကနေ Stockholm syndrome ဖြစ်ဖို့ ဦးတည်သွားပါတော့တယ်။အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာတွေကStockholm syndrome ဖြစ်ပွားစေသလဲ။သည်စိတ်အခြေအနေရဲ့နောက်ကွယ်က အကြောင်းပြချက်က အတော်လေးရှုပ်ထွေးပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ စိတ်ရောဂါကုဆရာဝန်တွေနဲ့ မှုခင်းပညာရှင်တွေက အချက်အများကြီးကို ဖော်ထုတ်ခဲ့ပါတယ်။ သည်အချက်တွေက Stockholm syndrome ဖြစ်စေတယ်လို့ ယုံကြည်ခဲ့ကြတယ်။ သည်အခြေအနေ ဖြစ်လာရတာက…။ဘယ်အရာတွေကStockholm syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။အချက်အလက်တွေထပ်ပြီးသိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။အချက်အလက်တွေထပ်ပြီးသိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။Stockholm syndrome က အစွန်းရောက်လွန်းသွားတဲ့ အကြောက်တရား၊ ဖိစီးမှုကနေဖြစ်လာတာလို့ မှတ်ယူနိုင်ပါတယ်။ အကောင်းဆုံးကုသမှုကတော့ စိတ်ရောဂါကုဆရာဝန်၊ ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေနဲ့ နှစ်သိမ့်ဆွေးနွေးတာပဲဖြစ်ပါတယ်။ မေတ္တာအပြည့်နဲ့ ထောက်ပံ့တာ၊ ကျွမ်းကျင်တဲ့ လမ်းညွှန်မှု၊ စိတ်ရှည်မှုတွေနဲ့ဆိုရင် အချိန်တစ်ခုကြာတဲ့အခါ Stockholm syndrome ကို အမြစ်ဖြုတ်နိုင်မှာပါပဲ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကStockholm syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/stockholm-syndrome-%e1%80%85%e1%80%90%e1%80%b1%e1%80%ac%e1%80%b7%e1%80%9f%e1%80%af%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%85%e1%80%af/
ကိုဗစ်ရဲ့ Second wave ကို ဘယ်လို ကိုင်တွယ်ကြမလဲ............
အခုကာလမှာရောဂါကူးစက်နှုန်းနည်းလာသလို သက်သာတဲ့ အရေအတွက်လည်း တိုးလာခဲ့ပါတယ်။ ဒီလိုဆိုတာနဲ့ ခပ်ပေါ့ပေါ့နေမယ် အရင်လိုပဲ အပြင်သွားမယ်ဆိုတာတွေ လုပ်လို့ မဖြစ်သေးပါဘူး။ ပြည်ပရောက်မြန်မာတွေ ပြန်ဝင်လာမှာရှိနေသေးသလို ရောဂါပိုးရှိနေမှန်းလက္ခဏာမပြဘဲသယ်ဆောင်နေသူ silent carrier တွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒီတော့ အကောင်းဆုံးက ရောဂါ ကူးစက်မှုနှုန်း ဆက်လက် ကျဆင်းနေစေဖို့ကိုဗစ်ရဲ့Second waveကို ဘယ်လို အကောင်ဆုံးကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စဉ်းစားထားကြရုံပါ။ကိုဗစ်ကို ကာကွယ်ဖို့က အစိုးရမှာမှ တာဝန်ရှိတာ မဟုတ်သလိုကျန်းမာရေးဝန်ထမ်းတွေအလုပ်ပဲလေလို့ မသတ်မှတ်စေချင်ပါဘူး။ တကယ်က ကိုဗစ်ကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အားလုံး အတူတူ ပူးပေါင်းပါဝင်မှ ဒီ ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့covid_19အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့သူတွေကိုပါ ကာကွယ်နိုင်မှာပါ။ကာကွယ်ဆေးရော ကုသဆေးပါ ရေရေရာရာမရှိသေးတဲ့ ကိုဗစ်က ပေါ့ပေါ့ဆဆလုပ်လိုက်မိတာနဲ့ တစ်ကျော့ပြန် ပြန်လည်ခေါင်းထောင်လာဖို့အသင့်စောင့်နေတာပါ။ ဒါကြောင့် ကိုဗစ်ရဲ့ Second wave ကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ အားဖြည့်ပေးမလဲဆိုတာ အတူတူ ​ကြည့်လိုက်ရအောင်လား……….။ကိုဗစ်ရဲ့ Second wave ကို ဟောင်ကောင် ဘယ်လိုကိုင်တွယ်နေသလဲ…………..။မေလ ၇ရက်နေ့ ဒေတာတွေအရ ဒေသတွင်းရောဂါပိုး ကူးစက်သူ၂ ပတ် ဆက်တိုက် မတွေ့ရတော့တဲ့ ဟောင်ကောင်မှာ ကိုဗစ်တကျော့ပြန် ခေါင်းမထောင်လာစေဖို့အတွက် ဟောင်ကောင်အစိုးရအနေနဲ့။တနင်္လာနေ့ကစလို့ အစိုးရက ဖြေလျော့မှုအချို့ကို စတင်ခွင့်ပြုပေးခဲ့ပေမယ့် အားလုံးကတာ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သတိထားလုပ်ဆောင်ရင်း သူတို့ရဲ့ နေ့စဉ်ဘဝတွေကို စတင်နေကြပါတယ်။ကိုဗစ် တကျော့ပြန်ခေါင်းမထောင်လာစေဖို့ဆိုရင်။တတ်နိုင်သမျှ အိမ်ထဲမှာနေပါ– မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြပါနဲ့ဦးလို့ ပြောပါရစေ။ အကြောင်းကတော့ ရောဂါဖြစ်ပွားမှုနှုန်း ကျသွားတာက ကိုဗစ် ကင်းစင်သွားပြီလို့ ဆိုလိုတာမဟုတ်တာကြောင့်ပါ။လူစုလူဝေးရှောင်ပါ– မလိုအပ်ဘဲ စုဝေးမှုတွေ မလုပ်ပါနဲ့ဦး။ ပွဲလမ်းသဘင်တွေသွားတာ၊ ဘားဆိုင်တွေ သွားတာမျိုး၊ မလိုအပ်ဘဲ စုဝေးမှုတွေမလုပ်ပါနဲ့။နှာခေါင်းစည်းတပ်ပါ– ရာသီဥတုက ပူနေတယ်ဆိုပေမယ့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့ အပြင်သွားတိုင်းမှာ နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ကြပါ။ ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ကိုဗစ် အန္တရာယ်ကနေ ကာကွယ်ရာရောက်ပါတယ်။လက်ဆေးပါ– အပြင်ကပြန်လာတိုင်း၊ အစားမစားခင်၊ စားစရာတွေကို ကိုင်တွယ်ချက်ပြုတ်ခြင်း မပြုမီနဲ့ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်း လက်ဆေးပါ။ လက်ဆေးတာက အထိရောက်ဆုံး ကာကွယ်မှုဆိုတော့ လက်ဆေးတာကို မပျင်းပါနဲ့နော်။ပါဆယ်သာ ဝယ်ယူပါ– အစားအသောက်တွေကို ဆိုင်မှာ ထိုင်စားခွင့်မပြုတာကြောင့် ပါဆယ်ဝယ်ယူမှုကိုသာ လုပ်ဆောင်နေခဲ့ကြတာပါ။ တကယ်လို့ ဆိုင်တွေက ထိုင်စားလို့ ရပြီဆိုရင်တောင်မှာ ကိုဗစ်ရဲ့တကျော့ပြန်အန္တရာယ်ကို ကာကွယ်ဖို့ ပါဆယ်သာ ဝယ်ယူစားသုံးကြပါ။Social Distancingကို ဆက်လက် ကျင့်သုံးပါ– ရောဂါပိုး ကူစက်ခံရမှု အရေအတွက် ကျဆင်းသွားပြီဆိုရင်တောင်မှ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတဲ့ အကျင့်ကို ဆက်လက်ကျင့်သုံးစေချင်ပါတယ်။ ဒါက ရောဂါပိုး ကူးစက်ခံရနိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်တာကြောင့်ပါ။ဆေးလိပ် နဲ့ အရက်ကို ဖြတ်ပါ– ကိုဗစ်ကို ကာကွယ်ဖို့က ကိုယ်ခံအားကောင်းဖို့ လိုအပ်တာ​ကြောင့်ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ် နဲ့ အရက်သောက်သုံးမှုကို ရှောင်ပါ။ ဖြစ်နိုင်ရင် ဒီကာလမှာ ဆေးလိပ်၊ အရက်ဖြတ်ဖို့ ကြိုးစားပါ။နှာချေ၊ ချောင်းဆိုးတဲ့အခါ အုပ်ထားပါ– နှာချေချောင်းဆိုးမှုကနေတင့် ပတ်ဝန်းကျင်က အခြားသူတွေဆီကို ရောဂါပိုး မကူးစက်စေဖို့အတွက် နှာချေ၊ချောင်းဆိုးတဲ့အခါနှာခေါင်းနဲ့ ပါးစပ်ကို တစ်သျှူးစနဲ့ သေချာအုပ်ပါ။ ပြီးတာနဲ့ အမှိုက်ပုံးထဲကို သေချာ စွန့်ပစ်ပါ။တစ်သျှူးအလွယ်တကူမရှိရင် တံတောင်ဆစ်နဲ့ ကာပြီး နှာချေပါ။ ချောင်းဆိုးပါ။ပြည်တော်ပြန်လာမယ့်သူများ အနေနဲ့လည်း ကိုဗစ်ရဲ့ Second Wave ကို အကောင်းဆုံး ကိုင်တွယ်နိုင်စေဖို့အတွက် အကူအညီပေးတဲ့အနေနဲ့ ပြည်ပကနေပြန်ရောက်လာချိန်မှာ လိုအပ်တဲ့စစ်ဆေးမှုတွေကို ခံယူပြီး သီးသန့်ခွဲနေထိုင်တာ၊ စောင့်ကြည့်စစ်ဆေးတာတွေကို အကောင်းဆုံး ပါဝင်ကူညီပေးကြဖို့ပြောပါရစေ။တစ်ဦးချင်းစီရဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ကိုဗစ် တကျော့ပြန်မလာစေဖို့ ကာကွယ်လိုက်ရအောင်လား……………။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/second-wave-of-covid/
မျက်စဉ်းဆေး၊နှာဖျန်းဆေးတွေနှင့် ကလေးအဆိပ်သင့်ခြင်း
သင့်ကလေးဟာ မျက်စဉ်း၊ နှာဖျန်းဆေး အစရှိတာတွေကို တုပ်ကွေး၊ ဖျားနာခြင်းနဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာတွေ သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ ကလေးတွေကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့ဟာ သင့်ကလေးကို ဘယ်လို အဆိပ်သင့်မှုတွေ ဖြစ်စေပြီး ဘယ်လိုစိတ်ချအောင် အသုံးပြုသင့်တယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေဟာ သင့်ကလေးကို အဆိပ်သင့်စေပါတယ်။အချို့ မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေဟာ မျိုရင် အဆိပ်သင့်နိုင်ပါတယ်။ ညွှန်ကြားချက်အတိုင်း မျက်လုံး၊ နှာခေါင်း အတွင်းမှာသာ အသုံးပြုမယ်ဆိုရင် မျက်လုံးနဲ့ နှာခေါင်းကိုသာ သက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကို မျိုချမိရင်တော့ တစ်ကိုယ်လုံးကို ထိခိုက်နိုင်ပါတယ်။ ကလေး အဆိပ်သင့်တဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့ နှလုံးခုန် နှေးခြင်း၊ နှလုံးခုန် မြန်ခြင်း၊ အသက်ရှူနှုန်းနှေးခြင်း၊ ပျို့အန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွားရည်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ခန္ဓာအပူချိန်ကျဆင်းခြင်း၊ သတိမေ့ခြင်းတွေပဲ ဖြစ်ပါတယ်။ သင့်ကလေးဟာ ဆေးရုံမှာ နေဖို့ လိုအပ်လာနိုင်ပါတယ်။သင့်ကလေးဟာ မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေကို မျိုချနိုင်ပါတယ်။ သင့်ကလေးဟာ ဆေးဗူးခွံအလွတ်တွေနဲ့ ဆော့ကစားနိုင်ပါတယ်။ ဒါမှမဟုတ် child-resistant box အတွင်းမှာ မသိမ်းဆည်းထားတဲ့ ဆေးတွေကိုလည်း ထိတွေ့နိုင်ပါတယ်။tetrahydrozoline, naphazoline သို့ oxymetazoline ပါဝင်တဲ့ ထုတ်ကုန်တွေကို သတိထားပြီး အသုံးပြုသင့်ပါတယ်။ဆေးရဲ့ ထုတ်ပိုးမှုမှာ ပါတဲ့ အညွှန်းမှာ အချက်အလက်တွေကို ဖေါ်ပြထားပါတယ်။ ဒါကြောင့် ဆေးတစ်မျိုးမျိုးကို မသုံးစွဲခင် ထုတ်ပိုးမှုကို သေချာစွာ စစ်ဆေးသင့်ပါတယ်။သင့်ကလေးကို ဆေးအဆိပ်သင့်ခြင်းကနေ ကာကွယ်ဖို့ အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။သင့်ကလေး အဆိပ်သင့်နေရင် အရေးပေါ်ကို ချက်ချင်း အကြောင်းကြားသင့်ပြီး အောက်ပါအချက်တွေကို သတိရသင့်ပါတယ်။သင့်ကလေးငယ်ရဲ့ အခြေအနေနဲ့ ရှေးဦးသူနာ ပြုစုနည်းတွေကို ဘယ်လိုလုပ်မလဲဆိုတာ ဆရာဝန်က ဆုံးဖြတ်နိုင်ဖို့ အထက်ပါ အချက်အလက်တွေက အရေးကြီးပါတယ်။ ဒါပေမယ့် သင့်မှာ ဒီအချက်အလက်တွေ မရှိရင်လည်း အရေးပေါ်ယာဉ်ခေါ်ဖို့ နောက်မတွန့်သင့်ပါဘူး။ ဒါဟာ ဒီအခြေအနေကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။တကယ်လို့ သင့်ကလေးဟာ အဖြစ်များတဲ့ မျက်လုံး၊ နှာခေါင်း ပြဿနာတွေကို ကုသဖို့အတွက် အသုံးပြုတဲ့ မျက်စဉ်းတွေ၊ နှာခေါင်း ဖျန်းဆေးတွေနဲ့ အဆိပ်သင့်နေတယ်ဆိုရင် ရိုးရှင်းတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ဒီလိုအခြေအနေတွေကို ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ ဆေးတွေကို မှန်ကန်စွာ အသုံးပြုတယ်ဆိုရင် ဆိုးကျိုးတွေ ဖြစ်ဖို့ ရာနှုန်းနည်းတာမို့ မစိုးရိမ်သင့်ပါဘူး။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%89%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%ac%e1%80%96%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%b8/