title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Vape သောက်ခြင်းက ဆိုးကျိုးရှိသလား
အခုနောက်ပိုင်းမှာ လူငယ်တွေအကြား E cigarettes သို့မဟုတ် vape ရှုခြင်း ခေတ်စားလာပါတယ် ။ vape စ‌စပေါ်ချင်းမှာ စီးကရက်ဖြတ်ချင်သူတွေအတွက် စီးကရက်လို အန္တရာယ်မများဘူးဆိုပြီး လူသုံးများလာတာ‌ကို သတိပြုမိမှာပါ ။ ဒါပေမဲ့ Vape ဟာ တကယ်ရော အန္တရာယ်ကင်းရဲ့လား။ဆေးလိပ်ပေါ်တဲ့ အချိန်ကလည်း ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သိဖို့နှစ်ပေါင်းများစွာ အချိန်ယူပြီး လေ့လာရပါတယ် ။ သုတေသနတွေ အများကြီးလုပ်ပြီးမှ ဘယ်အရာတွေက ပိုပြီး အန္တရာယ်ရှိလာတယ်ဆိုတာကို သဘောပေါက်လာကြတဲ့အတွက် Vape သောက်ခြင်းက အန္တရာယ်ဘယ်လောက်အထိရှိသလဲဆိုတာကို အတိအကျသိဖို့အတွက် အချိန်လိုအပ်ဦးမှာပါ ။လက်ရှိအချိန်မှာ အချို့သော လေ့လာချက်တွေအရ vape သောက်ခြင်းက နှလုံးကို ထိခိုက်နိုင်ကြောင်း တွေ့ရှိရပါတယ် ။ 2019 ခုနှစ်ထဲမှာ လုပ်ထားတဲ့ စစ်တမ်းတွေအရ E cigarette သောက်ခြင်းက နှလုံးရောဂါ ၊ လေဖြတ်ခြင်း  ၊ ရုတ်တရက် နှလုံးထိခိုက်ခြင်း heart attack ၊ရင်ဘတ်အောင့်ခြင်းတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ် ။ ဒါ့အပြင်  vape ရော ဆေးလိပ်ပါ သောက်မယ်ဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ချေပိုများပါတယ် ။တဖက်မှာလည်း vape နဲ့ နှလုံးထိခိုက်ခြင်း မသက်ဆိုင်ကြောင်း အဆိုပြုထားတဲ့ သုတေသနတွေလည်း ရှိနေပါသေးတယ် ။Vape သောက်ခြင်းက အဆုတ်ကိုရော ထိခိုက်စေသလား ဆိုတဲ့ သုတေသနပြုချက်တွေလည်း ရှိပါတယ် ။ ကြွက်တွေမှာ စမ်းသပ်ထားတဲ့ ရလဒ်တွေအရ vape ငွေ့တွေရှုထားတဲ့ ကြွက်တွေရဲ့ အဆုတ်တွေမှာ အ‌ဆိပ်ဖြစ်ခြင်း toxicity ၊ဓါတ်တိုးခြင်း oxidation နဲ့ ရောင်ရမ်းခြင်း inflammation တွေ ပိုတွေ့ရပါတယ် ။ ဒါ့အပြင် vape သောက်ခြင်းက အဆုတ်ရဲ့ ပုံမှန်စွမ်းဆောင်ရည်တွေကိုလည်း ကျဆင်းစေပါတယ်လို့ အခိုင်အမာဆိုလာတဲ့ သုတေသနစာတမ်းတွေလည်း ရှိလာပါတယ် ။Vape ရဲ့ နောက်ထပ်ဆိုးကျိုးတွေကတော့ သင့်သွားနဲ့သွားဖုံးကို သက်ရောက်စေပါတယ် ။ vape မှာပါတဲ့ ဓါတ်ငွေ့တွေက ဘက်တီးရီးယား ပေါက်ဖွားမှုကို အားပေးတဲ့အတွက် သွားပိုးပေါက်တွေ ဖြစ်ပေါ်စေပါတယ် ။ နောက်ထပ်စစ်တမ်းတွေအရ vape ရှုတဲ့လူတွေဟာ သာမန်လူတွေထက်ပိုပြီးတော့ သွားဖုံးရောင်နိုင်ချေ ပိုများပါတယ် ။နောက်ဆုံးတစ်ခုကတော့ ဆဲလ်ပြောင်းလဲမှုနဲ့ ကင်ဆာပါ ။ ဒီအတွက်တော့ ခိုင်မာတဲ့ သုတေသနပြုချက်တွေ မရှိသေးသလို အချိန်လည်း ယူပြီး ထပ်ပြီး လေ့လာရဦးမှာပါ ။ သုတေသီတွေနဲ့ ဆေးပညာရှင်တွေကတော့ vape မှာပါတဲ့ ဓါတုပစ္စည်းတွေဟာ ဆဲလ်များ ပြောင်းလဲခြင်း ၊ ဓါတ်တိုးခြင်းနဲ့ ကင်ဆာရောဂါတွေကို ဖြစ်စေတယ်လို့ ယူဆထားပါတယ် ။‌vape မှာပါတဲ့ ဘယ်ဓါတုပစ္စည်းတွေ ပါသလဲဆိုတာ ကြည့်ပါ ။ ဘယ် ဓါတုပစ္စည်းတွေ ပါတယ်လို့ မရေးထားရင်  အဆိပ်ဖြစ်စေဖို့ပိုများပါတယ်။‌အရသာပါတဲ့ vape juice တွေက အဆိပ်ဖြစ်စေတဲ့ဓါတ်တွေ ပါတဲ့အတွက် တတ်နိုင်သမျှ ရှောင်ပါ။‌vape သောက်ရာမှာ nicotine နည်းနိုင်သမျှ နည်းပါစေ။‌vape ရှုပြီးတိုင်း သွားတိုက်ခြင်း ပလုတ်ကျင်းခြင်းတွေကို ပြုလုပ်ပေးပါ။ရေးသားသူ – Dr.အောင်ကျော်မြင့်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/vape-%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b/
သူများတွေ အိပ်ရင် မဟောက်ဘဲ ကိုယ့်ကျမှ ဘာလို့ ဟောက်ရတာလဲ ။ ။
သူများတွေ အိပ်ရင် မဟောက်ဘဲ ကိုယ့်ကျမှ ဘာလို့ ဟောက်ရတာလဲ ။ ။ အိပ်ရင်ဟောက်တတ်တဲ့သူ တွေကို တွေ့ဖူးကြမှာပါ။ အိပ်ရင် ဟောက်နေတဲ့သူကတော့ ဘာမှမသိပေမယ့် သူ့ ဟောက်သံကို ကြားနေရတဲ့သူတွေ အတွက်ကတော့ တော်တော်ကို အဆင်မပြေဖြစ်ရပါတယ်။ ကိုယ့်အိပ်ရာနားမှာ ဟောက်တတ်တဲ့သူတစ်ယောက်ရှိလို့ကတော့ တစ်ညလုံး အိပ်လို့ ရမှာ မဟုတ်ဘူးလို့သာ မှတ်လိုက်ပေတော့။ ဒီတော့ ဘာကြောင့် ဟောက်ရတာလဲ။ ဟောက်ရတဲ့ အကြောင်းအရင်းကို သိမှ ဘယ်လိုရပ်အောင် လုပ်လို့ရမှာလဲဆိုတာကို သိမှာဖြစ်ပါတယ်။သူများတွေ အိပ်ရင် မဟောက်ဘဲ ကိုယ့်ကျမှ ဘာလို့ ဟောက်ရတာလဲ ဆိုတော့ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူလိုက်တဲ့အခါ ဝင်လာတဲ့ လေတွေက ပြေလျော့နေတဲ့ ကြွက်သားတွေ ရိုက်ခတ်သွားလို့ ကြွက်သားတွေ တုန်လှုပ်သွားပြီး အသံထွက်လာရတာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး၊ သင့်ကိုယ်အလေးချိန်နဲ့ သင့်ပါးစပ်ဖွဲ့စည်းပုံတို့ အားလုံးဟာ သင့်ရဲ့ အိပ်နေစဉ် ဟောက်ခြင်း အပေါ်မှာ သက်ရောက်နေတာပါ။သေချာတာကတော့ အိပ်နေတဲ့သူတစ်ယောက်က ငါဟောက်တတ်ပါလားဆိုတာကို သိဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘေးက လူတွေ ပြောပြမှသာ ကိုယ်ကအိပ်ရင် ဟောက်တတ်တဲ့သူတစ်ယောက်ဆိုတာကို သိမှာဖြစ်ပါတယ်။နှာပိတ်နေတဲ့သူတစ်ယာက်ဟာ အိပ်စက်ချိန်ဆို ပါးစပ်နဲ့ အသက်ရှူရတာဖြစ်လို့ သူတို့ဟာ အခြားသူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။ပက်လက်လန်ပြီး အိပ်တဲ့သူတွေဟာ ဘေးစောင်းအိပ်တတ်တဲ့သူတွေ ထက်ပိုပြီး ဟောက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဟောက်တတ်တယ်ဆိုရင် ဘေးစောင်းပြီး အိပ်ပါ။နှာခေါင်းပေါက်နှစ်ခုမှာ တစ်ခုနဲ့ တစ်ခု အရွယ်အစားမညီခဲ့ရင်အိပ်တဲ့အချိန် အသက်ရှူရခက်စေပြီး ဟောက်တတ်ပါတယ်။ ဒါမှမဟုတ်နှာခေါင်းရိုးကျိုးတာလိုမျိုး ထိခိုက်တာတွေ ရှိခဲ့ရင် လည်း ဟောက်တတ်ပါတယ်။ ဒီလို အခြေအနေတွေ ကြုံတွေ့ရပြီဆို ဆရာဝန်နဲ့တိုင်ပင်ပြီး နှာခေါင်းကိုပြန်ပြီးပြုပြင်ဖို့ လိုအပ်ပါတယ်။ ဒါမှ မဟောက်တော့မှာပေါ့နော်။သင့်အပေါ်ပိုင်း ပါးစပ်က လည်ချောင်းနားရောက်လေလေအာခေါင်ကပို အောက်ကျပြီး ထူလေလေဖြစ်တာကြောင့် လေဝင်နိုင်တဲ့ လမ်းကြောင်းကျဉ်းသွားပြီး အိပ်ရင် ဟောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။အာသီး လေးက သာမန်ထက်ပိုရှည် နေတဲ့ အခါမျိုးဆိုရင်လည်း လေဝင်လမ်းကြောင်းကျဉ်းသွားလို့ ဟောက်တတ်ပါတယ်။ ဒါမျိုးတွေက မွေးကတည်းက ပါလာတယ် ဆိုပေမယ့် ဘာပြဿနာမှ မရှိသေးရင်တော့ ခွဲစိတ်စရာ မလိုပါဘူး။ ဒါပေမယ့် ညဘက်အိပ်လို့ အရမ်းဟောက်တဲ့အခါမျိုးမှာ ဆိုရင်တော့ သင့်ပါးစပ်ကို ပြန်လည်ခွဲစိပ်ပြုပြင်ဖို့ လိုအပ်နေပါပြီ။သင့်သောက်နေတဲ့ ဆေးတွေ ဖြစ်တဲ့အိပ်ဆေး၊ ကြွက်သားပြေလျော့ဆေး၊စိတ်ဓါတ်ကျခြင်းကို ကုသတဲ့ဆေးတွေဟာ သင့်လျှာနဲ့ လည်ချောင်းထဲက ကြွက်သားတွေကို ပြေလျော့စေတာကြောင့် အဲ့ဒီဆေးတွေ သောက်ထားတဲ့သူဟာ အိပ်နေချိန်ဆို ပိုပြီး ဟောက်တတ်ပါတယ်။Sleep apneaလို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှူရပ်ခြင်းဟာ ဆိုးဆိုးဝါးဝါး ဟောက်သံကို ထွက်ပေါ်စေတတ်ပြီး အိပ်ရင်း သင့်ကို အသက်ရှူရပ်စေတဲ့ အရာတစ်ခုပါ။ Sleep apnea ကြောင့် ညဘက်အိပ်နေရင်း လေထရှူရတာမျိုးတွေ ဖြစ်တတ်တဲ့အပြင် မနက်နိုးလာတဲ့အခါမှာလည်းအာခေါင်ခြောက်နေတာ၊ ခေါင်းကိုက်တာ နဲ့ လည်ချောင်းနာနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Sleep apnea ဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ချင်တာတို့နဲ့ ဆက်စပ်နေတဲ့အတွက် Sleep apnoea ရှိနေရင် ဆရာဝန်ဆီ သွားပြပါ။ကလေးတစ်ယောက် အိပ်နေရင်း လူကြီးလိုမျိုး ဟောက်တယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒီလို သင့်ကလေး အသံကျယ်ကျယ်နဲ့ ဟောက်နေပြီ ဆိုရင်တော့ ကလေးဆရာဝန်နဲ့ တိုင်ပင်တာကသာ အကောင်းဆုံးပါ။အဝလွန်နေတဲ့သူတွေ ဟာ အခြားသူတွေထက် ပိုဟောက်တတ်တဲ့သူတွေပါ။ လည်ပင်းပတ်ပတ်လည်မှာ အဆီစုလို့ လည်ပင်း ပတ်လည်က ၁၇ လက်မထက်ကျော်နေတဲ့သူတွေက ဟောက်နိုင်ချေပိုများပါတယ်။ ဒါကြောင့် ကိုယ့်အိမ်သားတွေကို ဟောက်သံနဲ့ မနှိပ်စက်ချင်ဘူးဆိုရင် ဝိတ်ချပါ။ကဲ ဒါတွေ ဖတ်ပြီးရင်တော့ ကိုယ်က ဘယ်လို အချက်တွေ နဲ့ ညီနေလို့ ဟောက်တတ်တာလဲဆိုတာကို သိသွားလောက်ပြီလို့ထင်ပါတယ်။ အကြောင်းအရင်းသိတော့ မြန်မြန်ပြင်လို့ရပြီး ကိုယ်လည်း လူများ နှာခေါင်းရှုံ့တာကို မခံရတော့ဘူးပေါ့နော့ ။ ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/why-am-i-snoring/
null
null
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac/
အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ
ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါရှိနေသူတစ်ဦးရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေက ထွက်လာတဲ့အမှုန်အမွှားတွေက တခြားလူတစ်ဦးစီရောက်ရှိခြင်းဖြင့် ကူးစက်စေကြောင်း ကျွန်မတို့အားလုံးသိရှိကြပြီးဖြစ်ပါတယ်။လေ့လာချက်များအရ ကိုရိုနာဗိုင်းရပ်စ်အနေနဲ့ ရောဂါရှိသူကိုင်တွယ်ထားသော အရာဝတ္ထုနဲ့ မျက်နှာပြင်တွေမှာလည်း အသက်ရှင်နေထိုင်ပြီး အခြားတစ်ဦးစီကူးစက်နိုင်တာ သိရပါတယ်။အမေရိကန်နိုင်ငံတွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးဦးကို လေ့လာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ထိုသူသုံးယောက်လုံးမှာCovid-19ကြောင့်ဖြစ်သော လက္ခဏာများလည်း အသီးသီးရှိနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိပ်ခန်းတွေကို ပိုးသတ်ဆေးမဖျန်းခင်မှာ ဗိုင်းရပ်စ်ကို ရှာဖွေစစ်ဆေးလိုက်တဲ့အခါ အခန်းရဲ့ ၈၀ရာနှုန်းကျော်ကျော်မှာ Covid-19ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရပြီး ပိုးသတ်သန့်စင်ပြီးနောက်မှာတော့ ပိုးတွေကိုမတွေ့ရတော့ပါဘူး။သတ္တုနဲ့ ပြုလုပ်ထားသော မျက်နှာပြင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်က ကြာကြာအသက်မရှင်နိုင်ပါဘူး။ ဒါပေမယ့်ပိုက်ဆံ၊အဝတ်အစားနဲ့ စက္ကူတွေပေါ်မှာတော့ နာရီပေါင်းများစွာ ရှင်သန်နိုင်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့် အဆိုပါပစ္စည်းများအား ပိုးသတ်ဆေးများအသုံးပြုပြီး ပိုးသတ်ခြင်း၊ အပူချိန်မြှင့်ခြင်းဖြင့် ပိုးသတ်သော နည်းလမ်းတို့ဖြင့်ပိုးသတ်သန့်စင်သင့်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးရဲ့ နေအိမ်မှာ အိမ်မွေးခွေးလေးတွေကြောင်လေးတွေရှိနေမယ့်ဆိုရင်တော့ သူတို့လေးတွေရဲ့ အမွေးလေးတွေဟာ ဗိုင်းရပ်စ်တွယ်ငြိစရာ နေရာလေးတွေဖြစ်နေနိုင်ပါတယ်။ဒီအတွက်တိရစ္ဆာန်လေးတွေကို ကိုင်တွယ်တဲ့နေရာမှာလည်း အထူးသတိပြုရမှာ ဖြစ်ပါတယ်။သင့်အနေနှင့် ငွေစက္ကူများ၊ လက်ကိုင်ဖုန်းစတာတွေကို ကိုင်တွယ်ပြီးနောက် လက်ကို ကောင်းစွာ ပြန်လည်မသန့်စင်ဘူးဆိုရင် သင့်မှာ ကူးစက်ခံရဖို့ အလားအလာများပါတယ်။သင့်အလုပ်က ငွေကိုင်ရသောအလုပ်ဖြစ်ပါက ပိုတောင်သတိထားသင့်ပါတယ်။အပြင်က ပြန်လာတိုင်းလက်ကို ဆပ်ပြာနှင့်ရေအသုံးပြုကာ စက္ကန့်၂၀ကြာအောင်ဆေးကြောပါ။ လက်ဆေးဖို့ မလွယ်မှသာ အယ်ကိုဟော အနည်းဆုံး၆၀ရာနှုန်းပါသောလက်သန့်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ဖြစ်နိုင်ပါက အပြင်ကပြန်လာသော အဝတ်အစားများကို ချက်ချင်းလဲပစ်ပါ။ ဖုန်းများကို အရက်ပြန်ဆွတ်ထားသော ဂွမ်းဖြင့် သန့်စင်ပါ။အပြင်ကပြန်လာတိုင်း၊ အစာမစားခင်၊ တစ်စုံတစ်ခုကို ကိုင်တွယ်ပြီးတိုင်း၊ ချောင်းဆိုး/နှာချေပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့်၂၀ကြာဆေးကြောပေးပါ။တံခါးလက်ကိုင်ဖု၊ မီးဖိုချောင်၊ ရေခဲသေတ္တာစသော အိမ်တွင်းရှိ လူအထိအတွေ့များသော မျက်နှာပြင်များကိုလည်းအရက်ပြန်ဖြင့် မကြာခဏဆေးကြောသန့်စင်ပေးပါ။ရေးသားသူ – Dr Rose။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-survival-time-on-clothing-cash-and-pets/
COVID-19 ဗိုင်းရပ်စ် ပြဿနာကြား ခရီးသွား သင့်သလား
COVID-19 ဗိုင်းရပ်စ် ကူးစက်မှုတွေ ကမ္ဘာတလွှား ပျံ့နှံ့လာခဲ့ပြီးနောက် အခုဆိုရင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြန့်ပွားနေပြီဖြစ်ပါတယ်။ ကူးစက်ပျံ့နှံ့မှု မြန်ဆန်တဲ့ ဒီဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာက ပြည်သူတွေရဲ့ ဘဝနေထိုင်မှုတွေ၊ အသက်အန္တရာယ်တွေ၊ စီးပွားရေးတွေ ကို အမျိုးမျိုး ရှုပ်ထွေးလာစေခဲ့ပါတယ်။ဒီလို အခြေအနေမှာ ခရီးသွား ဖို့ ပေါ်လာတဲ့အခါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီနေကြမှာပါပဲ။ ဥပမာ –။ပြည်ပခရီး သွားရောက်ဖို့ကိုတော့ သတိပေးချက်၊ အကြံပြုချက်ပေါင်း တသီတတန်းနဲ့ ကျန်းမာရေးအဖွဲ့အစည်းကြီးတွေက ထုတ်ပြန်ထားကြပါတယ်။ကမ္ဘာအနှံ့နေရာ အတော်များများမှာ ရောဂါကူးစက်မှုတွေ ရှိနေတဲ့အတွက် ပြည်ပခရီး ထွက်တဲ့အခါ ခရီးသည်ရဲ့ သွားလာခွင့် ရမယ့်နေရာတွေ အကန့်အသတ်ရှိနိုင်တယ်၊ ကျန်းမာရေး အထူး စောင့်ကြည့်တဲ့ quarantine မှာ နေရမယ်၊ နယ်စပ် ကန့်သတ်ချက်တွေလည်း ရှိနိုင်တယ်။ပိုဆိုးတာက ကိုယ့်နိုင်ငံ ပြန်လာတဲ့အခါ လည်း တော်တော်လေး အစစ်ဆေးခံရလိမ့်မယ်။ quarantine မှာ ၂၁ ရက်နေရမှာ သေချာပါတယ်။ပြည်တွင်း ခရီးသွားဖို့ကတော့ လူသိပ်စည်ကားတဲ့၊ ပြည့်ကျပ်နေနိုင်တဲ့ ပွဲအခမ်းအနားတွေ မဟုတ်ရင် အပန်းဖြေခရီး သွားလို့ရနိုင်ပါတယ်။ လမ်းခရီးမှာ ရောဂါကာကွယ်မှု အခြေခံအချက်တွေ လိုက်နာရင် ရပါပြီ။ သွားလို့ရပါတယ်၊ သွားပါ သို့သော် ဂရုစိုက်ပါ။ဒါပေမယ့်အသက်ကြီးသူနဲ့ ရောဂါအခံရှိသူတွေ အပါအဝင် COVID-19 ကူးစက်ခံရနိုင်ခြေ ပိုများတဲ့သူတွေ အတွက် တော့ အပျော်စီးသင်္ဘောခရီးစဉ်တွေ မသွားဖို့၊ မဖြစ်မနေ မလိုအပ်ဘဲ လေယာဉ်မစီးဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက သတိပေးထားပါတယ်။ကိုရိုနာ ဗိုင်းရပ်စ်သစ်က အရာဝတ္ထုတွေပေါ်မှာ နာရီပိုင်းကစလို့ ရက်အတော်ကြာထိ အသက်ရှင်နေနိုင်တယ်လို့ သုတေသနတွေအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ COVID-19 ရဲ့ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မလဲ ဆိုတာ ကတော့ အဲဒီအရာဝတ္ထုရဲ့ အမျိုးအစား၊ အပူချိန် နဲ့ စိုထိုင်းဆ တို့လို အချက်တွေကို မူတည်မှာ ဖြစ်ပါတယ်။ထုတ်ပြန်ခဲ့တဲ့ သုတေသနအသစ်အရ သည်ဗိုင်းရပ်စ်ဟာ လေထဲမှာ ၃ နာရီအထိ အသက်ရှင်နိုင်ပြီး ကော့ပါးသတ္ထုပေါ်မှာဆို ၄ နာရီအထိ၊ ကတ်ထူပြားပေါ် ဆို ၂၄ နာရီအထိ၊ ပလတ်စတစ်နဲ့ စတီးတို့ပေါ်မှာ ၂ ရက်မှ ၃ ရက်အထိ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။ဒီလို ရောဂါပိုးကျန်ရှိနေတဲ့ အရာဝတ္ထု မျက်နှာပြင် တစ်ခု ကို ထိတွေ့မိရာကနေ ကိုယ့်ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိတို့ကို လက်နဲ့ ထိကိုင်တဲ့အခါ COVID-19 ကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် လက်ဆေးခိုင်းတာပေါ့။ဒါပေမယ့် COVID-19 ပြန့်ပွားမှု ရဲ့ အဖြစ်များဆုံး နည်းလမ်း ကတော့ ရောဂါပိုးရှိသူက ကိုယ့်အနားကပ်ပြီး နှာချေ သို့မဟုတ် ချောင်းဆိုးလိုက်ရာက အရည်စက်မှုန်တွေ အသက်ရှူလမ်းကြောင်းကတဆင့်  ဝင်ရောက်သွားတာပဲဖြစ်ပါတယ်။အဲဒီ အရည်စက်မှုန်တွေက ရှူမိသူရဲ့ ပါးစပ်နဲ့ နှာခေါင်းတွေထဲ ရောက်ရှိတာ ဒါမှမဟုတ်အဆုတ်ထဲကို ရှူသွင်းမိတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နေမကောင်းသူတွေ နှာခေါင်းစည်း တပ်သင့်တာပါ။ရောဂါကူးစက်မှု ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့ လက်ဆေးပါ။လက်နှစ်ဘက်ကို ဆပ်ပြာနဲ့အကျအနဆေးပြီးကာမှ ရေပိုက်ခေါင်းကို ပိတ်ဖို့ လှမ်းကိုင်ရတာ အဆင်ပြေပါ့မလား။ ဒါ့ကြောင့် ဒီလိုပိတ်တဲ့အခါ လက်သုတ်တစ်ရှူးခံပြီး ဒါမှမဟုတ် တံတောင်ဆစ်ကို သုံးပြီး ရေကိုပိတ်ပါလို့ ဆိုကြပါတယ်။ဒါမှမဟုတ် ကိုယ်စပြီးလက်ဆေးကတည်းက ရေပိုက်ခေါင်းခလုတ်ကိုပါ ဆေးကြောထားလိုက်လည်း ရပါတယ်။ သန့်စင်ခန်းတွေ ၊ ဘေစင်တွေ ဆိုတာက ရောဂါပိုးတွေ ရှိနေနိုင်တဲ့ နေရာတွေလေ။ဒါ့ကြောင့် ခရီးသွားမယ်ဆို COVID-19 ကာကွယ်ဖို့ အတွက် ဘယ်ကိုသွားသွား၊ အိမ်မှာပဲနေနေလက်ဆေးပါ၊ နှာခေါင်းစည်းတပ်ပါ၊မျက်နှာ၊ နှာခေါင်း၊ ပါးစပ်ကို လက်မသန့်ဘဲ မထိမကိုင်ပါနဲ့။လက်သန့်ဆေးရည်ဆောင်ထားပါလို့ အကြံပေးလိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19/
သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ
အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ လူတွေကို အလွန်အမင်း အကျိုးပြုနိုင်တာကြောင့် လူကြိုက်များပြီး မှီဝဲစားသုံးသူလည်း များကြပါတယ်။ဒါပေမယ့် အစားအစာတိုင်းမှာ အကျိုးပြုဓာတ်တွေချည်း ပါဝင်နေတာမဟုတ်ပါဘူး။ လူကို ဥပါဒ်သင့်စေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ပါဝင်နေတတ်ပါတယ်။ အစားအစာ အမျိုးအမည်ပေါ် မူတည်ပြီး ပမာဏ သာကွာခြားတာပါရှိတာပါ။ဒါကြောင့်လည်း တချို့သော အစားအစာတွေဟာ သာမန်အချိန် မှီဝဲစားသောက်ရင်လူကို ကျန်းမာစေ၊ အကျိုးဖြစ်ထွန်းစေပေမယ့် ဖျားနာနေချိန်၊နေမကောင်းချိန်တွေမှာ စားသောက်မိရင်တော့ ဘေးဖြစ်စေတတ်တာပါ။ဒီလိုမျိုး နာမကျန်းဖြစ်နေချိန်မှာ ကိုယ်က အကျိုးပြုတယ်အထင်နဲ့ မှီဝဲစားသောက်ပြီးမှ ဝေဒနာပိုဆိုးသွားတာမျိုး မဖြစ်စေဖို့ဆိုရင် ဘယ်အစားအစာတွေက ဖျားနာနေချိန်မှ မှီဝဲစားသောက်ဖို့မသင့်ဘူးလဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။  ဒီလိုအစားအစာမျိုးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-avoid-when-sick/
လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ
သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်းတွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ်မျိုးပေါ့။ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးကဆေးဖက်ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ကိုလည်းအစိုဓာတ်ထိန်းပြီးကာကွယ်ပေးနိုင်ပါသေးတယ်။နောက်ပြီး သခွားသီးမှာ ကစီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ဗီတာမင် စီ၊ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်နေပြီးတော့ကယ်လိုရီနဲ့ အဆီဓာတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓာတ်ပမာဏက ၉၆ ရာခိုင်နှုန်းမို့ ရေဓာတ်ဖြည့်ပေးနိုင်စွမ်း အလွန်မြင့်မားတဲ့ အစားအစာတစ်ခုလည်း  ဖြစ်ပါရဲ့။ဒီလိုနေရာတကာ အသုံးတည့်လှတဲ့ သခွားသီးမှာလည်း ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနေပါတယ်။ လူသိနည်းလှတဲ့ ဘေးထွက်ဆိုးကျိုးလေးတွေဆိုပေမယ့် သိထားရင်ဖြင့် အကျိုးရှိစေမှာမို့ ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ ကတော့။၁။ အဆိပ်သင့်နိုင်တယ်။သခွားသီးမှာပါဝင်တဲ့ cucurbitacins နဲ့ tetracyclic triterpenoids တွေကအဆိပ်အတောက်တွေဖြစ်ပါတယ်။ သခွားသီးခါးနေရင် မြွေကျော်ထားတာမို့ မစားနဲ့လို့ လူကြီးတွေပြောတာကြားဖူးကြမှာပါ။ တကယ်တော့ သခွားသီးကို ခါးစေတာဟာ ဒီဓာတ် ၂ မျိုးပါ။ ဒီအဆိပ်အတောက်တွေဟာ ပြင်းထန်လွန်းရင် ဒါမှမဟုတ် အခန့်မသင့်ရင် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။၂။ ဆီးသွားရခက်စေတယ်။သခွားသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် သူ့ရဲ့ အစေ့မှာပါရှိနေတဲ့ cucurbitin ဆိုတဲ့ ပါဝင်ပစ္စည်းကတော့ အနုစားဆီးလမ်းကြောင်းပြဿနာတွေ ကြုံရစေနိုင်ပါတယ်။ ဆီးမမှန်တာမျိုးပေါ့။၃။ ဗီတာမင် C လွန်ကဲစေတယ်။ဗီတာမင် Cကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုပေမယ့် လွန်ကဲလာရင် ပြဿနာရှိနိုင်ပါတယ်။ သခွားသီးဟာ ဗီတာမင် C ကြွယ်ဝတာမို့ ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝ မချဖျက်နိုင်ရင် ဗီတာမင် C လွန်ကဲမှုဖြစ်တတ်ပါတယ်။၄။ ကျောက်ကပ်ထိခိုက်စေတယ်။Hyperkalemia က အန္တရာယ်ရှိတဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ သခွားသီးကြောင့် ပိုတက်ဆီယမ်လွန်ကဲပြီး Hyperkalemia ဖြစ်စေနိုင်တာကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။၅။ နှလုံးကျန်းမာရေးကို အန္တရာယ်ပေးနိုင်တယ်။သခွားသီးက ရေဓာတ် ၉၆% အထိပါဝင်နေတာမို့ ရေအလွန်အမင်းသောက်တတ်သူတွေမှာရေဓာတ်လွန်ကဲတာမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သွေးထဲမှာ ရေဓာတ်ပိုလျှံနေတာမျိုးတွေဖြစ်တတ်ပါတယ်။ သွေးထဲမှာ ရေဓာတ်ရှိသင့်တာထက်ပိုနေမယ်ဆိုရင် နှလုံးကိုပါ ထိခိုက်တတ်ပါတယ်။၆။ နို့နဲ့ ဓာတ်မတည့်တာဖြစ်စေနိုင်တယ်။ဘာမှမဆိုင်သလို ထင်ရပေမယ့် အမှန်တရားဖြစ်ပါတယ်။ နို့နဲ့ ဓာတ်မတည့်သူတွေဟာ တခါတရံမှာ သခွားသီးနဲ့ပါ ဓာတ်မတည့်ဖြစ်တတ်တာက ထူးခြားချက်တစ်ခုဖြစ်ပါတယ်။၇။ အော့အန်စေနိုင်တယ်။သခွားသီးမှာပါဝင်တဲ့ အဆိပ်အတောက်တစ်မျိုးဖြစ်တဲ့ cucurbitacin က အစာမကျေဖြစ်စေနိုင်ပြီး ယင်းကြောင့် အော့အန်တာမျိုးဖြစ်စေနိုင်ပါတယ်။၈။ခံတွင်းနဲ့ အရေပြား ဓာတ်မတည့်ဖြစ်နိုင်တယ်။American Academy of Allergy Asthma and Immunology ရဲ့ လေ့လာချက်အရဆိုရင် သခွားသီးဟာ တချို့လူတွေမှာ ဓာတ်မတည့်မှုဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ သခွားသီးတင်မက ငှက်ပျောသီး၊ နေကြာစေ့နဲ့ သခွားမွှေးတွေလည်း ဒီအတိုင်းပါပဲ။ ဓာတ်မတည့်တဲ့အခါ အရေပြားနဲ့ ခံတွင်းမှာ ဝေဒနာအဓိက ခံစားရတတ်ပါတယ်။၉။ တခါတရံနှာခေါင်းပိတ်စေတယ်။သခွားသီးဟာ အအေးစာလို့ မြန်မာအယူအဆရှိပါတယ်။ အမှန်ပါပဲ။ ဒါကြောင့် အသက်ရှူလမ်းကြောင်းပြဿနာတွေ ကြုံရစေနိုင်ပါတယ်။ အထူးသဖြင့်တော့ နှာခေါင်းပိတ်တာနဲ့ သာမန် အအေးမိသလိုမျိုးလောက်ပါပဲ။၁၀။ ကိုယ်ဝန်ဆောင်ချိန်မှာ များများမစားသင့်ဘူး။သခွားသီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့အစားအစာလို့ လေ့လာချက်တွေက ဆိုပါတယ်။ သခွားသီးကို အလွန်အမင်းစားမိရင် ကိုယ်ဝန်ဆောင်မိခင် မအီမသာနဲ့ နေထိုင်မကောင်းဖြစ်စေပါတယ်။ဒါ့အပြင် သခွားသီးဟာ ဆီးသွားတာနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ၊ နာကျင်ကိုက်ခဲတာမျိုးတွေ၊ နေထိုင်မကောင်းဖြစ်တာတွေလည်း ဖြစ်စေနိုင်တာမို့ ချင့်ချိန် မှီဝဲစားသောက်ဖို့ တိုက်တွန်းပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/strange-side-effects-of-cucumber/
အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ
အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ …………။တကယ်လို့ သင့်အနေနဲ့ကိုယ်ဝန်ဆောင်ဖို့စိတ်ကူးရှိတယ်ဆိုရင် ကလေးရော ရနိုင်ပါ့မလား၊ ရအောင်ရော လုပ်လို့ရနိုင်ပါ့မလားလို့ စိတ်ပူနေမယ်ထင်ပါတယ်။ သင့်ရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတချို့လို အကြောင်းရင်းတွေကိုတော့ သင့်အနေနဲ့ ပြောင်းလဲလို့မရနိုင်ပါဘူး။ဒါပေမယ့် ဒါဟာ အဆုံးသတ်တော့ မဟုတ်သေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင်မှုက မျိုးပွားနိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာကို မပြောခင် အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်စွမ်းအကြောင်းကနေ စပြောချင်ပါတယ်။အမျိုးသမီးတစ်ယောက် မျိုးပွားနိုင်စွမ်းဆိုတာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်စွမ်းကို ဆိုလိုတာဖြစ်ပါတယ်။တကယ်လို့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို မကြာခဏ ပြုလုပ်ပါလျက်နဲ့ တစ်နှစ်တိတိ ကြာတဲ့အထိ ကိုယ်ဝန်မရသေးဘူး၊ အသက် ၄၀ နောက်ပိုင်းဆိုရင်တော့ ၆လကြာတဲ့အထိ မရသေးဘူးဆိုရင် သင်ရော သင့်အဖော်ရော ကိုယ်ဝန်ဆောင်နိုင်စွမ်းအပေါ် သတိရှိသင့်ပါတယ်။များပြားလှတဲ့ကျန်းမာရေးပြဿနာတွေက အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားနိုင်စွမ်းကို ပြဿနာပေးပါတယ်။အသက်အရွယ်အရလည်း မျိုးပွားနိုင်စွမ်းအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် အချိန်ကြာကြာ ကိုယ်ဝန်တားထားတာနဲ့အမျှ သင့်ရဲ့ မျိုးပွားနိုင်စွမ်းကလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မမျိုးဥဟာ ငယ်ရွယ်သူတွေရဲ့ မမျိုးဥထက်စာရင် ပိုပြီး သန္ဓေအောင်ဖို့ခက်ပါတယ်။ နောက်ပြီး သန္ဓေအောင်သွားရင်တောင်မှ ပုံမှန်အတိုင်း ဖွံ့ဖြိုးဖို့ ခက်တတ်ပါတယ်။အခုပြောပြမယ့် ကျန်းမာစွာနေထိုင်နည်းတွေကတော့ သင့်ရဲ့မျိုးပွားနိုင်စွမ်းတက်ဖို့မှာ အထောက်အကူပေးပါလိမ့်မယ်။တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်လည်းဆောင်ချင်တယ်၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံက ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို အနှောင့်အယှက်ပေးနေတယ်ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ သူက သင့်ရဲ့မျိုးအောင်နိုင်စွမ်းတက်လာအောင်၊ ကိုယ်ဝန်ဆောင်နိုင်စွမ်း မြင့်လာအောင် ကူညီအကြံပေးနိုင်ပါလိမ့်မယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/how-to-get-pregnant-after-40s/
ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။
ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။ ဆိုတာကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။ ဆိုတာ မပြောခင် ဘာမီတွန်ကို ဘာအတွက် သုံးလို့ရလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ဘာမီတွန်ကိုဓာတ်မတည့်မှုတွေ၊အရေပြားမှာအဖုအပိမ့်တွေထွက်တာတွေအတွက်အသုံးပြုကြတာပါ။ ဘာမီတွန်ကို အရေပြားမှာအင်ပျဉ်တွေထွက်တဲ့အခါ၊ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှူရခက်တာ၊မျက်နှာ၊နှုတ်ခမ်း၊ လျှာနဲ့ လည်ပင်းတွေမှာ ဓာတ်တည့်မှုကြောင့်ဖြစ်လာတဲ့ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရတဲ့ဆေးတစ်မျိုးပေါ့။ဆေးဝါးတစ်ခုခုကို သောက်သုံးတဲ့အခါ ဆေးညွှန်းအတိုင်း အတိအကျသောက်ဖို့က အရေးကြီးပါတယ်။ ဒီလိုမှပဲ မလိုအပ်တဲ့အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာပါ။ ဘာမီတွန်သောက်မယ်ဆိုရင်တော့ –။သတိထားရမယ့်နောက်တစ်ချက်က အရေပြားဓာတ်မတည့်တာဖြစ်ဖြစ် ဓာတ်မတည့်တာတစ်ခုခုကြောင့်ဖြစ်ဖြစ် ဘာမီတွန်ကိုသောက်နေရတယ်ဆိုရင်လည်း အများဆုံးအချိန်အတိုင်းအတာအနေနဲ့ ၇ ရက်အထိပဲ ဆက်တိုက်သောက်သင့်ပါတယ်။ ၇ ရက်ကျော်တဲ့အထိမှ ရောဂါအခြေအနေသက်သာလာတာမရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ပါ။ ဘာမီတွန်က အချိန်အကြာကြီးစွဲသောက်ဖို့ မသင့်တော်ပါဘူး။ဆေးဝါးတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလွန်အကျွံသောက်ရင် အန္တရာယ်များပါတယ်။ ဘာမီတွန်ကို အတိုင်းအဆမှန်မှန်သောက်သုံးမယ်ဆိုရင်ရောဂါတွေကို သက်သာစေမှာမှန်ပေမယ့် အများကြီးသောက်မယ်၊ အချိန်ကြာမြင့်စွာသောက်မယ်ဆိုရင်တော့ အခုလိုမျိုး ပြဿနာတွေခံစားရနိုင်ပါတယ်။ဒါတွေတင်မကပါဘူး။ ဘာမီတွန်ကို အများကြီးသောက်လိုက်မယ်ဆိုရင်။ဒီအခြေအနေတွေက အရေးပေါ်အခြေအနေတွေဖြစ်တာကြောင့် လူနာကို နီးစပ်ရာဆေးရုံကို အမြန်ဆုံးခေါ်သွားပြီး ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ တကယ်လို့ အချိန်မီမပို့ဆောင်နိုင်တာမျိုးဖြစ်မယ်ဆိုရင် အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်ပါတယ်။ဘာမီတွန်ကို အယ်လ်ကိုဟောပါတဲ့သောက်စရာတွေနဲ့ တွဲဖက်သောက်သုံးတာမျိုးလုံးဝမလုပ်သင့်ပါဘူး။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/chlorpheniramine-dosage/
ယာဉ်မတော်တဆမှုဖြစ်တဲ့သူကို အရေးပေါ်ဘယ်လိုကူညီမလဲ
လမ်းသွားရင်း ကိုယ့်အနီးအနားမှာမတော်တဆထိခိုက်မှုတစ်ခုခုဖြစ်တာမျိုး ကြုံဖူးကြလား။ ကူညီပေးချင်ပေမယ့် ဘာလုပ်ပေးရမှန်းမသိဘဲ ဒီအတိုင်းကြည့်နေရတာလား။ ဖုန်းကိုထုတ်လိုက်တာ ဓါတ်ပုံရိုက်၊ပို့စ်တင်ဖို့လောက်တော့ မဖြစ်ကြစေနဲ့ပေါ့နော်။ အရေးပေါ်ဆေးရုံကားကို အမြန်ခေါ်ပေးလိုက်ပါ။ ဒဏ်ရာသိပ်ပြင်းထန်ရင်ဆေးရုံကားနဲ့မှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်သူတွေဆီမရောက်ခင်မှာဘေးကနေ အရေးပေါ်ကူညီပေးလို့ရနိုင်မယ့် အကြံပြုချက်တချို့ကို သိထားသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9a%e1%80%ac%e1%80%a5%e1%80%b9%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%90%e1%80%86%e1%80%99%e1%82%88%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%b0/
Bounding pulse (သွေးခုန်နှုန်းပြင်းထန်ခြင်း (ဘောင်းဒင်းပါ့စ်))
သွေးခုန်နှုန်းပြင်းထန်ခြင်းဆိုတာ နှလုံးခုန်နှုန်းအရမ်းမြန်ပြီး ပြင်းထန်နေတာကို သွေးခုန်နှုန်းမှာ ခံစားရတာပါ။ သွေးခုန်နှုန်းက ပြင်းထန်နေမယ်ဆိုရင် ဘောင်းဒင်းပါ့စ်လို့ခေါ်နိုင်ပါတယ်။ ဆရာဝန်က ထိုကဲ့သို့သော သွေးခုန်နှုန်းကို နှလုံးခုန်ရင်တုန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောနှလုံးခုန်နှုန်းပြင်းထန်ခြင်းလို့ယူဆနိုင်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဘောင်းဒင်းပါ့စ်ရှိမယ်ဆိုရင် နှလုံးက ပုံမှန်ထက်ပိုခုန်နေမယ်လို့ ခံစားရပါလိမ့်မယ်။ သင့်သွေးခုန်နှုန်းကို လည်ပင်းမှာ ခံစားရနိုင်ပါတယ်။ တစ်ခါတစ်ရံ အရေပြားအောက်မှာတောင် လှုပ်နေတဲ့သွေးခုန်နှုန်းလေးကို အားပြင်းတာကြောင့် မြင်ရနိုင်ပါတယ်။ နှလုံးက စည်းချက်မမှန်စွာခုန်နေမယ် သို့မဟုတ် နှလုံးခုန်းသံ တစ်ခုကို ကျော်ပြီးခုန်သွားမယ် သို့မဟုတ် အားပြင်သော အပိုနှလုံးခုန်သံတစ်ခုတိုးလာမယ် စသည်တို့ကို ခံစားရနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘောင်းဒင်းပါ့စ် အများစုက ရုတ်ချည်းဖြစ်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားကြကာ စိတ်ပူစရာမရှိပါဘူး။ နှလုံးရောဂါရှိမယ် သို့မဟုတ် ဘောင်းဒင်းပါ့စ်ရှိဖူးမယ်ဆိုရင် ဆရာဝန်အား တန်နိုင်သမျှ မြန်မြန် ပြောပြပါ။ဘောင်းဒင်းပါ့စ်နဲ့တွဲကာ အောက်ပါရောဂါလက္ခဏာများ ရှိနေလျှင် နှလုံးဖောက်ခြင်းလိုမျိုး စိုးရိမ်ရတဲ့ ရောဂါအခြေအနေတွေ ဖြစ်နေနိုင်တဲ့အကြောင့် အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘောင်းဒင်းပါ့စ်အမျိုးအစားများစွာရှိပြီး တချို့ကတော့ စိုးရိမ်ရပါတယ်။ တချို့အခြေအနေတွေမှာ ဘောင်းဒင်းပါ့စ်ရဲ့ အကြောင်းအရင်းကို မတွေ့ရှိကြဘဲ သူ့အလိုလိုပျောက်သွားနိုင်တယ်လို့ ထင်ကြပါတယ်။ ဘောင်းဒင်းပါ့စ်က မပျောက်ဘဲ သိသာထင်ရှားလာတဲ့ အခြေအနေမျိုးတွေမှာတော့ စိုးရိမ်ရတဲ့ ရောဂါရင်းမြစ်တွေ ရှိနေနိုင်ပါတယ်။ အောက်ပါတို့က ဘောင်းဒင်းပါ့စ်ရဲ့ အကြောင်းအရင်းအချို့ဖြစ်ပါတယ်။အခြားအကြောင်းအရင်းများ။နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ဘောင်းဒင်းပါ့စ် ဘယ်အချိန်မှာဖြစ်တယ်နဲ့ ဘာလုပ်ရင်ဖြစ်တယ်ဆိုတာတွေကို မှတ်ထားပါ။ မိသားစုရောဂါရာဇဝင်ကိုလည်း သိနေပါစေ။ သင့်ရောဂါလက္ခဏာတွေရဲ့ ရင်းမြစ်ကို ဆရာဝန်ရှာဖွေတွေ့ရှိနိုင်အောင် ကူညီပေးမှာပါ။သင်နဲ့သင့်မိသားစုထဲမှာ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါ၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ပူပန်မှုတွေ ဖြစ်ဖူးလားနဲ့ ပတ်သက်ပြီး ဆွေးနွေးပါလိမ့်မယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်သော လည်ပင်းဂလင်းရောင်ခြင်းကို ရှာဖွေပါလိမ့်မယ်။ နှလုံးစည်းချက်မမှန်ခြင်းတွေကို သိရှိဖို့ ရင်ဘတ်ဓါတ်မှန်နဲ့ အီးစီဂျီတို့ ရိုက်နိုင်ပါတယ်။ ECG ဆိုတာ လျှပ်စစ်ဓါတ်ကို အသုံးပြုပြီး နှလုံးခုန်မှုတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းက သင့်ရဲ့ နှလုံးစည်းချက်အား ဆရာဝန်ကို သိရှိစေနိုင်ပါတယ်။ဘောင်းဒင်းပါ့စ်ဟာ နှလုံးစည်းချက်မမှန်ခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း စသည့်ရောဂါများကြောင့် မဟုတ်ဘူးဆိုရင် ကုသမှု များသောအားဖြင့် မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း အဝလွန်ခြင်းကြောင့်ဖြစ်မယ်ဆိုရင် ကိုယ်အလေးချိန်ကျဖို့၊ ကျန်းမာတက်ကြွစွာနေဖို့ အကြံပြုနိုင်ပါတယ်။အလုံးစုံကျန်းမာနေတယ်ဆိုရင် ကဖင်းနဲ့ စိတ်ဖိစီးမှုတွေလိုမျိုး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေဖြစ်စေသော အရာတွေကို လျော့ချဖို့ နည်းလမ်းကို အကြံပြုနိုင်ပါတယ်။ဘောင်းဒင်းပါ့စ်က သိုင်းရွိုက်ဟော်မုန်းများခြင်းနဲ့ နှလုံးစည်းချက်မမှန်ခြင်းကြောင့် ဖြစ်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားထားတဲ့ ကုသမှုအစီအစဉ်အတိုင်း ပြုလုပ်ဖို့ မမေ့ပါနှင့်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးများအားလုံးသောက်ရပါမယ်။အဝလွန်ပြီး ဘောင်းဒင်းပါ့စ်ဖြစ်နေမယ်ဆိုရင် ကိုယ်အလေးချိန်ကျပြီး သန်သန်စွမ်းစွမ်းရှိလာစေရန်အတွက် ကျန်းမာရေးနဲ့ ညီညွတ်သော နည်းလမ်းများကို လိုက်နာပါ။ ကိုယ်ခန္ဓါသွက်လက်ကျန်းမာစေဖို့ အောက်ပါလွယ်ကူပြီး ပျော်စရာကောင်းသော နည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ပါတယ်။စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတို့က တရားခံဆိုရင် အောက်ပါတို့ကို ပြုလုပ်ခြင်းဖြင့် ယင်းစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျော့ချနိုင်ပါတယ်။နှလုံးခုန်ရင်တုန်ခြင်းအတွက် စိုးရိမ်စရာမရှိဘူးလို့ ဆရာဝန်က အတည်ပြုလိုက်ပြီဆိုရင် နောက်ထပ်စိတ်ပူမနေပါနဲ့တော့။ ထိုအရာတွေနဲ့ ပတ်သက်ပြီး စိတ်ပူနေတာက သင့်အတွက် အပိုစိတ်ဖိစီးမှုတစ်ခုလိုပါပဲ။အရက်နဲ့ ကဖင်းစားသုံးမှု လျော့ချလိုက်တာက ဘောင်းဒင်းပါ့စ်ကိုလည်း ကာကွယ်ရာရောက်ပါတယ်။ အားဖြည့်အချိုရည်တွေမှာသုံးတဲ့ ဓါတုပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ ဆေးလိပ်တို့ဟာ ဖော်ပြရောဂါရဲ့ လှုံ့ဆော်သူများဖြစ်တာကြောင့် ရှောင်ကျဉ်ဖို့ လိုပါတယ်။ ပန်းနာရင်ကြပ်ဆေးလိုမျိုး လှုံ့ဆော်ဆေးတွေ အသုံးပြုနေရင်လည်း ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပြီး အစားထိုးဆေးတစ်မျိုးကို ပြောင်းသုံးရပါမယ်။ ဘောင်းဒင်းပါ့စ်ကို လှုံ့ဆော်မည့်အရာအားလုံးအား တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/bounding-pulse-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%af%e1%80%94%e1%80%ba%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91/
နှလုံးကြွက်သားပုပ်ခြင်း အရေးပေါ်အခြေအနေ
နှလုံးဆိုတာကိုယ်ခန္ဓါအစိတ်အပိုင်းတွေ အတွက် လိုအပ်တဲ့ အောက်စီဂျင်နဲ့သွေးတွေကို ဖြန့်ဝေပေးသလို သူကိုယ်တိုင်အတွက်လည်း သွေးတွေ အောက်ဆီဂျင်တွေ ရဖိုရှိဖို့ လိုအပ်ပြီး နှလုံးသွေးကြောတွေကနေ ထောက်ပံ့ပေးပါတယ်။ အကြောင်းတစ်ခုခုကြောင့်နှလုံးသွေးကြောတွေပိတ်သွားမယ်၊ ကျဉ်းသွားမယ်ဆို နှလုံးကြွက်သားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ၊ အောက်စီဂျင်တွေကို မရနိုင်တော့ပါဘူး။ ဒီလို အောက်ဆီဂျင်ပြတ်တာ ကြာသွားရင် နှလုံးကြွက်သား ပုပ်သွားနိုင်ပါတယ်။ ဒါကို ဆေးပညာအရ Myocardial Infarction (နှလုံးကြွက်သားပုပ်သွားခြင်း) လို့ခေါ်ပါတယ်။နှလုံးကြွက်သား ပုပ်တာဟာ လုံလောက်တဲ့ အာဟာရဓါတ်တွေ၊ အောက်ဆီဂျင်တွေကို နှလုံးက မရတော့လို့ဖြစ်တာပါ။ ဘာကြောင့် မရတော့တာလဲဆိုရင် အောက်ဆီဂျင် သယ်လာတဲ့ သွေးကြောတွေက တစ်နေရာမှာ ကျဉ်းနေတာ၊ သွေးကြောပိတ်နေတာ ဆိုရင် လိုအပ်တဲ့နေရာကို အချိန်မီ မရောက်နိုင်တာ (ဒါမှမဟုတ်) လုံးဝကို မရောက်နိုင်တော့တာ ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအခါ နှလုံးကြွက်သားတွေ ပုပ်သွားပါတော့တယ်။သွေးတွင်း အဆီဓါတ် (ကိုလက်စထရော) တွေများတဲ့သူတွေ၊သွေးတိုးသမား၊ဆီးချိုသမားတွေ၊အဝလွန်တဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ အရင်တည်းက နှလုံးအောင့်တတ်တဲ့သူတွေနဲ့ နှလုံးရောဂါမျိုးရိုးရှိသူတွေ၊ အထိုင်များတဲ့သူတွေ၊ စိတ်ဖိစီးမှု များတဲ့ သူတွေက အခြားသူတွေထက်စာရင် နှလုံးရောဂါ ပိုဖြစ်နိုင်ပါတယ်။ပြောပြခဲ့တဲ့ လက္ခဏာတွေလည်း ရှိနေတယ်၊ စစ်ဆေးကြည့်တော့ လည်းရောဂါ ရှိနေတာ သေချာပြီဆိုရင် ဝေဒနာသက်သာအောင် ကုသရပါတော့မယ်။ ခနနေကျ ပျောက်မှာလားမသိဘူးဆိုပြီး အိမ်မှာပဲမှိန်းနေလို့မရပါဘူး။ နှလုံးအောင့်တာဖြစ်ပြီးတာနဲ့ မိနစ်နဲ့ အမျှ နှလုံးကြွက်သားတွေပုပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးအောင့်နေပြီဆိုတာနဲ့ ဖြစ်ဖြစ်ချင်းဆေးရုံကို ပြေးတာကသာ အကောင်းဆုံးပါ။ နှလုံးအောင့်တာကလည်း နှလုံးသွေးကြောပိတ်တာ၊ ကျဉ်းတာကြောင့် ဖြစ်တဲ့အတွက် မြန်မြန်ကုသမှုခံယူလေ သွေးကြောပိတ်နေတာ ပြန်ပွင့်နိုင်ဖို့ အခွင့်အလမ်းပိုများနိုင်လေ မို့လို့ပါ။ဘယ်အချိန်အတွင်း ဆေးရုံကို သွားရင် အချိန်မီနိုင်သလဲ။ ။နှလုံးစအောင့်တဲ့အချိန်ကနေရေရင် ၆နာရီ အတွင်း ဆေးရုံကိုရောက်နိုင်ရင် အကောင်းဆုံးပါ။ ဆေးပညာမှာတော့ အဲဒီ ၆ နာရီကိုGolden Hourလို့ခေါ်ပါတယ်။ Golden Hour အတွင်းသာရောက်နိုင်ရင် သင့်နှလုံးလေးကို အချိန်မီကုသနိုင်မှာပါ။ သောက်ဆေးတွေပေးပြီးကုသမယ်၊ ပိတ်သွားတဲ့ နှလုံးသွေးကြောတွေကို ပိုက်ထည့်ပြီး ပြန်ပွင့်အောင်လုပ်မယ်။ ကျဉ်းသွားတဲ့ သွေးကြောလေးတွေကို ပြန်ချဲ့ပေးမယ် ဒါတွေအားလုံးကို အချိန်မီ ဆေးရုံကလုပ်ပေးနိုင်ပါတယ်။ဖြစ်မှကုသတာထက်စာရင် မဖြစ်ခင်ကတည်းကြိုတင်ကာကွယ်မယ်ဆိုပိုကောင်းပါတယ်။ ဒါကြောင့် အဆီတွေလျှော့စားတာ၊ သွေးတိုးဆီးချိုကိုထိန်းတာ၊ ဆေးလိပ်အရက်လျှော့သောက်တာ၊ကိုယ်အလေးချိန်ေလျှာ့တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေလည်းလုပ်ပေးမယ်ဆိုရင် နှလုံးလေးကို ကျန်းမာစေမှာပါ။ ဖြစ်လာပြီဆိုရင်လည်း မပေါ့ဆဘဲ ဆေးရုံကိုသွားကာ အမြန်ဆုံးကုသမှု ခံယူတာ အကောင်းဆုံးပါ။ နှလုံးရောဂါလောက် အချိန်နဲ့အမျှ အရေးကြီးတဲ့ ရောဂါ မရှိနိုင်တော့ဘူးလေ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/myocardial-infection/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/could-ginger-ease-lupus-symptoms/
နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ
အစာစားချိန်နောက်ကျတာက လူ့ကျန်းမာရေးကို အကျိုးမပြုပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က လူအများစုဟာ ညနေ ၆ နာရီနောက်ပိုင်းမှာညစာစားကြတာများပါတယ်။ လေ့လာချက်တွေကတော့ အစာစားချိန်နောက်ကျပြီး ညဉ့်နက်တာ၊ မိုးချုပ်တာတွေဟာ ကိုယ်အလေးချိန် ပိုပြီး မြင့်တက်လာအောင် တွန်းအားပေးတယ်လို့ ဆိုကြပါတယ်။ဗြိတိန်သိပ္ပံပညာရှင်တွေရဲ့ အဆိုအရဆိုရင် ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာ ဒါမှမဟုတ် အဆာပြေစာ စားဖြစ်ရင် ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်း ပိုမိုအားနည်းပြီးကိုယ်အလေးချိန်ပိုမိုတိုးပွားစေလေ့ရှိတယ်လို့ ဆိုပါတယ်။အိပ်ရာဝင်ခါနီး ဒါမှမဟုတ် ညဘက်ရောက်မှ ညစာစားသူတွေဟာ အချိန်စောစော ညစာစားသူတွေထက် BMI ရမှတ်မှာ ၁.၃ မှတ်အထိ ကွာဟနေတတ်တယ်လို့ လေ့လာချက်မှာဆိုထားပါတယ်။BMI၁.၃ အထိကွာဟတယ်ဆိုတာက အရပ် ၁၇၀ စင်တီမီတာရှိပြီး ညဘက် ညစာစောစောစားတဲ့လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ပေါင် ၁၈၀ ပေါင်လေးမယ်ဆိုရင် သူနဲအရပ်တူ ညဘက်ညစာစားတဲ့သူတစ်ယောက်မှာတော့ သူ့ထက် ၇ ပေါင် ဝိတ်ပိုများနေမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ညဉ့်နက်မှ  ဒါမှမဟုတ် နောက်ကျမှ ညစာစားတဲ့အခါ အောက်ပါပြဿနာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါတွေကတော့။ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။ဗီတာမင် Cပါဝင်တဲ့ သစ်သီးဝလံတွေကို အနည်းအကျဉ်းစားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် သတိထားသင့်တာကတော့ အလွန်အကျွံစားတာမျိုး မပြုမူမိဖို့နဲ့ အရမ်းချဉ်တာတွေ မစားမိဖို့လည်း လိုအပ်တယ်ဆိုတာပါပဲ။အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေရဲ့ အများစုမှာCitric Acidပါဝင်နေတတ်ပြီး အိပ်ချိန်နဲ့နီးကပ်နေချိန်မှာ အလွန်ချဉ်တဲ့ အစားအစာစာတွေကို မှီဝဲစားသောက်တာက အစာအိမ်အချဉ်ပေါက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ ဘာမှမစားဖြစ်အောင် နေတာက ပိုကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။အိပ်ခါနီးမှာ အစာစားတာဟာ လည်ချောင်းအတွင်းမှာ ချွဲတွေကို ခဲနေစေတတ်တာကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မောပန်းနွမ်းလျတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ လမ်းညွှန်ကြတာပါ။အကြမ်းဖျဉ်းအားဖြင့် အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကို ၃ နာရီလောက် ခြားထားပေးတာက နည်းလမ်းကောင်းဖြစ်ပြီး အကောင်းဆုံးနည်းလမ်းကတော့ ညနေ ၆ နာရီမတိုင်ခင်မှာ ညစာမစားတာပဲဖြစ်ပါတယ်။တကယ်လို့ စားဖြစ်တယ်ဆိုရင်တောင်မှ အနည်းအကျဉ်းသာ မှီဝဲသုံးဆောင်စေချင်ပါတယ်။  ခုလိုပြုမူမယ်ဆိုရင် ဒါမှသာ အိပ်စက်ရာမှာလည်း အထောက်အကူဖြစ်စေမှာဖြစ်စေပြီး အိပ်ရာထချိန်မှာလည်း လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/why-eating-late-at-night-is-bad-for-you/
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အပေါ့အလေး အရေးအခင်းဆိုတာ အပြင်သွားတဲ့အချိန်မှာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ဒီလိုအချိန်မျိုးဆိုရင် စူပါမားကတ် တစ်ခုခုထဲ အမြန်ဝင်ပြီး အများသုံးသန့်စင်ခန်းတွေ ရှာရတော့တာပဲမလား။ ဒါကတော့ သိပ်ပြဿနာမရှိပါဘူး။ ပြဿနာက လက်ဆေးပြီးနောက်ပိုင်းမှ စတာပါ။ တချို့အိမ်သာတွေမှာ တစ်သျှူးထားပေးထားတယ်၊ တချို့မှာက လက်အခြောက်ခံဖို့ အပူပေးစက်တွေ ထားပေးထားတယ်၊ ဒါမှမဟုတ်လည်း ၂မျိုးလုံးပေါ့။ လေ့လာချက်တွေအရ ဒီလက်အခြောက်ခံစက်တွေဟာဘက်တီးရီးယားပိုးပေါင်း မြောက်များစွာကို စိုနေတဲ့လက်ပေါ် ပြန်ကပ်သွားစေပြီး လူကိုဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ကဲ …. သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ အကြောင်း လေ့လာလိုက်ရအောင်နော်။လက်အခြောက်ခံစက်သည် အပူ၊ အအေး ၂မျိုးလုံးဖြင့် လေမှုတ်ထုတ်ကာ လက်ကိုအခြောက်ခံဖို့ပဲ ဖြစ်ပါတယ်။ အဓိကပြဿနာက စက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေအပြင် အသုံးပြုသမျှ လူတိုင်းရဲ့ ရောဂါပိုးပေါင်းများစွာ၊ အပေါ့အလေးသွားပြီးလို့ ထွက်လာတဲ့ အနံ့အသက်နဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးပေါင်းများစွာ အထဲမှာ ခိုအောင်းနေပါတယ်။ လက်အခြောက်ခံစက်ကို အသုံးပြုတဲ့အခါ နဂို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးထားပြီးသားလက်ပေါ်ကို ရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ လေပြင်းတွေက အရှိန်ပြင်းပြင်းနဲ့ ဝင်လာပြီး လက်ပေါ်ကို ရေတွေကို ခြောက်စေကာ ရောဂါပိုးတွေကို လက်ပေါ်မှာ ဒီအတိုင်း ထားပစ်ခဲ့တာဖြစ်ပါတယ်။တစ်ချိန်တုန်းကတော့ အများသုံးသန့်စင်ခန်းတွေမှာ လက်အခြောက်ခံစက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်း မရှိသေးဘဲ တစ်သျှူးလိပ်တွေကိုသာ ရေသုတ်ဖို့အတွက် ထားပေးထားတာပါ။ အဲ့နောက်ပိုင်းမှာတော့ တစ်သျှူးတွေဟာ ဝန်ထုပ်ဝန်ပိုးအမှိုက်ပွစေတယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ် အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ တစ်သျှူးတွေအစား လက်အခြောက်ခံစက်ကို နေရာတော်တော်များများက အိမ်သာတွေမှာ တပ်ဆင်လာကြတာပဲဖြစ်ပါတယ်။ရောဂါပိုးမွှားအများစုက ပူနွေးစိုစွတ်တဲ့ နေရာကို သဘောကျပြီး သူတို့အတွက် အသက်ရှင်ရတာလည်း လွယ်ကူသလို အကောင်ရေ ပွားများရတာလည်း ပိုလွယ်ပါတယ်။ လက်အခြောက်ခံစက်ဆိုတဲ့အတိုင်း လက်ဆေးပြီးသားရေတွေနဲ့ စိုစွတ်နေတဲ့အပြင် လျှပ်စစ်မီးနဲ့ ဆက်သွယ်ထားတာဖြစ်တဲ့အတွက် အထဲမှာ ပူနွေးစိုစွတ်နေမှာ အသေအချာပါပဲ။ ဒီလို လက်အခြောက်ခံစက်ထဲမှာ။•ဖျားနာခြင်း။• ချောင်းဆိုးခြင်း။• နှာစေးခြင်း။•အအေးမိတုပ်ကွေး။• ဗိုက်အောင့်ဗိုက်နာ။• ဓာတ်မတည့်ခြင်း။• အသားယားယံစေခြင်း။•ဝမ်းပျက်ဝမ်းလျှောအပြင် တခြားရောဂါပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေအပြင် မစင်ထဲမှာသာ တွေ့ရတတ်တဲ့ ပိုးမွှားတွေလည်း ပါနိုင်ပါတယ်။ဒီနေရာမှာ တစ်ခုပြောချင်တာက ရောဂါပိုးမွှားတွေသည် လေထဲမှာ အမြဲရှိနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူပေါင်းများစွာ ဝင်ထွက်သွားလာတဲ့အခါ သူတို့ ရှူသွင်းရှူထုတ်လိုက်တဲ့လေထဲမှာရော၊ အပြင်မသန့်ရှင်းတဲ့ လေထု၊ ဖုန်မှုန့်တွေဟာ ကိုယ့်အသားမှာ ကပ်ငြိနေနိုင်ပါတယ်။ ကွာသွားတာတစ်ခုက လက်အခြောက်ခံစက်တွေက ကိုယ့်လက်အရေပြားပေါ်ကို တိုက်ရိုက်ကျလာတဲ့အတွက် ပိုးကောင်ရေပေါင်းများစွာက တစ်ပါတည်း ကပ်ငြိလာတာဖြစ်ပြီး ကျန်တဲ့ အခြေအနေတွေကတော့ ကပ်ငြိခဲ့ရင်တောင်မှ ပိုးကောင် တစ်ကောင်၊ နှစ်ကောင်လောက်ပဲ ကပ်နိုင်ပါတယ်။ဒါကြောင့် အများသုံးသန့်စင်ခန်းတွေ ဝင်ပြီး ပြန်ထွက်လာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပါ။ ရေစိုနေတဲ့ လက်ကို လက်အခြောက်ခံစက်အစား တစ်သျှူးနဲ့ပဲ သေချာသုတ်ပေးပါ။ ဒါက ပိုစိတ်ချရပြီး ဘေးကင်းပါတယ်။ အကယ်လို့ တစ်သျှူးမထားပေးထားဘူးဆိုရင်တော့ ဒီအတိုင်း ထွက်လာပါ။ ၂ မိနစ်လောက်နေရင် လက်ပေါ်က ရေတွေက သူ့ဘာသာခြောက်သွားပါလိမ့်မယ်။ ဒီကိစ္စကို သေချာလေး ဂရုစိုက်ဖို့ တိုက်တွန်းပေးလိုက်တယ်နော်။Hello ဆရာဝန်ကို အမြဲအားပေးနေတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/hand-dryers-in-public-restrooms-are-bacteria-bombs/
ကိုဗစ်ကာလမှာ ဘယ်လို သားဆက်ခြားမယ် စိတ်ကူးလဲ။
ကိုဗစ်နာမည်ကြားရတာတောင် စိတ်ညစ်လှပြီ။ ကိုဗစ်ကြောင့် အလုပ်တွေ ပျက်ရသလို တစ်နေ့တစ်နေ့ အိမ်ထဲနေရင်း ပျင်းရိလာပြီ။ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုရဖို့တောင် ခက်ခဲတဲ့ကာလနော်။ဒီကာလမှာနေမကောင်း၊ ဖျားနာတာမဖြစ်အောင် နေတယ်ဆိုပေမယ့်။ အိမ်ထောင်ရှင်တွေအတွက်ကျ ကျန်းမာရေး ဂရုစိုက်တာအပြင်သားဆက်ခြားဖို့ကလည်း မေ့ထားလို့ မဖြစ်တဲ့အရာပါ။ ကိုဗစ်ကာလမို့  တားဆေးသောက်နေတယ်၊ ဆေးကကုန်သွားပြီ ထပ်ဝယ်လို့မရဘူးဆိုတဲ့ ပြဿနာ၊ ထိုးဆေးက ရက်ပြည့်ပြီ ပြန်ထိုးဖို့ကျ ဆေးခန်းက မဖွင့်လို့ ဆိုတဲ့ ပြဿနာ၊အရေးပေါ် သန္ဓေတားဆေးကျ အဆင်မပြေဘူးဆိုပြီး သားဆက်ခြားဖို့ အခက်အခဲတွ ကြုံနေမယ် ထင်ပါတယ်။ကိုဗစ်ကာလမှာမတော်တဆ ကိုယ်ဝန်ရသွားတာမျိုး မလိုချင်ဘူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ကိုဗစ်ကြောင့် သားဆက်ခြားဖို့ ခက်ခဲနေတယ်ဆိုရင် အလွယ်ကူဆုံးနည်းလမ်းက။ကွန်ဒုံးက မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးသလိုလိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကိုပါ တားဆီးပေးပါတယ်။ ဆေးတွေ အလွယ်တကူ ဝယ်လို့မရတဲ့ အခြေအနေမှာအလွယ်ကူဆုံး သားဆက်ခြားနိုင်မယ့် နည်းလမ်းက ကွန်ဒုံး အသုံးပြုတာပါ။လေဒီ အများစုရဲ့ ရာသီစက်ဝန်းက ၂၈ ရက်ရှိတယ်ဆိုရင် အကြမ်းအားဖြင့် လဝက် ၁၄ ရက်လောက်မှာ သားဥကြွေမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တစ်လတစ်လ ရာသီ စောလာတတ်တဲ့သူလည်းရှိသလိုနောက်ကျမှာလာတဲ့သူလည်းရှိတဲ့အတွက် ကိုယ့်ရာသီစက်ဝန်းကာလပေါ်မူတည်ပြီးသားဥကြွေတာအပြောင်းအလဲရှိနိုင်ပါတယ်။ဒါကြောင့် နားလည်လွယ်အောင် ပြောရမယ်ဆိုရင် ကိုယ့်ရာသီစက်ဝန်း အလယ်ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက် မှာ သားဥကြွေတယ်လို့ ပြောလို့ရပါတယ်။ ဥပမာ ကိုယ့်ရာသီစက်ဝန်းက ရက် ၃၀ ဆိုရင် သားဥ ကြွေချိန်က ၃၀ ရက်ရဲ့တစ်ဝက် ၁၅ရက်နေ့ရဲ့ ရှေ့ ၄ ရက် နောက် ၄ ရက်လို့ ပြောလို့ရပါတယ်။ ဒီလို သားဥကြွေချိန်တွေကို ရှောင်ပြီး အတူနေလို့ရပါတယ်။သန္ဓေတား ကပ်ခွာက ၁၂ လလောက်အထိ အာနိသင်ရှိပါတယ်။ အခုလိုကာလမှ ဆေးထိုးဖို့ မလွယ်ဘူးဆိုရင် သန္ဓေတား ကပ်ခွာကပ်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ဆေးထိုးဖို့ကတော့ ဒီကာလမှာ ခက်ခဲမှာပါ။ ဒါပေမယ့် ဆေးဆိုင်တွေကတော့ ဖွင့်ထားဦးမှာမို့ တားဆေး ပြောင်းသောက်တာမျိုးကလည်း အဆင်ပြေစေမယ့် ကိုဗစ်ကာလ သားဆက်ခြားနည်းတစ်ခုပေါ့။တားဆေးကို မြှားပြထားတဲ့အတိုင်းလေး တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးရပါမယ်။ ဆေးစသောက်စကနေ ၅ ရက်အတွင်း အတူနေမယ်ဆိုရင် ကွန်ဒုံးသုံးဖို့တော့ လိုပါမယ်။ဒီနည်းက အပြည့်အဝ ကာကွယ်နိုင်မယ်လို့တော့ မဆိုသာပါဘူး။ ဒါပေမယ့် သားဆက်ခြားဖို့ အသုံးပြုခဲ့တဲ့ ရှေးရိုးနည်း တစ်ရပ်ပါ။ ၃ ရက် ကနေ ၄ ရက်ဆက်တိုက် တစ်နေ့ကို ၂ ကြိမ် သင်္ဘောသီးကို တဝစားပေးတာကကိုယ်ဝန်မရစေဖို့ထောက်ကူပေးနိုင်ပါတယ်။ အမျိုးသားက စားပေးမယ်ဆိုရင်လည်း သုက်ပိုး ထွက်ရှိတာကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။ချင်း (ဂျင်း) က ရာသီသွေးဆင်းမှုအပေါ် သက်ရောက်မှု ရှိသလို ကိုယ်ဝန်ကို တားပေးနိုင်တယ်လို့ လက်ခံထားကြပါတယ်။ ရေနွေးဆူဆူတစ်ခွက်စာထဲမှာ ချင်း( ဂျင်း) အရွယ်တော်တစ်တုံးစာကို ထည့်ပြီး ၅ မိနစ် ကြာအောင် ပြုတ်ပါ။ ဒီပြုတ်ရည်ကို ခပ်နွေးနွေးမှာ သောက်ပါ။ တစ်နေ့ ၂ ကြိမ် သောက်ပေးပါ။ အိမ်တွင်းကုထုံးတွေက ထိရောက်မှု အားနည်းနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်။ဒါကြောင့် အခုလိုကာလမှာအကောင်းဆုံး သားဆက်ခြားနည်းကို ပြောပါဆိုရင် ရောဂါတွေရော မလိုအပ်ဘဲ ကိုယ်ဝန် ရမသွားဖို့ပါ တားဆီးပေးနိုင်တဲ့ စိတ်အချရဆုံး သားဆက်ခြားနည်းဖြစ်တဲ့ ကွန်ဒုံးကို အသုံးပြုဖို့ ပြောပါရစေ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/easiest-contraceptive-ways-for-stay-home/
ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ
ခုရာသီကထောပတ်သီးတွေကို ပေါပေါသီသီ တွေ့နိုင်တဲ့ ရာသီမျိုးပါ။ ထောပတ်သီးစား တာဟာ ကျန်းမာရေးကို အကျိုးပြုတဲ့ အစားအစာတစ်မျိုးအဖြစ် လူသိများလှပေမယ့် အများစုကတော့ဝိတ်ချဖို့အတွက်သာ အဓိက အသုံးပြုကြပါတယ်။တကယ်တော့ ထောပတ်သီးဟာ ဝိတ်ချတာအပြင် တခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါတယ်။ဗီတာမင်နဲ့ သက်စောင့်ဓာတ် အမျိုး ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးဟာကိုယ်အလေးချိန်လျော့ကျစေဖို့ ကူညီတာအပြင် နှလုံးရောဂါကို ကာကွယ်ပေးတာ၊သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။ဒါပေမယ့် ဒါတွေက ထောပတ်သီးရဲ့ အကောင်းဆုံးအပိုင်းမဟုတ်သေးပါဘူး။ထောပတ်သီးကို နေစဉ်စားပေးသင့်ရတဲ့ အဓိက အကြောင်းတရားကဝမ်းဗိုက်ကို ကျန်းမာစေတာကြောင့်ပါပဲ။ ဝမ်းဗိုက်နဲ့ အစာအိမ်လေး ကျန်းမာနေတာက သင့်ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာမှုရဲ့ အဓိက သော့ချက်မဟုတ်လား။အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရဆိုရင် ထောပတ်သီးစားတာဟာအစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာရှိတဲ့ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေကို ဟန်ချက်ညီညွတ်စေပြီး ကျန်းမာစေပါတယ်တဲ့။ထောပတ်သီးစား တာဟာ ဝမ်းဗိုက်ကို အလွန်ကျန်းမာစေနိုင်တာမို့ အစာအိမ်၊ အူလမ်းကြောင်းတွေနဲ့ ဆက်နွယ်တဲ့ ရောဂါတွေဖြစ်လာနိုင်ခြေ လျော့နည်းသွားမှာဖြစ်သလို အစာခြေစနစ်နဲ့ အာဟာရစုပ်ယူမှု လုပ်ငန်းစဉ်တွေလည်း ကောင်းမွန်မှန်ကန်နေမှာဖြစ်တာမို့ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာသွားစေမှာပါလို့ Journal of Nutrition ကလည်း ဆိုထားပါရဲ့။အီလီနွိုက်တက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် ရှာရွန် သွမ်ဆန်ကတော့ ထောပတ်သီးကို ဘယ်လိုပုံစံမျိုးနဲ့ မှီဝဲမှီဝဲအကျိုးထူးနိုင်တယ်လို့ ဆိုထားပြီး ဝမ်းဗိုက်ကျန်းမာမှုကြောင့် ကိုယ်အလေးချိန်ကို လျှော့ချတာနဲ့ ထိန်းချုပ်တာတွေမှာလည်း ထိရောက်စေတယ်လို့ ဆိုခဲ့ပါတယ်။ထောပတ်သီးရဲ့ သဘောသဘာဝကိုက ဗိုက်ပြည့်စေသလို သွေးတွင်းက ကိုလက်စထရောတွေကိုလည်း လျော့ပါးသွားအောင် ကူညီပေးနိုင်တာမို့ ဝိတ်ချရာမှာ အလွန် အထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ထောပတ်သီးစား ရင် အစာအိမ်နဲ့ ဝမ်းဗိုက်ကို ကျန်းမာစေပြီး ဝိတ်ကျအောင် ကူညီပေးတယ်ဆိုတဲ့ အကျိုးကျေးဇူးတင်ပဲ ရမှာမဟုတ်ပါဘူး။ တခြားအကျိုးကျေးဇူးတွေလည်း ရဦးမှာပါ။ ဒါတွေကတော့။ဒီလောက်ဆို ထောပတ်သီးလေးက ဘယ်လောက်တောင် လူကို ကျန်းမာစေလဲဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။ ဒီနေ့ပဲ ထောပတ်သီး စစားကြတော့မလား။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/eating-avocados-daily-for-a-happy-gut/
ခွေးကိုက်ခံရလျှင်
လမ်းဘေးခွေးတွေ ပေါများလာတဲ့ ယနေ့ခေတ်မှာ မကြာခဏ ခွေးကိုက်ခံရတတ်ပါတယ် ။ အစိုးရဆေးရုံ dog bite center မှာလည်းတစ်နေ့တစ်နေ့ တန်းစီနေရတဲ့ လူနာတွေ များနေဆဲ ဖြစ်တဲ့အတွက် ခွေးကိုက်ခံရရင် ဘာတွေ လုပ်သင့်လဲဆိုတာကို ပြောပြေပေးသွားမှာပါ ။အရင်ဆုံး အကိုက်ခံရတဲ့နေ့ရာကို သန့်စင်အောင် ဆပ်ပြာနဲ့ ရေဆေးရပါမယ်။ အနာကို သဲမှုန့်တွေ မဝင်အောင် သန့်စင်တဲ့ towel လေးသုံးပြီးတော့ ပတ်တီးစည်းပါ။ ပြီးရင် နီးစပ်ရာ ဆေးခန်း ဆေးရုံကိုသွားသင့်ပါတယ် ။ ဆရာဝန်နဲ့ပြပြီးတော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ထိုးရပါမယ် ။လက်ရှိကျင့်သုံးနေတဲ့စနစ်အရ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ခွေးကိုက်ခံရပြီး ၂၄နာရီအတွင်း ထိုးသင့်ပါတယ် ။ လက်မောင်းကို ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ဆေးထိုးရမယ့်နေ့တွေကတော့ ကာကွယ်ဆေး စထိုးတဲ့နေ့ ၊ နောက် ၃ရက်မြောက် ၊ ၇ရက်မြောက်နဲ့ ၂၁ရက်မြောက် ရက်တွေပါ (0,3,7,21 regime)။ ဒဏ်ရာ ပတ်ပတ်လည်ကို immunoglobulinလည်း ထိုးရမှာပါ။ ခွေးကိုက်ခံရလျှင် ဒဏ်ရာ‌အ‌ပေါက်အပြဲ ဖြစ်တတ်တဲ့အတွက် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးရပါမယ်။ ဒါ့ကြောင့် စစထိုးတဲ့နေ့မှာ ဆေး ၃လုံး အထိုးခံရမှာ ဖြစ်ပါတယ် ။ နောက်ရက်တွေမှာတော့ ၃လုံး ထိုးစရာမလိုပါဘူး ။ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးပြီး တစ်နှစ်အတွင်း ‌နောက်ထပ်ခွေးကိုက်ခံရပါက စထိုးတဲ့နေ့နဲ့ နောက် ၃ရက် (0,3 regime)လက်မောင်းတစ်ဘက်တည်းကိုပဲ ကာကွယ်ဆေး ထပ်ထိုးရမှာ ဖြစ်ပါတယ် ။ တကယ်လို့ သင့်ကို ကိုက်တဲ့ခွေးက တစ်နှစ်တစ်ခါ ပုံမှန် ခွေးရူးပြန်‌ကာကွယ်ဆေးထိုးထားတာ သေချာရင်တော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘဲ ‌မေးခိုင်ကာကွယ်ဆေးသာ ထိုးဖို့ လိုအပ်ပါတယ် ။ခွေးကိုက်ထားတဲ့ ဒဏ်ရာက နက်ရင် အထဲက ကြွက်သား ၊ အရွတ် အကြောတွေကိုပါ ထိခိုက်နိုင်ချေရှိတဲ့အတွက် လိုအပ်သလို ကုသမှု ခံယူရမှာပါ ။ ဒီအခြေအနေမှာတော့ ပိုးသတ်ဆေး ၊အကိုက်အခဲ ပျောက်ဆေးတွေပါ လိုအပ်သလို သုံးစွဲရမှာ ဖြစ်ပါတယ် ။အားလုံးပဲ ခွေးကိုက်ခံရခြင်းဒဏ်မှ ကင်းဝေးကြပါစေ။ရေးသားသူ – Dr.Aung Kyaw Myint။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%81%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%b6%e1%80%9b%e1%80%9c%e1%80%bb%e1%80%be%e1%80%84%e1%80%ba/
ကလေးနို့မပြတ်ခင် ကိုယ်ဝန်ရနိုင်ပါသလား
ကိုယ်ဝန်ဆောင်ခြင်းကအမျိုးသမီးတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ မြင်ရသောပြောင်းလဲခြင်းတွေအပြင် မမြင်နိုင်သောအပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေပါတယ်။ ခန္တာကိုယ်ရဲ့ပြောင်းလဲခြင်းတွေနဲ့ ကိုက်ညီသွားအောင် ဟော်မုန်ူတွေကလည်းတက်ခြင်း ကျခြင်းတွေဖြစ်ပေါ်သွားပါတယ်။‘ပရိုလက်တင်’ဟုခေါ်သောဟော်မုန်းတမျိုးကကလေးကိုမွေးဖွားပြီးသောအခါ စောင့်ရှောက်နိုင်အောင် မိခင်ရဲ့ခန္တာကိုယ်မှာရင်သားများဖွံ့ထွားလာခြင်းနဲ့ နို့ရည်ထွက်ခြင်းတို့ကိုလုပ်ဆောင်ပေးပါတယ်။ ကလေးမွေးပြီးတဲ့အခါမှာမိခင်ရဲ့ဦးနှောက်ဟာကလေးစားသောက်တဲ့ပုံစံကိုသိရှိပြီးကလေးကြီးပြင်းလာတာနဲ့အမျှ နို့ထွက်နှုန်းကိုလည်း မြှင့်တင်ပေးတတ်ပါတယ်။ နို့တိုက်ကျွေးနေချိန်မှာဓမ္မတာဟာရပ်တန့်နေတာမျိုး၊ ဆင်းသော်လည်းပုံမှန်မဟုတ်တာမျိုးကြောင့် နို့တိုက်နေစဉ် ကလေးရဖို့ကမလွယ်ကူပါဘူး။နို့တိုက်နေစဉ်အတွင်းမှာလည်းအကာအကွယ်မဲ့လိင်ဆက်ဆံမှုဖြင့် ကလေးရနိုင်ပါတယ်။ နို့တိုက်နေစဉ်မှာမျိုးပွားနိုင်စွမ်းလျော့နည်းနေတာကြောင့် ဖြစ်နိုင်ချေနည်းခြင်းသာဖြစ်ပါတယ်။ ဒါဆို နို့တိုက်ခြင်းဟာအမျိုးသမီးတို့ရဲ့ မျိုးပွားနိုင်စွမ်းတနည်းသားဥကြွေခြင်းကိုဘယ်လိုအနှောင့်အယှက်ပေးနေတာပါလဲ။နို့တိုက်နေစဉ်အတွင်းမှာအမျိုးသမီးတွေရဲ့ခန္တာကိုယ်က ပရိုလက်တင်ဟော်မုန်း(နို့ထွက်စေသောဟော်မုန်း)တွေအများကြီးထုတ်ပေးပြီး ထိုဟော်မုန်းဟာသားဥကြွေဖို့ကိုအားပေးသောဟော်မုန်းတွေကိုတားဆီးပါတယ်။ ဒါကြောင့် ကလေးကိုနို့တိုက်တာများလေလေ၊ နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်နိုင်ဖို့ ကြာလေလေပါပဲ။ကလေးညအိပ်နေတဲ့အချိန်မျိုးမှာဆိုရင်တော့ ပရိုလက်တင်ဟော်မုန်းကျဆင်းနေတတ်ပြီးမိခင်ရဲ့ခန္တာကိုယ်ကိုခဏအနားပေးထားပါတယ်။ မိခင်ဟာကလေးကိုမိခင်နို့အစား ဖြည့်စွတ်စာအစားထိုးကျွေးပြီဆိုလျှင်တော့ မျိုးပွားနိုင်စွမ်းဟာပုံမှန်ပြန်ဖြစ်သွားပါပြီ။ သို့သော်လည်းသားဥကြွေခြင်းပုံမှန်ပြန်ဖြစ်ရန်မှာ ၃လမှ ၈လအထိကြာမြင့်နိုင်ပါတယ်။ ကလေးကိုမကြာခဏနို့တိုက်ကျွေးလျှင်တော့ နို့ဟော်မုန်းကအလိုအလျောက်ကိုမြင့်တက်နေမှာဖြစ်ပြီးအချိန်အလိုက်ပြန်လည်ကျဆင်းသွားသော်လည်းရာသီသွေးပေါ်ဖို့တော့ တစ်နှစ်နီးပါးကြာမြင့်နိုင်ပါတယ်။နို့တိုက်နေစဉ် ကိုယ်ဝန်ဆောင်ဖို့မဖြစ်နိုင်တာဟာ.. ရာသီဓမ္မတာလာခြင်းမရှိလို့သားဥကြွေတာကိုမသိနိုင်လို့ပါပဲ။ များသောအားဖြင့် ကလေးမွေးပြီးစမှာလအနည်းငယ်ကြာအောင် ဓမ္မတာပျောက်ဆုံးနေတတ်သော်လည်းဒါဟာသင်ကမြုံသွားပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ တကယ်တော့ ကလေးမွေးပြီးပထမဆုံးသွေးမပေါ်ခင်တင်ပဲသင့်ခန္တာကိုယ်ကသားဥကြွေပါတယ်။ ဒါကြောင့်မျိုးပွားနိုင်မှုရဲ့လက္ခဏာတွေကိုသတိပြုထားဖို့တော့လိုအပ်တယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အတွေးလွန် ပြီး ကိုယ့်ကိုယ်ကို လောင်မြိုက်မနေပါစေနဲ့
လောင်နေတယ်…အတွေးတွေနဲ့ လောင်မြိုက်လို့ ညအိပ်မပျော်တာ၊ စိတ်တွေ ဖိစီးပြီး ရင်ထဲ ပူလောင်နေတာ၊ တည်ငြိမ်အောင် ထိန်းမရဘဲ အတွေးလွန် နေမိတာမျိုး။အတွေးလွန်တယ် ဆိုတာ အရင်က တစ်ခါမှ အရေးမထားခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကိုယ့်ကို မကြာခဏစိတ်ဖိစီးမှုပေးတတ်တာကြောင့် အန္တရာယ်ရှိတဲ့အကျင့်တစ်ခုပါ။ ဒါပေမယ့်လည်း တချို့တွေအတွက် ကတော့ ဘဝရဲ့ သဘာဝ ကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ကျွန်မတို့ရဲ့ စိတ်ထဲမှာအတွေးတွေက စက္ကန့်နဲ့အမျှ အမျိုးမျိုး ဖြစ်နေတာဆိုတော့ ဒီလို အတွေးလွန် နေတာကို သတိတောင်မထားမိကြတာများပါတယ်။ ဒီလို အတွေးလွန် ရာကနေ အိပ်မပျော်တာ၊စိတ်ဖိစီးတာ၊သွေးတိုးတာစတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တယ်၊အာရုံစူးစိုက်နိုင်စွမ်းလည်း ကျလာနိုင်တယ်လေ။ဒါ့ကြောင့် အတွေးလွန် တတ်တဲ့ ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်မယ့် နည်းလေးတွေ အကြံပြုလိုက်မယ်နော်။ဖြစ်လာတဲ့ အကြောင်းအရာတွေကို လက်ခံပေးလိုက်ဖို့ သင့်မှာ အခက်အခဲရှိနေရင် ၊ဒါမှမဟုတ် ပြောဆိုခဲ့တဲ့ စကားတွေ၊ ကြုံခဲ့တဲ့အကြောင်းအရာတွေကို သင့်စိတ်ထဲမှာ အပြန်ပြန်အလှန်လှန် ပြန်တွေးမိနေရင်၊ ဆုံးဖြတ်ချက် တွေချဖို့ အတော် စဉ်းစားနေရရင်၊ ဒါမှမဟုတ် စိတ်မကြည်လောက်စရာ ကိစ္စတစ်ခုခုရှိလာတဲ့အခါ အဆိုးမြင်လာတာ၊စိတ်ဓာတ်ကျလာတာတွေ ဖြစ်လာရင် သင်ဟာ အတွေးလွန်တတ်သူ ဖြစ်နေပါပြီ။သိပ်မသေချာဘူးဆိုရင်တော့ သင့်အပေါ်မှာ ရိုးသားတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်ရသူတွေကို မေးကြည့်ပါ။ သူတို့ဟာ သင်ကိုယ်တိုင်မသိနိုင်ရင်တောင် ဒါတွေကို သတိထားမိတတ်ကြပါတယ်။သင်မေးလိုက်တဲ့သူက သင့်အတွက်ယုံကြည်ရတဲ့သူဖြစ်ရုံမက မျှတတဲ့ဘဝအမြင်ရှိသူတော့ ဖြစ်ပါစေ။ ဒီလိုမဟုတ်ခဲ့ရင်တော့ အဲဒီလူက ပြဿနာကို ပုံကြီးချဲ့လာနိုင်ပြီး အားလုံးပိုဆိုးသွားစေနိုင်ပါတယ်။သင့်ကို အတွေးလွန်စေခဲ့တဲ့ လူတွေ ဒါမှမဟုတ် အခြေအနေတွေကို သိရှိအောင်လုပ်ပါ။ ဒီလိုလုပ်တာက အချိန်နည်းနည်းယူရနိုင်သလို အလေးအနက်ထား စဉ်းစားကြည့်ဖို့ လိုတယ် ဆိုပေမယ့် ပြဿနာများတဲ့ အခြေအနေ တွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားကြည့်တဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ လိုအပ်လာရင် သင့်အနေနဲ့ အတွေးလွန်ခြင်းကို ဖြစ်လာစေတဲ့အရာတွေကို ရှောင်ရှားရ၊ ဖျောက်ပစ်ရနိုင်ပါတယ်။သင့်စိတ်ကို အတွေးမလွန်အောင် အာရုံလွှဲထားနိုင်ဖို့ အရမ်းအာရုံစိုက်ရတဲ့ ကစားနည်း၊ဝါသနာ၊လေ့ကျင့်ခန်း တစ်ခုခုကို ရှာကြည့်ပါ။ လက်ရှိကာလမှာ သင့်စိတ်ကို အာရုံပြောင်းထားနိုင်တဲ့ လှုပ်ရှားမှုတိုင်းဟာ သင့်ရဲ့ အတွေးလွန်ခြင်း သံသရာလှည်းဘီးကို ရပ်တန့်စေပြီး သင့်ကို စိတ်တည်ငြိမ်မှု ပြန်ရစေပါလိမ့်မယ်။အကောင်းဆုံးနည်းလမ်းကတော့တရားထိုင်တာ၊ယောဂကျင့်တာဒါမှမဟုတ် ထိုက်ကျိကစားနည်း တို့ ဖြစ်ပါတယ်။သင့်ကို ချက်ချင်းအာရုံပြောင်းစေနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခု ကတော့ လက်ကောက်ဝတ်မှာ သရေကွင်းတစ်ကွင်းဝတ်ထားလိုက်ပါ။ တစ်စုံတစ်ခုကို စပြီး အတွေးလွန်နေပြီလို့ သိလိုက်တဲ့အခါတိုင်း ကိုယ့်ကိုယ်ကို သတိပေးပြီး လက်က သရေကွင်းကို ဗြန်းခနဲဆောင့်ဆွဲလိုက်ပါ။တချို့အခြေအနေတွေမှာ ဝေဖန်ဆန်းစစ်နိုင်တဲ့ အတိုင်းအတာတစ်ခု လိုအပ်တာမှန်ပေမယ့် အချိန်အကန့်အသတ် တစ်ခုထားရှိဖို့လည်း လိုအပ်ပါတယ်။ အချိန်မှတ်ထားပြီး ခဲတံ/ဘောပင်တစ်ချောင်းနဲ့ မှတ်စုစာအုပ်/ဂျာနယ် တစ်ခုခုယူပြီး သင်သတ်မှတ်ထားတဲ့ အချိန်အကန့်အသတ်အတွင်း သင့်စိတ်ထဲပေါ်လာသမျှကို ရေးချပါ။ နည်းနည်းတော့ ကျင့်ယူရမယ်ဆိုပေမယ့် အရမ်းကိုထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။အတွေးလွန် ခြင်းက သင့်ဘဝကို ရုန်းမထွက်နိုင်တဲ့ ရပ်တန့်မှု အတွင်း ကျရောက်စေနိုင်ပါတယ်။အတွေးနယ်ထဲ ရောက်နေရတဲ့ အခြေအနေမျိုးမှာ လွတ်မြောက်ဖို့ တစ်ခုတည်းသောလမ်းက ရှေ့ဆက်လျှောက်လှမ်းဖို့ပါပဲ။တစ်နည်းပြောရရင် ဘယ်လောက်ပဲ သေးငယ်တဲ့ခြေလှမ်းဖြစ်ပါစေ လှုပ်ရှားသက်ဝင်မှု ရပ်ဆိုင်းနေတဲ့ အဖြစ်ကနေ လှုပ်ရှားရုန်းထွက်နိုင်ဖို့ အရှိန်အနည်းငယ်တော့ ပြန်ရရှိစေဖို့ အထောက်အကူပေးပါလိမ့်မယ်။လူ့အတွေးစိတ်တွေက စွမ်းအားကြီးမားသလို ကိုယ်တိုင်ကြိုးစားရင် မှန်ကန်လာနိုင်မယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်သိလေလေ၊ စွမ်းအားရှိကြောင်း ပိုခံစားမိလေ၊ အတွေးလွန် တဲ့ အကျင့်ဆိုးကို တွန်းလှန်ဖို့ ပိုလွယ်ကူလာလေ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%90%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%bd%e1%80%94%e1%80%ba/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%be%e1%80%b0%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%98%e1%80%b1%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba/
ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ
ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ က ဘာတွေလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ဟိုးခေတ်က ညမှောင်တာနဲ့ စောစောအိပ်ကြတယ်။ မနက်အာရုံတက်မှာ အိပ်ရာထပြီး ဆွမ်းချက်တာကစလို့ တစ်နေ့တာအလုပ်တွေ စတင်ကြတာ အိမ်တိုင်းလိုလိုပါပဲ။ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာတော့ ညအစောပိုင်း အိပ်ဖို့ နေနေသာသာ အချိန်တောင် မလောက်လို့ အိပ်ချိန်တွေ ဖဲ့ပေးနေကြရတာ အများကြီးရယ်။ အလုပ်တွေရှိလို့ ညနက်သူတွေရှိသလို ညဘက်အပြင်ထွက်ကြတဲ့ night out အစီအစဉ်တွေကလည်း လူငယ်တွေအတွက် ရေပန်းစားနေကြပြီပေါ့။အိပ်ချိန်နောက်ကျတဲ့ နောက်တစ်မျိုးကတော့ ညဘက် အိမ်မှာရုပ်ရှင်ကြည့်၊ ဂိမ်းဆော့၊ အင်တာနက်သုံးကြတဲ့ ဇီးကွက်လေးတွေပါ။ ဒီထဲက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်မမှန်၊ အိပ်ချိန်မလုံလောက်ရင် ကျန်းမာရေးကို အနည်းနဲ့အများထိခိုက်မှာပါပဲ။ ဒါ့ကြောင့် အိပ်ရေးပျက်ထားတယ်ဆို ပြန်ကုစားမှ နောက်ပိုင်းကျန်းမာရေးကို စိတ်မပူရမှာဖြစ်ပါတယ်။ညက ကောင်းကောင်းအိပ်မပျော်ခဲ့ရတဲ့အခါ နောက်တစ်နေ့ကျ အလုပ်မှာ ဘာမှမလုပ်နိုင်တော့ဘူး။ ခေါင်းတွေကိုက်တာ၊ အာရုံစိုက်မရတာ၊ စိတ်မကြည်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် အိပ်ရေးပျက်ထားတဲ့ ခန္ဓာကိုယ်ကို ပြန်ဖြည့်ဆည်းပေးရမယ့်အစား ပိုဆိုးစေမယ့် အရာတွေလုပ်မိရင် သွားပြီလေ။ လူက လုံးဝ ဒေါင်းသွားပါလိမ့်မယ်။ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ ကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မဒေါင်းချင်ရင်တော့ ဒီအချက်တွေ သိထားဖို့လိုမယ်နော်။ အိပ်ရေးပျက်ထားရင် နောက်တစ်နေ့မှာ။ညကအိပ်ရေးပျက်ထားလို့ဆိုပြီး နောက်တစ်နေ့နေ့လည်ပိုင်းလောက်မှ အိပ်ရာကထတာမျိုး လုပ်တတ်ပါတယ်။ ခေါင်းမူးလို့ ဆက်အိပ်တယ်ဆိုပေမယ့် အဲဒါကပိုဆိုးစေတယ်ဆိုတာ သိပါရဲ့လား။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို မပျက်ယွင်းစေဖို့ကို နိုင်သလောက်ထိန်းပေးရပါမယ်။ အိပ်ရာဝင်ချိန်၊ အိပ်ချိန်နဲ့ အိပ်ရာထချိန်တွေက နေ့တိုင်း အချိန်မှန်နေသင့်ပါတယ်။ ညဘက်မှာ ပျက်လိုက်ပေမယ့် နောက်နေ့တွေမှာ အဲဒီအချိန်တွေကို ပြန်ထိန်းရပါမယ်။ နောက်ကျတဲ့အထိ ပိုအိပ်လိုက်လို့ အိပ်ရေးပျက်ထားတာကို ပြန်မဖြည့်ဆည်းနိုင်ပါဘူး။ ခေါင်းထဲအုံခဲနေတာပဲ အဖတ်တင်ပါလိမ့်မယ်။နေရောင်ခြည်က စိတ်ကိုလန်းဆန်းစေပြီး နောက်ထပ်အိပ်မပျော်တာမဖြစ်အောင် ဦးနှောက်ကိုအထောက်အကူပေးပါတယ်။ ဒါ့ကြောင့် ပထမရက်က အိပ်ရေးပျက်ထားတာကို နောက်ရက်မှာ ကောင်းကောင်းအိပ်ပျော်ချင်ရင် အိပ်ရာထတာနဲ့ နေရောင်ခြည်ခံယူပါ။ ညနေဘက်ဆိုလည်း လမ်းခဏထွက်လျှောက်တာမျိုးပေါ့။ နေပူထဲလျှောက်သွားဖို့ မဟုတ်ဘူးနော်။ နားနားနေနေပဲ အပြင်ထွက်ပေးရုံနဲ့ရပါတယ်။အိပ်ရေးပျက်ထားတယ်ဆို အစားတွေ ပိုစားချင်တယ်။ ကော်ဖီ၊ လက်ဖက်ရည်တွေချည်း လှိမ့်သောက်ချင်နေတယ်။ ရုံးကိုရောက်ရင် ကော်ဖီလေးတစ်ခွက်က ခေါင်းကြည်စေတယ်၊ လန်းဆန်းစေတယ်ဆိုပေမယ့် ခဏပါပဲ။ များသွားရင်တော့ စိတ်ပိုဆတ်လာမယ်၊ ခေါင်းပါကိုက်လာပါလိမ့်မယ်။ကဖင်းသောက်သုံးမှုများသွားတဲ့အခါ နောက်ညတွေပါ ကောင်းကောင်းအိပ်မပျော်နိုင်တော့ပါဘူး။ညနေပိုင်းလောက်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းတွေလုပ်၊ အားကစားရုံတွေသွားတဲ့အထိတော့ မဆိုလိုပါဘူး။ ခဏလောက် လမ်းထွက်လျှောက်တာနဲ့တင် အဆင်ပြေလောက်ပါတယ်နော်။မိနစ် ၂၀လောက် တရေးအိပ်လိုက်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ အတွေးဉာဏ်လည်း ဆန်းသစ်စေတယ်ဆိုပေမယ့် မိနစ် ၂၀ ကနေ မိနစ် ၆၀ အတွင်းသာရှိသင့်ပါတယ်။ ပိုအိပ်ရင် နိုးလာတဲ့အခါ ခေါင်းမကြည်တာ၊ ခေါင်းကိုက်တာတွေဖြစ်နိုင်လို့ နှိုးစက်ပေးပြီး အိပ်ပါ။ နောက်တစ်ချက်က တရေးအိပ်ချိန်ဟာ ညဘက်အိပ်ချိန်နဲ့ နီးလေ ညကျအိပ်မပျော်နိုင်ခြေ ပိုများလေဖြစ်စေနိုင်ပါတယ်ဆိုတာလေး သတိထားပါ။မူးပြီးအိပ်သွားမယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာမျိုးမဟုတ်ဘဲ နာရီအနည်းငယ်ကြာတိုင်း ပြန်ပြန်နိုးလာပါလိမ့်မယ်။ အကြာကြီးအိပ်ပြီး ပြန်နိုးလာတဲ့အခါ ခေါင်းတွေကိုက်နေမှာပါ။အိပ်ရေးပျက်ထားရင် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ရေဓာတ်မလုံလောက်တဲ့အခါ မူးတာ၊ မောပန်းအားကုန်တာ၊ အာရုံစိုက်မရတာတွေဖြစ်လာစေနိုင်တယ်လေ။အစာစားချိန်ကိုမှန်အောင်၊ အလွန်အကျွံမစားမိအောင် ဂရုစိုက်ဆင်ခြင်သင့်ပါတယ်။ အိပ်ရေးပျက်ထားရင် ကျန်းမာရေးနဲ့မညီတာတွေချည်းတောင့်တနေတတ်သလို ပမာဏကိုလည်း အလွန်အကျွံစားမိတတ်ကြပါတယ်။အလင်းရောင်တွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ စမတ်ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်တို့ကနေ ထွက်တဲ့ အပြာရောင်အလင်းက ပိုဆိုးပါတယ်။ အိပ်ရေးပျက်ထားပြီး နောက်တစ်နေ့မှာ အိပ်ချိန်မတိုင်ခင် နာရီဝက် တစ်နာရီလောက်တည်းက ဒါတွေမသုံးဘဲ အိပ်ခန်းကို အလင်းရောင်လျှော့ပြီး တိတ်ဆိတ်အောင်ထားပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/dos-donts-for-those-with-sleep-deprivation/
Stay home ကာလမှာ စိတ်ကျန်းမာအောင် နေကြမယ်။
ယခုလိုcovidအချိန်ကာလမှာ လူတိုင်းလူတိုင်း စိတ်ပင်ပန်းနေကြရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဒီအချိန်က ရောဂါဖြစ်ပွားနှုန်းများနေတဲ့ crisis အချိန်ဖြစ်တာကြောင့် လူအတော်များများstay homeနေကြရပြီး ကြောက်လန့်စိတ်တွေနဲ့စိတ်ပူပန်တာတွေ၊စိတ်ဓာတ်ကျလာတာတွေ ပိုပြီးများလာပါတယ်။ အထူးသဖြင့် မိသားစုနဲ့ဝေးနေပြီး တစ်ယောက်တည်းနေရတဲ့သူတွေ၊ စိုးရိမ်တတ်သူတွေ၊ စားဝတ်နေရေးအဆင်မပြေတဲ့သူတွေ အတွက်ဆိုရင် ပိုပြီး ခက်ခဲပင်ပန်းနေနိုင်ပါတယ်။စာရေးသူလိုပဲ stay home ရင်းစိတ်ပင်ပန်းနေကြတဲ့သူတွေ အားလုံးအတွက် ကျန်းမာပျော်ရွှင်အောင် အတတ်နိုင်ဆုံး ဘယ်လို စိတ်မျိုးမွေးပြီး နေကြမလဲဆိုတဲ့အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ မျှဝေပေးသွားချင်ပါတယ်။ ဒီဆောင်းပါးလေးက အခုလိုအချိန်မှာ လူတိုင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။အကောင်းဘက်ကတွေးပါ။ တစ်နည်းအားဖြင့် positive mindset မျိုးမွေးပါ။ဘယ်အချိန်မှာမဆို လူတိုင်းအတွက် စိတ်ပင်ပန်းတာတွေကို တိုက်ထုတ်နိုင်ဖို့ အရေးကြီးဆုံးအချက်က positive mindset ရှိဖို့ပါ။ covid ကပ်ဆိုးဖြစ်နေတဲ့အချိန်မှာ လူတိုင်းက covid ကြောင့် စိတ်ညစ်ရပါတယ်။ ဒါပေမယ့် covid ဖြစ်နေတယ် စိတ်ညစ်လိုက်တာ၊ အရင်လို သူငယ်ချင်းတွေနဲ့ မတွေ့ရဘူး၊ အပြင်မှာ မုန့်သွားမစားရဘူး၊ အရင်လို အလုပ်မလုပ်ရတော့ဘူး ဆိုပြီး မလုပ်ရတာတွေ၊ negative တွေကို တွေးပြီး စိတ်ညစ်နေမယ့်အစား stay home အချိန်မှာ အိမ်မှာနေလို့ရတဲ့အချိန်လေးကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။မလုပ်ရတာတွေကိုတွေးမယ့်အစား ပြောင်းပြန်ပြန်တွေးကြည့်ပါ။ အရင်ကဆို ကျောင်းသွား၊ အလုပ်လုပ်ရလို့ အိပ်ကောင်းခြင်း မအိပ်ရပေမယ့် အခုဆို အနားယူချိန်ပိုရတယ်၊ ကိုယ့်ကိုကိုယ် ပိုပြီး ဂရုစိုက်နိုင်တယ်၊ ကိုယ်ဝါသနာပါတာလေးတွေ  နဲ့ ကိုယ်ချစ်တဲ့ မိသားစုအတွက်ပိုအချိန်ပေးနိုင်တယ် စသဖြင့်ပေါ့။ မိသားစုနဲ့ အတူတူ stay home ရတဲ့ သူတွေဆိုရင် ဒါဟာ အရမ်းကို ကံအကောင်းဆုံးပါပဲ။မိသားစုနဲ့ အတူမနေနေတဲ့သူတွေဆိုရင်လည်း စိတ်ညစ်နေစရာမလိုပါဘူး။ ကိုယ်စိတ်ဝင်စားတာလေးတွေကို အချိန်ပေးပြီး အေးအေးဆေးဆေး လေ့လာလို့ရတာပေါ့။ ဒါ့ကြောင့် စိတ်ညစ်တဲ့ စိတ်လေးဝင်လာပြီဆိုရင် အရာအားလုံးကို ကောင်းတဲ့ ဘက်ကလှည့်ပြီးတွေးကြည့်ဖို့  မမေ့ကြပါနဲ့နော်။ ပျော်ရွှင်တဲ့ ဘဝကိုရဖို့က positive mindset က အရေးကြီးဆုံးပါပဲ။social media သုံးတဲ့အခါ။stay home ကာလမှာလူတွေကsocial mediaတွေကို ပိုပြီး အသုံးပြုလာကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အထူးသဖြင့် facebook ကို လူတိုင်းနီးနီးသုံးလာကြပါတယ်။ facebook ကနေ ကိုယ်ချစ်တဲ့ သူတွေနဲ့ ဆက်သွယ်မယ်၊ သိချင်တာတွေရှာမယ် စတဲ့ ကောင်းတဲ့အချက်တွေကြောင့် အများကြီး ပျော်ရွှင်ကြရပေမယ့် ရေးချင်ရာရေး၊ account မျိုးစုံနဲ့ တင်ချင်ရာတင်နေတဲ့ သတင်းအမှားတွေကလည်း stay home ကာလမှာ လူတွေကို စိတ်ဖိစီးစေနိုင်ပါတယ်။ဒါ့အပြင် social media မှာတွေ့ရတဲ့ အခြားကိစ္စပေါင်းစုံကလည်း အင်မတန်စိတ်ရှုပ်စရာ ကောင်းပါတယ်။ ဒါ့ကြောင့် social media သုံးတဲ့အခါမှာ တွေ့ရတဲ့ သတင်းမျိုးစုံကြောင့် စိတ်ညစ်မခံနေဘဲ ကိုယ့်အတွက် ပညာရစရာတွေပဲယူ၊ ရယ်မောစရာတွေပဲ လက်ခံပြီး ကောင်းတဲ့ဘက်က အသုံးပြုတတ်ဖို့၊ စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်။နေ့စဉ်လုပ်ဆောင်မယ့် list ကို သေချာပြင်ဆင်ထားပါ။တစ်နေ့တစ်နေ့ အိမ်မှာပဲ အိပ်လိုက်၊ စားလိုက် ဘာplan မှမရှိဘဲ နေမယ်ဆိုရင် ကြာလာတဲ့အခါမှာdepressionဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် မနက် အိပ်ရာထမယ့်အချိန်ကစပြီး အိပ်ချိန်အဆုံးထိ တစ်နေ့တာ လုပ်ဆောင်မယ့် အရာတွေကို list လုပ်ထားပြီး routine အတိုင်းပုံမှန်လေးလုပ်ဆောင်သင့်ပါတယ်။ daily routine အတွက် plan လုပ်တဲ့အခါ ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေကို မဖြစ်မနေ ထည့်သွင်းထားဖို့ အကြံပေးချင်ပါတယ်။အကျိုးရှိတာတွေကို နေ့စဉ်လုပ်ဖြစ်နေတဲ့အခါ အချိန်အနည်းငယ်ပဲလုပ်ဖြစ်ရင်တောင်စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို တစ်နာရီ၊ နှစ်နာရီ လောက်ပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေး၊ အသိပညာနဲ့ အလုပ်အကိုင် စတာတွေအတွက် အကျိုးရှိမယ့် အရာတွေကို မဖြစ်မနေအချိန်ပေးသင့်ပါတယ်။ ဥပမာ- စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဘာသာစကားတွေ လေ့လာတာ၊ လုပ်ငန်းပိုင်းနဲ့ ပတ်သတ်တာတွေ လေ့လာတာ၊ စာရေးတာ၊ တရားထိုင်တာ စသဖြင့်ပေါ့။ကိုယ်ချစ်ရတဲ့သူတွေကို ဂရုစိုက်ဖို့ အချိန်ပေးပါ။ကိုယ့်ကိုကိုယ် ဂရုစိုက်တဲ့အပြင် ကိုယ်ချစ်ရတဲ့သူတွေကိုလည်း ဂရုစိုက်ပေးတာကဂရုစိုက်ခံရတဲ့သူကလည်း ပျော်ရွှင်ရသလို ကိုယ်လည်း ပီတိဖြစ်ရမှာပါ။ covid အချိန်မှာ တစ်ယောက်ပြီး တစ်ယောက်လောကကြီးက စွန့်ခွာသွားကြတာ ကြည့်မယ်ဆိုရင် အင်မတန်တရားရစရာ ကောင်းပါတယ်။ ဘယ်သူမဆို အချိန်မရွေး ထွက်သွားနိုင်တာကြောင့် ခဏတာဆုံကြတဲ့အချိန်လေးမှာ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ကြဖို့ကို ဘယ်တော့မှ ဝန်မလေးကြပါနဲ့နော်။ တူတူနေရင်ပဲဖြစ်ဖြစ်၊ အဝေးကပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ပြီး ချစ်ပေးကြမယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားဖို့ ပိုပြီးလွယ်ကူလာမှာပါ။Hello ဆရာဝန် ပရိသတ်တွေလည်း covid ကပ်ဆိုးကာလကြီးကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြဖို့ ဒီဆောင်းပါးလေးက တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/mental-health-for-stay-home-period/
အရည်အိတ်များဖြစ်ခြင်း
Ganglion cyst (အရည်လုံးများ) ဟာ အထူးသဖြင့် လက်နှင့် လက်ကောက်ဝတ်အရေပြားမှာဖြစ်ပေါ်တတ်သော အရည်များပြည့်နေသည့် အဖုများဖြစ်တယ်။ ပျော့ပျောင်းလုံးဝန်းပြီး အထိမခံသောအဖုများဖြစ်ပါတယ်။ အသက်အန္တရာယ်ခြိမ်းခြောက်မှုမရှိသော်လည်း ဖြစ်ပေါ်သည့်နေရာပေါ်မူတည်ပြီး စိတ်ကသိကအောက်ဖြစ်စေကာ ကုသဖို့လိုနိုင်ပါတယ်။ များသောအားဖြင့်အမျိုးသမီးတွေမှာ အဖြစ်များပြီး အသက် ၂၀၊ ၃၀၊ ၄၀ ဝန်းကျင်တွေမှာအဖြစ်များပါတယ်။ခန္ဓါကိုယ်ရှိအဆစ်များ၊ အထူးသဖြင့် လက်ကောက်ဝတ်၊ လက်နှင့် လက်ချောင်းများမှာ ဖြစ်ပေါ်တတ်တဲ့ အဖုတစ်မျိုးဖြစ်တယ်။ အဆစ်များလှုပ်ရှားရလွယ်ကူပြီး နာကျင်မှုမရှိစေရန် ခံထားသည့် Synovial fluid ဆိုသောအရည်တစ်မျိုး ပါဝင်ပါတယ်။ အရွယ်အမျိုးမျိုးရှိပေမယ့် တစ်လက်မထက်ပိုမကြီးပါဘူး။ ရုတ်တရတ်ဖြစ်ပေါ်လာပြီး တဖြေးဖြေးမှပျောက်ကာ တခါတရံလ၊ နှစ်ချီပြီးကြာနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်မရှိသလို ကင်ဆာလည်းမဟုတ်ပါဘူး။ တကယ်လို့ နာကျင်မှု၊ ကသိကအောက်ဖြစ်စေမှုမရှိဘူးဆိုရင်တော့ ပျောက်ဖို့နှစ်အနည်းငယ်ထိကြာနိုင်ပေမယ့် ကုသစရာမလိုပဲ သူ့အလိုလို ရှုံ့သွား၊ ပေါက်သွားပါလိမ့်မယ်။လ၊ နှစ်ချီအောင် မည့်သည့်လက္ခဏာမှမရှိဘဲ ရုတ်တရတ်ကြီး ကသိကအောက်ဖြစ်လာစေတာမျိုးလည်း ရှိတတ်ပါတယ်။ တခါတရံကြည့်မကောင်းလောက်သည်ထိ ကြီးလာတတ်တာမျိုးလည်းရှိပေမယ့် တခြားလက္ခဏာတွေတော့မရှိပါဘူး။လက်မောင်းနဲ့ လက်ကောက်ဝတ်ရှိ Ganglion cyst တွေဟာ ထိုနေရာမှာရှိသော အာရုံကြောများကို ဖိမိနေနိုင်တာကြောင့် လက်သန်းထုံခြင်း၊ လှုပ်ရှားမှုလျော့ကျခြင်း၊ ဆုပ်ကိုင်မှုအားနည်းခြင်းတွေဖြစ်စေနိုင်ပါတယ်။ Median အာရုံကြောကိုဖိမိပါက လက်မ၊ လက်ခလယ်နှင့် လက်သန်းတွေမှာ တူညီတဲ့ လက္ခဏာတွေဖြစ်နိုင်ပြီး လှုပ်ရှားမှု၊ ဖိအားများရှိပါက နာကျင်နိုင်ပါတယ်။အကြောင်းအရင်းကိုသေချာမသိရပါဘူး။ အဆစ် သို့မဟုတ် အရွတ်တစ်ခုခုမှ ထိုးထွက်လာတတ်ပြီး ထိုအဆစ်၊ အရွတ်ကိုအုပ်ထားသော တစ်သျှူးရောင်ရမ်းလာခြင်းဖြစ်တယ်လို့ ထင်နိုင်ဖွယ်ရှိပါတယ်။ အဆစ်ရောင်ရမ်းတတ်သူတွေမှာ Mucous cyst ganglion ဟုခေါ်သော လက်သည်းအောက်ရှိအဆစ်မှာဖြစ်တတ်သည့် ganglion cyst ဖြစ်နိုင်ချေများပါတယ်။ လှုပ်ရှားမှုများသောအခါမှာလည်း ganglion cyst ဖြစ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%9b%e1%80%8a%e1%80%ba%e1%80%a1%e1%80%ad%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကလေးယူရာတွင်မှားလေ့ရှိသော အချက် ၁၀ချက်
အိမ်ထောင်သည် တော်တော်များများဟာ ကလေးယူဖို့ကြိုးစားတဲ့ နေရာမှာတူညီတဲ့အမှားမျိုးရှိနေတတ်ကြပါသည်။ ဒီအချက်တွေကြောင့် သင့်ရဲ့ကြိုးစားခြင်းရလဒ်ကို မပြောင်းလဲပါစေနှင့်။သင့်အနေနှင့် အမျိုးသား၏ သုတ်ပိုးကို ထိန်းသိမ်းသည့်အနေနှင့် လိင်ဆက်ဆံ အကြိမ်ရေတွက်နည်းခြင်း(သို့)မမျိုးဥ ကြွေချိန်တွင်သာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရခြင်းလွယ်ကူစေသည်ဟုထင်ပါလိမ့်မည်။ သို့သော် ရက်များစွာ လိင်ဆက်ဆံ မှုမရှိခြင်းကတော့ ကိုယ်ဝန်ရစေခြင်းကို ကြန့်ကြာစေပါသည်။လိင်ဆက်ဆံမှုများခြင်းဟာ ကလေးရခြင်းကို မြန်စေသည်ဟူသော အယူအဆများလည်းရှိပါသည်။အကြိမ်ရေများများဆက်ဆံတာက သုက်ပိုးတွေရဲ့ အင်အားကို မလျော့သွားစေပေမယ့် ကလေးရအောင်လုပ်တဲ့နေရာမှာ ပြဿနာတွေတော့ ဖြစ်စေတာပါပဲ။အများအားဖြင့် အမျိုးသမီးက အောက်မှ နေ၍ တင်ပါးမြင့်ဆက်ဆံခြင်းဟာ ကလေးရနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်ကြပါတယ်။ အဲဒါက မှားပါတယ်။ သင်ဖြစ်ဖြစ် သင့်အဖော်ဖြစ်ဖြစ် အပေါ်မှာနေတာသော်လည်းကောင်း ပုံစံအသစ်ကို စမ်းသပ်ကြည့်တာသော်လည်းကောင်းလုပ်ပေမယ့်လည်း ရလဒ်ကတော့ အတူတူပါပဲ။အိမ်ထောင်ရှင် စုံတွဲတွေ ကလေးယူခြင်းကြိုးစားချိန်ကြာမြင့်လာပါက စုံတွဲအပါအဝင် လူအများစုက အမျိုးသမီးမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ယူဆကြတတ်ပါတယ်။ အမျိုးသားအများစုမှာ မိမိကြောင့် ဖြစ်နိုင်သည်ကို ဝန်မခံတတ်ခြင်းမှာလည်း မှားယွင်းသော အယူအဆဖြစ်ပါသည်။မမျိုးဥ ကြွေချိန်ကို အတိအကျတွက်ရန်မှာ မလွယ်ကူလှပါ။ အမျိုးသမီးအများစုမှာ ရာသီလာပြီးပထမရက်မှ စတင်၍ နောက်၁၄ရက်တွင် မျိုးဥ ကြွေသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ရာသီစက်ဝန်းသည် အပြောင်းအလဲရှိနိုင်ပြီး မျိုးဥကြွေခြင်းသည် လတိုင်းမှာ အချိန်တစ်သမတ်တည်းမရှိပါ။ အမျိုးသမီးတော်တော်များများကတော့ မျိုးဥကြွေတဲ့လက္ခဏာတွေပေါ်မူတည်ပြီး သိနိုင်တယ်လို့ ထင်မှတ်မှားကြပါသေးတယ်။မမျိုူဥ ကြွေသောရက်မှသာ အတူနေပါက မမျိုးဥ၏ ရှင်သန်ချိန် ၂၄နာရီသာရှိတာမို့ အကယ်၍ မျိုးဥကြွေချိန် တွက်ချက်ခြင်းမှားယွင်းသွားပါက အခွင့်အရေးကောင်းကို လက်လွတ်သွားမည်စိုး၍ ဖြစ်ပါသည်။ သုတ်ပိုးသည် ရှင်သန်ချိန် သုံးရက်မှ ငါးရက်ထိရှိသည့်အတွက် မျိုးဥ မကြွေခင် ရက်များမှာ အတူနေခြင်းက ပို၍ အခွင့်အလမ်းများစေပါသည်။လိင်ဆက်ဆံရန်ချောမွေ့ဆီ သုံးစွဲခြင်းက သုတ်ပိုး မျိုးဥဆီရောက်ရန် ခက်ခဲစေပါသည်။ ဒါကြောင့် ရွေးချယ်ဝယ်ယူရာတွင် သုတ်ပိုး မထိခိုက်စေသော(သို့) သဘာဝ ချောဆီ (သံလွင်ဆီ)ကို သုံးစွဲသင့်ပါသည်။၂လ ၃လခန့် ကိုယ်ဝန်ရရန်ကြိုးစားပြီးလျှင် အိမ်ထောင်ရှင်စုံတွဲများမှာ စိုးရိမ်ပူပန်များလာတတ်ကြပါသည်။ ဒီအခြေအနေဟာ ချက်ခြင်း ကျွမ်းကျင်ပညာရှင်ဆီ သွားရန်မလိုသေးပါဘူး။ အကောင်းဆုံးအခြေအနေမျိုးမှာတောင် စုံတွဲတွေဟာ ကိုယ်ဝန်ရဖို့အတွက် လပေါင်းများစွာ စောင့်ဆိုင်းရတတ်ပါတယ်။ကိုယ်ဝန်ရရန် ကူညီပေးနိုင်သောဆရာဝန်ဆီသို့ မြန်မြန်ရောက်တာက နောက်ကျမှ ရောက်တာထက်တော့ ကောင်းပါသေးတယ်။ ဥပမာ အသက် ၃၅နှစ်ကျော်ပါက ၆လခန့် မိမိဘာသာကြိုးစားကြည့်၍ မရပါလျှင် ဆရာဝန်ဆီသို့ သိပ်နောက်မကျခင်သွားဆွေးနွေးသင့်ပါသည်။ကလေးရရန်ကြိုးစားနေသော စုံတွဲတိုင်း မျိုးပွားအဂါၤ ကျန်းမာရေးကိုသာ အလေးထားပြီး အလုံးစုံကျန်းမာရေးကို မေ့လျော့ထားတတ်ကြသည်။ ဒါပေမယ့် ကိုယ်အလေးချိန်တက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကလည်း ကိုယ်ဝန်ရရန် ခက်ခဲစေတာမို့ မေ့မထားသင့်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9a%e1%80%b0%e1%80%9b%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%b7%e1%80%9b%e1%80%be%e1%80%ad/
အဆိပ့်သင့်စေနိုင်တဲ့ အရာတွေကို မှားသောက်မိ၊ အသားနဲ့ထိမိကုန်ပြီလား။
လူတစ်ယောက်အနေနှဲ့ သူရှင်သန်နေရတဲ့ ပတ်ဝန်းကျင်ရှိ အရာတွေက အသုံးဝင်တဲ့ ပစ္စည်းဖြစ်နိုင်သလို အခန့်မသင့်ရင် ဒုက္ခပေးတတ်တဲ့ ပစ္စည်းတွေလည်းဖြစ်သွားနိုင်ပါတယ်။အက်ဆစ်၊ ပိုးသတ်ဆေး၊ခေါင်းလျှော်ရည်တွေလိုပေါ့။ ပုံမှန်ဆို လူတွေအတွက် အကျိုးပြုနေတဲ့ အရာတွေဖြစ်ပေမယ့် အခန့်မသင့်ရင် ဘေးဖြစ်စေတယ်တယ်လေ။ အရင်ကတည်းက လူတွေ အတွက် ထုတ်ထားတာ မဟုတ်တော့ တိုက်ရိုက်ထိတွေ့ရတယ်လည်းဆိုရော အဆိပ်ဖြစ်သွားပြီး ဒုက္ခပေးပါလေရော။ ဘယ်သူမှ တော့ မဖြစ်ချင်ပေမယ့် ဖြစ်လာခဲ့ရင်လည်း ပိုဆိုးမသွားအောင် လုပ်သင့်တဲ့ နည်းတွေ၊ မထိသင့်တာတွေ ထိမိရင် ( ဒါမှမဟုတ်) မသောက်သင့်တာတွေ သောက်မိရင် ရှေးဦးသူနာပြုနည်း အနေနဲ့ ဖြစ်ဖြစ်ချင်း ဘာတွေလုပ်သင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။နာမည်ကြီးတွေကတော့ –။စိုက်ပျိုးရေးသုံးပိုးသတ်ဆေးကို မှားသောက်မိတာ။ကြွက်သတ်ဆေး တွေကိုသောက်မိတာ။အက်ဆစ်အရေပြားေပါ်ကို ထိမိတာ၊ အရေပြားကိုလောင်သွားစေတာ။ဆပ်ပြာမှုန့်၊ခေါင်းလျှော်ရည်၊ စတာတွေကို မျိုချမိတာ၊ သောက်မိတာ၊ ရှူမိတာ ၊မျက်လုံးထဲဝင်တာ၊ အရေပြားနဲ့ထိမိတာတွေပဲဖြစ်ပါတယ်။ လူတွေအတွက် ဘေးဖြစ်စေတတ်တာတွေဖြစ်လို့ အတတ်နိုင်ဆုံး ပိုဆိုးမသွားအောင် ကာကွယ်ဖို့အတွက် အခုပြောပြထားတဲ့ အချက်တွေကို လိုက်နာသင့်ပါတယ်။လောင်တတ်တဲ့ ပိုးသတ်ဆေး၊ အက်ဆစ်၊အရက်ပြန်တွေကို မှားသောက်မိ၊ မျိုချမိတဲ့ အခါ လူနာက သတိလည်းရှိသေးတယ်ဆိုရင် ချက်ချင်း ပလုတ်အမြန်ကျင်းခိုင်းပါ။ ဒါမှ ကျန်ခဲ့တဲ့ အဆိပ်တွေ ထွက်သွားမှာပဲဖြစ်ပါတယ်။ ရေလည်းသောက်နိုင်သေးတယ်ဆိုရင်ရေ (ဒါမှမဟုတ်) နို့သောက်ခိုင်းပါ။ ဖြစ်ဖြစ်ချင်းရေသောက်လိုက်တာကြောင့် ရေနဲ့ အဆိပ်တွေ ရောသွားပြီး အဆိပ်ရဲ့ ပြင်းအားလျော့သွားမှာပဲဖြစ်ပါတယ်။ သောက်လိုက်မိတာက ပိုးသတ်ဆေးတွေ၊ အက်ဆစ် တွေဖြစ်မယ်ဆိုရင် ဘူးနောက်ကျောမှာ မှားသောက်မိလို့ အဆိပ်မိသွားရင် ဘာတွေ လုပ်သင့်သလဲဆိုတာ ညွှန်ကြားထားတဲ့အချက်တွေရှိမရှိတစ်ချက်ကြည့်ပါ။ ရှိခဲ့ရင် ဘူးနောက်ကျောမှာ ညွှန်ကြားထားတဲ့ အတိုင်း လုပ်ပါ။ ဒါတွေက လူနာတင်ယာဉ်ကား စောင့်နေစဉ်၊ လုပ်သင့်တဲ့ အရေးပေါ် ပြုစုနည်းတွေပဲဖြစ်ပါတယ်။မျက်လုံးဆိုတာ များသောအားဖြင့် အကာအကွယ်မရှိဘဲ ပွင့်နေရတဲ့ကိုယ်ခန္ဓါက အရေးကြီးဆုံးအစိတ်အပိုင်း တစ်ခုဖြစ်လို့ မျက်လုံးထဲ တစ်ခုခုဝင်သွားပြီဆို မပေါဆသင့်ပါ။ ပိုးသတ်ဆေးတွေ ၊ အက်ဆစ်တွေ၊ ဆပ်ပြာရည်တွေ ၊ ခေါင်းလျှော်ရည်တွေ မျက်လုံးထဲ ဝင်သွားရင် အမြန်ဆုံးရေနဲ့ မျက်လုံးကိုဆေးသင့်ပါတယ်။ ရေကို အပေါ်ကနေ လောင်းပြီး မျက်လုံးထဲကို ရေဖြတ်သွားတဲ့ ပုံစံမျိုးနဲ့လောင်းချပါ။ ၁၅ မိနစ် မှ မိနစ် ၂၀ ခန့် ရေဆေးပါ။ မျက်လုံးကို လက်နဲ့ တအားပွတ်တာမျိုးမလုပ်ပါနဲ့။ အဆိပ်တွေ မျက်လုံးထဲပိုပျံ့ သွားပြီးမျက်ကြည်လွှာကို လောင်သွားတတ်လို့ပါ။ ပြီးတာနဲ့ ဆေးကုသမှုခံယူဖို့ ဆေးရုံကို အမြန်ဆုံးသွားပါ။အဆိပ်ထိသွားတဲ့ အရေပြားနေရာကို အမြန်ဆုံး ရေနဲ့ဆေးချပါ။ ၁၅ မိနစ်မှ ၂၀ မိနစ်လောက်အထိကြာကြာဆေးပါ။ ကပ်ကျန်နေတဲ့ ဓါတုပစ္စည်းတွေကို သန့်စင်ပေးဖို့ ဆပ်ပြာပျော့ပျော့ သုံးပြီးဆေးပါ။ အဝတ်မှာပါ ပေနေရင် အဝတ်အစားတွေ ချက်ချင်းချွတ်ပစ်ပါ။ လောင်သွားလို့ အနာဖြစ်သွားတဲ့ နေရာတွေကို ပိုးမဝင်အောင် အနာကပ်ပလာစတာကပ်တာ၊ အနာကြီးရငိပတ်တီးလေးအပေါ်က အုပ်သွားတာမျိုး လုပ်ပြီးမှ ဆေးရုံကိုသွားပါ။ လေထဲမှာဖုန်တွေ၊ပိုးမွှားတွေအများကြီးရှိနေနိုင်လို့ပါ။မီးခိုးမွှန်နေတဲ့ နေရာ၊ အဆိပ်ငွေ့တွေ ပျံ့နေတဲ့ နေရာကနေ ချက်ချင်းရွှေ့ပါ။ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းပါ။ ပိတ်မိနေရင်လည်းနှာခေါင်းကို အဝတ်တစ်ခုခု အုပ်ထားပြီးမှ အသက်ရှူပါ။ အတတ်နိုင်ဆုံး လေဝင်လေထွက်ရှိနိုင်မည့်နေရာနား ကပ်နေပါ။ အပြင်ရောက်ရောက်ချင်း ဆေးကုသမှုကို သေချာခံယူပါ။ ။လူနာက အန်နေလျှင် အန်ဖတ်စို့ပြီး အသက်ရှူလမ်းကြောင်း မပိတ်အောင် ခေါင်းကို ဘေးသို့စောင်းထားပေးပါ။လူနာတင်ယာဉ် မလာခင်( သို့မဟုတ်) ဆေးရုံမရောက်ခင် အချိန်မှာ လူနာက အသက်မရှူဘူး၊ လှုပ်ရှားတာလည်း မရှိတော့ဘူးဆိုရင် အရေးပေါ် ရှေးဦးသူနာပြုနည်းနဲ့ အသက်ကယ်ခြင်း( CPR ) ကို အမြန်ဆုံးလုပ်ထားပေးပါ။ဆေးရုံကိုသွားရင်လည်း လူနာသောက်မိခဲ့တဲ့ အက်ဆစ်ဘူးခွံတွေ၊ ဆေးလုံးတွေ၊ အရက်ပြန်တံဆိပ်တွေ၊ ပိုးသတ်ဆေးဘူးခွံတွေကိုပါ တစ်ပါတည်းယူသွားဖို့ မမေ့ပါနဲ့။ဒါတွေကတော့ ဓါတုပစ္စည်းတစ်ခုခုနဲ့ ထိမိရင် လူနာတင်ယာဉ်ကားမလာခင်၊ ဆေးရုံမရောက်ခင်စပ်ကြားမှာ လုပ်သင့်တဲ့ လူတိုင်း သိသင့်တဲ့ ရှေးဦးသူနာပြုနည်း တွေပဲဖြစ်ပါတယ်။ မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးတွေဖြစ်တတ်တာ အများဆုံးဖြစ်လို့ အက်ဆစ်ဘူးတွေကို အိမ်မှာသိမ်းရင် ကလေးတွေနဲ့မမှီတဲ့နေရာ၊ ဝေးတဲ့နေရာမှာ သိမ်းပါ။ တောင်သူဦးကြီးများ အနေနဲ့ ပိုးသတ်ဆေးဖြန်းရင်လည်း အရေပြားနဲ့မထိအောင် သေချာလုံလုံခြုံခြုံဝတ်ပြီးမှ လယ်တောထဲသို့ဆင်းပါ။ ပိုးသတ်ဆေးဘူးတွေကိုလည်း သေချာသိမ်းဆည်းပါ။ ခေါင်းလျှော်ရင်လည်း မျက်လုံးထဲကို ခေါင်းလျှော်ရည် မဝင်အောင် ဂရုစိုက်ပါ။ မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။ မတော်တဆ ဖြစ်ခဲ့ရင်လည်း အသက်နဲ့လဲထားရသော အချိန်လောက် ဘယ်အရာမှ တန်ဖိုးမရှိတဲ့ အတွက် အချိန်မဆွဲပါနှင့်။ရေးသားသူ-  Dr Thin Yadanar@ Frances။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/accidental-ppoisoning-from-all-routes/
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ
ကိုဗစ်ကာလအိမ်မှာနေရတာ များတော့ ရှေ့ဆုံးက တိုးတက်လာမယ့်အရာတွေထဲမှာ ဗိုက်ခေါက်လေးလည်း ပါတယ်နော်။ မယုံရင် ထိုင်နေရင်း ရှေ့ကို ခါးလေး နည်းနည်းကိုင်းငုံ့ကြည့်လိုက်ပါဦး။ Stay Home အတွင်း အရင်ထက်တော့ စူထွက်လာတဲ့ ဗိုက်ကလေးကို တွေ့ရလိမ့်မပေါ့။မဟုတ်ရပါဘူး။ ဝတဲ့သူရော၊ပိန်တဲ့သူရော ဗိုက်အဆီက ရှိလာနိုင်ပါတယ်။ စားစရာတွေ မှာစားမယ်၊ အိမ်မှာ မုန့်တွေ လုပ်စားမယ်၊ အပြင်မသွားရဘူး၊ လှုပ်ရှားမှုနည်းမယ် ဆိုတော့ Stay Home ကာလကြီးက ဗိုက်ကလေး ထွက်လာဖို့ ကွက်တိပဲပေါ့လေ။ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ ယူတို့ အားကိုးကြတဲ့ GYM တွေလည်း သွားလို့မရတဲ့အချိန်လေ…။မစိုးရိမ်ပါနဲ့။ ဒီအချက်လေးတွေ ဂရုစိုက်ရင် ဗိုက်ချပ် ကျန်းမာပြီး ဗိုက်အဆီ ကြောင့်ဖြစ်မယ့် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်တွေကို ရှောင်နိုင်ပါလိမ့်မယ် –။လေ့ကျင့်ခန်းတွေကို တနေ့အနည်းဆုံး မိနစ်နှစ်ဆယ်ကနေ နာရီ၀က်လောက် လုပ်ပေးရင် ကိုယ်စားထားတဲ့ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ Youtube ဗီဒီယိုတွေထဲက workout လေးတွေ ကြည့်ပြီး လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။အိပ်ချိန် နည်းလွန်းရင်သို့မဟုတ် များသွားရင် ဗိုက်အဆီပိုတက်တယ် လို့ဆိုပါတယ်။ အကောင်းဆုံးက တစ်ရက်ကို အိပ်ချိန် ၆ နာရီနဲ့ ၈ နာရီကြား ရှိရပါမယ်။အိမ်မှာပဲမို့ ညဘက်မအိပ်တာ၊ နေမြင့်မှ အိပ်ရာထတာလို အိပ်ချိန်မမှန်တာမျိုး သတိထားပါ။ စောစောအိပ်ပါ၊ အိပ်ချိန်မတိုင်ခင် အရင်အနားယူဖြေလျှော့ပါ၊ အိပ်ချိန်မှာ ဖုန်းပွတ်မနေနဲ့တော့ပေါ့။ဒီအချိန်မှာ စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုနဲ့ အတွေးတွေ ပိုများတတ်ပါတယ်။စိတ်ဖိစီးမှုရှိနေရင် အဆီတွေ၊ အချိုတွေ ပိုစားမိမယ်၊ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောတွေကြောင့် ဗိုက်အဆီတက်မယ်။ စိတ်ကညစ်နေတဲ့အခါ အိပ်လည်းမပျော်၊ လှုပ်ရှားမှုလည်းမလုပ်ဖြစ်၊ အထိုင်များနေမယ်ဆိုတော့ အဆီပိုတက်နိုင်တယ်။စိတ်အပန်းပြေမယ့်အရာတွေရှာပါ၊ ဝါသနာပါတာလေးတွေ လုပ်ကြည့်ပါ၊ သီချင်းတွေ နားထောင်ပါ၊ စိတ်ကို ပြေလျော့စေမယ့် နည်းလမ်းတွေ လုပ်ကြည့်ပါ။အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ်များတာတွေ စားပေးလို့ရတယ်။ ပန်းသီးလို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေ စားပါ၊ ကြိတ်ပြီး ဖျော်ရည်လုပ်သောက်ပါ (အချိုတော့ထပ်မကဲနဲ့ပေါ့)။အမျှင်ဓာတ်က ဗိုက်ပြည့်တင်းတိမ်စေပြီး ဆာလောင်မှုကို ဟန့်တားပေးပါတယ်။ အစာခြေစနစ် အတွက်ကောင်းပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။အိမ်ထဲမှာလည်း လမ်းလျှောက်လို့ ရပါတယ်။ လမ်းလျှောက်စက် ရှိဖို့ မလိုပါဘူး။ အိမ်ရှေ့နဲ့ နောက်ဖေး လျှောက်လည်း လမ်းလျှောက်တာပါပဲနော် (မီးဖိုခန်းထဲ မုန့်ပြေးပြေးစားတာတော့ မလုပ်နဲ့ပေါ့)။  တစ်နေ့ကို နာရီ၀က်လောက် လမ်းလျှောက်ပေးရင် အဆီကျ ဗိုက်ချပ်စေတဲ့အပြင်အကြောအခြင် တောင့်တင်းတာတွေပါ သက်သာစေနိုင်ပါတယ်။အတိုချုပ် ပြောရရင် အစားဆင်ခြင်ဖို့ ပါပဲ။ ပျင်းတိုင်း မစားဖို့၊အိပ်ရေးပျက်လို့သို့မဟုတ် စိတ်ဖိစီးလို့ ပိုစားတာမိတာမျိုးကို ထိန်းဖို့၊ မဆာဘဲ မစားဖို့၊ အဆီများတာတွေ မစားဖို့၊ အလွန်အကျွံမစားဖို့ အရေးကြီးပါတယ်။အစားကို လိုသလောက် ချင့်စားပါ။ ကယ်လိုရီ များမယ့် အစားအစာတွေကို တစ်ခါတည်း စုပြုံမစားချပါနဲ့။ ဒီကာလမှာ အရင်လောက် ကိုယ်လက်လှုပ်ရှားမှု မများတာမို့ အရင်လောက်အစာမကြေနိုင်၊ မလောင်ကျွမ်းနိုင်လို့ပါ။ ဘာမဆို ဉာဏ်နဲ့ ယှဉ်လို့ ထိန်းနိုင်ကြပါစေနော်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/stay-home-belly-reduce/
ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ
ကိုဗစ် ကူးစက်ခံလိုက် ရတယ်။ ဒါပေမယ့် ကိုဗစ်ကို အနိုင်တိုက်လို့ ပြန်လည် ကျန်းမာလာပြီဆိုရင်ဘယ်လို ဂရုစိုက် နေထိုင်ရမလဲဆိုတာကို ဒီ ဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ကိုဗစ် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နေတဲ့ကပ်ရောဂါကြီးပေါ့။ မတော်တဆ ကူးစက်ခံရ​ပြီဆိုရင်လည်းလက္ခဏာ တစ်ခုခု တွေ့ပြီဆိုတာနဲ့ နီးစပ်ရာ Fever Clinic ကို သတင်းပို့ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပါ။ မြန်မြန်သိ မြန်မြန်ကုသနိုင်ရင်ကိုဗစ်က ပျောက်ကင်းနိုင်ခြေများပါတယ်။ကိုဗစ်ရောဂါပိုးက ၁၁ ရက် ကနေ ၁၃ ရက်ဆိုရင်ခန္ဓာကိုယ် ပြင်ပကို မထွက်နိုင်တော့ဘူးဆိုတော့ ၁၁ ရက်ပြည့်ပြီကိုယ်ပူတာ၊ ချောင်းဆိုးတာတွေလိုမျိုး ကိုဗစ်ရဲ့ လက္ခဏာတွေလည်း မရှိဘူးဆိုရင် ကုသရေးစင်တာကနေ အိမ်ကို ပြန်လာလို့ ရပါပြီ။ဒါပေမယ့် အိမ်မှာStay at Home၇ ရက်နေဖို့တော့ လိုဦးမှာပါ။ ဒါကကိုယ်ခံအားကို အားဖြည့်တာဖြစ်သလို ပြန်လည်ကျန်းမာလာတဲ့ ကာလကို အကောင်းဆုံး အားဖြည့်တာလည်း ဖြစ်ပါတယ်။ဒီကာလမှာ မတ်ခ်က ဆက်တပ်ထားရဦးမှာ ဖြစ်သလို အိမ်ထဲမှာပဲ နေသင့်ပါတယ်။လူစုလူဝေးဖြစ်တဲ့နေရာတွေကို သွားတာ၊ မလိုအပ်ဘဲ အပြင်ထွက်တာတွေကို မလုပ်သင့်သေးပါဘူး။ မတ်ခ်တပ်တာ၊ လက်ဆေးတာလိုမျိုး ကိုဗစ်ကာကွယ်နည်းတွေကိုလည်း ဆက်လက်လိုက်နာရပါဦးမယ်။အကြောင်းကတော့ ကိုဗစ်က ကူးစက်ပြီးသူတွေမှာထပ်တစ်ခါ မကူးစက်နိုင်ဘူးလို့ အာမခံချက် ရှိမနေတာကြောင့်ပါ။ ကိုယ့်ကို နောက်ထပ်တစ်ကြိမ် ကူးစက်မှု မရှိစေဖို့ သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ ဒါကြောင့် ဒီကာလမှာ ဧည့်သည်တွေ့ဆုံတာမျိုး မလုပ်သင့်ပါဘူး။အသုံးအဆောင်တွေကိုလည်း သီးသန့်ထားသင့်ပါတယ်။ ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေကလည်း ဆက်လက် လိုက်နာရပါမယ်။ကိုဗစ်က သက်သာပြီဆိုပေမယ့် ကိုယ်ခံအား အပြည့်အဝ ကောင်းမွန်ပြီး ကိုဗစ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ဆိုရင်။နလန်ထချိန်မှာ အစားမစားချင်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ် ပိုင်ဆိုင်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ထမင်း၊ အသား၊ ငါး၊ အသီးအရွက်၊ သစ်သီး၊ ဥအမျိုးမျိုး စတာတွေကို ပါဝင်အောင် စားပေးပါ။အရောင်စုံအောင် စားပေးနိုင်လေ ပိုကောင်းလေပါ။ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေကို ပြည့်ဝစွာ စားသုံးတာက ကိုယ်ခံအား ပြည့်ဝကောင်းမွန်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။အသက်ရှူ လမ်းကြောင်းစနစ်ကျန်းမာပြီး ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ဖို့ လိုပါမယ်။ ဒီတော့ ရေ အရမ်းမသောက်ဖြစ်ရင်တောင် တစ်နေ့ကို ရေ ၈ ခွက်တော့ သောက်ပေးပါ။ညဘက်တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိစေဖို့ ဂရုပြုပါ။ တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၇နာရီကနေ ၈ နာရီရှိစေဖို့ ဂရုပြုပါ။ အိပ်ရေးဝတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ကိုယ်ခံအားကိုလည်း ပြည့်ဝစေမှာပါ။နေ့စဉ် မနက်ခင်း ဒါမှမဟုတ် ညနေပိုင်းမှာ ၁၅ မိနစ်ကနေ ၁ နာရီလောက်အထိ ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားတာက ကိုယ်ခံအားကောင်းစေသလို ကိုဗစ် အဓိကတိုက်ခိုက်တဲ့ အဆုတ်လေးကိုလည်း ကျန်းမာစေပါတယ်။မနက်ခင်း နေခြည်နွေးနွေးကို မိနစ် ၂၀ လောက်ခံပေးပါ။ နေရောင်ခြည့်ကဗီတာမင် Dကို အပြည့်အဝ ရရှိစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေမှာပါ။အပြင်သွားတိုင်း မတ်ခ်တပ်ပါ။ ကိုယ့်အိမ်မှာ အသက်အရွယ်ကြီးရင့်သူတွေ ရှိနေမယ်ဆိုရင် သူတို့ အနားရောက်လာတဲ့အခါတိုင်း မတ်ခ် တပ်ထားပေးစေချင်ပါတယ်။လက်ဆေးတာက ကိုဗစ်ကို ကာကွယ်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းပါ။ ဒါကြောင့် ကိုဗစ်က သက်သာလာပြီဆိုပေမယ့် နောက်တစ်ကြိမ်ဆိုတာ မဖြစ်စေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့အတွက် လက်ကို မကြာခဏ ရေနဲ့ဆပ်ပြာသုံးပြီး ဆေးကြောလို့ ကိုဗစ် အပါအဝင် ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပါ။ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းအောင်လုပ်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်သိမှု၊ စည်းကမ်းရှိမှုတွေနဲ့ ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ကိုဗစ် အန္တရာယ်ကနေ ကာကွယ်ရအောင်လား။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/recovery-from-covid/
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ
ကိုဗစ် ပိုးတွေ့တဲ့ လူနာများလာတာမှ အနီးဆုံး ကိုယ့်အိမ်ဘေးနားအထိတောင် ရောက်လာလို့ သောကများနေပြီလား။ကာကွယ်ဆေးလည်း မပေါ်သေးတဲ့ ကိုဗစ်ကို အကောင်းဆုံး ကကွယ်ပေးနိုင်မှာတော့ မွေးရာပါ ဆုလာဘ်တစ်ခု ဖြစ်တဲ့ ကိုယ်ခံအားပေါ့။ကိုယ်ခံအား ကောင်းဖို့က ထိုင်ပြောနေရုံနဲ့ မရနိုင်ပါဘူး။ ကိုယ်တိုင်က သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတော့ အခုလိုကိုဗစ်ကာလမှာ ကိုယ်ခံအားကို ပြည့်ဝ ကောင်းမွန်နေစေဖို့ ဘယ်လို အာဟာရတွေ မှီဝဲသင့်လဲဆိုတာကို ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။ကိုဗစ်ကာလမှာ ကိုယ်ခံအား ပြည့်ဝနေစေဖို့ဆိုရင်ဒီအာဟာရဓာတ်လေးတွေကို ပြည့်ဝအောင် မှီဝဲဖို့ လိုပါမယ်။ဗီတာမင် A က အူလမ်းကြောင်းနဲ့အသက်ရှူလမ်းကြောင်း စနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအာဟာရတွေကို ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးနိုင်သလို ကိုဗစ် အဓိက တိုက်ခိုက်တဲ့ အသက်ရှူလမ်းကြောင်းကိုပါ ကျန်းမာစေမှာပါ။ဗီတာမင် A ပြည့်ဝစေဖို့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ စတာတွေကို စားပေးဖို့ လိုပါမယ်။ဗီတာမင် C က ကိုယ်ခံအားကို ကောင်းစေတယ်ဆိုတာ လူတိုင်းလိုလို သိထားပြီးသားပါ။ အခုလို ကာလမှာလည်း ကိုယ်ခံအား ကောင်းဖို့ဆိုရင် ဗီတာမင် C ပြည့်ဝဖို့ လိုပါမယ်။ ဗီတာမင် C ကantibodiesဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပါတယ်။ဗီတာမင် C ပြည့်ဝဖို့ဆိုရင် စတော်ဘယ်ရီ၊ ငရုတ်ပွအနီရောင်၊ ကီဝီသီး၊ သံပုရာသီး၊ လိမ္မော်သီး စတာတွေ စားပေးပါ။ဗီတာမင် E ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပြီး ခန္ဓာကိုယ်ကိုဓာတ်တိုးပစ္စည်းတွေအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဗီတာမင် E ပြည့်ဝဖို့ကတော့ဟင်းရွက်ဆီ၊ အခွံမာသီး၊ အစေ့အဆန်၊ ထောပတ်သီး စတာတွေ စားပေးပါ။ဇင့်ဓာတ်က ကိုယ်ခံအားကို အကောင်းဆုံး အနေအထားဖြစ်စေဖို့ ထောက်ကန်ပေးပါတယ်။ ကိုယ်ထဲမှာ ဇင့်ဓာတ်နည်းလာတဲ့အခါဖျားနာလွယ်ပြီး ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းဖို့ဆိုရင် ဇင့်ကို မေ့ထားလို့ မရပါဘူး။ဇင့်ဓာတ် ပြည့်ဝစေဖို့ဆိုရင်တော့ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ကြက်သား၊ ဘဲသား၊ ပင်လယ်စာတွေ စားသုံးပေးပါ။ပရိုတင်းက ခန္ဓာကိုယ်ကို pathogens အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ T-cell ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ အရေးပါတဲ့ အာဟာရဖြစ်တဲ့အမိုင်နိုအက်ဆစ်ကို ထုတ်လုပ်ပေးပါတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရ တစ်ခုဆိုလည်း မမှားပါဘူး။ပရိုတင်း ကြွယ်ဝစေဖို့အနီရောင်အသား(အဆီမပါ)၊ ပင်လယ်စာ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်များ စားပေးပါ။ကဲ…ကို ဗစ်ကာလမှာ ကိုယ်ခံအားကောင်းစေဖို့ ဒါလေးတွေ ပါဝင်အောင် စားသုံးပြီး ကိုယ်ခံအားကို မြှင့်တင်လိုက်ပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/essential-nutrients-during-covid/
သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည်
သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည် အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ ပန်းသီးရှာလကာရည်က အသုံးဝင်တဲ့ချွေးနံ့ပျောက်ဆေး၊ချွေးတိတ်ဆေးတစ်မျိုးပါ။ ခန္ဓာကိုယ်မှာချွေးနံ့ဆိုးကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်နော်။ ချွေးနံ့ပျောက်ဆေးတွေဆီက ဓာတုဆေးတွေကို စိုးရိမ်တယ်ဆိုရင် သဘာဝနည်းဖြစ်တဲ့ ပန်းသီးရှာလကာရည်ကို သုံးလို့ရပါတယ်။ခန္ဓာကိုယ်မှာ အနံ့မပါတဲ့ချွေးတွေ ထုတ်ပေးတဲ့ ချွေးဂလင်းတွေရှိပါတယ်။ ဒါပေမယ့် ချိုင်း၊ ပေါင်ခြံနဲ့ နို့သီးထိပ်စတဲ့ အမွေးအမျှင်ရှိတဲ့ အရေပြားမှာ ချွေးနံ့ရဲ့တရားခံဖြစ်တဲ့ apocrine ဂလင်းနဲ့ sebaceous ဂလင်း တို့ရှိပါတယ်။စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ၊ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အခါ၊ ချိုင်းမှာရှိတဲ့ apocrine ဂလင်းက ပရိုတင်း၊ fatty acidsနဲ့ စတီးရွိုက်တို့ပါဝင်တဲ့ စေးကပ်တဲ့အရည်တွေကို ထုတ်ပေးပါတယ်။ ဒါတွေက အရေပြား မျက်နှာပြင်ပေါ်ရောက်လာတဲ့အခါ eccrine ဂလင်းတွေကနေ ထွက်လာတဲ့ အနံ့မရှိတဲ့ ချွေးတွေနဲ့ရော သွားပါတယ်။ချိုင်းမှာရှိတဲ့ မှိုပိုးနဲ့ဘက်တီးရီးယားတွေ (အထူးသဖြင့်Staphylococcusနဲ့Corynebacteriumတို့) နဲ့ ဓာတ်ပြုပြီး သည်အရောကို propionic acid လို အနံ့ဆိုးတဲ့ အက်စစ်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ခြေဖဝါးမှာလည်း အတူတူပါပဲ။ဒါ့ပြင် ရောဂါအကြောင်းရင်းတွေနဲ့ ဆေးဝါးတချို့ကြောင့်လည်း ခန္ဓာကိုယ်အနံ့ဆိုးထွက်စေပါတယ်။ချွေးနံ့ပြင်းတာကို ဖြေရှင်းဖို့နည်းလမ်းနှစ်ခုရှိပါတယ်။ချွေးထွက်နည်းအောင်လုပ်ခြင်း။ချွေးထွက်နည်းအောင်လုပ်ပြီး ချွေးနံ့မထွက်အောင် လုပ်ပါ။ ချွေးတိတ်ဆေးတွေက apocrine ဂလင်းကို ခဏတာပိတ်စေပြီး ချွေးထွက်နှုန်းကို ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလျှော့ချပေးပါတယ်။အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားကို ရှင်းလင်းခြင်း။အနံ့ပြင်းစေတဲ့ဘက်တီးရီးယားကို သေစေတာဖြစ်ဖြစ် သူ့ထက်ပိုပြင်းတဲ့ အမွှေးနံ့နဲ့ အုပ်ပစ်တာဖြစ်ဖြစ် ချွေးနံ့ပျောက်အောင်လုပ်ပါ။ ဒါကတော့ ချွေးနံ့ပျောက်ဆေးတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ချွေးတိတ်ဆေးရော ချွေးနံ့ပျောက်ဆေးတွေမှာပါ တာရှည်ခံစေမယ့် parabens တွေပါဝင်နိုင်ပြီး ဒါတွေက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့ပြင် ဈေးကွက်ထဲက အရည်အသွေးနိမ့် ကုန်ပစ္စည်းတွေမှာပါတတ်တဲ့ ဓာတုပစ္စည်းတချို့က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒ။ါကြောင့် ဘာပဲပြောပြော ဘေးအကင်းဆုံးကတော့ သဘာဝနည်းတွေပဲဖြစ်ပါတယ်။ ဥပမာ သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည် လိုမျိုးပေါ့။ချိုင်းမှာ သုံးလိုက်တာနဲ့ အနံ့ဆိုးဖြစ်စေမယ့် ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေနိုင်ပါတယ်။ ဗီနီဂါပါဝင်မှု များတာကြောင့် ပိုးသတ်ခြင်း၊ မှိုသတ်ခြင်း အာနိသင်မှာ အစွမ်းထက်တယ်လို့ သုတေသနအတော်များများက ဖော်ပြကြပါတယ်။ ဗီနီဂါ ၅ ရာခိုင်နှုန်းလောက်နဲ့ပဲ ဘက်တီးရီးယားပိုးမွှားများစွာကို သတ်နိုင်ပါတယ်။သတိပြုဖို့ကတော့ အသားအရေမှာ တိုက်ရိုက်အသုံးပြုတဲ့အခါ ပန်းသီးရှာလကာရည် ရဲ့ အာနိသင်အပြင်း အပျော့နဲ့ အသုံးပြုပုံကို မူတည်ပြီး အရေပြားနီရဲခြင်း၊ ခြောက်သွေ့ခြင်းတို့လို့ ဘေးထွက်ဆိုးကျိုးတချို့ရှိလာစေနိုင်ပါတယ်။ဒါ့ကြောင့်မသုံးခင်မှာ ဓာတ်တည့်မတည့်သိရအောင် နည်းနည်းလောက် အရေပြားမှာ စမ်းသပ်သင့်ပါတယ်။ သုံးတဲ့အခါ ပမာဏနည်းနည်းချင်းပဲ သုံးသင့်ပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ဆတူရောသုံးရပါမယ်။သုံးနည်းကတော့။ပန်းသီးရှာလကာရည် နဲ့ ရေ ဆတူအရောထဲကို ဂွမ်းသန့်အလုံးလေးတစ်လုံးနဲ့ တို့နှစ်ပြီး ချိုင်းမှာပွတ်သုတ်လိုက်ပါ။ ပြီးရင် ခြောက်သွေ့စေဖို့ ပြောင်းမှုန့်နဲ့ မုန့်ဖုတ်ဆိုဒါ အရောကို လိမ်းပေးပါ။ ချိုးမယ့် ရေထဲကို ထည့်ပြီးလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်း ရေရောပြီးမှ သုံးပါ။ ဓာတ်တည့်မတည့်ကိုတော့ အရေပြားမှာ နည်းနည်းတို့ကြည့်ပြီး အရင်စမ်းသပ်ကြည့်ပါဦးနော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/apple-cider-vinegar-as-deodorant/
အယ်ကိုဟောနှင့် ကဖင်းတွေဟာ ကလေးရနိုင်ခြေကို လျော့နည်းစေပါတယ်။
ချောကလက်၊ ကိုလာ၊ ကော်ဖီ၊ ကပချီနို၊ အက်စ်ပရက်စို၊ လက်တီ မဆုံးနိုင်တော့ ပါဘူး။ ကဲ…… ဒါဆို ကျွန်တော်တို့ ကဖင်းတွေ ကြိုက်တယ်ဆိုတာ ဝင်ခံလိုက်ပါပြီ။ ကဖင်းဓါတ်ဆိုတာ ယေဘုယျအားဖြင့် စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတဲ့ ဆေးတစ်မျိုးပါ။ coffeeresearch.org ဆိုတဲ့ ဝက်ဆိုက်က ၅၀ရာခိုင်နှုန်းသော လူငယ်တွေဟာ ကော်ဖီကို နေ့တိုင်းသောက်ကြပြီး ၂၅ရာခိုင်နှုန်ုးသော လူငယ်တွေဟာ အခါအားလျော်စွာ သောက်တတ်ကြပါတယ်။ ကဖင်းပါတဲ့ သောက်စရာများ သောက်သုံးသူ ၁၀၀၀၀ကို ကောက်ထားတဲ့ နောက်ဆုံးစစ်တမ်းတွေအရ မျိုးပွားနိုင်သောအရွယ်ရှိ မိန်းမတွေ သောက်သုံးတဲ့ ပျမ်းမျှ ကဖင်းမမာဏက တစ်ရက်ကို 100mg ရှိပြီး အမြင့်ဆုံးတစ်ရက်ကို 229mg ထိ ရှိကြပါတယ်။ကဖင်းဓါတ် မှီဝဲမှု သိသိသာသာ တိုးပွားလာနဲ့အမျှ ကဖင်းဓါတ်က ကျန်းမာရေးအပေါ်မှာ ဘယ်လို သက်လောက်သက်ရောက်နေမယ်ဆိုတာကို လျော့တွက်လို့ မရပါဘူး။ ကဖင်းဓါတ်ရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေါ်ခြင်း၊ နေ့ကောညကော အလုပ်လုပ်ဖို့၊ စာလုပ်ဖို့ တက်ကြွနေခြင်း စတဲ့ စွမ်းရည်တွေကြောင့် လူတော်တော်များများ ကြိုက်နှစ်သက်ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကဖင်းဓါတ်က အခြားသော ကိုယ်အင်္ဂါစနစ်တွေကို သက်ရောက်မှု ရှိပါတယ်။ ကဖင်းဓါတ်က နှလုံးခုန်နှုန်းကို မြန်စေခြင်း၊ သွေးပေါင်ချိန်ကို တက်စေခြင်း၊ ဇီဝဖြစ်စဉ်တွေကို မြှင့်တင်ပေးခြင်းနှင့် ဆီးများများ သွားစေခြင်း တွေအတွက် တရားခံပါ။ကဖင်းဓါတ်က ကလေးပျက်ကျနိုင်မှုရာခိုင်နှုန်းကို မြင့်မားစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ တစ်နေ့ကို 200mg ထက်ပိုပြီး မှီဝဲတဲ့ မိန်းမတွေဟာ မမှီဝဲတဲ့ မိန်းမတွေမှာ ရှိတဲ့ ကလေးပျက်ကျနိုင်ခြေ ၁၂.၅ရာခိုင်နှုန်းရဲ့ ၂ဆ ၂၅.၅ရာခိုင်နှုန်းထိ မြင့်တက်သွားကြပါတယ်။ ကဖင်းဟာ အချင်းကို ဖြတ်သွားနိုင်ပြီး ဖွံ့ဖြိုးဆဲကလေးလေးကို ဆိုးကျိုးဖြစ်စေတယ်ဆိုတာ နောက်ထပ်သုသေတနတွေအရ သိရှိရပါတယ်။ကဖင်းဓါတ်ဟာ ကိုယ်ဝန်ရနိုင်ခြေကိုနည်းစေသလို ကိုယ်ဝန်ရဖို့ ကြာလည်းကြာစေတယ်လို သိရှိရပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက်ထက် ပိုသောက်တဲ့မိန်းမတွေဟာ ကိုယ်ဝန်ရနိုင်ခြေ ၅၀ရာခိုင်နှုန်းပဲ ရှိတော့တာကို လေ့လာမှုတစ်ခုအရ သိရှိရပါတယ်။ ဖန်ပြွန် သန္ဓေသား ယူထားတဲ့ မိန်းမတွေကို လေ့လာတဲ့အခါမှာ ပျမ်းမျှတစ်နေ့ကို 50mg ပဲသောက်တဲ့ မိန်းမတွေမှာတောင်မှ ကိုယ်ဝန်ရနိုင်ခြေ နည်းနေတာကို တွေ့ရပါတယ်။ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာကိုတော့ ယခုထိ သေချာမသိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ ကဖင်းက မမျိုးဥဖွံ့ဖြိုးမှုကို နှောက်ယှက်နေတာနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ထင်ရပါတယ်။ မျောက်တွေနဲ့ ကြွက်တွေနဲ့ကို စမ်းသပ်တဲ့ အခါမှာတော့ ကဖင်းက မမျိုးဥဖွံ့ဖြိုးမှုကို နှောက်ယှက်နေတယ်လို့ တွေ့ရပါတယ်။လေ့လာတွေ့ရှိချက်အများစုက ကဖင်းဓါတ်ရဲ့ ဆိုးကျိုးတွေဟာ ကဖင်းဓါတ်ဘယ်လောက်မှီဝဲလဲပေါ်မှာ မူတည်နေတယ်လို့ ဖော်ပြနေပါတယ်။ ဒါကြောင့် မိန်းမတွေဟာ ကော်ဖီ လျော့သောက်ဖို့ စဉ်းစားသင့်ပါတယ်။ ကဖင်းဓါတ်ကို ကော်ဖီ၊ လက်ဖက်ရည်၊ အချို့အအေးတွေနဲ့ ချောကလက်တွေက ရရှိပါတယ်။ ကဖင်းပါတဲ့ အရည်တွေ များများသောက်လေ့ရှိတဲ့ မိန်းမတွေဟာ ခေါင်းကိုက်တာ၊ စိတ်မသက်မသာဖြစ်တာ၊ ဂနာမငြိမ်ဖြစ်တာနဲ့ မအီမသာဖြစ်တာကို ရှောင်ရှားဖို့ ဖြည်းဖြည်းခြင်း ဖြတ်သင့်ပါတယ်။ နောက်ဆုံးတော့ ဆိုးကျိုးတွေ မဖြစ်အောင် ကဖင်းဘယ်လောက် မှီဝဲသင့်တယ်ဆိုတာ မရှိပါဘူး။ အဲဒါကြောင့် သင်တို့ဟာ ကလေးယူဖို့ အစီအစဉ် ရှိမယ်ဆိုရင်တော့ ကဖင်းဓါတ် မှီဝဲခြင်းကို ရပ်တန့်သင့်ပါပြီ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%a1%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9f%e1%80%b1%e1%80%ac%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%96%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1/
Broken Ankle (ခြေချင်းဝတ်ကျိုးခြင်း)
ခြေကျင်းဝတ်ကျိုးတယ်ဆိုတာ ခြေချင်းဝတ် အဆစ်ဖွဲ့စည်းခြင်းမှာ ပါဝင်တဲ့ အရိုးများ ကျိုးတာပါ။ခြေချင်းဝတ်ကျိုးခြင်းမှာ အရိုးတစ်ချောင်းတည်း ရိုးရိုးကျိုးတာ ဖြစ်နိုင်ပြီး လမ်းလျောက်နိုင်ပါလိမ့်မယ်။ တစ်ချို့ဆိုးဆိုးဝါးဝါး အခြေအနေတွေမှာတော့ ခြေကျင်းဝတ် အဆစ်ဟာ ပုံစံပျက်သွားပြီး ပြန်ကောင်းစေဖို့ လအနည်းငယ်လောက် မလှုပ်ရှားပဲ နေဖို့ လိုပါတယ်။ခြေကျင်းဝတ်ကျိုးခြင်းက အသက်အရွယ်မရွေးဖြစ်နိုင်တာကြောင့် တော်တော်တော့ အတွေ့များပါတယ်။ လွန်ခဲ့တဲ့နှစ်၃၀၊၄၀ အတွင်းမှာ ဖြစ်ပွားတဲ့ လူဦးရေဟာ တိုးပွားလာတာကို ဆရာဝန်တွေ သတိထားမိခဲ့ကြပါတယ်။ လူကြီးတွေမှာ ဖြစ်မယ်ဆိုရင်တော့ အနာဂတ်မှာ အရိုးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ယင်းအခြေအနေဖြစ်နိုင်ခြေကို ရှောင်သင့်သည်များရှောင် ဆောင်သင့်သည်များကိုဆောင်ပြီး လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ အထက်ပါလက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်ဖြင့် ပြသပေးပါ။အောက်ပါတို့ ခံစားနေရပါက ဆရာဝန်ဖြင့် ပြသသင့်ပါတယ်။ခြေချင်းဝတ်ကျိုးခြင်းကို အောက်ပါတို့က ဖြစ်စေပါတယ်။အရိုးကျိုးနိုင်ခြေကို မြင့်မားစေတဲ့ အရာများစွာရှိပါတယ်။ အထူးသဖြင့် အရိုးကျိုးဖူးသော ဒါမှမဟုတ် ပြင်းထန်သော အားကစားများ ပြုလုပ်နေသော အားကစားသမားများတွင် ကျိုးနိုင်ခြေ မြင့်မားပါတယ်။ ပတ်ဝန်းကျင်ကြောင့်လည်း အရိုးကျိုးနိုင်ပါသေးတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ရောဂါလက္ခဏာ၊ ကျိုးရတဲ့ အကြောင်းအရင်းတွေ၊ ကျန်းမာရေးအခြေအနေတွေကို ပထမဆုံးမေးပါလိမ့်မယ်။ ပြီးနောက်မှာတော့ ခြေချင်းဝတ်နဲ့ ခြေထောက်တစ်ခုလုံးကို ဂရုတစိုက် စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။အရိုးကျိုးလား မကျိုးဘူးလားဆိုတာကိုတော့ တော်တော်များများက X-rays ဓါတ်မှန် ရိုက်ပြီး စစ်ဆေးပါလိမ့်မယ်။ ခြေချင်းဝတ်နဲ့ ခြေထောက်တစ်ခုလုံးကို X-rays ရိုက်ပြီး ဘာတွေထိခိုက်သွားလည်း ကြည့်မှာပါ။ဖိအားပေးစစ်ဆေးခြင်း။ ခြေချင်းဝတ်ကျိုးတဲ့ အမျိုးအစားအပေါ်မူတည်ပြီး ယင်းအပေါ်မှာ ဖိအားပေးကာ တစ်မူထူးခြားတဲ့ X-rays ရိုက်နိုင်ပါတယ်။ ထိုစစ်ဆေးချက်ကတော့ ခွဲစိတ်မှုလိုလား မလိုဘူးလားဆိုတာကို ကြည့်တာပါ။ကွန်ပျူတာဓါတ်မှန် (CT) ရိုက်ခြင်း။ စီတီရိုက်တာက ခြေချင်းဝတ်ရဲ့ ဖြတ်ပိုင်းပုံကို ပြပေးပါတယ်။ ယင်းစစ်ဆေးချက်ကနေပြီးသော သင့်အရိုးအခြေအနေကို ကြည့်မှာပါ။ အထူးသဖြင့် ကျိုးတဲ့ အထဲမှာ အဆစ်ပါသွားမယ်ဆိုရင် ပိုအသုံးဝင်ပါတယ်။သံလိုက်ဓါတ်မှန်ရိုက်ခြင်း ( MRI scan)။ ယင်းစစ်ဆေးချက်ကတော့ အရိုးနဲ့ တစ်ရှုးတို့ရဲ့ အခြေအနေကို ပိုမို အသေးစိတ် သိရှိစေပါလိမ့်မယ်။ အချို့ ခြေချင်းဝတ်ကျိုးခြင်းများတွင် MRI scan အား အရွတ်ရဲ့ အခြေအနေကို ကြည့်ရန်အတွက် အသုံးပြုပါတယ်။ရှေးဦးသူနာပြုနည်းလမ်းတွေက ဆေးရုံမရောက်ခင် ကျိုးသွားတဲ့ အရိုးကို တည်ငြိမ်အောင် ထိန်းထားပေးတဲ့ အရေးကြီးလုပ်ငန်းစဉ်တွေပါ။ ထပ်တိုးရောဂါများ ဖြစ်နိုင်ခြေကို မှန်ကန်တဲ့ ရှေးဦးသူနာပြု နည်းလမ်းတွေက လျော့နည်းစေနိုင်ပါတယ်။ ယင်းနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ဆေးရုံမှာတော့ ခွဲစိတ်ရမလား ကျောက်ပတ်တီးစီးရမလားဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။ခြေချင်းဝတ်ကို ၆ပတ်လောက် ကျောက်ပတ်တီး ဒါမှမဟုတ် ကျပ်စည်းထားဖို့ လိုအပ်ပါတယ်။ ထိုအချိန်မှာတော့ ခြေချင်းဝတ်အပေါ်မှာ အလေးချိန်တွေ မသက်ရောက်ရပါဘူး။ ရက်သတ္တပတ်အနည်းငယ်ကြာရင်တော့ ဆရာဝန်က သင့်ခြေချင်းဝတ် ပြန်လည်ကောင်းမွန်စေဖို့ ဘာတွေ လုပ်ရမလဲဆိုတာ ပြောပြပါလိမ့်မယ်။ ပိုမိုပေါ့ပါးတဲ့ ကျောက်ပတ်တီးဖြင့် အစားထိုးပေးနိုင်သလို အထူးပြုလုပ်ထားသော ဖြုတ်နိုင်၊ တပ်နိုင် ဖိနပ်အလိုအရာမျိုးနဲ့လည်း အစားထိုးပေးနိုင်ပါတယ်။ဆိုးဆိုးဝါးဝါးကျိုးသွားမယ်ဆိုရင်တော့ အရေပြားများကို ခွဲစိတ်ဖြတ်တောက်ပြီး အရိုးကို နေရာမှန်ပြန်ထားပေးဖို့ လိုအပ်ပါတယ်။ သံပြားများ၊ ဝက်အူများ၊ ဝိုင်ယာကြိုးများကို ပေါင်းစည်းပြီး အရိုးများကို ထိန်းထားကာ ဒဏ်ရာကို ပြန်ချုပ်ပါလိမ့်မယ်။ ပုံမှန်မှာတော့ ယင်းသံပစ္စည်းတွေက ပြဿနာမဖြစ်စေဘူးဆိုရင် မထုတ်ပဲ ဒီတိုင်းထားလိုက်ပါတယ်။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အရိုးကျိုးနိုင်ခြေကို လျော့နည်းစေပါလိမ့်မယ်။မေးစရာများရှိပါက ပိုမိုနားလည် ဖြေရှင်းနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/broken-ankle-%e1%80%b1%e1%80%bb%e1%80%81%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%81%80%e1%80%90%e1%80%b9%e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
ဆီးချိုက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်ခြင်းကို ဘယ်လိုသက်ရောက်မှုရှိလဲ
Type 1 ဆီးချိုရှိတဲ့ အမျိုးသားတွေရဲ့ သုက်ပိုးတွေမှာ DNA ပျက်စီးမှုတွေပိုဖြစ်နိုင်တယ်လို့ လေ့လာမှုတစ်ခုကဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တယ်လို့ ထင်ရပါတယ် တဲ့။ဒီ လေ့လာမှုဟာ သေးငယ်လို့ ဒီလို ဆီးချိုရောဂါဟာ အမျိုးသားတွေမြုံခြင်းကို ဖြစ်စေတယ်လို့ သက်သေပြနိုင်ခြင်းမရှိခဲ့ပေမယ့် နောက်ထပ်လေ့လာမှုတွေလုပ်ဖို့တော့ လုံလောက်စေခဲ့ပါတယ်။ဆီးချိုဆိုတာ ခန္ဓါကိုယ်က ဂလူးကို့စ်လယ်ဗယ်ကို မှန်ကန်စွာ စီမံခန့်ခွဲမှုမလုပ်နိုင်တော့တဲ့ရောဂါပါ။ အစာခြေလမ်းကြောင်းဟာ အစာတွေကို သကြားပုံစံတစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်အဖြစ် ခွဲပေးပါတယ။်။ဒါတွေကို စုပ်ယူပြီးနောက်မျာတော့ သွေးထဲကို ပို့လိုက်ပါတယ်။ သရက်ရွက်ကထုတ်တဲ့ အင်ဆူလင် ဟော်မုန်းဟာ သွေးကြောတွေထဲက ဂလူးကို့စ်ကို စုပ်ယူဖို့နဲ့ စွမ်းအင်အတွက် သုံးဖို့ အားပေးပါတယ်။ပုံစံ ၁ ဆီးချိုကတော့ ကလေးဘဝမှာ ပြတတ်ပြီး ခုခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ သရက်ရွက်ထဲက ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တဲ့အခါတွေမှာ ဖြစ်ပေါ်ပါတယ်။ပုံစံ ၂ကတော့ ခန္ဓါကိုယ်ထဲက တစ်သျှူးတွေဟာ အင်ဆူလင်ရဲ့ အကျိုးသက်ရောက်မှုကို တဖြည်းဖြည်းနဲ့ ခုခံသွားနိုင်လို့ ဖြစ်ရတာပါ။ သရက်ရွက်ဟာ ဟော်မုန်းတွေကို ပိုပြီးထုတ်လွှတ်ပေးခြင်းအားဖြင့် တုန့်ပြန်ပါတယ်။ဒါပေမယ့် တဖြည်းဖြည်းနဲ့ အလုပ်ဆက်မလုပ်နိုင်တော့ဘဲ သွေးတွင်းသကြားဓါတ်ဟာ စပြီး မြင့်တက်လာပါတော့တယ်။ဂလူးကို့စ်လယ်ဗယ်မြင့်ခြင်းဟာ အာရုံကြောတွေနဲ့ သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ရောဂါနဲ့ သွားဖုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။အဆင့်မြင့်တဲ့ ပုံစံ ၂ ဆီးချိုရောဂါဟာ မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်ပြီး ခြေထေက်တွေကို လုံလောက်တဲ့သွေးမစီးဆင်းစေဘဲ ဖြတ်ပစ်လိုက်ရတာမျိုးတွေထိ ဖြစ်စေတတ်ပါတယ်။ပုံစံ ၂ ဆီးချိုရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဟာ အဝလွန်တာကြောင့်လို့ ယုံကြည်ကြပါတယ်။ အချိန်တွေကြာလာတဲ့အခါ အလေးချိန်လွန်ကဲနေခြင်းက ကြွက်သား၊ အသည်းနဲ့ အဆီတစ်သျှူးတွေမှာရှိတဲ့ ဆဲလ်တွေမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းနည်းသွားအောင် လုပ်ပစ်ပါတယ်။ ဒီအခြေအနေကိုတော့ အင်ဆူလင်ခုခံခြင်း ( Insulin resistance) လို့ ခေါ်ပါတယ်။ဆီးချိုရှိတဲ့အမျိုးသားတွေဟာ ဆီးချိုမရှိတဲ့ အမျိုးသားတွေနဲ့စာရင် သုက်ရည်ပမာဏ နည်းပါးတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ဒါပေမဲ့ ဆီးချိုလူနာတစ်ယောက်ရဲ့ သုက်ရည်ပမာဏဟာ WHO က သတ်မှတ်ထားတဲ့ ပုံမှန် သုက်ရည်ပမာဏအတွင်းမှာပဲ ရှိနေပါတယ်။သုက်ပိုးအရေအတွက်၊ ပုံစံနဲ့လှုပ်ရှားမှုတွေဟာလည်း အုပ်စု၂ခုလုံးက အမျိုးသားတွေမှာ အတူတူပါပဲ။ ဒါပေမဲ့ ကျွမ်းကျင်သူတွေက သုက်ပိုးရဲ့ DNA တွေကို ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာတော့ ဆီးချိုလူနာတွေရဲ့ သုက်ပိုးထဲက DNA တွေက ပိုပြီး ပျက်စီးနေတာကို တွေ့ရပါတယ်။ သုက်ပိုးပျက်စီးခြင်းဟာ မြုံခြင်းကိုဖြစ်စေနိုင်ပါတယ်။အမျိုးမျိုးသောအကြောင်းတွေက DNA ပျက်စီးမှုကို ဦးတည်စေပါတယ်။ ဆီးချိုက DNA ကိုပျက်စီးစေတယ်ဆိုတာတော့ သုတေသနတွေထဲမှာ ထင်ရှားတဲ့ အဖြေ တိကျတဲ့အဖြေမတွေ့ရပါဘူး။ ဒီလေ့လာမှုထဲမှာ မြုံခြင်းအတွက် စစ်ဆေးမှုတွေမပြုလုပ်ထားတဲ့ ဆီးချိုမရှိတဲ့ အမျိုးသားတွေမပါဝင်ပါဘူး။ဒီလိုလူတွေမှာတောင်မှ သုက်ပိုးDNA ပျက်စီးမှုက နည်းနေပါသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ကျွမ်းကျင်သူတွေက သုက်ပိုး DNA ပျက်စီးမှုအတွက် လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပုံစံ၁ ဆီးချိုလူနာ အမျိုးသားတွေမှာ မျိုးအောင်နိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။ဒါကဘာကိုဆိုလိုတာလဲ? ဒါဟာ ဂလူးကို့စ်လယ်ဗယ်ကို မထိန်းနိုင်တဲ့ ဆီးချိုလူနာအမျိုးသားတွေဟာ သူတို့ကြင်ဖော် ကိုယ်ဝန်ရအောင်လုပ်ပေးနိုင်တဲ့ အခွင့်အရေးနည်းပြီး ရခဲ့ရင်တောင်မှ ကိုယ်ဝန်ပျက်ကျနိုင်ချေနဲ့ အင်္ဂါမစုံတာတွေ ဖြစ်နိုင်ချေ များပါတယ်။အချို့သော ကိစ္စတွေမှာ နေထိုင်မှုပုံစံပြောင်းလိုက်ခြင်းက ရောဂါအခြေအနေကို လုံးဝထိန်းချုပ်နိုင်သွားစေပါတယ်။ ဒါပေမဲ့ ဆီးချိုလူနာရှင်အများစုကတော့ သူတို့ရဲ့ သွေးတွင်းသကြားဓါတ်တွေ လျော့သွားအောင် ဆေးသောက်ဖို့ လိုနေဆဲပါ။ဒါနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ အင်ဆူလင် (ရှူဆေး နဲ့အတူ ဒါမှမဟုတ် ထိုးဆေး) တွေ လိုအပ်လာပါလိမ့်မယ်။ ဒါမှမဟုတ်လည်း လူနာက အင်ဆူလင်ကို သောက်ဆေးနဲ့အတူ တွဲသုံးဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ဒါပေမဲ့ ဆီးချိုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါကြောင့်ပဲ ကျွမ်းကျင်သူတွေက ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်လို့ ဆိုကြတာပေါ့…။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%80-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%b2/
အအိပ်ဆတ်တဲ့သူတွေ ဒါတွေကို သိထားသင့်တယ်နော်
အိပ်တဲ့အခါမှာ ဘေးပတ်ဝန်းကျင်က အသံဘယ်လောက်ဆူညံနေနေ လုံးဝမနိုးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့သူတွေကို အအိပ်မက်သူတွေလို့ ဆိုနိုင်ပြီး သူတို့နဲ့ ပြောင်းပြန် အသံနည်းနည်းကြားလိုက်တာနဲ့ လန့်နိုးလာတဲ့သူတွေကို အအိပ်ဆတ်တယ်လို့ ဆိုနိုင်ပါတယ်။  ဒီအချက်လေးတွေကိုတော့ အအိပ်ဆတ်တဲ့သူတွေ ဒါတွေကို သိထားသင့်တယ်နော် ……။လက်ရှိမှာတော့ အအိပ်ဆတ်ခြင်းကို ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်းမရှိသေးပါဘူး။အအိပ်ဆတ်တဲ့သူတွေမှာ ပုံမှန်လူတွေထက် ပိုပြီး အိပ်ချိန်နည်းတတ်သလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခဲယဉ်းတဲ့အတွက် ရေရှည်ကျန်းမာရေးမှာ ထိခိုက်လာနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ပုံမှန်အားဖြင့် အိပ်ပျော်သွားပြီးနောက်မှာ မျက်လုံးကလှုပ်ရှားနေပြီး အိပ်မက်မက်တဲ့ REM အဆင့်နဲ့ မျက်လုံးလှုပ်ရှားခြင်းမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Non-REM အဆင့်ဆိုပြီး နှစ်မျိုးရှိပါတယ်။၁။ REM အဆင့်။အိပ်ပျော်သွားပြီး မိနစ် ၉၀ လောက်ကြာတဲ့အခါ REM အဆင့်သို့ရောက်ရှိပါတယ်။ ဒီအခြေအနေမှာ။၂။ Non-REM အဆင့်။စတင်အိပ်ပျော်သွားတဲ့အချိန်မှာ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းက ပုံမှန်ထက် အနည်းငယ်နှေးသွားပါတယ်။ ဦးနှောက်ထဲက အာရုံကြောလှိုင်းတွေ အလုပ်လုပ်ခြင်းဟာလည်း နှေးကွေးသွားပြီး တင်းနေတဲ့ တွေက စတင်ပြေလျော့ပါတယ်။ အဲ့နောက်မှာ မျက်လုံးလှုပ်တာတွေ ရပ်သွားပြီး ကိုယ်ခန္ဓာကလည်း သက်သောင့်သက်သာဖြစ်လာပါတယ်။ နောက်ဆုံးအခြေအနေမှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ အဆင့်ကိုရောက်ရှိသွားပါတယ်။အအိပ်ဆတ်တဲ့သူတွေမှာ အိပ်ပျော်သွားတဲ့အချိန်မှာတောင် သူတို့ရဲ့ အကြားအာရုံနဲ့ ဦးနှောက်အာရုံကြောစနစ်က အရမ်းအလုပ်လုပ်နေပြီး အသံလေးတစ်ခုခု ကြားလိုက်တာ၊ ဘေးနားက လူက နည်းနည်းလေးလှုပ်လိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရာကနေ ရုတ်တရက်လန့်နိုးလာတာ ဖြစ်ပါတယ်။ကိုယ်က အအိပ်ဆတ်တာဖြစ်စေ၊ အအိပ်မက်တာဖြစ်စေ လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန်ကို ပြည့်ဝစွာရရှိဖို့ လိုပါတယ်။ အသက်အရွယ်အပိုင်းအခြားအရ။အသက်ငယ်သေးတဲ့ ကလေးတွေမှာ အိပ်နေတဲ့အချိန် ကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်စေတဲ့ဟော်မုန်းထုတ်လုပ်ပေးပါတယ်။ လူကြီးပိုင်းရောက်လာတဲ့အခါမှာ အိပ်စက်ခြင်းသည် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ ကျန်းမာရေး၊ ကိုယ်ခံအားစနစ်၊ ဟော်မုန်းထုတ်လုပ်နှုန်း စတာတွေအပေါ် သက်ရောက်မှုဖြစ်စေပါတယ်။အအိပ်ဆတ်တဲ့သူတွေ သိထားသင့်တာတွေကတော့။၁။ ကိုယ့်ရဲ့ ညအိပ်ချိန်နဲ့ မနက်နိုးမယ့်အချိန်ကို ပုံသေသတ်မှတ်ထားပါ။ ဒီပုံစံအတိုင်းပဲ မပျက်မကွက်အိပ်ပါ။ ပိတ်ရက်မို့ နောက်ကျအိပ်ပြီး နောက်ကျထမယ်၊ ရုံးဖွင့်ရက်မို့ စောစောထလိုက်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။၂။ ညမအိပ်ခင်ရေနွေးနွေးနဲ့ ရေချိုးပေးပါ၊ ဒါမှမဟုတ် ရေစိမ်ပါ။ စာအုပ်ဖတ်ပါ။၃။ အိပ်ခါနီး ၂နာရီခန့် ခြားပြီး ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ သုံးတာ၊ တီဗီကြည့်တာ ရပ်လိုက်ပါ။၄။ ညအိပ်ချိန်နဲ့ အနည်းဆုံး ၃နာရီခြားပြီး အစာစားပါ။ အစာစားပြီး အိပ်တာမျိုးလုံးဝမလုပ်ပါနဲ့။၅။ ကိုယ်အိပ်တဲ့ မွေ့ရာ၊ ကုတင်သည် သက်သောင့်သက်သာဖြစ်ရပါမယ်။၆။ အိပ်ခန်းနေရာကို မှောင်ပြီး အသံတိတ်တဲ့နေရာကို ရွေးထားပါ။၇။ နေ့လယ်နေ့ခင်း ဒါမှမဟုတ် ညနေခင်းမှာ အကြာကြီး အိပ်တာမျိုးမလုပ်ပါနဲ့။ အိပ်ရင်လည်း မိနစ် ၂၀ထက် မပိုပါစေနဲ့။၈။ အိပ်တဲ့အချိန်မှာ ကိုယ်ခန္ဓာအပူချိန် အေးမြနေစေဖို့ အဲကွန်း၊ ပန်ကာဖွင့်ထားပေးပါ။ အဲကွန်းဆို ပိုအဆင်ပြေပါတယ်။၉။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် မနက်အစောပိုင်းမှာ လုပ်ပါ။၁၀။ကဖင်းဓာတ်ပါတဲ့ အရက်၊ ကော်ဖီ၊ အအေးရှောင်ပါ။၁၁။ တတ်နိုင်ရင် တစ်ယောက်တည်းသီးသန့် အိပ်ပါ။ အိမ်သားတွေက ဟောက်တတ်တယ်ဆိုရင် သူတို့နဲ့ ဝေးတဲ့နေရာမှာအိပ်ပါ။၁၂။ ကိုယ်အိပ်တော့မယ်ဆိုရင် ပတ်ဝန်းကျင်အသံတွေ ဝင်မလာအောင် earplugလေး တပ်အိပ်ပါ။ဒီအချက်တွေက အအိပ်ဆတ်တဲ့သူတွေအတွက် အဓိက ပြင်ဆင်သင့်တဲ့ နေထိုင်မှုပုံစံတွေပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအတွက် အိပ်ချိန်ပြည့်ဝမှုဟာ အလွန်အရေးကြီးတယ်ဆိုတာ လုံးဝမမေ့လိုက်ပါနဲ့။ အအိပ်ဆတ်တဲ့ ကိုယ့်အခြေအနေကြောင့်ရေရှည်မှာ ကျန်းမာရေးကို မထိခိုက်လာစေဖို့ ဒီနည်းလမ်းတွေကိုသေချာလိုက်နာပြီး ကိုယ့်ရဲ့နေထိုင်မှု၊ အိပ်စက်မှုပုံစံကိုပြောင်းလဲလိုက်ဖို့ အကြံပေးလိုက်ပါတယ်နော်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/tips-for-light-sleepers/
အိပ်ရေးပျက်တာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်
ခန္ဓာကိုယ် ကျန်းမာဖို့အတွက် ပြည့်ဝတဲ့ အိပ်စက်အနားယူမှု၊ သင့်တင့်မျှတတဲ့ အာဟာရနဲ့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ အိပ်ရေးဝဝအိပ်မှ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာမှာဖြစ်ပါတယ်။ အိပ်ရေးဝဝအိပ်တဲ့အခါ တစ်နေ့တာမှာ ခွန်အားပြည့်ပြည့်ဝဝနဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အိပ်ရေးပျက်တာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ် ။ ဒီတော့ ညတိုင်းပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိကြဖို့ ဒီဆောင်းပါးလေးကနေတဆင့် တိုက်တွန်းလိုက်ပါရစေ။အိပ်ရေးပျက်တာ များလာတဲ့အခါ စိတ်တိုလွယ်လာပြီး အလုပ်တွေကိုလည်း ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ ဒါကတော့ လူတိုင်းလိုလို သိထားပြီးဖြစ်မယ့် အချက်တစ်ခုပါ။ ဒါပေမယ့် အိပ်ရေးပျက်တာကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေက ဒီလောက်နဲ့ ပြီးမသွားပါဘူး။အိပ်ရေးပျက်တာကြောင့်အဝလွန်တာ၊ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါအပါအဝင် လူ့သက်တမ်းတိုတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။အိပ်ရေးပျက်တာကြောင့် ခံစားရနိုင်တဲ့ မြင်သာတဲ့လက္ခဏာတွေက။ဒီလက္ခဏာတွေက အိပ်ရေးပျက်တာရဲ့ မပြင်းထန်တဲ့ လက္ခဏာတွေပါ။ အရမ်းကို အိပ်ရေးပျက် လာမယ်ဆိုရင်တော့ အကျိုးဆက်ကလည်း ပြင်းထန်လာမှာပါ။ကာလရှည်ကြာ အိပ်ရေးပျက်လာမယ်၊ ပြည့်ဝတဲ့ အိပ်စက်ချိန်မရှိဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းစနစ်တွေကို ထိခိုက်စေနိုင်သလို နာတာရှည်ရောဂါတွေဖြစ်ကြတဲ့။အိပ်စက်မှုက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် တော်တော်လေးအရေးပါတာပါ။ အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်က အားအင်တွေ ပြန်ဖြည့်ရင်း ပြင်ဆင်ရမယ့် အချို့အရာတွေကို ပြုပြင်ပေးပါတယ်။ ဦးနှောက်ကို လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ်ဆောင်နိုင်အောင် အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကိုလည်း စည်းချက်ညီညီနဲ့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ အိပ်ရေးဝတာက ခန္ဓာကိုယ်ကျန်းမာစေသလို သက်တမ်းစေ့လည်းနေနိုင်စေပါတယ်။အိပ်ရေးပျက်မှုကြောင့် အာရုံကြောစနစ်ထိခိုက်တဲ့အခါ။အိပ်ရေးပျက်မှုကြောင့် ကိုယ်ခံအားစနစ်ထိခိုက်တဲ့အခါ။အိပ်ရေးပျက်မှုကြောင့် အစာခြေစနစ်ထိခိုက်တဲ့အခါ။အိပ်ရေးပျက်မှုကြောင့် နှလုံးသွေးကြောစနစ်ထိခိုက်တဲ့အခါ။ဒီလို အကျိုးဆက်တွေကနေ ကာကွယ်ဖို့ အဖိုးအခ မပေးရတဲ့ အိပ်ချိန်လေးကို ပြည့်ပြည့်ဝဝ အိပ်စက်ကြဖို့ လိုပါတယ်။ အိပ်ရေးဝအောင် အိပ်လိုက်တာက ကျန်းမာရေး ပြဿနာတော််တော်များများကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/adverse-effects-of-sleep-deprivation/
စိတ်နှစ်ခွဖြစ်ခြင်းကို ဘယ်လို အောင်မြင်စွာ ဖြေရှင်းနိုင်မလဲ
Bipolar disorder ကို စိတ်နှစ်ခွဖြစ်ခြင်း (စိတ်ကြွခြင်း၊ စိတ်ကျခြင်း) ရောဂါလို့ခေါ်ပြီး စိတ်ကြွခြင်းကနေ စိတ်ကျခြင်းအထိ စိတ်ပြောင်းလဲမှုဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီရောဂါခံစားရသူအချို့ဟာ တခါတရံမှာ စိတ်လှုပ်ရှားခြင်း၊ စိတ်ကြွခြင်း၊ အားအင်ပြည့်ဝခြင်းတွေ ခံစားရနိုင်ပေမယ့် တခါတရံမှာတော့ စိတ်ကျခြင်း၊ စိတ်တိုခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်းတွေ ခံစားရနိုင်ပါတယ်။စိတ်ပြောင်းလဲမှုတွေဟာ ပြင်းထန်နိုင်ပြီး နေ့စဉ်ဘဝကို ထိခိုက်နိုင်ကာ ဆက်ဆံရေးတွေကို မထိန်းသိမ်းနိုင်ခြင်း၊ ကျောင်းမှာ လုပ်ဆောင်ရည်ကျဆင်းခြင်း တွေ ဖြစ်နိုင်ပါတယ်။ ဒါကို ဆေးသောက်ခြင်းနဲ့ ကုထုံးတွေနဲ့ ကုသခြင်းအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ဆရာဝန်က စိတ်ငြိမ်ဆေး (သို့) အတက်ကျဆေး ပေးနိုင်ပါတယ်။ စိတ်ကျသက်သာဆေးတွေဟာ ရောဂါဖောက်ခြင်းကို သက်သာစေပါတယ်။ အချို့စိတ်ငြိမ်ဆေးတွေကတော့ lithium carbonate, antipsychotic ဆေးတွေနဲ့ အတက်ကျဆေးတွေ ပါဝင်ပါတယ်။ ဒီဆေးတွေဟာ bipolar disorder အတွက် လိုအပ်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဖို့ လိုအပ်ပါတယ်။အချို့ဆေးတွေမှာ ဆိုးကျိုးတွေဖြစ်တဲ့ စိတ်ကြွလက္ခဏာတွေ ဖြစ်နိုင်တာမို့ မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီရောဂါကုသမှုဟာ ရောဂါအခြေအနေပေါ်မူတည်ပြီး အချိန်ကြာမြင့်နိုင်တာမို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ဆေးပမာဏ ပြောင်းလဲခြင်း (သို့) လက္ခဏာတွေ ပြောင်းလဲခြင်းတွေ ရှိရင် သင့်အခြေအနေပေါ်မှာ အကောင်းဆုံးအကြံဉာဏ်ပေးနိုင်ဖို့ ဆရာဝန်နဲ့ အမြန်ဆုံးတွေ့သင့်ပါတယ်။ဆေးကုသမှုအပြင် စိတ်ပိုင်းဆိုင်ရာ ကုသခြင်းတွေက ရောဂါလက္ခဏာကို သက်သာစေပါတယ်။ အသုံးများတဲ့ ကုသမှုတွေကတော့။နေ့စဉ်ဘဝနေထိုင်ပုံတွေဟာ စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးရော၊ ဆိုးကျိုးပါ ရှိနိုင်ပါတယ်။ ကျန်းမာတဲ့နည်းတွေကိုပြောင်းလဲခြင်းဟာ ဒီရောဂါကုသမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ဒါကြောင့် လုံလောက်စွာ အိပ်စက်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားခြင်း၊ လေ့ကျင့်ခန်းဖြစ်တဲ့ ယောဂပုံမှန် လေ့ကျင့်ခြင်းတွေ လုပ်သင့်ပါတယ်။ ဆေး၊ စီးကရက်၊ အရက် သုံးစွဲခြင်းတွေ လုပ်သင့်ပါတယ်။ သင်ဟာ ဆေးလိပ်၊ အရက်သောက်သူဆိုရင် ဖြတ်သင့်ပါတယ်။ဒီအရာတွေဟာ ကိုယ်ခန္ဓာကိုရော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကိုပါ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု ထိန်းချုပ်သင့်ပြီး အနားယူဖို့ အစီအစဉ်လုပ်သင့်ပါတယ်။ပျော်ရွှင်အောင်နေခြင်းဟာ စိတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို သင့်အအခြေအနေကို ထောက်ပံ့ပေးဖို့ တောင်းဆိုသင့်ပြီး အချို့လှုပ်ရှားမှုတွေမှာ အတူပါဝင်စေသင့်ပါတယ်။ ဆရာဝန်နဲ့ မကြာခဏပြသခြင်းဟာလည်း ဒီရောဂါကို ထိန်းချုပ်ဖို့အတွက် အကျိုးရှိနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/how-to-deal-with-bipolar-disorders/
COVID-19 ကာလ လူစုသောအခါ
၂၀၂၀၊ ဇန်နဝါရီ၊တရုတ်နိုင်ငံ၊ ဝူဟန်။COVID-19 ရောဂါ စတင်ပြန့်ပွားနေပြီဖြစ်ပေမယ့် ဝူဟန်အာဏာပိုင်တွေက နှစ်သစ်ကူးပွဲတော်ကို မသိကျိုးကျွံပြုကာ ကျင်းပခဲ့ကြပါတယ်။ ပွဲတော်အပြီးရက်အနည်းငယ်အကြာမှာတော့ ဒေသခံလူထောင်ပေါင်းများစွာဟာ ရောဂါပိုးကူးစက်မှုကြောင့် ဆေးရုံမျာ တန်းစီသွားခဲ့ပြီး သေဆုံးမှုနှုန်းဟာလည်း တရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။ဒါဟာ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးရဲ့ ပထမဆုံးလှိုင်းလို့တောင်ဆိုလို့တဲ့ အခြေအနေပါ။ အဲ့ဒီနောက်မှာတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ လူဦးရေ ၁၁ သန်းရှိတဲ့ဝူဟန်ဒေသကို တရုတ်အာဏာပိုင်တွေကLock Downချလိုက်ရပါတော့တယ်။ ဒါပေမယ့် ရောဂါဆိုးကြီးကတော့ ဒီဒေသကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသည်တွေနဲ့အတူ ကမ္ဘာပတ်သွားပါတော့တယ်။၂၀၂၀၊ ဖေဖော်ဝါရီ၊ အီတလီနိုင်ငံ၊ အတ္တလန်တာ။COVID-19 ဟာ ကမ္ဘာပတ်နေပါပြီ။ ဒါပေမယ့် ဥရောပမှာတော့ ဒီရောဂါပိုးကို စိုးရိမ်ထိတ်လန့်မှု သိပ်ပြီးမရှိကြသေးပါဘူး။ ကိုဗစ်အန္တရာယ် သတိပေးချက်တွေရှိနေပေမယ့် ဥရောပရဲ့ နာမည်ကျော် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပနေခဲ့ပါတယ်။အီတလီကလပ် အတ္တလန်တာအသင်းနဲ့ စပိန်ကလပ် ဗလင်စီယာအသင်းတို့ရဲ့ ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို အတ္တလန်တာအသင်းအခြေစိုက်ရာ Stadio di Bergamo မှာကျင်းပခဲ့ပါတယ်။ ပရိတ်သတ် ၄၀၀၀၀ လောက်လာကြည့်တဲ့ အဆိုပါပွဲစဉ်ဟာ အီတလီနိုင်ငံကို COVID-19 ကြောင့်နာလံမထူနိုင်ဖြစ်သွားစေတဲ့ အဓိက ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ဒီဘောလုံးပွဲအပြီးမှာ လူသောင်းနဲ့ချီ ရောဂါကူးစက်ခံခဲ့ရပြီး ဘာဂါမိုမြို့ရဲ့ လမ်းမတွေတစ်လျှောက်မှာလည်း အလောင်းတွေ ပုံသွားခဲ့ပါတယ်။ ဘီစီ ၄၉ ကတည်းက တည်ထောင်ခဲ့တဲ့ ရှေးဟောင်းမြို့လေးဟာ ၅ ရာစု ဟန်စ်ကျူးကျော်မှုနဲ့ ဒုတိယကမ္ဘာစစ်ပြီးရင်း ဒီမြို့ရဲ့သမိုင်းတစ်လျှောက် တတိယမြောက်အဆိုးရွားဆုံး လူအစုလိုက်အပြုံလိုက်သေဆုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။၂၀၂၀၊ မေ၊ အမေရိကန်ပြည်ထောင်စု။အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးCOVID-19လူနာကို စတင်တွေ့ရှိတာက ဇန်နဝါရီလ ၇ ရက်နေ့တုန်းကပါ။ ပထမဆုံး လူနာသေဆုံးတာက ဖေဖော်ဝါရီ လကုန်မှဖြစ်ပါတယ်။ မတ် ၁၇ မှာ ပြည်နယ်အားလုံး လူနာရှိနေပြီဖြစ်ပြီးတော့ ဧပြီ ၅ မှာ ပြည်နယ်တိုင်းမှာ လူသေဆုံးမှုရှိလာခဲ့ပါပြီ။ ဒါပေမယ့် မေလမှာတော့ US မှာ ကိုဗစ်အခြေအနက အကျဘက်ကိုပြန်ဦးတည်နေခဲ့တာပါ။ လူနာတိုးနှုန်းတန့်နေရာကနေ ပြန်ကျတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် မေလ ၃၁ ရက်နေ့မှာကျရောက်ခဲ့တဲ့ Memorial Day Weekend ကတော့ အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။ တစ်တိုင်းပြည်လုံးက လူတွေဟာ လမ်းမတွေပေါ်ထွက်လာခဲ့ပြီး ကမ်းရိုးတမ်းဒေသမှာနေထိုင်သူတွေဟာ ကမ်းခြေတစ်လျှောက်မှာ ပြည့်နှက်သွားခဲ့ပါတယ်။ ကမ်းခြေတွေမှာ လူစုလူဝေးတွေနဲ့ အပန်းဖြေတတ်တဲ့ ဓလေ့ကို စွန့်လွှတ်ဖို့ ငြင်းပယ်ခဲ့ကြတဲ့ အမေရိကန်တွေဟာ အဲ့ဒီအချက်ကြောင့်ပဲ ရောဂါပိုးပိုမိုပြန့်နှံစေဖို့ တွန်းအားပေးလိုက်သလိုဖြစ်သွားခဲ့ရတာပါ။ဆန္ဒပြပွဲတွေ၊ လူစုလူဝေးအခမ်းအနားတွေ၊ မဲဆွယ်စည်းရုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေ၊ ပါတီတွေကို ဆက်လက်ပြုလုပ်ခဲ့ကြတာကြောင့်လည်းအမေရိကန်မှာ ရောဂါပိုးပြန့်နှံ့မှုကို ထိမ်းချုပ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲရလဒ်ကတော့ အမေရိကမှာ COVID ကူးစက်မှုနှုန်း အရှိန်အဟုန်နဲ့ မြင့်တက်သွားခဲ့ပြီး ပထမလှိုင်းရဲ့ အဆိုးဆုံးဆိုတဲ့ကာလတွေမှာ လူနာ ၃၅၀၀၀ ထက်မပိုခဲ့ပေမယ့် Memorial Day နောက်ပိုင်းမှာတော့ လူနာနေ့စဉ်တွေ့ရှိနှုန်းဟာ သိန်းချီသွားပါတော့တယ်။ ခုချိန်အထိ ဒီအခြေအနေကို ထိမ်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်လည်း အမေရိကမှာ ပိုးကူးစက်ခံခဲ့ရသူလူနာ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၂ သိန်းခွဲအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ယနေ့။ခုချိန်မှာတော့ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူပေါင်းက ကမ္ဘာတစ်ဝှမ်းမှာ ၅၂ သန်းကျော်အထိ ရှိခဲ့ပါပြီ။ သေဆုံးသူ အရေအတွက်ကလည်း ၁.၃ သန်းနီးပါးပါ။ ရောဂါဆိုးကြီးရဲ့ အရှိန်ကိုမြှင့်တင်ပေးခဲ့တာက ကမ္ဘာတစ်ဝှမ်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ လူစုလူဝေးတွေနဲ့ စည်းကမ်းမလိုက်နာမှုတွေပါပဲ။လက်ဆေးဖို့၊Maskတပ်ဖို့၊Social Distancingပြုလုပ်ပြီး လူအချင်းချင်း ခပ်ခွာခွာနေဖို့နဲ့ နေအိမ်ပြင်ပကို တတ်နိုင်သမျှ မထွက်ဖို့ သတိပေးမှုတွေ တစ်ကမ္ဘာလုံးမှာ ပြုလုပ်နေပေမယ့် မလိုက်နာမှုတွေ၊ လူစုဝေးမှုတွေကတော့ ရှိနေဆဲပါ။ဒါကြောင့်လည်း ရောဂါကူးစက်မှုနှုန်းဟာ အရှိန်အဟုန်မြင့်မားနေဆဲဖြစ်ပြီး နေ့စဉ်နဲ့အမျှ လူဦးရေ သောင်းဂဏန်းတို့ရဲ့ အသက်တွေကိုလည်း ရောဂါဆိုးကြီးက နှုတ်ယူနိုင်နေတာဖြစ်ပါတယ်။ဒီရောဂါကြီးရဲ့ သဘောသဘာဝကိုက ကိုယ်ဖြစ်ကိုယ်ခံသဘောမျိုးမဟုတ်ပဲ၊ ကိုယ်ဖြစ်ရင် ကိုယ်တိုင်သာမက ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်မိသားစုကိုပါ ထိခိုက်စေတာမို့ နစ်နာမှုတွေက ပိုပိုတိုးပွားလာနေရတယ်လို့ ဆိုရပါလိမ့်မယ်။ကပ်ဘေးမှာ ရတက်မအေးစရာတွေ မဖြစ်ဖို့ဆိုရင်။ခုဆိုရင် COVID-19ကပ်ဘေးကြီးကမ္ဘာတစ်လွှားမှာ မင်းမူကြီးစိုးနေတာက တစ်နှစ်နီးပါး အချိန်ကာလကို ရောက်ရှိနေပါပြီ။ ကျန်းမာရေးမှာတင် ထိခိုက်နစ်နာတာမဟုတ်ပါဘူး။ လူမှုရေး စီးပွားရေးအဘက်ဘက်မှာ ထိခိုက်နစ်နာပြီး တစ်ကမ္ဘာလုံး ခြုံးခြုံးကျနေခဲ့ရတာပါ။လူတချို့ရဲ့ စည်းကမ်းမလိုက်နာမှုကြောင့် လူအများကြီးကို ထိခိုက်စေခဲ့တဲ့ ဥပမာလို့ ဆိုရပါလိမ့်မယ်။ ဒီကပ်ဘေးကြီး ရပ်တန့်ဖို့ လူတိုင်းအလိုရှိနေကြပါတယ်။ လူတိုင်း လူတိုင်းရဲ့ ဆန္ဒပါပဲ။ဒီကပ်ဘေးကို ရပ်တန့်စေချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းလိုက်နာဖို့ လူစုလူဝေးကိုရှောင်ကျဉ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှလူစုလူဝေးတွေပြုလုပ်လို့မရပါဘူး။ ဒီလိုလူစုလူဝေးတွေ ပြုလုပ်တာဟာ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်ကမ္ဘာကို ထိခိုက်အောင် ပြုမူခြင်းတစ်မျိုးပါပဲ။ခုလို COVID-19 ကာလမှာတော့ လူစုလူဝေးနဲ့ ပတ်သက်ပြီး တိုင်းပြည်နိုင်ငံအလိုက် သတ်မှတ်ချက်တွေ ပြုလုပ်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ လူ ၃၀ ဦးထက်မပိုရလို့ ဆိုထားပေမယ့် အကောင်းဆုံးနည်းလမ်းက လူစုလူဝေးကို မဖြစ်အောင် ရှောင်ကျဉ်တာပါပဲ။လူစုလူဝေးကို မရှောင်ကျဉ်ရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို အထက်မှာ ဥပမာတွေ ပေးခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ အီတလီ ဥပမာတွေဟာ လူစုလူဝေးကို မရှောင်နိုင်တဲ့ အခြေအနေတွေမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအတွက် အကောင်းဆုံးဥပမာပါပဲ။လူစုလူဝေးတွေ၊ လူအများကြီးရှိနေတဲ့နေရာတွေကို ရှောင်ကျဉ်ခိုင်းနေရတဲ့အကြောင်းပြချက်ကတော့ ရောဂါပိုးပြန့်ပွားမှုကို ထိထိရောက်ရောက် ထိမ်းချုပ် ဟန့်တားနိုင်တာကြောင့်ပါပဲ။ သူများမှာ ရှိနေရင် ကိုယ့်ဆီမကူးနိုင်သလို၊ ကိုယ့်မှာရှိနေရင်လည်း တခြားလူတွေဆီ မကူးစက်နိုင်ပါဘူး။အစုအဝေးတွေကို ဟန့်တားခြင်းအားဖြင့်COVID-19 ပြန့်ပွားမှုကို ကောင်းကောင်းတားဆီးနိုင်ပြီး ရောဂါထိမ်းချုပ်မှုကို သေချာအာရုံစိုက်လုပ်ခွင့်ရစေတယ်ဆိုတာကို တရုတ်နဲ့ အီတလီတို့က သက်သေပြခဲ့ပြီးပါပြီ။ ဒါကြောင့် ကိုယ်တတ်အားသရွေ့ လူစုလူဝေးကို ရှောင်ကျဉ်ပြီး တိုင်းပြည်ရဲ့ COVID-19 ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ပါဝင်ကူညီပြီး နိုင်ငံသားတစ်ယောက်ရဲ့ တကယ့်တန်ဖိုး၊ တာဝန်ကျေမှုနဲ့ အသုံးဝင်မှုကို ပြသနိုင်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/why-should-we-avoid-crowds-because-coronavirus-covid-19/
Narcissist (ကိုယ့်ကိုယ်ကို အချစ်လွန်၊ အတ္တကြီးလွန်းသူ) များနှင့် အချစ်ရေး
Narcissist တွေဟာ ဘယ်လို လူမျိုးတွေ ဖြစ်တယ်ဆိုတာကို ရှေ့က ဆောင်းပါးမှာ ဖော်ပြပေးခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ Narcissit တွေနဲ့ ချစ်သူဖြစ်လျက်သား ဖြစ်နေတဲ့အခါ သူတို့နဲ့ ဘယ်လို ဆက်ဆံကြမလဲဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။Narcissist တစ်ယောက်နဲ့ ချစ်သူ ဖြစ်တဲ့အခါမှာ ပထမ ထင်မိမှာက ဟာ.. သူ အရမ်း မိုက်တယ်။ အရမ်းတော်တယ်။ အရမ်းလည်း ကြိုးစားတယ်။ အရမ်းလည်း ဂရုစိုက်ပေးတယ်ပေါ့။ Narcissist တွေက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ အဖြစ်များတာကိုး။ဒါပေမဲ့ နည်းနည်း ကြာလာတဲ့အခါမှာတော့ သူတို့တွေဟာ အေးစက်တယ်။ ကိုယ့်ကို သိမ်းသွင်းတယ်။ ပြီးတော့ သွေးအေးရက်စက်တယ်ဆိုတာကို သဘောပေါက်လာပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ သူတို့တွေက သစ္စာမရှိဘဲ အမြဲတမ်း ဒီ့ထက် ပိုကောင်းမယ့်၊ သူနဲ့ပိုပြီး လိုက်ဖက်နိုင်မယ့်လက်တွဲဖော်ကို ရှာနေတတ်ပါတယ်။ ကိုယ်ကလည်း သူတို့ထက် တော်နေမယ်ဆိုရင် ပိုဆိုးပေါ့။တကယ်တော့ Narcissist တစ်ယောက်နဲ့ ပတ်သက်နေရတဲ့အချစ်ရေးဟာ ပျော်စရာကောင်းတဲ့ အချစ်ရေးတစ်ခု ဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်မလွှတ်ခင်မှာ အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်ရမယ် မဟုတ်လား။ ဆိုတော့ ဒီRelationshipမှာ သင့် အခြေအနေ ဘယ်လို ရှိသလဲ အရင်စဉ်းစားပါ။ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှ ဖြစ်မယ့်သူလား။သူ့ရဲ့ လွှမ်းမိုးမှုတွေက သင့်အပေါ် မကောင်းတဲ့ ပြောင်းလဲခြင်းတွေ ဖြစ်စေသလား။ ကိုယ်ပိုင် အတွေးအခေါ်တွေ ပျောက်ရှစေသလား။ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ရိုက်ချိုး ခံနေရတာလား။ ဒါမှမဟုတ် ဒီအခြေအနေကို ကျေနပ် လက်ခံနိုင်ရဲ့လား။ခဏတာ မဟုတ်ဘူးနော်။ တစ်ဘဝစာ ကြိုတွေးပါ။ ဘာလို့လဲဆိုတော့ Narcissist တစ်ယောက်နဲ့ချစ်သူဖြစ်ခဲ့ရင် သူ့ရဲ့အနိုင်ကျင့်မှုတွေကို ခံရနိုင်ခြေ အရမ်းများလို့ပါပဲ။ဒါကိုမှ လက်မခံနိုင်ဘူး။ ပြောင်းလဲမှ ဖြစ်မယ်လို့ စဉ်းစားမိရင် သူ့ရဲ့ မလုံခြုံမှုတွေ၊သိမ်ငယ်စိတ်တွေ၊ အငုံ့စိတ်တွေကို မြင်အောင်ကြည့်ပါ။ ပြီးတော့ သူ့ကိုယ်သူ ပိုပြီး တန်ဖိုးထားတတ်လာအောင် ဖြည်းဖြည်းချင်း ပြောပြပါ။ လိုအပ်လာရင် ကျွမ်းကျင် စိတ်ပညာရှင်တစ်ယောက်ယောက်ရဲ့ အကူအညီကို ယူပါ။ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာအောင် ပြန်ပြီး တည်ဆောက်ရမယ် မဟုတ်လား။ ဆိုတော့ သားကောင်အဖြစ်မခံပါနဲ့။ မုဆိုးလည်း မဖြစ်သွားပါစေနဲ့။တန်းတူညီမျှဆက်ဆံပါ။ ဒီလမ်းဟာ ခက်ခဲမှာ ကျိန်းသေပါပဲ။ ဒါပေမဲ့ လုပ်နိုင်မှာပါ။ ဆန္ဒရှိရင် ပြောင်းလဲနိုင်ပါတယ်။Narcissist ကိုယ်တိုင်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ သူ့ကိုယ်သူ မြင်အောင် ကြည့်တတ်ဖို့၊ သူကိုယ်တိုင် အေးချမ်းဖို့၊ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်နေတာတွေ ရပ်တန့်ဖို့၊ သူတို့ရဲ့နှလုံးသားထဲက အသံကို နားထောင်တတ်ဖို့ လိုပါတယ်။အမြဲမှတ်ထားရမှာက သူတို့တွေဟာ အကူအညီ လိုအပ်နေတဲ့လူတွေပါ။ အကူအညီပေးရမယ့် လူတွေပါ။ ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီနဲ့ သူတို့ကို လမ်းမှန်ပေါ် ဆွဲတင်ပေးဖို့ လိုပါတယ်။ ဒါမှသာ ဒီ Relationship ထဲက လူနှစ်ယောက်ရော၊ ဘေးပတ်ဝန်းကျင်၊မိသားစု၊ အသိုင်းအဝိုင်း အားလုံးပါ အေးချမ်းနိုင်မှာ ဖြစ်ပါတယ်။ဒီလိုမှ မဟုတ်ဘူး။ ဒီ Relationship ကြီးကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး လမ်းခွဲမယ်ဆိုရင်တော့ Narcissist တစ်ယောက်နဲ့ လမ်းခွဲဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒီအကြောင်းကိုလည်း နောက်ထပ် ဆောင်းပါးတစ်ပုဒ်နဲ့ တင်ဆက်ပေးဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။ရေးသားသူ – Wathun Myet Chal။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/narcissist/
သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ သက်သာပါလိမ့်မယ်။ ။
အိပ်ရင်ဟောက်တတ် တဲ့သူတွေကို အနားမှာ ထားမအိပ်ချင်ကြတာ လူတိုင်းပါ။ သူကတော့ အိပ်မောကျပြီး ကိုယ်ကတော့ သူ့ အသံကြားပြီး တစ်ညလုံး မအိပ်နိုင်ဘဲနဲ့ လူးလိမ့်နေရရော။ ဒီလို ဟောက်တတ်တဲ့သူတစ်ယောက် ကိုယ့်အနားမှာ ရှိနေပြီ ဆိုလို့ကတော့ ညအိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း ဟောက်တတ်နေရင် ဘေးကလူကို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ဟောက်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကတော့။၁။ ကိုယ့်ရဲ့ အိပ်နေတဲ့ ပုံစံကို ပြောင်းပြီးအိပ်ပါ။ပက်လက်လှန် အိပ်ရင် လျှာက လည်ချောင်းနားကို သွားပိတ်နေသလိုဖြစ်ပြီး လေဝင်ပေါက်ကျဉ်းသွားတတ်လို့ ဟောက်တာဖြစ်ပါတယ်။ ဒါကြောင့် စစချင်းအိပ်တဲ့အချိန်မှာတည်းက စောင်းအိပ်ရင် ဟောက်တာ သက်သာပါလိမ့်မယ်။ ဒါမှမဟုတ် အိပ်တည်းက ကိုယ့်ကျောဘက်မှာ ဖက်လုံးကို ‌ဒေါင်လိုက် ခံအိပ်ရင်လည်း ဘေးကို စောင်းနေတတ်လို့ ဟောက်တာ သက်သာပါလိမ့်မယ်။၂ ။ကိုယ်အလေးချိန်လျှော့ချပါ။ဝတဲ့သူတွေဟာ ပိန်တဲ့သူတွေထက်စာရင် ပိုဟောက်တတ် ကြပါတယ်။ ကိုယ်အလေးချိန်တက်လာလို့ လည်ပင်းမှာ များလာတဲ့ အဆီတွေကြောင့် လေဝင်ပေါက်ကျဉ်းသွားပြီး ဟောက်တတ်ကြပါတယ်။ ဝတဲ့သူ တွေက ဟောက်တတ်တယ် ပေမယ့်လည်း ပိန်တဲ့သူတွေက လုံးဝ မဟောက်ဘူးလို့တော့ မဆိုလိုပါဘူး။ ကိုယ်က ပိန်တုန်းက မဟောက်တတ်ဘဲ ဝတော့မှ ဟောက်တတ်လာတယ်ဆိုရင်တော့ကိုယ်အလေးချိန် လျှော့ချလိုက်တာနဲ့ ဟောက်တာကို သက်သာစေမှာပါ။၃ ။ အိပ်ခါနီး အရက် မသောက်ပါနဲ့၊၊။အရက်တို့၊ အိပ်ဆေးတို့ဆိုတာ သင့်လည်ပင်းတစ်ဝိုက်နဲ့ အာခေါင်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် သင့်ကို ပိုပြီး ဟောက်စေတတ်ပါတယ်။ အိပ်ရာမဝင်ခင် ၄ နာရီ ၅နာရီ လောက်အလိုတည်းက အရက် သောက်ထားရင် အိပ်တဲ့အချိန်မှာ ဟောက်တာပိုဆိုးတတ်ပါတယ်။၄ ။ အိပ်ချိန်မှန်ပါစေ။အိပ်ချိန် လုံလောက်အောင် မအိပ်ဘဲ အလုပ်ပင်ပင်ပန်းပန်းလုပ်ထားတဲ့သူတွေက အိပ်ရင် ကြွက်သားတွေ ပိုပြီး ပျော့ဖတ်နေတတ်တာကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားပိတ်သွားပြီး ပို ဟောက်တတ် ကြပါတယ်။၅ ။ ခေါင်းအုံး ပြောင်းလိုက်ပါ။သင့်အိပ်ရာပေါ်မှာရှိနေတဲ့ဓာတ်မတည့်တာကို ဖြစ်စေတဲ့ ပိုးမွှားတွေကြောင့် နှာစေးနှာပိတ်ဖြစ်စေပြီး အသက်ရှူလို့ မကောင်းတော့လို့ ဟောက်တတ်ပါတယ်။ ဒါကြောင့် အိပ်ရာကို သန့်သန့်ရှင်းရှင်းထားပါ။ ပျော့တဲ့ ခေါင်းအုံးထက်စာရင် မာတဲ့ခေါင်းအုံးကို သုံးပါ။၆ ။ ရေဓာတ်ပြည့်နေပါစေ ။အာခေါင်ခြောက်နေတဲ့အခါ လည်ပင်းတစ်ဝိုက်က ကြွက်သားတွေ ပိုကပ်နေနိုင်တာကြောင့် လေဝင်ပေါက်ကျဉ်းသွားပြီး ပိုဟောက်တတ်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝအောင်လို့ ဟောက်တတ် တဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ရေ ၁၁ ဖန်ခွက်သောက်သင့်ပြီး အမျိုးသားတစ်ဦးကတော့ ရေ ၁၆ ဖန်ခွက်သောက်သင့်ပါတယ်။ဒါတွေကတော့ ကိုယ်ကဟောက်တတ်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်သားတွေ ဟောက်တတ် ရင်ပဲဖြစ်ဖြစ် ဟောက်တာကို သက်သာအောင် လုပ်လို့ ရတဲ့ နည်းလမ်းတချို့ဖြစ်ပါတယ်။ ဒီနည်း အကုန်လုံးက ဟောက်တာကို လုံးဝ မပျောက်စေရင်တောင် သက်သာသွားအောင် လုပ်နိုင်တာကြောင့် စမ်းကြည့်တာ မမှားဘူးနော်၊၊။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/tips-to-prevent-snoring/
ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း (၅) ခု
ချွေးနံ့ပြင်းတတ်တဲ့၊ ချွေးထွက်များတတ်တဲ့သူတွေရဲ့ ပြဿနာကို ရေမွှေးဘယ်လောက်ကောင်းကောင်း မကယ်တင်နိုင်ပါဘူး။ ကိုယ့်ရဲ့ချွေးနံ့ကို လျော့အောင်လုပ်ရင်လုပ်၊ ချွေးနံ့ပျောက်ဆေးသုံးရင်သုံး ဒီလိုမှမဟုတ်ရင် ချွေးနံ့နဲ့ ရေမွှေးနံ့က သပ်သပ်စီ ဖြစ်နေတာပိုဆိုးပါတယ်။ ချွေးနံ့ပျောက်ဆေးတွေ၊ ချွေးတိတ်ဆေးတွေက ဒီပြဿနာကို ဖြေရှင်းနိုင်ပေမဲ့ အမြဲတမ်း မသုံးချင်ဘူးဆိုရင်တော့ ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း တွေကို အသုံးပြုနိုင်ပါတယ်။ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း တွေကတော့။(၁)ပန်းသီးရှာလကာရည်။ပန်းသီးရှာလကာရည်ရဲ့ ဘက်တီးရီးယားသေစေနိုင်တဲ့အာနိသင်ကြောင့် ချိုင်းကြားတဝိုက်အရေပြားပေါ်က ချွေးနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။(၂)မုန့်ဖုတ်ဆိုဒါ။မုန့်ဖုတ်ဆိုဒါက ချိုင်းကို ခြောက်သွေ့စေပြီး ချွေးထွက်တာကို ထိန်းပေးပါတယ်။ သူ့ရဲ့ အာနိသင်ကြောင့် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကိုနှိမ်နင်းနိုင်ပါတယ်။(၃)သံပရိုသီး။သံပရိုသီးက အက်စစ်ဓာတ်ပါဝင်မှုများပြီး ဘက်တီးရီးယားကို သေစေနိုင်စွမ်းရှိပါတယ်။ သံပရိုသီးက အသားအရေရဲ့ pH အဆင့်ကို လျှော့ချပေးပြီး အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားကို ရှင်းလင်းပေးနိုင်ပါတယ်။ ချိုင်းမှာ ပေါက်ပြဲရာ‌တွေ ရှိရင်တော့ မသုံးသင့်ပါဘူး။ ကိုယ့်အသားအရေကို စပ်ဖျင်းဖျင်း ဖြစ်စေတယ်ဆိုရင် ရေရောပြီး သုံးနိုင်ပါတယ်။(၄)ရှားစောင်းလက်ပပ်။ရှားစောင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပြီး ဘက်တီးရီးယား သေစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့ကြောင့်ပဲ ချွေးနံ့ ပျောက်ဖို့ အတွက် အထောက်အကူပေးတဲ့ ဆေးတစ်လက် ဖြစ်လာတာပါ။(၅) အာလူး။အာလူးက ချွေးထွက်ခြင်းကို ထိန်းပေးပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ –။ဒီနည်းတွေက အသုံးဝင်ပေမယ့် ကိုယ့်အသားအရေက ဓာတ်မတည့် ဖြစ်လွယ်၊ ထိခိုက်လွယ်တယ် ဆိုရင်တော့ အချိန်လေးခြားပြီး မကြာမကြာပဲလုပ်ပေးပါ။ အမြဲမလုပ်ပါနဲ့။ ရေရှည်အတွက် လိုက်နာသင့်တဲ့ အမူအကျင့်တွေ အနေနဲ့ –။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/natural-remedies-as-deodorant/
ဆီးချိုဝေဒနာသည်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆာပြေအစားအစာ ၁၀ မျိုး
ဆီးချိုရောဂါဆိုတာကပြင်းထန်တဲ့ရောဂါအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ရောဂါကိုကောင်းကောင်းမွန်မွန်ထိန်းချုပ်ရမယ့်နည်းလမ်းကိုမသိဘူးဆိုရင် အရမ်းကို အန္တရာယ်ကြီးပါတယ်။ အမြင်အာရုံဆုံးရှုံးတာလိုမျိုး အာရုံကြောထိခိုက်ပျက်စီးတာမျိုးတွေကနေ နှလုံးဆိုင်ရာရောဂါမျိုးတွေအထိအမျိုးမျိုးသောရောဂါတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။အင်ဆူလင်လုံးဝကိုမထွက်ရှိတာ (သို့) အင်ဆူလင်ကကောင်းကောင်းမလုပ်ဆောင်နိုင်တာကြောင့် ဆီးချိုရောဂါခံစားရတာဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောကတော့ ဆီးချိုဝေဒနာရှင်တွေရဲ့သွေးကြောတွေထဲက အဆမတန်များနေတဲ့ သကြားဓါတ်တွေက ခန္ဓါကိုယ်တစ်ခုလုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွကို ထိခိုက်ပျက်စီးစေတာဖြစ်ပါတယ်။ ဆီးချိုရောဂါက အချိုဓါတ်စားသုံးမှုအပေါ်မှာတော်တော်ကိုသက်ရောက်မှုရှိနေပါတယ်။ ဆီးချိုရောဂါက အဆာပြေမုန့်တွေစားသုံးမှုအပေါ်မှာတော်တော့်ကို ကန့်သတ်မှုတွေဖြစ်ပေါ်စေပါတယ်။ အဆာပြေမုန့်တော်တော်များများမှာ အချိုဓါတ်ကပုံစံအမျိုးမျိုးနဲ့ပါဝင်နေတတ်ပါတယ်။ဆီးချိုရောဂါရှိသူတွေနဲ့သင့်တော်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာအချို့ကိုဖော်ပြပေးမှာဖြစ်ပါတယ်။မြေပဲထောပတ်က ချိုတဲ့အရသာရှိပေမယ့် ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနှုန်းတော်တော်လေးနည်းပါတယ်။ ဆိုးဆိုးဝါးဝါးထိခိုက်စေတာမျိုးဖြစ်မှာတော့မဟုတ်ပါဘူး။ မီးကင်ထားတဲ့ပေါင်မုန့်ညိုပေါ်မှာ မြေပဲထောပတ်ကိုသုတ်ပြီးစားသုံးပေးနိုင်ပါတယ်။ အင်အားဖြစ်စေနိုင်သလို ခန္ဓါကိုယ်အတွင်အမျှင်ဓါတ်ကိုလည်းရရှိစေနိုင်မှာဖြစ်ပါတယ်။ပေါင်မုန့်ညိုပေါ်မှာ ခပ်ပါးပါးလေးသုတ်ပြီးစားပေးပါ။အိမ်မှာလုပ်တဲ့ပြောင်းဖူးပေါက်ပေါက်က ဆီးချိုဝေဒနာသည်တွေအတွက်စားသုံးဖို့သင့်တော်ပါတယ်။ပြောင်းဖူးကနေလုပ်တဲ့ပေါက်ပေါက်ကိုစားသုံးပေးနိုင်ပါတယ်။ထောပတ်နဲ့ဆားဖြည့်စွက်ထားတဲ့ပေါက်ပေါက်ကတော့ ဆီးချိုသမားတွေနဲ့မသင့်တော်ပါဘူး။ပြောင်းဖူးကိုပေါက်ပေါက်ဖောက်ပြီးcanola ဆီလေးနည်းနည်းဆမ်းပြီး စားသုံးပေးနိုင်ပါတယ်။ ရုပ်ရှင်ကြည့်ရင်းစားနိုင်မယ့် အမျှင်ဓါတ်တွေရရှိစေနိုင်မယ့်နောက်ထပ်အဆာပြေစားစရာတစ်မျိုးပါ။ကျန်းမာရေးနဲ့သင့်တော်တဲ့ ကွေကာအုပ်ကိုစားသုံးမယ်ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အရသာရှိလှတဲ့ အဆာပြေစားစရာတစ်မျိုးဖြစ်လာမှာဖြစ်ပါတယ်။သွေးတွင်းသကြားဓါတ်ကိုလည်းမြင့်တက်စေမှာမဟုတ်ပါဘူး။ သကြားဖြည့်စွက်မထားတဲ့ကွေကာအုတ်ကိုရွေးချယ် စားသုံးပေးပါ။ ကွေကာအုပ်စားသုံးမှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်မယ့် အမျှင်ဓါတ်တွေရရှိစေမှာဖြစ်ပါတယ်။ အဆီနည်းတဲ့ နို့တစ်မျိုးမျိုးဆမ်းပြီးစားသုံးပေးနိုင်ပါတယ်။သဘာဝ ဒိန်ချဉ်ကလည်း အဆာပြေမုန့်တစ်မျိုးမျိုးစားချင်နေချိန်မှာ စိတ်ကျေနပ်မှုရရှိစေနိုင်မယ့် အစားအစာတစ်မျိုးပါ။ တစ်ဆက်တည်းမှာပဲ ဒိန်ချဉ်စားသုံးမှုကကိုယ်ခန္ဓါအတွက် အကျိုးပြုဘက်တီးရီးယားတွေကို ရရှိစေနိုင်မယ့် နည်းလမ်းတစ်ရပ်ဖြစ်သလို အစာချေဖျက်မှုကို အထောက်အကူပြုတဲ့အပြင် အခြားသော ကျန်းမာရေး အခြေအနေတွေကိုလည်း အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ပန်းသီးတွေမှာ အချိုဓါတ်ပါဝင်မှုတော်တော်လေးများပေမယ့် ခန္ဓါကိုယ်အတွက်ကောင်းကျိုးလည်းတော်တော်ပြုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံထဲမှာ သစ်သီးတစ်မျိုးမျိုးပါဖို့ကလည်း အရေးကြီးပါတယ်။ ဆီးချိုရှိနေတဲ့သူတွေရဲ့နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာလည်း သစ်သီးတစ်မျိုးမျိုးထည့်သွင်းပြင်ဆင်ပေးသင့်ပါတယ်။ ပန်းသီးကိုပဲစားသုံးတာက ကျန်းမာရေးအတွက် သင့်တော်လုံလောက်တယ်လို့မထင်ဘူးဆိုရင် ချိစ်ပြားလေးတွေနဲ့တွဲဖက်စားသုံးပေးလို့ရပါတယ်။ ပန်းသီးနဲ့ချိစ်ကို တွဲဖက်စားသုံးတာက အာသာပြေစေပြီး ချိုသလိုတော်တော်လေးလည်းအရသာရှိပါတယ်။ခရက်ခ်ကာတွေက ကယ်လိုရီပါဝင်မှုမရှိတဲ့ ကာဗိုဟိုက်ဒရိတ်ဒြပ်ပေါင်းကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ရပ်ဖြစ်ပါတယ်။ ခရက်ခ်ကာကို ချိစ်ပြားတွေကနေစလို့ အခြားသော စားသောက်ဖွယ်ရာတွေနဲ့ တွဲဖက်စားသုံးနိုင်သလိုမြေပဲထောပတ် ခပ်ပါးပါးလေးသုတ်ပြီးတော့လည်း စားသုံးနိုင်ပါတယ်။အခြားသူတွေက အာလူးကြော်လိုမျိုး တကြွပ်ကြွပ်ဝါးလို့ရတဲ့ သရေစာမုန့်ကိုစားသုံးနေချိန်မှာ သင့်အနေနဲ့လည်း သရေစာစားချင်စိတ်ဖြစ်ပေါ်လာမယ်ဆိုရင် နောက်ထပ် သရေစာအနေနဲ့စားသုံးနိုင်မယ့် အစားအစာတစ်မျိုးကတော့ တကြွတ်ကြွတ်ဝါးစားလို့ရတဲ့ ပရိုတင်းဓါတ်၊ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့fatty acidတွေကြွယ်ဝစွာပါဝင်နေတဲ့ အခွံမာသီးတွေပဲဖြစ်ပါတယ်။ အခွံမာသီးတွေက အမျှင်ဓါတ်ကိုလည်းရရှိစေမှာဖြစ်ပါတယ်။စတော်ဘယ်ရီ၊ မက်မွန်သီး၊ငှက်ပျောသီးတို့လိုမျိုး သစ်သီးတွေကို အတုံးလေးတွေတုံးပြီးအဆီထုတ်တဲ့ ဒိန်ချဉ် (သို့) အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် ၆အောင်စနဲ့ရောပြီးဖျော်ရည်စက်ထဲထည့်ဖော်ျပေးပါ။ ရာသီပေါ် လတ်လတ်ဆတ်ဆတ် သစ်သီးတွေကိုပဲအသုံးပြုပေးပါ။ ထို့နောက် အခဲခံပေးပါ။ သကြားလုံးဝမထည့်ရပါဘူး။ပဲက အသားထက်အဆီပါဝင်မှုနည်းပြီး ပရိုတင်းဓါတ်ပိုမိုပေးနိုင်ပါတယ်။ တစ်နေ့ကို ပဲခွက်တစ်ဝက်စာလောက်စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့အမျှင်ဓါတ်တွေရဲ့ ၃ပုံ၁ပုံကို ရရှိစေမှာဖြစ်ပါတယ်။ pinto ပဲ (သို့) အဆီမပါဝင်တဲ့ ပဲနက်ကိုတစ်ခွက်စာရဲ့ ၃ ပုံ တစ်ပုံလောက် ကြိတ်ပြီးအနှစ်လုပ်စားသုံးပေးနိုင်ပါတယ်။ အဆိုပါအနှစ်ကိုပြောင်းမှုန့်နဲ့လုပ်ထားတဲ့ မုန့်ဝိုင်းလေးတွေအပေါ်မှာ သုတ်ပြီးစားသုံးပေးနိုင်သလို တို့ပြီးစားသုံးပေးလို့လည်းရပါတယ်။အဆီထုတ်နို့နဲ့ဖော်ျထားတဲ့ latte ၈အောင်စမှာ ကယ်လိုရီပမာဏ ၁၀၀ နဲ့ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်သာပါဝင်ပါတယ်။ အရိုးဖွဲ့စည်း မှုအတွက်အရေးပါတဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် ဒီတွေလည်းပါဝင်ပါတယ်။ အဆာပြေစားသုံးတဲ့အခါ အာသာပြေတယ်လို့ခံစားရစေဖို့ဈေးဝယ်ထွက်နေရင်းဖြစ်ဖြစ် စာဖတ်နေရင်းဖြစ်ဖြစ် လတ်ဆတ်တဲ့ သစ်သီးတစ်ခုခုနဲ့တွဲစားပေးလို့ရပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%9e%e1%80%8a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
အသက်ကြီးလာ၍ ပေါ်လာသော အစက်အပြောက်များ (Age spot) ဆိုတာဘာလဲ
Age spot ဆိုသည်မှာ နေလောင်များရင်၊ အသက်အရွယ်ရလာရင်ပေါ်လာတတ်ပြီး အသည်းထိခိုက်မှုရှိလျှင်လည်းပေါ်တတ်တဲ့ အရေပြားပေါ်က အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် အမည်းရောင် အစက်အပြောက်တွေဖြစ်တယ်။ မျက်နှာ၊ လက်၊ ပုခုံးနဲ့ လက်မောင်းများကဲ့သို့ နေလောင်ခံများသော အရေပြားပေါ်မှာ ပေါ်လေ့ရှိတယ်။ အရွယ်အစားအမျိုးမျိုးရှိပြီး အရေပြားကင်ဆာနဲ့ ဆက်နွယ်ခြင်းမရှိပါဘူး။ အသက် ၅၀ နောက်ပိုင်းမှာ ပေါ်ပေါက်လေ့ရှိပြီး အသက်ငယ်သူတွေမှာတော့ နေရောင်အထိများသောလူများမှာ ပေါ်လေ့ရှိပါတယ်။ဘယ်လိုပုံစံရှိလဲ။များသောအားဖြင့် အသားလတ်သော၊ ဖြူသောသူများမှာ ထင်ရှားလေ့ရှိပြီး အသားညိုသူတွေမှာလည်း တွေ့ရတတ်ပါတယ်။ မှဲ့ခြောက်အရွယ်မှ တစ်စင်တီမီတာအထိ အရွယ်အမျိုးမျိုးရှိသော ဘဲဥပုံ ရှည်မျောမျောအစက်တွေဖြစ်တယ်။ ပုံမှန်အသားအရေ အရောင်ပေါ်မူတည်ပြီး အညိုဖျော့ဖျော့မှ အမည်းထိ အရောင်အမျိုးမျိုးရှိပါတယ်။ လက်ဖမိုး၊ ခြေဖမိုး၊ မျက်နှာ၊ ပုခုံး၊ ကျောပြင်အပေါ်ပိုင်းတွေလို နေရောင်ကို နှစ်ရှည်လများထိတွေ့လာရသော အစိတ်အပိုင်းတွေမှာ ပေါ်လေ့ရှိတယ်။ တစ်စက်တစ်စက်ဟာ သေးငယ်ပေမယ့် ပေါင်းစပ်သွားပြီး ထင်ရှားလာတတ်ပါတယ်။ဘယ်အချိန်မှာဆရာဝန်ပြသင့်လဲ။အများစုက ထိုသို့ပေါ်လာတာကို သဘောမကျကြပေမယ့် ထိုအစက်အပြောက်တွေဟာ အန္တရာယ်မရှိတဲ့အတွက် ဆေးကုသဖို့မလိုပါဘူး။ ဒါပေမယ့် အရောင်ပြောင်းလာတာ၊ ပုံစံပြောင်းလာတာနဲ့ အစက်တွေရဲ့ အနားသတ်က ပုံစံမမှန်ရင်တော့ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ မှဲ့ကင်ဆာ လက္ခဏာတွေဖြစ်နေနိုင်တာကြောင့် ဆရာဝန်ပြသင့်ပါတယ်။ဘာတွေက ထိုအစက်တွေ ဖြစ်စေသလဲ။မယ်လနင် (Melanin) ဆိုတာ အရေပြား အပေါ်ယံလွှာမှာရှိတဲ့ ကျွန်ုပ်တို့ အသားအရေ အရောင်ကို ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးပါ။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ အရေပြား အောက်လွှာတွေကို ကာကွယ်ပေးဖို့ ထိုရောင်ခြယ်ပစ္စည်း ပိုထုတ်ရပါတယ်။ ထို့ကြောင့် နေရောင်မှ ခရမ်းလွန်ရောင်ခြည် နှစ်ပေါင်းများစွာ ထိတွေ့တဲ့အခါ ထိုအစက်တွေ ပေါ်လာရပါတယ်။ အနောက်နိုင်ငံတွေမှာ အသားညိုစေရန်အသုံးပြုတဲ့ အိပ်ရာ၊ မီးချောင်း စသည်တို့ကို အသုံးပြုနည်းလွဲနေရင်လည်း ထိုအစက်များပေါ်တတ်ပါတယ်။ထိုအစက်အပြောက်တွေဟာ အသက်လေးဆယ် ကျော်ချိန်လောက်မှာ ပေါ်လာတတ်တယ်။ အသက်ကြီးလာတာနဲ့အမျှ အရေပြားဟာ ပါးလာပြီး ကျုံ့ဆန့်သတ္တိ နည်းလာပါတယ်။ ထို့အတူပဲ အသားအရေ အရောင်ပြောင်းစေတဲ့ နေလောင်မှုကြောင့် အရေပြားထိခိုက်မှုတွေလည်း ပိုဖြစ်လာတတ်တယ်။တချို့သော သိပံပညာရှင်တွေ ကတော့ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ စားသောက်မှုပုံစံ မှားယွင်းခြင်းနဲ့ အသည်းမကောင်းလျှင်လည်း ထိုအစက်အပြောက်တွေ ပေါ်လာနိုင်တယ်လို့ ဆိုကြပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9c%e1%80%ac%e1%81%8d-%e1%80%95%e1%80%ab%e1%80%ba%e1%80%9c%e1%80%ac%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%85%e1%80%80/
သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်
သီချင်းနားထောင်ခြင်းက စိတ်ကို ချမ်းမြေ့စေတယ်၊အာရုံစူးစိုက်မှုပိုကောင်းစေတယ်ဆိုတာကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ သီချင်းနားထောင်ခြင်းရဲ့အကျိုးကျေးဇူးတွေဘယ်လို ရှိတယ်ဆိုတဲ့အကြောင်း သိပ္ပံနည်းကျ စမ်းသပ်ထားတဲ့ အချက်တွေကို အတူတူ လေ့လာကြည့်ကြရအောင်။သီချင်းနားထောင်ခြင်းက ဦးနှောက်ကို ပိုပြီး လှုံ့ဆော်ပေးနိုင်ပါတယ်။MRI scanဖတ်လိုက်ရင် သီချင်းနားထောင်နေချိန်မှာ ဦးနှောက်ရဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ ဧရိယာတွေ ပိုများလာတာကို တွေ့ရမှာပါ။ ဒီကနေပြီး ကောက်ချက်ချလို့ရတာက သီချင်းနားထောင်ခြင်းဟာ လူတွေရဲ့ မှတ်ဉာဏ်ပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာပါပဲ။ဂီတသံစဉ်တွေနဲ့ ကာရံတွေက မှတ်ဉာဏ်တိုးတက်စေတဲ့ လှုပ်ရှားမှုစနစ်တွေကို တိုးတက်စေပါတယ်။ သီချင်းနားထောင်ခြင်းဟာလေဖြတ်နေတဲ့ လူနာတွေအတွက်တောင် စကားပြော မှတ်ဉာဏ်တွေကို ပိုတိုးတက်လာစေပြီး တွေဝေနေတာ၊ ဝေဝါးနေတာမျိုးတွေ လျော့နည်းစေတဲ့အပြင် အာရုံစူးစိုက်မှုကိုပါ ပိုကောင်းလာစေပါသတဲ့။သီချင်းနားထောင်ခြင်းက နာကျင်မှုတွေကို သက်သာစေပါတယ်တဲ့။ ဒါကို ဘယ်မှာ ပိုပြီး သေချာသိရသလဲဆိုတော့ ခွဲစိတ်ကုသမှု လုပ်ထားတဲ့ လူနာတွေကို လေ့လာမှုတွေ လုပ်တဲ့အခါမှာ ခွဲစိတ်မှု မလုပ်ခင်၊ လုပ်နေစဉ် နဲ့ ခွဲစိတ်ပြီးချိန်တွေမှာ သီချင်းနားထောင်တဲ့သူတွေက ပုံမှန် သီချင်းနားမထောင်တဲ့ လူတွေထက် နာကျင်မှု လျော့နည်းပြီး ခွဲစိတ်မှု ရလဒ် ပိုကောင်းတတ်တယ်လို့ ဖော်ပြထားပါတယ်။ဂီတက နာကျင်မှုကို ဘာကြောင့် လျော့နည်းစေတာလဲဆိုတဲ့ အကြောင်းအရင်း အတိအကျကို ဖော်ထုတ်လို့ မရသေးပေမဲ့ သီချင်းနားထောင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ကိုက်ခဲနာကျင်မှုပျောက်စေတဲ့ ဆေးဖြစ်တဲ့ opioids တွေကို ဦးနှောက်က ထုတ်လွှတ်ပေးဖို့ဂီတက လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသီ အများစုက ဆိုကြပါတယ်။ဂီတကို နားထောင်နေစဉ်မှာ သွေးလည်ပတ်မှုက ပိုပြီး လွယ်ကူနေတာကို တွေ့ရတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ဒါက နှလုံးခုန်နှုန်းကို လျှော့ချပေးပြီး သွေးဖိအားကိုလည်း လျော့ကျစေတဲ့အပြင် ကော်တီဇောလို့ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဟော်မုန်းထုတ်လွှတ်မှုကိုပါ လျော့နည်းစေပါတယ်။နောက်ပြီး နေလို့ကောင်းတယ်ဆိုတဲ့ ခံစားမှုကို ဖြစ်စေတဲ့ Endorphins တွေနဲ့ ဆယ်ရိုတိုနင်တွေကို သွေးကြောထဲ ထုတ်လွှတ်ပေးတာကြောင့် လူကို အတော်လေး သက်တောင့်သက်သာဖြစ်စေပြီးစိတ်ဖိစီးမှုတွေ ကင်းဝေးစေပါတယ်။လေ့ကျင့်ခန်းလုပ်နေချိန်အတွင်း သီချင်းနားထောင်တဲ့အခါ (အထူးသဖြင့် Workout အတွက် သင့်လျော်တဲ့ သံစဉ်တွေပေါ့) ဒီသံစဉ်တွေက ကိုယ်ကာယ လှုပ်ရှားမှုကို ပိုမိုအားကောင်းစေပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုပါ ခံနိုင်ရည်ရှိစေပါသတဲ့။ဒါကြောင့် အားကစားသမားတွေအတွက် ဂီတဟာ တရားဝင် စိတ်ကြွဆေးပဲလို့ အားကစားလောကထဲက နည်းပြတွေက နောက်ပြောင်ကြတာပါ။ဂီတ၊ သီချင်း၊ သံစဉ်။ ဒါတွေဟာ လူတွေရဲ့ စိတ်နဲ့ ဦးနှောက်ကို အေးချမ်းထက်မြက်စေတဲ့ အရာတွေပါ။ ပျော်ရွှင်ကြည်လင်ပြီး အေးချမ်းသာယာတဲ့ ဘဝလေးတွေကို သီချင်းတွေနဲ့အတူ ပိုင်ဆိုင်နိုင်ကြပါစေ။ရေးသားသူ – Wathun Myet Chal။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/benefits-of-listening-music/
စိတ်ဖိစီးမှု ကို အများဆုံးဖြစ်စေတဲ့ ဖြစ်ရပ် ၁၀ မျိုး
စိတ်ဖိစီးမှုဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ သယ်ဆောင်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရတဲ့ လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း နည်းပါးလာတတ်ပါတယ်။အရာရာဟာ သူတို့အတွက် ခက်ခဲနေတတ်ပြီးတော့ စိတ်ဖိစီးနေသူတွေ၊ စိတ်အားငယ်နေတာမို့ ဆုံးဖြတ်ချက်မှားတွေ၊ အပြုအမူမှားတွေလည်း ကျူးလွန်မိတတ်ကြပါသေးတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဖိစီးနေသူတစ်ယောက်ဟာ သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင်မှ ခက်ခဲနေတတ်ပါတယ်။ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကိုသံသယဝင်လာပြီး မိမိကိုယ်ကို တန်ဖိုးထားမှုကင်းမဲ့လာတာ၊ သံသယဝင်လာတာ၊ အဆိုးမြင်လာတာ၊ အပြစ်ရှိသလို ခံစားလာတာ၊ စိတ်ဆိုးဒေါသထွက်လွယ်လာတာ၊ ပူပင်သောကများလာတာတွေကလည်း စိတ်ဖိစီးမှုရဲ့ ဝေဒနာ လက္ခဏာတွေဖြစ်ပါတယ်။ဒီလိုဆိုးရွားတာတွေဖြစ်ပေါ်စေတဲ့ စိတ်ဖိစီးမှုဖြစ်လာစေဖို့ ဘယ်အရာတွေက တွန်းအားပေးနေတတ်ပါသလဲ။ လေ့လာချက်တွေအရဆိုရင်တော့ စိတ်ဖိစီးမှုကို အများဆုံးဖြစ်စေတဲ့ အဖြစ်အပျက် ၁၀ မျိုးရှိတယ်လို့ဆိုပါတယ်။ အဲဒီအရာတွေဖြစ်ပျက်လာမယ်ဆိုရင် စိတ်ဖိစီးမှု ကြုံကြရတယ်လို့ ဆိုထားပါတယ်။ဘာတွေလဲဆိုရင်တော့။မိသားစုဝင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ချစ်သူ ခင်သူ အိမ်ထောင်ဖက်ပဲဖြစ်ဖြစ်၊ ကိုယ်နှစ်သက်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးပဲဖြစ်ဖြစ် ဆုံးပါးသွားချိန်တွေမှာ လူတွေက စိတ်ဖိစီးမှုမြင့်တက်လာတတ်ကြပါတယ်။ ဒီဆုံးရှုံးမှုဝေဒနာဟာ လူတွေကို အလွန်အမင်းပြင်းထန်စွာ ခံစားရစေပြီး အကြီးမားဆုံး စိတ်ဖိစီးစေတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။အိမ်ထောင်ကွဲတာ၊ ချစ်သူနှစ်ဦး လမ်းခွဲပြတ်စဲတာတွေကလည်း လူတွေကိုစိတ်ထိခိုက်စေပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကြောင့် စိတ်ဖိစီးမှုဟာ အသွင်သဏ္ဍာန်ခြင်းမတူနိုင်ပါဘူး။ တစ်ချို့မှာ မဖြစ်ပေမယ့် တစ်ချို့မှာတော့ ဖြစ်တတ်ပါတယ်။ ဘယ်လောက်အလေးအနက်ထားတယ်ဆိုတာပေါ်တော့ မူတည်မပေါ့။အိမ်ထောက်ပြုတာ ပျော်စရာမဟုတ်ဘူးလားလို့ မေးချင်မေးနိုင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုခြင်းရဲ့နောက်က တာဝန်နဲ့ ဝတ္တရားတွေကို နားလည်သွားမယ်ဆိုရင် ဘယ်လောက် စိတ်ဖိစီးမှုများတယ်ဆိုတာကိုလည်း နားလည်သွားပါလိမ့်မယ်နော်။ ဒါ့အပြင် မင်္ဂလာပွဲတစ်ပွဲကို စီစဉ်တာတင် အလွန် စိတ်ဖိစီးစရာကောင်းလှတယ်ဆိုတာကို ကြုံဖူးသူတိုင်း သိကြပါလိမ့်မယ်။ကိုယ်ပိုင်အလုပ်သစ်တစ်ခု စတင်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်အသစ်မှာ စတင်လုပ်ကိုင်တာပဲဖြစ်ဖြစ် အဲ့ဒီလိုနေ့မျိုးမှာဆို လူတိုင်း စိတ်လှုပ်ရှားနေတတ်ပါတယ်။ ပိုမိုလွန်ကဲလာရင်တော့ စိတ်ဖိစီးလာမှာဖြစ်ပါတယ်။ အလွန်အမင်း စိတ်လှုပ်ရှားလာရင် အမှားအယွင်းတွပါ ပြုမူမိတတ်တာမျိုးပါ။အလုပ်ကြောင့် စိတ်တွေပင်ပန်းပြီး စိတ်ဖိစီးမှုဝေဒနာခံစားရတာမျိုး လူအတော်များများကြုံဖူးကြမှာပါ။ အလုပ်တွေကမပြီး နောက်အလုပ်တွေကထပ်ပေါ်လာ၊ ကိုယ့်မှာလဲ အချိန်ကမရှိဆိုတာမျိုးကြုံနေရရင် ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလိုက်သလဲ။ ဒီစိတ်ဖိစီးမှုဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ တွန်းအားပေးတတ်တာကို မမေ့သင့်ပါဘူး။အကြွေးတွေတင်နေတာ၊ ငွေကြေးကိစ္စအရှုပ်အရှင်းတွေကြားထဲက ရုံးမထွက်နိုင်တာတွေဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရင်းတစ်မျိုးပါ။ American Psychological Association (APA) ရဲ့ အဆိုအရ စိတ်ဖိစီးမှုရောဂါအဆင့် လူတွေရဲ့ ၇၆% က ငွေကြေးကိစ္စတွေနဲ့ ပတ်သက်နေတတ်ပါတယ်တဲ့။ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေလည်း မြင့်မားပါတယ်။အလုပ်နေရာသစ်တင်မဟုတ်ပါဘူး။ နေအိမ်နေရာသစ်ပြောင်းတာကလည်း စိတ်ဖိစီးမှုဖြစ်စေပါတယ်။ အိမ်ရှာတဲ့အဆင့်ကနေစလို့ တကယ်ပြောင်းတဲ့အချိန်အထိ အဆင်ပြေပြေဖြစ်စေဖို့ ပူပင်နေရတဲ့ သောကကို အိမ်ငှားရမ်းနေထိုင်ဖူးသူတိုင်း သိကြမှာပါ။ ပြောင်းပြီးရင်တောင် ပတ်ဝန်းကျင်သစ်မှာ အသာကျဖို့ စိတ်ပူရသေးတယ်မဟုတ်လား။ကျန်းမာရေးပြဿနာကြောင့် စိတ်ဖိစီးတာကတော့ လူတိုင်း ခံစားရတတ်ပါတယ်။ သာမာန်နေထိုင်မကောင်းတာလေးကနေစလို့ နာတာရှည်ကျန်းမာရေးပြဿနာအထိ အရွယ်အစားအလိုက်ပါပဲ။ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ခံစားထားရရင်လည်း ဒီလိုပြင်းထန်တဲ့စိတ်ဖိစီးတာမျိုးဖြစ်နေမှာပါပဲ။အသက်အရွယ်ကြီးရင့်လာလို့ လုပ်ငန်းခွင်ကနေ အနားယူလိုက်ရချိန်မှာ ကိုယ်က ဘာမှ အသုံးမဝင်တော့ဘူးဆိုတဲ့ စိတ်မျိုး အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေမှ ခံစားရတတ်ပါတယ်။ သူတို့အတွက် အလွန်ပြင်းထန်တဲ့ စိတ်ဖိစီးမှုတစ်မျိုးပါ။ကလေးဘဝကနေ လူပျိုဖော်၊ အပျိုဖော်ဝင်လာချိန်မှာဖြစ်လာတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း သဘာဝ အပြောင်းအလဲတွေကြောင့် ငယ်ရွယ်သူတွေမှာ စိတ်ဖိစီးတဲ့ဝေဒနာခံစားရတတ်ပါတယ်။ ဒီဝေဒနာ လျော့ပါးသက်သာဖို့ဆိုရင် ပတ်ဝန်းကျင်နဲ့ မိဘတွေရဲ့ စောင့်ရှောက်မှုက အရေးပါမှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/10-most-stressful-life-events/
ကလေးတွေကို ကိုဗစ် စစ်ဆေးတော့မယ်ဆိုရင်
အခုနောက်ပိုင်း ကြားရများလာက ကိုဗစ် ဖြစ်တဲ့ထဲမှာ ကလေးငယ်တွေ ပါဝင်မှု များလာတာပါ။ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေကရောဂါဒဏ်ကို ခုခံနိုင်စွမ်းနည်းတဲ့ အုပ်စုရယ်လို့ သတ်မှတ်ထားပေမယ့် အစောပိုင်း တွေ့ရှိချက်တွေအရကိုဗစ်ကကလေးငယ်တွေမှာ ဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ သုံးသပ်ချက် ထွက်ပေါ်ခဲ့ဖူးပါတယ်။ဒါပေမယ့်လည်းကိုဗစ်က သန္ဓေပြောင်းလဲမှုတွေ ဖြစ်ရင်းကူးစက်မှုနှုန်းမြန်လာသလို အခုဆို ကလေးကစပြီး ဖိုးဖိုးဖွားဖွားတွေအထိ အသက်အရွယ် အားလုံးကို ကူးစက်နေတာပါ။ လူကြီးတွေကပိုးရှိလူနာနဲ့ ထိတွေ့မိလို့နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်(Swab) ယူရမယ်ဆိုရင် အဆင်ပြေပြေ လုပ်ဆောင်နိုင်ပေမယ့် ငယ်ရွယ်လွန်တဲ့ သားသားမီးမီးတို့အတွက်တော့ ကြောက်စရာ ဖြစ်နေနိုင်ပါတယ်။ဒီတော့ကလေးတွေအတွက် ကြောက်စရာကောင်းနေမယ့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab) ယူတာကို အဆင်ပြေပြေ လုပ်ဆောင်နိုင်စေဖို့ မေမေဖေဖေတို့အနေနဲ့ ဘယ်လို ကူညီပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ကလေးက မတော်တဆ ပိုးရှိတဲ့သူနဲ့ ထိတွေ့မိလို့ ကိုဗစ်ပိုး ရှိနေလားဆိုတာကို စစ်ဆေးရတော့မယ်ဆိုရင် ကြောက်လန့်တာ၊ စိုးရိမ်တာတွေ ကင်းစေဖို့ဆိုရင်။မိဘ အတော်များများရဲ့ အတွေးက ကလေးကို ဆေးခန်းသွားမယ်ဆိုတာကို မပြောပြရင် ကလေးက ကြောက်စိတ်နည်းသွားမယ်။ ဆေးထိုးရမယ်ဆိုတာကို မပြောပြရင် ကလေးက ကြောက်မှာ မဟုတ်ဘူးလို့ပေါ့။တကယ်ကတော့ အ​ခြေအနေက ဒါနဲ့ ပြောင်းပြန်ပါ။ ကလေးကို ဆေးစစ်မှုရဲ့ အသေးစိတ်ကို ပြောပြပေးတာက ကလေးကို ကြောက်စိတ် ပိုကင်းစေတာပါ။ ဒါကြောင့် ကလေးကို တို့ဖတ်ယူရတော့မယ်ဆိုရင်။အခုကတော့ ဘယ်ကို သွားမယ်။ ဘယ်သူတွေနဲ့ တွေ့ရမယ်။ ဘယ်လို စစ်ဆေးမှုတွေ ခံရမယ်။ အနည်းငယ် နာကျင်တာမျိုး ရှိနိုင်တယ်။ အချိန်အားဖြင့် ဘယ်လောက်ကြာမယ်။ ကြောက်စရာမဟုတ်ဘူး။ကျန်းမာရေးအတွက်လိုအပ်လို့ စစ်ဆေးရတယ် ဆိုတာကို သေချာလေး နားလည်အောင် ပြောပြပေးပါ။ဒါမှ ကလေးကစစ်ဆေးမှုမှာ အကောင်းဆုံး ပါဝင်နိုင်မှာ ဖြစ်သလို ကြောက်စိတ်လည်း ကင်းမှာပါ။ဆယ်ကျော်သက်အရွယ်မရောက်သေးတဲ့ ကလေးအတွက် အားအကိုးဆုံးက မေမေဖေဖေတို့ပါ။ ဒီတော့ ကလေးကို သေချာလေး အားပေးဖို့ လိုပါမယ်။ အနီးကပ်မရှိနေနိုင်ရင်တောင် ကလေး မြင်သာမယ့်နေရာမျိုးမှာ ထိုင်စောင့်နေပေးတာ၊ ရပ်ကြည့်နေပေးတာမျိုး လုပ်ပေးပါ။ မေမေဖေဖေက သူတို့လေးတွေနဲ့ အနီးဆုံးမှာ ရှိနေပေးတာကကလေးတွေအတွက် စိတ်ခွန်အားပါပဲ။ဆေးစစ်မှု ခံယူဖို့ စောင့်ဆိုင်းနေတဲ့ ကာလမှာ ကလေးကို ပျော်စရာဖြစ်မယ့်အရာလေးတွေ၊ ဟာသလေးတွေ ပြောပြပေးတာ၊ ပုံပြင်ပြောပြပေးတာ၊ ပျော်စရာကောင်းတဲ့ ဂိမ်းလေးတွေ ဆော့ပေးတာမျိုး လုပ်ပြီး အာရုံပြောငးထားပါ။ ကလေးက အခြားသူတွေ စစ်ဆေးတာကို အာရုံ မရောက်စေဖို့ပေါ့။ ဒီလို လုပ်ပေးတာက ကလေးကို ကြောက်စိတ် နည်းစေပြီး စစ်ဆေးမှုကို အကောင်းဆုံး ပါဝင်စေနိုင်မှာပါ။ကလေးကို တို့ဖတ်ယူစစ်ဆေးတဲ့အခါ အနေအထားကို သက်သောင့်သက်သာဖြစ်အောင် ဂရုစိုက်ပေးပါ။ ကလေးက ပွေ့ချီလို့ ရမယ့် အရွယ်မျိုးဆိုရင် မေမေက ပွေ့ချီထားပေးတာ ၊ ပေါင်ပေါ်မှာ ထိုင်စေတာနဲ့ ရင်ခွင်ပိုက်လေးဆိုရင် ရင်ခွင်ထဲမှာ သက်သောင့်သက်သာ ဖြစ်စေမယ့် အနေအထားမျိုး ထားပေးပါ။ကလေးကို မျက်စိမှိတ်ထားရင်း အသက်ရှူဖို့ သတိပေးပါ။ဘေဘီလေးက စကားကို သေချာနားလည်မယ့် အရွယ်ဆိုရင်တော့ စစ်ဆေးနေစဉ်မှာ မျက်လုံးကို မှိတ်ထားရင်း အသက် မှန်မှန် ရှူလို့ စိတ်ထဲကနေ ကိန်းဂဏန်းတွေ ရေတွက်နေတာမျိုး လုပ်ခိုင်းပေးပါ။ ဒါက စစ်ဆေးမှုအပေါ် အာရုံရောက်နေတာ နည်းစေပြီး နာကျင်မှု၊ စိုးထိတ်မှုတွေ ခံစားရတာကို သက်သာစေမှာပါ။စစ်ဆေးမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် တော်တယ်ဆိုတာကို အရင်ဆုံး ချီးကျူးပေးပါ။ ပြီးရင် အခုလို စစ်ဆေးတာက ကျန်းမာရေးအတွက် အရေးပါတဲ့ လုပ်ဆောင်မှု တစ်ရပ်ကို လုပ်ဆောင်တာဖြစ်​ကြောင်း သေချာလေး ပြောပြပေးပါ။ကဲ……………..မတော်တဆဆိုတဲ့ အခြေအနေဖြစ်လာခဲ့ရင် ဘေဘီလေးကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့ ဒီနည်းလမ်းလေးတွေနဲ့ အားပေး ဂရုစိုက်ပေးပါ မေမေ…………။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/tips-to-prepare-your-child-for-easy-covid-19-testing/
ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များ
ကိုယ်ဝန်ယူရန် ပြင်ဆင်တယ်ဆိုတာက ကလေးယူမယ်လို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတိုင်း လုပ်သင့်တဲ့ ကိစ္စပါ။ ကလေးလေးကို ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့၊ အခက်အခဲမရှိ မွေးဖွားနိုင်ဖို့ သန္ဓေမတည်ခင်တည်းက စီစဉ်ထားသင့်ပါတယ်။ ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ကိုယ်ဝန်မဆောင်ခင်မှာ ကျန်းမာရေးစစ်ဆေးချက်တွေ ကြိုတင်လုပ်ဆောင်ထားသင့်ပါတယ်။ အနည်းဆုံး တစ်နှစ်လောက်ကြိုပြီး စစ်ဆေးသင့်ပါသည်။ ကိုယ်ရဲ့ နဂိုရှိရင်းစွဲ ကျန်းမာရေး အခြေအနေက ကိုယ်ဝန်ကို မထိခိုက်ဖို့၊ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားဖို့၊ အားဆေးတွေ သောက်ထားဖို့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။ဒါ့ပြင် ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့ ရောဂါတွေ ရှိမရှိဆိုတာကိုလည်း စုံတွဲလိုက် စစ်ဆေးသင့်ပါတယ်။ ဥပမာ မျိုးပွားဟော်မုန်းတွေ ပုံမှန်ဟုတ်ရဲ့လား၊ သုက်ကောင်တွေ ကျန်းမာရဲ့လား စတာတွေပါ။ကိုယ်ဝန်တားဖို့ သောက်ဆေးသောက်နေသူဆိုရင်  ပုံမှန်အတိုင်း ရာသီသွေးပေါ်ဖို့ ဆေးဖြတ်ပြီး ၂ ပတ်ခန့်အထိ နောက်ကျနိုင်ပါတယ်။Progestrone ထိုးဆေးများ(ကြာရှည်ခံ သန္ဓေတားဆေးများ) ကတော့ ဆေးရပ်ပြီး ပုံမှန်ရာသီစက်ဝန်း ပြန်ရောက်ရှိဖို့ အချိန်ပိုကြာတတ်ပါတယ်။ လေ့လာမှုများအရ အမျိုးသမီးတွေက ၅၀% က ထိုးဆေးရပ်ပြီး ၇ လခန့်ကြာမှသာ ကိုယ်ဝန်ရကြောင်း တွေ့ရသည်။ တချို့တွေမှာတော့ ကလေးပြန်ရဖို့ နှစ်ပေါက်အောင် စောင့်ရတတ်ပါတယ်။ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်ထဲမှာ ကာကွယ်ဆေးထိုးတာလည်း ပါပါတယ်။ ရေကျောက်၊ ဂျိုက်သိုးလိုမျိုး ရောဂါတွေက ဗိုက်ထဲက ကလေးကို အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ရောဂါဖြစ်ဖူးလားဆိုတာကို သိဖို့ antibodies (ပဋိပစ္စည်း)ကို စစ်ဆေးနိုင်သလို လိုအပ်ရင်ကာကွယ်ဆေးတွေလည်း ထပ်ထိုးရနိုင်ပါတယ်။ပိုးအရှင်နဲ့ လုပ်ထားတဲ့ ကာကွယ်ဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မထိုးသင့်တဲ့အတွက် ကိုယ်ဝန်မယူခင်မှာ ပြီးပြည့်စုံအောင် ထိုးထားပါ။ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရေပြားလေးဖက်နာ၊ ရင်ကျပ်ပန်းနာရောဂါလိုမျိုး နာတာရှည်ရောဂါတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ပိုဆိုးတတ်ပါတယ်။ ကိုယ်ဝန်ယူမယ်ဆို ဒီရောဂါတွေကို သေချာထိန်းထားပါ။ ရောဂါအတွက် သောက်နေတဲ့ ဆေးတွေကိုလည်း ကိုယ်ဝန်ကို မထိခိုက်စေဖို့ ပြောင်းထားပါ။ဖြည့်စွက်အားဆေးတွေ၊ စွဲသောက်နေတဲ့ ဆေးတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးတွေ သောက်နေမယ်ဆိုရင် ဆရာဝန်ကို ပြောပြပါ။ တချို့ဆေးတွေက ကိုယ်ဝန်ရဖို့ ခက်စေတာ ဒါမှမဟုတ် ကလေးကို ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ သောက်နေတဲ့ ဆေးတွေအပေါ်မူတည်ပြီး ဆရာဝန်က ဆေးပမာဏ ပြောင်းလဲတာ၊ ဆေးအမျိုးအစား ပြောင်းလဲတာ၊ ဆေးရပ်တာတွေကို လိုအပ်သလို ပြုလုပ်ပေးပါလိမ့်မယ်။အရက်နဲ့ ဆေးလိပ်တွေက ကလေးယူမယ့် အမျိုးသားမှာရော အမျိုးသမီးမှာပါ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ကလေးရှိတာကို မသိလိုက်ဘဲ ဆေးလိပ်သောက်တာ၊ အရက်သောက်တာက ကလေးပျက်တာ၊ မွေးရာပါ ချို့ယွင်းချက်ပါတာ၊ လမစေ့ပေါင်မပြည့်ဘဲ မွေးတာတွေကို ဖြစ်စေပါတယ်။လိင်မှတဆင့်ကူးစက်နိုင်သောရောဂါတွေက မျိုးအောင်ခြင်းကို ထိခိုက်ရုံသာမက သင်နဲ့ သင့်ကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။ HIV၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတွေဆိုရင် ကလေးဆီကိုပါ ကူးစက်သွားနိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်မယူခင်မှာ သင်ရော၊ သင့်အိမ်ထောင်ဖက်ရော ဒီလိုကူးစက်နိုင်တဲ့ ရောဂါတွေ ရှိမရှိဆိုတာ စစ်ဆေးပါ။ လိင်ကတဆင့်ကူးစက်ရောဂါတွေ ဆိုရင်တော့ သေချာပျောက်ကင်းအောင် ကုသလိုက်ပါ။ HIV၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးတို့ ဆိုရင်တော့ ကလေးဆီမရောက်အောင် ဘယ်လိုကာကွယ်မလဲဆိုတာကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-to-prepare-to-get-pregnant/
လမ်းပိတ်ဆို့ မှုကြောင့် မလွှဲမရှောင်သာ ရင်ဆိုင်နေကြရတဲ့ ကျန်းမာရေးပြဿနာများ
နေ့စဉ်နေ့တိုင်းလုပ်ငန်းခွင်ရှိရာဆီကို မော်တော်ယာဉ်တွေ ဘတ်စ်ကားတွေစီးပြီး ခရီးသွားနေရသူ ခရီးသည်တစ်ယောက်အတွက် စိတ်ညစ်စရာအကောင်းဆုံးကိစ္စက လမ်းပိတ်ဆို့ တာပါပဲ။ ရန်ကုန်မြို့ရဲ့ အရေးပါတဲ့နေရာအတော်များများမှာ လမ်းပိတ်ဆို့မှုတွေက အမြဲလိုလိုရှိနေတတ်တယ်မဟုတ်လား။ဒီလိုယာဉ်ကျောတွေကြပ်တည်းပြီး ပိတ်ဆို့နေချိန်တွေမှာ ဘတ်စ်ကားပေါ် မတ်တပ်ရပ်ပြီး လိုက်ပါစီးနင်းနေရသူတစ်ယောက်အတွက်ဆိုရင် ဘယ်လောက်တောင်များ ပင်ပန်းလိုက်မလဲ။ မတ်တပ်ရပ်နေရလို့ ပင်ပန်းတယ်လို့ မထင်ပါနဲ့။ဘတ်စ်ကားပေါ်ထိုင်ခုံနေရာရလို့ ထိုင်စီးနေရသူတွေ၊ ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ သွားလာနေသူတွေလည်း မော်တော်ယာဉ်ပေါ်မှာ အချိန်ကြာမြင့်စွာထိုင်ပြီး စီးကြရတာကြောင့် သူ့နည်းသူ့ဟန်နဲ့သူတော့ ပင်ပန်းကြတာပါပဲ။ခုလို မိုးတွင်းကာလမျိုးဆိုရင် ကားကကျပ်၊ လမ်းကပိတ် မိုးကရွာလို့ မိုးကစိုနဲ့ အင်မတန် စိတ်ပင်ပန်းဆင်းရဲစရာကောင်းလှတယ်မဟုတ်လား။ဒီလိုမျိုးနေ့စဉ်နဲ့အမျှ မော်တော်ယာဉ်ပေါ်၊ဘက်စ်ကားပေါ်မှာနာရီနဲ့ချီပြီး ပိတ်မိနေတာက သင့်ရဲ့ စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ပိုတိုလာမယ်၊ စိတ်ပိုပင်ပန်းလာမယ်၊ ပူပင်သောကတွေပိုများလာမယ်၊ ဖန်တီးနိုင်စွမ်းလည်း လျော့လာမယ်။ ဒီတော့ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကျဆင်းသွားပါလေရော။မနက်ခင်းတိုင်း နာရီပေါင်းများစွာ အချိန်ကုန်ခံပြီး ဘတ်စ်ကားကို ပင်ပန်းဆင်းရဲစွာစီးနင်းကာ ရုံးလာတက်ရသူတစ်ယောက်ဆီက ဆန်းသစ်ပြီး ထက်မြက်တဲ့ အိုင်ဒီယာမျိုး၊ ဖော်ရွေပျူငှာတဲ့ ဝန်ဆောင်မှုမျိုးရဖို့ဆိုတာ ခက်ခဲတယ်လို့ လေ့လာချက်တွေက ဆိုကြပါတယ်။ဒါတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ယာဉ်ကြောပိတ်ဆို့မှုတွေက လူတွေကို မျှော်မှန်းထားတာထက်ပိုပြီး ဒုက္ခပေးနိုင်ပါသေးတယ်။ အထူးသဖြင် လူတွေ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေကို ဆောင်ယူလာတာပါပဲ။လမ်းတွေအရမ်းပိတ်လို့ ပင်ပန်းလိုက်တာဆိုတဲ့ ညည်းသံမျိုးမျိုး ရုံးတက်ချိန် ဒါမှမဟုတ် ရုံးဆင်းလို့ အိမ်ပြန်ရောက်ချိန်တိုင်းမှ ငြီးငြူဖြစ်ကြတယ်မဟုတ်လား။ ဒီလိုပင်ပန်းမှုတွေကို နေ့စဉ်ရက်ဆက်ကြုံနေရပြီဆိုရင် ကိုယ့်ကျန်းမာရေးကို ထိခိုက်လာမှာလားလို့ လူတိုင်း တွေးနေမိတတ်ပါတယ်။ဒါပေမယ့် ဘယ်လိုတွေထိခိုက်မှာလဲဆိုတာကိုတော့ လူအတော်များများက တိတိကျကျရေရေရာရာ မသိတတ်ကြပါဘူး။ လမ်းပိတ်ဆို့မှုတွေကြောင့် အောက်ပါကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။အဖြစ်စေနိုင်ဆုံးရောဂါကနှလုံးရောဂါလို့ ကာလီဖိုးနီးယားတက္ကသိုလ် (အာဗိုင်း) က ကျောင်းသားကျောင်းသူတွေရဲ့ လေ့လာချက်တွေက ဆိုပါတယ်။ နှလုံးရောဂါဟာ ယာဉ်မောင်းနှင်သူကိုရော၊ ယာဉ်စီးနင်းသူမှာပါ ဖြစ်နိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စိတ်ပင်ပန်းဆင်းရဲမှုတွေနဲ့ ဒေါသထွက်မှုတွေဟာ ဒီပြဿနာရဲ့ အခြေခံအကြောင်းတရားဖြစ်ပါတယ်။ဒါ့အပြင် ယာဉ်ကြောကျပ်တည်းနေချိန် ကိုယ့်အနီးဝန်းကျင်မှာရှိနေတတ်တဲ့ လေထုညစ်ညမ်းမှုကလည်း နှလုံးရောဂါစွဲကပ်စေတဲ့ နောက်ထပ် တွန်းအားတစ်ရပ်ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ နှလုံးရပ်တာ၊ နှလုံးဖောက်ပြန်တာနဲ့ လေဖြတ်တာမျိုးတွေ ကြုံဆုံရနိုင်တယ်လို့ လေ့လာချက်တွေက ဖော်ပြထားပါတယ်။လမ်းပိတ်ရင် ပင်ပန်းတာကြောင့် အိပ်ချင်လာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုအိပ်ပျော်မှုမျိုးက ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမျိုးမဟုတ်ပဲ ပုံမှန်မဟုတ်တဲ့ အိပ်ပျော်တာမျိုးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ အိပ်သွားပေမယ့် နှစ်နှစ်ခြိုခြိုက်အိပ်ပျော်တာမျိုးမဟုတ်တာကြောင့် ကျန်းမာရေးကို အကျိုးမပြုသလို လူကိုလည်း ပိုပြီးပင်ပန်းနွမ်းနယ်စေပါတယ်။ယာဉ်ကြောပိတ်ဆို့မှုဟာ ပူပင်တာ၊ သောကများတာ၊စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ဆိုးဒေါသထွက်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပိုပြီးဆိုးရွားစေတတ်ပါတယ်။ စိတ်ဝေဒနာတစ်စုံတစ်ရာ အခံရှိနေသူတွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပိုပြီး စိတ်ပင်ပန်းရတတ်ပြီး ဝေဒနာကို ပိုမိုဆိုးရွားသွားစေလေ့ရှိပါတယ်။ ယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ လူ့ခန္ဓာကိုယ်က အေဒရီနလင်းဟိုမုန်းတွေကို အများအပြားပိုမိုထုတ်လုပ်တတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ Traffic Stress လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟာ လူတွေကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။လမ်းပိတ်ဆို့မှုတွေနဲ့ အချိန်အကြာကြီး ဘတ်စ်ကား၊ ယာဉ်ရထားစီးစတာတွေကို စီးနင်းရတာတွေဟာ သွေးတိုးနဲ့ ဆီးချိုဝေဒနာတွေကိုလည်း ပိုအခြေအနေဆိုးစေတတ်ပါတယ်။ လေ့လာချက်တွေအရ သာမာန်အချိန်တွေထက် အချိန်အကြာကြီးယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ ဆီးချိုပိုဆိုးလာဖို့ ဖြစ်နိုင်ခြေ ၂ ဆ ရှိပါတယ်တဲ့။ကားတွေ ပိတ်ဆို့ ကြပ်ညပ်နေချိန်မှာ အများဆုံးရင်ဆိုင်ရနိုင်တာက လေထုညစ်ညမ်းမှုပါပဲ။ လေထုညစ်ညမ်းမှုဟာ သာမန်ပြဿနာတစ်ခုမဟုတ်ပါဘူး။ တစ်နှစ်မှာ လူ ၃ ဒဿမ ၇ သန်း သေဆုံးအောင် ဒုက္ခပေးနေတဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုပါ။ အဲ့ဒီလို သေဆုံးသူတွေထဲမှာ ယာဉ်ကြောပိတ်ဆို့မှုကနေတဆင့် လေထုညစ်ညမ်းတာကြောင့် ကျန်းမာရေးထိခိုက်သွားသူတွေလည်း ပါဝင်နေတာကို မမေ့သင့်ပါဘူး။လေထုညစ်ညမ်းမှုကြောင့် အဆုပ်ကင်ဆာ၊ရင်ကြပ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ကိုယ့်မှာရောဂါအခံရှိထားရင်တော့ အခြေအနေပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့နေချိန်မှာ သာမန်အချိန်တွေထက် လေထုညစ်ညမ်းမှု ၂၉ ဆ ပိုများတတ်တာကြောင့် ဘယ်လောက်ဆိုးရွားနိုင်သလဲ တွေးဆကြည့်နိုင်ပါတယ်။လမ်းပိတ်ဆို့မှုတွေကြောင့် နောက်ထပ်ရင်ဆိုင်ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့။ယာဉ်ကြောပိတ်ဆို့မှုဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် အချိန်၊ ငွေနဲ့ စိတ်ခွန်အားတွေကိုလည်း ဆုံးရှုံးစေပါတယ်။ ဒါကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုဟာ ထိခိုက်နစ်နာမှုအများဆုံး အများပြည်သူဆိုင်ရာ ပြဿနာတစ်ရပ်လို့ ရည်ညွှန်းခံနေရတာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-traffic-jams-affect-health/
အရိုးအစားထိုးကုသခြင်း အကြောင်းသိကောင်းစရာ
၁၉၅၀ ကျော်ကာလမှာ နယူးယောက်၊ ကူးပါးစ်မြို့က ဒေါက်တာသောမတ်စ်ဟာ ပထမဆုံး ရိုးတွင်းချဉ်ဆီ အစားထိုးမှုအောင်မြင်ခဲ့ပါတယ်။ မွေးချင်းအမြွှာ ၂ယောက် အကြား ပြုလုပ်တာဖြစ်ပြီး တယောက်က သွေးကင်ဆာ ရောဂါ ခံစားနေရလို့ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အရိုးအစားထိုးလဲလှယ်ခြင်းကို တွင်ကျယ်စွာအသုံးပြုခဲ့ပြီး သွားရောဂါများ ကုသရာမှာ၊ ခြေသလုံးရိုးထိခိုက်ခြင်းကို ကုသရာမှာ၊ ကင်ဆာရောဂါ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။သင့်ခန္ဓါကိုယ်ရဲ့ အရိုးစုဟာ ပုံမှန်ကြီးထွားနေတာ ဖြစ်ပါတယ်။ အရိုးကျိုးခဲ့ရင် သူ့ဖာသာ တဖြည်းဖြည်းနဲ့ ပြန်ဆက်သွားနိုင်ပါတယ်။ ဒါပေမယ့် အရိုးမှာ ရောဂါတခုခုရနေရင်၊ ဆိုးရွားစွာ ပျက်စီးနေရင်၊ ရှုပ်ထွေးတဲ့ ပြဿနာတခုခုရှိနေရင်၊ ကျန်းမာရေးကို ထိခိုက်စေရင် အရိုးအစားထိုး ကုသရပါတယ်။အရိုးအစားထိုးခြင်းဟာ ကျိုးပဲ့ခြင်း နှင့် ကင်ဆာကြောင့် ပျက်စီးသွားတဲ့ အရိုးကို ပြန်လည် ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စတဲ့အဆင့်တွေနဲ့ အကူအညီပေးပါတယ်။ သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါတွေကို ကုသဖို့လည်း သုံးပါတယ်။ ဒီရောဂါတွေ ကုသဖို့အတွက် ဓါတ်ရောင်ခြည်များများပေးတဲ့ နည်းနဲ့ ကုသလေ့ရှိပါတယ်။သင့်အရိုးဟာ ကျိုးပဲ့ခြင်းဒဏ်ရာ သေးငယ်ရင် သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ ပိုကြီးမားတဲ့ ကျိုးပဲ့ဒဏ်ရာတွေမှာ အရိုးပြန်ဆက်အောင် ကျိုးနေတဲ့အရိုး၂ခုကြား နေရာဟာ နီးကပ်စေဖို့ လိုအပ်ပါတယ်။ အရိုးအစားထည့်ပေးခြင်းဟာ အရိုးပြန်ဆက်ဖို့ အထောက်အကူဖြစ်စေပါတယ်။ကြားမှာဆက်ပေးမယ့် အရိုးဟာ သင့်ဆီကဖြစ်ဖြစ်၊ တခြား တယောက်ဆီကဖြစ်ဖြစ် ရရှိပါတယ်။ ဖန်တီးပြီး ယူနိုင်ပါတယ်။ တခြားလူဆီကလာတဲ့ အရိုးအများစုဟာ သေဆုံးတဲ့လူတွေက လှူဒါန်းခဲ့တာဖြစ်ပြီး ခွဲစိတ်မှုနဲ့ အရိုးကိုထုတ်လိုက်ရတဲ့ လူတွေဆီကလည်း ရပါတယ်။ကိုယ်ခန္ဓါကနေ လက်ခံလိုက်ရင် ဆဲလ်အသစ်တွေ ဖြစ်လာပြီး ပုံမှန်တည်ဆောက်ပုံအတိုင်း ကြီးထွားလာပါတယ်။ အပြင်ကထည့်ပေးတဲ့ အရိုးဟာ နဂိုအရိုးနဲ့ အတူတူပေါင်းစပ် ဖွဲ့စည်းသွားပါတယ်။အစားထိုးအရိုးကို သွားရောဂါတွေအတွက် သုံးပါတယ်။ အနာဖြစ်ဖြစ် ဒဏ်ရာဖြစ်ဖြစ် ဆိုးဆိုးရွားရွား ရရှိပြီးနောက် သွားကျွတ်သွားတဲ့အခါ နဂိုပုံစံ ပြန်လည်ရရှိဖို့ အသုံးပြုနိုင်ပါတယ်။ တခြားအသုံးပြုတဲ့ နေရာကတော့ ခြေသလုံးရိုးမှာ အစားထိုးဖို့ ဖြစ်ပါတယ်။တခြားခွဲစိတ်မှုတွေမှာလိုပဲ မခွဲစိတ်ခင်မှာ အစားအသောက် မစားဖို့ဖြစ်ပါတယ်။ သင့်မှာရှိတဲ့ ရောဂါ အခြေအနေ၊ သောက်နေတဲ့ဆေး၊ အားဖြည့်ဓါတ်စာ စတာတွေအကြောင်း ဆရာဝန်ကို ပြောပြရပါမယ်။အရိုးအစားထိုးခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေနဲ့ ဘယ်လိုစီမံရမယ်ဆိုတာ ဆွေးနွေးသင့်ပါတယ်။ တချို့ပြသနာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ပုံမှန်အားဖြင့် ၂ပတ်ကနေ တခါတလေ တစ်နှစ်ကျော်ထိ အချိန်ယူရတတ်ပါတယ်။ ကျိုးတဲ့ပမာဏနဲ့ ဆက်တဲ့အရိုး အမျိုးအစားပေါ် မူတည်ပါတယ်။ အဲဒီအချိန်ပိုင်းအတွင်း အေးဆေးသက်သာစွာနေပြီး ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ရပါမယ်။ အရိုးဆက်ထားတဲ့နေရာမှာ အထူးသဖြင့် လက်နဲ့ ခြေထောက်တွေမှာ သွေးခဲခြင်းမဖြစ်အောင် ရေခဲကပ်ပြီး မြှောက်ထားပေးရပါမယ်။သင်ဟာ ဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ကို အရင်ဖြတ်ရပါမယ်။ ဆေးလိပ်သောက်သူတွေမှာ အရိုးအစားထိုးဆက်ခြင်းကို မအောင်မြင်စေတာ၊ အရိုး အသစ်မဖြစ်နိုင်တာ ဖြစ်နိုင်ခြေပိုများပါတယ်။ သင့်ကို ဂရုစိုက်စောင့်ရှောက်ပေးမယ့်သူ တယောက်တော့ ရှိသင့်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေဟာ အရိုး အစားထိုးဆက်ထားတဲ့နေရာကို ဘယ်လိုဂရုစိုက်ရမယ်၊ ဘယ်လို ရေချိုးရမယ်ဆိုတာ ညွှန်ကြားပါလိမ့်မယ်။သင့်အခြေအနေအတွက် အကောင်းဆုံးကုသနည်းကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။အရိုးအားထိုးခြင်း အများစုမှာ ကိုယ်ခန္ဓါဟာ ပြင်ပအရိုးကို လက်မခံတာမျိုး ရှိတတ်ပါတယ်။ အကောင်းဆုံးနည်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများစားပြီး ခွဲစိတ်မှုနဲ့ လွတ်ကင်းတဲ့နေရာက ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးဖို့ပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by thant zin။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%af%e1%80%9e%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1/
ခွဲမွေးထားတဲ့မေမေ တို့ရေ ဒါလေးတွေသိထားဖို့လိုပါမယ်နော်
အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ပီတိအဖြစ်ရဆုံးအချိန်နဲ့ အစွန့်စားရဆုံးအချိန်ကသားသားမီးမီးလေးတွေကိုမွေးဖွားတဲ့အချိန်ပါ။ မေမေဖြစ်ရလို့ ပီတိဖြစ်ရပေမယ့် ခွဲမွေးထားတဲ့မေမေ ျဖစ္ရတာကေတာ့ အတော်လေးတော့စွန့်စားရတဲ့အလုပ်ပါ။ ဒီစွန့်စားမှုက ဒီလောက်နဲ့ပြီးသွားလားဆိုတော့ မဟုတ်သေးပါဘူး။နောက်ဆက်တွဲသေချာဂရုစိုက်မှုလည်း လိုအပ်ပါမယ်။ ဒါမှမိခင်ကျန်းမာပြီး ကလေးကိုသေချာဂရုစိုက်နိုင်မှာပါ။ကလေးတစ်ယောက်ကိုကိုယ်ဝန်စလွယ်ချိန်ကတည်းကမေမေတို့အနေနဲ့ အစားအသောက်အနေအထိုင်တော်တော်များများဆင်ခြင်ကြရပါတယ်။နေမကောင်းဖြစ်တဲ့အခါမှာလည်းဆေးကို ထင်သလိုသောက်လို့မရတဲ့အပြင် အရမ်းကြိုက်ပါတယ်ဆိုတဲ့ အစားအစာတွေရှိရင်တောင် ကလေးနဲ့မတည့်မှာစိုးလို့ မစားရတာမျိုးရှိပါသေးတယ်။ ဒီလိုကာလက ၈ လကျော် ၉ လအထိကြာမြင့်နိုင်ပါတယ်။ပြီးရင်စဉ်းစားရမယ့်နောက်တစ်ချက်ရှိပါသေးတယ်။ ကလေးကိုနေ့စေ့လစေ့မွေးတဲ့အခါ ဘယ်လိုမွေးမလဲဆိုတာပါ။ရိုးရိုးမွေးမလား၊ခွဲမွေးမလားပေါ့။ ကိုယ့်ရဲ့OGကအကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုညွှန်ကြားပေးမှာဖြစ်ပါတယ်။ အခုပြောပြချင်တာက ကလေးကို ခွဲမွေးမယ်ဆိုရင်မေမေတို့အနေနဲ့ ကိုယ့်ကျန်းမာရေးအတွက် သိထားဖို့လိုမယ့် အကြောင်းအရာလေးတွေပါ။အသေးစားခွဲစိတ်မှုမဟုတ်ပါ။ကလေးကိုခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်ပါဘူး။ အကြီးစားခွဲစိတ်မှုတစ်ရပ်ပါ။ ဒါကြောင့်ခန္ဓာကိုယ်ကိုသေချာလေးဂရုစိုက်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်ပြီး ၆ ပတ်အတွင်းမှာသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်သေးသင့်သလို လမ်းတောင် ခပ်ကြမ်းကြမ်းမလျှောက်သင့်သေးပါဘူး။ရေချိုးတဲ့အခါချုပ်ရိုးကိုပလာစတာသေချာကပ်ပြီးမှ ချိုးတာမျိုးလုပ်ပေးပါ။ အနာကို ပုံမှန်စစ်ဆေးရပါမယ်။အလေးအပင်မ မသင့်ပါဘူး။ကလေးကိုချီတဲ့အခါမှာလည်း ပုံစံမှန်မှန်လေးချီပေးပါ။ ဒါမှ သားအိမ်လမ်းကြောင်းကြွက်သားတွေပြန်လည်တင်းရင်းမှာဖြစ်ပြီး ချုပ်ရိုးပေါ်ကိုလည်း ဝိတ်မပိစေမှာပါ။ အလေးအပင်မ မသင့်သေးသလို၊ ကုန်းကုန်းကွကွလည်းမလုပ်သင့်ပါဘူး။ဆောင့်ကြောင့်ထိုင်တာမျိုးလည်း လုပ်လို့မရပါဘူးနော်။ သတိထားရမှာတစ်ခုက ချုပ်ရိုးကိုရေထိတာမျိုးလည်းမလုပ်သင့်သေးသလို စက်ဘီးနင်းတာမျိုးလည်းရှောင်ရပါမယ်။ဗိုက်စည်း စည်းလို့ရလား။နောက်တစ်ချက်ကတော့ ကလေးမွေးထားတယ်၊ ဗိုက်ပူမှာစိုးလို့ ဗိုက်စည်းစည်းမယ်ဆိုတာပါ။ ချုပ်ရိုးရှိပေမယ့်လည်း ဗိုက်စည်းက စည်းလို့ရပါတယ်နော်။ သိပ်မာနေတာမျိုးမဟုတ်ဘဲ သားရေပြားလိုမျိုး ဗိုက်စည်းက အဆင်ပြေဆုံးပါ။ တအားကြီးတင်းတင်းကျပ်ကျပ်တော့ မစည်းမိဖို့လိုပါမယ်နော်။လေ့ကျင့်ခန်းလုပ်လို့ရလား။နောက်တစ်ချက်ကလေ့ကျင့်ခန်းလုပ်လို့ရလားဆိုတာပါ။ ခွဲမွေးပြီး အနည်းဆုံးတော့ ၆ ပတ်စောင့်ရပါမယ်။ အများဆုံးကတော့ ၈ ပတ်စောင့်ရမှာပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပင်ပင်ပန်းပန်းလုပ်ရတာမျိုးကနေ မစသင့်ပါဘူး။ အရင်ဆုံးလုပ်ရမှာက ကလေးမွေးဖွားလိုက်တာကြောင့်လျော့ရဲသွားတဲ့ သားအိမ်လမ်းကြောင်းကြွက်သားတွေကိုပြန်လည်တင်းရင်းစေဖို့ပါ။ဗိုက်ခွဲထားတာကြောင့် ဗိုက်ကြွက်သားတွေကိုဝန်ပိစေနိုင်တဲ့လေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။ ဗိုက်ချုပ်ရိုးက အပေါ်အသားမှာတင်ချုပ်ထားတာမဟုတ်ဘဲ။ အတွင်းကအဆီပြင်ကိုပါချုပ်ထားရတဲ့ အတွင်းချုပ်ရိုးရှိပါသေးတယ်။ အတွင်းချုပ်ရိုးရော အပြင်ချုပ်ရိုးပါအနာကျက်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ဝမ်းဗိုက်ကို အားစိုက်ရတဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမျိုးတွေကိုမလုပ်သင့်ပါဘူး။ဖြည်းဖြည်းချင်းနည်းနည်းချင်းကနေစရပါမယ်။လေ့ကျင့်ခန်းစလုပ်စမှာ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲလုပ်လို့ရပါမယ်။ဘာစားမလဲ။အစားအသောက်စားတာကလည်း ချုပ်ရိုးအနာကျက်စေဖို့အတွက်အထောက်အပံ့ပေးပါတယ်နော်။ ချုပ်ရိုးကျက်စေဖို့အတွက် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးတွေ၊၊ အမျှင်ဓါတ်များတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ကြက်သွန်ဖြူ၊လက်ဖက်စိမ်းရေနွေးကြမ်း၊နနွင်းနဲ့ချင်းတို့စားသုံးပေးပါ။ ဒီအစားအစာလေးတွေကို သင့်တင့်မျှတအောင်စားပြီး ချုပ်ရိုးအနာကျက်အောင်ဂရုစိုက်ပေးပါ။ အချိုပါတဲ့သောက်စရာတွေနဲ့အယ်လ်ကိုဟောကိုရှောင်ပါ။ရေတော့များများသောက်ပေးပါ။ဘယ်တော့လောက် အတူပြန်နေနိုင်မလဲ။ခွဲမွေးထားတဲ့မေမေ တွေကရိုးရိုးမွေးသူတွေထက် အတူပြန်နေဖို့ အချိန်ပိုပေးရနိုင်ပါတယ်။ ချုပ်ရိုးအနာကောင်းကောင်းကျက်စေဖို့ အနည်းဆုံး ၂ လကနေ အများဆုံး ၃ လအထိစောင့်ရပါမယ်။ ဒီကြားထဲမှာ ချုပ်ရိုးကို ဆရာဝန်ကိုသွားပြတာတွေ၊ လိုအပ်တဲ့ဆေးကုသမှုခံယူတာတွေလုပ်ရပါမယ်။ ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်ပြီးမှ အတူပြန်နေဖို့စဉ်းစားသင့်ပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-period/exercise-after-c-section/
ကျန်းမာသော အသားအရေအတွက် လိုအပ်သော ဗီတာမင်ဓါတ် ၅ မျိုး
ဗီတာမင် တွေဟာ သင့်ကျန်းမာရေး နဲ့ ခန္ဓါကိုယ် လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့အပြင်ဗီတာမင် မလုံလောက်မှုက သင့်ရဲ့အရေပြားကို ဆိုးကျိုးဖြစ်လာစေနိုင်ပါတယ်။ ဗီတာမင် စီ ချို့တဲ့ခြင်းက စကာဗီ လို့ခေါ်တဲ့ သွေးအားနည်းရောဂါတစ်ခုကိုဖြစ်စေပါတယ်။ ဗီတာမင် စီ နဲ့ အီး ဟာ သင့်အရေပြားကို နေရောင်မှကာကွယ်ပေးတဲ့အတွက် အဲဒီ ဗီတာမင်တွေ ချို့တဲ့ခြင်းက အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အရေပြားကင်ဆာဟာ အမေရိကားနိုင်ငံ မှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ အောက်မှာဖော်ပြသွားမှာကတော့ သင့်အရေပြားအတွက်လိုအပ်တဲ့ ဗီတာမင် ငါးမျိုးဖြစ်ပါတယ်။ဗီတာမင် ဒီ။ဗီတာမင် စီ ရဲ့ အဓိကကောင်းကျိုးက ကယ်လ်ဆီယံတွေစုပ်ယူပေးတာဆိုပေမယ့် သူက အရိုးတွေအတွက်ဘဲ ကောင်းတာမဟုတ်ပါဘူး။ ဗီတာမင် ဒီ က ဆိုရီရေးစစ် လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးကို ကုသရာမှာ အထောက်အကူဖြစ်ပါတယ်။ ကယ်လ်စီထရိုင်အော (calcitriol) လို့ခေါ်တဲ့ လူလုပ် ဗီတာမင် ဒီ သရီး က လူခန္ဓါကိုယ်က ထုတ်လုပ်တဲ့ ဗီတာမင် ဒီ ရဲ့အမျိုးအစားတစ်ခုပါ။ ကယ်လ်စီထရိုင်အော က ဆိုရီရေးစစ် ကိုကုသရာမှာ ထိရောက်တဲ့ ခရင်မ်တစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေမှာ ကယ်လ်စီထရိုင်အော ဆိုရီရေးစစ် ရောဂါ ရှိသူတွေမှာ လိမ်းခြင်းက အရေပြား ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ဆိုးကျိုး အနည်းငယ်သာရှိပါတယ်။ဗီတာမင် အေ။ဗီတာမင် အေ က အရေပြားကို ပြန်လည်ပြင်ဆင်ပေးပြီး ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် အေ မလုံလောက်ခြင်း က သင့်အရေပြားကိုခြောက်သွေ့စေမှာပါ။ ဗီတာမင် အေ လိမ်းဆေးတွေကို ဝက်ခြံနဲ့ တခြားအရေပြားပြဿနာတွေကို ကုသဖို့သုံးပါတယ်။ ဗီတာမင် အေ ပါဝင်မှုများတဲ့အစားအစာတွေက အသည်း၊ ငရုတ်သီး၊ မုန်လာဥ၊ တရုတ်ဇီးသီး၊ ကိုက်လန်၊ ကန်ဇွန်းဥနဲ့ ဟင်းနုနွယ်တို့ပဲဖြစ်ပါတယ်။ ဗီတာမင် အေ ကို အားဆေး အနေနဲ့သောက်တာထက်စာရင် အစားအစာကနေ ယူတာကပိုကောင်းပါတယ်။ ဗီတာမင်အေ က လိုတာထက်ပိုသုံးမိရင် ဆိုးကျိုးတွေရှိနိုင်ပါတယ်။ သင့် အနေနဲ့ ဗီတာမင် အေ ရဲ့ရှေ့ပြေးပုံစံဖြစ်တဲ့ beta carotene ကိုသောက်သုံးသင့်ပါတယ်။ သူက ဗီတာမင် အေ လို ဆေးပမာဏလွန်ပြီး ဆိုးကျိုးမဖြစ်ပါဘူး။ဗီတာမင် စီ။ဈေးကွက်ထဲမှာ အရွယ်တင်စေပါတယ်ဆိုတဲ့ ထုတ်ကုန်တွေအရောင်းထိုင်းတာမရှိပါဘူး။ အဲဒီထုတ်ကုန်တွေရဲ့ အဓိကပါဝင်တာတွေထဲကတစ်ခုက ဗီတာမင် စီ ပါ။ ဗီတာမင် စီ ဟာ သူ့ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတိနဲ့ ကော်လဂျင် (Collagen) စုဆောင်းမှုမှာ အရေးပါတဲ့အတွက် အရေပြားကို အထောက်အကူပြုပါတယ်။ ဗီတာမင် စီ ကိုသောက်သုံးခြင်းက လိမ်းထားတဲ့ နေလောင်ဒဏ်ခံ ခရင်မ်တွေကို ပိုပြီးထိရောက်စေပါတယ်။ အကြောင်းက ဗီတာမင် စီ က ဆဲလ်ထိခိုက်မှုကိုကာကွယ်ပေးပြီး အရေပြားထိခိုက်တာတွေကို ပြန်လည်ကုသပေးလို့ပါ။ ဗီတာမင် စီ က လူ့ကိုယ်ရဲ့ ကော်လဂျင် စုဆောင်းမှုမှာ အဓိကကျတဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ သူကပျက်စီးနေတဲ့အရေပြားကိုပြန်လည်အားဖြည့်ပေးရုံသာမက နေလောင်ကွက်တွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဗီတာမင် အီး။ဗီတာမင် စီ လိုမျိုးပဲ ဗီတာမင် အီး က အရေပြားကို နေရောင်ခြည်ကြောင့်ထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဗီတာမင် အီး လိမ်းဆေး က နေရောင်ခြည်မှ ဆိုးကျိုးဖြစ်စေတဲ့ခရမ်းလွန်ရောင်ခြည်တွေကို စုပ်ယူပေးပါတယ်။ Photoprotection (ရောင်ခြည်ဒဏ်ကာကွယ်ခြင်း) ဆိုတာက ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကို လျှော့ချတဲ့ လူ့ကိုယ်ရဲ့ စွမ်းရည်ကိုပြောတာပါ။ ဗီတာမင် စီ နဲ့ ဗီတာမင် အီး နှစ်မျိုးလုံးပါဝင်တဲ့ ထုတ်ကုန်တွေက တစ်မျိုးတည်းပါတဲ့ ထုတ်ကုန်တွေထက် ရောင်ခြည်ဒဏ်ကာကွယ်နိုင်စွမ်း ကိုပိုပြီးထိရောက်စေတာတွေ့ရပါတယ်။ ဗီတာမင် အီး က အရေပြားရောင်ရမ်းခြင်းကုသမှုမှာလည်း ကူညီပေးပါတယ်။ဗီတာမင် ကေ။ဗီတာမင် ကေ ကို အရေပြားအတွက် ခရင်မ်တွေ တော်တော်များများမှာ တွေ့ရပြီး သူက အရေပြားပြသနာတော်တော်များများကို ကုသပေးပါတယ်။ ဆရာဝန်တွေက အခုလေးတင်ခွဲစိတ်ပြီးတဲ့လူနာတွေကို ဗီတာမင် ကေ ပါတဲ့ ခရင်မ်တွေကိုလူးပေးပါတယ်။ ဗီတာမင် ကေ က လူ့ကိုယ်ရဲ့သွေးခဲခြင်းလုပ်ငန်းစဉ်မှာကူညီပေးပြီး ခွဲစိတ်ထားတဲ့အနာကိုအကျက်မြန်စေပါတယ်။ ဗီတာမင် ကေ ပါတဲ့ ခရင်မ် တွေက မျက်ကွင်းညိုတာ၊ အရေပြားယားယံတာ၊ အမာရွတ်ဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။ ဒါပေမယ့် ဗီတာမင် ကေ က ဗီတာမင် စီ နဲ့ အီ လောက် ကျယ်ကျယ်ပြန့်ပြန့်လေ့လာထားတာ မရှိသေးပါဘူး။ဗီတာမင် အားဆေး တွေက အခုခေတ်မှာ အလွယ်တကူရနိုင်တဲ့အတွက် ဆရာဝန်နဲ့ဆွေးနွေးပြီး သင့် ကျန်းမာရေးအတွက် သင့်တော်ရာရွေးချယ်ပါ။ နောက်တစ်ခါဈေးဝယ်ထွက်လို့ အလှကုန်တန်းဘက်ရောက်ရင် သင်ကြိုက်တဲ့ အလှကုန်တွေကမှာ ဒီ ဗီတာမင် တွေပါလားကြည့်ခဲ့ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba/
အိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ အိပ်ရေးမဝသလို ခံစားနေရတာလဲ
အိပ်ချိန်ပြည့်ဝမှုဆိုတာ လူတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အသက်အရွယ်မရွေး တစ်နေ့အိပ်ချိန်အနည်းဆုံး ၇နာရီ ရှိဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ပြည့်ဝမှ ကျန်းမာမယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေမယ်။ အားအင်ပြည့်ဝနေမှာပါ။ဒါဆို တချို့လူတွေကအိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ မနက်နိုးလာတဲ့အချိန်မှာ ပင်ပန်းပြီး အိပ်ရေးမဝသလို၊ ခေါင်းမူးနေသလို၊ မောပြီး အားမရှိသလို လန်းလန်းဆန်းဆန်း မဖြစ်တာ ဘာကြောင့်လဲ တွေးမိပါလား။ ဒီလို အိပ်ချိန်မှန်ရဲ့သားနဲ့ အိပ်ရေးမ၀ ဖြစ်နေတဲ့သူတွေအတွက် ဗဟုသုတ ဝေမျှပေးချင်ပါတယ်။တစ်နေ့ကို အိပ်ချိန် ၇-၈နာရီ ပြည့်အောင်လည်း အိပ်ထားတယ်။ မနက်အိပ်ရာနိုးလို့ မလန်းဆန်းဘူး၊ခေါင်းမူးနေတယ်၊အိပ်ရေးမဝသလို ဖြစ်နေတာဟာ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။၁။ အိပ်ချိန်နဲ့ ၆နာရီအတွင်းမှာကဖင်းဓါတ်ပါဝင်တဲ့ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်မိတဲ့အခါ ညအိပ်ပျော်သွားခဲ့ရင်တောင် ဦးနှောက်က အလုပ်လုပ်နေရတဲ့အတွက်မနက်ခင်းမှာ ပင်ပန်းနွမ်းနယ်နေနိုင်ပါတယ်။၂။ ညအိပ်ခါနီး ၂နာရီအတွင်း သို့မဟုတ် ည ၈နာရီထက် နောက်ကျပြီးအစာစားတဲ့သူတွေမှာလည်း အစာအိမ်က အစာချေဖျက်နေရတဲ့အတွက် ညအိပ်မပျော်တာ ဖြစ်စေနိုင်သလို အိပ်ရေးဝအောင် အိပ်သည့်တိုင်အောင် စိတ်မကြည်မလင်၊ ကိုယ်လက် မအီမသာ ဖြစ်နေနိုင်ပါတယ်။၃။ ညအမှောင်ထဲမှာဖုန်းအသုံးပြုတာ၊ ကွန်ပျူတာ၊ တီဗီနဲ့ ရုပ်ရှင်ကြည့်တဲ့အခါ ဖန်သားပြင်ပေါ်က အလင်းတန်းတွေဟာ မျက်လုံးထဲကို တိုက်ရိုက်ဝင်ရောက်လာပြီး မျက်စိထိခိုက်နိုင်ပါတယ်။ ဒီလို ညအိပ်ခါနီးမှ ရုပ်ရှင်ကြည့်တဲ့သူ အများစုဟာ အိပ်ချိန် ၇နာရီ ပြည့်ဝခဲ့ရင်တောင် နိုးလာတဲ့အခါ အိပ်ရေးမဝတဲ့ ခံစားချက်မျိုး၊မျက်စိညောင်းကိုက်နေတာမျိုး ဖြစ်နိုင်ပါတယ်။၄။ ညအိပ်ချိန်နဲ့ နီးကပ်စွာအရက်သောက်တဲ့အခါ အရက်ရှိန်ကြောင့် အိပ်ပျော်သွားပေမယ့် ကောင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာမျိုး မဖြစ်စေလို့ အပြည့်အ၀ အိပ်စက်မှု ရရှိမှာ မဟုတ်ပါဘူး။၅။ ရေသောက်တာဟာ မကောင်းတဲ့ အလေ့အကျင့်မျိုး မဟုတ်ပေမယ့် ညအိပ်ခါနီးမှ အများကြီး သောက်လိုက်မိရင်တော့ ဆီးမကြာမကြာ ထသွားရတာကြောင့် ကိုယ့်ရဲ့ ကောင်းစွာ အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။၆။ အလုပ်ခွင်ကစိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာ၊ စိတ်ပူပန်စရာတွေဟာ ခေါင်းထဲမှာ ပြည့်နေရင် ဘယ်လိုမှ ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ အိပ်ပျော်သွားခဲ့ရင်တောင် စိတ်က ပူနေရတဲ့အတွက် မနက်ခင်းနိုးလာရင်လည်း စိတ်ရော ခန္ဓါပါ ပင်ပန်းနွမ်းနယ်နေမှာပါ။၁။ အိပ်ခါနီး ရုပ်ရှင်ကြည့်တာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာ ရှောင်ပေးပါ။၂။ အိပ်ရမယ့် အခန်းဟာ မှောင်ပြီး တိတ်ဆိတ်နေပါစေ။၃။ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်တွေကို မနက်ပိုင်းမှာ သောက်ပေးပါ။၄။ အရက်သောက်ပြီး အိပ်တဲ့ အကျင့်ကို ရှောင်ပေးပါ။၅။ အဆီများတဲ့ အစားအစာတွေ၊ ရင်ပြည့်စေမယ့် အစားအစာတွေကို ညအိပ်ခါနီး မစားသင့်ပါဘူး။၆။ ကျန်းမာရေးနဲ့ ညီညွတ်ပြီးအာဟာရမျှတတဲ့ စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံးပါ။၇။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။၈။ သာယာငြိမ့်ညောင်းဖွယ် ရေစီးသံ၊ တီးလုံးသံတွေကို ဖွင့်ထားပေးပါ။သိပ်ပြီး စိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပေမယ့် အိပ်ရေးပျက်တာ များလာမယ်။ ကိုယ့်ရဲ့ အလုပ်ခွင်၊ တာဝန်တွေကို ထိခိုက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ၊ တခြား ငုပ်နေတဲ့ ရောဂါအခံတွေ ရှိ၊ မရှိ သေချာစစ်ဆေးကြည့်မှ ကိုယ့်ရဲ့ အိပ်ရေးမဝသလို ခံစားနေရတဲ့ ပြဿနာကို အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/feeling-tired-after-sleep/
စိတ်ခံစားမှုပြောင်းလဲခြင်းကို ဘယ်လိုထိန်းချုပ်မလဲ
လူများသည် ဘဝတွင် စိတ်ဖိစီးမှု ကိစ္စများကို ကွဲပြားစွာ တုံ့ပြန်ကြသည်။ သင့်ကိုယ်သင် အလွန်ခက်ခဲသော အချိန် ကို ရင်ဆိုင်နေရသည်ဟုထင်ပြီး စိတ်ခံစားမှု အသစ်များ ရရန် လိုအပ်နေနိုင်သည်။ အချို့လူများသည် အသည်းကင်ဆာ ရောဂါအဖြေရှာမှုကို ကိုင်တွယ်နိုင်သည်။ အချို့မှာ သူတို့၏ ခံစားမှုများကို ထိန်းချုပ်ရန် ခက်ခဲကြသည်။ သင့် စိတ်ခံစားမှု ကို တိုးတက်စေသော နည်းလမ်းအချို့ကို အောက်တွင် ဖော် ပြထားပါသည်။သင့် စိတ်ခံစားမှုကို မြင့်စေသော အရေးပါသော အချက် တစ်ချက်မှာ ဆေးကုသမှုကို ကြောက်ရွံ့နေသော်လည်း အကောင်းမြင်ရန်ဖြစ်သည်။ လူအများစုသည် အကောင်းမြင် သည်ဆိုသည်မှာ ပျော်ရွှင်အောင်နေသည်ဟု ဆိုလိုသည်ဟု အထင်မှားနေသည်။ အမှန်မှာ ၎င်းသည် အသည်းကင်ဆာ ဖြစ်စဉ် ဖြစ်လာနိုင်သော ကြောက်စရာ ဖြစ်နိုင်ချေများကို သိ မြင်ပြီး လက်ခံနိုင်ခြင်းဖြစ်သည်။သင်သည် ထို ကြောက်စရာ ခံစားမှု များကို ရှေ့ဆက်တိုးရန် အတွက် တွန်းအားအဖြစ် အသုံးပြုသင့်သည်။ နောက် အကြံပြုချက်မှာ သင်မှန်သည် ထင်ရာကို လက်ကိုင်ထား၍ သင့်စိတ်ကူးများကို သင့်အား ဆွဲ ချခွင့် မပြုပါနှင့်။ သင်လိုအပ်ပါက ငိုပါ။ ဘေးကင်းသော နည်းလမ်းဖြင့် ဒေါသကို ဖော်ပြပါ။ထို့အပြင် အသည်းကင်ဆာဖြင့် ရှင်သန်ရန် အကောင်း မြင် နည်းလမ်းကို ရွေးချယ်ရန်လည်း အလွန်အရေးကြီးပါ သည်။ ကောင်းစွာ စားပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ရွေးချယ်မှုများ ပြုလုပ်ခြင်း ( ဆေးလိပ်ဖြတ်ခြင်း၊ အရက် သောက်ခြင်းကို လျော့ချခြင်း စသည်) တို့သည် အကောင်း ဆုံး ဥပမာများဖြစ်သည်။ ဤအရာနှင့် ပတ်သတ်သော ပိုများသော အချက်အလက်များကို အသည်းကင်ဆာလူနာ များအတွက် အာဟာရအကြောင်း ဆောင်းပါးများတွင် ရှာဖွေ နိုင်သည်။အသည်းကင်ဆာ ဖြစ်နေစဉ် အထူးသဖြင့် ကုသမှု ခံယူ နေစဉ် နာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း သို့ မဟုတ် စားသောက်မှု ပြဿနာများ စသည်တို့ အလွန် အဖြစ်များသည်။ ထိုလက္ခဏာများကြောင့် သင်သည် သာမန် ထက်ပို၍ စိတ်ဓါတ်ကျနိုင်သည်။ထို့ကြောင့် သင်၏ ပြဿနာများကို ကျန်းမာရေး ထောက်ပံ့ပေးသူနှင့် တိုင်ပင် ဆွေးနွေးရန် အလွန်အရေးကြီးသည်။ သင့်အခြေအနေနှင့် ပတ်သက်၍ ဗဟုသုတ ကောင်းစွာရှိခြင်းသည် ရောဂါကို ထိန်းချုပ်နိုင်သော နည်းလမ်းကောင်းတစ်ခုက်ု ပေးနိုင်ပါ သည်။တရားထိုင်ခြင်း၊ ယောဂကျင့်စဉ် ကျင့်ခြင်း၊ ရုပ်လုံးဖော် ခြင်း၊ အိပ်မွေ့ချ ကုထုံး၊ နှိပ်နယ်ခြင်း၊ reflexology စသော စိတ်ဖြေလျော့မှု နည်းလမ်းများသည် စိတ်ဓါတ်ကျခြင်း၊ ကြောက်လန့်ခြင်း နှင့် စိုးရိမ်ပူပန်ခြင်းတို့ကို ကောင်းစွာ ထိန်း ချုပ်ပေးနိုင်သော နည်းလမ်းအချို့ဖြစ်သည်။လေ့ကျင့်ခန်းသည်လည်း သင့် ခံစားမှုအချို့၏ တင်းမာမှု ကို ထိန်းချုပ်ပေးနိုင်သော နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ အရေးကြီးသော အချက်မှာ သင်ပြုလုပ်သော ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအားလုံးသည် သင့်ကျန်းမာရေး အခြေအနေဖြင့် သင့်တော်စေရန် ဖြစ်သည်။ အရင်က လေ့ကျင့်ခန်း မလုပ်ဖူး ပါက သင်သည် အခြားလူများ ပုံမှန်လုပ်သကဲ့သို့ လေ့ကျင့် ခန်း များ လုပ်နိုင်မည် မဟုတ်ပါ။ထိုအခါ သင့် ခန္ဓါကိုယ် အား ကျင့်သားရစေရန် ဖြည်းဖြည်းချင်း စတင်သင့်သည်။ လမ်းတို လျှောက်ခြင်း ပြုလုပ်သင့်သည်။ ထို့အပြင် အရင် လူနာများ နှင့် ဆရာဝန်များထံမှ အကြံညဏ်များ တောင်းခြင်း ကိုလည်း ထောက်ခံပါသည်။ မိသားစုနှင့် သူငယ်ချင်းများ သည် သင့်အား ရှေ့ဆက်သွားရန် အားပေးနေပါသည်။အဆိုးမြင်သော အတွေးများကို စွန့်လွှတ်ရန် အရေးကြီး ပါသည်။ အခြားလူများကို စကားပြောခြင်း၊ သီချင်းနားထောင် ခြင်း၊ အသံကုန်ဟစ် အော်ခြင်း သို့မဟုတ် ငိုခြင်း စသည်တို့ သည် သင့်အား သက်သာစေပါသည်။ အခြားသူများနှင့် မျှဝေ ခြင်းသည် တစ်ခါတစ်ရံ မလွယ်ကူပါ။ သို့သော် ယုံကြည်ရ သော သူငယ်ချင်း၊ မိသားစုများနှင့် သင့်အကြောင်းကို မျှဝေ ခြင်းသည် သင့်ဘာသင် သိမ်းဆည်းထားခြင်းထက် ပိုကောင်း ပါသည်။ကင်ဆာ ထောက်ပံ့မှု အဖွဲ့ကို ဆက်သွယ်ခြင်းသည် ကင် ဆာလူနာများအတွက် ကောင်းပါသည်။ သူတို့တွင် တူညီ သော အခြေအနေ၊ ခံစားမှုများရှိပြီး သင့် ပြဿနာများကို မျှ ဝေရန် ပို၍ လွယ်ကူပါသည်။လူနာအများစုကို အသည်းကင်ဆာအကြောင်း နားလည် ရန် သို့မဟုတ် အသည်းကင်ဆာကို ချက်ချင်း ထိန်းချုပ်ရန် မျှော်လင့်ထား၍ မရပါ။ ကင်ဆာရှိသည်ကို လက်ခံရန် အနည်းငယ် ကြာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကြောက်လန့်ခြင်း၊ ငြင်းဆိုခြင်း နှင့် ဒေါသထွက်ခြင်းတို့ဖြင့် ရင်ဆိုင်ရသောကြောင့် ဖြစ်သည်။ သို့သော်လည်း ရောဂါကို လက်ခါပြီးနောက် ရင်ဆိုင်ရင် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပြီးနောက်တွင် သင့်အခြေအနေသည် ပိုကောင်း လာပါမည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%bc%e1%80%b2-3/
ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား
ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓါတ် မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်ဟာ ခန္ဓါကိုယ်ရဲ့အဓိကခွန်အားအရင်းအမြစ်ဖြစ်ပြီး ကိုယ်စားလိုက်တဲ့ အာဟာရကနေ ရရှိတာဖြစ်ပါတယ်။ ပန်ကိရိယကနေထုတ်ပေးတဲ့ အင်ဆူလင်က အစားအစာကရတဲ့ သကြားဓါတ်ကို စွမ်းအင်အဖြစ်အသုံးပြုနိုင်ဖို့ဆဲလ်တွေဆီရောက်ရှိအောင် ထောက်ကူပေးပါတယ်။ တခါတရံမှာတော့ ခန္ဓါကိုယ်မှာ အင်ဆူလင်အလုံအလောက်မရှိတာ ဒါမှမဟုတ် အင်ဆူလင်လုပ်ဆောင်ချက်မကောင်းတော့တာ ရှိနိုင်ပါတယ်။ အဲဒီအခါ သကြားဓါတ်က သွေးထဲမှာပဲကျန်ရှိနေပြီး ဆဲလ်တွေဆီမရောက်နိုင်တော့ဘဲ ဆီးချိုဖြစ်လာပါတယ်။အဖြစ်များဆုံးဆီးချိုရောဂါအမျိုးအစားတွေကတော့ အမျိုးအစား ၁ ၊ အမျိုးအစား ၂နဲ့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ တို့ဖြစ်ပါတယ်။အမျိုးအစား ၁ ဆီးချိုရောဂါ– အမျိုးအစား ၁ ဆီးချိုရောဂါဖြစ်ရင် ခန္ဓါကိုယ်က အင်ဆူလင်ထုတ်မပေးတော့ပါဘူး။ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယအတွင်းကဆဲလ်တွေကို ကိုယ်ခံအားက ပြန်တိုက်ခိုက်ပြီးဖျက်ဆီးပစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါကိုကလေးတွေနဲ့ လူငယ်ပိုင်းတွေမှာတွေ့ရလေ့ရှိပါတယ်။ ဒီအမျိုးအစားရှိသူတွေက နေ့တိုင်း အင်ဆူလင်ထိုးပေးဖို့ လိုပါတယ်။အမျိုးအစား ၂ ဆီးချိုရောဂါ– အမျိုးအစား ၂ဆီးချိုရောဂါရှိနေရင် ခန္ဓါကိုယ်က အင်ဆူလင်ကို မထုတ်လုပ်နိုင်၊ ကောင်းကောင်းအသုံးမချနိုင်ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားကိုတော့ အရွယ်မရွေးမှာဖြစ်လာနိုင်ခြေရှိပြီး ကလေးဘဝမှာတောင် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ ပိုတွေ့ရပါတယ်။ အမျိုးအစား ၂ ဟာအဖြစ်များဆုံး ဆီးချိုရောဂါဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ– ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့မှာဖြစ်တတ်ပြီး အများစုကတော့ ကလေးမွေးဖွားပြီးနောက်ပိုင်းမှာဆီးချိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခဲ့တဲ့သူ တွေဟာ နောက်ပိုင်းမှာ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်လာနိုင်တဲ့အလားအလာပိုများပါတယ်။ဆီးချိုရောဂါမှာ အစောပိုင်းရောဂါလက္ခဏာတွေ အများကြီးရှိပေမယ့် ကိုယ်သတိမထားမိလောက်တဲ့ အချက်တွေ ရှိနေပါတယ်။ မသိလိုက်ဘဲ ဆီးချိုကို မထိန်းချုပ်ဘဲကြာလာလေ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ခြေလက်အင်္ဂါ ဖြတ်တောက်ရတာ၊မျက်စိကွယ်တာ၊နဲ့တခြားပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ခြေပိုများလေ ဖြစ်ပါတယ်။အသက် ၄၀ ကျော်ပြီးသူတိုင်း ဆီးချိုရောဂါရှိမရှိကို သုံးနှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ အောက်ပါ အန္တရာယ်အချက်တွေထဲက တစ်ခုထက်ပိုပြီးရှိနေပြီဆိုရင် ပိုပြီးမကြာခဏ စစ်ဆေးစမ်းသပ်သင့်ပါတယ်။ဆီးချိုအစပျိုးအဆင့်ဟာ သွေးတွင်းသကြားဓါတ်ပုံမှန်ထက်ပိုများနေတာ ဖြစ်ပေမယ့် အမျိုးအစား ၂ဆီးချို အဆင့်တော့မရောက်သေးတာဖြစ်ပါတယ်။ ဆီးချိုအစပျိုးအဆင့်မှာရှိသူတွေမှာ ၅၀ ရာခိုင်နှုန်းနီးပါး အမျိုးအစား၂ ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာရှိသူတချို့မှာ လက္ခဏာမပြတတ်တာကြောင့် ဆီးချိုအဆင့် ရောက်ကာနီးမှ သိသာတတ်ကြပါတယ်။ဆီးချိုမဖြစ်လာခင် အစပျိုးအဆင့်ရဲ့လက္ခဏာတွေကို သိရှိနိင်မယ်ဆိုရင် အမျိုးအစား၂ ဆီးချိုရောဂါကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို နှလုံးရောဂါလိုမျိုး နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ခြေလျော့နည်းစေ မှာဖြစ်ပါတယ်။ အစပျိုးအဆင့်မှာ သွေးတွင်းသကြားဓါတ်ထိန်းညှိနိုင်ဖို့ glycemic index (GI) နည်းတဲ့ အစာအာဟာရတွေက အသင့်တော်ဆုံးဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9b%e1%80%bd%e1%80%ad%e1%80%9c%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%82%8f/
စိတ်ညစ်တိုင်း စား နေတော့မှာလား။
အရင်ကတော့ဗိုက်ဆာရင်ပဲ စားကြတာပါ။ ခုခေတ်ကတော့ အပြိုင်အဆိုင်များတဲ့ ခေတ်ဆိုတော့စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ စားလာကြပါတယ်။ အရင်ကတော့ စိတ်ညစ်လို့ စိတ်ထွက်ပေါက်ရှာမယ်ဆိုရင် ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ မူးယစ်ဆေးသုံးတယ် စသဖြင့်ပေါ့။ ခုတော့ စိတ်ညစ်တိုင်းစား ပါစားလာကြပြီ။ ရုတ်တရက်ကြည့်ရင်တော့စိတ်ဖိစီးမှု ဖြေလျှော့တဲ့ နည်းလမ်းတွေထဲမှာ ဒီနည်းက အန္တရာယ်အကင်းဆုံးပဲပေါ့။ဒါပေမယ့်  ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကတော့ အမှန်ပါပဲ။ အထူးသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို စားမိမယ်ဆိုရင်ပေါ့။ကိုယ့်ကိုယ်ကို တစ်ခေါက်လောက် မေးကြည့်ပါလား။ တစ်နေ့ တစ်နေ့ စားနေတာတွေက တကယ်ဆာလို့ စားနေတာလား။ ဒါမှမဟုတ် စိတ်ပြေရာ ပြေကြောင်း စားနေတာလားလို့။ TGIFလည်း စား၊ အသည်းကွဲလည်းစား၊ ပျင်းလည်းစား၊ စိတ်ညစ်လည်းစား၊ နောက်ဆုံး မာလာရှမ်းကောလေး dicountချလို့ တန်တုန်း စားရမယ်ဆိုပြီးစား၊ စားပြီးရင်း စားနေမိတော့တာပဲ။ဒါကို အဖြေရှာရပါမယ်။ စိတ်ထဲမှာ ဖြစ်တဲ့ဝေဒနာ တစ်ခုကို အစားနဲ့ ဖုံးလိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စ မဟုတ်ဘူးလေ။ ပြီးတော့ စိတ်ညစ်တိုင်း စားမယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တာကို စားမယ်ဆိုရင် ပိုကောင်းတာပေါ့။Emotional hungerဆိုရင်တော့ ခုပဲ ရည်းစားနဲ့ စိတ်ကောက်တယ်။ သူငယ်ချင်းကို ဖုန်းဆက်ပြီး လှမ်းပြောတယ်။ ဒီနေ့ hot pot သွားစားရအောင်တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။ ဒီနေ့ စားကို စားမှာနော်တဲ့။စိတ်ကြောင့်ဆိုရင် အဲ့ဒီလိုပါ။ ရုတ်တရက် အကြောင်းအရင်း မရှိဘဲ တစ်ခုခုကို စားချင်လာမယ်။ ပြီးတော့လည်း ဒါဆို ဒါမှ hot potကို မာလာရှမ်းကောသွားလုပ်လို့ မရဘူး။ တကယ်ညနေသွားစားကြည့် ၂သောင်း ၃သောင်းလောက်က အသာလေးပဲ။ ဗိုက်ပြည့်တာတောင် ရပ်လို့ မရတော့ဘူး။Physical hungerကျတော့ သူက တကယ်ဆာတာ။ စားရမယ့် အချိန်ကျော်သွားလို့ ဆာလာတာ။ ကြာလာလေလေ ဆာလာလေလေပဲ။ တစ်ခါတလေ အလုပ်မပြတ်သေးလို့ နောက်မှ စားမယ်ဆိုပြီး ရွှေ့ထားလို့ရသေးတယ်။ သိပ်ပြီး cravingဖြစ်မနေဘူး။ ဘာစားမှ ညာစားမှလည်း မရှိဘူး။ တစ်ခုခုစားလိုက်လို့ ဗိုက်ပြည့်သွားရင် ရပြီ။ဒါနဲ့ တစ်ဆက်တည်း emotional eating cycleဆိုတာလေးကို ပြောပြချင်ပါတယ်။ စိတ်ညစ်တိုင်း စား တတ်တဲ့သူတွေမှာ တွေ့ရတာလေးပေါ့။တစ်ခုခုကြောင့် စိတ်ထဲမှာ ခုသွားမယ် (စိတ်ညစ်တာ၊ စိတ်ဖိစီးတာ)။ ပြီးရင် တစ်ခုခုကို မရမနေ စားချင်စိတ်ဖြစ်မယ်။ စားလည်းစားလိုက်တယ် (စားနိုင်တာထက်ပိုပြီး)။ စားပြီးတော့မှ အသိစိတ်ဝင်လာပြီး ငါတော့ စားတာ များသွားပြီ။ဝိတ်တက်တော့မှာပဲတို့၊ ပိုက်ဆံတွေ ကုန်ပါပြီတို့ပေါ့။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို guilty ဖြစ်လာပါတယ်။ငါဒီနေ့ ဘာတွေစားလဲ။ ဆာလား မဆာဘူးလား။ စိတ်ညစ်နေလို့ စားတာလား စသဖြင့် ပွင့်ပွင့်လင်းလင်း မှတ်ထားပါ။ ဒီဒိုင်ယာရီက သင်တစ်ယောက်တည်း အတွက်ပါ။ စိတ်ညစ်တဲ့အချိန်ဆို ဘာတွေ စားထားလဲ စသဖြင့်ပေါ့။ဒီလို တစ်နေ့တာ ကုန်သွားလို့ ပြန်ကြည့်လိုက်ရင် ဆာလို့ စားတာ၊ စိတ်ညစ်လို့ စားတာ ဘယ်ဟာ ပိုများလဲ ထွက်လာပါလိမ့်မယ်။ ဘေးနားမှာ ကုန်ကျစရိတ်လေးတွေပါ ထည့်ထားရင် ပိုတောင် ကောင်းမလားပဲ။စားတာ မဟုတ်ဘဲ စိတ်ဖိစီးရင် သီချင်းအော်ဆိုတာတို့၊ ရေသွားချိုးတာတို့၊ ဟာသကားကြည့်တာတို့၊ လေ့ကျင့်ခန်း ပြေးလုပ်လိုက်တာတို့ စသဖြင့် တခြား ပြေရာပြေကြောင်းတွေ စမ်းကြည့်ပါ။စိတ်ညစ် လို့ စားချင်နေပြီလား။ ကိုယ့်ကိုယ်ကို စိတ်ညစ်မှန်းလည်း သိတယ်၊ မစားသင့်ဘူးဆိုတာလည်း သိတယ်၊ ဒါပေမယ့်စားချင်စိတ်ကို ဖျောက်မရဘူးဆိုရင် အရင်ဆုံး ရေတစ်ခွက် အဝသောက်လိုက်ပါ။ တစ်ခါတလေ ရေဆာတာကို ဗိုက်ဆာတာနဲ့ မှားတတ်ပါတယ်။ပြီးရင် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။ တခြား အာရုံပြောင်းမယ့် အလုပ်တစ်ခုခု လုပ်လိုက်ပါ။ ဥပမာ လမ်းထွက်လျှောက်တာမျိုး၊ သူငယ်ချင်းနဲ့ ဖုန်းပြောတာမျိုးပေါ့။အအေးတို့၊ အသင့်စား အစားအစာတို့ကို ကိုယ်နဲ့ နီးတဲ့ နေရာမှာ မထားပါနဲ့။ သစ်သီးလေးတွေကို လှီးပြီး ဘူးထဲထည့်ထားပါ။ အစေ့အဆန်လေးတွေကို တစ်ခါစားစာ အထုပ်လေးတွေ ထုတ်ထားပါ။ အုတ်ဂျုံဝယ်ထားပါ။ တစ်ခုခုစားမှ အဆင်ပြေမယ့်အချိန်ဆို ဒါတွေပဲ စားပါ။ဒီလိုစားတိုင်း ပြရမယ်တော့ မဟုတ်ပါဘူး။ လူတိုင်းစိတ်ညစ်တတ်ပါတယ်။ စိတ်ညစ်တိုင်းလည်း စားတတ်ကြပါတယ်။ ဒါပေမယ့် ဒါက တရားလွန်ဖြစ်လာပြီဆိုရင်တော့ စိတ်ရောဂါအထူးကုနဲ့ ပြပြီး အကြောင်းရင်းကို ရှာဖွေကုသပါ။နောက်တစ်ခုက emotional eating cycle ဖြစ်နေပြီဆိုရင် ကြာလာရင် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေ များလာပြီး စိတ်ကျတဲ့ဘက်ကို ပြောင်းသွားမှာပါ။ ဒီလိုဆိုရင်တော့ ဆွေးနွေးမှု ခံယူလိုက်တာ အကောင်းဆုံးပါပဲ။[embed-health-tool-bmr]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/stress-eating-and-how-to-deal-it/
Postpartum Infection (ကလေးမွေးပြီးနောက် မိခင်တွင်ပိုးဝင်ခြင်း)
ရိုးရိုးမွေးဖွားပြီးတာပဲဖြစ်ဖြစ် ခွဲပြီးမွေးထားတာပဲဖြစ်ဖြစ် နို့တိုက်နေချိန်မှာပဲဖြစ်ဖြစ် ဘယ်လိုပိုးဝင်ခြင်းမျိုးကိုမဆို ကလေးမွေးပြီးချိန်မိခင်တွင်ပိုးဝင်တယ်လို့ အဓိပ္ပါယ်သတ်မှတ်ပါတယ်။ ကလေးရိုးရိုးမွေးရချိန်မှာဖြစ်ဖြစ် ခွဲမွေးချိန်မှာဖြစ်ဖြစ် ဒဏ်ရာရထားတာမျိုးရှိရင် နောက်ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်ပြောင်းလဲ မှုကြောင့် ကလေးမွေးဖွားပြီးနောက်မိခင်တွင်ပိုးဝင်ခြင်းဆိုတာဖြစ်တတ်ပါတယ်။ ကလေးမွေးပြီးတဲ့နောက်မှာ မိခင်တွေက နာကျင်မှုတွေခံစားရတတ်တာကြောင့် ပိုးဝင်ခြင်းကြောင့်နာတာလား ဒါမှမဟုတ် ကလေးမွေးပြီးနောက်နာကျင်ခြင်းလားဆိုတာ ရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ အဖြစ်များတဲ့ပိုးဝင်ခြင်းတွေကတော့။-သားအိမ်အလွှာများယောင်ရမ်းခြင်း သားအိမ်အလွှာပိုးဝင်ခြင်းကိုခေါ်တာပါ။-ရင်သားယောင်ခြင်း။-ခွဲတဲ့နေရာမှာပိုးဝင်ခြင်း။-ဆီးလမ်းကြောင်းပိုးဝင်ခြင်း။လေ့လာတွေ့ရှိချက်တစ်ခုကတော့ ၉၄ရာခိုင်နှုန်းသော ကလေးမွေးဖွားပြီးနောက်ပိုးဝင်ခြင်းက ဆေးရုံကဆင်းပေးလိုက်ပြီးတဲ့နောက်မှ တွေ့ရတတ်တယ်လို့ပြောပါတယ်။ ကလေးမွေးဖွားပြီးနောက် ပိုးဝင်ခြင်း က သန့်သန့်ရှင်းရှင်းနေထိုင်ခြင်းမရှိတဲ့အချိန်မျိုး ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုမကောင်းတဲ့အခါမျိုးမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။ သို့ပေမယ့် အဲ့ဒါတွေကို အန္တရာယ်ရှိစေတဲ့အချက်တွေကို လျှော့ချစေခြင်းဖြင့် စီမံဆောင်ရွက်နေပါတယ်။တစ်ခြားအချက်အလက်တွေကိုသိရဖို့သင့်ဆရာဝန်နဲ့ဆွေးနွေးပါ။ကလေးမွေးပြီးနောက်ပိုးဝင်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။လူနာက ဖျားတယ် ချမ်းတုန်တယ် နေလို့ထိုင်လို့မကောင်းဘူးဆိုတာတွေဖော်ပြလာရင် အဲ့ဒါတွေကပိုးဝင်တဲ့လက္ခဏာပဲဖြစ်ပါတယ်။ တစ်ခြား တွေ့ရတဲ့လက္ခဏာတွေ ကတော့။ဗိုက်အောက်ပိုင်းနာခြင်း၊ငွေ့ငွေ့လေးဖျားခြင်း၊အနံဆိုးတဲ့သွေးမျိုးဆင်းခြင်း (သားအိမ်ယောင်ခြင်းရဲ့လက္ခဏာဖြစ်ပါတယ်)။-နာကျင်ယောင်ယမ်း နီရဲတဲ့ နေရာ (များသောအားဖြင့် ရင်သားတစ်ဖက်ဖက်တွင်) ပြီးတော့ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ကြွက်သားများကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း ခေါင်းကိုက်ခြင်း (ရင်သားယောင်ရမ်းခြင်းရဲ့ ရောဂါလက္ခဏာများ)။-ခွဲထားတဲ့နေရာကနေ ဒါမှမဟုတ် အနာဖြစ်ခြင်း (ခွဲထားတဲ့ဗိုက်က အနာမှ၊ မွေးလမ်းကြောင်းမှ အနာ ဒါမှမဟုတ် စုတ်ပြဲ ဒဏ်ရာ မျုး)နီရဲခြင်း၊ အရည်ထွက်ခြင်း၊ ယောင်ရမ်းခြင်း၊ ပူနေခြင်း များ ခွဲထားတဲ့ဓါးဒဏ်ရာက ကွဲထွက်တော့မလိုတွေမြင်ရရင်။-ဆီးသွားရခက်ခဲခြင်း၊ ဆီးသွားချိန်နာကျင်ခြင်း၊မကြာခဏဆီးသွားချင်တာမျိုး ဆီးမထိန်းနိုင်လောက်အောင် ဖြစ်ပေမယ့် တကယ်သွားတဲ့အချိန် ဆီးမထွက်ခြင်း ဒါမှမဟုတ် နောက်ကျိကျိအရောင်သွားခြင်း နှင့်သွေးပါခြင်း (ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့လက္ခဏာများ)။ကလေးမွေးပြီးတဲ့ လူနာတွေကို မွေးပြီးနောက် ရက်အနည်းငယ်ဆိုရင်ကို ဆေးရုံကနေပေးဆင်းပါတယ်။ စောင့်ကြည့်ချိန်က တိုတောင်းတဲ့အတွက် ဆေးရုံကနေမဆင်းခင်မှာ ပိုးဝင်ခြင်းရှိမရှိကို သက်သေရှာဖို့ မတွေ့နိုင်တာမျိုးရှိတတ်ပါတယ်။ စောစီးစွာ ရောဂါရှာခြင်းနဲ့ ကုသမှုပေးခြင်းက ကလေးမွေးဖွားပြီးချိန်ပိုးဝင်ခြင်းကနေ အခြား ကျန်းမာရေး ပြသနာတွေရယ် ပိုဆိုးမလာအောင်ရယ် ရပ်တန့်တားဆီးနိုင်တဲ့အတွက် ဆိုးရွားတဲ့အခြေအနေတွေထပ်ဖြစ်မလာနိုင်ဖို့ သင့်ဆရာဝန်နဲ့ တတ်နိုင်သမျှအစောဆုံးဆွေးနွေးပါ။ပိုးသေဆေးတွေ ပန်နီစလင်တွေရှိလာတာကြောင့် ကလေးမွေးပြီးနောက်ပိုးဝင်ခြင်းကို သိပ်မတွေ့ရတော့ပါဘူး။ သို့။သော်လည်း အရေပြားမှာနေတဲ့ အကောင်တွေဖြစ်တဲ့ Streptococcus ,Staphylococcus လို့ခေါ်တဲ့အကောင်တွေရယ် တစ်ခြား ပိုးမွှားတွေဟာ ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသေးတယ်။၎င်းပိုးကောင်တွေဟာနွေးထွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးထွားကြပါတယ်။ ကလေးမွေးဖွားပြီးနောက်ပိုးဝင်ခြင်းဟာ ကလေးမွေးပြီးနောက် သားအိမ်ထဲမှာ စတင်ဖြစ်ပွားနိုင်ပါတယ်။သားအိမ်ဟာ ကလေးနေတဲ့ အရည်အိတ်မှာ ပိုးကူးစက်မှုခံရရင် သားအိမ်လည်း ပိုးဝင်ခြင်းခံရပါတယ်။သင်ကလေးမွေးဖွားတဲ့ နည်းလမ်းပေါ်မူတည်ပြီးရယ် သင်မွေးဖွား။ပြီးတဲ့နောက် ပိုးဝင်ခြင်းပေါ်မူတည်ပြီး ကွာခြားချက်တွေရှိပါတယ်။ပိုးဝင်နိုင်တဲ့အခွင့်အရေးတွေကတော့။-၁-၃ရာခိုင်နှုန်းဟာ ရိုးရိုးမွေးလမ်းကြောင်းကနေမွေးတာကနေရ။ပါတယ်။-၅-၁၅ရာခိုင်နှုန်းဟာ ကလေးမွေးဖို့ရက်သေချာကြိုရွေးပြီး ခွဲမွေးတဲ့အချိန်မှာရပါတယ်။-၁၅-၂၀ ရာခိုင်နှုန်းကတော့ ဗိုက်နာပြီးမှ ရက်သေချာမရွေးထားတဲ့ ခွဲမွေးမှုမျိုးမှာ ရတတ်ပါတယ်။ပိုးဝင်ခြင်းကို ပိုမိုဖြစ်စေတဲ့ အခြား အချက်အလက်တွေ လည်းရှိပါသေးတယ်။၎င်းတို့ကတော့။-သွေးအားနည်းခြင်း။-အဝလွန်ခြင်း။-မိန်းမကိုယ်တွင်ပိုးဝင်ယောင်ရမ်းခြင်းဖြစ်ခြင်း။လိင်ဆက်ဆံရာမှကူးစက်သောပိုးဝင်ခြင်း။-ကလေးမွေးဖွားချိန်မှာ မိန်းမကိုယ်တွင်း ခဏခဏ နှိုက်စမ်းထားခြင်း။-မွေးချိန်ကြာခြင်း။-ရေမွှာအိတ်ပေါက်တာနဲ့ မွေးဖွားချိန်ကြားကာလ ကြာရှည်ခြင်း။-Group B streptococcus ပိုးကောင် မိန်းမကိုယ်လမ်းကြောင်းမှာ။ဝင်ရောက်ခြင်း။-ကလေးမွေးပြီးတဲ့နောက် အချင်းမှ အပိုင်းအစများကျန်နေခြင်း။-ကလေးမွေးပြီးတဲ့နောက် သွေးအလွန်အကျွံထွက်ခြင်း။-အသက်ငယ်ခြင်း။-ဆင်းရဲသောလူနေမှု ဖြစ်နေခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ခန္ဓါကိုယ်ကို သေချာစမ်းသပ်စစ်ဆေးခံခြင်းနဲ့ ကလေးမွေးဖွားပြီးနောက် ပိုးဝင်ခြင်းကို သင့်ဆရာဝန်က ရောဂါရှာနိုင်ပါလိမ့်မယ်။ သင့်ဆရာဝန်မှ ပိုးရှိမရှိ ဆီးစစ် သွေးစစ်ခြင်းများ လုပ်ခြင်း သင့်သားအိမ်ကနေ ဂွမ်းစလေးနဲ့ အသာထိပြီး ပိုးကောင်မွေးခြင်းများကို ပြ ုလုပ်ခြင်းနဲ့ ကလေးမွေးဖွားပြီးနောက် ပိုးဝင်ခြင်းကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ပိုးဝင်ခြင်းကို မကုသပဲထားပါက ပိုဆိုးလာတတ်ပါတယ် သင့်မှာ ဖျားနာခြင်းဖြစ်ရင် ဒါမှမဟုတ် အပေါ်မှာဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေရှိမယ် ခံစားရမယ်ဆိုရင် သင့်ဆရာဝန်ကို အမြန်ဆုံးတတ်နိုင်သမျှ အသိပေးပါ။ သင့်ပိုးဝင်ခြင်းကို ကုသဖို့ ပိုးသတ်ဆေး ပေးပါလိမ့်မယ်။ တကယ်လို့ သင်က နို့တိုက်နေရင် နို့်တိုက်နေကြောင်းဆရာဝန်ကိုအသိပေးပါ အဲ့ဒါမှ ဘယ်လိုသောက်ဆေးကို ပေးရမယ်ဆိုတာ စဉ်းစားလို့ရမှာပါ။ ပိုးသတ်ဆေးသောက်ဆေးတွေနဲ့အများအားဖြင့် လုံလောက်တတ်ပေမယ့် တစ်ခါတစ်လေအရမ်းအခြေအနေဆိုးတဲ့အခါ ပိုးသတ်ဆေးကို အကြောထဲထိုးရတဲ့ အခြေအနေတွေနဲ့ တစ်ခြား ကုသမှုခံယူရတာမျိုးတွေရှိတတ်ပါတယ်။ ဥပမာ သင့်ဆီမှာ ပိုးဝင်တဲ့အနာရှိမယ်ဆိုရင် သင့်အနာကို ခွဲစိတ်လိုက်ပြီး ဖွင့်လိုက်ပြီးမှ အပြင်ကို အရည်ထွက်စေတာမျိုးတွေလုပ်ဖို့လိုအပ်ပါမယ်။သင်ကပိုးသတ်ဆေး စသောက်ပြီးရက်အနည်းငယ်အတွင်းမှာ သက်သာလာမှာပါ ဒါပေမယ့် သောက်ဆေးကို ကုန်တဲ့အထိ ရက်ပြည့်တဲ့အထိ သောက်ဖို့ အရမ်းအရေးကြီးပါတယ်။ို ဆေးတွေသောက်ပြီးဘယ်လောက်အကြာမှာ စအလုပ်ဖြစ်မလဲဆိုတာကို ဆရာဝန်ကိုမေးတာရယ် ဆရာဝန်ပြောတဲ့ ကာလအတွင်းမှာ မသက်သာခဲ့ဘူးဆိုရင် ဆရာဝန်ကို သေချာပေါက်ပြောပြ အကြောင်းကြားဖို့လိုအပ်ပါမယ်။သင့်မှာ ဆေးပြောင်းသောက်ဖို့ လိုနေတာမျိုး ဒါမှမဟုတ် တစ်ခြားတစ်ခုခု အကြောင်းအရင်းတွေကြောင့်မသက်သာနိုင်တာ။တွေဖြစ်နေနိုင်လို့ပါ။ ရေဓါတ်ခမ်းခြောက်ခြင်းမဖြစ်စေဖို့ ရေများများသောက်ဖို့ မမေ့ပါနဲ့ သင့်ခန္ဓါကိုယ်က ပိုးဝင်ခြင်းကို တတ်နိုင်သမျှ တိုက်နိုင်ဖို့ အနားယူနိုင်သမျှ ယူပေးပါ။ကလေးမွေးပြီးနောက် ပိုးဝင်ခြင်းဖြစ်ခြင်းကို ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။ကလေးမွေးပြီးနောက် ပိုးဝင်ခြင်းကို ကာကွယ်နိုင်မယ့် အိမ်တွင်းကုထုံးတွေကတော့။-ခွဲစိတ်မယ့် မနက်ခင်မှာ ရေချိုးခြင်း။-ဓါးနဲ့ အမွေးရိတ်ခြင်းထက် အမွေးညှပ်နဲ့ ဆီးခုံမွေးတွေဖယ်ရှားခြင်း။-Chlorhexidine-alcohol ကိုအသုံးပြ ုပြီးအရေပြားကိုသန့်စင်ခြင်း။-မခွဲစိတ်ခင်မှာ ပိုးသတ်ဆေးသောက်ထားခြင်း။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/postpartum-infection-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%b9-%e1%80%99/
ဆီးချိုဝေဒနာကို ပိုဆိုးလာစေနိုင်မည့် စားသောက်မှုအလေ့အထများ
ဆီးချိုရောဂါရှိနေပြီလို့ သိလိုက်ရချိန်မှာ အရမ်းကို ထိတ်လန့်ကြောက်ရွံ့စရာကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံအတိုင်းနေထိုင်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာမယ်ဆိုရင် ဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ တကယ်လို့များ စာဖတ်သူပရိသတ်အနေနဲ့ သွေးတွင်းသကြားဓာတ်ကိုလျော့ကျအောင်လုပ်ဆောင်ပြီး ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ ကြိုးစားနေတာဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ စားသောက်မှုအလေ့အထအမှားတွေကို မလုပ်ဆောင်မိတာ သေချာဖို့လိုပါတယ်။ကဖင်းဓာတ်ကို အလွန်အကျွံစားသုံးတဲ့အခါ အင်ဆူလင်ပမာဏမြင့်တက်လာတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက်သောက်သုံးတာက ခန္ဓာကိုယ်တွင်းက အင်ဆူလင်အတွက် အကျိုးကျေးဇူးရရှိနိုင်တယ်ဆိုပေမယ့် တစ်ခွက်ထက်ပိုသောက်ခဲ့မယ်ဆိုရင်တော့ အင်ဆူလင်ပမာဏ အဆမတန်မြင့်တက်သွားတာမျိုးတွေ့ကြုံခံစားရနိုင်ပါတယ်။ yerba mate လိုမျိုးဆေးဖက်ဝင်အပင်ကနေထုတ်လုပ်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရင်းအမြစ်တွေကနေထွက်ရှိတဲ့ ကဖင်းဓာတ်ကို စားသုံးတယ်ဆိုရင်တောင်မှ ကဖင်းက အင်ဆူလင်ပမာဏကို တက်စေနိုင်ပါတယ်။ အင်ဆူလင်ပမာဏမြင့်တက်မှုက စိတ်ဆိုးလွယ်တာ၊ ကတုန်ကယင်ဖြစ်တာ၊ မအီမသာဖြစ်တာနဲ့ အချိုစားချင်စိတ်ပြင်းပြတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်တွင်းက အင်ဆူလင်ပမာဏကျဆင်းသွားတဲ့အခါ နောက်ထပ် ကဖင်းဓာတ်နဲ့ အချိုဓာတ်ကို မိမိစိတ်ကတောင့်တနေတဲ့ အတိုင်းအတာပေါ်မှာ မူတည်ပြီး ပိုမိုစားသုံးချင်တာမျိုးဖြစ်စေနိုင်ပါတယ်။မနက်စာက တစ်နေ့တာအတွက်အရေးကြီးဆုံးသော အစားအစာတစ်ရပ်လို့ အမြဲလိုလိုကြားဖူပါတယ်။ အထူးသဖြင့် ဆီးချိုသမားတွေအနေနဲ့ မနက်စာစားသုံးသင့်ပါတယ်လို့ မယ်ရီလန်းပြည်နယ် Baltimoreမြို့မှာရှိတဲ့ Mercy Medical Center က ဆီးချိုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Alison Massey က ပြောကြားခဲ့ပါတယ်။ မနက်ပိုင်းမှာ မနက်စာစားဖို့ အချိန်အကြာကြီးစောင့်နေရတာမျိုးက သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း (hypoglycemia) ကို ခံစားရနိုင်ပါတယ်။ မနက်ခင်းမှာ ပုံမှန် အဆာပြေတစ်ခုခု စားသုံးပေးတာမျိုးဖြစ်ဖြစ်၊ ဒိန်ချဉ်ကို ဘယ်ရီသီးတစ်မျိုးမျိုးနဲ့တွဲဖက်စားသုံးတာမျိုးဖြစ်ဖြစ်၊ ကြက်ဥပြုတ် တစ်လုံးကို ပေါင်မုန့်မီးကင်တစ်ချပ်နဲ့ စားတာမျိုးဖြစ်ဖြစ် စားသုံးပေးဖို့တိုက်တွန်းလိုပါတယ်။အဆီတွေကို အလွန်အကျွံစားသုံးတာက အင်ဆူလင်မတုံ့ပြန်နိုင်ခြင်း (insulin resistance) ဖြစ်ပေါ်မှုကို ပိုဆိုးစေနိုင်ပါတယ်။ စားသောက်ဆိုင်တွေမှာ ရောင်းချနေတဲ့ အမြန်စားအစားအသောက်တွေလိုမျိုး ပြည့်ဝဆီတွေပါဝင်မှုများတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။ သုတေသနအချို့မှာတော့ monounsaturated fatty acids (MUFAs)တွေက အင်ဆူလင်မတုံ့ပြန်နိုင်မှုအပေါ်မှာ အတော်အသင့်အကျိုးပြုနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ MUFAs က ထောပတ်သီး၊ သံလွင်ဆီ၊ မြေပဲထောပတ်လိုမျိုး အခွံမာသီးနဲ့လုပ်ထားတဲ့ထောပတ်တွေနဲ့ အစေ့အဆန်တွေမှာပါဝင်တဲ့ အဆီတွေလို ခန္ဓာကိုယ်အတွက် အထောက်အကူပြုပါတယ်။ MUFAs ပမာဏမြင့်မားစွာပါဝင်ပြီး ပြည့်ဝဆီပါဝင်မှုနည်းတဲ့ အစားအသောက်တွေက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကိုလက်စထရောတွေကို ကျဆင်းစေသလို triglycerides လို့ခေါ်တဲ့အဆီတစ်မျိုးကို ကျဆင်းစေပြီးသွေးပေါင်ချိန်ကိုလည်း ကျဆင်းစေပါတယ်။ပရိုတင်းကို အလွန်အကျွံစားသုံးခြင်းက သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့်တော့ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာပါတဲ့ အနီရောင်အသားတွေကနေရရှိတဲ့ ပရိုတင်းဖြစ်ပါတယ်။ အနီရောင်အသားစားသုံးမှုများတာက အမျိုးအစား -၂ ဆီးချိုရောဂါ (type 2 diabetes)ဖြစ်နိုင်ခြေကိုတိုးစေနိုင်တယ်လို့ သုတေသနတစ်ရပ်မှာတွေ့ရှိခဲ့ပါတယ်။အစားအသောက်တစ်ခုတည်းကို အများကြီးစားသုံးခြင်း (ဥပမာ ကာဗိုဟိုက်ဒရိတ်လိုမျိုး) နဲ့ အခြားအစားအသောက်တွေကို လုံလောက်အောင် မစားသုံးခြင်း (ဥပမာ ဟင်းသီးဟင်းရွက်နဲ့အဆီနည်းတဲ့ အသားကနေရတဲ့ ပရိုတင်းဓာတ်) က သွေးတွင်းသကြားဓာတ်ကို တိုးစေတာမျိုးဖြစ်စေနိုင်ပါတယ်။ အဆီနည်းတဲ့ အသားဖြစ်တဲ့ အရိုးနဲ့ အရေပြားမပါဝင်တဲ့ ကြက်ရင်အုံသားကို ဆန်လုံးညိုလိုမျိုး ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအသောက်ကို တွဲစပ်စားသုံးတာက အစာကျေချက်မှုကိုနှေးစေပြီး အချိန်တော်တော်ကြာတဲ့အထိ ဗိုက်ပြည့်နေတယ်လို့ခံစားရစေမှာဖြစ်တဲ့အပြင် အစားစားပြီးတဲ့အခါမှာလည်း သွေးတွင်းသကြားဓာတ်အပေါ်မှာ အနည်းအကျဉ်းအကျိုးသက်ရောက်မှုရှိပါတယ်။အစားစားဖို့မေ့နေတာမျိုး မဖြစ်သင့်ပါဘူး။ ဒါပေမယ့် အလုပ်အရမ်းများနေပြီး ထို့နောက်မှာမှ အချိန်ကိုသတိထားမိတာမျိုးက ကိုယ့်ကိုယ်ကို အန္တရာယ်များအောင်လုပ်နေသလိုပါပဲ။ အစားစားချိန် တစ်ခုနဲ့ တစ်ခုကြားအချိန် အရမ်းခြားတာမျိုးကသွေးတွင်းသကြားဓာတ်လျော့နည်းခြင်း (hypoglycemia) ကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါဆေးတွေ အမြဲသောက်သုံးနေရသူတွေမှာ သတိထားသင့်ပါတယ်။ အဆိုပါ အခြေအနေကို မကုသဘဲထားမယ်ဆိုရင် သွေးတွင်းသကြားဓာတ်လျော့နည်းခြင်းက ဆိုးလာနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း အခြေအနေပြင်းထန်လာမယ်ဆိုရင် လေဖြတ်တာ၊ ကိုမာဝင်တာနဲ့ သေဆုံးတာမျိုးတွေအထိ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်လို့ National Institute of Diabetes and Digestive and Kidney Diseases က ဆိုပါတယ်။ တကယ်လို့များ ဆီးချို (သို့) ဆီးချိုရောဂါအကြိုလက္ခဏာတွေ ခံစားနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ် အလွန်အမင်းကျဆင်းသွားချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ လျင်လျင်မြန်မြန်ပြန်တက်လာစေဖို့အတွက် သကြားလုံးလေးတွေ၊ အချိုရည်ဗူးလေးတွေနဲ့ နို့ဘူးလေးတွေကို ဆောင်ထားပေးသင့်ပါတယ်။လေ့လာမှုအချို့မှာ သန့်စင်ပြီးသား ကာဗိုဟိုက်ဒရိတ်တွေဖြစ်တဲ့ (ပေါင်မုန့်အဖြူ၊ pretzels၊ chip)တွေက အင်ဆူလင်မတုံ့ပြန်နိုင်မှုကို တိုးစေပါတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဂျုံအဖြူနဲ့ ပြုလုပ်ပြီး သကြားဖြည့်စွက်ထားတဲ့ အသင့်စား အစားအသောက်တွေစားသုံးမှုကို ကန့်သတ်လျှော့ချပါ။ အဆိုပါ အစားအသောက်တွေအစား အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အဆာပြေအစားအစာတွေ၊ ကောက်နှံနဲ့ လုပ်ထားတဲ့ အဆာပြေအစားအစာတွေကို စားသုံးပေးနိုင်ပါတယ်။အမျိုးအစား -၂ ဆီးချိုရောဂါ (type 2 diabetes) ခံစားနေရသူတွေမှာ အလွန်အကျွံစားသုံးတာကြောင့် ကိုယ်အလေးချိန်တက်တာက အင်ဆူလင်မတုံ့ပြန်နိုင်မှုကို ပိုဆိုးစေနိုင်သလို ဆေးကုသမှုခံယူမှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တာမျိုးအထိဖြစ်ပေးစေနိုင်ပါတယ်။ လို့Massey ကပြောပြပါတယ်။ ကာဗိုဟိုက်ဒရိတ်တွေပါဝင်နေတဲ့ အစားအသောက်တွေကို ပမာဏအများကြီးစားသုံးတာက အစားစားပြီးတဲ့နောက် သွေးချိုတိုင်းတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ဆရာဝန် (သို့) ဆီးချိုအကြောင်း တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ စားသောက်မှုပုံစံတစ်ရပ်ကို ဘယ်လိုဖန်တီး ရမလဲ ဆိုတာကိုမေးမြန်းတာက ကျန်းမာရေးအတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။ညပိုင်းနောက်ကျမှ အစားစားတာက နောက်နေ့မနက်ပိုင်းမှာ သွေးတွင်းသကြားဓာတ်ကို မြန်မြန်ဆန်ဆန်မြင့်တက်စေနိုင်ပါတယ်။ ညပိုင်းနောက်ကျမှ အစားစားတာက နောက်တစ်နေ့မနက်ခင်းမှာ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်ပိုပြီးမြင့်တက်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ညပိုင်းနောက်ကျမှ အစားစားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို တကယ်ဆာရဲ့လားဆိုတာကို ဆန်းစစ်ပါ။ ဒါမှမဟုတ် ညပိုင်းမှာ အစားစားတာက အကျင့်ဖြစ်နေလား ဆိုတာကို ဆန်းစစ်ပါ။ တကယ်လို့များ ညပိုင်းအစားစားတတ်တာက အကျင့်ဖြစ်နေတာဆိုရင် ဆေးဖက်ဝင် လက်ဖက်ရည်တစ်မျိုးမျိုးဖျော်ထားတာပြီး သောက်သုံးတာမျိုးဖြစ်ဖြစ်၊ အစာစားတာ အစား တစ်ခုခုလုပ်တာဖြစ်ဖြစ်လုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9d%e1%80%92%e1%80%94%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%ad%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%b8/
နို့တိုက်မိခင် ဗီတာမင်ချို့တဲ့ခြင်း
“နင်နော်အစားတွေ တွေ့ကရာ လျှောက်မစားနဲ့၊ ငါ့မြေးနေမကောင်းလို့ကတော့နင်ပဲ”မမိုးမိုးတစ်ယောက်ယောက္ခမဖြစ်သူ၏ ပြောစကားကိုထမင်းစားရင်း ပြန်ကြားယောင်နေသည်။ ထမင်းကိုငါးကြော်လေးနှင့်သာ စားနေခြင်းဖြစ်သည်။ တစ်နေ့တစ်နေ့ထိုဟင်းနှင့်သာ စားနေရ၍ငြီးငွေ့နေသော်လည်း ယောက္ခမကို ကြောက်ရသည်က တစ်ကြောင်း၊ နို့တိုက်နေချိန်မိမိစားချင်တာအစုံစားလိုက်မိလျှင်နို့စို့နေသော ၃ လသား မိမိသားလေး ထိခိုက်နိုင်သည်ဟူသော စကားကို။ယုံကြည်မိသည်က တစ်ကြောင်း အစားတော်တော်ဆင်ခြင်နေရသည်။“နို့တိုက်မိခင်ဆိုတာအစားမရှောင်ရဘူး။ အာဟာရပြည့်အောင်စားရတယ်” ဟု ရပ်ကွက်ထဲမှသားဖွားဆရာမလေးကပြောသော်လည်း “နင့်ဆရာမက ငါမွေးမှငါ့သမီးအရွယ်ပါအေ၊ ငါပြောတဲ့အတိုင်းလုပ်စမ်းပါ” ဆိုသော ယောက္ခမစကားကိုမလွန်ဆန်နိုင်ခဲ့။“အမေ အစားရှောင်နေတာလား၊ ဒီလောက်သေချာမှာနေသားနဲ့၊ အခုတော့ကလေးကဆေးရုံအရောက်နောက်ကျသွားပြီ၊ ဆုံးသွားပြီ”။“ဟုတ်ရဲ့လား သေချာကြည့်ပေးပါဦး။ သားလေးက နို့တောင်ပုံမှန်စို့နေသေးတာ၊ ခုနကမှ ပြာပြီးမောလာတာ။ ခဏလေးပဲ ရှိသေးတာ”။ဆေးရုံအရေးပေါ်တွင်ပြောနေကြခြင်းဖြစ်သည်။ မမိုးမိုး၏ သားလေး နို့စို့ရင်း ရုတ်တရက်တအားမောပြီး ပြာလာ၍ ဆေးရုံအမြန်ခေါ်လာကြခြင်းဖြစ်သည်။ ဆေးရုံရောက်တော့ဆရာဝန်၏ စကားကရင်နင့်စရာ၊ ကလေးက အသက်မပါလာဘူးတဲ့။“ပြောရတာတော့စိတ်မကောင်းပါဘူး။ ကလေးက ကလေး ဘယ်ရီဘယ်ရီ(Infantile beri beri)လို့ခေါ်တဲ့ရောဂါဖြစ်ပြီး နှလုံးထိခိုက်ပြီး အသက်ဆုံရှံုးသွားရတာပါ။ ဗီတာမင်ဘီဝမ်း (B1) ချို့တဲ့လို့ဖြစ်တာပါ။အမေ အစားရှောင်တာနဲ့ဆိုင်ပါတယ်” တာဝန်ကျ ကလေး အထူးကုမှလာကြည့်ပြီး ရှင်းပြနေခြင်းဖြစ်ပါသည်။Infantile beriberi ရောဂါ။Infantile beri beri ရောဂါသည်အထက်တွင် ဖော်ပြခဲ့သလို ဗီတာမင်B1 ချို့တဲ့ခြင်းကြောင့်ဖြစ်သောရောဂါဖြစ်သည်။ နို့စို့ကလေးများတွင်ဖြစ်ပွားလေ့ရှိသည်။ မွေးကင်းစကလေးများသည် မိခင်နို့ကိုသာအားကိုးနေကြရသည်။ မိခင်နို့တွင်အာဟာရပြည့်ဝစွာပါမှသာ ကလေးအတွက်အာဟာရပြည့်ဝကြမည်ဖြစ်သည်။ရှေးရိုးအယူအဆတွင် နို့တိုက်မိခင်သည် အစားအသောက်မဆင်ခြင်လျှင် မိခင်နို့မှတဆင့်ကလေးကိုထိခိုက်မည်ဟုယုံကြည်ကြသည်။ ထို့ကြောင့်လည်း နို့တိုက်မိခင်များကို အလွန်အမင်းအစားရှောင်ခိုင်းလေ့ရှိသည်။ ဆေးရုံ ဆေးခန်းများ ဆရာဝန်ဆရာမများမှအစားမဆင်ခြင်ရန်မှာကြားလေ့ရှိတတ်သော်လည်း ဓလေ့ထုံးတမ်းနှင့်ပတ်ဝန်းကျင်မှစကားများကိုသာ ပိုမိုယုံကြည်တတ်သောလူမျိုးဖြစ်ကြသည်နှင့်အညီအစားအလွန်အမင်းရှောင်ကြဉ်သည့်အကျင့်က ရှိနေတတ်သေးသည်။ဗီတာမင်B1 ကြွယ်ဝသော အစားအစာများတွင်ဆန်လုံးညို၊ အသည်း၊ ဝက်သား၊ အမဲသား၊ ဥများ၊ပဲများ၊ တစေး စသည်တို့ပါဝင်သည်။ B1 သည်ဆန်တွင်ပါဝင်သော်လည်း ဆန်ကို ဖြူအောင်အထပ်ထပ်ဖွပ်ထားလျှင်ပါဝင်မှုလျှော့နည်းသွားတတ်သည်။ ထို့အပြင်ရေတွင်ပျော်ဝင်သော ဓါတ်ဖြစ်သည့်အားလျော်စွာ။ထမင်းရေငဲ့ချက်လျှင်ထမင်းရည်ထဲတွင်ထပ်မံဆုံးရှံုးသွားပြန်သည်။ တချို့ငါးများထဲတွင်B1 ကိုပြန်ဖျက်သည့်ဓါတ်များပါတတ်ပြန်သည်။လူကြီးတွင်ဗီတာမင်B1 ချို့တဲ့လျှင်လည်း နှလုံးထိခိုက်ပြီး ကိုယ်လက်များဖောရောင်ပြီးမောပန်းလာခြင်း၊ အာရုံကြောများထိခိုက်ပြီး ထုံကျင်အားနည်းမှုများဖြစ်ခြင်း၊ ဦးနှောက်အာရုံကြောဆိုင်ရာထိခိုက်ခြင်းများဖြစ်ပေါ်တတ်ပါသည်။ ကလေးတွင်ဖြစ်သည့်B1 ချို့တဲ့ခြင်းတွင်လည်း နှလုံးထိခိုက်ခြင်းများဖြစ်တတ်သလို ငိုရင်း အသံတိမ်ဝင်သွားခြင်း၊ ဦးနှောက်အမြှေးရောင်သကဲ့သို့တက်ခြင်းစသည်များလည်းဖြစ်တတ်ပါသည်။ အထူးသဖြင့်နို့စို့အရွယ်ကလေးများတွင် နှလုံးထိခိုက်ခြင်းအဖြစ်များပြီး အန္တရာယ်အများဆုံးအနေအထားလည်း ဖြစ်သည်။နို့တိုက်မိခင်သည်B1 ပါသော အစားအသောက်များကို စနစ်တကျစားမှသာ သူ၏ နို့ရည်တွင်လည်းB1 ဓါတ်အပြည့်အဝပါမည်ဖြစ်သည်။ အမေတွင်လည်း B1 ချို့တဲ့သော လက္ခဏာများဖြစ်ပေါ်တတ်သော်လည်းတစ်ခါတစ်ရံမိခင်တွင်လက္ခဏာမပေါ်ခင်တွင်နို့စို့ကလေးတွင်လက္ခဏာအရင်ပေါ်လာသည်များ။ရှိတတ်ပါသည်။ ကလေးတွင်လက္ခဏာပေါ်လာလျှင်လည်း ဖြစ်ပွားမှု အလွန်လျင်မြန်ပြင်းထန်တတ်ပြီးမထင်မှတ်လောက်အောင်ပုံမှန်နို့စို့နေပြီး ကောင်းမွန်နေသော အနေအထားမှရုတ်တရက်အလွန်မောလာ၊ပြာလာပြီး ချက်ချင်းပင်အသက်ကိုနုတ်ယူသွားလောက်သည်အထိမြန်ဆန်တတ်ပါသည်။တချို့ကလေးများတွင်အလွန်အမင်းငိုနေခြင်း၊ ငိုရင်း အသံတိမ်ဝင်သွားခြင်းများ အရင်ဖြစ်တတ်ပြီးမှမောလာတတ်ရာ အဆိုပါ လက္ခဏာများဖြစ်လာလျှင်လည်း အမြန်ဆရာဝန်နှင့်ပြသကြရပါမည်။Infantile beri beri ရောဂါသည်ကုသရခက်သော ရောဂါမျိုးတော့မဟုတ်ပါချေ။ ဆေးရုံဆေးခန်းသို့သာ အချိန်မီရောက်ပါက B1 ထိုးဆေး ပေးလိုက်လျှင် အမြန်ပြန်ကောင်းသွားမည်ဖြစ်ပါသည်။ သို့သော်အဓိက စိုးရိမ်ရသည်မှာ ရောဂါလက္ခဏာစပေါ်ချိန်မှအသက်သေဆုံးသည့်အချိန်သည်အလွန်အမင်းမြန်တတ်သည့်အတွက်ဆေးရုံသို့အချိန်မီမရောက်နိုင်သည်မှာ အဓိက ပြဿနာပင်ဖြစ်ပါသည်။ထို့ကြောင့်လည်း ဖြစ်ပွားမှကုသသည်ထက်မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းက ပိုမိုအရေးကြီးပါသည်။အများယူဆတတ်ကြသလို မိခင်အစားတစ်ခုခုစားလိုက်လျှင်ထိုအစားအသောက်သည်ကလေးဆီတန်းရောက်သွားသည်တော့မဟုတ်ပါချေ။ မိခင်အစားအသောက်တွင်ပါဝင်သော ဓါတ်များကိုသက်ဆိုင်သလိုအစာလမ်းကြောင်းမှချေဖျက်ပြီးမှစုပ်ယူခြင်းဖြစ်သည်။ ထိုမှအာဟာရဓါတ်များကိုသာမိခင်သွေးမှတဆင့်မိခင်နို့သို့ရောက်ရှိခြင်းဖြစ်ပါသည်။ ဆေးတချို့သည်မိခင်နို့မှတဆင့်ကလေးထံသို့ရောက်ရှိတတ်သော်လည်း အစားအသောက်အစုံစားခြင်းကြောင့်ကလေးကိုအန္တရာယ်ရှိနိုင်ခြင်းကနည်းပါးပါသည်။ နို့တိုက်မိခင်များရှောင်သင့်သည်ဟုပညာရှင်များ အကြံပြုထားသည့်အစားအစာများတွင်ချောကလက်၊ အစပ်၊ လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီး၊ ကီဝီသီး။(Kiwi fruit)၊ ချယ်ရီသီး (Cherry fruit)၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သခွားသီး၊ နံနံပင်တို့ပါဝင်သည်။ ကော်ဖီနှင့်အရက်ကိုလည်း အလွန်အမင်းသောက်သုံးခြင်းမှရှောင်ကြဉ်သင့်သည်။ မြေပဲမတည့်တတ်သော မျိုးရိုးရှိလျှင်လည်း ရှောင်ကြဉ်သင့်သည်။ တချို့ပင်လယ်ငါးများတွင်မာကျူရီဓါတ်ပါဝင်တတ်ရာ ရှောင်ကြဉ်သင့်သည်ဟုဆိုကြပါသည်။တခြား အသားများ၊ ပဲများ၊ ဥများကို တော့စားသုံးနိုင်ပါသည်။ သန့်ရှင်းသောအစားအသောက်ဖြစ်ဖို့သာ အရေးကြီးပါသည်။ နို့တိုက်မိခင်အတွက်B1 အားဆေးသောက်သုံးလျှင်ပို၍ကောင်းပါသည်။ မိခင်အာဟာရပြည့်ဝမှသာ မိခင်နို့တွင်အာဟာရပြည့်ဝမည်ဖြစ်ပြီး ကလေးအတွက်လည်းကောင်းမွန်မည်ဖြစ်ပါသည်။အချုပ်ဆိုရလျှင်ဆောင်းပါး၏ အရှေ့ဆုံးတွင်ဖော်ပြထားသလို ဖြစ်ရပ်ဆိုးများသည် ဆေးရုံများတွင်မကြာခဏကြုံတွေ့တတ်ကြရသည်။ မှားယွင်းသော ရိုးရာ အယူအဆတစ်ချို့ကို စနစ်တကျ ပယ်ရှားသွားကြရန်အရေးကြီးပါသည်။ နို့တိုက်မိခင်အနေဖြင့်အစားအသောက်အလွန်အမင်းရှောင်ကြဉ်ခြင်းမလုပ်ဘဲ။ရှောင်သင့်သော အစားအသောက်တချို့မှလွဲ၍ အသား၊ ပဲ၊ ဟင်းရွက်များကိုမျှတညီညွတ်စွာ စားသုံးခြင်းဖြင့်ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
pregnancy
mother-care
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba%e1%80%81/
လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့
အိမ်ထောင်စုတိုင်းရဲ့မီးဖိုချောင်တွေမှာ အစားအစာ ချက်ပြုတ်ပြင်ဆင်ရာမှာ လက်သုတ်ပဝါ၊ လက်နှီးစတာတွေ အသုံးပြုတတ်ကြပါတယ်။ ဒီနေရာမှာ မီးဖိုချောင်သုံး လက်သုတ်ပဝါတွေ နဲ့ပတ်သက်ပြီး သတိပြုသင့်တာကတော့ အဲဒီလက်နှီး၊လက်သုတ်ပဝါတွေမှာ ရောဂါပိုးတွေ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ ဘက်တီးရီးယားအများစုဟာ လူတို့ကို အန္တရာယ်မဖြစ်စေပေမယ့် တချို့ကတော့ တစ်ခါတရံမှာအစာအဆိပ်သင့်ခြင်း၊ အစားအစာများမှ ကူးစက်တတ်သောရောဂါများ ဖြစ်စေခြင်း စတဲ့ ပြဿနာတွေကို ဦးတည်စေပါတယ်။ လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့ ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။မောရစ်သျှတက္ကသိုလ်မှ သုတေသီများဟာ လက်သုတ်ပဝါများ နဲ့ ပတ်သက်ပြီး သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနအရ မီးဖိုခန်းမှာသုံးတဲ့ လက်သုတ်ပဝါတွေကို လျှော်ဖွပ်ခြင်းမပြုဘဲ တစ်လခန့် ထားစေပါတယ်။ နောင်တစ်လပြည့်လို့ စစ်ဆေးကြည့်ရာမှာ လက်သုတ်ပဝါများရဲ့ ထက်ဝက်ခန့်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနေတာကို တွေ့ရပါတယ်။အဲဒီဘက်တီးရီးယားတွေဟာ လူတွေရဲ့အူလမ်းကြောင်းမှာနေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ အတူတူပါပဲ။ အဆိုပါတွေ့ရှိချက်ကို အမေရိကန် အဏုဇီဝဗေဒအသင်းရဲ့ နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။အဆိုပါသုတေသနမှာ ဘက်တီးရီးယားပေါက်ပွားမှုကို လေ့လာရာမှာ coliform ဘက်တီးရီးယားက ၃၆.၇ ရာခိုင်နှုန်း၊ Enterococcus ဘက်တီးရီးယားက ၃၆.၇ ရာခိုင်နှုန်း၊ Staphylococcus aureus က ၁၄.၃ ရာခိုင်နှုန်း စသဖြင့် အသီးသီးရှိတယ်လို့ ဆိုပါတယ်။လက်သုတ်ပဝါတွေရဲ့ဘက်တီးရီးယားတွေဟာ ပိုင်ရှင်တွေအပေါ် မူတည်ပြီးလည်း ပြောင်းလဲမှု ရှိတတ်ပါတယ်။ မိသားစုဝင်ဦးရေ၊ ကလေးဦးရေ၊ လူမှုစီးပွားရေးအခြေအနေ၊ စားသောက်မှုပုံစံ၊ လက်သုတ်ပဝါ အမျိုးအစား စတာတွေအပေါ် မူတည်ပါတယ်။ဥပမာအားဖြင့် Staphylococcus aureus ဘက်တီးရီးယားဟာ ကလေးများစွာရှိပြီး လူမှုစီးပွားရေး နိမ့်ကျတဲ့ မိသားစုတွေရဲ့ မီးဖိုချောင်က လက်သုတ်ပဝါတွေမှာ အတွေ့များပါတယ်။ Coliform ဘက်တီးရီးယားမျိုးဖြစ်တဲ့ E. coli ဘက်တီးရီးယားကိုတော့ အသားစားများသူတွေမှာ တွေ့ရပါတယ်။ဘက်တီးရီးယားအများစုဟာ ယေဘုယျအားဖြင့်ကိုယ်ခံအားကောင်းပြီး ကျန်းမာသူတွေကို အန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမယ့် E. coli နဲ့ S. aureus စတဲ့ ဘက်တီးရီးယားတွေဟာ အစာအဆိပ်သင့်ခြင်းနဲ့ ဆက်စပ်မှုရှိပြီး ပျို့ခြင်းအန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ဖျားနာခြင်းစတာတွေ ဖြစ်ပွားစေတတ်ပါတယ်။ အဲဒီရောဂါဝေဒနာတွေဟာ နာရီအနည်းငယ်ကနေ ရက်ပေါင်းများစွာအထိ ကြာမြင့်တတ်ပါတယ်။မီးဖိုခန်းသုံး လက်သုတ်ပဝါ ဆိုတာ မိသားစုဝင်အားလုံးလိုလိုနဲ့ ထိတွေ့မှုရှိတဲ့အပြင် ညစ်ပေတဲ့အခါ သန့်ရှင်းရေးပစ္စည်းအဖြစ်သုံးတတ်တာကြောင့် ရောဂါပိုးမွှားတွေ စုဆုံရာဖြစ်နေတတ်ပါတယ်။ ပုံမှန်လျှော်ဖွပ်ခြင်းမရှိရင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားလာတတ်ပါတယ်။ဒါ့အပြင် မီးဖိုခန်းသုံးအမှိုက်သရိုက်တွေကို စနစ်တကျစွန့်ပစ်ခြင်းမရှိရင် ပိုမိုဆိုးရွားတတ်ပါတယ်။တခါသုံး လက်သုတ်ပဝါများ၊ တစ်သျှူးများကို အသုံးပြုခြင်းဟာလည်း လက်သုတ်ပဝါများ ကနေ ဘက်တီးရီးယားပေါက်ပွားမှုကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ တခါသုံးမဟုတ်တဲ့ မီးဖိုခန်းသုံးပဝါတွေကို ပုံမှန်လျှော်ဖွပ်သင့်ပါတယ်။ ရံဖန်ရံခါ ရေနွေးနဲ့ပြုတ်လျှော်သင့်ပါတယ်။ဖြစ်နိုင်ရင် ကိုယ်ပိုင်လက်သုတ်ပဝါတွေထားရင် ပိုကောင်းပါတယ်။ ဒါ့အပြင် မီးဖိုခန်းထဲက စင်တွေ၊ ကြပ်ခိုးစင်တွေ၊ ဗီရိုတွေကိုလည်း ပုံမှန်သန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။စားပွဲမျက်နှာပြင်တွေ၊ မီးဖိုစင်တွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ လက်သုတ်ပဝါနဲ့ အလွယ်တကူ ယူပြီး ပွတ်တိုက်သန့်ရှင်းရေးပြုလုပ်ခြင်း မပြုသင့်ပါဘူး။ အသားလှီးတဲ့ စဉ့်တီတုံးတွေကိုလည်း အသုံးပြုပြီးတာနဲ့ ချက်ချင်းဆေးကြောဖို့ လိုပါတယ်။ စနစ်တကျ ဆေးကြောမထားတဲ့ စဉ့်တီတုံးကို လက်သုတ်ပဝါနဲ့သုတ်ပြီး အဲဒီလက်သုတ်ပဝါကို တယောက်ယောက်က ယူပြီး လက်သုတ်ခြင်းဟာရောဂါပိုးတွေကို ပိုမိုပျံ့နှံ့စေနိုင်ပါတယ်။နောက်ထပ်အရေးကြီးတဲ့တချက်ကတော့လက်ကို စနစ်တကျ ဆေးကြောဖို့ပါပဲ။ လက်ကိုစင်ကြယ်စွာဆေးကြောပေးခြင်းဟာ ဘက်တီးရီးယားများ ကူးစက်ခြင်းကို အတော်အသင့် ကာကွယ်ပြီးသား ဖြစ်သွားစေပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/kitchen-towels-are-full-of-bacteria/
နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ
နွေပူလို့သွေးတိုးမှာစိုးပြီး ဘာမှမစားရဲ မသောက်ရဲဖြစ်နေတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေများရှိနေလား။ ဒါဆို နွေပူပူမှာ သွေးမတိုးစေဘဲ အရသာရှိရှိစားလို့ရမယ့်အစားအသောက်လေးရှိတယ်ဆိုတာ ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကို သတင်းကောင်းပါးပါရစေနော်။ သွေးတိုးတာက ကမ္ဘာတလွှား တော်တော်လေးအဖြစ်များလာတဲ့ ရောဂါတစ်ခုပါနော်။ သွေးတိုးတာက ပြောတော့သာ ဘာမှမဟုတ်တယ်၊ အခန့်မသင့်ရင် အသက်ကိုတောင်ခြိမ်းခြောက်တာ သွေးတိုးရောဂါပါနော်။ ဒီတော့ နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ ဆိုတာ ဆက်ပြောကြရအောင်လား။နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲဆိုတော့ နွေပူပူမှာ သွေးတိုးရှိသူတွေ သတိထားရမယ့် တစ်ချက်ကရေဓာတ်ပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ရေဓာတ်ဆုံးရှုံးမှုကြောင့် သွေးတိုးတာမျိုး ဖြစ်နိုင်ခြေနည်းသွားမှာပါ။ဖရဲသီးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ lycopene ကြွယ်ဝစွာ ပါဝင်သလို ဘီတာကယ်ရိုတင်း၊ဗီတာမင် Cနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပိုတက်ဆီယမ်လည်း ပါဝင်နေတာကြောင့် နွေပူပူမှာ သွေးတိုးလည်းထိန်း၊ ရင်လည်းအေးဆိုတော့ အိုကေပေါ့နော်။ကျန်းမာရေးအတွက် ကောင်းတဲ့အစားအသောက်တွေထဲက တစ်ခုပါ။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာပါနော်။ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အဆာခံစေနိုင်သလို ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းသလိုအသားအရေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဖောလိတ်ကြွယ်ဝတဲ့အတွက် သွေးတိုးကျစေနိုင်တာကြောင့် နွေပူပူမှာ သွေးတိုးရှိသူ တွေအတွက် ဓာတ်စာပါ။ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးတိုးရှိသူ တွေအတွက် အသင့်တော်ဆုံးအစာအစာတွေထဲက တစ်ခုပါ။ နွေရာသီမှာ တစ်နေ့ကို ငှက်ပျောသီးတစ်လုံးပုံမှန်စားပေးတာက သွေးတိုးရှိသူ တွေအတွက် သဘာဝဆေးနည်းတစ်ခုပါနော်။နွေရာသီမှာ စတော်ဘယ်ရီဖျော်ရည်အေးအေးလေး သောက်လိုက်ရတာက ရင်ကို အေးစေသလို စိတ်ကျေနပ်မှု အပြည့်အဝရစေနိုင်ပါတယ်။ စတော်ဘယ်ရီမှာ ဗီတာမင် စီ၊နှလုံးကျန်းမာစေတဲ့omega-3 fatty acidတို့ပါဝင်နေသလို သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် နွေပူပူမှာ စတော်ဘယ်ရီဖျော်ရည်ချိုချိုအေးအေးလေး သောက်လိုက်ပါနော်။သရက်သီးက ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးတိုးရှိသူတွေ စားပေးလို့ ရပါတယ်။ အလွန်အကျွံစားရင်ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်တာကြောင့် သင့်တင့်တဲ့ ပမာဏပဲ စားပေးသင့်ပါတယ်။နှလုံးကျန်းမာစေတဲ့ ဓာတ်တွေပြည့်နေတဲ့ အသီးလေးတစ်ခုပေါ့။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် သွေးတိုးကျစေနိုင်ပါတယ်နော်။ ဒါကြောင့်နွေပူပူမှာ ဘယ်ရီသီးချိုချိုလေးကို အရသာရှိရှိစားနော်။အဆီထုတ်ထားတဲ့နို့က ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်သလိုဗီတာမင် Dလည်း ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်နော်။ တစ်နေ့ကို အဆီထုတ်နို့တစ်ခွက်သောက်တာကလည်း သွေးတိုးကျအောင် ကိုယ့်ကိုကိုယ်စောင့်ရှောက်တာပါပဲ။လေ့လာချက်တွေအရ တစ်ပတ်ကို ဒိန်ချဉ် 5 servings စားတဲ့အမျိုးသမီးတွေက တခြားအမျိုးသမီးတွေထက် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ နည်းပါသတဲ့။ ဒိန်ချဉ်စားမယ်ဆိုရင် အဆီထုတ်ထားတဲ့ ဒိန်ချဉ်ကို စားနိုင်ပါတယ်။ ဒိန်ချဉ်အေးအေးလေးက နွေရာသီမှာအပူဒဏ်သက်သာစေနိုင်တဲ့ စားစရာတစ်ခုပါနော်။ကဲ…..သွေးတိုးရှိလို့ နွေရာသီ ပူပူမှာ ဘာမှ မစားဘဲ နေရတော့မလားလို့ စိတ်ပူမနေပါနဲ့။ အခုပြောခဲ့တဲ့ စားစရာလေးတွေကို အရသာ ရှိရှိစားရင်း နွေရာသီကို အကောင်းဆုံး ကျော်ဖြတ်လိုက်ရအောင်နော်………………….။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/summer-diet-for-hypertensive-patients/
ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်
ဆီးချိုရောဂါ ကြိုတင်ကာကွယ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တာတွေ ပိုစားသုံးတာ၊ ပိုပြီးလှုပ်ရှားတက်ကြွစွာ နေထိုင်တာ၊ ကိုယ်အလေးချိန်နည်းနည်းလျှော့ချလိုက်တာ၊ စတဲ့အခြေခံနည်းလမ်းတွေပါပဲ။ အခုမှလုပ်လို့ နောက်ကျတယ်ဆိုတာမရှိပါဘူး။ ကိုယ့်ရဲ့နေထိုင်မှုပုံစံမှာ ရိုးရှင်းတဲ့အပြောင်းအလဲလေးတွေ လုပ်လိုက်ရုံနဲ့ ကိုယ့်ဘဝတလျှောက်မှာ အာရုံကြော၊ ကျောက်ကပ်နဲ့နှလုံးထိခိုက်ပျက်စီးမှုတို့လို ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာအောင် ရှောင်ရှားနိုင်မှာပါ။ဆီးချိုဖြစ်လာနိုင်ခြေကို လျော့နည်းစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၇ ခုကတော့ –။ခန္ဓါကိုယ်ရဲ့အဆီပိုတွေကိုလျှော့ချပါ –ကိုယ်အလေးချိန်များနေပြီ (ဝနေပြီ)ဆိုရင် ဆီးချိုဖြစ်လာတော့မယ့် အန္တရာယ် ကြီးနေပါပြီ။ ဒါ့ကြောင့် ကိုယ်အလေးချိန် ၂.၂ ပေါင်(တစ်ကီလို)လောက် ကျသွားတဲ့အခါတိုင်း ဆီးချိုဖြစ်နိုင်ခြေက ၁၆ ရာခိုင်နှုန်းလျော့နည်းစေပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ဆီးချိုရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့အပြင် အစပျိုးလက္ခဏာတွေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါရှိနေပြီးသား လူတွေအတွက်လည်း သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။အသီးအရွက်များများ၊ ကယ်လိုရီနည်းတဲ့အစားအစာတွေကိုစားပါ –အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို များများစားပါ။ ဒါပေမယ့် trans fats များတဲ့အဆီ၊ ပြည့်ဝဆီ နဲ့ သကြားဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။ကိုယ့်ခန္ဓါကိုယ်က လိုအပ်သလောက်ကိုပဲစားဖို့ သတိပြုပါ (စိတ်ရှိတိုင်းမစားပါနဲ့)။ အသီးအရွက်၊ သစ်သီးတွေနဲ့ ဂျုံပြောင်းနှံတို့ကိုများများစားပါ။ အဆီမပါတဲ့ နို့ထွက်ပစ္စည်းနဲ့ အဆီမပါတဲ့အသားတွေကိုပဲရွေးချယ်ပါ။ ကာဗိုဟိုက်ဒရိတ်တွေက သကြားဓါတ်အဖြစ်ပြောင်းလဲနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှုပမာဏကို သတိထားတွက်ဆပါ။ ထမင်း တစ်နပ်နဲ့တစ်နပ်ကို ပမာဏတူအောင် ချိန်စားပါ။ သင်က အင်ဆူလင်ထိုးဆေး သုံးနေရသူ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်သုံးနေရသူဖြစ်ရင် ဒီအချက်က ပိုအရေးကြီးပါတယ်။ရေသောက်ပါ –အချိုဓါတ်ကဲတဲ့ သောက်စရာတွေက အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့နဲ့ ဆက်နွှယ်နေတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ ဒါတွေကိုသောက်မယ့်အစား ရေကိုပဲသောက်ပြီး အန္တရာယ်အဆင့်ကို လျှော့ချနိုင်ပါတယ်။လှုပ်လှုပ်ရှားရှားနေပါ –ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက ဆီးချိုဖြစ်နိုင်ခြေကိုတိုးစေပါတယ်။ လှုပ်ရှားမှုက ဆဲလ်တွေကို အင်ဆူလင်အပေါ် တုံု့ပြန်မှုပိုကောင်းစေပါတယ်။ ၂၀၀၆ ခုနှစ်က သုတေသနအရ တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှား လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဥပမာ-ခပ်သွက်သွက် လမ်းလျှောက်ခြင်း။စိတ်ဖိစီးမှုကိုလျှော့ပါ –စိတ်ဖိစီးမှုဟာ သွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေတဲ့ ဟော်မုန်းတွေကို အများအပြားထွက်ရှိစေပါတယ်။ စိတ်ကိုနှစ်မြုပ်ပြီးတရားထိုင်ခြင်းက စိတ်ဖိစီးမှုကိုဖြေရှင်းနိုင်စွမ်းကိုတိုးတက်စေ ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့ လူမှုရေးအားပေးစောင့်ရှောက်မှုတို့ကလည်း စိတ်ဖိစီးမှုကိုသက်သာလျော့ပါး စေပါတယ်။အိပ်ရေးဝဝအိပ်ပါ –ကာလတာရှည်အိပ်ရေးပျက်တာ၊ ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေက ဆီးချိုနဲ့ အဝလွန်ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ဆေးလိပ်ဖြတ်ပါ –ဆီးချိုကြောင့် နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောထိခိုက်မှုရောဂါ၊နဲ့ ခြေထောက်ထိခိုက်မှုပြဿနာတွေဖြစ်လာနိုင်ခြေ ပိုများစေနိုင်ပါတယ်။ သင်ကဆေးလိပ်သောက်တတ်သူဖြစ်ရင် ဒီအချက်တွေခံစားရနိုင်တဲ့ အန္တရာယ် ပိုများနိုင်ပါတယ်။ဆရာဝန်နဲ့မှန်မှန်ပြပါ –အမျိုးအစား ၂ ဆီးချိုရောဂါရဲ့အန္တရာယ်လက္ခဏာတွေဟာ အမျိုးအစား ၁လောက် မသိသာဘဲ ရှိတတ်တာကြောင့် ဆရာဝန်နဲ့ပုံမှန်ပြဖို့ အရေးကြီးပါတယ်။သင်က။သွေးတွင်းသကြားဓါတ်စစ်ဆေးကြည့်သင့်ပါတယ်လို့ အမေရိကန်ဆီးချိုရောဂါအဖွဲ့အစည်းက အကြံပြုထား ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%81%be%e1%80%80%e1%80%ad%e1%80%b3%e1%80%90%e1%80%84%e1%80%b9%e1%80%80%e1%80%ac%e1%80%80/
ဓာတ်ဆားတွေက နေမကောင်းဖြစ်မှသောက်ရတာလား
ဓာတ်ဆားသောက်တယ်ဆိုရင် ဝမ်းလျှောနေလို့လား။ နေမကောင်းဘူးလား စသဖြင့် မေးတာမြန်းတာ ခံရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဓာတ်ဆားဆိုတာ နေမကောင်းတဲ့သူတွေပဲ သောက်ရတယ်လို့ သိထားကြတာကိုး။ ဓာတ်ဆားတွေက နေမကောင်းတဲ့အချိန်ပဲသောက်ရတာလား။ သာမန်အချိန်တွေမှာရော သောက်လို့မရဘူးလား။ဓာတ်ဆားတွေမှာခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဆားဓာတ်တွေဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ် စတာတွေပါဝင်ပါတယ်။ တချို့ ဓာတ်ဆားတွေမှာ ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပါတယ်။ ဒါတွေကို ရေနဲ့ ဖျော်ပြီးသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲကို ဓာတ်ဆားတွေ၊ ရေတွေ၊သကြားဓာတ်တွေရောက်သွားပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ဓာတ်ဆားရဲ့ အဓိကအလုပ်ကတော့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ဝမ်းလျှောတာ၊ အန်တာ၊ ဖျားနာတာတွေမှာ သောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုနေမကောင်းဖြစ်မှ မဟုတ်ဘဲ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို သောက်လို့ရပါတယ်။ နေမကောင်းဖြစ်မှ မဟုတ်ပါဘူး။ လူက ကျန်းမာနေပေမယ့် ဒီလိုအခြေအနေမျိုးမှာဆိုရင်ရေနဲ့ ဆားဓာတ်ဆုံးရှုံးနိုင်လို့ ဓာတ်ဆား သောက်ဖို့ လိုပါတယ်။ သောက်လည်း သောက်သင့်ပါတယ်။ဒါကြောင့် ဓာတ်ဆားတွေက နေမကောင်းဖြစ်မှ သောက်ရတဲ့ လူမမာစာမဟုတ်ဘဲ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို သောက်လို့ရပါတယ်။တစ်ခါတလေ ကိုယ်ကကျန်းမာနေပေမယ့် ခန္ဓာကိုယ်ထဲမှာဓာတ်ဆား မလုံလောက်လို့ဖြည့်ဖို့ လိုအပ်နေပြီလို့ အချက်ပြနေတာ ရှိပါတယ်။ ဒါမျိုးဆို ကိုယ်က နေမကောင်း မဖြစ်တာ မှန်ပေမယ့် ဓာတ်ဆား သောက်ဖို့ လိုအပ်ပါတယ်။ ဥပမာ။ဒီလိုလက္ခဏာတွေခံစားနေရရင်လည်း ဓာတ်ဆားသောက်ပြီး ခဏအနားယူကြည့်ပါ။ အများစုက ပြန်သက်သာသွားကြပါတယ်။ တကယ်လို့ ရက်ရှည်ခံစားနေရမယ်။ တခြားလက္ခဏာတွေလည်း ရှိနေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လားဆိုတာ သိရအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ကိုယ်ထဲမှာ ဆားဓာတ်တွေ ချို့တဲ့နေပြီ။ ဒါပေမယ့် ကိုယ်က နေကောင်းနေတာကြောင့် ဓာတ်ဆားတွေကို ပြန်မဖြည့်ဘူးဆိုရင် ဓာတ်ဆားတွေ တဖြည်းဖြည်း လျော့နည်းလာပြီး။ဒါကြောင့် နေကောင်းနေပေမယ့် ကိုယ်ထဲက ဆားဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေကို သတိထားပြီး ပြန်လည်ဖြည့်ပေးဖို့ လိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/can-i-drink-electrolytes-beverage-though-i-am-not-ill/
နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်
အအေးမိဖျားနာမှုကနေ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် အရမ်း ထိရောက်တဲ့ နည်းလမ်း တစ်ခု ရှိပါတယ်။ လူတွေ နေ့တိုင်းထိတွေ့နေတဲ့ အလေ့အကျင့်လေးတစ်ခု ပါပဲ။ လက်ဆေးဖို့ပါ။ ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာနေဖို့အတွက် ဒီရိုးရှင်းတဲ့ အလေ့အထလေးက မထင်မှတ်ထားလောက်အောင်ကို အသုံးဝင်ပါတယ်။လက်ဆေးတာက အအေးမိဖျားနာတာနဲ့ရောဂါပိုးအမျိုးမျိုးတွေရဲ့ အန္တရာယ်တွေကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ နည်းစနစ် မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင် …….။လက်ဆေးတာက ကျန်းမာဖို့အတွက် အထောက်အကူ ပြုတယ်ဆိုတော့ လက်မှန်မှန်ဆေးမယ်လို့ စဉ်းစားနေပြီမှတ်လား။ ဒီနေရာမှာ သတိထားဖို့ တစ်ခု ကျန်နေပါသေးတယ်။ လက်ဆေးပေမယ့် လက်ဆေးနည်း မမှန်ပြန်ရင်လည်း မထိရောက်ပါဘူး။ ဒီတော့ ဘယ်လို မှန်မှန်ကန်ကန်နဲ့ လက်ဆေးမလဲ ဆိုတာကို သိဖို့အတွက် ဒီဆောင်းပါးလေးက ဖော်ပြပေးထားပါတယ်။လက်ကို ဘယ်လိုများ ဆေးရမှာလဲ ရေနဲ့ ဆပ်ပြာနဲ့ ဆေးတာပေါ့လို့များ ပြောချင်နေပြီလား။ မဟုတ်သေးဘူးနော်။ သေချာ ဆေးမိရဲ့လား မေးချင်တာပါ။ ကဲ နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင် လား …………….။လက်က ရောဂါပိုး အများဆုံး ကပ်ငြိနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပေါ့။ ဒီတော့ ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ အဓိကပို့ဆောင်သူက ဘာလုပ်လုပ် မပါမဖြစ် အရေးပါတဲ့ ဇာတ်လိုက်တွေဖြစ်တဲ့ ကိုယ်တွေရဲ့ လက်နှစ်ဖက်ပေါ့။ လက်တွေကို ရောဂါပိုးတွေ မကပ်ငြိအောင်ထားဖို့က မလွယ်ဘူးလေ။ ဒီတော့ရောဂါတွေကင်းဝေးဖို့ဆိုရင် လက်ကို မကြာမကြာ ဆေးဖို့လိုမှာပါ။ကဲရောဂါကင်းစင်လှပတဲ့ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အခုကစပြီး လက်ဆေးမယ် မဟုတ်လား…….။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/hand-washing-can-prevent-diseases/
စွမ်းအားဖြည့်အချိုရည် (Energy Drinks) တွေ မသောက်ရမနေနိုင်ဖြစ်နေသလား
စွမ်းအားဖြည့်အချိုရည်များအား စွမ်းအင်ကို မြှင့်တင်ပေးနိုင်ခြင်း၊ နိုးကြားစေခြင်း၊အာရုံစူးစိုက်နိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေ ဖြစ်စေတယ်ဆိုပြီး နာမည်ကျော်ပါတယ်။ ကဖိန်း၊ သကြားဓာတ်၊ ဗီတာမင် B၊ ဆေးဘက်ဝင်အပင်များမှ ပစ္စည်းများ၊ အမိုင်နိုအက်ဆစ် စတာတွေပါဝင်တတ်ပြီး စိတ်ပိုင်းရော ရုပ်ပိုင်းပါ စွမ်းအားဖြည့်ပေးမယ့် ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။စွမ်းအားဖြည့်အချိုရည်များဟာ စွမ်းအင်မြှင့်တင်ပေးပြီး လူကိုလန်းဆန်းစေပေမယ့် ကဖိန်းနဲ့ သကြားဓာတ် အများအပြားပါဝင်တာကြောင့်ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့ဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ စွမ်းအားဖြည့်အချိုရည်ကို စွဲလမ်းလာခြင်း ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေ စွဲလမ်းလာရင် ကြုံလာမယ့်ပြဿနာတွေနဲ့ ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။အရာဝတ္တုတစ်ခုခုကို သုံးစွဲပြီးရင် နောက်ဆက်တွဲဆိုးကျိုးကြုံတွေ့သည့်တိုင် မသုံးရရင် မနေနိုင်တဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။ အချိုရည်ကိုလည်း မသောက်ရင် မနေနိုင်ခြင်းမျိုး ဖြစ်လာပါတယ်။ မသောက်ဘဲ နေလိုက်ရင် မလန်းဆန်းတာမျိုး၊ စိတ်မကြည်တာမျိုး၊ သောက်သုံးလိုက်တဲ့အခါမှ အင်အားပြည့်ဝသွားသလိုမျိုး ခံစားရတတ်ပါတယ်။ ဒီနည်းနဲ့ စွမ်းအားဖြည့်အချိုရည်များကို အများအပြား သောက်သုံးမိလာပါတယ်။စွဲလမ်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာပေါ် မူတည်ပေမယ့် လက္ခဏာများကတော့ ဦးနှောက်နဲ့ အာရုံကြောနဲ့ပါ ဆက်နွယ်နေပါတယ်။ ဥပမာ။– အလွန်အကျွံတောင့်တခြင်း၊ မသောက်ရ မနေနိုင်တော့ခြင်း။– သောက်သုံးပြီးလျှင် စိတ်အပြောင်းအလဲဖြစ်သွားခြင်း။– သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း။– မသောက်ဘဲနေကြည့်လျှင်ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ကျခြင်း၊ သည်းမခံနိုင်ဖြစ်ခြင်း စတာတွေ ကြုံလာရတတ်ပါတယ်။စွမ်းအားဖြည့်အချိုရည်များဟာ အက်ဆစ်ဓာတ်ကဲတဲ့ အရည်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သွားများကို အရောင်ပျက်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပါးလာစေပါတယ်။သွားပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်း စတာတွေ ကြုံလာနိုင်ပါတယ်။အချိုရည်မှပါဝင်တဲ့သကြားဓာတ်များဟာ သွားကြိုသွားကြားအတွင်း ဘက်တီးရီးယား ပေါက်ပွားမှုကိုလည်း အားပေးတာကြောင့် သွားကျောက်တွေဖြစ်ပေါ်ပြီး သွားများကို လျင်မြန်စွာ ပျက်စီးစေပါတယ်။စွမ်းအားဖြည့်အချိုရည်များ သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လည်း တက်လာစေပါတယ်။ ၂၅၀ မီလီလီတာလောက်ပါတဲ့ စွမ်းအားဖြည့်အချိုရည်တဘူးမှာ ကယ်လိုရီ ၁၁၀ လောက် ပါဝင်ပါတယ်။ အဓိကလက်သည်ကတော့ သကြားဓာတ် ဖြစ်ပါတယ်။သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ များစေပါတယ်။စွမ်းအားဖြည့်အချိုရည်တွေကို မသောက်ရမနေနိုင်ဖြစ်သွားရင် ချက်ချင်းဖြတ်ဖို့တော့ ခက်ပါတယ်။ လုံးဝမသောက်ဘဲ ဖြတ်ပစ်ခြင်းမျိုး လုပ်နိုင်သလို ဖြည်းဖြည်းချင်းစီ လျှော့ချသွားပြီးမှ ဖြတ်လိုက်တာမျိုးလည်း ရှိပါတယ်။ နည်းလမ်းနှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ရှိပါတယ်။ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံအရ လိုက်လျောညီထွေဖြစ်အောင် ရွေးချယ်ရပါမယ်။ရုတ်တရက် တိကနဲ့ ဖြတ်တဲ့အခါမှာတော့ စွဲလမ်းတာကြောင့်ဖြစ်တတ်တဲ့ လက္ခဏာတွေ ပိုမို ကြုံနိုင်ပါတယ်။ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း စတာမျိုးတွေ ဖြစ်တတ်ပါတယ်။အဆိုပါအခြေအနေမျိုးမှာ စွမ်းအားဖြည့်အချိုရည်ကို အစားထိုးတဲ့ အဖျော်ယမကာတွေ အစားထိုး သုံးစွဲသင့်ပါတယ်။ အဓိကကတော့ စွဲလမ်းနေတဲ့ စွမ်းအားဖြည့်အချိုရည်တွေလောက် သကြားဓာတ်နဲ့ ကဖိန်း မများတဲ့ အဖျော်တွေ ဖြစ်ပါတယ်။ ဥပမာ ကဖိန်းထုတ်ထားတဲ့ decaf ကော်ဖီ၊ အသီးဖျော်ရည်၊ သကြားဓာတ် သိပ်မပါတဲ့ အချိုရည်၊ ဆေးဘက်ဝင်အပင်တွေကို လက်ဖက်ခြောက်လုပ်သောက်တဲ့ ရေနွေး စတာမျိုးတွေ ဖြစ်ပါတယ်။မိမိရဲ့ပတ်ဝန်းကျင်မှာ စွမ်းအားဖြည့်အချိုရည်တွေ အလွယ်တကူ ယူမသောက်နိုင်အောင် ဖန်တီးထားရပါမယ်။ တခြား အာသာပြေ အစားထိုးသောက်စရာ အရည်တစ်မျိုးမျိုးကိုလည်း လက်လှမ်းမီရာမှာ ထားသင့်ပါတယ်။အာရုံပြောင်းလဲအောင် နေထိုင်မှုပုံစံကိုလည်း အလိုက်သင့် ပြောင်းပေးရပါမယ်။ စိတ်တည်ငြိမ်အောင်တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ယောဂကျင့်ခြင်း စတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။အထက်ပါနည်းလမ်းတွေနဲ့ မိမိဖာသာလုပ်ဆောင်ရင်း အဆင်မပြေရင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/energy-drink-addiction/
အိုင်အိုဒင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဘာကြောင့် အရေးကြီးတာလဲ
ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများသည် ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရများ အလုံအလောက်ရဖို့ အရေးကြီးသည်။ သို့မှသာ မိခင်ရော ကလေးပါ ကျန်းမာပျော်ရွှင်နိုင်မည်ဖြစ်သည်။ အိုင်အိုဒင်းသည် အရေးကြီးသော သတ္တုဓာတ်များစွာထဲမှ တစ်ခုဖြစ်သည်။ ကိုယ်ဝန်ဆောင်များသည် ဖွံ့ဖြိုးနေသော ရင်သွေးလေး ပုံမှန်အတိုင်း ကြီးပြင်းလာဖို့ အိုင်အိုဒင်းကို အာရုံစိုက်ဖို့ လိုအပ်သည်။ဤဆောင်းပါးတွင် ကိုယ်ဝန်ဆောင်စဉ် အိုင်အိုဒင်း၏ အရေးပါပုံ နှင့် အိုင်အိုဒင်း ချို့တဲ့မှုမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမလဲဆိုသော နည်းလမ်းများကို ပြောပြထားပါသည်။အိုင်အိုဒင်းသည် ကလေး ဖွံ့ဖြိုးမှု အထူးသဖြင့် ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှု အတွက် အလွန်အရေးကြီးသော အခန်း ကဏ္ဍမှပါဝင်နေသည်။ ၎င်းသည် ကလေးငယ်၏ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ်ကိုလည်း ထိန်းညှိပေးပါသည်။အိုင်အိုဒင်း ချို့တဲ့မှုသည် ကိုယ်ဝန်ပျက်ကျခြင်း၊ နေမစေ့လမစေ့မွေးဖွားခြင်း နှင့် အသေမွေးခြင်းကို လည်း ဖြစ်စေနိုင်ပါသည်။ကိုယ်ဝန်ဆောင် ။ ။တစ်ရက်ကို 220mcg။နို့တိုက်မိခင် ။ ။တစ်ရက်ကို 290mcg။ကိုယ်ဝန်ဆောင် မဟုတ်သော အမျိုးသမီး ။ ။တစ်ရက်ကို 150mcg။မှတ်ချက်။ ။ ရေအောက်တွင်ပေါက်သော အပင်များတွင် အိုင်အိုဒင်း ပမာဏအချို့ပါရှိပြီး တစ်ခါတစ်ရံတွင် နေ့စဉ်စားသုံးဖို့ထက် ပိုများနေသော ပမာဏထိ ပါရှိတတ်သည်။ ဥပမာ။ ။ ရေညှိခြောက် တစ်အောင်စ၏ လေးပုံတစ်ပုံတွင် အိုင်အိုဒင်း 4500 mcg ထက်ပိုပြီး ပါရှိသည်။ ထိုပမာဏသည် ထောက်ခံထားသော ပမာဏ လေးဆထက်တောင် များနေပါသေးသည်။ ဆေးတက္ကသိုလ် အစားအသောက်နှင့် အာဟာရ အဖွဲ့၏ ထုတ်ပြန်ချက်အရ ဘေးကင်းစိတ်ချရသော သင့်တော်သောပမာဏမှာ တစ်ရက်လျှင် 1100 mcg ဖြစ်ပါသည်။ကိုယ်ဝန်ဆောင်အားဆေးများသည် အိုင်အိုဒင်းပမာဏ အလုံအလောက်မပါရှိသော်လည်း သင့်အတွက် ဖြည့်စွက်စာသောက်ဖို့အထိ မလိုအပ်ပါဘူး။ အဘယ်ကြောင့်ဆိုသော် သင်နေ့စဉ်စားသုံးနေသော အစားအစာမျှနှင့် အိုင်အိုဒင်းလိုအပ်ချက်များကို အလွယ်တကူ ဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။သင်ဝယ်ယူမည့် အစားအသောက်တွင် အိုင်အိုဒင်းပမာဏ အလုံအလောက်ပါရှိတာ သေချာအောင် ပါဝင်မှု အညွန်းကို စစ်ဆေးသင့်ပါသည်။ကိုယ်ဝန်ဆောင်စဉ် သင်သည် အစားအသောက်ကို အထူးသတိထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် အိုင်အိုဒင်းချို့တဲ့မှုသည် မိခင်ရော ကလေးပါ နောက်ပိုင်းတွင် ထိခိုက်နိုင်ပါသည်။ အကယ်၍ သင်သည် အစားအသောက်မျှတ ညီညွတ်စေရန် စီစဉ်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သင့်ဆရာဝန်၊ အာဟာရဆရာဝန်ထံမှ အကြံဉာဏ်၊ နည်းလမ်း နှင့် ကုသမှုများ ရယူသင့်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/iodine-during-pregnancy/
အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း
လူသားတို့ရဲ့ နေထိုင်မှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ စက်ပစ္စည်းကိရိယာများအကူအညီနဲ့ သက်သောင့်သက်သာ နေထိုင်နိုင်လာကြပါတယ်။ နေအိမ်တိုင်းလိုလိုမှာလည်း အဝတ်အထည်များကို လျှော်ဖွပ်ဖို့ အဝတ်လျှော်စက်များ သုံးစွဲလာကြပါတယ်။အဝတ်လျှော်စက်များကြောင့် အချိန်ကုန်လူပမ်း မဖြစ်တော့ဘဲ အလုပ်ပြီးမြောက်လာပါတယ်။ဒါပေမယ့် သတိပြုရမယ့်တချက်ကတော့ အဝတ်လျှော်စက်များမှာဘက်တီးရီးယားများကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ များသောအားဖြင့် အဝတ်လျှော်စက်များကို သန့်ရှင်းရေးမပြုလုပ်ဘဲ နှစ်ရှည်လများ ထားလိုက်ရင် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာနိုင်ပါတယ်။ သိပ္ပံပညာရှင်အချို့ကတော့ အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပေမယ့် လူကို အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ ပမာဏ မရှိဘူးလို့ ဆိုကြပါတယ်။အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေရှိကြောင်း စတင်သတိထားမိခဲ့တာက ဂျာမနီကလေးဆေးရုံတစ်ခုရဲ့မွေးကင်းစအဆောင်က အဝတ်အထည်တွေမှာ ရောဂါပိုးတွေ့ရှိရာကနေ အစပြုပါတယ်။ ဆေးရုံအဆောင်တွေမှာ ရောဂါပိုးသတ်ခြင်းကို အစီအစဉ်တကျလုပ်ဆောင်ပေမယ့် ရောဂါပိုးတွေ တွေ့ရှိနေမြဲဖြစ်တာကြောင့် စစ်ဆေးမှုတွေတိုးမြှင့်လုပ်ဆောင်ရာကနေ နောက်ဆုံးမှာ အဝတ်လျှော်စက်တွေကနေ ပြန့်ပွားနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။ဒါဆိုရင် အိမ်သုံးအဝတ်လျော်စက်တွေမှာရော ဘက်တီးရီးယားအန္တရာယ် ရှိနေပြီလား။ပုံမှန်အားဖြင့်တော့ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ဆေးရုံဆေးခန်း (သို့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ မိသားစုဝင်အတွင်း ရှိနေရင် သတိပြုရပါမယ်။ ဆေးရုံဆေးခန်းသုံး အဝတ်အထည်တွေကို သီးသန့်လျှော်ဖွပ်ခြင်း၊ရေနွေးနဲ့လျှော်ခြင်း ပြုလုပ်သင့်ပါတယ်။ နေအိမ်မှာကူးစက်ရောဂါတခုခု ခံစားရသူရှိနေရင်လည်း လူနာရဲ့ အဝတ်အစားတွေကို ရေနွေးနဲ့လျှော်ခြင်း၊ သီးသန့်လျှော်ဖွပ်ခြင်း ပြုလုပ်သင့်ပါတယ်။အဓိကအားဖြင့် ဘက်တီးရီးယားများ ကပ်ငြိကျန်တဲ့ နေရာဟာ ရာဘာကွင်းအပိတ်မှာ ဖြစ်ပါတယ်။ တစ်ကြိမ်ကပ်ငြိထားပြီး နောက်ထပ်လျှော်ဖွပ်တဲ့အခါ လျှော်ကန်အတွင်း ပျံ့နှံ့သွားတတ်ပါတယ်။များသောအားဖြင့်တော့ အန္တရာယ်မပေးတတ်ကြပါဘူး။နယူးယောက် နော့ရှိုးတက္ကသိုလ်ဆေးရုံရဲ့ ကူးစက်ရောဂါပါရဂူ ဒေါက်တာ ဘရုစ်ဟက်က ‘‘ကျွန်တော်တို့အနေနဲ့ ဘယ်လိုပဲလျှော်လျှော်၊ အဝတ်အထည်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိပြီး ကျန်နေနိုင်ပါတယ်။ များသောအားဖြင့်တော့ ဒုက္ခမပေးတတ်ပါဘူး။ ဘက်တီးရီးယားတွေနဲ့ ထိတွေ့နေလျက်နဲ့တောင် နေထိုင်မကောင်းမဖြစ်ဘဲ နေနိုင်ပါတယ်။ ဒါပေမယ့် မသားစုဝင်တွေထဲမှာ ဆေးရုံကို အချိန်ကြာကြာတက်ခဲ့ရသူတွေ၊ ကူးစက်ရောဂါဖြစ်ပွားသူတွေရှိရင် ရေနွေးပါသုံးပြီး လျှော်သင့်သလို ကြာကြာလည်း အခြောက်ခံသင့်ပါတယ်’’ လို့ ဆိုပါတယ်။မိသားစုဝင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစကလေးငယ်တွေရှိရင် ပိုပြီး ဂရုပြုရပါမယ်။ သူတို့ဟာ ကိုယ်ခံအားနည်းပါးပြီး ရောဂါပိုးကူးစက်လွယ်လို့ ဖြစ်ပါတယ်။ အဆုတ်ရောင်ရောဂါ၊ အရေပြားရောဂါ၊ ဗိုက်အောင့်ဗိုက်နာခြင်း စတာတွေကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေဟာ သာမန်ကိုယ်ခံအားရှိသူတွေအတွက် သိပ်မထိရောက်ပေမယ့်ကိုယ်ခံအားနည်းပါးနေသူတွေဆိုရင် ထိုးဖောက်ဝင်ရောက်ပြီး အန္တရာယ်ပေးတတ်ပါတယ်။ကောင်းတာကတော့ အဝတ်လျှော်စက်ကို ၃လတခါလောက် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ရာမှာဆပ်ပြာမှုန့်/ရည်ထည့်တဲ့ အံဆွဲပါရင် ၎င်းအံဆွဲကိုပါဖြုတ်ပြီး သန့်ရှင်းရေးလုပ်ရပါမယ်။ လျှော်စက်အဖုံးတွေကိုလည်း သန့်ရှင်းရေးလုပ်ပါ။စက်ထဲကို အဝတ်မထည့်ဘဲ ရေနွေးပူပူထည့်ပြီး လှည့်ပေးရင် ဘက်တီးရီးယားနဲ့မှိုတွေ ပေါက်ပွားတာကို ကာကွယ်နိုင်ပါတယ်။ လျှော်ကန်အောက်ခြေက ရာဘာအဖုံးကိုပါ ဖွင့်ပြီး သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ မိမိရဲ့ အဝတ်လျှော်စက်အလိုက် သန့်ရှင်းရေးဘယ်လိုပြုလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်ကတ်တလောက် စာအုပ်မှာဖြစ်စေ၊ youtube မှာဖြစ်စေ ရှာဖွေလေ့လာနိုင်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ရာမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ 10%အစွန်းချွတ်ဆေးစတာတွေသုံးပြီး သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။အဝတ်များလျှော်ဖွတ်ပြီးချိန်မှာလည်း နေရောင်အောက်မှာ အခြောက်ခံသင့်ပါတယ်။နေရောင်ခြည်ဟာ အကောင်းဆုံးပိုးသတ်ပစ္စည်းတမျိုးလို့ ပညာရှင်များက ဆိုကြပါတယ်။ အဝတ်များလျှော်ဖွပ်ပြီးချိန်မှာ စက်ကိုအဖုံးဖွင့်ထားပေးရင်လေဝင်လေထွက်ရှိစေပြီး ဘက်တီးရီးယားနဲ့ မှိုတချို့ ပေါက်ပွားမှုကနေ ကာကွယ်ပေးပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%a1%e1%80%9d%e1%80%90%e1%80%ba%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%ba%e1%80%85%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%af/
ကောင်းကောင်းအိပ်ပျော်ချင်ရင် မအိပ်ခင် ရေနွေးနွေးချိုးပါ
ညဘက်မှာ ဖြောင့်ဖြောင့်ဖြူးဖြူး အိပ်မပျော်နိုင်သူအတွက်က ကောင်းကောင်းအိပ်ပျော်စေနိုင်ဖို့ အကြံပြုချက်တွေ အများကြီးရှိပါတယ်။ ဥပမာ – ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ဖို့၊ အိပ်ခန်းလေးကို အိပ်ချင့်စရာဖြစ်အောင်ပြင်ဆင်ဖို့၊ အိပ်ခါနီးမှာ အယ်လ်ကိုဟောတွေရှောင်ဖို့ စတာတွေပေါ့။ဒီထဲမှာမှရေနွေးနွေးနဲ့ ရေချိုးတာက လူသိများတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ရေနွေးလေးနဲ့ချိုးတဲ့အခါ ခန္ဓာကိုယ်ကို အကြောအခြင်တွေပြေလျော့စေနိုင်တဲ့အပြင် ခန္ဓာကိုယ်အပူချိန်က ကျသွားလေ့ရှိတာကြောင့်လည်း အိပ်လို့ကောင်းစေတာပါ။ဒါဆို ဘယ်အချိန်အိပ်အိပ်၊ မအိပ်ခင် ဘယ်နှနာရီအလိုမှာ ချိုးချိုး အကျိုးအာနိသင်အတူတူပဲလား။ ဒီမေးခွန်းကိုUniversity of Texas ရဲ့ သုတေသီ Shahab Haghayegh ဦးဆောင်တဲ့အဖွဲ့က အဖြေရှာလေ့လာခဲ့ကြပါတယ်။ဒီသုတေသနမှာPubMed ၊ CINAHL ၊Cochran ၊Medline၊ PsycInfo နဲ့ Web of Science တို့လို အချက်အလက်အစုအဝေးတွေဆီကလေ့လာမှုစုစုပေါင်း ၅၃၂၂ ခုကို ရှာဖွေဆန်းစစ်ခဲ့ပါတယ်။သုတေသီတွေက အိပ်စက်မှုအခြေအနေအမျိုးမျိုးအပေါ် ရေကိုအခြေခံတဲ့ ခန္ဓာကိုယ်အပေါ် တဆင့်ခံအနွေးဓာတ်ပေးခြင်း အာနိသင်သက်ရောက်မှုကို အသေးစိတ်လေ့လာခဲ့ကြပါတယ်။လေ့လာမှုရလဒ်အရ အိပ်လို့ကောင်းချင်တယ်ဆိုရင် မအိပ်ခင် ၁ နာရီ သို့မဟုတ် ၂ နာရီအလိုမှာရေချိုးတာ အကောင်းဆုံးပါတဲ့။ ဒီအကျိုးရလဒ်ကို အမြင့်ဆုံးရချင်ရင်ရေချိုးတဲ့အချိန်ကို ၁၀ မိနစ်ထက်ပိုမကြာဖို့တော့လိုတယ်လို့ ဆိုပါတယ်။ဒီလိုရေချိုးခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ပင်မအစိတ်အပိုင်းတွေကနေ ခြေဖျားလက်ဖျားတွေအထိသွေးလည်ပတ်မှုကိုပိုကောင်းစေပြီး အပူချိန်လျှော့ချပေးနိုင်ပါတယ်။ရေနွေးနဲ့ရေချိုးတာက ခန္ဓာကိုယ်အပူချိန်ထိန်းညှိမှုစနစ်ကိုကောင်းမွန်စေပြီးမြန်မြန်ဆန်ဆန်အိပ်ပျော်စေနိုင်တယ်၊ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အပံ့ပေးတယ်လို့ သုတေသီတွေကပြောပါတယ်။ဒီလေ့လာမှုအရဆိုရင် မအိပ်ခင် ၁ နာရီ၊ ၂ နာရီအလိုမှာ ရေနွေးစပ်ပြီး မြန်မြန်ချိုးလိုက်ရင် ရပြီပဲ။ ဒီနေရာမှာ သတိပေးချင်တာက အိပ်ခါနီးကပ်ပြီး ရေချိုးတာ၊ ချိုးပြီးပြီးချင်း ရေမခြောက်ဘဲ အိပ်တာတွေ မလုပ်ပါနဲ့။ သိပ်အကြာကြီးမချိုးသင့်သလို၊ရေအေးအေးနဲ့လည်းမချိုးပါနဲ့။ ဒါတွေကို လိုက်နာမယ်ဆိုရင် အကြောအခြင်တွေ ပြေပြီး အိပ်လို့ကောင်းသွားပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%81/
ရေချိုးတဲ့ခါ လုပ်မိနေနိုင်တဲ့ နည်းလမ်းမှားတွေ
ရေချိုးတာဟာ တစ်နေ့တာ ကိုယ့်တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လူတိုင်း လုပ်ကြတဲ့ အလုပ်ပါ။ မနက် အလုပ်မသွားခင်မှာ ရေချိုးတဲ့သူတွေရှိသလို ညနေအိမ်ပြန်ရောက် အိပ်ခါနီးချိန်မှာ ချိုးတဲ့သူတွေလည်းရှိတယ်။ ရေတော့ နေ့တိုင်းချိုးနေပါရဲ့၊ ရေချိုးနေတာ နည်းစနစ်မှန်ရဲ့လား၊ ရေချိုးတာကိုပဲ နည်းစနစ်တွေဘာတွေလိုလို့လား၊ ဘာခက်လို့လဲ၊ ရေလောင်း၊ ချေးတွန်း၊ ဆပ်ပြာတိုက်၊ ရေပြန်လောင်းတာပဲကို ဘာမှားစရာရှိလဲ ဆိုပြီး မေးစရာရှိပါတယ်။ရေချိုးတာမှာလည်း ရေချိုးဖို့ အသင့်တော်ဆုံးချိန်၊ နည်းစနစ်၊ သုံးသင့်တဲ့ ဆပ်ပြာအမျိုးအစား စသဖြင့်ရှိပါတယ်တဲ့။ ဒါကြောင့် ရေချိုးတဲ့ချိန်မှာ မှားယွင်းနေနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ရေချိုးတဲ့ရေဟာ အရမ်းပူရင်အသားအရေကို ခြောက်သွေ့စေနိုင်တယ်။ အရမ်းအေးနေပြန်ရင်လည်း ဆပ်ပြာ အမြှုပ်မထွက်ဘူး။ ဒါဆိုရင် ရေချိုးဖို့ အသင့်တော်ဆုံး ရေအပူချိန်ကဘာလဲပေါ့နော်။ လေ့လာချက်တွေအရတော့ ၁၀၂ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ပါတဲ့။ ဒါပေမဲ့ ရေချိုးတဲ့ရေကို သာမိုမီတာနဲ့ တိုင်းပြီး ချိုးဖို့ဆိုတာ လက်တွေ့မဆန်ဘူးပေါ့။ ဒါကြောင့် ကိုယ့် အရေပြားက ရေအပူချိန်ကို ဘယ်လို တုန့်ပြန်လဲဆိုတာကိုပဲ ကြည့်သင့်ပါတယ်။ ရေအရမ်းပူရင် အသားတွေ နီလာမယ်။ အရမ်းအေးရင်လည်း ကြက်သီးမွှေးညှင်းတွေထလာမယ်။ အရမ်းအေး၊ အရမ်းပူတဲ့ ရေအပူချိန်တွေမှာ ရေချိုးရင် အသားအရေရဲ့ သဘာဝအဆီတွေ ပျက်စီးသွားပြီး အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ရေချိုးဖို့အတွက် အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးအပူချိန်ပါပဲ။ရေနွေးနွေး ရေပန်းအောက်မှာ အကြာကြီး ရပ်နေရတာ ကောင်းတဲ့ ခံစားချက်တစ်ခုဖြစ်ပေမယ့် မလိုအပ်ဘဲ ရေကို ဖြုန်းတီးနေရာရောက်ပါတယ်။ သာမန်လူ တစ်ယောက်အတွက် တစ်ကိုယ်လုံး သန့်စင်ဖို့အတွက် ၅ မိနစ်ကနေ ၁၀ မိနစ်ပဲ လိုအပ်ပါတယ်။ ရေစေးလား၊ ရေသွက်လား၊ ရေထဲမှာပါဝင်တဲ့ ဓာတုပစ္စည်း ပါဝင်မှု ပမာဏအပေါ် အခြေခံပြီးတော့ ရေချိုးချိန်ကြာရင် ကြာသလောက်အသားခြောက်တာ၊ အသားကွဲတာ၊ အသားမှာ အကွက်တွေပေါ်လာတာ စတဲ့ အရေပြားပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ရေမြှုပ်ကို အသုံးပြုရင် အမြှုပ်များများထွက်တော့ ဆပ်ပြာသိပ်မလိုဘူးပေါ့နော်။ ဆပ်ပြာအများကြီးသုံးရင် အသားအရေကို ခြောက်သွေ့စေနိုင်တဲ့အတွက် ရေမြှုပ်က အသုံးဝင်ပါတယ်။ ဒါပေမဲ့အသားအရေ ထိခိုက်လွယ်တဲ့သူ sensitive ဖြစ်တဲ့သူတွေကတော့ ရေမြှုပ်သုံးတာ သတိထားသုံးဖို့လိုပါတယ်နော်။ နောက်ပြီးတော့ ရေမြှုပ်ကိုလည်း ၂ လ တစ်ကြိမ် ပြောင်းပေးဖို့ လိုအပ်ပါတယ်။မျက်နှာသုတ်ပုဝါတွေက သုတ်ပြီးတဲ့ချိန်မှာ ခြောက်သွေ့အောင် မထားရင် ဘက်တီးရီးယားတွေ ပေါက်ပွားစေနိုင်တယ်။ ဒါကြောင့် မျက်နှာသုတ်ပဝါတွေကို နေ့တိုင်းမလဲနိုင်ရင်တောင် သုတ်ပြီးတိုင်း နေပူထဲမှာ ခြောက်အောင် လှန်းထားပါ။ ၃-၄ ရက်တစ်ခါတော့ မျက်နှာသုတ်ပဝါကို လျှော်သင့်ပါတယ်။မနက်ပိုင်း ရေချိုးတာဟာ နေ့တစ်နေ့ မစခင်မှာ လန်းဆန်းသွားစေတဲ့အတွက် ကောင်းပေမယ့် လေ့လာချက်တွေအရတော့ ညနေပိုင်း အိပ်ခါနီးမှာ ရေချိုးတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်တဲ့။ တစ်နေ့တာလုံး ခန္ဓာကိုယ်မှာ ကပ်လာတဲ့ ဖုန်၊ ချေး၊ အညစ်အကြေးတွေကို အိပ်ခါနီးမှာ ဆေးကြောလိုက်တဲ့အခါ ကိုယ့်အိပ်ရာခင်းပါ မညစ်ပတ်တော့ဘူးပေါ့နော်။တစ်နေ့ကို တစ်ကြိမ် ရေချိုးတာ လုံလောက်ပါတယ်။ တချို့ အရမ်းအေးတဲ့ နိုင်ငံတွေမှာ ဆောင်းရာသီရောက်ရင် ချွေးလည်း မထွက်တဲ့အတွက် တစ်နေ့တစ်ကြိမ်တောင် ချိုးဖို့ မလိုအပ်ပါဘူးတဲ့။ အကယ်၍ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူ၊ ဖုန်များတဲ့နေရာမှာ အလုပ်လုပ်တဲ့သူတွေ အတွက် တစ်နေ့ကို ရေနှစ်ခါချိုးမယ်ဆိုရင် တစ်ကြိမ်ကို ရေလောင်းရုံသာလောင်းပြီး နောက်တစ်ကြိမ်ကိုသာ ရေအပြည့်ချိုးဖို့ အကြံပေးထားပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%9b%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%81%e1%80%ab-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%ad%e1%80%94%e1%80%b1%e1%80%94%e1%80%ad/
သွေးတိုးတက်စေနိုင်တဲ့ လက်နက်ပုန်းတွေ သင်သတိထားမိရဲ့လား
အငန်များတာတွေမစားပါနဲ့ ဆိုလို့ ဟင်းထဲ ဆားလျှော့ချက်တယ်။ ငါးပိ၊ငါးခြောက် မစားဘူး၊ အငန်လျှော့စားတယ်ဆိုပေမယ့်သွေးပေါင်တက်နေတုန်းပဲ။ ဆိုတော့သွေးပေါင်တက်စေတဲ့ တရားခံတွေကရှိနေတာသေချာပါပြီ။နေထိုင်မှုပုံစံနဲ့ စိတ်ဖိစီးမှုကလွဲရင် အစားအသောက်ကို အရင်ဆင်ခြင်ရမှာပါပဲ။ ကိုယ် စားနေတဲ့ အစားအသောက်တွေထဲက ကိုယ်မသိလိုက်တဲ့ အငန်ဓါတ်များတာတွေပါနေနိုင်ပါတယ်။ပေါင်မုန့်လိုပဲ ပီဇာမှာ အငန်ဓါတ်ပါဝင်မှုများပါတယ်။ အငန်လျှော့စားနေတဲ့သူတစ်ယောက်ဆိုရင်တော့ ပီဇာကိုပါရှောင်ပါတော့။ ခရမ်းချဉ်သီးအနှစ်တွေနဲ့ ဆော့စ်အတော်များများမှာ အငန်ဓါတ်များတယ်(အကင်ဆော့စ်ဆိုပိုဆိုးပါတယ်)၊ ချိစ်မှာလည်း အငန်ပါတယ်၊ ပီဇာမှာထည့်တဲ့ toppingတွေ(ပြုပြင်စီမံထားတဲ့ အသားပြား/ကြက်အူချောင်းစတာတွေပါဝင်နိုင်)မှာလည်း အငန်ဓါတ်က ပါနေမှာဆိုတော့ ပစ်မလွဲတရားခံဖြစ်နေပါတယ်။စူပါမားကတ်တွေမှာရေခဲရိုက်ပြီး ကြာကြာထားထားတဲ့အသားတွေ၊ဈေးထဲကရေခဲရိုက်ငါးတွေမှာ အငန်ပါနေတတ်ပါတယ်။ ဆားသိပ်မထည့်ဘဲ ငန်နေတတ်တဲ့ ငါးတွေ စားဖူးကြတယ်မဟုတ်လား။နောက်တစ်ခုကပြုပြင်စီမံထားတဲ့ ကြက်အူချောင်း၊ဟော့ဒေါ့၊ အသားပြားတွေ၊ နိုင်ငံခြားကဝင်တဲ့ အသားတွေ မှာ ဆိုဒီယမ်ပါဝင်မှုမြင့်ပါတယ်။အာလူးကြော်၊ တို့ဖူးကြော်တို့လို snack မုန့်တွေ မှာလည်း အချို၊အငန်အရသာတွေထည့်ထားတာများလို့ သိပ်မစားသင့်ပါဘူး။ ဘယ်နှထုပ်စားမိလဲ၊ အရသာပြင်းလား၊လေးလား ဆိုတာလည်း သတိထားပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9c%e1%80%bd%e1%80%ba%e1%80%ac%e1%80%99%e1%80%bd%e1%80%ac%e1%80%99%e1%80%84%e1%80%94%e1%80%b9%e1%80%9e%e1%80%9c%e1%80%ad%e1%80%af%e1%80%9c%e1%80%ad%e1%80%af%e1%80%94%e1%80%b2%e1%82%94-%e1%80%a1/
Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ..... လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား .......
Protein shake ဆိုတာက လေ့ကျင့်ခန်း လုပ်သူGym ဆော့သူတွေနဲ့ ရင်းနှီးပြီးသား စကားလုံးလေးတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က အဆီတွေ ကျပြီး ကြွက်သားတက်အောင်သောက်လေ့ရှိတဲ့ သောက်စရာလေး တစ်ခုပါ။ ဒီလို သောက်စရာလေးကို အချိန်မှန်မှန် ပမာဏ မှန်မှန် သောက်မှ ကြွက်သားတက်ပြီးခန္ဓာကိုယ် အချိုးအစားလှပစေမှာပါ။ ဒီတော့ Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ….. လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား ……. ဆိုပြီး စဉ်းစားရခက်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။Protein shakeလေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ….. လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား ……. ဆိုတာကို မပြောခင် Protein Shake ဆိုတာ ဘာလဲ။ခန္ဓာကိုယ်အတွက်ဘာတွေလုပ်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။Protein Shakeဆိုတာက ခန္ဓာကိုယ်ကအရိုးတွေနဲ့ ကြွက်သားတွေသန်မာဖွံ့ဖြိုးစေဖို့ ထောက်ကူပေးတဲ့ ပရိုတင်းကိုဗီတာမင်တွေ သတ္တုဓာတ်တွေပြည့်ဝမျှတစွာ ရောစပ်ထားတဲ့ သောက်စရာ တစ်မျိုးပါ။ အသင့်ရောစပ်ပေးထားတဲ့ အမှုန့်ကို ရေအေးနဲ့ ဖျော်လို့ရတာမျိုး ရှိသလို အသင့်ဖျော်ထားပြီးသားပုံစံနဲ့လည်း ရရှိနိုင်ပါတယ်။ခန္ဓာကိုယ် ကျန်းမာစေဖို့ရော အာဟာရပြည့်ဝပြီး ကြံ့ခိုင်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။Protein Shakeသောက်တာက ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများပါတယ်။ အဓိကအားဖြင့်ကတော့ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့နဲ့ ခန္ဓာကိုယ် အင်အားပြည့်စေဖို့ သောက်ရတဲ့သောက်စရာတစ်ရပ်ပါ။လေ့ကျင့်ခန်း လုပ်တာကြောင့် ကြွက်သားတွေမှာ ပြဲစုတ်သွားတဲ့ အသေးစား စုတ်ပြဲတာလေးတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။အမိုင်နိုအက်ဆစ်ပါဝင်မှုက ကျန်းမာ​တဲ့ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။Protein shakeကို လေ့ကျင့်ခန်း မလုပ်ခင်မှာ သောက်ကြတာမျိုး ရှိသလို လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်တာမျိုးလည်း ရှိကြပါတယ်။လေ့လာချက်တွေအရတော့ ကြွက်သားတက်စေရုံသက်သက်ဆိုရင်တော့ မလုပ်ခင်သောက်သောက်၊ လုပ်ပြီးမှ သောက်သောက် သိပ်တော့ မကွာလှပါဘူး။Protein shake ရဲ့ အလုပ်က ခန္ဓာကိုယ်ကကြွက်သားတစ်ရှူးလေးတွေကို ပြန်လည် ပြုပြင်ပေးပါတယ်။လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်လိုက်တာကြောင့် စုတ်ပြဲသွားတဲ့ ကြွက်သားတစ်ရှူးလေးတွေ အသစ်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေကို ဒဏ် မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝစေဖို့လည်း ထောက်ကူပေးပါတယ်။ လေ့ကျင့်ခန်း လုပ်ချိန်မှာဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ပြည့်ဝစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။တချို့ကလည်း လေ့ကျင့်ခန်းလုပ်ချိန်မှာ သက်လုံကောင်းကောင်းနဲ့ လေ့ကျင့်ခန်း လုပ်နိုင်စေဖို့ Peotein shake တွေ ကြိုသောက်ကြတာလည်း ရှိပါတယ်။တစ်ခုရှိတာက လေ့ကျင့်ခန်း လုပ်ပြီးမှ protein shakeသောက်တာက လေ့ကျင့်ခန်း လုပ်နေချိန်မှာ အခန့်မသင့်လို့ဗိုက်အောင့်တာအော့ချင်အန်ချင်တာမျိုး မဖြစ်စေအောင် တားဆီးပေးပါတယ်။ဒီတော့ ကိုယ်အဆင်ပြေသလို သောက်လို့ရပါတယ်။ အရေးကြီးတာက Protein shakeအပါအဝင် တစ်နေ့တာမှာ စားသုံးတဲ့ ပရိုတင်းပမာဏပဲ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/should-you-drink-a-protein-shake-before-or-after-you-work-out/
သွေးတိုးစေတာက အငန်စားလို့ဆိုတဲ့အချက်တစ်ခုတည်းကြောင့်လား
သွေးတိုးတာကရေပန်းစားလာတဲ့ရောဂါတစ်ခုပေါ့။ လူတော်တော်များများအရွယ်မရွေးသွေးတိုးဖြစ်ကြတယ်နော်။ အရင်တုန်းကဆိုရင် အသက်တော်တော်ကြီးတဲ့သူတွေမှာမှဖြစ်တာနော်။ အခုတော့သွေးတိုးက လူငယ်တွေမှာတောင်ဖြစ်လာကြတယ်နော်။သွေးတိုးနဲ့ ပတ်သက်လို့ ငယ်ငယ်ကတည်းက ကြားလာနိုင်တာတစ်ခုရှိပါတယ်။ ဒါကတော့အငန်တွေလျှာ့စားလေသေါးတိုးမယ်ဆိုတာပေါ့။ သွေးတိုးတာက အငန်စားလို့ဖြစ်တာဆိုပေမယ့် အပြည့်အဝမှန်လားဆိုတော့ မဟုတ်ပြန်ပါဘူးနော်။သွေးတိုးစေတဲ့အခြားအကြောင်းအရာတွေရှိနေပါသေးတယ်နော်။သွေးပေါင်ချိန်ကကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိမြင့်တက်သွားတာကိုသွေးတိုးတယ်လို့ခေါ်ကြတာပါ။သွေးတိုးကနောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန်ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေယိုစိမ့်တာမျိုးဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့နှလုံးကသွေးတွေကိုထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။သွေးတိုးကိုအသံတိတ်လူသတ်သမားလို့ပြောကြရတာက အချို့ဆိုရင် ကြီးကြီးမားမားလက္ခဏာမပြမချင်း သူတို့မှာသွေးတိုးရှိနေလို့ရှိနေမှန်းမသိကြပါဘူး။သွေးတိုကို မသိလို့ မကုသဘဲထားမိတယ်။သွေးတိုးကို မကုသဘဲ အချိန်ကြာမြင့်စွာထားရင်း ကဘာဖြစ်လာလဲဆိုတော့ မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာတာပေါ့။အများလက်ခံထားတဲ့ အယူအဆက အငန်များတာတွေ စားလို့သွေးတိုးတယ်ပေါ့။ တကယ်တော့ ဒီယူဆချက်က အပြည့်အဝတော့မမှန်ပါဘူးနော်။သွေးတိုးစေတဲ့ အခြားအကြောင်းအရင်းတွေရှိပါသေးတယ်နော်။ ဒါကြောင့် အငန်မှမစားတာသွေးတိုးမဖြစ်နိုင်ဘူးလိုပ မယူဆစေချင်ပါဘူး။သွေးတိုးမဖြစ်စေဖို့ ဒီအချက်လေးတွေကိုလည်း သတိထားစေချင်ပါတယ်နော်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%85%e1%80%90%e1%80%ac%e1%80%80-%e1%80%a1%e1%80%84%e1%80%94%e1%80%b9%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad/
သွေးတိုး၊ ဆီးချိုကို ထိန်းနိုင်မယ့် ဆေးဖက်ဝင်ပစ္စည်း (၇) မျိုး
ဆီးချိုသွေးချိုရောဂါရှိနေပြီဆိုတာနဲ့ အရင်လို စားလို့သောက်လို့မရတော့သလို နေထိုင်သွားလာလှုပ်ရှားမှုတွေမှာလည်း သတိထားဆင်ခြင်လာရပါတယ်။ သွေးတိုးနဲ့ဆီးချိုဆိုတာ မထိန်းသိမ်းလို့မဖြစ်တဲ့ အန္တရာယ်ကြီးတဲ့ရောဂါအခြေအနေတွေဖြစ်ပါတယ်။သွေးတိုးကျစေနိုင်တဲ့တိုင်းရင်းဆေးနည်းတွေကို တော်တော်များများသိကြပေမယ့် သွေးတိုးကိုရော ဆီးချိုကိုပါ ထိန်းညှိပေးနိုင်တဲ့ဆေးဖက်ဝင်ပစ္စည်းတွေရှိနေသေးတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါတွေက ဟင်းခတ်အမွှေးအကြိုင်တွေအဖြစ် အသုံးများလို့ ဟင်းထဲထည့်ချက်ရုံနဲ့ဆေးဖက်ဝင်အာနိသင်တွေရနိုင်ပါတယ်။အနံ့ပြင်းရှရှနဲ့ ထမင်းမြိန်စေတတ်တဲ့ ပင်စိမ်းရွက်က သွေးတိုးကျစေနိုင်ပါတယ်။ ဟင်းချို၊ အသုပ် စတာတွေမှာ ပင်စိမ်းလေး ထည့်ခတ်စားရရင် ခံတွင်းလည်းတွေ့၊ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်တဲ့။သစ်ကြံပိုးခေါက်က သွေးတိုးကိုကျစေတဲ့အပြင် ဆီးချိုသမားတွေဟာလည်း နေ့တိုင်း တစ်နည်းနည်းနဲ့ ထည့်သွင်းစားသုံးသင့်တယ်လို့ ဆိုကြပါတယ်။နှမ်းကြတ်စေ့မှာ Omega-3 fatty acids ကြွယ်ဝပါတယ်။ Omega-3 fatty acids က သွေးတိုးကျစေတဲ့အပြင် နှလုံးသွေးကြောမာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ ကိုလက်စထရောလျော့ကျစေတဲ့အချက်နဲ့ လူသိများပြီး ဂလူးကို့စ်ခံနိုင်ရည်ကိုတိုးတက်စေပါတယ်။ကြက်သွန်ဖြူက ခံတွင်းနံ့ဆိုးစေနိုင်တယ်ဆိုပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးက များပါတယ်။ သူက သွေးကြောတွေကိုချဲ့ပေးပြီး သွေးလည်ပတ်မှုကိုကောင်းစေလို့ သွေးတိုးကိုကျစေပါတယ်။စားတဲ့အထဲမှာ ချင်းအနည်းငယ်ထည့်စားပေးခြင်းအားဖြင့် သွေးတိုးကိုထိန်းညှိပေးနိုင်ပါတယ်။ သွေးကြောတွေကိုပြေလျော့စေပြီး သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။ ချင်းသုပ်လေးသုပ်စားတာလည်း ဆေးဖက်ဝင်ပါတယ်။နံနံစေ့ဟာ ဆီးရွှင်စေပြီး သွေးတိုးကျစေတယ်လို့ တရုတ်တွေက ယုံကြည်ကြပါတယ်။ ဟင်းထဲမှာ၊ စွပ်ပြုတ်၊ဟင်းရည်စတာတွေမှာထည့်သုံးကြပါတယ်။ တရုတ်နံနံပင်ရော၊ အစေ့မှာပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးပါဝင်နေပါတယ်။ဖာလာစေ့ကိုနေ့တိုင်းစားသုံးပေးရင် သွေးတိုးကိုကျစေပြီး ဆီးချိုကိုပါထိန်းညှိပေးနိုင်ပါတယ်။ ဒါကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့သုံးစွဲနေကျ အာရှမှာတော့ ဟန်ကျလှပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%81%8a-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%94/
အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး (၁၀)ချက်
ကျွန်တော်တို့ဟာ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ရာမှာ အနားမယူဘဲ ဆက်တိုက်လုပ်ကိုင်နိုင်ခြင်းကို ဂုဏ်ယူမိတတ်ကြပါတယ်။ တစ်ခါတရံအိပ်ချိန်ထဲကတောင် ဖဲ့ယူတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ မှားယွင်းနေပါတယ်။ အိပ်ချိန်နည်းပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်သလဲဆိုတာ ဆက်လက်ဖော်ပြလိုပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး တွေကို လေ့လာလိုက်ရအောင်နော်။အိပ်ရေးပျက်ခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုး တွေကတော့ –။၁။ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း။မအိပ်မနေ အသက်ရှည်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ရေရှည်အတွက်တော့ မမှန်နိုင်ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့်နှလုံးရောဂါ၊ နှလုံးထိခိုက်ခြင်း ၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ဆီးချိုစတဲ့ပြသနာတွေ ပိုမိုဖြစ်နိုင်ခြေ များပါတယ်။ လေ့လာမှုတွေအရ နှစ်ခြိုက်စွာ အိပ်စက်ခြင်းမရှိသူများရဲ့ ၉၀ရာခိုင်နှုန်းဟာ တခြားကျန်းမာရေးပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်လို့ ဆိုပါတယ်။၂။လိင်စိတ်ဆန္ဒနည်းပါးခြင်း။မကြာခဏ အိပ်ရေးပျက်သူများဟာ လိင်စိတ်ဆန္ဒနည်းပါးပြီး လိင်မှုကိစ္စမှာ စိတ်ပါဝင်စားမှု လျော့လာတယ်လို့ ဆိုပါတယ်။ စွမ်းအင်ကုန်ခမ်းခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ဖိစီးမှုမြင့်မားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။၃။စိတ်ကျခြင်း။အိပ်ရေးဆက်တိုက်ပျက်နေသူများဟာ အချိန်ကြာလာတာနဲ့အမျှ စိတ်ကျရောဂါဝင်လာနိုင်ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက အမေရိကမှာပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း ခံစားနေရသူများဟယ ညအချိန်မှာ ၆နာရီထက်လျော့နည်းတဲ့ အိပ်စက်ချိန်ရှိတယ်လို့ ဆိုပါတယ်။အိပ်ရေးမဝခြင်းနဲ့ စိတ်ကျခြင်းဟာ အပြန်အလှန်ဆက်နွယ်နေတတ်ပါတယ်။ အိပ်ရေးမဝရင် စိတ်ကျခြင်းလက္ခဏာတွေ ပေါ်လာတတ်သလို စိတ်ကျခြင်းကြောင့်လည်း ပိုမိုအိပ်ပျော်ဖို့ ခဲယဉ်းပါတယ်။ အကော်ငးဖက်က ကြည့်ရင်တော့ အိပ်မပျော်ခြင်းကို ကုစားရင်း စိတ်ကျခြင်းအခြေအနေကိုပါ လျော့ပါးသွားစေနိုင်ပါတယ်။၄။ အသားအရေကို ထိခိုက်စေခြင်း။အိပ်ရေးဆက်တိုက်ပျက်လာရင် အသားအရေခြောက်သွေ့ပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေ၊ အမည်းရောင်အစက်အပြောက်တွ ပေါ်လာနိုင်ပါတယ်။ အိပ်ရေးမဝရင် ခန္ဓါကိုယ်ကနေ ကော်တီဆောလို့ခေါ်တဲ့ ဟော်မုန်းကို ပိုမိုထုတ်လုပ်ပါတယ်။ ကော်တီဆောဟော်မုန်းများလာရင် အရေပြားက ကော်လဂျင်ဓါတ်တွေကို ပျက်စီးစေတာကြောင့် အသားအရေခြောက်သွေ့ခြင်း၊ တင်းရင်းမှုလျော့ပါးခြင်းကို ဖြစ်စေပါတယ်။၅။ မေ့တတ်ခြင်း။၂၀၀၉ ခုနှစ်မှာ အမေရိကန်နဲ့ ပြင်သစ်သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ဦးနှောက်အတွင်းက လှိုင်းအမျိုးအစားတချို့ဟာ မှတ်ဉာဏ်ကို ပိုမိုထက်သန်စေဖို့ အားပေးပါတယ်။ အဲဒီလှိုင်းကလေးတွေဟာ ကျွန်တော်တို့တွေ့မြင်တဲ့အရာတွေကို ဟစ်ပိုကမ်းပတ်စ်လို့ခေါ်တဲ့ ဦးနှောက်ရဲ့သိမှတ်မှုအစိတ်အပိုင်းကနေ ရေရှည်မှတ်ဉာဏ်သိုလှောင်ရာ နီယိုကော်တပ်စ်ဆီကို သယ်ဆောင်ပေးပါတယ်။ အိပ်ရေးပျက်လွန်းရင် အဲဒီ ဦးနှောက်လှိုင်းကလေးတွေ လုပ်ဆောင်မှုနည်းပါးပြီး သတိမေ့တတ်ပါတယ်။၆။ကိုယ်အလေးချိန်တိုးခြင်း။အိပ်ရေးပျက်ခြင်းဟာ စားသောက်မှုပုံစံကို ထိခိုက်စေပြီးအဝလွန်ခြင်းကိုပါ ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာဖော်ပြချက်အရ တစ်နေ့ကို ၆နာရီအောက် အိပ်စက်သူများဟာ ၇-၉နာရီအိပ်စက်သူများထက် အဝလွန်နိုင်ခြေ ၃၀ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။၇။ မတော်တဆမှုများ ဖြစ်ပွားခြင်း။ကမ္ဘာပေါ်မှာဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားလှတဲ့ မတော်တဆမှုတချို့ဟာအိပ်ရေးပျက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ၁၉၈၆ မှာဖြစ်ပွားခဲ့တဲ့ ချာနိုးဘိုင်းနူကလိယဓါတ်ပေါင်းဖို မတော်တဆဖြစ်ပွားမှုလည်း အပါအဝင်ဖြစ်ပါတယ်။ စက်ယန္တရားတွေ မောင်းနှင်ရတဲ့လုပ်ငန်းခွင်မှာ အိပ်ငိုက်ခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ။ ဒါ့အပြင် အများနဲ့ဆိုင်တဲ့ ခရီးလမ်းပန်းနေရာတွေအတွက် အန္တရာယ်ဖြစ်စေပါတယ်။ အိပ်ငိုက်ပြီး ကားမောင်းခြင်းဟာအရက်မူးပြီးကားမောင်းခြင်းလိုပဲ အန္တရာယ်ရှိပါတယ်။၈။ကိုယ်ရည်ကိုယ်သွေးကျဆင်းခြင်း။အိပ်ရေးပျက်များလာရင် တွေးခေါ်မှတ်သားမှု အားနည်းလာပါမယ်။ အာရုံစိုက်ခြင်း၊ နိုးကြားခြင်း လျော့ပါးလာနိုင်ပါတယ်။ ဒီအခါမှာ သင့်ရဲ့ စာသင်ခန်း (သို့) လုပ်ငန်းခွင်မှာ သင့်ရဲ့အရည်အသွေး ကျဆင်းလာမှာ ဖြစ်ပါတယ်။၉။ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းလျော့နည်းခြင်း။အိပ်စက်မှုနည်းပါးခြင်းကြောင့် ပတ်ဝန်းကျင်အခြေအနေကို သုံးသပ်နိုင်စွမ်းလျော့နည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြဿနာကို ဖြေရှင်းနိုင်စွမ်းလည်း လျော့နည်းလာပါလိမ့်မယ်။ Gehrman ဆိုတဲ့ ပညာရှင်တစ်ဦးက ဒီလိုပြောပါတယ် လူတစ်ယောက်ဟာ တစ်နေ့ကို ၇-၈နာရီ အိပ်စက်နေရာက ၆နာရီလောက်ပဲ အိပ်စက်ဖြစ်တာ ကြာလာရင် အကျင့်လိုဖြစ်လာပါလိမ့်မယ်။ နောက်ပိုင်းမှာ သူ့ကိုယ်သူ ခံနိုင်ရည်ရှိသူတစ်ဦးလို့ ထင်လာပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ မကောင်းပါဘူး။ သူ့ရဲ့ကျန်းမာရေးကို သိသိသာသာ မထိခိုက်စေရင်တောင် တခြားစွမ်းဆောင်ရည်တွေ၊ ဆင်ခြင်သုံးသပ်ပြီး ပြဿနာကိုဖြေရှင်းနိုင်စွမ်းတွေ ကျဆင်းသွားနိုင်ပါတယ်။၁၀။လူ့သက်တမ်းတိုလာခြင်း။ယှဉ်ပြိုင်လုပ်ကိုင်စရာတွေများလာတဲ့ ယနေ့ခေတ်မှာ လူအများဟာ အိပ်စက်ချိန်ကို လျှော့ပြီး အလုပ်တွေပိုလုပ်လာကြပါတယ်။ ဒါကြောင့် ကျန်းမာရေးအားနည်းပြီး လူ့သက်တမ်းလည်း အရင်ထက် တိုတောင်းလာတယ်လို့ ၂၀၀၇ခုနှစ်က လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။…………………။အခုဖော်ပြခဲ့တဲ့အချက်တွေဟာ အချိန်လုံလောက်စွာ အိပ်စက်ခြင်းမပြုရင် တွေ့ကြုံရနိုင်တဲ့ဆိုးကျိုးတွေ ဖြစ်ပါတယ်။ မိမိဘဝတလျှောက်မှာ ကိုယ်ပိုင်စွမ်းအင်တွေကို ထိရောက်စွာ အသုံးပြုဖို့၊ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/side-effects-of-sleepless-night/
ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ
အရင်ကသွေးပေါင်ချိန်တာ။သွေးချိုတိုင်းတာ စတဲ့ စက်တွေကိုပဲ သုံးပေမယ့်ကိုဗစ်ကာလမှာတော့ ဆောင်ထားသင့်တဲ့အိမ်တွင်းသုံး ကျန်းမာရေးကိရိယာလေးတစ်ခု တိုးလာခဲ့ပါတယ်။ ဒါကတော့Pulse oximeterပါ။Pulse oximeter ဒီကာလမှာ မဖြစ်မနေ သိထားသင့်တဲ့သွေးတွင်းအောက်ဆီဂျင်ပမာဏပုံမှန် ဖြစ်ရဲ့လားဆိုတာကို စမ်းသပ်အဖြေထုတ်ပေးတဲ့ ကိရိယာလေးပေါ့။ အိမ်မှာတင် အလွယ်တကူ အသုံးပြုလို့ရတယ်။အရေပြားကို ဖောက်စရာမလိုဘဲ ကိုယ်တွင်းက အောက်ဆီဂျင်ပမာဏ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာပေးပါတယ်။ အောက်ဆီဂျင်ပမာဏ ပြောင်းလဲနေတာလားဆိုတာကို ချက်ချင်း အဖြေထုတ်ပေးနိုင်ပါတယ်။pulse oximeter ဆိုတာက ညှပ်လေးနဲ့ တူတဲ့ ကိရိယာသေးသေးလေးပါ။ လက်ညှိုး၊ နားရွက်နဲ့ ခြေချောင်းလိုမျိုးခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေမှာ တပ်ဆင်ပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာနိုင်ပါတယ်။ များသောအားဖြင့်ကတော့လက်ချောင်းလေးတွေမှာ တပ်ဆင် အသုံးပြုတာ များပါတယ်။ အရေးပေါ် စောင့်ရှောက်ပေးတဲ့ နေရာမှာ အသုံးပြုတာများပါတယ်။ဒါပေမယ့် ဒီအတိုင်း အိမ်မှာဆောင်ထားပြီး သွေးတွင်းအောက်ဆီဂျင်ပမဏကို တိုင်းတာလို့လည်း ရပါတယ်။ဒီကိရိယာလေးက ကိုယ်တွင်းက အောက်ဆီဂျင်ပမာဏကို စစ်ဆေးပေးတာဖြစ်ပြီးနှလုံးကနေ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင် ပေးပို့တဲ့ပမာဏကို စစ်ဆေးပါတယ်။pulse oximeter ကို အသုံးပြုမယ်ဆိုရင် လက်ညှိုး၊ နားရွက်အဖျားလေး၊ ခြေချောင်းတို့မှာ ညှပ်ကလေးကို ညှပ်လိုက်ပါ။ မီးလေး လင်းလာပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာပါလိမ့်မယ်။ နာကျင်မှု လုံးဝမရှိပါဘူး။ဒီ ကိရိယာလေးက သွေးတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏ အပြင်နှလုံးခုန်နှုန်းကိုပါ စစ်ဆေးပေးပါတယ်။pulse oximeter ကို ကျန်းမာတဲ့သူရော ရောဂါတစ်ခုခု ခံစားနေရသူတွေမှာပါ အသုံးပြုနိုင်ပါတယ်။ နေအိမ်မှာ ကိုယ်တိုင် အသုံးပြုလို့ရပါတယ်။ pulse oximeter အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး။pulse oximeterကို လက်ညှိုး၊ နားရွက်ဖျား၊ ခြေချောင်း တစ်ခုခုမှာ တပ်ဆင်ပါ။ နည်းနည်းလေး ဖိအား ရှိတာကို ခံစားရပါမယ်။ ဒါပေမယ့် နာကျင်တာ၊ ထုံတာမျိုး ခံစားရမှာ မဟုတ်ပါဘူး။လက်မှာလက်သည်းနီဆိုးထားမယ်ဆိုရင် လက်သည်းနီကို ဖျက်ပစ်ပါ။ လက်သည်းနီ မဆိုးထားတဲ့ လက်ကို အသုံးပြုပါ။ လက်သည်းနီက အောက်ဆီဂျင်ပမာဏအဖြေအပေါ် သက်ရောက်နိုင်လို့ပါ။လက်ညှိုးက သန့်စင်နေဖို့လည်း လိုပါမယ်။ လှုပ်ရှားမှု၊ အပူချိန်၊ အလင်းစူးတာတွေက အဖြေပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။စစ်ဆေးမှုပြီးတာနဲ့ ကိရိယာကို လက်က ဖြုတ်လိုက်လို့ ရပါတယ်။ ဒီတိုင်းတာမှုက များသောအားဖြင့်တော့ တိကျပါတယ်။ ဒါပေမယ့် ၂% အတိုးအလျော့တော့ ရှိနိုင်ပါတယ်။  ဥပမာ အောက်ဆီဂျင်ပမာဏက ၉၇ ဆို အမှန်က ၉၉ % ဖြစ်နိုင်သလို ၉၅ % လည်း ဖြစ်နိုင်ပါတယ်။ ၂ တိုး၊ ၂ လျော့တွက်ရပါမယ်။စစ်ကြည့်တဲ့အခါ သွေးတွင်းအောက်ဆီဂျင် အနေအထားက ၉၅ % ကနေ ၁၀၀ % အနေအထားမှာရှိနိုင်ပါတယ်။ ဒါက ပုံမှန် အနေအထား တစ်ရပ်လို့ ဆိုရပါမယ်။ ကျန်းမာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏပေါ့။တကယ်လို့ သွေးတွင်းအောက်ဆီဂျင်ပမာဏက ၉၅% နဲ့ အဲ့ပမာဏအောက်ရောက်နေမယ်ဆိုရင်တော့သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျနေတာပါ။သွေးတွင်းအောက်ဆီဂျင် ကျတာနဲ့အတူ အခုလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/how-to-use-pulse-oximeter/
ဆီးချိုသမားတွေ COVID-19 ကူးစက်ခံရရင် သေဆုံးနိုင်ခြေ ၁၂ ဆပိုမြင့်
ဆီးချိုဝေဒနာခံစားနေရသူတွေမှာ တခြားသောပြင်ပဝေဒနာတွေဖြစ်ပွားလာရင် ပိုမိုထိခိုက်ခံစားရတတ်ပါတယ်။ ခုလည်း လေ့လာချက်တွေနဲ့ လက်တွေ့မြေပြင်သက်သေအထောက်အထားတွေအရ ဆီးချိုဝေဒနာရှင်တွေCOVID-19ရောဂါကူးစက်ခံရရင် ထိခိုက်နိုင်ခြေပိုမိုမြင့်မားကြောင်း ပိုပိုပြီး သိလာရပါပြီ။လက်ရှိကာလမှာ ကပ်ဘေးတစ်ခုအဖြစ် ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ COVID-19ကူးစက်ရောဂါကြီးဟာ လူပေါင်း သန်း ၅၀ ဝန်းကျင်ကို ကူးစက်ခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ၁.၃ သန်းဝန်းကျင်အထိ ရှိလို့နေပါတယ်။လူလူချင်းထိတွေ့မှု၊ အသက်ရှူလမ်းကြောင်းစတာတွေကနေ ကူးစက်နိုင်ပြီး နာတာရှည်ရောဂါအခံရှိသူတွေကို ပိုမိုထိခိုက်စေတဲ့ ဒီရောဂါဟာ ကုသဆေးနဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ဒီဝေဒနာက နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေသာမက သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေကို ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားမဟုတ်လား။ပြင်သစ်အခြေစိုက် ဆေးသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အသစ်တစ်ခုအရဆိုရင် ကိုဗစ်ရောဂါဟာဆီးချိုဝေဒနာခံစားနေရသူတွေကို ကူးစက်မိပြီဆိုရင် တစ်ပတ်အတွင်း သေဆုံးစေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ် ဆိုလာပါတယ်။အဆိုပါ လေ့လာချက်ကို ဆေးရုံ ၅၃ ရုံက ဆီးချိုဝေဒနာသည် COVID-19 လူနာတွေကို သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီးအမျိုးအစား-၂ ဆီးချိုသမား၈၉% နဲ့အမျိုးအစား-၁ ဆီးချိုဝေဒနာသည် ၃% ပါဝင်ခဲ့ပါတယ်။အမေရိကန် CDCရဲ့ လေ့လာချက်အသစ်တွေအရဆိုရင်လည်း။COVID-19 က ဆီးချိုဝေဒနာကို ပိုမိုဆိုးရွားစေရတဲ့ အကြောင်းအရင်းကတော့ ဆီးချိုကို ပိုမိုဆိုးရွားစေတဲ့Ketoacidosisနဲ့ Hyperosmolarity တွေကို ပိုမိုတွန်းအားပေးတာကြောင့်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်လည်း ဆီးချိုဝေဒနာသည်တွေဟာ COVID-19 ကူးစက်ခံရရင် ရောဂါ ၂ မျိုးလုံးရဲ့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန်ခံစားကြရတာဖြစ်ပါတယ်။ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ ဆီးချိုဝေဒနာသည်တွေ COVID-19 ကူးစက်ခံရတာနဲ့ သေဆုံးမယ်လို့ တထစ်ချမှတ်ယူလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပြန်လည်သက်သာလာသူတွေလည်း အများအပြားရှိနေလို့ပါ။ပြင်သစ်ပညာရှင်တွေရဲ့ သုတေသနရလဒ်တွေမှာ ဖော်ပြထားချက်တွေအရဆိုရင် COVID-19 ကူးစက်ခံခဲ့ရတဲ့ ဆီးချိုဝေဒနာသည်တွေ ဆေးရုံကပြန်ဆင်းနိုင်တဲ့ ရာခိုင်နှုန်းက ၁၈% ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါသုတေသနမှာ ပါဝင်သူအများစုဟာ အမျိုးသားတွေဖြစ်ကြပြီး ပျမ်းမျှ အသက် ၇၀ အထိ အရွယ်စုံတွေဖြစ်ကြပါတယ်။ဆီးချိုဝေဒနာသည်တွေ COVID-19 ကူးစက်ခံရမယ့်ဘေးကို ရှောင်လွှဲနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အိမ်ပြင်မထွက်ပဲ နေအိမ်မှာပဲ နေထိုင်တာဖြစ်ပါတယ်။ဒါ့အပြင်။အရေးအကြီးဆုံး သိထားရမယ့်အချက်ကတော့ ဆီးချိုရှိတိုင်း COVID-19 ကူးစက်ခံရနိုင်တာမဟုတ်သလို ကူးစက်ခံရတိုင်းလည်း သေချာပေါက် အသက်ဆုံးရှုံးနိုင်တယ်လို့လည်း မဆိုလိုဘူးဆိုတာပါပဲ။ မပေါ့ဆဖို့နဲ့ သတိထားဖို့ လိုအပ်တဲ့ အခြေအနေတစ်ရပ်သာဖြစ်ပါတယ်။တကယ်လို့ ကိုယ့်မှာ ဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ဒီလိုကာလမျိုးမှာ ယခင်ကထက်ပိုပြီး ဂရုတစိုက်နေထိုင်ပေးဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဂရုစိုက်မှုတွေ၊ ရောဂါကာကွယ်ရေး အစီအမံတွေကိုလိုက်နာရင် စိတ်အေးချမ်းသာစွာနဲ့ နေထိုင်လို့ရပါတယ်။COVID-19 ဟာ ကြောက်ဖို့ကောင်းပြီး အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီကို ရောဂါပိုးရောက်မလာခဲ့ဘူးဆိုရင် ဘာအန္တရာယ်ကိုမှ ကြောက်နေစရာမလိုအပ်ပါဘူး။ ဒါက အရေးအကြီးဆုံး အချက်ပါပဲ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-and-diabetes/
အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ
ခုမှ ချစ်စခင်စ အတွဲလေးတွေ ရုပ်ရှင်ကြည့်ဖို့ ဇာတ်ကား ရွေးကြမယ် ဆိုပါစို့။ တစ်ယောက် အကြိုက် တစ်ယောက်ကလည်း မသိသေးတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ဟာသကားလေးတွေ ရွေးလိုက်မယ်လို့ တွေးနေရင်တော့ အဲဒီအတွေးကို ဖျောက်လိုက်ပါတော့။ လတ်တလောမှ စဒိတ်တဲ့ အတွဲတွေပဲဖြစ်ဖြစ်၊ နှစ်ရှည်လများ တွဲလာပြီးတဲ့ အတွဲလေးတွေပဲဖြစ်ဖြစ် အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ  ဆိုတာကို ဖော်ပြပေးထားပါတယ်နော်။အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ ဆိုတော့။၁။ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ဖို့ အခွင့်အရေးတွေ ရှိလာမယ်။ဒါကတော့ စဒိတ်စ အတွဲလေးတွေ အတွက်ပေါ့။ ယောကျာ်းလေးကလည်း မိန်းကလေးဘက်က ဘာထင်မလဲ ဆိုပြီး လက်ကလေးတောင် မကိုင်ရဲ ဖြစ်နေ၊ မိန်းကလေးကလည်း ရင်တွေ ခုန်ပြီး ရှက်နေတဲ့ အချိန်မှာ သရဲက ဝုန်းဆို ထွက်လာရင် ကိုယ့်ဘာ ကိုယ်တောင် မသိလိုက်ဘဲ ဖက်လိုက်မိတာ၊ မှီလိုက်မိတာလေးတွေ ဖြစ်သွားနိုင်ပါတယ်။၂။ စိတ်ဖိစီးတာတွေ လျော့စေတယ်။သရဲကားတွေက ပေးတဲ့ ပြင်းထန်တဲ့ ကြောက်လန့်စိတ်တွေ ဖြစ်လာတဲ့ခါ စိတ်လွတ်လက်လွတ် အော်လိုက်တာတို့ ဘာတို့ကလည်းစိတ်ဖိစီးတာ တွေကို ပျောက်စေပါတယ်။၃။ တစ်ယောက် အပေါ် တစ်ယောက်အကြင်နာတွေပိုလာမယ်။ကြောက်လန့်စိတ် ဖြစ်တဲ့အခါ ဦးနှောက်က ဒိုပါမင်း (dopamine) ဆိုတဲ့ ဟော်မုန်းလဲ ထွက်ပါတယ်။ ဒိုပါမင်း ဟော်မုန်းကို သာယာမှု ဖြစ်စေတဲ့ ဟော်မုန်းလို့ ပြောကြပါတယ်။ ဒါကြောင့် သရဲကားကို လူတွေ ကြိုက်ကြသလို အတွဲတွေ အနေနဲ့လည်း သံယောဇဉ် တိုးစေဖို့ ကြည့်သင့်ပါတယ်။၄။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာမယ်။သရဲကား ဆိုတာကို ယောကျာ်းလေးရော မိန်းကလေးရော ကြောက်တတ်ကြပါတယ်။ သရဲကား တူတူကြည့်ပြီးတော့ မနှစ်မြို့စရာ ကောင်းတဲ့ အရာတွေကို ဘယ်လို တုံ့ပြန်လဲ ဆိုတာ သိနိုင်တဲ့အပြင် အားနည်းချက်တွေကို စိတ်တွေကို မထိန်းချုပ်ထားတဲ့ အချိန်မှာ ပွင့်ပွင့်လင်းလင်းမြင်နိုင်တဲ့ အတွက် ပိုပြီး စိတ်ချင်းရင်းနှီးသွား နိုင်ပါတယ်။၅။ တူတူကြောက်ရတာ ပျော်ဖို့ကောင်းတယ်။ကြောက်လို့ ပါးစပ်ထဲက ပေါက်ကရတွေ အော်မိတာ၊ ပေါက်ပေါက်တွေ လက်ထဲက လွှတ်ကျ ကုန်တာ၊ ယောင်ယမ်းပြီး သူများ လက်တွေကို သွားဆွဲမိတာ စသဖြင့် ပျော်စရာ ကောင်းတဲ့ အမှတ်တရလေးတွေ သရဲကား ကြည့်ရင်း ဖြစ်နိုင်ပါသေးတယ်။ နောင်နှစ်တွေ ကြာတဲ့ချိန်ထိ နင်လေ ပထမဆုံး ရုပ်ရှင် ကြည့်တုန်းက ဘာတွေ လုပ်တာ ဆိုပြီး အမှတ်ရ စရာလေးတွေ ဖြစ်နေမှာပါ။သရဲကား တစ်ကားရဲ့ အချိန်ဟာ ၂ နာရီပဲ ကြာပါတယ်။ သရဲကားကြောင့် တိုးလာမယ့် သံယောဇဉ်တွေ ကတော့ ၂ နာရီစာထက် ပိုပါတယ်။ ကြောက်စိတ်တွေ ဖြစ်လာတဲ့အချိန်ဆို လူရဲ့ အတွင်းစိတ်က ပွင့်လာတတ်တယ်မလား။ ကိုယ့်ချစ်သူလေးက ဘယ်လိုလူမျိုးလဲဆိုတာ အပြန်အလှန်အကဲခတ်နိုင်မယ့် အခွင့်အရေးကောင်းပေါ့။ဒါကြောင့် လူချင်းစိတ်ချင်းလည်း နီးစပ်စေတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေပါ ပေးနိုင်တဲ့ သရဲကားတွေကို ကြည့်ကြဖို့ ချစ်သူလေးတွေကို အကြံပေးလိုက် ရပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/couples-who-watch-horror-movie-together/
ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း သိကောင်းစရာ
ဆီးချိုရောဂါရဲ့ အစောဆုံးလက္ခဏာရပ်တွေကသွေးတွင်းသကြားဓာတ်တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်ပမာဏက ပုံမှန်ထက်မြင့်တက်နေတာပဲဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်ကာစလက္ခဏာတွေက သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ အချို့သူတွေမှာဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ထိခိုက်ယိုယွင်းတာတွေဖြစ်လာတဲ့အခါမှ ဆီးချိုရောဂါခံစားနေရတာကိုသိသွားတာမျိုးလည်းရှိပါတယ်။ ဒါကြောင့် ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း သိထားဖို့ လိုလာပါပြီ။ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း ပြောရမယ်ဆိုရင်။အမျိုးအစား-၁ ဆီးချိုရောဂါမှာ လက္ခဏာရပ်တွေဖြစ်ပေါ်မှုက မြန်ဆန်လေ့ရှိပြီး တော်တော်လေးလည်း ပြင်းထန်တတ်ပါတယ်။ ရက်ပိုင်းအတွင်း ဒါမှမဟုတ်ရင် သီတင်းပတ်အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာတွေကို သိရတာမျိုးတွေလည်း ရှိပါတယ်။အမျိုးအစား-၁ ဆီးချိုရောဂါခံစားနေရသူအများစုဟာ ကလေးအရွယ်နဲ့ အရွယ်ရောက်စမှာကတည်းက ရောဂါခံစားနေရတာကိုသိရှိနိုင်ပြီး ရောဂါလက္ခဏာတွေက အတူတူပဲဖြစ်ပါတယ်။အမျိုးအစား-၂ ဆီးချိုရောဂါကတော့ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် လူနာအများစုက ရှိလို့ ရှိမှန်း မသိကြသလို တချို့ဆိုရင် နောက်ဆက်တွဲရောဂါတွေကို ခံစားရမှသာ သတိထားမိကြတာ ဖြစ်ပါတယ်။ခန္ဓာကိုယ်က အစားအစာတွေကနေ စွမ်းအင်ကို မရရှိတဲ့အခါ စွမ်းအင်အတွက် ကြွက်သားနဲ့ အဆီတွေကို စတင် လောင်ကျွမ်းစေပါတယ်။ ဒီလို အခြေအနေမျိုးမှာ အစားအသောက်ပုံစံ ပြောင်းလဲတာမျိုး မရှိဘဲ ကိုယ်အလေးချိန် ကျဆင်းတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ခန္ဓာကိုယ်က အဆီ လောင်ကျွမ်းမှု အပေါ်မှာပဲ အားပြုထားရတဲ့အခါ ketones လို့ခေါ်တဲ့ သွေးတွင်းအက်ဆစ် ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေပါတယ်။ သွေးထဲမှာ ketones ပမာဏက အန္တရာယ် ဖြစ်စေနိုင်တဲ့ အတိုင်းအတာအထိ မြင့်တက်လာတဲ့အခါ diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချို ရောဂါရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါကို ခံစားရစေပါတယ်။သွေးတွင်း ဂလူးကို့စ်ပမာဏ အချိန်ကြာမြင့်စွာ မြင့်တက်နေတဲ့အခါ အောက်ပါ ရောဂါလက္ခဏာရပ်တွေ ခံစားရနိုင် ပါတယ်။ဆီးချိုဝေဒနာ ခံစားနေရတဲ့ အမျိုးသားရော၊ အမျိုးသမီးမှာပါ မှိုပိုးကူးစက်မှုကို ခံစားရနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက လက်ချောင်းခြေချောင်းတွေကြား၊ ရင်သားအောက်ဘက်၊ မိန်းမကိုယ်နဲ့ လိင်တံတဝိုက်မှာ အဖြစ်များ ပါတယ်။သွေးတွင်းသကြားဓာတ် မြင့်မားနေမှုက သွေးလည်ပတ်မှုကို ထိခိုက်စေပြီး အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အနာကျက်နှေးစေတာဖြစ်ပါတယ်။ဆီးချိုရောဂါအမျိုးအစား၂ရပ်စလုံးမှာ ရောဂါခံစားနေရတယ်လို့ သိရှိနိုင်တဲ့ အချက်အချို့ကခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။ခန္ဓာကိုယ်က စားသုံးလိုက်တဲ့ အစားအသောက်တွေကို ဆဲလ်တွေက စွမ်းအင်အနေနဲ့ အသုံးပြုနိုင်မယ့် ဂလူးကို့စ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ တကယ်လို့ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင် မထုတ်ပေးနိုင်ရင်ဖြစ်ဖြစ်၊ ဆဲလ်တွေက ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အင်ဆူလင်ကို ခုခံနေတဲ့ အနေအထားမျိုးဖြစ်နေရင်ပဲဖြစ်ဖြစ် ဂလူးကို့စ်ကဆဲလ်တွေထဲကို မရောက်ရှိနိုင်တော့ဘဲ အားမရှိသလိုခံစားရစေမှာဖြစ်ပါတယ်။အဲ့လိုအခါမျိုးမှာ ပိုမိုဆာလောင်စေပြီး ပုံမှန်ထက်ပိုပင်ပန်းတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် ၂၄ နာရီအတွင်း ဆီးကို ၄ ကြိမ်ကနေ ၇ ကြိမ်အထိ သွားလေ့ရှိပါတယ်။ ဆီးချိုဝေဒနာ ခံစားနေရသူတွေကတော့ ဆီးသွားတဲ့ အကြိမ်ရေက ပိုများနေနိုင်ပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ ဆီးထသွားနေရတတ်ပါတယ်။ခံတွင်းခြောက်ခြင်းနဲ့ အရေပြားယားယံခြင်း။ဆီးခဏခဏ သွားရတဲ့အခါ ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါအတွက် အစိုဓာတ် လျော့နည်းသွားပြီး ရေဓာတ်ခမ်းခြောက်တာနဲ့ ခံတွင်းခြောက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ အရေပြား ခြောက်သွေ့တာက ယားယံခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။အမြင်အာရုံဝေဝါးခြင်း။ခန္ဓာကိုယ်ထဲက အရည်ပမာဏ ပြောင်းလဲမှုက မျက်လုံးအိမ်အတွင်းမှာရှိတဲ့ မှန်ဘီလူးကို ရောင်ရမ်းစေတာကြောင့် အမြင်ဝါးတာ ဖြစ်တတ်ပါတယ်။ဒါတွေကတော့ ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်း ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်နဲ့ တိုက်ဆိုင်နေတဲ့ လက္ခဏာတစ်ခုခုရှိနေမယ်ဆိုရင် နီးစပ်ရာဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ တိုက်တွန်းချင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/symptoms-of-diabetes/
ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ၏ လက္ခဏာများ
လူအများစုက ကလေးမွေးခြင်းသည် ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသည်ဟု ထင်ကြသည်။ သို့သော် အချို့ကိစ္စများတွင် အမျိုးသမီးများသည် စိတ်ခံစားမှုမကောင်းခြင်း၊စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုအခြေအနေကို ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ဟုခေါ်ပါသည်။အမျိုးသမီးများသည် ကလေးမွေးဖွားပြီးနောက် ရုတ်တရက် ဟော်မုန်း အပြောင်းအလဲများကြောင့် မိခင်တွင် စိတ်ခံစားလွယ်ခြင်း၊ အငိုလွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပူပန်သောကရောက်ခြင်းတို့ကို ခံစားရစေပါသည်။ ကံကောင်းသောအချက်မှာ ထိုအခြေအနေသည် အကြာကြီး မဖြစ်နေဘဲ မွေးဖွားပြီး ရက်အနည်းငယ်တွင် ပျောက်သွားတတ်သည်။သို့သော် လက္ခဏာများမှာ မသက်သာဘဲ ပိုဆိုးလာလျှင် စိတ်ကျရောဂါလားဆိုတာ ဆန်းစစ်ဖို့ အောက်ပါအချက်တွေနဲ့ စစ်ဆေးကြည့်သင့်ပါသည်။အဓိကလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ သည် တဖြည်းဖြည်းနဲ့ ပိုဆိုးလာနိုင်ပြီး တစ်ခါတစ်ရံတွင် နားလည်ရခက်ခဲသည်။ အကယ်၍ မိခင်တွင် အောက်ပါ လက္ခဏာများ သတိထားမိလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ ကူညီပေးပါ။ထိုလက္ခဏာများသည် မိခင်၏ နေ့စဉ်ဘဝ၊ မိခင်နှင့် ကလေး၊ အိမ်ထောင်ဖက်၊ အခြားသူများကြား ဆက်ဆံရေးတွင် ကြီးမားသော ဆိုးကျိုးသက်ရောက်မှု ရှိနိုင်သည်။ အကယ်၍ သင်သည် ကလေးမွေးပြီးနောက်ဖြစ်သော စိတ်ကျရောဂါ ခံစားနေရသည်ဟု ထင်လျှင် သင့်အတွေးကို မျှဝေဖို့ တစ်စုံတစ်ယောက် (သို့) ဆရာဝန်ကို တတ်နိုင်သမျှ မြန်မြန်ရှာဖွေဖို့ ဝန်မလေးပါနဲ့။တစ်ဦးတည်း ရင်ဆိုင်ရုန်းကန်နေရခြင်းသည် အန္တရာယ်ကြီးမားပါသည်။ ထိုပြဿနာသည် သင်ထင်ထားသည်ထက်လည်း ပိုကြာရှည်နိုင်ပါသည်။ အကယ်၍ ကောင်းစွာသိရှိကုသခြင်းမရှိလျှင် လပေါင်းများစွာမှ နှစ်ပေါက်သည့်တိုင် ဆက်ဖြစ်နိုင်သည်။ ၎င်းသည် သင့်ကျန်းမာရေး၊ သင့်ကလေး၏ ကျန်းမာရေးနှင့် သင်နှင့်သင့်ပတ်ဝန်းကျင်ရှိလူများ၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။မိခင်တစ်ဦးဖြစ်လာလျှင် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်ရနိုင်သည်။ သင်သည် ပျော်ရွှင်နေရင်းမှ ရုတ်တရက် ဝမ်းနည်းမှုကိုလည်း ခံစားရနိုင်သည်။ ၎င်းသည် ပုံမှန်အပြောင်းအလဲဖြစ်ပြီး သူ့ဖာသာသူ ပျောက်သွားလိမ့်မည်။ သို့သော် သင့်အဆိုးမြင်ခံစားမှုများသည် ကလေးမွေးပြီး နှစ်ပတ်အထက်ကြာနေလျှင် သင်သည် မွေးဖွားပြီးနောက် စိတ်ကျရောဂါကို ခံစားနေရတာဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါသည်။ရေးသားသူ- Dr K. Zin thwe။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/mental-health-mothercare/symptoms-of-post-partum-depression/
သင့်ရဲ့ မိတ်ကပ်brushတွေကို ဘယ်လိုသန့်စင်မလဲ
ဘယ် brush က အသားအရေညိုဖို့ အတွက်သုံးပြီးဘယ် brush ကိုတော့ အမည်းစက်ဖုံ း ဖို့ အတွက် သုံးတယ်ဆိုတာကိုတော့ သင်သိနေပါပြီ။ ဒါပေမဲ့ သင့်မိတ်ကပ် brush တွေကို သန့်စင်သင့်တယ် ဆိုတာကိုရော သင်သိပါသလား။ မိတ်ကပ်brushတွေကို သန့်စင်ခြင်းဟာသင့်ရဲ့ နေ့စဉ် အလှအပရေးရာထိန်းသိမ်းမှုထဲမှာ ပုံမှန် အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်သင့်ပါတယ်။ သင့် brush တွေကို အသုံးပြုတဲ့အခါမှာ မိတ်ကပ်တွေ၊ အဆီတွေ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေတောင်မှ brushရဲ့ အမွှေးတွေကြားမှာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် သာမန် စဉ်းစားကြည့်ရင်တောင် ဒီအဆင့်ကို မလုပ်တာက ချွေးပေါက်တွေပိတ်စေပြီး စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခြေအနေတွေဖြစ်လာစေနိုင်ပါ တယ်။ တကယ်အဆင့်မှီပြီးကောင်းတဲ့ မိတ်ကပ် brush တွေဈေးကြီးတာကို ထည့်မပြောပါနဲ့ဦး။ သူတို့ကို ဘယ်လို သေချာ သန့်စင်ပေးရမယ် ဆိုတာကို သင်ယူတာကမှ သင့်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ရာရောက်မှာပေါ့။ကံကောင်းထောက်မစွာနဲ့ပဲ သင့်ရဲ့မိတ်ကပ်brushတွေကိုသန့်စင်တာဟာ မြန်ဆန် လွယ်ကူနေပါတယ်။ သင့် brush ကိုသန့်စင်စေမဲ့ ပထမဆုံး အဆင့်ကတော့ သင်အသုံးပြုပြီးတိုင်းမှာ daily brush cleaner ကို brush တွေပေါ်မှာ ဖြန်းပေးတာပါပဲ။ တစ်ပတ်မှာ တစ်ခါတော့ သေချာ သန့်စင်ပေးရမှာပါ။ (သင့် brush တွေဟာ သေချာသန့်စင်ပေးပြီးရင် လုံးဝခြောက်သွေ့သွားဖို့ တစ်နာရီခန့် အချိန်ယူရမှာကိုတော့ သတိပြုပါ။ ဒါကြောင့် အဲ့ဒီနေ့ အတွက်ဆိုရင် သင်ဖြီးလိမ်းပြင်ဆင်ပြိးမှ brush တွေကို သန့်စင်တာက ပိုပြီးသင့်တော်ပါတယ်။ )။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%9b%e1%80%b2%e1%82%95-%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%86%e1%80%bc%e1%80%b2%e1%80%90%e1%80%b6-brush-%e1%80%b1%e1%80%90/
ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်း (၃) ချက်
လူတစ်ယောက် ကျန်းမာဖို့၊ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့၊စိတ်ပျော်ရွှင်စေဖို့ တစ်နေ့တာ ပြည့်ဝစွာအိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း လူဆိုတာ စိတ်ဖိစီးမှုတွေ၊ အတွေးတွေ၊ အလုပ်တွေကို အိပ်ရာထဲထိ ယူလာတတ်ကြတယ်မလား။လူငယ်တွေကျတော့လည်း ညမိုးချုပ်တဲ့အထိ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ညနောက်ကျမှအိပ်၊ ကြာလာတော့ ညဘက်စောစောအိပ်ရမယ်ဆိုရင် ဘယ်လိုမှအိပ်လို့မပျော်တော့ဘူးလေ။ ဒီလိုမျိုး ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တတ်တဲ့ သူတွေအတွက် အမြန် အိပ်ပျော်စေမယ့် နည်းလမ်း (၃) ချက်ကို ပြောပြပေးချင်ပါတယ်။ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်းတွေက။အပေါ်မှာ ပြထားတဲ့နည်းလမ်း (၂) ခုနဲ့ အဆင်မပြေဘူးဆိုမှသာ ခုပြောမယ့်နည်းလမ်းကို လေ့ကျင့်သင့်ပါတယ်။လူတစ်ယောက်အိပ်ချင်တဲ့ စိတ်ကိုဖြစ်ပေါ်စေဖို့ စိတ်ကလည်း ငြိမ်းချမ်းနေဖို့ လိုသလို ကိုယ်ခန္ဓာက ကြွက်သားအရိုးအဆစ်တွေဟာလည်း တင်းမနေသင့်ပါဘူး။ ဒီနည်းလမ်းတွေက ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားအတင်းအလျှော့ကို အဓိကပြောင်းလဲပေးတာဖြစ်ပြီး အချိန်နည်းနည်းပေးပြီး လုပ်ဖို့တော့ လိုအပ်ပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့ အိပ်ခန်းတစ်ခုလုံးကို အသံလုံအောင်ထားပြီး မီးအရောင်မှိန်မှိန်လေး ဖွင့်ထားပေးတာ၊ ရေစီးကျသံ၊ ငှက်တေးကျူသံ၊ တယောသံ အစရှိတဲ့ စိတ်အေးချမ်းစေတဲ့ တီးလုံးတွေကို ဖွင့်ထားပေးလို့လည်း အဆင်ပြေပါတယ်နော်။ကဲ ….. ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်းလေးတွေကို ကိုယ်တိုင် စမ်းသပ်ကြည့်လိုက်နော်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/3-tips-to-sleep-before-you-touch-the-pillow/
ကိုဗစ်ကာလမှာ လူတိုင်းသိချင်နေမယ့် ပုံမှန်အောက်ဆီဂျင်ပမာဏဆိုတာ ဘာလဲ
သွေးတွင်းအောက်ဆီဂျင်ဆိုတာ သွေးထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ အောက်ဆီဂျင်ပမာဏကို ဆိုလိုတာပါ။ အောက်ဆီဂျင်အများစုကိုသွေးနီဥဆဲလ်တွေက သယ်ဆောင်ကြပါတယ်။ သွေးနီဥတွေရဲ့ တာဝန်ကအဆုတ်က အောက်ဆီဂျင်တွေကို ရယူပြီးခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို ပို့ဆောင်ပေးတာပါ။သွေးတွင်းအောက်ဆီဂျင်ပမာဏ လုံလောက်မှလည်းဆဲလ်တွေက အောက်ဆီဂျင် ပြည့်ဝစွာရရှိပြီး ခန္ဓာကိုယ်က ကျန်းမာမှာပါ။ သွေးတွင်းအောက်ဆီဂျင်ပမာဏ ပုံမှန်အနေအထားရှိတာက လူတစ်ယောက် ရှင်သန်ဖို့အတွက် တော်တော်လေး အရေးပါပါတယ်။ဒီတော့ ဘယ်လိုအခြေအနေမှာဆိုရင် သွေးတွင်းအောက်ဆီဂျင်က ပုံမှန်လို့ ပြောနိုင်ပြီး ဘယ်လို အခြေအနေမှာဆိုရင် သွေးတွင်းအောက်ဆီဂျင် ကျနေတာလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။သွေးတွင်းအောက်ဆီဂျင် အနေအထားက ၉၅ mm Hg (မီလီမီတာ မာကျူရီ) ကနေ ၁၀၀ mm Hg အနေအထားမှာရှိနိုင်ပါတယ်။ ဒါက ပုံမှန် အနေအထားတစ်ရပ်လို့ ဆိုရပါမယ်။ ကျန်းမာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏပေါ့။တကယ်လို့ သွေးတွင်းအောက်ဆီဂျင်ပမာဏက ၉၀ mm Hg နဲ့ အဲ့ပမာဏအောက်ရောက်နေမယ်ဆိုရင်တော့သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျနေတာပါ။ ဘာကြောင့် ကျရတာလဲဆိုတာကိုတော့ တတ်ကျွမ်းနားလည်သူက အဖြေထုတ်ပေးနိုင်ပါလိမ့်မယ်။သွေးတွင်းအောက်ဆီဂျင် တအားနည်းတဲ့အခါခန္ဓာကိုယ်က ဆဲလ်တွေ၊တစ်ရှူးတွေနဲ့အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပေးပို့ဖို့ ခက်ခဲနေတဲ့ အနေအထားပါ။အမြန်ဆုံးကုသမှု ခံယူဖို့ လိုပါမယ်။သွေးတွင်းအောက်ဆီဂျင်ကို အထိရောက်ဆုံး တိုင်းတာနိုင်တဲ့ နည်းကတော့ ABG test ပါ။ ဒီစစ်ဆေးမှု လုပ်ဖို့အတွက်သွေးလွှတ်ကြောထဲကနေသွေးနမူနာကို ရယူရပါမယ်။ အထူးသဖြင့်တော့ လက်ကောက်ဝတ်က သွေးနမူနာကို ရယူတာပါ။ ဒီနည်းက တိကျပေမယ့် အနည်းငယ်နာကျင်နိုင်ပါတယ်။နေအိမ်မှာ လုပ်​ဆောင်ဖို့လည်း ခက်ခဲပါတယ်။ ဒီတော့ နေအိမ်မှာ အလွယ်ဆုံးတိုင်းတာနိုင်တဲ့နည်းက ဘာလဲဆိုရင် သေးငယ်တဲ့ ကိရိယာလေးဖြစ်တဲ့ pulse oximeter နဲ့ တိုင်းတဲ့နည်းလမ်းပါ။ဒီ pulse oximeter ကသေးငယ်ပြီး ညှပ်ကလေးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ စက်ကလေးထဲကိုလက်ညှိုးကိုထည့်ပြီး တိုင်းရတာပါ။နားရွက်၊ခြေချောင်းစတာတွေကိုညှပ်ပြီး တိုင်းတာလို့လည်း ရပါတယ်။ လူရဲ့နှလုံးခုန်နှုန်းကနေတဆင့် သွေးတွင်းအောက်ဆီဂျင်ကို တိုင်းတာတာပါ။ဒီနည်းက တိုင်းရတာလွယ်တယ်၊ နာကျင်မှု မရှိဘူးဆိုပေမယ့် ABG test လောက်တော့ တိကျမှု မရှိပါဘူး။ လက်ချောင်းတွေက ညစ်ပေနေမယ်၊ အလင်းရောင်စူးလွန်းနေမယ်၊ လက်သည်းနီဆိုးထားမယ်၊သွေးလှည့်ပတ်မှု သိပ်မကောင်းတဲ့ အခြေအနေဖြစ်နေမယ်၊ စတဲ့ အချက်တွေကြောင့် သွေးတွင်းအောက်ဆီဂျင်ပမာဏ မှားယွင်းတာမျိုး ဖြစ်နိုင်ပါတယ်။သွေးတွင်းအောက်ဆီဂျင် ကျနေမယ်ဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်မှာ သွေးတွင်းအောက်ဆီဂျင် ပမာဏ မတူနိုင်သလို သွေးတွင်းအောက်ဆီဂျင် ကျရတဲ့ အကြောင်းအရင်းကလည်းလေထုညစ်ညမ်းမှုကြောင့် အောက်ဆီဂျင် နည်းတာကနေစလို့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့COVID_19လို ရောဂါမျိုးအထိ ဖြစ်နိုင်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/normal-and-low-blood-oxygen-levels/
အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက် (Age spot) ဖြစ်ခြင်းကို ကာကွယ်ပေးသော အစားအသောက်များ
Age spot ဆိုတာ နေလောင်များရင်၊ အသက်အရွယ် ရလာရင်ပေါ်လာတတ်ပြီး အသည်းထိခိုက်မှုရှိလျှင်လည်း ပေါ်တတ်တဲ့ အရေပြားပေါ်က အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် အမည်းရောင် အစက်အပြောက်တွေဖြစ်တယ်။ မျက်နှာ၊ လက်၊ ပုခုံးနဲ့ လက်မောင်းများကဲ့သို့ နေလောင်ခံများသော အရေပြားပေါ်မှာ ပေါ်လေ့ရှိတယ်။ အရွယ်အစား အမျိုးမျိုးရှိပြီး အရေပြားကင်ဆာနဲ့ ဆက်နွယ်ခြင်းမရှိပါဘူး။ အသက် ၅၀ နောက်ပိုင်းမှာ ပေါ်ပေါက်လေ့ရှိပြီး အသက်ငယ်သူတွေမှာတော့ နေရောင်အထိ များသောလူများမှာ ပေါ်လေ့ရှိတယ်။ ဒါပေမယ့် ထိုအစက်တွေဟာ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။တူနာငါး။တူနာငါးဟာ niacin ၊ pyridoxine ၊ မဂ္ဂနီဆီယမ် ၊ ပိုတက်ဆီယမ် နဲ့ ဆယ်လီနီယမ် စသည့် အာဟာရဓါတ်တွေ ကြွယ်ဝသော စားစရာတစ်မျိုးဖြစ်တယ်။ နေရောင်ကြောင့်ဖြစ်တဲ့ အမည်းစက်တွေနဲ့ အရေပြားထိခိုက်မှုတွေကို ကာကွယ်ပြုပြင်နိုင်စွမ်းရှိပါတယ်။ဓါတ်တိုးဆန့်ကျင်သော အစားအသောက်များ။အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက် တွေဟာ ဓါတ်တိုးပစ္စည်းတွေ အရေပြားကို တိုက်ခိုက်တာကြောင့် ဖြစ်လာရခြင်းလည်းဖြစ်တယ်။ ဒါကြောင့် ပဲ၊ အသီးမှည့်များကဲ့သို့ ဓါတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝသော အစားအစာတွေဟာ ခန္ဓါကိုယ်ကိုထိခိုက်စေတဲ့ ဓါတ်တိုးပစ္စည်း တွေကို ချေဖျက်ပေးနိုင်စွမ်းရှိတယ်။ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ၊ ဆယ်လီနီယမ်၊ ခရိုမီယမ်၊ ဇင့်၊ ကယ်လ်စီယမ် နဲ့ glutathione တို့ဟာ အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက်များကို ထာဝရ ကင်းစင်စေပြီး အသက်အရွယ် အိုမင်းရင့်ရော်မှုကို လျှော့ချ နှေးကွေးပေးစေနိုင်မယ့် ဗီတာမင်တွေနဲ့ သတ္ထုဓါတ်တချို့ဖြစ်ပါတယ်။ဆေးဝါးထက် ထိုဓါတ်များပါဝင်သော အစားအစာများက အများကြီး ပိုကောင်းပါတယ်။ ဆေးများကို ဆရာဝန်ညွှန်မှသာ သောက်သင့်ပါတယ်။လိမေ္မာ်သီး။ဗီတာမင် စီကြွယ်ဝသော လိမ္မော်သီးတွေဟာ ဆဲလ်တွေကိုပျက်စီးစေပြီး အသက်အရွယ်ကြီး၍ပေါ်လာသော အစက်အပြောက် တွေကို ပိုဆိုးစေတဲ့ ဓါတ်တိုးပစ္စည်း တွေကိုတိုက်ထုတ် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီဟာ တစ်ရှူး ပြုပြင်မှုတွေ အတွက်လိုအပ်ပြီး အရေပြားကင်ဆာကိုလည်း ကာကွယ်ပေး နိုင်စွမ်းရှိပါတယ်။ဟင်းသီးဟင်းရွက်အစိမ်း။ဟင်းသီးဟင်းရွက်တွေဟာ အာဟာရဓါတ်တွေ၊ အထူးသဖြင့် အသားအရေအတွက်လိုအပ်တဲ့ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ဘီအုပ်စု ကြွယ်ဝစွာပါတဲ့အပြင် အသီးအရွက်အစိမ်းဟာ ခန္ဓါကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှား ပေးနိုင်စွမ်း လည်း ရှိပါတယ်။သံဓါတ်ထိန်းညှိခြင်း။ဗီတာမင်တွေ၊ တခြားအားဖြည့်ဆေးတွေနဲ့ အသင့်စားစရာတွေဟာ သံဓါတ်များလေ့ရှိပါတယ်။ ခန္ဓါကိုယ်ထဲမှာ သံဓါတ်များလွန်းသောသူများသည် အစာနဲ့အတူ ကော်ဖီသောက်ခြင်းသည် အူသိမ်မှ သံဓါတ်စုပ်ယူမှုကို လျော့နည်းစေပါလိမ့်မယ်။ ဒါ့အပြင် ကော့ပါး(ကြေးနီ)ဓါတ်များသော အစားအစာများကလည်း သံဓါတ် လျော့ကျစေပါတယ်။ အသည်း၊ ချောကလက် အမည်း၊ အခွံမာ ရေသတ္တဝါတွေမှာ ကော့ပါးဓါတ် ကြွယ်ဝပါတယ်။အရက် ရှောင်ပါ။အရက်အလွန်အကျွံ သောက်ခြင်းဟာ အသည်း ထိခိုက်စေပြီး အရေပြားမှာ အစက်အပျောက်တွေ ပေါ်စေပါတယ်။ ဒါကြောင့် အစက်အပြောက်များ ရှိနေပြီးသောသူများမှာ အရက်သာမက ဝိုင်နီတောင်မှ မသောက်သင့်ပါဘူး။ ကဖင်း၊ အချိုဓါတ်နဲ့ ဆီကြော်များ၊ အဆီများသော အစားအစာများကိုလည်း ရှောင်သင့်ပါတယ်။စားသောက်မှုပုံစံက အစက်အပြောက်များ သက်သာဖို့အတွက် အထောက်အကူ ကောင်းကောင်းပြုသော်လည်း ဆေးကုသမှုအတွက် အစားထိုးမဟုတ်တာကြောင့် စားသောက်မှုစနစ်မပြောင်းမီ ထိုအစက်အပြောက်များကို ဆရာဝန်နှင့် ပြသကုသသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%81%8d-%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%9c%e1%80%ac%e1%80%9e%e1%80%b1/
ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား
ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား ဆိုတာက နည်းနည်းလောက် ဆွေးနွေးကြည့်ရအောင်လား!။“အမျိုးသမီးတယောက်က ကလေးမွေးခါနီးအထိ ကိုယ်ဝန်ရှိနေတာကို မသိဘူး” “ဟိုကောင်မလေးပေါ့ ဗိုက်ထဲက ကလေးကတိုးထွက်လာတော့မှ ကိုယ်ဝန်ရှိမှန်းသိတာ” စသဖြင့်ပြောကြတာကို ကြားဖူးကောင်းကြားဖူးကြပါလိမ့်မယ်။ ဒီလိုကြားမိတဲ့အခါ သင်တွေးပါလိမ့်မယ်။ ကိုယ့်ဗိုက်ထဲမှာ ကလေးတယောက်လုံးရှိနေတာကို မသိဖူးဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့။ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား ဆိုတော့ ဒါဟာ တကယ်ပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုကိုယ်ဝန်ကို ငြင်းဆန်ခြင်းလို့ ခေါ်ပါတယ်။ ဘယ်လို အနေအထားမျိုးတွေမှာ ဒီကိစ္စမျိုးဖြစ်လာနိုင်သလဲ ဆက်ကြည့်ရအောင်။ကိုယ်ဝန်ရှိလာမှာကို ကြောက်နေတာ၊စိတ်ဖိစီးမှုတွေ အရမ်းများတာမျိုး ဖြစ်နေနိုင်ပါတယ်။ ကလေးရလာမှာ၊အမေတယောက်ဖြစ်ရမှာကို ကြောက်နေမယ်ဆိုရင် သင်ကြောက်နေတဲ့ အရာတွေကို သင့်ခန္ဓါကိုယ်နဲ့ မသိစိတ်က ငြင်းဆန်တာ ဒါသဘာဝပါ။ သင့်ခန္ဓါကိုယ်ရဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုပြီး ဒါကိုယ်ဝန် မဟုတ်နိုင်ပါဖူးလေ ဆိုပြီး တွေးမိနေပါလိမ့်မယ်။ တချို့အမျိုးသမီးတွေမှာကျတော့ (အိမ်ထောင်မရှိသူတွေ) ကိုယ်ဝန်ရှိလာရင် သူတို့မှာလိင်မှုကိစ္စရှိနေတာကို လူတွေသိသွားမှာ ဒါမှမဟုတ် လူမှုရေးဖောက်ပြန်တဲ့ အိမ်ထောင်သည်တွေမှာဆိုလည်း ဇာတ်ရှုပ်တွေ ပေါ်သွားမှာစိုးတဲ့အတွက် ကိုယ်ဝန်ကို မလိုချင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားတွေပါ။ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ကိုယ်အလေးချိန်တက်လာတာ ဒါမှမဟုတ် မူးဝေအော့အန်တာစတာတွေ မရှိရင်လည်း ကိုယ်ဝန်ရှိတာကို မသိဖြစ်နိုင်ပါတယ်။ တချို့အမျိုးသမီးတွေမှာကျပြန်တော့ ဒီလက္ခဏာတွေ ရှိသော်ငြား သိသာလောက်အောင် မဟုတ်တဲ့အတွက် သူတို့မှာကိုယ်ဝန်လွယ်ထားရတယ်လို့ မထင်တတ်ကြပြန်ပါဘူး။သင်ဟာနဂိုထဲကအဝလွန်သူဒါမှမဟုတ် မကြာခဏ ကိုယ်အလေးချိန်တက်လိုက်ကျလိုက်ဖြစ်လေ့ရှိသူဆိုရင် ဒီလိုကိုယ်အလေးချိန်တက်လာတာဟာ ကိုယ်ဝန်ရှိနေတာကြောင့်လို့ သင်တွေးမိမှာ မဟုတ်ပါဘူး။ ပျို့အန်တာမျိုးရှိရင်လည်း အစားမှားတာကြောင့်လို့ပဲ ထင်မိမှာပါ။စိတ်ဖိစီးမှုတွေ၊တားဆေးတွေ၊အစားအသောက်ပြဿနာတွေ၊ဆီးချိုရှိတာ ဒါမှမဟုတ် အဝလွန်တာတွေကြောင့် ဓမ္မတာမမှန်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဓမ္မတာမမှန်ခြင်းဟာ ကိုယ်ဝန်ရှိခြင်းရဲ့ ကနဦး လက္ခဏာဖြစ်ပေမယ့် သင့်အနေနဲ့ ပုံမှန်ပဲထင်ပြီး ကိုယ်ဝန်ရှိတာကို မသိလိုက်တာမျိုး ဖြစ်နေနိုင်ပါတယ်။တကယ်လို့သင့်မှာ ကိုယ်ဝန်ရှိတာ သင်ကိုယ်တိုင်မသိဖူးဆိုရင် (ပုံမှန်အတိုင်းမွေးဖွားသွားနိုင်သော်ငြား၊မိခင်ရောကလေးပါ ကျန်းကျန်းမာမာရှိနေနိုင်သော်ငြား) အန္တရာယ်တွေကတော့ ရှိနေပါတယ်။ငြင်းဆန်ချင်တဲ့ကိုယ်ဝန်ရှိနေပြီဆိုရင်သိနိုင်ဖို့ နည်းနည်းခက်ကောင်းခက်ပါလိမ့်မယ်။ ကိုယ်ဝန်ရှိနေတာ မသိဘဲ တခြားနေထိုင်မကောင်းတာရှိလို့ ဆေးခန်းသွားပြတာမျိုးလည်း ရှိချင်ရှိမယ်။ပျို့အန်မအီမသာဖြစ်တာ၊ ကိုယ်အလေးချိန် တက်လာတာ၊အရမ်းပင်ပန်းနွမ်းနယ်နေတာ၊ရင်သားကြီးလာတာ ဒါမှမဟုတ် တချို့အစားအသောက်တွေကို မစားနိုင်တော့တာ၊အနံ့မခံနိုင်တော့တာမျိုးတွေကို သတိထားသင့်ပါတယ်။သင့်မှာကိုယ်ဝန်ရှိနေပေမယ့် သင်ကိုယ်တိုင် သတိမထားမိတာ၊မသိတာမျိုးကို ကိုယ်ဝန်ငြင်းဆန်ခြင်း ဒါမှမဟုတ် ငြင်းဆန်ချင်တဲ့ ကိုယ်ဝန်လို့ ခေါ်ပြီး ဒီအခြေအနေဟာ သင့်အနေနဲ့ ကိုယ်ဝန်ကို မလိုချင်တာ ဒါမှမဟုတ် ကိုယ်ဝန်ရဲ့ လက္ခဏာတွေကို သတိမထားမိတတွေကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင့်ကိုရော သင့်ကလေးကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတွေ အများကြီး ဆက်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်က အပြောင်းအလဲတွေကို သတိထားဖို့လိုတဲ့အပြင် ကျန်းမာရေးစစ်ဆေးမှုကိုလည်း ပုံမှန်လုပ်ဖို့ လိုအပ်လှပါကြောင်း။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/can-you-be-pregnant-and-not-know/
အမြွှာကိုယ်ဝန်ဆောင်တယ်ဆိုတာဘာလဲ
အမြွှာကိုယ်ဝန်ဆောင်ခြင်း ဆိုတာဘာလဲ။ သူဟာ ကလေးနဲ့ မိခင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသလား။ ဒီဆောင်းပါးမှာတော့ အထက်ဖေါ်ပြပါ အချက်တွေကို ရှင်းလင်းဖေါ်ပြမှာ ဖြစ်ပြီး အမြွှာကိုယ်ဝန်ဆောင်ခြင်းရဲ့ လက္ခဏာတွေကို ဖေါ်ပြမှာ ဖြစ်ပါတယ်။အမြွှာကိုယ်ဝန်ဆောင်ခြင်းဆိုတာ သင့်မှာ ကလေးနှစ်ယောက်နဲ့အထက် ကိုယ်ဝန်ဆောင်ခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ သင့်ဝမ်းဗိုက်ထဲမှာရှိတဲ့ ကလေးအရေအတွက်ပေါ်မူတည်ပြီး အမြွှာကိုယ်ဝန်ဆောင်ခြင်း အမျိုးမျိုးရှိပါတယ်။• ကလေးနှစ်ယောက် – အမြွှာ။• ၃ ယောက် – ၃ မြွှာပူး။• ၄ ယောက် – ၄ မြွှာပူး။• ၅ ယောက် – ၅ မြွှာပူး။• ၆ ယောက် – ၆ မြွှာပူး။• ၇ ယောက် – ၇ မြွှာပူး။• အချိန်မတန်ပဲ ကလေးမွေးခြင်း – သင်ဟာ ဗိုက်ထဲမှာ ကလေးတစ်ယောက်မက ရှိနေပြီဆိုရင် အချိန်မတန်မီ စောမွေးနိုင်ပါတယ်။ အချိန်မတန်ပဲ စောမွေးတဲ့ ကလေးတွေဟာ သူတို့ ကိုယ်ခန္ဓါ အပြည့်အဝဖွံ့ဖြိုးမှု မရှိခင်မှာ မွေးလာကြတာဖြစ်ပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေကတော့ ကလေး ကိုယ်အလေးချိန်နည်းခြင်း၊ အရွယ်သေးခြင်းနဲ့ အသက်ရှူဖို့၊ စားဖို့၊ ရောဂါပိုးတိုက်ထုတ်ဖို့နဲ့ နွေးထွေးအောင်နေဖို့တွေမှာ အကူအညီလိုအပ်ခြင်းတွေ ဖြစ်ပါတယ်။ ၂၈ ပတ်မတိုင်ခင် စောမွေးတဲ့သူတွေမှာ အထက်ဖေါ်ပြပါ အချက်တွေဟာ အလွန်အဖြစ်များပါတယ်။• ကိုယ်ဝန်ဆောင်ခြင်းကြောင့် ဖြစ်ပွားသော သွေးတိုးခြင်း။ကလေးတစ်ယောက်ထက်ပိုပြီး ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေဟာ ပုံမှန် မိခင်တွေထက် ကိုယ်ဝန်ဆောင်ချိန်မှာ သုံးဆ ပိုမိုသွေးတိုးနိုင်ခြေ ရှိပါတယ်။• သွေးအားနည်းခြင်း – အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေဟာ ပုံမှန်မိခင်တွေထက် နှစ်ဆ ပိုမို သွေးအားနည်းနိုင်ပါတယ်။• ကလေးချို့ယွင်းမှုများ – အမြွှာကိုယ်ဝန်ဆောင်ခြင်းကြောင့် မွေးလာတဲ့ကလေးတွေမှာ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်တဲ့ neural tube defects, spina bifida၊ အစာချေလမ်းကြောင်းနဲ့ နှလုံးရောဂါတွေ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။• ကိုယ်ဝန်ပျက်ကျခြင်း – ပထမ သုံးလမှာ အမျိုးသမီးတစ်ယောက်ဟာ အမြွှာကိုယ်ဝန်ဆောင်ထားတယ်ဆိုရင် vanishing twin syndrome လို့ ခေါ်တဲ့ အခြေအနေတစ်ခုကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေကတော့ ကလေးတစ်ယောက်ထက်ပိုရှိခဲ့ရင် ပျက်ကျနိုင်တာကို ဆိုလိုပါတယ်။• Twin to twin transfusion syndrome (အမြွာသန္ဓေသားမှာသွေးစီးဆင်းမှုမမျှတမှုရောဂါလက္ခဏာစု)။• ပုံမှန်ပမာဏ မဟုတ်တဲ့ ရေမြွှာ။• ခွဲမွေးခြင်း – ပုံမှန်မဟုတ်တဲ့ ပုံစံရှိနေတဲ့ ကလေးတစ်ယောက်ဆိုရင် ခွဲမွေးရနိုင်ခြေ ရှိပါတယ်။• မွေးပြီးသွေးဆင်းခြင်း – ကလေးမွေးအပြီးမှာ အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ဟာ သွေးဆင်းနိုင်ပါတယ်။ အချင်းက ကြီးမားပြီး သားအိမ်က လိုအပ်တာထက် ပိုမို ဆန့်ထုတ်ရလို့ပဲ ဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ ကိုယ်ခန္ဓါဟာ ကွဲပြားခြားနားတာကြောင့် အမြွှာကိုယ်ဝန်ဆောင်ခြင်းဟာလည်း အောက်ပါ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။• သားအိမ်က မျှော်လင့်ထားတာထက် ပိုမိုကြီးမားလာနိုင်ပါတယ်။• ကိုယ်ဝန်ရှိလို့ မနက်မှာ အန်ခြင်းတွေ ပိုမိုဖြစ်နိုင်ပါတယ်။• အစာစားချင်စိတ် ပိုများနိုင်ပါတယ်။• ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်စစဆောင်ချင်း လတွေမှာ ပိုတက်လာနိုင်ပါတယ်။• ဝမ်းဗိုက်ရဲ့တစ်ချိန်တည်းမှာ မတူညီတဲ့ အစိတ်အပိုင်းတွေ လှုပ်တာကိုလည်း ခံစားရနိုင်ပါတယ်။တစ်ခါတည်းနဲ့ ကလေးတစ်ယောက်ထက် ပိုရခြင်းဟာ ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း အမြွှာကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်ရောကလေးတွေကို ပါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ သင့်မှာ အမြွှာကိုယ်ဝန်ရှိတယ်လို့ ထင်ခဲ့ရင် ဆရာဝန် (သို့) ကျန်းမာရေး စောင့်ရှောက်သူကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%a1%e1%80%99%e1%80%bd%e1%80%be%e1%80%ac%e1%80%95%e1%80%b0%e1%80%b8-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90/
ဆီးချိုနဲ့ HbA1c အကြောင်းသိကောင်းစရာ
HbA1c ဆိုတာက ဆီးချိုရောဂါနဲ့ဆက်စပ်နေတဲ့ စကားရပ်တစ်ခုဖြစ်ပါတယ်။ HbA1c ဆိုတာက glycated haemoglobin ကိုဆိုလိုတာပါ။ ခန္ဓါကိုယ်တလျှောက်ကအောက်ဆီဂျင်တွေကိုသယ်ဆောင်ပေးနေတဲ့ သွေးနီဥဆဲလ်ထဲက ပရိုတင်းတစ်မျိုးဖြစ်တဲ့ဟီမိုဂလိုဘင်ကသွေးထဲက ဂလူးကို့စ်နဲ့ပေါင်းစည်းပြီး ‘glycated’ ဖြစ်သွားတဲ့အခါ HbA1c ဖြစ်ပေါ်လာပါတယ်။Glycated haemoglobin (HbA1c) က ဆရာဝန်တွေကို ရက်သတ္တပတ်အပိုင်းအခြားနဲ့လအပိုင်းအခြားကာလတွေ အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ပျမ်းမျှသွေးတွင်းသကြားဓါတ်ကိုတိုင်းတာသိရှိစေနိုင်မှာဖြစ်ပါတယ်။ ဆီးချိုရောဂါသည် တွေမှာ HbA1c ပမာဏများလေလေ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေ များလေလေပဲဖြစ်ပါတယ်။အစားအသောက်ကိုမှန်ကန်စွာရွေးချယ်စားသုံးမှုက ဆီးချိုရောဂါကိုထိန်းညှိရာမှာအထောက်အကူပြုနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်ကိုတိုင်းတာမှုက အစားအသောက်တွေကသွေးတွင်းသကြားဓါတ်အပေါ်မှာဘယ်လိုသက်ရောက်လဲဆိုတာကို သုံးသပ်ရာမှာ အထောက်အကူပြုပါတယ်။ဘယ်အစားအသောက်တွေက ခန္ဓါကိုယ်ရဲ့သွေးချိုကိုတအားမြင့်တက်မသွားစေဘူးလဲဆိုတာကိုလည်း စတင် လေ့လာမှတ်သားနိုင်မှာဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းတဲ့အစားအသောက်တွေက အမျိုးအစား-၂ ဆီးချိုရောဂါခံစားနေရသူတွေမှာ ထိရောက်မှုရှိပြီး သွေးတွင်းသကြားဓါတ်ပမာဏကိုတိုးတက်စေသလို ဆေးဝါးတွေအပေါ်မှာမှီခိုနေရမှုကို လျှော့ချပေးပါ။အမျိုးအစား- ၂ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီးပရိုတင်းနဲ့ခန္ဓါကိုယ် အတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်တဲ့ဖြည့်စွက်စာကိုစားသုံးပေးခြင်းက ဆီးချိုရောဂါ ကိုထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ဆီးချိုဝေဒနာခံစားနေရသူတွေအနေနဲ့ အနည်းဆုံး တစ်နှစ်တစ်ကြိမ်လောက်တော့ HbA1c ကိုစစ်ဆေးပေးသင့်ပါ တယ်။အချို့တွေဆိုရင်မကြာခဏဆိုသလို HbA1c ကိုစစ်ဆေးကြပါတယ်။ HbA1c ပမာဏတစ်ရပ်တည်းကိုကြည့်ပြီး ဆီးချိုရောဂါရဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရနိုင်သလားဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ နောက်ဆက်တွဲ ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျအောင်ထိန်းချုပ်မှုကောင်းကောင်းလုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။HbA1c စမ်းသပ်မှုကို ၃ လတစ်ကြိမ်ဖြစ်ဖြစ်၊၆လတစ်ကြိမ်ဖြစ်ဖြစ် ၁၂ လတစ်ကြိမ်ဖြစ်ဖြစ် လုပ်ဆောင်ပေးရမှာဖြစ် ပါတယ်။ စစ်ဆးမှုရလဒ်က သွေးတွင်းသကြားဓါတ်ကို ၂ ကနေ၃လတာကာလအတွင်းဘယ်လောက်ထိ ကောင်းကောင်းထိန်းချုပ်လိုက်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်မှုကောင်းကောင်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်ဆေးမှုရလဒ်က မိမိအနေနဲ့ဆီးချိုရောဂါကိုထိန်းသိမ်းရာမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေလား ဒါမှမဟုတ် မှန်ကန်တဲ့လမ်းကြောင်းနဲ့ဘယ်လောက်ထိနီးစပ်နေပြီလဲဆိုတာကိုသိမြင်နိုင်စေမှာဖြစ် ပါတယ်။သွေးအားနည်းရောဂါလိုမျိုး ဟီမိုဂလိုဘင်အပေါ်သက်ရောက်မှုရှိနေတဲ့ရောဂါတွေခံစားနေရသူတွေမှာ HbA1c စစ်ဆေးမှုရလဒ်တွေကမမှန်ကန်နိုင်ပါဘူး။ ဗီတာမင် စီနဲ့ဗီတာမင် အီးဖြည့်စွက်ဆေးတွေ၊နဲ့သွေးတွင်း ကိုလက်စထေရောပမာဏမြင့်တက်နေတာတွေကလည်း HbA1c စစ်ဆေးမှုရလဒ်အပေါ်မှာသက်ရောက်မှုရှိနိုင် သလို ကျောက်ကပ်နဲ့အသည်းတွေကလည်း HbA1c စစ်ဆေးမှုရလဒ်အပေါ်မှာသက်ရောက်မှုရှိပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%94%e1%80%b2%e1%82%94-hba1c-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad%e1%80%b1/
ကလေးဘဝကလို အိပ်မက်ဆိုးတွေ မက်နေတုန်းလား
လူကြီးတွေမှာ မက်တဲ့အိပ်မက်ဆိုးတွေဟာ နောက်ခံအကြောင်းရင်းတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေကြောင့် အများကြီးသက်ဆိုင်နေတတ်ပါတယ်။တချို့က ညစာစားတာနောက်ကျပြီးနောက် အိပ်မက်ဆိုးတွေမက်တတ်တယ်။ ဘာလို့ဆို ဒီလိုစားပြီးရင်ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ပိုလှုပ်ရှားဖို့ ဦးနှောက်ကိုသတင်းပို့စေလို့ပါပဲ။သောက်သုံးလိုက်တဲ့ ဆေးဝါးတချို့ကြောင့်လည်း အိပ်မက်ဆိုးတွေမကြာခဏမက်စေတတ်တယ်။ စိတ်ကျရောဂါ သောက်ဆေးတွေလိုမျိုး ဦးနှောက်ကို သက်ရောက်မှုဖြစ်စေတဲ့ဆေးဝါးတွေနဲ့ ဆက်နွှယ်နေတ်ပါတယ်။ သွေးကျဆေးလို တခြားဆေးတွေကလည်း ပတ်သက်မှုရှိနိုင်တယ်လို့ သိရပါတယ်။အိပ်မက်ဆိုးဆိုတာက မကောင်းတဲ့အိပ်မက်ဆိုတာထက် အများကြီးပိုပါတယ်။ ဆိုလိုတာက ဥပမာ ကံမကောင်းတဲ့ အိပ်မက်( ကိုယ့်ဖုန်းလေးပျက်သွားတာတို့၊ ပိုက်ဆံပျောက်တာတို့၊ အလုပ်မှာအဆူခံရတာတို့)က တော်သေးတယ်၊ အိပ်မက်ဆိုးကျတော့ လိုက်သတ်ခံရတာတို့၊ သရဲလိုက်ခံရတာတို့၊ အမြင့်က ပြုတ်ကျတာတို့၊ ကိုယ်ချစ်ခင်ရသူတွေသေဆုံးတာတို့ အထိတ်တလန့်၊ ရင်မောရ၊ ပင်ပန်းရတဲ့ အိပ်မက်မျိုးပါ။ အိပ်မက်ဆိုးတွေကို မက်လေ့ရှိတဲ့သူတွေဟာ စိတ်ညစ်ပင်ပန်းရတဲ့အပြင် နောက်ပိုင်းမှာ မထိန်းနိုင်ရင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်တာ၊ စိတ်ရှုပ်ထွေးတာ၊ အာရုံစိုက်မရတာ စတဲ့နောက်ဆက်တွဲတွေကြောင့် ကျောင်းနဲ့ အလုပ်ခွင်လိုနေရာတွေမှာလည်း သက်ရောက်မှုရှိနိုင်တယ်။အိပ်မက်တွေနဲ့ ပတ်လည်ရိုက်နေပြီး အိပ်ရေးပျက်ရတာကြာလာရင်လည်း နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ အဝလွန်ခြင်းတို့လို ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/why-you-still-dreaming-nightmares/
ကလေးတွေမှာ ထိခိုက်ရှနာ ဘယ်လိုအရေးပေါ်ဂရုစိုက်မလဲ
သွေးတိတ်အောင်လုပ်ပါ။ဆေးထည့်ပါ။တကယ်လို့ –။ညစ်ပေတဲ့အရာဝတ္ထုတွေကြောင့် စူးမိတာ၊ပြတ်ရှတာတွေအတွက်ဆို ဆရာဝန်ကမေးခိုင်ကာကွယ်ဆေးထိုးခိုင်းနိုင်ပါတယ်။နောက်ပိုင်းမှာ အနာတဝိုက် နီမြန်းနေတာ၊ ပြည်တည်နေတာ၊ ရောင်ရမ်းနေတာလိုမျိုး လက္ခဏာတစ်ခုခုတွေ့ရရင် ဒါမှမဟုတ် အနာကိုထိလိုက်တဲ့အခါ ပူနေရင်အနာက ပိုးဝင်နေတာဖြစ်နိုင်လို့ အမြန်ကုသမှုခံယူသင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%99%e1%80%bd%e1%80%ac-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%9b%e1%80%bd%e1%80%94%e1%80%ac-%e1%80%98/
သွေးတွင်း အောက်ဆီဂျင် မကျစေဖို့
သွေးတွင်း အောက်ဆီဂျင် ပမာဏကျဆင်းတာက အခန့်မသင့်ရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ နာတာရှည် အဆုတ် ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ၊ပန်းနာရင်ကျပ် ရောဂါ၊ သွေးအားနည်းတာလိုမျိုး ရောဂါတွေ ခံစားနေရသူတွေက သွေးတွင်း အောက်ဆီဂျင် နည်းတာကို ခံစားရပြီး အသက်ရှူရခက်နေတတ်ကြပါတယ်။ဒီပြဿနာကို ဖြေရှင်းနိုင်စေဖို့အတွက် ဘယ်လိုနေထိုင်မှုပုံစံလေး မွေးမြူရမလဲဆိုတာကို ပြောပြပေးပါရစေ။သွေးတွင်း အောက်ဆီဂျင် နည်းတတ်လို့အသက်ရှူရခက်နေမယ်ဆိုရင် တစ်နေ့တာကို အခုလို ပြောင်းလဲ လိုက်ပါ။လတ်ဆတ်တဲ့လေတွေက အိမ်ထဲမှာ အောက်ဆီဂျင် တိုးစေသလို  အသက်ရှူတဲ့အခါ အောက်ဆီဂျင် များများ ရရှိစေပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေနိုင်ပါတယ်။ဒါကြောင့် အိမ်ထဲမှာ လေဝင်လေထွက် ကောင်းစေဖို့ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ လေထုက ညစ်ညမ်းနေမယ်ဆိုရင်တော့ လေသန့်စက်လေး တပ်ဆင်ဖို့ အကြံပြု ပါရစေ။အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်လုပ်ပါတယ်။ ဒီတော့ နေအိမ်ပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ထားတာက လေထုကို သန့်စင်စေပြီး အောက်ဆီဂျင် ပမာဏလည်း များများ ရစေမှာပါ။လေ့ကျင့်ခန်း လုပ်တာ၊ ကိုယ်လက်လှုပ်ရှားတာက အသက်ရှူ လမ်းကြောင်းကို ကျန်းမာစေပြီး အသက်ရှူတဲ့ နှုန်း တိုးစေသလို အသက်ကို ဝဝရှူမိတာကြောင့်အဆုတ်ထဲ အောက်ဆီဂျင် ရောက်ရှိမှုတိုးစေပါတယ်။ရေကလည်း ကိုယ်တွင်းမှာ အောက်ဆီဂျင် ပမာဏ တိုးစေပါတယ်။ ဒါကြောင့် သွေးတွင်း အောက်ဆီဂျင်ပမာဏ တက်စေဖို့ဆိုရင် ရေများများသောက်ပါ။ ကဲ..အခုပဲ ရေသောက်လိုက်နော်။လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာကလည်း သွေးတွင်း အောက်ဆီဂျင် ပမာဏကို တိုးစေနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝသလို ကိုယ်တွင်း အောက်ဆီဂျင်ပမာဏကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ကိုက်လန်၊ တရုတ်နံနံ၊ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အစိမ်းရောင်ရင့်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။တရားထိုင်တာက ဝင်လေထွက်လေကို သေချာရှူရှိုက်မိစေတဲ့အတွက် အဆုတ်ထဲကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပါတယ်။စိတ်ဖိစီးမှုကို ပြေလျော့စေသလို သွေးတွင်း အောက်ဆီဂျင် ပမာဏကိုလည်း တိုးစေနိုင်ပါတယ်။တစ်နေ့တာကို ပုံမှန် ၁၅ မိနစ်လောက် တရားထိုင်ပါ။သံဓာတ်ပြည့်ဝတာကလည်း သွေးတွင်း အောက်ဆီဂျင်ပမဏကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သံဓာတ် ပြည့်ဝစေဖို့အတွက် အသား၊ ငါး၊ ကြက်သား၊ ပဲ၊အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေစားပေးပါ။ဆား အစားများတာက သွေးတိုးတာ၊ ကျောက်ကပ် ထိခိုက်တာအပြင် သွေးတွင်း အောက်ဆီဂျင်ပမာဏကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆားကို အလွန်အကျွံ မစားပါနဲ့။ကဲ…တစ်နေ့တာကို ဒီလို ပြောင်းလဲလိုက်တော့နော်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/ways-to-increase-oxygen-levels/
ကိုဗစ်ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ မျက်စိနာခြင်း
ကိုဗစ်ရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။ဒါပေမယ့် ကိုဗစ်ဖြစ်လာပြီဆိုရင် ဒီလက္ခဏာတွေအပြင်။အပြင်းထန်ဆုံး လက္ခဏာ အနေနဲ့ကတော့။မျက်စိနာပြီဆိုတာနဲ့ ကိုဗစ်ဖြစ်နေပြီလို့တော့ မဆိုသာပါဘူး။ မျက်စိနာရတဲ့ အကြောင်းအရင်းက ကိုဗစ်ဗိုင်းရပ်စ်ကြောင့်အပြင် အခြားသော ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယား၊ ဓာတုပစ္စည်းတွေ နဲ့ဓာတ်မတည့်မှုတွေကြောင့်လည်း မျက်စိနာနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/is-pink-eye-a-symptom-of-covid-19/
အိပ်မပျော်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန် (၇) ချက်
အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး သိထားကြတဲ့အရာတွေက အများကြီးရယ်။ ဥပမာ ညကျ အိပ်မပျော်မှာ စိုးလို့လက်ဖက်မစားရဲဘူး၊ လက်ဖက်ရည်မသောက်ရဲဘူး ဆိုတာမျိုး။ ဒီအသိတွေထဲက ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာသေချာသိရဖို့ အတူအဖြေထုတ်ကြည့်ရအောင်နော်။မှားပါတယ်။ အိပ်ခါနီးမှာဆေးဖြစ်ဝါးဖြစ် သို့မဟုတ်မှောက်အောင်သောက်လိုက်ရင် မူးပြီးအိပ်ပျော်သွားလိမ့်မယ်လို့တွေးထားတာလား။ပြန်စဉ်းစားကြည့်ပါဦး။ မူးရင် ထိုးအိပ်သွားတာကြောင့် ဒီလိုတွေးကြတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောက ခန္ဓါကိုယ်ထဲရောက်သွားတာနဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တယ်၊ အိပ်ရင်း လူးလှိမ့်နေတာမျိုးဖြစ်နေနိုင်တယ်၊ညလယ်ကြီး နိုးလာပြီး မျက်စိကြောင်နေနိုင်တယ်။ ဒါ့အပြင်နောက်နေ့အိပ်ရာထရင်ခေါင်းမကြည်ဘဲ အိပ်ရေးမဝသလိုဖြစ်နေနိုင်တယ်။မှားပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် အိပ်မပျော်ဖြစ်တတ်တာ မှန်ပေမယ့် စိတ်ကြောင့်ချည်းပဲတော့မဟုတ်ပါဘူးနော်။ တကယ်တော့ အိပ်မပျော်နိုင်တဲ့သူတွေမှာ အဓိကတရားခံက စိတ်ဖိစီးမှုဖြစ်နေတာပါ။ ဒါပေမယ့် သူ့တစ်ခုတည်းကြောင့်မဟုတ်ဘဲရောဂါအခံ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ နာတာရှည်နာကျင်မှု၊ အစားအသောက် စတဲ့ တခြားအကြောင်းရင်းတွေ အများကြီးရှိနေပါသေးတယ်။မှန်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းတွေလုပ်တာကကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ ဒါပေမယ့် ညဘက် သိပ်နောက်ကျမှလေ့ကျင့်ခန်းလုပ်တာမျိုးကိုရှောင်ပါ။ မဟုတ်ရင် အိပ်ချင်စိတ်မဖြစ်လာဘဲ လူကပိုလန်းဆန်းသွားနိုင်ပါတယ်။လေ့ကျင့်ခန်းကြောင့် ခန္ဓါကိုယ်အပူချိန်ကိုမြင့်တက်စေပြီး ၆ နာရီလောက်ထိ ဆက်မြင့်နေစေနိုင်တာကြောင့် အိပ်ချိန်နဲ့ကပ်ပြီးလေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။ အိပ်ရာဝင်ချိန်မရောက်ခင် ၂ နာရီ၊ ၃ နာရီအလိုမှာလေ့ကျင့်ခန်းကိုအပြီးသတ်ပါ။မှားပါတယ်။ မျက်စိညောင်းပြီးအိပ်ပျော်သွားအောင်လို့ ဂိမ်းဆော့တယ်၊ အင်တာနက်သုံးတယ်၊ တီဗီကြည့်တယ်ဆိုတာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ အမှန်က ဒီနည်းနဲ့မှ မျက်စိကြောင်ပြီး ပိုလန်းသွားစေတာဖြစ်ပါတယ်။ တီဗီနဲ့ကွန်ပျူတာတွေရဲ့ အလင်းရောင်နဲ့ အသံတွေက စိတ်ဝင်စားမှုကိုနှိုးဆွပြီး ဦးနှောက်တွင်းmelatonin ပမာဏကိုလျော့နည်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ melatoninဟော်မုန်းပမာဏမြင့်တက်ဖို့လိုပါတယ်။ သီချင်းအေးအေးလေးတွေ နားထောင်ပြီးအိပ်တာက ပိုအဆင်ပြေပါလိမ့်မယ်။မှားပါတယ်။ အိပ်ဆေးဆိုတာ လိုအပ်မှ ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရတာပါ။ ကိုယ့်သဘောနဲ့ကိုယ်သောက်ရလောက်အောင်၊ မကြာခဏလိုတိုင်းသောက်လို့ရအောင်ဘေးမကင်းပါဘူး။ သူတို့ကိုသောက်နေတုန်းသာ အိပ်မပျော်ခြင်းကိုခဏတာကုစားနိုင်ပေမယ့် အပြီးတော့မကုနိုင်ပါဘူး။ဆေးကိုပဲအမြဲအားကိုးနေရင် မသောက်တာနဲ့ အိပ်မရတော့တဲ့အဆင့်ထိ ပိုဆိုးလာနိုင်ပါတယ်။မှားပါတယ်။ ဒီညအိပ်ရေးပျက်ထားရင်နောက်နေ့ပိုအိပ်လိုက်မယ်၊ တနေကုန်အိပ်ပစ်လိုက်ရင် အားပြန်ပြည့်မယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။ အိပ်ချိန်လျော့တာ၊ မမှန်တာတွေက ကိုယ်တွင်းဇီဝနာရီကို ကမောက်ကမဖြစ်စေပြီးနောက်နေ့အိပ်ချိန်မှာကောင်းကောင်းအိပ်ပျော်ဖို့ခက်စေပါတယ်။ အိပ်ရေးပျက်တာကိုပြန်ဖြည့်ဆည်းနိုင်တဲ့နည်းက အိပ်ချိန်ပုံမှန်ပြန်ဖြစ်အောင် ဂရုစိုက်တည့်မတ်တာပဲဖြစ်ပါတယ်။မှန်ပါတယ်။ အံ့သြသွားလား။ အိပ်မပျော်လို့ အိပ်ရာထဲ လူးလှိမ့်နေတာက ပိုပြီးမျက်စိကြောင်စေပါတယ်နော်။ ခဏထပြီး စာအုပ်ဖတ်တာ၊ သီချင်းအေးအေးလေးတွေနားထောင်တာတွေက အဆင်ပြေစေနိုင်ပါတယ်။ အိပ်ရာထဲမှာပဲ လူးလှိမ့်နေတာက အတွေးအာရုံပိုများစေပြီး အိပ်ချင်စိတ်ပိုပျောက်စေနိုင်ပါတယ်။အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန်တွေကို သိရပြီဆိုတော့ အိပ်ရေးမပျက်ဘဲ အိပ်မက်လှလှမက်နိုင်ဖို့ ဂရုစိုက်လိုက်ရအောင်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%95%e1%80%90%e1%80%b9%e1%80%9e/
လိုက်ဒ် စီးကရက် ၏ ကင်ဆာ အန္တရာယ်
လူတွေဟာတဖြည်းဖြည်းနဲ့ ဆေးလိပ်သောက်ခြင်းကဖြစ်စေနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဂရုပြုလာကြပြီး သူတို့ကို ဆေးရွက်ကြီးအသုံးမပြုချင်လာတဲ့ထိဖြစ်လာစေပါတယ်။ ဒီအချိန်မှာ ဆေးရွက်ကြီးကုမ္ပဏီတွေက သူတို့အကျိုးစီးပွားကိုကာကွယ်နိုင်ဖို့ စီးကရက်အသစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ လိုက်ဒ်စီးကရက်တွေမှာ ဆေးရွက်ကြီးမှာပါဝင်တဲ့ ကတ္တရာ (tar) နဲ့ နီကိုတင်းတွေ အနည်းငယ်သာပါဝင်ပြီး ပိုပြီးအန္တရာယ်ကင်းတယ်လို့ ကြေငြာပါတယ်။ သူတို့ဟာ ကင်ဆာကိုကြောက်ပြီး ဆေးလိပ်မဖြတ်နိုင်တဲ့ ဆေးလိပ်သမားတွေအတွက် ပိုပြီးကောင်းတဲ့အဖြေပဲလို့ကြော်ငြာကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းလေ့လာမှုတေအရတော့ ဒီလိုပြောင်းလဲလိုက်တဲ့စီးကရက်တွေမှာလည်း ကင်ဆာဖြစ်နိုင်ချေက အရင်စီးကရက်တွေအတိုင်း မပြောင်းမလဲရှိနေဆဲပါလို့ ဆိုထားပါတယ်။ဆေးလိပ်သမားအများစုဟာ လိုက်ဒ် စီးကရက်တွေက ကျန်းမာရေးအတွက် ပိုပြီးစိတ်ချရတယ်လို့ ယုံကြည်တာကြောင့် လိုက်ဒ် စီးကရက်တေ ွဘက် ဦးလှည့်လိုက်ကြပါတယ်။ အနည်းဆုံးတော့ ဆေးရွက်ကြီးကုမ္ပဏီတွေရဲ့ သီအိုရီအရ နီကိုတင်းပမာဏနည်းခြင်းဟာ ကင်ဆာဖြစ်နိုင်ချေကိုလျော့နည်းသွားစေတယ်လို့အဓိပ္ပါယ်ရပါတယ်။ ဒီ လိုက်ဒ် စီးကရက်ကိုသောက်သုံးသူတွေဟာ ပိုပြီးချောမွေ့ပေါ့ပါးတဲ့မီးခိုးတွေဟာ လည်ချောင်းထဲဖြတ်သန်းသွားတာကို သတိပြုလိုက်မိကြတာက ကြော်ငြာတွေကို ပိုပြီးယုံကြည်စေလိုက်သလိုပါပဲ။ တကယ်တမ်း ဓါတ်ခွဲစမ်းသပ်ချက်တွေအရ လိုက်ဒ် စီးကရက်တွေ မှာပါဝင်တဲ့ ကတ္တရာ နဲ့ထိတွေ့မှုကတော့ ပုံမှန်အတိုင်းမြင့်မားနေပြီး အန္တရာယ်ရှိနေဆဲပါပဲ။ ဆေးရွက်ကြီးထုတ်ကုန်တွေအားလုံးဟာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တကယ့်လက်တွေ့မှာတော့ ပိုပြီးအန္တရာယ်ကင်းအောင်လုပ်နိုင်တဲ့နည်းလမ်း လုံးဝမရှိသလောက်ပါပဲ။နောက်တစ်မျိုးပြောရရင် ဘယ်လိုစီးကရက်အမျိုးအစားမဆို အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိတာချင်း အတူတူပါပဲ။ ဒါ့အပြင် အဆုတ်တစ်ခုတည်း ဒီအန္တရာယ်ကိုရင်ဆိုင်ရတာမဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းကခန္ဓါကိုယ်မှာ ရှိသမျှအင်္ဂါတွေအားလုံးကို ဒုက္ခပေးနိုင်ပြီး ကျန်းမာရေးကို လုံးဝထိခိုက်စေနိုင်ပါတယ်။ ဆေးရွက်ကြီးကုမ္ပဏီတွေက ကြော်ငြာထဲမှာ ဘယ်လိုပဲပြောနေပါစေ။ ပုံမှန်စီးကရက်ကနေ လိုက်ဒ် ပုံစံကိုပြောင်းလဲလိုက်တာက သင့်ခန္ဓါကိုယ်ကိုဘယ်လိုကောင်းကျိုးမှပေးနိုင်မှာမဟုတ်ပါဘူး။ လိုက်ဒ်စီးကရက်မှာပါဝင်တဲ့ ကတ္တရာ လယ်ဗယ်ကို စက်တွေနဲ့တိုင်းတာပါတယ်။ ကုမ္ပဏီတွေကလာတဲ့ စံနှုန်းတွေအရ လိုက်ဒ် စီးကရက်တွေဟာ ပုံမှန်စီးကရက်တွေထက် ကတ္တရာပါဝင်နှုန်းပိုနည်းတယ်လို့ဆိုတာကြောင့် သင့်ကိုပိုပြီးနားဝင်ချိုစေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လက်တွေ့လောကမှာ တစ်ယောက်နဲ့တစ်ယောက်ဆေးလိပ်သောက်ပုံချင်းမတူတာကြောင့် တကယ့်ဆေးလိပ်သမားက ကတ္တရာ ပမာဏ ဘယ်လောက်များများ ရှူသွင်းလိုက်သလဲဆိုတာကို ပြောနိုင်တဲ့နည်းလမ်းမရှိပါဘူး။ စက်နဲ့ကွာခြားတာလည်း အသိသာကြီးပါ။လိုက်ဒ်စီးကရက်တွေမှာ ကတ္တရာကိုလျှော့နိုင်အောင်လုပ်ထားတဲ့ အထူးဒီဇိုင်းကနီကိုတင်းပါဝင်မှုနှုန်းလျော့သွားအောင်လည်းလုပ်နိုင်ပါတယ်။ ရလဒ်ကတော့ နီကိုတင်းကိုစွဲလမ်းနေတဲ့ ဆေးလိပ်သမားဟာ သတိမထားမိဘဲ ပိုပြီးမြန်မြန်နဲ့ နက်နက်ရှိုင်းရှိုင်း ရှိုက်သွင်းမိပါတယ်။ ဒါမှမဟုတ် နီကိုတင်းလိုအပ်မှုပြည့်သွားအောင်လို့ ဆေးလိပ်ပိုပြီးသောက်မိပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့တွေဟာ ကတ္တရာတွေ၊ နီကိုတင်းတွေနဲ့ အခြားအဆိပ်ရှိဓါတုပစ္စည်းတွေ ပိုပြီးရရှိသွားတာနဲ့ အဆုံးသတ်သွားပါတော့တယ်။ခပ်တိုတိုပြောရမယ်ဆိုရင်တော့ လိုက်ဒ် စီးကရက်တွေဟာ ဆေးလိပ်သောက်ခြင်းနဲ့ဆက်စပ်တဲ့ ကင်ဆာဖြစ်နိုင်ချေတွေကို လျှော့ချမပေးနိုင်ဘူးဆိုတာသေချာပါတယ်။ ဆေးလိပ်ဖြတ်လိုက်ခြင်းကမှ သင်ကိုယ်တိုင်နဲ့ သင့်ပတ်ဝန်းကျင်ကလူတွေကို ကင်ဆာဖြစ်ခြင်းမှကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%9c%e1%80%af%e1%80%ad%e1%80%80%e1%80%b9%e1%80%92%e1%80%b9-%e1%80%85%e1%80%ae%e1%80%b8%e1%80%80%e1%80%9b%e1%80%80%e1%80%b9-%e1%81%8f-%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%a1/
အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်
ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေကြတဲ့ သူတွေက အရင်ဆုံး တွေးမှာက အစား လျှော့မယ် ၊ ဂျင်မ် သွားမယ်၊ အဆီကျစေမယ့် ဆေး သို့မဟုတ် ကော်ဖီ သောက်မယ် ဆိုတဲ့ နည်းလမ်းတွေ ပါပဲ။ ဒီထဲက နည်းလမ်း တစ်ခုခုကို ရွေးချယ်လိုက်တယ်၊ သေချာ လိုက်နာတယ် ဆိုတာတောင် ဝိတ်က သိပ်မကျဘူး၊ ပြန်တက်တာကျ သိပ်မြန်တာပဲ ဆိုတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါ ဘာ့ကြောင့် ဖြစ်မလဲ။ပြန်တွေးကြည့်ရအောင် ။ တကယ်ကတော့ အိပ်ချိန် မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက် ကြိုးစားစား အောင်မြင်ဖို့ မလွယ် ဖြစ်နေတာပါ။ဒီလို ဖြစ်စေတဲ့ နောက်ကွယ်က တရားခံဟာ အိပ်ချိန် မမှန်ခြင်းပါပဲ။ လူကိုဝစေတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပေမယ့် အိပ်ချိန် မမှန်တာကတော့ ဝိတ်ပြန်ချလို့ မလွယ်အောင် ဟန့်တားနေတာ ဖြစ်ပါတယ်။ အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ် ပါဘူး။အိပ်ချိန် မမှန်တာက လူ့ကျန်းမာရေး အတွက် ပြဿနာတွေ အများကြီး ပေးနိုင်တာ သိကြပြီး ဖြစ်မှာပါ။ အမေရိကန် သုတေသန တစ်ခု အရ အိပ်ချိန် မမှန်တာ၊ အိပ်ရေးပျက်တာတွေက ကိုယ်အလေးချိန် လျှော့ချရာမှာ အနှောင့်အယှက် ပေးနိုင်တယ် လို့ သိရပါတယ်။အရွယ်ရောက်ပြီး သူတွေက အနားယူဖို့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အချိန် တစ်နေ့ကို အနည်းဆုံး ၇ နာရီ ရှိဖို့ လိုအပ်ပါတယ်။ အများစုကတော့ ဒါကို မပြည့်ဝနိုင်တာတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်အတွင်း စစ်တမ်းအရ ပါဝင်သူတွေရဲ့ ၃၆ ရာခိုင်နှုန်းက မနက် အိပ်ရာနိုးချိန်မှာ ပြည့်ပြည့်ဝဝ အနားယူခဲ့ရတယ်လို့ မခံစားရကြောင်း ဖြေကြားခဲ့ကြပါတယ်။ ညက သေချာ အိပ်မပျော်ခဲ့ဘူးပေါ့။အိပ်ရေးမဝခြင်းက သွေးလည်ပတ်မှု၊ မှတ်ဉာဏ် နဲ့ လူမှုဆက်ဆံရေးတွေကိုတောင် ထိခိုက်စေနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ အခု တစ်ခါမှာတော့ အိပ်ရေးမဝခြင်း သို့မဟုတ် အိပ်စက်ခြင်း ပြဿနာတွေနဲ့ ကိုယ်အလေးချိန် လျှော့ချခြင်းကြားက ဆက်နွယ်မှုကို သုတေသန တစ်ခုကInternational Journal of Obesityဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။လေ့လာမှု ရလဒ်တွေအရ ကောင်းကောင်း မအိပ်တဲ့ ကိုယ်အလေးချိန် များသူတွေဟာအိပ်စက်မှုပုံမှန် ရှိတဲ့ ဘဝတူတွေထက် အဆီချအစီအစဉ်မှာ အောင်မြင်မှု နည်းပါတယ်။တွေ့ရှိချက် ရလဒ်တွေ အရ တစ်ညကိုအိပ်ချိန် ၆ နာရီထက် နည်းတဲ့ သူတွေဟာ ပုံမှန် အိပ်ချိန် ရှိသူတွေထက် ခါးနဲ့ ဗိုက် အဆီကျနိုင်ခြေ ပိုနည်းတာကို တွေ့ရပါတယ်။ဒီ တွေ့ရှိချက်တွေက ဇီဝကမ္မ ဖြစ်စဉ် မမှန်တဲ့ သက်ကြီးပိုင်းတွေမှာကိုယ်အလေးချိန်နဲ့ အဝလွန်ခြင်း အပေါ် အိပ်စက်ခြင်းရဲ့ အရေးပါပုံကို မြင်သာစေတယ်လို့ သုတေသီတွေက ပြောပါတယ်။ဒါ့ကြောင့်plan မျိုးစုံနဲ့ အပင်ပန်းခံ ဝိတ်ချနေတဲ့ သူတွေအနေနဲ့ အိပ်စက်မှု စက်ဝန်းကို သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ ထိထိရောက်ရောက်ဝိတ်ကျချင်တယ် ဆိုရင် ဒီအချက်ကို မေ့ထားလို့ မဖြစ်တော့ပါဘူး။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/sleep-and-weight-loss/
ဘာကြောင့် ဘယ်ဘက်ကို စောင်းအိပ်သင့်တာလဲ
လူတစ်ကိုယ် အကျင့်တစ်မျိုးဆိုတဲ့အတိုင်း ရုတ်တရက်လှုပ်ရှားလိုက်တာပဲဖြစ်ဖြစ်၊ အမူအကျင့်လေးတွေကလည်း မတူကြပါဘူး။ ညအိပ်တဲ့အခါလည်း အိပ်စက်နေကျ အိပ်စက်မှုပုံစံက ကိုယ့်အကျင့်နဲ့ကိုယ်ပါပဲ။ တချို့ကဘေးစောင်းအိပ်တတ်တယ်၊ တချို့က ပက်လက်ဆန့်ကားပြီးအိပ်တတ်တယ်၊ တချို့ကမှောက်အိပ်လေ့ရှိတယ်၊ လူးလိမ့်ရင်းခြေရင်းခေါင်းရင်းမှားနေတတ်သူတောင် ရှိသေးတယ်။အိပ်တာပဲ ဘယ်လိုအိပ်အိပ်ပေါ့လို့ပြောကြမှာပဲ။ ဒါပေမယ့် လူကအိပ်နေချိန် ခန္ဓါကိုယ်ထဲမှာက မနားနေပါဘူး။ အိပ်နေတဲ့အချိန်အတွင်းမှာ မှတ်ဉာဏ်တွေသိုလှောင်မယ်၊ အစာတွေချေဖျက်မယ်၊ ကုန်ခမ်းသွားတဲ့အားတွေပြန်ဖြည့်မယ်၊အောက်ဆီဂျင်ကိုယူပြီးသွေးလည်ပတ်စီးဆင်းမယ် စတဲ့ အလုပ်တွေအများကြီးပါ။ အဲဒီအခါ ကိုယ့်ရဲ့အိပ်စက်မှုပုံစံက ဒီလုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ သင်သိရဲ့လား။အိပ်စက်ခြင်းအနုပညာမှာ အသင့်တော်ဆုံးအိပ်စက်မှုပုံစံဆိုတာရှိနေပါတယ်။ အဲဒါကတော့ ဘယ်ဘက်ကိုစောင်းအိပ်တာပါပဲ။ ဘာ့ကြောင့်လဲသိချင်လား။ အကြောင်းရင်းက (၇) ခုရှိပါတယ်။(၁) အစာပိုကြေစေတယ်။အိပ်ခါနီး ဒါမှမဟုတ် တရေးနိုး ဗိုက်ဆာတတ်ကြတာ အကြောင်းရင်းရှိပါတယ်။ ကျွန်မတို့ရဲ့ခန္ဓါကိုယ်က အိပ်စက်ချိန်အတွင်းမှာလည်း အလုပ်များသလို အဲဒီအလုပ်တွေကြောင့်လောင်စာတချို့လိုအပ်တတ်ပါတယ်။အစာအိမ်က ဝမ်းဗိုက်ဘယ်ဘက်ခြမ်းမှာရှိတာမို့ ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါ အစာတွေကို အူမကြီးဆီရောက်ရှိမှု ပိုလွယ်ကူစေနိုင်ပါတယ်။ ဒါ့အပြင် အစာခြေအင်ဇိုင်းတွေထွက်ရှိမှုကိုအားပေးတဲ့ ပန်ကရိယ အပေါ် အစာအိမ်ကသွားမဖိမိတော့ဘူးပေါ့။(၂) နှလုံးကို အနားပေးဖြစ်တယ်။စတင်ဖွဲ့စည်းဖြစ်ပေါ်ကတည်းက နှလုံးက အဆက်မပြတ်ခုန်နေခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက်ကကြီးမားလွန်းသလို အစားအသောက်ကအစလေထုညစ်ညမ်းတာတွေအထိ သူ့ကိုထိခိုက်စေတဲ့အရာတွေလည်း အများကြီးရှိပါတယ်။ ဘယ်ဘက်စောင်းအိပ်တာက ဒဏ်ပေါင်းများစွာ၊သက်ရောက်မှုပေါင်းများစွာရဲ့အန္တရာယ်ကြားမှာ နှလုံးကို အလုပ်လုပ်ရလွယ်ကူစေဖို့ကူညီပေးလိုက်တာပါပဲ။ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့် နှလုံးကိုသွေးလည်ပတ်မှုပိုအဆင်ပြေစေပါတယ်။(၃) ခါးနာသက်သာစေတယ်။ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါကျောရိုးအပေါ်ဖိအားလျော့ပါတယ်။ အိပ်စက်တဲ့အချိန် ခါးမှာ ဖိအားများလေ ကြွက်သားတွေကိုလိုတာထက်ပိုပြီးလုပ်ဆောင်ချက်များစေနိုင်တယ်။ ဘယ်ဘက်ကိုစောင်းအိပ်ရင်သွေးလည်ပတ်မှုကောင်းလို့ ကြွက်သားတောင့်တင်း၊ရောင်ရမ်းမှုတွေလျော့စေနိုင်တယ်။(၄) ပြန်ရည်ကြောစနစ်ကို အထောက်အပံ့ပေးတယ်။ပြန်ရည်ကြောစနစ်ဟာ ခန္ဓါကိုယ်အနှံ့ကို အရည်ဓါတ်ရွေ့လျားမှုမှာ အဓိကကျတဲ့လုပ်ဆောင်ချက်ရှိတဲ့အပြင် ကိုယ်ခံအားလုပ်ဆောင်ချက်မှာလည်း အရေးပါတယ်။ပြန်ရည်တွေက အဆိပ်အတောက်တွေနဲ့ တခြားစွန့်ပစ်ပစ္စည်းတွေကို ဖယ်ထုတ်ပေးတဲ့အတွက် စနစ်ရဲ့ဘယ်နေရာမှာမဆို ပိတ်ဆို့နေတာရှိရင် ကျန်းမာရေးမကောင်းဖြစ်စေပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်ရင် ဘယ်ဘက်အရည်သယ်ပို့ပြွန်တလျှောက်ပြန်ရည်စီးဆင်းမှုဖြစ်စေတဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့် ဒီလုပ်ဆောင်ချက်ကို အကူအညီပေးပြန်ပါတယ်။(၅) ရင်ပူခြင်းကို သက်သာစေတယ်။ရင်ပူခြင်းကို ခံစားရတဲ့သူတွေက အစာအိမ်အက်စစ်တွေလွယ်လွယ်နဲ့မဖြစ်လာစေဖို့ ဘယ်ဘက်ကိုစောင်းအိပ်သင့်ပါတယ်လို့ သုတေသနကတွေ့ရှိထားပါတယ်။ ဘယ်ဘက်မှာဆိုရင် အစာအိမ်နဲ့အစာပြွန်ဆုံတဲ့ေ့နရာက အစာအိမ်အက်စစ်ရှိတဲ့နေရာထက်မြင့်နေမယ်၊ ညာဘက်စောင်းအိပ်ရင် အစာပြွန်အောက်ပိုင်းကြွက်သားကိုပြေလျော့စေပြီး အက်စစ်တွေထွက်လာစေပါလိမ့်မယ်။(၆) ကိုယ်ဝန်ဆောင်တွေအတွက် အရေးကြီးတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက လူနှစ်ယောက်စာအတွက်သွေးလည်ပတ်ရတာဖြစ်လို့ ပိုအရေးကြီးပါတယ်။ ဖွံ့ဖြိုးလာတဲ့သန္ဓေသားက သားအိမ်အတွင်းမှာနေရာပိုယူလာပြီးကျောရိုးမကြီးနဲ့တခြားကိုယ်တွင်းအင်္ဂါတွေအပေါ် ဖိအားဖြစ်စေပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုကို လွတ်လွတ်လပ်လပ်ဖြစ်စေပြီး မိခင်ရဲ့ကျောရိုးမကြီးအပေါ် ကလေးရဲ့ဖိအားကိုလျော့စေတဲ့အပြင် အသည်းကို တအားဖိညှစ်မိမှာကိုလည်း ကာကွယ်ပေးပါတယ်။ခြုံပြောရရင် ကလေးနဲ့မိခင် နှစ်ယောက်လုံးအတွက်သွေးလည်ပတ်မှုအကောင်းဆုံးဖြစ်စေမယ့် အနေအထားပါပဲ။(၇) မဟောက်တော့ဘူး။ပက်လက်အိပ်ခြင်းကဟောက်တတ်သူတွေအတွက် အဆိုးဆုံးအနေအထားပါ။ ပက်လက်အိပ်ရင် ပါးစပ်၊ လည်ချောင်း၊ လျှာတို့ရဲ့ တစ်ရှူးတွေကိုနောက်ဘက်ပြေလျော့ကျစေပြီး အသက်ရှူလမ်းကြောင်းကို တချို့တဝက်ပိတ်ဆို့မိစေနိုင်ပါတယ်။ ဘယ်ဘက်စောင်းအိပ်ရင်ဟောက်တာ သက်သာတာတွေ့ရပါလိမ့်မယ်။အမြဲတမ်းဘယ်ဘက်အိပ်နေရင်လည်း အကြောတွေတောင့်တင်းပြီးနေရအဆင်မပြေဖြစ်နေပါဦးမယ်နော်။ အဆင်ပြေသလိုအိပ်စက်ရင်း မကြာခဏဘယ်ဘက်ကို စောင်းအိပ်တတ်ဖို့ ကျင့်ယူထားပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%98%e1%80%80%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%b1%e1%80%ac%e1%80%84/
လုံးဝကို လျစ်လျူရှုထားဖို့ မသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ
နှလုံးရောဂါဆိုတာ သင့်ကို အသိမပေးဘဲ ဘွားကနဲ ပေါ်လာတတ်မျိုး မဟုတ်ပါဘူး။ နှလုံးမှာ တစ်ခုခုဖြစ်နေပြီ ဆိုတဲ့အကြောင်း သင့်ကို သတင်းပို့ပို့ပေးပါတယ်။ ခက်တာက နှလုံးကပေးပို့တဲ့ လက္ခဏာတွေကို လူတွေက သတိမမူ ပေါ့ပေါ့ဆဆနေတတ်တာပါပဲ။နှလုံးရောဂါလက္ခဏာဆိုတာကလည်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ကိုဖိပြီး လဲကျသွားသလိုမျိုး မရိုးရှင်းလှတဲ့အတွက် သူပေးပို့တဲ့ လက္ခဏာတွေကို Hello ဆရာဝန် ပရိတ်သတ်ကြီးဘက်က သေချာဖမ်းယူမိဖို့တော့ လိုပါလိမ့်မယ်။ ဒါဆို ဘယ်လို လက္ခဏာတွေရှိကြောင်း နှလုံးက ပြနေရင် မပေါ့ဆသင့်ဘူးလဲ။Hello ဆရာဝန် ပရိတ်သတ်ကြီးထဲမှာ အသက် ၅၀ ကျော်တဲ့သူတွေ၊အဝလွန်နေတဲ့သူတွေ၊သွေးတိုး၊ဆီးချိုရှိတဲ့သူတွေ၊သွေးတွင်း အဆီဓာတ်များနေတဲ့သူတွေ ပါနေရင် နှလုံးရောဂါအတွက် ပိုလို့တောင်စိုးရိမ်ရတဲ့အတွက် ခုပြောပြမယ့်နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကို လုံးဝ သိထားသင့်တယ်နော်။နှလုံးရောဂါလို့ဆိုလိုက်တာနဲ့ ရင့်ဘတ်အောင့်တာပါ တွဲနေတယ်ဆိုတာ အားလုံးသိကြမှာပါ။ နှလုံးသွေးကြော တစ်ချောင်းပိတ်သွားလို့ နှလုံးအရေးပေါ် အခြေအနေတစ်ခုခုဖြစ်တာနဲ့နှလုံးအောင့်လာမယ်၊ မောလာမယ်၊ ရင်ဘတ်ပေါ်မှာ တစ်ခုခုဖိသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါမျိုးက စိတ်လှုပ်ရှားသွားလို့ဖြစ်ဖြစ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်မိတာပဲ ဖြစ်ဖြစ် ပေါ်လာတတ်တဲ့ရင်ဘတ်အောင့်ခြင်းလည်းဖြစ်တတ်ပြီး မိနစ် အနည်းငယ်လောက် ကြာတတ်ပါတယ်။ နှလုံးရောဂါဆိုတာကလည်း အများကြီးရှိတာကြောင့် ဘယ်လို အချိန်ဆို ရင်ဘတ်ပိုအောင့်လဲ၊ ဘယ်လိုလုပ်လိုက်ရင် သက်သာသွားလဲ၊ ကိုယ့်မှာအခြား ဘာရောဂါ အခံတွေ ရှိလဲဆိုတာကို ဆရာဝန်ကို သေချာရှင်းပြဖို့တော့ လိုပါတယ်။အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ပျို့အန်တာတွေဟာ အစာအိမ်တစ်ခုတည်း ကြောင့် ဖြစ်တတ်တာတွေ မဟုတ်ပါဘူး။ ဒီလို အစာမကြေတဲ့ လက္ခဏာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နှလုံးရောဂါကြောင့် အစာအိမ်ဆီကို သွေးတွေ လုံလုံလောက်လောက် မပေးနိုင်တာကြောင့် ဖြစ်ရတာပါ။ ကိုယ်က အစာအိမ်ရောဂါ ဖြစ်နေတဲ့သူလည်း မဟုတ်၊ အစာမကြေစေတဲ့ အစားအစာတွေစားထားတာလည်း မဟုတ်ဘဲနဲ့ အစာမကြေပျို့အန်တာ၊ ရင်ဘတ်အောင့်တာတွေဖြစ်နေပြီဆိုရင် Hello ဆရာဝန် ပရိတ်သတ်ကြီးတို့ နှလုံးရောဂါကို ချန်လှပ်ထားလို့ မရပါဘူး။ဖြစ်နေကျ နာမည်ကြီး နောက်ထပ် နှလုံးရောဂါ လက္ခဏာတစ်ခုကတော့ နှလုံး အပြင် နောက်ထက် ဘယ်ဘက်လက်မှာ ကိုက်ခဲပြီး အောင့်တာဖြစ်ပါတယ်။ Radiating pain လို့ခေါ်တဲ့ နှလုံးက ဖြစ်နေတဲ့နာကျင်တဲ့ ခံစားမှုဟာ လက်ဆီကို ပျံ့သွားတာရယ် ၊ လက်ဆီကို သွေးကောင်းကောင်းမရောက်တော့တာရယ်ကြောင့် နှလုံးရောဂါ သမားတွေ လက်မောင်းကိုက်ရတာဖြစ်ပါတယ်။အိပ်ရေးမဝလို့၊ အားနည်းနေလို့၊ ဗိုက်ဆာနေလို့ စတဲ့ အကြောင်းအရင်းပေါင်းများစွာကြောင့် မူးဝေတာမျိုးတွေ ဖြစ်တတ်တယ်ဆိုပေမယ့် နှလုံးရောဂါကြောင့်လည်း ဒီလို မူးဝေ တာမျိုး ဖြစ်တတ်ပါတယ်။ ရုတ်တရက်ကြီးမူးဝေလာမယ်၊ ရင်ဘတ်လည်းအောင့်မယ်၊ အသက်ရှူကြပ်တာမျိုးတွေ ပါရှိနေပြီဆိုရင်တော့ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်တော့လို့ သွေးပေါင်ကျနေပြီလို့ အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။ဖျားနာတာ၊ တုပ်ကွေးမိတာ၊ ထိခိုက်မိတာတွေရှိတာကြောင့် လည်း မေးရိုးနာတာ၊ လည်ချောင်းနာတာ ဖြစ်တတ်တဲ့အတွက် ဒီလို မေးရိုးနာတာ လည်ချောင်းနာတာရှိရုံနဲ့ နှလုံးရောဂါ ဖြစ်နေပြီလို့ စွပ်စွဲလို့မရပေမယ့် Radiating pain လို့ခေါ်တဲ့ နှလုံးကနေ အခြားကို ပျံ့တတ်တဲ့ နှလုံးရောဂါထူးခြား လက္ခဏာကြောင့် ရင်ဘတ်အောင့်တာပါ တွဲရှိရင်တော့ နှလုံးရောဂါကို ချန်ခဲ့လို့တော့ မရပါဘူး။နှလုံးရောဂါသည်တော်တော်များများကို ကြည့်လိုက်ရင် မောပန်းနေပြီး အားနည်းနေတဲ့ ပုံပေါက်နေတတ်ပါတယ်။ အရင်တုန်းက လုပ်နိုင်ခဲ့တဲ့ လှေကားတက်တာ၊ လမ်းအကြာကြီးလျှောက်တာတွေကို ခုတလောမလုပ်နိုင်တော့ဘဲ အရင်လို အမောမခံနိုင်ဘူးဆိုရင် နှလုံးကို သွားစစ်ကြည့်ဖို့တော့ လိုနေပါပြီ ။ ။အိပ်ရင် ဟောက်တတ်တဲ့ အကျင့်ဟာလည်း နှလုံးရောဂါ နဲ့ ဆက်စပ်နေပြန်ပါတယ်။ Sleep Apnoea လို့ခေါ်တဲ့ အိပ်နေရင်း အသက်ရှူရပ်ရပ်သွားပြီး ဟောက်တတ်တဲ့သူတွေရဲ့ နှလုံးဟာ အခြားသူတွေထက် ဖိအားတွေပိုခံရပါတယ်။ ဒီလိုနဲ့ နှလုံးက အလုပ်ပိုလုပ်ရလို့ ကြာလာရင် အသက်ရှူရပ်သွားတတ်ပါတယ်။ဘာမှ ပင်ပင်ပန်းပန်းလည်း လုပ်မထားဘဲနဲ့ ချွေးစေးတွေပြန်လာတယ်၊ မူးဝေလာတယ် ၊ ရင်ဘတ်တွေ အောင့်နေတယ်ဆိုရင် နှလုံးဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ချောင်းဆိုးတဲ့ ကိစ္စဟာ အဆုတ်ကြောင့် အဖြစ်များတယ်ဆိုပေမယ့် နှလုံးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းလို့ခေါ်တဲ့ Heart Failure လို ရောဂါမျိုးမှာဆို နှလုံးက မညှစ်နိုင်တော့တာကြောင့် အဆုတ်ထဲ ၊နှလုံးထဲ သွေးတွေ အိုင်နေတတ်ပြီး ချောင်းဆိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ခြေလက်တွေ ဖောရောင်တာဟာကျောက်ကပ်ကြောင့် အများဆုံး ဖြစ်တတ်ပေမယ့် နှလုံးစွမ်းဆောင်ရည် ကျဆင်းတဲ့ အခါမျိုးမှာ ခြေလက်ရှိ သွေးကြောတွေထဲက သွေးကို အပြည့်အဝမယူနိုင်တော့လို့ သွေးတွေပြန်အိုင်ပြီး ခြေလက်တွေ ဖောရောင်လာတတ်ပါတယ်။ ဒါ့အပြင် နှလုံးကြောင့် ကျောက်ကပ်ထိသွားတဲ့အခါမှာလည်း ရေနဲ့ ဆားဓာတ်တွေ မညီမျှတော့လို့ ဖောရောင်လာတတ်ပါသေးတယ်။နှလုံးနဲ့ပက်သက်တဲ့ ကိစ္စမှာဆို နှလုံးခုန် စည်းချက်မမှန်တာမျိုးတွေကို ချန်ခဲ့လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်နှလုံးခုန်သံ စည်းချက် မမှန်တဲ့အခါမျိုးမှာ နှလုံးရောဂါကို အဓိက ဦးစားပေးစဉ်းစားသင့်ပါတယ်။ဒါတွေကတော့ သင့်လုံးဝ လျစ်လျူရှုဖို့ မသင့်တဲ့ နှလုံးရောဂါနဲ့ ပက်သက်တဲ့ လက္ခဏာ ၁၁ ချက် ပဲ ဖြစ်ပါတယ်။ နှလုံးဆိုတာ လုံးဝကို မပေါ့ဆသင့်တဲ့ ရောဂါ တစ်ခုဖြစ်တာကြောင့် သူပေးပို့တဲ့ အချက်တွေကို သေချာဖမ်းမိဖို့တော့ လိုလိမ့်မယ်နော် Hello ဆရာဝန် ပရိတ်သတ်ကြီးရေ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/heart-disease/
ထိခိုက်ဒဏ်ရာ အမာရွတ်မကျန်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ
မတော်တဆပဲဖြစ်ဖြစ်၊ခွဲစိတ်မှုကြောင့်ဖြစ်ဖြစ် အရေပြားမှာဖြစ်လာသမျှဒဏ်ရာအနာတရအားလုံးကိုခန္ဓါကိုယ်ကပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ပါတယ်။ အနာကကျက်လာပြီဆိုတာနဲ့ အနာကျက်ခြင်းဖြစ်စဉ်ရဲ့သဘာဝအတိုင်း အသားတက်လာတဲ့အမာရွတ်ကလည်းဖြစ်လာနိုင်ပါတယ်။အမာရွတ်သိသာတယ်မသိသာဘူးဆိုတာ အနာဘယ်လောက်ကောင်းကောင်းကျက်သလဲဆိုတာပေါ်မူတည်ပါတယ်။ခွဲစိတ်မှုချုပ်ရိုးအမာရွတ်တွေနဲ့ဒူးခေါင်း၊တံတောင်ဆစ်တို့လိုအရိုးအဆစ်တွေမှာဖြစ်တဲ့အမာရွတ်တွေကတော့ရှောင်လွှဲရခက်ပါတယ်။တော်တန်ရုံအသေးစားကွဲရှဒဏ်ရာလေးတွေကတော့ အိမ်မှာကုသရင်းပဲအနာကျက်တဲ့အခါ အမာရွတ်မကျန်အောင်၊ သိပ်မသိသာအောင် ဂရုစိုက်ပေးဖို့ရပါတယ်။အနာကို ဆေးပါ။အရင်ဆုံး လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။ပြီးမှ ထိခိုက်ဒဏ်ရာကို အညစ်အကြေးတွေကင်းစင်အောင်ရေနဲ့ဆေးကြောပါ။ အနာတဝိုက်ကိုတော့ဆပ်ပြာနဲ့ဆေးလို့ရပါတယ်။ အနာက လက်မှာဖြစ်တာဆိုရင် အနာကို ဆပ်ပြာနဲ့ တိုက်ရိုက်မထိအောင် သတိထားဆေးပါ။အသေးစားဒဏ်ရာလေးတွေကိုဆေးဖို့ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊အိုင်အိုဒင်းဒါမှမဟုတ်အရက်ပြန်တို့လိုပြင်းတဲ့ဆေးရည်တွေသုံးဖို့မလိုပါဘူး။ ပိုဆိုးစေနိုင်ပါတယ်။ရေသန့်သန့်နဲ့ဆို လုံလောက်ပါတယ်။သွေးတိတ်အောင်လုပ်ပါ။အနာကိုသွေးတိတ်စေဖို့ ပိုးသတ်ထားတဲ့ gauze ဂွမ်းစ သို့မဟုတ် အဝတ်သန့်သန့်နဲ့အသာအယာဖိပါ။သွေးတိတ်တဲ့အထိ ဆက်ပြီးဖိထားပေးပါ။ဖိထားတဲ့အခါမှာလည်းသွေးတိတ်ပြီလားလို့ လက်လွှတ်ပြီး အနာကိုခဏခဏမကြည့်ပါနဲ့။ ဖိထားတဲ့အဝတ်ဖယ်လိုက်တာနဲ့သွေးပြန်ထွက်လာနိုင်လို့ပါ။gauze သို့မဟုတ် အဝတ်မှာသွေးထပ်မစိုတော့ဘူးဆိုရင် ရပါပြီ။gauze မှာ စိုရွှဲတဲ့အထိသွေးထွက်နေတယ်ဆိုရင် အသစ်မလဲပါနဲ့။ အသစ်ကို အပေါ်ကထပ်ပြီးအုပ်ဖိပါ။အနာကိုဖုံးအုပ်ကာကွယ်ပါ။အနာသန့်စင်ပြီး သွေးတိတ်တာနဲ့ ပလာစတာ သို့မဟုတ် ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ အနာကအသေးစားလေးဖြစ်ပြီး ညစ်ပေစရာလည်းမရှိဘူးဆိုရင်တောင် အဝတ်အစားတွေနဲ့ ပွတ်တိုက်မိမယ့်နေရာမှာရှိနေတာဆိုရင် ပလာစတာတော့ကပ်သင့်ပါတယ်(ပွန်းရာ၊ခြစ်ရာလို အနာမျိုးကလွဲလို့) ။ ထိခိုက်ဒဏ်ရာအများစုကိုတော့ အနာပိုးမဝင်စေဖို့နဲ့ အနာပေါက်ပြန်ပွင့်တာမဖြစ်စေဖို့ ဖုံးအုပ်ပေးတာအကောင်းဆုံးပါပဲ။ဖုံးအုပ်ထားတဲ့အကာအကွယ်မှန်သမျှကိုလည်း တစ်နေ့တစ်ကြိမ် သို့မဟုတ် ညစ်ပေလာတိုင်း အသစ်လဲပေးပါ။ဆေးထည့်ပါ။အနာသေးလေးတွေက ဘာမှလုပ်စရာမလိုပါဘူး။ သူ့အလိုလိုကျက်သွားမှာ၊ပျောက်သွားမှာပါဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားကြပါတယ်။ သူ့အလိုလိုအနာကျက်တာက ဟုတ်ပါတယ်။ ဒါပေမယ့် အနာပိုးဝင်ခဲ့ရင် အနာကျက်နှေးတဲ့အပြင် ကျက်ပြီးရင်တောင် အနာသေးသေးလေးတောင် အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင်ပလာစတာသို့မဟုတ်ပတ်တီးမစည်းခင် အနာပိုးသတ်ဆေးတစ်ခုခုကို ခပ်ပါးပါးထည့်ပါ။အနာပိုးဝင်တဲ့ လက္ခဏာကိုစောင့်ကြည့်ပါ။အနာရင်းနေတယ်ဆိုရင် ဒါမှမဟုတ် အောက်မှာပြောထားတဲ့ အနာပိုးဝင်တဲ့လက္ခဏာတစ်ခုခုဖြစ်လာရင် ဆရာဝန်ပြပါ။ အနာက –။အသေးစား ထိခိုက်ရှနာတွေက ရက်အနည်းငယ်အတွင်းမှာ အနာဖေးတက်ပြီး အနာကျက်ပါလိမ့်မယ်။အရေပြားကအသစ်ဖြစ်ပေါ်နေချိန်မှာ အနာဖေးတွေက အနာကိုအညစ်အကြေးနဲ့ပိုးမွှားတွေရန်က ကာကွယ်ပေးမှာဖြစ်ပါတယ်။အနာစကျက်လာချိန်မှာ အနာဖေးကယားလာတတ်လို့ အဲဒီအချိန်မှာ မကုတ်ဖဲ့မိဖို့ သတိထားတာ အကောင်းဆုံးပါ။ သူ့အလိုလိုကွာကျသွားမှအောက်ကအရေပြားအသစ်ကပေါ်လာမှာပါ။ အချိန်မရောက်သေးဘဲ ကုတ်ဖဲ့မိလို့ ကွာရတဲ့အခါ အနာဖေးအသစ်ထပ်တက်ပြီး အရေပြားအသစ်ဖွဲ့စည်းမှုမှာ အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အမာရွတ်ဆိုတာဖြစ်ကျန်ခဲ့ပါလိမ့်မယ်။ဒါ့ကြောင့်အနာကို နည်းလမ်းတကျဂရုစိုက်ကုသမယ်ဆိုရင်နောက်ဆက်တွဲပြဿနာမကျန်ဘဲ အမာရွတ်ကင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-takecarecuts-scrapes/
ကြက်သွန်ခွံတွေကို သိမ်းထားပါ။
ကြက်သွန်နီ၊ကြက်သွန်ဖြူတွေက ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါ။ ဒီလို ဟင်းအနှစ်ရဖို့၊ အညှီပျောက်ဖို့ဆိုပြီး ဟင်းချက်တဲ့အခါ ထည့်ချက်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းတွေကိုတင် အရသာတိုးစေတာ မဟုတ်ဘဲကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို အတော်များများ သိထားပြီး ဖြစ်မှာပါ။ဒီတစ်ခေါက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေရဲ့ အတွင်းသားကတင် အသုံးဝင်တာ မဟုတ်ဘဲ။ အပြင်ခွံလေးတွေကပါ ဘယ်လို အသုံးတည့်လဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူအပြင်ခွံတွေမှာ အခုလိုမျိုးဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ကြက်သွန်နီခွံက အရောင်ကျစေနိုင်သလို။ ကြက်သွန်ဖြူခွံကကိုယ်ခံအားကောင်းစေပြီး၊အရေပြားကိုကျန်းမာစေပါတယ်။ ဒါတွေအပြင် ဘယ်လိုတွေ အသုံးတည့်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကြက်သွန်ခွံတွေကို သိမ်းထားပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အခွံတွေက အခုလို အသုံးတည့်လို့ပါ။ကြက်သွန်ခွံတွေက စွပ်ပြုတ်၊ အသားပေါင်းတို့လိုမျိုး ဟင်းလျာတွေထဲကို ထည့်သုံးမယ်ဆိုရင် ဟင်းရဲ့ အရသာကို တိုးစေနိုင်သလိုအာဟာရတန်ဖိုးလည်း ပိုမြင့်စေပါတယ်။အသားတွေ ကင်တဲ့အခါ ကြက်သွန်ဖြူခွံကို ထည့်ပြီး ကင်ပေးပါ။ ဒီလို ကင်ပေးတာက အသားထဲမှာကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရတွေကို တိုးစေနိုင်ပါတယ်။ထမင်းချက်တဲ့အခါ သေချာသန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ထည့်ချက်ပေးပါ။ ဒီလို ထည့်ချက်တာက ထပ်ဆောင်းဗီတာမင်တွေကို ရရှိစေနိုင်ပါတယ်။ ထမင်းကျက်သွားပြီဆိုရင်တော့ ဖယ်ပြီး သုံးဆောင်ရုံပါ။သေချာသန့်စင် နေလှမ်းပြီး အခြောက်ခံထားတဲ့ ကြက်သွန်ခွံကို သေချာ ညက်အောင် အမှုန့်ကြိတ်ပါ။ ပြီးရင် အိမ်လုပ်ပေါင်မုန့်ထဲကို ထည့်တာက ပေါင်မုန့်ကို အရသာ တိုးစေပြီး အာဟာရလည်း ပိုပြည့်စေနိုင်ပါတယ်။သေချာ သန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ၁၀ မိနစ် ကနေ မိနစ် ၂၀ လောက် ရေနွေးဆူဆူထဲမှာ ထည့်ပြုတ်လိုက်ပါ။ ပြီးရင် အခွံတွေကို ဖယ်ပြီး ပြုတ်ရည်ကို အိပ်ရာမဝင်ခင်မှာ တစ်ခွက်စာလောက် သောက်ပေးပါ။ ကြွက်တက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ကြက်သွန်နီခွံ ရေနွေးကြမ်းက အိပ်ပျော်စေမယ့် သဘာဝ ဆေးတစ်လက်ပါ။ သေချာသန့်စင်ထားတဲ့ ကြက်သွန်နီခွံကို ရေနွေးခွက် တစ်လုံးထဲ ထည့်လိုက်ပါ။ အပေါ်ကနေ ရေနွေးဆူဆူကို လောင်းချပေးပါ။ အဖုံးအုပ်ပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် သောက်လို့ ရပါပြီ။ကြက်သွန်နီ အခွံကို ရေနွေးဆူဆူထဲမှာ နာရီဝက် – တစ်နာရီလောက် ပြုတ်ပါ။ ပြီးရင် အအေးခံပြီး သေချာလေး လျှော်ထားတဲ့ ဆံသားတွေပေါ်ကို လောင်းချလိုက်ပါ။ နာရီဝက်လောက် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ကြက်သွန်နီနဲ့ ကြက်သွန်ဖြူခွံတွေက မှိုပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြား ယားတာကို သက်သာစေဖို့ အသုံးပြုလို့ရသလို သဲဝဲ၊ ရေဝဲ သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။ ပြုတ်ရည်ကို လိမ်းပေးရုံပါ။ကဲ….. ဒီလောက်တောင် အသုံးဝင်တယ်ဆိုတော့ ကြက်သွန်ခွံတွေကို သိမ်းထားသင့်တယ်ဟုတ် ………။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/dont-throw-away-onion-peels/
မနက်ဖြန်မှပြီးရမယ့် အလုပ်ကိုဒီနေ့မလုပ်ပါနဲ့။
ကဲ ခေါင်းစဉ်ဖတ်ပြီး ခေါင်းစားသွားကြပြီမလား။ ဘယ်နှယ့် မနက်ဖြန်ပြီးရမယ့်အလုပ်ကို ဒီနေ့မှ စမလုပ်ရင် ဘယ်နေ့စလုပ်မှာလဲလို့ တွေးမိသွားကြပြီလား။ ဒါမှမဟုတ် ဟုတ်တယ် ဆိုပြီး ကြိတ်သဘောတူနေပြီလား။ သဘောတူမိနေပြီဆိုရင် ဒီဆောင်ပါးလေးဟာ သင့်အတွက် ဖြစ်မှာပါ။Procrastination ဆိုတာ ကိုယ့်လုပ်ရမယ့်အလုပ်တစ်ခုကို အချိန်ကြန့်ကြာအောင်၊ နှောင့်နှေးအောင် ရွှေ့ဆိုင်းတာဆိုပြီး မြန်မာလိုအနီးစပ်ဆုံးဘာသာပြန်လို့ရပါတယ်။လူ့စိတ်ဆိုတာကလည်း သာယာမှုနောက်ကိုပဲ အမြဲလိုက်ချင်ကြတယ်။ အလုပ်လုပ်တယ် စာကျက်တယ်ဆိုတာ လူတွေရဲ့ သာယာမှုကိုပဲ လိုချင်နေတဲ့ ဦးနှောက်ကို ဆန့်ကျင်နေသလိုဖြစ်နေတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်က ပျော်စရာမကောင်းတော့တဲ့အခါ တခြား စိတ်သာယာမှုပေးမယ့် အရာတွေဆီကို စိတ်ကိုလွှတ်ပေးမိလိုက်ကြတယ်။ လုပ်ရမယ့်အလုပ်တွေကို နောက်မှလုပ်မယ်ဆိုပြီး ထားလိုက်တယ်။ ဒါကို အများက အာရုံစူးစိုက်မှုမရှိဘူး၊ပျင်းတယ်၊ အချိန်ဆွဲတယ်ဆိုပြီး မကောင်းတဲ့အလေ့အကျင့်နေနဲ့သတ်မှတ်ကြတယ်။ ဒါဆိုကောင်းကျိုးတွေရော မရှိနိုင်ဘူးလားဆိုပြီး ဒီအကျင့်ကိုမစွန့်လွှတ်နိုင်တဲ့သူတွေက ပြန်ငြင်းလာကြတယ်။ အဲဒီကောင်းကျိုးတွေကတော့။အလုပ်တွေအားလုံးကို နီးမှကပ်လုပ်ချင်တဲ့သူတစ်ယောက်မှာ အချိန်တန်ပြီးကိုပြီးရမယ်ဆိုတဲ့ စိတ်ရှိတဲ့အတွက် သူ့ရဲ့အချိန်တွေကို အကျိုးရှိစွာ အသုံးပြုပါလိမ့်မယ်။ ဥပမာ အလုပ်ကို နောက်ဆုံးကျန်တဲ့ ၃ နာရီကျမှ အပြီးလုပ်ချင်တဲ့အတွက် ကျန်တဲ့ကိစ္စတွေ အားလုံးကို အဲဒီ ၃နာရီမတိုင်ခင်မှာ ပြီးအောင်လုပ်ထားတာမျိုးပေါ့။အလုပ်ပြီးရမယ့်အချိန်နီးကပ်လာတာနဲ့ ခန္ဓါကိုယ်မှာ ကြောက်လန့်ရင်ထွက်တဲ့ အဒရီနလင်း (Adrenaline) ဟော်မုန်းထွက်လာပါတယ်။ ဒီဟော်မုန်းက ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ စွမ်းအင်တွေကို ပိုထုတ်ပေးလို့အာရုံစူးစိုက်မှုအားလည်းကောင်းစေပါတယ်။ဒီအလုပ်တစ်ခုကိုလုပ်ဖို့ နောက်ရွှေ့နေတယ်ဆိုတာ အများအားဖြင့် မလုပ်ချင်တဲ့အလုပ်ဖြစ်နေလို့ပါ။ မလုပ်ချင်တဲ့အလုပ်ကိုလည်း ပြီးအောင်လုပ်ရမှာဖြစ်လို့ တကယ်လုပ်တဲ့ချိန်မှာ မြန်မြန်ဆန်ဆန်လုပ်ဖြစ်ပါတယ်။ဆိုရိုးတစ်ခုရှိပါတယ်။ “လူ့စိတ်ဟာ ပြီးမြောက်သွားတဲ့ အလုပ်ကိစ္စတွေထက် မပြီးပြတ်သေးတာတွေကို ပိုစဉ်းစားနေတတ်ကြပါတယ်”တဲ့။ မပြီးသေးတဲ့အလုပ်တွေဟာ ခေါင်းထဲမှာ အကြာကြီးရှိနေတဲ့အတွက် ပိုကောင်းတဲ့ အကြံဉာဏ်၊ အဖြေတွေထွက်လာနိုင်ပါတယ်။ ဒီအချက်ဟာတီထွင် ဉာဏ်နဲ့ လုပ်ရတဲ့ အလုပ်တွေမှာဆိုရင် အရမ်းအကျိုးရှိနိုင်ပါတယ်။ဒီအချက်ဟာ အားလုံးကို ပြီးပြည့်စုံစေချင်တဲ့သူ Perfectionist လို့ခေါ်တဲ့သူမျိုးတွေအတွက်ပါ။ အဲ့ဒီလိုလူတွေဟာ ကိစ္စတစ်ခုကိုလုပ်ရင် အစစရာရာ ချောမွေ့ကောင်းမွန်စေချင်တဲ့အတွက်ကြောင့် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ ခံစားရတတ်ပါတယ်။ အချိန်နီးကပ်မှလုပ်တဲ့အခါ အကယ်၍ တစ်ခုခု လွဲချော်သွားခဲ့ရင်တောင် အချိန်ကို ပုံချစရာရှိတဲ့အတွက် စိတ်သက်သာရာရစေပါတယ်။တခါတလေ ကိုယ်ကတော့ အမြန်ပြီးချင်ဇောနဲ့ အလုပ်တွေကို အစောကြီးလုပ်ထားတယ်၊ ဒါပေမဲ့ ပြီးသွားတဲ့အချိန်မှာ ပြီးသွားတဲ့ဟာကိုမလိုတော့တာ ဒါမှမဟုတ် နောက်တစ်မျိုးပြောင်းသွားတာမျိုးကြုံဖူးကြမှာပါ။ Procrastinate လုပ်တဲ့သူတွေဟာ မလုပ်မဖြစ်အချိန်မှ ကပ်လုပ်တဲ့အတွက် ဒါမျိုး ကိုယ်လုပ်ထားတဲ့ဟာ အလဟဿ ဖြစ်သွားတာတွေကို ကြုံရမှာမဟုတ်ပါဘူး။Procrastination အလေ့အကျင့်ဟာ လူတိုင်း အလုပ်တိုင်းအတွက် မဟုတ်ပါဘူး။ ကိစ္စတွေအားလုံးကို အနီးကပ်မှ လုပ်ရင်းကနေ အချိန်ကန့်သတ်ထားတာမရှိတဲ့ ကိုယ့်ဘဝရည်မှန်းချက်တွေကို ရောက်ဖို့ လုပ်ရမယ့်အလုပ်တွေကိုပါ အကန့်အသတ်မရှိ ရွှေ့ထားမိတတ်ပါတယ်။ အချိန်ကို အန်တုရင်း လမ်းမပျောက်စေဖို့ ဘဝနဲ့ချီပြီးအရေးကြီးတဲ့အရာတွေမှာတော့ ဦးစားပေး ကြိုတင်စီစဉ်ပါ၊ ပြင်ဆင်ပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/benefits-of-procrastination/
ဘိုထိုင် အိမ်သာ လား၊ မြန်မာထိုင်လား။
အိမ်ဆောက်ပြီးလို့ အိမ်သာ ရွေးရင်ပဲ ဖြစ်ဖြစ်၊ အပြင်သွားလို့ အိမ်သာသွားချင်ရင်ပဲ ဖြစ်ဖြစ် ဘိုထိုင်လား မြန်မာထိုင်လားဆိုလား ကြည့်ရပါတယ်။ တချို့ကလည်း ဘိုထိုင်အိမ်သာက သက်သောင့်သက်သာသွားရတယ်။ မြန်မာထိုင်က ညောင်းတယ်ပေါ့။ တချို့ကျလည်း သူများထိုင်ပြီးသားကြီး မထိုင်ချင်ပါဘူး။ မြန်မာထိုင်ဆို ဘာနဲ့မှထိစရာ မလိုပါဘူး စသဖြင့်ပေါ့။ ဒီအိမ်သာနှစ်မျိုးလုံးမှာကတော့ သူ့ဟာနဲ့သူ ကောင်းကျိုး ဆိုးကျိုးလေးတွေ ရှိပါတယ်။ကောင်းကျိုး။ဆိုးကျိုး။အလွယ်ပြောရရင် ဆောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာ တွေပါ။ အာရှဘက်မှာ အသုံးများတဲ့ အိမ်သာတွေပါ။ ခုမှသာ ဘိုထိုင်အိမ်သာတွေက ခေတ်စားလာတာ အရင်က မြန်မာနိုင်ငံမှာ ဆောင့်ကြောင့်ထိုင်တဲ့ အိမ်သာတွေပဲ အသုံးများပါတယ်။ကောင်းကျိုး။ဆိုးကျိုး။အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် အိမ်သာရွေးချယ်ရတာက အနည်းငယ် ခက်နိုင်ပါတယ်။ လူကြီးတွေက ဝရင်ဝ၊ မဝရင်လည်း ဒူးတွေ မကောင်းကြတော့ပါဘူး။ ဒါ့ပြင် အသက်ကြီးလာတာနဲ့အမျှ အူလှုပ်ရှားမှု နည်းလာတာ၊ သွားမကောင်းလို့ အသီးအရွက်တွေ မဝါးနိုင်တော့တာ စတာတွေကြောင့် ဝမ်းလည်း ချုပ်လာကြပါတယ်။ဒီတော့ အိမ်သာရွေးရတာ အခက်အခဲရှိနိုင်ပါတယ်။ အထိုင်အထမကောင်းလို့ ဘိုထိုင်အိမ်သာရွေးမလား။ ဝမ်းချုပ်လွယ်လို့ မြန်မာထိုင်အိမ်သာရွေးမလားဆိုတာ စဉ်းစားစရာဖြစ်နိုင်ပါတယ်။အကြံပေးရရင် ဘိုထိုင် အိမ်သာ ကို မြန်မာထိုင်ဖြစ်အောင် ပြင်လိုက်ပါ။ ဆိုလိုတာက ဘိုထိုင်အိမ်သာနဲ့ ထိုင်တဲ့အခါ အောက်ကနေ ခွေးခြေလေး ခုထားပါ။ ဒီလိုဆို ထိုင်လိုက်တဲ့အခါ ကိုယ်က ရှေ့ကို အနည်းငယ်ကိုင်းသွားပြီး မြန်မာထိုင်အိမ်သာလိုမျိုး ဖြစ်သွားမှာပါ။သတိထားရမှာက ထိုင်ပြီးမှ ခွေးခြေပေါ် ခြေထောက်တင်ပါ။ ခွေးခြေပေါ်တက်ပြီးမှ အိမ်သာပေါ် မထိုင်ပါနဲ့။ ချော်လဲတတ်ပါတယ်။ ဒီလိုဆို လူကြီးတွေ အိမ်သာတက်ရ ပိုအဆင်ပြေသွားပါလိမ့်မယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/sitting-toilet-vs-squatting-toilet/
ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။
ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကရေဓာတ်နဲ့ ဖွဲ့စည်းထားတာကြောင့် တစ်နေ့တာမှာ လုံလောက်တဲ့ ရေဓာတ်ရဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အများစုက တစ်နေ့တာ ရေလိုအပ်ချက်ကို ပြည့်မီအောင် မသောက်မိတတ်ကြပါဘူး။ ဒါကြောင့် ရေသောက်ဖို့ ကိုယ့်ကိုယ်ကို သတိပေးနေဖို့ လိုပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးကဇီဝဖြစ်စဉ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ရေဓာတ်က လိုအပ်ပါတယ်။ ရေဓာတ်လုံလုံလောက်လောက် မရဘူးဆိုရင် ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်လာပြီး ပါးစပ်ခြောက်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ နုံးတာ၊ မျက်တွင်းချောင်တာ၊ သွေးပေါင်ကျတာ၊ ရင်တုန်တာ၊ ကယောင်ကတမ်းတွေ ဖြစ်တာအထိ  ဖြစ်လာနိုင်ပါတယ်။ဒါက သိပ်ကို ယေဘုယျ ဆန်တဲ့ မေးခွန်းပါ။ ပြောနေကျစကားကတော့ တစ်နေ့ကိုရေ၈ဖန်ခွက်ဆိုပေမယ့် ဒါက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတု၊ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။သာမန်လူကတော့ ရေ၈ဖန်ခွက်လောက် မှန်းထားပါ။ ချွေးပိုထွက်တယ်၊ ပိုပြီး လှုပ်လှုပ်ရှားရှားနေရတယ်ဆိုရင် ပိုသောက်ပါ။ အသည်းမကောင်းတဲ့သူ၊ ကျောက်ကပ်မကောင်းတဲ့သူကတော့ ဆရာဝန်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းပဲ သောက်ပေးသင့်ပါတယ်။ကိုယ့်ရဲ့ ခန္ဓာကိုယ်ကရေသောက်တာ လုံလောက်မှု ရှိမရှိ သိချင်ရင်ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင်ကြည်တယ်။ ဖန့်တယ်ဆိုရင် ရေဓာတ်လုံလောက်နေပါတယ်။ ရေဆာနေသလား၊ နှုတ်ခမ်းတွေ ခြောက်နေသလား ကိုယ့်ကိုယ်ကို သတိထားကြည့်ပါ။ ဒါတွေပေါ် မူတည်ပြီး ရေဓာတ်ဖြည့်နိုင်ပါတယ်။ဒါက တကယ်တော့ စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု လုပ်တာပါ။ အများစုက နွေရာသီမှာတောင် တော်တော်ပူပြီး ရေဆာမှ သောက်ဖို့ သတိရကြတဲ့အတွက် တစ်နေ့တာ ရေလိုအပ်ချက်ကို မပြည့်မီကြပါဘူး။ တစ်ခါ ရေဆာတာကို ဗိုက်ဆာတယ်လို့ ခန္ဓာကိုယ်က အချက်ပြတဲ့အတွက် ရေသောက်မယ့်အစား အစားတွေ စားမိတာမျိုးလည်း ရှိတတ်ပါတယ်။ဒီတော့ ရေသောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို လှည့်စားဖို့ လိုပါတယ်။ရောင်စုံရေဘူးလေးတွေ၊ ဘေးနားမှာ ရေလီတာအမှတ်ပါတဲ့ ရေဘူးလေးတွေ သုံးပါ။ ပြီးတော့ ရေဘူးအကြည်လေးတွေသုံးပါ။ ရေရဲ့ သဘာဝက မြင်နေရရင် ပိုသောက်ချင်ပါတယ်။ ရေလီတာပမာဏကို တွေ့ရတဲ့အတွက် ကိုယ်သောက်တာ နည်းနေလား၊ လုံလောက်ရဲ့လားဆိုတာကို အလွယ်သိနိုင်ပါတယ်။ရေဆာမှ သောက်ရေအိုးဆီ သွားမယ်ဆိုရင် ပျင်းတာနဲ့ သောက်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဆာတာနဲ့ အလွယ်တကူ သောက်နိုင်အောင် ကိုယ်အနေများတဲ့ အလုပ်စားပွဲ၊ အိပ်ခန်း စတဲ့ နေရာတွေမှာ ရေဘူးလေးတွေ  ထားထားပါ။ရိုးရိုးရေသောက်တာထက်စာရင် ရေအေးအေးလေးက ပိုပြီး သောက်လို့ကောင်းပြီး အပူသက်သာပါတယ်။ရေခဲရေလိုမျိုးလည်း မသောက်ချင်ဘူးဆိုရင် ရေခဲသေတ္တာထဲမှာ ၁၅မိနစ်လောက် ထည့်အအေးခံပြီး သောက်ပါ။ ရိုးရိုးရေထက် အေးပြီး ရေခဲရေလောက်လည်း အေးခဲနေတာမျိုး မဖြစ်တော့ပါဘူး။ရိုးရိုးရေသောက်မယ့်အစား ရေထဲကို သံပုရာသီးလေး စိတ်ထည့်တာမျိုး၊ ပူဒီနံအရွက်လေးတွေ ထည့်ပြီး သောက်တာမျိုး လုပ်နိုင်ပါတယ်။ ဒါကDetox waterမဟုတ်ပါဘူး။ ရေအရသာ ရှိပြီး သောက်လိုက်ရင် လန်းဆန်းသွားအောင် အရသာ ထည့်ထားတာပဲ ဖြစ်ပါတယ်။တစ်နေ့တာ ရေလိုအပ်ချက်ကို ရိုးရိုးရေ သောက်တာအပြင် တခြားအရည်တွေနဲ့လည်း ဖြည့်လို့ရပါတယ်။ ဥပမာ အုန်းရည်၊ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည်၊ ဟင်းရည်၊ အရည်ရွှမ်းတဲ့ သစ်သီး စတာတွေနဲ့ပါ။ ဒါကြောင့် ရေသောက်တာအပြင် ဒီအရည်တွေလည်း သောက်ပေးပါ။ ထမင်းစားရင် ဘေးမှာ ဟင်းချိုရည် ပန်းကန်လုံးတစ်ခွက်စာလောက် သောက်ပေးပါ။ရှောင်ရမှာက ကော်ဖီ၊ လက်ဖက်ရည်၊ အရက်တွေပါ။ သူတို့က တစ်ခွက်သောက်ရင် နှစ်ခွက်စာလောက် ဆီးသွားတာကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဆိုဒါပါတာ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေကိုလည်း တတ်နိုင်သမျှ လျှော့သင့်ပါတယ်။ အေးအေးလေးနဲ့ သောက်လို့ ကောင်းပေမယ့် သကြားပါဝင်မှု များတာကြောင့် အဝလွန်စေနိုင်လို့ပါ။အပြင်ထွက် အလုပ်လုပ်ရသူတွေက ရေဘူးအသေးလေးကို အိတ်ထဲထည့်ထားပါ။ ဆာတဲ့အချိန် တန်းပြီးသောက်နိုင်သလို လိုအပ်ရင် ရေပြန်ဖြည့်ဖြည့်ပြီး သောက်နိုင်ပါတယ်။ ရေဝယ်ရတဲ့ ဒုက္ခလည်း ကင်းသွားပါတယ်။ဒီနေ့တော့ ရေ  ၂လီတာလောက် ဝင်အောင် သောက်မယ်လို့ တွက်ထားတယ်ဆိုရင် အိပ်ချိန် ၈နာရီနဲ့ အိပ်ခါနီး အချိန် ၂-၄ နာရီလောက်ကို ဖယ်ထားလိုက်ပါ။ ဒါဆို ကျန်တဲ့ ၁၀-၁၄ နာရီအတွင်းမှာ ရေ ၂လီတာကို ဝင်အောင် သောက်ရမှာ ဖြစ်ပါတယ်။ ဒါဆို တစ်နာရီကို ရေ ၂၀၀ မီလီလီတာလောက် ဝင်အောင် သောက်ပေးရမှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/tips-to-drink-more-water/
ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။
ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။ကလေးမွေးရင် ဗိုက်နာမှာ ကြောက်လို့၊ လိုချင်တဲ့ ရက်မရမှာစိုးလို့ဆိုပြီး ဗိုက်ခွဲပြီးကလေးမွေးတဲ့ အလေ့အထက ခုနောက်ပိုင်း အရမ်းကို ခေတ်စားလာတာ အားလုံး အသိပါ။ ခွဲမွေးတာဟာ ကလေးမွေးချင်လို့ ဗိုက်အနာမခံရတာမှန်ပေမယ့် ခွဲစိတ်ပြီး နောက်ပိုင်း ရက်တွေ မှာတော့ချုပ်ရိုးကတစ်မျိုး၊ ခွဲထားတဲ့ အနာကနာတာတစ်မျိုး၊ ဆီးမသွားလေမလည်နိုင်တာကတစ်မျိုးနဲ့ အမျိုးမျိုးတွေ ခံရမှာ မေမေတို့ပါ။ ဒါ့အပြင် ချုပ်ရိုးကို သေချာ ဂရုမစိုက်မိတဲ့အခါမျိုးဆို ချုပ်ရိုးကွဲတာ ၊ ပိုးဝင်ပြီးပြည်တည်အနာကျက်တာတွေ ဖြစ်နိုင်တဲ့အတွက် ခွဲစိတ်ပြီး ကလေးမွေးထားတဲ့ ရှောင်သ့င် ဆောင်သင့်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။ ။ဗိုက်ခွဲပြီး ကလေးမွေးထားတဲ့ မေမေတို့ အတွက် အဓိက အရေးကြီးတဲ့ ၃ ချက် ကတော့။ဒါတွေလုပ်ပါ။ဒါတွေ မလုပ်ပါနဲ့။ ။အစားအသောက် ။ ။ကလေးမွေးပြီးနောက် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုကို ဆင်ခြင်ဖို့ အရင်တုန်းကထက် ပိုပြီး အရေးကြီးလာပါပြီ။ဒါတွေလုပ်ပါ။ဒါတွေ မလုပ်ပါနဲ့။ ။ဗိုက်ခွဲမွေးပြီး နောက်ပိုင်း ချုပ်ရိုးကလည်း အရေးကြီးတာကြောင့် ဒါလေးတွေ သိစေချင်ပါတယ်။ ။ဒါတွေလုပ်ပါ။ဒါတွေ မလုပ်ပါနဲ့။ ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-period/c-section/
COVID-19 ဗိုင်းရပ်စ် ကို ရင်ဆိုင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ
တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ သားငါး ပင်လယ်စာဈေးတစ်ခုမှ အခြေခံကာ နိုင်ငံပေါင်း ၁၀ နိုင်ငံ လောက်ထိ ပျံ့နှံ့လျက်ရှိပြီး လူ ၂၇၀၀ ကျော်ကူးစက်ခြင်းခံနေရတဲ့ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကိုCOVID-19ဗိုင်းရပ်စ်ဟု အမည်ပေးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၀၂ မှာဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်း ၁၅ ရာခိုင်နှုန်းထိရှိခဲ့တဲ့ SARS (ပြင်းထန်အဆုတ်ရောင်ရောဂါပိုး) နှင့် ၂၀၁၂ မှာဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်း ၃၆ ရာခိုင်နှုန်းရှိခဲ့တဲ့ MERS (အရှေ့လယ်ပိုင်းဒေသ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး) တို့နှင့် အုပ်စုတူပြီး ကူးစက်မှုနှုန်းပိုမိုမြန်ဆန်သည်ဟု ယူဆထားခြင်းခံရပါတယ်။ ဒီ ဗိုင်းရပ်စ်ဟာ စတင်တွေ့ရှိတဲ့ ၂၀၁၉ နှစ်ကုန်ကနေ ယခုချိန်ထိ သေဆုံးသူ ၈၀ ဦးရှိသွားပြီဖြစ်ပါတယ်။ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုထဲမှဖြစ်သော်လည်း မျိုးရိုးဗီဇအသစ်ဖြစ်တဲ့အတွက် သိပ္ပံပညာရှင်များ၊ ဆရာဝန်များ အခက်တွေ့နေရခြင်းမှာ တိကျသေချာတဲ့ ရင်းမြစ်၊ ရောဂါလက္ခဏာနှင့် ရောဂါကိုရှာဖွေ အတည်ပြုဖို့ နည်းလမ်းတွေ ခက်ခဲနေတာကြောင့်ဖြစ်ပါတယ်။တရုတ်နိုင်ငံတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါ ကူးစက်ခံရသူအရေအတွက် တရိပ်ရိပ်တက်လာတာနဲ့အမျှ COVID-19 ဗိုင်းရပ်စ်နဲ့ တိုက်ပွဲဝင်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေရမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ဗိုင်းရပ်စ်ပိုးတစ်ခုကို ထိန်းချုပ်ဖို့ဆိုရင် ဒီမေးခွန်းတွေမှာ အဖြေရှိရပါတယ်။-ရောဂါပျိုးချိန် (incubation period) ဘယ်လောက်ကြာလဲ။-ရောဂါလက္ခဏာ စပြတဲ့ချိန်မှာ စတင် ကူးစက်နိုင်တာလား။-ရောဂါလက္ခဏာ မပြသေးတဲ့ ကူးစက်ခံရတဲ့သူကနေ တဆင့်ရော ကူးစက်နိုင်သလား။-ရောဂါလက္ခဏာပြတာ ဆိုးလေလေ ကူးစက်နိုင်စွမ်း ပိုများလေလား။ (SARS ဟာ ရောဂါလက္ခဏာပြပြီးရင် ကူးစက်နိုင်စွမ်းလျော့နည်းသွားပါတယ်။Ebolaကတော့ ရောဂါလက္ခဏာစပြတာနဲ့ ပိုပြီး ကူးစက်နိုင်ပါတယ်။)။ဒီမေးခွန်းတွေအတွက် အဖြေမရှိသရွေ့တော့ COVID-19 ကို ထိန်းချုပ်ဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။SARSတို့MERSတို့လိုမျိုး COVID-19 ရဲ့ အဓိက ရောဂါလက္ခဏာမှာ ပြင်းထန်တဲ့ အဆုတ်ရောင်ခြင်း (Pneumonia) ဖြစ်တယ်။ ဆေးပညာအရ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပုံမှန် အဆုတ်ရောင်ခြင်းဟာ လွယ်လွယ်ကူကူနဲ့ ပျောက်ကင်းနိုင်တဲ့အတွက် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်လာတဲ့အခါမှာ ပဋ္ဋိဇီဝဆေးမရှိပါဘူး။ ဒါတင်မကဘူး၊ COVID-19 ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကြောင့် ကိုယ်ခံအားကျဆင်းသွားတဲ့အခါ နောက်ထပ် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါဟာ ထပ်ဆင့် ဝင်ရောက်လာတတ်တဲ့အတွက် ထိန်းချုပ်ရတာပိုမိုခက်ခဲလာပါတယ်။ ဒါကို မထိန်းချုပ်နိုင်ရင် ရောဂါပိုးဟာ သွေးထဲရောက်သွားပြီး သွေးဆိပ်တက်ခြင်း၊ ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းတွေ ဖြစ်ရာမှ သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။အဆုတ်ရောင်ခြင်း ပိုဆိုးလာတာနဲ့ အဆုတ်တစ်ရှူးတွေ ပျက်စီးယိုယွင်းခြင်း ဖြစ်ပါတယ်။ အဆုတ်တစ်ရှူးတွေ ပျက်စီးယိုယွင်းခြင်းကြောင့် ခန္ဓာကိုယ်မှာ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် လူနာတွေကို အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွေ့ရပြီး အောက်ဆီဂျင်စက်တွေနဲ့ အဆိုးဆုံးအခြေအနေတွေမှာ အသက်ရှူစက်တွေတပ်ထားပေးရပါတယ်။တရုတ်လိုမျိုး နိုင်ငံကြီးတွေမှာတောင် အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit) တွေဟာ လူအမြောက်အမြားကို တစ်ပြိုင်တည်း ကုသဖို့အတွက် အခက်အခဲအများကြီး ကြုံတွေ့ရပါတယ်။လေဆိပ်တွေ၊ ကားဂိတ်တွေ၊ နယ်စပ်တွေ၊ ပြည်ဝင်ဂိတ်တွေ၊ ဆေးရုံတွေမှာ အဖျားတိုင်းပြီး ရောဂါပိုး ကူးစက်ခံနေရ၊ မရဆုံးဖြတ်ပါတယ်။အဖျားတက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရိုးရိုးရာသီဖျားကစလို့ ကိုယ်ဝန်သည်တွေမှာပါ ခန္ဓာကိုယ်အပူချိန်တက်နေနိုင်ပါတယ်။ဒါကြောင့် ရောဂါရှိ၊မရှိဆုံးဖြတ်တဲ့နေရာမှာ false positives လို့ခေါ်တဲ့ (ရောဂါမရှိဘဲရှိတယ်လို့ယူဆခံရခြင်း) တွေအများကြီးပါလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဖျားရှိတဲ့သူတိုင်းကို ရောဂါရှိမရှိစစ်ဆေးအတည်ပြုဖို့ ထိန်းချုပ်ထားတဲ့အတွက် လူအင်အား၊ စက်ပစ္စည်းကိရိယာအင်အား၊ အချိန် မလောက်ငှမှုတွေကို ကြုံတွေ့ရပါတယ်။ (တရုတ်နိုင်ငံမှာ ဆေးဝန်ထမ်းများမှာ ဆေးရုံမှာ ၂၄ နာရီ ဂျူတီတွေကို ဆက်တိုက်ဆင်းနေရပြီး ပင်စင်ယူပြီးသား ဆရာဝန်တွေကပါ ကူညီနေရပါတယ်။)။ပိုဆိုးတာက ရောဂါလက္ခဏာဟာ ကူးစက်ခံရပြီး ၁၀ ရက်-၁၄ ရက်မှာမှ စပြတာဖြစ်နိုင်တဲ့အတွက် အဖျားမရှိတိုင်း ရောဂါမရှိဟု သတ်မှတ်လို့မရပါဘူး။ ရောဂါလက္ခဏာကလည်း ပုံမှန် အဖျားကြီးတာ၊ ချောင်းဆိုးတာမျိုးနဲ့ မဟုတ်ဘဲ ဝမ်းလျှောနေတဲ့သူကို ဓာတ်မှန်ရိုက်၊ ရင်ဘတ်ကွန်ပျူတာ ဓာတ်မှန် (CT chest) ရိုက်ကြည့်လိုက်မှ ရောဂါရှိကြောင်း ပေါ်လာသူတွေလည်း ရှိပါတယ်။ထောင်၊သောင်း၊ သိန်းချီတဲ့ လူထုကို ရောဂါရှိမရှိ စစ်ဆေးဖို့ဆိုတာ ဒီရောဂါပိုးကို ဆက်ပြီး မပျံ့အောင် ထိန်းချုပ်ဖို့ လိုအပ်တဲ့လုပ်ဆောင်ချက်ဖြစ်ပေမယ့် လက်တွေ့မှာတော့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ တခြား ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ နှလုံးရောဂါ တို့လို ရောဂါအခံရှိပြီးသူတွေမှာ ရောဂါပိုမိုကူးစက်နိုင်သလို၊ ပိုပြင်းထန်တာကိုလည်း တွေ့ရပါတယ်။COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူတွေမှာ အသက်ကြီးပိုင်းသူများနှင့် ရောဂါအခံရှိပြီးသူ အများစုပါဝင်တာကိုလည်း တွေ့ရပါတယ်။မြွေ၊ လင်းနို့ကနေ စတင်ကူးစက်တယ်လို့ ယူဆခံထားရတဲ့ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးရိုးဗီဇပြောင်းလဲနိုင်စွမ်းရှိတယ်လို့လည်း သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။စစချင်းမှာ တိရစ္ဆာန်ကနေ လူကိုပဲ ကူးစက်နိုင်တယ်လို့ ကြေငြာထားပေမယ့် နောက်ပိုင်း ဝူဟန်မြို့ အသားဈေး၊ ငါးဈေးနဲ့ မသက်ဆိုင်တဲ့သူတွေပါ ကူးစက်ခံရတာကို တွေ့ရှိရတဲ့အခါ လူလူချင်းကူးစက်နိုင်တယ်လို့ သိရတာဖြစ်ပါတယ်။ဆေးပညာအရ စိန်ခေါ်မှုတွေအပြင် စိတ်ပူပန်၊ စိတ်လှုပ်ရှားလွယ်ဖြစ်နေတဲ့ လူတွေရဲ့ စိတ်ကို အခွင့်ကောင်းယူပြီး သတင်းအမှားတွေကို ဖြန့်နေတဲ့ အွန်လိုင်းမီဒီယာတွေဟာလည်း စိန်ခေါ်မှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် တိကျသေချာတဲ့ အင်တာနေရှင်နယ် သတင်းဝက်ဆိုဒ်၊ အဖွဲ့အစည်းမှ ထုတ်ပြန်တဲ့ သတင်းတွေပဲ အတည်ယူပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ Hello Sayarwon Facebook page, ဝက်ဆိုဒ်ကနေလည်း COVID-19 ဗိုင်းရပ်စ်ရဲ့ နောက်ဆုံးအခြေအနေ သတင်းတွေကို နေ့စဉ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/challenges-novel-corona-virus/