title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အိပ်မပျော်သော စိတ္တဇညများ
လူအများစုမဟုတ်တောင် အတော်များများကတော့ ဘဝတကွေ့ တစ်ချိန်မဟုတ် တစ်ချိန်မှာ အိပ်၍မပျော်သော ညညသံသရာလည်တတ်ကြဖူးမှာပါ။ ကိုယ်က အိပ်ပျော်အောင် အိပ်ပစ်ချင်လေ ပိုပြီးအိပ်မပျော်လေနဲ့ ဘယ်ညာလူးလွန့်လိုက် ခေါင်းအုံးကို ထုလိုက်နဲ့ မိုးစင်စင်လင်းသွားခဲ့တဲ့ ညတွေကိုလည်း ကြုံကောင်းကြုံခဲ့ရမှာပါ။ အခု ဆောင်းပါးလေးမှာတော့ အိပ်မပျော်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ အယူအဆမှားတတ်လေ့ရှိတဲ့ အချက်တွေကို ပြောပြသွားပါမယ်။၁။ မအိပ်ခင်လေး တစ်ခွက်တစ်ဖလား ကစ်လိုက်ရင် ကောင်းကောင်းအိပ်ပျော်သတဲ့။မဟုတ်ပါဘူး။ သောက်လိုက်ရင် မူးမူးနဲ့ အိပ်ပျော်သွားမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ သင့်အနေနဲ့ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်တစ်ဝက်နိုးတစ်ဝက် ဂဏှာမငြိမ်ဖြစ်နေမှာဖြစ်ပြီး မနက်ကျရင်လည်း အစောကြီးနိုးနေမှာဖြစ်တာကြောင့် ကြည်ကြည်လင်လင် ရှိမှာ မဟုတ်ပါဘူး။၂။ စိတ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုတည်းကြောင့်ပဲ အိပ်မပျော်တာ။မဟုတ်ပါဘူး။ စိုးရိမ်သောကတွေ၊ ပူပန်ကြောင့်ကျမှုတွေကြောင့် အိပ်မပျော်ဘူးဆိုတာလည်း မှန်တော့မှန်ပါတယ်။ ရှင်းရှင်းပြောရရင် လူတွေ အိပ်မပျော်ကြရခြင်းရဲ့ နံပါတ်တစ် အကြောင်းရင်းက စိတ်ဖိစီးမှုကြောင့်ပါ။ ဒါပေမယ့် စိုင်းထီးဆိုင် သီချင်းလေးလိုပေါ့… ကိုယ်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူးလေ။ တခြားရောဂါတွေရှိတာ၊ အိပ်ချိန်မမှန်တာ၊ သောက်နေရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကာလရှည် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရတာ၊ ခြေထောက်ဂဏှာမငြိမ်ဘဲ လှုပ်နေတတ်တဲ့ ရောဂါတစ်မျိုးရှိတာ ဒါမှမဟုတ် ဟောက်တတ်တာ၊ အိပ်နေရင်း ခဏတဖြုတ်ဆိုသလို အသက်ရှူရပ်သွားတတ်တာတွေကြောင့်လည်း အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရနိုင်ပါသတဲ့။၃။ အိပ်ခါနီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ကောင်းကောင်းအိပ်ပျော်မယ်။မဟုတ်ပါဘူး။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊လမ်းလျှောက်ထွက်တာ စတဲ့ အပြုအမူတွေကို အိပ်ချိန်နဲ့ အနည်းဆုံး နှစ်နာရီ၊ သုံးနာရီလောက် ခွာပြီးလုပ်ရပါမယ်။ ဒီလို လေ့ကျင့်ခန်းတွေဟာ သင့်ခန္ဓာကိုယ်ကို ပိုမိုနိုးကြားစေတာကြောင့်ပါ။ တော်ကြာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး ဖြစ်နေပါဦးမယ်။၄။ အိပ်ခါနီး တီဗွီကြည့်၊ ဖုန်းသုံးရင် မျက်လုံးညောင်းပြီး အိပ်ပျော်သွားမယ်။မဟုတ်ပါဘူး။ ဒီလိုမျိုး ဖန်သားပြင်က အရုပ်တွေကို ကြည့်တာဟာ သင့်ကို ပိုလို့တောင် နိုးကြားတက်ကြွလာစေတဲ့အပြင် တီဗွီ၊ ဖုန်းနဲ့ ကွန်ပြူတာတွေကလာတဲ့ ဆူညံသံတွေ၊ အလင်းတွေဟာ ဦးနှောက်ထဲမှာရှိတဲ့ မယ်လနင် (melanin)ဓာတ်ကို လျော့နည်းစေပါတယ်။ တကယ်က အိပ်ပျော်ချင်ရင် ဦးနှောက်တွင်း မယ်လတိုနင် (melatonin)ဓာတ်များအောင် လုပ်ပေးရမှာပါ။ သင်လုပ်သင့်တာတွေကတော့ သီချင်းသံငြိမ့်ငြိမ့်ညောင်းလေးတွေကို နားထောင်တာ ဒါမှမဟုတ် အိပ်ပျော်အောင် လုပ်ပေးနိုင်၊ စိတ်ကို ပြေလျော့စေနိုင်တဲ့ ဖုန်း အက်ပလီကေးရှင်းလေးတွေကို ဒေါင်းလုဒ်ဆွဲပြီး အသုံးပြုတာ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။၅။ အိပ်ဆေးတွေဟာ ဘာပြဿနာမှ မရှိဘူး။မဟုတ်ပါဘူး။ နောက်ပိုင်းပေါ်လာတဲ့ အိပ်ဆေးတွေဟာ ပိုမိုစိတ်ချရပြီး ဘေးထွက်ဆိုးကျိုးနည်းတာ မှန်ပေမယ့် လုံးဝဥဿုံစိတ်ချရတာမျိုးတော့ မဟုတ်ပါဘူး။ အဓိက အချက်က စွဲသွားမှာပါ။ ဒါကြောင့် အိပ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ဘဲ ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှသာ အိပ်ဆေးတွေကို သောက်သင့်ပါတယ်။၆။ အအိပ်အနေနည်းအောင် ကျင့်လို့ရတယ်။မဟုတ်ပါဘူး။ လူတိုင်းဟာ မွေးလာကတည်းက လိုအပ်တဲ့ အိပ်ချိန်ကို သတ်မှတ်ပြီးသားပါ။ သင့်အနေနဲ့ တစ်နေ့ကို ၇-၈ နာရီလောက် အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ မှတ်ဉာဏ်တွေ အားနည်းလာတာ၊လုပ်ငန်း/ကျောင်း စွမ်းဆောင်ရည်ကျဆင်းတာ၊မတော်တဆထိခိုက်မှုတွေ ပိုများလာတာ ဒါမှမဟုတ် ရောဂါမျိုးစုံဝင်လာတာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ အိပ်မပျော်ခြင်းနဲ့ ပတ်သက်လို့ လူတွေ အယူအကောက် လွဲမှားနေတဲ့အချက်တွေပါ။ အယူတိမ်းလို့ နတ်စိမ်းဖြစ်ပြီး အိပ်ရာထဲ တလိမ့်လိမ့် မဖြစ်ကြစေဖို့ အထက်ပါ အချက်တွေကို ရှောင်ကျဉ်ကြပါစို့နော်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%90%e1%80%87%e1%80%8a%e1%80%99%e1%80%bb/
အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။
အသည်းရောင်အသားဝါ ရောဂါဆိုတာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပြီးအသည်းခြောက်၊အသည်းကင်ဆာအထိ ဖြစ်စေနိုင်တဲ့အတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိက အားဖြင့်တော့ အသည်းရောင် အသားဝါ ပိုး ၅ မျိုး ( A,B,C,D,E ) ကြောင့် ဖြစ်နိုင်ပါတယ်။အသည်းရောင်အသားဝါ A ပိုးဟာ ပိုးပါတဲ့ အစားအစာ၊ ရေတွေကို စားသောက်မိခြင်း၊ လိင်မှတဆင့် ကူးစက်ခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ A ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ များသောအားဖြင့် သိပ်မပြင်းထန်ပဲ ပြန်လည်ကောင်းမွန်နိုင်ခြေ များပါတယ်။အသည်းရောင်အသားဝါ Bပိုးဟာ ရောဂါပိုးရှိတဲ့ လူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေ (ဥပမာ- သွေး၊ မိန်းမကိုယ်က ထွက်တဲ့ အရည်၊ သုတ်ရည်၊ ချွေး ၊ တံတွေး၊ ဆီး ) စတာတွေကနေ တစ်ဆင့်ကူးနိင်တဲ့ အပြင် မိခင်မှကလေးဆီကိုလည်း ကူးနိုင်ပါတယ်။ အဲဒီအရည်တွေက တစ်နည်းနည်းနဲ့ သွေးကြောထဲရောက်သွားတဲ့အခါ (သို့) ပြဲနေတဲ့ အရေပြားနဲ့ ထိတွေ့တဲ့အခါ (သို့) ဥပမာ ပါးစပ်အတွင်းသားတွေမှာရှိတဲ့ mucosa လို့ခေါ်တဲ့ အရေပြားနဲ့တူတဲ့ နူးညံတဲ့အလွှာတွေရှိတဲ့ နေရာတွေနဲ့ ထိမိတဲ့ အခါ ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးရှိပြီး ဖြစ်လာရင် ပြင်းထန်ပြီး နာတာရှည်ဖြစ်တဲ့အတွက် မဖြစ်မနေကာကွယ်ဆေးထိုးထားဖို့က အရေးကြီးပါတယ်။အခြားကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့။(၁)အကာကွယ်သုံးပြီး လိင်ဆက်ဆံခြင်း။(၂) သွေးသွင်းဖို့လိုအပ်လာတဲ့အခါ သေချာစစ်ဆေးပြီးမှသွင်းခြင်း၊ သွေးနဲ့ထိတွေ့ရတဲ့ ပစ္စည်းတွေကို မစူးမိ မရှမိအောင် ဂရုစိုက်ခြင်း။(၃) ရောဂါရှိတဲ့ သူရဲ့ ကူးစက်နိုင်တဲ့ အရည်တွေကို ထိတွေ့ရတဲ့အခါ လက်အိတ်သုံးပြီး ဂရုတစိုက်ထိတွေ့ခြင်း၊ ရောဂါပိုးရှိတဲ့သူနဲ့ သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဓါး၊ လက်သည်းညှပ် စတဲ့ ကူးနိုင်တဲ့ အရည်တွေ ထိစပ်နေနိုင်တဲ့ ပစ္စည်းတွေကို မျှဝေသုံးစွဲခြင်းကို ရှောင်ခြင်း။(၄) မိခင်မှာရောဂါပိုးရှိပါက မွေးလာတဲ့ကလေးကို ၁၂ နာရီအတွင်း ကာကွယ်ဆေးထိုးခြင်း။(၅) ဆေးထိုးခြင်း၊ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း တွေအတွက် တစ်ခါသုံးအပ်များကိုသာ အသုံးပြုခြင်း။စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။C ပိုးကတော့ အဓိကအားဖြင့် ရောဂါပိုးရှိတဲ့ သွေးနဲ့ သွေးနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကနေ တစ်ဆင့်ကူးနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းနဲ့ လည်း ကူးနိုင်ပေမယ့် အဖြစ်နည်းပါတယ်။ C ပိုးကို ကာကွယ်တဲ့ ကာကွယ်ဆေးမရှိပေမယ့် ဖြစ်လာရင်တော့ ကုသလို့ ပျောက်နိုင်ပါတယ်။ B ပိုးနဲ့ C ပိုးကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ပိုပြင်းထန်ပြီး အသည်းကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။ ကာကွယ်နည်းအတွက် အဓိကကတော့ သွေးမှတဆင့်ကူးနိုင်တာဖြစ်တဲ့ အတွက် သွေးသွင်းတာ၊ သွေးနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေကို ထိတွေ့ ကိုင်တွယ်တဲ့ အခါမှာ ဂရုစိုက်ပေးရပါမယ်။အကာကွယ်မဲ့ လိင်ဆက်ဆံတာကိုလည်း ရှောင်ကြဉ်ရပါမယ်။D ပိုးကတော့ B ပိုးဖြစ်တဲ့ သူတွေမှာ ထပ်ဆင့်ဖြစ်နိုင်ပြီး နှစ်ခုဖြစ်လာရင်လည်း ရောဂါအခြေအနေ ဆိုးပါတယ်။ B ပိုးကာကွယ်ဆေးဟာလည်း D ပိုးကိုပါ အကာအကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်းB ပိုးကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားပေးသင့်ပါတယ်။အသည်းရောင်အသားဝါ E ပိုးကတော့ A ပိုးနဲ့ ကူးစက်ပုံတူပါတယ်။ အထူးသဖြင့် ပိုးပါတဲ့ အစားအသောက်တွေက တစ်ဆင့် ကူးစက်နိုင်တာဖြစ်တာ ဖြစ်တဲ့ အတွက် အသည်းရောင်အသားဝါ A ပိုးနဲ့ E ပိုးကို ကာကွယ်နိုင်ဖို့အတွက် အစာ၊ ရေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့ အထူးအရေးကြီးပါတယ်။ ရေသန့်မဟုတ်တဲ့ရေတွေကို မကျိုချက်ဘဲ သောက်တာမျိုး၊ သေသေချာချာ မချက်ပြုတ်ဘဲ စားသောက်တာမျိုး၊ လက်မဆေးတာမျိုး ကို ရှောင်ကြဉ်ရပါမယ်။ရောဂါပိုးကြောင့် မဟုတ်ဘဲအရက်၊ အခြား ဆေးတွေ၊ အသည်းကို အဆိပ်အတောက် ဖြစ်စေတဲ့ ပစ္စည်းတွေ ကလည်း အသည်းရောင်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီး အသည်းရောင်အသားဝါရောဂါကို ဖြစ်စေနိုင်တဲ့ ပိုးအမျိုးမျိုးကို ကြိုတင် ကာကွယ်နိုင်ကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmr]
infectious-diseases
infectious-diseases
https://hellosayarwon.com/digestive-health/liver-diseases/prevention-of-hepatitis-viruses/
Growing Pains (ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု )
ကလေးတွေ ကြီးထွားဖွံ့ဖြိုးလာခြင်းကြောင့် ဖြစ်လေ့ရှိတဲ့ ကြွက်သားနဲ့ အရိုးအဆစ်နာကျင်မှုတွေကို growing pains လို့ခေါ်ပါတယ်။ဒီပြဿနာဟာ မူလတန်းအရွယ်ကလေးတွေရဲ့ ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းလောက်မှာ ဖြစ်ပွားလေ့ရှိပြီး နာကျင်တဲ့ ပုံစံ၊နေရာ နဲ့ လက္ခဏာတို့အပေါ်မူတည်ပြီး အမျိုးအစားခွဲခြားလေ့ရှိပါတယ်။ ကလေးကြီးထွားမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီပြဿနာဟာ အသက်လေးနှစ်နဲ့ ဆယ့်နှစ်နှစ်ကြားကလေးတွေမှာ အဓိကဖြစ်ပွားပြီး ညဖက်တွေမှာ နာကျင်တတ်ပါတယ်။ အသေးစိတ်သိရှိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။ကလေးအနေနဲ့ မကြာခဏဆိုသလို ခြေထောက်အရမ်းနာပါလိမ့်မယ်။ ဒါဟာ သာမန်ခြေထောက်နာတာနဲ့ မှားနိုင်ပေမယ့် ကလေးကြီးထွားမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ဟာ တစ်ခါနာရင် နာရီနဲ့ချီပြီး နာလေ့ရှိကာ လပေါင်းများစွာ နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် နာကျင်မှုကို ညဖက်မှာ အဓိက ခံစားရတာ ဖြစ်ပါတယ်။ တခါတရံ ကလေးအနေနဲ့ နာလွန်းလို့ အိပ်ယာကတောင် လန့်နိုးလာတတ်ပြီး ခြေထောက်လေးကို နှိပ်ပေးတော့မှ ပြန်အိပ်ပျော်သွားတတ်ကြပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။တကယ်လို့ သင့်ကလေးအနေနဲ့ နာကျင်မှုကို ပိုခံစားလာရတယ် ဒါမှမဟုတ် နာကျင်လွန်းလို့ ညဖက်လန့်လန့်နိုးနေရတဲ့အတွက် သူတို့လေးတွေရဲ့ နေ့စဉ်သွားလာနေထိုင်မှု ဒါမှမဟုတ် အမူအကျင့်တွေကို ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ဖြစ်စေတဲ့ အကြောင်းရင်း အတိအကျကို မသိရှိရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ကြီးထွားမှုပြဿနာတွေကို မဖြစ်ပေါ်စေသလို တခြားဘာလက္ခဏာမှလည်း ထွေထွေထူးထူး မပြပါဖူး။ သူတို့ဟာ မနက်အိပ်ယာထချိန်မှာ နာကျင်ကိုက်ခဲတောင့်တင်းတာမျိုး မရှိတဲ့အပြင် စမ်းသပ်ကြည့်ရင်လည်း ရောင်ရမ်းတဲ့ လက္ခဏာတွေ မရှိတဲ့အတွက် တခြားအဆစ်အမြစ်ရောင်ရောဂါတွေနဲ့လည်း အလွယ်တကူခွဲခြားနိုင်ပါတယ်။အရမ်းအဆော့သန်တဲ့ ကလေးတွေမှာ ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သားနာကျင်မှု ပိုဖြစ်လေ့ရှိပြီး လှုပ်ရှားမှုများလေ ခဏခဏနာလေ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြစ်စေနိုင်တဲ့ အခြားသော အချက်တွေက။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တကယ်လို့ သင့်ကလေးအနေနဲ့ ခြေသလုံးကြွက်သား ဒါမှမဟုတ် ပေါင်ကြွက်သားတွေ နာကျင်တယ်လို့ ပြောလာရင် ဆရာဝန်ဆီခေါ်သွားသင့်ပါတယ်။ အကယ်၍ သင့်ကလေးမှာ အဆစ်အမြစ်ရောင်တဲ့ လက္ခဏာ ဒါမှမဟုတ် ကြွက်သားတင်းနေတာ၊ အားနည်းတာ၊ရောင်နေတာမျိုးမရှိဖူးဆိုရင် သင့်ကလေးမှာ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်၊ကြွက်သား နာကျင်မှုဝေဒနာ ခံစားနေရနိုင်ပါတယ်။ကလေးကို နှစ်သိမ့်အားပေးရမယ့်အပြင် ညအိပ်ယာဝင်ချိန်မှာ အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာလုပ်ဆောင်ပေးရပါမယ်။နှိပ်ပေးတာက နာကျင်တာကို သက်သာစေမှာပါ။ တခါတရံ နာကျင်လွန်းလို့ ညဖက်လန့်နိုးတဲ့အခါ သင့်ကလေးအနေနဲ့ နောက်တရက်မှာ လေးလံထိုင်းမှိုင်းပြီး ဂျီကျစိတ်တိုနေတတ်ပါတယ်။ ဒါဟာ မိသားစုအတွက် မကောင်းသလို ကလေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် မိသားစုဝင်တွေအကြား ဆက်ဆံရေး ပြေလည်ပျော်ရွှင်စေဖို့ နည်းလမ်းလေးတွေလည်း ချမှတ်ထားရမှာ ဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဖွံ့ဖြိုးမှုဆိုင်ရာ အရိုးအဆစ်နှင့် ကြွက်သားနာကျင်မှုကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• အိပ်ရေးဝဝအိပ်တာဟာ ကျန်းမာရေးနဲ့ နေ့စဉ်နေထိုင်မှုဘဝအတွက် အင်မတန်မှ အကျိုးများစေပါတယ်။• မကြာခဏနာကျင်တယ်ဆိုရင် နှိပ်ပေးတာဟာ အကျိုးရှိစေပါလိမ့်မယ်။• အကိုက်အခဲပျောက်ဆေးတွေလည်း သောက်လို့ရပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/growing-pains-%e1%80%96%e1%80%bc%e1%82%94%e1%80%b6%e1%80%bb%e1%80%96%e1%80%ad%e1%80%b3%e1%80%b8%e1%80%99%e1%82%88%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%ac-%e1%80%a1%e1%80%9b/
ယောဂက စိတ်ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေသလဲ
ယောဂလို့ဆိုလိုက်ရင်ပဲ လူတွေဟာ ခန္ဓါကိုယ်ရဲ့ ကြွက်သားတွေ တိုးလာတာတို့ ပျော့ပျောင်းလာတာတို့ စတဲ့ မျက်စိနဲ့မြင်ရတဲ့ အကျိုးတွေကိုသာ ပြေးမြင်ကြတာပါ။ ဒါပေမဲ့ ဒါတွေဟာ ယောဂကပေးစွမ်းနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအကြောင်း ဆွေးနွေးဖို့ မလုံလောက်သေးပါဘူး။ဒီလိုကောင်းကျိုးတွေလည်း အများကြီးရှိနေပါသေးတယ်။ ယောဂက သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေ၊ ပျော်ရွှင်မှုတွေနဲ့ သင့်ရဲ့ ဆက်ဆံရေး တွေကို တိုးလာစေတဲ့ အချို့သော ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ယောဂဟာ စိုးရိမ်မှုတွေကို လျော့ကျစေပြီး စိတ်အေးချမ်းသာစေပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တာနဲ့ပဲ သင့်ရဲ့ အာရုံကြောစနစ်က ချောမွေ့သွားပါတယ်။ ယောဂနဲပပေါင်းလိုက်ရင်တော့ သင်ခံစားနေရတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့ ခံစားချက်တွေကို ဖယ်ထုတ်လိုက်နိုင်မှာပါ။ဖိအားတွေကို လျှော့ချလိုက်ခြင်းအားဖြင့် ယောဂီတွေရဲ့ အနေအထားနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေဟာ ဒီလို အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့တော့ ယောဂဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် ပိုပြီးကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်စေတာပါပဲ။သွေးဖိအားလျော့စေခြင်း၊ နှလုံးခုန်နှုန်းလျော့စေခြင်းနဲ့ အသက်ရှူတာကို တိုးတက်လာစေတာတွေနဲ့တင် ယောဂက သင့်ရဲ့ စိုးရိမ်မှုတွေနဲ့ စိတ်ဓါတ်ကျမှုတွေကို ဈေးကြီးတဲ့ဆေးတွေမပါရဘဲ ဖြေရှင်းပေးလိုက်နိုင်ပါတယ်။သင့်ဘဝမှာ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်ဖို့ ခဲယဉ်းတဲ့အချိန်တွေကိုလည်း သင်တွေ့နိုငပါတယ်။ ကံကောင်းသစွာနဲ့ပဲ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အကြံဉာဏ်ကို သင်အခုရရှိနိုင်သွားပါပြီ။ ယောဂဟာ မှတ်ဉာဏ်ကို ထိထိရောက်ရောက်တိုးတက်စေနိုင်ပြီး အာရုံစူးစိုက်မှုတွေကိုလည်း ပိုကောင်းလာစေတယ်လို့ဆိုပါတယ်။စိတ်အေးချမ်းစေဖို့နဲ့ စိတ်ရှုပ်တာတွေကို ဖယ်ရှားဖို့ ယောဂဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ ခေါင်းထဲက ဆူညံသံတွေကို ဖယ်ထုတ်လိုက်ပြီး အတွင်းစိတ်ကိုပဲ အာရုံစိုက်လိုက်တဲ့အခါ သင်အရာအားလုံးကို မှတ်မိနေတာမျိုးတွေ၊ အာရုံစူးစိုက်မှုပိုအားကောင်းလာတာတွေကို တွေ့ရမှာပါ။ယောဂကျင့်ခြင်းအားဖြင့် သင့်ရဲ့တန်ဖိုးတွေကို သင်ကိုယ်တိုင်နားလည်လာနိုင်ပြီး သာယာတဲ့ အချစ်ရေးတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကို ဖန်တီးနိုင်လာတဲ့အပြင် ခွင့်လွှတ်နိုင်စွမ်းတွေ တိုးလာတာကိုလည်း တွေ့ရမှာပါ။ သင့်ကိုယ်သင်ယုံကြည်မှုတွေတိုးလာပါမယ်။ လေ့ကျင့်ခန်းတွေပိုလုပ်ပြီး ပိုပြီးကျန်းမာအောင်နေနိုင်ပါလိမ့်မယ်။နေ့တစ်နေ့ကုန်ဆုံးသွားပြီးတဲ့အချိန်မှာသင်နဲ့ သင့်ကြားဆက်ဆံရေးကို ပြန်ကြည့်ပါ။ ယုံကြည်မှုတွေ ပိုရှိလာပြီး ဘာတွေခံစားနေရတယ်ဆိုတာကို အာရုံစိုက်လိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ ဖွံ့ဖြိုးနေတဲ့ သင့်ကိုယ်သင်ပြန်မြင်ရမှာဖြစ်ပြီး ရှင်းပြစရာတွေ ဖုံးကွယ်စရာတွေလည်း မလိုအပ်ပါဘူး။အရာရာကို ရင်ဆိုင်နိုင်မယ့်အပြင် ဘယ်အရာကမှလည်း သင့်ကို ကြောက်ရွံ့လာစေဖို့ မစွမ်းသာပါဘူး။သင့်ကိုယ်သင် စေတနာရှိရှိဆက်ဆံလေလေ သင့်ပတ်ဝန်းကျင်က လူတွေအားလုံးကလည်း သင့်အပေါ် စေတနာနဲ့ ဆက်ဆံလေလေပါပဲ။ လူတွေကိုလည်း သင်က ကရုဏာမျက်လုံးတွေနဲ့ မေတ္တာထားပြီး ကြည့်လာနိုင်ပါလိမ့်မယ်။အနိုင်ကျင့်ခံအမျိုးသမီးတွေ၊ စစ်တပ်တွင်းကလူတွေ၊ စစ်တိုက်ထွက်ပြီး ရန်သူတွေနဲ့ ရင်ဆိုင်ခဲ့ရသူတွေမှာ Post Traumatic Stress Disorder (PTSD)လို့ခေါ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါတယ်။ စိတ်ဝေဒနာရှင်တွေဟာ အိပ်မက်ဆိုးတွေ၊ အတိတ်အကြောင်းတွေနဲ့ အချို့သော လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။အချို့သော စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေဟာ PTSD ရဲ့ အခြေခံအချက်တွေကို ညွှန်းဆိုနီုင်ပြီး အနားကပ်လာတဲ့သူတွေကို ခုခံနေတဲ့လူနာအချို့လည်းရှိပါတယ်။ အမေရိကန် စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းကတော့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေနဲ့ ခေတ်မီဆေးပညာတွေ မနိုင်တော့တဲ့အခါမှာ ဟဿယောဂ (Hatha Yoga) ဟာ PTSD ရဲ့ လက္ခဏာတွေကို လျော့ကျစေနိုင်ကြောင်း သက်သေပြခဲ့နိုင်ပါတယ်။ဒါကြောင့် ယောဂဟာ လူနာတွေ ရင်ဆိုင်နေရတဲ့ အားနည်းချက်တွေ၊ စိတ်အားငယ်မှုတွေကို ကုသပေးတဲ့နေရာမှာ အထောက်အကူဖြစ်နိုင်ပါသေးတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9a%e1%80%b1%e1%80%ac%e1%80%82%e1%80%80-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
နွေရာသီမှာ ဆီးချိုရောဂါရှိသူ တွေ ကျန်းမာစေဖို့
ရာသီဥတုဆိုတာလူသားတွေအံတုလို့မရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။နွေပူလာတာကတော့ သိသိသာသာနော်။ သာမန်လူတွေအတွက်တောင် နေရထိုင်ရတာခက်တဲ့ အပူချိန်မှာ ရောဂါအခံရှိသူတွေဆိုရင် ပိုဆိုးတော့မှာပေါ့။ ဒီတစ်ခေါက်တော့ နွေပူလာလို့ဆီးချိုရောဂါရှိတဲ့ မိဘတွေနဲ့ ကိုယ်ချစ်ရသူကို စိတ်ပူနေသူတွေအတွက် နွေရာသီမှာ ဆီးချိုရောဂါရှိသူ ကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်နော်။ရာသီဥတုပူပြင်းမှုက လူတိုင်းသည်းမခံနိုင်တဲ့ ကိစ္စတွေထဲကတစ်ခုပါ။ ခန္ဓာကိုယ်ကချွေးထွက်များပြီးရေဓာတ်ဆုံးရှုံးမှုများတဲ့ ရာသီတစ်ခုပေါ့။ နေလောင်တာကြောင့် အသားကလည်း မည်းသေးတယ်နော်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် လေးလံထိုင်းမှိုင်းတာတွေ၊မအီမသာဖြစ်တာတွေ ခံစားလာရနိုင်ပါတယ်။ ဒီလိုခံစားရမှုက သာမန်လူမှာ အတွေ့ရများပါတယ်။ ဒါဆို ဆီးချိုရောဂါရှိသူ တွေရော ဘယ်လိုများခံစားရနိုင်လဲ။ခန္ဓာကိုယ်ကအပူဒဏ်နဲ့ ထိတွေ့မိတဲ့အခါ ချွေးထွက်များလာမယ်။ ဒီလိုချွေးထွက်များလာတာက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတယ်။ ရေဓာတ်ဆုံးရှုံးမှုရဲ့နောက်ဆက်တွဲအနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်လာမယ်။ ပြောချင်တာကတော့ နွေရာသီမှာ သွေးချိုတက်လွယ်တယ်။ ဆီးချိုရောဂါရှိသူ တွေ ပိုသတိထားသင့်တယ်ပေါ့နော်။အပူချိန်က ခန္ဓာကိုယ်ရဲ့အင်ဆူလင်စုပ်ယူမှုအပေါ်မှာ သက်ရောက်မှုဖြစ်စေပါတယ်။ ရာသီဥတုပူတဲ့အခါအရေပြားဆီကို သွေးစီးဆင်းမှု ပိုရောက်စေနိုင်ပါတယ်။ ဒီလိုဖြစ်စေဖို့က ရေဓာတ်လုံလောက်စွာ ရရှိနေဖို့လိုပါတယ်။ တကယ်လို့ ရေဓာတ်မလုံလောက်ဘူးဆိုရင်တော့ သွေးစီးဆင်းရောက်ရှိမှုက နည်းသွားပြီး ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်စုပ်ယူမှုအပေါ်မှာ ထိခိုက်မှုဖြစ်လာစေပြီး သွေးချိုတက်စေနိုင်ပါတယ်နော်။ ဒါဆို ဘယ်လိုလုပ်ရမလဲ။နွေရာသီရဲ့ အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံမှုက သာမန်အချိန်တွေထက် ပိုများနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာသွေးစီးဆင်းမှုကောင်းစေပြီး အင်ဆူလင်စုပ်ယူမှုကောင်းစေဖို့အတွက် ရေဓာတ်ပြည့်ဝအောင် သောက်သုံးဖို့ လိုအပ်ပါမယ်။ ရေများများသောက်ဖြစ်အောင် ဂရုစိုက်ပါ။နွေရာသီမှာ အပူချိန်လွန်ကဲတာနဲ့အပူလျှပ်တာတို့ကြောင့် မောပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းထဲမှာ ရီဝေဝေဖြစ်တာနဲ့ ချွေးထွက်လွန်တာမျိုးတွေဖြစ်နိုင်ပြီးသွေးချိုတက်တဲ့အခါ ဒါမှမဟုတ် သွေးချိုကျတဲ့အခါမှာ ခံစားရတတ်တဲ့ လက္ခဏာတွေနဲ့ ရောထွေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားရတဲ့အခါ သွေးချိုတိုင်းဖို့ မမေ့ပါနဲ့။သွေးချိုကျပြီး ကျန်းမာနေစေဖို့ ဆီးချိုရောဂါရှိသူ တွေ မဖြစ်မနေလုပ်တတ်ကြတာ တစ်ခုရှိပါတယ်။ ဒါကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ နွေရာသီမှာလေ့ကျင့်ခန်းမလုပ်ရဘူးလို့ မဆိုလိုပါဘူး။ ပင်ပင်ပန်းပန်းမလုပ်ဖို့ဘဲ လိုတာပါ။နေအရမ်းပူနေချိန်မှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မနက်ခင်း ၁၀ နာရီမတိုင်ခင်နဲ့ ညနေ ၄ နာရီနောက်ပိုင်းမှ လုပ်ပေးပါ။ ချွေးအရမ်းထွက်လာမယ်။နှလုံးခုန်နှုန်းမြန်လာမယ်ဆိုရင် လေ့ကျင့်ခန်း ဆက်မလုပ်သင့်တော့ပါဘူး။ နားပေးပါ။နေလောင်တာက အရေပြားကို ပျက်စီးစေနိုင်သလို ဆီးချိုရှိသူတွေမှာ သွေးချိုထိန်းညှိမှုကို ထိခိုက်စေနိုင်ပါတယ်။ နေလောင်တာကြောင့် အရေပြားမှာ ရောင်ရမ်းတာဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေလောင်ဒဏ်မခံပါနဲ့။ အပြင်ထွက်တိုင်းနေလောင်ကာခရင်မ်လူးပေးပါ။စားသောက်ဖို့ ပြင်ဆင်ပေးတဲ့အခါမှာလည်း အဆီများတာ၊ အချိုများတာတွေကို ရှောင်ရပါမယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားမျှတအောင်ပြင်ဆင်ပေးပါ။ ထမင်းကို လျှော့ကျွေးပေးပါ။နွေရာသီမှာ ပူပြင်းတာကြောင့် အသီးတွေ စားတာ၊ သစ်သီးဖျော်ရည် (ဥပမာ ကြံရည်) သောက်တာတွေ လုပ်တတ်ပါတယ်။ အသီးစားမယ်ဆိုရင် ထမင်းကြီးနဲ့ အချိန်ခြားပြီး စားပါ။ မိမိသွေးတွင်းသကြားဓာတ်ပေါ် မူတည်ပြီး ထိန်းထိန်းသိမ်းသိမ်းစားဖို့ လိုပါတယ်။နွေအပူချိန်နဲ့ နေလောင်မှုတွေကို ကာကွယ်ဖို့ နေလောင်ကာခရင် လူးပေးတာအပြင် နောက်ထပ်ဂရုစိုက်ရမှာတစ်ခုက အဝတ်အစားတွေကို ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးဖို့ပါ။ အဝတ်အစားတွေကို လေဝင်လေထွက်ကောင်းတာမျိုးဖြစ်ဖို့လည်း အထူးဂရုပြုပေးပါနော်။ဆီးချိုသမားတွေက အခြားသူတွေထက် ခြေထောက်ကို ပိုဂရုစိုက်ပေးဖို့လိုပါမယ်။ ဆီးချိုရောဂါက အချိန်ကြာလာနဲ့အမျှ ခြေထောက်က အာရုံကြောလေးတွေထိခိုက်လာပြီး အာရုံခံစားနိုင်စွမ်းနည်းလာပါတယ်။ ဒါကြောင့် နေ့စဉ်ခြေထောက်မှာ ထိခိုက်မိထားတာရှိသလားဆိုတာကို စစ်ဆေးပါ။ ခြေထောက်မှာ ရေဓာတ်ခမ်းခြောက်ပြီးအသားခြောက်တာကြောင့် ပြဿနာတစ်စုံတရာရှိ၊ မရှိ စစ်ဆေးပေးပါ။တကယ်လို့ ခြေထောက်မှာ မှိုပိုးဝင်ထားတာမျိုးရှိနေမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူဖို့ လိုပါမယ်။ ဖိနပ်ကိုလည်း ကျပ်တာမျိုးတွေ မစီးပါနဲ့။ လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာရှိမှာမျိုးကို စီစဉ်ပေးပါ။ဖိနပ်မပါဘဲ လမ်းလျှောက်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။ကဲ…….. ပူပြင်းတဲ့နွေရာသီမှာ ဆီးချိုရှိနေတဲ့ မိမိချစ်ခင်ရတဲ့သူတွေကို ဒီနည်းလမ်းလေးတွေနဲ့ စောင့်ရှောက်ပေးလိုက်ပါနော်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/how-to-take-care-of-diabetes-parients-in-summer/
မိခင်သားအိမ်တွင်းကနေ ကလေးတွေ ဘာတွေသင်ယူရရှိခဲ့လဲ
ကလေးများသည် မိခင်ဗိုက်ထဲမှ အပြင်လောကသို့ရောက်ရှိလာသော အချိန်မှသာ လေ့လာသင်ယူမှုများ ပြုလုပ်ကြသည်ဟု လူအများစုက ထင်နေတတ်ကြသည်။ သို့သော် မကြာသေးမီက ပြုလုပ်ထားသော လေ့လာမှုများအရ ကလေးများသည် မိခင်၏သားအိမ်ထဲတွင် နေနေစဉ် အချိန်ကတည်းက သိတတ်နားလည်ကြသည်ဟု ဆိုပါသည်။ သူတို့သည် မိခင်၏ဝမ်းကြာတိုက်ထဲတွင်နေစဉ်ကာလတွင် တွေ့ကြုံခဲ့သည်များကို မွေးမွေးပြီးချိန်တွင် မှတ်မိကြသည်ဟု လေ့လာမှုများက ဆိုပါသည်။မိခင်ဝမ်းကြာတိုက်သည် သူတို့ကလေးများအတွက် အာရုံများကို သိမြင်ခံစားနိုင်သော ပတ်ဝန်းကျင်တစ်ခုဖြစ်ပါသည်။ ထိုအတွေ့အကြုံများကို အခြေခံပြီး မွေးလာချိန်တွင် ကလေးများသည် လောကကြီးတွင် ကြီးပြင်းလာရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။ ကလေးကိုယ်ဝန် ၁၀ ပတ်ခန့်မှစပြီး သူ့ခြေလက်ကလေးများဖြင့် ဗိုက်ထဲတွင် ရုန်းကန်လှုပ်ရှားနေပြီ ဖြစ်ပါသည်။ကလေးအသက် ၂၃ ပတ်တွင် အကြားအားရုံများကို စတင်ခံစားနိုင်ပြီဖြစ်ပြီး ပတ်ဝန်းကျင်ရှိကြားနေသောအရာများကို တုန့်ပြန်နိုင်စွမ်းများ ရှိလာပြီဖြစ်ပါသည်။ ထိုအချိန်တွင် အရသာခံအာရုံများဖွံ့ဖြိုးလာပြီး မိခင်စားလိုက်သောအစားအစာများကို အရသာခံနိုင်လာပြီဖြစ်သည်။ ထို့ပြင် မိခင်၏ဗိုက်ကို အပြင်မှ ထိလိုက်လျှင်လည်း ကလေးငယ်ကသိပြီး တုန့်ပြန်နိုင်စွမ်းရှိနေပြီ ဖြစ်ပါသည်။ထို့ကြောင့် အပြင်ဘက်မှစကားပြောခြင်း၊ သီချင်းများဆိုပြခြင်းဖြင့် ကလေးငယ်၏ အသိဉာဏ်ကို ပိုပြီးဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ပါသည်။ ထို့ကြောင့် အချို့သော သုတေသနပညာရှင်များက ကိုယ်ဝန်အသက် ၆ လခန့်တွင် ကလေးအား ပုံပြင်များပြောပြခြင်း၊ သီချင်းများဖွင့်ပြခြင်းသည် ကလေးငယ်အား ဝမ်းဗိုက်ထဲတွင်ရှိနေချိန် နားလည်သိတတ်နိုင်စွမ်းများကို တိုးမြင့်လာအောင်ပြုလုပ်ပေးနိုင်သော နည်းများဖြစ်ကြောင်း ပြောထားပါသည်။ သို့သော် မမွေးသေးသော ကလေးငယ်အား သင်ကြားပြသခြင်းအားဖြင့် ကလေးများသည် မွေးပြီးအချိန်အထိ စွဲမြဲစွာ မှတ်ထားနိုင်ခြင်းမရှိကြောင်း လေ့လာရပါသည်။သံစဉ်များကိုနားဆင်နိုင်သော အကြားအာရုံများ ဖွံ့ဖြိုးလာခြင်း။အချို့သော လေ့လာမှုများအရ ကလေးများသည် ဝမ်းဗိုက်ထဲတွင် အကြားအာရုံများ ဖွံ့ဖြိုးလာချိန်တွင် အသံအချို့ကို မှတ်မိနိုင်ကြောင်း ပြောပါသည်။ သားအိမ်ထဲတွင်ရှိနေသော ကလေးသည် ပထမဦးဆုံး မိခင်ပြောသော စကားသံများကို လေ့လာနိုင်ပါသည်။ သိပ္ပံ ပညာရှင်များ၏လေ့လာချက်အရ ကလေးများသည် မိခင်ဘာသာစကားများကို နိုင်ငံခြားဘာသာစကားများထက် ပိုမိုလျှင်မြန်စွာ လေ့လာနိုင်ကြောင်းတွေ့ရပါသည်။ ထို့ပြင်ကလေးများသည် စကားများ၏ ကာရံစည်းချက်များ၊ အသံများကို စကားတစ်လုံးချင်းစီထက်ပိုပြီး လေ့လာနိုင်ကြောင်း တွေ့ရပါသည်။အမြင်အာရုံများ ဖွံ့ဖြိုးလာခြင်း။ကလေးငယ်သည် သားအိမ်ထဲတွင်ရှိနေစဉ် မျက်လုံးများကို မဖွင့်နိုင်ပါ။ ကလေးငယ်၏မျက်လုံးများသည် ကိုယ်ဝန်အစောပိုင်းကာလများတွင် စတင်ဖွံ့ဖြိုးပြီး ကိုယ်ဝန်အသက် ၇ လ ခန့်ရောက်မှမျက်လုံးများ ဖွင့်နိုင်ကြပါသည်။ ထိုအချိန်တွင် ကလေးငယ်သည် အလင်းရောင်မရှိဘဲ သို့မဟုတ် အလင်းရောင်အနည်းငယ်ရှိရုံမျှနှင့် အရာဝတ္ထုများကို မြင်နိုင်စွမ်းရှိပါသည်။ သို့သော် ကလေးများသည် အလွန်လင်းသော အလင်းရောင်များကို ခံစားရလျှင် ထိုအလင်းများကို သွေဖည်ရာသို့ ချက်ချင်းလှည့်သွားတတ်ကြောင်း အချို့သော ဆရာဝန်များက ဆိုပါသည်။ ထို့ကြောင့် ကလေးများသည် အပြင်ဘက်မှလာသော အလင်းရောင်များကို အရောင်ဖျော့ဖျော့ ခံစားမိသည်ဟု သံသယဖြစ်နိုင်ဖွယ်ရှိပါသည်။အရသာခံအာရုံများ ဖွံ့ဖြိုးလာခြင်း။ကိုယ်ဝန်ဆောင် မိခင်သည် ကလေးရော မိခင်ပါကျန်းမာစေရန် စားသုံးရာတွင် မိခင်စားလိုက်သော အစားအစာများကို ကလေးကလည်း အာရုံခံနိုင်ပါသည်။ ၇ လ ၊ ၈ လခန့်ဝန်းကျင်တွင် သန္ဓေသား၏ အရသာခံအင်္ဂါများ စတင်ဖွံ့ဖြိုးလာပြီး ထိုအချိန်မှ ၁၄ ပတ်အတွင်း ခါးသော ၊ ချိုသော ၊ချဉ်သော ၊ ငံသော အရသာများကို ခံစားနိုင်လာကြောင်း သုတေသီများက ဆိုပါသည်။အချုပ်ဆိုရသော် ကလေးငယ်များသည် မိခင်ဗိုက်ထဲတွင် လေ့လာခဲ့သော အရာများနှင့် မွေးပြီးချိန်တွင် လေ့လာသင်ယူနိုင်မှုများသည် ဆက်စပ်လျက်ရှိကြောင်း ယနေ့ခေတ်ဆရာဝန်များက ဆိုပါသည်။ ကိုယ်ဝန်နှောင်းပိုင်းကာလများတွင် သန္ဓေသားသည် သူထိတွေ့ရမည့် အပြင်လောကနှင့် ဆက်စပ်ပြီး လေ့လာသင်ယူနိုင်စွမ်းများ ပိုတိုးလာကြောင်းတွေ့ရပါသည်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%94%e1%80%b1-%e1%80%80%e1%80%b1/
မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား!
လူတော်တော်များများ လက်ခံထားတဲ့အယူအဆလေးတစ်ခုရှိပါတယ်။ ဒါကတော့ နွေပူမှသာ ရေဓာတ် ဆုံးရှုံးနိုင်တာဖြစ်ပြီး မိုးလေး စရွာလာပြီဖြစ်တဲ့မုတ်သုံကာလမှာတော့ ရေဓာတ်ဆုံးရှုံးနိုင်ခြေ နည်းတယ်။ မရှိဘူးလို့ပေါ့။ ဒါဆို မေးစရာလေး ရှိတာက မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား! ဆိုတာပါ။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာကြည့်လိုက်ပါနော်။မုတ်သုံကာလမှာရေဓာတ်ဆုံးရှုံးမှုကင်းပြီလား!။မုတ်သုံကာလမှာ ရေဓာတ်ဆုံးရှုံးမှု ကင်းပြီလား! ဆိုတော့ အဖြေက မကင်းသေးပါဘူး။နွေရာသီမှာအပူချိန် ပြင်းထန်တာကြောင့် ရေဓာတ် ဆုံးရှုံးနိုင်သလို မုတ်သုံရာသီမှာဆိုရင်လည်းလေထုထဲမှာ စိုထိုင်းဆများတာကြောင့် မုတ်သုံကာလမှာရေဓာတ်ဆုံးရှုံးနိုင်ပါသေးတယ်။ လေထုထဲမှာ စိုထိုင်းဆ များလာလေလေ ခန္ဓာကိုယ်မှာ ချွေးစေးတွေ ပြန်လေလေပါ။ ခန္ဓာကိုယ်က ချွေးထွက်တာ၊ ဆီးသွားတာ မှန်သမျှက ကိုယ်တွင်း ရေဓာတ် ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။နွေရာသီမှာ နေပူတာကြောင့် ရေများများ သောက်မိနိုင်ပေမယ့် မုတ်သုံစဝင်လာချိန်မှာတော့ ရာသီဥတုက အပူနည်းနည်း လျော့လာတာကြောင့် ရေသောက်မိနိုင်ခြေက နည်းလာပါတယ်။ အပူလျော့တာကြောင့် ရေသောက်နည်းလာပေမယ့် ချွေးကတော့ ထွက်မြဲဖြစ်သလို ဆီးကလည်း သွားနေဆဲပါပဲ။ ဒါကြောင့်ပဲ ရေဓာတ်က ဆုံးရှုံးနေနိုင်ဆဲပါ။ရေဓာတ်ခမ်းခြောက်ခြင်းအကြောင်းတစေ့တစောင်း။ရေဓာတ်ခမ်းခြောက်တယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကြောင့် ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးတာပါ။ရေဓာတ်ခမ်းခြောက်မှုကို ဘယ်အချိန်မှာ တွေ့ရလဲဆိုရင်တော့ ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို လုံလောက်အောင် ပြန်မဖြည့်နိုင်ချိန်မှာပါ။ ဒီလို ရေဓာတ်နည်းလာတာက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့တောင် ခက်ခဲလာပါတယ်။အကြောင်းကတော့ ခန္ဓာကိုယ်ရဲ့ ၇၅% ကို ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ရေပမာဏ အများစုက ကိုယ်တွင်းက ဆဲလ်တွေထဲမှာ ရှိနေတာပါ။ ကျန်တာတွေကိုတော့ သွေးကြောတွေထဲမှာ တွေ့ရပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။မုတ်သုံမှာရေဓာတ်ပြည့်ဝစေဖို့။မုတ်သုံမှာ ရေဓာတ်ပြည့်ဝစေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။အခုလောက်ဆိုရင်တော့ မုတ်သုံမှာလည်း ရေဓာတ်ဆုံးရှုံးနိုင်သေးတယ်ဆိုတာကို သိပြီးဖြစ်သလို ဖြေရှင်းနည်းတွေကိုလည်း သိလောက်ပြီ ထင်ပါတယ်။ရေဓာတ်ခမ်းခြောက်မှုကင်းတဲ့ ပျော်ရွှင်စရာ မုတ်သုံကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း …….။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/monsoon-and-dehydration/
မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး
မနက်ခင်းလေးကို ကော်ဖီ သောက်ရတာက အရသာရှိလှတဲ့ မနက်ခင်း အလေ့အထလေး တစ်ခုပါ။ အိပ်ရာထ မျက်နှာသစ်ပြီးတာနဲ့ကော်ဖီပူပူလေး သောက်လိုက်ရမှ စိတ်ကျေနပ်တယ်။ တစ်နေကုန်ကို အလုပ်တွေ ကောင်းကောင်း လုပ်နိုင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား ……။ဒီတစ်ခေါက်တော့ မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ကျန်းမာရေး အကြောင်းကို ပြောပြပေးမှာမို့ မနက်ခင်း ကော်ဖီ သောက်ဖို့ ကော်ဖီခွက်ကို မကိုင်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ကော်ဖီကသောက်ရေပြီးရင် လူကြိုက် အများဆုံး သောက်စရာ တစ်မျိုးပါ။ ကော်ဖီကို မသောက်တဲ့သူက ခပ်ရှားရှားပါ။ ကော်ဖီက ကျန်းမာစေတာကြောင့်လည်း ပါတာပေါ့။ကော်ဖီ စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ ကော်ဖီ စစ်စစ်ကနှလုံး ကျန်းမာစေနိုင်သလို တက်​ကြွလန်းဆန်းစေနိုင်ပါတယ်။ပင်ပန်းမှုတွေကို ပြေပျောက်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းစေနိုင်ပါတယ်။နောက်တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေးသလိုနာတာရှည် ရောဂါတွေဖြစ်ကြတဲ့ အမျိုးအစား (၂) ဆီးချို နဲ့အယ်လ်ဇိုင်းမားရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ဖို့ သောက်ပေးလို့ ရပါတယ်။ကော်ဖီက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့် မနက်စောစော ဘာအစားမှ မစားခင်အိပ်ရာနိုးနိုးချင်းမှာတော့ ကော်ဖီ မသောက်ဖို့ ပြောပါရစေ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။မနက် အိပ်ရာက ထတာနဲ့ ရေချိုးခန်းထဲမဝင်ခင် မီးဖိုခန်းကို အရင်သွားပြီး ကော်ဖီ တစ်ခွက် အရင်ဖျော်တယ်ဆိုရင်တော့ ဒီအလေ့အထကို ပြင်ဆင်ဖို့ လိုနေပါပြီ။ မနက်ခင်းမှာ ကော်ဖီ သောက်သင့်တယ်ဆိုပေမယ့် မနက် အိပ်ရာနိုးနိုးချင်း ဘာမှ မစားခင်မှာ မသောက်သင့်ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေပါ။မနက်ခင်း ဘာမှ မစားရသေးခင် ကော်ဖီသောက်တာက အမျိုးသမီးတွေမှာကော်တီစော ဟော်မုန်း မြင့်တက်ပြီး။ကော်ဆီစော ဟော်မုန်းက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေပြီး တက်တက်ကြွကြွ ဖြစ်နေအောင် လုပ်ဆောင်ပေးတာပါ။ ပုံမှန်အားဖြင့် မနက်ခင်းမှာ ကော်တီစော ဟော်မုန်းပမာဏ မြင့်တက်နေတတ်ပြီး ညနေပိုင်းမှာ ကျဆင်းသွားတတ်ပါတယ်။ မနက်ခင်းမှာ ကော်ဖီ စောက်လိုက်ခြင်းက ကော်တီစောပမာဏကို ထိုးတက်သွားစေပြီး ဟော်မုန်း မမျှတတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး မနက်ခင်းမှာ ကော်ဖီ သောက်လိုက်ခြင်းက ခန္ဓာကိုယ်ရဲ့ဗီတာမင် နဲ့ သတ္တုဓာတ်တွေ စုပ်ယူနိုင်စွမ်းကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ကော်တီစောက ကျန်းမာရေးအတွက် လိုအပ်တာ မှန်ပေမယ့် ခန္ဓာကိုယ်က ကော်တီစောကို လိုအပ်တာထက် ပိုထုတ်လုပ်တဲ့အခါ သွေးတိုးတာ၊ အင်ဆူလင် ဟော်မုန်းထွက်ရှိမှု များစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ကော်တီစော ပမာဏ များလွန်းတာကကိုယ်အလေးချိန် တက်တာ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေမဲ့ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။မနက်ခင်း စောစောဘာမှ မစားရသေးခင် ကော်ဖီ သောက်တာက အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ ကော်ဖီက အစာခြေအက်ဆစ် ထွက်ရှိမှုကို များအောင် လှုံ့ဆော်တာကြောင့်ပါ။အကျိုးဆက် အနေနဲ့ အစာခြေရည် ပြန်ဆန်တက်တာ၊ အစာအိမ် နံရံတွေ ထိခိုက်တာ၊ အူနံရံတွေ ထိခိုက်တာမျိုးတွေ၊အစာခြေလမ်းကြောင်း တလျှောက် အစာခြေအက်ဆစ်လောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။နောက်တစ်ချက်က မနက်စောစော ကော်ဖီသောက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာ၊ ရေဓာတ် ခမ်းခြောက်တာကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် မနက်ခင်း စောစောမှာ ကော်​ဖီ မသောက်ဖို့ ပြောရတာပါ။ မနက်စာကို ကော်ဖီလေးပါမှ စားတတ်တယ်ဆိုရင်တော့ စားမယ့် အစားအစာတွေထဲမှာကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေပါဝင်အောင် စားသုံးပေးပါ။ ဘာမှမစားဘဲသောက်တာထက် အစာတစ်ခုခုစားရင်း သောက်ပေးပါ။အိပ်ရာထထချင်းမှာ ကော်ဖီ မသောက်သင့်ဘူးဆိုပေမယ့်morning coffeeကို မသောက်ရဘူးလို့ မဆိုလိုပါဘူး။ မနက်ခင်း ၉ နာရီ  ဒါမှမဟုတ် ၉ နာရီ ခွဲလောက်မှာ ကိုယ်တွင်းက ကော်တီစောဟော်မုန်း စကျနေချိန်ဖြစ်တာကြောင့် ဒီအချိန်မှာ ကော်ဖီကို သောက်ပေးလို့ ရပါတယ်။ အစားအစာ တစ်ခုခုတော့ ပါအောင် စားပေးပါ။ ဒါမှ ကျန်းမာပြီး တစ်နေကုန် တက်ကြွ လန်းဆန်းနေမှာပါ။မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး က အခုလိုတွေ ဆက်စပ်နေတာကြောင့်ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင်သောက်သုံးဖို့ အကြံပြုပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/empty-stomach-and-coffee/
ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ
ညဘက်မှာ ဘာကြောင့်မှန်းမသိဘဲ အိပ်မပျော်တာတွေ ရှိသလို အတွေးတွေ လွန်ပြီး အိပ်မပျော်တာတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ ကျန်းမာရေး ကောင်းမွန်နေစေဖို့အတွက် အိပ်ချိန် လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုဆိုရင်တော့ ညဘက်အိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ရမှာ ဖြစ်သလို ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ဗာဒံစေ့ကတော့ ညဘက်အိပ်မပျော်တဲ့သူတွေ စားပေးသင့်တဲ့ အစေ့အဆံ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗာဒံစေ့မှာ ဖော့စဖော့ရပ်၊ မဂ္ဂနီဆီယမ်တွေ လုံလုံလောက်လောက် ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်ပြီး အဆီလည်း နည်းပါတယ်။ အဓိကကတော့ ဗာဒံစေ့ တစ်အောင်စမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ မဂ္ဂနီဆီယမ် (၁၉%) ကို ပေးစွမ်းနိုင်တာကြောင့် အိပ်ပျော်စေပါတယ်။ ညဘက် စားသုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်တာတွေ သက်သာစေနိုင်ပါတယ်။ကီဝီသီးကတော့ ကယ်လိုရီအရမ်းနည်းပြီး အာဟာရ ပြည့်ဝတဲ့ အသီးတစ်မျိုးပါပဲ။ ကီဝီသီးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီနဲ့ ဗီတာမင်ကေတွေလည်း ပါဝင်ပါသေးတယ်။ ကီဝီသီးဟာ အစာခြေဖျက်နိုင်စွမ်းကိုလည်း အထောက်အကူပြုတာကြောင့် ရင်ပြည့်လို့ အိပ်မပျော်တာတွေ မဖြစ်စေနိုင်ဘူး။ လေ့လာသူတွေကတော့ ညဘက် ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် ကီဝီသီးစားဖို့ အကြံဉာဏ် ပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ကီဝီသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကောင်းကောင်းအိပ်ပျော်စေနိုင်တာကြောင့်ပါ။ညဘက်ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင်တော့ fatty acid ပါဝင်တဲ့ ငါးတွေ စားသုံးပြီး အိပ်တာမျိုး လုပ်သင့်ပါတယ်။ Fatty acid က နှလုံးရောဂါနဲ့ သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် အိပ်မပျော်ခြင်းနဲ့ စိတ်ဖိစီးမှု များတာတွေကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာမှု တစ်ခုမှာတော့ တပတ်ကို (၃) ကြိမ်fatty acid ပါတဲ့ ငါးတွေကို (၆) လလောက် စားသုံးသူတွေဟာ ကြက်သား၊ ဝက်သားတွေ စားတဲ့သူထက် ပိုပြီး အိပ်ပျော်စေတယ်လို့ ဆိုထားပါတယ်။ထမင်းဖြူကတော့ လူတိုင်းစားကြတဲ့ အစားအစာဖြစ်တာကြောင့် သူရဲ့ အာနိသင်တွေကို အထူးတလည်တောင် ပြောပြစရာ လိုမယ်မထင်ပါဘူး။ ကိုယ်ဟာ ညဘက် ကောင်းကောင်း အိပ်မပျော်တတ်တဲ့သူဆိုရင်တော့ နေ့လည်ခင်း အချိန်တွေမှာ ထမင်းစားထားပါ။ ပေါင်မုန့်၊ ခေါက်ဆွဲ စားတဲ့သူနဲ့ ထမင်းဖြူ စားတဲ့သူတွေကိုစမ်းသပ်ခဲ့ရာမှာ ထမင်းဖြူ စားတဲ့သူက ညဘက်မှာ အိပ်မပျော်တာတွေ မဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို တွေ့ရှိခဲ့ရပါတယ်။ငှက်ပျောသီးမှာ tryptophan ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်လည်း များများ ပါဝင်တာကြောင့် အိပ်ပျော်စေပါတယ်။ ဒါကြောင့် ညဘက် အိပ်မပျော်ဘူးဆိုရင်တော့ ငှက်ပျောသီးလေးတွေ စားပေးနိုင်ပါတယ်။ညဘက်အိပ်မပျော်တာတွေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေ ဖြစ်နေတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားပြီး အိပ်ကြည့်ပေးပါနော်။ အိပ်ရေးဝဝ အိပ်ဖြစ်စေမှာမို့ ကျန်းမာလှပလာမှာ သေချာပါတယ်။ ဘာပဲစားစား အိပ်ရာဝင်ချိန်နဲ့ ခွာစားဖို့ကိုလည်း အကြံပြုချင်ပါတယ်။ရေးသားသူ- Eaindra Kha။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/foods-for-good-night-sleep/
အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းများ
လူရယ်လို့ ဖြစ်လာပြီဆိုရင် လူတစ်ခု ပူမှုရယ် ဆယ်ကုဋေဆိုသလို ဆင်လည်းဆင့်အထွာ၊ မြင်းလည်း မြင်းအထွာ ရုန်းရကန်ရ လှုပ်ရှားရပါတယ်။ ပညာရှာသူဆိုလည်း ကျောင်းစာတွေ၊ စာမေးပွဲတွေကြောင့်ပူရ၊ စီးပွားရှာသူဆိုလည်း တွက်ရချက်ရ၊ တွေးရတောရ၊ ကြင်ယာရှာသူဆိုလည်း အချစ်စိတ်တွေတက်ရ၊ လွမ်းရဆွေးရနဲ့ စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများဆိုသလို ခံစားရတတ်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေ အများကြီးထဲမှာမှ ဒီစိတ်ဖိစီးမှုဆိုတဲ့အချက်ဟာ ထိပ်ဆုံးမှာ ပြိုင်ဖက်မရှိ ရပ်တည်နေပါတယ်။ဒါကြောင့် အရွယ်သုံးပါးမရွေး တချိန်ချိန်မှာ ခံစားရလာနိုင်တဲ့ အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။၁။ အိပ်ရာထဲမှာပဲ ပေကပ်မနေပါနဲ့။သန်းခေါင်ယံညနက် ကျော်လွန်လာချိန်ထိ အိပ်လို့ရယ်မှ မပျော်နိုင်သေးဘဲ တလူးလူးတလွန့်လွန့်နဲ့ ဖြစ်နေပါသလား။ အိပ်ယာဝင်ပြီး နာရီဝက်၊ တစ်နာရီကြာပြီးတဲ့အထိ မကျိန်းစက်နိုင်သေးဘူးလား။ ဒါဆိုရင် အိပ်ရာထဲမှာပဲ ငြူစူငုတ်တုတ်ကြီး ထိုင်မနေ၊အိပ်မနေပါနဲ့တော့။ အိပ်ရာထဲက ခဏထပြီး စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ သာယာငြိမ့်ညောင်းတဲ့ တေးသွားလေးကို နားထောင်တာမျိုးပဲဖြစ်ဖြစ် လုပ်လိုက်ပါ(ကိုလေးဖြူတို့၊Slipknot တို့တော့ သွားနားမထောင်နဲ့ပေါ့နော်)။ ဒါဆိုရင် သင့်အနေနဲ့ သိပ်မကြာခင်မှာပဲ ငိုက်မျဉ်းလာပြီး အိပ်ရာထဲ တစ်ခါပြန်ဝင်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။၂။ အိပ်ပျော်အောင် အကျင့်လုပ်ပေးပါ။အိပ်စက်ရမယ့်အချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်တောင့်သက်သာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် သင့်ခန္ဓာကိုယ်ကို လေ့ကျင့်ပေးပါ။ အကျင့်လုပ်ပေးပါ။ ဒါပေမယ့် လုပ်တစ်ချက်၊ မလုပ်တစ်ချက်တော့ သွားမလုပ်ဘဲနဲ့ မှန်မှန်တော့ လုပ်ပေးရမယ်နော်။ အိပ်ရာမဝင်ခင် နာရီဝက်၊ တစ်နာရီလောက် စာဖတ်တာ ဒါမှမဟုတ် ရေနွေးစိမ်ပေးတာတွေကို ပုံမှန်လေး ပြုလုပ်ပေးနိုင်ပါတယ်။ တရားထိုင်တာကလည်း သင့်စိတ်ကိုတည်ငြိမ်ပြီး အိပ်ပျော်သွားအောင် ကူညီပေးနိုင်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ ဗီဇလက္ခဏာတွေက ကွက်တိမတူညီတာမို့ ကိုယ်နဲ့လိုက်ဖက်မယ့် နည်းလမ်းကို ရွေးချယ်စမ်းသပ်အသုံးပြုကြည့်ဖို့တော့ လိုပါတယ်။ ဒီလိုမျိုး လိုက်ဖက်သင့်တော်တဲ့ နည်းလမ်းတွေကို သိရှိပြီဆိုတာနဲ့ ညစဉ်ညတိုင်း မပျက်မကွက် ပုံမှန်သာ လုပ်ဆောင်သွားပါ။ အဆင်ပြေဟန်ကျသွားပါလိမ့်မယ်။၃။ အိပ်ခါနီးအချိန်မှာ အရက်သေစာတွေကို မသုံးစွဲပါနဲ့။မူးမူးနဲ့ ပိုအိပ်ပျော်မယ်လို့ သင်တွေးထားရင်တော့ လုံးလုံးကြီးရော၊ ပြားပြားကြီးပါ မှားပါပြီ။ အရက်သေစာတွေဟာ သင့်ကို နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်စေတဲ့အတွက် ကောင်းကောင်းအိပ်ပျော်စေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မနက်ကိုလည်း အစောကြီးနိုးနေစေတဲ့အတွက် သင့်အနေနဲ့ လန်းဆန်းတက်ကြွမှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မအိပ်ခင် ၂-၃ နာရီအတွင်းမှာ အရက်သေစာ (ကော့တေးလို ဟာမျိုးတွေအပါအဝင်ပေါ့)သောက်စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အိပ်ပျော်ချင်တဲ့လူ မှန်ရင်ပေါ့။၄။ အိပ်ခါနီးအချိန်မှာ ဖုန်းသုံးတာ၊တီဗွီကြည့်တာမျိုး မလုပ်ပါနဲ့။ဒီပစ္စည်းတွေက ထွက်တဲ့ အလင်းဟာ အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်တာမို့ အိပ်ယာပေါ်မှာ စောင်လေးခြုံ၊ ဖုန်းလေးပွတ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။၅။ နာရီကို ခဏခဏ ကြည့်မနေပါနဲ့။ရုတ်တရက် စဉ်းစားရင် ဒီအချက်ဟာ ကလေးဆန်တယ် ထင်ရပေမယ့် သင့်စိတ်ထဲမှာ ဟာ..ငါအိပ်ဖို့ ဘယ်နှနာရီပဲ လိုတော့တယ်၊ဒုက္ခပါပဲ။ အိပ်မပျော်သေးဘူး… မနက်တော့ ရုံးမှာငိုက်ပါပြီ စသဖြင့် စိတ်ထဲမှာ ကယောင်ကတမ်းနဲ့ ထွေလီကာလီတွေးလိုက်၊နာရီကြည့်လိုက်လုပ်နေရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ပိုဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် နာရီကို တငင်ငင်နဲ့ ကြည့်မနေဘဲ စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်ပါ။၆။ အထွေထွေ။အိပ်စက်ခြင်းဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ အိပ်မပျော်ခြင်းဟာ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ့ အိပ်ရာထက်က စွမ်းဆောင်ရည်တွေကို ကျဆင်းစေတဲ့အပြင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ထိခိုက်မတော်တဆမှုများကို ဖြစ်ပွားစေခြင်း၊ မလိုလားအပ်တဲ့ ရောဂါတွေကို ဖိတ်ခေါ်နေခြင်း စတဲ့အန္တရာယ်တွေကိုပါ လက်ယပ်ခေါ်နေတာမို့ အထက်မှာ ဖော်ပြခဲ့တဲ့ ဆောင်ရန်/ရှောင်ရန်တွေကို လိုက်နာခြင်းအားဖြင့် အိပ်မက်လှလှလေးတွေ မက်စေနိုင်မှာပါ။အားလုံးပဲ စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ကြပါစေ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%80%e1%80%ad/
အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ
ဒီတစ်ခေါက်တော့ အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ အကြောင်း ပြောပြပေးချင်ပါတယ်။ဒီတစ်ခေါက်တော့ အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ အကြောင်းအတူတူ လေ့လာလိုက်ရအောင်နော်။အဆိပ်သင့်ခြင်းဆိုတာက အဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်တာကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်ပါတယ်။ဒီထဲကမှ အဖြစ်များတဲ့ ပြင်းထန်တဲ့ အရက်အဆိပ်သင့်ခြင်းနဲ့ ဓာတ်မတည့်ခြင်းတို့အကြောင်းကို နည်းနည်းပြောပြပါမယ်။အရက်က အာရုံကြောစနစ်ကို ထိခိုက်စေပြီး အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေတဲ့အပြင် ကြာရှည်စွဲမြဲစွာ သောက်ရင် ကာယ၊ စိတ်ဓာတ်စွမ်းဆောင်မှုများ ထိခိုက်ပျက်စီးစေနိုက်ပါတယ်။လက္ခဏာများ။အရက်အလွန်အကျွံသောက်ပါကဖြစ်နိုင်တဲ့ အန္တရာယ်များ။ပြုစုခြင်း။လက္ခဏာများ။ပြုစုခြင်း။အိမ်တွင်းမှာ ဖြစ်နိုင်တဲ့အဆိပ်သင့်ခြင်းများ။ဆေးဝါးကြောင့် အဆိပ်သင့်ခြင်း။စက်ရုံတွင်း အဆိပ်သင့်ခြင်း။အရက်ကြောင့် အဆိပ်သင့်ခြင်း။အပင်များကြောင့်အဆိပ်သင့်ခြင်းမှ ကာကွယ်ခြင်း။အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ခြင်း။ရေးသားသူ-ဒေါက်တာမှူး။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/types-of-poisoning-and-prevention/
လူမှုကွန်ရက်ကို အန္တရာယ်ကင်းကင်းနဲ့ အကျိုးရှိအောင် အသုံးပြုကြမယ်
အခုတလော ဆိုရှယ်မီဒီယာကြောင့်ဖြစ်ရတဲ့ပြဿနာတွေအတော်များနေပါတယ်။ ဖရဲသီးသည်လေးကိုယ့်ဘာသာ သတ်သေတယ်။ နာမည်ကြီး ဆယ်လီတွေ ပြဿနာတွေဖြစ်နေတယ်။ ဒါတွေက လူသိများတဲ့ပြဿနာတွေပေါ့။ လူသိပ်သိမများပေမယ့် ဆိုရှယ်မီဒီယာကြောင့် အရှက်တွေကွဲ၊ အလုပ်တွေပျက်၊ ပုံစံမျိုးစုံနဲ့ ပြဿနာတက်နေတာတွေလည်းအများကြီးပါ။ နည်းပညာကတော့ တားဆီးလို့မရနိုင်ဘူး။ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေ တအားကို ခေတ်စားလာတာကလည်း မျက်မြင်ကိုယ်တွေ့ပဲလေ။ ဒီတော့ ဆိုရှယ်မီဒီယာကို ဘယ်လိုအသုံးပြုရင် ဘေးကင်းမလဲ၊ ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲဆိုတာလေး အကြံပေးပါရစေ။ဆိုရှယ်မီဒီယာသုံးရတာ အဆိုးချည်းပဲတော့မဟုတ်ပါဘူး။ ကောင်းကျိုးတွေအများကြီးပါ။သိချင်တဲ့ဘယ်အရာမဆို ချက်ခြင်းသိနိုင်ပါပြီ။ ကမ္ဘာရဲ့အနောက်ဘက်ခြမ်းမှာဖြစ်နေတာကို ထိုင်ရာမထ အရှေ့ဘက်ကလူတွေ သိနေနိုင်ပြီ။ နေရာတစ်ခုခုကိုရှာမလား၊ ဗဟုသုတဖြစ်စရာတစ်ခုခုကိုကြည့်မလား၊ စီးပွားရေးဈေးကွက်အနေအထားနဲ့ ပညာတစ်ခုခုကိုသင်မလား။ ဘာမဆိုရနိုင်နေပြီ။စိတ်ညစ်နေတဲ့အချိန်ဖေ့ဘုတ်ခ်သုံးတဲ့အခါ စိတ်ခွန်အားဖြစ်စေနိုင်တဲ့ စာသားလေးကိုတွေ့မိတာကနေပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်က အားပေးနှစ်သိမ့်တာ၊ ချီးကျူးတာကို ခံလိုက်ရတဲ့အခါမှာ စိတ်ဓါတ်ကျနေတာက နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရသွားနိုင်ပါတယ်။ တစ်ခါတလေမှာဖေ့ဘုတ်ခ်သုံးတာက အထီးကျန်ဆန်နေတာကိုပြေပျောက်စေနိုင်ပါတယ်။ပစ္စည်းတစ်ခုခုပျောက်သွားတဲ့အခါမျိုး၊ ကိုယ်ချစ်ရတဲ့ခွေးလေးတွေ၊ကြောင်လေးတွေပျောက်သွားတဲ့အခါမျိုးမှာဖေ့ဘုတ်ခ်ပေါ်ကို ပို့စ်လေးတစ်ခုတင်လိုက်ရုံနဲ့ တဆင့်စကားတဆင့်ရောက်သွားပြီး ရှာတွေ့တာမျိုးလည်းရှိပါတယ်။ အခုနောက်ပိုင်း လူတွေကြားမှာရေပန်းစားလာတာတစ်ခုက အွန်လိုင်းကနေဈေးဝယ်တာပါ။ အချိန်ကုန်သက်သာစေပြီး ကားပိတ်တဲ့ဒဏ်ကိုရှောင်ပြီးသားဖြစ်သွားပါတယ်။ကိုယ်မရောက်ဖူးသေးတဲ့နေရာတွေအကြောင်း၊ ကိုယ်မသိသေးတဲ့ ပညာရပ်တွေအကြောင်းနဲ့ အမျိုးမျိုးသောဗဟုသုတရစရာတွေကိုလည်း လူမှုမီဒီယာတွေပေါ်ကနေတဆင့် သင်ယူလို့ရပါသေးတယ်။ အကြောင်းတိုက်ဆိုင်လို့ သိချင်တာတွေရှိလာခဲ့ရင်လည်း လူမှုမီဒီယာတွေပေါ်မှာ လွယ်လင့်တကူဖတ်ရှု့နိုင်နေပြီဖြစ်ပါတယ်။ ချက်ပြုတ်နည်းသင်ချင်လား၊ ဖုန်းပြင်တတ်ချင်လားအစရှိသဖြင့် အတတ်ပညာနယ်ပယ်အသီးသီးကို ဝင်ရောက်လေ့လာဖို့လည်း အသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်။အရင်က စီးပွားရေးတစ်ခုလုပ်ဖို့ဆိုတာ အရင်းအနှီးအများကြီးလိုတယ်။ အခုလူမှုကွန်ရက်တွေပေါ်မှာတင် စီးပွားရေးလုပ်လို့ရနေပြီ။ ကုန်ကျစရိတ်သက်သာတယ်။ အိမ်ကနေမခွာဘဲ လုပ်လို့ရတယ်။ အကျိုးအမြတ်ရှိနိုင်တယ်။ဒါပေမယ့် မကောင်းကျိုးတွေလည်းရှိပါတယ်။ အဲဒါတွေကတော့။လက်တွေ့မကျတဲ့ ကွန်ရက်ပေါ်က အနေအထားကို ဘဝတစ်ခုအဖြစ် သတ်မှတ်ယူဆလာတဲ့အခါ ပေါ်ပြူလာဖြစ်ဖို့၊ လူစိတ်ဝင်စားဖို့ နည်းလမ်းအမျိုးမျိုးသုံးလာကြတယ်။ ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်စေတာတွေထိပါလုပ်ပြီး လူစိတ်ဝင်စားအောင်လုပ်လာတယ်။ဖရဲသီးသည်လေး ကိုယ့်ကိုကိုယ်သတ်သေသွားတာက ဆိုက်ဘာအနိုင်ကျင့်မှုကြောင့်ဖြစ်သလို မထင်မှတ်ဘဲဖြစ်သွားတဲ့အဖြစ်အပျက်တစ်ခုအပေါ် အပြင်းအထန် ဆက်လက်တိုက်ခိုက်ကြတာကလည်း ဆိုက်ဘာအနိုင်ကျင့်မှုပါ။ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နာကျင်စေတာပါ။ ကိုယ့်ပုံတင်ပြီး အရှက်ခွဲခံရတာ၊ အုပ်စုဖွဲ့ နာမည်သေအောင်တိုက်ခိုက်ကြတာ။ ဒါတွေကိုလျစ်လျူရှုနိုင်ရင် အကောင်းဆုံးပေမယ့် ခံနိုင်ရည်မရှိတဲ့အခါ တချို့က လူမှုကွန်ရက်ကိုစွန့်ခွာသွားကြတယ်။ တချို့ကျတော့ ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်တဲ့နည်းကို ရွေးချယ်ကြတယ်။တန်ဆေးလွန်ဘေးဆိုသလိုပဲ သုံးတတ်ရင်ကောင်းကျိုးများပေမယ့် အလွန်အကျွံလူမှုကွန်ရက်ကို စွဲနေတာက အချိန်ကုန်အကျိုးမရှိဖြစ်စေပါတယ်။ အလုပ်လုပ်ရမှာတွေမပြီးတာ၊ လေ့ကျင့်သင်ကြားမှုတွေမလုပ်နိုင်တာတွေပေါ့။လူမှုကွန်ရက်တွေက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ပတ်သက်လို့ များများတင်ဖြစ်အောင် တွန်းအားပေးပါတယ်။ ကိုယ်ဘယ်မှာနေတာ ဘယ်ခရီးသွားတာ၊ ဘာအလုပ်တွေလုပ်နေတာ စသဖြင့်ပေါ့။ ဒါတွေက ကိုယ့်ကိုအသုံးချချင်တဲ့သူတွေအတွက်တော့ အလွယ်တကူ သတင်းရနိုင်တဲ့အကြောင်းခံတွေဖြစ်လာပါတယ်။လူမှုကွန်ရက်ကို အန္တရာယ်ကင်းကင်းအသုံးပြုချင်တယ်ဆိုရင်တော့ ဒါတွေကို သတိထားပြီးကာကွယ်နိုင်မှဖြစ်ပါလိမ့်မယ်။ လူမှုကွန်ရက်ကို အလွန်အကျွံအသုံးပြုတာကိုရှောင်ကျဉ်တာ၊ ဆိုက်ဘာအနိုင်ကျင့်မှုတွေကို သက်ဆိုင်ရာနဲ့ တိုင်ကြားအသိပေးတာ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အလွန်အမင်းတင်တာကို ရှောင်တာနဲ့ အလုပ်ပြီးမြောက်ဖို့ အကျိုးရှိအောင်အသုံးပြုဖို့ကို အာရုံထားမယ်ဆိုရင် လူမှုကွန်ရက်အသုံးပြုတာက ကောင်းကျိုးတွေအများကြီးရှိလာစေမှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9c%e1%80%b0%e1%80%99%e1%82%88%e1%80%80%e1%80%bc%e1%80%94%e1%80%b9%e1%80%9b%e1%80%80%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9b%e1%80%bd/
ခါချဉ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့
ခါချဉ်လို့ ကြားလိုက်ရင်ကိုအသားတွေမှာကြက်သီးထသလို ခံစားမိလား……… ခါချဉ်တွေက ကိုက်ရင် တော်တော်လေး နာသလိုအရေပြားမှာ အဖုအပိမ့် ထွက်တဲ့အထိ ဖြစ်တာပါ။ယားသလိုနာသလို နဲ့ လက်က ကုတ်ရင်း အရည်တွေ ထွက်တဲ့အထိတောင် မသက်သာတာမျိုး ဖြစ်တတ်ပါတယ်။ခါချဉ်ကိုက်တဲ့အခါကိုက်ခံရတဲ့ဒဏ်၊ ကုတ်ဖဲ့မှုဒဏ် တွေကြောင့် အရေပြားကို ထိခိုက်တာတွေ ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကြောက်စရာကောင်းတဲ့ ခါချဉ်ကောင် ကိုက်ခံရရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကို ဝေမျှပေးမယ်နော်။ခါချဉ်ကိုက်ခံရတဲ့အခါ အရေပြားမှာ။ခါချဉ်ကိုက်ခံရတာက ပြင်းထန်မယ်ဆိုရင်။ခါချဉ်ကိုက်ခံရတာက ရက်အနည်းငယ်ကြာတဲ့အထိ တဆစ်ဆစ်နာတာ၊ ယားယံတာ၊ အဖုအပိမ့် ဖြစ်တာမျိုးတွေ ရှိနိုင်ပေမယ့် ဆေးခန်း ပြရလောက်တဲ့အထိတော့ မပြင်းထန်ပါဘူး။ ခါချဉ်ကောင် ကိုက်ခံရတဲ့အခါ။ရေခဲဝတ်ကပ်ပါ– ခါချဉ်ကိုက်ခံရတဲ့နေရာကို ရေခဲဝတ်နဲ့ မိနစ် ၂၀ လောက်ကပ်ထားပေးပါ။ ဒီလို ကပ်ထားပေးတာကရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။Hydrocortisone creamလိမ်းပါ– ခါချဉ်ကိုက်ခံရတဲ့နေရာကို သေချာ သန့်စင်ပြီးပြီးဆိုရင် Hydrocortisone cream လိမ်းပေးပါ။ အရေပြား ယားယံတကို သက်သာစေပါလိမ့်မယ်။မကုတ်ပါနဲ့– ခါချဉ်ကိုက်ခံရတဲ့ နေရာက ယားယံနေနိုင်ပေမယ့် မကုတ်ပါနဲ့။ ကုတ်တာ​ကြောင့်အရေပြား ပေါက်ပြဲပြီးမလိုအပ်ဘဲ ပိုးဝင်နိုင်တာကြောင့်ပါ။အဆီတစ်ခုခုလိမ်းပေးပါ–အုန်းဆီ၊ လာဗင်ဒါဆီ၊ စပျစ်စေ့အဆီ ကစလို့ နောက်ဆုံးမီးဖိုချောင်မှာ သုံးတဲ့ဟင်းရွက်ဆီဖြစ်ဖြစ် အဆီ တစ်ခုခုကို ခါချဉ်ကိုက်ခံရတဲ့ နေရာမှာ လိမ်းပေးလိုက်ပါ။ ဒါက ခါချဉ်ကိုက်ခံရတာ​ကြောင့် အရေပြား ယားယံတာ တဆစ်ဆစ်နာကျင်တာကို သက်သာစေနိုင်ပါတယ်။ရှာလကာရည်စိမ်ပေးပါ –ခါချဉ် အကိုက်ခံရတဲ့အခါ ရေထဲကို ရှာလကာရည်ထည့်ပြီး အဆိုပါ ရေထဲကို ခါချဉ်ကိုက်ခံရတဲ့ နေရာကိုစိမ်ထားပေးပါ။ ဒီလို လုပ်ပေးတာက အရေပြား ယားယံတာ နဲ့ တဆစ်ဆစ် နာကျင်တာကို သက်သာစေနိုင် ပါတယ်။အဆိပ်လည်း ပြေစေနိုင်ပါတယ်။ရှားစောင်းလက်ပပ်ကပ်ပါ– ခါချဉ် ကိုက်ခံရတဲ့နေရာကို ရှာစောင်းလက်ပပ် ဂျယ်လီသားနဲ့ ပွတ်ပေးလို့ရပါတယ်။ ဒီလို ပွတ်ပေးတာက  အသားယားတာနဲ့ တဆစ်ဆစ် နာကျင်တာကို သက်သာစေနိုင်ပါတယ်။Baking sodaနဲ့ ရေ လိမ်းပါ– ရေနဲ့ baking soda ကို ခပ်ပျစ်ပျစ်လေး ဖျော်ပြီး ရလာတဲ့ အနှစ်ကို ခါချဉ် ကိုက်ခံရတဲ့ နေရာမှာ အုံထားပါ။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ အသားယားတာ နဲ့ တဆစ်ဆစ် နာကျင်တာကို သက်သာစေ နိုင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-treat-ant-bites-naturally/
ညပိုင်း နှာခေါင်းသွေးလျှံတာ ဘာကြောင့် ဖြစ်တာလဲ ။ ။
ညဘက်အိပ်ပြီး မနက်ပိုင်း ပြန်ထတဲ့ နှာခေါင်းသွေးလျှံပြီး အိပ်ရာမှာသွေးတွေ ပေနေတဲ့အခါ လူတိုင်း ထိတ်ခနဲ ဖြစ်သွားကြမှာပါ။ လူအများစုက နေ့ခင်းပိုင်းပူတဲ့အချိန်မှာပဲနှာခေါင်းသွေးလျှံကြတတ်ကြတယ်လေ။ နေ့ခင်းဆို ရာသီဥတုက ပူတာကိုး။ ဒါပေမယ့် ညဘက်နှာခေါင်းသွေးလျှံတဲ့ အခါမျိုးဆိုရင် စိုးရိမ်လာကြပါပြီ။ ဘာ့ကြောင့် ညပိုင်းမှ နှာခေါင်းသွေးလျှံရတာလဲ။သွေးကင်ဆာများရှိနေပြီလားပေါ့။အသားခြောက်တဲ့အခါ အသားတွေကွဲပြီး သွေးထွက်သလိုမျိုး ခြောက်သွေ့တဲ့လေတွေ အကြာကြီးရှူရှိုက်ရတဲ့ နှာခေါင်းအတွင်းသားနံရံလေးတွေကလည်း ခြောက်သွေ့ပြီး သွေးထွက်တတ်ပါတယ်။နှာချေးကလော်တာကလည်း နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရာတစ်ခုပါ။ နှာခေါင်းကလော်တာ အကျင့်တစ်ခုလိုဖြစ်နေတဲ့အခါ ညဘက်အိပ်ပျော်နေတဲ့အချိန်မှာလည်း သွားသွားပြီး ကလော်တတ်ကြပါတယ်။ ဒီလိုနဲ့ နှာခေါင်းအတွင်းက သွေးကြောလေးတွေထိမိပြီး နှာခေါင်းသွေးလျှံလာရတာ ဖြစ်ပါတယ်။ဆောင်းတွင်းလို အေးပြီးခြောက်သွေ့တဲ့ရာသီဥတုမှာနှာခေါင်းသွေးထွက်လေ့ရှိပါတယ်။ ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့ ဆောင်းလေကြောင့်ရော၊ အိမ်မှာ တပ်ထားတဲ့ အပူပေးစက်တွေကြောင့်ရော ပတ်ဝန်းကျင်က လေတွေ အကုန် စိုထိုင်းဆနည်းပြီး ခြောက်သွေ့ကုန်ပါတယ်။ ဒီခြောက်သွေ့နေတဲ့လေတွေကို ရှူရှိုက်တာများတဲ့အခါ နှာခေါင်းအတွင်းသားတွေ ကွဲအက်တတ်ပြီး သွေးထွက်တတ်ပါတယ်။ဓာတ်မတည့်မှုပြင်းထန်တဲ့ လူတစ်ယောက်ဟာ နှာခေါင်းတွေယားပြီးနှာစေး၊နှာချေတာတွေခဏခဏဖြစ်တတ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီလို ခဏခဏ နှာချေတာဟာ နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတစ်ခုပါ။တုပ်ကွေးမိချိန်၊ထိပ်ကပ်နာရောဂါ ခံစားနေရချိန်မှာ အတွင်းနှာခေါင်းနံရံလေးတွေက အရမ်းကို နုပြီး အထိမခံဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ နှာကလည်းစေးတော့ နှပ်ညှစ်လိုက်တာနဲ့တင် သွေးကြောပေါက်ပြီး သွေးတွေထွက်လာတတ်ပါတယ်။ဒါတွေကတော့ ညဘက် နှာခေါင်းသွေး လျှံတတ်တဲ့အကြောင်းအရင်းတွေနဲ့ သူတို့ကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာ အများအားဖြင့် မစိုးရိမ်ရပေမယ့် ရောဂါအခံတစ်ခုခုရှိတာကြောင့်လည်းဖြစ်နိုင်တာကြောင့်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/nose-bleeding-2/
ပထမဆုံး ရာသီစက်ဝန်းမတိုင်မီ ကိုယ်ဝန်ဆောင်ရခဲ့ခြင်း
Menarche ဆိုတာ ပထမဆုံးဓမ္မတာလာတဲ့ အချိန်ကို ရည်ညွှန်းတဲ့ စကားလုံးဖြစ်ပါတယ်။ တကယ်လို့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ပထမဆုံး ဓမ္မတာလာခြင်းကို ရင်ဆိုင်ရပြီဆိုရင် သူမရဲ့ခန္ဓါကိုယ်က အပြည့်အဝမဖွံ့ဖြိုးသေးစေကာမူ သူမဟာ မိခင်တစ်ယောက်ဖြစ်နိုင်နေတာပဲလို့ အဓိပ္ပါယ်ရပါတယ်။ အသက် ၁၀နှစ် သို့မဟုတ် ၁၁နှစ်ကြားမှာရှိတဲ့ မိန်းကလေးအတော်များများဟာ ကိုယ်ဝန်ဆောင်နေရတယ်လို့ စာရင်းရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ပထမဆုံး ရာသီစက်ဝန်းမတိုင်ခင် တစ်လအတွင်းမှာတည်းက ကိုယ်ဝန်ဆောင်နိုင်နေပါပြီ။ဒီမေးခွန်းဟာ အမျိုးသမီးတွေရဲ့ မျိုးဥကြွေချိန်ကို နားလည်မှုလွဲကြခြင်းအချို့ကြောင့် မြင့်တက်လာတဲ့ မေးခွန်းပါပဲ။ ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတွေရဲ့မျိုးုဥတွေမှာ သုက်ပိုးတွေကြောင့် မျိုးအောင်သွားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ မျိုးဥကြွေခြင်းဟာ ရာသီမလာခင်မှာဘဲ ဖြစ်ပေါ်တာကြောင့် ပထမဆုံးရာသီမလာခင် လိင်ဆက်ဆံမှုရှိခဲ့တယ်ဆို ကိုယ်ဝန်ရနိုင်ပါပြီ။ ဒါ့အပြင် သင်သိထားရမျာ နောက်တစ်ခုကတော့ သုက်ပိုးတွေဟာ အမျိုးသမီးတွေရဲ့ခန္ဓါကိုယ်ထဲမှာ ရက်သတ္တတစ်ပတ်နဲ့အထက် ရှင်သန်နိုင်တယ်ဆိုတာပါပဲ။ အမျိုးသားတွေရဲ့ သုက်ပိုးတွေဟာ သုက်ရည်တွေထဲမှာ အများဆုံးပါဝင်တာကြောင့် စိတ်ဆန္ဒပြည့်မြောက်သွားတဲ့အခါ ထုတ်လွှတ်လိုက်တဲ့ သုက်ရည်တွေထဲမှာ သုက်ပိုး ၅၀၀မီလီယမ်နဲ့အထက်ပါဝင်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ မိန်းမကိုယ်ထဲ သုက်ရည်တိုက်ရိုက်ဝင်သွားမှ ကိုယ်ဝန်ဆောင်နိုင်တာမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ လက်ချောင်းလေးနဲ့ပဲ သုက်ရည်အနည်းငယ်ကိုယူပြီး မိန်းမကိုယ်ထဲ ထည့်လိုက်မယ်ဆိုရင်လည်းကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဆန္ဒမပြီးမြောက်ခင် စိမ့်ထွက်လာတဲ့အရည်တွေထဲမှာလည်း သုက်ပိုးတွေပါဝင်နေနိုင်ပါတယ်။ တကယ်လို့ ဒီအရည်တွေဟာ မိန်းမကိုယ်အတွင်း သို့မဟုတ် မိန်းမကိုယ်တစ်ဝိုက်မှာရှိနေတယ်ဆိုရင်တောင် သူမမှာ ကိုယ်ဝန်ရနိုင်ချေမြင့်မားနေဆဲပါပဲ။ဘာကြောင့်လဲဆိုတော့အမျိုးသမီးငယ်အတော်များများဟာ သူတို့ရဲ့ ရာသီစက်ဝန်းအစဟာဘယ်နေ့လဲဆိုတာမသိနိုင်တဲ့အပြင် ရာသီအစမှာတည်းက ရာသီမှန်ခြင်း မမှန်ခြင်းကို မတွက်ချက်ထားနိုင်လို့ပါပဲ။ ဒါကြောင့် ကိုယ်ဝန်မရနိုင်ဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိဖို့လည်း အရေးကြီးလှပါတယ်။ ကိုယ်ဝန်မဆောင်နိုင်ဖို့ တားနိုင်တဲ့နည်းလမ်းတွေအပြင် လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် သားဆက်ခြားနည်းတွေအများကြီးရှိပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ဆယ်ကျော်သက်တွေဟာ ကွန်ဒုံးကိုဘယ်လိုအသုံးပြုရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ အကောင်းဆုံးသားဆက်ခြားနည်းတွေကတော့ ဆက်ဆံချိန်တိုင်းမှာ အသုံးပြုသူတိုင်းအတွက် အထိရောက်ဆုံးကာကွယ်ပေးနိုင်မယ့် ဒီနည်းလမ်းပါပဲ။ဒီလို လိင်ကိစ္စတွေနဲ့ သားဆက်ခြားနည်းတွေကို မိဘတွေနဲ့ အပြန်အလှန်ဆွေးနွေးနိုင်ဖို့ ခက်ခဲတယ်ဆိုပေမယ့်လည်း အန္တရာယ်ကင်းကင်းနဲ့ လိင်ဆက်ဆံနိုင်မယ့် နည်းလမ်းတွေကို သိကိုသိထားဖို့ကလည်း အရေးကြီးလှပါတယ်။ လိင်ဆက်ဆံခြင်းကို စွဲလမ်းမသွားစေဖို့အတွက် ကလေးတွေ ငယ်ရွယ်စဉ်အချိန်မှာပဲ သူတို့ဟာ လိင်ဆက်ဆံဖို့အသင့်ဖြစ်မဖြစ်ကို မိဘတွေက အမြဲတမ်း သတိပြုမိနေဖို့လည်း လိုပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာ ကိုယ်ဝန်မရနိုင်ဖို့ နဲ့ STI ပိုးကူးစက်ခြင်းကို ကာကွယ်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံခြင်း မပြုလုပ်ဖို့ပါပဲ။နိဂုံးချုပ်အနေနဲ့တော့ အရွယ်မရောက်သေးတဲ့မိန်းကလေးတစ်ယောက်ကလည်း သူတို့ရဲ့ ပထမဆုံးရာသီစက်ဝန်းမတိုင်မှီရက်သတ္တ၂ပတ်အလိုတည်းက ကိုယ်ဝန်ဆောင်နိုင်နေပါပြီ။ ကျွန်တော်တို့သိထားသလိုပဲ အသက်မပြည့်သေးဘဲ ကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်ကိုရော၊ ကလေးကိုပါ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်ရစေပြီး အန္တရာယ်ကြီးလွန်းပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓါကိုယ်ဟာ ကလေးတစ်ယောက်ကို ကာလကြာရှည်သယ်ဆောင်ထားဖို့ အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် လိင်ဆက်ဆံချိန်မှာ ကိုယ်ဝန်မရနိုင်အောင် နဲ့ အခြားသော လိင်မှကူးစက်တတ်တဲ့ရောဂါတွေကို မဖြစ်အောင် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် မိန်းကလေးတိုင်းကို ငယ်ရွယ်စဉ်တည်းက ပညာပေးထားဖို့လိုအပ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%95%e1%80%91%e1%80%99%e1%80%86%e1%80%b6%e1%80%af%e1%80%b8-%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%85%e1%80%80%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%90%e1%80%ad%e1%80%af/
COVID-19 ကို ကုသနိုင်တဲ့ဆေး ရှာတွေ့ပြီလား
အီတလီနိုင်ငံမှာ တစ်ရက်အတွင်း လူနာ ၅၀၀ နီးပါး သေဆုံးခဲ့ရတဲ့နောက်မှာCOVID-19ကြောင့် သေဆုံးခဲ့တဲ့ လူနာအရေအတွက်ဟာ ၈၉၅၃ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးနှုန်းကလည်း Close Case စုစုပေါင်းရဲ့ ၆% ကနေ ၁၀ % အထိ ခုန်တက်လာခဲ့ပါတယ်။ကူးစက်ခံရသူအရေအတွက်ဟာလည်း ၂၁၉၀၁၇ အထိရှိလာပြီဖြစ်ပြီးတော့ ရောဂါကူးစက်ခံရပြီးမှ ပြန်လည်သက်သာလာသူအရေအတွက်ကတော့ ၈၅၀၀၀ နီးပါးရှိနေပါပြီ။ဒီလိုမျိုး ကမ္ဘာနဲ့ အဝှမ်းမှာ လျှင်လျှင်မြန်မြန်ကူးစက်နေပြီး လူတိုင်း ထိတ်လန့်စိုးရိမ်နေရတဲ့ ဒီရောဂါကပ်ဘေးကြီးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီသတင်းကောင်းကတော့ လူနာတွေကို ထိထိရောက်ရောက်ကုသနိုင်မယ့် ဆေးဝါးတစ်မျိုးအကြောင်း သတင်းစကားပါပဲ။တရုတ်နိုင်ငံဟာ COVID-19 ရောဂါ စတင်ဖြစ်ပွားရာ တိုင်းပြည်ဖြစ်ပြီး ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံး ရင်ဆိုင်ထားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ဒါပေမယ့်လည်း လွန်ခဲ့တဲ့ မတ်လဆန်းကနေစတင်ပြီး ရောဂါအခြေအနေကို ထိမ်းချုပ်နိုင်ခဲ့ပြီလို့ ကြေညာခဲ့သလို တကယ်တမ်းမှာလည်းလူနာသစ်တိုးပွားမှုမှာ တစ်နေ့ပျမ်းမျှ ၁၀ ဦးမကျော်တော့တာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါဒါဏ် အဆိုးရွားဆုံးထိခိုက်ခံခဲ့ရတဲ့ ဟူဘေးပြည်နယ်မှာဆိုရင် လူနာသစ် ထပ်မတွေ့တော့တာ ၂ ရက်ရှိနေပြီလို့ ကြေညာထားပါသေးတယ်။ခုချိန်မှာလည်း တရုတ်အစိုးရအာဏာပိုင်တွေဟာ COVID-19 ရောဂါကို ထိထိရောက်ရောက် ကုသနိုင်တဲ့ ဆေးဝါးရှိနေကြောင်း ကြေညာခဲ့ပြီးတော့ ဂျပန်နိုင်ငံအခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Fujifilm Toyama Chemical က ထုတ်လုပ်တဲ့ anti-influenza ဆေးဝါးတစ်မျိုးဟာ လူနာတွေကို သက်သာစေနိုင်တယ်လို့ ဆိုခဲ့တာပါ။Avigan လို့ အမည်တွင်တဲ့ အဆိုပါ တုပ်ကွေးပျောက်ဆေးဟာ ပြင်းထန်အဆုတ်ရောင်ရောဂါသစ် တစ်မျိုးဖြစ်တဲ့ COVID-19 ကို ကုသရာမှာ ထိရောက်စွာ အလုပ်ဖြစ်ခဲ့တယ်လို့ တရုတ်ဘက်က တရားဝင် ကြေညာလိုက်ပါတယ်။ဒီဆေးရဲ့ တရားဝင်နာမည်က Favipiravir ဖြစ်ပြီးတော့ T-705 ၊ Avigan စသဖြင့် လူသိများပါတယ်။Influenza viruses၊ West Nile virus ၊Yellow fever virusနဲ့ foot-and-mouth disease virus တွေကို ကုသရာမှာ သုံးစွဲတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။လက်ရှိ တရုတ်ပြည်က လူနာတွေကို အဆိုပါဆေးကို စမ်းသပ်တိုက်ကျွေး ကုသရာမှာ ထိရောက်မှုရှိခဲ့တာမို့ တရားဝင်အသုံးပြုဖို့ တရုတ်အာဏာပိုင်တွေက ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဘေဂျင်းအစိုးရကိုယ်စား သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ကြေညာချက် ထုတ်ပြန်ပေးခဲ့တဲ့ National Center for Biotechnology Development ရဲ့ ဒါရိုက်တာ ကျန်ဇင်းမင်က ပြောဆိုသွားခဲ့ပါတယ်။အဆိုပါဆေးဝါးဟာ စမ်းသပ်မှုတွေမှာ ထိရောက်မှုရှိခဲ့ပြီး HIV ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေဖြစ်ကြတဲ့Antiretrovirals Lopinavir နဲ့ Ritonavirဆေးဝါးနှစ်မျိုးနဲ့ ပေါင်းစပ်ကုသရာမှာ အလုပ်ဖြစ်ခဲ့တယ်လို့ ကြေညာထားပါတယ်။ အထူးသဖြင့် ဝူဟန်နဲ့ ရှန်ကျန်းလို ရောဂါဖြစ်ပွားမှုအဆိုးရွားဆုံးဒေသတွေက လူနာ ၃၂၀ ဦးကို အဆိုပါဆေးနဲ့ ကုသပေးနိုင်ခဲ့တယ်လို့ သိထားရပါတယ်။ပျမ်းမျှ သက်သာမှုနှုန်းဟာလည်း ၂.၅ ရက်သာကြာမြင့်ပြီး တခြားဆေးဝါးကုထုံးတွေနဲ့ ကုသရင် ပျမ်းမျှ ၄.၂ ရက်အထိ ကြာမြင့်နိုင်တယ်လို့ တရုတ်အစိုးရက ဆိုထားပါတယ်။ ခုဆေးဝါးကုထုံးက ပုံမှန်အတိုင်း ပြန်သက်သာလာစေတယ်လို့လည်း ဆိုထားပါတယ်။ချောင်းဆိုးဝေဒနာ ခံစားနေရတဲ့ လူနာတွေကို အဆိုပါကုထုံးနဲ့ ကုသရာမှာ ပျမ်းမျှ ၄.၅၇ ရက်နဲ့ သက်သာလာစေပြီး အဆိုပါဆေးဝါးကုထုံးနဲ့ မပါပဲ ကုသတဲ့လူတွေကတော့ သက်သာဖို့ ၅.၉၈ ရက်အထိ ကြာမြင့်လေ့ရှိပါတယ်။ဒီဆေးဝါးကုထုံးကြောင့် COVID-19 ရောဂါ Positive လက္ခဏာပြထားတဲ့ လူနာတွေကို Negative အဖြစ်ပြောင်းလဲသွားစေတယ်လို့လည်း ကျန်ဇင်းမင်က ဆိုသွားပါတယ်။ ဒီအခြေအနေကို ရောက်ရှိဖို့ ပျမ်းမျှ ၄ ရက်သာကြာမြင့်ပြီးတော့ တခြားဆေးဝါးတွေနဲ့ ကုသမယ်ဆိုရင် ၁၁ ရက်အထိ ကြာမြင့်နိုင်ပါတယ်။X-ray မှတ်တမ်းတွေအရလည်း လူနာတွေကို Avigan ဆေးကျွေးပြီးကုသရင် အဆုတ်ပြန်လည်ကောင်းမွန်မှုနှုန်းဟာ ၉၁% ရှိပြီး တခြားနည်းလမ်းတွေနဲ့ ကုသမှုတွေရဲ့ ရလဒ်ကတော့ ၆၂% သာရှိတယ်လို့ ဆိုပါတယ်။လက်ရှိအချိန်အထိ စမ်းသပ်ချက်တွေအရ ဘေးထွက်ဆိုးကျိုးလည်း မတွေ့ရှိရသေးဘူးလို့လည်း သိထားရပါသေးတယ်။ဂျပန်ကျန်းမာရေးဌာနကလည်း အဆိုပါဆေးဝါးကို စမ်းသပ်သုံးစွဲနေပြီး ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ဂျပန် ဆေးပညာရှင်တွေရဲ့ အဆိုအရ ဆိုရင်တော့ Avigan ဟာ အသက် ၇၀ နဲ့ ၈၀ ကျော် သက်ကြီးလူနာတွေကို ကုသရာမှာ ထိရောက်မှုမရှိဘူးလို့ ဆိုထားပါတယ်။တရုတ်ကျန်းမာရေးဌာနတွေကတော့ ဂျပန်နိုင်ငံထုတ် အဆိုပါဆေးဝါးကို COVID-19 ရောဂါကုသရေးမှာ ယခုကနေစပြီး တရားဝင်စတင် သုံးစွဲတော့မှာဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/japanese-flu-drug-clearly-effective-in-treating-coronavirus-says-china/
ကြက်မောက်သီး ကြိုက်သူတွေအတွက် သတင်းကောင်း
ပုံစံဆန်းဆန်းလေးကြောင့် ငယ်ငယ်ကလေးဘဝကတည်းက နှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တဲ့သစ်သီးလေး တစ်မျိုး ရှိပါတယ်။ ဒါကတော့ နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာလေးက ကတုံးဆံပင်ပေါက်လေးလိုလို ချစ်စရာကောင်းတဲ့ ကြက်မောက်သီး ပါ။ အခွံကို နွှာပြီး အထဲက အဖြူရောင်အသီးရဲ့ အသားလွှာချိုချိုလေးကလည်း စားရတာ အတော်လေး အရသာရှိပါတယ်။သစ်သီးတွေ အများကြီး ရှိတဲ့အထဲကမှ အကြိုက်ဆုံး အသီးလေးက ကြက်မောက်သီးလေးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကြက်မောက်သီးမှာ ပါတဲ့ အာဟာရတွေနဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ကြက်မောက်သီး ဆိုတာက အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပေ ၈၀ (၂၇ မီတာ ) အမြင့်ရှိပြီး အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ကြီး တစ်ပင်ရဲ့ အသီးတွေပါ။ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ပေါက်ရောက်ပါတယ်။ကြက်မောက်သီးက နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာပါ။ အပေါ်ခွံကို  နွှာပြီး အထဲက အသီးရဲ့ အသားလွှာလေးကို စားရတာပါ။ အစေ့ကို ဖယ်ပစ်ရပါမယ်။လိုင်ချီးသီး၊သကြားသီးတို့နဲ့ မျိုးရင်းတူပါတယ်။ အသားလွှာပုံစံချင်း တူသလို ချိုတဲ့အရသာချင်းလည်း ပါတယ်။စားရတာ အရသာရှိတဲ့ ကြက်မောက်သီးလေးမှာ။အသွင်အပြင်လေးက ချစ်စရာကောင်းသလို အရသာလည်း ကောင်းတဲ့ ကြက်မောက်သီးလေးက ကျန်းမာရေးကိုအခုလို ထောက်ကူပေးနိုင်ပါတယ်။ကြက်မောက်သီးက ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သံဓာတ် စုပ်ယူမှု ကောင်းစေပြီး သွေးလည်ပတ်မှု ကောင်းစေသလို သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်စေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်က တစ်ရှူးတွေကို ဖြစ်ပေါ်စေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ကင်းဝေးစေဖို့ ထောက်ကူပေးပါတယ်။ကြက်မောက်သီးမှာ ကြွက်သားတွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ ဒီလို မဂ္ဂနီဆီယမ် ပါဝင်နေတာက ကြွက်သားတွေ နာကျင်တာကို သက်သာစေပြီး ကြွက်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ခြေထောက်ကိုက်တာ၊ နာတာ၊ ကြွက်တက်တာတွေ သက်သာစေဖို့ စားပေးလို့ ရပါတယ်။ကြက်မောက်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ အစာခြေဖျက်နိုင်စွမ်း ကောင်းစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဝမ်းကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ အစာမကြေတာကိုလည်း သက်သာစေနီုင်ပါတယ်။ကြက်မောက်သီးမှာ အရိုးတွေ သန်မာစေဖို့ အရေးပါတဲ့ ကယ်လ်ဆီယမ် ပါဝင်နေတာကလည်း အရိုးတွေကို အားဖြည့်ပေးပြီး အရိုးသိပ်သည်းဆ ကောင်းစေသလို အရိုးတွေကို ကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဗီတာမင် C ပါဝင်နေတာကြောင့် ဆီးအိမ်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ကိုယ်တွင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဆီးနဲ့ကျောက်ကပ် ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကြက်မောက်သီးမှာ သံဓာတ်ပါဝင်နေသလို သံဓာတ် စုပ်ယူနိုင်စွမ်းကို အားဖြည့်ပေးနေတဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး သွေးအားနည်းတာမျိုး မဖြစ်စေအောင် ကာကွယ်ပေးနိုင်ပါတယ်။ကြက်မောက်သီးက လူတိုင်းနဲ့ တည့်ပေမယ့်။# ကြက်မောက်သီးစေ့ စားလို့ရလား!။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/rambutan-benefits/
ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး ၅ ချက်
ရှားစောင်းလက်ပပ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်းလက်ပပ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။ ကဲ …. ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဒီအပင်ရဲ့ အရွက်တွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊amino acidsနဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ အရာတွေ ပါဝင်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အထင်ရှားဆုံး အကျိုးကျေးဇူး ငါးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူး တွေကတော့။ရှားစောင်းလက်ပပ်မှာ အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင့် ဂုဏ်သတ္တိရှိတဲ့ အရာများစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ polyphenol အုပ်စုဝင်တွေဖြစ်ပြီး ကိုယ်ခန္ဓါက အရေပြားဆဲလ်တွေကို ထိခိုက်စေတဲ့ free radicals တွေကို ဖယ်ထုတ်ရှင်းလင်းပစ်ပါတယ်။ရှားစောင်းလက်ပပ်ဟာအသားအရေကိုနုပျိုစေတာကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ အလွန်အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီ polyphenols နဲ့ အခြားပါဝင်ပစ္စည်းတွေဟာ ကူးစက်ရောဂါတွေဖြစ်စေတဲ့ရောဂါပိုးဝင်မှုကိုလည်း တိုက်ဖျက်ပေးပါတယ်။ရှားစောင်းလက်ပပ်ကို အရေပြားပေါ်မှာလိမ်းပေးမယ်ဆိုရင် ထိခိုက်ရှနာတွေကို အနာမြန်မြန်ကျက်စေပါတယ်။ သောက်မယ်ဆိုရင်တော့ ဖျားနာမှုတွေကို ကာကွယ်ပေးပြီးအစာခြေစနစ်ကိုအဆိပ်အတောက် ကင်းစင်စေပါတယ်။ရှားစောင်းလက်ပပ်မှာ fibroblasts လို့ခေါ်တဲ့ collagen ထုတ်ပေးတဲ့အရေပြားဆဲလ်တွေကို လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။ Collagen ဟာ အရေပြားတည်ဆောက်ပုံနဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေအတွက် မရှိမဖြစ် ပရိုတင်းတစ်ခုဖြစ်ပါတယ်။လိမ်းရတဲ့ ရှားစောင်းလက်ပပ်ဂျယ်တွေဟာ အရေပြားရဲ့အသက်ကြီးရင့်သွားမှုကို နှေးကွေးစေပါတယ်။ ရှားစောင်းလက်ပပ် ပါဝင်တဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်ပေးတဲ့ အလှကုန်တွေဖြစ်တဲ့Moisturisersတွေနဲ့eye creamsတွေဟာ အရေးအကြောင်းတွေနဲ့ အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အခြားလက္ခဏာတွေကို လျော့ကျစေပါတယ်။အနာကျက်တဲ့ အကျိုးကျေးဇူးတင်သာမက ရှားစောင်းလက်ပပ်ကို မီးလောင်ဒဏ်ရာတွေ ကုသဖို့လည်း အသုံးပြုကြပါတယ်။ သိပ္ပံသုတေသနတစ်ခုက ရှားစောင်းလက်ပပ်ဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့် မီးလောင်မှုဒဏ်ရာတွေအတွက် အသုံးဝင်တယ်လို့ ဆိုပါတယ်။သုတေသနတစ်ခုက ရှားစောင်းလက်ပပ်ဟာ အခြားဆေးတွေနဲ့ စာရင် မီးလောင်ဒဏ်ရာ အနာကျက်နှုန်းကို ၉ ရက်ခန့် လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ရှားစောင်းလက်ပပ်ကို အရေပြားပေါ်ကို တိုက်ရိုက်ပွတ်လိမ်းပေးပြီး အသုံးပြုလေ့ရှိကြပါတယ်။ရှားစောင်းလက်ပပ်ကို ဦးရေပြားပေါ်လိမ်းပေးခြင်းဟာ ဆံပင်ကိုလျင်မြန်စွာ ပေါက်စေပြီးတော့ သန်စွမ်းစေပါတယ်။ လူအတော်များများက ရှားစောင်းလက်ပပ်ကို ဆံပင်ပေါက်ဖို့အတွက် အသုံးပြုခဲ့ကြပြီးတော့ အကျိုးရှိတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ရှားစောင်းလက်ပပ်ဂျယ်ကို အသုံးအများဆုံးနည်းကတော့ ဆံပင်ပေါ်ကို တိုက်ရိုက်သုတ်လိမ်းပေးပြီး တစ်နာရီကြာရင် ရေဆေးချတာပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်သောက်သုံးခြင်းနဲ့ ရှားစောင်းလက်ပပ်ပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေကို အသုံးပြုခြင်းဟာလည်း ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။ပါးစပ်အနာတွေဟာ လူတွေမှာ အတွေ့များတဲ့ အနာတစ်မျိုးဖြစ်ပါတယ်။ ဒီအနာတွေဟာ ပါးစပ်အတွင်းပိုင်းကနေ နှုတ်ခမ်းအောက်ခြေအထိရှိပြီး နာကျင်မှုဟာ ၇ ရက်ကနေ ၁၀ရက်အထိ ကြာတတ်ပါတယ်။ရှားစောင်းလက်ပပ် အသုံးပြုခြင်းဟာပါးစပ်အနာတွေရဲ့ အနာကျက်တဲ့ဖြစ်စဉ်ကို ထောက်ပံ့ပေးတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သက်သေပြမှုတွေ ရှိပါတယ်။ ပါးစပ်အနာတွေရဲ့ အရွယ်အစားကို သေးငယ်စေရုံသာမက နာကျင်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/5-benefits-of-aloevera/
ကိုယ်ဝန်ဖျက်ချခြင်းက ရင်သားကင်ဆာဖြစ်စေနိုင်သလား
မကြာသေးမီက လေ့လာမှုတွေအရ ကိုယ်ဝန်ပျက်ကျခြင်းဟာ ရင်သားကင်ဆာဖြစ်နှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အချို့လေ့လာမှုတွေရဲ့ တွေ့ရှိချက်တွေအရ ကိုယ်ဝန်ပျက်ကျဖူးသူတွေမှာ ရင်သားကင်ဆာ ဖြစ်နှုန်းမမြင့်မားဘူးလို့ ဆိုပေမယ့် အချို့လေ့လာမှုတွေမှာတော့ ဖြစ်နှုန်းအနည်းငယ် မြင့်မားတယ်လို့ ဆိုပါတယ်။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ သေနှုန်းဒုတိယ အမြင့်မားဆုံး ကင်ဆာ ဖြစ်တာကြောင့် ဒီအချက်အလက်တွေဟာ စိတ်ရှုပ်ထွေးစေပါတယ်။ ဒါပေမယ့်လည်း ဒီလေ့လာမှုတွေရဲ့ လေ့လာမှုတွေကတော့ သက်သေပြထားခြင်း မရှိသေးပါဘူး။အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်မှာ ဟော်မုန်းပမာဏတွေဟာ အကြောင်းရင်း အမျိုးမျိုးကြောင့် ပြောင်းလဲနိုင်ပါတယ်။ အမျိုးသမီးဟာ ပထမဆုံး ကိုယ်ဝန်ရှိရင် သူမရဲ့ ကိုယ်ခန္ဓါဟာ ကလေးကို ကြိုဆိုဖို့အတွက် ရင်သားအပါအဝင် အခြား ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ ဒီအချိန်တွေမှာ သူမရဲ့ မရင့်ကျက်သေးတဲ့ ကင်ဆာဖြစ်နိုင်တဲ့ ရင်သားတစ်ရှူးတွေဟာ ကင်ဆာ ခံနိုင်တဲ့ တစ်ရှူးတွေ အဖြစ် ပြောင်းလဲသွားပါတယ်။ Estrogen ဟော်မုန်းပမာဏဟာ တိုးတက်လာပြီး မိခင်နို့ထွက်ဖို့အတွက် ရင်သားဟာလည်း ကြီးမားလာမှာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ တတိယသုံးလပတ် အတွင်းမှာ (မတော်တဆ ပျက်ကျသည်ဖြစ်စေ၊ တမင်ဖျက်ချသည် ဖြစ်စေ) ဆဲလ်တွေရဲ့ ပုံမှန် ဖြစ်ပေါ်မှုကို ရုတ်တရက် ပြောင်းလဲသွားစေပြီး ကင်ဆာ ပိုမို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရှိစဉ် ဒီဟော်မုန်း ပြောင်းလဲမှုတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ပိုင်းမှာ ရင်သားကင်ဆာ ဖြစ်နှုန်းကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ဒီသီအိုရီကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။လေ့လာမှုအတော်များများဟာ အမျိုးသမီးအနည်းငယ်ကိုသာ စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ဖျက်ချခြင်းတွေဟာ သူတို့ရဲ့ ကျန်းမာရေး အစီရင်ခံစာတွေအစား သူတို့ကိုယ်တိုင် ပြောခြင်းတွေကို အခြေခံထားကြပါတယ်။ ဒါ့ပြင် အချက်အလက်တွေကို ရင်သားကင်ဆာ ဖြစ်ပြီးချိန်မှာမှ ကောက်ထားတာကြောင့် အဖြေတွေဟာ ယုံကြည်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက ဒီသီအိုရီပေါ်မူတည်ပြီး ပိုမို ကောင်းမွန်တဲ့ လေ့လာမှုတွေကို ဒီဇိုင်းဆွဲထား ကြပါတယ်။ လေ့လာမှုအသစ်တွေဟာ အမျိုးသမီး အတော်များများကို စစ်တမ်းကောက်ယူထားပြီး ရင်သားကင်ဆာ မဖြစ်မီ ကောက်ယူထားတာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ပြောတဲ့ အဖြေတွေအစား သူတို့ရဲ့ ကျန်းမာရေးစစ်ဆေးချက်တွေက အချက်အလက်တွေကို ယူထားတာကြောင့် ပိုမို ယုံကြည်ရတဲ့ ရလဒ်တွေကို ထုတ်ဖေါ်နိုင်ခဲ့ပါတယ်။ လေ့လာမှုအသစ်တွေက ကိုယ်ဝန်ပျက်ကျခြင်း၊ ဖျက်ချခြင်းနဲ့ ရင်သားကင်ဆာ ဖြစ်နှုန်း ဆက်စပ်မှုတွေကို မရှိကြောင်းကို တူညီစွာ သက်သေပြခဲ့ကြပါတယ်။၂၀၀၃ က အမေရိကန် ကင်ဆာလေ့လာမှု အစည်းအဝေးတစ်ခုမှာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ရင်သားကင်ဆာ ဖြစ်နှုန်းတွေကို လေ့လာခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူ တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။ လူတွေနဲ့ တိရိစ္ဆာန်တွေမှာ လုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ ကျွမ်းကျင်သူတွေဟာ ကိုယ်ဝန်ရှိခြင်းနဲ့ ရင်သားကင်ဆာ ဖြစ်နှုန်း (ကိုယ်ဝန်ပျက်ကျခြင်း၊ ဖျက်ချခြင်း အပါအဝင်) ကို လေ့လာခဲ့ကြပါတယ်။ တွေ့ရှိချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။• ကိုယ်ဝန်ဖျက်ချခြင်းဟာ ရင်သားကင်ဆာ ဖြစ်နှုန်းကို တိုးမြင့်စေခြင်း မရှိပါဘူး။• ကိုယ်ဝန်ပျက်ကျခြင်းဟာလည်း ရင်သားကင်ဆာ ဖြစ်နှုန်းကို တိုးမြင့်စေခြင်း မရှိပါဘူး။အခုတော့ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ရင်သားကင်ဆာ ဆက်စပ်မှုအတွက် အမျိုးသမီးတွေကို ခြိမ်းခြောက်ခြင်း မရှိတော့ပါဘူး။ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို တိုးမြင့်စေတယ်လို့ သိထားတဲ့ အချက်တွေကတော့ အသက်ကြီးခြင်း၊ မိသားစုအတွင်း ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိခြင်း၊ ရာသီစလာချိန် စောခြင်း၊ သွေးဆုံးချိန်နောက်ကျခြင်း၊ ပထမကလေး မွေးတဲ့အသက် နောက်ကျခြင်းနဲ့ အခြားရင်သားအခြေအနေတွေပဲ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%9b%e1%80%84/
ကိုယ်ဝန်ဆောင်ချိန် ခြေလက်တွေဖောင်းနေခြင်းကိုပုံမှန်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
သင်ကိုယ်ဝန်ဆောင်တဲ့ကာလ ဒုတိယမြောက် ၃လမှာ ခြေထောက်တွေရောင်လာတာကြောင့် ဖိနပ်တွေကလည်း အနည်းငယ်ကြပ်လာတယ်လို့ စပြီးခံစားရလာပါလိမ့်မယ်။ ဒါကအဆင်မပြေဖြစ်စေနိုင်ပေမယ့် အရောင်ကျသွားအောင်လုပ်ဖို့နဲ့ ပိုပြီးနေလို့ကောင်းအောင် လုပ်လို့ရနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။သင်ခံစားနေရတာကို edema လို့ခေါ်ပါတယ်။ ဒါဟာ သင့်ရဲ့တစ်သျှူးတွေထဲမှာ အရည်ပိုတွေ စုမိလာတဲ့အချိန်မှာဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄ပုံ၃ပုံလောက်မှာ ကိုယ်ဝန်ပတ် ၂၂ပတ်ကနေပြီး ၂၇ပတ်လောက်ထိ Edemaဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယ၃လထဲဝင်လာတဲ့အခါမှာ သင့်မှာ amniotic fluid တွေပိုနေရင် သို့မဟုတ် အမြွှာကိုယ်ဝန်ဆောင်ထားရင် edema က ပိုဆိုးလာနိုင်ပါတယ်။ နေ့ဘက်တွေ အဆုံးသတ်ချိန်နဲ့ နွေရာသီတွေမှာ ပိုပြီးရောင်လာနိုင်ပါတယ်။ မွေးပြီးချိန်မှာတော့ ခြေထောက်ရောင်တာတွေ ကျသွားပါလိမ့်မယ်။ဒီလိုရောင်ယမ်းခြင်းအားလုံးဟာ သင့်ခန္ဓါကိုယ်က အရည်တွေကိုစုဆောင်းပြီး သင်နဲ့သင့်ကလေးကိုထောက်ပံ့ပေးနေရတာကြောင့်ဖြစ်ရတာပါ။ ဒီအရည်တွေဟာ သင့်ရဲ့ဆဲလ်တွေထဲမှာနေပြီး သွေးစီးဆင်းမှုကို တိုးမြင့်စေပါတယ်။ ဒါတွေက ခြေချင်းဝတ်တွေနဲ့ ခြေထောက်တွေလက်တွေကို ပိုပြီးရောင်ယမ်းလာစေပါတယ်။ဒါ့အပြင် သင့်ရဲ့သားအိမ်မှာ သွေးကြောတွေကို ခြေထောက်ဆီဦးတည်သွားအောင် ဖိအားပေးနေပါတယ်။ သွေးကြောတွေကျဉ်းလာတာနဲ့အမျှ ခြေထောက်တွေမှာသွေးတွေအိုင်လာ စုလာပြီး ဒါကခြေထောက်ရောင်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ကိုယ်ဝန်ဆောင်စဉ်မှာ ရောင်ယမ်းခြင်းကိုခံစားနေရတာက သဘာဝပါပဲ။ ဒါပေမယ့် ဒါကသင့်ကို မသက်မသာဖြစ်စေတယ်ဆိုရင် သင်စမ်းကြည့်နိုင်တဲ့အချက်တွေကို ဖော်ပြပေးထားပါတယ်။• ခြေထောက်မှာသွေးတွေစုမနေအောင် ဘေးစောင်းလှဲပါ။• တတ်နိုင်သလောက် ခြေထောက်ကိုမြှောက်ထားပါ။ ဥပမာ- အိပ်ရာပေါ်မှာလှဲနေရင်တောင် ခြေထောက်အောက်မှာကူရှင်တွေခံပေးပါ။ သို့မဟုတ် အလုပ်စားပွဲအောက်မှာ ခုံအသေးလေးထားပေးပါ။• ရောင်နေတဲ့ခြေထောက်နဲ့ ကွက်တိလောက်ဆန့်နိုင်ပြီး သက်တောင့်သက်သာရှိစေမယ့် ဖိနပ်ကိုစီးပါ။ တင်းကြပ်မာကြောတာတွေနဲ့ ခြေထောက်ကို ဖိထားနိုင်မယ့်ဖိနပ်မျိုးမစီးပါနဲ့။• ထိုင်နေချိန်မှာ ခြေထောက်ချိတ်မထိုင်ပါနဲ့။• အကြာကြီးမတ်တပ်ရပ်တာမျိုးမလုပ်ပါနဲ့။ လမ်းခဏလျှောက်ခြင်းကို မကြာမကြာလုပ်ပေးခြင်းက သင့်ခန္ဓါကိုယ်အောက်ပိုင်းမှာသွေးတွေစုလာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။• ခြေသလုံးသို့မဟုတ် ခြေချင်းဝတ်တစ်ဝိုက်မှာ တင်းကြပ်နေစေမယ့် အစည်းရှိနေတဲ့ ခြေအိတ်တွေ stockingတွေကိုမဝတ်ပါနဲ့။ နံနက်ခင်းအိပ်ရာထဲကထမလာခင်မှာ ဝတ်လိုက်တာက သွေးတွေဟာ ခြေချင်းဝတ်နားမှာစုလာဖို့အတွက် အခွင့်အလမ်းမရှိတော့ပါဘူး။• ရေများများသောက်ပါ။ အံ့သြစရာပါပဲ။ ဒီလိုရေသောက်လိုက်တာက ခန္ဓါကိုယ်ထဲမှာရေတွေစုဆောင်းထားခြင်းကိုသက်သာစေပါတယ်။• လမ်းလျှောက်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းသုံးစက်ဘီးစီးခြင်းစတာတွေကို ပုံမှန်လေ့ကျင့်ပါ။ ရေကူးခြင်းနဲ့ water aerobics အတန်းတွေက ခြေထောက်ရောင်တာအတွက်ကောင်းပါတယ်။ ရေကနူးညံ့ပြိး ရောင်ယမ်းခြင်းကိုလျော့ကျစေတယ်လေ။ အထူးသဖြင့် ရေလယ်ဗယ်က သင့်ပုခုံးနားရှိနေရင် ပိုကောင်းပါတယ်။• ထိုင်ခုံကနေမထလာချင်တာမျိုးဖြစ်နေရင် ခြေထောက်ကို ကွေးလိုက်ဆန့်လိုက်လုပ်တာ အပေါ်အောက်ရွှေ့တာနဲ့ ခြေဖဝါးလှည့်နေတာမျိုးလုပ်လို့ရပါတယ်။ကောင်းကောင်းစားပါ။ Junk food တွေကိုရှောင်ပါ။ သဘာဝအတိုင်း ဗီတာမင် စီနဲ့ အီး ပြည့်ဝစွာပါဝင်တဲ့ အစာတွေကို စားသုံးပါ။ ဗီတာမင်စီအရင်းအမြစ်ပါဝင်တဲ့ စားစရာတွေကတော့ : citrus fruits တွေ၊ အနီရောင်နဲ့ အစိမ်းရောင်ငရုတ်ကောင်းတွေ၊ ဖရဲသီး၊ အာလူး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ဂေါ်ဖီနဲ့ ပန်းပွင့် စတာတွေဖြစ်ပါတယ်။ဗီတာမင်အီးပြည့်ဝစွာပါဝင်တဲ့ အစားအစာတွေကတော့ ဟင်းရွက်ဆီတွေ (အထူးသဖြင့် ပြောင်းဖူး၊ ပဲနဲ့ wheat germ oilတွေ)၊ နေကြာစေ့၊ wheat germ၊ သကြားပြောင်း၊ သီဟိုဠ်သီးနဲ့ ဗာဒံသီးတွေပါ။ခြေထောက်ရောင်နေတာအတွက် သိပ်လည်းမစိုးရိမ်ပါနဲ့။ မွေးပြီးတာနဲ့ edema ကလည်း အလိုလိုပျောက်သွားမှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba-%e1%80%81%e1%80%bc%e1%80%b1%e1%80%b1/
လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍အမျိုးသားများသိထားသင့်သော အချက်(၇)ချက်
မိခင်မှပေးထားသော သဘာဝတရားမှလွဲ၍ လိင်မှုကိစ္စသည် သင်ထင်သည်ထက် ကျန်းမာရေးနှင့်ပျော်ရွှင်မှုရလဒ်များ ပိုမိုရရှိစေသည်။ အသက်အရွယ်ကြီးမှ လိင်ဆက်ဆံခြင်းသည် သင့်ကျန်းမာရေးအတွက် အမှန်တကယ်ကောင်းမကောင်းသိပါသလား။ သို့မဟုတ်အမျိုးသမီးများသည် အမျိုးသားများထက် ဆန္ဒပိုပြင်းပြပါသလား။ လိင်ကိစ္စနှင့်ပတ်သက်၍ တစ်ခုတည်းသောပြဿနာမှာ ဤအကြောင်းအရာနှင့်ပတ်သက်၍ သိပ်မပြောချင်ကြခြင်းဖြစ်သည်။ မပြောအပ်မလုပ်အပ်သောခေါင်းစဉ်သည် ကျွန်ုပ်တို့ဤစကားလုံးကို ဖွင့်ဟပြောရုံမျှဖြင့် ရှက်ကြောက်အောင်ပြုလုပ်ထားပါသည်။ အောက်ပါအံသြဖွယ်အချက်များက သင့်ကိုလိင်မှုကိစ္စတွင် အဆင်ပြေအောင်လုပ်ပေးပါမည်။ထို့ကြောင့်ကျွန်ုပ်တု့ိ လိင်ပိုင်းဆိုင်ရာပညာပေးခြင်းနှင့် လိင်ကိစ္စနှင့်ပတ်သက်၍ လူတိုင်းသိထားသင့်သောအချက်(၇)ချက်ကို သိပ္ပံနည်းအရ အရေးပေးဖော်ပြပါမည်။ ဖော်ပြပါလူမှုရေးဆိုင်ရာ အမူအကျင့်များ မြင့်တင်ပေးခြင်းဖြင့် သင်သည်ကျွန်ုပ်တို့အားလုံးရင်းနှီးသော ဤအပြုအမူနှင့်ဆိုင်သော အသစ်အဆန်းကို သင်ယူမိပါလိမ့်မည်။၎င်းသည်ကျွန်ုပ်တို့အတွက်အံ့သြစရာမဟုတ်ပါ။ အမျိုးသမီးမျာသည်လည်း ဆန္ဒရှိကြပါသည်။ အမှန်တွင်ကြာရှည်စွာ တွဲလာသော အမျိုးသားများသည် သူတု့ိအမျိုးသမီးအဖော်၏ ကာမဆန္ဒအတိုင်းအတာပေါ်တွင် အလွန်အထင်သေးကြသည်။ ယူဆချက်တစ်ခုမှာ ကာမဆန္ဒနည်းသော အမျိုးသမီးအဖော်ကို စွန့်လွှတ်နိုင်ချေရှိသည်ဟု ပြောခြင်းကို ၁၀၀ရာခိုင်နှုန်းသဘောတူညီကြောင်း တွေ့ရပါသည်။ သင့်အဖော်ကိုပြောပြပါ။ သင့်ရဲ့ဆန္ဒကို မရှက်ပါနှင့်။ ကာမဆန္ဒကိုအားပေးကာ လိင်ဆက်ဆံခြင်းကို သက်တောင့်သက်သာအဖြစ်ခံစားပါ။သင်၏ကာမဘဝကို မြှင့်တင်လိုပြီး သင့်အဖော်ဆန္ဒကို စိတ်ကျေနပ်မှုရစေလိုလျှင် မဂ္ဂဇင်းမှာပါတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ဆောင်းပါးများ ရှာဖွေဖတ်ရှုနေခြင်းထက် သူ(သို့) သူမဘာလိုချင်လဲဆိုသည်ကို မေးမြန်းကြည့်ခြင်းသည် ပိုထိရောက်သောနည်းလမ်းဖြစ်သည်။ Nicole Prause ဆိုသည့် လိင်ပိုင်းဆိုင်ရာ လေ့လာသူပြောချက်အရ အကယ်၍ကျွန်ုပ်တို့သည် အိပ်ရာထဲတွင် အမှန်တစ်ကယ် စိတ်လွတ်လပ်မှု ရချင်လျှင်ကျွန်ုပ်တို့ကြိုက်သည်နှင့် မကြိုက်သည့်အရာများကို စကားစမြည်ပြောပြထားသင့်သည်။ ငယ်ရွယ်သူအမျိုးသမီးများတွင် ကာမဆန္ဒပြီးမြောက်ခြင်းသည် အဖော်နှင့် လိင်ဆက်ဆံရသည့် အရေအတွက်နှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့်များများပြောပြီး များများပြုလုပ်ပါ။မဂ္ဂဇင်းမဖွင့်ဖတ်ခင်(သို့) ခေါင်းစီးတစ်ခုခုကိုမကြည့်ခင် သင့်အဖော်နှင့် ကြိုက်သည်မကြိုက်သည်များကို အပြန်အလှန် မေးမြန်းပြောဆိုပါ။အသက်ကြီးမှလိင်ဆက်ဆံခြင်းသည် ကျန်းမာရေးအတွက် ကောင်းပါသည်။ လေ့လာမှုတစ်ခုတွင် အသက်၅၇နှစ်နှင့် ၈၅နှစ်အကြား အမျိုးသမီးများတွင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် လိင်ဆက်ဆံခြင်းသည် သွေးတိုးနှုန်းကိုလျော့ချပေးသည်။ သွက်လက်သော လိင်မှုဘဝသည် စိတ်ရောကိုယ်ပါကျန်းမာရေးကို များစွားတိုးတက်စေသည်။ အသက်ကြီးသူများအတွက်လည်း ပါဝင်သည်။စာကြွင်း – သင့်အသက်နှင့်လိင်မှုအရည်အချင်းကို မဆုံးဖြတ်ပါနှင့်။ နှစ်စဉ်ဘဝကိုပျော်ရွှင်စွာနှင့် လွတ်လွတ်လပ်လပ်နေပါ။အလုပ်များသောအချိန်ဇယားအရ၊ တစ်ခုတည်းသော ကျန်သောအချိန်မှာ ညအချိန်နှင့် အိပ်ရာထဲတွင်ဖြစ်သည်။ သို့သော် လိင်ဆက်ဆံရေးအောင်မြင်ခြင်းအတွက် ဒီနည်းသည် ကောင်းသောနည်းလမ်း မဟုတ်ပါ။ ကောင်းမွန်သော ကာမဆက်ဆံရေးအတွက် သိပ္ပံနည်းအရဖော်ပြထားသောအချိန်ရှိသည်။ သို့သော် ရုံးချိန်အတွင်း အလုပ်လုပ်သူများအတွက်တော့ သတင်းကောင်းမဟုတ်ပါ။ Daily Mail သတင်းစာရှိ လေ့လာချက်တစ်ခုအရ ညနေ၃နာရီသည် လိင်ဆက်ဆံရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ဟော်မုန်းဆိုင်ရာကျွမ်းကျင်သူ Alisa Vitti က ဤအချိန်တွင်အမျိုးသားများက လိင်ဆက်ဆံရန် အစပျိုးသည့်စိတ်ရှိရုံ သာမက အမျိုးသမီးများကိုပါစိတ်ပိုင်းဆိုင်ရာ ပိုကျေနပ်စေရန် အားပေးနိုင်သည်။သင်သည်လိင်ဆက်ဆံသည့် ပုံစံမျိုးစုံကြိုးစားခဲ့သော်လည်း ပုံအဟောင်းများနှင့်ပြီးဆုံးသွားပါသလား။ သင်တစ်ယောက်တည်းမဟုတ်ပါ။ ယေဘူယျအားဖြင့်(၆)ခုသာ ရှိသည်။ဒါဆို ကျန်တာတွေကရော ..။ သူတို့သည်ဤ၆ခုမှကွဲပြားသွားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင်အကြိုက်ဆုံးလိင်ဆက်ဆံမှုပုံစံကို မရှက်ပါနှင့်။ အကြောင်းမှာ အားလုံးလည်း သင့်နည်းတူပြုလုပ်သည့်အတွက်ဖြစ်သည်။အများယုံကြည်ထားသည်နှင့်ဆန့်ကျင်ဘက်အားဖြင့် လိင်ဆက်ဆံမှုများများပြုလုပ်ခြင်းသည် ပို၍ပျော်ရွှင်နိုင်ခြင်းမဟုတ်ပါ။ လေ့လာချက်များအရ တစ်ပတ်လျှင်တစ်ကြိမ်သာ လိင်ဆက်ဆံခြင်းသည် ပို၍ပျော်ရွှင်နိုင်သည်။ သာမန်လူတစ်ယောက်အတွက် တစ်ပတ်ကိုတစ်ကြိမ်ထက်ပို၍ ပုံမှန်ဆက်ဆံခြင်းသည် ပိုမိုပျော်ရွှင်နိုင်ခြင်းနှင့်မဆိုင်သလို ပျော်ရွှင်မှုလျော့နည်းသွားသည်ဟုလည်း မဆိုလိုပါ။ စိတ်ကူးယဉ်ဆန်သည့် အဖော်နှင့် သာယာသော ကာမဆက်ဆံရေး ကျန်ရှိနေရန်သာ အရေးကြီးသည်။အကယ်၍ သင်သည်ရင်းနှီးမှု မကြာခဏပို၍ လိုချင်လျှင် သင်သည်ပို၍ကောင်းမွန်သော လူတစ်ယောက်ဖြစ်သည်ဟု သိပ္ပံပညာကဆိုထားပါသည်။ လေ့လာမှု တစ်ခုအရ ကိုယ်ကျိုးမငဲ့ဘဲ တစ်ဖက်သားကို ပို၍ဂရုစိုက်တတ်သောလူများသည် လိင်ဆက်ဆံမှုများများလုပ်ကြသည်။ ဤလေ့လာမှုသည် မိမိကိုယ်ကိုဆန်းစစ်ခြင်းနှင့် အခြေခံ၍ သတင်းပို့ထားသောကြောင့် ပြောင်းလဲမှုများစွာရှိပါသည်။ ဆိုလိုသည်မှာ အမှားအယွင်းရှိနိုင်သည် ဟုဆိုလိုသည်။ သို့သော် ဤအချက်ကို သက်သေပြရန်သိပ္ပံနည်း မလိုအပ်သည်မှာ သေချာပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8/
မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း ၉ ခု
မိသားစုတွေမှာ ကလေးတွေက ကျောင်းတက်၊ ကျူရှင်တက်၊ သင်တန်းတက်ရ၊ လူကြီးတွေက အလုပ်ကိုယ်စီသွားရတဲ့အခါ တွေ့ဆုံချိန်က နည်းလာပါတယ်။ ဒီကြားထဲ အိမ်မှာရှိတဲ့အချိန်လေး နားချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ ဂိမ်း စတဲ့ အိုင်တီအသုံးအဆောင်တွေကို အချိန်ပေးလာကြတာကြောင့် မျက်နှာစုံညီ ထမင်းစားဖို့တောင်ခက်တဲ့ မိသားစုတွေ ရှိလာပါတယ်။ မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း တွေကို သီးသန့်ကြီးရှာ‌ဖွေလာရပါတယ်။နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ မိသားစုကြားမှာ ဂရုစိုက်မှုတွေ၊ ချစ်ခင်မှုတွေလျော့သလိုဖြစ်လာရပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ၊ ဖွံ့ဖြိုးမှုတွေမှာ ထိခိုက်လာစေပြီး မိသားစုသာယာမှုကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သာယာတဲ့မိသားစုတွေ ဖြစ်လာစေဖို့ နွေးထွေးတဲ့ ဆက်ဆံရေးရှိဖို့ လိုပါတယ်။ မိသားစုအတွက် အချိန်ပိုပေးနိုင်ဖို့ ဒီ ၉ ချက်ကို လေ့လာပြီး ပြန်စဉ်းစားကြည့်ပါ။မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း တွေကတော့။(၁) အစီအစဉ်ဆွဲပါ။ရေခဲသေတ္တာနားမှာ ဒါမှမဟုတ် မိသားစုဝင်အကုန်လုံး မြင်နိုင်တဲ့တစ်နေရာရာမှာ ပြက္ခဒိန်ကပ်ထားပေးပြီး နောက်တစ်ပတ်အတွက် ဘာအစီအစဉ်ရှိသလဲ ရေးဆွဲ ကြည့်ပါ။ ဗျာများနေရတဲ့ရက်တွေနဲ့ အလုပ်သိပ်မများတဲ့ ရက်တွေကို အချိန်ညှိပြီး သိပ်အရေးမကြီးတဲ့ကိစ္စတွေကို နောက်ရွှေ့သင့်ရွှေ့ပါ။အများစုက အိမ်မှာ ပစ္စည်းပစ္စယတွေများပြီး မလိုအပ်ဘဲ နေရာကျဉ်းနေတတ်ပါတယ်။ ကိုယ်အသုံးမလိုတဲ့ အဝတ်အစားတွေ၊ ကလေးကစားစရာတွေနဲ့တခြားပစ္စည်းအသုံးအဆောင်တွေကို ချို့တဲ့သူတွေဆီပေးလှူလိုက်ရင် ကုသိုလ်လည်းရ၊ ပတ်ဝန်းကျင်လည်းသန့်ရှင်း၊ ရှင်းရလင်းရ ထိန်းသိမ်းရတဲ့အချိန်လည်းအကုန်သက်သာတာကြောင့် မိသားစုရဲ့အားလပ်ချိန်၊ ပျော်ရွှင်ချိန် ပိုများစေပါတယ်။(၂) မိသားစုထမင်းဝိုင်း။ဒီနေ့ခေတ် ကလေးအများစုက မိသားစုထမင်းဝိုင်းရဲ့ အဓိပ္ပာယ်ကို မသိကြတော့ပါဘူး။ စားပွဲမှာအတူထိုင်ပြီး ထမင်းတစ်နပ်စားရုံပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တမ်းမှာမျက်နှာစုံညီထမင်းစားဖြစ်ရင် စကားစမြည်ပြောဆိုမိကြမယ်၊ရင်းနှီးချစ်ခင်မှုတွေတိုးမယ်၊ အဲဒီတော့မှပျော်ရွှင်ကျန်းမာတဲ့ မိသားစုတွေဖြစ်လာမှာပါ။ထမင်းစားရင်း တစ်ယောက်အကြောင်း တစ်ယောက်ပြောပြကြ၊ နားထောင်ပေးကြ၊ မိဘတွေက အကြံပြုအားပေးပြီး သွန်သင်ဆုံးမရင်း ပွင့်လင်းတဲ့ဆက်ဆံရေးဖြစ်လာစေမှာပါ။ ဒါ့ကြောင့်ညစာအတွက် မဖြစ်နိုင်ရင်တောင် ပိတ်ရက်မှာ ထမင်းဝိုင်းမှာ လူစုံဖို့ ကြိုးစားစီစဉ်ပါ။(၃) အိမ်အလုပ်တွေကို အတူလုပ်ပါ။အိမ်မှာလုပ်ရတဲ့ တချို့ဗာဟီရကိစ္စတွေက အဖွဲ့လိုက်လုပ်ရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ မိသားစုဘဝဆိုတာ အချင်းချင်းရိုင်းပင်းကူညီပြီး ချစ်ခင်စောင့်ရှောက်ရမှာပါ။အိမ်မှုကိစ္စတွေ အတူဝိုင်းလုပ်တာ၊ ဟင်းအတူချက်တာတွေက တာဝန်ယူစိတ်ရှိအောင်၊ သိတတ်တဲ့စိတ်ရှိအောင် သင်ပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။(၄)ကျောင်းစာ ကူစစ်ပေးပါ။ကလေးတွေကို စာလုပ်ပါ၊ စာလုပ်ပါ နဲ့ သူ့ဘာသာချည်းပဲ စာမလုပ်ခိုင်းပါနဲ့။ မိဘတွေကလည်း ဝင်ကြည့်ပေး၊ သင်ပြပေး၊ စာစစ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ကလေးနဲ့အတူ စာလုပ်ပေးတာက ပညာရေးအဆင်ပြေမပြေ၊ ပြဿနာရှိမရှိကိုလည်း သိနိုင်ပြီး အတူရှိချိန်လည်း ပိုရစေပါတယ်။(၅) ဂိမ်းအတူကစားပေးပါ။နည်းပညာတိုးတက်နေတဲ့ခေတ်မှာ ဂိမ်းမကြိုက်တဲ့ကလေး မရှိပါဘူး။ ဂိမ်းကစားချိန်၊ တီဗီကြည့်ချိန် ကန့်သတ်ထားသင့်တယ်ဆိုပေမယ့် ကစားခွင့်ပြုထားတဲ့အချိန်မျိုးမှာ ကလေးနဲ့အတူ ဝင်ကစားပေးပါ။ မိသားစုအတူကစားလို့ရတဲ့ ဒိုးဆက်၊ မိုနိုပိုလီတို့လို အငြိမ်ကစားနည်းတွေ ကစားလို့ရသလို တီဗီဂိမ်းပြိုင်ကစားရင်း ကျန်တဲ့သူတွေက အားပေးကြတာမျိုး အားလုံးစည်းစည်းလုံးလုံးပျော်ရွှင်လို့ရပါတယ်။(၆) မိသားစုအတူ တက်ကြွလှုပ်ရှားမှုဖန်တီးပါ။Gym သွားတာ၊ မနက်ပိုင်း သူငယ်ချင်းတွေနဲ့ အပြေးအားကစားလုပ်တာတွေအစား မိသားစုအတူ အားကစားလုပ်ပါ။ မနက်ခင်း လမ်းလျှောက်ထွက်တာ၊ စားပွဲတင်တင်းနစ်ရိုက်တာလိုမျိုး လှုပ်ရှားမှုတွေကို မိသားစုလိုက်လုပ်လို့ရပါတယ်။(၇) ညဘက်အပြင်သွားတာ။တစ်ပတ်ကို တစ်ကြိမ်လောက်မိသားစုလိုက်ညဘက်အပြင်သွားပါ။ သွားမယ့်ရက်ကို ကြိုသတ်မှတ်ထားပြီး ဘာကိစ္စကြောင့်မှ အပျက်မခံပါနဲ့။ အရေးကြီးပါတယ်။ကလေးတွေက သွားဖို့ တွေးပျော်ထားပြီးမှ ပျက်သွားရင် စိတ်မကောင်းဖြစ်တတ်ပါတယ်။ ညဘက် ဘုရားသွားတာမျိုး၊ ဆိုင်ကောင်းကောင်းမှာ ညစာစားတာမျိုးပျော်စရာကောင်းအောင် လုပ်ပေးပါ။ ဘယ်သွားချင်လဲ ဘာစားချင်လဲ တစ်ဦးချင်းရဲ့အကြံဉာဏ်ကိုဆွေးနွေးပါ။(၈) အားလပ်ရက်မှာ မိသားစုလိုက် ခရီးထွက်ပါ။မိသားစုလိုက် အားလပ်ရက်ခရီးလေးတွေ အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ်တော့သွားပေးပါ။ ကလေးတွေရဲ့ ငယ်ဘဝမှာ အမှတ်တရကောင်းတွေကျန်ရစ်ခဲ့စေဖို့၊ပျော်စရာအချိန်ကာလတွေ အတူကုန်ဆုံးဖို့ ခရီးသွားပါ။(၉) ပျော်ပွဲစားထွက်ပါ။ခရီးရှည်မသွားနိုင်ရင်‌တောင် စားစရာကောင်းကောင်း စီစဉ်ချက်ပြုတ်ပြီးကလေးတွေနဲ့အတူပျော်ပွဲစားထွက်ပါ။ ကစားကွင်း၊ ပန်းခြံ အတူသွားကြတာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းသွားဆိုတာတွေ လုပ်လို့ရပါတယ်။ အလုပ်တာဝန်၊ ကျောင်းတာဝန်တွေ ခဏတာမေ့ပြီး မိသားစုအတူ ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေနိုင်မှာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/ways-to-family-time/
ကလေး ရ၊ မရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ
ကလေး မရခြင်းဟာ ကနေ့ခတ် လူအတော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာ တခု ဖြစ်တဲ့အတွက် ကလေး ရ၊ မရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ ။ ဘာကြောင့်လဲဆိုတော့ ဒီလိုသိထားမှ သင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အသေအချာသိရှိစေပြီး ဘယ်ပုံဘယ်နည်း ဖြေရှင်းရမလဲဆိုတာကို နားလည်စေမှာ ဖြစ်ပါတယ်။ကလေး ရ၊ မရ စစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ ဆိုတော့-။ကလေးယူဖို့ကြိုးစားနေတဲ့ စုံတွဲတွေဟာ ဒီကိစ္စမှာတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသဆွေးနွေးလေ့ရှိကြပါတယ်။ အထူးသဖြင့်တော့ ကလေးယူဖို့ ကြိုစားနေတာ ကြာပေမယ့် ကလေးမရနိုင်သေးတဲ့ သူတွေပေါ့။ သူတို့တွေက ကလေးရမရသိရှိနိုင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ In-vitro fertilization (IVF) ဒါမှမဟုတ် gamete intra-fallopian transfer (GIFT) တို့လို သဘာဝမဟုတ်တဲ့နည်းတွေနဲ့ ကလေးရဖို့ ကြိုးစားမယ်ဆိုရင်လည်း စစ်ဆေးမှုတွေကို ဦးစွာ ပြုလုပ်သင့်ပါတယ်။ကလေးရနိုင်ခြင်း ရှိ၊ မရှိကို စစ်ဆေးကြသူအများအပြားဟာ အောက်ပါအနေအထားတွေရှိတဲ့အမျိုးသမီးတွေဖြစ်လေ့ရှိကြပါတယ်။• ၁နှစ်လောက်ကြိုးစားပြီးတဲ့အထိ ကလေးမရသေးတဲ့ အသက်၃၅နှစ်အောက်အမျိုးသမီးတွေ။• ၆လလောက်ကြိုးစားပြီးတဲ့အထိ ကလေးမရသေးတဲ့ အသက်၃၅နှစ်အထက်အမျိုးသမီးတွေ။• အသက်၃၅နှစ်ကျော်တဲ့အထိ ကလေးမရနိုင်သေးတဲ့အမျိုးသမီးတွေ။• ကိုယ်ဝန်သုံးခါနဲ့အထက် ပျက်ကျဖူးတဲ့အမျိုးသမီးတွေ။• သားအိမ်သွေးလုံးတည် ရောဂါကြောင့် ကုသမှု ခံယူနေရသူတွေ။• သားဥပြွန်မှာ အမာရွတ်ရှိသူတွေ ဒါမှမဟုတ် ပိတ်ဆို့နေသူတွေ။• သွေးမဆုံးသေးတဲ့ ကင်ဆာရောဂါသည် အမျိုးသမီးတွေ။• ရာသီမမှန်သူတွေ။ဒါ့ပြင် သုက်ကောင်အရေအတွက် နည်းသူတွေ၊ သုက်ကောင်လှုပ်ရှားမှု ဒါမှမဟုတ် သုက်ကောင်ပုံစံမမှန်သူတွေနဲ့ ကပ္ပာယ်အိတ်ထဲကို ဝှေးစေ့ဆင်းမလာသူ အမျိုးသားတွေအနေနဲ့လည်း ကလေးရနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။ပထမဆုံးအကြိမ် ဆရာဝန်နဲ့ တွေ့ဆုံတဲ့အခါ သင့်ရဲ့ ကျန်းမာရေးဆိုင်ရာ နောက်ကြောင်းရာဇဝင်နဲ့ဆိုင်တဲ့ မေးခွန်းအချို့ကို မေးမြန်းမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ –။• သင့်ရဲ့ ဓမ္မတာစက်ဝန်းအကြောင်း။• သင့်မိသားစုထဲမှာ ကလေးမရနိုင်တဲ့ ပြဿနာဖြစ်ဖူးသူ ရှိမရှိ။• မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေ သောက်နေရတာမျိုး ရှိမရှိ စသဖြင့်ပေါ့။ဒါ့ပြင် စုံတွဲရဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံကိုလည်း မေးမြန်းရပါလိမ့်မယ်။ ဒါမှသာ ဘယ်အရာတွေက ကလေးမရစေတာလဲဆိုတာ သိနိုင်မှာပါ။ တကယ်လို့ သင်တို့ စုံတွဲဟာ ပူအိုက်တဲ့နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေ ဒါမှမဟုတ် အထိုင်များတဲ့သူတွေဆိုရင် ကလေးမရဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်။ဘာလို့လဲဆိုတော့ အထက်မှာပြောခဲ့တဲ့ အခြေအနေတွေဟာ ဝှေးစေ့ရဲ့ အပူချိန်ကို များစေလို့ပါပဲ။ ဓာတုဗေဒပစ္စည်းတွေ ဒါမှမဟုတ် ဓာတ်ရောင်ခြည်တွေနဲ့ အလုပ်လုပ်ရတာ၊ ဆေးလိပ်၊ အရက်သောက်တာ ဒါမှမဟုတ် မူးယစ်ဆေးသုံးတာတွေကြောင့်လည်း ကလေးမရတာမျိုး ဖြစ်လာနိုင်ပါတယ်။ရောဂါရာဇဝင်ကို စစ်မေးပြီးတဲ့အခါ ကလေးရနိုင်ခြေကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန် အနေနဲ့ စစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်ပါလိမ့်မယ်။ အမျိုးသမီးတွေအတွက် စစ်ဆေးရမှာတွေက ပိုများတယ်ဆိုပေမယ့် အများအားဖြင့်တော့ လင်မယားနှစ်ယောက်လုံး စစ်ဆေးမှုခံယူဖို့ ဆရာဝန်တွေက အကြံပေးလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ပြုလုပ်လေ့ရှိတဲ့ စစ်ဆေးမှုတွေက။>> အမျိုးသားတွေအတွက်။မျိုးအောင်နိုင်စွမ်း ရှိ၊ မရှိကိုသိနိုင်ဖို့အတွက် အခြေခံကျတဲ့စစ်ဆေးမှုဖြစ်တဲ့ သုက်ရည်စစ်ဆေးခြင်း (semen analysis) ကို ပြုလုပ်ရပါမယ်။ ဒီစစ်ဆေးမှုမှာတော့ သုက်ရည်ကိုစစ်ဆေးပြီး သုက်ပိုးတွေရဲ့ အရည်အသွေးနဲ့ ပမာဏအစရှိတာတွေကို လေ့လာရပါတယ်။>> အမျိုးသမီးတွေအတွက်။• သားအိမ်ခေါင်းအချွဲမြှေးယူခြင်း (အချွဲမြှေးယူတာကို တခါမှမပြုလုပ်ဖူးသေးသူတွေအတွက်)။• ဂျိုက်သိုးရောဂါအတွက် ခုခံအား ရှိ၊ မရှိစစ်ဆေးခြင်း။ ကိုယ်ဝန်ပထမသုံးလပတ်မှာ ဂျိုက်သိုးရောဂါ ခံစားရမယ်ဆိုရင် ဗိုက်ထဲက ကလေးမှာမွေးရာပါကိုယ်အင်္ဂါချို့တဲ့တာမျိုး ဖြစ်သွားနိုင်ပါတယ်။• ရေကျောက်ပေါက်တာဟာလည်း အလားတူပြဿနာမျိုးကို ဖြစ်စေနိုင်တဲ့အတွက် ဒီရောဂါအတွက်ခုခံအားရှိမရှိကိုလည်းစစ်ဆေးရပါမယ်။• လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတမျိုး ဖြစ်ပြီး သားဥပြွန်တွေကိုလည်း ပိတ်ဆို့စေနိုင်တဲ့ ကလာမိုင်းဒီးယားရောဂါ ရှိ၊ မရှိ သိနိုင်ဖို့အတွက်ဆီးစစ်ရပါမယ်။• သင် သားဥ ကြွေ၊ မကြွေ သိနိုင်ဖို့အတွက် သွေးစစ်ရပါမယ်။• တကယ်လို့ သင်ဟာ ဓမ္မတာ မမှန်ဘူးဆိုရင် ဟော်မုန်းပမာဏတွေ မျှတမှု ရှိ၊မရှိ သိနိုင်ဖို့အတွက် အခြားသော သွေးစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ရပါမယ်။အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးမှာ ဘယ်သူက ကလေး မရနိုင်တာမျိုး ပိုဖြစ်နိုင်သလဲဆိုတော့ ကလေးမရနိုင်တဲ့ စုံတွဲတွေရဲ့ သုံးပုံတစ်ပုံက အမျိုးသားတွေကြောင့် ဖြစ်ပြီး နောက်သုံးပုံတစ်ပုံက အမျိုးသမီးတွေကြောင့်ဖြစ်ကာ နောက်ဆုံးသုံးပုံတစ်ပုံကတော့ နှစ်ဦးလုံးကြောင့်ဖြစ်နိုင်သလို အကျိုးအကြောင်းကို ရှင်းရှင်းလင်းလင်းမသိရတာလည်း ဖြစ်နိုင်ပါတယ်။ဒီလိုအနေအထားမျိုးတွေရှိနေတာမို့ သူ့ကြောင့်ငါ့ကြောင့် အပြစ်တွေတင်နေမယ့်အစား အတူတကွ ပူးပေါင်း အဖြေရှာပြီး ပြဿနာကို ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/fertility-tests-for-men-and-women/
Covid-19 ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မယ့် နည်းလမ်း။
ဖေ့ဘွတ်ပေါ်မှာ ဆရာဝန်တစ်ယောက် ပြောထားတဲ့ စကားတစ်ခွန်း ရှိတယ်။“ သင်နဲ့သင့်မိသားစုအတွက် ကျွန်တော်တို့အလုပ်လုပ်နေတယ်။ ကျွန်တော်တို့အတွက် သင်တို့အိမ်မှာနေပေးပါတဲ့။”။Covid-19ဟာ ပြန့်ပွား နှုန်းမြန် ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့အတွက် ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးများတဲ့ နေရာတွေကနေ လူအများကြီးကို ကူးစက်ပြန့်ပွားနေပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ စစချင်းမှာ Covid-19 ပြန့်ပွားတာကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကူးစက်ခံနေရတဲ့ လူတစ်ယောက်ဟာ လူထောင်သောင်းချီတက်ရောက်လေ့ရှိတဲ့ ဘာသာရေးပွဲတော်တစ်ခုကို သွားလိုက်တဲ့အခါ တောင်ကိုရီးယားနိုင်ငံရဲ့ ကူးစက်ခံရသူတွေဟာ ချက်ချင်းဆိုသလို မြင့်တက်သွားခဲ့တယ်။ ယခုချိန်မှာတော့ အခြအနေကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်။အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွားအများဆုံး နိုင်ငံဖြစ်တယ်လို့ပြောလို့ရတယ်။ Covid-19 ပြန့်ပွားနေချိန်မှာ ပွဲလမ်းသဘင်တွေကို ထိန်းချုပ်ဖို့ အားလျော့ခဲ့တယ်။ ယခုချိန်မှာ နေ့စဉ် ရာချီတဲ့ ကူးစက်ခံရတဲ့သူ၊ သေဆုံးသူတွေရှိနေတယ်။Covid-19 ရဲ့ အစဖြစ်တဲ့ တရုတ်နိုင်ငံဟာ အခုချိန်မှာ အခြေအနေတည်ငြိမ်သွားသလောက်ဖြစ်ပြီး ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်။ ဒီကူးစက်ရောဂါအတွက် သီးသန့်ဆောက်လုပ်ခဲ့တဲ့ ဆေးရုံတွေမှာပါ လူနာတွေ မရှိသလာက်နည်းသွားပါပြီ။ စီးပွားရေးတွေလည်း ပြန်လည် လည်ပတ်နေပါပြီ။ လွန်ခဲ့တဲ့ တစ်လကတင် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်း အရမ်းများပြားခဲ့ပြီး လူဦးရေလည်း ထူထပ်တဲ့ တရုတ်နိုင်ငံရဲ့ Covid-19 အခြေအနေကို အချိန်တိုအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ နည်းလမ်းရှိပါတယ်။ ဒါကတော့ သီးခြားနေထိုင်ခြင်း (social distancing) ပါဘဲ။Social (ဆိုရှယ်) ဆိုတာက လူမှုရေးပါ။ distance ဆိုတာကတော့ အကွာအဝေးပေါ့။ လူမှုရေး၊ သာရေး၊နာရေးတွေနဲ့ အကွာအဝေးတစ်ခုခြားပြီးနေခြင်းလို့ အဓိပ္ပါယ်ရတယ်။ အစားအသောက်၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေအတွက်က လွဲရင် ကျန်တဲ့ချိန်တွေမှာ အပြင်မထွက်ဘဲ အိမ်မှာနေတာကို ခေါ်ပါတယ်။အားကစားပွဲတွေ၊ ဘားတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ပိတ်လိုက်တာကို ဘယ်သူကမှတော့ ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေကို ပိတ်လိုက်တယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ရှောင်လိုက်ခြင်းဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်းပါတယ်။ ဒီကူးစက်ရောဂါကို ရှေ့တန်းကနေ တိုက်ပွဲဝင်နေရတဲ့ ဆေးရုံက ဆရာဝန်၊ သူနာပြုတွေလည်း အရေးကြီးတဲ့ လူနာတွေကို ဦးစားပေးကုသပေးနိုင်မှာဖြစ်တဲ့အတွက် သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တစ်ဖက်တစ်လမ်းကနေ လျော့နည်းအောင် လုပ်ပေးတာမျိုးဖြစ်တယ်။• လူတစ်ယောက်နဲ့ တစ်ယောက်ကြား အနည်းဆုံး ၃ ပေခြားနေမယ်။• အိမ်ကနေ အလုပ်လုပ်မယ်။• အွန်လိုင်းကနေ အတန်းတက်မယ်။• သူငယ်ချင်းတွေနဲ့ အပြင်မှာမတွေ့ဘဲ အွန်လိုင်းမှာဘဲ ဗီဒီယိုနဲ့ ဖုန်းခေါ်မယ်။• သိပ်အရေးမကြီးတဲ့ အစည်းအဝေးတွေ၊ ကွန်ဖရင့်တွေမလုပ်ဘူး။ ဒါမှမဟုတ် အွန်လိုင်းကွန်ဖရင့်တွေ လုပ်မယ်။အပေါ်က Social distancing (သီးခြားနေထိုင်ခြင်း) ဟာ ပုံမှန် ကူးစက်ရောဂါမရှိတဲ့သူက ကိုယ့်ကိုယ်ကို မကူးစက်အောင် ကာကွယ်ခြင်းပါ။Self-quarantine ကိုတော့ ရောဂါရှိနိုင်ချေမြင့်မားတဲ့သူ လုပ်ဆောင်ရမှာပါ။• ရောဂါရှိတဲ့သူနဲ့ တွေ့ထိပြီးတဲ့သူ။• ရောဂါပြန့်ပွားနှုန်းမြင့်တဲ့ နေရာကိုသွားခဲ့ဖူးသူ၊။• ရောဂါပိုးရှိနေပေမဲ့ ကျန်းမာသူ။• မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေသာ ခံစားနေရသူတွေဟာ သူတစ်ပါးကို မကူးစက်အောင် self-quarratine လုပ်ဖို့ လိုအပ်ပါတယ်။အပေါ်မှာ ပြောခဲ့သလို Social distancing လုပ်တာအပြင်။• လက်ကို မကြာခဏ စနစ်တကျဆေးရပါမယ်။• ကိုယ်ပိုင် ပန်းကန်ခွက်ယောက်၊ မျက်နှာသုတ်ပဝါထားပါ။• အိမ်ကို ဧည့်သည်မလာပါစေနဲ့။• အိမ်ကလူတွေနဲ့ အနည်းဆုံး ၆ ပေအကွာမှာနေပါ။• အိမ်သားတွေထဲမှာ အသက် ၅၀ ကျော်တဲ့သူရှိရင်တော့ အိမ်ခွဲနေနိုင်ရင် အကောင်းဆုံးပါပဲ။Covid-19 ကူးစက်ရောဂါ ရှိပြီလို့ သေချာထားတဲ့သူတွေကိုတော့ Isolation လုပ်ရပါတယ်။ ဆေးရုံရဲ့ သီးသန့်ခန်းမှာ ထားရပါတယ်။ ကူးစက်ခံရသူကို စောင့်ကြပ်ကြည့်ရှုသူ မှန်သမျှကလည်း အကာအကွယ်ဝတ်စုံပြည့် (Personal Protective Equipment) ကိုဝတ်ဆင်ထားရပါတယ်။Covid-19 လို ပြန့်နှံ့နှုန်းမြန် ကူးစက်မြန်ရောဂါ နိုင်ငံတစ်နိုင်ငံကို ဝင်ရောက်လာပြီဆိုရင် ကျန်းမာရေးတင်မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်က ထိခိုက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ကူးစက်ရောဂါတစ်ခုကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးကြီးဆုံးက ကူးစက်ခံရသူဟာ တခြားသူတွေစီကို တတ်နိုင်သလောက် မကူးစက်အောင် နေထိုင်ရပါမယ်။ ဒီလိုလုပ်ဖို့ကလည်း ရောဂါလက္ခဏာတွေကို နားလည်ပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဖို့လိုပါတယ်။လက်ကောင်းကောင်းဆေးမယ်၊ Social distancing လုပ်မယ်၊ လိုအပ်ရင်လိုအပ်သလို self-quarantine တွေ isolation တွေလုပ်မယ်ဆိုရင် ခုထိ ကူးစက်ခံရသူမရှိသေးတဲ့မြန်မာနိုင်ငံမှာ ရောဂါဝင်ရောက်လာခဲ့ရင်တောင် ဆုံးရှုံးမှုတွေနည်းပါလိမ့်မယ်။Pandemicကပ်ရောဂါတွေဟာ ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းစီကနေ ဂရုတစိုက် စည်းကမ်းရှိရှိ နေကြမယ်ဆိုရင် ဆေးရုံတွေမှာလည်း လူနာများပြားတဲ့ဒဏ်ကို အလူးအလဲမခံစားရဘူး၊ ကူးစက်နှုန်းတွေ၊ သေဆုံးမှုနှုန်းတွေကိုကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်တယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%95%e1%80%bc%e1%80%94%e1%80%b7%e1%80%ba%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%9b%e1%80%b1%e1%80%ac%e1%80%80/
အဖြစ်များသောအရေးပေါ်အခြေအနေများ(၂)
တက်ခြင်းသည် ထိန်းချုပ်စေခိုင်းခြင်းမရှိဘဲ တစ်ကိုယ်လုံးရှိကြွက်သားများဆွဲငင်တုန်လှုပ်ခြင်းဖြစ်ပြီး ဦးနှောက်၏လုပ်ငန်းများ ချို့ယွင်းမှုဖြစ်ခြင်းဖြစ်သည်။ဖြစ်စေတတ်သောအကြောင်းရင်းများ။ပြုစုခြင်း။ကလေးတက်ခြင်းအားပြုစုခြင်း။ဖြစ်စေသောအကြောင်းအရင်းများ။ဝမ်းသွားခြင်း၊ အဆိပ်ဖြစ်ခြင်း၊ အစာ၊ ဆေး၊ အနံ့များနှင့်မတည့်ခြင်း၊ ရေမသန့်ခြင်း၊ စားနေကျ မဟုတ်သော အစားအစာများစားမိခြင်း၊ ရောဂါများကြောင့်ဖြစ် နိုင်သည်။ပြုစုခြင်း။အန္တရာယ်ရှိသောလက္ခဏာများ။ဝမ်းဗိုက်အောင့်ခြင်း၊နာခြင်းတွင်ဆန်းစစ်ရမည့်အချက်များ–။အထူးသတိပြုရှောင်ကြဉ်ရမည့်အချက်များ။ပြုစုနည်း။ဖြစ်စေသောအကြောင်းအရင်းများ။ပြုစုခြင်း။နှလုံးကြွက်သားများ သွေးရရှိမှုနည်းပါးခြင်းနှင့် သွေးလှည့်ပတ်မှုရပ်ဆိုင်း၍ နှလုံးကြွက်သားများ ပျက်စီး ခြင်းကြောင့် နှလုံးသွေးကြောများပိတ်ဆို့ပြီး နှလုံးခုန်ရပ်သွားသည်အထိ ဖြစ်နိုင်သည်။လက္ခဏာများ။ပြုစုနည်း။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%a1%e1%80%81-2/
ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက
ကျန်းမာတာကို မနှစ်သက်သူရယ်လို့ မရှိပါဘူး။ ကျန်းမာမှလည်း လုပ်ငန်းကိုင်ငန်းတွေကို ကောင်းစွာ လုပ်ကိုင်နိုင်မှာ ဖြစ်သလိုနေ့စဉ်ဘဝကိုလည်း ပျော်ရွှင် ကျန်းမာစွာ ကျော်ဖြတ်နိုင်မှာပါ။ ဒါကြောင့်လည်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုကြတာပေါ့။ ဒီတစ်ခေါက်တော့ကျန်းမာစေဖို့မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကျန်းမာစေဖို့မနက်စောစောသောက်ပေးသင့်တဲ့ သောက်စရာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ခန္ဓာကိုယ် အတွင်းရော အပြင်ပါ ကျန်းမာစေဖို့ မနက်စောစောမှာ သောက်ပေးသင့်တဲ့ ပထမဆုံးသော သောက်စရာ တစ်ခုက သောက်ရေပါ။ သောက်ရေ သန့်သန့်လေးကိုအိပ်ရာနိုးနိုးချင်းမှာ သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေပြီးကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။မနက် အိပ်ရာနိုးနိုးချင်းမှာ လက်ဖက်စိမ်း ရေနွေးကြမ်း ခပ်နွေးနွေးလေး တစ်ခွက်လောက် သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ အူနံရံတွေကို သန့်ရှင်းစေပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ကိုယ်တွင်းမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။သကြားနဲ့ လူလုပ်အချိုတွေ ရောမထားဘဲ သဘာဝခရမ်းချဉ်သီး စစ်စစ်ကို ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်ကို မနက် အိပ်ရာ ထထချင်း သောက်ပေးတာက ဗီတာမင် C ပြည့်ဝစေပြီး စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝတာက အစာခြေစနစ် ကျန်းမာစေသလိုရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အရေပြား ပြဿနာကင်းစေပြီး ခန္ဓာကိုယ်တွင်းက အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။အိပ်ရာ နိုးနိုးချင်းမှာ သောက်ပေးသင့်တဲ့ နောက်ထပ် သောက်စရာ တစ်ခုကတော့ အုန်းစိမ်းရည်ပါ။ အုန်းစိမ်းရည်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့်  နာတာရှည် ရောဂါဖြစ်နိုင်ခြေပေးနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးမတိုးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ချင်း (ဂျင်း) လက်တစ်ဆစ်စာလောက် အပြားလေးကို ခပ်ဆတ်ဆတ် ထုပြီး ခွက်တစ်ခုထဲ ထည့်ပါ။ ပြီးရင် ရေနွေးဆူဆူကို လောင်းထည့်လို့ ၁၅ မိနစ်လောက် စိမ်ထားပြီး ရလာတဲ့ ချင်း (ဂျင်း) ရေနွေးကြမ်းကို ခပ်နွေးနွေး အချိန်မှာ သောက်ပေးတာကလည်း စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။မနက် အိပ်ရာနိုးနိုးချင်းမှာ ထမင်းရည် ပူပူလေးကို ဆားလေးနည်းနည်း ထည့်ပြီး သောက်ပေးတာက အားပြည့်စေပြီး တစ်နေ့တာလုံး တက်ကြွ လန်းဆန်းစေမှာပါ။ အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်း အဆိပ်အတောက်ကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှု ကောင်းစေပါတယ်။သံဓာတ် အားနည်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ကဲ ……. ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ကြိုက်နှစ်သက်တဲ့ သောက်စရာ တစ်ခုခုကို ရွေးချယ် သောက်သုံးလိုက်စို့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-drinks-for-early-morning/
အိမ်လုပ် လက်သန့်ဆေးရည် တွေက ထိရောက်ရဲ့လား
နိုင်ငံတကာ မှာ စိုးရိမ်နေရတဲ့COVID-19 ဗိုင်းရပ်စ်ကြောင့်နှာခေါင်းစည်းနဲ့ လက်သန့်ဆေးရည် တွေ ကြောက်လန့်တကြား ဝယ်လိုက်ကြတာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန် ခေတ်စားလာတာက အိမ်မှာ လက်သန့်ဆေးရည် တွေ ကိုယ်တိုင် လုပ်လို့ ရတဲ့နည်းတွေပါပဲ။အပြင်မှာ ဝယ်မရရင် ကိုယ်တိုင် ပြုလုပ်လို့ရတဲ့ အကြောင်း ၊ အလွယ်ပြုလုပ်နည်းတွေ မျှဝေလာခဲ့ကြပါတယ်။ လုပ်နည်းက လွယ်သားပဲ၊ အရက်ပြန်၊ Gel တစ်မျိုးမျိုး နဲ့ အဆီတစ်မျိုး ပါရင် ရပြီလို့ ထင်ကြမှာပေါ့။ဒါပေမယ့် ဒီလိုလွယ်ကူတဲ့နည်း တွေနဲ့ ပြုလုပ်ထားတဲ့ လက်သန့်ဆေးရည် တွေက အရာဝတ္ထု မျက်နှာပြင်တွေကို သန့်စင်ဖို့ အတွက် ပိုသင့်တော်ပြီး လူ့အရေပြားမှာ သုံးဖို့ မသင့်တော်ပါဘူး လို့ ပညာရှင်တွေက သတိပေးပါတယ်။အယ်ကိုဟော အခြေခံတဲ့ လက်သန့်ဆေးရည်တွေမှာ emollients လို့ ခေါ်တဲ့ အသားအရေကို နူးညံ့မှု ထိန်းပေးနိုင်တဲ့ ဓာတ်တွေလည်း ပါဝင်လေ့ရှိပါတယ်။ ပိုးတော့ သေစေနိုင်ပေမယ့် လက်အသားအရေ အတွက် ပိုပြင်းနေနိုင်တာမို့ ထိခိုက်မှု ပိုလာနိုင်ပါတယ်။လက်သန့်ဆေးရည်ပြုလုပ်တဲ့နေရာမှာ အဓိကကျတဲ့ အချက်က ပါဝင်ပစ္စည်း တွေကို အချိုးအဆ မှန်ကန်အောင် ထည့်သွင်းဖို့ ပါ။ ပါဝင်ပစ္စည်းတွေ မှန်နေလည်း ကိုယ်ထည့်ချင်သလို မှန်းထည့်လို့မရပါဘူး။ တိတိကျကျ ချိန်တွယ်၊ တွက်ချက် ထည့်သွင်းရတဲ့ အချိန်အဆ တွေ ကွာခြားပါတယ်။လက်အရေပြားမှာ သုံးရတဲ့ လက်သန့်ဆေးရည် ကို ဒီလောက် လွယ်လွယ်နဲ့ ကိုယ်တိုင် လုပ်သုံးလို့ရတယ် ဆို ဘယ်ကုမ္ပဏီတွေက အကုန်အကျခံ ထုတ်လုပ်တော့မလဲ၊ ဘယ်သူတွေက ကုန်အမှတ်တံဆိပ်တွေ ရွေးဝယ်ပါတော့မလဲ။ ယာယီ သုံးလို့တော့ ရပေမယ့် နေ့စဉ် လက်မှာ အသုံးပြုဖို့ အတွက်တော့ ပြဿနာ ရှိနေနိုင်ပါတယ်။COVID-19ကာကွယ်မယ့် လက်သန့်ဆေးရည် မှာ အယ်ကိုဟော ပမာဏ အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်ရမယ် လို့ ကျန်းမာရေးအဖွဲ့တွေက အကြံပြုထားပေမယ့် ဒီ ၆၀ ရာခိုင်နှုန်း ပါတိုင်း အဆင်မပြေနိုင်ပါဘူး။ပြုလုပ်နည်း အများစုမှာ အရက်ပြန် (isopropyl alcohol) ရယ်၊ အရေပြားကို အစိုဓာတ် ထိန်းနိုင်ဖို့ ရှားစောင်းဂျယ်လ် နဲ့ အဆီတစ်မျိုးမျိုး တို့ကို ရောစပ်တာပဲ ဖြစ်ပါတယ်။ အကြမ်းပြောရရင် ဒီနည်းတွေမှာရှားစောင်းဂျယ်လ်ပန်းကန်လုံးတစ်လုံးစာကိုအရက်ပြန်သုံးပုံနှစ်ပုံရောစပ်တာပါပဲ။ ဂလစ်ဆရင်း သို့မဟုတ် အဆီတစ်မျိုးမျိုးကို နည်းနည်းထည့်တယ်ပေါ့။ အွန်လိုင်းမှာ မျှဝေကြတဲ့ နည်းတစ်ခုနဲ့တစ်ခု အခြေခံပစ္စည်းတွေ တူပေမယ့် အချိုးအစားတွေ ကွာကြတယ်။ ကိုယ်သိထားတဲ့ နည်းအတိုင်း လိုက်လုပ်ရင်တောင်မှ ကာကွယ်မှုကောင်းပြီး ထိခိုက်မှု နည်းတဲ့ လက်သန့်ဆေးရည်ကို ပြုလုပ်နိုင်ဖို့ မလွယ်ပါဘူး။အစိုဓာတ်ထိန်းပစ္စည်းတွေ နည်းသွားရင် အရက်ပြန်ကြောင့် အသားခြောက်ပြီး၊ အက်ကွဲတာ၊ လောင်တာ၊ ဓာတ်မတည့်တာ၊ နီမြန်းတာ၊ အဖုလေးတွေ ထွက်တာ စတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်တယ်။ အရက်ပြန် နည်းသွားရင် လိုအပ်တဲ့ ကာကွယ်နိုင်စွမ်း အထိ မရနိုင်ဘဲ ထူးမခြားနား ဖြစ်သွားနိုင်ပါတယ်။လက်သန့်ဆေးရည် မှ ဝယ်လို့မရတာ၊ ဒါတွေ မလုပ်လို့ ဘယ်လိုလုပ်ရမလဲ မစိုးရိမ်ပါနဲ့။ ရေနဲ့ ဆပ်ပြာ သုံးပြီး လက်ဆေးတာ အကောင်းဆုံး နည်းပါ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။လက်သန့်ဆေးရည်ဆိုတာ ရေ နဲ့ လက်ဆေးဖို့ မလွယ်ကူတဲ့နေရာ၊ အခြေအနေ မှာ ရောက်နေသူတွေ အတွက် ရေမလိုဘဲ အရေးပေါ်သုံးဖို့၊ ဆောင်ထားဖို့ ထုတ်လုပ်ထားတာပါ။ မလိုအပ်ဘဲ အမြဲ မသုံးဖို့ သတိပေးချင်ပါတယ်။တကယ်တမ်း ရောဂါပိုး ကာကွယ်ချင်တယ်ဆိုရင် –။အိမ်မှာ နေရင်း အကြောက်လွန်ပြီး ဆပ်ပြာ နဲ့လည်းဆေး၊ လက်သန့်ဆေးရည် လည်း ခဏခဏ သုံးမယ် ဆိုရင်တော့ လက်အရေပြား ထိခိုက်မှာ သေချာတဲ့အပြင် ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါ ပျက်စီးရာက ကိုယ်ခံအားပါ နည်းလာနိုင်ပါတယ်နော်။ လက်သန့်ဆေးရည်ကို သူ့နေရာနဲ့သူ အသုံးချနိုင်စေဖို့ အကြံပြုလိုက်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%94%e1%80%b7%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9b%e1%80%8a%e1%80%ba/
အကုန်အကျမများဘဲ အိမ်မှာ waxing လုပ်ကြမယ်
မိန်းကလေးတွေအတွက် အလှအပဂရုစိုက်ရတဲ့အထဲမှာ ချိုင်းကြားအသားအရေလည်း ပါဝင်ပါတယ်။ လက်ပြတ်အင်္ကျီလေးတွေဝတ်မယ်ဆို ယုံကြည်မှုရှိရှိဝတ်နိုင်တာပေါ့။ အဓိကကတော့ ချိုင်းမွေးသေချာဖယ်ရှားဖို့ပါပဲ။ပြီးမှ ချိုင်းကြားအသားအရေဖြူဖို့၊ချောမွတ်ဖို့ ဆက်လုပ်ရမှာပါ။ ခုနောက်ပိုင်းတော့ အသင့်လုပ်ရုံ waxတွေအမျိုးမျိုးဈေးကွက်မှာဝယ်လို့ရနေပြီ၊ဗြူးတီးဆလွန်းတွေမှာ သွားလုပ်လို့ရနေပြီဆိုပေပမယ့်ငွေကုန်သက်သာချင်တဲ့လေဒီလေးတွေ၊ ဆိုင်မှာလုပ်ရမှာရှက်တဲ့လေဒီလေးတွေ အတွက်တော့ဘေးကင်းပြီးလွယ်ကူတဲ့ ဒီစရိတ်ကျဉ်းနည်းလေးက အဆင်ပြေနိုင်ပါလိမ့်မယ်နော်။သူကတော့ သကြားရယ်၊ ပျားရည်နဲ့ သံပရာသီးပဲ လိုတယ်။ ချိုင်းအပြင် လက် သို့မဟုတ်ခြေသလုံးမွေးတွေ ဖယ်ရှားဖို့လည်း သုံးနိုင်တယ်နော်။သကြားကို ကျိုပါ။အိုးတစ်လုံးထဲ သကြားတွေထည့်ကျိုပါ။ မီးသျိပ်မပြင်းပါနဲ့။ မွှေစရာမလိုပါဘူး။ အိုးကိုပဲ တစ်ချက်တစ်ချက်လှုပ်ပေးပါ။ညောင်စေးကျတဲ့အထိ မီးလျှော့ပြီးတည်ပါ။မွှေးလာလိမ့်မယ်။ပျားရည်နဲ့သံပရာရည်ထည့်ပါ။စဉ်မထွက်အောင်ဖြည်းဖြည်းထည့်ပါ။ အနေတော် ပျစ်စေးလာအောင် ဆက်တိုက်မွှေပြီးတည်ပါ။ တအားပျစ်ခဲနေရင်တော့ရေလေးတစ်ဇွန်းလောက် လိုသလိုထည့်ပါ။အအေးခံပါ။အဝကျယ်ပုလင်းလေးတစ်လုံးမှာထည့်ပြီး နှစ်နာရီလောက်အအေးခံပေးပါ။ခပ်နွေးနွေးအနေအထားမှာ သုံးရတာဆိုပေမယ့် ပိုတာတွေကို အအေးခံပြီးရေခဲသေတ္တာထဲထည့်ထားလို့ရပါတယ်။ပြင်ဆင်ပါ။ချိုင်းကို waxing မလုပ်ခင် အရင်သန့်ရှင်းရေးလုပ်ပါ။ရေနွေးနွေးလေးနဲ့ ဆပ်ပြာသုံးပြီး ညင်သာစွာသန့်စင်ပေးပါ။ ချိုင်းမွေးနဲ့ အသားအရေကိုပျော့ပျောင်းသွားစေလို့ အမွေးအမှင်ဖယ်ရှားဖို့လွယ်ကူစေပါတယ်။ ချိုင်းမွေးကို နည်းနည်းညှပ်ပေးပါ။ သိပ်ရှည်ရင် waxing လုပ်တဲ့အခါ ပိုနာမယ်၊ တိုလွန်းရင် အကုန်မပါသွားဘဲနေမယ်။ မတိုလွန်းမရှည်လွန်းတဲ့အနေအထားဆို ညှပ်ဖို့မလိုပါ။ချိုင်းကို ပေါင်ဒါလိမ်းပါ။ဘာပေါင်ဒါဖြစ်ဖြစ်ရပါတယ်။ အများကြီးတော့မလိမ်းပါနဲ့။ အနည်းငယ်လိမ်းထားရင် wax က အသားကို မထိခိုက်ဘဲ အမွေးတွေပဲ ကပ်ပါသွားနိုင်ပါမယ်။wax ကို သုတ်လိမ်းပါ။အသင့်သုံးပစ္စည်းတွေမရှိရင် သစ်သားချောင်းလေးနဲ့(ရေခဲမုန့်စားတဲ့ဇွန်းပြားလေးလို)သုတ်လိမ်းလို့ရပါတယ်။ ချိုင်းမွေးရှိရာတဝိုက်ကို သုတ်လိမ်းပါ။ ချိုင်းမွေးပေါက်တဲ့လမ်းကြောင်းအတိုင်းသုတ်လိမ်းပါနော်။ အကုန်ဖုံးအုပ်သွားတဲ့အထိ။ လမ်းကြောင်းပြောင်းပြန်မသုတ်မိဖို့သတိထားပါ။wax strip အုပ်ပါ။wax strip အသင့်မရှိရင် အဝတ်စပါးပါးလေးကို အနေတော်ညှပ်ပြီးသုံးလို့ရပါတယ်။ ခုနလိမ်းထားတဲ့ပေါ် အုပ်ပြီး ခုနလမ်းကြောင်းအတိုင်း ဖိသပ်ချပါ။နေရာလွတ်မကျန်အောင်သေချာဖိကပ်ပေးပြီးခြောက်တဲ့အထိထားပါ။ဖယ်ရှားပါ။ကပ်ထားတဲ့strip ကို ဖယ်ရှားရာမှာ ခုနကလိမ်းခဲ့တဲ့လမ်းကြောင်းနဲ့ဆန့်ကျင်ဘက် ကို တစ်ချက်တည်း ခပ်ဆတ်ဆတ်ဆွဲခွာလိုက်ပါ။အဆီလေးလိမ်းပါ။သံလွင်ဆီ နည်းနည်းပွတ်လိမ်းပါ။ ကပ်ကျန်နေတဲ့waxတွေ ဖယ်ရှားနိုင်ပါလိမ့်မယ်။သန့်ရှင်းပါ။အားလုံးဖယ်ရှားပြီးတဲ့အခါ ချိုင်းကိုရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပါ။ အကောင်းဆုံးက ဂွမ်းစလေးရေဆွတ်ပြီးဖိသုတ်ပါ။ ကျိန်းတာစပ်တာရှိနေသေးရင် ရှားစောင်းလက်ပတ် ဂျယ်လ် လေးလိမ်းလို့ရပါတယ်။Waxing လုပ်ပြီး နာရီအတော်ကြာတဲ့အထိချွေးနံ့ပျောက်ဆေး၊အစိုဓါတ်ထိန်း နဲ့ တခြားခရင်မ်တွေ လိုးရှင်းတွေမလူးပါနဲ့ဦး။ Waxing လုပ်ထားရင် ၄ ပတ်လောက်တော့ ခံတာမို့နောက်ရက်မှ ချိုင်းအသားအရေအတွက် ထိန်းသိမ်းတာ လုပ်ပေးပေါ့။ ချိုင်းကြားအသားအရေအတွက် သဘာဝပေါင်းတင်နည်းတွေကိုနောက်ဆောင်းပါးမှာပြောပြပေးမယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%a1%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%a1%e1%80%80%e1%80%bb%e1%80%99%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%98%e1%80%b2-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%be%e1%80%ac/
ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ နှင့်ပြုစုနည်းများ
အဆိပ်သင့်ခြင်းဆိုသည်မှာ အဆိပ်များခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်ခြင်းကြောင့် ကျန်းမာရေးချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်သည်။၁။       စားမိခြင်း။(ဥပမာ – အစာအဆိပ်သင့်ခြင်း၊ အဆိပ်သောက်ခြင်း)။၂။        ရှူရှိုက်မိခြင်း။(ဥပမာ – ဓာတ်ငွေ့အဆိပ်သင့်ခြင်း၊ မတည့်သော အနံ့ရှူရှိုက်မိခြင်း)။၃။       အရေပြားအတွင်း ထိုးသွင်းခြင်း။(ဥပမာ − အဆိပ်ရှိသောသတ္တဝါ အကိုက်ခံရခြင်း)။၄။       အရေပြားအတွင်း စိမ့်ဝင်ခြင်း။(ဥပမာ− ဓာတုဗေဒပစ္စည်းများကို အကာအကွယ်မပါဘဲ ကြာမြင့်စွာကိုင်တွယ်   အသုံးပြုခြင်း)။လက္ခဏာများ။(၁)      မူးဝေခြင်း/ခေါင်းကိုက်ခြင်း။(၂)       အော့အန်ခြင်း၊ ဝမ်းသွားခြင်း။(၃)      ဗိုက်နာ/ဗိုက်အောင့်ခြင်း။(၄)      တက်ခြင်း။(၅)      နှလုံးခုန်နှေး/မြန်ခြင်း၊ သတိလစ်ခြင်း။(၆)      အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်း။(၇)အဖျားတက်ခြင်း၊ အသက်ရှူခက်ခဲခြင်း။(၈)      ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း။စားမိခြင်းကိုပြုစုခြင်း။လက္ခဏာများ။ရှူရှိုက်မိခြင်းကြောင့်အဆိပ်သင့်ခြင်းအားပြုစုခြင်း။လက္ခဏာများ။၁။သတ္တဝါတို့၏အဆိပ်။၂။        ဆေးဝါးထိုးသွင်းခြင်း။အရေပြားအတွင်းစိမ့်ဝင်၍အဆိပ်သင့်ခြင်းဖြစ်စေသောအရာများ။လက္ခဏာများ။အရေပြားအတွင်းစိမ့်ဝင်၍အဆိပ်သင့်ခြင်းအားပြုစုခြင်း။ရေးသားသူ-ဒေါက်တာမှူးခင်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%86/
ဇီကာဗိုင်းရပ်စ်နဲ့ ကိုယ်ဝန်ဆောင်ကာလ : အမျိုးသမီးတိုင်း သိထားသင့်သမျှ
၂၁ ရာစုမှာ ဇီကာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဒုက္ခအကြီးအကျယ်ပေးနိုင်တဲ့ ကပ်ရောဂါအသွင် ကူးစက်ရောဂါတမျိုး ဖြစ်လာနေပါပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်ဆိုတဲ့ နာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေပေမယ့် သူ့ရဲ့ အကျိုးဆက်တွေကို တိတိပပ မသိရှိသေးဖူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ရှုကြည့်ခြင်းအားဖြင့် ဇီကာဗိုင်းရပ်စ်နဲ့ ကိုယ်ဝန်ဆောင်တွေအကြားမှာ ဘယ်လိုမျိုး ဆက်စပ်မှုတွေ ရှိနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားပါလိမ့်မယ်။ဇီကာဗိုင်းရပ်စ်ဆိုတာဟာ ခြင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး အေးဒီးစ်လို့ခေါ်တဲ့ ခြင်ကျားက ရောဂါပိုးကို သယ်ဆောင်ပါတယ် (အဝါဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါပိုးတွေကို သယ်ဆောင်တဲ့ ခြင်မျိုးစိတ်ပါပဲ)။၁၉၄၇ ခုနှစ်မှာ ယူဂန်ဒါနိုင်ငံ ဇီကာတောအုပ်ထဲမှာရှိတဲ့ မျောက်တွေက ဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားတယ်ဆိုတာ ဦးဆုံးတွေ့ရှိခဲ့တဲ့အတွက် ဇီကာဗိုင်းရပ်စ်လို့ အမည်ပေးရခြင်း ဖြစ်ပါတယ်။ သာမန်လူတွေအတွက် ဇီကာရောဂါဟာ အထူးတလည် အန္တရာယ်မရှိဘဲ ဆေးရုံတက်ဖို့တောင် မလိုပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်တော့ ဒီရောဂါဟာ သေစေနိုင်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရ ဇီကာဗိုင်းရပ်စ်နဲ့ ထိတွေ့မှုရှိခဲ့ပြီဆိုရင် မွေးလာမယ့်ကလေးမှာ မွေးရာပါ မူမမှန်မှုတွေ ဥပမာ ခေါင်းသေးခြင်း၊မျက်စိ ရေတိမ်ဖြစ်ခြင်း (မျက်စိတွင်း ဖိအားများလာတဲ့အခါ မျက်စိအာရုံကြောကို တဖြည်းဖြည်းချင်း ဖျက်ဆီးတဲ့အတွက် ရေတိမ် ဖြစ်ပေါ်လာရပါတယ်)။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်က မွေးဖွားတဲ့ ကလေးငယ်တွေမှာ မွေးရာပါ ကိုယ်လက်အင်္ဂါချို့တဲ့မှုတွေ၊မွေးရာပါ ရောဂါတွေ ပါလာနိုင်ချေက ပုံမှန်မိခင်က မွေးဖွားတဲ့ ကလေးတွေထက် အဆ ၂၀ လောက် ပိုများတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနချုပ် (CDC) က ဆိုပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ ဇီကာဗိုင်းရပ်စ်ဟာ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပြီး သားပျက်သားလျှောခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကတဆင့် အဓိက ကူးစက်ပါတယ်။ ရောဂါရှိနေတဲ့သူကို ခြင်ကိုက်လိုက်တဲ့အခါ အဆိုပါခြင်ဟာ ရောဂါကူးစက်ခြင်းခံရပြီး (အစာအတွက်) နောက်ထပ်လူတယောက်ကို ကိုက်လိုက်တဲ့အခါ ဗိုင်းရပ်စ်ပိုးတွေဟာ အကိုက်ခံရသူဆီကို ဆက်လက်ပျံ့နှံ့ကူးစက်သွားပါတော့တယ်။ ဒီသံသရာက ဆက်ကာဆက်ကာ လည်နေပါလိမ့်မယ်။ ဒါပေမယ့် ဇီကာဗိုင်းရပ်စ်ဟာ အခြားသော နည်းလမ်းများစွာနဲ့လည်း တဦးမှတဦးကို ကူးစက်နိုင်ပါတယ် (မိခင်ကနေ ကလေးဆီကူးတာ၊လိင်ဆက်ဆံခြင်းကတဆင့်ကူးတာ ဒါမှမဟုတ် ရှားရှားပါးပါးဆိုသလို သွေးသွင်းခြင်းကတဆင့်ကူးတာ စသဖြင့်)။ မိခင်နို့ရည်ထဲမှာ ဇီကာဗိုင်းရပ်စ်အနည်းငယ်ပါဝင်လာတတ်ပေမယ့် ဒါဟာ အထူးတလည် အန္တရာယ်မရှိတဲ့အတွက် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်တွေအနေနဲ့လည်း ကလေးကို မိခင်နို့ပဲ တိုက်ကျွေးဖို့ အကြံပြုထားပါတယ်။ဇီကာရောဂါရဲ့ လက္ခဏာတွေဟာ (သွေးလွန်တုပ်ကွေး ကဲ့သို့သော) ခြင်မှတဆင့်ကူးစက်တဲ့ အခြားရောဂါတွေနဲ့ အားလုံးနီးပါး တူညီပြီး ရက်အနည်းငယ်ကနေ တပတ်လောက်အထိ ခံစားရနိုင်ပါတယ်။အဆိုပါ လက္ခဏာတွေကတော့-။အဖျားတက်ခြင်း။အနီစက်များ ထွက်ခြင်း။ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ခြင်း။ခေါင်းကိုက်ခြင်း။မျက်ဖြူသားရောင်ခြင်း (မျက်လုံးပန်းရောင်ဖြစ်ခြင်း) စတာတွေပဲဖြစ်ပါတယ်။မျက်ဖြူသားရောင်ခြင်း (မျက်လုံးပန်းရောင်ဖြစ်ခြင်း) စတာတွေပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေပိုများလာသလားဆိုတာကို သိနိုင်ဖို့အတွက် လေ့လာမှုတွေကို ပြုလုပ်လျက် ရှိပါတယ်။သင့်အိမ်က ရေပုံး၊ရေခွက်၊ရေတိုင်ကီ စတာတွေကို မှန်မှန်လှယ်ပေးပါ။ ဖုံးအုပ်ထားပါ။(ကိုယ်ဝန်ဆောင်တွေအတွက် လုံခြုံစိတ်ချရတာ သေချာသော) DEET ပါဝင်တဲ့ အင်းဆက်ပြေး ဖြန်းဆေးတွေကို အသုံးပြုပါ။အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်၊ပုဆိုး၊ထဘီ စသည်တို့ကို လုံလုံခြုံခြုံ ဝတ်ဆင်ရပါမယ်။အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကျဉ်ပါ (အထူးသဖြင့် နောက်ခံရာဇဝင် မသိသူများနှင့်)။တကယ်လို့ သင့်မှာ ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် ဇီကာဗိုင်းရပ်စ် ထကြွသောင်းကျန်းနေတဲ့ မြို့တွေ၊နိုင်ငံငယ်တွေဆီ ခရီးသွားတာမျိုးကို ရှောင်ကျဉ်ရပါမယ် (တောင်အမေရိကတိုက်က နိုင်ငံအများစု ပါဝင်ပါတယ်)။ဒီရောဂါကူးစက်ခံထားသူ အမျိုးသမီးတွေအနေနဲ့ ရှစ်ပတ် ၊အမျိုးသားတွေအနေနဲ့ ခြောက်လလောက်စောင့်ဆိုင်းပြီးမှ ကလေးယူဖို့ ကြိုးစားရပါလိမ့်မယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%87%e1%80%ae%e1%80%80%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%ad%e1%80%af%e1%80%9a/
နွေရာသီတိုင်း ကြားနေကျ ဂျင်းစကားကြီး (၆)ခွန်း
နွေရာသီရောက်ပြီဆိုရင် အပူဒဏ်ခံရမှာက မလွဲမသွေပါ။ ဒီတော့လည်း အေးရာအေးကြောင်း နည်းလမ်းရှာကြတာပေါ့။ ဒီလိုမျိုး ပူလို့ အေးအောင် ကြိုးစားကြတဲ့အချိန်မှာ လူကြီးမိဘတွေဆီကနေ ကြားနေရတဲ့ စကားလေးတွေလည်း ရှိတာပေါ့။ ဒီထဲမှာ မှန်တာလည်း ရှိသလို လွဲနေတာလည်း ပါပါတယ်။ ငယ်ငယ်က နွေရာသီတိုင်း ကြားနေကျ ဂျင်းစကားကြီး (၆)ခွန်း ကို တူတူကြည့်ရအောင်။နွေရာသီတိုင်း ကြားနေကျ ဂျင်းစကားကြီး (၆)ခွန်း ကတော့။(၁) နေပူထဲသွားတာ ပိုးသေတယ်။ငယ်ငယ်တုန်းကဆို နေပူထဲသွားလို့ ထီးဆောင်းဖို့ ပျင်းရင် ‘ဒီတိုင်းပဲ သွားမှာ ပိုးသေတယ်’ ဆိုပြီး အမေ့ကို ပြန်ပြောဖူးတယ်။ ကိုဗစ်ကာလတုန်းကဆိုရင်လည်း နေရောင်ခြည်က ပိုးသေတယ်ဆိုပြီး နေပူထဲမှာကို တမင်ထွက်ထိုင်ကြသေးတာဟုတ်။နေရောင်ခြည်က ပိုးသေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် နေပူထဲကို အကာအကွယ်မပါဘဲ အရေပြားနဲ့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးတော့ မလုပ်သင့်ပါဘူး။ နေရောင်က အရေပြားက ဆဲလ်တွေကို ပျက်စီးစေပြီး အရေးကြောင်းတွေထွက်စေတာ၊ အမည်းစက်တွေ ဖြစ်စေတာ၊ နောက်ဆုံးအရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ပိုးသေတယ်ဆိုရင်တောင် နေပူထဲကို ဒီတိုင်း မသွားသင့်ပါဘူး။ အရေပြားနဲ့ တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ နေရောင်ရဲ့ ပိုးသေစေတဲ့ သတ္တိကို အဝတ်အစားတွေ ထုတ်လှမ်းတာ၊ အိပ်ရာခင်း၊ ခေါင်းအုံးတွေ ထုတ်လှမ်းတဲ့နေရာမှာပဲ အသုံးချသင့်ပါတယ်။ဒီတော့ ဒီဂျင်းစကားကို မယုံဘဲ အပြင်သွားရင်နေလောင်ကာခရင်မ်လိမ်းတာ၊ ထီး၊ ဦးထုပ်ဆောင်းတာတွေ လုပ်ကြပါနော်။(၂) ရေစိုအဝတ်နဲ့ နေတာက အပူလျှပ်စေတယ်။တစ်ခါတလေ တအားပူလို့ အင်္ကျီကို ရေလေးစွတ်ပြီး ဝတ်မိရင် အပူလျှပ်မယ်ဆိုပြီး အမေက ဆူပြီ။ အဲ့တာဆို အမေ့ကို ‘သင်္ကြန်မှာလည်း နေပူထဲမှာ အဝတ်စိုတွေနဲ့ လျှောက်သွားနေကြတာပဲ’ ဆိုပြီး ပြန်ပြောတယ်ဟုတ်။အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ်ထဲမှာ အပူချိန်တအားမြင့်ပြီး ချွေးလုံးဝမထွက်တဲ့ အခြေအနေပါ။ အပူချိန်တက်လာတာကို ခန္ဓာကိုယ်က အေးအောင် မလုပ်နိုင်တာကြောင့် အသားတွေ ပူခြစ်နေပြီး အန္တရာယ်ရှိပါတယ်။အပူလျှပ်တဲ့အခါအရေးပေါ်ကုသမှုအနေနဲ့ တစ်ကိုယ်လုံးကို ရေပတ်တိုက်ရပါတယ်။ ရေအေးအေးကို သုံးပြီး ရွှဲနေအောင် တိုက်ရတာပါ။ ဒါက အပူချိန်အမြန်ကျမှာမို့လို့ပါ။ဒါကြောင့် ရေစိုအဝတ်နဲ့နေတာကအပူလျှပ်တယ်ဆိုတာ မဟုတ်ပါဘူးနော်။(၃) ဖရဲသီးစေ့ကို မျိုချမိရင် အူအတက်ရောင်တယ်။ဒါလည်း ငယ်ငယ်တုန်းက ကြားနေကျ စကားပါပဲ။ နွေရာသီဆို ပူလွန်းလို့ ဖရဲသီးက နေ့တိုင်းလိုလိုကို စားနေရတာပေါ့။ ကလေးပီပီ အစေ့ထွေးထုတ်ရမှာ ပျင်းရင် ဒီတိုင်းဝါးပြီး မျိုချလိုက်တာပါပဲ။အဘွားများ တွေ့လို့ကတော့ ‘ ဗိုက်ထဲကနေ အပင်ပေါက်လာမယ်။ အူအတက်ရောင်မယ်’ ဆိုပြီး ဆူခံရတာပေါ့။ အပင်ကတော့ သေချာပေါက် မပေါက်ဘူးပေါ့နော်။ဒါဆိုအူအတက်ရောင်တာကရော။ ဒါက အပြည့်အဝတော့ မမှန်ပါဘူး။ အူအတက်ရောင်ရတဲ့ အကြောင်းရင်းက အူအတက်ပတ်လည်က ပြန်ရည်တစ်ရှူးတွေ ရောင်တာ၊ ဝမ်းကျောက်တွေ၊ အကျိတ်တွေ ပိတ်လို့ ဖြစ်တာပါ။သစ်သီးစေ့တွေကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့် တခြားအကြောင်းရင်းတွေနဲ့ ယှဉ်ကြည့်ရင် အင်မတန်မှ နည်းပါတယ်။ ဆိုလိုတာက သစ်သီးစေ့တွေ မျိချမိရုံနဲ့ အူအတက်ရောင်တာက ရှားပါတယ်။ စိုးရိမ်တယ်ဆိုရင်တော့ အစေ့တွေ သေချာဖယ်စားဖို့ အကြံပြုချင်ပါတယ်။(၄) အသားမည်းရင် နေမလောင်ဘူး။အသားရောင်ရင့်တဲ့သူတွေက အသားဖြူတဲ့သူတွေလောက် နေမလောင်တာ မှန်ပေမယ့် လုံးဝမလောင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်ကို ယုံပြီး နေပူထဲကို အကာအကွယ်မပါဘဲ မသွားဖို့ လိုပါတယ်။အသားအရောင်ရင့်တဲ့သူတွေကလည်းUVလှိုင်းတွေကြောင့် အရေပြားဆဲလ်တွေ ပျက်စီးပြီး အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ သူတို့က နေမလောင်လောက်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်ကြတာရော၊ အသားအရောင်ရင့်လို့ အရေပြားမှာ တစ်ခုခုပြောင်းလဲရင် သိဖို့ခက်တာကြောင့်ရော အရေပြားကင်ဆာဖြစ်ရင်တောင် စောစောသိဖို့ ခက်ပါတယ်။(၅) ထမင်းစားပြီး ရေချိုးရင် ဖျားတတ်တယ်။ရေချိုးပြီးမှ ထမင်းစားလို့ လူကြီးတွေက ပြောပေမယ့် ကလေးပီပီ စားပြီးမှ ရေချိုးဖြစ်တာလည်း ရှိတာပေါ့။ ဒီအခါ လူကြီးတွေက ဖျားမယ်၊ ကြွက်တယ်မယ် စသဖြင့် ပြောလေ့ရှိပါတယ်။ထမင်းစားပြီးမှ ရေချိုးတာက ဖျားတော့ မဖျားပါဘူး။ ရေဆင်းကူးတဲ့သူတွေကတော့ကြွက်တက်မယ်ဆိုပြီး ပြောလေ့ရှိကြပါတယ်။ ဒီလိုမျိုး တွေးမိစေတာကတော့ ထမင်းစားပြီးချိန်မှာ ခန္ဓာကိုယ်က သွေးတွေက အစာအိမ်ကို ရောက်ပြီး အစာခြေနေရလို့ ခြေထောက်ဆီ သွေးကောင်းကောင်းမရောက်တာလို့ ယူဆချက်ကြောင့် ဖြစ်ပါတယ်။ဒီလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒုက္ခရောက်လောက်အောင် ကြွက်တက်တာမျိုးတော့ မဟုတ်ပါဘူး။ ပိုပြီး စိတ်ချချင်ရင်တော့ ထမင်းစားပြီး နာရီဝက်လောက် နားပြီးမှ ရေချိုးကြတာပေါ့။(၆) ဘာပဲသောက်သောက် ရေဓာတ်ပြည့်တယ်။နွေရာသီမှာ ပူပြီး ချွေးထွက်များတာကြောင့် ရေလည်း ခဏခဏဆာပါတယ်။ ဒီအခါမှာ အေးတဲ့အရည်ဖြစ်ရင်ပြီးရော ဘာပဲဖြစ်ဖြစ် တူတူပဲ၊ ရေငတ်ပြေတယ်ဆိုပြီး သောက်တတ်ကြပါတယ်။ ဒါကလည်း မမှန်ပါဘူး။အေးတဲ့ အရည်တိုင်းက ရေဓာတ်ပြည့်စေတာ၊ ဆုံးရှုံးသွားတဲ့ဓာတ်ဆားတွေကို ဖြည့်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ ဥပမာ ရေခဲစိမ်ထားတဲ့ ဘီယာတို့၊ ဂတ်စ်ပါတဲ့ အအေးတို့၊ ကဖင်းပါတဲ့ အအေးတို့ ဒါတွေက ခဏတာပဲ ရေငတ်ပြေစေမှာပါ။ ဒါပေမယ့် ရေနဲ့ ဓာတ်ဆားကို လုံလုံလောက်လောက် ဖြည့်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ကျန်းမာရေးနဲ့အညီ ရေနဲ့ ဓာတ်ဆားကို ပြန်ဖြည့်ဖို့ဆိုရင် ရေ၊ ဓာတ်ဆားရည်၊အုန်းစိမ်းရည်၊ နို့၊ သဘာဝအသီးဖျော်ရည်၊ အသီးစိတ်လေးတွေ ထည့်ထားတဲ့fruit infused waterစတာတွေကို သောက်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/myths-related-to-summer-time/
ဆေးလိပ်ဖြတ်နေသူများအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ့် စားသောက်သင့်သည့်ပုံစံ များ
ယနေ့ခေတ်မှာဆေးလိပ်ေသာက်တာ က trend တစ်ခုလို ဖြစ်လာပါတယ်။ ဒါကတော့ကျန်းမာရေးကို အလွန်အကျွံထိခိုက်စေတဲ့ အလေ့အထတစ်ခုဆိုတာလည်း လူတိုင်း သိပြီးသား ဖြစ်ပါတယ်။ ဒါကို နားလည်လာတဲ့ လူတွေ ကတော့ ဆေးလိပ်ဖြတ်ဖို့အတွက် စပြီး ကြိုးစားလာကြပါတယ်။ အစပိုင်းမှာတော့ အခက်အခဲ တချို့ တွေ့ရတတ်ပါတယ်။ အဲ့ဒီထဲမှာမှအာဟာရဘက်ကနေ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/smoking-and-nutrients/
ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်
လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါအစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့။အစားအသောက်ကိုတော့ ကိုယ်အလေးချိန် ကျအောင်ဆိုပြီး လုံးဝမစားဘဲနေတာမျိုးက ရေရှည်မှာ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတပြီး ကျန်းမာရေး နဲ့ ညီညွတ်အောင် စားဖို့ လိုပါမယ်။ဒီလို ကျန်းမာရေးနဲ့လည်း ညီညွတ် သင့်တင့်တဲ့ပမာဏလည်းဖြစ်၊ အဆီလည်း မတက်ဘဲ ကြွက်သားတက်ပြီး အဆာခံနိုင်စေဖို့ စားပေးတဲ့အခါ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်သွင်းစားပေးလို့ရတဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့သဘာဝ လက်ဆောင်လေး တစ်ခု ရှိပါတယ်။ ဒါကတော့အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်သလို ဘယ်လိုစားစား အရသာရှိလှတဲ့ အာလူးလေးပါ။ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင် တစ်ခု ရှိပါတယ်။ ဒါကတော့အာလူးလေးပါ။ ကိုယ်အလေးချိန် ထိန်းတဲ့အခါ ထမင်း အပါအဝင် အချို့သော အစားအစာ တော်တော်များများကို လျှော့စားရပါတယ်။ ဒီလို လျှော့စားရတာကြောင့်အာဟာရလိုအပ်ချက်ဖြစ်သွားတာမျိုး မဖြစ်စေဖို့ဆိုရင် အာလူးကို ပေါင်းပြီးတော့ဖြစ်ဖြစ် ပြုတ်ပြီးတော့ဖြစ်ဖြစ် နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားပေးလို့ ရပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ အခွံပါ အာလူး အရွယ်ခပ်လတ်လတ် တစ်လုံးမှာ ကယ်လ်လိုရီက ၁၁၀ ပါဝင်ပါတယ်။ ဒီကယ်လ်လိုရီ ပမာဏက ကိုယ်အလေးချိန် ထိန်းချင်သူတွေအတွက် သင့်တော်တဲ့ ကယ်လ်လိုရီ ပမာဏပါ။နောက်တစ်ချက်က အာလူးမှာ အရိုးနဲ့ ကြွက်သားတွေ သန်မာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ပံ့ပေးတဲ့ပရိုတင်း ပါဝင်နေတာပါ။ ဒါ့ပြင် ဦးနှောက်နဲ့ ကြွက်သားတွေ လှုပ်ရှားနိုင်စေဖို့ အင်အားထောက်ပံ့ပေးတဲ့ အရင်းအမြစ်ဖြစ်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အရေးပါတဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်နေတာပါ။ဗီတာမင် C နဲ့ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်နေတာကလည်းကိုယ်ခံအား ကောင်းစေပြီး ဝိတ်ကျသွားချိန်မှာတောင် အသားအရေ ကျန်းမာလှပနေစေဖို့ ထောက်ကူပေးနိုင်တာပါ။နောက်ထပ် အာဟာရဓာတ် တစ်မျိုးကတော့ ကြွက်သားစနစ်၊ နှလုံးသွေးကြောစနစ် နဲ့ အာရုံကြောစနစ်တွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ အရေးပါတဲ့ electrolyte တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ် ပါဝင်နေတာပါ။ အာလူးရဲ့ ပိုတက်ဆီယမ်ပါဝင်မှုကငှက်ပျောသီးထက်တောင် ပိုများပါတယ်။နောက်ဆုံးတစ်ချက် အနေနဲ့  အာလူးစားပြီး ဝိတ်ချရတာရဲ့ အားသာချက်တစ်ခုကတော့ အာလူးမှာ ကိုယ်အလေးချိန်ကို တက်စေနိုင်တဲ့ အဆီဓာတ် ပါဝင်မှုက 0 % နဲ့  ကိုလက်စရောပါဝင်မှု 0 % ဖြစ်နေတာပါပဲ။ကျန်းမာတက်ကြွစွာနဲ့ ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှု plan ထဲမှာ အာလူးကို ထည့်ပြီး စားသုံးပေးပါ။ weight loss diet ထဲမှာ အာလူးကို ထည့်သွင်းစားသုံးတာက ကျန်းကျန်းမာမာနဲ့ ဝိတ်ချနိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါ။ဒီတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ အာလူးနဲ့ အဆီမပါတဲ့ အသား၊ သစ်သီး၊ဟင်းသီးဟင်းရွက်၊ ရေတို့ကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ အကြံပြုပါရစေ။ အာလူးကို ကြော်စားတာ၊ ဆီပြန်ချက်စားတာ၊ ချိစ်နဲ့ တို့စားတာမျိုးတော့ မလုပ်မိစေနဲ့ပေါ့။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/potatoes-and-weight-loss/
သွေးတိုးကျအောင် စားပေးသင့်တဲ့ အစားအစာများ
ပေါ့ဆလို့ မရတဲ့ ရောဂါတွေထဲမှာသွေးတိုးရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်မှာ သွေးတိုးရှိလို့ ရှိမှန်းတောင် မသိနိုင်ပဲ ရောဂါအခြေအနေဆိုးကာမှ ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနိုင်တာကြောင့်သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့တောင် ခေါ်စမှတ်ပြုကြပါတယ်။ကိုယ့်မှာ သွေးတိုးရှိပြီဆိုတာ သိရပြီဆိုတာနဲ့ သွေးတိုးကျဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ အလွန်အရေးကြီးပါတယ်။ အစာအာဟာရကို ဂရုစိုက်ပြီး စနစ်တကျ ပြင်ဆင်ချက်ပြုတ်ဖို့ အရေးကြီးသလို ဆီ၊ ဆား၊ သကြား လျှော့စားဖို့လည်း မမေ့သင့်ပါဘူး။သွေးတိုးကနေတစ်ဆင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ဆီးချိုရောဂါတွေအပြင် ရုတ်တရက်တက်ခြင်း၊သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်သည်အထိ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ကျား၊ မ မရွေး၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကုသမှုမရှိ၊ နေထိုင်စားသောက်မှု ပုံစံကို ဂရုမစိုက်ဘူးဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်က သွေးတိုးရှိလို့ ဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်က ကိုယ်ချစ်ရသူ၊ မိသားစုတွေမှာ သွေးတိုးရှိနေရင်ဖြစ်စေ စားပေးလို့ရတဲ့ သွေးတိုးကျစေတဲ့ အစားအစာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။နေ့စဉ်မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရတွေထဲမှာ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်ကို မေ့ထားလို့ မဖြစ်ပါဘူး။ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ပိုတက်စီယမ်ဓာတ်လည်း ပါဝင်လို့ ကျောက်ကပ်ထဲက အညစ်အကြေးတွေကို ဆီးကနေ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကြော်စားလို့ ရသလို ဖျော်ရည်အနေနဲ့လည်း ကြိတ်ပြီး သောက်သုံးပေးနိုင်ပါတယ်။ဟင်းသီးဟင်းရွက်များနည်းတူ အာဟာရဓာတ်မျိုးစုံ ပေးစွမ်းနိုင်လို့ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်တွေ နေ့စဉ်ပုံမှန် စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ သွေးတိုးကိုလည်း ကျစေပြီး ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။ ဘယ်ရီသီး၊ ငှက်ပျောသီး၊ သလဲသီးတွေဟာ သွေးတိုးကျစေတဲ့ အသီးအနှံဖြစ်လို့ လှီးစိတ်ပြီး စားလို့ရသလို သကြားမထည့်ပဲ ကြိတ်ပြီးဖျော်ရည်အနေနဲ့ သောက်လို့ အဆင်ပြေပါတယ်။အဆီပါဝင်မှုနည်းပြီး ကယ်လ်စီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ်တွေကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းဖြင့် သွေးတိုးကို ကျစေနိုင်ပါတယ်။ အချိုမပါဝင်တဲ့ သဘာဝနို့ထွက်ပစ္စည်းတွေဟာ သွေးတိုးရောဂါသည်တွေအတွက် စားပေးသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ဆော်လ်မွန်ငါးမှာ ပရိုတင်းဓာတ်ပေါကြွယ်ဝပြီး သွေးတိုးကျစေတဲ့ ဗီတာမင် D နဲ့ Omega-3 fatty acid တွေ ပါဝင်ပါတယ်။ ဆော်လ်မွန်ငါးကို သံပုရာရည်ညှစ်ပြီး သံလွင်ဆီနဲ့ ၁၅မိနစ်ခန့် ကင်ပြီး စားပေးနိုင်ပါတယ်။ဆားတွေနဲ့ မနယ်ထားတဲ့ သဘာ၀ အစေ့အဆန်တွေမှာ သွေးတိုးကျစေတဲ့ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ တခြားသောသတ္တုဓာတ်တွေ ပါဝင်ပါတယ်။ နေကြာစေ့၊ သီဟိုရ်စေ့၊ ဖရုံစေ့ အစရှိတဲ့ အစေ့အဆန်တွေကို ထမင်းစားပြီး မုန့်ပဲသရေစာအဖြစ် စားပေးနိုင်ပါတယ်။ကြက်သွန်ဖြူဟာ နိုက်ထရစ်အောက်ဆိုဒ်လို့ ခေါ်တဲ့ သွေးတိုးကျစေတဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပြီး ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကြက်သွန်ဖြူနဲ့ ရောပြီး ချက်လို့ ရသလို စွပ်ပြုတ်တွေထဲမှာလည်း ရောပြီး ထည့်နိုင်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝဆီသန့်ဖြစ်ပြီး သွေးတိုးကိုလည်း ကျစေတဲ့ polyphenol လို့ ခေါ်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ ကြော်ချက်တဲ့နေရာမှာ အသုံးပြုလို့ ရသလို အရွက်တွေကိုလည်း သံလွင်ဆီ အနည်းငယ်ရောပြီး သုပ်ပေးလို့ ရပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/foods-for-hypertension-2/
နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။
ခုလို ပူအိုက်တဲ ရာသီမျိုးဆိုနှာခေါင်းသွေးလျှ့တဲ့ ပြဿာနာတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ တစ်ချို့ နှာခေါင်းသွေးလျှံတာတွေက ပြဿနာ ကြီးကြီးမားမားမရှိဘဲ ပြန်ပျောက်သွားတာများပါတယ်။ တစ်ချို့ကျတော့ နားနှာခေါင်း လည်ချောင်းမှာ ပြဿနာတစ်ခုခုရှိတာကြောင့် နှာခေါင်းသွေးလျှံရတာဖြစ်ပါတယ်။ ဒါဆို နှာခေါင်းသွေး လျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ က ဘာများလဲ ။ ။နှာခေါင်းဆိုတာ သွေးကြောများစွာနဲ့ ဖွဲ့စည်းထားတဲ့အရာတစ်ခုပါ။ ဖွဲ့စည်းထားတဲ့ သွေးကြောမျှင်လေးတွေဟာ အင်မတန်ပါးပြီး ပေါက်ကွဲလွယ်ပါတယ်။ ဒါ့ကြောင့် လက်ကလေးနဲ့ နှာချေးကလော်လိုက်ရုံနဲ့ အခန့်မသင့်ရင် သွေးတွေ ထွက်လာတတ်တာဖြစ်ပါတယ်။နှာခေါင်းသွေးလျှံြခင်းကို ဖြစ်စေတဲ အကြောင်းအရင်းများစွာရှိပါတယ်။ ရံဖန်ရံခါ ရုတ်တရက်နှာခေါင်းသွေးလျှံတာမျိုးက စိုးရိမ်စရာမရှိပေမယ့် ခဏခဏ နှာခေါင်းသွေးလျှံနေတာမျိုးဆို စိုးရိမ်စရာ ရှိလာပါပြီ။အခြား ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့။နှာခေါင်းသွေးလျှံတာ တော်တော်များများက ဆေးကုသမှု မလုပ်ရဘဲ သူ့ဘာသာပြန်ပျောက်သွားလေ့ရှိပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/nose-bleeding/
နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာဘာလဲ။
နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ကခြေထောက်မှာပဲ အဖြစ်များတဲ့ အတွက် ခြေထောက်ကသွေးပြန်ကြောေလးတွေအကြောင်း အရင်ပြောပြချင်ပါတယ်။ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေကနှလုံးဆီကို သွေးတွေပြန်ပို့တဲ့ တာဝန်ကိုလုပ်ဆောင်ရပါတယ်။ သူတို့မှာ နှလုံးဆီကိုပဲ မူတည်တဲ့ တစ်ဖက်ပွင့်အဆို့ရှင်တွေပါပြီးသွေးတွေခြေထောက်ထဲကို ပြန်စီးဝင်ခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် ခြေသလုံးကိုကိုယ်ခန္ဓါရဲ့ ဒုတိယ နှလုံးလို့လည်းခေါ်ကြပါတယ်။နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဆိုတာ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေ ပုံမှန်မဟုတ်တော့ဘဲ ရောဂါ ဖြစ်နေတာကို ခေါ်တာပါ။ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ထဲမှာဆို။နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ က ခြေထောက်မှာပဲ ဖြစ်တာများပါတယ်။ ဒါကြောင့် သူ့ရဲ့ လက္ခဏာ အများစုကို ခြေထောက်မှာပဲ တွေ့ရတာပါ။ဆေးပညာပိုင်းဆိုင်ရာ ကုသမှု မလုပ်ခင် လူနာတွေ ဘက်ကပြောင်းလဲရမှာကတော့။ဆေးကုသမှုကတော့ ခြေထောက်ဖောတာကို သက်သာစေဖို့ အတွက်နဲ့ ခြေထောက် အနာဖြစ်တာကို ကာကွယ်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ခြေထောက်အနာတွေဖြစ်မယ်၊ ပိုးဝင်နေမယ်ဆိုရင်တော့ ပိုးသတ်ဖို့ ပဋိဇီဝဆေးတွေသောက်နိုင်ပါတယ်။ သောက်ဆေးအပြင် ဖြစ်နေတဲ့ ရောဂါ အဆင့်ပေါ်မူတည်ပြီး အခြားခွဲစိတ်မှုတွေလည်း လုပ်နိုင်ပါသေးတယ်။ ဆရာဝန်က လိုအပ်သလို စီစဉ်ညွှန်ကြားပါလိမ့်မယ်။ဒါတွေကတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ အကြောင်းပဲဖြစ်ပါတယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ ဟာ ရောဂါသေးသေးလေးပဲဆိုပြီး မကုသဘဲထားလို့ အခန့်မသင့်ရင်အသက်သေဆုံးနိုင်တဲ့ အထိဖြစ်နိုင်လို့ ခြေထောက်တွေနာနေပြီ၊ သွေးကြောဖောင်းတာကိုလည်း တွေ့နေပြီဆိုရင် မပေါ့ဆဘဲ ပိုဆိုးမသွားခင် အမြန်ဆုံး ကုသမှု ခံယူသင့်တဲ့ ရောဂါ တစ်ခုပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/definition-of-chronic-venous-disease/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%80%e1%80%ba%e1%80%86%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-2/
စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ
နေက တစ်နွေလုံး အားရပါးရ ပူထားပြီး မကြာသေးခင်က မုတ်သုံရဲ့ အငွေ့အသက်အနေနဲ့ မိုးလေး နည်းနည်း စရွာလာတော့ ပတ်ဝန်းကျင်မှာ စိုစွတ်မှုလေးတွေကို ခံစားရပါတယ်။ ဒါပေမယ့်အပူဒဏ်လုံးဝပျောက်သွားတာတော့ မဟုတ်ပါဘူး။ နေကျဲကျဲ မပူတော့တာကြောင့် ချွေးတဒီးဒီး မကျတော့တာမျိုးတော့ ရှိပါတယ်။ ဒီနေရာမှာ တစ်ခု သတိပေးချင်တာက စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာ အပူဒဏ် အန္တရာယ်ရှိသေးတာကို သတိရပါ လို့ပါ။ ဘာကြောင့် ဒီလို သတိပေးရတာလဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားပါမယ်။စိုထိုင်းထိုင်း ရာသီဥတုရဲ့ နောက်မှာအပူဒဏ် အန္တရာယ်ရှိနေသေးတာ သတိရပါ လို့ ပြောရတာက နွေကနေ မိုးကို စကူးချိန်မှာ မိုးရွာလာပြီ ဆိုပေမယ့် အပူရှိန်က လုံးဝကြီး ကုန်မသွားသေးပါဘူး။ ဒီလို စပ်ကူးမတ်ကူး ကာလမှာ  လေထုထဲမှာ စိုထိုင်းဆက များနေပါတယ်။ ဒီလို စိုထိုင်းဆ များနေခြင်းကို ဘယ်လိုမျိုး သိနိုင်မလဲဆိုရင် ခန္ဓာကိုယ်မှာ အိုက်စပ်စပ် ဖြစ်တာ၊ ချွေးစေးတွေ ပြန်နေတာ၊ ခန္ဓာကိုယ်မှာ ချွေးနဲ့ စေးကပ်ကပ် ဖြစ်နေတာမျိုးတွေကို ခံစားရနိုင်သလို နွေရာသီမှာ မိတ်ထွက်ထားပြီး မိတ်မပျောက်သေးတဲ့သူတွေမှာဆိုရင် မိတ်ကိုက်တယ်လို့ ခေါ်တဲ့ မိတ်စူးတာမျိုးကို ခံစားရနိုင်ပါတယ်။ဒီလို စိုထိုင်းထိုင်း ရာသီဥတုမှာ အပူဒဏ်က ကျန်နေသေးပေမယ့် အရမ်းမပြင်းထန်တော့သလို ဖြစ်နေတာကြောင့် အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်မိတာ၊ ရေသိပ်မသောက်ဖြစ်တာတွေ ဖြစ်နိုင်သလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရတာကို နှစ်သက်တဲ့သူတွေမှာဆိုရင်လည်း လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မိတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီအခြေအနေတွေက ဘာဖြစ်လာသလဲဆိုတော့ ခန္ဓာကိုယ်မှာ ချွေးထွက်စေပြီး ရေနဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးတာ၊ ရေဓာတ်ခမ်းခြောက်တာမျိုးတွေကို ဖြစ်စေနိုင်သလို အပူကြောင့် ခြေကုန်လက်ပမ်းကျတာ၊ကြွက်တက်တာတွေကို ဖြစ်စေနိုင်သလို အဆိုးဆုံးအနေနဲ့အပူလျှပ်တာမျိုးကို ခံစားရနိုင်ပါတယ်။ဒါကြောင့် မိုးစရွာပြီဆိုတိုင်း အပူက လုံးဝပျောက်သွားတာ မဟုတ်ပါဘူး။ အပူကလျော့ဖို့ အစပြုစပဲ ရှိနေသေးပြီး လုံးဝ လျှော့မသွားသေးပါဘူး။ ဒါကြောင့် ရာသီဥတုက စိုထိုင်းထိုင်း ဖြစ်လာပြီဆိုပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် လုပ်တာ အလုပ်တွေကို ပြင်းပြင်း ထန်ထန် လုပ်တာမျိုး မလုပ်ပါနဲ့ဦး။ ဒီလိုရာသီဥတုမှာ ရေသောက်နည်းတာ၊ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်တာက ကျန်းမာရေးကို နွေရာသီမှာလိုပဲ ထိခိုက်စေနိုင်ပါတယ်။လေထုထဲမှာ စိုထိုင်းဆ များနေတာကချွေးတွေအငွေ့ပျံဖို့ ခက်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အေးသင့်မသလောက် မအေးဘဲ အပူချိန် တက်နေနိုင်ပါတယ်။ စိုထိုင်းဆ များတဲ့ ရာသီအခြေအနေမှာ ကျန်းမာနေစေဖို့ဆိုရင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/healthy-tips-in-humid-weather/
ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား ......
ဖီးကြမ်း၊ သီးမွှေး၊ ငှက်ပျောချဉ်၊ နံ့သာဖူး၊ ရွှေငှက်ပျောသီး စတဲ့ အမျိုးမျိုးရှိတဲ့အထဲကမှ ရွှေငှက်ပျောသီးကို အကြိုက်ဆုံးပဲ ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ ပြောပါရစေ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ဒီဆောင်းပါးလေးထဲမှာ ရွှေငှက်ပျောသီးကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးသလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ရွှေငှက်ပျောသီး ဆိုတာ ငှက်ပျောသီး အမျိုးအစား တစ်မျိုးပါ။ အခွံက အနီရောင်ရှိပြီး အလုံးက ပုပုဝဝလေးပါ။ ဖီးကြမ်းတို့လိုမျိုး ထောင့်ကျမနေဘဲ လုံးဝန်းပါတယ်။ အရသာက ပိုပြီး ကောင်းပါတယ်။ ချိုအီစိမ့်နေအောင် ကောင်းတဲ့ ငှက်ပျောသီး တစ်မျိုးပါ။ အနံ့လည်း တော်တော်လေး မွှေးအီပါတယ်။အရှေ့တောင်အာရှဒေသ တော်တော်များများမှာ ပေါက်ရောက်ပါတယ်။ အသီးတစ်လုံးက အရှည်အားဖြင့် ၁၆ စင်တီမီတာကနေ ၁၈ စင်တီမီတာလောက် ရှည်ပါတယ်။ အခြားသော ငှက်ပျောသီးတွေထက် အထားခံပါတယ်။ရွှေငှက်ပျောသီး မှာပါတဲ့ အာဟာရဓာတ်တွေက။ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းသလား ဆိုတော့ ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ရွှေငှက်ပျောသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆီနဲ့ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကလည်း ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။အစာခြေစနစ်ထဲကအကျိုးပြု ဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးပြီး အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဝလွန်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ရွှေငှက်ပျောသီးမှာ သဘာဝ အချိုဓာတ် ပြည့်ဝစွာ ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေသလို ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝနေစေဖို့လည်း ထောက်ကူပေးပါတယ်။ မနက်စာ စားလို့ အဆင်ပြေတဲ့ ငှက်ပျောသီး တစ်မျိုးပါ။ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ကောင်းကောင်း ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေတဲ့ မဂ္ဂနီဆီယမ်လည်း ပါဝင်နေတာကြောင့် သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး သွေးတိုးကျစေဖို့ရော နှလုံးသွေးကြောရောဂါ ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုက ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာကြေလွယ်သလို သကြားဓာတ် ပါဝင်မှု နည်းတာကြောင့် ဆီးချို ရှိသူတွေနဲ့ သင့်တင့်တဲ့ ပမာဏ စားပေးနိုင်ပါတယ်။ရွှေငှက်ပျောသီးမှာ Lutein နဲ့ beta carotenoids  ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကြက်မျက်သင့်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ရွှေငှက်ပျောသီးက အခြားငှက်ပျောသီးတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဗီတာမင် B6 နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးဖြူဥတွေကို ထုတ်လုပ်စေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ လေပွတာမျိုး၊ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေစနစ် ပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးပါတယ်။ဗီတာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် သွေးသန့်စေဖို့ ထောက်ကူပေးပါတယ်။ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ကဲ …. ရွှေငှက်ပျောသီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်။ရွှေငှက်ပျောသီး က ကျန်းမာရေးအတွက် ကောင်းသလို လူတိုင်းနဲ့လည်း တည့်ပါတယ်။ ဒါပေမယ့် ဆီးချိုတက်နေတဲ့အချိန်ဆိုရင်တော့ မစားသင့်ပါဘူး။ ရောဂါအခံ တစ်ခုခု ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ အများကြီး မစားမိဖို့လည်း သတိပေးပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/red-banana-benefits/
မုတ်ဆိတ်ရိတ်ရင်း ဓားထိသွားရင် ဒါမျိုးလေးတွေ လုပ်ပေးသင့်တယ်နော်
အလှပဆုံးမျက်နှာလေးတစ်ခုကို ပိုင်ဆိုင်ချင်ကြတာ လူတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ မိန်းကလေးဆိုရင် စင်ယော်တောင် မျက်ခုံးလေးနဲ့မှ လှပြီး ယောက်ျားလေးတွေကျတော့ မုတ်ဆိတ်လေးနဲ့မှ ကြည့်ကောင်းတာမျိုးပါ။ အဲဒီတော့ လှချင်လို့ မျက်ခုံးကို ပုံဖော်ကြ၊ မုတ်ဆိတ်ထူအောင် ရိတ်ကြ၊ တချို့ကျတော့လည်း နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးတွေ မကြိုက်လို့ အပြောင်ရိတ်ကြ ဆိုတော့ အခန့်မသင့်ရင် ထိမိ၊ ရှမိတတ်ပါတယ်။ ဒီတစ်ခေါက်တော့ မုတ်ဆိတ်ရိတ်ရင်း ထိခိုက်မိတာကို ဘယ်လို ဂရုစိုက်မလဲ ပြောပြပေးမယ်နော်။ဒဏ်ရာလေးတွေက သေးရင် မစိုးရိမ်ရပေမယ့်လည်း သေချာဂရုစိုက်ပေးဖို့တော့လိုပါတယ်။ မျက်နှာဆိုတာ အရေးအကြီးဆုံးပဲမလား။ ဒဏ်ရာသေးပေမယ့်လည်း ဂရုမစိုက်ရင် ပိုဆိုးသွားမှာစိုးလို့မျက်နှာပေါ် ဒဏ်ရာ တစ်ခုခုရခဲ့ရင် လုပ်သင့်တာလေးတွေ ပြောပြပေးမှာပါ။အနာကို ရေဆေးပါ။ ။ဒဏ်ရာရသွားတဲ့နေရာကို ချက်ချင်း ရေဆေးလိုက်ပါ။ စပ်ပေမယ့်လည်း ပိုးသေအောင်လို့ ဆပ်ပြာလေးပါသုံးပေးပါ။ ဒါမှ ဖုန်တွေ၊ မမြင်ရတဲ့ ပိုးတွေ တစ်ဝက်လောက် သန့်စင်ပေးပြီးသားဖြစ်မှာပါ။သွေးတိတ်အောင် အရင်လုပ်ပါ။ ။အသားပေါ် ဓားရှသွားပြီဆိုတာနဲ့ အရင်ဆုံးထွက်လာမှာက သွေးပါ။ မုတ်ဆိတ်ရိတ်ရင်း အခန့်မသင့်လို့ရှသွားပြီဆို ရေချိုးခန်းထဲရှိတဲ့ အိမ်သာသုံးစက္ကူနဲ့ အလျင်စလို မသုတ်လိုက်ပါနဲ့။ပိုးမွှားတွေ ကပ်နေနိုင်လို့ပါ။ သန့်ရှင်းတဲ့ ဂွမ်းစနဲ့ဒဏ်ရာရသွားတဲ့ နေရာကိုသွေးတိတ်အောင်ဖိထားပါ။ရေခဲတုံး ကပ်ပါ။ရေခဲတုံးက အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။ ရေခဲတုံးကပ်လိုက်ရင် ထုံသွားတဲ့ အတွက် ဒဏ်ရာတောင် သိပ်မနာတော့ပါဘူး။ပိုးသတ်ဆေးရည်တစ်ခုခုသုံးပါ။ မျက်နှာက နုလို့ အခြား ကိုယ်ပေါ်ကဒဏ်ရာတွေလိုအရက်ပြန်သုံးလို့မရပါဘူး။ ဒါကြောင့် ပိုးသတ်နိုင်တဲ့ သန့်စင်ဆေးရည် တစ်မျိုးမျိုး သုံးပေးပါ။အနာကပ်ပလာစတာကပ်ပါ ။ ။အနာကပ်ပလာစတာက အပြင်ကပိုးတွေ မဝင်နိုင်အောင် ကာပေးတဲ့ အပြင် မျက်နှာမှာ ဒဏ်ရာကြီးနဲ့ ကြည့်ရဆိုးတာကိုလည်း ကာကွယ်ပေးပါတယ်။ဒါတွေကတော့ အခန့်မသင့်လို့ဖြစ်သွားခဲ့ပြီဆို အနာပိုဆိုးမသွားအောင် လုပ်သင့်တဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။ ခုထပ်ပြောချင်တာကတော့ အဲ့ဒီလိုမျိုး ဒဏ်ရာတွေ မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်သင့်လဲ၊ ဘယ်လိုပြင်ဆင်ပြီးမှ ကိုယ်ပေါ်က အမွေးအမျှင်တွေ ဖယ်ရှားသင့်သလဲဆိုတာပဲဖြစ်ပါတယ်။ခုပြောပြခဲ့တာတွေကတော့ လှချင်ကာမှ အလှပျက်သွားတာမျိုး မဖြစ်ရလေအောင် လုပ်သင့်တာလေးတွေ၊ ကြိုတင်ကာကွယ်သင့်တဲ့ နည်းလေးတွေဖြစ်ပါတယ်။ မျက်နှာဆိုတာ အလှအပ အတွက် အရေးကြီးဆုံးဖြစ်လို့ ဒဏ်ရာတစ်ခုခုရသွားခဲ့ရင် သေချာ ဂရုစိုက်သင့်တယ်နော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/shaving-nicks-and-cuts/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/hot-milk-tea-benefits/
သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့
သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေ နဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးဖို့နဲ့ ဆဲလ်တွေနဲ့ အဆုတ်တွေဆီကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေကို သယ်ယူပေးဖို့ သွေးကြောတွေထဲမှာ လှည့်ပတ်နေပါတယ်။အောက်ဆီဂျင်တွေက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့ လုပ်ဆောင်ပေးသလို ဆဲလ်တွေ ရှင်သန်စေဖို့ လုပ်ဆောင်ပေးပါတယ်။တကယ်လို့ ကိုယ်တွင်းမှာ သွေးနီဥဆဲလ်တွေ နည်းနေပြီဆိုရင် ဖြစ်ဖြစ်၊သွေးနီဥဆဲလ်တွေက လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ရင် ဖြစ်ဖြစ် ခန္ဓာကိုယ်မှာအားနည်းလာပြီး အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်စေနိုင်ပါတယ်။သွေးနီဥဆဲလ် ဆိုတာက သွေးဖြူဥ၊ သွေးရည်ကြည်၊ သွေးဥမွှားတွေ နည်းတူ သွေးအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ သွေးနီဥဆဲလ်တွေထဲမှာ ဟီမိုဂလိုဘင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုး ပါဝင်နေပြီးအဆုတ်တွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပေးပို့ပေးပါတယ်။ဟီမိုဂလိုဘင်က သွေးတွေကို နီရဲစေတာပါ။သွေးနီဥဆဲလ်တွေက ကာဗွန်ဒိုင် အောက်ဆိုက်ဒ်လိုမျိုးကိုယ်တွင်းက အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ရောဂါတွေကြောင့် သွေးအားနည်းတတ်သလို တစ်ခါတလေမှာအာဟာရ မပြည့်ဝတာက သွေးအားနည်းတာကို ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းတာကို သက်သာစေဖို့ ဆိုရင် သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုပါမယ်။ဒါတွေက ဘာတွေများ ဖြစ်မလဲ။ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။Folic acidက ခန္ဓာကိုယ်မှာ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် သွေးနီဥဆဲလ်တွေ အတွက် လိုအပ်တဲ့ ဗီတာမင် B9 ပြည့်ဝစေဖို့ဆိုရင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ မြေပဲ၊ အသည်း၊ ပင်လယ်စာ စတာတွေ စားပေးပါ။သံဓာတ်က ဟီမိုဂလိုဘင် ဖြစ်စေဖို့အတွက် အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ သံဓာတ် ပြည့်ဝစေဖို့ဆိုရင် အနီရောင် အသား၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး စတာတွေကို စားပေးလို့ ရပါတယ်။Vitamin B12 က သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် ဗီတာမင် B12 ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ အမဲသား၊ ကြက်သား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးတို့ကို စားပေးလို့ ရပါတယ်။Copper ကလည်း ခန္ဓာကိုယ်က ဟီမိုဂလိုဘင် ထုတ်လုပ်နိုင်စေဖို့ ကူညီပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေ၊ မှို၊ ကလီစာတွေ နဲ့ ကမာတို့ကို စားပေးလို့ ရပါတယ်။ဗီတာမင် A က သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် ဗီတာမင် A ပြည့်ဝစေဖို့ နေ့စဉ် စားသုံးမှုမှာ မုန်လာဥနီ၊ အာလူး၊ ငါး၊ အသည်း၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးလို့ ရပါတယ်။ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ သံဓာတ် စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သံဓာတ် ပြည့်ဝမှ ဟီမိုဂလိုဘင်ကို လုံလုံလောက်လောက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် C ပြည့်ဝစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ခရမ်းချဉ်သီး၊ အချဉ်ဓာတ်ပါတဲ့ အသီးတွေ၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ စားဖို့ လိုပါမယ်။ဗီတာမင် E က သွေးနီဥဆဲလ်တွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သွေးနီဥဆဲလ်တွေကို ကျန်းမာစေဖို့ အတွက် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတဲ့ အယ်လ်မွန်စေ့၊ ထင်းရှူးစေ့ဆန်၊ ထောပတ်သီး၊ ငရုတ်ပွတို့ကို စားပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-foods-for-red-blood-cells/
သွေးတိုးရဲ့ နောက်ဆက်တွဲကြောင့် နှလုံးအမောဖောက်ခြင်း (Hypertensive Heart Failure)
HypertensiveHeart Failure ဆိုတာသွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အမောဖောက်လာတာဖြစ်ပါတယ်။ သွေးတိုးဆိုတာကလည်း ကမ္ဘာ့လူဦးရေရဲ့ ၃၀ရာခိုင်နှုန်းလောက်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း လူတိုင်းနီးပါးမှာကို တွေ့နေရတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ သွေးတိုးရောဂါကို ကောင်းကောင်း မထိန်းနိုင်သူတွေ အဖို့ သွေးတိုးခြင်းက အခြားအစိတ်ပိုင်းတွေဖြစ်တဲ့ နှလုံး၊ဦးနှောက်၊ကျောက်ကပ်၊မျက်စိ၊ ကိုယ်ခန္ဓါရှိသွေးကြောတွေကိုထိခိုက်စေပြီး နောက်ဆက်တွဲ အနေနဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ခုပြောပြချင်တာကတော့ သွေးတိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးထဲက အဖြစ်အများဆုံးဖြစ်တဲ့ သွေးတိုးကြောင့် နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ နှလုံးအမောဖောက်လာတဲ့ အကြောင်းဖြစ်ပါတယ်။အရင်ဆုံး နှလုံးအမောဖောက်တဲ့ အကြောင်း ပြောပြပေးချင်ပါတယ်။ နှလုံး အမောဖောက်တယ်ဆိုတာ နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ်။ နှလုံးနံရံက ကြွက်သားတွေကျုံ့ နိုင်ဆန့်နိုင်အားတွေ လျော့လာလို့ နှလုံးကနေ သွေးတွေကို ညှစ်ထုတ်နိုင်စွမ်းတွေ လျော့ကျလာတာပါ။ မညှစ်နိုင်တော့ သွေးလှောင်ခန်းတွေထဲသွေးတွေ စုအိုင်နေတတ်ပြီး နှလုံးသွေးလှောင်ခန်းအတွင်းမှာ. ဖိအားတွေလည်းတက်လာပါတယ်။ ကာမိအောင်လို့ နှလုံးကလည်း လိုက်ကြီးလာပါတယ်။ ကြီးလာတော့ သွေးတွေပိုကျန်၊ သွေးတွေကျန်တာ ပိုများတော့ ပိုညှစ်လေဖြစ်လာပြီး နောက်ဆုံး ခြေကုန်လက်ပမ်းကျကာ နှလုံးက ပုံမှန်အတိုင်း ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာပြီဆိုကျောက်ကပ်ကနေ ရေတွေကို စစ်မထုတ်တော့ဘဲ သိမ်းထားလို့ (အဆုတ်၊ခြေကျင်းဝတ်၊ခြေသလုံး၊ ခြေခုံ တို့မှာ) အရည်တွေစုပြီး ဖောရောင်လာပါတယ်။ မောခြင်းနဲ့ အရည်တွေစုပြီး ဖောရောင်လာခြင်းဟာ နှလုံးအမောဖောက်ခြင်းရဲ့ အထင်သာဆုံး လက္ခဏာတွေလို့ ပြောလို့ရပါတယ်။သွေးတိုးရောဂါရှိနေတာ မသိတဲ့ သူတွေ၊ သွေးတိုးရောဂါကို ကောင်းကောင်း မထိန်းနိုင်တဲ့ သူတွေ ပိုအဖြစ်များပါတယ်။ သွေးတိုး( သွေးဖိအားများလာခြင်း)ကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းနံရံတွေဟာ ထူလာပြီး ပုံမှန်အတိုင်း မညှစ်နိုင်တော့လို့ အခြားကိုယ်အစိတ်အပိုင်းတွေကို သွေးတွေ လုံလောက်အောင် မပေးနိုင်တော့ပါ။ မညှစ်နိုင်တော့ သွေးလွှတ်ခန်းထဲ ကျန်နေတဲ့သွေးတွေများလာလေ၊ ပိုများလာတော့ ပိုညှစ်လေ၊ ပိုညှစ်တော့ အလုပ်ပိုလုပ်ရလေ ကြွက်သားတွေ ပိုထူလာလေနဲ့ သံသရာလည်ပြီး နှလုံးက မောပန်းလာပါတော့တယ်။ ကိုယ်တွင်းထဲ အရည်တွေစုလာပြီး ဖောရောင်လာပါတော့တယ်။ အလုပ်ပိုလုပ်နေရတဲ့ အတွက် နှလုံးခုန်သံ တစ်ခုနဲ့ တစ်ခုကြားမှာ နှလုံးကနားချိန်မရှိတော့ဘဲ နှလုံးခုန်သံတွေလည်း မြန်လာပါတော့တယ်။ နောက်ဆုံး နှလုံးကလုံးဝ အလုပ်မလုပ်နိုင်တော့လို့နှလုံးရပ်ြပီး အသက်သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။သွေးတိုးကြောင့် နှလုံးအမောဖောက်တယ်ဆိုတော့ အဲမှာရောဂါက ၂ ခုရှိနေပါပြီ။ သွေးတိုးရယ် နှလုံးအမောဖောက်တာရယ်ပေါ့။ သွေးတိုးကြောင့်ဆိုရင်ခေါင်းကိုက်တာ၊ မျက်နှာတွေ အမ်းလာတာ၊ ဇက်ကြောတက်လာတာ၊ သွေးပေါင်ချိန်များတာတွေ ဖြစ်နိုင်ပါတယ်။နှလုံးအမောဖောက်တဲ့ လက္ခဏာတွေကတော့။ဆရာဝန်တွေကတော့ သင်ပြောပြတဲ့ သင့်ရောဂါဖြစ်စဉ် သမိုင်းကြောင်းကို နားထောင်ကြည့်မယ်။ ပြီးရင် သွေးပေါင်ချိန်တိုင်းမယ်၊ နှလုံးကြီး၊ မကြီး နှလုံးနေရာကို လက်နဲ့ စမ်းကြည့်မယ်။ နှလုံးခုန်စည်းချက်မှန်မမှန်နဲ့ နှလုံးခုန်သံ တစ်ခုနဲ့ တစ်ခုကြားမှာ အခြားအသံအပိုတွေ ရှိမရှိနားကြပ်နဲ့နားထောင်မယ်။ အဆုတ်မှာရေစုနေတဲ့ လက္ခဏာတွေ နဲ့ ၊ ခြေတွေလက်တွေမှာ ဖောရောင်ခြင်း ရှိ၊မရှိ စမ်းသပ်တာတွေ လုပ်ပေးပါတယ်။အခြား ကိရိယာနဲ့ ရောဂါရှာဖွေစစ်ဆေးနိုင်တာတွေကတော့။နှလုံးအမောဖောက်တာ တခြားရောဂါကြောင့် ဖြစ်နေတာ မဟုတ်ဘဲနဲ့ သွေးတိုးကြောင့်ဖြစ်နေတယ်ဆိုတာကို သေချာစေဖို့အတွက်။သွေးတိုးရဲ့ နောက်ဆက်တွဲဆိုတော့ အရင်ဆုံး သွေးတိုးကို ထိန်းနိုင်ရင် နှလုံးကို ထိခိုက်ဖို့လည်း မရှိနိုင်တော့ပါဘူး။ ဒါကြောင့် အရင်ဆုံးသွေးတိုးကို ထိန်းရပါမယ်။သွေးတိုးကျဆေးကို ပုံမှန် စွဲသောက်တာ၊ အစားအသောက်နဲ့ ထိန်းတာမျိုးတွေ၊ သွေးပေါင်ကို မှန်မှန်ချိန်ပေးနေတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။နှလုံးအမောဖောက်ခြင်းအတွက်သောက်ဆေးတွေကတော့ လူနာတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ လူနာအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ပေးသောဆေးများကိုသာ စနစ်တကျ အချိန်မှန်သောက်သုံးသင့်ပါတယ်။နှလုံးခွဲစိတ်မှု။ ။ သောက်ဆေးနဲ့ မထိန်းနိုင်တော့မှသာ နှလုံးခွဲစိတ်မှုကို လုပ်ကြပါတယ်။နှလုံးသွေးကြောကျဉ်းတာကြောင့် နှလုံးကိုထိခိုက်နေတာဆိုရင် coronary-arterybypass graft surgery လုပ်ပေးတာ။ နှလုံးအဆို့ရှင်လေးတွေ မလုံတော့ဘူးဆိုရင်နှလုံးအဆို့ရှင်ထည့်ပေးတာ၊ နှလုံးညှစ်အားကောင်းအောင် စက်လေးတွေ ထည့်ပေးတာ၊ နောက်ဆုံး နှလုံးအစားထိုးကုသတာတွေ လုပ်ပေးနိုင်ပါတယ်။ကြိုတင်ကာကွယ်ခြင်းက ဖြစ်မှ ကုသခြင်းထက် ပိုကောင်းတာ အားလုံးသိကြမှာပါ။ ဖြစ်လာပြီဆိုရင် လည်း စောစောသိ စောစောကုသခြင်းကသာ အထိရောက်ဆုံးပါ။ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ အသက်သေဆုံးခြင်းကို ဒါမှသာ ကာကွယ်နိုင်မှာပါ။ သွေးတိုးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အငန်တွေလျှော့စားတာ၊ဆေးလိပ်တွေအရက်တွေဖြတ်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေလုပ်ရပါမှာဖြစ်သလို နှလုံးကျန်းမာပါရဲ့လားဆိုတာ ကြိုတင်သိနိုင်ဖို့ နှလုံးစစ်ဆေးမှုတွေကို ကြိုကြိုတင်တင်နဲ့ ပုံမှန်လုပ်ပေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/hypertensive-heart-failure/
သားသားလေးလား မီးမီးလေးလား မသိချင်ဘူးလား
ကိုယ်ဝန်ဆောင်ခြင်းဟာ အိမ်ထောင်သည်တွေအတွက် စိလှုပ်ရှားစရာအကောင်းဆုံးနဲ့ မမေ့နိုင်ဆုံး ကာလလေးပါ။ မိဘတွေတင်မက တခြားမိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ အားလုံးယောက်ျားလေးလား မိန်းကလေးလား သိချင်ကြပါတယ်။ ဒါပေမယ့် တချို့မိဘတွေက ခေတ်ပေါ်နည်းတွေ ဘယ်လိုပဲထွန်းကားနေပါစေ ကြိုတင်မသိချင်ကြပါဘူး။ဘာလို့လဲ……။သင့်ရဲ့အလုပ်များလှတဲ့ဘဝကြီးမှာ အံ့အားသင့်စရာလေးတွေ ရှိထားတာထက် စိတ်ဝင်စားစရာကောင်းတာမရှိတော့ပါဘူး။ သင်ကိုယ်ဝန်ဆောင်ကာလမှာ သင်နဲ့ သင့်ခင်ပွန်းတွေ့ကြုံရမယ့် စိတ်ခံစားမှုလေးတွေကို တွေးကြည့်လိုက်ပါ။ စိတ်လှုပ်ရှားစရာ၊ စူးစမ်းစရာ၊ အံ့အားသင့်စရာတွေက သင့်ရဲ့အလုပ်များခဲ့တဲ့နေ့တွေကို တောက်ပစေမှာ…ဒါကြောင့်လည်း တချို့မိဘတွေက သားလေးလားသမီးလေးလား ကြိုပြီးမသိချင်ကြတာဖြစ်နိုင်ပါတယ်။ဒါကြီးကတော့ထူးဆန်းပါတယ်လို့ တွေးကောင်းတွေးနေနိုင်ပါတယ်။ ကိုယ်ဝန်သည်တော်တော်များများက ၁၀လကြာလွယ်လာပြီးတဲ့အခါမှ အခုကလေးက ဘာလေးလဲဆိုတာ သိချင်စိတ်နဲ့ မီးဖွားရာမှာ ပိုပြီးအားစိုက်တတ်ကြပါတယ်။ မျှော်လင့်နေရာတဲ့ ခံစားချက်လေးအပြင် ‘ယောက်ျားလေး’‘မိန်းကလေး’လို့ ဇာတ်လမ်းတွေထဲမှာလိုသိလိုက်ရတဲ့ အခိုက်အတန့်လေးကို အမေတွေ လိုချင်ကြတာဖြစ်ပါလိမ့်မယ်။‘ယောက်ျားလေးမှ’‘မိန်းကလေးမှ’စသည်ဖြင့် မျှော်လင့်ထားတဲ့ မိဘတွေက ဒီကြောင်းပြချက်ကို နားလည်ပါလိမ့်မယ်။ သားတွေပဲဒါမှမဟုတ် သမီးတွေပဲရထားတဲ့အခါ ဒီတခါကိုယ်ဝန်ကိုတော့ မတူတာလေးလိုချင်ကြမှာပါ။ ဒါကြောင့် သူတို့မျှော်မှန်းထားတဲ့အတိုင်း မဟုတ်တဲ့အခါမှာ ကိုယ်ဝန်ဆောင်ကာလရဲ့ ပျော်ရွှင်မှုတွေဟာ စိတ်ပျက်မှုတွေ အစားထိုးသွားနိုင်ပါတယ်။အာထရာဆောင်းတွေဟာ တခါတလေမှားတတ်ပါတယ်။ ဆရာဝန်က မိန်းကလေးလို့ပြောလိုက်တဲ့အခါ သင်တို့နှစ်ယောက်ဟာ မိန်းကလေးအသုံးအဆောင်တွေ ပန်းရောင်ပစ္စည်းလေးတွေ နဲ့ ကလေးငယ်အခန်းကိုလည်း ပန်းရောင်လေးနဲ့ ချစ်စရာလေးပြင်ဆင်ပြီး အရာအားလုံးမိန်းကလေးဆန်သည်များနှင့် စောင့်ဆိုင်းနေသော်လည်း တကယ်မီးဖွားချိန်မှာ ယောက်ျားလေးဖြစ်နေတတ်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ကလေးကဘာလေးလဲသိတဲ့အခါ ယောက်ျားလေးမိန်းကလေးအလိုက် ပြင်ဆင်ထားကြပါတယ်။ ဒါပေမယ့် သင်သတိပြုမိဖို့ကမိန်းကလေးတိုင်းအရုပ်မလေးတွေမနှစ်သက်သလိုယောက်ျားလေးတိုင်းကစက်ရုပ်တွေ ကားတွေနဲ့ပဲဆော့မှာမဟုတ်ပါဘူး။ သူတို့ရဲ့အကြိုက်တွေ ဝါသနာ ရွေးချယ်မှုတွေကိုယောက်ျားလေးမိန်းကလေးသီးသန့်ခွဲပြီးသတ်မှတ်မယူသင့်ပါဘူး။ ဒါကြောင့် အစောကတည်းက မသိထားခြင်းက ဒါကိုရှောင်ရှားနိုင်ပါလိမ့်မယ်။ကလေးက ယောက်ျားလေး မိန်းကလေး စသည်ဖြင့် သိသွားကြတဲ့အခါမှာ တခြားသူတွေဆီက ဝေဖန်သံအမျိုးမျိုးရလာနိုင်ပါတယ်။ “ယောက်ျားလေးတဲ့လား မိန်းကလေးလိုချင်နေတာဆိုတော့ စိတ်ပျက်မသွားဘူးလား”…..“နောက်ထပ်မိန်းကလေးပဲလား နောက်တခါ ယောက်ျားလေးရအောင် ထပ်ယူဦးမှာလား”စသည်ဖြင့် မကောင်းတဲ့ ဝေဖန်စကားတွေ ကြားနေရတာ သိပ်တော့မလွယ်ကူဘူးမို့လား…….။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/is-your-baby-boy-or-girl/
YBS စီးခြင်းကြောင့် ကူးစက်နိုင်သော ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ
မြို့ပြတွေမှာ နိစ္စဓူဝ စီးနင်းနေကြတဲ့ YBS လိုမျိုး အဲကွန်းဘတ်စ်တွေဟာ လူတွေအတွက် အလွန်အထောက်အကူပြုပါတယ်။ ဒါပေမယ့် YBS အဲကွန်းဘတ်စ်တွေပေါ်က များပြားလှတဲ့ ခရီးသည် တွေမှာကူးစက်နိုင်တဲ့ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ယနေ့လိုမျိုး အခြေအနေမှာပိုဆိုးပါတယ်။ ဝူဟန်ဗိုင်းရပ်စ်လိုကပ်ရောဂါကြီးတွေဟာလည်း YBS လိုလူများတဲ့ အဲကွန်းကားတွေပေါ်ကနေကူးစက် နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ရာသီတုပ်ကွေး၊ တီဘီရောဂါနဲ့ဦးနှောက်ရောင် ရောဂါလိုမျိုး အသက် ရှူလမ်းကြောင်းက တစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါသေးတယ်။ ဒါကြောင့် YBS စီးရင်ကူးစက်လာမယ့် ရောဂါတွေကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။အချိန်နဲ့အမျှအဲကွန်းဖွင့်ထားတဲ့ YBS လိုဘတ်စ်ကားမျိုးပေါ်မှာ လက်အိတ်ဝတ်ခြင်းဟာ အဆင် ပြေနိုင်မယ့်အကြံတစ်ခုပါ။ ရာသီဉတုပူရင်ဖြစ်စေ၊ အေးရင်ဖြစ်စေ အဆင်ပြေနေမှာပါ။ အခုလို ဆောင်းရာသီမျိုးမှာဆိုပိုလို့တောင်ကောင်းပါသေးတယ်။ ခုံရဲ့တိုင်တွေ၊ ခုံရဲ့လက်တန်းတွေနဲ့ လက်ဆွဲ တန်းတွေမှာရှိတဲ့ ရောဂါပိုးမွှားတွေဟာ သင့်အရေပြားကို တိုက်ရိုက်မထိတွေ့နိုင်တော့ပါဘူး။ ဒါပေမယ့် အဲ့ဒီလက်အိတ်နဲ့တော့ သင့်မျက်နှာကို မထိမိစေနဲ့နော်။ ကားပေါ်ကဆင်းတဲ့ အခါမှာလည်း လက်အိတ်ကို မဖြစ်မနေချွတ်လိုက်ပါ။ ချွတ်တဲ့အခါမှာလက်ကောက်ဝတ်နေရာကနေ လှန်ချွတ်ပေးပါ။ ဒါမှသာရောဂါပိုးတွေကပ်နေတဲ့အပြင်ဘက်အပိုင်းဟာ သင့်အရေပြားနဲ့ မထိတော့မှာပါ။လက်အိတ်မဝတ်ချင်ဘူးလား။ မပူပါနဲ့၊ လက်ကိုစင်ကြယ်စွာပြန်လည်ဆေးကြောပေးပါ။ အထူးသဖြင့် အစာမစားခင်အချိန်တွေမှာပေါ့။ မဆေးရသေးတဲ့လက်နဲ့တော့ သင့်မျက်နှာကို မကိုင်တွယ်မိပါစေနဲ့။လက်ဆေးတဲ့နေရာမှာ ဆပ်ပြာနဲ့ရေကိုအသုံးပြုပြီး ဆေးတာအကောင်းဆုံးပါ။ ဒါပေမယ့် ဆပ်ပြာနဲ့ရေကို သင့်အိတ်ထဲမှာထည့်ပြီး နေရာတကာ ဆောင်သွားဖို့ သိပ်မဖြစ်နိုင်လှပါဘူး။ ဒါကြောင့် လက်သန့်စင်ဆေးရည်ကို ဆောင်ထားသင့်ပါတယ်။ လွယ်အိတ်မှာ သို့မဟုတ် လက်ကိုင် ပိုက်ဆံအိတ်တွေမှာ Key Chain    အနေနဲ့ချိတ်ဆွဲထားလို့ရပါတယ်။ ကားပေါ်ကဆင်းတာနဲ့ လက်ကို သန့်စင်ဆေးရည် Hand gel ကို အသုံးပြုပြီးလက်ကိုသန့်စင်ပါ။ချောင်းဆိုးနေသူတစ်‌‌ ယောက်ကို  ဘတ်စ်ကားပေါ်မှာ သင်တွေ့ပြီဆိုတာနဲ့ တစ်ရှူးကမ်းပေး လိုက်ပါ။ ဒါဆိုရင်တော့ သူချောင်းဆိုးရင်ထွက်လာမယ့် ပိုးမွှားတွေဟာ သူများတွေကို ကူးစက်နိုင်မှာ မဟုတ်‌ေ တာ့ပါဘူး။ မလွှဲမရှောင်သာလို့ နှာစေးနေသူရဲ့ဘေးနားက ခုံမှာထိုင်ရမယ်ဆိုရင်တော့ သူနှာစေး နေချိန်မှာ သင့်နှာခေါင်းနဲ့ပါးစပ်ကို တစ်ရှူးနဲ့ပိတ်ထားပြီး သင့်မျက်လုံးကို ခေတ္တမှိတ်ထားလိုက်ပါ။  Tissue ဆောင်ထားရုံနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်မှုကို တစိတ်တပိုင်းနဲ့ဟန့်တားနိုင်မှာပါ။ဘတ်စ်ကားစီးရင်ဖုန်းသုံးတတ်တဲ့အကျင့်ဟာ လူတော်တော်များများမှာ ရှိနေတတ်ပါတယ်။  မက်ဆေ့ဖတ်ရင်ဖြစ်စေ၊ ဖေ့ဘွတ်သုံးရင်ဖြစ်စေ၊ ဂိမ်းဆော့ရင်ဖြစ်စေ သင်ပွတ်လိုက်တဲ့ဖုန်းရဲ့ မျက်နှာပြင်မှာ ပိုးမွှားတွေတွယ်ကပ်နေမှာပါ။ ဒီလိုအချိန်မှာ  ဖုန်းလာရင်တော့ သင်နားနဲ့ကပ် နားထောင်လိုက်မယ့် ဖုန်းရဲ့ မျက်နှာပြင်က ပိုးမွှားတွေဟာ သင့်နားရွက်၊ မျက်နှာတွေကတစ်ဆင့် သင့်ခန္ဓာကိုယ်ထဲကို ရောက်လာမှာပါ ။ ဒါကြောင့် ဘတ်စ်ကားပေါ်မှာ အတတ်နိုင်ဆုံး ဖုန်းမသုံးပါနဲ့။သင်ဘတ်စ်ကားစီးသည်ဖြစ်စေ၊ မစီးသည်ဖြစ်စေ၊ အပြင်ထွက်တယ်ဆိုရင် လမ်းပေါ်ကရောဂါ ပိုးမွှားတေွဟာ  သင့်အင်္ကျီအဝတ်အစားပေါ်မှာ ကပ်ငြိနေမှာပါ။ ဒါကြောင့် အဝတ်အစားမလဲဘဲ ဟင်း ချက်တာမျိုး၊ အိမ်ရာပေါ်လှဲလိုက်တာမျိုး ၊ မိသားစုနဲ့ ညနေစာစားတာမျိုးကို မလုပ်ပါနဲ့။သင်ဖျားနာနေရင်တော့ အလုပ်မသွားဘဲအိမ်မှာပဲနေပါ။ အထူးသဖြင့် သင်ရောဂါတွေဖြစ်ပွား နေတဲ့အချိန်မှာပေါ့။ သင်အပါအဝင်ဘယ်သူကမှ နှာစေးချောင်းဆိုးဖျား နေသူတစ်ယောက်နဲ့ ဘတ်စ်ကား အတူတူစီးချင်နေမှာမဟုတ်ပါဘူး ။ဒါကြောင့် ဖျားနာနေရင်း အိမ်မှာပဲနားနားနေနေနေ လိုက်တာဟာ အကောင်းဆုံးဖြစ်မှာပါ။ချောင်းဆိုးနေသူခရီးသွားတစ်ယောက်နဲ့ ဝေးဝေးမှာနေပါ။ ကျောခိုင်းလိုက်ပါ။ ဘတ်စ်ကားစီး ရင်စာအုပ်ဖတ်နေတာမျိုးဟာ ခရီးသွားအချင်းချင်းစကားပြောဖို့အတွက် အခွင့်အလမ်းနည်းစေပါတယ်။ ဒီလိုအပြုအမှုမျိုးဟာ ရိုင်းစိုင်းပေမယ့် အတတ်နိုင်ဆုံး တစ်ခြားသူတေွနဲ့ စကားပြောခြင်းက နေရှောင် ပေးပါ။ တစ်စုံတစ်ယောက်က သင့်မျက်နှာမူပြီးစကားပြောလိုက်တဲ့အခါ သူ့ရဲ့ဝင်သက် ထွက်သက် လေတွေနဲ့ အခန့်မသင့်ရင်တောင် သူတံတွေးတွေတောင် သင့်မျက်နှာကိုထိတွေ့စေမှာဖြစ်လို့ပါ။အိပ်ရေးပျက်ခြင်းဟာဖျားနာမှုကို ပိုပြီးဖြစ်စေပါတယ်။ တကယ်လို့ အိပ်ရေးပျက်ပြီဆိုရင်တော့  ရောဂါပိုးတွေက သင့်ဆီပိုပြီးကူးစက်နိုင်သလို ဖျားနာတာကနေလည်းတော်တော်နဲ့ ပြန်ကောင်းတော့ မှာမဟုတ်ပါ။  အထူးသဖြင့် တုပ်ကွေးရာသီရောက်တဲ့အခါ အိပ်ရေးမပျက်အောင် ဆင်ခြင်နေထိုင်သင့် ပါတယ်။ကျန်းမာစေတဲ့ အစားအသောက်တွေများများစားပေးပါ။ ရောဂါပိုးတွေဟာ ကိုယ်ခံအောင် ကောင်းနေရင် တော်တော်နဲ့မဝင်ပါဘူး။ ဒါပေမယ့် သကြားကိုတော့အတတ်နိုင်ဆုံးရှေိာင်ပေးပါ။ သကြားစားခြင်းဟာ သင့်ရဲ့ကိုယ်ခံအားစနစ်ကိုကျဆင်း စေပါတယ်။ အားဖြည့်အချိုရည်တွေမှာပါတယ်။  ပိုလျှံတတ်သကြားဓာတ်တွေဟာ သင့်ကျန်းမာရေးကို အဓိက ထိခိုက်စေနိုင်တဲ့အရာတွေပါ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေကို များများစားခြင်းဖြင့် သင့်ကိုကူးစက် လာမယ့် ရောဂါပိုးမွှားတွေကိုကာကွယ်လိုက်ပါ။YBS အဲကွန်းဘတ်စ်ကားတွေကို မဖြစ်မနေ အမှီသဟဲပြုသွားလာနေရတဲ့ သူတွေဟာ အပေါ်က အချက်လေးတွေကို လိုက်နာပေးခြင်းဖြင့် ကူးစက်ရောဂါတွေကို ကာကွယ်လိုက်ပါတော့နော်။ရေးသားသူ – ဒေါက်တာမှူး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/ybs-%e1%80%85%e1%80%ae%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba/
စိတ်အားထက်သန်အောင်ဘယ်လိုနေထိုင်မလဲ
သင်တစ်ခါတစ်လေ တစ်ခုခုကိုအားကြိုးမာန်တက်လုပ်ပြီးမှ စိတ်ဓါတ်တက်ကြွမှုဆုံးရှုံးပြီး ပြီးအောင်မလုပ်နိုင်တာမျိုးကြုံဖူးလား ? ဟာသတစ်ခုရှိပါတယ်။ ကန့်သတ်ထားတဲ့အချိန်က အကောင်းဆုံး စိတ်ဓါတ်တက်ကြွမှုပါတဲ့။ ဒါကမှန်လား ? မှန်ချင်မှန်ပါလိမ့်မယ်။ဒါပေမယ့် အခြေအနေတော်တော်များများမှာတော့ လေ့ကျင့်ခန်းလုပ်တာလိုမျိုး ခက်ခဲတဲ့အလုပ်တွေအတွက် စိတ်အားထက်သန်မှုကိုရှာရခက်ပါလိမ့်မယ်။ ကံကောင်းစွာနဲ့ဘဲ ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့က သင့်ကိုလေ့ကျင့်ခန်းတွေလုပ်နိုင်ဖို့ စိတ်အားထက်သန်စေမယ့် အချက်လေးတွေကို ပြောပြပါလိမ့်မယ်။လူတော်တော်များများက လေ့ကျင့်ခန်းလုပ်ရတာကိုခက်ခဲတယ်လို့မြင်ကြပါတယ်။ ကိုယ်အလေးချိကခြင်း၊ ကျန်းမာစေခြင်း၊ တင်ပါးကြီးလာခြင်း၊ ရင်သားကြီးလာခြင်းနဲ့ တခြားအရာတွေ စတဲ့ကျန်းမာသန်စွမ်းမှုပန်းတိုင်တွေက လေထဲပျောက်သွားတတ်ပါတယ်။သင့်ပန်းတိုင်တွေက အရမ်းကိုကြီးမားလွန်းနေတယ်ဆိုရင်တော့ ပင်ပန်းပြီး လက်လျှော့လိုက်လို့ရပါတယ်။ အစပိုင်းမှာ လွယ်ကူပြီး လက်တွေ့ကျတဲ့ပန်းတိုင်တွေအရင်ချသင့်ပါတယ်။ဥပမာ – သင်လက်တလောမှာ ဘာလေ့ကျင့်ခန်းမှ မလုပ်ထားဘူးဆိုရင် ပထမဆုံးချရမယ့်ပန်းတိုင်က မိနစ် ၃၀ ရေကူးခြင်းဒါမှမဟုတ် ၁၀ မိနစ် လမ်းအမြန်လျှောက်ခြင်းတို့ဖြစ်ပါတယ်။ အချိန်တိုပန်းတိုင်တွေက ချခြင်းက အချိန်ရှည်ပန်းတိုင်တွေထက် ပိုထိရောက်ပါတယ်။ ပြီးမှသာ သင်စိတ်ပါတယ်ဆိုရင် ရေကူးတာကို ၁နာရီအကြာနဲ့ လမ်းအမြန်လျှောက်တာကို မိနစ် ၃၀ အကြာတိုးသွားပါ။ရေရှည်ပန်းတိုင်ကိုတော့ ၅ ကီလိုမီတာလမ်းလျှောက်တာဖြစ်ဖြစ် ၂ နာရီကြာရေကူးတာဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ ကျန်းမာရေးလေ့လာမှုတော်တော်များများက အရွယ်ရောက်ပြီးသူတစ်ယောက်ဟာကျန်းမာစေဖို့ တစ်ရက်ကို ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုး ၇၅ မိနစ်လုပ်သင့်ပြီး ပေါ့ပါးတဲ့အေရိုးဗစ်လေ့ကျင့်ခန်းကို ၁၅၀ မိနစ်လောက်လ်ုသင့်တယ်လို့ဆိုပါတယ်။ သင့်အနေနဲ့ အေရိုးဘစ်နဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းကိုပါပေါင်းပြီး သင်တတ်နိုင်သလောက်လုပ်နိုင်ပါတယ်။ကြားရတာအပေါစားဆန်နေပေမယ့် သင်လုပ်နိုင်တာမှန်သမျှကို ပျော်ပျော်ရွှင်ရွှင်လုပ်သင့်တယ်ဆိုတာမှန်ပါတယ်။ လေ့ကျင့်ခန်းဆိုတိုင်းမောပန်းပြီးချွေးထွက်စရာမလိုပါဘူး။ သင်ဘယ်အားကစား၊ ဘယ်လေ့ကျင့်ခန်းကို လုပ်ချင်လည်း သိရဖို့အရေးကြီးပါတယ်။ ပြီးမှ သင်အားကစားလုပ်ချိန်ကိုပိုဆွဲဆန့်ပြီး စိတ်အာထက်သန်မှုမပျောက်အောင်ထိန်းပါ။လက်ရှိလုပ်နေတဲ့လေ့ကျင့်ခန်းကသင့်ကိုမပျော်ရွှင်စေနိုင်ရင်တော့ တခြားသင့်တော်ရာတစ်ခုခုပြောင်းပါ။ သင်ကြိုက်တဲ့လေ့ကျင့်ခန်းကိုလုပ်ပြီး သင့်ကိုယ်သင်ကျန်းမာအောင်လုပ်ပြီး ဘဝကိုပျော်ရွှင်စွာနေပါ။လေ့ကျင့်ခန်းတွေကိုလက်လျှော့လိုက်ရတဲ့ ဆင်ခြေအများဆုံးက အချိန်မပေးနိုင်လို့ဆိုတာပါဘဲ။ သင့်အနေဲ့ အလုပ်၊ ကျောင်း၊ သူငယ်ချင်းတွေနဲ့တွေ့ခြင်း စတဲ့အချိန်တွေနဲ့လွတ်ကင်းအောင် အချိန်ဇယားဆွဲဖို့လိုပါတယ်။ သင်အားတဲ့အချိန်မှလုပ်လည်းဖြစ်ပါတယ်။ ဥပမာ – နားချိန်မှာ အနီးအနားကော်ဖီဆိုင်ကိုသွားခြင်း၊ ဓါတ်လှေကားအစားရိုးရိုးလှေကားသုံးခြငး၊ စာရွက်စာတမ်းအလုပ်တွေလုပ်ချိန် ထိုင်လိုက်ထလိုက်လုပ်ပေးခြင်းတို့ဖြစ်ပါတယ်။ကျောင်းနားချိန်နဲ့ TV ကြည့်နေချိန်လေ့ကျင့်ခန်းလုပ်နိုင်ဖို့ စက်ဘီးစီးစက်နဲ့ တခြားကိရိယာတွေဝယ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်စဉ် သီချင်းနားထောင်ခြင်းက သင့်ကိုပိုတက်ကြွစေပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8%e1%80%91%e1%80%80%e1%80%ba%e1%80%9e%e1%80%94%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%98%e1%80%9a%e1%80%ba%e1%80%9c/
အကောင်းမြင်စိတ်စွမ်းအား
အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။သင့်မှာ အဆုတ်ကင်ဆာ ဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများ အနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ စိတ်ခံစားမှုအားလုံးသည် ကောင်းသောဘက်ကို ဦးတည်နေသော အချက်ပင်ဖြစ်သည်။ လူတစ်ဦး အကောင်းမြင်တတ်လား၊ အဆိုးမြင်တတ်လားဆိုတာကို သူ၏ မသိစိတ်ပြုမှုပုံအပေါ် အခြေခံပြီးဆုံးဖြတ်ပါသည်။အုပ်စုဖွဲ့ပြီး ပြောဆိုဆွေးနွေးခြင်းသည် အကောင်းမြင်စိတ်၏ ကူးစက်တတ်သော အပေါ်တွင် အခြေခံထားပါသည်။ အုပ်စုအဖွဲ့ အကူအညီ၏ အဓိကရည်ရွယ်ချက်သည် လူနာတွေဆီကို အကောင်းမြင်စိတ်တွေ သယ်ဆောင်လာပေးဖို့ပဲ ဖြစ်ပါတယ်။ သင်သည် အခြားသူများ၏ ဘဝအကြောင်းကို ကြားရသောအခါတွင် ပိုပြီး စိတ်သက်သာကောင်း သက်သာလာနိုင်ပါတယ်။ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အကောင်းမြင်တတ်သော လူများဝန်းရံနေသောအခါတွင် ကျွန်ုပ်တို့သည် မသိစိတ်ကနေ ထိုသူများကဲ့သို့ ဖြစ်အောင်လိုက်လံ ကြိုးစားလျက်ရှိသည်။ အကောင်းမြင်စိတ်ရှိသောသူသည် အခြားလူများ စိတ်တက်ကြွလာစေဖို့အတွက်လည်း စံပြပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ထို့သို့ဆိုလျှင် ဘာကြောင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကလူတွေကို အကောင်းမြင်အတွေးတွေနဲ့ လွှမ်းခြုံဖို့ မကြိုးစားကြည့်တာလဲ။အကောင်းမြင်တတ်သော စိတ်ထားသည် ကျွန်ုပ်တို့ကို ပျော်ရွှင်၊ ကြည်နူးစေပါတယ်။ ၎င်းသည် ကျွန်ုပ်တို့ဆီကို တောက်ပမှု၊ ခွန်အား၊ အောင်မြင်မှု နဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပါတယ်။ ထို့ပြင် ကျွန်ုပ်တို့၏ ကျန်းမာရေးအတွက်တောင် ကောင်းကျိုးများ ဖြစ်ထွန်းစေပါတယ်။အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားများသည် ဘဝကို လက်ခံပုံခြင်း ကွဲပြားကြသည်။ ပြဿနာတစ်ခုကို ချဉ်းကပ်ရာတွင် အကောင်းမြင်သမားသည် ၎င်းကို သင်ယူစရာ အခွင့်အရေးတစ်ခု အဖြစ် မှတ်ယူပြီး အကောင်းဆုံး ကျော်လွှားဖို့ ကြိုးစားသည်။ သင်သည် အဆုတ်ကင်ဆာဖြစ်နေလျှင်တောင်ပင် ပုံမှန်အားဖြင့် ဝမ်းနည်း ကြောက်လန့်ရမည်ဖြစ်သော်လည်း သင်သည် ပြန်လည်ထဖို့ ကြိုးစားရမည်။သင့်ဘဝတွင် ယခုအချိန်ထိ ဘာတွေပြီးမြောက်ပြီးပြီလဲဆိုတာကို ပြန်လည်တွေးရမည်။ အဆုတ်ကင်ဆာမှ ရှင်သန်ကျန်ရစ်သူအများစုသည် သူတို့၏ မိသားစုနှင့် သူငယ်ချင်းများကို ကျေးဇူးတင်ကြလေသည်။ ထိုကျေးဇူးတင်စိတ်ကပင် သူတို့ကို အသက်ရှင်နေနိုင်အောင် လုပ်ပေးနေသည်ဟု သူတို့ တွေးမှတ်ကြလေသည်။ သင်လည်း ထိုနည်းတူတွေးကြည့်ပါ။သင့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး အခြေအနေမကောင်းဘူးဆိုလျှင်တောင် ဘာမှထပ်မံဆုံးရှုံးစရာမရှိတော့သော သင့်အတွက် အသစ်အဆန်းတစ်ခုကို ဘာကြောင့် မကြိုးစားကြည့်ဘဲနေမှာလဲ။ သင့်ဘဝမှာ ဖြစ်ချင်သော အရာတွေကို တွေးကြည့်ပြီး စာရင်းပြုစုကြည့်ပါ။ သင်မိတ်ကပ်နဲ့ ပတ်သက်ပြီး အမြဲ စိတ်ဝင်စားခဲ့ပါသလား။သင့်မျက်နှာကို ဘယ်လိုလှပအောင်ခြယ်သမလဲ လေ့လာပြီး မိတ်ကပ်ဂုရုကြီး ဖြစ်အောင် သင်ယူကြည့်ပါလား။ သင့်သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး သောက်စားပျော်ပါးချင်ပါသလား။ သင့်စိတ်ကို အလိုလိုက်ဖို့ အချိန်ပေးလိုက်ပါ။ ဟင်းချက်နည်းသစ်တွေ စမ်းသပ်လိုပါသလား။ သင်လုပ်ချင်တာကိုသာ လိုက်လုပ်ကြည့်လိုက်ပါ။ဒီနေရာမှာ အဓိက သော့ချက်က သင်ဘာလုပ်ချင်လဲ၊ ထိုအရာကို ပြုလုပ်ဖို့ သင့်အချိန်အများစုကို ဘယ်လိုအသုံးချမလဲဆိုတာကို သင်စဉ်းစားနေဖို့ဖြစ်ပါတယ်။ သင့်စိတ်ကို ပျော်ရွှင်သော အတွေးများနဲ့ ပြည့်နှက်နေပါစေ။ သို့မှသာ သင့် ဦးနှောက်ရော ခန္ဓာကိုယ်ကပါ လန်းဆန်းတက်ကြွလာမှာ ဖြစ်ပါတယ်။သင့်ကို ပျော်ရွှင်စေသော အရာများကို တွေးခြင်းသည် စိတ်ခံစားမှုကောင်းစေသည့် ဟော်မုန်းတစ်မျိုး ဖြစ်သည့် endorphin ဟော်မုန်းထွက်အောင် သင့်ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ရလာဒ်အနေနဲ့ သင်သည် အကောင်းမြင်အတွေး၊ စိတ်ထားတွေ ရရှိလာမှာဖြစ်ပါတယ်။ရယ်မောပျော်ရွှင်ခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်တယ်လို့ အများက ပြောကြပါတယ်။ ၎င်းသည် မှန်ပါတယ်။ အကောင်းမြင်ခြင်းသည် သင့်အဆုတ်ကင်ဆာကုသမှုကို ချဉ်းကပ်ပုံကို ပြောင်းလဲစေပြီး ကုသမှုအတွက် အကောင်းဆုံးတွေကို ယူဆောင်ပေးပါတယ်။သို့သော် သင့်ကိုယ်သင် အလွန်အမင်း စိတ်လှုပ်ရှားအောင်၊ ပင်ပန်းအောင်လုပ်ခြင်းမျိုးကိုတော့ ရှောင်ပါ။ သင်သည် ရောဂါ လက္ခဏာများ နဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သတိထားမိဖို့ သင်ယူလေ့လာသင့်ပြီး အကယ်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%a1%e1%80%ac/
အင်းဆက်ပိုးမွှားတွေ အကိုက်ခံရရင် ဘာလုပ်ကြမလဲ
ပိုးကောင်ငယ်လေးတွေ ကိုက်တာ မခံဖူးတဲ့သူဆိုတာ တော်တော်ရှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေထိုင်ရာပတ်ဝန်းကျင်မှာက ဒီအကောင်လေးတွေနဲ့ ပျံ့နှံ့နေတာကိုး။ ပုံမှန်အားဖြင့်အင်းဆက်ပိုးမွှားတွေ ကိုက်တဲ့ ဒဏ်ရာဟာ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ ကလေးတွေ အကိုက်ခံရတဲ့အခါ ဒီပိုးကောင်လေးတွေအပေါ် ကြောက်လန့်တဲ့ စိတ်တွေ အနည်းနဲ့ အများတော့ ဝင်သွားတာမျိုးတွေ ရှိပါတယ်။ကိုယ့်ကို လာကိုက်သွားတာ ဘာအကောင်လဲ၊ ဘယ်လိုလက္ခဏာတွေ ပြလဲဆိုတာ သိပြီးသွားရင်ဒဏ်ရာကို ပိုးမဝင်စေဖို့နဲ့ အမြန်ဆုံးသက်သာစေဖို့ အလွယ်တကူလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။သာမန်ကိုက်ခံရတဲ့ ဒဏ်ရာမှာ အရေပြားနီရဲပြီး ရောင်နေတာ၊ယားယံတာ၊ အသားထဲက စူးသလို ခံစားရတာလောက်ပဲ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလက္ခဏာတွေဟာ သိပ်ပြီး မပြင်းထန်တဲ့အပြင် ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသွားမှာပါ။ အကယ်လို့ လုံးဝပျောက်မသွားဘဲ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။၁။ အရင်ဆုံး အကိုက်ခံရတဲ့ နေရာနဲ့ ဝေးရာကို သွားပါ။ ကိုယ့်ကို ကိုက်လိုက်တဲ့ အကောင်လေးတွေ မရှိတဲ့နေရာရောက်ပြီဆိုမှ ဒဏ်ရာကို ဆေးကြောသန့်ရှင်းဖို့ စလုပ်သင့်ပါတယ်။၂။ အရင်ဆုံး လက်ဆေးပါ။ ကိုယ်တိုင် အကိုက်ခံရတာဖြစ်စေ၊ တခြားသူ အကိုက်ခံရတာဖြစ်စေ အရင်ဆုံးလုပ်ပေးရမှာကတော့ လက်ဆေးဖို့ပါပဲ။ ဒါမှပဲ လက်သည်းတွေကြားထဲက ဘက်တီးရီးယားပိုးတွေ ဒဏ်ရာထဲ မဝင်သွားအောင် ကာကွယ်နိုင်မှာပါ။၃။ အကိုက်ခံရသူဖြစ်စေ၊ ပြုစုမယ့်သူဖြစ်စေ လက်စွပ်၊ နာရီ အစရှိတဲ့ ပစ္စည်းတွေကို ချွတ်ထားပါ။၄။ ဒဏ်ရာကို စစ်ဆေးကြည့်ပါ။ ပုံမှန်အင်းဆက်ပိုးမွှားလေးတွေ ကိုက်တဲ့အခါမှာ အရေပြားမှာ ကိုက်ထားတဲ့အရာလောက်ပဲ ထင်တတ်ပါတယ်။ပျားကတော့ ချွင်းချက်ပါ။ သူ့ကိုယ်မှာ ရှိနေတဲ့ အဆိပ်ပါနေတဲ့ ဆူးနဲ့ အရေပြားကို လှမ်းပြီး ထိုးဆွတာ ဖြစ်တဲ့အတွက် ဒီဆူးတွေကို အမြန်ဆုံးဖယ်ရှားဖို့ လိုပါတယ်။၅။ ဆူးကို ဖယ်ထုတ်တော့မယ်ဆိုရင် အရမ်းမညှစ်ပါနဲ့။ ကိုက်ခံရတဲ့နေရာတစ်ဝိုက်ကို လက်သည်းနဲ့ ဖွဖွလေးခြစ်လိုက်ပါ။၆။ ပြီးသွားရင် အနာဖြစ်နေတဲ့ အရေပြားကို ရေသန့်နဲ့ အရင်ဆေးကြောပါ။ ပြီးသွားရင် ဆပ်ပြာနဲ့ ဖြည်းဖြည်းချင်းပွတ်တိုက်ပြီးမှ ရေနဲ့ ပြောင်စင်အောင် သန့်ရှင်းပေးပါ။ ဒါမှပဲ အရေပြားတစ်ဝိုက်က အညစ်အကြေးတွေ၊ ပိုးကောင်တွေဆီက အဆိပ်တွေ ဖယ်ပြီးသားဖြစ်မှာပါ။၇။ ရေခြောက်အောင် သုတ်ပြီးရင် ဒဏ်ရာကို ၁၀မိနစ်ခန့် ရေခဲအုံပေးပါ။ ပြီးသွားရင် ခဏ ခွာပြီး နောက်ထပ် ၁၀ မိနစ်လောက်နေမှ ပြန်ပြီး ရေခဲအုံပါ။ ရေခဲအစား ရေခဲဝတ်ကပ်ပေးမယ်ဆိုလည်း အဆင်ပြေပါတယ်။၈။ လက်မောင်း သို့မဟုတ် ခြေထောက်မှာ အကိုက်ခံရတာဆိုရင် အပေါ်ကို မြှောက်ထားပေးပါ။၉။ ဆေးဆိုင်တွေမှာ နာကျင်မှု၊ ယားယံမှုဝေဒနာကို သက်သာစေမယ့် ဆေးတွေကို အလွယ်တကူ ဝယ်ပြီး လိမ်းပေးလို့ ရပါတယ်။၁၀။ မသက်သာမချင်း ဒဏ်ရာဖြစ်နေတဲ့ နေရာကို သန့်ရှင်းအောင်ထားပေးဖို့လည်း အရေးကြီးတယ်နော်။ဒီလက္ခဏာတွေဟာ သိပ်ပြီးစိုးရိမ်စရာမလိုတဲ့အပြင် ၁ရက်၊ ၂ရက်အတွင်း ပျောက်သွားမှာပါ။ တော်တော်လေးကြာလို့မှ လုံးဝမပျောက်သွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။နောက်တစ်ချက်က အကိုက်ခံပြီးတဲ့အချိန်မှာ အသက်ရှူရခက်တာ၊ နှုတ်ခမ်း၊ မျက်အိတ်၊ လည်ပင်းက ရောင်ကိုင်းလာတာ၊ ခေါင်းထဲက မူးသလိုလို ဖြစ်ပြီး ဘာမှစဉ်းစားလို့၊ အာရုံစိုက်လို့ မရတော့တာ၊ နှလုံးခုန်နှုန်းမြန်လာတာ၊ကြွက်တက်တာ၊ အော့အန်တာ၊ အင်ပျဉ်ထလာတာအပြင် တခြားအဆိပ်ပြင်းတဲ့ အကောင်တွေ ဖြစ်တဲ့ပင့်ကူ၊ ကင်းမြီးကောက်တွေ ကိုက်ခံရတာ၊ အကိုက်ခံရတာက ကလေးဖြစ်ပြီး အသက်အရမ်းငယ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/treating-insect-bites-and-stings/
ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး
ထင်းရှူးသား၊ ထင်းရှူးဆီတွေကို ကြားဖူးနေပေမယ့် ထင်းရှူးစေ့ဆန် ကတော့ ကြားဖူးသူရှားမယ် ထင်ပါတယ်။ စားဖူးသူလည်း ရှားနိုင်ပါတယ်။ ဒါပေမယ့် ထင်းရှူးစေ့ဆန်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ထင်ရှူးစေ့ဆန် ဆိုတာက ထင်းရှူးသီးရဲ့ အဆန်ပါ။အာဟာရ ပြည့်ဝတဲ့အဆာပြေ စားဖွယ်တစ်မျိုးပေါ့။ အစိမ်း စားလို့ ရသလို လှော်စားလို့လည်း ရပါတယ်။ အသုပ်တွေထဲမှာ မြေပဲလိုမျိုး ထောင်းထည့်ပြီး စားလို့လည်း ရပါတယ်။အာရှတိုက် မြောက်ပိုင်း၊ ဥရောပတိုက် မြောက်ဘက်ခြမ်း နဲ့ မြောက်အမေရိက ဒေသတွေမှာ ထင်ရှူးပင်တွေ ပေါက်ရောက်ကြပါတယ်။ နေရပ်ဒေသကို လိုက်ပြီး ထင်းရှူးသီး ပုံစံ မတူကြသလိုအာဟာရတန်ဖိုးချင်းလည်း မဆိုစလောက် ကွာခြားမှု ရှိပါတယ်။မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် ထင်ရှူးစေ့ဆန်က မိုးရေစက်ပုံလေးပါ။ သိပ်မကြီးပါဘူး။ အဖြူရောင် နှစ်နှစ်လေးပါ။ စားရတာလည်း ချိုပါတယ်။ အသီးရဲ့ အခွံကို နွှာပြီးမှ စားလို့ ရပါတယ်။သက်တမ်း ၂၅ နှစ်ကျော် ထင်ရှူးပင်တွေက အသီးစသီးပြီး ဒီအသီးတွေထဲက အဆန်လေးတွေကို ထင်ရှုူးစေ့ဆန်လို့ ခေါ်တာပါ။စားရတာ ချိုပြီး အရသာရှိတဲ့ ထင်းရှူးစေ့ဆန်မှာ။ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ထင်းရှူးစေ့ဆန်က ကယ်လ်လိရီ ကြွယ်ဝတဲ့ အစေ့အဆန် တစ်မျိုးပါ။ ကယ်လ်လိုရီ အပြင် ကျန်းမာရေးကို ထောက်ကူပေးနိုင်မယ့် phytochemicals၊ ဗီတာမင်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ထင်းရှူးစေ့ဆန်မှာ မပြည့်ဝဆီ ကြွယ်ဝစွာ ပါဝင်နေတာက သွေးထဲက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။ မပြည့်ဝဆီ အပြင် ထင်ရှူးစေ့ဆန်မှာ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကလည်း သွေးတွင်းအဆီကို ထိန်းညှိပေးသလို သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ လေဖြတ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ထင်းရှူးစေ့ဆန်က နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နှလုံးခုန်နှုန်းမြန်တာကိုလည်း သက်သာစေပြီး နှလုံးကြွက်သားတွေကို ကျန်းမာစေနိုင်ပါတယ်။နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ထင်းရှူးစေ့ဆန်က အခြား အစေ့အဆန်တွေလိုပဲ သွေးစီးဆင်းမှု ကောင်းစေပြီး ဦးနှောက်ဆီကို သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဦးနှောက်ကျန်းမာစေတာက အယ်လ်ဇိုင်းမား နဲ့ ပါကင်ဆန်တို့လိုမျိုး အသက်အရွယ်ကြောင့် ဖြစ်တဲ့ သိမြင်မှုစွမ်းရည် ကျဆင်းတဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝတဲ့ ထင်းရှူးစေ့ဆန်က အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကလည်း အူမကြီး ကျန်းမာစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ထင်းရှူးစေ့ဆန်မှာ အယ်လ်မွန်စေ့လိုပဲ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြားကို ခြောက်သွေ့မှုကင်းစေပြီး အရေပြား ပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ထင်းရှူးစေ့ဆန်က ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/pine-nuts-benefits/
လုပ်ငန်းခွင်သစ်တွင် အစားအစာနှင့် ဓါတ်မတည့်မှုကိုဖြေရှင်းနည်း (၄)ခု
သင့်တွင်အစာနှင့်ဓါတ်မတည့်မှုကိုမကြာသေးမီကမှဖြစ်နေမှန်းသိရှိရခြင်း (သို့မဟုတ်) သင့်အနေဖြင့် အစာဓါတ်မတည့်မှုအတွက် အစားအသောက်ကိုမိမိဘာသာရွေးချယ်မှုပြုနေရခြင်းမျိုးအခြေအနေ။ဆိုပါကလုပ်ငန်းခွင်တွင် အစာဓါတ်မတည့်မှုသည် သင့်အတွက် ရင်ဆိုင်ဖြေရှင်းစရာ ဖြစ်လာသည်။ အောက်ပါနည်းလမ်းအဆင့်(၄)ခုမှာ သင်၏ အလုပ်သစ်တွင် ဓါတ်မတည့်မှုကို ဖြေရှင်းနည်းများဖြစ်သည်။သင်သည်လခစားဝန်ထမ်းဖြစ်ပါက သင်၏ လုပ်ငန်းကြီးကြပ်သူကို သင်၏ အစာဓါတ်မတည့်မှုအကြောင်း ပြောပြပြီးလုပ်ငန်းခွင်အတွင်းလိုအပ်သော ပြင်ဆင်မှုများအတွက် ဆွေးနွေးပါ။ သင်၏ လိုအပ်ချက်များအတွက် လူ့စွမ်းအားအရင်းအမြစ်ဌာန( HR ) နှင့် ဆက်သွယ်အကြံဉာဏ်ရယူနိုင်သည်။သင့်တွင်လုပ်ဖော်ကိုင်ဖက်သစ်များ ၊ အဖွဲ့ဝင်များ၊ မိတ်ဆွေများ၊ အလုပ်အပ်သူများရှိလိမ့်မည်။ သူတို့ကိုသင်၏ အစာနှင့်ဓါတ်မတည့်သောအနေအထားကိုပြောပြထားပါ။ ထိုသူတို့၏အကူအညီကိုရယူ၍ အောက်ပါအကြံဉာဏ်တို့ကိုလိုက်နာပါ။• သင်နှင့်မည်သည့်အစားအစာကမတည့်သည်ကိုပြောပြထားပါ။• ဓါတ်မတည့်မှုဖြစ်စဉ်၏ပြင်းထန်မှုကိုအသိပေးပါ။ အရေးပေါ်အခြေအနေတွင် ဖြစ်ပေါ်လေ့ရှိသောရောဂါလက္ခဏာများနှင့် အရေးပေါ်ထိုးဆေးမည်သည့်နေရာတွင်ထားသည်ကိုပါပြောပြထားပါ။• ဓါတ်မတည့်မှုဖြစ်စဉ်ကိုရှောင်ရှားနိုင်သည့်နည်းလမ်းအချို့ကို ပြုလုပ်ထားပါ။ ဥပမာ – လုပ်ငန်းခွင်တွင်တည်ခင်းသောနေ့လည်စာတွင် မည်သည့်အစားအစာများပါဝင်သည်ကိုတိုင်ပင်ပါ။ ထုတ်ပိုးပြီးအစားအစာများဖြစ်ပါကမည်သည်တို့ပါဝင်သည်ကို ပါကင်ဘူးတွင် ဖတ်ရှုပါ။ ထိုသူတို့တွင်လည်းအစားအစာနှင့် ဓါတ်မတည့်မှုကြုံတွေ့နိုင်ပြီးသင်ကသူတို့သိလိုသည်များကိုပါ ပြောပြတတ်အောင်လေ့လာပါ။• သင်၏ရုံး ၊ အလုပ်ခန်းတွင် ဓါတ်မတည့်မှု ကင်းစင်သော နေရာဖြစ်အောင် စီမံထားပါ။ သတိပေး ပိုစတာများ ချိတ်ဆွဲပေးထားပါ။ ဟာသနှောထားသော စိတ်ဝင်စားဖွယ် သတင်းအချက်အလက်ပေး ပုံစံမှတစ်ဆင့် အစားအစာနှင့် ဓါတ်မတည့်ခြင်း၏ အရေးကြီးပုံကို သတိပြုမိအောင်စီမံပါ။မည်သို့ပင် အားထုတ်သော်လည်း မတော်တဆ ဓါတ်မတည့်မှုများနှင့် ထိတွေ့နိုင်သေးသည့်အတွက် အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားပါ။• သင်၏အရေးပေါ်ထိုးဆေးကိုသင်နှင့်မကွာထားပါ။• သင့်တွင်ဓါတ်မတည့်သောအခြေအနေရှိကြောင်းပြသည့်လက်ပတ်ဝတ်ဆင်ပါ။• လုပ်ငန်းခွင်တွင်ဓါတ်မတည့်မှုဖြစ်ပါကမည်သို့လုပ်ဆောင်ရမည်ကိုသိသည့်သူတစ်ဦးသင့်အတွက်သေချာပေါက်ရှိနေပါစေ။နည်းလမ်းအဆင့်(၃) – လုပ်ငန်းခွင်ရှိမီးဖိုချောင်တွင်လိုက်နာရန်။အစားအစာနှင့် ဓါတ်မတည့်မှုရှိသူ အတော်များများသည် သူတို့ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ရသည်ကို နှစ်သက်တတ်ကြသည်။ ထို့ကြောင့် သင်ထိတွေ့ ကိုင်တွယ်နေသော အထဲတွင် မိမိနှင့် မတည့်သော အစားအစာမပါဖို့ အရေးကြီးပါသည်။ သင်၏ လုပ်ငန်းကြီးကြပ်သူကို မီးဖိုချောင်အတွက် လိုအပ်သည်များ ပြင်ဆင်ထားနိုင်ရန် တင်ပြပါ။ သင်၏ ထမင်းချိုင့်ကိုလုံအောင်ပိတ်၍ သင့်နာမည်ကပ်ပြီး “မကိုင်ရ” ဟု ရေးသားထားပါ။ အစားအစာ ဗီဒိုကိုရော၍ သုံးပါက သင့်အစားအစာအတွက် နေရာသီးသန့်ကို ပြင်ဆင်ထားပါ။အစည်းအဝေးနှင့် သင်တန်းများတွင် အစားအသောက်များ ပါဝင်လေ့ရှိသည်။ သင်တန်းခေါင်းဆောင်နှင့် တက်ရောက်သူများသည် သင်နှင့် အမြဲတွဲဖက်လုပ်ကိုင် နေရသူများ မဟုတ်သည့်အတွက် သင့်အတွက် လိုအပ်သော ပြင်ဆင်မှုများကို သတိပြုမိချင်မှပြုမိလိမ့်မည်။ သင့်အနေဖြင့် သင်တန်းမှူး (သိုမဟုတ်) သင်တန်းဆရာကို သင်၏ အခြေအနေအကြောင်း စတင်မိတ်ဆက်စဉ်ကတည်းကပြောပြထားပါ။ သင်တန်းနည်းပြကလိုအပ်ပါကသင်တန်းခန်းမအတွင်းအခြားသူများအစားစားခြင်းကို တားမြစ်ပေးလိမ့်မည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bd%e1%80%84%e1%80%ba%e1%80%9e%e1%80%85%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%a1%e1%80%85%e1%80%ac/
WHO က အကြံပေးတဲ့ COVID-19 ကာကွယ်နည်းများ
COVID-19ကိုpandemicအဖြစ် WHOက ထုတ်ပြန်လိုက်တဲ့အခါမှာ တစ်ကမ္ဘာလုံးက စိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်။ ပိုဆိုးတာက အခုထက်ထိ ကုသလို့ရတဲ့ ဆေးရော၊ ကာကွယ်လို့ရတဲ့ ဆေးရော မရှိသေးတာကြောင့် ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုပြီး အများက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဒီရောဂါအတွက် လက်ရှိမှာ လုပ်နိုင်တာက ကာကွယ်တာပါပဲ။ ကာကွယ်နည်းနဲ့ ပတ်သတ်ပြီးတော့လည်း တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ပြောနေကြတာကြောင့် ပြတ်ပြတ်သားသားသိရအောင် WHO က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။(၁)လက်ဆေးပါ။ရေနဲ့ ဆပ်ပြာ သုံးပြီးပဲ ဖြစ်ဖြစ်၊ အရက်ပြန်ပါတဲ့လက်သန့်ဆေးရည်သုံးပြီးပဲ ဖြစ်ဖြစ် စက္ကန့်၂၀ကြာအောင် လက်ဆေးပါ။ ဒါက သင့်လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေကို သေစေပါတယ်။လက်ဆေးနည်းကိုဤနေရာတွင်ကြည့်ပါ။(၂) နေမကောင်းတဲ့ သူနားကို မကပ်ပါနဲ့။ချောင်းဆိုးနေတဲ့သူ၊ နှာချေနေတဲ့သူနဲ့ အနည်းဆုံး ၆ပေအကွာမှာ နေပါ။လူစုလူဝေးကို ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အမှုန်အမွှားတွေမှာ ဗိုင်းရပ်စ်မပါနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ သင်က အရမ်းကပ်နေရင် ဒီအမှုန်အမွှားတွေကို ရှူမိပြီး ရောဂါကူးစက် ခံရနိုင်ပါတယ်။(၃) MEN ကို မထိပါနဲ့။Mouth, Eyes, Nose ကို မထိပါနဲ့။ အလွယ်ပြောရင်မျက်နှာကို လက်နဲ့ မထိပါနဲ့။ လက်ဆိုတာ နေရာတကာကို ကိုင်တဲ့ အတွက် ဗိုင်းရပ်စ်တွေ ကပ်ပါ နိုင်ပါတယ်။ ဒီလက်နဲ့ မျက်နှာကို ကိုင်မယ်ဆိုရင် ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲကို ဝင်လာမှာပါ။(၄) နှာချေ၊ ချောင်းဆိုးရင် အုပ်ဆိုးပါ။သင်ရော သင့်ပတ်ဝန်းကျင်က လူတွေရောနှာချေ၊ ချောင်းဆိုးရင် အုပ်ပြီး ဆိုးဖို့ လိုပါတယ်။ တစ်ရှူးနဲ့ ဆိုလည်း ဆိုးပြီးတာနဲ့ တစ်ခါတည်း အမှိုက်ပုံးထဲ ထည့်ပါ။ ပြီးရင် လက်ဆေးပါ။ ဘာမှ မရှိရင် တံတောင်ကွေးထဲ ထည့်ဆိုးပါ။ နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားကနေ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်။ ဒီလို အကျင့်ကောင်းရှိတာက COVID-19 အပါအဝင် တခြားတုပ်ကွေးပိုးတွေကိုပါ ကာကွယ်နိုင်မှာပါ။(၅) ဖျားတယ်၊ ချောင်းဆိုးတယ်၊ မောတယ်ဆိုရင် စောစောစီးစီး ကုသမှု ခံယူပါ။ဖျားတယ်၊ ချောင်းဆိုးတယ်၊ မောတယ်ဆိုရင် စောစောစီးစီး ကုသမှု ခံယူပါ။ ဒါပေမယ့် ဆေးခန်းမသွားခင် ဖုန်းဆက်ပြီး အရင်ဆွေးနွေးပါ။ မလိုအပ်ဘဲ ဆေးခန်းသွားတာက သူများဆီက ရောဂါကူးနိုင်သလို၊ ကိုယ့်ဆီကနေလည်း သူများကို ရောဂါဖြန့်သလို ဖြစ်သွားနိုင်ပါတယ်။(၆) နေမကောင်းရင် အိမ်မှာပဲ နေပါ။နေမကောင်းဘူး။ ဖြစ်နေကျ သာမန် နှာစေး၊ ချောင်းဆိုးပဲ ဖြစ်ရင်တောင် အိမ်မှာပဲ နားနေပါ။ ကျန်းမာရေးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပါ။(၇) WHO က ထုတ်ပြန်တဲ့ သတင်းတွေကို အမြဲ နားစွင့် နေပါ။အခုဆိုရင် COVID-19 နဲ့ ပတ်သတ်တဲ့ သတင်းတွေက နေရာအနှံ့မှာ ရှိနေပါတယ်။ သတင်းမှန်တွေသတင်းမှားတွေ အကုန်ရောနေတဲ့အတွက် ဘာကို ယုံရမလဲ မသိဖြစ်တတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) က ထုတ်ပြန်တဲ့ သတင်းတွေကို အမြဲ စောင့်ကြည့်နေပါ။ မျှဝေပါ။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/who-covid-19/
null
null
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/staying-awake-at-work/
နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်လို့ သိထားသင့်သည်များ
ဒီခေတ်ကြီးမှာ နည်းပညာတွေ ဆန်းသစ်ထွန်းကား လာနေပေမယ့် ကျန်းမာရေး ပြဿနာတွေကတော့ မရိုးနိုင်အောင် ဖြစ်နေဆဲပါပဲ။ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အပါအဝင်ပေါ့။ ဒီလို ပြဿနာတွေထဲက တစ်ခုက အသက်အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုဖြစ်တဲ့ နေရာလွဲမှားသန္ဓေတည်ခြင်း (ectopic pregnancy) ပဲ ဖြစ်ပါတယ်။ဒီ အခြေအနေဟာ ဆိုးရွားပြင်းထန်ပြီး အန္တရာယ်ရှိတဲ့အတွက် အမျိုးသမီး အများစုဟာ နေရာလွဲမှား သန္ဓေတည်မှာကို စိုးရိမ်ကြပါတယ်။ ဒါဟာ သူတို့ အလွန် မဟုတ်ပါဘူး။ နေရာလွဲမှားသန္ဓေတည်ခြင်းဟာ အသက်ဆုံးရှုံးတဲ့အထိ ဒုက္ခပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) နဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် မမျိုးဥဟာ ဖိုသုက်ပိုးနဲ့ ထိတွေ့ပေါင်းစပ်ပြီးတဲ့နောက် မျိုးအောင်သွားတဲ့ ဥကလေးဟာ သားအိမ်မှာ တွယ်ကပ်ကာ တဖြည်းဖြည်းနဲ့ ကြီးထွားဖွံ့ဖြိုးလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မျိုးအောင်သွားတဲ့ ဥကလေးဟာ သားအိမ်ထဲမှာ မဟုတ်ဘဲ တခြားနေရာတွေ(ဥပမာဗိုက်ထဲမှာ)မှာ ကပ်တွယ်သွားတဲ့အခါ နေရာလွဲမှား သန္ဓေတည်ခြင်း (ectopic pregnancy) ဖြစ်ပေါ်လာရပါတော့တယ်။ ဒါဟာ အင်မတန်အန္တရာယ်ကြီးတဲ့ အခြေအနေ ဖြစ်တဲ့အတွက် စောစီးစွာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။နေရာလွဲမှားသန္ဓေတည်ခြင်းဟာ ကနဦးမှာ ဘာရောဂါလက္ခဏာမှ ထူးထူးခြားခြား ပြလေ့မရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်ဝန် ပထမ သုံးလပတ်မှာဆရာဝန်နဲ့ မှန်မှန် ပြသစစ်ဆေး သင့်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အောက်ပါလက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး aရာဂါအခြေအနေကို ဖော်ထုတ်ကာ ဆေးကုသမှု ခံယူရပါမယ်။• သွေး အနည်းငယ် ဆင်းခြင်း။• ပျို့အန်ခြင်း၊ ဗိုက်နာ/အောင့်ခြင်း။• ဗိုက်ထဲက စူးစူးပြီး အောင့်ခြင်း။• ခန္ဓါကိုယ် တခြမ်းနာခြင်း။• မူးဝေခြင်း၊ မေ့လဲခြင်း။• ဗိုက်အောက်ပိုင်း၊ ပုခုံး၊ လည်ပင်းဒါမှမဟုတ် စအိုနားတဝိုက်မှာ နာခြင်း စတာတွေပဲ ဖြစ်ပါတယ်။•pelvic inflammatory diseaseလို့ခေါ်တဲ့ မျိုးပွားအင်္ဂါပိုးဝင် ရောင်ရမ်းတာ ဖြစ်ဖူးသူတွေ။• အသက် သုံးဆယ်နဲ့ အထက် အမျိုးသမီးတွေ။• ဝမ်းဗိုက်၊သားဥပြွန် ဒါမှမဟုတ် မျိုးပွားအင်္ဂါတွေ ခွဲစိတ်မှု ခံယူထားဖူးသူတွေ။• ဆေးလိပ် အလွန်အကျွံ သောက်သူတွေ။• သဘာဝမဟုတ်တဲ့ နည်းနဲ့ ကလေးရအောင် လုပ်တဲ့အခါ မျိုးအောင်ပြီးသား ဥကို သားဥပြွန်ထဲမှာ ထားခဲ့ခြင်းစတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။သားဥပြွန် အတွင်းဖက်မှာ ပျက်စီးနေပြီဆိုရင် သွေးအလွန်အကျွံ ထွက်တာကို တားဆီးဖို့အတွက် အရေးပေါ် ခွဲစိတ်ကုသမှုကို ချက်ချင်း ပြုလုပ်ရမှာ ဖြစ်ပြီးတချို့ လူနာတွေမှာတော့ သန္ဓေသား တစ်သျှူးကြီးထွားမှုကို ရပ်တန့်ဖို့အတွက် ဆေးဝါးတွေကို သုံးစွဲဖို့ လိုမှာဖြစ်တာကြောင့် ဘယ်လိုကုသမှုမျိုးက အသင့်တော်ဆုံးဖြစ်မလဲ သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့  ပြသတိုင်ပင်ဆွေးနွေး ရပါမယ်။မပူပါနဲ့။ နေရာလွဲမှားသန္ဓေတည်တာ တခါ ဖြစ်ဖူးတယ် ဆိုရင်လည်း သင့်အနေနဲ့ ကလေး ရနိုင်ပါသေးတယ်။ ဒါပေမယ့် သင် ဘယ်လိုကုသမှုမျိုးကို ခံယူခဲ့ရတယ် ဆိုတာနဲ့ သင့်ရဲ့ ကျန်းမာရေး အခြေအနေတွေ ပေါ်တော့ မူတည်နေပါသေးတယ်။ အကောင်းဆုံးသော ကုသမှုကို ရရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။နေရာလွဲမှားသန္ဓေတည်ခြင်းဟာ အရမ်း အန္တရာယ်ကြီးတဲ့ အခြေအနေ တစ်ခု ဖြစ်ပေမယ့် မှန်ကန်သင့်တော်တဲ့ ကုသမှုတွေလည်း အများကြီး ရှိနေတာမို့ အမျိုးသမီးတွေ အနေနဲ့ နောက်အကြိမ်တွေမှာ ကျန်းမာကောင်းမွန်တဲ့ ကိုယ်ဝန်တွေကို ရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/ectopic-pregnancy/
ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း ကိုကာကွယ်ခြင်း
ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အနေနဲ့ သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ တွေ့ကြုံဖြတ်သန်း ဖို့စောင့်မျှော်နေတယ့် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူမဘ၀ ကိုအဆုံးထိရောက်အောင် ဆွဲချသွားနိုင်တဲ့ အမှားတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ အရွယ်မတိုင်ခင် ဆယ်ကျော်ဘဝမှာ ကိုယ်ဝန်ရှိသွားခြင်းပါပဲ။ ဒီအချက်က မိခင်သာမက ကလေးအတွက်ပါ ကြီးမားတဲ့လူမှုဆက်ဆံရေး နဲ့ပတ်သတ်တဲ့နောက်ဆက်တွဲ ပြသနာတွေ ကိုယူဆောင်လာနိုင်ရုံသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ လူမှုဆက်ဆံရေးပြသနာတွေ ထဲက အရှုပ်ထွေးဆုံးတစ်ခုလည်း ဖြစ်ပါတယ်။မိဘတွေအနေနဲ့ ဒီလို ဆယ်ကျော်သက်ကလေးတွေရဲ့ ဘဝကို အပြည့်အဝထိန်းချုပ်လို့ မရတာမှန်ပေမယ့် အရှေ့မှာပြောခဲ့သလို နောင်တရစရာ အခြေအနေတွေ ရှောင်ရှားနိုင်အောင် မိဘတွေအနေနဲ့ လုပ်နိုင်တာလေးတွေ အများကြီးရှိပါတယ်။လူတစ်ယောက်ရဲ့ဘဝအတွက်အရးကြီးတဲ့ သင်ခန်းစာ တွေက ကျောင်းကပေးတဲ့ သင်ခန်းစာတွေထဲကဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒီကိစ္စက သဘာဝဖြစ်ရိုးဖြစ်စင်(လိင်မှုကိစ္စ) နဲ့ပတ်သတ်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူတွေ အတွက် ကျောင်းကနေ ဘာသာရပ်တော်တော်များများ ကိုသင်ကြားခဲ့ရပေမယ့် ကျောင်းတော်တော်များများမှာဆိုရင် လိင်မှုဆိုင်ရာပညာပေး သင်ခန်းစာတွေကို အချိန်ပေး သင်ကြားတာတွေရှိတာ မတွေ့ရပါဘူး။ ဒီအပြင်အဲဒီလို လိင်ကိစ္စနဲ့ပတ်သတ်တာတွေကို ဆရာတွေကလည်းပြောပြဖို့ စိတ်အနှာင့်အယှက်ဖြစ်နိုင်၊အဆင်မပြေဖြစ်နိုင်တဲ့ ခေါင်းစဉ်တွေဆို ရှောင်ပြီး မပြောတတ်ကြပါဘူး။ ဒါ့ကြောင့် မိဘတွေအနေနဲ့ အဲလို အကြောင်းအရာတွေကို သိအောင် ပြောပြပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာမျိုးလုပ်သင့်ပါတယ်။ မဟုတ်ရင်တော့ သင့်တို့ကလေးတွေ မသိသေးတဲ့အတွက် သူတို့ အတွေ့အကြုံရှာခဲ့ရင် ပေးဆပ်လိုက်ရမှာတွေက အရမ်းကြီးမားပါတယ်။Stayteen အဖွဲ့အစည်းရဲ့ လတ်တလောရှာဖွေတွေ့ရှိထားချက်အရ ဆိုရင် ဆယ်ကျော်သက် သုံးပုံ တစ်ပုံမှာ ကိုယ်ဝန်မရအောင် တားဆီးတဲ့နည်းလမ်းတစ်ခုမှ မသုံးတာတွေ့ရပြီးဲ တစ်ဝက်ကျော်ကျော်ရဲ့အတားအဆီး မသုံးဘဲနေတဲ့ အဓိကအကြောင်းအရင်းက သူမရဲ့ အဖော်ကို စိတ်ကျေနပ်မှုပေးနိုင်အောင် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆယ်ကျော်သက်တော်တော်များများက ဒီလိုအတားအဆီးမသုံးဘဲ ကိုယ်ဝန်ရသွားရင် ရင်ဆိုင်ရမယ့် အဖြစ်မှန်ကို မသိကြသေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ဒီလို ကိုယ်ဝန်ရှိသွားခြင်းက သူတို့ရဲ့ ပညာရေး၊စီးပွားရေး၊ အနာဂတ်တိုးတက်ရေးအတွက်သာမက ကလေးရော အမေရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း သတိပေးသင့်ပါတယ်။ ကလေးအမေ အနေနဲ့ သွေးအားနည်းခြင်း၊ မွေးပြီး စိတ်ဓါတ်ကျ ရောဂါဖြစ်နိုင်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ထို့အတွက် ကလေးမှာလည်း နေ့မစေ့ လမစေ့ မွေးခြင်း(သို့) ပေါင်မပြည့်ဘဲ မွေးခြင်းဖြစ်နိုင်ပြီး အဲလိုဖြစ်ခြင်းက ကလေးကို အကြောင်းအရင်း မရှိဘဲ ရုတ်တရက်သေဆုံးခြင်းကိုဖြစ်စေနိုင်တယ်ဆိုတာ သေချာပြောပြဖို့လိုအပ်ပါတယ်။အခြေအနေကို သေချာသိတဲ့သူအနေနဲ့ အကောင်းဆုံးအဖြေကို ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင်တို့ရဲ့ ဆယ်ကျော်သက်ကလေးကို ဘာတွေကဖြစ်စေလဲဆိုတာ သေချာသိခြင်းက သင့်ကို သင့်ကလေးနဲ့ပတ်သတ်ပြီး အပေါ်ယံမကဘဲ ပိုပြီးနက်နက်နဲနဲ လေ့လာဆန်းစစ်နိုင်အောင် ဘယ်လိုအခြေအနေဖြစ်ဖြစ် အသုံးချနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။အခုအောက်မှာ ဖော်ပြထားတဲ့ အကြောင်းတွေက များသောအားဖြင့် ဆယ်ကျော်သက်တွေကို လိင်ဆက်ဆံဖို့ လက်ခံ သဘောတူစေတဲ့ အချက်တွေပါ။အပေါင်းအဖော် တွေရဲ့လွှမ်းမိုးမှု၊ဖိအားပေးမှု။ဆယ်ကျော်သက်ကလေးတွေအနေနဲ့ ဘယ်သူမှသူတို့ ကို အထင်မသေးရဲအောင် အခြား တော်တဲ့ လူထင်ကြီးခံရတဲ့ ကလေးအုပ်စုနဲ့အ ပေါင်းသင်းလိုစိတ်ပြင်းထန်ပြီး သူတို့ရဲ့မကောင်းတဲ့လွှမ်းမိုးမှုမျိုးကို ခံရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။အချစ်ဝတ္တု၊ ကြည်နူးစရာရုပ်ရှင် အစရှိတဲ့မီဒီယာ သတင်း တွေက လူတွေကို သူတို့လုပ်နိုင်သလို၊လိုသလို ဆွဲဆောင်ပြီး အချစ်နဲ့ပတ်သက်တဲ့ အယူအဆတွေမှားယွင်းအောင် လုပ်ဆောင်နေတာကြောင့်လည်းပါပါတယ်။အရက်သောက်ခြင်း နှင့် ဆေးသုံးခြင်း။ဆယ်ကျော်သက်ကိုယ်ဝန်ရခြင်းနဲ့ ပတ်သက်ပြီး ၇၅ ရာခိုင်နှုန်း က အရက်နဲ့ ဆေးတွေ သုံးတာကြောင့်လို့တွေ့ရပါတယ်။ဗဟုသုတမရှိခြင်းကြောင့်လည်း ဒီလိုပြသနာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း မိဘတွေအနေနဲ့ ဒီလို လိင်ကိစ္စတွေနဲ့ပတ်သတ်ပြီး ပညာပေးဖို့ (သို့) ပညာပေးနေတဲ့ သင်တန်းတွေဆီ ပို့ပေးဖို့ အပြင်းအထန် တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d/
Osteoarthritis အရိုးအဆစ်ရောင်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ
Osteoarthritis ဆိုသည်မှာအသုံးပြုပါများ၍ ဒဏ်ဖြစ်ကာအရိုးနု နှင့် အဆစ်တို့ ယိုယွင်းပျက်စီးသောအဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်ပြီးအသက်အရွယ်ကြီးရင့်သူများတွင် အဖြစ်များသည်။ ထိုရောဂါကိုအသက်အရွယ်ရလာတဲ့အခါ အဆစ်အမြစ်ပိုင်းမှာမလွဲမသွေကြုံရမယ့် ရိုးရှင်းတဲ့ ပြဿနာတစ်ခုလို့ တစ်ချိန်ကယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သုတေသနတွေအရOsteoarthritis အရိုးအဆစ်ရောင်ရောဂါ ဆိုတာအကြောင်းရင်းတွေအများကြီးရှိတဲ့ ရှုပ်ထွေးလှတဲ့ ဖြစ်စဉ်တစ်ခုဆိုတာသိလာကြပါတယ်။ သူဟာမရှောင်လွှဲနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အကြောင်းကိစ္စတွေ အများအပြားကြောင့် ဖြစ်လာရပြီးအတော်များများဟာပြောင်းလဲနိုင်၊ ကာကွယ်နိုင်ပါတယ်။ ယခုဖော်ပြမှာတွေကတော့ Osteoarthritis အရိုးအဆစ်ရောင်ရောဂါ။ဖြစ်နိုင်ခြေတွေကိုလျှော့ချနိုင်ဖို့ဘာလုပ်ရမယ်ဆိုတာ ဆရာဝန်တွေအကြံပေးထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ကိုယ်အလေးချိန်များခြင်းဟာOsteoarthritis အရိုးအဆစ်ရောင်ရောဂါ။ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ပိုနေတဲ့ ကိုယ်အလေးချိန်ဟာတင်ပါးဆုံရိုး၊ ဒူးခေါင်းစတဲ့ ကိုယ်အလေးချိန်ကိုထမ်းထားရတဲ့ အဆစ်တွေပေါ်မှာဖိအားကိုပိုများစေပါတယ်။ အလေးချိန်တစ်ပေါင်တက်တိုင်းဒူးဆစ်ရိုးပေါ် လေးပေါင်သက်ရောက်စေပြီးတင်ပါးဆုံရိုးပေါ် ခြောက်ဆသက်ရောက်စေပါတယ်။ အချိန်ကြာလာတဲ့အမျှ အဆစ်တွေမှာအခုအခံလုပ်ပေးထားတဲ့ အရွတ်တွေကိုထိခိုက်လာစေပါတယ်။ ဒီဖိအားကြောင့် သက်သက်ပဲမဟုတ်ပါဘူး။ အဆီအသားတွေကနေ cytokine လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးထုတ်ပေးပြီးကိုယ်ခန္ဓါတစ်ခုလုံးမှာရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆစ်တွေမှာဆိုရင် cytokine ဟာအရွတ်တွေကိုပျက်စီးစေပါတယ်။ ကိုယ်အလေးချိန် များလာတဲ့အခါ ခန္ဓါကိုယ်ကနေမကောင်းတဲ့ ပရိုတင်းတွေ ထွက်လာစေပါတယ်။ ကိုယ်အလေးချိန် အနည်းငယ်မျှ ကျဆင်းရုံနဲ့ပင်အဆစ်အမြစ်တွေအပေါ် ဒဏ်ဖြစ်စေခြင်းကသက်သာစေပြီးOsteoarthritis အရိုးအဆစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို တစ်ဝက်လောက် သက်သာစေပါတယ်။နောက်ဆုံးပေါ် သုတေသနမှာဆီးချိုဟာသကြားဓါတ်ကိုအကျိုးသက်ရောက်စေပြီးအရိုးအဆစ်ရောင်ခြင်းကို ဖြစ်ပွားနိုင်စေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုရင် ဂလူးကို့စ်ဓါတ်များလာရင် အရွတ်တွေကိုတောင့်တင်းစေတဲ့ ဓါတ်ပစ္စည်းတွေဖြစ်ပေါ်စေပြီးဖိအားဒဏ်ကိုပိုခံရစေတယ်လို့ ဆိုပါတယ်။ ဆီးချိုဟာအရွတ်တွေ ပျက်စီးစေတဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသစ်တွေ့ရှိထားတဲ့ ဆီးချိုနဲ့ အရိုးအဆစ်ဒဏ်ဖြစ်ခြင်းရဲ့ကြားဆက်နွယ်ချက်ကတော့ အမေရိကန်လူမျိုးတွေရဲ့ တစ်ဝက်ကျော်ကျော်ဟာ ဆီးချိုရှိပြီးOsteoarthritis ရောဂါပါတွဲတွေ့ရတတ်တာပါပဲ။ကိုယ်လက်လှုပ်ရှားမှုဟာOsteoarthritis အရိုးအဆစ်ရောင်ခြင်းအတွက် အကောင်းဆုံးကုသမှုတစ်ခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေကိုမူလအတိုင်းထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးနည်းလည်း ဖြစ်ပါတယ်။ အတန်အသင့်အားစိုက်ရတဲ့လေ့ကျင့်ခန်းကိုတစ်ခါလုပ်ရင် နာရီဝက်ခန့်နဲ့ တစ်ပတ်မှာ ၅ကြိမ်လုပ်ခြင်းဟာအရိုးအဆစ်တွေကိုပျော့ပြောင်းစေပြီးတင်ပါးဆုံရိုးနဲ့ ဒူးဆစ်ကိုထောက်ပံ့မှုပေးတဲ့ကြွက်သားတွေကိုသန်မာစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာအဆုတ်နဲ့ နှလုံးတွေကိုလည်းသန်မာစေပြီးဆီးချိုဖြစ်နိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။သင့်အနေနဲ့ အားကစားခန်းမကိုပုံမှန်မသွားနိုင်ရင်တောင် လမ်းလျှောက်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ ကြမ်းတိုက်ခြင်းစတာတွေကိုပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်အရွယ်၊ ကျန်းမာရေးအနေအထား၊ နှစ်သက်သောကိုယ်လက်လှုပ်ရှားမှုပေါ် မူတည်ပြီးလေ့ကျင့်ခန်းကိုစွဲမြဲလုပ်ဆောင်မှ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။ဘယ်လေ့ကျင့်ခန်းကိုရွေးချယ်ရမယ်ဆိုတာပြဿနာမရှိပါဘူး။ သင့်ကိုယ်ခန္ဓါနဲ့ ကိုက်ညီသလိုလုပ်ဖို့ကအရေးကြီးတာပါ။ တစ်နာရီနှစ်နာရီခန့် လေ့ကျင့်ခန်းလုပ်အပြီးနာကျင်ကိုက်ခဲတာရှိနေရင် နောက်တစ်ကြိမ်မှာလျှော့လုပ်ပြီးပိုအနားယူပါ။ ထိခိုက်မှုတွေ ရှောင်နိုင်အောင် ကိုယ်ခန္ဓါကလှုပ်ရှားမှုအသစ်တွေကိုဘယ်လိုလက်ခံမယ်ဆိုတာမသိသေးခင်အထိ ဖြည်းဖြည်းပဲလုပ်ဆောင်ပါ။ နေ့တိုင်းလေ့ကျင့်ခန်းတစ်မျိုးတည်းပဲမလုပ်ပါနဲ့။အရွတ်တွေ ဒဏ်ဖြစ်ပြီး ပြန်မကောင်းရင် အဲဒီအရိုးအဆစ်ဟာထိခိုက်မှုမရှိတဲ့ အရိုးအဆစ်ထက်ကိုOsteoarthritis ရောဂါ ဖြစ်နိုင်ခြေ ၇ဆခန့်ပိုများပါတယ်။ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အရွတ်များ ပြဲခြင်း၊ ဒဏ်ဖြစ်ခြင်းစတာတွေဟာအရိုးနုတွေပျက်စီးပြီး Osteoarthritis ဖြစ်နိုင်ချေကိုသိသိသာသာပိုများလာစေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေရဲ့ ၅၀ရာခိုင်နှုန်းခန့်မှာထိုသို့ ဖြစ်တတ်ပါတယ်။ထိခိုက်မှုအားလုံးကိုအမြဲမရှောင်နိုင်ရင်တောင်မှ သင့်အရိုးအဆစ်တွေကိုကာကွယ်သင့်ပါတယ်။ ဘောလုံး၊ ဟော်ကီစတဲ့ အားကစားတွေလုပ်တဲ့အခါ အကာအကွယ်တွေ ဝတ်ဆင်ထားရပါမယ်။ ဘေ့စ်ဘောကစားရင် အောက်ခံကွင်းပြင်ဟာသင့်တော်တဲ့ အနေအထားရှိမရှိဆန်းစစ်ရပါမယ်။ အိမ်မှာ၊ လုပ်ငန်းခွင်မှာပစ္စည်းတွေ မစရာ၊သယ်စရာရှိရင် အကြီးဆုံး၊ အသန်မာဆုံးအရိုးအဆစ်တွေကိုအသုံးပြုပါ။ နားနားပြီးလုပ်ဆောင်ပါ။ ထိခိုက်ဒဏ်ရာတစ်ခုရပြီးရင် ကိုယ်အလေးချိန်ကိုထိန်းထားခြင်းဟာနောက်ထပ် အရိုးအဆစ်ဒဏ်မဖြစ်အောင် ကာကွယ်ပေးပါတယ်။Osteoarthritis အရိုးအဆစ်ရောင်ရောဂါ အတွက် တချို့ဖြစ်နိုင်ခြေ အန ္တရာယ်တွေဟာပြောင်းလဲပြုပြင်လို့မရပါဘူး။ ဥပမာအသက်အရွယ်။ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးဖြစ်နိုင်ခြေများလာပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုရှင်းလင်းစွာမသိရသေးပါဘူး။ ဖြစ်နိုင်ခြေတစ်ခုကတော့ အရွတ်မှာရှိတဲ့ ဆဲလ်တွေဟာအချိန်ကြာလာတာနဲ့အမျှ ပျက်စီးသွားတတ်ပါတယ်။ အမျိုးသမီးတွေဟာအမျိုးသားတွေထက် Osteoarthritis ရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။ အထူးသဖြင့် အသက်၅၀ကျော်အရွယ် သွေးဆုံးတဲ့အခါ အီစထရိုဂျင်ဟော်မုန်းနည်းသွားခြင်းဟာအဓိကအကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တချို့လူတွေဟာအရိုးအဆစ်ရောင်ခြင်း ဖြစ်နိုင်ခြေများတဲ့ မျိုးရိုးဗီဇကိုဆက်ခံရတတ်ပါတယ်။ စာတမ်းတစ်စောင်မှာတော့ cytokine ဓါတ်ကိုလက်ခံတဲ့ ဗီဇကြောင့် Osteoarthritis အဆစ်အမြစ်ရောင်ဖြစ်နိုင်ခြေဟာ ၂ဆပိုများတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီအရိုးအဆစ်ရောဂါဟာအကြောင်းတရားမျိုးစုံပေါင်းစပ် ဖြစ်ပေါ်လာတယ်ဆိုတာကိုမေမ့ပါနဲ့။ မျိုးရိုးဗီဇရှိရုံနဲ့ သင့်မှာဖြစ်ပွားနိုင်တယ်လို့ မယူဆနိုင်ပါဘူး။ခြုံငုံပြောရမယ်ဆိုရင် Osteoarthritis အရိုးအဆစ်ရောဂါ အပါအဝင် ရောဂါအားလုံးအတွက် အကောင်းဆုံးသောကာကွယ်ခြင်းဟာကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံပဲ ဖြစ်ပါတယ်။ သင့်ရဲ့ စားသောက်ပုံ၊ ကိုယ်လက်လှုပ်ရှားပုံ၊ အိပ်စက်ပုံ၊ စိတ်ဖိအားအပေါ် တုံ့ပြန်ပုံစတာတွေဟာတစ်ခုနဲ့ တစ်ခုဆက်စပ်နေပါတယ်။ ဆေးလိပ်နဲ့ အရက်သောက်ခြင်းဟာယေဘုယျ ကျန်းမာရေးကိုထိခိုက်စေရုံသာမကဘဲသင့်အရိုးအဆစ်အပေါ်တွင်လည်းမကောင်းသောသက်ရောက်မှု ရှိပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/osteoarthritis-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80/
Coronavirus ကူးစက်ခံရတဲ့အခါ အဆုတ်မှာ ဘယ်လိုတွေ ခံစားရနိုင်လဲ………..
ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိသေးတဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း နဲ့ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေစတင်ခဲ့တဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေကအဆုတ်ရောင်ရောဂါလက္ခဏာတွေနဲ့ ခပ်ဆင်ဆင် ခံစားရနိုင်ပါတယ်။Covid-19လို့ခေါ်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်တဲ့ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ခံစားရတဲ့အခါ လက္ခဏာတွေက တုပ်ကွေးနဲ့ခပ်ဆင်ဆင်တူနေသလို အဆုတ်ရောင်ရောဂါ နဲ့လည်း ခပ်ဆင်ဆင်တူနေပါတယ်။ တကယ်ကတော့ အဆုတ်ရောင် ရောဂါတစ်မျိုးလို့ပဲ ဆိုရမှာပါ။ ပြင်းထန်တဲ့ အခြေအနေမျိုးနဲ့ ကူးစက်ခံရတဲ့ အဆုတ်ရောင်ပါ။ယခုလက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထုတ်ပြန်ထားတဲ့ Covid-19 ကူးစက်မှုကို လူတော်တော်များများ ခံထားရပြီး လူအများစုမှာ မပြင်းထန်တဲ့ အခြေအနေမျိုး၊ သာမန်ဖျားနာမှုအခြေအနေမျိုးတွေ အနေနဲ့ ခံစားနေရကြပါတယ်။Covid-19 ခံစားရသူတွေထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ အထူးကြပ်မတ်ကုသမှုကို ခံယူစရာမလိုဘဲ ပြန်လည်ကျန်းမာ လာကြပါတယ်။ လူ ၆ ဦးမှာ ၁ ဦးလောက်ပဲ ပြင်းထန်တဲ့အခြေအနေကို ခံစားရပြီး အသက်ရှူရ ခက်ခဲတာမျိုးကို ခံစားရတာပါ။Covid-19 က အဆုတ်ရောင်ရောဂါနဲ့ ခပ်ဆင်ဆင်တူပြီး ပြင်းထန်တဲ့ အဖျားရောဂါတစ်ရပ် အနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ဒီ ဗိုင်းရပ်စ်ကအဆုတ်နဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဘယ်လိုများ ထိခိုက်စေတာလဲ……….။Royal Australasian College က တာဝန်ရှိသူတစ်ဦးဖြစ်သလိုအသက်ရှူလမ်းကြောင်းအထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ပါမောက္ခ John Wilson ကတော့ Covid-19 ရဲ့ ပြင်းထန်တဲ့ အဆင့်က အဆုတ်ရောင်ရောဂါနဲ့ လက္ခဏာတွေ တော်တော်လေးဆင်တူပါတယ်။Covid-19ကူးစက်ခံရသူတွေကို အကြမ်းအားဖြင့် အဆင့် ၄ ခုခွဲခြား သတ်မှတ်လို့ရပါတယ်။မပြင်းထန်တဲ့ အဆင့်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာတစ်စုံတရာ မပြတာမျိုး ရှိနိုင်ပါတယ်၊ လို့ပြောပြပါတယ်။နောက်တဆင့်ကတော့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်။ အဖျားရှိနေမယ်။ချောင်းဆိုးမယ်။ ခေါင်းနည်းနည်း ကိုက်မယ်။ မျက်စိနာတာမျိုး လက္ခဏာလေးတွေကို သိပ်မပြင်းထန်တဲ့အခြေအနေမျိုးနဲ့ ခံစားရနိုင်ပါတယ်။ ဒီလိုလူတွေက သေချာ ဂရုမစိုက်ဘူးဆိုရင် အခြားသူတွေဆီကို ရောဂါကူးစက်ခံရနိုင်ပါတယ်။Covid-19 ကူးစက်ခံထားရတာသေချာတဲ့ သူတွေက တစ်နေရာတည်းမှာရှိနေမယ် သူတို့မှာ တုပ်ကွေးလို လက္ခဏာမျိုးတွေ ဖြစ်နေမယ်ဆိုရင်တော့ သူတို့တွေကို အလုပ်ကနေ ပေးနားပြီး အိမ်မှာ သီးသန့်နားနေစေတာက အကောင်းဆုံး သောရောဂါထိန်းချုပ်မှု နည်းလမ်းပါ။နောက်ဆုံး တစ်မျိုးကတော့ အဆုတ်ရောင်ရောဂါလို လက္ခဏာတွေခံစားနေရမယ် အဖျားကတဖြည်းဖြည်းနဲ့ ပြင်းထန်လာမယ်ဆိုတဲ့ လူမျိုးတွေပါ။ဝူဟန်ပြည်နယ်မှ စစ်ဆေးတွေ့ရှိခဲ့သူတွေထဲက အကြမ်းဖျင်း ၆ ရာခိုင်နှုန်းလောက်က တော်တော်လေးပြင်းထန်တဲ့ အခြေအနေကို ခံစားနေရတာပါ။• အသက်အရွယ်ကြီးရင့်နေတဲ့သူတွေ၊။•သွေးတိုးရောဂါခံစားနေရသူတွေ၊။• အဆုတ်ရောဂါ အခံရှိသူတွေ၊။• နှလုံးရောဂါ ခံစားနေရသူတွေ၊။•ဆီးချိုရောဂါခံစားနေရသူတွေ နဲ့။• ပြင်းထန်တဲ့ ရောဂါ အခံတစ်ခုခုရှိသူတွေမှာ ရောဂါခံစားရတဲ့အခါ ပြင်းထန်နိုင်ပါတယ်၊လို့ WHO ကဆိုပါတယ်။Covid-19 ကူးစက်ခံရသူမှာ ချောင်းဆိုးတာ၊ အဖျားတက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါက ကူးစက်မှုက အသက်ရှူလမ်းကြောင်းထဲကို ရောက်ရှိသွားတာကြောင့်ပါ။ဒီလိုနဲ့ အသက်ရှူလမ်းကြောင်းအတွင်းနံရံတွေ ထိခိုက်မှုဖြစ်ပြီးရောင်ရမ်းလာမယ်။ ဒီရောင်ရမ်းမှုက အသက်ရှူ လမ်းကြောင်း အတွင်းနံရံတွေကို ယားယံစေပြီးချောင်းဆိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒီလိုကနေ အခြေအနေဆိုးလာတဲ့အခါအဆုတ်က လေအိတ်လေးတွေက ရောင်ရမ်းလာပြီး ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ လုပ်ကြပါတယ်။ ဒီလိုနဲ့ ရောင်ရမ်းမှုပြင်းထန်တဲ့အခါ အောက်ဆီဂျင်ကို လုံလောက်စွာ ရရှိဖို့ ခက်ခဲလာပါတယ်။ ဒီလိုနဲ့ အသက်ရှူဖို့ ခက်ခဲလာပြီး နောက်ဆုံးမှာ အောက်ဆီဂျင်ပြတ်လပ်မှုပြင်းထန်ပြီး ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကိုလည်း မစွန့်ထုတ်နိုင်တော့ပါဘူး။ဒီအခြေအနေက ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ သေဆုံးမှုကို ဖြစ်စေပါတယ်။စိတ်မကောင်းစရာတစ်ခုက အခုထိ Covid-19 ကူးစက်ခံနေရမှုကို ရပ်တန့်ပစ်နိုင်မယ့် တစ်ခုခုရှိမနေတာပါ၊ လို့ Lung Foundation Australia ရဲ့ ဥက္ကဌ ပါမောက္ခ Christine Jenkins ကဆိုပါတယ်။စမ်းသပ်ကုသမှုတွေ အမျိုးမျိုးလုပ်နေပေမယ့် အခုချိန်ထိ ထိရောက်မယ့် ကုသမှု တစ်စုံတရာကိုမှ ဖော်ထုတ်နိုင်တာမျိုး မရှိသေးပါဘူး။ ရောဂါကူးစက်ခံရသူတွေကို အထူးကြပ်မတ်ကုသပေးတာက အကောင်းဆုံး ကုသမှုအဖြစ် ရှိနေဆဲပါ။ရောဂါကူးစက်ခံရသူတွေကို အသက်ရှူဖို့ ထောက်ကူပေးတာ၊အောက်ဆီဂျင်ရရှိမှုကောင်းမွန်အောင် လုပ်ဆောင်ပေးပြီး အဆုတ်ရဲ့ လုပ်ဆောင်မှုကောင်းအောင် ပံ့ပိုးပေးပြီး ပြန်လည်ကျန်းမာလာအောင် လုပ်ဆောင်ပေးပါတယ်။Covid-19 က ခံစားရသူတစ်ဦးနဲ့ တစ်ဦးမှာတောင် မတူကြပါဘူး။ Covid-19 ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်က အခြား အဆုတ်ရောင်ရောဂါတွေထက် လက္ခဏာပိုမို ပြင်းထန်ပါတယ်။အကြောင်းကတော့ Covid-19 ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်က အဆုတ်တစ်ခုလုံးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အဆုတ်ရောင်လိုမျိုး အဆုတ်ရဲ့ အစိတ်အပိုင်းတစ်ခုတည်းကိုတင် မဟုတ်ပါဘူး။အဆုတ်ကို Covid-19 ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ဒီဗိုင်းရပ်စ်က အဆုတ်ဆဲလ်တွေထဲကို ဝင်ပြီးကိုယ်ခံအားစနစ်က အဆုတ်ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တာမျိုး ဖြစ်အောင် လုပ်ဆောင်ပါတော့တယ်။ ဒီလုပ်ဆောင်မှုက ကိုယ်ခံအားကို မှားယွင်း တိုက်ခိုက်မှုဖြစ်စေပြီး အဆုတ်ဆဲလ်တွေကို ရောင်ရမ်းစေတာကြောင့် အောက်ဆီဂျင် လုံလောက်မှုမရှိအောင် ဖြစ်စေပါတယ်။ဒီအခြေအနေက ကိုယ်ခံအားနည်းသူတွေ၊ နှလုံး နဲ့ အဆုတ်ရောဂါအခံရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။အောက်ဆီဂျင် ပြတ်လပ်မှုက အဆိုးဆုံးအနေနဲ့ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်ပျက်စီးစေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။အသက် ၆၅ နှစ်အထက် ဖိုးဖိုးဖွားဖွားတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင်ဆီးချို၊ ကင်ဆာ၊ အဆုတ်၊ နှလုံး နဲ့ ကျောက်ကပ်ရောဂါတို့လိုမျိုး နာတာရှည်ရောဂါခံစားနေရသူတွေ၊ အသည်းရောဂါရှိသူတွေ၊ဆေးလိပ်သောက်တဲ့သူတွေ၊ အသက် ၁ နှစ်အောက် ကလေးတွေ၊မွေးကင်းစကလေးငယ်တွေမှာ အဆုတ်ရောင်ရောဂါ ခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။အသက်အရွယ်က အဆုတ်ရောင်ရောဂါကြောင့် သေဆုံးနိုင်ခြေအပေါ်မှာ အဓိက သက်ရောက်နေတဲ့ အချက်တစ်ခုပါ။ အဆုတ်ရောင်ရောဂါက အသက်အရွယ်ကြီးရင့်သူတွေကို သေဆုံးစေတဲ့ အဓိက အကြောင်းရင်းခံတွေထဲက တစ်ခုပါ။အကြောင်းကတော့ အသက်ကြီးလာတဲ့အခါကိုယ်ခံအားက အလိုလို နည်းလာတာကြောင့်ပါ။ ရောဂါတွေ ကူးစက်ခံရမှုကို ကာကွယ်နိုင်စွမ်းကလည်း နည်းသွားပါပြီ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/coronavirus-how-to-effect-lungs/
သွေးတိုးရောဂါရှိတာလား ဒါတွေစားပါ
သွေးတိုးရှိနေပြီဆိုရင် အစားအသောက်ကို ပုံမှန်ထက်ပိုဂရုစိုက်ဖို့ လိုအပ်မှာပါ။ ဒီတော့နေ့စဉ်စားသုံးမှုမှာ အခုပြောတဲ့ စားစရာလေးတွေပါဝင်အောင် စားသုံးပေးနော်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ– ပိုတက်ဆီယမ်ကသွေးတိုးကျစေပြီး ကိုယ်တွင်း ကပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်အောင်လုပ်ဆောင်ပေးပါတယ်။သွေးတိုးကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတိုးကျဖို့ အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့်ဆလတ်ရွက်၊ ကိုက်လန်၊ဟင်းနုနွယ် နဲ့ အခြားအစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။ဘယ်ရီသီးတွေ– ဘယ်ရီသီးတွေ အထူးသဖြင့်ဘလူးဘယ်ရီသီးတွေမှာ သဘာဝဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ ဖလေဗာနွိုက် ပါဝင်နေတာကြောင့်သွေးတိုးကျစေနိုင်သလိုသွေးတိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ်–အဆီထုတ်နွားနို့နဲ့ဒိန်ချဉ်တို့က ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ နှလုံးကို ကျန်းမာစေနိုင်သလို တစ်ပတ်ကို ၅ ကြိမ်လောက် ဒိန်ချဉ်သောက်ပေးမယ်။ အဆီထုတ်နို့သောက်ပေးမယ်ဆိုရင်သွေးတိုးဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်မှာပါ။သွေးတိုးရှိသူတွေမှာလည်းသွေးတိုးကျအောင် အထောက်အကူပြုပေးနိုင်မှာပါ။ငှက်ပျောသီး–ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့်သွေးတိုးရှိသူတိုင်း စားပေးသင့်ပါတယ်။ မနက်ခင်းမှာ နွားနို့ထဲထည့်စားတာဖြစ်ဖြစ် အုတ်ဂျုံနဲ့ တွဲဖက်စာတာဖြစ်ဖြစ် ဒိန်ချဉ်ထဲထည့်စားတာဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။ဆယ်လ်မွန်၊မက်ကာရယ်– ငါးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုပါ။ Omega – 3 Fatty Acid ကြွယ်ဝတဲ့ ငါးတွေကသွေးတိုးကျစေနိုင်ပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလိုသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။အစေ့အဆန်များ– အပျင်းပြေစားလေ့ရှိတဲ့နေကြာစေ့၊ ဖရုံစေ့ လိုမျိုး အစေ့အဆန်တွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ အခြားသတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတိုးကျစေမှာ အသေအချာပါ။ကြက်သွန်ဖြူ-ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ကိုယ်တွင်းမှာသွေးကြောတွေကို ကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုဒ်တိုးလာစေပြီးသွေးတိုးကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။အနက်ရောင်ချောကလက်– တစ်နေ့ကို အနက်ရောင်ချောကလက် ၁၀၀ ဂရမ်စားသုံးမှုကနှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ အချိုပါဝင်မှုနည်းတဲ့ချောကလက်စားသုံးမှုကသွေးတိုးကျစေနိုင်တဲ့အာနိသင်ရှိပါတယ်။သလဲသီး– သလဲသီးကို အသီးအတိုင်း စားလို့ရသလိုဖျော်သောက်လို့လည်းရပါတယ်။ တစ်နေ့ကို သလဲသီးဖျော်ရည် တစ်ခွက်နှုန်းနဲ့ ၄ ပတ်ကြာသောက်သုံးမှုကသွေးတိုးကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့်သွေးတိုးရှိသူတွေအနေနဲ့ သလဲသီးကမေ့ထားလို့ မဖြစ်ပါဘူး။ကျန်းမာရေးနပြ ညီညွတ်အောင်စားသုံးပြီး ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ အသံတိတ်လူသတ်သမားလက်ကနေ ကာကွယ်လိုက်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/foods-for-hypertension/
အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား
လူသိများတဲ့ ယုံတမ်းစကားတစ်ခုကတော့ အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရနိုင်စွမ်းဟာ ပုံမှန်အချိန်ထက် ရာသီလာချိန်မှာ ပိုနည်းတတ်ပေမယ့် အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်ရှိနိုင်ပါတယ်။ရာသီလာခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါက မလိုအပ်တော့တဲ့ တစ်ရှူးတွေကို ထုတ်လုပ်လိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီတစ်ရှူးတွေဟာ ကလေးငယ် အမျိုးသမီးကိုယ်ခန္ဓါအတွင်း ဖွံ့ဖြိုးနိုင်တဲ့ သားအိမ်အတွင်းက လာတာဖြစ်ပါတယ်။လတိုင်းမှာ အမျိုးသမီးရဲ့ သားအိမ်ဟာ မျိုးအောင်တဲ့ မျိုးဥကို လက်ခံဖို့ ထူလာတတ်ပါတယ်။ တကယ်လို့ မျိုးဥဟာ မျိုးမအောင်ဘူးဆိုရင်တော့ အမျိုးသမီးဟာ ကိုယ်ဝန်မရရှိပဲ ဒီနံရံတွေဟာ ကိုယ်ခန္ဓါအတွင်းကနေ သွေးအဖြစ် မိန်းမကိုယ်မှ ဆင်းလာနိုင်ပါတယ်။ဒီဖြစ်စဉ်ကို ရာသီလာခြင်းလို့ ခေါ်ပြီး ဒါဟာ လစဉ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ ရာသီလာနေပြီဆိုရင် ဒါဟာ သွေး သေးငယ်တဲ့ ပမာဏနဲ့ မလိုအပ်တဲ့ တစ်ရှူးတွေကို ကိုယ်ခန္ဓါက ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ မိန်းကလေးတွေ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ရင့်ကျက်လာတာနဲ့ အမျှ ပုံမှန်ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါတယ်။လူအတော်များများက ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန် မရရှိနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်ကတော့ သူမ ရာသီလာနေစဉ်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ဒါဟာ အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။တကယ်လို့ သင်ဟာ ကိုယ်ဝန်ရလိုပြီး တစ်နှစ် (သို့) တစ်နှစ်ကျော်ကြာအောင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး မရဘူးဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဆရာဝန်တွေက သင့်သားဥကြွေချိန်ကို ဆန်းစစ်ခြင်း၊ စစ်ဆေးမှုတွေ ပြုလုပ်ခြင်းနဲ့ ကိုယ်ဝန်ရရှိဖို့ ရာနှုန်းများစေတဲ့ ကုသမှုတွေ ပြုလုပ်ခြင်းကို အကြံပေးနိုင်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae/
ဖခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း
ကိုယ်ဝန်ဆောင်တဲ့အကြောင်းပြောကြရင် လူတိုင်းကတော့ မိခင်ပေါ်မှာပဲ အာရုံစိုက်မိကြတာပါ။ ကျွန်တော်တို့အားလုံးဟာ မိခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ သတိပြုရမယ့်အချက်အချို့ကို သိနေကြပါတယ်။ ဥပမာ- ဆေးလိပ်သောက်တာ အရက်သောက်တာမျိုးကို ရပ်လိုက်ဖို့၊ အားဆေးသောက်ဖို့၊ ကာကွယ်ဆေးထိုးဖို့၊ များများအနားယူဖို့ နဲ့ အခြားသောအရာတွေပေါ့။ ဒါပေမယ့် လူအများစုကတော့ ဒီကိုယ်ဝန်ဆောင်ကာလမှာ ဖခင်ရဲ့ကျန်းမာရေးကလည်း ကလေးရဲ့ကျန်းမာရေးအပေါ်မှာ အများကြီးလွှမ်းမိုးမှုရှိတယ်ဆိုတာ သတိထားမိကြမှာမဟုတ်ပါဘူး။တကယ်တမ်းတော့ အမျိုးသားအများစုကလည်း သူတို့ရဲ့ သုက်ပိုးတွေဟာ မမျိုးဥတွေလိုပဲ အရေးကြီးတယ်ဆိုတာ မသိကြပါဘူး။ လေ့လာမှုတွေကတော့ ဆီးချို သို့မဟုတ် အဝလွန်ရောဂါရရိသူတွေရဲ့ သုက်ပိုးတွေက ကလေးမှာလည်း အဝလွန်ရောဂါဖြစ်နိုင်ချေကို တိုးစေပါတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် သင်က ကျန်းမာသန်စွမ်းတဲ့ ကလေးလေးရဲ့အဖေဖြစ်လိုတယ်ဆိုရင် သင့်ရဲ့ ဘဝနေထိုင်မှုပုံစံကို ခုပဲချိန်ညှိလိုက်ပါ။လေ့လာသူတွေကတော့ အရက်သောက်ခြင်းဟာ အမျိုးသားတွေဆီမှာ ပုံမှန်မဟုတ်တဲ့ သုက်ပိုးတွေကို ထုတ်လွှတ်ပေးနေရခြင်းရဲ့ အကြောင်းရင်းပါလို့ဆိုပါတယ်။ သင်က တစ်ရက်ကို တစ်ခွက် သို့မဟုတ် ၂ခွက်သောက်နိုင်ပေမယ့် ဒီထက်တော့ ပိုမသောက်မိပါစေနဲ့။လှုပ်လှုပ်ရှားရှားနေဖို့ အချိန်တန်ပါပြီ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမျိုးသားတွေမျိုးအောင်နိုင်စွမ်းကို တိုးစေပါတယ်။ သင်ကတစ်ပတ်ကို ၃ကြိမ် နာရီဝက်လောက်အချိန်ပေးပြီး နှလုံးကြွက်သားတွေအတွက် လေ့ကျင့်ခန်းတွေကို စတင်သင့်ပါပြီ။ ပြေးခြင်း၊စက်ဘီးစီးခြင်း၊ ရေကူးခြင်း အစရှိသဖြင့်ပေါ့။ ဒါတွေထဲက သင်ကြိုက်ရာကိုရွေးပြီးသာ ပုံမှန်လုပ်ပါ။အလေးချိန်များလွန်းနေတာဟာ သုက်ပိုးအရည်အတွက်ရော အရည်အသွေးတွေနဲ့ပါ ဆက်စပ်နေပါတယ်။ ပြီးတော့ အဝလွန်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင်က အလေးချိန်များနေတယ်ဆိုရင် ပေါင်အနည်းငယ်ကျသွားအောင် ကြိုးစားပါလို့ အကြံပြုထားပါတယ်။ ကလေးအတွက် (သင့်အတွက်ရောပေါ့ ) ကာဘိုဟိုက်ဒရိတ်နည်းပြီး ပရိုတိန်းများတဲ့ မျှတတဲ့ စားသောက်မှုအလေ့အထကို မွေးမြူပါ။ ပြီးရင်တော့ လေ့ကျင့်ခန်းလုပ်ပါ။မိခင်လောင်းကပဲ ဗီတာမင်တွေလိုနေတာမဟုတ်ပါဘူး။ သုက်ပိုးအတွက် တာဝန်ရှိသူကလည်း ဗီတာမင်တွေ လိုတာပါပဲ။ ဗီတာမင်တွေဟာ သုက်ပိုးတွေရဲ့ကျန်းမာရေးကို သိသာထိရောက်စွာ ကောင်းမွန်စေတာကြောင့် ဒါဟာလည်း ကျန်းမာတဲ့ကလေးကို ရစေနိုင်တာပါပဲ။ကလေးတစ်ယောက် ရဖို့ဆိုတာ မိခင်တစ်ယောက်တည်းပေါ်ပဲ မူတည်နေတာမဟုတ်ပါဘူး။ သင်က ဖခင်တစ်ယောက်ဖြစ်လိုတယ်ဆိုရင် သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။ မိဘနေရာမှာနေဖို့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ သင်တို့ နှစ်ယောက်လုံးအတွက် မလွယ်ကူလှပါဘူး။ သင်က ကျန်းမာရေးကောင်းနေမှသာ သင့်ဇနီးကို ဂရုတစိုက်နဲ့ ကူညီနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာလည်းကလေးကို ပြုစုစောင့်ရှောက်နိုင်မှာပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%96%e1%80%81%e1%80%84%e1%80%ba%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%80%e1%80%bb%e1%80%94%e1%80%ba/
ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ ။ ။
ခုဆို ရာသီဥတုကြီးက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပူပြင်းခြောက်သွေ့လာနေပါပြီ။ နေ့ခင်းဘက်လေး အပြင်မထွက်လိုက်နဲ့။ ပေါင်းအိုးထဲ ထည့်ပြုတ်ခံထားရသလို အပူရှိန်က ဆကဲ ပြင်းထန်ပါတယ်။ ရာသီဥတု ကလည်းပူ၊ ချွေးတွေလည်း အထွက်လွန် ရေကလည်း ရှားနဲ့ နွေရာသီ ဆိုတာ အင်မတန်မှ နေလို့ မကောင်းတဲ့ ရာသီတစ်ခုပါ၊ ဒီလိုပူပြင်းတဲ့ ရာသီဥတုကြောင့် သက်သောင့်သက်သာ မရှိတဲ့အပြင် နွေရာသီဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှု အများဆုံးပေးတဲ့ ရာသီတစ်ခုပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများကတော့ –။နေလောင်တာ– နွေရာသီ နဲ့့နေလောင်တဲ့ အသားအရေက ခွဲခြားလို့မရပါဘူး။ ရာသီဥတုကပူ နေကလည်းပြင်း၊ခရမ်းလွန်ရောင်ခြည်တွေကလည်း များနဲ့ အပြင်ထွက်လိုက်ပြီဆို အသားအရေရဲ့ ရန်သူတွေ ပတ်လည်ကို ဝိုင်းလို့။ ပြင်းပြတဲ့နေရာင်ခြည်က နေလောင်ခြင်းကို ဖြစ်စေတဲ့အပြင် အသားအရောင်ကိုလည်း ရင့်လာစေပြီး အရေပြားမှာ ပူစပ်စပ် ဖြစ်တတ်ပါတယ်။ချွေးထွက်များမယ်– ပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်သက်ရောက်မှုကို ပြန်လည်ပြေလျှော့ဖို့အတွက် ကိုယ်ခန္ဓာက ချွေးထွက်ပေးရပါတယ်။ ရာသီဥတုပူလေလေချွေးထွက်များလေလေဖြစ်လို့ ကိုယ်တွင်းက ဓာတ်ဆားဓာတ်တွေ ချွေးနဲ့အတူ ပါသွားတတ်ပါတယ်။ ဒါကြောင့် ပူပြင်းပြီး ချွေးထွက်များတဲ့နွေရာသီမှာ ဓာတ်ဆားဖြည့် အချိုရည်တွေ သောက်ပေးဖို့လိုတာပါ။ရေဓာတ်ခန်းခြောက်– ရာသီဥတု ပူတာကြောင့် ချွေးထွက်များတာက တစ်ကြောင်း၊ ရာသီဥတုကြောင့် ရေတွေပူနေလို့ သောက်လို့မကောင်းတာကတစ်ကြောင်း ၊ နွေရာသီဆို ရေတွေ ခန်းခြောက်တာကတစ်ကြောင်းနဲ့ ရေတွေမသောက်ဖြစ်ကြလို့ ရေဓာတ်ခန်းခြောက်ခြင်း နဲ့ နွေရာသီနဲ့က ခွဲခြားလို့ မရပါဘူး။ဝမ်းလျှောခြင်း– နွေရာသီဆို ဖုန်ထူတတ်တာ ဓမ္မတာပါ။ ဒါ့ကြောင့် ဖုန်တွေများများကပ်နေနိုင်တဲ့လမ်းဘေးစာတွေ၊ သန့်ရှင်းမှု အားနည်းတဲ့ လက်သုပ်စာတွေ ကို မဆင်မခြင် စားမိလိုက်တဲ့အခါဝမ်းလျှောဖို့ ကျိန်းသေပါတယ်။ခေါင်းကိုက် – ပူပြင်းတဲ့အပူရှိန်က ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်တာကြောင့် တစ်နေကုန်နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ သတိထားစရာ အချက်တစ်ခုပါ။မိတ်ပေါက်ခြင်း– နွေရဲ့ အပူချိန်ရယ် ဝတ်ထားတဲ့ အဝတ်အစားကြောင့် ရယ် ချွေးထွက်များတာရယ်ကြောင့် နွေရာသီဆို မိတ်ပေါက်တတ်ကြတာလူတိုင်းပါ။စိတ်တိုလွယ်နေတတ်ပါတယ်– ရာသီဥတုက ပူတော့ အလိုလိုနေရင်း စိတ်တိုလွယ်နေတာတွေ ၊ စိတ်မရှည်သလိုမျိုးတွေ ဖြစ်နေတတ်ပါတယ်။အပူလျှပ်ခြင်း အပူငုပ်ခြင်း– ဒါက ပူပြင်းတဲ့ နွေရာသီရဲ့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်လို့ ဆိုရပါမယ်။ ရာသီဥတု ပူရဲ့သားနဲ့ ချွေးမထွက်ဘဲ ချွေးငုပ်နေခဲ့မယ်၊ ခေါင်းကိုက်ခေါင်းမူးတာတွေ ဖြစ်နေခဲ့မယ်ဆိုရင် ဒါ အပူလျှပ်တာဖြစ်နိုင်ပါတယ်။ဒီ ပြဿနာတွေဟာ လူတိုင်းဖြစ်ကြတယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အခန့်မသင့်ရင် ဖြစ်သွားနိုင်တာကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ ပျက်စီးမသွားစေဖို့ ဆင်ခြင်စရာရှိတာ ဆင်ခြင်ရအောင်၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင် သိထားတော့ မမှားဘူးပေါ့။ သတိဆိုတာ ပိုသည်မရှိဘူးလေနော် ။ ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/hot/
အတွေးများပြီး ညည အိပ်မပျော်ဖြစ်နေပါသလား ။ ။
အိပ်ခါနီး တောင်တွေးမြောက်တွေးနဲ့ တော်တော်နဲ့ အိပ်မရတဲ့သူတွေ ရှိပါသလား။ အိပ်ရာထဲရောက်ပြီဆိုတာနဲ့ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဖွင့်တဲ့ သူအများစုဟာညဘက်အိပ်မပျော်တဲ့ဝေဒနာကို အခြားသူတွေထက်ပိုခံစားရလေ့ရှိပါတယ်။ ဒီလိုနဲ့အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရပြီးအိပ်ရာထဲ လူးလွန်နေရတဲ့သူတွေ အတွက် ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှ ပေးချင်ပါတယ် ။ ။ဒီလို အတွေးလွန်ပြီး အိပ်ချင်စိတ်တွေ ပျောက်ကုန်တဲ့အခါ။အိပ်ရာထဲမှာ လူးလွန့်ပြီး အတင်းအိပ်ပျော်အောင် ကြိုးစားနေမယ့်အစား အိပ်ရာထဲက ထွက်ပြီး သက်တောင့်သက်သာရှိတဲ့ ခုံတစ်ခုမှာသီချင်း အေးအေးလေးတွေ နားထောင်လိုက်ပါ။ အိပ်ရာထဲမှာ မရှိလေ အချိန်ကြာလာတာနဲ့ အိပ်ချင်လာလေဖြစ်မှာပါ။သင့်ကိုစိတ်ဖိစီးစေတဲ့ အလုပ်အကြောင်၊ အကြွေးအကြောင်း ငွေရေးကြေးရေး အ ကြောင်းကို အိပ်ခါနီးလုံးဝကို မစဉ်းစားပါနဲ့။ လုပ်စရာ အားလုံးကို အိပ်ရာ မဝင်ခင် ၂ နာရီလောက်အလိုတည်းက အကုန်ဖြတ်ခဲ့ပါ။အိပ်မပျော်လို့ဆိုပြီး ဖုန်းပွတ်၊ ဖုန်းပွတ်တော့ ပိုပြီးအိပ်ချင်စိတ်ပျောက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး အင်တာနက်လုံးဝ မသုံးပါနဲ့။ ကြောက်စရာ ကောင်းတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ပါနဲ့။ ။သက်တောင့်သက်တာရှိစေဖို့နဲ့ ကောင်းကောင်းအိပ်ပျော်စေဖို့ အတွက် အိပ်ခါနီးယောဂလိုမျိုး မပြင်းထန်တဲ့ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခု လုပ်လိုက်ပါ။ တွေးလက်စ အတွေးတွေ ပြေလျော့သွားပြီး ကောင်းကောင်းလည်း အိပ်ပျော်စေမှာပါ။အိပ်ခါနီး မွန်းကြပ်နေတဲ့ စိတ်တွေကို ပြေလျော့စေဖို့အတွက် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်ပါ။ ဒီလိုနဲ့ သင့်ရဲ့ မွန်းကြပ်မှုတွေ အဝေးရောက်သွားလို့ တဖြည်းဖြည်းနဲ့ အိပ်ချင်လာမှာပါ။ ဒီလို လုပ်ကြည့်ပါ။ ရင်ဘတ်ပေါ်လက်တင်ထားပြီး နှလုံးခုန်သံ ကို နားထောင်ပါ။ ပြီးရင် အသက်ကို ၄ စက္ကန့်လောက်အောင့်ထားပြီး အရှည်ကြီးရှူထုတ်လိုက်ပါ။ဘယ်လောက်ပဲ ဇိမ်ခံတတ်ပါစေ ညညအိပ်မပျော်တဲ့သူတွေ အနေနဲ့ အိပ်ခန်းထဲ TV ထားကို မထားသင့်ပါဘူး။ ဖုန်းတို့ TV တို့ကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းတွေကြောင့် သင့်ကို အိပ်ချင်အောင် လှုံ့ဆော်ပေးတဲ့melatonin ဟော်မုန်းထွက်နှုန်းကျသွားပြီး သင့်ဦးနှောက်ကလည်း အလုပ်တွေ ဆက်လုပ်နေမှာ ဖြစ်တာကြောင့် တော်တော်နဲ့ သင်အိပ်လို့ ပျော်တော့မှာ မဟုတ်ပါဘူး။တရားစခန်းဝင်ရင် နေ့ခင်းဘက်တွေ မှာတောင် တရားထိုင်ရင်အိပ်ပျော်တာ၊ ညဘက်ဆို ပိုတောင်မှ အိပ်ပျော်နိုင်သေး။ တစ်ခုတော့ရှိတယ်။ တရားထိုင်တာနဲ့ လှဲနေရင်းတရားမှတ်တာနဲ့ဆို ထိုင်ရင်း တရားမှတ်တာက ပိုပြီး အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ မလှဲရလေ လှဲချင်လေ၊ မရလေ ပိုလိုချင်လေဆိုတာ လူ့သဘာဝပဲ မဟုတ်လား။စိတ်ထဲမှာ တစ်ခုခုမွန်းကြပ်နေရင် အော်ထုတ်လိုက်ပါ။တစ်ခုခု ဖိစီးနေလို့ စိတ်ထဲမွန်းကြပ်ပြီး အိပ်လို့မရရင် ကိုယ့်ကို မွန်းကြပ်စေတဲ့အကြောင်းကို ပါးစပ်ကနေ ရွတ်နေလိုက်ပါ။ ဒါမှမဟုတ် နံပါတ်စဉ်တွေကို ရေရွတ်တာဖြစ်ဖြစ်၊ အက္ခရာတွေကိုပဲ ဖြစ်ဖြစ် အသံထွက်ပြီးရေရွတ်နေလိုက်ပါ။ဒါတွေကတော့ အိပ်ချိန်ရောက်နေရက် အတွေးလွန်နေလို့ အိပ်မပျော်ဘဲ လူးလွန့်နေရတဲ့ ညတွေ ကုန်ဆုံးစေဖို့အတွက် လိုက်နာသင့်တဲ့အချက်တွေ ပဲ ဖြစ်ပါတယ်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/cant-sleep-in-night/
COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ
WHOကတော့COVID-19ကပ်ဘေးကာလမှာ လူတိုင်း အသက်အရွယ်တိုင်း ကိုယ်လက် လေ့ကျင့်ခန်း တွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တာဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်လာအောင် မြှင့်တင်ပေးတာမို့ ရောဂါကာကွယ်ရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေတယ်လို့ ဆိုထားတာပါ။ ဒီတော့ COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဒါတင်မကပါဘူး။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာဟာကိုယ်ခံအားစနစ်ကိုသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးတွေကို ပြုလုပ်ပေးမယ်ဆိုရင် COVID-19 ရောဂါ ကာကွယ်ရေးမှာ တစ်ဖက်တစ်လမ်းကနေ အကျိုးရှိစေမှာဖြစ်ပါတယ်။နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ပေးတာက အလေ့အကျင့်ရသွားရင် တစ်သက်လုံးယူဆောင်သွားသင့်တဲ့ အလေ့အကျင့်ကောင်းလေးလည်းဖြစ်ပါရဲ့။WHO ကတော့ Be Active ဆိုတဲ့ ကမ်ပိန်းလေးပြုလုပ်ပြီး လူတိုင်း လေ့ကျင့်ခန်းပြုလုပ်ဖို့ တိုက်တွန်းပြောဆိုနေပါတယ်။ ဒီနည်းလမ်းဟာ အာဟာရပြည့်ဝအောင်စားသောက်တာ၊ အိပ်ရေးဝအောင် အိပ်စက်တာ၊ မလိုအပ်ဘဲအိမ်ပြင်မထွက်တာ၊ လက်ကိုသန့်စင်အောင်ဆေးတာတွေနဲ့ ပေါင်းစပ်လိုက်ရင် သင့်ဆီကို ကိုဗစ်မကူးစက်လာစေဖို့နဲ့ ကျန်းမာစေဖို့ အများကြီးအထောက်အကူဖြစ်သွားစေမယ်မဟုတ်လား။လေ့ကျင့်ခန်း လုပ်ကြတာတော့ ဟုတ်ပါပြီ။ ဘာတွေကို ဘယ်လိုလုပ်ကြမှာတဲ့တုန်း။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ကိုယ်နဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်းကိုGymTrainer တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဖို့ အကြံပေးပါတယ်။ခုလိုကပ်ဘေးကာလမှာGym ကိုလည်း ဘယ်သူမှ မသွားနိုင်ကြပါဘူး။ ကိုယ်က ခုမှ လေ့ကျင့်ခန်းစလုပ်မယ်လူဆိုရင် ဘယ် Gym Trainer နဲ့မှလည်း သိကျွမ်းဖို့ မလွယ်ကူပါဘူး။ဒီလိုမျိုးဆိုရင်တော့လူမှုကွန်ယက်တွေ၊ Application တွေ၊ Youtube လို ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို အသုံးချပြီး လေ့လာနိုင်ပါတယ်။ ဒီအရာတွေကနေတဆင့် လွယ်ကူပြီး ကိုယ်လိုက်ပြီး လုပ်နိုင်မယ့် လေ့ကျင့်ခန်းအမျိုးအစားတွေကို စတင်လေ့လာပြုလုပ်နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လုပ်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်မြင့်တက်လာမှာပါ။ပုံမှန်အားဖြင့်ဆိုရင်တော့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ၃-၄ မိနစ်လောက် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ လမ်းလျှောက်တာ၊ အကြောလျော့တာတွေကို သွေးလည်ပတ်မှုကောင်းစေဖို့၊ အရိုးနဲ့ ကြွက်သားတွေ တိုးတက်စေဖို့ နေ့စဉ်ပြုလုပ်ပေးသင့်တယ်လို့ WHO က ဆိုပါတယ်။ခုလို နေေ့စဉ်ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ပိုင်းရော ရုပ်ပိုင်းရော ကျန်းမာလာစေမှာဖြစ်တယ်လို့ဆိုထားပြီး COVID-19 ကိုသာမကနှလုံးရောဂါ၊ လေဖြတ်တာ၊စိတ်ဓာတ်ကျတာ၊မှတ်ဉာဏ်ပျောက်ဆုံးတာ၊ဆီးချိုနဲ့ ကင်ဆာအမျိုးမျိုးကိုပါ ကာကွယ်ပေးနိုင်လိမ့်မယ်လို့လည်း လမ်းညွှန်ထားပါတယ်။အသက်အရွယ်အလိုက်ဆိုရင်တော့ အောက်ပါအတိုင်း လေ့ကျင့်ခန်းတွေပြုလုပ်သင့်ပါတယ်။ဒါ့အပြင် ကိုယ်အလေးချိန်မတိုးလာဖို့နဲ့ ကျန်းမာနေဖို့ အောက်ပါနည်းလမ်းတွေကိုလည်း လိုက်နာကျင့်သုံးနိုင်ပါတယ်။ကိုဗစ်ရောဂါကို တိုက်ထုတ်ဖို့ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ပေါ်ထွက်လာခြင်းမရှိသေးပါဘူး။ ဒီရောဂါဆိုးကြီးဟာ နောက်ထပ် ၁ လ၊ ၁ နှစ်စသဖြင့် ဘယ်လောက်မဆို အချိန်ကြာသွားနိုင်ပါတယ်။ဒီလိုအခြေအနေမှာ ရောဂါဆိုးကိုရှောင်ကြဉ်ရင်း တခြားရောဂါဆိုးတွေ ထပ်ဝင်မလာအောင် ဂရုတစိုက်နေထိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုဗစ်ကြီးပြီးတဲ့အခါ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စရာ ပုံမှန်ဘဝကို ပြန်လည် ရယူနိုင်ဖို့လည်း ခုပဲ လေ့ကျင့်ခန်းလုပ်ကြရအောင်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/healthyathome-physical-activity/
ဖိနပ်ပေါက်တဲ့အနာ အမာရွတ်မကျန်စေဖို့ ဒါတွေကို သတိထားပါ
[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/shoe-bites/
သင်ကိုယ်ဝန်ရှိနေတာကို လျှို့ဝှက်ထားချင်ပါသလား
ကိုယ်ဝန်ဆောင်ချိန်ရဲ့ ပထမပိုင်းကာလဟာ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်အများဆုံးအချိန်ပါ။ ဒါကြောင့် ပထမ ၁၂ပတ်ကာလကို တခြားလူတွေမသိသေးအောင် လျို့ဝှက်ထားချင်တယ်ဆိုရင် နားလည်နိုင်စရာပါ။ လျို့ဝှက်ထားနိုင်ဖို့ အကြံတစ်ချို့ပါ :။ဒါဟာသင့်ရဲ့လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပါ။ ဒါပေမယ့် သင့်ကလေးတွေ (အကယ်လို့ရှိပါက) ဒါမှမဟုတ် တူတွေ တူမတွေကိုတော့ မပြောပါနဲ့၊ သူတို့က ဒါဟာသတင်းကောင်းပဲဆိုပြီး လူတကာကိုလိုက်ပြောမှာပါ။ လူလည်းမသိစေချင်သေးဘူး၊ ဒါပေမယ့် တစ်ယောက်ယောက်ကိုလည်း ပြောချင်တဲ့ဆန္ဒပြင်းပြတယ်ဆိုရင်တော့ သင့်ခင်ပွန်းမဟုတ်ဘဲ တခြားယုံရတဲ့လူတစ်ယောက်ယောက်ကိုတော့ ပြောချင်ပြောထားနိုင်ပါတယ်။အလုပ်မှာဆိုရင် သင်မပြောရင်တောင်မှ သင့်ရဲ့အပြုအမူပုံစံတွေပြောင်းလဲနေတာကြည့်ပြီး သံသယဝင်ကောင်းဝင်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာဆိုရင် အဖြူရောင်မုသားများကို သုံးနိုင်ပါတယ်။ “ကျန်းမာရေးအခြေအနေကြောင့် အရက်သောက်လို့မရတာပါ”(မှန်နေတာပါပဲ) ဒါမှမဟုတ် “စားတာများလို့ဗိုက်ပူလာတယ်” စသည်ဖြင့်ပေါ့။ ဒါပေမယ့် တတိယ ၃ လပိုင်းကိုရောက်ရင်တော့ လူတိုင်းသိမှာတော့အသေအချာပဲမို့ သိပ်ပြီးရှုပ်ထွေးသွားအောင်မလုပ်ဘဲ သိမ်မွေ့ညင်သာစွာပဲ ဖုံးကွယ်ပါ။အလုပ်မှာဆိုရင် ဂျင်းလက်ဖက်ရည် လိုမျိုး၊ သံပရာသကြားလုံးလိုမျိုး၊ ဒါမှမဟုတ် ကွတ်ကီးမုန့်လိုမျိုး ဆောင်ထားသင့်ပါတယ်။ ရေလုံလုံလောက်လောက်သောက်ပါ၊ အနားယူချိန်မှာ ပိုသက်တောင့်သက်သာနားပါ။အထက်မှာဖော်ပြခဲ့တဲ့အတိုင်းပဲ ကျန်းမာရေးမကောင်းလို့ရှောင်နေတယ်လို့ပဲ ပြောလို့ရပါတယ်။ တကယ်လို့ ထိုနည်းကအလုပ်မဖြစ်ပါက သင့်ခင်ပွန်း သို့မဟုတ် ရင်းနှီးတဲ့သူငယ်ချင်းဘေးမှာထိုင်ပြီး သူတို့ကို နှစ်ယောက်စာသောက်ခိုင်းလိုက်ပါ။ ဘယ်သူမှတော့မသိပါစေနဲ့၊ အကယ်လို့ သင်တစ်ယောက်ထဲဖြစ်ပြီး ငြင်းမရပါက အယ်လ်ကိုဟောဓါတ်မပါသော ဖျော်ရည်တစ်မျိုးမျိုးကို သာ ရွေးချယ်ပါ။ရက်သတ္တပတ်အနည်းငယ်ကြာတာတောင် ခုထိမဆုံးဖြတ်ရသေးဘူးဆိုရင် သိသာလာတဲ့ဗိုက်ကိုဖုံးဖို့ ဝတ်စားဖို့လိုလာပါပြီ။ ခပ်ပွပွအဝတ်အစားများဝတ်ဆင်ပါ။ လူတွေအာရုံကို နားဆွဲခပ်ကြီးကြီးတွေ၊ ကျောက်လည်ဆွဲ၊ လက်ကောက်တွေ စသည်တို့ဖြင့်လွှဲပစ်ပါ။ ထိုအခါသင့်ဝမ်းဗိုက်ကို အာရုံမကျတော့ပါဘူး။ အရောင်မှိုင်းမှိုင်းတွေ ဝတ်ဆင်ခြင်းဟာလည်း သင့်ကိုပိန်တယ်လို့ ထင်ရစေပါတယ်။တခြားလူတွေကိုပြောပြဖို့ ၊မပြောပြဖို့ဆိုတာ သင့်ရွေးချယ်မှုပါ။ လျှို့ဝှက်ထားဖို့ စိတ်ကျဉ်းကျပ်လာပြီဆိုရင် သူငယ်ချင်းတွေကိုပြောပြလို့ရပါတယ်။ အမျိုးသမီးတွေက ကိုယ်ဝန်ရှိခြင်းကို အားလုံးဆီကဖုံးကွယ်ထားပြီး သူတို့ဖာသာပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို ခံစားနေတတ်ပါတယ်။ ဒါဟာသူတို့အတွက်ရော ကလေးအတွက်ရောမကောင်းပါဘူး။ တစ်ခါတလေ စိတ်ခံစားချက်အတိုင်း မှန်တယ်ထင်တာကိုသာ လုပ်ဆောင်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%9e%e1%80%84%e1%80%b9%e1%80%80%e1%80%af%e1%80%ad%e1%80%9a%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%9c/
ဘဝ ကို အဓိပ္ပာယ် ရှိရှိ ရှင်သန်ကြမယ်
ဘဝ ရဲ့ အဓိပ္ပာယ်ဆိုတာ ဘာလဲ။ မေးခွန်းက တိုပေမယ့် အဖြေ အတိအကျ ထွက်ဖို့ မလွယ်ပါဘူး။ကိုယ့်အတွက် အရေးပါတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီး နက်နက်တူးဆွပြီး ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးဖို့လိုပါတယ်။ကိုယ့်အတွက် ဘာအရေးကြီးလဲ၊ ကိုယ် တကယ် ကျွမ်းကျင်တဲ့ အရာက ဘာလဲ၊ ကိုယ့်ရဲ့ ဖြစ်နိုင်ခြေ အလားအလာက ဘာလဲ အရင်ဆုံး တွေးပါ။ရည်မှန်းချက် ပန်းတိုင်သုံး၊ လေးခုကို လိုက်စားနေပြီးတိုးတက်မှုက အရမ်းနည်းနေတာ ထက် တစ်ခုတည်းမှာ အားစိုက်ကြိုးစားပါ။ အာရုံစူးစိုက်ပါ။ လုပ်စရာတာဝန် တွေ အများကြီးကို ခုန်ကူးဖို့ ကြိုးစားရင်း ရလာမယ့်စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ရုံတင် မကဘဲ အရင်ကထက် အများကြီး အောင်မြင်မှု ပိုရလာပါလိမ့်မယ်။ကိုယ် အရမ်း စိတ်ဝင်စားတဲ့ တစ်စုံတစ်ခု နဲ့ ပတ်သက်တဲ့ သင့်ရဲ့ရည်မှန်းချက်ကို ချိန်ညှိဖို့ ကြိုးစားပါ။ ဒါမှသာ အလုပ်ကြိုးစားပြီး ကောင်းကောင်းလုပ်နိုင်ဖို့ ပင်ကိုဗီဇ တွန်းအားတစ်ခု ရှိလာပါလိမ့်မယ်။ကမ္ဘာလောကကို တစ်ခုခု ပြန်ပေးဆပ်နေရင်းနဲ့လည်း ကိုယ့်ရဲ့ ယုံကြည်ချက်တွေနဲ့ ဝါသနာပါတာတွေ ကို လုပ်နေလို့ရပါတယ်။ တစ်စုံတစ်ခုကို ပြန်လည်မျှဝေပေးရင်း နဲ့ ဒီလုပ်ရပ်မှာ ရည်ရွယ်ချက် အဓိပ္ပာယ်ကို မဖြစ်မနေ တွေ့ရှိလာပါလိမ့်မယ်။ ဒီလိုလုပ်ရပ်တွေ ကို ပိုမိုမွေးမြူရင်း နဲ့ သင့်ရဲ့ဘဝမှာ အဓိပ္ပာယ် ပိုရှိလာတာ တွေ့ရပြီး အဲဒီနောက်ကွယ်က ရည်ရွယ်ချက်ကို မြင်လာရမှာ ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်လုပ်ရပ်တွေကို သိရှိအောင် လုပ်ပါ။ သင်မကြာခဏ ဘာတွေလုပ်တတ်လဲ ဆိုတာ အမြဲသတိထားပြီး သင့်ရဲ့စည်းမျဉ်း၊ သင့်ဘဝ ရဲ့ရည်မှန်းချက်၊နဲ့ သင်စိတ်ဝင်စား ရူးသွပ်တဲ့အရာ တို့ နဲ့ တွက်ညှိပြီး ဒါတွေနဲ့ အညီ သင်နေထိုင်နေခြင်း ရှိမရှိ သေချာအောင် လုပ်ပါ။သင့်လုပ်ရပ်တိုင်းကို နေ့တိုင်း ပြန်လည်သုံးသပ်ပြီး ကိုယ့်သွားမယ့် လမ်းကြောင်းကနေ သွေဖီသွားတဲ့ လုပ်ရပ် တွေကို စာရင်းကောက်ပါ။ အနာဂတ်မှာ ဖြစ်လာမယ့် ဖြစ်ရပ်တိုင်းမှာ မှန်ကန်စေဖို့ ရည်ရွယ်လုပ်ပါ။ကိုယ့်အတွက် ငွေသုံးမယ်၊ ပစ္စည်းတွေ ဝယ်မယ် ဆိုတဲ့အခါတိုင်း သေချာစဉ်းစားပြီးမှ ဝယ်ပါ။ ကိုယ်ဘာကို ဝယ်လိုက်တယ် ဆိုတာကို သေချာစဉ်းစား ဆုံးဖြတ်သင့်သလို သူငယ်ချင်းမိတ်ဆွေတွေ နဲ့ မိသားစုတွေ နဲ့အတူ ငွေသုံးလိုက်ရတဲ့ အတွေ့အကြုံမျိုးတွေ အကြောင်းကို ပိုစဉ်းစားပါ။ဒီအဆင့်က သင့်ကို ဘဝအဓိပ္ပာယ် အကြောင်း ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်စေမှာ ဖြစ်ပါတယ်။ ဥစ္စာပစ္စည်းကြွယ်ဝမှုထက်သံယောဇဉ်ကို ပို အလေးအနက် ထားခြင်း ကြောင့် နောက်ဆုံးမှာ သင်ဟာ အပျော်ရွှင်ရဆုံးသူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%98%e1%80%9d/
ဆေးလိပ်တကယ်ပြတ်အောင် ဘယ်လိုဖြတ်ကြမလဲ
ယောက်ျားလေးတော်တော်များများရဲ့ ပြဿနာက ဘယ်လောက်ပဲမကောင်းဘူးလို့ပြောပြော လက်တည့်စမ်းချင်ကြတာပါပဲ။ အဲ့ဒီ အထဲမှာဆို ဆေးလိပ် သောက်တာ အဆိုးဆုံးပေါ့။ ဆေးလိပ်ဆိုတာ လွယ်လွယ်ဝယ်လို့ရတယ်။ သုံးရတာလည်း မခက်ဘူး။ မီးခြစ်လေးတစ်ခုပဲလိုတယ်လေ။ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်သောက်တဲ့သူတွေ ဒုနဲ့ဒေးဆိုတော့ မြင်ဆရာတွေ အများကြီးပေ့ါ။ စမ်းကြည့်ကြတယ်။ ပြီးတော့ စွဲသွားတယ်။ နောက်ပိုင်း မသောက်ရမနေနိုင်ဖြစ်လာပြီး ဆေးလိပ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ တပြုံကြီးခံရပါလေရော။ မကောင်းမှန်းသိတော့ ဖြတ်ချင်ပေမယ့်လည်း နည်းလမ်းမမှန်တော့ ပြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီး ဆေးလိပ်နဲ့ မကင်းနိုင်ဖြစ်နေကြပါတယ်။ဒါကြောင့် ဆေးလိပ်တကယ်ပြတ်အောင် ဘယ်လိုဖြတ်ကြမလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။ ။ဆေးလိပ်ဖြတ်ဖို့အတွက်S-T-A-R-T စည်းမျဉ်းကို လိုက်နာဖို့လိုပါတယ်။ဆေးလိပ်ကို ချက်ချင်းဖြတ်လိုက်တာထက်စာရင် အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ တစ်လတန်သည် နှစ်လတန်သည်ပေါ့။ အဲဒီ အချိန်အတွင်းမှာ သောက်နေကျထက် တဖြည်းဖြည်းချင်း လျှော့သွားပါ။ ၂ လပြည့်ဖို့ ၂ ပတ်လောက်အလိုလောက်မှာ ဘာမှ မသောက်ဘဲနေနိုင်အောင် ကြိုးစားပါ။ ဒီလို တဖြည်းဖြည်းချင်း လျှော့မှ ပြောင်းသွားတဲ့ အခြေအနေကို သင့်ကိုယ်ခန္ဓာ လိုက်နိုင်ပြီးဆေးလိပ်ကို အရမ်းမတောင့်တတော့မှာ ဖြစ်ပါတယ်။ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အားပေးမှုကလည်း အရေးပါပါသေးတယ်။ သင့် အစီအစဉ်ကို သူတို့သိမှလည်း လိုအပ်တဲ့ အကူအညီကို သူတို့ကပေးနိုင်မှာပါ။ဆေးလိပ်ဖြတ်တယ်ဆိုတာ အပြောသာလွယ်တာပါ။ တကယ်လုပ်ရင် အရမ်းခံရခက်တဲ့ အရာတစ်ခုပါ။ ဆေးလိပ်ဖြတ်တာကြောင့် သင့်မှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ရုန်းကန်ရမှုတွေ၊ ခံစားရမှုတွေ ခံနိုင်ရည်ရှိအောင် ကြိုပြင်ထားပါ။ ဒါမှ တကယ်ကြုံရတဲ့အခါ ခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ တကယ်ပြတ်ချင်ရင် လုံးဝကိုလှည့်ကြည့်ချင်မှာ မဟုတ်ပါဘူး။ ။မီးခြစ်တွေ၊ စီးကရက်တွေကို အိမ်မှာရော၊ အလုပ်မှာရော မထားပါနဲ့တော့။ မခံစားနိုင်တော့တဲ့အချိန်ကျရင် သောက်ဖို့ဆိုပြီး ၁လိပ်တောင် ချန်မထားပါနဲ့တော့။ အရင်တုန်းက ကိုယ့်အသုံးအဆောင်တွေမှာ ဆေးလိပ်နံ့တွေ ကပ်ကျန်နေတတ်တဲ့ အတွက် သံယောဇဉ်တစ်ခါတည်းပြတ်သွားအောင် အားလုံးကို အသစ်လဲလိုက်ပါ။ဆေးလိပ်ကို နည်းမှန်လမ်းမှန် ဘယ်လိုဖြတ်ရမလဲဆိုတဲ့ အကြံဉာဏ်တွေကို ဆရာဝန်လောက် ဘယ်သူမှ ကောင်းအောင် မပေးနိုင်ပါဘူး။ ဒါကြောင့် သင့်မှာသာ ဆေးလိပ်ဖြတ်ချင်စိတ်ရှိပါစေ။ဆေးလိပ် ဖြတ်ဖို့နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဖြတ်လိုက်တာနဲ့ အကျိုးကျေးဇူးက တန်းရမှာပါ။ ဒါကြောင့် မိမိကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ဖို့ နောက်ကျပြီလို့ မတွေးဘဲနဲ့ ဘယ်အချိန်ဖြစ်ဖြစ် ဖြတ်လိုက်ဖို့ တိုက်တွန်းလိုပါတယ်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/steps-to-manage-quit-day/
အလေ့အကျင့်ဆိုးတွေကို ဘယ်လိုပယ်ဖျောက်မလဲ
လူဆိုတာမျိုးက တစ်ခါတစ်လေမှာ မသင့်လျော်ဘူးဆိုတဲ့အပြုအမူမျိုးတွေကိုမှ စွဲစွဲလမ်းလမ်းလုပ်နေမိတတ်ပါတယ်။ ဥပမာ လူရှေ့သူရှေ့မှာ ဆေးလိပ်သောက်မိနေတာမျိုး၊ လူတကာတန်းစီနေချိန်မျိုးမှာ မကြာခဏ ကြားဖြတ်မိတာမျိုး၊ စကားကိုလုပြောနေမိတာမျိုးပေါ့။နောက်ပြီး လူရှေ့သူရှေ့မှာလက်သည်းကိုက်နေမိတာမျိုး၊ အရက်တွေ ဆက်တိုက် သောက်နေမိတာမျိုး၊ ငွေတွေ မလိုအပ်ပဲ အများအပြားသုံးစွဲဖြစ်နေတာမျိုး၊ အချိန်ပြည့် အင်တာနက် သုံးနေမိတာမျိုး၊ တစ်ဖက်သားကို မညှာမတာ ပြောဆိုလေ့ရှိတာမျိုး၊ စသဖြင့်ပေါ့လေ။ကိုယ်ကိုယ်တိုင်ကိုက ဒီအပြုအမူတွေက မကောင်းဘူးဆိုတာကို သိနေပေမယ့် မစွန့်လွှတ်နိုင်ပဲ လုပ်နေမိတာမျိုးဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို တားဆီး ဖယ်ရှားကြမလဲ။အလေ့အကျင့်ဆိုးတွေဟာ လူတိုင်းဆီမှာ တစ်ခုမဟုတ် တစ်ခုတော့ ရှိတတ်ကြတာပါပဲ။ ဒီလို မသင့်လျော်တဲ့ အမူအကျင့်တွေဟာ လူတိုင်းရဲ့ရည်မှန်းချက်တွေ အိပ်မက်တွေကို တားဆီးနေတဲ့ အရံအတားတွေဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအရလည်း ထိခိုက်နစ်နာမှုတွေများပါတယ်။ အချိန်တွေကုန်မယ်၊ ခွန်အားတွေလည်း နစ်နာဆုံးရှုံးရမယ်။ တကယ်ကို မကောင်းတဲ့အရာပါ။ဒီလို အကျိုးမရှိတဲ့ အလေ့အကျင့်ဆိုးတွေကို ဘယ်လို ဖယ်ရှားကြမလဲ။ တားဆီးကြမလဲ။ ထပ်ပြီး မလုပ်ဖြစ်အောင် ဘယ်လို ပြုပြင်ယူကြမလဲ။အကျင့်ဆိုးတွေက လူတွေကို ဆိုးကျိုး ၂ ခုပေးပါတယ်။ စိတ်ဖိစီးမှုနဲ့ ငြီးငွေ့စေတာပါပဲ။ ကိုယ်လုပ်နေတဲ့ အကျင့်ဆိုး အပြုအမူတွေဟာ ကိုယ့်ကို ပိုပို စိတ်ဖိစီးစေ၊ ငြီးငွေ့ပျင်းရိမှုတွေဖြစ်လာစေမှာပါ။ဒီလိုအကျင့်ဆိုးတွေကို ဖယ်ရှားဖို့အတွက် နည်းလမ်းကောင်းတွေရှိပါတယ်။ ကိုယ်တိုင်လိုက်နာပြီး သေချာကျင့်သုံးမယ်ဆိုရင် အကျင့်ဆိုးတွေကို ပျောက်ကွယ်သွားအောင် ပြင်ဆင်နိုင်မှာပါ။တသက်လုံး အရိုးစွဲလာတဲ့ အကျင့်ဆိုးတွေကို ချက်ခြင်းပျောက်ကွယ်သွားအောင် ဖယ်ရှားပစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲ့ဒီအကျင့်ဆိုးတွေအစား ပိုပြီးကောင်းမွန်တဲ့ အကျင့်တွေနဲ့ တဖြည်းဖြည်းခြင်း အစားထိုးသွားတာက မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လက်သည်းတွေကိုက်နေမိတာ၊ အကြောင်းမရှိပဲဆံပင်ကို ဆွဲလိမ်ကျစ်နေတတ်တာ၊ ခုံကို တတောက်တောက်နဲ့ ခေါက်နေတတ်တာ၊ သွားကြိတ်တတ်တာတွေအစား တခြား အာရုံစိုက်စရာအသစ်တွေနဲ့ အစားထိုးကြည့်ပါ။ ခုလို အာရုံလွှဲစရာနဲ့ အစားထိုးပြီး ကုစားတာက အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။နောက်ပြီး အောက်က နည်းလမ်းတွေကလည်း သင့်ရဲ့ အကျင့်ဆိုးတွေကို လျော့ချပေးဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေဟာ အလေ့အကျင့်ဆိုးတွေ၊ ဝါသနာဆိုးတွေ တွယ်ညိနေတဲ့ လူတစ်ယောက်ကို ကောင်းကောင်းအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ အလေ့အကျင့်ဆိုးတွေ၊ အပြုအမူဆိုးတွေကို ဖယ်ရှားပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု တည်ဆောက်ကြည့်ဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/break-bad-habit/
လူမှုကွန်ယက်များနှင့် ဆယ်ကျော်သက်တို့ရဲ့ကျန်းမာရေး
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ဆယ်ကျော်သက်တွေဟာဖေ့ဘွတ်တို့ အင်စတာဂရမ်တို့လိုမျိုးအစရှိတဲ့ လူမှုကွန်ယက်တွေပေါ်မှာ တစ်ရက်ကို ကိုးနာရီအကြာရှိနေတတ်ကြ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်တွေဟာအိပ်ချိန်နဲ့ကျောင်းတက်နေချိန်ကလွဲလို့ ဖုန်းတွေကို မျက်နှာနဲ့မခွာကြတဲ့ပုံပါ။သူတို့လေးတွေဟာ ဖုန်းကိုအသုံးပြုကာ အင်စတာဂရမ်၊ Snapchat ၊ ဖေ့ဘွတ်အစရှိတဲ့လူမှုကွန်ယက်တွေကတစ်ဆင့် သူငယ်ချင်းတွေတခြားသော မိတ်ဆွေအသစ်တွေနဲ့ အပြန်အလှန်ဆက်သွယ်နေကြပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်တွေကို ဒီလိုအသုံးပြုနေ ခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိ နေနိုင်မလဲ။Social Mediaအသုံးပြုခြင်းဟာမိတ်ဆွေအသစ်တွေရမယ်၊သတင်းအချက်အလက်တွေရှာဖွေနိုင် မယ်စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံအတိုင်း အချိန်ပြည့် အင်တာနက်သုံးနေမယ်ဆိုရင်တော့ ဆယ်ကျော်သက်တွေကို ဆိုးကျိုးတွေဖြစ်လာစေမှာပါ။ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။အင်္ဂလန်နိုင်ငံမှာရှိတဲ့ ပြည်သူကျန်းမာရေးလေ့လာချက်အရ ဆယ်ကျော်သက်လူငယ်လူရွယ်(၁၅၀၀) ကျေိာ်ဟာ လူမှုကွန်ယက်တွေကို ဆေးစွဲသလိုစွဲလမ်းနေကြပါတယ်။ အင်စတာဂရမ်နဲ့ ဖေ့ဘွတ်စ်အစရှိ တဲ့ လူမှုကွန်ယက်တွေဟာ လူငယ်တွေကို စိုးရိမ်ပူပန်မှုတွေ၊ စိတ်အားငယ်မှုတွေ၊ ဝေဖန်ပြစ်တင်မှု တွေကို ဖြစ်စေတဲ့နတ်ဆိုးကြီးတွေလိုဖြစ်နေပါတယ်။ ဒါအပြင်ကာလရှည်စွာအိပ်ရေးပျက်ခြင်းနဲ့အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဒီလိုအင်တာနက်ပေါ်မှာ အချိန်ပြည့်ရှိနေခြင်းဟာ အနှုတ်သဘောဆောင်တဲ့ လက္ခဏာ တွေကိုသာဖြစ်စေမှာပါ။ အင်စတာဂရမ်၊ ဖေ့ဘွတ်တွေကိုအလွန်အကျွံသုံးစွဲနေတာဟာ မလိုအပ်တဲ့ အလုပ်အပိုတွေကိုလုပ်မိနေစေမှာပါ။ Like လုပ်မယ်၊ love react ပေးမယ်၊ Friend request တွေကို ကြည့်မယ်၊ comment တွေရေးမယ်၊ noti တွေတက်လာတာနဲ့ ချက်ချင်းကြည့်မယ်စတဲ့ အလုပ်တွေနဲ့ ရှုပ်ထွေးနေစေမှာပါ။ အကျိုးရှိစေမယ့် အကြောင်းအရာတွေ ကိုကြည့်နေရမယ့်အစား ဒီလိုအလုပ်တွေနဲ့ အချိန်ပေးနေရပါလိမ့်မယ်။အနည်းငယ်တော့ရှုပ်ထေသွားပြီထင်ပါတယ်။ ဆိုလိုရင်းကတော့ လူမှုကွန်ယက်တွေဟာ ဆယ်ကျော်သက်တွေကို ပြိုင်ဆိုင်မှုတွေဖြစ်လာစေပါတယ်။ မိမိကိုယ်ကို တခြားသူတွေနဲ့နှိုင်းယှဉ်တတ် လာမှာပါ။ ဖုန်း screen ကိုပွတ်နေရုံနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတော်တော်များများရဲ့နေထိုင်မှု ပုံစံတွေကို မြင်တွေ့နေနိုင်မှာပါ။ ဒါဆိုရင်တော့ တခြားသောသူတွေက ကမ္ဘာပတ်နေမယ်၊ နာမည်ကြီး တံဆိပ်တွေသုံးနေမယ်၊ နောက်ဆုံးပေါ်ကားကြီးတွေစီးနေမယ်စတဲ့ ကိုယ်မှာမပိုင်ဆိုင်နိုင်သေးတဲ့ အခြေ အနေတွေကို လိုချင်တပ်မက်လာပါလိမ့်မယ်။လောဘကြီးလာပါလိမ့်မယ်။ Effect အမျိုးမျိုးနဲ့ ရိုက်ပြီး တင်ထားတဲ့အခြားသူတွေရဲ့ Selfie တွေကို ကြည့်ပြီးကိုယ်ကိုယ်တိုင်လည်း လှချင်ပချင်ဖြစ်လာပါတော့ မယ်။ ဒီလိုပြိုင်ဆိုင်မှုတွေရဲ့ အကျိုးဆက်ကတော့ မိမိကိုယ်ကိုတန်ဖိုးထားမှုတွေ လျော့နည်းလာမယ်၊ သံသယစိတ်တွေများလာမယ်၊ ဆုံးရှုံးရမှာကို အလွန်ကြောက်ရွံ့လာမှာဖြစ်ပါတယ်။တခြားသူတွေလို လှချင်ပချင်နေထိုင်ချင်လာခြင်းဟာဆယ်ကျော်သက်တွေကို အကြီးအကျယ်ဒုက္ခဖြစ်စေလာနိုင်ပါတယ်။  ဆယ်ကျော်သက်တွေဟာ လိုချင်တာတွေများလာတဲ့အခါ လမ်းမှားကိုရောက်လာကြမှာပါ။ ဒီတော့ ဖေ့ဘွတ်ပေါ်တင်ဖို့ Selfie ပုံတစ်ခုကို ဟိုပြဒီပြလျှောက်လည်ရင်းနဲ့ တန်ဖိုးရှိတဲ့အချိန်ကို မဖြုန်း ချင်ကြပါနဲ့။  ဒီပြဿနာကို စည်းကမ်းရှိရှိဖြေရှင်းလိုက်ရအောင်။ဖေ့ဘွတ်စ်၊ အင်စတာဂရမ်တို့ကို လုံး၀ကြီးဖြတ်တောက်ပစ်လိုက်စရာမလိုပါဘူး၊ စည်းစနစ် မှန်မှန်သုံးရင်ရပါပြီး။ ဉပမာသင့်ရဲ့ Setting ကိုဝင်ပြီးသင်သုံးနေတဲ့ Data ကို (ကန့်သတ်)လိုက်တာမျိုးပါ။ဆယ်ကျော်သက်လေးတွေဟာ လူမှုကွန်ယက်သုံးနေရင်နဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ကျြခင်းတွေ ကိုခံစားလာရပြီးဆိုရင်တော့ အင်တာနက်ကိုပိတ်ပစ်လိုက်ပါ။ သင့်ကိုယ်သင်ကာကွယ်ရင်း Social Media ကိုဘယ်လို အသုံးပြုနိုင်လဲဆိုတဲ့ အကြုံပြုချက်အချို့ကို ပြောပြပေးပါမယ်။မိမိကိုယ်ကို သတိနဲ့ဆင်ခြင်နေပါ။     ။ဆိုလိုတာကတော့သုံးရင်းနဲ့ မိမိကိုယ်ကိုသတိထားမိစေမယ့် မေးခွန်းတွေ ထုတ်နေနိုင်ပါတယ်။‘ငါ့ပုခုံးတွေညောင်းနေပြီလား’ ‘ငါအွန်လိုင်းသုံးရင်းပြုံးနေပါလား’ ငါအခုဘာတွေ တွေးနေမိပါလိမ့်’ ‘ငါကိုယ် ငါတစ်ခြားသူနဲ့ယှဉ်နေပြီးလား’ အစရှိတဲ့မေးခွန်းတွေကိုယ်ကို ကိုပြန်ထုတ်နေလိုက်ပါ။ ဒါဆို ရင်တော့ ကိုဘာလုပ်မိနေလဲဆိုတာ ကိုသတိထားဆင်ခြင်မိသွားပါလိမ့်မယ်။ လမ်းမှားမရောက်အောင် ကိုယ်ကိုသတိပေးလိုက်ခြင်းတစ်မျိုးပါပဲ။ဖေ့ဘွတ်စ် Friday အဖြစ်သတ်မှတ်ပါ။            ။နေ့တိုင်းလိုလိုမသုံးဘဲနေနိုင်တယ်၊ နေချင်တယ် ဆိုရင်တော့ သောကြာနေ့ညပျော်ပွဲရွှင်ပွဲတွေလည်ကြသလိုမျိုးအပတ်တိုင်းရဲ့တစ်ရက်ရက်ကို ဖေဘွတ့်စ်သုံးတဲ့နေ့ အဖြစ်သတ်မှတ်လိုက်ပါ။ အင်စတာဂရမ်ကိုအင်္ဂါနေ့။  Snap chat ကိုစနေနေ့စသဖြင့်ပေါ့ ။ဖေ့ဘွတ်စ် ‘၁၅’။       ။ ဒါကတော့ရှင်းပါတယ်။ ဘယ်လူမှုကွန်ယက်ကိုပဲဖြစ်ဖြစ်တစ်နေ့ကို (၁၅)မိနစ် နှုန်းပဲသုံးမယ်လို့ သတ်မှတ်လိုက်တာပါ။ Noti –on ထားလိုက်ပါ (သတိပေးချက်ခလုတ်ကို ဖွင့်ထားပါ)။ ဒီလိုနည်းနဲ့အကြောင်းအရာ တစ်ခုခု ပေါ်လာပြီဆိုရင်သင့်ဖုန်းပေါ်ကို အလိုအလေျာက်တက်နေမှာပါ။ တကူးတကွသွားဖွင့်ကြည့်စရာမလို တော့ပါဘူး။ အချိန်ကုန်သက်သာလာမှာပါ။ ဉပမာ ဘယ်သူကတော့သင့်ကို love react ပေးသွားပါတယ် ဆိုတာမျိုးပါ။ဆယ်ကျော်သက်တွေဟာ လူမှုကွန်ယက်တွေကို အကျိုးရှိရှိလည်းအသုံးချနိုင်ပါတယ်။ သတင်း အချက်အလက်တွေကို ရှာဖွေစုဆောင်းတာမျိုးအကျိုးရှိစေမယ့် စာတမ်းတွေဖတ်တာသမျိုး၊ ဘာသာ စကားတွေကို အွန်လိုင်းကသင်ကြားတာမျိုးအပြင် ကောင်းမွန်တဲ့အဖွဲ့အစည်း (Group) တွေနဲ့ချိတ် ဆက်တာမျိုးလည်းပြုလုပ်နိုင်ပါသေးတယ်။သင်ကိုယ်တိုင်ဆယ်ကျော်သက်တစ်ယောက်လား  ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာဆယ်ကျော်သက် လေးတွေရှိနေလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်ကိုတော်တော်အကျိုး ရှိစေမှာပါ။ ဒါပေမဲ့ တစ်ခုတော့မှာချင်ပါတယ်။ သင့်ဆီမှာစိတ်ပင်ပန်းခြင်းနဲ့စိတ်ဓာတ်ကျလွယ်ခြင်းလိုမျိုးစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြုံလာရပြီးဆိုရင်တော့ ဆရာဝန်နဲ့သာပြသဖို့မမေ့ပါနဲ့နော်!!!။ရေးသားသူ – ဒေါက်တာမှူး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/social-media/
အရိုးသိပ်သည်းဆ ဆိုတာဘာလဲ
အရိုးသိပ်သည်းဆ၊ အရိုးထုထည်ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဘာကိုဆိုလိုတယ်ဆိုတာနားလည်မိပါသလား။ ဒီဆောင်းပါးဟာအရိုးသိပ်သည်းဆရဲ့ အခြေခံအချက်တွေကိုပြောပြပါလိမ့်မယ်။အရိုးတွေဟာကိုယ်ခန္ဓါတစ်ခုလုံးကိုအထောက်အပံ့ ပြုထားတာကြောင့် အရေးကြီးလှပါတယ်။ သူတို့ဟာ ကြွက်သား၊ အရွတ်နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအတွက် ကိုယ်ထည်အနေနဲ့ တာဝန်ထမ်းဆောင်ပါတယ်။ အရိုးတွေဟာသွေးနီဥနဲ့ သွေးဖြူဥတွေကိုထုတ်ပေးရာနေရာလည်း ဖြစ်ပါတယ်။အရိုးသိပ်သည်းဆဟာအရိုးထဲမှာသတ္တုဓါတ် ဘယ်လောက်ရှိတယ်ဆိုတာကိုညွှန်ပြပါတယ်။အရိုးသိပ်သည်းဆစမ်းသပ်ခြင်းဆိုတာသင့်အရိုးတွေရဲ့ ကျန်းမာရေးကိုစစ်ဆေးတာပဲ ဖြစ်ပါတယ်။ ရလဒ်မှာသင့်အရိုးရဲ့ သိပ်သည်းဆကိုတွေ့နိုင်ပါတယ်။ ပြီးတဲ့အခါ ဆရာဝန်ဟာ ကျန်းမာသူတစ်ယောက်ရဲ့ အရိုးသိပ်သည်းဆနဲ့ နှိုင်းယှဉ်ပါလိမ့်မယ်။ ဒီစမ်းသပ်မှုနဲ့ အရိုးရဲ့ အောက်ပါအခြေအနေတွေကိုသိရှိနိုင်ပါတယ်။အရိုးသိပ်သည်းဆစစ်ဆေးရာမှာဓါတ်မှန်ရိုက်နည်းကိုသုံးပြီးအရိုးထဲကကယ်လ်စီယမ်ဓါတ်တွေကိုတိုင်းတာပါတယ်။ ဒီနည်းနဲ့ စစ်ဆေးခြင်းအများဆုံးလုပ်ဖြစ်တဲ့နေရာတွေကတော့ တင်ပါးဆုံရိုး၊ ကျောရိုးနဲ့ လက်ဖျံရိုးတွေ ဖြစ်ပါတယ်။ ဒီစစ်ဆေးနည်းဟာလွယ်ကူလျင်မြန်ပြီးနာကျင်မှု မရှိပါဘူး။ တချို့နည်းတွေဟာဆေးဆိုင်တွေမှာတောင်လုပ်နိုင်ပေမယ့် များသောအားဖြင့် ဆေးရုံမှာပဲ ပြုလုပ်ပါတယ်။သင့်ဆရာဝန်ဟာ အောက်ပါအခြေအနေတွေမှာအရိုးသိပ်သည်းဆစစ်ဖို့ညွှန်ပါလိမ့်မယ်။စစ်ဆေးချက်ရဲ့ ရလဒ်ကိုကြည့်ပြီး ဆရာဝန်ဟာ သင့်အနေနဲ့ ဘယ်ကုသမှုနဲ့ အဆင်ပြေမယ်ဆိုတာဆုံးဖြတ်နိုင်ပါတယ်။ ဆရာဝန်ဟာ သင့်အနေနဲ့ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်များများစားဖို့၊ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းလုပ်ဖို့ လမ်းညွှန် ပါလိမ့်မယ်။သင့်ရဲ့ အရိုးသိပ်သည်းဆဟာပုံမှန်ထက်နည်းပေမယ့် အရိုးပွခြင်းလည်းမဖြစ်နိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။အရိုးထုထည်နည်းသူအားလုံးဟာနောင်မှာအရိုးပွခြင်းကို ကြုံတွေ့နိုင်ပါတယ်။အရိုးပွတယ်လို့ ညွှန်ပြနေပြီဆိုရင် သင့်အရိုးသိပ်သည်းဆဟာအင်မတန်နည်းပါးနေပါပြီ။ အနည်းငယ်လောက်ထိခိုက်ရုံနဲ့ သင့်အရိုးဟာကျိုးလွယ်ပါတယ်။အရိုးသိပ်သည်းဆဟာသင့်အရိုးကျန်းမာရေး၊ ထိခိုက်နိုင်မှု၊ ရောဂါဖြစ်နိုင်မှုတွေကို ပြနေတဲ့ ညွှန်ကိန်း ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ အရိုးသိပ်သည်းဆကိုတိုင်းတာဖို့ သိပ်သည်းဆတိုင်းတဲ့နည်းကိုသုံးပြီးထွက်လာတဲ့အဖြေတွေပေါ် မူတည်ပြီးကုသမှု ပြုပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ad%e1%80%95%e1%80%b9%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%86-%e1%80%86%e1%80%af%e1%80%ad%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c/
နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ
နှစ်သစ်ကူးကာလမှာ စိတ်သစ်၊ လူသစ်၊ရည်မှန်းချက်သစ်နဲ့ “ငါတော့ ဒီနှစ် သေချာပေါက် ဝိတ်ချတော့မဟဲ့” ဆိုပြီး ဆုံးဖြတ်လိုက်ကြတဲ့သူတွေ ရှိကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ အကြောင်း သိထားဖို့ လိုပါမယ်။ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်တာဟာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါပေမယ့် ဒီလိုဆုံးဖြတ်ပြီးတာနဲ့ တပြိုင်နက် ထပ်ပြီးစဉ်းစားရမှာက “အရင်တုန်းကရော ငါ ဒီလို ဆုံးဖြတ်ခဲ့ဖူးလား၊ တကယ်အလုပ်ဖြစ်ခဲ့ရဲ့လား” ဆိုတာပါပဲ။တကယ်တမ်းအားဖြင့်ဝိတ်ချတာက လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ စိတ်ရှည်ပြီး ရေရှည်ကြိုးစားအားထုတ်နိုင်မှ အောင်မြင်မယ့် ကိစ္စတစ်ခုပါ။ ခနခန ဝိတ်ချဖို့ ဆုံးဖြတ်ကြ၊ ဝိတ်ချဖို့ ကြိုးစားကြပေမယ့် တကယ်တမ်းဝိတ်ကျသွားသူအရေအတွက်ကတော့ မျှော်မှန်းထားသလောက် ပမာဏမများပါဘူး။အကြောင်းအရင်းကတော့ ဝိတ်ချနေစဉ်အချိန်အတွင်းမှာတင် သင့်ကို လမ်းမှားရောက်သွားစေမယ့်ယုံတမ်းစကားအမှားတွေကို လူတိုင်းနီးပါး လက်ခံလိုက်နာနေမိကြလို့ပါပဲ။ တချို့ လုပ်ရပ်တွေဟာ ကိုယ်အလေးချိန်ကျစေမယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက်ရလဒ်ကိုသာ ဖြစ်စေတာပါ။ဒီလိုချင်း (ဂျင်း)စကားတွေ၊ ယုံတမ်းစကားတွေကို ရှောင်လွှဲနိုင်မှသာ သင့်ရဲ့ ကိုယ်အလေးချိန်လျှော့ချရေး လုပ်ငန်းစဉ်ကြီးက အောင်မြင်သွားမှာပါ။ ဒီတော့ ဒီဆောင်းပါးမှာ ဝိတ်ချချင်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အသိမှားအမြင်မှား ၁၁ ခုကို ဖော်ပြပေးချင်ပါတယ်။ ရှောင်နိုင်အောင်လို့ပါ။နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ ကတော့ –။ဒီလောက်ဆိုရင် ကိုယ်အလေးချိန်လျှော့ချချိန်မှာ ကြားရတတ်တဲ့ Myth တွေနဲ့ ပတ်သက်ပြီး အမြင်ရှင်းသွားမယ်လို့ ယူဆပါတယ်။ ကိုယ်အလေးချိန်လျှော့ချတဲ့ နေရာမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာနဲ့ စနစ်ကျပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet အစားအစာတွေကို အာဟာရပြည့်ဝစွာစားသောက်ပြီး အချိန်ယူကြိုးစားသင့်ပါတယ်။ ဒါမှသာ စနစ်တကျ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်မှာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/medical-myths-all-about-weight-loss/
null
null
health
health
https://hellosayarwon.com/health/health-news/phone-calls-above-30-minutes-can-lead-to-high-blood-pressure/
ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ
ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်နော်။ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ ဆိုတော့။သင် အရိုးပွ နိုင်ပါသလား။ဆိုရိုး တစ်ခု ရှိပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်တဲ့။ သင့်အနေနဲ့ အရိုးပွခြင်းကို လျှော့ချနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ သင့်အနေနဲ့ ဒီရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေတဲ့ အန္တရာယ် တွေကို သတိထားပြီး ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ အရိုးပွခြင်း ဆိုတာ အရိုးကို ကျိုးလွယ်ပဲ့လွယ်စေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရခြင်းဟာ အရိုးတစ်ရှူးတွေ ပျက်စီးနှုန်းက ဆဲလ်အသစ်တွေ ဖြစ်ပေါ်နှုန်းထက် ပိုပြီး မြန်ဆန်နေလို့ ဖြစ်ပါတယ်။မရှောင်လွှဲနိုင်သော အန္တရာယ်များ။အထက်ပါ အချက်များသည် ရှောင်လွှဲလို့ မရသော အချက်များ ဖြစ်ပါတယ်။ထိန်းချုပ်စီမံနိုင်သော အန္တရာယ်များ။ဆေးဝါးများ။စတီးရွိုက်ဆေးဝါးများကို ရောင်ရမ်းမှု ကျစေဖို့ သုံးကြပါတယ်။ ပန်းနာရင်ကျပ်ကနေ ကင်ဆာအထိ ကျယ်ပြန့်စွာ သုံးကြပါတယ်။ကုသမှုတွေမှာ ကာလကြာရှည် သုံးစွဲရတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိလာပါတယ်။ ထိုအထဲမှ ဆိုးကျိုး တစ်ခုကတော့ အရိုးဟာ ကျိုးပဲ့လွယ်တဲ့အထိ အရိုးပွလာခြင်းပဲ ဖြစ်ပါတယ်။တခြား ဆေးဝါးတွေကတော့ အလူမီနီယမ် (aluminium) ပါဝင်တဲ့ အစာအိမ်ဆေး၊ ကင်ဆာဆေး၊ Proton pump inhibitors (အစာအိမ် အက်ဆစ် အထွက်နည်းစေသော ဆေး) နဲ့ သိုင်းရွိုက်ဆေးတွေ ဖြစ်ပြီး လွန်ကျူးစွာ သုံးစွဲပါကအရိုးကိုထိခိုက်စေပါတယ်။သင့်အနေနဲ့ လက်ရှိမှာ သောက်သုံးနေတဲ့ ဆေးဝါးတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေ နဲ့ အရိုး အပေါ်ကို ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာတွေကို ဆရာဝန်၊ ဆေးဝါး ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် ဆရာဝန်၊ ကျွမ်းကျင်သူများ၏ ညွှန်ကြားချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးများကို ရပ်ပစ်ခြင်း၊ ဆေးပမာဏ ပြောင်းလဲခြင်းများ မပြုလုပ်ပါနဲ့။ရောဂါများ။တချို့ ရောဂါတွေဟာ သင့်အရိုးကျန်းမာရေးကိုထိခိုက်စေပြီး အရိုးပွခြင်း ဖြစ်စေပါတယ်။အရိုးပွခြင်းကို ပိုဆိုးစေတဲ့ တခြားအခြေအနေတွေ ရှိပါသေးတယ်။ အရိုးပွခြင်း ဖြစ်နိုင်ခြေ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်သင့်ပါတယ်။ရေးသားသူ – Dr. Thant Zin။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/osteoporosis-risk-factors/
မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ
“မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်းတံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလိုအချိန်တိုအတွင်း ဘာကြောင့် လူကြိုက်များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။မာလာဆိုတာက တရုတ်စကားလုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ အဓိပ္ပာယ်ရပါတယ်။ ပါးစပ်ထဲထည့်လိုက်ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို အစွဲပြုပြီး ခေါ်ဆိုကြတာပါ။ စီချွမ်ပြည်နယ် ယန်ဇီမြစ်တွင်းက ရေလုပ်သားတွေ လှေပေါ်မှာ ချက်ပြုတ်စားခဲ့တဲ့ အစားအစာတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာကျော် အစားအစာတစ်ခုဖြစ်နေပါပြီ။မာလာရှမ်းကောရဲ့ အဓိကပစ္စည်းဖြစ်တဲ့ မာလာအနှစ်မှာ အဓိကအားဖြင့် ပါဝင်တာတွေကတော့ငရုတ်သီးခြောက်၊ ဒူဘန်းလို့ ခေါ်တဲ့ ပဲအစပ်နှစ်၊ စီချွမ်ငရုပ်ကောင်း၊ကြက်သွန်ဖြူ၊လေးညှင်း၊ စမုန်စပါး၊ စမုန်နက်၊ ဖာလာနက်၊ချင်း၊စင်နာမွန်၊ ဆားနဲ့ သကြားတို့ပါပဲ။ ဒီအရာတွေကို အမဲဆီ (အမဲသားကရတဲ့ အဆီ) ဒါမှမဟုတ် ဟင်းရွက်ဆီတွေနဲ့ မီးအေးအေးမှာတင်ပြီး နာရီနဲ့ချီကြိုချက်ထားတာပါ။မာလာအနှစ်ထဲက ပါဝင်ပစ္စည်းအများစုဟာ သဘာဝထုတ်ကုန်တွေချည်းဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တာတွေရော ကျန်းမာရေးနဲ့မညီညွတ်တာတွေပါ ရောနှောပါဝင်နေပြီး အဓိကအားဖြင့် အပူအစပ်စာတွေကိုချည်း စုစည်းထားတာမို့ အစာခြေစနစ်နဲ့ ဝမ်းဗိုက်ပြဿနာတွေကို ရင်ဆိုင်ရစေနိုင်ပါတယ်။မာလာရှမ်းကောဆိုတာက ဒီမာလာအနှစ်ကို အသားတွေ၊ အသင့်စားအသားလုံးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ ဟင်းချက်ဆီတွေနဲ့ တွဲဖက်ချက်ပြုတ်ဖန်တီးရတာကြောင့်ကယ်လိုရီပါဝင်မှုမြင့်မားတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။  အကြမ်းဖျဉ်းအားဖြင့် အသားတစ်မျိုးမျိုးနဲ့ဖန်တီးထားတဲ့ မာလာရှမ်းကော ၂၀၀ ဂရမ်မှာ ကယ်လိုရီ ၅၈၉၊ အဆီ ၃၈ ဂရမ်၊ ပရိုတင်း ၅၄ ဂရမ်၊ဆား၃၆၇ မီလီဂရမ်၊ ပိုတက်ဆီယမ် ၇၂၀ ဂရမ်၊ကိုလက်စထေရာ၁၅၁ မီလီဂရမ်၊ ဖိုင်ဘာ ၃ ဂရမ်၊သကြား၁ ရမ်နဲ့ ကာဘိုဟိုက်ဒြိတ်  ဂရမ်ပါဝင်နေတတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်တော့ မဖြစ်မနေရှောင်ကြဉ်ရမယ့် အစားအစာလို့ ဆိုရပါလိမ့်မယ်။ပြောရရင် ပိုင်မုန့်တွေလိုပါပဲ။ သာမန်အခြေအနေတွေကနေကွဲထွက်ပြီး ရိုးရိုးရှင်းရှင်းနဲ့ကို ထူးခြားနေတာမျိုးပေါ့။ မာလာရှမ်းကောတွေကလည်း လူတွေစွဲမက်သွားစေတဲ့ အရသာတစ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ စပ်တဲ့ ပူတဲ့အစားအစာတွေ အများကြီးရှိပေမယ့် မာလာရှမ်းကောလောက်တော့ လူတွေကို ဆွဲဆောင်နိုင်စွမ်းမမြင့်မားလှပါဘူး။ပူစပ်တဲ့ အနှစ်နဲ့ လတ်ဆတ်ပြီး အရသာပြည့်ဝတဲ့ အသီးအရွက်တွေ၊ အသားငါးတွေ၊ပင်လယ်စာတွေရောနှောချက်ပြုတ်ထားတာမို့ ပူပူနွေးနွေးစားမယ်ဆိုရင် အစားအသောက်ရဲ့ အရသာအပြင် ပူပူစပ်စပ်ဝေဒနာကြောင့် စိတ်လှုပ်ရှားစေတာကလည်း ဒီဟင်းအမယ်ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။စိတ်ပညာသဘောအရဆိုရင်လည်း လူတွေဟာ အရသာကြောင့်အစားအစာကို နှစ်သက်ကြတာဖြစ်ပေမယ့် အရသာထက်ပိုကဲပြီး စိတ်ခံစားချက်တစ်စုံတစ်ရာကိုပါ နှိုးဆော်နိုင်တဲ့ အစားအစာတွေကို ပိုနှစ်သက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဥပမာကော်ဖီတို့ချောကလက်တို့လိုမျိုးပေါ့။မာလာရှမ်းကောကို ဆိုရင်လည်း ပူလိုက်တာ စပ်လိုက်တာဆိုတဲ့ စကားတွေနောက်မှာ လျှာကို တဟူးဟူး မှုတ်ရင်း မကုန်မချင်းစားမိသွားတတ်ကြတာ လူတိုင်းနီးပါးပါ။ မာလာရှမ်းကောကို ဆွဲဆောင်မှုဖြစ်စေတဲ့ နောက်ထပ်တစ်ချက်ကတော့ ပါဝင်ပစ္စည်းထဲက စီချွမ်ဒေသထွက် ငရုတ်ကောင်းမှုန့်ဖြစ်ပြီးတော့ သူ့ရဲ့ အပူအစပ်အရသာက ဒီအစားအသောက်ရဲ့ အသက်လို့တောင်ဆိုကြပါတယ်။မာလာရှမ်းကောမှာ အဓိက ကျန်းမာရေးနဲ့ မညီညွတ်စေတာက အဆီနဲ့ ဖြည့်စွက်အမယ်တွေပါပဲ။ ဆီတွေ၊ အသားတွေ၊ အဆီများတဲ့ ဝက်သားတွေ၊ အသင့်ပြုပြင်ထားတဲ့ အသားလုံးတွေ၊ အပိုဖြည့်စွက်ထားတဲ့ ဆားနဲ့ သကြားတွေက ကျန်းမာရေးကို အဓိက ထိခိုက်စေတာပါ။ဒါပေမယ့် ဒါတွေကို ဖယ်လိုရင် ကျန်းမာရေးနဲ့ ညီညွတ်သွားမယ်လို့ မဆိုသာပါဘူး။ သူ့ရဲ့ အနှစ်မှာနဂိုပါဝင်နေတဲ့ ပစ္စည်းတွေက ဗိုက်မကောင်းသူတွေနဲ့ မသင့်လျော်ပါဘူး။ ဒါကြောင့် မာလာရှမ်းကောကို ကျန်းမာရေးနဲ့ ညီညွတ်စွာစားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။တစ်ခုရှိတာက အမြဲတမ်းမဟုတ်ပဲ နှစ်ပတ် ၁ ခါ ဒါမှမဟုတ် ၁ လ တစ်ခါလောက်သာ စားမယ်ဆိုရင် ကုန်ကျစရိတ်လည်း နည်းပါးမှာဖြစ်သလို ဒီလိုစားသောက်မှုကြောင့် ရလာမယ့် အဆီတွေ၊ ကယ်လိုရီတွေကိုလည်း ကျန်တဲ့အချိန်တွေမှာ ကောင်းကောင်းခြေဖျက်နိုင်တာမို့ အဆင်ပြေနိုင်ပါတယ်။ကိုယ်တိုင် အိမ်မှာလုပ်စားမယ်ဆိုရင်တော့လတ်ဆတ်တဲ့ အသီးအရွက်တွေ၊သားငါးတွေကို အဓိက အသုံးပြုပြီး ဆီ၊ ဟင်းခတ်မှုန့်နဲ့ ဆားတွေကို ပမာဏနည်းနည်းသာထည့်သွင်းပြီး ချက်ပြုတ်စားနိုင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/why-ma-la-xiang-guo-addicted/
နှင်းခူပေါက်နေစဉ် ရှောင်ကြဉ်သင့်သော အစားအစာများ
နှင်းခူနာဟာ အရေပြားကို နီရဲပြီး ယားယံစေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ သူဟာ နာတာရှည်ဖြစ်ပြီး အချိန်ပိုင်းအလိုက်ပြန်ဖြစ်လိုက် သက်သာသွားလိုက် ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ပန်းနာရင်ကျပ် (သို့) ဓါတ်မတည့်ရောဂါ တို့နဲ့ တွဲဖြစ်တတ်ပါတယ်။နှင်းခူနာဟာ တစ်ခါတရံမှာ အစားအသောက်နဲ့ မတည့်တာကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်တစ်နှစ်မပြည့်မီမှာ အဖြစ်များပါတယ်။ နှင်းခူနာဖြစ်တဲ့ ကလေးတွေမှာ လုပ်ထားတဲ့ လေ့လာမှုအချို့က ဒီကလေးတွေရဲ့ သုံးပုံပုံ တစ်ပုံကနေ နှစ်ပုံအထိဟာ အစားအသောက်နဲ့ မတည့်တာ ဖြစ်ပါတယ်။ဒါဟာ အစားအသောက်ဓါတ်မတည့်ခြင်းက နှင်းခူနာ ဖြစ်စေတယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် အစားအသောက် ရပ်လိုက်ခြင်းဟာ နှင်းခူနာကို မကုသပေးနိုင်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာ ဖြစ်နေတဲ့ လက္ခဏာတွေကိုတော့ သက်သာစေနိုင်ပါတယ်။ (ဥပမာ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အသက်ရှူကျပ်ခြင်း)။ပြင်းထန်တဲ့ နှင်းခူနာရှိတဲ့ ကလေးတွေမှာ မတည့်တဲ့ အစားအစာတွေကို ရပ်လိုက်ခြင်းဟာ ရောဂါထိန်းချုပ်မှုကို ကူညီပေးပါတယ်။ ဒါကို ကျွမ်းကျင်တဲ့ဆရာဝန်၊ အာဟာရပညာရှင် တွေနဲ့ တိုင်ပင်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။အရေပြား သက်သာလာရင် အစားအသောက်စိန်ခေါ်မှု လို့ ခေါ်တဲ့ အစားအစာ တစ်ခုဟာ ဒီရောဂါဖြစ်စေသလားဆိုတာ သိစေဖို့ တစ်ခေါက် ကျွေးကြည့်ရမှာ ဖြစ်ပါတယ်။ အစားအစာကိုရပ်ပြီး နှစ်ပတ်နေတဲ့အထိ အကျိုးမရှိဘူးဆိုရင်တော့ ဒါဟာ အစားအသောက်ကြောင့် မဖြစ်နိုင်ပါဘူး။ နှင်းခူနာ ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကတော့။တချို့အခြေအနေတွေမှာ ရုတ်တရက် ဓါတ်မတည့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်ခြင်းဖြစ်စေတဲ့ အစားအစာကို စားပြီးပြီးချင်း နှစ်နာရီအတွင်း ဖြစ်တတ်ပါတယ်။ စားပြီးချိန်မှာ ယားယံပြီး ကုတ်ခြင်းတွေ ပိုဆိုးလာပါလိမ့်မယ်။အဖြစ်များတဲ့ လက္ခဏာကတော့ နီရဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ ပါးစပ်ပတ်လည်မှာ ယားယံခြင်းပဲဖြစ်ပါတယ်။ နောက် လက္ခဏာတစ်ခုကတော့ အင်ပြင်တွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ယားယံပြီး အရည်တွေနဲ့ ပြည့်နေတဲ့ အဖုတွေဟာ အရေပြားပေါ်မှာပေါ်လာမှာ ဖြစ်ပါတယ်။အခြား လက္ခဏာတွေကတော့ ဗိုက်နာခြင်း၊ အန်ခြင်း၊ အသက်ရှူစဉ် အသံထွက်ခြင်း၊ မျက်လုံးယားခြင်းနဲ့ နှာချေခြင်း တို့ပဲ ဖြစ်ပါတယ်။အချို့အခြေအနေတွေမှာတော့ ကြာမြင့်မှ ဓါတ်မတည့်မှု ဖြစ်တတ်ပါတယ်။ မတည့်တဲ့အစားအသောက် စားပြီး ၆ နာရီကနေ ၂၄ နာရီကြာမှ လက္ခဏာပေါ်တတ်ပါတယ်။ လက္ခဏာတွေကတော့ ယားယံခြင်းနဲ့ နှင်းခူနာတို့ပဲဖြစ်ပါတယ်။ တခါတလေ ဗိုက်နာခြင်းနဲ့ ဝမ်းလျှောခြင်းလဲ ဖြစ်နိုင်ပါတယ်။တကယ်လို့ အစားအသောက်တစ်ခုခုက နှင်းခူနာကို ပိုဆိုးစေပြီဆိုရင် ဆရာဝန်နဲ့ ပြသနိုင်ပါတယ်။ ၄ ပတ်ကနေ ၆ ပတ်အထိ ဆရာဝန်က ဒိုင်ယာရီ ရေးခိုင်းနိုင်ပါတယ်။ရည်ရွယ်ချက်ကတော့ ဖြစ်လာတဲ့ လက္ခဏာတွေတဲ့ စားမိတဲ့ အစားအသောက်နဲ့ အရည်တွေကို ရေးမှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုရေးမှတ်ခြင်းဟာ သံသယ ရှိစရာ အစာတွေကို တွေ့ရှိလာနိုင်ပါတယ်။အစားအသောက်မတည့်ခြင်းအတွက် ဆရာဝန်တွေ ရောဂါအမည်တပ်ဖို့ အသုံးပြုတဲ့ စစ်ဆေးမှုများစွာ ရှိပါတယ်။ လက်ထိပ်ဖေါက်ခြင်းနဲ့ သွေးစစ်ခြင်းတွေလဲ ပါဝင်ပါတယ်။ ဒါပေမယ့် အစားအသောက်စိန်ခေါ်မှု လုပ်ခြင်းကသာ အစားအသောက်နဲ့ မတည့်ခြင်းက နှင်းခူနာ ဖြစ်စေလားဆိုတာကို သိစေတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။အစားအသောက်ဓါတ်မတည့်မှုတွေကို ရောဂါအမည်တပ်ဖို့ ဓါတ်မတည့်ရောဂါပညာရှင် ကို ပြသဖို့လိုအပ်ပါတယ်။ ဓါတ်မတည့်မှု မဖြစ်စေတာသေချာတဲ့ အစားအစာတွေကိုပဲ စားသောက်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%b0%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%85%e1%80%89%e1%80%ba-%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%bc/
ကျောက်ဖရုံညွန့် ကျန်းမာစေသလား
ကျောက်ဖရုံသီးကိုတော့ လူတိုင်းလိုလို သိထားပြီးဖြစ်သလို ဟင်းခါး ချက်သောက်တာ၊ ချဉ်ရည်ချက်စားတာ၊ ပဲဟင်းထဲထည့်ချက်တာ၊ ယိုထိုးတာနဲ့ အမျိုးမျိုး စားဖြစ် စားဖူးကြပါတယ်။ ကျန်းမာရေးအတွက်လည်း ကျောက်ဖရုံသီးက ကောင်းတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ဒီ ကျောက်ဖရုံသီးလေးတွေ သီးတဲ့ ကျောက်ဖရုံပင်က ကျောက်ဖရုံညွန့် နုနုလေးတွေကကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကျောက်ဖရုံညွန့်ကို ကြော်ချက် ချက်စားတာ၊ ဟင်းခါးချက်စားတာ၊ ပြုတ်တို့ စားတာမျိုး လုပ်စားလို့ ရပါတယ်။ ဒီလို ဟင်းလျာ တစ်ခွက်အနေနဲ့ စားလို့ရတဲ့ ကျောက်ဖရုံညွန့်ရဲ့ ကျန်းမာရေး အာနိသင်လေးကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကျောက်ဖရုံညွန့် ဆိုတာ ကျောက်ဖရုံပင်ရဲ့ အညွန့်ပါ။ အရွက်နုလေးတွေပေါ့။ ကျောက်ဖရုံပင်ကလည်းဘူးသီးလိုပဲ နွယ်တက်တတ်တဲ့ အပင် တစ်မျိုးပါ။ အရွက်က ဘူးရွက်၊ ရွှေဖရုံရွက်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။အရွက်ဖားဖားနဲ့ ရိုးတံ ပွပွလေးပါ။ အရွက်နဲ့ ရိုးတံနုလေးတွေပေါ်မှာ မွှေးညှင်းနုနုလေးတွေ ဖုံးအုပ်နေတတ်ပါတယ်။ စားလိုက်ရင် ချိုချိုလေးနဲ့ အရသာရှိပါတယ်။ကျောက်ဖရုံညွန့်မှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ကျောက်ဖရုံညွန့် ကျန်းမာစေသလား ဆိုတော့ ကျန်းမာစေပါတယ်။ ကျောက်ဖရုံညွန့် စားပေးတာက အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ကျောက်ဖရုံညွန့်က ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆီပါဝင်မှုလည်း နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေ ဝိတ်ချချင်သူတွေ စားပေးလို့ ရပါတယ်။ အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ကိုလက်စထရော ပါဝင်မှု နည်းတာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကြွက်သားတွေ သန်မာစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ဆောင်မှု ကောင်းစေနိုင်ပါတယ်။ကိုယ်တွင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ်တွေကို သန့်စင်ပေးနိုင်ပါတယ်။ ဆီးသွားရလွယ်စေဖို့ လုပ်ဆောင်ပေးသလို ဆီးလမ်းကြောင်း ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ကျောက်ကပ်ကျောက်မတည်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းချုပ်တာ၊ လေပွတာ၊ ဗိုက်အောင့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အူမကြီး ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ကျောက်ဖရုံညွန့်က ချွဲပျော်စေပြီး အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အဆုတ် ကျန်းမာစေသလို အသက်ရှူရခက်တာ၊ ဓာတ်မတည့်မှုကြောင့် အသက်ရှူကြပ်တာတွေကို သက်သာစေနိုင်ပါတယ်။ကျောက်ဖရုံညွန့်က ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/ash-gourd-leaves-benefits/
ပြည်တည်နာဖြစ်ရင် ဘယ်လိုဖြေရှင်းလေ့ရှိလဲ
ထိခိုက်အနာတရတစ်ခုခုဖြစ်ရင်အနာကျက်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုပါတယ်။အနာကျက်သင့်တဲ့အချိန်ထက်ကျော်လာရင်တော့ ပိုးဝင်လို့အနာရင်းနေပြီလား၊ ဆီးချိုကြောင့်အနာကျက်နှေးတာလား၊ သန့်ရှင်းမှုမရှိလို့လား၊ အနာကိုဂရုစိုက်ပုံ မှားယွင်းနေသလား စစ်ကြည့်သင့်နေပါပြီ။မကျက်ဘဲ တာရှည်နေတဲ့အနာမှာပိုးဝင်လာတဲ့အခါ ပြည်တည်လာနိုင်ပါတယ်။ပြည်တည်ပြီးဆိုဖောက်ထုတ်လိုက်ရင်ပြီးတာပဲ လို့တချို့ကတွေးကြပါတယ်။ပြည်ဆိုတာ မှည့်ရင် သူ့အလိုလိုပေါက်သွားလိမ့်မယ် အနာပေါက်ပွင့်ရင်အနာကျက်သွားလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ ဒါဆို အနာပေါက်ပွင့်သွား၊ပြည်ပေါက်ထွက်သွားရင်ပြီးပြီလား။ မဟုတ်ပါဘူး။ အနာကို ပိုးမဝင်အောင် ဒါမှမဟုတ် ပိုးဝင်ပြီးလို့ ကုသတဲ့အခါ သက်သာလာရင်တောင်မှ အမြဲဆက်ဂရုစိုက်ပေးရပါမယ်။ပြည်တည်တဲ့အဆင့်ရောက်မှသေချာဂရုမစိုက်ရင် အတွင်းထိ လှိုက်စားတာမျိုး၊ အရိုးထိ ထိခိုက်တာမျိုး ဆိုးရွားတဲ့ေနာက်ဆက်တွဲပြဿနာတွေ မဖြစ်သင့်ဘဲဖြစ်လာနိုင်ပါတယ်။အရေပြားထိခိုက်ပေါက်ပြဲဒဏ်ရာမှာရောဂါပိုးဝင်တဲ့အခါ အနာရင်းပြီးတာရှည်လာတယ်။ အဲဒီအတွင်းမှာ ပြည်တည်လာတာက ရောဂါပိုးတွေကိုနှိမ်နင်းဖို့ ခန္ဓါကိုယ်ရဲ့တုံ့ပြန်ခုခံမှုတွေရှိလာတဲ့အဓိပ္ပါယ်ပါ။ ဒါပေမယ့် အနာက ြပည်တည်လာတိုင်း ခန္ဓါကိုယ်ကခုခံနေပြီပဲ ဆိုပြီးပျော်မသွားနဲ့ဦး။ အရေးကြီးတဲ့အချိန်က ခုမှရောက်တာပါ။ပြည်တည်လာပြီးနောက်ပိုင်း ကုသမှု၊ဂရုစိုက်မှုမကောင်းရင် အခြေအနေပိုဆိုးလာမှ အကျိုးနည်းကုန်ရပါလိမ့်မယ်။ပြည်တည်ပြီဆိုသေချာဂရုမစိုက်ရင်၊မကုသရင် ပိုဆိုးလာတာများပါတယ်။ရောဂါပိုးကအရေပြားအောက်က တစ်ရှူးတွေကို ပျံ့နှံ့ရောက်ရှိပြီးသွေးလည်ပတ်မှုထဲကိုပါရောက်သွားနိုင်ပါတယ်။ရောဂါပိုးက အတွင်းပိုင်းတစ်ရှူးတွေအထိ ပျံ့နှံ့သွားတဲ့အခါ အနာရှိန်ကြောင့် အဖျားတက်လာတာ၊နေမကောင်းဖြစ်တာ စတဲ့လက္ခဏာတွေ စတင်လာနိုင်ပါတယ်။တချို့က အပ်ကို မီးကင်ပြီးပြည်တည်နာကိုဖောက်ထုတ်လိုက်တဲ့နည်းနဲ့ အိမ်မှာပဲ ကုသကြပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ရင်းနဲ့ရောဂါပိုးထပ်မဝင်ပါဘူး၊ ပိုမဆိုးလာဘူးလို့ အာမမခံနိုင်ပါဘူး။ ထိတွေ့ကိုင်တွယ်တဲ့ လက်ကရော သန့်ရှင်းရဲ့လား၊ အနာကို ဘာသန့်ရှင်းမှုတွေလုပ်သလဲ၊ဆေးရောထည့်ရဲ့လားဆိုတဲ့အချက်တွေတွေးစရာရှိပါသေးတယ်။အနာဆိုတာ သူ့အချိန်တွင်းမှာ အနာကျက်သွားတာအကောင်းဆုံးပါ။ ဒါပေမယ့် ကိုယ့်ဘာသာကုလို့မှ မပျောက်ဘဲပြည်တည်တဲ့အဆင့်တောင်ရောက်လာတာကိုတော့ ကိုယ့်သဘောနဲ့ကိုယ်လျှောက်မလုပ်သင့်ပါဘူးလို့ အကြံပြုချင်ပါတယ်။ ပိုးသတ်ထားတဲ့ ကုသမှုသုံးကိရိယာတွေနဲ့ ဆရာဝန်က လိုအပ်သလို ကုသပေးပါလိမ့်မယ်။ ပြည်တွေ မရှိတော့အောင် ဒဏ်ရာကိုဆေးကြောသန့်စင်တာ(ဥပမာ ဖန်ရည်ဆေးတာ)၊ ပြည်တွေကို ပိုးသတ်ပြီးအပ်နဲ့စုပ်ထုတ်တာ၊ လိုအပ်ရင် အနည်းငယ်ခွဲရတာ၊ဆေးထည့်တာ ၊လုံခြုံအောင် ပလာစတာနဲ့ပတ်တီးစည်းပေးတာ စတဲ့အလုပ်တွေကိုဘေးအန္တရာယ်ကင်းကင်းနဲ့ ဆရာဝန်က လုပ်ဆောင်ပေးနိုင်ပါတယ်။ လိုအပ်လာရင် အနာကျက်မြန်စေဖို့နဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့ပဋိဇီဝပိုးသတ်ဆေးတွေ၊ အနာထည့်ဆေးတွေလည်းဆေးညွှန်းပေးလာနိုင်ပါတယ်။ပြီးရင်တော့ ကုသမှုမှာ ညွှန်ကြားချက်အတိုင်း လိုက်နာ၊ အိမ်ပြန်ရောက်တဲ့အခါ အနာကိုသေချာဂရုစိုက်ဖို့က ကိုယ့်အပိုင်းပါ။ ပြည်တည်အနာနဲ့ပတ်သက်ပြီး ဂရုစိုက်သင့်တဲ့ အချက်တချို့ကတော့ –။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%94%e1%80%ac%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%9b%e1%80%84%e1%80%b9-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af/
ရောဂါဘယ ကင်းဝေးအောင် မျက်နှာကို လက်နဲ့ မထိအောင်ရှောင်
လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကိုယ့်မျက်နှာကို တစ်နာရီအတွင်း အနည်းဆုံး ၁၆ ကြိမ်ခန့် ထိတွေ့ပွတ်သပ်နေတယ်ဆိုတာ သင် သတိထားမိပါသလား။ ဒါကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသန်းပေါင်းများစွာမှာ တွေ့ရတတ်တဲ့ အကျင့်တစ်ခုပါ။ ကိုယ့်မျက်နှာကို ထိတာပဲ၊ ဘာမှ ပြဿနာ ကြီးကြီးမားမား ရှိလာစရာ အကြောင်းမှ မရှိတာလို့ လူတော်တော်များများက ထင်တတ်ကြပေမယ့် တကယ်တမ်းက နောက်ဆက်တွဲ အန္တရာယ်တွေ အများကြီးရှိပါတယ်။ဥပမာ ပြောရမယ်ဆိုရင် လူတွေ ထိတွေ့ကိုင်တွယ်မှု အများဆုံး မျက်နှာပေါ်က အစိတ်အပိုင်းကို ပြောပါဆိုရင် မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ်ပါပဲ။ ကိုယ့်ရဲ့ လက်ချောင်းတွေနဲ့လက်သည်းတွေကြားမှာ အမြဲတမ်း ရောဂါပိုးပေါင်းစုံ ကပ်ငြိနေတတ်ပါတယ်။ ဒီလို မသန့်ရှင်းတဲ့ လက်တွေကို မဆေးကြောဘဲ မျက်နှာအစိတ်အပိုင်းတွေကို သွားထိရာကနေ ကိုယ်ခန္ဓာထဲ ဝင်လာပြီး ရောဂါပိုးတွေ ကူးစက်ခံရတာတော့ပေါ့။အခု တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဆင့်ရှိကိုရိုနာပြင်းထန် အဆုတ်ရောင်ရောဂါ (COVID-19) သည်လည်း အရာဝတ္ထုတွေပေါ်က ကပ်ငြိနေတဲ့ဗိုင်းရပ်စ်ပိုးတွေ လက်နဲ့ ကပ်ပါလာရာမှ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်သွားပြီး ကူးစက်ခံရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ ရိုးရိုးထိတာ ဘာမှ ပြဿနာမရှိဘူးလို့ ထင်နေလို့တော့ မရတော့ပါဘူးနော်။၁။ အပြင်က လာတဲ့ ရောဂါပိုးမွှားတွေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ခြင်းရဲ့ တရားခံသည် လက်ကနေ တစ်ဆင့် ဖြစ်ပါတယ်။ လက်က အရာဝတ္ထုပေါင်းစုံ ကိုင်နေရသလို၊ နေရာပေါင်းများစွာ သွားလာနေရတာ၊ လူပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံနေရတာ ဖြစ်တဲ့အတွက် လက်ချောင်း၊လက်သည်းတွေ ကြားမှာ ရောဂါပိုး ပေါင်းစုံ ကပ်ငြိနေနိုင်ပါတယ်။၂။ ဒါကြောင့် ဘာပဲ ကိုင်ပြီးတိုင်း၊ အပြင်ကနေ ပြန်လာတိုင်း လက်ကိုဆပ်ပြာ၊ ရေနဲ့ သေချာ ဆေးကြောပေးဖို့ မမေ့ပါနဲ့။ ဒီနည်းလမ်းကရောဂါပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းပါ။၃။ အကယ်လို့ ကိုယ်က အပြင်ရောက်နေတယ်၊ ဒါမှမဟုတ် အစည်းအဝေးခန်းထဲမှာ မို့လို့အိမ်သာသွားပြီး လက်ဆေးလို့ မရဘူးဆိုရင် အလွယ်တကူ အသုံးပြုလို့ ရတဲ့လက်သန့်စင်ဆေးရည်တွေ ဆောင်ထားပေးပါ။ ဘူးသေးတာကြောင့် သွားလေရာ သယ်သွားလို့ ရသလို ကိုယ့်ရဲ့ အလုပ်စားပွဲမှာလည်း တင်ထားလို့ ရပါတယ်။၄။ မျက်နှာကို မကိုင်ခင်မှာ လက်ကို အမြဲတမ်း အရင်ဆေးပါ။ ပြီးတော့မှ ကိုင်တွယ် ပွတ်သပ်ပါ။ ဒါမှမဟုတ် တစ်သျှူးတစ်ခုခု သုံးပြီး မျက်နှာကို ပွတ်သပ်တာမျိုး လုပ်လို့ ရပါတယ်။၅။ အပြင်ထွက်ရင်Maskတပ်သွားပါ။ ကိုယ့်မျက်နှာကို လက်နဲ့ မထိမိအောင်၊ Mask ကို ဖွင့်ဟပြီး မကုတ်မိအောင်လည်း ဂရုစိုက်ပါ။၆။ မျက်နှာကို လက်နဲ့ ပွတ်ထိနေတတ်တဲ့ အကျင့် ပျောက်သွားအောင် သွားလေရာမှာလက်အိတ်စွပ်ထားပေးလို့လည်း ရပါတယ်။ လက်အိတ်စွပ်ထားခြင်းဖြင့် ကိုယ့်မျက်နှာကို ကုတ်လို့ မဖြစ်ဘူး၊ ဒီလက်အိတ်နဲ့ဆို ကုတ်လို့ မလွယ်ဘူးဆိုတဲ့ အတွေးတွေ ဝင်လာနိုင်ပါတယ်။တစ်ခါတလေမှာ ကိုယ်မထင်မိလိုက်ဘဲ လုပ်လိုက်တဲ့ အပြုအမူလေး တစ်ခုက ကိုယ့်ဘဝကို ကြီးမားတဲ့ ပြောင်းလဲမှုမျိုး ဖြစ်စေနိုင်တယ်ဆိုတာ လုံးဝမမေ့လိုက်ပါနဲ့နော်။ ဒီလို အချိန်မျိုးမှာ ကိုယ်အပါအဝင် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ပေးဖို့ အချိန်တန်နေပါပြီ။ အားလုံးပဲ ခုလို ကပ်ဘေးအခြေအနေမှာ တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တွေကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%98%e1%80%9a-%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%b1%e1%80%b8%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%99%e1%80%bb%e1%80%80/
Broken Wrist (လက်ကောက်ဝတ်ကျိုးခြင်း)
လက်ကောက်ဝတ်ကျိုးတယ်ဆိုတာ သင်ချော်လဲကျတဲ့အခါ ဒီထိခိုက်မှုက လက်ကောက်ဝတ်ထဲက အရိုးကျိုးစေတာ ဒါမှမဟုတ် အက်စေတာဖြစ်ပါတယ်။လက်ကောက်ဝတ်ကျိုးခြင်းဟာ သင့်ရဲ့လက်ကောက်ဝတ်အတွင်းရှိ အရိုးအများအပြား အက်ကွဲတာဖြစ်ပါတယ်။ လက်ကောက်ဝတ်ကျိုးရင် လက်မနဲ့ လက်ကောက်ဝတ်ဆက်ထားတဲ့ လက်မဘက်ခြမ်းက အရိုးနဲ့အနီးအနားမှာဖြစ်ပါတယ်။လက်ကောက်ဝတ်ကျိုးခြင်းက အလွန်အဖြစ်များပြီး လက်မောင်းများတွင်လည်း အရိုးမကြာခဏ ကျိုးပဲ့တတ်ပါတယ်။ ဒါဟာ အသက်အရွယ်မရွေး ထိခိုက်ပါတယ်။ သင့်ရဲ့အန္တရာယ်ဖြစ်နိုင်ချေများ လျှော့ချခြင်းဖြင့် စီမံခန့်ခွဲနိုင်ပါတယ်။ နောက်ထပ် သတင်းအချက်အလက်ရရန် သင့်ဆရာဝန်နှင့်အတူ ဆွေးနွေးပါ။အဖြစ်များတဲ့ လက္ခဏာတွေကတော့-။အထက်ပါ စာရင်းမှာမပါတဲ့ အချို့လက္ခဏာတွေ ရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ လက္ခဏာ တစ်စုံတစ်ခုများ ဖြစ်နေပြီးလားဟု စိုးရိမ်နေပါက သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။သင့်ကျိုးနေတဲ့လက်ကောက်ဝတ်မှာ သင်ထုံကျဉ်မှုခံစားရတယ်၊ သင့်လက်ချောင်းများ ရွေ့လျားလာသောအခါ ရောင်ရမ်းခြင်း သို့မဟုတ် ခက်ခဲမှုရှိလျှင် ချက်ချင်းဆရာဝန်ဆီကိုသွားပါ။ ကုသမှုနောက်ကျပါက ပြန်ကောင်းနိုင်ခြေ လျော့နည်းတတ်ပြီး လှုပ်ရှားမှု ပမာဏနဲ့ ဆုပ်ကိုင်မှုအား လျော့နည်းသွားပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓါကိုယ် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆရာဝန်နဲ့ ဆွေးနွေးပါ။သင့်လက်ကို တိုက်ရိုက်ထိုးနှက်မှု သို့မဟုတ် ကျိုးနိုင်တဲ့ ထိခိုက်မှုတွေက လက်ကောက်ဝတ်ကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်များတဲ့ အကြောင်းတရားများကတော့ –။အချက်ပေါင်းများစွာ ရှိပါတယ်။ တကယ်လို့သင်က အားကစားသမားဆိုရင် ဖြစ်နိုင်ချေပိုများပါတယ်။သင့်မှာအောက်ပါအချက်တွေရှိရင် ဖြစ်နိုင်ချေပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ခံစားမှုအခြေအနေကိုမေးမြန်းပြီး ရောဂါရှာဖွေဖို့အတွက် အောက်ပါ စစ်ဆေးခြင်းတွေလုပ်ခိုင်းနိုင်ပါတယ်။လက်ကောက်ဝတ်ကျိုးတာက ပြင်းထန်တာမဟုတ်ဘူးဆိုရင် ဆရာဝန်က အောက်ပါအဆင့်တွေကို လုပ်ဆောင်ပါလိမ့်မယ်။အကျိုးဆက်ခြင်း။အရိုး၏ကျိုးတဲ့ အစွန်း စနစ်တကျ မဆက်ဘူးဆိုရင် သင့်ဆရာဝန်က သူတို့ရဲ့သင့်လျော်သော နေရာအတိုင်း ပြန်ဆက်ဖို့လိုအပ်ပါလိမ့်မယ်။မရွေ့လျားနိုင်အောင် ဆောင်ရွက်ထားခြင်း။လက်ကောက်ဝတ်ကအနာကို ကျက်သည်အထိ နောက်ထပ်ဒဏ်ရာမဖြစ်အောင် ကာကွယ်တားဆီးဖို့ ကျောက်ပတ်တီးစည်းခြင်း ဖြစ်ပါတယ်။ဆေးဝါးများ။သင့်ရဲ့နာကျင်မှုသက်သာစေဖို့ အချို့ဆေးဝါးများကို ပေးပါတယ်။ကုထုံး။သင့်ကျောက်ပတ်တီးကို ဖယ်ရှားပြီးသည်နှင့် လက်တောင့်တင်းမှုကို လျှော့ချရန် နှင့် သင့်လက်ကောက်ဝတ်၊ လက်လှုပ်ရှားမှု ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာကုထုံးများ လုပ်ရနိုင်ပါတယ်။တကယ်လို့ သင့်ရဲ့အခြေအနေက အရမ်းဆိုးရွားနေမယ်ဆိုရင် သင့်ရဲ့အရိုး သင့်လျော်သော အနေအထားကို ဆက်လက်ထိန်းသိမ်းထားဖို့ ပလိတ်ပြား သံချောင်း သို့မဟုတ် ဝက်အူ ကဲ့သို့ ကိရိယာများ သို့မဟုတ် အရိုးအစားထိုးနည်းပညာဖြင့် ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ် ။ သင့်မှာ အောက်ဖော်ပြပါ ဒဏ်ရာများ ရှိပါက ထိုကိရိယာများ လိုအပ်နိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက လက်ကောက်ဝတ်ကျိုးခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ကောက်ဝတ်ကျိုးခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-wrist-%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%80%e1%80%b9%e1%81%80%e1%80%90%e1%80%b9%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
အကောင်းမြင်စိတ် စွမ်းအား
အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသာစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။သင့်မှာ အဆုတ်ကင်ဆာဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင်မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများအနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ စိတ်ခံစားမှုအားလုံးသည် ကောင်းသောဖက်ကို ဦးတည်နေသော အချက်ပင်ဖြစ်သည်။ လူတစ်ဦး အကောင်းမြင်တတ်လား၊ အဆိုးမြင်တတ်လားဆိုတာကို သူ၏ မသိစိတ်ပြုမှုပုံအပေါ် အခြေခံပြီးဆုံးဖြတ်ပါသည်။အုပ်စုဖွဲ့ပြီး ပြောဆိုဆွေးနွေးခြင်းသည် အကောင်းမြင်စိတ်၏ ကူးစက်တတ်သော အပေါ်တွင် အခြေခံထားပါသည်။ အုပ်စုအဖွဲ့ အကူအညီ၏ အဓိကရည်ရွယ်ချက်သည် လူနာတွေဆီကို အကောင်းမြင်စိတ်တွေ သယ်ဆောင်လာပေးဖို့ပဲ ဖြစ်ပါတယ်။ သင်သည် အခြားသူများ၏ ဘဝအကြောင်းကို ကြားရသောအခါတွင် ပိုပြီး စိတ်သက်သာကောင်း သက်သာလာနိုင်ပါတယ်။ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အကောင်းမြင်တတ်သော လူများဝန်းရံနေသောအခါတွင် ကျွန်ုပ်တို့သည် မသိစိတ်ကနေ ထိုသူများကဲ့သို့ ဖြစ်အောင်လိုက်လံ ကြိုးစားလျက်ရှိသည်။ အကောင်းမြင်စိတ်ရှိသောသူသည် အခြားလူများ စိတ်တက်ကြွလာစေဖို့အတွက်လည်း စံပြပုဂ္ဂိုလ် ဖြစ်လာပါတယ်။ထို့သို့ဆိုလျှင် ဘာကြောင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကလူတွေကို အကောင်းမြင်အတွေးတွေနဲ့ လွှမ်းခြုံဖို့ မကြိုးစားကြည့်တာလဲ။ အကောင်းမြင်တတ်သော စိတ်ထားသည် ကျွန်ုပ်တို့ကို ပျော်ရွှင်၊ ကြည်နူးစေပါတယ်။ ၎င်းသည် ကျွန်ုပ်တို့ဆီကို တောက်ပမှု၊ ခွန်အား၊ အောင်မြင်မှု နဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပါတယ်။ ထို့ပြင် ကျွန်ုပ်တို့၏ ကျန်းမာရေးအတွက်တောင် ကောင်းကျိုးများ ဖြစ်ထွန်းစေပါတယ်။အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားများသည် ဘဝကို လက်ခံပုံခြင်း ကွဲပြားကြသည်။ ပြဿနာတစ်ခုကို ချဉ်းကပ်ရာတွင် အကောင်းမြင်သမားသည် ၎င်းကို သင်ယူစရာ အခွင့်အရေးတစ်ခု အဖြစ် မှတ်ယူပြီး အကောင်းဆုံး ကျော်လွှားဖို့ ကြိုးစားသည်။ သင်သည် အဆုတ်ကင်ဆာဖြစ်နေလျှင်တောင်ပင် ပုံမှန်အားဖြင့် ဝမ်းနည်း ကြောက်လန့်ရမည်ဖြစ်သော်လည်း သင်သည် ပြန်လည်ထဖို့ ကြိုးစားရမည်။သင့်ဘဝတွင် ယခုအချိန်ထိ ဘာတွေပြီးမြောက်ပြီးပြီလဲဆိုတာကို ပြန်လည်တွေးရမည်။ အဆုတ်ကင်ဆာမှ ရှင်သန်ကျန်ရစ်သူအများစုသည် သူတို့၏ မိသားစုနှင့် သူငယ်ချင်းများကို ကျေးဇူးတင်ကြလေသည်။ ထိုကျေးဇူးတင်စိတ်ကပင် သူတို့ကို အသက်ရှင်နေနိုင်အောင် လုပ်ပေးနေသည်ဟု သူတို့ တွေးမှတ်ကြလေသည်။ သင်လည်း ထိုနည်းတူတွေးကြည့်ပါ။သင့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး အခြေအနေမကောင်းဘူးဆိုလျှင်တောင် ဘာမှထပ်မံဆုံးရှုံးစရာမရှိတော့သော သင့်အတွက် အသစ်အဆန်းတစ်ခုကို ဘာကြောင့် မကြိုးစားကြည့်ဘဲနေမှာလဲ။ သင့်ဘဝမှာ ဖြစ်ချင်သော အရာတွေကို တွေးကြည့်ပြီး စာရင်းပြုစုကြည့်ပါ။ သင်မိတ်ကပ်နဲ့ ပတ်သက်ပြီး အမြဲ စိတ်ဝင်စားခဲ့ပါသလား။သင့်မျက်နှာကို ဘယ်လိုလှပအောင်ခြယ်သမလဲ လေ့လာပြီး မိတ်ကပ်ဂုရုကြီး ဖြစ်အောင် သင်ယူကြည့်ပါလား။ သင့်သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး သောက်စားပျော်ပါးချင်ပါသလား။ သင့်စိတ်ကို အလိုလိုက်ဖို့ အချိန်ပေးလိုက်ပါ။ ဟင်းချက်နည်းသစ်တွေ စမ်းသပ်လိုပါသလား။ သင်လုပ်ချင်တာကိုသာ လိုက်လုပ်ကြည့်လိုက်ပါ။ဒီနေရာမှာ အဓိက သော့ချက်က သင်ဘာလုပ်ချင်လဲ၊ ထိုအရာကို ပြုလုပ်ဖို့ သင့်အချိန်အများစုကို ဘယ်လိုအသုံးချမလဲဆိုတာကို သင်စဉ်းစားနေဖို့ဖြစ်ပါတယ်။ သင့်စိတ်ကို ပျော်ရွှင်သော အတွေးများနဲ့ ပြည့်နှက်နေပါစေ။ သို့မှသာ သင့် ဦးနှောက်ရော ခန္ဓါကိုယ်ကပါ လန်းဆန်းတက်ကြွလာမှာ ဖြစ်ပါတယ်။သင့်ကို ပျော်ရွှင်စေသော အရာများကို တွေးခြင်းသည် စိတ်ခံစားမှုကောင်းစေသည့် ဟော်မုန်းတစ်မျိုး ဖြစ်သည့် endorphin ဟော်မုန်းထွက်အောင် သင့်ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ရလာဒ်အနေနဲ့ သင်သည် အကောင်းမြင်အတွေး၊ စိတ်ထားတွေ ရရှိလာမှာဖြစ်ပါတယ်။ရယ်မောပျော်ရွှင်ခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်တယ်လို့ အများက ပြောကြပါတယ်။ ၎င်းသည် မှန်ပါတယ်။ အကောင်းမြင်ခြင်းသည် သင့်အဆုတ်ကင်ဆာကုသမှုကို ချဉ်းကပ်ပုံကို ပြောင်းလဲစေပြီး ကုသမှုအတွက် အကောင်းဆုံးတွေကို ယူဆောင်ပေးပါတယ်။ သို့သော် သင့်ကိုယ်သင် အလွန်အမင်း စိတ်လှုပ်ရှားအောင်၊ ပင်ပန်းအောင်လုပ်ခြင်းမျိုးကိုတော့ ရှောင်ပါ။သင်သည် ရောဂါ လက္ခဏာများ နဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သတိထားမိဖို့ သင်ယူလေ့လာသင့်ပြီး အကယ်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/benefits-of-positive-thinking/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/thadingyut-festival-quality-time-with-beloved-elders/
ကိုယ်ဝန်ဆောင် ဆယ်ကျော်သက် သမီးငယ်ကိုကူညီပါ
ကိုယ်ဝန်ဆောင်ရခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် အခက်ခဲဆုံးအတေ့ွအကြုံဖြစ်ရပ်ပါ။ ထိုမိခင်လောင်းဟာ ဆယ်ကျော်သက်ဆိုရင် ပိုခက်ခဲတာပေါ့။ တကယ်လို့ သင့်ဆယ်ကျော်သက်သမီးငယ်ဟာ ထိုကဲ့သို့အခက်အခဲကို ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ဆီကနေ မေတ္တာတွေ အားပေးမှုတွေ နင့်နေအောင်လိုအပ်ပါလိမ့်မယ်။ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ရခြင်းဟာ ထိုကာယကံရှင်မိန်းကလေးနဲ့ သူ့မိသားစုအတွက်သာမက သက်ဆိုင်တဲ့ကောင်လေးအတွက်ပါ အိပ်မက်ဆိုးတစ်ခုပါ။ ဒေါသတွေ၊ အပြစ်တင်စိတ်တွေအပြီးမှာ သင့်သမီးငယ်ဟာ စိတ်ဓါတ်ကျမှုနဲ့ စိုးရိပ်ကြောင့်ကြမှုတွေ ကြုံနေရမှာပါ။ ဒါကြောင့် သူ့ကိုစကားပြောကြည့်ပြီး သူ့ရွေးချယ်မှုကို နားလည်ကူညီပေးဖို့ အရေးကြီးပါလိမ့်မယ်။•ကလေးကိုပျိုးထောင်ခြင်း။ဆယ်ကျော်သက်မိခင်အများစုဟာ သူတို့ကလေးကို ဆက်လက်ပျိုးထောင်တတ်ပါတယ်။ တချို့က ကလေးဖခင်နဲ့ လက်ထပ်လိုက်ကြသော်လည်း တချို့ကတစ်ဦးတည်းအဖြစ်သာ ရပ်တည်ပါတယ်။သင်ရော၊ သင်တို့မိသားစုရော သမီးဖြစ်သူကို ကူညီနိုင်မယ်ဆိုရင်တောင်မှ ကလေးတစ်ယောက်ကို ပျိုးထောင်ရင်း ကျောင်းပြီးအောင်တက်ဖို့၊ အလုပ်ကောင်းကောင်းရဖို့ဆိုတာ ဘယ်လိုမှမလွယ်ပါဘူး။ ဒါကြောင့် သမီးဖြစ်သူက ကလေးကိုမွေးမြူမယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ဘာတွေတွေ့ကြုံလာရမယ်၊ ဘာတွေကစောင့်ကြိုနေမယ်ဆိုတာ အရင်သိပါစေ။•မွေးစားဖို့ ပေးလိုက်မယ်။ကလေးကိုမွေးစားဖို့ ပေးပစ်လိုက်မှာက နောက်ထပ်ရွေးစရာတစ်ခုပါ။ သမီးကထိုသို့ဆန္ဒရှိတယ်ဆိုရင်တော့ မွေးစားဖို့ပေးပစ်တာဟာဘယ်လိုမျိုးဆိုတာနဲ့ နောက်ပိုင်းကြုံလာရမယ့် စိတ်ဒုက္ခတွေကို သိထားစေဖို့လိုအပ်ပါတယ်။ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းဟာ ပုံမှန်အမျိုးသမီး ကိုယ်ဝန်ဆာင်ခြင်းထက် အများကြီးပိုအန္တရာယ်များပါတယ်။ ဆယ်ကျော်သက်မိခင်တွေဟာ နေ့မစေ့လမစေ့မွေးတာ၊ ပေါင်မပြည့်လေးတွေမွေးတာများတတ်ပါတယ်။ ဒါကြောင့် သမီးက ကလေးကိုမွေးဖို့ဆန္ဒရှိတယ်ဆိုရင် သင်ကူညီနိုင်မှာကတော့ :။-ကိုယ်ဝန်စောင့်ရှောက်ဖို့၊ ဗိုက်အပ်ဖို့အတွက် သေချာစီစဉ်ပေးပါ၊ သင့်သမီးနဲ့ သူ့ကလေး ကျန်းမာရေးအတွက် အမြဲမပျက်ကြည့်ရှုစောင့်ရှောက်နေဖို့ ကူညီပေးနိုင်အောင်ပါ။-လိုအပ်ပါကလိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ရောဂါတွေကို ရှာဖွေစစ်ဆေးကုသပေးပါ။-အာဟာရပြည့်ဝစွာစားသောက်ပါစေ။-တက်တက်ကြကြွနေဖို့လည်း အားပေးပါ။-ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သေစာတွေရဲ့ မကောင်းတဲ့အချက်တွေကိုပြောပြပေးပါ၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မှီဝဲသမျှ ဆေးတိုင်းဟာ (ဆေးဆိုင်တွေမှအလွယ်တကူဝယ်ယူလို့ရသော အကိုက်အခဲပျောက်ဆေးကဲ့သို့ဆေးတွေတောင်မှ) ဆရာဝန်ခွင့်ပြုချက်ယူရပါမယ်။-မီးဖွားမှုသင်တန်းတွေကို တက်ရောက်ပါစေ၊ ထိုသင်တန်းတွေက အတွေ့အကြုံမရှိသေးတဲ့ မိခင်လောင်းတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ သမီးဖြစ်သူအတွက် ကိုယ်ဝန်ဆောင်ရန်၊ မီးဖွားရန် နဲ့ နို့်တိုက်တတ်ရန် ပြင်ဆင်ဖို့အခွင့်အရေးတွေရပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e/
မင်းဂွတ်သီး ကျန်းမာစေသလား
အသွင်အပြင်က ချစ်စရာ ကောင်းသလို အရသာလည်း ကောင်းတဲ့ မင်းဂွတ်သီးကို အသီးတွေထဲမှာ အကြိုက်ဆုံးလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီလိုပြောရတာက ဒီဆောင်းပါးလေးထဲမှာ မင်းဂွတ်သီး စားရင်း ရမယ့်ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပြောပြပေးထားလို့ပါ။မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရတဲ့ အပင်ရဲ့ အသီးပါ။ အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးပေါ့။ အာဟာရပြည့်ဝစွာ ပါဝင်နေပါတယ်။ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးပါ။အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုးပါ။သစ်တော်သီးလောက် အချိုမများသလို လိမ္မော်သီးလောက်လည်း အချဉ်မများပါဘူး။ အခွံက ဖန်နိုင်ပေမယ့် အတွင်းက အဖြူဆံလေးတွေကတော့ ချိုချိုလေးပါ။အသွင်အပြင်ကို ပြောပြရရင် အစိမ်းရောင် အညှာလေးနဲ့ အခွံလေးက အညိုရောင်စိုစိုလေးပါ။ အောက်ဘက်နားလေးမှာ အသီးထဲမှာပါတဲ့ အမွှာအရေအတွက်ကို ပြတဲ့ အရာလေးပါပါတယ်။ အတွင်းဆံလေးတွေက ဖြူဖြူလေးနဲ့ အထဲမှာ အစေ့ အညိုရောင်ဖျော့ဖျော့လေး ပါပါတယ်။စားရတာ အရသာရှိလှတဲ့ မင်းဂွတ်သီးမှာအာဟာရအနေနဲ့။မင်းဂွတ်သီးက ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်တာလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။မင်းဂွတ်သီးက သွေးကြောတွေကို ပြေလျော့စေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ခေါင်းကိုက်တာ၊ စိတ်ဖိစီးမှုကြောင့် သွေးတိုးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကို ပုံမှန် အနေအထားမှာ ထိန်းညှိပေးပြီး နှလုံးကြွက်သား အားနည်းတာ၊ ပြင်းထန်တဲ့ နှလုံးရောဂါ အခြေအနေတွေနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီတွေကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို ထောက်ကူပေးပါတယ်။ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေ ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အအေးမိတာ၊ တုပ်ကွေး နဲ့ အဆုတ်ရောင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။မင်းဂွတ်သီးမှာ အရောင်ကျစေနိုင်တဲ့ အပင်ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ xanthones ပါဝင်နေတာ​ကြောင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်နာ၊ အရိုးအဆစ် နဲ့ ကြွက်သားတွေ နာကျင် ကိုက်ခဲတာ၊ လေဒီလေးတွေမှာ ခံစားရနိုင်တဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်ပါတယ်။ဗီတာမင်  ဘီအုပ်စုဖြစ်တဲ့  flavonoids နဲ့ folate (vitamin B9)တို့ ပါဝင်နေတာကြောင့် အာရုံကြောတွေကို ကျန်းမာစေသလို ဦးနှောက်ဆဲလ်တွေထဲမှာ အနယ်တွေ စုပုံတာလိုမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။  သိမြင်မှုစွမ်းရည် ကောင်းမွန်စေပြီး အယ်လ်ဇိုင်းမားလိုမျိုး ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။မင်းဂွတ်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာ​ကြောင့် အရေပြားပေါ်က ကျန်းမာတဲ့ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အရေပြားဆဲလ်တွေဆီကို သွေးနဲ့ အာဟာရဓာတ်တွေ စီးဆင်းရောက်ရှိမှု ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးပါတယ်။အရေပြားကို ဘက်တီးရီးယားတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အရွယ်တင်ပြီး ကျန်းမာလှပနေစေမှာပါ။အရသာရှိလှတဲ့ မင်းဂွတ်သီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ခဏခဏ စားမိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အစားစားပြီးချိန်မှာရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဆီးချိုလက္ခဏာတွေကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။မင်းဂွတ်သီးမှာ ဗီတာမင် C၊ ဗီတာမင် B အုပ်စု နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေပြီး အရေပြားဆဲလ်တွေကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေဖို့ ထောက်ကူပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းစေပြီး အရေပြားကို နေရောင်ကြောင့် မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဝက်ခြံ၊ အမာရွတ်၊ အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေကို ကြည်လင် လှပစေဖို့ ထောက်ကူပေးနိုင်ပါတယ်။မင်းဂွတ်သီးမှာ အပင်ကနေရတဲ့ bioactive componentတွေ ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးသလို ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူ နဲ့ ပန်ကရိယကင်ဆာတွေ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။မင်းဂွတ်သီးက လူတော်တော်များများနဲ့တော့ တည့်ပါတယ်။ အလွန်အကျွံ စားတာမျိုး မလုပ်ဖို့တော့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/mangosteen-health-benefits/
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ
ခန္ဓာကိုယ်ကြီးက စက်ယန္တရားတစ်ခုလိုပါပဲ။ အစိတ်အပိုင်းများစွာနဲ့ ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီတိုင်းကလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ နောက်တစ်ခုက စက်ယန္တရားတွေ လည်ပတ်စေဖို့အတွက် လောင်စာတွေ ဖြည့်ပေးရသလို ခန္ဓာကိုယ် ကျန်းမာဖို့လည်း အာဟာရတွေ ဖြည့်ပေးရပါတယ်။အာဟာရဆိုတဲ့နေရာမှာဗီတာမင်၊ သတ္တုဓာတ်နဲ့၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလိုမျိုး ခုခံအားကို ထောက်ပံ့ပေးနိုင်မယ့် အာဟာရဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ အခုလိုမျိုး ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာဆိုရင်ကိုယ်ခံအားကောင်းဖို့က ပိုပြီး အရေးကြီးပါတယ်။ ကာကွယ်ဆေး မရခင်စပ်ကြားမှာ ကိုယ်ခံအားကောင်းအောင် လုပ်တာကကိုဗစ်ကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါ။ဒီတော့ ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုတွေ အားဖြည့်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရ အောင်နော်။နေ့တိုင်း စားနေတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးဖို့လို့ဆိုပေမယ့် ကိုယ်တိုင်က အစားရွေးရင်ဖြစ်ဖြစ်၊ လုံလောက်အောင် မစားရင်ဖြစ်ဖြစ်၊ အစာအာဟာရတွေကို စိုက်ပျိုးထုတ်လုပ်မှုမှာ ပြုပြင်ထားတာတွေ၊ ပိုးသတ်ဆေး အသုံးပြုတာတွေကြောင့်ဖြစ်ဖြစ်  အာဟာရပမာဏ ပြည့်ပြည့်ဝဝ မပါဝင်တာမျိုး ဖြစ်နိုင်ပါတယ်။နောက်တစ်ချက်က တိုးတက်လာတဲ့ခေတ်နဲ့အမီ ထွက်ပေါ်လာတဲ့ အသင့်စား၊ အမြန်စား၊ ပြုပြင်ထားတဲ့ စားစရာတွေပေါ့။ ဒီလို အစားအစာတွေက ဗိုက်ပြည့်စေတာ မှန်ပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရလိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ပေးနိုင်တာမျိုး ရှိနိုင်ပါတယ်။ဒါကြောင့် အစားတွေ စားနေပေမယ့် သံဓာတ်မပြည့်ဝလို့ သွေးအားနည်းရောဂါဖြစ်တာ၊ အသားဓာတ် မပြည့်ဝလို့ကြီးထွားဖွံ့ဖြိုးမှုနှေးတာ၊ ကိုယ်ခံအားနည်းတာ (ဖျားနာလွယ်တာ)လိုမျိုး ပြဿနာတွေကို ကြုံတွေ့လာရတာပါ။ကိုယ်ခံအားစနစ်ဆိုတာ မွေးစကတည်းက ကိုယ်နဲ့ တစ်ပါတည်းပါလာခဲ့တဲ့သက်တော်စောင့်လေးပါ။ ရောဂါတွေ၊ ပိုးမွှားတွေ အန္တရာယ်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးနေတဲ့အရာပေါ့။ ရောဂါဆိုးကြီးတွေကို ကာကွယ်နိုင်မယ့်ဆေးတွေ၊ ကုသနိုင်မယ့်ဆေးတွေ မပေါ်ခင်မှာ ကိုယ်တွေကို ရောဂါဆိုးတွေကနေ ကာကွယ်ပေးမယ့် တစ်ခုတည်းသောအရာက သဘာဝက လက်ဆောင်အဖြစ် ထည့်ပေးလိုက်တဲ့ ကိုယ်ခံအားပါ။ အခုလို ကာလမှာလည်း ခန္ဓာကိုယ်ထဲကို ကိုဗစ် ကူးစက်မခံရအောင် ကာကွယ်ပေးထားတဲ့ တစ်ခုတည်းသောအရာကလည်း ကိုယ်ခံအားပါပဲ။ကိုယ်ခံအားက အခမဲ့ လက်ဆောင်ရထားတဲ့ သက်တော်စောင့်ဆိုပေမယ့် သူ့ကိုလည်း သေချာပေါက် အားဖြည့်ပေးဖို့ လိုပါမယ်။ ဒါမှလည်း ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မှာပါ။ ကိုယ်ခံအားစနစ်ကျန်းမာနေမှ ရောဂါဆိုးတွေရန်က ကင်းမှာပါ။ (ဥပမာတုပ်ကွေး၊ ကိုဗစ်ဗိုင်းရပ်စ် စတာတွေပါ။)။ကိုယ်ခံအားစနစ်ကို ကျန်းမာနေစေဖို့ အားဖြည့်ပေးမယ့် အရာလေးတွေ ရှိပါတယ်။ ဒီအရာလေးတွေကတော့။ဗီတာမင်တွေက ကိုယ်ခံအားစနစ်ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့အရာလေးတွေပါ။ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပါတဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် Bအုပ်စု၊ ဗီတာမင် D၊ဗီတာမင် Eစတာတွေက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကိုရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးထားတဲ့ အရာတွေပါ။သတ္တုဓာတ်တွေကလည်း ဗီတာမင်တွေနည်းတူ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးတဲ့အရာတွေပါ။ ဥပမာ –။ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ နောက်ထပ်အရာတစ်ခုကတော့ ရှေးယခင်ကာလတွေကတည်းက ကိုယ်ခံအားကို အားဖြည့်ပေးတဲ့အရာအဖြစ် လက်ခံသုံးစွဲခဲ့ကြတဲ့ ဂျင်ဆင်းပါ။ ဂျင်ဆင်းက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ရောဂါတွေ ခံစားရနိုင်ခြေကနေ ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဂျင်ဆင်းက ကိုယ်ခံအားကောင်းစေသလို စိတ်ဖိစီးမှုကင်းစေတာကြောင့် စိတ်ကျန်းမာစေပြီး တက်ကြွလန်းဆန်းနေစေမှာပါ။ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် အရာပေါ့။ကိုယ်ခံအားကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေထဲမှာ အခုလို အာဟာရတွေကို ပြည့်ဝစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ အစားတွေကို ဘယ်လိုစားရမလဲ။ အပေါ်မှာ ပြောခဲ့တာတွေ အားလုံးပါအောင် ဘယ်လိုစားရမလဲဆိုပြီး တွေးပြီး စိတ်ညစ်မသွားပါနဲ့။ ဒီလိုအာဟာရတွေကို အပြည့်အဝရရှိစေမယ့် အလွယ်ကူဆုံး နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကတော့ ဖြည့်စွက်အာဟာရကို သုံးစွဲတာပါ။အစားသိပ်မစားနိုင်တဲ့သူဖြစ်မယ်။ သက်ကြီးရွယ်အိုတွေဖြစ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝနေစေဖို့ အာဟာရလိုအပ်ချက်နဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ အားဆေး၊ ဖြည့်စွက်အာဟာရ စတာတွေကို စားသုံးပေးလို့ရပါတယ်။ ဒါက ပမာဏနည်းနည်းနဲ့ အထိရောက်ဆုံးဖြစ်မယ့် ကိုယ်ခံအား အားဖြည့်နည်းတစ်ရပ်ပါ။အခုလို စိတ်ရောကိုယ်ပါ ဖိစီးနေရတဲ့ကာလမျိုးမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းပြီး ကိုယ်ခံအားကောင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးနေကျ အစားအစာတွေအပြင် ဖြည့်စွက်အားဆေးကို မှီဝဲဖို့ လိုပါမယ်။ကိုယ်ခံအားကောင်းမှလည်း စိတ်ရောကိုယ်ပါကျန်းမာရွှင်လန်းပြီး နေ့ရက်တိုင်းမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။ ဒီတော့ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေဖို့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ အရာလေးတွေကို ပြည့်ဝအောင် ဖြည့်တင်းပေးရင်း ကိုဗစ်အန္တရာယ်ကို ကာကွယ်လိုက်ရအောင်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/essential-supplements-to-support-ur-immune-system/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/swapping-beans-for-red-meat-can-lower-your-heart-disease-risk/
ခရီးသွား ရင်းမတော်တဆထိခိုက်မိတဲ့အခါ ဘာတွေလုပ်ကြမလဲ။
မတော်တဆထိခိုက်မိတာကရှောင်လွှဲလို့မရတဲ့ပြဿနာပါ။ အချိန်မရွေးတွေ့ကြုံခံစားရနိုင်ပါတယ်။ သွားရင်းလာရင်းဖြစ်ဖြစ်၊ အိမ်အလုပ်တွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်တွေလုပ်နေရင်းဖြစ်ဖြစ် မတော်တဆထိခိုက်မိနိုင်တဲ့ အနေအထားတွေအများကြီးပါ။ အိမ်မှာထိခိုက်မိရင်က အစစအရာရာအဆင့်သင့်ရှိနေနိုင်တာကြောင့်ဒဏ်ရာအတွက်လိုအပ်တဲ့စောင့်ရှောက်မှုအားလုံးကို လုပ်ဆောင်ရတာအဆင်ပြေမှာပါ။ ဒါပေမယ့် ခရီးသွား တဲ့အခါမှာလည်း ထိခိုက်မိနိုင်တာပဲလေ။ ဒီလိုထိခိုက်မိတဲ့အခါမှာလည်း အနာကိုသေချာဂရုစိုက်ဖို့လိုအပ်မှာပါ။ခရီးသွားတာက အတွေ့အကြုံ ခံစားမှုအသစ်တွေကိုပေးစွမ်းနိုင်ပါတယ်။ အလုပ်ကိစ္စကြောင့် ခရီးသွားရတာမျိုးရှိသလို အပန်းဖြေတဲ့အနေနဲ့လည်း ခရီးသွားကြပါတယ်။ ဒီလိုခရီးသွားတဲ့အခါ လူတော်တော်များများက လိုအပ်တာတွေကိုပြင်ဆင်တတ်ကြပေမယ့် များသောအားဖြင့်မေ့နေတတ်တာတစ်ခုတော့ရှိနေတတ်ပါတယ်။ ဒါက မတော်တဆထိခိုက်မိတာမျိုးအတွက်ပြင်ဆင်ဖို့ပါ။ မတော်တဆဆိုတဲ့ အဓိပ္ပါယ်ကိုက မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေပါ။ ဒီတော့ ခရီးသွားတဲ့အခါဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေမတွက် ကြိုတင်ပြင်ဆင်သွားတာအကောင်းဆုံးပါ။တကယ်လို့ မတော်တဆထိခိုက်မိပြီဆိုရင် –။ခရီးသွားတဲ့အခါ အဝတ်အစားတွေ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကိုပြည့်ပြည့်စုံစုံယူသွားဖို့လိုမှာဖြစ်သလိုဆေးဝါးနဲ့ အခြားလိုအပ်မယ့် ပစ္စည်းတွေကိုပါ ထည့်သွားသင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-for-injuries-during-trip/
ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်မြန်အရေပြားရောဂါ (impetigo)
Impetigo ဟာ လွန်စွာကူးစက်နိုင်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။Impetigo နှစ်မျိုးရှိပါတယ်။သူ့ကို non-bullous impetigo လို့ ခေါ်ပါတယ်။ ဒီအမျိုးအစားဟာ အတွေ့အများဆုံးဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီ Impetigo ဟာ ပါးစပ်နဲ့ နှာခေါင်းတစ်ဝိုက်မှာ နီးမြန်းတဲ့အနာတွေ ဖြစ်ပွားစေပါတယ်။အရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါ အကွက်တွေ ဖြစ်လာတာဖြစ်ပါတယ်။ အကွက်တွေဟာ အနီရောင်ရှိပြီး အရည်စိမ့်ထွက်တတ်ပါတယ်။ သင့်မှာ ရောင်ရမ်းနေတဲ့ ပြန်ရည်ကျိတ်ရှိနိုင်ပြီး ထိုအကျိတ်ဟာ ပဲစေ့ပုံသဏ္ဍာန်ရှိပြီး ရောဂါပိုးကို တိုက်ထုတ်ပေးနိုင်တဲ့ ဂလင်းဖြစ်ပါတယ်။အသက်နှစ်နှစ်အောက် ကလေးတွေမှာ ဒီအမျိုးအစားကို အတွေ့များပါတယ်။ လက္ခဏာတွေကတော့ ရင်ဘတ်ပိုင်း၊ လက်နဲ့ ခြေထောက်တွေမှာတွေ့ရတဲ့ အရည်ကြည်ဖုတွေဖြစ်ပါတယ်။ ဒီအရည်ကြည်ဖုတွေဟာ အစပိုင်းမှာ အကြည်ရောင် ရှိပြီး နောက်ပိုင်းမှာ နောက်လာပြီး ပတ်ပတ်လည်မှာ အနီရောင်သန်းလာပါလိမ့်မယ်။ သူတို့တွေဟာ ယားယံစေပြီး အခြား Impetigo အမျိုးအစားကြောင့် ဖြစ်တဲ့ အရည်ကြည်ဖုတွေထက် ပိုမို ကြာမြင့်တတ်ပါတယ်။ဒါဟာ အပြင်းထန်ဆုံး Impetigo အမျိုးအစားဖြစ်ပါတယ်။ သူဟာ အရေပြားရဲ့ ပထမအလွှာအစား ဒုတိယအလွှာကို ထိခိုက်တာဖြစ်ပါတယ်။ သူက ဖြစ်စေတဲ့ အရည်ကြည်ဖုတွေဟာ နာကျင်စေပြီး အနာတွေ ဖြစ်တတ်ပါတယ်။ ရောင်ရမ်းနေတဲ့ ပြန်ရည်ကျိတ်တွေနဲ့ အမာရွတ်တွေလည်း ဖြစ်တတ်ပါတယ်။သင့်ကို Impetigo ရစေတဲ့ အချက်အလက်တွေ အများကြီး ရှိပါတယ်။အချို့လူတွေဟာ အခြားသူတွေထက် Impetigo ပိုမို ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားမှုနဲ့ ဆက်နွယ်နေတဲ့ အချက်တွေကတော့။Impetigo ကုသမှုဟာ ပြင်းထန်မှုနဲ့ အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ မပြင်းထန်တဲ့ အမျိုးအစားမှာတော့ ဆရာဝန်က အရည်ကြည်ဖုတွေပျောက်ကင်းဖို့ နှစ်ပတ်သုံးပတ်စောင့်နေချိန်မှာ ရောဂါပိုးထပ်မံကူးစက်တာကို ကာကွယ်ဖို့ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနဲ့ ပတ်သက်တဲ့ အချက်တွေကို အကြံပေးပါလိမ့်မယ်။ တကယ်လို့ ရောဂါဟာ ရှိနေပြီးသား အရေပြား အခြေအနေတစ်ခုခုကြောင့် (ဥပမာ နှင်းခူနာ) ဖြစ်တာဆိုရင် သူ့ကို ကုသဖို့လိုအပ်ပါတယ်။အရည်ကြည်ဖုတွေ အမြန်ပျောက်ကင်းဖို့နဲ့ ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် ကုသမှုတွေ ရှိပါတယ်။ ပိုးသတ်ဆေးဟာ Impetico ကို ကုသဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပိုသတ်ဆေးတွေကို ခရင်မ်ပုံစံနဲ့ရော ဆေးပြားပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။ပိုးသတ်ဆေး ခရင်မ်ကို ပျော့တဲ့ Impetigo အတွက် အသုံးပြုနိုင်ပါတယ်။ တကယ်လို့ Impetigo ဟာ သေးငယ်ရင် ပိုးသတ်ဆေးခရင်မ်ကို နေ့စဉ် သုံးကြိမ်ကနေ လေးကြိမ်အထိ တစ်ပတ်တိုင်တိုင် အသုံးပြုနိုင်ပါတယ်။အဆင့် ၁ – ရောဂါပိုးကို ကာကွယ်ဖို့အတွက် လက်ဆေးသင့်ပါတယ်။အဆင့် ၂ – ခရင်မ် မလိမ်းခင်မှာ အနာရှိတဲ့အရေပြားကို သန့်ရှင်းစေဖို့ ဆပ်ပြာအပျော့စားကို ရေနွေးအသုံးပြုပြီး ဆေးကြောသင့်ပါတယ်။ ဒါဟာ အရေပြားပေါ်မှာ ရှိတဲ့ မျက်နှာပြင်လွှာကို ကွာကျစေနိုင်ပါတယ်။အဆင့် ၃ – ခရင်မ်းကို အရေပြားပေါ်ကို လိမ်းပါ။ ဆေးမှာပါတဲ့ အညွှန်းအတိုင်း လိုက်နာဖို့ မမေ့သင့်ပါဘူး။အဆင့် ၄ – သင့်အရေပြားကနေ လက်တွေကို ကူးစက်ခြင်းကို ကာကွယ်ဖို့ ဆေးလိမ်းပြီါ်ရင် လက်ဆေးသင့်ပါတယ်။ အခြားအရာဝတ္ထုနဲ့ လူတွေဆီကိုလည်း ကူးစက်နိုင်ပါတယ်။ပိုးသတ်ဆေး ခရင်မ်တွေဟာ ယားယံခြင်း၊ နီရဲခြင်းတွေကို လိမ်းတဲ့နေရာမှာ ဖြစ်စေနိုင်ပါတယ်။ဆေးလိမ်းပြီး ၇ရက်နေတဲ့အထိ လက္ခဏာတွေ မသက်သာဘူးဆိုရင် ဆရာဝန်ကို ပြသပြီး အခြားဖြစ်နိုင်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။တကယ်လို့ ရောဂါပိုးဟာ ပြင်းထန်ပြီး နေရာအနှံ့အပြားမှာ ဖြစ်နေပြီဆိုရင် ဆရာဝန်က ပိုးသတ်ဆေးခရင်မ်အစား ဆေးပြားကို ညွှန်းနိုင်ပါတယ်။ သူတို့ဟာ ခရင်မ်လိမ်းပြီး အကျိုးမရှိရင်လည်း သောက်ဆေး ပေးနိုင်ပါတယ်။ ဒီဆေးတွေကို တစ်နေ့မှာ ၂ကြိမ်ကနေ ၄ကြိမ်အထိ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။ဆေးပတ်လည်အောင် သောက်သင့်ပါတယ်။ ရောဂါလက္ခဏာတွေ သက်သာလာလို့ ဆေးသောက်ရပ်လိုက်ခြင်းဟာ ဆေးယဉ်ပါးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးယဉ်ပါးခြင်းဆိုတာဟာ ဘက်တီးရီးယားတွေဟာ ဆေးမတိုးတော့ပဲ ဆေးအာနိသင်မရှိတော့ ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ပိုးသတ်ဆေးသောက်ဆေးတွေရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့ခြင်း၊ အန်ခြင်း၊ ဖျားခြင်းနဲ့ ဝမ်းလျှောခြင်းတို့ပဲဖြစ်ပါတယ်။ဆေးသောက်ပြီး ၇ ရက်ကြာတဲ့အထိ လက္ခဏာတွေ သက်သာခြင်းမရှိရင် ဆရာဝန်ကို ပြသသင့်ပါတယ်။တကယ်လို့ သင့်ရောဂါဟာ ဆေးကုသမှုကို မတုန့်ပြန်ရင် (သို့) ထပ်မံဖြစ်ပွားဆဲဆိုရင် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။ သူတို့က သင့်ကို အရေပြားဆရာဝန်ဆီ ညွှန်းပေးပြီး ထပ်မံစစ်ဆေးခြင်းနဲ့ ကုသခြင်းကို ပြုလုပ်စေပါလိမ့်မယ်။ဒီစစ်ဆေးမှုတွေဟာ တူညီတဲ့ ရောဂါလက္ခဏာဖြစ်စေတဲ့ အရေပြားအခြေအနေတွေကို ဖယ်ထုတ်လိုက်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ရှားပါးတဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် Impetigo ဖြစ်တယ်ဆိုရင် ဆရာဝန်က နှာခေါင်းထဲထည့်လိမ်းရတဲ့ ပိုးသတ်ဆေးကို အသုံးပြုစေမှာ ဖြစ်ပါတယ်။ရောဂါကို ကာကွယ်ဖို့အတွက် သင်ရော သင့်ကလေးပါ လူများတဲ့နေရာတွေဖြစ်တဲ့ ကျောင်း၊ ကလေးထိန်ဌာနနဲ့ အလုပ်တွေကို ရှောင်ကျဉ်သင့်ပါတယ်။အပေါ်ယံ အသားမာ ကွာကျသွားပြီဆိုရင် သင့်အရေပြားပေါ်မှာ အနီရောင် အမှတ်ကျန်နိုင်ပါတယ်။ ဒီအခြေအနေမှာဆိုရင် Impetico ဟာ ကူးစက်မှု မရှိတော့ပဲ ရက်အနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/%e1%80%98%e1%80%80%e1%80%ba%e1%80%90%e1%80%ae%e1%80%b8%e1%80%9b%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။
လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ အဆိုးနေရာကတော့ချိုင်းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့ သူကချွေးထွက်တာအရင်။ ပြီးတော့ လက်မြှောက်လိုက်ရင် အင်္ကျီမှာ ချွေးတွေ အကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။ သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အင်္ကျီလေး ကွက်နေရော။ ချွေးလေးစို့လာတာနဲ့ ချိုင်းချွေးနံ့ နံလို့ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ Hello ပရိသတ်ကြီးရှိလား ။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို လက်လွှတ်မခံသင့်ဘူးနော် ။ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။( ၁ ) မုန့်ဖုတ်ဆော်ဒါ ။ ။အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာမုန့်ဖုတ်ဆော်ဒါလောက် ကောင်းတဲ့အရာ မရှိတော့ပါဘူး။ ဒါ့အပြင်မုန့်ဖုတ်ဆိုဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့ အရေပြား pH ကိုလည်း ထိန်းညှိပေးတာကြောင့် ချိုင်းချွေးနံ့ နံနေတဲ့သူတွေအဖို့ မုန့်ဖုတ်ဆော်ဒါက အားကိုးစရာဖြစ်မှာပါ။ပြုလုပ်နည်း – မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း၂ ဇွန်းလောက်ကို ရေနဲ့ရောဖျော်ပြီးသံပရာသီးတစ်ခြမ်းလောက်ညှစ်ချလိုက်ပါ။ ဒီ အရောအစပ်ကို ချိုင်းကြားထဲ သုတ်လိမ်းပြီး ၁၅ မိနစ် ခန့်ထားလိုက်ပါ။ ပြီးရင် ရေပြန်ဆေးချပါ။ ချိုင်းမှာ ပေါက်ပြဲရာတွေ၊ ထိခိုက်ရှနာတွေ ရှိနေရင်တော့ အသုံးမပြုသင့်ပါဘူး။( ၂ )ပန်းသီးရှာလကာရည်။ ။ဒီ အက်ဆစ်ဓာတ်ရှိတဲ့ပန်းသီးရှာလကာရည်ဟာ အရေပြားရဲ့  pH ကို အပြောင်းအလဲဖြစ်စေပြီး ဘက်တီးရီးယားတွေနေလို့ မရအောင် လုပ်လိုက်တာကြောင့် ချိုင်းနံ့ဆိုးတွေကို ကင်းဝေးစေမှာပါ။ပြုလုပ်နည်း – ပန်းသီးရှာလကာရည်ကို ရေများများနဲ့ ရောလိုက်ပါ။ ဒါမှ အက်ဆစ်ပြင်းအားလျော့သွားပါလိမ့်မယ်။ ရှာလကာရည် အနံ့စူးစူးက ပြင်းတာကြောင့် ရေချိုးခါနီး ၁၅ မိနစ်လောက်အလိုမှာချိုင်းအောက်မှာ သုတ်လိမ်းထားပါ။ ပြီးမှ ရေချိုးပါ။( ၃ ) သံပရာသီး ။သံပရာသီးရဲ့ အချဉ်အက်ဆစ်ဓာတ်ကဘက်တီးရီးယားပိုးတွေကိုသေစေပြီး သူ့ရဲ့ မွှေးပျံ့တဲ့အနံ့က ချိုင်းချွေးနံ့ နံတာကို သက်သာစေဦးမှာပါ။ ဒါ့အပြင်သံပရာသီးရဲ့ အစွန်းအထင်းတွေကို ချွတ်ပေးနိုင်တဲ့ အာနိသင်ကြောင့် ချိုင်းကြားမည်းနေတာလည်း သက်သာစေဦးမှာပါ။ပြုလုပ်နည်း – လှီးထားတဲ့ သံပရာသီး တစ်ဝက်ကို ချိုင်းမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက်ထား ပြီးရင် ရေပြန်ဆေးချပါ။ ချိုင်းမှာ ပေါက်ပြဲရာတွေ၊ ထိခိုက်ရှနာတွေ ရှိနေရင်တော့ အသုံးမပြုသင့်ပါဘူး။  အသားခြောက်တတ်တာကြောင့် တစ်ပတ်ကို ၂ကြိမ်လောက်ပဲ သုံးပါ။( ၄ ) ချိုင်းမွေးတွေကို ဖယ်ရှားပေးပါ ။ချိုင်းမွေးတွေ အများကြီးရှိနေရင် ဘက်တီးရီးယားပိုးတွေ ပိုခိုအောင်းလို့ကောင်းပြီး ချွေးထွက်လည်းများစေတတ်လို့ ချိုင်းချွေးနံ့ကို ပိုပြင်းစေပါတယ်။ ဒါ့ကြောင့် ချိုင်းမွေးတွေကို မှန်မှန်ဖယ်ရှားပေးဖို့လိုတာပါ ။ ။(၅) တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။နေ့စဉ်ပုံမှန်ရေချိုးပါ။ ပွပွချောင်ချောင်နဲ့ ချွေးစုပ်တဲ့ အဝတ်ကို ဝတ်ပါ။ အပြင်သွားတိုင်း Roll on လိမ်းပါ။ ဒါဆိုရင်လည်း ချိုင်းချွေးနံ့ နံတာကို သက်သာစေမှာပါ။သတိထားရမှာက ဒီနည်းတွေကို သုံးကြည့်လို့ အရေပြားမှာ ဓာတ်မတည့်တဲ့ ဝေဒနာခံစားရရင် ဆက်မသုံးဘဲ ရေနဲ့ ချက်ချင်းဆေးလိုက်ဖို့ပါပဲ။ကဲ ဒီလို အကုန်အကျလည်း သက်သာ အာနိသင်လည်း စွမ်းတဲ့ သဘာဝနည်းတွေအတိုင်း လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အပြင်သွားခါနီးတိုင်း ချွေးထွက်မှာစိုးရိမ်နေရတဲ့ သောကတွေက ကင်းဝေးသွားမှာ အသေအချာပါ ။ ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/home-remedies-for-armpit-odour/
ဆရာဝန်တစ်ယောက်အနေနဲ့ ကုသမှုတွေပေးနေရတယ်။ မိသားစုဆီကို ကိုယ့်ကြောင့် Coronavirus မကူးစက်ရလေအောင် ဘာတွေ လုပ်မလဲ………….
ရောဂါပိုးအသစ်တိုင်းက ကြောက်စရာကောင်းပါတယ်။ကာကွယ်နည်းရော ကုသနည်းကိုပါ ရှာဖွေဖို့က အချိန်နှစ်နဲ့ချီပြိး ပေးရနိုင်ပါတယ်။ ဒါပေမယ့် ကြောက်နေမှုတွေ ထိတ်လန့်စိုးရိမ်မှုတွေက ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ရောဂါတွေ ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းကတော့ စမ်းသပ်လေလာ့မှု အထောက်အထားခိုင်လုံစွာနဲ့ လုပ်ဆောင်ထားတဲ့ဆေးဝါးတွေကို သောက်သုံးတာ၊ ကာကွယ်မှုနည်းလမ်းတွေကို လိုက်နာ ကျင့်သုံးတာပါပဲ။အခုလက်ရှိ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ Coronavirus ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းကလူထူတဲ့နေရာတွေကို မသွားတာပါပဲ။ ဒါမှ ကိုယ်တိုင်ကိုရောမိသားစုဝင်တွေကိုပါCoronavirusအန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ဒီလိုလုပ်ချင်ပေမယ့် ကိုယ်ကဆရာဝန်တစ်ယောက်ဖြစ်နေမယ် ဒီလိုအချိန်မှာ မဖြစ်မနေ လူနာတွေကို ကုသပေးဖို့ လိုအပ်နေမယ်။ လူထူတဲ့နေရာတွေကို ရှောင်ချင်ပေမယ့် မဖြစ်မနေဆေးရုံမှာ ကုသမှုပေးဖို့ လိုအပ်နေမယ်ဆိုရင်တော့ ကိုယ်ကြောင့် မိသားစုကို ရောဂါပိုး မကူစက်စေဖို့ ဘယ်လိုများ ကာကွယ်မလဲ…………။အခုလိုမျိုး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားတဲ့COVID-19ကူးစက်ခံရတာမျိုး မရှိစေဖို့ သင့်တော်တဲ့ ကာကွယ်နည်းကို မသိခင်မှာ မိသားစုကို ရောဂါကူးစက်တာမျိုးမရှိစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ဒီ COVID-19 ရဲ့ လက္ခဏာတွေကအအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ ခပ်ဆင်ဆင်လည်း တူတတ်ပါတယ်။ ဒီတော့ အအေးမိတာ နဲ့တုပ်ကွေးဖြစ်တာတွေကြောင့် လက္ခဏာခပ်ဆင်ဆင်တူတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် COVID-19 ဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်မဖြစ်စေဖို့ဆိုရင်။ကိုယ်ခံအားကောင်းပြီး ကျန်းမာနေစေဖို့အတွက်။• အာဟာရ ပြည့်ပြည့်ဝဝ စားပါ။•အိပ်ရေးဝဝအိပ်ပါ။• ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားပါ။• သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကိုယ့်ကျန်းမာရေးကို အကောင်းဆုံး ဂရုစိုက်မှုက မိသားစု ကျန်းမာရေးကို စောင့်ရှောက်ရာ ရောက်ပါတယ်။ရောဂါပိုးတွေ ကူးစက်ခံရမှုကို ကာကွယ်ဖို့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းက တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။မကြာခဏလက်ဆေးပါ။ လက်ဆေးတဲ့အခါရေနဲ့ဆပ်ပြာကိုသုံးပြီး စက္ကန့် ၂၀ အနည်းဆုံး သေချာလေးဆေးကြောပါ။ အပြင်က ပြန်လာတိုင်းမှာ သေချာဆေးကြောပြီးမှ မိသားစုဝင်တွေကို ကိုင်တွယ်ထိတွေ့ပါ။ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်းမှာ လက်ဆေးပါ။လက်ဘယ်လိုဆေးမလဲ……..။လက်ဆေးတဲ့အခါမှာလည်း ရောဂါပိုးတွေ သေစေဖို့ဆိုရင် လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်း၊လက်ထိပ်၊ လက်သည်း၊ လက်ချောင်းကြား၊ လက်မကိုပါမကျန် သေချာလေး ပွတ်တိုက်ဆေးကြောရပါမယ်။ ရေနွေးနွေးလေးနဲ့ ဆေးရင် ပိုအဆင်ပြေပါတယ်။ရေအလွယ်တကူမရနိုင်တဲ့အခါမျိုးမှာ ရေမလိုလက်သန့်ဆေးရည်ကို သုံးပြီးဆေးရပါမယ်။ အယ်လ်ကိုဟော နဲ့ ပိုးသတ်ဆေး ပါတဲ့ လက်သန့်ဆေးရည်တွေနဲ့ဆေးကြောပေးပါ။နေအိမ်တွင်းက မျက်နှာပြင်တွေပေါ်မှာ ရောဂါပိုးတွေ ကပ်နေတာမျိုး မဖြစ်စေဖို့ဆိုရင်နေအိမ်ကိုပိုးသတ်ဆေးပါတဲ့ ဆပ်ပြာရည်တွေနဲ့ သေချာလေး သန့်စင်ဖို့လိုမှာပါ။ မျက်နှာကို လက်နဲ့ကိုင်တာ၊မျက်လုံးပွတ်တာ၊ နှာခေါင်းနှိုက်တာမျိုး မလုပ်ပါနဲ့။အလုပ်ခွင်ထဲမှာလည်း မျက်နှာကို လက်နဲ့ကိုင်တာ၊ မျက်လုံးပွတ်တာ၊ နှာခေါင်းနှိုက်တာမျိုး မလုပ်ပါနဲ့။ လူနာကို ကိုယ်တွယ်ကုသမှုပေးပြီးတိုင်းမှာ လက်ကို သေချာဆေးကြောပါ။အဝတ်အစားတွေကို သေချာပိုးသတ်ဖို့လည်း မမေ့ပါနဲ့။COVID-19 က ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် မတော်တဆဆိုတဲ့ အခြေအနေမှာ တစ်ယောက်တည်း သီးသန့်ခွဲနေဖို့နဲ့ကုသစောင့်ရှောက်မှုအတွက် လိုအပ်နိုင်မယ့် အရာတွေကို သေချာ ပြင်ဆင်ထားပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/dealing-with-the-coronavirus/
Wolff-Parkinson-White Syndrome (ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း )
ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း (WPW) ဆိုတာ နှလုံးအပေါ်ခန်းနဲ့ အောက်ခန်းတို့ကြားမှာ အပိုလျှပ်စစ်စီးကြောင်းတစ်ခုပေါ်လာပြီး နှလုံးခုန်မြန်စေခြင်းဖြစ်ပါတယ်။ အပိုလျှစ်စစ်စီးကြောင်းက မွေးကတည်းကပါလာပြီး အတော်အသင့် ရှားပါးပါတယ်။နှလုံးခုန်းမြန်ခြင်းတို့က အန္တရယ်မရှိကြသော်လည်း ဆိုးရွားတဲ့ နှလုံးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကုသမှုတွေက ထိုနှလုံးခုန်မြန်ခြင်းကို ရပ်တန့်နိုင်စွမ်း/ကာကွယ်နိုင်စွမ်းရှိကြပါတယ်။အပိုလျှပ်စစ်စီးကြောင်းရှိတဲ့ လူအများစုက နှလုံးခုန်မမြန်ကြပါဘူး။ ထိုအခြေအနေကို ဝုဖ်-ပါကင်ဆန်-ဝိုက် ပုံစံလို့ခေါ်ပြီး နှလုံးစစ်ဆေးမှုတွေမှာ ကံကောင်းလို့သာ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် အန္တရယ်မရှိသော်လည်း ထိုပုံစံရှိတဲ့ကလေးတွေကို ပြင်းထန်တဲ့အားကစားတွေမပြုလုပ်ခင်မှာ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လုပ်ဖို့လိုပါတယ်။မွေးကင်းစကလေးငယ်တွေ အပါအဝင် အသက်အရွယ်မရွေး ထိုရောဂါဖြစ်ပွားနိုင်ပါတယ်။ အများစုပေါ်တဲ့ အသက်အရွယ်ကတော့ ဆယ်ကျော်သက်တွေနဲ့ အသက်၂၀ ဝန်းကျင်တွေ ဖြစ်ပါတယ်။ WPW စင်ဒရုန်းလူနာ ၁၀ကနေ ၃၀ရာခိုင်နှုန်းလောက်မှာ အေထရီရယ်ဖိုက်ဘရီလေးရှင်းလို့ခေါ်တဲ့ နှလုံးခုန်မမှန်ခြင်းမျိုးဖြစ်တတ်ပါတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နှလုံးခုန်မြန်ခြင်းကြောင့် ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းရဲ့ အဖြစ်များသောရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။နှလုံးခုန်မြန်ခြင်းက ရုတ်တရက်စလာပြီး စက္ကန့်အနည်းငယ် သို့မဟုတ် မိနစ်အနည်းငယ်လောက်ထိ ခံပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်ဖြစ်နိုင်သလို နားနေတဲ့အချိန်မှာလည်း ဖြစ်နိုင်ပါတယ်။ အချို့လူတွေအတွက် အရက်နဲ့ ကဖင်းဓါတ်တို့ကြောင့်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။အရမ်းဆိုးရွားတဲ့အခြေအနေတွေမှာ WPW လူနာများတွင် အောက်ပါတို့ဖြစ်ပေါ်နိုင်ပါတယ်။စောစောသိ စောစောကုသခြင်းက ထိုရောဂါ ပိုမိုဆိုးရွားလာခြင်းနဲ့ အရေးပေါ်အခြေအတွေ ထပ်မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တတ်နိုင်သမျှ မြန်မြန်ပြဖို့ လိုအပ်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။နှလုံးခုန်မြန်စေသော အပိုလျှပ်စစ်စီးကြောင်းက မွေးကတည်းက ပါဝင်ပါတယ်။ WPW လူနာ အနည်းစုမှာပဲ မျိုးရိုးဗီဇအကြောင်းအရင်းရှိတယ်လို့ ယုံကြည်ရပါတယ်။ အပ်စတိန်း အနော်မယ်လီ လို့ခေါ်တဲ့ မွေးရာပါနှလုံးရောဂါဖြင့် ဆက်စပ်နေနိုင်ပါတယ်။အပိုလျှပ်စစ်စီးကြောင်း ဖြစ်ပေါ်လာရတဲ့ အခြားအကြောင်းအရင်းတွေ သိပ်မသိရသေးပါဘူး။လျှပ်စစ်စီးကြောင်း အပိုပါဝင်ခြင်းက နှလုံးစည်းချက်မမှန်မှု အဓိက အမျိုးအစား၂မျိုးကို ဖြစ်စေပါတယ်။WPW မှာ လျှပ်စစ်စီးကြောင်းအပိုနှင့် နဂိုရှိလျှပ်စစ်စီးကြောင်းတို့မှ လျှပ်စစ်တွေဟာ တစ်ခုနှင့်တစ်ခုကူးပြီး အဝိုင်းပတ်ပုံသဏ္ဍန် စီးဆင်းကြပါတယ်။ ထိုအခြေအနေ (AV reentrant tachycardia) ဟာ နှလုံးသွေးလွှတ်ခန်းကို အရမ်းမြန်တဲ့နှုန်းနဲ့ လျှပ်စစ်စီးစေပါတယ်။ ရလဒ်အနေနဲ့ သွေးလွှတ်ခန်းက မြန်မြန်ညှစ်ပြီး နှလုံးခုန်မြန်လာပါတယ်။ပုံမှန်အတိုင်း နှလုံးညာဘက်သွေးဝင်ခန်းမှာ လျှပ်စစ်စီးဆင်းမှုတွေ မစတင်တော့ဘူးဆိုရင် သွေးဝင်ခန်းကို အစီအစဉ်တကျ မစီးဆင်းတော့ဘဲ Atrial fibrillation ဖြစ်လာပါတယ်။ အပိုလျှပ်စစ်စီးကြောင်းနဲ့ အစီအစဉ်မကျသော လျှပ်စစ်စီးဆင်းမှုတွေက သွေးလွှတ်ခန်းကို မြန်မြန်ခုန်လာစေပါတယ်။ ရလဒ်အနေနဲ့ သွေးလွှတ်ခန်းတို့မှာ သွေးဖြည့်ဖို့ အချိန်အလုံအလောက်မရှိတော့ဘဲ ခန္ဓါကိုယ်ကို သွေးမပို့နိုင်တော့ပါဘူး။WPW ဟာ ယောက်ျားတွေမှာ အဖြစ်များပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်း ရှိနေမယ်လို့ ဆရာဝန်က သံသယရှိနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ပြီးနောက်အောက်ပါ စစ်ဆေးမှုတို့ကို ပြုလုပ်ပါလိမ့်မယ်။ရင်ဘတ်နဲ့ လက်တို့မှာ အာရုံခံကိရိယာလေးတွေကပ်ပြီး နှလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ်လှိုင်းတွေကို ကြည့်တာပါ။အိမ်မှာ အလွယ်တကူသယ်လို့ရတဲ့ အီးစီဂျီစက်ကလေးဆောင်ထားတာက နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပိုမိုသိရှိစေနိုင်ပါတယ်။ ဟော်တာ မော်နီတာက နှလုံးခုန်းခြင်းကို ၂၄နာရီစောင့်ကြည့်တာပါ။ အီးဗန့် ရီကော်ဒါကတော့ နှလုံးခုန်နှုန်းမြန်မှုတို့ကို မှတ်သားထားတာပါ။လျှပ်ငုတ်တွေက နှလုံးခုန်တဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ လျှပ်လှိုင်းပြန့်နှံ့မှုတွေကို သေချာပုံဖော်ပေးပြီး အပိုလျှပ်စစ်စီးကြောင်းရှိမရှိကို သိရှိစေနိုင်ပါတယ်။ထိုရောဂါအတွက် ကုသမှုအချို့ကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ချောင်းဆိုးခြင်း၊ အီးညှစ်ခြင်းနှင့် မျက်နှာရေခဲကပ်ခြင်းတို့လိုမျိုး သာမန်လှုပ်ရှားမှုတွေက ဗေဂယ်အာရုံကြောကို လှုံ့ဆောင်ပေးပြီး နှလုံးခုန်နှုန်းကို ညှိပေးပါတယ်။ နှလုံးခုန်မြန်လာတဲ့အခါ နှေးသွားအောင် ဗေဂယ်မန်နျူဘာလုပ်ဖို့ ဆရာဝန်အကြံပြုပါလိမ့်မယ်။အထက်ပါနည်းလမ်းအလုပ်မဖြစ်ဘူးဆိုရင် နှလုံးစည်းချက်မှန်စေသော ဆေးထိုးဖို့ လိုအပ်ပါတယ်။ နှလုံးခုန်နှေးစေတဲ့ ဆေးလည်း ထိုးခိုင်းနိုင်ပါတယ်။လျှပ်စစ်ရှော့ခ်ရိုက်စက်ကို ရင်ဘတ်ပေါ်မှာတင်ပြီး နှလုံးပုံမှန်စည်းချက်ရအောင် လုပ်ပေးတာပါ။ အထက်နည်းလမ်း၂ခုအလုပ်မဖြစ်ပါက ကာဒီယိုဗားရှင်းကို ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိပါတယ်။ပျော့ပျောင်းပါးလွှာသောပိုက် (ကသီတာ)များကို သွေးကြောကနေတစ်ဆင့်ထိုးထည့်ပြီး နှလုံးသို့သွားပါတယ်။ ပြွန်ထိပ်ရှိ လျှပ်ငုတ်လေးက ရောဂါဖြစ်စေတဲ့ အပိုလျှပ်စစ်လမ်းကြောင်းကို ဖျက်စီးပေးပါတယ်။ ထိုနည်းလမ်းက WPW လူနာအများစုကို အရှင်းပျောက်အောင်ကုသပေးနိုင်ပါတယ်။အိမ်တွင်းကုထုံးတွေက နှလုံးခုန်နှုန်းကို သာမန်ဖြစ်အောင်ထိန်းထားခြင်းနဲ့ နှလုံးခုန်နှုန်းမြန်စေတဲ့အရာများအား ရှောင်ကျဉ်ခြင်းတို့အပေါ် အာရုံစိုက်ပါတယ်။ နှလုံးခုန်နှုန်းမြန်စေတဲ့ အရာများကို ကြိုးစားအမည်တပ်ကြည့်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/wolff-parkinson-white-syndrome-%e1%81%80%e1%80%af%e1%80%96%e1%80%b9-%e1%80%95%e1%80%ab%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%94%e1%80%b9-%e1%81%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9-%e1%80%86/
သီချင်းဆိုပါ…………….
စာဖတ်ပရိသတ်ကြီးက သီချင်းဆိုရတာ ကြိုက်သူလား…………..သီချင်းနားထောင်ရတာကို လူတော်တော်များများ ကြိုက်ကြပေမယ့် သီချင်းဆိုတာကို သဘောကျသူကတော့ သိပ်မများလှပါဘူး။ သီချင်းဆိုတာက အသံနာစေတယ် ဘာမှ အကျိုးမထူးဘူးလို့ ယူဆနေတယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ဖုန်းကနေဖြစ်ဖြစ် ကားမောင်းရင်း သီချင်းဖွင့်ပြီးဖြစ်ဖြစ် ကွန်ပျူတာမှာ သီချင်းဖွင့်ရင်း သီချင်းလိုက်ညည်းတတ်တယ် ဆိုရင်တော့ ကိုယ်တိုင်ကြုံဖူးလောက်မယ့် အတွေ့အကြုံလေးတွေကနေ အရင်စပြောလိုက်ရအောင်လား.. သီချင်းဆိုတဲ့အခါ။• စိတ်လက်ပေါ့ပါး သွားတယ်။•စိတ်ဖိစီးမှုပြေလျော့သွားတယ်။•စိုးရိမ်မှုကို သက်သာစေတယ်။• ဟန်ပန်လုပ်ရင်း သီဆိုတာကြောင့် ကိုယ်လက်လှုပ်ရှားဖြစ်တယ် ဆိုရင် ဘာပြောမလဲ။ရေချိုးရင်းရေချိုးခန်းထဲမှာ သီချင်း အော်ဆိုတတ်သူတိုင်း ဒီခံစားမှုလေးတွေကို သိမှာပါ။သီချင်းဆိုရတာက သဘောကျသူလေးတွေဟာ။စိတ်ဖိစီးမှု ကင်းတယ်။သီချင်းဆိုလိုက်တဲ့အခါခန္ဓာကိုယ်မှာစိတ်ခံစားမှုကောင်းတာပြီးအောက်ဆီတိုစင်ဟော်မုန်းတွေထွက်လာပါတယ်။ ဒီလို ထွက်ရှိမှုက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်ပါတယ်။စိတ်ဖိစီးနေရင် သီချင်းအော်ဆိုရင်း ဖွင့်ထုတ်ချလိုက်ပါ။ စိတ်သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။ အကြောင်းကတော့ သီချင်းဆိုလိုက်တဲ့အခါ ထွက်လာတဲ့ ဟော်မုန်းတွေကနာကျင်မှုကို သက်သာစေပြီး စိတ်လက်လန်းဆန်းအောင် လုပ်ဆောင် ပေးလို့ပါ။သိမြင်မှုစွမ်းရည်ကောင်းစေတယ်။သီချင်းဆိုတတ်တဲ့အကျင့် ရှိသူတွေဟာ အခြားသူတွေထက် သိမြင်မှုစွမ်းရည် ပိုကောင်းကြပါတယ်။ အကြောင်းကတော့ သီချင်းဆိုတာကဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့်ပါ။ သီချင်းဆိုတာက အတွေးရှင်းအောင် လည်း ကူညီပေးပါသေးတယ်။အသက်ရှည်စေနိုင်တယ်။သီချင်းဆိုတာကစိတ်ကျန်းမာစေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသတဲ့။သွေးတိုးကျစေနိုင်တယ်။သီချင်းဆိုတာက စိတ်လက်ပေါ့ပါးစေနိုင်တာကြောင့် သွေးတိုးကျစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်သလိုသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိရင် သီချင်းဆိုပေးသင့်ပါတယ်။မျက်နှာကြွက်သားတွေကျန်းမာစေတယ်။လူတော်တော်များများ လေ့ကျင့်ခန်းလုပ်ကြပေမယ့် မျက်နှာကြွက်သားတွေကိုတော့ လေ့ကျင့်ခန်းမလုပ်မိကြပါဘူး။ ဒီတော့ မျက်နှာကြွက်သားလေးတွေ သန်မာစေဖို့ဆိုရင် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုက သီချင်းဆိုတာပါ။ဒါတင်လားဆိုတော့ မဟုတ်ပါဘူး သီချင်းဆိုတာကရင်ဝမ်းခြားမြှေးကိုလည်း ကျန်းမာစေပါသေးတယ်။အဆုတ်ကျန်းမာစေနိုင်တယ်။သီချင်းဆိုတာက အသံနေအသံထားနဲ့ဆိုလေလေ အဆုတ်ကို လေ့ကျင့်ခန်းလုပ်ပေးလေလေ ဖြစ်ပြီးအဆုတ်ကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အဆုတ် ကျန်းမာစေဖို့ဆိုရင် လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် သီချင်းဆိုပါ။မှတ်ဉာဏ်ကောင်းစေနိုင်တယ်။သီချင်းဆိုဖို့ဆိုတာက သီချင်းစာသားတွေကို အရင်မှတ်ရတာပါ။ ဒီလိုမှတ်မိအောင်လုပ်တာက ဦးနှောက်ကိုမှတ်မိနိုင်စွမ်းကောင်းအောင် အလေ့အကျင့်လုပ်ပေးတာပါပဲ။ ဒီတော့ မှတ်မိနိုင်စွမ်းကောင်းအောင် လေ့ကျင့်ချင်တယ်ဆိုရင် သီချင်းဆိုပါ လို့ အကြံပြုပါရစေ။သီချင်းဆိုတာက သွေးပေါင်ကို ထိန်းညှိပေးတယ်။ ကိုယ်တွင်းကကော်တီစောဟော်မုန်းတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေတယ်။ ဒါတွေက ကိုယ်ခံအားအတွက် အကောင်းဆုံး အထောက်အပံ့တွေပါပဲ။ဒီတော့ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးဖြစ်စေဖို့ နေ့ရက်တိုင်းမှာ သီချင်းလေး ပေါ့ပေါ့ပါးပါး ညည်းလိုက်ရအောင်လား…………………။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/incredible-benefits-of-singing/
သင်၏နှလုံးကျန်းမာရေးအတွက်အစားအစာလမ်းညွှန်
နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများမှ ကာကွယ်ရန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစာအာဟာရစသော နေထိုင်မှုပုံစံများ လိုအပ်ပါသည်။ သင့်တင့်လျောက်ပတ်သော အစာအာဟာရသည် နှလုံးကို ကျန်းမာအောင် ထိန်းသိမ်းထားခြင်းဖြင့်နှလုံးရောဂါဖြစ်မည့်အန္တရာယ်ကို လျှော့ချပေးသည့်အပြင် နှလုံးနှင့် သွေးကြောရောဂါများအတွက် အဓိကဗဟိုကျသော ကုသမှုတစ်ခုလည်းဖြစ်သည်။ ကျန်းမာသောနှလုံး ပိုင်ဆိုင်နိုင်ရန်အတွက် သင်၏နေ့စဉ်အာဟာရတွင် ပါဝင်သင့်သည့်အစားအစာများကို ဤဆောင်းပါးတွင်ဖော်ပြသွားမည်။နှံစားပင်တို့၏အစေ့အဆန်များ။နှံစားပင်တို့၏ အစေ့အဆန်များသည် အမျှင်နှင့်အာဟာရဓာတ်များကြွယ်ဝပြီး သွေးဖိအားနှင့်နှလုံးရောဂါတို့ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပြီး။သွေးလွှတ်ကြောများပိတ်ခြင်းကိုလည်း ကာကွယ်ပေးသည်။ကိုလက်စထရော(သွေးတွင်းအဆီဓာတ်) ကျစေရန် အစားအစာများတွင် အစေ့အဆန်မျိုးစုံကို တွဲဖက်စားသောက်ပေးပါ။ဆန်လုံးညို၊ ဘာလီ၊ ပန်းဂျုံ၊ ပြောင်း၊အုတ်ဂျုံစသော အစေ့အဆန်များကို စားသုံးသင့်သည်။အိုမီဂါသရီးပါဝင်သောအစားအစာများ။အိုမီဂါသရီးသည် ရောင်ရမ်းခြင်းကို ကျစေသည့်အပြင် ကိုလက်စထရောကိုလည်း ကျစေပြီး သွေးကြောများပိတ်ခြင်း၊ သွေးကြောများမာကြောခြင်းကိုလည်း ကာကွယ်ပေးကာ သွေးပေါင်ကိုကျစေ၍ နှလုံးခုန်နှုန်းမမှန်ခြင်းကိုလည်း ကာကွယ်ပေးသည်။ အိုမီဂါသရီးပါဝင်သော အစားအစာများမှာ ပုစွန်၊ တူနာငါး၊ ဂုံး၊ ပင်လယ်ငါးကြီး၊ ဆယ်လ်မွန်ငါးစသော ပင်လယ်စာများ၊သစ်ကြားသီး၊ ပဲပုပ်၊ ပန်းဂေါ်ဖီနှင့် ရွှေဖရုံသီး စသည်တို့ဖြစ်သည်။ပန်းဂေါ်ဖီစိမ်း။ပန်းဂေါ်ဖီစိမ်းတွင် သတ်သတ်လွတ်စားသူများအတွက် အလွန်ကောင်းသော ပရိုတိန်းဓါတ်များပါဝင်သည်။ ၎င်းတွင် အရိုးဖြစ်ပေါ်မှုအတွက်။ကောင်းမွန်သော ဗီတာမင် ‘ကေ’ လည်းပါဝင်သည်။ အမျှင်ဓာတ်လည်း ကြွယ်ဝသောကြောင့် ကိုလက်စထရောနှင့် သွေးဖိအားကိုလည်း ကျစေသည်။သလဲသီး။သလဲသီးတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝသဖြင့် သွေးလွှတ်ကြောနံရံများကို ကောင်းမွန်စေသည်။ သလဲသီးသည် အထူးသဖြင့် နှလုံးအတွက် အလွန်ကောင်းမွန်သည်။ ၎င်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်းကိုကျေးဇူးတင်ရပေမည်။ ခန္ဓာကိုယ်ထဲတွင် သလဲသီးသည်။သွေးလွှတ်ကြောများတွင် သွေးစီးဆင်းမှုကောင်းစေရန် နိုက်ထရစ်အောက်ဆိုဒ်ကို ထုတ်ပေးသည်။အယ်လ်မွန်စေ့။အရွယ်ရောက်ပြီးသူများအနေနှင့် နေ့စဉ် အယ်လ်မွန်စေ့ ၃ဝဝ ဂရမ်ခန့်စားပေးပါက သွေးတွင်းအဆီဓာတ်ကို ၁၃ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းထိ။လျော့ကျစေသည်။ အယ်လ်မွန်စေ့သည် စွမ်းအင်ကြွယ်ဝသော အစေ့အဆန်ဖြစ်သည်။ အယ်လ်မွန်စေ့တွင် သွေးကြောမာခြင်းကို ကာကွယ်နိုင်သော ဗီတာမင် ‘အီး’ နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အမြားပါဝင်သောကြောင့် နှလုံးအတွက် အထူးကောင်းမွန်ပါသည်။ ထို့ပြင်အရိုးနှင့် သွားများအတွက် ကောင်းမွန်သော ကယ်လ်ဆီယမ်ဓာတ်လည်း များစွာပါဝင်သည်။သဘာဝဒိန်ချဉ်။အချို့သောလေ့လာမှုများအရအစားအစာထဲတွင်ကယ်လ်ဆီယမ်နှင့်ပိုတက်ဆီယံမျှတစွာပါဝင်ပါကသွေးတိုးရောဂါကိုကာကွယ်နိုင်သည်ဟုဆိုသည်။ သဘာဝဒိန်ချဉ်တွင်ဤပစ္စည်းများများစွာပါဝင်သည်။ ဒိန်ချဉ်ကိုနေ့စဉ်နံနက်စာ(သို့) အချိုပွဲအဖြစ်စားပါ။ အစာစားပြီးချိန်တွင်ကိတ်မုန့်များ၊ယိုများအစားဒိန်ချဉ်ကိုစားပေးပါကကိုယ်အလေးချိန်ကျစေရန်ထိရောက်စွာကူညီပေးသည်။လိမ္မော်သီး။လိမ္မော်သီးသည် ဗီတာမင်’စီ’ကြွယ်ဝသောကြောင့် အအေးမိဖျားနာခြင်းကိုခုခံနိုင်သည်။ ဤအသီးသည် နှလုံးရောဂါကိုလည်း တိုက်ထုတ်နိုင်သည်။ လိမ္မော်သီးတွင် အမျှင်ဓာတ် (အထူးသဖြင့်ပက်တင် (Pectin)) မြင့်မားစွာပါဝင်သဖြင့် သွေးတွင်း ကိုလက်စထရောကိုကျစေသည်။ ဗီတာမင် စီသည် သွေးကြောနံရံများကို သန်မာစေပြီး သွေးကြောတွင်း သွေးအိုင်ခြင်းကို လျော့ကျစေသည်။ လိမ္မော်သီးဖျော်ရည်သည် သွေးကြောများ၏လုပ်ငန်းတာဝန်များကို ပိုမိုကောင်းမွန်စေသည်။သံလွင်ဆီ။ဤဆီသည် မပြည့်ဝဆီများကြွယ်ဝသဖြင့် သွေးကြောများအတွက် အထူးကောင်းမွန်သည်။ သံလွင်ဆီသည် သွေးတွင်းကိုလက်စထရောတက်ခြင်းကို ကာကွယ်နိုင်ပြီး သွေးဖိအားများခြင်း (သွေးတိုးခြင်း)ကိုလည်း လျော့ကျစေသည်။ သံလွင်ဆီတွင်ပါဝင်သော မပြည့်ဝဆီများသည် ထောပတ်သီးနှင့် အခြားအခွံမာသီးများတွင်လည်း ပါဝင်သည်။ သို့သော် သွေးကြောနံရံများကို ကိုလတ်စထရောများထိုးဖောက်ခြင်းမှ ကာကွယ်ပေးသော ပိုလီဖီနာပစ္စည်းများ (polyphenol substances) ကို သံလွင်ဆီကသာ ပေးစွမ်းနိုင်သည်။နနွင်းတက်။သွေးကြောမာခြင်းဆိုသည်မှာ သွေးကြောများရောင်ရမ်းပြီး မာကြောလာခြင်းဖြစ်သည်။ နနွင်းတက်သည် ရောင်ရမ်းခြင်းကို ဆန့်ကျင်သည့်ဂုဏ်သတ္တိရှိသည်။ ဟင်းခတ်အမွှေးကြိုင်များတွင်နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများကို လျော့ကျစေသော အကျိုးအာနိသင်ရှိသည်။ နနွင်းတက်တွင်တွေ့ရသော ကာကူမင်ဓာတ် (Curcumin) သည် ခြေလက်များကို စီးဆင်းသောသွေးကြောများရောင်ရမ်းခြင်းကို လျော့ကျစေသည်။ထို့ပြင်နှလုံးကိုကျန်းမာစွာထိန်းသိမ်းထားနိုင်ရန် သင့်တင့်လျောက်ပတ်သော အစားအစာများစားရန်လိုအပ်ပြီး ဆားများ၊ သကြားများနှင့် ပြည့်ဝဆီများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ရပါမည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/healthy-eating-for-your-heart/
အာလူးကို ကျန်းမာရေးနဲ့အညီ စားသောက်ခြင်း
ဒီနေ့မှာတော့အာလူး နဲ့ပတ်သက်တဲ့ အထင်အမြင်လွဲမှားမှုတွေနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်ကြောင်း ပြောပြပေးချင်ပါတယ်။ လူအများ ယူဆထားတာက ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့စားသုံးမှုအတွက် အာလူးကို လျော့စားရမယ်လို့ပဲ မှတ်ထားကြပါတယ်။ ဒါက အလုံးစုံမှန်တာတော့ မဟုတ်ပါဘူး။ဒါပေမယ့် အာလူးကိုစနစ်တကျစားမယ်ဆိုရင် ဝိတ်ကျစေနိုင်တယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားတာပါ။အာလူးမှာ ပါဝင်တဲ့ ကယ်လိုရီ ၁၁၀ က များပြားလှတဲ့ ပမာဏမဟုတ်တာကြောင့် အစားအစာကနေရရှိတဲ့ ကယ်လိုရီနဲ့ ကိုယ်လက်လှုပ်ရှားမှုအတွက် သုံးစွဲရတဲ့ ကယ်လိုရီဟန်ချက်ကို ညီမျှစေပါတယ်။ကယ်လိုရီဟန်ချက်ညီမှုဆိုတာ အစားအစာတစ်ခုမဟုတ်ဘဲကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့ စားသုံးမှုပုံစံအတွက် နည်းလမ်းတွေ အများစုက ဈေးကြီးသလို ရေရှည်အကြာကြီး လုပ်နိုင်ဖို့အတွက်ကလည်း ခက်ခဲပါတယ်။ အကယ်၍ကိုယ်က လွယ်လွယ်ကူကူနဲ့ ဈေးသင့်တော်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ ဝိတ်ချနည်းအတွက်ဆိုရင် အာလူးကိုထည့်သွင်းစားသုံးသင့်ပါတယ်။တချို့သော စားသုံးပုံစံတွေက ကန့်သတ်မှုများတာကြောင့်အာဟာရချို့တဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ကိုယ်အလေးချိန် ထိန်းသိမ်းမှုအတွက်  အာလူးကို ထည့်သွင်းစားသုံးခြင်းဖြင့် နေ့စဥ် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေကို ရရှိနိုင်ပါတယ်။အာလူးက ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ်တို့  ပါဝင်တဲ့ အာဟာရဓာတ် သိပ်သည်းတဲ့ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ဗီတာမင်နဲ့ သတ္တုဓာတ်အနေနဲ့ဆိုရင်လည်း ဗီတာမင်စီ နဲ့ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်ပါတယ်။ အာလူး 148gram မှာ ပိုတက်စီယမ် 620mg ပါဝင်ပြီး အနေတော် ငှက်ပျောသီးတစ်လုံးမှာပါဝင်တဲ့ ပိုတက်စီယမ် 442mg ထက်ပိုများပါတယ်။ အာလူးမှာ အမျှင်ဓာတ် 2 grams ပါဝင်ပြီး အဆာခံဖို့အတွက်လည်း ကူညီပေးပါတယ်။အာလူးမှာကိုယ်ခံအားစနစ်အတွက် ကောင်းမွန်စေတဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ အာလူးတွေက အဆီ၊ ဆိုဒီယမ်နဲ့ ကိုလက်စထရောဓာတ် ကင်းလွတ်တဲ့ အစားအစာလည်း ဖြစ်ပါတယ်။အာလူးစားခြင်းက ကိုယ်အလေးချိန် မတက်စေသော်လည်း အာလူးကိုချက်ပြုတ်စားသုံးမှု ပုံစံကြောင့် ကိုယ်အလေးချိန် တက်နိုင်ပါတယ်။ အာလူးကို ဖုတ်ပြီးစားခြင်း၊ ပြုတ်စားခြင်းနဲ့ ထောင်းစားခြင်းတို့က ကျန်းမာရေးနဲ့ ညီညွတ်ပြီးအာဟာရပြည့်ဝတဲ့အကောင်းဆုံးသောကိုယ်အလေးချိန်ထိန်းသိမ်းရန် စားသုံးနည်းဖြစ်ပါတယ်။ ဆားကို လုံးဝ ရှောင်နိုင်တယ် ဆိုရင် အကောင်းဆုံး ပေမယ့် ကိုယ်စားတဲ့ အာလူးပေါ်မှာ ဆားအနည်းငယ် ထည့်မယ် ဆိုရင်လည်း အဆင်ပြေပါတယ်။အာလူးကို ကျန်းမာရေးနဲ့အညီ စားသုံးတာက ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးနိုင်ပါတယ်။ကိုယ်အလေးချိန် ထိန်းချင်တာ ဆိုရင်တော့ အဆီ၊ ဆားလိုမျိုး အငန်ဓာတ်တွေ လုံးဝမဖြည့်ဘဲ စားပေးတာက အထိရောက်ဆုံး နည်းလမ်းပါ။ ပြုတ်စားတာ၊ ပေါင်းစားတာ၊ မီးကင်စားတာမျိုး လုပ်ပေးလို့ ရပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/can-potatoes-lose-your-weight/
အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း
အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်းကို ပြောရရင် အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ပျော်ပြီးရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ရန်ခက်ခဲပြီး မကြာခဏပြန်နိုးနေတတ်ခြင်းကို ဆိုလိုပါတယ်။ အိပ်ရာက နိုးထလာရင်လည်း ကြည်လင်လန်းဆန်းမှု မရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ပညာရှင်များရဲ့ အဆိုအရ တပတ်မှာ အနည်းဆုံး ၃ရက်နဲ့ ၃လခန့် အိပ်မပျော်နိုင်ဖြစ်နေရင်၊ ထိုအိပ်မပျော်ခြင်းပြဿနာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေဖြစ်လာရင် အိပ်မပျော်ခြင်းရောဂါလို့ အမည်တပ်ပါတယ်။အိပ်မပျော်ခြင်းပြဿနာ (Insomnia) ဖြစ်စေတဲ့ အကြောင်းအရင်းများ။ခဏတာဖြစ်တဲ့ အိပ်မပျော်ခြင်း ပြဿနာကတော့။သုံးလအထက်ကျော်ပြီး အိပ်မပျော်ဖြစ်နေရင်တော့ နာတာရှည်ပြဿနာလို့ သတ်မှတ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကတော့။သုတေသနတွေအရစိတ်ဖိစီးမှုများလွန်းသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေ၊ ဝင်ငွေနည်းသူတွေ၊ စံတော်ချိန် မတူညီတဲ့ ဒေသများဆီ ခရီးသွားသူတွေ၊ လှုပ်ရှားမှုနည်းသူတွေ၊ အလုပ်ချိန် ပြောင်းလဲသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။အိပ်မပျော်ခြင်းပြဿနာ ကြုံလာသူတွေမှာ အောက်ပါ လက္ခဏာ သုံးခုထဲက အနည်းဆုံးတစ်ခု တွေ့နိုင်ပါတယ်။အဆိုပါ ပြဿနာတွေကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း၊ သည်းမခံနိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။အိပ်မပျော်ခြင်းပြဿနာဟာ အကြောင်းအရင်း မျိုးစုံကြောင့် ဖြစ်နိုင်ပြီး ကုသဖို့ နည်းလမ်းလည်း မျိုးစုံ ရှိပါတယ်။ အိပ်မပျော်ခြင်းပြဿနာကို နှစ်ရှည်လများ ခံစားလာရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း ရှိပါတယ်။မိမိဖာသာ လိုက်နာ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အဓိကအားဖြင့်နေထိုင်မှုပုံစံပြောင်းလဲခြင်း ဖြစ်ပါတယ်။ အိပ်ချိန် မတိုင်မီ ကဖိန်းပါသော အရည်များ (ကော်ဖီ၊ လက်ဖက်ရည်) သောက်ခြင်း၊ အိပ်ခါနီး လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အိပ်ရာပေါ်မှာ မအိပ်ဘဲ ဖုန်းသုံးခြင်း၊ တီဗီ ကြည့်ခြင်း စတာတွေကို ရှောင်ရှားပေးရပါမယ်။စိတ်ပိုင်းရုပ်ပိုင်းကျန်းမာရေးပြဿနာရှိနေရင်လည်း ထိရောက်စွာ ကုသသင့်ပါတယ်။ ရောဂါအခံကြောင့် အိပ်မပျော်ခြင်း ကြုံတွေ့နေရတာ ဖြစ်နိုင်ပါတယ်။ အိပ်ဆေးတွေကို သုံးမယ်ဆို သတိထားပါ။ ဘယ်ဆေးဝါးမဆို ဘေးထွက်ဆိုးကျိုးရှိနိုင်တာမို့ ရေရှည်သုံးစွဲရမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။အိပ်ခန်း ပတ်ဝန်းကျင်မှာလည်း ရနံ့သင်းပျံ့တဲ့ အပင်ငယ်လေးတွေ ထားသို စိုက်ပျိုးနိုင်ပါတယ်။ မွှေးရနံ့ ထွက်စေတဲ့ ပစ္စည်းကလေးတွေလည်း အိပ်ရာအနားထားနိုင်ပါတယ်။ဒီလို နည်းလမ်းပေါင်းစုံနဲ့ အိပ်မပျော်တဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အိပ်မပျော်ခြင်း ပြဿနာက သာမန်လူမှုဘဝပြဿနာ မဟုတ်ပါဘူး။ ‌‌ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်တာ ဖြစ်တဲ့အတွက် သတိထားပြီး ဂရုစိုက်ဖို့ လိုပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/night-owl/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/fear-of-sexual-intercourse/
သင့်ဆီမှာပွေးရှိနေသလား ဘယ်လိုသိနိုင်မလဲ
ပွေး ဟာ အဖြစ်များတဲ့ အရေပြားရောဂါပိုးတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ အလွန်ကူးစက်လွယ်ပြီး အနီရောင် အကွက်တွေ စက်ဝိုင်းပုံစံ ဖြစ်တာမျိုး ဖြစ်ပါတယ်။ ဒီအနီရောင်အကွက်ဟာ အကြေးခွံပုံစံမျိုးလည်း ရှိတတ်ပါတယ်။ တခါတရံမှာ ဒီအကွက်တွေဟာ ဦးရေပြားမှာ ဆံပင်ကျွတ်ခြင်း၊ ယားယံခြင်းနဲ့ အရည်ကြည်ဖုတွေကို ဖြစ်စေပါတယ်။ပွေးဟာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါ ဖြစ်တတ်ပါတယ်။ တိရိစ္ဆာန်ကနေ လူတွေကို ပွေးကူးစက်ခံရမှုတွေ ပါရှိပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များပေမယ့် အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ပွေးတွေဟာ သံကောင်တွေကြောင့် ဖြစ်တာမဟုတ်ပဲ tinea လို့ ဆေးပညာအရ အသိများတဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တဲ့ အရေပြား ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုတွေဟာ အလွန်သေးတယ်တဲ့ အကောင်တွေဖြစ်ပြီး ကိုယ်ခန္ဓါ အရေပြား၊ ဆံပင်၊ လက်သည်းခြေသည်းတွေရဲ့ ဆဲလ်အသေတွေထဲမှာ နေထိုင်ကြပြီး သစ်ပင်အခေါက်မှာ ပေါက်ပွားတဲ့ မှိုတွေနဲ့ သဏ္ဍာန် တူပါတယ်။ပွေးကို အရေပြားပေါ်မှာ ရှိတဲ့ မှိုတစ်မျိုးက ဖြစ်စေတာ ဖြစ်ပါတယ်။ မှို သုံးမျိုးရှိပါတယ်။ Trichophyton, microsporum နဲ့ epidermophyon တို့ပဲ ဖြစ်ပါတယ်။ အရေပြားပေါ်ကို ကူးစက်ခံရပြီဆိုရင် စက်ဝိုင်းပုံစံနဲ့ ပြန့်ပွားမှာ ဖြစ်ပါတယ်။ တခါတရံမှာ စက်ဝိုင်းရဲ့ အလယ်မှာ ဘာမှ မရှိပဲ နောက်အဝိုင်းသစ်တစ်ခုဟာ အဟောင်းရဲ့ အစွန်းကနေ ထပ်ဖြစ်လာတာကို တေ့ွနိုင်ပါတယ်။ဒီမှိုတွေဟာ မြေကြီးထဲမှာ အချိန်အကြာကြီး နေနိုင်ပါတယ်။ ဒီမြေကြီးနဲ့ ထိတွေ့တဲ့ လူတွေနဲ့ တိရိစ္ဆာန်တွေဟာ မှိုရောဂါ ရနိုင်ပါတယ်။ကလေးတွေမှာ ပွေးတွေ အများဆုံး ပေါက်နိုင်ပါတယ်။ ကလေးအချင်းချင်း ပြန့်ပွားနိုင်ပြီးတော့ သူတို့မျှဝေသုံးစွဲတဲ့ ပစ္စည်းတွေက တစ်ဆင့်လည်း ရောဂါ ကူးစက်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူမှာတော့ ပွေးကို တဘက် (သို့) အားကစား ကိရိယာ မျှဝေသုံးစွဲခြင်းကနေ ကူးစက်နိုင်ပါတယ်။အမှိုက်တွေနဲ့ ကစားတတ်တဲ့ တိရစ္ဆာန်တွေဟာ ပွေးပေါက်နိုင်ပြီး လူတွေကို ထိတွေ့ခြင်းနဲ့ ကူးစက်နိုင်ပါတယ်။အများအားဖြင့်ပွေးကို ဦးရေပြားမှာ အတွေ့များတတ်ပေမယ့် ကိုယ်ခန္ဓါ တစ်ခုလုံးမှာ ဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံနဲ့ ပေါ်လာတတ်တာဖြစ်ပါတယ်။ ရောဂါပိုးကူးစက် ခံရတဲ့ အရေပြားဟာ အပြင်အစွန်းက နီမြန်းပြီး ယားယံတတ်ကာ အတွင်းပိုင်းမှာတော့ ရှင်းလင်းနေတတ်ပါတယ်။ အရေပြားမှာ အကြေးခွံတွေ ရှိတတ်ပြီး ယားယံတတ်ပါသေးတယ်။ ပိုမိုပြင်းထန်တဲ့ အခြေအနေတွေမှာတော့။ရောဂါပိုမို ဆိုးလာတာနဲ့ အမျှ အကွင်းဟာ ကျယ်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ကွင်း (သို့) တစ်ကွင်းထက်ပိုတဲ့ ပွေးကွက်တွေလည်း ရှိနိုင်ပါတယ်။မျက်နှာနဲ့ လည်ပင်းမှာ ဖြစ်တဲ့ ပွေးတွေဟာ စက်ဝိုင်းပုံစံ မရှိပေမယ့် သူတို့ဟာလည်း ယားယံပြီး ရောင်ရမ်းနိုင်ပါတယ်။ အရေပြားဟာ ခြောက်သွေ့ပြီး အဖတ်လန်နိုင်ပါတယ်။ ဆံပင်ရှိတဲ့နေရာတွေမှာ ဆံပင်ကျွတ်တာကို တွေ့ရနိုင်ပါတယ်။ သူတို့ကို စောစီးစွာ မကုသရင် ဆံပင်ပြောင်နေတဲ့ အကွက်တွေဟာ တစ်သက်လုံး ဖြစ်သွားနိုင်ပါတယ်။လက်မှာ ရှိတဲ့ ပွေးကွက်ကတော့ လက်ဖဝါးနဲ့ လက်ချောင်းတွေ အလယ်ပိုင်းကို ပိုထူလာစေပါတယ်။ လက်တစ်ဖက် (သို့) နှစ်ဖက်လုံးမှာ ဖြစ်နိုင်ပါတယ်။ပွေးကွက်ကို ဘယ်လိုရောဂါ အမည်တပ်မလဲ။ပွေးကွက်တွေဟာ ရောဂါအမည်တပ်လွယ်ပါတယ်။ ဆရာဝန်ဟာ အရေပြားရဲ့ ပုံစံကိုကြည့်ပြီး ပွေးကွက်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အခြားစစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။သင့်ဆရာဝန်က ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး မှိုသတ်ဆေးတွေ ပေးနိုင်ပါတယ်။ Ketoconazole ဟာ မှိုရောဂါသတ်တဲ့ ခရင်မ်တစ်မျိုးဖြစ်ပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေနဲ့ ခရင်မ်တွေကိုလည်း သုံးနိုင်ပါတယ်။ ဆေးဆိုင်က ဝယ်တဲ့ဆေးတွေမှာတော့ clotrimazole, miconazole နဲ့ အခြား ပါဝင်ပစ္စည်းတွေ ပါတတ်ပါတယ်။ ပွေးကွက်ကို ပြန့်ခြင်းကနေ ကာကွယ်တဲ့ ခေါင်းလျှော်ရည်ကိုလည်း အသုံးပြုသင့်ပါတယ်။ပွေးကွက်ပြန်ဖြစ်တာကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ပွေးဟာ လူတွေ၊ အရာဝတ္ထုတွေနဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေ့မှုကြောင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပါယတ်။ ပွေးဟာ ကုသပျောက်ကင်းနိုင်ပေမယ့် ယားယံခြင်းနဲ့ ရာသက်ပန် ဆံပင် ဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ပွေးကွက်တွေ တွေ့ခဲ့ပြီဆိုရင် ဆရာဝန် (သို့) အရေပြားဆရာဝန်ကို ပြသသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%86%e1%80%ae%e1%80%99%e1%80%be%e1%80%ac%e1%80%95%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%94%e1%80%b1%e1%80%9e%e1%80%9c%e1%80%ac%e1%80%b8/
စိတ်ဝေဒနာကို ဘယ်လိုရင်ဆိုင်ရမလဲ
Stigma ဆိုတာကသင့်မှာသူများနဲ့မတူတဲ့ပင်ကိုလကဏာတွေရှိတဲ့အခါတစ်စုံတစ်ယောက်ကသင့်ကိုမကောင်းတဲ့အမြင်နဲ့ကြည့်ခြင်းကိုဆိုလိုတာပါ။ ကံမကောင်းစွာနဲ့ဘဲစိတ်ကျန်းမာရေးပြသနာရှိနေတဲ့သူတစ်ယောက်ကတခြားသူတွေအပေါ်ကောင်းတဲ့အမြင်နဲ့မကြည့်နိုင်တာ၊ ကောင်းတဲ့စိတ်မထားနိုင်တာကဖြစ်လေ့ရှိပါတယ်။Stigma ကခွဲခြားခံရခြင်းကိုဖြစ်စေနိုင်ပါတယ်။ ခွခြားခံရခြင်းကသိသာပါတယ်။ဥပမာ – တစ်စုံတစ်ယောက်ကသင့်ရဲ့စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအခြေအနေနဲ့ကုသမှုတွေအပေါ်အပျက်သဘောဆန်ဆန်အတွေးအမြင်ရှိခြင်းဘဖြစ်ပါတယ်။ ဒီလိုခွခြားမှုတွေကသိမ်မွေ့နိုင်သလိုတစ်ခါတစ်လေလည်းတမင်ရည်ရွယ်တာမျိုးဖြစ်နိုင်ပါတယ်။ဥပမာ – တစ်စုံတစ်ယောက်ကသင့်ဟာသင့်ရဲ့စိတ်ပိုင်းဆိုင်ရာပြသနာကြောင့်သင်ဟာမတည်ငြိမ်ဘူး၊ဘေးဖြစ်နိုင်တယ်၊ကြမ်းတမ်းနိုင်တယ်လို့ယူဆပြီးသင့်ကိုရှောင်နေတာမျိုးဖြစ်ပါတယ်။ တတစ်ခါတစ်လေမှာသင့်ကိုသင်လည်းဒီလိုထင်မိပါလိမ့်မယ်။သင့်အခြေအနေကသင့်ရဲ့အားနည်းချက်ဖြစ်တယ်ဒါမှမဟုတ်အကူအညီမလိုဘဲသင်ကိုယ်တိုင်ထိန်းချုပ်နိုင်တယ်လို့သင်ယုံကြည်ချင်ယုံကြည်နေပါလိမ့်မယ်။ တကယ်တော့ဒါကမှားပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်ရဲ့အကူအညီကုယူုခင်း၊သင့်ရဲ့ပြသနာအကြောင်းကိုသင်ကိုယ်တိုင်သိအောင်လုပ်ပြီးတခြားစိတ်ကျန်းမာရေးပြသနာခံစားနေရတဲ့လူတွေနဲ့ဆက်သွယ်ခြင်းကမိမိကိုယ်ကိုမိမိယုံကြည်မှုပြန်ရပြီးသင့်ကိုယ်သင်မကောင်းမြင်တာကနေလွတ်မြောက်မှာပါ။သင့်ရဲ့စိတ်ကျန်းမာရေးအခြေအနေကိုတစ်စုံတစ်ယောက်ကိုပြောပြသင့်ပါတယ်။ မိသားစုဝင်တွေကိုဖြစ်ဖြစ်၊သူငယ်ချင်းတွေကိုဖြစ်ဖြစ်၊စိတ်ကျန်းမာရေးဆရာဝန်ကိုဖြစ်ဖြစ်၊သင့်အဖွဲ့အစည်းကလူတွေကိုဖြစ်ဖြစ် ပြောပြသင့်ပါတယ်။ သင်ယုံကြည်နိုင်တဲ့၊သင့်ကိုအထောက်အကူပေးနိုင်မယ့်သင့်ကိမဝေဖန်မယ့်သတွေကိုရှာပြီးပြောပြပါ။အထောက်အကူပြုအဖွဲ့အစည်းကစိတ်ကျန်းမာရေးပြသနာတွေကြုံနေတဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုပါ။ ဒီအထောက်အကူပြုအဖွဲ့အစည်းတွေကပုံစံလေးတွေကွဲနိုင်ပေမယ့်အခြေခံကတော့တူတူပါဘဲ။ တစ်ဦးချင်းစီရဲ့ကြုံနေရတဲ့အတွေ့အကြုံတွေကိုပြောပြပြီးတစ်ဦးချင်းစီကအားပေးနှစ်သိမ့်ပေးပါတယ်။စိတ်ကျန်းမာရေးအခြေအနေကြောင့် ကျောင်းသားအချင်းချင်းခွခြားဆက်ဆံပြီး သွေဖယ်ထားတာကဥပဒေနဲ့ဆန့်ကျင်ပါယ်။ မူလတန်းကနေ ကောလိပ်အထိဆရာဆရာမတွေက ကျောင်းသားတွေကိုသူတို့အတတ်နိုင်ဆုံးအသင့်တော်ဆုံးနေရာချပေးကြပါတယ်။ ဒါကြောင့်သင့်ဆရာဆရာမတွေနဲ့ ကျောင်းကတာဝန်ရှိသူတွေကိုသင်အကူအညီလိုရင်တောင်းဖို့ဝန်မလေးပါနဲ့။Support group တွေမှာသင့်ရဲ့အမြင်တွေကိုဝင်ပြောပါ။ အယ်ဒီတာတွေဆီဖြစ်ဖြစ်၊အင်တာနက်မှာဘဖြစ်ဖြစ်ပြောပါ။ ဒီလိုစိတ်ပိုင်းဆိုင်ရာပြသနာတွေကိုရင်ဆိုင်နေရတဲ့သူတွေအတွက်သင့်အမြင်တွေကအကူအညီပေးနိုင်သလိုလူထုကိုလည်းဒီအကြောင်းသတိပြုမိစေပါတယ်။Hello Health Group does not provide medical advice, diagnosis or treatment.။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%81%80%e1%80%92%e1%80%94%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%af%e1%80%ad%e1%80%9b%e1%80%84%e1%80%b9%e1%80%86/
အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။
ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကထိခိုက်မိနိုင်တာပါပဲ။ငြိမ်ငြိမ်လေးထိုင်နေတာတောင် ထိခိုက်နိုင်တဲ့အရာက ကိုယ့်ကိုလာထိခိုက်မိနိုင်သေးတာ။ သွားလာလှုပ်ရှားနေရသူတွေအဖို့ကတော့အနာကင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အနာဖြစ်လာတဲ့အခါခန္ဓါကိုယ်ရဲ့စနစ်ကအနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးရာမှာလည်း ခန္ဓါကိုယ်က သူ့အလိုလိုလုပ်လိမ့်မယ် ဘာမှလုပ်စရာမလိုဘူးမဟုတ်ပါဘူး။အနေအထိုင်အစားအသောက်လေးဆင်ခြင်ပေးဖို့တော့လိုတာပေါ့။ ကဲ ဒီတော့ အနာကျက်မြန်အောင်ဘာတွေကို ဂရုစိုက်ဆင်ခြင်မလဲ။အနာဖြစ်ပြီဆိုရင် ကြီးကြီးမားမားကျန်းမာရေးပြဿနာမှမဟုတ်တာဆိုပြီး အမှုမဲ့ အမှတ်မဲ့မနေပါနဲ့။ အနာကျက်နှေးစေနိုင်တဲ့ ဒီအစားအစာတွေကို မစားဖြစ်အောင်သတိထားပေးပါနော်။ဟင်းခတ်အမွှေးအကြိုင်တွေ–ချင်းနဲ့နနွင်းတွေက ဟင်းပွဲတွေကို အရသာပြည့်ဝစေတာတင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အတိုင်းအတာတစ်ခုအထိကောင်းကျိုးပြုပေးပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေက ခန္ဓါကိုယ်တွင်းမှာသွေးခဲတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံစားမယ်ဆိုရင် အနာကျက်မှုဖြစ်စဉ်အတွက်အဓိကအရေးပါတဲ့သွေးခဲမှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အနာရှိနေတဲ့အချိန်မှာ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို အများကြီးမစားပါနဲ့။အဆီထုတ်ထားတဲ့နို့– အဆီထုတ်ထားတဲ့နို့တွေက ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုနဲ့ ခန္ဓါကိုယ်ရဲ့ရောင်ရမ်းမှုကိုဖြစ်စေတဲ့လုပ်ဆောင်မှုတွေအပေါ်မှာ သက်ရောက်တာမျိုးတွေရှိနေပါတယ်။ရောင်ရမ်းမှုက ထိခိုက်ဒဏ်ရာရတဲ့အခါ ခန္ဓါကိုယ်ကပထမဆုံးတုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုပါ။ ဒီတုံ့ပြန်မှုကြောင့်သွေးတိတ်သွားစေပြီးသွေးခဲအောင်လုပ်ဆောင်ပေးပါတယ်။ အဆီထုတ်နို့ကရောင်ရမ်းမှုဖြစ်စဉ်ကိုအနှောက်အယှက်ဖြစ်စေတာကြောင့် အနာကျက်နှေးစေပြီး မလိုအပ်ဘဲ ပိုးဝင်ကူးစက်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်အနာကျက်မြန်ချင်တယ်ဆိုရင် အဆီထုတ်ထားတဲ့နို့တွေကို မသောက်ပါနဲ့။သကြားဓါတ်–လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက အချိုများတဲ့ အစားအစာတွေက ကျန်းမာရေကိုထိခိုက်စေတယ်ဆိုတာကို လူတိုင်းကသိရှိထားပြီးဖြစ်မှာပါ။ မကြာသေးခင်ကတွေ့ရှိခဲ့တဲ့လေ့လာမှုတွေအရဆိုရင်လည်း အချိုများတဲ့အစားအစာတွေကရင်သားကင်ဆြာဖစ်နိုင်ခြေကိုမြင့်စေနိုင်သလို အရေပြားထဲကကော်လာဂျင်ပမာဏအပေါ်မှာလည်း သက်ရောက်မှုရှိစေပါတယ်။ အနာကျက်ဖြစ်စဉ်အတွက်ကော်လာဂျင်ဒြပ်ပေါင်းကတော်တော်လေးအရေးပါတာပါ။နိုက်ထရိတ်များတဲ့အစားအစာတွေ– ခန္ဓါကိုယ်ရဲ့သွေးကြောတွေက အနာကျက်ဖြစ်စဉ်အတွက်အရေးပါတဲ့ ဓါတုဒြပ်ပေါင်းတွေကို သယ်ပို့ပေးတာပါ။ နိုက်ထရိတ်များတဲ့ အစားအစာတွေကသွေးကြောတွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးထဲမှာ နိုက်ထရိတ်ပမာဏများတဲ့အခါသွေးကြောအတွင်းမှာ အဆီတွေကိုဖြစ်စေတဲ့atherosclerosis(သွေးကြောကျဉ်းခြင်း) လို့ခေါ်တဲ့ရောဂါအခြေအနေတစ်မျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒီရောဂါအခြေအနေကိုခံစားရတဲ့ အခါသွေးကြောလေးတွေ ပေါက်ထွက်ပျက်စီးသွားပြီး အနာကျက်တာကိုနှေးစေသလို ပုံမှန်မဟုတ်တဲ့သွေးယိုစီးတာ၊လေဖြတ်တာနဲ့ရုတ်ရက်နှလုံးရပ်တာတွေအထိခံစားရနိုင်ပါတယ်။ ဒါကြောင့် အနာကျက်မြန်စေချင်တယ်ဆိုရင်ပြုပြင်ထားတဲ့အသားတွေကို မစားဖို့ပြောပါရစေ။ဒီအစားအစာတွေအပြင် အနာတစ်ခုခုရှိနေတဲ့အခါ မာဂျရင်း လိုမျိုး ကိုယ်တွင်းရေဓါတ်ြဖည့်တင်းမှုဖြစ်စဉ်ကိုအနှောင့်အယှက်ဖြစ်စေတဲ့ အစားအစာတွေကိုရှောင်ပေးပါ။ အချိုရည်တွေကိုရှောင်သင့်ပါတယ်။နောက်တစ်ချက်က ကာဗိုဟိုက်ဒရိတ်နဲ့ပရိုတင်းတွအများကြီးစားသုံးတာမျိုးမလုပ်ဖို့ပါ။ကြက်သွန်ဖြူလိုမျိုးသွေးကျဲစေနိုင်တဲ့ အစားအစာတွေကိုလည်း အများကြီးမစားသင့်ပါဘူး။ သွေးတွင်းသကြားဓါတ်အပေးမှာ သက်ရောက်မှုရှိနေတဲ့အယ်လ်ကိုဟောနဲ့ကဖင်းပါတဲ့သောက်စရာတွေကိုလည်း လုံးဝရှောင်ရှားဖို့ပြောပါရစေ။အနာဖြစ်တဲ့အခါရေများများသောက်၊ အိပ်ရေးဝဝအိပ်၊ အာဟာရပြည့်ဝအောင်စားသုံးပြီးဗီတာမင် E၊ ဘီတာကယ်ရိုတင်း၊ဗီတာမင် A၊ ဗီတာမင် B နဲ့ဗီတာမင် C ြကွယ်ဝတဲ့အစားအစာတွေကို များများစားသုံးပေးပါ။ ဇင့်ဓါတ်ပါတဲ့ အစားအစာတွေကိုလည်း များများစားသုံးပေးပါ။ ဒီလိုလုပ်ပေးတာက အနာကျက်မြန်စေရုံတင်မဟုတ်ဘဲ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကိုကောင်းစေမှပါ။အနာကျက်စေဖို့ နောက်ဆုံးအနေနဲ့ သတိထားရမှာက အနာရဲ့ သန့်ရှင်းရေးပါ။ အနာကိုသေချာသန့်စင်ဆေးကြောမယ်။ဆေးထည့်မယ်။ တစ်နေ့နှစ်ကြိမ် အနာစစ်ဆေးမယ်။ပလာစတာကပ်မယ်ဆိုရင် အနာကရောဂါပိုးတွေရဲ့နှောင့်ယှက်မှုမခံရဘဲကောင်းကောင်းမွန်မွန်မြန်မြန်ဆန်ဆန်နဲ့ အနာကျက်မြန်စေမှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%b9%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9b%e1%80%84%e1%80%b9-%e1%80%92%e1%80%ab%e1%80%b1%e1%80%90/
သွားမှာ မတော်တဆ ထိခိုက်မိသွားရင် ဘာတွေလုပ်ရမလဲ
ခန္ဓါကိုယ်က အမာဆုံး အစိတ်အပိုင်း တစ်ခုကို ပြပါဆိုရင်သွားကိုသာ အရင်ဆုံးပြေးမြင်ရလောက်အောင် သွားက ကိုယ်ပေါ်မှာ အမာကြောဆုံး အရာတစ်ခုပါ။ ကိုယ်တို့ စားသမျှ အရာ တွေ မာမာပျော့ပျော့ သူကပဲ မညည်းမညူ ကြိတ်ချေပေးတာပါ။ အစားစားတဲ့ နေရာမှာ သူရှိမှ ဖြစ်တဲ့ သွားလည်းတစ်ခါတစ်ရံ ထိခိုက်မိပြီး ကျိုးတာ၊ပဲ့တာတွေရှိနိုင်ပါတယ်။ ကိုယ်ပေါ်က တခြားနေရာတွေ ထိခိုက်မိရင် အရေးပေါ် ကုသပြုစုနည်းတွေ ရှိပေမယ့် သွားတစ်ခုခုထိခိုက်မိရင်တော့ ဘာလုပ်ရမလဲဆိုတာ သိပ်မသိကြသေးတာကြောင့် ခုပြောပြပေးချင်ပါတယ်။ဘယ်လောက်ပဲ မာတယ်ပြောပြော သွားကလည်း ကျိုးနိုင်၊ ပဲ့နိုင်၊ ပြုတ်ထွက်နိုင်ပါတယ်။ သူ့ဘာသာသူ ကျိုးတယ်ဆိုတာ ကလေးဘဝကသွားအသစ်လဲတဲ့ အချိန်မှာပဲဖြစ်နိုင်ပြီး လူကြီးသွားတွေကတော့ တစ်ခုခုပြင်းပြင်းထန်ထန် ထိခိုက်မိလို့သာ ကျိုးပဲ့ကုန်တာပါ။ သွားကိုထိခိုက်စေတတ်တာတွေကတော့။သွားပဲ့ပြီဆို အကုန်ပြုတ်သွားတာ မဟုတ်တဲ့အတွက် နာတော့မနာပါဘူး။ ဒါပေမယ့် ပဲ့လို့ကျန်ခဲ့တဲ့ အပိုင်းလေးကလျှာကို ထိထိမိနေတတ်တာကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပဲလေ။ သွားတစ်ချောင်းလုံးပြုတ်ထွက်သွားရင်တော့သွေးတွေအများကြီးထွက်ပြီး တော်တော့်ကိုနာပါတယ်။ သွားစိလို့ ဖိလိုက်မိတဲ့ အခါ သွားအောက်မှာရှိတဲ့ အာရုံခံအကြောလေးတွေကိုလည်း သွားထိခိုက်မိတဲ့ အတွက် နာကျင်တာ၊ကိုက်ခဲတာတွေဖြစ်ပြီး အစားလည်းကောင်းကောင်းမစားနိုင်တော့ပါဘူး။သွားနဲ့ ပတ်သက်ရင် သိပ်မသိကြတဲ့ အတွက် သွားကို ထိခိုက်မိရင် ဘာလုပ်ရမလဲဆိုတာ မသိဖြစ်နေတတ်ပါတယ်။ သွားဆရာဝန်ဆီကတော့သွားကိုသွားရမှာပါ။ ခုပြောပြချင်တာကတော့ သွားဆရာဝန်ဆီ မသွားခင် အိမ်မှာ လုပ်နိုင်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။အရင်ဆုံး သွားကျိုးရင် လုပ်ရမှာကို ပြောပြပေးချင်ပါတယ်။သွားကျိုးသွားပြီ ထိခိုက်မိသွားပြီဆိုတာနဲ့။သွားပဲ့ ရင်တော့ နာလည်းမနာ၊သွားကိုပုံမှန်အတိုင်း အသုံးပြုလို့ရနေတတ်တော့ ချက်ချင်း ကြီး သွားဆရာဝန်ဆီကို သွားစရာ မလိုပါဘူး။ တစ်ခုပါပဲ။ ပဲ့သွားလို့ကျန်ခဲ့တဲ့ သွားအပိုင်းလေးက အစာစားရင် လျှာနဲ့နှုတ်ခမ်းကို ထိခိုက်နိုင်တာကြောင့် နောက်ပိုင်းမှာသွားဆရာဝန်ဆီသွားပြပြီး ပဲ့နေတာလေးကို ပြန်ချောပေးဖို့ တော့လိုပါလိမ့်တယ်။အမာဆုံးသွားလည်းပဲ ကျိုးနိုင်၊ ပဲ့နိုင် ထိခိုက်နိုင်ပြီး သေချာဂရုမစိုက်ရင် ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်ကိုပါ ထိခိုက်နိုင်တာကြောင့် သွားဆရာဝန်ဆီသွားပြီး သေချာကုသမှု ခံယူသင့်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ သွားကျန်းမာရေး အတွက်သွားကိုမှန်မှန်တိုက်ေပးတာမျိုး၊ မာတဲ့ ချိုတဲ့ အစားအစာတွေကို လျှော့စားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%90%e1%80%86-%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%99%e1%80%ad%e1%80%9e%e1%80%bc/
မွှေးညှင်းပေါက်များရောင်ရမ်းခြင်း
Folliculitisဆိုတာ ခန္တာကိုယ်ရှိမွှေးညင်းများပေါက်သော အပေါက်ငယ်လေးများရောင်ရမ်းခြင်းဖြစ်တယ်။ ခန္ဓါကိုယ်တပြင်လုံး အမွှေးပေါက်သောနေရာတိုင်းမှာ ဖြစ်နိုင်ချေရှိပြီး အထူးသဖြင့် မုတ်ဆိတ်မွှေးနေရာ၊ လက်မောင်း၊ ကျော၊ တင်ပါးနှင့် ခြေထောက်တို့မှာ အဖြစ်များပါတယ်။အသက်အန္တရာယ်မထိခိုက်နိုင်ဘူးဆိုပေမယ့် ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အမွှေးများကျွတ်သွားပြီး အမာရွတ်များကျန်နေတတ်တာကြောင့် ရှက်စရာဖြစ်နိုင်ပါတယ်။လက္ခဏာများ။စစချင်းမှာ မွေးညင်းပေါက်တဝိုက်မှာ အနီရောင် သို့မဟုတ် အဖြူရောင်အဖုသေးသေးလေးတွေအဖြစ် ပေါ်လာနိုင်ပါတယ်။ မွေးညင်းပေါက်တဝိုက်အရေပြားမှာ နီရဲ ရောင်ရမ်းနေတတ်ပြီး ယားယမ်းခြင်း၊ နာကျင်ခြင်းတွေလည်း ရှိတတ်ပါတယ်။ အလယ်မှာအမွှေးလေးတွေပါနေတဲ့ အနီရောင်ဝက်ခြံဖုလေးတွေနဲ့ဆင်တတ်ပြီး ပေါက်သွားရင်တော့ ပြည် သို့မဟုတ် သွေးအနည်းငယ်ထွက်နိုင်ပါတယ်။ ၂-၅ မီလီမီတာ အရွယ်ဝန်းကျင်လောက်ရှိပါတယ်။သာမန်Folliculitisလေးတွေဟာ အမာရွတ်မကျန်ဘဲ အလျင်အမြန်ပျောက်သွားပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်တော့ မွေးညင်းပေါက်တစ်ခုလုံး ရောဂါပိုးဝင်ပြီး cellulitis (ဆဲလ်များရောင်ရမ်းထိခိုက်ခြင်း) ထိဖြစ်သွားနိုင်ကာ နာကျင်ပြီး မွေးညင်းများကျွတ်သွားနိုင်ပါတယ်။ပြင်းထန်ပြီး ခဏခဏဖြစ်နေရင်တော့ ဆရာဝန်ပြသင့်ပါတယ်။အကြောင်းအရင်း။Folliculitisဖြစ်ရခြင်း အကြောင်းနှစ်ချက်ရှိတယ်-။ရောဂါပိုးဝင်ပြီး မွေးညင်းပေါက်ရောင်ရမ်းခြင်း။ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးကောင်တွေကြောင့် ရောဂါပိုးဝင်ပြီးfolliculitisဖြစ်နိုင်တယ်။ ထိရာ ရှရာ ပြတ်ရာတွေရှိတဲ့လူတွေမှာလည်း ဘတ်တီးရီးယားတွေ၊ မှိုတွေက ထိရာ ရှရာ များအနီးမှမွေးညင်းပေါက်ဆီပျံ့သွားပြီးfolliculitisဖြစ်နိုင်ပါတယ်။ ဆီးချိုသွေးချို , HIV ကဲ့သို့ ရောဂါခုခံနိုင်စွမ်းနည်းတဲ့ ရောဂါအခြေအနေတွေမှာလည်းfolliculitisရနိုင်ပါတယ်။ရောဂါပိုးဝင်ခြင်းကြောင့်မဟုတ်သောFolliculitis။လိမ်းဆေး၊ အရေပြားဓါတ်မတည့်ခြင်း၊ ဆယ်ကျော်သက်ဝက်ခြံပေါက်ခြင်း၊ ဆေးအချို့နဲ့ အချို့သောကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်သည့် အခြေအနေတွေမှာ ရောဂါပိုးဝင်ခြင်းကြောင့် မဟုတ်တဲ့folliculitisရတတ်ပါတယ်။ မွေးညင်းပေါက်များပျက်စီးလျှင်၊ ချွေး အဆီ မိတ်ကပ် များကြောင့် မွေးညင်းပေါက်များထိခိုက်ပိတ်ဆို့မှုများရှိလျှင်လည်းfolliculitisရတတ်ပြီး အဝတ်အစားကြပ်ကြပ်ဝတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်းတွေဟာလည်း ရောဂါပိုးဝင်နိုင်စေသောကြောင့်folliculitisရနိုင်ပါတယ်။ ရေနွေးဖြင့်ရေချိုးခြင်း၊ ကလိုရင်းမပါသော ရေကူးကန်တွင်ရေကူးခြင်းတွေဟာလည်း အရေပြားကိုအထိမခံဖြစ်စေနိုင်ပြီး အချို့သောအရေပြားပြဿနာများ၊ ဝက်ခြံများကြောင့်လည်း အခြေအနေပိုဆိုးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%99%e1%80%bd%e1%80%be%e1%80%b1%e1%80%b8%e1%80%8a%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac/
ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား
ကိုဗစ်ကူးစက်ခံလူနာများ တစ်နေ့ထက်တစ်နေ့ များပြားလာတာနှင့်အမျှ ကျွန်မတို့အားလုံးဟာ ကိုယ့်ကိုယ်ကို စိုးရိမ်တကြီးကာကွယ်ကြရပါတယ်။ ကိုဗစ်မကူးစက်စေဖို့အတွက် ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးတဲ့အတွက်ကိုယ်ခံအားတက်စေတဲ့ဗီတာမင်တွေကိုလည်း နေ့စဉ်သောက်လာကြပါတယ်။ ဒါကြောင့် အခုကာလမှာဗီတာမင်ဒီဟာလည်း ရေပန်းစားလာရတာဖြစ်ပါတယ်။ဗီတာမင်ဒီလို့ဆိုတဲ့ နေရာမှာ D2 ကို အပင်များမှရရှိနိုင်ပြီး D3ကိုတော့ လူ့အရေပြားကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။နေ့စဉ်လိုအပ်သော ပမာဏကိုသာ သောက်သုံးသင့်ပါတယ်။အကောင်းဆုံးကတော့ သွေးစစ်ကြည့် လိုရင်သောက်၊ သွေးထဲမှာ ပမာဏလုံလောက်ရင် ဆေးရပ်။ ဒါအကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင်ဒီလွန်ကဲရင်လည်းအဆိပ်သင့်နိုင်လို့ပဲ ဖြစ်ပါတယ်။ဗီတာမင်ဒီကိုသဘာဝနေရောင်ခြည်ကနေ လုံလုံလောက်လောက် ရနိုင်ပါတယ်။ တစ်နေ့ကို နေမပြင်းချိန်မှာ နေရောင်ပျပျလေး ၁၅မိနစ်လောက် ခံပေးပါ။ ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာတွေကတော့ အဆီပါသောငါးများ၊ ကြက်ဥ၊ မာဂျရင်းနဲ့ ဒိန်ချဉ်စတာတို့ ဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဖို့အတွက် ဗီတာမင်ဒီသီးသန့်ကိုသာ အားကိုးရန်မသင့်ပဲ အစာအာဟာရများ ညီညွတ်မျှတစွာ စားသုံးခြင်းကို ဦးစားပေးသင့်ပါတယ်။ နေ့စဉ် အသား၊ငါး၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်များစုံလင်စွာစားသုံးပေးသင့်သလို အိပ်ရေးဝအောင် အိပ်စက်ဖို့လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ၁၅မိနစ်ခန့် ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့်လည်း ကိုယ်ခန္ဓာကို ကြံ့ခိုင်သန်စွမ်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ရေးသားသူ – Dr. Rose။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-and-vitamin-d/