title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Genital Herpes (လိင်အင်္ဂါ ရေယုန်)
Genital Herpes (လိင်အင်္ဂါ ရေယုန်) တွေဟာ အဖြစ်များပြီး လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေဖြစ်ပါတယ်။ သူတို့ဟာ နာကျင်တဲ့ အရည်ကြည်ဖုတွေဖြစ်ပြီး ပေါက်သွားနိုင်ကာ အရည်ထွက်လာနိုင်ပါတယ်။ အသက်၃၄ ကနေ ၄၉နှစ်အတွင်း ရှိတဲ့ ၁၆ ရာခိုင်နှုန်းသောသူတွေမှာ ဒီရောဂါ ရှိပါတယ်။ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၁ နဲ့ ၂ (HSV type 1 and 2) ကြောင့် လိင်အင်္ဂါရေယုန် ဖြစ်ပွားနိုင်ပါတယ်။ ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ဟာ ပါးစောင်နာတွေကို အဓိက ဖြစ်စေပါတယ်။ အမျိုးအစား ၂ကတော့ လိင်အင်္ဂရေယုန်ပါ။ ရေယုန်တွေက အမြစ်ပြတ်မပျောက်ကင်းနိုင်ပါဘူး။ လိင်အင်္ဂါရေယုန် ကုသမှုမှာ အနာတွေကို မြန်မြန် ပျောက်ကင်းအောင် ကုသမှုနဲ့ ပြန့်ပွားမှု ကာကွယ်ခြင်းတွေ ပါဝင်ပါတယ်။ဒီဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓာအတွင်းကို အမြှေးပါး တွေက တစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။ အမြှေးပါးတွေဟာ ကိုယ်ခန္ဓာဝင်ပေါက်တွေကို ကာရံထားတဲ့ ပါးလွှာတဲ့ တစ်ရှူးအလွှာ တစ်ထပ်ဖြစ်ပါတယ်။ သူတို့ကို ပါးစပ်၊ နှာခေါင်းနဲ့ လိင်အင်္ဂါတွေမှာ တွေ့ရပါတယ်။ ကိုယ်ခန္ဓာအတွင်းမှာ ဗိုင်းရပ်စ်တွေ ရှိရင် သူတို့ဟာ ဆဲတွေထဲကို ဝင်သွားနိုင်ပါတယ်။ ဗိုင်းရပ်စ်တွေဟာ ပွားလာပြီးတော့ ပတ်ဝန်းကျင်နဲ့ အလွန်လျင်မြန်စွာ လိုက်လျောညီထွေ နေနိုင်စွမ်း ရှိပါတယ်။ ဒါဟာ ကုသမှုကို ခက်ခဲစေပါတယ်။HSV 1 နဲ့ HSV 2 ကို ကိုယ်ခန္ဓာက ထွက်တဲ့အရည်တွေမှာ တွေ့ရပါတယ်။ ဥပမာ။အမျိုးသားတွေမှာ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ လိင်တံနဲ့ တင်ပါး၊ ကပ္ပာယ်အိတ်တို့မှာ အရည်ကြည်ဖုပေါက်ခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက်ကတော့ မိန်းမကိုယ်ပတ်လည် (သို့) အနီးတဝိုက်၊ တင်ပါးနဲ့ စအိုတွေမှာ အရည်ကြည်ဖုပေါက်ခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေမှာ အောက်ပါ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ကလေးတွေမှာလည်းဖြစ်တတ်ပြီး တွေ့ရတတ်တဲ့ ယေဘုယျလက္ခဏာတွေကတော့ မျက်နှာ၊ ကိုယ်ခန္ဓာနဲ့ လိင်အင်္ဂါပေါ်မှာ အနာဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါရေယုန် နဲ့ မွေးလာတဲ့ ကလေးတွေဟာ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။လိင်အင်္ဂါရေယုန်ဟာ ဒီလက္ခဏာတွေ ပြတဲ့ တစ်ခုတည်းသော ရောဂါမဟုတ်ပါဘူး။ သူ့ကို မှိုရောဂါ၊ ဆီးအိမ် ရောဂါပိုးဝင်ခြင်းနဲ့ ဘက်တီးရီးယားရောဂါတွေနဲ့ မှားတတ်ပါတယ်။ တစ်ခုတည်းသော ရောဂါ အတည်ပြုနည်းကတော့ ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးနည်းပဲဖြစ်ပါတယ်။လိင်အင်္ဂါရေယုန်ကို ကိုယ်ခန္ဓာ စမ်းသပ်စစ်ဆေးခြင်း၊ အနာမှ ထွက်သော အရည်ကို စစ်ဆေးခြင်း (သို့) သွေးစစ်ဆေးခြင်းတို့နဲ့ အတည်ပြုနိုင်ပါတယ်။သင့်မှာ လိင်ဆက်ဆံမှုကြောင့် (ပါးစပ်ဖြင့်ဖြစ်စေ၊လိင်အင်္ဂါဖြင့်ဖြစ်စေ) ရေယုန်ဗိုင်းရပ်စ်ပိုးရှိနိုင်တယ် ထင်ရင် ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ် ပြသသင့်ပါတယ်။လိင်အင်္ဂါရေယုန်ကို အမြစ်ပြတ်အောင် ကုသလို့မရနိုင်ပါဘူး။ ကိုယ်ခံအားကျတဲ့အခါ ပြန်ပြန်ထွက်လာမှာပဲ ဖြစ်ပါတယ်။ အရည်ကြည်ဖုတွေ ပေါက်နေချိန်မှာ လိမ်းဆေးတွေ၊ သောက်ဆေးတွေနဲ့ မြန်မြန်သက်သာအောင်၊ သူများကို မကူးစက်အောင်  ကုသနိုင်ပါတယ်။ ရောဂါဖြစ်ပွားနေစဉ်မှာ သူများကိုမကူးစက်အောင်လိင်ဆက်ဆံခြင်းကို ရှောင်ထားဖို့ လိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/genital-and-oral-herpes/genital-herpes-explained/
မိခင်နို့တိုက်ကျွေးခြင်း နှင့် မှက္ခရုရောဂါ
Candida Albicans လို့ခေါ်တဲ့ မှက္ခရုတွေဟာ မိခင်နို့တိုက်ကျွေးခြင်းကို အနှောင့်အယှက်ပေးတဲ့ မှိုရောဂါပိုး တစ်မျိုး ဖြစ်ပါတယ်။ မှက္ခရုတွေဟာ အမျိုးသမီးရဲ့ နို့သီးခေါင်းနဲ့ ကလေးငယ်တွေရဲ့ ပါးစပ်အတွင်းမှာ ပေါက်ပွားနိုင်ပါတယ်။လူတွေရဲ့ ကိုယ်ခန္ဓါဟာ Candida Albicans မှိုကို သယ်ဆောင်နိုင်ပါတယ်။ ဒါဟာ အစာခြေလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်နဲ့ ရင်းနှီးပြီးသား ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ သူဟာ ကြီးထွားပြန့်ပွားဖို့ အခွင့်အလမ်းရပြီး မှက္ခရုဖြစ်နိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ မှက္ခရုဖြစ်ဖို့အတွက် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ မှက္ခရုတွေဟာ ပူနွေး၊ စိုစွတ်ပြီး ချိုမြတဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်တာကြောင့် မိခင်နို့တိုက်ကျွေးစဉ်မှာ ကလေးငယ်ရဲ့ ပါးစပ်အတွင်းမှာ နေတတ်ကြပါတယ်။ ပြီးရင်တော့ မိခင်ရဲ့ နို့သီးခေါင်းအတွင်းကို ပြန့်ပွားသွားနိုင်ပါတယ်။ သူဟာ မွေးကင်းစကလေး အယောက် ၂၀ မှာ တစ်ယောက်ဖြစ်နိုင်ပြီး ကလေးသက် လေးလအကြာမှာ ခုနစ်ယောက်မှာ တစ်ယောက် ဖြစ်နိုင်ပါတယ်။မိခင်နို့တိုက်ကျွေးစဉ်မှာ မှက္ခရု ရဲ့ လက္ခဏာတွေကတော့။မိခင်တွေဟာ ရောဂါပိုးဝင်တဲ့ အစောပိုင်းအဆင့်တွေမှာ ရင်သားနှစ်ဖက်လုံး ရောဂါပိုးဝင်လာမှု သတိထားမိနိုင်ပါတယ်။ကလေးငယ်တွေမှာ မှက္ခရု ဖြစ်လာရင် နို့အဖတ်တွေ၊ မလိုင် အဖတ်တွေနဲ့ တူတဲ့ အဖြူဖတ်တွေကို လျှာ၊ အာခေါင်နဲ့ ပါးစပ်ရဲ့ အတွင်းဘက်၊ အပေါ်ဘက်တွေမှာ တွေ့ရတတ်ပါတယ်။ ဒီအဖြူဖတ်တွေကို နို့ဖတ်တွေ သုတ်နိုင်သလို အလွယ်တကူ သုတ်လိုက်လို့မရပါဘူး။ ဒီအဖတ်တွေကို သန့်စင်တဲ့ လက်နဲ့ ထိမိတယ်ဆိုရင် အောက်ခြေက အစိမ်းဖြစ်နေပြီး သွေးထွက်တာကို မြင်ရနိုင်ပါတယ်။ ကလေးငယ်တွေဟာ စိတ်ရှုပ်လာပြီး ခဏတာသာ နို့စို့နိုင်ပါတယ်။ သူတို့ ပါးစပ်ဟာနာကျင်တာကြောင့် မိခင် ရင်သားကို တွန်းထုတ်နိုင်ပါတယ်။ မှက္ခရုတွေဟာ ကလေးငယ်ရဲ့ အစာခြေစနစ်ကနေ ခန္ဓါကိုယ်အောက်ပိုင်းကို ကူးစက်နိုင်ပြီး အနီရောင်အကွက် ဖြစ်နိုင်ပါတယ်။ ဒီအနီရောင်အကွက်တွေဟာ အရေပြား ကြိုကြားတွေဆီကို ကူးစက်သွားနိုင်ပြီး အနီရောင်၊ အဖြူရောင် စိုစွတ်နာကျင်တဲ့ အကွက်တွေ အဖြစ် တွေ့ရနိုင်ပါတယ်။မှိုသတ်ဆေး ခရင်မ် (သို့) ဂျယ်ကို အသုံးပြုနိုင်ပါတယ်။ Miconazole ကို ရောဂါပိုးဝင်ခြင်းကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဆရာဝန်ဟာ ကလေးငယ်မှာလည်း လက္ခဏာတွေ ရှာဖွေမှာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ဟာ ပါးစပ်ထဲမှာ မှက္ခရုတွေနဲ့ ကိုယ်ခန္ဓါအောက်ပိုင်းမှာ ပါ ရှိနေတယ်ဆိုရင်တော့ ကုသမှုလိုအပ်နိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့နေရာတွေကို မှိုသတ်ဆေး ဂျယ် (သို့) ခရင်မ်ကို တို့လိမ်းပေးနိုင်ပါတယ်။ မှက္ခရု ပျောက်သွားရင်တောင် ဆရာဝန်က မရပ်ခိုင်းမချင်း မရပ်သင့်ပါဘူး။တကယ်လို့ မိခင်ရဲ့ နို့သီးခေါင်းတွေဟာ နီရဲပြီး နာကျင်နေတယ်ဆိုရင် အမြန်ပြန်ကောင်းစေဖို့ စတီးရွိုက်ခရင်မ်အပျော့ တစ်မျိုးကို အသုံးပြုနိုင်ပါတယ်။ မှက္ခရုကြောင့်နာကျင်မှုနဲ့ အခြားလက္ခဏာတွေဟာ နှစ်ရက်လောက်နေရင် ပျောက်သွားနိုင်ပါတယ်။ မပျောက်သွားရင် ဆရာဝန်ထံ ပြန်သွားသင့်ပါတယ်။ တကယ်လို့ နို့ပြွန်မှက္ခရု ရနေတယ်ဆိုရင် မှိုသတ်ဆေး သောက်ဆေးကို သောက်နိုင်ပါတယ်။ ဆေးသောက်ခြင်းအပြင် အောက်ပါအချက်တွေကိုလည်း မှက္ခရု သက်သာစေဖို့ ပြုလုပ်နိုင်ပါတယ်။ရင်သားနာကျင်မှုကို သက်သာစေဖို့ နာကျင်မှု မပျောက်မချင်း၊ (သို့) ဆေးအာနိသင် မပြမချင်း ပျော့တဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ paracetamol လိုမျိုးကို သောက်သုံးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84/
လေထုညစ်ညမ်းခြင်းနှင့် ကလေးစိတ်ဝေဒနာ ဆက်နွယ်မှု
လေထုညစ်ညမ်းစေတဲ့ အရာတွေဟာ လူတွေရဲ့ ကိုယ်ခန္ဓါကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ အသစ်ထုတ်ဝေထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုတစ်ခုအရ လေထုညစ်ညမ်းမှု ပမာဏနဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နှုန်းဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။BMJ ဂျာနယ်မှာ ထုတ်ဝေထားတဲ့ လေ့လာမှုတစ်ခုဟာ ၅၅၀,၀၀၀သော ဆွီဒင် လူငယ်တွေ (အသက် ၁၈ နှစ် (သို့) ထက်ငယ်သူများ) ကို ၃.၅ နှစ်အတွင်း လေထုညစ်ညမ်းစေတဲ့ အရာတွေနဲ့ ထိတွေ့မှုကို လေ့လာထားတဲ့ အဖြေတွေကို အခြေခံထားပါတယ်။ လေ့လာချိန်ပြီးဆုံးသွားချိန်မှာ အချက်အလက်တွေကို Swedish National Register မှာ မှတ်ထားတဲ့ စိတ်ရောဂါကုသဆေးတွေ (ဥပမာ စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ စိတ်ရောဂါဆေး) တွေ အသုံးနဲ့ ပြန်တိုက်ကြည့်ပါတယ်။ ဒီအခါမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ အဓိက ဓာတ်ငွေ့) ဓာတ်ငွေ့နဲ့ ထိတွေ့မှုရှိတဲ့ ကလေးတွေဟာ ရေရှည် စိတ်ရောဂါဆေးတွေ သောက်ဖို့လိုအပ်တဲ့ ရာနှုန်းပိုများတာကို တွေ့ရပါတယ်။ အံ့သြဖွယ်ကောင်းစွာပဲ သုတေသနရဲ့ အဖြေတွေဟာ အသက်၊ လိင်၊ မိသားစု ရာဇဝင်တွေကို ထည့်သွင်းစဉ်းစားရင်တောင် ပြောင်းလဲခြင်း မရှိတာကို တွေ့ရပါတယ်။အတိအကျပြောရရင် NO2 10mcg/m3 တက်လာတိုင်းမှာ ကလေးတွေရဲ့ စိတ်ရောဂါဖြစ်ပေါ်နှုန်းကို ၉ ရာခိုင်နှုန်း တက်လာစေပြီး သေးငယ်သော အမှုန်အမွှားတွေ တူညီတဲ့ ပမာဏတက်လာခြင်းဟာလည်း ၄% တက်စေပါတယ်။ WHO က နှစ်စဉ် လေထုညစ်ညမ်းမှု 40mcg/m3 ကို လက်ခံနိုင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ လေ့လာမှုကို လုပ်တဲ့ အဓိက နေရာဖြစ်တဲ့ ဆွီဒင်နိုင်ငံဟာ လေထု အရည်အသွေးနဲ့ ပတ်သက်ရင် နာမည်ကောင်းရထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။လေထုညစ်ညမ်းမှု နှင့် စိတ်ကျန်းမာရေးကြား ဆက်စပ်နေတဲ့ တိကျတဲ့ အကြောင်းရင်းကို သက်သေပြဖို့ ခက်ခဲနေဆဲဖြစ်ပေမယ့် သုတေသီတွေက ဆက်စပ်မှုကတော့ ရှိတယ်လို့ ဆိုပါတယ်။ လူတိုင်းလူတိုင်းဟာ ကမ္ဘာကြီးရဲ့ လေထုညစ်ညမ်းမှုကို လျစ်လျူရှုမထားဖို့လည်း အရေးကြီးပါတယ်။Umea တက္ကသိုလ် ရဲ့ လေ့လာမှုတွေအရ ကလေးတွေရဲ့ စိတ်ရောဂါဖြစ်နှုန်းနဲ့ လေထုညစ်ညမ်းမှု တွေရဲ့ ဆက်နွယ်မှုကို ပထမဆုံးတရားဝင် သက်သေပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဒီဆက်စပ်မှုကို ပြောတဲ့ ပထမဆုံးလေ့လာမှုတော့ မဟုတ်ပါဘူး။ ဟားဗတ်မှ သုတေသနသမားတွေ ဦးဆောင်ခဲ့တဲ့ ၂၀၁၅ က လေ့လာမှုတစ်ခုက လေထုညစ်ညမ်းစေတဲ့ အရာတွေကို ရှူမိခြင်းဟာ အမေရိကန် က ၇၁၀၀၀ အမျိုးသမီးတွေ ကြားမှာ စိတ်ဖိစီးမှု၊ စိတ်တိုခြင်းနဲ့ စိတ်ကျခြင်းတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ကလေး ၃၀၀၀ ကို တစ်နှစ်ကြာအောင် စောင့်ကြည့်ခဲ့တဲ့ အခြား စပိန်သုတေသန တစ်ခုက သန့်ရှင်းတဲ့လေ ရှိတဲ့နေရာမှာ နေတဲ့ ကလေးတွေဟာ ပိုမိုကောင်းမွန်တဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပြသနိုင်တယ်လို့ ဆိုပါတယ်။လေထုညစ်ညမ်းစေတဲ့အရာတွေကို ကိုယ်ဝန်ဆောင်စဉ် ထိတွေ့မိခြင်း (မော်တော်ဆိုင်ကယ်၊ ကား၊ ဆေးလိပ်သောက်ခြင်း၊ ဂက်စ် ထုတ်ခြင်း) ဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက လေထုညစ်ညမ်းခြင်းဟာ အာရုံကြောပျက်စီးခြင်း အခြေအနေတွေဖြစ်တဲ့ အယ်လ်ဇိုင်းမား နဲ့ ပါကင်ဆန်ရောဂါ တွေဖြစ်နိုင်တဲ့ အချက်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9c%e1%80%b1%e1%80%91%e1%80%af%e1%80%8a%e1%80%85%e1%80%ba%e1%80%8a%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%80/
Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ
Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်းရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ရင်သားဓာတ်မှန်တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်ကရင်သားကင်ဆာလက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို စစ်ဆေး သိရှိနိုင်ပါတယ်။Mammograms စစ်ဆေးမှုက ၂ မျိုး ရှိပါတယ်။ ဒါတွေကတော့။တော်တော်များများက Mammograms စစ်ဆေးမှု ခံယူဖို့ဆိုရင် နာကျင်မှာကို ကြောက်ကြ၊ ရင်သားကို ပြရမှာ ရှက်ကြပါတယ်။ ဒါကြောင့်ပဲ ရင်သားကင်ဆာကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးတာတွေ ဖြစ်လာရတာပါ။ ဒီတော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့စိတ်ကို ဒီလို ဖျောက်ပါ ….. ဘယ်လိုလဲ ဆိုတော့။နာကျင်မှာကို ကြောက်ရွံ့နေတာဆိုရင်တော့။စစ်ဆေးမှု မခံယူခင် လအနည်းငယ်မှာ– ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ နာကျင်မှု ဘယ်လောက် အတိုင်းအတာ ရှိမလဲ။ ဘာတွေ သတိထားရမလဲ။အနေအထိုင် အစားအသောက်ကအစ ဘာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲဆိုတာကို ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပါ။ ကုသမှု နည်းလမ်းတွေကို သေချာ သိရှိရအောင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပါ။စစ်ဆေးမှု မခံယူခင် တစ်လ အလိုမှာ–  နာကျင်မှုကို သက်သာစေနိုင်ဖို့အတွက် စစ်ဆေးမှု မခံယူခင် တစ်လအလိုမှာယောဂလေ့ကျင့်ခန်းလုပ်ပါ။ ယောဂလေ့ကျင့်ခန်းက နာကျင်မှုကို သက်သာစေဖို့ ဘယ်လိုတွေ အသက်ရှူရမလဲ။ ခန္ဓာကိုယ်ကို ဘယ်လို နေရမလဲ ဆိုတာကိုပါ သိရှိစေနိုင်ဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။ယောဂ လေ့ကျင့်ခန်းက စိတ်ရောကိုယ်ပါ အနားရစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အလေ့အထ ဖြစ်စေဖို့အတွက် ယောဂလေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးပါ။စစ်ဆေးမှု မလုပ်ခင် တစ်ပတ် အလိုမှာ–စစ်ဆေးမှုမလုပ်ခင် တစ်ပတ်အလိုမှာကော်ဖီအပါအဝင် ကဖင်းပါတဲ့ အစားအစာတွေကို ရှောင်ပါ။ မနက်ခင်းတိုင်းမှာ ရင်သားကို ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ လက်တွေ၊ ပခုံးနဲ့ ဇက်ကြောတွေကို နှိပ်နယ်ပေးပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ အလေ့အထလေးတွေကို လုပ်ဆောင်ပေးပါ။စစ်ဆေးမှု ခံယူပြီးချိန်မှာလည်း အဖြေကို ဆရာဝန်နဲ့ သေချာ ပြန်ဆွေးနွေးပါ။Mammogramမှာ အကျိတ်တွေ့တိုင်းလည်း ရင်သားကင်ဆာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကြောင့် တအားလည်း မစိုးရိမ်ပါနဲ့။ အဖြေကောင်းတယ်ဆိုရင် နောက်ထပ် ၂နှစ်လောက် ထပ်စစ်ရမှာမို့လို့ Mammogram‌ရိုက်ဖို့ကို မကြောက်ဖို့ အကြံပေးချင်ပါတယ်။ရင်သားကင်ဆာက အမျိုးသမီးတွေကိုအသက်သေဆုံးစေနိုင်တဲ့ ကင်ဆာတစ်မျိုးပါ။ ဒါကြောင့် စိုးရိမ်စိတ်တွေကို ကျော်လွှားပြီး ရင်သားကင်ဆာကို စောစီးစွာနဲ့ သိရှိစေနိုင်ဖို့အတွက် Mammograms စစ်ဆေးမှုကို သေချာလေး ခံယူပြီး ရင်သားကင်ဆာကို စောစောကုသမှု ခံယူလိုက်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/how-to-get-over-your-fear-of-mammograms/
47 ပတ်သားကလေး
ဘယ်လိုဖွံ့ဖြိုးလာလဲ။ကလေးငယ်ရဲ့အသက် ၁၁ လအရွယ်ရဲ့တတိယမြောက်အပတ်မှာကလေးငယ်က အောက်ပါအပြုအမူလေးတွေကို လုပ်ဆောင်ပြုမူတတ်ပါပြီ။သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ။ကလေးကငယ်ရွယ်တဲ့အရွယ်မှာ သင်ကြားရလွယ်ပြီးလိုသလိုပုံသွင်းနိုင်တာကြောင့် မိမိတို့ကိုဘယ်လိုကူညီမလဲ ဆိုတာကို စတင်သင်ကြားပေးဖို့ အချိန်ကောင်းပါ။ ကျေးဇူးပြုပြီးတော့၊ ကျေးဇူးတင်ပါတယ်။ ဆိုတဲ့ စကားလုံးလေး တွေပြောတတ်အောင်အဓိကထားသင်ကြားပေးပါ။ အရုပ်လေးတွေကိုသန့်ရှင်းရေးလုပ်ပေးတာကို ဂိမ်းတစ်ခုကစားသလိုမျိုးလေးဖြစ်အောင်ဖန်တီးပေးပါ။ ၄၇ ပတ်သားဆိုတဲ့အရွယ်ကငယ်ရွယ်လွန်းတာကြောင့် တွေးတောနိုင်စွမ်းမရှိသေးတဲ့အတွက် စဉ်းစားတတ်အောင်သင်ပေးဖို့ကတော့စောသေးပါတယ်။ မိဘကဘေးကနေပြီး ကူညီလုပ်ဆောင်ပေးဖို့တော့လိုအပ်ပါတယ်။ကလေးကို အဲ့ဒီအရွယ်မှာ အရာဝတ္ထုလေးတွေနဲ့ အရာဝတ္ထုလေးတွေရဲ့အမည်ကိုတွဲမိအောင်လုပ်ဆောင်ပေးပါ။ သင့်ဘက်ကလုပ်ဆောင်ပေးနိုင်လေလေ ကလေးရဲ့စာလုံးပေါင်းစွမ်းရည်ကို တိုးတက်စေပြီး ကလေးကို စကားပြောသွက်စေမှာဖြစ်ပါတယ်။ ပစ္စည်းလေးတွေကိုင်တဲ့အခါ နာမည်လေးတွေတွဲပြောပေးပါ။ လှေကားတက်တဲ့အခါ လှေကားထစ်လေးတွေကိုရေတွက်ပေးပါ။ ကုန်စိမ်းအရောင်းဆိုင်တွေကိုသွား တဲ့အခါမှာလည်း သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေရဲ့အမည်တွေနဲ့အရောင်တွေကိုတွဲပြီးပြောပေးပါ။ ကလေးငယ်လေးတွေကိုရုပ်ပုံပါတဲ့ စာအုပ်တွေဖတ်ပြပြီး အရာဝတ္ထုလေးတွေကိုလက်ညှိုးထိုးပြခြင်းဖြင့် ကလေးနဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးရဲ့ထင်မြင်ချက်ကိုနားထောင်ပေးပါ။ ခြေအိတ်အနီရောင်ဝတ်ချင်လား၊အပြာရောင်ဝတ်ချင်လားမေးကြည့်ပါ။ ဘာအရုပ်နဲ့ကစားချင်တာလဲ ဆိုတာကို လည်းမေးပါ။ ကလေးငယ်ကို နှစ်ခုထဲက တစ်ခုပေးရွေးပါ။ သူမဖြေနိုင်သေးရင်နောက်တစ်ခေါက်ထပ်မေးပါ။ သူက သင့်ကိုအံအားသင့်အောင်လုပ်ပြပါလိမ့်မယ်။ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ဆရာဝန်အများစုက ဒီလအတွက်ကလေးငယ်ကို တစ်လထဲမှာ နောက်တစ်ကြိမ်ဆေးခန်းပြန်လာပြပါလို့မှာ လေ့မှာထမရှိတတ်ပါဘူး။ ကလေးငယ်ကလည်း ဆရာဝန်ဆီသွားတဲ့အခါ ဘာမှကိုနားမလည် သေးတာကြောင့် မိဘရဲ့စောင့်ရှောက်အားပေးမှုကိုလိုအပ်ပါတယ်။ ဆရာဝန်ကဘယ်လောက်ပဲရင်းနှီးဖော်ရွေ တယ်ပြောပြော ကလေးကမျက်နှာစိမ်းတာကြောင့် စိတ်ကသိကအောက်ဖြစ်တာမျိုးတွေ တွေ့ကြုံရနိုင်ပါတယ်။ ကလေးကျန်းမာရေးနဲပပတ်သက်ပြီး စိုးရိမ်လာတယ်ဆိုရင်တော့ နောက်လမှာ ဆေးခန်းပြန်ပြဖို့ချိန်းထားတဲ့ရက် မတိုင်ခင်မှာ ဆရာဝန်ထံသွားရောက်ပြသလို့ရပါတယ်။၄၇ ပတ်သားကလေးလေးတွေနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေမျှဝေပေးလိုက်ပါတယ်။လက်မစုပ်ခြင်း။လက်မစုပ်တာက ကျန်းမာရေးကောင်းတယ်ဆိုတဲ့အပြုအမူတစ်ရပ်ဖြစ်သလို သူတို့ဘာသာနှစ်သိမ့်မှုရနိုင်မယ့် လုပ်ငန်းစဉ်တစ်ရပ်ကိုလုပ်ဆောင်နေတယ်ဆိုတဲ့သဘောပါ။ စိုးရိမ်စရာမရှိပါဘူး။ လက်မစုပ်တာက ကလေးငယ် တွေကိုအန္တရာယ်မရှိစေပါဘူး၊လို့ ကျွမ်းကျင်သူတွေကသဘောတူညီခဲ့ပါတယ်။ ကလေးငယ်လေးတွေဟာ အသက် ၂ နှစ်မတိုင်ခင်အထိ သူတို့ရဲ့သွားလေးတွေကိုထိခိုက်စေတာမျိုးမရှိစေဘဲ လက်မစုပ်တတ်ပါတယ်။ အချိုကကလေးလေးတွေဆိုရင် သူတို့ရဲ့ ကြီးသွားလေးတွေစတင်ဖွံ့ဖြိုးဖို့အရှိန်ယူတဲ့အချိန်ဖြစ်တဲ့ အသက် ၄ နှစ် – ၅နှစ်မတိုင်ခင်အရွယ်အထိလက်မစုပ်တတ်ကြပါတယ်။ချိုလိမ်စို့တာ။ချိုလိမ်စို့တာက ကလေးလေးတွေသူတို့ဘာသာစိတ်ကျေနပ်မှုရအောင်နေထိုင်တဲ့နည်းလမ်းလေးတစ်ခုပါ။ ကလေးလေးတွေက သူတို့ပါးစပ်ထဲက ချိုလိမ်လေးတွေပြုတ်ကျသွားတဲ့အခါ မတွေ့တော့တဲ့အခါနဲ့ ညစ်ပတ်သွား တဲ့အခါမျိုးမှာ သူ့ရဲ့ချိုလိမ်လေးကိုပြန်ရဖို့ သင့်ကိုဘယ်လိုအားကိုးရမလဲဆိုတာကို သင်ယူနိုင်လာပါလိမ့်မယ်။ ကလေးငယ်မှာ သွားဘက်ဆိုင်ရာပြဿနာရပ်တွေမပေါ်ပေါက်လာခင်မှာ ကလေးရဲ့အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ချိုလိမ်လေးတွေကိုလဲလှယ်ပေးပါ။ အချို့ကလေးလေးတွေကတော့ ချိုလိမ်ထက် လက်မကိုပဲ ပိုနှစ်သက်ကြပါတယ်။ သင့်အနေနဲ့ရွေးရခက်နေရင်ကလေးကိုသာစိတ်ကြိုက်ပေးရွေးလိုက်ပါ။ဘာတွေစိတ်ပူလဲ။ကလေးငယ်ဟာ ၁၁ လသားအရွယ်ရဲ့ ဒုတိယမြောက်အပတ်မှာ မိဘတွေအနေနဲ့သတိထားဆင်ခြင်ရမယ့် အကြောင်းအရာတွေအများကြီးရှိပါတယ်။ တစ်ချက်ကတော့ အနေအထိုင်ဆင်ခြင်ရမှာပဲဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကတော့ ကလေးမူကြိုတက်တဲ့အရွယ်မရောက်ခင်အထိ မိဘတွေရဲ့အနေအထိုင်အမူအကျင့် တွေကကလေးငယ်အပေါ်ထိခိုက်သက်ရောက်မှုမရှိဘူးလို့ဆိုပါတယ်။ သေချာတာတစ်ချက်က တစ်နှစ်အောက်ကလေးငယ်ဆိုတာက အရမ်းငယ်လွန်းသေးတာကြောင့် သူ့ရဲ့မိခင်ကို အဝတ်အစား မပါဘဲမြင်ရင်တောင်မှ မှတ်မိတာတွေခံစားရတာမျိုးတွေရှိမှာမဟုတ်ပါဘူး၊လို့လက်ခံထားကြပါတယ်။ အသက် ၃ နှဏ်ကျော် ၄ နှစ်ကလေးတွေအနေနဲ့ကတော့ သူတို့ရဲ့မိဘတွေကို အဝတ်ဗလာနဲ့မြင်ရတာက ကလေးရဲ့ ကျန်းမာရေးအပေါ်ထိခိုက်မှုရှိစေတယ်လို့ဆိုပါတယ်။ကလေးငယ်က သင့်ခန္ဓါကိုယ်ရဲ့ မမြင်သင့်တဲ့အစိတ်အပိုင်းတွေအပေါ်မှာ စိတ်ဝင်စားစပ်စုလိုစိတ်များနေတယ် ဆိုရင် ပြင်းပြင်းထန်ထန်မတုံ့ပြန်မိပါစေနဲ့၊ မိခင်က ကလေးငယ်ကိုခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကိုသင်ကြားပေးပြီး ကူညီမှုတွေလုပ်ဆောင်ပေးပါ။ ကလေးငယ်ကိုအပြစ်ရှိတယ်၊ လို့မခံစားရအောင်ဂရုစိုက်လုပ်ဆောင်ပေးပါ။လာမယ့် တစ်ပတ်မှာကလေးကဘယ်လိုတွေ ဖွံ့ဖြိုးကြီးထွားလာမလဲဆိုတာကို စောင့်ကြည့်ကြရအောင်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/47-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား
ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား ဆိုတဲ့ အဖြေလေးကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ သွေးအားနည်းရောဂါ ဆိုတာ သွေးထဲမှာ ဟေမိုဂလိုဘင်လျော့နည်းခြင်း ဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေမှာအရေးပါတဲ့ ဟီမိုဂလိုဘင်ပရိုတင်းရဲ့လုပ်ဆောင်ချက်အတွက် သံဓာတ်ကအရေးပါပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေက သွေးဆုံးရှုံးမှုများခြင်း၊ သန်ကောင်ဝင်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အာဟာရစုပ်ယူနိုင်စွမ်းပြဿနာနဲ့ နာတာရှည်ရောဂါတို့ ပါဝင်ပါတယ်။သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေကအောက်ဆီဂျင်ချို့တဲ့လာပါတယ်။ သွေးအားနည်းခြင်းက ဓမ္မတာလာနေစဉ်အတွင်း သွေးဆင်းများခြင်းအပါအဝင် တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။အမျိုးသမီးတွေက လတိုင်းဓမ္မတာ သွေးဆင်းတဲ့အခါသွေးနီဥဆဲလ်မှာ ပါသွားတဲ့ သံဓာတ်လည်း ဆုံးရှုံးရပါတယ်။ စားသောက်လိုက်တဲ့ သံဓာတ် ပမာဏက ဆုံးရှုံးသွားတဲ့ပမာဏကို လစဉ် ပြန်မဖြည့်တင်းပေးနိုင်တဲ့အခါ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သွေးဆင်းများတဲ့ အမျိုးသမီးတွေမှာသွေးအားနည်းရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။သွေးအားနည်းစေတာကရာသီသွေးဆင်းခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ကိုယ်ဝန်ရှိချိန်နဲ့ နို့တိုက်ကျွေးချိန်အတွင်း ကလေးကြီးထွားဖွံ့ဖြိုးစေဖို့ သံဓာတ် လိုအပ်ချက်က ပိုများလာပါတယ်။ သံဓာတ် အားနည်းရင် အမေရော ကလေးအတွက်ပါ ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ အတွက် သံဓာတ်အလုံအလောက် ရရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန်တွေမှာလည်း သံဓာတ် အားနည်းတတ်ကြပါတယ်။ရာသီသွေးဆင်း များစေတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ အဖြစ်များတာတွေကတော့။လစဉ်လတိုင်း သားအိမ်အတွင်းမှာ ဖြစ်တည်လာတဲ့ အမြှေးပါးက ရာသီသွေး အဖြစ်နဲ့ ဆင်းလာတာ ဖြစ်ပါတယ်။ ဟော်မုန်းပမာဏ မညီမျှရင်တော့ ခန္ဓာကိုယ်က အမြှေးပါး ထူလာပြီး ကွာကျတဲ့အခါ ရာသီသွေးဆင်းတာ များလာနိုင်ပါတယ်။သားအိမ်နံရံအတွင်းမှာ အလုံးတည်တဲ့အခါ သွေးဆင်းများခြင်း၊ ‌ရာသီလာတဲ့အခါ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။သားဆက်ခြားနည်းလမ်း အဖြစ်နဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD) ကို အသုံးပြုထားတဲ့ အမျိုးသမီးတွေ ရှိပါတယ်။ IUD က ဟော်မုန်းမပါတဲ့ အမျိုးအစား ဖြစ်ခဲ့ရင် ရာသီသွေးဆင်းတာ ပိုများနိုင်ပါတယ်။ဖြစ်ခဲတယ် ဆိုပေမယ့် သားအိမ် ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာနဲ့ သားဥအိမ် ကင်ဆာတို့ ရှိနေတဲ့ အမျိုးသမီး တချို့မှာ ရာသီသွေးဆင်း များတတ်ပါတယ်။သွေးကျဲဆေး သို့မဟုတ် ရောင်ရမ်းမှု လျော့ကျစေတဲ့ ဆေးဝါးတွေကလည်း ရာသီသွေးဆင်း များစေပါတယ်။အမျိုးသမီးတွေမှာ သွေးဆင်းများစေတဲ့ တခြား အကြောင်းရင်းတွေက သိုင်းရွိုက်ပြဿနာ၊ တင်ပါးဆုံတွင်း မျိုးပွားအင်္ဂါများ ရောင်ရမ်းမှုရောဂါ((PID)၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါ စတဲ့ ရောဂါတချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီလိုလူတွေကတော့ သွေးအားနည်းတာကြောင့် နောက်ဆက်တွဲ ပြဿနာ မဖြစ်စေဖို့ ဆေးကုသမှုခံယူဖို့ လိုပါတယ်။အထက်ပါ လက္ခဏာတွေ မဟုတ်ဘဲ ရာသီသွေးဆင်းတာ ပုံမှန်ရှိသူတွေနဲ့ အနည်းငယ်များသူတွေကတော့ ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ပြန်ဖြည့်တင်းနိုင်ဖို့ ဂရုစိုက်ပေးရင် လုံလောက်ပါတယ်။ ဗီတာမင် စီ နဲ့ သံဓာတ်များတဲ့ အသီးတွေ၊ အနီရောင်အသား၊ ငါး၊ ပင်လယ်စာတွေအပြင် ပဲပိစပ်၊ ပဲနီလေး၊ အုတ်ဂျုံ၊ ကိုက်လန်၊ အစေ့အဆန်တွေစတဲ့ အစားအစာတွေက သံဓာတ် ဖြည့်တင်းနိုင်လို့ မျှတစွာ စားသုံးပေးပါ။ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား ဆိုတဲ့ အဖြေကို ရလောက်ပြီ ထင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/menorrhagia-and-anaemia/
Obstructive Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း )
Sleep Apnea ဆိုတာကတော့ အိပ်ပျော်နေစဉ်မှာ အသက်ရှူခြင်းကို ကြိန်ဖန်များစွာ အနှောက်အယှက်ဖြစ်စေတဲ့ အိပ်စက်ခြင်းဆိုင်ရာ မူမမှန်တဲ့ ရောဂါတစ်ခုပါ။ ရလဒ်အနေနဲ့ကတော့ ဒီအခြေအနေရှိသူတစ်ယောက်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အထူးသဖြင့် ဦးနှောက်ဟာ အောက်စီဂျင်မလုံလောက်တော့ဘဲ အိပ်ရေးမဝတာကြောင့် နေ့ဘက်တွေမှာပါ တစ်နေကုန်လုံး ပင်ပန်းနေတတ်တာပါ။ Sleep Apneaမှာ အဓိက ပုံစံ ၂မျိုးရှိပါတယ်။Obstructive sleep apnea: လေပြွန်ပိတ်ခြင်းကြောင့်ဖြစ်ရတဲ့ အဖြစ်များတဲ့ ပုံစံ။Central Sleep apnea: ဒါကတော့ လေပြွန်ပိတ်လို့ဖြစ်ရတာမဟုတ်ပါဘဲ အသက်ရှူစနစ်ထိန်းချုပ်တဲ့နေရာက မတည်ငြိမ်မှုကြောင့်ဖြစ်ရတာပါ။ ဦးနှောက်က ကြွက်သားတွေကို အသက်ရှူဖို့ သတင်းမပို့နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ယှဉ်ကြည့်ရမယ်ဆိုရင်တော့ အမျိုးသမီးတစ်ယောက်မှာ ဒီရောဂါရှိရင် အမျိုးသား ၂ယောက်ကနေ ၃ယောက်အတွင်းမှာ ဒီရောဂါရှိနေနိုင်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သက်လတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Sleep Apneaရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ကျယ်လောင်စွာဟောက်ခြင်း။အသက်ရှူကြပ်တာကို ဘေးလူတစ်ယောက်မျက်မြင်တွေ့ခြင်း။အသက်ရှူမဝခြင်းကြောင့် မကြာမကြာလန့်နိုးခြင်း။ခံတွင်းခြောက်ခြင်း သို့မဟုတ် လည်ချောင်းနာခြင်းကြောင့် နိုးခြင်း။နံနက်ပိုင်း ခေါင်းကိုက်ခြင်း။အိပ်ပျော်နိုင်ခဲခြင်း (Insomnia)။နေ့ဘက်တွင် အလွန်အမင်းအိပ်ချင်ခြင်း (Hypersomnia)။အာရုံစူးစိုက်မှု ပြဿနာများ။စိတ်ရှုပ်လွယ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။အခြားသူတွေ သို့မဟုတ် သင့်ကိုယ်သင်တောင် အနှောက်အယှက်ဖြစ်စေလောက်သည်ထိ အကျယ်ကြီး ဟောက်ခဲ့ရင်။Obstructive sleep apnea နဲ့ Central sleep apnea တို့ကတော့ အောက်ပါအတိုင်း ကွာခြားကြပါတယ်။Obstructive sleep apnea မှာတော့ လည်ချောင်းနောက်က ကြွက်သားတွေနားလိုက်တဲ့အချိန်မှာ လေပြွန်ကျဉ်းသွားပြီး အသက်ရှူတဲ့အချိန်မှာ ပိတ်သွားပါတယ်။ ဒါဟာ လူနာရဲ့ ခန္ဓါကိုယ်ထဲက အောက်စီဂျင်ကို လျော့နည်းစေပါတယ်။ အသက်မရှူနိုင်ခြင်းဟာ အချက်ပြနေပြီး အသက်ပြန်လည်ရှူနိုင်ဖို့ လူနာကို အိပ်ပျော်ရာက ဦးနှောက်က နှိုးပါတော့တယ်။ ဒီလို နိုးလာခြင်းကတော့ သာမန်လူတွေမှာလည်း အဖြစ်များပြီး မမှတ်မိတတ်ကြပါဘူး။Central sleep apnea ကတော့ လူနာရဲ့ဦးနှောက်ဟာ အသက်ရှူမယ့်ကြွက်သားတွေဆီ အချက်လှမ်းမပြနိုင်တာပါ။ ဒါဟာ ကြွက်သားတွေကို ခေတ္တအသက်မရှူအောင် တားမြစ်လိုက်ပါတယ်။ လူနာဟာ အသက်ရှူမဝခြင်းကြောင့် နိုးလာနိုင်တာမျိုးတွေ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခဲယဉ်းတာတွေ ၊ တောက်လျှောက်အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။Sleep Apneaဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။Obstructive sleep apnea အတွက်ဆိုရင်။အမျိုးသားဖြစ်နေခြင်း၊ ကိုယ်အလေးချိန်ပိုနေခြင်း၊ အသက်၄၀ကျော်နေခြင်း၊ neck circumference များနေခြင်း (အမျိုးသားတွေမှာတော့ ၁၇လက်မနဲ့အထက်ရှိနိုင်ပြီး အမျိုးသမီးတွေမှာ ၁၆လက်မနဲ့အထက် ရှိနိုင်ပါတယ်) tonsils ကြီးခြင်း၊ လျှာကြီးခြင်း သို့မဟုတ် မေးရိုးသေးခြင်း၊ sleep apnea မျိုးရိုးရှိခြင်း၊ Gastroesophageal reflux သို့မဟုတ် GERD ၊ အရက်သောက်ခြင်း၊ စွဲခြင်း ၊ ဆေးသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ နှာခေါင်းပိတ်ခြင်း စတာတွေဖြစ်ပြီး။Central sleep apnea အတွက်ဆိုရင်တော့။သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးပိုင်းဖြစ်နေခြင်း၊ နှလုံးမူမမှန်ခြင်း၊ methadone ကဲ့သို့သော ဆေးမျိုး သုံးစွဲရခြင်း၊ လေဖြတ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Sleep Apnea အတွက် စမ်းသပ်ချက်တွေမှာတော့။Nocturnal polysomnography။Home sleep tests : သင့်ရဲ့ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်စီဂျင်လယ်ဗယ်၊ လေစီးဆင်းမှုနဲ့ အသက်ရှူလမ်းကြောင်း၊ စနစ်စတာတွေကို လေ့လာမှုတွေ ပါဝင်ပါတယ်။Obstructive sleep apnea ကို ကုသမှုတွေမှာတော့။Continuous positive airway pressure (CPAP ): လူနာအိပ်ပျော်နေချိန်အတွင်း နှာခေါင်းပေါ်အုပ်ထားတဲ့ mask မှတ်ဆင့် လေဖိအားပို့တဲ့ ပစ္စည်းကို အသုံးပြုခြင်း။Bilevel positive airway pressure (BiPAP) : CPAP နဲ့ဆင်တူတဲ့ ကိရိယာကို အသုံးပြုတာဖြစ်ပေမယ့် အသက်ရှူသွင်းလိုက်တဲ့အခါ ဖိအားများများပေးပြီး ပြန်ရှူထုတ်တဲ့အခါ ဖိအားနည်းနည်းသာပေးတဲ့ ကိရိယာကို အသုံးပြုခြင်း။Expiratory positive airway pressure (EPAP) : အိပ်မပျော်သေးခင်မှာ သေးငယ်တဲ့ တစ်ခါသုံးပစ္စည်းလေးတွေကိုသုံးပီး လေကို လွတ်လွတ်လပ်လပ်ရှူသွင်းနိုင်စေဖို့နဲ့ ရှူထုတ်တဲ့အချိန်မှာတော့ လေကို ထည့်ထားတဲ့ ကိရိယာရဲ့ အပေါက်သေးသေးတွေကနေ ထွက်သွားစေခြင်း။Oral apliances: လည်ချောင်းပွင့်နေစေဖို့ oral appliance တွေကို အသုံးပြုရပါတယ်။ ဒါကတော့ CAPA ထက် ပိုပြီးလွယ်ကူပါတယ်။ခွဲစိတ်ခြင်း : အထက်ပါ ကုသမှုတွေအားလုံး အလုပ်မဖြစ်တဲ့အချိန်မှာတော့။Central Sleep apnea အတွက် ကုသခြင်းမှာတော့။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကSleep Apnea ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Sleep Apneaကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/obstructive-sleep-apnea-%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%94%e1%80%85%e1%80%a5%e1%80%b9-%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b/
တုပ်ကွေးကာကွယ်ဖို့ ဒါလေးတွေလိုက်နာပါ
ဝသန်ကာလ မိုးကျလာတော့ သဘာဝပတ်ဝန်းကျင်ကြီးက လှပလို့ အရာရာက စိမ်းစိုနေပါတယ်။ မျက်စိ ပသာဒရမှုနဲ့အတူ သင့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာမှာကတုပ်ကွေးပါ။ ရာသီတုအေးတဲ့အခါ တုပ်ကွေးဖြစ်လွယ်သလို ရောဂါပိုးတွေကလည်း အချိန်တော်တော်ကြာတဲ့အထိ ရှင်သန်နေနိုင်ပါတယ်။ ဒီတော့ မကြာခင်မှာ ရောက်လာတော့မယ်မိုးရာသီမှာ ကိုယ်ကိုယ်ကိုယ် တုပ်ကွေးကာကွယ်ဖို့ ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို မျှဝေပေးပါရစေလား………..။တုပ်ကွေးကို ကာကွယ်တာက ကုသတာထက် ပိုထိရောက်မှုရှိပါတယ်။ တုပ်ကွေးကို ကာကွယ်ဖို့ဆိုရင် အထိရောက်ဆုံးဖြစ်အောင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ကာကွယ်ဆေး ထိုးပါ။နှစ်စ​ဉ် မိုးကျစမှာရာသီတုပ်ကွေးကာကွယ်ဆေးထိုးတာက တစ်နှစ်ပတ်လုံး တုပ်ကွေး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် တုပ်ကွေး မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် တုပ်ကွေးရာသီ မစတင်ခင်မှာကတည်းက ကာကွယ်ဆေး ထိုးထားပါ။လူစုလူဝေးဖြစ်မယ့် နေရာတွေကို ရှောင်ပါ။လူစုလူဝေးဖြစ်မယ့် နေရာတွေကိုသွားတာ၊ ဖျားနေသူနဲ့ အနီးကပ် ထိတွေ့မိတာက တုပ်ကွေး ကူးစက်ခံရနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဖျားနာနေသူနဲ့ ခပ်ဝေးဝေးနေပါ။ လူစုလူဝေးဖြစ်မယ့် နေရာတွေကို မသွားပါနဲ့။ဖျားနေရင်အိမ်မှာပဲနေပါ။ဖျားနေမယ်ဆိုရင် အလုပ်သွားတာ၊ ကျောင်းသွားတာမျိုး မလုပ်ပါနဲ့။ အိမ်မှာပဲနေပါ။ အိမ်မှာတောင် မိသားစုဝင်တွေနဲ့ အနီးကပ် မနေဘဲ သီးသန့်နေပါ။ ဒါမှ ကိုယ့်ဆီကနေ အခြားသူတွေဆီကိုရောဂါပိုးမကူးစက်မှာပါ။ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားပါ။နှာချေတဲ့အခါ ချောင်းဆိုးတဲ့အခါတွေမှာ ပါးစပ်နဲ့ နှာခေါင်းကိုတစ်သျှူးစနဲ့အုပ်ထားတာ၊ တံတောင်ဆစ်နဲ့ ဖုံးအုပ်တာက အခြားသူတွေဆီကို ရောဂါပိုး မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်နှာချေ၊ ချောင်းဆိုးတိုင်း သေချာ ဖုံးအုပ်ဖို့ မမေ့ပါနဲ့။လက်တွေကို သန့်စင်အောင်ဂရုစိုက်ပါ။လက်တွေက ရောဂါပိုး အများဆုံး ကပ်ညှိနေနိုင်တဲ့ နေရာပါ။ ဒါကြောင့် လက်တွေကို သေချာဆေးကြောတာက တုပ်ကွေးကို အထိရောက်ဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့်အစားမစားခင်၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့ပြီးတိုင်းနဲ့ အပြင်ကပြန်လာတိုင်း လက်ကို သေချာစွာဆေးကြောပါ။လက်ကိုရေနဲ့ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်ဆေးကြောပေးပါ။ ရေအလွယ်တကူ မရနိုင်ဘူးဆိုရင် အယ်လ်ကိုဟောပါတဲ့ရေမလိုလက်သန့်ဆေးရည်သုံးပြီး ဆေးကြောပေးပါ။မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို မကိုင်ပါနဲ့။လက်ချောင်းတွေက ဘက်တီးရီးယားတွေ အများဆုံး ရှိနေနိုင်တဲ့ နေရာပါ။ ဒါကြောင့် ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေ ဖြစ်တဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ကျန်းမာတဲ့အလေ့အထလေးတွေမွေးမြူပါ။အိမ်မှာ ပိုးသတ်သန့်စင်တာ၊ အလုပ်စားပွဲကို ပိုးသတ်သန့်စင်တာ၊ နေ့စဉ် ကိုင်တွယ်ထိတွေ့နေရတဲ့ အရာတိုင်းကို ပိုးသတ်သန့်စင်တာမျိုးလုပ်ပါ။ရေချိုးပါ။ ပုံမှန်လုပ်ရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စတွေဖြစ်တဲ့ ခေါင်းလျှော်တာ၊ လက်ဆေးတာ၊ခြေသည်းလက်သည်းညှပ်တာတွေကို သေချာလုပ်ပေးပါ။နေ့စဉ် အိပ်ရေးဝဝအိပ်ပါ။ အာဟာရပြည့်ဝအောင်စားပါ။ စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ။ သင့်တင့်တဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလုပ်ပါ။ စတဲ့ နေ့စဉ်လိုက်နာရမယ့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူလေးတွေကို လိုက်နာမယ်ဆိုရင် တုပ်ကွေးရာသီမှာ ဖျားနာမှု ကင်းပြီး ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။တစ်ကိုယ်ရေ သန့်ရှင်းရေးက ရောဂါအများစုကို ကာကွယ်ပေးနိုင်ပါတယ်။ တုပ်ကွေးရာသီမှာလည်း တုပ်ကွေးမဖြစ်စေဖို့ဆိုရင် လက်ဆေးတာကစလို့ အစားအသောက် အသုံးအဆောင်တွေအထိ အားလုံးကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာ ဂရုစိုက်တာကရုပ်ပိုင်းဆိုင်ရာကျန်းမာစေမှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလည်း တိုးစေမှာပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/flu-and-hygiene/
ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့
ကိုယ်ဝန်ဆောင်ဖူးတဲ့သူတိုင်း သိကြမှာပါ။ကိုယ်ဝန်စရှိပြီဆိုတာနဲ့မူးဝေပျို့အန်ချင်နေပြီး ဘာမှကို စားချင်သောက်ချင်စိတ်မရှိတာကိုလေ။ ကိုယ်ဝန်ရှိခြင်းရဲ့ အမှတ်အသားတစ်ခုလို့ ဆိုရလောက်အောင် ကိုယ်ဝန်အစောပိုင်း ပထမ ၃ လမှာ မူးဝေပျို့အန်ခြင်းကို ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။ ဒါကို Morning sickness လို့လည်း ခေါ်ကြပါတယ်။ ဒီလိုအဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့ ဘာတွေလုပ်လို့ရလဲဆိုတာကို ပြောပြပေးပါမယ်။ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ ပြောင်းလဲလာတဲ့ ဖြစ်စဉ်တွေကတော့။ဒါတွေကြောင့်မူးဝေအော့အန်ခြင်း ဖြစ်ရတယ်လို့လည်း ဆိုပေမယ့် အကြောင်းအရင်း အတိအကျကို ခုထိသေချာမသိကြသေးကြပါဘူး။ကိုယ်ဝန်ဆောင်တွေရဲ့ ၈၀%လောက်က ဒီပြဿနာတွေကို ခံစားရလေ့ရှိပါတယ်။ ဖြစ်နိုင်ခြေများတဲ့ သူတွေကတော့။ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်တာက တော်တော်လေးခံရခက်ပါတယ်နော်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အခုပြောပြမယ့်နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။အစာအိမ်ထဲမှာ ဘာမှမရှိတာက ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်စားချင်စိတ်မရှိဘူးဆိုရင်တောင်မှ နည်းနည်းချင်းစီ အကြိမ်ရေများများလေး စားပေးပါ။ ဒါမှသွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာရောက်မှာဖြစ်သလို အော့အန်တာကိုလည်း သက်သာစေနိုင်မှာပါ။ဘာမှမလုပ်ဘဲနေတဲ့အခါ ပျို့ချင်စိတ်ကိုပဲ အာရုံစိုက်နေမိနေမှာပါ။ ဒီတော့ အပြင်လေးထွက်၊ လမ်းလေးဘာလေးလျှောက်ပါ။ လေကောင်းလေသန့်ရှူပါ။ အာရုံပြောင်းတဲ့အနေနဲ့ စာဖတ်တာ၊ တစ်ခုခုကို အာရုံစိုက်ရတဲ့ အလုပ်တွေ လုပ်ကြည့်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် အနံ့ခံအာရုံက ပိုကောင်းနေတတ်ပါတယ်။ ဒါကြောင့် အနံ့စူးစူးတွေ၊ ရေမွှေးနံ့၊ အမွှေးတိုင်နံ့၊ ဟင်းနံ့တွေ ရတာနဲ့ ပျို့လာပါလိမ့်မယ်။ သံပုရာသီးရှူတာ၊ နှစ်သက်တဲ့ ပန်းအနံ့လေးတွေ ရှူပေးနိုင်ပါတယ်။အထူးသဖြင့် ဗီတာမင် B6ပါတဲ့ အားဆေးတွေက ပျို့အန်တာကို သက်သာစေပါတယ်။ သံဓာတ်အားဆေးတွေက တချို့ကိုယ်ဝန်ဆောင်တွေမှာ ပျို့အန်တာကိုဖြစ်စေလို့ သောက်နေတဲ့ထဲမှာပါတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ကြည့်ပါ။တစ်ခါတလေမှာ ပျို့အန်တာက ဟော်မုန်းအပြောင်းအလဲကြောင့် စားချဉ့်ရည်ဆန်တက်ပြီး ရင်ပူတာကြောင့်ပါ။ ဒါကြောင့်လို့ ယူဆရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အက်စစ်ပြယ်ဆေးတွေ သောက်ပါ။ ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ဆင်ပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/how-to-relieve-morning-sickness-in-pregnancy/
ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ချပေးသော အစားအစာများ
ဆီးချိုရောဂါကိုထိန်းချုပ်ခြင်း။ဆီးချိုရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရန် အရေးပါဆုံးမှာကိုယ်အလေးချိန်လျော့ချရ်ဖြစ်သည်။ ရှိပြီး ခန္ဓါကိုယ်အလေးချိန် ၅% မှ ၁၀% တို့ကိုလျော့ချနိုင်ပါကသွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရာတွင် အထောက်အကူပြုပြီးသွေးပေါင်ချိန်နှင့် သွေးတွင်းအဆီဓါတ်ကိုလည်းလျော့ကျစေပါသည်။ ကိုယ်အလေးချိန် လျော့ချခြင်းနှင့် ကျန်းမာစွာစားသုံးခြင်းသည် သင်၏စိတ်၊ စွမ်းဆောင်ရည်နှင့် နေထိုင်ကောင်းမှုအပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။သင့်တွင် ဆီးချိုရောဂါဖြစ်နေစေဦးတော့ ကောင်းသောပြောင်းလဲခြင်းပြုလုပ်ရန် နောက်မကျသေးပါ။ သင့်ကျန်းမာရေးအတွက် သင်ပြုလုပ်ရမည့်အရာသည် သင်တွေးထင်ထားသလောက် မခက်ခဲပါ။ဝမ်းဗိုက်အဆီကို စောင့်ကြည့်ခြင်း။ခန္ဓါကိုယ်ရှိအဆီသည် နေရာလိုက်၍ ကွဲပြားမှုရှိသည်။ ဝမ်းဗိုက်ရှိအဆီများလျှင် ထိုအဆီက ဝမ်းဗိုက်အတွင်း ကလီစာများနှင့် အသည်းတို့ကိုဖုံးအုပ်ထားသည့်အတွက် အခြားပေါင်၊ တင်ပါးတို့မှ အဆီနှင့်မတူပဲဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးမြင့်စေသည်။ ထိုမှတစ်ဆင့် အင်ဆူလင်ဟော်မုန်းကိုတုန့်ပြန်မှုလျော့ကျလာပြီးဆီးချိုရောဂါကို ဖြစ်စေနိုင်သည်။ အမျိုးသမီးတစ်ဦးအတွက် ခါး( လုံးပတ် ) ၃၅ လက်မနှင့်အထက်ရှိလျှင်၊ အမျိုးသားတစ်ဦးအတွက် ခါး ( လုံးပတ် ) ၄၀ လက်မနှင့် အထက်ရှိလျှင် ရောဂါဖြစ်နိုင်ခြေရှိပါသည်။ဆိုဒါပါသောအချိုရည်များ၊ အားဖြည့်အချိုရည်များ၊ အသင့်သောက်ကော်ဖီနှင့် ပြန်လည်ပြုပြင်ထားသော သဘာဝမဟုတ်သည့် အချိုရည်များတွင် ဖရက်တို့စ် ( Fructuse ) သကြားဓါတ်ပါဝင်သည်။ ထိုသကြားဓါတ်သည် ဝမ်းဗိုက်အလေးချိန်ကို များပြားစေနိုင်သည်။ အချိုကဲသောအစားအစာများကိုလျော့စားပါကသွယ်လျလာနိုင်သည့်အပြင်ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေပါသည်။ဆီးချိုရောဂါအတွက် ကျန်းမာသောစားသုံးခြင်း။-လေ့ကျင့်ခန်းပြုလုပ်ခြင်းကဲ့သို့ပင် အစားအစာသည်လည်းဆီးချိုရောဂါထိန်းချုပ်ရာတွင် အလွန်အရေးပါသည်။ သို့သော် ဆီးချိုရောဂါရှင်အတွက် စားသောက်မှုပုံစံသည် မရှုပ်ထွေးပါ။ အခြားသူများနှင့်အတူတူဖြစ်ပြီးထူးခြား၍စားရသောအနေအစားမျိုးလည်းမဟုတ်ပါ။ ကစီဓါတ်ပါသော အစားအစာများအပါအဝင် အစားအစာများကိုရွေးချယ်စားသုံးတတ်ဖို့သာလိုပါသည်။အောက်ပါတို့ကိုများများစားပေးပါ။အောက်ပါတို့ကိုလျှော့၍စားသုံးပါ။အသားဓါတ်တို့ထက်ပိုမိုသက်ရောက်နိုင်သည့်အတွက်မှန်ကန်သည့်ကာဗိုဟိုက်ဒရိတ်ဓါတ်ကိုရွေးချယ်စားသောက်တတ်ဖို့လိုပါသည်။အဓိကအရေးကြီးသည်မှာအမျှင်ဓါတ်ပါသော်လည်းကစီဓါတ်နှင့် သကြားဓါတ်များသည့် အစားအစာတို့ဖြစ်သည်။ ထိုအစားအစာတို့သည် အစာချေဖျက်ရန် ကြာမြင့်သည့်အပြင် ပါဝင်သော သကြားဓါတ်ကို တဖြည်းဖြည်းထွက်စေနိုင်သည့်အတွက် အင်ဆူလင်ဟော်မုန်းထွက်ရှိမှုကို တားဆီးသည့်အတွက် သတိထားစားသုံးရန် လိုအပ်ပါသည်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b1/
ကလေးတွေ အိမ်မြဲနေချိန် အိမ်မှာ သတိထားစောင့်ကြည့်သင့်တဲ့ အရာများ
Stay Home နေတဲ့အချိန် ကလေးတွေလည်း ကျောင်းမတက်ရ၊ အိမ်ပြင်လည်း ထွက်မဆော့ရတော့ အိမ်မှာပဲ ဆော့ကြမှာပေါ့။ အိမ်ထဲပဲ နေရတဲ့အခါ တွေ့ရာ ကစားရင်း အိမ်သုံးပစ္စည်းတွေနဲ့ ဘေးအန္တရာယ်မဖြစ်အောင် မိဘတွေ ဂရုစိုက်ပေးသင့်ပါတယ်။အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ(ဥပမာ -နာရီဓါတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက်စတီးမျှင်ထွေးတွေလို သံသတ္ထုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။ဘယ်သူမဆို မတော်တဆ ဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေ အတွက် ပိုသတိထားသင့်ပါတယ်။ တီဗီတွေကို အောက်ခြေ မငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့ အပြင် လျှပ်စစ်အန္တရာယ် လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင်တွေကို လည်း သတိထား ကိုင်တွယ်ပါ။တီဗီပလပ်ပေါက်တွေ ကလေးကိုယ်တိုင် မဖွင့်၊ မပိတ်ဖို့ သတိထားစောင့်ကြည့်ပါ။ မီးခလုတ်တွေ၊ ပလပ်ပေါက်တွေကို ကလေးတွေ ကိုင်တာ အကျင့်မလုပ်ပါနဲ့။ဂက်စ်မီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့ မီးဖိုချောင် အသုံးအဆောင် ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ် အတွက်ပါ သတိထားရမယ့် အထဲ ထိပ်ဆုံးက ပါဝင်ပါတယ်။ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့နဲ့ ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှုက ပြင်ပလေထု အတွက် လက်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ဒါ့ကြောင့် အလုံပိတ်အခန်းအတွင်း ချက်ပြုတ်ရတာ ပုံမှန်ထက် ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ် ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ ချက်တဲ့အခါ အိမ်ထဲမှာ(မီးဖိုနဲ့ မနီးကပ်ရပါ) ပန်ကာဖွင့်ထားပါ၊ ဖြစ်နိုင်ရင် အိမ်ရှေ့ပြတင်းပေါက်တွေ ဖွင့်ထားပါ၊ မီးတောက်ကပြာလဲ့လဲ့ ဖြစ်ရပါမယ်၊ လိမ္မော်ရောင် သန်းနေခဲ့ရင် မီးဖိုကို သေချာစစ်ဆေးဖို့ လိုနေပါပြီ၊ အရည်အသွေး စိတ်ချရတဲ့ မီးဖိုနဲ့ ဂက်စ်အိုးတွေကိုပဲ သုံးပါ၊ ဂက်စ်အိုးနားမှာ မီးနဲ့ ပတ်သက်တာ မယူလာပါနဲ့(ဥပမာ ဖယောင်းတိုင်)၊ ဂက်စ်အိုးနဲ့ ပိုက်တွေ လုံမလုံ၊ ယိုစိမ့်မှု ရှိသလား အမြဲစစ်ဆေးပါ။ဓားမ၊ ဓားချွန်၊ ဓားအသေး စသည်ဖြင့် ဓားအမျိုးပေါင်းစုံကို စနစ်တကျမထားဘဲ တစ်နေရာစီပစ်ထားမယ်ဆိုရင် အန္တရာယ်များနိုင်ပါတယ်။ မလိုအပ်ဘဲ ဓားထည့်စင်နဲ့ စီပြီးထားတာလည်းမတော်တဆတိုက်ချမိနိုင်လို့ သတိထားပါ။ ကလေးတွေ မမီလောက်တဲ့ နေရာမှာ ထားပါ။ရေကူးကန် သို့မဟုတ် ရေတွင်း၊ ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ ရေတွင်း၊ရေကန်တွေ တစ်ဝိုက်မှာ ရေညှိတွေနဲ့ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက် လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှလူကြီးတွေပါ အန္တရာယ်ကင်းနိုင်မှာပါ။ ရေချိုးခန်းထဲက ကန်တောင် ကလေးတွေအတွက် မေ့မေ့လျော့လျော့မထားပါနဲ့။တိုက်ခန်းမှာ နေထိုင်သူတွေဆို အိမ်ရှေ့ဝရံတာ နဲ့ လှေကားတွေမှာ ကလေးတွေ ကို မျက်စိအောက်မှာပဲ စောင့်ကြည့်သင့်ပါတယ်။ ဆော့ကစားရင်း မတော်တဆ ပြုတ်ကျ၊ ချော်ကျ ခဲ့ရင် ရင်ကျိုးရပါလိမ့်မယ်။အိမ်မှာ ဆေးတွေ ဆောင်ထားသင့်တယ်ဆိုပေမယ့် သိမ်းဆည်းတဲ့နေရာက အရေးကြီးပါတယ်။ ဆေးအမျိုးအစားတွေကို သီးခြားသပ်ရပ်စွာထားရှိပြီး ကလေးတွေ မမီတဲ့နေရာမှာ ထားသင့်ပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်က ဆေးမှားသောက်လိုက်တာ၊ ရက်လွန်ဆေးတွေကို မစွန့်ပစ်မိလို့ သောက်လိုက်မိတာ၊ ကလေးက ယူသောက်လိုက်တာတွေက ကိစ္စကြီးသွားစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ဖို့၊ ဆေးခန်းက ပေးလိုက်တာ ဆိုလည်း တခြားမိသားစုဝင်တွေ ရမ်းမသောက်မိစေဖို့ သီးခြားထားသင့်ပါတယ်။မှိုအမှုန် သေးသေးလေးတွေက လေထုထဲ ပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာတွေ၊ ပန်းနာရင်ကျပ်နဲ့ တခြားဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်ကမှိုလဲဆိုတော့ အိမ်က အစားအသောက်မှာ တက်တဲ့မှို၊ အမှိုက်တွေမှာ တက်တဲ့မှို၊ အိမ်မျက်နှာကျက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာ ဖြစ်တဲ့မှို ဖြစ်ပါတယ်။ အရောင်စုံဖြစ်လာတတ်တဲ့ မှိုအမှုန်လေးတွေက ကျန်းမာရေးအတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာ ရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ၊ ရက်လွန်အစားအစာတွေကို လွှင့်ပစ်ပါ၊ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b2%e1%80%94%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%a1/
အရုပ်သေနတ်က သင့်ကလေးစိတ်ကို ကြမ်းတမ်းစေသလား
အရုပ်သေနတ် တွေဟာ သင့်ကလေးကို ပိုမိုကြမ်းတမ်းစေတယ်ဆိုပြီး သင်ပူပန်ဖူးပါသလား။ မိဘအတော်များများဟာ ကလေးတွေကို အရုပ်သေနတ် နဲ့ ဆော့ခွင့်မပြုတတ်ကြပါဘူး။ ဒါပေမယ့် ငယ်ရွယ်စဉ်မှာ အရုပ်သေနတ်နဲ့ ကစားခဲ့ကြတဲ့ ယောက်ျားလေးတွေဟာ အရွယ်ရောက်ချိန်မှာ ပြစ်မှုကျူးလွန်ခြင်း မျိုး မရှိကြပါဘူး။ကလေးစိတ်အထူးကု ဆရာဝန် ဒေါက်တာ Michael Thompson က ငယ်ရွယ်စဉ်မှာ စစ်တိုက်တိုင်းကစားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝမှာ ဒေါသကြီးခြင်းကို ဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက် မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ကစားနည်းတွေဟာ ကလေးရဲ့ လိင်ပေါ်မှာ မူတည်ပါတယ်။ ယောက်ျားလေးတွေဟာ ပြင်းထန်တဲ့ ဆော့ကစားခြင်းတွေ ဖြစ်တဲ့ လူဆိုးတွေကို တိုက်ခိုက်ခြင်း၊ စစ်တိုက်တိုင်း ကစားတတ်ကြပေမယ့် မိန်းကလေးတွေကတော့ အရုပ်၊ ဟင်းချက်တိုင်း၊ မိသားစုလုပ်တိုင်း ဆော့ကစားနည်းတွေကို ကစားလေ့ရှိကြပါတယ်။မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ယောက်ျားလေးတွေရဲ့ ၆၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း လောက်ဟာ အိမ်မှာ ကြမ်းတမ်းတဲ့ ကစားနည်းတွေကို ကစားကြပြီး မိန်းကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ဟာလည်း ကစားကြတယ်လို့ ဆိုပါတယ်။ အံ့သြလောက်စွာပဲ လေ့လာမှု အတော်များများက ကလေးတွေ ကစားခြင်းဟာ လူမှုဆက်ဆံရေးနဲ့ မှတ်ဉာဏ်တွေကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ စိတ်ကူးယဉ်ပြီး ဆော့ရတဲ့ ကစားနည်းတွေမှာ ကလေးတွေဟာ မျက်နှာမှာပေါ်တဲ့ သဲလွန်စတွေကို ဘယ်လိုဖတ်ရမယ်၊ ခြေဟန်လက်ဟန်တွေကို ဘယ်လိုနားလည်အောင်လုပ်ရမယ်၊ အုပ်စုထဲမှာ သူတို့ရဲ့ နေရာကို ဘယ်လိုယူရမယ်၊ လူမှုဆက်ဆံရေးမှာ ဘယ်လိုပြုမူရမယ်ဆိုတာတွေကို သင်ယူလာနိုင်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ ကြောက်ရွံ့မှုကို ရင်ဆိုင်လာနိုင်စေပါတယ်။ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာတော့ အရုပ်သေနတ်နဲ့ ဆော့ကစားခြင်းဟာ လူကြီးတွေ ထင်သလို အကြမ်းဖက်ခြင်းမဟုတ်ပဲ ပျော်စရာ ဆော့ကစားနည်းတစ်ခုသာ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ရတဲ့ ဆော့ကစားမှုဟာ အောင်မြင်မှုအတွက် အရေးကြီးတဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း၊ တီထွင်မှုနဲ့ ဖော်ပြနိုင်ခြင်းတွေကို တိုးတက်စေပါတယ်။အခြားတစ်ဖက်မှာလည်း စိတ်ရောဂါအထူးကု ဆရာဝန်တွေက ကြမ်းတမ်းတဲ့သူတွေဟာ ယေဘုယျအားဖြင့် တိရိစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်ခြင်း၊ လွန်စွာ အထီးကျန်ခြင်း၊ ငြင်းပယ်ခံရခြင်း၊ အထင်လွဲခံရခြင်း အစရှိတဲ့ လက္ခဏာတွေ ရှိတတ်တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက အရုပ်တွေ၊ စိတ်ကူးယဉ်ပြီး ဆော့ကစားရတဲ့ ဂိမ်းတွေဟာ ပြောင်းပြန်အကျိုးကို ဖြစ်စေတယ်လို့ ဆိုပါတယ်။သင့်ကလေးဆော့နေတဲ့ အရုပ်ကို မိဘတွေ ကိုင်တွယ် ဖြေရှင်းနိုင်စေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။အခြားကစားနည်းတွေကို အကြံပြုပါ။ မိဘတွေဟာ ကလေးတွေကို အရုပ်သေနတ် နဲ့ ကစားတာကို မကြိုက်ဘူးဆိုရင် အခြားကစားနည်းတွေကို အကြံပြုနိုင်ပါတယ်။ ဒီနည်းတွေကတော့ ဘောလုံးကစားခြင်း၊ ဘေ့စ်ဘောကစားခြင်း၊ ရေကူးခြင်းတွေ ပါဝင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%a1%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%9e%e1%80%b1%e1%80%94%e1%80%90%e1%80%ba%e1%80%80-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%85%e1%80%ad%e1%80%90/
Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်)
HPV သည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ကြွက်နို့နှင့် ကင်ဆာရောဂါဖြစ်ပွားစေနိုင်ပါသည်။ ဤဗိုင်းရပ်စ်သည် လိင်မှတစ်ဆင့်ကူးစက်နိုင်၏။ HPV အမျိုးအစားများစွာရှိသည်။ တစ်ချို့သည် ကြွက်နို့နှင့်သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်၏။အမျိုးသားရော အမျိုးသမီးပါ HPV ပိုးကူးစက်ခံနိုင်ရပါသည်။ ကြွက်နို့များသည် များသောအားဖြင့် မြီးကောင်ပေါက်နှင့် ငယ်ရွယ်သူများတွင် လိင်ဆက်ဆံလျှင် ဖြစ်ပေါ်တတ်ပါသည်။ ကြွက်နို့ဖြစ်ပေါ်နှုန်းသည် အမျိုးသားများတွင် အသက် ၂၀ မှ ၂၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၁၆ မှ ၁၉ အတွင်းအမြင့်ဆုံးဖြစ်သည်။HPV သည် မကုသဘဲနှင့်လည်း ပျောက်ကင်းတတ်ပါသည်။ သို့သော် HPV ပိုးအမျိုးမျိုးရှင်သန်နေနိုင်ပြီး လိင်အင်္ဂါကြွက်နို့နှင့် ကင်ဆာ။ဖြစ်စေနိုင်သော အခြေအနေများလည်းရှိ၏။ လိင်အင်္ဂါကြွက်နို့များသည် ဖားပြုပ်ဖုလောက်သေးငယ်သောအရွယ်မှစဖြစ်နိုင်ပြီး ကွဲအက်။ခြင်း၊ သွေးထွက်ခြင်း၊ အနာဖြစ်ခြင်း၊ အသားမာခြင်းတို့ဖြစ်စေနိုင်ပြီးရက်အနည်းငယ်အတွင်းပျောက်သွားပါမည်။ဒဏ်ရာနှင့်အနာများအပြင်တုပ်ကွေး ပါဖြစ်တတ်သည်။ ထို့ကြောင့် လက္ခဏာများသည် ဖျားခြင်း၊ ပြန်ရည်ကျိတ်များရောင်ခြင်းတို့နှင့် ဆင်ဆင်တူကောင်း တူနိုင်သည်။ ကြွက်နို့ကို အတွင်းဘက်မှာပေါက်သောအမွေးကြောင့်ဖြစ်သော ဝက်ခြံနှင့် အလွယ်တကူမှားနိုင်ပါသည်။HPVကြောင့်ဖြစ် သော ကင်ဆာအများစုသည် သားအိမ်ခေါင်းကင်ဆာဖြစ်စေသည်။ လည်ပင်းနှင့် လျှာကင်ဆာလဲဖြစ်နိုင်သည်။ သားအိမ်ခေါင်းကင်ဆာ ၏လက္ခဏာများတွင် သွေးနှင့်အရည်များမိန်းမကိုယ်မှကျခြင်းတို့ပါဝင်ပါသည်။ ရာသီချိန်မဟုတ်ပဲသွေးဆင်းခြင်း၊ လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်းနှင့် သွေးဆုံးပြီးနောက်သွေးပြန်ဆင်းခြင်းတို့ ဖြစ်နိုင်သည်။ထို့ပြင် အခြားလက္ခဏာများဖြစ်သော ဗိုက်အောက်ပိုင်း သို့မဟုတ် တင်ပါးဆုံအောက်ပိုင်းနာကျင်ခြင်း၊ လိင်ဆက်ဆံစဉ်နာခြင်းတို့လဲ ဖြစ်နိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်းရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင်၏လတ်တလောဆက်ဆံဖော်၊အရင်ကလက်တွဲဖော် (သို့)သင်ကိုယ်တိုင်တွင် HPV ဗိုင်းရပ်စ်ပိုးရှိတယ်လို့သံသယရှိပါက ဆရာဝန်နှင့်ချက်ချင်းဆက်သွယ်ပါ။ လက္ခဏာများမရှိလျှင်တောင်မှ ကိုယ်တိုင်စမ်းသပ်ပုံနည်းလမ်းများနှင့် ပိုးကူးစက်လျှင် လုပ်ရမည့်နည်းလမ်းများကိုအကြံဉာဏ်တောင်းခံနိုင်သည်။HPV ကူးစက်ခြင်းအတွက် ရောဂါရှာဖွေရန် လုပ်ရမည်များကိုလေ့လာပါ။ တခြားသူများဆီမကူးစက်စေရန် မိမိ၌ HPV ကူးစက်မှုမရှိဆိုတာမသေချာမချင်းလိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ပါ။HPV ဟုခေါ်သောဗိုင်းရပ်စ်ပိုးသည် ကြွက်နို့များကို ဖြစ်စေနိုင်သည်။ အမျိုးအစား ၆၊ ၁၁၊ ၁၆ နှင့် ၁၈ တို့သည် လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်းကင်ဆာများ ဖြစ်ပွားစေနိုင်ပါသည်။HPV သည် လိင်မှတစ်ဆင့်ကူးစက်၏။ ဗိုင်းရပ်စ်ပိုးသည် လက္ခဏာမပြသည့်ပိုးသယ်ဆောင်သူလူများမှ ပျံ့နှံ့နိုင်သည်။ ကြွက်နို့နှင့်သားအိမ်ခေါင်းကင်ဆာများသည် HPV ပိုးကူးပြီးနောက် နှစ်ပေါင်းများစွာကြာမှပေါ်လာခြင်းလဲ ဖြစ်နိုင်ပါသည်။HPV ဖြစ်ပွားနှုန်းကို မြင့်မားစေသည့်အချက်အလက်များကိုသတ်မှတ်ရန်လုံလောက်သည့် သတင်းအချက်အလက်များမရရှိသေးပါ။ အသက်အရွယ် လိင်မရွေး ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။HPV ဗိုင်းရပ်စ် လူတွင်ကူးစက်မှုရှိမရှိ စမ်းသပ်နိုင်သည့် စစ်ဆေးချက်မျိုးမရှိသေးပါ။ HPV ကူးစက်မှုအများစုတွင် လူနာများသည်ကြွက်နို့။ပေါ်လာမှ သို့မဟုတ် ကင်ဆာအကျိတ်ကိုစမ်းသပ်တွေ့ရှိမှသာ ကူးစက်ခံရကြောင်းသိကြခြင်းဖြစ်သည်။လိင်အင်္ဂါကြွက်နို့ –။ဆရာဝန်သည် အရေပြားကိုကြည့်ပြီး ရောဂါအမည်တပ်နိုင်ပါသည်။ ဆရာဝန်သည် ကြွက်နို့အသားစကိုယူပြီး။အဏုကြည့်မှန်ပြောင်းနှင့် ကြည့်ရှူစမ်းသပ်ပါလိမ့်မည်။သားအိမ်ခေါင်းကင်ဆာ –။Pap စမ်းသပ်ချက် (သားအိမ်ခေါင်းဆဲလ်ဗေဒ) သည် ကင်ဆာမတိုင်မီအစောဆုံးအခြေအနေကို တွေ့ရှိနိုင် သကဲ့သို့ သားအိမ်ခေါင်းကင်ဆာဖြစ်လာမည့် သားအိမ်ခေါင်းဆဲလ်ပြောင်းလဲမှုများကိုပါ တွေ့ရှိနိုင်ပါသည်။ Pap စမ်းသပ်ချက်ကိုအသက် ၂၁ ကတည်းကစတင်စမ်းသပ်မှုခံယူသင့်သည်။ရောဂါဖြစ်စေသောဗိုင်းရပ်စ်သည် အချိန်အတော်ကြာမှ ပေါ်လာသည်ဖြစ်သောကြောင့် ကုသမှုသည် ရောဂါအမျိုးအစားပေါ်မူတည်ပါသည်။• လိင်အင်္ဂါကြွက်နို့ –။ကြွက်နို့အားကုသရန် အရိုးရှင်းဆုံးနည်းသည် အမြှုပ် သို့မဟုတ် ခရင်မ်လိမ်းဆေးကုသမှုပင်ဖြစ်သည်။ အအေးပေးခြင်း(သို့)အပူပေးခြင်းကုထုံးများနှင့်လည်းကုသနိုင်သည်။ ကုသမှုသည် လအနည်းငယ်ကြာနိုင်သည်။• ကင်ဆာ –။ဆရာဝန်သည် ကင်ဆာကျိတ်၏အဆင့်နှင့် လူနာ၏ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသမှုကိုပေးပါလိမ့်မည်။ ကင်ဆာအတွက် သင်သည် အကျိတ်မပေါ်လာခင် ရောဂါဖြစ်ပွားမှုကိုကာကွယ်ရန် ပုံမှန်စစ်ဆေးမှုခံယူသင့်သည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/human-papillomavirus-hpv-human-papilloma-%e1%80%97%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%95%e1%80%b9%e1%80%85%e1%80%b9/
Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ)
ဆီးချိုရှိသူတွေဟာ အမျိုးမျိုးသော ခြေထောက်အနာနဲ့ ပတ်သက်တဲ့ ပြသနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။ ရိုးရိုးထိခိုက်ဒဏ်ရာ သေးသေးကနေ ပိုဆိုးလာကာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေဆီကို ဦးတည်နိုင်ပါတယ်။ ခြေထောက်အနာတွေဟာ ဆီးချိုကြောင့်ဖြစ်တဲ့ neuropathy လို့ခေါ်တဲ့ အာရုံကြောထိခိုက်မှုခံစားရတဲ့အခါ အများဆုံး ဖြစ်တတ်ပါတယ်။အမှန်မှာတော့ ဒီအနာတွေဟာ နာကျင်ပေမယ့် အာရုံကြောတွေ ထိခိုက်ထားတဲ့အတွက်ကြောင့် သင့်ရဲ့နာမှု၊အေးမှု၊ ပူမှုစတာတွေကို ခံစားနိုင်စွမ်းလျော့နည်းလာတာ ဖြစ်ပါတယ်။ ခံစားမှုမသိတော့ခြင်းဆိုတာ သင့်ခြေထောက်မှာ ဒဏ်ရာရနေတာကို မသိတာဖြစ်ပါတယ်။သင်ဟာ သင့်ဖိနပ်မှာဝင်နေတဲ့ ခဲလုံး၊ သံမှိုစတာတွေကို မခံစားမိပဲ ဒီဖိနပ်နဲ့ပဲ တစ်နေ့လုံး လျှောက်သွားနေမိနိုင်ပါတယ်။ သင့်ခြေထောက်မှာ အရည်ကြည်ဖုဖြစ်လာရင်တောင် သင်ခံစားမိမှာမဟုတ်ပါဘူး။ သင့်ခြေထောက်အရေပြား ပေါက်ပြဲပြီး ပိုးဝင်သည်ထိ သင်သတိမထားမိတာ ဖြစ်နိုင်ပါတယ်။အာရုံကြောပျက်စီးခြင်းဟာ သင့်ရဲ့ ခြေဖဝါးတွေ ခြေချောင်းတွေ ပုံစံပြောင်းသွားတဲ့ထိလည်း ဖြစ်နိုင်ပါတယ်။ဆီးချိုကြောင့် ဖြစ်တဲ့ ခြေထောက်အနာတွေဟာ အားနည်း ထုံကျင်ပြီး ပူတဲ့ စူးတဲ့ နာကျင်မှုကို ခံစားရပါတယ်။ ဒါကြောင့် ခြေထောက်မှာ ခံစားမှုပျောက်ဆုံး နေတတ်ပြီး ဒဏ်ရာရလွယ်ကာ ရလျှင်လည်း မသိဖြစ်နေတတ်ပါတယ်။ သွေးလှည့်ပတ်မှု မကောင်းခြင်းနဲ့ ခြေထောက်၊ခြေချောင်းတွေရဲ့ ပုံစံပြောင်းလဲလာခြင်းကလည်း ပြသနာတွေများစွာ ဖြစ်လာနိုင်ပါတယ်။အကယ်၍ သင်ဟာ အောက်ပါတို့ကို ခံစားလာရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။• သင့်ခြေထောက်အရေပြားဟာ ပေါက်ပြဲတယ် (သို့) အရည်ထွက်လာတယ်ဆိုတာ သတိထားမိမယ်။• ခြေထောက်အရေပြားရဲ့ တစ်စိတ်တစ်ပိုင်း (သို့) အားလုံးဟာ အရောင်ပြောင်းလာပြီး ပို၍နီလာ၊ ပြာလာ၊ ဖျော့လာ၊ ရင့်လာ စသဖြင့် ဖြစ်လာမယ်။• သင့်ခြေထောက်မှာရှိတဲ့ အရည်ကြည်ဖု နေရာ၊ ဒဏ်ရာနေရာတွေမှာ အလုံးတွေ ပိုထွက်လာမယ်ဆိုရင်တော့ ချက်ချင်းပြသရမှာ ဖြစ်ပါတယ်။ဆီးချိုကြောင့် အာရုံကြောထိခိုက်ထားတဲ့ လူနာတွေဟာ သူတို့ခြေထောက်ကို အရမ်းဂရုစိုက်ဖို့ လိုပါတယ်။ ခြေထောက်ကိုသွားတဲ့ အာရုံကြောဟာ ခန္ဓါကိုယ်မှာ အရှည်ဆုံးဖြစ်ပြီး ထိခိုက် မှုအများဆုံးခံရတဲ့ အာရုံကြောဖြစ်ပါတယ်။ ခြေထောက်မှာရှိတဲ့ အာရုံခံနိုင်စွမ်း ဆုံးရှုံးသွားတယ်ဆိုတာ ဒဏ်ရာရရင် မသိပဲ အနာဖြစ်ပြီး ပိုးဝင်လာခြင်းကို ဆိုလိုပါတယ်။ခြေထောက်သွေးလှည့်ပတ်မှု မကောင်းရင်လည်း ခြေထောက်အနာဖြစ်ဖို့ အခွင့်အလမ်းများစေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခြေထောက်အနာ ပြသနာတွေနဲ့ ခြေထောက်ဖြတ်ရခြင်းကို အခွင့်အလမ်း ပိုများစေပါတယ်။ဆေးလိပ်သောက်ပါက ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းက သွေးကြောကျဉ်းခြင်းနဲ့ ခြေထောက်သွေးလှည့်ပတ်မှု မကောင်းမွန်ခြင်းကို ဖြစ်နိုင်ခြေ ထပ်များစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကုသမှုအပိုင်းဟာ သင်ဖြစ်တဲ့ ခြေထောက်ပြသနာ အမျိုးအစားပေါ် မူတည်ပါတယ်။ ဥပမာ- အသားမာတက်နေတယ်ဆိုရင် ပေါ့ပါးအဆင်ပြေတဲ့ ရှူးဖိနပ်ကို ပြောင်းလဲဝတ်ပေးဖို့လိုအပ်ပြီး အနည်းငယ်ပိုးဝင်နေတယ်ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေနဲ့ ကုသရမှာ ဖြစ်ပါတယ်။ တခြားပြသနာတွေမှာဆိုရင် ခွဲစိတ်ဖယ်ရှားခြင်းနဲ့ ပိုးသတ်ဆေးသောက်ခြင်းတွေ တောင် လိုအပ်လာနိုင်ပါတယ်။အသားပုပ်ခြင်း (သို့) အသားမျှင်များသေခြင်း ဟာဆိုရင် ပြန်ကောင်းလာအောင် လုပ်ပေးလို့ မရတော့ပါဘူး။ သို့သော် ခြောက်သွေ့တဲ့ အနာအမျိုးအစားကြောင့် ပုပ်သွားတဲ့ အသားတွေကို ပိုးဝင်ပြီး ဆက် မပြန့်ဖို့ရာ ကာကွယ်ကုသရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပိုးဆက်ဝင်လာပါက အနာဟာ စိုတဲ့ အမျိုးအစားကို ပြောင်းပြီး ပုပ်တာ ပိုဆိုးလာမှာဖြစ်ပါတယ်။ပုပ်သွားတဲ့အပိုင်းတွေကို ခွဲစိတ်ဖယ်ရှားပစ်လိုက်ခြင်းဟာ အမှန်တကယ်ကို လိုအပ်ပါတယ်။ ဒါ့အပြင် ဒီပုပ်နေတဲ့အပိုင်းတွေကနေ အန္တရာယ်ရှိတဲ့ပိုးဝင်ခြင်း တွေ ဆက်မဖြစ်အောင် ပိုးသတ်ဆေးတွေသုံးပြီး ကာကွယ်ရမှာ ဖြစ်ပါတယ်။ အရမ်းဆိုးဝါးတဲ့ ခြေထောက်ပုပ်ခြင်းတွေမှာဆိုရင် ဖြစ်နေတဲ့အပိုင်းကို ဖြတ်တောက်လိုက်ခြင်းထိတောင် လိုအပ်လာနိုင်ပါတယ်။အခြားခြေထောက် ပြသနာတွေကို သင့်လျော်မှန်ကန်တဲ့ ဖိနပ်စီးပေးခြင်းဖြင့် သက်သာစေသလို တစ်ခါတစ်ရံမှာ အရိုးထောက်ကူပစ္စည်းတွေ သုံးပြီးလည်း ခြေထောက်ကို သက်သာအောင် လုပ်လို့ရပါတယ်။ အချို့ပြသနာတွေဖြစ်တဲ့ ခြေမအမြဲအောက်ကို ကျိုးကျနေတဲ့အခြေအနေတွေ၊ ခြေထောက်ရောင်တာတွေ၊ ခြေသည်းမရှည်တော့တာတွေ ဖြစ်လာပြီဆိုရင်တော့ ခွဲစိတ်ကုသခြင်းလိုအပ်လာ နိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ ခြေထောက်အနာ ပြသနာတွေနဲ့ ခြေထောက်ဖြတ်ရခြင်းကို အခွင့်အလမ်း ပိုများစေပါတယ်။ ကျန်းမာရေးဝန်ဆောင် စောင့်ရှောက်ပေးသူက သင်ဆေးလိပ်ဖြတ်အောင် လုပ်ရာမှာ ကူညီပေးနိုင်ပါတယ်။ခြေထောက်ကျန်းမာရေးတွက် ဂရုစိုက်ပေးရမယ့် အရာတွေကတော့-။• မပူလွန်းတဲ့ ရေနွေးနွေးနဲ့ ဆပ်ပြာအပျော့စားကို သုံးပြီး နေ့စဉ် ခြေထောက်ကို ဆေးကြောပါ။ ခြေထောက်ရေစိမ်ခြင်းကို ရှောင်ကြဉ်ပါ။ တဘက်နုနုတစ်ထည်ကိုသုံးပြီး ခြေထောက်နဲ့ ခြေချောင်းကြားတွေကို ခြောက်အောင်သုတ်ပါ။• နေ့တိုင်း ခြေထောက် နဲ့ ခြေချောင်းတွေမှာ ပြတ်ရှရာ၊ အရည်ကြည်ဖု၊ နီမြန်းရာ၊ အဖုအဖောင်းများ၊ အရိုးကျိုးခြင်းနဲ့ အခြားပြသနာတွေ ရှိမရှိ ကိုအမြဲကြည့်ရှု စစ်ဆေးပါ။ မှန်ကို လက်မှာကိုင်ပြီး (သို့) အောက်ချပြီး ခြေဖဝါး တွေကို စစ်ဆေးပါ။ အခြားသူတစ်ယောက်အကူအညီနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ ပြသနာတစ်စုံတစ်ရာရှိလာရင် သင့်အုပ်ထိန်းသူက အကြောင်းကြားသင့်ပါတယ်။• ခြေထောက်ကို အမြဲဂရုစိုက်နေရတဲ့ လူနာတွေဟာ podiatrist လို့ခေါ်တဲ့ ခြေထောက်ပိုင်းဆိုင်ရာ ကုသပေးတဲ့ ဆရာဝန်နဲ့ ချိန်းဆို ဆွေးနွေးခြင်း ပြုလုပ်သင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetic-foot-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%b1/
လမ်းဘေးကနေခေါင်းထောင်လာတဲ့ မူးယစ်ဆေးဝါးအသစ် Flakka
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%98%e1%80%b1%e1%80%b8%e1%80%80%e1%80%94%e1%80%b1%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9c/
ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှုတွေက အော်တစ်ဇင်ဖြစ်ဖို့ ဦးတည်စေသလား။
ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှု များပြားခြင်းဟာ အော်တစ်ဇင်အပါအဝင် တခြား မကောင်းတဲ့ အခြေအနေတွေဆီကို ဦးတည်စေပါတယ်။University of Missouri School of Medicine တက္ကသိုလ်မှာရှိတဲ့ ပညာရှင်တွေဟာ stress-sensitive gene လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့ gene တွေပြုမူပုံ နဲ့ ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ဖိစီးမှု အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့ အော်တစ်ဇင်ကလေးတွေရဲ့ မိခင်တွေကို အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ကြပါတယ်။အော်တစ်ဇင်ဟာ မျိုးဗီဇကြောင့်အဓိကဖြစ်တဲ့ ရောဂါတခုလို့ သတ်မှတ်ထားခဲ့ကြပေမယ့် စိတ်ဖိစီးမှုလိုမျိုး ပတ်ဝန်းကျင် အခြေအနေတွေကလည်း အော်တစ်ဇင်ဝေဒနာခံစားရစေဖို့ တထောင့်တနေရာကနေ ပါဝင်နေပြန်တာကို နောက်ပိုင်းလေ့လာမှုတွေအရ သိရှိရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ စိတ်ဖိစီးမှုဒါဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ တချို့မိခင်တွေကမွေးတဲ့ ကလေးတွေမှာ အော်တစ်ဇင် ရောဂါမရှိသလို တချို့မိခင်တွေကျပြန်တော့လည်း အော်တစ်ဇင်ဝေဒနာရှင်ကလေးတွေကို မွေးဖွားကြရပြန်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတဲ့ အဖြေကို သိရဖို့အတွက် ပညာရှင်တွေအနေနဲ့ စိတ်ဖိစီးမှုနဲ့ ဆိုင်တဲ့ gene တွေကို လေ့လာခဲ့ကြပြီး အဆိုပါ gene တွေနဲ့ စိတ်ဖိစီးမှုကြောင့် အော်တစ်ဇင်ဖြစ်လာရခြင်းတို့ အကြားမှာ ဆက်စပ်မှုတွေရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။ မိခင်တွေကို သူတို့ ကိုယ်ဝန်ဆောင်စဉ်ကာလ တလျှောက်လုံးမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ဖိစီးမှုတွေ (ဥပမာ။ ။ အလုပ်ပြုတ်တာ၊ကွာရှင်းတာ စတာတွေပေါ့)ကို မေးမြန်းပါတယ်။ ပြီးတော့ သူတို့သွေးထဲမှာ 5-HTTLPR လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့ gene ရဲ့ ပြုမူပုံ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို လေ့လာပါတယ်။5-HTTLPR ဆိုတာ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းမှာ serotonin လို့ခေါ်တဲ့ အရေးပါတဲ့ ဓါတ်ပစ္စည်းလေးတမျိုး ကို ထိန်းချုပ်ပေးတဲ့ gene လေးတခုဖြစ်ပါတယ်။gene ရဲ့ ပြုမူပုံပြောင်းလဲတဲ့အခါ သွေးထဲမှာရှိတဲ့ serotonin ပမာဏပါလိုက်ပြောင်းလဲပြီး စိတ်ဖိစီးမှုကို တုန့်ပြန်နိုင်စွမ်း ပိုလာပါတယ်။အုပ်စုနှစ်ခုလုံးက gene ပြုမူပုံပြောင်းလဲတဲ့ အော်တစ်ဇင်ကလေးမိခင်တွေရဲ့ ကိုယ်ဝန်၂၇ပတ် အနီးတဝိုက်မှာ စိတ်ဖိစီးမှုကို တုန့်ပြန်ပုံ အနေအထားကို gene ပြုမူပုံမပြောင်းလဲတဲ့ အော်တစ်ဇင်ကလေးမိခင်တွေရဲ့ တုန့်ပြန်ပုံအနေအထားနဲ့ နှိုင်းယှဉ်လေ့လာပါတယ်။ ဒီစမ်းသပ်ချက်ဟာ ကနဦးအဆင့်ပဲရှိသေးပြီး နောက်ထပ်လေ့လာစူးစမ်းမှုတွေ အများကြီးထပ်လုပ်ရဦးမှာ မှန်ပေမယ့် နောင်တချိန်မှာ ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှု ခံစားရတဲ့ မိခင်တယောက်အနေနဲ့ အော်တစ်ဇင်ဝေဒနာရှင် ကလေးမွေးဖွားနိုင်ချေ ရှိမရှိကို အတပ်ပြောနိုင်တဲ့ အခြေအနေကို ရောက်လာမှာပါ။gene နဲ့ စိတ်ဖိစီးမှုဟာ အော်တစ်ဇင်နဲ့ ဘယ်ပုံဘယ်နည်းဆက်နွယ်နေတယ်ဆိုတာ သိရဖို့ စမ်းသပ်သုတေသနပြုမှုတွေ အများကြီးလုပ်ရဦးမှာ ဖြစ်ပေမယ့် အောင်မြင်ခဲ့ရင် အချို့ကလေးတွေမှာ အော်တစ်ဇင်ဝေဒနာ ခံစားရခြင်းကို ရှောင်ကျဉ်နိုင်မှာ အမှန်ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရတဲ့ တချို့စိတ်ဖိစီးမှုတွေဟာ တခြားအချိန်တွေမှာလည်း ခံစားရနိုင်တဲ့ ပုံမှန်ဖိစီးမှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖိစီးမှုတွေက ပိုဆိုးလာပြီး တချိန်လုံး တောက်လျှောက် ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်အပေါ် ဒီဖိစီးမှုတွေရဲ့ အကျိုးသက်ရောက်မှုဟာလည်း ကြာရှည်လာမှာဖြစ်ပါတယ်။ သင်ဖိစီးမှု တခုခုကို ခံစားရတဲ့အချိန်မှာ သင့်ခန္ဓါကိုယ်ဟာ အသင့်အနေအထားတခုကို ပြောင်းလဲပေးထားပြီး ကော်တီဆော အပါအဝင် တခြား ဖိစီးမှုကို တုန့်ပြန်တဲ့ ဟော်မုန်းတွေ အများကြီး ထုတ်ပေးပါတော့တယ်။ သင်အန္တရာယ်ကျရောက်တဲ့အခါမျိုးမှာ ခန္ဓါကိုယ်က ထုတ်ပေးတာ အဲ့ဒီဟော်မုန်းတွေပေါ့။ သူတို့က ဘာလုပ်ပေးလဲဆိုတော့ ခြေလက်ကြွက်သားတွေဆီကို သွေးတွေ၊လောင်စာတွေ အများကြီး ပို့ပေးသလို နှလုံးကိုလည်း ပုံမှန်ထက်အတော်လေး ပိုခုန်အောင်လုပ်ပေးတယ်။ ဒါမှ သင်အန္တရာယ်ကနေ ဝေးရာကို ထွက်ပြေးနိုင်မှာလေ။ ဒါက ပုံမှန်အခြေအနေပါ။စိတ်ဖိစီးမှုက တောက်လျှောက် ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်ရဲ့ ဖိစီးမှုကို တုန့်ပြန်တဲ့ ပုံစံပြောင်းသွားပြီး လိုတာထက် အလွန်အကျွံ တုန့်ပြန်တဲ့ အနေနဲ့ inflammation လို့ခေါ်တဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ တုန့်ပြန်မှုတွေကိုပါ ပေးလာမှာပါ။ အဲဒီ inflammation ဆိုတဲ့ တုန့်ပြန်မှုဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုပါ နှောင့်ယှက်ပါတော့တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စိတ်ဖိစီးမှုတွေနဲ့ ကာလကြာရှည် ရင်ဆိုင်လာရပြီဆိုရင် မပေါ့သင့်ပါဖူး။ စိတ်ဖိစီးမှုခံစားရတာကို အပြစ်ကြီးတခုလို စိုးရွံ့မနေဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရပါမယ်။ ဒါမှသာ မိခင်အတွက်ရော ကလေးအတွက်ပါ ဆိုးရွားတဲ့ ထိခိုက်မှုတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါကြောင်း။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%ad%e1%80%90/
အမျိုးသားတွေ လိင်မှုကိစ္စအပေါ် ဘယ်လိုမြင်ကြလဲ
အမျိုးသားတွေရဲ့ လိင်မှုကိစ္စအပေါ်အမြင်ဟာ တစ်ယောက်နဲ့တစ်ယောက်မတူပေမဲ့ အဓိက ခံစားချက်တွေကတော့ တူညီနေပါတယ်။မိန်းကလေးတွေအတွက် လိင်မှုကိစ္စဆိုတာ သူတို့ရဲ့ ဦးနှောက်၊ မှတ်ဉာဏ်နဲ့ ရင်းနှီးမှုရဲ့စိတ်ခံစားချက်တွေကြောင့် ဖြစ်ပေါ်ပေမဲ့ လိင်မှုကိစ္စဆိုတာ အမျိုးသားအတွက် ခန္ဓာကိုယ်က အစပြုတာပါ။ အမျိုးသားတွေအတွက်ကတော့ လိင်စိတ်ခံစားချက်ဆိုတာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ပဲဆိုင်တာပါ။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်တစ်လျှောက်မှာ စီးဖြာနေတဲ့ များပြားသော တက်စတိုစတီရုန်း ဟော်မုန်း (Testosterone) တွေဟာ အမျိုးသားတွေရဲ့ လိင်မှုကိစ္စဆန္ဒတွေကိုမောင်းနှင်ပေးနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီတက်စတိုစတီရုန်း ဟော်မုန်း (Testosterone) ကိုအမျိုးသားတွေ ကျန်းမာကြံ့ခိုင်စေရန်အတွက်လည်း ထိုးသွင်းလေ့ရှိကြပါတယ်။ ကလေးအရွယ်တုန်းက လိင်အင်္ဂါကိုနှိုးဆွပေးရင် လိင်အင်္ဂါတွေဟာ ထောင်မတ်လာခြင်းဖြင့် တုံ့ပြန်ကြပါတယ်။ အရွယ်ရောက်လာတဲ့အချိန်ကျတော့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ အဖော်ဖြစ်သူ အမျိုးသမီးရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို မြင်လိုက်တာနဲ့ ထောင်မတ်ခြင်းဖြင့် တုံ့ပြန်တတ်ကြပါတယ်။ ဒါဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဓာတုဗေဒဓာတ်က သူရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုထိန်းချုပ်ပြီး လိင်မှုဆန္ဒဖြစ်စေတာဖြစ်ပါတယ်။လိင်မှုကိစ္စကို ဆာလောင်ခြင်းဟာ အမျိုးသားတွေအတွက် ချောကလတ်ကို ဆာလောင်တဲ့ခံစားမှုလိုပါပဲ။ လိင်မှုကိစ္စတစ်ခုချင်းစီ တိုင်းဟာ အမျိုးသားတွေအတွက် စွဲမက်ဖွယ် ချိုဖွယ်အစားအစာတစ်ခု ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေရဲ့ စိတ်ဟာ ဝမ်းသာခြင်းနဲ့ ပျော်ရွှင်မှုကိုခံစားရဖို့အတွက် လိင်မှုကိစ္စကို မျှော်လင့်နေတတ်ပါတယ်။ ဒီခံစားချက်မရတဲ့ နေ့ရက်တွေက သူတို့အတွက် ခက်ခဲတဲ့နေ့ရက်တွေပါပဲ။လိင်မှုကိစ္စဟာ အမျိုးသားတွေကို ပျော်ရွှင်စေပါတယ်။ လိင်မှုဆိုင်ရာ စွမ်းအားတွေက အမျိုးသားတွေကို သူတို့ဘဝရဲ့ ရည်မှန်းချက်တွေ၊ အလုပ်ရည်မှန်းချက်တွေနဲ့ အမျိုးသမီးအဖော်ဖြစ်သူကို ဆွဲဆောင်နိုင်ဖို့အတွက် ကြိုးစားစေပါတယ်။ တစ်နေ့တစ်နေ့ ငြီးငွေ့ဖွယ်ရာ သမာရိုးကျအလုပ်တွေကို လုပ်နေတာဟာ တစ်ချိန်ကျရင် သူရလာမယ့် လိင်မှုကိစ္စဆုလာဘ်ကို မျှော်လင့်ချက်တစ်ခုအတွက်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။လိင်မှုကိစ္စဟာ အမျိုးသားတွေအတွက် ဘဝမှာ စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံးလုပ်ငန်းစဉ်တစ်ရပ်ပါ။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဟာ ခံစားမှုပေးစွမ်းနိုင်တဲ့ စက်တစ်လုံးဖြစ်ပြီး အမျိုးသားတွေက ဒီစက်ကို မိုင်ကုန်မြှင့်ပြီး မောင်းနှင်ချင်ကြတာပါ။ အမျိုးသားတွေ လိင်မှုဆိုင်ရာ ခံစားချက် အထွတ်အထိပ်ရောက်တယ်ဆိုတာ လွယ်ကူတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပြီး မိမိကိုယ်တိုင် အာသာဖြေကာ ရယူလို့ရပေမဲ့ အမျိုးအစားစုံလင်တဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ၊ ကိုယ်ဟန်ကိုယ်ထားတွေ၊ စည်းချက်တွေက အမျိုးသားတွေရဲ့စိတ်ခံစားချက်တွေကိုတိုးမြှင့်ပေးနိုင်ပါတယ်။ စိတ်ကူးယဉ်ပြီးတွေးတာပဲဖြစ်ဖြစ် တကယ်တွေ့နေရတာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ ညုတုတုလုပ်တဲ့မူအရာတွေ၊ အပြုံးတွေ၊ စောင်းချိတ်ပြောဆိုမှုဆွေ၊ အချိုးဆက်ပြေပြစ်တဲ့ ခန္ဓာကိုယ်နဲ့ပုံရိပ်တွေဟာ အမျိုးသားဦးနှောက်အပေါ်ကိုသက်ရောက်မှုရှိပါတယ်။ အဲ့လိုသက်ရောက်ခြင်းခံရတဲ့အခါ ဦးနှောက်လှိုင်းတွေက အမျိုးသားတွေကို လိင်မှုကိစ္စကိုသတိရလာစေပါတယ်။လိင်မှုကိစ္စ လုပ်လိုက်ရတဲ့အခါ အမျိုးသားတွေဟာ ကိုယ်အိုးကိုယ့်အိမ်မှာရှိနေတဲ့ ခံစားချက်ရကြပါတယ်။ တစ်နေ့တစ်နေ့ အလုပ်ခွင်မှာ ကြုံရတဲ့ စိန်ခေါ်မှုတွေနဲ့ နာကျင်မှုတွေအပြီးမှာ လိင်မှုကိစ္စဟာ အချစ်နဲ့ ဂရုစိုက်မှုတွေရဲ့ ပြယုဂ်ဖြစ်ပြီး သက်သာခြင်းနဲ့ ကိုယ့်ကို တစ်ယောက်ယောက်က အားပေးနေတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေပါတယ်။ အမျိုးသားတွေဟာ လိင်မှုကိစ္စပဲ တစ်ချိန်လုံးခေါင်းထဲရှိနေတာပဲလို့ အပြောခံကြရပေမဲ့ အမျိုးသားတွေဟာ ခန္ဓာကိုယ် တောင့်တမှုတစ်ခု လျော့သွားဖို့ထက် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်တစ်ခုကို ပိုလိုချင်ကြတာဖြစ်ပါတယ်။ လိင်မှုကိစ္စပြုလုပ်ခြင်းဟာ အမျိုးသားတွေအတွက် သူ့အဖော်သို့ သံယောဇဉ်တွယ်ငြိခြင်းနဲ့ သံယောဇဉ်နှောင်ကြိုး၊ ယုံကြည်မှုတို့ကို ဖန်တီးပေးနိုင်ပါတယ်။ သူ့ရဲ့ အဖော်အမျိုးသမီးကိုပဲ ဆန္ဒရှိနေခြင်းဟာ သူ့အမျိုးသမီးကို သံယောဇဉ်ရှိနေတယ်ဆိုတာ ပြောနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။အဖော်အမျိုးသမီးဖြစ်သူ လိင်မှုကိစ္စမှာ စိတ်ပါဝင်စားလာတဲ့ အချိန်ဟာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု အရှိဆုံးအချိန်လို့ အမျိုးသားတွေ ခံယူထားကြပါတယ်။ အမျိုးသားတွေက သူတို့ကို လိင်မှုကိစ္စတစ်ခုပဲ လိုချင်တဲ့ တစ်ကိုယ်ကောင်းသမားတွေလို့ အပြောခံရတိုင်း သူတို့ ခေါင်းစားတတ်ကြပါတယ်။ ယောက်ျားလေးတွေရဲ့ စိတ်ထဲမှာ လိင်မှုကိစ္စတစ်ရပ်ကို လုပ်ဆောင်တိုင်း နှစ်ဦးနှစ်ဖက် ခန္ဓာကိုယ်သာယာမှုကို ခံစားရဖို့ မျှော်လင့်တတ်ကြပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေ ခံစားမှုကောင်းအောင်လုပ်ပေးဖို့ ဆန္ဒအမြဲတမ်းရှိပြီး သူ့ကို ချစ်သူကောင်းတစ်ယောက်ဖြစ်စေဖို့အတွက် အမျိုးသမီးတွေရဲ့ ခံစားလို့ကောင်းစေမယ့် နေရာ၊ ပုံစံတွေကို လိုက်လံမေးမြန်းတတ်ကြပါတယ်။အမျိုးသမီး အများစုက သူရဲ့ အဖော်အမျိုးသားနဲ့ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှုမတိုင်ခင် ခံစားချက်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို အရင်ရှိစေချင်ကြပေမဲ့ အမျိုးသားတွေအတွက်ကတော့ လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှုဟာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုအတွက် လိုအပ်တဲ့ အရာတစ်ခုလို့ ခံယူထားတတ်ကြပါတယ်။ နောက်ဆုံးအနေနဲ့ပြောနိုင်တာတစ်ခုကတော့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ဆန္ဒပြင်းပြမှုရှိခြင်းဟာ Relationship တစ်ခုအတွက်ကောင်းတဲ့အရာတစ်ခုဖြစ်ပြီး အချစ်တွေ တိုးစေနိုင်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad%e1%80%85/
COVID_19 ကာလမှာ မဖြစ်မနေကာကွယ်သင့်တဲ့ အရာ
ကမ္ဘာ့ကပ်ရောဂါကြီးတစ်ရပ်လို့ WHO( ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး) ကထုတ်ပြန်ကြေညာထားတဲ့COVID_19ရောဂါဟာ လူတစ်ဦးကနေတစ်ဦးဆီကို လျင်လျင်မြန်မြန် ကူးစက်နေတဲ့ ကာလမှာ မဖြစ်မနေ ကျန်းမာရေးကို စောင့်ရှောက်ဖို့ လိုပါမယ်။ ဒီလိုစောင့်ရှောက်တဲ့အခါမှာခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အားလုံး အဆင်ပြေစေဖို့ လိုအပ်တဲ့အောက်ဆီဂျင်ကို ထောက်ပံ့ပေးနေတဲ့ အသက်ရှူလမ်းကြောင်း စနစ်ကို မေ့ထားလို့ မဖြစ်ပါဘူး။အသက်ရှူလမ်းကြောင်းစနစ်လို့ ဆိုလိုက်ရင်နှာခေါင်းကနေစလို့ အဆုတ်ထဲက လေအိတ်တွေအထိ ပါဝင်နေပါတယ်။ဒီ  အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့ပေးဖို့အတွက် နှာခေါင်းကနေ ရှူသွင်းလိုက်တဲ့ လေထဲမှာ ပါလာတဲ့ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ရောဂါပိုးတွေကို ဖယ်ရှား စစ်ထုတ်ပေးပါတယ်။COVID_19 က ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်းကနေတဆင့် အဓိကဝင်ရောက်တာဖြစ်ပြီး ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ရဲ့ စနစ်တွေထဲမှာမှ အသက်ရှူလမ်း​ကြောင်း စနစ်ကို အရင်ဆုံး တိုက်ခိုက်တာပါ။ ဒီကနေမှာနှလုံး၊ကျောက်ကပ်စတာတွေကို ဖျက်ဆီးပါတယ်။ ဒီလိုကနေနောက်ဆုံးမှာတော့ အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ပါတယ်။လက်ရှိမှာ COVID_19 အတွက်ကာကွယ်ဆေးမရှိသေးသလို ကုသနိုင်တဲ့ဆေးလည်း မရှိသေးပါဘူး။ ဒီတော့ အကောင်းဆုံးက မဖြစ်ခင်က ကြိုတင်ကာကွယ်တာပါ။ ဒီတော့ တစ်ဆင့်ချင်း ကာကွယ်ကြည့်ရအောင်လား……..။အာဟာရ ပြည့်ဝအောင်စားပါ။ကိုဗစ်ကာလမှာ ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ကိုယ်ခံအား ကောင်းဖို့ပါ။ကိုယ်ခံအားကောင်းဖို့ဆိုရင် အာဟာရပြည့်ဝမှုက မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် နေ့စဉ်အရောင်အသွေးစုံစုံလင်လင်နဲ့ အာဟာရ ပြည့်ဝအောင်စားပါ။ရေများများသောက်ပါ။အသက်ရှူလမ်းကြောင်း ကျန်းမာဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝတာက အသက်ရှူလမ်း​ကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေအကောင်းဆုံး ကာကွယ်ပေးနိုင်တာကြောင့် ရေများများသောက်ပါ။အိပ်ရေး ဝဝအိပ်ပါ။ညစဉ်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၆ နာရီက နေ ၈နာရီအကြားရှိဖို့ ဂရုစိုက်ပါ။ အိပ်ရေးဝတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ဒီကာလမှာတော့ အိပ်ရေးဝဝအိပ်ပြီး Screen Time ကို လျော့​ကြပါလို့ ပြောပါရစေ။လက်ဆေးပါ။အခုချိန်ထိ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက လက်ဆေးတာပါ။ အပြင်ကပြန်လာတိုင်း ၊ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်းနဲ့ မျက်နှာကို မထိတွေ့ခင်မှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးလို့ စက္ကန့် ၂၀ ကြာဆေး​ကြောတာက အကောင်းဆုံး ကာကွယ်နည်းတစ်ခုပါပဲ။နှာခေါင်းစည်းတပ်ပါ။ဒီလို ရောဂါတွေဖြစ်ပွားနေတဲ့ကာလမှာ မဖြစ်မနေ အပြင်ထွက်ရမယ်၊ အလုပ်ခွင်ရမယ်ဆိုရင် ဂရုစိုက်ဖို့လိုမယ့် အချက်တစ်ခုရှိပါတယ်။ ဒါကတော့ နှာခေါင်းစည်း တပ်တာပါ။ တစ်ခါသုံး နှာခေါင်းစည်းတွေက ရောဂါပိုးတွေကို ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါတယ်။ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်သောက်တာက အသက်ရှူလမ်းကြောင်းစနစ် တစ်ခုလုံးအပြင် ကိုယ်ခံအားကို ပါ ထိခိုက်စေ ပါတယ်။ COVID_19 ကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားရော အသက်ရှူလမ်းကြောင်း စနစ်ပါ ကောင်းဖို့လိုတယ်ဆိုတော့ ဆေးလိပ်ဖြတ်လိုက်တာက အကောင်းဆုံးပါပဲ။အရက်ဖြတ်ပါ။အရက်က ကိုယ်ခံအားကို နည်းစေနိုင်ပါတယ်။ အခုလို ကိုယ်ခံအားကောင်းရမယ့် ကာလမှာ အရက်ကို ဖြစ်နိုင်ရင် မသောက်တာက အကောင်းဆုံးပါ။ အရက်သောက်လို့ ကိုဗစ်ကို ကာကွယ်တယ် ဆိုတာက မှားယွင်းနေတာက အယူအဆမှား တစ်ရပ်ပါ။မျက်နှာကိုလက်နဲ့မထိပါနဲ့။လက်က ရောဂါပိုးအများဆုံး ကပ်တွယ်နေနိုင်တဲ့နေရာပါ။ ဒီပေကျံနေတဲ့လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကို ထိတွေ့မယ်ဆိုရင်ရောဂါကူးစက်ခံရနိုင်ခြေက တော်တော်လေး များသွားပါပြီ။ ဒါ​ကြောင့် လက်နဲ့ မျက်နှာကို မထိမိဖို့ ဂရုပြုပါ။ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ကိုယ်လက်လှုပ်ရှားမှုက ကိုယ်တွင်းအောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ အသက်ရှူလမ်း​ကြောင်း ကျန်းမာစေဖို့ရော ကိုယ်ခံအား ကောင်းစေဖို့ရော အကောင်းဆုံး အားဖြည့်ပေးနိုင်တာကြောင့် နေ့စဉ် နာရီဝက်ကနေ ၄၅ မိနစ်လောက်အထိကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။အသက်ရှူ လေ့ကျင့်ခန်းလုပ်ပါ။မနက်ခင်းတိုင်းမှာ အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ လေကိုအဆုတ်ထဲအထိ ဝဝရှူသွင်းပြီး ပြီးရင် အပြင်ကို ရှူထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးတာာက အသက်ရှူလမ်းကြောင်းမှာ ရှိနေတဲ့ရောဂါပိုးတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါ။ဒီလိုသာ ပြင်ဆင်ထားမယ်ဆိုရင်  အသက်ရှူလမ်းကြောင်းကနေ ဝင်လာမယ့် ရောဂါပိုးတွေကို အတန်အသင့် ကာကွယ်ထားပြီးသား ဖြစ်သွားမှာပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/how-to-protect-covid/
ရပ်၊ ဒီမှာတင်ရပ်
လူရယ်လို့ ဖြစ်လာရင် တယောက်ထဲ မနေချင်ကြတာ အများစုရဲ့ သဘာဝပါ။ မိတ်ဆွေအပေါင်းအသင်း ရှာတယ်၊အဖော်ရှာတယ်၊ချစ်သူ ရှာတတ်ကြပါတယ်။ ချစ်သူရည်းစားရှိခြင်း၊အိမ်ထောင်ဖက်ရှိခြင်းဟာ အထီးကျန်ဆန်မှုကို ကုစားပေးနိုင်ပြီး ဘဝရဲ့ နိမ့်မြင့်တက်ကျတွေကို အတူတကွ လက်တွဲကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ချစ်သူကနေ ချဉ်သူ ဘဝပြောင်းလာပြီဆိုရင်တော့ သင့်အတွက် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး’ ဆိုသလို ဖြစ်လာတတ်ပါတယ်။ ဘယ်လိုအချက်တွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်ရဲ့လက်ရှိ အချစ်ရေး၊အိမ်ထောင်ရေးဟာ သင့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမလဲဆိုတာကို သတိပြုမိနိုင်စေဖို့ ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။၁။ သင့်ကို ထိန်းချုပ်လွန်းတယ်။ပုံမှန်ကျတဲ့ ဆက်ဆံရေးတခုဆိုတာဟာ နှစ်ဦးနှစ်ဖက်လုံးရဲ့ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ကို မျှမျှတတ ကျင့်သုံးရပါတယ်။ ကိုယ်စိတ်ဝင်စားရာ၊ဝါသနာပါရာကို လုပ်ခွင့်လည်း ရှိရမှာပါ။ ဒါပေမယ့် သင့်ချစ်သူမပါဘဲ သင်တယောက်တည်း အပြင်သွားတာဖြစ်ဖြစ်၊တခုခု လုပ်တာဖြစ်ဖြစ် ဘာပဲလုပ်လုပ် တဖက်က သံသယတွေဝင်၊ဒေါသတွေထွက်နေပြီဆိုရင်တော့ ဒါဟာ မဟုတ်သေးပါဘူး။ သဝန်တိုတာဟာ ချစ်ခြင်းရဲ့ သင်္ကေတ တခုဖြစ်ပေမယ့် လိုတာထက် ပိုလာရင် အန္တရာယ်ရှိပါတယ်။ ဒါဟာ သင့်ကို ထိန်းချုပ်လွန်းခြင်း၊လွတ်လပ်ခွင့်ကို ထိပါးခြင်းပါပဲ။ ဒါဟာ ရေရှည်မှာ မကောင်းပါဘူး။ ရည်းစားဟောင်းနဲ့ နှစ်ယောက်တည်း ချိန်းတွေ့လို့ ဒေါသထွက်တယ်ဆိုရင်တော့ သဘာဝကျပါတယ်။ ဒါဟာ ထိန်းချုပ်လွန်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် သာမန်ကိစ္စလေးတွေကိုပါ ဟိုဟာလုပ်၊ဒီဟာမလုပ်နဲ့ စသဖြင့် ထိန်းချုပ်လွန်းရင် ဒီဆက်ဆံရေးဟာ ကောင်းကျိုးထက် ဆိုးပြစ်တွေပဲ များလာပါလိမ့်မယ်။ ချစ်သူရည်းစား၊အိမ်ထောင်ဖက်တွေဆိုတာဟာ တဦးနဲ့တဦး နားလည်မှုရှိရမှာပါ။ ချုပ်ကိုင်ရမှာ မဟုတ်ပါဘူး။၂။ သင့်ရဲ့ လေ့လာသင်ယူ တိုးတက်မှုတွေကို အသိအမှတ်ပြု အားမပေးဘူး။အသက်၂၀ပဲဖြစ်ဖြစ် အသက်၉၀ပဲဖြစ်ဖြစ် လူဆိုတာဟာ အမြဲတမ်း တိုးတက်အောင် လေ့လာသင်ယူနေရမှာပါ (သွားတွေမရှိတော့တဲ့အခါ သွားဖုံးနဲ့ ဘယ်လိုကြိတ်ဝါးမလဲ သင်ယူရတာ အပါအဝင်ပေါ့)။ ယေဘုယျအားဖြင့် ကောင်းမွန်ပျော်ရွှင်တဲ့ ပေါင်းသင်းဆက်ဆံရေးတခုဟာဆိုရင် ကိုယ့်ချစ်သူ၊အိမ်ထောင်ဖက် တစုံတရာ တိုးတက်ကောင်းမွန်လာပြီ၊အသစ်အဆန်းတခုခု တတ်မြောက်လာပြီဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့ အားပေးကြိုဆိုရပါမယ်။ ဒီလိုမဟုတ်ဘဲ သင်တဆင့်မြင့်သွားမှာ၊တိုးတက်သွားမှာ တနည်းပြောရရင် သူ့ထက်ပိုသာသွားမှာကို တွေးကြောက်ပြီး အပျက်စကားတွေပဲ ပြောနေတယ်ဆိုရင်တော့ ဒီလူနဲ့ သင်ရှိမနေသင့်တော့ပါဘူး။ စဉ်းစားချိန် တန်ပါပြီ။၃။ သင့်ကို မလေးစားဘူး။ဒါဟာ အထူးတလည် ရှင်းပြနေစရာတောင် မလိုပါဘူး။ ရှင်းနေပါပြီ။ လူတဦးနဲ့ တဦးဆက်ဆံရေးမှာ လေးစားသမှုရှိခြင်းဟာ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ သင့်ရဲ့ အသည်းတခြမ်းကိုယ်တိုင်က သင့်ကို လေးစားတန်ဖိုးထားခြင်း မရှိတဲ့အခါ သင့်အနေနဲ့ စိတ်ဆိုးဒေါသထွက်ခြင်း၊ဝမ်းနည်းသိမ်ငယ်ခြင်း၊စိတ်ဖိစီးခြင်း၊မိမိကိုယ်ကို တန်ဖိုးထားမှုကျဆင်းခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ ဒါ့အပြင် သင့်ကို ပြစ်တင်စွပ်စွဲမယ့်စကားတွေ၊နှိမ့်ချမယ့် စကားတွေကို ပြန်လည်ချေပဖို့ အမြဲမောင်းတင်ထားရတဲ့အတွက် စိတ်နဲ့ခန္ဓါကို ပင်ပန်းစေပါတယ်။ ဒါကြောင့် ဒီအချက်ကလည်း မဟန်ပါဘူး။၄။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရင်ဖွင့်ဖို့ အဆင်မပြေဘူး။သင်ဟာ စကားသွက်တဲ့သူပဲဖြစ်ဖြစ်၊ခပ်အေးအေး စကားနည်းနည်း နေတတ်သူပဲဖြစ်ဖြစ် အရေးကြီးတဲ့ အကြောင်းအရာတခု ရှိလာရင် ချစ်ရသူနဲ့ ရင်ဖွင့်ဆွေးနွေးချင်မှာပါ။ ဒီလို တိုင်ပင်ရင်ဖွင့်တဲ့အခါ လှောင်ပြောင်ပျက်ရယ်ပြုခြင်း၊ဝေဖန်ပြစ်တင်ခြင်း အလျဉ်းမရှိဘဲ နှစ်သိမ့်အားပေးမယ်၊လိုအပ်တဲ့ အကြံဉာဏ်ကောင်းတွေ ပေးမယ်ဆိုရင် ဒါဟာ အင်မတန်မှကို နှစ်ဦးနှစ်ဖက် အကျိုးရှိပျော်ရွှင်ရတဲ့ အချစ်ရေးတခု ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ သင်ရင်ဖွင့်လိုက်လို့ သင့်ချစ်သူ/အိမ်ထောင်ဖက်က အဆိုးမြင်ဖက်က တုံ့ပြန်မှုတွေ လုပ်လာမယ်၊သင့်ကို ဝေဖန်ပြစ်တင်မယ်ဆိုရင် သင့်အတွက် မြိုသိပ်ရတာတွေ ပိုမိုများပြားလာမှာပါ။ ဒါဟာ တော်တော်လေး ဆိုးကျိုးများတဲ့ အနေအထားတခု ဖြစ်ပါတယ်။၅။ သင့်ချစ်သူ/အိမ်ထောင်ဖက်က သင့်ကို အနိုင်ကျင့်တယ်။ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း နှစ်မျိုးလုံး ပါဝင်ပါတယ်။ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာမျိုးကတော့ အဆိုးဆုံးပေါ့။ ငယ်ငယ်က ကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုးကို အရွယ်ရောက်မှ တခါထပ်ခံစားရပြန်ပြီဆိုရင်တော့ ဒီအချစ်ရေး/အိမ်ထောင်ရေးဟာ သင့်အတွက် ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်တော့ပါဘူး။၆။ သင့်မိဘနဲ့ အဆင်မပြေတဲ့ ချစ်သူ။ဒါဟာ ကြုံရတတ်တဲ့ အခြေအနေလေးတခုပါ။ အိမ်ထောင်ပြုကြတဲ့အခါ နှစ်ဦးတည်း အဆင်ပြေရုံနဲ့ မရတော့ဘဲ နှစ်ဖက်အသိုင်းအဝိုင်းနဲ့ပါ အဆင်ပြေဖို့ လိုအပ်လာပါပြီ။ မိဘနဲ့ အဆင်မပြေတဲ့ ချစ်သူကို လက်ထပ်တဲ့အခါ နောက်ပိုင်းရင်ဆိုင်လာရမယ့် စိတ်ညစ်ညူးထိခိုက်စရာတွေ အများကြီးရှိလာတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သံခင်းတမန်ခင်းတွေ သုံးပြီး နှစ်ဖက်ပြေလည်အောင် တတ်နိုင်သမျှ ပညာကုန်သုံးပြီး ညှိနှိုင်းဖို့ လိုအပ်သလို ဘယ်လိုမှ ညှိနှိုင်းလို့ အဆင်မပြေတော့ဘူးဆိုရင်တော့ တဖက်ဖက်ကို လွှတ်ချဖို့ လိုအပ်လာပါပြီ။ဒါတွေကတော့ Relationship တခု တည်ဆောက်ပြီဟေ့ဆိုရင် ကြုံလာရတတ်တဲ့ ပြဿနာလေးတွေ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင် အရေးမကြီးဘူးထင်ရပေမယ့် အချိန်ကြာလာလို့ အားလုံးပေါင်းစုသွားရင် ပြဿနာအကြီးကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လက်ရှိအချစ်ရေးမှာ အထက်ပါ အချက်လေးတွေ ရှိနေပြီလား၊ရှိနေပြီဆိုရင်လည်း ဘယ်လိုပြင်ဆင်သုံးသပ်မလဲဆိုတာကို စဉ်းစားနိုင်စေဖို့အတွက် မျှဝေလိုက်ခြင်းပဲ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%9b%e1%80%95%e1%80%ba%e1%81%8a-%e1%80%92%e1%80%ae%e1%80%99%e1%80%be%e1%80%ac%e1%80%90%e1%80%84%e1%80%ba%e1%80%9b%e1%80%95%e1%80%ba/
အရေးအကြောင်းတွေဖြစ်မလာဖို့ ဘယ်လိုကာကွယ်ရမလဲ
အရေးအကြောင်းတွေ ဖြစ်မလာဖို့ ဘယ်လိုကာကွယ်ရမလဲ။အရေးအကြောင်းဆိုတာ အသားအရေပေါ်မှာ အတွန့်အခေါက်တွေဖြစ်လာတာပါ။ များသောအားဖြင့်တော့ အသက်ကြီးလို့ ဖြစ်ကြတာပေါ့။ သင်အသက်ကြီးလာလေလေ ဆဲလ်ပွားနှုန်းက ပိုနှေးလာလေလေဖြစ်ပြီး အရေပြားက တဖြည်းဖြည်းပါးလာပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အသားတွေ ခြောက်လာပါးလာပြီး အသားကြုံ့နိုင်ဆန့်နိုင်စွမ်းတွေ နည်းပါးလာတဲ့အခါမှာ သင့်အသားပေါ်မှာ အရေးအကြောင်းတွေ ထင်လာတော့တာပါပဲ။ အခြားအချက်တွေကလည်း ဇရာဖြစ်စဉ်ကိုပိုမြန်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေကာ အချိန်မတိုင်ဘဲ အရေးအကြောင်းတွေဖြစ်လာစေတော့တာပါပဲ။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ နေရောင်ခြည်နဲ့ ညစ်ညမ်းမှုတွေကလည်း အရွယ်မတိုင်ခင် အိုမင်းလာစေပါတယ်။အရေးအကြောင်းဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း -နေရောင်ခြည်နဲ့ ထိတွေ့မှု။ကျန်းမာတဲ့ ရွှေညိုရောင်အသားအရေဆိုတာက အတော်ကိုကောင်းမွန်ပါတယ်။ ဒါပေမဲ့ နေပူဆာလှုံခြင်းကြောင့်ဖြစ်လာတဲ့ ရွှေညိုရောင် အသားကတော့ အသားအရေပျက်စီးခြင်းရဲ့ သင်္ကေတပါပဲ။ ဒါဟာ ခရမ်းလွန်ရောင်ခြည်ကအသားအရေကို အထောက်အပံ့ပေးနေတဲ့ ဖွဲ့စည်းပုံတွေကို ထိုးဖောက် ဖျက်ဆီးပစ်လိုက်ခြင်းရဲ့ သက်သေပဲမဟုတ်လား။ အရေးအကြောင်းအများစုဟာ ဘဝတစ်သက်တာ ေ နရောင်ခြည်နဲ့ ထိတွေ့လာရခြင်းကြောင့် ဖြစ်လာကြတာပါ။ ဒီလိုဖြစ်နေတာတွေကိုရပ်တန့်လိုက်ဖို့ ဘယ်တော့မ ှနောက်ကျသွားတယ် လို့မရှိပါဘူး။အရေးအကြောင်းတွေဖြစ်စေတဲ့ အခြားထိပ်တန်းအကြောင်းရင်း – ဆေးလိပ်သောက်ခြင်း။ဆေးလိပ်သောက်ခြင်းဟာ သင့်အသားအရေကို ထိခိုက်စေနိုင်တယ်ဆိုတာ မေးနေစရာကိုမလိုပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အိုမင်းရင့်ရော်ခြင်းကို ပိုမြန်ဆန်လာစေပြီး အရေးအကြောင်းတွေနဲ့ အသားအရည်ဟာ သင့်နဂိုရှိရင်းစွဲအသက်ထက် ပိုပြီးကြီးနေတယ်လို့ ထင်ရစေပါတယ်။ဆေးလိပ်သောက်တဲ့ လူတွေမှာဆိုရင် အသက်၂၀အရွယ်လောက်မှာတည်းက အချိန်မတိုင်မီ အရေးအကြောင်းဖြစ်ခြင်းကို မိုက်ခရိုစကုပ် အောက်မှ မြင်နေနိုင်ပါပြီ။ ဆေးလိပ်သောက်တဲ့ နှစ်ပေါင်းကြာလေလေ အရေးအကြောင်းတွေ ပိုပြီးများလာလေလေပါပဲ။ အရေးအကြောင်းတွေဟာ ဆေးလိပ်သောက်သူတွေမှာ ပိုပြီးနက်နက်ရှိုင်းရှိုင်းဖြစ်တတ်ပါတယ်။ ဆေးရွက်ကြီးက အသားအရည်ကိုမွဲခြောက် ကြမ်းတမ်းစေပါတယ်။မျက်နှာကြွက်သားတွေရဲ့ လှုပ်ရှားမှုက အရေးအကြောင်းတွေကို ဘယ်လိုဖြစ်စေသလဲ။မျက်လုံးထောင့်က အရေးအကြောင်းတွေ သို့မဟုတ် မျက်ခုံးနှစ်ခုကြားထဲက အရေးအကြောင်းတွေ ဟာ ကြွက်သားငယ်တွေ လှုပ်ရှားခြင်းကြောင့် ဖြစ်ရတယ်လို့ယူဆကြပါတယ်။ ဘဝတစ်လျှောက်လုံးမှာ အကျင့်ပါနေခဲ့တဲ့ မျက်နှာအမူအရာတွေ ဥပမာမျက်မှောင်ကြုံ့ခြင်း ၊ပြုံးခြင်းနဲ့ မျက်လုံးမှေးကြည့်ခြင်းတွေဟာ အရေပြားပေါ်မှာသူတို့ရဲ့ အမှတ်အသားတေ ွချန်ထားခဲ့ကြပါတယ်။အိပ်စက်တဲ့ပုံစံတွေက အရေးအကြောင်းတွေကို ဘယ်လိုဖြစ်စေသလဲ။သင်အိပ်စက်တဲ့ပုံစံနည်းလမ်းတွေကလည်း အရေးအကြောင်းတွေကို တကယ်ဖြစ်လာစေနိုင်ပါတယ်။ ခေါင်းအုံးက ဘယ်လိုပဲ နူးညံ့ပျော့ပြောင်းနေပါစေ၊ ညတိုင်းသင့်မျက်နှာပေါ်မှာ ဖိအားသက်ရောက်စေနိုင်တာပါပဲ။ နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာ ဒါတွေက မေးစေ့ ပါးနဲ့ နဖူးတွေပေါ်မှာလိုင်း (sleep lines) တွေထင်စေနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်sleep lines ပုံစံတွေက သင့်ခေါင်းအုံးပေါ်မှာ မျက်နှာကို ဘယ်လိုထားပြီး အိပ်သလဲဆိုတာ ပေါ်မှာမူတည်ပါတယ်။အရေးအကြောင်းဖြစ်ရခြင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ အကြောင်းရင်း – Yo-yo Dieting။အချို့သောကျွမ်းကျင်ပညာရှင်တွေကတော့ yo-yo dieting ကို ထပ်ခါထပ်ခါလုပ်နေတာဟာ အသားအရည်ကိုပျက်စီးစေတယ်လို့ ယုံကြည်ကြပါတယ်။ Yo-yo dieting ဆိုတာကတော့ ခုပဲ အလေးချိန်ပမာဏ အများကြီးလျှော့ချလိုက်တယ် မကြာဘူးအလေးချိန်တွေ မနည်းပြန်တက်လာတယ် စတဲ့ဖြစ်စဉ်ကိုဆိုလိုတာပါ။ အရေပြားကိုထပ်ခါထပ်ခါ ဆွဲဆန့်နေခြင်းက နုပျိုတင်းရင်းတဲ့ အသားကို ရရှိစေနိုင်တဲ့ အရေပြားရဲ့ elastic structure (ကြုံ့ဆန့်နိုင်တဲ့ဖွဲ့စည်းပုံ) ကိုပျက်စီးစေနိုင်ပါတယ်။အရေးအကြောင်းတွေမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ။နေရောင်ခြည်နဲ့ထိတွေ့မှုကိုရှောင်ကြဉ်ပါ။အပြင်ထွက်တိုင်းအဖြူရောင် သို့မဟုတ် အရောင်ဖျော့လေးတွေကိုဝတ်ဆင်ပြီးဦးထုပ်ကိုအမြဲဆောင်းပါ။ နေပူစာလှုံတာကိုလည်း ရှောင်ကြဉ်ပါ။ နရောင်ခြည်ထက် ဒါကပိုဆိုးပါတယ်။နေလောင်ခံခရင်မ်လိမ်းပါ။အကောင်းဆုံး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်မယ့်နည်းလမ်းကတော့အနည်းဆုံး SPF 15ပါဝင်တဲ့ နေရာင်ကာ လိမ်းဆေးကိုနေရောင်ခြည်ထဲမထွက်ခင် နာရီဝက်အလိုမှာတည်းကလိမ်းထားပါ။ ဒီလိုလုပ်ခြင်းက သင့်အသားအရည်ကို UVA နဲ့ UVBနေရောင်ခြည်ဒဏ်မှ ကာကကွယ်ပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းစာရင်းထဲမှာ zinc သို့မဟုတ် titanium oxide ပါဝင်တာကို ရွေးချယ်ပါ။ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုရှောင်ကြဉ်ပါ။အိုဇုန်း၊မီးခိုးနဲ့ ဓါတ်ငွေ့တွေဟာအသားအရည်အိုမင်းရင့်ရော်စေပြီးအချိန်မတိုင်ခင် အရေးအကြောင်းတွေကိုဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေပါ။စောစောစတင်ပါ။အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့ အရေပြားထိန်းသိမ်းမှုတွေကို စောစောစတင်ပါ။ ခွဲစိတ်မှုမပါသောအလှအပရေးရာ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ အရေပြားပြန်ထူလာစေပြီးအရေးအကြောင်းတွေကိုလျှော့ချပေးနိုင်တဲ့ ပစ္စည်းတွေ အများကြီးသိရှိရနိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ဆေးလိပ်သောက်ခြင်းဟာ အောက်ဆီဂျင်နဲ့အာဟာရတွေကိုဖယ်ရှားပစ်နိုင်ပြီး ခန္ဓါကိုယ်ဆဲလ်တွေထဲမှာရှိတဲ့ free radicalတွေကိုတိုးလာစေနိုင်ပါတယ်။ ဒါကအရေပြားရင့်ရော်ခြင်းရဲ့ အဓိကအချက်ပါ။ သောက်ခဲ့တဲ့ ဆေးလိပ်ပမာဏနဲ့ နှစ်ပေါင်းတွေဟာ အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။နေကာမျက်မှန်တပ်ပါ။အိမ်တွင်းမှာနေထိုင်ခြင်းနဲ့ ပြူတင်းပေါက်တွေနဲ့ ခပ်ဝေးဝေးမှာနေထိုင်ခြင်းတွေအပြင် နေကာမျက်မှန်တွေဟာ။မျက်လုံးတစ်ဝိုက်က ပါးလွှာပြီးထိခိုက်လွယ်တဲ့ အေရေပြားကိုခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ပက်လက်အိပ်ပါ။မှောက်ခုံအိပ်ပြီးမျက်နှာနဲ့ ခေါင်းအုံးကပ်ထားခြင်းက sleep lines တွေဖြစ်စေနိုင်ပြီးဒီလိုင်းတွေကအရေးအကြောင်းတွေအဖြစ် ပြောင်းသွားမှာပါ။ ပိုးခေါင်းအုံးစွပ်တွေကလည်းအရေးအကြောင်းမဖြစ်လာဖို့ ကာကွယ်တဲ့နေရာမှာအထောက်အပံ့ဖြစ်ပါတယ်။Moisturizer သုံးပါ။Moisturizer (အစိုဓါတ်ထိန်းအလှဆီ)ကောင်းတစ်ခုက အသားအရည်ကို ရေဓါတ်ဖြည့်ပေးပြီး အရေးအကြောင်းတွေကို ချောမွေ့စေပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ပုံမှန်လေ့ကျင့်ခန်းလုပ်တာက နှလုံးသွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသားအရေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရကို ရစေနိုင်ပါတယ်။ နှလုံးသွေးလည်ပတ်မှုကောင်းစေတဲ့ လေ့ကျင့်ခန်းတွေကိုနှလုံးနဲ့ အရေပြားကျန်းမာရေးအတွက် လုပ်သင့်ပြီးအရေပြားအောက်က ကြွက်သားတွေအတွက် ကြွက်သားသန်မာလာစေတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်သင့်ပါတယ်။ကောင်းကောင်းစားပါ။အာဟာရပြည့်တဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့အစားအသောက်တွေကို စားသုံးပါ။ ရေနဲ့ အခါးရည်များများသောက်ပေးပါ။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတစ်မျိုးမျိုးကို တစ်ရက်မှာရှစ်ခေါက်မှ ဆယ်ခေါက်ထိစားသုံးပေးပါ။ ဆယ်မွန်ငါးလတ်လတ်ဆတ်ဆတ်တွေကို တစ်ပတ်မှာ ၃ကြိမ်စားပေးပါ။ သို့မဟုတ် herring, mackerel, trout, tuna စတဲ့ အိုမီဂါ ၃ ပါဝင်တဲ့ငါးတွေစားပါ။ အစားအစာတွေမှာ အရေး အကြောင်းတွေကို တိုက်ဖျက်ဖို့ ခန္ဓါကိုယ်ကလိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အပြည့်အဝပါဝင်တာကြောင့် ဇရာဖြစ်စဉ်ကိုရင်ဆိုင်နိုင်တဲ့ အံ့သြဖွယ်စွမ်းရည်တွေရှိပါတယ်။သကြားကိုရှောင်ပါ။ဓါတုပစ္စည်းတွေနဲ့ ပြုလုပ်ပြုပြင်ထားတဲ့ စားစရာတွေနဲ့ သကြားတွေကိုရှောင်ကြဉ်ပါ။ သူတို့မှာသင့်အရေပြားကိုအချိန်မတိုင်မီအိုမင်းစေတဲ့ ဓါတုပစ္စည်းတွေပါဝင်ပါတယ်။ဆရာဝန်နဲ့တွေ့ပြီးRetin –A ကိုသုံးဖို့အညွှန်းတောင်းပါ။ Retin –A ဆိုတာဇရာဖြစ်စဉ်တစ်ခုဖြစ်တဲ့ အရေးအကြောင်းတွေကို လျှော့ချပေးနိုင်ပြီး ပါးနေတဲ့အရေပြားကို ထူစေနိုင်ကြောင်းသက်သေပြထားတဲ့ ခရင်မ်တစ်မျိုးပါ။ သင့်အသားအရည်ကို အရမ်းကိုခြောက်သွေ့နေမယ်ဆိုရင် Renovaအကြောင်းမေးကြည့်ပါ။ Renovaဆိုတာပိုပြီးနူးညံ့ပျော့ပျောင်းတဲ့ ဖော်မြူလာပါဝင်တဲ့ အရေးအကြောင်း ပျောက်ခရင်မ်တစ်မျိုးပါပဲ။စိတ်ဖိစီးမှုတွေကိုရှောင်ပါ။သင်ကစိတ်ဖိစီးမှုတွေများနေမယ်ဆိုရင် သင့်ခန္ဓါကိုယ်က စွမ်းအားပြည့်အိုမင်းရင့်ရော်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cortisol ကို သင့်သွေးလမ်းကြောင်းထဲ ထည့်လွှတ်ပေးလိုက်မှာပါ။ တကယ်လို့ သင့်မှာ နှစ်ရှည်လများ စိတ်ဖိစီးစရာတွေရှိခဲ့မယ်ဆိုရင် ယောဂကျင့်ပါ။ နေ့စဉ်ဂျာနယ်ထဲထည့်ဖို့စာရေးပါ။ သီချင်းဆိုပါ။ လမ်းလျှောက်ပါ။ တရားထိုင်ပါ။ သင့်စိတ်ဖိစီးမှုတွေ လျော့ကျနိုင်မယ့် ဘယ်အရာကိုမဆိုလုပ်ကြည့်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%99%e1%80%9c%e1%80%ac/
ကောင်းမွန်သောအာဟာရ နှင့် ကောင်းမွန်သောခုခံအားစနစ်၏ ဆက်စပ်မှု
ဒီအချိန်မှာ ကျန်းမာဖို့အတွက် ဘာအရေးကြီးလဲလို့ မေးရင်ခုခံအားကောင်းနေဖို့ပါပဲ။ အချင်းချင်းလည်း တွေ့လို့ နှုတ်ဆက်ရင် နေကောင်းအောင်နေနော်၊ အားရှိအောင်နေနော် လို့ပြောကြပါတယ်။ ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ကူးစက်ရောဂါအသစ်အဆန်းတွေ အတွက်ရော သိပ်မကြာခင် ဖြစ်လာတော့မယ့်ရာသီတုပ်ကွေးသွေးလွန်တုပ်ကွေးရောဂါတွေကို ကာကွယ်ဖို့အတွက်ပါ ခုခံအား ကောင်းနေဖို့ လိုပါတယ်။ ခုခံအား ကောင်းနေမှသာ အပြင်က ရောဂါတွေ ဝင်မလာနိုင်မှာပါ။ မတော်တဆ ဖျားနာခဲ့ရင်တောင် ခုခံအားကောင်းတဲ့သူက ခံနိုင်ရည်ပိုရှိပါတယ်။ ပိုပြီး နာလန်ထ မြန်ပါတယ်။ ဒါကြောင့် ခုခံအားကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ဒီထဲမှာ အာဟာရပြည့်အောင် စားတဲ့ အကြောင်းလေး ပြောချင်ပါတယ်။လေ့ကျင့်ခန်းသာ နေ့တိုင်း မလုပ်ဖြစ်ရင် နေမယ်။ နေ့တိုင်း အစားတော့ စားဖြစ်ကြမှာပါ။ စားမယ့် စားတော့ အာဟာရ ပြည့်အောင် စားတာ ပိုကောင်းတာပေါ့။ ခေတ်စကားနဲ့ ပြောရင်တော့ immuneတက်အောင် များများ စားရတယ်ပေါ့။ တကယ်တော့ များများစားတယ်ဆိုတိုင်းလည်း အာဟာရပြည့်ဝတာမဟုတ်ပါဘူး။ ကိုယ်ခံအားအတွက် လိုအပ်တဲ့အစားအသောက်တွေပါဝင်အောင် စားဖို့လည်းလိုပါသေးတယ်။ အများကြီး အလွန်အကျွံစားတာမျိုးက ခုခံအားတက်အောင် မလုပ်ပေးနိုင်ဘဲ ဆန့်ကျင်ဘက်ရလဒ်တွေတောင် ဖြစ်နိုင်ပါသေးတယ်။အာဟာရပြည့်ဝတာက ခုခံအားစနစ်ကို နည်းအမျိုးမျိုးနဲ့ အထောက်အကူ ပြုနေပါတယ်။ ဥပမာ ပြောရရင်။ဗီတာမင်အေ၏ အဓိကအကျိုးကျေးဇူးမှာ ကိုယ်ခံအားစနစ်ကိုထိန်းညှိပေးပြီးခန္ဓာကိုယ်သို့ ရောဂါပိုးများ၀င်ရောက်ခြင်းကို အရေပြား၊ ပါးစပ်ရှိ တစ်ရှူးများ၊ အစာအိမ်၊ အူလမ်းကြောင်း နှင့် အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ကာကွယ်ပေးပါသည်။တချို့တွေကျတော့ ခုခံအားဆဲလ်တွေ ပွားနိုင်အောင်ရယ် ကောင်းကောင်း အလုပ်လုပ်နိုင်အောင်ရယ် ကူညီပေးနိုင်ပါတယ်။ဒါ့ပြင် ဆဲလ်တွေကို ဓာတ်တိုးပြီး ပျက်စီးတဲ့ ဒဏ်ကနေ ကာကွယ်ပေးတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ရှိပါတယ်။အသားဓာတ် (ပရိုတိန်း)က တစ်ရှူးတွေကို ပြုပြင်ဖို့  အနာကျက်မြန်ဖို့နဲ့ နာလန်ထူမြန်ဖို့ ကူညီပေးပါတယ်။ ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာတွေက ပင်လယ်စာ၊ အဆီမပါအသား၊ ဥနဲ့ ပဲတွေ၊ အစေ့အဆန်တွေပဲ ဖြစ်ပါတယ်။ဗီတာမင်အေက အရေပြား၊ အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်မှာရှိတဲ့ တစ်ရှူးတွေ ကျန်းမာဖို့၊ အပြင်ကနေ ရောဂါပိုးတွေ ဝင်မလာအောင် ကာကွယ်ပေးဖို့ ကူညီပေးပါတယ်။ ကန်စွန်းဥ၊ မုန်လာဥ၊ ပန်းဂေါ်ဖီစိမ်း၊ ဥတွေကနေ ရနိုင်သလို ဗီတာမင်အေ ဖြည့်စွက်ထားတဲ့ နို့တွေ၊ အာဟာရမှုန့်တွေ၊ Cerealတွေကလည်း ရနိုင်ပါတယ်။ဗီတာမင်စီက ခန္ဓာကိုယ်ကနေ ရောဂါတိုက်ထုတ်ဖို့ လိုအပ်တဲ့ ပဋိဇီဝပစ္စည်းတွေ ထုတ်နိုင်အောင် အားပေးပါတယ်။ လိမ္မော်သီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီးတို့မှာ ဗီတာမင်စီ ပါဝင်သလို အာဟာရမှုန့်တွေ၊ Cerealတွေကလည်း ရနိုင်ပါတယ်။ဗီတာမင်အီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါပါတယ်။ နေကြာဆီ၊ ဟင်းရွက်ဆီ၊ ဗာဒံစေ့တွေမှာ ပေါပေါများများ တွေ့ရသလို ဗီတာမင်အီး ဖြည့်စွက်ထားတဲ့ အာဟာရမှုန့်တွေ၊ Cerealတွေမှာလည်း ရှိပါတယ်။ဇင့်က ခုခံအားစနစ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့နဲ့ အနာကျက်မြန်ဖို့ လုပ်ပေးနိုင်ပါတယ်။ ဇင့်ကို အဆီမပါအသား၊ ပင်လယ်စာ၊ နို့၊ အစေ့အဆန်တွေမှာ တွေ့ရသလို ဖြည့်စွက်အာဟာရမှုန့်တွေမှာလည်း ပါရှိပါတယ်။ဗီတာမင်B6၊ B12၊ ကော့ပါး၊ ဖောလိတ်၊ ဆီလီနီယမ်နဲ့ သံဓာတ်ကလည်း ခုခံအားစနစ်ကို ထောက်ပံ့ပေးတဲ့အတွက် နေ့စဉ်ပါအောင် စားပေးသင့်ပါတယ်။ခုခံအားစနစ်က နေ့စဉ်စားတဲ့ အစားအစာအပေါ် အများကြီးမှီခိုနေပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့တဲ့ ခုခံအားကောင်းစေတဲ့  အစားအစာတွေကို နေ့စဉ်ပါအောင် စားပေးသင့်ပါတယ်။ အသက်ကြီးလို့၊ သွားမကောင်းလို့ စားရပြုရ ခက်ရင် အာဟာရဖြည့်စွက်ထားတဲ့  အာဟာရမှုန့်တွေကို သောက်ပေးနိုင်ပါတယ်။ လိုရင်းက ခုခံအားတက်ပြီး ရောဂါတွေကို ကာကွယ်နိုင်ဖို့ပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/the-role-of-nutrition-in-supporting-the-immune-system/
Work addiction (အလုပ်စွဲလမ်းခြင်း )
အလုပ်စွဲလမ်းခြင်းကို အလုပ်ယစ်မူးခြင်းလို့လည်းခေါ်ပါတယ်။ စိတ်ရောဂါတစ်မျိုးပါ။ အခြားစွဲလမ်းခြင်းတွေလိုပဲ အလုပ်စွဲလမ်းခြင်းဆိုတာ အပြုအမူတစ်ခုကို မရပ်တန့်နိုင်ခြင်းပါပဲ။ဆေးစွဲတဲ့သူတစ်ယောက်လိုပဲ အလုပ်စွဲလမ်းသူတစ်ယောက်က အလုပ်မှာ ပျော်ရွှင်ယစ်မှုးနေတတ်ပါတယ်။ အလုပ်လုပ်ရတာယစ်မှုးခြင်းကြောင့်ပဲ ထပ်ကာထပ်ကာ လုပ်နေမိကြပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးသဘောဆောင်သော ထိခိုက်မှုများရှိရင်တောင်မှ မရပ်တန့်နိုင်ကြတော့ပါဘူး။ယခုလေ့လာမှုတွေအရ အမေရိကားမှာ လူဦးရေ ၅-၁၀ရာခိုင်နှုန်းလောက် ဖြစ်ပွားကြပြီး အခြားသောလေ့လာမှုတွေမှာ ၂၅ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။ ဖြစ်ပွားနှုန်းမြင့်မာနေခြင်းနဲ့ လူအများစုက အလုပ်လုပ်နေကြခြင်းတို့ကြောင့် အရေးကြီးပြဿနာတစ်ခုဖြစ်လာပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အလုပ်စွဲလမ်းတဲ့လူတွေဟာ သူတို့ရဲ့အပြုအမူတွေက ကောင်းတဲ့အရာတွေပါ၊ အောင်မြင်မှုတွေယူဆောင်လာတဲ့အရာတွေပါဆိုပြီး မှန်ကန်ကြောင်းပြောကြပါတယ်။ အလုပ်တွေ၊ အလုပ်ရဲ့ အောင်မြင်မှုတွေအပေါ် ကတိသစ္စာပြုထားတဲ့ ပုံဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ရည်မှန်းချက်နဲ့ စွဲလမ်းမှုဆိုတာ ကွဲပြားမှုတွေ ရှိပါတယ်။အလုပ်စွဲလမ်းတဲ့သူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားဖို့ အလုပ်ထဲမှာ စိတ်နှစ်လာကြပါတယ်။ အခြားစွဲလမ်းမှုတွေလိုပဲ ထိုစွဲလမ်းမှုက အပျက်သဘောဆောင်သော အရာတွေကို ယူဆောင်လာမှန်းမသိ ယူဆောင်လာပါတော့တယ်။အလုပ်စွဲလမ်းခြင်းရဲ့ လက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပြီးပြည့်စုံမှုတွေကို အလွန်လိုအပ်တဲ့သူတွေမှာ အလုပ်စွဲလမ်းခြင်းဖြစ်ပွားတတ်ပါတယ်။ မိမိကိုယ်ကိုတန်ဖိုးမထားမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြီးရဲ့ အသိအမှတ်ပြုမှုတွေ လိုအပ်လာခြင်းကြောင့်ပါ။တချို့သုတေသနပညာရှင်တွေကတော့ အလုပ်စွဲလမ်းတဲ့သူတွေမှာ သူတို့အပေါ် အရမ်းမျှော်မှန်ထားတဲ့ မိဘတွေ ရှိကြတယ်လို့ဆိုပါတယ်။ မိဘတွေရဲ့ အချစ်မေတ္တာက လုပ်ငန်းပိုင်ဆိုင်ရာ အောင်မြင်မှုတွေအပေါ် မူတည်သလို ဖြစ်သွားပါတယ်။အလုပ်စွဲလမ်းခြင်း ဖြစ်ပေါ်စေတဲ့ အခြားသော အချက်တွေက အောက်ပါတို့ဖြစ်ပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ဘာဂန် အလုပ်စွဲလမ်းမှု စကေးကို အလုပ်စွဲလမ်းခြင်းအား စစ်ဆေးဖို့ အသုံးပြုပါတယ်။ ဘာဂန်တက္ကသိုလ်က ထိုစကေးကို တီထွင်ခဲ့ပြီး ဆေးပညာအသိုင်းအဝိုင်းက လက်ခံခဲ့ကြပါတယ်။ တချို့သော ရှုထောင့်တွေကနေ ဘဝအပေါ် ဘယ်လိုသက်ရောက်နေတယ်ဆိုတာမျိုးတွေကို တိုင်းတာခြင်းပါ။ အောက်ပါတို့ဖြင့် တိုင်းတာပါတယ်။သင်ကိုယ်တိုင် အကဲဖြတ်ခိုင်းမယ့် အရာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။အထက်ပါစကေးနဲ့ ပတ်သက်ပြီး စကန်ဒီနေးဗီးယား စိတ်ပညာ ဂျာနယ်မှာ ထုတ်ပြန်ခဲ့သည်က ဖော်ပြခဲ့သော မေးခွန်းများထဲမှ အနည်းဆုံး ၄ခုမှာ ‘မကြာခဏ’ သို့မဟုတ် ‘အမြဲတမ်း’ လို့ ဖြေခဲ့မယ်ဆိုရင် သင့်မှာ အလုပ်စွဲလမ်းခြင်းရှိနေနိုင်ပါပြီ။အလုပ်စွဲလမ်းသူတွေက ဆေးစွဲတဲ့သူတွေလောက်တော့ ကုသမှုမလိုအပ်ပါဘူး။ ပြင်ပလူနာ သို့မဟုတ် အတွင်းလူနာ ပြန်လည်ပြုပြင်ထူထောင်မှုနည်းလမ်းတွေတော့ လိုအပ်နိုင်ပါတယ်။ပြန်လည်ပြုပြင်ထောင်ခြင်းနည်းလမ်းတွေက ဆေးစွဲသူတွေ၊ အရက်စွဲသူတွေမှာ အသုံးပြုကြတာပါ။ အလုပ်စွဲလမ်းခြင်းကိုလည်း ထိုအထူးကြပ်မတ်ကုသနည်းအသုံးပြုနိုင်ပါတယ်။ အတွင်းလူနာဆိုရင် ကုသတဲ့နေရာမှာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ပြင်ပလူနာဆိုရင် သင်တန်းတွေ တက်ပေးပြီး တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ရပါမယ်။ အလုပ်စွဲလမ်းသူအများစုက အဆင့်၁၂ဆင့်ပါသောကုထုံးနဲ့ အခြားကုထုံးတို့ဖြင့် အလုပ်ဖြစ်ကြပါတယ်။ အဖွဲ့လိုက်ကုထုံးတွေကို Workaholics Anonymous လိုမျိုး အဖွဲ့အစည်းတွေကနေတစ်ဆင့် ရရှိနိုင်ပါတယ်။ ထိုအစီအစဉ်က အခက်အခဲအတူတူရင်ဆိုင်နေရတဲ့သူတွေ စုပေါင်းပေးပြီး ကျန်းမာတဲ့ ကူညီထောက်ပံ့မှုတွေ ရရှိစေနိုင်ပါတယ်။အလုပ်စွဲလမ်းခြင်းက စွဲလမ်းခြင်းအာသာဆန္ဒြုပင်းပြခြင်းရောဂါ (OCD)၊ စိတ်ဓါတ်ကျ/တက်ခြင်းရောဂါတို့ လိုမျိုး စိတ်ရောဂါအခြေအနေတွေနဲ့ ဆက်နွယ်နေနိုင်ပါတယ်။ ထိုစွဲလမ်းမှုက စိတ်ဓါတ်ကျခြင်းလိုမျိုး စိတ်ရောဂါအခြေအနေတွေကို ဖြစ်လာစေနိုင်ပါတယ်။ထိုအကြောင်းပြချက်များကြောင့် စိတ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းက အကျိုးရှိပါတယ်။ စိတ်ကျန်းရေးပညာရှင်က ကုသမှုအတွက် အစီအစဉ်တွေ ဆွဲပေးနိုင်ပါတယ်။ ထိုအစီအစဉ်က စွဲလမ်းမှုတွေကို အမည်တပ်ပေးပြီး ရောဂါရင်းမြစ်ကို ရှာဖွေပေးနိုင်ပါတယ်။ တစ်ယောက်ချင်းကုထုံးနဲ့ ဆေးဝါးတွေတောင်မှ စိတ်ဆတ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းတို့ကို ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။အလုပ်စွဲလမ်းသူတွေ အလုပ်လုပ်ကျခြင်းမှာ တကယ်လုပ်ချင်လို့မဟုတ်ဘဲ အပြစ်ရှိမှုကို ရှောင်ရှားဖို့ လုပ်တာများပါတယ်။ စွဲလမ်းမှုပျောက်ကင်းဖို့ လုပ်နေတဲ့သူတွေက အလုပ်နဲ့ ကျန်းမာသော ဆက်နွယ်မှုရှိနေရပါမယ်။ ကျွန်တော်တို့ အများစုအလုပ်လုပ်ရတာဟာ အသုံးစရိတ်အတွက်သာဖြစ်တဲ့အတွက်ကြောင့် ညီမျှစွာအလုပ်လုပ်နေဖို့ လိုအပ်ပါတယ်။ အခြေအနေအများစုမှာ အလုပ်ကို ရပ်လိုက်ဖို့ရာ ခက်ခဲပါတယ်။အလုပ်ဆက်တိုက် မဖြစ်နေအောင် အလုပ်ကနေ ခဏအနားယူလိုက်တာက အဆင်ပြေပါတယ်။ အလုပ်ပြောင်းလဲခြင်းကလည်း အထောက်အကူပြုနိုင်ပါတယ်။ စိတ်ရောဂါတစ်ခုအနေနဲ့ဆိုရင် အလုပ်စွဲလမ်းခြင်းက ဆေးစွဲခြင်းထက် ကုရလွယ်ပါတယ်။ အောက်ပါပြောင်းလဲမှုတို့က အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/work-addiction-%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%85%e1%80%bc%e1%80%b2%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု)
ဒီရောဂါဟာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့် ခန္ဓါကိုယ်ကနေ ketone လို့ခေါ်တဲ့ အက်ဆစ်ဓါတ်တွေ သွေးထဲမှာ အများအပြားထုတ်တဲ့အခါ diabetic ketoacidosis လက္ခဏာတွေကို ခံစားရပါတယ်။သင့်ခန္ဓါကိုယ်က ဆဲလ်တွေစွမ်းအင်ရဖို့အတွက် ဂလူးကို့စ်သကြားဓါတ်ကို စုပ်ယူဖို့ လိုအပ်ပါတယ်။ ဒီလိုစုပ်ယူဖို့ရာ လုံလောက်တဲ့ အင်ဆူလင်ကို သင့်ခန္ဓါကိုယ်က ထုတ်ဖို့လိုအပ်ပြီး ဆီးချိုရောဂါကြောင့် မထုတ်နိုင်တဲ့အခါ ဒီရောဂါကို ခံစားရပါတယ်။ဒီရောဂါဟာ ဆီးချိုရောဂါ အမျိုးအစား(၁) ရှိသူမှာရော အမျိုးအစား(၂)ရှိသူမှာပါ အဖြစ်များပါတယ်။ မိမိကိုယ်ကို ဆီးချိုရောဂါရှိမှန်း သတိမထားမိသူတွေမှာလည်း တစ်ခါတစ်ရံ ခံစားရတတ်ပါတယ်။လူငယ်တွေနဲ့ ကလေးတွေမှာလည်း ဒီရောဂါခံစားရဖို့ အခွင့်အလမ်းရှိနေပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Diabetic ketoacidosis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။• ဆီးအများကြီးသွားခြင်း၊။• ရေအလွန်အမင်းငတ်ခြင်း၊။• ပင်ပန်းနုံးချိပြီး ဖျားခြင်း၊။• ဗိုက်အောင့်ခြင်း။• မောခြင်း။• သင့်သွေးထဲတွင် သကြားဓါတ်နဲ့ ketone ဓါတ်များ များပြားလာခြင်းစတာတွေဖြစ်ပါတယ်။ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ စမ်းသပ်မှုတွေလည်း ရှိပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• အကယ်၍သင်ဟာ နေမကောင်းဘူး ဖိစီးမှုဖြစ်လာတယ်လို့ ခံစားရတဲ့အခါ (သို့) လတ်တလောမှာ ထိခိုက်ဒဏ်ရာရထားခြင်း၊ ဖျားခြင်း ဖြစ်တဲ့အခါ သင့်သွေးထဲမှ အချိုဓါတ်ကိုကိုယ်တိုင် စစ်ဆေးနိုင်တဲ့ အပြင် ဆီးထဲမှ ketoneဓါတ်စစ်တဲ့ အတံကိုဝယ်ယူပြီး ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။• သင်ဟာ အန်ပြီး ဘာမှ မစားမသောက်နိုင်ဘူး ဆိုရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။• သင့်သွေးအချိုဓါတ်ဟာ ရှိသင့်တာထက်ပိုလာပြီး အိမ်တွင်းကုထုံးတွေဟာလည်း မသက်သာစေဘူးဆိုရင်လည်း ဆရာဝန်နဲ့ ဆက်သွယ်ရမှာ ဖြစ်ပါတယ်။• ဒါ့အပြင် သင့်ဆီးထဲမှ ketoneဓါတ်ဟာ အနည်းငယ်(သို့) အတော် မြင့်လာပြီဆိုရင်လည်း ပြသသင့်ပါတယ်။အင်ဆူလင်မရှိခြင်းက သင့်ရဲ့ဆဲလ်တွေ ကြွက်သားတွေ သွေးတွင်း သကြားဓါတ်ကို စုပ်ယူဖို့ရာ ရပ်တန့်စေပါတယ်။ ဒီလိုမစုပ်ယူနိုင်ရင် သင်လိုအပ်တဲ့ စွမ်းအင်တွေရတော့မှာ မဟုတ်ပါဘူး။ diabetic ketoacidosis ဟာ အောက်ပါအကြောင်း တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။•ဖျားနာခြင်း –ဖျားနာခြင်း (သို့) ပိုးဝင်ခြင်းဟာ ခန္ဓါကိုယ်မှ adrenaline (သို့) cortisol ကဲ့သို့ဟော်မုန်း တွေကို ပိုထွက်လာစေပါတယ်။ သူတို့ဟာ အင်ဆူလင်ရဲ့ အလုပ်အပေါ်ကို လာသက်ရောက်ကြပြီး diabetic ketoacidosis ကို ဖြစ်စေပါတယ်။•အပြင်မှ အင်ဆူလင်နဲ့ ကုသခြင်းကြောင့်လည်း ခန္ဓါကိုယ်မှ ထွက်တဲ့ အင်ဆူလင်ကို လျော့နည်းလာစေနိုင်ပါတယ်။ဒါဟာလည်း diabetic ketoacidosis ကို ဖြစ်စေနိုင်ပါတယ်။• ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း၊။• အရက်(သို့) ဆေးစွဲနေခြင်း။• corticosteroids ဆေးများနဲ့ အချို့သော ဆီးဆေးကဲ့သို့ ဆေးများစတာတွေဟာလည်း ဒီရောဂါကို ဖြစ်စေနိုင်ပါတယ်။Diabetic ketoacidosis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာ-။• သင့်တွင် ဆီးချိုရောဂါ အမျိုးအစား(၁) ရှိလျှင်နဲ့။• အင်ဆူလင်နဲ့ ကုသမှု မေ့လျော့၍ လွတ်သွားသည့်အခါမျိုးတွင် စတဲ့အချိန်တွေဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။• သင့် သွေးတွင်းဂလူးကို့စ်ပမာဏ၊ ketone ပမာဏ နဲ့ သွေးတွင်းအက်ဆစ်ဓါတ်ကို သိစေရန် သွေးစစ်ကြည့်ခြင်း၊။• သွေးတွင်း electrolyte သတ္တုဓါတ်များကို စစ်ဆေးခြင်း၊။• ဆီးစစ်ခြင်း၊။• ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း၊။• နှလုံးရဲ့ ခုန်သောလျှပ်စီးပုံစံကို သိရန် နှလုံး အီးစီဂျီဆွဲခြင်းစတာတွေ လုပ်နိုင်ပါတယ်။အင်ဆူလင်နည်းနေတာ ဖြစ်လို့ ဆရာဝန်ဟာ သင့်သွေးပြန်ကြောထဲသို့ အောက်ပါအရာတွေကို သွင်းပေးမှာ ဖြစ်ပါတယ်။• ဆိုဒီယမ်၊ ပိုတက်စီယမ် နဲ့ ကလိုရိုဒ်ဓါတ်တွေ ပါဝင်တဲ့ electrolyte သတ္တုဓါတ်၊။• သင့်ခန္ဓါကိုယ် ရေဓါတ်ပြည့်ဝဖို့ အရည်များ၊။• အင်ဆူလင် စတာတွေကို သွင်းပေးမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetic-ketoacidosis-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80/
သင့် ကလေးလိင်အာသာဖြေ တာကို မိရင်ဘယ်လိုလုပ်မလဲ
လိင်အာသာဖြေခြင်းဟာ စိတ်ကျေနပ်မှုနဲ့ စိတ်သက်သောင့်သက်သာ ဖြစ်စေဖို့ လိင်အင်္ဂါတွေကို လှုံ့ဆော်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေက သူတို့လက် (သို့) အခြားအရာတွေကို အသုံးပြုပြီး ပွတ်နိုင်ပါတယ်။ လိင်အာသာဖြေခြင်းက ရေချိုးစဉ်မှာ သူတို့ရဲ့ လိင်အင်္ဂါတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ နှစ်နှစ်ကလေးတွေထက် ပိုပါတယ်။ လိင်အာသာဖြေစဉ်မှာ ကလေးငယ်ဟာ ငေးငိုင်ပြီး ဒီကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်နေတတ်ပါတယ်။ ကလေးတွေက တစ်နေ့မှာ အကြိမ်ပေါင်းများစွာ လိင်အာသာ ဖြေနိုင်ခြင်း (သို့) တစ်ပတ်မှာ တစ်ကြိမ်မှာ လိင်အာသာဖြေခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ကလေးလိင်အာသာဖြေ ခြင်းက အိပ်ချင်ချိန်၊ စိတ်ကျချိန်နဲ့ စိတ်ဖိစီးချိန်တွေမှာ အဖြစ်များပါတယ်။လိင်အာသာဖြေခြင်းဟာ လမ်းလျှောက်တတ်ကာစ ကလေးတွေနဲ့ ကျောင်းမတက်ရသေးတဲ့အရွယ် ကလေးတွေမှာပုံမှန်ဖြစ်တဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ သူတို့ဟာ ခံစားမှုကောင်းမွန်တာကြောင့် လိင်အာသာဖြေခြင်းကို ဆက်လက်လုပ်ဆောင်တတ်ကြပါတယ်။ အချို့ကလေးတွေဟာ သူတို့ဝမ်းနည်းနေရင်လည်း လိင်အာသာဖြေတတ်ကြပါတယ်။ လိင်အာသာဖြေခြင်းဟာ ကျန်းမာရေးအခြေအနေတွေကို ညွှန်ပြခြင်း မဖြစ်နိုင်ပါဘူး။ လိင်အင်္ဂါတွေမှာ ကျိန်းစပ်စပ်ဖြစ်ခြင်း၊ နာကျင်မှုနဲ့ ယားယံမှုတွေတော့ ဖြစ်စေနိုင်ပါတယ်။သင့်ကလေးက လိင်အာသာဖြေခြင်းကို သိရှိသွားရင် ရပ်ဖို့ ခက်ပါတယ်။ သင့်ကလေးဟာ စိတ်ကျမှုတွေ သက်သာသွားရင် မကြာခဏ လိင်အာသာဖြေမှာ မဟုတ်ပါဘူး။ အသက် ၅ နှစ် ၆ နှစ်ရောက်ရင်တော့ ကလေးငယ်အများစုဟာ သတိထားပြီး လူမရှိချိန်မှသာ လိင်အာသာဖြေမှာ ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေ၊ လိင်စိတ်ပြောင်းလဲမှုတွေကြောင့် လိင်အာသာဖြေခြင်းဟာဆယ်ကျော်သက်အရွယ်မှာ ပိုအဖြစ်များပါတယ်။လိင်အာသာဖြေခြင်းက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာရခြင်းတွေ၊ အန္တရာယ် ဖြစ်စေခြင်းတွေ မရှိပါဘူး။ အသက် ၅ နှစ် ၆ နှစ်ရောက်တဲ့အချိန် လူကြားထဲမှာ လိင်အာသာဖြေရင်တော့ ဒါကို ပုံမှန်မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကလေးငယ်က လိင်ကိစ္စ အလွန်အမင်း စိတ်ဝင်စားတယ်၊ ရှုပ်တယ်လို့ မဆိုလိုပါဘူး။လူကြီးတွေက ကလေးငယ်တွေ လိင်အာသာဖြေခြင်းကို ညစ်ပတ်တဲ့ အရာတစ်ခုအဖြစ် တုံ့ပြန်တတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေပြီး အပြစ်ရှိတယ်ခံစားရခြင်း၊လိင်ကိစ္စ စွဲလမ်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။၁။ လိင်အာသာဖြေဖို့ နေရာကို ရွေးချယ်ပေးပါ။ကလေးလိင်အာသာဖြေ ခြင်းကို အတင်းအကျပ်တားမြစ်ဖို့ မဖြစ်နိုင်ပါဘူး။ သင့်ကလေးဟာ ဒါကို သိတယ်၊ ကြိုက်နှစ်သက်တယ်ဆိုတဲ့ အချက်ကို လက်ခံသင့်ပါတယ်။ သင်ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော အချက်ကတော့ သူတို့ဒါကို ဘယ်မှာ ပြုမူသင့်လဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ဖြစ်သင့်တာကတော့ လိင်အာသာဖြေခြင်းကို အိပ်ခန်းထဲမှာနဲ့ ရေချိုးခန်းထဲမှာပဲ လုပ်သင့်တယ်လို့ ဆုံးမတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ဘယ်မှာ ပြုလုပ်သင့်သလဲဆိုတာကို မပြောပြထားရင် ကလေးက ဒါကို ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တယ်လို့ ထင်သွားနိုင်ပါတယ်။၂။ အိပ်ချိန်မှာ လိင်အာသာဖြေခြင်းကို မတားမြစ်ပါနဲ့။ကလေးတွေကို ဒီအချိန်မှာ သတိထားကြည့်ပါ။ သူတို့လှဲအိပ်နေစဉ်မှာ ခြေထောက်ကြား လက်ရှိသလားဆိုတာ မမေးသင့်ပါဘူး။၃။ အခြားအချိန်တွေမှာ အခြားအရာတွေနဲ့ အာရုံပြောင်းပါ။ကလေးကို အရုပ်၊ ဂိမ်း အစရှိတာတွေနဲ့ အာရုံပြောင်းဖို့ ကြိုးစားပါ။ တကယ်လို့ ဒါဟာ အလုပ်မဖြစ်ဘူးဆိုရင် ကလေးတွေကို အောက်ပါအတိုင်း ရှင်းပြသင့်ပါတယ်။သင့်ကလေးကို ဒီလိုလုပ်ခြင်းက သူတို့ကို နေလို့ကောင်းစေတယ်ဆိုတာကို သင်သိရှိပြီး ဒါဟာ ရေချိုးခန်းနဲ့ အိပ်ခန်းထဲမှာပဲ ပြုလုပ်သင့်ပြီး အိမ်ရဲ့ အခြားနေရာတွေမှာ ပြုလုပ်ဖို့ မသင့်ကြောင်း ပြောသင့်ပါတယ်။ လေးငါးနှစ်ရောက်ရင် ကလေးတွေဟာ အခြားသူတွေရဲ့ ခံစားမှုတွေကို သိလာတာကြောင့် ဘယ်သူမှ မရှိတဲ့အချိန်မှာမှ လိင်အာသာဖြေခြင်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။ငယ်ရွယ်တဲ့ ကလေးတွေကို လိင်အာသာဖြေခြင်း ပြုလုပ်ရန် အခန်းအတွင်းကို စေလွှတ်သင့်ပါတယ်။၄။ ဒီနည်းကို ကလေးထိန်းကျောင်းက သူတွေနဲ့လည်း ဆွေးနွေးထားပါ။မူကြိုတက်တဲ့အရွယ်ရောက်လို့ မူကြိုသွားတဲ့အခါ ကလေးထိန်းဆရာ၊ ဆရာမတွေကို ကလေးရဲ့ လိင်အာသာဖြေခြင်းကို အခြားအရာတွေနဲ့ အာရုံပြောင်းဖို့ တောင်းဆိုပါ။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်တော့ ကျောင်းမှာ လိင်အာသာဖြေခြင်းကို အိပ်ချိန်မှာသာ ပြုလုပ်ခွင့်ပေးသင့်ပါတယ်။၅။ သင့်ကလေးကိုနွေးနွေးထွေးထွေးဆက်ဆံပါ။ကလေးတချို့က တစ်နေကုန် နွေးထွေးစွာ ဖက်ထားခံရတယ်ဆိုရင် လိင်အာသာဖြေမှု နည်းပါးပါတယ်။ သင့်ကလေးနဲ့ တစ်နေ့ကို အနည်းဆုံးအချိန် တစ်နာရီ ကုန်ဆုံးသင့်ပြီး နွေးထွေးစွာ ပွေ့ဖက်ထားသင့်ပါတယ်။၆။ အဖြစ်များတဲ့အမှားများ။မိဘတွေ အလုပ်များတဲ့ အမှားတစ်ခုကတော့ ကလေးလိင်အာသာဖြေ ခြင်းကို လုံးဝတားမြစ်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ မိဘတွေ စကားနားမထောင်ခြင်းနဲ့သာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ကလေးတွေဟာ လိင်အာသာဖြေခြင်းအတွက်အရိုက်ခံရခြင်း၊ အအော်ခံရခြင်း၊ ဆုံးမခံရခြင်းတွေ မခံရသင့်ပါဘူး။ လိင်အာသာဖြေခြင်းကို ဆိုးရွား ညစ်ပတ် အပြစ်ရှိတဲ့ အပြုအမူ တစ်ခုအဖြစ် မမြင်သင့်ပါဘူး။အရေးကြီးတာကတော့ သင့်ကလေးကို ကြိုးတုပ်ထားခြင်း၊ အခြား အပြစ်ပေးခြင်း အစရှိတာတွေ ပြုလုပ်ခြင်းက ကလေးကို ဆိုးသွမ်းစေပြီး နောက်ကြီးလာတဲ့အခါ လိင်ပိုင်းဆိုင်ရာ ရှက်ကြောက်ခြင်းတွေ ဖြစ်စေတာကြောင့် မပြုလုပ်သင့်ပါဘူး။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/what-to-do-when-your-kid-mastarbates/
အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။
အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ။ ။ ဆိုတာကို ပြောပြပေးချင်ပါတယ်။ကိုယ်ဝန် ပထမ ၃လဆိုတာ ကိုယ်ဝန်ဆောင် ကာလအတွင်း အရမ်းကို အရေးကြီးတဲ့ ကာလတစ်ခုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဗိုက်ထဲမှာ ရင်သွေးလေးစပြီး ဖြစ်တည်ဖွံ့ဖြိုးတာ ဒီ ၃ လအတွင်းမှာ စတာကြောင့်ပါ။ ဒီကိုယ်ဝန်ကလည်း နုသေးတာကြောင့် မခိုင်ဘဲ သားလျှောတာမျိုး မဖြစ်ရအောင်လို့ ဒီကာလကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ်ရဲ့ ရင်သွေးလေး စပြီးဖွံ့ဖြိုးတဲ့နေရာမှာ ချို့ယွင်းချက် မရှိရအောင်လို့လည်း ဒီ ၃ လအတွင်းမှာ ဂရုစိုက်ပေးရတာပါ။ အဲဒီ အထဲမှာ အရေးအကြီးဆုံးကတော့ အစားအသောက်ပါ။ မေမေတို့ စားလိုက်တဲ့ အာဟာရမှန်သမျှ ကလေးဆီကို ရောက်တာမလား။ ဒီတော့ ကျန်းမာဖွံ့ဖြိုးတဲ့ ကိုယ်ဝန်တစ်ခု ပိုင်ဆိုင်ဖို့ ကိုယ်ဝန်ဆောင် ပထမ ၃ လအတွင်း ဘာတွေ စားပေးရမလဲ ။ ။အရေးကြီးတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ဘာတွေ စားပေးရမလဲ ဆိုတော့။( ၁ ) နို့နဲ့နို့ထွက်ပစ္စည်းတွေ ။နို့နဲ့နို့ထွက်ပစ္စည်းတွေဆိုတာကယ်လ်ဆီယမ်၊ဗီတာမင် D၊ ပရိုတင်း၊ ကျန်းမာစေတဲ့ အဆီဓါတ်နဲ့ folic acid တို့ ကြွယ်ဝတဲ့ အစားအစာတွေပါ။ ဒီ အာဟာရဓါတ်တွေကို ကိုယ်ဝန်ဆောင်တွေ အတွက်လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်တာကြောင့် ကိုယ်ဝန် ပထမ ၃ လမှာဒိန်ချဉ်၊ နို့နဲ့ ဒိန်ခဲတို့ကို စားပေးသင့်ပါတယ်။( ၂ ) ဖောလိတ် ကြွယ်ဝတဲ့ အစားအစာတွေ။Folic acidဆိုတာ ကလေးတစ်ယောက်ရဲ့အာရုံကြောစနစ်ြပွန် ဖွံ့ဖြိုးဖို့အတွက်လုံးဝကို မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ ဒီ အာရုံကြောပြွန်ကနေ နောက်ပိုင်းကျရင် ဦးနှောက်နဲ့ပင်မကျောရိုးကြီး ဖြစ်လာမှာပါ။ ဒါ့ကြောင့် ကိုယ်ဝန်သည်တွေ folic acid ဆေးပြားတွေ သောက်ကြရတာဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ Folic acid ကို ဆေးပြားတွေကအပြင် အစားအသောက်တွေကလည်းရနိုင်ပါသေးတယ်။ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ရေကညွတ်၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ပဲပင်ပေါက် နဲ့ ချဉ်တဲ့ အသီးအနှံတွေ အကုန်လုံးကနေ ရနိုင်ပါတယ်။( ၃ ) ကောက်ပဲသီးနှံတွေ။ကောက်ပဲသီးနှံတွေမှာ ကာဘိုဟိုက်ဒရိတ်၊အမျှင်ဓါတ်၊ ဗီတာမင် B နဲ့ အခြား သတ္တုဓါတ်တွေဖြစ်တဲ့သံဓါတ်၊ မဂ္ဂနီဆီယမ် နဲ့ selenium တို့ပါပါတယ်။ သူတို့ဟာ ကလေးတစ်ယောက်ကြီးထွားဖွံဖြိုးဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ ဒါ့ကြောင့် ကောက်ပဲသီးနှံတွေ ဖြစ်တဲ့ ဘာလီစေ့၊ အုတ်ဂျုံ၊ဆန်လုံးညိုနဲ့ whole-wheatပေါင်မုန့်တို့ကို စားပေးသင့်ပါတယ်။( ၄ ) ဥ အမျိုးမျိုး။ဥတွေမှာပရိုတင်းကြွယ်ဝစွာပါပြီး ဗီတာမင်တွေဖြစ်တဲ့ vitamins A, B2, B5,B6, B12, D, E, နဲ့ K တွေလည်း အများကြီးပါပါတယ်။ ဒါ့အပြင် phosphorous, selenium,calciumနဲ့ zinc တို့လို သတ္တုဓါတ်တွေလည်း အများကြီးပါတာကြောင့် ဗိုက်ထဲက ရင်သွေးလည် းကောင်းကောင်းဖွံ့ဖြိုးဖို့ ကိုယ်ဝန်ဆောင် ပထမ ၃ လက အစားအသောက်တွေထဲမှာ ဥတေါကလည်း မပါမဖြစ်နော်။( ၅ ) အသီးအနှံများ။သခွားမွှေး၊ ထောပတ်သီး၊ သလဲသီး ၊ငှက်ပျောသီး၊ လိမ္မော်သီး၊ ဘယ်ရီသီး၊ ပန်းသီးတွေနဲ့ သံပရာသီးတို့မှာ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တာကြောင့် ကလေးဆီကို မကောင်းတဲ့ ဓါတုပစ္စည်းတွေ မရောက်အောင် သူတို့ က အစွမ်းကုန် တိုက်ဖျက်ပေးတော့မှာနော်။ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်တွေသင်္ဘောသီးတော့ စားလို့မရပါဘူး။( ၆ ) ဟင်းသီးဟင်းရွက်များ။ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ အမျှင်ဓါတ်က ကိုယ်ဝန်ဆောင်တိုင်း ခံစားရလေ့ရှိတဲ့ဝမ်းချုပ်ြခင်းကိုသက်သာစေမှာပါ။( ၇ )အစေ့အဆံများ။အစေ့အဆံတွေမှာမပြည့်ဝဆီ၊ ဗီတာမင် သတ္တုဓါတ်တွေအပြင် အမျှင်ဓါတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးအတွက်ရော မိခင်အတွက်ပါ အကျိုးများစေတဲ့ အစားအသောက်တစ်ခုပါ။( ၈ ) ငါး။ပင်လယ်ငါးတွေမှာ ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့DHAကြွယ်ဝစွာ ပါတာကြောင့် ကိုယ်ဝန် ပထမ ၃ လအတွင်း ဦးစားပေးစားသင့်တဲ့ အစားအသောက်တွေထဲမှာ ငါးကလည်း အပါအဝင်တစ်ခုပါ။( ၉ ) အသားများ။အသားဆိုတာနဲ့ ပရိုတင်းဓါတ်၊ ဇင့်ဓါတ်၊ဗီတာမင် B12နဲ့ သံဓါတ်ကြွယ်ဝတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါတွေကလည် ရင်သွေးလး ဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ အရာတွေ ဖြစ်တာကြောင့် စားပေးဖို့ လိုအပ်တဲ့ အစားအသောက်တွေပါ။ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ဝက်သားကို ရှောင်သင့်ပြီး မကျက်တကျက်ချက်ထားတဲ့ အသားတွေကို လုံးဝ ရှောင်တာ အကောင်းဆုံးပါ။ရေးသားသူ – Dr. Thinl Yadanar။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/first-trimester/
ကိုယ်ဝန်ဆောင်မိခင်တွေ ခြင်ကာကွယ်ဆေးလိမ်းရင် အန္တရာယ်ဖြစ်နိုင်သလား
အရင်ကထက်စာရင် သင်ကိုယ်ဝန်ရှိလာကာမှ ခြင်ပိုကိုက်လာတာ သတိထားမိပါသလား။ ကိုယ်ဝန်သည်တွေဟာ သာမန်လူတွေထက် နှစ်ဆခန့် ခြင်ကိုပိုဆွဲဆောင်နိုင်တယ်လို့ သိပ္ပံပညာကရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်က ကြိုက်တတ်ပြီး ကိုယ်ဝန်သည်တွေဟာ အရင်ကထက် အသက်မြန်မြန်ပိုရှူကာ ၂၁ရာခိုင်နှုန်းလောက်လေပိုဝင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပိုများလာတာကြောင့် ခြင်တွေက ပိုနှစ်သက်လာတာလို့ ကျွမ်းကျင်သူတွေကယုံကြည်ကြတယ်။တခြားအကြောင်းပြချက်တွေရောရှိနိုင်ဦးမလား။ခြင်တွေဟာ အနွေးဓါတ်ကိုနှစ်သက်ကြတယ်။ မိခင်လောင်းတွေရဲ့ ကိုယ်အပူချိန်က တခြားသာမန်လူတွေထက် ပိုများတတ်တယ်။ ပိုနွေးတဲ့အပူချိန်၊ ပိုများတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ခြင်တွေက သူတို့ကိုကိုက်ရတာပိုနှစ်သက်လာတယ်။ခြင်ကိုက်ခံရရင် ‘ယားယံတာပဲရှိတာ’ ဆိုတာ ဘယ်တုန်းကမှမမှန်ခဲ့ပါဘူး။ ခြင်ကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေအများကြီးရှိပြီး တစ်ကြိမ်တခါလေးအကိုက်ခံရတာကပင် မိခင်ကိုရော ကလေးကိုရော အန္တရာယ်များတဲ့ ရောဂါပေါင်းစုံပေးနိုင်ပါတယ်။ သေးလွန်တုပ်ကွေး၊ ဇီကာရောဂါ စသည်ဖြင့်ပေါ့။လို့မေးရင်တော့ ဟုတ်ပါတယ်။ အန္တရာယ်ပိုများပါတယ်။ ဥပမာ ဇီကာရောဂါ အနေနဲ့ပြောရမယ်ဆိုရင် မိခင်လောင်းထိုရောဂါရသွားခြင်းဟာ ကလေးငယ်ကိုခေါင်းသေးသွားတဲ့ ထိခိုက်မှုတစ်မျိုးရစေပါတယ်။ ခေါင်းသေးခြင်းဟာ ရှားပါးတဲ့မွေးရာပါချို့တဲ့မှုတစ်မျိုးဖြစ်ပြီး ကလေးဟာ သေးကွေးကာ ကြီးထွားမှုနှုန်းနှေးပါလိမ့်မယ်။ တခါတလေ မွေးမွေးချင်းမသိရပေမယ့် ကြာလာမှ လက္ခဏာပေါ်လာတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဌာန CDC က အမျိုးသမီးတွေ ဇီကာရောဂါဖြစ်ပွားနေရာသို့ မသွားကြဖို့ တိုက်တွန်းထားပါတယ်။ CDC နဲ့ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်း WHO မှကျွမ်းကျင်သူများက ဇီကာဟာ တခြားနေရာများကိုပါ ဆက်ပျံ့နှံ့လိမ့်မယ်လို့ ကြိုတင်မှန်းဆထားတာကြောင့် သင့်မှာကလေးယူမည့်အစီအစဉ်ရှိပါက မိမိရင်သွေးလေးနှင့် မိမိကိုယ်ကိုယ်ပါ စောင့်ရှောင့်နိုင်အောင် လေ့လာထားသင့်ပါတယ်။ခြင်ကိုက်တာကိုကာကွယ်ဖို့က ခြင်ဆေးလိမ်းဆေးကိုသုံးတာ အကောင်းဆုံးပါ။ ကိုယ်ဝန်ဆောင်သည်တွေအတွက် အန္တရာယ်ကင်းတယ်လို့ သိထားတဲ့ လိမ်းဆေးနှစ်မျိုးရှိပါတယ်။နှစ်မျိုးစလုံးကိုတပြိုနက်ထဲသုံးရင်တော့ သင့်ကို ခြင်ရော၊ နေဒဏ်ကနေရော ကာကွယ်ပေးနိုင်မှာပေါ့၊ ဒါပေမယ့် တူးအင်ဝမ်း နှစ်မျိုးစလုံးတူတူပါတာမျိုးကိုတော့မသုံးပါနဲ့။ တမျိုးစီသီးခြားအသုံးပြုပြီး နေလောင်ကာခရင်ကို အရင်လိမ်းကာ ခြင်ဆေးကိုအပေါ်ကထပ်လိမ်းနိုင်ပါတယ်။ DEET ပါတဲ့ ခြင်ဆေးဆိုလျှင် DEET က နေလောင်ကာခရင်မှာပါတဲ့ နေဒဏ်ကာပေးတဲ့ SPF ကိုနည်းစေတာမို့ နေလောင်ကာခရင်ခဏခဏပြန်လိမ်းပေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%bc/
ကိုယ်ဝန်ရင့်လာပြီး မီးဖွားခါနီးလေလေ အသက်ရှူရခက် လာလေလေ ဖြစ်ရတာ ဘာ့ကြောင့်လဲ ။ ။
ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတော်တော်များများသိကြမှာပါ။ကိုယ်ဝန်ရင့်လာလေလေ ကိုယ်ခန္ဓာပေါ်က တချို့အရာတွေ ပြောင်းလဲလာလေလေဆိုတာမျိုးကို။ ကိုယ်အလေးချိန်၊ မိန်းမကိုယ်ကအဖြူဆင်းတာတွေ၊ ခြေထောက်ဖောရောင်တာတွေ အပြင် အသက်ရှူရခက် တာကလည်း လရင့်နေတဲ့ ကိုယ်ဝန်ဆောင်တိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ အသက်ရှူရခက်တာ ပုံမှန် ဖြစ်နေကျ အရာတစ်ခုပါ။နဂိုပန်းနာရင်ကြပ်ရောဂါ ရှိတဲ့သူတွေ။ကိုယ်ဝန်က ပန်းနာရင်ကြပ်ရောဂါကို ပိုဆိုးစေတာကြောင့် ကိုယ်ဝန်ရင့်လို့ ပုံမှန် အသက်ရှူကြပ်တာလား၊ ပန်းနာရင်ကြပ်ပြန်ထတာလားဆိုတာကို သေချာ ခွဲသိဖို့ ဆရာဝန်ဆီ သွားပြဖို့ လိုပါတယ်။သွေးအားနည်းခြင်း။သွေးအားနည်းတယ်ဆိုတဲ့နေရာမှာသံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို အဓိက ပြောချင်တာပါ။ ဒီ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါက ကိုယ်ဝန်ဆောင်တွေမှာ အများဆုံးဖြစ်တတ်ပြီး အသက်ရှူရခက်တာ၊ နုန်းနေတာ ၊ခေါင်းကိုက်ပြီး မောပန်းလွယ်တာတွေကို ဖြစ်စေပါတယ်။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေတာကို သိဖို့ ဆရာဝန်က သွေးတွင်းသံဓာတ်ပမာဏကို စစ်ဆေးမှာဖြစ်ပြီး နည်းနေတာသေချာရင် သံဓာတ်ဖြည့် အားဆေး ပိုတိုက်မှာ ဖြစ်ပါတယ်။အသက်ရှူလိုက်တိုင်း အောင့်နေတာ ( ဒါမှမဟုတ် ) အဆက်မပြတ်ချောင်းဆိုးတာ။အသက်ကို ရှိုက်ရှူလိုက်တဲ့အခါရင်ဘတ်အောင့်သွားတာ၊အသက်ရှူမဝလို့အသက်မြန်မြန်ရှူနေရတာနဲ့သွေးခုန်နှုန်းတွေ မြန်လာတာ၊ ချောင်းအဆတ်မပြတ်ဆိုးနေတာမျိုးဆို အဆုတ်ထဲ သွေးခဲရောက်သွားတဲ့ ပြဿနာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပြီး အဖြေရှာ ကုသသင့်ပါတယ်။အသက်ရှူရခက်တဲ့ ပြဿနာတစ်ခုဟာ ပုံမှန်လူတွေအတွက်တောင် နေရထိုင်ရတာ သက်သောင့်သက်သာမရှိတာ ကိုယ်ဝန်ဆောင်တွေအတွက်ဆို ပိုဆိုးတာပေါ့။ ဒါပေမယ့်လည်း သက်သာအောင် လုပ်လို့ရတဲ့ နည်းတွေ အများကြီးပါ။ ။ကိုယ်ဟန်အနေအထားကိုပြင်ပါ။ထိုင်နေရင်ပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်နေရင်ပဲဖြစ်ဖြစ် ရင်ဘတ်ကော့ထားတဲ့ ပုံစံမျိုးနဲ့ ကျောကို မတ်မတ်ထားပါ။ ဒါမှ ရင်ဘတ်ကျယ်သွားသလိုဖြစ်ပြီး အဆုတ်အလုပ်လုပ်ရတာ ပိုလွယ်ကူမှာပါ။ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ယောဂလိုမျိုး အငြိမ်တစ်လိုင်း လေ့ကျင့်ခန်းတွေ ကိုယ်ဝန်ဆောင်တွေ လုပ်ပေးလို့ရပါတယ်။ ယောဂလေ့ကျင့်ခန်း အချုပ်က အသက်ရှူလေ့ကျင့်ခန်းနဲ့ အကြောတွေ ပြေလျော့အောင်လုပ်တာဖြစ်တာကြောင့် ကိုယ်ဝန်သည်တွေရဲ့ အကြောတွေ ပြေလျော့ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းနဲ့ ကိုယ်နဲ့သင့်တော်သလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။စိတ်ကို အေးအေးထားပါ။အသက်ရှူရခက် နေလို့ဆိုပြီး အစိုးရိမ်မလွန်ပါနဲ့။ ပိုပြီးစိုးရိမ်လေလေ အသက်ရှူရပိုကြပ်လေလေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ကို အေးအေးထားပါ။ အသက်ကိုဖြည်းဖြည်းချင်း လေ့ကျင့်ရှူပါ။မွေးရမယ့်ရက် နီးလာလေလေ အသက်ရှူရခက်တဲ့ ပြဿနာ တဖြည်းဖြည်း နည်းလာလေလေဖြစ်မှာပါ။ မွေးခါနီးတော့ ကလေးက မွေးလမ်းကြောင်းထဲ ဆင်းလာတဲ့အတွက်ကြောင့် ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်တို့အတွက် နေရာပြန်ရသွားပြီး အသက်ရှူရတာ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ် ။ ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/breathlessness-and-pregnancy/
ဆီးချိုကြောင့် သွေးအတွင်းသကြားဓါတ်နည်းခြင်း
သွေးအတွင်းသကြားဓါတ်နည်းခြင်းဆိုတာဟာကိုယ်ခန္ဓါထဲကသကြားဓါတ်ဟာ 70mg/dl အောက်ကိုအများကြီးလျော့နည်းသွားတာပါ။အဲဒီအတိုင်းအတာ သို့မဟုတ် အဲဒီအောက်ထက် လျော့နည်းမယ်ဆိုရင် ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ဆေးပညာမှာတော့ သွေးတွင်းသကြားဓါတ်လျော့နည်းခြင်းကို hypoglycemia လို့ ခေါ်ပါတယ်။Hypoglycemia ဆိုတာသွေးထဲမှာရှိတဲ့ ဂလူးကို့စ် ဓါတ်ဟာပုံမှန်ထက်လျော့ကျသွားတဲ့အခါ ဖြစ်လာတတ်တဲ့ သွေးတွင်းသကြားဓါတ်နည်းခြင်းသို့မဟုတ် သွေးတွင်းဂလူးကို့စ်ဓါတ်နည်းခြင်းပါပဲ။Hypoglycemia ဟာရုတ်တရက် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မစိုးရိမ်ရပါဘူး။ သကြားဓါတ် ကြွယ်ဝသော အစားအသောက်တစ်ခုခုကို မြန်မြန်စားခြင်း ဖြင့် အလွယ်တကူကုသနိုင်ပါတယ်။ မကုဘဲနေရင်တော့ hypoglycemia ဟာပိုဆိုးလာပြီးသတိလွတ်တတ်ခြင်း၊ လှုပ်ရှားသွားလာခက်ခဲခြင်း၊ သတိလစ်သွားခြင်းစတဲ့ အခြေအနေတွေ ဖြစ်စေတတ်ပါတယ်။Hypoglycemia အရမ်းဆိုးသွားရင် တက်ခြင်း၊ ကြာမြင့်စွာသတိမေ့မျောသွားခြင်းအပြင် အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင်နိုင်ပါတယ်။Hypoglycemia ဘာကြောင့်ရတတ်သလဲသိမထားခင် ကိုယ်တွင်းမှာဂလူးကို့စ်ရဲ့ ဇီဝဖြစ်ပျက်မှု ပြုလုပ်ပုံကိုသိသင့်ပါတယ်။ဂလူးကို့စ်၏ ဇီဝဖြစ်ပျက်မှု။ဂလူးကို့စ်ဟာကိုယ်ခန္ဓါအတွက် အရေးကြီးတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်ပြီးအစားအစာကနေရရှိပါတယ်။ ကစီဓါတ်ဟာဂလူးကို့စ်အတွက် အဓိကရင်းမြစ်ပါပဲ။ ကစီဓါတ်များတဲ့ အစားအစာတွေကတော့ ဆန်၊ အာလူး၊ ပေါင်မုန့်၊ချပါတီ၊ ကောက်ပဲသီးနှံစားစရာ၊ နို့၊ အသီးနဲ့ သကြားလုံးတို့ပဲ ဖြစ်ပါတယ်။အစာစားပြီးချိန်မှာတော့ ဂလူးကို့စ်ကိုသွေးကြောထဲစုပ်ယူပြီးကိုယ်ခန္ဓါကဆဲလ်တွေဆီကိုသယ်ဆောင်ပေးပါတယ်။ ပန်ကရိယကထုတ်တဲ့ အင်ဆူလင်ဟော်မုန်းဟာဆဲလ်တွေ ဂလူးကို့စ်ကိုစွမ်းအင်အနေနဲ့သုံးနိုင်အောင် အထောက်အကူပေးပါတယ်။တကယ်လို့ လူတစ်ယောက်ဟာဂလူးကို့စ်ကိုတစ်ချိန်ထဲမှာကိုယ်ခန္ဓါကလိုအပ်တာထက် ပိုစားမိရင် ပိုနေတဲ့ ဂလူးကို့စ်တွေကိုအသည်းနဲ့ ကြွက်သားတွေထဲမှာ glycogen အနေနဲ့ သိုလှောင်ထားပေးပါတယ်။တကယ်လို့ သွေးတွင်းဂလူးကို့စ်ဓါတ် လျော့ကျလာရင် ပန်ကရိယကထုတ်တဲ့ glucagon လို့ခေါ်တဲ့ ဟော်မုန်းဟာအသည်းအနေနဲ့ glycogen ကိုဖြိုခွဲပြီးဂလူးကို့စ်ကိုသွေးကြောထဲလွှတ်ပေးဖို့ အချက်ပြပါတယ်။ အဲဒီအခါ သွေးတွင်းဂလူးကို့စ်ဓါတ်ဟာ ပုံမှန်ပမာဏကို ပြန်တက်လာပါတယ်။တချို့ဆီးချိုရောဂါသည်တွေမှာhypoglycemia ဖြစ်လာရင် လှုံဆော်မယ့် glucagon ချို့ယွင်းနေတတ်ပြီး epinephrine ဟာသွေးတွင်းဂလူးကို့စ်ဓါတ်ကို မြှင့်ပေးရပါတယ်။ ဒါပေမယ့် အင်ဆူလင်နဲ့ကုနေရတဲ့ ဆီးချိုသည်တွေမှာတော့ ဂလူးကို့စ်ဟာပုံမှန်အခြေအနေပြန်ရောက်ဖို့ မလွယ်ပါဘူး။ဆီးချိုရောဂါတွင်။ဂလူးကို့စ်ဓါတ်မြင့်တက်လာတဲ့အခါ အင်ဆူလင်ဟော်မုန်းဟာဂလူးကို့စ်ဓါတ်ကို ပြန်ကျစေပါတယ်။ တကယ်လို့ သင့်မှာအမျိုးအစား (၁) သို့ (၂) ဆီးချိုရှိလာရင် သွေးတွင်းသကြားဓါတ်ကိုထိန်းပေးမယ့် အင်ဆူလင်ကိုပိုပြီးလိုအပ်လာပါတယ်။ သင်လိုတာထက်ပိုပြီးအင်ဆူလင်ကိုသုံးစွဲမိရင်တော့ သွေးတွင်းသကြားဓါတ်ဟာအရမ်းနည်းသွားပြီး hypoglycemia ကို ဖြစ်စေပါတယ်။Hypoglycemia ဖြစ်စေတဲ့ကြောင်းအရာတွေကတော့။ဂလူးကို့စ်ဓါတ် အရမ်းနည်းပြီးhypoglycemia ဖြစ်လာတဲ့အခါ အောက်ပါလက္ခဏာတွေ ဖြစ်စေပါတယ်။Hypoglycemia ပိုဆိုးလာရင်တော့ အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။Hypoglycemiaဟာအမျိုးအစား (၁) ဆီးချိုမှာအတွေ့ရများပြီးပျမ်းမျှ တစ်ပတ်ကိုနှစ်ကြိမ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ Hypoglycemia ဖြစ်တာပိုများလာတာ၊ သွေးတွင်းသကြားဓါတ်ဟာသိသိသာသာကျဆင်းလာတာဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။သင့်ရဲ့ ဆီးချိုကုထုံးကိုအပြောင်းအလဲလုပ်ဖို့ လိုအပ်လို့ ဖြစ်ပါတယ်။ဆေးရုံမှာ ဆရာဝန်ဟာ အောက်ပါအချက်တွေအတွက် သွေးစစ်ပါလိမ့်မယ်။သင့်ကိုသွေးစစ်တိုင်းမှာရက်စွဲ၊ အချိန်၊ သွေးအဖြေ၊ ဆေးဝါးနဲ့ ဆေးအချိန်အဆ၊ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုအခြေအနေတို့ကိုမှတ်သားထားဖို့ အရေးကြီးပါတယ်။ သွေးတွင်းသကြားဓါတ်နည်းခြင်းဖြစ်တိုင်းမှတ်သားထားဖို့လည်းလိုပါတယ်။သင့်ရဲ့ဆရာဝန်ဟာ သင့်ရဲ့မှတ်တမ်းတွေကိုကြည့်ပြီး၊ ဆေးကုသမှုနဲ့ နေထိုင်မှုပုံစံဟာသွေးတွင်းသကြားဓါတ်ကိုဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာရှာဖွေပြီးhypoglycemiaကိုသတ်မှတ်ပါတယ်။သင့်အနေနဲ့ သင့်ရဲ့သွေးတွင်းသကြားဓါတ် အလွန်နည်းနေပြီလို့ ထင်တဲ့အခါ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးနိုင်ပါတယ်။ အဲဒီနောက် သကြားဓါတ် ကစီဓါတ် အဓိကပါဝင်တဲ့ အစားအစာတွေကိုစားခြင်းအားဖြင့် သွေးတွင်းသကြားဓါတ်ကို မြန်မြန်ပြန်မြှင့်နိုင်ပါတယ်။အဆီဓါတ်များတဲ့အစာဥပမာချောကလက် ကတော့ သိပ်အလုပ်မဖြစ်ပါဘူး။ သွေးတွင်းသကြားဓါတ်ကို မြန်မြန်မြင့်တက်လာစေမယ့် အစာများကတော့-။ဆီးချိုတွင်ဖြစ်သည့် hypoglycemiaကိုကာကွယ်ရန်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%ad%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%82%94-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%84/
Decreased Libido (လိင်စိတ်နည်းလာခြင်း)
လိင်စိတ်နည်းလာခြင်း က အမျိုးသား ၅ယောက်မှာ ၁ယောက်နဲ့ အမျိုးသမီးများအထိပါ သက်ရောက်နိုင်ပြီး အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကာမစိတ်လျော့နည်းခြင်းက စိတ်ဖိစီးမှုများခြင်း သို့မဟုတ် ကိုယ်ဝန်ရခြင်း၊ ကလေးမွေးခြင်း၊ နို့တိုက်ခြင်းလိုမျိုး ဘဝအပြောင်းအလဲကိစ္စတွေနဲ့ ဆက်နွယ်တတ်ပါ။ကာမစိတ်လျော့နည်းခြင်းက ကိုယ့်အမူအကျင့်၊ ရောဂါနဲ့ နေထိုင်မှုဘဝဆိုင်ရာ ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်လုံးကိုလည်း စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် လိင်စိတ်လျော့နည်းခြင်းက သင်နဲ့ သင့်အိမ်ထောင်ရေးကို ထိခိုက်စေတယ်လို့ ယူဆရင် ဆရာဝန်နဲ့သွားရောက်တွေ့ဆုံပြီး အကြောင်းအရင်းကို ရှာဖွေကာ ကုသမှုများကို ဆွေးနွေးသင့်ပါသည်။အသက် ၆၀ ကျော်အရွယ်မှာ အဖြစ်များပြီး အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်တတ်ပါတယ်။လိင်စိတ်လျော့နည်းခြင်းရဲ့ ရောဂါလက္ခဏာများက တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ အောက်ပါရောဂါလက္ခဏာများကတေ့ အတွေ့ရအများဆုံး လက္ခဏာတွေ ဖြစ်ပါတယ်။စောစီးစွာရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်းကလိင်စိတ်လျော့ကျမှုကို ပိုမဆိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။ အထက်မှာ ပြောထားတဲ့ လက္ခဏာတွေ ခံစားရရင် ဒါမှမဟုတ် ကိုယ့်ကိုယ်ကို လိင်စိတ်နည်းတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများက လိင်စိတ်လျော့နည်းခြင်းကို ဖြစ်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြဿနာများမှာ။စိတ်ပိုင်းဆိုင်ရာပြဿနာတွေမှာတေ့။အသက် ၄၅ နှစ်ကျော်တဲ့ အမျိုသား ၁၀ ယောက်မှာ ၄ယောက်က ကျားဟော်မုန်းနည်းပါးခြင်း ဖြစ်နိုင်ပါတယ်။ ကျားဟော်မုန်းနည်းခြင်းက လိင်စိတ်လျော့ကျခြင်းကို ဖြစ်စေပါသည်။ တချို့လူနာတွေမှာ ကျားဟော်မုန်းဆေးတွေ ပြန်ပေးလိုက်တဲ့အခါ လိင်စိတ်ပြန်ရလာတာကို တွေ့ရပါတယ်။တချို့သော ဆေးဝါးတွေ သောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာမစိတ်လျော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ACE inhibitors, beta blockers များကလိင်တံထောင်မတ်ခြင်းနှင့် သုက်လွှတ်ခြင်းတို့ကို ထိခိုက်နိုင်ပါတယ်။တစ်ခါတလေ လူနာတစ်‌ယောက်မှာ လိင်စိတ်လျော့နည်းရတဲ့ အကြောင်းရင်း တစ်ခုမက ရှိနိုင်ပါတယ်။လိင်စိတ်လျော့နည်းခြင်းဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းတွေကတေ့။စိတ်ဓာတ်ကျခြင်းက လူတစ်ယောက်ရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတွေက လိင်ဆက်ဆံမှုအပါအဝင် တစ်ချိန်က ပျော်ရွှင်မှုရခဲ့တဲ့ ကိစ္စများကိုပါ စိတ်ဝင်စားမှု နည်းပါးနေမှာ ဖြစ်ပါတယ်။ကင်ဆာလိုမျိုး ရောဂါတွေအပြင် ကင်ဆာကုထုံးတွေကလည်း သုက်ရည်ထုတ်လုပ်မှုကို ထိခိုက်တာ၊ လိင်စိတ်နည်းပါးတာတွေကို ဖြစ်စေနိုင်ပါတယ်။ညဖက်အိပ်တဲ့အခါ အသက်ရှူလမ်းကြောင်းပိတ်ဆို့တာကြောင့် အလွန်ဟောက်တတ်တဲ့ ဝေဒနာခံစားရသူအမျိုးသားများမှာ လိင်တံထောင်မတ်တဲ့ ပြဿနာရှိတတ်ပါတယ်။လိင်စိတ်နဲ့ ဆက်နွယ်နေတဲ့ ကျားဟော်မုန်းက အမျိုးသားများ ဆယ်ကျော်သက် နှောင်းပိုင်းအရွယ်မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ၆၀ မှ ၆၅ နှစ်အရွယ် အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာတာကြောင့် လိင်စိတ်ပါ နည်းလာကြပါတယ်။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုိုတဲ့ အချက်အလက်များအတွက် သင့်ရဲ့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ချက်များ ပြုလုပ်ခြင်းအပြင် လိုအပ်ပါက သွေးစစ်ခြင်း၊ သုက်ရည်စစ်ဆေးခြင်းကဲ့သို့သော စစ်ဆေးချက်များကို လုပ်ဆောင်ရပါမယ်။ဖြစ်ပေါ်စေသော အကြောင်းရင်းပေါ်မူတည်၍ သင့်တော်သော ကုသမှုများမှာ။စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပါက ဆရာဝန်သည် စိတ်ရောဂါကုထုံးကို ထောက်ခံချက်ပေးနိုင်ပါသည်။ အများစုတွင် ကာမစိတ်လျော့နည်းခြင်းသည် သင့်၏ ကြင်ဖော်ဖြင့် လိင်ပိုင်းဆိုင်ရာပြဿနာတက်ခြင်းမျိုးမဟုတ်ဘဲ လေးနက်မှုရှိသော ဆက်သွယ်မှုတစ်ခုကိုသာ လိုလားခြင်းကြောင့်ဟု ထောက်ပြကြသည်။ကုထုံးဆရာဝန်နှင့် သင်ကိုယ်တိုင် သို့မဟုတ် သင်၏ ကြင်ဖော်နှင့်အတူ ဆွေးနွေး၍ ဤပြဿနာများကို ဖြေရှင်းနိုင်သည်။ သင်၏ ပြဿနာသည် စိတ်ဓာတ်ကျခြင်းဖြစ်ပါက စိတ်ကျရောဂါကုသဆေးများ သုံးနိုင်သည်။ ထိုဆေးအချို့သည် ကာမစိတ်ကို လျော့ကျစေနိုင်သော်လည်း ယာယီအနေဖြင့် အသုံးပြုနိုင်ပါသည်။Cialis,Levitra,Viagra ကဲ့သို့သော TVနှင့် မဂ္ဂဇင်းများတွင် ကြော်ငြာသောဆေးများသည် ကာမစိတ်ကို အမှန်တကယ် မြှင့်တင်မပေးနိုင်ပါ။ ထိုအရာများသည် လိင်တံတောင့်တင်းခြင်းကိုသာ ဖြစ်စေပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကာမစိတ်လျော့ကျခြင်းကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ အကျိုးရှိသောနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်မှုကို လျော့ချနိုင်ပါသည်။အကယ်၍ သင့်မှာ ထပ်မံသိလိုသော အချက်များရှိပါက သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။ရေးသားသူ- Dr Zin Wai Yan။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/decreased-libido-explained/
အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ
အအေးမိ၊ တုပ်ကွေးရာသီ လို့တောင် ခေါ်ကြတဲ့ မိုးရာသီမှာ ကိုယ်ခံအားနည်းသူတွေ အဖို့ နှာစေး၊ ‌ချောင်းဆိုးနဲ့ မကင်းနိုင်ရှာပါဘူး။ ထစ်ခနဲဆို ဟက်ချိုး ပဲ။ အဲဒီမှာ ပြဿနာ စတော့တာ မဟုတ်လား။အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်တွေ ရဲ့ လက္ခဏာ အတိမ်အနက်နဲ့ ဘယ်အချိန် သက်သာ ပျောက်ကင်းမလဲ ဆိုတာက ကာယကံရှင်ရဲ့ ကိုယ်ခံအားစနစ်မှာ အဓိက မူတည်နေတာပါ။ ဥပမာ တချို့ဆို ဖျားတဲ့အဆင့်ထိ မရောက်ဘဲနှာစေးတဲ့ အဆင့် မှာတင် ပြန်သက်သာသွားတာမျိုး၊ တချို့ကျ နှာစေး၊ချောင်းဆိုး၊လည်ချောင်းနာ၊ ကိုယ်ပူတာ အတော်ကြာကြာ ခံစားရတတ်ပါတယ်။ ဒါကြောင့် အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ အကြောင်းကို လေ့လာလိုက်ရအောင်။ကိုယ်ခံအားကောင်းရင် တော်ရုံ နေမကောင်းမဖြစ်ဘူးဆိုပေမယ့် အခန့်မသင့်လို့ ဖျားနာတဲ့ အခါတောင် ဆင်ခြင်နေထိုင်တတ်မယ် ဆိုရင် အဖျား မြန်မြန် သက်သာစေနိုင်ပါတယ်။ အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ ကတော့။(၁) မလိုအပ်ဘဲ ထူထူ မဝတ်ပါနဲ့။ရာသီဥတု အေးလို့၊ ချမ်းတုန်နေလို့ ဆို ထားတော့။ လိုအပ်ရင် အနွေးထည်ဝတ်၊ စောင်ခြုံလို့ ရတာပဲကို။ အဝတ်အစားကို ထူထူဝတ်ဖို့ မလိုပါဘူး။ ဖျားနေချိန်မှာ အဝတ်အစားကို ပေါ့ပေါ့ပါးပါး ချည်သားပါတာ ဝတ်ဆင်သင့်တယ်။လေဝင်လေထွက် ကောင်းဖို့၊ ချွေးစုပ်ဖို့၊ အိုက်လှောင်မနေဖို့ ဖြစ်ပါတယ်။ အဝတ်ထူထူ ဝတ်ထားရာက ချွေးထွက်များပြီး ကိုယ်အပူချိန် ထိုးကျတဲ့အခါ ဆိုးကျိုး ရှိလာနိုင်ပါတယ်။(၂) အစာ မစားဘဲ မနေပါနဲ့။တချို့က နေမကောင်းတဲ့အချိန် အစားစားရင် အဖျားပိုတက်တယ် လို့ အစွဲရှိကြပါတယ်။ ဆန်ပြုတ်အရည်ပဲ သောက်ရမယ်၊ ထမင်းမစားရဘူး ဆိုပြီး ကန့်သတ်ထားကြပါသေးတယ်။ တကယ်တမ်းက အစာကြေလွယ်စေမယ့် အစားအစာ ဆိုရင် အရည်ဖြစ်ဖြစ်၊ အဖတ်ဖြစ်ဖြစ် ရပါတယ်။နေမကောင်းတဲ့ အချိန်မှာ ခန္ဓာကိုယ်က အာဟာရ ပြည့်ဝနေဖို့ ပိုပြီးတောင် လိုအပ်ပါတယ်။ အဲဒီအချိန်မှာ အစားရှောင်ပြီး အားနည်းလာမယ် ဆိုရင်ကိုယ်ခံအားကို ထိခိုက်စေပြီး ရောဂါကို ခုခံနိုင်စွမ်း ပိုနည်းစေပါလိမ့်မယ်။(၃) မနားဘဲ မနေပါနဲ့။နေမကောင်းတဲ့ အချိန်မှာ အနားမယူဘဲ အလုပ်တွေ ဆက်လုပ်တာ၊ အပင်ပန်းခံတာတွေ မလုပ်သင့်ပါဘူး။ ရောဂါဒဏ် ကို ခုခံနိုင်ဖို့ အားပြန်မွေးရပါမယ်။ နားနားနေနေ နေမှသာ ကိုယ်ခံအားစနစ် ရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းစေပါလိမ့်မယ်။(၄)အိပ်ရေးဝအောင် အိပ်ပါ။နေမကောင်းရတဲ့ အထဲအိပ်ရေးပျက်ခံမယ် ဆိုရင် ကိုယ်ခံအား ပိုနည်းပြီး တခြားရောဂါတွေပါ ဝင်လာနိုင်ပါတယ်။ ပြည့်ပြည့်ဝဝအိပ်စက်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှုအတွက် အဓိကသော့ချက်ပါ။ဒါမှ ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို ခုခံတိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ သုတေသနတစ်ခု အရ ဆိုရင် တစ်ညကို အိပ်ချိန် ၇ နာရီမပြည့်တဲ့သူတွေဟာ အအေးမိဝေဒနာ ခံစားရနိုင်ခြေမှာ ထိပ်ဆုံးကနေ ၃ ဆ ပိုများနေတယ် လို့ ဆိုပါတယ်။(၅) ရေ သို့မဟုတ် အရည် သောက်ပါ။ကိုယ့်ကိုယ်ကိုယ် ရေဓာတ် ပြည့်ဝအောင် ဂရုမစိုက်ရင် ရောဂါဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ နေမကောင်းဖြစ်ချိန်မှာ ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ ဆေးတွေကြောင့် အာခေါင်ခြောက်ခြင်း၊ ချွဲသလိပ်တွေ ထွက်ခြင်းတို့ကြောင့် ခြောက်ခန်းသွားတဲ့ အရည်ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးရပါမယ်။ ရေ သို့မဟုတ် အရည် (ဥပမာ ကြက်စွပ်ပြုတ်) များများ သောက်ပေးပါ။(၆) စပ်ဆေး တွေ အလွယ်မသောက်ပါနဲ့။နေမကောင်းဖြစ်ချင်သလိုလို ရှိလာတာနဲ့ ဖြစ်သလို စပ်ဆေး ဝယ်သောက်လိုက်တာ နည်းလမ်းကောင်း မဟုတ်ပါဘူး။ စပ်ဆေး တွေမှာ ပဋိဇီဝပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သင့်တဲ့ဆေးတွေ ပါဝင်နေတတ်လို့ ပါပဲ။ထစ်ခနဲရှိပဋိဇီဝပိုးသတ်ဆေးတွေ သောက်ဖို့ လောနေတာ မကောင်းပါဘူး။ ပဋိဇီဝပိုးသတ်ဆေး ဆိုတာ ဘက်တီးရီးယား ကိုပဲ သေစေတာ ဖြစ်ပြီး အအေးမိတုပ်ကွေး ရောဂါပိုးတွေက ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တာပါ။ပဋိဇီဝဆေးဝါးတွေကို မလိုအပ်ဘဲ ပိုသောက်သုံးရင် ဘေးထွက်ဆိုးကျိုး ခံစားရတာပဲ အဖတ်တင်နိုင်ပြီး အခန့်မသင့်ရင် ဆေးယဉ်ပါးတဲ့ အနေအထားပါ ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုး တွေသာ ဆေးယဉ်ပါးလာခဲ့ရင် ပဋိဇီဝဆေးတွေ ဘယ်လောက် သောက်သောက် သူတို့ကို မနှိမ်နင်းနိုင်တော့ပါဘူး။# အအေးမိဖျားနာ နောက်ဆက်တွဲ မပေါ့ဆသင့်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/how-to-get-rid-of-a-cold-fast/
အနိုင်ကျင့်ခံခဲ့ရသော ကလေးများသည် နောင်တွင်စိတ်ဝေဒနာခံစားရနိုင်သည်
အနိုင်ကျင့်ခံခဲ့ရသော ကလေးများသည် နောင်တွင်စိတ်ဝေဒနာခံစားရနိုင်သည်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ အနိုင်ကျင့်သူ ဖြစ်စေ၊ အနိုင်ကျင့်ခံရသူဖြစ်စေ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒီအခြေအနေကို လူကြီးတွေက သူ့ဖာသာ ပျောက်သွားနိုင်တဲ့ ခဏတာသာ ကြာမြင့်ပြီး အရေးမကြီးတဲ့ အချက်တစ်ခုအဖြစ် တွေးထင်ကာ လျစ်လျူရှုထားတတ်ကြပါတယ်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ် ကြီးမားတဲ့ သက်တမ်းတစ်လျှောက် သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ လူကြီးဖြစ်လာတဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ဖြစ်လာစေနိုင်ပါတယ်။ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ လူကြီးဖြစ်လာချိန်မှာ စိတ်ရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အနိုင်ကျင့်ခြင်းကြောင့် စိတ်ရောဂါဖြစ်ခြင်းကို လေ့လာနိုင်စေဖို့အတွက် Warwick တက္ကသိုလ် နဲ့ Bristol တက္ကသိုလ်တို့ ပူးပေါင်းပြီး အင်္ဂလန်မှာ ၄၇၀၀ သောပါဝင်သူတွေ ကို မွေးကင်းစ ကစပြီး အသက် ၁၈ နှစ်အထိ စောင့်ကြည့်ခဲ့တဲ့ စုစည်းလေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုက ငယ်ရွယ်စဉ်မှာ အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ သူတို့ကြီးလာတဲ့အခါမှာ အနိုင်ကျင့်မခံရတဲ့ ကလေးတွေနဲ့ ယှဉ်ရင် စိတ်ရောဂါ လက္ခဏာတွေ ပိုမို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ အတိအကျပြောရရင်တော့ ငယ်စဉ်က အနိုင်ကျင့်ခံရဖူးတဲ့ကလေးတွေဟာ သူတို့ ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ နှစ်ဆ ပိုမို ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အံ့သြဖွယ်ကောင်းတာကတော့ အနိုင်ကျင့်တဲ့ ကလေးတွေလည်း ဒီလိုပြဿနာဖြစ်နိုင်ခြေ ငါးဆ ပိုများတာ တွေ့ရပါတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ကြာရှည်စွာ အနိုင်ကျင့်သူ၊ အနိုင်ကျင့်ခံရသူတွေနဲ့ ပြင်းထန်တဲ့ အနိုင်ကျင့်သူတွေမှာ ပိုမို ပြင်းထန်တယ်လို့ သိရပါတယ်။အနိုင်ကျင့်ခြင်းနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံရှိသူတွေဟာ တွေးတောမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ စိတ်ပညာလေ့လာမှုတစ်ခုက ပြုလုပ်ခဲ့ပြီးတဲ့ သုတေသနတစ်ခုနဲ့ ပတ်သက်ပြီး အနိုင်ကျင့်ခြင်းနဲ့ စိတ်ရောဂါတို့နဲ့ ဆက်နွယ်မှုကို ကောက်ချက်ချခဲ့ပါတယ်။ ဒီလေ့လာမှုမှာတော့ ပရော်ဖက်ဆာ Dieter Wolke ဟာ ကလေး အယောက် ၆၄၀၀ ကို မွေးကင်းစ အရွယ်ကစပြီး ၁၃ နှစ်ကြာတဲ့အထိ လေ့လာခဲ့ကြပါတယ်။ ဒီလေ့လာမှုမှာ ပါဝင်တဲ့ ကလေးတွေကို နှစ်စဉ် အင်တာဗျူးခြင်း၊ စစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ မိဘတွေကို ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အကြောင်းကို ဖြည့်ခိုင်းခဲ့ပါတယ်။ နောက်ဆုံးအင်တာဗျူးကိုတော့ ကလေးတွေ အသက် ၁၃ နှစ်ရှိတဲ့အချိန်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအင်တာဗျူးမှာ ကလေးတွေကို လွန်ခဲ့တဲ့ ခြောက်လအတွင်း အနိုင်ကျင့်ခံရဖူးလား၊ အနိုင်ကျင့်ဖူးလား၊ စိတ်ရောဂါတစ်မျိုးမျိုး ခံစားရဖူးလား အစရှိသဖြင့် မေးမြန်းခဲ့ကြပါတယ်။ဒီသုတေသနဟာ ကလေးတွေရဲ့ လောကကြီးကိုအမြင်နဲ့ သူတို့ရဲ့ အနိုင်ကျင့်ခြင်းအပါအဝင် ဒဏ်ရာရဖွယ် အဖြစ်အပျက်တွေရဲ့ သိသာထင်ရှားတဲ့ ဆက်နွယ်မှုကို ပြသခဲ့ကြပါတယ်။ အသက် ၈ နှစ်ကနေ ၁၀ နှစ်အတွင်း ကလေးငယ်တွေရဲ့ ၄၇ ရာခိုင်နှုန်းဟာ အနိုင်ကျင့်ခံရဖူးသူတွေ ဖြစ်ကြပါတယ်။ ယောက်ျားလေးတွေဟာ သိသာထင်ရှားတဲ့ အနိုင်ကျင့်မှုတွေ ဖြစ်တဲ့ (ကိုယ်ခန္ဓာ ထိခိုက်မှု၊ စကားအပြောနဲ့ အရှက်ရစေမှု) တွေကို ခံစားကြရပြီး မိန်းကလေးတွေကတော့ လူမှုဝန်းကျင်ဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေ ( ပယ်ထားခြင်း၊ အတင်းပြောခြင်း) ကနေ ခံစားကြရပါတယ်။ အသက် ၁၃ နှစ်ရောက်ချိန်မှာ ကလေးတွေရဲ့ ၅ ရာခိုင်နှုန်းကျော်ဟာစိတ်ရောဂါ အပျော့စားတစ်မျိုး ခံစားနေရပြီး ၁၁ ရာခိုင်နှုန်း ကျော်ကတော့ ဒီအခြေအနေဖြစ်နိုင်တဲ့ လက္ခဏာတွေကို ခံစားနေရတာတွေ့ရှိရပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/bullying-in-childhood-linked-to-later-psychosis/
Syphilis (ကာလသားရောဂါ )
Syphilis (ကာလသားရောဂါ ) အကြောင်းလေး ပြောပြပေးချင်ပါတယ်။syphilis ဆိုတာက လိင်ဆက်ဆံရာမှ ဘက်တီးရီးယားပိုးဝင်ပြီးအရေပြား၊ ပါးစပ်၊ လိင်အင်္ဂါများ၊ နှင့်အာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စောစောစီးစီး သိပြီး ကုသနိုင်လျှင် syphilis က ကူရလွယ်ကူနိုင်ပြီး နောက်ထပ် ထိခိုက်မှုတွေလဲ မဖြစ်စေနိုင်ပါဘူး။သို့သော် မကုပဲထားတဲ့SYPHILISက ဦးနှောက်နဲ့ အာရုံကြော နှင့် နှလုံးအပါအဝင် အခြားအင်္ဂါအစိတ်အပိုင်းတွေပါထိခိုက်နိုင်ပါတယ်။၂၀၁၀ နောက်ပိုင်းတွင် အမျိုးသမီတွေမှာတော့ syphilis ဖြစ်နှုန်းကျဆင်းလာသော်လည်း အမျိုးသားတွေ အထူးသဖြင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတွေ မှာ အဖြစ်များလာပါတယ်။syphilis က အဆင့် ၃ ဆင့် ရှိပါတယ်။အဆင့် (၁) ။ ။ရောဂါလက္ခဏာတွေက ရောဂါပိုးဝင်ပြီး ၂ ပတ် မှ ၄ ပတ် အကြာမှာ စဖြစ်လာပြီး ရောဂါပိုး ခန္ဒါထဲ ဝင်ရောက်တဲ့ အခါမှာ နာကျင်မှု မရှိတဲ့ အနာတွေ ပေါ်လာတတ်ပါတယ်။ ဒီအနာကို လိင်အင်္ဂါတွေမှာ တွေ့ရတတ်သော်လည်း စအို နှင့် ပါးစပ်တွေ မှာ လဲရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံစဉ် ၎င်းနေရာများ ပါဝင်မှုရှိခဲ့ပါက အနာတွေ့ရနိုင်ပါတယ်။ ၁ ပတ်မှ ၅ ပတ်အတွင်း သူ့ဖာသာ ပျောက်ကင်းနိုင်ပါတယ်။အဆင့် (၂) ။ ။ရောဂါကို မကုပဲထားလျှင် အဆင့် (၂) ရောဂါလက္ခဏာတွေက ၆ ပတ်ကနေ ၁၂ ပတ်အတွင်း ပေါ်လာနိုင်ပါတယ်။ ၎င်းလက္ခဏာတွေကတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အင်ပြင်များထွက်ခြင်း( လိင်တံ၊ မိန်းမကိုယ် သို့ ပါးစပ်တွေမှာ အနီဖုများပေါက်ခြင်း အထူးသဖြင့် လက်ဖဝါးတွေ နှင့် ခြေဖဝါးတွေမှာ ဖြစ်တတ်ပါတယ်)၊။လည်ချောင်းနာခြင်း၊ lymph glands များရောင်ခြင်း (ချိုင်းကြား၊ ပေါင်ကြား၊လည်ပင်း) နှင့် ပင်ပန်းနွမ်းနယ်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒီအဆင့်ဟာ ဘာရောဂါလက္ခဏာမှ မပြပဲလဲ အကြာကြီး ဖြစ်နိုင်ပါတယ်။အဆင့် (၃) ။ ။အဆင့် (၃) လက္ခဏာတွေကတော့ ရောဂါစစဝင်ပြီးနောက် ၁၀ နှစ် မှ နှစ် ၄၀ ကြာပြီးနောက်မှာ ပေါ်လာတတ်ပါတယ်။၎င်းလက္ခဏာများမှာ ဦးနှောက် နှင့် နှလုံးပျက်စီးခြင်း၊ မှတ်ဉာဏ်ပိုင်း ပြသနာများ၊ အကြောသေခြင်း၊ နှင့် ဟန်ချက်မညီခြင်းတွေ ဖြစ်တတ်ပါတယ်။တချို့ အဆင့် ၂ နှင့် ၃ syphilis ရောဂါသည်တွေမှာ ရောဂါလက္ခဏာမပြပဲ ရှိနေနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု များရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။သင် သို့ သင့်ကလေးမှာ ပုံမှန်မဟုတ်တဲ့ အရည်ထွက်နေလျှင်၊ အနာ သို့ ယားနာတွေ ပေါက်လာလျှင် အထူးသဖြင့် ပေါင်ခြံမှာ ပေါက်လာလျှင် ဆရာဝန်နဲ့ ပြပါ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားနာမည်ကတော့ Treponema pallidum ဖြစ်ပါတယ်။ ဒီရောဂါပိုးက လိင်ဆက်ဆံမှသာ ကူးစက်နိုင်ပါတယ်။ ဘက်တီးရီးယားက အရေပြားရဲ့ ပြတ်ရှဒဏ်ရာမှ ရောဂါရှိသူရဲ့ အနာနဲ့ ထိမိပြီး ဝင်တာဆိုတာမျိုးက ခက်ခဲပါတယ်။syphilis က အိမ်သာ တစ်ခုတည်း၊ ရေချိုးကန်တစ်ခုတည်း၊ အဝတ်အစား သို့ မီးဖိုချောင်သုံး ပစ္စည်းများ သို့ တံခါးလက်ကိုင်၊ ရေကူးကန် သို့ ရေနွေးကန်တွေမှာ အတူတူ ချိုးခြင်း စိမ်ခြင်းဖြင့် မကူးစက်နိုင်ပါဘူး။HIV ပိုးရှိတဲ့သူတွေက syphilis ဖြစ်နိုင်ချေပိုများပါတယ်။ တခါ syphilis ဖြစ်ဖူးရုံနဲ့ ဒီရောဂါပိုးကို ခံနိုင်ရည်ရှိ သွားမယ်လို့တော့ မထင်ပါနဲ့။ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါသေးတယ်။ syphilis ကို ကိုယ်ဝန်ဆောင်သည် မှ သန္ဒေသားအားလည်း ကူးစက်နိုင်ပါတယ် ( မွေးရာပါ syphilis ရောဂါ )။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ ကျန်းမာရေးရာဇဝင်များ မေးခြင်း နှင့် လက်တွေ့ စမ်းသပ်ခြင်းတို့ဖြင့် အထူးသဖြင့် လိင်အင်္ဂါတွေ၊ ပါးစပ်နှင့် စအိုတို့ကို သတိထားကြည့်ခြင်းဖြင့် ရောဂါ အဖြေရှာ အတည်ပြုနိုင်ပါတယ်။ syphilis အနာရှိလျှင် ၎င်း အနာ မှ တစ်စိတ်တစ်ပိုင်း ယူပြီး အထူးပြု အနုကြည့်မှန်ပြောင်း darkfield microscope နဲ့ ကြည့်ပြီး ရောဂါပိုးကို ရှာပါတယ်။သွေးစစ်ခြင်း ( VDRL) ကို antibodies (ခုခံအားစနစ်မှ ရောဂါကို တိုက်ထုတ်ရန် ထုတ်ပေးသော အရာများ) ရှိမရှိ သိနိုင်ရန် ပြုလုပ်ပါသည်။ ဆရာဝန်က သင့်ရဲ့ လက်ရှိ လိင်ဆက်ဆံဖော်ကိုလည်း စစ်ဆေးနိုင်ပါတယ်။ရောဂါ အဆင့်ပေါ်မူတည်ပြီး ကုသမှုတွေ ပြောင်းလဲနိုင်ပါတယ်။ရောဂါပိုးကျန် / မကျန် သိနိုင်ရန် ကုသပြီးနောက် သွေးပြန်စစ်ကြည့် သင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် syphilis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆရာဝန်က ဘာမှမပြောပဲ ကိုယ့်သဘောနှင့် ကိုယ် ဆေးရပ်ခြင်းများ ပမာဏ ပြောင်းသောက်ခြင်းများ မပြုရပါ။• သင့်မှာ ကိုယ်ဝန်ရှိနေလျှင် ဆရာဝန်ကို ပြောပြပါ။ အမေမှ သန္ဓေသားအား syphilis ကူးစက်ခြင်းက အန္တရာယ်ရှိနိုင်ပါတယ်။• သင့် မှာ ဆေးမတည့်ခြင်း အထူးသဖြင့် ပင်နစလင်နဲ့ မတည့်လျှင် ဆရာဝန်ကို ပြောပြပါ။• ရောဂါပိုးပြန့်နှံ့ခြင်းအား ကာကွယ်ရန် လက်ဆေးပါ။• လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းကို ပြုကျင့်ပါ။ ကွန်ဒုံးသုံးပါ။• သင့်ရဲ့ လိင်ဆက်ဆံဖော်များကို သင် syphilis ကုသမှု ခံယူထားကြောင်း ပြောပြပါ။ ဒါမှ သူတို့လဲ စစ်ကြည့်နိုင်မှာပါ။• ကုသမှု ခံယူပြီး အနည်းဆုံး ၂ ပတ်အကြာမှာလိင်ဆက်ဆံခြင်းအား ရှောင်ကြဉ်ပါ သို့ ဆရာဝန်က ခွင့်ပြုမှသာ ပြန်လုပ်ပါ။• တခြား လိင်ကူးစက်ရောဂါတွေကို လည်း စစ်ဆေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/syphilis/syphilis-explained/
ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပတ်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။
ကိုယ်ဝန်ဆောင်ကာလမှာ မေမေတိုင်းလိုလို ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်ကြပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပတ်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ အကြောင်း ပြောပြပေးသွားပါမယ်။ကိုယ်ဝန်ဆောင်ချိန်ဆိုတာအမျိုးသမီးတွေ အတွက် တကယ်ကို ကြီးကျယ်တဲ့ စွန့်စားခန်းတစ်ခုပါ။ ကိုယ့်ရင်သွေးလေး ဗိုက်ထဲမှာ ရှိစဉ်တည်းက ကောင်းကောင်းဖွံဖြိုးဖို့၊ အာဟာရတွေ အပြည့်ရဖို့အတွက် အချိန်တိုင်း မေမေတို့ ခေါင်းထဲ မှာ စဉ်းစားနေကြတယ်မလား။ အဲဒီ အထဲမှာ ကိုယ်ဝန်ဆောင် ဖြည့်စွက်အားဆေးတွေ သောက်ဖို့အတွေးက ထိပ်ဆုံးကပေါ့။ ဒါပေမယ့်လည်း မေမေတို့ ခေါင်းထဲမှာ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးသောက်ဖို့ ဆိုတဲ့ အကြောင်းအရာတစ်ခုအပြင် အခြား မေးခွန်းတွေ လည်း ရှိနေဦးမယ်လို့ ထင်ပါတယ်။ ဒီတော့ ခေါင်းထဲက အတွေးတွေ ရှင်းသွားအောင် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော် ။ ။၏။ဗီတာမင်နဲ့ သတ္တုဓါတ်ေတွ ထဲမှာမှ ကိုယ်ဝန်ဆောင်တွေ အတွက် အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးကတော့Folic acid၊ သံဓါတ်နဲ့ ကယ်လ်ဆီယမ်တို့ပဲ ဖြစ်ပါတယ်။folic acid က ဦးနှောက်ရဲ့ အာရုံကြောစနစ်တို့ တည်ရှိရာနေရာဖြစ်တဲ့ ကျောရိုး ဖွံ့ဖြိုးမှုကို အားပေးပါတယ်။သံဓါတ် ကတော့ ဗိုက်ထဲက ရင်သွေးလေးတွေ လိုအပ်တဲ့ အောက်ဆီဂျင်ကို သယ်ပေးပြီး မိခင်တွေကို သွေးအားမနည်းအောင် ကာကွယ်ပေးပါတယ်။ကယ်လ်ဆီယမ်ကတော့ ရင်သွေးလေးတွေရဲ့ အရိုးကို သန်မာစေပြီး မိခင်တွေမှာ အရိုးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ အကုန်လုံးက အတူတူပဲလား ။ ။ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတိုင်းက မတူပါဘူး။ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်အချိုးအစားနဲ့ ပေါင်းစပ်ပုံတို့က တံဆိပ်တစ်ခုနဲ့ တစ်ခုချင်းဆီမှာ မတူကြပါဘူး။ တစ်ချို့မှာ ဗီတာမင် အစုံပမာဏ နည်းနည်းနဲ့ ပါတတ်ပေမယ့် တစ်ချို့ကျတော့ အရေးကြီးတာတွေလောက်ကိုပဲ ပမာဏ အများကြီးထည့်ထားတာဖြစ်ပါတယ်။ဆေးဝါးထောက်ခံချက် အမှတ် FDA ရထားတဲ့ ဘယ်ဆေးကိုမဆို စိတ်ချစွာ ဝယ်သောက်လို့ရတယ်ဆိုပေမယ့် ကိုယ့်ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်တာကသာ အကောင်းဆုံးပါ။ ဘာ့ကြောင့်လဲဆိုတော့ကိုယ့်ဘာသာ ဝယ်သောက်တဲ့အခါကျတော့ ဝယ်သောက်တဲ့ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးရဲ့ ပါဝင်ပစ္စည်းနဲ့ အချိုးအစားကို သေချာမသိတဲ့အတွက် ကလေးဖွံဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ ဗီတာမင် A လိုမျိုး အရာတွေ ပါသွားတတ်လို့ပါ။ကိုယ်ဝန်စဆောင်တည်းက ပျို့အန် နေတတ်တော့ ဆေးသောက်လည်း ဆေးတွေ အန်တဲ့အထဲ ပါသွားတယ်။ ဘယ်လိုလုပ်ရမလဲ ။။ဒါဆိုရင် အားဆေးသောက်တဲ့ အချိန်ကို ပြောင်းလိုက်ပါ။ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ မနက်ပိုင်း ပြန်အန်ထွက်ခြင်းကို ကာကွယ်ဖို့အတွက် ညအိပ်ရာ မဝင်ခင်သောက်ပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ တော်တော်များများမှာ ကယ်လ်ဆီယမ်သတ္တုဓါတ် ၁၅၀ ကနေ ၂၅၀ မီလီဂရမ်လောက်ပဲပါပါယတ်။ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်လောက်တောင် လိုအပ်တာဆိုတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးတွေ လိုအပ်ရင် ထပ်သောက်ပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ ပါတတ်တဲ့ ဗီတာမင် D ပမာဏက 400 IU ကိုယ်ဝန်ဆောင်တွေ တစ်နေ့လိုအပ်တဲ့ ဗီတာမင် D ပမာဏက 600 IU ဆိုတော့ မလုံလောက်ဘူးဖြစ်နေတတ်တာပေါ့နော်။ ဒါပေမယ့် လိုနေတဲ့ ဗီတာမင် D ပမာဏ အနည်းငယ်ကို အစားအစာတွေ နေရောင်ခြည်တွေကနေ ရရှိနိုင်လို့ အများကြီးစိတ်ပူစရာတော့မရှိပါဘူး။ကလေးဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲံ အိုမီဂါ 3 fatty acid တစ်မျိုးဖြစ်တဲ့ DHAကိုတော့ ပင်လယ်ငါးတွေ စားပေးလိုက်ရင် ရမှာပါ။ ငါးကြီးဆီတွေ သောက်ပေးလို့လည်း ရပါတယ်။ တစ်ခုမှတ်ထားရမှာက ကိုယ်ဝန်ဆောင်အတွင် းဘာဆေးပဲသောက်သောက် ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်တာကသာ အကောင်းဆုံးပါ။အသားမစားတဲ့ သက်သတ်လွတ်သမားတွေ လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ vitamin B12, zinc, iron နဲ့ omega-3 fatty acids ထဲက DHA တိုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သတ်သတ်လွတ် ကိုယ်ဝန်ဆောင်တွေ အားဆေးရှာဝယ်တဲ့အခါ ဒီလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ပါတဲ့ အားဆေးကို ရွေးဝယ်သင့်ပြီး ငါးကရတဲ့ DHA မဟုတ်ဘဲ ရေညှိကရတဲ့ DHA ကို သောက်ပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင်တဲအချိန် အရေးအကြီးဆုံးကတော့ အစာအာဟာရ ပြည့်ပြည့်ဝဝစားသုံးတာနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာပဲ ဖြစ်ပါတယ်။ ကုိယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ က သောက်ဖို့ လိုအပ်တယ်ဆိုပေမယ့် အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲ အားဆေးတွေချည်းကိုပဲ အားကိုးနေလို့ကတော့ လုံးဝမရပါဘူး။တစ်ရက်သောက်ဖို့မေ့သွားလို့ဆိုပြီး နောက်တစ်ရက်မှာ ပြန်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။ သွေးတွင်း ပမာဏထဲက အချိုးအစားတွေ ပြောင်းသွားနိုင်လို့ပါ။ ဒါ့ကြောင့် ဆေးသောက်ဖို့ မမေ့အောင် မြင်သာတဲ့နေရာမှာ ထားတာမျိုး၊ ဖုန်းထဲ ဆေးသောက်ဖို့ alarm ပေးထားတာမျိုး လုပ်သင့်ပါတယ်။အခြား သတ္တုဓါတ်တွေကတော့ ဘယ်အချိန် စသောက်သောက် ကိစ္စမရှိပေမယ့် Folic acid ကိုကျတော့ ကိုယ်ဝန် မရခင် ၁ လလောက် အလိုတည်းက ကြိုသောက်ထားတာ အကောင်းဆုံးပါ။ ဒါ့အပြင် ကိုယ်ဝန် စစချင်း အပတ်ဆိုတာ ဗိုက်ထဲက ရင်သွေးလေးဖွံ့ဖြိုးဖို့ အားယူနေတဲ့အချိန်ဖြစ်တာကြောင့် အဲဒီ အချိန်မှာ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ သောက်ပေးရင် အကောင်းဆုံးပါ ။ ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregenecy-and-supplemants/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/get-tips-for-safe-travels/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/honey-benefits-for-acnes/
null
null
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/nacrolepsy-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8/
အများသုံးအိမ်သာကနေလည်း ကူးစက်နိုင်ခြေရှိတဲ့ Covid-19
Covid-19 နဲ့ ပတ်သက်ပြီး အမြဲ အပြင်ထွက်နေရတဲ့အိမ်ထောင်ရှင်အမျိုးသမီးတချို့ လာမေးထားတဲ့ မေးခွန်းလေးတွေကို ပြန်ဖြေပေးချင်ပါတယ်။ သူတို့ သိချင်တာကတော့ဈေးဝယ်ထွက်နေရင်း အပေါ့အပါး သွားချင်လာတာ၊ မအောင့်နိုင်လို့ အများသုံးသန့်စင်ခန်းထဲ ဝင်မိတယ်၊ Covid-19 ကူးနိုင်လား အစရှိသဖြင့်ပေါ့။ ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ကူးနိုင်ခြေတော့ ရှိပေမယ့် တော်တော်လေးကို နည်းပါတယ်။လက်ရှိစစ်ဆေးချက်အရCovid-19သည် ပါးစပ်က ထွက်တဲ့ တံတွေး အစက် အမှုန်အမွှား (Droplets) က လေထဲကို ပြန့်သွားပြီး သူ့ဘေးမှာ ရှိတဲ့သူတွေဆီကို ဝင်ရောက်ကူးစက်တာလို့ပဲ သိထားပါသေးတယ်။ လေထဲကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါ (Airborne Disease) အနေနဲ့တော့ အတိအကျ သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။ နောက်ပြီးတော့ မစင် အညစ်အကြေးမှာလည်း Covid-19 ရောဂါပိုး ရှိနေနိုင်ပေမယ့် ဒီကနေတဆင့် ကူးစက်ခံရတဲ့ အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။သန့်စင်ခန်းထဲMaskမတပ်ဘဲ ဝင်သွားတာမျိုးကတော့ ကူးစက်နိုင်ခြေ အမြင့်ဆုံးပါ။ လူပေါင်းစုံ ဝင်ထွက်သွားလာပြီး အညစ်အကြေး စွန့်တဲ့ နေရာဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ်မှ မဟုတ်ပါဘူး၊ ရောဂါပိုးတွေ အများကြီးက လေထဲမှာ ပြန့်နေမှာပါ။အိမ်သာတက်နေရင်းနဲ့ ကိုယ့်မှာ ပါလာတဲ့ ဈေးခြင်းထောင်း၊ အထုပ်အပိုးတွေကို မြေကြီးမှာ ချမိရင်လည်း ရောဂါပိုးက ကူးနိုင်ပါတယ် (Covid-19ပိုးအပြင် တခြား ရောဂါပိုးတွေလည်း ပါဝင်ပါတယ်) ။ အိမ်သာ၊ အဖုံး၊ ကြွေခွက်၊ ရေပန်း၊ နံရံ၊ ကြမ်းပြင် စတာတွေကို လက်နဲ့ ကိုင်ပြီး မျက်နှာကို ပြန်ပွတ်ရင်လည်း ကူးနိုင်ခြေ ရှိပါတယ်။အဓိက လုပ်သင့်တာတွေ အနေနဲ့။၁။ အများသုံး သန့်စင်ခန်းကို မဖြစ်မနေ ဝင်ဖို့ လိုအပ်လာပြီ ဆိုမှ ဝင်ပါ၊ သိပ်ပြီး အရေးမကြီးရင် မဝင်ပါနဲ့။၂။ သန့်စင်ခန်း ဝင်တော့မယ်ဆိုရင်Maskကို စနစ်တကျ တပ်ပြီးမှ ဝင်ပါ။ စောင်းနေတာ၊ နှာခေါင်းက လွတ်နေတာ၊ ဒါမှမဟုတ် Mask ကို မေးစပ်မှာ တပ်ထားတာမျိုးတွေ လုပ်လို့ မရပါဘူး။၃။ တတ်နိုင်ရင် ကိုယ့်ရှေ့မှာ လူတစ်ယောက် လောလောလတ်လတ် ဝင်သွားတဲ့ အိမ်သာခန်းထဲ မဝင်ပါနဲ့၊ လုံးဝ မလွှဲသာမှပဲ ဝင်ပါ။၄။ အမျိုးသားများ အပြင်မှာ မတ်တပ်ရပ်ပြီး အပေါ့စွန့်နေချိန် ဘေးက လူတစ်ယောက် ချောင်းဆိုးနေရင်ဆီးသွားတာကို ခဏ အောင့်ပြီး တခြား ဝေးဝေး တစ်နေရာကို အမြန်သွားပြီး အပေါ့စွန့်ပါ။ Mask တပ်ထားတယ် ဆိုရင်တော့ သွားဖို့ မလိုပါဘူး။၅။ ဘိုထိုင်အိမ်သာကို အသုံးမပြုခင် တစ်သျှူးနည်းနည်း ဖြဲပြီး ကိုယ်ထိုင်မယ့် အပြားပေါ်ကို ဘယ်၊ ညာ ၂ဖက် ခင်းထားပါ။၆။ တတ်နိုင်သလောက် လက်တစ်ဖက်တည်းနဲ့ အိမ်သာခန်း တံခါး ဖွင့်တာ၊ အညစ်အကြေး သန့်ရှင်းရေးလုပ်ပေးပါ။ ကျန်တဲ့ လက်တစ်ဖက်က အထုပ်အပိုးတွေကို သယ်ပါ။၇။ ကိစ္စ ပြီးတာနဲ့ မြန်မြန်ထွက်ပါ။ အိမ်သာထဲမှာ အကြာကြီး မနေပါနဲ့။ဖုန်းမသုံးပါနဲ့။၈။ ရေဆွဲတော့မယ်ဆိုရင် အိမ်သာအဖုံးကို အောက်အရင်ချ၊ လုံအောင် ပိတ်ပြီးပြီဆိုမှ ရေဆွဲချပါ။ ဒီအတိုင်း ဖွင့်လျက်ကြီးတော့ ရေမဆွဲပါနဲ့။၉။ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် သေချာဆေးကြောပါ။ ဆပ်ပြာတိုက်တဲ့အခါ လက်ဖဝါး၊ လက်ဖမိုး၊လက်ချောင်းကြား၊ လက်သည်းကြားကို သေချာ တိုက်ချွတ်ပေးဖို့ လိုပါတယ်။ ယောက်ျားလေးများ အပေါ့သွားရုံပဲ ဆိုပြီး လက်မဆေးဘဲ ထွက်လာတာမျိုး မလုပ်ပါနဲ့။၁၀။ ပြီးသွားရင် တစ်သျှူးနဲ့ပဲ ရေသုတ်ပါ။လက်အခြောက်ခံစက်ကို အားမကိုးပါနဲ့။ အဲ့စက်ထဲမှာ ရှိတဲ့ ရောဂါပိုး အရေအတွက်က လေထဲမှာထက် ပိုများပါတယ်။၁၁။ အိမ်ပြန်ရောက်တာနဲ့ ပါလာတဲ့ ဈေးခြင်းတောင်းကို ဆေးကြောပါ။ပလတ်စတစ်အိတ်ကို အမှိုက်ပုံးထဲ ထည့်ပါ၊ ဒါမှမဟုတ် အမှိုက်အိတ်လုပ်ပြီး မြန်မြန် ပစ်လိုက်ပါ။အားလုံးပဲ ကပ်ဘေးကာလမှာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ဈေးဝယ်ထွက်နိုင်ဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%a1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%9e%e1%80%ac%e1%80%80%e1%80%94%e1%80%b1%e1%80%9c%e1%80%8a%e1%80%ba%e1%80%b8/
လိင်မှုဘ၀ စိတ်လှုပ်ရှားစရာပိုကောင်းစေလာမယ့် နည်းသုံးနည်း
အမျိုးသမီးအများစုဟာ သက်တောင့်သက်သာ ဖြစ်ပြီး ဇိမ်ကျတာကြောင့် အိပ်ရာပေါ်မှာ လိင်ဆက်ဆံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တခြား စကားနဲ့ ပြောရရင် လူတိုင်းကတော့ မီးဖို၊ ဧည့်ခန်းနဲ့ ရေချိုးခန်းတွေမှာ လိင်ဆက်ဆံခြင်းကို မကြိုက်နှစ်သက်ကြပါဘူး။ ဒါဟာ အိပ်ရာထဲမှာ လိင်ဆက်ဆံခြင်းဟာ ပျင်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လိင်ဆွဲဆောင်မှုရှိတဲ့ ညဝတ်အင်္ကျီဝတ်ပြီး သော်လည်းကောင်း လိင်ပိုင်းဆိုင်ရာ အရုပ်တွေ အသုံးပြုခြင်းနဲ့သော်လည်းကောင်း အရာရာကို အရှိန်မြှင့်တင်နိုင်ပါတယ်။သင်ဟာ စွန့်စားမှုတွေကို ကြိုက်နှစ်သက်တဲ့ အမျိုးသား (သို့) အမျိုးသမီးတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် (သို့) အသစ်အဆန်းတစ်ခုကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အိပ်ရာမဟုတ်တဲ့ အခြားနေရာတွေမှာ လိင်ဆက်ဆံကြည့်ဖို့ မရှက်ပါနဲ့။ လှေကားထစ်တွေပေါ်မှာ (သို့) မီးဖိုကြမ်းပြင်ပေါ်မှာ လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ လိင်မှုဘဝကို ပိုမိုလေးနက်စေပါတယ်။ကလေးမွေးပြီးရင် စုံတွဲတွေဟာ လိင်ဆက်ဆံဖို့ကို တွန့်သွားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကိုယ်ခန္ဓါဟာ မပိန်တော့ဘူး၊ ဆွဲဆောင်မှု မရှိတော့ဘူး၊ တင်းတင်းရင်းရင်း မရှိတော့ဘူး စသည်ဖြင့် ထင်မြင်ကြလို့ပဲ ဖြစ်ပါတယ်။ ဒီအတွေးတွေဟာ သူတို့ကို ခြောက်လှန့်နေပြီးတော့ ကိုယ့်ကိုယ်ကို အမြဲသတိထားမိစေကာ ပျော်ရွှင်မှုကနေ ဟန့်တားနေပါတော့တယ်။ ဒါဆို သင်ဘာလုပ်လို့ရလဲ။အသစ်အဆန်း ရှာဖွေခြင်းဟာ လိင်မှုဘဝကို အရှိန်မြှင့်တက်စေ သတဲ့လား။ အခြားမကြည့်ပါနဲ့။ သဏ္ဍာန်တူ လေ့ကျင့်ခြင်းဟာ ပျော်ရွှင်တဲ့ လိင်မှုဘဝကို ရရှိဖို့ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပထမ အကြိမ်တွေမှာတော့ အနည်းငယ် ကစဉ့်ကလျားနိုင်မှာ ဖြစ်ပေမယ့် ဒါဟာ အဆင်ပြေပါတယ်။ ညစ်ညမ်းတဲ့ ပြောဆိုမှုတွေနဲ့ ရုပ်ရှင်ဆန်ဆန် အမူအရာတွေကို နေသားကျဖို့ဆိုတာ အချိန်နဲ့ လေ့ကျင့်မှု လိုအပ်တာကြောင့် အရာရာဟာ သဘာဝအတိုင်းတော့ဖြစ်လာမှာ မဟုတ်ပါဘူး။ သင့်အတွက် ဒါဟာ သိပ်များတယ်လို့ တွေးမိရင် ရိုးရှင်းတဲ့ အရာတွေဖြစ်တဲ့ လိင်ဆွဲဆောင်မှု ရှိတဲ့ ဝတ်စုံ (သို့) သင် သဏ္ဍာန်တူအောင် သရုပ်ဆောင်ချင်တဲ့ သရုပ်ဆောင်ရဲ့ အဝတ်အစား တို့ကို ဝယ်ယူခြင်းကနေ စတင်နိုင်ပါတယ်။ဒါ့ပြင် သင်သတိမထားမိသေးရင် အမျိုးသားတွေဟာ အမြင်အာရုံကို အားကိုးတဲ သတ္တဝါတွေ ဖြစ်ပါတယ်။ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ နှိုးဆော်မှုတွေထက် အမြင်အာရုံပိုင်းဆိုင်ရာ နှိုးဆော်မှုတွေကြောင့် ပိုပြီး လိင်စိတ် တက်ကြွတတ်ကြပါတယ်။ သဏ္ဍာန်တူ လေ့ကျင့်ခြင်းဟာ နှစ်မျိုးစလုံးပါဝင်တဲ့အတွက် လေပြည်လေညင်းလေးတွေကို သယ်ဆောင်လာမှာပါ။လိင်ဆက်ဆံမှုဆိုတာဟာ လက်ထပ်ထားတဲ့သူတွေ အပါအဝင် စုံတွဲတွေရဲ့ ဆက်ဆံမှုတိုင်းမှာ အရေးကြီးပါတယ်။ ဒါ့ကြောင့် သင်အလုပ်မှာ (သို့) သင်လုပ်နေတဲ့ လှုပ်ရှားမှုတွေမှာအကောင်းဆုံးလုပ်နိုင်ဖို့ အိပ်ရာထဲက ပြဿနာတွေဟာ သင့်ကို အနှောင့်အယှက် မပေးနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် မကြာခဏ အရှိန်မြှင့်တင်ဖို့ကို သတိရပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%98%e1%80%9d-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%9c%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%ac%e1%80%b8/
သုက်လွှတ်စောခြင်း (Premature Ejaculation)
သုက်လွှတ်စောခြင်း (Premature Ejaculation) ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုအနည်းငယ်ဖြင့် ဆန္ဒမပြည့်မီ သုက်ထွက်ခြင်းကို ခေါ်ပါသည်။ အမျိုးသားလိင်ပိုင်းဆိုင်ရာလုပ်ငန်းပျက်စီးခြင်း၏ အဖြစ်များသော ပြဿနာ ဖြစ်ပါသည်။သုက်လွှတ်စောခြင်းကုသမှု တွင် သိသင့်သည့်အချက် ငါးချက်ရှိပါသည်။လက်ရှိသုတေသနအချက်များအရ အမေရိကန်အမျိုးသားများ၏ ၃၀ ရာခိုင်နှုန်းသည် သုက်လွှတ်စောခြင်းရှိသည်ဟု ညည်းညူကြပါသည်။ အခြားသူများတွင်လည်း သတိမပြုမိဘဲ ဤရောဂါ ရှိနေတတ်ကြပါသည်။ထပ်မံပြောရသော်သုက်လွှတ်စောခြင်းသည်အလွန်အဖြစ်များသောရောဂါတစ်မျိုး ဖြစ်ပါသည်။ အများစုမှာ ယာယီဖြစ်တတ်ပြီး အဖြစ်များသော ပြဿနာတစ်ခုလည်း ဖြစ်ပါသည်။လိင်ဆက်ဆံဖော်၏ကာမစိတ် အထွတ်အထိပ်ကို ရောက်အောင် မပြုလုပ်နိုင်ခင်သုက်ရည်ထွက်ခြင်းကို သုက်လွှတ်မြန်ခြင်းဟုခေါ်ပါသည်။ ထပ်မံပြောရသော် တစ်မိနစ်လောက်သာ ကြာသောအခြေအနေကိုခေါ်ပါသည်။နှိုးဆွချိန်နှင့် သုက်လွှတ်ချိန်၏ ပျမ်းမျှ ကြာချိန်သည် ငါးမိနစ် မှ ဆယ်မိနစ်အထိ ဖြစ်သည်။ သင်သည် ဤမျှလောက် မကြာပါက သုက်လွှတ်မြန်ခြင်း ခံစားနေရပြီ ဖြစ်သည်။စိတ်လှုပ်ရှားခြင်းနှင့်စိုးရိမ်ပူပန်ခြင်းသည် သုက်လွှတ်စောခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်း နှစ်ခု ဖြစ်သည်။ လူတစ်ယောက်သည် လက်တွဲဖော်ဖြင့် ပထမဆုံးအကြိမ် လိင်ဆက်ဆံရာတွင် လိုချင်တပ်မက်မှု၊ အရှိန်ကြီးသောမေတ္တာနှင့်အတူ စိတ်လှုပ်ရှားမှုသည်လည်း ဖြစ်ပေါ်လာပါသည်။အချိန်အတော်ကြာ ရပ်နားပြီးမှ လိင်ဆက်ဆံခြင်း သို့မဟုတ် လက်တွဲဖော် အသစ်နှင့် လိင်ဆက်ဆံခြင်းကလည်း စိတ်လှုပ်ရှားမှုကို ဖြစ်စေပါသည်။ စိုးရိမ်ပူပန်ခြင်းတွင်မူ အကြောင်းရင်းများစွာ ဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ရခြင်းကို ရှောင်ရှားလိုခြင်းနှင့် အလုပ်ကိစ္စစိတ်ဖိစီးမှုများကြောင့် ဖြစ်တတ်ပါသည်။Multiple sclerosis၊လိင်တံအလွန်အမင်း အထိမခံနိုင်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနှင့် အခြားအာရုံကြောဆိုင်ရာ ပြဿနာများသည် သုက်လွှတ်စောခြင်းကို ဖြစ်စေနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။လိင်ဆက်ဆံဖက်၏ ကာမစိတ် အထွတ်အထိပ် ကိုရောက်အောင် မပြုလုပ်နိုင်ခင် သုက်ရည်ထွက်ခြင်းကို သုက်လွှတ်မြန်ခြင်းဟုခေါ်သည်။ ထပ်မံပြောရသော် တစ်မိနစ်လောက်သာ ကြာသောအခြေအနေကိုခေါ်ပါသည်။ဤအခြေအနေဖြစ်နေသောသူများသည် ဆေးပညာဆိုင်ရာအကူအညီရှာဖွေရန် လိုအပ်ပါသည်။ ဆရာဝန်သည် သင်၏ ဆေးမှတ်တမ်းနှင့် လိင်ဆက်ဆံမှု မှတ်တမ်းအကြောင်း ဆွေးနွေးနိုင်သည်။ အခြားဆေးပညာဆိုင်ရာ ပြဿနာများကိုသိရှိရန် ဓာတ်ခွဲခန်းစစ်ဆေးမှုကိုလည်း လုပ်ခိုင်းနိုင်သည်။နှိုးဆွချိန်နှင့် သုက်လွှတ်ချိန်၏ ပျမ်းမျှ ကြာချိန်သည် ငါးမိနစ် မှ ဆယ်မိနစ်အထိ ဖြစ်သည်။ သင်သည် အဲ့လောက် မကြာပါက သုက်လွှတ်မြန်ခြင်းခံစားနေရပြီ ဖြစ်သည်။ပထမဆုံးအသက်ပြင်းပြင်းရှူပါ။ ၎င်းသည် စိတ်ဖိစီးမှုကို သက်သာစေပြီး အပန်းပြေရန် အချိန်ပေးပါသည်။ လိင်ဆက်ဆံရာတွင် အမျိုးသားသည် လိင်တံပေါ်ကိုကိုင်ထားခြင်းမပြုဘဲ တစ်ကိုယ်လုံးကို တယုတယပွတ်သပ်ရန် လိုပါသည်။ အာရုံပြောင်းသည် ပြဿနာကို ဖြေရှင်းနိုင်ပါသည်။အရက်သောက်ခြင်းနှင့် မူးယစ်ဆေးများသုံးခြင်းကို ရှောင်ရှားခြင်းကလည်း သုက်လွှတ်စောခြင်းကို တိုးတက်စေပါသည်။ အမျိုးသားများသည် အောက်ပါ နည်းလမ်းများကို ကြိုးစားကြည့်သင့်ပါသည်။ဤနည်းလမ်းများသည် အချို့အမျိုးသားများကို ပို၍သန်မာစေရန်နှင့် ကြာကြာခံရန် ကူညီပေးနိုင်ပါသည်။ဤအရာများ အလုပ်မဖြစ်ပါက ဘာလုပ်မလဲ။ရောဂါကြောင့် သို့မဟုတ် နက်နဲသော စိတ်ပိုင်းဆိုင်ရာကိစ္စကြောင့် သုက်လွှတ်စောခြင်းဖြစ်သော အခြေအနေများလည်း ရှိနိုင်သည်။ ထို့ကြောင့် လအနည်းငယ်အတွင်း တိုးတက်မှု မရှိပါက ဆရာဝန်နှင့် ပြသပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/premature-ejaculation-explained/
အအိပ်လွန်တဲ့ ပြဿနာ
အအိပ်လွန်တဲ့ ပြဿနာဆိုတာ နေ့အချိန်မှာ အလွန်အမင်း အိပ်စက်နေတာ၊ အိပ်ချိန်အရမ်းများနေတာဖြစ်ပြီး သူဟာနေ့အချိန်မှာတောင် မနေနိုင်လောက်အောင် အိပ်နေတာ ဖြစ်ပါတယ်။ အအိပ်လွန်တဲ့ ပြဿနာခံစားနေရတဲ့လူက အလုပ်မှာဖြစ်ဖြစ်၊ ကားမောင်းနေစဉ်မှာဖြစ်ဖြစ် အချိန်အရွေး အိပ်ပျော်နိုင်ပါတယ်။ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အားအင်ကုန်ခမ်းခြင်းနှင့် သေချာစဉ်းစားတွေးတောနိုင်တာ မရှိတော့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။အအိပ်လွန်တဲ့ ပြဿနာက လူဦးရေရဲ့ ၅ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအဖြစ်များပါတယ်။အအိပ်လွန်တဲ့ ပြဿနာရှိတဲ့လူက နေ့အချိန် အလုပ်မှာ၊ အစားစားနေချိန်မှာ ၊စကားပြောနေချိန်မှာ ခဏခဏအိပ်ပျော်တဲ့ပြီး ညဘက်မှာ အိပ်စက်ခြင်းမရှိဘဲ ခဏခဏနိုးနေတဲ့အတွက် ပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ နေ့ခင်းဘက်မှာ အိပ်နေပေမယ့် ပင်ပန်းတာက မသက်သာပါဘူး။ အချိန်အကြာကြီးအိပ်စက်ရာက နိုးထဖို့ခက်သလို အာရုံမစုစည်းနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။တခြားရောဂါလက္ခဏာတွေကတော့-။တချိုလူတွေက မိသားစုအလုပ်၊ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် တခြားအလုပ်တွေ မလုပ်နိုင်တော့ခြင်း။ဒီအထဲမှာ မပါတဲ့အချက်တွေလည်း ရှိနေနိုင်ပါသေးပါတယ်။ ရောဂါလက္ခဏာအကြောင်း သေချာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေခံစားနေရလျှင် ၊ ထပ်မံသိလိုတာရှိလျှင် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။ လူတိုင်းရဲ့ ကိုယ်ခန္ဓာက တုံ့ပြန်မှု မတူကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။အအိပ်လွန်ခြင်း ပြဿနာရဲ့ မူလအရင်းအမြစ်က ဦးနှောက်အတွင်းရှိ အိပ်စက်ခြင်းနှင့် နိုးထခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်အတွင်းရှိ စနစ်တွေ ပြဿနာဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။တခြားအကြောင်းမှာ အလွန်အမင်းမောပန်းခြင်းနှင့် အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ- ညဘက်အသက်ရှူရခက်ခြင်း၊ ညဘက်တစ်ချိန်လုံး ခဏခဏအိပ်ရာထရခြင်းတို့ကြောင့် အိပ်ရေးပျက်ပီး အလွန်အမင်းအိပ်စက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။တချို့ဆေးတွေက အလွန်အမင်း အိပ်စက်ခြင်းကို ဖြစ်စေပါတယ်။အရက်နဲ့ ဆေးတွေကိုသုံးတာကြောင့် နေ့ဘက်မှာ အိပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်းနည်းတာနဲ့ ဦးခေါင်းဒဏ်ရာကြောင့်လည်း အအိပ်လွန်ခြင်း ဖြစ်စေနိုင်ပါတယ်။နေ့လည်ဘက်မှာ အလွန်အမင်းပင်ပန်းတဲ့လူတွေက အအိပ်လွန်ခြင်း ပိုဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေမှာ အိပ်ရေးပျက်တာ၊ ကျောက်ကပ်မကောင်းတာ၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက်မှု၊ စိတ်ဓာတ်ကျခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းနဲခြင်းတို့ ပါဝင်ပါတယ်။အမေရိကန် အိပ်စက်မှုနဲ့ ပတ်သက်မှုကို လေ့လာတဲ့အဖွဲ့ရဲ့ အဆိုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အအိပ်လွန်တဲ့ ပြဿနာပိုဖြစ်တယ်လို့ ဆိုပါတယ်။ဆေးလိပ်နဲ့ အရက်ကိုပုံမှန်သောက်သူတွေမှာ အအိပ်လွန်တာ ပိုဖြစ်တတ်ပါတယ်။ လေးလံထိုင်းမှိုင်းစေတဲ့ဆေးတွေမှာ အအိပ်လွန်ခြင်းနဲ့တူတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့အတွက် ဆရာဝန်က ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာကို မေးမြန်းပါလိမ့်မယ်။ တက်ကြွမှုကို စစ်ဆေးနည်းတွေနဲ့ စမ်းသပ်ပါလိမ့်မယ်။ဆရာဝန်က အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့ နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ပါလိမ့်မယ်။အိပ်ချိန်ကို မှတ်ထားခြင်း။ ညဘက်သင့်အိပ်ချိန်ကို သိဖို့အတွက် အိပ်ရာဝင်ချိန်နှင့် နိုးထချိန်တွေကို မှတ်ထားခိုင်းပါလိမ့်မယ်။အိပ်ချိန်ကို တိုင်းတာခြင်း။ သင့်အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာကို သိဖို့အတွက် တိုင်းတာပါလိမ့်မယ်။အိပ်ချိန်အများအပြားကို တိုင်းတာတဲ့နည်း။ နေ့ဘက်အိပ်ချိန်တွေကို တိုင်းတာရပါမယ်။ ဒီနည်းက သင်အိပ်တဲ့ပုံစံတွေကို တိုင်းတာနိုင်ပါတယ်။Polysmnogram။ ညဘက်အိပ်စက်နားနိုင်တဲ့ နေရာမှာနေပါ။ စက်တွေက သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ၊ မျက်လုံးရွေ့လျားမှု၊ နှလုံးခုန်နှုန်း၊ အောက်စီဂျင်ပမာဏနဲ့ လုပ်ငန်းတွေကို တိုင်းတာပါလိမ့်မယ်။အအိပ်လွန်တဲ့ ပြဿနာရှိနေတယ်ဆိုလျှင် ဆရာဝန်က သင့်ရောဂါကို ကုသဖို့အတွက် ဆေးတွေအများအပြားကို ပေးပါလိမ့်မယ်။ လန်းဆန်းစေတဲ့ဆေးတွေ၊ စိတ်ဓာတ်ကျသက်သာစေတဲ့ဆေးတွေ ပေးပါလိမ့်မယ်။အိပ်ရင်းအောက်စီဂျင်နည်းတဲ့ရောဂါရနေရင် ဆရာဝန်က သင်အိပ်နေစဉ် နှာခေါင်းကို အုပ်ပြီးအောက်စီဂျင် ပေးပါလိမ့်မယ်။နှာခေါင်းကိုအုပ်ထားတဲ့ မျက်နှာဖုံးနဲ့ အောက်စီဂျင်ပေးတဲ့စက်နဲ့ ချိတ်ဆက်ပြီး အောက်စီဂျင်ကို တောက်လျှောက်ပေးပါလိမ့်မယ်။ နှာခေါင်းအတွင်းကို ဝင်ရောက်တဲ့ အောက်စီဂျင်ရဲ့ ဖိအားကြောင့် အသက်ရှူလမ်းကြောင်းကို ပွင့်နေစေပါတယ်။သင်က နုံးစေတဲ့ဆေးတွေသောက်ထားလျှင် ဆရာဝန်ကို အိပ်ချင်စိတ်နည်းစေတဲ့ ဆေးတွေနဲ့ အစားထိုးခိုင်းလို့ရပါတယ်။ သင်က ညဘက်ကို ပိုပြီးအိပ်စက်နိုင်ဖို့ အိပ်ရာစောစောဝင်ပါ။ အရက်နှင့် ကဖိန်းအသုံးပြုတာကို ရပ်လိုက်ပါ။တချို့ အအိပ်လွန်တဲ့ ပြဿနာကို ကာကွယ်ဖို့ နည်းမရှိပါ။ သင်က တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာအိပ်စက်ခြင်းနှင့် အရက်ဖြတ်ခြင်းတွေက အအိပ်လွန်တဲ့ ပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ နုံးစေတဲ့ဆေးတွေနဲ့ ညဘက်အလုပ်လုပ်ခြင်းကို ရှောင်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/%e1%80%a1%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%bb%e1%80%95%e1%82%86%e1%80%94%e1%80%ac/
တိတ်ဆိတ်ငြိမ်သက်တဲ့ အမှောင်ထောင့်လေးထဲက ငိုရှိုက်သံသဲ့သဲ့လေး
ဒေါက်တာဇော်ဇော်ဟာ နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ အထူးကုဆရာဝန်တစ်ယောက်ပါ။ လူပျိုလူလွတ်ဆရာဝန်ဖြစ်တယ်။ မိဘတွေချောင်ချောင်လည်လည်ရှိတယ်။ ပညာတတ်တဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်တယ်။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတတ်တယ်။ လူနာတွေအပေါ်မှာ ကြင်ကြင်နာနာဆက်ဆံတတ်တယ်။ ပညာတော်တယ်။ တစ်ရက်ကျတော့ ဒေါက်တာဇော်ဇော် ဆေးရုံကိုမလာဘူး။ သူ့ဖုန်းကိုခေါ်တော့လည်း မကိုင်ဘူး။ အိမ်လိုက်သွားကြည့်တဲ့အခါမှာတော့ အိမ်မှာရှိတဲ့ တန်းတစ်ခုမှာ ဆွဲကြိုးချပြီး ကိုယ့်ကိုကိုယ် သတ်သေထားတဲ့ ဒေါက်တာဇော်ဇော်ကိုတွေ့လိုက်ရတယ်။ လူနာတွေရော၊ လုပ်ဖော်ကိုင်ဖက်တွေရော၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နောက်ဆုံး မိသားစုအတွက်တောင် ဒီကိစ္စက အထူးအဆန်းတစ်ခုလိုပဲ။ အဆင်မပြေတာရယ်လို့ ထူးထူးထွေထွေမရှိတဲ့သူတစ်ယောက်အဖို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတယ်ဆိုတဲ့ကိစ္စအပေါ် ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိကြဘူး။ကျော်ကျော်ဟာ စိတ်ရင်းသဘောထားကောင်းပြီး သိမ်မွေ့တဲ့ အဝေးသင် တတိယနှစ်ကျောင်းသားတစ်ယောက်ပါ။ တစ်ရက်မှာ သူ့အဖေဟာ နှလုံးအမောဖောက်ပြီး ရုတ်တရက်ကွယ်လွန်သွားတယ်။ ရက်လည်လောက်ထိ ကျော်ကျော့်ကို လူတွေနှစ်သိမ့်ကြတယ်။ နွေးထွေးပေးကြတယ်။ နောက်ပိုင်းကျတော့ ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်သွားပြီလေ။ ဘယ်သူမှ လူတစ်ယောက်ကို ကြာရှည်ဂရုစိုက်ပေးနိုင်ပါ့မလဲ။ နောက်ပိုင်းမှာ ကျော်ကျော်ဟာ အမူအရာတွေပြောင်းလဲသွားတယ်။ ကြမ်းတမ်းတဲ့ဘက်ကိုရောက်လာတယ်။ လူတွေနဲ့ အဆင်မပြေဘူး။ ဒေါသကြီးလာတယ်။ သူ့ကိုပြောရင်လည်း ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်တတ်လာတယ်။ ရိုင်းစိုင်းလာတယ်။ ဘယ်သူကမှ သူနဲ့ အဆက်အဆံမလုပ်ချင်ကြတော့ဘူး။ ဒီကောင်လေးက သိပ်ရိုင်းတာပဲ။ ငဆိုးကောင်ပေါ့။ တစ်ရက်ကျ ကျော်ကျော်အိမ်ပြန်မလာတော့ဘူး။ ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်သွားမှန်းလည်း ဘယ်သူမှ မသိကြတော့ဘူး။ကျွန်တော်တို့တွေရဲ့ ကံဆိုးမှုတွေထဲက တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ အရေးတကြီးကိစ္စလို့ မယူဆကြတဲ့ လူနေမှုအဖွဲ့အစည်းထဲမှာ နေထိုင်ကြရတာပါပဲ။ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့သူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ အပြုအမူဟာ အဖြေရှာလို့မရအောင် ထူးဆန်းတယ်ဆိုတာမျိုးမရှိပါဘူး။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ သူ့ရဲ့ လိုအပ်နေတဲ့အကူအညီတွေကို သတိမမူမိကြတာပဲရှိတာပါ။ ဘာမှ အပူအပင်ရှိစရာမရှိတဲ့သူတစ်ယောက်အဖို့ စိတ်ဓါတ်ကျတယ် နေရတာမပျော်ဘူးလို့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောရင် ပျော်ပျော်နေပါ ဘာစိတ်ညစ်စရာရှိလို့လဲလို့ပြောခံရမယ်။ သူငယ်ချင်းတွေကို ပြောရင် ရယ်သွမ်းသွေးခံရမယ်။ အစအနောက်ခံရမယ်။ မျက်ရည်ကျတဲ့အခါ စိတ်သိပ်ပျော့တာပဲ ယောက်ျားမဟုတ်ဘူးလားလို့ ပြောခံရမယ်။ နောက်ဆုံးမိဘဆွေမျိုးတွေကိုတောင် ပြောပြလို့မရနိုင်ဘူး။ ဘယ်သူ့ဆီကမှ အကူအညီမရနိုင်ဘူး၊ ဘယ်သူ့ဆီကမှ နားလည်စာနာပေးမှုနဲ့ နှစ်သိမ့်မှုတွေမခံစားရဘူး။ နွေးထွေးကြင်နာမှုတွေကို မခံစားရဘူး။ ကိုယ့်ရဲ့ပြဿနာတွေကို ကိုယ်ချင်းစာမပေးနိုင်ဘူး။ နောက်ဆုံးမှာ သတ်သေသွားကြတဲ့အခါကျတော့ အစစအရာရာ အဆင်ပြေနေတဲ့ဘဝမှာ ဘာကြောင့်များ ကိုယ့်ကိုကိုယ် သတ်သေသွားရတာလဲလို့ ပဟေဠိဖြစ်ပြီး ကျန်ရစ်ခဲ့ကြတယ်။ အသက်ရှင်နေတုန်းက လိုအပ်နေတဲ့အချိန်မှာတော့ ဘယ်သူမှ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ လိုအပ်ချက်တွေကို အရေးတယူနဲ့ သတိထား မမြင်ခဲ့ကြဘူး။ သေသွားပြီးတဲ့အချိန်မှတောင်မှ “ဒီလိုကိုယ့်ကိုယ်သတ်သေတာမျိုးတော့ ငါတို့က မသနားဘူး” လို့ အပြောခံရရင် ခံနေရဦးမှာ။ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့သူတစ်ယောက်ကို ဘယ်သူကမှ အမြင်မကြည်ဘူးလေ။လူတစ်ယောက်မှာ ကင်ဆာရောဂါရှိတယ်လို့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေသိကြတဲ့အခါ ဝိုင်းဝန်းကူညီအားပေးတာ၊ သနားကြင်နာစွာ ဆက်ဆံကြတာတွေ လုပ်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှစ်သိမ့်အားပေးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က သူစိတ်ဓါတ်ကျနေတယ် နေရထိုင်ရတာ မပျော်တော့ဘူးလို့ပြောမယ်ဆိုရင်တော့ ပထမဆုံးပြောလေ့ရှိကြတဲ့စကားက “စိတ်ဓါတ်မကျနဲ့။ ပျော်ပျော်နေ” ဆိုတာပါ။ စိတ်ထဲမှာ အလေးအနက်မထားသလို နှစ်သိမ့်ဖို့ ကူညီဖေးမဖို့ဆိုတာလည်း မရှိပါဘူး။ စိတ်ဓါတ်ကျတာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရတာကို ပြဿနာတစ်ခုလို မမြင်ကြပါဘူး။ အချိန်နှောင်းသွားမှသာ ဘာကြောင့်များလဲဆိုပြီး အံ့သြတကြီးဖြစ်ကြရတယ်။စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အသေးအဖွဲတစ်ခုလို့ မထင်ပါနဲ့။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေလိုမျိုး မြင်သာထင်သာမရှိတဲ့အတွက် တကယ့်ပြဿနာမဟုတ်ဘူးလို့ ထင်ကြတာ၊ နားလည်မပေးနိုင်ကြတာ အင်မတန်မှားယွင်းတဲ့ စံနှုန်းတစ်ခုပါ။ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ကို စိတ်ဓါတ်မကျနဲ့ ပျော်ပျော်နေလို့ ပြောလိုက်တာနဲ့ အဲဒီလူက ပြန်မကောင်းသွားပါဘူး။ “အလကားနေရင်း စိတ်ဓါတ်ကျမနေနဲ့” “ဘာတွေစိတ်ညစ်စရာရှိလို့ စိတ်ညစ်နေရတာတုန်း” “ပျော့ညံ့လိုက်တာ ယောက်ျားမဟုတ်ဘူးလား” အစရှိတဲ့စကားသံတွေ။ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ရဲ့ မှားယွင်းတဲ့ အပြုအမူတွေ ပြောဆိုတာတွေကို နားလည်မှုမပေးနိုင်ဘဲ ဒေါသတကြီးတုံ့ပြန်တာတွေက ပိုလို့တောင် ဝေဒနာကို ဆိုးရွားစေဖို့ဖြစ်နိုင်တယ်။ ပြီးရင် နောက်တစ်ခေါက်ဒီလူတွေကို ကိုယ့်ရဲ့ခံစားနေရတာတွေကို ရင်ဖွင့်ဖို့ပြောပြအကူအညီတောင်းခံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကိုယ်ခံစားနေရတာတွေက သူတို့အတွက် အရေးတယူလုပ်စရာတစ်ခုလို့ မသတ်မှတ်ခံရဘူးလေ။ ဒီတော့ အဲဒီစိတ်တွေကို သိမ်းဆည်းပြီး မျိုသိပ်ထိန်းချုပ်ထားရတာက နောက်ထပ် ပြဿနာတစ်ခုဖြစ်လာတယ်။ကျွန်တော်တို့တွေဟာ ချမ်းသာနေရင်၊ အောင်မြင်နေရင် စိတ်ကျေနပ်မယ်၊ ပျော်ရွှင်မယ်လို့ ထင်ထားတတ်ကြပါတယ်။ စိတ်ဓါတ်ကျခြင်း၊ မကျခြင်းဟာ အောင်မြင်တာ၊ချမ်းသာတာ၊ပညာတတ်တာ မတတ်တာတွေနဲ့ မဆိုင်ပါဘူး။ လူတိုင်း အခါအားလျော်စွာ စိတ်ဓါတ်ကျနေတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ အမြဲတမ်းရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာမဟုတ်ပါဘူး။ အောင်မြင်ချမ်းသာနေပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့သူတွေ အများကြီးပါ။ ဒါဟာ ဟန်ဆောင်နေတာမဟုတ်ဘူး။ တမင်လုပ်ယူနေတာမဟုတ်ဘူး။ စိတ်ဝင်စားမှုလိုချင်လို့ လုပ်ပြနေတာမဟုတ်ဘူး။ ဒီလူတွေဟာ ကိုယ့်ကိုနာကျင်အောင်၊ စိတ်တိုအောင်ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမဟုတ်ဘူး။ တမင်ဖယ်ခွာနေတာမဟုတ်ဘူး။ ဒါဟာပြင်းထန်တဲ့ဝေဒနာတစ်ခုကို ခံစားနေရတာပါ။ ဒါကို နားလည်ပေးပါ။ ဒေါသတကြီးနဲ့ ကိုယ့်ကိုအပြစ်တင်နေတာ၊ ကိုယ့်ကိုဘယ်တုန်းကမှ မပြောခဲ့ဖူးတဲ့ နစ်နစ်နာနာတွေကို အကြောင်းအရင်းမရှိပြောနေတာ၊ မထင်မှတ်ထားတဲ့လုပ်ရပ်တွေကိုလုပ်နေသူဟာ ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက်ရဲ့ ပုံမှန်ရှိတဲ့စိတ်နဲ့လုပ်နေတာမဟုတ်ပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရတယ်ဆိုတာကို နားလည်ပေးပါ။စိတ်ဓါတ်ကျဆင်းမှုခံစားနေရတဲ့သူတွေဟာ အကူအညီလိုကြပါတယ်။ အားပေးကူညီမှုနဲ့ နွေးထွေးစွာ ဖေးမမှုတွေကို လိုအပ်ကြပါတယ်။ ဒါပေမယ့် လူတော်တော်များများက စိတ်ဓါတ်ကျနေတဲ့သူတွေကို သတိမပြုမိကြပါဘူး။ သူတို့အောင်မြင်နေတာပဲ သူတို့ချမ်းသာနေတာပဲ။ ဒီလူတွေစိတ်ဓါတ်ကျမှာမဟုတ်ပါဘူးလို့ ထင်မြင်ယူဆတတ်ကြတယ်။ ဒါ့အပြင် စိတ်ဓါတ်ကျဆင်းမှု အပြုအမူနဲ့ အမူအရာတွေကိုလည်း ပေါ့ပေါ့ဆဆနဲ့ သတိမမူမိတတ်ကြပါဘူး။ လူနာတွေကိုကြင်ကြင်နာနာဆက်ဆံတတ်တဲ့ဆရာဝန်၊ သူငယ်ချင်းတွေ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါးနေတဲ့ဆရာဝန်။ သူ့မှာပျော်ရွှင်စရာအပြည့်ပဲလို့မြင်ကြပေမယ့် သူ့ရဲ့ စိတ်ဝေဒနာတွေကို မျိုသိပ်နေရတယ်ဆိုတာကို သူအဆုံးစီရင်သွားတဲ့အခါကျတော့မှ သိရပါတော့တယ်။ ဒါက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်ဓါတ်ကျဆင်းပြီး အကူအညီလိုအပ်နေတဲ့သူတွေ ဘယ်လောက်တောင် များနေလဲဆိုတာကို အသိသာဆုံးထင်ဟပ်စေပါတယ်။ အားပေးပါ။ အကူအညီပေးပါ။ ဖေးမပါ။ နွေးထွေးမှုနဲ့ အကြင်နာတရားကို တစ်ဦးကိုတဦး ပြသကြပါ။ စိတ်ဝေဒနာကို၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို၊ စိတ်ဓါတ်ကျဆင်းမှုတွေကို ရယ်ပွဲမဖွဲ့ပါနဲ့။ လျစ်လျူမရှုထားပါနဲ့။ စာနာပေးပါ။ ကူညီပေးပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့ အမှောင်ထောင့်လေးထဲက ငိုရှိုက်သံသဲ့သဲ့လေးတွေအတွက် နေရာပေးကြပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/%e1%80%90%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%ad%e1%80%90%e1%80%ba%e1%80%84%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%99%e1%80%b1/
အနီမှတ်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုကုသမလဲ
အနီမှတ်တွေနဲ့ ဝက်ခြံအမာရွတ်တွေကိုဘယ်လိုကုသမလဲ။ဝက်ခြံထွက်ပြီးဖြစ်လာတဲ့ အသားအရေအရောင်ပြောင်းခြင်းကို သေချာပေါက်ကုသပေးနိုင်တယ်လို့ ပြောထားတဲ့ အလှကုန်ပစ္စည်းတွေဟာ အချို့သောကိစ္စရပ်တွေမှာအချို့သော ခြွင်းချက်တွေကြောင့်ပြောထားတဲ့အတိုင်းကုသပျောက်ကင်းစေနိုင်မှာမဟုတ်ပါဘူး။ ဒီဆေးတွေထဲမှာ အသားအရေနေလောင်တဲ့ဒဏ်ကိုလျှော့ချပေးနိုင်တဲ့ (အသားညိုစေခြင်းကိုလျှော့ချပေးနိုင်တဲ့) hydroquinone ပါဝင်တဲ့ အသားဖြူစေတဲ့ ကုသမှုတွေ၊ မယ်လ်နင် (ဆံပင် အသားအရေနဲ့ မျက်လုံးအတွက် ရောင်ခြယ်ပစ္စည်း)ထုတ်လုပ်မှုကိုနှေးကွေးစေတဲ့ကုသမှုတွေ ပါဝင်မှာပါ။ဒါပေမဲ့ ဝက်ခြံရဲ့ ပန်းရောင်သို့မဟုတ် အနီရောင်အမှတ်တွေဟာမယ်လ်နင်နဲ့ဆက်စပ်နေခြင်းမရှိပါဘူး။ ဆိုလိုတာက Hydroquinone နဲ့ အခြားသောအသားဖြူစေတဲ့ ပစ္စည်းတွေကိုသုံးတာက လုံးဝထိရောက်မှာမဟုတ်ပါဘူး။ ခြွင်းချက်အနေနဲ့ ဝက်ခြံတွေပေါက်ပြီးနောက် ကျန်ခဲ့တဲ့အမှတ်ကအညိုရောင်ဖြစ်နေတာမျိုးလိုရှိရင်းစွဲအသားအရည်ထက် ညိုနေတာမျိုးတွေကိုတော့ hydroquinoeသုံးပေးခြင်းအားဖြင့် ပျောက်ကွယ်သွားစေနိုင်ပါတယ်။အိမ်မှာကုသနိုင်တဲ့ နည်းလမ်းတွေထဲမှာတော့ သံပုရာရည်သို့မဟုတ် အခြားသော အက်ဆစ်ပါဝင်တဲ့ သစ်သီးတွေကို မျက်နှာပေါ် ပွတ်တိုက်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ သူတို့တွေက အရေပြားကို မှန်ကန်စွာချေးချွတ်မပေးနိုင်တဲ့အပြင် သူတို့ရဲ့ အက်ဆစ်ရည်တွေက အရေပြားကိုပျက်စီးစေနိုင်တာကြောင့် ကုသရမယ့်အချိန်ကိုပိုပြီးရှည်ကြာစေပါတယ်။ ဒါကြောင့် ဒီအရာကိုတော့ လုံးဝမလုပ်လိုက်ပါနဲ့။ ဒီပြဿနာကို မီးဖိုချောင်ထဲကပစ္စည်းတွေကလည်း ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ဘယ်လူမျိုးဘယ်အသားအရောင်မဆို ဝက်ခြံပေါက်ပြီးဖြစ်လာတဲ့ အသားအရေအရောင်ပြောင်းခြင်းကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း ၅ခုကို ဖော်ပြထားပါတယ်။ ပြီးတော့ ဒီနည်းလမ်းတွေက ဝက်ခြံပေါက်စေနိုင်တဲ့ အကြောင်းရင်းတွေကိုလည်းကုသပေးနိုင်တယ်လေ။ကောင်းမွန်တဲ့ ဖော်မြူလာနဲ့ထုတ်ထားပြိးနူးညံ့ပျော့ပျောင်းတဲ့အလှကုန်ပစ္စည်းတွေကိုသာအသုံးပြုပါ။ ဒီအချိန်မှာ ဝက်ခြံအမာရွတ်တွေပျောက်ချင်ဇောနဲ့မျက်နှာသန့်စင်ပေးနိုင်တဲ့ ပွတ်တိုက်ချေးချွတ်ခြင်းနဲ့ အသားအရေကိုထိခိုက်စေတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ ကုသမှုတွေကိုသင်အရမ်းကိုပြုလုပ်ချင်နေမှာပါ။ ဒါပေမဲ့ ဒါတွေကအသားအရေကိုပိုပြီးပျက်စီးစေတဲ့အပြင် အရေပြားရဲ့ သူ့အလိုလို ပြန်လည် ကုသနိုင်စွမ်းကိုလည်း နှေးကွေးစေပါတယ်။ ပွတ်တိုက်ချေးချွတ်ခြင်းဟာအသားအရေကိုစုတ်ပြဲစေပြီးကုသခြင်းကိုနောက်ကျစေကာ အသားအရေထိခိုက်စေသော ပါဝင်ပစ္စည်းများ ကလည်း ကုသခြင်းကိုေ နှးကွေးစေပါတယ်။AHA သို့မဟုတ် BHA ချေးချွတ်ဆေးကိုနေ့တိုင်းသုံးပါ။ ကောင်းမွန်စွာဖော်စပ်ထုတ်လုပ်ထားတဲ့ AHA / BHA တွေရဲ့ ကောင်းကွက်တွေကတော့ (အထူးသဖြင့် BHA) တကယ်အံ့မခန်းပါပဲ။ BHA(beta hydroxyl acid or active ingredient salicylic acid) ကို နေ့စဉ်သုံးခြင်းကအသားအရေရဲ့အပေါ်ယံလွှာကိုပဲချေးချွတ်သန့်စင်ပေးနိုင်တာမကဘဲချွေးပေါက်တွေထဲထိရောက်နိုင်ပြီး ဝက်ခြံဖြစ်စေတဲ့ ပိတ်ဆို့နေတဲ့အရာတွေကိုပါ ပျော်ဝင်စေနိုင်ပါတယ်။ BHA က ရောင်ရမ်းနီရဲနေတာတွေကိုလည်းသက်သာစေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီအဆင့်တစ်ခုတည်းနဲ့ဲတင် ဝက်ခြံဖြစ်နိုင်ခြေတွေမြင့်လာတာကိုလျှော့ချပေးနိုင်ပြီးလက်ရှိဖြစ်နေတဲ့ ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ အရာတွေ အမာရွတ်တွေကိုလည်းပျောက်ကွယ်သွားစေနိုင်ပါတယ်။Alpha hydroxy acid (glycolic acid ကဲ့သို့သော AHA များ) ကတော့ အရေပြားရဲ့ မျက်နှာပြင်ပေါ်မှာပဲ အလုပ်လုပ်ပြီး BHA လိုပဲ အရောင်မညီတာတွေကိုသေချာပေါက် ပျောက်ကွယ်လွင့်ပါးစေနိုင်ပါတယ်။ AHA တွေကတော့ အဆီတွေကိုမထိုးဖောက်နိုင်တဲ့အပြင် ချွေးပေါက်တွေရဲ့အတွင်းပိုင်းကိုလည်းBHAလိုမသန့်စင်ပေးနိုင်ပါဘူး။ ဒါကြောင့် သူတို့တွေကိုတော့ ဝက်ခြံပေါက်ခြင်းနဲ့ ချွေးပေါက်ပိတ်ခြင်း တွေအတွက် အားကိုးလို့မရနိုင်ပါဘူး။နေလောင်ဒဏ်ခံနိုင်စွမ်း SPF ၂၅နှင့်အထက်ပါဝင်တဲ့ နေလောင်ခံပစ္စည်းတွေကို ခြွင်းချက်မရှိ နေ့တိုင်းသုံးပေးပါ။ အကာအကွယ်မပါဘဲ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့တာကသင့်အရေပြားရဲ့ ကုသနိုင်စွမ်းကိုထိခိုက်စေပါတယ်။ (နေပူသည်ဖြစ်စေတိမ်ထူသည်ဖြစ်စေ ခရမ်းလွန်ရောင်ခြည်တွေကသင့်အရေပြားပေါ် ကျရောက်နေမှာပါ) ဆိုလိုတာကအနီရောင်အမှတ်တွေကပိုပြီးကြာကြာဖြစ်နေတော့မှာပါ။ နေရောင်မလှုံဘူးဆိုရင်တောင် ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့နေတာက အရေပြားဆဲလ်တွေကို ပျက်စီးစေပါပြီးကုသခြင်းကို နှေးကွေးစေကာထိရောက်မှုလည်းနည်းသွားမှာပါ။ သင့်အသားအရည်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်ကနေနေ့တိုင်းကာကွယ်တာက အရောင်မညီတာကိုပျောက်ကွယ်သွားစေဖို့ အဓိကကျတဲ့အပြင် သင့်အသားအရည်ကိုလည်းကျန်းမာလှပတဲ့ပုံစံမျိုးပိုပြီးကြာကြာဖြစ်စေနိုင်မှာပါ။ဓါတ်တိုးဆန့်ကျင်အာနိသင် တွေပါဝင်တဲ့ ပစ္စည်းတွေကိုသုံးပါ။ အထူးသဖြင့် ဗီတာမင်Cနဲ့ retinol ကဲ့သို့သောဆဲလ်တွေပေါ် ထိရောက်တဲ့ပစ္စည်းတွေပေါ့။ ဒီလိုကောင်းကျိုးဖြစ်စေတဲ့ ဓါတ်တိုးဆန့်ကျင်တွေနဲ့ ဆဲလ်တွေအတွက်ထိရောက်စေတဲ့ ပစ္စည်း ၂မျိုးဟာ သင့်အသားအရေကိုထပ်ပြီးပျက်စီးသွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သင့်ဆဲလ်တွေကိုပျက်စီးခြင်းကနေ ပြန်လည်ကောင်းမွန်စေတဲ့ အစွမ်းတွေကို မြှင့်တင်ပေးရင်းနဲ့ပေါ့။ ဒီလိုပစ္စည်းပေါင်းများစွာပါဝင်တဲ့ တိုနာနဲ့ Moisturizer (အစိုဓါတ်ထိန်းအလှဆီ)တွေသုံးခြင်းက သင့်အသားအရည်ကိုပြန်လည်ပြုပြင်ပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။အချို့သောပစ္စည်းတွေ ဥပမာ- niacinamideနဲ့ retinol စတာတွေကသင့်မျက်နှာပေါ်က ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ စိတ်အနှောက်အယှက် ဖြစ်စရာအရောတွေအတွက် တကယ်ကောင်းမွန်တဲ့ အရာတွေပါ။ကျွမ်းကျင်ပညာရှင်တွေဆီကအကူအညီရယူပါ။ လေ့လာချက်တွေကတော့ ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ အနီရောင် သို့မဟုတ် အညိုရောင် စတဲ့ အရောင်မညီတဲ့ပြဿနာတွေဟာ Intense Pulsed Light (IPL)ဆိုတဲ့ အလင်းကုထုံးကိုတော့ သုံးရင် အတော်အဆင်ပြေနိုင်တယ် လို့ဆိုပါတယ်။ ဒါကြောင့် သင့်မှာမကြာခင်သွားစရာလာရာလူမှုရေးကိစ္စရှိနေလို့ ဒီအရောင်မညီတာတွေအမြန်ပျောက်စေချင်ပြီးအရေပြား ထိန်းသိမ်းမှုကိုပြီးပြည့်စုံချင်တယ်ဆိုရင် IPL က အဖြေမှန်ဖြစ်ပါလိမ့်မယ်။ (ပိုဆိုးတဲ့ အသားရောင်တွေအတွက်ကတော့ IPL မှာ လေဆာထည့်သုံးဖို့လိုမလိုအရေပြားအထူးကုနဲ့တိုင်ပင်ပါ) အခြားနည်းလမ်းတစ်ခုကတော့ prescription tretioin (Retin-A, Renova) ပါပဲ။ အလှအပဆိုင်ရာအရေပြားအထူးကုက လုပ်ပေးတဲ့ BHA သို့မဟုတ် AHA သုံးပြီးအပေါ်ယံအရေပြားဆဲလ်သေတွေကို ကွာကျခြင်းလုပ်ငန်းစဉ်ကို လစဉ်လုပ်ခြင်းကိုဆိုလိုတာပါ။တကယ်တမ်း ဝက်ခြံအမာရွတ်အစစ်တွေအတွက်ကျတော့ ကုသမှုနည်းလမ်းတွေက မလွယ်ကူလှပါဘူး။ ကြီးကြီးမားမား အသားအရေပျက်စီးမှုနဲ့ အတူဆုံးရှုံးသွားတဲ့ ကော်လာဂျင်တွေကြောင့် သူတို့တွေကိုတော့ ဘယ်အလှကုန်ပစ္စည်းကမှ ပျောက်ကင်းအောင်မလုပ်ပေးနိုင်ပါဘူး။ အရေပြားတစ်ရှူးပြန်ဖြည့်ခြင်း (dermal filler)က ဝက်ခြံအမာရွတ်အပေါက်တွေအရာတွေကို ဖြည့်ပေးနိုင်ပါတယ်။ အကောင်းဆုံးရလဒ် ရဖို့အတွက် ဒီ dermal fillers တွေကို AHA or BHA peeling လုပ်ခြင်းနဲ့ဖြစ်စေသို့မဟုတ် အသေးစားလေဆာကုထုံးနဲ့ဖြစ်စေ ပေါင်းစပ် ကုသပေးနိုင်ပါတယ်။Microdermabrasion (ကိရိယာသုံးပြီးအပေါ်ယံထူထဲ၊ မညီညာသောအလွှာကိုဖယ်ရှားခြင်း)ကလည်းကုသနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပေမယ့် လေဆာကုထုံးသို့မဟုတ် အားပြင်းAHA or BHA peels တွေထက် ပိုပြီးအသားအရေပျက်စီး နိုင်ခြေများပါတယ်။ ဒါ့အပြင် ရလဒ်ကလည်းထူးပြီးတော့ ကောင်းနေတာမျိုးမရှိပါဘူး။အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတစ်ခုစီမှာကောင်းကျိုးရောဆိုးကျိုးပါရှိတာမို့ အရေပြားအထူးကုနဲ့တိုင်ပင်ဖို့ကအရေ ကြီးပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%a1%e1%80%94%e1%80%ae%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%94%e1%80%b2%e1%82%94-%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%99%e1%80%ac/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/how-does-drinking-alcohol-cause-dehydration/
null
null
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/sleep-position-for-heartburn/
အိပ်မပျော်ခြင်းကို ဘယ်လို ထိန်းချုပ်မလဲ
အိပ်မပျော်ခြင်းသည် ကင်ဆာလူနာများ အထူးသဖြင့် အသည်းကင်ဆာ လူနာများတွင် အဖြစ်များသော ပြဿနာ တစ်ခုဖြစ်သည်။ ၎င်းသည် ကင်ဆာ ကုသမှုနှင့် ရောဂါအဖြေ ရှာမှု၏ ပုံမှန်တုံ့ပြန်မှုတစ်ခု ဖြစ်ပုံပေါ်သည်။ သင်သည် အိပ်ယာပေါ်တွင် လဲလျောင်းပြီး အိပ်ပျော်ရန် နာရီပေါင်းများ စွာ ကြာနေသည်။ သင့် နေ့စဉ်ဘဝကို ဆိုးရွားစွာ ထိခိုက်စေ သော အိပ်မပျော်ခြင်းကို ခံစားနေသဖြင့် ပင်ပန်းနေသော် လည်း အိပ်မပျော်နိုင်ပါ။အိပ်မပျော်ခြင်းကို ဘယ်လိုကုသမလဲ။ ပထမဦးစွာ ဆေး ကုသမှု လုပ်လိုပါက သင်၏ ကျန်းမာရေး ထောက်ပံ့သူကို မေးမြန်းရန် လိုအပ်သည်။ သို့သော်လည်း ဤဆောင်းပါးတွင် အိပ်စက်မှု ပြဿနာကို ရင်ဆိုင်ရန် ဆေးမပါသော နည်းလမ်း အချို့ကို ဖော်ပြထားသည်။လူအများစုသည် အသည်းကင်ဆာ ကုသမှု ခံယူနေစဉ် အတွင်း အိပ်ပျော်ရန် အားစိုက်ကြသည်။ သို့သော်လည်း ၎င်း သည် တစ်ခါတစ်ရံ ကျန်းမာရေးအပေါ် ဆိုးကျိုးဖြစ်စေပြီး အခြေအနေကို ပိုဆိုးစေသည်။ မအိပ်ချင်သော အချိန်တွင် အိပ်ယာထဲ လဲနေမည့်အစား အိပ်ခန်းမှထွက်၍ အိပ်ချင်လာ သော အချိန်မှ ပြန်လာခြင်းသည် ပိုကောင်းပါသည်။ ၎င်း သည် အိပ်စက်မှု ပတ်ဝန်းကျင်နှင့် အိပ်စက်မှု အကျင့်အတွင်း ဆက်စပ်မှု ဖြစ်စေပြီး လွယ်ကူစွာ အိပ်စက်ရန် ကူညီပေး သည်။အခြားအကြံများမှာ အိပ်စက်မှု အချိန်ဇယားကို ထိန်း သိမ်းထားပြီး တစ်မှေးမှေးခြင်းကို ရှောင်ကြဉ်ပါ။ တစ်မှေးမှေး ခြင်းကို အလွန်လိုအပ်ပါက မိနစ် ၃၀ သာ သတ်မှတ်ပြီး ညနေ ၃နာရီ မတိုင်ခင်သာ ပြုလုပ်ပါ။ အိပ်ယာပေါ် ရောက် ချိန်တွင် တီဗီကြည့်ခြင်း၊ အစာစားခြင်း၊ စာအုပ်ဖတ်ခြင်း တို့ကို လျော့ချသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ သည် အိပ်စက်ခြင်းကို တားဆီးသော အဓိကအချက်များ ဖြစ် သောကြောင့် ဖြစ်သည်။ဤနည်းလမ်းတွင် ကြွက်သား ဖြေလျော့ခြင်း၊ ဇီဝ တုံ့ပြန် ချက် ( နှလုံး ခုန်နှုန်း စသော စိတ်ဖြင့် ထိန်းချုပ်မထားသော ခန္ဓါကိုယ် လှုပ်ရှားမှုများကို လျှပ်စစ်ကိရိယာတစ်ခု ဖြင့် တိုင်း ကာ ဖော်ပြခြင်း) ၊ စိတ်ကူး လေ့ကျင့်ခြင်း၊ အိပ်ငွေ့ချခြင်း နှင့် တွေးခေါ်မှုများ ရပ်တန့်ခြင်း တို့ပါဝင်သည်။ထိုနည်းလမ်းများကို အထူးပြုထားသော ကျွမ်းကျင်သူ များထံမှ အကြံညဏ်ရယူခြင်းဖြင့် အချို့ကို သင်ကိုယ်တိုင် လုပ်ဆောင်နိုင်သည်။ အသက်ပြင်းပြင်းရှူခြင်း၊ ဆန့်ကား ခြင်း၊ တရားထိုင်ခြင်း၊ ဆုတောင်းခြင်းတို့ကို လေ့ကျင့်ပါ။ နွေးသော ရေဖြင့် ရေချိုးခြင်း၊ ပူနွေးသော နွားနို့တစ်ခွက် သောက်ခြင်းတို့ကိုလည်း အကြံပြု ထောက်ခံပါသည်။ဤကုထုံးသည် အိပ်စက်ခြင်းနှင့် အိပ်စက်မှုပြဿနာများ အကြောင်း ပျက်ပြားနေသော ယုံကြည်မှု နှင့် သဘောထား များကို ဖော်ထုတ်ပြီး ပြောင်းလဲခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် စိုးရိမ်ပူပန်ခြင်းကို မြင့်တက်စေနိုင်သည်။ သိမြင် ခြင်းကုထုံးသည် သဘာဝမကျသော ထုံးနည်းများကို ဖယ်ရှား ခြင်း၊ အိပ်ရေးပျက်ပါက နေ့စဉ် လှုပ်ရှားမှုများအပေါ် သက် ရောက်သည်ကို ပညာပေးခြင်း၊ အိပ်မပျော်ခြင်း၏ အခြေခံ ဗဟုသုတ များကို ပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။ကျန်းမာစွာ အိပ်စက်ခြင်းသည် လက်ရှိ ကျန်းမာရေး အခြေအနေနှင့် အိပ်စက်ခြင်းကို နှောင့်ယှက်သော ပတ်ဝန်းကျင် အချက်များကို ပြောင်းလဲပေးသော နည်းလမ်း တစ်ခုဖြစ်သည်။ အိပ်မပျော်ခြင်းဖြစ်သော လူများကို ၄-၆ နာရီတွင် caffeine နှင့် အရက်မသောက်ရန် မအိပ်ခင်တွင် ပူစပ်သော အစာများ မစားရန် အကြံပေးရသည်။ ထပ်ပေါင်း ၍ အိပ်စက်သော ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် မှောင်ရန် ငြိမ်သက်ရန် သက်တောင့်သက်တာ ရှိရန် ထားရသည်။သင့်တော်သော လုပ်ရိုးလုပ်စဉ် ကိစ္စများမှာ စာဖတ်ခြင်း၊ ကြိုက်နှစ်သက်သော သီချင်းကို နားထောင်ခြင်း၊ ပူနွေးသော ဖျော်ရည် သောက်ခြင်း သို့မဟုတ် ရေနွေးဖြင့် ရေချိုးခြင်းတို့ ဖြစ်သည်။အိပ်မပျော်ခြင်းသည် အသည်းကင်ဆာ လူနာများတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် လူ တိုင်းသည် ဤအခြေအနေကို အခြေခံနားလည်မှု ရှိရန် လိုပြီး သင့်တော်သော ကုသမှုရရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
ကိုယ်ဝန်ဆောင်တွေ မသောက်သင့်တဲ့ ဖြည့်စွက်အားဆေး တွေက ဘာတွေလဲ။
ဖြည့်စွက်အာဆေးတိုင်း ကောင်းတာမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မဖြစ်မနေ သောက်ပေးဖို့လိုတဲ့ ဖြည့်စွက်အားဆေးတွေ ရှိတယ်ဆိုပေမယ့် တချို့ မသောက်သင့်တဲ့အားဆေးတွေလည်းရှိပါတယ်။ တော်ကြာ အားဆေးသောက်တိုင်း ကောင်းတယ်ဆိုပြီး ကိုယ်ဝန်ဆောင်ချိန်မှာ များမနေသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ သောက်မိရင် ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိဆိုသလိုမျိုး ကိုယ်ဝန်အတွက် အကျိုးမပေးတဲ့အပြင် ဆိုးကျိုးဖြစ်စေသလိုမျိုးတောင်ဖြစ်သွားနိုင်တာကြောင့်ပါ။ ဒါ့ကြောင့် ဘယ်လို ဖြည့်စွက်အားဆေး တွေကိုကိုယ်ဝန်ဆောင်ကာလမှာ ရှောင်ဖို့လိုအပ်လဲ။( ၁ ) ဗီတာမင် A။ရင်သွေးလေးရဲ့အမြင်အာရုံနဲ့ခုခံအားစနစ် ဖွံ့ဖြိုးဖို့အတွက်ဗီတာမင် Aလိုအပ်တယ်ဆိုပေမယ့် အများကြီးသောက်မိရင်တော့ မိခင်ရော ကလေးကိုပါ ထိခိုက်စေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် Aဟာ အဆီမှာ ပျော်ဝင်တဲ့ဗီတာမင်တစ်ခုဖြစ်တာကြောင့် သွေးတွင်းမှာ ပိုလျှံနေရင် အသည်းက သိမ်းထားပေးတတ်ပြီး အများကြီးစုလာတဲ့အခါ အသည်းကိုထိခိုက်တာ၊ အဆိပ်သင့်တာနဲ့ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေရှိစေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေမှာပါတဲ့ ဗီတာမင် A နဲ့တင်လုံလောက်တာကြောင့် ဗီတာမင်A သီးသန့် အားဆေး ထပ်သောက်စရာ မလိုပါဘူး။( ၂ )ဗီတာမင် E။မျိုးရိုးဗီဇနဲ့ ခုခံအားစနစ်အတွက် လိုအပ်တဲ့ ဗီတာမင် E ဟာ အဆီမှာပျော်ဝင်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်ဖြစ်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေ မသောက်မိဖို့တော့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗီတာမင် E ဟာရေမြွာရည်ကို စောပေါက်စေပြီး ဗိုက်နာစေလို့ လမစေ့ဘဲ ကလေးမွေးခြင်းကို ဖြစ်စေနိုင်ပါတယ်။( ၃ ) Black Cohosh။Buttercup မျိုးနွယ်တစ်ခုဖြစ်တဲ့ ဒီ black cohosh အပင်လေးဟာဓမ္မတာပေါ်ချိန်ခံစားရတဲ့ဝေဒနာတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ကိုယ်ခန္ဓာပူရှိန်းရှိန်းဖြစ်တာတွေကို သက်သာစေတဲ့ အပင်တစ်ခုပါ။ ဒါပေမယ့်နေ့မစေ့ဘဲ မီးဖွားခြင်းဖြစ်စေတဲ့အတွက်ကြောင့် ကိုယ်ဝန်သည်တွေ မသုံးသင့်တဲ့ အပင်တစ်ခုပါ။( ၄ ) Goldenseal။သာမန် အချိန်မှာဆိုဝမ်းလျှောခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်တယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ berberine က ကလေးတွေရဲ့အသားဝါခြင်း ပြဿနာကို ဆိုးဝါးစေပြီး ကလေးရဲ့ ဦးနှောက်နဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေတာကြောင့် ကိုယ်ဝန်သည်တွေ Goldensea ပါတဲ့ဖြည့်စွက်စာတွေ စားဖို့မသင့်တော်ပါ။( ၅ ) Dong quai။Dong quai ဆိုတာ တရုတ်ရိုးရာ တိုင်းရင်းဆေး အမြစ်တစ်မျိုးဖြစ်ပြီးဓမ္မတာကြောင့် ကိုက်ခဲတာကစလို့သွေးတိုးရောဂါတွေကိုပါ သက်သာစေတဲ့ ဆေးတစ်မျိုးပါ။ ဒါ့ပေမယ့် Dong quai က သားအိမ်ကျုံ့နိုင်အားကို အားပေးတဲ့အတွက်ကြောင့် ကလေးပျက်ကျစေတတ်ပါတယ်။( ၆ ) Yohimbe။အာဖရိကန် အပင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ပင်စည်ကနေ ထုတ်ထားတဲ့ Yohimbe တိုင်းရင်းဆေးဟာပန်းသေခြင်းနဲ့အဝလွန်ခြင်းကို ကုသတဲ့ဆေးတစ်မျိုးပါ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့သွေးတိုး၊ နှလုံးရောဂါနဲ့ အတက်ရောဂါတို့ကို ဖြစ်စေတာကြောင့် ကိုယ်ဝန်သည်တို့ ထိပ်ဆုံးက ရှောင်သင့်တဲ့ တိုင်းရင်းဆေး တစ်မျိုးပါ။( ၇ ) ကိုယ်ဝန်ဆောင်တွေ လုံးဝမသုံးသင့်တဲ့ တိုင်းရင်းဆေးတွေကတော့။အချုပ်အနေနဲ့ ဆိုရရင် ကိုယ်ဝန်ဆောင်တဲ့အချိန်ဆိုတာ ဆေးတွေကို တွေ့ကရာလျှောက်သောက်ဖို့ မသင့်တဲ့ ကာလတစ်ခုပါ။ ဖြည့်စွက်အားဆေးဆိုရင်တောင် မလိုဘဲ မသောက်သင့်ပါဘူး။ ဒါ့ကြောင့် ဘယ်လိုဆေးပဲ သောက်ချင်သောက်ချင် ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/prenatal-supplements/
အမျိုးသမီးများ တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့်ပတ်သက်၍ သင်သိသင့်သည့်အကြောင်းအရာများ
အမျိုးသားတွေလိုပဲ အမျိုးသမီးတွေဟာလည်း လိင်စိတ်ဖြေဖျောက်ကြပါတယ်။ The Journal of Sex Research ရဲ့ လေ့လာမှုအသစ်တစ်ခုက အမျိုးသမီး အတော်များများဟာ အနည်းဆုံး တစ်ပတ်ကို တစ်ခါ လိင်စိတ်ဖြေဖျောက်ကြတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသမီး လိင်စိတ်ဖြေဖျောက်ခြင်း အကြောင်းကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက် လိင်စိတ်ဖြေဖျောက်တဲ့အခါမှာ ကိုယ်ခန္ဓါအနှံ့ သွေးလည်ပတ်မှုဟာ တိုးတက်လာပြီးတော့ နေလို့ကောင်းစေတဲ့ ဦးနှောက်ရဲ့ ဓါတုပစ္စည်းတစ်ခုဖြစ်တဲ့ Endorphins ထွက်လာပါတယ်။ ဒီ ဓါတုပစ္စည်းဟာ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု လျှော့ချပေးခြင်းက စလို့ ရာသီလာချိန်မှာ ဗိုက်နာခြင်းကို သက်သာစေခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိနိုင်ပါတယ်။ အမျိုးသမီးတွေကတော့ လိင်စိတ်ဖြေဖျောက်ခြင်းကို သဘာဝအတိုင်း နာကျင်မှုလျော့ကျစေတဲ့နည်းလို့ ယူဆကြပါတယ်။ ရာသီလာရင် ခံစားရတဲ့ လက္ခဏာတွေဖြစ်တဲ့ ဗိုက်နာခြင်း၊ စိတ်တိုခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ဟာ လိင်စိတ်ဖြေခြင်းအားဖြင့် သငက်သာနိုင်ပါတယ်။ ဒါ့အပြင် မကြာသေးမီက လေ့လာမှုတစ်ခုက လိင်စိတ်ဖြေခြင်းဟာ အိပ်နေစဉ်မှာ ခြေထောက်လှုပ်နေတဲ့ အာရုံကြော ပြဿနာတစ်ခုဖြစ်တဲ့ ခြေထောက်ဂနာမငြိမ်ရောဂါ ကုသမှုကို ထောက်ပံ့ပေးပါတယ်လို့ ဆိုပါတယ်။လိင်စိတ်ဖြေခြင်းဟာ အမျိုးသမီးတွေကို လိင်မှုဆိုင်ရာ သာယာမှုနဲ့ ယုံကြည်မှုကို ပေးစွမ်းပါတယ်။ ဒါဟာ အိမ်ထောင်ရှိတဲ့ အမျိုးသမီးရော အိမ်ထောင်မရှိတဲ့ အမျိုးသမီးရော အတွက် ဆိုလိုတာ ဖြစ်ပါတယ်။ တစ်ကိုယ်ရည် လိင်စိတ်ဖြေဖျောက်တဲ့ အမျိုးသမီးတွေဟာ သူတို့ ကိုယ်ခန္ဓါအကြောင်းကို သိချင်စိတ် ပိုရှိကြပါတယ်။ ဘယ်အရာက နေလို့ကောင်းတယ်၊ ဘယ်လိုလုပ်ခြင်းက နေလို့ကောင်းတယ်ဆိုတာ သိရှိဖို့ ရာနှုန်းများခြင်းကြောင့် တကယ် လိင်ဆက်ဆံမှုပြုတဲ့အခါမှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရှိပြီး ဖြစ်နိုင်ပါတယ်။ လိင်စိတ်အထွတ်အထိပ် မရောက်နိုင်တဲ့ သူတွေအတွက်လည်း လိင်စိတ်ဖြေခြင်းဟာ စိတ်ဖိစီးစရာ၊ ရှက်စရာ မလိုပဲ ဖိအားအမျိုးမျိုး၊ ထိတွေ့ပုံအမျိုးမျိုးနဲ့ စမ်းသပ်ကြည့်နိုင်တဲ့ ကိုယ်ပိုင်အချိန်တစ်ခုပဲဖြစ်ပါတယ်။ ဒါဟာ သူတို့ကို လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ဘယ်လိုပုံ ဘယ်လိုနည်းလုပ်ရမယ်ဆိုတာကို သိမြင်ဖို့ ကူညီပေးနိုင်ပါတယ်။သွေးဆုံးနေစဉ်မှာ အမျိုသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါဟာ ပြောင်းလဲမှုအများကြီးဖြစ်ပေါ်ပါတယ်။ Estrogen ပမာဏ နည်းခြင်းဟာ မိန်းမကိုယ်ကို သွေးရောက်ရှိမှု နည်းပါးစေပြီး မိန်းမကိုယ်ချောဆီထွက်ခြင်းကို လျော့နည်းစေကာ ခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာ သွေးဆုံးပြီး လိင်ဆက်ဆံမှုကို ခက်ခဲစေပြီး နာကျင်စေတာမို့ အမျိုးသမီးရဲ့ လိင်စိတ်ကို လျော့ကျစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရေကို အခြေခံထားတဲ့ချောဆီကို အသုံးပြုပြီး လိင်စိတ်ဖြေခြင်းဟာ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပြီး လိင်စိတ် မြင့်တက်စေပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည် လိင်စိတ်ဖြေခြင်းဟာ မိန်းမကိုယ်ကို ကျဉ်းမြောင်းစေပြီး လိင်ဆက်ဆံမှုကြောင့် နာကျင်စေမှုကို သက်သာစေပါတယ်။University of Michigan က မကြာသေးမီက လေ့လာမှုတစ်ခုအရ တံတွေးကို ချောဆီအဖြစ် လိင်စိတ်ဖြေခြင်းမှာ အသုံးပြုခြင်းဟာ yeast infection ရရှိမှုကို မြင့်တက်စေပါတယ်။ တံတွေးဆိုတာ သဘာဝကပေးထားတဲ့ ဒုတိယအကောင်းဆုံး အလှဆီဆိုတာ မှန်ကန်ပါတယ်။ ဒါပေမယ့် ဒါဟာ မိန်းမကိုယ် ဘက်တီးရီးယားတွေရဲ့ မညီမျှမှုကို ဖြစ်စေပြီးတော့ ရောဂါပိုးဝင်စေပါတယ်။ လုံခြုံစေဖို့ရော အာရုံခံစားနိုင်ဖို့ရောအတွက် အမျိုးသမီးတွေဟာ ရေကို အခြေခံထားတဲ့ ချောဆီတွေကို အသုံးပြုသင့်ပါတယ်။Robert Morris University ရဲ့ စစ်တမ်းတစ်ခုအရ အသက် ၁၈နှစ်ကနေ ၆၀ အထိ အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ လိင်စိတ်ဖြေဖျောက်ဖို့ လိင်အရုပ်တွေကို အသုံးပြုလေ့ရှိပါတယ်လို့ ဖြေကြားပါတယ်။ အသုံးအများဆုံး လိင်ရုပ်တွေကတော့ dildo နဲ့ vibrator တို့ ဖြစ်ကြပါတယ်။ ဒီအရုပ်တွေဟာ အမျိုးသမီးတွေကို လိင်စိတ်အထွတ်အထိပ်ရောက်အောင် ကူညီပေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%90%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba/
ဝက်ခြံတွေပျောက်ဖို့ ရှားစောင်းလက်ပက် ကို ဘယ်လိုသုံးရမလဲ
ဝက်ခြံတွေပျောက်ဖို့ရှားစောင်းလက်ပက်ကို ဘယ်လိုသုံးရမလဲ ဆိုတာ ပြောပြချင်ပါတယ်။ဝက်ခြံဆိုတာ ချွေးပေါက်တွေမှာ အဆီပိုတွေ၊ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေ ပိတ်ဆို့နေခြင်းကြောင့် အဖြစ်များတဲ့ အရည်ပြား ပြဿနာတစ်ခုပါ။ မျက်နှာ၊ ရင်ဘတ်နဲ့ ကျောမှာ နီရဲနေတဲ့ ဝက်ခြံတွေပုံစံမျိုး ပေါက်လေ့ရှိပါတယ်။ရှားစောင်းလက်ပတ်ဟာ ဝက်ခြံတွေအတွက် လူကြိုက်များဆုံးနဲ့ ရှေးအကျဆုံးဆေးတစ်မျိုးပါပဲ။ သူက ဝက်ခြံကိုကုသပေးရုံမကဘဲ အပူလောင်တာ ၊ နေလောင်တာစတာတွေကို ကုသပေးနိုင်ပြီး ၊ အသေးစားထိခိုက်ဒဏ်ရာရရှိမှုတွေကိုပါ သက်သာပျောက်ကင်း စေနိုင်ပါတယ်။သူဟာ cactus-like မျိုးနွယ်ထဲကအပင်တစ်မျိုးဖြစ်ပြီး သူ့အရွက်မှာ ကြည်လင်စေးပျစ်တဲ့အနှစ်တွေပါပါတယ်။ ဒီအနှစ်တွေကို ဒဏ်ရာရှိတဲ့နေရာတွေမှာလိမ်းပေးခြင်းအားဖြင့် အရည်ပြားပြဿနာတွေကို ပိုမိုလျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ရှားစောင်းလက်ပက်မှာ anti-bacterial, anti-inflammatory, astringent, pain inhibitor (နာကျင်မှုကိုလျှော့ချပေးသော) စတဲ့ ဂုဏ်သတ္တိတွေအပြင် အမာရွတ်ကိုလျှော့ချပေးပြီး ဆဲလ်တွေရဲ့ကြီးထွားမှုကိုအားပေးကာ ဝက်ခြံကို သဘာဝကျပြီး ထိရောက်မှုရှိရှိ ပျောက်ကင်းစေနိုင်တဲ့ coagulating agent တွေလည်းပါဝင်ပါတယ်။ သူ့မှာ မရှိမဖြစ်လိုအပ်တဲ့ vitamins နဲ့ သတ္တုဓါတ်တွေ၊ ပရိုတိန်း၊ အမိုင်နိုအက်ဆစ်နဲ့ immune system ကို မြှင့်တင်ပေးနိုင်တဲ့ enzyme တွေပါဝင်ပါတယ်။ ဒီလိုImmune systemကို မြှင့်တင် လိုက်ခြင်းအားဖြင့် အသားအရည်နဲ့ ခန္ဓါကိုယ်က လုပ်ဆောင်ရမယ့် functionတွေကို မှန်ကန်လျင်မြန်စွာလုပ်ဆောင်နိုင်လာပါလိမ့်မယ်။• ရှားစောင်းလက်ပက်မှာ gibberellins နဲ့ polysaccharides လို့ခေါ်တဲ့ ဟော်မုန်းတွေပါဝင်ပြီး ရှားစောင်းဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သတ်ပေးတဲ့ anti-bacterial အနေနဲ့ အလုပ်လုပ်ပါတယ်။• သူက ချွေးပေါက်တွေကိုပိတ်ဆို့စေပြီး ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းဖြစ်စေနိုင်တဲ့ အဆီပို အညစ်အကြေး ဆဲလ်သေ စတာတွေကိုဖယ်ရှားပေးနိုင်တဲ့သဘာဝastringent တစ်ခုပါ။• ဆဲလ်ကြီးထွားမှုကိုအားပေးတာကြောင့် ပျက်စီးနေတဲ့အသားအရည်တွေကို အလျင်အမြန်ပြန်ကောင်းလာစေနိုင်ပြီး အမာရွတ်တွေကိုလည်း လျော့နည်းသွားစေပါတယ်။• သူဟာ ဝက်ခြံကြောင့်ဖြစ်တဲ့ နီရဲရောင်ယမ်းခြင်းနဲ့နာကျင်ခြင်းကို လျှော့ချပေးနိုင်တဲ့ anti- inflammatory အနေနဲ့လည်း လုပ်ဆောင်ပေးပါသေးတယ်။• ဝက်ခြံပေါက်တဲ့နေရာတွေက နာကျင်မှုကို လျှော့ချပေးနိုင်တဲ့ Pain inhibitor အဖြစ်လုပ်ဆောင်ပေးပြီး အသားအရည်ရဲ့ နက်ရှိုင်းတဲ့အလွှာတွေကိုထိုးဖောက်ကာ နာကျင်မှုကိုတားဆီးပေးရင်း ရောင်ယမ်းခြင်းကိုလည်း သက်သာစေပါတယ်။• အမာရွတ်တွေကို ထိရောက်စွာလျှော့ချပေးနိုင်ပါသေးတယ်။ ရှားစောင်းလက်ပတ်အနှစ်ထဲမှာပါဝင်တဲ့ antioxidants တွေက နာကျင်မှုကိုလျှော့ချပေးပြီး အသားအရည်ကိုပြန်လည်ကောင်းမွန်လာစေပါတယ်။ ဇင့်၊ ဗီတာမင် Cနဲ့ E တွေပါဝင်ခြင်းကလည်း အရည်ပြားပေါ်က အမာရွတ်တွေကို အမြန်ဆုံး ပျောက်ကွယ်သွားအောင် ကူညီပေးပါတယ်။ဝက်ခြံကုသနိုင်ဖို့ ရှားစောင်းလက်ပတ်ကို နည်းအမျိုးမျိုး နဲ့ အသုံးပြုကြပါတယ်။ ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း အာက်မှာဖော်ပြထားပေးပါတယ်။ သင့်ခြံထဲမှာ ရှားစောင်းလက်ပတ်တွေစိုက်ထားတာက ပိုကောင်းတာပေါ့။ မျက်နှာမှာပေါက်တဲ့ ဝက်ခြံအပြင် ကျော၊ ရင်ဘတ်နဲ့ ဦးရည်ပြား စတာတွေမှာပေါက်တဲ့ဝက်ခြံတွေကိုလည်း ရှားစောင်းက ကုသပျောက်ကင်းစေနိုင်တယ်လေ။Remedy 1 – ရှားစောင်းလက်ပပ်။• လတ်ဆတ်တဲ့ ရှားစောင်းလက်တံတစ်ခုကိုယူပြီး gel တွေထုတ်လိုက်ပါ။• Gel ကို ဝက်ခြံပေါက်နေတဲ့ နေရာတိုင်းမှာ ပွတ်တိုက်ပေးပါ။• ဝက်ခြံတွေပျောက်သွားဖို့အတွက် တစ်ရက် ၂ကြိမ် သို့မဟုတ် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်တော့ လုပ်ပေးသင့်ပါတယ်။Remedy 2 – ရှားစောင်းလက်ပပ်နဲ့ ရှောက်သီး။• လတ်ဆတ်တဲ့ ရှားစောင်းလက်တံတစ်ခုကိုယူပြီး gel တွေထုတ်လိုက်ပါ။(လက်တံကို ဖြတ်ပြီး အနှစ်တွေကို ခြစ်ထုတ် (ညှစ်ထုတ်)လိုက်ပါ)။• Gel တွေကို ပိုကောင်းလာစေဖို့အတွက် blender ထဲထည့်ပါ။• ရှောက်ရည် သို့မဟုတ် သံပုရာရည်အနည်းငယ်ထည့်ပြီး သမသွားအောင် ထပ်ပြီး blendပေးပါ။• ရလာတဲ့ lotionကို ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။• အိပ်ရာမဝင်ခင်တိုင်း face mask အနေနဲ့ မျက်နှာပေါ်ညတိုင်းလိမ်းပြီး အိပ်ပါ။• တစ်ညလုံးထားပြီး နောက်တစ်ရက်နံနက်မှာ ဆေးကြောလိုက်ပါ။• ဒီနည်းလမ်းကို ဝက်ခြံနဲ့ အမာရွတ်တွေ သက်သာပျောက်ကင်းလာတဲ့အထိ ပုံမှန်လုပ်ပေးပါ။Remedy 3- ရှားစောင်းလက်ပပ်၊ ပျားရည် နဲ့နနွင်း။• လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်gel ထဲကို နနွင်းမှုန့်အနည်းငယ်၊ ပျားရည်၊ နွားနို့နဲ့ နှင်းဆီရည်အနည်းငယ်ထည့်ပါ။• သမအောင်ရောမွှေပြီး ဝက်ခြံပေါက်နေတဲ့ နေရာတွေမှာ လိမ်းပေးပါ။• ၁၅မိနစ်မှ မိနစ် ၂၀ထိထားပြီး ရေနဲ့သန့်စင်အောင် သေချာဆေးကြောပါ။• ဝက်ခြံတွေမကြာခင်ပျောက်ကင်းသွားအောင် ဒီနည်းလမ်းကို ပုံမှန်လေးဆက်လုပ်ပေးပါ။ဝက်ခြံအတွက် ရှားစောင်းလက်ပတ် mask။• လတ်ဆတ်တဲ့ ရှားစောင်း gel ကိုယူပြီး ရေထဲမှာ မိနစ်အနည်းငယ်ခန့်ပြုတ်ပါ။• Paste တစ်ခုရသည်အထိ blend ပြီး ပျားရည်အနည်းငယ်ထည့်ပါ။• သမအောင်ရောမွှေပြီး သင့်အသားပေါ်မှာ mask တစ်ခုလို လိမ်းပါ။ (လိမ်းနေစဉ်မှာ ညင်သာစွာပွတ်ပေးပါ)။• မိနစ်၂၀ခန့်ထားပြီး ရေအေးနဲ့ဆေးချပါ။• ဝက်ခြံပြဿနာတွေကင်းရှင်းသွားအောင် ဒီmask ကို ပုံမှန်လေး လိမ်းပေးပါ။ရှားစောင်းလက်ပတ်ပင်ရဲ့ လက်တံတွေကရတဲ့ ရှားစောင်းလက်ပပ်အနှစ်ကိုသာ အမြဲတမ်းအသုံးပြုပါ။ သူ့မှာက ဝက်ခြံတွေကို ကုသနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေအားလုံးပါဝင်ပါတယ်။ ဒါ့အပြင် သင့်အသားအရည်ကို နာကျင်ယောင်ယမ်းခြင်းနဲ့ အသားအရည် ထိခိုက်စေတဲ့ toxins တွေကနေလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်ကို ဝက်ခြံတွေကင်းဖို့လုံလောက်တဲ့ ပမာဏထိသုံးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။သေချာတာပေါ့။ သူ့မှာ ဒဏ်ရာရထားတဲ့ အရည်ပြားကို ကုသပေးနိုင်တဲ့ စွမ်းအင်ရှိတယ်လေ။ ရှားစောင်းgel ကို external use အဖြစ်သုံးပြီး ရှားစောင်းဖျော်ရည်ကိုတော့ Internal use အတွက်သုံးနိင်တယ်လို့ ဆိုကြပါတယ်။ ဒါက ချွေးပေါက်ပိတ်တာတွေကို ဖယ်ရှားပေးနိုင်ပြီး သွေးသားသန့်စင်စေတဲ့အပြင် နာကျင်ရောင်ယမ်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံဖြစ်စေနိုင်မယ့် ရောဂါပိုးဝင်တာကိုလည်း ကာကွယ်ပေးနိုင်သေးတယ်လေ။ ရှားစောင်းလက်ပတ်ဖျော်ရည်ဟာ ဝက်ခြံတွေကိုကုသပေးရုံမက အဆုတ်ကင်ဆာ၊အမျိုးအစား ၂ ဆီးချို၊ulcerative colitisစတာတွေကို ကုသတဲ့နေရာမှာ ကူညီပေးနိုင်တာမို့ တစ်ရက်ကို တစ်ခေါက်တော့ ရှားစောင်းလက်ပတ် ဖျော်ရည် အနည်းငယ်သောက်သုံးသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/aloe-vera-for-acne-scar/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9f%e1%80%ac-covid-19-%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9e%e1%80%ac%e1%80%b8%e1%80%80/
ကိုယ်ဝန်ဆောင်တွေ ဘာကြောင့် အာထရာဆောင်း ရိုက်ရတာလဲ။
ကိုယ်ဝန်ဆောင်မိခင်တိုင်း အာထရာဆောင်း မရိုက်ဖူးတဲ့သူ ရှားမှာပါ။ကိုယ်ဝန်နဲ့ အာထရာဆောင်းဆိုတာ ခွဲခြားလို့မရအောင်ကို ကိုယ်ဝန်ရှိပြီဆိုတာနဲ့အာထရာဆောင်းရိုက်လေ့ရှိပါတယ်။ ဒါဆို ဘယ်လို အကျိုးကျေးဇူး အကြောင်းအရာတွေရှိလို့ ကိုယ်ဝန်ဆောင်တွေ အာထရာဆောင်း ရိုက်ကြတာလဲ ။ ။ အာထရာဆောင်းရိုက်လိုက်ရင် ဘယ်လို အကြောင်းအရာတွေသိနိုင်လဲဆိုတဲ့ အကြောင်းလေးကို ဒီဆောင်ပါးထဲမှာ ပြောပြပေးတော့မှာပါ။ ။အာထရာဆောင်းဆိုတာ အသံလှိုင်းကို အသုံးပြုပြီး ပုံရိပ်ဖော်တာဖြစ်လို့ ကလေးနဲ့မိခင်အတွက် လုံးဝကို အန္တရာယ်မပေးနိုင်တဲ့ အရာတစ်ခုပါ။ကိုယ်ဝန်ပထမ ၃ လ (ကိုယ်ဝန် ၁ပတ်ကနေ ၁၂ပတ် အတွင်း) မှာအာထရာဆောင်းရိုက်ရင် သိရမယ့်အကြောင်းအရာတွေကတော့။ကိုယ်ဝန်သက်ဒုတိယ၃လ(၁၂ပတ်မှ ၂၄ပတ် ) နှင့်တတိယ ၃ လ( ၂၄ပတ်မှာ အပတ် ၄၀ )အတွင်း အာထရာဆောင်း ထုတ်ပေးနိုင်တဲ့ အဖြေတွေကတော့။ဒါတွေကတော့ ကိုယ်ဝန်ဆောင်တွေကို ဆရာဝန်တွေ ဘာကြောင့် အာထရာဆောင်းရိုက်ပေးလဲ အာထရာဆောင်းကနေ ဘယ်လိုအကြောင်းအရာတွေကို သိနိုင်သလဲဆိုတာနဲ့ အာထရာဆောင်း ဘယ်နှစ်မျိုးရှိလဲဆိုတဲ့ အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/ultrasound-a-trimester-by-trimester-guide/
Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂))
ဆီးချိုအမျိုးအစား၂ဆိုသည်မှာခန္ဓါကိုယ်ကသကြား(ဂလူးကို့စ်) ဓါတ်ကိုချေဖျက်သောလုပ်ငန်းစဉ်ကိုထိခိုက်စေသောနာတာရှည် အခြေအနေတစ်ခုဖြစ်ပါသည်။ ဆီးချို အမျိုးအစား ၂ ရှိပါကသင်၏ ခန္ဓါကိုယ်သည် ကိုယ်တွင်းသကြားပမာဏကိုထိန်းညိပေးသောဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင်ကိုခုခံတွန်းလှန်ခြင်း (သို့)ပုံမှန်သကြားပမာဏကိုထိန်းပေးဖို့လုံလောက်တဲ့အင်ဆူလင်ပမာဏကိုမထုတ်လုပ်နိုင်ခြင်း ဖြစ်နေပါသည်။ဆီးချိုအမျိုးအစား ၂ ကိုပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသော်လည်းအစာကောင်းစွာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်အလေးချိန်ထိန်းခြင်းဖြင့် ရောဂါ အခြေအနေကိုထိန်းချုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းနှင့် အစားအသောက် က သွေးတွင်းသကြားကိုမထိန်းသိမ်းနိုင်ပါကဆီးချိုဆေးသောက်ခြင်း(သို့)အင်ဆူလင်ဆေးထိုးဖို့လိုအပ်ပါမည်။ဆီးချိုအမျိုးအစား ၂ သည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်များပါသည်။ သို့သော် ကလေးများတွင်လည်းအဝလွန်ခြင်းကြောင့်ရောဂါ ဖြစ်ပွားမှု တိုးမြင့်လာပြီဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းမှ အောက်ပါအချက်များကိုထုတ်ပြန်ထားပါသည်။အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ဆီးချိုအမျိုးအစား ၂ ၏ ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်း ဖြစ်ပွားပါသည်။ ဆီးချိုအမျိုးအစား ၂ ကိုနှစ်အတန်ကြာ ဖြစ်နေသော်လည်းမသိဘဲ ဖြစ်နေနိုင်ပါသည်။ အချို့ အဖြစ်များသောရောဂါလက္ခဏာများမှာ။စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပိုမဆိုးအောင်တားဆီးပေးပြီးအရေးပေါ်အခြေအနေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် မြန်မြန် ပြသပါ။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။ခန္ဓါကိုယ်ကအင်ဆူလင်ကိုခုခံတွန်းလှန်သောအခါ နှင့် ပန်ကရိယမှ လုံလောက်သောအင်ဆူလင် ကိုမထုတ်လုပ်နိုင်သောအခါ ဆီးချိုအမျိုးအစား ၂ကိုဖြစ်စေပါသည်။ ကိုယ်အလေးချိန်များခြင်း၊လှုပ်ရှားမှုနည်းခြင်းစသောပတ်ဝန်းကျင်အချက်များနဲ့မျိုးရိုးဗီဇကြောင့် ဖြစ်စေပုံပေါ်သော် လည်းအမှန်တကယ် ဘာကြောင့် ဖြစ်တယ်ဆိုတာမသိရှိပါ။အောက်ပါအချက်များရှိပါကဆီးချို အမျိုးအစား ၂ ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဤရောဂါရှိသည်ဟုသံသယဖြစ်မိပါက ခန္ဓါကိုယ်စစ်ဆေးမှုများ နှင့် ဆရာဝန်ညွှန်ကြားသောအချို့စမ်းသပ်မှုများကိုလုပ်ဆောင်ပါ။ ရောဂါအဖြေရှာစစ်ဆေးခြင်းများတွင် အောက်ပါတို့ပါဝင်ပါသည်။သင့်တွင် ဆီးချိုသွေးချိုရှိပါကရောဂါကိုဘယ်လိုထိန်းချုပ်မလဲဆိုသောအချက်အလက်များကိုဆရာဝန်ကပေးပါလိမ့်မည်။ကံကောင်းစွာပင်ဆီးချိုအမျိုးအစား ၂ ကိုထိထိရောက်ရောက် ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်သည် သင့်အားသွေးတွင်းဂလူးကို့စ် ပမာဏကိုဘယ်နှစ်ကြိမ်စစ်ဆေးရမည် ကိုသင့်အားပြောပြပါလိမ့်မည်။ ရည်ရွယ်ချက် က ရှိသင့်သောပမာဏအတွင်းဆီးချိုကိုထိန်းထားနိုင်ရန်ဖြစ်သည်။သင့်ဆရာဝန်သည် သွေးတွင်းသကြားများလွန်းခြင်းသို့မဟုတ် နည်းလွန်းခြင်း ၏ လက္ခဏာများကိုသတိပြုရန်နှင့် အခြေအနေတစ်ခုစီတွင် ဘာလုပ်ရမည် ဆိုသည်ကိုရှင်းပြပါလိမ့်မည်။ သင့်ဆရာဝန်သည် ဘယ်အစားအစာတွေကကျန်းမာရေးနှင့် ညီညွတ်ပြီးဘယ်အစားအစာတွေကမညီညွတ်သည်ကိုရှင်းပြပါလိမ့်မည်။ဆီးချို အမျိုးအစား ၂ ရှိသူတိုင်းအင်ဆူလင် သုံးရန် မလိုအပ်ပေ။ သင်၏ ပန်ကရိယသည် လုံလောက်သောအင်ဆူလင် ကိုမထုတ်လုပ်နိုင်သောကြောင့် သာအသုံးပြု ရခြင်းဖြစ်သည်။ ညွှန်ကြားသည့် အတိုင်းအင်ဆူလင် အသုံးပြုရန် အရေးကြီးပါသည်။ အခြားကူညီနိုင်သောဆေးပေးခြင်းများလည်းရှိပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဆီးချိုအမျိုးအစား ၂ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်ဆီးချိုအမျိုးအစား ၂ကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။အောက်ပါအသုံးဝင်သောအချက်များသည် ဆီးချိုအမျိုးအစား ၂ကိုရှောင်ရှားရန် ကူညီနိုင်ပါသည်။သင်သည် အဝလွန်နေပါကဆီးချို အမျိုးအစား ၂ ဖြစ်နိုင်ပါသည်။ ကျန်းမာသော မျှတသောစားသောက်ပုံနှင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကူညီပါသည်။ ဤပြောင်းလဲမှုများအလုပ်မဖြစ်ပါကသင့်ဆရာဝန်သည် ဘေးကင်းစွာဝိတ်ချနိုင်သောနည်းလမ်းများကိုပြောပြပေးပါလိမ့်မည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-mellitus-type-2/
Acute stress reaction (စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာသော လတ်တစ်လော သက်ရောက်မှုများ )
ထိုသက်ရောက်မှုများဟာ စိတ်ဖိစီးမှုများခံစားနေရတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ လတ်တလောဆိုတဲ့အဓိပ္ပါယ်ဟာတော့ လျင်လျင်မြန်မြန်ဖြစ်ပေါ်လာပြီး အကြာကြီးရှိမနေပါဘူး။ ထိုသို့သက်ရောက်မှုများဟာပြင်းထန်လေ့ရှိပြီး မမျှော်လင့်ထားတဲ့ဘဝအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ဥပမာ ယာဉ်မတော်တဆဖြစ်ခြင်း ၊ မိသားစုဝင်တစ်ယောက်ယောက်သေဆုံးသွားခြင်း သို့ ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်များကြောင့်ဖြစ်တတ်ပါတယ်။ ယာဉ်တိုက်မှုများဟာ နှစ်စဉ်ဖြစ်ပေါ်နေလေ့ရှိပြီး သင်ဟာလည်း ဒီလိုဖြစ်ရပ်များကြောင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြသ်ပေါ်လာတတ်လတ်တလောသက်ရောက်မှုများဟာ မဒိန်းကျင့်ခံရခြင်း ၊ အိမ်တွင်းပြသနာများ စသည်တို့ကြောင့်လည်းဖြစ်ပေါ်လာတတ်ပါတယ်။ကြောက်စရာကောင်းလောက်သော မတော်တဆမှုများ သို့မဟုတ် သဘာဝဘေးအန္တရာယ်ခံစားနေကြရသူများတွင်တွေ့ရပါတယ်။ ပြည်တွင်းစစ်ပွဲများဖြစ်ပေါ်နေသော နိုင်ငံရှိလူများတွင်လည်းတွေ့ရတတ်ပါတယ်။ စစ်သားတွေဟာလည်းစစ်ပွဲအတွင်းများခြောက်ခြားစရာများကြုံတွေ့ရသောကြောင့်သူတို့ဟာလည်းရောဂါဖြစ်နိုင်ချေပိုများပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရောဂါလက္ခဏာများဟာ စိတ်ဖိစီးမှုကိုတုံ့ပြန်သည့်အနေနဲ့ နာရီပိုင်း မိနစ်ပိုင်းအတွင်းမှာပင်ဖြစ်ပေါ်လာတတ်ပါတယ်။ ထိုလက္ခဏာများဟာ သူ့ဘာသာသင်သာသွားလေ့ရှိပြီး အချို့လက္ခဏာတွေကတော့ ရက်များစွာ သို့ အပါတ်များစွာအထိရှိနေနိုင်ပါတယ်။ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာများဖြစ်တဲ့ စိတ်လှုပ်ရှားခြင်း ၊ စိတ်ဓါတ်ကျခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အတက်အကျဖြစ်နေခြင်း၊ အိပ်မပျော်ခြင်း၊ အာရုံစိုက်မရခြင်း၊ တစ်ယောက်တည်းနေချင်ခြင်း၊ မသာယာဖွယ်အိပ်မက်များ သို့ အတိတ်အကြောင်းအရာများ ပြန်ပြန်အမှတ်ရနေခြင်း၊ အတိတ်ကိုတူးဆွမယ့်အရာမှန်သမျှကိုရှောင်ရှားနေခြင်း(ဆိုလိုတာကတော့ လူများ ၊ အခမ်းအနားများ သို့ အခြားအခြေအနေများဟာ စိတ်ဖိစီးမှုများနှင့် စိတ်ဓါတ်ကျခြင်းများဖြစ်ပေါ်စေသောကြောင့်ဖြစ်ပါတယ် ) ၊ မိမိကိုယ်ကိုပြန်ထိခိုက်နိုင်သည့်အလွန်အကဲတုံ့ပြန်နေခြင်းများ ၊မိမိကိုယ်ကိုအသုံးမကျသောလူတစ်ယောက်နှင့်အခြားလူများနှင့်ကင်းကွာနေသည်ဟုခံစားနေရခြင်း ။ကိုယ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေကတော့..။နှလုံးတုန်ခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း ၊ အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပါတယ်။အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိချင်လျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မမျှော်လင့်ထားတဲ့ဘဝအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ဥပမာ ယာဉ်မတော်တဆဖြစ်ခြင်း ၊ မိသားစုဝင်တစ်ယောက်ယောက်သေဆုံးသွားခြင်း သို့ ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်များကြောင့်ဖြစ်တတ်ပါတယ်။ ယာဉ်တိုက်မှုများဟာ နှစ်စဉ်ဖြစ်ပေါ်နေလေ့ရှိပြီး သင်ဟာလည်း ဒီလိုဖြစ်ရပ်များကြောင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြသ်ပေါ်လာတတ်လတ်တလောသက်ရောက်မှုများဟာ မဒိန်းကျင့်ခံရခြင်း ၊ အိမ်တွင်းပြသနာများ စသည်တို့ကြောင့်လည်းဖြစ်ပေါ်လာတတ်ပါတယ်။ပိုဆိုးစေတဲ့အရာတွေများစွာရှိပါတယ်။ကြောက်စရာကောင်းလောက်သော မတော်တဆမှုများ သို့မဟုတ် သဘာဝဘေးအန္တရာယ်ခံစားနေကြရသူများတွင်တွေ့ရပါတယ်။ ပြည်တွင်းစစ်ပွဲများဖြစ်ပေါ်နေသော နိုင်ငံရှိလူများတွင်လည်းတွေ့ရတတ်ပါတယ်။ စစ်သားတွေဟာလည်းစစ်ပွဲအတွင်းများခြောက်ခြားစရာများကြုံတွေ့ရသောကြောင့်သူတို့ဟာလည်းရောဂါဖြစ်နိုင်ချေပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာများဟာ စိတ်ဖိစီးမှုဖြစ်ရပ်များပြီးတာနဲ့ပျောက်ကင်းသွားလေ့ရှိတာကြောင့်ကုသဖို့မလိုအပ်ပါဘူး။ လက္ခဏာများရဲ့အကြောင်းရင်းကိုနားလည်သိရှိပြီး ထိုအရာများကို သူငယ်ချင်း သို့ မိသားစုဝင်များနှင့်ဆွေးနွေးခြင်းဟာသက့်ကိုကူညီနိုင်ပါလိမ့်မယ်။ သို့သော်လည်းအချို့လူများတွင်တော့ ရောဂါလက္ခဏာများဟာ အတော်ကြာနေတတ်ပါတယ်။အောက်ပါကုသမှုတွေဟာ ကူညီပေးနိုင်ပါလိမ့်မယ်။ထိုကုသမှုဟာတော့ စကားပြော၍ကုသခြင်းဖြစ်ပြီးစဉ်းစားသည့်ပုံစံများကို စိတ်ကျန်းမာရေးပြသနာများကို ပိုဆိုးစေ သို့ ပိုကောင်းစေသည့် အချက်အပေါ်မှာအခြေခံထားခြင်းဖြစ်ပါတယ်။ ထိုကုသမှုဟာ သင့်ရဲ့လက်ရှိစဉ်းစားနေတဲ့ပုံစံကိုနားလည်စေပါလိမ့်မယ်။ အန္တရာယ်ရှိတဲ့ ၊ အကျိုးမပေးတဲ့ ၊ မှားယွင်းနေတဲ့အတွေးများ အကြံများကို သင့်ကိုထောက်ပြပါလိမ့်မယ်။ရည်ရွယ်ချက်ကတော့ သင့်ရဲ့တွေးခေါ်ပုံကိုပြောင်းလဲပစ်ပြီးဒီလိုအတွေးများမှရှောင်ရှားစေနိုင်ဖို့နှင့်သင့်ရဲ့တွေးခေါ်မှုပုံစံကိုပိုပြီးသဘာဝကျပြီး အကျိုးရှိစေနိုင်ဖို့ဖြစ်ပါတယ်။ ထိုကုသမှုကို စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာတဲ့လတ်တလောသက်ရောက်မှုများကိုကုသရာတွင်အသုံးပြုတဲ့အခါ ဒဏ်ရာကိုဦးတည်ပြီး ကုသတဲ့စိတ်ပိုင်းဆိုင်ရာအပြုအမူပြောင်းလဲသည့်ကုသမှုလို့ခေါ်ပါတယ်။ရောဂါလက္ခဏာတွေဟာ ပြင်းထန်ပြိးအချိန်ကြာမြင့်နေလျှင်တော့ ဆွေးနွေးအကြံပေးခြင်းဟာနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ဆွေးနွေးအကြံပေးခြင်းဟာ သင့်ရဲ့စိတ်ဖိစီးမှုများ နဲ့ရောဂါလက္ခဏာများအပေါ်ရင်ဆိုင်ရန်နည်းလမ်းများကိုပြသပေးပါလိမ့်မယ်။ ထိုသို့ပြုလုပ်ခြင်းကိုအပြင်တွင်သာပြုလုပ်လေ့ရှိပြီးအချို့အဖွဲ့အစည်းများကတော့အွန်လိုင်းပေါ်တွင်အချက်အလက်များတင်ပေးထားပြီး အသုံးဝင်နိုင်ပါတယ်။Beta blockerဟုခေါ်သောဆေးဟာ စိတ်ဖိစီးမှုကြောင့်ထွက်ပေါ်လာတဲ့ဟော်မုန်းများကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာများကိုသက်သာစေပါလိမ့်မယ်။ ထိုဆေးဟာ ဆေးစွဲမှာစိတ်မပူရတဲ့အပြင် စိတ်ငြိမ်ဆေးလည်းမဟုတ်သလို ငိုက်မျဉ်းခြင်းနှင့်လုပ်ဆောင်မှုများကိုမထိခိုက်စေပါဘူး။ ထိုဆေးကိုလိုအပ်သလိုသောက်သုံးနိုင်ပါတယ်။ Diazepam ကတော့ စိတ်ငြိမ်ဆေးဖြစ်ပြီးသုံးခဲ၍ အချို့ကိစ္စများအတွက် အချိန်ခဏတာသာ အသုံးပြုပါတယ်။ ထိုဆေးဟာ စွဲသည့်အပြင် ရက်များစွာစွဲသောက်မိလျှင်သူ့ရဲ့အာနိသင်များလျင်မြန်စွာကျသွားပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/acute-stress-reaction-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%82%88%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%bb/
Hypoglycemia (သွေးတွင်း သကြားဓါတ်လျော့နည်းခြင်း)
သွေးထဲတွင် ဂလူးကို့စ် သို့မဟုတ် သကြားဓါတ် နည်းခြင်းသည် သွေးထဲသကြားဓါတ်များပုံမှန် ပမာဏအောက် နည်းပါးသွားသောအခါတွင် ဖြစ်ပွားပါသည်။ ခန္ဓါကိုယ်အတွက် စွမ်းအင် ရင်းမြစ် ဖြစ်သောဂလူးကို့စ် သကြားကိုအစားအစာ မှ ရရှိပါသည်။ကာဗွန်ဟိုက်ဒရိတ် သည် ဂလူးကို့စ် ၏ အစားအစာမှရသောအဓိကရင်းမြစ်ဖြစ်ပါသည်။ ထမင်း၊ အာလူး၊ ပေါင်မုန့်၊ ပြောင်းမုံ့ ညက်ဖြင့် လုပ်ထားသောမုန့်၊ ကောက်ပဲသီးနှံများ၊ နို့၊ သစ်သီးများ နှင့် သကြားလုံးများသည် ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသောအစားအစာများဖြစ်ပါသည်။သရက်ရွက်သည် သွေးထဲသကြားကိုထိန်းချုပ်ရာတွင် အရေးပါသောအခန်းမှ ပါဝင်ပါသည်။ သရက်ရွက်မှ ပြုလုပ်သောအင်စူလင် ဟော်မုန်းသည် ဆဲလ်များစွမ်းအင်ထုတ်ရန် အတွက် ဂလူးကို့စ် သုံးရာတွင် ကူညီပေးပြီးသွေးထဲဂလူးကို့စ် ကိုလျော့ကျစေပါသည်။သွေးထဲဂလူးကို့စ် ပမာဏကိုထိန်းချုပ်ရာတွင် အရေးပါသောအခြားဟော်မုန်းတစ်မျိုးမှာ glucagon ဖြစ်ပြီးသွေးထဲသကြားပမာဏကိုများစေပါသည်။ သရက်ရွက်မှ လုံလောက်သော glucagon ကိုမထုတ်လွှတ်နိုင်သောအခါ သွေးထဲသကြားပမာဏသည် ကျဆင်းပြီးသွေးထဲသကြားဓါတ်နည်းခြင်းကိုဖြစ်စေပါသည်။သွေးထဲသကြားဓါတ်နည်းခြင်းသည် အရွယ်ရောက်ပြီးသူများနှင့် ၁၀နှစ်အထက် ကလေးများတွင် အဖြစ်မများပါ။insulin ဖြင့် ကုသနေရသောဆီးချို သွေးချို လူနာများနှင့် ဆရာဝန် ညွှန်ကြားချက် မရှိဘဲဆီးချိုသွေးချိုကိုကုသနေသောလူနာများတွင် အဖြစ်များပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်းသည် ဟော်မုန်းနည်းပါးခြင်းအကျိတ်ဖြစ်ခြင်းစသောအခြားရောဂါ များကိုကုသမှုများ ၏ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါသည်။သွေးထဲသကြားဓါတ်နည်းခြင်း၏ရောဂါလက္ခဏာများမှာ—။မူးဝေခြင်း၊ တုန်ယင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မကြာခဏချွေးပြန်ခြင်း၊ ဆာလောင်ခြင်း၊ နှလုံးခုန်သံမြန်ခြင်း နှင့် အသားအရောင် ဖျော့တော့ခြင်းတို့ ပါဝင်ပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်းသည် အိပ်နေစဉ် ဖြစ်ပွားနိုင်ပြီးအိမ်မက်ဆိုးများမက်စေနိုင်ပါသည်။သကြားဓါတ်သည် ခန္ဓါကိုယ်အားစွမ်းအင် ထောက်ပံ့ပေးသောကြောင့် သွေးထဲသကြားဓါတ်နည်းသောသူများသည် မောပန်းခြင်း နှင့် မသက်မသာခြင်းများကိုဖြစ်စေပါသည်။ သွေးထဲသကြားရုတ်တရက် လျော့နည်းသွားခြင်းသည် မူးမေ့ခြင်း နှင့် တက်ခြင်းကို ဖြစ်စေပါသည်။အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။သွေးထဲသကြားဓါတ်နည်းခြင်းသည် လျင်မြင်စွာဖြစ်ပွားနိုင်ပါသည်။ အောက်ပါတို့ ဖြစ် ပွားပါကဆရာဝန် နှင့် သွားပြပါ။သင့်တွင် ဆီးချိုသွေးချိုရှိကြောင်းကိုသင်၏ ဆွေမျိုးများအားအသိပေးထားသင့်ပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်းသည် ဆိုးရွှားပါကသတိလစ်ခြင်းနှင့် တက်ခြင်းတို့ကို ဖြစ်စေသောကြောင့် ဖြစ်လာနိုင်သောအရေးပေါ်အခြေအနေများအတွက် ဆွေမျိုးများကိုအသိပေးထားသင့်ပါသည်။Insulin နှင့်ဂလူးကို့စ်တို့သည်မျှခြေတွင်မရှိသောအခါ သွေးထဲသကြားဓါတ်နည်းခြင်းဖြစ် ပေါ်ပါသည်။ ဟောမုန်းမညီမျှခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ။အောက်ပါအချက်များသည် သွေးထဲသကြားဓါတ်နည်းခြင်းကို ဖြစ်ပေါ်စေပါသည်။ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများမရှိခြင်းသည် သင့်အားရောဂါမရနိုင်ဟုမဆိုလိုပေ။ ဤအချက်များသည် ကိုးကားချက်များသာလျှင်ဖြစ်သည်။ ပိုမိုများပြားသောအချက်အလက် များအတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာများသည် သွေးထဲသကြားဓါတ်နည်းခြင်းရှိကြောင်းကို ပြသသောအကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ဆေးရုံတက်နေရာပါကသွေးထဲသကြားဓါတ်နည်းခြင်းကိုသတ်မှတ်ရန် fasting blood sugar tests နှင့် အခြားသွေးစစ်မှုများလုပ်ဆောင်နိုင်ပါသည်။သွေးထဲသကြားဓါတ်နည်းခြင်း ဖြစ်ချိန်တွင် Insulin နှင့် ကလူးကို့စ် ညီမျှခြင်းကိုပုံမှန် ပြန်ရောက်စေရန် သကြားကို ခန္ဓါကိုယ်သို့ အမြန် ထောက်ပံ့သင့်ပါသည်။၁၅မိနစ်မှ ၂၀ မိနစ်အတွင်းပုံမှန် သကြားပမာဏသို့ မရောက်ပါကသရေစာများထပ်မံစားသုံးပြီးနောက် ၁၅မိနစ်မှ ၂၀ မိနစ်တွင် ပြန်လည်စစ်ဆေးကြည့်ပါ။သွေးထဲသကြားဓါတ်နည်းခြင်းကြောင့် သတိလစ်ခြင်းတက်ခြင်းတို့ဖြစ်ပါက glucagon ထိုးဆေးအမြန် ထိုးရန် လိုအပ်ပါသည်။အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်သွေးထဲသကြားဓါတ်နည်းခြင်းကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/hypoglycemia-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%9e%e1%81%be%e1%80%80%e1%80%ac%e1%80%b8%e1%80%93%e1%80%ab%e1%80%90%e1%80%b9%e1%80%b1%e1%80%9c/
ကိုရိုနာအတွက် ဘယ်လိုပြင်ဆင်ကြမလဲ
တစ်ကမ္ဘာလုံး နိုင်ငံပေါင်း ၁၉၀ ကျော် ကူးစက်ခံထားရတဲ့ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေဖို့ မိမိဖာသာ လုပ်သင့်တာတွေ၊ ရှောင်သင့်တာတွေ ပြောပြပေးချင်ပါတယ်။လုပ်သင့်တာ– အစာမစားခင် ဒါမှမဟုတ် ဟင်းမချက်ပြုတ်ခင်၊ သန့်စင်ခန်းဝင်ပြီးရင်၊ နှာစေး၊ချောင်းဆိုးပြီး ရင်လက်ကို သေချာဆေးကြောပါ။ ဆေးတဲ့အခါမှာလည်း ဆပ်ပြာနဲ့ရေသုံးပြီးဆေးနိုင်သလို အယ်လ်ကိုဟော ၆၀% ပါတဲ့ လက်ဆေးရည်နဲ့ဆေးလည်းရပါတယ်။ အနည်းဆုံး စက္ကန့် ၂၀ လောက်ဆေးပေးပါ။ရှောင်သင့်တာ–နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို လက်နဲ့မပွတ်ပါနဲ့။ တကယ်လို့ လက်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေရင် မျက်နှာကိုပွတ်လိုက်ရာကတဆင့် ကိုယ်တွင်းကိုပိုးဝင်သွားနိုင်ပါတယ်။လုပ်သင့်တာ– ကိုရိုနာဗိုင်းရပ်စ်ဝင်ရင်ဖြစ်ပေါ်လာမဲ့ လက္ခဏာတွေကိုသိထားသင့်ပါတယ်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်း စတာတွေအဖြစ်များပြီး တုပ်ကွေးလက္ခဏာတွေနဲ့ဆင်တူပါတယ်။ ကူးစက် ခံရသူအများစုမှာတော့ နှာရည်ယိုခြင်း မဖြစ်တာကိုတွေ့ရပါတယ်။ရှောင်သင့်တာ– အကြောက်မလွန်ဖို့ ပြောချင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးခံရတာနဲ့ ရုပ်ရှင်တွေထဲကလို ဖုတ်ကောင်အဖြစ်ပြောင်းမှာမဟုတ်သလို ချက်ခြင်းလဲကျပြီးသေဆုံးမှာလည်းမဟုတ်ပါဘူး။ လူမှုကွန်ယက်ပေါ် မှာ တက်လာသမျှလည်း အမှန်မဟုတ်ပါဘူး။လုပ်သင့်တာ– အသက် ၆၀ ကျော်လူကြီးတွေ၊ နာတာရှည်ဝေဒနာတစ်ခုခုရှိနေသူတွေဆို ရောဂါကူးစက်ခံရနိုင်ချေ ပိုများတဲ့အတွက် ပိုဂရုစိုက်သင့်ပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်း လိုရောဂါရှိသူတွေ အထူးဂရုပြုပါ။ရှောင်သင့်တာက– ဖျားနေရင်၊ နေထိုင်မကောင်းရင် လူစုလူဝေးရှိတဲ့နေရာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ တတ်နိုင်ရင် ဒီအချိန်ခရီးမသွားပါနဲ့။ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေအားလုံးကို ခရီးသွားလာမှုမလုပ်ရင် အကောင်းဆုံးပါ။ရေနဲ့အစားအသောက်တွေ၊ ဖျားနာလာရင် သောက်သုံးဖို့ဆေးဝါးတွေ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ၊ ကြိုတင်ကာကွယ်ရာမှာသုံးမဲ့ပစ္စည်း တွေ(hand sanitizer, disinfectants, etc.) ကိုအိမ်မှာ အရန်သင့်သုံးဖို့ ဆောင်ထားစေချင်ပါတယ်၊ တစ်နှစ်စာလောက် ကြိုဝယ်ထားဖို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်ခဏခဏ မထွက်ရလောက်တဲ့ ပမာဏလောက်တော့ မှန်းဆပြီး ဝယ်ထားရပါမယ်။ဒီနေ့အချိန်ထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူခုနစ်သိန်းလောက် ကူးစက်ခံခဲ့ရပြီး ဒီအထဲက တစ်သိန်းခွဲကျော်လောက် ရောဂါပျောက်ကင်းသွားကြပါပြီ၊ နိုင်ငံတွေအားလုံးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကို ဟန့်တားဖို့ အစွမ်းကုန်လုပ်ဆောင်နေကြတာကြောင့် သိပ်မကြာခင်အချိန်အတွင်းမှာ ဒီဘေးအန္တရာယ်ကိုကျော်လွှားနိုင် မယ်လို့ တွက်ဆထားကြပါတယ်။– ဖျားနာမယ်၊ချောင်းဆိုးမယ်၊ အသက်ရှူရခက်မယ် စတဲ့သံသယဖြစ်စရာလက္ခဏာတွေ ပြလာခဲ့ရင် ဆရာဝန်ဆီ ဖုန်းဆက်ပြီး ကိုယ့်ရဲ့အခြေအနေကိုပြောပြတိုင်ပင်ပါ။ ဖုန်းဆက်ဖို့အဆင်မပြေရင်တောင် အခုဆို facebook လိုလူမှုကွန်ယက်တွေကနေ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရတဲ့ ဝန်ဆောင်မှုတွေကိုအသုံးပြုပြီး မေးမြန်းနိုင်နေပါပြီ။– ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံပြီလို့ မိမိဖာသာသံသယရှိတာနဲ့ ဆေးရုံ၊ဆေးခန်း တန်းသွားတာမျိုးမလုပ်သင့်ပါဘူး၊ ဒီလိုလုပ်ခဲ့ရင် တခြားသူတွေကိုပါ ကူးစက်သွားနိုင်ခြေအရမ်းများလို့ဖြစ်ပါတယ်။– အများပြည်သူကြားထဲသွားလာတဲ့အခါ နှာချေ၊ချောင်းဆိုးမိရင် လက်မောင်းနဲ့အုပ်ထားပါ၊ ဒါမှမဟုတ် တစ်ရှူး သုံးစွဲပါ။ သုံးစွဲပြီးတဲ့တစ်ရှူးကိုအမှိုက်ပုံးထဲ ချက်ခြင်းစွန့်ပစ်ပြီး လက်ကိုလည်း ဆပ်ပြာသေချာဆေးကြောပါ။– ကိုယ့်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီလု့ိ သံသယရှိရင် မိသားစုဝင်တွေနဲ့ သပ်သပ်ခွဲနေပါ။–နှာခေါင်းစည်းကိုစနစ်တကျအသုံးပြုပါ၊ နှာခေါင်းစည်း ဝတ်ဆင်သင့်တဲ့အခြေအနေ၊ စနစ်တကျဝတ်ဆင်ပုံ၊ အသုံးပြုပုံ၊ စွန့်ပစ်ပုံ စတာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်လေ့လာကြည့်ရှုလို့ ရပါတယ်။– နောက်ဆုံးမှာချင်တာက ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေလျှောက်မသောက်ပါနဲ့။ ကိုရိုနာပိုးက ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေနဲ့ မထိရောက်ပါဘူး။ ရောဂါမဖြစ်အောင် ကာကွယ်နေထိုင်ခြင်း၊ ကျန်းမာရေးအသိရှိခြင်းတို့နဲ့သာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ရေးသားသူ – Dr.Htoo Tint။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%84/
COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ
ကမ္ဘာ့ကပ်ရောဂါCOVID-19ဖြစ်ပွားနေသည်နှင့်အမျှ ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော ကပ်ရောဂါဆိုးကြီးများကို တင်ပြအပ်ပါသည်။ကမ္ဘာ့ကပ်ရောဂါPandemic ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလုံးအတွင်း (သို့) တိုက်ကြီးတစ်တိုက်လုံးအတွင်း (သို့) ကမ္ဘာတဝှမ်းတွင် အချိန်ကာလတစ်ခုအတွင်း၌ ရောဂါတစ်ခု ကူးစက်ပျံ့နှံ့နေခြင်းကို ဆိုလိုပါသည်။1 ကမ္ဘာ့ကပ်ရောဂါဆိုးများနှင့် လူသေနှုန်းများ။2 ကမ္ဘာ့ကပ်ရောဂါများနှင့် သေနှုန်းပြဇယား။၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဟွာနန်ဈေးသို့ သွားရောက်သူများမှ အများအပြားသည်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများဖြင့် ဆေးရုံတက်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တရုတ်နိုင်ငံအခြေစိုက်ရုံးမှ အမျိုးအမည်မသိသေးသော နမိုးနီးယားရောဂါ တစ်မျိုးတွေ့ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံပြည်ပသို့ ပထမဆုံးကူးစက်မှုအနေဖြင့် ထိုင်းနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့သူရှိကြောင်း ထိုင်းအာဏာပိုင်များမှ ကြေညာခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ရောဂါများစတင်ဖြစ်ပွားရာဒေသ ဝူဟန်မြို့မှ ဂျောင်နန်ဆေးရုံသို့ သွားရောက်ကြည့်ရှု ခဲ့ကြသည်။၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ဤရောဂါဖြစ်ပွားနေမှုကို ကမ္ဘာတစ်ခုလုံး နှင့် သက်ဆိုင်သော လူထုကျန်းမာရေးအရေးပေါ်အခြေအနေတစ်ရပ်ဟု ကြေညာချက်ထုတ်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ဤရောဂါကို COVID-19 (CO-corona VI-virus D-disease 19-2019) ဟု အမည်ပေးကြေညာခဲ့သည်။ထိုမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) သည် ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ပျံ့နှံ့သွားခဲ့သည်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ COVID-19 ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာချက်ထုတ်ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အခြားသောဒေသများနှင့်ယှဉ်လျှင် ကူးစက်မှုနှင့် သေနှုန်းအမြင့်ဆုံးဖြစ်နေသော ဥရောပတိုက်သည် COVID-19 ကပ်ရောဂါ၏ ဗဟိုချက်မဖြစ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။မြန်မာနိုင်ငံတွင် ပထမဆုံးသော COVID-19 ရောဂါကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ၂ ဦးစတင်တွေ့ရှိခဲ့သည်။ ယခုအချိန် ၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီ မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19ရောဂါကူးစက်ခံနေရသူပေါင်း ၁၅၅ ယောက်ရှိပြီး ထိုအနက်မှ ၄၃ ဦးသည် ပြန်လည်သက်သာခဲ့ပြီး သေဆုံးသူ ၆ ယောက်ရှိခဲ့ပြီ ဖြစ်သည်။COVID-19 ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက်-။ရေးသားသူ – ဒေါက်တာခိုင်ဝင်း။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7-%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%b7%e1%80%80%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%86%e1%80%ad/
နာတာရှည် နာကျင်မှုဝေဒနာခံစားနေရသူများတွင် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန် သိထားသင့်သည်များ
သင်သည် ညဘက်တွင် အိပ်ရာမှနိုးလာပြီး ပြန်အိပ်မပျော်တော့သည့် အခါမျိုးနှင့် ကြုံဖူးပါသလား။ အကယ်၍သင်သည် နာတာရှည် နာကျင်ခြင်းကို ခံစားနေရလျှင် ၁၀ မိနစ်တာမျှအိပ်ပျော်ရန်ပင် သင့်အတွက်ခက်ခဲနေနိုင်ပါသည်။ ကောင်းမွန်စွာ အိပ်ပျော်မှသာ နေ့စဉ်အလုပ်များလုပ်ဆောင်ရာတွင် အဆင်ပြေမည်ဖြစ်သည်။အိပ်ရေးမဝလျှင် ဦးနှောက်မကြည်လင်တော့ဘဲ နေ့စဉ်အလုပ်များကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် နာကျင်ဝေဒနာခံစားနေရသူများအတွက် ကောင်းမွန်စွာ အိပ်စက်နိုင်မည့်နည်းများကို တင်ပြလိုက်ရပါသည်။အသက်အရွယ်ပေါ်မူတည်ပြီး အိပ်ချိန်ကွာခြားမှုရှိသော်လည်း လူတယောက်သည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၇ နာရီမှ ၉ နာရီထိအိပ်စက်ရန်လိုအပ်သည်။သင်အိပ်စက်နေသော အချိန်တွင် ဦးနှောက်က နောက်နေ့အလုပ်လုပ်နိုင်ရန် အားအင်မွေးနေပါသည်။ ထို့ကြောင့် အိပ်ချိန်လုံလောက်စွာရှိမှ ဦးနှောက်က ကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ထို့အပြင် သင်ယူလေ့လာခြင်း၊ ပြသနာများဖြေရှင်းခြင်း ၊ တိကျစွာဆုံးဖြတ်နိုင်ခြင်း နှင့် တီထွင်နိုင်စွမ်းများ တိုးလာခြင်း စသည့် ကောင်းကျိုးများကိုလည်းရရှိနိုင်ပါသည်။သင်အိပ်စက်နေသော အချိန်တွင် သင့်ခန္ဓာကိုယ်ရှိပျက်စီးနေသော ဆဲလ်များ သည် အသစ်ပြန်လည် မွေးဖွားလာကာ ကြွက်သားများကို သန်မာကြီးထွားစေပြီး ကျန်းမာရေးကို အကျိုးပြုသော ဟော်မုန်းများထွက်လာစေသည်။နာကျင်မှုဝေဒနာများကို ခံစားနေရသူများသည် သန်း ၆၀ ခန့်ရှိပြီး ထိုသူတို့တွင် နာကျင်မှုကြောင့် ညဘက်တွင် အိပ်ရာမှနိုးလာပြီး နိုးနေသောကြောင့် နာကျင်မှုပိုဆိုးကာ သံသရာလည်နေတော့သည်။သင်သည် သတ်မှတ်ရက်မရောက်မီနောက်ဆုံးနေ့များတွင် အလုပ်မပြီးသည့်အခါ ၊ မနက်ဖြန်တွင် စာမေးပွဲရှိသည့်အခါများတွင် အိပ်ရေးပျက်ခံပြီး အလုပ်များကို ကုန်းရုန်းလုပ်လေ့ရှိသည်။ လုံလောက်စွာမအိပ်ရသောသူသည် အလုပ်၊ သင်ယူမှု၊ စဉ်းစားတွေးခေါ်မှုနှင့် ပေါင်းသင်းဆက်ဆံရေးများတွင် လျော့နည်းစေရုံသာမက ကျန်းမာရေးကိုလည်း ထိခိုက်စေသည်။ကြာရှည်စွာ အိပ်ရေးပျက်သူများသည် အဝလွန်ခြင်း၊ သွေးတိုး ၊ဆီးချို၊ ကျောက်ကပ်ရောဂါ ၊ လေဖြတ်ခြင်း စသည်တို့ခံစားရနိင်ပါသည်။ထို့ပြင် အိပ်မပျော်လျှင် ဗိုက်ပိုဆာစေပြီး သင်သည် ပြသနာများဖြေရှင်းရာ၊ ဆုံးဖြတ်ချက်များချရာတွင် ထိခိုက်နိုင်ပြီး သင့်စိတ်ကို သင်တည်ငြိမ်အောင်မထိန်းချုပ်နိုင်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို မိမိသေကြောင်းကြံစည်ခြင်း နှင့် မူမမှန်သော အပြုအမူများဖြစ်လာခြင်း စသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းချက်များဖြစ်လာနိုင်ပါသည်။ထို့ပြင် ညဘက်တွင် မအိပ်စက်ရခြင်းကြောင့် နေ့ဘက်တွင် အိပ်ငိုက်ခြင်းဖြစ်တတ်ပါသည်။ ၎င်းသည်ထိန်းချုပ်မှုမဲ့သော အသေးစားအိပ်ပျော်ခြင်းမျိုးဖြစ်ပြီး ထိုသို့အိပ်ငိုက်ခြင်းသည် သင်သည် ရုပ်ပိုင်းဆိုင်ရာ နိုးနေသော်လည်း သင့်ဦးနှောက်က ခဏတာမျှအိပ်ပျော်သွားခြင်းမျိုးဖြစ်ပါသည်။ သင်သည် ကားမောင်းသူ၊ စက်ယန္တရားများကို ကိုင်တွယ်မောင်းနှင်ရသူဖြစ်ပါက ထိုသို့ဖြစ်ခြင်းသည် သင့်အတွက်အန္တရာယ်ဖြစ်စေပါသည်။သင်သည် နာကျင်ခြင်းကြောင့် တစ်ညလျှင် ၃-၄ ကြိမ်နိုးနေလျှင် ကောင်းမွန်သော အိပ်စက်မှုမျိုးရလိမ့်မည်မဟုတ်ပါ။ အောက်ပါအချက်များ သည် သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေရန် ကူညီပေးပါလိမ့်မည်။·တရားထိုင်ခြင်းနှင့် အခြားသောကုထုံးများ။ကြာရှည်စွာနာကျင်ခြင်းကို ခံစားနေရသော လူနာများသည် ဆေးများစွာသောက်နေရသောကြောင့် ထိုဆေးများ၏ အာနိသင်ကြောင့် အနာသက်သာပြီး အိပ်ပျော်သော်လည်း တရားထိုင်ခြင်း၊ အပ်စိုက်ကုသခြင်း၊ လျှပ်စစ်နည်းဖြင့် အာရုံကြောများကို နှိုးဆွခြင်း နှင့် အာရုံကြောများကို ပိတ်ခြင်း စသည့်နည်းများကိုလည်း အသုံးပြုနိုင်ပါသည်။·အနေအထားပြောင်းပြီး အိပ်ခြင်း။ခါးနှင့် လည်ပင်း နာကျင်သူများသည် ဗိုက်မှောက်ပြီး မအိပ်သင့်ပါ။ ထိုအနေအထားသည် ကျောရိုးမနေအထားမမှန်ဖြစ်စေကာ သင့်နာကျင်မှုကို ပိုဆိုးစေပါသည်။ ပက်လက်အနေအထားအိပ်ပြီး ဒူးအောက်တွင် ခေါင်းအုံးခံအိပ်ခြင်းသည် ကျောရိုးမပေါ်တွင်ဖိအားသက်ရောက်မှုနည်းစေပြီး သင့်ကို ပိုသက်သာစေပါသည်။အိပ်နေစဉ်တွင် အနေအထားပြောင်းလဲမှုမရှိစေရန် ဘေးတစ်ဖက်တစ်ချက်တွင် ဖက်လုံးများထားခြင်း၊ ခွလုံးဖြင့်အိပ်ခြင်းတို့ကိုပြုလုပ်နိုင်သည်။ လည်ပင်းနာသူများအတွက် အထူးထုတ်လုပ်ထားသော ခေါင်းအုံးများကို အသုံးပြုပါ။ လေယာဉ် ၊ ကားလမ်းခရီးတို့ဖြင့် ခရီးသွားရမည်ဆိုရင်လည်း ခရီးသွားရာတွင်အလွယ်သယ်သွားနိုင်သော ခေါင်းအုံးကို ယူသွားခြင်းဖြင့် သင့်လည်ပင်းကိုအနေအထားမှန်စေပါသည်။အိပ်နေစဉ် သင့်ကိုယ်နေကိုယ်ထားသည် အရေးကြီးသလို ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်းတို့ကြောင့်လည်း သင့်ကိုအိပ်ရေးပျက်စေပါသည်။·သဘာဝအတိုင်း အိပ်ပျော်နိုင်ရန်နည်းကိုရှာဖွေပါ။အချို့သူများသည် သူတို့၏နာကျင်ခြင်းကို အစွဲကြီးမားနေခြင်းကြောင့် အိပ်မပျော်ဘဲ ဖြစ်နေတတ်သည်။ ထို့ကြောင့် သင့်စိတ်ကို စင်ကြယ်အောင်ထားပြီး သဘာဝအတိုင်း အိပ်ပျော်နိုင်ရန်နည်းကိုရှာဖွေပါ။အောက်ပါ အနာသက်သာစေနိုင်သောနည်းလမ်းများကို ကြိုးစားကြည့်ပါ။ဦးနှောက်နှင့် ကိုယ်ခန္ဓာသည် ဆက်စပ်နေပါသည်။ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်များခြင်းတို့သည် နာကျင်မှု၏ နောက်ဆက်တွဲ ပြသနာများဖြစ်သည်။ ထို့ကြောင့် နာကျင်မှုကိုခံစားရလျှင် ထိုဝေဒနာကို အစွဲမထားဘဲ သင့်ကိုယ်သင် လက်ခံနိုင်ရန် ကြိုးစားသင့်သည်။ညမအိပ်မီ ရေနွေးဖြင့်ရေချိုးခြင်းပြုလုပ်ပါ။ သင်အနားယူနေချိန်တွင် သင့်ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ရှိသော အနေအထားတွင်နေပါ။ သင့်ကြွက်သားများကို ပြေလျော့စေသော ရိုးရာနည်းများဖြင့် ကုသခြင်း၊ သီချင်းအေးများနားထောင်ခြင်း၊ အနံ့ကုထုံးစသည်တို့သည် သင့်ကြွက်သားများကို ပြေလျော့စေသည်။ ထိုနည်းများဖြင့် ကြွက်သားများ ပြေလျော့သွားသော အခါ သင့်ကိုနှစ်ခြိုက်စွာ အိပ်ပျော်စေပါလိမ့်မည်။အချို့သူများသည် ပတ်ဝန်းကျင်တွင် ဆူညံသံများရှိနေသော်လည်း အိပ်ပျော်သည်။ အချို့မှာမူ ထိုအရာသည် အနှောင့်အယှက်တစ်ခုဖြစ်နိုင်သည်။ သင်ကောင်းမွန်စွာ အိပ်စက်နိုင်လေလေ အိပ်စက်နေစဉ်သင်မသိလိုက်သော ဇီဝဖြစ်စဉ်များသည် ခန္ဓာကိုယ်တွင် ပိုမိုကောင်းမွန်လေလေဖြစ်ပါသည်။ထို့ကြောင့် ကောင်းမွန်သော ပတ်ဝန်းကျင်တွင်အိပ်စက်ခြင်းသည် သင့် ကို အလွယ်တကူအိပ်ပျော်စေသောနည်းလမ်းဖြစ်ပါသည်။သင်သည် တစ်နေကုန် သင့်အနာအကြောင်းကိုတွေးနေလျှင် ထိုမကောင်းသော အတွေးများကြောင့် ညဘက်တွင် အိပ်မပျော်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် အကောင်းမြင်စိတ်နှင့်တွေးပြီး သင်ဝါသနာပါရာ လုပ်ခြင်း၊ မဂ္ဂဇင်း၊ စာအုပ်ဖတ်ခြင်းစသည်တို့ပြုလုပ်လျှင် သင့်နာကျင်မှုဆီစိတ်မရောက်တော့ဘဲကောင်းစွာ အိပ်ပျော်နိုင်သည်။မီလတိုနင်ဆေးသည် အိပ်ချိန်မှန်စေသောဟော်မုန်းဆေးဖြစ်သည်။ ဆေးအမျိုးအစားများစွာရှိရာ သင်သည် အိပ်ပျော်ရန် ဆေးသောက်ချင်လျှင် သင့်ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အိပ်နေစဉ်ဟောက်ခြင်း၊ အိပ်မပျော်ခြင်း စသည့်ကျန်းမာရေးပြသနာများကို ဖြေရှင်းနိုင်ရန် သင့်ကိုအိပ်ရေးပျက်စေသော ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ထိုအခြေအနေများသည် အကြောင်းရင်းများဖြစ်သောကြောင့် ၎င်းတို့ကို အရင်ပျောက်အောင်ကုသသင့်သည်။နာတာရှည်နာကျင်မှု ဝေဒနာကြောင့် အိပ်ရေးမဝခြင်းဖြစ်ရသော်လည်း သင့်ကို အိပ်ရေးပျက်စေသော အခြားအကြောင်းရင်းများစွာရှိနေပါသည်။တစ်ခါတစ်ရံအိပ်ရေးပျက်ခြင်းသည် လက်ခံနိုင်သော်လည်း ရေရှည်အတွက်မကောင်းပါ။ အိပ်မပျော်လျှင် နာကျင်မှုများလည်းမသက်သာနိုင်ပေ။ နောက်ဆုံးအနေဖြင့် သင်သည် ဆေးသောက်ခြင်း၊ စားသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အခြားကုထုံးများပြုလုပ်နေပါလျက် အိပ်မပျော်သော ပြသနာနှင့် ကြုံတွေ့နေရဆဲဖြစ်ပါလျှင် ဆရာဝန်ထံသွားကာ တိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%bd%e1%80%8a%e1%80%b9-%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%99%e1%82%88%e1%80%b1%e1%81%80%e1%80%92%e1%80%94%e1%80%ac%e1%80%81/
Insomnia (ညအိပ်မပျော်ခြင်း )
ညအိပ်မပျော်ခြင်းသည် အိပ်ပျော်သွားဖို့ရာ ခက်ခဲသည့်အခြေအနေ သို့မဟုတ် ကောင်းကောင်း အိပ်စပ်မရသည့်အခြေအနေ သို့မဟုတ် နှစ်မျိုးလုံး ဖြစ်ပါသည်။ အိပ်ချင်လျှင်နေသော်မှ အိပ်ပျော်အောင် လုပ်မရသည့် နာတာရှည်အခြေအနေတစ်ခုလည်း ဖြစ်၏။ ညအိပ်မပျော်ခြင်းဖြစ်လာလျှင် များသောအားဖြင့် မကြည်မလင်နိုးထရတတ်ပြီး နေ့အချိန်တွင် အလုပ်များကို ကောင်းကောင်းလုပ်နိုင်မည် မဟုတ်ပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ မှတ်တမ်းကောက်ယူထားသော လူများ၏ ၂၇%တွင် အိပ်ပျော်ရန် ခက်ခဲကြောင်း တွေ့ရှိရသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များ၏။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများသည် ပြောင်းလဲလွယ်လွန်းပြီး စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျမှု ပိုဖြစ်လွယ်သောကြောင့်ပင်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်သည်။ သို့သော် အသက်ကြီးလေလေ ညအိပ်မပျော်ခြင်းဖြစ်နိုင်ချေ ပိုများလေလေဖြစ်၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ညအိပ်မပျော်ခြင်းကို အိပ်ပျော်ရန်ခက်ခဲခြင်းဖြင့် သိရှိနိုင်သည်။ သို့သော် မအိပ်ရခြင်းကြောင့် ဖြစ်ရသည့် တခြားသောလက္ခဏာများလည်း ရှိနိုင်၏။ ညအိပ်မပျော်ခြင်း၏ အဖြစ်များသော လက္ခဏာများမှာ-။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ညအိပ်မပျော်ခြင်းကြောင့် နေ့ခင်းဖက်အလုပ်များ ကောင်းကောင်းမလုပ်နိုင်ဆိုပါက ဆရာဝန်နှင့် သွားပြရန် လိုအပ်ပါသည်။ ထိုမှသာ သင်အိပ်မပျော်ရသည့် အကြောင်းရင်းနှင့် ကုသပုံကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။အချက်ပေါင်းများစွာကြောင့် ညအိပ်မပျော်ခြင်း ဖြစ်နိုင်၏။ စိုးရိမ်မှုနှင့် စိတ်ကျခြင်းတို့လို စိတ်အခြေအနေများသည် ညအိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သည်။ ကျန်းမာသောလူများတွင်တောင်မှ နေ့စဉ်လုပ်နေသည့် အကျင့်တစ်ချို့ကြောင့် ညအိပ်မပျော်ခြင်း ဖြစ်စေနိုင်ပါသည်။ညအိပ်မပျော်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်အခြေအနေအား ရောဂါအမည်တပ်နိုင်ရန် ဆရာဝန်မှ မေးခွန်းများစွာကို မေးပါလိမ့်မည်။ သင့် အိပ်လိုက်နိုးလိုက်ဖြစ်သည့် ပုံစံကိုသိရန်နှင့် နေ့အချိန် အိပ်ငိုက်သည့်လယ်ဗယ် ဘယ်လောက်ရှိမည်ကို ဆုံးဖြတ်ရန်အတွက် သင့်ကို မေးခွန်းပုံစံများတွင် ဖြည့်ခိုင်းနိုင်ပါသည်။ အိပ်စက်ခြင်းအား မှတ်တမ်းတင်ရန် ဒိုင်ယာရီတစ်ခု ဆရာဝန်မှ ပေးပါလိမ့်မည်။အိပ်မပျော်ရသည့်အကြောင်းရင်းတစ်ခုခုကို ဆရာဝန်မှ သတိပြုမိပါက စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများဖြင့် အောက်ခံအကြောင်းရင်း ရှာပါလိမ့်မည်။ တစ်ချို့ဖြစ်ရပ်များတွင် စမ်းသပ်ရမည့် ပစ္စည်းများလည်း ရှိနေပါက သင်အိပ်ပျော်စဉ် ခန္ဓါကိုယ်လှုပ်ရှားမှုများကို စောင့်ကြည့်မှတ်တမ်းတင်ရန် လိုကောင်းလိုနိုင်ပါသည်။ ဥပမာ ဦးနှောက်လှိုင်းများ၊ အသက်ရှုခြင်း၊ နှလုံးခုန်ခြင်း၊ မျက်လုံးနှင့် ခန္ဓါလှုပ်ရှားမှုများ စသည်။အိပ်ရေး၀၀ အိပ်စက်နိုင်စေရန်အတွက် သင်၏ အိပ်စက်သည့်ပုံစံနှင့် ဆေးများကို ပြောင်းလဲရန် လိုကောင်းလိုနိုင်ပါသည်။ ဆရာဝန်သည် သင့်အား အိပ်ပျော်စေမည့်နည်လမ်းများ၊ အိပ်စက်မည့်နေရာအား ပြင်ဆင်ပုံများပါသည့် အမူအကျင့်ကုထုံးများနှင့် မိတ်ဆက်ပေးနိုင်ပါသည်။ထိုနည်းလမ်းများနှင့် ရောဂါအားမကုသနိုင်လျှင် အိပ်စက်အနားယူစေနိုင်မည့် ဆေးများကို ပေးပါလိမ့်မည်။ ဆရာဝန်မှ သင့်အား အိပ်ဆေးများဖြစ်သော zolpidem (Ambien), eszopiclone (Lunesta), zaleplon (Sonata) or ramelteon (Rozerem) အား အိပ်ပျော်စေရန် ပေးပါလိမ့်မည်။ သို့သော် အိပ်ဆေးများသည် နောက်ဆုံးအဆင့်ရွေးချယ်မှုများ ဖြစ်သောကြောင့် ဘယ်ဆေးများကိုရေတိုသာသောက်ပြီး ဘယ်ဆေးများကို ရေရှည်သောက်ရမည်ကို သေချာသိထားရပါမည်။ဆရာဝန်မှလည်း ဒီတိုင်းဝယ်ယူနိုင်သော ဆေးများကို ပေးနိုင်ပါသည်။ ထိုဆေးများတွင် အိပ်ချင်စိတ်ကို ဖြစ်စေသည်မက ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သော Antihistamine များ ပါရှိပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကညအိပ်မပျော်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ညအိပ်မပျော်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/insomnia-%e1%80%8a%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/schizoaffective-disorder-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9c%e1%80%94%e1%80%b7%e1%80%ba%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%80%e1%80%ad%e1%80%af%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9%e1%80%99%e1%80%9c%e1%80%b2/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/8-things-human-addict-most/
ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း
ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓါတ်တွေက ခန္ဓါကိုယ်မှာဖြစ်တဲ့ရောင်ရမ်းမှုတွေကို ကျဆင်းစေနိုင်သလိုအင်ဆူလင်မတိုးတာကိုလည်း သက်သာစေနိုင်တဲ့လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ ဒီတော့သေချာတာတစ်ခုက ခရမ်းရောင်ပြောင်းဖူးလေးတွေကိုအမျိုးအစား -၂ ဆီးချိုရှိသူတွေ စားသုံးလို့ရတယ်ဆိုတာပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ဖို့နဲ့ အကောင်းဆုံးထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ဆီးချိုရှိသူတစ်ဦးအနေနဲ့ စားသုံးဖို့သင့်တော်တာတွေကတော့ သစ်သီးတွေ၊ ကစီဓါတ်နည်းတဲ့ဟင်းသီးဟင်းရွက်တွေ၊ကောက်နှံတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေနဲ့ ပဲတောင့်ရှည်တွေပေါ့။ ဒီလိုစားသုံးဖို့သင့်တော်တယ်ဆိုတဲ့ စာရင်းထဲမှာကစီဓါတ်များတဲ့ပြောင်းဖူးကတော့ မပါတာအမှန်ပါပဲ။၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရတော့ ခရမ်းရောင်ပြောင်းဖူးစားသုံးတဲ့ ကြွက်ကလေးတွေဟာ ဗိုက်အဆီကျသလို၊သွေးတွင်းကိုလက်စထရောပမာဏလည်းကောင်းမွန်ပြီး၊သွေးပေါင်လည်းကျစေနိုင်တယ်လို့လည်းတွေ့ရှိခဲ့ရပါတယ်။ အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။လေ့လာမှုတွေအရတော့ ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓါတ်ပစ္စည်းတစ်ခုက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို တိုးတက်စေနိုင်သလိုနာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီဓါတ်ကဆဲလ်တွေတွင်းကoxidative stressတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ဒါကြောင့် ခရမ်းရောင်ပြောင်းဖူးလေးကိုဆီးချိုရှိနေသူတွေရော၊ ဆီးချိုမဖြစ်အောင် ကာကွယ်ချင်သူတွေပါစားသုံးလို့ရပါတယ်နော်။ အဝလွန်တာကိုလည်း ကာကွယ်ပေးတယ်ဆိုတော့ အိုကေပေါ့။ ခန္ဓါကိုယ်မှာရောင်ရမ်းမှုတွေဖြစ်နေမယ်ဆိုရင်လည်း ခရမ်းရောင်ပြောင်းဖူးလေးကို စားသုံးမယ်ဆိုရင် သက်သာစေမှာပါ။ ကစီဓါတ်များလို့ မစားရဘူးဆိုပြီး ပြောင်းဖူးမစားရလို့ စိတ်ညစ်နေတဲ့ ဆီးချိုရောဂါရှင်တွေအတွက်တော့ ပြောင်းဖူးလည်း စားရ ကျန်းမာရေးအတွက်လည်းကောင်းတယ်ဆိုတော့ အဆင်ပြေတာပေါ့နော်။ ဒါကြောင့် အရောင်အသွေးထူးခြားမှုကဆေးဖက်ဝင်တယ်ဆိုတာ တကယ်ပါနော်။ ဆီးချိုရှိတဲ့သူတွေအတွက်ရော အဝလွန်မှာစိုးနေသူတွေအတွက်ပါ အဆင်ပြေတယ်ဆိုတော့ဆေးဖြစ်ဝါးဖြစ်လေးြဖစ်ဖြစ် ခရမ်းရောင်ပြောင်းဖူးလေးကို စားလို့ရပါကြောင်း……..။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%9e%e1%80%84%e1%80%b9/
တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့
မိုးလေးအေးပြီးတုပ်ကွေးဖြစ်လွယ် ဖျားနာလွယ်တဲ့ မုတ်သုံကာလကို ရောက်လာပြီနော်။မုတ်သုံရောက်ပြီဆိုရင်အအေးမိတုပ်ကွေး ဖြစ်နိုင်ခြေက အခြား ရာသီတွေထက် ပိုများနေပါတယ်။ ဒီကာလမှာ မဖြစ်မနေ တုပ်ကွေးဖြစ်မှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဂရုစိုက် စောင့်ရှောက်နိုင်လဲ ဆိုတာကလည်း လိုပါသေးတယ်။ ဒီတော့ တုပ်ကွေး အဖြစ်များတဲ့ မုတ်သုံမှာ တုပ်ကွေးကာကွယ်ဖို့ လိုက်နာသင့်တဲ့ အရာတစ်ခုအကြောင်း ပြောပြပေးပါရစေ။တုပ်ကွေးကလည်း အခြားရောဂါတွေလိုပါပဲ။ မဖြစ်ခင်က ကြိုတင် ကာကွယ်တာ အကောင်းဆုံးပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် တုပ်ကွေးရောဂါကနေ ကာကွယ်ဖို့ဆိုရင် မဖြစ်မနေ လိုက်နာဖို့ လိုမှာကတစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ဖို့ပါ။တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာက တုပ်ကွေးကိုတင် မဟုတ်ဘဲ တခြားအသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ရာ​ရောက်ပါတယ်။ ဒီတော့ နေ့စဉ် ဘဝမှာရောဂါပိုးကူးစက်ခံရမှု ကင်းစေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို လိုက်နာကြဖို့ ပြောပါရစေ။တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့အပြင်ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ရာလည်း ရောက်ပါတယ်။ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်သေးတာကလည်း တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်မှုရဲ့ အားသာချက်ပါ။တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပေးတဲ့အထဲကမှ အလွယ်ဆုံး နည်းလမ်းဖြစ်တဲ့ လက်ဆေးတာက ရောဂါ တော်တော်များများ ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုပြောရတာက လက်ဆေးလိုက်တဲ့အခါ လက်ချောင်းမှာ  ကပ်တွယ်နေတဲ့ ဘက်တီးရီးယားတွေဗိုင်းရပ်စ်တွေကို အထိရောက်ဆုံး ဖယ်ရှား လိုက်နိုင်တာ​ကြောင့် လက်ချောင်းတွေ ကနေတဆင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေဆီ ပိုးဝင်ရောက် ကူးစက်တာကနေ ကာကွယ်လိုက်နိုင်လို့ပါ။ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ ပိုးမွှားအများဆုံး ရှိနေနိုင်တာက အရာရာကို ကိုယ်တွယ် ထိတွေ့နေရတဲ့ လက်ချောင်းတွေ ပါ။ ဒါကြောင့် အပြင်က ပြန်လာတိုင်း၊ အစားမစားခင်၊ ညစ်ပေတဲ့ အရာတွေကို ကိုယ်တွယ်ပြီးတိုင်း လက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုလို့ စက္ကန့် ၂၀ ကြာ ဆေးကြောပေးပါ။ ဒါမှ တုပ်ကွေးကာကွယ်ဖို့ရောဂါပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပါ။ရေချိုးတာက ခန္ဓာကိုယ် အရေပြားပေါ်မှာ ကပ်တွယ်နေတဲ့ ပိုးမွှားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းပါ။ မိုးရေတွေစိုလာတဲ့အခါ မိုးရေနဲ့အတူ မမြင်ရတဲ့ အရေပြားကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။ ဒီအခြေအနေမှာဆပ်ပြာတိုက်ပြီး ရေသေချာ ချိုးလိုက်တာက မမြင်ရတဲ့ ဘက်တီးရီးယားတွေကြောင့် အသားအရေ ထိခိုက်တာ၊ အရေပြား ပြဿနာနဲ့ ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ ပိုးမွှားတွေကို ကာကွယ်ရာ ရောက်ပါတယ်။သွားတိုက်တာက ခံတွင်းနံ့ကိုတင် ကောင်းမွန်စေတာ မဟုတ်ဘဲ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီးအသက်ရှူလမ်းကြောင်းကနေတဆင့် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေကို လျှော့ချပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ခံတွင်းသန့်ရှင်းကျန်းမာမှုကနှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသလို ခန္ဓာကိုယ်ကို အာဟာရပြည့်ဝအောင် ဖြည့်တင်းရာမှာရော ကိုယ်ခံအား ကောင်းစေဖို့ပါ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ခံအား ကောင်းမှတော့ တုပ်ကွေး ကာကွယ်ဖို့ အများကြီး စစ်ကူရတာပေါ့။လက်သည်းတွေရှည်နေတဲ့အခါ လက်သည်းတွေအောက်မှာ ဘက်တီးရီးယားတွေ အလွယ်တကူ ပုန်းအောင်းနေနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေက လက်ကနေတဆင့် ကိုယ်ခန္ဓာထဲ ရောက်ရှိမယ်ဆိုရင်ဝမ်းပျက်ဝမ်းလျှောတာအပြင် ကိုယ်ခံအားကို ထိခိုက်စေတာကြောင့် အအေးမိ၊ တုပ်ကွေး အလွယ်တကူ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မုတ်သုံကာလမှာ တုပ်ကွေးကာကွယ်ဖို့ ဆိုရင် လက်သည်းခြေသည်းတွေကို ပုံမှန်ညှပ်ပေးပါ။ဒါတွေအပြင် အာဟာရပြည့်ဝအောင်စားမယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်။ အိပ်ရေးဝအောင် အိပ်မယ်ဆိုရင် မုတ်သုံကာလမှာ တုပ်ကွေးကင်းစင်ပြီး ပျော်ရွှင်နေနိုင်မှာ အသေအချာပါပဲ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/hygiene-can-prevent-cold-flu/
Social anxiety disorder (social phobia) (စိုးရိမ်လွန်သောရောဂါ)
အချို့သောအခြေအနေများတွင် စိုးရိမ်တတ်ကြသည်မှာ ပုံမှန်ဖြစ်သည်။ဥပမာ – ရည်းစားနဲ့ချိန်းတွေ့ခြင်း(သို့)လူအများရှေ့တွင်တင်ပြရှင်းလင်းမှုများလုပ်ခြင်း တို့သည်။အစာအိမ်ထဲတွင် လိပ်ပြာများရောက်နေသကဲ့သို့သောစိတ်လှုပ်ရှားစိုးရိမ်သည့် ခံစားမှုကိုပေးနိုင်ပါသည်။ သို့သော် ဆိုရှယ်ဖိုးဘီးယားဟုခေါ်သော စိုးရိမ်လွန်ခြင်း ရောဂါတွင် နေ့စဉ် လူအများနှင့်ဆက်ဆံရသည်ကို ကြောက်ခြင်း၊စိုးရိမ်ခြင်း၊ကိုယ့်ကိုယ်ကို သတိထားမိနေခြင်း နှင့် ရှက်ခြင်း တို့ဖြစ်နေတတ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများက မိမိကို ဝိုင်းအပြစ်ပြောကြမည်ကို ကြောက်လန့်စိုးရိမ်နေ၍ဖြစ်သည်။စိုးရိမ်လွန်ခြင်းသည် နာတာရှည်ဖြစ်ပွားနိုင်သည့် စိတ်ရောဂါတခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်း၊ဆေးများဖြင့်ကုသခြင်း၊နှင့် စိတ်ဖိစီးမှုများကို မည်ကဲ့သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို လေ့လာသင်ကြားခြင်းတို့ဖြင့် မိမိကိုယ်ကိုယုံကြည်မှုနှင့် အခြားသူများနှင့် ဆက်ဆံမှုတို့အား တိုးတက်ကောင်းမွန်စေပါသည်။လက်ရှိ စိတ်ပိုင်းဆိုင်ရာရောဂါများတွင် တတိယကမ္ဘာ့အဖြစ်အများဆုံး ရောဂါဖြစ်သည်။ အစိုးရ၏စောင့်ကြည့်မှတ်သားထားသော အချက်အလက်စာရင်းများအရ မည်သည့်အချိန်တွင်မဆို လူဦးရေ၏ 7ရာခိုင်နှုန်းသည် စိုးရိမ်လွန်ခြင်းရောဂါကို ခံစားနေကြရသည်။ ဘဝတစ်လျှောက်လုံးရှိ မည်သည့်အချိန်တွင်မဆို ထိုရောဂါဖြစ်ပွားနိုင်သည့် ဖြစ်နိုင်ချေသည် 13ရာခိုင်နှုန်းထက်အနည်းငယ်မျှပင် မြင့်တက်နေသည်ဟုဆိုသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အထူးသဖြင့် ကလေးများတွင် ရှက်တတ်ခြင်း (သို့) အချို့သော ကိစ္စများတွင် စိတ်သက်သောင့်သက်သာမဖြစ်ခြင်း တို့သည် စိုးရိမ်လွန်ခြင်းရောဂါတွင် မရှိမဖြစ်လိုအပ်သော လက္ခဏာများမဟုတ်ပေ။ လူအများနှင့် ဆက်ဆံရာတွင် မိမိ၏သက်သောင့်သက်သာရှိနေမှုရှိမရှိမှာ မိမိ၏ကိုယ်ရည်ကိုယ်သွေး၊အလေ့အကျင့်များနှင့် ဘဝတစ်လျှောက်ခံစားတွေ့ကြုံခဲ့ရမှုများအပေါ်မူတည်ပြီး လွန်စွာကွဲပြားသည်။ အချို့သော ဝေဒနာရှင်များသည် မိမိခံစားရသည်ကို သိပ်မဖော်ပြကြပဲ ပေါင်းသင်းဆက်ဆံရာတွင်ပင်တက်ကြွနေတတ်သည်။နေ့စဉ်တွေ့ကြုံရသော သာမန် စိုးရိမ်မှုများနှင့်ယှဉ်ပါက စိုးရိမ်လွန်ခြင်းရောဂါတွင်။ကြောက်ခြင်း၊စိုးရိမ်လွန်ခြင်း၊အလုပ်၊ကျောင်း (သို့)အခြားသောနေ့စဉ်လုပ်ငန်းဆောင်တာများကို ရှောင်ဖယ်နေခြင်းတို့ပါဝင်လေ့ရှိသည်။စိုးရိမ်လွန်ခြင်းရောဂါတွင် ပါဝင်သောလက္ခဏာများမှာ။ငိုခြင်း၊ဒေါသထွက်ခြင်း၊မိဘများအားတွယ်ကပ်နေခြင်း(သို့) အခြားသော လူမှုဆက်ဆံရေးများတွင် စကားပြောရန်ရှောင်ဖယ်နေခြင်းတို့ဖြစ်တတ်သည်။နှလုံးခုန်မြန်ခြင်း၊အစာအိမ်မအီမသာဖြစ်ခြင်း(သို့) ပျို့ခြင်း၊အသက်ရှူရခက်ခြင်း၊ခေါင်းမူးဝေခြင်း၊။အတွေးများလွင့်မျောရှူပ်ထွေးလာခြင်း၊ဝမ်းပျက်ခြင်း၊ကြွက်သားများတောင့်ခြင်း စသည်ဖြင့်ဖြစ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ပုံမှန်နေ့စဉ်အခြေအနေများကို ထိတ်လန့်ခြင်း၊ရှက်ခြင်း၊(သို့)စိုးရိမ် ပူပန်နေခြင်းတို့ဖြစ်နေ၍ ထိုအခြေအနေများကို ကြောက်ကာရှောင်ဖယ်နေပါက ဆရာဝန်(သို့) စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြသပါ။ ထိုကဲ့သို့သောစိုးရိမ်ပူပန်မှုများက ဆိုးဝါးသော စိတ်ဖိစီးမှုကိုဖြစ်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာပါက စိုးရိမ်လွန်ခြင်းရောဂါ(သို့) အခြားသော ကုသရန်လိုအပ်သည့်စိတ်ရောဂါတခုခုရှိနေတတ်သည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အခြားသောစိတ်ရောဂါများကဲ့သို့စိုးရိမ်လွန်ခြင်းသည် များပြားရှုပ်ထွေးလှသော ပတ်ဝန်းကျင်၏မိမိအပေါ်သက်ရောက်မှုများနှင့် မျိုးရိုးဗီဇများအပေါ်အခြေခံကာဖြစ်ပေါ်သည်။ ဖြစ်နိုင်သောအကြောင်းအရင်းများမှာ –။မျိုးရိုးလိုက်ခြင်း –စိုးရိမ်လွန်ခြင်းသည် မျိုးရိုးလိုက်တတ်သော်လည်း မျိုးရိုးလိုက်ခြင်းကြောင့် မည်မျှဖြစ်တတ်ပြီး ပြင်ပမှလေ့လာသက်ရောက်မှုများကြောင့် မည်မျှဖြစ်တတ်ကြောင်းကို ယခုအထိ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ဦးနှောက်၏တည်ဆောက်ပုံ –ဦးနှောက်ထဲရှိ အမိုင်ဒလာဟုခေါ်သော အရာတခုသည် ကြောက်ရွံ့စိတ်များကို ထိန်းချုပ်သည်။ ထိုအမိုင်ဒလာ လွန်စွာအလုပ်လုပ်နေသော ဦးနှောက်ပိုင်ရှင်များသည် အလွန်ကြောက်တတ်ပြီး လူမှုဆက်ဆံရေးများတွင်လည်း စိုးရိမ်ပူပန်တတ်ကြသည်။ပတ်ဝန်းကျင် –စိုးရိမ်လွန်ခြင်းသည် ပတ်ဝန်းကျင်မှ လေ့လာသင်ယူအတုခိုးလိုက်ခြင်းကြောင့်လည်းဖြစ်တတ်သည်။ အ။ခြားသောသူများ၏စိုးရိမ်ပူပန်နေပုံများကို မြင်တွေ့ပြီးနောက်ဖြစ်လာတတ်သည်။ ပို၍ပြောရလျှင် အရမ်းစည်းကမ်းတင်းကြပ်၍ ချုပ်ချယ်တတ်သော မိဘများ၏ကလေးများနှင့် စိုးရိမ်လွန်ခြင်းရောဂါသည် ဆက်စပ်နေကြောင်းတွေ့ရှိရသည်။စိုးရိမ်လွန်သောရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် –။မိမိ၏မိဘနှစ်ပါးနှင့် မွေးချင်းမောင်နှမများတွင် ထိုရောဂါရှိနေပါကလည်း ပို၍ဖြစ်ပွားနိုင်ချေများသည်။အလှောင်အပြောင်ခံရခြင်း၊အနိုင်ကျင့်ခံရခြင်း၊ဖယ်ကျဉ်ခံရခြင်း၊ထိ။ပါးစော်ကားခံရခြင်း ခံခဲ့ရသည့် ကလေးများတွင်လည်း ပိုမိုဖြစ်ပွားနိုင်သည်။ ထို့အပြင် မိသားစုအရှုပ်အထွေးများ၊လိင်ပိုင်းဆိုင်ရာအစော်ကားခံရခြင်း စသော အတွေ့အကြုံဆိုးများသည်လည်း စိုးရိမ်လွန်ခြင်းရောဂါကိုပိုမိုဖြစ်ပွားနိုင်စေသည်။ဘဝတွင်ဖြစ်ပေါ်လာသည့် အခြေအနေသစ်များကို ရှက်တတ်သော ကလေးများတွင်လည်း ပို၍ဖြစ်ပွားနိုင်ချေရှိနေသည်။သူစိမ်းများနှင့်တွေ့ဆုံရခြင်း၊လူမြင်ကွင်းတွင် မိန့်ခွန်းပြောခြင်း၊(သို့) အရေးကြီးသော ကိစ္စရပ်များကို အလုပ်ခွင်တွင် တင်ပြခြင်းတို့သည်လည်း စိုးရိမ်လွန်သည့် လက္ခဏာများကိုပထမဆုံးအကြိမ် ထုတ်ဖော်ပေးလိုက်နိုင်သည်။ ထိုလက္ခဏာများသည် အများအားဖြင့် အရွယ်ရောက်စ အသက်အရွယ်များတွင် စတင်ဖြစ်ပွားတတ်သည်။မျက်နှာ အကျည်းတန်၍ ပုံပျက်နေခြင်း၊အကြောလိုက်ကာတုန်ခြင်း၊ပါကင်ဆန်ရောဂါရှိခြင်း။နှင့် အခြားသောရောဂါများသည် မိမိကိုယ်ကို အာရုံစိုက်သတိထားမိနေစေပြီး စိုးရိမ်လွန်ခြင်းရောဂါများကို အချို့သောသူများတွင်ဖြစ်ပွားစေတတ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်၏ ကျန်းမာရေးရာဇဝင်၊ထိတွေ့ကြည့်ရှူ စမ်းသပ်မှုနှင့် စိတ်ကျန်းမာရေးအခြေအနေအားစမ်းသပ်မှုတို့အပေါ်မူတည်ပြီး အဖြေရှာအတည်ပြုနိုင်သည်။ မိမိ၏စိုးရိမ်မှုနှင့်ပတ်သတ်သော မေးခွန်းများနှင့် မည်သည့်အရာများက သက်သာစေကြောင်း(သို့)ပိုဆိုးစေကြောင်းများကိုလည်း ဆရာဝန်များမှ မေးမြန်းတတ်သည်။ သွေးစစ်ခြင်း၊ဆီးစစ်ခြင်းတို့ကိုလည်း ပုံစံတူရောဂါလက္ခဏာများဖြစ်ပွားစေတတ်သော ရောဂါများရှိမရှိသိရှိစေရန် စစ်ဆေးတတ်သည်။(ဥပမာ လည်ပင်းကြီးရောဂါ)။အသုံးအများဆုံးသော ကုသမှုနှစ်ခုမှာ စိတ်ပိုင်းဆိုင်ရာဆွေးနွေးကုသမှုနှင့် ဆေးများဖြင့်ကုသမှုတို့ဖြစ်သည်။ ထိုကုသမှုနှစ်ခုလုံးကို ပေါင်းစပ်ကာအသုံးပြုတတ်သည်။နှစ်သိမ့်ဆွေးနွေးခြင်းဖြင့် လူအများစုမှာ သက်သာလာတတ်သည်။ ထိုကုသမှုတွင် သင်သည် မိမိ၏အဆိုးမြင်နေသော အတွေးများကို သိရှိပြောင်းလဲခြင်း၊နှင့် လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင် မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်းစသည်တို့ကို လေ့လာသင်ယူရသည်။ သိစိတ်ဖြင့် အပြုအမူများကိုကုသခြင်း ဟူသော ကုသနည်းမှာ စိုးရိမ်လွန်သောရောဂါများအတွက် အသုံးအများဆုံးသော နှစ်သိမ့်ဆွေးနွေးမှုတစ်မျိုးဖြစ်သည်။ထိုကုသမှုတွင် သင်သည် သင့်၏အကြောက်ဆုံးအခြေအနေများကို ဖြည်းဖြည်းချင်း ရင်ဆိုင်ရသည်။ ထိုကုသမှုဖြင့် မိမိ၏ စိုးရိမ်တတ်သောအရာများကို တွေ့ကြုံသောအခါ ပြန်လည်ဖြန်ဖြေကိုင်တွယ်မှုစွမ်းရည် နှင့် မိမိကိုယ်ကိုယုံကြည်မှုတို့ကို တိုးတက်ကောင်းမွန်စေသည်။ ထိုကဲ့သို့သော အခြားသူများနှင့် ဆက်ဆံမှုစွမ်းရည်နှင့် မိမိကိုယ်ကိုယုံကြည်မှုစွမ်းအားများအား လေ့ကျင့်သင်ကြားမှုတို့တွင် သင်သည် ပါဝင်ဆောင်ရွက်ရနိုင်သည်။စိုးရိမ်လွန်ရောဂါကိုကုသရန် များပြားလှသော ဆေးမျိုးစုံကို အသုံးပြုကြသည်။ သို့သော် SSRI တို့သည် ဆက်လက်တည်ရှိနေသည့် စိုးရိမ်လွန်ရောဂါ၏ လက္ခဏာများကို ကုသရန်သုံးသည်။paxil (သို့) zoloft တို့ကို ဆရာဝန်မှ အသုံးပြုတတ်သည်။SNRI ၊ venlafaxine တို့ကိုလည်း အသုံးပြုနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန် ဆေးများ၏ပမာဏအနည်းငယ်သာစတင်ပေးတတ်ပြီး တဖြည်းဖြည်းချင်းတိုးမြှင့်ပြီးမှ ဆေးပမာဏအပြည့်ကို ပေးတတ်သည်။ သင့်၏ရောဂါလက္ခဏာများသိသိသာသာ တိုးတက်ပျောက်ကင်းရန် အပတ်ပေါင်းများစွာမှ လပေါင်းများစွာကြာမြင့်နိုင်သည်။သင်၏ဆရာဝန် (သို့) စိတ်ကျန်းမာရေးအထူးကုမှ ပေးနိုင်သည့် အခြားသောဆေးများမှာ –။စိတ်ကျရောဂါပျောက်ဆေးများ – မိမိအား အသင့်တော်ဆုံးနှင့်အထိရောက်ဆုံး စိတ်ကျရောဂါပျောက်ဆေးအား ရှာတွေ့ရန် စိတ်ကျရောဂါပျောက်ဆေးပေါင်းများစွာကို အသုံးပြုရတတ်သည်။ဗန်ဇို ဒိုင်ယာဇီပန် သည်သင်၏စိုးရိမ်မှုကို လျှော့ချနိုင်သည်။ ထိုဆေးများသည် လျင်မြန်စွာသက်သာစေတတ်သော်လည်း ဆေးအား စွဲလမ်းစေတတ်သောကြောင့် အချိန်တိုကာလတစ်ခုအတွက်သာ အများအားဖြင့် အသုံးပြုရသည်။ သင်၏ဆရာဝန်မှ စိုးရိမ်မှုလျော့ပါးစေသည့် ဆေးများပေးလာပါက လူမှုဆက်ဆံရေးအခြေအနေတခုထဲမရောက်ခင်။ထိုဆေးများသည် မိမိအပေါ်မည်ကဲ့သို့သက်ရောက်မှုရှိကြောင်းသိရှိရန် အရင်သောက်သုံးကြည့်သင့်သည်။ထိုဆေးများသည် အက်ပီနက်ဖရင်း၏ အာနိသင်ကို လျှော့ချပိတ်ပင်ကာ နှလုံးခုန်နှုန်း၊သွေးပေါင်ချိန်၊နှင့် အသံတုန်ခြင်း၊လက်တုန်ခြင်းတို့ကို လျှော့ချပေးသည်။ ထို့ကြောင့် ထိုဆေးများအား မကြာခဏမဟုတ်ပဲ တခါတရံ ဥပမာ မိန့်ခွန်းပြောခံနီးသာ အသုံးပြုပါက အကောင်းဆုံးထိရောက်မှုရှိနိုင်သည်။ ထိုဆေးများကို စိုးရိမ်လွန်ခြင်းအား ပုံမှန်ကုသရန်သုံးခြင်းကိုကား ခွင့်မပြုထားပေ။ စိုးရိမ်မှုလျော့ပါးစေသည့် ဆေးများကဲ့သို့ပင် ထိုဆေးများကိုလည်း ကြိုသောက်သုံးကြည့်ခြင်းဖြင့် မိမိအားမည်ကဲ့သို့သက်ရောက်မှုရှိကြောင်းကို စမ်းသပ်နိုင်သည်။အာနိသင်မပြသေးခင် အချိန် ရောဂါလက္ခဏာမပျောက်သေးမီကာလအတွင်းတွင် ဆေးများအား မဖြတ်ပါနှင့်။ စိတ်ပိုင်းဆိုင်ရာကုသမှုများကိုလည်း အပတ်ပေါင်း၊လပေါင်းများစွာ ကြာမြင့်သည့်တိုင် ဆက်လက် ခံယူသင့်ပါသည်။ မိမိနှင့် သင့်တော်သောဆေးမှာ အမှားအယွင်းဖြစ်နိုင်ပြီး တရားရင်ဆိုင်ရနိုင်သည်အထိ ဖြစ်တတ်သည်။အချို့သော သူများတွင် စိုးရိမ်လွန်ခြင်း၏လက္ခဏာများသည် အချိန်ကြာသည်နှင့် ပျောက်ကွယ်သွားတတ်ပြီး ထိုအချိန်တွင် ဆေးအားဖြတ်ပစ်လိုက်နိုင်သည်။ အချို့သောသူများသည် ရောဂါ ပြန်ဖြစ်မှုအားကာကွယ်ရန်နှစ်ပေါင်းများစွာအထိ ဆေးအားစွဲသောက်ရသည်လည်းရှိသည်။ထိရောက်သောကုသမှုဖြစ်စေရန် ရက်ချိန်းများနှင့် ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြသသောက်သုံးသင့်ပါသည်။ထို့ပြင် မိမိရောဂါအခြေအနေပြောင်းလဲမှုများကို ဆရာဝန်အား အသိပေးမေးမြန်းသင့်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် စိုးရိမ်လွန်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အားကစားပုံမှန်လုပ်ပါ – အလွန်အကျွံမလုပ်မိစေရန် တဖြည်းဖြည်းချင်းအစပျိုးပါ။ လုပ်ရမည့် လေ့ကျင့်ခန်းအစီအစဉ်ကို နည်းနည်းချင်းစီသာ တိုးမြှင့်တည်ဆောက်ပါ။ တစ်ပတ်လျှင် အနည်းဆုံး 2နာရီခွဲခန့်ပုံမှန်အလယ်အလတ်သာပြင်းထန်မှုရှိသည့် လေ့ကျင့်ခန်းများကို ဆောင်ရွက်ပါ။ပထမဆုံးအပတ်၏ တစ်နေ့လျှင်ဆယ်မိနစ်(သို့)ထို့ထက်ပို၍ လှုပ်ရှားမှုပြုခြင်းသည် လုံလောက်ကာအဆင်ပြေလှပါသည်။ညတိုင်းအချိန်မှန် အိပ်စက်ခြင်းဖြင့် အိပ်ရေးဝပါစေ။ မိမိအိပ်မည့်အခန်းအား စူးစူးဝါးဝါး အလင်းရောင်မရှိပဲ တိတ်ဆိတ်နေခြင်းဖြင့် ညတွင် ကောင်းကောင်းအိပ်ပျော်ကာ အာရုံပြန့်ခြင်းတို့ကို ကာကွယ်ပေးသည်။အဆီနည်းပြီး အမျှင်ဓါတ်များပြားသည့် အစားအစာများကို ရွေးချယ်စားသောက်ကာ သင့်တင့်မျှတသည့် စားသောက်မှုပုံစံများကိုသာကျင့်သုံးပါ။ကဖင်းဓါတ်ပါဝင်သော သောက်စရာများနှင့် အစားအသောက်များ ဥပမာ ချောကလက်၊ကော်ဖီများသည် စိုးရိမ်မှုကို တိုးပွားစေနိုင်၍ ရှောင်ကြဉ်ပါ။စိတ်အားအပန်းပြေစေနိုင်သောလေ့ကျင့်မှုများကို စမ်းသပ်ဆောင်ရွက်ပါ။ အချို့သော အသက်ရှူလေ့ကျင့်ခန်းများနှင့် ကြွက်သားဖြေလျှော့မှုများသည် စိုးရိမ်မှုအား လျော့ကျရန် ကူညီသည်။မိမိ၏အတွေး အခေါ်များကို ပြောင်းလဲပါ။ အကောင်းဘက်မှ အပြုသဘောဆောင်၍တွေးခြင်းသည် မိမိ၏ခံစားမှုများကို ပြောင်းလဲစေတတ်ပြီး စိုးရိမ်ပူပန်မှုများကို လျော့ကျစေသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/social-anxiety-disorder-social-phobia-%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%b9%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%b1%e1%80%9b%e1%80%ac/
COVID_19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေ
၂၀၁၉ နှစ်ကုန်ပိုင်းကနေစပြီး ကူးစက်ပျံ့နှံ့လာခဲ့တဲ့ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင် စတင်ခဲ့တဲ့တရုတ်ပြည်သာမက ကမ္ဘာ့နိုင်ငံတော်တော်များများကိုပါ ကူးစက်ပြီး သေဆုံးမှုတွေလဲ ရှိလာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာထားပြီးဖြစ်သလို လူအတော်များများကလည်း ကိုရိုနာဗိုင်းရပ်စ်ကိုကြောက်ရွံ့နေကြပါတယ်။ကိုဗစ်ဟာ ကူးစက်နိုင်စွမ်းမြင့်မားပေမယ့် အသေအပျောက်နှုန်းကတော့ နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းပဲရှိတာမို့ အရမ်းကြီးစိုးရိမ်ထိတ်လန့်စရာတော့ မဟုတ်လှပါဘူး။ သို့သော်လည်း ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ခုခံအားကျဆင်းနေသူတွေ၊ နဂိုရောဂါအခံတစ်ခုခုရှိသူတွေ၊ ခုခံအားကျစေတဲ့ စတီးရိုက်လိုဆေးတွေသောက်သုံးနေရသူတွေ၊ ကင်ဆာရောဂါသည်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့  အသေအပျောက်ပိုမိုရှိနိုင်တဲ့အတွက် အထူးဂရုပြုဖို့တော့လိုပါတယ်။ ဒါ့အပြင်COVID_19 ရောဂါအကြောင်းကို လူတွေကို နှိုးဆော်ခဲ့တဲ့ အသက်သုံးဆယ်ကျော်သာရှိသေးတဲ့ တရုတ်လူငယ်ဆရာဝန်ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့တာကလည်း ဒီဗိုင်းရပ်စ်ကိုပေါ့ပေါ့ဆဆ သဘောထားဖို့ မသင့်တဲ့အကြောင်းဖော်ပြေနေပါတယ်။အမေရိကန်ကူးစက်ရောဂါတိုက်ဖျက်ရေးနဲ့ကာကွယ်ရေးစင်တာကCOVID_19နဲ့ပတ်သက်လို့အများပြည်သူတွေ လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီလိုပါ။(၁) လက်ခဏခဏဆေးပါ။ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး လက်ကို တံတောင်ဆစ်အထိ ကျကျနနသေသေချာချာ ဆေးကြောခြင်းဟာ COVID_19 ဗိုင်းရပ်စ်ကူးစက်မှု ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ငွေကုန်ကြေးကြလည်းမများစေသလို လူတိုင်းလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။(၂) အပြင်ကနေအိမ်ပြန်ရောက်တာနဲ့ ဝတ်လာတဲ့အဝတ်အစားတွေကို တန်းချွတ်ပြီး လျှော်မယ့်နေရာမှာထားပါ။ ဒါမှမဟုတ် ကျွတ်ကျွတ်အိတ်တစ်ခုခုနဲ့ ကျကျနနထုပ်ပိုးပါ။ အခြားသူတွေ၊ ကလေးသူငယ်တွေကို ပွေ့ဖက်နမ်းရှုံ့တာမျိူးမလုပ်ခင် မျက်နှာသစ်ပါ။ လက်ကို သေသေချာချာ ဆပ်ပြာနဲ့ဆေးပါ။(၃) ဆပ်ပြာနဲ့ရေအလွယ်တကူမရနိုင်တဲ့နေရာတွေအတွက်ရေမလိုလက်ဆေးဆပ်ပြာရည်hand gel ဆောင်ထားပါ။ လက်တွေကို hand gel နဲ့မကြာခဏ သန့်ရှင်းပါ။(၄) ဖျားနာတဲ့အခါ၊နှာစေးချောင်းဆိုးလည်ချောင်းနာဖြစ်တဲ့အခါ တခြားသူတွေနဲ့ အထိအတွေ့မရှိအောင်နေပါ။ အပြင်ထွက်တာ၊ အလုပ်သွားတာမျိူးရှောင်ကြဉ်ပါ။ အိမ်မှာပဲ နားနားနေနေနေပါ။(၅) နှာချေ၊ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို လက်ကိုင်ပုဝါ ဒါမှမဟုတ် လက်နဲ့အုပ်ပြီးမှ ချေပါ။(၆) မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို လက်နဲ့ပွတ်တာမျိူးမလုပ်ပါနဲ့။(၇) လက်ကိုင်တယ်လီဖုန်းလိုမျိုးဗိုင်းရပ်စ်ထိတွေ့မှုရှိနေနိုင်တဲ့ ပစ္စည်းတွေကို hand gel နဲ့ ပွတ်တာလိုမျိူးနဲ့ သန့်ရှင်းပေးပါ။(၈) အာဟာရပြည့်ဝအောင်စားသုံးပါ။(၉)လူစုလူဝေးတွေကိုရှောင်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/do-and-dont-covid/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/what-does-semen-taste-like/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9b%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/singing-benefits/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnant-women-with-hepatitis/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-brighten-the-skin/
ဝက်ခြံတွေရှိနေစဉ်မှာ ဘယ်လိုချေးချွတ်မလဲ
ဝက်ခြံဆိုတာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံတွေက ခန္ဓါကိုယ်အပေါ်ပိုင်း မျက်နှာ၊ ရင်ဘတ်၊ လည်ပင်း၊ ကျောနဲ့ ပုခုံးစတာတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းကတော့ အရေပြားရဲ့ အဆီဂလင်းတွေက ဆီတွေအများကြီးကိုထုတ်ပေးပြီး အဲဒီ ဆီတွေက ချွေးပေါက်တွေကိုပိတ်စေကာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေပေါက်ဖွားပျော်မွေ့ဖို့ ကြားခံနယ်ကို ပြည့်စုံစွာဖွံ့ဖြိုးလာစေလို့ဖြစ်ပါတယ်။ချေးချွတ်ခြင်းက အသားအရေရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ပိုပြီးကြည့်ကောင်းလာစေကာ ချွေးပေါက်ပိတ်နေတာကိုလည်းလျော့နည်းစေပါတယ်။ချေးချွတ်ခြင်း (Exfoliation) ဟာ ဓါတုဆေးသုံးတာလည်းဖြစ်နိုင်သလို သဘာဝပစ္စည်းတွေသုံးတာလည်းဖြစ်နိုင်ပါတယ်။ ဓါတုဆေးသုံးချေးချွတ်ခြင်းမှာတော့ glycolic acid ကဲ့သို့သော ဓါတုပစ္စည်းတွေကို ဆဲလ်သေတွေရှိနေတဲ့ အရေပြားအပေါ်ယံလွှာကို ပျော်ဝင်စေခြင်းအားဖြင့် ဖယ်ရှားပေးပါတယ်။ဓါတုဆေးသုံးချေးချွတ်ခြင်း ဟာ chemical peels (ဓါတုဆေးသုံးချေးချွတ်နည်းတစ်မျိုး) ပုံစံပါပဲ။ Physical exfoliation (ရုပ်ပိုင်းဆိုင်ရာချေးချွတ်ခြင်း) မှာတော့ သဘာဝပစ္စည်း တွေဖြစ်တဲ့ sugar granules (သကြားခဲ)တွေလိုပစ္စည်းတွေကို ဆဲလ်သေတွေရှိတဲ့ အရေပြားအပေါ်ယံလွှာကိုဖယ်ရှားဖို့သုံးပါတယ်။အသားအရေကိုထိခိုက်စေနိုင်တဲ့ (အစင်းရာထင်စေနိုင်တဲ့) သဘာဝပစ္စည်း တွေ ဥပမာ apricot kernels (အသီးတစ်မျိုး)ကို အသုံးပြုခြင်း ရှောင်ကြဉ်ပါ။သင့်မှာ ဝက်ခြံတွေရှိနေမယ်ဆိုရင် ညင်သာစွာချေးချွတ်ပေးပါ။ ဆိုလိုတာက သင့်အသားအရေအတွက် ကြမ်းတမ်းလွန်းတဲ့ ဓါတုပစ္စည်း တွေနဲ့ အသားအရေကို ရောင်ရမ်းနာကျင်စေမယ့် သဘာဝပစ္စည်း တွေကိုရှောင်ကြဉ်ပါ။ ပြင်းအားများလွန်းတဲ့ ချေးချွတ်ခြင်းဟာ (အင်အားသုံးတာဖြစ်စေ အကြိမ်ရေများတာဖြစ်စေ ) ဝက်ခြံတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ ပိုလုပ်လေ ပိုဆိုးလေပါပဲ။ချေးချွတ်ပြီးတာနဲ့ မျက်နှာကို အစိုဓါတ်ဖြည့်တင်းပေးပါ။ မျက်နှာသန့်စင်ချိန်မှာ ဆုံးရှုံးသွားတဲ့ သဘာဝအဆီတွေကို ပြန်မဖြည့်ပေးဘူးဆိုရင် သင့်အသားက သဘာဝအဆီထုတ်လုပ်မှုကို ပိုတိုးစေပါလိမ့်မယ်။ သင့်အသားအရေ အတွက် ထုတ်လုပ်ထားတဲ့ moisturizer (အစိုဓါတ်ထိန်းအလှကုန်) ပုံစံမျိုးကိုရွေးချယ်ပါ။ဆိုလိုတာက သင်ရွေးချယ်လိုက်တဲ့ moisturizer ဟာ အဆီမပါဝင်တာနဲ့ ချွေးပေါက်မပိတ်စေအောင် ထုတ်လုပ်ထားတာမျိုးဖြစ်နေရပါမယ်။ မျက်နှာမှာသုံးဖို့ထုတ်ထားတဲ့ပစ္စည်းတွေကိုပဲ မျက်နှာပေါ်မှာသုံးပါ။ ဥပမာ ကိုယ်ခန္ဓါလိမ်းဖို့ထုတ်လုပ်ထားတဲ့လိုးရှင်း တွေကို မျက်နှာမှာလိမ်းတာမျိုးမလုပ်ပါနဲ့။Citric acid or alpha-hydroxy-acid စတဲ့ ချေးချွတ်ဆေး တွေကိုအသုံးပြနေစဉ်မှာ သင့်အရေပြားထိန်းသိမ်းခြင်းအစီအစဉ်ထဲမှာ ချေးချွတ်ခြင်းကို ထပ်မထည့်ပါနဲ့တော့။ မျက်နှာကိုအခြောက်ခံတဲ့အချိန်မှာ ပုတ်ပြီးသုတ်ပေးပါ။ မပွတ်ပါနဲ့။ လိမ်းဆေး တွေကို ညွှန်ကြားထားတဲ့ အကြိမ်အရေအတွက်နဲ့ ပမာဏအတိုင်းသာ အသုံးပြုပါ။ချွေးပေါက်ပိတ်စေနိုင်ပြီး ဝက်ခြံတွေကိုပိုဆိုးစေနိုင်တဲ့ ဆဲလ်သေတွေကို ဖယ်ရှားရှင်းလင်းဖို့ peels, professional scrubs၊ microdermabrasion စတဲ့ ချေးချွတ်ဆေး အလှကုန် တွေကို အသုံးပြုပါ။ပိုပြီးပြင်းထန်တဲ့ ဝက်ခြံပြဿနာတွေဆိုရင်တော့ အရေပြားအထူးကုနဲ့ တိုင်ပင်ကုသသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%85%e1%80%a5%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%98%e1%80%9a/
ဆီးချိုရှိရင် နာနတ်သီးလုံးဝမစားရဘူးလား
အသီးအနှံတွေမှာ ကာဗိုဟိုက်ဒရိတ်တွေအပြင် အမျှင်ဓါတ်တွေ၊ဗီတာမင်နဲ့သတ္တုဓါတ်ေတွလို အာဟာရဓါတ်တွေပါဝင်ပါတယ်။ နာနတ်သီးချစ်သူတွေ ဆီးချိုရှိရင် ဘယ်လိုရအောင်စားမလဲဆိုတာ အကြံလေးပေးမယ်နော်။အသီးအများစုမှာ ေသွးတွင်းသကြားဓါတ်ညွှန်းကိန်း(GI)နည်းကြပါတယ်။ fructose နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ ကာဗိုဟိုက်ဒရိတ်တွေကို စုပ်ယူမှုနှေးအောင်၊ သကြားဓါတ်တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။GI ညွှန်းကိန်း အလယ်အလတ်အဆင့်မှာရှိတဲ့ နာနတ်သီးက တခြားအသီးတွေထက်တော့သွေးတွင်းသကြားဓါတ်ပိုတက်စေနိုင်တာ အမှန်ပါပဲ။ နာနတ်သီးကို အသင့်အတင့်စားလို့ရပါတယ်။ ဒါပေမယ့်သူ့ရဲ့သွေးတွင်းသကြားဓါတ်မြင့်တက်နိုင်စွမ်းကို ထိန်းနိုင်ဖို့အတွက် အစေ့အဆန်တွေ၊ထောပတ်သီးတို့လို ပရိုတင်းနဲ့ အကျိုးပြုအဆီဓါတ်ပါဝင်တာတွေနဲ့ တွဲစားလို့ရပါတယ်။နာနတ်သီး GI နဲ့ပတ်သက်ပြီး သိထားသင့်တာတွေက –။နာနတ်သီးမှာ ဗီတာမင် စီနဲ့ မဂ္ဂနိစ်ကြွယ်ဝတဲ့အပြင်အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဘီအုပ်စုတွေ၊ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့bromelainဒြပ်ပေါင်းတို့ပါဝင်လို့ ကြိုက်တတ်ရင် ဆီးချိုသမားတွေ အနည်းအကျဉ်းပမာဏစားလို့သင့်ပါတယ်။အကောင်းဆုံးကတော့ ဒီအတိုင်းစားပါ၊ရေခဲသေတ္တာထဲ အအေးခံစားပါ။မွမ်းမံပြင်ဆင်ထားတဲ့ နာနတ်သီး( စည်သွပ်ဘူး၊ယို၊ဖျော်ရည်)တွေက အချိုပိုကဲတတ်ပါတယ်။ သူ့ကြောင့်သွေးတွင်းသကြားဓါတ်မတက်အောင်GI နည်းတဲ့အစားအစာတွေနဲ့တွဲစားပါ။ ဆိုလိုတာကသွေးတွင်းသကြားဓါတ်မြင့်စေနိုင်တာတွေရှောင်ပြီးတာသေချာမှ နာနတ်သီးကိုစားသင့်ပါတယ်။GIမြင့်မယ့်အရာတွေနဲ့တွဲစားရင် ပိုတက်တော့မှာပေါ့။ဒီတော့ စားသောက်တဲ့အာဟာရမှာ –။ဆီးချိုရှိနေလည်း ဒီအသီးအနှံတွေစားလို့ရပါတယ် –။ချိုတဲ့အသီးအနှံတွေကို လုံးဝကြီးရှောင်ဖို့မဟုတ်ပေမယ့် တစ်နေ့တာစားသုံးသမျှရဲ့သွေးတွင်းသကြားဓါတ်သက်ရောက်မှုကို ချင့်ချိန်စားသုံးမယ်ဆိုရင် အဆင်ပြေပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9b%e1%80%bd%e1%80%ad%e1%80%9b%e1%80%84%e1%80%b9-%e1%80%94%e1%80%ac%e1%80%94%e1%80%90%e1%80%b9%e1%80%9e%e1%80%ae%e1%80%b8%e1%80%9c/
ကိုယ်ဝန်ဆောင်ချိန် ဒူးရင်းသီးစားလို့ရသလား
သင်ဟာကိုယ်ဝန်ရှိချိန်မှာ အချို့အစားအစာတွေရဲ့ စိတ်ချရမှုကို စစ်ဆေးကြည့်ဖူးပါသလား။ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာအသစ်တွေကို စားလိုပါသလား။ တကယ်လို့ သင်ဟာ ဒူးရင်းသီးကို စိတ်ဝင်စားပြီးကိုယ်ဝန်ဆောင်ချိန် ဒူးရင်းသီးစားလို့ရသလားဆိုတာကို သိချင်နေပါသလား။ဒူးရင်းသီးဟာ အရှေ့တောင် အာရှမှာ ထင်ရှားတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ပြင်းထန်တဲ့ အနံ့ရှိပြီး အရွယ်ကြီးမားကာ ဆူးတွေနဲ့ ကာရံထားတာကြောင့် အသိများပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးရင်းသီး စားနိုင်ပြီး သူက သင့်ကို အကျိုးကျေးဇူးတွေတောင် ပေးနိုင်ပါသေးတယ်။ ဒူးရင်းသီးမှာ organo-sulphur နဲ့ tryptophan ပါဝင်ပြီး သူတို့ဟာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိပါတယ်။ဒါပေမယ့် ဒူးရင်းသီးမှာ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်ပါတယ်။ အလယ်အလတ် အရွယ်အစားရှိတဲ့ ဒူးရင်းသီးစေ့နှစ်ခုမှာ ၆၀ ကယ်လိုရီပါဝင်တာကြောင့် သကြားဓာတ်များတဲ့ အစာအဖြစ် ယူဆနိုင်ပါတယ်။ ဒူးရင်းသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားဖို့ လုံခြုံစိတ်ချရတဲ့ အရာဖြစ်ပေမယ့် သင့်စားသုံးနှုန်းကိုတော့ ကန့်သတ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိတဲ့ အမျိုးသမီးတွေဟာသကြားဓာတ်များတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒူးရင်းသီးကို ရှောင်ကြဉ်သင့်ပါတယ်။အာရှနိုင်ငံတွေမှာ ဒူးရင်းသီး စားခြင်းကို ကိုယ်ဝန်ဆောင်ချိန်မှာ တားမြစ်ထားကြပါတယ်။ လူတွေက အသီးစားခြင်းဟာ အပူများစေပြီး မမွေးသေးတဲ့ ကလေးငယ်ကို ထိခိုက်စေတာကြောင့်ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဒူးရင်းသီးကို ရှောင်ကြဉ်ခိုင်းလေ့ရှိပါတယ်။တကယ်တမ်းတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဒူးရင်းသီး စားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လေ့လာထားတဲ့ သုတေသန မရှိသေးပါဘူး။ ဒါကြောင့် မစားခင် သင့်ဆရာဝန်ကို သင့်အခြေအနေပေါ်မူတည်ပြီး ဒူးရင်းသီး စားသင့် မစားသင့် မေးမြန်းသင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ဒူးရင်းသီးစားလို့ရသလား ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/can-pregnant-mom-eat-durian/
ဆီးချိုရှိတဲ့ မေမေ့အတွက် ဝယ်ပေးသင့်တဲ့ အကောင်းဆုံးအစေ့အဆန်(၅)မျိုး
အခွံမာသီးနဲ့ အစေ့အဆန်တွေမှာက အကျိုးပြုအဆီဓါတ်တွေကြွယ်ဝတာကြောင့် နှလုံးအပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးတာ၊ ဆဲလ်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတာလိုမျိုး အရေးပါတဲ့လုပ်ဆောင်ချက်တွေမှာ ကူညီပေးပါတယ်။ အစေ့အဆန်တွေမှာ အမျှင်ဓါတ်၊ ဗီတာမင် E၊ဖောလိတ်၊ ဗီတာမင် Bတွေ၊ မဂ္ဂနီဆီယမ်နဲ့ပိုတက်စီယမ်၊ ကာရိုတီးနွိုက်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလို အာဟာရဓါတ်တွေ အများကြီးပါဝင်တဲ့အပြင် ပရိုတင်းလည်းကြွယ်ဝပါတယ်။(၁)ဗာဒံစေ့(Almonds)။ဗာဒံစေ့က အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါဖြစ်လာနိုင်ခြေနည်းစေနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်ကလေ့လာမှုတစ်ခုအရ အမျိုးအစား၂ ဆီးချိုရောဂါရှိသူတွေဟာ ၁၂ ပတ်ကြာ ဗာဒံစေ့စားခဲ့ပြီးနောက်သွေးတွင်းသကြားဓါတ်ထိန်းညှိမှုမှာ သက်ရောက်မှုရှိတာတွေ့ရပြီး နှလုံးရောဂါအန္တရာယ်ပိုနည်းတာကိုတွေ့ရပါတယ်။၂၀၁၇ ခုနှစ်က သုတေသနအရ ၂၄ ပတ်ကြာ ဗာဒံစေ့နေ့တိုင်းစားခဲ့တဲ့ ဆီးချိုဝေဒနာရှင်တွေမှာသွေးတွင်းသကြားဓါတ်ထိန်းညှိပေးနိုင်တာတွေ့ရပါတယ်။ ဗာဒံစေ့က မကောင်းတဲ့ကိုလက်စထရောတွေကိုလျော့နည်းစေပြီး နှလုံး သွေးကြောတွေကို ရှင်းလင်းစေပါတယ်။(၂)သစ်ကြားသီး(walnut)။(၃)သီဟိုဠ်စေ့(Cashews)။သီဟိုဠ်စေ့ကလည်း အကျိုးပြုကိုလက်စထရောကိုအကူအညီပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။သီဟိုဠ်စေ့စားသုံးသူတွေမှာသွေးတိုးကိုကျစေနိုင်ပြီး မကောင်းတဲ့ကိုလက်စထရောတွေကိုကျစေနိုင်တယ်။(၄) ရင်ကွဲသီး(Pistachios)။ရင်ကွဲသီးလို့လည်းခေါ်ကြတဲ့Pistachio ဟာ ခွန်အားကိုပြည့်ဝစေနိုင်စွမ်းရှိတဲ့အပြင် အမျှင်ဓါတ်နဲ့ အကျိုးပြုအဆီဓါတ်တွေပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်ကသုတေသနအရPistachio ပုံမှန်စားသုံးတဲ့ အမျိုးအစား ၂ ဆီးချိုရှိသူတွေမှာသွေးတွင်းအဆီဓါတ်လျော့ကျတာကိုတွေ့ရပါတယ်။(၅)မြေပဲ။အသားဓါတ်နဲ့အမျှင်ဓါတ်ကြွယ်ဝတယ်။မြေပဲက အဆီကျဖို့ကိုအထောက်အကူပြုပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်။ ဒါပေမယ့် မြေပဲဆီစစ်ဖို့တော့လိုပါတယ်။ ၂၀၁၃ ခုနှစ်က သုတေသနတစ်ခုမှာ အမျိုးအစား ၂ ဆီးချိုရောဂါရှိတဲ့အဝလွန်အမျိုးသမီးတွေကိုလေ့လာခဲ့တဲ့အခါမြေပဲစားခြင်းကသွေးတွင်းသကြားဓါတ်နဲ့ အစာစားချင်စိတ်ကိုထိန်းညှိပေးနိုင်တာတွေ့ရပါတယ်။အစေ့အဆန်တွေဟာ ဘယ်အစားအစာ၊ ဘယ်မုန့်တွေမှာမဆို အလွယ်တကူထည့်သွင်းစားသုံးလို့ရတဲ့ စားစရာတစ်မျိုးဖြစ်တဲ့အပြင် အရွယ်အစားနဲ့မလိုက်အောင် အာဟာရဓါတ်တွေ(ပရိုတင်းနဲ့အကျိုးပြုအဆီအဓိကပါဝင်)ကြွယ်ဝတာကြောင့် စားသင့်တဲ့အထဲပါဝင်ပါတယ်။ ဆီးချိုကိုမထိခိုက်စေဘဲ ကျန်းမာရေးအတွက်ကောင်းကျိုးပေးတဲ့သရေစာလည်းဖြစ်နေတာကြောင့် ဆီးချိုရှိတဲ့သူတွေအတွက် သင့်တော်ပါတယ်။ကယ်လိုရီအတွက်စိတ်ပူတယ်ဆိုရင်တော့ တစ်ခါတည်းအများကြီးမစားဘဲ နည်းနည်းချင်း စားပါ။ အငန်နဲ့အချိုတွေဖြည့်စွက်ပြင်ဆင်မထားတာကိုပဲရွေးချယ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9b%e1%80%bd%e1%80%ad%e1%80%90%e1%80%b2%e1%80%b7-%e1%80%b1%e1%80%99%e1%80%b1%e1%80%99%e1%80%b7%e1%80%a1%e1%80%90%e1%80%bc%e1%80%80/
Antisocial Personality Disorder (လူမှုဆက်ဆံရေးညံ့ဖျင်း၍ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းခြင်း)
တခါတရံမှာ လူမှုရောဂါလို့လည်း ခေါ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေတခုဖြစ်ပြီး မှန်တယ်မှားတယ်ကို ဂရုမစိုက်တတ်တဲ့၊ တခြားသူတွေရဲ့ ရပိုင်ခွင့်နဲ့ ခံစားချက်တွေကို လစ်လျူရှုထားတတ်ပါတယ်။ ဒီပြသနာရှိသူတွေဟာ သူတပါးကို ဆန့်ကျင်ပြီး ကန့်လန့်တိုက်လိုကြပါတယ်။ သူတို့ရဲ့ အပြုအမူအတွက်လည်း နောင်တမရသလို အပြစ်ရှိတယ်လို့လည်း မခံစားတတ်ကြပါဘူး။သူတို့ဟာ ဥပဒေကိုလည်း ချိုးဖောက်လွယ်ပြီး ရာဇဝတ်သားတွေ ဖြစ်တတ်ပါတယ်။ လိမ်ညာတတ်ပြီး ကြမ်းတမ်းစွာ ပြုမူဆက်ဆံတတ်ကြပါတယ်။ အရက်၊ ဆေး စတာတွေနဲ့ ပတ်သက်တဲ့ ပြသနာတွေ ရှိနေတတ်ပါတယ်။ ဒီအမူအကျင့်တွေကြောင့် သူတို့ဟာ မိသားစု၊ လုပ်ငန်းခွင်၊ ကျောင်း စတာတွေမှာ လုပ်ငန်းတာဝန်ကို မယူနိုင်ကြပါဘူး။အမျိုးသားတွေမှာ ပိုတွေ့ရပါတယ်။ အမျိုးသားတွေရဲ့ ၃%၊ အမျိုးသမီးတွေရဲ့ ၁%မှာ ဒီပြသနာရှိတတ်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြဖြစ်ပါတယ်။ဒီပြသနာရှိတဲ့ အရွယ်ရောက်သူများဟာ အသက် ၁၅နှစ်မတိုင်မီ လက္ခဏာတွေ ပြတတ်ပါတယ်။ လက္ခဏာတွေဟာ ပြင်းထန်ပြီး ထပ်တလဲလဲပြုတတ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။ဒီပြသနာဟာ တသက်လုံးဖြစ်တတ်ပေမယ့် လူတချို့ရဲ့ ဖျက်ဆီးကျူးလွန်တတ်တဲ့ အမူအကျင့်များဟာ အချိန်ကြာလာတာနဲ့အမျှ လျော့နည်းသွားပါတယ်။ ဒါပေမယ့် အသက်ကြီးလာလို့ လျော့နည်းသွားသလား၊ အကျိုးဆက်တွေကို နားလည်လာခြင်းလားဆိုတာ မသိရသေးပါဘူး။သူငယ်ချင်း၊ မိတ်ဆွေများထဲမှာ ဒီပြသနာရှိနေတယ်လို့ ယူဆရင် သူတို့ကို ဆေးကုသမှုခံယူဖို့၊ အထွေထွေကု ဆရာဝန်ဖြစ်ဖြစ်၊ စိတ်ကျန်းမာရေးပါရဂူဖြစ်ဖြစ် ပြသဖို့ တိုက်တွန်းပါ။အကြောင်းအရင်းကိုတော့ မသိရပါဘူး။ လူတယောက်ရဲ့ မျိုးရိုးဗီဇနဲ့ တခြားအကြောင်းအရာ ဥပမာ ကလေးဘဝက အနိုင်ကျင့်ခံရမှုဟာ ဒီပြသနာကို ဖြစ်ပေါ်စေပါတယ်။လူမှုရေးညံ့ဖျင်းတဲ့၊ အရက်စွဲတဲ့မိဘတွေဟာ ဖြစ်နိုင်ခြေ များစေပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ထောင်သားတွေမှာလည်း တွေ့ရများပါတယ်။ငယ်ရွယ်စဉ်ကတည်းက တိရစ္ဆာန်တွေကို မီးရှို့ခြင်း၊ ရက်စက်စွာ ပြုမူခြင်းစတာတွေဟာ ဒီပြသနာကို ကြီးထွားလာစေတတ်ပါတယ်။တချို့ဆရာဝန်တွေကတော့ စိတ်ဝေဒနာရှင်တွေနဲ့ ပြသနာတူတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် စိတ်ဝေဒနာသည်တွေက ပိုပြီး ဆိုးရွားစွာ ခံစားရပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။အမျိုးသားတွေဟာ ပိုဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်ခြင်းတွေကနေ ရောဂါရှာဖွေမှု ပြုလုပ်ပါလိမ့်မယ်။ လူနာရဲ့ လက္ခဏာဟာ ဘယ်လောက်ကြာနေပြီလဲ၊ ဘယ်လောက်ဆိုးလဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဒီရောဂါလို့ အမည်တပ်နိုင်ဖို့ လူနာဟာ ကလေးဘဝကတည်းက စိတ်ခံစားမှုဆိုင်ရာ၊ အမူအကျင့်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိခဲ့ရပါမယ်။ကုသရခက်ပေမယ့် တချို့လူနာတွေကို အချိန်ကြာကြာ အနီးကပ် စောင့်ကြည့်ကုသရင် အကျိုးရှိတာ တွေ့ရပါတယ်။ ဆေးပညာဆိုင်ရာ၊ စိတ်ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံရှိတဲ့ ကုသသူတွေကို ရှာဖွေပါ။ကုသမှုဟာ တဦးချင်းစီရဲ့ အခြေအနေ၊ စိတ်ပါဝင်စားမှု၊ ရောဂါလက္ခဏာရဲ့ ဆိုးရွားမှု စတာတွေပေါ်လည်း မူတည်ပါတယ်။စိတ်ပိုင်းဆိုင်ရာကုသမှု။စကားပြောကုထုံးလို့လည်း ခေါ်ပါတယ်။ ဒေါသနဲ့အကြမ်းဖက်မှု ကုသခြင်း၊ ဆေးဝါးအလွဲသုံးမှု ကုသခြင်း၊ တခြား စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ကုသခြင်းတွေ ပါဝင်ပါတယ်။ဒီနည်းလမ်းဟာ အမြဲတမ်းတော့ မထိရောက်ပါဘူး။ အထူးသဖြင့် ဝေဒနာဟာ ပြင်းထန်နေပြီး ကာယကံရှင်ကိုယ်တိုင်က ဒီပြသနာရှိတယ်လို့ ဝန်မခံရင် ဖြစ်ပါတယ်။ဆေးဝါးကုသခြင်း။ဒီရောဂါအတွက် အစားအစာနှင့် ဆေးဝါးအဖွဲ့ကြီးကနေ လက်ခံထားတဲ့ ဆေးဝါးရယ်လို့တော့ မရှိပါဘူး။ အခြေအနေပေါ် မူတည်ပြီးတော့ပဲ ပေးပါလိမ့်မယ်။ ဥပမာ စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း၊ ဒေါသထွက်ခြင်း စတာတွေအတွက် ဖြစ်ပါတယ်။ ဆေးတချို့ဟာ အလွဲသုံးနိုင်ခြေ ရှိတဲ့အတွက် သတိထားပြီး ပေးရပါမယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက လူမှုဆက်ဆံရေးညံ့ဖျင်း၍ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။ဒီပြသနာရှိသူတွေဟာ သူတပါးအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံတတ်ပြီး နောင်တရခြင်းလည်း မရှိပါဘူး။ သူတို့လိုလူမျိုးတွေ ပတ်ဝတ်းကျင်မှာရှိရင် သင်ကိုယ်တိုင်ဟာ မိမိဖာသာ အဆင်ပြေအောင် ကြိုးစားဖို့လည်း လိုအပ်ပါတယ်။စိတ်ကျန်းမာရေးပညာရှင်တွေဟာ ဒီလိုလူတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ၊ ဒေါသနဲ့ အကြမ်းဖက်ခြင်းတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ ပြောပြနိုင်ပါတယ်။ဒီကိစ္စမှာ အတွေ့အကြုံရှိတဲ့ စိတ်ကျန်းမာရေးပညာရှင်ကို ရှာဖွေပါ။ မိမိနဲ့ပတ်သက်တဲ့သူမှာ ဒီပြသနာရှိရင် ဆရာဝန်ပြသနိုင်အောင် ကူညီပါ။ င်္ဒပြသနာနဲ့ ပတ်သက်နေတဲ့ အကူအညီပေးတဲ့ အဖွဲ့အစည်း၊ မိသားစု၊ မိတ်တွေတွေဆီကနေ အကြံဉာဏ်ယူပါ။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/antisocial-personality-disorder-%e1%80%9c%e1%80%b0%e1%80%99%e1%80%bd%e1%80%b3%e1%80%86%e1%80%80%e1%80%b9%e1%80%86%e1%80%b6%e1%80%b1%e1%80%9b%e1%80%b8%e1%80%8a%e1%80%b6%e1%82%94%e1%80%96%e1%80%ba/
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာရှောင်ရှားသင့်သော အစားအစာများ ကတော့။၁။မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ။မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့။• ငါးမန်း။• ဓားရှည်နှုတ်သီးငါး။• မက်ကာရယ်ငါး။• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ။သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။၃။ ကောင်းစွာမချက်ထားတဲ့အသားစိမ်းများ၊ပြုပြင်ထားတဲ့ အသားများ။အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။၄။ကလီစာများ။ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။၆။ အသီးအရွက်အစိမ်း။မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။၇။ကဖိန်း။ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။၈။အယ်လ်ကိုဟော။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအသင့်စားသရေစာများ။ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba-%e1%80%92%e1%80%b0%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%85/
အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း
အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်းကို ပြောရရင် အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ပျော်ပြီးရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ရန်ခက်ခဲပြီး မကြာခဏပြန်နိုးနေတတ်ခြင်းကို ဆိုလိုပါတယ်။ အိပ်ရာက နိုးထလာရင်လည်း ကြည်လင်လန်းဆန်းမှု မရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ပညာရှင်များရဲ့ အဆိုအရ တပတ်မှာ အနည်းဆုံး ၃ရက်နဲ့ ၃လခန့် အိပ်မပျော်နိုင်ဖြစ်နေရင်၊ ထိုအိပ်မပျော်ခြင်းပြဿနာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေဖြစ်လာရင် အိပ်မပျော်ခြင်းရောဂါလို့ အမည်တပ်ပါတယ်။အိပ်မပျော်ခြင်းပြဿနာ (Insomnia) ဖြစ်စေတဲ့ အကြောင်းအရင်းများ။ခဏတာဖြစ်တဲ့ အိပ်မပျော်ခြင်း ပြဿနာကတော့။သုံးလအထက်ကျော်ပြီး အိပ်မပျော်ဖြစ်နေရင်တော့ နာတာရှည်ပြဿနာလို့ သတ်မှတ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကတော့။သုတေသနတွေအရစိတ်ဖိစီးမှုများလွန်းသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေ၊ ဝင်ငွေနည်းသူတွေ၊ စံတော်ချိန် မတူညီတဲ့ ဒေသများဆီ ခရီးသွားသူတွေ၊ လှုပ်ရှားမှုနည်းသူတွေ၊ အလုပ်ချိန် ပြောင်းလဲသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။အိပ်မပျော်ခြင်းပြဿနာ ကြုံလာသူတွေမှာ အောက်ပါ လက္ခဏာ သုံးခုထဲက အနည်းဆုံးတစ်ခု တွေ့နိုင်ပါတယ်။အဆိုပါ ပြဿနာတွေကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း၊ သည်းမခံနိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။အိပ်မပျော်ခြင်းပြဿနာဟာ အကြောင်းအရင်း မျိုးစုံကြောင့် ဖြစ်နိုင်ပြီး ကုသဖို့ နည်းလမ်းလည်း မျိုးစုံ ရှိပါတယ်။ အိပ်မပျော်ခြင်းပြဿနာကို နှစ်ရှည်လများ ခံစားလာရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း ရှိပါတယ်။မိမိဖာသာ လိုက်နာ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အဓိကအားဖြင့်နေထိုင်မှုပုံစံပြောင်းလဲခြင်း ဖြစ်ပါတယ်။ အိပ်ချိန် မတိုင်မီ ကဖိန်းပါသော အရည်များ (ကော်ဖီ၊ လက်ဖက်ရည်) သောက်ခြင်း၊ အိပ်ခါနီး လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အိပ်ရာပေါ်မှာ မအိပ်ဘဲ ဖုန်းသုံးခြင်း၊ တီဗီ ကြည့်ခြင်း စတာတွေကို ရှောင်ရှားပေးရပါမယ်။စိတ်ပိုင်းရုပ်ပိုင်းကျန်းမာရေးပြဿနာရှိနေရင်လည်း ထိရောက်စွာ ကုသသင့်ပါတယ်။ ရောဂါအခံကြောင့် အိပ်မပျော်ခြင်း ကြုံတွေ့နေရတာ ဖြစ်နိုင်ပါတယ်။ အိပ်ဆေးတွေကို သုံးမယ်ဆို သတိထားပါ။ ဘယ်ဆေးဝါးမဆို ဘေးထွက်ဆိုးကျိုးရှိနိုင်တာမို့ ရေရှည်သုံးစွဲရမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။အိပ်ခန်း ပတ်ဝန်းကျင်မှာလည်း ရနံ့သင်းပျံ့တဲ့ အပင်ငယ်လေးတွေ ထားသို စိုက်ပျိုးနိုင်ပါတယ်။ မွှေးရနံ့ ထွက်စေတဲ့ ပစ္စည်းကလေးတွေလည်း အိပ်ရာအနားထားနိုင်ပါတယ်။ဒီလို နည်းလမ်းပေါင်းစုံနဲ့ အိပ်မပျော်တဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အိပ်မပျော်ခြင်း ပြဿနာက သာမန်လူမှုဘဝပြဿနာ မဟုတ်ပါဘူး။ ‌‌ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်တာ ဖြစ်တဲ့အတွက် သတိထားပြီး ဂရုစိုက်ဖို့ လိုပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/%e1%80%87%e1%80%ae%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba/
Anxiety/Panic (စိုးရိမ်သောကနှင့် အကြောက်လွန်ခြင်း)
အချိန်ခဏတာလေးစိုးရိမ်သောကခံစားကြရတာတော့ပုံမှန်ပဲ ဖြစ်ပါတယ်။ စိုးရိမ်သောကဆိုတာလည်း ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပါတယ်။ သို့သော်လည်း စိုးရိမ်ပူပန်မှုများကို လွန်လွန်ကဲကဲခံစားနေရပြီး သင်နေ့စဉ်ဘဝကိုပါထိခိုက်လာလျှင်တော့ သင့်တွင်စိုးရိမ်ပူပန်မှုဆိုင်ရာရောဂါ ရနေပါပြီ ။စိုးရိမ်ပူပန်မှုဆိုင်ရာရောဂါအမျိုးအစားများစွာရှိပါတယ်။အကြောက်လွန်ရောဂါ ။ရုတ်တစ်ရက်နှင့်ခဏခဏကြောက်လာတတ်ပြီးချွေးထွက်ခြင်း ၊ရင်ဘတ်အောင့်ခြင်းနှင့် နှလုံးခုန်ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အကြောက်လွန်ရောဂါဟာလည်းနှလုံးအမောဖောက်သကဲ့သို့ပင်ခံစားရပါတယ်။လူမှုဆက်ဆံရေးဆိုင်ရာစိုးရိမ်လွန်ကဲခြင်းရောဂါ ။ဒီလိုလူမျိုးတွေဟာတော့ လူမှုရေးရာပြသနာများကိုခံစားနေရပါတယ်။ စိုးရိမ်ပူပန်မှုရဲ့အဓိကအကြောင်းရင်းကတော့ သူများဝေဖန်မှာကြောက်ခြင်းနဲ့ လူအများရှေ့ရောက်လျှင်ရှက်ကြောက်နေခြင်းတို့ဖြစ်ပါတယ်။တစ်စုံတစ်ခုကိုကြောက်ရွံ့နေခြင်းများ ။တစ်စုံတစ်ခုကိုအစိုးရိမ်လွန်နေခြင်း( ဥပမာ အရပ်) ဟာ ထိုသူကို ကြောက်ရွံ့စေတဲ့အရာဆီမှရှောင်ခွာသွားစေပါတယ်။ယေဘူယျစိုးရိမ်မှုလွန်ကဲသောရောဂါ ။ပုံမှန်မဟုတ်တဲ့ကြောက်ရွံ့မှုများဟာ မည်သည့်နေရာတွင်မဆို အကြောင်းရင်းမရှိပဲ ဖြစ်ပေါ်လာတတ်ပါတယ်။စိုးရိမ်ပူပန်မှုဟာ အရမ်းကိုအဖြစ်များပါတယ်။ အန္တရာယ်ရှိသည်များကိုရှောင်ရှားပြီး စိုးရိမ်ပူပန်မှူများကိုလျှော့ချနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဖြစ်အများဆုံးလက္ခဏာတွေကတော့..။ကယောင်ခြောက်ခြားဖြစ်နေခြင်း ၊ အားနည်း၍ပင်ပန်းနေခြင်း၊နှလုံးခုန်မြန်ခြင်း ၊ အသက်ရှူမြန်ခြင်း ၊ ချွေးထွက်ခြင်းနှင့်ခြေလက်များ တုန်ယင်ခြင်း ၊သင့်ရဲ့စိုးရိမ်မှု သို့ ကြောက်ရွံ့မှုများကို ထိန်းချုပ်ရာတွင်အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိသည်ဟုအာရုံရနေခြင်း သို့ အကြောက်လွန်ခြင်း ။အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်ပြီးအသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။အထက်ဖော်ပြပါရောဂါလက္ခဏာများရှိနေပြီဆိုလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး။ သင့်အတွက်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။စိုးရိမ်သောကဖြစ်စေတဲ့အကြောင်းအရင်းတွေကိုတော့ရှင်းပြမထားပါဘူး ။ စိုးရိမ်သောကတွေဟာ အတိတ်မှာ ဒဏ်ရာရရှိခဲ့၍ဖြစ်စေ ၊ ကျန်းမာရေးအခြေအနေများကြောင့်ဖြစ်စေ ၊ ကာလကြာရှည်စွာစိတ်ဖိစီးမှုများကြောင့်ဖြစ်စေ ဖြစ်ပေါ်လာတတ်ပါတယ်။ စိုးရိမ်သောကတွေမှာတစ်ဆင့်… စိတ်ဓါတ်ကျခြင်း ၊ အရာဝတ္ထုများကိုစွဲလမ်းနေခြင်း ၊ အိပ်မပျော်ခြင်း ၊ နာကျင်ခြင်း ၊ ပတ်ဝန်းကျင်နှင့်ကင်းကွာလာခြင်းနှင့် မိမိကိုယ်ကိုသတ်သေခြင်းတို့အထိဖြစ်ပေါ်လာတတ်ပါတယ်။စိတ်ဖီးစီးမှုများသောနေထိုင်မှုဘဝပုံစံ ၊ ပြင်းပြင်းထန်ထန်ကျန်းမာရေးပြသနာများခံစားရခြင်းနှင့် တစ်စုံတစ်ခုကိုစွဲလမ်းနေခြင်းတို့ဟာ စိုးရိမ်သောကတွေကိုပိုဆိုးစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာသင့်ရဲ့လက္ခဏာတွေကိုသေသေချာချာတွက်ချက်ပြီးစစ်ဆေးပါလိမ့်မယ်။သင်ဟာတစ်စုံတစ်ခုကိုအစိုးရိမ်လွန်နေလျှင် သို့ သင့်အကြောက်တစ်ရားကိုထိန်းချုပ်ရခက်နေလျှင်၊ ထိုအရာတွေဟာ သင့်ဘဝကိုထိခိုက်လာလျှင်ဘဆရာဝန်ကိုပြသပြီးကုသမှုအမြန်ဆုံးခံယူသင့်ပါပြီ။ စိုးရိမ်မှုလွန်ကဲ ခြင်းရောဂါကို ကျန်းမားရေးဆိုင်ရာကုထုံးများ ၊ စိတ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာကုထုံးများနှင့် ကုသနိုင်ပါတယ်။ ဘယ်ကုသမှုကသင့်အတွက်အကောင်းဆုံးဖြစ်မလဲသိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဘယ်လိုနေထိုင်မှုပုံစံတွေနဲ့အိမ်တွင်းကုသမှုတွေက စိုးရိမ်လွန်ကဲခြင်းကိုသက်သာစေသလဲ။စိုးရိမ်မှုလွန်ကဲတဲ့ရောဂါဟာလည်းအခြားရောဂါများကဲ့သို့ပင်ဖြစ်ပါတယ်။ သူ့ဘာသူတို့ပျောက်ကင်းသွားမှာမဟုတ်ပါဘူး။ သင့်အခြေအနေကိုသင်နားလည်ပြီးကုသမှုခံယူနေဖို့လိုအပ်ပါတယ်။ သင့်ဘဝတွင်အကောင်းမြင်ပေးခြင်းဟာလည်းစိုးရိမ်ပူပန်မှုများကိုသက်သာစေမှာပါ။ အကူအညီလိုတာနဲ့တစ်ပြိုင်နက်အကူအညီတောင်းဖို့မနှောင့်နှေးပါနဲ့ ။အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/anxietypanic-%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%b1%e1%81%be/
Lymphogranuloma Venereum ()
Lymphogranuloma venereum ဆိုသည်မှာ လိင်မှ ကူး စက်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ ၎င်းသည် Chlamydia trachomatis ဘတ်တီးရီးယားကြောင့် ဖြစ်ပွားပါသည်။ ဘတ်တီးရီးယားသည် အရေပြားကို ဖြတ်သွားပြီး ပြန်ရည် ကြော အဖုများသို့ ရောက်ကာ အဖုပတ်လည်တွင် ပြွတ်ကျပ် ခြင်းကို ဖြစ်စေပါသည်။ ရောဂါသည် ပြန်ရည်ကြော အဖုများ၊ အပြင်ဘက် လိင်အင်္ဂါများ၊ ပါးစပ်နှင့် စအိုဝများကို ထိခိုက်စေ ပါသည်။Lymphogranuloma venereum သည် အဖြစ်မများပါ။ ရောဂါသည် အပူပိုင်းဒေသများ နှင့် အပူပိုင်းဒေသအနီးများ တွင် အဖြစ်များပါသည်။ ရောဂါသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပိုဖြစ်ပါသည်။ အသက် ၂၀-၄၀ တွင်ဖြစ် ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။Lymphogranuloma venereum ၏ ရောဂါလက္ခဏာ များမှာ ရောဂါပိုးဝင်ပြီး ၁-၄ပတ် အတွင်း စတင်ပါသည်။ အပြင်ဘက် လိင်အင်္ဂါများတွင် အနာများ ဖြစ်ပေါ်သော်လည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်ပါသည်။ ပေါင်ခြံရှိ ပြန် ရည်ကြော အဖုများ ရောင်ခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်းတို့ ဖြစ် လာပါသည်။ ပြည်တည်နာများ၊ ပြည်များ စီးကျခြင်း တို့ဖြစ်နိုင် ပါသည်။ အဖျားတက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ခေါင်း ကိုက်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ အော့အန်ခြင်း နှင့် အ ဆစ်များနာခြင်းတို့ ဖြစ်နိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ Lymphogranuloma venereum ကုသမှု ခံယူနေစဉ်တွင် အောက်ပါတို့ ဖြစ်ပွားပါ က ဆရာဝန်ကို အကြောင်းကြားပါ။တစ်ယောက်နှင့် တစ်ယောက် ရောဂါအခြေအနေနှင့် စနစ်သည် မတူညီပါ။ ထို့ကြောင့် သင့်တော်သော ရောဂါ အဖြေရှာခြင်း နှင့် ကုသမှုရရှိရန် ဆရာဝန်နှင့် တိုင်ပင် ဆွေး နွေးပါ။PasteTextHere။ရောဂါဖြစ်စေသော အကြောင်းရင်းမှာ Chlamydia trachomatis ကြောင့်ဖြစ်ပါသည်။ ဘတ်တီးရီးယားသည် အ ရေပြားအား ဖြတ်သွားပြီး ပတ်ဝန်းကျင် ရှိ ပြန်ရည်ကြော အဖု များတွင် ပြွတ်ကျပ်ခြင်းကို ဖြစ်စေပါသည်။ ရောဂါသည် ပြန် ရည်ကြော အဖုများ၊ အပြင်ဘက် လိင်အင်္ဂါများ၊ ပါးစပ် နှင့် စ အိုကို ထိခိုက်စေပါသည်။ရောဂါဖြစ်စေသော အခြားအကြောင်းရင်းများလည်း ရှိပါ သည်။ ဥပမာ Chlamydia trachomatis ဘတ်တီးရီးယား media ဖြင့် ထိတွေ့ခြင်း၊ လူနာနှင့် လိင်ဆက်ဆံခြင်း တို့ဖြစ် သည်။အောက်ပါအချက်များသည် Lymphogranuloma venereum ဖြစ်နိုင်ချေကို မြင့်စေပါသည်။အကာအကွယ်မရှိဘဲ လိင်ဆက်ဆံခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ယခု ဖော်ပြထားသည့် အချက်အလက် များမှာ ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးချက်များ နေရာ တွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိ လိုသော အချက်အလက် များအတွက် သင့်၏ ဆရာဝန် နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။Lymphogranuloma venereum အတွက် ကုသမှု ရွေးချယ် ခြင်းတွေက ဘာလဲ။Lymphogranuloma venereum ကုသရန် အသုံးများ သောနည်းလမ်းများမှာ-။ပဋိဇီဝဆေးများသည် ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်နိုင် ပြီး ၃ပတ်အတွင်း သောက်သုံးနိုင်ပါသည်။Acetaminophen, ibuprofen စသော အကိုက်အခဲ ပျောက်ဆေးများနှင့် အပူကပ်ခြင်းသည် အနည်းငယ် အနှောင့်အယှက်ပေးသော ရောဂါလက္ခဏာများ ကို ကုသရန် အသုံးပြုနိုင်သည်။လူနာသည် အနာကျက်ခြင်း မြန်ရန် အာဟာရကြွယ်ဝ သည်များကို စားသင့်ပါသည်။အချို့ဖြစ်ပွားမှုများတွင် ပြန်ရည်ကြောအဖု ရောင်ခြင်းကို စစ်ထုတ်ရန် ပြည်တည်နာကို ခွဲရန် ခွဲစိတ်ကုသမှု လုပ်နိုင်ပါ သည်။ ဆိုးကျိုးများမှာ နာတာရှည်ရောင်ရမ်းခြင်း၊ ခွန်အား နည်းခြင်း၊ ဆီးနှင့် ဝမ်းသွားရာတွင် ပြဿနာဖြစ်ခြင်းတို့ ပါဝင် ပါသည်။Lymphogranuloma venereum အတွက် အသုံးအများဆုံး စစ်ဆေးမှုတွေက ဘာလဲ။ဆရာဝန်သည် မကြာမီကယူထားသော ဆေးမှတ်တမ်း များ၊ ခန္ဓါကိုယ် စစ်ဆေးမှု နှင့် သွေးစစ်မှုများအပေါ် အခြေခံ ၍ ရောဂါအဖြေရှာခြင်းကို ပြုလုပ်ပါသည်။ လိင်မှကူးစက်မှု များ အတွက် စစ်ဆေးခြင်းလည်း ပါဝင်ပါသည်။ Chlamydia သို့မဟုတ် ဘတ်တီးရီးယားကို တိုက်သော ပဋိပစ္စည်းသည် သင့်တွင် ရောဂါရှိကြောင်း ပြပါက ဆရာဝန် သည် ဘတ်တီးရီးယားမွေးမြူခြင်း (ပိုးသတ်ဆေးနှင့် နိုင်မနိုင် သိစေရန်) အတွက် နမူနာကို ယူနိုင်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Lymphogranuloma venereum ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Lymphogranuloma venereum ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/lymphogranuloma-venereum/
အရေးပေါ်သားဆက်ခြားနည်း
အရေးပေါ်သားဆက်ခြားနည်းဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်မရစေဖို့ အမျိုးသမီးတွေအတွက် ဖြေရှင်းနည်းဖြစ်ပါတယ်။ အမည်ပေးထားတဲ့အတိုင်း ပါပဲ။ အရေးပေါ်သားဆက်ခြားနည်းကို ပေါက်ပြဲနေသော ကွန်ဒုံးများသုံးမိခြင်း၊ သားဆက်ခြားဆေး သောက်ရန်မေ့သွားခြင်း ဒါမှမဟုတ် အဓမ္မပြုကျင့်ခံရခြင်းတို့လို အရေးပေါ်အခြေအနေမျိုးတွေမှာပဲ အသုံးပြုဖို့ဖြစ်ပါတယ်။ အရေးပေါ်သားဆက်ခြားခြင်းကို သောက်ဆေးပုံစံနဲ့ ရရှိလေ့ရှိပါတယ်(Ella and Plan B One-Step)။ ဒါ့အပြင် သားအိမ်ထဲ ထည့်သွင်းထားရတဲ့ IUD လို့ခေါ်တဲ့ကိရိယာနဲ့ သုံးတဲ့နည်းလည်းရှိပါတယ်။Plan B One-Step နည်းကတော့ ဆေးညွှန်းမလိုဘဲ ဆေးဆိုင်တိုင်းလိုလိုမှာ ဝယ်ယူလို့ရနိုင်တာကြောင့် အလွယ်ကူဆုံးနည်းလို့ ဆိုနိုင်ပါတယ်။ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာ ဆေးတစ်လုံး၊ တစ်ကြိမ်တည်းသောက်လိုက်ဖို့ပဲ လိုပါတယ်။ သောက်တာစောလေထိရောက်လေ ဖြစ်ပါတယ်။ ဟော်မုန်းမပါတဲ့သောက်ဆေးဖြစ်တဲ့ Ella ကတော့ လိင်ဆက်ဆံပြီးနောက် နာရီပေါင်း ၁၂၀ ကြာတဲ့အထိ အာနိသင်ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဝယ်လို့ရနိုင်ပါတယ်။ IUDကိရိယာဟာလည်း အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ၇ နာရီ အတွင်း ထည့်သွင်းခြင်းဖြင့် မျိုးဥမအောင်အောင် တားဆီးနိုင်တာကြောင့် ထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။ဒီအရေးပေါ်သားဆက်ခြားနည်းတွေဟာ နည်းလမ်းမှန်မှန်အသုံးချတတ်ရင် ထိရောက်မှုအရှိ ဆုံးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးဟာ ကိုယ်အလေးချိန် ၁၆၅ ပေါင် ကျော်ခဲ့ရင် တခြားအရေးပေါ် သန္ဓေတားဆေးတွေနဲ့ မအောင်မြင်နိုင်တာကြောင့် ကိုယ်အလေးချိန်များတဲ့အမျိုးသမီးတွေမှာ IUD ကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။အရေးပေါ်သားဆက်ခြားရာမှာ ကိုယ်ဝန်ဖျက်ချတာမျိုး နည်းလမ်းမှားမဖြစ်သင့်ပါဘူး။ Plan B One-Step က ဖြစ်တည်နှင့်ပြီးသား သန္ဓေသားကို ထိခိုက်စေမှာမဟုတ်ပေမယ့် Ella ကတော့ တိရစ္ဆာန်တွေမှာ သန္ဓေပျက်စေနိုင်တာတွေ့ရတယ်လို့သုတေသနတွေက ဆိုပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာ ကိုယ်ဝန်ရှိနေနိုင်တယ်လို့ သံသယရှိနေရင် အရေးပေါ်တားဆေးတွေ မသုံးတာက ပိုအန္တရာယ်ကင်းပါလိမ့်မယ်။ သွေးခဲတတ်တဲ့အမျိုးသမီးတွေ ဒါမှမဟုတ် deep venous thrombosis ရောဂါရှိတဲ့ အမျိုးသမီးတွေအနေနဲ့ တခြားသားဆက်ခြားနည်းတွေကို အသုံးပြုဖို့ အကြံပြုကြပါတယ်။အရေးပေါ်သန္ဓေတားဆေး တွေက အမျိုးသမီး အများစုအတွက် အန္တရာယ်ကင်းကြပါတယ်။ ဒါပေမယ့် တချို့မှာတော့ မူးဝေပျို့အန်ခြင်း၊ မောဟိုက်ခြင်း၊ခေါင်းကိုက်ခြင်း၊ဗိုက်အောင့်ခြင်း၊ ဓမ္မတာလာချိန်ပြောင်းလဲခြင်းတို့လို အပျော့စား ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ဒါတွေမခံစားချင်ရင်တော့ သင့်အနေနဲ့ အရေးပေါ်တားဆေး မသောက်ခင် အအန်ပျောက်ဆေးကိုကြိုသောက်ထားနိုင်ပါတယ်။ အစက်အပျောက်တွေ ထွက်လာတာမျိုးလည်းဖြစ်နိုင် ပါတယ်။ ဟော်မုန်းတွေအပေါ် ဒီဆေးတွေရဲ့ အာနိသင်ကြောင့် ဓမ္မတာလာချိန်ရက်အနည်းငယ် စောတာ၊ နောက်ကျတာတွေဖြစ်နိုင်ပါတယ်။အရေးပေါ်သားဆက်ခြားနည်းက ဘယ်လောက်ပဲ စွမ်းစွမ်း ပုံမှန်သားဆက်ခြားနည်းနေရာမှာတော့ အစားထိုးလို့မရပါဘူး။ ဒါ့အပြင် သင့်ကို STDs တွေ အန္တရာယ်ကနေလည်း မကာကွယ်ပေးနိုင်ပါဘူး။ သင့်အတွက် ဘေးအန္တရာယ်ကင်းစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးသုံးဖို့ပဲဖြစ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%9e%e1%80%ac%e1%80%b8%e1%80%86%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8/
အိမ်သုတ်ဆေးငွေ့က ကိုယ်ဝန်ဆောင်အတွက် အန္တရာယ်ရှိသလား
အိမ်သုတ်ဆေးအငွေ့ တွေဟာ ပုံမှန်လူတွေအတွက်တောင် စိတ်အနှောင့်အယှက် ဖြစ်ဖို့ ကောင်းပါတယ်။ ဒါကြောင့် သူတို့ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက်ဆိုရင် အန္တရာယ်ရှိမရှိ သိလိုကြခြင်းဟာ သဘာဝကျပါတယ်။ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေ မရှိပါဘူး။ ဆေးသုတ်ခြင်းကထွက်လာသော အငွေ့ တွေကို ရှူမိခြင်းဟာ သင်နဲ့ သင့်ကလေးငယ်ကို ဓါတုပစ္စည်းများစွာနဲ့ ထိတွေ့ စေပါတယ်။ သိပ္ပံပညာရှင်တွေက ဒီဓါတုပစ္စည်းတွေဟာ ကလေးငယ်ကို ဘယ်လို သက်ရောက်မှု ရှိလဲဆိုတာကို တိကျစွာ ပြောနိုင်ခြင်း မရှိပါဘူး။ သင်ရှူသွင်းလိုက်တဲ့ ဓါတုပစ္စည်းတွေတဲ့ တိကျတဲ့ပမာဏကို တိုင်းတာဖို့ ခက်ခဲနိုင်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအတွက် ဘယ်လောက် အန္တရာယ် ရှိလဲဆိုတာ တိကျစွာပြောဖို့ ခက်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဒီအငေ့ွတွေ ရှူမိခြင်းဟာ ကလေးငယ်ကို မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ဒီအငွေ့တွေ ရှူမိခြင်းနဲ့ ကလေးငယ်မှာ အူတွေနဲ့ အခြားအင်္ဂါတွေ ကိုယ်ခန္ဓါပြင်ပကျွံထွက်တဲ့ရောဂါ အန္တရာယ်နဲ့ အနည်းငယ်ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အနည်းငယ် ဆေးသုတ်တာလောက်ကတော့ ပြဿနာမရှိပါဘူး။ နေ့တိုင်း ဆေးသုတ်နေတာမဟုတ်ဘူး ဆိုရင်တော့ စိတ်ပူစရာမရှိပါဘူး။အကောင်းဆုံးကတော့ အခြားသူတစ်ယောက်ကို သင့်အစား ဆေးသုတ်ခိုင်းပါ (သို့) ကလေးမွေးပြီးတဲ့အထိ ဆေးသုတ်ခြင်းကို စောင့်ဆိုင်းသင့်ပါတယ်။ ဒါပေမယ့် မွေးလာတဲ့ကလေးကိုလဲ အိမ်သုတ်ဆေးနဲ့ ဝေးရာမှာထားဖို့ သတိရသင့်ပါတယ်။ သင်ဆေးသုတ်နေစဉ်မှာ ကလေးငယ်ကို အနီးမှာမထားသင့်ပါဘူး။ ကလေးငယ် အတွက် သေချာ ပြင်ဆင်ပေးထားတဲ့ အခန်းကို မြင်စေချင်တယ်ဆိုရင်တောင် ကလေးငယ်ကို မကြာသေးမီကမှ ဆေးသုတ်ထားတဲ့ အခန်းထဲမှာ မထားသင့်ပါတယ်။ ဆေးသုတ်ခြင်းကထွက်လာသော အငွေ့တွေဟာ မွေးကင်းစကလေးတွေနဲ့ ဝေးဝေးမှာ ထားသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။• ပထမဆုံးကတော့ သင့်မှာ အသက်ရှူနိုင်တဲ့ မျက်နှာအုပ် တစ်ခု တပ်ထားသင့်ပါတယ်။ ဆေးသုတ်ရန်အတွက် အထူးဒီဇိုင်းတီထွင်ထားတဲ့ ဒီလို မျက်နှာအုပ်တွေကို စတိုးဆိုင် အတော်များများမှာ ရောင်းပါတယ်။• အင်္ကျီ လက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ပြီး ဆေးက သင့်အရေပြားကို ထိတွေ့မှု မရှိအောင်ကာကွယ်သင့်ပါတယ်။• သင်အလုပ်လုပ်တဲ့ နေရာမှာ အစားအသောက် မယူလာသင့်ပါဘူး။ တကယ်လို့ စားချင်တယ်ဆိုရင် အခြားအခန်းကို သွားသင့်ပါတယ်။ ဒါဟာ သင့်အစားအသောက်ပေါ်မှာ တင်နေတဲ့ ဓါတုပစ္စည်းတွေကို စားမိခြင်းကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။• အငွေ့ပျံတဲ့ ဓါတုဒြပ်ပေါင်း (Volatile organic compounds) တွေ နည်းတဲ့ စိတ်ချရတဲ့ ဆေးကို ရှာဖွေသင့်ပါတယ်။• ဆေးသုတ်တဲ့ အချိန်ကိုလည်း ကန့်သတ်သင့်ပါတယ်။• အငွေ့တွေ ထွက်သွားအောင် ပြတင်းပေါက်ကို ဖွင့်ထားသင့်ပါတယ်။• မကြာသေးမီက ဆေးသုတ်ထားတဲ့ အခန်းအတွင်းမှာ အချိန်ကြာမြင့်စွာ နေခြင်း (သို့) အိပ်ခြင်းတွေ မပြုလုပ်သင့်ပါဘူး။ဆေးသုတ်ရာက ထွက်တဲ့ အငေ့ွတွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ သက်သေပြချက်မရှိပေမယ့် စိတ်ချရစေဖို့ ဆေးသုတ်ခြင်းနဲ့ ဆေးသုတ်ခြင်းမှ ထွက်တဲ့ အငွေ့တွေကနေ ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%9e%e1%80%af%e1%80%90%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%84%e1%80%bd%e1%80%b1%e1%80%b7%e1%80%80-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d/
စိတ်ဖိစီးမှုက ကိုယ်ဝန်ပျက်ကျစေသလား
စိတ်ဖိစီးမှုဟာ ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်စေတယ်ဆိုတဲ့ စိုးရိမ်မှုဟာ ကိုယ်ဝန်ရှိနေတဲ့ မိခင်တွေကြားမှာ တိုးပွားလာတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်နဲ့ ပတ်သက်တဲ့ မှန်ကန်မှု အနည်းငယ်လည်း ရှိနိုင်ပါတယ်။အဖြေကတော့ ဘယ်လို စိတ်ဖိစီးမှုမျိုးလဲ ဆိုတာပေါ် မူတည်ပါတယ်။ နေ့စဉ် ဖြစ်နေကျ သာမန်စိတ်ဖိစီးမှုဟာ သင့်ကလေးငယ်ကို ထိခိုက်မှု မဖြစ်စေပါဘူး။ အနည်းဆုံးတော့ သိပ္ပံပညာရှင်တွေက ဒီလို ယုံကြည်ကြပါတယ်။ သင် အလုပ်သွားတဲ့လမ်းမှာ သင့်ကို လန့်သွားစေတဲ့ အရာတစ်ခုခုကြောင့်တော့ ကလေးပျက်ကျ ခြင်း မဖြစ်နိုင်ပါဘူး။ ဒါ့ပြင် ပြင်းထန်တဲ့ စိတ်ဖိစီးခြင်းတွေကိုတော့ လင်မယား ကွာရှင်းခြင်း၊ ချစ်သူ သေဆုံးခြင်းနဲ့ ငွေးရေးကြေးရေး ပြဿနာတွေကြောင့် ဖြစ်နိုင်ပြီး ဒါဟာ သင့်ကလေးငယ်ရဲ့ ကျန်းမာရေးကို ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။ သုတေသနတစ်ခုက စိတ်ပိုင်းဆိုင်ရာ ဖိအားများခြင်းကို အချိန်အကြာကြီး ကြုံတွေ့ရသူတွေမှာ ကလေးအသေမွေးနှုန်း ၈၀ ရာခိုင်နှုန်းများတယ်လို့ ဆိုပါတယ်။ အခြားလေ့လာမှုတွေက ပြင်းထန်တဲ့ စိတ်ဖိစီးမှု ပမာဏဟာ အချိန်မတိုင်မီ ကလေးမွေးနှုန်းနဲ့ နောက်ပိုင်းမှာ နာတာရှည်ရောဂါ ဖြစ်နှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။အရာရာကို သင်တစ်ယောက်တည်း မခံစားပါနဲ့။ တကယ်လို့ တစ်စုံတစ်ခုက သင့်ကို စိတ်ညစ်စေတယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို ပြောပြသင့်ပါတယ်။ ခံစားချက်တွေကို မျှဝေခြင်းဟာ စိတ်သက်သာရာမရမှုကို သက်သာစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။စိတ်ဖိစီးမှုဟာ သင့်အစာစားချင်စိတ်ကို ထိခိုက်စေသလိုပဲ ကျန်းမာစွာ စားသောက်မှု မရှိခြင်းဟာလည်း စိတ်ပူခြင်းကို တိုးမြှင့်စေနိုင်ပါတယ်။ သင့်ဆရာဝန်ကို ကိုယ်ဝန်ဆောင်စဉ်မှာ ကျန်းမာတဲ့ အစားအသောက်တွေကို မေးမြန်းသင့်ပြီး ဒါတွေကို စားသောက်သင့်ပါတယ်။ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေဟာ စိတ်ကို ကြည်လင်စေပါတယ်။ အိုမီဂါသရီးဖက်တီးအက်ဆစ်များများ စားခြင်းဟာ စိတ်ကျရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။တက်ကြွစွာနေထိုင်ခြင်းဟာ စိတ်ဖိစီးမှုကို ကျော်လွှားစေနိုင်ပါတယ်။ ရေကူးခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ရေကူးခြင်းဟာ သင့်အဆစ်တွေပေါ် ဖိအားများစေခြင်း မရှိပဲ ကိုယ်ခန္ဓါအတွက် ကောင်းကျိုးဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ ရေကန်တစ်ခုကို မရှာနိုင်ရင် လမ်းမိနစ် ၂၀ လောက် လျှောက်ခြင်းဟာလည်း အကျိုးရှိပါတယ်။ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူပါ။ အလုပ်မှာ ဆိုရင်တော့ ခဏတာနားနေချိန်လေးတွေ သတ်မှတ်ပြီး မိနစ် အနည်းငယ် လမ်းလျှောက်သင့်ပါတယ်။နှစ်ပေါင်းများစွာကတည်းက နှိပ်နယ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူထံသွားခြင်း (သို့) သင့်ချစ်သူကို နှိပ်နယ်ခိုင်းခြင်းတွေ ပြုလုပ်သင့်ပါတယ်။ အနံ့ကုထုံးပေးပြီး နှိပ်နယ်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ပိုမို ကောင်းမွန်ပါတယ်။အမှန်အတိုင်းပြောရရင်တော့ ကိုယ်ဝန်ပျက်ကျမှုရဲ့ အကြောင်းရင်းဟာ ကွဲပြားခြင်း မရှိပါဘူး။ ကိုယ်ဝန်ပျက်ကျမှု အများစုဟာ ခရိုမိုဆုန်းမူမမှန်ပြဿနာများကြောင့် ပထမ သုံးလပတ်မှာ အဖြစ်များပြီး ဒါကို သင်ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ပူခြင်းကို လျှော့ချပြီး ကိုယ်ဝန်ဆောင်ခြင်းကို ပျော်ရွှင်အောင်နေပါ။ ကျန်းမာတဲ့ လူမှုနေထိုင်မှုပုံစံကြောင့် သင်ဟာ အဆင်ပြေမှာ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%80-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%95/
COVID-19 ကို ထုံးမှုန့်က သတ်နိုင်သလား
ခုနောက်ပိုင်း အရပ်ထဲမှာ ထုံးမှုန့်တွေ လိုက်ဖြူးကြတယ်၊ လိုက်ဖြန်းကြတယ်ဆိုတဲ့ သတင်းတွေ ခပ်စိပ်စိပ်ဆိုသလို ကြားနေ မြင်နေရပါတယ်။ မြန်မာတွေက ထုံးမှုန့်ဟာ ပိုးမွှားတွေကို ဖယ်ရှားသတ်ဖြတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကလေးကလည်း ရှိထားပါတယ်။ဒီလိုယူဆချက်တွေကြောင့်ပဲ ခုလိုCOVID-19 ကာလမှာပိုးမွှားတွေကို သတ်နိုင်တဲ့ထုံးမှုန့်တွေကိုရပ်ကွက်တွေ၊ လမ်းတွေ၊ ရေမြောင်းတွေနဲ့ နေအိမ်ခြံဝန်းတွေမှာ လိုက်ပြီး ဖြူးတာ ဖြန်းတာမျိုးတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေကြတာပါ။ဘယ်သို့သော လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေကြောင့် ဒီလိုပြုမူနေကြတယ်ဆိုတာကို တိကျသေချာစွာမသိရှိထားရပေမယ့် လူနေနေရာတွေမှာ ထုံးမှုန့်တွေ ဖြန်းနေတာကတော့ မြင်ရတွေ့ရ များလာနေပါတယ်။တကယ်တမ်းအားဖြင့် ထုံးမှုန့်တွေဟာ သံမဏိနဲ့ ပလတ်စတစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအတွက် ဖန်တီးထားတဲ့ အရာတွေဖြစ်ပြီးတော့ ကွန်ကရစ်ဖျော်ဖို့၊ Filler အနေနဲ့ သုံးဖို့၊ စိုက်ခင်းတွေမှာသုံးဖို့၊ သတ္တုပုံသွန်းဖို့နဲ့ရေသန့်စင်မှုတွေမှာအသုံးပြုဖို့တွေအတွက် ရည်ရွယ်ထားကြတာပါ။ ပါဝင်ပစ္စည်းအနေနဲ့ Chloride၊ Oxocalcium၊ Silicon monoxide၊ Aluminum oxide စတဲ့ ဓာတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်။ထုံးမှုန့်ဖြူးတာဟာ တကယ် COVID-19 ကို သတ်နိုင်သလားဆိုတာနဲ့ ပတ်သတ်ပြီး လူတွေအကြားမှာ ဝိဝါဒကွဲပြားမှုတွေ ရှိနေပါတယ်။ ဒီလိုပါပဲ၊ လူထုအကြားထဲမှာလဲ သို့လော သို့လော မေးခွန်းတွေ ပေါ်လာနေပါတယ်။လက်ရှိ သိပ္ပံနည်းကျ လေ့လာချက်တွေအရ ထုံးမှုန့်ဟာ လူကို ကျန်းမာရေးဆိုင်ရာ အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေထဲကဆိုရင်Salmonella(ဒါမှမဟုတ်) Campylobacter ပိုးကိုသာ ဖယ်ရှားရှင်းလင်းပေးနိုင်တယ်လို့ သုတေသနရလဒ်တွေက ဖော်ပြထားပါတယ်။ ထုံးမှုန့်ဟာ မြေအောင်း တီကောင်၊ ကျွတ် စတဲ့ မြေအောင်း တွားသွား သတ္တဝါတွေကို ထိခိုက်စေနိုင်ပေမယ့် လူ့ခန္တာကိုယ်နဲ့ ဆက်နွယ်နေတဲ့ ရောဂါပိုးမွှားတွေကို ဖယ်ရှားနိုင် သတ်ဖြတ်နိုင်တယ်ဆိုတဲ့ သက်သေပြချက် လုံလုံလောက်လောက် ရှိမထားသေးပါဘူး။ဒါကြောင့် လက်ရှိ ဗိုင်းရပ်စ်တွေထက် ပိုမိုအရွယ်အစားကြီးမားပြီး အားကောင်းတဲ့ COVID-19 ကို သတ်နိုင်မသတ်နိုင်ဆိုတာကို တိကျရေရာတဲ့ သက်သေပြချက်မျိုးမရှိသေးပါဘူး။ ထုံးမှုန့်အနေနဲ့ COVID-19 ရောဂါပိုးကို တားဆီးနိုင်ဖို့ဆိုတာက ဖြစ်နိုင်ခြေလည်း နည်းပါးတယ်လု့ိ ယူဆရပါတယ်။ ကံသေကံမပြောလို့မရတဲ့ အရာဖြစ်ပါတယ်။လက်ရှိအချိန်အထိ WHO ၊ CDC နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့လို ဦးဆောင်ကျန်းမာရေးဌာနတွေကလည်း ထုံးမှုန့်ကို အသုံးပြုဖို့ လုံးဝ ညွှန်ကြားထားတာမျိုးမရှိကြသလို တခြားတိုင်းပြည်တွေမှာလည်း ရောဂါကာကွယ်ရေးအတွက် အသုံးပြုကြတာမျိုး မရှိကြပါဘူး။ ထုံးမှုန့်ကြောင့် COVID-19 သေစေတယ်လို့လည် ဘယ်သူမှ ပြောဆိုထားခြင်းမရှိပါဘူး။ထုံးမှုန့်တွေ ဖြူးတာဟာ COVID-19 ကို သတ်နိုင်မသတ်နိုင်မသေချာပေမယ့် သာမန်လူတွေအတွက် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကတော့ အမှန်ဖြစ်ပါတယ်။ ဒါကြောင့် ထုံးမှုန့်ဖြူးထားတာဟာ မဖြူးထားတာထက်စာရင်တော့ ပိုစိတ်ချရတယ်ဆိုတဲ့ အယူက အန္တရာယ်များတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ထုံးမှုန့်ဟာ Hypersensitivity လိုမျိုးကိုယ်ခံအားနစ် (Immune System)ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဝေဒနာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ COVID-19 ဟာ ကိုယ်ခံအားစနစ် အားကောင်းဖို့ လိုအပ်တဲ့ ရောဂါဖြစ်တာမို့ ဒီအချက်ဟာ သတိထားသင့်တဲ့အချက်ဖြစ်ပါတယ်။ဒါ့အပြင် ထုံးမှုန့်တွေကို မကြာခန ထိကိုင်မိတာ၊ အဆက်မပြတ် ရှုရှိုက်မိတာမျိုးတွေ ကြုံဆုံရပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ တခြားဝေဒနာတွေ ရှိနေပါသေးတယ်။ ဒါတွေကတော့။အထူးသဖြင့် သွေးနဲ့ ဆီးအတွင်း ကယ်လ်ဆီယံဓာတ်ပမာဏ အလွန်အမင်းမြင့်တက်တာဟာ ရေရှည်ပြဿနာဖြစ်ပြီး ကျောက်ကပ်၊ ဆီးလမ်းကြောင်းစတာတွေနဲ့သက်ဆိုင်တဲ့ နာတာရှည်ဝေဒနာတွေ ခံစားရစေနိုင်တာကို သတိပြုသင့်ပါတယ်။ဒါကြောင့် အရပ်တွေထဲ ထုံးမှုန့်တွေ လိုက်လံဖြန်းတဲ့ ဖြူးတဲ့အခါမျိုးမှာ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေရဲ့ ခွင့်ပြုချက်ကို ရယူပြီး စီမံသင့်ပါတယ်။ အကြောင်းကတော့ ထုံးမှုန့်ကြောင့်ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ လူတစ်ဦးချင်းစီရဲ့ ခန္တာကိုယ်ဖွဲ့စည်းပုံနဲ့ ကျန်းမာရေး အခြေအနေတွေအပေါ် မူတည်ပြီး ထိခိုက်မှုရှိခြင်း မရှိခြင်း ကွာခြားတာကြောင့်ဖြစ်ပါတယ်။တစ်ချို့လူတွေအတွက် ထုံးမှုန့်နဲ့ ခနတစ်ဖြုတ်ထိခိုက်မှုဟာ ဘာမှမဖြစ်ပေမယ့် တစ်ချို့တွေအတွက်တော့ ပိုပြီး ကျန်းမာရေးချို့ယွင်းသွားစေနိုင်တာမို့သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/health-calcium-hydroxide/
Paranoia Personality Disorder (သံသယလွန်ကဲသော စိတ်ဝေဒနာ)
သံသယလွန်ကဲသော စိတ်ဝေဒနာဆိုသည်မှာ လူတစ်ယောက်သည် သူတစ်ပါးအပေါ် ဘယ်တော့မှမဆုံးနိုင်သော သံသယစိတ် နှင့် မယုံကြည်မှုများ ဖြစ်နေသော ထူးခြားသော စိတ်ဝေဒနာတစ်မျိုးဖြစ်သည်။ ဤရောဂါ၏ အခြား ထူးခြားချက်များမှာ သူတစ်ပါးကို ယုံကြည်ဖို့ ဝန်လေးခြင်း၊ အညှိုးကြီးခြင်း၊ ရိုးသားသော ကိစ္စရပ်စကားရပ်များအပေါ်တွင်ပင် ခြိမ်းခြောက်နေသည်ဟု အထင်ရောက်ခြင်းတို့ပဲ ဖြစ်ပါသည်။ ဤစိတ်ဝေဒနာရှိသောလူသည် သူတစ်ပါးအပေါ် ဒေါသထွက်လွယ်၊ ရန်ပြုလွယ်သည်။သံသယစိတ်လွန်ကဲမှုသည် ကျိုးကြောင်းမဆီလျော်သော အတွေးနှင့် ယုံကြည်မှုများ ခိုင်မာလာချိန်တွင် ထင်ယောင်ထင်မှားဖြစ်လာစေတတ်သည်။ ထိုအခါတွင် သူတို့ တွေးနေ၊ ခံစားနေရသော အရာတွေက မမှန်ကန်ဘူးဆိုတာကို ထိုလူအား ဘယ်အရာကမှ (သက်သေအထောက်အထားများ ရှိနေလျှင်တောင်) နားချလို့မရပါ။ လူတစ်ယောက်သည် သံသယစိတ်လွန်ကဲသော စိတ်ဝေဒနာ (သို့) ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ရှိပြီး အခြားလက္ခဏာများ (တကယ်မရှိသော အရာများကို မြင်နေ၊ ကြားနေခြင်းကဲ့သို့သော လက္ခဏာများ) မရှိလျှင် သူတို့ကို ထင်ယောင်ထင်မှားဖြစ်သော စိတ်ဝေဒနာသည်ဟုလည်း ခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အတွေးများတွင်သာ ပြဿနာရှိပြီး ထိုရောဂါသည်များသည် နေ့စဉ် ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင်သည်။ သို့သော် သူတို့၏ ဘဝတွင် ကန့်သတ်ချက်များရှိပြီး အထီးကျန်ဆန်ပါသည်။ဤဝေဒနာသည် အလွန်အဖြစ်များပါသည်။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပါသည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် ရောဂါကို စီမံနိုင်ပါသည်။ ပိုမိုသိရှိလိုသော အချက်များအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါသည်။သံသယလွန်ကဲ စိတ်ဝေဒနာ၏ အဖြစ်များသော ရောဂါလက္ခဏာများမှာ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အကယ်၍ သံသယစိတ်က သင့်ဆက်ဆံရေး (သို့) လုပ်ငန်းခွင်တွင် နှောင့်ယှက်လာပါက ဆရာဝန် (သို့) စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ဆက်သွယ်ပါ။ဤ စိတ်ဝေဒနာကို ဖြစ်စေသော အဓိက အကြောင်းရင်းကို ပြည့်ပြည့်၀၀ မသိရှိရသေးပါ။ သို့သော် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာ ပါ ပေါင်းစပ်ပါဝင်နေခြင်း ဖြစ်ဖို့များပါတယ်။ သံသယလွန်ကဲ စိတ်ဝေဒနာသည် စိတ်ကစဉ့်ကလျား ရောဂါသည် ဆွေမျိုးများတွင် အဖြစ်များပါသည်။ ကလေးဘဝအစောပိုင်းတွင် ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့ဖူးခြင်းသည်လည်း ဤရောဂါဖြစ်ပွားမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်သည်။သံသယလွန်ကဲ စိတ်ဝေဒနာ ဖြစ်ပွားမှုများစေတဲ့ အဓိကအကြောင်းအရင်းကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သံသယလွန်ကဲ စိတ်ဝေဒနာကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုပေါ်တွင် အခြေခံပြီး အတည်ပြုသတ်မှတ်သည်။ ဆရာဝန်က ပြည့်စုံသော ဆေးစစ်ဆေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ မေးမြန်းစစ်ဆေးခြင်းများကို ပြုလုပ်သည်။ လိုအပ်လျှင် ခန္ဓါကိုယ် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်သည်။ သံသယလွန်ကဲ စိတ်ဝေဒနာကို အတည်ပြုနိုင်သော ဓါတ်ခွဲစစ်ဆေးနည်း မရှိပါ။ သို့သော် ဆရာဝန်က ဖြစ်စေသော အကြောင်းရင်း၊ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုများကို ဖယ်ထုတ်ဖို့ များစွာသော စစ်ဆေးမှုများကို ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေသော အကြောင်းရင်းရောဂါ မတွေ့ရှိလျှင် ဆရာဝန်က သင်၏ စိတ်ပိုင်းဆိုင်ရာကို စစ်ဆေးရန် စိတ်ကျန်းမာရေး ဆရာဝန်ကို လွှဲပေးလိမ့်မည်။စိတ်ကျန်းမာရေး ဆရာဝန်က ရှုပ်ထွေးနက်နဲသော စစ်ဆေးမှုများကို ပြုလုပ်လိမ့်မည်။ သူတို့က သင့်ငယ်ဘဝ၊ ကျောင်း၊ လုပ်ငန်းခွင် နှင့် ဆက်ဆံရေးအကြောင်းကို မေးမြန်းလိမ့်မည်။ သူတို့က သင်၏ အတွေးပုံရိပ်များကို ဘယ်လိုတုန့်ပြန်သလဲဆိုတာကို မေးမြန်းလိမ့်မည်။ ထိုမေးခွန်းများသည် သင်အခြေအနေတစ်ရပ်ကို ဘယ်လိုတုန့်ပြန်သလဲဆိုတာကို စစ်ဆေးခြင်းဖြစ်သည်။ ဥပမာ။ ။ သင်သည်လမ်းပေါ်တွင် တစ်စုံတစ်ယောက်၏ ပိုက်ဆံအိတ်ကို တွေ့လျှင် ဘယ်လိုလုပ်မလဲဆိုသော မေးခွန်းမျိုးကို မေးလိမ့်မည်။ ထို့နောက် စိတ်ကျန်းမာရေး ဆရာဝန် က ရောဂါအတည်ပြုပြီး ကုသမှုကို စီစဉ်ပေးလိမ့်မည်။ဤရောဂါ ခံစားနေရသော လူနာများသည် ဆရာဝန်အပေါ်သံသယစိတ်များသောကြောင့် ကုသမှုသည် ခက်ခဲပါသည်။ အကယ်၍ ကုသမှုကို လက်ခံလျှင် စကားပြောကုထုံးနှင့် ဆေးဝါးများသည် ထိရောက်ပါသည်။ကုသမှုကို လက်ခံသောသူများသည် အလုပ်ဆက်လုပ်နိုင်ပြီး ကျန်းမာသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်သည်။ သို့သော် သူတို့သည် ဘဝတစ်လျှောက် ကုသမှုကို ဆက်လက်ခံယူရမည်။ အဘယ်ကြောင့်ဆိုသော် သံသယလွန်ကဲ စိတ်ဝေဒနာကို အမြစ်ပြတ်ကုသနည်း မရှိပါ။ သံသယလွန်ကဲ စိတ်ဝေဒနာ ရောဂါလက္ခဏာများ ဆက်လက်ဖြစ်နေမည်ဖြစ်သော်လည်း အများ၏ ထောက်ပံ့မှု၊ ဂရုစိုက်မှုများနှင့် ရောဂါကို ကုသနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သံသယလွန်ကဲ စိတ်ဝေဒနာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။ဤစိတ်ဝေဒနာကို ကုသနိုင်သော နည်းလမ်းမရှိသေးပါ။ အဘယ်ကြောင့်ဆိုသော် သံသယလွန်ကဲ စိတ်ဝေဒနာသည် လူနာသည် အခြားလူများကို မယုံကြည်၊ သံသယစိတ်များသောကြောင့် အုပ်စုဖွဲ့ကူညီခြင်းနည်းလမ်းမျိုးသည် မဖြစ်နိုင်သလို အန္တရာယ်တောင်များသေးသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/paranoia-personality-disorder-%e1%80%9e%e1%80%b6%e1%80%9e%e1%80%9a%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%80%e1%80%b2%e1%80%b1%e1%80%9e%e1%80%ac-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%b1/
အစာအဆိပ်သင့်ခြင်း အကြောင်း
အစာအဆိပ်သင့်ခြင်း ဆိုတာက အစားအစာကနေတဆင့် ကိုယ်ထဲကို ရောဂါပိုးဝင်ရောက်ခြင်းပဲ ဖြစ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့၊ အဆိပ်သင့်တဲ့၊ ရောဂါပိုးရှိတဲ့ အစားအစာတွေကို စားမိရင် ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။အစာအဆိပ်သင့်တဲ့အခါ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ အချိန်တနာရီလောက်ကနေ ၂၈ ရက်လောက်ထိ ကြာသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ အောက်ပါလက္ခဏာတွေထဲက အနည်းဆုံးသုံးချက်ခန့်ကို ကြုံတွေ့နိုင်ပါတယ်။အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းလက္ခဏာတွေကတော့။အထက်ပါလက္ခဏာတမျိုးမျိုးရှိရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။အဓိကအကြောင်းအရင်းသုံးခုအနက် တခုခုကြောင့် ဖြစ်တတ်ပါတယ်။၁။ဘက်တီးရီးယား။အစာအဆိပ်သင့်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်ပါတယ်။ Salmonella ဟာ အမေရိကမှာ အစာအဆိပ်သင့်ခြင်း အများဆုံးဖြစ်စေတဲ့ ဘက်တီးရီးယားဖြစ်ပါတယ်။၂။ ကပ်ပါးပိုး။ကပ်ပါးပိုးမွှားတွေကြောင့် အဆိပ်သင့်ခြင်းဟာ ဘက်တီးရီးယားလောက် မများပေမယ့် ဖြစ်လာပြီဆိုရင် အန္တရာယ်များပါတယ်။ Toxoplasma ဟာ အစာအဆိပ်သင့်ခြင်း အများဆုံးဖြစ်စေတဲ့ ကပ်ပါးပိုး ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ လူတို့ရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ မသိရဘဲ နှစ်နဲ့ချီပြီး ရှိနေနိုင်ပါတယ်။ ဒါပေမယ့်ကိုယ်ခံအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အူလမ်းကြောင်းထဲ ကပ်ပါးပိုးရှိနေရင် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံနိုင်ပါတယ်။၃။ ဗိုင်းရပ်စ်ပိုးများ။ဗိုင်းရပ်စ်ပိုးကြောင့်လည်း အစာအဆိပ်သင့်ခြင်းဖြစ်တတ်ပါတယ်။ Norwalk ဗိုင်းရပ်စ်လို့ သိကြတဲ့ norovirus ဟာ နှစ်စဉ် ကမ္ဘာတလွှားမှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပဲ ဖြစ်ပါတယ်။ Sapovirus, rotavirus နဲ့ astrovirus စတဲ့ ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အသည်းရောင်ရောဂါပိုး အေ ဟာလည်း အစာကနေတဆင့် ကူးစက်နိုင်ပါတယ်။များသောအားဖြင့် လူသားတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ရောဂါပိုးမွှားတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် ချက်ပြုတ်တဲ့ မီးအပူကြောင့် ရောဂါပိုးမွှားများဟာ သေကုန်ကြပါတယ်။ ကောင်းစွာချက်ပြုတ်ထားခြင်းမရှိတဲ့ အစိမ်းစားစရာတွေကတော့ ရောဂါကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။ ချက်ပြုတ်ပြင်ဆင်သူများအနေနဲ့ အစားအစာတွေကို ပြင်ဆင်ချိန်မှာ လက်ကို သေချာမဆေးရင် အစားအစာတွေကနေ ကူးစက်နိုင်ပါတယ်။ အသားငါး၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကနေ ကူးစက်နိုင်ပါတယ်။ကုသနည်းတွေကတော့ လက္ခဏာတွေ ဘယ်လောက်ပြင်းထန်လဲဆိုတာရယ်၊ ဘာပိုးကြောင့်ဖြစ်တာလဲဆိုတာရယ်အပေါ် မူတည်ပါတယ်။ အများစုကတော့ ဆေးတွေနဲ့ ကုသရလောက်တဲ့အထိ မလိုအပ်ပါဘူး။ မြန်မာနိုင်ငံမှာဆို မသန့်တာတွေ စားလိုက်၊ နောက်ရက်ကျရင် ဝမ်းလျှောလိုက်နဲ့ အများကြီး ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ အလိုလိုသက်သာသွားကြပါတယ်။ဆေးတွေ မလိုဘူးဆိုပေမယ့် အစာအဆိပ်သင့်တာကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့။အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လို့ ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့အခါ ဓာတ်ဆားသောက်ဖို့ လိုပါတယ်။ ဝမ်းလျှောသမျှ၊ အန်သမျှနဲ့ ကာမိအောင် လုံလုံလောက်လောက် သောက်ပေးဖို့ လိုပါတယ်။ ဓာတ်ဆားမဝင်လို့ ဓာတ်ဆားမျှခြေပျက်သွားရင် အန္တရာယ်ရှိပါတယ်။ကောင်းကျိုးပြုဘက်တီးရီးယားတွေ များလာရင် ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေအတွက် အစာခြေစနစ်ထဲမှာ နေရာရှိတော့မှာ မဟုတ်ပါဘူး။ ဒါ့ပြင် ဝမ်းလျှောလို့ ဆုံးရှုံးသွားတဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေကိုလည်း ပြန်လည်ဖြည့်ပေးရာ ရောက်ပါတယ်။ဒီနှစ်မျိုးကတော့ ဆရာဝန်ညွှန်ကြားချက် မလိုဘဲ ကိုယ့်ဟာကိုယ် ဝယ်သောက်နိုင်ပါတယ်။ဘက်တီးရီးယား ပိုးသတ်ဆေးတွေ၊ ကပ်ပါးပိုးသတ်ဆေးတွေကတော့ ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်းမှာမှ ဒီဆေးတွေက အသုံးဝင်တာပါ။ဝမ်းလျှောတာ သိပ်မများဘူးဆိုရင် ဝမ်းပိတ်ဆေး မသောက်လည်း ရပါတယ်။ ဒါမှ ပိုးတွေ အောင်းမနေဘဲ ဝမ်းကနေ အပြင်ကို ထွက်သွားနိုင်မှာပါ။ အထူးသဖြင့် လူနာက ဝမ်းထဲမှာ  သွေးပါတယ်။ ဖျားလည်း ဖျားတယ်ဆိုရင် ဝမ်းပိတ်ဆေး မသောက်သင့်ပါဘူး။ ဒါက ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေကြောင့်ဖြစ်လို့ ဝမ်းပိတ်ဆေးသောက်လိုက်ရင် အူထဲမှာ ပိုးတွေ အောင်းနေမှာပါ။ ကလေးတွေဆိုရင်လည်း ဝမ်းပိတ်ဆေး မတိုက်သင့်ပါဘူး။ဒါတွေ မရှိဘူးဆိုရင်တော့ ဝမ်းပိတ်ဆေးကို ဆေးညွှန်းအတိုင်း သောက်နိုင်ပါတယ်။အစားအသောက်တွေကို သန့်ရှင်းစွာ ထားရပါမယ်။ လတ်လတ်ဆတ်ဆတ် စားသောက်ရပါမယ်။ အစားအစာတချို့ကတော့ ပြင်ဆင်တဲ့ပုံစံအရကို အစာအဆိပ်သင့်ဖို့ အခွင့်အလမ်းများနေပါတယ်။ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ ငါး စတာတွေကို ပြင်ဆင်ချက်ပြုတ်ရာမှာ သေချာစွာ အပူပေးချက်ပြုတ်သင့်ပါတယ်။ ကောင်းကောင်းမကျက်ဘဲစားမိရင် အစာအဆိပ်သင့်ခြင်း ကြုံနိုင်ပါတယ်။ ဒါ့အပြင် ပြင်ဆင်ချက်ပြုတ်ချိန်မှာ လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးသင့်ပါတယ်။သေချာစွာ ထုပ်ပိုးသိုလှောင်ထားတဲ့ အစားအစာတွေကိုပဲ ရွေးချယ်ဝယ်ယူပါ။ အသီးအနှံ ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်ခင် ရေသေချာဆေးပါ။ အစိမ်းစားတဲ့ အသီးအရွက်များကိုလည်း သေချာစွာ စိစစ်ဝယ်ယူပြီး ရေသေချာဆေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/food-poisoning/
မိုးရာသီနဲ့ ရင်ကျပ်ဝေဒနာ
ရာသီဥတုလေး ပြောင်းလဲလာပြီဆိုရင် ရင်ကျပ်ဝေဒနာ ရှိတဲ့သူတွေအတွက်တော့ အခက်ကြုံရတတ်ပါတယ်။ အသက်ရှူရခက်တာ၊ ဓာတ်မတည့်တာတွေကြောင့် ရင်ကျပ်ဝေဒနာ ပိုပိုဆိုးသွားတတ်တယ်လေ။ခုရာသီလို စိုထိုင်းဆမြင့်မားပြီး မကြာခဏမိုးတွေရွာနေတတ်တဲ့ မိုးရွာသီမျိုးမှာဆိုရင် ရင်ကျပ်ဝေဒနာရှင်တွေ ပိုပြီး အခက်တွေ့ရနိုင်ပါတယ်။ရင်ကျပ်ဝေဒနာ  ဖြစ်ပေါ်တယ်ဆိုတာက လေကိုရှူသွင်းလိုက်ချိန်မှာ အဆုတ်ကို သွားတဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ချွဲသလိပ်တွေတွေ ပြည့်ပြီး ကျဉ်းမြောင်းသွားတာမျိုးကို ဆိုလိုတာပါ။ရင်ကျပ်ဝေဒနာရှင်အများစုဟာ ငယ်ရွယ်စဉ်ကတည်းက ရောဂါစတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ များသောအားဖြင့် ဓာတ်မတည့်တာ၊ မျိုးရိုးလိုက်တာတွေနဲ့ သက်ဆိုင်တတ်ပါတယ်။ဓာတ်မတည့်တတ်သူတွေဆိုရင် ပုံမှန်မဟုတ်တဲ့ အနံ့ထူးထူးဆန်းဆန်းတွေ၊ အမွှေးနံ့၊ အနံ့ဆိုး၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်အနံ့၊ ခြင်ဆေးခွေ ခြင်ဖြန်းဆေးတွေက ထွက်ရှိတဲ့ အငွေ့တွေ အနံ့တွေ၊ စက်ရုံအလုပ်ရုံတွေက ထွက်ရှိတဲ့ မီးခိုးငွေ့နဲ့ အနံ့တွေ၊ လေထုထဲက အမှုန်အမွှားတွေ၊ ပန်းဝတ်မှုန်တွေနဲ့ တိရစ္ဆာန်အမွေးအမျှင်တွေကို ထိတွေ့ရှူရှိူက်မိတဲ့အခါမျိုးတွေမှာ ရင်ကျပ်ခြင်းဝေဒနာ ပိုမိုဆိုးရွားသွားတတ်ပါတယ်။တစ်ခုရှိတာက လူတစ်ယောက်နဲ့ တစ်ယောက် ဓာတ်မတည့်ပုံခြင်းမတူနိုင်တာမို့ ကိုယ်က ဘယ်လိုအရာတွေနဲ့ မသင့်လျော်တာလဲဆိုတာကို သိနားလည်ထားဖို့ အထူးလိုအပ်မှာဖြစ်ပါတယ်။ ကိုယ်နဲ့ မတည့်တဲ့အရာတွေကို သတိထားရှောင်ကြဉ်ရပါမယ်။ထူးခြားချက်ကတော့ တချို့တွေက အစားအသောက်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်ဘဲ အဲ့ဒီအစားအစာ စားသောက်မိရင် ရင်ကျပ်သူတွေလည်း ရှိပါတယ်။ ဒီလိုလူမျိုးတွေအနေနဲ့ ကိုယ်နဲ့ မအပ်စပ်တဲ့ အစားအစာတွေကို သိထားဖို့ လိုအပ်ပါတယ်။ရာသီဥတုအခြေအနေဟာ ရင်ကျပ်ဝေဒနာသည်တွေကို အခက်တွေ့စေနိုင်ပါတယ်။ တချို့သော လူတွေ စွဲကပ်နေတဲ့ ရင်ကျပ်ဝေဒနာ က ပုံမှန်အချိန်တွေထက် ဥတုရာသီကိုလိုက်ပြီး ပိုမိုဆိုးရွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဥပမာ မိုးတွင်း၊ ဆောင်းတွင်းလို ကာလမျိုးတွေမှာပေါ့။မိုးရာသီရဲ့ အောက်ပါအခြေအနေတွေမှာ ရင်ကျပ်ဝေဒနာသည်တွေအနေနဲ့ ပုံမှန်အခြေအနေအထက် ပိုမိုပြီး အခက်ကြုံရတတ်ပါတယ်။စိုထိုင်းဆများချိန်မှာ အသက်ရှူရ ခက်ခဲနိုင်ပါတယ်။ လေထုထဲကအမှုန်အမွှားတွေနဲ့ မှိုတွေကြောင့်ပါ။ မိုးရာသီရဲ့ စိုစွတ်တဲ့ လေထုဟာ မှိုတွေ ပိုမိုပေါက်ပွားအောင် တွန်းအားပေးနိုင်ပြီး စိုထိုင်းဆမြင့်မားပြီး ညစ်ညမ်းတဲ့လေထုဟာ ရင်ကျပ်ဝေဒနာရှင်တွေအတွက်တော့ တကယ့်ပြဿနာတစ်ရပ်ပဲ။ ဒီလိုအခြေအနေမျိုးမှာ ဓာတ်မတည့်မှုတွေ ပိုမိုဖြစ်ပေါ်နိုင်ပြီး အသက်ရှူရခက်ခဲတာတွေ ပိုဖြစ်နိုင်ပါတယ်။ရာသီဥတုပြောင်းလဲမှုက ရင်ကျပ်ဝေဒနာကို သက်ရောက်တတ်ပါတယ်။ နောက်ပြီး အေးမြပြီး ခြောက်သွေ့တဲ့ လေက ရင်ကျပ်ဝေဒနာသည်တွေကို အခက်တွေ့စေနိုင်တယ်ဆိုပေမယ့် မိုးရာသီရဲ့ စိုထိုင်းစမြင့်မားမှုကလည်း ဒီရောဂါသည်တွေကို အသက်ရှူရပိုမိုခက်ခဲအောင် ဒုက္ခပေးလေ့ရှိပါတယ်။မြေမျက်နှာသွင်ပြင်၊ စိုထိုင်းဆ၊ ရာသီဥတု၊ အပူချိန်နဲ့ နေရောင်တို့ကြောင့် ဖြစ်ပေါ်လာတတ်တဲ့Ground-level Ozoneဟာ ရင်ကျပ်ဝေဒနာရှင်တွေကို အကြီးအကျယ်ဒုက္ခပေးနိုင်ပြီး သတိထားဖို့ လိုအပ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။မိုးကြိုးမုန်တိုင်းတွေကလည်း ရင်ကျပ်ဝေဒနာ ကို ဆိုးရွားစေနိုင်ပါသေးတယ်။ မိုးနဲ့ မိုးကြိုး၊ လျှပ်စီးတွေဟာ လေထုထဲမှာ သေးငယ်တဲ့ အမှုန်အမွှားလေးတွေကို ဖြစ်ပေါ်စေပြီး ဒီအရာတွေဟာ လေနဲ့အတူ နေရာတိုင်းကို ရွေ့လျားရောက်ရှိသွားတတ်ပါတယ်။ဒါကြောင့် မိုးကြိုးမုန်တိုင်းဖြစ်နေချိန်တွေမှာ ရင်ကျပ်ဝေဒနာရှင်တွေအနေနဲ့ အသက်ရှူရ အခက်ကြုံနိုင်သလို ရောဂါလည်း ပိုမိုဆိုးရွားလေ့ရှိပါတယ်။ ဒါကိုတော့ “Thunderstorm Asthma” လို့ ခေါ်ကြပါတယ်။မိုးရာသီဖြစ်တာမို့ မိုးရွာတာကိုတေော့ ရှာင်လွှဲလို့မရပါဘူး။ မိုးရွာချိန်တွေကလည်း ရင်ကျပ်ဝေဒနာရှင်တွေအတွက် သက်ရောက်မှု တချို့ရှိပါတယ်။ ရောဂါလက္ခဏာတွေ ပိုဖြစ်လာစေသလို မှိုနဲ့ ဖုန်မှုန့်တွေကြောင့်အသက်ရှူရခက်တာတွေ ပိုဖြစ်လာနိုင်ပါတယ်။ခုဆို မိုးရာသီကာလကို ရောက်လာပါပြီ။ ရာသီအလိုက်ဖြစ်တတ်တဲ့ ရင်ကျပ်ဝေဒနာရှင်တွေရော၊ ပုံမှန်ရင်ကျပ်ဝေဒနာရှင်တွေပါ ဂရုပြုဖို့ လိုအပ်တဲ့ ရာသီဥတုကာလတစ်ခုဖြစ်ပါတယ်။ဒီလိုကာလမှာ တခြားဝေဒနာတွေနည်းတူ ရင်ကျပ်ဝေဒနာကိုလည်း ပိုမိုမဆိုးရွားလာစေဖို့ ဂရုစိုက်ပြီး နေထိုင်သွားလာဖို့ လိုအပ်ပါတယ်။အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရင်ကျပ်ဝေဒနာ လက္ခဏာတွေ မပြသလာအောင်လည်း တားဆီးနိုင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/humidity-and-asthma/
မကြာခဏလိင်ဆက်ဆံခြင်းက ဆိုးသလား
လိင်ဆက်ဆံခြင်းဟာ လူ့ဘဝရဲ့ ရှောင်လွှဲမရနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးအပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာများရဲ့ ရှုထောင့်အတော်များများကို တိုးတက်စေပါတယ်။ လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ပျော်ရွှင်စေတယ်လို့ ပြောကြပေမယ့် တခြားလေးနက်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံခြင်းရဲ့ အကျိုးသက်ရောက်မှုအကြောင်း အပိုပြောကြတာတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ကောင်းပါတယ်။ဒါဟာ အဖြစ်မများပေမယ့် အချို့လူတွေမှာ လိင်ဆက်ဆံစဉ် နှလုံးနာကျဉ်ခြင်းကို ခံစားရတတ်ပါတယ်။ လူအများစုအတွက်ကတော့ လိင်ဆက်ဆံခြင်းဟာ နှလုံးသွေးကြောအတွက် ကောင်းမွန်တယ်လို့ ပြောကြပေမယ့် နှလုံးရောဂါ အခံရှိသူတွေကတော့ သတိပြုသင့်ပါတယ်။လိင်ဆက်ဆံမှု လွန်ကဲခြင်းဟာ ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ အလုပ်အပါအဝင် သင့်ဘဝကို လွှမ်းမိုးနိုင်ပါတယ်။ ပင်ပန်းခြင်းကြောင့် သင်အလုပ်ကို ကောင်းကောင်းလုပ်ဖို့နဲ့ လိုအပ်ချက်တွေ အကုန်ပြည့်စုံဖို့ ခက်ခဲပါလိမ့်မယ်။ တစ်နေ့တည်းမှာ လိင်ဆက်ဆံမှုလွန်ကဲရင် အားအင်ကုန်ခမ်းလွန်းရုံတင်မက သင့်ကျန်းမာရေး အခြေအနေကို နိမ့်ကျစေပါတယ်။ လိင်ဆက်ဆံစဉ်မှာ norepinephrine၊ epinephrine နဲ့ cortisol တွေဟာ ထွက်လာပြီးတော့ နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ ပြီးတော့ သွေးထဲကိုလည်း သကြားဓါတ်ကို ထုတ်လွှတ်ပေးပါသေးတယ်။ ဒီအရာတွေအကုန်လုံးအတွက် အားအင်တွေလိုအပ်ပါတယ်။လိင်ဆက်ဆံခြင်းဟာ Dihydrotestosterone ပမာဏကို ကိုယ်ခန္ဓာအတွင်းမှာ မြင့်တက်စေပါတယ်။ ဒီဟော်မုန်းဟာ အမျိုးသားတွေမှာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါတယ်။အမျိုးသမီးတွေဟာ လိင်ဆက်ဆံပြီးရင် နာကျင်မှုကို ခံစားကြရပါတယ်။ ဒါဟာ များသောအားဖြင့်တော့ ထိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မိန်းမကိုယ်နံရံတွေ ကွာကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ထိုးသွင်းမှု ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူမှန်သမျှဟာ သူတို့ကို နာကျင်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်လိင်ဆက်ဆံဖက်ကို ထိုးသွင်းခြင်းမပါဝင်တဲ့ အခြားနည်းလမ်းတွေနဲ့ နှစ်သိမ့်နိုင်ပါတယ်။အာရုံကြောတွေဟာ ပြင်းထန်တဲ့ လိင်လှုံ့ဆော်မှု အပြီးမှာ ဒဏ်ရာရတတ်ကြပါတယ်။ ဒါကြောင့် အနားယူပြီးမှ လှုပ်ရှားမှုကို အဆုံးသတ်နိုင်ပါတယ်။ တူညီတဲ့နေရာတစ်ခုတည်းကို တိုက်ရိုက် လှုံ့ဆောင်ခြင်းမှလည်း ရှောင်ကျဉ်သင့်ပါတယ်။လိင်ဆက်ဆံခြင်းဟာ ကြွက်သားတွေပေါ်မှာ ဖိအားသက်ရောက်ခြင်း ပါဝင်တာကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှုပြုလုပ်ခြင်းတစ်မျိုးဖြစ်ပါတယ်။ သင်နေပြန်ကောင်းလာတဲ့အထိ လိင်ဆက်ဆံမှုကို ရှောင်ကျဉ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း တူညီတဲ့ ကြွက်သားတွေအပေါ်မှာ ဖိအားအများကြီး မသက်ရောက်ရအောင် အခြား လိင်ဆက်ဆံတဲ့ ပုံစံတွေကို ရွေးချယ်နိုင်ပါတယ်။ကျိုးတာမျိုးမဟုတ်ပေမယ့် လိင်တံပေါက်ထွက်တာမျိုး အချိန်မရွေး ဖြစ်နိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ အနည်းငယ်ထူးဆန်းတဲ့အသံကြားပြီး လိင်တံထောင်မတ်မှု ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါဟာ လိင်တံအောက်ခြေ (သို့) ကပ်ပယ်အိတ်ကိုလည်း ရောင်ရမ်းစေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%99%e1%80%80%e1%80%bc%e1%80%ac%e1%80%81%e1%80%8f%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%86%e1%80%b6%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%86/
အအိပ်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ
အိပ်စက်မှုဆိုတာက သက်ရှိသတ္တဝါတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရှင်သန်မှုလုပ်ငန်းစဉ်တွေထဲကတစ်ရပ်ဖြစ်ပါတယ်။ အိပ်စက်တယ်ဆိုရာမှာလည်း ကျန်းမာရေးအတွက်ကောင်းကျိုးဖြစ်ထွန်းအောင် အိပ်စက်တတ်ဖို့လိုအပ်ပါတယ်။ အိပ်စက်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။အသက်အရွယ်ကိုလိုက်ပြီး အိပ်စက်မှုအတိုင်းအတာက လူတစ်ဦးနဲ့တစ်ဦးမှာ မတူညီဘဲကွဲပြားတာမျိုးတွေရှိပါတယ်။ အိပ်စက်မှု အတိုင်းအတာက အသက်အရွယ်၊နေ့စဉ်လှုပ်ရှားနေမှုပုံစံနဲ့နေထိုင်မှုအလေ့အထတွေအပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဥပမာပြောပြရရင် စိတ်ဖိစီးနေတဲ့အခါမျိုး (သို့)နေထိုင်မကောင်းတဲ့အခါမျိုးတွေမှာ အိပ်စက်ချိန်ကပုံမှန်ထက်ပိုမိုလိုအပ်တယ်လို့ ခံစားရနိုင်ပါတယ်။ညတိုင်းလိုလိုမှာ အိပ်ချြိန်ပည့်ပြည့်ဝဝရရှိဖို့လိုအပ်တယ်ဆိုတဲ့အချက်ကိုကြားဖူးလိမ့်မယ်ထင်ပါတယ်။ အိပ်စက်ချိန်မလုံလောက်တဲ့အခါ ရောဂါလက္ခဏာရပ်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်လာရမှာဖြစ်ပါတယ်။အိပ်စက်ချိန်ဘယ်လောက်ရှိသင့်လဲ။ အိပ်စက်ချိန်ကအသက်အရွယ်ပေါ်မှာ များသောအားဖြင့်မူတည်နေတာဖြစ်ပါတယ်။ အိပ်စက်ချိန်တအားနည်းနေတယ်ဆိုရင် ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲရမှာဖြစ်ပြီး ထိုသို့ပြောင်းလဲမှုက အကျိုးသက်ရောက်မှုမရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်ပါတယ်။အိပ်ရေးဝဝအိပ်စက်ခြင်းကကောင်းတဲ့အချက်ဆိုပေမယ့် အိပ်ချိန်အရမ်းများတာကတော့ ကျန်းမာရေးတစ်ခုခုချို့ယွင်းနေပြီဆိုတာကိုပြသတဲ့လက္ခဏာရပ်လည်းဖြစ်နိုင်ပါတယ်။ အိပ်ချိန်တအားများတာကရောဂါခံစားရမှုတွေအထိဖြစ်ပေါ်စေနိုင်ပါတယ်။အခုလက်ရှိမှာ အမျိုးသားအိပ်စက်ခြင်းအဖွဲ့ ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။အသက်အရွယ် တစ်နေ့တာ ရှိသင့်တဲ့အိပ်စက်ချိန်။မွေးကင်းစ ကလေးငယ် ၁၄ နာရီ ကနေ ၁၇ နာရီ။နို့စို့အရွယ်ကလေးငယ် ၁၂ နာရီ ကနေ ၁၅ နာရီ။လမ်းလျှောက်တတ်စအရွယ် ကလေးငယ် ၁၁ နာရီ ကနေ ၁၄ နာရီ။မူကြိုအရွယ် ကလေးငယ် ၁၀ နာရီ ကနေ ၁၃ နာရီ။ကျောင်းနေအရွယ် ကလေးငယ် ၉ နာရီကနေ ၁၁ နာရီ။ဆယ်ကျော်သက် ၈ နာရီ ကနေ ၁၀ နာရီ။အရွယ်ရောက်ပြီးတဲ့သူ ၇ နာရီ ကနေ ၉ နာရီ။သက်ကြီးရွယ်အို ၇ နာရီ ကနေ ၈ နာရီ။ညဘက်မှာ ကောင်းကောင်းအိပ်ပျော်တာက ကျန်းမာရေးအတွက် အရေးပါတဲ့ အချက်တစ်ချက်ဆိုပေမယ့် အလွန်အကျွံအိပ်စက်တာကို ဆီးချိုရောဂါ၊နှလုံးရောဂါ လိုမျိုးကျန်းမာရေးပြဿနာရပ်တွေနဲ့ ဆက်စပ်နေသလိုသေဆုံးသည်အထိတောင်ဖြစ်စေနိုင်ပါတယ်။ စိတ်ကျဝေဒနာခံစားရတာနဲ့ လူမှုစီးပွားဆိုင်ရာ အဆင့်အတန်းနိမ့်ကျမှုက အအိပ်များတာနဲ့တောတော်လေးကို ပတ်သက်ဆက်နွယ်နေပါတယ်။ ဥပမာပြောပြရရင် လူမှုစီးပွားအဆင့်အတန်းနိမ့်ကျသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုလည်း အားနည်းသလို အိပ်စက်ချိန်များလွန်းတာကြောင့် နှလုံးရောဂါလိုမျိုးရောဂါအမည်မဖော်နိုင်တဲ့ရောဂါတွေကိုလည်းပိုမိုခံစားရနိုင်ပါတယ်။လူတွေမှာ ခံစားရလေ့ရှိတဲ့ (hypersomnia) လို့ခေါ်တဲ့ အအိပ်များလွန်းတဲ့ပြဿနာက ကျန်းမာရေးဆိုင်ရာထိခိုက်မှုဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ထိုဝေဒနာကိုခံစားနေရသူတွေမှာနေ့ဘက်မှာ တစ်နေ့လု့းအိပ်စက်တာနဲ့ညဘက်တွေမှာလည်း ပုံမှန်ရှိသင့်တဲ့အိပ်ချိန်ထက်ပိုအိပ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။hypersomnia ယေဒနာခံစားနေရသူ အများစုမှာ စိတ်ပူပန်တာ၊ အားအင်ကုန်ခမ်းတာနဲ့ မှတ်ဉာဏ်ဆိုင်ရာပြဿနာတွေတွေ့ကြုံလာရနိုင်ပါတယ်။အိပ်ပျော်နေစဉ် အသက်ရှုရပ်ခြင်း (Obstructive sleep apena) အိပ်စက်ချိန်ပိုမိုလိုအပ်မှုကိုဖြစ်ပေါ်စေပါတယ်။ ပုံမှန်အိပ်စက်မှု စက်ဝန်းကို အနှောက်အယှက်ဖြစ်တာကြောင့်ဖြစ်ပါတယ်။အိပ်ချိန်ပုံမှန်ထက် ပိုမိုအိပ်စက်တိုင်း အိပ်စက်မှုပုံစံမမှန်တာကိုခံစားနေရတာမဟုတ်ပါဘူး။ အရက်နဲ့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသောက်သုံးရတာကြောင့်လည်း ပုံမှန်အိပ်စက်တဲ့အတိုင်းအတာ ထက်ပိုမိုအိပ်စက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ စိတ်ဓါတ်ကျဝေဒနာခံစားနေရတာကြောင့်လည်း ပုံမှန်ထက်ပိုမိုအိပ်စက်နေတာလည်းဖြစ်နိုင်ပါတယ်။ဆီးချို –လေ့လာမှုတွေအရ အိပ်ရေးပျက်တာက ဆီးချိုရောဂါကိုဖြစ်စေနိုင်သလို အအိပ်များလွန်းတာကလည်း ဆီးချိုရောဂါကိုဖြစ်စေနိုင်တယ်။ လို့တွေ့ရှိရပါတယ်။အဝလွန်ခြင်း –အိပ်ချိန်တအားနည်းတာကြောင့် ကိုယ်အလေးချိန်တိုးနိုင်သလို အိပ်ချိန်တအားများတာကြောင့်လည်း ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ ညတိုင်းအိပ်ချိန် ၉ နာရီ ကနေ ၁၀ နာရီအတွင်းအိပ်စက်သူတွေမှာ ၆ နှစ်ကျော်လာတဲ့အခါ တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီကြားအိပ်တဲ့သူတွေထက် အဝလွန်နိုင်ခြေ ၂၁ ရာခိုင်နှုန်းပိုများနေတာကိုတွေ့ရှိခဲ့ပါတယ်။ခေါင်းကိုက်ခြင်း– အိပ်စက်ချိန်က ပုံမှန်အိပ်စက်နေကျအတိုင်းအတာထက် ပိုများသွားရင် အချို့သူတွေမှာခေါင်းကိုက်တာကိုခံစားရလေ့ရှိပါတယ်။ သုတေသီတွေကတော့ အအိပ်များတာကserotonin အပါအဝင် ဦးနှောက်ထဲကneurotransmitterတွေအပေါ်မှာ သက်ရောက်မှုရှိနေနိုင်တယ်။ လို့ ယူဆနေကြပါတယ်။နေ့ဘက်မှာ တအာအိပ်ထားတဲ့သူတွေမှာ ညအခါကောင်းကောင်းအိပ်မပျော်ဘဲဖြစ်တတ်တာကြောင့်နောက်တစ်နေ့မနက်မှာခေါင်းကိုက်နေတာမျိုးတွေခံစားရနိုင်ပါတယ်။ခါးနာခြင်း –ခါးနာတဲ့ဝေဒနာခံစားရတာကြောင့် ဆရာဝန်ကိုသွားပြတဲ့အခါ ဆရာဝန်ကအနားယူဖို့ပြောပါလိမ့်မယ်။ ဒါတွေက အရင်တုန်းကအဖြစ်အပျက်တွေပါ။ အခုလက်ရှိမှာ ဆရာဝန်က အနားယူဖို့ပြောပေမယ့်လို့ သင့်အနေနဲ့နေ့စဉ်လုပ်ဆောင်နေကျလေ့ကျင့်ခန်းတွေကို မလုပ်ဆောင်ဘဲနေတာမျိုးလုပ်ဖို့မလိုပါဘူး။ ခါးနာတယ်ဆိုရင် ဆရာဝန်နဲ့သွားပြကြည့်ပါ။ ဆရာဝန်က ခါးနာသက်သာစေဖို့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်ရမလဲ ဆိုတာကိုပြောပြပါလိမ့်မယ်။စိတ်ဓါတ်ကျခြင်း –များသောအားဖြင့်တော့ အိပ်မပျော်တာက အအိပ်များတာထက် စိတ်ဓါတ်ကျတာနဲ့ ပိုမိုဆက်စပ်နေတတ်တာဖြစ်ပါ တယ်။ အာကြမ်းဖျင်းအားဖြင့်တော့ လူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကပဲ စိတ်ဓါတ်ကျတဲ့ ပုံမျန်ထက်ပိုမိုအိပ်စက်တတ်ကြတာဖြစ်ပါတယ်။ အအိပ်များတာက စိတ်ဓါတ်ကျတာကိုပိုမိုဆိုးရွားစေပါတယ်။ ပုံမှန်အိပ်စက်မှုအလေ့အထက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကိုပြန်လည်ကောင်းမွန်စေရာမှာ အရေးပါလှပါတယ်။နှလုံးရောဂါ –တစ်ညကို အိပ်ချိန် ၉ နာရီ ကနေ ၁၁ နာရီ ကြားအိပ်စက်တဲ့အမျိုးသမီးတွေမှာ တစ်ညကို ၈ နာရီသာအိပ်တဲ့အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေက ၃၈ ရာခိုင်နှုန်းကျော်ပိုများနေတာကိုတွေ့ရှိခဲ့ရပါတယ်။ အခုချိန်ထိတော့ အအိပ်များတာနဲ့ နှလုံးရောဂါကြားကဆက်စပ်မှုကို အခုထိတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။သေဆုံးစေနိုင်ခြင်း-လေ့လာမှုတော်တော်များများမှာ တစ်ညကို ၉ နာရီ (သို့) ၈ နာရီကျော်အထိအိပ်စက်လေ့ရှိသူတွေဟာ တစ်ညကို ၇ နာရီကနေ ၈ နာရီလောက်သာအိပ်စက်သူတွေထက်သေဆုံးနိုင်ခြေပိုများနေတာကိုတွေ့ရှိရပါတယ်။ စိတ်ဓါတ်ကျတာနဲ့ လူမှုစီးပွားအဆင့်အတန်းနိမ့်ကျမှုကလည်း အိပ်စက်ချိန်များနေတာနဲ့ဆက်စပ်နေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။တကယ်လို့ သင့်ရဲ့တစ်ညတာအိပ်စက်ချိန်က ၇ နာရီ (သို့) ၈ နာရီကျော်နေမယ်ဆိုရင်ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။ ဆရာဝန်ကသင့်ကို အိပ်ချိန်များနေတာကိုဖြေရှင်းရာမှာအကူအညီပေးနိုင်မှာဖြစ်ပါတယ်။သင့်အနေနဲ့ အရက် (သို့) ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးတွေသောက်သုံးနေရတာကြောင့် အအိပ်များနေတာဆိုရင် အရက်လျော့သောက်တာ၊ဆေးတွေသောက်သုံးနေတာကို ခဏလောက်နားလိုက်တာက အအိပ်များနေတာကို သက်သာစေအောင်အထောက်အကူ ပးနိုင်မှာဖြစ်ပါတယ်။ ဆရာဝန်ကမညွှန်ကြားဘဲနဲ့တော့သောက်နေတဲ့ဆေးတွေကို မဖြတ်လိုက်ပါနဲ့။ဆေးတွေကြောင့် အအိပ်များနေရတာဆိုရင်တော့ အဆိုပါ အိပ်စက်မှုပုံစံမူမမှန်တာကို ကုသလိုက်မယ်ဆိုရင် ပုံမှန်အိပ်စက်မှုအလေ့အထကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။အအိပ်များရတဲ့အကြောင်းရင်းခံမရှိဘူးဆိုရင် တစ်ညကို ၇ နာရီ ကနေ ၈ နာရီအထိအိပ်စက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်မှုအလေ့အကျင့်ကိုမွေးမြူပါ။ အိပ်ချိန် ထချိန်မှန်အောင်အလေ့အကျင့်လုပ်ပါ၊ အိပ်ခါနီး အရက်နဲ့ ကဖင်းဓါတ်ပါတဲ့ အစားအစာတွေမစားပါနဲ့။လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး အိပ်ယာဝန်းကျင်ကို အိပ်ချင်စဖွယ်ဖြစ်အောင်လုပ်ဆောင်တာကကောင်းမွန်တဲ့ အိပ်စက်မှုရရှိအောင်အထောက်အကူပြုပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/%e1%80%a1%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%bc/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/addiction-and-substance-abuse-teen-%e1%80%85%e1%80%bd%e1%80%b2%e1%80%9c%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9c/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid_19-takecare-yourself/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/family-caregiver-tips-infection-risks-and-prevention-for-the-elderly/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%94%e1%80%b1%e1%80%85%e1%80%89%e1%80%ba-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%86/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes-and-sugarcane-juice/
အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizerကို ဘယ်လိုရှာဖွေမလဲ
Moisturizer (အစိုဓါတ်ထိန်းအလှဆီ) က အဆီပြန်တဲ့သူတွေအတွက် ကောင်းကျိုးကိုဖြစ်စေပါတယ်လို့ဆိုရင် သင်ယုံနိုင်ပါ့မလား။ အဆီတွေက အသားအရေကို ချောမွတ်နေစေတာပါ။ အစိုဓါတ်ဖြည့်ပေးတာမဟုတ်ပါဘူး။ moisturizer တွေက အသားထဲကိုစုပ်ယူသွားနိုင်မယ့် ပစ္စည်းတွေပေးနိုင်တာကြောင့် အရေးကြီးပါတယ်။အဆီတွေကတော့ မွှေးညှင်းပေါက်တွေကနေထွက်လာပြီး အသားအရေကိုချောမွေ့စေကာ အစိုဓါတ်ကို ထိန်းထားပေးပါတယ်။ အဆီပြန်ခြင်းကို တိုက်ဖျက်ပေးမယ့် ပစ္စည်းတွေနဲ့ မျက်နှာသစ်ပြီးတဲ့အချိန်န်မှာ အသားအနည်းငယ်ခြောက်နေသလို ခံစားရစေမှာပါ။Moisturizerမသုံးဘူးဆိုရင် အသားအရေစိုပြည်နေအောင် သင့်အသားကနဂိုထုတ်ပေးနေကျအဆီထက် ပိုပြီးထုတ်ပေးနေမှာဖြစ်လို့ ပိုပြီးအဆီပြန်လာတာကို သင်တွေ့ရမှာပါ။ Moisturizers တွေက အဆီပိုတွေထုတ်လုပ်နေခြင်းကို လျှော့ချပေးနိုင်ပြီး အဆီပြန်နေတဲ့ပုံစံဖြစ်လာခြင်းကို လျော့နည်းစေပါတယ်။အဆီမပါတဲ့Moisturizer တွေ၊ ချွေးပေါက်မပိတ်စေတဲ့ moisturizer တွေနဲ့ salicylic acid ပါဝင်တဲ့ Moisturizer တွေဟာ အဆီတွေစုပုံနေခြင်းမဖြစ်လာဖို့ကာကွယ်ပေးပြီး matte ပုံစံဖန်တီးပေးနိုင်တဲ့ moisturizer တွေကတော့ အဆီတွေကိုခြောက်သွေ့နေအောင်စုပ်ယူပေးနိုင်ပြီး အဆီပြန်ခြင်းကိုကာကွယ်ပေးပါတယ်။သင့်အသားပေါ်ကိုအဆီပိုတွေထပ်မထည့်ပေးဘဲ ရေဓါတ်ပဲအပြည့်အဝပေးနိုင်ဖို့အတွက် သင်ရွေးချယ်ရမှာတွေကတော့ အဆီမပါဝင်ဘဲ ပေါ့ပါးပြီးချွေးပေါက်တွေကိုမပိတ်စေနိုင်မယ့် ရေကိုအခြေခံထုတ်လုပ်ထားတဲ့ moisturizer တွေပါ။ ပေါ့ပေါ့ပါးပါးဖြစ်နေစေမယ့် အရာတွေက ဝက်ခြံတွေနဲ့ အပြစ်အနာအဆာတွေကို ဖျောက်ဖျက်ပေးနိုင်မှာမဟုတ်ပေမယ့် ထပ်တော့ဖြစ်လာစေတော့မှာမဟုတ်ပါဘူး။အဆီပြန်တဲ့အသားအရေအတွက် Moisturizer ရွေးချယ်တော့မယ်ဆိုရင် သူ့မှာပါဝင်တဲ့ပစ္စည်းတွေကို အဓိကထားကြည့်ပေးပါ။ သင့်အသားအရေအတွက်အကောင်းဆုံးဖြစ်မယ့် Moisturizer တွေမှာ organic ပစ္စည်းတွေ၊ water-based alpha hydroxyl acid တွေ ဥပမာအားဖြင့် Lactic acid သို့မဟုတ် glycolic acid တွေပါဝင်ပါတယ်။ Panthenol, glycerin သို့မဟုတ် Urea စတဲ့ အစိုဓါတ်ဖြည့်ပေးနိုင်တဲ့အရာတွေကို ပါဝင်ပစ္စည်းစာရင်းထဲမှာတွေ့နေရမယ်ဆိုရင် တကယ်ကောင်းတဲ့ပစ္စည်းပါပဲ။သင့်အသားအရေမှာ အဆီပိုတွေမပါဝင်ဘဲ အစိုဓါတ်ကိုစုပ်ယူနိုင်ဖို့နဲ့ ထိန်းသိမ်းထားနိုင်ဖို့ ဒီအရာတွေက ကူညီပေးမှာပါ။ တကယ်လို့သင်ကအပြင်မှာပဲအနေများမယ်ဆိုပါစို့။ ပုံမှန်လိမ်းနေကျ နေလောင်ခံခရင်မ်ကို မလိမ်းခင်မှာ နေရောင်ခြည်ဒဏ်ကိုကာကွယ်နိုင်မယ့် Moisturizer ကိုသုံးပေးပါ။တကယ်လို့သင့်အသားအရေဟာ T-Zone (နဖူး၊ နှာခေါင်း၊မေးစေ့၊ပါးစပ်တစ်ဝိုက်) မှာ အဆီပြန်ပြီး ပါးတွေမှာခြောက်သွေ့နေမယ်ဆိုရင်တော့ သင်က ပေါင်းစပ်အသားအရေပိုင်ရှင်ပါ။ ပေါင်းစပ်အသားအရေဟာ နူးညံ့ပြီး ရေဓါတ်ကိုအခြေခံထားတဲ့ Moisturizer တွေနဲ့ အဆင်ပြေပါတယ်။ ပြင်းထန်တဲ့ဆပ်ပြာမပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာအပျော့စားတွေကိုလည်း ဒီအသားအရေမျိုးက နှစ်သက်တတ်ပါသေးတယ်။အဆီကိုအခြေခံထားတဲ့ Moisturizer တွေကို အဆီပြန်တဲ့အသားအရေတွေအတွက် လုံး၀ လုံး၀ အသုံးမပြုပါနဲ့။ Lanolin, mineral oil သို့မဟုတ် vitamin E စတာတွေပါဝင်တဲ့ moisturizer တွေကိုရှောင်ကြဉ်ပါ။ ဒီအရာတွေအားလုံးက သင့်အသားအရည်ကို လိုအပ်တဲ့အဆီပမာဏထက် ပိုပြီးဖြည့်ဆည်းပေးပါလိမ့်မယ်။ စေးကပ်ထူပိန်းနေတဲ့ Moisturizer တွေကိုလည်း အသုံးမပြုသင့်ပါဘူး။ အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizer တွေဟာ အဆီကိုအခြေခံထားတာမျိုးမဟုတ်ပါဘူး။Occlusive ဆိုတာဟာ အရေပြားမှာ အစိုဓါတ်တွေကိုကောင်းကောင်းထိန်းသိမ်းထားနိုင်တဲ့ပစ္စည်းတစ်မျိုးပါ။ ခြောက်သွေ့တဲ့အသားအရေတွေအတွက် အလွန်ကောင်းမွန်ပေမယ့် အဆီပြန်တဲ့အသားအရေတွေအတွက်ကတော့ အတော်ဆိုးရွားစေမှာပါ။ ဒီအရာက စေးပျစ်ပျစ် ထူပိန်းပိန်းနိုင်ပြီး ဆီတွေအများကြီးပါဝင်ပါတယ်။ Petrolatum, paraffin, collagen စတဲ့နာမည်တွေ စာရင်းထဲမှာ ပါမပါကြည့်ပါ။ ဒီအရာတွေအားလုံးက အဆီပြန်တဲ့အသားအရေအတွက် ဘာမှအကူအညီဖြစ်စေမှာမဟုတ်ပါဘူး။Emollients တွေကတော့ ပိုမိုပေါ့ပါးပြီး occlusives တွေလိုပဲသင့်အသားအရည်မှာ အစိုဓါတ်ကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ မတူညီတဲ့အချက်ကတော့ အချို့ emollients တွေဟာ ရေဓါတ်ကိုအခြေခံထားတာပါ။ ဥပမာ stearic acid, dimethicone စတာတွေပေါ့။ ဒါကြောင့်မို့လည်း အဆီပြန်တဲ့အသားအရေအတွက်ဆိုရင် emollients တွေက အလုပ်ဖြစ်တာပါ။အဆီပြန်တဲ့အသားအရေကို နူးညံ့ညင်သာစွာထိတွေ့ကိုင်တွယ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ မျက်နှာကို ခဏခဏ scrub တိုက်တာမျိုး၊ ပြင်းထန်တဲ့ ဝက်ခြံကုသမှု တွေကို ခဏခဏခံယူတာမျိုး မလုပ်ပါနဲ့။ Salicylic acid, rubbing alcohol နဲ့ benzoyl peroxide တွေဟာ ပြင်းထန်လွန်း အားကောင်းလွန်းတဲ့အတွက် တစ်ရက်ကိုတစ်ကြိမ်ထက်ပိုပြီးအသုံးပြုဖို့ မသင့်လျော်ပါဘူး။ သဘာဝဆားလို ကြမ်းတမ်းတဲ့ ပစ္စည်းတွေကို ချေးချွတ်ဖို့သုံးတာမျိုး ရှောင်ကြဉ်ပါ။ ကြမ်းတမ်းတဲ့ပစ္စည်း တွေဟာ သင့်အသားအရည်ကိုရောင်ရမ်းစေပြီး အနာတရတွေပိုဖြစ်စေပါတယ်။အသားအရေအဆီပြန်ခြင်းကို ရင်ဆိုင်တိုက်ခိုက်နေမယ့်အစား နူးညံ့ညင်သာစွာဆက်ဆံပေးပါ။ ရေကိုအခြေခံတဲ့ Moisturizer တွေသုံးပေးပြီး အဆီပြန်ချောမွတ်နေတဲ့အသားအရေကို ကျန်းမာတောက်ပတဲ့အသားအရည်အဖြစ်ပြောင်းလဲနေတဲ့အချိန်မှာ ဇိမ်ကျပြီး ပိုမိုနူးညံ့ပျော့ပျောင်းတဲ့အထိအတွေ့တွေကို ခံစားလိုက်ပါ။ အဆီပြန်တဲ့အသားအရေအတွက်ထုတ်တဲ့ အရည်အသွေးမြင့် moisturizer တွေကိုအသုံးပြုပြီး ရေဓါတ်ဖြည့်ပေးခြင်းက လှပကျန်းမာပြီးညီညွတ်မျှတတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။ ရေကိုအခြေခံထုတ်ထားတဲ့ နူးညံ့တဲ့ Moisturizer တွေက သင့်ရဲ့ အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး Moisturizer တွေဖြစ်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%86%e1%80%ae%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9/
ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကိုဘယ်လိုဖယ်ရှားမလဲ
ဝက်ခြံတွေ အစုလိုက်ပေါက်တာနဲ့တင် လုံလောက်ပါပြီ။ ဒါပေမဲ့ဝက်ခြံတွေ ပျောက်သွားတာ ကြာလှနေတာတောင် ဘုတွေဒစ်တွေနဲ့ အမှတ်တွေကျန်ရစ်ခဲ့တာကြီးက ပိုဆိုးပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒါတွေကိုကွယ်ပျောက်သွား အောင် ဖယ်ရှားပေးနိုင်တဲ့ ကုသနည်းတွေရှိနေပါတယ်။ ဒါပေမဲ့ ပထမဆုံး သင့်ကိုယ်သင် ဘာနဲ့ရင်ဆိုင်နေရတာလဲဆိုတာတော့ သိဖို့လိုအပ်ပါတယ်။ ဝက်ခြံပေါက်ပြီး အမဲစက်တွေကျန်ရစ်ခဲ့တာနဲ့ ဝက်ခြံအမာရွတ်တွေက အတော်ကြီးကို ကွဲပြားခြားနားပါတယ်။ ဒါကြောင့် ကာကွယ်ခြင်း ကနေ ကုသခြင်းအထိ လုပ်ဆောင်နိုင်ဖို့ သင်ကဘာဖြစ်နေတာလဲဆိုတာနဲ့ ဘယ်လိုကုသရမလဲ ဆိုတာသိသင့်ပါတယ်။ လူတွေဟာ အမဲစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို မှားလေ့ရှိကြပေမဲ့ သူတို့ကတကယ်တမ်းအတော်ကြီးကိုကွာခြားကြတာပါ။ အနီရောင် သို့မဟုတ် အညိုရောင် အသားရောင်ခြယ်တွေများလာခြင်းတွေ ဝက်ခြံနောက်မှာ ကပ်လိုက်လာတာက ယာယီ ရောင်ရမ်းခြင်းကြောင့်ပါ။ ဒီအမှတ်တွေက လအနည်းငယ် ကြာတတ်ပြီး သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။ တကယ့် ဝက်ခြံအမာရွတ်တွေကတော့ မကုသမချင်း ကျန်ရစ်နေတတ်ပြီး ပုံစံအမျိုးမျိုးနဲ့လည်း ဖြစ်ပေါ်တတ်ပါသေးတယ်။ အချို့အမာရွတ်တွေက ထူပြီးထင်ရှားနေတတ်တာ သို့မဟုတ် keloid scar (အရေပြားတစ်ရှူးတွေ လိုအပ်သည်ထက်ပိုနေသော)တွေဖြစ်နေတာ ဖြစ်တတ်ပါတယ်။ အချို့အမာရွတ်တွေကတော့ အရေပြားပေါ်မှာ အနည်းငယ်သာ ပေါ်နေတတ်ပြီးသူတို့ကို atrophic scars တွေလို့ခေါ်ပါတယ်။ ဝက်ခြံကြောင့်အဖြစ်များတဲ့ atrophic scar တစ်မျိုးကိုတော့ ice pick scar (ရေခဲခွဲကိရိယာကြောင့် ရသောဒဏ်ရာလောက် သေးငယ်သောအမာရွတ်)တွေလို့ သတ်မှတ်ကြပါတယ်။ ဒီအမျိုးအစားတွေက နေရာကျယ်ကျယ်ပြန့်ပြန့်မယူဘဲအတွင်းကိုနက်ကြတာမျိုးပါ။ဖြစ်သောနေရာကိုချေးချွတ် scrub အပျော့စားနဲ့သန့်စင်ပါ။ ဒါကဆဲလ်သေတွေကို လျင်မြန်စွာဖယ်ရှားပေးပြီး ဆဲလ်သစ်တွေပြန်လည် ဖြစ်ပေါ်လာစေပါတယ်။ ပြင်းထန်စွာချေးချွတ် သန့်စင်တာက သင့်အရည်ပြားကို ထိခိုက်ပျက်စီးစေနိုင်တာ ကြောင့် sodium tetraboratedecahydrate granules သို့မဟုတ် polyethylene beads ပါဝင်တဲ့ ပိုပြီးနူး ညံ့တဲ့ scrub တွေကိုအသုံးပြုသင့်ပါတယ်။Hydroquinone လို့ခေါ်တဲ့ အမဲစက်တွေကိုအရောင်ချွတ်နိုင်တဲ့ သို့မဟုတ် အရောင်ဖျော့သွားစေတဲ့ ဓါတုပစ္စည်းကိုသုံးဖို့ အရေပြားအထူးကု သို့မဟုတ် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ hydroquinone ကိုဆေးစာမပါဘဲဆေးဆိုင်မှာ ဝယ်လို့ရနိုင်ပေမဲ့ ဆရာဝန်ညွှန်ကြားတဲ့ဆေး တွေကပိုပြီးစိတ်ချရပါတယ်။ သူတို့မှာက hydroquinone ပြင်းအားပိုများပြီးအမဲ စက်တွေကိုပိုပြီးလျင်မြန်စွာပျောက်ကွယ်သွားစေနိုင်ပါတယ်။In-office သို့မဟုတ် အိမ်မှာ chemical peeling တစ်ခုခုလုပ်ဖို့အတွက် ဆရာဝန်သို့မဟုတ် အရည်ပြားအထူးကုကိုပြော ကြည့်ပါ။ ဒီပစ္စည်းတွေမှာ glycolic, lactic or salicylic acid စတဲ့ မတူညီတဲ့ အက်ဆစ်တွေပါတာကြောင့် အမာရွတ် အသေးစား(အပျော့စား) တွေကိုကုသနိုင်ပြီးအသားအရောင်မညီတာကိုလျှော့ချပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးရမယ့် အခြားအကြောင်းအရာတစ်ခု ကတော့ dermabrasionအကြောင်းပါပဲ။ dermabrasionဆိုတာ high-speed rotation brush တွေ ablative lasers သို့မဟုတ် aluminum oxide crystals တွေနဲ့ အခြားသော ပွတ်တိုက်စားသော ပစ္စည်းတွေကိုသုံးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးကာ အမာရွတ် ဖြစ်ပေါ်ခြင်းကို လျှော့ချပေးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။အနည်းဆုံး SPF 30 ပါဝင်တဲ့ နေလောင်ခံခရင်မ်ကို အပြင်ထွက်တိုင်းသုံးပါ။ ဒီလိုလုပ်ပေးခြင်းက အမဲစက်တွေပိုပြီး အရောင်ရင့်လာခြင်းက ကာကွယ်ပေးပြီး hydroquinone သုံးထားတဲ့အချိန်မှာတောင် နေရောင်ရဲ့အထိအတွေ့ကို ပိုသက် ရောက်စေတာကနေ သင့်အသားအရေ ကိုကာကွယ်ပေးပါတယ်။ဝက်ခြံတွေကိုမညှစ်ပါနဲ့။ ဝက်ခြံညှစ်တာက အမာရွတ်ထင်တာကို ပိုပြီးဆိုးရွားစေပါတယ်။ Borage oil (စဉ့်စာလပ်ဆီ) ကိုသောက်ပေးပါ။ ကယ်လီဖိုးနီးယားက Merry Clinicရဲ့အဆိုအရအဲ့ဒါကအိုမီဂါ ၆တွေကြွယ်ဝစွာပါဝင်ပြီးအရေပြား အသစ်ဖြစ်ပေါ်မှုကိုလှုံ့ဆော်ပေးပါတယ်။ သူက ရောင်ရမ်းနီရဲနေခြင်းနဲ့ အရေခွံကွာခြင်းစတဲ့ အမာရွတ်ဖြစ်ပေါ်စေတဲ့ အရာမှန်သမျှကို လျှော့ချပေးပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%9b%e1%80%85%e1%80%b9%e1%80%81%e1%80%b2/
ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား
ကိုယ်ဝန်ဆောင်ချိန် အတွင်းတွင် အန္တရာယ် ဖြစ်စေသော အချို့သော လှုပ်ရှားမှု များကို သတိပြုပြီး ရှောင်ကြဉ် ရမည်။ ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေကြောင်းကို သုတေသန တစ်ခုတွင် ရှာဖွေ တွေ့ရှိ ထားသည်။နယူးဇီလန် နိုင်ငံမှ လေ့လာမှု တစ်ခုတွင်ကိုယ်ဝန်တတိယ သုံးလတွင် အမေ ဖြစ်သူသည် ပက်လက် အိပ်ပါက ကလေးတွင် ဖိအား ဖြစ်စေပြီး သွေးလည်ပတ်မှုကို  ထိခိုက်စေသောကြောင့် ကလေး အသေမွေးခြင်းကို ဖြစ်စေနိုင်သည်ဟု ဖော်ပြထားသည်။ထို သုတေသနတွင်အမျိုးသမီးများကို သူတို့၏ ညာဘက် သို့မဟုတ် ဘယ်ဘက် သို့မဟုတ် ပက်လက် အိပ်ခိုင်းပြီး မိနစ် ၃၀ နေခိုင်းသည်။ လေ့လာမှု အပြီးတွင် ပက်လက် နေသူ မိခင်၏ သန္ဓေသားသည် လှုပ်ရှားသော အခြေအနေမှ ငြိမ်သွားသည်ကို တွေ့ရသည်။ ထိုအခြေအနေတွင် ကလေးသည် အောက်ဆီဂျင်ကို သိပ်မသုံးသည်ကို တွေ့ရသည်။ရရှိသော အဖြေသည် ယုံကြည်ရကြောင်း သေချာရန် သုတေသန ပြုလုပ်သူများသည် သန္ဓေသား၏ နှလုံးခုန်နှုန်းကိုလည်း စစ်ဆေးခဲ့ကြသည်။ အမေသည် ပက်လက် အိပ်သူ ဖြစ်လျှင် ကလေးတွင်နှလုံး ခုန်နှုန်းကျပြီးကလေး မွန်းတတ်ကြောင်း တွေ့ရှိ ရသည်။ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား ဆိုတော့ ထိုသို့ ကောက်ချက် ရရန်မှာ မျက်မြင်ကိုယ်တွေ့ သေချာမှုတော့ မဟုတ်ပေ။ အခြားသော ပညာရှင် များသည် ထိုသို့ အမေ၏ အိပ်သည့် အနေအထား နှင့် ကလေး အသေမွေးနှုန်းကို ဆက်စပ်ရန်သည်ခိုင်လုံသော သက်သေပြချက်မရှိသေးသည်ကို ပြောဆိုကြသည်။ပိုမို ခိုင်လုံ စေရန် သုတေသနများ ပို၍ လိုအပ်သေးသည်။ ယခုအချိန်တွင် ပြောနိုင်သည်မှာ အမေ အတွက် သက်သောင့်သက်သာ ဖြစ်သည် ဆိုလျှင် မည်သည့် အနေအထားဖြင့် မဆို အိပ်နိုင်သည်။ထိုသုတေသန ပညာရှင်များကပင် နောက်ထပ် သုတေသန တစ်ခုကို ထပ်မံ ပြုလုပ်သည့်အခါတွင် တူညီသော ကောက်ချက်ချမှု ကိုသာ ရရှိခဲ့ကြသည်။ ပက်လက် အိပ်တတ်သော အမေများတွင်ကလေး အသေမွေးခြင်း ၁၀၀၀ တွင် ၄ ယောက် တွေ့ရသည်။ အခြား ပုံစံနှင့် အိပ်လျှင် ၁၀၀၀ တွင် ၂ ယောက် တွေ့ရသည်။ဒုတိယ သုတေသနနှင့် ကွာခြားချက်မှာ အမေ၏ လဲလျောင်း နေချိန် အခြေအနေနှင့် ကြာချိန် ဖြစ်သည်။ သုတေသန ပညာရှင်များသည် ညဘက် အိပ်သည့် အခါတွင် နေသည့် ပုံစံ အနေအထား၏ခန္ဓာဗေဒဆိုင်ရာ သက်ရောက်မှုကို ရှာဖွေဖို့ လိုအပ်သည်ဟု ပါမောက္ခ တစ်ဦးမှ သဘောတူ ဆွေးနွေးထား ပါသည်။အချူပ်ဆိုရလျှင် ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ မိခင်သည် ပက်လက်အိပ်ခြင်းကို တတ်နိုင်သမျှ ရှောင်သင့်ပါသည်။ ကိုယ်တွင်းက သွေးကြောမကြီးကို မပိစေဖို့ ဘယ် သို့မဟုတ် ညာဘက်ကို စောင်းအိပ်သင့်ပါသည်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/does-lying-on-your-back-during-pregnancy-increase-stillbirth-risk/
Covid-19 ကာကွယ်ဖို့ အားဆေးတွေကို အလွန်အကျွံ အားမကိုးပါနဲ့
ဒါကတော့ အကြောက်လွန်တာထက် ပြင်ဆင်တာ လွန်သွားတဲ့ အခြေအနေမျိုးပေါ့။ များသောအားဖြင့် လူတွေက ရောဂါဆိုရင် ကြောက်ကြတယ်။ ကြောက်တဲ့အထဲမှာမှ တချို့လူတွေက သေချာ ပြင်ဆင်ကြတယ်။ကိုယ်ခံအားကောင်းဖို့အတွက်၊ ကျန်းမာစေဖို့အတွက် အစရှိသဖြင့် အားဆေးတွေကို အများအပြား ဝယ်ပြီး လှောင်ထားကြတယ်။Covid-19နဲ့ ပတ်သက်ပြီးတော့လည်း အခုချိန်ထိ ဖြေဆေးက ပေါ်မလာသေးဘူး။ ကူးစက်ခံရသူ အရေအတွက်ကလည်း များသထက် များလာတယ်ဆိုရင် ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ လူက ပူပန်လာတော့တာပါပဲ။ အဲ့လို ပူပန်လာပြီဆိုရင် ကိုယ် ပုံမှန်မလုပ်တတ်တဲ့ အမှားမျိုးတွေ မှားတတ်ကြပါတယ်။ အဲ့အမှားကတော့အားဆေးကို အလွန်အကျွံ သောက်လိုက်ခြင်းပါပဲ။အစားအစာမှ မဟုတ်ပါဘူး။ ဆေးဝါးနဲ့ ပတ်သက်လာရင်လည်း တန်ဆေး လွန်ဘေး ဆိုတာ ရှိပါတယ်။ လိုအပ်သလောက် သုံးရင် အကျိုးရှိမယ်။ အဲ့ဒီ ပမာဏထက် အလွန်အကျွံ သုံးစွဲရင်တော့ ပြောင်းပြန်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်မှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ ကောင်းတဲ့ အလေ့အကျင့် ဆိုပေမယ့် အလွန်အကျူးတော့ မလုပ်သင့်ပါဘူး။ဥပမာ ပြောရမယ်ဆိုရင်ကိုယ်ခံအားကောင်းဖို့အတွက် ဗီတာမင် စီ အားဆေးတွေ သောက်ကြတယ် ဆိုပါတော့။ ပုံမှန် သောက်နေကျ ပမာဏကို ၂လုံးလောက် သောက်လိုက်ရင် ကိုယ်ခံအားများ ပိုကောင်းသွားမလား ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့။ ကျွန်တော်တို့ ကိုယ်ခန္ဓာက တစ်နေ့တာ ဘယ်လောက်အာဟာရဓာတ် လိုအပ်သလဲ ဆိုတာ သတ်မှတ်ထားပြီးသားပါ။ အဲ့ဒါထက် ပိုလာပြီဆိုရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုကာလမျိုးမှာ ကိုယ်ခံအား တက်စေချင်လို့ ဆေးတွေ အများကြီး သောက်လိုက်ကာမှ နေမကောင်းဖြစ်၊ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာမျိုး၊ ဆေးခန်းသွားပြလိုက်ရာကနေ တခြားလူတွေကနေ ရောဂါ ကူးစက်ခံရတာမျိုးဆိုရင် ပိုပြီးတောင် အန္တရာယ်များပါတယ်။အားဆေး မသောက်နဲ့ မပြောပါဘူး။ သောက်လို့ ရပါတယ်။ ကိုယ် ပုံမှန်သောက်နေကျ ပမာဏအတိုင်း အတိအကျ သောက်ပါ (ဆေးဘူးမှာလည်း သောက်သုံးရန် အညွှန်းပါသလို စိတ်မချရင်လည်း ကိုယ်ပြသနေကျ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်လို့ ရပါတယ်) ။ လုံးဝ ပိုမသောက်ပါနဲ့။ ပိုသောက်လို့ ဘာအကျိုးထူးမှ မရဘဲ ဒုက္ခတွေပဲ ပိုများနိုင်ပါတယ်။ မဖြစ်မနေအားဆေးသောက်မှ ဆိုရင်လည်း ဗီတာမင် A, D, C ဇင့်ဓာတ်၊ သံဓာတ် အားဆေးတွေကို ဆေးအညွှန်းအတိုင်း သောက်ပေးနိုင်ပါတယ်။အားဆေးတွေကိုပဲ အရမ်း အားကိုးနေမယ့်အစား ခုလိုမျိုး အိမ်မှာ နေနေတဲ့အချိန် အတွင်းမှာ ညအိပ်ချိန်ကို အနည်းဆုံး ၈ နာရီအိပ်စက်အနားယူတာ၊ အစာအာဟာရ မျှတစွာ စားပေးတာ၊လေ့ကျင့်ခန်းလုပ်တာ၊ ရေများများ သောက်ပေးတာ၊ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေ များများစားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။လောလောဆယ်လူမှုကွန်ယက်မီဒီယာတွေမှာ တွေ့နေရပါတယ်။ ရှာလကာရည်၊ ဆားငန်ရည်နဲ့ ပလုတ်ကျင်းရင် Covid-19 ကာကွယ်ပေးနိုင်တယ်၊ တမာရွက် ပြုတ်သောက်ရင်Covid-19ကို ကုသပေးနိုင်တယ် အစရှိသဖြင့် သတင်းအမှားတွေ အစုံပါပဲ။ အရမ်းကြီး အယုံမလွယ်ဖို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ ဒီလောက် နည်းလမ်းအလွယ်လေးနဲ့သာ ကာကွယ်နိုင်တယ်၊ ကုသနိုင်တယ်ဆိုရင် ဒီလိုကပ်ဘေးအခြေအနေ ဖြစ်ရလောက်တဲ့အထိ ဆိုးရွားလာမှာ မဟုတ်ပါဘူး။သူ့ဟာနဲ့သူတော့ ကောင်းကျိုးတွေ ရှိပါတယ်။ ဥပမာ ဆားငန်ရည်၊ ရှာလကာရည်က ပိုးသေစေတော့ ပလုတ်ကျင်းပေးရင်ခံတွင်းထဲက မကောင်းတဲ့ ရောဂါပိုး တချို့ကို ရှင်းပေးတယ်၊ခံတွင်းအနံ့ ကောင်းစေတယ်။တမာရွက်မှာလည်း ကျန်းမာရေးအတွက် အကျိုးထူးတွေ ရှိနိုင်ပါတယ်။Covid-19နဲ့ ပတ်သက်ပြီး ဒါတွေက ကာကွယ်ပေးနိုင်တယ်၊ ကုသပေးနိုင်တယ်ဆိုတာကတော့ လောလောဆယ် အခြေအနေ အရ အတိအကျ စစ်ဆေးထားခြင်း မရှိတဲ့အတွက် အရမ်းကြီး ယုံကြည်တာမျိုးတော့ မလုပ်ပါနဲ့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%ac%e1%80%b8%e1%80%86%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad/
ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန်
အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ အခြေအနေနဲ့ရာသီဥတုအလိုက် ကျန်းမာရေးကို စောင့်ရှောက်နိုင်မှ ရောဂါကင်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ နွေပူပူမှာဆီးချိုကြောင့်နေရထိုင်ရခက်တာမျိုး မဖြစ်စေဖို့ ဆီးချိုရှိသူတွေ ဘာတွေ စားသင့်လဲဆိုတာကိုပြောပြပါရစေနော်။အဓိကအားဖြင့်တော့သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်စေနိုင်တဲ့ အစားအစာအမျိုးအစား ၄ မျိုးရှိပါတယ်။ ဒါတွေကတော့။ကာဗိုဟိုက်ဒရိတ်က ပရိုတင်းနဲ့ အဆီဓာတ်တွေထက် သွေးတွင်းသကြားဓာတ်ကို မြန်မြန်မြင့်တက်စေနိုင်ပါတယ်။ ဒီအစားအစာအမျိုးအစားတွေက သွေးတွင်းသကြားဓာတ်ပေါ်မှာ သက်ရောက်မှုကြီးတဲ့ အုပ်စုတွေပေါ့။ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကောင်းမွန်တဲ့ အဆီဓာတ်တို့က အစားစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိကြပါတယ်။ဒီတော့ ဘာလုပ်မလဲ။ အစားစားတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး ဗိုက်ပြည့်တယ်လို့ ခံစားရစေဖို့ ကစီဓာတ်၊ အသားဓာတ် နဲ့အဆီဓာတ်တို့ကို သမမျှတအောင် စားသုံးရပါမယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ကျန်းမာတဲ့ ကစီဓာတ်ဖြစ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေဖြစ်ဖို့တော့လိုပါမယ်နော်။နွေပူပူမှာ ဆီးချိုသမားတွေ ကျန်းမာနေစေဖို့ စားသောက်မှုပုံစံ လိုက်နာသင့်တဲ့ ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန် ကတော့။ခန္ဓာကိုယ်အတွက် ကစီဓာတ်က လိုအပ်ပါတယ်။ ဆီးချိုသမားတွေအတွက်လည်း လိုအပ်ပါတယ်။ ဒီတော့ သွေးချိုလည်းမတက် ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓာတ်ရရှိအောင် ဘာတွေစားမလဲ။အဆီကလည်း စားသုံးပေးသင့်တဲ့အရာတစ်ခုပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဖြစ်ဖို့တော့လိုမှာပါ။ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကတော့။အနီရောင်အသား၊ပြုပြင်ထားတဲ့အသားတွေတွေမှာပါတဲ့ အဆီတွေ၊ထောပတ်၊ ဘီစကစ်၊ ကိတ်မုန့်နဲ့ အခြားအဆီများတဲ့ အစားအစာတွေကို မစားလေကောင်းလေပါနော်။ဆားတွေအများကြီးစားတာက သွေးတိုးစေနိုင်ပါတယ်။ သွေးတိုးတာရဲ့ နောက်ဆက်တွဲကနှလုံးရောဂါခံစားရနိုင်ခြေကို တိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။နွေပူပူမှာရေဓာတ်ဆုံးရှုံးမှုများမှာဆိုတော့ ဆားကို စားသင့်ပေမယ့် အများကြီးကတော့ မသင့်တော်ပါဘူး။တစ်နေ့တာမှာ အများဆုံးအနေနဲ့ ဆားကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပဲ စားပေးပါ။ ဟင်းတွေကို အငန်ကဲအောင် မချက်ပါနဲ့။ အငန်ကဲတဲ့ အသင့်စားအစားအစာတွေမစားပါနဲ့။ အသီးခြောက်တွေ၊ ငါးခြောက်၊ ဆားရည်စိမ်ထားတဲ့ အသီးအရွက်တွေ၊ ဆားဘဲဥ၊ အာလူးကြော်လိုမျိုး အငန်ကဲတာတွေ မစားပါနဲ့။ ဘာတွေစားမလဲဆိုတော့။နွေပူပူမှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်ပြီး လန်းဆန်းနေစေဖို့နဲ့ ကျန်းမာတဲ့ အမျှင်ဓာတ်ရရှိစေဖို့ သစ်သီးတွေ စားပေးလို့ရပါတယ်။ သစ်သီးစားတဲ့အခါ ရေဓာတ်ပြင် ဗီတာမင် စီ နဲ့ဗီတာမင်အေတို့ကိုပါ ရရှိစေမှာဆိုတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဘာသစ်သီးတွေ စားလို့ရမလဲဆိုတော့။သွေးတွင်းသကြားဓာတ် ဆောင့်မတက်အောင် ထမင်းကြီးတွေနဲ့ ၂နာရီလောက် အချိန်ခွာစားပါ။ကစီဓာတ်နည်းနည်းပဲစားရတဲ့အခါ ခန္ဓာကိုယ်ကျန်းမာအောင်ဆိုပြီး ပရိုတင်းဓာတ်ကို အများကြီးစားမိနိုင်ပါတယ်။ မြင်သာအောင်ပြောပြရရင် ထမင်းလျှော့စားလိုက်ပြီး အသားတွေ ပိုစားတာမျိုးပါ။ ပရိုတင်းဓာတ်က လိုအပ်ပေမယ့် အနီရောင်အသားတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေဆို စားမယ်ဆိုရင်တော့ နှလုံးရောဂါနဲ့ကင်ဆာဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်နော်။ ထမင်းလျှော့စားရတာကြောင့် ခန္ဓာကိုယ်မှာ အာဟာရမပြည့်မှာစိုးရင် အနီရောင် အသားနဲ့ပြုပြင်ထားတဲ့ အသားတွေအစား ဒါလေးတွေပိုစားပေးပါ။ဒါတွေအပြင်နောက်ထပ်ဂရုစိုက်ရမှာက အချိုများတဲ့အစားအစာတွေ မစားဖို့ပါ။ အချိုက လုံးဝမစားဖို့မဟုတ်ပေမယ့် အချိုကဲတာတွေ မစားသင့်ပါဘူး။ အချိုရည်တွေ မသောက်သင့်ပါဘူးနော်။ အားဖြည့်အချိုရည်တွေလည်း မသောက်သင့်ပါဘူးနော်။ ဒါဆို ဘာတွေသောက်ရမလဲ။ ဒါလေးတွေ သောက်ပေးလို့ရပါတယ်နော်။ဒါတွေအပြင် ဂရုစိုက်ပေးရမှာက ရေပြည့်ပြည့်ဝဝသောက်ပေးဖို့နဲ့ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့ပါ။ ဆီးချိုရှိလည်း စိတ်မပူပါနဲ့။ အခုပြောခဲ့တဲ့အတိုင်း အာဟာရပြည့်အောင်စားသုံးလို့ဆီးချိုရှိသူတွေ အနေနဲ့ နွေရာသီကို အကောင်းဆုံး ကျော်ဖြတ်လိုက်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/summer-diet-for-diabetes/
ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား
ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား …… သုက်ပိုးတွေဟာ လူအချို့အတွက် ရမ္မက် နှိုးဆွဖွယ် ဖြစ်ပေမယ့် ကျန်တဲ့သူတွေအတွက်တော့ ရွံစရာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေထဲမှာ လိင်ဆက်ဆံစဉ်မှာ လိင်ဆက်ဆံဖက်ရဲ့ မျက်နှာပေါ် (သို့) ပါးစပ်ထဲကို သုက်လွှတ်ခြင်းလည်း ပါဝင်ပါတယ်။ လိင်ဆက်ဆံသူဟာ သူ့ရဲ့ သုက်ပိုးတွေကို အကုန်ထွက်သွားပြီး အကုန်ပြန်ယူသွားတာကို လိုချင်တာဖြစ်ပါတယ်။ ဒီလိုရွေးချယ်မှုကတော့ လူပေါ်မူတည်ပါတယ်။ သို့သော်လည်း လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုနဲ့ လိင်ဆက်ဆံဖက်နဲ့ နားလည်မှုရှိခြင်းအားဖြင့် သုက်ပိုး မျိုချမှုနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ရှာဖွေနိုင်ပါတယ်။ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား ဆိုတော့ သုက်ရည်တွေကို မျိုချနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမလုပ်ခင် သင်ရော လိင်ဆက်ဆံသူပါ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ မရှိဖို့ အရေးကြီးပါတယ်။ ဘယ်သူမှ မစစ်ဆေးထားရသေးရင်တာ့ အကာအကွယ်သုံးသင့်ပါတယ်။သုက်ရည်ဆို တာ ရေလိုမျိုးပါပဲ။ Amino Acids၊ ပရိုတင်း၊ သကြား၊ ဇင့်နဲ့ ကယ်လ်ဆီယမ်လိုမျိုး သတ္တုဓာတ်များ၊ ဗီတာမင်စီ နဲ့ အခြားအာဟာရတွေ ပါဝင်ပါတယ်။ သုက်ရည် ထဲက ၁% လောက်ကပဲ သုက်ပိုး ပါဝင်တာဖြစ်ပြီး သားကြောဖြတ်ထားတဲ့ အမျိုးသားတွေမှာဆို သုက်ပိုး မပါဝင်ပါဘူး။ သုက်ရည်ကို မျိုချလိုက်ရင် သင့်အစာပြွန်တစ်လျှောက် ဆင်းသွားပြီး အခြားအစာတွေစုပ်ယူသလိုမျိုး အစာအိမ်က စုပ်ယူသွားမှာပါ။အတော်များများကတော့ သုက်ရည် မျိုချခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အကျိုးကျေးဇူးဆိုတာတွေဟာ ယုံတမ်းစကားတွေနဲ့ လေ့လာမှုတွေကို မှားယွင်းစွာ ဘာသာပြန်ချက်တွေက ဆင်းသက်လာတာ ဖြစ်ပါတယ်။အချို့ဒဏ္ဍာရီတွေကတော့ သုက်ရည်ဟာ သွားဖြူစေဖို့ အစွမ်းထက်တဲ့ အရာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရတွေ ပါဝင်တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ သုက်ရည်ဟာ သွားကို မဖြူစေပါဘူး။ ဒါ့အပြင် သုက်ရည်ကို အများကြီး မမျိုချ မချင်း သင့်ကျန်းမာရေးပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိပါဘူး။ စိတ်ပူနေတဲ့သူတွေ အတွက်ကတော့ ပုံမှန် သုက်ရည်ဟာ ၁ (သို့) ၂ ကယ်လိုရီနဲ့ ပရိုတင်း ဂရမ်ဝက်ပဲ ပါဝင်ပါတယ်။၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကတော့ သုက်ရည်ဟာ မိန်းမကိုယ်ထဲမှာ စုပ်ဝင်သွားရင် စိတ်ကျမှုကို သက်သာစေပါတယ်လို့ဆိုပါတယ်။ အခြားလေ့လာမှုတွေကလည်း သုက်ရည် နဲ့ အထိအတွေ့ရှိခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျှော့ချပေးပြီး လိင်ကွဲဆက်ဆံသူ အမျိုးသမီးတွေအတွက် ယေဘုယျကျန်းမာရေး ပိုမိုကောင်းမွန် စေပါတယ်လို့ ဆိုကြပါတယ်။အရသာကတော့ ကွာခြားမှု ရှိပါတယ်။သုက်ရည်ရဲ့alkaline ဂုဏ်သတ္တိကြောင့် ခါးသက်တဲ့ အရသာရှိပါတယ်။ သူ့မှာ Fractose သကြားပါဝင်တာကြောင့် ချိုတဲ့အရသာလည်း ရှိပါတယ်။ ဒါပေမယ့် သကြားဓာတ်ပါဝင်တာဟာ ဆီးချိုရှိတဲ့ အမျိုးသားရဲ့ သုက်ရည်မှာလည်း ဖြစ်နိုင်ပါတယ်။ သူ့မှာ ဇင့်ဓာတ် ပါဝင်ပြီးတော့ သတ္တုအရသာ (အချို့သူတွေကတော့ ငန်ကျိကျိ အရသာ) ရှိပါတယ်။ သုက်ရည်ရဲ့အရသာဟာ ကောင်းမွန်တယ်၊ အရသာမရှိဘူး ကနေပြီးတော့ ရွံစရာကောင်းတယ် ဆိုတဲ့အထိ ပြောကြပါတယ်။ တကယ်လို့သိချင်တယ်ဆိုရင်တော့ လုပ်စရာနည်း တစ်နည်းပဲ ရှိပါတယ်။အမျိုးသားတွေဟာလည်း ဘယ်လိုအရသာရှိလဲ သိချင်တယ်ဆိုရင် အရသာခံကြည့်နိုင်ပါတယ်။သုက်ရည် ရဲ့အရသာကို အဓိက ထိန်းချုပ်တာကတော့ အစားအသောက်ပဲ ဖြစ်ပါတယ်။ အချို့အစားအသောက်တွေကို စားသောက်ဖို့ အကြံပေးချက်တွေ ရှိပါတယ်။ သို့သော်လည်း အရသာကို ကောင်းမွန်အောင်လုပ်ဖို့ကတော့ စမ်းသပ်ကြည့်ဖို့ပါပဲ။ ဒါကြောင့်အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/swallowing-your-partners-ejaculate/
Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ)
ဆေးစွဲခြင်းဟု အသိများသော လွဲမှားစွာ အသုံးပြုခြင်း ဆိုသည်မှာ အသုံးပြုသူသည် အန္တရာယ်ရှိသော ပစ္စည်းများကို ဆိုးကျိုးအား မစဉ်းစားဘဲ အသုံးပြုခြင်းကို ခေါ်သည်။ အရက် နှင့် တရားမဝင်သောဆေးများ စသော စိတ်ကြွပစ္စည်းများ အလွန်သုံးသောအခါ စွဲလန်းခြင်းကို ဖြစ်စေပြီး အန္တရာယ် များသော ဆိုးကျိုးများကို ဖြစ်စေသည်။ ရုပ်ပိုင်းဆိုင်ရာ၊ လူမှု ရေးနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေသည့်အပြင် အချို့ ဆေးများသုံးခြင်းသည် ဥပဒေပြစ်ဒဏ်ပေးခံရခြင်းနှင့် အခြား လူမှုရေး ဝန်ထုပ်ဝန်ပိုးများကို ဖြစ်စေနိုင်သည်။ဤကျန်းမာရေးအခြေအနေသည် အလွန်အဖြစ်များပါ သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်း၏ အချို့လက္ခဏာ များသည် စိုးရိမ်ရနိုင်သည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။ဆေးအလွန်သုံးခြင်းကို ဖြစ်စေသော အကြောင်းရင်းများ စွာ ရှိပါသည်။ စီးကရက်၊ အရက် စသော ပစ္စည်းများသည် လူအတော်အများ ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်မှ စ၍ သုံးစွဲ ကြသော အန္တရာယ် အများဆုံး ပစ္စည်းများဖြစ်သည်။ လူတစ်ယောက် လွဲမှားစွာ သုံးစွဲခြင်းကို ဖြစ်စေနိုင်သော အချက်အချို့ရှိပါသည်။ပထမဦးစွာ ဆက်ဆံမှုပြဿနာများသည် လွဲမှားစွာ သုံးစွဲခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်း ဖြစ်သည်။ ကလေး၏ အစောပိုင်းဖွံဖြိုးမှုကို လွှမ်းမိုးသော မိသားစုတွင်း အချက်များသည် ဆေးစွဲနိုင်ချေ မြင့်တက်ခြင်းနှင့် ဆက်နွယ်မှု ရှိသည်။ မိဘမှ ဂရုစိုက်မှု မရှိသော မိသားစုတွင် ကြီးပြင်းလာ ပါက ကလေးသည် ဆေးစွဲခြင်း ဖြစ်နိုင်ချေ မြင့်သည်။ တစ်ခါတစ်ရံ မိဘများသည် ဆေးစွဲနေပါက သူတို့၏ ကလေး သည် စွဲလန်းနိုင်ချေ မြင့်ပါလိမ့်မည်။ဒုတိယအနေဖြင့် လူတစ်ယောက်၏ မိသားစုအပြင်ဘက် ဆက်ဆံရေးနှင့်ဆိုင်သော အချက်များသည် ဆေးစွဲနိုင်ချေ ကို မြင့်စေပါသည်။ လူအများသည် လူဝင်ဆန့်စေရန် သို့မဟုတ် ရှက်ကြောက်သော အပြုအမူကို ရှောင်ကြဉ်ရန် ဆေးသုံး ကြသည်။ ၎င်းသည် လူမှုရေး မကျွမ်းကျင်ခြင်း၏ ရလဒ် ဖြစ်သည်။ အချို့လူများသည် ရည်းစားနှင့်ပြတ်ခြင်း၊ ချစ်ရ သောသူ ဆုံးရှုံးခြင်း၊ အလွဲသုံးစား အပြုခံရခြင်း စသော စိတ် ပြဿနာများမှ ခံစားမှုများကို ဖုံးကွယ်ရန် အရက် သို့မဟုတ် ဆေးသုံးကြသည်။စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်း ဖြစ်နိုင်ချေ မြင့်စေ သော အချက်များမှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအဖြေရှာစစ်ဆေးရန် ဆရာဝန်သည် စိတ်ရောဂါ စစ်ဆေးခြင်းနှင့် အချက်အလက်လမ်းညွှန် (DSM-5) ရှိ စံညွှန်းများကို အသုံးပြုပါသည်။ဆေးစွဲသူအများစုမှာ ဆေးသုံးခြင်းကို မိမိဘာသာ ဖြတ်နိုင် သည်ဟု ထင်သော်လည်း အများစုမှာ ဆေးဖြတ်ရန် မအောင် မြင်ပါ။ လေ့လာမှုအရ ကြာရှည်စွာ ဆေးသုံးခြင်းသည် ဦးနှောက်လုပ်ငန်းကို ပြောင်းလဲစေပြီး ဆေးသုံးလိုစိတ်ကို ပြင်းထန်စေသည်။ ဆေးသုံးခြင်း ရပ်ပြီးနောက်တွင်ပင် ထို စိတ်ဓါတ်ပြင်းပြခြင်း ဆက်လက်ဖြစ်ပေါ်သည်။ ထို့ကြောင့် ကုသမှု၏ အရေးအကြီးဆုံး နည်းလမ်းမှာ ထိုစိတ်များ ပြန်မဖြစ် အောင် ကာကွယ်ခြင်းဖြစ်သည်။ ဆေးစွဲသူတွင် ဆေးသုံးလို စိတ်ကို မြင့်စေသော အကြောင်းရင်းခံ စိတ်ရောဂါ ရှိသည်။ ထိုရောဂါများကို ဆေးစွဲခြင်းအကြောင်း ဆွေးနွေး လမ်းညွှန်ရင်း ကုသရမည်။ဆေးစွဲခြင်းကို ကုသခြင်းသည် လူနှင့် အသုံးပြုသော ဆေးအပေါ်တွင် မူတည်သည်။ အပြုအမှု ကုသမှုသည် ဆေးသုံးလိုစိတ်ကို ထိန်းချုပ်နိုင်သော နည်းလမ်းများ၊ ပြန် မဖြစ်ပေါ်အောင် တားဆီးသော နည်းလမ်းများကို ပေးပါသည်။ ဆရာဝန်သည် ဆေးဖြတ်ခြင်းကြောင့် ဖြစ်သော လက္ခဏာများ နှင့် ဆေးစွဲခြင်းအချို့ကို ထိန်းချုပ်နိုင်သော ဆေးများ သောက် ရန် ညွှန်ကြားနိုင်သည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/addiction-and-substance-abuse-adult-%e1%80%85%e1%80%bd%e1%80%b2%e1%80%9c%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9c/
ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည်
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်စိတ်ကျရောဂါ ဖြစ်ရင် ကလေးမှာ လမစေ့ဘဲ မွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်းများ ဖြစ်နိုင်ခြေ များစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှု များခြင်းက လမစေ့ဘဲ ကလေး စောမွေးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ မိခင် စိတ်ဓာတ်ကျခြင်း လိုမျိုးပဲ ဖခင်မှာ စိတ်ဓာတ်ကျခြင်း ဖြစ်ပါက ကလေး စောမွေးခြင်းကို ဖြစ်စေနိုင်တယ်လို့ ယူဆချက်များ ရှိလာပါပြီ။ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည် လို့ ယူဆရတဲ့ အကြောင်းအရင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။ကလေးလေးတွေကို လမစေ့ဘဲ မွေးဖွားရတာက မိခင်စိတ်ဓာတ်ကျတာကြောင့်တင် မဟုတ်ဘဲ ဖခင်မှာစိတ်ကျရောဂါဖြစ်ခြင်းနဲ့လည်း ဆက်စက်နေပါတယ်။သုတေသနများက ဖခင်စိတ်ဓာတ်ကျခြင်းနဲ့ ကလေးလမစေ့ဘဲမွေးခြင်းတို့ရဲ့ ဆက်စပ်မှုကို ရှာဖွေကြရာမှာ လမစေ့ဘဲမွေးတဲ့ ကလေး ၃၈ ရာခိုင်နှုန်းရဲ့ ဖခင်တွေက မျိုးအောင်တဲ့အချိန်မှာ  စိတ်ဖိစီးမှုများနေကြောင်း တွေ့ရပါတယ်။ ဖခင်ရဲ့ စိတ်ဓာတ်ကျခြင်းမှာ ဆက်စပ်နေသော လက္ခဏာအချို့က အောက်ပါအတိုင်း ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အဖော်ဖြစ်တဲ့  ဖခင် စိတ်ကျရောဂါ ဖြစ်ခြင်းက  အဲ့ဒီကိုယ်ဝန်ဆောင်အပေါ် များစွာ သက်ရောက်မှု ရှိတယ်လို့ သုတေသနပညာရှင်များက ယူဆကြပါတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ အဖော်ဖြစ်တဲ့ ဖခင်က စိတ်ကျရောဂါ ဖြစ်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်ကို  ကောင်းကောင်း ဂရုမစိုက်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအနေအထားမှာ ကိုယ်ဝန်ဆောင်မိခင်က ခင်ပွန်းဖြစ်သူအတွက် ပူပန်ရတာကြောင့် ကိုယ်ဝန်ကြောင့်အပြင် အအခြားသော စိုးရိမ်ပူပန်မှု များစေပါတယ်။ ဒီလို စိုးရိမ်မှုတွေက စိတ်ဖိစီးမှုကို ဖြစ်စေလာစေပါတယ်။ဖခင်က စိတ်ဓာတ်ကျမှုက မိခင်အပေါ်မှာ ရိုက်ခတ်တာကြောင့် မိခင် စိတ်ကျရခြင်းရဲ့ အကျိုးဆက် အနေနဲ့သန္ဓေသားပေါ် သက်ရောက်ပြီး လမစေ့ဘဲ ကလေးမွေးဖွားတာမျိုး ဖြစ်လာရတာပါ။စိတ်ကျ ရောဂါကို ကုသတဲ့ ဆေးများကို သုံးစွဲနေသူဖြစ်ရင် ဒီဆေးများတွေက သုက်ပိုးကို ထိခိုက်စေနိုင်သလား ဆိုတာကို ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်သင့်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်က မိဘများအတွက် အံ့သြဖွယ် ကောင်းသော ခရီးရှည် တစ်ခုနဲ့ တူပါတယ်။ ဒါကြောင့် ဒီအချိန်မှာ စိတ်ကျရောဂါ ခံစားရတဲ့အခါ သင်အပြစ်မကင်းသလို ခံစားရန်၊ ရှက်ရန် မလိုပါ။ ယောက်ျားတစ်ယောက် အနေနဲ့ သင့်အဖော်အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ပေးနိုင်တာက များများစားစား မရှိပါဘူး။သင့်မှာလည်း အခြား ပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျခြင်းကို ဖြစ်စေမည့် အရာများကို ရှင်းလင်းထားရန် လိုအပ်ပါတယ်။ သင်ကိုယ်တိုင် ထိန်းချုပ်ရ ခက်ခဲနေရင် ဆရာဝန်နဲ့ ပြသဆွေးနွေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/paternal-depression-and-premature-birth/