title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ
ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ ဝက်ခြံဆိုတာကို ထွေထွေထူးထူး ပြောစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။အသားအရေလေးက ကြည်နေတာပဲ။ အသားအရေတော်တော်လေးကောင်းတယ်နော်၊ဝက်ခြံလေးတွေရှိနေလို့သာ ဆိုတာမျိုးက ဝက်ခြံရှိသူတိုင်းလိုလိုကြားရလေ့ရှိတဲ့ စကားတစ်ခွန်းဖြစ်မယ်ထင်ပါတယ်နော်။ ဝက်ခြံဆိုတာကလေဒီလေးတွေမှာရော အမျိုးသားတွေမှာပါ ဖြစ်တတ်ကြတဲ့ အရေပြားပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။အပျိုဖော်ဝင်ချိန် လူပျိုဖော်ဝင်ချိန်မို့ပေါက်တာက အချိန်တန်ရင် ပျောက်သွားမှာပါဆိုပေမယ့် အချိန်တော်တော်ကြာတဲ့အထိ မပျောက်တဲ့အခါမှာတော့ အလှအပမှာ တော်တော်လေး ထိခိုက်စေသလို တစ်ခါတလေများဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုတောင်ဆုံးရှုံးမိတယ်နော်။ ဒီလိုအလှပျက်စေ၊ ယုံကြည်မှုကို ထိခိုက်စေတဲ့ ဝက်ခြံတွေကို အမြစ်ပြတ်ချေမှုန်းချင်နေပြီလား။ ဒါဆိုရင်တော့ ဒီစစ်ဆင်ရေးမှာ အနိုင်ရစေဖို့ ရန်သူရဲ့အခြေအနေကို အရင်လေ့လာရအောင်လား……….။ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။Whiteheadsဝက်ခြံ – အရေပြားအောက်ဘက်မှာရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင်အနှစ်လေးတွေထွက်တတ်ပါတယ်။နှာခေါင်းဘေးတစ်ဝိုက်နဲ့မေးစေ့မှာ အဖြစ်များပါတယ်။Blackheads (ဆားဝက်ခြံ)– အရေပြားပေါ်မှာ ခပ်မည်းမည်းအရောင်နဲ့မြင်သာပါတယ်။ နှာခေါင်းနဲ့T- Zoneမှာအဓိကပေါက်တတ်ကြပါတယ်။Papules ဝက်ခြံ– သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။အရေပြားပေါ်မှာ မြင်သာပါတယ်။Pustules ဝက်ခြံ– အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ အဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။Nodules ဝက်ခြံ– ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။ ကြီးမားပြီး အစိုင်အခဲကြီးသလို အရေပြားထဲမှာ စူးစူးနစ်နစ်တွယ်ဆက်နေကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ်ပါတယ်။Cysts ဝက်ခြံ– အရေပြားပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုးပါ။ နာကျင်နီရဲနေတတ်ပြီး ဝက်ခြံတစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ်ကြပါတယ်။အမာရွတ်ကျန်နိုင်ခြေအများဆုံး ဝက်ခြံအမျိုးအစားပါ။ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံးအရေပြားပေါ်ကချွေးပေါက်လေးတွေအကြောင်းအရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ဘက်တီးရီးယား၊ အရေပြားပေါ်ကဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြပါတယ်။ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်း အရင်းကလည်းတော်တော်လေးများပါတယ်။အစားအစာ– နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အဆီများတဲ့ အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ၊ နို့တွေ၊ အဆီများတဲ့နို့ထွက်ပစ္စည်းတွေနဲ့ချောကလက်တို့ကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်ကအငန်ကဲတဲ့အစားအစာတွေနဲ့ အစပ်ကဲတဲ့အစားအစာတွေကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ– ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ ချွေးပေါက်တွေ ထဲမှာ ပိတ်ဆို့သွားတဲ့အခါမျိုး မှာလည်း ဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။စိတ်ဖိစီးမှု– စိတ်ဖိစီးမှုများတာကလည်း ဝက်ခြံတွေကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခုပါ။မျိုးရိုးရှိတာ– မိဘ တစ်ဦးဦးက ဝက်ခြံ တော်တော်လေးပေါက်တဲ့သူဆိုရင်လည်း ဝက်ခြံဖြစ်နိုင်ခြေက တော်တော်လေးများနေပါတယ်။ဟော်မုန်းအပြောင်းအလဲ– အပျိုဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။ဆေးဝါးတွေ– သောက်သုံးနေရတဲ့ ဆေးဝါးတွေ ရှိနေမယ်ဆိုရင်လည်း အဆိုပါ ဆေးဝါးတွေကြောင့် ဝက်ခြံ ဖြစ်ရတာပါ။အလှကုန်တွေ– အသုံးပြုနေတဲ့မိတ်ကပ်အပါအဝင် အချို့သောအလှကုန်ပစ္စည်းတွေကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မှုကနေတဆင့် ဝက်ခြံတွေ ဖြစ်လာရတာပါ။ကဲ….. ကိုယ့်ဆီမှာဖြစ်နေတဲ့ ဝက်ခြံတွေကိုဖြစ်စေတဲ့အကြောင်းအရင်းတွေနဲ့ ဝက်ခြံအမျိုးအစားတွေကို သေချာဆန်းစစ်ကြည့်လိုက်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/lets-discuss-about-acnes/
ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့
ဝက်ခြံတွေ ပေါက်လာရင်ကို အလိုလို စိတ်ညစ်ပါတယ် ဆိုမှ ဝက်ခြံက ရောင်ပါ ရောင်နေပြီဆိုရင် မတော်တဆ မျက်နှာကို ကုတ်မိရင် ဘယ်လောက် နာလဲဆိုတာကို ဝက်ခြံ ဖြစ်ဖူးသူတိုင်း သိမယ် ထင်ပါတယ်။ ဒီလို ဝက်ခြံတွေ ရောင်လို့ နေရထိုင်ရခက်နေသူတွေကို ဘယ်လို သက်သာအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ကဲ ……ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ဝက်ခြံတွေ ရောင်ရမ်းရတဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနိုင်ပါတယ်။ဝက်ခြံတွေ ရောင်နေတာကိုသက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေအရောင်ကျပြီး သက်သာစေဖို့။ရေခဲဝတ်ကပ်တာက အရောင်ကျစေပြီး နာကျင်မှုကို သက်သာစေမှာပါ။ အဝတ်စသန့်သန့်ထဲ ရေထဲထည့်လို့ ရောင်နေတဲ့နေရာကို ကပ်ပေးပါ။ ဆက်တိုက် ကပ်ပေးတာမျိုး မလုပ်ဘဲ ၁၀ မိနစ်လောက် ကပ်လိုက် ၁၀ မိနစ်လောက် နားလိုက် လုပ်ပေးပါ။ရေနွေးငွေ့ခံတာက ချွေးပေါက်တွေကို ပွင့်စေပြီး ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ရေနွေးငွေ့ မခံခင်မှာ မျက်နှာကို သေချာ သန့်စင်ပေးဖို့ မမေ့ပါနဲ့။ ရေနွေးငွေ့ အဆင်မပြေဘူးဆိုရင် အဝတ်စ သန့်သန့်လေးကို ရေနွေးနွေးထဲ စိမ်ပြီး ရေညှစ်လို့ ရေနွေးဝတ် ကပ်ပေးလို့လည်းတော့ ရပါတယ်။ရောင်နေတဲ့နေရာကို လက်ဖက်စိမ်းရေနွေးကြမ်း နွေးနွေးလေး ဆွတ်ပေးတာကလည်း ပိုးသေစေပြီး အရောင်ကျစေနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်လေးတွေ ကပ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ သေချာသန့်စင်ပြီးမှ ကပ်ပေးတာက ထိရောက်မှု ကောင်းစေပါတယ်။လက်ဖက်ဆီက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ရောင်ရမ်းနေတဲ့ ဝက်ခြံပေါ်နဲ့ ဝက်ခြံ တဝိုက်ကို လက်ဖက်ဆီလေး ခပ်ပါးပါး လိမ်းပေးတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။အရောင်ကျစေသလို ဘက်တီးရီးယားတွေကိုလည်း ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်မှာပါ။ပိုးသေစေနိုင်သလို အသားအရေအတွက် အကျိုးများတယ်လို့ နာမည်ရှိတဲ့ ပျားရည်ကိုလည်း ဝက်ခြံတွေ အရောင်ကျစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရောင်ရမ်းနေတာကို သက်သာစေဖို့နဲ့ ဘက်တီးရီးယားတွေကို သုတ်သင်ဖို့ အတွက် ဝက်ခြံပေါ်ကို ပျားရည် ခပ်ပါးပါးလေး လိမ်းပေးပါ။ရှားစောင်းလက်ပပ်က အစိုဓာတ် ထိန်းပေးပြီး အရောင်ကျစေနိုင်ပါတယ်။ ဝက်ခြံကိုလည်း သက်သာစေနိုင်တာကြောင့် ဝက်ခြံတွေ ရောင်ရမ်းနေမယ်ဆိုရင် ရှားစောင်းလက်ပပ် ဂျယ်လီသားကို ခပ်ပါးပါး လွှာပြီး ဝက်ခြံပေါ်မှာ ကပ်ပေးပါ။ ခပ်ဖွဖွလေး ရောင်ရမ်းနေတဲ့ ဝက်ခြံ တဝိုက်ကို ပွတ်ပေးလို့လည်း ရပါတယ်။ဝက်ခြံတွေ ရောင်နေတာကို သက်သာစေဖို့ အဆင်ပြေမယ့် နည်းလမ်း တစ်ရပ်ရပ်ကို အခုပဲ လက်တွေ့ အကောင်အထည်ဖော်လိုက်တော့နော်။ဒီလိုတွေလုပ်ပေမယ့် မသက်သာဘူး ဝက်ခြံတွေ က ဆက်ရောင်နေမယ် အထိမခံနိုင်အောင် နာကျင်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/home-remedies-for-inflamed-acne/
Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ)
Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) အကြောင်း လေ့လာလိုက်ရအောင်နော်။Pyelonephritis ခေါ် ကျောက်ကပ်ပိုးဝင်တဲ့ ရောဂါဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါတွေ (UTI) ထဲက ထူးခြားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆီးအိမ် (သို)့ ဆီးပြွန်တွင်းမှ စဖြစ်နိုင်ပါတယ်။ pyelonephritis ဟာ ဆီးလမ်းကြောင်းတွင်းသို့ ဘက်တီးရီးယားပိုး ဝင်ရာမှ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဆီးကို ခန္ဓါထဲမှ မစွန့်ထုတ်ခင် ဆီးအိမ်ထဲမှာ အရင် သိုလှောင်ထားပါတယ်။ဘက်တီးရီးယားပိုးဟာ ဆီးပြွန်(ဆီးအိမ်မှ ခန္ဓါကိုယ်အပြင်ဘက်သို့ဆီးစွန့်ထုတ်ပေးသောပြွန်) မှတစ်ဆင့် ဆီးအိမ်အတွင်းသို့ ဝင်ပြီး ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို ရောဂါပိုးကူးစေပါတယ်။ အဲ့ဒီနောက် ကျောက်ကပ်ကို ကူးကာ ကျောက်ကပ်ပိုးဝင်သောရောဂါ pyelonephritis ကို ဖြစ်စေပါတယ်။ကျောက်ကပ်ပိုးဝင်တဲ့ ရောဂါဟာ တခြား ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေထက် ဖြစ်တာနည်းပေမဲ့ စိုးရိမ်ရပါတယ်။ နောက်တစ်ဖန်ပြန်ဖြစ်တဲ့ ရောဂါတွေဆိုလျှင် ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ အဲဒီလို ပြန်ဖြစ်တာကို နာတာရှည် ကျောက်ကပ်ရောင်ရောဂါ ( chronic pyelonephritis ) လို့ခေါ်ပြီး နောက်ဆုံး အဆင့် ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်နိင်ပါတယ်။ကျောက်ကပ်ပိုးဝင်ခြင်းရောဂါဟာ အမျိုးသမီးတွေနဲ့ အသက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးပိုက်ထည့်ထားသူတွေ၊ဆီးချိုရောဂါသည်တွေ (သို့) ဆီးကျောက်တည်ပြီး ဆီးလမ်းကြောင်းပိတ်နေသူများ (သို့) ဆီးကျိတ်ရောင်နေသူတွေဟာ ကျောက်ကပ်ပိုးဝင်ရောဂါ ဖြစ်နိုင်ပါတယ်။pyelonephritis ရဲ့ အစောပိုင်းအဆင့်တွေမှာ လက္ခဏာတွေ မပြတတ်ပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဖျားခြင်းနှင့် ခါးအောင့် ခြင်းတို့ဖြစ်ပါတယ်။ တခြားလက္ခဏာတွေမှာ ချမ်းစိမ့်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ပျို့ခြင်း၊ဆီးအောင့်ခြင်း၊နံရိုး (သို့) ခါးစောင်းတွင်အောင့်ခြင်း၊ ရုတ်တရက် ဆီးအရမ်းသွားလိုစိတ်ဖြစ်ကာ မထိန်းနိုင်ခြင်း နဲ့ အန်ခြင်းတို့ ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဗိုက်အပြင်းအထန် အောင့်ခြင်း၊ ဆီးပူခြင်း နဲ့ဆီးသွားလျှင် သွေးပါခြင်းတို့ဖြစ်လျှင် ဆရာဝန် ဆီ ချက်ချင်းသွားပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Pyelonephritis ဟာ ဘက်တီးရီးယားပိုးက ဆီးကို ဝင်ရောက်ကူးစက်မယ်။ ဆီးမှ တစ်ဆင့် ဆီးလမ်းကြောင်း ( သို့) သွေးစီးကြောင်းမှ တစ်ဆင့် ကျောက်ကပ်ကို ကူးပြီး အဆင့်ဆင့်ဖြစ်လာတဲ့ ရောဂါတစ်မျိုးပါ။ ထိုနည်းအားဖြင့် ဘက်တီးရီးယားပိုးတွေဟာ ပွားများလာပြီး ကျောက်ကပ်ကို ကူးစက်ကာ အန ္တရာယ်ပေးပါတယ်။pyelonephritis ကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေအများကြီးရှိသော်လည်း E.coli ပိုး ကတော့ အဖြစ်များဆုံးဖြစ်ပါတယ်။Pyelonephritis ဖြစ်ပွားနိုင်ခြေ ကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဖြစ်ဖို့အခွင့်အလမ်း ပိုများဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ဆီးပြွန်လမ်းကြောင်းဟာ အမျိုးသားတွေထက် တိုတာကြောင့် ဆီးအိမ်ကို အပြင်မှ ပိုးဝင်လာမှုဟာ မြန်ဆန်ပါတယ်။ဆီးစွန့် ခြင်းကို နှေးစေတဲ့ မည့်သည့်အရာမဆို သို့မဟုတ် ဆီးသွားစဉ် ဆီးအိမ်အတွင်းမှ ဆီးကို ကုန်အောင် ထုတ်နိုင်စွမ်းမရှိသည့်အခါမျိုးဆို( ဥပမာ ဆီးကျောက်တည်ခြင်း၊ခန္ဓါကိုယ် ဆီးသွားစနစ်ပုံမှန်မဟုတ်ခြင်း (သို့) အမျိုးသားတွေမှာ ဆီးကျိတ်ရောင်ခြင်းစသည့် ကိစ္စများဟာ) ကျောက်ကပ်ပိုးဝင်နိုင်ခြေ မြင့်မားစေပါတယ်။သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့ ရောဂါများ ဥပမာဆီးချို၊ HIV ရောဂါ တို့ဟာ ကျောက်ကပ်ပိုးဝင်မှုကို မြင့်မားစေပါတယ်။ အစားထိုးအင်္ဂါတွေကို ခန္ဓါကိုယ်မှ လက်ခံနိုင်အောင် သုံးရသော အချို့ဆေးကလည်း ကိုယ်ခံအားနည်းစေသောကြောင့် ကျောက်ကပ်ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ဆီးသည် ဆီးအိမ်မှတစ်ဆင့် ကျောက်ကပ်တွင်း သို့ နောက်ပြန်စီးသော အခြေအနေ။အထက်ပါ ဖြစ်ပွားနိုင်ချေ မြင့်စေသော အချက်များ မရှိခြင်းသည် သင် ဒီရောဂါ မဖြစ်ပွားနိုင်ဟု မဆိုလိုပါ။ ထိုအချက်များသည် အညွှန်းသက်သက်သာ ဖြစ်ပါသည်။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်တွေက ကျန်းမာရေးဆိုင်ရာ မေးခွန်းများမေးခြင်း နှင့် ဖျားခြင်း၊ ခါးအောင့်ခြင်း အစရှိတဲ့ လက္ခဏာတွေကို စမ်းသပ်စစ်ဆေးခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။အကယ်လို့ ကျောက်ကပ်ပိုးဝင်နေတယ်လို့ သံသယရှိနေလျှင် ဆရာဝန်က ဆီးစစ်ခြင်း၊ သွေးစစ်ခြင်းဖြင့် ဘက်တီးရီးယားပိုးကို ရှာဖွေနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အာထရာဆောင်း (သို့) ကျောက်ကပ်ကို ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်းဖြင့် ရောဂါရှာနိုင်ပါတယ်။လူနာတော်တော်များများကိုတော့ ဆေးရုံတက်ခိုင်းပြီး သွေးကြောတွင်း ပဋိဇီဝဆေးများ တိုက်ရိုက် သွင်းခြင်းဖြင့် ကုသပါတယ်။ လက္ခဏာတွေ သက်သာပြီ ဆိုလျှင် ပဋိဇီဝဆေးတွေကို သောက်ဆေးပြောင်းပေးပြီး ၂ ပတ်မှ ၄ ပတ်အထိ သောက်ခိုင်းပါမယ်။အကိုက်အခဲပျောက်ဆေးများနှင့် အရည်ဓါတ်တွေကို လည်း ရေဓါတ်ခမ်းခြောက်မှုရှိနေလျှင် အကြောတွင်း သွင်းပေးခြင်းဖြင့် ကုသပါတယ်။ နောက်တစ်ဖန်ပြန်ဖြစ်တဲ့ ဆီးပိုးဝင်ရောဂါ တွေဆိုလျှင် ပဋိဇီဝဆေးတွေကို ပမာဏ နည်းနည်းကို နေ့စဉ် ရက်သတ္တပတ်လောက်ပေးပြီး ပိုးဝင်ခြင်းကို ကာကွယ်ပါတယ်။ဆီးကျောက်တည်ခြင်းကြောင့် ဖြစ်တယ်ဆိုလျှင် ဆီးနှင့် ကျောက်ကပ် အထူးကုမှ လေဆာ (သို့) ပြင်းအားမြင့်အသံလှိုင်းဖြင့်ကျောက် ချေဖျက်သောနည်း (သို့) ခွဲစိပ်ခြင်းတို့ဖြင့် ကျောက်ကို ထုတ်ခိုင်းပါလိမ့်မယ်။လူကြီးတွေမှာဆိုလျှင် ရောဂါပိုးကျန်မကျန်သိရှိနိုင်ရန် ကုသမှုပြီးတိုင်း ဆီးပိုးပြန်မွေးကြည့်ရပါတယ်။ တကယ်လို့ ရောဂါပိုးရှိနေသေးတယ်ဆိုလျှင် ပဋိဇီဝဆေးကို နောက်ထပ် ၁၄ ရက်စာ ထပ်ပေးရပါတယ်။ ထပ်ရှိနေသေးလျှင် ၆ ပတ်အထိပေးပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် pyelonephritis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ရေဓါတ်ခမ်းခြောက်လျှင် ရေများများသောက်ပါ သို့သော် အရက်မသောက်ပါနဲ့။• ရေနဲ့ ဘယ်ရီသီးဖျော်ရည်တို့ဟာ ဆီးပိုးကို ဆီးအိမ်အတွင်းကပ်မနေနိုင်အောင် ကာကွယ်ပေးခြင်းဖြင့် ရောဂါပြန်ဖြစ်မှုကို လျှော့ချပေးပါတယ်။• ဆီးအကြာကြီး အောင့်ထားခြင်းကို ရှောင်ကြဉ်ပါ။ လိင်ဆက်ဆံမှု မပြုခင်နဲ့ ပြုပြီး အချိန်တွေမှာ ဆီးသွားခြင်းဖြင့် ဆီးပိုးဝင်မှုကို ရှောင်ကြဉ်နိုင်ပါတယ်။• ဆီးကျောက်ရှိလျှင် ဖယ်ရှားပါ။ ဆီးကျိတ်ကြီးနေလား ဆိုတာ ပုံမှန် စမ်းသပ်စစ်ဆေးမှုလုပ်ပါ။ ရှိနေလျှင် ကုပါ။• ဆရာဝန်မညွှန်ကြားဘဲ မိမိသဘောနှင့် ဆေးပမာဏ တိုးခြင်း လျှော့ခြင်း၊ ဆေးရပ်ခြင်းများ မပြုလုပ်ရပါ။• တိုင်းရင်းဆေးများကို မိမိသဘောနှင့် ဝယ်မသောက်ပါနှင့်။ တချို့ဆေးတွေကကျောက်ကပ်ရောဂါဖြစ်စေနိုင်ပါတယ်။အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/pyelonephritis-explained/
စရိတ်သက်သာ အာဟာရပြည့်ပြည့် စားနိုင်ဖို့ ရိက္ခာ စုနည်း
သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မီးဘေး၊ ရေဘေး၊ မုန်တိုင်း၊ ငလျင်တွေ ဖြစ်အပြီးမှာ ဒါမှမဟုတ် ဖြစ်မယ် သတိထားကြပါလို့ ကြေညာအပြီးမှာရိက္ခာ ဝယ်ယူစုဆောင်းကြတာ သဘာဝပါ။ အပြင်ထွက်လို့ အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားနိုင်တဲ့အတွက် စုလည်း စုထားသင့်ပါတယ်။တတ်နိုင်တဲ့သူက ခြင်းကြီးခြင်းငယ် အသွယ်သွယ်နဲ့ ဝယ်ကြပေမယ့် မတတ်နိုင်တဲ့သူကျ အတော်ဒုက္ခရောက်ပါတယ်။ ဝယ်လိုအား များလာလို့ စျေးပါတက်လာရင် ပိုဆိုးပါတယ်။ ဒီလိုဆိုပြီး ဆန်နဲ့ ဆီပဲ ဝယ်ထားပြီး စားနေလို့လည်း မဖြစ်သေးပါဘူး။ ဒီဘေးအန္တရာယ်တွေက ဘယ်တော့မှ ပြီးမလဲဆိုတာ မသိတဲ့အတွက် ကြာလာရင်အာဟာရချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် အာဟာရလည်းပြည့် စရိတ်လည်း သက်သာတဲ့ ရိက္ခာဝယ်ယူစုဆောင်းနည်းကို ပြောပြပါ့မယ်။သဘာဝဘေးအန္တရာယ်အကြောင်း ပြင်ဆင်ဖို့ ပြောတဲ့အခါ လန့်မသွားပါနဲ့။ အိမ်မှာ တကယ်လိုအပ်မယ့် စားသောက်ကုန် စာရင်းကို အရင်လုပ်ပါ။ ဘာပစ္စည်းတွေက မရှိမဖြစ်လိုလဲ။ ဘဘယ်နှပတ်စာ စုမှာလဲ။ အိမ်မှာ လူဘယ်နှယောက်ရှိလဲဆိုတာ သေချာတွက်ပါ။ စျေးရောက်ခါမှ သူများဝယ်တာ အကုန်လိုက်ဝယ်ရင် ငွေကုန်ကြေးကျများပါလိမ့်မယ်။စူပါမားကတ်တွေထက် ရပ်ကွက်စျေးကို ပိုအားပေးပါ။ ပစ္စည်းချင်းတူရင်တောင် စျေးအနည်းငယ်ကွာပါတယ်။ဒစ်စကောင့်ရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒစ်စကောင့်နောက် လိုက်ပြီး ကိုယ်မလိုတဲ့ ပစ္စည်းတွေကို မဝယ်ပါနဲ့။ အထူးသဖြင့် အထားမခံတဲ့ စားစရာတွေ၊ ရက်လွန်ဒိတ်နီးနေတာတွေကို ဝယ်မလာပါနဲ့။ဒီလို အများကြီး ဝယ်ရတဲ့အချိန်၊ ဘယ်တော့မှ ပြီးမလဲ မသေချာတဲ့ သဘာဝဘေးနဲ့ ကြုံရချိန်မှာ စားနေကျစားစရာတွေကို စျေးသက်သာတာတွေနဲ့ အစားထိုးပါ။ စားစရာထက် အာဟာရကို ဦးစားပေးပါ။ဥပမာကာဘိုဟိုက်ဒရိတ်ဓာတ်ကို ဒီကလူတွေက ဆန်ကနေ အဓိကရပါတယ်။ ခုလိုအချိန်မှာ အရင်လို ဆန်ကောင်း ဆန်ချောမှ မဟုတ်ဘဲ စားနေကြထက် တစ်ဆင့်နိမ့်တာမျိုး၊ စျေးပိုသက်သာတာမျိုး ရွေးဝယ်ပါ။ ဗိုက်ပြည့်ဖို့ ထမင်းကို လျှော့ပြီး အာလူးဟင်းနဲ့ စားတာမျိုးလည်း ရပါတယ်။ ဒါလည်း ကာဘိုဟိုက်ဒရိတ်ပါပဲ။အသားဓာတ်ရဖို့ဆိုရင်လည်း ကြက်သား၊ ဝက်သားမှ မဟုတ်ဘဲ ပဲ၊ကြက်ဥစတာတွေကို အစားထိုး စားပေးပါ။ မီးပျက်သွားရင် အသားတွေက ကြာကြာမခံတဲ့အတွက် ဒီလို အစားထိုးစားတာက ပိုကောင်းပါတယ်။ အသားစားမယ်ဆိုရင်လည်း မိုးခိုသားရယ်လို့ မဟုတ်ဘဲ စျေးအနည်းငယ် သက်သာတာ၊အရိုးပြုတ်ရည်စတာတွေ အစားထိုးနိုင်ပါသေးတယ်။အသီးအရွက်ဆိုရင်လည်း ကြာကြာခံအောင် စိမ်းတာလေးတွေ ဝယ်ထားပါ။ အနည်းဆုံး ရက်ပိုင်းလောက်တော့ ခံမှာပါ။ ပုပ်မသွား၊ ရိမသွားအောင် သေချာသိမ်းဆည်းပါ။ အိမ်မှာအချဉ်ဖောက်တာ၊ သနပ်ချဉ်တည်တာလည်း လုပ်လို့ရပါတယ်။စားစရာဝယ်စုဆို  အိမ်ကို ရောက်လာတာခေါက်ဆွဲခြောက်ထုပ်တွေပါပဲ။ ဒီလို အသင့်စားအစာတွေက အာဟာရတန်ဖိုး မယ်မယ်ရရ မရှိပါဘူး။ ရေရှည်စားဖို့လည်း မသင့်တော်ပါဘူး။ ဒါတွေ ဝယ်မယ့်အစား ခုနကပြောတဲ့ ပဲလို၊ ကြက်ဥလို၊ ငါးခြောက် (အငန်ပေါ့) ကို ပိုဝယ်တာက အလုပ်ဖြစ်ပါတယ်။ခရုဆီကတစ်မျိုး၊ ပဲငံပြာရည်ဆိုရင် အကြည်က တစ်မျိုး၊ အနောက်က တစ်ဖုံ၊ ကြက်သားမှုန့်ရော၊ အချိုမှုန့်ရော ဒီလိုတွေ ဝယ်မနေပါနဲ့။ အရေးပေါ်ကာလမှာ တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းသာ ချက်စားပါ။ ဒါကို လျှော့လိုက်ရင် ပိုက်ဆံတွေ ပိုထွက်လာပါလိမ့်မယ်။အိမ်မှာ ရှိတဲ့ လူနဲ့ တိုင်းပြီး အတိအကျ ဒါမှမဟုတ် အနည်းငယ်လျှော့ချက်ပါ။ ဟင်းဆိုလည်း အများကြီး မချက်ပါနဲ့။ ကြက်သားနဲ့ ဘူးသီး၊ ပဲကုလားဟင်း ဒီလို အစုံပါတဲ့ တစ်ခွက်ကောင်းဟင်းတွေကို ချက်ပါ။ ဒီလိုအချိန်မှာ အလေအလွင့်ဖြစ်တာက နှမြောဖို့ ကောင်းပါတယ်။ ဟင်းပိုတဲ့အခါ သေချာသိမ်းဆည်းပြီး နောက်နေ့မှာ ပူပူလောလော ပြန်နွှေးစားပါ။ပစ္စည်းတွေ ဝယ်စုပြီးသွားရင်လည်း ပစ္စည်းတွေကို နေ့တိုင်း စစ်ဖို့ လိုပါတယ်။ အာလူးက ပုပ်တော့မှာလား၊ အရွက်က နွမ်းနေပြီလား။ ဒိတ်နီးနေတဲ့ စားစရာတွေက ဘာတွေလဲ။ ဒါတွေကို စစ်ပြီး ဦးစားပေးစားပါ။ ဒါဆို ပုပ်လို့ မှိုတက်လို့ လွှင့်ပစ်ရတာတွေလည်း နည်းသွားမှာပါ။အသီးအရွက်တွေက ကြာရှည်မခံတဲ့အတွက် အိမ်မှာ ဝယ်လှောင်ထားဖို့ မလွယ်ပါဘူး။ ဒါပေမယ့်ဗီတာမင် ကြွယ်ဝတဲ့ စားစရာတွေ ဖြစ်တာကြောင့် နေ့တိုင်း မဟုတ်တောင် မကြာမကြာ စားနိုင်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် မြေလွတ်ရှိမယ်ဆိုရင် အနားမှာ စိုက်ရလွယ်တဲ့ အသီးအနှံလေးတွေ စိုက်ထားပေးပါ။ အကြီးမြန် အပွားမြန်တာလေးတွေဆို ခဏလေးနဲ့ စားလို့ရပါတယ်။ရိက္ခာစုတဲ့ဘက်မှာ စရိတ်လျှော့နိုင်မယ်ဆိုရင် ပိုတဲ့ငွေကြေးကို တခြားဆေးဝါးတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်နိုင်မှာပါ။ စရိတ်လျှော့တယ်ဆိုပေမယ့် အာဟာရတန်ဖိုး လျှော့မသွားအောင် ဒီနည်းလမ်းတွေကို သုံးနိုင်ပါတယ်။ မလိုအပ်ဘဲ အများကြီး စုဆောင်းထားတဲ့ Panic buyingကို ရှောင်ပါ။ မရှိတဲ့သူအချင်းချင်း မျှဝေပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/healthy-eating-on-budget/
အသားအရေတင်းတင်းရင်းရင်းလေးနဲ့ လှပစေဖို့
ဆေးလိပ်သောက်တာ၊နေရောင်ခြည်နဲ့ထိတွေ့တာ၊ နေ့စဉ်နေထိုင်မှုအလေ့အထတွေမမှန်ကန်တာနဲ့ မျိုးရိုးလိုက်တာတွေ ကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေဖြစ်နိုင်ပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့အသားရေပျက်စီးမှုတွေကြောင့် စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။လေဆာကုထုံး–ရောင်ခြည်တွေကို အခြေခံထားတဲ့ကုထုံးပါ။အသားအရေကိုတင်းရင်းစေရုံတင်မကဘဲ အသားအရေကို ချောမွေ့ပြီး အသားအရောင်ကောင်းမွန်စေတဲ့အပြင်အမာရွတ်တွေကိုပါသက်သာစေနိုင်ပါတယ်။ အသားအရောင်မညီတာ တွေကိုပါ သက်သာစေတဲ့ကုထုံးပါ။Botoxထိုးမယ်– မျက်နှာပေါ်က အရေပြားအတွန့်အခေါက်တွေ၊ အရေးအကြောင်းတွေနဲ့ အသားအရေလျော့ရဲမှုတွေကို သက်သာစေဖို့ အရေပြားထဲကို ဆေးထိုးထည့်ရတဲ့ ကုထုံးပါ။အရေးအကြောင်းကင်းပြီး တင်းရင်းလှပတဲ့ အသားအရေကိုရရှိမှာပါ။Fillerထိုးမယ်– အသားအရေတွေကိုပြန်ပြည့်လာစေတဲ့ ကုထုံးတစ်ခုပေါ့။ မျက်နှာပေါ်က လျော့ရဲသွားတဲ့အသားအရေတွေကို ပြန်လည်ပြည့်ဖြိုးလာစေဖို့ထိရောက်တဲ့နည်းလမ်းပါ။ အသက်အရွယ်ရလာလို့ ပါး နဲ့နှုတ်ခမ်းအရေပြားတွေတင်းရင်းမှု အားနည်းလာတာတွေအတွက် အထူးသင့်တော်ပါတယ်။Chemical Peelingလုပ်မယ်– အပေါ်ယံအရေပြားပေါ်က ဆဲလ်သေတွေကို ဆေးရည်အသုံးပြုပြီး ဖယ်ရှားတဲ့နည်းလမ်းပါ။ နေလောင်တာကြောင့်ပျက်စီးတာ၊ ဝက်ခြံ၊ အသားအရေမညီတာ၊ အမာရွတ်နဲ့ မျက်နှာနဲ့လည်ပင်းပေါ်က အရေးအကြောင်းတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ကြိုးထိုးမယ်– ဒီနည်းလမ်းက နဖူး၊ မျက်ခုံး၊ မျက်နှာနဲ့လည်ပင်းက လျော့ရဲနေတဲ့ အရေပြားတွေကို တင်းရင်းလှပစေနိုင်ပါတယ်။ မျက်လုံးထောင့်ကအရေးအကြောင်းတွေ၊ ရယ်တာကြောင့်ဖြစ်လာတဲ့ ပါးပေါ်က အရေပြားအတွန့်အခေါက်လေးတွေ၊ လက်မောင်းနဲ့ ဝမ်းဗိုက်ကအရေပြားတွေ တင်းရင်းစေဖို့အတွက်လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ဒီကုထုံးမှာ ကြိုးစကို ဆံစပ် ဒါမှမဟုတ် နားရွက်နောက်ဖက်မှာထားရမှာပါ။ ပြီးရင်တော့ အရေပြားတင်းရင်းချင်တဲ့ အစိတ်အပိုင်းကို အရာပေးထားတဲ့အတိုင်း သေသေသပ်သပ်လေးလုပ်ဆောင်ပေးရပါမယ်။ ဒီကြိုးထိုးတဲ့ကုထုံးကအရေပြားတစ်ရှုးတွေကို တွယ်ဆက်ပေးပြီး အသားအရေကို သဘာဝအတိုင်း ချောမွေ့နေတဲ့ သွင်ပြင်ကိုရရှိစေမှာပါ။Retinol Creamလိမ်းမယ်– မျက်နှာပြင်နဲ့အရေးအကြောင်းဖြစ်နေတဲ့ နေရာတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိမ်းပေးရုံပါ။ အသားအရေကိုညီညာချောမွေ့စေပြီး အရေးအကြောင်းကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့အစက်အပြောက်တွေကိုသက်သာစေနိုင်ပါတယ်။Microneedling နည်းလမ်းသုံးမယ်– ပိုးသတ်ထားတဲ့အပ်သေးသေးလေးတွေကိုအသုံးပြုရတဲ့ ကုထုံးပါ။ အရေပြားမှာ အပေါက်သေးသေးလေးတွေဖြစ်စေပြီး အရေပြားကို ကော်လာဂျင်အသစ်တွေထုတ်လုပ်အောင်လှုံ့ဆော်ပေးပါတယ်။ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့၊ချွေးပေါက်ကျဉ်းစေဖို့၊ အရေးအကြောင်းတွေသက်သာစေဖို့အတွက်အသုံးပြုလို့ရပါ တယ်။အသံလှိုင်းသုံးကုထုံး သုံးမယ်– အရေပြားတင်းရင်းလှပစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပေါ့။ ရေဒီယိုအသံလှိုင်းကို အသုံးပြုပြီး အရေပြားကိုအပူပေးလို့ မျက်နှာ၊လည်ပင်းနဲ့ ခန္ဓာကိုယ်ပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးတဲ့ကုထုံးပါ။ အရေပြားကို တင်းရင်းစေပြီး ကော်လာဂျင်ထုတ်လွှတ်အောင်လှုံ့ဆော်ပေးပါတယ်။ ကုထုံးခံယူချိန်မှာ နည်းနည်း နေရခက်ပေမယ့် ရလဒ်ကောင်းတဲ့ ကုထုံးတစ်ခုပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/facial-treatment/
အရေပြားပေါ်က အနာအဆာတွေ သက်သာစေဖို့
အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်သလိုလူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ အရေပြားကအနာအဆာတွေကင်းလေလေ လူအများကြားထဲမှာ ထင်းခနဲ လှလေလေပါပဲ။အရေပြား အနာအဆာ ကင်းဖို့ဆိုတာကလည်း ပြောသလောက်တော့ မလွယ်ပါဘူး။အရေပြားက ထိခိုက်လွယ်သလိုဟော်မုန်း အပြောင်းအလဲကြောင့်၊ ရာသီဥတုကြောင့်၊ ထိခိုက်မိတာတွေကြောင့်ဆိုပြီး အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ထိခိုက်နိုင်ပါတယ်။ဒါကြောင့် အရေပြားမှာ ဖြစ်ပေါ်လာတဲ့ အနာအဆာတွေကို ကင်းစေဖို့ ဘာတွေ စားပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရေပြားပေါ်က အနာအဆာတွေကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အရောင် နီနီရဲရဲလေးနဲ့ လှပနေတဲ့ ခရမ်းချဉ်သီးက သူကိုယ်တိုင်က လှပသလို စားသုံးသူကိုလည်း လှပစေပါတယ်။ ဗီတာမင် C ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် ပစ္စည်း တစ်မျိုးဖြစ်တဲ့ lycopene ပါဝင်နေတာကြောင့်အသားအရေကို ချောမွတ်စေဖို့ထောက်ကူပေးနိုင်ပါတယ်။ခရမ်းချဉ်သီးကို အစိမ်းစားတာထက် ချက်စားတာက အသားအရေကို ပိုပြီး ထောက်ကူပေးနိုင်ပါတယ်။ငါးမှာ Omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်သလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရေပြားကိုကော်လာဂျင်ထွက်ရှိစေပြီး တင်းရင်း လှပစေနိုင်ပါတယ်။တစ်ပတ်ကို ၃ ကြိမ်လောက် ငါးစားပေးတာက အသားအရေကို အနာအဆာ ကင်းစေမှာပါ။ကန်စွန်းဥက ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေနိုင်သလိုဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။နေ့တိုင်း မစားဖြစ်ရင်တောင် တစ်ပတ်ကို ၄ ရက်လောက် စားပေးတာက အသားအရေကို ကျန်းမာစေနိုင်မှာပါ။ဟင်းနုနွယ်ကဗီတာမင် Kကြွယ်ဝတာကြောင့် အရေပြားမှာ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာပါ။ အမာရွတ်တွေကို သက်သာစေနိုင်ပြီး glow စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဇင့်ပါဝင်မှုကလည်း အရေပြားကို အရောင်ကျစေဖို့ ထောက်ကူပေးပြီး ဝက်ခြံကြောင့် ရောင်ရမ်းတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမှာပါ။နေကြာစေ့က အရေပြားအတွက် အစေ့အဆန် တစ်မျိုးပါ။ နေကြာစေ့မှာ အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးမယ့်ဗီတာမင် Eပါဝင်နေပါတယ်။ ဗီတာမင် E ပါဝင်နေမှုက အသားအရေ ပေါ်က အနာအဆာတွေကို သက်သာစေနိုင်မှာပါ။ရေကတော့ အသားအရေ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ ရေဓာတ်ပြည့်ဝမှုက အသားအရေ ခြောက်သွေ့မှု ကင်းစေပြီး ကျန်းမာလှပစေမှာပါ။ ရေဓာတ်ပြည့်ဝတာက အရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် ထိခိုက်မှုတွေကို အနာကျက် မြန်စေသလို အနာအဆာတွေကိုလည်း ကင်းစေနိုင်မှာပါ။ကဲ ….. ဒါလေးတွေ စားရင်း အရေပြားပေါ်က အနာအဆာတွေ ကို ခပ်ဝေးဝေး မောင်းထုတ် လိုက်ရအောင်လား ……..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/best-foods-for-skin-repair/
Prostatitis (ဆီးကျိတ်ရောင်ခြင်း )
Prostatitis ဆိုတာ prostate gland ( ဆီးကျိတ်) ရောင်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဖြစ်ပွားမှုအပေါ်မူတည်ပြီး ဆီးကျိတ်ရောင်တာက ရုတ်တရက်ဖြစ်လာနိုင်သလို တဖြည်းဖြည်းလည်း ဖြစ်လာနိုင်ပါတယ်။ ဆီးကျိတ်ရောင်တာ ၃ မျိုး ရှိပါတယ်။ဖြစ်ပွားရတဲ့ အကြောင်းပေါ်မူတည်ပြီး ဆီးကျိတ်ရောင်တာက တခါတရံ သူ့ဖာသာ သက်သာသွားနိုင်သော်လည်း တခါတလေ သင့်တော်တဲ့ ဆေးဝါးကုသမှုတော့ လိုအပ်ပါတယ်။ဆီးကျိတ်ရောင်တာက အမျိုးသားတွေမှာ ဘယ်အသက်အရွယ်မဆိုဖြစ်နိုင်သော်လည်း အသက် ၅၀ သို့ ၅၀ အောက်တွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို ဆင်ခြင်မယ်ဆိုရင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဆီးကျိတ်ရောင်ခြင်း အမျိုးအစားပေါ်မူတည်ပြီး ဆီးကျိတ်ကို ရောင်စေတဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ ဘက်တီးရီးယားကြောင့် ဆီးကျိတ်ရောင်တာကိုတော့ E.coli ဘက်တီးရီးယားက အများဆုံး ဖြစ်စေပါတယ်။ဘက်တီးရီးယားကို သေအောင်မသတ်နိုင်တဲ့အခါမှာ ဆီးကျိတ်အတွင်း ဘက်တီးရီးယားက ပုန်းနေနိုင်တာကြောင့် နောက်တစ်ကြိမ် ဆီးကျိတ်ရောင်ခြင်း တစ်ဖန်ပြန်လည် ဖြစ်ပွားနိုင်ပါတယ်။ ဒါကို နာတာရှည် ဘက်တီးရီးယား ဆီးကျိတ်ရောင်ရောဂါလို့ ခေါ်ပါတယ်။ ဒါ့ပြင် တခြားဖြစ်စေနိုင်တဲ့ အရာတွေကတော့။တချို့သော လိင်ဆက်ဆံမှု ကူးစက်ရောဂါများကလည်း ဘက်တီးရီးယား ဆီးကျိတ်ရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါတွေကတော့ chlamydia နဲ့ gonorrhea တို့ ဖြစ်ကြပါတယ်။Prostatitis ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ဆီးကျိတ်ရောင်ခြင်း မဖြစ်နိုင်ဘူးလို့ ယတိပြတ်ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုတိကျတဲ့ အချက်အလက်များရရှိရန်အတွက် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။ဆရာဝန်မှ ကျန်းမာရေးရာဇဝင်များ မေးခြင်းနဲ့ လက်တွေ့ စမ်းသပ်မှုတွေပြုပြီး ရောဂါ အဖြေရှာအတည်ပြုနိုင်ပါတယ်။ ဆရာဝန်က စအိုတွင်း စမ်းသပ်မှုတွေ ပြုလုပ်ပြီးလည်း ရောဂါကို ပိုသေချာစေနိုင်ပါတယ်။ ထို့ပြင် သွေးစစ်ခြင်း သို့ ဆီးစစ်ခြင်းတို့လည်း လိုအပ်ရင် လုပ်နိုင်ပါတယ်။ဆီးကျိတ်ရောင် ကုသခြင်းများမှာ ဖြစ်ပွားမှုကို လိုက်ပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေနဲ့ ဆီးကျိတ်ရောင်ခြင်းကို ကုသတဲ့နေရာမှာနဲ့ လက္ခဏာတွေသက်သာအောင် အကူအညီပေးနိုင်ပါတယ်။တကယ်လို့ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/prostate-health/prostatitis/
အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား.........
တိုးတက်လာတဲ့ခေတ်မှာ အိမ်နောက်ဖေး ဈေးဆိုင်တည်ပြီး လတ်လတ်ဆတ်ဆတ် စားဖို့ထက်freezerကောင်းကောင်း တစ်လုံးဝယ်ပြီး တစ်ပတ်စာလောက် အေးခဲ စားကြတာ ပိုများပါတယ်။ တိုးတက်လာတဲ့အလျောက် အိမ်ရှင်မတွေကလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် အလုပ်တွေ လုပ်လာရတာကြောင့်လည်း ပါပါတယ်။ ဒီလိုအေးခဲထားတဲ့ အစားအစာတွေကို ချက်ပြုတ်တဲ့အခါ သိချင်နေနိုင်မယ့် အကြောင်းအရင်း တစ်ခုကအေးခဲထားတဲ့ အသီးအရွက်တွေအသားငါးတွေက အာဟာရတန်ဖိုး လျော့သွားလား၊ ပျက်သွားလား ဆိုတာပါ။တကယ်လို့သာ ဒီလိုမျိုး အာဟာရတန်ဖိုး လျော့မယ်၊ ပျက်မယ်ဆိုရင် စားလိုက်ပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးမပြုတာမျိုးတွေ ဖြစ်လာမှာကိုး။ ဒီတော့ ဒီအချက်လေးကို ဆောင်းပါးလေးထဲမှာ သေသေချာချာ ဖတ်ကြည့်လိုက်ရအောင်နော်။အခုပြောပြမယ့် အစားအစာဆိုတဲ့နေရာမှာအသား၊ ငါးတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား ပြောချင်ပါတယ်။ တစ်ပတ်တာလုံး ရုံးတက်ရလို့ တစ်ပတ်စာအတွက် ပိတ်ရက်မှာ ဈေးဝယ်တယ်ဆိုပါတော့။ ဒီတော့ အသားငါးတွေကို ရေဆေးသန့်စင်ပြီး freezer ထဲမှာ အခဲခံထားလို့ နေ့စဉ် အလိုက် ချက်ပြုတ်စားတယ်ဟုတ်။ဒီလို ချက်ပြုတ်တာက အသား၊ ငါးတွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေလားဆိုတော့ မပျက်စေပါဘူး။ သတိထားရမှာ တစ်ခုက ဆေးကြောသန့်စင်ပြီးတဲ့အခါ သေချာလေးလေလုံအောင် ဘူးနဲ့ထည့်ပြီး အအေးနိုင်နိုင်နဲ့ အေးခဲထားဖို့ပါ။အအေးမနိုင်ရင်တော့ အသားတွေ၊ ငါးတွေက ပုပ်သိုးပျက်စီးပြီး အာဟာရတန်ဖိုး ပျက်စီးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ဒီလို အေးခဲတယ်ဆိုတဲ့နေရာမှာ အသား၊ ငါးတွေကို ဘူးထဲ၊ အိတ်ထဲကို ပြည့်ကျပ်အောင် ထည့်တာမျိုး မလုပ်ဘဲ ဘူး ဒါမှမဟုတ် အိတ်ရဲ့ အထက်ပိုင်းမှာ နေရာလွတ် နည်းနည်းလေး ထားပေးဖို့ လိုပါမယ်။ ဒါမှလည်း အသား၊ ငါးတွေက အထားခံမှာပါ။အေးခဲထားတာက သစ်သီးတွေရဲ့ အာဟာရတန်ဖိုးကို မလျော့စေနိုင်ပါဘူး။ ဘယ်ရီသီးတွေကို freezing လုပ်ထားတာက ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ဒါပေမယ့် စပျစ်သီး၊ ပန်းသီး၊သစ်တော်သီးတို့လိုမျိုး အသီးတွေကိုတော့ အေးခဲတာမျိုး မလုပ်ဘဲ အေးမြတဲ့ အပူချိန်မှာ သိမ်းဆည်းထားတာက ပိုကောင်းပါတယ်။တကယ်လို့ အခဲခံချင်တယ်ဆိုရင်တော့ အခွံသင်၊ ဆေးကြောပြီး အရွယ်တော်လေးတွေ တုံးလို့ ရေသေချာ စစ်ပြီး လေလုံအိတ်၊ ဗူးတို့နဲ့ထည့်လို့ အေးခဲထားသင့်ပါတယ်။ အေးခဲတဲ့အခါ ဗူး၊ ဒါမှမဟုတ် အိတ်ရဲ့ အထက်ပိုင်း ၄ ချိုး ၁ ချိုးစာလောက်ကို နေရာလွတ် ချန်ထားရပါတယ်။ဒါမှ အာဟာရတန်ဖိုး မပျက်ဘဲ တာရှည်ခံမှာပါ။ ရေစင်အောင် စစ်ခိုင်းရတာက အရမ်းခဲတောင့်နေတာမျိုး မဖြစ်စေဘဲမူလအရသာလေး မပျက်စေဖို့ပါ။ဟင်းသီးဟင်းရွက်တွေကလည်း သစ်သီးတွေလိုပါပဲ။ အေးခဲထားတာကြောင့် အာဟာရတန်ဖိုးမပျက်ပါဘူး။အရွက်တွေကိုလည်း သေချာလေး သန့်စင်ပြီး လေသလပ်ခံလို့ လေလုံအိတ်ထဲ ထည့်ပိတ်ပြီး သေချာလေး သိမ်းဖို့လိုပါမယ်။သိမ်းတဲ့အခါမှာလည်း လေလုံအိတ် ဒါမှမဟုတ် ဗူးရဲ့ အထက်ပိုင်းမှာ နေရာလွတ် နည်းနည်း ချိန်ပေးဖို့ပါ။ ဒါမှလည်း အထားခံပြီး အာဟာရတန်ဖိုး မပျက်မှာပါ။ဟင်းသီးဟင်းရွက်တွေကို အာဟာရ မပျက်အောင် အေးခဲ သိမ်းဆည်းလို့ရတဲ့ အခြား တစ်နည်းက ဟင်းသီးဟင်းရွက်တွေကို သေချာလေး သန့်စင်ပြီးတဲ့အခါ ဆူနေအောင်တည်ထားတဲ့ ​ရေနွေးထဲမှာ ၄၅ စက္ကန့်ကနေ စက္ကန့် ၆၀ လောက်ဆေးလို့ ချက်ချင်းဆယ်ပြီးရေခဲရေထဲကို နှစ်လိုက်ပါ။ပြီးရင် ရေစင်အောင် စစ်ပြီး လေလုံအိတ် ဒါမှမဟုတ် ဗူးထဲထည့်ပြီး အပေါ်ပိုင်းမှာ ၄ ချိုး ၁ ချိုးစာလောက် နေရာလွတ်ထားပြီး အေးခဲ ထားလိုက်ရုံပါ။ဒီလို လုပ်တာက အသီးအရွက်တွေရဲ့ အာဟာရတန်ဖိုး မပျက်သလို သဘာဝ အရောင်အဆင်းလည်း မပျက်ပါဘူး။အေးခဲတာကြောင့် အာဟာရတန်ဖိုးတွေ မပျက်ပါဘူး။ ဒါပေမယ့် အေးခဲထားတဲ့ အစားအစာတွေကို တစ်ပတ်ထက်ပိုပြီးတော့တော့ မထားသင့်ပါဘူး။ နောက်တစ်ချက်က freezer ကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/does-freezing-food-kill-nutrients/
ကိုယ်ဝန်လွယ်ထားရချိန် ထိခိုက်ဒဏ်ရာတွေနဲ့နာကျင်မှုဝေဒနာ သက်သာစေဖို့
ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ဟာ မိခင်လောင်းတွေအတွက် စိတ်အလှုပ်ရှားရဆုံးဖြစ်သလို ဘာပဲလုပ်လုပ် သတိကြီးကြီးထားရတဲ့အချိန်လည်းဖြစ်ပါတယ်။မိခင်နဲ့ကလေးက တစ်တွဲတည်းဖြစ်နေချိန်မှာ လုံးဝအထိခိုက်မခံနိုင်ဘူးလေ။ နှစ်ယောက်လုံးရဲ့ကျန်းမာရေးကို သိပ်ကိုဂရုစိုက်ရတဲ့အပြင်မတော်တဆထိခိုက်မှုအန္တရာယ်ဆိုတာ မထင်မှတ်ဘဲ ဖြစ်လာတတ်တာကြောင့် သွားသတိ၊ စားသတိ အမြဲရှိသင့်ပါတယ်။ကိုယ်ဝန်ဆောင်ရတဲ့အခါ ဗိုက်ထဲက ကလေးကြီးထွားဖွံ့ဖြိုးလာဖို့နဲ့ ကောင်းမွန်စွာမွေးဖွားနိုင်ဖို့ ခန္ဓာကိုယ်က အားအင်တွေ စုပ်ယူ၊ အလိုအလျောက်စတင်ပြင်ဆင်နေပါပြီ။ လရင့်လာတာနဲ့အမျှ ကလေးမွေးဖို့အတွက် ခန္ဓာကိုယ်ကပြင်ဆင်နေတာကြောင့် အဆစ်အမြစ်တွေက စတင်လျော့ရဲလာပါတယ်။ အိပ်ချင်တာ၊ မအီမသာဖြစ်တာ၊ စိတ်နဲ့လူမကပ်တာတွေလည်း ခံစားရနိုင်တယ်။ ဒါနဲ့ပဲချော်လဲတာ၊ ချော်ကျတာတွေ ဖြစ်လွယ်ပြီး ထိခိုက်ဒဏ်ရာလည်း ရလွယ်ပါတယ်။ဒီလိုဂရုစိုက်နေတဲ့ကြားက ကိုယ်ဝန်ဆောင်မေမေတို့ရဲ့အဖြစ်များတတ်ကြတဲ့ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုတွေအကြောင်းလေး ပြောပြရဦးမယ်။ဘယ်လိုနာကျင်မှုပဲဖြစ်ဖြစ်ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ ကိုယ်မသောက်သုံးသင့်ပါဘူး။ ဝေဒနာသက်သာဖို့၊ အနာပျောက်ဖို့ အကိုက်အခဲပျောက်ဆေးတွေ၊ ပဋိဇီဝဆေးတွေကို ရမ်းသောက်မိရင်ဆေးရဲ့သက်ရောက်မှုက ဖွံ့ဖြိုးဆဲသန္ဓေသားကို ဆိုးကျိုးပေးနိုင်ပြီး မိခင်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/treating-aches-and-wounds-during-pregnancy/
ဂျူးဖူးလေး ကပေးတဲ့ ကျန်းမာရေး
အပင်လေးက ကြည့်ရတာ လှသလိုအသည်းအမြစ်လေးနဲ့ ကြော်စားစား၊ ဝက်အသည်းနဲ့ ကြော်စားစား၊ ပုစွန်၊ ကင်းမွန်စတာတွေနဲ့ တွဲကြော်ကြော် စားလို့ ကောင်းတဲ့ ဂျူးဖူးလေး ကို ကြိုက်ကြလား…….။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ အကြောင်းကတော့ ဆောင်းပါးလေးထဲမှာ ဂျုးဖူးလေး စားရင်း ရမယ့်ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ပြထားလို့ပါပဲ။ဂျူးဖူးကကြက်သွန်မျိုးရင်း တစ်မျိုးပါ။ ထိပ်ဖျားမှာ အဖူးလေးတွေ၊ အပွင့်လေးတွေ ပါဝင်နေပြီး အရိုးတံ စိမ်းစိမ်း ရှည်ရှည်လေးပါ။ အရင်းနားလေးမှာတော့ ဖြူပါတယ်။ လှီးဖြတ်တဲ့အခါ မွှန်တယ်လို့ ခံစားရနိုင်ပါတယ်။ အရသာကတော့ အတော်လေး ချိုပါတယ်။ကြော်စားလို့ ရသလို ချဉ်ရည် ချက်စားလို့လည်းရပြီး စွပ်ပြုတ်တွေဖက်ထုပ်တွေထဲမှာလည်း ထည့်စား ကြလေ့ရှိပါတယ်။ တရုတ်ရိုးရာ ဟင်းတွေမှာ အများအပြား တွေ့ရနိုင်ပါတယ်။ဂျူးဖူးလေးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။စားလို့ ကောင်းတဲ့ ဂျူးဖူးလေးက အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ဂျူးဖူးမှာ ပါတဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေကကြက်သွန်ဖြူမှာပါတဲ့ ဒြပ်ပေါင်းတွေနဲ့ အတူတူပဲ ဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အစာခြေစနစ်ကို ဒုက္ခပေးတတ်တဲ့salmonellaမျိုးရင်းဝင် ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။အူနံရံတွေကို ကျန်းမာစေပြီ အာဟာရဓာတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေမှာပါ။ဂျူးဖူးမှာပါတဲ့ allicin ဆိုတဲ့ ဒြပ်ပေါင်းက ခန္ဓာကိုယ်အတွက် အတော်လေး အရေးပါတဲ့ အော်ဂဲနစ် ဒြပ်ပေါင်း တစ်မျိုးပါ။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ အတော်လေး ထောက်ကူပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်တာကြောင့်သွေးပေါင်ချိန်ကိုလည်း ကျစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သွေးကြောတွေ ကျဉ်းတာ ပိတ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ quercetin လို့ခေါ်တဲ့ ဒြပ်ပေါင်းလည်း ပါဝင်နေတာကြောင့်လေဖြတ်နိုင်ခြေကိုရော ရုတ်တရက် နှလုံးရပ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။ဂျူးဖူးမှာ အော်ဂဲနစ် ဒြပ်ပေါင်း ပါဝင်နေသလို ဗီတာမင် C ပါဝင်မှုလည်း များတာ​ကြောင့်ကိုယ်ခံအားစနစ်ကို သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်အောင် လှုံ့ဆော်ပေးပြီး သွေးကြောအသစ်တွေ၊ ဆဲလ်နဲ့ တစ်ရှူး အသစ်တွေနဲ့ ကြွက်သားထု ဖြစ်စေဖို့ လှုံ့ဆော်ပေးတဲ့ ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။ဂျူးဖူးလေး မှာ ဗီတာမင် နဲ့ သတ္တုဓာတ် များစွာ ပါဝင်နေတာကြောင့်အရိုးတွေကို သိပ်သည်းသန်မာစေပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့် အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရိုးပါးတာ အရိုးပွတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အရိုးတွေကို ကြံ့ခိုင်စေဖို့ဆိုရင် ဂျူးဖူးကို စားပေးလို့ ရပါတယ်။လေ့လာမှုတွေအရ ဂျူးဖူးမှာ ပါတဲ့ diallyl trisulphide  ဒြပ်ပေါင်းက ကင်ဆာဖြစ်စေနိုင်တဲ့ ကာစီနိုဂျင် ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဂျူးဖူးကအစာအိမ်ကင်ဆာနဲ့အစာရေမျိုကင်ဆာမဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဂျူးဖူးမှာ ပါတဲ့  carotenes က ကိုယ်တွင်းကဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး အမြင်အာရုံကို ထိခိုက်မှု မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ဂျူးဖူးမှာဖောလစ်အက်ဆစ်ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် မေမေကိုရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။ ဖောလစ်အက်ဆစ်က ဘေဘီလေးကို မွေးရာပါ ချို့ယွင်းမှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ဂျူးဖူးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ထပ် အစွမ်းတစ်ခုက ကိုယ်တွင်းမှာ ပိုလျှံနေတဲ့ ဆား၊ ရေ၊ အဆီတို့ကိုလည်း အန္တရာယ်ဖြစ်စေတဲ့ အနေအထားမျိုးထိ မရောက်စေဘဲ ဖယ်ရှားပေးတာပါ။ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီး၊ ချွေးတို့အနေနဲ့ ပြင်ပကို ထုတ်ပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/fresh-chives-health-benefits/
ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips
ကိုယ်ဝန်ဆောင်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ… စိတ်လှုပ်ရှား ရင်ခုန်ဖို့ကောင်းတဲ့ အခိုက်အတန့် တစ်ခုဖြစ်သလို…. သင်နဲ့ မွေးဖွားလာမယ့် သင့်ကလေးရဲ့ စိတ်နဲ့ ခန္ဓာကောင်းမွန်စွာနဲ့ အန္တရာယ်ကင်းကင်း ကြီးထွားဖွံ့ဖြိုးလာစေဖို့ အရေးကြီးတဲ့ ကာလလည်းဖြစ်ပါတယ်…။ သင့်ရဲ့ကောင်းမွန်တဲ့ နေထိုင်လှုပ်ရှားမှု…life styleနဲ့ ပြင်ဆင်မှုတွေဟာ သင်နဲ့ သင့်ကလေးကို အများကြီး အကျိုး အဓိပ္ပာယ် သက်ရောက်မှာဖြစ်ပါတယ်…။ ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips တွေကတော့… အောက်ပါအတိုင်းဖြစ်ပါတယ်….။ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips တွေကတော့။(၁) ကိုယ်ဝန်ရှိတယ်လို့ သိတာနဲ့ ကျွမ်းကျင်သူထံမှာ ကိုယ်ဝန်အပ်ပါ။မြန်မာလူမျိုး တချို့က လွဲမှားစွာ ယူဆနေကြတာ တစ်ခုရှိပါတယ်..။ ကလေးလှုပ်မှ….ဒါမှမဟုတ် ကိုယ်ဝန် လေးငါးလကျော်မှ ကိုယ်ဝန်အပ်သင့်တယ်လို့ အကြံပေးတတ်ကြတာပါပဲ..။ လက်တွေ့မှာတော့ လုံးဝကို မှားယွင်းပြီး အန္တရာယ်ကြီးတဲ့ အယူအဆပါ..။ တကယ်တော့ ကိုယ်ဝန်ဟာ စောစောအပ်နိုင်လေ..အကျိုးရှိလေပါပဲ..။(၂) ဘာတွေစားသင့်ပြီး ဘာတွေကို ရှောင်သင့်သလဲ။ယျေဘုယျအားဖြင့်ဆိုရရင် အစားအသောက်တော်တော်များများကို…. ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ကင်းကင်း စားလို့ရပါတယ်..။ သန့်သန့်ရှင်းရှင်းနဲ့ သေသေချာချာ ချက်ပြုတ်ထားဖို့သာ လိုတာပါ..။ဒါပေမယ့် ရှောင်ကြဉ်သင့်တဲ့ အစားအစာ တစ်ချို့ ရှိပါတယ်..။ သေသေချာချာ ကျိုချက်မထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ… သေချာ ချက်ပြုတ်မထားရသေးတဲ့ အသားငါးတွေ… တူနာငါး….နဲ့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ..လက်ဖက်ရည်… လက်ဖက်… ချောကလက်…. ခွန်အားဖြည့်အချိုရည်တွေကိုတော့ သတိထားရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်..။အရက်ဟာ ပမာဏနည်းနည်းလေးဆိုရင်တောင် သင်နဲ့ သင့်ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေတတ်တာမို့လို့…. အရက် ဘီယာ ဝိုင် အပါအဝင် အယ်လ်ကိုဟောလ်ပါဝင်တဲ့အရာမှန်သမျှ ရှောင်ကြဉ်ရမှာပါ..။(၃) ဆေးလိပ်ငွေ့ကို ရှောင်ကြဉ်ပါ။တချို့ကိုယ်ဝန်ဆောင် မိခင်တွေဟာ… ကိုယ်တိုင်ဆေးလိပ်မသောက်သော်ငြား တခြားသူထံက ဆေးလိပ်ငွေ့ကို အန္တရာယ်ကြီးမှန်းသတိမပြုမိဘဲ ရှူရှိုက်မိတတ်ကြပါတယ်…။ တကယ်တော့ ဆေးလိပ်မှာ နီကိုတင်း…ကတ္တရာ အပါအဝင် တခြားအဆိပ်ဓါတ်တွေအများကြီးပါဝင်နေတာမို့ သတိပြုရှောင်ကြဉ်ရမှာပါ..။(၄) ဘာဆေးသောက်သောက် သတိထားပါ။သင်သောက်တဲ့ ဆေးတွေကို အရင်ကထက်ပို ဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ..။အကိုက်အခဲပျောက်ဆေးတွေ… အဖျားကျဆေးနဲ့ ပိုးသတ်ဆေး အပါအဝင် ဆေးတော်တော်များများကို မသောက်ခင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်..။ တချို့ဆေးတွေဟာ မွေးရာပါ ချို့ယွင်းချက်နဲ့ ကလေးတွေ မွေးဖွားစေနိုင်ပါတယ်..။ ကိုယ်ဝန်သုံးလနဲ့ အောက်မှာ အထူးသတိပြုသင့်ပါတယ်..။(၅) ကိုယ်ဝန်ဆောင်အားဆေးသောက်ပါ။သင့်မှာ ကိုယ်ဝန် ယူဖို့ စိတ်ကူးရှိတယ်ဆိုရင် ကိုယ်ဝန် မရခင်ကတည်းကfolic acidကို တနေ့တလုံး ပုံမှန်သောက်သင့်ပါတယ်..။ ကိုယ်ဝန်ပထမသုံးလမှာလည်း ဆက်သောက်သင့်ပါတယ်..။ Folic acid ဟာ သင့်ကလေးရဲ့ ဦးနှောက်နဲ့ ကျောရိုးအာရုံကျောမ ဖွံ့ဖြိုးမှူအတွက် ရေးပါပါတယ်…။ ဒါ့ပြင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြားကိုယ်ဝန်ဆောင် အားဆေး တမျိုးမျိုးကို နေ့စဉ်သောက်သင့်ပါတယ်..။(၆) ဘယ်အချိန်အထိ အလုပ်လုပ်လို့ရသလဲ။တကယ်တော့ သင့်ရဲ့ အလုပ်သဘာဝက သင်ဘယ်အချိန်အထိ အလုပ်လုပ်လို့ ရတယ်ဆိုတဲ့ အပေါ် အများကြီးသက်ရောက်ပါတယ်..။ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အလုပ်… ကြေးနီ ပြဒါးတွေနဲ့ ထိတွေ့ရတဲ့ အလုပ်မျိုးဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ နားသင့်ပါတယ်။စားပွဲပေါ်မှာ သက်သောာင့်သက်သာ လုပ်ရတဲ့အလုပ်မျိုးဆိုရင်တော့ ကိုယ်ဝန် နှောင်းပိုင်းအထိ လုပ်လို့ရပါတယ်.။ ဒါပေမယ့် သင့်ကိုယ်ဝန်ဟာ သွေးဆင်းတာလို ပြသနာ တစ်မျိုးမျိုးရှိထားတဲ့ ကိုယ်ဝန် ဆိုရင်တော့ နားနားနေနေ နေသင့်ပါတယ်…။(၇) ကိုယ်ဝန်ဆောင်ချိန် လိင်ကိစ္စကို မဖြစ်မနေ ရှောင်ကြဉ်ရမှာလား။မဟုတ်ပါဘူး.။ သင့် ကိုယ်ဝန်ဟာ သွေးဆင်းတာ.. အချင်းရှေ့ရောက်တာ…စတဲ့ ပြသနာတခုခု ဘာမှမရှိတဲ့ ကိုယ်ဝန် ဆိုရင် လိင်ဆက်ဆံမှုကို မဖြစ်မနေ ရှောင်စရာမလိုပါဘူး…။ဒါပေမယ့် မွေးခါနီး အရမ်းလရင့်လာတဲ့ အချိန်မျိုးဆိုရင်တော့ သတိထားသင့်ပါတယ်..။ ဘေးတိုက်ဆက်ဆံတာ.. အမျိုးသမီးအပေါ်ကနေတာ… စတဲ့ပုံစံတွေက ပိုအန္တရာယ်ကင်းစေပါတယ်..။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/health-tips-for-pregnancy-period/
အကြောက်တရားတွေကို အနိုင်ပိုင်းကြမယ်
ကြောက်တတ်တယ်ဆိုတာ တကယ်တော့ ကလေးဘဝကတည်းက လူတိုင်းကြုံဖူးကြတဲ့အရာဖြစ်ပေမယ့် တချို့သူတွေကတော့ သာမန်ထက်ကိုပိုတဲ့အကြောက်တရားတွေကို နေ့စဉ်ရင်ဆိုင်နေကြရတာပါ။ ဒါတွေကို ဘယ်လိုကောင်းကောင်းမွန်မွန်ကျော်ဖြတ်မလဲ၊ နေ့စဉ်ဘဝထဲမှာ ယှဉ်တွဲနေနေတဲ့ အကြောက်တရားဆိုတဲ့အရာကို ဘယ်လိုအနိုင်ယူသင့်သလဲဆိုတဲ့နည်းလမ်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။(၁) ခဏလေးဖြစ်ဖြစ်အနားယူလိုက်ပါ။တစ်ခုခုကို ကြောက်နေ၊ စိုးရိမ်နေတဲ့အချိန်မျိုးမှာ ဘာကိုမှရှင်းရှင်းလင်းလင်း စဉ်းစားနိုင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ သင်စိုးရိမ်နေတဲ့အရာကိုမတွေးဘဲ ဆယ့်ငါးမိနစ်လောက်နေဖို့ကြိုးစားကြည့်ပါ။ အနီးအနားကိုလမ်းလျှောက်ထွက်တာ၊ လက်ဖက်ရည်တစ်ခွက်သောက်လိုက်တာ၊ ရေချိုးတာမျိုးတွေကို လုပ်ဆောင်ပြီး လတ်တလောအကြောက်တရားအကြောင်းကနေ ကိုယ့်ကိုယ်ကိုဆွဲထုတ်ကြည့်ပါ။(၂) အကြောက်တရားကို တည့်ရင်ဆိုင်ပါ။ကိုယ်ကြောက်တဲ့အရာတွေကို ဘယ်တော့မှ မတွေ့ရအောင် ရှောင်နေနိုင်တယ်ဆိုပေမယ့် အကြောက်တရားကိုအမြဲရှောင်ကြဉ်ခြင်းဟာ တခါတရံမှာလူတွေကို ပိုပြီးစိုးရိမ် လွန်ကဲ စေတတ်ပါတယ်။ ဘာကိုပဲသင်ကြောက်ကြောက်၊ တည့်ရင်ဆိုင်ကြည့်ပါ။ ရင်ဆိုင်နေတဲ့အချိန်မှာဝမ်းဗိုက်ပေါ်မှာ လက်ကိုထားပြီး အသက်ကိုဖြည်းဖြည်းမှန်မှန်ရှုကြည့်ပါ။ ဥပမာ ဓာတ်လှေကားစီးရတာကြောက်တဲ့သူမျိုးဆိုရင် ဓာတ်လှေကားပြန်စီးကြည့်တာမျိုးလုပ်ကြည့်ပါ။ စီးနေရင်းနဲ့ပဲ ဒါဟာ သင့်အတွေးထဲကလောက် လက်တွေ့မှာ ကြောက်စရာမကောင်းမှန်းသိလာပါလိမ့်မယ်။(၃) အဆိုးဆုံးအတွက် ကြိုတင်စဉ်းစားထားပါ။ကိုယ်ကြောက်တာကို လက်တွေ့ရင်ဆိုင်တဲ့အချိန်မှာ ဖြစ်လာနိုင်တာတွေကို ကြိုတင်စဉ်းစားထားလိုက်ပါ။ panic attack လို့ခေါ်တဲ့ အစိုးရိမ်လွန် ရှော့ခ်ရမှု၊ နှလုံးတိုက်ခိုက်ခံရမှု စသဖြင့်။ အဲဒီနောက် သင်နှလုံးတိုက်ခိုက်ခံရတယ်လို့ စိတ်ကူးယဉ်ကြည့်ပါ။ အဲဒီလို စိုးရိမ်မှု၊ ကြောက်မှုနောက်ကို လိုက်လေလေ၊ ကြောက်စိတ်ကမှိန်ဖျော့လာလေလေဖြစ်တာကို အံ့သြဖို့ကောင်းစွာ တွေ့ရပါလိမ့်မယ်။(၄) တကယ့်သက်သေကိုရှာပါ။ဥပမာ သင်ဟာ ဓာတ်လှေကားထဲမှာ ပိတ်မိပြီးအသက်ရှုကြပ်မှာကို ကြောက်တတ်သူဆိုပါစို့။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ၊ တကယ့်လက်တွေ့မှာ အဲလို ဓာတ်လှေကားထဲပတ်မိပြီး အသက်ရှုမွန်းကြပ်လာတာမျိူး ဖြစ်တာ ကြားဖူးလားလို့ စဉ်းစားကြည့်ပါ။ တကယ်တော့ သင့်ကြောက်နေတာဟာ သင့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ ကိစ္စတစ်ခုသာဖြစ်ပြီး လက်တွေ့ဘယ်လောက်မှ ဆန်မနေတာကို သင်တွေ့ရမှာပါ။(၅)ပြီးပြည့်စုံဖို့မကြိုးစားပါနဲ့။ဘဝဆိုတာ ရုန်းကန်ရမှုတွေ၊ ခက်ခဲမှုတွေ၊စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါတောင်မှ လူအတော်များများဟာ ကိုယ့်ဘဝ ကိုယ်လုပ်လိုက်တဲ့အရာမှန်သမျှဟာ ပြီးပြည့်စုံနေရမယ်လို့ စဉ်းစားကြပါတယ်။ တကယ်တော့ ဒါဟာ ကိုယ့်ကိုယ်ကို ညဉ်းဆဲနေတာနဲ့အတူတူပါပဲ။ ဆိုးတဲ့နေ့ပြီးရင် ကောင်းတဲ့နေ့လာပါမယ်။ ကောင်းတဲ့နေ့ပြီးရင် တစ်ခါ ဆိုးတဲ့နေ့ပြန်လာပါမယ်။ ဘဝဆိုတာကိုက ဖြစ်ချင်ရာဖြစ်နေတဲ့ စာအုပ်ကြီးတစ်အုပ်ပါပဲ။တချို့အရာတွေကို လက်လျှော့ထားလိုက်တာက တခါတရံမှာ စိတ်ကိုငြိမ်းချမ်းစေပါတယ်။(၆)ပျော်စရာကောင်းတဲ့နေရာတစ်ခုကို မျက်စိထဲမြင်ယောင်ကြည့်ပါ။စိတ်ဖိစီးမှု၊ ဒါမှမဟုတ် အကြောက်တရားနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီဆိုရင် သင့်မျက်လုံးတွေကို မှတိလိုက်ပါ။ လုံခြုံငြိမ်းချမ်းပြီး ပျော်စရာကောင်းတဲ့နေရာလေးတစ်ခုကို မြင်ယောင်ကြည့်ပါ။ သာယာတဲ့ ကမ်းခြေတစ်ခုမှာ သင်လမ်းလျှောက်နေတဲ့အချိန်ဖြစ်နိုင်သလို သင်ချစ်တဲ့ ကြောင်ကလေးနဲ့ အိပ်ရာပေါ်မှာ သင်ကစားနေတာ၊ ဒါမှမဟုတ် သင့်ကလေးဘဝက ပျော်စရာကောင်းတဲ့ အမှတ်ရစရာပုံရိပ်တစ်ခုလဲ ဖြစ်နိုင်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ခံစားချက်တွေက သင့်ကို ပိုပြီး ငြိမ်းချမ်းစေပါလိမ့်မယ်။(၇) ပုံမှန်နေ့တွေလိုပဲ ဖြတ်သန်းကြည့်ပါ။လူအများစုဟာစိတ်ဓာတ်ကျတဲ့အခါ ဒါမှမဟုတ် စိုးရိမ်စိတ် ခံစားရတဲ့အခါမူးယစ်ဆေးဒါမှမဟုတ် အရက်တွေကို သုံးစွဲကြပါတယ်။ ဒါက ကိစ္စတွေကို ပိုဆိုးလာနိုင်စေပါတယ်။အိပ်ရေးဝဝအိပ်လိုက်ရတဲ့ တစ်ည၊ ဒါမှမဟုတ် အရသာရှိရှိစားလိုက်ရတဲ့ မနက်စာ၊ ဆယ့်ငါးမိနစ်လောက်လမ်းလျှောက်ထွက်လိုက်တာ တွေက စိုးရိမ်စိတ်ကို ကုသပေးနိုင်တဲ့ဆေးဝါးတွေဖြစ်နေတတ်ပါတယ်။(၈)သင့်ကိုယ်သင် ဆုချပါ။သင်ကြောက်နေတဲ့အရာတစ်ခုကို ရင်ဆိုင်ဖြတ်ကျော်ပြီးတိုင်း သင့်ကိုယ်သင်ဆုချပါ။ ဥပမာအနှိပ်ခံတာမျိုး၊ သင်ကြိုက်တဲ့ ရုပ်ရှင်သွားကြည့်တာမျိုး၊ ခရီးထွက်တာမျိုး စသဖြင့် သင့်ကိုယ်သင် ဂုဏ်ပြုလိုက်ပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%94%e1%80%ad%e1%80%af%e1%80%84/
ရေအေးအေးလေးနဲ့ မျက်နှာသစ်တဲ့အခါ
မျက်နှာကို သန့်စင်တာ၊မျက်နှာသစ်တာက နေ့စဉ်လုပ်နေကျတစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထတစ်ရပ်ပါ။ ဒီလို မျက်နှာသစ်တဲ့အခါ အသုံးပြုနေတဲ့ ရေရဲ့ အပူချိန်ပေါ်လိုက်ပြီး အရေပြားပေါ်မှာ သက်ရောက်မှုလေးတွေ ကွာခြားနိုင်ပါတယ်။ဘယ်လိုရေနဲ့ သစ်သစ် မျက်နှာက သစ်ပြီးသွားတာ မှန်ပေမယ့်မျက်နှာသစ်တဲ့ ရေအပူချိန်မှန်မှန်နဲ့ သစ်တာကတော့မျက်နှာအရေပြားကို အကျိုးကျေးဇူး များစေနိုင်ပါသတဲ့။ ဒီတစ်ခေါက်တော့ မနက်နိုးတဲ့အခါ ရေအေးအေးလေးနဲ့ မျက်နှာသစ်တဲ့အခါ ဘယ်လို ကောင်းကျိုးလေးတွေရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။လူအတော်များများ လက်ခံထားတာကမျက်နှာပေါ်က အညစ်အကြေးတွေစင်ကြယ်စေဖို့ဆိုရင်ရေနွေးနွေးလေးနဲ့ သစ်ရမယ်လို့ပေါ့။ ရေနွေးနဲ့ သစ်တာက အကျိုးကျေးဇူးလေးတွေရှိသလို မိုးလင်းလာတဲ့အခါ ရေအေးအေးလေးနဲ့ မျက်နှာသစ်တာကလည်း အကျိုးကျေးဇူးလေးတွေ ရှိပါတယ်။ရေနွေးနွေး နဲ့ မျက်နှာသစ်လို့ ရသလို ရေအေးအေးနဲ့လည်း မျက်နှာ သစ်လို့ ရပါတယ်။ရေအေးအေးလေးနဲ့ မျက်နှာသစ်တဲ့အခါအခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။မျက်နှာကို ရေအေးအေးလေးနဲ့ သစ်တာကချွေးပေါက်တွေကို ယာယီကျဉ်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ချွေးပေါက်ကျယ်နေသူတွေ လုပ်ကြည့်သင့်တဲ့ နည်းလမ်းလေး တစ်ရပ်ပါ။မျက်နှာကို ရေအေးအေးနဲ့ သစ်တာက မျက်အိတ်ဖောင်းတာ၊ မျက်လုံးမို့အစ်တာ အပါအဝင် မျက်နှာပေါ်မှာ ရှိတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ရေအေးအေးလေးက မျက်နှာပေါ်က ရောင်ရမ်းမှုတွေကြောင့် အလှမပျက်စေဖို့ ထောက်ကူပေးနိုင်မှာပါ။မျက်နှာကို ရေအေးအေးလေးနဲ့ သစ်တာက မျက်နှာ အသားအရေကို အစိုဓာတ် ထိန်းပေးပြီး ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အသားအရေကို စိုပြည်တင်းရင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။မျက်နှာကို ရေအေးအေးလေးနဲ့ သစ်တာက မျက်နှာပေါ်က အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အဆီပြန်လွန်းတာကြောင့် ဝက်ခြံမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ဝက်ခြံတွေသက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။မျက်နှာကို ရေအေးအေးလေးနဲ့ သစ်ပေးတာက ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံတွေကို အရောင်ကျစေနိုင်သလို နာကျင်မှုတွေကိုလည်း သက်သာစေနိုင်မှာပါ။မျက်နှာကို အပူချိန်မြင့်တဲ့ ရေနွေးနဲ့ သစ်တာ ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ်ဆိုပေမယ့် ခြောက်သွေ့ပြီး အရေးအကြောင်းတွေ ဖြစ်လွယ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာမှာ အရေးအကြောင်းကင်းစေဖို့ဆိုရင် အကောင်းဆုံး နည်းလမ်းက ရေအေးအေးလေးနဲ့ မျက်နှာ သစ်တာပါ။ရေအေးအေးလေးနဲ့ မျက်နှာ သစ်တာက အရေပြားမှာအရေးအကြောင်းတွေ မဖြစ်စေဖို့အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ရေအေးအေးလို့ဆိုတဲ့နေရာမှာ ရေခဲရေလို အေးနေတဲ့ ရေကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ ရိုးရိုး‌ရေအေးဆို ရပါပြီ။ အေးလွန်းတဲ့ ရေနဲ့ မျက်နှာသစ်တာက အသားပပ်ပြီး မျက်နှာကို နီမြန်းစေတယ်လေ။ ဒါကြောင့် အခန်းအပူချိန်ထက် အနည်းငယ်အေးတဲ့ရေဖြစ်ရင် လုံလောက်ပါတယ်။ကဲ ….. ရေအေးအေးလေးနဲ့ မျက်နှာသစ်တော့မယ်လို့ စဉ်းစားနေပြီဟုတ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/washing-face-with-cold-water-benefits/
Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
စက်တင်ဘာ ၂၄ကနေ အောက်တိုဘာ ၂၃ကြား မွေးဖွားသူတွေက Libra တွေပဲ ဖြစ်ကြပါတယ်။ ဒီzodiac signပိုင်ရှင်တွေက အလုပ်ကြိုးကြိုးစားစား လုပ်တတ်ကြသလို အလုပ်ဖိအားဒဏ်ကိုလည်း ခံရပါတယ်။ တစ်ခါတလေတော့ အသွက်လွန်ပြီး ဂဏှာမငြိမ်တာတွေလည်း ရှိပါတယ်။ အလုပ်ပင်ပန်းတာကြောင့် အားနည်းပြီး အာရုံကြောပြဿနာတွေလည်း ကြုံရတတ်ပါတယ်။ အလုပ်ကြိုးစားလွန်းတဲ့ Libra တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။Libra တွေ လွှမ်းမိုးထားတဲ့ နေရာတွေကတော့ ခါး၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း၊ အစာအိမ်၊ အရေပြားစတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ လက္ခဏာတစ်ခုခု ခံစားရတဲ့အခါ မပေါ့ဆသင့်ပါဘူး။အထူးသဖြင့် အလုပ်ကြိုးစားလွန်းတဲ့ Libra လေးတွေကအထိုင်များပြီး ခါးနာတာ၊ ဆီးအောင့်ထားပြီး အလုပ်လုပ်တတ်တာကြောင့် ဆီးလမ်းကြောင်းပြဿနာတွေကို ခံစားရတတ်ပါတယ်။Libra တွေ ကျန်းမာဖို့ဆိုရင် အရင်ဆုံးလုပ်ရမှာက အလုပ်လုပ်ချိန်နဲ့ အနားယူချိန်ကို သေချာ ခွဲခြားထားဖို့ပါပဲ။Libra တွေက သူတို့ လွှမ်းမိုးရာနေရာတွေမှာ။Libra တွေရဲ့ ကျန်းမာရေးပြဿနာတွေကို ပိုဆိုးစေတဲ့အချက်က အလုပ်သရဲလေးတွေ ဖြစ်နေတာကြောင့်ပါ။ နားချိန်မှာ သေချာ မနားတဲ့အပြင် အလုပ်ရဲ့ ဖိစီးဒဏ်တွေကို ခံရတဲ့အခါ ကျန်းမာရေးထိခိုက်လွယ်ပါတယ်။ ဒါကြောင့် Libraလေးတွေကို အလုပ်လုပ်ချိန်မှာလုပ်၊ နားချိန်မှာနားဖို့ အကြံပေးလိုပါတယ်။ျ။Libraတွေက အထိုင်များတာကြောင့် ခါးနာတတ်ပါတယ်။ ခဏခဏလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခါးတစ်ဝိုက် ကြွက်သားတွေ သန်မာစေမယ့် လေ့ကျင့်ခန်းတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ အထိုင်မများပါစေနဲ့။ဆီးအောင့်ထားတာကြောင့် ဆီးကျင်တာ၊ ဆီးပိုးဝင်တာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် Libra တို့ကို အကြံပေးချင်တာက ဆီးမအောင့်ထားပါနဲ့။ ရေများများသောက်ပါ။ ဆီးလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခု ခံစားရရင် ဆရာဝန်နဲ့ ပြဖြစ်အောင်ပြပါ။Libra တို့ရဲ့ biological cell saltက ဆိုဒီယမ် ဖော့စဖိတ် (sodium phosphate) ဖြစ်ပါတယ်။ ဒီသတ္တုဓာတ်က pHကို မျှတစေပြီး သွေးသန့်စေပါတယ်။ ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ စပျစ်သီး၊ အစေ့အဆန်၊ ပဲ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ အုတ်ဂျုံ စတာတွေပဲ ဖြစ်ပါတယ်။နေ့စဉ် စားတဲ့အခါမှာ ပရိုတင်းကြွယ်ဝအောင် စားပေးတာ၊ အဆီနဲ့ အချိုကို လျှော့စားတာက Libraတို့ကို ကျန်းမာစေမှာပါ။ ရေများများသောက်တာ၊ အသီးအနှံနဲ့ သစ်သီးဝလံတွေကိုလည်း ပါဝင်အောင် စားပေးရပါမယ်။အလုပ်ထဲမှာ နှစ်မြုပ်တတ်တဲ့ Libra တို့ကိုအိပ်ရေးဝဝအိပ်ဖို့ အကြံပေးချင်ပါတယ်။ Libraတို့ ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေက အိပ်ရေးမဝတာ၊ အသင့်စားအစားအစာတွေ စားလွန်းတာနဲ့ အရက်သောက်တာပါ။ ဒီ၃မျိုးက လွှမ်းမိုးတဲ့ နေရာတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်နဲ့ အသားအရေတို့ကို ထိခိုက်စေလို့ပါ။ ဒီ၃ချက်ကို ရှောင်ဖြစ်အောင် ရှောင်ဖို့လည်း အကြံပြုလိုပါတယ်။Disclaimer:အထက်ပါအကြောင်းအရာများကဗဟုသုတအနေနဲ့သာတင်ပြထားခြင်းဖြစ်ပါတယ်။တစ်ယောက်ချင်းစီရဲ့ခန္ဓာကိုယ်ကမတူညီတာကြောင့်ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင်ဆရာဝန်နဲ့သာပြသဖို့အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-libra/
ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား
အိပ်ရေးဝခြင်း၊ နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်းဟာ ကျန်းမာရေးအတွက် အထူးအရေးကြီးလှပါတယ်။ စိုးရိမ်စိတ်များခြင်း၊ စိတ်ပူပန်ခြင်း စတာတွေဟာ အိပ်ရေးပျက်စေတဲ့ အကြောင်းအရင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါတယ်။ အထူးသဖြင့် ယခုလိုCOVID-19ပြဿနာကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအနေအထားနဲ့ ရင်ဆိုင်လာရတဲ့အခါ လူထုရဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာကြပါတယ်။နဂိုအခံက စိုးရိမ်ပူပန်တတ်သူတွေဟာ အကောင်အထည်မမြင်နိုင်တဲ့ COVID ကို ကြုံလာရချိန်မှာ စိုးရိမ်စိတ်များပြားလာခြင်း၊ စိတ်ကျခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်လာပြီး အိပ်မပျော်နိုင်တဲ့ ဝေဒနာပါ တိုးလာပါတယ်။ တကယ်တော့ ဒီကပ်ရောဂါကို ကာကွယ်ဖို့ဆိုရင် ကိုယ်ခံစွမ်းအား ပြည့်ဝနေဖို့ အိပ်ရေးကောင်းကောင်းဝဖို့ လိုပါတယ်။အိပ်ရေးပျက်ပြီး ကိုယ်ခံအားကို ထိခိုက်လာတဲ့အခါ ပတ်ဝန်းကျင်မှာရှိတဲ့ ရောဂါပိုးမျိုးစုံရဲ့ဒဏ်ကို မခံနိုင်ဖြစ်လာနိုင်ပါတယ်။ယခုဆက်လက်ဖော်ပြပေးမှာကတော့ COVID ကြောင့်စိုးရိမ်ပူပန်အိပ်မရဖြစ်နေသူတွေအတွက် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။COVID ကပ်ကာလမှာ လူအတော်များများဟာ ပုံမှန်လုပ်ငန်းဆောင်တာများနဲ့ လွဲချော်သွားကြပါတယ်။ ဥပမာ နေ့တိုင်း ရုံးတက်ရမယ့်အစား အိမ်ကနေပဲ အလုပ်လုပ်ရတဲ့ပုံစံ ဖြစ်ပါတယ်။ ပုံမှန်သွားနေကြ အားကစားခန်းမတွေ မသွားနိုင်တာ ရှိပါတယ်။ ဒါပေမယ့် ပုံမှန် လုပ်ရိုးလုပ်စဉ်နဲ့ သိပ်မကွာခြားအောင် အနီးစပ်ဆုံး နေနိုင်ပါတယ်။ ဥပမာ ရုံးချိန်အတိုင်း အလုပ်လုပ်တာမျိုး၊ အိပ်ခန်းက ခုတင်မှာ အလုပ်မလုပ်ဘဲ တခြားအခန်းမှာ အလုပ်လုပ်တာမျိုး ဖြစ်ပါတယ်။ ဒါမှသာ အလုပ်ချိန်အပြီး အနားယူတဲ့အခါစိတ်အပြောင်းအလဲဖြစ်နိုင်ပါလိမ့်မယ်။ ရုံးချိန်ပြီးရင် အားကစားခန်းမမသွားနိုင်ပေမယ့် မိမိအိမ်တွင်းမှာပဲ ကိုယ်လက်လှုပ်ရှားခြင်း လုပ်ဆောင်နိုင်ပါတယ်။ရုံးမတက်ရဘဲ အိမ်ကနေဘဲ အလုပ်လုပ်တဲ့အခါ အိပ်ခန်းထဲမှာ အလွယ်တကူ သက်သောင့်သက်သာ လုပ်ကိုင်တတ်ကြပါတယ်။ ဒီအချိန်မှာ ကြုံနိုင်တာက မကြာခဏ အိပ်ပျော်နေခြင်းပါပဲ။ ခဏတဖြုတ်သာ မှေးတယ်ဆိုပေမယ့် တစ်နေ့တာအတွင်း အကြိမ်ရေ များလာတဲ့အခါ ပုံမှန်အိပ်ချိန်ကိုပါ အနှောင့်အယှက်ဖြစ်လာပါတယ်။ တကယ်အိပ်ရမယ့်အချိန်မှာ အိပ်မရဘဲစိုးရိမ်စိတ်တွေလည်း ပွားလာနိုင်ပါတယ်။သင်သွားနေကြ အားကစားခန်းမ ပိတ်သွားပေမယ့် အိမ်မှာတော့ ဆက်လုပ်နိုင်ပါသေးတယ်။ နေ့စဉ် နေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးဖြစ်စေသလို ညဘက်မှာလည်း ကောင်းစွာ အိပ်ပျော်စေနိုင်ပါတယ်။ သိပ်ပြီး အားမစိုက်ထုတ်ရတဲ့လေ့ကျင့်ခန်းမျိုးကို တစ်နေ့မှာ နာရီဝက်ခန့် ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ ဒါပေမယ့် အိပ်ခါနီးကပ်ပြီး လေ့ကျင့်ခန်း လုပ်ပေးတာမျိုးကိုတော့ ရှောင်ရပါမယ်။ဒီအချိန်ကာလမှာ စိတ်ပူပန်စိုးရိမ်မှုကို မြင့်တက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေကိုပဲ တစ်ချိန်လုံးကြားနေရလို့ ဖြစ်ပါတယ်။ သတင်းအမှန်ကို အချိန်နဲ့ တစ်ပြေးညီကြားသိရဖို့ အရေးကြီးတာ မှန်ပေမယ့် ကပ်ရောဂါကူးစက်နှုန်း၊ သေဆုံးနှုန်း စတာတွေပဲ အမြဲတမ်း ကြားလာရရင် စိုးရိမ်မှုတွေ များလာတတ်ပါတယ်။ ကောင်းတာကတော့ တစ်နေ့တာ သိသင့်တဲ့ သတင်းကို သိပြီးရင် ထပ်ပြီး ရှာဖွေဖတ်ရှုခြင်း မပြုသင့်ပါဘူး။ သတင်းရင်းမြစ်များကိုလည်း မှန်မမှန် စိစစ်သင့်ပါတယ်။ ဒီကာလမှာ အိပ်ရာဝင်ခါနီး သတင်းဖတ်ခြင်း၊ ကော်ဖီသောက်ခြင်း မပြုသင့်ပါဘူး။မိမိနေအိမ်မှာပဲ နေစဉ်ကာလမှာ အင်တာနက်သုံးခြင်းဟာ ပတ်ဝန်းကျင်နဲ့ အဆက်မပြတ်ဖို့၊ အထီးကျန်မဆန်စေဖို့၊ စိတ်အပန်းပြေစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် တစ်နေ့လုံးမှာ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမျက်နှာပြင်နဲ့ မျက်စိမခွာခြင်းဟာ ညဘက်အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။အိပ်ရာဝင်ခါနီး တစ်နာရီအတွင်း တီဗီကြည့်ခြင်း၊ ဖုန်းသုံးခြင်းများ မပြုသင့်ဘူးလို့ ပညာရှင်အချို့က ဆိုပါတယ်။ ဒီနည်းနဲ့ စိတ်ပူပန်စရာကိစ္စတွေကို ရှောင်ရှားရာလည်း ရောက်ပါတယ်။ အဲဒီအစား စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေကိုပဲ ပြုလုပ်သင့်ပါတယ်။အရက်သောက်ရင် နေလို့ကောင်းပြီး အိပ်လည်းပျော်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ဒီနည်းဟာစိတ်ပူပန်ခြင်းကို ဖြေဖျောက်ဖို့ အဆင်မပြေပါဘူး။ အရက်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေလည်း ကြုံနိုင်ပါသေးတယ်။အရက်သောက်မယ့်အစား စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်း၊ ဂီတနားထောင်ခြင်း၊ စာဖတ်ခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/how-to-get-better-sleep-during-the-covid-19-outbreak/
ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ
ဝက်ခြံ ဆိုတာက လူတိုင်းလိုလို ဖြစ်တတ်ကြတဲ့အရေပြား ပြဿနာတစ်မျိုးပါ။ အဖြစ်အများဆုံး အရေပြား ပြဿနာ ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ဝက်ခြံက အရွယ်တိုင်းမှာ ဖြစ်နေတာ မဟုတ်သလို အချိန်တိုင်း ပေါက်နေတာတော့လည်း မဟုတ်ပါဘူး။ဝက်ခြံက ဆယ်ကျော်သက် အရွယ်မှာ အဖြစ်များပါတယ်။ များသောအားဖြင့် အသက် ၂၀ ကျော်လာပြီဆိုရင် ဝက်ခြံ ဖြစ်တာက တဖြည်းဖြည်း နည်းလာပါတယ်။ နောက်တစ်ချက်က ဝက်ခြံ ဖြစ်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေက လွဲရင်ပုံမှန် အသားအရေရှိသူတွေမှာ သက်လတ်ပိုင်းရောက်မှ ဝက်ခြံပေါက်တာက ဖြစ်ခဲတဲ့ ကိစ္စပါ။ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်လည်း မဟုတ်ပါဘဲနဲ့ ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ဆယ်ကျော်သက်မဟုတ်ဘဲနဲ့ ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ ဆိုတော့ဒီအချက်လေးတွေကြောင့်ပါနော်။ ဘာအချက်တွေများ ဖြစ်မလဲ။ဟော်မုန်းက အသားအရေ ကျန်းမာလှပမှုအပေါ်မှာ အများကြီး သက်ရောက်နေတဲ့ အချက်တစ်ခုပါ။ ကိုယ်တွင်းမှာ estrogen၊ progesterone နဲ့ testosterone ဟော်မုန်းပမာဏတွေ ပြောင်းလဲတာက ရုတ်တရက် ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပါ။ လေဒီလေးတွေမှာဆိုရင်သန္ဓေတားဆေးသောက်နေတာ၊ ကိုယ်ဝန်ဆောင်နေတာတွေကြောင့် ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ဟော်မုန်း ပြောင်းလဲမှု အများဆုံးဖြစ်တဲ့ အရွယ်ကတော့ အပျိုဖော်၊ လူပျိုဖော် ဝင်ချိန် ဆယ်ကျော်သက် အရွယ်မှာပါ။  ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲမှု ဖြစ်တဲ့အခါ အရေပြားမှာ အဆီတွေ ပိုထွက်ရှိလာပြီး ဝက်ခြံ ဖြစ်လွယ်တာပါ။အမျိုးသားတွေမှာလည်း ဟော်မုန်းပြောင်းလဲချိန်မှာ ဝက်ခြံထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းမှာဟော်မုန်းပမာဏ မျှတမှုမရှိလေလေ ဝက်ခြံ ထွက်နိုင်ခြေ များလေလေပါ။ဝက်ခြံ ထွက်တာကို သက်သာစေဖို့ အရေပြားကို အဆီထွက်ရှိမှု နည်းအောင် ဂရုစိုက်ပေးတာ၊ ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးတဲ့ anti-acne salicylic acid ပါတဲ့skin careတွေသုံးတာ၊ ဆဲလ်သေတွေ ဖယ်ရှားတာ၊clay maskတွေသုံးပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဟော်မုန်းပြဿနာကို ဖြေရှင်းဖို့ အရေပြားဆရာဝန်နဲ့ ပြသပြီး ဆေးဝါးတွေ မှီဝဲနိုင်ပါတယ်၊၊။အစောကပြောခဲ့သလို ဟော်မုန်း ပြောင်းလဲမှုက ဝက်ခြံကို ဖြစ်စေတဲ့ အဓိက အကြောင်းတရားတွေ ဆိုပေမယ့် စိတ်ဖိစီးမှုကလည်း မျက်နှာ လှလှလေးပေါ်မှာ ဝက်ခြံ ထွက်စေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ စိတ်ဖိစီးစရာကိစ္စတွေ များလာရင် ဝက်ခြံတွေ စီရရီပေါ်လာတော့တာပါပဲ။ အကြောင်းကတော့ စိတ်ဖိစီးရင်ကော်တီစောဟော်မုန်းတွေထွက်တယ်။ ဒီလို ထွက်ရှိမှုက အဆီဂလင်းတွေကို အဆီထွက်ရှိမှု များအောင် လှုံ့ဆော်ပေးရင်း ဝက်ခြံတွေက ရုတ်တရက် ထွက်လာတော့တာပေါ့။ကော်တီစောပမာဏ မြင့်တက်လေလေ ဝက်ခြံက ထွက်လာလေလေ ဖြစ်မှာပါ။စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကို ဖြေရှင်းနည်းက လွယ်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျော့တာပါ။ ဒီတော့ စိတ်ဖိစီးမှု ပြေလျော့စေဖို့ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂ လေ့ကျင့်တာ၊ တရားထိုင်တာ၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာကစိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး ကော်တီစော ထွက်ရှိမှုကို လျှော့ချပေးနိုင်တာကြောင့် ဝက်ခြံ သက်သာစေမှာပါ။ အရေပြားကို သေချာလေး သန့်စင်ပေးဖို့လည်း လိုတာပေါ့။အသားအရေ ကျန်းမာဖို့ ဝက်ခြံကင်းဖို့ဆိုရင် အသားအရေနဲ့ လိုက်ဖက်တဲ့ အလှကုန်တွေ၊ skincare တွေ ရွေးချယ်မိဖို့ လိုပါမယ်။ အသားအရေ အမျိုးအစားနဲ့ ကိုက်ညီတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးမှ အသားအရေက ကျန်းမာမှာပါ။ဒီလို မဟုတ်ဘူးဆိုရင် အဆီပြန်တာ၊ ဝက်ခြံထွက်တာ၊ ဆားဝက်ခြံဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အသားအရေ အမျိုးအစားကို သေချာ သိရှိအောင် လုပ်ပြီး အသားအရေ အမျိုးအစားနဲ့ ကိုက်ညီမှု ရှိတဲ့ skin care တွေ၊ အလှကုန်တွေကို ရွေးချယ်ဖို့ လိုပါမယ်။ ချွေးပေါက်တွေကို သေချာ သန့်စင်ပေးတာ၊ ဆဲလ်သေတွေ ဖယ်ရှားပေးတာမျိုးတွေ လုပ်ပေးဖို့ လိုပါမယ်။အသားအရေကို တစ်ခုခု လိမ်းပြီးတိုင်း အရေပြားမှာ ဘယ်လိုမျိုး ပြောင်းလဲတာတွေ ဖြစ်လဲဆိုတာကို သေချာ စောင့်ကြည့်ပြီး ဝက်ခြံတွေ ထွက်မယ်။ အရေပြား နီမြန်းမယ်။ ယားယံမယ်။ ရောင်ရမ်းမယ်ဆိုရင် ဆက်မသုံးပါနဲ့။အစားအသောက်တိုင်းက ဝက်ခြံ မဖြစ်စေပေမယ့် glycemic index မြင့်တဲ့ သကြားဓာတ်နဲ့ ကစီဓာတ် ပါဝင်မှု များတဲ့ အစားအစာတွေက ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။ပေါင်မုန့်အဖြူ၊ ရေခဲမုန့်၊ အချိုရည်၊ သကြားလုံး၊ ဆီကြော်စာ၊ နို့ထွက်ပစ္စည်းတွေက အရေပြားကို အဆီထွက်ရှိစေသလို ချွေးပေါက်တွေ ပိတ်စေနိုင်တာကြောင့် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။နောက်တစ်ချက်က ဒီလို glycemic index မြင့်တဲ့ အစားအစာတွေ၊ အဆီပါဝင်မှု များတဲ့ အစားအစာတွေက androgen ဟော်မုန်းပမာဏကို မြင့်တက်စေပြီး ကောက်ခါငင်ခါ ဝက်ခြံ ထွက်စေတာပါ။အရေပြားကို သေချာသန့်စင်ပြီး အဆီကဲ၊ အချိုကဲတာနဲ့ ကစီပါဝင်မှု များတာတွေကို လျှော့စားပါ။ အသီးအရွက်နဲ့ သစ်သီးတွေ ပိုစားပါ။ ရေများများ သောက်ပါ။အချို့သော ပတ်ဝန်းကျင်အကြောင်းတရားတွေကြောင့်လည်း ဝက်ခြံ ဖြစ်နိုင်ပါတယ်။ ဥပမာ ခေါင်းအုံးစွပ်တွေကို ဆပ်ပြာမှုန့်ပြောင်းပြီး လျှော်မိတာ၊ ဖုန်းမျက်နှာပြင်ကို သန့်ရှင်းရေး မလုပ်ဘဲ အချိန်ကြာမြင့်စွာ ဖုန်းပြောတာ၊ ရာသီဥတု ပြောင်းလဲတာ၊ ဖုန်မှုန့်နဲ့ အခိုးအငွေ့တွေ ထိတွေ့မိတာတွေကြောင့်လည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်က တစ်နေ့တာမှာ ထိတွေ့မိတဲ့ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေကြောင့်လည်း ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။အရေပြားကို သေချာ သန့်စင်ပါ။ အသုံးအဆောင်တွေကို သေချာ သန့်စင်ပါ။မျက်နှာကို လက်နဲ့ ကိုင်တွယ် ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ကဲ ….. အဖြေထွက်ပြီလား ….. ဝက်ခြံတွေ ဘာကြောင့် ကောက်ခါငင်ခါ ထွက်လာကြသလဲ ဆိုတာကိုလေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/5-causes-of-sudden-adult-acne/
ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပုံ
ဆောင်းလေးအေးလာတော့ ရေသိပ်မသောက်ဖြစ်တော့ဘူးဟုတ်။ ရာသီဥတုအေးတော့ နွေလောက် ရေမသောက်ဖြစ်တာတော့ အမှန်ပဲနော်။ ဒါက ကိုယ်တစ်ယောက်တည်းလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လူတိုင်း ဆောင်းရောက်လာရင် ရေသောက်နည်းတာကတော့ ပုံမှန်ပဲလို့ ဆိုရပါမယ်။ ဒီလို ရေသောက်နည်းတာက ဘာဖြစ်လာလဲဆိုရင် ကိုယ်တွင်းမှာ ရေဓာတ်နည်းလာတာပေါ့။ ဒါကြောင့်ပဲ ဆောင်းရာသီမှာ ရေဓာတ်ခမ်းခြောက်ပြီး အသားခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေ ဖြစ်လာတာပေါ့။ ဒီတစ်ခေါက်တော့ အေးမြတဲ့ ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ ဘယ်လိုနေကြမလဲဆိုတာကို နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ဆောင်းတွင်းမှာ အသားပက်တယ်။ နှုတ်ခမ်းတွေ ခြောက်တယ်ဆိုတာ တကယ်ကတော့ ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးနေတာရဲ့ အမြင်သာဆုံး လက္ခဏာပါပဲ။ ဒါတွေအပြင် ဆောင်းတွင်းမှာ ရေဓာတ်ဆုံးရှုံးတာကြောင့် အခုလို လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ဆောင်းတွင်းမှာရေဓာတ်ခမ်းခြောက်တာကြောင့် နေ့စဉ်ဘဝမှာရော ကျန်းမာရေးကိုပါ မထိခိုက်စေဖို့အတွက်ဆောင်းတွင်းမှာ ရေဓာတ်ပြည့်ဝအောင် ဘယ်လိုလေး ဂရုစိုက်လို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ဆောင်းအေးအေးမှာ ရေဓာတ်ပြည့်ဝအောင် ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။အချို့သော အခြေအနေတွေမှာရေသောက်နည်းရတာက သောက်ရမယ့် ရေက လက်လှမ်းမီတဲ့ နေရာမှာ မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အလုပ်စားပွဲ၊ ဟင်းချက်နေမယ်ဆိုရင်လည်း မီးဖိုခန်းစတဲ့ ကိုယ်ရှိနေမယ့် နေရာမှာ သောက်ရေကို ဗူးနဲ့ ထည့်ပြီး ထားပေးတာကလည်း နည်းလမ်းကောင်းပါ။ အပြင်သွားမယ်ဆိုရင်လည်း သွားလေရာနေရာကို သောက်ရေဗူးလေး ယူသွားပေးဖို့ အကြံပေးချင်ပါတယ်။အစားအစာတွေ စားတဲ့အခါမှာလည်း စွပ်ပြုတ်၊ ဟင်းခါး လိုမျိုး ခန္ဓာကိုယ်ရဲ့ရေဓာတ် လိုအပ်ချက်ကို ဖြည့်ပေးနိုင်မယ့် အရည်များများပါတဲ့ အစားအစာတွေကို ရွေးချယ်ပေးတာမျိုးပေါ့။ ဆောင်းအေးအေးနဲ့ စွပ်ပြုတ်ပူပူလေး၊ ဟင်းခါးပူပူလေးကလည်း လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ဆောင်းရာသီမှာ ကိုယ်တွင်းရေဓာတ်လိုအပ်ချက်ကို ဖြည့်ပေးဖို့ ရေသောက်တာပဲ လုပ်လို့ ရတာမဟုတ်ပါဘူး။ ဖရဲသီး၊ လိမ္မော်သီး၊ ဇီးပန်းသီး၊ မာလကာသီးတို့လိုမျိုး အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေကို စားပေးပါ။ကိုယ်ခံအားကို အားဖြည့်ပေးသလို လိုအပ်တဲ့ ရေဓာတ်ကိုလည်း ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။အစားတစ်ခုခု စားပြီးချိန်တိုင်းမှာ ​ရေတစ်ခွက်လောက် သောက်ပေးပါ။ ဒီလို သောက်ပေးတာက ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝအောင် ထောက်ကူပေးနိုင်ပါတယ်။ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝအောင် လုပ်ဆောင်လို့ ရမယ့် နောက်ထပ် နည်းလမ်း တစ်ခုကတော့အုန်းစိမ်းရည်အပါအဝင် သစ်သီးဖျော်ရည်တွေကို သဘာဝအတိုင်း ဖျော်ထားပြီး သောက်တာပါ။ ဒီလို လုပ်ပေးတာကလည်း အပြောင်းအလဲ ဖြစ်စေမှာပါ။လက်ဖက်စိမ်းရေနွေးကြမ်းအပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာတွေကို သောက်ပေးတာကလည်း ဆောင်းရာသီမှာ နွေးထွေးမှုကို ရရှိစေသလို ရေဓာတ် ပြည့်ဝစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။အယ်လ်ကိုဟောတွေ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်စတဲ့ သောက်စရာတွေက ဆီးခဏခဏ သွားစေပြီး ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ရေဓာတ် ပြည့်ဝချင်တယ်ဆိုရင် အယ်လ်ကိုဟောနဲ့ ကဖင်းပါတာတွေကို ရှောင်ဖို့ လိုပါမယ်။ထူလွန်းတာ၊ ပါးလွန်းတာ မဟုတ်ဘဲ အပြင်က အပူချိန်နဲ့ ကိုက်အောင် ဝတ်ဆင်ပါ။ သင့်တင့်အောင် ဝတ်စားတာက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းပေးနိုင်ပြီး ခန္ဓာကိုယ်က ရေငွေ့ပျံပြီး ရေဓာတ်ဆုံးရှုံးတာကို ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-to-stay-hydrated-in-winter/
ဝက်ခြံကင်းတဲ့ အသားအရေပိုင်ဆိုင်လိုသူတိုင်း လိုက်နာသင့်တဲ့အချက်
အပြစ်အနာအဆာကင်းတဲ့အသားအရေက စွဲဆောင်မှုတိုးစေတဲ့အရာတစ်ခုပေါ့။လေဒီလေးတွေထဲမှာတောင်မှ အသားအရေလေး ကြည်ကြည်လင်လင်လေးနဲ့လှနေတဲ့ လေဒီလေးတွေရဲ့အလှက လူကြားထဲမှာ ထင်းခနဲပေါ်တယ်နော်။ အသားအရေကို အဓိက ထိခိုက်စေတဲ့အရာတစ်ခုက ဝက်ခြံပါ။ ဒီတော့ ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးအတိုင်းလုပ်ကြည့်နော်။ဝက်ခြံက ပျောက်ရောပျောက်ပါ့မလားလို့ တွေးပူနေလား။ ဒါဆိုရင်တော့ အခုပြောတဲ့နည်းလေးတွေကိုသာ လိုက်နာကြည့်လိုက် ဝက်ခြံပျောက်မှာသေချာတယ်လို့ပြောပါရစေ။ ဒါပေမယ့် သတိထားရမှာတစ်ခုကဝက်ခြံဆိုတာက နေ့ချင်း ညချင်းပျောက်သွားတဲ့အရာမဟုတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါမယ်။နေထိုင်မှုပုံစံ။နေ့စဉ်နေထိုင်မှုပုံစံကလည်း ဝက်ခြံဖြစ်တဲ့အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဝက်ခြံသက်သာစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။ချွေးပေါက်တွေကိုပွင့်အောင်လုပ်ပါ။မျက်နှာကို သန့်စင်အောင်သစ်ပြီး ရေနွေးငွေ့ခံပေးလို့ချွေးပေါက်တွေပွင့်အောင်လုပ်ပေးပါ။ဆားဝက်ခြံတွေကို သက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။အသားအရေနဲ့သင့်တော်မယ့် မျက်နှာသစ်ဆေးရွေးပါ။မျက်နှာသစ်ဆေးရွေးတဲ့အခါ ဝက်ခြံအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့လေးကို သုံးတာ အဆင်ပြေဆုံးပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက ဝက်ခြံမသက်သာစေတဲ့အပြင် အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။ဆဲလ်သေတွေဖယ်ရှားပါ။ဝက်ခြံဖြစ်ရတာက ဆဲလ်သေတွေ၊ အဆီတွေနဲ့ဖုန်မှုန့်တွေပိတ်ဆို့နေတာကြောင့်ပါ။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။မျက်နှာပေါင်းတင်ပါ။သဘာဝပစ္စည်းတွေနဲ့ဖြစ်ဖြစ် ဝက်ခြံအတွက်ထုတ်ထားတဲ့ မျက်နှာပေါင်းတင်တဲ့ Maskတွေနဲ့ဖြစ်ဖြစ် တစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာကိုပေါင်းတင်ပေးပါ။ဘက်တီးရီးယားတွေအန္တရာယ်ကနေကာကွယ်ပါ။ဝက်ခြံတွေကို ပိုဆိုးစေတဲ့အကြောင်းအရင်းနဲ့ ဝက်ခြံအမာရွတ်တွေကျန်စေခဲ့တဲ့အကြောင်းအရင်းက ဘက်တီးရီးယားဝင်ရောက်ကူးစက်တာပါ။ ဒါကြောင့် ဘက်တီးရီးယားကာကွယ်ပေးမယ့် လိမ်းဆေးလိုမျိုးဆေးတစ်ခုခုလိမ်းပေးပါ။အဆီပိုတွေဖယ်ရှားပါ။ဆီစုပ်စက္ကူသုံးပြီးမျက်နှာပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ အဆီပိုတွေကိုတစ်နေ့ကို အနည်းဆုံးတစ်ကြိမ်ဖယ်ရှားပေးပါ။ဒါတွေအပြင် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ဖို့၊ ညအိပ်ရာဝင်ခါနီးတိုင်း မိတ်ကပ်တွေဖျက်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဆေးကို အသုံးပြုဖို့လည်းမမေ့ပါနဲ့။ အဆီများတဲ့မိတ်ကပ်တွေကိုလည်း မသုံးပါနဲ့။ကဲ..အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလို့ ဝက်ခြံကင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……..။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%95%e1%80%ad/
တင်ပါးပေါ်က အကြောပြတ်ရာတွေကြောင့် စိတ်ညစ်နေရပြီလား
ကျွန်တော်တို့ ကိုယ်ခန္ဓါတစ်ခုလုံးကိုအရေပြားတွေနဲ့ ဖုံးလွှမ်းထားတာဖြစ်ပါတယ်။ ဒီအရေပြားကို အလွှာပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး Dermis Layer လို့ခေါ်တဲ့ အရေပြားအောက်အလွှာက အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မိသွားတဲ့အခါ အမာရွတ်အနေနဲ့ဖြစ်သွားပြီး အကြောပြတ်ရာတွေ ကျန်ခဲ့တာ ဖြစ်ပါတယ်။ခန္ဓါကိုယ်နေရာအနှံ့ တွေ့နိုင်တယ်ဆိုပေမယ့် အများဆုံးတွေ့ရတဲ့ နေရာတွေကတော့။လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်မိတာ၊အလေးမတာ၊ ထိုင်ထလုပ်တာတွေအပြင် မျိုးရိုးဗီဇကြောင့်၊ အရေပြားလိမ်းဆေးတွေကို စွဲပြီးလိမ်းတဲ့အခါမှာ အရေပြားအောက်အလွှာတစ်သျှူးတွေ ပျက်စီးပြီး အကြောပြတ်ရာတွေ ထင်ကျန်နေခဲ့ပါတယ်။လူပျို၊ အပျိုဖော်ဝင်ကာစအရွယ်၊ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းကြောင့်လည်း အကြောပြတ်ရာတွေ ပေါ်လာတတ်ပါတယ်။အကြောပြတ်ရာက ကျန်းမာရေးအရ ကြီးကြီးမားမား ပြဿနာမရှိပေမဲ့ အလှအပရေးရာမှာတော့ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ထိခိုက်စေလောက်တဲ့အထိ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကြောပြတ်ရာတွေက စဖြစ်ပြီဆိုတာနဲ့ ဘာမှမလုပ်ဘဲထားထားလိုက်ရင် တစ်သက်လုံး အဲ့အတိုင်းပဲ ကျန်နေခဲ့မှာမို့လို့ပါပဲ။ အထူးသဖြင့် အတိုအပြတ်ဝတ်ရမှာ ကြိုက်တဲ့မိန်းကလေးတွေအတွက်တော့ အလှပျက်စရာ ကိစ္စပဲပေါ့။ ဒီနေ့ဆောင်းပါးမှာတော့ တင်ပါးပေါ်မှာ ဖြစ်လာတဲ့ အကြောပြတ်ရာတွေကို လျင်မြန်စွာ ကုသပေးနိုင်မယ့် အိမ်တွင်းကုထုံးတွေနဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။သံလွင်ဆီ၊ အုန်းဆီ၊ အော်လ်မွန်စေ့အဆီတွေဟာ အရေပြားကို နဂိုအတိုင်း ချောမွေ့လာစေတဲ့အပြင် ဒီလိုအကြောပြတ်ရာတွေကိုလည်း ဖြည်းဖြည်းချင်းမှိန်သွားစေပြီး ပျက်စီးနေတဲ့ အရေပြားတစ်သျှူးကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဆီတွေကို လိုသလောက် ပမာဏ လက်ပေါ်မှာထည့်ပြီး တင်ပါးနေရာတစ်ဝိုက်ကို အရင်ဆုံးနှံ့နေအောင် ပွတ်လိမ်းပေးရပါမယ်။ ပြီးသွားမှ အကြောပြတ်ရာ ရှိတဲ့နေရာတွေကို လက်မနဲ့ ဖြည်းဖြည်းချင်းဖိပြီး နှိပ်နယ်ပေးပါ။ နေ့တိုင်း တစ်ကြိမ်၊ နှစ်ကြိမ် လိမ်းပေးရုံနဲ့ သိသိသာသာ ပြောင်းလဲသွားတဲ့ ရလဒ်ကို မြင်ရမှာပါ။အကြောပြတ်ရာတွေ ပေါ်ကာစဆိုရင် ဒီပျက်စီးသွားတဲ့ အရေပြားတစ်သျှူးကို အမြန်ဆုံး ပြုပြင်ဖို့ အရေပြားက ရေဓါတ်ပြည့်ဝနေဖို့ လိုပါတယ်။ ရေဓါတ်ဟာ ခန္ဓါကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အပြင် ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်း အသစ်အတိုင်းဖြစ်အောင် ကူညီပေးတယ်။ ကော်လဂျင်ဆဲလ်ထုတ်လုပ်မှုနှုန်းကို မြှင့်တင်ပေးလို့ အသားအရေကို ဖြူစင်ဝင်းပစေနိုင်ပါတယ်။ ပြီးတော့ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေဟာ အကြောပြတ်ရာထင်ဖို့ ပိုလွယ်ကူတယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။ ဒါကြောင့် ရေသန့်ကို တစ်နေ့ ၃လီတာခန့် အနည်းဆုံးသောက်ပေးဖို့တော့ လိုမယ်နော်။အရေပြားအတွက် အိမ်တွင်းကုထုံးလို့ဆိုလိုက်ရင်ရှားစောင်းလက်ပပ်က မပါမဖြစ် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းပြီး အသားအရေကို အေးမြစိုပြေစေတယ်။ ပျက်စီးနေတဲ့ တစ်သျှူးတွေကိုလည်း ပြုပြင်ပေးလို့ အကြောပြတ်ရာတွေ သက်သာအောင် ကူညီပေးနိုင်တယ်။ အစိုဓါတ်ထိန်းပေးလို့ အရေပြားခြောက်သွေ့ကွဲအက်တာတွေ မဖြစ်စေဘူး။ အဲ့တော့ အကြောပြတ်ရာဆိုတာလည်း အလွယ်တကူဖြစ်မလာနိုင်တော့ဘူးပေါ့။ သဘာဝရှားစောင်းလက်ပပ်ကနေ ထွက်လာတဲ့ အနှစ်ကိုလိမ်းပေးလို့ ရသလို ရှားစောင်းလက်ပပ် ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို လိမ်းပေးလို့လည်း ရပါတယ်။အသားအရေကို ပြုပြင်ပေးဖို့အတွက် အလိုအပ်ဆုံး အာဟာရဓါတ်တွေကတော့ ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ပဲ ဖြစ်ပါတယ်။ ဗီတာမင် စီ ကို အချဉ်အရသာရှိတဲ့ အသီးအနှံတွေကနေ အများဆုံး ရရှိပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ပေးတဲ့ နေရာမှာ ကူညီပေးပါတယ်။ ဗီတာမင် အီးကိုတော့ အစေ့အဆန်နဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပြီး ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို ပြုပြင်ပေးရင်း အသားအရေကြည်လင်ပြီး အစိုဓါတ်ထိန်းပေးဖို့ ကူညီပေးပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာကနေ အာဟာရ ရရှိမှုမလုံလောက်ဘူးလို့ သံသယရှိတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဗီတာမင် အားဆေးကိုပါ တွဲသောက်ပေးလို့ရပါတယ်။နောက်ထပ်အရေးကြီးတာ တစ်ခုကတော့ အကြောပြတ်ရာတွေအတွက် အဓိကထုတ်ပေးထားတဲ့ ခရင်မ် (Stretch Mark Cream) တွေကို သုံးပေးဖို့ပါပဲ။ အကြောပြတ်ရာဆိုတာ ဖြစ်ကာစမှာ အသားအရေထိန်းသိမ်းတာမျိုး လုပ်ပေးမယ်ဆိုရင် ပျောက်ဖို့လွယ်ပါတယ်။ ဒီခရင်မ်တွေက အကြောပြတ်ရာအတွက် သီးသန့်လိမ်းပေးသင့်တဲ့ ခရင်မ်တွေ ဖြစ်ပြီး အရေပြားဆရာဝန်ရဲ့ ဆေးအညွှန်းနဲ့မှ လိမ်းပေးတာ အကောင်းဆုံးပါပဲ။ Tretinoin, Trofolastin, Alphastria, Silicone ခရင်မ်တွေကတော့ အကြောပြတ်ရာအတွက် အကောင်းဆုံးပါပဲ။ ရေချိုးပြီးတဲ့အချိန်တိုင်း တင်ပါးနေရာကို ခြောက်နေအောင် သုတ်ပြီးမှ ခရင်မ်ကို စက်ဝိုင်းပုံသဏ္ဍာန် လိမ်းပေးရမှာပါ။ တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်ထိ လိမ်းပေးနိုင်ပါတယ်။ကဲ ဒါဆိုရင် အကြောပြတ်ရာတွေကြောင့် စိတ်မလုံသလို ဖြစ်နေတဲ့သူတွေလည်း ဒီနည်းလမ်းတွေကို အမြန်ဆုံး လုပ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%90%e1%80%84%e1%80%b9%e1%80%95%e1%80%ab%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%80-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%bb%e1%80%95%e1%80%90%e1%80%b9%e1%80%9b%e1%80%ac%e1%80%b1/
နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဆောင်ရန် ရှောင်ရန်
နွေရောက်လာပြီဆိုတော့ တစ်နေ့ထက် တစ်နေ့ အပူချိန်က ပိုပြီး မြင့်တက်လာပါတယ်။ ဒီလို နွေအပူချိန် မြင့်တက်လာချိန်မှာ အပူဒဏ်ကို လူကြီးတွေရော ကလေးတွေပါ တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားလာကြရပါတယ်။ ဒီလိုအပူချိန် မြင့်တက်လာတာနဲ့အတူ ထပ်ပြီး ခံစားရနိုင်တာက ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုးပါ။ ဒီတစ်ခေါက်တော့ နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ သတိထားရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာကတော့ ဖြစ်နိုင်ခြေ တော်တော်လေး များပါတယ်။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ပါ။ တကယ်လို့ ပြင်ပအပူချိန် မြင့်တက်လာချိန်မှာ ခန္ဓာကိုယ်အပူချိန်ကလည်း မြင့်တက်လာပါတယ်။ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ အများကြီးပါ။ နေထိုင်မှုပုံစံတွေကြောင့် ဖြစ်နိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင်။ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။နေပူထဲမှာ အချိန်အကြာကြီးနေတာက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်သလို အခန့်မသင့်ရင် အပူလျှပ်တာကိုပါ ဖြစ်စေနိုင်ပါတယ်။ ကလေးလေးတွေနဲ့ ဘိုးဘိုးဘွားဘွားတွေကအပူဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာမျိုးကို ရှောင်ပါ။လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးကို ထောက်ကူပေးတယ်ဆိုပေမယ့် နွေပူနေချိန်မှာ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်တာက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ အထူးသဖြင့် နေရောင်အောက်မှာလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုးတွေ မလုပ်ပါနဲ့။အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ နွေပူနေချိန်မှာ အရက်တွေကို အလွန်အကျွံ သောက်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ အရက်နဲ့အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးစေပြီး ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေပါတယ်။ကဖင်းတွေဆိုတဲ့နေရာမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းကစလို့ လက်ဖက်သုပ်စတာတွေ အပါအဝင် အားဖြည့်အချိုရည်တွေကို သောက်ပေးတာက ဆီးခဏခဏ သွားစေပြီး ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေမှာပါ။ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် အရေးတကြီး လိုက်နာရမယ့် အချက်က ကိုယ်တွင်းမှာ ရေဓာတ် ပြည့်ဝစေဖို့ပါ။ ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝတာက ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်သလို ခန္ဓာကိုယ် အပူချိန်ကိုလည်း လျှော့ချပေးနိုင်မှာပါ။ ရေဓာတ် ပြည့်ဝစေဖို့ဆိုရင် လုပ်လို့ ရတာက ရေများများ သောက်ပေးလို့ ရသလို ဓာတ်ဆားရည်တွေ သောက်ပေးတာ၊ သကြားမပါတဲ့ သစ်သီးဖျော်ရည်တွေကို သောက်တာ၊ အုန်းစိမ်းရည် သောက်ပေးတာမျိုးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။အရမ်းပူနေချိန်မှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု များလေလေကိုယ်တွင်းအပူချိန်က မြင့်တက်နိုင်လေလေပါ။ ဒါကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ အရမ်းပူနေချိန်မှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို တတ်နိုင်သမျှ ရှောင်ပါ။ အရမ်းပူနေချိန်မှာ တတ်နိုင်သမျှ အရိပ်ရတဲ့နေရာမှာပဲ နေပေးပါ။နွေရာသီမှာ ကိုယ်တွင်အပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် နောက်ထပ် ဂရုစိုက်ပေးလို့ရမယ့် အချက်တစ်ခုကတော့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပေးတာပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပေးတာက ခန္ဓာကိုယ်မှာ အပူချိန် ကျဆင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ကိုယ်တွင်းအပူချိန် ကျဆင်းစေဖို့ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ နေရာလေးမှာ နေပေးပါ။နွေရာသီမှာ ကိုယ်တွင်းအပူချိန် ကျဆင်းစေဖို့ဆိုရင်တော့ နောက်တစ်ခု လုပ်လို့ရတာကရေဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေကို စားပေးတာပါ။ ဒီလို လုပ်ပေးတာက ကိုယ်တွင်းအပူချိန်ကျဆင်းစေဖို့ရော ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ ဒီတော့ နွေရာသီမှာ ဖရဲသီး၊ သခွားမွှေး၊ သရက်သီးမှည့်လိုမျိုး သစ်သီးလေးတွေကို စားသုံးပေးလို့ ရပါတယ်။နွေရာသီမှာ လှုပ်ရှားမှု များများ လုပ်လေလေ ကိုယ်တွင်းအပူချိန်က တက်လေလေပါ။ ဒါကြောင့် နွေပူနေချိန်မှာ တတ်နိုင်သမျှ လှုပ်ရှားမှုကို လျှော့ပြီး သက်တောင့်သက်သာ နားပါ။ ဒီလို နားတဲ့အခါ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နားပေးတာက နွေအပူရှိန်ကြောင့် ကိုယ်တွင်းမှာ အပူချိန်မြင့်တက်တာကို သက်သာစေမှာပါ။အခုလောက်ဆိုရင်တော့ နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်အောင် ဆောင်ရန် ရှောင်ရန်တွေကို သိလောက်ပြီဆိုတော့ သေချာလေး လိုက်နာပေးရင်ကို အဆင်ပြေမှာပါနော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/tips-to-keep-your-body-cool-during-summer-season/
ဆီးပြွန်ကျဉ်းမြောင်းခြင်း
ဆီးပြွန်အတွင်းထဲမှာ ကျဉ်းမြောင်းမှုဖြစ်လာရင် ဆီးတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ဖို့ ခက်ခဲလာတတ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆီးပြွန်ကျဉ်းခြင်းဟာ ကုသလို့ရနိုင်ပါတယ်။ ကျဉ်းမြောင်းနေတဲ့ အစိတ်အပိုင်းလေးကို ချဲ့လိုက်ရုံပါပဲ။ အမျိုးသားတွေရဲ့ ဆီးပြွန်က ရှည်လျားတာမို့ ဆီးပြွန်ကျဉ်းခြင်း ပိုအဖြစ်များပြီး အမျိုးသမီးတွေမှာတော့ အင်မတန်မှကို တွေ့ရနည်းပါတယ်။ဆီးပြွန်ကျဉ်းခြင်း ဘာကြောင့် ဖြစ်တာလဲ။ဆီးပြွန်တစ်ဝိုက်မှာ ဒဏ်ရာကြောင့် အမာရွတ်ဖြစ်ကျန်နေခဲ့တာကနေ ဖြစ်တာပါ။ အနည်းအပါးကနေ ပြင်းထန်တဲ့အခြေအနေမျိုးထိ ရှိနိုင်ပါတယ်။ တစ်စင်တီမီတာလောက် အမာရွတ်ဖြစ်နေတာမျိုးကနေ ဆီးပြွန်တစ်လျှောက်လုံး ဖြစ်နေတာမျိုးအထိ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေမျိုးရှိတဲ့လူတွေမှာတော့ ပိုပြီးဖြစ်နိုင်ချေများပါတယ်။ဆီးပြွန်ကျဉ်းခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။အနည်းအပါးကနေ ပြင်းပြင်းထန်ထန်အထိ ဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ ပေါ်လာရင်တော့ ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။ဘယ်လိုကုသမှုတွေ ရှိသလဲ။အကောင်းဆုံးကုသမှုပေးနိုင်ဖို့အတွက် အပေါ်မှာ ပြောခဲ့တဲ့လက္ခဏာတွေအပြင် ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ ထပ်လုပ်ပါမယ်။ပထမဆုံးလုပ်လေ့ရှိတဲ့ ကုသနည်းကတော့ ခွဲစိတ်မှုမဟုတ်တဲ့ နည်းတွေပါ။ ဆီးပြွန်ကိုချဲ့ဖို့အတွက် ကိရိယာလေးတစ်ခုကို သုံးပါတယ်။ သေးငယ်တဲ့ ကြိုးတစ်ချောင်းကို ဆီးပြွန်မှတစ်ဆင့် ဆီးအိတ်ထဲထည့်ပြီး ချဲ့ပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ပိုပိုကြီးတဲ့ကိရိယာတွေကို အစားထိုးလာပြီး ဆီးပြွန်ကိုချဲ့ချဲ့ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ဆီးပိုက်ကိုအပြီးထည့်ထားလိုက်တာမျိုးကလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ကုသနည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီးအိတ်ကို ထိတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေ ဖြစ်နိုင်တာမို့ အခြေအနေပြင်းထန်တဲ့ လူနာတွေမှာပဲ သုံးလေ့ရှိပါတယ်။ဒါအပြင် ဆီးပြွန်ခွဲစိတ်ဖို့ကိုလည်း သင့်ဆရာဝန်တွေက တိုက်တွန်းနိုင်ပါတယ်။ အဲဒီကုသမှုမှာတော့ မေ့ဆေးပေးမယ်၊ ကျဉ်းနေတဲ့ ဆီးပြွန်နေရာမှာ ရှိနေတာကို ဖြတ်ထုတ်လိုက်မယ်။ ဒီနည်းကတေ့ ရောဂါလက္ခဏာတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကျော်ကို သက်သာစေပါတယ်။ ဒါပေမယ့် ဒီနည်းရဲ့ပြဿနာကတော့ ပြန်ပြန်ပြီးကျဉ်းမသွားဖို့အတွက် ခဏခဏ လုပ်ဖို့လိုတာပါပဲ။ဆီးပြွန်ကိုကျဉ်းစေတဲ့ အကြောင်းရင်းတွေအများကြီးရှိတာကြောင့် ကာကွယ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့်မို့ ရောဂါလက္ခဏာပေါ်လာတာနဲ့ သင့်အနေနဲ့ ကုသမှုခံယူဖို့ အင်မတန်အရေးကြီးပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/%e1%80%86%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%89%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bc/
ဘေဘီလေးတွေကို ဆံပင် အရောင်မဆိုးပေးပါနဲ့။
ဆံပင်အရောင်လှလှလေး ဆိုးတာက ဘေဘီလေးတွေကို ချစ်စရာကောင်းစေတယ်လို့ ယူဆကြတာ များပါတယ်။ တကယ်ကတော့ဘေဘီလေးတွေကို ထိခိုက်မှုရှိစေနိုင်လားဆိုတာကိုတော့ သေချာလေး တွေးမိသူ နည်းမယ် ထင်ပါတယ်။ဒီတစ်ခေါက်တော့ ဘေဘီလေးတွေကိုဆံပင်ဆိုးပေးတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ဘေဘီလေးတွေက အရမ်းငယ်သေးတယ်ဆိုရင် ဘေဘီလေးကိုဆံပင် ဆေးဆိုးတာကမကောင်းပါဘူး။ ဘေဘီလေးကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဆံပင် ဆိုးဆေးကတော့  ကလေးတွေကိုမှာမှ မဟုတ်ပါဘူး။လူကြီးတွေမှာလည်း အတော်လေး ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ဘေဘီလေးကို ဆံပင် ဆေးမဆိုးပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ဘေဘီလေးက အသက် ၁၆ နှစ်ပြည့်ပြီးပြီဆိုရင် ဆံပင်ကို ဆေးဆိုးလို့ ရပါပြီ။ ဆံပင် ဆိုးဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီ အများစုကလည်း အသက် ၁၆ နှစ်အောက် ကလေးလေးတွေကို ဆံပင်ဆိုးဆေး ဆိုးတာမျိုး မလုပ်ဖို့ သူတို့ရဲ့ ထုတ်ကုန်တွေပေါ်မှာ သတိပေး တားမြစ်ထားပါတယ်။ဘေဘီလေးတွေကို ဆံပင် အရောင်မဆိုးပေးပါနဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ဘေဘီလေးတွေရဲ့ ဆံသားတွေက ဖွံ့ဖြိုးဆဲ ဆံသားတွေပါ။အရေပြားလေးတွေ ဖွံ့ဖြိုးပြောင်းလဲသလို ဆံသားလေးတွေကလည်း ဖွံ့ဖြိုး ပြောင်းလဲလာတာပါ။ဘေဘီလေးတွေအသက်အရွယ်အလိုက်ခန္ဓာကိုယ်က ဖွံ့ဖြိုးပြောင်းလဲလာသလို ဆံသားတွေကလည်း ပြောင်းလဲလာပါတယ်။ ဒီလို ပြောင်းလဲလာချိန်မှာ ဆံပင်ကို ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ ဆိုးဆေးတွေ ဆိုးပေးလိုက်တာက ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။အကြောင်းကတော့ ဆံပင်ဆိုးဆေးတွေမှာပါတဲ့ အမိုးနီးယား၊ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်၊ paraphenylenediamine လို့ သိကြတဲ့ ဓာတုပစ္စည်းတွေကဦးရေပြားကို ထိခိုက်စေနိုင်သလို ဆံပင်ကို လုံးဝ ပျက်စီးသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဘေဘီလေးကို ၁၆ နှစ် မပြည့်မချင်း ဆံပင် အရောင်ချွတ်တာ၊ ဆေးဆိုးတာတွေ မလုပ်ဖို့ လိုပါမယ်။ ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေက ဘေဘီလေးတွေရဲ့ ဆံပင်အရောင်ကိုတင် ပြောင်းလဲစေတာ မဟုတ်ပါဘူး။ ဆံသားကိုပါ ပြောင်းလဲစေတာပါ။ဆံပင် ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့်။ဘေဘီလေးက ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်တဲ့အခါအခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/side-effects-of-hair-dye-on-kids/
ကိုယ့်မှာရှိမှန်းမသိ၊ ရှိနေနိုင်တဲ့ စွဲလမ်းမှုများ
စွဲလမ်းမှုလို့ပြောလိုက်ရင် လူတွေကအများအားဖြင့် အရက်စွဲတာ၊ ဆေးစွဲတာ၊ ဆေးလိပ်စွဲတာ စသဖြင့်ကိုပဲ ပြေးမြင်တတ်ကြတယ်။ နောက်ပိုင်း လေ့လာချက်တွေမှာ ဆေးလိပ်၊ အရက်တွေကို စွဲတာထက် အလေ့အကျင့်တစ်ခုကို မလုပ်ရမနေနိုင်အောင် စွဲလမ်းတာမျိုးတွေကိုလည်း မြင်တွေ့လာရပါတယ်။တချို့ စွဲလမ်းမှုတွေဟာ လူအများလက်ခံနိုင်တဲ့ စွဲလမ်းမှုမျိုးတွေဖြစ်တဲ့အတွက် စွဲလမ်းမှုဆိုပြီး နာမည်တပ်ရခက်သလို ဖြတ်ရလည်းခက်ပါတယ်။ တကယ်တော့ တချို့ အလေ့အကျင့်ကို စွဲလမ်းမှုမျိုးတွေဟာ လူတွေအကုန်လုံးနီးပါးမှာ ရှိနေတတ်ကြလို့ စွဲလမ်းမှုဆိုပြီးတောင် မထင်ကြတော့ဘူး။ ဒါဆိုရင် ရိုးရိုးကြိုက်တာက ဘယ်လိုမျိုးလဲ၊ ဘယ်လို အဆင့်ရောက်ရင်စွဲလမ်းမှုဖြစ်သွားပြီလဲ။ အဲ့နှစ်ခုကို ဘာနဲ့ ခွဲခြားမလဲ။ ကိုယ့်ဘာကိုယ်မှာတောင် ရှိလို့ရှိမှန်းမသိတဲ့ စွဲလမ်းမှုတွေက ဘာတွေဖြစ်မလဲ။ အဖြေရှာကြည့်လိုက်ရအောင်။အလုပ်လုပ်ရတာကို စွဲလမ်းနေတာ မကောင်းဘူးလား၊ ကိုယ်လုပ်နေတဲ့ အလုပ်ကိုကြိုက်လို့ ဒီအလုပ်ထဲမှာ စိတ်နှစ်ထားတယ် ကြိုးစားတယ်၊ ဒါဟာ မှန်ပါတယ် ကောင်းတဲ့အလုပ်ပါ။အလုပ်ကိုစွဲလမ်းခြင်း (Workaholism) ဆိုတဲ့စကားမှာ စွဲလမ်းနေတဲ့သူတွေဟာ အလုပ်ချိန်များများလုပ်တာနဲ့လည်း မဆိုင်ပါဘူး၊ အလုပ်လုပ်ဖို့ကို အမြဲအကြောင်းရင်းရှာနေတဲ့သူတွေပါ။ အလုပ်မလုပ်ရရင်မနေနိုင်ဘူး။ အလုပ်အကြောင်းပဲ အမြဲတွေးနေတယ်။ ကျန်တာတွေကို ဘာမှမစဉ်းစားတော့ဘူး။ အလုပ်ကိုစွဲလမ်းနေတဲ့သူတွေဟာ တခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ သူတို့ရဲ့ မလုပ်ရမနေနိုင်တဲ့ စိတ်တစ်ခုထဲကသော တွန်းပို့နေတာပါ။စွဲလမ်းခြင်းတွေ အားလုံးလိုပဲ အလုပ်ကိုစွဲလမ်းတာဟာ ဘဝရဲ့ တခြား အစိတ်အပိုင်းတွေမှာ သက်ရောက်မှုတွေရှိပါတယ်။ ကျန်းမာရေးကို လုံးဝ ဂရုမစိုက်တော့တာ၊ မိသားစုကို အချိန်မပေးတော့တာ၊ အပေါင်းအသင်းမိတ်ဆွေတွေကိုလည်း အဆက်ဆံမလုပ်တော့တာ စသဖြင့် လူမှုရေး၊ ကျန်းမာရေးတွေမှာ အများကြီး ထိခိုက်လာနိုင်ပါတယ်။အလုပ်ကို စွဲလမ်းတာ မကောင်းဘူးသာပြောတာ ကိုယ့်ရဲ့ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကတော့ ကိုယ့်ကို အရမ်းကြိုးစားတယ်ဆိုပြီး ချီးကျူးကြမှာပဲ။ ဒီလိုဖြစ်တဲ့ခါမှာ ကိုယ့်စွဲလမ်းမှု အတိမ်အနက်ကို သတိမထားမိတော့ဘဲ ပိုပိုဆိုးလာနိုင်ပါတယ်။ဒါကတော့ တော်တော်များများမှာ ရှိတဲ့စွဲလမ်းမှုမျိုးလို့ပြောလို့ရပါတယ်။ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာ ဆယ်စုနှစ်တစ်ခုပဲ ရှိသေးပေမယ့် နည်းပညာတွေကလည်းတိုးတက်လာတယ် အလုပ်တွေကိုလည်း အင်တာနက်နဲ့ပဲ လုပ်လာကြရတဲ့ချိန်မှာ ဘယ်ချိန်မှာ ဒါကိုရပ်ရမလဲဆိုတာကို မေ့လျော့လာကြပါတယ်။အင်တာနက်ကို စွဲလမ်းနေပြီဆိုတာဘယ်လိုသိနိုင်မလဲ။ ဆိုရှယ်မီဒီယာ တစ်ခုခုပေါ်မှာ ရှိနေမှ ကိုယ့်ဘာကိုယ် လူပုံမှန်လို့ ခံစားရတယ်၊ ဖေ့စ်ဘွတ်ခ်ကိုမှ ကြည့်မနေရရင် နေမထိထိုင်မသာဖြစ်လာမယ်။ အပြင်မှာ လူတွေနဲ့ ပုံမှန်စကားပြောဖို့အတွက် အာရုံမရတော့ဘူးဆိုရင်သေချာပါပြီ သင်ဟာ အင်တာနက်ကို စွဲလမ်းနေပါပြီ။ကော်ဖီ သောက်လိုက်မှ မနက်ခင်းဟာ ပြည့်စုံသွားတယ်ဆိုတဲ့သူတွေကို မြင်ဖူးတယ်မလား။ သူတို့ဟာ ကော်ဖီကို ရိုးရိုးကြိုက်တာမဟုတ်ပဲကဖင်းဓာတ်ကို စွဲလမ်းနေတဲ့သူတွေဖြစ်နိုင်ပါတယ်။ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဒီနိုဆင်း (Adenosine) ဆိုတဲ့ ကွန်ပေါင်းကို အသွင်ယူပါတယ်။ Adenosine ဟာ ခန္ဓာကိုယ်ကို နှေးကွေးစေပြီးတော့ အိပ်ချင်စိတ်ကိုဖြစ်စေပါတယ်။ Adenosine ရဲ့ နေရာကို ကဖင်းဓာတ်က အစားထိုးဝင်ရောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ဟာ နိုးကြားလာပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်ဟာ ဦးနှောက်ရဲ့ သာယာပျော်ရွှင်မှု ဟော်မုန်းဖြစ်တဲ့ ဒိုပါမင်း (dopamine) ဟော်မုန်း ထုတ်လွှတ်ဖို့လည်း လှုံ့ဆော်ပေးတာကလည်း လူတွေ ကဖင်းဓာတ်ကို စွဲလမ်းဖို့ အကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။ကဖင်းဓာတ်ကို စွဲလမ်းနေကြောင်း သိနိုင်တဲ့ လက္ခဏာတွေကတော့ အမြဲရင်တုန်နေမယ်၊ ခေါင်းတွေကိုက်မယ်၊ရင်ဘတ်အောင့်တွေအောင့်မယ်၊ညအိပ်မပျော်တာတွေ ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာ သောက်လေသောက်လေ ကဖင်းဓာတ်ကပေးတဲ့ ခန္ဓာကိုယ်နိုးကြားမှုကို မှီခိုလေလေဖြစ်တဲ့အတွက် ရုတ်တရက်ဖြတ်လိုက်ရင်လည်း အရက်ဖြတ်သလို ဆေးဖြတ်သလို တုံ့ပြန်တဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ဒါကို ပိုပြီး တိကျအောင် အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် ချစ်သူရည်းစားစဖြစ်တဲ့ချိန်မှာဖြစ်တဲ့ ခံစားမှုတွေကို စွဲလမ်းတာပါ။ ရည်းစားစဖြစ်ခါစဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ်မမြင်ကြဘူး။ အရမ်းချစ်ကြတယ်။ အသစ်အဆန်းဖြစ်တဲ့ အတွက် ရင်ခုန်တယ်။ အဲဒီလို ခံစားချက်တွေကို စွဲလမ်းနေတဲ့သူတွေဟာ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ ကြာကြာမမြဲဘူး။ ကြာလာလို့ စစချင်းတုန်းကရခဲ့တဲ့ ခံစားချက်မျိုး မရှိတော့ရင် ငြီးငွေ့သွားကြတယ်။ နောက်တစ်ယောက် အသစ်ရှာဖို့ ကြိုးစားလာကြတယ်။ ဖောက်ပြန်တာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုမျိုး စွဲလမ်းမှုတွေဟာ လူမှုရေးပြဿနာကို ကြုံလာရနိုင်တယ်။ဒါတွေကလည်း လူတစ်ယောက်ကို ချစ်ကြိုက်မိတဲ့အခါ ထွက်တဲ့ ဟော်မုန်းတွေဖြစ်တဲ့ ဒိုပါမင်း (dopamine), အောက်စီတိုစင် (oxytocin) နဲ့ တခြားသော နှစ်သက်သာယာခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းတွေက တရားခံလို့ပြောရမှာပါပဲ။ဒါလည်း အပေါ်က တစ်ခုလိုပဲ အသစ်အဆန်းတွေကို စွဲလမ်းခြင်း တစ်မျိုးပေါ့။ ပစ္စည်းအသစ် လှတာလေးတွေ မြင်ရင် လိုအပ်တာ မလိုအပ်တာ မစဉ်းစားတော့ဘူး ကိုယ့်ဝင်ငွေ ထွက်ငွေတွေ မစဉ်းစားဘူး ဘယ်လောက်ဈေးကြီးလဲ တန်ရဲ့လား မတန်ဘူးလား မစဉ်းစားတော့ဘူး အမြဲဝယ်ဖြစ်တယ်။ဖိနပ်အသစ်တစ်ရန်ဝယ်ပြီးတိုင်း ဦးနှောက်ကလည်း သာယာပျော်ရွှင်ဟော်မုန်းတွေ ထုတ်ပေးတယ်။ စိတ်ညစ်ရင် စိတ်ဓာတ်ကျရင် ရှော့ပ်ပင်းလေးထွက်မှာ ကောင်းသွားတယ်ဆိုပြီး ဖြစ်လာတယ်။ရှော့ပင်းထွက်တာကို စွဲလမ်းနေပြီဆိုတာကို ဘယ်ချိန်မှာ သိနိုင်မလဲဆိုရင် အရင်တုန်းကတော့ ပိုက်ဆံတွေ အများကြီးကုန်သွားတာကို အပြစ်ရှိသလိုခံစားရတယ်၊ နောက်ပိုင်း မခံစားရတော့ဘူး၊ သူများတွေ ဝေဖန်တားမြစ်မှာစိုးလို့ ကိုယ်ဝယ်ထားတာတွေကို ဖွက်တယ်၊ စာရင်းတွေဖွက်တယ် စသဖြင့် ဖြစ်လာရင်တော့ စွဲလမ်းမှုတစ်ခုအသွင်ပြောင်းနေပါပြီနော်။ကမ္ဘာပေါ်မှာ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပြည့်နေတယ်ဆိုတဲ့သူတွေရှိသလို ဖန်ခွက်ထဲမှာဘာလို့ ရေကတစ်ဝက်ပဲရှိတာလဲဆိုတဲ့သူတွေလည်းရှိပါတယ်။ ဒီလိုလူတွေမသိကြတာက မကောင်းမြင်စိတ်ဆိုတာ စွဲလမ်းတတ်တယ်ဆိုတာပါပဲ။မကောင်းမြင်စိတ်ကို စွဲလမ်းနေတဲ့သူတွေက ဘယ်အရာကိုမှ အကောင်းမမြင်ဘူး။ အပြစ်တွေကို တစ်ခုမဟုတ် တစ်ခု လိုက်ရှာဖို့ ကြိုးစားတယ်။ မကောင်းတဲ့ အခြေအနေတစ်ခုဖြစ်လာရင် အဲဒီအခြေအနေကို ကျော်လွှားဖို့ နည်းလမ်းတွေကို စဉ်းစားမယ့်အစား ဘာလို့ဖြစ်လာရတာလဲဆိုပြီး ငြီးတွားတယ်။ အပြစ်တင်တယ်။ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုရင် လူတွေရဲ့ ဦးနှောက်ဟာ မကောင်းမြင်စိတ်ကို ဆေးလိပ်တွေ အရက်တွေကိုတုံ့ပြန်သလိုမျိုး တုံ့ပြန်တယ်။ ဦးနှောက်ရဲ့ သဘောအရ ကောင်းတဲ့ခံစားချက်တွေထက် မကောင်းတဲ့ခံစားချက်တွေကို ပိုပြီး အားကောင်းတဲ့တုံ့ပြန်မှုမျိုးကိုပေးတယ်။မကောင်းမြင်စိတ်တွေဟာ လူတွေကို အတိတ်မှာ နေစေပြီး အရင်ကဖြစ်ထားတဲ့ စိတ်ဒဏ်ရာတွေကို အသစ်ဖြစ်စေတယ်။ ဖြစ်သမျှအကြောင်းအရာမှန်သမျှကို မကောင်းမြင်စိတ်ကြီးနဲ့ အရောင်ဆိုးလိုက်ကြတယ်။လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို လူတိုင်းမှာတော့ နှစ်သက်ရာ စိတ်ထွက်ပေါက်ကိုယ်စီရှိကြတာပါပဲ။ ရိုးရိုးဒီအတိုင်း ကြိုက်လို့လုပ်တာကနေ မလုပ်ရမနေနိုင်အောင်စွဲလမ်းမှုအဆင့် ရောက်ဖို့ဆိုတာလည်း အရမ်းလွယ်ကူပါတယ်။ တန်ဆေး လွန်ဘေးဆိုတာ မဖြစ်စေဖို့ ကိုယ်ဘာတွေကို စွဲလမ်းနေပြီလည်းဆိုတာကို ဆန်းစစ်နိုင်ဖို့ ဒီဆောင်းပါးလေးကနေဖော်ပြပေးလိုက်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%9b%e1%80%be%e1%80%ad%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%9e%e1%80%ad%e1%81%8a-%e1%80%9b/
Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ
အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာစားသောက်ဆိုင်တွေ၊ အရက်ဆိုင်၊ ဘားတွေလည်း ပြန်ဖွင့်ကုန်ကြပြီ။ လနဲ့ချီ ပိတ်ထားခဲ့တဲ့ ရုံးတွေလည်း ပြန်ဖွင့်ကုန်ပြီ။ရောဂါပိုးကူးစက်ခံရမှု များခြင်းကြောင့် Stay-at-home အမိန့်ချထားခံရတဲ့ မြို့နယ်တချို့လည်း အမိန့်ကနေ ကင်းလွတ်သွားပြီနော်။ လက်ရှိအခြေအနေအရမြန်မာနိုင်ငံသည် Covid-19 ကပ်ဘေးကို ကောင်းကောင်းထိန်းချုပ်နိုင်သေးတဲ့ အနေအထားမှာ ရှိသေးတဲ့အတွက် အနည်းငယ်တော့ စိတ်အေးရပါတယ်။ ဒါပေမယ့် အရင်တုန်းကလိုမျိုး စိတ်လွတ်ကိုယ်လွတ်၊ သတိမမူ၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်း မရှိရင်တော့ ဒီအခြေအနေဟာ အချိန်ပိုင်းအတွင်းမှာ ပြန်ပြောင်းသွားနိုင်တယ်ဆိုတာ အမြဲမှတ်ထားဖို့ အရေးကြီးပါတယ်။လက်ရှိအခြေအနေအရCovid-19ကို သက်သာစေနိုင်တယ်လို့ ယူဆရတဲ့ ဆေးတွေနဲ့ လူနာတွေကိုစမ်းသပ်နေတဲ့ အဆင့်မှာသာ ရှိနေပြီး ဒီဆေးတွေဟာ အမှန်တကယ် ထိရောက်စွာ ကုသပေးနိုင်တယ်ဆိုတဲ့ ရလဒ်မျိုး မတွေ့ရသေးပါဘူး။ ဒီအတွက်ကြောင့်လည်းCovid-19ဟာ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာသာ ရှိနေပြီး လုံးဝပျောက်ကင်းသွားတဲ့၊ စိတ်ချရတဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုလိုရခြင်းဖြစ်ပါတယ်။ကပ်ဘေးကာလသည် လုံးဝမပြီးသေးတဲ့တိုင်အောင် ရုံးတွေ၊အလုပ်တွေ ဖွင့်ပြီဖြစ်တဲ့အတွက် ကိုယ်က မသွားချင်ဘူးဆိုရင်တောင် တာဝန်ဝတ္တရားအရ သွားရမှာပါ။ ဒီအတွက် ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုကိုပါ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ကိုယ်တိုင် ကာကွယ်ခြင်းကနေပဲ စတင်ရမှာပါ။ ဘတ်စ်ကားကို မလွဲသာလို့ စီးရမယ်ဆိုရင်လည်း လူတွေနဲ့ ခပ်ခွာခွာ ထိုင်ခုံကနေ စီးပါ။ ဘာပဲ ကိုင်ပြီးပြီး လက်ကို ရေ၊ဆပ်ပြာနဲ့ ဆေးပါ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။ လူစုလူဝေးကို ရှောင်ပါ။Maskကို အမြဲတပ်ထားပါ။ လူတစ်ဦးတစ်ယောက်စီက ကိုယ်တိုင် ကာကွယ်ပေးခြင်းဖြင့် တစ်နိုင်ငံလုံး ရောဂါပြန့််ပွားမှု နည်းသွားအောင် ကောင်းကောင်း ထိန်းချုပ်ပေးနိုင်ပါတယ်။အစိုးရရဲ့ အမိန့်စာအရအရက်ဆိုင်၊ ဘား၊ ကလပ်တွေ ပြန်ဖွင့်ခွင့်ရပြီဆိုတာ မှန်ပေမယ့် သွားကို သွားရမယ်လို့ ဘယ်သူကမှ အတင်းအကြပ် မတိုက်တွန်းထားပါဘူး။ ဒါကြောင့် ကိုယ့်သူငယ်ချင်းတွေ ကလပ်သွားတဲ့ ပုံတွေ တက်လာတိုင်း အရမ်းတွေ အားကျပြီး လိုက်မထွက်ပါနဲ့။ ကံမကောင်းရင် ကိုယ်ကနေ တစ်ဆင့် ကိုယ့်အိမ်မှာရှိတဲ့မိဘဆွေမျိုးတွေအထိပါ ကူးစက်ပြီး အကုန် ဒုက္ခရောက်သွားနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ အကုန်လုံး ကြိုးစားပြီးတော့ ကာကွယ်၊ ကုသလို့ ရမယ့် နည်းလမ်းတွေ ရှာဖွေနေတဲ့အတွက် ဒီကပ်ဘေးကာလက အချိန်တန်ရင် ပြီးသွားမှာပါ။ ကိုယ့်ဘက်က စိတ်ရှည်ရှည်နဲ့ စောင့်နေပေးဖို့ပဲ လိုပါတယ်။အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ အပြင်ထွက်ဖို့ တင်းကြပ်မှု မရှိတော့ဘူးဆိုတာ မှန်ပေမယ့် ထွက်ချင်တိုင်း ထွက်လို့ရတယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ရုံး၊ အလုပ်ကိစ္စ၊ မိသားစုစားဝတ်နေရေးစတဲ့ အရေးကြီးတဲ့ ကိစ္စတွေက လွဲရင် ကျန်တဲ့ ကိစ္စတွေအကုန် အရေးကြီးတယ်လို့ မသတ်မှတ်ပါဘူး။ ဒါကြောင့် လိုအပ်မှသာ ထွက်ပါ။ အချိန်တန်ရင် အိမ်ပြန်လာပြီး ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးလုပ်ပါ။ ကျန်တဲ့သူတွေက အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပေးပါ။အားလုံးပဲ ကပ်ဘေးကာလ အမြန်ပြီးဆုံးပြီး ပျော်ရွှင်ကျန်းမာစွာနဲ့ နေ့ရက်သစ်တွေကို ဖြတ်လှမ်းသွားနိုင်စေဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%95%e1%80%ba%e1%80%98%e1%80%b1%e1%80%b8%e1%80%80%e1%80%ac%e1%80%9c-%e1%80%99%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%80%b1%e1%80%b8/
Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း)
ဆီးမထိန်းခြင်းဆိုသည်မှာ လူတစ်ယောက်သည် ဆီးသွားမှုအားမထိန်းချုပ်နိုင်သည့်အခြေအနေဖြစ်သည်။ ထို့ကြောင့် ဆီးမသွားချင်သော်လည်း ဆီးများထွက်နေသောအခြေအနေဖြစ်သည်။ဆီးညှစ်ကြွက်သားထိန်းချုပ်မှုမရတော့ခြင်း အားနည်းသွားခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ဆီးမထိန်းခြင်းသည် လူအများစုနားလည်သည်ထက် ပိုရှုပ်ထွေးသော ပြဿနာဖြစ်ပါသည်။အဓိကလက္ခဏာသည် ဆီးမသွားချင်ပဲထွက်ကျလာခြင်းဖြစ်သည်။ ဘယ်အချိန် ဘယ်လိုဖြစ်မလဲဆိုတာ ဆီးမလုံခြင်းအမျိုးအစားပေါ်သာမူတည်သည်။တွေ့ရများသော အမျိုးအစားဖြစ်သည်။ မွေးပြီးစအမျိုးသမီးငယ်များနှင့် သွေးဆုံးပြီးအမျိုးသမီးကြီးများတွင် တွေ့ရများ၏။ ဤနေရာတွင် ဖိအားဆိုသည်မှာ စိတ်ဖိစီးမှုမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာဖိအားကိုဆိုလိုပါသည်။ ဆီးအိမ်နှင့် ဆီးထိန်းကြွက်သားများကို ဖိအားပိုဖိခံရသည့်အခါ စိတ်နှင့်မထိန်းနိုင်ပဲ ဆီးသွားခြင်းဖြစ်ပေါ်နိုင်သည်။အောက်ပါအချက်များသည် ဖိအားကြောင့်ဆီးမလုံခြင်းကို ဖြစ်စေနိုင်သည်။Reflex ကြောင့်မလုံခြင်း သို့ ဆီးအိမ်အလွန်လှုပ်ရှားခြင်းဟုလဲခေါ်ပြီး ဒုတိယတွေ့ရအများဆုံးဖြစ်သည်။ ရုတ်တရတ် စိတ်ဖြင့်မဟုတ်ပဲ ဆီးအိမ်ကြွက်သားညှစ်ခြင်းကို ဖြစ်ပေါ်စေပြီး မရပ်နိုင်သည့် ဆီးအမြန်သွားချင်စိတ်ကိုဖြစ်ပေါ်စေသည်။ဆီးအလွန်သွားချင်မှုဖြစ်လာသည့်အခါ ဆီးမထွက်ခင်အချိန်ခဏလောက်ရနိုင်၏။ ဆီးအလွန်သွားချင်မှုသည် အောက်ပါအခြေအနေများတွင် ဖြစ်ပေါ်နိုင်သည်။ဆီးအိမ်ရှိအာရုံကြောများ၊ အာရုံကြောစနစ်နှင့် ကြွက်သားများပျက်စီးသည့်အခါ ဆီးအိမ်ကြွက်သားများသည် စိတ်နှင့်ထိန်းမရပဲ လှုပ်ရှားကြပါသည်။ဆီးကြိတ်ပြဿနာရှိသော အမျိုးသားများ၊ ဆီးအိမ်ထိခိုက်ခြင်း၊ ဆီးပြွန်ပိတ်ခြင်းတို့တွင်တွေ့ရများ၏။ ဆီးကြိတ်ကြီးလျှင် ဆီးအိမ်ပိတ်နိုင်သည်။ ဆီးအိမ်သည် ခန္ဓါကစွန့်သမျှဆီးကိုမထိန်းနိုင်ခြင်း သို့ ဆီးကုန်အောင် မလုပ်နိုင်ခြင်းငည် ဆီးပမာဏနည်းနည်းခန့်စိမ့်ထွက်စေနိုင်သည်။ မကြာခဏပင် လူနာများသည်ဆီးသွားဖို့လိုသည်။ ဆီးတစ်စက်စက်ကျခြင်းကိုခံစားရနိုင်ပါသည်။ဆီးအလွန်သွားချင်၍ဆီးမလုံခြင်းနှင့် ဖိအားကြောင့်ဆီးမလုံခြင်း နှစ်မျိုးလုံးခံစားရသောအခြေအနေကိုခေါ်ခြင်းဖြစ်သည်။သာမာန်ဆီးမလုံခြင်း။သာမာန်ဆီးမလုံခြင်းသည် လူတစ်ဦးဆီးသွားချင်သော်လည်း အိမ်သာသို့အချိန်မှီမသွားနိုင်သည့်အခါဖြစ်ပေါ်ခြင်းဖြစ်သည်။ သာမာန်ဆီးမလုံခြင်းကိုဖြစ်စေသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်၏။သာမာန်ဆီးမလုံခြင်းသည် အသက်ကြီးသူများတွင်တွေ့ရများပြီး ဘိုးဘွားရိပ်သာများ၌တွေ့ရများ၏။လူနာသည် ဆီးတောက်လျှောက်ထွက်နေခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ပဲ ပမဏာအများကြီး ထွက်သွားခြင်းကို ခေါ်ဆိုပါသည်။လူနာသည် မွေးရာပါအင်္ဂါချို့ယွင်းမှုကြောင့်လဲဖြစ်နိုင်သည်။ ကြောရိုးအာရုံကြောမ သို့ ဆီးစွန့်စနစ်ကို ထိခိုက်မိခြင်းလဲ ဖြစ်နိုင်သလို ဆီးအိမ်နှစ်အင်္ဂါတစ်ခုခုကြား (ဥပမာ မိန်းမကိုယ်) တွင်အပေါက်ဖြစ်ခြင်း (fistula) ကြောင့်လဲဖြစ်နိုင်သည်။အကြောင်းများကို အမျိုးအစား ၄ ခုခွဲနိုင်သည်။ကိုယ်ဝန်။ကလေးမွေးခြင်း။သွေးဆံခြင်း – မဟော်မုန်းလယ်ဗယ်ကျလျှင် ကြွက်သားအားနည်း၏။သားအိမ်ထုတ်ထားခြင်း။တခြားခွဲစိတ်မှုများ။အသက်။အဝလွန်ခြင်း။ဆီးအလွန်သွားချင်သောကြောင့် ဆီးမလုံခြင်း၏နောက်ဆက်တွဲအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်၏။ဆီးအိမ်ရောင်ခြင်း –ဆီးအိမ်၏အနားသတ်များရောင်ရမ်းခြင်း။ဗဟိုအာရုံကြောပြဿနာများ –ဥပမာ multiple sclerosis, လေဖြတ်ခြင်းနှင့် Parkinson ရောဂါ။ဆီးကြိတ်ကြီးခြင်း –ဆီအိမ်ကျွံပြီ ဆီးပြွန်တွင် ကျိန်းစပ်စေသည်။ဆီးအိမ်တွင် ပိတ်သည့်အခါဖြစ်ပေါ်နိုင်သည်။ အောက်ပါတို့သည့် ဆီးအိမ်ပိတ်စေသောအချက်များဖြစ်သည်။ဆီးကြိတ်ကြီးခြင်း။ကင်ဆာကြိတ်မှဆီးအိမ်ကိုဖိခြင်း။ဆီးကျောက်တည်ခြင်း။ဝမ်းချုပ်ခြင်း။ဆီးမလုံခြင်းအာခွဲစိတ်ကုသရာတွင် လက်လွန်သွားခြင်း။အောက်ပါတို့သည် ဆီးလုံးဝမလုံခြင်းကိုဖြစ်စေနိုင်သောအချက်များဖြစ်သည်။ခန္ဓါဗေဒဆိုင်ရာမွေးရာပါချို့ယွင်းသူ။ဦးနှောက်နှင့်ဆီးအိမ်ကြားရှိအာရုံကြောလှုံ့ဆော်မှုကိုပျက်စေသည့် ကျောရိုးအာရုံကြောမထိခိုက်မိခြင်း။Fistula – ဆီးအိမ်နှင့်တခြားအနီးရှိအင်္ဂါများကို (များသောအားဖြင့် မိန်းမကိုယ်) ဆက်သွယ်သောအပေါက်ဖြစ်ခြင်း။တစ်ချို့ဆေးများ –အထူးသဖြင့် ဆီးဆေးများ၊ သွေးကျဆေးများ၊ အိပ်ဆေးများ၊ ကြွက်သားပြေလျော့ဆေးများ။အရက်။ဆီးလမ်းကြောင်းပိုးဝင်ခြင်း။တစ်ချို့အချက်များသည် ဆီးမလုံမှု ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသည်။အဝလွန်ခြင်း။ဝသောသူများတွင် ဆီးအိမ်နှင့်ကြွက်သားများကို ဖိအားများစေပြီး ကြွက်သားများကိုအားနည်းစေကာ နှာချေတိုင်း ချောင်းဆိုးတိုင်း ဆီးမလုံပဲထွက်ကျနိုင်စေသည်။ဆေးလိပ်သောက်ခြင်း။ပုံမှန်သောက်သူများသည် နာတာရှည်ချောင်းဆိုးနိုင်ပြီး ဆီးမလုံမှုကိုပိုဖြစ်စေနိုင်သည်။လိင်။အမျိုးသမီးများသည် အမျိုးသားများအတွက် ဖိအားကြောင့်ဆီးမလုံခြင်းခံစားရဖို့အခွင့်အရေးပိုများ၏။ အထူးသဖြင့်ကလေးမွေးပြီးနောက်တွင် အဖြစ်များပါသည်။အသက်ကြီးခြင်း။ဆီးအိမ်ကြွက်သားမျနှင့် ဆီးပြွန်သည် အသက်ကြီးသည့်အခါ အားနည်းသွားပါသည်။တချို့ရောဂါနှင့်အခြေအနေများ။ဆီးချို၊ ကျောက်ကပ်ရောဂါ၊ ကျောရိုးအာရုံကြောမထိခိုက်မိခြင်းနှင့် အာရုံကြောရောဂါများ (အထူးသဖြင့် လေဖြတ်ပြီးနောက်ပိုင်း)။ဆီးကြိတ်ရောဂါများ: ဆီးကြိတ်ခွဲစိတ်ဖူးသူ ဓါတ်ရောင်ခြည်ဖြင့်ကုသခံဖူးသူ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-incontinence/urinary-incontinence-%e1%80%86%e1%80%ae%e1%80%b8%e1%80%99%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ
လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ ဆိုတော့ ပရိသတ်ကြီးရော ဘယ်လို ထင်လဲ ……။လမ်းခွဲတယ်ဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လမ်းခွဲချိန်မှာ ကြေကွဲဝမ်းနည်းမှုတွေ၊ နာကျင်ခံစားရမှုတွေကို ရင်ဆိုင်ကြရစမြဲပါပဲ။မျက်ရည်တွေ၊ ဒေါသအမျက်တွေ၊ လွမ်းဆွတ် တမ်းတမှုတွေ၊ စိတ်ရှုပ်ထွေးစရာညတွေ၊ စိတ်လိုက်မာန်ပါ အလွန်အကျူးစားသောက်မှုတွေဟာ Relationship တစ်ခု အဆုံးသတ်သွားချိန်မှာ ကြုံရတတ်တာမျိုးတွေပါ။ ဒီလိုအချိန်မျိုးမှာ အမျိုးသားဘက်ကဖြစ်စေ အမျိုးသမီးဘက်ကဖြစ်စေ ဘယ်သူပိုခံစားရသလဲဆိုတဲ့ အတွေးမျိုးဝင်လာလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုမေးခွန်းမျိုးကို သိပ်စိတ်ဝင်စားတတ်ကြပါတယ်။လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ ဆိုတော့။လူနှစ်ယောက်ရဲ့ချစ်ဇာတ်လမ်းတစ်ခု အဆုံးသတ်သွားချိန်မှာ ဘယ်သူပိုခံစားရလဲဆိုတဲ့ မေးခွန်းဟာ အရေးပါလို့လား။ ဒါပေမယ့်လည်း ကာယကံရှင်တွေကိုယ်တိုင်သာမက အနီးဝန်းကျင်ကလူတိုင်းက ဒီမေးခွန်းအပေါ် စိတ်ဝင်စားနေကြဆဲပါ။ လုံးဝ လမ်းခွဲပြတ်စဲလိုက်ကြတာလား? ဒါမှမဟုတ်သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေကြဦးမှာလားဆိုတာမျိုးကလည်း လူတိုင်း သိချင်ကြတဲ့ မေးခွန်းမျိုးတွေလိုပါပဲ။တကယ်တော့ ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတဲ့အခါမျိုးမှာ နှစ်ဦးစလုံးပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဘယ်သူက စတင်လမ်းခွဲသည်ဖြစ်စေပေါ့။ ဒါပေမယ့် ထူးခြားတာကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား ခံစားပုံခြင်းမတူကြပါဘူး။လမ်းခွဲကြတဲ့အခါမျိုးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပတ်ဝန်းကျင်၊ မိသားစုနဲ့ သူငယ်ချင်းတွေဆီက ပံ့ပိုးမှု ပိုမိုရရှိတတ်ပါတယ်။ အမျိုးသားတွေလည်း ဒီလို ပံ့ပိုးမှုမရရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့်အမျိုးသားတွေ ရနိုင်တဲ့ ပမာဏက နည်းပါးတာဖြစ်ပါတယ်။တစ်ဖက်မှာလည်း အသည်းကွဲချိန်တွေမှာ အမျိုးသားတွေဟာအမျိုးသမီးတွေထက် ပိုပြီး တက်တက်ကြွကြွရှိတတ်ပြီး ခံစားချက်ကို ဖုံးကွယ်နိုင်စွမ်းပိုများတာကြောင့် သိပ်မခံစားရဘူးလို့ ထင်မြင်ခံရတတ်ပါတယ်။ တကယ်တမ်း စစ်တမ်းတွေအရဆိုရင် အသည်းကွဲမှုဝေဒနာနဲ့ ဆက်စပ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပမာဏပိုများပါတယ်။အသည်းကွဲနေချိန်မှာ အမျိုးသမီးတွေက ပိုပြီး လူသိရှင်ကြား ပိုမိုထုတ်ဖော်ခံစားကြပြီး အမျိုးသားတွေကတော့ ပိုပြီး လှုပ်လှုပ်ရှားရှားနေထိုင်ဖြစ်ဖို့ ကြိုးစားကြပါတယ်။ အမျိုးသမီးတွေဟာ လမ်းခွဲပြတ်စဲပြီးချိန်မှာ ကြေကွဲဝမ်းနေတာမျိုးဖြစ်ပြီး အမျိုးသားတွေကတော့ အလုပ်ကို ဖိလုပ်တာမျိုး၊ အရက်သေစာသောက်စားလိုက်တာမျိုး၊ မိတ်ရင်းဆွေရင်းတွေနဲ့ သောက်ရင်းစားရင်း ရင်ဖွင့်တာမျိုး၊ အွန်လိုင်းပိုသုံးပြီး တခြားဇာတ်လမ်းတစ်ခု စတင်ဖို့ ကြိုးစားလာတာမျိုး စသဖြင့် အာရုံလွှဲပစ်လို့ရမယ့် အရာမျိုးကို လုပ်ပစ်လိုက်ကြတာမျိုးပါ။Journal of Health and Social Behavior ရဲ့ သုတေသနအရဆိုရင်တော့ အသည်းကွဲတဲ့ ဝေဒနာကို အမျိုးသားတွေက ပိုခံစားရတယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်အကြား အမျိုးသားတွေရဲ့ အမူအကျင့်တွေကို သုတေသနပြုခဲ့တဲ့ သူတို့ရဲ့ အစီရင်ခံစာအရ သူတို့ရဲ့ သုတေသန ပြုချက်တွေအရ အမျိုးသားတွေရဲ့ နာကျင်ခံစားရမှုဟာ အမျိုးသမီးတွေထက်ပိုတယ်လို့ ဆိုပါတယ်။U.S. doctor’s discovery ရဲ့ သုတေသနပြုချက်မှာတော့ Relationship တစ်ခု အဆုံးသတ်သွားချိန်မျိုးတွေမှာ အမျိုးသမီးတွေဟာ Broken Heart Syndrome ကို ပိုမိုခံစားရတတ်ပါတယ်တဲ့။Broken Heart Syndromeဆိုတာက ယာယီနှလုံးရောဂါလက္ခဏာ တစ်မျိုးပါ။ ပြင်းထန်တဲ့ စိတ်ခံစားနာကျင်ခံစားရမှုတွေနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် နှလုံးအတွင်း သွေးလည်ပတ်စီးဆင်းမှု လျော့နည်းပြီး နှလုံးကြွက်သားတွေ အားနည်းသွားခြင်းဖြစ်ပါတယ်။သုတေသန ရလဒ်တွေက ဘယ်လိုပင်ပြောနေပါစေ လမ်းခွဲမှုတိုင်းမှာ နာကျင်ခံစားရတာက နှစ်ဘက်လုံးမှာ ရှိတတ်တာပါပဲ။ မတူညီတဲ့ နည်းလမ်းတွေနဲ့ တုန့်ပြန်ကြပေမယ့် နှစ်ဦးလုံး ထိခိုက်ကြရပါတယ်။ ဘယ်သူက ပိုခံစားရလဲဆိုတာကို တိုင်းတာဖို့ဆိုရင် ကျား၊ မ ဖြစ်တည်မှုနဲ့ တိုင်းတာဖို့ မလွယ်ပါဘူး။ ဘယ်သူက ဒီ Relationship အပေါ် ဘယ်လောက် အလေးအနက်ထားခဲ့သလဲဆိုတာနဲ့ တိုင်းတာမှသာ နီးစပ်တဲ့ အဖြေမျိုးထွက်ပေါ်နိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/breakups-more-difficult-for-men-or-women/
ရာသီဥတုပြောင်းလဲခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာ
ပြင်းထန်ဆိုးရွားတဲ့ရာသီဥတုပြောင်းလဲမှုမျိုးတွေ ကြုံလာရတဲ့အခါမျိုးမှာ ဒါဟာ ကမ္ဘာပျက်ကိန်းရဲ့ ရှေ့ပြေးနိမိတ်၊ ဒါမှမဟုတ် ဆိုးရွားတဲ့ ကံကြမ္မာဆိုးတွေကျရောက်တော့မယ့် နမိတ်လက္ခဏာလို့ လူအများအပြားက ရှုမြင်ကြပါတယ်။ဆိုးရွားတဲ့ ရာသီဥတုတွေနဲ့ ဘေးအန္တရာယ် ကပ်ဆိုးတွေဟာ ကမ္ဘာကြီးနာမကျန်းဖြစ်နေတဲ့လက္ခဏာသက်သက်မဟုတ်ပါဘူး။ ကျွန်တော်တို့လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ယိုယွင်းမှုတွေကိုလည်း ဆောင်ယူလာပါတယ်။ဒီထဲမှာမှ ထူးခြားတဲ့ လူတိုင်းနီးပါးနဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခုပါဝင်နေပါတယ်။ ဒါကတော့ Eco-anxiety လို့ခေါ်ဆိုကြပြီး ဥတုကပ်ဘေးတွေကြောင့်ဖြစ်လာတဲ့စိတ်အခြေအနေတစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Eco-anxiety ကို စိတ်ရောဂါတစ်ခုအနေနဲ့ မသတ်မှတ်ကြသေးပေမယ့် တခြားသော စိတ်ရောဂါတွေဖြစ်လာအောင် တွန်းအားပေးတဲ့ အရာတစ်ခုအဖြစ်တော့ လက်ခံထားကြပါတယ်။ဟားဗတ်တက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ်နဲ့ လန်ဒန်က အင်ပီရီယယ်ကောလိပ်တို့ရဲ့ ပူးပေါင်း သုတေသနတစ်ခုအရဆိုရင်တော့ ရာသီဥတုဆိုးရွားမှုတွေကြောင့် လူတွေမှာစိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာတွေကြုံရချေမြင့်မားတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို သက်သေပြနေတာကတော့ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုဟာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းကို မြင့်တက်စေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ National Center for Health Statistics (NCHS) ရဲ့ ၁၉၈၀ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြား အချက်အလက်တွေကို အခြေခံပြီး သုတေသနပြုချက်တွေအရ အပူချိန်ပိုမြင့်မားတဲ့ နှစ်တွေမှာ ကိုယ့်ကိုယ်ကို သတ်သေနှုန်းပိုများတယ်လို့ ဆိုပါတယ်။လူတွေဟာ ဆိုရှယ်မီဒီယာခေတ်မှာ တောမီးလောင်နေတာ၊ မြေတွေပြိုနေတာ၊ ရာသီဥတုတွေ ဖောက်ပြန်နေတာ၊ ရေတွေကြီးနေတာလိုမျိုး ကပ်ဆိုးတွေ၊ သတင်းဆိုးတွေ၊ အနိတ္ထာရုံတွေတွေကို နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပြီး ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ ဒီလိုသတင်းမျိုးတွေဟာ စိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့ သာမန်လူတွေကိုယ်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။ကိစ္စမျိုးတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ လူသားတွေဟာ အဲ့ဒီသတင်းတွေကြောင့်သောကတွေများလာတာ၊ အကူအညီမဲ့တဲ့ ခံစားချက်မျိုးခံစားလာရတာ၊ ကြေကွဲဝမ်းနည်းမှုတွေခံစာရတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုတွေကို မသိမသာရော သိသိသာသာပါ ခံစားလာနေကြရပါတယ်။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေ၊ စိတ်ထိခိုက်တာတွေက စိတ်ရောဂါဖြစ်သွားနိုင်လောက်တဲ့အထိ ဆိုးရွားပါတယ်။ ဒါတွေကို “Eco-anxiety” ရဲ့ လက္ခဏာတွေလို့ ခေါ်ဆိုပါတယ်။“နေမြင့်လေ အရူးရင့်လေ ဆိုတဲ့” မြန်မာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ဒီကနေ့ခေတ်မှာတော့ ဒီစကားက မှန်ကန်ကြောင်း သိလာရပြီဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ လူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လောက် အကျိုးသက်ရောက်လဲဆိုတာကို သုတေသနပြုလုပ်ကြရင်း လွန်ခဲ့တဲ့ ၅ နှစ်အတွင်းအပူချိန်မြင့်တက်မှုနှင့် စိတ်ကျန်းမာရေးပြဿနာတွေဟာ တိုက်ရိုက် သက်ဆိုင်မှုရှိနေကြောင်း သိလာခဲ့ကြရပါတယ်။ အပူချိန် ၁ ဒီဂရီမြင့်တက်လာတိုင်း စိတ်ကျန်းမာရေးထိခိုက် ခံစားရသူအရေအတွက်လည်း မြင့်တက်လာနေတယ်လို့ National Academy of Sciences လို့ ဆိုထားပါတယ်။ ဘာကြောင့် ခုလိုဖြစ်နေတယ်ဆိုတာကို သက်သေပြနိုင်ခြင်းမရှိသေးပါဘူး။ကောင်းမွန်စွာ အိပ်စက်ရခြင်းမရှိချိန်မျိုးမှာ ရာသီဥတုကလည်း ပူအောင်အိုက်စပ်နေမယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာဖြစ်နိုင်လောက်တဲ့ ဒေါသအမျက်စိတ်၊ ဒါမှမဟုတ် သောကစိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ မူလအခံအားဖြင့် စိတ်ကျန်းမာရေးပြဿနာရှိနေသူတွေအတွက်ဆိုရင်တော့ အပူချိန်နဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ သူတို့ရဲ့ မူလရောဂါကို ပိုမိုဆိုးရွားစေဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ သာမန်လူတွေအနေနဲ့လည်း စိတ်ဖိစီးမှုနဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှုမျိုးတွေဖြစ်နိုင်ပါတယ်။ကိုယ်က ဆိုးရွားတဲ့ ရာသီဥတုဘေး၊ ပြင်းထန်တဲ့ အပူချိန်မြင့်တက်မှု၊ ကျဆင်းမှုတွေမှာ တိုက်ရိုက်သက်ရောက်ခံခဲ့ရသူဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး စောင့်ရှောက်မှုခံယူတာကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။တကယ်လို့ ကိုယ့်က ပါဝင်ပတ်သက်သူမဟုတ်ပဲ ဘေးလူဖြစ်နေမယ်ဆိုရင်တော့ တတ်နိုင်သမျှ ကူညီဖေးမနိုင်ဖို့ ကြိုးပမ်းမှုဟာ စိတ်သက်သာရစေမယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဒီလို စိတ်သောကရောက်စရာတွေ၊ စိတ်ညစ်စရာတွေ မြင်မိကြားမိလို့ ကိုယ်ပါ စိတ်ဆင်းရဲနေရပြီ၊ စိတ်ပူပန်နေရပြီဆိုရင် အတင်း မေ့ဖျောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ လုပ်စရာရှိတာကို သက်သောင့်သက်သာလုပ်နိုင်ဖို့သာ အာရုံစိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အတင်းအကျပ် မေ့ဖျောက်ပစ်ဖို့ လုပ်တာက စိတ်ထဲပိုစွဲစေပါလိမ့်မယ်။အပေါင်းလက္ခဏာဆောင်တဲ့၊ အပြုသဘောဆောင်တဲ့ အတွေးမျိုးတွေ များများတွေးပေးဖို့လည်း သင့်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a5%e1%80%90%e1%80%af%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94/
ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters
ဖောက်ပြန်ခံရတာထက်ဆိုးတာ ဘာလဲသိကြလား။ ခဏခဏဖောက်ပြန်ခံရတာပဲတဲ့။ကွင်းဆက်လူသတ်သမား (serial killer) လိုမျိုးပဲ သမီးရည်းစားဆက်ဆံရေး၊အိမ်ထောင်ရေးတွေမှာ အကြိမ်ကြိမ်ဖောက်ပြန်တဲ့သူတွေကို ကွင်းဆက်ဖောက်ပြန်တဲ့သူ (serial cheater) တွေလိုခေါ်ကြတယ်။ ဒါကို စိတ်ရောဂါတစ်မျိုးလိုမျိုး နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေကလည်း ပြောလာကြပါတယ်။ ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters အကြောင်းလေး လေ့လာလိုက်ရအောင်နော်။တစ်ကြိမ်ဖောက်ပြန်ဖူးတဲ့သူဟာ နောက်တစ်ကြိမ်ဖောက်ပြန်ဖို့ ဝန်မလေးဘူးဆိုတာလည်း ကြားဖူးကြမှာပါ။ ဒီစကားဟာ မှန်ရဲ့လားပေါ့နော်။ ဒါအတွက် တိကျတဲ့ ဆေးပညာဖြေရှင်းချက်က ရှိနေပြန်တယ်။ဦးနှောက်ထဲက အမိုင်ဒလာ (amygdala) ဆိုတဲ့ ခံစားချက်အမျိုးမျိုးကိုတုန့်ပြန်တဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ မကောင်းတာလုပ်ပြီးတိုင်း အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို အဲဒီအစိတ်အပိုင်းက ပေးပါတယ်။ဒါပေမဲ့ မရိုးမသားလုပ်တဲ့ အကြိမ်ရေများလာတိုင်း အမိုင်ဒလာကလည်း ကျင့်သားရလာပြီး မကောင်းဘူး မလုပ်နဲ့ဆိုတဲ့ တုံ့ပြန်မှုတွေဟာ လျော့ကျလာပါတယ်။ ဒီလို အခြေအနေကို မရိုးသားမှုကို ကျင့်သားရလာတယ်လို့ လေ့လာသူတွေက ခေါ်ကြတယ်။အရပ်စကားနဲ့ပြောမယ်ဆိုရင်တော့ တစ်ကြိမ်တစ်ခါ လိမ်မိရင် အပြစ်ရှိတယ်လို့ခံစားရတယ်။ ၃-၄ ကြိမ်ဆက်ဆက်ပြီး လိမ်တဲ့အခါ အပြစ်ရှိတယ်လို့ ထင်တဲ့ ခံစားချက်ကလည်း တဖြည်းဖြည်း ပျောက်သွားတယ်။ တော်တော်ကြာလာတဲ့ချိန်မှာ မကောင်းတာလုပ်ဖို့အတွက် ဘာခံစားချက်မှမရှိသလို ဝန်လည်းမလေးတော့ဘူး။ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters ကတော့။ဒီလိုလူမျိုးတွေဟာ သူတို့ရဲ့အမှားကို တမင်လက်မခံတာဖြစ်နိုင်သလို မှားတယ်လို့တကယ်ကို စိတ်ထဲကမထင်တဲ့သူတွေပေါ့။ ငယ်ငယ်တုန်းက ဖောက်ပြန်တာကို ထမင်းစားရေသောက်လုပ်ခဲ့ ပြောခဲ့တဲ့ မိဘဆွေမျိုးတစ်ယောက်ယောက်ရှိခဲ့ရင် ဒီအကျင့်ကို မမှားဘူးလို့ ယူဆသွားနိုင်တယ်။သူတို့တွေဟာ အသက်ငယ်ငယ်လေးထဲက စွန့်ပစ်ခံရတယ်ဆိုတဲ့ ခံစားချက်မျိုးတွေကို သိပြီး ခံစားပြီးသွားပြီ။ သူတို့ရဲ့ ကို်ယ်ပိုင် စိတ်ဒဏ်ရာကြောင့် အချစ်ရေးမှာ သူတို့ဟာ ထားခဲ့ခံရတဲ့သူမဖြစ်အောင် အသစ်အသစ်တွေကို ကြိုရှာရင်းနဲ့ ဖောက်ပြန်တဲ့သူတွေဖြစ်လာကြတာပေါ့နော်။ဒီလိုလူမျိုးတွေကတော့ ရှင်းပါတယ်။ လူတစ်ယောက်နဲ့ ချစ်ခင်ရင်းနှီးတာကနေ ရတဲ့ သာယာတာတွေမလုံလောက်လို့ လူအများကြီးနဲ့ ဆက်ဆံရတာကိုကြိုက်တဲ့သူမျိုးပေါ့။ဒီလိုလူမျိုးတွေဟာ လူတွေအများကြီးနဲ့ တွဲနိုင်တယ် လူအများကြီးကိုလှည့်စားနိုင်တယ် တဲ့အချက်ကို သူတို့ဘဝရဲ့ အောင်မြင်မှုလို့ယူဆတတ်ကြပါတယ်။ ဒီလိုစိတ်အခြေအနေတွေကလည်း ငယ်ငယ်က ဘာလုပ်လုပ်အပြစ်ပြောခံရတာ၊ အချီးမွမ်းမခံရတာ စသဖြင့် စိတ်ဒဏ်ရာကနေ အခြေခံတတ်ပါတယ်။လူအများနဲ့ မိတ်ဆက်ပေးလိုက်တယ်ဆိုတာနဲ့ သူ့အကြောင်းတွေပေါ်ဖို့ ပိုပြီးအခွင့်အရေးများလာလို့ပါပဲ။ ဒါကြောင့် အများအားဖြင့် သူသင့်ကိုတွဲနေတယ်ဆိုတာ လူအများရှေ့မှာ ထုတ်ပြောမှာမဟုတ်ပါဘူး။မေးလိုက်တိုင်း ဘာလုပ်နေတယ်ဆိုတာကို တိတိကျကျမသိရဘူး။ အလုပ်များနေတယ် သူငယ်ချင်းတွေနဲ့ သွားနေတယ်ဆိုတဲ့ စကားကိုခဏခဏကြားရတယ်ဆိုရင်တော့ ဒါသံသယရှိစရာဖြစ်လာပါပြီ။ဖောက်ပြန်တာတွေရဲ့ အဓိက ရင်းမြစ်တွေဟာ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေပါ။ ဖုန်းထဲက မက်ဆေ့တွေ၊ ဆိုရှယ်မီဒီယာတွေကို လုံးဝပေးမကြည့်ဘဲ အရမ်းကိုကာကွယ်နေပြီဆိုရင်တော့ တစ်ခုခုတော့ ရှိနေပါပြီ။သင်နဲ့ကလည်း သူ့ရဲ့အဆက်ဟောင်းကို ဖောက်ပြန်ပြီးမှ တွဲဖြစ်တာဆိုရင်တော့ ခုချိန်မှာလည်း သင့်အပြင် တခြားသူရှိဖို့ အခွင့်အရေးပိုများလာပါပြီ။လူတိုင်းမှာ မကောင်းတာတွေကို မသိစိတ်ကနေ ကြိုသိနေတာမျိုးဖြစ်တတ်ပါတယ်။ သိစိတ်က မဟုတ်လောက်ပါဘူးဆိုရင်တောင် မသိစိတ်က သံသယစိတ်နဲ့ နေနေတတ်ပါတယ်။ တခါတလေကျရင်တော့ ကိုယ့်ရဲ့ မသိစိတ်ဟာ အရမ်းမှန်နေတတ်ပါတယ်နော်။ဒီလိုအကြိမ်ကြိမ်ဖောက်ပြန်တတ်တဲ့စိတ်ရှိတဲ့သူတွေဟာ ယောကျ်ားပဲလုပ်တတ်တယ်၊ မိန်းမပဲ လုပ်တတ်တယ်ဆိုပြီး မရှိပါဘူး။ ဖောက်ပြန်တာ လူတစ်ယောက်ရဲ့ အကျင့်လား မွေးထဲကပါလာတဲ့စိတ်ဓာတ်လားဆိုတာလည်း ခွဲခြားဖို့တော့ ခက်ပါတယ်။ လူတိုင်းဟာ ကိုယ်လုပ်သင့်တာမလုပ်သင့်လား စဉ်းစားဆင်ခြင်နိုင်စွမ်း လျော့သွားတဲ့ တဒင်္ဂအချိန်လေးအတွင်းမှာ အမှားတွေကို ကျူးလွန်မိတတ်ကြပါတယ်။ ဒါကတော့ သဘာဝပါပဲ။ဒါပေမဲ့ အကြိမ်ကြိမ်ဖြစ်နေတာကိုတော့ လူမှုရေးဖောက်ပြန်တဲ့စိတ်ရောဂါတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဖောက်ပြန်ခံရတဲ့ကိုယ့်ရဲ့ ခင်ပွန်း၊ ဇနီး၊ ချစ်သူမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ၊စိတ်ဒဏ်ရာတွေကို ကာလရှည်ကြာ ခံစားကြရပါတယ်။ ဒါကြောင့် ဒီဆောင်ပါးလေးကနေပြီးတော့ ကွင်းဆက်ဖောက်ပြန်သူတွေအကြောင်းကို ဖော်ပြရင်း သာယာပျော်ရွှင် လှည့်စားမှုတွေကင်းဝေးတဲ့ အချစ်ရေးတွေ တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/developmental-disorder/serial-cheaters-is-mental-problems/
Sagittaruis တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
နိုဝင်ဘာ ၂၃ရက်ကနေ့ကနေ ဒီဇင်ဘာ ၂၂ရက်ကြား မွေးဖွားတဲ့zodiac signပိုင်ရှင်တွေက Sagittarius တွေပဲ ဖြစ်ကြပါတယ်။ ငယ်ရွယ်စဉ်ကာလတွေမှာ Sagittarius တွေက အင်ပြည့်အားပြည့်နဲ့ အလုပ်လုပ်နိုင်ကြပြီး အနာရောဂါလည်း ကင်းကြပါတယ်။ သူတို့ကို ကြည့်လိုက်ရင် အမြဲတက်ကြွပြီး အားအင်ပြည့်ဝနေတာကို တွေ့ရမှာပါ။ ဒီလို သွက်လက်တဲ့ Sagittarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုaတာ လေ့လာကြည့်ရအောင်။Sagittarius တွေက သွက်သွက်လက်လက် ရှိကြသူတွေပါ။ သွက်လက်ခြင်းရဲ့ တစ်ဖက်စွန်းမှာတော့ အလျင်စလို လုပ်တတ်တာကြောင့် မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို အလျင်စလို လုပ်တတ်တဲ့ အကျင့်က အားကစားဝါသနာပါတဲ့ Sagittarius တွေကို မကြာခဏထိခိုက်မှုတွေ ဖြစ်စေမှာပါ။Sagittarius တို့ လွှမ်းမိုးထားတဲ့ ကိုယ်တွင်းအင်္ဂါတွေကတော့ အသည်း၊ ကျောက်ကပ်၊ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အမြင်အာရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။အရက်အလွန်အကျွံသောက်တတ်တဲ့အကျင့်၊ အစားအလွန်အကျွံစားတတ်တဲ့ အကျင့်ကြောင့် အသည်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။မတော်တဆ ထိခိုက်မှုတွေ ဖြစ်တတ်တဲ့ Sagittarius တွေက အမြင်အာရုံ ဝါးတဲ့အခါ ပိုပြီး ထိခိုက်နိုင်ခြေ များပါတယ်။Sagittarius တွေက သူတို့ လွှမ်းမိုးတဲ့နေရာအလိုက်။Sagittarius တွေက ကိုယ့်ရဲ့ အစားအသောက် အနေအထိုင်လေးကိုသာ ထိန်းမယ်ဆိုရင် တော်တော်လေး ကျန်းမာပြီး အသက်ရှည်နိုင်တဲ့ သူများတွေ ဖြစ်ပါတယ်။ ကိုယ်နဲ့ မတည့်တာကို မစားနဲ့။ ဘယ်ဟာကိုပဲဖြစ်ဖြစ် အလွန်အကျွံ မလုပ်ဘူးဆိုရင် ကျန်းမာနိုင်ပါတယ်။အလျင်စလို လုပ်တတ်တဲ့ အကျင့်က စိတ်မတည်ငြိမ်ရင် ပိုအမှားများပြီး ထိခိုက်တတ်ပါတယ်။ ဒါကြောင့် စိတ်တည်ငြိမ်အောင် အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာတွေ လုပ်ပေးပါ။Sagittarius တွေက အရက်စွဲလွယ်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံမသောက်ဖို့ လိုပါတယ်။ အရက်တင်မကဘဲအသည်းကို ထိခိုက်စေမယ့် ဆေးဝါးတွေ သောက်သုံးတာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာကို ရှောင်သင့်ပါတယ်။Sagittarius တွေရဲ့ Biological cell saltက silica ဖြစ်ပါတယ်။ ဒီဓာတ်က ဦးနှောက်ရဲ့ လုပ်ဆောင်ချက်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဒါ့ပြင် ဒီဓာတ်ချို့တဲ့တဲ့အခါ ဆံပင်ကျွတ်တာ၊ လက်သည်းတွေ ကျွတ်ဆတ်တာ၊ နုံးပြီး အားမရှိတာတွေ ခံစားရပါတယ်။Silica ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသီးအရွက်နဲ့ သစ်သီးဝလံတွေ၊ ပန်းသီး၊ ဘယ်ရီသီး၊ အုတ်ဂျုံ၊ ဘတ်စတီမာဆန်၊ ကောက်နှံ စတာတွေပဲ ဖြစ်ပါတယ်။ ပရိုတင်း ပြည့်ဝအောင်လည်း စားပါ။ ရေလည်း များများသောက်ပါ။အသည်းကို ထိခိုက်စေနိုင်တဲ့အဆီအစိမ့်တွေ၊ အချိုတွေကိုလည်း ရှောင်ဖို့ အကြံပြုချင်ပါတယ်။Disclaimer:အထက်ပါအကြောင်းအရာများကဗဟုသုတအနေနဲ့သာတင်ပြထားခြင်းဖြစ်ပါတယ်။တစ်ယောက်ချင်းစီရဲ့ခန္ဓာကိုယ်ကမတူညီတာကြောင့်ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင်ဆရာဝန်နဲ့သာပြသဖို့အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-sagittarius/
COVID-19 ကာလအတွင်း မိမိရင်သွေးလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲ
COVID-19ရောဂါဟာ တစ်ကမ္ဘာလုံးက မိသားစုတွေရဲ့ဘဝတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်လိုက်ပါတယ်။ ကျောင်းတွေပိတ်တယ်၊ အလုပ်တွေကို အိမ်ကနေလုပ်ကြရတယ်၊ တတ်နိုင်သမျှအိမ်မှာပဲနေကြရတယ်၊ လူတစ်ဦးနဲ့ တစ်ဦးနဲ့ကခပ်ခွာခွာနေကြရတယ်။ အပြောင်းအလဲတွေက အများကြီးပါပဲ။ အခုအချိန်မှာတော့ ကျောင်းတွေ၊ ကျူရှင်တွေ၊ သင်တန်းတွေ ပိတ်နေလို့ အိမ်မှာပဲဂျီကျနေကြတဲ့ အသည်းကျော်ရင်သွေးလေးတွေကို ဘယ်လိုထိန်းကျောင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။ဂရုတစိုက်နဲ့ သေချာလေးပြောပြပေးပါ။ မိမိရင်သွေးလေးတွေ ကိုယ်တိုင်ကိုက ကြားသိပြီးဖြစ်နိုင်ပါတယ်။ သူတို့အတွက် ကြောက်လန့်စရာမဖြစ်အောင်နဲ့ အတွေးမှားနေတာလေးတွေကို ပယ်ဖျောက်ပေးဖို့အတွက် မိဘတွေကိုယ်တိုင်က ပြောပြပေးဖို့လိုပါတယ်။ ပြောပြတဲ့အခါ ကိုယ့်ရင်သွေးက ဘယ်လောက်အထိ နားလည်နိုင်မယ်ဆိုတာကို တွေးပါ။ ကိုယ့်ရင်သွေး ဘယ်အတိုင်းအတာအထိ နားလည်နိုင်မယ်ဆိုတာ ကိုယ်သာအသိဆုံးဖြစ်ပါလိမ့်မယ်။ပြောပြတဲ့အခါမှာ ရိုးသားပွင့်လင်းမှုရှိပါစေ။ အရမ်းမကြောက်အောင် ချန်လှပ်ပြီး ပြောလိုက်တာမျိုးမလုပ်ပါနဲ့။ မသိရင် မသိဘူးပဲ ပြောပေးပါ။ ရင်သွေးလေးကြောက်သွားရင် သူတို့နားမှာ မိသားစုဝင်တွေ အမြဲရှိနေတယ်ဆိုတာ ပြောပြပေးပါ။ ဥပမာ – ဘာမှ ကြောက်စရာမလိုဘူးနော်၊ ဖေဖေရော၊ မေမေရော၊ ကိုကိုရော၊ မမရော အနားမှာ အမြဲရှိတယ် ဆိုတာမျိုးပြောပြပေးပါ။COVID-19 ရောဂါဟာ ဘယ်သူမဆို ဖြစ်နိုင်တယ်ဆိုတာကိုလည်း ပြောပြပေးဖို့လိုပါတယ်။ ဆင်းရဲချမ်းသာ၊ ရုပ်သွင်ပြင်၊ စိတ်နေစိတ်ထား၊ လူဆိုးလူကောင်းမရွေး ဖြစ်နိုင်တယ်ဆိုတာကိုလည်း ပြောပြပေးပါ။ ရောဂါဖြစ်နေတဲ့သူတွေကိုတွေ့ရင် ပြုစုစောင့်ရှောက်ပေးရမယ်ဆိုတာကို ပြောပြပေးပါ။ ဒါမှသာ ရင်သွေးလေးဟာ COVID-19 ကပ်ဆိုးကြီးကို မကြောက်မလန့်ဘဲ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။ကျောင်းတွေ၊ သင်တန်းတွေပိတ်နေတာက သင့်ရင်သွေးလေးနဲ့ ပျော်စရာအချိန်တွေကို အတူဖြတ်သန်းဖို့ အကောင်းဆုံးအချိန်ပါပဲ။ ရင်သွေးလေးတွေကို အချိန်ပေးခြင်းအားဖြင့် သူတို့လေးတွေမှာ ပိုအချစ်ခံရတယ်လို့ ခံစားရလာမယ်၊ လုံခြုံမှုရှိတယ်လို့ ခံစားရလာစေပါလိမ့်မယ်။ သူတို့လေးတွေက သင့်ဘဝအတွက် အရေးကြီးတယ်ဆိုတာ ပြသလိုက်ပါ။ကလေးတစ်ယောက်ချင်းစီတိုင်းအတွက် သီးသန့်အချိန်လေးတွေ ပေးပေးပါ။ အလုပ်တွေများနေသည်ဖြစ်စေ၊ မများသည်ဖြစ်စေ တစ်ယောက်စီအတွက် အနည်းဆုံးမိနစ် (၂၀) စီလောက်အချိန်ပေးပါ။ ရင်သွေးလေးတွေကလည်း ဒီလို သီးသန့်အချိန်လေးတွေကို မျှော်နေကြမှာပါ။သီးသန့်အချိန်ပေးတဲ့အခါ သင့်ရင်သွေးလေးကို ဘာလုပ်ချင်လဲ မေးကြည့်ပါ။ သူလုပ်ချင်တာကို (ဖြစ်နိုင်ရင်) ပေးလုပ်လိုက်တာက သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးတက်စေနိုင်ပါတယ်။အကယ်၍ ဘာလုပ်ရမလဲမသိဖြစ်နေရင်တော့-။စကားမပြောတတ်သေးတဲ့ ကလေးဆိုရင်။စကားပြောတတ်ပြီ၊ ကျောင်းစတက်ပြီဆိုတဲ့ကလေးတွေအတွက်က-။ဆယ်ကျော်သက်အရွယ်လေးတွေအတွက်ကတော့-။COVID-19 ကပ်ရောဂါဖြစ်နေတဲ့အချိန် အပြင်လည်း အရင်လောက်ထွက်မရ၊ အလုပ်အတွက်၊ ငွေကြေးအတွက် အရာရာကို စိတ်ပူပန်နေရတဲ့အချိန်မှာ ရင်သွေးလေးတွေက အငြိမ်မနေတာတွေကြောင့် စိတ်တွေတိုကြမှာပါ။ အကောင်းမြင်နိုင်စွမ်းတွေလည်း ကျနေကြပါလိမ့်မယ်။ သည်လိုအချိန်တွေမှာ ရင်သွေးလေးတွေကို သည်ဟာမလုပ်နဲ့၊ ဟိုဟာမကိုင်နဲ့ လို့ အော်ပြောမိကြမှာပါပဲ။ ဒါပေမဲ့ အမြဲမှတ်ထားပါ။ ကလေးတွေကို ဆူဆဲပြီး ပြောတာထက် ချော့မော့မြှောက်ပင့်ပေးပြီး ပြောတာဆိုရင် ရင်သွေးလေးတွေက ပိုပြီးနားထောင်ကြမှာပါ။ အဲ့လိုပြောလို့ ရင်သွေးလေးတွေက လိမ်လိမ်မာမာလေး ငြိမ်ငြိမ်နေပြီဆိုရင်လည်း သူတို့ကိုချီးကျူးပေးပြီး သူတို့ကြိုက်တာလေးတွေ ချကျွေးပေးဖို့ မမေ့ပါနဲ့နော်။အချိန်ဇယားလေးဆွဲပေးပြီး ကစားချိန်၊ နားချိန်၊ အလုပ်ကူချိန်၊ လေ့ကျင့်ခန်းလုပ်ချိန် ဒီလိုလေးတွေသတ်မှတ်ပေး လို့ရပါတယ်။ အဲ့ဒီအတိုင်းလိုက်နာရင် ချီးမွမ်းပေးပါ။ သူတို့ရဲ့အကျင့်ကောင်းလေးတွေကို ပျိုးထောင်ပေးပါ။ အိမ်ခြံဝန်းနဲ့နေတာ ဆိုရင် ခြံဝင်းထဲထွက်ကစားစေပါ။ အပင်တွေစိုက်ထားတာရှိတယ်ဆိုရင် ရေလောင်းကူစေတာမျိုးလေးတွေလုပ်ပေးပါ။တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လက်ဆေးရတာက ပျော်စရာအသွင်ပေါ်လာအောင် လုပ်ပေးပါ။ လက်ပုံမှန်ဆေးတိုင်း အမှတ်ပေးတာမျိုး၊ ဒါမှမဟုတ် ကိုယ့်မျက်နှာကို ကိုယ့်လက်နဲ့ကိုယ်တိုင် ထိမိတိုင်းအမှတ်လျှော့တဲ့ ဂိမ်းပုံစံမျိုးလေးတွေ ဖန်တီးပါ။ သင့်ရင်သွေးလေး အိမ်မှာနေပြီး အကျင့်ကောင်းလေးတွေသင်ရင်း ပျော်ရွှင်နေပါလိမ့်မယ်။သင်ဟာ သင့်ကလေးအတွက် role model ဦးဆောင်လမ်းပြတစ်ယောက်ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က တခြားသူတွေနဲ့ ခပ်ခွာခွာနေပြရမယ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြရမယ်၊ တခြားသူတွေကို အကြင်နာတရားနဲ့ ဆက်ဆံပြရမယ် (အဓိကက ဖျားနာနေတဲ့သူတွေကို)။ ဒါမှသာ ရင်သွေးငယ်လေးတွေမှာ အကျင့်ကောင်းလေးတွေ အကျင့်စွဲ လာမှာပေါ့။ဘယ်လိုကစားကြစေမလဲ။ အကျိုးဖြစ်ထွန်းစေတဲ့ကစားနည်းမျိုးစုံရှိပါတယ်။(က)လှုပ်လှုပ်ရှားရှားကစားနည်း။(ခ)      ပုံပြောကစားနည်း။(ဂ)မှတ်ဉာဏ်ကစားနည်း။အဲ့လိုမျိုးလေးတွေ ကစားကြလို့ရပါတယ်။အခုအချိန်မှာ online ကနေ သင်ကြားပေးနေတဲ့ သင်တန်းတွေ အများကြီးရှိနေပါပြီ။ online ကနေ သင်ကြားနေရတဲ့အတွက် သင့်ရင်သွေးလေးတွေမှာလည်း ပျင်းဖို့သတိတောင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်သည်လို အင်တာနက်ကို အသုံးပြုကြမယ်ဆိုရင်တော့ စောင့်ကြည့်ပေးဖို့လိုတယ်နော်။အားလုံးပဲ COVID-19 ကပ်ဆိုးကာလအတွင်းသားသားမီးမီးလေးတွေကို ထိန်းကျောင်းရင်း ပျော်ရွှင်တဲ့မိသားစုဘဝကို ဖော်ဆောင်နိုင်ကြပါစေ။ရေးသားသူ – ဒေါက်တာခိုင်ဝင်း။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-%e1%80%80%e1%80%ac%e1%80%9c%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c/
နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေဖို့
ဝက်ခြံလို့ ဆိုလိုက်ရင် မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေကို အရင်ဆုံးပြေးမြင်မယ်ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံ ဆိုတာက မျက်နှာပေါ်မှာတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ချွေးပေါက်ရှိတဲ့ နေရာတိုင်းမှာ ပေါက်နိုင်တာပါ။ ဒီတစ်ခေါက်တော့ မျက်နှာပေါ်မှာမဟုတ်ဘဲ နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ ကြောင့် စိတ်ညစ်နေသူတွေအတွက် သက်သာစေမယ့် နည်းလမ်းလေးတွေပြောပြပေးပါရစေနော်။ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံး အရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်း အရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား၊ အရေပြားပေါ်ကဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။ ဝက်ခြံကိုဖြစ်စေတဲ့ အကြောင်းအရင်းကလည်း တော်တော်လေးများပါတယ်။ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ ဝက်ခြံတွေ ကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေက အဆင်ပြေဆုံးဖြစ်မှာပါ။Tea tree oil ၇ စက်စာကို အုန်းဆီ ၁ စက်နဲ့ ရောစပ်ပြီး ညအိပ်ရာမဝင်ခင် ကျောမှာ လူးအိပ်လိုက်ပါ။ မနက်နိုးတဲ့အခါ ရေချိုးချလိုက်ပါ။ ဒါကလည်း နောက်ကျောနဲ့ပခုံးက ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ဝက်ခြံဖြစ်တဲ့နေရာကို ရှားစောင်းလက်ပပ် ဂျယ်လီသားနဲ့ ပွတ်ပေးပြီး မိနစ် ၃၀လောက်ထားလို့ ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ရေတစ်ခွက်စာကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောစပ်လိုက်ပါ။ ဂွမ်းစလေးနဲ့ တို့ပြီး ဝက်ခြံတွေ ပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်ထားပြီးရေဆေးချလိုက်ပါ။အုန်းဆီစစ်စစ်ကိုလက်ဖဝါးမှာ ပွတ်လို့ ဝက်ခြံဖြစ်တဲ့နေရာတွေမှာ လူးပေးပါ။ ညင်ညင်သာသာလေး နှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်ထားပြီးရေချိုးချလိုက်ပါ။ဒိန်ချဉ်ကို ဝက်ခြံတွေပေါ်မှာ လိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀လောက်ထားပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။လက်ဖက်စိမ်းရေနွေးကြမ်းကို ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံတွေ အပေါ်မှာ လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာကဘက်တီးရီးယားကို နှိမ်နှင်းပေးပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ရေချိုးတဲ့အခါ Salicylic acidပါတဲ့ ရေချိုးဆပ်ပြာနဲ့ တစ်ပတ် ၂ကြိမ်လောက် ချိုးပေးတာကလည်း ခန္ဓာကိုယ်က ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ကဲ… နောက်ကျောနဲ့ပခုံးမှာပေါက်တဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/how-to-treat-acnes-in-back-and-shoulders/
တမာရွက် ကပေးတဲ့ အသားအရေ လှပမှု
တမာရွက် လို့ ပြောလိုက်ရင် တမာချဉ်ကို အရင် ပြေးမြင်မယ်ထင်ပါတယ်။ဆေးဖက်ဝင်တယ်ဆိုပြီး အချည်တည်လို့ တို့စားလေ့ရှိတဲ့ တမာရွက်လေးက ကျန်းမာရေးအတွက်တင် ထောက်ကူပေးတာ မဟုတ်ပါဘူး။ အသားအရေလေးကိုလည်း လှပ ကျန်းမာစေပါတယ်တဲ့။ ဘယ်လိုမျိုးအသားအရေ လှပစေဖို့ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။တမာရွက် ဆိုတာ တမာပင်ရဲ့ အရွက်ပါ။ တမာပင်က အပူပိုင်းအမြဲစိမ်းအပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက အာရှဒေသကနိုင်ငံတွေမှာဆေးဝါးအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။ တမာက တစ်ပင်လုံးလိုလိုဆေးဖက်ဝင်တာပါ။ တမာရွက်နဲ့ အခြားအပင်အစိတ်အပိုင်းတွေကိုအစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေအတွက် အသုံးပြုလို့ရသလိုကူးစက်ရောဂါတွေကာကွယ်ဖို့အတွက်လည်းအသုံးပြုကြပါတယ်။နောက်တစ်မျိုးအသုံးပြုလို့ရတာကတော့ အင်းဆက်တွေနဲ့ ပိုးမွှားတွေကို နှိမ်နင်းတိုက်ထုတ်ပေးတဲ့အရာအဖြစ်ပါ။ တမာကအရိပ်ရရုံတင်မဟုတ်ပါဘူး။ ဆေးဖက်လည်းဝင်ပါသေးတယ်။အသားအရေအတွက်ရော ဘယ်လိုများ ထောက်ကူပေးမလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဆေးဖက်ဝင်တယ်လို့ လူသိများတဲ့ တမာရွက်မှာ။တမာရွက်ကို ရှေးရာစုနှစ် များသွာကတည်းက အသားအရေနဲ့ အလှအပအတွက် အသုံးပြုခဲ့ကြပါတယ်။ အရေပြားကိုရော ဆံသားကိုပါ ကျန်းမာလှပစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အကြောင်းကတော့ တမာရွက်မှာ fatty acids နဲ့ အသားအရေ ကျန်းမာလှပစေတဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်နေလို့ပါ။နောက်တစ်ချက်က တမာရွက်ကို အဆီပြန်တဲ့ အသားအရေ၊ ပုံမှန် အသားအရေနဲ့ ခြောက်သွေ့တဲ့ အသားအရေ အပါအဝင် အသားအရေ အမျိုးအစား အားလုံးအတွက် အသုံးပြုလို့ ရတာပါ။ ဒါကြောင့် အသားလှချင်တယ်ဆိုတဲ့ သူတိုင်း အသုံးပြုပေးလို့ ရတာကလည်း တမာရွက်ရဲ့ အားသာချက်ပါ။တမာရွက်ကို ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် စိတ်ချလက်ချ အသုံးပြုပေးလို့ ရပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးသလို အရေပြားကို ဝက်ခြံကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အသားအရေကို အေးမြစေနိုင်ပြီး အရေပြားကို သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ အသားအရေကို ချောမွေ့စေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ ကဲ … ဝက်ခြံ သက်သာဖို့ တမာရွက် အားကိုးလို့ ရပါတယ်။တမာရွက်က ဝက်ခြံ အမာရွက်တွေ၊ အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေနိုင်သလို နေလောင်ကွက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အသားအရေကို ညီညာစေပြီး အနာကျက်စေနိုင်ပါတယ်။အရေပြားပေါ်မှာ တမာရွက်ကြိတ်ထားတဲ့အနှစ်၊ သံပုရာရည်၊ နနွင်းတို့ကို ရောစပ်ထားတဲ့ အရောကို တစ်ပတ်တစ်ကြိမ် မျက်နှာပေါ်မှာ ပေါင်းတင်ပေးမယ်ဆိုရင် အမာရွတ်ကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။ထိခိုက်လွယ်တဲ့ အသားအရေမှာ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ သက်သာစေဖို့ တမာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ တမာရွက် အရောင်ကျစေနိုင်သလို fatty acids နဲ့ glyceridesတို့ ပါဝင်နေတာကြောင့် အသားအရေကို ချောမွေ့စေနိုင်ပါတယ်။အရေပြား နီမြန်းတာ၊ ခြောက်သွေ့တာ၊ ယားယံတာ၊ အဖက်လန်တာတွေကို သက်သာစေဖို့လည်း တမာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။တမာရွက်က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် E ပါဝင်နေတာကြောင့် အရေပြားကို အစိုဓာတ် ထိန်းပေးပြီး အရွယ်တင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေနိုင်ပြီး အသက်ကြီးလို့ ဖြစ်လာတဲ့ အမဲစက်တွေ၊ တင်းတိပ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။အသားအရေကို တင်းရင်းစေပြီး အရွယ်တင်စေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကြည်ကြည်လင်လင်လေးနဲ့ လှပစေမှာပါ။တမာရွက်က အဆီပြန်တဲ့ အသားအရေ ဝက်ခြံ ဖြစ်လွယ်တဲ့ အသားအရေတွေအတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ အရေပြား ခြောက်သွေ့မှု မရှိအောင် အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ အရေပြားကို အာဟာရ ဖြည့်ပေးပြီး ရေဓာတ်ဖြည့်ပေးပါတယ်။အရေပြားခြောက်တာ၊ အသားတွေ နီတာ၊ အဖက်လန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို glow skin လေး ဖြစ်နေစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။ အရေပြားက ဆုံးရှုံးသွားတဲ့ အစိုဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်ပါတယ်။ကဲ …… တမာရွက်က အသားအရေလေး လှပကျန်းမာစေဖို့ အခုလိုလေး ထောက်ကူပေးနိုင်ပါတယ်။ တမာရွက်က အရေပြားအတွက် ကောင်းတယ်ဆိုပေမယ့် ဓာတ်တည့်မတည့် မသိနိုင်တာကြောင့် အရေပြားမှာ အရင်စမ်းပြီးမှ သုံးစေချင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/neem-leaves-skin-benefits/
သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေကို ဒီလိုတိုက်ထုတ်ကြရအောင်
သေကြောင်းကြံစည်တယ်တဲ့၊ လူမှုနယ်ပယ်မှာတော့ ဒါဟာ မကြားဝံ့ မခံသာစရာ သတင်းတစ်ပုဒ်ပဲ။ စိတ်ထဲကနေ နင့်နေအောင် ခံစားနေရတာကို သည်းမခံနိုင်တော့အဆုံး အဆုံးစီရင်ဖို့ ကြိုးစားလိုက်တာကိုတော့ ကိုယ်တိုင်ခံစားဖူးမှပဲ သိနိုင်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် လူမှုပတ်ဝန်းကျင်ကပဲ ဒီလိုလူတွေကို သေကြောင်းကြံစည်လောက်တဲ့အထိ တွန်းအားပေးလိုက်တာပါပဲ။လူရယ်လို့ ဖြစ်လာရင် ဘဝအခက်အခဲတွေနဲ့ အမြဲလိုလို ရင်ဆိုင်ရတာပါပဲ။ ဒီအခက်အခဲတွေပေါ် လူတစ်ယောက်က ဘယ်လိုမြင်သလဲ၊ ဘယ်လိုတွေးမလဲ၊ ဘယ်လိုဖြေရှင်းဖို့ ကြိုးစားလဲ၊ ကြီးပြင်းလာခဲ့ရတဲ့ မိသားစုအသိုင်းအဝိုင်းတွေ စတာတွေက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိနိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်ကိုပဲ ဂရုစိုက်ပြီး စိတ်ကို ဂရုစိုက်ဖို့ မေ့သွားတဲ့အခါ ဒီဒဏ်ရာတွေက လုံးဝပျောက်ကင်းသွားတာမဟုတ်ပါဘူး။ သဲလေးဖုံးလိုက်ရုံလောက်ပဲ တတ်နိုင်ပြီး အကြောင်းတစ်ခုခုနဲ့ ပြန်တိုက်ဆိုင်လာတဲ့အခါ အရင်က ခံစားဖူးတဲ့ဒဏ်ရာဝေဒနာအကုန်လုံးက ဆနဲ့တိုးပြီး ပြန်တက်လာတာပါပဲ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုစိတ်ဝေဒနာ ခံစားနေရတဲ့သူတွေရှိရင် သူတို့နှုတ်က ထုတ်မပြောသည့်တိုင်အောင် ကိုယ့်ဘက်က စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ နှစ်သိမ့်အားပေးမှု ပေးဖို့ လိုအပ်ပါတယ်။ဘယ်သူကမှတော့ ဒီလိုအတွေးမျိုး ဝင်လိုက်တာနဲ့ ချက်ချင်းကောက်ပြီးအဆုံးစီရင်တာမျိုး မရှိပါဘူး။ စိတ်ဝေဒနာကို အချိန်တွေအကြာကြီး မကုသဘဲ ပစ်ထားရင်းကနေ မပျောက်ဘဲ ပိုပိုဆိုးသွားတာကြောင့် နာကျင်မှုတွေအားလုံး ရပ်တန့်စေလိုတဲ့ စိတ်နဲ့ ရွေးချယ်လိုက်ကြတာပါ။ ဒီတော့ ကိုယ့်စိတ်က ပုံမှန်အတိုင်းမဟုတ်တော့ဘူး၊ ဒါမှမဟုတ် အရမ်းကို စိတ်ထဲက ပူလောင်အထီးကျန်ပြီး ခံစားနေရတယ်၊ စိတ်ဓာတ်ကျတယ်လို့ ခံစားနေရရင်တော့ အောက်မှာပြထားတာတွေ လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မပေါ့ပါနဲ့။ စိတ်ဆိုတာ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကို ယိုင်လဲမသွားအောင် ထိန်းညှိပေးနိုင်တဲ့ ပဲ့ကိုင်ရှင်ပါပဲ။ စိတ်ကျန်းမာမှ အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်သွားနိုင်မှာပါ။ ကိုယ့်မှာအကူအညီလိုအပ်နေတယ်လို့ ခံစားရရင် တခြားသူတွေကို ဖွင့်ဟဝန်ခံဖို့ မမေ့လိုက်ပါနဲ့။ ပတ်ဝန်းကျင်မှာ ကိုယ့်ကို အားပေးမယ့်သူ၊ နားလည်ပေးမယ့်သူဆိုတာ အနည်းဆုံးတစ်ယောက်ကတော့ အမြဲတမ်းရှိနိုင်ပါတယ်။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/%e1%80%9e%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b6%e1%80%85%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%b2%e1%80%b7/
Virgo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
သြဂုတ် ၂၂ကနေ စက်တင်ဘာ ၂၃ကြား မွေးဖွားတဲ့zodiac signတွေက Virgo တွေပဲ ဖြစ်ပါတယ်။ Virgoတွေက အလုပ်ကို သေသေချာချာ လုပ်တတ်ပြီး အနည်းငယ် ရှေးရိုးဆန်ပါတယ်။ ဒီတော့ တစ်ခါတလေမှာ စာအုပ်ကြီးလို ဖြစ်နေတာပေါ့။ ဒီလိုအမူအကျင့်က သူ့ရဲ့ ကျန်းမာရေးအခြေအနေကို သက်ရောက်မှု ရှိနိုင်ပါတယ်။ Virgo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ ကတော့ ဒီလိုပါတဲ့။Virgoတွေက အလုပ်ကြိုးစားကြပြီး အလုပ်ကို ထမင်းမေ့ ဟင်းမေ့လုပ်တတ်ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ လွှမ်းမိုးရာ ကိုယ်တွင်းအစိတ်အပိုင်းတွေက အစာခြေစနစ်နဲ့ အာရုံကြောစနစ်ပဲ ဖြစ်ပါတယ်။ နှစ်ခုလုံးက အလုပ်ထဲမှာ နစ်မြုပ်လေလေ ရောဂါတိုးနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ဒါ့ပြင် Virgoတွေက ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ရုန်းကန်ရတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဝိတ်ကျရင်လည်း ကျလို့၊ တက်ရင်လည်း တက်လို့ ကိုယ်လိုချင်တဲ့ ပုံစံရအောင် ကြိုးစားနေရပါတယ်။ ဒီတော့ အစားလျော့တာ၊ တိုးစားတာတွေ လုပ်ရပါတယ်။ ဒါကလည်း သူရဲ့ လွှမ်းမိုးရာ အစာခြေစနစ်ကို ပြဿနာဖြစ်စေပါတယ်။Virgoတွေ မကြာခဏ ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့။Virgo တွေက အလုပ်နဲ့ ပတ်သက်ရင် စည်းကမ်းကြီးတာရော၊ ကိုယ်အလေးချိန်နဲ့ ပတ်သက်ရင် အစွဲအလမ်းကြီးတာရောကြောင့်စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်အေးအေးထားပါ။ စိတ်ဖိစီးပြီး တင်းကျပ်လာရင် ကျန်းမာတဲ့ နည်းလမ်းနဲ့ ဖြေလျှော့ပါ။ဘာလို့လည်းဆိုတော့ Virgoတွေကစိတ်ညစ်လို့ အစားတွေ အများကြီး စားမိရင် ဒါမှမဟုတ် ဘာမှမစားဘဲ နေမိရင် အစာအိမ်ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။ နောက်တစ်ခုက စိတ်ဖိစီးမှုတွေက အစာအိမ်ပြဿနာတွေ (ဥပမာ အစာအိမ်ရောင်တာ၊ IBS)ကို ပိုဆိုးစေတာကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှု နည်းအောင် နေသင့်ပါတယ်။Virgoတွေရဲ့ biological cell saltက ပိုတက်ဆီယမ် ဆာလဖိတ် (Potassium sulphate) ဖြစ်ပါတယ်။ ပိုတက်ဆီယမ် ဆာလဖိတ်က ဆဲလ်တွေကို ကျန်းမာစေပြီး ကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။ ဒီသတ္တုဓာတ်ကို အစိမ်းရောင်ရှိတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ၊ အုတ်ဂျုံ၊ ဒိန်ချဉ်၊ ငှက်ပျောသီးနဲ့ ချဉ်တဲ့ အသီးတွေကနေ ရနိုင်ပါတယ်။Virgo တွေရဲ့ အစာခြေစနစ်က ထိလွယ်ရှလွယ်ဖြစ်တာကြောင့် အစားအသောက်ကို ဂရုစိုက်ဖို့ လိုပါတယ်။ အပူအစပ်နဲ့ ဆီကြော်၊ အရက် စတာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ကိုယ်နဲ့ မတည့်တာတွေ ရှိရင်လည်း သေချာမှတ်ထားပြီး ရှောင်ပါ။ဆေးသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။ အလုပ်ကြိုးစားတတ်တဲ့ Virgoတွေကို အလုပ်များပေမယ့် အချိန်မှန်မှန်စားဖို့၊ သေချာအချိန်ပေးပြီး အာဟာရရှိတာတွေကို စားဖို့ အကြံပြုချင်ပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-virgo/
လတ်တလော စိုးရိမ်နေကြတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ
အခုရက်ပိုင်းတရုတ်နိုင်ငံမြို့တော်တော်များများမှာ လူပေါင်းများစွာဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကို ခံစားနေကြရပါတယ်။ အခုထိလည်း ဒီရောဂါပိုးအမျိုးအစားကို အဖြေထုတ်နိုင်ဖို့ ကြိုးစားနေဆဲပါ။ အခုလက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူ ၄၄ ဦးရှိနေပြီး ၁၁ ဦးကတော့ ရောဂါအခြေအနေပြင်းထန်ပါတယ်။အခုဖြစ်ပွားမှုဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ ပင်လယ်စာရောင်းတဲ့ဈေးဝန်ထမ်းတွေကနေ စတင်ခဲ့တာပါ။ ဒီဖြစ်ပွားမှုကြောင့် စင်္ကာပူနှင့် ဟောင်ကောင်လေဆိပ်တွေမှာ ခရီးသွားလာသူတွေကို စစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။ အခုလက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကစောင့်ကြည့်နေဆဲပါ။ဒီ ပြင်းထန်အဆုတ်ရောင်ရောဂါ ဟာ။• ရောဂါပိုးရှိသူနဲ့ထိတွေ့မှုကနေ ကူးစက်နိုင်တယ်။• ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်သူ။•ရောဂါပိုးရှိသူကို ပြုစုစောင့်ရှောက်ပေးနေရသူ။• အသက်ရှုလမ်းကြောင်းကနေတဆင့်။• ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်လို့ လေ့လာသူတွေက ယူဆထားကြပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး တွေ့ရှိထားမှုအရကတော့ လက်ရှိဖြစ်ပွားနေတဲ့ Mystery Pneumonia ဟာ လူတစ်ဦးကနေ တစ်ဦးကို ထိတွေ့ရုံနဲ့ မကူးစက်နိုင်ဘူးဆိုတာပါ။ဒီရောဂါခံစားရတဲ့အခါ။•အဖျားက ၁၀၀.၄ ဒီဂရီအထိတက်မယ်။•ချောင်းဆိုးမယ်။• အသက်ရှုတာ ပြတ်တောင်းပြတ်တောင်းဖြစ်မယ်။•အသက်ရှုရခက်မယ်စတဲ့လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီး ၁၀ ရက်အကြာမှာ ရောဂါလက္ခဏာ တွေပေါ်လာနိုင်ပါတယ်။X- rayကနေတဆင့်လည်း ရောဂါပိုး ကူးစက်ခံထားရတာကို သိနိုင်ပါတယ်။အခုချိန်ထိတော့ ဘာကြောင့် ဒီရောဂါဖြစ်ရတာလဲဆိုတာကို သေသေချာချာမသိရသေးပါဘူး။ ရောဂါနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်စေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စောင့်ကြည့်လေ့လာနေပါတယ်။ရောဂါတိုင်းကို ကာကွယ်ဖို့ကိုယ်ခံအားကောင်းနေဖို့က အရေးအကြီးဆုံးပါ။ ဒါကြောင့်။• ရောဂါအခံတစ်ခုခုရှိသူတွေ။•သက်ကြီးရွယ်အိုတွေ။• ကလေးငယ်တွေ။• ကိုယ်ခံအားနည်းသူတွေ။• ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%9c%e1%80%90%e1%80%ba%e1%80%90%e1%80%9c%e1%80%b1-%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%ba%e1%80%94%e1%80%b1%e1%80%80%e1%80%bc%e1%80%90%e1%80%b2%e1%80%b7-%e1%80%95/
ဘေဘီလေးက မာလကာသီး စားလို့ရလား ........
မာလကာသီး ကအတော်လေး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ စားလို့ ကောင်းသလိုကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူပြုပေးပါတယ်။  ဒီလို ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ မာလကာသီးလေးကိုဘေဘီလေးတွေရော စားလို့ရရဲ့လားလို့ သိချင်နေပြီလား မေမေတို့ရေ …..။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့အတွက်ပါ။ဆေးဖက်ဝင်ပြီး စားရတာ အရသာရှိတဲ့ မာလကာသီးလေးက ဘေဘီလေးကိုရော ကျန်းမာရေးအတွက် ထောက်ကူပေးနိုင်လားဆိုတာကို ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ဒီမေးခွန်းလေးအတွက် အဖြေကတော့ စားလို့ ရပါတယ်။ မာလကာသီးက ဘေဘီလေးတွေ စားဖို့ စိတ်ချရတဲ့ အသီး တစ်မျိုးပါ။ အများကြီး မကျွေးမိဖို့တော့ လိုတာပေါ့။ ဘေဘီလေးနေ့စဉ် စားသုံးမှုထဲမှာ နည်းနည်းချင်း ထည့်ကျွေးပေးလို့ ရပါတယ်။အစေ့တွေမပါအောင် သေချာလေး ဖယ်ဖို့တော့ လိုပါမယ်။ဘေဘီလေးကအသက် ၆ လပြည့်ပြီဆိုရင်တော့ ဘေဘီလေးကို မာလကာသီး စကျွေးလို့ ရပါပြီ။ မာလကာသီးက မှည့်မှည့်လေးဆိုရင်တော့ ပိုကောင်းပါတယ်။ထမင်း၊ အာလူးတို့ကို ကြိတ်ခြေသလို သေချာလေး ကြိတ်ခြေပေးဖို့တော့ လိုပါမယ်။ အခွံနဲ့ အစေ့တွေကို သေချာလေး ကြိတ်ခြေပြီး ကျွေးပေးတာက အကောင်းဆုံးပါ။ နောက်တစ်ချက်ကတော့ မာလကာသီးကို နူးနူးအိအိလေး ချက်ကျွေးတာပါ။သတိထားရမှာ တစ်ချက်က ဘေဘီလေးက အသက် ၁ နှစ် မပြည့်သေးဘူးဆိုရင်မာလကာသီး ဖျော်ရည်မတိုက်ပါနဲ့။စားလို့ကောင်းတဲ့ မာလကာသီးလေးမှာ ဘေဘီလေးအတွက် လိုအပ်မယ့် အခုလိုအာဟာရဓာတ်လေးတွေပါဝင်နေပါတယ်။ဘေဘီလေးကို မာလကာသီး ကျွေးပေးတဲ့အခါ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေရရှိနိုင်ပါတယ်။လေ့လာမှုတွေအရ မာလကာသီးမှာအမျှင်ဓာတ်နဲ့ အူတွေရဲ့ ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ phenolic ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အူမကြီးကိုလည်း ထိထိရောက်ရောက် သန့်စင်ပေးနိုင်မှာပါ။ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုကလည်း အစာခြေ စနစ် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။မာလကာသီးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ စားသုံးလိုက်တဲ့ အာဟာရတွေကို ခန္ဓာကိုယ်အတွက် အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။မာလကာသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ကာရိုတီးနွိုက်လိုမျိုး မရှိမဖြစ် လိုအပ်တဲ့ bioactive  ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မှာပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း ဓာတ်တိုးပစ္စည်းတွေကြောင့် ကိုယ်ခံအားကို မထိခိုက်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ကာရိုတီးနွိုက်ပါတဲ့ အစားအစာတွေကို ပုံမှန် စားသုံးပေးတာက အမြင်အာရုံကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မှာပါ။ မာလကာသီးမှာ အမြင်အာရုံ ကောင်းစေဖို့နဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ ကာရိုတီးနွိုက် ပါဝင်နေပါတယ်။ဘေဘီလေးရဲ့ အမြင်အာရုံကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်သလို မျက်လုံး ထိခိုက်မှုတွေ ကင်းစေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။မာလကာသီးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ ဗီတာမင် A အပြင် မာလကာသီးမှာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တဲ့ ဗီတာမင် B1၊B3၊ B6 တို့လည်း ပါဝင်နေပါတယ်။မာလကာသီးက ဘေဘီလေးအတွက် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ များတယ်ဆိုပေမယ့် မာလကာပင် အရွက်ကနေရတဲ့ အဆီအနှစ်က ဘေဘီလေးကို ဓာတ်မတည့်မှု ခံစားရစေနိုင်ပါတယ်။ နောက်တစ်ချက်က မာလကာသီးကနေ ထုတ်ထားတဲ့ ဖြည့်စွက်စာတွေကို မကျွေးမိဖို့လည်း လိုပါမယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-baby-eat-guava/
အပြုသဘောဆောင်သောစိတ်ကို မြှင့်တင်၍ စိုးရိမ်ပူပန်မှုကိုလျှော့ချခြင်း
အပြုသဘောဆောင်သောစိတ်အကောင်းမြင်စိတ်ဆိုတာ ကျွန်တော်တို့ရဲ့ လက်ရှိပစ္စုပ္ပာန်ကို ရောင့်ရဲကျေနပ်နိုင်ခြင်း၊ အနာဂတ်အတွက် မိမိကိုယ်ကိုယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်နိုင်ခြင်းပါပဲ။ အကောင်းမြင်စိတ်နဲ့ ဆန့်ကျင်ဘက်ကတော့ မိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးပြီးစိုးရိမ်ပူပန်မှုများနေခြင်းပဲ ဖြစ်ပါတယ်။ ဒီနှစ်ချက်ဟာ အပြန်အလှန်ဆက်စပ်နေပါတယ်။ စိုးရိမ်ကြောင့်ကြများနေရင် အကောင်းမြင်စိတ်ထက် အပျက်ဖက်ကိုပဲ တွေးတောပြီး မိမိကိုယ်ကိုယုံကြည်မှုကို တည်ဆောက်လို့ မရနိုင်ပါဘူး။စိုးရိမ်သောကဆိုတာ ကျွန်မတို့လုပ်ဆောင်နိုင်စွမ်းကို လျှော့တွက်မိရာကနေ စတင်ပါတယ်။ တဖက်မှာလည်း ကျွန်မတို့ရဲ့ အနာဂတ်မှာ ဆိုးရွားတာတွေပဲ ဖြစ်ပျက်တော့မယ်လို့ သာသာထိုးထိုး တွေးမိပြီး ပိုဆိုးသွားပါတယ် လို့ Brigham ဆေးရုံမှ စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာဒါတီလိုက ဆိုပါတယ်။လူသားများနဲ့ စိုးရိမ်သောကဆိုတာ ဟိုးရှေးခေတ်ကတည်းက ဒွန်တွဲနေခဲ့ပါတယ်။ ရှေးယခင်က နေ့စဉ် စားစရာ၊ သဘာဝဘေးအန္တရာယ်ကနေ ပုန်းခိုစရာအတွက် နိစ္စဓူ၀ ကြောင့်ကြခဲ့ရပါတယ်။ ဒီနေ့ ခေတ်ကာလမှာတော့ ခေတ်ရေစီးကြောင်းနဲ့လူနေမှုအဆင့်အတန်းနဲ့ လိုက်မီအောင် စိုးရိမ်သောကများနေတတ်ကြပါတယ်။ကျွန်တော်တို့ စိုးရိမ်သောကတွေများနေသလောက် အနာဂတ်ဟာ ဆိုးရွားပါ့မလား။ နောင်မှာ ရင်ဆိုင်ရမယ့် အရာတွေဟာ သင့်အနေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်မယ့်ကိစ္စတွေလို့ စဉ်းစားမိပါသလား။အခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမယ့် အချက်တွေကတော့ အကောင်းမြင်စိတ်၊ အပြုသဘောဆောင်တဲ့စိတ်ကို ဘယ်လိုမြှင့်တင်မလဲ ဆိုတာပါပဲ။ အဓိကအားဖြင့် (၇) ချက် ရှိပါတယ်။၁။ သင့်ဦးနှောက်ကို ပြုပြင်ပြောင်းလဲပါ။ဒေါက်တာဒါတီလိုရဲ့ အဆိုအရ သင့်ဦးနှောက်ဟာ လိုက်လျောညီထွေနဲ့ ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ ဒီအလေ့အကျင့်အတွက် အချိန်တော့ အနည်းငယ်ပေးရပါတယ်။ ထပ်ပြန်တလဲလဲ လေ့ကျင့်ရပါတယ်။ အဓိကကတော့ တွေးခေါ်ပုံကို ပြောင်းလဲပေးဖို့ပါပဲ။ များသောအားဖြင့် အဆိုးမြင်တာများနေသူတွေကို အရင်က သူတို့မတွေးဖူးသေးတဲ့ ရှုထောင့်ကနေပြောင်းလဲပြီး တွေးတောစေတာ ဖြစ်ပါတယ်။အပြုအမူဟာ အတွေးအကြံကလာပါတယ်။ အဆိုးမြင်စိတ်တွေလျော့သွားပြီး အပြုသဘောဆောင်တဲ့ဖက်ကနေ ပြောင်းလဲတွေးခေါ်ဖို့ အရေးကြီးပါတယ်။ ဒီကိစ္စဟာ အပြောလွယ်ပေမယ့် အသားကျနေတဲ့ အကျင့်ကို ပြုပြင်ယူဖို့ ခက်ခဲပါတယ်။ ဒီအလေ့အကျင့် ကောင်းလာတာနဲ့အမျှ ဦးနှောက်မှာရှိတဲ့ orbitalfrontal cortex လို့ခေါ်တဲ့ အစိတ်အပိုင်းဟာ ပိုမိုဖွံ့ဖြိုးလာပြီး အပြုသဘောဆောင်တဲ့စိတ် ပိုမိုအားကောင်းလာတယ်လို့ ဒေါက်တာဒါတီလိုက ဆိုပါတယ်။ တဖက်မှာလည်း စိုးရိမ်ကြောင့်ကြစိတ် လျော့နည်းသွားနိုင်ပါတယ်။၂။အကြောက်တရားကိုချေဖျက်ပါ။စိုးရိမ်ပူပန်များလွန်းသူများဟာ အမြဲတစေ အပျက်ဖက်ကိုပဲ ဦးစားပေးတွေးတောကြပါတယ်။ ဘယ်ကိစ္စမဆို ကြိုတင်ပြင်ဆင်ခြင်းဟာ ကောင်းတယ်ဆိုပေမယ့် ပုံမှန်ထက်လွန်ကဲပြီး အလွန်အကျွံပြင်ဆင်ထားခြင်း (overpreparation) ဟာ မကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ တခါတရံမှာ မိမိကြောက်ရွံ့နေတဲ့အရာကို လေ့လာခြင်း၊ ရင်ဆိုင်ဖြေရှင်းခြင်းဟာ ရှောင်ပြေးခြင်းထက်စာရင် ပိုမိုကောင်းမွန်ပါတယ်။ မိမိကြောက်ရွံ့နေတဲ့အရာဟာ ကြိုတင်တွေးကြောက်နေသလောက် ခက်ခဲတဲ့အရာမဟုတ်မှန်း သိနားလည်သွားပြီး စိတ်သက်သာရာရစေသလို မိမိကိုယ်ကိုယုံကြည်မှုလည်း တိုးပွားစေနိုင်ပါတယ်။၃။ မိမိဝန်းကျင်မှာ အပြုသဘောဆောင်သူများကို ဝန်းရံထားပါ။အပြုသဘောဆောင်တဲ့စိတ်ကို မွေးမြူနေချိန်မှာ အပြုသဘောတွေးတော ကျင့်ကြံနေသူများကို မိမိပတ်ဝန်းကျင်မှာ ဝန်းရံထားတာ ပိုမိုကောင်းမွန်ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေဟာ သင့်အတွက် စံပြုစရာ အထောက်အကူဖြစ်လာပါလိမ့်မယ်။၄။ ဘယ်သူတွေက သင့်ခံစားမှုကို ကောင်းမွန်စေသလဲဆိုတာ စာရင်းပြုစုထားပါ။သင်ပေါင်းသင်းနေကြ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ဘယ်သူတွေက သင့်ကို လုံခြုံနွေးထွေးစေသလဲ၊ ဘယ်သူတွေက အကောင်းမြင်စိတ်ကို ဆောင်ကြဉ်းပေးသလဲဆိုတာ အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ မိမိလိုချင်သူကိုပဲ အမြဲပေါင်းသင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သင်စိတ်ညစ်နေချိန်မှာ၊ စိတ်ဓာတ်ကျနေချိန်မှာတော့ အဆိုးမြင်တတ်သူတွေကို ရှောင်ရှားပြီး သင့်မျှော်လင့်ချက်တွေကို အရောင်တင်ပေးမယ့်သူများ၊စိတ်ဓာတ်ကိုမြှင့်တင်ပေးမယ့်သူတွေနဲ့ပဲ အချိန်ကုန်ဆုံးသင့်ပါတယ်။၅။ နေ့စဉ် နိုးထတိုင်းမှာ အပြုသဘောဆောင်မယ့် ဦးတည်ချက်တွေထားပါ။သင်နေ့စဉ် နိုးထတိုင်းမှာ ဘာတွေလုပ်မလဲ ချရေးထားခြင်းပါ။ ဒီလိုချရေးရာမှာ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားကို လေ့ကျင့်ယူနိုင်ပါတယ်။ ဥပမာ သင့်ကလေးတွေကို ကျောင်းပို့ဖို့ အစီအစဉ်ရှိတယ် ဆိုပါစို့။ သင့်အနေနဲ့ ငါ ကလေးတွေကို ကျောင်းပို့ရဦးမှာပါလား လို့ တွေးနေခြင်းဟာ အကောင်းမြင်စိတ်ကို လျော့ရဲစေပါတယ်။ အဲဒီအစား ငါ့မှာ ကျောင်းတက်နိုင်အောင် ကျန်းမာတဲ့ကလေးတွေ ရှိနေတာပဲ လို့ တွေးတာတာ သင့်အတွေးအကြံကို ပိုမိုကောင်းမွန်စေပါတယ်။၆။ သတိစိတ်ကပ်ပြီး အပြင်ထွက်ပါ။ငယ်ငယ်က သင်ဖူးတဲ့ အင်္ဂလိပ်ကဗျာလေးမှာပါတဲ့ စာသားလေးလိုပါပဲ။ ပတ်ဝန်းကျင်ရဲ့ အလှအပကို ရပ်တန့်ငေးမောရလောက်အောင် အချိန်မရှိရင် ဘဝဟာ ဘယ်လောက်များ သောကတွေပြည့်နေမှာပါလိမ့်။ အမှန်တော့ ရပ်တန့်စရာတောင် မလိုပါဘူး။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အလှတရားတွေကို လုပ်ရင်းကိုင်ရင်း သွားလာရင်းနဲ့ပဲ ထိတွေ့ခံစားနိုင်ပါတယ်။ အမှုမဲ့အမှတ်မဲ့ သွားလာခြင်းမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်က အလှတရားတွေကို တွေ့မြင်ခံစားပါ။ ကမ္ဘာကြီးဟာ သင်ထင်နေသလောက် ရုပ်ဆိုးအကျည်းတန်တာ မဟုတ်ကြောင်း သိလာပါလိမ့်မယ်။ ဒါ့အပြင် မိမိစိတ်အတွေးအကြံထဲကပေါင်းမြက်တွေကိုလည်း ဒီနည်းနဲ့ ရှင်းလင်းပါ။၇။ပျော်ရွှင်စွာပြုံးရယ်ပါ။ပျော်ရွှင်ခြင်းဟာ သင်ကောင်းကောင်းပြုံးရယ်နိုင်စေမယ့် အကြောင်းအရင်းတခုဖြစ်သလို တခါတရံမှာ ပြုံးခြင်းဟာ ပျော်ရွှင်နိုင်ဖို့ အခွင့်အလမ်းတခုဖြစ်ပါတယ်။ သင်ပြုံးရယ်လိုက်မိခြင်းဟာ သင့်ကိုပိုပြီး ပျော်ရွှင်တက်ကြွစေပါတယ်။ ဇီဝဖြစ်စဉ်အရ သင့်ကို စိတ်ပူပန်မှုကနေ လျော့နည်းစေပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျနေချိန် စိုးရိမ်ပူပန်နေချိန်မှာ သင့်ကိုပြုံးရွှင်ရယ်မောစေမယ့် အရာများ ပိုမိုလိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%95%e1%80%bc%e1%80%af%e1%80%9e%e1%80%98%e1%80%b1%e1%80%ac%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%ad/
Leo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
ဇူလိုင် ၂၃ရက်ကနေ သြဂုတ် ၂၁ရက်နေ့ မွေးတဲ့သူတွေက ခြင်္သေ့ Leo လေးတွေ ဖြစ်ကြပါသတဲ့။ ဒီZodiac signပိုင်ရှင်တွေက ခြင်္သေ့တစ်ကောင်လို မာကြောတဲ့ စိတ်ရှိပေမယ့် နှလုံးသားကတော့ အင်မတန် နုနယ်ပြီး သဘောထားကြီးကြသူတွေပဲ ဖြစ်ပါတယ်။   Leo တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာလဲ။ ဘယ်လို ကျန်းမာအောင် နေထိုင်ကြမလဲဆိုတာကို မျှဝေပေးလိုပါတယ်။Leoတွေက စိတ်ဓာတ်မာကျောပြတ်သားကြသူတွေ ဖြစ်ပြီး အလုပ်ထဲမှာဆိုရင်လည်း တိတိကျကျ လုပ်တတ်သူတွေ၊ စည်းကမ်းတင်းကျပ်သူတွေ ဖြစ်ကြပါတယ်။ အပြင်ပန်းက မာကျောတယ်လို့ ထင်ရပေမယ့် အတွင်းစိတ်က နူးညံ့ကြသူတွေပါ။ဒီလိုမျိုး စည်းကမ်းတင်းကျပ်ပြီး တိတိကျကျ လုပ်တတ်တဲ့သူတွေ ဖြစ်တာကြောင့် မကြာခဏဆိုသလိုစိတ်ဖိစီးကြပါတယ်။ ဒီလိုစိတ်ဖိစီးတာကြောင့်လည်း သူတို့လည်း လွှမ်းမိုးရာ နှလုံးကို ထိခိုက်တတ်ပါတယ်။Leo တွေ လွှမ်းမိုးထားတဲ့ ကိုယ်တွင်းအင်္ဂါတွေကတော့ နှလုံး၊ ကျောရိုး၊ နောက်ကျော၊ သွေး စတာတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက များသောအားဖြင့် ခံနိုင်ရည်ရှိပြီး နေမကောင်းဖြစ်ခဲ့ရင်တောင် နာလန်ထတာ မြန်ပါတယ်။စိတ်ဓာတ်ပြတ်သားသူတွေ ဖြစ်တာကြောင့် လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်လည်း ဇွဲရှိရှိနဲ့ လုပ်တတ်ကြပါတယ်။ ဒါကြောင့်လည်း အများစုက ကျန်းမာကြတာပါ။ ဒါပေမယ့် နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုတော့ Leoတွေ အထူးသတိထားရပါမယ်။Leoတွေက တော်ရုံနေမကောင်း ဖြစ်ခဲတယ်ဆိုပေမယ့် သူတို့ရဲ့ အမူအကျင့်ကြောင့်။တစ်ခုခုကို ဖြစ်ကို ဖြစ်ရမယ်၊ လုပ်ကို လုပ်ရမယ်ဆိုပြီး စိတ်ကိုတင်းထားတာကြောင့် စိတ်ဖိစီးမှု ပြဿနာတွေ၊ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် တချို့ကိစ္စတွေကို ခေါင်းအေးအေးထား ဖြေရှင်းပါ။ အရာအားလုံးကို ကိုယ်မစွမ်းနိုင်ဘူးဆိုတာကို လက်ခံထားပါ။ စိတ်ရောကိုယ်ပါ အနားယူဖို့လည်း မမေ့ပါနဲ့။စိတ်တင်းအား များတဲ့ Leo တို့အတွက် နောက်ထပ် နည်းလမ်းကောင်းက တရားမှတ်တာပါ။ ဒါမှမဟုတ် mindfulness ဖြစ်စေမယ့် အလုပ်တစ်ခုခု (ဥပမာ ချည်ထိုးတာ၊ ဆေးရောင်ခြယ်တာ) လုပ်နေလည်း ရပါတယ်။ လိုရင်းက စိတ်ကို တည်ငြိမ်စေဖို့၊ နှလုံးကို ကျန်းမာစေဖို့ပါပဲ။တကယ်လို့ ဒီနည်းတွေနဲ့လည်း ကိုယ့်စိတ်ကို ကိုယ်ထိန်းရခက်နေရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဖို့ အကြံပေးပါရစေ။စိတ်ပိုင်းဖြတ်ပြီးရင် မရရအောင် လုပ်တတ်တဲ့ Leoတွေက လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် အလုပ်လောဘကြီးလွန်းတဲ့ Leoတွေက Gymမှာလည်း ပြင်းပြင်းထန်ထန် ကြိုးစားတာကြောင့် မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရတာ၊ အထူးသဖြင့် လွှမ်းမိုးထားတဲ့နေရာတွေမှာ ထိခိုက်တာ (ဥပမာ ခါးနာတာ၊ နောက်ကျောနာတာ)တွေ ဖြစ်တတ်ပါတယ်။ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း စိတ်မလောဘဲ ဖြည်းဖြည်းနဲ့ မှန်မှန် ကြိုးစားသင့်ပါတယ်။ စိတ်လည်းတည်ငြိမ်ထိခိုက်ဒဏ်ရာလည်း မရအောင် ယောဂကို ရံဖန်ရံခါ ကစားပေးသင့်ပါတယ်။Leo တွေရဲ့ biological cell saltက မဂ္ဂနီဆီယမ် ဖော့စဖရိတ် (magnesium phosphate) ဖြစ်ပါတယ်။ ဒီဓာတ်က အရိုးနဲ့ အာရုံကြောတွေကို ကျန်းမာစေပါတယ်။ Leoတွေအနေနဲ့ စားပေးသင့်တာတွေကတော့ ကောက်နှံတွေ၊ အစေ့အဆန်တွေ၊ ချဉ်တဲ့ အသီးတွေ၊ ပန်းသီး၊ အုန်းသီး၊ အသား၊ ငါး၊ စပျစ်သီး၊ ခရမ်းချဉ်သီး စတာတွေပါ။နှလုံးရောဂါဖြစ်နိုင်ခြေများတာကြောင့် အဆီအစိမ့်တွေကိုတော့ ရှောင်ဖို့လိုပါတယ်။ နောက်ပြီး Leoတွေက အလုပ်ထဲမှာ နစ်မြုပ်နေတာကြောင့် အစာစားချိန် လွန်သွားတတ်ပါတယ်။ ဒါကြောင့် အစာစားချိန်မှန်အောင်၊ အာဟာရရှိတာတွေ စားဖြစ်အောင်  ဂရုစိုက်သင့်ပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-leo/
အိမ်အလုပ်နဲ့ ပင်ပန်းနေတဲ့ မေမေ့အတွက် သောက်စရာ
မေမေ ဆိုတဲ့ တာဝန်မှာ အိမ်ထောင်မှုကိစ္စ အားလုံးပါဝင်နေပါတယ်။ ချက်ပြုတ်တာ၊ လျှော်ဖွတ်တာ၊ ကလေးပြုစုရေး၊ အိမ်သန့်ရှင်းရေး အားလုံး ပါဝင်နေပါတယ်။ အိမ်အလုပ်ဆိုတဲ့ ခြုံပြောမှုအောက်မှာ အမည်တပ်မရတဲ့ အလုပ်တွေကလည်း အများကြီးပါ။ ဒါကြောင့် မေမေတွေ တစ်နေကုန်အောင် အလုပ်လုပ်ပြီးရင် ပင်ပန်းလိုက်တာလို့ ပြောကြတာက မှားတော့ မမှားပါဘူး။ အိမ်အလုပ်က မနက်နိုးကတည်းက လုပ်လိုက်ရတာ အနားမရဘဲ ညဘက်အိပ်ချိန်မှပဲ အပြီးသတ်သွားတာမျိုးပါ။ဒီလို အိမ်အလုပ်တွေကို ထောင့်စေ့အောင် လုပ်ရတဲ့ မေမေတွေ တစ်နေ့တာ ပင်ပန်းမှုတွေကို ပြေပျောက်စေဖို့အတွက် အလုပ်ဝိုင်းလုပ်ပေးချင်ပေမယ့် ကိုယ်တိုင်မှာလည်း ရုံးအလုပ် ကျောင်းအလုပ်တွေ ရှိနေတာကြောင့် မေမေကို အချိန်ပြည့် ကူပေးဖို့က မဖြစ်နိုင်ပြန်ဘူး။ ဒီတော့ မကူနိုင်ရင်တောင် မေမေ့အတွက် အမောပြေ သောက်စရာလေးတွေ ပြင်ဆင်ပေးချင်ပေမယ့် ဘယ်လို သောက်စရာလေးတွေ ပြင်ဆင်ပေးရမလဲမသိ ဖြစ်နေတဲ့ မေမေချစ် သားသားမီးမီးလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။အိမ်အလုပ်နဲ့ ပင်ပန်းနေတဲ့ မေမေ့အတွက် သောက်စရာ အနေနဲ့ အခုလို သောက်စရာလေးတွေကို ပြင်ပေးလို့ ရပါတယ်။ မေမေ့ကို အမောလည်း ပြေစေပြီး ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်မယ့် သောက်စရာလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။သံပုရာသီး လတ်လတ်ဆတ်ဆတ်လေးကို အရည်ညှစ်ပြီး သကြားညိုနည်းနည်း ဆားနည်းနည်းတို့နဲ့ သေချာလေး နှံ့အောင် မွှေလိုက်ပါ။ ပြီးရင် ရေခဲရေ ဒါမှမဟုတ် ရိုးရိုးရေကို ထည့်ပြီး ဖျော်ပေးလို့ ရပါတယ်။ ရေခဲတုံးလေးတွေ ထည့်ပြီး ပြင်ဆင်ပေးလို့လည်း ရပါတယ်။ မေမေကရေခဲရေ၊ ရေခဲတုံးတွေကြောင့် အာသီးရောင်တာ၊ လည်ချောင်းနာတာတွေ ဖြစ်တတ်မယ်ဆိုရင်တော့ ရေခဲရေ၊ ရေခဲတုံးတွေကို မသုံးပါနဲ့လို့ သတိပေးပါရစေ။ အမောပြေစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးမှာပါ။ဒါကတော့ အပေါ်က သံပုရာရည် ဖျော်သလိုပါပဲ။ ကွာခြားမှု တစ်ခုက သကြားအစား ပျားရည်စစ်စစ်ကို ထည့်ဖျော်ပေးတာပါ။ လည်ချောင်းနာတာကို သက်သာစေသလို အမောပြေစေပြီး ခေါင်းကြည်စေပါတယ်။ သံပုရာသီးကို အရည်ညှစ်ပြီး ပျားရည်နည်းနည်း ဆားနည်းနည်းနဲ့ ဖျော်ပေးရမှာပါ။အရမ်းပင်ပန်းနေတဲ့ မေမေအတွက် သောက်ရေအေးအေးလေး တစ်ခွက်လောက်ဝဝ သောက်လိုက်ရတာကလည်း အမောပြေစေပြီး ကိုယ်တွင်းလိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်သလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။မေမေတစ်ယောက်တည်း အိမ်အလုပ်တွေ လုပ်ပြီး ပင်ပန်းတာကို သက်သာစေဖို့ရော အိမ်အလုပ်လုပ်ရင်း ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ဆိုရင်ဓာတ်ဆားရည်ပြင်ဆင်ပေးလို့လည်း ရပါတယ်။ ကိုယ်တွင်းမှာ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ဖြည့်တင်းပေးတာက အမောပြေစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ မေမေက ဆီးချို၊ သွေးတိုး ရှိမယ်ဆိုရင်တော့ အသင့်တော်ဆုံးဖြစ်မှာကို သေချာလေး ဂရုစိုက် ရွေးချယ်ဖို့ လိုပါမယ်။မေမေအချို့ကတော့ရေနွေးကြမ်းလေးသောက်ရမှာ အမောပြေတတ်ကြပါတယ်။ ဒါကြောင့် မေမေ့ကို ရေနွေးကြမ်း ခပ်နွေးနွေးလေး ပြင်ဆင်ပေးတာကလည်း ကိုယ်ခံအား ကောင်းစေပြီး အမောပြေစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ နဲ့ အလုပ်ပင်ပန်းနေတဲ့ မေမေ့ကို အမောပြေစေဖို့ ပြင်ဆင်ပေးနိုင်တဲ့ နောက်ထပ် သောက်စရာ တစ်ခုကတော့ အုန်းစိမ်းရည်ပါ။ လတ်လတ်ဆတ်ဆတ် အုန်းစိမ်းရည်လေးက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ကဲ …… အိမ်အလုပ်တွေနဲ့ ပင်ပန်းနေတဲ့ မေမေ့ကို အမောပြေစေဖို့ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ အခုလို သောက်စရာလေးတွေ ပြင်ဆင်ပေးလိုက်တော့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-drinks-for-busy-moms/
အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်) အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်မျိုး
အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာတွေ စာရင်းထဲမှာ တွေ့ရလေ့ရှိတဲ့ sauerkraut လို့ သိကြတဲ့ အချဉ်စိမ်ထားတဲ့ဂေါ်ဖီထုပ်စားပေးရင် အစာခြေစနစ် ကျန်းမာတာအပြင် ခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အကျိုးကျေးဇူးတွေ ရရှိနိုင်ဦးမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဖြေထုတ်ပေးနိုင်မှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ရေစင်အောင်ဆေးလို့ ရိတ်ရိတ်လှီးပြီး ရေစစ်ထားတဲ့ ဂေါ်ဖီထုပ်ကို နုတ်နုတ်စဉ်းထားတဲ့ကြက်သွန်ဖြူ၊ ရိုးရိုးဆားကြမ်းနဲ့ ဗီနီကာတို့နဲ့ စိမ်ပြီး လေလုံအောင် ဖန်ပုလင်းလေးနဲ့ ပိတ်ထားပါ။ ဒီလို အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ချဉ်က အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်စို့နော်။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် (သို့မဟုတ်)sauerkrautပါတဲ့ အာဟာရဓာတ်တွေကတော့။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ကို စားရင်းရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ် အပါအဝင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ အကျိုးပြု ဘက်တီးရီးယားတွေရော အကျိုးပြု ဘက်တီးရီးယား အာဟာရ အမျှင်ဓာတ်တွေရော ပါဝင်နေတာကြောင့်အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ကင်းဝေးစေပါတယ်။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်တွေ ဓာတ်တိုးပြီး ရောင်ရမ်းပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးအားကောင်းစေဖို့ရော သွေးလည်ပတ်မှု ကောင်းစေဖို့ပါ ထောက်ကူပေးပါတယ်။ သံဓာတ် ပြည့်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးသလို ဗီတာမင် C ပါဝင်နေတာကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C ကလည်း သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အအေးမိတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်စွမ်း ရှိသလို ဘက်တီးရီးယား ကူးစက်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ အကျိုးပြု ဘက်တီးရီးယား၊ ဗီတာမင် K၊ အမျှင်ဓာတ်တို့ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းအဆီ ကျဆင်းစေတာက သွေးလည်ပတ်မှု ကောင်းစေပြီးနှလုံးသွေးကြောတွေကို ကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ကို စားပေးလို့ ရပါတယ်။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေဖို့ ထောက်ကူပေးသလို အစားစားချင်စိတ် နည်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက အဆီတွေကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေဖို့ ထောက်ကူပေးပါတယ်။အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဇင့်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ဦးနှောက်ကို အာဟာရ ဖြည့်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတယ်၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေဖို့  ထောက်ကူပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဗီတာမင် K နဲ့ ပရိုတင်းတို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ သွေးဆုံးချိန်မှာ အရိုးပွတာကို ကာကွယ်ပေးနိုင်သလို အရိုးပါးတာကိုလည်း ကာကွယ်ပေးပါတယ်။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဗီတာမင် C၊ ဗီတာမင် K နဲ့ ဗီတာမင် A တို့ ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ကော်လာဂျင်တွေ ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။ အရေပြားရောင်ရမ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ဝက်ခြံမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်က ကျန်းမာရေးကို အကျိုးပြုတယ်ဆိုပေမယ့် အများကြီး စားရင် အစာခြေစနစ်ကို ထိခိုက်စေနိုင်တာကြောင့် အလွန်အကျွံ မစားဖို့ လိုပါမယ်။ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာ အကောင်းဆုံးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/sauerkraut-benefits/
ဘေဘီဂဲလ်လေးတွေကို နှုတ်ခမ်းနီ မဆိုးပေးပါနဲ့ မေမေ
အပြင်သွားဖို့ ဖြစ်ဖြစ် အလုပ်သွားဖို့ ဖြစ်ဖြစ် မိတ်ကပ်လူး၊ နှုတ်ခမ်းနီ ဆိုးနေတုန်း မေမေ မီးမီးလည်း နှုတ်ခမ်းနီ ဆိုးချင်တယ်ဆိုပြီး နှုတ်ခမ်းကို စူလို့ လာဆိုးခိုင်းတဲ့ဘေဘီဂဲလ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေတွေ ရှိလား …… ဒီလို လာမေးတဲ့အချိန်မှာ ခေါင်းထဲရောက်လာနိုင်တဲ့ အတွေးကဘေဘီလေးတွေကို နှုတ်ခမ်းနီ ဆိုးပေးလို့ ရမလား ဆိုတာဖြစ်မယ် ထင်ပါတယ်။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကမေမေတို့သိချင်နေမယ့် မေးခွန်းလေးကို ဖြေပေးနိုင်မှာပါ။ ကဲ ….. ဆိုးပေးလို့ ဖြစ်၊ မဖြစ် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဘေဘီလေးက အရမ်းငယ်သေးမယ်ဆိုရင်နှုတ်ခမ်းနီမဆိုးပေးသင့်ပါဘူး။ အကြောင်းကတော့ နှုတ်ခမ်းနီမှာဘေဘီလေးတွေရဲ့ အရေပြားက အလွယ်တကူ စုပ်ယူနိုင်တဲ့အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေပါဝင်နေလို့ပါ။ဒါကြောင့် လူကြီးတွေကိုတောင် အနည်းငယ် ထိခိုက်စေနိုင်တဲ့  နှုတ်ခမ်းနီကို ဘေဘီလေးကို မဆိုးပေးတာ အကောင်းဆုံးပါ။ နှုတ်ခမ်းနီမှာပါတဲ့ အဆိပ်အတောက်တွေကြောင့် ထိခိုက်မှုက ဘေဘီလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။တချို့နှုတ်ခမ်းနီတွေမှာ တားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေ ပါနေတတ်ပါတယ်။ ဒါတွေက လူကြီးတွေရဲ့ နှုတ်ခမ်းသားတွေကို ပျက်စီးစေပါတယ်။ ကလေးငယ်လေးတွေ ဆိုရင်တော့ ကျန်းမာရေးထိခိုက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။အပေါ်မှာ ပြောခဲ့သလို အလှကုန်တိုင်းက အဆိပ်အတောက်ပါပါတယ်။ အနည်းအများပဲ ကွာတာပါ။မျက်လုံးတွေ၊ အရေပြားတွေကိုဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်သလို  စားလိုက်မိမယ်ဆိုရင်ဗိုက်အောင့်ဗိုက်နာဖြစ်တာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အော့အန်တာတွေ ခံစားနိုင်ရပါတယ်။ဘေဘီလေးက ဘယ်လောက်တောင် စားမိလဲဆိုတာနဲ့၊ ဘယ်လိုပစ္စည်းတွေ ပါဝင်နေလဲဆိုတာ အပေါ်မူတည်ပြီး ခံစားရနိုင်တဲ့လက္ခဏာတွေတော့ ကွာခြားနိုင်ပါတယ်။ဘေဘီဂဲလ်လေးကို ထိခိုက်မှု မရှိစေဘဲ လှလှလေး ဖြစ်သွားစေမယ့် နှုတ်ခမ်းနီလေးကို အခုလိုလေး ဖန်တီးပေးလို့ ရပါတယ်။ လိုအပ်မှာလေးတွေကတော့ဖယောင်းရောင်စုံ ခဲတံလေးပါ။Crayons (ဖယောင်းရောင်စုံလေးတွေ) က ဘေဘီလေးတွေအတွက် စိတ်ချရပါတယ်။ ဖယောင်းရောင်စုံ ခဲတံလေးတွေကို သေချာလေး ကြိတ်ခြေ လိုက်ပါ။ ပြီးရင်တော့ အိုးသန့်သန့်လေးထဲမှာshea butterဒါမှမဟုတ်အုန်းဆီစစ်စစ်လေးကို ထည့်ကျိုပြီး ကြိတ်ထားတဲ့ ဖယောင်းရောင်စုံလေးတွေကို ထည့်ပါ။ပြီးရင် တော်တော်လေး ပျစ်လာတဲ့အထိ ကျိုပေးပါ။ ပြီးရင်တော့ ဘူးသန့်သန့်လေးထဲ ထည့်ထားပေးပါ။ ဒီလို လုပ်ပေးတာက နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်သလို ဘေဘီဂဲလ်လေး စိတ်ကျေနပ်လောက်တဲ့ လှပမှုလေးကိုလည်း ပေးစွမ်းနိုင်မှာပါ။ကဲ ….. ခုပဲ ဘေဘီဂဲလ်လေးနဲ့ သင့်တော်မယ့် နှုတ်ခမ်းနီလေး လုပ်ပေးပြီး ဘေဘီလေးက နှုတ်ခမ်းလေး လာစူပြီး ဆိုးပေးပါ မေမေဆိုရင် ဆိုးပေးလိုက်ရအောင်နော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/lip-stick-and-kids-health/
ရုရှားသိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့ Covid-19 ကာကွယ်ဆေး
ကမ္ဘာတစ်ဝန်းမှာ ကပ်ဘေးအသွင်နဲ့ ဒုက္ခပေးနေတဲ့Covid-19ရောဂါပိုးဟာ ကူးစက်ခံရသူပေါင်း ၁၃ သန်းကျော်အထိရှိလာနေပြီဖြစ်ပြီး သေဆုံးသူပေါင်းလည်း ၆ သိန်းနီးပါးရှိနေပါပြီ။ပထမဆုံး ကူးစက်လူနာစတင်တွေ့ရှိတဲ့ ဒီဇင်ဘာလကနေ ရေတွက်မယ်ဆိုရင် ၇ လာကြာမြင့်လာနေပြီဖြစ်ပေမယ့် ရောဂါကို ပျောက်ကင်းနိုင်အောင် ကုသပေးနိုင်တဲ့ ဆေးဝါးကတော့ ခုချိန်အထိ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ရောဂါပျောက်ကင်းသူ လူနာ ၇ သန်းကျော်ရှိလာနေပြီဆိုပေမယ့် အများစုဟာ ကိုယ်ခံအားစနစ်ကောင်းမွန်မှုနဲ့ တစ်ကျောင်းတစ်ဂါထာဖြစ်နေတဲ့ စမ်းသပ်ဆေးဝါးအမျိုးမျိုးကြောင့်သာ သက်သာလာကြတာဖြစ်ပြီး ဒီရောဂါကို အမှန်တကယ်တိုက်ထုတ်ပေးနိုင်တဲ့ သီးသန့်ဆေးဝါးမျိုးကိုတော့ ရှာဖွေနေကြဆဲလို့သာ ဆိုရမှာပါ။အထက်မှာပြောခဲ့သလို ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးပေမယ့်ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးထုတ်လုပ်နိုင်ဖို့ကတော့ အလွန်နီးစပ်တဲ့ အခြေအနေဖြစ်လာခဲ့ပါပြီ။Covid-19 ကို ကြိုတင်ကာကွယ်ပေးနိုင်မယ့် ဆေးဝါးကို ရောဂါဖြစ်ပွားမှု စတုတ္ထအများဆုံးတိုင်းပြည်ဖြစ်နေတဲ့ ရုရှားနိုင်ငံက ဖန်တီးနိုင်ခဲ့တာပါ။ ရုရှားနိုင်ငံမှာ လူနာ ၈ သိန်းနီးပါးရှိနေပြီး သေဆုံးသူ ၁ သောင်းကျော်ရှိနေတာဖြစ်ပါတယ်။သူတို့ဟာ ကာကွယ်ဆေး အမျိုးအစား ၂ မျိုးကို စမ်းသပ်ခွင့်ပြုခဲ့ပြီးတော့ ပထမဆုံးစမ်းသပ်ထားတဲ့ အမျိုးအစား တစ်မျိုးဟာ အောင်မြင်နေပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ရုရှားနိုင်ငံ ဆေချီနော့ဗ်တက္ကသိုလ်က Russian Center for Clinical Research on Medications ဌာနဟာ Covid-19 ရောဂါကို ကာကွယ်တားဆီးပေးနိုင်မယ့် ဆေးဝါးတစ်မျိုးကို စမ်းသပ်အောင်မြင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။သုတေသနဌာနမှူး အယ်လီနာ ဆမိုလျာချော့ခ်ရဲ့ အဆိုအရ လူသားတွေမှာစမ်းသပ်မှုပြီးစီးအောင်မြင်ခဲ့ပြီလို့ ဆိုခဲ့ပြီး စမ်းသပ်ခံခဲ့တဲ့စေတနာ့ဝန်ထမ်းလူနာတွေကိုလည်း မကြာခင်မှာ ဆေးရုံကနေ ဆင်းခွင်ပြုတော့မှာဖြစ်ပါတယ်တဲ့။“သုတေသနက ပြီးစီးခဲ့ပါပြီ။ ကာကွယ်ဆေးကလည်း စိတ်ချရပါပြီ။ စေတနာ့ဝန်ထမ်းတွေကတော့ ဇူလိုင် ၁၅ နဲ့ ၂၀ ကြားမှာ ဆေးရုံကနေ ဆင်းခွင့်ရကြတော့မှာပါ” လို့ ဆမိုလျာချော့ခ်က ပြောဆိုခဲ့ပါတယ်။လူနာတွေဟာ စိတ်ချရတဲ့ အခြေအနေမှာရှိနေပြီး လတ်တလောမှာတော့Quarantine၂၈ ရက် ဝင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် တချို့သော အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ကြေညာဖို့ ဇူလိုင် ၂၀ နောက်ပိုင်းအထိ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ဒါ့အပြင် စီးပွားဖြစ်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုတော့ တိကျစွာထုတ်ပြန်ခြင်းမရှိသေးပါဘူး။ လူနာတွေ ဆေးရုံကဆင်းပြီးတော့မှသာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ဖွယ်ရှိနေပါတယ်။တစ်ဆက်စပ်တည်းမှာပဲ ဆေးဝါးတွေ့ရှိမှုနဲ့ တိုက်ဆိုင်စွာ ရုရှားနိုင်ငံဟာ အပြင်ထွက်ချိန်မှာMaskမဖြစ်မနေ တပ်ဖို့လမ်းညွှန်ထားတဲ့ ကြေညာချက်ကိုလည်း ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။Covid-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ နာမည်ကျော် အောက်စ်ဖို့ဒ်တက္ကသိုလ်ကလည်း ကြိုးပမ်းနေပြီး အောင်မြင်ခဲ့ရင် ဘရာဇီးလ်ဈေးကွက်ကို အရင်ဆုံးတင်ပို့ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုထားပါတယ်။တစ်ကမ္ဘာလုံးမှာတော့ Covid-19 ရောဂါကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးအမျိုးအစား ၂၁ မျိုးကို စမ်းသပ်မှုပြုလုပ်နေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ပြီးခဲ့တဲ့လတွေတုန်းက ကြေညာထားပါတယ်။နိုင်ငံအလိုက် ချဉ်းကပ်ပုံနဲ့ နည်းလမ်းမတူညီကြပေမယ့် ကောင်းမွန်တဲ့ရလဒ်လျင်မြန်စွာ ထွက်ပေါ်လာဖို့တော့ တစ်ကမ္ဘာလုံးက မျှော်လင့်နေကြပါတယ်။ ရုရှားမှာတွေ့ရှိတဲ့ဆေးဝါးသစ်ကတော့ လူတိုင်းအတွက် မျှော်လင့်ချက် ရောင်ခြည်သစ်ဖြစ်လို့လာခဲ့ပါပြီ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/russia-completes-human-trials-of-covid-19-vaccine/
ဆူရှီနဲ့ တွဲစားတတ်တဲ့ ဂျင်းချဉ် ကျန်းမာရေးအတွက် ကောင်းသလား
ချင်း (ဂျင်း) ဆိုတာက ဆေးဖက်ဝင်တယ်လို့ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ သဘာဝ အစားအစာ တစ်မျိုးပါ။ ချင်း (ဂျင်း) ပင်က ကျန်းမာစေဖို့ရော ဖျတ်လတ်တက်ကြွစေဖို့ရော ထောက်ကူပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဟင်းလျာတွေထဲမှာ အညှီပျောက်စေဖို့ ထည့်သုံးကြသလို ချင်း(ဂျင်း) ချဉ်ထည့်ပြီး သုပ်စားတာလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ချင်း( ဂျင်း)နုနုလေးကို ရှာလကာရည်နဲ့ စိမ်ထားပြီး ဆူရှီနဲ့ တွဲစားတဲ့ ချင်း (ဂျင်း) ချဉ်ပါ။ချင်း (ဂျင်း) ချဉ်ကဆူရှီနဲ့ တွဲစားစား သူ့အတိုင်းစားစား စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်နုနုလေး ရှိတဲ့ ချင်း (ဂျင်း) လွှာလေးတွေက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးနိုင်လဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ချင်း (ဂျင်း) ဆိုတာက ချင်းနုနုလေးကို ပါးပါးလေးတွေ လွှာပြီး သကြား၊ ဆား၊ ဗီနီကာ စတာတွေနဲ့ စိမ်ထားတာပါ။ ခံတွင်းရှင်းစေဖို့တဲ့ အစာကြေစေဖို့ ဆူရှီတွေနဲ့ တွဲဖက်ပြီး စားသုံးလေ့ ရှိကြပါတယ်။ ခံတွင်းရှင်းစေပြီး ဆူရှီရဲ့ အရသာကို တိုးစေတာကြောင့်လည်းဆူရှီစားတဲ့အခါ မပါမဖြစ် ထည့်ပေးလေ့ ရှိကြပါတယ်။ချင်း (ဂျင်း) ချဉ်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ဆူရှီနဲ့ တွဲစားတတ်တဲ့ ဂျင်းချဉ် ကျန်းမာရေးအတွက် ကောင်းသလား ဆိုတော့။ဂျင်းချဉ်က သွေးတွင်းကိုလက်စထရော ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် သွေးတွင်းအဆီကျစေဖို့ စားပေးလို့ ရပါတယ်။ သွေးတွင်းအဆီများတာကို ကာကွယ်ဖို့ရော သက်သာစေဖို့ပါ စားပေးလို့ ရပါတယ်။ဂျင်းချဉ်ကလည်း ချင်း (ဂျင်း) လိုပဲ သွေးစီးဆင်း လည်ပတ်မှု ကောင်းစေဖို့ လုပ်ဆောင်ပေးတာကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးတွေ ရောက်ရှိအောင် ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်မှာပါ။ဂျင်းချဉ်က ခံတွင်းမြိန်စေပြီးအစားစားချင်စိတ်တိုးစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ခံတွင်းပျက်နေသူတွေလည်း စားပေးလို့ ရပါတယ်။ချင်း (ဂျင်း)က အခိုးပွင့်ပြီး ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးသလို ချင်း (ဂျင်း) ချဉ်ကလည်း ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိတာ၊ ဖျားနာတာတွေကို သက်သာစေသလို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ချောင်းဆိုးနေတာကို သက်သာစေဖို့ ချင်း(ဂျင်း) ပြုတ်ရည် သောက်ပေးလို့ ရသလို ဂျင်းချဉ် စားပေးလို့လည်း ရပါတယ်။ ဒီတော့ ချောင်းဆိုးပျောက်ချင်ရင် ဂျင်းချဉ်လေး နဲ့ ဆူရှီလေး တွဲစားလိုက်တော့လေနော်။ပျို့အန်မှုတွေသက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။ ပျို့ချင် အန်ချင်လာပြီဆိုရင် ဂျင်းချဉ်ကို နည်းနည်းလောက် ငုံထားပေးတာက သက်သာစေမှာပါ။ဂျင်းချဉ်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက အာဟာရ စုပ်ယူမှု အားကောင်းစေပြီး  ခန္ဓာကိုယ်အတွက် အာဟာရ ပြည့်ဝစွာ ရရှိစေဖို့ ထောက်ကူပေးတာပါ။ဂျင်းချဉ်က သကြားလုံးဝ မထည့်ဘဲ လုပ်ထားတာမျိုး ဖြစ်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်ပါတယ်။အစာမကြေတာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားသုံးပေးလို့ ရပါတယ်။ဂျင်းချဉ်ကလည်း အချဉ်စိမ်ထားတာ ဖြစ်တာကြောင့် အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝသလို အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေပြီး ဝမ်းပျက်ဝမ်းလျှောတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကားမူးတာ၊ လှိုင်းမူးတာတွေ သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။လေဒီလေးတွေမှာ ခံစားရနိုင်တဲ့ ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။ဂျင်းချဉ်က ကျန်းမာရေးအတွက် အထောက်အကူပြုတာ မှန်ပေမယ့် အများကြီး စားမိမယ်ဆိုရင် ရင်ပူတာ၊ ပါးစပ်နဲ့ လည်ပင်းမှာ ပူစပ်ပူလောင် ဖြစ်တာ၊ အစာခြေစနစ် ထိခိုက်တာ၊ သွေးထွက်များတာတွေ ဖြစ်စေနိုင်ပါတယ်။သည်းခြေကျောက်တည်တဲ့ လူနာတွေ၊ သွေးကျဲဆေး သောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကျောက်ကပ်ရောဂါ ရှိသူတွေ အနေနဲ့ ဂျင်းချဉ်ကို အလွန်အကျွံမစားသင့်ပါဘူး။ ရောဂါအခံ ရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/pickled-sushi-ginger-health-benefits/
ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ
ဆောင်းလေး အေးလာချိန်မှာဆောင်းရာသီရဲ့ အလှအပကို ခံစားဖို့ထက် ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူတွေ ဖျားနာမှာကို အရင် စိုးရိမ်မိနေတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ကိုယ်ခံအားနည်းနေတဲ့ မိသားစုဝင်ကိုတုပ်ကွေးရာသီကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေဖို့ အာဟာရပြည့်ဝအောင် ဘယ်လိုလေးတွေ ပြင်ဆင်ပေးပြီး ကိုယ်ခံအား ဖြည့်ပေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကဲ ….. ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။လူတိုင်းက ကိုယ်ခံအား ပြည့်ဝတဲ့သူတွေပဲတော့ မဟုတ်ပါဘူး။ ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေ၊ အသက်အရွယ် ကြီးရင့်လွန်းနေတဲ့ ဘိုးဘိုးဘွားဘွားတွေ၊ ရောဂါအခံ တစ်ခုခု ရှိနေတဲ့သူတွေ၊ နာတာရှည် ကျန်းမာရေးပြဿနာ ခံစားနေရသူတွေက အခြားသူတွေထက် ကိုယ်ခံအားနည်းနေတဲ့သူတွေလို့ ဆိုရပါမယ်။ သွေးအားနည်းရောဂါရှိသူတွေ၊ ကင်ဆာရောဂါ ရှိသူတွေ၊ ကင်ဆာကုထုံး ခံယူနေရသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေက ပုံမှန်ထက် ကိုယ်ခံအားနည်းနေသူတွေပါ။ကိုယ်ခံအားနည်းနေတာကို အမြင်သာဆုံး လက္ခဏာတစ်ခုကတော့ ဖျားနာလွယ်တာပါ။ မကြာခဏဆိုသလို လေပြွန်ရောင်တာ၊ ထိပ်ကပ်နာ၊ နားပိုးဝင်တာ၊ အရေပြားပိုးဝင်တာ၊ နှာစေး၊ ချောင်းဆိုးတာတွေ ဖြစ်နေတာတွေက ကိုယ်ခံအားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။တုပ်ကွေးရာသီ ရောက်လာချိန်မှာ တုပ်ကွေးကူးစက်မှု ကင်းဝေးစေဖို့ အများဆုံး လုပ်ကြတာက တုပ်ကွေး ကာကွယ်ဆေး ထိုးတာပါ။ တုပ်ကွေးကို ကာကွယ်ဆေးထိုးတာက အထိရောက်ဆုံး ကာကွယ်နည်းပဲဆိုပေမယ့် အပြည့်အဝ ကာကွယ်နိုင်ဖို့ဆိုရင် ကိုယ်ခံအားကို ထပ်ဆောင်း အားဖြည့်ပေးဖို့လိုပါမယ်။ ကိုယ်ခံအားကို ဘယ်လို အားဖြည့်ပေးမလဲဆိုတော့ လွယ်ပါတယ်။စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အားထားနေရတဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ဖြည့်ပေးတာပေါ့။ဒီတော့ ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဘယ်လိုအာဟာရ ပြင်ဆင်ပေးမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်စို့နော်။ ကိုယ်ခံအားနည်းနေတဲ့ ချစ်ရသူကို တုပ်ကွေးရာသီမှာ ဖျားနာမှု ကင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်း၊ ဘီတာကယ်လ်ရိုတင်း၊ ဗီတာမင် C၊ ဗီတာမင် D၊ ဇင့်၊ အကျိုးပြု ဘက်တီးရီးယားတွေ သင့်တင့်မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီလို အာဟာရတွေလည်း ပြည့်ဝ စားလို့လည်း ကောင်းစေဖို့ဆိုရင်တော့။အသီးအရွက်တွေကို အရောင်အသွေးစုံလင်စွာ ကြော်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ ဘာတွေထည့်ကြော်ပေးရမလဲဆိုတော့ မုန်လာနီ၊ ခရမ်းချဉ်သီး၊ ကိုက်လန်၊ ဗိုလ်စားပဲ၊ baby corn  စတာတွေကို ကြော်ပေးတာက အသီးအရွက် စုံစုံလင်လင်လေး စားဖြစ်စေမှာ ဖြစ်သလို အာဟာရလည်း ပြည့်ဝမျှတအောင် ရရှိစေမှာပါ။ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်တယ်လို့ အများက လက်ခံထားတဲ့ အစားအစာ တစ်မျိုးပါ။ ကြက်စွပ်ပြုတ် ပြုတ်ပေးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ ကြက်သားကို အဆီမပါ အရေခွံ မပါစေဘဲ အသားသီးသန့်ကို ပြောင်းဖူး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ကြက်သွန်ဖြူ၊ အာလူး၊ ချင်း (ဂျင်း)၊ ငရုတ်ကောင်း စတာတွေကို ထည့်ပြီး ကြာကြာလေး ပြုတ်ပေးပါ။ စွပ်ပြုတ်သောက်တာအပြင် ပရိုတင်းပါ ရစေဖို့ အသားပါစားပေးပါ။ကြက်ဥလေးကို မွနေအောင် ခေါက်ပြီး ငရုတ်ကောင်း၊ ဆား၊ သကြားညို နည်းနည်း၊ ကြက်သွန်မြိတ် နည်းနည်း၊ သံလွင်ဆီ ဒါမှမဟုတ် နေကြာဆီကို ပေါင်းမယ့်ခွက် အတွင်းထဲကို သုတ်ပြီး ကြက်ဥထည့်လို့ ပေါင်းခံပြီး အဆာပြေ အနေနဲ့ ဖြစ်ဖြစ် မနက်စာအနေနဲ့ ဖြစ်ဖြစ် ပြင်ဆင်ပေးလို့ ရပါတယ်။ကန်စွန်းဥကို အရင်ဆုံး နူးနေအောင်ပြုတ်ပြီး ရေစစ်လို့ ကြေအောင် မွမွလေး ချေလိုက်ပါ။ ပြီးရင် နွားနို့ထဲကို ကြေနေအောင် ခြေထားတဲ့ ကန်စွန်းဥလေးရယ်၊ မွမွလေး ခေါက်ထားတဲ့ ကြက်ဥလေးရယ်၊ ဆားနည်းနည်း၊ သကြားနည်းနည်း ထည့်ခေါက်ပြီး ခွက်လေး တစ်လုံးထဲကို ထည့်ပြီး ပေါင်းခံလိုက်ပါ။ ကျက်ပြီဆိုရင် စားလို့ ရပါပြီ။ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယား ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး ကိုယ်ခံအားကို အားဖြည့်ပေးဖို့ အာဟာရ ပြည့်ဝစွာ ထောက်ပံ့ပေးမှာပါ။ တစ်နေ့ကို ပန်းသီး၊ ဘယ်ရီသီး၊ ကီဝီသီး၊ ငှက်ပျောသီး၊ ဖရဲသီး စတာတွေကို အရွယ်တော်လေးတွေ တုံးပြီး ထည့်ပေးပါ။ဘီတာကယ်လ်ရိုတင်းကြွယ်ဝပြီး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဟင်းနုနွယ်ရွက်ကို သေချာလေး သင်ပြီး ရေနွေးဖျော်ပါ။ ပြီးရင် ရေစစ်ထားပြီး ကြက်သွန်ဖြူ ရိတ်ရိတ်လှီးလေးရယ်၊ နှမ်းဆီ နည်းနည်းရယ်၊ နှမ်းစေ့လှော်လေးရယ်၊ သံပုရာရည်၊ ဆား နည်းနည်း တို့ကို အချိုးကျထည့်ပြီး သုပ်ပေးတာကလည်း ခံတွင်းတွေ့စေမယ့် အရန်ဟင်းတစ်မျိုးပါ။ဒါတွေအပြင် အစေ့အဆန်တွေ၊ အခွံမာသီးတွေကိုလည်း အဆာပြေ အနေနဲ့ ပြင်ပေးလို့ ရသလို သီးစုံပဲဟင်း၊ အသားနှပ်၊ ပဲနှပ် စတာတွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။အခုပြောခဲ့တဲ့ အစားအစာလေးတွေကို ပြင်ဆင်ပေးရင် တုပ်ကွေးရာသီမှာ ချစ်ရသူတွေကို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးလို့ရပါတယ်နော်။ ဒါတွေအပြင်ကိုယ်ခံအား ကောင်းစေဖို့ရေများများသောက်တာ၊ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှု လျှော့ချတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကိုလည်း လုပ်ဖြစ်အောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/immune-boosting-foods-for-flu-season/
နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့
နွေအပူ ပြင်းပြင်းအောက်မှာ လှပတဲ့ဆံသားလေးကိုပိုင်ဆိုင်ချင်တဲ့ စိတ်ကူး လေဒီလေးတိုင်းမှာ ရှိမယ်ထင်ပါတယ်နော်။ ဆံသားတွေ ဟာလည်းအရေပြားတွေလိုပဲ နေရောင်ပြင်းပြင်းကြောင့် ထိခိုက်ပျက်စီးနိုင်ပါတယ်။ဒါကြောင့် ဆံသားတွေကိုလည်း အသားအရေတွေကို ထိန်းသိမ်းသလို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ အထူးသဖြင့် နွေရာသီမှာပေါ့။ ဒီတော့ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ဦးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ဆိုရင်အခုလိုလေး ထိန်းသိမ်းပေးပါ။နွေရာသီမှာ နေရောင်ကြောင့် ဆံသားတွေ မပျက်စီးချင်ဘူးဆိုရင် နေရောင်ထဲ ထွက်တဲ့အခါ ထီး၊ ဦးထုပ်၊ ပဝါစတာတွေနဲ့ ဆံပင်ကို သေချာလေး ကာကွယ်ပေးပါ။ ဒီလို ကာကွယ်ပေးတာက ဆံသားရဲ့ အစိုဓာတ်ကို ထိန်းပေးပြီး ဆံသားတွေကို ကျန်းမာစေမှာပါ။နွေအပူကြောင့် သင်ရေငတ်သလို ဆံသားတွေလည်း ရေငတ်တတ်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ဆံပင်ကိုအစိုဓာတ် ပြည့်ဝနေအောင်ဂရုစိုက်ဖို့ လိုပါမယ်။အစိုဓာတ် ထိန်းပေးတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးလို့ ရသလို ရေဓာတ်ဖြည့်ပေးနိုင်မယ့် conditioner ကို အသုံးပြုပေးတာကလည်း နွေရာသီမှာ ဆံသားကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်သလို ဆံသားကိုလည်း နေလောင်ဒဏ်ကနေ ကာကွယ်ဖို့ လိုအပ်ပါမယ်။ ဒါကြောင့် နွေရာသီမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် ဆံသားတွေ မပျက်စီးစေချင်ဘူးဆိုရင် ဆံသားအတွက် ထုတ်ထားတဲ့ နေလောင်ကာhaircoatမျိုးကို သုံးပေးပါ။အပြင်ထွက်တိုင်း မထွက်ခင် နာရီဝက်လောက် အလိုမှာ လိမ်းပေးပါ။ ဒါမှUV raysတွေကြောင့် ဆံသားထိခိုက်တာမျိုး မဖြစ်မှာပါ။နွေရာသီမှာ ဆံသားတွေက အပူဒဏ်ကို အတော်ခံစားရတာပါ။ ဒါကြောင့် နွေပူနေချိန်မှာ ဆံသားကို dryer မှုတ်ပြီး အပူပေး အခြောက်ခံတာ၊ အပူကို သုံးပြီး ဆံပင်ပုံသွင်းတာမျိုးတွေ မလုပ်ပါနဲ့။ ဆံသားပျက်စီးနိုင်တာကြောင့်ပါ။ ခေါင်းလျှော်ပြီး ချိန်မှာလည်း တဘက်ပွပွနဲ့ပဲ ခြောက်အောင် သုတ်တာမျိုး လုပ်ပေးပါ။နွေရာသီမှာ ခေါင်းချွေးထွက်တာ၊ ဆံပင်တွေထဲက ပူတာမျိုးတွေ ခံစားရနိုင်ပေမယ့် ခဏခဏ ခေါင်းလျှော်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်ဆောင်တာက ခေါင်းအေးတာ မှန်ပေမယ့် ဆံသားနဲ့ ဦးရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို ကုန်စေပြီး ဆံသားနဲ့ ဦးရေပြားကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် နွေရာသီမှာ ခေါင်းခဏခဏ မလျှော်ပါနဲ့။ တစ်ပတ်ကို ၂ ကြိမ် ခေါင်းလျှော်ရည် ခပ်ပျော့ပျော့လေးနဲ့ပဲ လျှော်ပေးပါ။နွေရာသီမှာ အပူရှောင်ဖို့ ရေကူးကြတာ၊ ကမ်းခြေသွားကြတာမျိုး ရှိနိုင်ပါတယ်။ ဒီလို သွားတဲ့အခါ ဆံသားကို ဆားငန်ရေတွေ၊ ကလိုရင်းခတ်ထားတဲ့ ရေတွေနဲ့ ထိတွေ့စေတာက ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို ကလိုရင်းနဲ့ ဆားငန်ရေတွေ မထိတွေ့စေဖို့ သေချာလေး ဂရုစိုက်ပေးပါ။နွေရာသီမှာဆံပင်ကို တင်းတင်းကျပ်ကျပ် စည်းတာမျိုး မလုပ်ပါနဲ့။ ဆံပင်ကို တင်းတင်းကျပ်ကျပ် စည်းတာက ဆံသားတွေရဲ့ ကျန်းမာ သန်စွမ်းတာကို ထိခိုက်စေနိုင်တာကြောင့် နွေပူနေချိန်မှာ ဆံပင်တွေကို ခပ်လျော့လျော့ စည်းတာ၊ ဖွတ်မြီးကျစ်တာ၊ ကျစ်ဆံမြီးကျစ်တာမျိုး လုပ်ပေးလို့ ရသလို တဝက်သိမ်းထားတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။နွေရာသီမှာ ဆံပင်တွေ အဖျားခြောက်တာ၊ အဖျား နှစ်ခွဖြစ်တာ၊ ဆံပင်ပြတ်တာတွေ သက်သာစေဖို့ ဆံပင်အဖျားလေးတွေကို ပုံမှန် တိပေးဖို့ လိုပါမယ်။ ဒါမှ ဆံပင်က ကျန်းမာ သန်စွမ်းမှာပါ။ကဲ ……. နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့ အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း ထိန်းသိမ်းလိုက်စို့နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/summer-hair-care-tips/
သမိုင်းဆိုးနဲ့ ပလိပ်ရောဂါပိုး တရုတ်တွင်တွေ့ပြန်
Bubonic Plague လို့ ခေါ်တဲ့ရှေးဟောင်းပလိပ်ရောဂါတစ်မျိုး တရုတ်ပြည်က အတွင်းမွန်ဂိုးလီးယားပြည်နယ် (Inner Mongolia) မှာ ဖြစ်ပွားနေတယ်လို့ ဒေသခံအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။အတွင်းမွန်ဂိုးလီးယားပြည်နယ် ဘယန်နာမြို့မှာ ဒီရောဂါပိုးကို စတင်တွေ့ရှိထားတာဖြစ်ပြီးတော့ ဒီမြို့ဟာ ဘေကျင်းမြို့ရဲ့ အနောက်မြောက်ဘက်မှာတည်ရှိပါတယ်။ဒေသခံဆေးရုံတစ်ခုက ရောဂါပိုးကူးစက်ခံထားရတဲ့ ဝေဒနာသည်တွေတွေ့ရှိထားကြောင်း အာဏာပိုင်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူဟာ ပထမလူနာဟာ နွားကျောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ဆီကနေ လက်ရှိမှာတော့ သူ့ရဲ့အခြေအနေက တည်ငြိမ်ကောင်းမွန်နေပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘယ်လို ကူးစက်ခံထားရတယ်ဆိုတာကို ရှင်းလင်းစွာ မသိရှိရပါဘူး။ ဒုတိယလူနာကတော့ အသက် ၁၅ နှစ် အရွယ် လူငယ်ဖြစ်ပြီး သူကလည်း အမဲလိုက်သူတစ်ဦးပါ။ဒေသခံအာဏာပိုင်တွေက ရောဂါပိုးသယ်ဆောင်နိုင်ခြေရှိနေတဲ့ ကြွက်၊ ရှဉ့်၊ ဌက် နဲ့ တွင်းအောင်းကောင်တွေကို သတ်ဖြတ်စားသောက်ခြင်းမလုပ်ဖို့ အမိန့်ထုတ်ထားပြီး တစ်စုံတစ်ခုထူးခြားမှုရှိရင် ကျန်းမာရေးဌာနကို အသိပေးဖို့ ကြေညာထားပါတယ်။အဆိုပါBubonic Plague ရောဂါနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အဆင့် ၃ သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကျန်းမာရေးသတိပေးချက်စနစ်ဟာ အဆင့် ၄ ဆင့်ရှိတာမို့ ဒါဟာ ဒုတိယမြောက်အဆင့် အဆိုးရွားဆုံး အနေအထားအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သတိပေးချက်ကို နှစ်ကုန်အထိ အချိန်သတ်မှတ်ကာ ထုတ်ပြန်လိုက်တာပါ။တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့COVID-19 ရောဂါဟာ လက်ရှိတစ်ကမ္ဘာလုံးမှာ ဆိုးရွားလှတဲ့ ကပ်ဘေးတစ်ခုအဖြစ် ပျံ့နှံနေဆဲဖြစ်ပြီး G4 လို့ အမည်ပေးထားတဲ့ဝက်တုပ်ကွေးရောဂါသစ် တစ်မျိုးကိုလည်း မကြာသေးခင်ကမှ တရုတ်မှာထပ်မံတွေ့ရှိထားပါတယ်။ဒါကြောင့် Bubonic Plague ပိုးတွေ့ရှိမှုဟာ တစ်နှစ်တာကလအတွင်း နောက်ထပ် ကပ်ဘေးဖြစ်နိုင်တဲ့ ရောဂါတွ့ရှိမှုဖြစ်လာခဲ့ပါတယ်။Bubonic Plague ကို မဟူရာမရဏကပ်ဘေး (Black Death pandemic) လို့လည်းခေါ်ဆိုပြီး ကမ္ဘာပေါ်မှာ ကပ်ဘေးအဖြစ် ၃ ကြိမ်တိုင်တိုင် ဒုက္ခပေးခဲ့ဘူးတဲ့ ရောဂါ အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ပလိပ်ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားဟာ တိရစ္ဆာန်တွေရဲ့ သန်းတွေ၊ လှေးတွေကနေတဆင့်ကူးစက်နိုင်ပြီးတော့ ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးကျန်းမာရေးကပ်ဘေးတွေကို ဖြစ်စေခဲ့တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ပထမအကြိမ် ကပ်ဘေးဟာ ဆက်ဆေးနီးယန်းအင်ပါယာ (ယခု အီရန်) မှာ စတင်ဖြစ်ပွားခဲ့တာပါ။ အေဒီ ၆ ရာစုဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ ဒီကပ်ဘေးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှအလယ်ပိုင်းဒေသတွေက လူပေါင်း ၂၅ သန်းထက်မနည်းကို သေဆုံးခဲ့ပါတယ်။ဒုတိယကပ်ဘေးကတော့ ၁၃၄၇ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့ မွန်ဂိုလီးယားကနေစတင်ခဲ့တဲ့ ဒီကပ်ဘေးဟာ ပိုးလမ်းမကနေတဆင့် ဥရောပကိုရောက်လာခဲ့ပြီး ဥရောပတိုက်ရဲ့ လူဦးရေ ၃ ပုံ ၁ ပုံကို ပျက်စီးစေခဲ့တာပါ။တတိယကပ်ဘေးကတော့တရုတ်နိုင်ငံယူနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၉ ရာစုအလယ်ပိုင်းမှာဖြစ်ခဲ့တာပါ။ အဆိုပါ Bubonic Plague ကြောင့် ကန်တုန်နဲ့ ဟောင်ကောင်အပါအဝင် တရုတ်ပြည် အရှေ့တောင်ပိုင်းမြို့ကြီးတွေက လူပေါင်းသောင်းနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။လူ့သမိုင်းတစ်လျှောက် အဖျက်စွမ်းအားအကြီးဆုံးရောဂါလို့ သတ်မှတ်ခံခဲ့ရတဲ့ Bubonic Plague ကို ဒီကနေ့ခေတ်မှာ ကာကွယ်ဆေးတွေ၊ တိုက်ဖျက်နိုင်တဲ့ဆေးတွေ ရှိနေပါပြီ။Babonic Plague ဟာ ဘက်တီးရီးယားပိုးကူးစက်မှုကြောင့်ဖြစ်လာတဲ့ ကပ်ရောဂါကြီးဖြစ်ပြီး အာရှအလယ်ပိုင်းကနေ စတင်ခဲ့တဲ့ ရောဂါဖြစ်တယ်။ လူ့သမိုင်းတစ်လျှောက်လုံးမှာ လူသားပေါင်း သန်း ၂၀၀ ကျော်ကို သေဆုံးကြေပျက်စီးစေခဲ့ပါတယ်။တိရစ္ဆာန်ကနေလူကို ကူးစက်တာဖြစ်ပေမယ့် ကြားခံသယ်ဆောင်သူကတော့ တိရစ္ဆာန်တွေရဲ့ ကိုယ်ပေါ်က လှေးတွေ၊ သန်းတွေဖြစ်ကြပါတယ်။သေဆုံးစေနိုင်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကုသဆေးတွေရှိနေပါပြီ။ CDC က ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေအရဆိုရင် ဖျားတာ၊ခေါင်းကိုက်တာ၊ အားနည်းတာ၊ နာကျင်ကိုက်ခဲတာ၊အအေးမိတာ၊ ပျို့အန်တာ၊ (ပေါင်၊ ချိုင်းနဲ့ လည်ပင်းက) ပြန်ရည်ကြောတွေရောင်တာ၊ အကျိတ်တွေထွက်တာနဲ့ တစ်ကိုယ်လုံး အနီရောင် အဖုအပိမ့်တွေ ထွက်လာတာတွေဖြစ်တတ်ပါတယ်တဲ့။ဒီရောဂါဟာ လက်ရှိအချိန်မှာလည်း ဖြစ်ပွားမှုရှိနေဆဲဖြစ်ပြီး Babonic Plague ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို လူဦးရေ ၁၀၀၀ နဲ့ ၂၀၀၀ အကြား အသက်ဆုံးရှုံးနေကြဆဲလို့ WHO က ဆိုထားပါတယ်။ ကုသမှု မခံယူဖြစ်တဲ့ အခြေအနေမှာ သေဆုံးနိုင်ခြေ ၉၀% ရှိပြီး ကုသမှုခံယူမယ်ဆိုရင်တော့ ၃၀% အထိ လျော့ကျသွားမှာဖြစ်ပါတယ်။ကွန်ဂို၊ မာဒါဂါစကာ၊ အမေရိကန်နဲ့ ပီရူးလိုတိုင်းပြည်မျိုးတွေမှာ ဒီရောဂါကူးစက်မှုတွေ ရှိနေဆဲဖြစ်ပြီး သေဆုံးမှုတွေလည်း ပုံမှန်ရှိနေဆဲဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/china-bubonic-plague-inner-mongolia/
ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကိုယ်ခံအားကို ထိခိုက်စေသလား
ကလေးဆိုတာက ပြေးပြေးလွှားလွှား ဆော့တတ်တာက သဘာဝပါပဲ။ အဖော်စုံရင် ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါပေမဲ့ နောက်ကလိုက်ထိန်းရတဲ့ မေမေကတော့ ပင်ပန်းတာပေါ့။ ပြေးရင်းလွှားရင်း ချော်လဲမလား၊ ချွေးတွေထွက်ပြီး အအေးပတ်မလား မိဘကတော့ မျိုးစုံစိတ်ပူတာပဲလေ။ ဒီတော့ ငြိမ်ငြိမ်လေး နေခိုင်းတာပေါ့။ ဒါပေမဲ့ကလေးဆိုလှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမယ်၊ အကြမ်းခံတယ်၊ တော်တန်ရုံ မဖျားဘူးလို့လည်း သိထားတော့ ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကလေး ကိုယ်ခံအားကို ထိခိုက်စေသလား ဆိုပြီး ပြန်တွေးရပြီလေ။ကလေးဆိုတာ ပြေးလွှားဆော့တယ်ဆိုတဲ့ ခေတ်က ကုန်များကုန်သွားပြီလားလို့တောင် ထင်စရာ ရှိပါတယ်။ ကလေးတွေ ပြေးလွှားဆော့တယ်ဆိုတာ ကိုယ်တွေခေတ်မှာပဲ ကျန်ခဲ့သလိုပေါ့။ ဒီလို ပြောရတာက အခုနောက်ပိုင်း ကလေးတွေဟာ ပြေးလွှားဆော့ဖို့ထက် ယူကျူ့ကြည့်တာ၊ ဖုန်းနဲ့ ဂိမ်းဆော့တာမျိုးတွေကို လုပ်ရင်း သူတို့လေးတွေရဲ့ ပြေးလွှားဆော့မယ့် အချိန်လေးတွေကို ကုန်ဆုံးနေကြလို့ပါ။နေထိုင်မှုပုံစံ ပြောင်းလဲလာတာကြောင့် ကစားဖို့နေရာတွေ မရှိသလောက် ရှားလာတာ၊ မေမေတွေမှာ ကလေးကို ထိန်းကျောင်းဖို့ အချိန် မရှိတာကြောင့် ကလေးကို ငြိမ်ရင်ပြီးရောဆိုပြီး ဖုန်းတွေပေးသုံးထားတာမျိုးတွေကို လုပ်ဆောင်လာကြရင်း ကလေးတွေက စခရင်မ်တိုင်း များမှန်းမသိ များလာကြပါတယ်။ကလေးကို ထမင်းစားအောင်၊ ငြိမ်အောင်၊ လူကြားထဲမှာ ငိုမှာစိုးလို့ စတဲ့ အကြောင်း အမျိုးမျိုးနဲ့ ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းရင်း ကလေးကို ဖုန်းတွေ ပေးသုံးလာမျိုးပေါ့။ ကလေးက ဖုန်းသုံးပြီ၊ တီဗွီကြည့်ပြီဆိုကလည်း လှုပ်ရှားမှုက နည်းသွားပြီး ထိုင်ပဲထိုင်နေတော့မှာလေ။ ဒီလို ထိုင်ပဲ ထိုင်နေတာက ကျန်းမာပါ့မလား ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကလေးတွေမှာ လှုပ်ရှားမှုမရှိဘဲ အထိုင်များတာကကလေးကို အဝလွန်စေတာအပြင် အမျိုးအစား (၂) ဆီးချို၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျတာ၊ သွေးတိုးတာနဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုတင်မကကိုယ်ခံအားကိုပါ ထိခိုက်စေသလို ရေရှည်မှာ  နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။ကလေးကို ထိုင်ပဲ ထိုင်နေစေပြီး ပြေးလွှားဆော့ကစားခွင့် မပေးတာ ဒါမှမဟုတ် ကလေးကိုယ်တိုင်က ဖုန်းပဲသုံးပြီး ပြေးပြေးလွှားလွှား ‌ဆော့ကစားမှု မရှိဘူးဆိုရင် အဝလွန်တာကနေ အစပြုလို့ ကိုယ်ခံအားကျတာ၊ အရွယ်မတိုင်ခင်  နာတာရှည်ရောဂါတွေ ဖြစ်လာမှာပါ။ ဒီလိုမဖြစ်စေဖို့ဆိုရင်။ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပါ။ကလေးကို ငြိမ်ငြိမ်နေစေတာက ကိုယ်ခံအားကို ထိခိုက်စေသလို အရိုးနဲ့ ကြွက်သားဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို နေ့တိုင်းမှာပြေးပြေးလွှားလွှား ဆော့ကစားခွင့် ပေးလိုက်ပါ။လူကြီးတွေလို စနစ်တကျ လေ့ကျင့်ခန်း လုပ်မှ မဟုတ်ပါဘူး။ သူ့ဟာသူ ပြေးပြေးလွှားလွှားကစားတာ၊ လူကြီးတွေနဲ့ ဘောလုံးကန်တာ၊ ကြက်တောင်ရိုက်တာတွေကလည်း ကိုယ်လက်လှုပ်ရှားမှုပါပဲ။ တစ်ရက်ကို နာရီဝက်လောက် ပြေးပြေးလွှားလွှားဆော့ပါစေ။စခရင်မ်တိုင်းမ် လျှော့ချပါ။စခရင်မ်တိုင်းမ်များတာက ကလေးကို လှုပ်ရှားမှု နည်းစေပြီးကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို စခရင်မ်တိုင်းမ် လျှော့ချပါ။ ၂နှစ်ကနေ  ၁၂နှစ်ဆို ဖျော်ဖြေရေးအတွက် သုံးတဲ့ screen timeက တစ်ရက်ကို ၁နာရီပဲ ရှိသင့်ပါတယ်။Screen timeများပြီး ကလေးက ညဘက်တွေ အိပ်မပျော်တဲ့အခါကိုယ်ခံအားပါ ထိခိုက်လာနိုင်ပါတယ်။အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးပါ။ခုခေတ်ကလေးတွေက အထိုင်များတဲ့အပြင် အာဟာရတန်ဖိုးမရှိတဲ့ junk foodတွေ၊ အသင့်စားအစားအစာတွေကို ကြိုက်လည်း ကြိုက်၊ စားလည်း စားကြပါတယ်။အာဟာရတန်ဖိုးမရှိတာကြောင့် စားနေပေမယ့်လည်း လိုအပ်တဲ့ အာဟာရတွေ မရပါဘူး။ ဒါကလည်း ကိုယ်ခံအားကျစေမယ့် အကြောင်းအရင်းပါ။ဒီလိုမဖြစ်အောင် နေ့စဉ် စားသုံးမှုမှာ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အသီးအရွက် နဲ့သားသားမီးမီးတို့ လိုအပ်တဲ့ အာဟာရတွေနဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတဲ့ Growing Up Milk လို့ခေါ်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာဖော်မြူလာနို့ကို ကိုယ့်ကလေးအသက်အလိုက် တိုက်ကျွေးပေးလို့ ရပါတယ်။ ဒီလို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာက ကလေးကို ကိုယ်ခံအားကောင်းစေပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေမှာပါ။ကာကွယ်ဆေး ထိုးနှံပေးပါ။ကလေးကို အသက်အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပေးတာက ကလေးကို ရောဂါဆိုးတွေကနေ ကာကွယ်ပေးနိုင်သလို ကလေးတွေရဲ့ ခုခံအားတည်ဆောက်မှုကို အထောက်အကူဖြစ်စေပါတယ်။အိပ်ရေးဝအောင် ဂရုစိုက်ပါ။ကလေးတွေ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်အာဟာရ ပြည့်ဝမှုနဲ့အတူ အိပ်စက်ချိန်ကို ပြည့်ဝစေဖို့လည်း လိုပါမယ်။ ကလေးတွေမှာ အိပ်ရေးမဝတာက ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။ညတိုင်း ၇-၉နာရီပြည့်အောင် သိပ်ပေးပါ။ စောစောအိပ်ပြီး စောစောထတဲ့ အကျင့်ကို လုပ်ပေးရပါမယ်။တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တတ်အောင် သင်ပေးပါ။ကလေးကို တစ်ခုခု ကိုင်ပြီးတိုင်း လက်ဆေးဖို့ကအစ ခြေသည်းလက်သည်း ညှပ်ဖို့၊တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ သင်ကြာပေးရပါမယ်။ ကိုယ့်ကိုယ်ကို သန့်သန့်ပြန့်ပြန့်နေတာက ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေမဝင်အောင်တားနိုင်မယ့် အခြေခံအချက် မဟုတ်ပါလား။ကလေးကို ငြိမ်ငြိမ်လေး နေစေတာကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ်ခံအားကိုလည်း ထိခိုက်နိုင်ပါတယ်။ ကလေးက ဖုန်းတွေသုံးပြီး လှုပ်ရမှာ ပျင်းနေရင်တောင် မိဘတွေက စံပြအနေနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပြပါ။ ကလေးကိုလည်း အတူပါဝင်အောင် တိုက်တွန်းပေးဖို့ လိုပါတယ်။အာဟာရပြည့်ဝဖို့၊ အိပ်ရေးဝဖို့ ကူညီပေးပါ။ ကာကွယ်ဆေးတွေ ထိုးနှံပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပေးပါ။ ဒါဆိုရင် ကလေးက ကိုယ်ခံအားကောင်းပြီး ကျန်းမာနေမှာဖြစ်ပါတယ်။# သားသားမီးမီးတို့ရဲ့ ကြီးထွားမှုကို ကိုယ်တိုင် စစ်ဆေးလိုက်ပါ!။[embed-health-tool-child-growth-chart]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/stay-quiet-can-sick-child/
ငန်တာလေးမှ စားချင်နေမိတဲ့ အကြောင်းအရင်း
အချို၊ အချဉ်၊ အဖန်၊ အခါး၊ အစပ်၊ အငန်ဆိုတဲ့ အရသာတွေထဲမှာ အငန်မှအငန်ဘာစားစား ငန်ငန်လေးမှ စားချင်နေမိတယ် ဆိုတဲ့ သူလေးတွေ ရှိလား…… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ဆိုတာ သေချာနေပါပြီ။ကဲ …….. ဘာကြောင့်များ ငန်တာလေးကိုမှ စားချင်နေတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။အငန်ဓာတ်က တော်တော်လေး စွဲလမ်းစေနိုင်တဲ့ အရသာ တစ်ရပ်ပါ။ဦးနှောက် နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုက အငန်ဓာတ်ကို နှစ်ခြိုက်ကြပါတယ်။ အကြောင်းကတော့ ဆားဓာတ်က သူတို့ကို ရှင်သန်စေနိုင်လို့ပါ။ဆား၊ အငန်ဓာတ်က  တကယ်တော့ ခန္ဓာကိုယ် ရှင်သန်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာ တစ်ခုပါ။ မရှိမဖြစ် လိုအပ်တဲ့အရာ ဆိုပေမယ့် လူတစ်ယောက်အနေနဲ့ ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာထက် ပို မစားသင့်ပါဘူး။တန်ဆေးလွန်ဘေးဆိုသလိုပေါ့။ပုံမှန်ထက် လွန်ကဲတဲ့ အခြေအနေ တစ်ရပ်ရပ်ကို ခံစားနေရတဲ့ အခါမျိုးမှာတော့ အငန်ဓာတ်ကို လိုတာထက် ပိုပြီး တောင့်တ တတ်ကြပါတယ်။ ဒါက ဘာကြောင့်များလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……….။ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့အတွက် လုံလောက်တဲ့ အရည်ပမာဏကို လိုအပ်ပါမယ်။ ကျန်းမာနေတယ်ဆိုရင်တောင်မှ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ကျဆင်းလာတဲ့အခါ အလိုလိုနေရင်း အငန်ဓာတ်ကို တောင့်တမိလာပါတယ်။ ဒါက ခန္ဓာကိုယ်ကလိုအပ်နေတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် အစားအစာ နဲ့ ရေကိုသောက်ဖို့ လှုံ့ဆော်နေတာပါ။ခန္ဓာကိုယ်ထဲမှာ ရေဓာတ် နည်းလာတဲ့အခါ အငန်စားချင်တာနဲ့ အတူ။ခန္ဓာကိုယ်ထဲက အရည်တွေက သတ္တုဓာတ်တွေကို သယ်ဆောင်သွားပါတယ်။ ဒီသတ္တုဓာတ်တွေက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ အဆိုပါအရည်ဓာတ်က နည်းလာတဲ့အခါ အငန်ဓာတ်ကို တအား တောင့်တတတ်သလို အခုလို လက္ခဏာတွေကိုလည်း ခံစားရနိုင်ပါတယ်။ခန္ဓာကိုယ်ကadrenal ဂလင်းတွေက ရှင်သန်ဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။Addisonရောဂါက ဖြစ်ခဲတဲ့ ရောဂါ တစ်ခုပါ။ ဒီရောဂါ ဖြစ်တဲ့အခါ adrenal ဂလင်းတွေက ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်လုပ်နိုင်တော့ပါဘူး။ ဒီရောဂါ ခံစားနေရသူတွေမှာ အငန် အရမ်းစားချင်တာလိုမျိုး လက္ခဏာကို ခံစားရနိုင်ပါတယ်။ အငန် အရမ်းတောင့်တတာနဲ့အတူ။ခန္ဓာကိုယ်မှာ ရှိနေတဲ့ adrenal ဂလင်းတွေက ကော်တီစော ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ကော်တီစော ဟော်မုန်းတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုစိတ်ဖိစီးမှုကို တုံ့ပြန်တဲ့အနေနဲ့ ထွက်ရှိတာပါ။ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ် များလေလေ စိတ်ဖိစီးစေနိုင်တဲ့ ကော်တီစောက ကျဆင်းလေလေပါ။ ဒါကြောင့် ပုံမှန် မဟုတ်တဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ ခန္ဓာကိုယ်က အငန်ကို တောင့်တတာပါ။Bartter syndrome ခံစားနေရသူတွေရဲ့ ခန္ဓာကိုယ်က ဆိုဒီယမ် (အငန်ဓာတ်) ကို မစုပ်ယူနိုင်ပါဘူး။ စားလိုက်သမျှ ဆိုဒီယမ်တိုင်းဟာ ဆီးကနေတဆင့် ပြန်ထွက်သွားပါတယ်။ ဒီလိုနဲ့ ရေရှည်မှာ ကိုယ်တွင်းမှာ ဆိုဒီယမ်လျော့နည်းလာပြီး နာတာရှည် ဆိုဒီယမ် မပြည့်ဝမှုကို ခံစားရပါတယ်။ ဒီဝေဒနာကို ခံစားနေရသူတွေမှာလည်း အငန်ဓာတ်ကို ပုံမှန်ထက် ပိုစားမိတာမျိုး ရှိနိုင်ပါတယ်။အငန် အများကြီး စားတာအပြင် အခုလို လက္ခဏာတွေကိုလည်း ခံစားရနိုင်ပါတယ်။ကိုယ်ဝန်တောင် အစောပိုင်းကာလတွေမှာ မေမေတွေအနေဲ့ ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကို ခံစားရနိုင်ပါတယ်။ ဒီအခြေအနေတွေက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ ရေဓာတ် ဆုံးရှုံးတဲ့အခါ ခန္ဓာကိုယ်က ဆားပိုမို စားချင်တာမျိုး ခံစားရနိုင်ပါတယ်။ရာသီမလာခင် ရက်အတော်ကြာကတည်းက စိတ်ခံစားမှု ပြောင်းလဲတာ၊ အိပ်ရေးပျက်တာအပြင် အစားအစာတွေကို အရမ်း စားချင်တာမျိုး ခံစားရနိုင်ပါတယ်။ ရာသီအကြို ကာလမှာ အချို အရမ်းစားချင်တာမျိုး ခံစားရနိုင်သလို အငန် တအားစားချင်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ကဲ …… ပရိသတ်ကြီးရော ဘာကြောင့် အငန်မှ အငန် တောင့်တမိနေတာလဲ…….။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/why-do-i-want-to-eat-salty-food/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/hoarding-disorder/
သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ!
သားသားမီးမီးတို့ကို ထူးချွန်ထက်မြက်စေချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီလို ထူးချွန်ထက်မြက်စေချင်တယ်ဆိုတဲ့ဆန္ဒလေးမှာ အတူကပ်ပြီး ပါလာတတ်တာလေး တစ်ခုက သားသားမီးမီးတို့ကို စိတ်ဓာတ် ကြံ့ခိုင်ပြီးလူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေချင် ကြတာပါ။ တစ်ယောက်တည်း မွေးထားတဲ့ သားသားမီးမီးတို့ရဲ့ မိဘတွေဆို ဒီအချက်လေးကို ပိုဂရုစိုက်ကြပါတယ်။တစ်ယောက်တည်း မွေးထားတဲ့ ကလေးက စိတ်အားငယ်တတ်တယ်ဆိုရင် မေမေဖေဖေတို့အတွက်အတော်လေးရင်မအေးစရာ ဖြစ်ပြီပေါ့။ ဒီလိုဆိုတော့ ကလေးကို စိတ်ဓာတ်ကြံ့ခိုင်သူလေးဖြစ်အောင် သင်ကြားပေးလို့ရမလား! သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဖေဖေမေမေတို့ အမှတ်မှားနေတာ ဖြစ်နိုင်သလို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတဲ့ အချက်လေး တစ်ခု ရှိနေနိုင်ပါတယ်။ ဒါကတော့ လူကြီးတွေမှာမှ စိတ်ဖိစီးမှု ရှိတယ် ကလေးတွေမှာ မရှိဘူးလို့ပေါ့။ တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။စိတ်ဖိစီးမှုက ကလေးတွေမှာလည်း ရှိနိုင်ပါတယ်။အပူအပင်ကင်းတဲ့ ကလေးဘဝဆိုတာက သီချင်းတွေထဲမှာပဲ ရှိတာပါ။ ကလေးတွေမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ဖိစီးစရာ ရှိနေတတ်ပါတယ်။ အထူးသဖြင့်ကျောင်းနေအရွယ် ကလေးတွေမှာပါ။ ကျောင်းစာတွေလုပ်ရတာ၊ သူငယ်ချင်းတွေနဲ့ နေ့စဉ် ထိတွေ့နေရတာတွေကြောင့် စိတ်ဖိစီးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ဒီလို စိတ်ဖိစီးမှုတွေက လိုတာထက် ပိုများလာချိန်မှာ ဘဝအတွေ့အကြုံကို သင်ယူနေရတဲ့ ကလေးရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကို ထိခိုက်တာမျိုး ဖြစ်စေနိုင်တာကြောင့် ဒီကာလမှာ ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေဖို့ ပျိုးထောင်ပေးဖို့ လိုပါမယ်။သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ! ဆိုတော့ အပိုင်း (၂) ပိုင်း ခွဲပြီး ပြောပြပေးချင် ပါတယ်။ ဒါကတော့။စိတ်ပိုင်းဆိုင်ရာကို အရင်ပြောပြပေးမယ်နော်။ သားသားမီးမီးတို့ကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ ဆိုရင်တော့ –။ကိုယ်တိုင်က စံပြ ဖြစ်အောင် နေပါ။သားသားမီးမီးတို့ရဲ့ စံပြနမူနာ ယူစရာက မေမေဖေဖေတို့ပါ။ ဒါကြောင့် ကလေးကိုစိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေချင်တယ်ဆိုရင်တော့ ကိုယ်တိုင်ကလည်း စိတ်ဓာတ် ကြံ့ခိုင်သူ ဖြစ်အောင် နေဖြစ်ဖို့ လိုပါမယ်။စိန်ခေါ်မှုတွေကို အခွင့်အရေးလို့ မြင်တတ်အောင် သင်ပေးပါ။ဘဝမှာ အခက်အခဲဆိုတာက လူတိုင်း ကြုံဖူးကြမှာပါ။ ဒီလို အခက်အခဲ ကြုံလာတဲ့အခါ စိတ်ပျက်စရာလို့ မမြင်ဘဲ အခွင့်အရေးလို့ မြင်တတ်အောင် ငယ်စဉ်ကတည်းက အလေ့အကျင့် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိအောင် မွေးမြူပေးပါ။စိတ်ဓာတ် ကြံ့ခိုင်စေဖို့ အရေးအကြီးဆုံး အချက်ကကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ရှိအောင် မွေးမြူပေးတာပါ။ ကလေးက ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမှပဲ စိတ်ဓာတ်ကြံ့ခိုင်သူလေး ဖြစ်တော့မှာပေါ့။စိတ်အားထက်သန်တတ်သူလေး ဖြစ်အောင် လေ့ကျင့်ပေးပါ။ကလေးကိုစိတ်အားထက်သန်တတ်အောင်သင်ကြားပေးထားတာကလည်း ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေမယ့် နည်းလမ်းပါပဲ။ ကလေးကို တစ်ခုခုကို လုပ်ဆောင်တဲ့အခါ ပြီးဆုံးအောင် လုပ်တတ်ဖို့ ငယ်စဉ်ကတည်းက သင်ကြားပေးထားပါ။ ဒီအလေ့အကျင့်ကလည်း ကလေးကို စိတ်ဓာတ်ကြံ့ခိုင်သူအဖြစ် ကြီးပြင်းလာစေမှာပါ။စိတ်ခံစားမှုကို ထိန်းချုပ်တတ်အောင် သင်ပေးပါ။စိတ်ခံစားမှုတွေကို ထိန်းချုပ်တတ်ဖို့က ကလေးတစ်ယောက်အတွက် ခက်ခဲနိုင်ပါတယ်။ ခံစားချက်တွေကို ထိန်းချုပ်ထားတယ်ဆိုတာ မျိုသိပ်ထားခိုင်းတာ မဟုတ်ပါဘူး။ ဒေါသထွက်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါ ဘယ်လိုမျိုး နည်းလမ်းမှန်မှန်နဲ့ ဖွင့်ထုတ်ရမလဲဆိုတာကို သင်ပေးတာ ဖြစ်ပါတယ်။ဥပမာ –  ကလေးက စိတ်ကြီးတယ်။ တစ်ခုခုဆို ပစ္စည်းတွေကို ကိုင်ပေါက်တယ်ဆိုတာ သူ့ရဲ့ ဒေါသဖြစ်တဲ့ခံစားချက်ကို မဖော်ပြတတ်လို့ပါ။ စိတ်မကျေနပ်ရှိတဲ့အခါ ဒေါသထွက်လို့ ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ သူများကို မထိခိုက်အောင် ဒေါသကို ဘယ်လိုဖော်ပြမလဲဆိုတာကို သင်ပေးတာမျိုးပါ။ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု။ကလေးကို အပေါ်မှာ ပြောခဲ့သလို စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်အောင် သင်ကြားပေးပြီးပြီ ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့အတွက် အာဟာရလေးကို သေချာလေး ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ကလေးကို အာဟာရ ပြည့်ဝစေဖို့အတွက် ​ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီတော့ ကလေးကို နေ့စဉ် စားသုံးမှုမှာ –။ပရိုတင်းကကိုယ်ခံအားကောင်းစေဖို့အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အပြင် ဦးနှောက်နဲ့ အာရုံကြောတွေ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ပရိုတင်း ပြည့်ဝစေဖို့ အရေခွံ မပါတဲ့ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။အစာခြေစနစ် ကျန်းမာပြီး သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် လုံလောက်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့အတွက် အမျှင်ဓာတ် ပြည့်ဝဖို့က အရေးကြီးပါတယ်။ အမျှင်ဓာတ် ပြည့်ဝစေဖို့ – အစိမ်းရောင် အသီးအရွက်တွေ၊ ပဲအမျိုးမျိုးကို ပြင်ဆင်ပေးလို့ ရသလို ကလေးက အသီးအရွက်တွေ ပဲတွေကို မကြိုက်ဘူးဆိုရင် သားသားမီးမီးတို့ လိုအပ်တဲ့ အာဟာရတွေနဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတဲ့ Growing Up Milk လို့ခေါ်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ကို ကိုယ့်ကလေးအသက်အလိုက် တိုက်ကျွေးပေးလို့ ရပါတယ်။အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ ကယ်လ်ဆီယမ် ပြည့်ဝဖို့လည်း လိုပါမယ်။ ဒီတော့ ကလေးကို ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ – နို့နဲ့ နို့ထွက်ပစ္စည်းတွေကို၊ အသီးအရွက်တွေကို ပြင်ဆင်ပေးဖို့ ရသလို ဖော်မြူလာနို့ကို ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။ဗီတာမင် A က သားသားမီးမီးတို့ရဲ့ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ဦးနှောက်နဲ့ အာရုံကြော ကျန်းမာစေဖို့၊ အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီတော့ သားသားမီးမီး ဗီတာမင် A ပြည့်ပြည့်ဝဝ ရစေဖို့ – မုန်လာဥနီ၊ ကန်စွန်းဥ၊ အစိမ်းရောင် အသီးအရွက် စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ကိုယ်ခံအား ကောင်းစေဖို့၊ အသားအရေ ကျန်းမာစေဖို့၊ သံဓာတ်ပြည့်ဝပြီး သင်ယူလေ့လာနိုင်စွမ်း ကောင်းစေဖို့ ဗီတာမင် C က မေ့ထားလို့ မရပါဘူး။ ကလေးကို ဗီတာမင် C ပြည့်ဝစေဖို့ – ကီဝီသီး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး စတာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။စိတ်ဖိစီးမှုကင်းစေပြီး ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေဖို့ ဗီတာမင် D ကို ပြည့်ဝစွာ ရရှိဖို့ လိုပါမယ်။ ဒီတော့ ကလေးကို ဗီတာမင် D ပြည့်ဝစေဖို့  – နေရောင်နဲ့ ထိတွေ့စေလို့ ရသလို ဖော်မြူလာနို့ ပြင်ဆင်ပေးတာ၊ ဥအနှစ်တွေ ပြင်ဆင်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ဖောလစ်အက်ဆစ်က ဦးနှောက်နဲ့ အာရုံကြောတွေကို ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ ကလေးကို ကောင်းစွာ ဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့ –  အစေ့အဆန်တွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျို စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ကလေးကို စိတ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်ပေးမယ် ရုပ်ပိုင်းဆိုင်ရာ အာဟာရ လိုအပ်ချက်ကိုလည်း ပြည့်ပြည့်ဝဝ ဖြည့်ပေးမယ်ဆိုရင် သားသားမီးမီးတို့က စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်လာမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/good-mental-health-for-children/
စိတ်ဓာတ်ကျခြင်းရဲ့ အချက်ပြလက္ခဏာတွေက ဘာတွေများလဲ
လူတစ်ယောက်ကျန်းမာတက်ကြွနေဖို့ အရေးကြီးတာကစိတ်ကျန်းမာဖို့ပါ။  အသိဉာဏ်ပျောက်နေမှ စိတ်ကျန်းမာရေးမကောင်းတာမဟုတ်ပါဘူး။ တစ်ခါ တလေ ကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေတာတွေကလည်း စိတ်ကျန်းမာရေး အားနည်းနေတာပါပဲ။ ဒီလိုအခါမျိုးမှာလည်းခန္ဓာကိုယ်နေမကောင်းရင် ကုစားသလိုပဲ စိတ်ကိုလည်း ကုစားဖို့လည်း လိုပါမယ်။ ကုစားဖို့ကလည်း လက္ခဏာတွေသိဦးမှဆိုတော့ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်များကျနေလား ဆန်းစစ်ကြည့်လိုက်နော်။နေ့စဉ်အလုပ်တွေကို ပုံမှန်လှုပ်ရှားနေနိုင်တယ်ဆိုတိုင်းစိတ်ရောကိုယ်ပါကျန်းမာနေတယ်လို့ မဆိုနိုင်ပါဘူး။ တကယ်လို့ ကိုယ့်မှာ အခုလိုလက္ခဏာတွေ တွေ့နေရပြီဆိုရင် သင် စိတ်ဓာတ်ကျနေပါပြီ။ဘဝမှာ ပျော်စရာမရှိတော့ဘူးလို့ ခံစားနေရပြီ– စိတ်ဓာတ်ကျနေသူတစ်ယောက်အဖို့ ဘာကမှ သူ့ကိုမပျော်ရွှင်စေနိုင်တော့ပါဘူး။ အရမ်းသဘောကျရတဲ့ အရာတွေကတောင်မှ စိတ်ချမ်းသာမှုမပေးနိုင်ဘူးလို့ခံစားလာရပြီဆိုရင်တော့ စိတ်ဓာတ်ကျနေပါပြီ။အာရုံစိုက်ဖို့ ခက်သထက်ခက်လာပြီ– အလုပ်မှာဖြစ်ဖြစ် ဘာပဲလုပ်လုပ် အာရုံစူးစိုက်လို့မရဘူး။အာရုံစူးစိုက်မှုက ခက်သထက်ခက်လာနေပြီဆိုရင် ခဏလောက် အနားပေးလိုက်ပါ။ စိတ်ဓာတ်ကျမှု အစပျိုးတော့မယ့် အခြေအနေဖြစ်နေပါပြီ။မျှော်လင့်ချက်မဲ့နေပြီ–  ဘာလုပ်လုပ်အောင်မြင်မှာ မဟုတ်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမှန်းလဲမသိတော့ဘူးဆိုပြီး ဖြစ်လာပြီဆိုရင်တော့ သေချာတာ စိတ်ဓာတ်ကျနေပြီ။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းသွားပြီ– စိတ်ဓာတ်ကျလာတဲ့အခါ အရင်ဆုံးဖြစ်တတ်တာတစ်ချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးသွားတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာပြီဆိုရင် စိတ်ပြေလက်ပျောက် အနားယူဖို့ပြောပါရစေ။အိပ်မပျော်တဲ့ညတွေဆက်လာပြီ– တစ်ညတစ်ညအိပ်ပျော်ဖို့ခက်လာပြီ။ ညနက်တဲ့အထိ အကြောင်းအရင်းရေရေရာရာမရှိဘဲ အိပ်မပျော်ဘူးဖြစ်နေတယ်ဆိုရင်တော့ စိတ်ဓာတ်ကျနေပါပြီ။ စိတ်ဓာတ်ကျရခြင်းကို အဖြေရှာပေတော့။အိပ်ရေးမဝဘူးဖြစ်နေပြီ– တစ်ချိန်လုံးအိပ်ချင်နေမယ်။ ဘယ်လောက်အိပ်အိပ် အိပ်ရေးဝတယ်လို့ရယ်မရှိဘူး။ အိပ်နေချိန်လေးပဲ ဘဝကြီးမှာ စိတ်ချမ်းသာတယ်လိုပ တွေးနေမိပြီဆိုရင် သေချာတာက စိတ်ဓာတ်ကျနေတာပါ။အားမရှိဘူးဖြစ်နေပြီ– အမြဲလိုလို အားမရှိဘူးဖြစ်နေမယ်။ အိပ်ရာထဲကကို မထချင်ဘူးဖြစ်နေမယ်။ အချိန်တိုင်း ဘာမဟုတ်တာလေးနဲ့ကို ပင်ပန်းနေပြီဆိုရင်တော့ အကြီးအကျယ် စိတ်ဓာတ်ကျနေပါပြီ။အစားစားချင်စိတ်မရှိဘူဖြစ်နေပြီ– ဘာစားစား အရသာမရှိဘူး။ အရမ်းကြိုက်တဲ့ စားစရာတွေကိုတောင် မစားချင်တော့ဘူး။ ဘာမှကို မစားချင်တော့ဘူးဆိုရင် သေချာတယ် သင် စိတ်ဓာတ်ကျနေပြီ။အစားကို စိတ်ဖြေစရာအဖြစ် တွေးနေပြီ– ငါလေး သနားပါတယ်။ ဘာမှကို အဆင်မပြေဘူး။ အစားကပဲ ငါ့အပေါ်ကောင်းတယ်။ စားလိုက်သီးမယ်လိုပတွေးပြီး အစားတွေကို လိုတာထက်ပိုစားမိနေပြီလား။ အစားတွေကို မဆာဘဲစားတာက စိတ်ဓာတ်ကျမှုရဲ့ လက္ခဏာတစ်ရပ်ပါ။အမြဲလိုလိုနာကျင်ကိုက်ခဲတတ်လာပြီ–  ခေါင်းထဲကပဲကိုက်နေသလို၊ နေရထိုင်ရမသက်မသာဖြစ်နေမယ်၊ ခန္ဓာကိုယ်အဆစ်တွေ၊ ကြွက်သားတွေနာကျင်ကိုက်ခဲမယ်။ အကြောင်းအရင်း ရေရေရာရာမရှိဘဲ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ စိတ်ဓာတ်ကျမှု အစပြုလို့ ခရီးတော်တော်ရောက်နေပါပြီ။စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။မျိုးရိုးလိုက်တာ– မိသားစုထဲမှာ စိတ်ဓာတ်ကျသူတစ်​ယောက်ရှိတာနဲ့ စိတ်ဓာတ်ကျမယ်လို့ အတိအကျမဆိုသာပေမယ့် ဖြစ်နိုင်ခြေရှိတာတော့ အသေအချာပါ။ဘဝအခြေအနေ– ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကြုံကြိုက်တဲ့အခါမျိုးမှာလည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ အလုပ်ပြုတ်တာ၊ ငွေကြေးပြဿနာရှိနေတာ၊ ချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရှုံးတာတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ဟော်မုန်းအပြောင်းအလဲ– ကိုယ်ဝန်ဆောင်နေရချိန်၊ ကိုယ်ဝန် စရှိချိန်၊ သွေးဆုံးခါနီးအချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် စိတ်ဓာတ်ကျနိုင်ပါတယ်။နာမကျန်းဖြစ်နေတာ–ဖျားနာနေရင်တောင် စိတ်ဓာတ်ကျတတ်သေးတာလေ။နာတာရှည်ရောဂါတစ်ခုခုကို ခံစားနေရသူတစ်ယောက်အဖိုပ စိတ်ဓာတ်ကျမှုကို ခံစားရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေစရာမလိုအောင်ပါ။အရက်သောက်တာ– အရက်သောက်တာ။မူးယစ်ဆေးဝါးအသုံးပြုတာတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ဆေးဝါးတွေ– သွေးပေါင်ထိန်းညှိပေးဖို့ သောက်နေရတဲ့ ဆေးတွေ၊ ကင်ဆာရောဂါအတွက် သောက်နေရတဲ့ ဆေးတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။စိတ်ဓာတ်ကျမှုကို တိုက်ထုတ်ဖို့ဆိုရင်။စိတ်ဓာတ်ကျတာက မွေးထားရင်ကြီးထွားလာတတ်လို့ စိတ်ဓာတ်ကျနေပြီဆိုတာ သိတာနဲ့ ချက်ချင်း မောင်းထုတ်ဖို့သာပြင်ပေတော့။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/depression-recovery-lifestyle/
ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရတဲ့ အကြောင်းရင်း (၆)ခု
ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေလို့ တစ်ခုခုများဖြစ်နေကြတာလားဆိုပြီး စိုးရိမ်တဲ့ မိဘတွေ၊ ခဏခဏ လာမေးတဲ့ မိဘတွေ ရှိပါတယ်။ မျက်တောင်ခတ်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ လိုတာထက် ပိုခတ်နေရင်တော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။မျက်တောင်ခတ်တယ်ဆိုတာ ခန္ဓာကိုယ်က အလိုအလျောက် လုပ်နေတဲ့ ဖြစ်စဉ်ပါ။ မျက်တောင်ကို သတိတရ ခတ်နေစရာမလိုပါဘူး။မျက်လုံးခြောက်တဲ့အခါ၊ အလင်းစူးစူးတွေ ကြည့်မိတဲ့အခါ၊ မျက်လုံးထဲကို တစ်ခုခုဝင်တဲ့အခါ၊ မျက်လုံးကို တစ်ခုခု အန္တရာယ်ဖြစ်တော့မယ်လို့ ထင်တဲ့အခါ အလိုအလျောက် မျက်တောင်ခတ်သွားပါတယ်။မျက်တောင်ခတ်လိုက်ခြင်းအားဖြင့် မျက်လုံးကို စိုစွတ်စေသလို မျက်လုံးရဲ့ အပေါ်ယံလွှာကိုလည်း သန့်စင်‌စေပါတယ်။မွေးစကလေးတွေကတော့ တစ်မိနစ်ကို ၂ကြိမ်လောက်ပဲ မျက်‌တောင်ခတ်ပါတယ်။ လမ်းလျှောက်တတ်စအရွယ်ဆိုရင်တော့ တစ်မိနစ်ကို ၁၅ခါလောက် ခတ်ပါတယ်။ လူကြီးတွေကတော့ တစ်မိနစ်ကို ၁၄-၁၇ကြိမ်ထိ ခတ်ပါတယ်။ဒီတော့ အကြမ်းအားဖြင့် တစ်မိနစ်ကို ၁၅ကြိမ်ထက် ပိုခတ်နေရင် များနေပြီလို့ ဆိုရမှာ‌ပေါ့။လက်တွေ့မှာတော့ အတိအကျကြီး လိုက်မတိုင်းကြပါဘူး။ မိဘတွေကလည်း သိလွယ်ပါတယ်။ မျက်တောင်ခတ်တာ အကြိမ်များနေရုံတင်မဟုတ်ဘဲ ခဏခဏ ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်ဆိုရင် ပိုတောင်သိလွယ်ပါသေးတယ်။(၁) မျက်လုံးထဲကို တစ်ခုခုဝင်သွားတာ။ပြင်ပ ပစ္စည်းတစ်ခုခု(ဖုန်၊ သဲ၊ ခဲစ)လေးတွေ ဝင်တာ ဖြစ်သလို မျက်တောင်က အတွင်းထဲကို ပြန်ဝင်ပြီး မျက်လုံးကို ကသိကအောက် ဖြစ်အောင် လုပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။နောက်ပြီး က‌လေးပီပီ ဆော့ရင်းပြုရင်း မျက်လုံးကို တစ်ခုခုနဲ့ ခြစ်မိတာ၊ သတိမထားမိလိုက်တဲ့ အသေးစားထိခိုက်မှုလေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အဲ့တာဆိုရင်တော့ မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်တာအပြင် မျက်လုံးရဲတာ၊ မျက်ရည်ယိုတာတွေပါ ခံစားရမှာ ဖြစ်ပါတယ်။(၂) ဓာတ်မတည့်တာ။ရာသီအကူးအပြောင်းမှာပဲဖြစ်ဖြစ်၊ တစ်ခုခု မတည့်တာနဲ့ ထိတွေ့မိရင်ပဲဖြစ်ဖြစ်မျက်လုံးယားတာကြောင့် သက်သာအောင် ခဏခဏ မျက်တောင်ခတ်ရပါတယ်။ကလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်တာအပြင်  မျက်လုံးယားတာ၊ မျက်လုံးခဏခဏပွတ်တာ၊ မျက်ရည်ယိုတာ၊ နှာစေးတာတွေပါ ဖြစ်တတ်ပါတယ်။(၃) မျက်လုံးခြောက်တာ။မျက်တောင်ခတ်တာက မျက်လုံးကို စိုစွတ်စေတာကြောင့်မျက်လုံးခြောက်နေရင် ခဏခဏ ပုတ်ခတ်ပုတ်ခတ် လုပ်မှာပါ။ဆောင်းတွင်းလိုအေးပြီး ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ တစ်နေကုန် အဲကွန်းခန်းထဲမှာ နေရတဲ့ ကလေးတွေမှာ တွေ့ရတတ်ပါတယ်။(၄) အမြင်အာရုံပြဿနာ။ကလေးက သူကြည့်တာကို ကောင်းကောင်းမမြင်ရတဲ့အခါ အမြင်အာရုံ ရှင်းတဲ့အနေနဲ့ မျက်တောင်ခတ်တတ်ကြပါတယ်။ ဥပမာအနီးမှုန်၊အဝေးမှုန်စတဲ့ အမြင်အာရုံ ပြဿနာရှိတဲ့ ကလေးတွေက။(၅) မျက်စိစွေတာ။များသောအားဖြင့်တော့ ၃နှစ်အရွယ်ဝန်းကျင်တွေမှာ ဖြစ်တတ်ပါတယ်။ မျက်စိက စွေနေတော့ တစ်ထောင့်ထောင့်ကို ကပ်နေတာမျိုးပါ။မျက်စိစွေတဲ့ ကလေးတွေက သာမန်ကလေးတွေထက် မျက်တောင်ပိုခတ်ပါတယ်။(၆)Eyelid tics။မိဘတွေကတော့ အကြောဆွဲနေတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ticsမှာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။အများစုကတော့ ရောဂါကြောင့် မဟုတ်ဘဲ ကလေးကြီးလာတဲ့အခါ အလိုလိုပျောက်သွားတတ်ပါတယ်။တချို့တွေမှာတော့ အိပ်ရေးမဝတာ၊ ပင်ပန်းတာ၊ စိုးရိမ်စိတ်များတာ၊ ပျင်းတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ပင်ပန်းတယ်ဆိုတဲ့နေရာမှာ မျက်လုံးပင်ပန်းတာလည်း ပါပါတယ်။ တစ်နည်းအားဖြင့် မျက်လုံးညောင်းတာပေါ့။ ဖုန်းတွေ၊ TVတွေ အကြည့်များတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကို habitual ticsလို့ ခေါ်ပါတယ်။  အသက် ၅နှစ်ဝန်းကျင် ယောကျာ်းလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ရှားရှားပါးပါး Tourette syndrome ဆိုတဲ့ အာရုံကြောရောဂါမှာဆိုရင် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်တာအပြင် ပါးစပ်ကနေ အသံမျိုးစုံ လုပ်တတ်ပါသေးတယ်။ဒါတွေကတော့ ကလေး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရခြင်းရဲ့ အကြောင်းရင်းတွေပါ။မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်တာက များသောအားဖြင့် အန္တရာယ်မရှိဘူးဆိုပေမယ့် စစ်ဆေးကြည့်ဖို့တော့ သင့်ပါတယ်။ တခြားလက္ခဏာ မရှိဘ မျက်တောင်ခတ်တာပဲ များနေတယ်ဆိုရင်တောင် ၁-၂ပတ်လောက် ကြာတဲ့အထိ မသက်သာဘူးဆိုရင် မျက်စိဆရာဝန်နဲ့ ပြကြည့်ပါ။ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်း‌ပေါ် မူတည်ပြီး အမျိုးမျိုးကွဲသွားနိုင်ပါတယ်။ ဥပမာ။မိဘတွေ လုပ်ပေးနိုင်တာကတော့ ကလေးကို အိပ်ရေးဝဝသိပ်ပါ။ ညနက်တဲ့အထိ မနေပါစေနဲ့။ ကလေးက စိတ်ဖိစီးမှုတွေ များနေလား၊ စိုးရိမ်စိတ်တွေ များနေလားဆိုတာကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ်။ဖုန်းသုံးတာ၊ TVကြည့်တာကိုလည်း လျှော့ပါ။ ၂နှစ်အောက်ဆို TV၊ ဖုန်း လုံးဝမပြသင့်ပါ။ ၂-၁၂နှစ်ကြားဆိုရင်လည်း တစ်ရက်ကို ဖျော်ဖြေရေးအတွက် ကြည့်တာက ၁နာရီပဲ ဖြစ်သင့်ပါတယ်။ကလေးတွေမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်တာက အဖြစ်များပါတယ်။ အမျးစုက အန္တရာယ်မရှိပါ။ ဒါပေမဲ့ မိဘတွေအနေနဲ့ ဘာကြောင့်ဖြစ်လဲဆိုတာသိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင်ရင်‌တော့ အကောင်းဆုံးပေါ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/causes-of-frequent-blinking-in-children/
ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ
မူးယစ်ဆေး သုံးတယ်တဲ့လား။ လူကပိန်သွားပြီး မျက်တွင်းလေးကျနေရင် အိမ်ကလူကြီးတွေက ထင်မယ်။ ဒီကောင် ဆေးသုံးနေလားမသိဘူး ဆိုတဲ့အတွေး…။တကယ်က ညဘက်ဂိမ်းဆော့ထားလို့ ဖြစ်ရင်ဖြစ်မယ်၊ အစားမမှန် အအိပ်မမှန်လို့၊ သွေးအားနည်းလို့၊ ဆေးလိပ်သောက်တာများလို့ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ရင်ဖြစ်မယ်။ အဲ… တကယ်ပဲ ဆေးသုံးတယ်ဆိုရင်တော့ ဒီအသွင်အပြင်လောက်နဲ့ အဆုံးအဖြတ်ပေးလို့၊ ကောက်ချက်ချလို့မရပါဘူးနော်။ တခြားသိသာတဲ့ အသွင်အပြင်နဲ့ အပြုအမူလက္ခဏာတွေအများကြီးရှိနေသေးတယ်ဆိုတာ အိမ်ကလူကြီးတွေကိုပြောပြလိုက်ပါဦး။ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက်မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေး သုံးစွဲနေသလား ဆိုတာကို သိနိုင်ဖို့က အသွင်အပြင်လက္ခဏာတွေက အသိသာဆုံးဆိုတာ မှန်ပါတယ်။ အများစုမှာ တွေ့ရတတ်တာက –။အများအားဖြင့် ခြုံငုံဖော်ပြရရင်တော့ –။ဒီလောက်ဆို မူးယစ်ဆေးသုံးနေသလား၊ မသုံးနေဘူးလားဆိုတာ ယေဘုယျအားဖြင့်တော့ သတိထားကြည့်လို့ရနိုင်ပါတယ်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/signs-that-someone-uses-illegal-drugs/
ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........
လူတိုင်း လိုလိုမှာ ဖြစ်နေတဲ့အရေပြား ပြဿနာတစ်ရပ် ရှိနေပါတယ်။ ဒါကတော့ဝက်ခြံပါ။ ဒီ တစ်ခေါက်တော့ ဝက်ခြံ ပျောက်ချင်လို့ ဝက်ခြံ ပျောက်နည်း ဆိုတိုင်း လိုက်လုပ် နေပေမယ့် မပျောက်တာကြောင့် စိတ်ပျက် နေသူတွေ ရှိလား၊ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါနော်။ ဒီ ဆောင်းပါးလေးထဲမှာ ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား………. ဆိုတာကို ပြောပြပေးချင်ပါတယ်။ဝက်ခြံက အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ဝက်ခြံ အမျိုးအစား ကွာခြားမှု အလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှု ကလည်း ကွာခြားနိုင်ပါတယ်။Whiteheads ဝက်ခြံ– အရေပြား အောက်ဘက်မှာ ရှိနေတတ်ပြီး အရမ်း မကြီးတဲ့ ဝက်ခြံ အမျိုးအစားပါ။ ညှစ်လိုက်တဲ့ အခါ အဖြူရောင်အနှစ်လေးတွေ ထွက်တတ်ပါတယ်။ နှာခေါင်း ဘေးတဝိုက်နဲ့ မေးစေ့မှာ အဖြစ်များ ပါတယ်။Blackheads (ဆားဝက်ခြံ)– အရေပြား ပေါ်မှာ ခပ်မဲမဲ အရောင်နဲ့ မြင်သာပါတယ်။ နှာခေါင်း နဲ့T- Zoneမှာ အဓိက ပေါက်တတ်ကြပါတယ်။Papules ဝက်ခြံ– သေးငယ်ပြီး အရောင်က ပန်းရောင် ခပ်သန်းသန်း ဖုလေးတွေ ပါ။ အရေပြား ပေါ်မှာ မြင်သာပါတယ်။Pustules ဝက်ခြံ–အရေပြား ပေါ်မှာ သိသာ ထင်ရှားတဲ့ ဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုး စုစုလေး ရှိနေတတ်ပါတယ်။Nodules ဝက်ခြံ– ဝက်ခြံတွေ ထဲမှာမှ တော်တော်လေး ကြီးတဲ့ ဝက်ခြံ မျိုးပါ။ ကြီးမားပြီး အစိုင်အခဲ ကြီးသလို အရေပြား ထဲမှာ စူးစူးနစ်နစ် တွယ်ဆက်နေ ကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ် ပါတယ်။Cysts ဝက်ခြံ– အရေပြား ပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုး ပါ။ နာကျင် နီရဲ နေတတ်ပြီး ဝက်ခြံ တစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ် ကြပါတယ်။ အမာရွတ် ကျန်နိုင်ခြေ အများဆုံး ဝက်ခြံ အမျိုးအစားပါ။ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား ဆိုတော့ ဝက်ခြံအမျိုးအစားအလိုက် ကုထုံးကလည်း ကွာခြားနိုင်ပါတယ်။Whiteheads ဝက်ခြံအတွက် ကုထုံး။အဆီဖုတွေက ကုသရခက်ပါတယ်။ Salicylic acidပါတဲ့ skincareတွေကို ရက်ခြားလောက် သုံးပေးပါ။ အသားခြောက်တတ်တာကြောင့် moisturizerပြန်လိမ်းပေးဖို့ လိုပါတယ်။ Over-the-counter retinoidတွေလည်း သုံးပေးလို့ ရပါတယ်။ စိတ်ရှည်ရှည်နဲ့ စွဲပြီး သုံးပေးဖို့ လိုပါတယ်။Blackheads (ဆားဝက်ခြံ) အတွက် ကုထုံး။Whiteheads ကုသနည်းနဲ့ ဆင်တူပါတယ်။ Salicylic acid၊ Retinoid တွေ သုံးပေးလို့ ရပါတယ်။ နောက်ပြီး ချွေးပေါက်ထဲထိ  သန့်စင်ပေးနိုင်တဲ့ Clay maskတွေလည်း အသုံးပြုပေးပါ။Papules ဝက်ခြံ အတွက် ကုထုံး။Benzoyl peroxide ဒါမှမဟုတ် Salicylic acid ပါတဲ့ မျက်နှာသစ်ဆေးနဲ့ တစ်ရက် ၂ကြိမ် သန့်စင်ပါ။ အများစုကတော့ အလိုလိုသက်သာပေမဲ့ များလွန်းတယ်ဆိုရင်  အရေပြားဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။Pustules ဝက်ခြံ အတွက် ကုထုံး။သူ့ကိုလည်း Benzoyl peroxide ဒါမှမဟုတ် Salicylic acid ပါတာတွေ သုံးပေးလို့ ရပါတယ်။ ဝက်ခြံဖုလေးတွေကို မညှစ်မိအောင် ထိန်းပါ။ ဝက်ခြံတွေကို ညှစ်တာက ပိုဆိုးစေတတ်ပါတယ်။ ၆ပတ်ကနေ ၈ပတ်ကြာတဲ့အထိ မသက်သာရင် အရေပြားဆရာဝန်နဲ့ ပြပါ။Nodules နဲ့ Cysts ဝက်ခြံ အတွက် ကုထုံး။ဒီ ဝက်ခြံ‌တွေကတော့ အိမ်တွင်း ကုထုံးထက် တတ်သိနားလည်တဲ့ အရေပြား ဆရာဝန်တွေ နဲ့ ပြသ ကြည့်တာ အကောင်းဆုံး ဖြစ်မှာပါ။ခုပြောခဲ့တဲ့ နည်းလမ်းတွေကတော့ အလွယ်ကူဆုံးလုပ်နိုင်တဲ့ နည်းလမ်းတွေပါ။ ဒါတွေက အကြမ်းဖျင်းပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသားအရေက မတူညီတာကြောင့် မသက်သာရင် အရေပြားဆရာဝန်နဲ့ ပြသပါ။ ဝက်ခြံကုသတဲ့အခါမှာ စိတ်ရှည်ပါလို့လည်း အကြံပြုချင်ပါတယ်။ကဲ…ကိုယ့် ဝက်ခြံ အမျိုးအစားကို အရင်ဆုံး သိအောင် လုပ်လို့ ကိုက်ညီတဲ့ ကုထုံးလေးနဲ့ ဝက်ခြံ သက်သာအောင် ဂရုစိုက် လိုက်ပါနော် Helloဆရာဝန် ပရိသတ်ကြီးရေ……………….။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/types-of-acne-and-how-to-treat/
ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ!
ကျောင်းတက်ရတာကို ကလေးတိုင်းကတော့ မပျော်ကြပါဘူး။ ကျောင်းတက်ရတာကိုက အတော်လေး စိတ်ပျက်စရာကောင်းပြီး ကြီးမားတဲ့ အခက်အခဲ တစ်ခုလို့ ယူဆနေတဲ့ ကလေးတွေက အများကြီး ရှိနေပါတယ်။ အထူးသဖြင့်မူကြိုအရွယ်လေးတွေနဲ့ မူလတန်း အရွယ်လေးတွေမှာပေါ့။ အချို့ဆိုရင် အသက်ရလို့ အလယ်တန်းအရွယ်လောက်ဖြစ်နေတာတောင် ကျောင်းတက်မပျော်ကြတဲ့ သားသားမီးမီးတွေက အများကြီးပါ။ ဒီလို ကျောင်းတက်ရတာ မပျော်ဖြစ်ပြီး ကျောင်းသွားခါနီးတိုင်းကလေးက ငိုနေတာမှိုင်နေတာတွေက မေမေအတွက်ရော ဖေဖေ့အတွက်ပါ အတော်လေး ခက်ခဲပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ! ဆိုတာကို ပြောပြပေးလိုက်ပါတယ်။မေမေဖေဖေတို့က ဘယ်လို မြင်လဲ မသိပေမယ့် ကျောင်းပျင်းတာကို ကလေးအပြစ်လို့တော့ ကျွန်မက မမြင်မိပါဘူး။သားသားမီးမီးတွေက မွေးစကနေ အရင်ကဆို ၄ နှစ် ကျော်ကျော်လောက်အထိ အခုနောက်ပိုင်းမှာတော့ ၂ နှစ်ကျော် ၃ နှစ်လောက်အထိ အိမ်မှာပဲ အချိန်တွေကို ကုန်ဆုံးနေကြတာလေ။ အိမ်က သူတို့လေးတွေအတွက် သက်သောင့်သက်သာ အဖြစ်ဆုံးနဲ့ အလုံခြုံဆုံးလို့ ခံစားရသလို စိတ်တိုင်းကျ ဝုန်းဒိုင်းကြဲပြီး ကစားလို့ ရတဲ့ ကစားကွင်းလေးလည်း ဖြစ်တာကြောင့် အိမ်ကို ခွဲခွာပြီး ကျောင်းသွားရတာကို မနှစ်သက်တာ ပျင်းတာက သူတို့လေးတွေရဲ့ အပြစ်တော့ မဟုတ်ဘူးပေါ့။လူကြီးတွေ ဖြစ်နေကြတဲ့ ကိုယ်တွေတောင် တစ်ခါတလေ ရုံးပျင်းသေးတယ်ဆိုတော့ကျောင်းပျင်းတာက ကလေးတွေရဲ့ အပြစ်တော့ မဟုတ်ပေဘူးပေါ့။နောက်တစ်ခုက ကလေးငယ်တွေမှာ separation anxiety လို့ခေါ်တဲ့ ကိုယ်နဲ့ ရင်းနှီးချစ်ခင်တဲ့သူတွေကို မမြင်ရရင် စိုးရိမ်ပူပန်များတာလည်း ရှိတတ်တော့ သူမသိတဲ့ သူတွေရှိတဲ့ ကျောင်းကို မသွားချင်တာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ကလေးက ကျောင်းမသွားချင်ဘူးဆိုတာကို အခုလို အပြုအမူလေးတွေကနေတဆင့် သိနိုင်ပါတယ်။ ကျောင်းပို့မယ် လုပ်တဲ့အခါ ကလေးက –။ကျောင်းပျင်းတာကို အများဆုံး တွေ့ရနိုင်တဲ့ အသက် အပိုင်းအခြားကတော့ အသက် ၃ – ၄ နှစ် ကနေ ၁၁ နှစ်လောက်အတွင်းပါ။ကျောင်းမတက်ချင်လို့ ငိုနေတဲ့ ကလေးကို ဘယ်လို ဖျောင်းဖျမလဲ! ဆိုတော့ မေမေဖေဖေတို့ရော ကျောင်းမသွားချင်လို့ ငိုနေတဲ့ သားသားမီးမီးတို့ပါ အဆင်ပြေစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ကလေး ကျောင်းမသွားချင်ရတဲ့ အကြောင်းအရင်းကို မေးပါ။ကလေးက ကျောင်းက မလုံခြုံဘူးလို့ ခံစားရတာမျိုး၊သူငယ်ချင်းထဲမှာ အနိုင်ကျင့်တဲ့ သူငယ်ချင်း ရှိနေတာမျိုး၊ ဆရာမက ရိုက်တာမျိုး ရှိတာကြောင့် ကျောင်းမသွားချင်တာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ကလေး ကျောင်းမှာ ရင်ဆိုင်နေရတဲ့ အဆင်မပြေတဲ့ အခြေအနေကို ဖြေရှင်း ပေးနိုင်ဖို့ ကလေးက ဘာကြောင့် ကျောင်းမသွားချင်ရတာလဲ ဆိုတာကို သေချာလေး အေးအေးဆေးဆေး မေးမြန်းပါ။ကလေးကို နားလည်အောင် ရှင်းပြပါ။ကလေးကို ကျောင်းသွားရတာက သူ့အတွက် ခက်ခဲတယ်ဆိုပေမယ့် ကျောင်းတက်မှ စာလုံးလေးတွေကို သိလာမယ်။ အနီးဝန်းကျင်က အရာလေးတွေကို ဘယ်လို ခေါ်လဲဆိုတာတွေကို သိလာမယ်။ သူငယ်ချင်းတွေ ရလာမယ် စသဖြင့် ကလေးကို ရှင်းပြပါ။ထမင်းဘူးလေးကို သေချာ​ ပြင်ဆင်ပေးပါ။ကလေးကိုထမင်းဘူးလေးကို သူကြိုက်တတ်တဲ့ ဟင်းလေးတွေ ပြင်ဆင်ပေးထားကြောင်း အသိပေးရင်း ကျောင်းသွားချင်အောင် စည်းရုံးပါ။ ကျောင်းကပြန်လာရင်လည်း ကျောင်းတက်တဲ့အတွက် ဆုချတဲ့ အနေနဲ့ ဘယ်လိုလေးတွေ ပြင်ဆင်ပေးမယ်ဆိုတာမျိုးလေးကို သေချာရှင်းပြရင်း ကျောင်းသွားချိန် ငိုတာကို ရှောင်ဖို့ လုပ်ပါ။ကျောင်းက ပြန်လာချိန်မှာ ကလေးကို ချီးကျူးဖို့ မမေ့ပါနဲ့။ကလေးက ကျောင်းသွားရတာ ပျော်လာပြီး သူ့ကိုယ်သူ ယုံကြည်မှု တိုးလာစေဖို့အတွက် ကလေးကို ကျောင်းက ပြန်ရောက်တိုင်းမှာ သားသားက တော်လိုက်တာ မီးမီးက လိမ္မာလိုက်တာ ကျောင်းသွားတယ်။ တစ်နေ့တာ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ကောင်းကောင်းဆော့တယ်၊ မန်းမန်းတွေလည်း ကုန်အောင် စားတယ်လို့ ဆရာမကလည်း ပြောတယ်။ မေမေ့ ကလေးလေးက တော်လိုက်တာ စသဖြင့် ချီးကျူးပေးပါ။ဒီလို ချီးကျူးပေးတာက ကလေးကို ကျောင်းတက်ဖို့ စိတ်အားထက်သန်စေမှာပါ။ကလေးကို ကျောင်းမနောက်ကျအောင် ဂရုစိုက်ပါ။ကလေးကတစ်ခါတလေမှာ ကျောင်းမသွားချင်တာက ကျောင်းနောက်ကျမှ သွားရလို့၊ ပြန်လာကြိုချိန် မေမေက နောက်ကျလို့ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကျောင်းပို့ချိန်ကိုလည်း အချိန်မီ ပို့ပေးပြီး ပြန်ကြိုချိန်မှာလည်း နောက်မကျဖို့ ဂရုစိုက်ပေးပါ။ ကျောင်းကြိုနောက်ကျတာကလည်း ကလေးကို ကျောင်းမတက်ချင်အောင် ဖြစ်စေနိုင်ပါတယ်။ကလေးက ကျောင်းမသွားချင်လို့ အချိန်ဆွဲတာမျိုးကို  ခွင့်မပြုမိပါစေနဲ့။ကလေးတွေက တစ်ခါတလေ ကျောင်းမသွားချင်တဲ့အခါ အိပ်ရာထဲက မထတာ၊ ရေမချိုးချင်ဘူးဆိုပြီး ပတ်ပြေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီအခြေအနေမှာ မေမေတို့ အနေနဲ့ ကလေးကို ဆူတာမျိုးလည်း မဟုတ် ခြိမ်းခြောက်တာမျိုးလည်း မဖြစ်စေဘဲ ကလေးကို မနက် ၇ နာရီ ထိုးပြီ အိပ်ရာ ထချိန်ရောက်​ပြီ  အိပ်ရာက ထတော့။ ပြီးရင် ရေချိုးရမယ်။မနက်စာစားရမယ် စသဖြင့် ကလေးကို အချိန်ဇယားအတိုင်း လုပ်ပေးပါ။ကလေးကို တာတာ့ ပြောဖို့ မမေ့ပါနဲ့။ကလေးကို ကျောင်းပို့တဲ့အခါ ကလေး ကျောင်းရောက်သွားပြီဆိုရင် ဒီအတိုင်း ထားခဲ့တာမျိုး မလုပ်ဘဲ ကလေးကို တာ့တာ ညနေ လာကြိုမယ်နော် စသဖြင့် နွေးထွေးစွာနဲ့ ပြောဆိုနှုတ်ဆက်ပါ။ကလေးကို ချစ်ကြောင်းပြသပေးပါ။ ဒီလို လုပ်ပေးတာက ကလေး ကျောင်းပျင်းချင်စိတ်ကို တစ်ဖက်တစ်လမ်းက လျှော့ပေးလိုက်တာပါပဲ။ငယ်စဉ်အချိန်မှာ တူတူရေဝါး ဆော့ပေးပါ။ကလေးတွေ ကျောင်းမှာ မပျော်တာ သူချစ်ရတဲ့သူတွေက သူ့ကို ကျောင်းမှာထားပြီး ပျောက်သွားပြီ။ ပြန်မတွေ့ရတော့ဘူးလို့ ခံစားရတာကြောင့်ပါ။ ဒီအတွက် ငယ်စဉ်ကာလ အသက်  ၆လကနေ ၉လ(တချို့ကလေးတွေဆို ၄လ) လောက်ကစပြီး တူတူရေဝါး ဆော့ပေးဖို့ လိုပါတယ်။ ဒါက object permanence ဖြစ်တဲ့ ပျောက်သွားတဲ့အရာက ပြန်ပေါ်လာနိုင်တယ်ဆိုတဲ့ conceptကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။ဒီနည်းလမ်းလေးတွေနဲ့ ကလေးကိုကျောင်းတက်ချင်စိတ်ဖြစ်လာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။# အမှာစကား။ကလေးတွေက ကျောင်းနေပျော်စေဖို့ မေမေတို့ဘက်က ဂရုစိုက်ပေးဖို့ အရေးကြီးသလို ဆရာမနဲ့လည်း ကလေးရဲ့ အခြေအနေကို မပြတ်တမ်း မေးမြန်းဆွေးနွေးမှုတွေ လုပ်ပါ။ ကလေးကို ကျောင်းမတက်ရင် ဘာဖြစ်မယ်၊ ဘာကောင်ကြီး ကိုက်လိမ့်မယ် ဆိုတာမျိုးတွေနဲ့ ကြောက်အောင် ခြိမ်းခြောက်တာမျိုး မလုပ်မိပါစေနဲ့။ ကျောင်းတက် မပျော်တာမျိုးကို ဖြစ်စေရတဲ့ အကြောင်းအရင်း အခက်အခဲလေးကို မေးပြီး အတူတူ ဖြေရှင်းပေးတာမျိုး လုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/what-to-do-when-your-child-doesnt-want-to-go-to-school/
ပျော်ရွင်ခြင်းဟော်မုန်းများ
ဟော်မုန်းဆိုတာ သင့်ကိုယ်ခန္ဓာထဲက ဂလင်းမျိုးစုံကနေ ထုတ်လုပ်ပေးနေတဲ့ ဓါတုပစ္စည်းများဖြစ်ပါတယ်။ အဆိုပါ ဟော်မုန်းများ ဟာ သွေးထဲမှာလှည့်ပတ်ပြီး ကိုယ်ခန္ဓါရဲ့လုပ်ငန်းတာဝန် အသီးသီးကို ထမ်းဆောင်ပါတယ်။ ဒီဟော်မုန်းတွေထမ်းဆောင်တဲ့ တာဝန်များထဲက အရေးပါတဲ့ တာဝန်တစ်ခုကတော့ သင့်ရဲ့စိတ်ကို သာယာပျော်ရွှင်စေခြင်း၊ ကျေနပ်နှစ်သိမ့်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဆိုပါဟော်မုန်းများကို ပျော်ရွှင်ခြင်းဟော်မုန်းများလို့ အမည်တပ်နိုင်ပါတယ်။ပျော်ရွှင်ခြင်းဟော်မုန်းများလို့ တင်စားနိုင်တဲ့ ဟော်မုန်းတွေမှာ အဓိကအားဖြင့် အောက်ပါအမျိုးအစားတွေ ပါဝင်ပါတယ်။၁။ဒိုပါမင်း။ဒီဟော်မုန်းကတော့ သင့်ကို နေလို့ထိုင်လို့ကောင်းစေပါတယ်။ ပျော်ရွှင်နှစ်သက်ဖွယ်ရာ အာရုံခံစားမှုများနဲ့ ဆက်စပ်နေပါတယ်။၂။ဆီရိုတိုနင်။ဒီဟော်မုန်းဟာ အာရုံကြောလျှပ်ကူးပစ္စည်းတမျိုးဖြစ်ပြီး သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ အစားအသောက်ကောင်းခြင်း၊ အစာကြေညက်ခြင်း၊ သင်ယူမှုစွမ်းရည်၊မှတ်ဉာဏ်စွမ်းရည်စတာတွေအတွက် အရေးပါပါတယ်။၃။အောက်ဆီတိုဇင်။ချစ်မေတ္တာကို ကိုယ်စားပြုတဲ့ဟော်မုန်းဖြစ်ပါတယ်။ ကလေးမီးဖွားခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း စတာတွေအတွက် မရှိမဖြစ်အရေးပါပါတယ်။ ယုံကြည်မှု၊ ကိုယ်ချင်းစာတရား၊ ချစ်ခြင်းမေတ္တာ စတာတွေကို ထင်ဟပ်စေပါတယ်။ ပွေ့ဖက်နမ်းရှုပ်ခြင်းနဲ့ ဖိုမကိစ္စတွေမှာ အောက်ဆီတိုဇင်ဟော်မုန်းပမာဏ မြင့်တက်တတ်ပါတယ်။၄။အင်ဒေါ်ဖင်။ဒီဟော်မုန်းကတော့နာကျင်ခံစားမှုများကို သက်သာစေဖို့ သဘာဝရဲ့လက်ဆောင်လို့ ဆိုရပါမယ်။ စိတ်ဖိစီးခြင်းနဲ့ ထိခိုက်နာကျင်ခြင်းများ ခံစားရချိန်မှာ ကိုယ်ခန္ဓါကနေ ထွက်လာတတ်ပါတယ်။ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဖိုမဆက်ဆံခြင်း စတဲ့အချိန်တွေမှာလည်း ထွက်ပေါ်တတ်ပါတယ်။အဆိုပါဟော်မုန်းလေးမျိုးဟာ လူတယောက်ရဲ့စိတ်ကို နာကျင်စရာများကနေ အထိုက်အလျောက် သက်သာစေပြီး ပျော်ရွှင်ကျေနပ်မှုကိုပေးတာမို့ လူသားတို့အတွက် အရေးကြီးလှပါတယ်။ ဆက်လက်ဖော်ပြမှာကတော့ ဒီဟော်မုန်းတွေကိုကိုယ်ခန္ဓါကနေ ထွက်ပေါ်လာအောင် ဘယ်လိုလှုံ့ဆော်ပေးမလဲဆိုတာပါပဲ။အောက်ပါအချက်များကတော့ အသုံးဝင်မယ့်နည်းလမ်းတချို့ဖြစ်ပါတယ်။၁။ အပြင်ထွက်ပါ။နွေးထွေးတဲ့နေရောင်ခြည်အောက်ကိုထွက်ပြီး လှုပ်ရှားမှုပြုလုပ်ခြင်းဟာ ဆီရိုတိုနင်နဲ့ အင်ဒေါ်ဖင်ဟော်မုန်းတွေကို ထွက်လာစေပါတယ်။ နေ့စဉ် ၁၀-၁၅မိနစ်ခန့် ပြင်ပလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ အထောက်အကူပြုပါတယ်။ နေရာတခုတည်းကိုပဲ ထပ်တလဲလဲထိတွေ့ခြင်းထက် နေရာရှုခင်းအသစ်တွေဆီ ထွက်ပေးခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။၂။ မိတ်ဆွေသူငယ်ချင်းများနဲ့ရယ်မောပါ။ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက် ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ ရယ်မောခြင်းဟာစိတ်ပူပန်မှု၊ ဖိစီးမှုကို အတန်ငယ်သက်သာစေပါတယ်။ အထူးသဖြင့် သင်ချစ်ခင်နှစ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရယ်ပွဲဖွဲ့ခြင်းဟာ ဒိုပါမင်းနဲ့ အင်ဒေါ်ဖင်ဓါတ်တွေ ထွက်လာစေပြီး စိတ်ကိုပျော်ရွှင်ပေါ့ပါးစေပါတယ်။ ရယ်စရာဟာသဗီဒီယိုများ ဝေမျှခြင်း၊ ဟာသစာအုပ်များ ဝေမျှဖတ်ရှုခြင်း စတဲ့အလေ့အထကို အကောင်အတည်ဖော်ပါ။ သင်ချစ်နှစ်သက်ရသူတဦးဦးနဲ့ အတူပျော်ရွှင်ရယ်မောခြင်းဟာ အောက်ဆီတိုဇင်ဟော်မုန်းကိုလည်း မြင့်တက်စေပါတယ်။၃။ ချစ်ခင်ရသူနှင့်အတူ ကြိုက်နှစ်သက်ရာစားစရာများ ပြင်ဆင်စားသောက်ပါ။ဒီအချက်ဟာ လက်တွေ့မှာ ဟော်မုန်းလေးမျိုးစလုံးကို မြင့်တက်စေတယ်လို့ သိရပါတယ်။ အရသာကောင်းမွန်ပြီး သင့်ရဲ့နှစ်သက်ဖွယ်ရာဖြစ်တဲ့ စားသောက်ဖွယ်ရာများဟာ ဒိုပါမင်းကိုရော အင်ဒေါ်ဖင်ကိုပါ ထွက်လာစေပါတယ်။ ဒီစားရာတွေကို သင်ချစ်ရသူနဲ့ မျှဝေစားသောက်တဲ့အခါ အောက်ဆီတိုဇင်ဟော်မုန်းကို မြင့်တက်စေပါတယ်။၄။သီချင်းနားထောင်ပါ။တေးဂီတဟာ ပျော်ရွှင်ခြင်းဟော်မုန်းများကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းတခုပဲ ဖြစ်ပါတယ်။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံများကို နားဆင်ခြင်းဟာ ဒိုပါမင်းဟော်မုန်းကို မြင့်တက်စေပါတယ်။ အမှန်တော့ ဘယ်တေးဂီတမျိုးမဆို နားဆင်ခြင်းဟာ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ အဲဒီအခါမျိုးမှာ ဆီရိုတိုနင်ပမာဏကို မြင့်မားလာစေပါတယ်။ ဂီတပညာရှင်တွေဆိုရင် တေးဂီတကို ဖန်တီးခြင်းကနေ ဒိုပါမင်းကို ပိုမိုထွက်ရှိစေပါတယ်။ ကခြင်း၊ သီဆိုခြင်း၊ စည်းချက်လိုက်ခြင်း စတာတွေဟာလည်း အထောက်အကူပြုပါတယ်။၅။တရားထိုင်ပါ။တရားထိုင်ခြင်းကနေ ကောင်းကျိုးသုခများစွာရရှိစေပြီး စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သုတေသနစာစောင်မှာ တရားထိုင်ခြင်းနဲ့ ဒိုပါမင်းဟော်မုန်းမြင့်တက်ခြင်းအကြား ဆက်စပ်မှုရှိကြောင်းဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တရားထိုင်ခြင်းကြောင့် အင်ဒေါ်ဖင်ဟော်မုန်း ပိုမိုထွက်ရှိကြောင်း အထောက်အထားတွေ တွေ့ရှိထားပါတယ်။ နေ့စဉ် အချိန်ရသလောက် တရားထိုင်ခြင်းဟာ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထွက်လာဖို့ အထောက်အကူပြုပါလိမ့်မယ်။၆။အိပ်ရေးဝအောင်အိပ်ပါ။အိပ်ရေးပျက်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးကို နည်းမျိုးစုံနဲ့ ထိခိုက်စေပါတယ်။ အိပ်ရေးဆက်တိုက်ပျက်တဲ့အခါ ဟော်မုန်းမညီမျှခြင်းကို ဖြစ်ပေါ်စေပြီး စိတ်ပိုင်းရော ရုပ်ပိုင်းကိုပါ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်ပြီး ဟော်မုန်းတွေ မျှတစေဖို့ တစ်ညကို ၇နာရီနဲ့ ကိုးနာရီကြား အိပ်စက်သင့်တယ်လို့ ဆိုထားပါတယ်။၇။ ချစ်စရာညနေခင်းလေးများ ဖန်တီးပါ။သင်ချစ်ခင်နှစ်သက်ရသူနဲ့ ပျော်ရွှင်ချမ်းမြေ့စရာ ရိုမန်တစ်ညနေခင်းများ ဖန်တီးခြင်းဟာ ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ပိုမိုထွက်ပေါ်စေပါတယ်။ ချစ်ခင်နှစ်သက်သူနဲ့ အတူရှိခြင်းကြောင့် အောက်ဆီတိုဇင်ဟော်မုန်းကို ပိုမိုမြင့်တက်စေပါတယ်။ ဒါ့အပြင်ရုပ်ပိုင်းဆိုင်ရာထိတွေ့လှုပ်ရှားမှုတွေဖြစ်တဲ့ နမ်းရှုတ်ခြင်း၊ ထွေးပိုက်ပွေ့ဖက်ခြင်း၊ အတူနေခြင်း စတဲ့အရာတွေကလည်း အောက်ဆီတိုဇင်ဟော်မုန်းကို ပိုမိုထွက်ရှိစေပါတယ်။ သင့်ချစ်သူနဲ့ ဝိုင်တစ်ခွက်အတူသောက်ခြင်းဟာ အင်ဒေါ်ဖင်ဟော်မုန်းထွက်လာစေဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။၈။ခွေးမွေးပါ။သင့်အချစ်တော် အိမ်မွေးခွေးလေးတွေဟာလည်း ချစ်ခြင်းမေတ္တာဟော်မုန်းဖြစ်တဲ့ အောက်ဆီတိုဇင်ကို ပိုမိုထွက်ပေါ်လာဖို့ အကူအညီပေးပါလိမ့်မယ်။ ခွေးလေးများကို ပွေ့ဖက်ခြင်း၊ အစာကျွေးခြင်း စတာတွေဟာ သင့်စိတ်ကို ကြည်နူးစေပြီး ပျော်ရွှင်ခြင်းဟော်မုန်းတွေလည်း မြင့်တက်လာမှာ သေချာပါတယ်။ (သင့်ခွေးကို ကာကွယ်ဆေး စနစ်တကျထိုးဖို့တော့ လိုပါတယ်။)။၉။အနှိပ်ခံပါ။စနစ်တကျ အနှိပ်ခံခြင်းဟာ ပျော်ရွှင်ခြင်းဟော်မုန်းတွေထွက်လာစေဖို့ အထောက်အကူပြုပါတယ်။ သင်ချစ်ရသူက ကြင်နာစွာ နှိပ်နယ်ပေးမယ်ဆိုရင်တော့ အောက်ဆီတိုဇင်ဟော်မုန်းပါ ပိုထွက်လာမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%9b%e1%80%bc%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9f%e1%80%ac%e1%80%b9%e1%80%99%e1%80%af%e1%80%94%e1%80%b9/
ဇီးဖြူသီး အသားအရေ လှစေသလား ....
ဇီးဖြူသီးလို့ ပြောလိုက်ရင် တော်တော်များများ အာရုံထဲကို ရောက်လာမယ့် အချက်က ငယ်ငယ်က အဖွားက စားကြည့် ဆေးဖက်ဝင်တယ်ဆိုလို့ စားလိုက်မိတုန်းက ခံစားမိဖူးတဲ့ ဖန်သလိုလို ခါးသလိုလိုနဲ့ ရေသောက်ချလိုက်ရင် ချိုသွားတဲ့အရသာကိုပဲ ဖြစ်မယ်ထင်ပါတယ်။ ဇီးဖြူသီးကကျန်းမာရေးအတွက် ကောင်းကျိုးများသလို အသားအရေကိုရော ထောက်ကူပေးနိုင်သလား။ ပြောချင်တာကတော့ ဇီးဖြူသီး အသားအရေ လှစေသလား …. ဆိုတာပါ။ဒီတော့ ဇီးဖြူသီးကအသားအရေအတွက် ဘယ်လိုတွေ ထောက်ကူပေးလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တွေကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း ရှိပါတယ်။ဇီးဖြူသီးလေးမှာ။ဇီးဖြူသီး အသားအရေ လှစေသလား …. ဆိုတော့ ဇီးဖြူသီးကအသားအရေ လှစေပါတယ်။ ဘယ်လို အသားအရေကို ကျန်းမာလှပစေသလဲဆိုတော့။ဇီးဖြူသီးက ဝက်ခြံတွေကိုရော ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေနိုင်ပါတယ်။ သွေးသန့်စေပြီး အသားအရေကို ကြည်လင် လှပစေပါတယ်။ အသားအရေကို ကြည်လင်လှပစေဖို့ ထောက်ကူပေးပါတယ်။ အစက်အပြောက်တွေကို သက်သာစေသလို အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကို ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ဇီးဖြူသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်တွေ ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပါတယ်။ အရေပြားမှာ ဇီးဖြူသီး အရည်ကို လိမ်းပေးလို့ ရသလို အနှစ်ကြိတ်ပြီး လိမ်းပေးလို့လည်း ရပါတယ်။ အသားအရေကို ကြည်လင်နူးညံ့စေမှာပါ။ဇီးဖြူသီးက အသားအရေကိုတင် ကြည်လင်စေတာ မဟုတ်ပါဘူး။ အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ အသားဖြူစေဖို့ ဇီးဖြူသီးမှုန့်ကို စားပေးလို့ ရပါတယ်။ အရေပြားဓာတ်မတည့်တာ၊ နှင်းခူတွေ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်နုပျိုစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုက အသားအရေကို  နုပျိုစေဖို့ ထောက်ကူပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။အရေပြားမှာ ဓာတ်မတည့်မှုကြောင့် နီမြန်းတာ ယားယံတာတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ဇီးဖြူသီး သတ္တုရည်ကို လိမ်းပေးလို့ ရပါတယ်။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ဇီးဖြူသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေပေါ်က အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေဇီးဖြူသီး ကြည်လင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/gooseberry-skin-benefits/
Scorpio တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
အောက်တိုဘာ ၂၄ရက်နေ့ကနေ နိုဝင်ဘာ ၂၂ရက်ကြား မွေးဖွားသူတွေကတော့ Scorpio တွေပဲ ဖြစ်ကြပါတယ်။ ဒီzodiac signပိုင်ရှင်တွေက ဒူပေဒဏ်ပေခံပြီး တော်ရုံလည်း မဖျားနာတတ်ကြပါဘူး။ ဖျားနာရင်တောင် မြန်မြန်သက်သာလာတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ စွန့်စားတတ်သူတွေ ဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရလွယ်သူတွေလည်း ဖြစ်ပါတယ်။ ခံစားချက်ကို မျိုသိပ်တတ်သူတွေဖြစ်လို့ စိတ်ဖိစီးမှုကိုလည်း အလွယ်တကူ ခံစားရနိုင်ပါတယ်။ ဒီလို အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့ Scorpio တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေ ဖြစ်မလဲ။Scorpio တွေ လွှမ်းမိုးထားတဲ့ နေရာတွေကတော့ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေ စွန့်ထုတ်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်၊ မစင်အိမ်၊ မျိုးပွားအင်္ဂါ စတာတွေက သူတို့ရဲ့ လွှမ်းမိုးရာ နေရာတွေပါ။ ဒီနေရာတွေက ပိုးဝင်လွယ်၊ ထိလွယ်ရှလွယ်တဲ့ နေရာတွေဖြစ်တဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။Scorpioတွေအနေနဲ့ ဒီနေရာတွေမှာ ထူးခြားတဲ့ လက္ခဏာတစ်ခုခု ခံစားရရင် သေချာကုသဖို့ လိုပါတယ်။အမြီးနေရာမှာ အဆိပ်ရှိနေတဲ့ Scorpioတွေက သူ့ကို လာထိရင် သူများကို ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဖြစ်ဖြစ် ထိခိုက်အောင် လုပ်မိတတ်ပါတယ်။ Scorpio တွေအနေနဲ့ နေ့စဉ်ဘဝမှာ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေဖို့ဆိုရင် စိတ်ခံစားချက်ကောင်းနေဖို့ လိုပါတယ်။သန့်စင်ခြင်းနဲ့ သက်ဆိုင်တဲ့ နေရာတွေကို လွှမ်းမိုးထားတဲ့ Scorpioတွေမှာ။စိတ်ထဲမှာ ခံစားချက်တွေ မျိုသိပ်တတ်တာ၊ တစ်ခုခုဆို ချက်ချင်းပြန်တုံ့ပြန်တတ်တာ စတဲ့ အစွန်းရောက်တဲ့ စိတ်အခြေအနေတွေက Scorpioတို့ကို ပင်ပန်းစေမှာပါ။ ဒါကြောင့် စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့၊ ပြောသင့်တာကို ပြောနိုင်ဖို့စိတ်ထွက်ပေါက်ပေးပါ။စိတ်ထွက်ပေါက်ပေးတဲ့အခါ အရက်၊ မူးယစ်ဆေး စတာတွေကို အသုံးမပြုဘဲ တရားထိုင်တာ၊ ကိုယ်ဝါသနာပါတာလေးတွေကို လုပ်တာ ဒါတွေက ကောင်းမွန်တဲ့ စိတ်ထွက်ပေါက်ပေးနည်းတွေပါ။Scorpio တွေ မကြာခဏ ထိခိုက်ဒဏ်ရာရတာ သူတို့ရဲ့ စွန့်စားတတ်တဲ့ ဗီဇကြောင့်ပါ။ ဒါကြောင့် စွန့်စားရတဲ့ အလုပ်တွေ (ဥပမာ တောင်တက်တာ)၊ တွန်းတွန်းတိုက်တိုက် အားကစားနည်းတွေ ကစားတဲ့အခါ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကြိုတင်ကာကွယ်ပါ။ သတိကြီးကြီးထားပါ။အစာခြေစနစ်နဲ့ ပတ်သက်ရင် လိပ်ခေါင်းဖြစ်နိုင်ခြေ များတဲ့အတွက် ဝမ်းချုပ်မခံဖို့ လိုပါတယ်။ဆီးအိမ်အတွက်ဆိုရင်လည်း ရေများများသောက်ဖို့၊ ရှူးမအောင့်ထားဖို့ အကြံပြုချင်ပါတယ်။အမျိုးသမီးတွေအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို သန့်ချင်ဇောနဲ့ အတွင်းထဲထိ ဆေးတာမျိုး မလုပ်ရပါဘူး။ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာ၊ သွေးဆင်းတာတွေကို သတိထားပါ။ အမျိုးသားတွေအနေနဲ့လည်း မိမိရဲ့ ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်လာတဲ့အခါ သတိထားပါ။Scorpio တွေက လိင်ကတဆင့် ကူးစက်ရောဂါတွေ မဖြစ်အောင် လိင်ဆက်ဆံဖော် မများပါစေနဲ့။ အကာအကွယ်သုံးပါ။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခု ခံစားရရင် ဆရာဝန်နဲ့ ပြသပါ။Scropio တွေရဲ့ biological cell saltက ကယ်ဆီယမ် ဆာလဖိတ် (Calcium sulphate) ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ပေးပြီး တစ်ရှူးအသစ်တွေ ဖြစ်စေတဲ့ အာနိသင်ရှိပါတယ်။ ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါက ပိုးဝင်ကူးစက်လွယ်တဲ့ ခါးအောက်ပိုင်းအင်္ဂါရပ်တွေအတွက် လိုအပ်ပါတယ်။ဒီသတ္တုဓာတ်ကို ဘလူးဘယ်ရီ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ အုန်းသီး၊ ထောပတ်သီး စတာတွေကနေ ရနိုင်ပါတယ်။ ဝမ်းဝရုံပဲ စားပါ။ အလွန်အကျွံမစားပါနဲ့။ အဆီ၊ အချိုနဲ့ အငန်တွေကိုလည်း လျှော့စားပါ။ အရက်စွဲလွယ်ပြီး အရက်မူးလာပြီး မကောင်းတဲ့ဘက်ကို ပိုရောက်သွားတတ်တာကြောင့် အလွန်အကျွံ မသောက်ဖို့ လိုပါတယ်။Water sign ဖြစ်တာကြောင့် ရေဓာတ်က Scorpio တို့အတွက် မရှိမဖြစ်လိုပါတယ်။ ရေများများသောက်တာက ဝမ်းချုပ်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်နိုင်ခြေ နည်းစေပါတယ်။ အစားအသောက်တွေကို သေချာဂရုစိုက်တာက Scorpioတို့ကို ပိုကျန်းမာစေမှာပါ။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-scorpio/
Aries တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
မတ် ၂၁နဲ့ ဧပြီ ၂၀ကြား မွေးတဲ့Zodiac signက အေးရီလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ Aries လေးတွေပဲ ဖြစ်ပါတယ်။ Aries တွေက များသောအားဖြင့် ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ ပြဿနာကြီးကြီးမားမား မရှိကြပါဘူး။ ပထမတစ်ချက်က သူတို့ကိုယ်တိုင်က အကောင်းမြင်စိတ်ရှိလို့ပါ။ နောက်တစ်ချက်က ခံနိုင်ရည်ကောင်းလို့ပါ။ ဒါပေမယ့်လည်း လူသားတွေ ဖြစ်တာကြောင့် ဖျားနာမှုတွေ၊ ရောဂါတွေကတော့ ရှိနေမှာပါပဲ။ Aries တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။Ariesတွေ လွှမ်းမိုးထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့ ဦးခေါင်း၊ မျက်လုံး၊ ကျောက်ကပ်နဲ့ သွေးပေါင်ချိန်တွေပဲ ဖြစ်ပါတယ်။Ariesတွေက အားအင်အပြည့်နဲ့ အလုပ်လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ခေါင်းသုံးတဲ့ အလုပ်တွေ၊ စိတ်အင်အားစိုက်ထုတ်ရတဲ့ အလုပ်တွေ လုပ်ကြသူများလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ဦးခေါင်းကို လွှမ်းမိုးထားတာပါ။ဒါ့ပြင် Aries တွေက စိုးရိမ်စိတ်များပြီး စိတ်မရှည်ကြသူများလည်း ဖြစ်ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း ကြိုးစားပြီး လုပ်မယ်ဆို မရရအောင် လုပ်တတ်ကသူများပါ။ ဒီလို စိတ်ပုံသဏ္ဍာန်ရှိတာကြောင့်လည်း သွေးပေါင်ချိန် တက်တဲ့ ပြဿနာကို ကြုံရတတ်ပါတယ်။စိတ်ဆုံးဖြတ်ပြီးရင် ရအောင်လုပ်မယ်ဆိုတဲ့စိတ်ကြောင့် နေမကောင်းဖြစ်လို့ အိပ်ရာထဲလဲနေရင်တောင် ဆက်လုပ်မယ်ဆိုပြီး ခေါင်းမာကြသူများဖြစ်ပါတယ်။စိတ်အားထက်သန်လွန်းတဲ့ Ariesတွေမှာ။နောက်ပြီး ဦးခေါင်းပိုင်းပြဿနာတွေ ဖြစ်တဲ့ သွားနဲ့ သွားဖုံးပြဿနာတွေ၊ ထိပ်ကပ်နာ စတာတွေလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။Aries တို့က ခေါင်းပူပူနဲ့ အလုပ်လုပ်တတ်သူတွေ ဖြစ်တာကြောင့် ဒါက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခေါင်းဆေးပြီး စိတ်ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ၊ အမူအကျင့်တွေကို စတင်မွေးမြူပါ။ ဥပမာ တရားထိုင်တာ၊ ဆေးရောင်ခြယ်တာ၊ သီချင်းအေးအေးလေးတွေ နားထောင်တာမျိုးပေါ့။ ကိုယ့်ရဲ့ စိတ်ကို ရှည်စေပြီး ပေါ့ပါးစေမယ့် အကျင့်လေးတွေ မွေးမြူပါ။သွေးပူတတ်တဲ့ Ariesတွေက လေ့ကျင့်ခန်းလုပ်ရင်လည်း ခပ်ကြမ်းကြမ်းလေ့ကျင့်ခန်းတွေ၊ စွန့်စားရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာ ကြိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို စိတ်တည်ငြိမ်စေတဲ့ ယောဂနဲ့ တွဲပြီး ကစားပေးပါ။နေမကောင်းဖြစ်ရင်တောင် အလုပ်လုပ်တတ်တဲ့ Ariesတွေအတွက် ဒီအချက်က အရေးကြီးပါတယ်။ ခန္ဓာကိုယ်က ပြောတာကို နားထောင်ပါ။ ပင်ပန်းနေရင် နားပါ။ အလုပ်အလွန်အကျွံလုပ်တာကို လျှော့ပါ။ အလုပ်ချိန် နားချိန် သေချာခွဲထားပါ။ အလုပ်ထဲမှာပဲ နှစ်မြုပ်နေတာကို ရှောင်ရပါမယ်။Aries ရဲ့ biochemical cell salt က ပိုတက်ဆီယမ် ဖော့စဖိတ် (potassium phosphate) ဖြစ်ပါတယ်။ ဒီဓာတ်ကြွယ်ဝတဲ့ စားစရာတွေကတော့ ပဲစိမ်း၊ ပန်းဂေါ်ဖီ၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ အာလူး စတာတွေပဲ ဖြစ်ပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာစေဖို့ နို့လည်း မှီဝဲရပါမယ်။ဆားနဲ့ အရက်ကိုတော့ ရှောင်ဖို့ လိုပါတယ်။ဆားက သွေးပေါင်ချိန်ကို တက်စေလို့ နောက်ပိုင်းမှာ လေဖြတ်တာ၊ ကျောက်ကပ်ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ အရက်ကလည်း အလားတူပဲ ဖြစ်ပါတယ်။ အဲ့ဒီအစား ရေများများသောက်သင့်ပါတယ်။ခြုံပြောရရင် Ariesတွေရဲ့ ခေါင်းပူပူနဲ့ ကိုယ့်ကိုယ်ကို မညှာဘဲ အလုပ်လုပ်တတ်တဲ့ အကျင့်က ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဒါကို အဓိက ပြုပြင်ဖို့ လိုပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-aries/
သွေးတွင်းကိုလက်စထရော ကျအောင် ဘာတွေစားရမလဲ
သွေးတွင်းကိုလက်စထရော ထဲမှာ အကျိုးပြု ကိုလက်စထရော ရှိသလို အကျိုးမပြုတဲ့ ကိုလက်စထရောလည်း ရှိပါတယ်။ ဒီကိုလက်စထရောပမာဏတွေက စားလိုက်တဲ့ အစားအစာတွေအပေါ်မှာ မူတည်ပြီး ပမာဏ ကွဲခြားတာတွေ ရှိနိုင်ပါတယ်။ နေ့စဉ် စားသောက်မှုတွေကကိုလက်စထရောအပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရော ကျအောင် ဘာတွေစားရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရေောတွေ များတာက သွေးကြောတွေထဲမှ အဆီအညစ်အကြေးတွေ များပြီးသွေးကြောကျဉ်းတာကနေတဆင့်နှလုံးရောဂါခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။အကျိုးပြုကိုလက်စထရော တိုးတက်စေဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်လို့ ရသလို မကောင်းတဲ့ သွေးတွင်းကိုလက်စထရော ကျအောင် လုပ်ဆောင်လို့ရတဲ့ နောက်ထပ် နည်းလမ်းတစ်ခုကတော့  အခုလို အစားအစာတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ကဲ …. သွေးတွင်းကိုလက်စထရော ကျအောင် ဘာတွေစားရမလဲ!။အုတ်ဂျုံ နဲ့ နှံစားသီးနှံတွေမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေသလို သွေးတွင်းကိုလက်စထရောကိုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းကအကျိုးမပြုကိုလက်စထရောတွေ ကျဆင်းစေဖို့ဆိုရင်တော့ နေ့စဉ် စားသုံးမှုမှာ အုတ်ဂျုံ နဲ့ နှံစားသီးနှံတွေကို ကို တစ်ပန်းကန်စာလောက် ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။နောက်ထပ် ပျော်ဝင်လွယ်တဲ့ အမျှင်ကို ရရှိနိုင်တဲ့ အစားအစာ အရင်းအမြစ် တစ်ခုကတော့ ပဲအမျိုးမျိုးပါ။ ပဲအမျိုးမျိုးက ပရိုတင်း ကြွယ်ဝသလို သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့လည်း ထောက်ကူပေးပါတယ်။နောက်တစ်ချက်က ပဲအမျိုးမျိုးက အခြားကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေလိုမျိုး သွေးတွင်းသကြားဓာတ်ကို မမြင့်တက်စေတာပါ။ ပဲအမျိုးမျိုးကသွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးသလို အကျိုးမပြုတဲ့ သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ကစီဓာတ် မပါတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်တဲ့ ကညွတ်၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးတာကလည်း သွေးတွင်းကိုလက်စထရောကို ကျဆသ်းစေနိုင်ပါတယ်။ဒီအသီးအရွက်တွေက အမျှင်ဓာတ်​တွေ ကြွယ်ဝစွာ ပါဝင်နေသလို ပရိုတင်းတွေလည်း ပါဝင်နေပါတယ်။ ဒီအသီးအရွက်တွေက မကောင်းတဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။မကောင်းတဲ့ သွေးတွင်းကိုလက်စထရောကျအောင် စားပေးရမယ့် နောက်ထပ် စားစရာ တစ်ခုကတော့ အခွံမာသီးတွေ၊ အယ်လ်မွန်စေ့၊ နှမ်းကြတ်စေ့စတာတွေကို လက်တစ်ဆုပ်စာလောက် ပုံမှန် စားပေးတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီအစေ့အဆန်တွေနဲ့ အခွံမာသီးတွေကနှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဘယ်ရီသီးတွေဖြစ်ကြတဲ့ ဘရက်စ်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ သလဲသီး၊ စတော်ဘယ်ရီတွေက ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် များစွာပါဝင်ပြီး သကြားဓာတ် ပါဝင်မှုလည်း နည်းပါတယ်။ဒါ့ပြင် တခြား အမျှင်ဓာတ်များတဲ့ အသီးအနှံတွေကိုလည်း စားပေးသင့်ပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ဆိုရင် အမျှင်ဓာတ်များတာတွေကို စားပေးလို့ ရပါတယ်။အပင်အခြေခံထားတဲ့ အစားအစာတွေက အာဟာရ ပြည့်ဝသလို ကျန်းမာရေးနဲ့ အတော်လေး ညီညွတ်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပဲပိစပ် နဲ့ ပဲပိစပ်ကနေ ထုတ်ထားတဲ့ ပဲပြား၊ တို့ဟူးစတာတွေကို စားပေးတာကလည်း ကျန်းမာစေဖို့ နည်းလမ်းကောင်းပါ။ အကျိုးမပြုတဲ့ သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ပဲပိစပ်ကို စားပေးလို့ ရပါတယ်။တူနာငါးတွေ နဲ့ ဆယ်လ်မွန်ငါးတွေက နှလုံးကျန်းမာစေပြီးomega-3 fatty acidsပါဝင်နေတာက သွေးတွင်းကိုလက်စထရောကျအောင် ထောက်ကူပေးနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ omega-3 fatty acids ကြွယ်ဝတဲ့ ပင်လယ်ငါးတွေကို စားသုံးပေးတာက သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အခုပြောခဲ့တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးတာက သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-to-reduce-cholesterol/
Exfoliate လုပ်တာများလို့ အသားအရေထိခိုက်လာတဲ့ လက္ခဏာ (၆) မျိုး
အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ Exfoliate လုပ်ရင်တော့ အသားလေး ဖြူပြီး လင်းလာတတ်တာပေါ့။ဒါပေမယ့် ချွေးပေါက် ပြန်ကျဉ်းအောင်Tonerသုံးပေးရမယ်၊ အစိုဓာတ် ထိန်းဖို့ Moisturizer ပြန်သုံးပေးရမယ်။ ဒီလိုလေး ပြန်မထိန်းသိမ်းဘဲ Exfoliate ချည်း လုပ်နေမယ်ဆို ကြာလာရင် အသားအရေ ထိခိုက်လာပြီး နဂိုအလှပါ ပျက်စေနိုင်ပါတယ်။မျက်နှာ မှာအသားအရေတင်းတင်းကြီး ဖြစ်ပြီး အသားခြောက်လာမယ်။ ရယ်လိုက်ရင်တောင် အသားပပ်ထားသလို တင်းနေတာမျိုး ဖြစ်လာနိုင်ပါတယ်။ Exfoliateလုပ်ဖို့ Scrub သုံးတာ များပြီး ပြန်မထိန်းသိမ်းလို့ သဘာဝအဆီတွေ မရှိတော့တာကြောင့်ပါ။မျက်နှာ အဆီပြန်တာက အသားအရေ ခြောက်သွေ့တာကြောင့် ဖြစ်လာတာလို့ သိထားဖို့ လိုပါတယ်။ ရေဓာတ် နည်းပြီး သဘာဝအဆီတွေ Scrub နဲ့အတူ ပါသွားတဲ့ အခါ အရေပြားက အလိုအလျောက် အဆီပိုထုတ်ပေးပါတယ်။အရင်နဲ့မတူဘဲ အဆီပိုပြန်နေပြီဆို မျက်နှာသန့်စင်တာ လွန်ကဲပြီး အစိုဓာတ် ထိန်းဖို့ လိုအပ်နေပြီလို့ သတိရပါ။ဆဲလ်သေ ဖယ်ရှားတာ လွန်ကဲနေတဲ့ မျက်နှာ အသားအရေဟာ နီမြန်းတာ၊ ယားယံတာ၊ လောင်တာ၊ စပ်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ အသားအရေကို ဓာတ်မတည့် ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ယားယံ စပ်လောင်စေနိုင်တဲ့ အရာတွေကနေ ကာကွယ်ပေးတဲ့ အပေါ်ယံအလွှာ ထိခိုက်သွားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။မျက်နှာကို Exfoliate လုပ်ပြီးရင် မျက်နှာသုတ်ပဝါ နဲ့ သုတ်တဲ့အခါ ပွတ်မသုတ်ဖို့၊ မကြမ်းဖို့လည်း အရေးကြီးပါတယ်။ အသာအယာ တို့ပြီး သုတ်သင့်ပါတယ်။အရေပြားရဲ့ အပေါ်ယံလွှာ ပျက်စီးမှတော့ ဘက်တီးရီးယားဝင်ဖို့ ပိုလွယ်ကူတာပေါ့။ ဒီလိုကနေ မျက်နှာမှာ ဝက်ခြံလေးတွေ အစီအရီ ရောက်လာတတ်ပါတယ်။ အသားအရေ ပြန်မထိန်းသိမ်းမှုကြောင့်ချွေးပေါက်ကျယ်ခြင်းရဲ့ အကျိုးရလဒ်လည်း ဖြစ်ပါတယ်။နောက်ဆုံးမှာ အရေပြား ကုသထိန်းသိမ်းမှု မလုပ်မချင်း ပထမ ဝက်ခြံ မပျောက်ခင် အသစ် ထပ်ထပ်ထွက်လာတာမျိုး အမျှင်မပြတ် ဝက်ခြံဖြစ်လာရပါတော့တယ်။မျက်နှာအသားအရေ၊ အထူးသဖြင့် နဖူးတဝိုက် ပြောင်လက်လာတာ သိပ်တော့ ကောင်းတာ မဟုတ်ဘူးနော်။ ဒါက စကင်အကဲလွန်သွားတဲ့ လက္ခဏာတစ်ခု ဖြစ်နေတာ သင်သိပါရဲ့လား။ဆောင်းရာသီ မှာ အသားပပ်ထားသလိုပါပဲ။ Exfoliate လုပ်တာ များလွန်းရင် အသားခြောက်မယ်၊ ကြမ်းလာမယ်၊ အဖတ်တွေ ကွာမယ်၊ အစိုဓာတ် ဆုံးရှုံးမယ်လေ။အသားအရေ ကို အမြန်ဆုံး ပြန်ကုစားနိုင်ဖို့ –။နောက်ဆုံး မသက်သာဘူး သို့မဟုတ် ပိုဆိုးလာတယ် ဆိုရင် ဆရာဝန် အမြန်ဆုံးပြပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/exfoliate-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1/
ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး
ကြက်သွန် အဖြူ၊ အနီလေးကို ဆီသတ်ပြီး ကြော်ချက်လေးပဲ ချက်ချက်၊ ငရုတ်သီးစိမ်း စိမ်းစားငပိလေးနဲ့ပဲ ချဉ်ချဉ်စပ်စပ်လေး ချက်ချက် ထမင်းမြန်သလို စားရတာ ကောင်းတဲ့ ဘူးညွန့်လေးကို ကြိုက်တဲ့သူတွေ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး အကြောင်းလေး ဖတ်ကြည့်လိုက်ပါ။ဘူးညွန့်ဆိုတာကဘူးပင်ရဲ့ အရွက်ပါ။ နွယ်တက်တတ်ပြီး အရွက်က အစိမ်းရောင် ဖားဖားလေးတွေပါ။ အရွက်လေးတွေနဲ့ ရိုးတံလေးတွေမှာ အမွေးပါးပါးဖြူဖြူလေးတွေ ပါတတ်ပါတယ်။ အရသာက နုပြီး လတ်လတ်ဆတ်ဆတ်ဆိုရင် ချိုပါတယ်။ ရိုးတံလေးတွေကိုရော အရွက်လေးတွေကိုပါ သေချာလေး သန့်စင်ပြီး ပြုတ်စားတာ ကြော်စားတာ ကြော်ချက်ချက်စားတာ ချဉ်ရည် ချက်စားတာ စသဖြင့် စားပေးလို့ ရပါတယ်။စားရတာ တကြွပ်ကြွပ်နဲ့ အရသာရှိတဲ့ဘူးညွန့်မှာ။စားရတာ အရသာရှိတဲ့ ဘူးညွန့်လေးက။ဘူးညွန့်လေးကအမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေသလို ကယ်လ်လိုရီ ပါဝင်မှုလည်း နည်းပါတယ်။ ဒါ့အပြင် ဘူးညွန့်မှာ ထိန်းညှိပေးနိုင်တဲ့ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ ဗီတာမင် A၊ ဗီတာမင် E၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘူးညွန့်လေးကို အရည်ကြိတ်ပြီးသံပရာရည်နည်းနည်းနဲ့ သောက်ပေးလို့ရပါတယ်။ ဒီလိုသောက်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။ဘူးညွန့်လေးက အမျှင်ဓာတ်ကြွယ်ဝမှုကြောင့်ဝမ်းချုပ်တာကို သက်သာစေသလို အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။ဝမ်းမှန်စေလို့ အစာခြေစနစ်တလျှောက် သန့်စင်စေပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။အူမကြီးကျန်းမာပြီး ရောဂါကင်းစေဖို့ ဘူးသီးကို စားပေးလို့ရပါတယ်။ ဘူးညွန့်လေးက အစာ​ကြေစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသေးတယ်။ဘူးညွန့်လေးက ခန္ဓာကိုယ် အပူငြိမ်းစေပြီးရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။အစာအိမ်ကို အေးစေနိုင်ပြီး ခန္ဓာကိုယ်ကအပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ချွေးတအားထွက်တဲ့ နွေရာသီမှာ စားပေးသင့်တဲ့အစားအစာတစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။နှာခေါင်း သွေးလျှံတာ၊ဝက်ခြံနဲ့ ပါးစပ်ထဲမှာ အနာဖြစ်တာလိုမျိုး ပြဿနာတွေ ကင်းစေဖို့အတွက် ဘူးညွန့် စားပေးလို့ရပါတယ်။ဘူးညွန့်လေးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့်နှလုံးကျန်းမာစေဖို့အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဘူးညွန့်လေးကဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ choline ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက် စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်သလို စိတ်ဖိစီးတာနဲ့စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။စိတ်ကျန်းမာရေးကို ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ သကြားဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဘူးညွန့်လေးကို စားပေးလို့ ရပါတယ်။ ပရိုတင်း နဲ့ အခြားအာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ဘူးညွန့်လေးကကြွက်သားတွေကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဘူးညွန့်လေးက ကျန်းမာရေးနဲ့ ညီညွတ်သလို အများစုနဲ့လည်း တည့်ပါတယ်။ ဓာတ်မတည့်ဘူးဆိုရင်တော့ မစားပါနဲ့။ သာမန်လူတွေကတော့ အလွန်အကျွံ မစားမိဖို့ပဲ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-eating-bottle-gourd-leaves/
ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ
မိုးလေးကုန် ဆောင်းလေးကူးချိန်ရဲ့ အလှအပတရားကို ပြည့်ပြည့်ဝဝ မခံစားနိုင်ကြသူလေးတွေ ရှိပါတယ်။ သူတို့လေးတွေကတော့ ချစ်စရာ သားသားမီးမီးတို့ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတွေပါ။ ကလေးတွေက ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့် ရာသီ အကူးအပြောင်းမှာ ဖျားနာမှု ဖြစ်လွယ်ကြပါတယ်။ ဒီတော့ မိုးကုန်လို့ ဆောင်းကူးချိန်မှာ အေးမြတဲ့ ဆောင်းတွင်းကို မပျော်ခင်မှာ ခေါင်းထဲကို အရင်ဆုံး ရောက်လာတဲ့ အတွေးက အိမ်က သားသားများ  ဖျားလေမလား! မီးမီးများ ဖျားလေမလား! ဟုတ်။ဒါဆိုရင်တော့ အခုပြောပြမယ် အကြောင်းအရာလေးကို အမြန်ဆုံး ဖတ်ကြည့်ဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်။ ဒီလိုပြောရတာက အခုတစ်ခေါက်မှာ ချစ်ရတဲ့ မေမေ ပရိသတ်တို့အတွက် ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ ဆိုတဲ့ အကြောင်းလေးမို့လို့ပါ။ကလေးတွေက ဆောင်းဝင်ချိန်မှာ အဖျားအနာ များသလို မိုးဦးမှာလည်း ဖျားနာကြပါတယ်။ ဆောင်းမှာကတော့ အေးမြခြောက်သွေ့နေတဲ့ ရာသီဥတု အခြေအနေက အအေးမိဖျားနာ ဖြစ်စေတဲ့ ရောဂါပိုးတွေနဲ့ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက လေထုထဲမှာ ပုံမှန်ထက် အရေအတွက်အားဖြင့် ပိုများနေသလို အချိန်အားဖြင့်လည်း ကြာမြင့်စွာ ရှင်သန်နိုင်ကြလို့ပါ။​နောက်တစ်ချက်က အပေါ်မှာ ပြောခဲ့သလိုပဲ သားသားမီးမီးတို့က ကလေးအရွယ်ဖြစ်တာကြောင့် ကိုယ်ခံအားက ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်လည်း ဖျားနာမှုကို ကူးစက်လွယ်ပြီး ဆောင်းရာသီမှာ ပုံမှန်အချိန်တွေထက် ဖျားနာ လွယ်ကြတာပါ။သားသားမီးမီးတို့ကို ပိုင်ဆိုင်ထားတဲ့ မိဘတွေမှာ သားသားမီးမီးတို့ နဲ့ပတ်သက်ပြီး ဆန္ဒတွေ အမျိုးမျိုး ရှိကြပေမယ့် မိဘတိုင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ အကြီးမားဆုံး ဆန္ဒကတော့ ကိုယ်ရဲ့ သားသားမီးမီးတွေကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေချင်တာပါ။သားသားမီးမီးတို့ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာခြင်းက မိဘတိုင်းအတွက် တန်ဖိုးဖြတ်မရတဲ့ ပျော်ရွှင်မှု တစ်ခုဆိုလည်း မမှားပါဘူး။ ဒီဆန္ဒလေး ပြည့်ဝစေဖို့ရာမှာ မေမေဖေဖေတို့ဘက်က ဘာတွေကို ဂရုစိုက်ပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့  ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ ဆိုတော့။သားသားမီးမီးတို့ရဲ့တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်မိဖို့ လိုသလို သူတို့ရဲ့ အသုံးအဆောင်တွေကိုလည်း သေချာလေး ပိုးသတ်ပေးတာမျိုး လုပ်ပေးဖို့ လိုပါမယ်။ ကလေးကို မကြာခဏလက်ဆေးပေးဖို့လည်း လိုပါတယ်။နောက်ထပ် ဂရုစိုက်ပေးသင့်တာလေးတွေကတော့ ကလေးကို အသက်အရွယ်နဲ့ အလိုက်ကာကွယ်ဆေးလေးတွေ ထိုးနှံပေးတာပါ။ ခုခံအား ကောင်းကောင်း မဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးမွှား အန္တရာယ်ကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ လိုပါတယ်။ တုပ်ကွေးကာကွယ်ဆေးလည်း ထိုးထားပေးသင့်ပါတယ်။လူကြီးတွေ ခုခံအားတက်အောင်  လေ့ကျင့်ခန်းလုပ်ရသလိုမျိုး ကလေးတွေလည်း လှုပ်လှုပ်ရှားရှားနေဖို့ လိုပါတယ်။ ကလေးတွေမှာ လွတ်လွတ်လပ်လပ် ဆော့ကစားစေတာမျိုးက လေ့ကျင့်ခန်းလုပ်နေသလိုပါပဲ။ဒါ့ပြင် အရွယ်အလိုက် ပြည့်ဝတဲ့အိပ်စက်ချိန်ရှိတာကလည်း ခုခံအားတက်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။ဆောင်းတွင်းမှာ ခုခံအားတက်ဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးဖို့ကလည်း နည်းလမ်းတစ်ခုပါ။ ကလေးတွေအနေနဲ့ နေ့စဉ်စားသောက်မှုပုံစံမှာ ပါဝင်သင့်တာတွေက။ထမင်း။မြန်မာနိုင်ငံရဲ့ အဓိက စားစရာဖြစ်တဲ့ ထမင်းက ကလေးတစ်ယောက်ကြီးထွားစေဖို့ရာမှာ မပါမဖြစ် ထည့်သွင်း ပြင်ဆင်ပေးဖို့ လိုမှာပါ။ ထမင်းဆိုတာထက်ကာဘိုဟိုက်ဒရိတ်တစ်မျိုးမျိုးကို ပါအောင် ကျွေးပေးပါ။ကလေးက ထမင်းမစားဘူးဆိုရင်လည်း ခေါက်ဆွဲ၊ ကြာဆန်၊ အာလူး စသဖြင့် ကာဘိုဟိုက်ဒရိတ် ပါဝင်တာတစ်ခုခု ကျွေးပေးနိုင်ပါတယ်။အသား၊ ငါး။ကလေးတစ်ယောက်ကိုယ်ခံအားကောင်းစေဖို့နဲ့ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ပရိုတင်း ပြည့်ဝလုံလောက်စေဖို့ ကြက်သားကို အရေခွံ မပါဘဲ ပြင်ဆင်ပေးတာမျိုး အဆီမပါတဲ့ အနီရောင်အသားကို ပြင်ဆင်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ဒါ့ပြင် ရေချိုငါး ဒါမှမဟုတ် ပင်လယ်ငါးတွေကို ကျွေးပေးတာကလည်း ပရိုတင်းအပြင်ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ အိုမီဂါသရီးပါ ဖြည့်စွက်ပြီးသား ဖြစ်မှာပါ။အသီးအရွက်နဲ့ သစ်သီးများ။အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ရောင်စုံ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို စားသုံးပေးတာ က အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေက အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေပြီး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာပါ။ပဲအမျိုးမျိုး။ပဲအမျိုးမျိုးကပရိုတင်းရရှိစေနိုင်တဲ့ အစားအစာ တစ်မျိုးပါ။ အသားမစားတဲ့ ကလေးတွေအတွက်တော့ ပရိုတင်း အရင်းအမြစ်က ပဲအမျိုးမျိုးပါ။ ဒါကြောင့် ကလေးကို ပဲဟင်းချိုလေး ချက်ကျွေးတာ၊ ပဲပြုတ်ထမင်း ဆီဆမ်းလေး တွေ ပြင်ဆင်ပေးတာက နည်းလမ်းကောင်းပါ။ဥအမျိုးမျိုး။ကြက်ဥပေါင်း၊ ငုံးဥပြုတ်တွေကဗီတာမင် Dနဲ့ ပရိုတင်းကို ရရှိစေပြီး သားသားမီးမီးတို့ကို ကိုယ်ခံအား ဖြည့်ပေးနိုင်မှာ ဖြစ်သလို သားသားမီးမီးတို့ကိုလည်း အကြိုက်တွေ့စေမှာပါ။ ဒါကြောင့် ကလေးကို ကိုယ်ခံအား ကောင်းစေချင်ရင် နေ့စဉ် စားသုံးမှုမှာ ဥအမျိုးမျိုး ပါဝင်အောင် ပြင်ဆင်ပေးပါ။သားသားမီးမီးတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဖော်မြူလာနို့။ကလေးကို ကိုယ်ခံအားကောင်းစေဖို့ဖြစ်ဖြစ် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ အမျှင်ဓာတ် စတဲ့ အာဟာရဓာတ်တွေ  ပါဝင်နေတဲ့ ဖော်မြူလာနို့ကို ပြင်ဆင်ပေးတာက နည်းလမ်းကောင်းပါ။ အဆိုပါGrowing Up Milkလို့ခေါ်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့တွေဟာ ကလေးအသက်အရွယ်အလိုက် အာဟာရလိုအပ်ချက်ပေါ်မူတည်ပြီး သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်ထားတာကြောင့် ကိုယ့်ကလေးအသက်အလိုက် တိုက်ကျွေးပေးဖို့ အကြံပြုချင်ပါတယ်။ဒါ့ပြင် အစားအစာတွေကို ပူပူလောလော ချက်ပြုတ်ပြင်ဆင်ပေးတာ၊ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ပေးတာကလည်း ဆောင်းတွင်းမှာ ကလေးတွေ ဖျားနာမှု ကင်းစေဖို့ရော ကလေးကိုကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ဆောင်းရာသီကို စိုးရိမ်မှု ကင်းစွာနဲ့ ဖြတ်သန်းဖို့ အသင့်ပဲလား မေမေတို့ရေ ………။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/winter-safety-tips-for-children/
အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား
ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းလိုလို ကြုံဖူးမယ်ဆိုတာ သေချာသလာက်ပဲနော်။ အခုချိန်မှာဝက်ခြံမရှိတော့ဘူးဆိုရင်တောင် အရင်က ဖြစ်ဖူးတယ်ဆိုတဲ့သူရယ်။ အရင်ကတည်းက ပေါက်တာ အခုထိကို မပျောက်ဘူးဆိုတဲ့ သူရယ်။ တစ်ခုခုလေး မှားလိုက်တာနဲ့ ဝက်ခြံက ထွက်လာတော့တာပဲဆိုတဲ့သူရယ်ပါ။ ဝက်ခြံက အဖြစ်အများဆုံးအရေပြား ပြဿနာတစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး အချိန်ရာသီမရွေး ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။အိပ်ရေးပျက်တဲ့အခါ ဝက်ခြံ ပိုထွက်လာတာကို  ကြုံဖူးမှာပေါ့။ ဒါက တိုက်ဆိုင်မှု သက်သက် မဟုတ်ပါဘူး။ အိပ်ရေးပျက်တာကြောင့် ထွက်လာတဲ့ ဝက်ခြံတွေပါ။ အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား …. ဘာကြောင့် ထွက်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။အရေပြားပေါ်မှာချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား နဲ့ အရေပြားပေါ်က ဆဲလ်သေတွေ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ၊ ဖုန်မှုန့်တွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။ဒါကိုမှ ညှစ်မယ်၊ ကုတ်မယ်၊ ဖဲ့မယ်ဆိုရင်အမာရွတ်တွေကျန်တာ၊ ဝက်ခြံတွေ ပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။အိပ်ရေးပျက်ရင်ဝက်ခြံထွက်မှာလား ….. ဆိုတော့ ထွက်မှာပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အိပ်ရေးပျက်တာကစိတ်ဖိစီးတဲ့အခါခန္ဓာကိုယ်မှာ ထွက်လာတဲ့ ကော်တီစော ဟော်မုန်းပမာဏကို တိုးစေနိုင်ပါတယ်။ ဒီလို ကော်တီစော ပမာဏတိုးလာတာက အရေပြားမှာ အဆီတွေကို ဖြစ်စေပြီး အရေပြားပေါ်က ချွေးပေါက်လေးတွေ ရောင်ရမ်းလာပါတယ်။ ဒီလိုကနေ အရေပြားကို ပိုးဝင်ကူးစက်ပါတော့တယ်။ဒီလို ပိုးဝင်ကူးစက်တာက ပြည်ဖုလေးတွေ ဖြစ်စေပြီး ဝက်ခြံ ဖြစ်လာတာပါ။ ဝက်ခြံကို ဖြစ်စေတဲ့ အခြား အကြောင်းအရင်းတွေလည်း ရှိပေမယ့် ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက အိပ်ရေးပျက်တာပါ။အိပ်ရေးပျက်ရင် ဘာကြောင့်ဝက်ခြံထွက်ရတာလဲဆိုတော့။ခန္ဓာကိုယ်ထဲမှာ ကော်တီစော ဟော်မုန်း များတာက ကိုယ်ခံအားကို ထိခိုက်စေနိုင်သလို ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကို ဖြစ်စေပါတယ်။ ဒီလိုကနေ အရေပြားရောင်ရမ်း ပိုးဝင်ပြီး ဝက်ခြံတွေ ဖြစ်လာတာပါ။အိပ်ရေးပျက်တာက ခန္ဓာကိုယ် တစ်ခုလုံးကို ထိခိုက်စေတာ မှန်ပေမယ့် အထိခိုက်ဆုံး အပိုင်းက အသားအရေပါ။ အိပ်ရေးပျက်ပါ များလာတဲ့အခါ အရေပြားက နီမြန်းတာ၊အဆီပြန်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ရင်ဘတ်တွေ ကျောကုန်းတွေမှာရောပေါ့။ အိပ်စက်မှုက အရေပြားအတွက် အတော်လေး အရေးပါပါတယ်။ ဒီလို ပြောရတာက အိပ်စက်ချိန်မှာ ကိုယ်တွင်းက ကော်တီစော ဟော်မုန်းပမာဏ ကျဆင်းပြီး ခန္ဓာကိုယ်ရော အရေပြားပါ အနားရတာပါ။ ဒီလို အနားရမှာ အနာကျက်တာ၊ ဆဲလ်အသစ်ဖြစ်တာတွေကို ဖြစ်ပေါ်စေတာပါ။ကော်တီစော ဟော်မုန်းက အရေပြားပေါ်က အဆီဂလင်းတွေကို အဆီထုတ်လုပ်မှု များစေပြီး အရေပြားအဆီပြန်တာကြောင့် ချွေးပေါက်တွေ ပိတ်တာကနေတဆင့် ဝက်ခြံတွေ ဖြစ်လာစေတာပါ။အိပ်ရေးပျက်တာက ကိုယ်တွင်းဟော်မုန်းတွေကို ဟန်ချက်ပျက်စေရုံတင် မဟုတ်ပါဘူး။ ဦးနှောက်ထဲက chemicals တွေကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာတွေ ဖြစ်လာပြီး ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်လာတာကြောင့် အရေပြားပေါ်က ပြင်ပက အရာတွေကို ကာကွယ်ပေးတဲ့ အရေပြားပေါ်က အရံအတား စနစ်ကို ပျက်စီးစေပြီး ချွေးပေါက်တွေထဲကို ပြင်ပက အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေ ဝင်ရောက်တာကြောင့်  ဝက်ခြံတွေ ဖြစ်လာတာပါ။ကိုယ်ခံအား စနစ်က ကိုယ်တွင်းကို ရောဂါတွေ မဝင်လာနိုင်အောင် တားဆီးပေးသလို အရေပြားကိုလည်း ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေ အန္တရာယ်ကနေ တားဆီးပေးပါတယ်။အိပ်ရေးပျက်တာကကြောင့် ကိုယ်ခံအားနည်းသွားတဲ့အခါ ပိုးမွှားတွေကို ကာကွယ်နိုင်စွမ်း ကျသွားတာကြောင့် အရေပြားပေါ်က မွေးညှင်းပေါက်လေးတွေထဲမှာ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ ဝင်ရောက်ပိတ်ဆို့ပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။ အရေပြားကို ပိုးဝင်ကူးစက်တာတွေကိုလည်း ကာကွယ်နိုင်စွမ်း ကျသွားပါတယ်။အိပ်ရေးပျက်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စား၊ အမြန်စား အစားအစာတွေကို စားတာ၊ အချိုကဲတာတွေကို စားမိတာတွေကြောင့် အရေပြားမှာ အဆီတွေပြန်ပြီး ဝက်ခြံ ဖြစ်လာတာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/why-sleep-deprivation-causes-acne/
ကိုယ့် ဆံသား ကို ကိုယ်တိုင်ပျက်စီးမိစေတဲ့ အမူအကျင့်များ
ဆံပင်ဆိုတာမျိုးက အမျိုးသမီးတစ်ယောက်ရဲ့ ကောင်းခြင်းလက္ခဏာတွေထဲမှာ တစ်ပါးအပါဝင်ဖြစ်နေတဲ့ အရာပါ။ ဆံနွယ်လှလှလေးတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကိုက ဆွဲဆောင်မှုတစ်မျိုးမဟုတ်လား။ ဒီလို အလှတရားတစ်ခုဖြစ်တဲ့ ဆံသား တွေကို ထိန်းသိမ်းရတာက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒီကြားထဲ ကိုယ်တိုင် မသိလိုက်ပဲ ပြုမူနေတဲ့ အပြုအမူမှားတွေကြောင့်ဆံပင်တွေ ပိုပိုပျက်စီးရတတ်တာကလည်း ရှိနေပါသေးတယ်။ကဲ ဘယ်လိုအမှားတွေက ကိုယ့်ရဲ့ ဆံသားကိုပျက်စီးနေစေတာလဲဆိုတာကို ကြည့်ကြရအောင်။လူသိနည်းလှတဲ့ ဒီအပြုအမူတွေဟာ အမျိုးသမီးတွေရဲ့ ဆံသား အလှအပကို ထိခိုက်ပျက်စီးစေမှဖြစ်တာမို့ သတိထားဖို့ လိုအပ်လှပါတယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/wrecking-hair/
တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများအကြောင်း
ပါးစပ်က အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော အကျိုးမပြုတဲ့ဘက်တီးရီးယားတွေပါ ရာနဲ့ပြီး မှီခိုနေထိုင်ရာ နေရာ တစ်ခုပါ။ ဒီတော့ တစ်ယောက်ယောက်ရဲ့ တံထွေးနဲ့ ထိတွေ့မိရင် ဘာဖြစ်မယ် ထင်လဲ။တံထွေးကခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကာကွယ်ခုခံမှုတွေကို လုပ်ဆောင်ပေးတယ်။ တံထွေးမှာ antibodies နဲ့ enzymes တွေ ပါဝင်နေပြီး ခန္ဓာကိုယ်ကို ရောဂါကူးစက် မခံရအောင် ကာကွယ်ပေးတယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ ရှိနေဆဲပါ။တံထွေးမှာantibodiesနဲ့ enzymes တွေပါဝင်နေတာကြောင့် ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ဒီလို ရောဂါတွေ ကူးစက်နိုင် ပါသေးတယ်။ဒီရောဂါပိုးတွေအပြင် ဗိုင်းရပ်စ်အသစ်တွေဖြစ်တဲ့ အီဘိုလာ ဗိုင်းရပ်စ်၊ကြက်ငှက်တုပ်ကွေးတို့ကလည်း တံထွေးကနေတဆင့် ကူးစက်နိုင်ပါတယ်။ဒီ အပြုအမူတွေ ကနေတဆင့် မတော်တဆ ရောဂါတွေကူးစက်နိုင်ပါတယ်။တစ်ဦးနဲ့တစ်ဦး ချစ်ခင်တာကြောင့် နမ်းရှုတ်တာက တံထွေးတွေ ထိမိနိုင်ခြေ တော်တော်လေး များသလို ရောဂါ ကူးစက်ခံရနိုင်ခြေလည်း များပါတယ်။ဒီလိုနမ်းရှုတ်တာကတဆင့် အအေးမိတာ၊ တုပ်ကွေး ဗိုင်းရပ်စ်၊အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက် ကူးစက်တာ၊ ရေယုန်ဗိုင်းရပ်စ် ကူးစက်ခံရတာတွေ ဖြစ်နိုင်ပါတယ်။တော်တော်များများက နှာချေချိန်မှာ တံထွေး မထွက်ဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ နှာချေ လိုက်ချိန်မှာ တံထွေးက ပုံမှန်ထက် အဝေးကြီးကို ပိုရောက်သွားတတ်ပါတယ်။ နှာချေ လိုက်ချိန်မှာ တံထွေး အစအနတွေက တစ်နာရီကို မိုင် ၁၀၀ နှုန်းလောက်နဲ့ လွှင့်စင်နိုင်ပါတယ်။ဒါကြောင့် နှာချေ၊ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားသင့်ပါတယ်။ သူများ ကိုယ့်အနီးမှာ နှာချေ၊ ချောင်းဆိုးရင်လည်း ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားဖို့ မမေ့ပါနဲ့။သွားပွတ်တံကတစ်ကိုယ်ရေကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ မျှမသုံးသင့်သလို ပုံမှန်လဲလှယ်မှု လည်း လုပ်ပေးဖို့ လိုပါမယ်။သွားပွတ်တံက တံထွေးနဲ့ ထိတွေ့မိနိုင်ခြေ အများဆုံး ဖြစ်သလို  ရောဂါပိုးတွေ အလွယ်တကူ ခိုအောင်းနိုင်တဲ့ နေရာတစ်ခု လည်း ဖြစ်ပါတယ်။ ဒါကြောင့် သွားပွတ်တံကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/saliva-have-health-risks/
Scar (အနာရွတ် သို့ အမာရွတ်) များအကြောင်း
လူအတော်များများမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့အမာရွတ်လေးတွေ ဖြစ်ဖူးကြမှာပါ။ အချို့တွေတော့scarတွေကို ဒီတိုင်း အမှတ်တရ (သို့) ကိုယ့်ရဲ့ အမှတ်တစ်ခုခု အနေနဲ့ ရှိနေတာကို သဘောကျကြပါတယ်။ ဒါပေမယ့် အများစုကတော့ scarsတွေကို အမြန်ပျောက်ကင်းချင်ကြပါတယ်။ Scarsတွေဟာ အနာတစ်ခုခု ဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်ကအနာကျက်အောင်၊ ကောင်းမွန်လာအောင် လုပ်ဆောင်ပေးတဲ့ သဘာဝဖြစ်စဉ်ကြောင့် ဖြစ်လာရတဲ့ အရာလေးတွေပါ။ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာဒဏ်ရာဖြစ်တဲ့အခါ ပျက်စီးသွားတဲ့နေရာကို ပြုပြင်နိုင်ဖို့အတွက် သဘာ၀ ပရိုတင်းလေးတစ်မျိုးဖြစ်တဲ့collagen fibreတွေကို ထုတ်လိုက်တာကြောင့် အမာရွတ်လေးတွေ ဖြစ်လာရတာပါ။ ဒဏ်ရာ အကြီးအသေး၊ အတိမ်အနက်နဲ့ ဖြစ်တဲ့နေရာ၊ ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အပေါ်မူတည်ပြီး အမာရွတ်အခြေအနေ နဲ့ ပျောက်ကင်းနိုင်တဲ့ ပမာဏတွေ ကွာခြားပါတယ်။ဒီဆောင်းပါးလေးမှာကတော့ scars အမျိုးအစား အမျိုးမျိုး အကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေပေးသွားမှာပါ။Keloid scarsလေးတွေဟာ အသားအရောင် ရင့်တဲ့ ညိုတဲ့ သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။ သူတို့တွေဟာ ဖြစ်လာတဲ့အနာလေးတွေကို ကုသပေးတဲ့ healing process လေးက အလုပ်အရမ်းလုပ်တာကြောင့် အပေါ်ကို ထူပြီး ဖြစ်လာတဲ့ scar လေးတွေပါ။ ဒါ့အပြင် ထိခိုက်မိတဲ့ နေရာသာမက ဘေးပတ်ပတ်လည်နေရာတွေအထိပါ အမာရွတ်ဖြစ်သွားစေနိုင်ပါတယ်။ ဒီလို scars တွေအတွက် ကတော့ အမာရွတ်ကို ခွဲစိတ်ပြီး ဖယ်ထုတ်ခြင်း၊steroidထိုးခြင်း၊ သိပ်မကြီးဘူးဆိုရင် cryotherapy လို့ခေါ်တဲ့ nitrogen ကို သုံးပြီး ခဲအောင်လုပ်ခြင်း စတဲ့ ကုသမှုတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသနိုင်ပါတယ်။Contracture scarsလေးတွေကတော့ အရေပြားလောင်သွားတဲ့အခါမျိုးမှာ အဖြစ်များပါတယ်။ ဒီလို scarမျိုးတွေမှာ အရေပြားတင်မကဘဲ ကြွက်သားတွေ၊ တစ်ရှူးတွေနဲ့ အာရုံကြောတွေအထိပါ ပါဝင်လာတတ်ပါတယ်။ ဒါ့အပြင် contracture scarဖြစ်လာတဲ့အခါ အရေပြားကိုပါ တင်းအောင် ဆွဲထားတာကြောင့် လှုပ်ရှားမှုလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။Hypertrophic scarကတော့ နီပြီး အပေါ်ကို ကြွတက်နေတဲ့ ပုံစံမျိုးလေးဖြစ်ပြီး ရင်ဘတ်တွေနဲ့ နောက်ကျောဘက်တွေမှာ အဖြစ်များပါတယ်။ keloid scarနဲ့ ပုံစံချင်းနည်းနည်းဆင်ပေမယ့် keloid scarလိုမျိုး ဖြစ်တဲ့အနာထက်ကျော်ပြီး ဘေးပတ်ပတ်လည်ကို ကြီးသွားလေ့မရှိပါဘူး။နောက်တစ်ခုကတော့ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်လေးတွေပါ။ ဝက်ခြံ အမျိုးအစားအပေါ် မူတည်ပြီး အစက်အပျောက်လေးက အစ အမာရွတ်အကြီးကြီးတွေ ကျန်တဲ့အထိ ဖြစ်နိုင်ပါတယ်။Depressed ဆိုတဲ့အတိုင်းပဲ အမာရွတ်က ပုံမှန်အရေပြားထက်ကို အောက်အနည်းငယ်ချိုင့်တဲ့ ပုံစံမျိုးရှိတဲ့ scar လေးဖြစ်ပါတယ်။ သူကတော့ ဒဏ်ရာရတဲ့အချိန်မှာ အနာကို ပြုပြင်ဖို့အတွက် ခန္ဓာကိုယ်က လုံလောက်တဲ့ collagen fibers မထုတ်ပေးနိုင်တဲ့အတွက် ဖြစ်ရတာပါ။ ဒီလို scarမျိုးက မျက်နှာမှာ အဖြစ်များပါတယ်။အမာရွတ်တွေကို ပျောက်ကင်းစေဖို့အတွက် အိမ်တွင်းဆေးဝါးအနေနဲ့ ရှားဆောင်းလက်ပပ်၊ ဗီတာမင် E ၊ သံပရိုသီး၊ အာလူး၊ သံလွင်ဆီ၊ baking soda တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြီးတဲ့ နက်တဲ့ အမာရွတ်တွေဆိုရင်တော့ ပိုပြီး ထိရောက်တဲ့ ကုသမှုရရှိနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ဆေးထိုးခြင်း၊ ခွဲစိတ်ခြင်း၊ လေဆာပစ်ခြင်း စတဲ့ ခေတ်မီနည်းလမ်းတွေကို ဆရာဝန်အကြံပေးချက်အတိုင်း လုပ်ဆောင်နိုင်ပါတယ်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/types-of-scar/
မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ
ဘဝအနာဂတ်မှာ အောင်မြင်မှုတွေ၊ပျော်ရွှင်မှုတွေ၊ ပန်းတိုင်တွေ ဆွတ်ခူးနိုင်ဖို့ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင်တန်ဖိုးမထားတတ်ရင် ဘယ်သူကမှ ကိုယ့်ကို လာပြီးတန်ဖိုးထားမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုး၊ အားသာချက်တွေကို ကိုယ်တိုင်မှ နားမလည်ထားရင် တခြားသူတွေက ကိုယ့်ကိုနားလည်ပေးဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘဝမှာ ပျော်ရွှင်အေးချမ်းစွာနဲ့ သက်ဆုံးတိုင် နေထိုင်သွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို ကလေးဘဝမှာကတည်းက မိဘတွေအနေနဲ့ လေ့ကျင့်ပေးဖို့ အရမ်း အရေးကြီးပါတယ်။ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့သူတွေရဲ့ မျက်နှာဟာ ကြည်လင်ရှင်းသန့်ပြီး အမြဲတမ်း ပြုံးရွှင်နေတတ်ပါတယ်။ အများအမြင်မှာလည်း ဒီလိုမျိုးအေးချမ်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ သူတစ်ယောက်ကို ချစ်ခင်နှစ်သက် ပေါင်းသင်းလိုစိတ်တွေ အမြဲရှိလာတတ်ပါတယ်။ ဒီအချက်ဟာ ဘဝမှာအထီးကျန်ဆန်ခြင်း၊ မေတ္တာတရားကို မခံစားရခြင်း၊မကောင်းမြင်စိတ်၊စိတ်ဓာတ်ကျခြင်း စတာတွေကို လုံးဝမဖြစ်လာအောင် ကြိုတင်ကာကွယ်ပေးထားလိုက်တာနဲ့ အတူတူပါပဲ။အစောဆုံး လူမှန်းသိတတ်စအရွယ်မှာ ကလေးတွေရဲ့ ကိုယ်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ စိတ်တွေ စတင်ဖြစ်ပေါ်လာပါတယ်။ မိဘတွေရဲ့ ချစ်ခင်ကြင်နာမှု၊ဂရုစိုက်ဖေးမှုတွေ၊ ချိုသာတဲ့ စကားသံတွေ၊ မျက်စိနဲ့ မမြင်ရတာတောင် ရင်ထဲကနေ လှိုက်ပြီး နွေးလာတဲ့သံယောဇဉ်မေတ္တာတွေ စတဲ့အချက်တွေဟာ ကလေးဘဝကို ပျော်ရွှင်အေးချမ်းစေပါတယ်။ပျော်ရွှင်နေတဲ့ ကလေးတစ်ယောက်၊ ချစ်ခင်ကြင်နာတဲ့ မိဘရိပ်အောက်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားတတ်သလို တခြားလူတွေကိုလည်း တန်ဖိုးထားတတ်တယ်။ တန်ဖိုးရဲ့ အဓိပ္ပါယ်၊ မေတ္တာတရားရဲ့ နွေးထွေးမှုတွေကို နားလည်သဘောပေါက်တယ်။ ဒီအချက်တွေဟာ ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ စိတ်ချမ်းသာပြီးပေါင်းသင်းဆက်ဆံရေးကောင်းတဲ့၊ အရည်အချင်းရှိ၊ ထူးချွန်ထက်မြက်တဲ့ လူကြီးတစ်ယောက်အဖြစ် မြေသြဇာပေါင်းသင် ပျိုးထောင်ပေးခြင်းပါပဲ။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေ စကားပြောတတ်ကာစ အရွယ်ကနေ ကြီးပြင်းလာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ် မြင့်တက်အောင် ကူညီထိန်းကျောင်းပေးသင့်ပါတယ်။• ကိုယ့်အရည်အချင်းအပေါ် ယုံကြည်မှု အပြည့်အဝရှိခြင်း။• လောကကြီးကိုအကောင်းမြင်ခြင်း။• မကောင်းမြင်စေတဲ့၊ တခြားသူတွေရဲ့ စိတ်ကို ညစ်နွမ်းစေတဲ့ စကားများ မပြောဆိုခြင်း၊ မပြုမူတတ်ခြင်း။• မေတ္တာ ထားတတ်ခြင်း။• ရိုင်းပင်းကူညီရန် အဆင်သင့် ဖြစ်နေတတ်ခြင်း။• တခြားလူတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို မြင်တတ်ပြီး အရှိကို အရှိအတိုင်း လက်ခံတတ်ခြင်း။• မကောင်းတဲ့အရာတွေ ဖြစ်လာခဲ့ရင်လည်းစိတ်ပျက်ဝမ်းနည်းနေမယ့်အစား သင်ခန်းစာအဖြစ် ခံယူကာ ပြန်လည် နာလန်ထူနိုင်ခြင်း။• ဘာတွေ လိုအပ်နေလဲ၊ ခံစားနေရလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ခြင်း စတဲ့အချက်တွေကို တွေ့ရပါတယ်။• မျက်နှာကို ကြည့်လိုက်တာနဲ့ မှိုင်တွေနေခြင်း။• ရင်ထဲမှာ ဖြစ်နေတဲ့ ပူဆွေးမှုတွေဟာ ဘေးလူကိုပါ ရိုက်ခတ်မိခြင်း။•စိတ်ထားသဘောထား မကောင်းခြင်း။• လူတစ်ဖက်သားကို အားမနာတတ်ခြင်း၊ မကူညီတတ်ခြင်း။• အားသာချက်တွေကို မမြင်ဘဲ အားနည်းချက်တွေကိုသာ မြင်ပြီး ဒါတွေကို အသုံးချ၍ အပြစ်မြင်နေခြင်း။• တခြားသူတွေဟာ ကိုယ့်ထက် အမြဲသာလွန်နေတယ်ဆိုတဲ့ အတွေးများနဲ့ တစ်ယောက်တည်း စိတ်အားငယ်နေတတ်ခြင်း။• ကိုယ့်ဘဝနဲ့ ပတ်သက်ပြီး ကောင်းတဲ့အချက်တွေ၊ အားသာချက်တွေကို မစဉ်းစားနိုင်ခြင်း။• ကျရှုံးရမှာ၊ အမှားလုပ်မိမှာကို အလွန်အမင်း ကြောက်ရွံ့ခြင်း။• လက်တွေ့ဆန်တဲ့၊ အကောင်းဘက်ကို အပြုသဘောဆောင်တဲ့ အတွေးအခေါ်၊ အပြုအမူများ မတွေ့ရခြင်း စတဲ့ လက္ခဏာများကို မတွေ့ရခြင်း စတဲ့ လက္ခဏာများကို တွေ့ရနိုင်ပါတယ်။လူတစ်ယောက်ဟာ ပျော်ရွှင်အေးချမ်းစွာနဲ့ဘဝအနာဂတ်ကို ဖြတ်သန်းသွားနိုင်ဖို့ ကိုယ့်ကိုယ့်ကိုယ် တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လည်း မိဘတွေအနေနဲ့ ကိုယ်ချစ်တဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းက လုံခြုံတဲ့ မိဘရိပ်အောက်မှာသာ ထားဖို့၊ သားသမီးတွေကို အပြစ်မမြင်ဖို့၊ မှားတာရှိရင် ဖေးမကူညီဖို့၊ လမ်းမှန်ရောက်အောင် ထိန်းကျောင်းပေးဖို့ အရမ်းအရေးကြီးတယ်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba-%e1%80%90%e1%80%94%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%91/
ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း
ကျောက်ကပ်မှာ ရေအိတ်တည်ခြင်းဆိုတာ ကျောက်ကပ်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်တစ်ခု ဒါမှမဟုတ် ဒီ့ထက်ပိုရှိနေတာကိုဆိုလိုတာပါ။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးတဲ့ ပဲစေ့ပုံစံရှိတဲ့ အစိတ်အပိုင်းတွေပါ။ယေဘုယျအားဖြင့် ကျောက်ကပ်မှာ ရေအိတ်တည်ခြင်းနှစ်မျိူးရှိပါတယ်။ ရိုးရိုးရေအိတ်တည်ခြင်းနဲ့ polycystic kidney disease လို့ခေါ်တဲ့ မျိူးရိုးနဲ့ဆိုင်တဲ့ရေအိတ်တည်ခင်း တို့ဖြစ်ပါတယ်။ ရေအိတ်တွေရဲ့ နံရံတွေဟာ ခပ်ပါးပါးဖြစ်တာများပြီးရေလိုအရည်တွေပါဝင်ပါတယ်။ ရိုးရိုးအိတ်တွေဟာ ကျောက်ကပ်ကို ဒါမှမဟုတ် ကျောက်ကပ်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မထိခိုက်စေပါဘူး။ဒါပေမယ့် PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ ကြီးလာတာနဲ့အမျှ ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်။ ရေအိတ်တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပါဘူး။လက္ခဏာလဲမပြတတ်ဘဲ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာဓာတ်မှန်ရိုက်မိရင်းနဲ့မှ တွေ့ရတတ်တာမျိူးလဲရှိပါတယ်။တချို့ကျောက်ကပ်ရေအိတ်တွေဟာ သေးလွန်းလို့ အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတာမျိူးဖြစ်တတ်ပါတယ်။ တချိုကရေအိတ်တွေကတော့ တင်းနစ်ဘောလုံးအရွယ်လောက်ထိတောင် ကြီးတတ်ပါတယ်။ အရွယ်အစားကြီးလာတာနဲ့အမျှ ဘေးနားက ကိုယ်တွင်းအင်္ဂါတွေကိုဖိမိပြီး တာကျင်မှုခံစားရနိုင်ပါတယ်။ရိုးရိုးရေအိတ်တွေက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမယ့် ရေအိတ်အရွယ်ကြီးလာရင် ဒါမှမဟုတ် ပိုးဝင်ရင် တော့ အောက်ဖော်ပြပါ လက္ခဏာတွေကြုံရနိုင်ပါတယ်။ ဖျားခြင်း ခါးနောက် ဒါမှမဟုတ် နံရိုးနဲ့ တင်ပဆုံကြားနာကျင်ခြင်း ဝမ်းဗိုက်အပေါ်ပိုင်းနာကျင်ခြင်း ဗိုက်ဖောင်းခြင်း ဆီးခဏခဏသွားခြင်း ဆီးထဲသွေးပါခြင်း ဆီးအရောင်ရင့်ခြင်း ။ ဒါတွေအပြင် PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ သွေးတိုးခြင်း ဆီးထဲသွားပါခြင်းတို့လဲကြံုရနိုင်ပါတယ်။ကျောက်ကပ်ရေအိတ် ဘာလို့ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းတိတိကျကျကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေတော့ ရှိပါတယ်။ ကျောက်ကပ်မှာရှိတဲ့ သန်းပေါင်းများစွာသော ပြွန်ငယ်လေးတွေ ပိတ်ဆို့ရင် ယောင်ရင် အရည်တွေနဲ့ပြည့်ပြီး ရေအိတ်ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေနောက်တစ်ခုကတော့ ကျောက်ကပ်ပြွန်အားနည်းပြီး အိတ်တွေဖြစ်လာပြီးနောက် ရေတွေနဲ့ပြည့်ပြီး ရေအိတ်ဖြစ်လာတာပဲ ဖြစ်ပါတယ်။အသက်အရွယ်နဲ့ ရေအိတ်ဖြစ်နှုန်းကလဲ ဆက်စပ်ပါတယ်။ အသက်လေးဆယ်သော လူတွေရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းမှာ ရေအိတ်ရှိကြပြီး အသက်ငါးဆယ်ဆိုရင်တော့ တစ်ဝက်လောက်မှာ ကျောက်ကပ်ရေအိတ်ရှိကြပါတယ်။ အမျိူးသားတွေဟာ အမျိူးသမီးတွေထက် ကျောက်ကပ်ရေအိတ်ဖြစ်နိုင်ခြေပိုများပါတယ်။ PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ မျိူးရိုးကြောင့်ဖြစ်တတ်ပါတယ်။များသောအားဖြင့် ကျောက်ကပ်ရေအိတ်တွေက ဘာပြသနာမှမရှိပါဘူး။ ဒါပေမယ့် တခါတရံမှာတော့ ရေအိတ်ကိုပိုးဝင်ခြင်း ရေအိတ်ပေါက်ထွက်ခြင်းဆီးလမ်းကြောင်းကိုပိတ်ခြင်းသွေးတိုးခြင်းတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် PKD ဆိုရင်တော့ သတိထားဖို့လိုပါတယ်။ကျောက်ကပ်ရေအိတ် ရှိမှန်းဘယ်လိုသိမလဲ။စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ ဒါတွေလုပ်ဖို့လိုပါတယ်။တကယ်လို့ ရေအိတ်အရွယ်အစားသေးပြီး ဘာလက္ခဏာမှမပြဘူးဆိုရင် ဘာကုသမှုမှ ခံယူစရာမလိုပါဘူး။ ခြောက်လ ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် ရေအိတ်အရွယ်အစားကြီးလာမလာစစ်ဆေးကြည့်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ရောဂါလက္ခဏာတွေလဲပြပြီး ရေအိတ်အရွယ်အစားကလဲ ကြီးမယ်ဆိုရင်တော့ ဆေးထိုးခြင်း ဒါမှမဟုတ် ခွဲစိတ်ခြင်းတွေနဲ့ ကုသရနိုင်ပါတယ်။ဆေးထိုးခြင်း Sclerotherapy။Sclerotherapy ဆိုတာ အာလ်ထရာဆောင်းရဲ့ အကူအညီနဲ့ သင့်ကိုနာကျင်မှုမရှိအောင် ထုံဆေးထိုးပေးပါလိမ့်မယ်။ အဲဒီနောက် ဝမ်းဗိုက်အရေပြားကနေ ရေအိတ်ထဲကို အပ်နဲ့ ထိုးပြီး ရေအိတ်ထဲကအရည်တွေကို စုပ်ထုတ်ပါလိမ့်မယ်။ တခါတရံမှာတော့ ရေအိတ်နောက်ထပ်မဖြစ်ဖို့အတွက် ဆေးထိုးခဲ့တာမျိုးလဲရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာအသေးစားခွဲစိတ်မှုသာဖြစ်ပြီး ဆေးရုံမှာရက်အကြာကြီးတက်စရာမလိုတဲ့ ကုသမှုမျိူးဖြစ်ပါတယ်။ခွဲစိတ်ထုတ်ခြင်း။အရမ်းကြီးတဲ့ရေအိတ်တွေဆိုရင်တော့မေ့ဆေး ပေးပြီး ရေအိတ်ကို ခွဲစိတ် ထုတ်ရနိုင်ပါတယ်။ တခါတရံမှာတော့ အပေါက်ငယ်ကလေးတွေ ဖောက်ပြီး laproscopic surgery လို့ခေါ်တဲ့ နည်းနဲ့ သေးငယ်တဲ့ ကိရိယာတွေကိုပဲသုံးပြီး ခွဲစိတ်ရာကြီးကြီးမကျန်တဲ့ နည်းနဲ့ခွဲစိတ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲခွဲခွဲ ရေအိတ်ရဲ့နံရံတွေကို ဖယ်ထုတ်ခြင်း ဒါမှမဟုတ် လောင်ကျွမ်းစေခြင်းနဲ့ ရေအိတ်ထဲကအရည်တွေကို ထုတ်ပစ်ပါလိမ့်မယ်။PKD ကြောင့်မဟုတ်တဲ့ရိုးရိုးရေအိတ်တွေဟာ ကြီးရင်တောင် ဆေးထိုးခြင်း ဒါမှမဟုတ် ခွဲစိတ်ခြင်းအားဖြင့် နောက်ဆက်တွဲဘာမှမခံစားရဘဲ သက်သာပျောက်ကင်းနိုင်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/polycystic-kidney-disease/
ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင်
ပဲနီလေး ဟင်းချိုလေးကို ဆီချက်နိုင်နိုင်လေးနဲ့ ချက်ထားတာ အတော်လေး စားကောင်းပါတယ်။ ဒီလိုပဲဟင်းချိုလေးကို ကလေး လူကြီးမရွေး ကြိုက်ကြပြီး အာဟာရကလည်း ပြည့်ပါတယ်။ ဒီလို ထမင်းမြိန်ပြီး အာဟာရပြည့်တဲ့ ပဲနီလေး ဟင်းချိုလေးကို ဘေဘီလေးကိုရော ကျွေးလို့ ရမလားဆိုပြီး သိချင်နေတဲ့သူတွေလည်း ရှိမယ် ထင်ပါတယ်နော်။ ဒါကြောင့် အခုတစ်ခေါက်တော့ မေမေတို့ သိချင်နေလောက်မယ့် ဘေဘီလေးကိုပဲနီလေး ဟင်းချို ကျွေးလို့ ရမလား! ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေကို ရနိုင်မလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ပဲနီလေး ဆိုတာ။ပဲနီလေးဆိုတာက အနီရောင် ပဲစေ့ သေးသေးလေးတွေပါ။ ချက်လိုက်ရင်တော့ အဝါရောင် ဖျော့ဖျော့လေး အဖြစ်ပြောင်းသွားတတ်ပြီး အရသာက ချိုချိုဆိမ့်ဆိမ့်လေးပါ။ ဟင်းချို ချက်စားလို့ ရသလို ပဲနှပ်လိုလေး နှပ်စားလို့လည်း ရပါတယ်။ပဲနီလေးမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ !။ပဲနီလေး စားသုံးပေးရင်းရရှိမယ့် အာဟာရဓာတ်တွေက။ဘေဘီလေးကို ပဲနီလေး ကျွေးလို့ ရမလား!။ဘေဘီလေးက အသက် ၆ လပြည့်ပြီ။ အစားလည်း ကောင်းကောင်း စားတတ်ပြီဆိုရင် ပဲနီလေးကို ကျွေးပေးလို့ ရပါပြီ။ ပဲဟင်းချိုလေးပဲ ချက်ပြီးဖြစ်ဖြစ်၊ ပဲလေးကို ဆန်လေးနဲ့ ရောကြိုပြီးအသီးအရွက်လေးတွေနဲ့ ပြင်ဆင်ပေး တာမျိုးဖြစ်ဖြစ် လုပ်ဆောင်ပေးလို့ ရပါတယ်။ပဲနီလေးက ပရိုတင်းကို ပြည့်ပြည့်ဝဝ ရရှိစေပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထောက်ကူပေးနိုင်ပါတယ်။ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင်။ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။အစာကြေစေနိုင်တယ်။ပဲနီလေးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပြီး အစာကြေစေဖို့ရော ဝမ်းမှန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ကလေးမှာ လေထိုးလေအောင့်တာမျိုး ကင်းစေပြီးအစာခြေစနစ် ကျန်းမာစေဖို့ထောက်ကူပေးမှာပါ။ ဒါကြောင့် ကလေးကို အစာခြေစနစ် ကျန်းမာစေဖို့အတွက် ကလေးကို ပဲနီလေး နည်းနည်းစီ ပြင်ဆင်ပေးပါ။ကိုယ်ခံအား ကောင်းစေနိုင်တယ်။ပဲနီလေးမှာ ဇင့်ဓာတ် ပါဝင်နေပြီးကိုယ်ခံအား ကောင်းစေဖို့လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ကလေးကို အဖျားအနာ ကင်းစေပြီး ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးစေဖို့ ပဲနီလေးကို ပြင်ဆင်ပေးလို့ ရပါတယ်။ကောင်းကောင်းဖွံ့ဖြိုးစေတယ်။ပရိုတင်းနဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ပဲနီလေးက ကလေးရဲ့ ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေပြီး ဖောလိတ်ပါဝင်နေမှုက ကလေးရဲ့ဦးနှောက်နဲ့ အာရုံကြောတွေကို ကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။သံဓာတ် ပြည့်ဝစေတယ်။ပဲနီလေးမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေပြီး သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကို ထောက်ကူပေးပြီး ကလေးမှာ သွေးအားနည်းတာမျိုး မဖြစ်စေဖို့နဲ့ သံဓာတ်ချို့တဲ့မှုကြောင့် အာရုံစူးစိုက်မှု အားနည်းတာသင်ယူနိုင်စွမ်း ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။အရိုးတွေ သန်မာစေတယ်။ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ပါဝင်နေတဲ့ ပဲနီလေးကအရိုးတွေကို သန်မာစေပြီး ကလေးကို အရိုးတွေ ကြံ့ခိုင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အရိုးတွေ သန်မာပြီး ကလေးကို အသက်အရွယ်အလိုက် ထိုက်သင့်တဲ့ အရပ်ကို ရစေဖို့ဆိုရင် ပဲနီလေး ပြင်ဆင်ပေးလို့ ရပါတယ်။ဘာတွေ သတိထားရမလဲ!။ပဲနီလေးက ကျန်းမာရေးအတွက် ကောင်းကျိုးများတယ်ဆိုပေမယ့် ကလေးကို ကျွေးတဲ့အခါ အများကြီး မကျွေးဘဲ နည်းနည်းချင်းစီ ပြင်ကျွေးပါ။ အကြောင်းကတော့ပရိုတင်းနဲ့ အမျှင်ဓာတ် ပါဝင်မှု များတဲ့အတွက် အစာမကြေတာ မျိုး၊ လေထတာမျိုး ဖြစ်စေနိုင်လို့ပါ။ဘေဘီလေးက ၁ နှစ်အောက် ဖြစ်မယ်ဆိုရင်တော့ ပဲနီကလေးကို သေချာလေး ကြိတ်ခြေပြီး ပြင်ဆင်ပေးပါ။ ကလေးကို သီးတာမျိုး အစာနင်တာမျိုး မဖြစ်စေဖို့ပါ။ပုံမှန်အားဖြင့် ပဲနီလေးက ကလေးတွေအတွက် အန္တရာယ်ကင်းတယ်ဆိုပေမယ့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်စေနိုင်လားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။# ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးလေးတွေ ဖြစ်စေဖို့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/lentils-benefits-for-baby/
ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး
ဟင်းခါးလေး ချက်သောက်သောက်၊ အာလူးလေးနဲ့ ကြော်စားစား စားလို့ ကောင်းတဲ့ ဒန့်သလွန်ရွက်လေးကို သဘောတကျ စားတတ်သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ဒန့်သလွန်ရွက်စားပေးတာက အသားအရေကို ပါ ကျန်းမာစေတယ်ဆိုတာရော သိပြီးပြီလားလို့ မေးပါရစေ။ ဒန့်သလွန်ရွက် ကပေးတဲ့ အသားအရေ ကျန်းမာရေး အကြောင်း ပြောပြပေးချင်ပါတယ်။ဒန့်သလွန်ရွက် ဆိုတာက တောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီး ကြွတ်ဆတ်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့ အာနိသင် ရှိသလို ရောဂါပိုးတွေကိုလည်း တိုက်ဖျက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ရောင်ရမ်းမှုကို လျော့ပါးစေနိုင်စွမ်းလည်း ရှိပါတယ်။ဒန့်သလွန်ရွက်က အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတွေအပြင် ဒန့်သလွန်ရွက်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဒန့်သလွန်ရွက်မှာ။ဒန့်သလွန်ရွက်က ကျန်းမာရေးအတွက် အကျိုးများသလို အသားအရေ ကျန်းမာရေးကိုလည်း အခုလို ထောက်ကူပေးပါတယ်။ ဒန့်သလွန်ရွက်မှ အရေပြားရဲ့ ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးမယ့်ဗီတာမင် Aနဲ့ အရောင်ကျစေနိုင်တဲ့ ဗီတာမင် E၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးတဲ့ ဗီတာမင် C လိုမျိုး အသားအရေ ကျန်းမာစေမယ့် အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။အသားအရေ ကျန်းမာလှပစေဖို့ ဒန့်သလွန်ရွက်ကို စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။ဒန့်သလွန်ရွက်က အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြား မွဲခြောက်ခြောက် ဖြစ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဗီတာမင် C ပါဝင်နေတာက ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ အရေပြားတွဲကျတာ၊ မျက်အိတ်တွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့လည်း ကူညီပေးပါတယ်။ အရေးအကြောင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဒန့်သလွန်ရွက်က အသားအရေကို ရေဓာတ်​ဖြည့်ပေးပြီး အရေပြားကို ခြောက်သွေ့မှု ကင်းစေဖို့ အစိုဓာတ် ထိန်းပေးပါတယ်။ အရေပြား ခြောက်သွေ့မှု ကင်းစေပြီး အရေပြား ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဒန့်သလွန်ရွက်ရဲ့ နောက်ထပ် အလှအပ အကျိုးကျေးဇူး တစ်ခုက နှုတ်ခမ်းသားကို နူးညံ့စေတာပါ။ ခြောက်သွေ့တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေ မဖြစ်စေဖို့အတွက်လည်း ဒန့်သလွန်ရွက်ကို စားပေးလို့ ရပါတယ်။ နှုတ်ခမ်းသားကို နေလောင်တာကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဒန့်သလွန်ရွက်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ဝက်ခြံဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒန့်သလွန်ရွက်ကို အရေပြားမှာ တိုက်ရိုက် လိမ်းပေးတာက ဝက်ခြံကို သိသိသာသာ သက်သာစေပါတယ်။ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။  အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝက်ခြံတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေကို ကြည်လင်စေဖို့လည်း ထောက်ကူပေးပါတယ်။ဒန့်သလွန်ရွက်က ကော်လာဂျင် ထွက်ရှိစေတာကြောင့် အသားအရေကို တင်းရင်းစေပြီး ချွေးပေါက်ကျဉ်းစေနိုင်ပါတယ်။ အရေပြားပေါ်က အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ အပူလောင်တာ၊ အရေပြားမှာ အင်ပြင်ထွက်တာ၊ နေလောင်တာ၊ ပိုးကောင်ကိုက်တာ၊ အရေပြားပိုးဝင်တာ၊ အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/moringa-leaf-benefits-for-skin/
ဘေဘီလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ!
သားသားမီးမီးလေးတွေက လူစိမ်းတွေကို ကြောက်တာ၊ လူကြောက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီအခြေအနေကို ဘယ်လိုများ ကျော်လွှားရမလဲဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား! ဒါဆိုရင်တော့ ကလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင် နော်။ကလေးတွေက အသက် ၈ လ ကနေ ၁၀ လလောက် ရောက်လာချိန်မှာသူစိမ်းတွေကို ကြောက်တတ်တဲ့ လူကြောက်တတ်တဲ့ ခံစားချက်ကို စခံစားလာရပါတယ်။မိသားစုဝင်မဟုတ်သူတွေ မျက်နှာစိမ်းသူတွေကို မြင်ရင် ကြောက်တတ်ကြတာ သဘာဝပါ။ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ် တစ်ခုဆိုရင်လည်း မမှားဘူးပေါ့။ဘေဘီလေးတွေက မြင်နေကျ လူက ဝတ်နေကျ မဟုတ်တဲ့ အဝတ်အစားတွေ ဝတ်ထားရင်ဖြစ်ဖြစ် မျက်မှန် တပ်ထားရင် ဖြစ်ဖြစ်တောင် ကလေးတွေက ကြောက်တတ်ကြပါသေးတယ်။ဘေဘီလေးက လူကြောက်တတ်လားဆိုတာကို ဘယ်လို သိနိုင်မလဲ!။ဘေဘီလေးမှာ အခုလိုလက္ခဏာလေးတွေခံစားနေရပြီဆိုရင် ကလေးက လူကြောက်တာပါ။ ကလေးက မြင်နေကျ မဟုတ်တဲ့သူတွေကို မြင်တဲ့အခါ –။ကလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ! ဆိုတော့။ကလေးက လူကြောက်တတ်တယ်ဆိုရင်တော့ ကလေးကို ဧည့်သည်တွေနဲ့ ပေးမတွေ့ခင်မှာ တွေ့ရမယ်သူက ဘယ်သူဖြစ်တယ်။ သူက ဘာတွေ လုပ်တယ်ဆိုတာကစလို့ ကလေး သိထားဖို့လိုမယ့် အကြောင်းအရာလေး တွေကို ပြောပြရင်း ကလေးကို ရင်းနှီးမှု ဖြစ်စေဖို့ ကြိုတင် မိတ်ဆက်ပေးထားပါ။ မသိခြင်း များစွာကြောင့် ကလေးကိုစိုးရိမ်စိတ် မများစေဖို့ပေါ့။ကလေးကို စိတ်အေးအေးထားတတ်အောင် ပြောတာကလည်း ကလေးရဲ့ လူကြောက်တတ်တဲ့ ပြဿနာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကိုသူစိမ်းတွေနဲ့ တွေ့ချိန်မှာ စိတ်အေးအေးထားတတ်အောင် ပြောပြပေးပါ။ကလေးက သူစိမ်းကို ကြောက်တာကြောင့် နှုတ်ဆက်ဖို့ ငြင်းဆန်နေချိန်မှာ အတင်းနှုတ်ဆက်ခိုင်းတာက ကလေးရဲ့ သူစိမ်းကြောက်တဲ့ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်ကလေးကမနှုတ်ဆက်ချင်ဘူးဆိုရင် အတင်း နှုတ်ဆက်ခိုင်းတာမျိုး မလုပ်ပါနဲ့။ကလေးက သူစိမ်း မျက်နှာစိမ်းကြောင့် စိတ်ဖိစီးတာမျိုး၊ စိုးရိမ်စိတ် များတာမျိုး ပြသမယ်ဆိုရင်တော့ ကလေးကို မိမိက သူနဲ့ တစ်သားတည်း ရှိကြောင်း ပြသပေးပြီး ကလေးရဲ့ခံစားချက်ကိုနားလည်ပေးနိုင်ကြောင်း ပြသပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို စိတ်သက်သာရာ ရစေပြီး လူကြောက်တာကို သက်သာစေမှာပါ။ကလေးကိုမောင်နှမ ဝမ်းကွဲတွေ၊ ဦးလေးတွေ၊ အဒေါ်တွေနဲ့ စကားစမြည် ပြောဆိုဖြစ်အောင် လုပ်ဆောင်ပေးရင်း လူတွေနဲ့ ရင်းနှီးကျွမ်းဝင် ဆက်ဆံတတ်အောင် လုပ်ဆောင်ပေးလို့ ကလေး လူကြောက်တာကို သက်သာအောင် နဲ့ သူစိမ်းတွေနဲ့ပြောဆိုဆက်ဆံတတ်အောင်အလေ့အကျင့်လေး လုပ်ပေးလို့ လူကြောက်တာကို သက်သာစေဖို့ လုပ်ဆောင်ပေးပါ။ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးပြီး ကလေးကို လူကြောက်တတ်တဲ့ အလေ့အထလေးတွေကို သက်သာစေဖို့ သင်ကြားပေးလိုက်တော့နော်။# ဘေဘီလေးရဲ့ ကျန်းမာရေးကို စစ်ဆေးလို့ ရပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-solve-child-fear-stranger-persons/
ကိုယ်ခံအားကောင်းဖို့ သောက်နေကြတဲ့ ကွမ်းရွက် ပြုတ်ရည် ဘာတွေ ဆေးဖက်ဝင်သလဲ
Covid-19 ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဘာနည်းတွေလဲဆိုတော့ ဆရာဝန်တွေဆီက အကြံပြုချက်တွေရယ်၊ အွန်လိုင်းပေါ်က ဟိုလူညွှန် ဒီလူညွှန်တာတွေရယ်၊တိုင်းရင်းဆေးနည်းအယူအဆတွေရယ်၊ သဘာဝဆေးဖက်ဝင် အစားအသောက်တွေရယ် အကုန်ပါပဲ။ဒီထဲမှာ မဖြစ်မနေ လိုက်နာသင့်တာက ဆရာဝန်တွေရဲ့ အကြံပြုချက်တွေဖြစ်ပေမယ့် တခြားနည်းလမ်းတွေမှာလည်း အမှားနဲ့ အမှန် ခွဲခြား လက်ခံဖို့သင့်ပါတယ်။ ဘာလို့ဆို လူ့ကျန်းမာရေးကို အကျိုးပြုစေတဲ့ စားသောက်နည်းတွေ လည်း အဲဒီအထဲ ပါဝင်နေလို့ပါပဲ။ အမှန်အမှားကတော့ သတင်းရင်းမြစ်ကို သေချာလေ့လာပြီးမှ ယုံစေချင်ပါတယ်။Covid-19 ဗိုင်းရပ်စ်အတွက် ဆိုင်မဆိုင် လေ့လာတွေ့ရှိမှု မရှိပေမယ့် ကွမ်းရွက်က ကိုယ်ခံအားကောင်းစေတာ အပါအဝင် အသက်ရှူလမ်းကြောင်းပြဿနာတွေနဲ့ ဖျားနာခြင်းကိုတော့ ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ လူကြီးသူမတွေ အသုံးများတဲ့နည်းကတော့ ကွမ်းရွက်ကို ထန်းလျက်ခဲလေးနဲ့ပြုတ်ပြီး ကလေး၊ လူကြီး အအေးခံ သောက်သုံးကြတာပါပဲ။ ငယ်ငယ်တုန်းက နေမကောင်းဖြစ်ရင် ဒါမှမဟုတ် နေမကောင်းချင်သလိုလိုဖြစ်ရင် ကွမ်းရွက်ပြုတ်ရည် သောက်ခဲ့ကြဖူးသူ များမှာပါ။ကွမ်းရွက် ရဲ့ ဆေးဖက်ဝင်ပုံလေးတွေ ဆက်လေ့လာကြည့်ရအောင် …။ကွမ်းရွက်က သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်ပါတယ်။ သူ့မှာ ဆီးချိုအတွက် ကောင်းကျိုးရှိတဲ့ tannins ခေါ် မော်လီကျူးလေးတွေ ပါဝင်ပါတယ်။ အယ်ကာလွိုက်ကြောင့်လည်း အူတွင်း ဂလူးကို့စ်စုပ်ယူမှုကို ဟန့်တားပေးတာမို့ သွေးတွင်းသကြားကို ထိန်းပေးစေနိုင်ပါတယ်။ကွမ်းရွက်က ရောဂါပိုးမွှား သေစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သူ့မှာ ကိုယ်ခံအား မြှင့်တင်ပေးတဲ့ အာနိသင်နဲ့ ကင်ဆာ ကာကွယ်တဲ့ အာနိသင်လည်း ရှိပါတယ်။အနာကျက် မြန်စေတဲ့ သူ့ရဲ့ အာနိသင်ကြောင့် အနာမှာ ကွမ်းရွက်အုံပေးတာမျိုး ရှေးတည်းက ကုသနည်းတွေ ရှိခဲ့ပါတယ်။ချောင်းဆိုးပြီဆို ကွမ်းရွက်ကို အရည်ကြိတ်ပြီး သောက်ရတာမျိုး လူကြီးသူမတွေ သုံးလေ့ ရှိပါတယ်။ မုန်ညင်းဆီ ထဲ နှစ်ပြီး နည်းနည်း နွမ်းအောင် မီးအပူပေးထားတဲ့ ကွမ်းရွက်ကို ရင်ဘတ်မှာ ကပ်ရင် အဆုတ်ထဲ ချွဲကျပ်တာ သက်သာတယ်လို့ ဆိုကြပါတယ်။ကလေးတွေ ချောင်းဆိုး၊ ချွဲထနေရင် ကွမ်းရွက် ကြိတ်ရည်ကို ပျားရည် နည်းနည်း ထည့်ပြီး တိုက်လို့ရပါတယ်။ ဒါ့ကြောင့်ပဲ ပန်းနာရင်ကျပ် အတွက်လည်း သက်သာစေနိုင်တာ ဖြစ်ပါတယ်။ကွမ်းရွက် မှာ ကင်ဆာကာကွယ်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ အများကြီးပါဝင်ပါတယ်။ ကွမ်းရွက်ကို ဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာ ရှိတဲ့ ascorbic acid ပမာဏကို ထိန်းညှိပေးပြီးခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကိုရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီးပျားရည်နည်းနည်းထည့် သောက်သုံးပေးမယ် ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ ဖြစ်စေမှာပါ။ကွမ်းရွက်ကို ဝါးစားလိုက်တဲ့အခါ ထွက်ရှိလာတဲ့ ဓာတ်ပစ္စည်းတွေက ကွမ်းသီး၊ ထုံး တို့နဲ့ ပေါင်းစပ်လိုက်ရင် ဓာတ်ပြုနိုင်ပါတယ်။ အဲဒီအခါ ကွမ်းစားတတ်တဲ့သူတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာပါလိမ့်မယ် –။ဒါ့ကြောင့် သဘာဝပစ္စည်း တွေမှာ ဘယ်လောက်ပဲ ဆေးဖက်ဝင် အာနိသင်တွေ ရှိနေပါစေ၊ သုံးစွဲပုံ မမှန်ကန်ရင်၊ မှားယွင်း အသုံးချရင်အကျိုးကျေးဇူးမရနိုင်ပါဘူးနော်။ ကွမ်းရွက်ကဆေးဖက်ဝင်တယ်ဆိုကွမ်းစားတာကောင်းတယ်လို့ မတွေးလိုက်ဖို့ လိုပါတယ်။ဆေးဖက်ဝင်ချင်တယ်ဆို ဆေးဖြစ်ဝါးဖြစ် နည်းလမ်းကျကျ သုံးစွဲပါ။ ဥပမာ တိုင်းရင်းဆေး ဆိုရင် ဆေးနည်းမှန်မှန်နဲ့ သေချာ ပြုလုပ်ပါ၊ တွေ့ရာ ထင်ရာ နည်းလမ်းတွေ၊ အတွေးအမြင်တွေ မခံယူလိုက်ပါနဲ့ လို့သတိပေးချင်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%80%e1%80%ba/
Cancer တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
ဇွန် ၂၂ကနေ ဇူလိုင် ၂၂ကြား မွေးဖွားသူတွေကတော့ Cancerလေးတွေပဲ ဖြစ်ကြပါတယ်။ ဒီZodiac signပိုင်ရှင်တွေက စိတ်ခံစားချက်တွေကို သိမ်းဆည်းမျိုသိပ်ထားတတ်ကြသူများ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရဲ့ ပင်ပန်းမှုတွေက ရုပ်ကျန်းမာရေးမှာ လာပြီး ထင်ဟပ်တတ်ပါတယ်။ စိတ်ကြောင့် Cancer တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ပြောခဲ့သလိုပဲ Cancer တွေက စိတ်ခံစားချက်တွေကို မျိုသိပ်ထားတတ်ကြသူတွေပါ။ မျက်နှာမှာ မပေါ်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိပါတယ်။ မျိုသိပ်ထားရတာတွေ များလာတဲ့အခါ ရုပ်ကျန်းမာရေးမှာပါ ထိခိုက်လာပါတယ်။Cancer တွေက ရင်သား၊ ရင်ဘတ်နဲ့ အစာခြေစနစ်ကို လွှမ်းမိုးထားပါတယ်။ စိတ်နဲ့ အစာအိမ်နဲ့ ဆက်စပ်နေတာမို့လို့စိတ်ဖိစီးမှုတွေ များလေလေ အစာအိမ်ပြဿနာတွေ ပိုပြီး ခံစားရလေလေ ဖြစ်ပါတယ်။ လွမ်းတာရှိရင် စားစရာနဲ့ ဖြေကြတတ်သူတွေ ဖြစ်တာကြောင့်လည်း ဝိတ်တက်တဲ့ ပြဿနာကို ကြုံရတတ်ပါတယ်။စိတ်နဲ့ ရုပ်နဲ့ ဆက်စပ်သူတွေ ဖြစ်တာကြောင့် စိတ်မှာ ခံစားရသမျှက မျက်နှာမှာ မပေါ်ပေမယ့် ကျန်းမာရေးမှာ ပေါ်နေတတ်ပါတယ်။Cancerတွေက သူတို့လွှမ်းမိုးထားတဲ့ နေရာတွေအလိုက်။ခြုံပြောရရင် စိတ်ဖိစီးတာကြောင့် ခံစားရတတ်တဲ့ ဝေဒနာတွေ ဖြစ်နေတာကို တွေ့ရမှာပါ။စိတ်ခံစားချက်ပြင်းထန်လွန်းတဲ့ Cancer တို့ ကျန်းမာစေဖို့ဆိုရင်။ဗီဇအရ မျိုသိပ်ထားတတ်တယ်ဆိုပေမယ့် တစ်ခါတလေမှာတော့ ဖွင့်ထုတ်ဖို့ လိုအပ်ပါတယ်။ သိမ်းထားတာများလေလေ ကျန်းမာရေးထိခိုက်တာ များလေလေပါ။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ဗိုက်တွေအောင့်၊ ရင်ဘတ်တွေအောင့်တာ မျိုသိပ်ထားတာကြောင့် ဖြစ်တတ်ပါတယ်။စိတ်ညစ်လည်း စား၊ ပျော်လည်း စားသူတွေဖြစ်တာကြောင့် ကိုယ်အလေးချိန်တက်နိုင်ပါတယ်။ ဒီလိုမျိုး အလွန်အကျွံစားတာကလည်း အစာအိမ်ထိခိုက်စေနိုင်တာကြောင့် ဆင်ခြင်သင့်ပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်တက်လာပြန်ရင်လည်း စိတ်ညစ်တတ်ကြသူတွေက Cancer လေးတွေပဲ ဖြစ်ပါတယ်။မျိုသိပ်ထားတာတွေကို လေ့ကျင့်ခန်းနဲ့ ဖွင့်ထုတ်လိုက်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။ စိတ်ဖိစီးမှု သက်သာစေသလို ကိုယ်အလေးချိန်လည်း ကျစေပါတယ်။Cancer တွေရဲ့ biological cell saltကတော့ ကယ်ဆီယမ် ဖလိုရိုက် (Calcium fluoride) ပဲ ဖြစ်ပါတယ်။ ဒီဓာတ်ကို ဥ၊ ဂျုံ၊ ကီဖာ၊ ဒိန်ချဉ်၊ ပင်လယ်စာ စတာတွေကနေ ရနိုင်ပါတယ်။ အစာခြေစနစ် ပြဿနာရှိတတ်တာကြောင့်အပူအစပ်နဲ့ ဆီကြော်တွေကို ရှောင်ဖို့ လိုပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ အစားအစာတွေ ရှိမယ်ဆိုရင်လည်း သတိထားပြီး ရှောင်ရပါမယ်။နောက်ပြီး အရက်လည်း လျှော့သင့်ပါတယ်။ စိတ်ညစ်တာတွေကို အရက်နဲ့ ဖြေတာက ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အစာအိမ်ကိုလည်း ဒုက္ခပေးတတ်ပါတယ်။စိတ်ခံစားချက်တွေကို မျိုသိပ်ထားရာကနေ စိတ်ဖိစီးတာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်တာကြောင့် စိတ်ဖြေလျော့ဖို့ လိုပါတယ်။ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ဝါသနာပါတာလေးတွေနဲ့ ဖြေလျော့ဖို့ အကြံပြုလိုပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-cancer/
ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ
ကလေးတွေမှာ တစ်ခုခုစားပြီးတိုင်း ဝမ်းဗိုက်ပြဿနာတွေ ကြုံတွေ့နေရမယ်။ ဝမ်းလျှောတာ၊ လေပွတာတွေ ကြုံနေရမယ်ဆိုရင် အစာချေရခက်တဲ့ ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အစားအစာတစ်ခုခုကို စားတိုင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတယ်ဆိုရင်ပေါ့။အစာချေရခက်တဲ့ ပြဿနာဆိုတာ ကလေးတွေ စားလိုက်တဲ့ အစားအစာကို ခန္ဓာကိုယ်က မချေဖျက်နိုင်တာ ဒါမှမဟုတ် အစားအစာမှာပါတဲ့ ဓာတ်ပစ္စည်းတစ်မျိုးမျိုးကို အစာချေစနစ်က ခံနိုင်ရည် မရှိတာပဲ ဖြစ်ပါတယ်။အစာချေရခက်တာနဲ့အစာဓာတ်မတည့်တာနဲ့က မတူပါ။ အစာဓာတ်မတည့်ဘူးဆိုတာက ကလေး စားလိုက်တဲ့အစားအစာကို သူ့ရဲ့ ခုခံအားစနစ်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။အစာချေရခက်တဲ့ ပြဿနာမှာ ခုခံအားစနစ်မပါပါဘူး။ အစာချေစနစ်နဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ အစာဓာတ်မတည့်တာက ပိုပြင်းထန်ပြီး လက္ခဏာအနေနဲ့ အသားယားတာ၊ နှုတ်ခမ်း၊ မျက်နှာနဲ့ မျက်လုံးတွေ ရောင်ရမ်းတာ၊ အသက်ရှူရင် တရွှီရွှီမြည်တာတတွေ ခံစားရတတ်ပါတယ်။ကလေးတွေက သူတို့ မချေဖျက်နိုင်တဲ့ အစားအစာတွေကို စားမိပြီး နာရီပိုင်းအကြာမှာ။တချို့ကလေးတွေမှာ ခေါင်းကိုက်တာ၊ နုံးတာ၊ ဝမ်းချုပ်တာ၊ အဆစ်တွေနာတာနဲ့ အရေပြားမှာ အနီစက်ထွက်တာတွေလည်း ဖြစ်တတ်ပါတယ်။ဒီလက္ခဏာတွေက နာရီပိုင်းကနေ ရက်ပိုင်းအထိ ကြာနိုင်ပါတယ်။ကလေးမှာ အစာချေရခက်တဲ့ ပြဿနာရှိတယ်လို့ ယူဆတယ်ဆိုရင် အာဟာရဆရာဝန်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်။သုံးလေ့ရှိတဲ့ စစ်ဆေးနည်းတွေကတော့။Elimination dietsဆိုတာ ကလေးအစာချေရခက်တယ်လို့ ယူဆတဲ့ အစားအစာတွေကို အချိန်တစ်ခုကြာအောင် မကျွေးဘဲ ထားကြည့်တာ ဖြစ်ပါတယ်။ ဥပမာ ကလေးက နွားနို့သောက်တိုင်း ဝမ်းဗိုက်ပြဿနာတွေ ခံစားနေရလို့နို့သကြားမချေဖျက်နိုင်တဲ့ ပြဿနာရှိတယ်ထင်ရင် နွားနို့တိုက်တာကို ရက်သတ္တပတ်အနည်းငယ်လောက် ရှောင်ကြည့်တဲ့ သဘောပါ။ပြီးရင် ပြန်ပြီး တိုက်ကြည့်ပါ။ ရှောင်ထားတဲ့ အချိန်မှာ သက်သာပြီး ပြန်တိုက်တဲ့အချိန်မှာ ဝမ်းဗိုက်ပြဿနာတွေ ပြန်ဖြစ်ရင် နို့သကြားမချေဖျက်နိုင်တာ ဖြစ်နိုင်ပါတယ်။ကလေးက ဘယ်လိုအစားအစာတွေကို မချေဖျက်နိုင်ဘူးလဲဆိုတာ သေသေချာချာ သိရအောင် နေ့စဉ်ကျွေးသမျှကို အစားအသောက်စာရင်း ပြုလုပ်ထားသင့်ပါတယ်။အစာမချေဖျက်နိုင်တဲ့ ပြသနာအတွက် ကုသနည်းရယ်လို့ မရှိပါဘူး။ လက္ခဏာတွေ ခဏခဏ ပြန်မဖြစ်အောင် အပေါ်မှာ ပြောခဲ့တဲ့ Elimination dietနည်းကို အသုံးပြုလို့ရပါတယ်။ဒါ့ပြင် အစာချေဖျက်မရတဲ့အခါ ဖြစ်လာတဲ့ ဝေဒနာတွေကို သက်သာစေဖို့ လိုအပ်တဲ့ ဆေးတွေ တိုက်လို့ ရပါတယ်။ ဥပမာ လေပွတယ်ဆိုရင် လေဆေးတွေ တိုက်တာ၊ နို့သကြားမချေဖျက်နိုင်ဘူးဆိုရင် lactates အင်ဇိုင်းတွေ တိုက်ပေးတာမျိုး လုပ်လို့ ရပါတယ်။ကလေးတွေကို ဆေးတိုက်မယ်ဆိုရင် အညွှန်းအတိုင်းတိုက်ဖို့၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ဖို့ လိုပါတယ်။ဒီအစာမချေဖျက်နိုင်တဲ့ ပြဿနာက ကလေးဘယ်အရွယ်ထိ ဖြစ်နေမလဲဆိုတာ ပြောရခက်ပါတယ်။ ဒီအစားအစာကို ကလေးရဲ့ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်မလဲဆိုတာပေါ် မူတည်ပါတယ်။တချို့ကလေးတွေက နောက်ပိုင်းမှာ သူတို့မချေဖျက်နိုင်တဲ့ အစားအစာကို နည်းနည်းစီ ပြန်စားနိုင်တာကို ‌တွေ့ရပါတယ်။အစာမချေဖျက်တာကြောင့် Elimination dietနဲ့ အစားရှောင်ရတဲ့အခါအာဟာရချို့တဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့။အစာခြေရခက်တဲ့ ပြဿနာက ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။ အန္တရာယ်မရှိဘူးဆိုပေမယ့် ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်သောင့်သက်သာ မဖြစ်စေတာကြောင့် စားသောက်မှုပုံစံကို ပြောင်းလဲပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ တစ်ချိန်တည်းမှာပဲ အာဟာရမချို့တဲ့အောင် ကူညီဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/food-intolerance-in-children/
ကူးစက်နှုန်း ဆယ်ဆမြင့်လာတဲ့ ကိုဗစ်
ပြည်တွင်းကူးစက်မှုမရှိတာ တစ်လကျော်ကြာခဲ့ပြီးမှ သြဂုတ် ၁၆ရက်နေ့မှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုမရှိ၊ ပြည်ပနိုင်ငံကလည်း ပြန်လာတာမဟုတ်တဲ့ လူနာကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ဒီလူနာနဲ့ ထိတွေ့ခဲ့တဲ့ လူတွေမှာလည်း ဆက်တိုက်ဆိုသလို ရောဂါပိုးတွေ တွေ့ရှိလာရပါတယ်။ ဒါဟာ အားလုံးက သတိထားဖို့ ပြောနေကြတဲ့ local transmission ရဲ့ အစပဲလား။ကိုဗစ်ရဲ့ ဒုတိယလှိုင်းလာတော့မှာလား။ဒါတင်မကသေးဘဲ နောက်ရက်မှာလဲ အိန္ဒိယကနေ ရခိုင်ကို ပြန်လာကြသူတွေထဲမှာလည်း ရောဂါပိုးတွေ့ရှိသူတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အားလုံးက စိုးရိမ်နေကြတဲ့အချိန်မှာ နောက်ထပ် မျက်ခုံးလှုပ်စရာသတင်းကတော့ ဒီတစ်ခါတွေ့တဲ့ ကိုဗစ်ပိုးက ကူးစက်မြန်တယ်ဆိုတာပါပဲ။သြဂုတ်လ ၂၀ရက်နေ့မှာ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကူးစက်နှုန်း မြန်ဆန်တဲ့ကိုဗစ်ရောဂါပိုးကို မြန်မာနိုင်ငံအတွင်းမှာ တွေ့လာရပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပက ပြန်လာသူတွေရဲ့ ဓာတ်ခွဲနမူနာ ငါးခုမှာ ဒီသန္ဓေပြောင်းပိုးကို တွေ့ခဲ့ရပြီး ဒီပိုးက လူထုကြားထဲရောက်လာခဲ့ရင် ဒုတိယလှိုင်း ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရေးရောဂါတိုက်ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးကလည်း ဒီသန္ဓေပြောင်းပိုးက အရင်တွေ့နေကြပိုးတွေနဲ့မတူဘဲ ခုန်ကျော်ကူးစက်တတ်ပါတယ်။ ဒါကြောင့် ထိတွေ့မိသူကိုသာမက သူ့ရဲ့ မိသားစုကိုလည်း ဆင့်ပွားကူးစက်တတ်တယ်လို့ ဆိုပါတယ်။ကိုဗစ်ဟာ တခြားဗိုင်းရပ်စ်တွေလိုပဲ သန္ဓေပြောင်းတတ်ပါတယ်။ လက်ရှိမှာ ကိုဗစ်မျိုးကွဲပေါင်း ၆မျိုး တွေ့ရှိထားပြီး ဖြစ်ပါတယ်။လတ်တလောမှာတော့ အာရှဘက်မှာ L strainတွေ နည်းလာပြီး G, GH နဲ့ GRက ပိုပိုပြီး များလာပါပြီ။ တကယ်တော့ ဒီမျိုးစိတ်တွေက မတ်လကုန်လောက်ထဲက အာရှဘက်ကို ရောက်နေခဲ့တာပါ။ အနောက်နိုင်ငံတွေထက် တစ်လနောက်ကျပါတယ်။ ဒီမျိုးစိတ်တွေထဲမှာတော့ Gအုပ်စုက ကူးစက်မှု အမြန်ဆုံးပါပဲ။မလေးရှား ကျန်းမာရေးအာဏာပိုင်တွေကတော့  D614G (G614)ဆိုတဲ့ မျိုးစိတ်ကို အရှေ့တောင် အာရှမှာ တွေ့လာရပြီး ဒါဟာ အရင်က တွေ့ခဲ့တဲ့ ကိုဗစ်ထက် ပိုကြောက်စရာကောင်းလာနိုင်တယ်လို့ဆိုပါတယ်။မလေးရှားမှာ ဒီမျိုးကွဲကူးစက်ခံရတဲ့သူ ၄၅ယောက်ရှိနေပြီး (၁၇.၈.၂၀၂၀ ဒေတာ) ပထမဆုံးလူနာက အိန္ဒိယကနေပြန်လာသူဖြစ်ပြီး ကွာရန်တင်း ၁၄ရက်မပြည့်ခင် အပြင်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။ဖိလစ်ပိုင်မှာလည်း အလားတူ မျိုးစိတ်မျိုးတွေ့နေရပါပြီ။ဗီယက်နမ်ကတော့ ဒီမျိုးစိတ်အသစ်က ကူးစက်နှုန်း မြင့်တယ်လို့ဆိုပါတယ်။ အရင်ကရောဂါပိုးရှိသူတစ်ယောက်က နောက်ထပ် ၂ယောက်လောက် (၁.၈-၂.၂) ကို ကူးနိုင်ပေမယ့် ခုမျိုးစိတ်က ၅ယောက် ၆ယောက်လောက်ကို ကူးနိုင်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံကလည်း စစချင်းတုန်းကတော့ S strainပဲ တွေ့ခဲ့ရာက ခုပြည်တော်ပြန်တွေထဲမှာ G strainတွေပါ တွေ့နေရပြီလို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး G strainလူနာတွေရဲ့ အာခေါင်တို့ဖတ်မှာ ပိုးပမာဏအများကြီး တွေ့ရတဲ့အတွက် ဒါကြောင့်ပဲ ကူးစက်နှုန်း မြင့်နေရတာလားလို့ ဆိုပါတယ်။ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ကိုဗစ်စဖြစ်တုန်းက D614မျိုးစိတ်ကို စတွေ့ခဲ့ရပြီးမေလ၇ရက်နောက်ပိုင်းမှာသာ G614 (G strain)ကို စတွေ့ခဲ့တာပါ။အရင်ကတော့ ပြည်တွင်းကူးစက် ဓာတ်ခွဲနမူနာမှာ ၅ခုမှာ ၁ခုလောက်ကပဲ G614 ဖြစ်ခဲ့တာကြောင့် သိပ်မပြန့်ခဲ့တာပါ။ ခုနောက်ပိုင်း အထူးသဖြင့် မေလနောက်ပိုင်းမှာ ဓာတ်ခွဲနမူနာ ၁၀ခုမှာ ၆ခုလောက်က Dကနေ Gကို ပြောင်းလာတာကို တွေ့ရပါတယ်။လက်ရှိ ကူးစက်မှု မြင့်မားနေတဲ့ အိန္ဒိယနဲ့ ကိုဗစ်ဒုတိယလှိုင်း စနေတဲ့ နိုင်ငံတွေမှာ ဒီမျိုးစိတ်ပါ။ လတ်တလော ပြည်ပက ပြန်လာတဲ့ ဓာတ်ခွဲနမူနာ အများစုကလည်း G614ဖြစ်တဲ့အတွက် လူထုကြားထဲကို ပြန့်သွားခဲ့ရင် ဒုတိယလှိုင်း ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။အရင်နည်းလမ်းဟောင်းတွေပါပဲ။ တစ်ဦး တစ်ယောက်ချင်းဆီရဲ့ အသိစိတ်နဲ့ တင်းတင်းကြပ်ကြပ်လိုက်နာဖို့ပဲ လိုတာပါ။ အရင်ကလိုပဲ။ဒီလိုဆိုရင် ကိုဗစ်ဒုတိယလှိုင်းကို အတူတကွ ကျော်ဖြတ်နိုင်မှာပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%af%e1%80%94%e1%80%ba%e1%80%b8-%e1%80%86%e1%80%9a%e1%80%ba%e1%80%86%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%b7%e1%80%9c/
Scrub အလုပ်လွန်လို့ ထိခိုက်သွားတဲ့ အသားအရေ ဘယ်လိုကုစားမလဲ
အသားအရေ လေး လှချင်လို့ စကင်လေးကဲပါတယ်။ ဆဲလ်သေတွေ ဖယ်ရှားရမယ်၊ ချွေးပေါက် ပွင့်ရမယ် ဆိုလို့Scrubတွေ သုံးမိတာပေါ့။ ဒါပေမယ့် တစ်ပတ် ကို တစ်ကြိမ်၊ အလွန်ဆုံး နှစ်ကြိမ်ပဲ သုံးသင့်တာပါ။တန်ဆေး၊ လွန်ဘေး ပါနော်။ ခဏခဏScrubလုပ်မိလို့ မျက်နှာအသားအရေ ထိခိုက်သွားရင် ဘယ်လိုလုပ်ပါ့မလဲ။Scrub လုပ်ရင်တော့ အသားလေး ဖြူပြီး လင်းလာတတ်တာပေါ့။ ဒါပေမယ့်ချွေးပေါက်ပြန်ကျဉ်းအောင်Tonerသုံးပေးရမယ်၊ အစိုဓာတ် ထိန်းဖို့ Moisturizer ပြန်သုံးပေးရမယ်။ ဒီလိုလေး ပြန်မထိန်းသိမ်းဘဲ Scrub ချည်း လုပ်နေမယ်ဆို ကြာလာရင် နဂိုအလှပါ ပျက်စေနိုင်ပါတယ်။ဒီလို လက္ခဏာတွေ ဖြစ်လာတဲ့အခါ မျက်နှာ အသားအရေကို အမြန်ကယ်တင်နိုင်ဖို့ လုပ်ရပါမယ်။ မဟုတ်ရင် ပိုဆိုးလာပါမှ အရေပြားဆေးခန်း ပြေးရတဲ့အခါ ပြန်ကောင်းဖို့ ကြာမယ်၊ ပိုဂရုစိုက်ရမယ်၊ စရိတ် ပိုကုန်ရမယ့် အပြင် အသားအရေမှာ နောက်ဆက်တွဲဒဏ်တွေ ကျန်ခဲ့နိုင်ပါတယ်။Scrubတွေ အပါအဝင် ဆဲလ်သေ ဖယ်ရှားတဲ့ ပစ္စည်းတွေ အကုန် မသုံးဘဲ ရပ်ထားပါ။ အသားအရေ ကို ပွန်းစေ၊ စားစေမယ့် အရာ ဘာမှ မလုပ်မိပါစေနဲ့။မျက်နှာသစ်ဆေးအပျော့စား ကိုပဲ သုံးပါ။ အသားဖြူဖို့၊ ဝက်ခြံပျောက်ဖို့၊ ဘာဖို့၊ ညာဖို့ အထူးအာနိသင်ပါတဲ့ အမျိုးအစားတွေ ရှောင်ပါ။ခုနေအချိန်မှာ အကောင်းဆုံးက ဆပ်ပြာ မပါ၊ ဓာတုပစ္စည်း နည်းတဲ့ သဘာဝပစ္စည်း အခြေခံတဲ့ မျက်နှာသစ်ဆေးမျိုး သုံးပါ။ထိခိုက်ပျက်စီးနေတဲ့ အသားအရေ မှာ အစိုဓာတ် ဆုံးရှုံးနေတာမို့ Moisturizer သုံးပေးဖို့က အခြေခံအချက်ပါ။ Soothing Gel လေးတွေ၊ နို့ရည်လေးတွေ သုံးပေးလည်း ရပါတယ်။ဆဲလ်သေဖယ်ရှားတာ လွန်ကဲလို့ နီမြန်း၊ ရောင်ရမ်းလာတဲ့ အသားအရေကို အဝတ်သန့်သန့်လေး နဲ့ ရေအေးဝတ် ကပ်ပေးပါ။မျက်နှာပေါ်မှာ မိနစ်အနည်းငယ်လောက် ရေအေးဝတ် ကပ်ထားပေးပါ။ ရေခဲတုံး နဲ့ မလုပ်ရပါ၊ လုံးဝ မပွတ်ရပါဘူးနော်။Scrub လုပ်တာ လွန်ကဲသွားတဲ့အခါ ဆဲလ်သေတွေတင် မကဘဲ အရေပြားဆဲလ်အသစ်တွေပါ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအရေပြားမှာနေလောင်ဒဏ်ပိုခံရတတ်ပါတယ်။ဒီလိုဖြစ်တဲ့အချိန် အသားအရေ ပိုမပျက်စီးချင်ရင် နေပူထဲ မထွက်မိအောင် ဂရုစိုက်ပါ။ဒီတိုင်း မသက်သာနိုင်တော့ဘူး၊ လက္ခဏာတွေ တာရှည်နေတယ်၊ ပိုဆိုးလာတယ် ဆိုရင် အရေပြားဆရာဝန် အမြန်ဆုံးပြပြီး ကုသမှု ခံယူသင့်ပါတယ်။ဒါဖတ်ပြီးတော့ စကင်ကဲဖို့၊ Scrub သုံးဖို့လည်း ကြောက်မနေကြနဲ့ဦးနော်။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပဲ ကန့်သတ်ထားမယ်၊ Scrub လုပ်ပြီးတဲ့အခါ အသားအရေ ကို ဂရုစိုက် ထိန်းသိမ်းပေးမယ် ဆိုရင် ဒီလို လွန်ကဲမှု ပြဿနာတွေ ဖြစ်လာစရာ မရှိပါဘူး။ စိတ်မပူပါနဲ့လို့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1/
ကိုယ်ဝန်ဆောင်ကာလ ၄၁ ပတ်မြောက်မှာ သိကောင်းစရာများ
ကိုယ်ဝန်ပတ် ၄၁ ပတ်မှာဆို သင့်ဗိုက်ထဲက ကလေးက ပိန္နဲသီးအရွယ်လောက် ရှိလာပါပြီ။ အရှည်က ၅၀ စင်တီမီတာလောက်ရှိပြီး ကိုယ်အလေးချိန်က ၃.၆ ကီလိုဂရမ်လောက် ရှိနေပါပြီ။ သင့်ကလေး ဘယ်လောက်ပဲ ဖွံ့ဖြိုးမှုကောင်းတယ်ပြောပြော ဗိုက်ထဲမှာ အမြဲ နေလို့မရဘူးလေနော်။ မွေးရမယ့်ရက်ဆို အပြင်ထွက်ကို ထွက်လာရပါမယ်။ ဆရာဝန်တွေကတော့ မွေးရမယ့်ရက်ထက် ၁ပတ်ကျော်တဲ့ အထိတော့ ကလေးထွက်လာမလားစောင့်နေတတ်ပါတယ်။ ။ အမေရော ကလေးမှာပါ အန ္တရာယ်ရှိနိုင်တာကြောင့် မွေးရမယ့်ရက်ထက် ၂ ပတ်ကျော်သွားရင်တော့ မစောင့်တော့ပါဘူး။ ကိုယ်ဝန်ပတ် ၄၂ ပတ်ထက်ကျော်ပြီး မွေးလာတဲ့ ကလေးတွေမှာ အသားခြောက်တာ၊ ကိုယ်ပေါ်မှာ အဖြူဖတ်တွေကပ်နေတာ၊ လက်သည်းတွေရှညိနေတာ၊ ဆံပင်ထူနေတာ ၊ အရေပြားမစိုပြေတာ၊ မျိုးတွေဖြစ်တတ်ပါတယ်။ အပြင်ကို ၂ ပတ်နောက်ကျရောက်တဲ့ အတွက် လိုအပ်တွေ အာဟာရတွေလည်း မရတော့လို့ ကလေးက အာဟာရပြတ်နေတတ်ပြီး အရေပြားပါးနေတတ်ပါတယ်။မွေးရမယ့်ရက်ကကျော်နေပြီး ကလေးကလည်း ထွက်မလာသေးဘူး ဗိုက်ကလည်း ဆက်ပူနေတုန်းပဲဆိုရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုမှ စိတ်အေးအေး မနေနိုင်ပါဘူး။ အရမ်းကြီးလည်း စိတ်မပူပါနဲ့။ ကိုယ်ဝန်ဆိုတာ တစ်ချိန်ကျ ရင် မွေးကိုမွေးမှာပါ။ ကိုယ်ဝန်ပတ် ၄၂ ပတ်မှာတင် သူ့ဟာသူဗိုက်နာပြီး မွေးသွားနိုင်ပါတယ်။ မမွေးခဲ့ရင်တောင် ဆရာဝန်တွေက သင့်နှင့် သင့်ကလေး လုံခြုံမှုရှိစေဖို့ ဗိုက်နာလာအောင် လုပ်ပေးပြီး မွေးပေးမှာပါ။မွေးရမယ့်ရက်ထက် ၃ပတ် ( ဒါမှမဟုတ်) ၃ပတ်ထက်ကျော်သွားတာတောင် ကလေးမမွေးသေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဦးရောဟာ ၅ ရာခိုင်နှုန်း ကနေ ၆ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ကိုယ်ဝန်ပတ် ၄၂ ပတ်ကျော်မှ မွေးတဲ့ ကလေးတွေမှာ အသားအရေခြောက်တာ၊ ကိုယ်အလေးချိန်များနေတာ မျိုးတွေ ဖြစ်နိုင်ပါတယ်။ မွေးရမယ့်ရက်မှာ မမွေးဘဲ ဗိုက်ထဲမှာကလေးဆက်ရှိနေသေးရင် သားအိမ်ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ သားအိမ်ပိုးဝင်တာက သင်ရော သင့်ကလေးအတွက်ရော အန ္တရာယ်ရှိပြီး ကလေး အသေလေးတွေမွေးနိုင်ပါတယ်။မွေးရမယ့် ရက်ထက်ကျော်နေရင်၊ ( ဒါမှမဟုတ်) ကလေးမှာ၊ အမေမှာ တစ်ခုခုဖြစ်နေလို့ စောမွေးရတာမျိုးရတဲ့ အခါမျိုးတွေမှာ ဗိုက်နာအောင်၊ သားအိမ်ညှစ်အောင်လို့ ဆေးထိုးလို့ရကြောင်း ဆရာဝန်မှ ရှင်းပြပါလိမ့်မယ်။ သင်နဲ့ သင့်ကလေး အန ္တရာယ်ရှိနိုင်တာကြောင့် မွေးရမယ့်ရက်ထက် ၂ပတ်နောက်ကျတဲ့ အထိတောင် တစ်ချို့ ဆရာဝန်တွေက မစောင့်ကြပါဘူး။သင့်သားအိမ်ခေါင်းပွင်တဲ့ အခြေအနေပေါ်မူတည်ပြီး ကလေးမွေးချင်အောင်လို့ သုံးရတဲ့ နည်းတွေ ကွာသွားတတ်ပါတယ်။ သားအိမ်ခေါင်းက ပွင့်မလာသေးဘူးဆိုရင် ကလေးမွေးအောင် လုပ်လို့မရသေးပါဘူး။ ဒီလိုအခါမျိုးမှာ ဗိုက်နာအောင်ဆေးမထိုးခင် ဆရာဝန်တွေက လက်နဲ ( ဒါမှမဟုတ်)၊ ဟော်မုန်းဆေးတွေပေးပြီး သားအိမ်ခေါင်းပွင့်အောင် လုပ်ကြပါတယ်။ အခြေအနေပေါ်မူတည်ပြီး ရေမွှာဖောက်လိုက်တာမျိုး၊ oxytocin လို့ခေါ်တဲ့ သားအိမ်ညှစ်ဆေးပေးတာမျိုးတွေ ဆရာဝန်တွေက လုပ်ပေးပါလိမ့်မယ်။ အပေါ်မှာပြောထားတဲ့ အချက်တွေ အလုပ်မဖြစ်ဘူးဆိုရင် ကလေးကို ဗိုက်ခွဲမွေးရပါလိမ့်မယ်။ကလေးအသုံးအဆောင်တွေဖြစ်တဲ့ အဝတ်တွေ၊ စောင်တွေ၊ ကလေးအသားနဲ့ထိတဲ့ အသုံးအဆောင်တွေကို ကလေးမမွေးခင်တည်းက ကြိျုလျှော်ထားသင့်ပါတယ်။ ဒါတွေက မလိုပေမယ့်လည်း တစ်ချို့ဆရာဝန်တွေကတော့ ကလေးအနှီးကို ကလေးမဝတ်ခင်တည်းက ကြိုလျှော်ထားတာ ပိုကောင်းတယ်လို့ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အနှီးအသစ်တွေရဲ့ အဝတ်စက ကြမ်းနေတဲ့ အတွက် သင်ကလေးကို ဖက်လိုက်ရင် ကလေးရဲ့ နူးညံ့တဲ့ အသားအရေကို ထိခိုက်မိတတ်လို့ပါ။ကိုယ်ဝန်ရက်လွန်တာနဲ့ ပက်သက်လို့တော့ သင့်ဘာမှထိန်းချုပ်လို့မရပါဘူး။ ကလေးမွေးချင်အောင်လို့ တိုင်းရင်းဆေးတွေသောက်တာ၊ နို့သီးခေါင်းကို ဆွပေးတာ၊ ကြက်ဆူဆီတွေ သုံးတာတွေက ဗိုက်နာလာစေပြီး သားအိမ်ညှစ်အားကို ကောင်းစေပေမယ့်လည်း သင်နဲ့သင့်ကလေးအပေါ်ကို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်။ ကိုယ်ဝန်ပတ် ၄၁ ပတ်နဲ့ ၄၂ ပတ်ကြားမှာ ကလေးမြန်မြန်မွေးအောင်လို့ ဆရာဝန်တွေက ဗိုက်နာအောင် လုပ်ပေးပါလိမ့်မယ်။နောက်တစ်ပတ်ထပ်ကြာရင်ရော သင့်ကလေး ဘယ်လိုဆက်ကြီးထွားဦးမလဲ ။ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေအနေနဲ့ ဘေဘီလေးကို ဘယ်နေ့မွေးဖွားမလဲသိချင်တယ်ဆိုရင် ဒီ မီးဖွားမယ့်ရက် တွက်ချက်ခြင်း ကိရိယာ (Due Date Caculator) App လေးကို သုံးလို့ တွက်ချက်ကြည့်လို့ရပါတယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါ ရှာဖွေခြင်း နဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/third-trimester-being-pregnant/week-41/
ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ
မိသားစုဝင်တွေ စုဝေးပြီး ဘာဘီကျူး လုပ်စားရတာ ဘယ်လောက် ပျော်ဖို့ကောင်းကြောင်း အထူးတလည် ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။ ဒါကြောင့် ဘာဘီကျူး ပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာ အာဟာရ ပြည့်ဝပြီးကျန်းမာရေးနဲ့ ညီညွတ်စေမယ့်နည်းလမ်းတွေကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်စို့နော်။ဘာဘီကျူးကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်မလဲ ဆိုတော့။ဆူဖြိုးတဲ့ အသားတွေက အပြင်ပန်း ကြည့်လိုက်ရင် စားချင်စဖွယ် ဖြစ်နေပေမယ့် ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင် သေးသွယ်ကျစ်လျစ်တဲ့ အသားတွေက ပိုကောင်းပါတယ်။ အသား ရွေးချယ်ရာမှာ ကယ်လိုရီ ပါဝင်မှုများတဲ့ အမဲနံသား၊ ခါးဆစ်သားတွေအစား ကယ်လိုရီနည်းတဲ့ ခါးဆစ် အပေါ်သား၊ ပေါင်ခြံသားတွေကိုသာ ရွေးချယ် စားသုံးသင့်ပါတယ်။အမဲသား အပြင် ဝက်သား၊ ကြက်သားနဲ့ ငါးတို့ကလည်း ဘာဘီကျူး လုပ်ဖို့ သင့်တော်တဲ့ အသားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကြက်သား ကင်တဲ့အခါ အရေခွံခွာပြီး အသားမှာ ကပ်နေတဲ့အဆီတွေကို ဖယ်ပစ်ဖို့ မမေ့ပါနဲ့။ အနီရောင်အသားတွေဆိုရင်လည်း အဆီနည်းနိုင်သမျှ နည်းပါစေ။ အဆီမပါတဲ့ ကြက်ဆင်သားက ဘာဂါလုပ်ဖို့ အထူး သင့်လျော်သလို ဝက်မိုးခိုသားနဲ့ ပေါင်ခြံသားတွေက အကင်လုပ်ဖို့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ သင်သာ ဆန္ဒရှိရင် ပုဇွန်နဲ့ ငါးကို ဟင်းခတ်အမွှေးအကြိုင် များများလေးနဲ့ အရသာ ရှိရှိ ကင်စားနိုင်ပါတယ်။Marinade က အသား အရသာ ပေါ်လွင်အောင်၊ ကင်မယ့် အသားတွေ ခြောက်မသွားအောင် ထိန်းထားပေးမှာ ဖြစ်ပါတယ်။ အခြေခံ marinade တစ်ခွက်မှာ ဆီ၊ အက်ဆစ် အပျော့စား (ရှာလကာရည်၊ သံပုရာရည်)၊ ကြက်သွန်ဖြူ၊ ဆားနဲ့ ငရုပ်ကောင်းတို့ အချိုးညီညီ ပါဝင်ပါတယ်။ ရိုးရိုး Marinade နဲ့မတူဘဲ ပိုမို စွဲဆောင်မှုရှိလာအောင် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ သဘာဝ ဆေးဖက်ဝင်တွေ ရောစပ်ထည့်သွင်းပြီး မက္ကစီကန်၊ အာရှ၊ မြေထဲပင်လယ်၊ ဂရိ၊ ကေဂျန် – သင့်စိတ်ကြိုက်ပုံစံအတိုင်း ဖန်တီးနိုင်ပါတယ်။ကင်မယ့် အသား အားလုံးကို marinade နဲ့ အနည်းဆုံး မိနစ် ၃၀ကြာအောင် နှပ်ထားသင့်ပါတယ်။ ပင်လယ်စာတွေကို အနည်းဆုံး ၁နာရီ၊ ကြက်သားကို အနည်းဆုံး ၂နာရီ၊ဝက်သား၊ သိုးသားနဲ့အမဲသားတွေကို အနည်းဆုံး ၄နာရီကြာအောင် နှပ်ထားဖို့ လိုပါလိမ့်မယ်။ ဖြစ်နိုင်ရင် timer နဲ့ အချိန်မှတ်ထားပြီး အသားထဲ အရသာ အပြည့်အဝ စိမ့်ဝင်သွားတာနဲ့ စကင်လို့ ရပါပြီ။အပူချိန် ပြင်းပြင်း အသုံးပြုပြီး ချက်ပြုတ်ထားတဲ့ အသားဟင်းလျာတွေမှာ heterocyclic amine (HCAs), polycyclic aromatic hydrocarbon (PAHs) စတဲ့ ကင်ဆာဖြစ်နိုင်ခြေ မြင့်စေတဲ့ ဓာတုပစ္စည်း အများအပြား ပါဝင်ကြောင်း လေ့လာစမ်းသပ်မှု အတော်များများက သက်သေပြထားပြီးဖြစ်ပါတယ်။ ဝက်သား၊ အမဲသား၊ ငါးနဲ့ ဥစားတိရိစ္ဆာန်အသားတွေကို မီးပြင်းပြင်းနဲ့ အကျက်လွန်အောင် ချက်မိတဲ့အခါ PAHs တွေ ထွက်လာပါလိမ့်မယ်။HCA နဲ့ PAH နှစ်မျိုးစလုံးက ဒီအန်အေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး ကင်ဆာဖြစ်မယ့် အလားအလာ များစေပါတယ်။ ဒါကြောင့် ဘာဘီကျူး လုပ်တဲ့အခါ အပူချိန်ကို ၃၀၀ ဒီဂရီကနေ ၃၂၅ ဒီဂရီဆဲလ်စီးယပ်ကြား အမြဲရှိနေအောင် ထိန်းထားပြီး ဖြည်းဖြည်းချင်း ကင်ပေးသင့်သလို ကင်ပြီး မဲတူးသွားတဲ့ အပိုင်းတွေကိုလည်း ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ၂၀၀၈ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုမှာ ပူဒီနာနဲ့ ငရုပ်ပွအနီ ပါဝင်တဲ့ marinade အသုံးပြုခြင်းက HCA ဖြစ်ပေါ်မှုကို လျော့နည်းစေတယ်လို့ ဖော်ပြခဲ့တဲ့အတွက် ဘာဘီကျူး လုပ်စားတိုင်း marinade ကို စနစ်တကျ ပြင်ဆင်ဖို့ မမေ့သင့်ပါဘူး။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/healthy-barbecue/
COVID-19 က လေထဲကတဆင့် ကူးစက်နေပြီလား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ဟာCOVID-19ဖြစ်ပွားခဲ့တဲ့ ကာလတစ်လျှောက်လုံး ဒီရောဂါပိုးဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ် (AirborneVirus) ဆိုတဲ့အချက်ကို လက်ခံခြင်းမရှိပဲ တင်းခံနေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် အဆိုပါအချက်ကို လက်ခံလိုက်ပြီလို့ဆိုပါတယ်။ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ နိုင်ငံပေါင်း ၃၂ နိုင်ငံက ထိပ်တန်းသိပ္ပံပညာရှင် ၂၃၉ ယောက်တို့က Clinical Infectious Diseases ဆေးပညာဂျာနယ်ကနေတဆင့် ဂျနီဗာအခြေစိုက် ကမ္ဘာ့အရေးအပါဆုံး ကျန်းမာရေးအဖွဲ့အစည်းကြီးဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။အခုနောက်ဆုံး WHO က ပြောဆိုလာတဲ့ အချက်အရဆိုရင် COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိလာရပြီလို့ ဆိုထားပါတယ်။ကူးစက်ခံရသူပေါင်း ၁၂ သန်းကျော်သွားပြီဖြစ်တဲ့ COVID-19 ရောဂါပိုးဟာအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပေမယ့် လေထဲကနေ ကူးစက်နိုင်ခြင်းရှိမရှိ ပညာရှင်တွေအကြား အချိန်အတော်ကြာ အငြင်းပွားနေခဲ့ကြပါတယ်။လက်ရှိ သေဆုံးသူပေါင်းက ၅ သိန်းခွဲကျော်လွန်လာနေချိန်မှာမှ ဒီရောဂါပိုးဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ အချက်ကို သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက တရားဝင် လက်ခံခဲ့ကြတာပါ။ခုချိန်မှာတော့ ဒီရောဂါပိုးဟာ လေထဲကနေတဆင့် ကူးစက်ပျံ့နှံ့နိုင်ခြေရှိတယ်လို့ WHO က တရားဝင်စတင်ပြောဆိုခဲ့ပြီဖြစ်ပါတယ်။“ကျွန်မတို့ ပြောချင်တာက COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်ပျံနှံ့နိုင်ခြေရှိနေပြီး ဒီနည်းလမ်းဟာ ရောဂါပိုးကူးစက်နိုင်တဲ့ လက္ခဏာတွေထဲက တစ်ရပ်ဖြစ်ပါတယ်” လို့ WHO ရဲ့ နည်းစနစ်ပိုင်းအရာရှိချုပ် မာရီယာ ဗန်ခါ့ခ်ဟိုဗ်က နောက်ဆုံးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောဆိုထားပါတယ်။အစောပိုင်းကာလတွေတုန်းကတော့WHOဘက်က ဒီအချက်ကို လက်မခံခဲ့ပါဘူး။ COVID-19 က နှာချေ ချောင်းဆိုးလို့ ထွက်တဲ့ အမှုန်အမွှားတွေ၊ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းကနေတဆင့် မျက်နှာနဲ့ ပါးစပ်ကို ထိကိုင်မှုတွေ၊ လူအချင်းချင်းထိတွေ့မှုတွေဟာ ရောဂါအဓိက ကူးစက်စေတဲ့ အကြောင်းအရင်းလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။WHO ကတော့ တစ်လက်စတည်း လူတစ်ဦးနဲ့ တစ်ဦးအကြား ၁ မီတာ (၃ ဒဿမ ၃ ပေ) ကနေ ၂ မီတာ (၆ ဒဿမ ၆) အထိခြားပြီးနေထိုင်ဖို့၊Social Distancingနဲ့ Physical Distancing တွေပြုလုပ်ကာနေထိုင်ကြဖို့တွေကို တိုက်တွန်းထားပါတယ်။ဗိုင်းရပ်စ်ရဲ့ အရွယ်အစားက 0.1 micron သာသာ လောက်ပဲ ရှိတာပါ။ နှာချေ ချောင်းဆိုးလိုက်လို့ ထွက်လာတဲ့ အမှုန်တွေ၊ အရည်တွေ ပေါင်းသွားတဲ့ အခါကျတော့ 5-10micron လောက်ဖြစ်သွားမှာဖြစ်ပါတယ်။နှာချေ၊ ချောင်းဆိုးတာတွေပြုလုပ်ချိန်မှာ ဒီဗိုင်းရပ်စ်ပါဝင်တဲ့ အမှုန်အမွှားတွေဟာ ၁ မီတာဝန်းကျင်လောက် လွင့်စင်သွားနိုင်ပါတယ်။ ဒီအကွာအဝေးကိုကျော်လွန်ရင်တော့ အောက်ကို ပြုတ်ကျသွားမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က အကာအကွယ်မဲ့ ချောင်းဆိုး၊ နှာချေမယ်ဆိုရင် ၁ မီတာ အတွင်းက လူတွေဆီကို ရောဂါကူးနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၃ ပေ ခွာနေဖို့ ဒါကြောင့် လိုအပ်တာပါ။ဒါကြောင့် လေထဲကနေတဆင့် ကိုယ့်ဆီကို COVID-19 ကူးစက်မလာဖို့ဆိုရင်။ဒီနည်းလမ်းတွေက COVID-19 ကို ကာကွယ်ရာမှာ ကောင်းမွန်စွာ အထောက်အကူဖြစ်စေပါလိမ့်မယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/airborne-transmission-of-coronavirus/
ဗောက်သီး စားတာ အသားအရေ လှစေသလား
ဗောက်သီးလို့ ဆိုလိုက်ရင် အခွံလေးတွေကို ခွာလိုက်ပြီး အထဲမှာ ရွှေဝါရောင်သန်းနေတဲ့ ချစ်စရာကောင်းတဲ့ အသီးလေးတွေကို ပြေးမြင်ပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဗောက်သီးက ခရမ်းချဉ်သီးနဲ့ အရသာ ခပ်ဆင်ဆင် ဆိုပေမယ့်ခရမ်းချဉ်သီးထက် အချိုကဲပြီး ပိုစားကောင်းတာတော့ အသေအချာပါ။ဗောက်သီးလေးက စားလို့ကောင်းတာကြောင့် အချိုတည်းစရာအနေနဲ့ စားကြတာ များပါတယ်။ ဗောက်သီးကကျန်းမာရေးအတွက် အကျိုးကျေးဇူးများသလို အသားအရေကိုလည်း အကျိုးပြုပေးပါတယ်။ ဒါကြောင့် ဗောက်သီး ကြိုက်တဲ့သူလေးတွေ ဗောက်သီး စားရင်း ဘယ်လို အသားအရေ လှပမှုကို ရရှိစေနိုင်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား……။ဗောက်သီး ဆိုတာက သေးငယ်ပြီး ရွှေဝါရောင် သန်းနေတဲ့ဘယ်ရီသီးလေးတွေပါ။ တစ်လုံးချင်းစီကို အပေါ်က အခွံလေးတွေနဲ့ ကာရံထားပါတယ်။ အပင်က အရမ်းမကြီးပါဘူး။ အရွက်လေးတွေကက အစိမ်းရောင် နုနုလေးတွေကနေ အစိမ်းရောင်ရင့်ရင့်လေးတွေအထိ ဖြစ်နိုင်ပါတယ်။ အသီးလေးတွေက တော့ ဘောလုံးလေးလို လေဖောင်းဖောင်းလေးထဲမှာ သီးတာပါ။ အပေါ်ခွံလေးတွေက နုစမှာ စိမ်းပြီး အထဲက အသီးလေးတွေကလည်း စိမ်းပါတယ်။မှည့်လာမှ အထဲက အသီးလေးက ရွှေဝါရောင် သန်းလာပြီး အပြင်ခွံလေးက အဝါဖျော့ရောင်လေးဖြစ်လို့ ခွာရလွယ်လာပါတယ်။ ဗောက်သီးတွေက တောင်အမေရိကဒေသမှာ ပေါက်ရောက်လေ့ရှိပြီး ကိုလံဘီယာ၊ အီကွေဒေါ နဲ့ ပီရူးတို့မှာ ပေါက်ရောက်တတ်ပါတယ်။ဗောက်သီးမှာအသားအရေအတွက်ရောခန္ဓာကိုယ်အတွက်ပါ အကျိုးပြုတဲ့။ဗောက်သီးစားတာ အသားအရေ လှစေသလားဆိုတော့ လှစေပါတယ်။ ဗောက်သီးစားရင်း ဘယ်လိုမျိုးအသားအရေ လှပမှုတွေရရှိမှာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်နော်။ဗောက်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဗောက်သီးမှာ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီး၊ သလဲသီး၊ Goji ဘယ်ရီသီးတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုမို ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့်မို့ အသားအရေတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။ဗောက်သီးမှာ ဗီတာမင် A ပါဝင်နေတာကြောင့် အရေးအကြောင်းဖြစ်တာ၊ အသားအရေတွန့်တာတွေကို သက်သာစေနိုင်သလို အရေပြားပေါ်ကတင်းတိပ်တွေ၊ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။အသားအရေကို ချောမွေ့စေပြီး အနာအဆာ ကင်းစေမှာပါ။ ဒါ့အပြင် ဗီတာမင် A ကအမြင်အာရုံကျန်းမာစေနိုင်ပါတယ်။ဗောက်သီးမှာ ဗီတာမင် B3 ပါဝင်နေတာကြောင့် အရေပြားကို နူးညံ့စေပြီး အသားအရေကု အာဟာရဖြည့်ပေးသလို အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။ အရေပြား နီမြန်းတာတွေကို သက်သာစေနိုင်ပြီး အရေပြားအပေါ်ယံလွှာကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အရေပြား ခြောက်သွေ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဗောက်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အသားအရေကို တင်းရင်း ကျန်းမာစေပါတယ်။ အရေပြားကို နုပျိုစေပြီး ဝက်ခြံ နဲ့ဝက်ခြံ အမာရွတ်တွေကို သက်သာစေပါတယ်။ အသားအရေ ကြည်လင်လှပစေဖို့လည်း ထောက်ကူပေးပါတယ်။အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေပြားပေါ်က အစက်အပြောက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ဗောက်သီးမှာ ပါဝင်နေတဲ့ အသားအရေကို ထောက်ပံ့ပေးနိုင်တဲ့ နောက်ထပ် အာဟာရတစ်ရပ်ကတော့ ကယ်လ်ဆီယမ်ပါ။ ကယ်လ်ဆီယမ်ကို အရိုး နဲ့ သွားတွေအတွက်ပဲ လိုအပ်တာလို့ အများက သိထားကြပေမယ့် ကယ်လ်ဆီယမ်က အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အဆီ ထွက်ရှိမှုကို ထိန်းပေးပါတယ်။နောက်တစ်ချက်က အရေပြားဆဲလ် အဟောင်းတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်တာပါ။ ဒါကြောင့် ဗောက်သီး စားပေးတာက အရေပြား ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး အသားအရေကို ကျန်းမာစေမှာပါ။ အရေပြားကိုလည်း ရေဓာတ်ဖြည့်ပေးပါသေးတယ်။ဗောက်သီး စားတာ အသားအရေ လှစေသလား …….. ဆိုတဲ့ အဖြေကို ရလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/cape-gooseberry-skin-benefits/
Mask နောက်ကွယ်က ခံတွင်းနံ့များ
COVID-19 ရောဂါကြီးပျံ့နှံ့လာချိန်မှာ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတွေက ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ကြေညာခဲ့ပြီး လိုက်နာကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။ဒီလို ထုတ်ပြန်အသိပေးထားတဲ့ အချက်တွေထဲမှာ အပြင်ထွက်တိုင်း မျက်နှာမှာFace Maskတပ်ဆင်ပြီး ထွက်ကြဖို့ကလည်း အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။Mask တပ်တာဟာအသက်ရှူလမ်းကြောင်းကနေတဆင့် ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်တာမို့ ရောဂါကာကွယ်ရေးမှာ အထူးတလည် ထိရောက်အသုံးတည့်လှပါတယ်။ဒါပေမယ့် ပြဿနာတစ်ခုကတော့ လူတွေက Mask တပ်ဖို့ တွန့်ဆုတ်နေကြတာပါပဲ။ လူတိုင်းက Mask မတတ်ချင်ကြပါဘူး။ ဒါကြောင့် လစ်ရင် လစ်သလို Mask တွေ ဖြုတ်ထားကြတာတွေ၊ တပ်ကိုမတပ်တာမျိုးတွေ ဖြစ်လာပါတယ်။ဒါကြောင့်လည်း Mask မတပ်တဲ့သူတွေကို ဒဏ်ရိုက်အရေးယူတာတွေ ကမ္ဘာတစ်လွှားမှာပြုလုပ်နေကြတာဖြစ်ပါတယ်။ယျေဘုယျအားဖြင့်တေ့ Mask လေးတပ်လိုက်တာပဲ ဘာခက်တာမှတ်လို့ လို့ ထင်တတ်ကြပါတယ်။ အလေ့အကျင့်မရှိသူတွေအတွက်ကတော့ Mask တပ်ရတာက ခက်ခဲလှပါတယ်။လူတွေ Mask မတပ်ချင်ကြရတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိတတ်ပါတယ်။ အသက်ရှူကြပ်တတ်လို့၊ မနေတတ်လို့၊ စသဖြင့်ပေါ့။ ဒါပေမယ့် လေ့လာချက်တွေအရ လူတွေ Mask မတပ်ချင်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ခံတွင်းနံ့ကြောင့်သာဖြစ်ပါတယ်။Mask ကို ကြာရှည်စွာတပ်ထားချိန်တွေမှာ မိမိတို့ရဲ့ခံတွင်းနံ့က Mask မှာ စွဲကပ်နေတတ်ပြီး နေရထိုင်ရခက်လာတာပါပဲ။ ကိုယ့်ရဲ့ လက်ကောက်ဝတ်ကို ခံတွင်းနံ့ပေးကြည့်ရင်တောင် အဲ့ဒီအနံ့က အချိန်အတန်ကြာ စွဲနေတတ်ပါတယ်။ ကိုယ့်ရဲ့ ပါးစပ်ရှေ့မှာ အချိန်အကြာကြီး တပ်ထားတဲ့ Mask မှာဆို ဘယ်လောက်တောင် စွဲနေလိုက်မလဲတွေးကြည့်ပေတော့။ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ခံတွင်းသန့်ရှင်းရေးကို တစ်နေ့ ၂ ကြိမ်ခန့် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လူအများစုက ဒီအချက်ကို လျစ်လျူရှူကြလေ့ရှိပါတယ်။ သာမန်အချိန်တွေမှာ သိပ်မသိသာပေမယ့် Mask ကြီးတကားကားနဲ့ လျှောက်သွားနေရချိန်တွေမှာဆိုရင်တော့ ဒါကပြဿနာရှိလာပါပြီ။ ကိုယ့်ခံတွင်းနံ့ကိုယ်မခံနိုင်လို့ ဒုက္ခများကြရပြီလေ။ယျေဘုယျအားဖြင့် ခံတွင်းနံ့ဆိုးရွားစေတဲ့ အချက် ၁၁ ချက်ရှိပါတယ်။ ဒါတွေကတော့။အာခေါင်အတွင်းက ခံတွင်းနံ့ဆိုးရွားနေတဲ့အခါ Mask တပ်ထားလျက်နဲ့ စကားပြောဆိုချိန်တိုင်း အဆိုပါအနံ့က Mask ရဲ့ အတွင်းနံရံမှာ သွားရောက် ကပ်ငြိနေမှာဖြစ်ပြီးတော့ အသက်ရှူလိုက်တိုင်း အဆိုပါ အနံ့ကို နှာခေါင်းက ရှူရှိူက်နေရမှာဖြစ်တာမို့ အနံ့အသက်ဆိုးရွားမှု ဒါမှမဟုတ် အသက်ရှူကြပ်မှု ဝေဒနာကို ခံစားကြရမှာဖြစ်ပါတယ်။ဒါကြောင့် ကိုဗစ် ကာလမှာ Mask ကို အသုံးပြုမယ်ဆိုရင် ခံတွင်းသန့်ရှင်းရေးကိုလည်း အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခံတွင်းနံ့ကြောင့် Mask ကို သေချာမတပ်မိပဲ မကြာခဏ ချွတ်ထားမိနေမယ်ဆိုရင် ရောဂါကူးစက်လာအောင် ဖိတ်ခါ်နေတာမျိုးဖြစ်လာနိုင်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/bad-breath-behind-your-face-mask/
တစောင်းခါး ကျန်းမာစေသလား
တစောင်းခါးကို အညာစာ ကြိုက်သူတော်တော်များများကတော့ သိထားပြီး ဖြစ်မှာပါ။ အရသာက ခါးသက်သက်ဆိုပေမယ့် တော်တော်လေး ထမင်းမြိန်စေတဲ့ အစားအစာ တစ်မျိုးပါ။ တစောင်းခါးကို ထုပြီး ဆားနဲ့နယ် ခဏနှပ်ထားပြီး ရေစင်အောင်ဆေးလို ပုစွန်ခြောက် ငါးနီတူ စတာတွေနဲ့ ကြက်သွန်အဖြူအနီ ဆီသတ်ပြီး ကြော်ထားတဲ့ တစောင်းခါးကြော်လေးက တော်တော်လေး စားလို့ ကောင်းပါတယ်။ ဒီတစ်ခေါက်တော့ထမင်းမြိန်စေတဲ့တစောင်းခါးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲဆိုတာ ပြောပြပေးချင်ပါတယ်။တစောင်းခါး ဆိုတာက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အရွက်လေးတွေကရှားစောင်းလက်ပပ်ပင်လိုပဲ အထဲမှာ အနှစ်သားလေးတွေပါတဲ့ အစိမ်းရောင် ရှည်ရှည် အတောင့်လေးတွေပါ။ ဘေးအနားသတ်လေးတွေမှာ ဆူးလေးတွေပါတတ်ပါတယ်။မြေမှာကပ်ပေါက်တတ်တဲ့ အပင်ငယ်တစ်မျိုးပါ။ အရသာက ဖန်ခါးခါးလေးပါ။အရသာ ခါးသက်သက်လေး ရှိတဲ့ တစောင်းခါးမှာ။တစောင်းခါး ကျန်းမာစေသလား ဆိုတော့ အခုလို ကျန်းမာစေပါတယ်။တစောင်းခါးက အမျှင်ဓာတ် ကြွယ်ဝသလို ရေဓာတ်လည်း ပြည့်ပြည့်ဝဝ ပါဝင်နေပါတယ်။အဆာခံစေနိုင်ပြီး ကိုယ်တွင်းအဆီတွေကိုလည်း လောင်ကျွမ်းစေနိုင်တာကြောင့် ဝိတ်ချချင်သူတွေ ပုံမှန် စားသုံးပေးလို့ ရပါတယ်။ တစောင်းခါး မှာပါတဲ့ အင်ဇိုင်းတွေက အဆီတွေကို ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။တစောင်းခါးမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက မလိုတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ကြွက်သားတွေထဲက အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကို တိုးစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။တစောင်းခါးမှာသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။ ဆဲလ်တွေရဲ့ ဂလူးကို့စ် အသုံးပြုမှုကို တိုးမြှင့်ပေးပြီး သွေးထဲမှာ သကြားဓာတ် မြင့်တက်နေတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့အတွက် စားပေးလို့ ရပါတယ်။တ​စောင်းခါးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာက ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့်နာတာရှည် ကျန်းမာရေးပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေထိခိုက်မှု ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ကျောက်ကပ်က ကိုယ်တွင်းက အညစ်အကြေးတွေကို ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ တစောင်းခါးမှာကဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကျောက်ကပ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။တစောင်းခါးက အဆီတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အမျိုးသားတွေမှာ သုက်ပိုးပမာဏ တိုးစေဖို့ လုပ်ဆောင်ပေးသလို သုက်ပိုးတွေကို ဓာတ်တိုးပျက်စီးတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။အဆီပါဝင်မှု များတဲ့ အစားအစာတွေက အသည်းမှာ အဆီတွေစုစေနိုင်ပါတယ်။ တစောင်းခါးက အသည်းမှာ အဆီတွေစုတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အသည်းဆဲလ်တွေ ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။တစောင်းခါးက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေသလို ကိုယ်အလေးချိန်ကို ချပေးပြီး အဆီတွေကျစေတာကကြွက်သားတက်စေဖို့ထောက်ကူပေးပါတယ်။ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာက ကြွက်သားတွေကို ပြေလျော့စေပြီး ကြွက်တက်တာမျိုး မဖြစ်စေဖို့ရော ကြွက်သားဒဏ်ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ပါ ထောက်ကူပေးပါတယ်။အမျှင်ဓာတ် ပါဝင်နေတာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေသလို အူတွေရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။တစောင်းခါးမှာ ပါတဲ့ အမျှင်ဓာတ်က သည်းခြေရည် ထွက်ရှိစေဖို့ ထောက်ကူပေးပြီး သွေးတွင်းမှာ အဆီဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးတွင်းအဆီများသူတွေ စားပေးလို့ ရပါတယ်။တစောင်းခါးက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး မှိုပိုးတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ထောက်ကူပေးသလို သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကြွက်သားတွေ သန်မာစေဖို့ ထောက်ကူပေးပါတယ်။တစောင်းခါးက လူတိုင်းနဲ့  တည့်ပေမယ့် ဓာတ်မတည့်မှု ခံစားရဖူးသူတွေ၊ ရောဂါအခံ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးပါ။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုင်မိခင်တွေရောပါ။တစောင်းခါးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အလွန်အကျွံ စားမယ်ဆိုရင်တော့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/caralluma-fimbriata-health-benefits/
သင့် ကျောက်ကပ် ကို သဘာဝအတိုင်း သန့်စင်ပေးနိုင်မယ့် အစားအစာများ
သင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံး ကျန်းမာကြံ့ခိုင်နေဖို့ ကိုယ်တွင်းရှိ အစိတ်အပိုင်းများအားလုံး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဖို့ အရေးကြီးလှပါတယ်။ကျောက်ကပ်ဟာ အညစ်အကြေးနှင့်အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတဲ့ အရေးကြီး ကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အားလျော်စွာ ကျောက်ကပ်တွေ ကျန်းမာဖို့ကလည်း မရှိမဖြစ်အရေးကြီးလှပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နေ့စဉ်စားသောက်နေကျ အစားအစာတွေမှာ ထည့်သွင်းစားသောက်ခြင်းဖြင့် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။(၁) အစိမ်းရောင်အရွက်များ။သင်ဆောင်းပါးတွေမှာ အမြဲမြင်နေရတဲ့အစိမ်းရောင်အရွက်တွေ နေ့စဉ်စားပေးဖို့ အကြံပေးစကားတွေဟာ အကြောင်းရင်းမရှိပဲ ဖြစ်လာတာတော့ မဟုတ်ပါဘူး။အစိမ်းရောင်အရွက်တွေဟာ သင့်ကျောက်ကပ်တွေအတွက် အလွန်အကျိူးရှိလို့ပဲ ဖြစ်ပါတယ်။အစိမ်းရောင်အရွက်တွေမှာဗီတာမင်စီနှင့်ကေ ပါဝင်တဲ့အပြင် ဖော်လိတ်နှင့်အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ သင့်သွေးပေါင်ကို ကျစေပြီး သွေးတွင်းအချိူဓာတ်တွေကိုပါ မျှတစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်အပေါ်ဖိအားကိုပါ လျေ့ာကျစေပါတယ်။ ဒါကြောင့် အစိမ်းရောင်အရွက်တွေကို နေ့စဉ်စားသုံးပေးစေချင်ပါတယ်။(၂) Cranberryဖျော်ရည်။Cranberryသီးဖျော်ရည်ဟာဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကို သက်သာစေတယ်လို့ သိကြပြီးဖြစ်ပါလိမ့်မယ်။ကျောက်ကပ် ကျောက်တည်ခြင်းတွေကိုပါ သက်သာစေတဲ့အတွက် သင့်ကျောက်ကပ်တွေကိုပါ သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ သိကြသူနည်းပါးပါလိမ့်မယ်။Cranberryဖျော်ရည်ဆိုရာမှာလည်း ဆိုးဆေးတွေပါတဲ့အသင့်သောက်ဖျော်ရည်များအစား လတ်လတ်ဆတ်ဆတ်ဖျော်ထားတာမျိူးကိုသာ ဦးစားပေးသောက်သင့်ပါတယ်။(၃) နနွင်း။ခန္ဓာကိုယ်ရှိ ဆဲလ်များရောင်ရမ်းတဲ့အခါ ကျောက်ကပ်ရောဂါအပါအဝင် အခြားရောဂါများကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒီလို ရောင်ရမ်းတာတွေသက်သာစေဖို့ နနွင်းကိုအသုံးပြုခြင်းဖြင့် နနွင်းမှာပါတဲ့ ကာကူမင်ဓာတ်က ကျောက်ကပ်ရောဂါများနှင့် ကျောက်ကပ်ကျောက်တည်ခြင်းကို သက်သာစေပါလိမ့်မယ်။ နေ့စဉ်ဟင်းချက်ရာမှာ နနွင်းကိုအသုံးပြုခြင်း၊ ဖျော်ရည်ထဲ ထည့်သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။(၄) ပန်းသီး။နေ့စဉ်ပန်းသီးတစ်လုံးစားပါက ဆရာဝန်နှင့် ဝေးဝေးနေနိုင်လိမ့်မယ်လို့ ဆိုရိုးရှိပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့အမျှင်ဓာတ်တွေက အဆိပ်အတောက်တွေကို စုပ်ယူနိုင်တဲ့အတွက် ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။(၅) ကြက်သွန်ဖြူ။သင့်ကျောက်ကပ်အပေါ် အဆိပ်အတောက်တွေ စုပုံမနေစေဖို့ သင့်အနေနှင့် ကျန်းမာရေးကို အထူးဂရုပြုဖို့ လိုပါတယ်။ သင့်အနေနှင့် ကျန်းမာရေးကောင်းမွန်စေမယ့် အစားအစာတွေကို အထူးတလည် ရှာဖွေစားဖို့ အဆင်မပြေရင်တောင် ကြက်သွန်ဖြူကို  နေ့စဉ် စားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူစားခြင်းဖြင့် သွေးတွင်းအချိူဓာတ်ကို မျှတစေပြီး ကျောက်ကပ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ Allicinဓာတ်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနှင့် ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် သွေးပေါင်ကို ထိန်းညှိပေးနိုင်ပါတယ်။(၆) သံလွင်ဆီ။သံလွင်ဆီဟာကိုလက်စထရောကျစေခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းကြောင့် နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့အပြင် ရောင်ရမ်းခြင်းကို လျော့ပါးစေတဲ့ အာနိသင်ရှိပါတယ်။ နေ့စဉ်ဟင်းချက်တဲ့အခါမှာ သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။(၇) သံပုရာရည်။ကျောက်ကပ်ကို သန့်စင်ပေးရုံသာမက ကိုယ်ထဲရှိ Citrate levelကို မြင့်မားစေတဲ့အတွက် ကျောက်ကပ် ကျောက်တည်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဖျော်ရည်ဖျော်နည်းကလည်း လွယ်ကူပါတယ်။ ရေနွေး သို့မဟုတ် ရေအေးတစ်ခွက်မှာ သံပုရာသီး၄စိတ်ကို ညှစ်ပြီး နေ့စဉ်သောက်ပေးနိုင်ပါတယ်။(၈) ဂျင်း။ဆဲလ်ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကြောင့် ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပါတယ်။ ဂျင်းမှာပါတဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျှောက်သာမက ကျောက်ကပ်ရှိ ရောဂါများကို ကာကွယ်ပေးပါလိမ့်မယ်။ နေ့စဉ်ဟင်းချက်ရာတွင် ဂျင်းကိုအသုံးပြုခြင်း၊ ဈေးကွက်တွင်ရောင်းချနေတဲ့ ဂျင်းကိုကြိတ်ထားသောအမှုန့်များကို ရေနွေးဖြင့်စိမ်သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။အခုဖော်ပြသွားတဲ့ အစားအစာတွေဟာ နေ့စဉ်အလွယ်တကူမြင်တွေ့နေကျ အစားအစာများသာဖြစ်တဲ့အတွက် အပန်းကြီးလှမယ်မထင်ပါဘူး။ ဒီအစားအစာတွေ စားတဲ့အပြင် ဆေးလိပ်ဖြတ်ခြင်း၊ အဆီနှင့်အငန်များလျှော့စားခြင်း၊အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ အဝမလွန်အောင် ထိမ်းသိမ်းခြင်း၊ ဆီးချိူနှင့်သွေးတိုးရောဂါရှိသူများအနေဖြင့် ပုံမှန်ဆေးကုသမှုခံယူခြင်းတို့ကိုပါ လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသော ကျောက်ကပ်များကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။ရေးသားသူ Dr Rose။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%95%e1%80%ba-%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%98%e1%80%ac%e1%80%9d%e1%80%a1/
Taurus တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
ဧပြီ ၂၁ကနေ မေ၂၁ကြား မွေးဖွားသူများကတော့ Taurus လေးတွေပဲ ဖြစ်ကြပါတယ်။ Tarusလေးတွေက လူလည်းမာ၊ ခေါင်းလည်းမာတဲ့Zodiac signဖြစ်ပါတယ်။ ကြီးကြီးမားမား ရောဂါတွေ မရှိကြပေမယ့် ဖျားနာပြီဆိုရင်လည်း ပြန်ကောင်းဖို့ တော်တော်အချိန်ယူရပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး အစားအသောက်လည်း ခုံမင်တတ်တဲ့ Taurus တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။Taurus တွေက နေမကောင်းဖြစ်ခဲပေမယ့် ဖြစ်ရင် ပြန်ကောင်းဖို့ ကြာနေတာက ခေါင်းမာတတ်တဲ့ အကျင့်ကြောင့်ပါ။ တစ်ခုခုဆို တင်းခံပြီး သေချာကုသမှု မခံယူကြပါဘူး။Taurusတွေက လည်ပင်း၊ နားနဲ့ မေးရိုးကို အဓိက လွှမ်းမိုးထားပါတယ်။ ဒါ့ပြင် မျိုးပွားအင်္ဂါ၊ ခါးနဲ့ ခြေကျင်းဝတ်အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ဒီနေရာတွေမှာ အသေးစား ကျန်းမာထိခိုက်မှု မျိုးစုံဖြစ်တတ်ပါတယ်။နောက်ပြီး လေ့ကျင့်ခန်းလုပ်ရမှာပျင်းတာ၊ အစားအသောက်တွေကို ကြိုက်နှစ်သက်တာကြောင့်အဝလွန်တဲ့ ပြဿနာလည်း ရှိပါတယ်။လည်ပင်းပိုင်းမှာဆိုရင်။နားမှာဆိုရင်လည်း။ဒါတွေအပြင် Taurus တွေက။Taurus တွေက လည်ပင်းနေရာကို လွှမ်းမိုးတဲ့အပြင် ခေါင်းမာတဲ့သူဖြစ်တာကြောင့် လည်ပင်းနားတစ်ဝိုက်က ကြွက်သားတွေ တင်းပြီး နာကျင်နေတတ်ပါတယ်။ ဒါကြောင့် လည်ပင်းနဲ့ ဇက်ကြောတစ်ဝိုက်ကို အကြောလျှော့ဖို့ လိုပါတယ်။အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ လေဝဝရှူတာက စိတ်ထဲမှာ တင်းကျပ်နေတာကို ပြေလျော့စေသလို အဆုတ်ထဲကို လေဝင်လေထွက်ကောင်းစေတာကြောင့် ခဏခဏ နာမကျန်းဖြစ်တာကို လျော့ကျစေပါတယ်။အခြေခံအချက်ဆိုတာ လေ့ကျင့်ခန်းလုပ်တာရယ်၊ အာဟာရပြည့်အောင် စားတာရယ်ပါ။ Taurus တွေက အသက်ကြီးလာလေလေ ကျန်းမာရေးချို့ယွင်းနိုင်ခြေ များလေလေပါ။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး စားပဲစားနေချင်ကြသူတွေ ဖြစ်တာကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့၊ အာဟာရပြည့်အောင်စားဖို့ အကြံပေးလိုပါတယ်။Taurus တွေရဲ့ biological cell saltက Sodium sulfate (ဆိုဒီယမ် ဆာလဖိတ်)ပါ။ သူက ခန္ဓာကိုယ်ရဲ့ အရည်ဓာတ်ကို မျှဝစေပါတယ်။ ဒီဓာတ်ကို အစိမ်းရောင် အညှောင့်တွေ၊ ကညွတ်၊ သခွားသီး၊ မုန်လာဥဖြူ၊ ပန်းပွင့်၊ ဖရုံသီးတွေမှာ ကြွယ်ဝစွာတွေ့ရပါတယ်။ ဒါ့ပြင်  ရေကို လုံလုံလောက်လောက် သောက်ဖို့လည်း လိုပါတယ်။Taurusတွေက အစားအစာနဲ့ ပတ်သက်ရင် စည်းကမ်းရှိဖို့ လိုပါတယ်။ စားရတာကို ကြိုက်တဲ့အပြင် စားတာတွေကလည်း အဆီတွေ၊ သကြားတွေ ဖြစ်တာကြောင့် ဝိတ်တက်နိုင်လို့ပါ။အဝလွန်တတ်တဲ့ Taurus လေးတွေကို စည်းကမ်းတစ်ခုသတ်မှတ်ပြီးလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ လုပ်ရမှာ ပျင်းတယ်ဆိုရင်တောင် ကိုယ်နှစ်သက်တဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း တစ်ခုခု လုပ်ကြည့်သင့်ပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-taurus/
ကမျဉ်းနီကောင် ကိုက်ခံရပြီးနောက်
ကမျဉ်းနီကောင် ဆိုတာ အကောင်သေးသေးလေးတွေပါ။ အကောင်သေးသေး အဆိပ်ပြင်းပြင်းပေါ့။ သူတို့က လူကို ကိုက်လိုက်ရင် Orientia tsusugamushi လို့ ခေါ်တဲ့ဘက်တီးရီးယားကူးစက်ခံရပြီး လူကို ဒုက္ခပေးတာပါ။ သူ့ကြောင့်ဖြစ်တဲ့ရောဂါကိုတော့ scrub typhus လို့ ခေါ်ပါတယ်။ ဒီကမျဉ်းနီကောင်လေးတွေက ချုံပုတ်တို့၊ မြက်ခင်းပြင်တို့ စတဲ့ အုပ်အုပ်ဆိုင်းဆိုင်း နေရာတွေမှာ အတွေ့ရများပါတယ်။ ဒါကြောင့် ကိုယ်အလုပ်လုပ်တာက ဒီလို အပင်တွေ၊ ချုံတွေနဲ့ ဆက်နွယ်နေရင် ဒါမှမဟုတ် ခရီးသွားရင်းနဲ့ အပင်တွေနားကပ်ပြီး ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ဒါလေးကို သတိထားပေးပါ။ မြန်မာနိုင်ငံဟာ scrub typhus triangle လို့ ခေါ်တဲ့ အဖြစ်များဆုံး ရွှေတြိဂံဒေသတွေရဲ့ အလယ်မှာ ရှိနေတာပါ။ အဖြစ်များပါတယ်။ အထူးသဖြင့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ စတဲ့ ဘာလေးဘာ လတွေမှာ အထူးသတိထားပါ။လက္ခဏာတွေကတော့ အကောင်ကိုက်ခံရပြီး ၁၀ရက်လောက်နေရင် စပြပါတယ်။scrub typhusက ရောဂါကို အချိန်မီသိရင် ကုရလွယ်ပါတယ်။ မသိရင်တော့ လူနာက ဘာဖြစ်မှန်းမသိ သိပ်ကို ခံစားရပါတယ်။ နောက်ပြီး သေတတ်ပါတယ်။ ၃၀ရာခိုင်နှုန်းလောက်က အချိန်မီမကုနိုင်ဘူးဆို နောက်ဆက်တွဲ ရောဂါတွေ ဝင်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ နောက်ဆက်တွဲတွေကတော့။သူ့ရဲ့ လက္ခဏာက တခြားရောဂါရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတဲ့အတွက် ခွဲရခက်ပါတယ်။သွေးလွန်တုပ်ကွေးတို့၊ငှက်ဖျားတို့နဲ့ မှားတတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အဓိက ထင်ရှားတဲ့ လက္ခဏာဖြစ်တဲ့  eschar လို့ ခေါ်တဲ့ အနာကို တစ်ကိုယ်လုံးမှာ နှံ့နှံ့စပ်စပ် လိုက်ရှာရခြင်း ဖြစ်ပါတယ်။ ဒါကို နားလည်ပေးစေချင်ပါတယ်။ ဒီအနာက တစ်ခါတစ်လေ လူမြင်မလွယ်တဲ့ နေရာ ( ဥပမာ – နှုတ်ခမ်းအတွင်းပိုင်း၊ ကပ္ပာယ်အိတ် ) တွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် scrub typhus လို့ ထင်ရင် ဒီအနာကို လိုက်ရှာရတာပါ။ အနာလည်းတွေ့ပြီ။ တခြားဆေးစစ်ဆေးချက်တွေနဲ့လည်း ကိုက်ညီတယ်ဆိုရင် scrub typhusလို့ သတ်မှတ်ပြီး ကုသလို့ရပါပြီ။ ကုသနည်းကတော့ ဘက်တီးရီးယားကြောင့် ဖြစ်တာမို့လို့ပိုးသတ်ဆေးပေးပြီး ကုလို့ရပါတယ်။ခုထက်ထိတော့ scrub typhusကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကမျဉ်းနီကောင် အကိုက်မခံရအောင် နေဖို့ပဲ ရှိပါတယ်။ ချုံတွေ၊ အပင်တွေ ပေါတဲ့နေရာကို သွားတဲ့အခါ ကမျဉ်းနီကောင်တွေကို သတိထားပါ။ ဒါ့ပြင်။ဒီလိုနည်းလမ်းတွေကို သုံးမယ်ဆိုရင်တော့ ကမျဉ်းနီအကိုက်မခံရအောင် အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/%e1%80%80%e1%80%99%e1%80%bb%e1%80%89%e1%80%ba%e1%80%b8%e1%80%94%e1%80%ae%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%b6%e1%80%9b%e1%80%95/
ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ
မကြာခင်မှာဒီဇင်ဘာလနဲ့အတူ နှစ်တစ်နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ၂၀၂၂ ခုနှစ် ကနေ ၂၀၂၃ ခုနှစ်ကို ကူးပြောင်းဖို့က အချိန် ၁ လတောင် မလိုတော့ပါဘူး။ ဒီလို ကာလမှာ လူတွေအားလုံးလိုလိုက လာမယ့် ၂၀၂၃ ဟက်ပီး နယူးရီးယားကို ဘယ်လို ကြိုကြမယ်။ နှစ်သစ်ကူးညမှာ ဘာတွေချက်စားမယ် စသဖြင့် အတွေးတွေ အများကြီး ရှိနေကြမယ် ထင်ပါတယ်။ ဒီအတွေးလေးတွေထဲကစားစရာတွေက ကျန်းမာရေးနဲ့ ညီသလား ….. မညီဘူးဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မလဲ ….. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘယ်လို အစားအစာတွေကို စားရင်း နှစ်သစ်ကို ကြိုကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ ဆိုတာကို မပြောပြသေးခင် အရင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာလေးတွေကို ပြောပြပေးမှာမို့ စာဖတ်ပရိသတ်ကြီးက အရင်ဆုံး ဖတ်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။ကြက်ဥခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ စတာတွေကို ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။ခေါက်ဆွဲကြော်ကို ဒီအတိုင်း စားရမှာ အီတယ်ဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ဆီများများနဲ့ ကြော်တာကို ရှောင်ပေးပါ။ကြာဇံကိုလည်း ခေါက်ဆွဲကြော်သလိုပဲ ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားပေးလို့ ရပါတယ်။ ဒီလိုစားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။ကြာဇံကြော်ကို ဒီအတိုင်း စားရမှာ မကြိုက်ဘူးဆိုရင်တော့မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ခေါက်ဆွဲကြော်လိုပဲ ဆီလျှော့ပါ။ကြက်သားကြော်စားတာထက် ကင်စားတာက ပိုပြီး အဆီစားမိနိုင်ခြေ နည်းပါတယ်။ အရင်ဆုံး ကြက်သားကို အရေခွံ ဖယ်လိုက်ပါ။ ပြီးရင်တော့ ကြက်သားကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ သကြားညို၊ ပဲငံပြာရည် အနောက်၊ ဆား နည်းနည်းတို့နဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် ဆီနည်းနည်းနဲ့ နှံ့အောင်နယ်ပြီး နောက်ထပ် နာရီဝက်လောက် ထပ်နှပ်ထားပေးပါ။ ပြီးရင်တော့ ကင်စက်ကို အပူပေးပြီး ကင်ပေးလို့ ရပါတယ်။ကင်တဲ့အခါမှာလည်း အပူချိန် နည်းနည်းနဲ့ အချိန်ကြာကြာလေး ကင်ပေးပါ။ ကြက်ကင်ကို တွဲစားဖို့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ခရမ်းချဉ်သီးလေးကို ပြုတ်ပြီး ကြက်သွန်ဖြူ ပါးပါးလှီး၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ထည့်ပြီး ဆားနည်းနည်းနဲ့ ဖျော်ပေးရမှာပါ။ ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပရိုတင်း၊ သံဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ နယူးရီးယား စားဖွယ် တစ်မျိုးကို ရရှိမှာပါ။ဒီနေရာမှာ မိမိနှစ်သက်ရာအစိမ်းရောင် အရွက်တစ်မျိုးမျိုးကို သုပ်စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အအီပြေစေဖို့ဆိုရင် အရွက်ကို ရေနွေးဆူဆူထည့်ပြုတ်ပြီး အစိမ်းရောင် အနေလေးမှာ ဆယ်ပါ။ ပြီးရင်ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆားနည်းနည်း၊ သံပုရာသီး၊ နှမ်းဆီ နည်းနည်းတို့ကို ထည့်ပြီး သုပ်စားလို့ ရပါတယ်။ နှမ်းကြိုက်ရင်တော့ နှမ်းစေ့နည်းနည်း ဖြူးပြီး သုံးဆောင်လို့ ရပါတယ်။အရည်သောက် တစ်ခုခု သောက်ချင်တယ်ဆိုသူတွေ အတွက် ကြက်ရိုး၊ ဝက်ရိုးစတာတွေကို ကြက်သွန်ဖြူ နိုင်နိုင်၊ ချင်း (ဂျင်း) နိုင်နိုင်နဲ့ ဆားနည်းနည်း ထည့်ပြီး တစ်နေကုန် ပြုတ်ထားပေးပါ။ သောက်ခါနီးမှ ငရုတ်ကောင်းလေး အရွက်လေး ခတ်ပေးတာက အာဟာရ ပြည့်ဝစေပြီး ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်မှာပါ။ငါးကင်အစား ငါးသံပုရာပေါင်း စားတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နည်းပါ။ ငါးကိုတီလားပီးယားသုံးလို့ ရသလို ကကတစ်ကို သုံးပေးရင်လည်း ရပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ စပါးလင်၊ ဆားနည်းနည်း၊ သကြားညိုနည်းနည်း၊ ပဲငံပြာရည် အနောက်နည်းနည်းလေးနဲ့ နှပ်ပြီး ငါးဗိုက်ထဲကို စပါးလင်ထုထားတာ၊ ပင်စိမ်း ၂ ခက်လောက် ရှမ်းနံနံ တစ်ပင်လောက်ကို နည်းနည်းလောက် ထုပြီး ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီကြာလောက် နှပ်ထားပေးပါ။ ဒီလို နှပ်ထားပြီးသား ငါးကို ငါးသံပုရာပေါင်း ချက်စားတာက ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။သောက်စရာတွေအနေနဲ့ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အရက်နာကျတာ ကင်းစေဖို့ အရက်၊ ဘီယာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။ နှစ်မျိုး ရောသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ ရောသောက်တာမျိုးလည်း မလုပ်ပါနဲ့။ သဘာဝ အသီးတွေကနေ ရတဲ့ ဝိုင်နဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဝိုင်တွေကိုလည်း အလွန်အကျွံ မသောက်ပါနဲ့လို့ ပြောပါရစေ။အခုပြောခဲ့တာတွေက အဆီတက်တာ၊ မအီမသာဖြစ်တာမျိုးတွေ မဖြစ်စေဘဲ နယူးရီးယားကို ကျန်းမာစွာ ကြိုဆိုနိုင်စေမယ့် စားသောက်မှုပါ။ ပရိသတ်ကြီးရော ဘယ်လို အစားအစာတွေ စားရင်း နယူရီးယားကို ကြိုမယ် စိတ်ကူးထားလဲဆိုတာကို ပြောပြပေးဦးနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/new-year-best-cuisine-and-drinks/
ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း
ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ ပတ်ပတ်လည်ကို ကာရံထားတဲ့ အမြှေးပါးကိုဦးနှောက်အမြှေးပါးလို့ခေါ်ပါတယ်။ ရောဂါပိုးတစ်ခုခု ဥပမာဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးစသဖြင့် ပိုးတစ်မျိုးမျိုးကြောင့် ရောင်ရမ်းတာများပါတယ်။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ ဦးနှောက်အမြှေးပါး ရောင်တာက သိပ်မဆိုးရင် သူ့အလိုလိုပျောက်သွားပေမယ့် တချို့ကျတော့လည်း  ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးနှောက်အမြှေးပါးရောင်တာကပေါ့ဆသင့်တဲ့ကိစ္စမဟုတ်လို့ သတိထားရမယ့်လက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။ဦးနှောက်အမြှေပါး ရောင်တာက အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးသေးသေးလေးကစပြီးလူကြီးအထိ အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကနဦး လက္ခဏာကတုပ်ကွေးနဲ့ ဆင်တူပါတယ်။ နောက်ပိုင်းကျရင်တော့ အသက်ကိုလိုက်ပြီး လက္ခဏာကွဲသွားပါတယ်။အသက်၂နှစ်အထက်မှာဆိုရင်။ကလေးငယ်လေးတွေမှာဆိုရင်။ဦးနှောက်အမြှေးပါးရောင်တဲ့ ကလေးတွေက ငိုရင်ချော့ရခက်ပြီး ချီတာနဲ့ ငိုပါတယ်။ဗိုင်းရပ်စ်ကြောင့်ဖြစ်တာအများဆုံးပါ။ သူ့နောက်မှာမှ ဘက်တီးရီးယား၊ ရှားရှားပါးပါး မှိုကြောင့်ဖြစ်တာလည်းရှိပါတယ်။ ဒီထဲမှာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေပါးရောင်တာက ပြင်းထန်ပြီး အသက်သေဆုံးတတ်ပါတယ်။ဘက်တီးရီးယား ဦးနှောက်အမြှေးပါးရောင်ရောဂါ။ဘက်တီးရီးယားက ဦးနှောက်နဲ့ အာရုံကြောမကြီးကို တိုက်ရိုက်ဝင်တာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်တစ်နေရာရာက ရောဂါပိုးဝင်ပြီး သွေးထဲကနေတစ်ဆင့် ဦးနှောက်ကိုရောက်တာဖြစ်ဖြစ် အမြှေးပါးရောင်တတ်ပါတယ်။ဗိုင်းရပ်စ် ဦးနှောက်အမြှေးပါးရောင်ရောဂါ။ဗိုင်းရပ်စ်အမြှေးရောင်ရောဂါက သိပ်မပြင်းထန်ပါဘူး။ သူ့အလိုလိုပျောက်သွားတာများပါတယ်။ရေယုန်၊HIV၊ ပါးချိတ်ရောင်ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာများပါတယ်။နာတာရှည် ဦးနှောက်အမြှေးပါးရောင်ရောဂါ။မှိုပိုးနဲ့တီဘီပိုးတွေကြောင့်ဖြစ်တာများပါတယ်။ ၂ပတ်ထက်ပိုကြာတတ်ပါတယ်။ လက္ခဏာတွေက တခြားဦးနှောက်အမြှေးရောင်လက္ခဏာတွေနဲ့တူတူပါပဲ။မှို ဦးနှောက်အမြှေးပါးရောင်ရောဂါ။မှိုကြောင့်ဖြစ်တဲ့ အမြှေးရောင်ရောဂါက ရှားပါတယ်။ နာတာရှည်အမြှေးရောင်ဖြစ်တတ်ပါတယ်။ အတွေ့ရအများဆုံးကတော့ ခုခံအားကျတဲ့သူAIDSရောဂါရှင်တွေမှာတွေ့ရတဲ့ Cryptococcal meningitisပါ။ တခြားအမြှေးရောင်ရောဂါတွေနဲ့ လက္ခဏာတူပါတယ်။ အချိန်မီမကုရင် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်ပါတယ်။တခြားအကြောင်းများ။ပိုးကြောင့်မဟုတ်ဘဲ တခြားအကြောင်းတွေကတော့ ဓာတုပစ္စည်းတွေ၊ ကင်ဆာတွေ၊ ဆေးဓာတ်မတည့်တာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ဦးနှောက်အမြှေးရောင်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ကြောက်ဖို့ကောင်းပါတယ်။ မကုဘဲထားလေလေ နောက်ဆက်တွဲအတက်ရောဂါနဲ့ ဦးနှောက်ပျက်စီးဖို့များလေပါပဲ။ တခြားဆိုးကျိုးတွေကတော့။သေချာကုသနိုင်ရင်တော့ ပြန်ကောင်းလာနိုင်ချေရှိပါတယ်။ဦးနှောက်အမြှေးရောင်တာလားဆိုတာ သေချာဖို့ လူနာကို ရောဂါရာဇဝင်တွေ၊ စမ်းသပ်မှုတွေ လုပ်ပါတယ်။ ပြီးမှ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ပါတယ်။ အသုံးများတဲ့ ဆေးစစ်ချက်တွေကတော့။ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေက ချောင်းဆိုး၊ နှာချေ၊ နမ်းရှုံ့၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာ၊ သွားပွတ်တံမျှသုံးတာစသည်ကနေကူးစက်နိုင်ပါတယ်။ ဒါကြောင့်။တချို့သော ဘတ်တီးရီးယားအမြှေးရောင်ရောဂါက ကာကွယ်ဆေးထိုးပြီးကာကွယ်လို့ရပါတယ်။ ဥပမာပြောရရင်။–Hib vaccine: မြန်မာနိုင်ငံမှာ ၅မျိုးစပ်ကာကွယ်ဆေးအနေနဲ့ ကလေးအသက်၂လ၊ ၄လ၊ ၆လနဲ့ ၁နှစ်ခွဲတွေမှာ ထိုးပေးနေပါပြီ။-PCV13 : မြန်မာနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးအနေနဲ့ ကလေးအသက် ၂လ ၊ ၄လ၊ ၆လမှာထိုးပေးနေပါပြီ။ ပြင်းထန်အဆုတ်ရောင်အပြင် သူ့ရဲ့နောက့်ဆက်တွဲ ဦးနှောက်အမြှေးရောင်ရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။-PPSV23 : CDCက ဒီကာကွယ်ဆေးကို အသက်၆၅နှစ်အထက်လူကြီးတွေ၊ အသက်၂နှစ်အောက်ကလေးတွေ၊ ခုခံအားမကောင်းတဲ့သူတွေ၊ ဘေလုံးထုတ်ထားတဲ့သူတွေ ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။-Meningococcal conjugate vaccine :  CDCက ဒီကာကွယ်ဆေးကို အသက်၁၁-၁၂မှာထိုးရင် ထပ်တိုးကာကွယ်ဆေးကို ၁၆နှစ်၊ အသက်၁၃-၁၅မှာထိုးရင် ထပ်တိုးကာကွယ်ဆေးကို ၁၆-၁၈၊ အသက်၁၆နှစ်မှစထိုးရင်တော့ ထပ်တိုးကာကွယ်ဆေးထိုးစရာမလိုတော့ပါဘူး။ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်းက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းကလည်း အများကြီး ရှိပါတယ်။ သေချာမကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဆေးဦးလေလေ လူနာအသက်ရှင်တဲ့နှုန်း များလာလေလေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/meningitis/meningitis-2/
Gemini တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ နဲ့ ကျန်းမာအောင် နေထိုင်နည်းများ
မေ၂၂ကနေ ဇွန်၂၁မှာ မွေးဖွားတဲ့သူတွေကတော့Zodiac signတွေထဲက နာမည်ကြီး Gemini တွေပဲ ဖြစ်ပါတယ်။ Geminiတွေက တစ်ကြိမ်တည်းမှာ အလုပ်များစွာ multitask လုပ်တတ်ကြသလို အလုပ်နဲ့ ပတ်သက်ရင် လောဘကြီးသူတွေလည်း ဖြစ်ပါတယ်။ ဒီတော့ အလုပ်သရဲ Gemini တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ က ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။Gemini တွေက အဆုတ်၊ လက်နဲ့ အာရုံကြောစနစ်ကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။ Multitaskလုပ်ပြီး အာရုံများတတ်တာကြောင့် စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ၊ အိပ်မပျော်တာတွေလည်း ကြုံရတတ်ပါတယ်။အလုပ်ထဲမှာ ဆက်တိုက်ထိုင်ပြီး နစ်မြုပ်နေတတ်တာကြောင့် ကျန်းမာစေမယ့် အလေ့အကျင့်တွေလည်း သိပ်မရှိပါဘူး။ ဥပမာ လှုပ်လှုပ်ရှားရှားနေတာ၊ နေရောင်နဲ့ ထိတွေ့တာမျိုးပေါ့။ အထိုင်များပြီး အလုပ်ထဲမှာ တစ်ကုတ်ကုတ် လုပ်နေတာကြောင့်လည်း လက်နာတာ၊လက်ပြင်ငုပ်တာ၊ အကြောတက်တာ၊ လက်ချောင်းတွေ နာတာ စတာတွေ ဖြစ်တတ်ပါသေးတယ်။သူတို့နဲ့ နေထိုင်မှုပုံစံနဲ့ အမူအကျင့်တွေကြောင့်။Gemini တို့ရဲ့ လက်ပြဿနာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ အများစုက အလွန်အကျွံ အလုပ်လုပ်လို့ ဖြစ်ရတာပါ။ ဒါကြောင့် အလုပ်ချိန်မှာ အလုပ်လုပ်ပြီး နားချိန်မှာ နားပါ။ အလုပ်လုပ်နေရင်းနဲ့လည်း မကြာခဏ အနားယူဖို့ လိုအပ်ပါတယ်။အလုပ်များသူ၊ တစ်ချိန်တည်းမှာ အလုပ်အလွန်အကျွံ လုပ်သူတွေ ဖြစ်တာကြောင့် စိတ်ပင်ပန်းလွယ်ပါတယ်။ ဒါကြောင့် ခေါင်းအေးအေးထားပါ။ လုပ်ရမယ့် အလုပ်တွေကို ချရေးထားပြီး အစီအစဉ်တကျ လုပ်ပါ။စိတ်ပင်ပန်းတတ်သူဖြစ်တာကြောင့် အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂလုပ်တာ၊ အနားယူတာ စတဲ့ နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျော့ဖို့ လိုပါတယ်။အလုပ်ထဲမှာ တကုတ်ကုတ် လုပ်နေတတ်သူဖြစ်တာကြောင့် လှုပ်လှုပ်ရှားရှားနေပေးဖို့ လိုပါတယ်။ လက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အညောင်းမိတာတွေ ကင်းစေဖို့ အလုပ်နားချိန်မှာ လက်လေ့ကျင့်ခန်းနဲ့ ခေါင်းလေ့ကျင့်ခန်းတွေကို လုပ်ပေးသင့်ပါတယ်။Gemini တွေရဲ့ biological cell saltက ပိုတက်ဆီယမ် ကလိုရိုက် (Potassium chloride) ဖြစ်ပါတယ်။ ပိုတက်ဆီယမ် ကလိုရိုက်က သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ လေပြွန်ကို သန့်စေပြီး အဆုတ်ထဲကို လေကောင်းကောင်းဝင်စေပါတယ်။ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်စိမ်း၊ သခွားသီး၊ စပျစ်သီး၊ ငှက်ပျောသီး စတာတွေပဲ ဖြစ်ပါတယ်။ဒါ့ပြင်အာရုံကြောကို ကျန်းမာစေဖို့အတွက်ဆိုရင်တော့ လိမ္မော်သီး၊ သံပုရာသီး၊ အစေ့အဆန်၊ ငါး၊ စပျစ်သီး စတာတွေ စားပေးသင့်ပါတယ်။Gemini တွေက အလုပ်များတဲ့သူတွေ ဖြစ်တာကြောင့် အစားကို သေချာမစားဖြစ်ကြပါဘူး။ ဒါကလည်း သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။အလုပ်များပြီး စိတ်ဖိစီးတတ်သူတွေ ဖြစ်တာကြောင့်အရက်နဲ့ ဖြေတတ်ကြပါတယ်။ အလွန်အကျွံဆို ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ဒါကို ဆင်ခြင်သင့်ပါတယ်။ စိုးရိမ်စိတ်များပြီး အိပ်ပျော်ဖို့ ခက်တဲ့သူတွေ ဖြစ်တာကြောင့်လည်း ကော်ဖီလျှော့သောက်ဖို့ အကြံပြုချင်ပါတယ်။Disclaimer: အထက်ပါ အကြောင်းအရာများက ဗဟုသုတအနေနဲ့သာ တင်ပြထားခြင်း ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်က မတူညီတာကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိမယ်ဆိုရင် ဆရာဝန်နဲ့သာပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/common-health-problems-in-gemini/
နဖူးပေါ်က အရေးအကြောင်းလေးတွေအတွက် အိမ်တွင်းကုထုံး
ဇရာဆိုတာ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ လူ့သဘာဝနဲ့ လောကနိယာမပါပဲ။ လူမှန်ရင် အသက်ကြီးမယ်၊အသက်ကြီးလာရင် အရေးအကြောင်း ဖြစ်မယ်၊ ပါးရေတွန့်မယ်၊ အားအင်ချိနဲ့မယ်။ တချို့တွေကျတော့လည်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့စိတ်ဖိစီးမှုတွေ၊ အသားအရေကို ဂရုမစိုက်ဘဲ ပစ်ထားတော့ နဖူးပေါ်မှာအရေးအကြောင်းတွေ တွန့်နေရင် ကြည့်ရဆိုးတာပေါ့။ ဒီဆောင်းပါးလေးမှာတော့ နဖူးပေါ်မှာ ထင်းနေတဲ့ အရေးအကြောင်းလေးတွေကို ဘယ်လို သက်သာအောင် လုပ်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ခရမ်းလွန်ရောင်ခြည်ဟာ နေပူကျဲတဲ မဟုတ်ဘဲ ကိုယ့်အိမ်ထဲမှာတောင် ရှိနေနိုင်ပါတယ်။ အထူးသဖြင့် လူလုပ်တဲ့ မီးသီး၊ မီးချောင်းကနေ ထွက်လာတဲ့ အလင်းရောင်တွေမှာ ခရမ်းလွန်ရောင်ခြည်တွေ ရှိနေနိုင်ပါတယ်။ခရမ်းလွန်ရောင်ခြည်သည် ကျွန်တော်တို့ရဲ့ အရေပြားကို အရောင်မှိန်သွားစေပြီး ဆဲလ်တွေကို သေစေတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပြီး အရေပြားကင်ဆာ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် အပြင်သွားတော့မယ်ဆိုရင် SPF 30 လောက် အနည်းဆုံးပါတဲ့Sunscreenလိမ်းပြီးမှသာ အပြင်ထွက်ပါ။ အိမ်ထဲမှာ နေရင်လည်း SPF 15 ပါဝင်တဲ့ Sunscreen ကို လိမ်းပေးပါ။ အထူးသဖြင့် ကိုယ်က နဖူးမှာ အရေးအကြောင်းထင်နေတယ်ဆိုရင် နဖူးကို လိမ်းဖို့ မမေ့ပါနဲ့နော်။စိတ်ဖိစီးလာရင် လူတော်တော်များများ လုပ်တတ်တဲ့ အကျင့်က မျက်မှောင်ကို အတင်း ကျုံ့ထားလိုက်တာပါပဲ။ အဲဒီလို မျက်မှောင်ကျုံ့ခြင်းဟာ အရေပြားကို တွန့်သွားစေတဲ့အတွက်စိတ်ဖိစီးမှုနေ့တိုင်း ကြုံနေရသူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းထင်တာတော့ မဆန်းပါဘူးနော်။ အဓိက စိတ်ဖိစီးမှုကို ပြေပျောက်စေဖို့ ကိုယ့်စိတ်ကို အေးချမ်းစေမယ့်၊ ပျော်ရွှင်စေမယ့် အရာတွေ ရွေးလုပ်တာ၊ တရားထိုင်တာ၊ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ အစာအာဟာရ ဂရုစိုက်စားသုံးတာ၊ အိပ်ချိန်မှန်အောင် အိပ်စက်အနားယူတာ၊ ညအိပ်စဉ် တေးဂီတသံစဉ်ဖွင့်ပြီး နားထောင်တာ၊စိတ်ကျန်းမာရေးတိုင်ပင်ခံနဲ့ ဆွေးနွေးတာ၊ ခရီးထွက်တာ စတဲ့ နည်းလမ်းတွေနဲ့ ထိန်းချုပ်လို့ ရပါတယ်။ရေဓာတ်ဟာ အရေပြားအတွက် ကောင်းကျိုးများစွာ ပေးနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ခန္ဓာကိုယ်အတွင်းပိုင်းကနေအရေပြားအတွက် အာဟာရဓာတ် ဖြစ်စေသလို အရေပြားဆဲလ် အသစ်တွေ ပြန်ထုတ်လုပ်နှုန်းကိုလည်း မြှင့်တင်ပေးပါတယ်။ အရေးကြောင်း ရှိနေသူတွေမှာ အရေပြားကို တခြားသူတွေထက် ရေဓာတ်၊ အစိုဓာတ် ထိန်းဖို့ ပိုလိုတာကြောင့် ရေများများ သောက်ပေးနိုင်လေ ပိုကောင်းလေပါပဲ။များသောအားဖြင့် ငယ်ငယ်လေးနဲ့ နဖူးအရေးကြောင်းထင်တာဟာ ကိုယ့်အသားအရေကို သေချာဂရုမစိုက်ဘဲ ပစ်ထားလို့ ဖြစ်တာပါ။ ဒီအတွက်ကြောင့် အသားအရေ ထိန်းသိမ်းပြုပြင်တာ ပြန်လုပ်လိုက်ရင်တော့ အရေးအကြောင်းတွေ ပါးသွားပါလိမ့်မယ်။ အဓိက လုပ်ပေးရမှာတွေက။• မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ဆပ်ပြာအပျော့စားနဲ့ သေချာဆေးကြောပါ။• ရေချိုးပြီးတာနဲ့ ရေကို ခြောက်အောင် သုတ်ပါ။ ရေသုတ်တဲ့အခါ ပွတ်ဆွဲပြီး သုတ်တာထက် ဖွဖွလေး ဖိပြီး သုတ်ပါ။• အရေပြားကို အစိုဓာတ်ထိန်းခရင်မ် Moisturizer ပြန်လိမ်းပေးပါ။• ဗီတာမင် စီ သို့မဟုတ်ရှားစောင်းလက်ပပ်ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်တွေကို အဓိက ရွေးချယ်ပါ။• အိမ်ထဲမှာပဲ နေနေ၊ အပြင်ပဲ သွားသွား Sunscreen ကို ခပ်ပါးပါးလေးတော့ လိမ်းပါ။• တစ်ပတ်ကို ၂ကြိမ်လောက်တော့ Sheet Mask ကပ်ပေးပါ။ အစိုဓာတ်ထိန်း သို့မဟုတ် အာဟာရဖြည့်Sheet Maskအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူပါ။တွေ့ကရာ စားတတ်တဲ့ အကျင့်နဲ့ အိပ်ချိန်မမှန်ခြင်းဟာလည်း လူကို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်စေပါတယ်နော်။ ဒါကြောင့် အစာအာဟာရကို သင့်တင့်မျှတစွာ စားပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အသားအရေအတွက် အထူးကောင်းတဲ့ ဗီတာမင် စီ ပါဝင်မှုများတဲ့ ချဉ်သောအရသာ ရှိတဲ့ အသီးအနှံ၊ဟင်းသီးဟင်းရွက်၊ ဗီတာမင် အီးနဲ့ငါးကြီးဆီပါဝင်တဲ့ အစေ့အဆန်တွေ၊ ငါးတွေ များများစားပေးပါ။ညအိပ်ချိန်ကိုလည်း တစ်နေ့ ၇ နာရီမှ ၈ နာရီထိ ရအောင် အိပ်စက် အနားယူပေးပါ။ဒီအချက်တွေက နဖူးမှာ အရေးအကြောင်းထင်းနေသူတွေ ကိုယ့်အိမ်မှာ အလွယ်တကူ လုပ်ပေးလို့ ရမယ့် နည်းလမ်းတွေပါ။ အရေးအကြောင်း မရှိသေးတဲ့သူတွေလည်း ဒီအချက်တွေကို ပုံမှန်လိုက်နာခြင်းဖြင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်မှာပါနော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%94%e1%80%96%e1%80%b0%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%80-%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c/
ကလေးတွေဟာ တိတ်တဆိတ် COVID-19 ရောဂါပိုးဖြန့်ဝေသူတွေ ဖြစ်လာနိုင်သလား
COVID-19 ရောဂါပိုးဟာ တနေ့တခြား ကူးစက်မှုနှုန်းတိုးလာနေသလို တားဆီးနိုင်မယ့် ဆေးဝါးလည်း မရှိသေးပါဘူး။ ရုရှားနိုင်ငံက ကာကွယ်ဆေးဖော်စပ်နိုင်ပြီလို့ ကြေညာထားပေမယ့် ဈေးကွက်ထဲကို ဘယ်အချိန်မှာ ဖြန့်ချိနိုင်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ လူတွေဆီကို ရောက်ဖို့ဆိုရင် နှစ်ကုန်လောက်အထိ စောင့်ဆိုင်းရနိုင်ပါတယ်။လက်ရှိမှာဆိုရင် ကူးစက်ခံရသူပေါင်း ၂၃ သန်းကျော်သွားခဲ့ပါပြီ။ သေဆုံးသူအရေအတွက်ကလည်း ၈ သိန်းကျော်လွန်နေပြီမို့ ဒီရောဂါကြောင့် ထိခိုက်မှုတွေဟာ အလွန်များလွန်းနေခဲ့ပြီလို့ ဆိုရပါတော့မယ်။ရောဂါနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ၊ ဆေးဝါးပညာရှင်တွေနဲ့ သုတေသီတွေက လေ့လာမှုတွေ၊ တီထွင်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ရှာဖွေတွေ့ရှိချက်အသစ်တွေလည်း ထွက်ပေါ်လာနေပါတယ်။ခုချိန်မှာလည်း ထူးခြားတဲ့ လေ့လာတွေ့ရှိချက် တစ်ရပ်ကို သိရှိလာခဲ့ရပါတယ်။ အဲဒါကတော့ကလေးတွေဟာ COVID-19 ရောဂါပိုးကို ရောဂါလက္ခဏာမပြပဲ သယ်ဆောင်ထားနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့က မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံရဲ့ သုတေသနပြုချက်ကိုအရဆိုရင် ကလေးတွေဟာ ရောဂါဖြန့်ဝေသူတွေဖြစ်နေနိုင်တယ်ဆိုတဲ့ သံသယတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။အစောပိုင်းလေ့လာချက်တွေအရဆိုရင် ကလေးတွေဟာ ကိုဗစ်ရောဂါပိုးကို လူကြီးတွေထက်ပိုမိုပြီး ခုခံနိုင်စွမ်းရှိတယ်ဆိုတာကို သိထားခဲ့ကြရပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ COVID-19 ရဲ့G614 မျိုးစိတ်ဟာ တခြားမျိုးစိတ်တွေထက် ကူးစက်နှုန်း ပိုမိုပြင်းထန်ပြီး  များသောအားဖြင့် ရောဂါဒဏ်ကို ခံနိုင်ရည်ရှိတဲ့ကလေးတွေမှာတောင် ကူးစက်နှုန်းတိုးလာတာကို တွေ့နေရပါတယ်။တစ်ကမ္ဘာလုံးမှာ ကိုဗစ်ပိုးကလေးတွေဆီကို ကူးစက်နှုန်းနည်းပါးနေသေးပေမယ့် အမေရိကန်တလွှားမှာတော့ ကိုဗစ်ပိုးကူးစက်ခံထားရသူစုစုပေါင်းရဲ့ ၇ ဒဿမ ၃%ဟာ အသက် ၂ နှစ်နဲ့ ၁၇ နှစ်ကြားအရွယ် ကလေးတွေဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ၁ သိန်း ၇ သောင်းဝန်းကျင်ပမာဏပါ။အမေရိကန်သုတေသီတွေကတော့ ဒီအချက်ကြောင့် ကျောင်းဖွင့်ရာသီခုကာလမှာ ကလေးတွေဆီကနေတဆင့် လူကြီးတွေဆီကို ပိုးတွေပိုမိုကူးစက်တာမျိုးဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။အကြောင်းကတော့ မက်ဆာချူးဆက် ဆေးရုံရဲ့ သုတေသနရလဒ်တွေကြောင့်ပါပဲ။ ကိုဗစ်ရောဂါနဲ့တိုက်ပွဲဝင်နေရတဲ့ ဒီဆေးရုံက မွေးကင်းစကနေ အသက် ၂၂ နှစ်အရွယ်ကြား ကလေးနဲ့ လူငယ် ၂၀၀ ကို ကျပမ်းစနစ်နဲ့ရွေးချယ်ပြီး သုတေသနပြု စမ်းသပ်ခဲ့ရာမှာ ၂၅%ကျော် Positive ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီ Positive လူနာတွေထဲကမှ ၆၄%ဟာ ရောဂါလက္ခဏာ တစ်စုံတရာပြသခြင်းမရှိထားပါဘူး။ ဒီအချက်ဟာ ခေါင်းခဲစရာဖြစ်နေခဲ့ပါတယ်။ကျောင်းတွေကို အပြည့်အဝပြန်ဖွင့်လိုက်ရင် ပိုးကူးစက်မှုကြီးမားမားဖြစ်လာနိုင်ပြီးတော့ ဒီလိုသာထပ်ဖြစ်လာမယ်ဆိုရင် အဓိကပိုးပြန့်နှံ့စေသူတွေဟာ ကလေးတွေဖြစ်လာနိုင်တယ်လို့ သုတေသနကို ဦးဆောင်ခဲ့တဲ့ မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံကြီးက ဒေါက်တာ အလက်ဆီယို ဖာဆာနိုက ဆိုခဲ့ပါတယ်။လေ့လာချက်မှာ ဆက်ပြီးတွေ့ရှိခဲ့တာက ကလေးတွေမှာလည်း ရောဂါပိုးအရေအတွက် အမြောက်အများရှိနေနိုင်တယ်ဆိုတာကိုပါပဲ။ သုတေသီတွေရဲ့အဆိုအရ ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းထဲမှာ အံ့အားသင့်စရာပမာဏအထိ ပိုးတွေတွယ်ညိနေတာကို တွေ့ခဲ့ရတယ်လို့ဆိုထားပါတယ်။ဒါကိုမသိပဲ ကိုင်တွယ်ပွေ့ဖက်တာမျိုး၊ ထိတွေ့မိတာမျိုး၊ နီးနီးကပ်ကပ်စကားပြောဆိုမိတာမျိုးတွေ ပြုလုပ်မိမယ်ဆိုရင် ကိုဗစ်ရောဂါပိုး တဆင့်ကူးစက်ဖို့ နီးစပ်သွားမှာဖြစ်ပါတယ်။ဒေါက်တာ ဖာဆာနိုကတော့ ကလေးတွေကနေတဆင့် ကူးစက်နိုင်ခြေကို လျှော့မတွက်ထားကြဖို့နဲ့ အပြန်အလှန်မကူးစက်အောင် သတိပြုရမယ့်အချိန်ကိုရောက်နေပြီလို့ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်ပိုးဟာ ကလေးတွေမှာကူးစက်နှုန်းနည်းနေသေးတာမှန်ပေမယ့် လုံးဝမကူးစက်နိုင်တဲ့အခြေအနေမျိုးတော့ မဟုတ်တာကို နားလည်ကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။ဒါ့အပြင် ရောဂါလက္ခဏာပြသတာကိုချည်း အာရုံစိုက်နေတာမျိုးထက် အခြေအနေအရပ်ရပ်မှာ ကိုယ့်ကို ရောဂါပိုးမကူးစက်လာအောင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး နေထိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ကာကွယ်ဆေးကလည်း အပြင်ကိုထွက် မလာသေး၊ကုသဆေးထွက်ဖို့ကလည်း မနီးသေးတာမို့COVID-19ကပ်ရောဂါ မကူးစက်လာဖို့အတွက်ဆိုရင် အသက်အရွယ်မရွေး သတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မိမိတို့ရဲ့ ရင်သွေးတွေကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ ကိုယ့်ဆီကနေ မကူးအောင်ထားရမှာဖြစ်သလို ကလေးတွေဆီကနေတဆင့် ရောဂါပိုးပြန်မကူးအောင်ပါ သတိထားရတော့မယ့် အခြေအနေပါ။ခုချိန်မှာ စာသင်ကျောင်းတချို့လည်း ပြန်ဖွင့်နေပြီဖြစ်တာမို့ ကလေးတွေ ကျောင်းသွားချိန်မှာပဲဖြစ်ဖြစ် နေအိမ်မှာရှိနေချိန်တွေမှာပဲဖြစ်ဖြစ် ဂရုစိုက်ဖို့ ပိုပြီးလိုအပ်လာနေပါတယ်။ ဒါကြောင့် ကျောင်းပဲဖြစ်ဖြစ် အပြင်ပဲသွားသွား ရင်သွေးတွေကို အောက်ပါ အလေ့အကျင့်လေးတွေကိုလိုက်နာဖို့ သင်ကြားပေးထားရပါမယ်။နောက်ပြီးရင် မိဘတွေဘက်ကလည်း ကလေး နေအိမ်မှာရှိနေစဉ်မှာ ကလေးကို အာဟာရပြည့်ဝအောင် ကျွေးဖို့၊ ကိုယ်ခံအားကောင်းအောင် ထားဖို့၊ အိပ်ရေးဝဝအိပ်ခိုင်းဖို့၊တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပေးဖို့၊ မဖျားမနာအောင် ဂရုစိုက်ဖို့တွေလည်း လိုအပ်မှာဖြစ်ပါတယ်။[conid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/high-viral-loads-make-kids-silent-spreaders-of-covid-19/
အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ
အစားအသောက်တွေကိုအစာအဆိပ်မသင့်အောင် ဘယ်လိုသိမ်းဆည်းကြမလဲ၊ ဘယ်လိုပြင်ဆင်ချက်ပြုတ်ကြမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။လက်ကို စနစ်တကျဆေးကြောခြင်းက ရိုးရှင်းပေမဲ့ ရောဂါအတော်များများကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ နည်းတစ်ခုပါ (အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်)။ ရေနဲ့ ဆပ်ပြာသုံးပြီး လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ပွတ်တိုက်ဆေးကြောပါ၊ အသားစိမ်းငါးစိမ်းတွေ၊ ဟင်းသီးဟင်းရွက်တွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ နောက်ပြီး သန့်စင်ခန်းသွားပြီးတိုင်း၊ အမှိုက်ပစ်ပြီးတိုင်း၊အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွတ်သပ်ပြီးတိုင်းလည်း လက်ဆေးပါ။အစားအစာတွေ မချက်ပြုတ်ခင်နဲ့ ချက်ပြီးတိုင်းမှာ ဟင်းချက်ခဲ့တဲ့နေရာကို သေချာဆေးကြောသန့်ရှင်းပစ်ပါ။ အထူးသဖြင့် အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေတင်ပြီးခုတ်ထစ်ခဲ့တဲ့ နေရာတွေကို သေချာဂရုတစိုက် သန့်ရှင်းပေးပါ။ ပိုးသတ်ဆေးရည်တွေဖြန်းတာ၊ ဆပ်ပြာရည်နဲ့ တိုက်ချွတ်ဆေးကြောတာတွေ လုပ်စရာမလိုပါဘူး၊ ရေနွေး နဲ့ ဆေးကြောပေးရင်ကို လုံလောက်ပါပြီ။အသားအစိမ်းတွေကိုခုတ်ဖို့ စဉ့်နီတုံးတစ်ခု၊ အသင့်စား အစားအစာတွေ (ဥပမာ ပေါင်မုန့်၊ ကိတ်မုန့်) ကို ခုတ်ဖို့ တစ်ခု ဆိုပြီး သပ်သပ်စီခွဲခြားထားပါ။ ဒါမှ မချက်ပြုတ်ရသေးတဲ့ အသားစိမ်းတွေ မှာပါတဲ့ ဘက်တီးရီးယားတွေကို မစားသုံးမိမှာဖြစ်ပါတယ်။ရေခဲသေတ္တာထဲကထုတ်ပြီး တစ်ခါတည်းစားလို့ရတဲ့ ပေါင်မုန့်၊ ကိတ်မုန့်လို စားစရာတွေကို မချက်ရသေးတဲ့ အသားစိမ်းငါးစိမ်းတွေနဲ့ နီးနီးကပ်ကပ်မထားပါနဲ့။ အသားအစိမ်းတွေမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားတွေပါဝင်နေနိုင်ပြီး အသင့်စား အစားအသောက်တွေနဲ့ အတူထားမိရင် ဒီအစားအစာတွေထဲကို ပိုးတွေရောက်ရှိသွားနိုင်ပါတယ်။ရေခဲသေတ္တာတွေက အဆင့်လိုက် တည်ဆောက်ထားပါတယ်။ အပေါ်ဆုံး အထပ်တွေမှာ အသင့်စား အစားအစာတွေ၊ စားလက်စ အစားအစာတွေထားပါ။ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ မချက်ပြုတ်ရသေးတဲ့ အသားအစိမ်းတွေကို ရေခဲသေတ္တာအောက်ထပ်တွေမှာပဲ ထားပါ။ ဒါမှ အသားက စိမ့်ထွက်လာတတ်တဲ့ အရည်တွေ တခြားအစားအသောက်တွေပေါ်ကို မကျမှာပါ။ နောက်ပြီး အသားတွေကို သိမ်းဆည်းတဲ့အခါမှာလည်း အလုံပိတ်ဗူးထဲထည့်ပြီး သေချာသိမ်းသင့်ပါတယ်။အသားငါးတွေကို ဘယ်ပုံဘယ်နည်းပဲ လုပ်စားစား သေချာကျက်အောင် ချက်ဖို့ တအားအရေးကြီးပါတယ်။ နောက်ပြီး အသားစိမ်းတွေကို မချက်ခင် ရေဆေးတာကို တတ်နိုင်သမျှရှောင်ပါ၊ ရေဆေးလိုက်တဲ့အတွက် အသားစိမ်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားနိုင်ပါတယ်။ ရေခဲရိုက်ထားတဲ့ အသားတွေထဲမှာလည်း ဘက်တီးရီးယားပိုးတွေ ပါနိုင်ပါတယ်။ ဒီလိုပိုးမွှားတွေကင်းစင်ပြီးကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးချင်တယ်ဆိုရင် သေချာကျက်အောင်ချက်ပြုတ်ဖို့ မမေ့ပါနဲ့။ရေခဲသေတ္တာအပူချိန်ကို ငါး ဒီဂရီစင်တီဂရိတ် အောက်မှာပဲ ထားပါ။ ဒီလောက်နိမ့်တဲ့အပူချိန်မှာဆိုရင် ပိုးမွှားတွေ ပွားမလာအောင် ထိန်းချုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာထဲကို အစားအသောက်တွေအပြည့်ဖြည့်ဖို့လည်း မစဉ်းစားလိုက်ပါနဲ့။ ထည့်ပြီးသိမ်းဆည်းထားတာတွေ တအားများလာရင် ရေခဲသေတ္တာအတွင်းထဲ လှည့်ပတ်နေတဲ့ လေက သန့်ရှင်းမှုမရှိတော့ဘဲ ဖြစ်ပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ အပူချိန်ပြန်တက်လာနိုင်ပါတယ်။တချို့အစားအသောက်တွေက ချက်ပြုတ်ပြီး တစ်ခါတည်း စားမကုန်လို့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားရတတ်ပါတယ်။ ဒီလိုအစားအသောက်တွေကို အပြင်မှာ အကြာကြီးမထားပါနဲ့။ ရေခဲသေတ္တာအကန့်ထဲ  (ဒါမှမဟုတ်) အအေးခန်းထဲ ထည့်သိမ်းထားပါ။ သိမ်းပြီး ၂ ရက်အတွင်း ကုန်အောင်စားသောက်ပေးပါ။ထုတ်လုပ်လိုက်တဲ့ အစားအသောက်တိုင်းမှာ သက်တမ်းကုန်ဆုံးရက်စွဲ ပါဝင်ပါတယ်။ ဒီသက်တမ်းထက် ကျော်လွန်နေတဲ့ ဘယ်အစားအသောက်ကိုမှ မစားသုံးပါနဲ့။ သက်တမ်းကုန်နေပြီး စားသောက်လို့ရသေးတဲ့ပုံပေါ်နေရင် တောင်မစားသုံးပါနဲ့။ သက်တမ်းကုန်ဆုံးရက်တွေဆိုတာအန္တရာယ်ရှိတဲ့ပိုးမွှားတွေအစားအသောက်ထဲမှာ ပေါက်ပွားလာနိုင်တဲ့ အချိန်ကို တွက်ချက်ပြီး ထည့်သွင်းထုတ်လုပ်ပေးထားတာဖြစ်တာမို့ ဒီရက်စွဲထက်ကျော်နေရင် လုံးဝမစားသုံးသင့်ပါဘူး။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/preventing-food-poisoning/
သဘာဝအတိုင်း အသားအရေ လှပကျန်းမာဖို့ ဘာတွေက ကူညီပေးမလဲ
အရေပြားလေးကျန်းမာနေရင်၊ ကိုယ့်ရဲ့ အသားအရေလေး ကြည်လင်လှပနေရင် သိသာထင်ရှားတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်ထားခြင်းလို့ မှတ်ယူကြတယ်။တကယ်လည်းဟုတ်တယ်လေ။ အရေပြားဟာ ခန္ဓာကိုယ်မှာ အကြီးမားဆုံး အစိတ်အပိုင်းလို့ ဆိုကြတယ်မဟုတ်လား။ ဒီတော့ ကိုယ့်ရဲ့ အရေပြားလေး ကျန်းမာလှပနေရင် မြင်သူတိုင်း နှစ်လိုသဘောကျတဲ့ ဆွဲဆောင်မှုတစ်မျိုးကို ပိုင်ဆိုင်ရတာပဲပေါ့။လူတိုင်းရဲ့ အရေပြားဟာ ညီညွတ်မျှတတဲ့ ဟန်ချက်တစ်ခုရှိနေဖို့ လိုအပ်တယ်လို့ အလှအပရေးရာ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ မျှတလုံလောက်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းထားနိုင်ဖို့ပေါ့။ ဒီလိုအာဟာရဓာတ်တွေ လုံလောက်ပြည့်ဝနေမှ ပြင်ပကနေလာမယ့် အန္တရာယ်တွေကနေ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကာကွယ်နိုင်စွမ်းနဲ့ ကြည်လင်လှပတဲ့ အသားအရည်ကိုပိုင်ဆိုင်နိုင်စွမ်းရှိနေမှာလေ။ကြည်လင်လှပတဲ့အသားအရေနဲ့ ကျန်းမာတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ခန္ဓာကိုယ်မှာ မဖြစ်မနေ ဖြည့်တင်းပေးရမယ့် အာဟာရဓာတ်တွေရှိနေပါတယ်။အဆီဆိုလို့ “ဟင်” ခနဲ ဖြစ်မသွားပါနဲ့ဦး။ အဆီတိုင်းက လူကို ဒုက္ခဖြစ်စေတာမဟုတ်ပါဘူး။ ကျန်းမာစေတဲ့ အဆီလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့အဆီတွေဟာ အရေပြားကြည်လင်တောက်ပဖို့နဲ့ အမည်းစက်တွေကင်းဖို့၊ ပျော့ပြောင်းနူးညံ့ဖို့၊ အရေပြားမခြောက်သွေ့ဖို့ ပံ့ပိုးပေးပါတယ်။ သဘာဝအတိုင်း Glow ချင်တယ်ဆိုရင် Omega-3s နဲ့ omega-6s တို့လို ကောင်းမွန်တဲ့ အဆီတွေပါဝင်တဲ့ သံလွင်ဆီတို့၊ အစေ့အဆံတို့၊ ထောပတ်သီး၊ ဆယ်လ်မွန်၊ ဆာဒင်း၊ မက်ကရီယယ်တို့လို့ငါးမျိုးတွေကို မှီဝဲပေးဖို့ လိုအပ်ပါတယ်။အရေပြား ခိုင်မာအားကောင်းစေဖို့ ပရိုတိန်းဓာတ်လိုအပ်ပါတယ်။ ပရိုတိန်းမျိုးနွယ်ဝင် အမိုင်နိုအက်ဆစ်၊ ကော်လာဂျန်နဲ့ ကီရာတင်တို့လည်း လိုအပ်ပါတယ်။ ဒီပရိုတိန်းတွေက အိုမင်းရင့်ရော်မှုနဲ့ အရေးကြောင်းထတာတွေကို တားဆီးပေးပါတယ်။ နောက်ပြီး အမိုင်နိုအက်ဆစ်က နေရောင်ခြည်က ရောက်လာမယ့် ခရမ်းလွန်ရောင်ခြည်နဲ့ ဆေးလိပ်ငွေ့က ဓာတ်တုပစ္စည်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ပရိုတိန်းကို အသား၊ ပဲနဲ့ နို့တွေကနေ ရရှိနိုင်ပါတယ်။ဗီတာမင် A ဟာ အရေပြားရဲ့ အပေါ်ယံလွှာအတွက်ရော အောက်ခံလွှာအတွက်ပါ အထူးလိုအပ်ပါတယ်။ အဓိကအားဖြင့် နေရောင်ကြောင့် အရေပြားပျက်စီးမှုတွေကို ကာကွယ်ပေးတာပါ။ နောက်ပြီး ထိခိုက်နာကျင်မှုတွေကို လျောကျစေနိုင်သလို ဦးရေပြားကိုလည်း ကျန်းမာစေပါတယ်။ လိမ္မော်သီး၊ မုန်လာဥနီနဲ့ ဂေါ်ဖီထုပ်တွေမှာ ဗီတာမင် A ကြွယ်ဝစွာပါရှိပါတယ်။ဗီတာမင် C ဟာ အစွမ်းထက်လှတဲ့Antioxidantတစ်မျိုးပါ။ အရေပြားကင်ဆာကို ကာကွယ်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အာဟာရဓာတ်လည်းဖြစ်ပါတယ်။ ဗီတာမင် C ဓာတ်ချို့တဲ့ရင် ထိခိုက်ရှနာတွေ အလွယ်တကူဖြစ်တတ်ပြီး သွားဖုံးသွေးယိုစီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်စီကို လိမ္မော်၊ သံပုရာမျိုးနွယ်ဝင် သစ်သီးတွေကနေ ရရှိနိုင်သလို ငရုပ်ကောင်း၊သင်္ဘောသီး၊ကီဝီသီး၊ ဘရိုကိုလီ၊ ဟင်းနုနယ်နဲ့ ကညွတ်တွေကလည်း ရနိုင်ပါတယ်။သူလည်း Antioxidant တစ်မျိုးပါပဲ။ ဗီတာမင် E က နေရောင်ခြည်ကနေ စွမ်းအင်ကို စုပ်ယူပေးနိုင်တဲ့ သတ္တိရှိသလို အရေပြားပျက်ဆီးတာနဲ့ အရေးကြောင်းထတာတွေကို တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် C နဲ့ ပေါင်းစပ်ပြီး စဲလ်တွေ ပိုမိုခိုင်မာလာအောင်လည်း အထောက်အကူပြုပါတယ်။ ဗီတာမင် E ကို ဟင်းရွက်ဆီတွေ၊ အဆေ့အစံတွေ၊ ဟင်းနုနယ်၊ ကညွတ်နဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေကို မှီဝဲစားသုံးခြင်းဖြင့် ရနိုင်ပါတယ်။Zincလို့ ခေါ်တဲ့ သွပ်ဓာတ်ကိုတော့ အရေပြားရဲ့ အောက်ဘက်အလွှာက ပိုမိုလိုအပ်ပါတယ်။ Zinc ဟာ ထိခိုက်ဒဏ်ရာတွေကို အလျင်အမြန်ကျက်စေရာမှာ အရေးပါတဲ့ သက်စောင့်ဓာတ်တစ်မျိုးဖြစ်သလို Eczema လို ယားနာရောဂါတွေမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဆီလီနီယံကတော့ Antioxidants တွေ အရေပြားကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ နောက်ကွယ်ကနေ ကူညီပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဆီလီနီယံဓာတ်လုံလောက်မျှတရင် အရေပြားကင်ဆာဖြစ်နိုင်ချေ နည်းပါးမှာဖြစ်ပါတယ်။ ဆီလီနီယံကိုတော့ အဆေ့အစံတွေ၊ မှိုတွေ၊ ပုဇွန်ဆိတ်၊ သိုးသား၊ ကဏန်း၊ ကမာ၊ ဂျုံ၊ပင်လယ်ငါးတွေနဲ့ အမဲသားတို့လိုအရာတွေကနေ ရရှိနိုင်ပါတယ်။အဓိက အကျဆုံးလို့တောင် ဆိုလို့ရပါတယ်။ ရေဓာတ်ဟာ အသားအရည်လှပဖို့အတွက်ရော ကျန်းမာဖို့အတွက်ပါ အရေးကြီးပါတယ်။ အရေးကြောင်းမထဖို့၊ အသားအရည်တင်းရင်းဖို့၊ အဆိပ်အတောက်ကင်းဖို့၊ ကြည်လင်ဖို့၊ စသဖြင့် အမျိုးမျိုး အကျိုးပြုတဲ့အရာပါ။ တစ်နေ့ကို ရေ ၈ ခွက်ထက်မနည်းသောက်ပေးရင် သင့်ရဲ့ အရေပြားသာမက ခန္ဓာကိုယ်ပါ အကျိုးကျေးဇူးကောင်းတွေ ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/nutrients-for-healthy-skin/
တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။
တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။ ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြပေးချင်ပါတယ်။ Therapeutic abortion သို့မဟုတ် legal abortion ဆိုတာဟာ ဥပဒေနဲ့အညီ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဆိုလိုပါတယ်။ ဒီလို တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ နိုင်ငံပေါ် မူတည်ပြီး မတူကွဲပြားကြပါတယ်။ အချို့သော နိုင်ငံတွေဟာ ဘယ်လိုမျိုးအကြောင်းပြချက်နဲ့မှ ကိုယ်ဝန်ဖျက်ချခွင့် မပေးထားဘဲ တချို့နိုင်ငံတွေကျပြန်တော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ကိုယ်ဝန်ကို ရပ်ဆိုင်းခွင့် (ဖျက်ချခွင့်)ပေးထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်နဲ့တင် ကိုယ်ဝန်ဖျက်ချခွင့်ပြုတဲ့ နိုင်ငံတွေရှိသလို ဗိုက်ထဲက ကလေးမှာ မွေးရာပါ ချို့ယွင်းချက် ဆိုးဆိုးရွားရွား ရှိနေပြီဆိုရင်လည်း (ဆန္ဒရှိရင်) ကိုယ်ဝန်ဖျက်ချခွင့် ပေးတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။ကျွန်တော်တို့နိုင်ငံမှာတော့ မိခင်က ကိုယ်ဝန်ဆက်ဆောင်လို့ သူ့အသက်အန္တရာယ်ကို ထိခိုက်စေမယ်ဆိုတဲ့ အခြေအနေမျိုးမှာပဲ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်ပြုထားပါတယ်။ တခြားအကြောင်းရင်းကြောင့် ကိုယ်ဝန်ဖျက်ချတာကို ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ပြင်ပမှာ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေ ရှိနေပေမယ့် ဒါတွေက တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချတာကို အစိုးရဆေးရုံတွေမှာပဲ လုပ်လို့ရပါတယ်။အမျိုးသမီးတဦးရဲ့ ကိုယ်ဝန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အဆုံးသတ်ခြင်းကို တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း လို့ခေါ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဆေးဝါးတွေရဲ့ အကူအညီနဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို လုပ်ဆောင်ပါတယ်။ ဒီလို လုပ်ဆောင်တဲ့အခါ ကိုယ်ဝန်လနုတုန်း လုပ်ဆောင်ရမှာဖြစ်ပြီး ကိုယ်ဝန် ၁၂ပတ်ခန့်အထိ ပြုလုပ်နိုင်ပါတယ်။ ၁၂ပတ်ကျော်သွားရင်တော့ ခွဲစိတ်ပြီး ကိုယ်ဝန်ကို ဖယ်ရှားရပါတယ်။မြန်မာနိုင်ငံမှာတော့ ဆေး ဒါမှမဟုတ် သားအိမ်ခြစ်ပြီး ဖျက်ပေးပါတယ်။တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။ ဆိုတော့ မြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်က မိခင်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးစေပြီး ဒီကိုယ်ဝန်ကိုသာ ဆက်ဆောင်နေရင် အမေက  အသက်အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုတဲ့ အနေအထားမျိုးမှာ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို သက်ဆိုင်ရာ ဆေးပညာဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ အစိုးရဆေးရုံတွေမှာ ပြုလုပ်နိုင်ပါတယ်။ဥပမာ ပြောရရင် မိခင်မှာ ပြင်းထန်နှလုံးရောဂါရှိနေတယ်။ ကိုယ်ဝန်သာ ဆက်ဆောင်မယ်ဆိုရင် နှလုံးရောဂါအခြေအနေပိုဆိုးလာပြီး အမေအသက်အန္တရာယ်ရှိလာမယ်။ ဒီလိုဆိုရင် ပေးလုပ်ပါတယ်။နှလုံးရောဂါရှိတိုင်းတော့ ကိုယ်ဝန်ဖျက်ချလို့ မရပါဘူး။ ဒီနေရာမှာ ‘မိခင်ကို အသက်အန္တရာယ်ဖြစ်စေတဲ့ ကိုယ်ဝန်’ ဆိုတာက အသက်ပါ။အရပ်လက်သည်နဲ့ ဖျက်ချတာမျိုး မဟုတ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ရယူပြီး ဆေးရုံမှာ တရားဝင် ပြုလုပ်တာ ဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ မရှိသလောက် ရှားပါးပါတယ်။ ဒါပေမယ့် အန္တရာယ်မရှိတဲ့ ဆေးကုသမှု၊ ခွဲစိတ်မှုဆိုတာလည်း မရှိပါဘူး။ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးပြဿနာလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒီလို တရားဝင် ကိုယ်ဝန်ဖျက်ချရာမှာ ၅ – ၁၀% အထိ မအောင်မြင်တာမျိုး ရှိတတ်ပါတယ်။ ဒါမျိုး ဖြစ်လာပြီဆိုရင်တော့ ကိုယ်ဝန်ပျက်ဖို့ ဆေးဝါးတွေ ထပ်မံသုံးစွဲရတာ ဒါမှမဟုတ် ခွဲစိတ်တာမျိုးတွေ ပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်။ တရားဝင် ကိုယ်ဝန်ဖျက်ချတဲ့အခါ ကိုယ်ဝန်လနုလေ ကောင်းလေပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်လရင့်လာလေ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ ပိုလာလေမို့ပဲ ဖြစ်ပါတယ်။တရားဝင် ကိုယ်ဝန်ဖျက်ချတာကို ဆရာဝန် တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်တာမျိုး မလုပ်ပါဘူး။ သားကြောဖြတ်သလိုပဲ ဘုတ်အဖွဲ့လုပ်ပြီး ဆုံးဖြတ်ချက်ချကြတာ ဖြစ်ပါတယ်။ကိုယ်ဝန်ဖျက်ချတော့မယ်ဆိုရင်။ကိုယ်ဝန်ဖျက်ချတဲ့အခါ များသောအားဖြင့် ထုံဆေး၊ မေ့ဆေးတွေ အသုံးပြုဖို့ မလိုအပ်ပါဘူး။ ဆရာဝန်က သင့်ကို ဆေးပေးပါလိမ့်မယ်။ ထိုးဆေး/သောက်ဆေး/မိန်းမကိုယ်အတွင်း ထည့်သွင်းရတဲ့ဆေး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ နောက်ထပ် ၁ – ၃ ရက်အတွင်းမှာ ဆေးတမျိုး ထပ်ပေးပါလိမ့်မယ်။ ဒုတိအကြိမ် ဆေးသုံးပြီးမှာတော့ မိန်းမကိုယ်ကနေသန္ဓေသားအပိုင်းအစလေးတွေဆင်းလာပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ကိုယ်ဝန်ဖျက်ချခြင်း အောင်မြင်မှုရှိမရှိ သေချာစေဖို့အတွက် အာထရာဆောင်းတခါ ထပ်ရိုက်ပါလိမ့်မယ်။ဆေးနဲ့ ဖျက်ချတာအပြင် ကိုယ်ဝန်လပေါ် လိုက်ပြီး ခွဲစိတ်တာ၊ သားအိမ်ခြစ်တာ စတဲ့နည်းလမ်းတွေနဲ့လည်း ဖျက်ချနိုင်ပါတယ်။များသောအားဖြင့်တော့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့်။ဒီဝေဒနာတွေက များသောအားဖြင့် မပြင်းထန်ပါဘူး။ သာမန် အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတွေကို သုံးစွဲလိုက်ရင် သက်သာသွားနိုင်ပါတယ်။ဒါတွေဟာ Therapeutic abortion လို့ခေါ်တဲ့ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းအကြောင်း သိကောင်းစရာလေးတွေပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဒီဥပဒေမရှိသေးတဲ့အတွက် အရေးပေါ်သေရေးရှင်ရေး အခြေအနေကလွဲပြီး ကိုယ်ဝန်ကို မိမိသဘောနဲ့မိမိ ဖျက်ချခြင်း မပြုရပါဘူး။ဒါပေမယ့် လိင်အသိပညာပေးအားနည်းလှတဲ့ ဒီနိုင်ငံမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိနှုန်း မြင့်မားနေရုံသာမက အရပ်လက်သည်နဲ့ဖြစ်ဖြစ်၊ ကိုယ့်ဖာသာ ကြိတ်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်ဝန်ဖျက်ချလို့ ရေတိမ်နစ်ခဲ့ရသူတွေလည်း မနည်းပါဘူး။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ယူပြီး ဆေးရုံတွေမှာ တရားဝင် ဖျက်ချခွင့်ရှိမယ်ဆိုရင် အသေအပျောက်နှုန်းတွေ နည်းသွားမလားဆိုတာ စဉ်းစားစရာပါပဲ။ဒါပေမယ့် ဒီဥပဒေ ပြဋ္ဌာန်းဖို့ဆိုတာလည်း စိန်ခေါ်မှုများစွာ ရှိနေပါသေးတယ်။ မိတ်ဆွေရဲ့ အမြင်ကရော ဘယ်လိုလဲ။ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို ကျွန်တော်တို့နိုင်ငံမှာ ခွင့်ပြုသင့်သလား။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/legal-abortion-in-myanmar/
ကြံဖန်တွေးပြီး ကိုယ့်စိတ်ကိုယ် ဒုက္ခပေးနေတဲ့အကျင့်ကို ဖျောက်ပါ
လူတိုင်းကတော့ ဘာမှလုပ်စရာ မရှိရင် တစ်ခုခုကို ထိုင်တွေးနေတာပါပဲ။ အဲဒီအတွေးတွေက တစ်ခုပြီး တစ်ခု ဆင့်ပွားလာရာကနေ ကိုယ့်စိတ်ကို ဒုက္ခဖြစ်စေနိုင်လောက်တဲ့ မကောင်းတဲ့အတွေးတွေဘက်ကို ရောက်သွားတတ်ပါတယ်။ လူဆိုတဲ့ အမျိုးက ကောင်းတာတွေဆိုရင် သိပ်သတိမထားမိပေမဲ့ မကောင်းတဲ့ အတွေးတွေဆိုရင်တော့ ခေါင်းထဲက ဆွဲထုတ်မရအောင် သိမ်းထားတတ်ပါတယ်။ ဒီလိုအခြေအနေကိုတော့ စိတ်အကျဉ်းကျခြင်း၊ စိတ်ချောင်ပိတ်မိခြင်း (Rumination) လို့ ခေါ်ပါတယ်။Overthinking ဖြစ်တဲ့သူတွေဟာ ကောင်းတာ၊ မကောင်းတာကို ရည်ရွယ်ပြီး တွေးတာမဟုတ်ဘဲ ကိုယ်တွေးချင်ရာ လျှောက်တွေးနေတတ်တာပါ။ Rumination အမျိုးအစားကတော့ ဘယ်လိုအတွေးကနေပဲ စသည်ဖြစ်စေ မကောင်းတဲ့အတွေးတွေဘက်ကို အမြဲရောက်သွားတတ်ပြီး ဒါကို ထပ်တလဲလဲ တွေးနေရင်း ဘာကိုမှ မလုပ်ချင်မကိုင်ချင် ဖြစ်သွားတတ်ပါတယ်။များသောအားဖြင့် စိတ်အကျဉ်းကျတဲ့သူတွေဟာဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ ဖြစ်ဖူးခဲ့တဲ့အတိတ်တွေနဲ့ မဖြစ်လာသေးတဲ့ အကြောင်းအရာတွေကိုပဲ စိတ်ထဲက တွေးနေမိပြီး ဒီအတွေးထဲကနေလည်း ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တာ၊ တခြားအရာတွေကို မစဉ်းစားမိတော့တာ၊အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ တဖြည်းဖြည်း စိတ်ရော ကိုယ်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။• ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာမှာ ပြင်းထန်တဲ့ ထိခိုက်တုန်လှုပ်မှုကြီး ဖြစ်ခဲ့ဖူးတာ။•စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အရာတွေ၊ လူတွေနဲ့ နေ့စဉ် ရင်ဆိုင်ဆက်ဆံနေရတာ။• ကြာကြာတွေးရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အဖြေတစ်ခုခုရှာနိုင်မယ်လို့ ယုံကြည်ထားတာ။• အရာရာကို ပြီးပြည့်စုံဖို့၊ စင်းလုံးချော မှန်စေချင်တဲ့ ပင်ကိုယ်စရိုက်ရှိတာ။• စိတ်အနည်းငယ် မူမမှန်ခြင်း၊ ပုံမှန်မဟုတ်ဘဲအတွေးအခေါ်တွေ အစွန်းရောက်လွန်းနေခြင်း။• တခြားသူတွေရဲ့ ဘဝဇာတ်ကြောင်းကို အလွန်စိတ်ဝင်စားခြင်း၊ တခြားသူအစား ပူပန်ပေးတတ်ခြင်း။ဒီလိုအမူအကျင့်တွေ ရှိတဲ့သူတွေမှာ လိုတာထက်ပိုပြီး တွေးတာ၊ အတွေးထဲမှာ ချောင်ပိတ်မိတဲ့ အကျင့်တွေ ဖြစ်လာမယ်။ တဖြည်းဖြည်း မကုသဘဲ ထားထားမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်မှာရော လူမှုရေး၊ မိသားစုမှာပါ အဆင်မပြေမှုတွေ ကြုံလာမယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါအပြင် စိတ်ကျန်းမာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။• တစ်ခုခုကိုတွေးနေရင်း ပိုပြီးဝမ်းနည်းပူဆွေးလာတာ၊ဒေါသထွက်တာ၊ စိတ်ဓာတ်ကျလာတာ။• အရာရာကို မကောင်းမြင်လာတာ၊အပြစ်မြင်စိတ်တွေ ပိုများလာတာ။• ဖြစ်နေတဲ့ ပြဿနာကို အဖြေရှာမရဘဲ အတွေးထဲမှာပဲ အချိန်ကုန်ဆုံးသွားတာ။• အတွေးထဲ စိတ်ရောက်နေပြီး လက်တွေ့ဖြေရှင်းဖို့ စိတ်အားထက်သန်မှု မရှိတော့တာ။• ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အာရုံမစိုက်နိုင်တော့တာ။•အတွေးလွန်မှုကြောင့် စိတ်ဖိစီးမှုတွေ ပိုခံစားလာရတာ၊ ပြဿနာတွေ ပိုဖြစ်လာတာ စတဲ့ ပြဿနာတွေကို တွေ့နိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် မရပ်မနား တွေးနေမိတယ်၊ ကိုယ်တွေးနေတဲ့ အရာတွေကလည်း ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေနိုင်တဲ့အရာတွေမှန်း ရိပ်မိလာပြီဆိုရင် ဒါကိုပဲ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ အဲ့အတွက် အကောင်းဆုံးနည်းလမ်းတွေကတော့။၁။ ကိုယ်တစ်ခုခုကို စတွေးမိပြီဆိုတာနဲ့ တွေ့ရာအလုပ်တစ်ခုလုပ်ပါ။ ရုံးအလုပ်မှ မဟုတ်ပါဘူး။အိမ်အလုပ်ပဲဖြစ်ဖြစ်၊ ဖုန်းသုံးတာဖြစ်ဖြစ်၊ အိပ်လိုက်တာ၊ လမ်းထလျှောက်တာ၊ ပြေးလိုက်တာ အကုန်လုပ်လို့ ရပါတယ်။ အဓိက တွေးနေမယ့်ကိုယ့်စိတ်ကို အလုပ်တစ်ခုခု ပေးခြင်းဖြင့် အာရုံလွှဲလိုက်တာပါပဲ။၂။ ပြဿနာတစ်ခုခု ဖြစ်ရင် ဒါကိုထပ်တလဲလဲ မတွေးပါနဲ့။ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသာ လက်တွေ့စဉ်းစားပါ။ ပြဿနာတိုင်းဟာ ရှောင်ပြေးရင်၊ စိတ်ထဲမှာ ကျိတ်ခံစားနေရုံနဲ့ မပြီးသွားပါဘူး။ ဖြေရှင်းလိုက်မှ၊ အမှားကို တောင်းပန်လိုက်မှသာ ဒီဝန်ထုပ်ဝန်ပိုးစိတ်က ငြိမ်းအေးသွားမှာပါ။၃။ ကိုယ်တွေးနေတဲ့အရာတွေက ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့ မကောင်းတဲ့အရာတွေကို လက်ခံပါ။ ဒီအချက်ကို မငြင်းပါနဲ့။ အတိတ်မှာ မှားခဲ့တာတွေ ရှိရင်လည်း ကိုယ်မှားခဲ့သူကို တောင်းပန်ပါ။ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ နောင်တတွေ၊ အပြစ်တင်စိတ်တွေ၊ ယူကြုံးမရဖြစ်တဲ့စိတ်တွေ အကုန်လုံးကို သင်ပုန်းချေနိုင်ဖို့ ကြိုးစားပါ။၄။ စိတ်က မကောင်းတဲ့အရာတွေကို တွေးဖို့ စတင်လိုက်ပြီဆိုတာနဲ့ ဒီအတွေးတွေကို အမြန်ဖျောက်ပြီး လက်ရှိအချိန်၊ အနာဂတ်အချိန်တွေကို ပြန်လည်မှန်းဆကြည့်ပါ။ ပြီးသွားခဲ့တဲ့ အတိတ်တွေကို တမ်းတပူဆွေးနေရတာထက် လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမှ သာယာအေးချမ်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ။၅။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်မကောင်းမြင်တဲ့ စိတ်ကို လျှော့ပါ။ ကိုယ့်မှာ ရှိတဲ့ ကောင်းတဲ့အရာတွေ၊မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ကိုယ်အကူအညီလိုအပ်တိုင်း ဘေးမှာ ရှိခဲ့တဲ့သူတွေအားလုံးကို ပြန်သတိရပါ။ ဘယ်သူမှမရှိခဲ့ရင်လည်း ကိုယ့်ဆီမှာ ကိုယ်တစ်ယောက်လုံး ရှိနေတာကို ပြန်တွေးပြီး ဘဝကို ရှေ့ဆက်လှမ်းပါ။၆။ စိတ်ထဲမှာ အတွေးတစ်ခုခု ဖြစ်လာပြီဆိုရင် ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြကြည့်ပါ။ အနည်းဆုံးတော့ အဖြေရှာမရခဲ့ရင်တောင် ကိုယ်တစ်ယောက်တည်း စိတ်ထဲမှာ ကြိတ်ခံစားနေရတာ မဟုတ်တဲ့အတွက် ရင်ထဲ နည်းနည်းတော့ ပေါ့သွားမှာပါ။၇။ စိတ်ကို တည်ငြိမ်အေးချမ်းအောင် ပြန်စုစည်းဖို့ တရားထိုင်တာ၊ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ ရပါတယ်။မိမိရဲ့ စိတ်နဲ့အမူအကျင့်ကို ကိုယ်တိုင် ပြင်ဆင်နိုင်မှ ကိုယ့်ရဲ့ မလိုလားအပ်တဲ့စိတ်ကျန်းမာရေးပြဿနာတွေ မဖြစ်ရတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ဖျောက်လို့ မရဘူး၊ အကူအညီလိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချထားရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး စိတ်ကုထုံး လုပ်ကြည့်တာ အကောင်းဆုံးပါပဲ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%80%e1%80%bc%e1%80%b6%e1%80%96%e1%80%94%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%85%e1%80%ad/
ကြွက်နားရွက်မှို ကြိုက်ကြလား။
ကြာဇံချက်၊ ကြာဇံဟင်းခါး၊ ကော်ရည်ခေါက်ဆွဲတွေထဲမှာ အများဆုံး ပါလေ့ရှိပြီး ထမင်းပေါင်း၊ အစိမ်းကြော်တွေထဲမှာလည်း ထည့်စား​ကြသလို ဒီအတိုင်း သုပ်စားရင်လည်း စားကောင်းတဲ့ ကြွက်နားရွက်မှိုကို ကြိုက်ကြလား။ အဖြေက ကြိုက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။စားလိုက်ရင် တထုတ်ထုတ်နဲ့ စားလို့ကောင်းတဲ့ ကြွက်နားရွက်မှိုလေးက စားလို့ ကောင်းရုံတင် မဟုတ်ဘဲကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ အသေးစိတ်ကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကြွက်နားရွက်မှို ဆိုတာကမှိုတစ်မျိုးပါ။ အညိုရောင် ကနေ အမည်းရောင်အထိ အမျိုးမျိုး ရှိပြီး ခပ်ပျော့ပျော့နဲ့ နားရွက်လေးတွေမျိုး သစ်တုံးလေးတွေမှာ ကပ်ပေါက်တတ်သလို ကောက်ရိုးမြေဆွေးတွေ လုပ်ထားတဲ့ အထုပ်လေးတွေမှာလည်း ကပ်ပြီး ပေါက်တတ်ပါတယ်။ကြွက်နားရွက်မှိုက အရှေ့တောင်အာရှဒေသ မျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က စတင်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ကြွက်နားရွက်မှိုကအနာကျက်စေနိုင်တဲ့ အစွမ်းအာနိသင်ရှိတာကြောင့် စားသုံးသုံးစွဲခဲ့ကြတာပဲဖြစ်ပါတယ်။ ကြွက်နားရွက်မှိုကိုရောင်ရမ်းမှုသက်သာစေတဲ့ သဘာဝဆေးတစ်လက် အနေနဲ့ အသုံးပြုခဲ့ကြသလို မျက်စိရောဂါတွေနဲ့ ကင်ဆာရောဂါတွေကုဖို့အတွက်ပါ အသုံးပြုခဲ့ကြပါတယ်။စားလို့ ကောင်းတဲ့ ကြွက်နားရွက်မှိုမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ကြွက်နားရွက်မှို ကြိုက်တယ်ဆိုရင်တော့ အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေကိုရရှိစေနိုင်မှာပါ။ပရိုတင်း ပါဝင်နေမှုက အရိုးနဲ့ကြွက်သားတွေကို သန်မာစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အအေးမျ၊ ဖျားနာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။သကြားဓာတ် လုံးဝ မပါဝင်တဲ့ ကြွက်နားရွက်မှိုက ဆီးချို ကာကွယ်ပေးသလို ဆီးချို သက်သာစေဖို့လည်း စားပေးလို့ ရပါတယ်။ အာဟာရ ပြည့်ဝစေပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှု ကင်းစေမယ့် အစားအစာ တစ်မျိုးပါ။အမျှင်ဓာတ်ပါဝင်နေတာကြောင့်လည်း ကြွက်နားရွက်မှိုက အစာစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကြွက်နားရွက်မှိုက အရေပြားပေါ်က အနာတွေ ကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အနာတွေ ပိုးမာင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကြွက်နားရွက်မှိုက အရေပြားပေါ်က ရောင်ရမ်းမှုကိုရော ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်ပါတယ်။ အရိုးအဆစ်တွေ ရောင်ရမ်းတာ၊ ကြွက်သားတွေ ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။အဆီဓာတ် ပါဝင်မှု နည်းတဲ့ ကြွက်နားရွက်မှိုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး ပိုတက်ဆီယမ် ပါဝင်နေမှုကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှုကို ကောင်းမွန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ဝမ်းချုပ်မှု ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အူမကြီးကို သန့်စင်ပေးပြီး အစာခြေစနစ် ပြဿနာ ကင်းစေနိုင်ပါတယ်။နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်အနေနဲ့ ကြွက်နားရွက်မှိုက အရေပြားတွေကို တင်းရင်းကျန်းမာစေပြီး အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကြွက်နားရွက်မှိုက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်။ကဲ ……. စားလို့ကောင်းတဲ့ ကြွက်နားရွက်မှိုက အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/wood-ear-mushroom-benefits/
အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား
ငါးပိရည်လေးစားချင်လို့၊ ငါးပိထောင်းလေး စားချင်လို့ဆိုပြီး စားလိုက်မိရင်ဖြစ်ဖြစ်၊ သရက်သီးကိုငံပြာရည်လေးနဲ့ဖြစ်ဖြစ် စားလိုက်မိပြီဆိုရင်တော့ မျက်နှာပေါ်မှာ ဝက်ခြံတွေ တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ထွက်လာတာ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါဆိုရင် ဘာလို့များ အငန်စားလိုက်မိရင်ဝက်ခြံထွက်လာတာလဲဆိုပြီး သိချင်နေပြီလား …… ဒါဆိုရင် အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား ဆိုတဲ့အကြောင်းလေးကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။လေ့လာချက်တွေအရအငန် အစားများရင်ဝက်ခြံတွေ ပိုဆိုးလာနိုင်ပါတယ်။ အကြောင်းကတော့ ဆား အစားများတာ၊ အငန်ပါတာတွေကို စားတာက ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။သာမန်အချိန်တွေဆို ပြဿနာမရှိပေမဲ့ လောလောလတ်လတ်မှာ ဝက်ခြံထွက်နေမယ်။ ဝက်ခြံက ရောင်ချင်သလိုလို ဖြစ်နေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အငန် ဆားဓာတ်က။အငန်ဓာတ်ကို စားသုံးလိုက်တာက အရေပြားတစ်ရှူးတွေကို ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပြီး ရှိရင်းစွဲ ဝက်ခြံတွေကို ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဆားအစားများတာကအရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဝက်ခြံ အပါအဝင် အရေပြားပြဿနာ အမျိုးမျိုးကို ပြင်းထန်တာမျိုး ဖြစ်စေနိုင်ပါတယ်။အငန် အစားများတာကT-cell တွေကို ပြောင်းလဲမှု ဖြစ်စေပြီး အရေပြားတစ်ရှူးတွေကို ရောင်ရမ်းစေပါတယ်။ ဒါကြောင့်ပဲ ရှိရင်းစွဲ ဝက်ခြံတွေ ပိုဆိုးလာပြီး အရေပြားမှာ နောက်ထပ် ဝက်ခြံတွေပါ ဖြစ်လာရတာပါ။ ဒါကြောင့် အငန်လျော့စားတာက အရေပြား ကျန်းမာရေးကို ဂရုစိုက်လိုက်တာပါပဲ။အငန်စားတာကြောင့် ဝက်ခြံဖြစ်စေနိုင်တဲ့ နောက်ထပ် အကြောင်းအရင်းတစ်ရပ်ကတော့ ဆားအစားများတာက ကိုယ်တွင်းက ရေဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့်ပါ။ရေဓာတ် ခမ်းခြောက်မှုကလည်း ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံသက်သာချင်ရင် ရေများများ သောက်ပါလို့ အကြံပြုချက်တွေ ရှိနေတာပေါ့။ဆား အပါအဝင် အငန် အစားများတာက အရေပြားကို ရေဓာတ်ပြည့်ဝစေရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့်အရေပြား ခြောက်သွေ့တာ၊ ချွေးပေါက်တွေ ကျယ်စေတာလိုမျိုး အရေပြား ပြဿနာတွေကို ဖြစ်စေပြီး ချွေးပေါက်တွေကနေတဆင့် ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ အလွယ်အကူ ဝင်ရောက်သွားတာကြောင့် ဝက်ခြံတွေကို ပိုဆိုးစေတာ နဲ့ ဝက်ခြံ အသစ်ဖြစ်တာတွေကို ဖြစ်စေတာပါ။ဒါကြောင့် ဝက်ခြံကင်းချင်တယ်ဆိုရင် ဆား အပါအဝင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကစလို့ အငန်ကဲတဲ့အသင့်စား အစားအစာတွေနဲ့ အမြန်စား အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားဖို့ လိုပါမယ်။ဒါဆိုရင် မေးစရာရှိတာက အငန်စားရင် ဝက်ခြံထွက်တယ်ဆိုတော့ဝက်ခြံ ကင်းချင်တယ်ဆိုရင် အငန် မစားရတော့ဘူးလားပေါ့။ ဒီလိုလည်း မဟုတ်သေးပါဘူး။အငန်အရသာကို ပေးစွမ်းနိုင်တဲ့ ဆားဓာတ် [ဆိုဒီယမ်]က ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒီတော့ ဆားဓာတ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေ ကောင်းကောင်း လည်ပတ်နိုင်စေဖို့အတွက် ဆားဓာတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် ဆားဓာတ်ကို ထိုက်သင့်တဲ့ ပမာဏတော့ စားသုံးဖို့ လိုပါမယ်။ဆားဓာတ် [ဆိုဒီယမ်]က အာရုံကြောစနစ်ကို ကျန်းမာစေသလိုသွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ကိုယ်တွင်းက ဓာတ်ဆားပမာဏ ညီမျှစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ချွေးထွက်များတာကြောင့် ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးတာမျိုး မဖြစ်စေဖို့လည်း ဆားဓာတ်က ဟန်ချက်ထိန်းပေးပါသေးတယ်။ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ တစ်နေ့တာမှာ လုံလောက်တဲ့ ဆားဓာတ်ကို စားသုံးမိဖို့တော့ လိုပါမယ်။ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် မပိုမလိုတဲ့ ဆိုဒီယမ် ပမာဏ ရရှိဖို့ လိုအပ်ပါတယ်။ ကိုယ်တွင်းမှာ ဆိုဒီယမ် နည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဆိုဒီယမ်ကအာရုံကြောတွေ ကျန်းမာစေဖို့၊ ကျန်းမာတဲ့ သွေးပေါင်ချိန် ရရှိစေဖို့နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ စုပ်ယူနိုင်စေဖို့အတွက် ထောက်ကူပေးပါတယ်။ဆားစားသုံးမှု များလွန်းမယ်ဆိုရင်လည်း သွေးတိုးတာ၊ ဖောတာရောင်တာ၊ နှလုံးပျက်စီးတာ နဲ့ နှလုံးရောဂါတွေ ခံစားရနိုင်ပါတယ်။ ရေဓာတ် ခမ်းခြောက်တာကြောင့် အသားအရေ ခြောက်သွေ့တာကိုလည်း ခံစားရနိုင်ပါတယ်။ ဆားဓာတ်ကို တစ်နေ့တာမှာ လိုအပ်မယ့် ပမာဏလောက်တော့ စားသုံးပေးဖို့ လိုပါမယ်။ဆားလျှော့စားတယ်ဆိုတဲ့နေရာမှာလည်း ဆားကိုတင် လျှော့တာ မဟုတ်ဘဲ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကစလို့ အချိုမှုန့် နဲ့ အသင့်စား၊ အမြန်စား အစားအစာတွေ အားလုံးကို လျှော့စားရမှာပါ။ဆားကြောင့်ချည်းသက်သက်တော့ ဝက်ခြံဖြစ်နိုင်ခြေ နည်းပါတယ်။ အလွန်အကျွံ စားသုံးတာနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ အသားအရေနဲ့ နေ့စဉ် ထိတွေ့နေတဲ့ အညစ်အကြေးတွေကြောင့်လည်း ဝက်ခြံဖြစ်ရတာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/salty-foods-can-cause-pimples/
ဖန်ခါးသီးက အသားအရေ လှစေသလား
ဖန်ခါးသီးက နာမည်နဲ့လိုက်အောင် ဖန်ပြီး ခါးပါတယ်။ ချဉ်ဖန်ဖန် အရသာမျိုးလည်း ရှိပါတယ်။ ဖန်ပြီးခါးတဲ့ ဖန်ခါးသီးကို ဆီးချိုကျစေဖို့အတွက် အသုံးပြုကြတာကို တွေ့ရများပါတယ်။ဖန်ခါးသီးကို ပြုတ်သောက်တာ၊ တို့စားတာ၊ သတ္တုရည်ကို သောက်တာမျိုးတွေ ရှိသလိုကြက်သွန်ဖြူလေး ဆားမီးကင်လေးနဲ့ ထောင်းစားကြတာလည်း ရှိပါတယ်။ စားရတာ ဖန်ပြီးခါးတယ်ဆိုပေမယ့် အနံ့မွှေးမွှေးလေးကြောင့် ဖန်ခါသီးကို လူကြီးတွေကတော့ တော်တော်လေး နှစ်သက်ကြပါတယ်။ ဒီလို အခါးဓာတ်ရှိတဲ့ ဖန်ခါးသီးကဆေးဖက်ဝင်တယ်ဆိုတော့ အသားအရေကိုရော ကျန်းမာစေမလားဆိုပြီး သိချင်နေတဲ့သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဆောင်းပါးလေးထဲမှာ ဖန်ခါးသီးက အသားအရေ လှစေသလား  ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးသွားပါမယ်။ဖန်ခါးသီးဆိုတာက ဖန်ခါးပင်ရဲ့ အသီးပါ။ နွေပူပူမှာ အရိပ်ရစေလောက်တဲ့အထိ ကြီးတဲ့ ဖန်ခါးပင်ရဲ့ အသီးလေးတွေပါ။ အခိုင်လိုက် သီးတတ်ပြီး အသီးလေးက ခပ်ရှည်ရှည်လေးပါ။ အသားမာပြီး အလယ်မှာ အစေ့ တစ်စေ့ပဲ ပါပါတယ်။ အစိမ်းရင့်ရောင် ရှိပြီး တစ်ခါတလေမှာ အဝါဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်လေးလိုလို အနီရောင်ဖျော့ဖျော့လေးလိုလို ရှိတတ်ပါတယ်။Combretaceaeမျိုးရင်းဝင် အပင်မျိုး ဖြစ်ပြီး အပူပိုင်း နဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ သီရိလင်္ကာ၊ မလေးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အများဆုံးပေါက်ရောက်ပါတယ်။ဖန်ခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ဖန်ခါးသီးက အသားအရေ လှစေသလား …….. ဆိုတော့ ဖန်ခါးသီးက အသားအရေ လှစေပါတယ်။ ဘယ်လိုမျိုးအသားအရေ လှပမှုတွေကို ရရှိစေနိုင်မလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။အသားအရေ လှပစေဖို့အတွက် ဖန်ခါးသီးကို စားပေးလို့ ရသလို အသီးရဲ့ သတ္တုရည်ကို လိမ်းပေးတာ၊ အသားကို ကြိတ်ခြေပြီး အရေပြားမှာ တိုက်ရိုက် လိမ်းပေးတာတွေ လုပ်ဆောင်ပေးလို့ ရသလို အမှုန့်ကို rose water နဲ့ လိမ်းပေးလို့လည်း ရပါတယ်။အရေပြားပေါ်မှာ မိနစ် ၂၀ လောက် ထားပြီး ရေဆေးချလိုက်ရုံပါ။ဖန်ခါးသီးက အရေပြား ပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။ဝက်ခြံဖြစ်တဲ့သူတွအနေနဲ့ ဖန်ခါးသီး သတ္တုရည်ကို အသုံးပြုပေးလို့ ရသလို အသားကိုကြိတ်ခြေပြီး ဝက်ခြံပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်းရပါတယ်။ အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး အရောင်ကျစေနိုင်သလို ဝက်ခြံတွေကို သက်သာစေနိုင်မှာပါ။ သွေးသန့်စေနိုင်ပြီး ဝက်ခြံမဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ဖန်ခါးသီးရဲ့ နောက်ထပ်ကျန်းမာရေး အာနိသင်တစ်ခုကတော့ အရေပြားပေါ်က အစက်အပြောက်တွေ၊ ဝက်ခြံအမာရွတ်တွေ နဲ့ အမည်းစက်တွေကို သက်သာစေနိုင်တာပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ဗီတာမင် C ပါဝင်မှုက ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးပြီး အသားအရေကို ကြည်လင်လှပစေမှာပါ။ဖန်ခါးသီးမှုန့်ကို ရေနဲ့ပျစ်ပျစ်လေးဖျော်ပြီး မျက်ကွင်းတဝိုက်မှာ ဝိုင်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပေးလိုက်ပါ။ ပုံမှန် လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာကို သက်သာစေမှာပါ။ဖန်ခါးသီးရဲ့ နောက်ထပ်အာနိသင် တစ်ရပ်ကတော့ ချွေးပေါက်ကျဉ်းစေတာပါ။ ဖန်ခါးသီးမှုန့်ကို rose waterနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါ။ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် ပုံမှန် လုပ်ပေးလို့ ရပါတယ်။အရေပြားမှာဖြစ်တဲ့ အနာတွေ၊ အနာစိမ်းတွေ သက်သာစေဖို့အတွက်ဆိုရင်လည်း ဖန်ခါးသီးကို အသုံးပြုပေးလို့ ရပါတယ်။ အမှုန့်ကို အသုံးပြုလို့ ရသလို၊ သတ္တုရည်၊ ပြုတ်ရည်တွေကို အသုံးပြုပေးလို့လည်း ရပါတယ်။ရေဓာတ် ပါဝင်နေတာကြောင့် ဖန်ခါးသီးက အရေပြားကို အစိုဓာတ် ထိန်းပေးပြီး ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အမှုန့်ကို ရေနဲ့ဖျော်ပြီးတော့ ဖြစ်ဖြစ်၊ သတ္တုရည်၊ ပြုတ်ရည်တွေကို အသုံးပြုပေးလို့ ရပါတယ်။အရေပြားမှာ အင်ပြင်ဖြစ်တာ၊ ဓာတ်မတည့်မှုကြောင့် ယားယံတာတွေကို သက်သာစေဖို့အတွက်အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/haritaki-benefits-for-skin/
Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ.........
Copper ဆိုတာက ရှင်သန်ရေးအတွက် အရေးပါတဲ့သတ္တုဓာတ်တစ်မျိုးပါ။ ဒီဓာတ်ကိုခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေတိုင်းမှာတွေ့ရပါတယ်။သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလိုအာရုံကြောဆဲလ်တွေကျန်းမာစေဖို့ရောကိုယ်ခံအားစနစ်ကိုပါ အကောင်းဆုံး ထောက်ကူပေးနေပါတယ်။ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်အတွက်ကော်လာဂျင်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို သံဓာတ်စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါတယ်။ အင်အားပြည့်ဝစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ ဒီဓာတ်ကို များသောအားဖြင့် အသည်း၊ ဦးနှောက်၊ ကျောက်ကပ် နဲ့ ကြွက်သားတွေမှာ တွေ့ရနိုင်ပါတယ်။Copperကခန္ဓာကိုယ် ကျန်းမာစေဖို့ထောက်ပံ့ပေးသလို ကျန်းမာနေစေဖို့လည်း ထောက်ကူပေးပါတယ်။copperက ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို အဆစ်ရောင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ပမာဏ ရရှိဖို့တော့ လိုပါမယ်။ copper ပြည့်ဝစေဖို့က စားသုံးပေးတာကနေပဲ ရရှိစေမှာ ဖြစ်ပါတယ်။လေ့လာမှုတွေအရ copperမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ရှိပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်သလို ဆီးချို နဲ့ ကင်ဆာလိုမျိုး ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။Copperက နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးချိုကို ထိန်းပေးသလို နာတာရှည် ရောင်ရမ်းတာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။Copper နည်းလာတာက သွေးဖြူဥဆဲလ် အရေအတွက်ကို လျော့ကျစေနိုင်ပါတယ်။ ရောဂါတွေကို အလွယ်တကူ ကူးစက်စေနိုင်တဲ့ သဘောပါ။ ကိုယ်တွင်းမှာ copper ပမာဏ ပြည့်ဝနေမယ်ဆိုရင် သွေးဖြူဥဆဲလ်တွေကို ကျန်းမာတဲ့ အရေအတွက် ရှိနေစေပြီး ကိုယ်ခံအားကို ပြည့်ဝ ကျန်းမာနေစေမှာပါ။ခန္ဓာကိုယ်ထဲမှာ copperနည်းလာတဲ့အခါ အရိုးပါးတာ၊ အရိုးပွတာတွေကို ခံစားရနိုင်ပါတယ်။ copperပမာဏ လုံလောက် မျှတနေတာက အရိုးတွေကို ကြံ့ခိုင်သန်မာစေမှာပါ။copperမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိနေတာကြောင့် အရွယ်တင်စေနိုင်ပါတယ်။ တွယ်ဆက်တစ်ရှူးတွေကို ကျန်းမာစေပြီး အသားအရေကိုလည်း တင်းရင်း လှပစေမှာပါ။ အရွတ်တွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။Copperက အာရုံကြော လုပ်ငန်းစဉ်တွေမှာလည်း အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေတာပါ။ များလွန်းရင် ဦးနှောက်ကို ထိခိုက်စေတယ်ဆိုပေမယ့် လုံလောက်တဲ့ ပမာဏ ရှိဖို့တော့ လိုပါမယ်။နေ့စဉ် စားသုံးမှုတွေကနေလည်း copperကို ရရှိနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/copper-health-benefits/
ဟင်းနုနွယ် ကပေးတဲ့ အသားအရေ လှပခြင်း
ဟင်းနုနွယ် လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်း မျက်လုံးထဲမှာ မြင်ကြမယ်ထင်ပါတယ်။ ဟင်းနုနွယ်က စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒီတစ်ခေါက်တော့ ဟင်းနုနွယ် စားပေးတာကကျန်းမာရေးအတွက်တင် မဟုတ်ဘဲအသားအရေကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။အစိမ်းရောင် ရင့်ရင့်နဲ့ ဟင်းနုနွယ်ရွက်ကလေးမှာ။အစိမ်းရင့်ရောင် ရှိတဲ့ ဟင်းနုနွယ်ရွက်က နည်းနည်းလေး ခါးသက်သက် ဖြစ်ပေမယ့်ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရ များစွာကို ပိုင်ဆိုင်ထားတဲ့ ဟင်းနုနွယ်ရွက်ကိုအသားအရေ ကျန်းမာလှပစေဖို့အတွက် အသုံးပြုကြပါတယ်။ကဲ …. ဟင်းနုနွယ်ရွက်လေးကအသားအရေ လှပမှုအတွက် ဘယ်လိုတွေ ထောက်ကူပေးနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……..။ဟင်းနုနွယ်က ဝက်ခြံတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အရေပြားပေါ်က အဆီတွေ၊ ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ဝက်ခြံ သက်သာစေဖို့ ဟင်းနုနွယ်ရွက်ကို စားပေးလို့ ရသလို အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကို ဝက်ခြံပေါ်မှာ အသုံးပြုပေးလို့ ရပါတယ်။ဟင်းနုနွယ်ရွက်မှာ ဗီတာမင် B ပါဝင်နေတာကြောင့် အရေပြားကိုခရမ်းလွန်ရောင်ခြည်အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးပြီး အရေပြား အရောင်မညီတာ၊ အရေပြားကင်ဆာလိုမျိုး အရေပြား ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဟင်းနုနွယ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်ပေးပါတယ်။ အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရွယ်တင်စေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေလေး တင်းရင်းနေစေဖို့ ဟင်းနုနွယ်ရွက်ကို စားပေးလို့ ရပါတယ်။ဟင်းနုနွယ်မှာ ဗီတာမင် K နဲ့ ဖောလိတ် ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်လှပစေနိုင်ပါတယ်။ ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးသလို ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ဝက်ခြံ အမာရွတ်နဲ့ အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ အရေပြား ယားယံတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ဟင်းနုနွယ်ရွက်မှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် အရေပြားကို ကြည်လင်ဝင်းပစေနိုင်သလို ဗီတာမင် C က ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေနိုင်ပါတယ်။ အသားအရေကို ကြည်လင်လှပစေပြီး အရွယ်တင် နုပျိုစေနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြားပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဟင်းနုနွယ်ကို စားပေးတာ၊ အရေပြားမှာ အသုံးပြုပေးတာက အခုလိုအကျိုးကျေးဇူးတွေ ရရှိစေမှာပါ။ အရေပြားမှာ အသုံးပြုမယ်ဆိုရင်တော့ Skin testလုပ်ဖို့ လိုပါတယ်။ကဲ ….. ဟင်းနုနွယ်ရွက်လေးကို စားသုံးပေးတာက အသားအရေကို အခုလိုလေး လှပစေမှာပါ။ ဘယ်လိုလဲ အသားအရေ လှပစေဖို့ ဟင်းနုနွယ်ကို စားမယ်ဟုတ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/spinach-leaves-skin-benefits/