title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Workout လုပ်ပြီးတဲ့အခါ အကောင်းဆုံး သောက်စရာတွေ
ကျန်းမာစေဖို့၊ခန္ဓာကိုယ် ကျစ်လျစ် ကြံ့ခိုင်စေဖို့၊စိတ်ခံစားမှု ကောင်းစေဖို့ဆိုပြီး အမျိုးမျိုးသော အကြောင်းခြင်းရာတွေနဲ့ Workout လုပ်ကြပါတယ်။ တကယ်လည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာကစိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။Workout လုပ်တာက ပြင်းပြင်းထန်ထန် လုပ်ရင် လုပ်သလောက် ကိုယ်တွင်းမှာ ရေဓာတ်နည်းတာ၊electrolytesနည်းသွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို လျှော့နည်းသွားတဲ့အခါရေဓာတ်ခမ်းခြောက်တာ၊ ပင်ပန်းတာ၊ ကိုက်ခဲနာကျင်တာတွေကို ခံစားရပါတယ်။ ဒီလို ပြဿနာတွေ ကင်းဝေးစေဖို့အတွက် Workout လုပ်ပြီးတဲ့အခါ  ဘာတွေ သောက်ပေးရင် အဆင်ပြေဆုံး ဖြစ်မလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။Workout လုပ်ပြီးတဲ့အခါ ပေါ့ပါးလန်းဆန်းပြီး ကိုက်ခဲနာကျင်မှု ကင်းစေဖို့ဒါလေးတွေ သောက်ပေးလို့ ရပါတယ်။Workout လုပ်ပြီးချိန်မှာနဲ့ Workoutလုပ်နေစဉ်အတွင်းမှာ ခံစားရတဲ့ ရေဆာတာကို သက်သာစေဖို့ အကောင်းဆုံးသော နည်းလမ်းက ရေသောက်တာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်း၊ တစ်ရှူးတိုင်းနဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းက ကောင်းစွာလည်ပတ်နိုင်စေဖို့ ရေကို လိုအပ်ပါတယ်။ကိုယ်အပူချိန်ကို ထိန်းညှိနိုင်ဖို့ အဆစ်တွေ လှုပ်ရှားရလွယ်ကူစေဖို့ လေ့ကျင့်ခန်း လုပ်လိုက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည်ပြည့်စေဖို့ဆိုရင် လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်နေချိန်နဲ့ လေ့ကျင့်ခန်း လုပ်ပြီးချိန်တိုင်းမှာ ရေကို ပြည့်ပြည့်ဝဝ သောက်ပေးပါ။ နည်းနည်းစီ သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။Electrolytes ဆိုတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေပါ။ ဆိုဒီယမ်၊ chloride၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။ကိုယ်တွင်းမှာ Electrolytes ပမာဏ မျှတမှု မရှိဘူးဆိုရင် ပင်ပန်းနွမ်းနယ်စေပြီး ကိုယ်တွင်းလုပ်ဆောင်ချက်တွေ ထိခိုက်နိုင်ပါတယ်။ ဒီအနေအထားမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဟန်ချက်ညီစေဖို့အတွက် Electrolytes  ပါတဲ့ သောက်စရာတွေကို သောက်ပေးဖို့ လိုပါမယ်။အုန်းရည်ကလည်း Workoutလုပ်ပြီးချိန်မှာ သောက်ပေးသင့်တဲ့ အကောင်းဆုံး သောက်စရာ တစ်ခုပါ။ အကြောင်းကတော့ အုန်းရည်က သတ္တုဓာတ်တွေ ပြည့်ဝသလို သဘာဝ အချိုဓာတ် ပါဝင်နေတာကြောင့် ချွေးထွက်ပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးနိုင်မှာပါ။ချင်း( ဂျင်း) ရေနွေးကြမ်း၊ လက်ဖက်စိမ်း ရေနွေးကြမ်း၊ ချာမိုမိုင်း ရေနွေးကြမ်း၊ ပူဒီနံ ရေနွေးကြမ်းတွေကိုလည်း Workoutလုပ်ပြီးချိန်မှာ သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာကဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးပြီး ပင်ပန်းမှုကို ပြေလျော့စေနိုင်ပါတယ်။လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ အချိုမပါတဲ့ ချောကလက်နို့ တစ်ခွက် သောက်သုံးတာက အင်အားပြည့်ဝစေပြီး ကြွက်သားတက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြွက်သားတွေ အဆစ်တွေ နာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ မုန်လာဥနီ နဲ့ အခြား အသီးအရွက်တွေကို ကြိတ်ပြီး ဖျော်ထားတဲ့ အသီးဖျော်ရည် တစ်မျိုးမျိုးကို သောက်ပေးတာက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစေသလို ကြွက်သားတွေ နာကျင်မှုကို လျော့ပါးစေနိုင်ပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/the-best-drinks-after-workout/
လူတစ်ယောက် သေကြောင်းကြံစည်ဖို့ ကြိုးစားနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ
တော်တော်များများကတော့သေကြောင်းကြံစည်ခြင်းကို မှားယွင်းတဲ့ အပြုအမူ၊ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ ရူးမိုက်မိုက်လုပ်ရပ်လို့ ထင်တတ်ပါတယ်။ တကယ်တော့ လူတိုင်းမှာ စိတ်ညစ်စရာပေါင်းသောင်းခြောက်ထောင်နဲ့ နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ မိဘဆွေမျိုး၊ အပေါင်းအသင်း၊ စိတ်နေသဘောထား၊ ပြဿနာတစ်ခု၊ အကြောင်းအရာတစ်ခုအပေါ် ဘယ်လိုအမြင်နဲ့ ကြည့်လဲဆိုတာပေါ် မူတည်ပြီး မတူညီနိုင်ပါဘူး။ ကိုယ်က ဒီလိုအခက်အခဲတွေ ကြုံလာရင် ကောင်းကောင်းဖြေရှင်းနိုင်ရင်တောင် တခြားသူက ကိုယ့်လိုမျိုးတွေးချင်မှ တွေးနိုင်မှာပါ။ မတွေးနိုင်ဘူးဆိုရင်လည်း အပြစ်တင်လို့ မရပါဘူး။အရင်တုန်းကနဲ့ ယှဉ်လိုက်ရင် ဒီဘက်ခေတ်မှာဆယ်ကျော်သက်လူငယ်အရွယ်တွေမှာ သေကြောင်းကြံစည်မှု အများဆုံးဖြစ်လာတာကို တွေ့ရပါတယ်။ အလုပ်ခွင်ထဲ ရောက်နေပြီးသား အသက် ၂၀ မှ ၅၀ အတွင်း လူငယ်လူလတ်ပိုင်းတွေမှာလည်း အလုပ်ခွင်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ လူမှုရေးရာ ပြဿနာတွေကြောင့် သေကြောင်းကြံစည်တတ်ကြပါတယ်။သေကြောင်းကြံစည်သူ အများစုဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဒဏ်ရာများစွာ ရရှိခဲ့တဲ့သူတွေချည်းပါပဲ။ ဘယ်သူကမှတော့ ပုံမှန်စိတ်အခြေအနေနဲ့ ရုတ်တရက် သေကြောင်းကြံစည်တာမျိုး မလုပ်ကြပါဘူး။ လူတိုင်းသည် အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ဝေဒနာကို ခံစားကြရတယ်။ကိုယ်ခံစားနေရတာကိုလည်း ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ကို အားပေးနှစ်သိမ့်ပေးနိုင်မယ်လို့ ထင်တဲ့သူတွေကို နှုတ်ကဖြစ်စေ၊ အမူအရာနဲ့ဖြစ်စေ၊ အပြုအမူတစ်ခုခုနဲ့ ဖြစ်စေ ဖော်ပြတတ်ပါတယ်။ နောက်ဆုံး လုံးဝစိတ်က ချုံးချုံးကျတော့သွားမှသာလျှင် နာကျင်မှုတွေကို ရပ်တန့်စေဖို့ ထွက်ပေါက်တစ်ခုအဖြစ် သေကြောင်းကြံစည်ခြင်းကို ရွေးချယ်လိုက်တာပါပဲ။ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုအခြေအနေမျိုး ခံစားနေရတဲ့ သူတွေ ဒုနဲ့ဒေးပါပဲ။ ကိုယ်တိုင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန် ဒီလိုစိတ်ခံစားချက်မျိုး ဖြစ်မလာနိုင်ဘူးဆိုတာ ဘယ်သူမှ ကျိန်းသေပြောလို့မရပါဘူး။ ဒီလိုလူတွေရဲ့ စိတ်ထဲမှာ အဓိကလိုအပ်တာ နှစ်သိမ့်အားပေးမှုတစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ လုပ်ရပ်လေးတစ်ခုဟာ သူတို့အတွက် စိတ်ခွန်အားဖြစ်စေပြီး ဘဝကို အပြောင်းအလဲကြီးတစ်ခုပေးနိုင်ပါတယ်။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/signs-that-someone-is-going-to-suicide/
COVID-19 ရောဂါဖြစ်စဉ် အချိန်ဇယား
ဝူဟန်မြို့ကနေစတင်ခဲ့တဲ COVID-19 အဖျားရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျးန်မာရေးဆိုင်ရာ ပြဿနာဆိုးတစ်ခုဖြစ်လို့နေပါတယ်။COVID-19 အဖျားရောဂါပိုးဟာ SARS နွယ်ဝင် ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတော့ လင်းနို့တွေကနေ စတင်ပေါက်ပွားတယ်လို့ ယူဆခြင်းခံထားရပါတယ်။လူဦးရေ ၁၁ သန်းကျော်နေထိုင်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးတစ်ခုကနေစတင်ခဲ့တဲ့ ဒီရောဂါဆိုးဟာ လက်ရှိမှာ ကမ္ဘာ့နိုင်ငံအများအပြားမှာ သေဆုံးမှုတွေ ပြင်းထန်ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေစေတဲ့ လက်သည်တစ်ခုဖြစ်လို့နေပါတယ်။COVID-19 ရောဂါပိုး ကူးစက်ခံရသူတွေဟာ တုပ်ကွေးနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေ ကြုံတွေ့ရမှာဖြစ်ပြီးတော့ အသက်အရွယ်အကြီးရင့်သူတွေနဲ့ ကိုယ်ခံအားနည်းပါးသူတွေအတွက်တော့ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဖျားတက်တာ၊ နှာချေတာ၊ ချောင်းဆိုတာ၊ လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေ ပြသလေ့ရှိပါတယ်။ယခုအောက်မှာ ဆက်လက်ဖော်ပြမယ့် အချက်တွေကတော့ ဒီကူးစက်ရောဂါကြီးရဲ့ လက်ရှိအချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ဖြစ်စဉ် အတက်အကျတွေကို ပြည့်ပြည့်စုံစုံ စုစည်းတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ ယခုဖြစ်စဉ် Timeline မှာ ပြည်တွင်းနဲ့ ပြည်ပက နိုဗယ်ကိုရိုနာနဲ့ သက်ဆိုင်တဲ့ နေ့စဉ် Up-to-date အခြေအနေတွေကိုလည်း နေ့စဉ် ဆက်လက်ဖြည့်စွက်တင်ပြပေးသွားမှာဖြစ်ပါတယ်။၂၅၊ မတ်၊ ၂၀၂၀ – အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ လူနာ ၁၂၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ဗြိတိန် တစ်နိုင်ငံံလုံးက ဝေဒနာရှင်အရေအတွက်ရဲ့ ၂ ဆပမာဏဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်ကလည်း ၂၇၁ ဦးအထိရှိလာခဲ့ပါတယ်။၂၄၊ မတ်၊ ၂၀၂၀ – COVID-19 ကို တိုက်ဖျက်ဖို့ FDA အသိအမှတ်ပြုထားတဲ့ ဆေးဝါးသစ် တစ်ချို့ရှိနေပြီလို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။အီတလီနိုင်ငံဟာ ရောဂါကူးစက်နှုန်းရော သေဆုံးမှုနှုန်းရော ၂ ရက်ဆက်တိုက်လျော့ကျသွားခဲ့တာမို့ ရောဂါကို စတင်ထိမ်းချုပ်နိုင်ပြီလို့ ဆိုလိုက်ပါတယ်။COVID-19 ဒါဏ်ကနေ လွတ်နေသေးတဲ့ လာအိုနိုင်ငံမှာ လူနာ ၂ ဦး တွေ့ရှိခဲ့ရတာမို့ WHO အဖွဲ့ဝင် ကမ္ဘာ့နိုင်ငံအားလုံးမှာ COVID-19 ရောဂါ ေ ပြန့်နှံ့ရာက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာ ရောဂါထိမ်းချုပ်ရေးလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ဖို့ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပါတယ်။၂၃၊ ၃၊ ၂၀၂၀ – ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူအရေအတွက် ရုတ်တရက် တိုးမြင့်လာခဲ့ပြီး ၇၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ ထိုင်းနိုင်ငံက မြန်မာလူမျိုးတွေဟာ ရောဂွါကပ်ဘေးနဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ကြောင့် ပြည်တွင်းကို အစုလိုက်အပြုံလိုက်ပြန်လာနေကြပြီး နယ်စပ် အာဏာပိုင်တွေအတွက် ကိုင်တွယ်ရခက်ခဲမှုတွေ ရှိနေခဲ့ပါတယ်။မြန်မာ – မြန်မာပြည်မှာ COVID-19 ရောဂါပိုးကူးစက်ခံထားရတဲ့ ဝေဒနာသည် ၂ ဦး စတင်တွေ့ရှိခဲ့ပါတယ်။၁၇၊ မတ်၊ ၂၀၂၀ – Active Case နဲ့ တိုင်းတာမယ်ဆိုရင် တရုတ်နိုင်ငံဟာ COVID-19 ဖြစ်ပွားမှု အဆိုးရွားဆုံးတိုင်းပြည်စာရင်းမှာ အီတလီရဲ့ နောက် ဒုတိယနေရာကို ဆင်းသွားခဲ့ပါတယ်။ စုစုပေါင်းဖြစ်ပွားမှုနှုန်းမြင့်မားနေသေးပေမယ့် တရုတ်မှာ ရောဂါတိုးပွားမှုနှုန်းက သိသိသာသာလျော့ကျလာနေပါတယ်။စပိန်နိုင်ငံ အခြေစိုက် ဘောလုံးကလပ် ဗလင်စီယာအသင်းက သူတို့အသင်းက ကစားသမားနဲ့ နည်းပြအဖွဲ့ဝင် ၃၀% လောက် COVID-19 ရောဂါပိုး ကူးစက်ခံနေရတယ်လို့ ကြေညာခဲ့ပါတယ်။နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အိုင်းဒရစ် အယ်လ်ဘာက သူ့မှာ COVID-19 ရောဂါကူးစက်ခံထားရတယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။၁၅၊ မတ်၊ ၂၀၂၀ – အီတလီမှာ တစ်ရက်အတွင်း လူနာအရေအတွက် ၃၅၉၀ ဦးအထိ ထပ်မံတိုးပွားလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၃၆၈ ဦးအထိ တိုးလာပါတယ်။ဗြိတိန်မှာ လူနာသစ် ၂၃၂ ဦးထပ်မံတွ့ရှိပြီး ၁၄ ဦးသေဆုံးခဲ့ပါတယ်။ နာမည်ကျော် အင်္ဂလန်ပရီးမီးယားလိဂ်နဲ့ အောက်တန်းလိဂ်တွေအားလုံးကို ဧပြီလ ၄ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပြီး ရောဂါပြန့်နှံ့မှုအပေါ် မူတည်ပြီး ရာသီကုန်အထိ ရပ်ဆိုင်းဖွယ်ရှိနေတယ်လို့ FA က ကြေညာခဲ့ပါတယ်။၁၄၊ မတ်၊ ၂၀၂၀ – ပြင်သစ်မှာ လူနာသစ် ၈၃၈ ဦးတိုးပွားလာခဲ့ပြီး သေဆုံးသူလည်း ၁၂ ဦးအထိ တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် လူနာအရေအတွက် ၄၄၉၉ အထိရောက်လာသလို သေဆုံးသူအရေအတွက် စုစုပေါင်းဟာလည်း ၉၁ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။အီရန်နိုင်ငံမှာ တစ်ရက်တည်းနဲပ လူနာသစ် ၁၃၆၅ ဦးတိုးပွားလာတာကြောင့် စုစုပေါင်းလူနာအရေအတွက် ၁၂၇၂၉ ဦးအထိ ရောက်ရှိသွားခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ဟာလည်း ၆၁၁ ဦးအထိ ရှိလာနေပြီဖြစ်ပါတယ်။အီတလီနိုင်ငံမှာတော့ ရောဂါဖြစ်ပွားနှုန်းကို ထိန်းချုပ်နိုင်ဖို့ ရုံးကန်နေရဆဲဖြစ်ပြီး လူနာ ၂၁၁၅၇ ဦးအထိ ရှိနေပြီး သေဆုံးသူ ၁၄၄၁ ဦးအထိရှိနေပြီဖြစ်ပါတယ်။မြန်မာ – သင်္ကြန်ကာလအတွင်း မဏ္ဍပ်တည်ဆောက်ကစားတာမျိုးကို ခွင့်ပြုတော့မှာမဟုတ်ပဲ လူစုလူဝေးနဲ့ ကျင်းပရမယ့် အခမ်းအနားတွေကို ဧပြီလကုန်အထိ ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။၁၃၊ မတ်၊ ၂၀၂၀ – ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒါးဟာ ဇနီးဖြစ်သူမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း Isolated လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။COVID-19 ရောဂါကြောင့် ပထမဆုံး သေဆုံးသူရှိလာပြီလို့ အိန္ဒိယနိုင်ငံက ကြေညာခဲ့ပါတယ်။တရုတ်နိုင်ငံ ဝူဟန်မြို့မှာ COVID-19 ရောဂါကူးစက်သူအရေအတွက် အထူးကျဆင်းလာနေပြီး နေ့စဉ် ကူးစက်မှုနှုန်း ၁၀ ဦး အောက်ကို ကျရောက်နေတာ ၂ ရက်ရှိနေပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။၁၂၊ မတ်၊ ၂၀၂၀ – ဥရောပဒေသနဲ့ ရက် ၃၀ အဆက်အသွယ်ဖြတ်မယ်လို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် NBA ဘက်စကက်ဘောပြိုင်ပွဲကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါကူးစက်မှုအခြေအနေကို Epidemic ကနေ Pandemics အဖြစ် ပြောင်းလဲ ကြေညာလိုက်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူ ၁၂၆၃၀၀ ကျော်အထိရှိနေပြီဖြစ်ပြီးတော့သေဆုံးသူဦးရေဟာလည်း ၄၆၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။အီရန် ဒုတိယ သမ္မတ (၁) အီရှက် ဂျဟန်ဂီရီဟာ COVID-19 ဝေဒနာခံစားနေရတယ်လို့ သမ္မတရုံးက အတည်ပြုလိုက်ပါတယ်။၁၁၊ မတ်လ၊ ၂၀၂၀ – အမေရိကန် သရုပ်ဆောင် တွမ်ဟန့်စ်နဲ့ ဇနီးဖြစ်သူ ရီတာ ဝီလ်ဆင်တို့က သူတို့နှစ်ဦးမှာ COVID-19 ရောဂါကူးစက်ခံထားရတယ်လို့ ကြေညာလိုက်ပါတယ်။ အသက် ၆၃ နှစ်အရွယ် ဇနီးမောင်နှံဟာ သြစတြေးလျမှာ ရိုက်ကူးရေးသွားရောက်ရင်း ရောဂါ ကူးစက်ခံရတာဖြစ်ပါတယ်။၉၊ မတ်၊ ၂၀၂၀ – တောင်ကိုရီးယားနိုင်ငံမှာ လူနာသစ် ၉၆ ဦးတိုးပွားလာပြီး လူနာစုစုပေါင်း ၇၄၇၈ ဦးအထိ ရှိလာပါတယ်။၇၊ မတ်၊ ၂၀၂၀ – ဂျာမနီမှာ လူနာအရေအတွက် ၈၀၀ အထိရောက်လာခဲ့ပြီး သေဆုံးသူတော့ မရှိသေးပါဘူး။အီရန်မှာ လူနာသစ် ၁၀၇၆ ဦးတိုးလာသလို သေဆုံးသူလည်း ၂၁ ဦးလည်း တိုးလာပါတယ်။ ဝန်ကြီးဖြစ်သူ ဖာတီမာ ရာဘာဟာလည်း အဆိုပါဝေဒနာနဲ့ ဆုံးပါးသွားခဲ့ပါတယ်။၆၊ မတ်၊ ၂၀၂၀ – အီတလီမှာ သေဆုံးနှုန်းနဲ့ ကူးစက်နှုန်းတိုးနေဆဲဖြစ်ပြီး တစ်ရက်အတွင်းမှာ လူနာသစ် ၇၇၈ ဦးနဲ့ သေဆုံးသူ ၄၉ ဦးတိုးလာခဲ့ပါတယ်။၅၊ မတ်၊ ၂၀၂၀ – အီတလီမှာ တစ်ရက်တည်းနဲ့ လူနာသစ် ၇၆၉ ဦးအထိ တိုးပွားလာပြီးတော့ သေဆုံးသူလည်း နောက် ၄၁ ဦးတိုးလာခဲ့ပါတယ်။၄၊ မတ်၊ ၂၀၂၀ – အိန္ဒိယမှာ ကူးစက်ခံရသူ ၂၃ ဦးအထိ ရှိလာပြီး ၁၅ ဦးက အီတလီလူမျိုး ခရီးသွားတွေဖြစ်ပါတယ်။အီတလီနိုင်ငံမှာ သေဆုံးသူ ၁၀၇ ဦးအထိရှိလာပြီး ကူးစက်ခံရသူ ၅၈၇ ဦးအထိ ရောက်လာပါတယ်။ဂျပန်မှာ ကူးစက်ခံရသူ ၁၀၀၀ ကျော်သွားခဲ့ပြီး အဲ့ဒီထဲမှာ Diamond Princess အပျော်စီးသင်္ဘောက လူနာတွေ မပါရှိသေးပါဘူး။၃၊ မတ်၊ ၂၀၂၀ – အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက် ၆ ဦးအထိ ရှိလာခဲ့ပါတယ်။COVID-19 ရောဂါပြဿနာ ဆိုးဆိုးရွားရွားရင်ဆိုင်နေရတဲ့ တောင်ကိုရီးယား၊ ဂျပန်၊ အီရန်နဲ့ အီတလီတို့ကနေ ရောက်ရှိလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို သီးသန့့်ခွဲခြားထားရှိတော့မှာဖြစ်တယ်လို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့က လက်ထောက် မြူနီစပါယ် အုပ်ချုပ်ရေးအရာရှိချုပ် ချန်ဘေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။၂၊ မတ်လ၊ ၂၀၂၀ – အင်ဒိုနီးရှားမှာ လူနာစတင်တွေ့ရှိထားတယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အီရန်နိုင်ငံမှာ ကူးစက်ခံထားရတဲ့ လူနာ ၁၅၀၁ ဦးအထိ မြင့်တက်လာခဲ့ပြီး သေဆုံးနှုန်းဟာလဘ်း ၆၆ ဦးအထိ ရှိလာခဲ့ပါတယ်။အီတလီမှာတော့ တစ်ရက်တည်းနဲ့ လူနာ ၃၄၀ ဦးအထိ တိုးပွားလာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း ၁၈ ဦးအထိ ရှိလာခဲ့ပါတယ်။ လက်ရှိအခြေအနေကြောင့် နာမည်ကျော် စီးရီးအေ ဘောလုံးပြိုင်ပွဲကိုတောင် ရပ်နားဖို့ အာဏာပိုင်တွေက စဉ်းစားနေကြပြီဖြစ်ပါတယ်။၁၊ မတ်လ၊ ၂၀၂၀ – တကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၈၀၁၅၁ ဦးအထိ ရှိလာပေမယ့် သေဆုံးနှုန်းကတော့ ဝ.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ WHO က ကြေညာခဲ့ပါတယ်။စင်ကာပူနိုင်ငံံမှာ မြန်မာအမျိုးသမီးတစ်ဦး COIVD-19 ရောဂါ Positive အခြေအနေနဲ့ တွေ့ရှိခဲ့ရတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ကနေ မကြာသေးခင်ကမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဖျားနာဖူးခြင်းမရှိဘူးလို့ ဆိုပါတယ်။ သူမရဲ့ အမည်ကိုထုတ်ပြန်ထားခြင်းမရှိပဲ Case 104 လို့သာ စင်ကာပူဘက်က သတ်မှတ်ထားပါတယ်။၂၇၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ရောဂါနဲ့ နီးစပ်မှု လုံးဝမရှိတဲ့ လူတစ်ယောက်မှာ ပိုးကူးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမေရိကန် CDC က ကြေညာလိုက်ပါတယ်။ ရောဂါကူးစက်ခံထားရသူဟာ တရုတ်ပြည်ကို မသွားခဲ့ဖူးသလို ရောဂါဖြစ်ပွားရာနေရာတွေ၊ ဖြစ်ပွားဖူးသူတွေ၊ သံသယလူနာတွေနဲ့လည်း ထိတွေ့မှုမရှိဖူးသူဖြစ်တာမို့ COVID-19 ဟ အလွန်အန္တရာယ်များတဲ့ ရောဂါတစ်ခုဖြစ်လာပြီလို့ CDC က ကြေညာခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စု မက်ဆာချုးဆက်ပြည်နယ်က Moderna Therapeutics ဇီဝနည်းပညာကုမ္ပဏီဟာ COVID-19 ရောဂါ ကာကွယ်ဆေးကို စတင်ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ အဆိုပါဆေးရဲ့ ပထမအသုတ်ကို စတင်တင်ပို့လိုက်ပြီလို့ Time သတင်းစာက ဖော်ပြခဲ့ပါတယ်။ တရုတ်သုတေသီတွေက ရောဂါပိုးရဲ့ မျိုးဗီဇကို ထုတ်ပြန်ခဲ့ပြီး ၄၂ ရက်အကြာမှာ ကာကွယ်ဆေးကို ဖန်တီးထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။၂၆၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဂျပန်နိုင်ငံတွင် လူနာသေဆုံးမှု ဒုတိယအကြိမ်ဖြစ်ပွားခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်ပြင်းထန်နေပြီး ကူးစက်ခံထားရသူ ၁၆၉ ဦးနဲ့ သံသယလူနာ ၁၁၄၆ ဦးအထိ ရှိလာနေပါတယ်။၂၅၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဆွစ်ဇာလန်၊ သြစတြီးယား၊ ဘရာဇီးလ်၊ အယ်လ်ဂျီးရီးယားနဲ့ ခရိုအေးရှားတို့မှာ နိုင်ငံအလိုက် ပထမဆုံးသော လူနာသစ်တွေ တွေ့ရှိခဲ့ပါတယ်။အီရန်မှာ သေဆုံးသူအရေအတွက် ၁၅ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။အီတလီနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၆၇ ဦးအထိရှိလာခဲ့ပြီး သံသယလူနာ ၃၂၂ ဦးအထိ ရှိနေပါတယ်။စင်ကာပူမှာ သေဆုံးသူ ၁ ဦးထပ်တိုးလာခဲ့ပြီး ရောဂါကူးစက်ခံထားရသူ ၉၁ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ သေဆုံးသူ ၄ ဦး ထပ်တိုးလာတာမို့ စုစုပေါင်း သေဆုံးသူ ၁၁ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူ ၁၄၄ ဦးအထိရှိနေပြီး သံသယလူနာ ၉၇၇ ဦးအထိ ရှိနေပါတယ်။မြန်မာ – တောင်ရီးယားနိုင်ငံမှာ ရောဂါကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားနေတာကြောင့် ပြည်တွင်းကို လာရောက်မယ့် ကိုရီးယားခရီးသည်တွေကို ကြပ်မတ်စွာ စစ်ဆေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။မြန်မာနိုင်ငံအတွင်းမှာ Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် တစ်ဦးတစ်ယောက်မှ မတွေ့ရှိရသေးပေမယ့် အချိန်၊ နေရာ မရွေး၊ လူအများအပြားမှာ ကူးစက်နိုင်ချေရှိနေတာမို့ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ် (top priority emergency issue) အဖြစ် သတ်မှတ်လိုက်ကြောင်းလည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။၂၄၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – တောင်ကိုရီးယားနိုင်ငံဟာ သူတို့နိုင်ငံက COVID-19 ရောဂါအခြေအနေကို အနီရောင်အဆင့်အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံထားရသူ ၆၀၂ ဦးအထိရှိနေပြီး သေဆုံးသူ ၆ ဦးရှိနေပြီဖြစ်ပါတယ်။နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာ ဂျော်ဂျီယို အာမာနီဟာ မီလန်ဖက်ရှင်ရက်သတ္တပတ်ရဲ့ အကြီးဆုံး ဖက်ရှင်ရှိုးပွဲဖြစ်တဲ့ AW20 ပွဲကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။အာဖဂန်နစ္စတန်၊ ဘာရိန်း၊ အီရတ်၊ ကူဝိတ်နဲ့ အိုမန်တို့မှာ COVID-19 ဝေဒနာ ကူးစက်ခံထားရတဲ့ လူနာတွေ တွေ့ရှိထားကြောင်း သက်ဆိုင်ရာ အစိုးရအသီးသီးက ကြေညာခဲ့ကြပါတယ်။၂၃၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – အီရန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၈ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။အီတလီနိုင်ငံမှာ လူနာနှစ်ဦး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒီလိုသေဆုံးမှုကြောင့် နာမည်ကျော် မီလန်ဖက်ရှင်ရက်သတ္တပတ်ကို ကျင်းပဖို့ ကိစ္စဟာလည်း မရေမရာဖြစ်လာခဲ့တယ်လို့ သိရပါတယ်။မြန်မာ – လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 လူနာ တစ်ဦးတစ်ယောက်မှ မရှိသေးပဲ သံသယလူနာတစ်ချို့သာတွေ့ရှိထားရပေမယ့် နိုင်ငံတကာက တစ်ချို့လူနာတွေဟာ ရောဂါလက္ခဏာမပြသပဲ ကူးစက်ခံထားရတာမျိုးတွေ ရှိလာနေတာကြောင့် နိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ဖို့နဲ့ လူထူထပ်တဲ့နေရာတွေဆီ မသွားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။အိန္ဒိယနိုင်ငံ ဂါယာမြို့ကို သွားရောက်တဲ့ မြန်မာခရီးသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းကို မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တရားဝင်ငြင်းဆိုလိုက်ပါတယ်။ သက်ဆိုင်ရာ ဒေသခံဆေးရုံထံ ဆက်သွယ်အတည်ပြုချက် ရယူထားကြောင်းနဲ့ အဆိုပါ လူနာမှာ COVID-19 ရောဂါကူးစက်ခံထားရခြင်းမရှိကြောင်း တာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။၂၁၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – တောင်ကိုရီးယားနိုင်ငံဟာ ချောင်းဒို ခရိုင်နဲ့ ဒယ်ဂူး ခရိုင် ၂ ခုကို အထူးစောင့်ကြည့်ဇုံတွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ အစိုးရတာဝန်ရှိသူတွေဟာ စစ်ဘက်ဆေးဝန်ထမ်းတွေပါ ပေးပို့ထားပြီး အဆိုပါဒေသနှစ်ခုကို သီးခြားကြပ်မတ်မှုပြုလုပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒေသခံတွေကိုလည်း အပြင်ကို မထွက်ဖို့ သတိပေးထားပါတယ်။၂၀၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – အီရန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ဒါကြောင့် တစ်ကမ္ဘာလုံးမှာ သေဆုံးသူ စုစုပေါင်း ၂၀၀၄ ဦးအထိရှိလာခဲ့ပြီး ရောဂါပိုးကူးစက်ခံထားရသူ ၇၄၁၈၅ ဦးအထိ ရှိလာခဲ့ပါတယ်။Diamond Princess အပျော်စီးသင်္ဘောပေါ်က COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှုမှာ Negative ရလဒ်ပြတဲ့ ခရီးသည် ၅၀၀ ကို ကမ်းပေါ်တက်ခွင့်ပြုလိုက်ပြီလို့ ဂျပန်နိုင်ငံက ကြေညာခဲ့ပါတယ်။ သက်ကြီးရွယ်အိုအများစုပါဝင်တဲ့ အဆိုပါခရီးသည်တွေဟာ ယိုကိုဟားမားမြို့ကို သွားရောက်ခွင့်ရမှာဖြစ်ပါတယ်။မြန်မာ – မြန်မာနိုင်ငံကနေလာတဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးလာရောက်တဲ့ ခရီးသည်တစ်ဦးမှာဂါကူးစက်ခံနေရတယ်လို့ သံသယဖြစ်ဖွယ်အခြေအနေရှိတောကြောင့် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အခြေစိုက် ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ခရီးသည်ဟာ ဂါယာကို ဘုရားဖူးခရီး ရောက်ရှိလာတဲ့ အယောက် ၃၀ ပါ မြန်မာခရီးသွားအုပ်စုထဲကဖြစ်ပြီး ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်လို့ သံသယဖြစ်ဖွယ် အခြေအနေမျိုးဖြစ်ကြောင်း ဆေးစစ်မှုပြုလုပ်ပေးနေတဲ့ Anugrah Narayan Medical College Hospital (ANMCH) က တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။၁၉၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – COVID-19 ရောဂါကြောင့်ကျန်းမာရေးဝန်ထမ်း၆ ဦး သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၇၁၅ ဦးအထိရှိလာနေပြီလို့ တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။ အဆိုပါ ကျန်းမာရေးဝန်ထမ်းတွေထဲက ၈၇% ဟာ ဟူဘေးပြည်နယ်ထဲမှာ ဆေးဝါးကုသရေးတာဝန်တွေထမ်းဆောင်ရင်း ရောဂါကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။ယူကရိန်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒမီထရို ကိုဗယ်က COVID-19 ရောဂါစတင်ရာ ဟူဘေးပြည်နယ်ထဲက ယူကရိန်းနိုင်ငံသားအားလုံးကို တိုင်းပြည်ထံပြန်လည်ခေါ်ဆောင်တော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီဒေသအတွင်းမှာ ရောက်ရှိနေတဲ့ ယူကရိန်းနိုင်ငံသား ၄၈ ဦးလုံးကို ၂ ပတ်ကြာစောင့်ကြည့်ပြီးတဲ့နောက်မှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီမို့ လေယာဉ်နဲ့ ချက်ခြင်း ပြန်လည်ခေါ်ဆောင်သွားမယ်လို့ ကြေညခဲ့တာပါ။အီဂျစ်နိုင်ငံံက ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအမျိုးသားဟာ ပြန်လည်ကျန်းမာလာနေပြီဖြစ်တယ်လို့ World Health Organization (WHO) က အတည်ပြုလိုက်ပါတယ်။၁၈၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – COVID-19 ဝေဒနာရှင်တွေကို ကုသပေးနေတဲ့ ဝူဟန်ဆေးရုံက ဒါရိုက်တာဖြစ်သူ ဒေါက်တာ လျူကျီမင်းဟာ အဆိုပါရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ်သာရှိသေးတဲ့ ဒေါက်တာလျူဟာ ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကို ဦးဆောင်နေသူဖြစ်ပါတယ်။ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ သောင်တင်နေတဲ့ Diamond Princess သင်္ဘောပေါ်ကနေ လူနာသစ် ၈၈ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က COVID-19 ရောဂါရဲ့ အကျိုးဆက်တွေကြောင့် ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းအနေနဲ့ ပီဆို ဘီလီယံနဲ့ချီ နစ်နာမှုရှိနေတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ရောဂါကပ်ဆိုးကြောင့် တရုတ်ခရီးသွားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သလို ခရီစဉ်အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။နာမည်ကျော် နည်းပညာလုပ်ငန်း Apple ကလည်း တုပ်ကွေးကပ်ဆိုးကြောင့် ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်အတွက် သူတို့ ပစ်မှတ်ထားနေတဲ့ ဝင်ငွေရရှိဖို့ မလွယ်ကူတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ တခြားနည်းပညာကုမ္ပဏီတွေလိုပဲ Apple ဟာလည်း ဥရောပဈေးကွက်နဲ့ တရုတ်ဈေးကွက်တို့မှာ ဝင်ငွေသိသိသာသာ ကျဆင်းလာနေပါတယ်။COVID-19 ကြောင့် သေဆုံးသူ ၉၈ ဦးတိုးလာခဲ့ပါတယ်။ သေဆုံးသူစုစုပေါင်း ၁၈၈၆ ဦးအထိ ရှိလာခဲ့ပါတယ်။ တရုတ်ကျန်းမာရေးဌာနရဲ့ ကြေညာချက်အရ စုစုပေါင်း လူနာအရေအတွက်ဟာလည်း ၇၂၄၃၆ ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရောဂါဆိုးကနေ ပြန်လည်သက်သာပျောက်ကင်းလာသူ အရေအတွက်လည်း တိုးပွားလာနေပြီး ၁၂၀၀၀ အထိရှိလာပြီဖြစ်ပါတယ်။ဟောင်ကောင်ဟာ COVID-19 ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေအတွက် ဘက်ဂျက်ကို အမေရိကန်ဒေါ်လာ ၃.၀၆ ဘီလီယံအထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။Singapore Airlines ဟာ နိုင်ငံတကာက အဓိကမြို့တော်ကြီးတွေဆီကို ပျံသန်းမယ့် ခရီးစဉ်တစ်ချို့ကို ရပ်နားလိုက်ပြီဖြစ်ပါတယ်။ ရောဂါပိုးပျံ့ပွားမှုကို တားဆီးနိုင်ဖို့ ခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။၁၇၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ထိုင်းမှာ လူနာ ၃၅ ဦးအထိဖြစ်လာပြီး ဟောင်ကောင်မှာလည်း လူနာ ၆၀ ပြည့်သွားပါတယ်။ စင်ကာပူမှာတော့ လူနာ ၇၇ ဦးအထိ ရှိလာခဲ့ပါတယ်။ တောင်ကိုရီးယားမှာတော့ ၃၀ ဦးအထိရှိနေပြီဖြစ်ပါတယ်။ဂျပန်မှာတော့ ရောဂါပိုးကူးစက်ခံထားရသူအရေအတွက် ၇ ဦးအထိ ထပ်မံတိုးတက်လာခဲ့ပြီး ပြည်တွင်းမှာ လူနာ ၆၆ ဦးအထိ ရှိလာပါတယ်။ Diamond Princess သင်္ဘောပေါ်က လူနာအရေအတွက်ကလည်း နေ့စဉ်ရက်ဆက် ဆက်လက်တိုးပွားနေခဲ့ပြီး စံချိန်တင် ၉၉ ဦးအထိ တွေ့ရှိခဲ့တာကြောင့် အဆိုပါသင်္ဘောပေါ်မှာ လူနာ စုစုပေါင်း ၄၅၄ ဦးအထိ ရှိသွားပါတယ်။HSBC ဘဏ်က အာရှတိုက်ရဲ့ စီးပွားရေးဟာ မနှစ်ကထက် ၃၀% အထိကျဆင်းမယ်လို့ သုံးသပ်လိုက်ပါတယ်။ COVID-19 ရောဂါရဲ့ သက်ရောက်မှုတွေဟာ အာရှဈေးကွက်ကို သိသိသာသာထိခိုက်စေလိမ့်မယ်လို့ အဆိုပါဘဏ်ကသုံးသပ်ခဲ့တာပါ။WHO ရဲ့ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူတွေထဲက ၂၀% သာ စိုးရိမ်ရတယ်လို့ ဆိုထားပါတယ်။ဂျပန်နိုင်ငံဟာ ဘုရင့်မွေးနေ့ပွဲကျင်းပဖို့ ရှိနေပေမယ့် COVID-19 ရောဂါကပ်ဆိုးကြောင့် အများနဲ့ဆိုင်တဲ့ ပွဲလမ်းတွေမလုပ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ အပြေးသမားပေါင်း ၃၈၀၀၀ ပါဝင်မဲ့ တိုကျို မာရသွန်ပွဲကိုလည်း မကျင်းပတော့ဘူးလို့ ဆက်လက်ကြေညာခဲ့ပါတယ်။မြန်မာ – မြန်မာနိုင်ငံမှာ COVID-19 ရောဂါ သံသယရှိလူနာအရေအတွက် တိုးပွားလာခြင်းမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ သံသယလူနာ ၈ ဦးရှိနေပြီး စိုးရိမ်ရတာမျိုးမရှိဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနဲ့ တရားဝင်နယ်စပ် ဝင်ပေါက်/ထွက်ပေါက် (၂၇) ခုမှာ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုမှုတွေ ဆက်လက်ပြုလုပ်နေပြီး သံသယ လူနာ/စောင့်ကြည့်လူနာသစ် ထပ်မတိုးလာဘူးလို့ အဆိုပါ ကြေညာချက်မှာ ဖော်ပြထားပါတယ်။မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ မှာကျင်းပမယ့် e-Government ဆွေးနွေးပွဲမှာ အဖျားတိုင်းကိရိယာ (Thermal Scanner) တပ်ဆင်ထားမှာဖြစ်တယ်လို့လည်း အဆိုပါကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံကို လူနာသီးခြား ထားရှိရန် (Designated Hospital) အဖြစ်သတ်မှတ်ပြီး လူနာသီးခြားထားရှိရန် အခန်းများ (Isolation Ward) နှင့် အထူးကြပ်မတ် ကုသဆောင် (Intensive Care Unit-ICU) တွေ ထားရှိသွားမယ်လို့ သိရပါတယ်။အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို WHO၊ ထိုင်းတပ်မတော် သုတေသနဌာ၊ ဂျပန်သံရုံး၊ JICA တို့ရဲ့ ကူညီမှုနဲ့ အဆင့်မြှင့်တင်မှုပြုလုပ်နေပြီး လာမယ့် ၂၀ ရက်နေ့ကနေစတင်ပြီးရောဂါပိုးစစ်ဆေးမှုတွေကို အဆိုပါဌာနမှာတင် ပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။၁၆၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – နောက်ထပ် လူနာ ၇၀ ဦး Diamond Princess သင်္ဘောပေါ်မှာ ထပ်မံတွေ့ရှိပါတယ်။ ဒါကြောင့် စုစုပေါင်း အရေအတွက်ဟာလည်း ၃၅၅ ဦးအထိ တိုးမြင့်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ တိုင်းပြည်အတွင်းမှာလည်း လူနာအရေအတွက် ၅၉ ဦးအထိရောက်အောင် ဆက်လက်တိုးလာနေတာမို့ ဖိအားများလာခဲ့ပါတယ်။ထိုင်ဝမ်မှာ COVID-19 လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။ လူနာအရေအတွက်ဟာလည်း ၂၀ ဦးအထိရှိလာပါတယ်။စင်ကာပူမှာ ၇၅ ဦးအထိရှိလာပြီး ဟောင်ကောင်မှာတော့ ၅၇ ဦးအထိရှိလာပါတယ်။ တောင်ကိုရီးယားမှာတော့ ၂၉ ဦးအထိ ဖြစ်ပွားနေပါတယ်။မြန်မာ – ကျန်းမာရေးဝန်ကြီးဌာနဟာ ဝူဟန်မြို့အထိ အထူးလေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ပြီး မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြည့်မှု ပြုလုပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးနဲ့ သွားရောက်ခေါ်ဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၃ ဦးတို့ကို နေရပ်သို့ ပြန်ခွင့်ပြုခဲ့ပါတယ်။၁၅၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – မလေးရှားမှာ အမေရိကန်နိုင်ငံသား ခရီးသွားတစ်ဦးအပါအဝင် လူနာ သစ် ၃ ဦးတိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလည်း လူနာအရေအတွက် ၃၄ ဦးအထိ ရှိလာခဲ့ပါတယ်။ စင်ကာပူမှာတော့ လူနာအရေအတွက် ဆက်လက်တိုးတက်နေခဲ့ပြီး ၇၂ ဦးအထိ ရှိလာပါတယ်။ဥရောပမှာ ပထမဆုံး COVID-19 ရောဂါနဲ့ လူသေမှုဟာ ပြင်သစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ရောဂါပိုးကူးစက်ခံထားရကြောင့် ရှာဖွေတွေ့ရှိထားတဲ့ ခရီးသွားတစ်ဦးဖြစ်ပြီး အသက် ၈၀ အရွယ်တရုတ်လူမျိုးတစ်ဦးဖြစ်ပါတယ်။Diamond Princess သင်္ဘောကနေ လူနာသစ် ၆၇ ဦးထပ်မံစမ်းသပ်တွေ့ရှိတယ်လို့ ဂျပန်အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ သင်္ဘောပေါ်မှာ လူနာ ၂၈၅ ဦးအထိရှိလာခဲ့တာဖြစ်ပါတယ်။မြန်မာ – ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်အမျိုးသားတစ်ဦးမှာ သံသယလက္ခဏာတွေ ပြသလာတာမို့ ဝေဘာဂီအထူးကုဆေးရုံကို ပို့ဆောင်ကာ ဓါတ်ခွဲစပ်သပ်စစ်ဆေးနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လူနာဟာ ဖျားနေပေမယ့် လတ်တလောစစ်ဆေးချက်တွေအရ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာတွေ မတွေ့ရှိသေးပါဘူး။ စောင့်ကြည့်ကုသနေတဲ့ သံသယ လူနာ (၉) ဦးအထိရှိနေပြီး ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေတွေဟာ ကောင်းမွန်နေတယ်လို့ ကြေညာခဲ့ပါတယ်။၁၄၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဟောင်ကောင်မှာတော့ ရောဂါဖြစ်ပွားသူဦးရေဟာ ဆက်လက်တိုးတက်နေခဲ့ပြီး ၅၆ ဦးအထိ ဖြစ်လာပါတယ်။ စင်ကာပူမှာလည်း လူနာအရေအတွက် ၆၇ ဦးအထိ ဖြစ်လာပါတယ်။ ဂျပန်မှာတော့ ပြည်မမှာ အရေအတွက်တိုးလာခဲ့ပြီး ၃၇ ဦးအထိဖြစ်လာပါတယ်။အာဖရိကမှာ ပထမဆုံးသော COVID-19 ရောဂါခံစားနေရသူကို အီဂျစ်နိုင်ငံမှာ သတင်တွေ့ရှိခဲ့ပြီး နိုင်ငံခြားသားတစ်ဦးဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။မြန်မာ – COVID-19 နဲ့ သက်ဆိုင်တဲ့ ရောဂါကျန်းမာရေးအသိပညာပေး အချက်အလက်တွေကို မြန်မာဘာသာနဲ့ သာမက တရုတ်ဘာသာနဲ့ပါ ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။၁၃၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဂျပန်နိုင်ငံအတွင်းမှာ လူနာ ၃၃ ဦးအထိ ရှိလာပြီး Diamond Princess သင်္ဘောပေါ်မှာတော့ လူနာ ၂၁၈ ဦးအထိ အရေအတွက်တိုးလာခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်မှာ သေဆုံးမှုလည်း ဖြစ်ခဲ့ပါတယ်။ဟောင်ကောင်က ၅၃၊ ဗီယက်နမ်က ၁၆ နဲ့ မလေးရှားက ၁၉ ဦးအသီးသီးရှိနေပြီလို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။စင်ကာပူမှာ လူနာအရေအတွက် ၅၈ ဦးအထိ ရှိလာခဲ့ပြီး ပရော်ဖက်ဆာတစ်ယောက် ရောဂါပိုးကူးစက်ခံထားရကြောင်း အတည်ပြုခဲ့တဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ၂၁ ရက်နေ့အထိကို e-learning စနစ်နဲ့သာ သင်ကြားပေးတော့မယ်လို့ ကျောင်းသားတွေထံ အသိပေးလိုက်ပါတယ်။အမေရိကန်မှာ ၁၅ ဦးမြောက်လူနာကို ထပ်မံတွေ့ရှိခဲ့ရပြီး တက္ကဆက်ပြည်နယ်က စစ်စခန်းတစ်ခုမှာဖြစ်ပါတယ်။တရုတ်အစိုးရဟာ ဟူဘေးပြည်နယ်ထဲက မရှိမဖြစ်မဟုတ်တဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ လုပ်ငန်းရပ်ဆိုင်းထားဖို့ ကြေညာချက်ထုတ်ပြန်လိုက်ပြီး ကုန်ထုတ်လုပ်ငန်းစက်ရုံ အများအပြား ပါဝင်နေခဲ့ပါတယ်။အဆိုပါနေ့မှာပဲ ဟူဘေးပြည်နယ်ထဲက ရောဂါပိုး ကူးစက်ခံလူနာအရေအတွက်ကို ထုတ်ပြန်ကြေညာခဲ့ရာမှာ လူနာသစ် ၁၄၈၄၀ ဦးတိုးလာခဲ့ပါတယ်။ ဒါဟာ ၁၂ ရက်နေ့တုန်းက တိုးပွားလာတဲ့ လူနာသစ်အရေအတွက်ထက် ၁၀ ပိုများတဲ့ ပမာဏဖြစ်ပါတယ်။ သေဆုံးမှုဟာလည်း တစ်ရက်အတွင်း ၂၄၂ ဦးအထိရှိခဲ့ပြီး ရှေ့ရက်ကထက် ၂ ဆ တိုးလာတာဖြစ်ပါတယ်။မြန်မာ – နိုင်ငံတစ်ဝှမ်းမှာ COVID-19 သံသယလူနာ ၁၈ ဦးတွေ့ရှိထားပြီး ၎င်းတို့ကို သက်ဆိုင်ရာ ဒေသဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လူနာတွေရဲ့ ဆေးစစ်ချက် ဓာတ်ခွဲအဖြေတွေကို စောင့်ဆိုင်းနေဆဲလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။COVID-19 ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ကောလဟာလတွေကို မယုံကြဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပြီး သတင်းမှားတွေကို တားဆီးနိုင်ဖို့ Myanmar Facebook Team နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုခဲ့ပါတယ်။၁၂၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – Diamond Princess အပျော်စီးသင်္ဘောမှာ လူနာသစ် ၃၉ ဦး ထပ်မံတွေ့ရှိပါတယ်။ သင်္ဘောပေါ်က ခရီးသည်တွေအပြင် လူနာတွေကို စောင့်ရှောက်ပေးနေတဲ့ အရာရှိတစ်ဦးပါ ပါဝင်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာတင် လူနာ ၁၇၄ ဦးအထိရှိလာပြီး ဂျပန်ကုန်းမြေပေါ်မှာတော့ လူနာ ၂၉ ဦးအထိဖြစ်လာပါတယ်။စင်ကာပူမှာတော့ လူနာ ၅၀ ဦးပြည့်မြောက်သွားပါတယ်။ DBS Bank က ဝန်ထမ်း ၃၀၀ ဟာ သူတို့ ရုံးတည်ရှိရာ Marina Bay Financial Centre Tower 3 မှာ ရောဂါပိုးရှာဖွေတွေ့ရှိခဲ့တာမို့ အလုပ်တွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ဟောင်ကောင်မှာလည်း လူနာ ၅၀ ပြည့်သွားခဲ့ပါတယ်။ ဗြိတိန်မှာ လူနာ ၉ ဦးအထိရှိလာပြီး အမေရိကန်မှာတော့ လူနာ ၁၄ ဦးဖြစ်လာပါတယ်။မြန်မာ – ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စင်ကာပူနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ Coronavirus Disease 2019 (COVID-19) ကူးစက်ခံထားရတဲ့ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာမို့ ဝေဘာဂီအထူးကုဆေးရုံကို ပို့ဆောင် စောင့်ကြပ်ကြည့်ရှုနေပြီး အခြေအနေကောင်းမွန်နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လူနာရဲ့ မိသားစုဝင်တွေကိုလည်း Home Quarantine ပြုုလပ်ထားပြီး ၎င်းတို့အနေဖြင့်လည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုထားပါတယ်။၁၁၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဗီယက်နမ်မှာ လူနာ ၁၅ ဦးအထိရှိလာပါတယ်။ ၃ လသားအရွယ်ကလေးငယ်လေးနဲ့ သူမရဲ့ အဘွားတို့ကူးစက်ခံထားရတာကို အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ဟောင်ကောင်မှာတော့ လူနာ ၇ ဦးထပ်တွေ့ပါတယ်။ ဒါဟာ နောက်ဆုံး ၃ ရက်အတွင်းမှာ ရောဂါပိုးကူးစက်ခံထားရသူ ၂၃ ဦးအထိ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ စုစုပေါင်းအရေအတွက်ဟာလည်း ၄၉ ဦးအထိရှိလာပါတယ်။ စင်ကာပူမှာလည်း လူနာ ၄၇ ဦးအထိဖြစ်လာပါတယ်။ဥရောပမှာတော့ ဂျာမနီဟာ အဆိုးဆုံးဖြစ်နေပြီး လူနာ ၁၆ ဦးအထိ ရှိနေခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရောဂါရဲ့ နာမည်ကို COVID-19 လို့ တရားဝင် အမည်သတ်မှတ်လိုက်ပါတယ်။ ဗိုင်းရပ်စ်ကိုတော့ SARS-CoV-2 လို့ ခေါ်ဝေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။မြန်မာ – စောင့်ကြည့်လူနာ ၁၆ ဦးအထိရှိလာပြီလို့ မြန်မာဘက်က ကြေညာခဲ့ပါတယ်။၁၀၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – Diamond Princess ဇိမ်ခံသင်္ဘောကနေ လူနာသစ် ၆၅ ဦးအထိ ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အဆိုပါသင်္ဘောမှာတင် လူနာ ၁၃၅ ဦးအထိ ရှိလာပါတယ်။ဗြိတိန်မှာတော့ လူနာ ၄ ဦးတပြိုင်နက်တည်း ထပ်တိုးလာခဲ့ပြီး ပြင်သစ်ကနေတဆင့် ကူးစက်တယ်လို့ စွပ်စွဲပါတယ်။စင်ကာပူမှာလည်း လူနာ အရေအတွက် ၄၅ ဦးအထိရောက်ရှိလာခဲ့ပြီး ကန့်သတ်နယ်မြေကို ဦးဆောင်စီမံနေတဲ့ အရာရှိတစ်ဦးပါ ရောဂါကူးစက်ခံခဲ့ရပါတယ်။ဟောင်ကောင်မှာတော့ အစုလိုက်အပြုံလိုက်ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး တစ်ရက်တည်းမှာတင် လူနာသစ် ၆ ဦး ထပ်မံတိုးလာခဲ့ပါတယ်။ UAE မှာတော့ ရောဂါကူးစက်ခံထားရသူ ၈ ဦးအထိ ရှိလာခဲ့ပြီး တစ်ဦးဟာ အိန္ဒိယနိုင်ငံသားဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။အမေရိကမှာလည်း ၁၃ ဦးမြောက်ကူးစက်ခံရသူကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမှာ တွေ့ရှိခဲ့ရပြီး ဝူဟန်ကို သွားခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။၉၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – တရုတ်ပြည်မမှာ ကူးစက်ခံထားရသူ ၄၀၂၁၃ ဦးအထိ ရှိလာခဲ့ပြီး ဟူဘေးပြည်နယ်တစ်ခုတည်းမှာတင် ၂၉၆၃၁ ဦးအထိ ကူးစက်ခံထားရပါတယ်။ သေဆုံးသူအရေအတွက်ဟာလည်း ၈၁၁ ဦးအထိဖြစ်လာတာမို့ ၂၀၀၂-၀၃ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ SARS ရောဂါကပ်ဆိုးကာလမှာ သေဆုံးခဲ့တဲ့ ပမာဏကို ကျော်လွန်သွားခဲ့ပါတယ်။Diamond Princess အပျော်စီးဇိမ်ခံသင်္ဘောပေါ်မှာ နောက်ထပ် လူနာသစ် ၆ ဦးထပ်မံတွေ့ရှိခဲ့တာမို့ အဆိုပါသင်္ဘောပေါ်ကနေ တွေ့ရှိရတဲ့လူနာ ၇၀ ဦးအထိရှိလာပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့လည်း လူနာ ၉၆ ဦးအထိ လက်ခံထားရတဲ့တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။မလေးရှားနိုင်ငံမှာ လူနာ ၁၇ ဦးအထိတိုးတက်လာခဲ့ပြီး၊ စင်ကာပူမှာတော့ လူနာ အရေအတွက် ၄၃ ဦးအထိ ရောက်ရှိသွားပါတယ်။ဟောင်ကောင်မှာလည်း မိသားစုတစ်စုတည်းကနေ လူနာ ၁၀ ဦးအထိရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ရပြီး စုစုပေါင်းအရေအတွက် ၃၆ ဦးအထိ ဖြစ်သွားပါတယ်။ တောင်ကိုရီးယားမှာလည်း ၃ ဦးထပ်တွေ့ခဲ့တာမို့ လူနာ ၂၇ ဦးအထိ ရှိလာခဲ့ပါတယ်။စပိန်မှာ ဒုတိယမြောက်လူနာတွေ့ခဲ့သလို ဗြိတိန်မှာလည်း စတုတ္ထမြောက်လူနာ တွေ့ရှိခဲ့ရပါတယ်။မြန်မာ – ထိုင်းကနေပြန်လာတဲ့ အမျိုးသမီးလူနာတစ်ယောက် မကွေးဆေးရုံမှာ ကွယ်လွန်သွားခဲ့ပေမယ့် ဝူဟန်ကိုရိုနာရောဂါနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။၈၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ပြင်ပက တခြားပြည်နယ်တွေမှာ ရောဂါပိုး ကူးစက်ခံထားရသူအရေအတွက် ၁၀၀၀၀ ကျော်သွားခဲ့ပါတယ်။Diamond Princess သင်္ဘောကနေ လူနာ ၃ ဦး ထပ်တွေ့ရကြောင်း ဂျပန်အစိုးရက ကြေညာပါတယ်။ တစ်နိုင်ငံလုံးမှာ လူနာ ၈၉ ဦးအထိ ရှိလာပါတယ်။UAE နိုင်ငံမှာလည်း လူနာ ၇ ဦးအထိ ရှိလာပါတယ်။ဝူဟန်မှာ တစ်နေ့တည်းနဲ့ သေဆုံးသူ ၆၃ ဦးအထိ တိုးပွားလာခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံးသူ အရေအတွက်ဟာလည်း ၆၀၈ ဦးအထိ ရှိလာပါတယ်။ ဂျပန်နိုင်ငံသားတစ်ဦးနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးတို့လည်း အဆိုပါနေ့မှာ သေဆုံးခဲ့ကြပါတယ်။ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၇ ဦးတစ်ပြိုင်နက်တည်း တွေ့ရှိခဲ့တာမို့ စုစုပေါင်းအရေအတွက် ၃၂ ဦးအထိရှိလာခဲ့ပါတယ်။ စင်ကာပူမှာလည်း ၇ ဦး တွေ့ရှိရတာမို့ လူနာ ၄၀ ဦးအထိရှိလာပါတယ်။မှုတ်ဆေး/ဖြန်းဆေးဘူးတွေဟာ ကူးစက်မှုရဲ့ ကြားခံဖြစ်နိုင်တယ်လို့ ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပါတယ်။ဘေဂျင်းအာဏာပိုင်တွေဟာ ရောဂါရဲ့ စိုးရိမ်ဖွယ်အဆင့်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လူနာတစ်ဦးဟာ ၃ ကြိမ်အထိ Negative ပြခဲ့ပြီးမှာ ရောဂါ ရှာဖွေတွေ့ရှိခဲ့သလို ရှီကျန်းက တခြားလူနာတစ်ဦးဟာလည်း ၄ ကြိမ် Negative ပြခဲ့ပြီးမှ ၅ ကြိမ်မြောက် စစ်ဆေးတော့မှ ရောဂါပိုးကို ရှာဖွေတွေ့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။၇၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ကွမ်တုန်ဒေသမှာလည်း ရောဂါပိုးကူးစက်ခံထားရသူ ၁၀၀၀ ပြည့်သွားပါတယ်။ ဒါ့အပြင် သေဆုံးမှုလည်း ရှိလာခဲ့ပါတယ်။ ဟူဘေးပြည်နယ်အပြင်ဘက်မှာ ရောဂါပိုးကူးစက်ခံရသူ ၁၀၀၀ ပြည့်သွားတဲ့ ဒုတိယမြောက်ဒေသဖြစ်လာပါတယ်။ရောဂါရဲ့ မူလအစဖြစ်တဲ့ ဝူဟန်မြို့မှာတော့ သေဆုံးသူဦးရေ ၆၇ ဦးအထိ တိုးပွားလာပြီး ဟူဘေးပြည်နယ်ထဲက တခြားမြို့တွေမှာလည်း သေဆုံးသူ ဦးရေ ၁၄ ဦးအထိ ရှိလာပါတယ်။ ဟူဘေးပြည်နယ်တစ်ခုတည်းမှာတင် သေဆုံးသူ ၁၅၄ ဦးအထိရှိလာကာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် သေဆုံးသူဦးရေ ၅၄၅ ဦးအထိ ရှိလာပါတယ်။ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ သောင်တင်နေတဲ့ Diamond Princess အပျော်စီးသင်္ဘောမှာ ရောဂါပိုး Positive ဖြစ်နေသူ ၄၁ ဦးအထိ တပ်မံစမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံတစ်နိုင်ငံလလုံးအနေနဲ့ ရောဂါပိုးကူးစက်ခံရသူအရေအတွက်ဟာ ၈၆ ဦးအထိ ခုန်တက်လာပါတယ်။ဟောင်ကောင်မှာလည်း ပိုးကူးစက်ခံရသူအရေအတွက် ဆက်တိုက်တိုးလာနေပြီး ၂၆ ဦးအထိ ဖြစ်လာပါတယ်။ ဂျာမနီမှာလည်း လူနာသစ် ၂ ဦးထပ်မံတွေ့ရှိတာမို့ ၁၅ ဦးဖြစ်လာပါတယ်။ ဗီယက်နမ်မှာလည်း ၁၃ ဦးအထိ တိုးလာပါတယ်။ မလေးရှားမှာလည်း လူနာတစ်ဦးတိုးလာခဲ့ပြီး စင်ကာပူကနေလာတဲ့ ခရီးသွားတစ်ဦးဖြစ်ကြောင်း သက်ဆိုင်ရာက ကြေညာခဲ့ပါတယ်။စင်ကာပူမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၃ ဦးအထိဖြစ်လာခဲ့ပြီး ဒီထဲက တစ်ချို့တွေဟာ ဘယ်ကနေ ကူးစက်ခံရတယ်ဆိုတဲ့ အရင်းအမြစ်ကို ရှင်းလင်းစွာမသိရှိနိုင်တာကြောင့် ရောဂါထိမ်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (DORSCON) က တိုင်းပြည်ရဲ့ အခြေအနေကို လိမ္မော်ရောင်အဆင့်အထိ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။မြန်မာ –သံသယ လူနာ၁ ဦး စောင့်ကြည့်လူနာ ၉ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။၆၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဟူဘေးပြည်နယ်အပြင်ဘက်က ကျီကျန်းခရိုင်တစ်ခုတည်းမှာတင် လူနာ ၁၀၀၀ အထိရှိလာပါတယ်။ဟောင်ကောင်မှာ လူနာ ၃ ဦးတိုးလာတာမို့ ၂၄ ဦးအထိ ရှိလာပြီး ကနေဒါမှာ ရောဂါရှိနေတယ်လို့ လုံးဝနီးပါး ယူဆရတဲ့ သံသယရှိ လူနာ ၂ ဦးတွေ့ရှိခဲ့ရပါတယ်။Diamond Princess အပျော်စီးသင်္ဘောက ခရီးသည်တွေထဲမှာ 2019-nCoV ရောဂါပိုး ကူးစက်ခံထားရသူ ၁၀ ဦးထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဂျပန်မှာ စုစုပေါင်း လူနာအရေအတွက်ဟာလည်း ၄၅ ဦးအထိ တိုးပွားလာခဲ့ပါတယ်။မလေးရှားမှာတော့ လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ကာ စုစုပေါင်း ၁၄ ဦးအထိ ရှိလာခဲ့ပြီး တစ်ဦးဟာ မလေးရှားနိုင်ငံအတွင်းမှာပဲ ကူးစက်ခံရသူဖြစ်ပါတယ်။စင်ကာပူမှာတော့ လူနာအရေအတွက် ဆက်လက်တိုးတက်နေပြီး ၃၀ ဦးအထိ ရှိလာပါတယ်။ တိုင်ဝမ်မှာ့ ၁၆ ဦး၊ ဗီယက်နမ်မှာ ၁၂ ဦးအထိ ရောဂါကူးစက်ခံထားရပါတယ်။ဗြိတိန်ကလည်း ရောဂါကူးစက်ခံထားရသူ ၃ ဦးအထိ ရှိနေပြီလို့ ကြေညာခဲ့ပါတယ်။ EU တိုင်းပြည်တွေဖြစ်ကြတဲ့ အီတလီနဲ့ ဂျာမနီတို့မှာ ရောဂါပိုးကူးစက်ခံထားရသူအရေအတွက် ဆက်လက်တိုးလာနေခဲ့ပါတယ်။ ဥရောပတစ်တိုက်လုံးမှာ ရောဂါဖြစ်ပွားနေသူ ၃၁ ဦးအထိ ရှိလာပါတယ်။ရောဂါဆိုးအကြောင်း လူထုထံ ပထမဆုံး စတင်အသိပေးခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းတစ်ယောက် အဆိုပါရောဂါဆိုးကူးစက်ခံရမှုကြောင့်ပဲ ကွယ်လွန်သွားပါတယ်။၅၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဝူဟန်မြို့တစ်မြို့တည်းမှာတင် ရောဂါကူးစက်ခံရသူ ၁၀၁၁၇ ယောက်ရှိနေတယ်လို့ တရုတ်ဘက်က အတည်ပြုခဲ့ပါတယ်။ဟောင်ကောင်မှာတော့ ၃ ဦး ထပ်မံတိုးပွားလာတာမို့ ရောဂါကူးစက်ခံရသူ ၂၁ ဦးဖြစ်လာပါတယ်။ဂျပန်နိုင်ငံကို ရောက်လာတဲ့ Diamond Princess ဆိုတဲ့ အပျော်စီးသင်္ဘောတစ်စင်းမှာ ရောဂါကူးစက်ခံထားရသူ ၁၀ ဦးပါဝင်လာတာမို့ အာဏာပိုင်တွေက သင်္ဘောကို ယိုကိုဟားမားအနီးမှာ သီးသန့်ခွဲထားလိုက်ပါတယ်။ သင်္ဘောပေါ်မှာ ခရီးသည် ၃၅၀၀ ကျော်ပါဝင်ပြီး အားလုံးကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။တောင်ကိုရီးယားမှာတော့ လူနာအရေအတွက် ဆက်လက်တိုးလာနေပြီး ၁၈ ဦးအထိ ရှိလာပါတယ်။တရုတ်နိုင်ငံက စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့ တီယန်ကျင်းမြို့မှာ COVID-19 ကြောင့် သေဆုံးသူ စတင်ရှိလာပါတယ်။ တရုတ်ကျန်းမာရေး ကျွမ်းကျင်သူတွေက ရောဂါပိုးစမ်းသပ်ရာမှာ အသုံးပြုနေတဲ့ Nucleic Acid Testing နည်းလမ်းဟာ ၃၀%-၅၀% ဝန်းကျင်သာ မှန်ကန်တိကျမှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။စင်ကာပူမှာလည်း ရောဂါကူးစက်ခံရသူအရေအတွက် သိသိသာသာတိုးတက်လာနေပြီး ၂၈ ဦးအထိရှိလာခဲ့သလို လူနာတစ်ဦးဟာ ၆ လသား အရွယ် ကလေးငယ်တစ်ဦးဖြစ်ပါတယ်။မလေးရှားကလည်း လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိတယ်လို့ ကြေညာခဲ့သလို ဖိလစ်ပိုင်ကလည်း ၃ ဦးထပ်မံတွေ့ရှိကြောင်း ကြေညာပါတယ်။မြန်မာ – ကွမ်ကျိုးကလာတဲ့ တရုတ်လူနာမှာ ကိုရိုနာတုပ်ကွေးကူးစက်ခံထားရခြင်းမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကူအညီနဲ့ ဓာတ်ခွဲစစ်ဆေးပြီးတဲ့နောက်မှာ မြန်မာဘက်က အတည်ပြုလိုက်ပါတယ်။၄၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဟောင်ကောင်မှာ လူနာတစ်ဦး စတင်သေဆုံးပါတယ်။ ၃၉ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ ကူးစက်ခံရသူအရေအတွက်ကလည်း ၁၃ ဦးအထိ ရှိလာပါတယ်။ဗီယက်နမ်မှာလည်း လူနာ ၂ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး သူတို့ဟာလည်း လေယာဉ်စီးရင်း ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ ကိုရီးယားနိုင်ငံသား တစ်ဦးမှာ ရောဂါပိုးကူးစက်လာတာကြောင့် တောင်ကိုရီးယားမှာ ရောဂါကူးစက်ခံရသူ ၁၆ ဦးအထိရှိလာပါတယ်။ မလေးရှားမှာလည်း ကူးစက်ခံရသူ ၁၀ ဦးအထိ ဖြစ်လာပါတယ်။စင်ကာပူမှာတော့ တစ်ရက်တည်းနဲ့ COVID-19ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆ ဦးအထိ တွေ့ရှိခဲ့တာမို့ ကူးစက်ခံရသူ ၂၄ ဦးအထိ ဖြစ်လာခဲ့ပါတယ်။ သူတို့ထဲက ၂ ဦးက ဝူဟန်က ပြန်လာသူတွေဖြစ်ပါတယ်။ထိုင်းမှာလည်း တစ်ရက်တည်းနဲ့ လူနာသစ် ၆ ဦးထပ်မံတွေ့ရှိခဲ့တာကြောင့် ကူးစက်ခံရသူ ၂၅ ဦးအထိ အရေအတွက်တိုးလာခဲ့ပါတယ်။ဥရောပတိုက်က ဘယ်လ်ဂျီယံနိုင်ငံကလည်း သူတို့တိုင်းပြည်ထဲမှာ လူနာတစ်ဦး တွေ့ရှိထားကြောင်း ကြေညာခဲ့ပြီး EU အဖွဲ့ဝင်တိုင်းပြည်တွေထဲမှာ ၂၄ ဦးမြောက် ရောဂါကူးစက်ခံရသူ ဖြစ်လာပါတယ်။မြန်မာ – ကျောင်းသားအဖွဲ့အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လေယာဉ်ဝန်ထမ်းတွေမှာ COVID-19 ဗိုင်းရပ်စ် ရှိမရှိ စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။၃၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်ရဲ့ အပြင်ဘက်ဒေသတွေက လူသေမှုနှုန်းဟာ ၁၀၁ ဦးအထိ ရှိလာပါတယ်။ဗီယက်နမ်မှာ ဗီယက်နမ်အမျိုးသမီး လူနာတစ်ဦးထပ်တွေ့ခဲ့ပါတယ်။ သူမဟာ လေယာဉ်စီးစဉ် လေယာဉ်ပေါ်ပါ ရောဂါပိုးရှိသူ လူ ၃ ဦးထံကနေ ကူးစက်ခံရတာဖြစ်ပါတယ။အိန္ဒိယမှာ တတိယမြောက်လူနာ ထပ်တွေ့ပါတယ်။မြန်မာ – ကွမ်ကျိုးကနေ ရန်ကုန်ကို လေယာဉ်နဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ကို သံသယလူနာအဖြစ် ခွဲခြား စောင့်ရှောက်ထားတယ်လို့ ကြေညာခဲ့ပါတယ်။၂၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဗီယက်နမ်က ၇ ဦးမြောက်လူနာကို ထပ်တွေ့ပါတယ်။ တောင်ကိုရီးယားကတော့ လူနာ ၁၅ ဦးအထိ ရှိလာနေပြီလို့ ကြေညာပါတယ်။ UAE မှာ လူနာ ၅ ဦးအထိတိုးပွားလာခဲ့ပြီး အိန္ဒိယကလည်း ဒုတိယမြောက်လူနာကို တွေ့ရှိခဲ့ပါတယ်။ဤနေ့မှာ ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်ပြင်ပမှာ COVID-19 ဝေဒနာနဲ့ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖိလစ်ပိုင်မှာဖြစ်ပါတယ်။ အသက် ၄၄ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ ဖိလစ်ပိုင်မှာ ပထမဆုံးရောဂါကူးစက်ခံရသူလည်းဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ လူနာ ၃ ဦးထပ်မံတွေ့ရှိခဲ့ပြီးတော့ ၃ ဦးစလုံးဟာ ကာလီဖိုးနီးယားကဖြစ်ပါတယ်။ အမေရိကန်မှာ ရောဂါကူးစက်ခံရသူ ၁၁ ဦးအထိ ရှိလာခဲ့ပါတယ်။ ဂျာမနီမှာလည်း ဝူဟန်ကနေ လေယာဉ်နဲ့ ပြန်လာတဲ့ လူနှစ်ဦးမှာ ရောဂါကူးစက်ခံထားရတာကို ရှာဖွေတွေ့ရှိခဲ့တာမို့ အရေအတွက်ဟာ ၁၂ ဦးအထိ တိုးမြင့်သွားခဲ့ပါတယ်။မြန်မာ – မြန်မာအစိုးရဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသား ၆၃ ဦးထဲကနေ ၅၉ ဦးကို မန္တလေးမြို့သို့ အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ကျန်ရစ်ခဲ့သူ ၄ ဦးမှာ ၁ ဦးက တရုတ်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတာကြောင့်ဖြစ်ပြီး ၁ ဦးမှာ ပြည်နယ်ပြင်ပသို့ ခရီးလွန်နေခြင်းဖြစ်ကာ၊ ကျန် ၂ ဦးမှာ ကိုယ်အပူချိန်မြင့်မားနေတာမို့ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လိုအပ်နေတာကြောင့် လိုက်ပါလာခြင်းမဟုတ်မရှိဘူးလို့ သိရပါတယ်။၁၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဗီယက်နမ်မှာ ၆ ဦးမြောက် ရောဂါကူးစက်ခံထားရသူတွေကို တွေ့ရှိခဲ့ပါတယ်။ လူချင်းကူးစက်ခံထားရသူဖြစ်ကြောင်းလည်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။စင်ကာပူမှာတော့ ကူးစက်ခံရသူ ၂ ဦး ထပ်မံတိုးလာခဲ့ပြီး ၁၈ ဦးအထိ ရှိလာပါတယ်။ ဂျပန်မှာလည်း ရောဂါကူးစက်ခံရသူအရေအတွက် ၂၀ ဦးအထိ မြင့်တက်လာသလို တောင်ကိုရီးယားမှာလည်း ၁၂ ဦးအထိဖြစ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ၈ ယောက်ဖြစ်လာပါတယ်။သြစတြေးလျ အာဏာပိုင်တွေဟာလည်းကိုရိုနာဗိုင်းရပ်စ်ရှိနေသူ ၃ ဦး ထပ်မံတွေ့ရှိခဲ့ရပါတယ်။မြန်မာ – သံသယလူနာတွေ့ရှိပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးမှုအစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။၃၁၊ ဇန်နဝါရီ၊ ၂၀၂၀ – ဗြိတိန်၊ စပိန်၊ ဆွီဒင်နဲ့ ရုရှားနိုင်ငံတွေက သူတို့နိုင်ငံအသီးသီးရဲ့ ပထမဆုံး လူနာတွေ စတင်တွေ့ထားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။အမေရိကမှာတော့ ၇ ဦးမြောက်လူနာကို ထပ်မံတွ့ရှိခဲ့ပြီး ကာလီဖိုးနီးယားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ရောဂါကူးစက်နှုန်း မြန်ဆန်လာခဲ့ပြီး လူနာသစ် ၅ ဦးထပ်တိုးလာပါတယ်။တရုတ်ကျန်းမာရေး ကျွမ်းကျင်သူတွေက ရောဂါသက်သာပျောက်ကင်းသွားသူတွေအနေနဲ့ ပြန်လည်ကူးစက်ခံရတာမျိုးဖြစ်နိုင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဇန်နဝါရီ ၃၁ ရက်နေ့အထိ စာရင်းဇယားတွေအရ ရောဂါကူးစက်ခံထားရသူ ၁၁၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၅၈ ဦးအထိ ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာတော့ သေဆုံးသူမရှိသေးပါဘူး။မြန်မာ – သံသယလူနာ တစ်ဦးစတင်တွေ့ရှိတယ်လို့ မြန်မာဘက်က ကြေညာလိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သံသယလူနာ ပထမဆုံး စတင်တွေ့ရှိတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်တစ်ဦးဟာ ကိုယ်ပူချိန်အနည်းငယ်မြင့်မားနေပြီး၊ ချောင်းဆိုးတာ၊ နှာစေးတာနဲ့ လည်ချောင်းနာနေတဲ့ လက္ခဏာတွေတွေ့ခဲ့တာမို့ သံသယလူနာအဖြစ် သတ်မှတ်ကာ ခွဲခြားထားရှိလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။တစ်ဆက်စပ်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲစမ်းသပ်နိုင်တဲ့ ဓာတ်ခွဲခန်းမျိုး ကမ္ဘာ့တစ်ဝန်းမှာ (၁၁) ခုသာရှိတဲ့အတွက် လူနာရဲ့ အခြေအနေကို အတည်ပြုဓါတ်ခွဲစစ်ဆေးနိုင်ဖို့ WHO နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ကြေညာခဲ့ပါတယ်။၃၀၊ ဇန်နဝါရီ၊ ၂၀၂၀ – တိဘက်က သံသယရှိလူနာဟာ ရောဂါကူးစက်ခံထားရတာ မှန်ကန်ကြောင်း ဒေသခံအာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ပြည်နယ် ၃၁ ခု လုံးမှာ ရောဂါပိုးကူးစက်ခံထားရသူရှိနေတဲ့ အခြေအနေအဖြစ် ဖြစ်လာခဲ့ပါတယ်။အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ လူနာ တစ်ဦးစီ စတင်တွေ့ရှိခဲ့ရပြီး မလေးရှားမှာတော့ ၈ ဦးမြောက်လူနာထပ်တိုးလာပါတယ်။တရုတ်ပြင်ပမှာ ရောဂါပြန့်ပွားမှုနှုန်းမြန်ဆန်နေတဲ့ ဂျပန်နဲ့ စင်ကာပူမှာ လူနာသစ် ၃ ဦးစီ ထပ်တွေ့ပါတယ်။ တောင်ကိုရီးယားမှာလည်း လူနာသစ် ၂ ဦးစီ ထပ်တွေ့ခဲ့ရပြီး တစ်ဦးဟာ လူအချင်းချင်း ကူးစက်တာဖြစ်ပါတယ်။ ဗီယက်နမ်မှာ လူနာ ၃ ဦးထပ်တိုးလာပါတယ်။ အမေရိကန်မှာ လူနာစုစုပေါင်း ၆ ဦးအထိရှိလာပြီး၊ ပြင်သစ်မှာ ၆ ဦး၊ ဂျာမနီမှာ ၅ ဦးအထိ ဖြစ်လာပါတယ်။၂၉၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်နိုင်ငံအတွင်းမှာ COVID-19 ရောဂါ ကူးစက်ခံနေရသူတွေ/သံသယဖြစ်ခံရသူတွေ ပြည်နယ် ၃၁ ခုလုံးမှာရှိနေတယ်လို့ တရုတ်အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ဟူဘေးပြည်နယ်က ကုမ္ပဏီတွေဟာ လုပ်ငန်းဆောင်တာတွေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ရပ်ဆိုင်းခဲ့ကြပြီး ကျောင်းတွေကို ပြန်ဖွင့်ဖို့ ကိစ္စကိုလည်း အာဏာပိုင်တွေက တားဆီးထားခဲ့ပါတယ်။UAE နိုင်ငံမှာ ရောဂါကူးစက်ခံထားရသူတစ်ဦး စတင်တွေ့ရှိခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းပြည်တွေမှာ ပထမဆုံး စတင်တွေ့ရှိမှုဖြစ်ပါတယ်။ ဖင်လန်နိုင်ငံကလည်း သူတို့နိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်ခရီးသွားတစ်ဦးမှာ ရောဂါရှိနေတယ်လို့ ကြေညာခဲ့ပါတယ်။တဆက်တည်းမှာပဲ စင်ကာပူနဲ့ မလေးရှားမှာ လူနာ ၃ ဦးစီထပ်တွေ့ခဲ့ပါတယ်။ စင်ကာပူဟာ ရောဂါပိုးကူးစက်သူ ၁၀ ဦးအထိ ရှိလာပါတယ်။ ဂျပန်မှာလည်း စတုတ္ထမြောက်လူနာကို တွေ့ရှိခဲ့သလို ပြင်သစ်မှာလည်း လူနာအရေအတွက် တစ်ဦးထပ်တိုးလာပါတယ်။အာမေးနီးယားနဲ့ ဂျော်ဂျီယာတို့မှာ သံသယလူနာ ၂ ဦးနဲ့ ဘရာဇီးလ်မှာ ၉ ဦး တွေ့ခဲ့ရပါတယ်။ကနေဒါနိုင်ငံပိုင် Air Canada ကလည်း တရုတ်ပြည်ကို ပျံသန်းပြေးဆွဲမယ့် လေကြောင်းခရီးစဉ်အားလုံးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ရပ်ဆိုင်းလိုက်ပါတယ်။၂၈၊ ဇန်နဝါရီ၊ ၂၀၂၀ – ရောဂါအကြောင်းဖွင့်ချခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းမှာ အပြစ်မရှိဘူးလို့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်သူ့တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ လူနာသစ် ၆ ဦးအထိ ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါရှိတယ်လို့ အတည်ပြုထားသူ ၁၄ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီး အနူတင် ချာန်ဝိရာကူလ်က အခြေအနေကို တားဆီးဖို့ စွမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာလည်း ကူးစက်ခံထားရသူ ၇ ဦးအထိ ရှိလာခဲ့ပါတယ်။ဂျာမနီနိုင်ငံကတော့ တရုတ်ပြည်ကို တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့ ဂျာမန်လူမျိုးတစ်ယောက် ထူးဆန်းစွာ ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။ ဂျာမနီမှာ လူနာ ၃ ဦးတိုးလာသလို ပြင်သစ်မှာလည်း တိုးလာပါတယ်။ယူကေ-တရုတ် ဆေးသုတေသနစာစောင်ရဲ့ အစီရင်ခံစာအရ ရောဂါပိုး အမှန်တကယ် ကူးစက်ခံထားရသူ အရေအတွက်ဟာ မျှော်မှန်းထားတာထက် ပိုမိုများပြားနိုင်ကြောင်း ရေးသားပါတယ်။ သူတို့ရဲ့ ခန့်မှန်းချက်က (ဇန်နဝါရီလ ၂၈ ရက်နေ့မှာ) ကူးစက်လူနာ ၂၆၇၀၁ ဦးအထိရှိနိုင်တယ်လို့ ဆိုပါတယ်။သြစတြေးလျနိုင်ငံ၊ မဲလ်ဘုမ်းမြို့၊ ပီတာ ဟိုဟာတီ တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လူနာတွေဆီက ရရှိတဲ့ နမူနာတွေကို အသုံးပြုပြီး 2019-nCoV ရောဂါပိုးကို ဓာတ်ခွဲခန်းမှာ မွေးမြူနိုင်ခဲ့ပါတယ်။ ဒါဟာ ရောဂါကာကွယ်ဆေးနဲ့ ကုသဆေး ရှာဖွေဖော်ထုတ်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းသစ်ဖြစ်လာပါတယ်။ဟူဘေးပြည်နယ်ထဲက ရှန်ယန်းဒေသဟာလည်း ကန့်သတ်ဇုန်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။၂၇၊ ဇန်နဝါရီ၊ ၂၀၂၀ – ဟောင်ကောင်အခြေစိုက် ဒင်းတက္ကသိုလ်က SARS နဲ့ ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂါဘရီယယ် လွန်းက ကိုရိုနာဗိုင်းရပ်စ် အမှန်တကယ် ကူးစက်ခံထားရသူအရေအတွက်ဟာ တရုတ်အစိုးရထုတ်ပြန်ထားတဲ့ ပမာဏထက် ၁၀ လောက်ပိုများနေလိမ့်မယ်လို့ တွက်ချက်ပြခဲ့ပါတယ်။ဝူဟန်မြို့တော်ဝန် ကျူးရှန်ဝမ်ကလည်း ဗဟိုအစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ အပြုအမူတွေအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။သြစတြေးလျဟာ လူနာ ၅ ဦးအထိရှိလာပြီလို့ ကြေညာခဲ့သလို သီရိလင်္ကာကလည်း သူတို့ဆီက သံသယ လူနာ ၂ ဦးမှာ ၁ ဦးဟာ ရောဂါကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့ပါတယ်။ ကနေဒါမှာလည်း လူနာစတင်တွေ့ရှိခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့ ဂျာမနီမှာ ပထမဆုံး လူနာတွေ စတင်တွေ့ရှိခဲ့သလို စင်ကာပူကလည်း ၅ ဦးမြောက်လူနာကို တွေ့ရှိထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဂျာမနီမှာ တွေ့ရှိတဲ့လူနာတွေထဲက တစ်ဦးဟာ ရောဂါလက္ခဏာမပြသပဲ ပိုးရှိနေသူဖြစ်ပြီး တရုတ်နိုင်ငံပြင်ပမှာ ယခုလိုဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ထိုင်ဝမ်ကတော့ ပြည်တွင်းမှာတင် အချင်းချင်း ကူးစက်ခံရသူရှိထားကြောင်း ကြေညာပါတယ်။ဘေကျင်းမြို့က လူနာတွေထဲမှာ သေဆုံးသူ ရှိလာခဲ့ပါတယ်။ဥရောပတိုက် သြစတြီးယားမှာ သံသယလူနာ ၃ ဦး၊ ပိုလန်နဲ့ ဆွစ်ဇာလန်မှာ ၂ ဦးစီနဲ့ ရိုမေးနီးယား၊ အီကွေဒေါတို့မှာ တစ်ဦးစီ စတင်တွေ့ရှိပါတယ်။ အားလုံးဟာ တရုတ်နဲ့ ဟောင်ကောင်က ခရီးသွားတွေဖြစ်ကြပါတယ်။ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီကျွန်းမှာလည်း သံသယရှိတရုတ်ခရီးသွားလူနာ ၆ ဦး တွေ့ရှိခဲ့ပါတယ်။ ဖီဂျီအာဏာပိုင်တွေဟာ သူတို့ကို ချက်ခြင်း သီးခြားခွဲထားခဲ့ပြီး ရောဂါကင်းစင်ကြောင်း သက်သေမပြနိုင်မခြင်း ခွဲခြားထားခဲ့ကြပါတယ်။၂၆၊ ဇန်နဝါရီ၊ ၂၀၂၀ – ရှန်ဟိုင်းမှာ လူနာတစ်ဦးစတင်သေဆုံးပါတယ်။ အသက် ၈၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ လူနာ သစ် ၃ ဦးထပ်မံတွေ့ရှိခဲ့တာမို့ ရောဂါပိုးကူးစက်ခံထားရသူ ၅ ဦးအထိရှိလာပါတယ်။ မကာအိုမှာ ၅ ဦး၊ ဟောင်ကောင်နဲ့ ထိုင်းမှာ ၈ ဦးအထိ ရှိလာခဲ့ပါတယ်။ ထိုင်းမှာ သံသယလူနာလည်း ၃၉ ဦးအထိ ရှိလာပါတယ်။တရုတ် CDC က COVID-19 ရောဂါကုသဆေးထုတ်လုပ်ဖို့ စတင်ကြိုးပမ်းပါတယ်။အိုင်ဗရီကို့စ်နိုင်ငံမှာ သံသယရှိလူနာ စတင်တွေ့ရှိခဲ့ပြီး အာဖရိကမှာ ပထမဆုံး သံသယရှိလူနာတွေ့ရှိတာဖြစ်ပါတယ်။သေဆုံးနှုန်းမြင့်တက်လာပြီး ၃% အထိရှိလာတာကြောင့် ရောဂါဖြစ်ပွားမှုကို ထိမ်းချုပ်ဖို့ တစ်နိုင်ငံလုံးကို စောင့်ကြည့်မှုပြုလုပ်သွားမယ်လို့ တရုတ်အစိုးရက ကြေညာပါတယ်။ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ ဝမ်ရှန်လျန်းဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။၂၅၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်သမ္မတ ရှီကျင်းပင်က ရောဂါဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပြီး စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်လို့ ပါတီရဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။သြစတြေးလျနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ တပြိုင်နက်တည်း လူနာ ၄ ဦးစီ စတင်တွေ့ရှိပါတယ်။ ကနေဒါမှာလည်း လူနာ စတင်တွေ့ရှိခဲ့ပြီး ဂျပန်နဲ့ စင်ကာပူမှာ လူနာသစ် တစ်ဦးစီ ထပ်မံတိုးလာခဲ့ပါတယ်။သီရိလင်္ကာနိုင်ငံမှာတော့ သံသယရှိလူနာ ၂ ဦး စတင်တွေ့ရှိခဲ့ပါတယ်။တရုတ်နိုင်ငံမှာတော့ ဟူဘေးပြည်နယ်က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လျန်ဝူဒေါင်းဟာ အဆိုပါတုပ်ကွေးရောဂါကြောင့် သေဆုံးသွားပါတယ်။ ဒါဟာ ကျန်းမာရေးဝန်ထမ်းတွေထဲက ပထမဆုံး သေဆုံးမှုဖြစ်ပါတယ်။၂၄၊ ဇန်နဝါရီ၊ ၂၀၂၀ – ဟောင်ကောင်မှာ လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိပါတယ်။ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ် လူနာ တစ်ဦးစီ ထပ်မံတွေ့ရှိခဲ့ကြပါတယ်။စင်ကာပူနဲ့ ဟောင်ကောင်မှာ ရောဂါကူးစက်ခံထားရသူ ၃ ဦးစီအထိ ရှိလာခဲ့ပြီး ထိုင်းမှာ ၅ ဦးအထိရှိလာပါတယ်။ ဗီယက်နမ်မှာ တွေ့ရှိတဲ့ ကူးစက်မှုဟာ တရုတ်ပြင်ပမှာ လူလူချင်းပထမဆုံး ကူးစက်မှုဖြစ်ကြောင်း WHO က ကြေညာခဲ့ပါတယ်။နီပေါနိုင်ငံမှာလည်း လူနာစတင်တွေ့ရှိခဲ့ပါတယ်။ပြင်သစ်မှာ တပြိုင်နက်တည်း လူနာ ၃ ဦးတွေ့ရှိခဲ့တာကြောင့် ဥရောပမှာ ပထမဆုံး ရောဂါတွေ့ရှိမှုဖြစ်လာခဲ့ပါတယ်။ ပြင်သစ်ကျန်းမာရေးဝန်ကြီး အဂ်နက်စ် ဘူဇိုင်းက လူနာအရေအတွက်တိုးလာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာမပြပဲ လူ့ခန္တာကိုယ်ထဲမှာ ရက်ချီခိုအောင်းနေနိုင်တယ်လို့ တရုတ်သုတေသနပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ဟူဘေးပြည်နယ်အတွင်းက ရှင်းယန်နဲ့ ရှန်နွန်ကျားတို့ကို သီးခြားကန့်သတ်ဇုန်တွေအဖြစ် ထပ်မံသတ်မှတ်လိုက်ပါတယ်။မြန်မာ – တရုတ်နိုင်ငံက ဝူဟန်မြို့ကနေ ခရီးသွားလာခွင့်တွေကို ပိတ်ဆို့လိုက်ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံကို လေယာဉ်တစ်စီးဆိုက်ရောက်လာခဲ့ပြီး ခရီးသွားတွေကို ပြည်ဝင်ခွင့်ပေးခဲ့တာမို့ ပြည်တွင်းအာဏာပိုင်တွေအနေနဲ့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက တာဝန်ရှိသူတွေကတော့ အဆိုပါခရီးသည်တွေကို စစ်ဆေးရာမှာ 2019 CoV အဆုတ်ရောင်ရောဂါ သံသယလူနာမတွေ့ရှိရဘူးလို့ ဆိုခဲ့ပါတယ်။၂၃၊ ဇန်နဝါရီ၊ ၂၀၂၀ – မနက် ၁၀ နာရီမှာ ဝူဟန်မြို့ကို သီးခြားကန့်သတ်ဇုန်အဖြစ် စတင်သတ်မှတ်လိုက်ပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေ၊ မြို့တွင်း ဘတ်စ်ကားတွေ၊ ဖယ်ရီလိုင်းတွေ၊လေကြောင်းလိုင်းတွေနဲ့ ရထားလိုင်းတွေကို ရပ်ဆိုင်းလိုက်ပါတယ်။သေဆုံးသူအရေအတွက် တိုးမလာခဲ့ပေမယ့် လူနာအရေအတွက် ၆၂၈ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။စင်ကာပူမှာ ပထမဆုံး လူနာစတင်တွေ့ရှိခဲ့သလို ဗီယက်နမ်မှာလည်း ၂ ဦး တပြိုင်နက်တည်း တွေ့ရှိကြောင်း ကြေညာပါတယ်။၂၂၊ ဇန်နဝါရီ၊ ၂၀၂၀ – ဟောင်ကောင်နဲ့ မကာအိုမှာ ရောဂါကူးစက်ခံထားရတဲ့ လူမမာ တစ်ဦးစီ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ နောက်ထပ် လူနာတစ်ဦးထပ်မံတွေ့ရှိကြောင်း ဟောင်ကောင်အာဏာပိုင်တွေက ဆက်လက်ကြေညာခဲ့ပါတယ်။ လူနာ ၅၇၁ ဦးအထိရှိလာပြီး သေဆုံးသူ ၁၇ ဦးအထိ တိုးမြင့်လာပါတယ်။ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံထားရသူ ၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၄ ဦးအထိ ရှိလာခဲ့ပါတယ်။ရောဂါကူးစက်နှုန်းဟာ အရှိန်အဟုန်နဲ့ မြင်တက်လာတာကြောင့် ဝူဟန်မြို့ကို သီးခြားကန့်သတ်ဇုန်အဖြစ် သတ်မှတ်တော့မှာဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။၂၁၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်က အဓိကမြို့ကြီးတွေမှာ ရောဂါကူးစက်သူအရေအတွက် ၂၉၁ ဦးအထိ ရှိလာခဲ့ပါတယ်။ လူနာအများစုဟာ လူဦးရေ ၁၁ သန်းနေထိုင်ရာ ဝူဟန်မြို့ကဖြစ်ပါတယ်။ ဒါပေမယ့်လည်း လန်ဒန် အင်ပီရီယယ်ကောလိပ်ရဲ့ MRC Centre for Global Infectious Disease Analysis ကတော့ အမှန်ကတယ်ကူးစက်ခံရသူအရေအတွက်ဟာ ၁၇၀၀ နဲ့အထက်မှာ ရှိနေလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ကျီကျန်း၊ တီယန်ကျင်း၊ ဟီနန်၊ ရှန်ဟိုင်း၊ ဘေကျင်း၊ ဟူဘေး၊ ကွမ်တုန်၊ ချုံကင်း၊ ဆီချွမ်၊ ရှန်ဒေါင်း၊ ဟူနန်၊ ယူနန်နဲ့ ကျန်းရှိတို့မှာ လူနာသစ်တွေ အမြောက်အများတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ ၃၁၂ အထိရှိလာခဲ့ပါတယ်။ သေဆုံးသူ ၆ ဦးအထိရှိလာခဲ့သလို ရောဂါကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၁၅ ဦးလည်းပါဝင်နေခဲ့ပါတယ်။ထိုင်ဝမ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်တွေမှာ ရောဂါပိုးကူးစက်ခံထားရသူ တစ်ဦးစီ စတင်တွေ့ရှိခဲ့ပါတယ်။၂၀၊ ဇန်နဝါရီ၊ ၂၀၂၀ – COVID-19 ဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ တရုတ် CDC ဌာနက ကြေညာခဲ့ပါတယ်။ရှန်ဟိုင်းမှာ လူနာသစ်တစ်ဦး တွေ့ရှိခဲ့သလို ပေကျင်းမှာ ၃ ဦးနဲ့ ကွမ်တုန်မှာ ၁၃ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း Positive လူနာစတင်တွေ့ရှိပြီလို့ ကြေညာခဲ့ပါတယ်။တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင်က COVID-19 ဗိုင်းရပ်စ်ဟာ လူလူချင်းကူးစက်နိုင်တယ်လို့ ကြေညာပါတယ်။စင်ကာပူအစိုးရဟာ Grand Hyatt Hotel မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာအစည်းအဝေးတစ်ခုမှာ ရောဂါလက္ခဏာပြသနေသူ ၅ ဦး တွေ့ရှိခဲ့တာမို့ မိခင်တိုင်းပြည်ထံ ပြန်ပို့ခဲ့ပါတယ်။ လူဦးရေ ၁၀၉ ဦးတက်ရောက်တဲ့ အဆိုပါအစည်းအဝေးကို နိုင်ငံခြားသား ၉၆ ဦးအထိလာရောက်ခဲ့တာဖြစ်ပြီး မလေးရှး၊ တောင်ကိုရီးယားနဲ့ စင်ကာပူဒေသခံတချို့မှာ ရောဂါလက္ခဏာတွေ တွေ့ရှိခဲ့ရတာပါ။၁၉၊ ဇန်နဝါရီ၊ ၂၀၂၀ – ဝူဟန်အပြင်ဘက်မှာ ပထမဆုံး လူနာစတင်တွေ့ရှိခဲ့ရပါတယ်။ ၃ ဦးတွေ့ရှိခဲ့တာဖြစ်ပြီးတော့ တစ်ဦးက ကွမ်တုန်ကဖြစ်ကာ ၂ ဦးက ပေကျင်းကဖြစ်ပါတယ်။ဝူဟန်ဓာတ်ခွဲခန်းက လည်း လူနာသစ် ၁၃၆ ဦးထပ်တွေ့တယ်လို့ ကြေညာခဲ့ပြီး စုစုပေါင်း ၂၀၁ ဦးအထိရှိလာပြီလို့ ကြေညာခဲ့သလို သေဆုံးသူအရေအတွက်ဟာလည်း ၃ ဦးအထိရှိလာပါတယ်။၁၈၊ ဇန်နဝါရီ၊ ၂၀၂၀ – ၁၆ ရက်ဆက်တိုက် လူနာသစ်မတွေ့ဘူးလို့ တရုတ်အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အတည်ပြုပြီးလူနာ ၄၁ ယောက်သာရှိပါတော့တယ်။ လူနာတွေဟာ အသက် ၃၀ နဲ့ ၇၉ နှစ်အကြားအရွယ်တွေဖြစ်ကြပြီး ၈ ဦးက ပြင်းထန်တယ်လို့ ဆိုပါတယ်။အဆိုပါနေ့မှာ ဝူဟန်အာဏာပိုင်အစိုးရအဖွဲ့ဟာ နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလုပ်ရပ်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြင်းအထန် ဝေဖန်ခံခဲ့ရသလို နောက်ပိုင်းမှာ ရောဂါကူးစက်သူအရေအတွက်ဟာလည်း ရာချီ မြင့်တက်လာခဲ့ပါတယ်။၁၇၊ ဇန်နဝါရီ၊ ၂၀၂၀ – ထိုင်းနိုင်ငံမှာ ဒုတိယမြောက်ရောဂါသည် ထပ်မံတွေ့ရှိပါတယ်။ အသက် ၇၄ နှစ်အရွယ် တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး ဝူဟန်ကနေ ဘန်ကောက်ကို လောယာဉ်နဲ့ လာရောက်ခဲ့သူဖြစ်ပါတယ်။တရုတ်အစိုးရရဲ့ Assets Supervision and Administration Commission ရဲ့ ဦးဆောင်အရာရှိ ယန်ရှောင်ဘိုဟာ ဟန်ကိုရိုနာရောဂါနဲ့ ကွယ်လွန်ပါတယ်။၁၆၊ ဇန်နဝါရီ၊ ၂၀၂၀ – COVID-19 ပိုး Positive ဖြစ်နေတဲ့ လူနာ စတင်တွေ့ရှိကြောင်း ဂျပန် ကျန်မာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက WHO ထံ အကြောင်းကြားခဲ့ပါတယ်။ အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ တရုတ်လူမျိုး အမျိုးသားဟာ ပင်လယ်စာဈေးကို မရောက်ဖူးပေမယ့် ဝူဟန်က ရောဂါပိုးရှိသူတွေနဲ့ တွေ့ဆုံဖူးခဲ့တယ်လို့ သံသယရှိခြင်းခံထားရသူဖြစ်ပါတယ်။၁၅၊ ဇန်နဝါရီ၊ ၂၀၂၀ – ဒုတိယမြောက် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး အသက် ၆၉ နှစ်အရွယ် အဘိုးအိုတစ်ဦးဖြစ်ပါတယ်။ ချာရတီဆေးရုံရဲ့ အကူအညီနဲ့ WHO က ရောဂါပိုးစမ်းသပ်စစ်ဆေးနိုင်မယ့် နည်းလမ်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။၁၄၊ ဇန်နဝါရီ၊ ၂၀၂၀ – လပ်ထက်ပြီး လင်မယားနှစ်ဦးလုံး တပြိုင်နက်တည်း ကူးစက်ခံထားရကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ လူလူချင်းကူးစက်နိုင်ခြေရှိကြောင်း သံသယရှိမှု မြင့်တက်လာပါတယ်။၁၃၊ ဇန်နဝါရီ၊ ၂၀၂၀ – ထိုင်းနိုင်ငံမှာ သံသယရှိလလူနာ စတင်တွေ့ရှိခဲ့ပါတယ်။ အသက် ၆၁ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝူဟန်ဒေသခံတစ်ဦးလည်းဖြစ်ပါတယ်။ ထူးခြားချကက် သူမဟာ ဝူဟန် ပင်လယ်စာဈေးကို ရောက်ဖူးခြင်းမရှိသူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမမှာ ရောဂါပိုးရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။၁၁-၁၂၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်နိုင်ငံအတွင်းက လူ ၇၀၀ ကျော်ကို ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ပြီး ၄၁ ဦးမှာ ပိုးကူးစက်ခံထားရကြောင်း သိရှိခဲ့ရပါတယ်။ အဆိုပါစစ်ဆေးမှုမှာ ကျန်းမာရေးဝန်ထမ်း ၄၀၀ ကျော်လည်း ပါဝင် စစ်ဆေးခံခဲ့ကြရပါတယ်။WHO ဟာ ခရီးသွားတွေအတွက် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။၁၀၊ ဇန်နဝါရီ၊ ၂၀၂၀ – 2019-nCoV ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ပြီး SARS ရောဂါနဲ့ မျိုးတစ်ခုတည်းက ဆင်းသက်လာတာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ ရောဂါအကြောင်း စတင်ဖွင့်ချခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းမှာ ချောင်းခြောက်ဆိုးတာအပါအဝင် ရောဂါလက္ခဏာတစ်ချို့ စတင်တွေ့ရှိခဲ့ကြပါတယ်။ ဒေါက်တာလီရဲ့ မိဘတွေကိုလည်း ဆေးရုံတက်ခဲ့ကြရပါတယ်။ ဒေါက်တာလီဟာ ရောဂါကူးစက်ခံခဲ့ရတယ်လို့ သံသယအဖြစ်ခံခဲ့ရပေမယ့် ဆေးစစ်မှု ရလဒ်တွေမှာ အကြိမ်ကြိမ် Negative သာ ပြသနေခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ရောက်မှသာ ရောဂါပိုးရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။၉၊ ဇန်နဝါရီ၊ ၂၀၂၀ – တုပ်ကွေးရောဂါသစ်ကြောင့် ပထမဆုံး သေဆုံးသူရှိလာခဲ့ပါတယ်။ အသက် ၆၁ နှစ် အရွယ် တရုတ်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တာဖြစ်ပြီးတော့ နာတာရှည်အသည်းရောဂါအခံ ရှိနေသူတစ်ဦးဖြစ်ပါတယ်။2019-nCoV ဗိုင်းရပ်စ်ဟာ SARS လောက် အသက်အန္တရာယ်ကို ချိန်းခြောက်နိုင်တဲ့ ရောဂါမျိုးမဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။၈၊ ဇန်နဝါရီ၊ ၂၀၂၀ – 2019-nCoV လို့အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ကြေညာခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံက တုပ်ကွေးရောဂါသစ်ကူးစက်ခံထားရတယ်လို့ သံသယရှိလူနာ စတင်တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးဖြစ်ပြီးတော့ မကြာသေးခင်ကမှ တရုတ်နဲ့ ဟောင်ကောင်ကို ခရီးသွားခဲ့သူတစ်ဦးဖြစ်တယ် ဖော်ပြခဲ့ပါတယ်။၇၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်အာဏာပိုင်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ #WuhanSARS ဆိုတဲ့စာသားနဲ့ တင်တဲ့ စာသားတိုင်းကို ဖျက်ချခဲ့ပါတယ်။ သတင်းမှား ဖြန့်ချိသူတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။အမေရိကန် CDC က တရုတ်ပြည်၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့က ခရီးသွားတွေကို သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။၆၊ ဇန်နဝါရီ၊ ၂၀၂၀ – ဝူဟန်ကျန်းမာရေးအာဏာပိုင်တွေဟာ တခြားတုပ်ကွေးတွေလို အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တယ်ဆိုတဲ့ အချက်ကို ဆက်လက်ငြင်းဆိုခဲ့ကြပါတယ်။၅၊ ဇန်နဝါရီ၊ ၂၀၂၀ – ရောဂါကူးစက်ခံရသူ ၅၉ ဦးအထိ တိုးမြင့်လာခဲ့ပါတယ်။ ၇ ဦးဟာ စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။ အားလုံးကို သီးခြားခွဲခြားထားခဲ့သလို ဆေးဝန်ထမ်းတွေကိုလည်း သီးသန့်စောင့်ကြည့်မှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအချိန်အထိ လူလူချင်းကူးစက်တာမျိုး၊ ဆေးဝန်ထမ်းတွေဆီ ကူးစက်တာမျိုးဖြစ်နိုင်ကြောင်း သက်သေမပြနိုင်သေးပါဘူး။၄၊ ဇန်နဝါရီ၊ ၂၀၂၀ – ဟောင်ကောင်တက္ကသိုလ် ကူးစက်ရောဂါဗဟိုဌာနက ဒေါက်တာ ဟိုပတ်လျန်းက တုပ်ကွေးရောဂါသစ်ဟာ လူအချင်းချင်း ကူးစက်နိုင်ကြောင်း စတင်သတိပေးခဲ့ပါတယ်။COVID-19 ရောဂါသည်လို့ ယူဆရတဲ့ လူနာတစ်ဦး စတင်တွေ့ရှိကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နမိုးနီးယားဝေဒနာ ခံစားနေရတဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ပြီး တရုတ်ပြည်ဝူဟန်ကနေ ပြန်လာတာမကြာသေးဘူးလို့ ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့မှာဆိုတော့ အဆိုပါကလေးငယ်ဟာ ရောဂါသစ် ကူးစက်ခံထားရခြင်းမရှိဘူးလို့ ပြန်လည်ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ရောဂါနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ချပြခဲ့ခြင်းမရှိတဲ့အတွက် တရုတ်အစိုးရကို ဝေဖန်မှုတွေ စတင်မြင့်တက်လာခဲ့ပါတယ်။၃၊ ဇန်နဝါရီ၊ ၂၀၂၀ – National Institute of Viral Disease Control and Prevention (NIVDC) က တရုတ်သိပ္ပံပညာရှင်တွေဟာ လူနာတွေဆီက ရယူထားတဲ့ နမူနာတွေကို အသုံးပြုပြီး တုပ်ကွေးရောဂါသစ်ရဲ့ မျိုးဗီဇပုံစံကို ဖန်တီးဖို့ စတင်ကြိုးပမ်းခဲ့ကြပါတယ်။လူနာအရေအတွက် ၄၄ ဦးအထိ တိုးလာခဲ့ပြီး ၁၁ ဦးက ဆိုးရွား ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ကောလဟာလဖြန့်ချိမှုနဲ့ ဒေါက်တာ လီဝမ်လျန်းကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။၂၊ ဇန်နဝါရီ၊ ၂၀၂၀ – ဝူဟန်မြို့ထဲမှာ COVID-19 ကူးစက်ခံရသူ ၄၁ ဦးအထိ ရှိလာပါတယ်။ အဲ့ဒီထဲက ၂၇%သော လူနာတွေဟာ ပင်လယ်စာဈေးထဲကနေ ကူးစက်လာတာလို့ ဓာတ်ခွဲခန်းက အတည်ပြုနိုင်ခဲ့ပါတယ်။ တုပ်ကွေးလူမမာတွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းကုသဖို့ ဆုံးဖြတ်လိုက်ပြီး ကျန်ယင်တန်ဆေးရုံဆီ အားလုံးကို ပို့ဆောင်လိုက်ပါတယ်။၁၊ ဇန်နဝါရီ၊ ၂၀၂၀ – အစိုးရက ဝူဟန် ပင်လယ်စာဈေးကို ပိတ်သိမ်းလိုက်ပါတယ်။ The Lancet ဆေးပညာဂျာနယ်ရဲ့ ဖော်ပြချက်အရ အဲဒီလိုပိတ်သိမ်းတယ်လို့ တကယ်တမ်းကြေညာချိန် မတိုင်ခင်ကတည်းက ဈေးကို ရှင်းလင်းပြီးနေပြီလို့ ဆိုပါတယ်။၃၁၊ ဒီဇင်ဘာ၊ ၂၀၁၉ – ဝူဟန် မြူနီစပယ် ကျန်းမာရေးစင်တာက ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စုံစမ်းစစ်ဆေးမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ The Lancet ဆေးပညာဂျာနယ်က ဖော်ပြခဲ့ပါတယ်။၃၀၊ ဒီဇင်ဘာ၊ ၂၀၁၉ – ဝူဟန်ဗဟိုဆေးရုံကြီးက အထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လီဝမ်လျန်းက သူတို့ဆေးရုံမှာ တက်နေတဲ့ လူနာ ၇ ဦးကို ကုသမှုတွေမအောင်မြင်ကြောင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဆီ WeChat ကနေတဆင့် အကြောင်းကြားခဲ့တာ ပေါက်ကြားခဲ့ပါတယ်။ ဒီအခြေအနေကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။တရုတ်အာဏာပိုင်တွေကလည်း အဆိုပါ သတင်းပေါက်ကြားမှုအတွက် ဆရာဝန် ၈ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။ ရောဂါဆိုးအကြောင်း ပထမဆုံးဖွင့်ချခဲ့တဲ့ ဒေါက်တာ လီဟာ လူနာကနေတဆင့် တုပ်ကွေးရောဂါသစ် ကူးစက်ခံခဲ့ရပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှာ ဆေးရုံတင်ကုသမှုခံယူခဲ့ပေမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒေါက်တာလီရဲ့ ဖွင့်ချမှုကြောင့် ဆိုရှယ်မီဒီယာတွေမှာ ဒီရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့်ရေးသားဖော်ထုတ်မှုတွေ ရှိလာခဲ့ပါတယ်။ဟောင်ကောင် ကျန်းမာရေးနဲ့ အစားအသောက်ဝန်ကြီးဌာနက ဝန်ကြီးဖြစ်သူ ဆိုဖီယာ ချန်ဆျူးချီးက ဌာနတွင်း အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး နမိုးနီးယားဖျားနာနေသူတွေနဲ့ ၁၄ ရက်အတွင်း ဝူဟန်ကနေ ရောက်လာသူတွေကို သီးသန့်ခွဲခြားထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။၃၁၊ ဒီဇင်ဘာ၊ ၂၀၁၉ – ဝူဟန် မြူနီစပယ် ကျန်းမာရေးစင်တာက ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စုံစမ်းစစ်ဆေးမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ The Lancet ဆေးပညာဂျာနယ်က ဖော်ပြခဲ့ပါတယ်။၂၉၊ ဒီဇင်ဘာ၊ ၂၀၁၉ – တရုတ် CDC ရဲ့ ထုတ်ပြန်ချက်အရ ဝူဟန်အခြေစိုက် ဆေးရုံတစ်ရုံမှာ အဆိုပါ နမိုးနီးယားကူးစက်ခံထားရသူ ၄ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဆိုပါလူ ၄ ဦးလုံးဟာ ပင်လယ်စာဈေးက အလုပ်သမားတွေဖြစ်ကြပါတယ်။ တရုတ်အစိုးရနဲ့ ဟူဘေးပြည်နယ်က အာဏာပိုင်တွေဟာ ကျွမ်းကျင်သူတွေကို စေလွှတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပါတယ်။၂၄၊ ဒီဇင်ဘာ၊ ၂၀၁၉ – စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက COVID-19  (Coronavirus) လို့ အမည်ပေးထားတဲ့ ရောဂါပိုး ကူးစက်ခံရသူ စင်ကာပူမှာ စတင်တွေ့ရှိထားတယ်လို့ ကြေညာပါတယ်။၂၁၊ ဒီဇင်ဘာ၊ ၂၀၁၉ – တရုတ်နိုင်ငံ ရောဂါထိမ်းချုပ်ရေးဗဟိုဌာနက နမိုးနီးယားနွယ်ဝင်ရောဂါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။၁၈၊ ဒီဇင်ဘာ၊ ၂၀၁၉ – ဒီဇင်ဘာ ၈ ရက်ကနေ ၁၈ ရက်အကြားကာလမှာ နောက်ထပ် ရောဂါပိုးကူးစက်ခံထားရသူ ၆ ဦး ထပ်မံတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီထဲက ၂ ဦးဟာ ဝူဟန်မြို့က ပင်လယ်စာဈေးကနေ ကူးစက်ခံခဲ့ရတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။၁၂၊ ဒီဇင်ဘာ၊ ၂၀၁၉ – တရုတ်အစိုးရပိုင် CCTV သတင်းဌာနက အမျိုးအမည်မသိ ရောဂါပိုးပျံ့နှံ့မှုဖြစ်စဉ်လို့ စတင်သုံးစဲလာပါတယ်။၈ ဒီဇင်ဘာ၊ ၂၀၁၉ – ထူးဆန်းတဲ့ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံထားရတဲ့ ဝေဒနာရှင်တစ်ဦးကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပထမဆုံးအကြိမ် စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဘာမှန်းမသိသေးတဲ့ အဆိုပါရောဂါကို COVID-19 လို့ နာမည်ပေးခဲ့ကြပါတယ်။[covid_19]။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%9d%e1%80%b0%e1%80%9f%e1%80%94%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%96/
ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရသလား
ညဘက် အိပ်လို့ကောင်းနေပြီ ဆိုရင် ထပြီး ဆီးသွား ရတာ အတော် စိတ်ညစ်ရတဲ့ ပြဿနာ ပါ။ အိပ်ပျော်နေတဲ့ အချိန် ၆ နာရီ – ၈ နာရီခြား တစ်ကြိမ် ဆီး ထသွားနေရတာ ဘယ်လို အိပ်ရေးဝ နိုင်ပါတော့မလဲ။ ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရတယ်ဆိုရင်ဆီးချိုများဖြစ်နေပြီလားစိတ္တဇဖြစ်ရပါသေးတယ်။ အမှန်က ဖြစ်နိုင်ခြေ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။ကိုယ်ကရေသောက်များနေတာလား၊ ရောဂါအခံ တစ်ခုခု ကြောင့်လား စသည်ဖြင့်ပေါ့။ အဲဒီမေးခွန်းလေးတွေ ကို ဆက်ပြီး အဖြေထုတ်ကြည့် ရအောင်။ရေသောက်များတာ၊ အထူးသဖြင့်အိပ်ခါနီးရေများများ သောက်မိတာက ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ၃ နာရီ အတွင်း ရေသိပ်မသောက်ပါနဲ့။ ဆီးများတဲ့ပြဿနာ ကြုံနေရတယ် ဆိုရင် ညနေပိုင်းအယ်လ်ကိုဟောတွေ သောက်တာ၊ကဖင်းတွေ သောက်တာ ရှောင်ပါ။ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် နေ့ရော၊ ညဘက်ပါ ဆီး ခဏခဏ သွားရတတ်ပါတယ်။ ဒီအကြောင်းရင်း ကြောင့်သာ ဆိုရင် ဆီးသွားတဲ့ အခါ နာကျင်တာ ရှိနိုင်တယ်။ ကိုယ်ပူဖျားတာလည်း ရှိနိုင်ပါတယ်။အသက်ကြီးလာလေ ညဘက် ဆီးသွားတဲ့ အကြိမ်ရေ များလာလေပါပဲ။ အသက်ကြီးလာတဲ့အခါ မနက်ထိ ဆီးကို ထိန်းထားနိုင်အောင် ထိန်းကူပေးတဲ့ဟော်မုန်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ်ပေးတာ လျော့လာပါတယ်။ဒါ့ကြောင့် အသက်ကြီးတဲ့ သူတွေဟာ ညဘက် အိမ်သာ ထသွားရတာ အကြိမ်ရေ ပိုများလေ့ ရှိပါတယ်။ ယောကျာ်းလေး၊ မိန်းကလေး ကွာခြားချက် ကလည်း အရေးပါပါသေးတယ် –။ကိုယ့်ကျန်းမာရေးကြောင့် ဆရာဝန်ညွှန်ကြားချက်အရ သောက်သုံးနေရတဲ့ ဆေးဝါးတွေထဲမှာ ဆီးသွားများစေမယ့် ဆေးတချို့ ပါဝင်နေနိုင်ပါတယ်။တစ်ခါတလေ ဆီးသွားချင်လို့ အိပ်ရာက နိုးလာတာ ရှိသလို အိပ်မပျော်လို့ အိမ်သာပဲ သွားနေရတာလည်း ရှိနိင်ပါတယ်။ တစ်နေ့တာရဲ့ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေကြောင့် ညဘက် အိပ်မပျော်၊ အိပ်မပျော်တော့ ဆီထသွား၊ ဆီး ထသွား ရတော့ ပြန်အိပ်မရ။ ဒါနဲ့ပဲ သံသရာလည် နေတော့တာမျိုး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုးကနေ မျက်စိကြောင်သွားနိုင်ပါတယ်။နှလုံးလုပ်ဆောင်ချက် မကောင်းတဲ့ ရောဂါရှိသူတွေဟာ နေ့ဘက်တော့ ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်မှာ အရည်တွေ စုပြီး နှလုံးက ပုံမှန်အလုပ်မလုပ်နိုင်ပါဘူး။ ညအိပ်တော့ လှဲလိုက်တဲ့အခါမှ ကမ္ဘာ့ဆွဲအား မရှိတော့တဲ့အတွက် အဲဒီအရည်တွေက သွေးလည်ပတ်မှုထဲ ပြန်ရောက်လာပြီး ဆီးလည်း ပိုသွားရစေပါတယ်။ကိုယ့်မှာဆီးချိုသွေးချိုရှိနေရင်လည်း ဆီးသွားတဲ့ ပမာဏနဲ့ အကြိမ်ရေ ပိုများတတ်ပါတယ်။ မသေချာရင် သွေးစစ်ပြီး အဖြေထုတ်သင့်ပါတယ်။အပေါ်က ဖြစ်နိုင်ခြေတွေအပြင် ညဘက် ဆီး ခဏခဏ သွားရတဲ့ တခြားအကြောင်းရင်း တွေလည်း ရှိပါသေးတယ် –။နေ့စဉ် ရက်ဆက် ညတိုင်းကို ဒီပြဿနာကြောင့် ဒုက္ခရောက်နေရတယ်၊ နောက်ဆက်တွဲ တခြားလက္ခဏာတွေပါ ဖြစ်လာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဖြေရှာသင့်ပါတယ်နော်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/surprising-reasons-you-might-be-waking-up-in-the-middle-of-the-night-to-pee/
ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း
ဝက်ခြံဆိုတာ အသက်အရွယ် မရွေး၊ ကျား/မမရွေး ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး အရေပြား ပြဿနာ တစ်မျိုးပါ။ ဝက်ခြံက အချိန်မရွေးလည်း ပေါက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ဝက်ခြံက မပျောက်တော့ဘူးလား။ ဝက်ခြံကင်းချင်တယ်ဆိုတဲ့ စိတ်ကူးလေးက စိတ်ကူးသက်သက်ပဲ ဖြစ်တော့မှာလား ဆိုတော့ မဟုတ်သေးပါဘူး။  ဒီစိတ်ကူလေးကို အကောင်အထည် ဖော်နိုင်စေဖို့ ထောက်ကူပေမယ့် ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ကို မျှဝေပေးချင်ပါတယ်။ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့်အသားအရေ ထိန်းသိမ်းနည်း ကို မဝေမျှခင် ဝက်ခြံ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံး အရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်း အရင်ပြောပြပါရစေ။ အရေပြားပေါ်မှာချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား၊ အရေပြားပေါ်ကဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။ ဝက်ခြံကိုဖြစ်စေတဲ့ အကြောင်းအရင်းကလည်း တော်တော်လေးများပါတယ်။ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဝက်ခြံ အဖြစ်လွယ်သူတွေ အနေနဲ့ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့အချို့သော အပြုအမူလေးတွေကိ အမှုမဲ့ အမှတ်မဲ့ လုပ်မိနေတတ်ကြပါတယ်။ ဒီတော့ ဝက်ခြံ သက်သာစေဖို့ဆိုရင် နေ့စဉ် အခုပြောပြမယ့် အချက်လေးတွေကို သတိထားစေချင်ပါတယ်။ဝက်ခြံပေါက်တာကို ဆံပင်စည်းရင် ပျောက်မယ်ဆိုတော့ မဖြစ်နိုင်တာလို့ တွေးနေပြီလား။ ဖြစ်နိုင်ပါတယ်။ ဒီလိုပြောရတာက ဆံပင်မှာ ကပ်ညှိနေတဲ့ အရာတွေက ချွေးပေါက်တွေကို ပိတ်ဆို့တာ၊ ဘက်တီရီးယားတွေ ချွေးပေါက်ထဲ ရောက်ရှိတာတွေ ဖြစ်စေပြီး ရှိရင်းစွဲ ဝက်ခြံတွေကို ပိုဆိုးစေနိုင်သလို ဝက်ခြံ အသစ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ ဆံပင်တွေကို သေချာ စည်းထားဖို့ ပြောပါရစေ။ရေနွေးငွေ့က ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို သေချာ သန့်စင်ပြီး အဝကျယ် ဇလုံထဲမှာ ရေနွေးထည့်လို့ အငွေ့ကို ခံပေးပါ။ ပြီးမှ မျက်နှာကို သန့်ရှင်းရေးဆက်လုပ်ပါ။ဝက်ခြံရှိသူတွေအတွက် ထုတ်ထားတဲ့ ချေးချွတ်ဆေး တစ်ခုခုနဲ့ မျက်နှာ အသားအရေကို တစ်ပတ် (၂) ကြိမ်လောက် ချေးချွတ် သန့်စင်ပါ။ ချေးချွတ်ပြီးတိုင်းမှာ ရောတ်ဖြည့်ပေးဖို့လည်း မမေ့ပါနဲ့။လက်ချောင်းတွေမှာ မမြင်နိုင်တဲ့ ရောဂါပိုးတွေ အများကြီး ရှိနိုင်ပါတယ်။ ညစ်ပေနေတဲ့ လက်နဲ့ မျက်နှာကို ကိုင်တွယ်ထိတွေ့တာက ဝက်ခြံဖြစ်စေဖို့ တွန်းအားပေးနေတာပါ။ ဒါကြောင့် လက်ကို သေချာသန့်စင်ပြီး မျက်နှာ အသားအရေကို ထိန်းသိမ်းချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ မျက်နှာကို ကုတ်ဖဲ့တာ၊ ဝက်ခြံညှစ်တာမျိုးတွေ မလုပ်ပါနဲ့။မျက်နှာကို ခဏခဏ သစ်တာမျိုး မဟုတ်ဘဲ တစ်နေ့ကို ၂ ကြိမ်လောက် ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးလေးနဲ့ သေချာလေး သန့်စင်ဆေးကြောဖို့ပါ။ မျက်နှာကို သေချာသန့်စင်ပေးတာက ဝက်ခြံမဖြစ်အောင် ကာကွယ်ရာရောက်သလို ရှိရင်းစွဲ ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေကို သိသွားပြီဆိုတော့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွကို လိုက်နာပြီး ဝက်ခြံတွေကို သက်သာစေဖို့နဲ့ ထပ်မဖြစ်စေဖို့ အသားအရေလေးကို သေချာ ထိန်းသိမ်းလိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/skin-tips-for-acne-prone-skin/
အတွင်းသို့ပြန်ပေါက်နေသော အမွေးတွေကို ကောင်းမွန်စွာ ဖယ်ရှားရန်နည်းလမ်းများ
အမွေးတွေဟာ အတွင်းသို့်ပြန်ပေါက်ရန် ဖိနှိပ်ခံရသောအခါ အရေပြားအပြင်ဘက်ကို ကောင်းကောင်းမပေါက်နိုင်တော့ဘဲ အတွင်းဘက်ကို ပေါက်သောအမွှေးတွေ ဖြစ်လာတတ်ပြီး နာကျင်စေတဲ့ အနီရောင်အဖုအဖြစ်ပြောင်းလဲကာ ရောဂါပိုးဝင်ရောက်စေနိုင်ပါတယ်။ သင်ဟာ အလှပြင်ဆိုင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ဖယောင်းနှင့်အမွေးချွတ်ခြင်း ပြုလုပ်တဲ့အခါ အတွင်းကိုပြန်ပေါက်တဲ့အမွေးတွေဖြစ်လာတတ်ပါတယ်။ ဖိခြင်းခံရတဲ့နေရာတွေမှာ အတွင်းကိုပေါက်တဲ့ အမွှေးတွေအဖြစ်များတတ်ပါတယ်။( ဥပမာ- အတွင်းခံနေ့တိုင်းဝတ်တဲ့သူမှာ အတွင်းခံကြိုးနေရာမှာ တွေ့ရတတ်ပါတယ်)။အတွင်းကိုပြန်ပေါက်တဲ့အမွှေးတွေကို ဖြစ်စေသောအကြောင်းများ။လူတိုင်းမှာ အတွင်းကိုပြန်ပေါက်တဲ့ အမွှေးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ အမွှေးကြမ်းပြီးကောက်တဲ့လူတွေမှာ ပိုအဖြစ်များတတ်တယ်။ အမွှေးရိတ်ပြီးတဲ့အချိန် သို့ ညှပ်ပြီးတဲ့အချိန်မှာ ကောက်တဲ့အမွှေးဟာ နောက်ကိုပြန်ကွေးပြီး အရေပြားအောက်ကိုပြန်ဝင်သွားတတ်တယ်။ဒါ့ပြင် တချို့လိင်နှင့်ဆိုင်သောဟော်မုန်းအထွက်များတဲ့ လူတွေဟာ အမွေးပိုပေါက်တဲ့အတွက် အမွေးရိတ်ပြီးချိန်မှာ အတွင်းသို့ ပြန်ပေါက်တာအဖြစ်များတယ်။အမွှေးထူထူကောက်ကောက်တွေကို ပိုင်ဆိုင်တဲ့လူမျိုးတွေမှာ Pseudofolliculitis လို့ခေါ်တဲ့ အတွင်းကိုပြန်ပေါက်တဲ့ အမွေးတွေရှိတတ်ကြတယ်။ Razor အဖုလို့ အသိများကြတယ်။ ဒီအဖုလေးတွေဟာ ပါးသိုင်းမွှေးပေါက်တဲ့နေရာမှာ တွေ့ရများပြီး သင်မလိုလားတဲ့အမွေးတွေကို ဖယ်ရှားဖို့အတွက် မုတ်ဆိတ်ရိတ်ခြင်း၊ ဖယောင်းကပ်ခွာသုံးခြင်း(သို့) ဆွဲနှုတ်ပြီးချိန်တို့မှာ တွေ့ရတတ်တယ်။ အတွင်းကိုပေါက်တဲ့ အမွှေးတွေရဲ့အစွန်းဟာ ချွန်ထက်နေတတ်တဲ့အတွက် အရေပြားအောက်ကိုလွယ်ကူစွာ ဝင်ရောက်နိုင်ပြီး ပိတ်မိနေတတ်တယ်။အတွင်းကိုပေါက်တဲ့အမွှေးတွေကို ဘယ်လိုဖယ်ရှားမလဲ။အဝတ်အစားကျပ်ကျပ်တွေ ဝတ်ခြင်းမှရှောင်ကြဉ်ပါ။အကယ်၍ သင်ဟာ ကိုယ်ခန္ဓါကောက်ကြောင်းပေါ်စေတဲ့ အတွင်းခံမျိုး ( Spanx shapewear) ဝတ်တဲ့အခါ အဝတ်တွေက သင်နှင့်ကြည့်ကောင်းတယ် လို့ခံစားရနိုင်ပါတယ်။ သို့သော် အတွင်းကိုပြန်ပေါက်တဲ့အမွေးတွေ အဖြစ်များတာ ဘာကြောင့်လို့ သင်ထင်ပါသလဲ။ တင်းကြပ်တဲ့ အတွင်းခံတွေက သင့်ရဲ့မွှေးညင်းပေါက်တွေကို အားနှင့်ဖိတာတို့ ပွတ်တိုက်တာတို့ ဖြစ်စေတယ်။ ထိုအကြောင်းကြောင့် အမွှေးတွေကို အပြင်သို့မပေါက်စေဘဲ လိမ်ကောက်ပြီး အရေပြားအတွင်းသို့ ပြန်ဝင်စေတယ်လို့ အရေပြားဆရာဝန် Ava Shamban M.D ကပြောတယ်။ ဂျင်းဘောင်းဘီကျပ်ကျပ်တွေကို အကြာကြီးဝတ်ရင်လည်း ဖြစ်စေနိုင်ပါတယ်။ရေပန်းအောက်မှာ အမွေးရိတ်ဖို့ အချိန်အနည်းငယ်သုံးပါ။အမွေးရိတ်ခြင်းဟာ အရေပြားကို ဖိအားပေးသလိုဖြစ်စေတယ်၊ မွှေးညင်းပေါက်တွေကို ပျက်ဆီးစေတယ်၊ အတွင်းဘက်သို့ အမွေးပြန်ပေါက်ဖို့ကို အားပေးတယ်။ ထိုသို့မဖြစ်စေရန် သင်ဟာ ရေချိုးပြီးနောက်မှ အမွေးရိတ်တာကို လုပ်သင့်တယ်လို့ ဗီးနပ်စ်မှအရေပြားဆရာဝန် Jody Levine,M.D. ကအကြံပြုထားတယ်။ ဒီအချိန်ခဏလေးဟာ မွှေးညင်းပေါက်တွေကို အစိုဓါတ်ဖြည့်ပေးနိုင်တဲ့အပြင် အမွှေးတွေက ပျော့ပျောင်းနေပြီး ရိတ်တဲ့ အချိန်မှာ အမွေးတွေကို အတင်းဆွဲနှုတ်မိတာမျိုး မဖြစ်အောင် လျော့ချပေးပါတယ်။ အမွှေးတွေကို အတင်းဆွဲနှုတ်လေလေ အမွှေးတွေကောက်ပြီး အတွင်းသို့ဝင်ပြီး အဖုဖြစ်နိုင်ချေများလေပဲလို့ Levine ကဆိုပါတယ်။အစိုဓါတ်ဖြည့်ပေးတဲ့ အမွေးရိတ်တဲ့ ခရင်မ် သုံးပါ။ကြမ်းပြီးကောက်တဲ့ အမွေးတွေက အတွင်းသို့ ပြန်ပေါက်နိုင်ချေများတာကြောင့် သင့်အတွင်းခံဘောင်းဘီကြိုးနေရာတွေက အဖြစ်များဆုံးနေရာဖြစ်တတ်တယ်။ သင့်ခါးပတ်အောက်ပိုင်းနေရာတွေကို အမြဲချောမွေ့နေဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ အမွေးရိတ်တိုင်း အစိုဓါတ်ဖြည့်ပေးတဲ့ ခရင်မ်ကိုလိမ်းပါ။ဆဲလ်သေတွေကို ကွာကျအောင်လုပ်ပါ။အမွေးတွေမဖယ်ရှားခင် ဆဲလ်သေတွေကို ကွာကျအောင်ပြုလုပ်တာဟာ အတွင်းကိုပြန်ပေါက်တဲ့အမွေးတွေကို မဖြစ်စေနိုင်ပါဘူး။ အရေပြားက ဆဲလ်သေတွေနဲ့ထူလေလေ အရေပြားကိုဖြတ်ပြီး ဖြောင့်တန်းစွာအမွေးပေါက်ဖို့ခက်လေလေ လို့ မျက်နှာအလှအပခွဲစိတ်ဆရာဝန် James Marotta.M.Dကပြောပါတယ်။ ဆဲလ်အသေတွေ ဖယ်ရှားခြင်းဟာ အမွှေးတွေကို ကောင်းစွာပေါက်စေနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%b1/
COVID-19 ဗိုင်းရပ်စ်က တစ်ချိန်က ဆားစ်ရောဂါထက် ပိုဆိုးသွားနိုင်လား
တစ်ချိန်က ကမ္ဘာအနှံ့မှာရှိတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ဆားစ်ရောဂါ(SARS) ကို လူတော်တော်များများ မှတ်မိကြမယ်ထင်ပါတယ်။ ဆားစ်ရောဂါဟာလည်း အခုဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ်လိုပဲ တရုတ်နိုင်ငံကနေပဲ စတင်လာခဲ့တာဖြစ်ပါတယ်။ ဆားစ်ရောဂါတုန်းက လပိုင်းအနည်းငယ်အတွင်း ဥရောပတိုက်၊ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အာရှတိုက်မှာ ရှိတဲ့ နိုင်ငံပေါင်း ၂၀ နဲ့အထက်ကို ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း ၈၀၀၀ ကျော် ကူးစက်ခံရပြီး ၈၀၀ ကျော် အသက်သေဆုံးခဲ့ရပါတယ်။ ထိုစဉ်က ရောဂါပိုးတုံ့ပြန်မှုနဲ့ပတ်သက်ပြီး ဝေဖန်အပြစ်တင်ခံရတဲ့ တရုတ်အစိုးရအနေနဲ့ ဒီတစ်ခေါက်COVID-19ကိုရိုနာဗိုင်းရပ်စ်ကိုတော့ လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။COVID-19 ဗိုင်းရပ်စ်သည်လည်း ဆားစ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါကို ဖြစ်စေပြီး ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းအပြင် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။ လက်ရှိမှာလည်း ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းက ဝူဟန်ဗိုင်းရပ်စ်ပိုးကို အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ထားပြီး ပြည်သူလူထုကို ဒီပြဿနာအရေးနဲ့ပတ်သက်လို့ မပေါ့ဆဖို့ သတိပေးထုတ်ပြန်ထားပါတယ်။လက်ရှိမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကူးစက်ခံရသူပေါင်း ၂၀၀၀၀ ကျော်၊ သေဆုံးသူပေါင်း ၄၂၇ ဦးထိရှိနေပြီး တရုတ်နိုင်ငံသာမက တခြားနိုင်ငံတွေမှာပါ လူသေမှုများ တိုးလာပြီဖြစ်ပါတယ်။ ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် ၆၀ နဲ့အထက် အသက်ကြီးပိုင်းတွေ ဖြစ်ပြီး ကျန်တဲ့ ၂၀ရာခိုင်နှုန်းကတော့ ကလေးအရွယ်၊ ကိုယ်ခံအားနည်းသူတွေ၊ တခြားရောဂါအခံရှိသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ သေဆုံးသူတွေရဲ့ ၃ပုံ ၂ပုံကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။စင်္ကာပူနိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ ၁၈ ယောက်ရဲ့ အခြေအနေဟာ ဝေဒနာသက်သာပြီး ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်နေတယ်လို့ သတင်းရရှိပြီး အမေရိကန်နိုင်ငံမှာ ပထမဆုံး ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိသူကို သေချာစောင့်ကြည့်စစ်ဆေးပြီး ရောဂါမရှိဘူးဆိုတာ သိရတဲ့နောက်မှာ ဆေးရုံကနေ ပြန်လွှတ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ အပျော်စီးဇိမ်ခံသင်္ဘောပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တစ်ယောက်တွင် ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ခရီးသည်အပါအဝင် သင်္ဘောပေါ်မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကိုပါ ထိန်းသိမ်းစောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းကိုလည်း ကြားသိရပါတယ်။နိုင်ငံအများစုမှာတော့တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခွင့် လုံးဝပိတ်ပင်တားဆီးထားပြီး အမေရိကန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာဆိုရင် ပြင်းပြင်းထန်ထန် တားမြစ်ခြင်း၊ အမိန့်ထုတ်ပြန်ခြင်း၊ လေဆိပ်လုံခြုံရေးတွေမှာ စက်ကိရိယာများဖြင့် စစ်ဆေးခြင်း ပြုလုပ်လျက်ရှိနေပါတယ်။ တရုတ်နိုင်ငံအတွင်းမှာလည်း လူပေါင်း သန်း ၆၀ ကျော်ကို ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ထားဆဲဖြစ်ပြီး နိုင်ငံရပ်ခြားမှ လာရောက်လည်ပတ်ကြတဲ့ ခရီးသည်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ အလုပ်လုပ်ကိုင်နေသူတွေကို မကြာမီအချိန်တွင်းမှာ မွေးရပ်နိုင်ငံဆီသို့ ပြန်လည်ပို့ဆောင်ပေးဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ မြန်မာကျောင်းသားကျောင်းသူတွေကိုလည်း ယမန်နေ့ ဖေဖော်ဝါရီလ ၃ရက်နေ့မှာ မြန်မာနိုင်ငံဆီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး စောင့်ကြည့်စစ်ဆေးဆဲ အခြေအနေအတိုင်းပဲ ရှိပါသေးတယ်။ယခုအခြေအနေအရ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ၊ သေဆုံးသူအရေအတွက်ဟာ ဆားစ်ရောဂါလောက် မများသေးတဲ့တိုင်အောင် ကုသရန်ဆေးထုတ်လုပ်နိုင်ဖို့ အချိန်ကြာမြင့်နိုင်ခြင်း၊ မျိုးဗီဇပြောင်းလဲရာမှ ဖြစ်လာတဲ့ ဗိုင်းရပ်စ်ပိုးအသစ်ဖြစ်တာက တစ်ကြောင်းကြောင့် တစ်ကမ္ဘာလုံးအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ၊ ရောဂါထိန်းချုပ်မှုတွေသာ မလုပ်နိုင်ခဲ့ဘူး၊ အချိန်မမီခဲ့ဘူးဆိုရင်တော့ ဒီ့ထက်အခြေအနေ ပိုဆိုးနိုင်တယ်လို့ သံသယရှိပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ဒီရောဂါပိုးကို ထိန်းချုပ်ဖို့၊ ကုသဖို့ ဆေးဝါးအမြန်ပေါ်ပေါက်လာဖို့ကိုပဲ မျှော်လင့်ထားစရာ ရှိပါတော့တယ်။ပြည်သူလူထုအနေနဲ့လည်း အရမ်းကြီးစိုးရိမ်ကြောက်လန့်တာမျိုး၊ လုံးဝမကြောက်မရွံ့ဘဲ ခပ်ပေါ့ပေါ့လေးနေတာမျိုးထက် ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်တာ၊ ကိုယ်ခံအားကောင်းအောင်လုပ်တာ၊ ဘယ်သွားသွား Mask ကို နည်းစနစ်မှန်ကန်စွာ တပ်ဆင်တာ၊ လက်ကို အမြဲတမ်းဆေးဖို့နဲ့ မျက်နှာ၊ နှာခေါင်း၊ မျက်လုံး၊ ပါးစပ်တွေကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ဖို့ ထပ်မံမှာကြားလိုပါတယ်။၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ CNN သတင်းဌာနမှ နောက်ဆုံးထုတ်ပြန်ထားသော သတင်းဖြစ်ပါသည်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%9d%e1%80%b0%e1%80%9f%e1%80%94%e1%80%ba%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%80-%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%bb/
ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ
ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ။ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဆိုတာ တစ်ကယ်တော့ အမျိုးသားတွေအတွက် အင်မတန်အရေးကြီးတဲ့ကိစ္စတွေထဲမှာ ပါဝင်နေပါတယ်။ ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ မျိုးပွားစနစ်တစ်ခုလုံးက ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။အသက်အရွယ်ကြောင့်သော်လည်းကောင်း ရောဂါကြောင့်သော်လည်းကောင်း ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း ယောင်္ကျားတွေအားလုံးဟာ တစ်သက်မှာ တစ်ခါတော့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုခံစားရနိုင်ပါတယ်။အကယ်၍များ သင့်အနေနဲ့ ဒီရောဂါလက္ခဏာတွေကို တွေ့ကြုံနေရပြီ ဆိုရင်တော့ ဆီးလမ်းကြောင်းဆိုင်ရာဆရာဝန်ဆီကိုသွားပြီး ဆွေးနွေးကုသမှုခံယူဖို့လိုအပ်နေပါပြီ။ဆီးအကျိတ်ဆိုတာကတော့ ဆီးအိမ်နဲ့လိင်တံကြားမှာတည်ရှိနေပြီး prostate လို့ခေါ်တဲ့ အကျိတ်ကလေးတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားထက်ပိုပြီး ကြီးလာတဲ့အခါ ဆီးသွားရာမှာ ခက်ခဲစေပါတယ်။ နောက်ဆက်တွဲ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ဆီးသွားရာမှာကသိကအောင့်ဖြစ်နေနိုင်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့။လိင်တံ စတင်ထောင်မတ်ရာတွင် သို့မဟုတ် ဆက်လက်ထောင်မတ်နေစေရန် ထိန်းထားနိုင်စွမ်းမရှိခြင်းကလည်း အတွေ့များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ ကုသမှုအနေနဲ့ သာမန်သောက်ဆေး၊ကျားဟော်မုန်းဆေးများဖြင့် ကုသမှုခံယူနိုင်သလို ခွဲစိပ်ကုသခြင်းများနှင့် ရိုးရာအပ်စိုက်ခြင်းနည်းလမ်းများဖြင့် ကုသမှုပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆေးလိပ်ဖြတ်ခြင်း လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်းနည်းလမ်းများဖြင့်လည်း သက်သာအောင်ပြုလုပ်နိုင်ပါသေးတယ်။အကယ်၍များ ဆီးသွားနေတုန်း ပူတာ၊ ကျင်တာကိုသတိထားမိခဲ့မယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့လက္ခဏာတွေဖြစ်နိုင်တဲ့အတွက် မပေါ့ပါနဲ့။ ဆီးလမ်းကြောင်းဆိုင်ရာ ဆေးစစ်မှုတွေပြုလုပ်ပြီး အခြားရောဂါတွေ မဟုတ်ကြောင်းကိုတော့ သေချာအောင်ပြုလပ်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပိုးသတ်ဆေးသောက်ဆေးတွေနဲ့ပဲ ကိစ္စပြီးပါတယ်။သုတ်ရည်ကိုထုတ်ပေးတဲ့ အကျိတ်ရောင်ယမ်းခြင်းကလည်း အမျိုးသားအများစုကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ သုတ်ရည်အကျိတ်ရောင်ရမ်းလာမယ်ဆိုရင် ခံစားရမယ့် လက္ခဏာတွေကတော့။ဆီးအကျိတ်ရောင်ယမ်းတဲ့အခါ ခံစားရတဲ့ရောဂါလက္ခဏာတွေက ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါ့ကြောင့် ဆီးနှင့်ကျောက်ကပ်အထူးကုတွေထံ သွားရောက်ပြီး တိတိကျကျ ကုသမှုခံယူဖို့လိုအပ်ပါတယ်။ကလေးရဖို့ခက်ခဲနေတဲ့ အကြောင်းအရာတွေထဲမှာ မျိုးမအောင်ခြင်းကလည်း အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ မျိုးမအောင်စေတဲ့ အချက်တွေကတော့။မျိုးမအောင်တာကို ကုသဖို့အတွက်လည်း နောက်ခံအကြောင်းအရာကို ရှာဖွေပြီး စနစ်တကျကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်းတစ်နေရာရာမှာ သထ္ထုဓာတ်တွေနဲ့ ယူရစ်အက်စစ်လို ခန္ဓာကိုယ်တွင်းက ဒြပ်ပေါင်းတွေ အနည်ကျတာများလာတဲ့အခါ ကျောက်တည်တတ်ပါတယ်။ ကျောက်တည်ရင် မခံမရပ်နိုင်အောင်နာပေမယ့် ဒီနာတာကြောင့်ပဲ လွယ်ကူစွာ သိရှိနိုင်ပါတယ်။ ဘယ်လိုပျောက်ကင်းအောင် ကုသရမလဲဆိုတာကတော့ တည်တဲ့ကျောက်ရဲ့အရွယ်အစားနဲ့ နေရာအပေါ်မူတည်ပါတယ်။ အရွယ်အစားသိပ်မကြီးရင် သောက်ဆေးနဲ့ကုသလို့ရပေမယ့် အရွယ်ကြီးတဲ့ကျောက်တွေဆိုရင်တော့ ခွဲစိပ်ကုသရပါမယ်။အမျိုးသားတွေ အသေအပျောက်အများဆုံး ကင်ဆာစာရင်းမှာ နံပတ် ၂ နေရာကပြေးနေတာ ဝှေးစေ့ကင်ဆာပါ။ ဝှေးစေ့ကင်ဆာအတွက် အရေးကြီးတာကတော့ စောစောရှာတွေ့နိုင်ဖို့ပါပဲ၊ အသက် ၄၀ အရွယ်ဆိုရင် အမျိုးသားတွေအားလုံး နှစ်စဉ် AFP လို့ခေါ်တဲ့ ဆေးစစ်မှုကိုပြုလုပ်သင့်ပါတယ်။ ကင်ဆာရဲ့အဆင့်ပေါ်မှာမူတည်ပြီး သောက်ဆေး၊ ခွဲစိတ်မှု ဒါမှမဟုတ် ဓာတ်ရောင်ခြည်ပြဖို့ လိုမလိုကို ခွဲခြားဖို့လိုအပ်ပါတယ်။ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/common-urological-issues/
သင့်ကျောက်ကပ်ကို ကာကွယ်ပါ
Hello ဆရာဝန် ပရိတ်သတ်ကြီး မင်္ဂလာပါ။ဒီတစ်ခေါက် ဆောင်းပါးမှာတော့ သင့်ရဲ့ကျောက်ကပ်ကို ဘယ်လိုကျန်းမာအောင်နေရမလဲဆိုတာ ဆွေးနွေးပေးသွားမှာပါ ။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆရာဝန်လောင်းလျာတစ်ယောက် ကျောက်ကပ်ရောဂါဖြစ်တာကို Facebook မှာ တွေ့လိုက်ရမှာပါ ။ ရုတ်တရက်ကြီး ထဖြစ်တတ်တာမျိုးလည်း ရှိတဲ့အတွက် ကျောက်ကပ်ကို ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ် ။အရင်ဆုံး ကျောက်ကပ်ရဲ့ လုပ်ငန်းကို ရှင်းပြမှာပါ ။ ခန္ဓာကိုယ်‌မှာ နေ့စဉ်လှုပ်ရှားစားသောက်နေသမျှမှာ မလိုအပ်တဲ့ မကောင်းတဲ့ဓါတ်တွေ ပါပါတယ် ။  ကျောက်ကပ်က သွေးထဲကနေခန္ဓာကိုယ်အတွက် ကောင်းတာတွေကို စစ်ယူ၊ မကောင်းတာတွေကို ဖယ်ရှားစေပြီး ဆီးထဲကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးပါတယ် ။  ဒါ့အပြင် သွေးတိုးရောဂါ ထိန်းချုပ်ခြင်း ၊ သွေးနီဥများ ပြုလုပ်ခြင်း ၊ အရိုးများ သန်မာဖို့အတွက် လိုအပ်တဲ့ Vitamin D ထုတ်ခြင်းတွေမှာလည်း အရေးပါတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ် ။ ဒါ့ကြောင့် သင့်ကျောက်ကပ်ကို ကျန်းမာစေဖို့အတွက်။ပုံမှန်ကျန်းမာရေးလေ့ကျင့်ခြင်းကကိုယ်အလေးချိန်လျှော့ချခြင်းထက်ပိုပြီး အရေးကြီးပါတယ် ။ နာတာရှည်ကျောက်ကပ်ရောဂါ မဖြစ်စေဖို့အတွက် ၊ နှလုံးကျန်းမာရေးနဲ့ သွေးတိုးထိန်းညှိဖို့အတွက် ပုံမှန်လေ့ကျင့်ခန်းတွေက အရေးကြီးပါတယ် ။ဒါမှသာ သင့်ရဲ့အဖိုးတန်တဲ့ ကျောက်ကပ်ကို ထိခိုက်မှု နည်းမှာ ဖြစ်ပါတယ် ။ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ ကျောက်ကပ်ကို ပျက်စီးစေခြင်းပါ ။ ခန္ဓာကိုယ်မှာ ပိုလျှံတဲ့ သကြားတွေကို မသုံးနိုင်တဲ့အခါ ကျောက်ကပ်က နဂိုထက် စစ်ထုတ်ခြင်းလုပ်ငန်းတွေကို ပိုလုပ်ရပါတယ် ။ နှစ်နဲ့ချီပြီး အလုပ်တွေ ပိုလုပ်ရချိန်မှာတော့ ကျောက်ကပ်ထိခိုက်တတ်လာပါတယ် ။ ဒါ့ကြောင့် ဆီးချိုကို ထိန်းဖို့ ကိုယ်တွင်းသကြားဓါတ် မများဖို့ လိုအပ်ပါတယ် ။‌။သွေးတိုးရောဂါကလည်း မထိန်းနိုင်ရင် ‌ကျောက်ကပ်ကိုပါ ထိခိုက်စေတတ်ပါတယ် ။ အထူးသဖြင့် သွေးတိုးခြင်း ၊ ဆီးချိုရောဂါနဲ့ ‌သွေးတွင်းအဆီဓါတ်များခြင်း စတဲ့ရောဂါသုံးခုပေါင်းစပ်လိုက်ရင်တော့ ကျောက်ကပ်ကို ထိခိုက် မှုပိုပြီး ကြီးမားပါတယ် ။ ဒါ့ကြောင့် သွေးတိုးရောဂါကို ထိန်းဖို့ သွေးမတိုးအောင် ကာကွယ်ဖို့ လိုအပ်ပါတယ် ။ရေများများသောက်ခြင်းက အဆိပ်တွေ Sodium ဆားဓါတ်တွေကို ကျောက်ကပ်ကနေ ဖယ်ရှားပေးပါတယ် ။ ဒါ့ကြောင့် နာတာရှည် ကျောက်ကပ်ရောဂါတွေကို မဖြစ်အောင် တားဆီပေးတဲ့ နည်းလမ်းတစ်ခုပါ ။ တစ်နေ့ကို ရေ တစ်လီတာခွဲ ကနေ နှစ်လီတာလောက်အထိ သောက်သုံးသင့်ပါတယ် ။ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးစေပါတယ် ။ ‌ဒါ့ကြောင့် ကျောက်ကပ်ဆီ‌ သွားတဲ့သွေးကြောတွေ ထိခိုက် မိပြီး ကျောက်ကပ်ကို သွေးအရောက်နည်းသွားပါတယ် ။ ရလဒ်အနေနဲ့ ကျောက်ကပ်ကို ပျက်စီးတတ်ပါတယ် ။နောက်တစ်ချက်ကတော့ ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်စေတတ်ခြင်းပါ။ ဆီးလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ကင်ဆာတွေမှာ ဆေးလိပ်ရဲ့သက်ရောက် မှုကြီးပါတယ် ။ ဒါ့ကြောင့် ကျောက်ကပ်ဝေဒနာ မခံစားရအောင် ဆေးလိပ်တတ်နိုင်သမျှ မသောက်ဖို့ အရေးကြီးပါတယ် ။ဒါ့အပြင်။အဆိုပါ လူတွေကကတော့ ကျောက်ကပ်ပျက်စီးနိုင်ချေများတဲ့ risk person တွေ ဖြစ်တဲ့အတွက် ကျောက်ကပ် ကောင်းမကောင်း ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ကြောင်း အကြံပြုလိုက်ရပါတယ်။အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ရေးသားသူ – Dr.Aung Kyaw Myint။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%95%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba/
ဘေဘီလေးက ကင်းမွန် စားလို့ ရလား .......
ဘေဘီလေး အသက် ၆ လပြည့်လို့solid foodစစားလို့ရပြီဆိုတဲ့အချိန်မှာ ကျွေးမယ်ဆိုတဲ့ စာရင်းထဲကိုကင်းမွန်ကိုများ ထည့်ထားမိသေးလား မေမေတို့ရေ ….. ဒါဆိုရင်တော့ စဉ်းစားရမှာ တစ်ချက်ကဘေဘီလေးက အစာမာ စစားချိန်မှာ ကင်းမွန် စားလို့ရမလား …. တည့်ရောတည့်ရဲ့လား ဆိုတာပါ။ဒီ မေးခွန်းလေးတွေအတွက် အဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ဘေဘီလေးက ကင်းမွန်စားလို့ ရလားဆိုတော့ စားလို့ ရပါတယ်။ ကင်းမွန်က ရေနေသတ္တဝါ ဖြစ်ပြီး ဘေဘီလေးတွေ စားသုံးလို့ရတဲ့ အစားအစာ တစ်မျိုးပါ။ဒါဆို ဘယ်အရွယ်မှာ ဘေဘီလေးကို ကင်းမွန်စ ကျွေးရမလဲလို့ သိချင်နေပြီဟုတ်။  ဘေဘီလေး အသက် ၆ လပြည့်ပြီးအစာမာတွေကို စားတတ်ချိန်မှာ စပြီး ကျွေးလို့ရပြီဆိုပေမယ့် အကောင်းဆုံးက ဘေဘီလေး အသက် ၉ လပြည့်မှ ကျွေးတာပါ။ဘေဘီလေးကို ကင်းမွန် စကျွေးချိန်မှာလည်းဓာတ်မတည့်မှုဖြစ်လားဆိုတာကို သိနိုင်ဖို့ နည်းနည်းချင်းစီ စကျွေးပေးပါ။ နောက်တစ်ချက်က နင်တာမျိုး မဖြစ်စေဖို့ အတုံးသေးသေးလေးတွေ တုံးပြီး ကျွေးပေးဖို့ပါ။ကင်းမွန်မှာ။ကင်းမွန်တွေက အခြား ရေနေသတ္တဝါတွေထက် ပြဒါးဓာတ် ပါဝင်မှုနည်းပြီး ဘေဘီလေးတွေနဲ့ ပိုသင့်တော်ပါတယ်။ အကြောင်းကတော့ ကင်းမွန်က သက်တမ်းတိုတာကြောင့်ပင်လယ်ရေရဲ့ ညစ်ညမ်းမှုနဲ့ ထိတွေ့မှုနည်းပြီးပြဒါးပါဝင်မှုနည်းတာပါ။ဘေဘီလေးကို ကင်းမွန် ကျွေးတဲ့အခါ လတ်ဆတ်ပြီးဆားပါဝင်မှုမရှိတာမျိုး ဖြစ်ဖို့ လိုပါမယ်။ နောက်တစ်ခုက သေချာသန့်စင်ဖို့နဲ့ မင်အိတ် မပါစေဖို့ပါ။ဘေဘီလေးကို ကင်းမွန်ကျွေးတာကနေ အခုလို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ကင်းမွန်က shellfish  မျိုးရင်းဝင် တစ်မျိုးပါ။ အာဟာရ ပါဝင်မှုများတဲ့ ပင်လယ်စာ တစ်ခုဆိုလည်း မမှားပါဘူး။ ကင်းမွန်မှာပရိုတင်း ပါဝင်မှုများသလို၊ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ အင်အားပြည့်စေဖို့ ထောက်ကူပေးမှာပါ။ကင်းမွန်က ၁၀၀ ဂရမ်မှာမှ ကယ်လ်လိုရီ ပါဝင်မှုက ၇၅ ကနေ ၈၅ ကယ်လ်လိုရီပဲ ရှိတာပါ။ ဒါကြောင့် ဘေဘီလေးကို အာဟာရ အပြည့်အဝ ရရှိစေပြီးအဝလွန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ကင်းမွန်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းကို ပြည့်ပြည့်ဝဝ ရရှိစေနိုင်ပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ပရိုတင်း ပြည့်ဝမှုက ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေမှာပါ။ကင်းမွန်မှာ ဗီတာမင် B12 နဲ့ B6 ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာစေနိုင်သလို သွေးကျန်းမာစေပါတယ်။ ဘေဘီလေးကို နှလုံး ကျန်းမာစေပြီး ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဆီလီနီယမ် နဲ့ ဗီတာမင် E ပါဝင်မှု နည်းတာကြောင့် ဘေဘီလေးကို ကိုယ်ခံအား နည်းစေပြီး နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို ဘေဘီလေးကို ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေမှာပါ။ကဲ…. ဘေဘီလေးကို ကင်းမွန် ကျွေးပေးလို့ ရပါတယ်နော် မေမေတို့ရေ…….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-baby-eat-squid/
ရုတ်တရက်ကျောက်ကပ်ပျက်စီး ခြင်း
ရုတ်တရက်ကျောက်ကပ်ပျက်စီး တယ်ဆိုတာ ကျောက်ကပ်က ရုတ်တရက် သူ့အလုပ်ကို မလုပ်နိုင်တော့တာပါ။ နည်းနည်းပျက်စီးတာလဲဖြစ်နိုင်သလို လုံးဝအလုပ်မလုပ်နိုင်တာလဲ ဖြစ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီး တာက ကျောက်ကပ်ကိုယ်တိုင်မကောင်းတာကြောင့်ဖြစ်နိုင်သလို တခြားအကြောင်းအရင်းတစ်ခုကြောင့် ကျောက်ကပ်မှာ နောက်ဆက်တွဲလာထိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အသက်ကြီးပြီးရောဂါအခံတစ်ခုခုရှိတဲ့သူတွေ၊ နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူတွေမှာပိုဖြစ်တတ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးတာက မြန်မြန်သိ မြန်မြန််ကုနိုင်ရင် ပိုကောင်းပါတယ်။ မကုနိုင်ရင် ကိုယ်ထဲမှာ ဓာတ်ဆားတွေ၊ အညစ်အကြေးတွေပုံလာပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာမှာပါ။ ကျောက်ကပ်လုံးဝအလုပ်မလုပ်တော့ရင်တော့ကျောက်ကပ်ဆေးရမှာပါ။ မဟုတ်ရင် အသက်အန္တရာယ်ရှိပါတယ်။အဓိကအကြောင်းရင်း၃ခုကတော့။ကျောက်ကပ်ကို သွေးကောင်းကောင်းမလျှောက်စေတဲ့အကြောင်းတွေကတော့။ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေတဲ့ အကြာင်းတွေကတော့။ဆီးတွေအပြင်ကိုမထွက်နိုင်ဘဲ ကျောက်ကပ်မှာပြန်ပုံနေစေတဲ့ အကြောင်းတွေကတော့။တစ်ခါတစ်လေဘာလက္ခဏာမှမပြဘဲ သွေးစစ်လိုက်မှသိတာမျိုးလည်းရှိပါတယ်။ဘယ်လိုကုသကြမလဲ။ရုတ်တရက်ကျောက်ကပ်ပျက်စီးတဲ့သူတွေက ဆေးရုံတက်ပြီး ကုသမှုခံယူရမှာပါ။ ဆေးရုံတက်ပြီး။-ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို သေချာတွက်ချက်ပေးရပါမယ်။ နည်းရင် ကျောက်ကပ်ကို ပိုပျက်စီးစေပြီး များရင်လည်း ပိုဖော ပိုမောလာမှာပါ။-သွေးတွင်းပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းထားရပါမယ်။-လိုအပ်ရင်ကျောက်ကပ်ဆေးပြီး သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။ဘယ်တော့ကျေက်ကပ်ပျက်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေနည်းအောင်လို့။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/acute-kidney-injury/
ရုပ်ပျို ကိုယ်နုစေဖို့ ကူညီပေးမယ့် အစားအသောက် လေးတွေ
နုပျို ချင်တယ်၊ အရွယ်တင်ချင်တယ် ဆိုရင် အရင်ဆုံး စကင်န်ကဲ မယ်၊ အဲဒီနောက် မျက်နှာကို ကြိုးထိုးမယ်၊ Filler ထိုးမယ်၊ ပေါင်းတင်မယ်၊ အလှပြုပြင်ခွဲစိတ်မယ် စတဲ့ နည်းလမ်းတွေကို စဉ်းစားတတ်ကြတယ်။ဒါပေမယ့် မျက်နှာတင် မကဘဲ တစ်ကိုယ်လုံးရဲ့ အသားအရေ တင်းရင်း နုပျို စေဖို့၊ သဘာဝအတိုင်း အရွယ်တင်စေဖို့ ကူညီပေးမယ့် အာဟာရဓာတ်တွေကို မေ့မထားသင့်ပါဘူး။ ခန္ဓာကိုယ်မှာ မရှိမဖြစ်တဲ့ အာဟာရဓာတ်တွေက အရေပြားကို အားဖြည့်ပေးနိုင်တာကို သတိရလိုက်ပါ။ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအရွက်တွေ စားသုံးတာက အသားအရေ နုပျို စေတဲ့ အကြောင်းရင်းတစ်ချက် ဆိုတာ သုတေသနပညာရှင်တွေက ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။အရေးအကြောင်းတွေ၊ ရင့်ရော်မှုတွေနဲ့ ပတ်သက်တဲ့ ကုစားမှုရလဒ်ကောင်းတွေကို အသီးအရွက်တွေဆီကနေ ရရှိနိုင်ပါလိမ့်မယ်။ အရွယ်တင် နုပျို စေဖို့ ကူညီပေးမယ့် အစားအစာတချို့ကို ဖော်ပြလိုက်ပါတယ်။ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C ၊ K ၊ အမျှင်ဓာတ် နဲ့ မျက်စိကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ Lutein ၊ သံဓာတ် ချို့တဲ့သွေးအားနည်းခြင်းကို ကာကွယ်ပေးတဲ့ ဖောလိတ် တို့အပြင် အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်ပါ ပါဝင်တာကြောင့် သူတစ်ခုတည်းနဲ့တင် အသားအရေ အတွက်ရော၊ အရိုးနဲ့ မျက်စိကျန်းမာရေး အတွက်ပါ အာဟာရပြည့်စေနိုင်ပါတယ်။ခန္ဓာကိုယ်မှာ အရေပြားတင်းရင်းမှုကို အားဖြည့်ပေးတဲ့ ကော်လာဂျင်တွေကို ထုတ်လုပ်နိုင်ဖို့အတွက် ဗီတာမင် C ကို လိုအပ်ပါတယ်။ကန်စွန်းဥ မှာ beta-carotene လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းကြောင့် အသားအရေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် အပြင် နူးညံ့ချောမွေ့မှု နဲ့ နုပျို မှု ကိုပါ ရရှိနိုင်ပါတယ်။ဘလူးဘယ်ရီ မှာ ဗီတာမင် A နဲ့ C အပြင် အရွယ်တင်နုပျိုစေတဲ့ ရောင်ခြယ်ပစ္စည်း anthocyanin လည်း ကြွယ်ဝ ပါတယ်။သူ့ရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ကော်လာဂျင် ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အသားအရေကို ရင့်ရော်စေတဲ့ နေဒဏ်၊ လေထုညစ်ညမ်းမှုဒဏ်၊ စိတ်ဖိစီးမှု ဒဏ်တွေ ရန်က ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ကန်စွန်းရွက်ဟာ ဈေး သက်သာပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ အရွက်တစ်မျိုးပါ။ ကန်စွန်းရွက်စိမ်းစိမ်းလေး တွေမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောစ့်စဖောရက်စ် နဲ့ ဗီတာမင် A,C,K, B1 နဲ့ B2 တို့ ကြွယ်ဝစွာ ပါပါတယ်။ဒါ့အပြင်ကန်စွန်းရွက်ဟာ အဆိပ်အတောက်တွေ ကိုလည်း သန့်စင်ပေးတယ်၊ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် သတ္တုဓာတ်တွေ စုပ်ယူမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဗီတာမင် A နဲ့ C လိုမျိုး အသားအရေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်တွေ ပါမှတော့ အရေးအကြောင်းတွေ မပေါ်အောင် ထိန်းသိမ်းပေးပါလိမ့်မယ်။အစိမ်းရောင်အရွက် ဖြစ်တဲ့ ဟင်းနုနွယ်ဟာ ဗီတာမင် A အများဆုံးပါဝင်တဲ့ အစားအစာတစ်ခုပါ။ ဒီတော့ မျက်လုံး အတွက်ရော၊ ဆံပင် အတွက်ရော၊ အသားအရေ အတွက်ရော အားဖြည့်ပေးတဲ့ အာဟာရ ဖြစ်နေပါတော့တယ်။ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝတဲ့ ပန်းငရုတ်ပွ အနီရောင်မှာ ဗီတာမင် C တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသက်ကြီးလာရင် တဖြည်းဖြည်း လျော့လာတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို ပြန်အားကောင်းစေပါတယ်။သူ့မှာ ပါဝင်တဲ့ အနီရောင်ခြယ် ပစ္စည်း Carotenoids က ပြင်ပက လေထုညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ဖြစ်တဲ့ အသားအရေ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။အရသာချိုချိုအေးအေး သင်္ဘောသီးလေးမှာ အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင် A,C,E,K ကြွယ်ဝတဲ့အပြင် ဓာတ်တိုးပစ္စည်းတွေ လည်း ပါဝင်တာကြောင့် သင့်ကို အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ်ပေးမှာပါ။ဒါအပြင် ဆဲလ်သေတွေကိုဖယ်ပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုလည်း အားပေးတာကြောင့် သင်္ဘောသီးကို မျက်နှာပေါ် တိုက်ရိုက်ပေါင်းတင်ပေးလို့လည်းရသလို အချိုပွဲအနေနဲ့လည်း ထည့်စားပေးလို့ရပါတယ်။အကျိုးပြုအဆီဓာတ်တွေ ပါဝင်တဲ့ အပြင် ဗီတာမင် A နဲ့ B အဓိက ပါဝင်တဲ့ ထောပတ်သီးဟာ အသားအရေအတွက် အကောင်းဆုံး ဓာတ်စာတစ်ခုပါ။ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆိပ်အတောက်တွေ ကိုလည်း သန့်စင်ပေးတာကြောင့်ထောပတ်သီးစားပေးရင် ဝင်းလက် တောက်ပပြီး အရေးအကြောင်း ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ရနိုင်ပါတယ်။စိတ်ပျို ကိုယ်နုစေဖို့ တခြားလုပ်သင့်တာတွေလည်း လုပ်ပါ၊ သဘာဝကပေးတဲ့ ဒီအာဟာရတွေကိုလည်း မေ့မထားပါနဲ့လို့ သတိပေးလိုက်ပါရစေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/foods-for-anti-aging/
အရေးအကြောင်း တွေ ဖြစ်တာကို လျော့နည်းအောင် ဂရုစိုက်ကြမယ်
လူတွေဟာ အသက်ကြီးလာတဲ့အခါအရေးအကြောင်းတွေ တဖြည်းဖြည်းဖြစ်လာပြီးအိုမင်းရင့်ရော်လာကြပါတယ်။ အဲဒီလို အရေးအကြောင်းတွေ ဖြစ်ရတာဟာ အဓိကအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှcollagenလို့ခေါ်တဲ့ အသားအရေကိုတင်းရင်းနုပျိုစေတဲ့ ပရိုတင်းလေးတွေ ထုတ်တာနည်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကတော့ လူတိုင်းမှာ ဖြစ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် အသက်အရွယ်ချင်းအတူတူတောင်မှ တချို့တွေက အရေးအကြောင်းတွေ သိပ်မရှိဘဲ ပိုပြီးနုပျိုကြတာကို တွေ့ဖူးကြမှာပါ။ ဒါက မျိုးရိုးဗီဇ နဲ့လည်း သက်ဆိုင်ပေမယ့် အခြား နေထိုင်မှုပုံစံတွေ၊ ဂရုစိုက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အရေးအကြောင်းတွေ ပျောက်ကင်းအောင်၊ နုပျိုအောင် ဆေးဝါး (သို့) ခွဲစိတ်ခြင်း အစရှိတဲ့ ခေတ်မီ နည်းလမ်းတွေလည်း အများကြီးလည်း ရှိလာပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ဆေးဝါးနဲ့ ခွဲစိတ်ပြုပြင်နည်းတွေနဲ့ မဟုတ်ဘဲ အရေးအကြောင်းတွေ မြန်မြန်မဖြစ်လာအောင်၊ လျော့နည်းအောင်၊ ပိုပြီးနုပျိုအောင် ဘယ်လိုနေထိုင်ကြမလဲ ဆိုတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။နေရောင်ခြည်နဲ့ အကာအကွယ်မပါဘဲ တိုက်ရိုက်ထိတွေ့ခြင်းက အရေးအကြောင်းတွေကို မြန်မြန်ဖြစ်လာစေနိုင်တဲ့ အဓိက အကြောင်းအရင်းတစ် ဖြစ်ပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်အရမ်းပြင်းတဲ့ မနက် ၁၀နာရီလောက်ကနေ ညနေ ၄နာရီလောက်ထိကို တတ်နိုင်သမျှ အပြင်မထွက်သင့်ပါဘူး။ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း နေလောင်ကာsunscreenကို အသုံးပြုသင့်ပါတယ်။ sunscreen ရွေးချယ်တဲ့အခါမှာ UV protection နဲ့ sun protection factor (SPF) အနည်းဆုံး 30 ပါဝင်တဲ့ sunscreen မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပေးမယ်ဆိုရင် အသားအရေပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြားတင်းရင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့်ရေများများသောက်ဖို့ မမေ့ကြပါနဲ့နော်။ရေများများသောက်ရုံတင်မကဘဲ မျက်နှာအသားအရေကို ရေဓာတ်ပြည့်နေစေဖို့ ကိုယ်နဲ့ အဆင်ပြေတဲ့moisturizerကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်အပြီးမှာ အသုံးပြုပေးသင့်ပါတယ်။ ဒါ့အပြင် လေ့လာချက်တွေအရhyaluronic acidနဲ့ ဗီတာမင် C ပါဝင်တဲ့ moisturizer တွေက အရေးအကြောင်းတွေဖြစ်လာတာကို လျော့နည်းစေတဲ့ အစွမ်းသတ္တိရှိတာကို တွေ့ရပါတယ်။အိပ်ရေးမဝတဲ့အခါမှာ ခန္ဓာကိုယ်က cortisol လို့ခေါ်တဲ့ ဟော်မုန်းလေးတွေ ပိုထုတ်ပါတယ်။ အဲဒီဟော်မုန်းလေးတွေက အရေပြားဆဲလ်လေးတွေကို ဖျက်ဆီးပစ်နိုင်ပြီး အရေးအကြောင်းတွေကို ပိုဖြစ်စေပါတယ်။ ဒါ့ကြောင့် တင်းရင်းကြည်လင်တဲ့ အသားအရည်ကိုရဖို့အိပ်ရေးဝအောင်(တစ်နေ့ကို အနည်းဆုံး ၈နာရီခန့်) အိပ်သင့်ပါတယ်။မျက်မှောင်ကျုံ့တဲ့အခါ မျက်နှာမှာ ရှိတဲ့ အရေပြားလေးတွေ၊ ကြွက်သားလေးတွေက အရမ်းအလုပ်လုပ်ရတဲ့အတွက် မကြာခဏမျက်မှောင်ကျုံ့တတ်တဲ့ သူတွေဆိုရင် အရေးအကြောင်းတွေ ပိုအဖြစ်လွယ်ပါတယ်။ ဒါ့ကြောင့် နေရောင်ကို မခံနိုင်လို့ မျက်မှောင်ကျုံ့ကျုံ့နေမိတယ်ဆိုရင် နေကာမျက်မှန် တတ်တာမျိုး၊ မျက်မှောင် ခဏခဏ ကျုံ့တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် သတိထားပြီး ပြုပြင်တာမျိုး၊ အားစိုက်ပြီး ကြည့်ရတာကြောင့် ဆိုရင် ဆရာဝန်နဲ့သေချာပြသပြီး လိုအပ်ရင် မျက်မှန်တပ်တာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ မျက်နှာအနေအထားကို ဖြေလျော့ထားဖို့ကလည်း အရေးကြီးပါတယ်။ဆေးလိပ်သောက်ခြင်းဟာ အသားအရေတင်းရင်းမှုတွေကို ဖြစ်စေတဲ့ collagen နဲ့ elastin fibres ပျက်စီးစေတဲ့အပြင် ဆေးလိပ်မှာပါတဲ့ nicotine က သွေးကြောတွေကို ကျဉ်းစေတာကြောင့် မျက်နှာကို သွေးစီးဆင်းမှုလျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် မျက်နှာဆီကို လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ မရနိုင်ဘဲ အရေးအကြောင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။၂၀၁၆ မှာလုပ်ထားတဲ့ လေ့လာချက်တစ်ခုအရ ဘေးတိုက်(သို့) မှောက်ပြီး အိပ်တဲ့သူတွေဟာ မျက်နှာအပေါ် ဖိမိတဲ့အားကြောင့် အရေးအကြောင်းတွေကို ပိုဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ဘေးစောင်း (သို့) မှောက်ပြီး အိပ်တတ်တဲ့သူတွေအနေနဲ့ တဖြည်းဖြည်းအချိန်ယူပြီးပက်လက်အိပ်တဲ့ပုံစံကို ကြိုးစားကြည့်သင့်ပါတယ်။အသင့်စား အစားအစာတွေ၊ snacks တွေ၊ ပြည့်ဝဆီများတဲ့ အစားအစာတွေ အများကြီးစားသုံးတဲ့ သူတွေမှာ အရေးအကြောင်းတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်စားနေတဲ့ အစားအသောက်ပုံစံကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။antioxidantနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝပြီး အသားအရည်ကို တင်းရင်းစေတဲ့ လက်ဖက်စိမ်း၊ သံလွင်ဆီ၊ ဆယ်လမွန်ငါး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ပန်းဂေါ်ဖီစိမ်း၊ အစေ့အဆံများ၊ နဲ့ သဘာဝအသီးအရွက်တွေ စားပေးသင့်ပါတယ်။ဒါ့ပြင် ဗီတာမင် A ကနေရရှိတဲ့ retinoid ဟာလည်း collagen ကို များအောင် ကူညီပေးနိုင်တဲ့အတွက် retinoid ကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး လိမ်းဆေးအနေနဲ့ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။Hello ဆရာဝန် ပရိသတ်ကြီးလည်း ဒီလို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေအသုံးပြုပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%90%e1%80%bd%e1%80%b1-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%ac%e1%80%80/
ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။
ရှမ်းခေါက်ဆွဲ၊ မြီးရှည်တို့နဲ့ တွဲစားလေ့ရှိတဲ့ မုန်ညှင်း၊ ကိုက်လန်၊မုန်လာဥနီ၊ ဂျူးမြစ်၊ကြွက်နားရွက်မှို၊ ကြက်သွန်ဥတို့နဲ့အတူ တကြွပ်ကြွပ် ဝါးစားလို့ကောင်းတဲ့ ပဲပိုးတီလေးတွေကို စားဖူးကြမယ် ထင်ပါတယ်။ ပဲပိုးတီ မပါတဲ့ အချဉ်တွေ ရှိသလို ပဲပိုးတီကို ကြိုက်လွန်းလို့ ပဲပိုးတီ ပါတဲ့ အချဉ်ကို ရွေးစားတဲ့သူတွေလည်း ရှိမယ် ထင်ပါတယ်။ဒီတစ်ခေါက်တော့ တကြွပ်ကြွပ်နဲ့ ဝါးစားလို့ ကောင်းတဲ့ ပဲပိုးတီလေးတွေက စားကောင်းရုံပဲလား။ကျန်းမာရေးကိုရော ထောက်ကူပေးသလားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ပဲပိုးတီကို အစိမ်းလိုက်ထက် ရှမ်းချဉ်တွေထဲမှာပဲ တွေးဖူးကြတာ များမယ် ထင်ပါတယ်။ တကယ်ကတော့ ပဲပိုးတီက အသီးလေးတွေ မဟုတ်သလို အစေ့လည်း မဟုတ်ပါဘူး။အရွက် အစိမ်းရောင် အပင် ခပ်ရွယ်ရွယ်လေးတွေရဲ့ မြေအောက်ထဲမှာ နစ်နေတဲ့ ဥလေးတွေပါ။ကန်စွန်းဥတို့အာလူးတို့လို မြေထဲက အမြစ်ဥလေးတွေပေါ့။ အဖြူရောင်၊ နို့နှစ်ရောင်လေး ရှိပြီး အရည်ရွှမ်းပါတယ်။ ချိုတဲ့ အရသာရှိပြီး စားရတာ အရသာရှိလှပါတယ်။ချက်စားလို့ရပေမယ့် များသောအားဖြင့်ကတော့ အချဉ်စိမ်ကြတာ များပါတယ်။ တရုတ်မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ပါတယ်။အရသာရှိတဲ့ ပဲပိုးတီလေးမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲလား။ ဆိုတော့ မဟုတ်ပါဘူး။ အခုလိုလေး ဆေးဖက်ဝင်ပါသေးတယ်။ပရိုတင်း ပါဝင်နေတာကြောင့် အရိုးနဲ့ ကြွက်သားတွေကို သန်မာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဗီတာမင် C ကလည်း ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းမချုပ်စေဖို့ ကာကွယ်ပေးသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်ပါတယ်။ အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှု ကောင်းစေပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပဲပိုးတီမှာ အရိုးနဲ့သွားတွေ ကြံ့ခိုင်သန်မာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် ဖြစ်တဲ့ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးနဲ့ သွားတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှု ကောင်းမွန်စေနိုင်ပါတယ်။ သွေးမတိုးစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။သံဓာတ် ပါဝင်နေတာကြောင့် သွေးအားနည်းတာမျိုး သံဓာတ်ချို့တဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကလည်း အရေပြားကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ပဲပိုးတီမှာ ဗီတာမင် A ပါဝင်နေတာကြောင့် မျက်လုံးနဲ့ အမြင်အာရုံကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပဲပိုးတီက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်။ကဲ ……. တကြွပ်ကြွပ်နဲ့ ဝါးလို့ကောင်းတဲ့ ရှမ်းချဉ်ထဲက ပဲပိုးတီ စားကောင်းရုံပဲ ဆိုတာထက် ပိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/chinese-artichoke-benefits/
တင်းတိပ် သက်သာစေမယ့် အိမ်တွင်းကုထုံးများ
တင်းတိပ်တွေကြောင့် စိတ်ညစ်နေပြီလား။ တင်းတိပ်တွေက သက်သာဖို့ခက်နေတယ် ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ တင်းတိပ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေနဲ့ တင်းတိပ် သက်သာစေမယ့်အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။တင်းတိပ် ဆိုတာကအသားအရေအရောင်ပြောင်းလဲသွားတာပါ။ နေရောင်နဲ့ ထိတွေ့မှု များတဲ့ မျက်နှာ အစိတ်အပိုင်းတွေမှာ မီးခိုးရောင် ဒါမှမဟုတ် အညိုရောင်အကွက်တွေ ဖြစ်လာတာပါ။အရေပြားပြဿနာတစ်မျိုးပေါ့။ ထိခိုက်အန္တရာယ်ဖြစ်စေတာမျိုးတော့ မရှိပါဘူး။တင်းတိပ်တွေက မျက်နှာပေါ်က။တင်းတိပ်က လူတိုင်းမှာ ဖြစ်နိုင်ပြီး အသားညိုတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ တင်းတိပ်ဖြစ်ရတာက မ ဟော်မုန်းတွေကြောင့် ဖြစ်ရတာမို့လို့ပါ။တင်းတိပ်က များသောအားဖြင့်တော့။တင်းတိပ်ဖြစ်စေတဲ့ အကြောင်းအရင်း တိတိကျကျကို အခုထိတော့ မသိရသေးပါဘူး။ အဖြစ်များတယ်လို့ ယူဆရတဲ့ အကြောင်းအရင်းတွေကတော့။တင်းတိပ် သက်သာစေမယ့်အိမ်တွင်းကုထုံးများကတော့။ရှားစောင်းလက်ပပ် ဂျယ်လီသားက ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး အရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ တင်းတိပ် သက်သာစေဖို့ ထောက်ကူပေးနိုင်သလို အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပြီး အရေပြားအတွင်းပိုင်းအထိ အားဖြည့်ပေးနိုင်ပါတယ်။နနွင်းမှာပါတဲ့ Curcumin က အရောင်ကျစေနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အသားအရေ ကျန်းမာစေပြီး တင်းတိပ်သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ခရမ်းလွန်ရောင်ခြည်ကြောင့် မယ်လ်လာနင်ထွက်ရှိတာကိုလည်း ဟန့်တားပေးပြီး အရေပြားမှာ တင်းတိပ် အပါအဝင် အရေပြားပြဿနာ တော်တော်များများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။လက်ဖက်စိမ်း ရေနွေးကြမ်း၊ ရေနွေးကြမ်းတွေက အရေပြားကို ကြည်လင်စေနိုင်ပါတယ်။ အရောင်ကျစေပြီး အစိုဓာတ်လည်း ထိန်းပေးပါတယ်။ အအေးခံထားတဲ့ ရေနွေးကြမ်းကို ဂွမ်းလုံးလေးနဲ့ယူပြီး တင်းတိပ်ဖြစ်တဲ့နေရာမှာ လိမ်းပေးတာက တင်းတိပ် သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးဖို့ လိုပါမယ်။ပဲနီလေးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် တင်းတိပ် သက်သာစေဖို့ ထောက်ကူပေးသလို အသားအရေကို ကြည်လင် လှပစေမှာပါ။ ပဲနီလေးကို တစ်ညတာ ရေစိမ်ပြီး နောက်နေ့မနက်မှာ အနှစ်ဖြစ်အောင် ကြိတ်လိုက်ပါ။ရလာတဲ့အနှစ်ကို တင်းတိပ်ပေါ်မှာ လိမ်းပြီး မိနစ် ၂၀ ကြာ ထားပေးပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ အရေပြား ခြောက်သွေ့မှု ကင်းပြီး တင်းတိပ် သက်သာစေမှာပါ။ခရမ်းချဉ်သီး အနှစ်ကလည်း နေရောင်ထိတွေ့မှုကြောင့် ဖြစ်တဲ့ တင်းတိပ်တွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ Lycopene ဒြပ်ပေါင်းက အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီး အနှစ်ကို သံလွင်ဆီနဲ့ ရောစပ်ပြီး တစ်ပတ်ကို ၂ ကြိမ်လောက် ခပ်ဖွဖွလေး လိမ်းပေးရုံပါ။သံပုရာရည်က အရောင်ကျစေတာကြောင့် တင်းတိပ်သက်သာစေဖို့ ထောက်ကူပေးပါတယ်။ သံပုရာရည်ကို ရေနဲ့ဆတူရောပြီး တင်းတိပ်ဖြစ်တဲ့နေရာကို လိမ်းပေးရမှာပါ။ အရေပြားက ထိခိုက်လွယ်မယ်ဆိုရင်တော့ ဒီနည်းက အဆင်မပြေပါဘူး။သဘာဝနည်းလမ်းတွေ ဖြစ်ပေမယ့် အရေပြားမှာ အသုံးပြုမယ်ဆိုရင် အနည်းငယ် စမ်းကြည့်ပါ။ တည့်မှ သုံးပါ။ တင်းတိပ်တွေက ကုသရခက်တာကြောင့် အိမ်တွင်းကုထုံးတွေကိုပဲ အားမကိုးဘဲ အရေပြားဆရာဝန်နဲ့ပါ သေချာပြသဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/melasma-treatment-at-home/
ကင်ပွန်းချဉ်ရွက် ကျန်းမာရေးအတွက် ကောင်းသလား
ချဉ်ရည်ဟင်းကျဲကျဲ အရည်သောက်လေးပဲ ချက်ချက်၊ ငါးလေးနဲ့ပဲ ချဉ်ရည် ချက်ချက်၊ ကြော်ပဲစားစား စားလို့ကောင်းတဲ့ကင်ပွန်းချဉ်ရွက်ကို သဘောတကျ စားနေလေ့ရှိတဲ့ သူလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ကင်ပွန်းချဉ်ရွက်က စားလို့ကောင်းရုံတင်လား ဆိုတော့ မဟုတ်ပါဘူး။ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ကင်ပွန်းချဉ်ရွက်ကို စားသုံးပေးတာက ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ကင်ပွန်းချဉ်ရွက် ဆိုတာ ကင်ပွန်းပင်ရဲ့ အရွက်ပါ။ အပင်ကြီးမျိုးပါ။ ရိုးတံမှာ အဆူးလေးတွေပါပြီး အရွက်လေးတွေက သေးသေးလေးတွေနဲ့ အခိုင်လိုက်ရှိပါတယ်။ကင်ပွန်းရွက်ကို စားကြပေမယ့် အသီးနဲ့ အခေါက်ကိုတော့ဆံသားနဲ့ အရေပြား ကျန်းမာရေးအတွက် အသုံးပြုကြပါတယ်။ နုတဲ့အချိန်မှာ ပန်းရောင်ရင့်ရင့်လေး ရှိပြီး ရင့်လာတဲ့အခါ အစိမ်းရောင် ပြောင်းလာပါတယ်။ ချဉ်တဲ့အရသာရှိပြီး ခံတွင်းရှင်းစေတဲ့ ဟင်းလျာ တစ်မျိုးပါ။စားရတာ အရသာရှိလှတဲ့ ကင်ပွန်းချဉ်ရွက်မှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ကင်ပွန်းချဉ်ရွက်က စားလို့ ကောင်းပြီး ထမင်းမြိန်စေသလို ကျန်းမာရေးအတွက်လည်း အခုလို ထောက်ပံ့ပေးပါတယ်။ကင်ပွန်းချဉ်ရွက်က အရသာလေးက ခံတွင်းရှင်းတာကြောင့် အစားပျက်နေသူတွေအတွက် ခံတွင်းလိုက်စေမယ့် ဟင်းရွက် တစ်မျိုးပါ။ ပတက်စာ (ပဒက်စာ) နဲ့ ချက်ထားတဲ့ ကင်ပွန်းချဉ်ရွက် ချဉ်ဟင်းလေးက စားရတာ အတော်လေး ခံတွင်းတွေ့စေတာပါ။ကင်ပွန်းချဉ်ရွက်က အမျှင်ဓာတ် ကြွယ်ဝသလို အဆီ ပါဝင်မှု မရှိတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။အချဉ် အရသာ စူးစူးလေးနဲ့ ကင်ပွန်းချဉ်ရွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးချို ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ပါဝင်နေမှုကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာ ထောက်ကူပေးပါတယ်။ကင်ပွန်းချဉ်ရွက် စားပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေနိုင်သလို သွေးသန့်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝတဲ့ ကင်ပွန်းချဉ်ရွက်က အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ပံ့ပေးသလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ကင်ပွန်းချဉ်ရွက်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကင်ပွန်းချဉ်ရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်ကတော့ အနာကျက်စေတာပါ။ ဗီတာမင် C ကြွယ်ဝတာကြောင့် အရေပြားကို ကျန်းမာစေနိုင်သလို အနာပိုးမဝင်စေဖို့ ကာကွယ်ပေးသလို အနာကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကင်ပွန်းချဉ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့်။ကဲ ……. ကင်ပွန်းချဉ်ရွက်လေး စားပြီး အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-acacia-concinna-leaves/
ဘေဘီလေး နှာခေါင်းထဲက နှပ်ချေးဖတ်တွေကို ဘယ်လို ဖယ်ရှားပေးကြမလဲ။
ဘေဘီလေးသန့်ရှင်း ကျန်းမာနေစေဖို့ တာဝန် အရှိဆုံးသူကမေမေလား….. ဒါမှမဟုတ် ဖေဖေလား….. တကယ်ကတော့ ဘေဘီလေး ကျန်းမာသန့်ရှင်းနေစေဖို့က မေမေရော ဖေဖေ့မှာပါ တာဝန်ရှိပါတယ်။ ဘေဘီလေးကို အရိပ်တကြည့်ကြည့် စောင့်ရှောက်နေတဲ့ မေမေဖေဖေတွေအနေနဲ့ဘေဘီလေး နှာခေါင်းလေးမှာ ကပ်နေပိတ်နေတဲ့ နှပ်ချေးဖတ်တွေကို ဘယ်လို ဖယ်ရှားပေးရမလဲဆိုပြီး တွေးနေကြလား….။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖေဖေမေမေတို့အတွက်ပါ။ ဆောင်းပါးလေးကို ဖတ်ပြီး ဘေဘီလေးရဲ့ နှာခေါင်းလေးကို သန့်ရှင်းရေး လုပ်ပေးကြရအောင်လား မေမေတို့ရေ ……။နှာချေးဆိုတာ နှာခေါင်းထဲက ချွဲတွေပါ။ ဒီ ချွဲတွေက နှာခေါင်းထဲကို ဝင်ရောက်လာတဲ့ရောဂါပိုးမွှားတွေနဲ့ အမှုန်တွေကိုခန္ဓာကိုယ်ထဲ ဝင်ရောက်မသွားအောင် တားဆီးပေးတာပါ။ ဒီအချွဲရယ် ရောဂါပိုးတွေရယ် အမှုန်အမွှားတွေရယ် ပေါင်းပြီး ခြောက်သွားတဲ့အခါ နှပ်ချေးဖတ် ဖြစ်လာတာပါ။နှပ်ချေးက ကိုယ်တွင်းကို ရောဂါပိုးတွေ အမှုန်တွေ မဝင်ရောက်အောင် ကာကွယ်ပေးတယ်ဆိုပေမယ့် အရမ်းများရင်တော့ ဘေဘီလေးကို အသက်ရှူရ ခက်စေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးရဲ့ နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ နှပ်ချေးဖတ်တွေကိုတော့ ဖယ်ရှားဖို့ လိုပါမယ်။ ဘယ်လို ဖယ်ရှားမလဲ ဆက်ကြည့်လိုက်ရအောင်နော်။ဘေဘီလေးရဲ့ နှာခေါင်းထဲက နှပ်ချေးဖတ်တွေကို ဘေးကင်းကင်းနဲ့ အခုလို ဖယ်ရှားပေးလို့ ရပါတယ်။မွေးကင်းစ ဘေဘီလေးတွေ၊ ဘေဘီပေါက်စလေးတွေ နှာခေါင်းထဲက နှပ်ချေးဖတ်ကို ဖယ်ရှားပေးရတာက မေမေဖေဖေတို့အတွက် အတော်လေး လက်ဝင်တဲ့ ကိစ္စတစ်ခုပါ။ဒီလို ဖယ်ရှားပေးတဲ့အခါ အခန့်မသင့်ရင် ထိခိုက်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ထိခိုက်မှု တစ်စုံတရာ မဖြစ်စေဘဲ အခုလိုလေး ဖယ်ရှားပေးလို့ ရပါတယ်။ကဲ ….. ဘေဘီလေးရဲ့ နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ နှပ်ချေးဖတ်လေးတွေကို အခု ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ သုံးပြီး ဖယ်ရှားလိုက်ပါ။ နှပ်ချေးဖတ်လေးတွေကို လက်နဲ့ ခွာတာမျိုး မလုပ်ပါနဲ့။ ဒီလို ခွာတာကဘေဘီလေးရဲ့ အရေပြားကို ထိခိုက်စေနိုင်လို့ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-remove-deep-boogers-from-a-baby-safely/
ဆီးတွေ အရမ်းပူတယ် ဘာကြောင့်လဲ.......
ဆီးသွားလိုက်တိုင်း ဆီးတွေ အရမ်းပူတယ် ဘာကြောင့်များလဲမသိဘူးဆိုပြီး စိတ်ညစ်နေတဲ့ Helloဆရာဝန် ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။ဆီးဆိုတာကခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ရေတွေ၊ ဆားတွေ နဲ့ အခြား ဒြပ်ပေါင်းတွေကို ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်တာပါ။ ဒီတာဝန်ကိုကျောက်ကပ်က တာဝန်ယူပေးပါတယ်။ ကျောက်ကပ်က ကိုယ်တွင်းမှာရေဓာတ်မျှတစေဖို့ နဲ့ electrolyte တွေ မျှတမှုရှိနေစေဖို့ ကျောက်ကပ်ကလုပ်ဆောင်ပေးပြီး ပိုလျှံနေတဲ့အရာတွေကိုဆီးအိမ်ထဲမှာ ခန္ဓာကိုယ်အပူချိန်အတိုင်း သိမ်းဆည်းပြီးမှ ပြင်ပကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးပါတယ်။ဒါကြောင့် ဆီးက ပုံမှန်အားဖြင့်တော့ ခပ်နွေးနွေးပါ။ ဒါပေမယ့် ခပ်နွေးနွေးအဆင့် ထက်ကျော်ရင်တော့ဆီးပူနေတယ်လို့ ပြောရပါမယ်။အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးက ပုံမှန်အားဖြင့်ကတော့ ခန္ဓာကိုယ်အပူချိန်နဲ့ အတူတူပါပဲ။ ပုံမှန်အားဖြင့် ဆီးရဲ့ အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် (၃၇ ဒီဂီ စင်တီဂရိတ်) မှာရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မှာခန္ဓာကိုယ်အပူချိန်က အနည်းငယ် ကွဲနိုင်ပါတယ်။ဆီးဟာ ခန္ဓာကိုယ် ပြင်ပကိုရောက်ရှိပြီး မိနစ် အနည်းငယ်အတွင်း အထိ အပူချိန်ဆက်ရှိနေပါတယ်။ ဆီးပူနေတာကို ပြင်ပအပူချိန်နည်းနေချိန်မှာ ပိုပြီး သတိထားမိနိုင်ပါတယ်။ဆီးကတော့ နဂိုကလည်း ပူတတ်ပါတယ်။ ဒါပေမယ့် ဆီးက ပုံမှန်ထက်ပိုပူနေမယ်ဆိုရင်တော့ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။အဖျားရှိနေတာ– အဖျားရှိနေချိန်မှာ ကိုယ်တွေပူသလို ဆီးရဲ့အပူချိန်ကလည်း ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ပြီးချိန်– လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သွေးတွေပူနေတတ်ပြီး ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေသလို ဆီးရဲ့ အပူချိန်ကလည်း မြင့်နေတတ်ပါတယ်။ကိုယ်ဝန်ဆောင်နေရချိန်– ကိုယ်ဝန်ဆောင်နေရချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က ဇီဝတွင်းဖြစ်စဉ်က ပုံမှန်ထက်ပိုမြန်နေတတ်ပြီး ခန္ဓာကိုယ်အပူချိန်ကပုံမှန်ထက်ပိုမြင့်နေတတ်ပါတယ်။ ဒါကြောင့် ဆီးကလည်း ပိုပူနေတတ်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်တာ– ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာလည်း ဆီးကပူပြီး ဆီးသွားတဲ့အခါတိုင်းမှာလည်း အောင့်နေတတ်ပါတယ်။လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေခံစားရတဲ့အခါ– လိင်ကတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေကို ကူးစက်ခံထားရတဲ့အခါမျိုးမှာလည်း ဆီးကပူနေတာ ဆီးသွားရင် အောင့်နေတာမျိုးတွေခံစားရနိုင်ပါသေးတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/why-is-your-pee-warm/
Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း)
Renovascular hypertension ဆိုတာ ကျောက်ကပ်ကိုသွားတဲ့ သွေးစီးကြောင်းပုံမှန်မဟုတ်ပဲ ပြောင်းလဲမှုဖြစ်ရာမှတစ်ဆင့်ဖြစ်တဲ့ သွေးတိုးခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီသွေးတိုးရောဂါမျိုးကို ကျောက်ကပ်ရောဂါရှိတဲ့လူနာတွေမှာ တန်းတွေ့နိုင်သော်လည်း အချိန်အတိုင်းတာတစ်ခုထိ စောင့်ကြည့် စစ်ဆေးခြင်းဖြင့်သာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ကျောက်ကပ်အလုပ်လုပ်ပုံကြောင့် ဒီသွေးတိုးရောဂါက မကုပဲထားလျှင် ပိုဆိုးစေနိုင်ပါတယ်။အလယ်အလတ်အရွယ်အစားရှိတဲ့ ကျောက်ကပ်သွေးကြောတွေက ကျောက်ကပ်ကို သွေးပုံမှန်စီးဆင်းစေပြီး စစ်ထုတ်ပေးခြင်းဖြင့် ခန္ဒါကိုယ်တွင်းသို့ ပြန်လည်ပတ်စေပါတယ်။ ကျောက်ကပ်ရဲ့စစ်ထုတ်ပေးခြင်းအလုပ်ကို သွေးပေါင်ချိန်က စွမ်းအင်ပေးတာကြောင့် ကျောက်ကပ်ဟာ သွေးပေါင်ချိန်အပြောင်းအလဲဖြစ်တာကို ကောင်းစွာ သိရှိပါတယ်။ အကယ်၍ ကျောက်ကပ်က သွေးပေါင်ချိန်ကျနေတယ်လို့ သတိထားမိတာနဲ့ သွေးပေါင်ပြန်တက်အောင် ဟော်မုန်းတွေထုတ်ပေးပါတယ်။ကျောက်ကပ်သွေးကြောတွေထဲက သွေးဆင်းမှုဟာ အကြောင်းအမျိုးမျိုးကြောင့် စီးဆင်းတာ နည်းသွားလျှင် ကျောက်ကပ်က သွေးပေါင်ကျတယ်လို့ အထင်မှားသွားနိုင်ပါတယ်။ ဥပမာ- ကျောက်ကပ်သွေးကြောကျဉ်းရောဂါလို့ခေါ်တဲ့ ရောဂါက ကျောက်ကပ်သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး ကျောက်ကပ်သို့သွေးရောက်မှုနည်းစေပါတယ်။ဒါကို သိသွားတဲ့ကျောက်ကပ်က ရီနင် (Renin) လို့ခေါ်တဲ့ ဟော်မုန်းတွေထုတ်ပြီး သွေးပေါင်မြင့်တက်စေကာ ပုံမှန်သွေးဆင်းမှုကို ပြန်ရစေပါတယ်။ပြသနာက ကျောက်ကပ်သွေးကြောကျဉ်းရောဂါမှာ သွေးစီးဆင်းမှူနည်းခြင်းက တကယ်တော့ သွေးပေါင်ကျတာကြောင့်မဟုတ်ပါဘူး။ဒီအခြေအနေမှာ ကျောက်ကပ်က ကျဉ်းနေတဲ့ကျောက်ကပ်သွေးကြောတွေထဲက သွေးကိုအတင်းတွန်းဖြတ်နိုင်ရန် သွေးပေါင်တိုးပေးခြင်းဖြင့် ကျန်ခဲ့ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကျောက်ကပ်ရောဂါသည် သို့ သွေးကြောပိုင်းဆိုင်ရာရောဂါရှိနေတဲ့ လူနာတွေမှာ သွေးတိုးနေခြင်းဟာ renuvascular hypertension ကြောင့်လို့ပဲ အပြစ်တင်ရပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ သတိထားစုံစမ်းလေ့လာခြင်းနှင့် စစ်ဆေးမှုအမျိုးမျိုးလုပ်ပြီး ရောဂါကို အတည်ပြုနိုင်ပါတယ်။renovascular hypertension ကိုပြတဲ့ တချို့သောလက္ခဏာတွေကတော့။• အသက်၃၀ အောက်လူတွေမှာ သွေးအလွန်တိုးနေခြင်း။• အသက် ၅၅ နှစ်အထက်လူကြီးတွေမှာ ရုတ်တရက် သွေးအလွန်တိုးခြင်း။• ဆေးသောက်ခြင်းဖြင့် မပျောက်သော သွေးတိုးခြင်း။• ယခင်သွေးကျဆေးတွေကို တုံ့ပြန်မှုမရှိတော့တဲ့ သွေးတိုးခြင်း။သွေးစစ်ခြင်းတွေကို renovascular hypertension လို့ သံသယဝင်တဲ့အခြေအနေတွေမှာ ပြုလုပ်သော်လည်း အသေချာဆုံးသောနည်းလမ်းက သွေးကြောတကယ်ကျဉ်းမကျဉ်းကြည့်ရှုခြင်းပင်ဖြစ်ပါတယ်။ ဒါကိုတော့ ဖောက်ထွင်းစစ်ဆေးခြင်းတွေမဟုတ်တဲ့ သံလိုက်ဓါတ်မှန် သို့ ကွန်ပြူတာဓါတ်မှန်တွေစစ်ဆေးခြင်းဖြင့်သိနိုင်သော်လည်း တခါတရံ ဖောက်ထွင်းစစ်ဆေးနည်းတွေလည်းလိုအပ်ပါတယ်။ဒီလိုအခြေအနေတွေမှာ ပေါင်ကြားတွင်းမှ ပိုက်သေးတစ်ချောင်းကို ကျောက်ကပ်သွေးကြောထဲထိ ထည့်ပြီး ဆိုးဆေးအနည်းငယ်ကို ပြိက်ထိပ်မှ ထည့်ပါတယ်။ ပြီးတော့ ဆိုးဆေးသွားရာလမ်းကြောင်းတစ်လျှောက်ကို ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် ထွက်လာသောပုံတွေမှာ ဘယ်နေရာမှာ သွေးကြောကျဉ်းနေလဲဆိုတာ သိနိုင်ပါတယ်။Renovascular hypertension ကို ကုသခြင်းဟာ ပုံမှန်သွေးတိုးကုသခြင်းနှင့် မတူပါဘူး။ ဘာဖြစ်လို့လဲဆိုလျှင် ဒီရောဂါရဲ့ထူးခြားချက်က ပုံမှန်သွေးကျဆေးတွေကို မတုံ့ပြန်နိုင်ခြင်း နှင့် ပုံမှန်ကုသနည်းတွေက မထိရောက်နိုင်ခြင်းပဲဖြစ်ပါတယ်။renovascular hypertension ရဲ့ သွေးတိုးများနေခြင်းက အမှန်တော့ ပုန်းကွယ်နေတဲ့ရောဂါဖြစ်တဲ့ ကျောက်ကပ်သွေးကြောကျဉ်းနေခြင်းရဲ့ လက္ခဏာတစ်ခုသာ ဖြစ်သောကြောင့် ၎င်းသွေးကြောကျဉ်းရောဂါကို သာကုသရာမှာ ဖြစ်ပါတယ်။ကျောက်ကပ်သွေးကြောကို ဘယ်အရာကကျဉ်းနေစေလဲဆိုတာပေါ်မူတည်ပြီး ကုသမှုနည်းတွေ အမျိုးမျိုးပြောင်းလဲနိုင်သော်လည်း အဓိကရည်ရွယ်ချက်ကတော့ သွေးကြောကျယ်စေပြီး ကျောက်ကပ်ကို သွေးပုံမှန်ပြန်လျှောက်စေတာခြင်းတူပါတယ်။သက်ကြီးရွယ်အိုတွေမှာ ရုတ်တရက် နှလုံးဖောက်ခြင်း ဖြစ်သလိုမျိုးပဲ အဆီဖတ်တွေကြောင့် သွေးကြောကျဉ်းခြင်းဖြစ်ပေါ်ပါတယ်။ ပထမဆုံးကုထုံးကတော့ ၎င်းအဆီတွေကို ပျော်ဝင်စေဖို့ဆေးတွေပေးရမှာဖြစ်ပါတယ်။ အကယ်၍ ဒီနည်းနှင့် မအောင်မြင်လျှင်တော့ ပိုပြီးဖောက်ထွင်းကုသရတဲ့ သွေးကြောကိုနဂိုအရွယ်အစားပြန်ဖြစ်အောင် ခွဲစိတ်နည်းဖြစ်တဲ့ stent (ပိုက်) ထည့်ခြင်းပြုလုပ်ရပါလိမ့်မယ်။တချို့အခြေအနေတွေမှာ ဒီကျဉ်းမြောင်းခြင်းတွေက ကုသဖို့ ခက်ခဲစေနိုင်ပါတယ်။ တချို့ရောဂါတွေက သွေးကြောနံရံတွေကို ထူလာစေပြီးတော့လည်း ကျဉ်းမြောင်းစေနိုင်ပါတယ်။ ဒီလိုမျိုးတွေမှာ သောက်ဆေးနှင့် မရပဲ stent ထည့်တာ သို့ ဒီထက်ပိုပြီးခွဲစိတ်မှုတွေ ပြုလုပ်ရလာနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေမှာတော့ လူနာတစ်ယောက်နှင့် တစ်ယောက် ရောဂါအခြေအနေတွေအပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။Renovascular hypertension တွေကို ကုသရတာဟာ တခြားပုံမှန်သွေးတိုးရောဂါတွေကုတာထက် ပိုခက်ခဲပြီး အောင်မြင်မှုတွေ ရှိသော်လည်း အန္တရာယ်များပြီး နောက်ဆက်တွဲဆိုးကျိုးတွေလည်း ပိုများနိုင်ပါတယ်။ ဒီရောဂါကို တိုက်ခိုက်ဖိုပအတွက် အရေးကြီးဆံးခြေလှမ်းကတော့ သင့်တော်တဲ့ ကုသမှုတွေပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်နှင့် အတူလက်တွဲဖြေရှင်းခြင်းပဲဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/renal-artery-stenosis-%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%80%e1%80%ba/
နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှု
အနီရောင် ရဲရဲလေးနဲ့ ပုံစံလေးကလည်း ချစ်စရာကောင်းတဲ့နှင်းသီးလေး က စားလို့ ကောင်းသလို မစားဖူးသူလည်း ခပ်ရှားရှားဖြစ်မယ် ထင်ပါတယ်။ ဒီလို စားဖူးသင့်တဲ့ နှင်းသီးလေးကကျန်းမာရေးအတွက် အကျိုးများသလိုအသားအရေအတွက်လည်း ကောင်းကျိုးပေးပါသတဲ့။ ဘယ်လို ကောင်းကျိုးပေးသလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။နှင်းသီဆိုတာက ပန်းရောင် ကနေ အနီရောင် ရဲရဲလေးအထိ ရှိတတ်ပြီး ခပ်ပုပုလေးကနေ ရှည်မျောမျောလေး ပုံစံ အမျိုးမျိုးရှိပါတယ်။ အခိုင်လိုက် သီးတတ်ပြီး အပင်ကြီးမျိုးပါ။အသားက ခပ်ပွပွလေးနဲ့ အရည်ရွှမ်းပြီး အရသာက ချိုချိုလေးပါ။ စားလိုက်ရင် ရင်အေးစေတဲ့ သစ်သီး တစ်မျိုးပါ။ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။စားရတာ အရသာရှိလှတဲ့ နှင်းသီးလေးမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။စားလို့ကောင်းတဲ့ နှင်းသီးလေး က အသားအရေ လှပမှုအတွက် အခုလို ထောက်ပံ့ပေးပါတယ်။နှင်းသီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို oxidative stressတွေ၊ စိတ်ဖိစီးမှုနဲ့ ညစ်ညမ်းမှုတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသာအရေကို ကျန်းမာစေပါတယ်။အသားအရေ ခြောက်သွေ့မှု ကင်းစေလို အရေးအကြောင်းတွေလည်း ကင်းစေပါတယ်။နှင်းသီး နဲ့ နှင်းသီးပင်ရဲ့ အရွက်မှာပါတဲ့ phenolic က အသားအရေကို ဖြူဝင်းစေပြီး အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို UV B အန္တရာယ်က ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။နှင်းသီးက ဝက်ခြံကြောင့် အရေပြားရောင်ရမ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အရေပြား ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ နှင်းသီးပင်ရဲ့ အရွက်က အရောင်ကျစေနိုင်သလို ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။နှင်းသီးပင်ရဲ့ အခေါက်က အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ဓာတ်မတည့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားထိခိုက်မှုတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။နှင်းသီးက အရေပြားကို ရေဓာတ်ဖြည့်ပေးသလို အသားအရေကို ကြည်လင်လှပစေပါတယ်။ နှင်းသီး စားပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။အဆီပြန်တာကို သက်သာစေပြီး အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။နှင်းသီမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ နေလောင်တာကို သက်သာစေနိုင်သလို နေရောင်ကြောင့် အရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ကဲ ……. နှင်းသီးလေး စားရင်း နှင်းသီးလေး ကပေးတဲ့ အသားအရေ လှပမှုကို ရယူလိုက်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/rose-apple-benefits-for-skin/
သင့်ကို ချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ
မိတ်ကပ်လှလှလေးလိမ်းချင်ပေမယ့် ချွေးပေါက်တွေ ကျယ်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။မျက်နှာအသားအရေကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ချွေးပေါက်ကျယ်တာပါ။ ဒါ့အပြင် သင့်ကို ချွေးပေါက်ကို ကျယ်စေတဲ့ အကြောင်းအရင်းက တစ်ခုမက ရှိနေနိုင်ပါတယ်။ သင့်ကို ချွေးပေါက်ကျယ်စေတဲ့ အချက်ကရော ဘယ်အချက် ဖြစ်နိုင်မလဲ။အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ချွေးပေါက်တွေ က ကျယ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှအရေပြားမှာရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ (ကော်လာဂျင်) နည်းလာတာကြောင့်ပါ။ ဒါကြောင့် အသက် ၃၀ကျော်လာတဲ့အခါ ချွေးပေါက်တွေ ကျယ်နိုင်ခြေက အရင်ကထက်ပိုများလာနိုင်ပါတယ်။အဆီပြန်တတ်တဲ့အသားအရေရှိသူတွေက အခြားသူတွေထက်ချွေးပေါက်ပိုကျယ်နိုင်ပါတယ်။ အရေပြားပေါ်က အဆီပိုတွေနဲ့ ဆဲလ်သေတွေက ချွေးပေါက်တွေထဲ ပိတ်ဆို့ပြီး ချွေးပေါက်ကို ပိုကျယ်စေနိုင်ပါတယ်။ပေါင်းစပ်အသားအရေပိုင်ရှင် ဖြစ်မယ်ဆိုရင်တော့ မျက်နှာ တစ်ပြင်လုံးမဟုတ်ဘဲ T-Zoneနေရာဖြစ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့မှာ ချွေးပေါက်ကျယ် စေနိုင်ပါတယ်။အယ်လ်ကိုဟော သောက်သုံးမှုက အသည်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။သွေးကြောတွေနဲ့ အဆီဂလင်းတွေကိုပါ ကြီးစေနိုင်ပါတယ်။ ဒီလိုကြောင့် မေးစေ့နဲ့ နှာခေါင်း တစ်ဝိုက်က ချွေးပေါက်တွေကို ကျယ်စေနိုင်ပါတယ်။ကဲ.. သင့်ကို ချွေးပေါက်ကျယ်စေတဲ့ အချက်ကရော ဘယ်တစ်ခုဖြစ်မလဲ။ချွေးပေါက်ကျယ်တာကို သက်သာအောင် လုပ်လို့ရပါတယ်။ ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အခုပြောမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အိမ်တွင်းကုထုံးလေးတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-minimize-and-shrink-pores/
အောင်မဲညို အသားအရေ လှစေသလား
အောင်မဲညိုကို အရင်က မြင်ဖူးသူ ရှားနိုင်ပေမယ့် အခုနောက်ပိုင်းတော့ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုပြီးရေနွေးကြမ်းထဲ ထည့်သောက်လာကြလို့ မမြင်ဖူးသူက ခပ်ရှားရှား ဖြစ်မယ်ထင်ပါတယ်။ဒီလို ကျန်းမာရေးအတွက် အကျိုးများတဲ့ အောင်မဲညိုကအသားအရေကိုရော ဘယ်လိုတွေ ထောက်ကူပေးသလဲ။ အသားအရေ လှပစေဖို့ အောင်မဲညိုကို အသုံးပြုလို့ရလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။အောင်မဲညိုဆိုတာက ခရမ်းရောင်ရင့်ရင့် ပန်းပွင့်လေးတွေပါ။ အညှာစိမ်းစိမ်းလေးနဲ့ ပွင့်ချပ်လေးတွေက အရင်းနားမှာ အဖြူရောင် နဲ့ အဝါရောင် နည်းနည်းပါပြီး ရွက်ဖက်လေးတွေ အားလုံးက ခရမ်းရောင်ပါ။အောင်မဲညိုမှာ။ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝတာကြောင့် ကိုယ်တွင်းကိုယ်ပကို ကျန်းမာစေနိုင်သလို အရေပြားနဲ့ ဆံသားကိုလည်း လှပစေနိုင်ပါတယ်။အောင်မဲညို အသားအရေ လှစေသလား ဆိုတော့ အောင်မဲညိုကကျန်းမာရေးကို ထောက်ကူပေးသလို အသားအရေလည်း လှပစေနိုင်ပါတယ်။ အသားအရေကို ဘယ်လိုများ ထောက်ကူပေးလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။အောင်မဲညိုက အသားအရေကို ရေဓာတ်ဖြည့်ပေးသလို ချောမွေ့စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်မတည့်တာမျိုး မဖြစ်စေနိုင်တာကြောင့် ထိခိုက်လွယ်တဲ့ အသားအရေက စလို့ အသားအရေ အမျိုးအစား အားလုံးအတွက် အသုံးပြုပေးလို့ ရပါတယ်။အောင်မဲညိုမှာ အပင်ကနေရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E တို့ ပါဝင်နေတာကြောင့် အရေပြားကို နေဒဏ်၊ လေဒဏ်နဲ့ ညစ်ညမ်းမှုဒဏ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်မတည့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဘက်တီးရီးယားတွေကြောင့် အရေပြား ထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို အားဖြည့်ပေးပြီး အရေပြား ကျန်းမာစေနိုင်ပါတယ်။အရေပြားကို အနာအဆာ ကင်းပြီး ကျန်းမာလှပစေဖို့ဆိုရင် အောင်မဲညိုကို အသုံးပြုပေးလို့ ရပါတယ်။ အောင်မဲညိုက အရေပြားကို ကော်လာဂင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမဲစက်တွေ၊ ဝက်ခြံတွေ သက်သာစေနိုင်ပါတယ်။ အခြားသော အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။အောင်မဲညို ရဲ့ နောက်ထပ် အလှအပ အကျိုးကျေးဇူးကတော့ အရေပြားကို အစိုဓာတ် ထိန်းပေးတာပါ။ အသားလေးကို တစ်နေ့တာလုံး ရေဓာတ်ဖြည့်ပေးထားပါတယ်။ နုပျိုပြီး ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ အသုံးပြုပေးလို့ ရပါတယ်။အောင်မဲညိုက အရေပြား နီမြန်းတာတွေကို သက်သာစေနိုင်သလို အရေပြားကို ဓာတ်မတည့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဝက်ခြံကြောင့် နီမြန်းတာ၊ အသားအရေ ခြောက်သွေ့တာ၊ အရေပြား ကျိန်းစပ်စပ် ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။အရေပြားကို ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ဖြည့်ပေးနိုင်ပါတယ်။အသားအရေမှာ ယားယံတာ၊ ဓာတ်မတည့်တာမျိုး ဖြစ်တာကို သက်သာစေဖို့ဆိုရင် အောင်မဲညိုကို အသုံးပြုပေးလို့ ရပါတယ်။ အောင်မဲညိုက အသားအေးစေပြီး ဓာတ်မတည့်တာကို သက်သာစေနိုင်ပါတယ်။ဓာတ်မတည့်မှုကို သက်သာစေသလို အရေပြားဆဲလ်တွေ အသစ်ဖြစ်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။အောင်မဲညိုမှာ ဖလေဗာနွိုက်၊ anthocyanins နဲ့ polyphenols တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို တင်းရင်း ကျန်းမာစေနိုင်ပါတယ်။တစ်နေ့တာမှာ တွေ့ကြုံရတဲ့ ညစ်ညမ်းမှုတွေ၊ ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။ အရေးအကြောင်း သက်သာစေပြီး ကြည်လင်လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။ကဲ …. အရောင်အသွေးလှတဲ့ အောင်မဲညိုက ကျန်းမာရေးကိုပဲ ထောက်ကူပေးတာ မဟုတ်ပါဘူး။ အသားအရေ လှပစေဖို့လည်း အခုလိုလေးတွေ ထောက်ကူပေးပါတယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/blue-butterfly-pea-flower-skin-benefits/
ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်မြောက်မှာသိကောင်းစရာများ
သားသားမီးမီးလေးတွေ ဘယ်လိုဖွံ့ဖြိုးလာပါသလဲ။ကိုယ်ဝန်ဆောင်ကာလက ၄၂ ပတ်ရောက်လာပြီဆိုရင်မွေးဖွားရမယ်လို့ သတ်မှတ်ထားတဲ့ရက်ကိုတောင်ကျော်နေပြီလို့ ဆိုရပါမယ်။ ဒီအချိန်ထိမှ ကလေးကမမွေးသေးဘူးဆိုရင်တော့ ကလေးကတစ်ခုခုလွဲမှားနေပြီဆိုတာကို သိဖို့လိုပါတယ်။ တကယ်တော့ ကလေးငယ်တော်တော်များများက မွေးမယ်လို့မှန်းထားတဲ့ရက်မတိုင်ခင်မှာမွေးကြတာများပါတယ်။ ကလေးလေးတွေဟာ သူတို့မွေးမယ်လို့ ဆရာဝန်ကတွက်ဆထားတဲ့ရက်မတိုင်ခင် သီတင်းပတ် နှစ်ပတ်လောက်အတွင်းမှာ မွေးဖွားတတ်ကြတာပါ။ ဒါကြောင့် ကလေးက ၄၂ ပတ်အထိမှ မမွေးသေးဘူးဆိုရင် တစ်ခုခုလွဲမှားနေပြီဆိုတဲ့ လက္ခဏာလို့ဆိုရမယ့်အခြေအနေမျိုးပါ။ ကလေးတွေရဲ့ ၉၈ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်မတိုင်ခင် မှာမွေးဖွားလေ့ရှိကြပြီး မှန်းထားတဲ့ရက်ထက်စောပြီးမွေးကြတာပါ။ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်မှာ ကလေးရဲ့အရွယ်အစားက ပိန္နဲသီးခပ်ကြီးကြီးတစ်လုံးအရွယ် ဒါမှမဟုတ် ဖရဲသီး တစ်လုံးစာအရွယ်အစားလောက်ရှိနေပါပြီ။ ဒီကိုယ်ဝန်ဆောင်ကာလမှာ ကလေးကတော်တော်လေးဖွံ့နေပြီဆိုပေမယ့် ကလေးကို မိခင်အနေနဲ့ ရိုးရိုးမွေးလို့ရနိုင်ပါသေးတယ်။ကလေးက ဗိုက်ထဲမှာ သတ်မှတ်ရက်ထက်ကျော်လွန်ပြီးနေတာကြောင့် ကလေးဟာ ဆံပင်တွေရှည်နေတာ၊ ခြေသည်း လက်သည်းလေးတွေရှည်နေတာ၊ အရေပြားလေးတွေ ခြောက်သွေ့ကွဲအက်တာ၊ အပေါ်ယံအရေခွံကွာတာ အသားအရေလေးတွေ ရှုံ့တွနေတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီအခြေအနေက ယာယီခဏလောက်ပဲဖြစ်တာပါ။ ကလေးကသတ်မှတ်ကာလထက်မိခင်ဝမ်းထဲမှာပိုနေခဲ့တာကြောင့် မွေးရက်မတိုင်ခင်မှာ ခန္ဓါကိုယ်အရေပြေားပေါ်မှာရှိတဲ့ ကလေးကိုကာကွယ်ပေးထားတဲ့ အဆီတွေကွာကျတဲ့သဘောပါ။ကလေးရဲ့ခန္ဓါကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်ပြီလဲ။ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်ကာလမှာ သင့်အနေနဲ့ အစောပိုင်းသီတင်းပတ်တွေကလိုပဲ အလားတူလက္ခဏာတွေခံစားရ နိုင်ပါတယ်။ ခြေထောက်တွေနာကျင်မယ်၊ အိပ်ရတာခက်မယ်၊ကျောတွေခါးတွေနာမယ်ကိုက်မယ်၊ ဆီးခုံပေါ်မှာ ဖိအားများနေမယ်၊ဆီးခဏခဏသွားနေမယ်၊ သားအိမ်ကျုံတာလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာ၊ စိတ်ဓါတ်ကျတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီကာလမှာ သင့်အနေနဲ့ ကိုယ်တိုင်အတွက်ရော ကလေးအတွက်ပါ ပိုပြီးသက်တောင့်သက်သာဖြစ်အောင်နေထိုင်ဖို့လိုအပ်ပါမယ်။ ကလေးကလည်း သူ့မွေးရမယ့်အချိန်ရောက်ရင်မွေးလာမှာမို့ အချိန်လေးစောင့်ပေးလိုက်ပါ။စိတ်ထဲမှာလည်း ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်ပြည့်တဲ့အခါ ကလေးကမွေးကိုမွေးမယ်ဆိုတာကို သိထားပေးပါ။ သင့်အနေနဲ့ မီးဖွားတော့မယ့်လက္ခဏာတွေဖြစ်လာလားဆိုတာကိုသေချာလေးတော့သတိထားပေးပေါ့။မွေးခါနီးအချိန်မှာ –။မွေးဖွားရမယ့်ရက်ထက်ကျော်လွန်ပြီး ကိုယ်ဝန်ဆောင်တာ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့်ရောဂါအခံတစ်ခုခုရှိနေပြီး ကိုယ်ဝန်ဆောင်ကာလက ၄၂ ပတ်ထက်ကျော်နေမယ်ဆိုရင်တော့ အခုလိုမျိုးနောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ခြေများနေပြီဆိုရပါမယ်။ဆရာဝန်ကိုဘာတွေမေးမြန်းဖို့လိုမလဲ။ဆရာဝန်နဲ့သွားရောက်တွေ့ဆုံတဲ့အခါ သင့်အနေဖြင့် ကိုယ်ဝန်ဆောင်ကာလအခုလိုအချိန်မှာ အပေါ်မှာပြောခဲ့တဲ့အခြေအနေတွေလိုမျိုး ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီးသေသေချာချာမေးမြန်းဖို့လိုပါမယ်။ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်ရောက်လာပြီဆိုရင်သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလ တတိယ ၃ လတုန်းကလိုပဲ ကလေးကတစ်နေ့ကို ဘယ်နှကြိမ်လောက်ကန်လဲဆိုတာကို သတိထားရေတွက်ဖို့လိုပါမယ်။ တကယ်လို့ ကလေးကန်တဲ့အရေအတွက်အပြောင်းအလဲ တစ်စုံတရာရှိနေမယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် သာဖွားမီးယပ်ဆရာဝန်တစ်ဦးဦးနဲ့ချက်ချင်းပြသပေးဖို့လိုပါမယ်။အခြားလက္ခဏာတွေဖြစ်ကြတဲ့ ပုံမှန်မဟုတ်ဘဲ အဖြူဆင်းသလိုမျိုး အချွဲတွေဆင်းတာ၊သွေးဆင်းတာ နဲ့ ဗိုက်ထဲကနာတာ၊အောင့်တာမျိုးဖြစ်လားဆိုတာကိုလည်း သတိထားစောင့်ကြည့်ဖို့လိုပါမယ်။ ဒီလက္ခဏာတွေဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်းသွားပြပေးဖို့လိုပါမယ်။ကိုယ်ဝန်ဆောင်ကာလ ဒီလိုအခြေအနေမှာ ဆရာဝန်အနေနဲ့ ကိုယ်ရဲ့လူနာကို ပိုပြီးသေချာစောင့်ကြည့်ဖို့လိုအပ်လာပါပြီ။ အကြောင်းကတော့ ရက်လွန်ကိုယ်ဝန်ဆောင်ထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက အခြားပုံမှန်ကိုယ်ဝန်ဆောင်မိခင်တွေထက်နောက်ဆက်တွဲကျန်းမာရေးပြဿနတွေ ခံစားရနိုင်ခြေပိုများနေတာကြောင့်ပါ။ ဒီလိုအချိန်မှာ မိခင်ကိုတင်မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးကိုပါသေချာစောင့်ကြည့်ဖို့လိုအပ်ပါမယ်။ စိုးရိမ်စရာလက္ခဏာတစ်ခုခုမရှိဘူးဆိုရင်တော့ ကလေးက လုံးဝကိုကျန်းမာနေတယ်ဆိုတဲ့သဘောပါ။ဒီအချိန်မှာ ဆရာဝန်က ကလေးကျန်းမာရဲ့လားဆိုတာကို သိရှိနိုင်မယ့် စစ်ဆေးစမ်းသပ်မှုတွေကိုလုပ်ဆောင်ပါလိမ့်မယ်။ ဒီလိုစစ်ဆေးစမ်းသပ်မှုတွေထဲမှာ ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ် အယ်လ်ထရာဆောင်းရိုက်တာ၊ ကလေးရဲ့လှုပ်ရှားမှုနဲ့ နှလုံးခုန်နှုန်းကို စမ်းသပ်တဲ့စစ်ဆေးမှု နဲ့ ကလေးအနေနဲ့အောက်ဆီဂျင်အလုံအလောက်ရရဲ့လားဆိုတာနဲ့ သားအိမ်တွင်းမှာ နှလုံးခုန်နှုန်းဘယ်လောက်အထိရှိလဲဆိုတာကို စစ်ဆေးစမ်းသပ်မှုတွေလုပ်ဆောင်တာတွေပါဝင်နိုင်ပါတယ်။ ဒီလိုစစ်ဆေးမှုတွေလုပ်ရတာက ကလေးကကောင်းကောင်းလှုပ်ရှားရဲ့လား၊ အသက်ကောင်းကောင်းရှုရဲ့လား၊ နှလုံးခုန်မှန်ရဲ့လားဆိုတာနဲ့ ရေမြွှာရည်လုံလုံလောက်လောက်ရှိရဲ့လားဆိုတာကို စစ်ဆေးသိရှိဖို့ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်ဖြစ်လာတဲ့အခါမွေးဖွားပြီးနောက်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ခြေများတာကြောင့် ဆရာဝန်အနေနဲ့ သင့်ကိုဒီအခြေအနေမှာ ဆေးဝါးအကူအညီရယူပြီး ကလေးမွေးဖွားအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။ ဒီလိုလုပ်ဖို့ဆိုရင် စစ်ဆေးစမ်းသပ်ချိန်မှာ ကလေးကမွေးဖွားဖို့ အသင့်ဖြစ်နေဖို့တော့လိုပါမယ်။ဆေးဝါးအကူအညီရယူပြီး သားသားမီးမီးေးတွကို မီးဖွားတဲ့အခါ နည်းလမ်းတွေက အမျိုးမျိုးရှိနေပါတယ်။အမြှေးပါးဖောက်မယ်– ဆရာဝန်အနေနဲ့ လက်ချောင်းတွေကို အသုံးပြုပြီးရေမြွှာအိတ်တဝိုက်က အမြှေးပါးလေးတွေကိုဖောက်ပေးပါလိမ့်မယ်။ ဒီလိုလုပ်လိုက်တဲ့အခါဟော်မုန်းတွေထွက်လာပြီးနောက် ၄၈ နာရီအတွင်း သားအိမ်ကျုံ့တာဖြစ်လာပါလိမ့်မယ်။ရေမြွှာအိတ်ဖောက်မယ်– ဆရာဝန်ကရေမြွှာအိတ်ဖောက်ဖို့အသုံးပြုတဲ့ ကိရိယာနဲ့ရေမြွှာအိတ်ကိုဖောက်ပေးပါလိမ့်မယ်။ ဒီနည်းလမ်းက နာရီပိုင်းအတွင်းမှာတင် သားအိမ်ကျုံ့တာကိုဖြစ်စေမှာပါ။သားအိမ်ပွင့်အောင်လုပ်ဆောင်မယ်– ဒီအဆင့်မှာတော့ ဆရာဝန်ကprostaglandin လို့ခေါ်တဲ့ဆေးကို သားအိမ်ထဲထည့်ပေးပါလိမ့်မယ်။ ဒီဆေးက တစ်ညတာအတွင်းမှာ သားအိမ်အမြှေးပါးသွားအောင်လုပ်ဆောင်ပေးပြီး ကလေးမွေးဖွားစေမှာပါ။သားအိမ်ကျုံ့အောင်လုပ်ဆောင်မယ်– သားအိမ်ထဲထည့်တဲ့ဆေး ဒါမှမဟုတ် Oxytocin ကိုအသုံးပြုပြီး သားအိမ်ကျုံ့လာအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာဘေးကင်းဖို့ ဘာတွေသိထားဖို့လိုမလဲ။ဒီနည်းလမ်းလေးတွေက ရက်လွန်ကိုယ်ဝန်ဆောင်နေရသူတွေကို အထောက်အကူဖြစ်စေမှာပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/third-trimester-being-pregnant/week-42/
မင်းဂွတ်သီး အသားအရေ လှစေသလား .....
စားလို့ကောင်းပြီး အသွင်အပြင်လေးက ချစ်စရာကောင်းတဲ့ မင်းဂွတ်သီးလေးကကျန်းမာရေးအတွက် ထောက်ကူပေးသလို အလှအပအတွက်လည်း ထောက်ကူပေးပါသတဲ့။ ဒီတစ်ခေါက်တော့ စားရတာ အရသာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပေးတဲ့ မင်းဂွတ်သီးအသားအရေလှစေသလား ….. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရတဲ့ အပင်ရဲ့ အသီးပါ။ အသွင်အပြင်ကို ပြောပြရရင် အစိမ်းရောင် အညှာလေးနဲ့ အခွံလေးက အညိုရောင်စိုစိုလေးပါ။ အောက်ဘက်နားလေးမှာ အသီးထဲမှာပါတဲ့ အမွှာအရေအတွက်ကို ပြတဲ့ အရာလေးပါပါတယ်။အတွင်းဆံလေးတွေက ဖြူဖြူလေးနဲ့ အထဲမှာ အစေ့ အညိုရောင်ဖျော့ဖျော့လေး ပါပါတယ်။ အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးပေါ့။ အာဟာရပြည့်ဝစွာ ပါဝင်နေပါတယ်။ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးပါ။အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုးပါ။သစ်တော်သီးလောက် အချိုမများသလို လိမ္မော်သီးလောက်လည်း အချဉ်မများပါဘူး။ အခွံက ဖန်နိုင်ပေမယ့် အတွင်းက အဖြူဆံလေးတွေကတော့ ချိုချိုလေးပါ။စားရတာ အရသာရှိလှတဲ့ မင်းဂွတ်သီးမှာ။မင်းဂွတ်သီး အသားအရေ လှစေသလား ….. ဆိုတော့ လှစေပါတယ်။ ဘယ်လိုမျိုး အသားအရေ ကျန်းမာလှပစေဖို့ ထောက်ကူပေးနိုင်လဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။မင်းဂွတ်သီးမှာ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ဘက်တီးရီးယားတွေကြောင့် ဝက်ခြံဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဝက်ခြံကြောင့် အမည်းစက်တွေ ကျန်တာကို သက်သာစေပြီး အဆီပြန်တာ၊ အသားခြောက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။မင်းဂွတ်သီးမှာ Xanthone ဒြပ်ပေါင်းတွေ အခြား သစ်သီးတွေထက် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို ပြုပြင်ပေးပါတယ်။ အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို ဆဲလ်တွေ ပျက်စီးမှု နည်းအောင်လည်း လုပ်ဆောင်ပေးပါတယ်။ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေကို ထိခိုက်စေပြီး အရွယ်မတိုင်ခင် အိုမင်းတာကို ဖြစ်စေနိုင်ပါတယ်။ မင်းဂွတ်သီးမှာ catechin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။မင်းဂွတ်သီး ပုံမှန် စားပေးတာက အရွယ်တင်စေမှာပါ။မင်းဂွတ်သီးမှာ Xanthones ပါဝင်နေတာက မှိုပိုးတွေ နဲ့ ဗိုင်းရပ်စ်တွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားမှာ မှိုပိုးကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို ခြေသည်းလက်သည်းလေးတွေ မှိုစွဲတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ မင်းဂွတ်သီးက အနာကျက်စေနိုင်သလို အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်မိတာ၊ ဝက်ခြံ စတာတွေကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။အရေပြား ရောင်ရမ်းနာကျင်မှုတွေ သက်သာစေဖို့ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။မင်းဂွတ်သီး ရဲ့ နောက်ထပ် အသားအရေအလှအပအတွက် ထောက်ပံ့ပေးမှု တစ်ရပ်ကတော့ အရေးအကြောင်းတွေ သက်သာစေနိုင်တာပါ။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အသက်အရွယ်ကြောင့် အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ဖို့အတွက်လည်း စားပေးလို့ ရပါတယ်။မင်းဂွတ်သီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်ကတော့ အသားအရေကို ကြည်လင်စေတာပါ။ အသားဖြူချင်တယ်၊ တင်းတင်းရင်းရင်း နဲ့ ကြည်ကြည်လင်လင် လှပချင်တယ်ဆိုရင် မင်းဂွတ်သီး စားပေးလို့ ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/mangosteen-skin-benefits/
ဆံသားထူထပ်စေဖို့ နည်းလမ်း ၇ သွယ်
လူတွေဟာ တစ်ချိန်ချိန်မှာ ဆံပင်ကျွတ်ခြင်းကို မလွှဲမရှောင်သာကြုံရမှာပါ။ ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားပါပဲ။ ဆံသားဆုံးရှုံးမှုတွေ အများကြီးမဖြစ်ခင်ကတည်းက ကာကွယ်မှုတွေပြုလုပ်ထားသင့်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်း စတင်ပြီဆိုတာနဲ့ အခုဖော်ပြမယ့် နည်းလမ်း ၇ မျိုးအတိုင်းပြုလုပ်ကြရအောင်ပါ။ ဒါက သင့်ဆံပင်တွေ ပြန်လည်ထူထပ်လာဖို့ အထောက်အကူပြုမှာပါ။Ketoconazole( ဗောက်ပျောက်ဆေးတစ်မျိုး) က ဆံသားတွေကိုထူထပ်တဲ့ပုံပေါက်စေကြောင်း အတည်ပြုပြီးပါပြီ။ ဒါကြောင့် ဒီပစ္စည်းပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုးကိုသုံးပါ။ဆရာဝန်ဆေးစာမပါဘဲ ဝယ်လို့ရတဲ့ Nizoral A-D ဆိုတဲ့ခေါင်းလျှော်ရည်မှာ ketoconazole တွေအများကြီးပါဝင်ပါတယ်။ ဒါက သင့်ဆံသားတွေကို အမြဲတမ်း အကောင်းဆုံးပုံစံဖြစ်နေစေမှာပါ။ အကောင်းဆုံးရလဒ်ရရှိစေဖို့ သင့်ဦးရေပြားကို လေးပုံတစ်ပုံပမာဏခန့်ဖြင့် တစ်ပတ်မှာအကြိမ်ပေါင်းများစွာ စိုရွှဲအောင်လိမ်းပေးနိုင်ပါတယ်။ အလွန်အကျွံအသုံးပြုမယ်ဆိုရင် ဆံသားခြောက်သွေ့ခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် တခြားအချိန်တွေမှာတော့ စပ်ဖျဉ်းဖျဉ်းမဖြစ်စေတဲ့ ခေါင်းလျှော်ရည်မျိုးကိုသုံးပေးပါ။ခေါင်းဖြီးခြင်းကြောင့် သင့်ဆံပင်တွေဟာပြားကပ်ပြီး အဆီတွေနဲ့ ချောကျိကျိဖြစ်စေပါတယ်။ ဘီးဖြီးမယ့်အစား လက်ချောင်းလေးတွေကိုသုံးပြီး ဆံပင်ကိုပုံသွင်းကြည့်ပါ။ သင့်ဆံပင်တွေရဲ့ထူထဲတဲ့ပုံစံကြောင့် အလွန်အံ့အားသင့်ကျေနပ်မိမှာပါ။ဆေးလိပ်သောက်ခြင်းအကြောင်း ပြောရတာ သိပ်မကောင်းပါဘူး။ ဆေးလိပ်သောက်ခြင်းက သွေးထဲမှာရှိတဲ့ ဆံပင်ကျွတ်စေတဲ့ ဟော်မုန်းတွေကို တိုးပွားစေပါတယ်။ ပြီးတော့ ဦးရေပြားကို အာဟာရဓါတ်တွေပေးနေတဲ့ သွေးကြောတွေကို ကျဉ်းစေပါတယ်။ အကျိုးဆက်ကတော့ ဦးရေပြားမှာ အာဟာရဓါတ်ချို့တဲ့ပြီး ဆံပင်တွေကျဲလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းက ခန္ဓါကိုယ်ရဲ့ မည့်သည့်အစိတ်အပိုင်းကိုမှ ကောင်းကျိုးမပေးပါဘူး။ရေစိုနေတဲ့အချိန်မှာ ဆံပင်တွေဟာ အပျော့ပြောင်းဆုံးပါပဲ။ ထိုအချိန်မှာ ဘီးအလွန်အကျွံဖြီးခြင်း ခြောက်သွေ့တဲ့သဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်းကြောင့် ဆံပင်တွေကျိုးကြေကုန်ပါတယ်။ ဆံပင်နည်းပါးပြီးကျဲတဲ့ ပြဿ နာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံကြည့်ပါ။ ခြောက်သွားတဲ့အခါ လက်နဲ့ပုံသွင်းကြည့်လိုက်ရင် ပိုမိုကောင်းမွန်ချောမွေ့တဲ့ ပုံစံလေးရရှိစေမှာပါ။လေမှုတ်အခြောက်ခံစက်တွေဟာ အံ့သြစရာကောင်းလောက်အောင် သင့်ဆံသားတွေကို ထူထပ်ပွယောင်းစေမှာပါ။ ဒါပေမယ့် ဆံပင်အခြောက်ခံစက်ကို အပူချိန်အများကြီးမှာချိန်မထားပါနဲ့။ မဟုတ်ရင် ဆံသားမှာရှိတဲ့ သဘာဝprotein(အသားဓါတ်တွေ) ပျက်စီးပြီး ဆံသားတွေ ကျိုးကြေကုန်ပါလိမ့်မယ်။နေရောင်ခြည်ရဲ့အပူဒဏ်က သင့်ဆံသားတွေကို ပျက်စီးစေနိုင်တဲ့အတွက် အများကြီးမထိတွေ့ပါစေနဲ့။ နေလောင်ဒဏ်က သင့်ဆံသားတွေကို အားနည်းစေပြီး ခြောက်သွေ့ကျိုးကြေစေပါတယ်။ ဒါဟာ ဦးရေပြားကနေ superoxide လို့ခေါ်တဲ့ ဦးရေလဲတဲ့ ဒြပ်ပေါင်းတစ်မျိုး ထုတ်ပေးလို့ဖြစ်ပါတယ်။အချို့လူတွေက ထိပ်ပြောင်တာကို ဖုံးကွယ်ဖို့ ဆံပင်ကို ပုံစံအမျိုးမျိုးပြုလုပ်တတ်ကြပါတယ်။ အမြဲတမ်း ဆံပင်တိုတိုညှပ်ခြင်းက ပိုပြီးကြည့်ကောင်းစေမှာပါ။ သင့်ဆံပင်ပုံစံ ဘယ်လိုပဲဖြစ်နေပါစေ ဖုံးကွယ်ဖို့ ကြိုးစားမနေပါနဲ့။ သင့်ဆံပင်အပေါ် ယုံကြည်မှုအပြည့်ထားပြီး သူများတွေစံနမူနာယူစရာဖြစ်အောင်လုပ်ကြပါစို့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/7-tips-for-thicker-hair/
ဘေဘီလေးကို ဘယ်အရွယ်မှာ ပုစွန် ကျွေးမလဲ ........
ဘေဘီလေးကို အသက် ၆ လမပြည့်ခင် (solid food) စတင် မိတ်ဆက်လို့ မရခင်ကတည်းက ကျွေးချင်နေတာတွေက ခပ်များများရယ် ဟုတ် မေမေတို့ ဘွားဘွားတို့ရေ ….. စားကောင်းတာလေး တစ်ခုခု စားလိုက်တိုင်း ဘေဘီလေးများ စားချင်မလား ….. ကြိုက်မယ်ထင်တယ်ဆိုတဲ့ စိတ်က အမြဲလိုလို ဖြစ်မိမယ် ထင်ပါတယ်။ဒီစိတ်လေးက ဘေဘီလေးကို ချစ်တဲ့ ဘွားဘွား၊ မေမေ၊ တီတီတိုင်းမှာ ဖြစ်မိတဲ့ ဆန္ဒပါ။ ဒီတစ်ခေါက်လည်းပုစွန်ကင်စားမယ်။ ပုစွန် နဲ့နာနတ်သီးလေးပါတဲ့ ပီဇာလေး စားရင်း ဘေဘီလေးများ စားချင်မလားလို့ တွေးမိနေနိုင်တဲ့ ဘွားဘွား၊ မေမေ၊ တီတီတို့ သိချင်နေမယ့် မေးခွန်းလေးအတွက် ဆောင်းပါးလေးကနေတဆင့် ဖြေပေးလိုက်ပါတယ်။ဘေဘီလေး အနေနဲ့အသက် ၆ လပြည့်ပြီဆိုရင် solid food စစားလို့ ရပါပြီ။  ရေထဲကနေရတဲ့ ပုစွန်လေးတွေကိုတော့ ဘေဘီလေး အသက် ၆ လ ပြည့်လို့ solid food စစားနိုင်ပြီဆိုတာနဲ့ စကျွေးလို့ ရပါပြီ။ လတ်လတ်ဆတ်ဆတ် ဖြစ်ဖို့နဲ့ သေချာ ကျက်အောင် ချက်ဖို့တော့ လိုပါမယ်။တချို့တွေကလည်း ကလေးနဲ့ ပုစွန်နဲ့ ဓာတ်မတည့်မှာကို စိုးရိမ်နေကြပါတယ်။ ဒါဆိုရင်တော့ ကိုယ်ခံအား ကောင်းကောင်းဖွံ့ဖြိုးပြီဖြစ်တဲ့ ၁နှစ်အရွယ်မှ စကျွေးပါ။ စစကျွေးခြင်းမှာ ပုစွန်ကိုပဲ သီးသန့် အနည်းငယ် ကျွေးကြည့်ပါ။ ပြီးရင် ဓာတ်မတည့်တာ ရှိမရှိ၊ အင်ပျင်တွေ ထွက်လာသလား၊ ကလေး အသက်ရှူကျပ်လာသလား စောင့်ကြည့်ပါ။ ဘာမှမဖြစ်မှ ပုံမှန်အတိုင်း ကျွေးပါ။ပုစွန် က ဘေဘီလေးတွေနဲ့ သင့်တော်တဲ့ အာဟာရ ရင်းမြစ်တစ်ခုပါ။ ပုစွန်မှာ။ပုစွန် ကဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဘေဘီလေးကို ပုစွန် ကျွေးပေးတာက။Omega-3 fatty acids ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဦးနှောက်ပို ဖွံ့ဖြိုးစေသလိုအမြင်အာရုံနဲ့ အရိုးတွေကိုလည်း သန်မာဖွံ့ဖြိုးစေနိုင်ပါတယ်။ဗီတာမင် D ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကယ်လ်ဆီယမ် နဲ့ အခြား သတ္တုဓာတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ အရိုးနဲ့ သွားတွေကို သန်မာစေနိုင်ပြီး အရိုးပျော့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဘေဘီလေးကို ရှိသင့်တဲ့ အရပ်ရှိစေဖို့လည်း ထောက်ကူပေးပါတယ်။ဗီတာမင် A ပါဝင်နေတာကြောင့် အမြင်အာရုံဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေပြီး အမြင် အာရုံ ကျန်းမာစေဖို့ နဲ့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူ ပေးပါတယ်။ပုစွန်ကနေရတဲ့ ပရိုတင်းက ဘေဘီလေးကို ကြီးထွားဖွံ့ဖြိုးစေပြီး ခန္ဓာကိုယ် တစ်ရှူးတွေကို အကောင်းဆုံး ဖြစ်ပေါ်စေပါတယ်။ပုစွန်မှာ ဖော့စဖရိတ်၊ ဇင့်၊ အိုင်အိုဒင်း၊ ကယ်လ်ဆီယမ်တို့ အပါအဝင် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ဗီတာမင် B12 ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ကြွက်သားတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူ ပေးပါတယ်။ဒါတွေအပြင် ပုစွန်က ဘေဘီလေးကို အဆီပိုတွေ မဖြစ်စေဖို့လည်း အကောင်းဆုံး အားဖြည့် ထောက်ကူပေးနိုင်ပါတယ်။ကဲ ….. ဘေဘီလေးကို ပုစွန် ကျွေးလို့ ရပါတယ်နော် မေမေတို့ ဘွားဘွားတို့ရေ ……..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/prawn-benefits-for-baby/
ဆီးက ပြောပြနေတဲ့ ကျန်းမာရေး
ဆီးကခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်လိုက်တဲ့ ကိုယ်တွင်း ကပိုလျှံနေတဲ့ အရည်တွေဆိုတာထက် ပိုပါတယ်။ ဆီးက အရောင်အဆင်း၊ အနံ့ အမျိုးမျိုးနဲ့လည်း ကျန်းမာရေး အခြေအနေကို ဖော်ပြပေးတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးက ပြောပြနေတဲ့ကျန်းမာရေးအကြောင်းကို နည်းနည်းလောက်ပြောပြ ပါရစေ။ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ဆီးက ကြည်နေပြီး အနံ့ဆိုးကင်းနေရမှာပါ။ ဒါ့အပြင်ဆီးသွားရခက်နေတာ၊ ဆီးကျန်နေတယ်လို့ခံစားရတာ။ ဆီးသွားတဲ့အခါတိုင်း အောင့်နေတယ်လို့ ခံစားရတာမျိုးမရှိရပါဘူး။ ဆီးက ပုံမှန်ထက် ထူးခြားနေရင်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့လိုနေပါပြီ။ဆီးသွားတဲ့အခါ ပုံမှန်ထက် ဆီးက ပိုပူနေမယ်။ ဆီးသွားရတာ အောင့်နေမယ် ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာကိုခံစားနေရတာပါ။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုကကာလသားရောဂါလိုမျိုး လိင်ကတဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။ဆီးသွားတဲ့အခါတိုင်း ဆီးက ချိုအီတဲ့အနံ့မျိုး ဖြစ်နေမယ်ဆိုရင်သွေးချိုစစ်ကြည့်ဖို့လိုနေပါပြီ။ အကြောင်းကတော့ဆီးချိုရောဂါကြောင့် ကီတုန်းတွေ များပြီး ဆီးချိုဆိပ်တက်တဲ့အခါ ဒီလိုအနံ့ထွက်တ်ပါတယ်။ ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေးသွားပြကြည့်ဖို့ ပြောပါရစေ။ဆီးအရောင်က ကြည်မ​နေဘဲ နောက်ကျိကျိဖြစ်နေမယ်ဆိုရင်တော့ဆီးလမ်းကြောင်းတလျှောက်မှာ ပိုးဝင်ကူးစက်ခံနေရတာပါ။ရေများများသောက်တာ၊ လိုအပ်တဲ့ ကုသမှုကို ခံယူတာမျိုးလုပ်ဖို့ လိုပါမယ်။ဆီးသွားတဲ့အခါ ဆီးကပန်းရောင်သန်းနေမယ်ဆိုရင် ဒါမှမဟုတ် ဆီးက သွေးရောင်ခပ်ဖျော့ဖျော့ဖြစ်နေမယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်သလို ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါမယ်။ဆီးက အပေါ်မှာပြောခဲ့သလို ချိုတဲ့အနံ့ဖြစ်နေတာမျိုးမဟုတ်ဘဲ အနံ့က ဆိုးနေမယ်ဆိုရင်တော့ဆီးအိမ်မှာ ပိုးဝင်ကူးစက်နေပါပြီ။ တကယ်လို့ ဆီးအနံ့က အရမ်းပြင်းနေပြီ ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။ဆီးသွားတဲ့အခါတိုင်း နာနေမယ်။ ဆီးသွားရခက်နေမယ်။ ဆီးမှာလည်း သွေးပါနေမယ်ဆိုရင် ကင်ဆာရောဂါဖြစ်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်နေတာ ဒါမှမဟုတ် ဆီးကျောက်တည်နေတာဖြစ်နိုင်ပါတယ်။ ဆီးက အနီရောင် ဒါမှမဟုတ် နီညိုရောင်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြပေးပါ။ဆီးသွားပြီးတိုင်း ဆီးကျန်နေသေးတယ်လို့ ခံစားနေရတယ်ဆိုရင် ဆီးအိမ်နံရံ နဲ့ ဆီးလမ်းကြောင်းနံရံတွေ ရောင်ရမ်းနေတာ၊ ဆီးကျိတ်ကြီးနေတာ၊ ဆီးလမ်းကြောင်းက တစ်ခုခုနဲ့ ပိနေတာ ဖြစ်နိုင်ပါတယ်။ ဒါက ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဖြစ်နိုင်ပါတယ်။ဆီးက ပုံမှန်ဆိုရင် ရေလိုကြည်ကြည်လေး ဒါမှမဟုတ်  ဝါဖန့်ဖန့်လေး ဖြစ်ရပါမယ်။ ဆီးက ဝါနေမယ်ဆိုရင်တော့ ရေသောက်နည်းနေတာပါ။ သတိထားပြီး ရေသောက်ပေးပါ။ ကျန်းမာတဲ့လူတစ်ယောက် အနေနဲ့ ၂နာရီခြားတစ်ခါ ဆီးသွားတာက ပုံမှန်ပါပဲ။  ဒီလိုမှမဟုတ်ဘဲ အပေါ်မှာ ပြောခဲ့သလို တစ်ခုခုဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြစေချင်ပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/what-your-pee-can-tell-you/
Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။
ယနေ့ခေတ်မှာ မျက်လုံးနားက အရေပြားတွေ မတွန့်အောင်၊အရေးကြောင်းတွေ မဖြစ်အောင်၊မျက်ကွင်းညိုတာတွေ ပျောက်အောင်၊ မျက်လုံးပတ်လည်အသားအရေ စိုပြေအောင် eye creamတွေကို အများအပြား အသုံးပြုလာကြပါတယ်။Eye creamကို လိမ်းတဲ့အခါ ကိုယ်လိုချင်တဲ့ အာနိသင်တွေကို အပြည့်အဝရဖို့နဲ့ မလိုလားတဲ့ ဘေးအန္တရာယ်တွေ မဖြစ်စေဖို့အတွက် ဂရုစိုက်ရမယ့်အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ တစ်ဆင့် မျှဝေပေးသွားချင်ပါတယ်။Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ ဆိုတော့ Eye cream ကိုလိမ်းတဲ့အခါ။လက်သူကြွယ်က လက်ချောင်းတွေထဲမှာ အနူးညံ့ဆုံးလက်ချောင်းလေးဖြစ်တဲ့အတွက် ring finger လေးနဲ့ လိမ်းပေးမယ်ဆိုရင် ပိုပြီး ထိရောက်မှုရှိစေပါတယ်။Eye creamက မျက်လုံးပတ်လည်ကို လိမ်းရပြီး အများကြီးလိမ်းမိတဲ့အခါ မျက်လုံးထဲကို ဝင်သွားနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အခြားbody lotionတွေလိုမျိုး စိတ်ကြိုက် မလိမ်းမိစေဖို့ သတိပေးချင်ပါတယ်။ Eye creamကို တစ်ခါလိမ်းအတွက် ပဲစေ့လေး တစ်စေ့စာပမာဏလောက်ပဲ အသုံးပြုသင့်ပါတယ်။မျက်လုံးပတ်ပတ်လည်ကို လိမ်းတဲ့အခါ မျက်လုံးအတွင်း၊ မျက်သားအတွင်းဘက်ကို လုံးဝမ၀င်သွားစေဖို့ အရေးကြီးပါတယ်။ ဝင်သွားခဲ့မယ်ဆိုရင်လည်း ချက်ချင်းရေဆေးချပေးရပါမယ်။ ဒါ့ကြောင့် မျက်တောင်နဲ့ သိပ်နီးကပ်နေတဲ့ နေရာတွေထိ ရောက်အောင် မလိမ်းမိဖို့ ဂရုစိုက်ပေးရပါမယ်။ ကိုယ်သုံးမယ့် eye creamက မျက်ရစ် (သို့) မိန်းကလေးတွေ eye liner ဆိုးတဲ့နေရာအတွက် safe ဖြစ်ပါတယ်လို့ မပြောထားရင် လုံးဝမလိမ်းသင့်ပါဘူး။Eye creamကိုလိမ်းတဲ့အခါ ဖိပြီးလိမ်းတာ၊ ပွတ်ဆွဲပြီးလိမ်းတာမျိုးမလုပ်ဘဲ အသာအယာပုတ်ပြီး အတွင်းဘက်ကစ၊ အပြင်ဘက်ကို လိမ်းပေးနိုင်ပါတယ်။လိမ်းပြီးတဲ့အခါ cream လေးတွေအားလုံး စိမ့်ဝင်သွားဖို့ ၂ မိနစ်လောက်စောင့်ပေးရပါမယ်။ ပြီးမှ တခြားလိမ်းချင်တဲ့skin careတွေ အဆင့်ဆင့်လိမ်းပေးနိုင်ပါတယ်။မျက်လုံးနားမှာရှိတဲ့ အရေပြားလေးတွေက သိပ်ကို နူးညံ့ပြီး ပါးတာကြောင့်ဓာတ်မတည့်ပစ္စည်းတွေမပါတဲ့ eye cream တွေကို ရွေးချယ်အသုံးပြုဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အသားအရေကို ကျန်းမာကောင်းမွန်စေတဲ့ coenzyme Q10, peptides, ceramides,hyaluronic acid, retinoid, Caffeine, vitamin C, E, K စတဲ့ ပစ္စည်းတွေပါတဲ့ eye creamမျိုးကိုရွေးချယ်နိုင်ပါတယ်။Eye creamကို မနက်ခင်း မျက်နှာသစ်ပြီး အချိန်ရော၊ ညနေ(သို့) ညမအိပ်ခင် အချိန်တွေမှာရော တစ်နေ့နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ မနက်ခင်းအပြင်မသွားခင်မှာ eye creamကို လိမ်းမယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့နေရောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့SPF(sun protection factor) ပါတဲ့ eye creamမျိုးလိမ်းသင့်ပါတယ်။ ညနေ (သို့) အိပ်ရာမဝင်ခင်လိမ်းမယ်ဆိုရင်တော့ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ အပြည့်အဝပေးနိုင်တဲ့ cream မျိုးကို လိမ်းသင့်ပါတယ်။Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ ဆိုတာ အဖြေထွက်လောက်ပြီ ထင်ပါတယ်။ ဒီဆောင်းပါးလေးက eye creamအသုံးပြုနေတဲ့ hello ဆရာဝန်ပရိသတ်တွေအတွက် အများကြီး အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-apply-eye-cream-correctly/
ဘေဘီလေးအတွက် ပထမဆုံး မိတ်ဆက်ပေးရမယ့် အသီးအနှံလေးတွေ က ဘာတွေများလဲ .......
ဘေဘီလေးက ၆ လအထိ မေမေ့နို့ တစ်မျိုးတည်းကို သောက်သုံးတယ်ဆိုပေမယ့် ၆ လ ပြည့်ပြီဆိုရင်တော့ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရ လိုအပ်ချက် ပြည့်မီစေဖို့ solid foodတွေ၊ အသီးအနှံလေးတွေ စကျွေးရပါမယ်။ဒီလိုကျွေးတဲ့အခါ အသား၊ ငါး၊အသီးအရွက်၊ ဂျုံ၊ ဆန် စတာတွေကို ညီညွတ်မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ ဘေဘီလေးကို လူကြီးတွေ စားသလို ကျွေးဖို့က အဆင်မပြေပါဘူး။ ဒါကြောင့် ဘေဘီလေးနဲ့လည်း သင့်တော်ပြီးအာဟာရလည်း ပြည့်ဝစေဖို့ဘယ်လို အသီးအနှံလေးတွေ ကို စကျွေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။မုန်လာဥနီက အရောင်အသွေး လှပသလို အာဟာရလည်း ကြွယ်ဝပါတယ်။အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဘေဘီလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းဗိုက်လေးကို ကျန်းမာစေမှာပါ။ဗီတာမင် A ပါဝင်နေတာကြောင့်အမြင်အာရုံကို ကျန်းမာစေနိုင်သလိုကိုယ်ခံအားကောင်းစေဖို့လည်း ထောက်ပံ့ပေးပါတယ်။အစိမ်းရောင် ရင်ရင့်လေးနဲ့ သံဓာတ် ကြွယ်ဝတဲ့ ဟင်းနုနွယ်ရွက်လေးကလည်း ဘေဘီလေးကို ခန္ဓာကိုယ်မှာ အင်အား ပြည့်စေဖို့ ထောက်ကူပေးသလို ကြီးထွားဖွံ့ဖြိုးဖို့လည်း ထောက်ကူပေးပါတယ်။ဘေဘီလေးကိုသွေးအားနည်းရောဂါမဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ဘေဘီလေးရဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်မယ့် အရောင်အသွေးကို ပိုင်ဆိုင်ထားသလို ကလေးကြိုက် အရသာလေးရှိတဲ့ ရွှေဖရုံသီးလေးက ဘေဘီလေးကို အစောဆုံး မိတ်ဆက်ပေးသင့်တဲ့ အသီးလေး တစ်မျိုးပါ။ရွှေဖရုံသီးမှာ အမြင်အာရုံ ကောင်းစေနိုင်တဲ့ဗီတာမင် Aပါဝင်သလို ဘေဘီလေးရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့်ဗီတာမင် Cကြွယ်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်နဲ့ ဘေဘီလေးအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ထောပတ်သီးလေးက ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးစေဖို့အတွက် ထောက်ပံ့ပေးတဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်တွေ ဖြစ်ကြတဲ့ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ ဗီတာမင်K တို့လည်း ပါဝင်နေပါတယ်။အမျှင်ဓာတ်နဲ့ ဖောလိတ်တို့လည်း ပါဝင်နေပါတယ်။ကန်စွန်းဥက ကလေးရော လူကြီးပါ ကြိုက်တဲ့ အစားအစာ တစ်မျိုးပါ။ ကန်စွန်းဥက ကိုယ်ခံအားကို အားဖြည့်ပေးပြီး အမြင်အာရုံ ကျန်းမာစေနိုင်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ဒါတင်မကသေးပါဘူး။ ဘေဘီလေးကို ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ အမျှင်ဓာတ်၊ မဂ္ဂနိစ်၊ ဗီတာမင် B6၊ ဗီတာမင် C တို့ ပါဝင်နေပါတယ်။ပဲက ဘေဘီလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ ပြင်ဆင်ပေးတဲ့ အာဟာရတွေထဲမှာ မပါမဖြစ် ပါဝင်ရမယ့် အစားအစာ တစ်ရပ်ပါ။ ဘေဘီလေးတို့အတွက် အကောင်းဆုံးသော ရွေးချယ်မှု တစ်ရပ်ဆိုလည်း မမှားပါဘူး။ဘေဘီလေး ကြီးထွားစေဖို့အတွက်ပရိုတင်း အများဆုံး ထောက်ပံ့ပေးနိုင်မယ့် အစာအစာ တစ်မျိုးပါ။ကဲ ….. ဘေဘီလေးကို အခုပြောပြခဲ့တဲ့ အသီးအနှံလေးတွေ ပြင်ဆင်ပေးလိုက်ရအောင်လား မေမေတို့ရေ ………….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/babys-first-vegetables/
ဝက်ခြံဆိုးတွေကို ဘယ်လိုကုသမလဲ။
ဝက်ခြံဆိုတာဟာ လူတော်တော်များ အထူးသဖြင့် လူပျိုဖော်အပျိုဖော်ဝင်တဲ့လူငယ်တွေမှာ အဖြစ်များတဲ့ အရေပြားပြသနာတစ်ခုပါ။ အဲဒီဝက်ခြံတွေဟာ အသက်ကြီးလာတဲ့အခါ ပျောက်သွားကြပါတယ်။ ဒါပေမဲ့ အချို့လူတွေမှာ ဝက်ခြံတွေက သူတို့ရဲ့ အသွင်အပြင်တွေကို ဆိုးဝါးသွားစေတဲ့အထိ ဆိုးဝါးသွားတတ်ကြပါတယ်။ ဒါကြောင့် အဲဒီဆိုးဝါးလှတဲ့ ဝက်ခြံတွေကို ဘယ်လိုကိုသရမလဲ သိဖို့ အရမ်းအရေးကြီးပါတယ်။ဝက်ခြံဆိုးတွေဆိုတာ ဘာလဲ။ဝက်ခြံဆိုးတွေဆိုတာ ပြည်တွေနဲ့ ဝက်ခြံတွေကိုဆိုလိုတာပါ။ ယင်းဟာ ဝက်ခြံတွေထဲမှာ အဆိုးဝါးဆုံးဝက်ခြံတစ်ခုဖြစ်ပါတယ်။ အနီရောင် နာကျင်သော ဘုကြီးတွေဟာ မျက်နှာ၊ ကျောကုန်း၊ လက်အပေါ်ဘက်နဲ့ ပခုံးတွေမှာတောင်မှပေါက်နေပြီးရင်တော့ ဝက်ခြံဆိုးတွေ ဖြစ်ဖို့များနေပါပြီ။ အခြားမပြင်းထန်တဲ့ ဝက်ခြံတွေနဲ့ မတူဘဲ ပြည်ဘုဝက်ခြံတွေက အဆီတွေနဲ့ အရေပြားဆဲလ်အသေတွေဟာ ချွေးပေါက်တွေနဲ့ မွေးညင်းပေါက်တွေမှာ စုပုံလာတဲ့အခါမှာ ဖြစ်ပေါ်လာကြတာပါ။ ယောက်ျားလေးအများစုဟာ ယင်းဝက်ခြံဆိုးတွေကို လူပျိုဖော်ဝင်ချိန်မှာ ခံစားကြရပါတယ်။ ဒါပေမဲ့လည်း အချို့ယောက်ျားလေးတွေမှာတော့ ဟော်မုန်းဖောက်ပြန်တာကြောင့် အသက်ကြီးတဲ့အချိန်ထိ ဖြစ်သွားတတ်ကြပါတယ်။ မိန်းကလေးတွေကတော့ ရာသီလာချိန်မှာ ယင်းဝက်ခြံဆိုးတွေနဲ့ ကြုံတွေ့ကြတတ်ပါတယ်။ဝက်ခြံဆိုးတွေကို ဘယ်လိုကုသမလဲ။ကုသနည်းတွေကတော့ အိမ်တွင်းဆေးနည်းကနေ ဆေးနည်းပညာဖြင့် ကုသနည်းတွေထိ အမျိုးစုံလှပါတယ်။ သဘာဝနည်းလမ်းတွေကတော့ အကောင်းဆုံးပဲပေါ့။အောက်ဖော်ပြမဲ့ နည်းလမ်းတွေကတော့ ဝက်ခြံဆိုးတွေကို ကုသမဲ့ အထိရောက်ဆုံးနည်းလမ်းအချို့ပါ။ဝက်ခြံတွေကို မညှစ်ပါနှင့်။ဘယ်ဝက်ခြံပဲဖြစ်ဖြစ် အထူးသဖြင့် ပြည်ဘုဝက်ခြံလိုဟာမျိုးတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ် မညှစ်ပါနဲ့။ ထိုသို့ပြုလုပ်ခြင်းက အရေပြားတွေအောက်မှာ ပိုမွှားတွေကို ကူးစက်ပြန့်နှံ့သွားစေတတ်ပါတယ်။ ဝက်ခြံကိုကလိမယ်ဆိုရင် ပိုးဝင်သွားတတ်ပြီး အနာကျက်ချိန်ကို ရက်သတ္တပတ်အထိ ကြာမြင့်သွားစေတတ်ပါတယ်။ ဒါ့အပြင် ဝက်ခြံပျောက်သွားတဲ့ အခါမှာလည်း အမာရွတ် ကျန်သွားတတ်ပါတယ်။ ဒဏ်ရာရဲ့အတိမ်အနက်ပေါ် မူတည်ပြီး အမာရွတ်ဟာ တစ်သက်လုံးထိ ပါသွားတတ်ပါတယ်။ရေခဲကပ်ပါ။ရေခဲကပ်တာဟာ ဝက်ခြံကိုထောက်ပံ့ပေးနေတဲ့ သွေးကြောကို ကျဉ်းသွားစေခြင်းအားဖြင့် ရောင်နေတာနဲ့ နီနေတာကို ချက်ချင်းသက်သာ သွားစေပါလိမ့်မယ်။ ရေခဲတုံးကို ဝက်ခြံပေါ်တွင် တိုက်ရိုက်ထိကပ်ပြီး ရလဒ်ကို စောင့်ကြည့်ပေးပါ။အရေပြားကို ဂရုစိုက်ထိန်းသိမ်းပေးပါ။အလှဆီမလိမ်းခင် အရေပြားကို သန့်စင်ပေးပါ။ ရေဖြင့်အခြေခံပြုလုပ်ထားတဲ့ အလှဆီကို ရွေးချယ်ပြီး အဆီကိုအခြေခံ ပြုလုပ်သော အလှဆီနဲ့ အနံ့ပြင်းသော အလှဆီများကို ရှောင်ရှားပါ။အနည်းဆုံး တစ်ပတ်တစ်ခါ ထိရောက်ပြီး မကြမ်းတမ်းတဲ့ အလှကုန်တွေနဲ့ အရေပြားချီးချွတ်ပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းက သင့်အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး သင်အပြောင်းအလဲတစ်ခုကို ရရှိမှာပါ။အရေပြားမပျက်စီးစေရန် နေရောင်ထဲသို့ထွက်မည်ဆိုပါက နေရောင်ခံလိမ်းဆေး လိမ်းပြီးမှထွက်ပါ။ အရေပြားပျက်စီးနေပြီဆိုပါက သဘာဝဗီတာမင်စီက သင့်ကို ကူညီပေးပါလိမ့်မယ်။အရေပြားနှင့် ထိတွေ့နေသော အရာများကို သန့်သန့်ရှင်းရှင်းထားပါ။အရေပြားနဲ့ နေ့စဉ်နေ့တိုင်း ထိတွေ့လျှက်ရှိတဲ့ အရာတွေကတော့ ခေါင်းအုံး၊ စောင်နဲ့ မျက်နှာသုတ်ပဝါတွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ယင်းအရာတွေ မသန့်ရှင်းပါက အရေပြားယားယံတာမျိုးနဲ့ ဓါတ်မတည့်တာမျိုးကို ဖြစ်စေတတ်ပါတယ်။ ထိုအရာများကို ရှောင်ရှားဖို့အတွက် စောင်နဲ့ ခေါင်းအုန်းအစွပ်တွေကို မကြာခဏလဲပေးပါ။ ဒါ့အပြင် သင့်မျက်နှာသုတ်ပဝါများ၊ ခေါင်းအုန်းစွပ်များနဲ့ စောင်များကို အနံ့မထည့်ထားတဲ့ သဘာ၀ အဝတ်လျော် ဆပ်ပြာများဖြင့် လျော်ပေးပါ။ ပြင်းထန်တဲ့ အစွန်းချွတ်ဆေးနဲ့ ချီးချွတ်ဆေးတွေကို မသုံးဖို့ မမေ့ပါနှင့်။ဆေးနည်းပညာဖြင့် ကုသခြင်းများ။ယင်းကုသနည်းတွေကတော့ ပါရဂူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပဲလုပ်နိုင်ကြတာပါ။Isotretinoin။Isotretinoin က ဝက်ခြံဆိုးတွေကို ကုသသော ထိရောက်တဲ့ ဆေးတွေထဲ တစ်မျိုးပါ။ ယင်းဆေးက ပြည်ဘုတွေကို ရေရှည် ထိန်းချုပ်ထားနိုင်ပါတယ်။ ထိုကုသမှုအတွက် ၁၅ပတ်ကနေ ၂၀ပတ်အတွင်း ကြာမြင့်ပါတယ်။ ဒါပေမဲ့လည်း မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်စေခြင်း၊ စိတ်ဓါတ်ကျခြင်းနှင့် စိတ်ကစင့်ကလျားဖြစ်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါသေးတယ်။အရောင်ကျစေသော Steroidများ။ဆရာဝန်တွေက သင့်ကိုအရောင်ကျစေတဲ့ Steroid တွေထိုးပေးပါလိမ့်မယ်။ ယင်းကုသနည်းဖြင့် ပြည်ဘုတွေဟာ ၂ရက်ကနေ ၅ရက်အတွင်း ပိန်ကျသွားပါလိမ့်မယ်။အလင်းရောင်ဖြင့် ကုသခြင်း။ယင်းကုမှုမှာတော့ ဆရာဝန်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို သတ်တဲ့ အလင်းပြပေးခြင်းအားဖြင့် ကုသပါတယ်။သေချာဂရုစိုက်မယ်ဆိုရင်တော့ ဝက်ခြံဆိုးပေါက်တယ်ဆိုတာဟာ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။ အရေပြားထိန်းသိမ်းခြင်းသာမက အစားအစာကို ပြင်ဆင်စားသောက်ခြင်းနှင့် အားကစားလုပ်ခြင်းတွေက အကျိုးသက်ရောက်တယ်ဆိုတာကလည်းထူးြ့ခါးပါသေးတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af/
အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။
ငရုတ်သီး စပ်စပ်လေး၊ ဘာလေး စားစား စပ်စပ်လေးဆိုမှ ခံတွင်းတွေ့တယ်ဆိုတဲ့ သူလေးတွေရှိလား ….. အစပ် စားတယ်။ ပြီးရင် ဗိုက်အောင့်တယ်ဆိုတဲ့ သံသရာထဲမှာ ပျော်မွေ့ရင်း အစပ်တွေကို စားမိနေတယ်ဆိုရင်တော့ ရေရှည်မှာအစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်လာနိုင်တယ်ဆိုတာ သတိရစေချင်ပါတယ်။ ဒါကြောင့် အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။ဒီတော့အစပ်စားရင်းအစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဘယ်အချက်လေးတွေကို သတိထားရမလဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ငရုတ်သီးကဗီတာမင် Cကြွယ်ဝတာကြောင့်ကိုယ်ခံအား ကောင်းစေတယ်။အသားအရေလှစေတယ်ဆိုပေမယ့် အလွန်အကျွံ စားရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။အစပ် အလွန်အကျွံစားတာက ရင်ပူတာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ငရုတ်သီး ဆိုတဲ့နေရာမှာ ငရုတ်သီးစိမ်းက ထိခိုက်စေတာမျိုး သိပ်မဖြစ်ပေမယ့် အခြောက်ခံထားတဲ့ ငရုတ်သီး၊ ငရုတ်သီးမှုန့်တို့လိုမျိုး အရာတွေက ကျန်းမာရေးကို ထိခိုက်နိုင်ခြေ များပါတယ်။အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။ အစပ်ကြိုက်လို့ စားတယ်။စားပြီးရင်လည်း ဗိုက်အောင့်တယ်ဆိုရင် အစပ်ကြောင့် အစာအိမ် မထိခိုက်စေဖို့ အစပ်စားပြီးရင်ဒီအချက်လေးတွေကို မလုပ်မိအောင် ဂရုစိုက်စေချင်ပါတယ်။ငရုတ်သီး စပ်စပ်စားပြီးချိန်မှာ ရေသောက်ချလိုက်တာက အစပ်ပြေမယ်လို့ ထင်စရာ ရှိပေမယ့် ပါးစပ်ထဲမှာ ဖြစ်နေတဲ့ ပူစပ်ပူလောင် ဖြစ်တာကို မသက်သာစေပါဘူး။ ဗိုက်ထဲမှာတော့ အေးကောင်းအေးသွားနိုင်ပါတယ်။ပိုဆိုးတာက အစပ် သက်သာအောင်  ရေတဝကြီးသောက်ချလိုက်တဲ့အခါ ဗိုက်တွေအင့်တဲ့ ပြဿနာပါ ပိုတိုးလာပါတယ်။ဒီတော့ ဘာသောက်ရမလဲ ……..။အစပ် စားပြီး အရမ်းစပ်နေရင် အစပ်ပြေအောင် ဆိုပြီး ဆိုဒါ မသောက်ပါနဲ့။ ဆိုဒါကလည်း ဂတ်စ်ပါဝင်မှု များတာကြောင့်  လေပွတတ်ပါတယ်။ ဆိုဒါအပြင် စပ်နေချိန် မသောက်သင့်တဲ့အရာတွေထဲမှာဂတ်စ်ပါတဲ့ အချိုရည်တွေလည်း ပါပါတယ်။ဒီတော့ ဘာစားရမလဲ ……..။ဒီတစ်ခေါက်ကတော့ ဆိုဒါအစား သောက်စရာ မသောက်ဘဲ စားတာမျိုး လုပ်ပေးရမှာပါ။ ဘာစားရမလဲဆိုတော့ ပေါင်မုန့် ဒါမှမဟုတ် ထမင်းဖြူပါ။ ဒီလို စားပေးတာက စပ်နေတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။စပ်နေချိန်မှာ အဆီပါဝင်မှုများတာတွေ၊ ဆီကြော်စာတွေကို မစားပါနဲ့။ စပ်တာကို သိသိသာသာ မသက်သာစေနိုင်သလို အဆီပါဝင်မှုများတာကြောင့် အစာအိမ်ကို ဝန်ပိစေတတ်ပါတယ်။ဒီတော့ ဘာစားရမလဲ ……..။အရမ်းစပ်နေချိန်မှာသကြားကို လျှာပေါ်တင်ထားတာက စပ်တာကို သိသိသာသာ လျော့စေနိုင်ပါတယ်။ နောက်ထပ် စားပေးလို့ရတာကတော့ပျားရည်စစ်စစ်လေးပါ။ ပျားရည် စစ်စစ်လေးကို လျှာပေါ်တင်ထားရုံပါ။ကဲ ….. အစပ် စားပြီးရင် ဒါတွေ မလုပ်မိဖို့ သတိထားလိုက်ပါနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/things-should-never-do-after-eating-spicy-foods/
အသားမာ တွေကြောင့် စိတ်ရှုပ်နေပြီလား
လက်ဖဝါး ခြေဖဝါးလေးတွေနူးညံ့နေတာကို လူတိုင်း လိုလို သဘောကျတတ်ပါတယ်။ လေဒီလေးတွေဆိုရင် လက်ဖဝါး၊ ခြေဖဝါး နုနုကြည်ကြည်လေး ဖြစ်ချင်တဲ့ ဆန္ဒ မရှိသူ ခပ်ရှားရှားပါ။ ဒီတစ်ခေါက်တော့ ခြေဖဝါး လက်ဖဝါးတွေမှာ ဖြစ်တတ်တဲ့အသားမာတွေကြောင့် စိတ်ရှုပ်နေတဲ့သူတွေအတွက် ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။အသားမာဆိုတာ နာမည်နဲ့လိုက်အောင် ပုံမှန် အရေပြားထက် ထူပြီး မာကြောတဲ့ အရေပြား အစိတ်အပိုင်းပါ။ များသောအားဖြင့် အရွယ်အစား သိပ်မကြီးဘဲ မာကျောနေတတ်ပြီး ယားယံတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။အသားမာက ကြီးမားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်သလို အန္တရာယ်လည်း မရှိပေမယ့် နေရထိုင်ရ မသက်မသာဖြစ်စေတာတော့ အမှန်ပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။အသားမာတွေကို အဓိက အနေနဲ့အမျိုးအစား (၃) မျိုးခွဲထားပါတယ်။မာကြောတဲ့ အသားမာအမျိုးအစားက အဖြစ်များတဲ့ အသားမာအမျိုးအစားပါ။ အရွယ်အစားက သေးငယ်ပြီး မာကြောတဲ့အရေပြားပေါ်မှာ ဖြစ်တာများပါတယ်။သိပ်ပြီး မာကြောမှု မရှိတဲ့ အသားမာတွေကတော့ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင် ရှိတတ်ပြီး ရော်ဘာလိုမျိုး ခပ်ပျော့ပျော့ပါ။ခြေချောင်းတွေကြားမှာ အများဆုံး ဖြစ်တတ်ပါတယ်။အလုံးလိုက်လေးတွေ ဖြစ်တတ်တဲ့ အသားမာလေးတွေကတော့ကြွက်နို့တို့လိုမျိုး အဖုလိုလေးတွေ ဖြစ်တာပါ။ သေးငယ်ပြီး ခြေဖဝါးလိုနေရာမှာ အဖြစ်များပါတယ်။အသားမာက ထူလာလေလေ နာလေလေပါ။ အသားမာက အရေပြားရောဂါ တစ်မျိုးပါ။ အရေပြားပေါ်ကို သက်ရောက်နေတဲ့ ဖိအားကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အနေအထား တစ်ရပ်ပါ။အသားမာတွေကို သက်သာအောင်နေအိမ်မှာ အခုလို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။အသားမာ တက်တာကို သက်သာစေဖို့ ရေနွေးနွေးလေးထဲမှာ အသားမာတက်တဲ့နေရာကို ၁၀ မိနစ်လောက်စိမ်ထားပါ။ ပြီးရင် အဝတ်စ ကြမ်းကြမ်းလေးနဲ့ ပွတ်တိုက်ပေးပါ။ချေးတွန်းကျောက်က အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို အသားမာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ချေးတွန်းကျောက်ကို ရေနွေးနွေးထဲမှာ စိမ်ထားပြီး အသားမာကို တိုက်ပေးပါ။ စက်ဝိုင်းပုံအတိုင်း ခပ်ဖွဖွလေး တိုက်ပေးပါ။ ဒီလို လုပ်ပေးတာက အသားမာတွေကို သက်သာစေနိုင်မှာပါ။အသားမာပေါ်မှာ အစိုဓာတ် ထိန်းခရင်မ် ဒါမှမဟုတ် salicylic acid ပါတဲ့ ခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ။ ဒီလို လိမ်းပေးတာက အသားမာကို သက်သာစေနိုင်ပါတယ်။ဆီးချိုရောဂါရှိမယ်။ သွေးစီးဆင်းမှု သိပ်မကောင်းဘူး။ အရေပြား ပါးမယ်ဆိုရင်တော့ salicylic acid ပါတဲ့ ခရင်မ်ကို မလိမ်းပါနဲ့။အသားမာတက်တာကို ပိုပြီး ဆိုးမလာစေဖို့နဲ့ သက်သာစေဖို့ဆိုရင် အသားမာကို အသားမာကပ်တဲ့ ပလာစတာလေး ကပ်ပေးထားလို့ ရပါတယ်။ ဒီလို လုပ်ထားတာက အသားမာကို ပါးသွားစေပြီး မြန်မြန်သက်သာစေပါတယ်။အသားမာတက်တဲ့နေရာကို ကြက်ဆူဆီ လိမ်းပေးတာကလည်း အသားမာကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ နေ့တိုင်း ပုံမှန်လေး လိမ်းပေးဖို့တော့ လိုပါမယ်။ပန်းသီးရှာလကာရည်ကို အသားမာတက်တဲ့နေရာမှာ ပုံမှန်လေး လိမ်းပေးတာက အသားမာ တက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။အသားမာ တွေကြောင့် စိတ်ရှုပ်နေပြီလား ………. ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/corn-removal-home-remedies/
လုပ်ငန်းခွင်မှာ အထိုင်များခြင်းနဲ့ စိတ်ကျဝေဒနာ
လုပ်ငန်းခွင်ဆိုတာ ပျော်ရွှင်ဖွယ်ရာ နေရာတစ်ခုဖြစ်ဖို့သင့်တယ်လို့ လူတိုင်းကဆိုတတ်ကြတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေ၊ တွန်းအားတွေ၊ ရုန်းကန်ရမှုတွေက အမြဲရှိနေမှာဖြစ်တာမို့ လုပ်ငန်းခွင်ဆိုတာ အမြဲတမ်းတော့ ပျော်စရာဖြစ်နေမှာမဟုတ်ပါဘူး။ဒါကြောင့်လည်း လုပ်ငန်းခွင်တွေဟာ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ အမြဲတမ်းဆက်စပ်မှုရှိနေတတ်ပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေ၊ လုပ်သားတွေရဲ့ ကျန်းမာရေးပြဿနာတွေနဲ့ပေါ့။ပုံမှန်အားဖြင့် လုပ်ငန်းခွင်ဖိအားတွေ၊ပင်ပန်းမှုဒဏ်တွေကြောင့် ဝန်ထမ်းတွေမှာ စိတ်ဖိစီးမှုဝေဒနာတွေ၊ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်တယ်ဆိုတာကို လူသိများကြပေမယ့် သုတေသနပြုလုပ်ချက်အသစ်တွေရဲ့ ဖော်ထုတ်ချက်တွေအရဆိုရင်တော့ နောက်ထပ် ပြဿနာတစ်ချို့ရှိနေသေးတယ်လို့ ဆိုပါတယ်။ဥပမာပြောရမယ်ဆိုရင်တော့ အချိန်ကြာမြင့်စွာ ဆက်တိုက် ထိုင်နေရတာလိုမျိုးကိစ္စရပ်ပါပဲ။ ကွန်ပျူတာရှေ့မှာ နာရီနဲ့ချီ မရပ်မနားထိုင်ပြီး အလုပ်လုပ်တာဟာ ခန္ဓာကိုယ်ကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ သိရှိလာရပါပြီ။တစ်နေ့ကို ၈ နာရီလောက် ကွန်ပျူတာရှေ့မှာ ထိုင်နေသူတွေဟာစိတ်ဓာတ်ကျတဲ့ဝေဒနာကို မွေးမြူခြင်းတစ်မျိုးဖြစ်တယ်လို့ ဗြိတိန်က ကျန်းမာရေးသုတေသီတွေကဆိုပါတယ်။အရွယ်ရောက်ပြီးသူပေါင်း ၄၂၅၇ ဦးကို လေ့လာသုတေသနပြုလုပ်ခဲ့မှုအရဆိုရင် ဒီလိုအချိန်ကြာမြင့်စွာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေဟာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့လည်း စိတ်မပါသလိုဖြစ်လာကြပြီး စိတ်ဓာတ်ကျဆင်းတဲ့ ဝေဒနာခံစားရဖို့လည်း အလွန်အမင်းနီးစပ်လာခဲ့ကြပါတယ်။အထိုင်များတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုပါနည်းပါးလာတဲ့အခါ လူရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ တက်ကြွမှုတွေပျောက်ဆုံးလာနိုင်ပြီး လုပ်ငန်းခွင်မှာလည်း အမှားအယွင်းတွေများတာတွေ၊ တိုးတက်တဲ့ စွမ်းဆောင်ရည်ကို မပြသနိုင်တာတွေဖြစ်လာမှာဖြစ်ပါတယ်။ဒီအခြေအနေတွေနဲ့ ဆက်စပ်ပြီး စိတ်ဖိစီးမှုဝေဒနာစွဲကပ်လာမှာဖြစ်ပြီး စိတ်ဖိစီးမှုများလာလေလေ လုပ်ငန်းခွင်မှာလည်း ပိုမိုဖိအားများလာလေလေဖြစ်လာမှာဖြစ်တာကြောင့် ဒီအခြေအနေကြီးတစ်ခုလုံးကိုအဆိုးကျော့သံသရာ (Vicious Circle)လို့ သုံးသပ်မှုတွေ ရှိထားပါတယ်။ခုလို စိတ်ဖိစီးလာနေချိန်မှာ အောက်ပါ အချက်တွေကြောင့် စိတ်ဖိစီးမှုထုထည်ပိုမိုတိုးပွားလာနိုင်ပြီး စိတ်ဓာတ်ကျတဲ့ဝေဒနာအဆင့်ကို ရောက်ရှိသွားစေနိုင်ပါတယ်။လုပ်ငန်းခွင်မှာ အထိုင်များခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာကို ဝန်ထမ်းကိုယ်တိုင်ဖြေရှင်းလို့ရသလို လုပ်ငန်းခွင်ကလည်း ဖြေရှင်းပေးနိုင်ပါတယ်။ကိုယ်တိုင်ဖြေရှင်းမယ်ဆိုရင်တော့။ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ ထိုင်နေတာဟာစိတ်ဖိစီးမှုဝေဒနာအပြင်၊ အဝလွန်တာ၊ သွေးတိုး၊ ဆီးချိုးဝေဒနာတွေစွဲကပ်တာ၊ ကင်ဆာရောဂါတစ်ချို့ဖြစ်စေနိုင်တာနဲ့ အရွယ်မတိုင်မီသေဆုံးတာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် လုပ်ငန်းခွင်မှာ ကာလကြာရှည်ထိုင်နေတာမျိုးမဖြစ်စေဖို့ ကိုယ့်ကိုယ်ကို အမြဲမပြတ်သတိပေးနေဖို့ သင့်ပါတယ်။လုပ်ငန်းခွင်တွေဟာ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့နေရာတွေဖြစ်နိုင်သလို ပိုမိုဆိုးရွားသွားစေနိုင်တဲ့ အခြေအနေတွေကိုလည်း ဖန်တီးနိုင်ပါတယ်။ ဝန်ထမ်းတွေဟာ အထိုင်များခြင်းကြောင့်သာမက လုပ်ငန်းခွင်အခြေအနေနဲ့ ဖိအားပေါင်းစုံတို့ကြောင့် စိတ်ဓာတ်ကျတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။တစ်ကမ္ဘာလုံးမှာ စိတ်ဓာတ်ကျဆင်းတဲ့ဝေဒနာခံစားနေရသူပေါင်း ၂၆၄ သန်းအထိရှိတယ်လို့ WHO ကဆိုထားပြီး လုပ်ငန်းခွင်နဲ့ဆက်နွယ်ပြီး ပူပင်သောကများတဲ့ လက္ခဏာမျိုးတွေကို အများဆုံးပြသကြတယ်လို့လည်း ဆိုပါတယ်။ခုလို လုပ်ငန်းခွင်မှာ စိတ်ကျဝေနာခံစားရခြင်းဟာ ဝန်ထမ်းတစ်ဦးတစ်ယောက်တည်းကိုသာ ထိခိုက်စေတာမဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တာပါ။WHO ရဲ့ အဆိုအရ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေဟာ သက်ဆိုင်ရာလုပ်ငန်းတွေကိုပါသက်ရောက်မှုရှိနေပြီးတော့ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်ခံနေရမှုတွေကြောင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်တစ်ခုလုံးဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ထရီလီယံလောက် ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။အဓိပ္ပါယ်ကတော့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ ပိုမိုပျော်ရွှင်လေလေ လုပ်ငန်းလည်း အကျိုးအမြတ်ပိုမိုရရှိလေလေဆိုတဲ့ သဘောပါ။ ဝန်ထမ်းတွေ စိတ်ကျန်းမာပျော်ရွှင်စေဖို့အတွက် ၁ ဒေါ်လာ သုံးစွဲပေးတိုင်း အကျိုးအမြတ် ၄ ဒေါ်လာ ပြန်ရလိမ့်မယ်လို့ WHO က တွက်ချက်ပြထားပါတယ်။ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် ထိုင်များတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ လုပ်ငန်းခွင်အတွင်းမှာ စိတ်လက်အပန်းဖြေနိုင်ဖို့ အစီအစဉ်တွေကို လုပ်ငန်းဘက်ကလည်း ဖန်တီးပေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/depression-causes-sitting-too-long-at-work/
ကြက်ငှက်တုပ်ကွေး H5N1 ပြန်လာပြီလား
ဝူဟန်အဆုတ်ရောင်ရောဂါက မပြီးသေးဘူး။ ခုတစ်ခါကြက်ငှက်တုပ်ကွေးက ရောက်လာပြန်ပါပြီ။ ဖြစ်တာကလည်း တရုတ်မှာပါပဲ။ ၂.၂.၂၀၂၀သတင်းတွေအရ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဆောင်ယန်မြို့က ကြက်ခြံမှာ ကြက်ကောင်ရေ ၇၈၅၀ကနေ ၄၅၀၀လောက် ရုတ်တရက်သေဆုံးခဲ့ကြပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါH5N1ကြက်ငှက်တုပ်ကွေးကြောင့်လို့ သိရတဲ့အတွက် တာဝန်ရှိသူတွေက နောက်ထပ်ကြက်ကောင်ရေ ၁၇၈၂၈ကို သုတ်သင်ခဲ့ကြပါတယ်။ ရှေ့အပတ်တွေကလည်း အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးဖြစ်တယ်ဆိုတဲ့သတင်းကြားလိုက်ရပါသေးတယ်။ ဆိုတော့ ဒီအခြေအနေမှာ ဝူဟန်ကိုပဲမည်းမနေဘဲ ကြက်ငှက်တုပ်ကွေး ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့ရာဇဝင်တွေအရ သေဆုံးနှုန်းက ၅၀ရာခိုင်နှုန်းကျော်ပါတယ်။ ဒီတော့ သူ့အကြောင်းနည်းနည်းလောက်လေ့လာကြည့်ရအောင်။တကယ်တော့သူကလည်းတုပ်ကွေးဗိုင်းရပ်စ်(influenza virus)အမျိုးအစားပါပဲ။ A, B, C, Dဆိုပြီး၄မျိုးရှိတဲ့အထဲမှာ ငှက်တွေမှာ တွေ့ရတာက Aအမျိုးအစားပါ။ Hတွေ Nတွေဆိုတာက ဗိုင်းရပ်စ်မှာရှိတဲ့ ပရိုတိန်းအမျိုးအစားပါ။ H ၁၈ခုနဲ့ N ၁၁ခုရှိပါတယ်။ ဒါတွေပေါင်းစပ်ရာကနေ H5N1ကြက်ငှက်တုပ်ကွေးဆိုတာ ဖြစ်လာတာပါ။ ဒီဗိုင်းရပ်စ်က တောရိုင်းငှက်တွေမှာရှိတာပါ။ သူတို့ကနေ မွေးထားတဲ့ ကြက်တွေ ငှက်တွေဆီကိုကူးတယ်။ အဲ့ဒီကနေမှ လူတွေဆီကိုကူးတာပါ။ရောဂါရာဇဝင်ကိုပြန်ကြည့်မယ်ဆိုရင် ၁၉၅၉-၁၉၉၇ခုနစ်တွေကြားမှာ ကြက်တွေငှက်တွေ အစုလိုက်အပြုံလိုက်ကူးစက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ၁၉၉၇ကျမှ လူမှာစတင်တွေ့ရပြီး ကူးစက်ခံရသူ၁၈ယောက်မှာ ၆ယောက်သေဆုံးခဲ့ပါတယ်။ ၂၀၀၃မှာတစ်ခါ လူမှာကူးစက်ခံရတာကို တွေ့ရပါတယ်။ ၂၀၀၃-၂၀၁၄ထိစာရင်းတွေအရ ကူးစက်ခံရသူ၇၀၁ယောက်မှာ ၄၀၇ယောက်သေဆုံးခဲ့ပါတယ်။ သေနှုန်း၅၈ရာခိုင်နှုန်းပါ။ မြန်မာနိုင်ငံမှာတော့ ၂၀၀၇မှာ ကူးစက်ခံရသူ၁ယောက်ရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပါဘူး။ကြက်တွေငှက်တွေကနေ လူကိုတိုက်ရိုက်မကူးနိုင်ပါဘူး။ ရောဂါပိုးရှိတဲ့ ကြက်ငှက်ကို တိုက်ရိုက်ကိုင်တွယ်တာ၊ အညစ်အကြေးတွေပေနေတဲ့ ပစ္စည်းတွေကို ကိုင်မိတာ၊ သားသတ်နေတဲ့အချိန်၊ အမွှေးနုတ်တဲ့အချိန်၊ ချက်ပြုတ်ဖို့ကိုင်တွယ်ပြင်ဆင်တဲ့အချိန်မှာ အဓိကကူးပါတယ်။ ချက်ပြုတ်ထားတဲ့ ကြက်သားကိုစားရာကနေ ကူးတယ်လို့ မပြောနိုင်သေးပါဘူး။ လူလူချင်းကူးတာမျိုးလည်း မတွေ့ရသေးပါဘူး။တခြားတုပ်ကွေးတွေလိုပဲ။ဒီထက်ပိုဆိုးလာရင်တော့။ဗိုင်းရပ်စ်သတ်ဆေးOseltamivir ဒါမှမဟုတ် Zanamivirကို စောစောပေးရင်ပိုကောင်းပါတယ်လို့ WHOက ထောက်ခံထားပါတယ်။ ရောဂါရှိတဲ့သူနဲ့ ထိတွေ့ပြီး ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ (post exposure prophylaxis ) တချို့သူတွေမှာ သုံးနိုင်တယ်လို့လည်း ပြောထားပါတယ်။ကာကွယ်ဆေးရှိပေမယ့် တရားဝင်အသုံးမပြုကြသေးပါဘူး။ အောင်အောင်မြင်မြင်နဲ့ထုတ်ထားပေမယ့် H5N1ရောဂါအတွက် ဘယ်လောက်ကာကွယ်နိုင်မလဲ။ ရောဂါမပြင်းထန်အောင်ကာကွယ်နိုင်ပါ့မလားဆိုတာနဲ့ ပတ်သတ်ပြီး သေချာမပြောနိုင်ကြသေးပါဘူး။အဲ့တော့အကောင်းဆုံးက ကိုယ့်ကိုယ်ကို ရောဂါပိုးမဝင်အောင်ကာကွယ်တာပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%90%e1%80%af%e1%80%95%e1%80%ba%e1%80%80%e1%80%bd%e1%80%b1%e1%80%b8-h5n1-%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9c/
ကြက်ဟင်းခါးညွန့် စားပေးသင့်တဲ့ အကြောင်းအရင်း
ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်တယ်လို့ သိထားပြီး ဖြစ်ပေမယ့် ကြက်ဟင်းခါးညွန့် ဘယ်လိုဆေးဖက်ဝင်လဲဆိုတာကိုတော့ သိသူက ခပ်ရှားရှားပါ။ ဒါပေမယ့် ကြက်ဟင်းခါးညွန့်ကို ဗိုင်းရပ်စ်တွေ တိုက်ဖျက်ဖို့၊ ငှက်ဖျား၊ ဝက်သက်လိုမျိုးကျန်းမာရေး ပြဿနာတွေသက်သာစေဖို့ အရင်ကတည်းက အသုံးပြုခဲ့ကြသလို ဆီးချို ကျစေဖို့သွေးတိုးသက်သာစေဖို့နဲ့ ကလေးမွေးဖွားရလွယ်ကူစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြပါတယ်။ဒီတစ်ခေါက်တော့ ကြက်ဟင်းခါးညွန့် ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကြက်ဟင်းခါးညွန့် ဆိုတာ ကြက်ဟင်းခါးပင်ရဲ့ အရွက်နုလေးတွေပါ။ အစိမ်းနုရောင်လေး ရှိပြီး အရွက်လေးတွေက ရွက်မြှောင်း ၃ ခု ၄ ခုလောက် ရှိပါတယ်။ အနားလေးတွေက ခပ်တွန့်တွန့်လေးနဲ့ နွယ်တက်နေတဲ့ အပင်လေးတစ်မျိုးပါ။အတို့အမြှုပ်အဖြစ် စားကြပြီးဆေးဖြစ်ဝါးဖြစ်ရယ် ဆိုတာထက် ဟင်းလျာ တစ်ရပ်အနေနဲ့ စားကြတာများပါတယ်။ အာရှဒေသအတော်များများမှာ ပေါက်ရောက်ကြပါတယ်။ကြက်ဟင်းခါးညွန့်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ကြက်ဟင်းခါးညွန့် စားပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ဆီးချိုသက်သာစေနိုင်တယ်။ကြက်ဟင်းခါးညွန့်ကို ပြုတ်တို့တာဖြစ်ဖြစ်၊ အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ သတ္တုရည်ကို သောက်ပေးတာဖြစ်ဖြစ်၊ ပြုတ်ရည်ကိုသောက်တာဖြစ်ဖြစ် သောက်ပေးမယ်ဆိုရင်အမျိုးအစား – ၂ ဆီးချိုရောဂါကို သက်သာစေနိုင်မှာဖြစ်သလို ကာကွယ်ရာလည်းရောက်ပါတယ်။  ကြက်ဟင်းခါးညွန့်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့်ပါ။လိပ်ခေါင်းသက်သာစေနိုင်တယ်။လိပ်ခေါင်းရောဂါခံစားနေရသူတွေအနေနဲ့ ကြက်ဟင်းခါးညွန့်သတ္တုရည်ကို သောက်ပေးလို့ရပါတယ်။မနက်ခင်းတိုင်း ကြက်ဟင်းခါးညွန့်ကြိတ်ရည်ကို သောက်သုံးပေးတာက လိပ်ခေါင်းသက်သာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်။ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာချင်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ်ချင်းမှာ ကြက်ဟင်းခါးညွန့်ကြိတ်ရည်ကို သောက်ပေးလို့ရပါတယ်။ပန်းနာရင်ကျပ်ရောဂါ သက်သာစေနိုင်တယ်။ပန်းနာရင်ကျပ်ရောဂါကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးညွန့်နဲ့ပင်စိမ်းရွက်တို့ကို ဆတူရောလို့ ကြိတ်ပြီး ရလာတဲ့အနှစ်ကို ပျားရည်နဲ့ ရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ မနက်ခင်းမှာ စားသုံးပေးပါ။ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ရပါတယ်။လည်ချောင်းနာတာ သက်သာစေနိုင်တယ်။လည်ချောင်းနာတာကို သက်သာစေဖို့အတွက်လည်းရေနွေးဆူဆူထဲကို ကြက်ဟင်းခါးညွန့်နဲ့ ပင်စိမ်းရွက်တို့ကို ထည့်လို့ ၁၅ မိနစ်လောက်ထားပြီး ပျားရည်အနည်းငယ်ထည့်လို့ သောက်ပေးလို့ရပါတယ်။အဖျားရှိခဲ့ရင်လည်း ဒီနည်းက အသုံးဝင်ပါတယ်။အဆစ်ရောင်နာ သက်သာစေနိုင်တယ်။အဆစ်တွေရောင်ရမ်းနာကျင်နေတာကို သက်သာစေဖို့ဆိုရင် ကြက်ဟင်းခါးညွန့်ကို ကြိတ်လို့ရလာတဲ့ အရည်ထဲကိုပျားရည်နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။အသည်းရောင် အသားဝါ သက်သာစေနိုင်တယ်။အသည်းရောင်အသားဝါရှိသူတွေ အနေနဲ့လည်း သက်သာစေဖို့ ကြက်ဟင်းခါးညွန့်ကို စားသုံးပေးလို့ရပါတယ်။အရေပြားပြဿနာ သက်သာစေနိုင်တယ်။အရေပြားပြဿနာအမျိုးမျိုးအတွက်လည်း ကြက်ဟင်းခါးညွန့်ကို ကြိတ်ခြေပြီး လိမ်းပေးလို့ရပါတယ်။အပူလောင်တာကနေစလို့အနာတွေဖြစ်တာအထိ အရေပြားပြဿနာ အမျိုးမျိုး အတွက် ကြက်ဟင်းခါးညွန့်ကို အသုံးပြုပေးလို့ရပါတယ်။လက်ဖျားခြေဖျားတွေပူတာ သက်သာစေနိုင်တယ်။လက်ဖျားခြေဖျားတွေမှာ  ပူသလိုလို စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေကို သက်သာစေဖို့လည်း ကြက်ဟင်းခါးညွန့်ကြိတ်ရည်ကို လိမ်းပေးလို့ရပါတယ်။သွေးတိုးရှိသူတွေအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ဖို့ဆိုရင် ကြက်ဟင်းခါးညွန့်ကို စားပေးလို့ ရပါတယ်။ ရေနွေးကြမ်းအနေနဲ့ သောက်ပေးလို့လည်း ရပါတယ်။ကဲ ….. ဒါကြောင့် ကြက်ဟင်းခါးညွန့်စားပေးသင့်တယ်လို့ ပြောရတာပါ။ကြက်ဟင်းခါးညွန့်က ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်။အလွန်အကျွံစားသုံးတာကိုလည်း ရှောင်သင့်ပါတယ်။ ကြက်ဟင်းခါးညွန့်က ဆေးဖက်ဝင်တတယ်ဆိုပေမယ့် ကောင်းကျိုးဆိုးကျိုးတွေကို တိတိကျကျ လေ့လာဖို့ လိုသေးတာကြောင့် ရောဂါတစ်ခုခုခံစားရတဲ့အခါ  တတ်ကျွမ်းနားလည်သူနဲ့သာ ကုသသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/bitter-gourd-leaf-benefits/
Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။
Glass andglow skinမျိုးကို လူတိုင်း၊ လူတိုင်း အထူးသဖြင့် မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ကြည်လင်တဲ့အသားအရေ ရရှိဖို့ exfoliator, toner, serum, essence, moisturizer , sunscreen စသဖြင့် skin care တွေနဲ့ ကုထုံးအမျိုးမျိုးကလည်း တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ခေတ်စားလာတာကို တွေ့ရပါတယ်။Glow and glass skin ရဖို့ ခေတ်မီ product တွေ၊ ကုထုံးတွေကို ဂရုတစိုက် အသုံးပြုလာကြပေမယ့် အားလုံးသိပြီးသားလည်းဖြစ်ပြီး အရေးကြီးဆုံးလည်းဖြစ်တဲ့ အခြေခံအချက်လေးတွေကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ glass skin ရဖို့ လိုအပ်တဲ့ အခြေခံအချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ဒီလို stay home အချိန်ဟာ လူတိုင်းအတွက် ကိုယ့်အသားအရေကို ဂရုစိုက်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်တာကြောင့် လှချင်တဲ့သူတိုင်း ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြပြီး အလေ့အကျင့်ကောင်းလေးတွေ ကြိုးစားဖန်တီးကြဖို့ တိုက်တွန်းချင်ပါတယ်။၁။ရေသောက်ပါ။လူတိုင်းရေသောက်ကြတယ်ဆိုပေမယ့် glass skin ရချင်တယ်ဆိုရင်တော့ ရေကို အနည်းဆုံးတစ်နေ့ ၂လီတာ ပုံမှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ တချို့ကအဆီပြန်ပြီးဝက်ခြံတွေထွက်တတ်တဲ့ အသားအရေရှိလို့အသားအရေခြောက်နေရင် ဝက်ခြံမထွက်ဘူးဆိုတဲ့ အယူအဆနဲ့ ရေသိပ်မသောက်ကြတဲ့သူတွေ ရှိပါတယ်။ အဲဒီ အယူအဆက လုံးဝကို မှားယွင်းနေပါတယ်။ ရေမသောက်တဲ့အခါ အသားအရေက ပိုပြီးခြောက်သွေ့ပြီးအစိုဓာတ်လိုအပ်လာတဲ့အတွက် အရေပြားက အဆီတွေကို ပိုထုတ်ပေးတဲ့အခါ ဝက်ခြံတွေဖြစ်လာစေနိုင်ပါတယ်။ဒါ့ကြောင့် လူတိုင်းရေများများသောက်ဖို့လိုအပ်ပါတယ်။ ရေကို ၂လီတာလောက် ပုံမှန်မသောက်ဖြစ်နေတဲ့သူတွေအတွက် အခုလို stay home ကာလဟာ ရေသောက်ဖြစ်အောင် အလေ့အကျင့်လုပ်ဖြစ်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ကိုယ့်အနားမှာ၊ ကိုယ်အလုပ်လုပ်တဲ့ စားပွဲနားမှာ ရေသန့်ဘူးနဲ့ အမြဲဆောင်ထားပြီး ရေသောက်ဖြစ်အောင် အလေ့အကျင့်လုပ်ယူသင့်ပါတယ်။မေ့တတ်တယ်ဆိုရင် ရေသောက်ဖြစ်အောင် alarm လေးတွေ ပေးထားနိုင်ပါတယ်။ ဒါမှမဟုတ် drink water reminder လိုမျိုး ရေသောက်ဖို့ remind လုပ်ပေးတဲ့ application တချို့ကိုလည်း စမ်းသုံးကြည့်နိုင်ပါတယ်။၂။ အိပ်ချိန်မှန်မှန်အိပ်ပါ။အခုလို stay home အချိန်မှာ လူငယ်တွေတော်တော်များများ ဖြစ်နေတဲ့ အကြီးဆုံးပြသနာက အိပ်ချိန်မမှန်တာပါပဲ။ ညဘက်တွေ နောက်ကျတဲ့ထိနေမယ်၊ တစ်နေကုန်အိပ်မယ်စသဖြင့်ပေါ့။ အဲဒီလို အိပ်ချိန်မမှန်တာတွေ များလာတဲ့အခါမှာမျက်ကွင်းတွေညိုလာမယ်၊အရေးအကြောင်းတွေဖြစ်လာမယ်၊ အသားအရေကလည်း မှိုင်းလာမယ်၊ ကြည်ကြည်လင်လင်မရှိတော့ဘူးပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့ ညကစပြီး စောစောလေးအိပ်ဖြစ်အောင် ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ညဉ့်နက်မှ အိပ်တာတွေကြာလာတဲ့အခါ စောစောပြန်အိပ်နိုင်ဖို့ အစပိုင်းမှာ ခက်ခဲနေနိုင်ပါတယ်။ ဒါ့ကြောင့် စောစောအိပ်ဖို့ စပြီးပြန်ကြိုးစားကြည့်တဲ့အခါ ကိုယ်အိပ်ချင်တဲ့အချိန်မတိုင်ခင် ၁နာရီလောက်ထဲက ဖုန်းကြည့်တာ၊ TV ကြည့်တာ၊ game ဆော့တာတွေကို ရပ်ထားပြီး အိပ်ရာဝင်ဖို့ စတင်ပြင်ဆင်သင့်ပါတယ်။၃။အစားအသောက်ကို ဂရုစိုက်ပါ။Glass skin ရဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ တစ်နည်းအားဖြင့် unsaturated fat တွေ ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- ဆယ်လမွန်၊ တူနာ စတဲ့ ငါးအမျိုးမျိုး၊ ထောပတ်သီး) စတာတွေကို စားပေးရပါမယ်။ saturated fat တွေဖြစ်တဲ့ အသားတွေကရတဲ့ အဆီတွေ၊ ဆီကြော်တွေ ကို ရှောင်ရပါမယ်။ ဒါ့အပြင် အရေပြားအတွက် အထူးကောင်းမွန်တဲ့ အသီးတွေ(ဥပမာ- ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ခရမ်းချဉ်သီး စတာ) တွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေကိုလည်း စားပေးရပါမယ်။ ဘယ်နေ့မှာ ဘာစားမယ်ဆိုတဲ့ ကိုယ်ပိုင် plan လေးဆွဲထားပြီး ဂရုတစိုက်စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။Stay home အချိန်မှာ skin care product တွေနဲ့skin careတဲ့အပြင် ဒီအခြေခံအချက် ၃ချက်ကိုလည်း ပုံမှန်လေး ဂရုတစိုက်လုပ်ဆောင်မယ်ဆိုရင် ကျန်းမာတဲ့ glass skin လေးတွေကို ပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/basic-facts-for-glass-skin/
ကလေးနို့စို့တဲ့အခါ နို့သီးခေါင်း အကိုက်မခံရစေဖို့
ကလေးနို့တိုက်တဲ့ မေမေအများစုကနို့သီးခေါင်း အကိုက်ခံရဖူးပါတယ်။ နာလည်းနာ ကလေးကိုလည်း ဘာမှလုပ်လို့မရဆိုတော့ မေမေတွေအတွက် အတော်အခက်တွေ့ပါတယ်။ နောက်ထပ်ပြဿနာက နို့သီးခေါင်း နာနေတဲ့အတွက် နို့မတိုက်နိုင်တာ၊ နောက်ထပ်နို့တိုက်ရမှာကို လန့်နေတာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးမေမေတွေမှာပါ။ ကလေးဆီကနေ နို့သီးခေါင်းအကိုက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ။သွားငုတ်တုတ် လူငုတ်ငုတ် ကလေးထိုင်တဲ့အရွယ်ဆိုရင် မေမေတို့ နို့သီးခေါင်းကိုက်ခံရပါပြီ။သွားပေါက်ချင်တဲ့အတွက် သွားဖုံးတွေက တင်းပြီး ယားလာပါတယ်။ ဒါကို ဖြေဖျောက်ဖို့ မေမေ့နို့သီးခေါင်းကို ကိုက်တတ်ပါတယ်။နို့ထွက်နည်းတဲ့အခါ ကလေးက နို့စို့ရတာ အားမရတော့ပါဘူး။ ဒါကြောင့် စိတ်ရှုပ်ပြီး နို့ထွက်လိုထွက်ငြား နို့သီးခေါင်းကို ကိုက်ထည့်လိုက်တာပါ။မေမေက နို့သက်ပြီး နို့တွေ အများကြီးထွက်လာတယ်ဆိုရင်လည်း ကလေးက အလျင်မီအောင် လိုက်စို့ရတဲ့အတွက် မတော်တဆ ကိုက်မိတတ်ပါတယ်။နို့တိုက်လို့ ပြီးခါနီးရင် ဖြစ်တတ်ပါတယ်။ နို့စို့ရတာလည်း ဝသွားပြီ၊ ဟိုဟိုဒီဒီကြည့်တတ်တဲ့အရွယ်ဆို ဘေးကို အာရုံရောက်သွားတဲ့အတွက် သတိမထားမိဘဲ ကိုက်တတ်ပါတယ်။ ပုံမှန်ဆို ကလေးရဲ့ လျှာက အောက်သွားဖုံးအပေါ်မှာ ရှိနေပြီး နို့စို့တဲ့အချိန် အကိုက်မခံရအောင် ကာကွယ်ပေးထားပါတယ်။ သူတို့ ဗိုက်ဝသွားရင် ဒီလျှာလေးက နို့သီးခေါင်းကနေ လွတ်သွားတတ်ပါတယ်။ ဒါက ဗိုက်ဝပြီလို့ အချက်ပြတာပါ။ကလေးကြီးတွေမှာ ဖြစ်တတ်ပါတယ်။ မေမေက သူ့ကို မကြည့်ဘဲ တခြားသူနဲ့ စကားပြောနေတယ်။ ဖုန်းသုံးနေတယ်ဆိုရင် သူ့ကို ကြည့်ပါလို့ သတိပေးတဲ့အနေနဲ့ ကိုက်တတ်ပါတယ်။နို့စို့နေရင်းနဲ့ အိပ်ပျော်သွားပြီဆိုရင် ကလေးက ပါးစပ်ပိတ်သွားတာကြောင့် ကိုက်မိသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ပျော်သွားပြီ၊ နို့လည်း စို့နိုင်လောက်အောင် သတိမရှိတော့ဘူးဆိုရင် ဖြုတ်လိုက်တာ အကောင်းဆုံးပါပဲ။နေမကောင်း ဖြစ်တဲ့အခါ ကလေးတွေက အမေနို့ကို ကောင်းကောင်း မစို့နိုင်၊ မမျိုချနိုင်ပါဘူး။ ဒါကြောင့် မတော်တဆ ကိုက်မိတတ်ပါတယ်။ ဒီလို ဆိုရင်တော့ ကလေးဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကလေးက နို့ကောင်းကောင်း မဝင်မှာ စိုးရိမ်ရပါတယ်။အခြေအနေကို ကြည့်ပြီး အောက်က နည်းလမ်းလေးတွေကို အဆင်ပြေသလို သုံးနိုင်ပါတယ်။နို့သီးခေါင်း ကိုက်တဲ့အခါ ‘သားရေ မေမေ နာနာလေ’ ဆိုတာမျိုး ပြောပြပေးပါ။ ကလေးက စကားမပြောတတ်သေးရင်တောင် မေမေ့ရဲ့ အသံ၊ အပြုအမူကို ဖတ်တတ်ပါတယ်။ သူ့ကို ကြည့်ပြီး သေချာပြောပြပါ။ ကိုက်တိုင်းမှာ ပြောပြပေးပါ။ သတိထားရမှာက ကလေးကို မအော်မိ၊ မရိုက်မိဖို့ပါ။ နောက်တစ်ခါ နို့စို့ဖို့ ကြောက်သွားပါလိမ့်မယ်။ကလေးကို မကိုက်ဖို့ ပြောတာတောင် ဆက်ကိုက်နေသေးရင် နို့တိုက်တာကို ရပ်လိုက်ပါ။ ခဏနေမှ ပြန်တိုက်ပါ။ ဒါဆို သူ့စိတ်ထဲမှာ နို့သီးခေါင်းကို ကိုက်ရင် မေမေက နို့မတိုက်ဘူးဆိုတာကို မှတ်ထားပါလိမ့်မယ်။အထူးသဖြင့်သွားယားတဲ့ ကလေးတွေအတွက်ပါ။ နို့မတိုက်ခင်မှာ သွားယားရင် ကိုက်ဖို့ အရုပ်လေးတွေ၊ ရေစိုအဝတ်သန့်သန့်တွေ ပေးကိုက်ထားပါ။ ခဏနေမှ နို့တိုက်ပါ။ အယားပြေသွားတဲ့အတွက် မေမေ့နို့ကို ရန်ရှာတာ နည်းသွားပါလိမ့်မယ်။ကလေးနို့စို့တဲ့အခါ သူ့ပုံစံကို ဆက်တိုက်ကြည့်နေဖို့လိုပါတယ်။ ဗိုက်ဝသွားလို့ ကိုက်တာလား၊ သွားယားလို့လား၊ နေမကောင်း ဖြစ်နေလို့လား။ ဒါမှ ကလေးကို ကူညီပေးလို့ ရမှာပါ။ အမေက သူ့ကို ဂရုစိုက်နေတယ်၊ ကြည့်နေတယ်လို့ ခံစားရတဲ့အတွက် ကလေးက ကိုက်တာလည်း နည်းသွားနိုင်ပါတယ်။အိပ်ပျော်နေတာကို အတင်းတိုက်တဲ့အခါ ကလေးက အိပ်ချင်မူးတူးနဲ့ နို့သီးခေါင်းကို ကိုက်မိတတ်ပါတယ်။ နိုးနေတဲ့အချိန်၊ လန်းနေတဲ့အချိန်မှာ တိုက်ပေးပါ။အထူးသဖြင့် သားဦးမေမေနဲ့ မွေးစကလေးနဲ့ ဆိုရင် ဒီပြဿာနာဖြစ်တတ်ပါတယ်။ သားဦးမေမေက နို့မတိုက်တတ်၊ မွေးစကလေးက နို့မစို့တတ်တဲ့ ခဏခဏ ကိုက်မိပါတယ်။ နို့တိုက်တဲ့အခါ ကလေးပါးစပ်က ကျယ်ကျယ်ဟရပါမယ်။ နို့သီးခေါင်းကို ငုံရမှာ မဟုတ်ပါဘူး။ နို့သီးခေါင်းဘေးက အညိုကွင်းတစ်ခုလုံးကို ငုံရမှာပါ။ နို့သီးခေါင်းလေးက အာခေါင်မှာ ထောက်ရမှာပါ။ ဒီတော့မှ နို့စို့တဲ့အခါ နို့ထွက်မှာပါ။ နို့သီးခေါင်းပဲ ငုံမိရင် နို့စို့တဲ့အခါ ကိုက်မိသလို ဖြစ်တတ်ပါတယ်။နို့ကို တစ်ဖက်ပြီး တစ်ဖက် ပြောင်းတိုက်ဖို့ လိုသလို အနေအထားလည်း ပြောင်းဖို့ လိုပါတယ်။ ထိုင်တိုက်တာ၊ လှဲတိုက်တာ၊ နောက်မီတိုက်တာ စသဖြင့် အဆင်ပြေသလို ပြောင်းတိုက်ပါ။နို့တိုက်တဲ့အခါ ကလေးပါးစပ်ထောင့်ထဲကို လက်ချောင်းလေးထည့်ထားပါ။ မကိုက်မိအောင် ခုထားသလို ဖြစ်စေပါတယ်။ နို့မတိုက်ခင် လက်သေချာဆေးဖို့တော့ လိုပါတယ်။ကလေးက ဗိုက်ဝပြီဆိုရင် နို့စို့တာ နှေးသွားပါတယ်။ နို့သီးခေါင်းကနေ လျှာလည်း လွတ်သွားပါတယ်။ ဟိုကြည့်ဒီကြည့် ကြည့်ပါတယ်။ ဒါဆိုရင် သူဗိုက်ဝနေပါပြီ။ အခြေအနေကြည့်ပြီး နို့ဖြုတ်လိုက်ပါ။ တော်ကြာနေ ပျင်းပြီး ကိုက်တော့မှာပါ။နို့မထွက်ရင် ကလေးက စိတ်မရှည်ဘဲ ကိုက်တတ်ပါတယ်။ ဒါကြောင့် နို့ထွက်အောင် မကြာမကြာတိုက်ပါ။ နို့ထွက်နည်းတဲ့ မေမေတွေက နို့မတိုက်ခင်မှာ အနည်းငယ် ညှစ်ထုတ်တတ်ပါတယ်။ ဒါကလည်း နို့ထွက်စေတဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။များသောအားဖြင့် ကလေးတွေကို သင်ပေးရင်း သင်ပေးရင်းနဲ့ နောက်ကျ မကိုက်တော့ပါဘူး။ နို့သီးခေါင်းကိုက်တာကကလေးနို့ဖြတ်ချင်တာ မဟုတ်တဲ့အတွက် နို့ဖြတ်စရာ မလိုပါဘူး။ ကလေးနို့သီးခေါင်းကိုက်လို့ဆိုပြီး နို့မတိုက်ဘဲ မနေပါနဲ့။မိခင်နို့က ကလေးအတွက် အရေးကြီးတဲ့ အာဟာရဖြစ်တာကြောင့် ဆက်ပြီးတိုက်ဖို့ ကြိုးစားစေချင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/baby-biting-while-breastfeeding/
ကတွတ်ယိုလေး စားကြရာဝယ်
ထန်းလျက်နိုင်နိုင်လေးနဲ့ ကျိုထားတဲ့ ကတွတ်ယိုလေး စားရတာက အရသာရှိသလို ရင်ထဲကို အေးသွားစေပါတယ်။ ကတွတ်ယို ဆိုတာက ကတွတ်သီး မှည့်မှည့်လေးတွေကို ယိုထိုးထားတာပါ။ ငယ်ငယ်က ကျိုက်ထီးရိုးပြန် လက်ဆောင်ဆိုပြီး စားခဲ့ရတဲ့ ယိုတွေထဲက သဘောအကျဆုံး ယိုလေး တစ်မျိုးပေါ့။ ဒီလို စားကောင်းတဲ့ ကတွတ်ယိုလေးကကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ကတွတ်ယိုလေး စားပေးတာက အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ကတွတ်ယိုလေး စားတာက အခုလို ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်တွေ ပြည့်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုက ဓာတ်တိုးပစ္စည်းတွေကြောင့်အရွယ်မတိုင်ခင် အိုမင်းတာအသားအရေ ထိခိုက်ပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုက အူတွေကို ကျန်းမာစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအား ကောင်းစေသလို ခန္ဓာကိုယ်ရဲ့ သံဓာတ် စုပ်ယူနိုင်စွမ်းကို အားဖြည့်ပေးပါတယ်။ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကတွတ်ယို စားပေးတာက ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ် ပြည့်ဝစေပြီး အရိုးသိပ်သည်းဆ လျော့ကျတာကို သက်သာစေနိုင်သလို အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။အရိုးတွေကို သန်မာစေပြီး အရိုးကျိုးလွယ်တာကို ကာကွယ်ပေးပါတယ်။ အရိုးအက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံစေနိုင်ပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အဆီကျစေပြီး ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ် ကြွက်သားတက်အောင် လေ့ကျင့်နေသူတွေလည်း စားပေးလို့ ရပါတယ်။ဆံသား၊ အရေပြား နဲ့  လက်သည်ခြေသည်းလေးတွေ ကျန်းမာသန်စွမ်းစေဖို့လည်း ကတွတ်ယို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုနဲ့ ဗီတာမင် C ပါဝင်မှုက အသားအရေကို ကျန်းမာစေပြီး ဆံသားကို သန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ ကော်လာဂျင် ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး ခြေသည်းလက်သည်းတွေ ကျိုးပဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ကတွတ်ယိုရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် မှတ်ဉာဏ်တိုးတက်စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် မှတ်မိနိုင်စွမ်းကျတာကို ကာကွယ်ပေးပါတယ်။ အာရုံကြောတွေကို ကျန်းမာစေပြီး အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို အသက်အရွယ်ကြောင့် မှတ်မိနိုင်စွမ်း ကျလာတာကို သက်သာစေနိုင်ပါတယ်။ကတွတ်ယို အထူးသဖြင့် အချိုလျှော့နိုင်သမျှ လျှော့ပြီး ထိုးထားတဲ့ ကတွတ်ယိုလေး စားသုံးပေးတာက ဆီးချို ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ကတွတ်ယိုမှာ ဗီတာမင် E၊ sterols၊ coumarins၊ tannins နဲ့ အခြားသော bioactive compoundsတွေ ပါဝင်နေတာကြောင့် ဆီးချို ကာကွယ်ပေးနိုင်ပါတယ်။အမျှင်ဓာတ် ပါဝင်နေမှုက အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကဲ ….. ငယ်ငယ်က နှစ်နှစ်ခြိုက်ခြိုက် စားခဲ့တဲ့ ကတွတ်ယိုလေး က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/figs-jam-health-benefits/
နှာခေါင်းစည်း တပ်ထားရုံနဲ့ COVID-19 ကာကွယ်ဖို့လုံလောက်ပြီလား
ဘယ်တော့များ သတင်းကြားရမလဲ စိုးထိတ်နေကြတဲ့ COVID-19ဗိုင်းရပ်စ်ကြောင့် ဂယက်ထသွားခဲ့ရတာက နှာခေါင်းစည်း (mask)စျေးကွက်ပါပဲ။ကူးစက်ခံရမှာကို ကြောက်လန့်ပြီး တတ်နိုင်သလောက်ကာကွယ်ဖို့ နှာခေါင်းစည်းတွေ အပြေးအလွှားလုဝယ်ကြရာက ဆေးဆိုင်မှာတင်မက အွန်လိုင်းကမှာယူမှုတွေပါ ပစ္စည်းပြတ်၊ စျေးတက် ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် တစ်ခုသတိထားဖို့ရှိတာက နှာခေါင်းစည်း တစ်မျိုးတည်းကို အားကိုးပြီး တခြားကာကွယ်မှုတွေကို မေ့လျော့နေကြမှာကိုပါ။တရုတ်နိုင်ငံမှာ လူအများစုမှာ နှာခေါင်းစည်းတပ်ထားရင်းကို ကူးစက်ခံရတာတွေရှိနေတာ သတိပြုပါ။နှာခေါင်းစည်း တပ်ဖို့က လိုအပ်ပါတယ်။ သို့သော် လုံလောက်တဲ့အကာအကွယ်လို့တော့ တသမတ်တည်း မမှတ်ယူစေချင်ပါဘူး။ ရောဂါပိုးပါတဲ့ အမှုန်အမွှားတွေ၊ အရည်အစက်တွေကို ကာကွယ်ပေးနိုင်လို့ အရေးပါတဲ့ အကာအကွယ်တစ်ခုဖြစ်ပေမယ့် သူ့မှာလည်း ကန့်သတ်ချက်တွေရှိပါတယ်။လူပြောများတဲ့ နည်းအမှားတွေကလည်း ပျံ့နှံ့နေတာမို့ နှာခေါင်းစည်းတပ်နည်းအမှန်ကို ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်သူတွေဆီကနေ လေ့လာပါ။ အတိုချုံးပြောရရင် နှာခေါင်းစည်းကို အရောင်ပါတဲ့ဘက်ကို အပြင်မှာထားပါ၊ သံချောင်းပျော့လေးပါတဲ့ထိပ်ကို အပေါ်မှာထားပြီးတပ်ပါ၊ နှာခေါင်းနဲ့ပါးစပ်ကိုလုံအောင် မေးစေ့ထိအုပ်ပါ၊ ကိုယ့်နှာတံနဲ့နေသားတကျဖြစ်အောင် ဖိလိုက်ရုံနဲ့ ရပါတယ်။တစ်ခါသုံးနှာခေါင်းစည်းတွေကို တစ်ရက်နှစ်ရက်ဝတ်ထားလို့ အဆင်မပြေပါဘူးနော်။ ကာကွယ်မှုထိရောက်နိုင်စွမ်းကောင်းချင်တယ်ဆိုရင် နှာခေါင်းစည်းတွေကို အများဆုံး ရှစ်နာရီထိပဲ တပ်ထားသင့်ပါတယ်။တပ်တာတော့ ဟုတ်ပါပြီ။ စွန့်ပစ်တဲ့အခါ နည်းလမ်းမှန်ရဲ့လား။ တွေ့ရာနေရာ၊ ဟင်းလင်းပြင်မှာစွန့်ပစ်ရင်ရောဂါပိုးပျံ့နှံ့မှုတွေကို အားပေးသလိုဖြစ်စေနိုင်ပါတယ်။ ဥပမာ ကိုယ်က အအေးမိနှာစေးဖြစ်နေတယ်ဆိုပါစို့။ နှာခေါင်းစည်းကို လက်လွတ်စပယ်စွန့်ပစ်တဲ့အခါ ဝူဟန်မဟုတ်တဲ့ တခြားပိုးတွေ သူများတွေဆီပျံ့စေမယ်လေနော်။အဖြူရောင်ရှိတဲ့အခြမ်းကို ပါးစပ်နှာခေါင်းနဲ့ ကပ်ပြီးတာနဲ့ Mask ဘေးက ကြိုးနှစ်ကွင်းကို နားရွက်အနောက်ဆီ အသီးသီးချိတ်ဆွဲပေးရပါမယ်။ တပ်တဲ့အခါ Mask က နှာခေါင်း၊ ပါးစပ်ကို လုံနေပြီး မေးစေ့အောက် ရောက်နေဖို့လည်း အရေးကြီးပါတယ်။ ပြန်ဖြုတ်တော့မယ်ဆိုရင် နားရွက်မှာ ချိတ်ထားတဲ့ ကြိုးနှစ်ကွင်းကို ဆွဲဖြုတ်ပြီး အဲ့အတိုင်း အမှိုက်ပုံးထဲသို့ သေချာစွန့်ပစ်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောပေးပါ။နှာခေါင်းစည်းတပ်တဲ့အခါ အရေးကြီးတဲ့အချက်က နှာခေါင်းစည်းကို လက်နဲ့ထိကိုင်မနေဖို့ပါပဲ။ လက်မဆေးထားဘဲ နှာခေါင်းစည်းအောက်က မျက်နှာပေါ်ကို မထိမကိုင်ပါနဲ့။ မျက်လုံးမပွတ်ပါနဲ့။မကြာခဏလက်ဆေးပါ။နှာခေါင်းစည်းတွေ ဝယ်တပ်မယ်ဆိုရင် ရောဂါကာကွယ်နိုင်ပြီလို့ စိတ်ချထားတာက အဆိုးဆုံး၊ အန္တရာယ်အများဆုံး ဖြစ်ပါတယ်။ ရောဂါကူးစက်မှုတွေက နေ့စဉ် လှုပ်ရှားလုပ်ဆောင်သမျှတွေ၊ ထိတွေ့မှုတွေကနေ ဖြစ်တတ်တာမို့ ဒါတွေ ပိုသတိထားသင့်ပါတယ်။အများစုတပ်နေကြတဲ့ တစ်ခါသုံး(ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း)တွေက ချောင်နေတဲ့၊ ဟနေတဲ့နေရာတွေ ကနေ မမြင်ရတဲ့ လေထုတွင်းအမှုန်အမွှားတွေဝင်ရောက်နိုင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက သတိပေးထားပါတယ်။ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတဲ့ အကောင်းဆုံး ကာကွယ်မှုနည်းလမ်းကတော့လက်ဆေးဖို့နဲ့ ချောင်းဆိုးနှာချေရင် နှာခေါင်းနဲ့ပါးစပ်ကို အုပ်ဖို့၊ နေမကောင်းဖြစ်နေရင် အိမ်မှာပဲနားနေဖို့၊ နေမကောင်းဖြစ်နေသူနဲ့ မထိတွေ့ဖို့ ပဲဖြစ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%94%e1%80%be%e1%80%ac%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%8a%e1%80%ba%e1%80%b8%e1%80%90%e1%80%95%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%9b%e1%80%af%e1%80%b6/
ဘေဘီလေးတို့ ပီကေ စားလို့ရလား .........
ပီကေလေး ဝါးချင်လို့ ဘူးလေး ဖွင့်တုန်း ရှိသေးတယ်။ ဘေးနားကို ရောက်လာတဲ့ဘေဘီလေးက လေးလေး သားသားလည်း စားမယ်လို့ ပြောရင် ဘေဘီလေးတို့ ပီကေ စားလို့ရလား ဆိုတဲ့ မေးခွန်းအတွက် အဖြေက မကျွေးရဘူးဆိုတာ သိနေတာကြောင့် ကလေးတွေ စားလို့မရဘူး လူကြီးတွေပဲ စားလို့ရတာလို့ ပြောလိုက်ပေမယ့် ဘေဘီလေးက ဘယ်တော့မှ စားလို့ရမှာလဲလို့ မေးတဲ့အခါ ဘာဖြေလို့ ဖြေရမှန်း မသိဘူး ဖြစ်နေတဲ့ လေးလေးတွေ တီတီတွေ ရှိလား…..။ဒါဆိုရင်တော့ ဘေဘီလေးရဲ့ အဖြေကို ဖြေနိုင်ဖို့အတွက် လေးလေးတို့ တီတီတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ဘေဘီလေးတို့ ပီကေစားလို့ရလား ဆိုတော့ No  ပါ။ ပီကေဆိုတာက ဘေဘီလေးနဲ့ မသင့်တော်တဲ့ စားစရာ တစ်မျိုးပါ။မိဘတွေအနေနဲ့ ဘေဘီလေးကို မကျွေးမိဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ပီကေလေးတွေက ပူဖောင်းလေးတွေ မှုတ်လို့ရတာကြောင့်ရော အသွင်အပြင်လေးတွေကြောင့်ပါ ကလေးတွေက စိတ်ဝင်စားတာပါ။ဒါပေမယ့် ပီကေက လူကြီးတွေတောင်အခန့်မသင့်ရင် မျိုချမိနိုင်တာကြောင့် ငယ်ရွယ်လွန်းတဲ့ ဘေဘီလေးတွေအတွက် အန္တရာယ်များတဲ့ အစားအစာ တစ်မျိုးပါ။ပီကေကသွားနဲ့ ခံတွင်းကို ကျန်းမာစေတယ်ဆိုပေမယ့်အာဟာရဓာတ် ပါဝင်မှုမရှိသလို ဘေဘီလေးတွေကိုလည်း အခုလို ထိခိုက်စေနိုင်ပါတယ်။ဘေဘီလေးကို အရမ်းငယ်သေးတဲ့အချိန်မှာ ပီကေ မကျွေးရဘူးဆိုပေမယ့် ဘေဘီလေးက အသက် ၅ နှစ် ပြည့်ပြီဆိုရင်တော့ ပီကေ စကျွေးလို့ ရပါပြီ။ ဒီလို ကျွေးတဲ့အခါမှာလည်း ဘေဘီလေးကို မျိုမချမိစေဖို့ သေချာလေး သတိပေးဖို့ လိုပါမယ်။ကဲ… ဘေဘီလေးက ပီကေ စားချင်လို့တောင်းရင် လူကြီးဖြစ်လာရင် စားလို့ရပြီဆိုတာမျိုးထက် အသက် ၅ နှစ်ပြည့်ရင် နည်းနည်းတော့ စားလို့ရပြီ ခုတော့ မစားနဲ့ဦးနော်ဆို​ပြီး ဘေဘီလေးကို တိတိကျကျ အဖြေပေးလိုက်ပါ တီတီ လေးလေးတို့ရေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/can-baby-eat-chewing-gum/
အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်
အနီရောင်အသားဆိုတာ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို ခေါ်တာပါ။ ဒီအသားတွေက ကြည့်လိုက်ရင် ရဲနေတော့ လွယ်လွယ်ကူကူ အနီရောင် အသားလို့ ခေါ်တာပါ။ ဒီလို နီနေရတာကMyoglobinလို့ ခေါ်တဲ့ သံဓာတ်ပါတဲ့ ပရိုတင်းတစ်မျိုး ပါလို့ပါ။ ကျန်းမာရေး ပညာရှင်တွေက အနီရောင် အသားတွေကို လျှော့စားဖို့ အကြံပေးလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။လေ့လာချက်တွေအရတော့ အနီရောင်အသား စားသုံးမှုနဲ့ နှလုံးရောဂါ၊ အူမကြီးကင်ဆာ၊ အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေမြင့်တက်မှုက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စျေးထဲမှာ ရောင်းတဲ့ လတ်လတ်ဆတ်ဆတ် အနီရောင် အသားတွေထက် တာရှည်ခံအောင် ပြုပြင်ထားတဲ့ အနီရောင် အသားတွေက ပိုပြီး ဖြစ်နိုင်ခြေကို များစေပါတယ်။တချို့ အနီရောင် အသားတွေမှာ ပြည့်ဝဆီပါတင်မှု များတဲ့အတွက် သွေးတွင်း ကိုလက်စထရောကို တက်စေပါတယ်။ အထူးသဖြင့် LDLအမျိုးအစား မကောင်းတဲ့ ကိုလက်စထရောတွေ တက်လာတဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်ခြေကို များစေပါတယ်။အူမကြီးကင်ဆာနဲ့ ပတ်သက်လို့ အတိအကျ သက်သေမပြနိုင်သေးပေမယ့် အနီရောင် အသား အစားများတဲ့သူတွေမှာ ပိုဖြစ်နိုင်တယ်ဆိုတာက အမှန်ပါ။ ဒါကြောင့် ပညာရှင်တွေက အနီရောင် အစားက အူမကြီးကင်ဆာကို ဖြစ်စေတယ်လို့ မပြောဘဲ ဒီနှစ်ခုက ဆက်စပ်နေတယ်လို့ပဲ ပြောပါတယ်။ ဘာကြောင့် ဖြစ်နိုင်ခြေများရတာလဲဆိုတော့။-အနီရောင် အသားများ ပြည့်ဝဆီတွေ အများကြီး ပါနေလို့ရယ်။-အသားကို ချက်ပြုတ်တဲ့အခါမှာ ထွက်လာတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကြောင့်ရယ်။-အသားမှာ ပါတဲ့ hemeသံဓာတ်က ဆဲလ်တွေ ပျက်စီးပြီး ကင်ဆာအဖြစ်ပြောင်းစေနိုင်တဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးလို့ရယ်လို့ ဆိုကြပါတယ်။၂၀၁၁က ဟားဗတ်တက္ကသိုလ်မှာလုပ်တဲ့ လေ့လာချက်တွေအရ အနီရောင် အသားစားသုံးခြင်းက အမျိုးအစား ၂ဆီးချိုရောဂါဖြစ်နိုင်ခြေကို များစေတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ၁၁၀ ဂရမ်လောက် စားသုံးသူတွေက သာမန်လူတွေခက် ဆီးချို ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း တက်လာပါတယ်တဲ့။ အထူးသဖြင့် တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေ စားတဲ့အခါ ဖြစ်နိုင်ခြေက ပိုများလာမှာပါ။အပေါ်က ဆိုးကျိုးတွေရှိလို့  အနီရောင် အသားကို လုံးဝမစားတော့ဘူးလို့ ယတိပြတ် မတွေးလိုက်ပါနဲ့။ တကယ်တော့ အနီရောင် အသားက အင်မတန်မှ အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုပါ။ သူ့မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အနီရောင် အသား စားသုံးမှုက နည်းနေပါသေးတယ်။ ဆိုလိုတာက ဒီက ထမင်းဝိုင်းတွေကို ကြည့်မယ်ဆိုရင် ထမင်းအသားပေး စားတာ များပါတယ်။ အသားဆို တစ်ခါစား တစ်တုံး၊ နှစ်တုံးလောက်နဲ့ပဲ ပြီးသွားပါတယ်။ ဒါကြောင့်လည်း ဒီကလူ အများစု (အထူးသဖြင့် အမျိုးသမီးတွေ)က သံဓာတ်ချို့တဲ့လေ့ရှိပါတယ်။တစ်ဖက်က ကြည့်ပြန်တော့လည်း လတ်ဆတ်တဲ့ အသားတွကိုသာ အစားနည်းတာ ပြုပြင်ထားတဲ့ အသားတွေကိုတော့ စားတာ များလာပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ရေခဲရိုက်ထာားတဲ့ အသားလုံးတွေ၊ ဝက်သားပြားတွေ၊ ဝက်အူချောင်း စသဖြင့်ပေါ့။ နောက်ပြီး အကင်တွေ အစားများလာပါတယ်။ ဒါတွေကတော့ ကျန်းမာရေးအတွက် သိပ်မသင့်တော်ဘူးပေါ့။ဒီတော့ စားရမလားဆို သင့်တင့်တဲ့ ပမာဏတစ်ခုတော့ စားဖို့ လိုပါတယ်။ သက်သတ်လွတ်စားနေတာ မဟုတ်ရင် ရှောင်ဖို့ မလိုပါဘူး။ အလွန်အကျွံ မစားဖို့ဘဲ လိုတာပါ။ ဥပမာ တစ်ပတ်ကို ၂ရက်လောက် စားမယ်၊ စားတဲ့အခါမှာလည်း ပမာဏ အများကြီး မဟုတ်ဘူးဆို ပြဿနာ မရှိပါဘူး။အနီရောင် အသားနဲ့ ပတ်သတ်ပြီးတာရှည်ခံအောင် ပြင်ထားတဲ့ အသားတွေက ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ ပြောပြီးပါပြီ။ နောက်တစ်ခုက လတ်လတ်ဆတ်ဆတ် စျေးကဝယ်လာတဲ့ အသားကိုပဲ ချက်နည်း ပြုတ်နည်း မမှန်ရင် ရေရှည်မှာ ကျန်းမာထိခိုက်နိုင်တဲ့အကြောင်း ပြောပြချင်ပါတယ်။အနီရောင် အသားတွေကိုအပူချိန် ပြင်းပြင်းနဲ့ ချက်တဲ့အခါ ကင်ဆာဖြစ်စေနိုင်တဲ့ heterocyclic amines (HCAs) နဲ့ polycyclic aromatic hydrocarbons (PAHs) တွေ ထွက်လာပါတယ်။ ဒါကြောင့် ချက်ပြုတ်တဲ့နေရာမှာ ဒီအချက်တွေကို လိုက်နာစေလိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/red-meat-good-or-bad-for-health/
ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ
ကျားမ မရွေး လူတိုင်း နီးပါးဟာ မိမိတို့ဆံသားတွေ ကျန်းမာလှပနေတာကို လိုလားကြ ပါတယ်။ ဆံသားနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ လူတစ်ဦးချင်းစီ အလိုက် ကွဲပြားမှု ရှိပါတယ်။ အခုဆောင်းပါးလေးမှာတော့ ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ နဲ့ ဖြေရှင်းနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်။ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ ကတော့။(၁)ဗောက်ထခြင်း။ဗောက်ထခြင်းဟာ အဖြစ်များသော ဆံသား ပြဿနာ တစ်ခု ဖြစ်ပြီး အာဟာရ ပြည့်ဝအောင် မစားခြင်း၊ ဦးရေပြား ပိုးဝင်ခြင်း နဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်များ မမျှတခြင်းတို့ကြောင့် ဖြစ်ပေါ်လေ့ ရှိတတ်ပါတယ်။ဘယ်လို ဖြေရှင်းမလဲ – အရည်အသွေး ကောင်းသော ဗောက်ပျောက် ခေါင်းလျှော်ရည်ဖြင့် ခေါင်း ပုံမှန် လျှော်ပါ။ လိုအပ်ပါက ဦးရေပြားဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ။(၂)ဆံပင် ကျွတ်ခြင်း။ဆံပင် ပါးခြင်းနဲ့ ကျွတ်ခြင်းကို အမျိူးသမီးတွေမှာ ပိုမို တွေ့ရတတ်ပါတယ်။ အမျိူးသားတွေ အနေနဲ့ကတော့ထိပ်ပြောင်သော ပုံစံ အဖြစ်များလေ့ ရှိပါတယ်။ အမျိူးသမီးများ အနေနဲ့ စိတ်ဖိစီးမှု၊ ဟော်မုန်း ပြောင်းလဲမှုနဲ့ သန္ဓေတားဆေးတွေကြောင့် ဆံပင် ကျွတ်လေ့ ရှိပါတယ်။အချို့သောဆံပင် ဆိုးဆေးများ၊ chemical များသော ဆံသား ပုံသွင်း ခရင်မ်များ၊ ဆံပင်ကို မကြာခဏ အပူပေးခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်လေ့ရှိပါတယ်။ဘယ်လို ဖြေရှင်းမလဲ – Chemical ပါဝင်မှု နည်းသော ခေါင်းလျှော်ရည် နဲ့ ပုံသွင်းခရင်မ်များကို အသုံးပြုပါ။ အာဟာရ ပြည့်ဝအောင် စားသောက်ပါ။(၃)ဆံသား ခြောက်ခြင်း။ခေါင်း မကြာခဏ လျှော်ခြင်းနဲ့ ဆံသား အဆီဓာတ် နည်းပါးခြင်းတို့က ဆံသား ခြောက်ခြင်းကို ဖြစ်စေပါတယ်။ဘယ်လို ဖြေရှင်းမလဲ – Chemical နည်းသော ခေါင်းလျှော်ရည်တွေက ဦးရေပြားရဲ့ အဆီ ဂလင်းတွေကို လှုံ့ဆော်ပေးတာမို့ ဆံသားခြောက်တာ သက်သာစေပါတယ်။ အရည်အသွေး ကောင်းသော ဆံသား ပျော့ဆေးနဲ့ ဆံသားလိမ်းအဆီတို့ကို အသုံးပြုပါ။(၄)ဆံသားနှစ်ခွဖြစ်ခြင်း။ဆံပင်အဖီးများခြင်း၊ ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်းကို မကြာခဏပြုလုပ်ခြင်း၊ ဆံပင်ပျော့ဆေး အသုံးမပြုခြင်းတို့ကဆံသားကို ကြမ်းစေပြီး အဖျားနှစ်ခွတွေ ဖြစ်စေပါလိမ့်မယ်။ဘယ်လိုဖြေရှင်းမလဲ – ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးပါ။ ဆံသားအားဖြည့်ဆီကို ပုံမှန်လိမ်းပေးပါ။ ဆံပင်ကို အကြာကြီးအပူပေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။(၅)ဆံသားအဆီပြန်ခြင်း။ဦးရေပြားဟာ လိုအပ်သော သဘာဝအဆီပမာဏထက်ပိုများသော အဆီများကို ထုတ်ပေးတဲ့အခါ ဆံသားအဆီပြန်ခြင်း ဖြစ်ပေါ်လာပါတယ်။ဘယ်လိုဖြေရှင်းမလဲ – အဆီပြန်သော ဦးရေအတွက် ထုတ်ထားသော ရှန်ပူကို အသုံးပြုပါ။ အချိုနဲ့ အဆီများသောအစားအစာတွေကို လျှော့စားပါ။(၆)ဆံပင်ဖြူခြင်း။ဆံပင်ဖြူခြင်းဟာ ရင့်ကျက်ခြင်းကိုပြသတဲ့ လက္ခဏာတစ်ခုဆိုပေမယ့်လည်း လူတိုင်းလိုလိုဟာ ဆံပင်ဖြူခြင်းကို လက်မခံလိုကြပါဘူး။ အသက်ကြီးခြင်း၊ စိတ်ဖိစီးမှုများ၊ ဟော်မုန်းအပြောင်းအလဲများဖြစ်ခြင်း၊ မျိူးရိုးလိုက်ခြင်းစသည်ဖြင့် ဆံပင်ဖြူခြင်းကို ဖြစ်စေသောအကြောင်းရင်းများစွာ ရှိပါတယ်။ဘယ်လိုဖြေရှင်းမလဲ – ဆံပင်ဖြူခြင်းကို ပြန်လည်မည်းနက်အောင် များသောအားဖြင့် ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ ယာယီအနေနဲ့ ဆံပင်ဆိုးဆေးများအသုံးပြုနိုင်ပါတယ်။ရေးသားသူ – Dr Rose။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/common-problems-of-hair/
နည်းစနစ်မှန်မှန် Sheet Mask ကပ်ရင်း အသားအရေ ထိန်းသိမ်းကြမယ်
မျက်နှာ အသားအရေထိန်းသိမ်းတာကို အခုနောက်ပိုင်း လေဒီလေးတွေရော အမျိုးသားတွေပါ လုပ်လာကြပါတယ်။ မျက်နှာ အသားအရေကိုSheet Maskကပ်ပေးတာက အသားအရေကို ကျန်းမာစေပြီး ကြည်လင် လှပစေသလို အနာအဆာကင်းစေနိုင်ပါတယ်။ဒါကြောင့်အသားအရေ ထိန်းသိမ်းမှုထဲမှာ Sheet Mask ကပ်တာကို ထည့်သွင်းလာကြတာပါ။ အရင်က Sheet Mask တွေက လွယ်လွယ်ကူကူ ဝယ်မရသလို ဈေးနှုန်းကလည်း ကြီးမြင့်ကြတာကြောင့် လူနည်းစုလောက်ပဲ သုံးကြတာဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ ရွေးစရာ တံဆိပ်တွေ များလာတာ၊ စျေးနှုန်း သင့်တင့်မှု ရှိလာတာကြောင့် လူတိုင်း လိုလို အသုံးပြု လာကြပါတယ်။ဒီလို အသုံးပြုတဲ့အခါ နေ့တိုင်း သုံးကြတာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒီလို အသုံးပြုတဲ့အခါ အသားအရေကို ထိထိရောက်ရောက် ဖြစ်စေဖို့အတွက် နည်းစနစ်မှန်မှန် Sheet Mask ကပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။အသားအရေ ကျန်းမာအောင် ကပ်တဲ့ Sheet Mask ကို ထိရောက်မှု ရှိရှိ ဖြစ်စေဖို့ ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။Sheet Mask တွေထဲမှာ ရေဓာတ်ဖြည့်ပေးတဲ့ Sheet Mask တွေကလွဲလို့ ဆဲလ်သေဖယ်ရှားတာ၊ အမာရွတ် ပါးစေတာလိုမျိုး mask တွေကိုတော့ နေ့တိုင်း မသုံးသင့်ပါဘူး။တန်ဆေး လွန်ဘေး ဆိုသလိုပါပဲ။ Sheet Mask တွေကအသားအရေကို ကျန်းမာစေပေမယ့် လိုတာထက် ပိုသုံးမယ်ဆိုရင်တော့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။Active ingredientsတွေပါတဲ့ Sheet Maskတွေကို နေ့တိုင်း မသုံးရဘူးဆိုတာက ဒီ Sheet Maskကပ်တာက အရေပြားပေါ်က သဘာဝ အဆီတွေကို အကုန်လုံး ဖယ်ရှားပစ်လိုက်ပြီး အရေပြားရဲ့ pH ပမာဏကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဒီလို ထိခိုက်တာက အသားအရေ ကျန်းမာရေးကို ထိခိုက်စေပြီး ရေရှည်မှာ အသားအရေက ထိခိုက်လွယ်လာပြီးဝက်ခြံဖြစ်လွယ်တာမျိုး၊ ဓာတ်မတည့်ဖြစ်လွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ဒါကြောင့် အသားအရေ ကျန်းမာလှပအောင်ဆိုပြီး Sheet Mask ကပ်တဲ့အခါ အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တာမျိုး ဖြစ်ဖို့နဲ့ နည်းစနစ်မှန်မှန် သုံးစွဲဖို့ လိုပါမယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-often-should-you-use-face-masks-for-healthy-skin/
မိတ်ကပ်ကြာကြာခံစေမယ့် လျှို့ဝှက်နည်းလမ်းများ
မိတ်ကပ်လိမ်းခြယ်ခြင်းအတွက် အမျိုးသမီးတိုင်းရဲ့ အကြီးမားဆုံး စိတ်ပူမှုဟာ တစ်နေကုန်ခံအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ နှုတ်ခမ်းနီထပ်ဆိုးလိုက်လို့ရပေမယ့် အခြားအရာတွေဖြစ်တဲ့ contouring(ပါးရိုး၊မေးရိုးစသဖြင့်ဖော်ခြင်း)၊ သို့မဟုတ် အောက်ခံမိတ်ကပ်ပြန်လည်ပြင်ဆင်ခြင်းတွေဟာ ပိုမိုရှုပ်ထွေးပြီး အချိန်စားပါတယ်။ ဒီဆောင်းပါးမှာတော့ စာဖတ်သူတွေကို မိတ်ကပ်တွေကြာကြာခံအောင်လုပ်နိုင်မယ့် လျှို့ဝှက်နည်းလမ်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်။အဆီပါဝင်တဲ့ ပစ္စည်းတွေဟာ ပိုပြီးမြန်ဆန်စွာပျောက်ကွယ်လွင့်ပါးသွားနိုင်ပါတယ်။ တကယ်လို့သင့်မှာ အဆီကိုအခြေခံပြီးထုတ်ထားတဲ့ပစ္စည်းတွေကိုသုံးတာကသာ အသင့်လျော်ဆုံးဖြစ်မယ့် ခြောက်သွေ့တဲ့အသားအရည်ရှိနေရင်တော့ oil-free formulas (အဆီမပါတဲ့ ဖော်မြူလာ) တွေကိုမသုံးခင်မှာ အစိုဓါတ်ထိန်းမယ့်အဆင့်တွေကို ပိုပြီးဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။မိတ်ကပ်တွေပိုပြီးကြာကြာခံဖို့အတွက် ပရိုင်မာ က ထိပ်တန်းဦးစားပေးပါပဲ။ ပရိုင်မာ က မိတ်ကပ်လိမ်းခြယ်မှုအဆင့်တွေအားလုံးအတွက် အကောင်းဆုံးပြင်ဆင်မှုကိုပေးစွမ်းနိုင်ပြီး အစိုဓါတ်တွေကိုထိန်းသိမ်းပေးနိုင်ကာ ချောမွတ်ညီညာတဲ့မျက်နှာအနေအထားကို ပိုင်ဆိုင်နိုင်စေပါတယ်။ ဒါ့အပြင် သူက အဆီတွေဝင်းနေတာမျိုးမဖြစ်စေဘဲ အောက်ခံမိတ်ကပ်ကို ကြာရှည်ခံစေပါတယ်။ ပရိုင်မာ တွေဟာ အရေးအကြောင်းတွေ၊ ချွေးပေါက်ကျယ်နေတာတွေ၊ ဝက်ခြံအစက်အပြောက်တွေကို ဖုံးကွယ်ပေးနိုင်ပြီး မျက်နှာအသားအရည်ကို ပြီးပြည့်စုံလှပနေစေပါတယ်။ပရိုင်မာ သုံးမယ်ဆိုရင် သိကိုသိထားရမယ့်အချက်၂ချက်ရှိပါတယ်။ ပထမအချက်ကတော့ သင့်ရဲ့အသားအရည် (ခြောက်သွေ့တာ၊အဆီပြန်တာနဲ့၊ ပုံမှန်အသားအရည်) နဲ့လိုက်ဖက်တဲ့ ပရိုင်မာ ကိုရွေးချယ်ပါ။ ဒုတိယအချက်ကတော့ eyeshadow တွေကြာကြာခံဖို့အတွက် eyelid primer (မျက်ခွံ ပရိုင်မာ) ကိုသုံးပါ။မျက်လုံးမှာပြင်ဆင်ထားတဲ့ မိတ်ကပ်တွေကိုကြာရှည်ခံစေနိုင်ဖို့ ရေစိုခံ မျက်တောင်ကော့ဆေးကိုသုံးပါ။ ဒါကိုအသုံးပြုတဲ့အခါမှာ အဓိကကျတဲ့အချက်ကတော့ ဆေးခြောက်မသွားခင် အမြန်သုံးပေးဖို့ပါပဲ။ရေစိုခံမျက်တောင်ကော့ဆေးနဲ့အတူ အခြားသော ကြာရှည်ခံမယ့်မိတ်ကပ်ပစ္စည်းတွေကို သုံးခြင်းက မိတ်ကပ်တွေကိုတစ်နေ့လုံးတာရှည်ခံစေပါတယ်လို့ အကြံပြုထားပါတယ်။ ဒါပေမယ့် စွမ်းအားကောင်းတဲ့ မိတ်ကပ်ဖျက်ဆေးတွေကိုတော့အသုံးပြုပါ။မြောက်များလှစွာသော အဆင့်တွေဖြစ်တဲ့ ပရိုင်မာ၊ မိတ်ကပ်အောက်ခံ foundation၊ blush စတာတွေလုပ်ဆောင်ပြီးတဲ့အခါမှာ ပေါင်ဒါတစ်ထပ်ရိုက်ပါ။ ခုလိုလုပ်လိုက်ခြင်းဟာ မိတ်ကပ်တွေကိုတာရှည်ခံစေပြီးအပြစ်အနာအဆာကင်း ချောမွတ်တဲ့ အလှကိုပေးစွမ်းနိုင်ပါတယ်။ အဓိကအချက်ကတော့ အနည်းငယ်သာသုံးပေးပါ။မိတ်ကပ်ပြင်ဆင်ခြယ်သမှုအားလုံးကို Setting spray စပရေး သုံးပြီးအဆုံးသတ်ပါ။ ဒါဟာ မိတ်ကပ်တစ်နေကုန် မကွက်ဘဲတာရှည်ခံဖို့ သေချာပါတယ်။ အရည်အသွေးမြင့်တဲ့ပစ္စည်းတွေကိုသာသုံးစွဲပါ။နောက်ဆုံးပေမယ့်အရေးကြီးတာကတော့ ချွေးထွက်တာကိုကာကွယ်နိုင်ဖို့ နေပူထဲမှာအကြာကြီးနေတာမျိုးကိုရှောင်ကြဉ်ပါ။ ဘယ်လောက်စွမ်းတဲ့မိတ်ကပ်ပဲဖြစ်ပါစေ၊ ချွေးထွက်များခြင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။မိတ်ကပ်တာရှည်ခံအောင်ဘယ်လိုလုပ်မလဲဆိုတာ နားလည်ခြင်းဟာ သင့်ရဲ့မိတ်ကပ်ပြင်ဆင်ခြယ်သမှုကိုပိုမိုလွယ်ကူစေပြီး ပိုပြီးစိတ်ဝင်စားစရာကောင်းစေပါတယ်။ အထက်ပါအချက်တွေအပြင် အသားအရည်ထိန်းသိမ်းခြင်းနဲ့ စားသောက်ခြင်းအလေ့အထတွေကို ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒါမှသာ ကျန်းမာပြည့်စုံတဲ့ အသားအရည်ကို ရနိုင်မှာမဟုတ်ပါလား။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%95%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%80%e1%80%bc%e1%80%ac%e1%80%81%e1%80%b6%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%9c/
ဆေးထိုး ရမှာ သိပ်ကြောက်တဲ့ ကလေးတွေကို ဘယ်လိုချော့မလဲ
ကလေးဘဝကတော့ မွေးတည်းက ဆေးထိုးအပ်နဲ့ မကင်းပါဘူး။ အနှီးပတ်ထားရတဲ့အရွယ်တည်းကကာကွယ်ဆေးပေါင်းစုံ ထိုးခဲ့ရတယ်မဟုတ်လား။ နို့စို့အရွယ်လေးတုန်းကတော့ ဒီတိုင်း ဆေးထိုး ပေး၊ ငိုရင် ချော့မြှူလိုက်နဲ့ အဆင်ပြေသွားပေမယ့် နည်းနည်းကြီးလာတဲ့အခါ မိဘတွေ အခက်ကြုံရပါတယ်။လူကြီးတွေက သည်းခံနိုင်ပေမယ့် ကလေးတွေကတော့ ဆေးထိုး ရမယ်၊ နာကျင်ရမယ်ဆို ကြောက်လန့်တကြားငြင်းဆန်ကြတာပါပဲ။ အရင်တည်းကလည်း “အပ်ကြီးနဲ့ဆေးထိုးမှာနော်” ၊ “ဆရာဝန်ခေါ်ပြီး ဆေးထိုးလိုက်မှာနော်” ဆိုတဲ့စကားတွေနဲ့ ခြောက်တာ၊ စနောက်တာတွေလည်း ရှိထားရင် ပိုဆိုးနိုင်ပါတယ်။ ဒါနဲ့ပဲ ဆရာဝန် ဆို၊ ဆေးထိုးအပ် ဆို ကလေးက အရမ်းကြောက်နေပါရော။ ဒီလိုငယ်ငယ်တည်းက ဝင်လာတဲ့ကြောက်စိတ်က အရွယ်ရောက်တဲ့အထိ စွဲနေပြီး လူကြီးဖြစ်လည်း အပ်ကြောက်တဲ့သူတွေတောင် ရှိပါတယ်။ဒီတော့ ကလေးတွေ အပ် မကြောက်အောင် ဖေဖေမေမေတို့ အားပေးချော့မြှူဖို့ အသုံးဝင်မယ့် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။ ဒီထဲကနေမှ ကိုယ်နဲ့ အဆင်ပြေတဲ့နည်းကို သုံးနိုင်ပါတယ်နော် –။ပူဖောင်းဖောက်လိုက်တာ၊ ကလေးကို အရုပ်နဲ့ ဆော့ခိုင်းထားတာလိုမျိုး အာရုံပြောင်းစေမယ့်အရာတွေ တတ်နိုင်သမျှအားလုံး လုပ်ကြည့်ပါ။ ဒါမှ ကလေးရဲ့စိတ်က ပူပန်တာ၊ ကြောက်တာတွေ လျော့သွားစေပါလိမ့်မယ်။ ဆေးမထိုးခင်တည်းက သီချင်းဆိုတာ၊ ကလေးနဲ့စကားတွေပြောတာ တွေလည်း အဆင်ပြေပါတယ်။မိဘတွေက “ခဏလေးပါ” ၊ “သက်သာသွားမှာပါ” ၊ “သိပ်မနာပါဘူး” ၊ “ပုရွက်ဆိတ်ကိုက်သလောက်ပဲရှိမှာ” ဆိုတဲ့စကားတွေ ဘေးကနေ ပြောပေးတတ်ကြတယ်။ အရင်တည်းက ရှင်းပြထားတာကောင်းပေမယ့် ဆေးထိုးမယ့်အချိန်ကျမှ ခဏခဏပြောတာက ဆေးထိုးမယ့်နာကျင်မှုအကြောင်း ကလေးကို သတိပေးနေသလို ဖြစ်စေပါတယ်။ ဒီအချိန်မှာ နာကျင်မှုကို အာရုံမစိုက်မိစေဖို့က အဓိက မဟုတ်လား။ဆေးထိုးပြီးရင် ကလေးကို သူတို့ကြိုက်တဲ့စားစရာလေး ဝယ်လာကျွေးတာ၊ ကစားကွင်းလိုက်ပို့တာ၊ လက်ဆောင်ဝယ်ပေးတာ လိုမျိုး တစ်ခုခုဆုချပေးပါ။ဆေးထိုးပြီးတဲ့အခါ သိပ်တော်တဲ့အကြောင်း ကလေးကို ချီးကျူးစကားပြောပေးပါ။ ကလေးက သတ္တိကောင်းလိုက်တာ၊ အရမ်းလိမ္မာတာပဲ၊ တော်လိုက်တာ လို့ပဲ အားပေးပါ။ ကြောက်ပြီးရုန်းကန် ငိုယိုတဲ့ကလေးကို မဆူပါနဲ့၊ မအော်ပါနဲ့၊ အပြစ်မတင်ပါနဲ့။ အတတ်နိုင်ဆုံးဆွဲဆောင်၊ ချော့မော့ရမှာ မိဘတာဝန်ပါ။ကစားစရာဖြစ်ဖြစ်၊ အရုပ်ဖြစ်ဖြစ် ကိုယ့်ကလေးကြိုက်တတ်တဲ့အရာတွေ ယူလို့ရရင် ဆေးခန်းကို ယူလာပါ။ သူသဘောကျတဲ့ပစ္စည်းလေးတွေနဲ့ဆို ကလေးကို အာရုံပြောင်းလို့ပိုလွယ်ပါတယ်။ဆေးထိုးတဲ့အချိန် ကလေးကို ဘေးကထိန်းပေး၊ အားပေး၊ ချော့မြှူတာကလွဲပြီး ခြေ၊လက်တွေကို အတင်းဖိချုပ်တာမျိုး မလုပ်သင့်ပါဘူး။ ချုပ်လေရုန်းလေ၊ ပိုကြောက်လေ ဖြစ်လာပါလိမ့်မယ်။ လိုအပ်သလောက်လေးပဲ အသာလေးထိန်းပေးလိုက်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%86%e1%80%b1%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%99%e1%80%be%e1%80%ac-%e1%80%9e%e1%80%ad%e1%80%95%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90/
မေမေ့ကလေးက ဘာလို့ နို့မစို့ တာလဲ။
မွေးစကလေးတွေအတွက်မေမေနို့ရည်က အာဟာရအပြည့်ဆုံးနဲ့ အလိုအပ်ဆုံးပါ။ ကလေးအသက် ၆လလောက်အထိ မိခင်နို့က အရေးပါတာကြောင့် မိခင်နို့ကို ကောင်းကောင်းမစို့ဘူးဆိုရင် မေမေတွေ သိပ်စိတ်ပူကြပါတယ်။ ဒီနေရာမှာ ၂ပိုင်း ရှိပါတယ်။ ကလေးက မွေးစတည်းက နို့မစို့ တာလား ဒါမှမဟုတ် အရင်က ကောင်းကောင်းစို့နေပါလျက်နဲ့ ခုမှ မစို့တော့တာလား။ နှစ်ခုလုံးအတွက် ဖြေရှင်းစရာနည်းလမ်း ရှိပါတယ်။ဟုတ်ပါတယ်။ မွေးစကလေးတွေက နို့ကောင်းကောင်း မစို့တတ်ပါဘူး။ နို့ကို ဘယ်လိုငုံရမှာလဲ။ ဘယ်လိုစို့ရမှာလဲဆိုတာ သူတို့ အကျင့်မရသေးပါဘူး။ ကလေးပါးစပ်ထဲကို နို့ရောက်နေပေမယ့် နို့စို့လို့ မရတာမျိုးတွေ ရှိပါတယ်။ စို့နေရဲ့သားနဲ့ နည်းလမ်းမမှန်လို့ နို့ထွက်မလာဘူးဆိုရင် ကလေးက ဆက်စို့မှာ မဟုတ်တော့ပါဘူး။ဒိလိုနဲ့ ဆာလေလေ၊ ငိုလေလေ၊ နို့စို့မရလေလေ၊ ပိုသောင်းကျန်းလေ၊ နို့တိုက်ရခက်လေလေ ဖြစ်လာမှာပါ။ ဒီလို မဖြစ်ဖို့ဆိုရင် ကလေးမမွေးခင်တည်းက မေမေက နို့တိုက်နည်းကို သင်ထားရမှာပါ။ ကလေးရဲ့ ပါးစပ်ထဲကို နို့သီးခေါင်းဘေးက အညိုကွင်းလေး ဝင်နေရမှာဖြစ်ပြီး နို့သီးခေါင်းက အာခေါင်မှာ ထောက်နေရမှာပါ။ ကလေးနို့ကောင်းကောင်းစို့ရရဲ့လား သိချင်ရင် လည်ချောင်းကို ကြည့်ပါ။ ပုံမှန်လေး မျိုချနေရပါမယ်။ ပါးစပ်လေး လှုပ်ရုံနဲ့ မရပါဘူး။ကလေးက လမစေ့ဘဲ မွေးလာပြီး ဖန်ပေါင်းချောင်လေးထဲမှာ နေနေရတယ်ဆိုရင်လည်း နို့စို့ဖို့ နောက်ကျနေမှာပါ။ ကလေးလေးက သာမန်ကလေးတွေထက် ပါးစပ်လေးလည်း ပိုသေးတဲ့အတွက် နို့ကို ငုံဖို့ ခက်ခဲနေနိုင်ပါတယ်။ နောက်ပြီး ဒီကလေးလေးတွေက အားလည်း နည်းနေတဲ့အတွက် စို့အားလည်း မရှိပါဘူး။ ဒါကြောင့် ဒီလိုကလေးလေးတွေကို စစချင်းမှာ နို့ညှစ်ပြီး ဇွန်းသန့်သန့် ဒါမှမဟုတ် ဆေးထိုးပြွန်ကို အပ်ဖြုတ်ပြီး တိုက်ရပါတယ်။ နောက်ပိုင်း ကလေးနည်းနည်းကြီးမှ နို့စို့ခိုင်းရပါတယ်။ကလေးက မွေးရခက်လို့ ညှပ်ဆွဲ၊ လေစုပ်ရင်း အညိုအမည်းလေးတွေ စွဲလာတာ၊ လက်လေးတွေ၊ ခြေထောက်လေးတွေ ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါဆိုရင် ကလေးက နာတဲ့အတွက် နို့စို့ဖို့ အာရုံရမှာ မဟုတ်ပါဘူး။ ဒါ့ပြင်မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးတွေကလည်း သာမန်ကလေးတွေထက် နို့စို့ရတာ အခက်အခဲရှိနိုင်ပါတယ်။ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်လိုနည်းနဲ့ နို့တိုက်သင့်တယ်ဆိုတာကို ဆွေးနွေးတာအကောင်းဆုံးပါပဲ။သားဦးမေမေတို့၊ တချို့ကျန်းမာရေး သိပ်မကောင်းတဲ့ မေမေတို့ဆိုရင် မွေးပြီးပြီးချင်းမှာ နို့သိပ်ထွက်ဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့်က ကလေးက နို့စို့လို့ နို့မထွက်ဘူးဆိုရင် စိတ်ဆိုးလာပါတယ်။ ဒါကြောင့် နို့မစို့တော့ပါဘူး။ ဒါပေမယ့် မစို့လို့ဆိုပြီး မတိုက်ဘဲ မနေပါနဲ့။ မကြာခဏ နို့တိုက်ပေးပါ။ ကလေးနို့စို့မှ နို့ထွက်လာမှာမို့လို့ပါ။မွေးစကလေးတွေက တစ်နေ့လုံးနီးပါး အိပ်နေတတ်ပါတယ်။ မွေးလို့ အားကုန်နေတာရော၊ ကလေးမွေးတုန်းကဆေးထိုးဆေးသောက်တွေ လုပ်ထားတာ၊ ခါးဆစ်ရိုးထုံဆေးတွေ ထိုးတာတာကြောင့်ရော ကလေးက ပိုအိပ်နေတတ်ပါတယ်။အသားဝါတဲ့ကလေး၊ နေမကောင်း ဖြစ်နေတဲ့ ကလေးတွေဆိုလည်း ဒီတိုင်းပါပဲ။အိပ်နေတဲ့ ကလေးက နို့ဘယ်စို့ပါ့မလဲ။ ဒီတော့ ကလေးကို သတိတရနဲ့ နှိုးပြီး နို့တိုက်ရပါမယ်။ ကလေးရဲ့ ကျောလေးတွေ၊ ခြေထောက်လေးတွေကို ပွတ်ပေးတာ၊ အနှီးထုပ်လေး ဖြေလိုက်တာ၊ သေးခံလဲပြီးတိုင်း နို့တိုက်ပေးတာ စတာတွေ လုပ်ပေးလို့ရပါတယ်။ အရေးကြီးတာက ခဏခဏနို့တိုက်ပေးဖို့ပါ။ ကံကောင်းတာက ဒီလိုအိပ်ချင်မူးတူးဖြစ်တာက ရက်ပိုင်းလောက်ပါပဲ။ငယ်ငယ်ကလို နို့စို့ရင် မျက်လုံးလေးမှိတ်ပြီး စို့တာ မဟုတ်ပါဘူး။ အရွယ်ရလာာတာနဲ့အမျှ ဟိုကြည့်ဒီကြည့် ကြည့်လာပါပြီ။ တစ်ခါတလေ စိတ်ဝင်စားတာ တွေ့တယ်ဆိုရင် နို့စို့ရင်းတန်းလန်းနဲ့ လေးဖက်ထောက်ပြီး ထွက်သွားပါသေးတယ်။ကလေးကြီးလာတာနဲ့အမျှ နို့စို့တဲ့အခါ များများထွက်ပါတယ်။ မြန်မြန်စို့ပါတယ်။ ဒီတော့ မြန်မြန်ဗိုက်ပြည့်သွားပါတယ်။ မေမေ့စိတ်ထဲမှာတော့ ကလေးက ခဏလေးပဲ စို့ရသေးတယ်။ ဗိုက်မဝဘူးလို့ ထင်သွားတာပါ။ကလေးလေး ကြီးလာလေလေ သဘာဝအရ မေမေလည်း နို့ထွက်နည်းလာပါတယ်။ မေမေနို့မထွက်ရင်လည်း ကလေးက နို့ဆက်စို့မှာ မဟုတ်တော့ပါဘူး။သွားပေါက်စအရွယ်မှာ သွားဖုံးတွေ နာတာ၊ ပါးစပ်ထဲမှာမှက္ခရုတွေ ပေါက်နေတဲ့အခါ ကလေးက နို့စို့တိုင်း ပါးစပ်နာပါတယ်။ ဒါ့ပြင် လေနာနေရင်လည်း ငြိမ်ငြိမ်လေး နို့စို့နိုင်မှာ မဟုတ်ပါဘူး။အမေက ရာသီပြန်လာတာ၊ တားဆေးတွေ သုံးတာက ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပြီး နို့အရသာ ပြောင်းတတ်ပါတယ်။ ဆေးလိပ်သောက်တာ၊ တချို့ အစားအစာတွေကလည်း နို့ရဲ့ အရသာကို ပြောင်းစေပါတယ်။ ဒီတော့ ကလေးက သူသောက်နေကျနဲ့ မတူလို့ဆိုပြီး မသောက်တော့ပါဘူး။အမေနို့ရဲ့ သဘောတရားက စို့လေ ထွက်လေပါ။ ကလေးနို့မစို့လို့ မတိုက်ရင် နို့ထွက်မှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင် တိုက်ရ ပိုခက်သွားပါလိမ့်မယ်။ သတိထားရမှာက ကလေးကို အတင်းအကျပ် မလုပ်ပါနဲ့။ ကလေးက နို့စို့ရမှာကို ကြောက်စရာလို့ ထင်သွားရင် နောက်ထပ်စို့မှာ မဟုတ်တော့ပါဘူး။ကလေးကို တိတ်ဆိတ်ပြီး လူရှင်းတဲ့ ပတ်ဝန်းကျင်မှာ နို့တိုက်ပါ။ ဒါမှ သူစပ်စုလို့ မရမှာပါ။ ကလေးနိုးနေတဲ့ အချိန်ထက်၊ အိပ်ငိုက်နေတဲ့အချိန်၊ အိပ်ပျော်စအချိန်တွေမှာ နို့တိုက်ပေးပါ။ အဲ့အချိန်ဆို ဘာလုပ်လုပ် ကလေးက အလိုက်သင့်လေး ပါလာပါတယ်။လှဲတိုက်တာ၊ ထိုင်တိုက်တာ၊ ကလေးကို ပေါင်ပေါ်ထိုင်ခိုင်းပြီး တိုက်တာ အမျိုးမျိုး စမ်းကြည့်ပါ။ ကလေးက နှာပိတ်နေတယ်ဆို သူထိုင်ပြီး စို့တာက ပိုအဆင်ပြေပါတယ်။ကလေးကို ပွေ့ဖက်ပြီး နို့တိုက်တာက သူတို့ကို သက်သောင့်သက်သာဖြစ်စေပြီး စိတ်လုံခြုံမှု ရစေပါတယ်။ အထူးသဖြင့် မွေးစကလေးတွေမှာ အသားချင်းထိထားတာက ကလေးတွေကို နို့ပိုစို့စေပါတယ်။သာမန်အားဖြင့်တော့ ကလေးက ဒီလောက်ဆို နို့ပြန်စို့ပါတယ်။ ကလေးက နို့မဝင်ဘူး။ ဆီးတွေပါ နည်းသွားတယ်။ ကိုယ်အလေးချိန်မတက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/why-your-baby-not-breastfeed/
ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ
Heel fissure လို့ခေါ်တဲ့ခြေဖနောင့်အက်ကွဲခြင်းဟာအသားအရေခြောက်သွေ့တာကြောင့် ဖြစ်လေ့ရှိပြီး အထူးသဖြင့်ဆောင်းရာသီလိုမျိုး ခြောက်သွေ့ပြီးအေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ ခြေဖနောင့်မှာ ဆဲလ်သေတွေစုပြီးအသားမာတက်လာခြင်း၊ နောက်ပိုင်းမှာ ခြေဖနောင့်အရေပြား အက်ကွဲလာခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်း၊ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်း စတဲ့ ပြသနာမျိုးစုံကို ဖြစ်စေနိုင်တာကြောင့် ခြေဖနောင့်အက်ကွဲ တဲ့ ပြဿနာဟာ စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းပြီး၊ ကြောက်စရာလည်းကောင်းပါတယ်။ဒီဆောင်းပါးလေးမှာတော့ ခြေဖနောင့်အက်ကွဲတဲ့ ပြဿနာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်လေးတွေနဲ့ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို မျှဝေပေးသွားချင်ပါတယ်။၁။ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ကြမ်းပြင်တွေပေါ်မှာ ဖိနပ်မပါဘဲ လမ်းခဏခဏ လျှောက်တာကို ရှောင်ပါ။၂။ ကိုယ့်ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေဖနောင့်ကို အကာအကွယ်မပေးနိုင်တဲ့ ဖိနပ်မျိုးကို မစီးပါနဲ့။ ဒါ့အပြင် fit မဖြစ်တဲ့ဖိနပ်တွေကိုစီးပြီး အချိန်အကြာကြီး မတ်တပ်ရပ်တာမျိုးကို အထူးရှောင်ရပါမယ်။၃။ နေ့စဉ် ရေချိုးတဲ့အခါ ခြေဖနောင့်မှာရှိနေတဲ့ဆဲလ်သေတွေကို ဖယ်ရှားဖို့ ပျော့ပြောင်းတဲ့ brush (သို့) pumice stone လိုမျိုး ခြေဖနောင့်ကို ပွတ်တိုက်ဖို့ အသုံးပြုတဲ့ ချေးချွတ်ကျောက်တုံးလေးတွေနဲ့ အသာအယာပွတ်တိုက်ပေးပါ။ ခြေဖနောင့်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး၊ အလွန်အကျွံချေးချွတ်တာမျိုး၊ ဆပ်ပြာကြမ်းကြမ်း တွေ သုံးတာမျိုးကို ရှောင်ပါ။၄။ ညအိပ်ရာမဝင်ခင် ခြေထောက်ကို ရေနွေးနွေးလေးနဲ့ ၁၀ မိနစ်ခန့် စိမ်ပေးပါ။ ပူကျစ်နေတဲ့ ရေကို မသုံးမပြုပါနဲ့။၅။ ဆေးကြောသန့်စင်ပြီးလို့ ခြေထောက်သုတ်တဲ့အခါ အဝတ်နဲ့ အသာအယာ ဖိပြီးသုတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုးကို ရှောင်ပါ။၆။ မျက်နှာကို ရေဓာတ်ပြည့်ဝနေအောင်moisturizerလိမ်းပေးသလိုပဲ ခြေဖနောင့်လေးကိုလည်း ရေဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ပေးပါ။ခြေဖနောင့်မှာ အသားအရေခြောက်သွေ့လာတာမျိုး၊ အသားမာတက်လာတာမျိုး စဖြစ်နေပြီဆိုရင်တော့ ရေဓာတ်ပြည့်အောင် ကူညီပေးနိုင်မယ့် moisturizer တွေ (သို့) သဘာ၀ နေကြာဆီ၊ အုန်းဆီ၊ အစေ့အဆန်တွေကထုတ်လုပ်ထားတဲ့ အဆီအနှစ်တွေပါဝင်တဲ့ product မျိုး (သို့) petroleum jelly ပါဝင်တဲ့ အသုံးအဆောင်တွေကို အနည်းဆုံးတစ်နေ့ နှစ်ကြိမ်ခန့် လိမ်းပေးသင့်ပါတယ်။အသားမာတက်နေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် alpha hydroxyl acid, salicylic acid နဲ့ urea စတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ exfoliator မျိုးကို လည်း moisturizer, oil တွေနဲ့ တစ်လှည့်စီ အသုံးပြုပေးနိုင်ပါတယ်။ခြေဖနောင့်အက်ကွဲ တဲ့အပြင် ရောင်ရမ်းပြီး အလွန်အမင်း နာကျင်လာမယ်၊ သွေးထွက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ခြေဖနောင့်အက်ကွဲခြင်းပြဿနာဟာဆီးချိုရောဂါ၊ လည်ပင်းရှိ သိုင်းရွိုက်ရောဂါ ( Hypothyroidism) ၊ လေးဖက်နာ အဆစ်ရောင်ရောဂါ ၊ ဗီတာမင် ချို့တဲ့ရောဂါ၊နှင်းခူ(eczema) နဲ့ဆိုရီယေးစစ်ကဲ့သို့သော အရေပြားရောဂါရှိတဲ့သူတွေ များလည်း အဖြစ်များပါတယ်။အထူးသဖြင့် ဆီးချိုရှိတဲ့သူတွေမှာ ခြေထောက်မှာရှိတဲ့ အာရုံကြောလေးတွေ ထိခိုက်ပျက်စီးတာကြောင့် ချွေးနဲ့ အဆီတွေ မထုတ်တော့ဘဲ အသားအရေခြောက်သွေ့နေနိုင်ပါတယ်။ ဒါ့ကြောင့် ခြေဖနောင့် အက်ကွဲတာတွေ ပိုဖြစ်နိုင်တဲ့အပြင် ဖြစ်လာခဲ့ရင်လည်း အနာကျက်ဖို့ ခဲယဉ်းတဲ့အတွက် ပိုးဝင်တာတွေနဲ့ နောက်ဆက်တွဲတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးချိုရှိတဲ့သူတွေဆိုရင်တော့ ခြေဖနောင့်အက်ကွဲတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့နဲ့ ဖြစ်လာခဲ့ရင်လည်း ဆရာဝန်နဲ့ ဂရုတစိုက်ပြသဖို့ အကြံပေးချင်ပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/heel-fissure/
သွေးမြင်တာနဲ့ အကြောက်လွန်ပြီး လန့်သွားဖူးလား
သွေးမြင်တာနဲ့ ကြောက်လန့်စိတ် ဖြစ်လာခြင်း (Hemophobia) ဆိုတာကြောက်စိတ်လွန်ကဲခြင်း (Phobia) တွေထဲက လူတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ သွေးကို မြင်လိုက်ရတာနဲ့ စိတ်ထဲက တုန်လှုပ်ခြောက်ခြားပြီး အသိစိတ်တွေ လွတ်သွားတာ၊ ပုံမှန်ထက် ပိုပြီးကြောက်လန့်တဲ့ စိတ်ခံစားချက်မှုမျိုး၊ ရုပ်ရှင်ထဲမှာ သွေးပါတဲ့ ဇာတ်ဝင်ခန်းကို မြင်လိုက်တာနဲ့ အော့အန်ချင်သလို၊ မူးမေ့သွားချင်သလို ဖြစ်တာတွေဟာ သွေးမြင်တာနဲ့ လန့်တတ်တဲ့ စိတ်ဝေဒနာရဲ့ လက္ခဏာဖြစ်ပါတယ်။သွေးမြင်ရင် ဖြစ်လာတဲ့ ကြောက်လန့်စိတ်ဟာ အချိန်နဲ့အမျှ လူကို စိတ်ဒုက္ခပေးနိုင်ပြီး ကိုယ့်ရဲ့ အနာဂတ်မှာ အခက်အခဲ ပြဿနာတွေ ဖြစ်လာနိုင်သည်အထိ ဘဝကို အနှောင့်အယှက်ပေးနိုင်ပါတယ်။စိတ်ကျန်းမာရေးပြဿနာအများစုဟာ သေချာကုသမှု မခံယူဘဲ သူ့အလိုလို ပျောက်ကင်းသွားနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်မှာ ပြဿနာတစ်ခုခု ရှိတယ်လို့ ခံစားနေရပြီဆိုရင် အကောင်းဆုံးကတော့ စိတ်ဆရာဝန် သို့မဟုတ်စိတ်ရောဂါကုထုံးပညာရှင်ေတွနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြဿနာကို အဖြေရှာဖို့ ကြိုးစားသင့်ပါတယ်။ဒီနေ့ဆောင်းပါးလေးကတော့ သွေးမြင်တာနဲ့ အကြောက်လွန်စိတ် ဖြစ်လာရခြင်းနဲ့ ပတ်သက်ပြီး သိသင့်တဲ့အရာလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။တခြားသော အကြောက်လွန်စိတ်ဝေဒနာတွေလိုပါပဲ။ သာမန်လူတစ်ယောက်လိုပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းသွားပေမယ့် ကိုယ်ကြောက်တဲ့ အရာတစ်ခုကို မြင်လိုက်တဲ့အခါမှ စိတ်အာရုံနဲ့ ခန္ဓါကိုယ်မှာ တုန်လှုပ်ခြောက်ခြားမှုတွေ စတင်ဖြစ်ပေါ်လာတ။Hemophobia ရှိတဲ့သူတွေ ရုတ်တရက် သွေးမြင်လိုက်တဲ့အချိန်၊ သွေးအကြောင်း ဦးနှောက်အတွေးအာရုံထဲ ပေါ်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ၂မျိုးလုံးမှာ သိသိသာသာတွေ့ရတတ်တဲ့ လက္ခဏာတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။တခြား Phobia နဲ့ မတူတာကတော့ ကြောက်လန့်စိတ် တအားပြင်းထန်လွန်းတဲ့ အခြေအနေတွေမှာ နှလုံးခုန်နှုန်း၊သွေးပေါင်ချိန်ထိုးကျသွားပြီး ခေါင်းက ချာချာလည်မူးလာတာ၊ မေ့လဲသွားတဲ့ အထိပါ ဖြစ်စေနိုင်ပါတယ်။အရွယ်ငယ်သေးတဲ့ကလေးဘဝမှာကတည်းက ဒီစိတ်ဝေဒနာ လက္ခဏာတွေကို စတင်သိရှိနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ယောက်ျားလေးတွေမှာဆိုရင် အသက် ၉နှစ်ဝန်းကျင်၊ မိန်းကလေးတွေမှာဆိုရင် အသက် ၇နှစ်ဝန်းကျင်မှာ တစ်ခုခုနဲ့ ပတ်သက်ပြီး အကြောက်လွန်စိတ်တွေ ဖြစ်လာတတ်ပါတယ်။သာမန်ထက်ပိုပြီး သွေးမြင်လိုက်တာနဲ့ အကြောက်လွန်တဲ့ ကလေးတွေမှာ မိဘအနား အမြဲတွယ်ကပ်နေတာ၊ စိတ်အလိုမကျတာ၊ မကြာခဏ ငိုတာ၊ ချောင်လေးထဲမှာ ပုန်းနေတတ်တာမျိုး တွေ့နိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကလေးတိုင်း ကြောက်တတ်တာ သဘာဝပါပဲလို့ မိဘတွေက ပေါ့ပေါ့လေးတွေးပြီး ပစ်ထားလိုက်တဲ့အခါ ဒီပြဿနာဟာ အချိန်ကြာလာတာနဲ့အမျှ ပျောက်မသွားဘဲ ပိုပိုဆိုးလာပြီး ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓါ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။မိဘမျိုးရိုးမှာ အကြောက်လွန် စိတ်ဝေဒနာ (Phobia) တစ်မျိုးမျိုးရှိရင် မွေးလာတဲ့ သားသမီးတွေကိုပါ ဒီလက္ခဏာ ပါလာနိုင်ပါတယ်။ မိဘတွေနဲ့ မတူညီတဲ့ အရာတစ်ခုခုကို အကြောက်လွန်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ မိဘတွေနဲ့ ကလေးနားမှာ အမြဲရှိနေတဲ့ အုပ်ထိန်းသူတစ်ယောက်ယောက်မှာ သွေးမြင်ရင် လန့်တတ်တဲ့ စိတ်ဝေဒနာရှိရင် ကလေးတွေအနေနဲ့ ဒါကို ကြောက်စရာကြီးတစ်ခုလို မြင်ပြီး ငယ်စဉ်ကတည်းက ကြောက်စိတ်စွဲသွားတာမျိုးလည်း ရှိနိုင်ပါတယ်။တချို့မိဘတွေမှာ ကလေးကို ချစ်လွန်းတဲ့ စိတ်ကြောင့်အစိုးရိမ်လွန်ြပီး ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်၊ ပိုးမွေးသလို မွေးတဲ့ အကျင့်တွေ ရှိပါတယ်။ ဒီလိုမိဘတွေအောက်မှာ ကြီးပြင်းလာတဲ့ ကလေးတချို့မှာ မိဘတွေအပေါ် မှီခိုတွယ်တာတဲ့ စိတ်တွေ အလွန်ဖြစ်ပြီး မိဘကလွဲရင် ကျန်တဲ့ အရာအားလုံးကို ကြောက်လန့်တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားခဲ့တာ၊ မတော်တဆမှုတစ်ခုခုကြောင့် နောက်ဆက်တွဲ ကျန်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း သွေးမြင်ရင် လန့်တတ်တဲ့ စိတ်ဝေဒနာ အစပျိုးလာနိုင်ပါတယ်။သွေးမှမဟုတ်ပါဘူး၊ ဘယ်အရာမဆို ကြောက်လွန်းတဲ့စိတ်ဟာ တခြား စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ယှဉ်လိုက်ရင် ကုသပျောက်ကင်းဖို့ လွယ်ကူတဲ့ စိတ်ဝေဒနာလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် တခြားစိတ်ရောဂါတွေလိုမဟုတ်ဘဲ ရောဂါဇစ်မြစ်ကို သိဖို့ ပိုမိုလွယ်ကူတဲ့အတွက် အချိန်ပေးပြီး မိဘတွေဘက်က ဝိုင်းဝန်းပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးမယ်ဆိုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်ပါတယ်။သွေးမြင်လိုက်တဲ့အချိန်မှာ စိတ်ရော ကိုယ်ပါ တုန်လှုပ်ပြီး ကြောက်လန့်သွားတဲ့ လက္ခဏာခံစားရတာ၊ ကိုယ့်ရဲ့ ကြောက်လန့်မှုဟာ သာမန်အခြေအနေထက် ပိုဆိုးနေတယ်လို့ ခံစားမိတာ၊ အနည်းဆုံး ၆လထက်ပိုပြီး ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ကုသကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ကိုယ့်ရဲ့ ကြောက်စိတ်ကို ဖြေဖျောက်ပေးနိုင်တဲ့ ကုထုံးတွေထဲမှာ။ကိုယ်က သွေးမြင်တာနဲ့ ကြောက်တတ်တဲ့သူဆိုရင် သွေးကို ကိုယ့်ဦးနှောက်ထဲမှာ ပုံဖော်ခိုင်းတာ၊ မျက်စိရှေ့တည့်တည့်မှာ အချိန်အတိုင်းအတာတစ်ခုထိ ကြည့်ခိုင်းတဲ့စိတ်ကုထုံးဖြစ်ပါတယ်။သွေးမြင်လိုက်တဲ့အချိန်မှာ ကိုယ့်ဦးနှောက်ထဲမှာ ဖြစ်လာမယ့် ကြောက်စိတ်တွေ၊ စိုးရိမ်ပူပန်တဲ့ အတွေးတွေကို ပိုသဘာဝကျပြီး လက်တွေ့ဆန်ဆန် မြင်တတ်လာအောင် ကုသပေးတဲ့ စိတ်ကုထုံးဖြစ်ပါတယ်။အသက်ရှူလေ့ကျင့်ခန်း၊ ယောဂကျင့်စဉ်၊ တရားထိုင်ခြင်း၊ သာယာနာပျော်ဖွယ်တေးသံစဉ် ငြိမ့်ငြိမ့်လေးတွေကို ဖွင့်ပြီး စိတ်အပန်းဖြေခြင်း အစရှိသဖြင့် ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ စိတ်ဖိစီးမှု၊ စိတ်တင်းကြပ်မှုတွေ၊ ကြွက်သားတွေ တင်းမာနေတာကို ပြေလျော့စေဖို့ စိတ်လေ့ကျင့်ခန်း ကုထုံးလုပ်ပေးတာဖြစ်ပါတယ်။ကြောက်လန့်စိတ် ဖြစ်နေချိန်မှာ မူးမေ့လဲသွားတာမျိုးကို ထိန်းချုပ်ပေးဖို့အတွက် စိတ်ကုထုံးတစ်မျိုးပါ။ အဓိကကတော့ ကိုယ့်ရဲ့ ကြောက်ရွံ့တဲ့အရာကို ထိပ်တိုက်ရင်ဆိုင်ခိုင်းပြီး ခန္ဓါကိုယ်အပေါ်ပိုင်း၊ လက်မောင်း၊ ခြေထောက်ကြွက်သားတွေကို အချိန်အတိုင်းအတာတစ်ခုအထိ တင်းမာလာအောင် ဖိအားပေးလှုံ့ဆော်တာဖြစ်ပါတယ်။ကြောက်လန့်ဝေဒနာ ပြင်းထန်လွန်းတဲ့သူတွေမှာ စိတ်ငြိမ်ဆေးမျိုး ပေးတာမျိုး ရှိပေမဲ့ ပုံမှန်အားဖြင့်တော့ ဆေးဝါးအကူအညီမလိုဘဲ သာမန်စိတ်နဲ့ ခန္ဓါကုထုံးဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဆေးသောက်ဖို့ လိုအပ်၊ မလိုအပ်ဆိုတာကိုတော့ စိတ်ဆရာဝန်၊ စိတ်ရောဂါကုထုံးပညာရှင်တို့နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။ကြောက်ရွံ့မှုကို ရင်ဆိုင်ဖြေရှင်းမှုမပြုလုပ်ဘဲ ထွက်ပြေးတိမ်းရှောင်နေမယ်ဆိုရင်တော့ ဘဝတစ်ခုလုံး ကိုယ့်အနောက်ကနေ အရိပ်မည်းအနေနဲ့ လိုက်လာမှာပါ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာဆိုသလို ကိုယ့်ရဲ့ ဘဝအနာဂတ် လှပပျော်ရွှင်ဖို့ စိတ်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့တော့ လိုမယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%90%e1%80%ac%e1%80%94%e1%80%b2%e1%80%b7-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9c%e1%80%bd/
ဒူးနာတတ်သူတွေအတွက် ဓါတ်စာ
နေ့တိုင်း စိတ်ရှိတိုင်း သွားလာနိုင်စေဖို့ လုပ်ဆောင်ပေးနေတဲ့အစိတ်အပိုင်းတစ်ခု ရှိတယ်နော်။ လမ်းလျှောက်ဖို့၊ ထိုင်ဖို့၊ ထဖို့ ပြေးလွှားနိုင်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနေတာက ဒူးခေါင်းပါ။ ဒူးခေါင်းက ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါမှာပါ။ဒူးနာတဲ့အခါ ထိုင်ရထရခက်သလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။ ဒီတစ်ခေါက်တော့ ဒူးနာနေတာကို သက်သာစေ ဖို့အတွက် စားပေးသင့်တဲ့အစားအစာလေးတွေကို ပြောပြပေးပါရစေနော်။ဒူးနာ သက်သာစေဖို့ ဘာတွေ စားကြမလဲ…….။မုန်လာဥနီ။မုန်လာဥနီစားပေးတာက ဒူးနာတာကို သက်သာစေနိုင်တယ်၊လို့ တရုတ်လူမျိုးတွေက ရှေးယခင်ကာလတွေကတည်းက လက်ခံယုံကြည်ခဲ့ကြတာပါ။ မုန်လာဥနီမှာ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တဲ့ ဘီတကယ်လ်ရိုတင်းနဲ့ဗီတာမင် Aတို့ပါဝင်နေပါတယ်။ ဒါကြောင့် ဒူးနာတတ်တယ်ဆိုရင် မုန်လာဥနီကို ချက်ပြီးဖြစ်ဖြစ်၊ အစိမ်းဖြစ်ဖြစ် စားပေးလို့ရပါ တယ်။ တစ်နေ့ကို မုန်လာဥနီ အရွယ်တော် နှစ်လုံးလောက်စားပေးတာက ဒူးနာတာကို သိသိသာသာသက်သာစေမှာပါ။နနွင်း။ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ နေ့တိုင်းလိုလို ဟင်းတွေထဲမှာ မပါမဖြစ်ပါနေတတ်တဲ့ နနွင်းက နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ နနွင်းမှာ curcumin လို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် ဒူးနာတာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။ချင်း(ဂျင်း)။ဒူးနာသက်သာစေဖို့ ချင်း (ဂျင်း) ကိုစားပေးလို့ရသလို ဒူးနာတဲ့နေရာမှာ ကြိတ်ခြေပြီး ကပ်ပေးလို့လည်းရပါတယ်။ ချင်း (ဂျင်း) ကအနံ့အရသာပြည့်စုံသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဒူးနာနေသူတွေအနေနဲ့ ချင်း (ဂျင်း)ကို ဆေးဖြစ် ဝါးဖြစ်အနေနဲ့ စားသုံးပေးလို့ရပါတယ်။သစ်ကြားသီး။သစ်ကြားသီးမှာOmega-3 fatty acidနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ဒူးနာတာကို သက်သာစေနိုင် ပါတယ်။ ဒါကြောင့် ဒူးနာသက်သာစေဖို့ တစ်နေ့ကို သစ်ကြားသီး နှစ်လုံးစားပေးပါ။မုန်ညင်းဆီ။မုန်ညင်းဆီက သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒူးနာနေတဲ့နေရာကို မုန်ညင်းဆီလူးပေးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးတာက ဒူးနာတာကို အကောင်းဆုံးသက်သ စေနိုင်မှာပါ။ထောပတ်သီး။ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့မပြည့်ဝဆီပါဝင်နေတာကြောင့် ဒူးနာသူတွေအနေနဲ့ စားပေးသင့်တဲ့ အစားအစာ တစ်ခုပါ။ ဒါကြောင့် ဒူးနာသက်သာချင်တယ်ဆိုရင် ထောပတ်သီးလေး ပုံမှန်စားပေးလို့လည်းရပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်လောက် ထောပတ်သီးစားပေးတာက ဒူးနာတာကို သက်သာစေမှာပါ။ဒူးနာတာကို သက်ချင်တယ်ဆိုရင်တော့ အခုပြောခဲ့တာလေးတွေကို သတိထားစားပေးလိုက်ရုံပါနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%92%e1%80%b0%e1%80%b8%e1%80%94%e1%80%ac%e1%80%90%e1%80%90%e1%80%b9%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%93%e1%80%ac%e1%80%90%e1%80%b9/
အစာစားပြီးချိန်မှာ ရေသောက်သင့်သလား
တချို့ကပြောကြတယ်။ အစာစားပြီးချိန်မှာရေသောက်ရင် အစာမကြေဖြစ်တတ်တယ်။ မသောက်ကောင်းဘူးတဲ့။တချို့ကြတော့လည်းဆိုကြပြန်တယ်။ အစာစားပြီးရေသောက်ရမယ်တဲ့။ ဒါမှအဆိပ်အတောက်ကင်းမှာ ကျန်းမာမှာတဲ့။ဘယ်ဟာက အမှန်လဲ။ ဘာကို ယုံကြည်ကြမလဲ။အစာစားပြီးပြီးချင်း ရေသောက်တာက သင့်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပြုတယ်ဆိုတဲ့ ယူဆချက်က မှန်ကန်ရဲ့လား။ ဒါကို သိနားလည်ဖို့ဆိုရင် အစောခြေဖျက်မှုလုပ်ငန်းစဉ်ကို အရင်သိထားဖို့ လိုအပ်ပါတယ်။ပုံမှန်အားဖြင့် အစာခြေဖျက်မှုလုပ်ငန်းစဉ်ဟာ ရိုးရှင်းပါတယ်။ ပါးစပ်က ဝါးပြီးတဲ့နောက် မျိုချလိုက်တဲ့ အစားအစာတွေကိုအစာလမ်းကြောင်းကနေတဆင့် အစာအိမ်ထဲကိုပို့ပါတယ်။တံတွေးမှာပါဝင်တဲ့saliva enzymesတွေက ဒီလိုလျောလျောလျူလျူဝင်သွားဖို့ ကူညီပေးပါတယ်။အစာအိမ်ထဲကို အစာတွေရောက်သွားပြီဆိုရင် Acidic Gastric အရည်တွေက အစာတွေကိုရောမွှေပစ်ပါတယ်။ ဒီတော့ Chyme လို့ခေါ်တဲ့ပစ်နှစ်နေတဲ့အရည်တွေဖြစ်ကုန်တာပေါ့။Chymeတွေဟာ ပန်ကရိယထဲက digestive enzymes တွေနဲ့ အသည်းထဲက bile acid ပေါင်းစပ်သွားပါတယ်။ ဒီကနေတဆင့် အူလမ်းကြောင်းတစ်လျှောက်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေကို သွေးထဲကို စုပ်ယူမှာပါ။အူမကြီးဆီကိုရောက်ချိန်မှာ ပမဏနည်းနည်းပဲကျန်တော့မှာဖြစ်ပါတယ်။ သွေးကြောတွေကနေတဆင့် အာဟာရဓာတ်တွေကတော့ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ဆီ ပြန့်နှံ့ရောက်ရှိသွားပါပြီ။ ဒါဆို အစာခြေခြင်းလုပ်ငန်းစဉ်ပြီးစီးသွားပြီဖြစ်တာမို့ စွန့်ထုတ်မှုပဲကျန်ပါလိမ့်မယ်။ဒီလိုအစာခြေတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ အစာစားပြီးချိန်ကနေစပြီး ၂၄ နာရီကနေ ၇၂ နာရီအထိ ကြာမြင့်တတ်ပါတယ်။ပုံမှန်အားဖြင့် ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ကို အများကြီးအထောက်အကူဖြစ်စေပြီး ကျန်းမာစေဖို့ အကူအညီပေးပါတယ်။ ဒါပေမယ့် အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ထဲကို ရေ ဒါမှမဟုတ် အရည်တွေဝင်ရောက်လာတဲ့အခါ ရှုပ်ထွေးမှုတချို့ရှိလာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး လူတချို့က ယူဆထားပါတယ်။အမှန်အမှားကို ဖော်ထုတ်ဖို့ လိုနေပြီမဟုတ်လား။ ဒီနေရာမှာ အရည်အမျိုးအစားကို ၃ မျိုး ခွဲခြားပြီးပြောချင်ပါတယ်။ မတူညီတဲ့သက်ရောက်မှုတွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။၁။ အရက်၊အယ်လ်ကိုဟော။ဒီအမျိုးအစားတွေကို အစားစားနေစဉ် ဒါမှမဟုတ်၊ အစာစားပြီးပြီးချင်းမှာ သောက်သုံးမိမယ်ဆိုရင် အာခံတွင်းထဲက တံတွေးထုတ်လုပ်မှုကို ထိခိုက်စေမှာဖြစ်ပါတယ်။ တံတွေးဂလင်းတွေ ခြောက်သွေ့သွားတတ်ပြီး ထုတ်လုပ်မှုလျော့ကျသွားတာကြောင့် အစာမြိုချရမှာ ပြဿနာတွေရှိလာမှာပါ။အယ်လ်ကိုဟောဟာ တံတွေးထုတ်လုပ်မှုကို ၁၀-၁၅% အထိ လျှော့ချပစ်တတ်ပါတယ်။ ဒါပေမယ့် အဆိုပါအရည်အမျိုးအစားတွေနဲ့ တွဲဖက်သောက်သုံးတာကြောင့် အစာခြေဖျက်မှုကို ထိခိုက်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တော့ ခုချိန်ထိ မရှိသေးပါဘူး။၂။ ရေ။အစာစားချိန်မှာ ရေသောက်သုံးတဲ့အလေ့အကျင့်ဟာ လူတိုင်းမှာရှိပါတယ်။ အစာစားပြီးတိုင်းလည်း ရေသောက်ကြပါတယ်။ ဒါပေမယ့် တချို့သော ယူဆချက်တွေမှတော့ အစာစားပြီးပြီးခြင်း ရေသောက်တာက အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ကို ရှုပ်ထွေးစေတယ်လို့ဆိုကြပါတယ်။ရေကြောင့် အစာခြေဖျက်တဲ့ digestive enzymes တွေ၊stomach acidအားပျော့သွားတတ်တယ်လို့ အဆိုရှိထားသလို ဒီအချက်ကြောင့်ပဲ အစာခြေဖျက်ရခက်တတ်တယ်လို့လည်း ဆိုကြပါသေးတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင်တော့ ဒီအချက်ဟာလည်း မှားယွင်းနေပြန်ပါတယ်။ တကယ့်အမှန်တရားက ရေသောက်ခြင်းကြောင့် အစာခြေဖျက်မှုကို မထိခိုက်နိုင်ပါဘူးတဲ့။၃။ အရည်အမျိုးမျိုး။ရေ၊ အဖျော်ယမကာ၊အချိုရည်၊ အရက် ဘာအရည်ပဲသောက်သောက် အစာခြေဖျက်မှုအရှိန်ကို နှေးသွားစေတယ်ဆိုတဲ့ အဆိုလည်းရှိပါသေးတယ်။ အစာစားနေတုန်း အရည်များများသောက်မိရင် အစာတွေ ခြေဖျက်တာအချိန်ကြာမယ်ပေါ့။အစာစားနေချိန် ရေသောက်ရင် ဗိုက်ပြည့်လွယ်တာမှန်ပေမယ့် အစာခြေဖျက်တဲ့အချိန်ကိုတော့ ပိုမကြာစေပါဘူး။ ဒီလို သက်သေပြချက်မျိုးလည်း ကမ္ဘာပေါ်မှာမရှိသေးပါဘူး။ဒါကြောင့် အချုပ်ဆိုရရင် အစာစားပြီးချိန်မှာ ရေနဲ့ အဖျော်ယမကာတွေ သောက်သုံးလို့ရပါတယ်။ တစ်ခုရှိတာကတော့ သင့်လျော်ရုံသာသောက်သုံးသင့်ပြီး ရေခဲရေ၊ အရမ်းအေးတဲ့ ဖျော်ရည်မျိုးတွေသောက်သုံးတာကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ အရည်သောက်သုံးတာကြောင့်တော့ အစာခြေဖျက်မှုကို မထိခိုက်နိုင်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/can-drinking-after-meal-cause-indigestion/
အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ
နေ့စဉ်နဲ့အမျှမှာ မပါမဖြစ်ကတော့ကော်ဖီနဲ့ လက်ဖက်ရည်ပါပဲ။ နံနက်ခင်းလေးတစ်ခုကို ကော်ဖီ ခါးခါးလေးတစ်ခွက်နဲ့ ဖြတ်ကျော်ချင်ကြတယ်မဟုတ်လား။ နိုးထလာတာနဲ့ ကော်ဖီလေးတစ်ခွက်များ သောက်လိုက်ရရင် တစ်နေကုန်လန်းဆန်းတက်ကြွနေတယ်လို့ ခံစားဖူးကြမှာပါ။ဒါဟာ ကော်ဖီ တစ်ခွက်မှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါပဲ။ကဖင်း(Caffeine)ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်လျင်မြန်မြန်ဖြစ်စေဖို့ စွမ်းအင်တွေပေးစွမ်းနိုင်တာကြောင့် ခန္ဓာကိုယ်ရော စိတ်အစဉ်ပါ ပေါ့ပါးနေရခြင်းပါ။လေ့လာချက်များရဲ့ပြောဆိုချက်အရ ကော်ဖီကို ပမာဏအသင့်အတင့်သာ သောက်သုံးပါကခန္ဓာကိုယ်အတွက် သင့်တော်လုံခြုံပါတယ်။ သို့သော်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တစ်ခွက်ပြီးတစ်ခွက် မရပ်မနားတမ်း စွဲစွဲလမ်းလမ်းဖြစ်သွားပြီဆိုရင်တော့ ဘေးဥပါဒ်ဖြစ်စေဖို့ရန် ဦးတည်သွားမှာပါ။တစ်ဦးနဲ့တစ်ဦးတော့ မတူပါဘူး။ တချို့ကတော့ ပမာဏအနည်းငယ်သောက်ရုံနဲ့ ဘေးထွက် ဆိုးကျိုးတွေခံစားရနိုင်ပြီး ပမာဏ အနည်းငယ်သောက်ရုံနဲ့ ဘာဥပါဒ်မှ မဖြစ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ဥပမာအားဖြင့် မိမိပတ်ဝန်းကျင်မှာ ကော်ဖီသောက်ပြီး ညအိပ်မပျော်တဲ့ သူတွေလည်း ရှိနိုင်သလို၊ အချို့သောသူတွေဟာတော့ ကော်ဖီသောက်ခြင်းကြောင့် ညအိပ်စက်ခြင်းမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိနေပါဘူး။ ဒီတစ်ခေါက်တော့ အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ ခံစားရနိုင်တဲ့  ကဖင်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများကို အနည်းငယ်ရှင်းပြပါရစေ။(၁)စိတ်ဖိစီးမှု။ကော်ဖီသောက်ခြင်းကြောင့် စိတ်ပင်ပန်းမှုတွေ လျော့ကျသွားပြီး စိတ်ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာရှိတဲ့ ပင်ပန်းခြင်းကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ (adenosine) ‘အက်ဒီနိုဆင်း’ ဆိုတဲ့ အရာကို ကဖင်းဓာတ်က သွားရောက်ပိတ်ဆို့ထားလို့ပါပဲ။ဒါပေမဲ့ လူတစ်ယောက်ဟာ အမြဲတစေတက်ကြွနေရင်ရော အဆင်ပြေပါ့မလား။ပမာဏများစွာသောက်မိလိုက်တဲ့အခါမှာတော့ စိတ်အလိုမကျမှုတွေ၊ စိတ်တိုမှုတွေ အဆက်မပြတ်ဖြစ်လာပြီး နောက်ဆုံးမှာတော့ စိတ်ဖိစီးမှုတွေနဲ့ ကြုံရတတ်ပါတယ်။ တစ်ထိုင်တည်းနဲ့များစွာ သောက်သုံးမိပါက အသက်ရှူမြန်ခြင်းနဲ့ ရင်တုန်ခြင်းတွေပါ ကြုံတွေ့ရတတ်ပါတယ်။အကောင်းဆုံးကတော့ မိမိသောက်လေ့သောက်ထရှိတဲ့ ကော်ဖီအမျိုးအစားမှာပါဝင်တဲ့ ကဖင်းပမာဏကိုကြည့်ပါ။ မိမိရဲ့ တုန့်ပြန်မှုကို ဆန်းစစ်ပါ။ “ငါဘယ်လောက်သောက်ရင် ရင်တုန် တယ်၊ အိပ်မပျော်ဘူး” စသဖြင့်ပါ။ မိမိအဆင်ပြေလက်ခံနိုင်သလောက်သာ ကော်ဖီကို သောက်သုံးပါ။(၂)အစာခြေစနစ်ပြဿနာ။လူတချို့ဟာ မနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်လိုက်ပါက ဝမ်းမှန်စေတယ်လို့ ထင်ကြပါတယ်။ မှန်ပါတယ်။ ကော်ဖီသောက်ခြင်းကြောင့် ထွက်လာတဲ့ ‘Gastrin ဂတ်စရင်’ ဆိုတဲ့ ဟော်မုန်း ဟာ အူတွေရဲ့လှုပ်ရှားမှုစနစ်ကို ကောင်းစေတာကြောင့် ဝမ်းမှန်စေနိုင်ပါတယ်။ဒါဆို ကော်ဖီပမာဏ များစွာသောက်သုံးမိရင် ဝမ်းလျှောစေနိုင်တယ်၊ အရည်ဝမ်းသွားစေနိုင်တယ်ဆိုတာမဆန်းပါဘူးနော်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ အစာအိမ်ထဲက အက်စစ်တွေကို လည်ချောင်းဆီပြန်လည်တက်စေနိုင်တဲ့ GERD ဆိုတဲ့ ပြဿနာလည်းဖြစ်နိုင်ပါသေးတယ်။ ရင်ပူခြင်းနဲ့ ပျို့ခြင်း၊ အန်ခြင်းတွေ ခံစားရမှာပါ။(၃)သွေးပေါင်ချိန်တက်ခြင်း။ကော်ဖီသောက်ခြင်းကြောင့် နှလုံးရောဂါတွေနဲ့ လေဖြတ်ရောဂါတွေ တိုက်ရိုက်ဖြစ်ပွားနိုင်ခြင်းတော့မရှိပါဘူး။ သို့သော်လည်း ကဖင်းဟာ ဦးနှောက်အာရုံကြောစနစ်ကို သွားရောက်လှုံ့ဆော်တာမို့ သွေးပေါင်ချိန်ကိုတော့ တက်စေနိုင်ပါတယ်။ ဒီလိုမြင့်တက်လာတဲ့ သွေးပေါင်ချိန်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်ပွားစေနိုင်တယ်ဆိုတာကိုတော့ သတိချပ်စေချင်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ကော်ဖီပမာဏများလာခြင်းကြောင့် သွေးပေါင်ချိန်တက်ခြင်းဟာ ခေတ္တခဏပါပဲ။ နာတာရှည်တာမျိုးတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဆင်ဆင်ခြင်ခြင်လေး သောက်သုံးတတ်ဖို့တော့ လိုအပ်ပါတယ်။(၄)မောပန်းလွယ်ခြင်း။ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြားသောခွန်အားတိုးအချိုရည်တွေ (Energy Drink) တွေဟာ တက်ကြွစေတယ်ဆိုတာတော့ အမှန်ပါပဲ။ သို့ပေမဲ့လည်း နံရံကိုထိပြီးပြန်ထွက်လာတဲ့ ဘောလုံးလေးတစ်လုံးနည်းတူ သောက်ပြီး အချိန်အကန့်အသတ်တစ်ခုထိပဲ လန်းဆန်းတက်ကြွနေမှာပါ။ထိုအချိန်ကနေ ကျော်လွန်ပြီးချိန်မှာတော့ မောပန်းမှုတွေနဲ့ ကျန်ရစ်ခဲ့မှာပါ။ ပုံမှန်လူတစ်ယောက်ထက်ကို ပိုမိုပြီး မောပန်းလွယ်တယ်လို့ဆိုကြပါတယ်။ ဒါအပြင် အိပ်စက်ခြင်းမှာလည်း ပြဿနာရှိနိုင်တာမို့ အိပ်ရေးမဝခြင်းကိုပါ ခံစားရမှာပါ။ ဒါကြောင့် ကော်ဖီကို တော်ရုံပမာဏနဲ့တင် ကျေနပ်တင်းတိမ်သင့်ပြီး လောဘမကြီးမိဖို့ သတိထားရမှာပါ။(၅) ဆီးမကြာခဏသွားခြင်းနဲ့ဆီးမထိန်းနိုင်ခြင်း။ဆီးများများသွားခြင်းဟာ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါ။ ကဖင်းဓာတ်ဟာ ဆီးအိမ်ကို သွားရောက်လှုံ့ဆော်တာကြောင့် ဆီးမကြာခဏသွားခြင်းဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုမျိုး ဆီးမကြာခဏသွားတာကို ကော်ဖီတွေ၊ လက်ဖက်ရည်တွေ သောက်ပြီးချိန်မှာ ခံစားဖူးလို့ သိမှာပါ။သို့သော်လည်း အသက်အရွယ်ကြီးသူတွေမှာတော့ ဆီးခဏခဏသွားရာကနေ ဆီးမထိန်းနိုင်တော့ဘဲ ချက်ချင်းဆိုသလို ထွက်ကျသွားတာမျိုးထိ ရှိလာနိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုမျိုးခံစားမိပြီဆိုရင်တော့ ကော်ဖီကို အလွန်အမင်းသောက်နေရာကနေ ရပ်တန့်လိုက်သင့်ပါပြီနော်။(၆)နှလုံးခုန်မြန်ခြင်း။ကဖင်းရဲ့ လှုံ့ဆော်မှုဟာ နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ ကော်ဖီအများအပြားသောက်သုံးတဲ့အခါ ကဖင်းဓာတ်လွန်စွာများလာတဲ့အတွက် နဂိုနှလုံးခုန်နှုန်းမမှန်ခြင်း ရောဂါရှိနေရင် ပိုဆိုးတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ သို့ပေမဲ့လည်း ကဖင်းပမာဏကို ထိန်းညှိပြီးတော့သာ သောက်သုံးသင့်ပါတယ်။(၇)  စွဲလမ်းခြင်း။ကော်ဖီကို နှစ်ခြိုက်စွာသောက်သုံးရင်းနဲ့ပဲ တစ်နေ့တခြား ပိုပိုစွဲလမ်းလာပြီး မသောက်ရရင် မနေနိုင်သလို ဖြစ်လာတတ်ပါတယ်။ အကျင့်ကြီးတစ်ခုလို ဖြစ်လာမှာပါ။ ကော်ဖီကို စွဲလမ်းနှစ်ခြိုက်စွာ သောက်သုံးနေရာကနေ ရုတ်တရက်ဆိုသလို ဖြတ်လိုက်ပါက ခြေလက်တုန်ရီခြင်းတွေလည်း ခံစားရနိုင်တာမို့ ပမာဏမြောက်များစွာကို အကျင့်ကြီးတစ်ခုလို မသောက်မိနေဖို့ လိုအပ်ပါတယ်။(၈)ကြွက်သားများပျက်စီးခြင်း။‘Rhabdomyolysis’ ဆိုတဲ့ ကြွက်သားမျှင်တွေ ပျက်စီးတဲ့ ရောဂါဟာ မတော်တဆထိခိုက်မှု တွေ၊ ပိုးဝင်ခြင်းတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ မြွေကိုက်ခြင်း၊ အင်းဆက်ကိုက်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ပျို့အန်ခြင်းနဲ့ ဆီးမည်းမည်းသွားခြင်းဆိုတဲ့ လက္ခဏာတွေခံစားရမှာပါ။ ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမဲ့လည်း ကြွက်သားပျက်စီးခြင်းဟာ ကဖင်းဓာတ်လွန်ကဲခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ အချိန်ခဏလေးအတွင်းမှာ ကော်ဖီကို လွန်ကဲစွာ အဆမတန်သောက်သုံးပါက ကြွက်သားပျက်စီးမှုကို ဦးတည်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ကဖင်းဓာတ် ၂၅၀ မီလီဂရမ်ထက် ပိုမသောက်သင့်ပါဘူး။(၉)  အိပ်မပျော်တဲ့ရောဂါ။ဒါကတော့ လူအများကြုံတွေ့နေရတဲ့ အကြောင်းအရာပါ။ အိပ်ငိုက်နေတဲ့အချိန် လန်းဆန်း တက်ကြွသွားအောင် ကော်ဖီသောက်လေ့ရှိပါတယ်။ သို့သော်လည်း ကဖင်းဓာတ်များစွာ သောက်သုံးမိတဲ့အခါမှာတော့ အိပ်စက်အနားယူဖို့ ခက်ခဲသွားပါတယ်။ အိပ်ပျော်ဖို့ကို ခက်ခဲသလို အိပ်ပျော်ပြီးရင်လည်း စုစုပေါင်းအိပ်ချိန်ဟာလည်း နည်းသွားတယ်လို့ ဆိုပါတယ်။ ကဖင်းဓာတ်ဟာ သောက်ပြီးချိန်မှ ၅ နာရီအကြာခန့်အထိ ခန္ဓာကိုယ်ထဲမှာ ရှိနေနိုင်တာမို့ အိပ်ချိန်နဲ့နီးကပ်စွာ သောက်လေလေ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရလေလေပါ။ကဖင်းဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်တွေမှာ အဓိကပါဝင်တယ်ဆိုပေမဲ့လည်း ဆိုဒါ၊အားဖြည့်အချိုရည်တွေနဲ့ အချို့သောဆေးဝါးတွေမှာ ပါဝင်နေတယ်ဆိုတာကိုလည်း သတိချပ်စေချင် ပါတယ်။ ကဖင်းဓာတ်ကို ခံနိုင်ရည်ဟာ မျိုးရိုးဗီဇနဲ့လည်းဆိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိခန္ဓာကိုယ်ကနေ လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ သောက်သုံးဖို့နဲ့  အလွန်အကျွံ မသောက်သုံးမိစေဖို့ တိုက်တွန်းလိုက်ပါရစေ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/coffee-drink/
ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး ဒါတွေသိထားပြီးပြီလား.........
မိုးရာသီက စိုက်ပျိုးရေးကို အဓိကအားထားရတဲ့မြန်မာနိုင်ငံအတွက် အရေးပါတယ်ဆိုပေမယ့်ကောင်းကျိုးနဲ့ ဆိုးပြစ်ကဒွန်တွဲနေပါတယ်။ မိုးဖွဲဖွဲလေးက ရှင်သန်နိုးထမှုကိုများစွာကိုဖြစ်စေပါတယ်။ မိုးရေနဲ့အတူ သစ်ပင်ပန်းမန်တွေနိုးထလာသလို စိုက်ခင်းလေးတွေလည်း အသက်ဝင်လာတယ်လေ။ ဒါတင်ပဲမဟုတ်ပါဘူး။အေးမြတဲ့ရာသီဥတုနဲ့အတူ နိုးထလာတဲ့အထဲမှာတုပ်ကွေးဗိုင်းရပ်စ်လည်းပါတယ်နော်။ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေမြဲကိုး။ဇွန်လရဲ့ မိုးစက်တွေနဲ့အတူ နိုးထလာခဲ့တဲ့ တုပ်ကွေးတွေက တစ်ခုမကရှိနေပါတယ်။ ဒါတွေကတော့။အခုတလောအဖြစ်များနေတဲ့ တုပ်ကွေးတစ်မျိုးက ဆင်တုပ်ကွေးပါ။ ဒီတုပ်ကွေးနဲ့ပတ်သက်လို့ Hello ဆရာဝန်ပရိသတ်ကြီးရော ဘယ်လောက်ထိသိထားပြီးပြီလဲ ဆိုတာ ဒီဆောင်းပါလေး ဖတ်ရင်းဆန်းစစ်ကြည့်ရအောင်လား။ဆင်တုပ်ကွေးက လူအချင်းချင်းကူးနိုင်လား…….။ဆင်တုပ်ကွေးက လူတစ်ယောက်ကနေတစ်ယောက်ကို ကိုင်တွယ်ထိတွေ့မိရုံ၊ နီးနီးကပ်ကပ်နေရုံနဲ့ မကူးစက်နိုင်ပါဘူး။ ဆင်တုပ်ကွေးရဲ့ ထူးခြားချက်ကရောဂါပိုးရှိတဲ့ လူကို ကိုက်ထားတဲ့ခြင်ကိုက်ခံရမှ ဆင်တုပ်ကွေးရောဂါပိုး ကူးစက်နိုင်တာပါ။ဒီနှစ်အတွက်တုပ်ကွေးကာကွယ်ဆေးထိုးထားတယ်၊ လုံလောက်ပြီလား……။နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးတာကကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ ဒါပေမယ့်ဒီနေရာမှာ သိထားဖို့လိုတာက တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေးကိုသာ ကာကွယ်နိုင်တာဖြစ်ပြီး ဆင်တုပ်ကွေးကို မကာကွယ်နိုင်ဘူးဆိုတာပါ။ဆင်တုပ်ကွေး ကာကွယ်ဆေးရှိလား……..။လက်ရှိအချိန်ကာလအထိ ဆင်တုပ်ကွေးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ ဆင်တုပ်ကွေးကိုဖြစ်လာမှပဲ ကုသလို့ရမှာပါ။ဆင်တုပ်ကွေးက အခြားတုပ်ကွေးတွေလိုပဲ လက္ခဏာပြတတ်လား…..။ဟုတ်ကဲ့လို့ပြောပါရစေ။ရောဂါတိုင်းက လက္ခဏာတစ်ခုလောက်တော့ အနည်းဆုံးပြတတ်စမြဲပါ။ ဆင်တုပ်ကွေး စဖြစ်ဖြစ်ချင်းမှာကိုယ်ပူမယ်။အဆစ်အမြစ်တွေကိုက်ခဲမယ်။နောက်ပိုင်းရက်တွေမှာ ခန္ဓါကိုယ်မှာ အားမရှိသလိုဖြစ်ပြီး နုံးတာ၊ ကြွက်သားတွေနာကျင်လာတာ၊ခေါင်းကိုက်တာနဲ့အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဆင်တုပ်ကွေးဖြစ်လာရင်ဆေးသောက်လိုက်ရင်ပျောက်ရောလား……..။ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ပြည့်ပြည့်ဝဝအနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။ရောဂါကူးစက်ခံရပြီး ဘယ်အချိန်မှာရောဂါလက္ခဏာပေါ်လာနိုင်လဲ…….။ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်းမှာရောဂါလက္ခဏာတွေပေါ်လာနိုင်ပါတယ်။ ကိုယ်ပူတာ၊ခေါင်းကိုက်တာ၊ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာ၊ အဆစ်အမြစ်တွေကိုက်ခဲတာကနေစလို့ခန္ဓါကိုယ်မှာ ပင်ပန်းနုံးချိတာတွေအထိ အမျိုးမျိုးခံစားရနိုင်ပါတယ်။ဆင်တုပ်ကွေးက အသက်အန္တရာယ်ရှိလား…….။ဆင်တုပ်ကွေးက ခံစားရခက်ပေမယ့် အသက်အန္တရာယ်တော့ မရှိပါဘူး။ ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲမှုကို လနဲ့ချီပြီးခံစားရတာ တစ်ခါတလေမှာ နှစ်နဲ့ချီပြီး ခံစားရတာရှိနိုင်ပေမယ့် ဆင်တုပ်ကွေးကြောင့် အသက်သေဆုံးတာမျိုးကတော့ဖြစ်ခဲပါတယ်။ဆင်တုပ်ကွေးကိုကာကွယ်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကဘာလဲ……။ဆင်တုပ်ကွေးကို ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းကခြင်ကိုက်မခံရအောင်ကာကွယ်တာပါပဲ။ ဒါကြောင့်နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းပြီးလေဝင်လေထွက်နဲ့ အလင်းရောင်ကောင်းအောင်ထားပေးပါ။ ဖုံး၊သွန်၊လဲ၊စစ်လုပ်ဖို့ မမေ့ပါနဲ့။ဘယ်သူတွေမှာပိုပြင်းထန်နိုင်လဲ………။ဆင်တုပ်ကွေးက ဒီလိုအခြေအနေတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/facts-should-know-about-chikungunya/
သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ
မျက်နှာလှပစေဖို့Skin careနဲ့ မိတ်ကပ်တွေရဲ့ အကူအညီကို ကျွန်မတို့ယူကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာတွင်းမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ဝနေခြင်းဖြင့်အသားအရေကို ပိုမို Glow စေတယ်ဆိုတာကော သတိထားမိကြပါသလား။ အခုဆောင်းပါးလေးမှာတော့ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်ပြီး အသားအရေကို ကြည်လင်လှပစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်တယ်နော်။ သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ ။သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါဆိုတော့ ဘာတွေ ဖြစ်မလဲ ကြည့်လိုက်တော့နော်။(၁) ကီဝီသီး။ဗီတာမင်စီကြွယ်ဝသော ကီဝီသီးကို နေ့စဉ်စားခြင်းဖြင့် ကိုယ်ခံအားကောင်းစေရုံမကဘဲ အသားအရေဖြူစင်ကြည်လင်ခြင်း၊အရေးကြောင်းတွေကို ကာကွယ်ခြင်း၊ အသားအရေအစိုဓာတ်ကို ထိန်းပေးခြင်းစတဲ့ အကျိူးကျေးဇူးတွေပါ ရရှိစေမှာဖြစ်ပါတယ်။ ကီဝီသီးတစ်လုံးမှာ အသားအရေအတွက် ကောင်းကျိူးပြုတဲ့ အာဟာရဓာတ်ပေါင်း ၆၀မီလီဂရမ်ပါဝင်ပါတယ်။(၂) ကိုကိုး။ကိုကိုး၊ ဝိုင်နီနဲ့ လက်ဖက်ရည်ကြမ်းတို့မှာပါတဲ့ Flavonoids ဆိုသော anti-oxidantsပါဝင်တဲ့အတွက် ပုံမှန်စားသုံးပေးပါက အသားအရေကို နေရောင်ခြည်ကြောင့်ပျက်စီးခြင်းကနေ ကာကွယ်ပေးခြင်း၊ အရေပြားဆီ သွေးလှည့်ပတ်မှုကောင်းစေခြင်းနဲ့အရေပြားကြမ်းတမ်းခြင်းကို ကာကွယ်ပေးပါတယ်။(၃) ဗာဒံစေ့။ဗာဒံစေ့တွေဟာ ဗီတာမင်အီး၊ antioxidantsများနဲ့ linoleic acidပါဝင်တဲ့အတွက် အသားအရေကို လှစေပြီး နေရောင်ခြည်ကြောင့် ပျက်စီးခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။(၄) ဖရဲသီး။ဖရဲသီးတွေဟာ ချိူမွေးပြီး ရင်ကိုအေးစေမယ့်အပြင် အသားအရေအတွက်လည်း ကောင်းကျိူးများစွာ ပေးနိုင်ပါတယ်။ လိုင်ကိုပင်း၊ ကရိုတီးနွိုက်ကွန်ပေါင်းများ ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေကို နူးညံ့စေပြီး နေရောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။(၅) ပဲပိစပ်။ပဲပိစပ်တွေမှာ isoflavonesလို့ခေါ်တဲ့ antioxidantsတွေ ပါဝင်နေပြီး အရေပြားကြမ်းတမ်းခြင်းကို ကာကွယ်ပေးတဲ့အပြင်ကော်လဂျင်ပိုမိုထွက်စေပြီး အသားအရေကို တင်းရင်းလှပစေနိုင်ပါတယ်။(၆) အစိမ်းရင့်ရောင်အရွက်များ။ဟင်းနုနယ်၊ ကိုက်လန်နဲ့ အခြားအစိမ်းရင့်ရောင်အရွက်တွေမှာ Luteinဆိုတဲ့ ဓာတ်တစ်မျိူးပါဝင်တဲ့အတွက် ပိုမိုကျန်းမာသောအရေပြားကို သင့်အတွက် ပေးစွမ်းပါလိမ့်မယ်။ အီတလီနိုင်ငံမှ လေ့လာချက်တစ်ခုအရ တစ်နေ့ကို အစိမ်းရင့်ရောင်အရွက်သုံးခွက်ခန့်စားသူတွေဟာ အရေပြားကင်ဆာဖြစ်ခြင်းနည်းပါးပါတယ်။(၇) မုန်လာဥနီ။Beta-carotene ကြွယ်ဝသော မုန်လာဥနီ များဟာနေရောင်ခြည်ကြောင့် ဖြစ်သောအမည်းစက်များနဲ့ အရေးအကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီ အပြင် ကန်စွန်းဥ၊ သရက်သီး၊ သင်္ဘောသီး၊ ဟင်းနုနယ်နဲ့ ကိုက်လန်တို့ကိုလည်း စားသုံးနိုင်ပါတယ်။(၈) ရေနွေးကြမ်း။လက်ဖက်စိမ်း ရေနွေးကြမ်းကို နေ့စဉ် သောက်ခြင်းဖြင့် ကျန်းမာရေး ကောင်းကျိူးများစွာ ရနိုင်တာ အားလုံး သိရှိပြီး ဖြစ်ပါလိမ့်မယ်။ရေနွေး နေ့စဉ် သောက်သူတွေဟာ မျက်နှာ အရေးအကြောင်းတွေ ဖြစ်ခြင်းကို လျှော့ချနိုင်တဲ့အပြင်အသားအရေကို ပိုမို တင်းရင်းစေ ပါတယ်။ ထို့ပြင်အရေပြားကင်ဆာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင် ပါသေးတယ်။ပျိူမေတို့ရေ ဈေးကြီးတဲ့ skin careတွေ သုံးနေရုံနဲ့ မပြီးသေးဘူးနော်။ အသားအရေလေး အမြဲတမ်း Glowဖို့ အတွက် အခု ဖော်ပြသွားတဲ့အစားအစာတွေကိုလည်း နေ့စဉ် စားပေးကြပါဦးနော်။ရေးသားသူ – Dr. Rose။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/food-for-glowing-face/
အရေပြားကျန်းမာရေးနှင့် ရောဂါများ
အရေပြားကျန်းမာရေးနှင့် ရောဂါများ အကြောင်း မပြောခင်မှာအရေပြားနဲ့ ပတ်သက်ပြီး သိထားဖို့လိုအပ်ပါတယ်။ အရေပြားဆိုတာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပါတယ်။ အရေပြားသည်ကိုယ်ခံအားစနစ်ရဲ့ ပထမဦးဆုံးနဲ့ အပြင်ဘက်အကျဆုံး ခံတပ်တစ်ခုဖြစ်ပြီး ရောဂါပိုးမွှားတွေကို အသက်ရှူလမ်းကြောင်း၊ အစာရေမျိုလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ မဝင်ရောက်စေဖို့ တားဆီးပေးပါတယ်။အရေပြားဟာ အလှအပအတွက်သာမက လူတွေရဲ့ကျန်းမာရေးအတွက်ပါ သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အရေပြားက အဆီပြန်လွန်းရင်လည်း ချွေးပေါက်တွေ ကျယ်ပြီး ဖုန်၊ အဆီ၊ အညစ်အကြေးတွေ ဝင်အောင်းကာ ဝက်ခြံ၊ အဆီဖုတွေ ဖြစ်လွယ်နိုင်တယ်။ အစိုဓာတ်၊ ရေဓာတ် နည်းလွန်းတဲ့အခါ ခြောက်ပြီး အသားအရောင်ညစ်ထေးထေး ဖြစ်မယ်၊ အရေပြားပါးလာတဲ့အတွက် နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရနိုင်ပြီး အရေပြားကင်ဆာ၊ ဓာတ်ရောင်ခြည်သင့်တာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။ ခြောက်သွေ့လွန်းရင်လည်း အရေပြားမှိုစွဲတာ၊ အက်ကွဲတာ၊ အသားပပ်တာ၊ ယားယံတာတွေ ဖြစ်လွယ်ပါတယ်။၁။ဝက်ခြံ(Acne)။၂။ရေယုန်နာ(Cold Sore)။၃။ အရည်ကြည်ဖု (Blister)။၄။ အရေပြားပေါ်တွင် ထွက်တဲ့ အဖုအပိမ့် (Hives)။၅။ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်းကြောင့်ဖြစ်သော အရေပြားအနာ (Actinic Keratosis)။၆။ နာတာရှည်အရေပြားရောဂါ ရိုစေးရှား (Rosacea)။၇။ အနာပဆုပ် (Carbuncle)။၈။ လေးတက်စ် ရာဘာသားနှင့် ဓာတ်မတည့်လို့ဖြစ်သော အရေပြားအနာ (Latex Allergy)။၉။နှင်းခူရောဂါ(Eczema)။၁၀။ဆိုရီရေးစစ်ရောဂါ (Psoriasis)။၁၁။ အနာစိမ်း သို့မဟုတ် အနာထဲပိုးဝင်ခြင်း (Cellulitis)။၁၂။ ရေကျောက်ပေါက်ခြင်း (Chicken Pox)။၁၃။ အရေပြားရောင်ခြယ်ဆဲလ်များ ပျောက်ဆုံးခြင်း (Vitiligo)။၁၄။ လက်ပရိုစီရောဂါ (Leprosy)။၁၅။ အနာစက် (Impetigo)။၁၆။ ဝဲစို၊ ဝဲခြောက် (Scabies)။၁၇။ ပွေးပေါက်ခြင်း (Ringworm)။၁၈။ကြွက်နို့(Warts)။၁၉။ ညှင်း (Malasezia Fungus Infection)။၂၀။ ဓာတ်မတည့်ပစ္စည်းနှင့် ထိတွေ့ပြီးနောက် အနာဖြစ်ခြင်း (Contact Dermatitis)။၂၁။ အနီစက်များထခြင်း (Keratosis Pilaris)။အလှအပနှင့် ကျန်းမာရေးအပေါ် သက်ရောက်နေသော အသားအရေ အမျိုးအစားများ။၁။ ပုံမှန်အသားအရေ (Normal Skin)။၂။ အဆီပြန် အသားအရေ (Oily Skin)။၃။ ခြောက်သွေ့သော အသားအရေ (Dry Skin)။၄။ ပေါင်းစပ် အသားအရေ (Combination Skin)။၅။ ထိခိုက်လွယ် အသားအရေ (Sensitive Skin) ဆိုပြီး အမျိုးမျိုး ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ အသားအရေ အမျိုးအစားပေါ် မူတည်ပြီး အချို့အရေပြားရောဂါတွေဟာ အဖြစ်များတာရှိသလို အဖြစ်နည်းတာမျိုးလည်း ရှိနိုင်ပါတယ်။၁။ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း။အပြင်သွားတဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ အသားအရေနေရာမှန်သမျှ နေလောင်ကာခရင်မ် လိမ်းပေးဖို့လိုအပ်ပါတယ်။ နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားအောက်ဆုံးလွှာထိ ထိုးဖောက်နိုင်ပြီး အရေပြားဆဲလ်တွေကို ဖျက်ဆီးနိုင်တယ်။ အသားအရောင်ကို မှိန်စေပြီး ခြောက်သွေ့ကြမ်းတမ်းလာစေတယ်။ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပြီး အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အာနိသင်ကို လျော့ကျစေလို့ အရေပြားလျော့တိလျော့ရွဲဖြစ်လာပါတယ်။၂။ အစိုဓာတ်၊ ရေဓာတ် ခန်းခြောက်ခြင်း။အရေပြားကျန်းမာစိုပြေနေဖို့အတွက် ခန္ဓာကိုယ်က ရေဓာတ် ပြည့်ဝနေဖို့လိုသလို အရေပြားကလည်း အစိုဓာတ်ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။ အစိုဓာတ်ဟာ အရေပြားအပေါ်ယံလွှာကို စိုပြေနူးညံ့စေပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရေဓာတ်ဟာ အရေပြားရဲ့ အတွင်းပိုင်းတစ်သျှူးတွေကို အေးမြစေပြီး သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်ဆန်စေတဲ့အတွက် အသားအရေကို ကျန်းမာနုပျိုစေပါတယ်။ ဒါကြောင့် အစိုဓာတ်၊ ရေဓာတ် နည်းလာတာနဲ့အမျှ အသားအရေက မွဲခြောက်ခြောက်ဖြစ်ပြီး အရေပြားပြဿနာဖြစ်နိုင်ခြေ ပိုများလာရခြင်း ဖြစ်ပါတယ်။၃။ နေထိုင်မှုစားသောက်မှုပုံစံ။အရေပြားအပေါ် အကျိုးသက်ရောက်မှုဖြစ်စေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အစားအစာ၊ ဖြည့်စွက်စာကနေတစ်ဆင့် လုံလောက်စွာ မရရှိတဲ့အခါ အရေပြားက အာဟာရဓာတ်ချို့တဲ့ပြီး အရေပြားဆဲလ် ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အရေပြားရဲ့သဘာဝသည် ပြင်ပက နေရောင်ခြည်၊ လေထု၊ ရေထု၊ ဖုန်မှုန့်၊ ပွတ်တိုက်မှုတွေကြောင့် အမြဲတမ်းဆဲလ်တွေ ပျက်စီးပြီး ဆဲလ်အသေတွေ စုပုံနေတတ်ပါတယ်။ ဒီဆဲလ်အသေတွေကို မဖယ်ရှားဘဲ ပစ်ထားတဲ့အခါ အရေပြားက ညစ်ထေးပြီး ဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်း ကျသွားပါတယ်။နောက်တစ်ချက်က တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတာကြောင့်ပါ။ ရေကို တစ်နေ့တစ်ကြိမ်လောက် ပုံမှန်ချိုးပေးမှသာ အရေပြားအပေါ်ယံလွှာမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေးနိုင်မှာပါ။ သန့်ရှင်းရေးမလုပ်တာ များလာရင် အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေ များသထက် များလာမယ်။ ထိုအခါ အရေပြားက တခြားရောဂါပိုးတွေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ခန္ဓာကိုယ်ထဲ အလွယ်တကူ ဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါကို ဒုက္ခဖြစ်စေနိုင်ပါတယ်။၄။ ပတ်ဝန်းကျင်က ထိတွေ့မိတဲ့အရာတွေ။ဖုန်မှုန့်၊ ဓာတုဗေဒပစ္စည်း၊ ကပ်ပါးပိုးကောင် အစရှိတဲ့ အရာတွေဟာ အရေပြားကို ယားယံစေပြီး ဓာတ်မတည့်လက္ခဏာတွေ ဖြစ်တဲ့ ယားယံခြင်း၊ အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ အနီစက်များထခြင်းတွေ ဖြစ်စေပြီး အသားအရေကို ပျက်စီးစေနိုင်ပါတယ်။၅။ မိဘမျိုးရိုး။များသောအားဖြင့် မိဘမျိုးရိုးကနေ အသားအရေအမျိုးအစားနဲ့ အရေပြားရောဂါ ဖြစ်နိုင်ခြေတွေဟာ သားသမီးတွေဆီကို မျိုးဗီဇရောက်သွားတတ်တဲ့အတွက် ကလေးတွေမှာ မွေးရာပါ အရေပြားရောဂါ ဖြစ်လာနိုင်တာမျိုးလည်း ရှိပါတယ်။၆။ ပတ်ဝန်းကျင်မသန့်ရှင်းခြင်း။မိမိကိုယ်တိုင်က သန့်ရှင်းနေသော်လည်း ကိုယ်ရှိနေတဲ့ အိပ်ခန်း၊ အိမ်ခြေနေရာ၊ အလုပ်ခွင်၊ ခေါင်းအုံး၊ စောင် အစရှိတာတွေက သန့်ရှင်းခြင်းမရှိဘဲ ဖုန်တက်နေတယ်ဆိုရင် အနီးစပ်ဆုံးအရေပြားကို ထိုညစ်ပတ်တဲ့အရာတွေက ဒုက္ခပေးနိုင်ပါတယ်။၁။ အလွန်အမင်းယားယံခြင်း။၂။ ပုံမှန်အသားအရောင်နဲ့ မတူတဲ့ အကွက်များ ဖြစ်နေခြင်း။၃။ အနီစက်များ၊ အပိမ့်များ၊ အင်ပျဉ်ကွက်များ ထနေခြင်း။၄။ အကြေးခွံများ ဖြစ်နေခြင်း။၅။ မကောင်းတဲ့ အနံ့အသက်များ ထွက်နေခြင်း။၆။ ပြည်တည်နေခြင်း၊ ပုံမှန်မဟုတ်တဲ့ အရည်များ စိမ့်ထွက်နေခြင်း စတဲ့ လက္ခဏာတွေကို အများဆုံးတွေ့ရပါတယ်။ကိုယ်ဖြစ်နေတဲ့ အရေပြားပြဿနာနဲ့ ဖြစ်ရတဲ့အကြောင်းရင်းဇစ်မြစ်ကို သိမှသာ ရောဂါကို သက်သာပျောက်ကင်းစေနိုင်မယ့် သောက်ဆေး၊ လိမ်းဆေးတွေကို ညွှန်ပေးလို့ ရမှာဖြစ်ပါတယ်။ အရေပြားရောဂါနဲ့ ကျန်းမာရေးပြဿနာတွေဟာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးကူးစက်ခံရပြီး ဖြစ်နိုင်သလို ဓာတ်မတည့်စေနိုင်တဲ့ ပစ္စည်းများနှင့် အရေပြားထိတွေ့မိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဟော်မုန်းမျှခြေပျက်ယွင်းခြင်း၊ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာဖြစ်တဲ့ ပြဿနာပေါ် မူတည်ပြီး။ဘက်တီးရီးယားပိုးမွှားကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေအတွက် ပဋိဇီဝပိုးသတ်ဆေးတွေကို သောက်ဆေး၊ လိမ်းဆေးပုံစံမျိုး ပေးနိုင်ပါတယ်။ ဒီဆေးတွေရဲ့ အဓိကရည်ရွယ်ချက်က အရေပြားအောက်က ပြဿနာဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေရန် ပစ်မှတ်ထားကုသပေးဖို့ ဖြစ်ပါတယ်။မှိုပိုးကြောင့်ဖြစ်သော အရေပြားရောဂါများကို ကုသတဲ့နေရာမှာ မှိုပိုးသတ်ဆေးကို အဓိကသုံးစွဲပါတယ်။ များသောအားဖြင့် သောက်ဆေး၊ လိမ်းဆေးပုံစံမျိုးနဲ့သာလာပြီး အသုံးပြုတဲ့ ပုံစံအရတော့ ထူးထူးခြားခြား ကွဲပြားပြောင်းလဲသွားတာမျိုး မရှိပါဘူး။အရေပြားရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားများကို လျော့ပါးသွားစေရန်အတွက် ဗိုင်းရပ်စ်ပိုးပျောက်ဆေးကို လိမ်းဆေး၊ သောက်ဆေးပုံစံမျိုး ပေးမှာဖြစ်ပါတယ်။ ဒီကုထုံး (၃) မျိုးလုံးသည် အရေပြားဆရာဝန်မှ ကိုယ့်ရဲ့ကျန်းမာရေးပြဿနာဇစ်မြစ်ကို စစ်ဆေးပြီးမှသာ ဆေးညွှန်းပေးမှာဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဆိုင်ကနေ ဆေးဝယ်သောက်တာ၊ လိမ်းတာမျိုးတော့ မလုပ်သင့်ပါဘူး။ အနာရဲ့ ဇစ်မြစ်နဲ့ လိမ်းတဲ့ဆေး မသက်ဆိုင်တဲ့အခါ ရောဂါပိုးက ဆေးယဉ်ပါးမှုဖြစ်ပြီး အရေပြားရောဂါပျောက်ကင်းဖို့ အချိန်ပိုကြာသွားနိုင်ပါတယ်။များသောအားဖြင့် အရေပြားရောဂါတွေမှာ ယားယံတဲ့ လက္ခဏာတွေပါ တွဲပြီးတွေ့ရတတ်တာ ဖြစ်လို့ အယားသက်သာစေရန်အတွက် လိမ်းဆေး၊ သောက်ဆေးပေးတာမျိုး လုပ်ပေးပါလိမ့်မယ်။ အဓိက ယားယံခြင်းဝေဒနာ သက်သာတဲ့အခါ လူနာအနေနဲ့ ကုတ်တာ၊ ဖဲ့တာမျိုး နည်းသွားတဲ့အတွက် ဒဏ်ရာဖြစ်ပြီး အနာထဲ ပိုးအသစ်ဝင်နိုင်ခြေ ပိုနည်းသွားပါတယ်။ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေမှာ ဟော်မုန်းအစားထိုး ကုထုံးတွေကို ကုသမှုခံယူဖို့ ဆရာဝန်အနေနဲ့ အကြံပေးပါလိမ့်မယ်။ များသောအားဖြင့် ဟော်မုန်းမျှခြေ မတည်ငြိမ်တဲ့ အချိန်တွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်နေချိန်၊ သွေးဆုံးပြီးချိန်၊ ရာသီလာချိန်တွေမှာ အရေပြားပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ များသောအားဖြင့် ဟော်မုန်းကုထုံးတွေမှာ ဆေးရည်ထိုးသွင်းခြင်း၊ ကပ်ခွာကပ်ခြင်း၊ လိမ်းဆေးလိမ်းခြင်း စတဲ့နည်းလမ်းတွေရှိပြီး နှစ်ရှည်ကြာ ကုသမှုမျိုးဖြစ်ပါတယ်။ဖုန်မှုန့်၊ ဓာတုဗေဒပစ္စည်းတွေနဲ့ အရေပြားထိတွေ့မှုကြောင့် ဖြစ်တဲ့ယားနာပုံစံမျိုးအတွက် ဆရာဝန်က ပုံမှန်သောက်ပေးလို့ ရမယ့် သောက်ဆေး၊ လိမ်းဆေးတွေ ညွှန်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိနေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းထားဖို့၊ လေထုအစိုဓာတ်ထိန်းစက် အသုံးပြုဖို့၊ ဓာတုဗေဒပစ္စည်းများကို လက်အိတ်၊ အကာအကွယ်ယူပြီး ကိုင်တွယ်ဖို့ နည်းလမ်းတွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ကိုယ့်မှာ ပုံမှန်မဟုတ်တဲ့ အရေပြားပြဿနာများ ကြုံလာရပြီဆိုပါက မိမိဘာသာ ဆေးဝယ်လိမ်းတာ၊ သောက်တာ၊ ဆေးမြီးတိုနဲ့ ကုသတာမျိုး မလုပ်ဘဲ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့သာ စစ်ဆေးကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/common-skin-diseases/
စိတ်ကျရောဂါ (Depression) နှင့်ပတ်သက်ပြီး သိထားသင့်သမျှ
ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်းဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ အတွေးထဲမှာပဲ လှောင်ပိတ်ပြီး ကိုယ့်စိတ်ကို ဒုက္ခပေးနေတဲ့ စိတ်ရောဂါမျိုးဖြစ်ပါတယ်။ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ အခက်အခဲတွေ၊ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်၊ မိသားစုအပေါ်မှာ မူတည်ပြီးစိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ့်ရဲ့ အတွေး၊ သိစိတ်၊ မသိစိတ်၊ အပြုအမူပေါ်မှာ မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ဖြစ်စေတယ်။ ဒီလို မကောင်းတဲ့ အတွေးတွေ ဝင်လာရာကနေ စိတ်ပိုင်းဆိုင်ရာ၊လူမှုရေးပိုင်းဆိုင်ရာမှာ ပြဿနာတွေ ပိုရှုပ်ထွေးလာစေနိုင်ပါတယ်။ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရတဲ့ မိသားစုပြဿနာတွေ၊ မိဘနဲ့ ဝေးကွာနေရတာ၊ မေတ္တာငတ်မွတ်ခဲ့တာ၊ ကျောင်းမှာအနိုင်ကျင့်ခံရတာ၊ အနှိမ်ခံရတာ အစရှိတဲ့ ပြဿနာတွေဟာ စိတ်ဒဏ်ရာကို ဖြစ်စေနိုင်ပါတယ်။ လူကြီးတွေနဲ့ ကွာသွားတာကတော့ ကိုယ့်ကိုယ်ကို စိတ်ကျရောဂါရှိနေမှန်း မသိပဲ အနာကို သဲနဲ့ ဖုံးထားလိုက်သလို ဖြစ်ပြီး ကြီးလာတဲ့အချိန် အကြောင်းရင်း တစ်ခုခုကြောင့် ဒီစိတ်ဒဏ်ရာတွေ ပြန်ပေါ်လာတဲ့အခါမှာ စိတ်ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာတာ ဖြစ်ပါတယ်။ငယ်ရွယ်စဉ်မှာတော့ မကြာခဏ ဝမ်းနည်းတာ၊ စိတ်ရှုပ်တာ၊ တခြားသူတွေနဲ့ စကားမပြောပဲ သီးခြားနေတာ၊စိတ်ပူပန်သောကများလွန်းတာ၊ ကျောင်းမသွားချင်တာ၊ အခန်းထဲမှာပဲ အောင်းနေပြီးတစ်ယောက်တည်း နေတတ်တာ၊ မကောင်းမြင်တာ၊ စာကောင်းကောင်းမလိုက်နိုင်တော့တာ၊ ပညာရေးနဲ့ ပတ်သက်ပြီး စိတ်မဝင်စားတော့တာ၊ အရာရာကို အထင်အမြင်လွဲမှားတာ၊ အအိပ်၊ အစား လွန်တာ၊ ကိုယ့်ကိုယ်ကို နာကျင်အောင် ပြုမူတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။စိတ်ကျရောဂါ ရှိနေတဲ့သူတော်တော်များများမှာ ဒီလက္ခဏာအများစုကို တွေ့ရတဲ့အပြင် ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်နိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ လူမှုရေး၊ မေတ္တာရေး၊ အိမ်တွင်းရေးမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်ပြီး အချိန်ကြာတဲ့အထိ မကုသပဲ ပစ်ထားမယ်ဆိုရင် ကိုယ့်စိတ်နဲ့ ခန္ဓါကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။တခြားသော စိတ်ကျန်းမာရေးပြဿနာတွေလိုပဲ၊ တစ်ခုမကသော အကြောင်းရင်း၊ အဖြစ်အပျက်တွေဟာ စိတ်ကျရောဂါ ဖြစ်စေဖို့ အစပျိုးလိုက်တာ ဖြစ်နိုင်ပါတယ်။၁။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်မိသားစုဝင်မှာ စိတ်ကျရောဂါ ဖြစ်နေတယ်လို့ သံသယရှိနေပြီဆိုရင်။၂။ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်သလို ခံစားနေရရင်။၃။ မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ အတွေးတွေ ဝင်လာရင်၊ ကြံစည်နေပြီဆိုရင် အကောင်းဆုံးကတော့ စိတ်ရောဂါ ကုထုံးပညာရှင်တွေ၊ စိတ်ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ကုသဖို့ အချိန်တန်ပါပြီ။ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ဝေဒနာတွေ၊ အတွေးတွေကို မြိုသိပ်ထားခြင်းဟာ စိတ်ကျန်းမာရေးကို ပိုဆိုးစေနိုင်တာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့၊ ယုံကြည်အားကိုးရတဲ့ သူတွေနဲ့ အမြဲတိုင်ပင်ပါ။ ပြဿနာကို ရှောင်ပြေးတာထက် ရင်ဆိုင်ပြီး ဖြေရှင်းပါ။စိတ်ကျရောဂါဟာ အချိန်ခဏလေးအတွင်းမှာ ဖြစ်နိုင်တဲ့ ရောဂါမဟုတ်သလို အချိန်တိုလေးနဲ့ ကုသလို့ ပျောက်နိုင်တဲ့ စိတ်ရောဂါလည်း မဟုတ်ပါဘူး။ ဒါကြောင့် သေချာ အချိန်ပေးပြီး စိတ်ရှည်သည်းခံဖို့၊ ဆရာဝန်နဲ့ ချိန်းဆိုထားတဲ့ ရက်တွေမှာ မပျက်မကွက်သွားပြဖို့၊ ကိုယ့်ရဲ့ အတိတ်အကြောင်းအရာတွေကို မချွင်းမချန်ပြောပြဖို့ လိုအပ်ပါတယ်။တစ်ခါတရံမှာ စိတ်ကျန်းမာရေးပြဿနာတွေဟာ တစ်မျိုးတည်းမဟုတ်ပဲ အစုံလိုက်အပုံလိုက် ဝင်လာတာမျိုးတွေလည်း ရှိနိုင်တာကြောင့် အကောင်းဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပြီး စိတ်ကုထုံးနဲ့ ကုသမှုခံယူရပါမယ်။ စိတ်ကျရောဂါဆိုတာသေချာအချိန်ပေးပြီး မိမိရဲ့ စိတ်နဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်မယ်၊ ကိုယ့်ရဲ့ မိသားစုဝင်တွေရဲ့ အားပေးမှုမေတ္တာကို ရမယ်ဆိုရင်ပျောက်ကင်းကုသနိုင်တဲ့ရောဂါဖြစ်ပါတယ်။လူသားတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်ဖွယ် ဘဝနေ့ရက်လေးများ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/facts-about-depression/
ကလေးမွေးဖွားပြီး စိတ်ကျရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
ကလေးအမေတိုင်းလိုလိုဟာ ကလေးမွေးပြီးရင် ပင်ပန်းခြင်းနဲ့စိတ်ပူပန်ခြင်းကို ခံစားရနိုင်ပါတယ်။ ကလေးအတွက် တာဝန်ယူမှုတွေ အပါအဝင် အအိပ်နည်းခြင်း၊ ကိုယ်ပိုင်အချိန် နည်းပါးခြင်းတွေကြောင့် ကလေးအမေတွေဟာ ကလေးမွေးပြီး ဘာကြောင့် baby blues ဖြစ်လဲဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမယ့် baby blues ကို ကာကွယ်လို့ရပါသလား။ ကလေးမွေးဖွားပြီး စိတ်ကျရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ကလေးမွေးဖွားပြီး စိတ်ကျရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတော့။(၁) ကလေးအိပ်တဲ့အချိန် ကိုယ်ပါ လိုက်အိပ်ပါ။ကလေးမွေးပြီးကာခ မိခင်တွေအနေနဲ့ အများဆုံးကြုံတွေ့ရတာကတော့ အိပ်ရေးမဝခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ရိုးရှင်းကောင်းရိုးရှင်းပါလိမ့်မယ်။ ဒါပေမယ့် လူအများစုဟာ ကလေးအိပ်နေတဲ့အချိန်မှာအိမ်သန့်ရှင်းရေးလုပ်နေတာမျိုး ကျေးဇူးတင်လွှာရေးနေတာမျိုးသာ လုပ်တတ်ပါတယ်။ သင်ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက် ဒီအလုပ်တွေလုပ်ရမယ်ဆိုရင် အကူအညီယူသင့်ပါတယ်။ အအိပ်မပျက်တဲ့ မိခင်အများစုဟာ စိတ်ကျမှု ဖြစ်ခြင်း နည်းပါးပါတယ်။ နောက်တစ်ခေါက် သင့်ကလေးအိပ်တဲ့အခါ သင်ပါ လိုက်အိပ်သင့်ပါတယ်။(၂) ငါးအများကြီးစားပါ။လေ့လာမှု အတော်များများက omega 3 fatty acid, EPA နဲ့ DHA တို့ဟာ ကလေးမွေးပြီးကာစ မိခင်တွေမှာ စိတ်ကျမှု ဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်။ Omega 3 ကို ဆယ်မွန်ငါး၊ cod၊ တူနာငါးနဲ့ ငါးသေတ္တာတို့မှာ ပါဝင်ပါတယ်။ သူတို့ကို ဖြည့်စွက်စာအနေနဲ့လဲ ရရှိနိုင်ပါတယ်။ ဒီ အက်ဆစ်နှစ်ခုဟာ ကိုယ်ခန္ဓါက ထုတ်လုပ်မပေးနိုင်ပေမယ့် ကလေးဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီ fatty acid တွေ လုံလုံလောက်လောက်စားတဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါ ရရှိမှုနည်းပါးပါတယ်။ တစ်နေ့ကို DHA 625 mg နဲ့ EPA 410 mg လောက် စားသင့်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ဟာ လိုအပ်တဲ့ အာဟာရဓါတ်တွေဖြည့်တင်းဖို့ တစ်ပတ်ကို ငါး ၁၂ အောင်စ စားသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။(၃)တတ်နိုင်ရင် လေ့ကျင့်ခန်းလုပ်ပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ စားသုံးခြင်းနဲ့လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ကျန်းမာသန်စွမ်းစေပါတယ်။ သင့်မှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓါ ရှိနေခဲ့ရင် ကလေးမွေးပြီး baby blues ရမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ လေ့လာမှုတွေက ကိုယ်ဝန်ဆောင်စဉ်နဲ့ ကိုယ်ဝန်ဆောင်အပြီးမှာ လေ့ကျင့်ခန်းမ လုပ်သူတွေဟာ စိတ်ကျရောဂါ ပိုမိုခံစားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ အလေးမခြင်း (သို့) မာရသွန် ပြေးခြင်းလိုမျိုးတော့ လုပ်စရာမလိုပါဘူး။ ယောဂ ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း အစရှိတဲ့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ကိုလည်း ကြည်လင်စေပြီး မိခင်ဘဝအတွက် ပိုမို စိတ်ကျေနပ်မှု ရရှိစေမှာပါ။(၄) ကိုယ်တစ်ယောက်တည်း အချိန်ဖြုန်းပါ။မိခင်အတော်များများဟာ သူတို့နိုးနေချိန်တွေမှာ ကလေးနဲ့ အချိန် မကုန်ဆုံးရရင် ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ တကယ်လို့ ၁၅ မိနစ်လောက် ကိုယ်ပိုင်အချိန်ယူမိရင်တောင် ဒါဟာ အိမ်အလုပ်တွေ လုပ်နေတာမျိုးဖြစ်တတ်ပါတယ်။ တကယ်တော့ မွေးကင်းစကလေးတွေအတွက် တည်ငြိမ်တဲ့ မိခင်တစ်ယောက်ဟာ ပိုမိုငြိတွယ်လွယ်ပါတယ်။ ကလေးနဲ့ပဲ အချိန်တိုင်း ကုန်ဆုံးနေရင် ဒါဟာ သင့်အတွက်ပိုမို စိတ်ဖိစီးစရာဖြစ်ရုံတင်မကပါ ကလေးအတွက်ပါ အကျိုးမရှိပါဘူး။ ဒါကြောင့် ကိုယ်ပိုင်အချိန်အနည်းငယ်ယူပြီး ရေချိုးကန်ထဲစိမ်ခြင်း၊ တရားထိုင်ခြင်းတွေ လုပ်ခြင်းအားဖြင့် ပိုမိုစိတ်တည်ငြိမ်မှာ ဖြစ်ပါတယ်။(၅) အခြားသူတွေကို တာဝန်လွှဲပါ။မွေးကင်းစ ကလေးနဲ့ဆိုရင် သင်ဟာ အိမ်မှာပဲနေပြီး ကလေးကိုသာ ပြုစုချင်ပါလိမ့်မယ်။ အမျိုးသမီးအချို့အတွက်ကတော့ အိမ်မှာနေခြင်းဟာ အိမ်အလုပ်တွေ ပြီးအောင် လုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ အိမ်အတွက် စဉ်းစားပေးပြီး ကောင်းတဲ့အလုပ် ဖြစ်သော်လည်း အချို့ကိစ္စတွေကို အိမ်သားတွေနဲ့ သူငယ်ချင်းတွေကို လွှဲပေးသင့်ပါတယ်။ သင့်အမျိုးသား (သို့) ညီမကို ကလေးခဏ ချီပေးထားဖို့ (သို့) သင့်အမေကို အဝတ်လျှော်စက် အသုံးပြုစေဖို့ အကူအညီတောင်းရန် မရှက်သင့်ပါဘူး။ သူတို့ဟာ သင်အကူအညီ တောင်းတဲ့အတွက် ဝမ်းသာမှာဖြစ်ပြီး သင်ဟာလည်း ကလေးနဲ့ ပိုမို ရင်းနှီးလာမှာ ဖြစ်ပါတယ်။(၆) ကလေးမမွေးခင် ကျွမ်းကျင်သူနဲ့ တွေ့ပါ။ကိုယ်ဝန်ရှိနေစဉ်မှာ စိတ်ကျနေမယ်ဆိုရင် ကလေးမွေးတဲ့အခါ baby blues ဖြစ်ဖို့ ရာနှုန်းပိုများပါတယ်။ ဒီလိုအခါမျိုးဆို ကလေးမမွေးခင် ကျွမ်းကျင်သူနဲ့ သွားရောက်ပြသသင့်ပါတယ်။ ဆရာဝန်ကစိတ်ကျရောဂါသက်သာဆေးတွေနဲ့ baby blues ဖြစ်မလာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ သင်ကြားပြသပေးမှာဖြစ်ပါတယ်။မွေးကင်းစ ကလေးရဲ့ မိခင် ၈၀% လောက်ဟာbaby bluesဖြစ်တတ်ကြပါတယ်။ သင်တကယ်လို့ စိတ်ထိခိုက်နေတယ်ဆိုရင် မိခင်ဘဝဆိုတာ ပြီးပြည့်စုံစရာ မလိုဘူးဆိုတာကိုသာ သတိရပါ။ သင့်မှာ အခက်အခဲတွေ ရှိနေပေမယ့် ဒီလိုစိတ်ပြောင်းလဲမှုတွေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ခက်ခဲတဲ့အချိန်တွေကို လွယ်ကူစွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/mental-health-mothercare/how-to-prevent-baby-blue/
မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များ
မီးဖွားစဉ်စုတ်ပြဲသွားတာမျိုး၊ မွေးလမ်းကြောင်း ချဲ့ခဲ့ရတဲ့ အခြေအနေမျိုးမှာ မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ပြန်ချုပ်တဲ့နည်းကို ဆရာဝန်တွေ အသုံးပြုတတ်ပါတယ်။ မီးဖွားပြီးနောက် မိန်းမကိုယ်ကို ရောဂါပိုးတွေ မဝင်စေဖို့နဲ့ အနာ မြန်မြန် ပြန်သက်သာစေဖို့ အတွက်လည်း ဂရုတစိုက်ရှိဖို့ လိုပါတယ်။မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များက ဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။ကလေးမွေးမွေးပြီးချင်း ပထမရက်သတ္တပတ် အနည်းငယ်မှာ မိန်းမကိုယ် နေရာက နာကျင်နေပါလိမ့်မယ်၊ အထူးသဖြင့် ပြန်ချုပ်ထားရတဲ့ အခြေအနေဆိုရင်ပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှု ပုံမှန်လုပ်ခြင်းဟာ အနာပြန်သက်သာဖို့ ကြီးမားတဲ့ အထောက်အပံ့ပါ။ မြန်မြန်သက်သာစေဖို့ နောက်ထပ် နည်းလမ်းတွေကတော့။မိန်းမကိုယ် နေရာနဲ့ တင်ပါးဆုံရိုး အခြေမှာရှိတဲ့ ကြွက်သားတွေ ပြန်လည်သန်စွမ်းလာဖို့လည်း လိုပါတယ်။ ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ အလေးချိန်ဟာ ဒီကြွက်သားတွေ လျော့ရဲသွားဖို့ လုံလောက်တာကြောင့် သင်ဟာ သာမန်မွေးနည်းနဲ့ မွေးမွေး၊ မမွေးမွေး သိရန် လိုအပ်ပါတယ်။ မီးဖွားပြီး ဆရာဝန် ပြန်ပြရတိုင်းမှာ သင့်မိန်းမကိုယ်မှ ဒဏ်ရာ ကောင်းကောင်းကျက်နေရဲ့လား ဆိုတာ အမြဲစစ်ဆေးနေမှာပါ။ ပြန်လည်ပြုပြင်ဖို့ နည်းလမ်းကိုတော့ များသောအားဖြင့်တော့ မီးဖွားပြီး ၈ ပတ်လောက်ကြာမှ စလုပ်နိုင်ပါတယ်၊သွေးဆင်းတာ ရပ်ဖို့နဲ့ ဒဏ်ရာ ပြန်ကျက်ဖို့ စောင့်နေရလို့ပါ။သင့်တော်ကောင်းမွန်တဲ့ နည်းလမ်းတွေက :။မွေးလမ်းကြောင်းဝ စုတ်ပြဲခြင်းနဲ့ မွေးလမ်းကြောင်းချဲ့ရန် လိုအပ်ခြင်းတို့ကို သင့် မိန်းမကိုယ် ကို ကလေးမွေးရန်အဆင်သင့်ဖြစ်နေအောင် လေ့ကျင့်ထားခြင်းဖြင့် ရှောင်ရှားနိုင်ပါတယ်။မိန်းမကိုယ် နေရာမှ ကြွက်သားများ ပြန်လည် သန်စွမ်းရန် လေ့ကျင့်ခန်းလုပ်ရင်း အသုံးပြုလို့ရတဲ့ ပစ္စည်း တချို့အကြောင်းလည်း သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆွေးနွေး ကြည့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ နေ့စဉ် အသုံးပြုလို့တဲ့ ပစ္စည်းတွေ ရှိပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/postpartum-perineal-care/
သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား
နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ပတ်ကို နာရီ ၄၀ ကနေ ၄၅ နာရီ ဖြစ်ပြီး တနင်္လာကနေ သောကြာနေ့အထိ ၅ရက်တိတိ တစ်ရက်ကို ၈-၉ နာရီအထိ အပြည့်အ၀ အလုပ်လုပ်မယ်။ ကျန်တဲ့ အချိန်တွေမှာ အနားယူပြီး ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရုံးက ကိစ္စတွေကို အိမ်ကို သယ်လာတာ၊ ပိတ်ရက်မှာတောင် ရုံးကအလုပ်တွေကို တွေးနေမိတာတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား ။အပေါ်မှာ ပြောခဲ့တာထက် နေ့မနား၊ ညမနား အလုပ်လုပ်မယ်။ ရုံးမှာလည်း အလုပ်တွေ အချိန်ပြည့်လုပ်မယ်။ အိမ်ကိုပါ အလုပ်တွေ သယ်လာပြီး ညမိုးချုပ်တဲ့အထိအိပ်ရေးပျက်ခံပြီးအလုပ်လုပ်နေမယ်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ဘယ်မှမသွား၊ ဘယ်သူနဲ့မှ မတွေ့ဘဲ ကိုယ့်ရဲ့ အလုပ်စားပွဲမှာပဲ ထိုင်ပြီး အလုပ်လုပ်နေတာဆိုရင်တော့ ကိုယ့်မှာ အလုပ်ပေါ် စွဲလမ်းတဲ့ စိတ်ရောဂါ (Workaholism) ရှိတာဖြစ်နိုင်သလို တခြားသော လူမှုရေးရာ၊ ပြဿနာတွေကနေ ကိုယ့်စိတ်ကို ရှောင်ပြေးတာလည်း ဖြစ်နိုင်ပါတယ်။ထူးခြားတာ တစ်ခုကတော့ ဒီစိတ်ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာတော့ လူနည်းစုမှာသာ ဖြစ်တတ်တာကို တွေ့ရပါတယ်။ စိတ်ထိခိုက်စရာ ကိစ္စတွေ၊ အချစ်ရေး၊ မိသားစုမှာ အဆင်မပြေတာတွေကို မဖြေရှင်းဘဲ အလုပ်ပေါ် စိတ်နှစ်လိုက်တာဟာ စိတ်ကျန်းမာရေးအခြေအနေကို ပိုဆိုးစေနိုင်သလို ရေရှည်မှာလည်း ကိုယ်ခန္ဓာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။စိတ်ကျန်းမာရေးအရ ကြီးမားစွာ ထိခိုက်စေနိုင်တဲ့ ရောဂါမျိုးမဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှအထီးကျန်လာခြင်း၊ စိတ်ဓာတ်ကျခြင်း၊အလုပ်ခွင်ဖိအားကြောင့် စိတ်ဒဏ်ရာရခြင်း၊ မိသားစု၊ ချစ်သူရဲ့ မကောင်းမြင်ခံရခြင်းတွေအပြင် ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ဒီလို အမူအကျင့်တွေ ၅ခုထက် မနည်း ကြုံတွေ့လာရပြီဆိုရင် ကိုယ့်မှာ အလုပ်ပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါ ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။စိတ်ရောဂါဆိုတာ ပေါ့ဆလို့ ရတဲ့၊ ပစ်ထားလိုက်ရုံနဲ့ ပျောက်သွားမယ့် ကျန်းမာရေးအခြေအနေ မဟုတ်ပါဘူး။ အထူးသဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အလုပ်ခွင်ဖိအားကြောင့် စိတ်နဲ့ ခန္ဓာထိခိုက်နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့်။၁။ နားလည်တတ်ကျွမ်းတဲ့စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။၂။ အလုပ်လုပ်တဲ့အချိန်ကို ဖြည်းဖြည်းချင်းစီ လျှော့ချပါ။၃။ ကိုယ့်မှာ တခြား လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ပူပန်စရာတွေ ရှိရင် မိသားစုနဲ့ တိုင်ပင်ပါ။ ပြဿနာကို ဖြေရှင်းပါ။၄။ တစ်ယောက်တည်း မြိုသိပ်ထားတတ်တဲ့ အကျင့်ကို ဖြည်းဖြည်းချင်း ဖျောက်ဖို့ ကြိုးစားပါ။၅။ စိတ်ကို အနားရစေမယ့် လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ စာဖတ်တာ၊ တရားထိုင်တာ၊ယောဂကျင့်တာ၊အားကစားလုပ်တာ၊ သီချင်းနားထောင်တာမျိုး လုပ်ပေးပါ။၆။ ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ မကြာခဏ တွေ့ပါ။၇။ အလုပ်နဲ့ ဘဝကို မျှတစွာ နေထိုင်နိုင်အောင် ကြိုးစားပါ။၈။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ အရာရာကို အကောင်းမြင်ပါ။ဒီပြဿနာကို ဖြေရှင်းဖို့ ကိုယ့်ရဲ့ နေထိုင်မှုဘဝပုံစံကို အရင်ပြောင်းလဲကြည့်ပါ။  ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ စိတ်ရှည်ပြီး သည်းခံပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/are-you-workaholic/
အတွင်းဘက်သို့ပေါက်နေသော အမွေး ingrown hair ကုသဖို့ နည်းလမ်း ၆သွယ်
အတွင်းဘက်ကို ပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ အရေပြားပေါ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အဖုတွေအဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီအဖုတွေဟာ ဝက်ခြံတွေနဲ့တူနိုင်ပြီး အတွင်းမှာ ပြည်တွေလည်းရှိတတ်ပါတယ်။ ဒီအဖုတွေဟာ ကောက်ကွေးနေတဲ့အမွေးတွေဖြစ်ပြီး အရေပြားအပြင်ကိုထွက်လာရမယ့်အစား အမြစ်ရှိရာအရေပြားအလွှာထဲ တိုးဝင်သွားပါတယ်။လိမ်ကောက်နေတဲ့ အမွေးတွေ ဆံပင်တွေရှိတဲ့သူတွေဆီမှာ အဖြစ်များပါတယ်။ အတွင်းဘက်ကိုပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ နေရာမရွေးဖြစ်ပေါ်နိုင်ပြီး အများအားဖြင့်တော့ အင်္ဂါဇာတ်တွေမှာဖြစ်လေ့ရှိပါတယ်။သင်က အများအားဖြင့် ဖယောင်းနဲ့အမွေးနှုတ်ခြင်း၊ ရိတ်ခြင်း၊ နှုတ်ခြင်းတွေလုပ်လေ့ရှိတယ်ဆိုရင် အမွေးမြုံ တွေဖြစ်လာနိုင်ချေပိုများပါတယ်။ အမွေးအမျှင်ဖယ်ရှားခြင်းနည်းလမ်းထဲက ဘယ်နည်းလမ်းကိုပဲသုံးသည်ဖြစ်စေ အမွေးကတော့ဖြည်းဖြည်းချင်းပြန်ပေါက်လာမှာပါပဲ။အမွေးအများစုပြန်ထွက်လာတဲ့အခါ ပြဿနာမရှိနိုင်ပေမယ့် အမွေးတိုတာတွေ သို့မဟုတ် ကောက်နေတဲ့အမွေးတွေအတွက်ကတော့ အမွေးတွေဟာ အတွင်းဘက်ကိုပြန်ပြီးကောက်ဝင်ကာ အသားထဲပြန်ဝင်သွားနိုင်ပါတယ်။ ဒါကို ingrown hair လို့ခေါ်ပါတယ်။အမွေးဟာ အတွင်းဘက်ကိုပြန်ဝင်ပြီးရှည်လာတဲ့အခါမှာ ခန္ဓါကိုယ်ကသူ့ကို ပြင်ပအရာဝတ္ထု တစ်ခုအဖြစ်သတ်မှတ်လိုက်ပြီး တိုက်ခိုက်ဖို့ခုခံအား စနစ်ကိုစပြီးအသက်သွင်းပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အတွင်းဘက်ကိုပေါက်တဲ့ အမွေး တွေဟာ ယားယံရောင်ရမ်းပြီးနီရဲနေတာမျိုးဖြစ်တတ်ပါတယ်။Ingrown hair တွေအားလုံးဟာ ရောင်ရမ်းပြီးနာကျင်နေတာမျိုးမဟုတ်ပါဘူး။ တစ်ခါတလေမှာ ကုသစရာမလိုဘဲ သူတို့တွေ အလျားတစ်ခုရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ပုံမှန်ကြီးထွားမှုအတိုင်းပြန်ပြီး ကြီးထွားသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီအဖုတွေက ယားယံလာမယ် သို့မဟုတ် ကြည့်ရဆိုးနေမယ်ဆိုရင် သင်ကိုယ်တိုင်နှုတ်ပေးနိုင်ပါတယ်။Ingrown hair တွေကို အိမ်မှာပဲပျောက်အောင်လုပ်မယ်ဆိုရင် ပြည်တည်တာနဲ့သွေးထွက်တာစတဲ့ ပိုးဝင်တဲ့ လက္ခဏာတွေရှိမရှိ သတိထားကြည့်ဖို့လိုပါတယ်။ ရှိခဲ့ရင်တော့ ဆေးကုသမှုခံယူပါ။အတွင်းဘက်ကိုပေါက်နေတဲ့ အမွေး (ingrown hair) တွေမပျောက်သွားမချင်း အဲဒီနေရာတစ်ဝိုက်မှာ အမွေးအမျှင်ဖယ်ရှားခြင်းတွေမလုပ်ပါနဲ့။ သင်က ဆက်ပြီး ရိတ်နေမယ်၊နှုတ်နေမယ်၊ ဖယောင်းနဲ့အမွေးချွတ်တာတွေ လုပ်နေမယ်ဆိုရင် အဆိုပါနေရာရဲ့အခြေအနေပိုဆိုးနိုင်ပြီး ingrown hair တွေလည်း ပိုပြီးရောင်ရမ်းလာနိုင်ပါတယ်။အဖုတွေကိုကုတ်ခြင်းဖဲ့ခြင်းတွေကလည်း အလုပ်မဖြစ်ပါဘူး။ ဒီလိုလုပ်တာတွေက အမာရွတ်တွေ ဒါမှမဟုတ် ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။အဝတ်စကို ရေနွေးထဲစိမ်ပြီး ဖြစ်တဲ့နေရာပေါ်မှာ ၁၀မိနစ်မှ ၁၅မိနစ်ထိတင်ထားပါ။ အဖုပေါ်ကို အဝတ်စနဲ့ ညင်သာစွာပွတ်တိုက်ပေးတာက ingrown hair တွေပေါ်က အရေပြားကို နူးညံ့စေပါတယ်။အရေပြားက နူးညံ့လာပြီး အမွေးလည်းအပြင်ထွက်လာပြီဆိုရင် သန့်ရှင်းတဲ့ဇာဂနာကိုယူပြီး ဖြည်းဖြည်းချင်းဆွဲနှုတ်ပါ။ အမြစ်က အရေပြားအောက်မှာ တွယ်ထားတာကြောင် အမွေးတစ်ခုလုံးပါလာအောင် နှုတ်ပေးဖို့လိုပါတယ်။ အမွေးပေါ်လာတဲ့ထိ အရေပြားကိုထိုးဖောက်ဖို့ ဘယ်အရာကိုမှမသုံးပါနဲ့။ ပိုးဝင်နိုင်ပါတယ်။ဆဲလ်သေတွေကိုဖယ်ရှားလိုက်တာဟာ အမွေးကို အရေပြားမျက်နှာပြင်ပေါ်ပြန်ရောက်လာစေပါတယ်။ တကယ်လု့ိသင့်ရဲ့ အသားအရည်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေက မထိရောက်ဘူးဆိုရင် ဆရာဝန်ကိုပြောနိုင်ပါတယ်။သူတို့တွေက ဆဲလ်သေတွေအလွယ်တကူကွာကျဖို့အတွက် ဆေးတွေပေးနိုင်ပါတယ်။ အသုံးများတဲ့ အိမ်သုံးချေးချွတ်ဆေးတွေကတော့ သကြား ၊မုန့်ဖုတ်ဆိုဒါ၊ ဆားနဲ့ လက်ဖက်ခြောက်အိတ် တွေဖြစ်ပါတယ်။တကယ်လို့ အတွင်းဘက်ပေါက်နေတဲ့ အင်္ဂါမွေး (ingrown pubic hair)တွေဟာ အတော်ကြီးနီရဲရောင်ရမ်းနေမယ်ဆိုရင် ဆရာဝန်က စတီးရွိုက်ခရင်မ်ကိုညွှန်းပေးပါလိမ့်မယ်။ ဒီဆေးနဲ့ကုသခြင်းက အမွေးတစ်ဝိုက်မှာဖြစ်နေတဲ့ ရောင်ရမ်းခြင်းနဲ့နာကျင်ခြင်းကို လျှော့ချပေးနိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%98%e1%80%80%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%9e%e1%80%b1/
အိမ်မှာ ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုအပ်မလဲ
ကျန်းမာရေးက တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့က အရွယ်သုံးပါးလုံးအတွက် အရေးကြီးပါတယ်။ လူကြီးတွေက ကိုယ်တိုင်ဂရုစိုက်နိုင်ကြပြီး ကလေးကျန်းမာဖို့အတွက်ကိုတော့ မေမေနဲ့ဖေဖေကဂရုစိုက်ပေးရမှာပါ။ ကျန်းမာနေဖို့ဆိုတဲ့နေရာမှာခေါင်းအစခြေအဆုံး အကုန်လုံးပါဝင်ပါတယ်။ ကျန်းမာနေဖို့မှာ အရေးကြီးအခန်းကဏ္ဍက ပါဝင်တာကတော့ အစာခြေစနစ်ပါ။ အစာခြေစနစ်ရဲ့အရေးပါမှုနဲ့ပတ်သက်ပြီး လူတွေ သတိထားမိကြတဲ့အရာက အာဟာရပြည့်ပြည့်ဝဝစားသောက်မယ်၊ ဝမ်းမချုပ်အောင်ဂရုစိုက်မယ် စသဖြင့်ပေါ့။ ဒါပေမယ့် အစာခြေစနစ်အတွက် အရေးပါတဲ့ အရာတစ်ခုကိုတော့မေ့တတ်ကြပါတယ်။ အဲဒါကတော့ သန်ချဖို့ပါ။သန်ချဖို့ဆိုတာကို အများအားဖြင့်ကတော့ ကလေးတွေမှာပဲ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ကလေးတွေက သန်ပိုထတတ်ကြတာမှန်ပါတယ်။ ဒါပေမယ့် လူကြီးတွေ သတိထားသင့်တာကနေ့တိုင်းစားသောက်နေတဲ့အစားအသောက်တွေထဲမှာ၊ လမ်းဘေးစာတွေထဲမှာ၊ခြေဗလာနဲ့လမ်းလျှောက်နေတိုင်းမှာ လူကြီးလူငယ်အရွယ်မရွေး သန်ကောင်တွေရဲ့ အန္တရာယ်ရှိနေနိုင်တယ်ဆိုတာပါပဲ။ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ဒါတွေရှိရင် သန်ရှိတယ်ဆိုတာကိုပြနေပါတယ်။သန်ကောင်တွေဆိုတာက ကပ်ပါးပိုးကောင်တွေဖြစ်ပြီး လူတွေခန္ဓါကိုယ်ထဲကို ဝင်ရောက်သွားတဲ့အခါရောဂါတွေဖြစ်စေပါတယ်။ သန်ကောင်အမျိုးအစားတွေ အများကြီးရှိနေပါတယ်။ကလေးရော လူကြီးတွေမှာပါ သန်ထတဲ့ပြဿနာဖြစ်နိုင်ပါတယ်။ အခုပြောပြမယ့် အချက်တွေကို မဆင်မခြင်လုပ်မိမယ်ဆိုရင်တော့ သန်ထနိုင်တဲ့ အခြေအနေကတော်တော်လေးများသွားနိုင်ပါတယ်။သန်ထတဲ့အခြေအနေက ဆိုးရွားလာတဲ့အခါ –။အပေါ်မှာပြောခဲ့တဲ့ပြဿနာတွေကနေ ကင်းဝေးပြီး ကျန်းမာတဲ့မိသားစုဘဝလေးဖြစ်စေဖို့အတွက် သန်ချဖို့လိုအပ်ပါမယ်။ ပုံမှန် ၆ လတစ်ကြိမ် မဖြစ်မနေသန်ချသင့်ပါတယ်။ ကလေးတွေကိုဆိုရင်တော့ ၂ နှစ်ကျော်အရွယ်ကစလို့ ပုံမှန် ၆ လတစ်ကြိမ် သန်ချပေးပါ။ ဒီအရွယ်မှာ ကလေးက လျှောက်သွားတာ၊ ပါးစပ်ထဲတွေ့ကရာတွေလျှောက်ထည့်တာမျိုးတွေ စလုပ်ပြီဖြစ်တဲ့အတွက် ဒီအရွယ်မှာစပြီး သန်ချတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက ကလေးရဲ့ကိုယ်ခံအားစနစ်တွေကို ထိခိုက်မှုမဖြစ်စေဖို့အတွက် ကာကွယ်ပေးရာရောက်ပါတယ်။နောက်ထပ်သတိပြုသင့်တာတစ်ချက်က ကလေးရော လူကြီးတွေပါ အမြဲတမ်းတစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ဖို့ပါ။ လက်တွေကို ပုံမှန်ဆေးစေပြီး အပြင်ထွက်တိုင်း ဖိနပ်စီးဖို့သတိပေးပါ။ သန်ချတဲ့အခါမှာ တစ်မိသားစုလုံး သန်ချတာက ပိုစိတ်ချရပါတယ်။ သန်ချဖို့ ကျန်နေတဲ့သူတွေရှိရင် သူတို့ဆီမှာကျန်နေတဲ့သန်တွေကနေ ကျန်တဲ့သူတွေဆီပြန်ပွားလာနိုင်လို့ တစ်မိသားစုလုံးသန်ချတာက စိတ်အချရဆုံးနဲ့ အစွမ်းအထက်ဆုံးပါ။အိမ်မှာအိမ်မွေးတိရစ္ဆာန်လေး‌ေတွမွေးထားတယ်ဆိုရင် မိသားစုတွေ သန်ချတိုင်း အိမ်မှာမွေးထားတဲ့ အကောင်လေးတွေကိုလည်း သန်ချပေးပါ။ တစ်ခါတလေမှာ သန်ကောင်တွေက အိမ်မွေးတိရစ္ဆာန်တွေဆီကနေတဆင့် လူ့ခန္ဓါကိုယ်ဆီကို ကူးစက်နိုင်တာကြောင့်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/how-often-should-deworm/
ဗိုက်စည်းခြင်းက မီးဖွားပြီးစ အမျိုးသမီးတွေမှာ တကယ်အကျိုးရှိတာလား
အမျိုးသမီးတယောက် မီးဖွားပြီးစကာလမှာ ဗိုက်စည်း စည်းတာဟာ သူမရဲ့ နဂိုမူလ ခန္ဓါကိုယ်ပုံစံကို ပြန်ရစေသလား ဒါမှမဟုတ် အကျိုးမရှိဖူးလား။ ဒီခါးပတ်ပုံစံနဲ့ ဆင်တူတဲ့ အဝတ်အထည်ဟာ ဗိုက်ကို ကြပ်ကြပ်တင်းတင်း စည်းထားတဲ့အတွက် ယေဘုယျအနေနဲ့ ခြေထောက်နဲ့ နောက်ကျောကို ထောက်မ ပေးထားပြီး ဖောင်းနေတဲ့ သားအိမ်ကို လွတ်လွတ်လပ်လပ် ရှိနေစေ၊အမြန်ပြန်သေးစေပါတယ်။ဒါပေမယ့် တချို့က ကျပြန်တော့လည်း ဒါဟာ မိမိစိတ်ကို လှည့်စားတာအပြင် ဘာမှမထူးဘူးလို့ ယူဆကြပြန်တယ်။ ကိုယ်ဝန်မဆောင်ခင်ကလို ကျော့ရှင်းသွယ်လျတဲ့ ခန္ဓါကိုယ်ကို ပြန်ရဖို့အတွက် လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်မှန်မှန်ကန်ကန်စားရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ ဆိုကြပါတယ်။ တချို့က ကြားနေမူဝါဒကို ကျင့်သုံးပြီး ဒီဗိုက်ပတ်တဲ့ အဝတ်အထည်ကို သုံးခြင်းဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်မှန်မှန်ကန်ကန်စားတာကြောင့်ရလာတဲ့ အကျိုးသက်ရောက်မှုကို ပိုပြီး အားဖြည့်ပေးတယ်လို့ သုံးသပ် ကြပြန်ပါတယ်။ဒါကြောင့် ဗိုက်စည်းကို ဝယ်မသုံးခင် အောက်ပါ အချက်လေးတွေကို သိထားရင် အကျိုးမယုတ်ပါဘူး။ဒီဖက်ခေတ်မှာ ဗိုက်စည်းတွေ ခေတ်စားလာတာ trend ဖြစ်လာတာမှန်ပေမယ့် သူတို့ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဟိုးပဝေသဏီကတည်းက သုံးခဲ့ကြတာပါ။ ဗိုက်စည်းတွေဟာ ဗိုက်ကို ကူညီထောက်မပေးထားတာမို့ နောက်ကျောနာတတ်၊အောင့်တတ်တဲ့သူတွေမှာ အသုံးဝင်ပါတယ်၊နာတာကို သက်သာစေပါတယ်။ မီးဖွားပြီးစ အမျိုးသမီးတွေမှာ (ရိုးရိုးမွေးတာပဲ ဖြစ်ဖြစ်၊ခွဲမွေးတာပဲ ဖြစ်ဖြစ်) ဒီဗိုက်ပတ်ဟာ သူမတို့ရဲ့ ကိုယ်ဟန်အနေအထားကို ပုံမပျက်စေဘဲ ဝမ်းဗိုက်ကို ကူညီထောက်မ ပေးထားတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့ အတွက် အသုံးပြုကြပါတယ်။ဝမ်းဗိုက်ကို အနည်းငယ် ဖိထားပေးခြင်းကြောင့် သားအိမ်ကို မူလအရွယ်အစားအတိုင်း မြန်မြန် ပြန်သေးငယ်သွားစေတဲ့အတွက် မီးဖွားပြီးစ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆက်ရှိနေသေးသလို ထင်ခံနေရတဲ့ ဗိုက်ကြီးပူနေ၊ဖောင်းနေတဲ့ ဒုက္ခကနေ အမြန်လွတ်မြောက်စေမှာပဲ ဖြစ်ပါတယ်။နောက်ထပ်ကောင်းတဲ့အချက်တခုက အမျိုးသမီးတယောက် အနေနဲ့ ဗိုက်စည်းကို စည်းထားခြင်းအားဖြင့် နေရတာ ပိုမိုသက်တောင့်သက်သာ ရှိမှာဖြစ်ပြီး လှုပ်ရရှားရတာ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ လှုပ်ရှားရပိုမိုလွယ်ကူတဲ့အတွက် များများ လှုပ်ရှားဖြစ်၊လေ့ကျင့်ခန်းများများလုပ်ဖြစ်ပြီး နဂိုမူလ ခန္ဓါကိုယ် အချိုးအစားကို မြန်မြန်ပြန်ပြီး ရစေပါတယ်။ကလေးမွေးပြီးတာနဲ့ ဗိုက်စည်းတွေကို စတင်ဝတ်ဆင်နိုင်ပြီး အကောင်းဆုံး အကျိုးသက်ရောက်မှုရဖို့အတွက် မွေးပြီး တစ်လကနေ တလခွဲလောက်အထိ ဝတ်ထား/ပတ်ထားသင့်တယ်လို့ ဆိုပါတယ်။ဗိုက်စည်းတွေကို တံဆိပ်နဲ့ လုပ်ထားတဲ့ အသားပေါ်မူတည်ပြီး ဈေးကွက်ထဲမှာ ဈေးအစားစားနဲ့ ရရှိနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ဗိုက်အရွယ်အစား တဖြည်းဖြည်း သေးငယ်လာတာနဲ့အမျှ သင့်တော်မယ့် ဗိုက်စည်းအရွယ်အစား အမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။တချို့ဆရာဝန်တွေကတော့ ဗိုက်စည်း အသုံးပြုတာ အကျိုးရှိတယ်လို့ မထင်ပါဖူး။ အမျိုးသမီးတွေ ဝတ်လေ့ရှိကြတဲ့ အဆီကျဘောင်းဘီတို့၊ဗိုက်ချပ် အဝတ်အထည်တို့လိုပဲ ဒီဗိုက်စည်းဟာလည်း ဘာမှ ထူးထူးခြားခြား ကောင်းအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ယူဆကြပါတယ်။ ဒီဗိုက်စည်းကို စည်းထားမယ်ဆိုရင် တချို့အဝတ်အစားတွေ ဝတ်တဲ့အခါ ပိုပြီး အဆင်ပြေမယ်၊ပိုတော်မယ်ဆိုတာမှန်ပေမယ့် ဒါဟာ ဗိုက်စည်းကြောင့်ချည်း အကျိုးဖြစ်ထွန်းတာ ဟုတ်မဟုတ် အသေအချာ မသိရပါဘူး။ ဗိုက်စည်းသုံးသုံး မသုံးသုံး မီးဖွားပြီးစ အမျိုးသမီးတယောက်အနေနဲ့ နဂိုမူလ ခန္ဓါကိုယ်အချိုးအစားနဲ့ ကိုယ်အလေးချိန်ကို ပြန်ရဖို့အတွက် အကောင်းဆုံးနည်းလမ်းက အဆီနည်းပြီး အမျှင်ဓါတ်များများပါတဲ့ အစားအသောက်တွေစားပေးဖို့နဲ့ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ပါပဲ။။အမျိုးသမီးတွေ ကျန်းမာရေးနဲ့ ခန္ဓါကိုယ် အလှအပအတွက် (အဓိကအနေနဲ့ မီးဖွားပြီးစ အမျိုးသမီးတွေ) လိုအပ်တဲ့ နေထိုင်မှုပုံစံအဖြစ် ငါးဆယ်ရာခိုင်နှုန်းက အစားအသောက်ကို မှန်ကန်သင့်တော်စွာစားဖို့နဲ့ ငါးဆယ်ရာခိုင်နှုန်းက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်မျိုးလုံးမလုပ်ဘဲနဲ့တော့ ကိုယ်အလေးချိန်ကျဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။အမြဲတမ်းအတွက်ပဲ ဖြစ်ဖြစ် မီးဖွားပြီးစအချိန်အတွက်ပဲ ဖြစ်ဖြစ် အမျိုးသမီးတွေအနေနဲ့ အစားအသောက်ဆင်ခြင်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့အစား ဗိုက်စည်းကို သုံးဖို့တော့ မဖြစ်နိုင်ပါဖူး။ ဒီဗိုက်ပတ်ဟာ မိခင်အသစ်စက်စက်လေးတွေအတွက် ဆိုးကျိုးကိုတောင် ဖြစ်စေနိုင်ပါဦးမယ်။ ဘာလို့လည်းဆိုတော့ ပုံမှန်အားဖြင့် ဝမ်းဗိုက်အတွင်းက ကြွက်သားတွေကို ပိုပြီး သန်စွမ်းလာအောင် များများလေ့ကျင့်ပေး၊သုံးပေးဖို့လိုပေမယ့် ဗိုက်စည်း အသုံးပြုထားတဲ့အချိန်တွေမှာ ဝမ်းဗိုက်ကကြွက်သားတွေကို နည်းနည်းပဲ သုံးရစေလို့ပါ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%99%e1%80%ae%e1%80%b8%e1%80%96%e1%80%bd%e1%80%ac%e1%80%b8%e1%80%bc/
ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစားသင့်ဘူးလဲ
အရေပြားပြဿနာတွေကတော့ တော်တော်လေး များပါတယ်။ ဒီလို များပြားလှတဲ့ အရေပြား ပြဿနာတွေထဲကမှ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ခံစားနေရတာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီလို ပြောရတာက ဒီဆောင်းပါးလေးထဲမှာ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစား သင့်ဘူးလဲ ဆိုတာကို ပြောပြပေးသွားမှာ မို့လို့ပဲ ဖြစ်ပါတယ်။ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာကautoimmune disorderတစ်မျိုးပါ။ အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ရောဂါမဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။ဒီအရေပြားပြဿနာကနာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အနေအထိုင်၊ အစားအသောက် တစ်ခုခု မှားယွင်းတာနဲ့ အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။မြင်သာတဲ့လက္ခဏာအနေနဲ့။ဒီအရေပြားပြဿနာက လက်မောင်း အပြင်ဘက်ခြမ်း၊ ဒူး၊ လက်ဖဝါး၊ ခြေဖဝါးစတာတွေမှာ ဖြစ်နိုင်သလိုဦးရေပြားနဲ့ လက်သည်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ဆိုရီရေးစစ်ဆိုတာက အပေါ်မှာ ပြောခဲ့ဖူးသလို နာတာရှည်autoimmune ရောဂါတစ်မျိုးပါ။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက တစ်ရှူးတွေကို မှားယွင်းတိုက်ခိုက်တာကြောင့် ဖြစ်လာတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။အရင်ဆုံးအနေနဲ့ ဆိုရီရေးစစ် ဖြစ်ပြီဆိုရင် အရေပြားဆဲလ်တွေ အလွန်အကျွံ ထုတ်ပါတော့တယ်။ ဒီလိုနဲ့ အရေပြားပေါ်မှာ အဖေးတွေ တက်လာပါတော့တယ်။ ဒီလို အဖေးတွေက နီမြန်းပြီး အကွက်လိုက်ဖြစ်တတ်သလို ယားယံပြီး နာကျင်နိုင်ပါတယ်။ တစ်ခါတရံမှာ ဆိုရီရေးစစ် အရေပြားပြဿနာကြောင့် အဆစ်တွေမှာ ရောင်ရမ်းတာမျိုးကို ခံစားရနိုင်ပါတယ်။ဆိုရီရေးစစ်ကအရေပြားပြဿနာဆိုပေမယ့် နေ့စဉ် စားသောက်မှုတွေနဲ့လည်း သက်ဆိုင်မှု ရှိနေပါတယ်။နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတွေက ဆိုရီရေးစစ် အပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ အချို့သော အစားအစာတွေက ဆိုရီရေးစစ်အရေပြားပြဿနာကို ပိုဆိုးစေနိုင်တာမျိုး ရှိပါတယ်။ကယ်လ်လိုရီ များတဲ့ အစားအစာတွေက ကိုယ်အလေးချိန်ကိုတင် တက်စေတာ မဟုတ်ပါဘူး။အဝလွန်၊ ဆီးချိုရောဂါ နဲ့ နှလုံးရောဂါတွေ ဖြစ်စေနိုင်သလို ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ရောင်ရမ်းမှုတွေက ဆိုရီရေးစစ် လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ဒီတော့ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစားသင့်ဘူးလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက ရေရှည် ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်သလို အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို ပျက်စီးစေနိုင်ပါတယ်။နို့ထွက်ပစ္စည်း အများစုက အဆီပါဝင်မှု များပါတယ်။ ဒီလို အဆီပါဝင်မှု များတာက ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ နွားနို့ကနေ ထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ အစာကြေခဲတဲ့ ပရိုတင်း တစ်မျိုးဖြစ်တဲ့ casein ပါဝင်နေပါတယ်။ ဒီလို အစာကြေချက်ရခက်တာက ရောင်ရမ်းမှုတွေကို ပိုဆိုးစေနိုင်ပြီး ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် အရေပြားပြဿနာ ရှိမယ်ဆိုရင် နို့ထွက်ပစ္စည်းတွေကို ရှောင်ကြည့်ပါ။ တချို့သူတွေမှာတော့ သက်သာတာကို တွေ့ရပါတယ်။ပေါင်မုန့်အဖြူ၊ သန့်စင်ထားတဲ့ cereal တွေလိုမျိုး သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေမှာ သကြားပါဝင်မှု များသလို အမျှင်ဓာတ် ပါဝင်မှုကလည်း နည်းပါတယ်။ ဒါတွေက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို  ရောင်ရမ်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလို ရောင်ရမ်းမှုတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။အနီရောင် အသားတွေမှာပါတဲ့ အဆီတွေ၊ ဆီကြော်စာတွေ၊ မာဂျရင်း၊ အမြန်စား၊ ပြုပြင်ထားတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဆီတွေက သွေးထဲမှာ အကျိုးမပြု ကိုလက်စထရော (LDL) ပမာဏကို တိုးစေပါတယ်။ လေ့လာချက်တချို့မှာ ကိုယ်တွင်းမှာ အဆီများတာက ဆိုရီရေးစစ် ဖြစ်စေနိုင်သလို ဆိုရီရေးစစ် ရှိပြီးသူတွေမှာလည်း ပိုဆိုးစေနိုင်တယ်လို့ တွေ့ရပါတယ်။အချိုကဲတဲ့ သောက်စရာတွေ၊ သကြားထပ်ဖြည့်ထားတဲ့ သစ်သီးဖျော်ရည်တွေ၊ သကြားလုံးတွေလိုမျိုး အစားအစာတွေက အဆီတစ်ရှူးတွေကို ရောင်ရမ်းစေပြီး နာတာရှည် ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဆိုရီရေးစစ် ရှိသူတွေမှာလည်း အချိုစားမယ်ဆိုရင် ပိုဆိုးတာမျိုး ဖြစ်စေနိုင်ပါတယ်။Autoimmune ရောဂါတွေက တစ်ခုဖြစ်ရင် နောက်တစ်ခုလိုက်ဖြစ်တတ်ပါတယ်။ ဆိုရီယေးစစ်ရှိသူဆိုရင် အူမှာ celiac diseaseလို့ ခေါ်တဲ့ autoimmuneရောဂါ ဖြစ်နိုင်ခြေများပါတယ်။ ဒီအူရောဂါရှိရင် gluten ရှောင်ရပါတယ်။ Glutenဆိုတာ ဂျုံနဲ့ တခြားနှံစားတွေမှာ ပါတတ်တဲ့ ပရိုတင်းတစ်မျိုးပါ။ ဆိုရီယေးစစ်ရော celiac diseaseရော ရှိနေရင် Glutenရှောင်သင့်ပါတယ်။ တချို့လူတွေမှာ ဆိုရီယေးစစ်ပဲ ရှိပေမယ့် glutenပါတဲ့ အစားအစာတွေကို ရှောင်လိုက်တဲ့အခါ ခဏခဏ ရောဂါကြွတာ နည်းသွားပါတယ်။ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဒါတွေ မစားသင့်ပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/worst-foods-for-psoriasis/
ပုဇွန်အစိမ်းသုပ် ကြိုက်တတ်သူဆို သိထားသင့်တဲ့အချက်လေးတွေ
ရှိသေးလားဗျ…ဆိုင်လေးများ သွားစားကြပြီဆိုပုဇွန်အစိမ်းသုပ်ချဉ်စပ်စပ်လေး မှာမိတတ်တဲ့သူတွေ။ အထူးသဖြင့် ထိုင်းအစားအစာဆိုင်မှာဆို ဒါပဲ တန်းမှာမိတာပေါ့။ ကိုယ်တွေက သံပရာသီးနံ့လေးသင်းနေတဲ့ ပုဇွန်အစိမ်းသုပ်ရဲ့အရသာလေးကို စွဲနေတာကိုး။ပုဇွန်အကွေး၊ ငါးအနွေး လို့ဆိုပြီး ပုဇွန်နဲ့ငါးရဲ့ ချက်ရလွယ်ပုံ၊ ချက်ရမြန်ပုံကို ရှေးလူကြီးတွေ တင်စားတတ်ကြတယ်။ အပူပေးလို့ ခဏဆို စားလို့ရပြီပေါ့။ ဒါပေမယ့် ခုနောက်ပိုင်းကမ္ဘာအနှံ့မှာ ပင်လယ်စာနဲ့ အသားလွှာအစိမ်းတွေကို စားသုံးသူများလာပါတယ်။ ပုဇွန်ဆို နူးညံ့ပြီး ချိုတဲ့အသားမို့ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ နည်းအမျိုးမျိုးနဲ့ပြင်ဆင်ထားတဲ့ဟင်းလျာတွေရှိပါတယ်။ဘယ်အသားငါးမှအစိမ်းစားလို့ဘေးမကင်းပါဘူး။ စားနေတာပဲ ဘာမှမဖြစ်ဘူးလို့ပြောနေသူတွေဟာ တကယ်တော့ ဘာမှမဖြစ်သေးလို့ပါ။ အတည်ပြောတာပါနော်။ လူတိုင်းမဖြစ်၊ စားတိုင်းမဖြစ်ပေမယ့် ဆိုးကျိုးဖြစ်လာခဲ့ရင်လည်း မသက်သာလှဘူးဆိုတာလေး မမေ့စေချင်ပါဘူး။ပုဇွန်အစိမ်းကိုနေရာဒေသအတော်များများမှာ စားသုံးနေကြသလို ဂျပန်မှာဆို လတ်ဆတ်တဲ့ပုဇွန်အစိမ်းကိုမှ ဆာရှိမိလုပ်ပြီးစားကြပါတယ်။ တရုတ်နဲ့တောင်ကိုရီးယားမှာတော့ ပုဇွန်ကို အရှင်တောင် အချဉ်နဲ့တို့စားကြတာပါ။ဒါပေမယ့် ပုဇွန်အစိမ်းမှာအစာအဆိပ်သင့်ခြင်းနဲ့တခြားရောဂါတွေဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးပိုးတွေ ပါလာနိုင်ပါတယ်။ ပုဇွန်မှာပါလာတဲ့ ဒီဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကို အပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်မှသေစေနိုင်မှာဖြစ်ပါတယ်။ ချက်ချင်းတော့ အန္တရာယ်မပေးလို့ စားသုံးသူတွေ ဘာမှမဖြစ်ကြတာပေါ့။ ဒါပေမယ့်ရေရှည်မှာ မကြာခဏမစားသင့်တဲ့အရာဖြစ်တယ်၊ ပုဇွန်ရဲ့လတ်ဆတ်မှုနဲ့ ဆိုင်ရဲ့သန့်ရှင်းမှုတို့ကို အများကြီးမူတည်တာကြောင့် စိတ်ချရမယ့်ဆိုင်ကိုသေချာ ရွေးချယ်သင့်တယ်ဆိုလေး သတိပေးချင်ပါတယ်။အစာအဆိပ်သင့်ခြင်းအပါအဝင် အစားအသောက်ကနေဖြစ်လာနိုင်တဲ့ရောဂါအန္တရာယ်တွေကို သိထားသင့်ပါတယ်။ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါလာနိုင်တယ်။ပုဇွန်အစိမ်းမှာVibrioလို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုး ပါလာနိုင်တယ်။ သူ့ရဲ့မျိုးစိတ်ပေါင်း ၇၀ မှာ မျိုးစိတ် ၁၂ ခုက လူ့ကျန်းမာရေးကိုဘေးဒုက္ခပေးနိုင်တာကိုလေ့လာတွေ့ရှိထားပါတယ်။သုတေသနအရ ပုဇွန်အစိမ်းတွေရဲ့ ၅၅ ရာခိုင်နှုန်းမှာVibrioမျိုးစိတ်တွေပါဝင်နေပြီးအစာအိမ်ရောင်တာ၊ဝမ်းပျက်ဝမ်းလျှောနဲ့ တခြားရောဂါကူးစက်မှုတွေဖြစ်စေတယ်လို့ သိရပါတယ်။ဒါ့အပြင် ပုဇွန်မွေးမြူရေးကန်တစ်ကန်မှာ လုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရVibrioမျိုးစိတ် ၁၀၀တွေ့ရှိခဲ့ပြီး အများစုက ပဋိဇီဝဆေးတွေကို ယဉ်ပါးနေတာကိုတွေ့ရှိခဲ့ပါတယ်။နိုင်ဂျီးရီးယားမှာရှိတဲ့ ပင်လယ်စာထုတ်လုပ်ရေးစက်ရုံ ၁၀ ခုကို စစ်ဆေးမှုတစ်ခုမှာလည်း ပုဇွန်တွေမှာ ဝမ်းလျှောခြင်းနဲ့ ပျို့အန်ခြင်းဖြစ်စေတတ်တဲ့Bacillusဘက်တီးရီးယားတွေ ပါနေတာကိုတွေ့ရှိခဲ့ပါတယ်။အခန့်မသင့်ရင် အန္တရာယ်ဖြစ်စေနိုင်တယ်။အသားစိမ်း၊ငါးစိမ်းတွေမှာ ရောဂါပိုးတွေပါနိုင်တာမို့အစာအဆိပ်သင့်တာအဖြစ်များပါတယ်။ ပျို့တာ၊ အန်တာ၊ဗိုက်အောင့်ဗိုက်နာတာ၊ ဖျားတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။အစာအဆိပ်သင့်ခြင်းအများစုရဲ့ လက်သည်ကတော့Salmonella၊E. coli ၊Vibrioနဲ့Bacillusပိုးတွေဖြစ်ပြီး သူတို့အကုန်လုံးကို ပုဇွန်အစိမ်းမှာတွေ့ရနိုင်ပါတယ်။ဒါ့အပြင် အစားအသောက်ကနေကူးစက်တတ်တဲ့norovirusကိုလည်း ပုဇွန်အပါအဝင် ပင်လယ်စာအစိမ်းတွေကနေ ရရှိနိုင်ပါတယ်။ အစားအသောက်ကနေရရှိတဲ့ သေစေနိုင်တဲ့ရောဂါတွေအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အသား၊ငါးနဲ့ ပင်လယ်စာတွေကို အစိမ်းစားတာ၊ မကျက်တကျက်စားတာတွေရှောင်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းတတ်တဲ့ အသက်ကြီးတဲ့လူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေဆို ပိုသတိထားရမှာပါ။စားလို့တော့ရပါတယ်။ကိုယ်ခံအားကောင်းပြီးကျန်းမာသူတွေ၊ အစာခြေစနစ်ကောင်းသူတွေကတော့တော်ရုံစားလို့ဘာမှမဖြစ်လောက်ပါဘူး။ ဒါ့ကြောင့် တစ်ခါတလေတော့စားပါ၊ မကြာခဏမစားပါနဲ့။ ကိုယ်ခံအားနည်းနေလောက်တဲ့အချိန်မျိုးမှာ မစားသင့်ပါဘူး။နောက်တစ်ချက်က ပုဇွန်အစိမ်းသုပ်စားချင်တယ်ဆိုရင် လတ်ဆတ်ပြီးအရည်အသွေးကောင်းတဲ့ ပုဇွန်တွေကိုပဲရွေးဝယ်သင့်တယ်၊တွေ့ရာဆိုင်က မစားသင့်ပါဘူးလို့ သတိပေးချင်ပါတယ်။အကောင်းဆုံးက ကျက်အောင်ချက်ပြီးစားတာပါပဲ။ အချဉ်နဲ့နှပ်ထားရင် ကျက်သွားမှာပဲလို့ အလွယ်မတွေးပါနဲ့။ရောဂါပိုးတွေသေစေဖို့က အပူပေးပြီးချက်ပြုတ်ဖို့ လိုအပ်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/facts-to-know-about-prawn-salad/
သင့်ဆံသားကို ပျက်စီးစေသော ခေါင်းလျှော်နည်း ၅ မျိုး
သင်ဟာ ဆံပင်ကို ပုံသွင်းဖို့ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို အသုံးပြုနေပါလိမ့်မယ်။ သင့်ဆံပင်ဟာ တစ်နေကုန် ပုံမကျ ပန်းမကျဖြစ်နေတာဟာ အံ့သြစရာတော့ မရှိပါဘူး။ ဆံပင်ဟာ ပျက်စီးနိုင်ပြီးတော့ နှစ်ခွတွေဖြစ်ပြီး ထိန်းမရနိုင်အောင် ရှုပ်ထွေးလာပါလိမ့်မယ်။အသက်ကြီးလာတာနဲ့ အမျှ ဆံပင်ပါးလာပြီး အရောင်မွဲလာပါလိမ့်မယ်။ ဒါပေမယ့်လည်း ဆံပင်ပျက်စီးမှုကို ပြန်ကောင်းအောင် လုပ်လို့ရပါတယ်။အောက်ဖေါ်ပြပါ အမှားတွေ ကျူးလွန်မိခြင်းကနေ ရှောင်ကြဉ်သင့်ပြီး ဆံပင်ပညာရှင်တွေ အကြံပေးထားတဲ့ အချက်တွေကိုလိုက်နာခြင်းဟာ ဆံပင်ကို ပြန်ကောင်းလာစေမှာပါ။ပုံမှန်အားဖြင့် ခေါင်းကို လိုအပ်တဲ့အခါမှ လျှော်သင့်ပါတယ်။ ဆံပင်ပညာရှင်တွေကတော့ လိုအပ်မှဆိုတာ နှစ်ရက်သုံးရက်တစ်ခါ ဆိုလိုပါတယ်။ ဆံပင်ကို ကျန်းမာသန်စွမ်းပြီးတောက်ပစေတဲ့ အဆီတွေ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆံပင်ဆိုးထားတဲ့သူတွေအတွက် မှန်ကန်ပေမယ့် နေ့တိုင်းခေါင်းလျှော်ခြင်းဟာ ဆံပင်ရဲ့ အရောင်ကို ထိုင်းမှိုင်းစေပါတယ်။အခြားအချက်တွေလည်း ပါဝင်ပါသေးတယ်။ တကယ်လို့ တစ်နေကုန် လေ့ကျင့်ခန်းလုပ်ပြီး ချွေးအများကြီးထွက်တယ်ဆိုရင် နောက်သုံးရက်လောက်စောင့်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီလို အချိန်ဆိုရင် ခေါင်းအခြောက်လျှော်နိုင်ပြီး အဖျားတွေကို ပျော့ဆေးသုံးပေးနိုင်ပါတယ်။အဆီထွက်တဲ့ ဆံပင်တွေကို ကာကွယ်ဖို့ အဖျားတွေကို ပျော့ဆေးသုံးပေးသင့်ပါတယ်။ ဒါပေမယ့် ဦးရေပြားတော့ မပါပါဘူး။ အန်စာတုံး အရွယ်အစားရှိတဲ့ ပမာဏလောက်နဲ့ စတင်ပြီး ဆံပင်အနှံ့ကို ညီမျှစွာ သုံးပါ။ တကယ်လို့ လိုအပ်မယ်ဆိုရင် ထပ်ထည့်ပါ။ ဒါပေမယ့် အကြွေစေ့ အရွယ်အစားထက်တော့ မပိုသင့်ပါဘူး။တကယ်လို့ အများကြီး သုံးမိပြီဆိုရင်တော့ ဆံပင်ကို ဘာမှမထူးစေပဲ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးအတွက် ပိုက်ဆံအများကြီး သုံးမိနေတာ သေချာပါတယ်။ပြင်းထန်တဲ့ ကျန်းမာရေး လက္ခဏာတွေ မပြပေမယ့် ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆံပင်၊ အရေပြား၊ ဦးရေပြားတို့ကို ခြောက်သွေ့စေပြီး အရောင် ကျွတ်စေပါတယ်။ ဆံပင်တွေ ရှုပ်နေပြီး နှစ်ခွ ဖြစ်နေတယ်ဆိုရင် sulfate မပါတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပါ။ သူတို့ဟာ ဆံပင်ကို ချောမွေ့စေနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် ခေါင်းလျှော်ရည်တွေမျိုးတော့ အမြှုပ်ထမှာ မဟုတ်ပါဘူး။ဒါဟာ ရွေးချယ်လို့ ရတဲ့အဆင့်လို့တော့ ထင်စရာရှိပေမယ့် ပညာရှင်တွေက တကယ်လို့ သင့်ဆံပင်ဟာ ခြောက်သွေ့ ပျက်စီးပြီး နှစ်ခွဖြစ်နေမယ်ဆိုရင် ဆံသားအတွင်းထဲထိ အာနိသင်သက်ရောက်တဲ့ ပေါင်းဆေး (deep conditioner) တွေကို အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။ဆံပင်ကို ဂရုစိုက်ပါ။ ဆံပင်ပေါင်းတင် mask ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် အသုံးပြုပါ။ ဆံပင်ကို ဂရုစိုက်မယ်ဆိုရင် တိုးတက်မှုကို မြင်ရပါလိမ့်မယ်။သင့်ဆံပင်ဟာ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေကို သုံးနေကျဖြစ်သွားပြီး နောက်ပိုင်းမှာ အကပ်အသပ်တွေ ကျန်နေတတ်ပါတယ်။တကယ်လို့ တစ်ခုခုကို သုံးမှဖြစ်မယ်ဆိုတဲ့ စိတ်မျိုးမရှိဘူးဆိုရင် ခေါင်းလျှော်နေစဉ်မှာ ဘယ်လိုခံစားရလဲ ဆိုတာပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ပုံစံအမျိုးမျိုးကို စမ်းသပ် ကြည့်နိုင်ပါတယ်။ခြောက်သွေ့နေပါသလား။ deep conditioner တွေကို အသုံးပြုပါ။ တကယ်လို့ ဆံပင်အားနည်းနေတယ်ဆိုရင်တော့ ပျော့တဲ့ ဆံပင်ပျော့ဆေးတွေကို အသုံးပြုပါ။ ဆံပင်ရှုပ်နေတယ်ဆိုရင်တော့ အစိုဓာတ်ထိန်းပျော့ဆေးကို အသုံးပြုပါ။ သင့်ဆံပင်ကို ကြည့်ပြီးတော့ သူဘာလိုလဲဆိုတာ နားထောင်တတ်ပါစေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%86%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ae%e1%80%b8%e1%80%85%e1%80%b1%e1%80%b1/
နေအိမ်တွင်းမှာရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာ
နေအိမ်လေးကို သန့်သန့်ရှင်းရှင်းထားပါ။ ရောဂါကင်းတယ်ဆိုတဲ့ စကားက အလကားပြောနေတာမဟုတ်ပါဘူး။ လိုအပ်တဲ့ကျန်းမာရေးဂရုစိုက်မှုတွေထဲက တစ်ခုဖြစ်နေတာကြောင့် လူကြီးတွေကပြောရတာပါ။ နေအိမ်သန့်ရှင်းမှ နေအိမ်လေးထဲမှာ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အင်းဆက်တွေ ကင်းစင်တော့မပေါ့။နေအိမ်လေး မသန့်ရှင်းတဲ့အခါ နေအိမ်တွင်း နဲ့ နေအိမ် ပတ်ဝန်းကျင်မှာ မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေက ဒုနဲ့ဒေးပါ။ အင်းဆက်တွေ ပေါ့။ သူတို့ကရောက်လာပြီးရင် ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ ရောဂါဆိုတဲ့ လက်ဆောင်ကြီးကို ပေးခဲ့မှာနော်။ သူတို့တွေကတော့။နေအိမ်လေး အတွင်းမှာရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာတွေက ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။နေအိမ်တိုင်းက ခြင်ကင်းဖို့ဆိုတာ မလွယ်ကူမှန်းတော့ သိပါတယ်။ ဒါပေမယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်ဆိုရင် ခြင်ပေါက်ဖွားမှုကို နည်းနည်းတော့ လျော့စေနိုင်တာပေါ့။ ခြင်အရမ်းများတာကြောင့် ခြင်ကိုက်ခံရမှုကနေတဆင့်။ဘယ်လိုကာကွယ်မလဲ…..။ရောဂါပိုးတွေကို ခြေလက်တွေမှာ သယ်ဆောင်လာပြီး ပို့ချတတ်သူတွေပေါ့။ ယင်ကောင်တွေက အညစ်အကြေးတွေမှာ နားပြီး အစားအစာတွေပေါ်မှာ နားလိုက်တဲ့အခါ အစားအစာတွေထဲမှာ ရောဂါပိုးတွေက အလိုလျောက် ပါပြီးသား ဖြစ်သွားရောပေါ့။ ဒီလို မသန့်ရှင်းတဲ့ အစားအစာတွေကို စားမိတဲ့အခါမှာ။ဘယ်လိုကာကွယ်မလဲ….။ပူနွေးတဲ့နေရာတွေမှာ နေတတ်ကြတယ်။ မီးဖိုချောင်တွေ၊ နံရံအခေါင်းပေါက်ထဲမှာ အနေများကြပါတယ်။ ညမှောင်တဲ့အခါထွက်လာတတ်သလို အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း အချိန်မရွေးရှိနေနိုင်ပါတယ်။ အစားအစာတွေပေါ်၊ ပန်းကန်အိုးခွက်တွေမှာ ပိုးဟပ်တွေနားလိုက်မယ်၊ လျှောက်တက်မယ်ဆိုရင်။ဘယ်လိုကာကွယ်ကြမလဲ…..။ရုတ်တရက်ကြည့်လိုက်ရင် နေအိမ်ပရိဘောဂတွေကိုပဲ ထိခိုက်စေတာပါ။ ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့နေအိမ်မှာခြတွေရှိနေမယ်ဆိုရင်။ဘယ်လိုကာကွယ်ကြမလဲ…..။အိပ်ရာတွေ၊ အခင်းတွေနဲ့ ဆိုဖာတွေမှာ ခိုအောင်းနေတတ်တဲ့သွေးစုပ်တတ်တဲ့ သတ္တဝါလေးတွေပေါ့။ ရောဂါကို တိုက်ရိုက် ပေးတာမျိုး မဟုတ်ပေမယ့်ရောဂါဖြစ်လာစေတဲ့ အကြောင်းရင်းခံ တစ်ခုပေါ့။ နေအိမ်မှာ ဂျပိုးတွေရှိနေမယ်ဆိုရင်။ဘယ်လိုကာကွယ်မလဲ…..။ကဲ…. နေအိမ်လေး ကို သန့်ရှင်းအောင်ထားပါလို့ ဘာကြောင့် ပြောရတာလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ အခုကစပြီး နေအိမ်လေး ကို သန့်ရှင်းအောင်ထားလို့ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရောဂါတွေကနေ ကာကွယ်လိုက်ပါ။ နေအိမ်လေး အတွင်းမှာ ရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာတွေကို ကိုယ်တိုင်ကစပြီး ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/infections-from-insects/diseases-caused-by-home-insects/
null
null
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/what-to-do-when-your-kids-hate-each-other/
စိတ်ဖိစီးမှုတွေများလာရင် ဘာတွေစားကြမလဲ
၂၁ ရာစုရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲ လာတဲ့ အတွက်ကြောင့်ကျန်းမာရေး၊ လူမှုရေးစီးပွားရေး စတဲ့ အဖက်ဖက် ကနေ စိတ်ဖိစီးမှုတွေ က များလာပါတယ်။ စိတ်ဖိစီးမှုများလာရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ ကတော့နှလုံးရောဂါ၊သွေးချို ဆီးချို ရောဂါ၊အဝလွန်ရောဂါ၊ စိတ်ဓါတ်ကျရောဂါ၊ ပန်းနာရင်ကြပ် ရောဂါ နှင့် အခြား အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ ဖြစ်ပါတယ်။ကျွန်တော်တို့ ဒီစိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ပြဿနာ တွေ ကို တစ်ဖက်တစ်လမ်း က နေ အစားအသောက်တွေ နဲ့ ကာကွယ် လို့ရပါတယ်။(၁)အစိမ်းရောင် ရှိသော အသီးအရွက်များ။(ဥပမာ ပါင်းနုနွယ် အရွက်မှာ ဆိုရင် Folate ဓါတ် ကြွယ်ဝတဲ့ အတွက် ကျွန်တော်တို့ ခန္ဓါကိုယ် ကနေ ထုတ်နေတဲ့ mood regulating neurotransmitter လို့ခေါ်တဲ့ serotonin နဲ့ dopamine ထုတ်တာကို အားပေးတဲ့ အတွက်စိတ်ဖိစီးမှုကြောင့် ဖြစ်လာမယ့် depressionစိတ်ဓါတ်ကျရောဂါကို ကာကွယ်ပေးပါတယ်။(၂) အချဉ်ဖောက် ထားတဲ့ အစားအစာ များ။(ဥပမာဒိန်ချဉ်မှာ ဆိုရင် အူလမ်းကြောင်းမှာ ရှိနေတတ်တဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား တွေ ကို ဖယ်ရှားပေးတဲ့ အတွက် ထိုဘက်တီးရီးယားတွေ က ထုတ်တဲ့ အဆိပ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါများ (စိတ်တို စိတ်ဆက် လွယ်တာ၊ စိတ်ဓါတ်ကျတာ၊ဂနာမငြိမ်ဖြစ်တာတွေ) ကို ကာကွယ်ပေးပါတယ်။(၃)ဆော်လမွန်ငါးနှင့် တခြားသော ပင်လယ်ငါးများ။Omega 3၊ EPA နဲ့ DHA တွေ ပါတဲ့ အတွက် စိတ်ကိုကြည်လင်လန်းဆန်းစေသလိုမှတ်ဉာဏ်စွမ်းအားကို လည်း ပိုကောင်းစေပါတယ်။(၄)ဘယ်ရီသီးများ။Anthocyanin Pigment လို့ခေါ် တဲ့ ဓါတ်ပစ္စည်း တစ်မျိုးပါတဲ့ အတွက် ဓါတ်တိုးဆန့်ကျင်သတ္တိ (antioxidant action) ရှိသည့် အပြင် ဗီတာမင် C ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှု့တွေ ကို ပါလျှော့ချပေးပါတယ်။(၅) Dark Chocolate (အနက်ရောင်ချောကလက်)။အခုနောက်ပိုင်းအနက်ရောင်ချောကလက်တွေကို အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်တွေမှာ ဆေးတစ်မျိုး အနေနဲ့ ကို အသုံးပြုလာပါတယ်။ အဓိက ကတော့ dark chocolate မှာ ပါတဲ့ Anandamide လို့ခေါ်တဲ့ ဓါတုပစ္စည်း ထုတ်တာ ကို အားပေးတဲ့ အတွက် စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်း တွေ ကို သက်သာစေပါတယ်။(၆)အစေ့အဆန်များ။ဖရုံစေ့၊ နေကြာစေ့၊ နှမ်းစေ့ စတဲ့ အစေ့ အဆန်တွေ မှာ Magnesium ပါတဲ့ အတွက် စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။(၇)ထောပတ်သီး။ပိုတက်ဆီယမ်၊ ဗီတာမင် E နှင့် B၊ Folate၊ Magnesium တို့ပါဝင်တဲ့ အတွက် အာပါာရ အင်မတန် ပြည့်ဝတဲ့ အစားအစာ တစ်ခုပါ။ဗီတာမင် Bနှင့် Magnesium ပါဝင်တဲ့ အတွက်ကြောင့် စိတ်ကြည်လင် လန်းဆန်းစေပြီး စိတ်ဓါတ်ကျရောဂါ ကို ကာကွယ်ပေးပါတယ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%b9foods-for-stress/
အတွေးထဲမှာ စိတ်ချောင်ပိတ်မိခြင်း (သို့) စိတ်အကျဉ်းကျ ဝေဒနာ
အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပြီး ကိုယ့်ရဲ့ အတွေးအာရုံထဲမှာ အကြောင်းအရာ တစ်မျိုးတည်း သို့မဟုတ် ဆက်စပ်သမျှ အကြောင်းအရာတွေကို ထိုင်တွေးနေရင်း အချိန်ကုန်သွားမှန်းမသိ ကုန်သွားတာ၊ အသိစိတ်တွေ လွတ်ပြီး ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်တွေ၊ ဖြစ်ပျက်နေသမျှ အရာတွေကို သတိမထားမိတော့တဲ့ အခြေအနေမျိုးကို စိတ်အကျဉ်းကျခြင်း (Rumination) လို့ ခေါ်ပါတယ်။များသောအားဖြင့်ဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ ဖြစ်ဖူးခဲ့တဲ့ အတိတ်တွေနဲ့ မဖြစ်လာသေးတဲ့ အကြောင်းအရာတွေကိုပဲ စိတ်ထဲက တွေးနေမိပြီး ဒီအတွေးထဲကနေလည်း ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တာ၊ တခြားအရာတွေကို မစဉ်းစားမိတော့တာ၊ အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ တဖြည်းဖြည်း စိတ်ရော ကိုယ်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။ဒီလို အမူအကျင့်တွေ ရှိတဲ့သူတွေမှာ လိုတာထက်ပိုပြီး တွေးတာ၊ အတွေးထဲမှာ ချောင်ပိတ်မိတဲ့ အကျင့်တွေ ဖြစ်လာမယ်။ တဖြည်းဖြည်း မကုသဘဲ ထားထားမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်မှာရော လူမှုရေး၊ မိသားစုမှာပါ အဆင်မပြေမှုတွေ ကြုံလာမယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါအပြင် စိတ်ကျန်းမာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဒီလိုအမူအကျင့်မျိုး ကိုယ့်မှာ ရှိတယ်ဆိုတာ သိထားရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါ ကုထုံးပညာရှင်၊ စိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ စောစီးစွာ ကုသမှုခံယူတာဟာ ရောဂါကို မွေးတာထက် အကျိုးကျေးဇူးများစွာ ရှိစေနိုင်ပါတယ်။အကယ်လို့ ကိုယ်က ဆရာဝန်နဲ့ သွားပြရမှာ ရှက်တယ်၊ ဒါမှမဟုတ် အချိန်မပေးနိုင်ဘူးဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေကို ကိုယ်တိုင် လိုက်လုပ်ကြည့်ပြီး ကိုယ့်ကို အတွေးလွန်နေစေတဲ့ အမူအကျင့်ကို ဖျောက်ပေးလို့ ရပါတယ်။ကိုယ့်ကိုယ်ကို အတွေးလွန်နေပြီ၊ စပြီး အတွေးကမ္ဘာထဲ ရောက်နေပြန်ပြီလို့ သိလိုက်တာနဲ့ အနားမနေပါနဲ့။ ရတဲ့ အလုပ် ကြံဖန်လုပ်ပါ။ ကိုယ့်အနားက လူတွေကို သေချာကြည့်ရင်း လုပ်ဖို့ လိုအပ်တဲ့အရာတစ်ခုကို ဆုံးဖြတ်ချက်ချပြီး ချက်ချင်း ကောက်လုပ်လိုက်ပါ။ လူက ဘာမှမလုပ်ဘဲ နေနေတဲ့အခါ ဦးနှောက်က ကြံဖန်တွေးနိုင်တာကြောင့် ကိုယ့်စိတ်ကို အနားမပေးပါနဲ့။ ဘာလုပ်ရမှန်း မသိရင်လည်း ကိုယ့်အိမ်၊ ကိုယ့်အခန်းကို သန့်ရှင်းရေး လုပ်လိုက်တာဖြစ်စေ၊ ဟင်းထချက်တာဖြစ်စေ လုပ်လို့ ရသလို အဆင်ပြေတဲ့ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာဖြစ်စေ၊ အိမ်နား စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ပြဿနာတစ်ခု ရှိလာရင် ထိုင်ပြီးတွေးနေလို့ အချိန်ကုန်တာပဲ အဖတ်တင်ကျန်ခဲ့မှာပါ။ ဒါကြောင့် ဘယ်လိုဖြေရှင်းရမလဲ၊ ငါ ဒီလိုလုပ်လိုက်ရင် ဘာများဖြစ်သွားမလဲဆိုပြီး ထိုင်တွေးနေမယ့်အစား ဘာပဲဖြစ်နေဖြစ်နေ ပြဿနာကို ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားကြည့်ပါ။ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို လိုအပ်ရင် စာရွက်ထဲမှာ ချရေးပြီး အဲ့အတိုင်း လုပ်ကြည့်ပါ။ ခေါင်းထဲမှာ မဖြစ်နိုင်ဘူးလို့ ဝင်လာတဲ့ မကောင်းတဲ့အတွေးတွေကို ဖယ်ထုတ်ထားပါ။ ငါ ဘာလုပ်လုပ် ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကို မွေးပါ။ဘယ်သူမဆို အမှားတွေ လုပ်ဖူးမှာပါပဲ။ ဒီလိုမျိုး အတိတ်မှာ ဖြစ်ခဲ့တဲ့ အမှားတွေ၊ ကိုယ့်စိတ်ထဲမှာ ကျန်နေခဲ့တဲ့ အပြစ်တင်စိတ်တွေ၊ ယူကြုံးမရဖြစ်နေတဲ့ ခံစားချက်တွေကို မကြာခဏ တွေးရင်း အတွေးတွေ လွန်နေပြီလားဆိုတာ သေချာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ မကောင်းတဲ့ အတွေးတွေကို ဦးနှောက်က စွဲမြဲပြီး တွေးနေတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ပိုပြီးဆိုးလာဖို့ပဲ ရှိပါတယ်။ ဒီလိုအတွေးတွေဟာ ကိုယ့်အတွက် မကောင်းဘူးဆိုတာ သေချာသိလာပြီဆိုရင် ဒီအတွေးတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်ပစ်ဖို့ ကြိုးစားပါ။ ကိုယ့်အတိတ်က မှားခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်ပါ။လူတိုင်းကတော့ ကိုယ် နောင်တစ်ချိန်မှာ ဘာဖြစ်ချင်တာလဲ၊ အိမ်ပိုင်ချင်တာလား၊ စီးပွားရေးတစ်ခုခု လုပ်ချင်တာလား၊ သင်တန်းပဲ တက်ချင်တာလား၊ ကိုယ်ဝါသနာပါတာ လုပ်ချင်တာလား အစရှိသဖြင့် ရည်မှန်းချက်ကိုယ်စီ ရှိတတ်ကြစမြဲပါပဲ။ ပြဿနာဖြစ်စေတဲ့အရာကတော့ ကိုယ့်ရဲ့ လက်ရှိအခြေအနေနဲ့ အရမ်းကွာဟလွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ၊ ဖြစ်နိုင်ဖို့ အလွန်ခဲယဉ်းတဲ့ ဘဝရည်မှန်းချက်တွေ ထားထားတဲ့အခါ ကိုယ့်အတွက်လည်း လောဘတွေ၊ မောဟတွေနဲ့ ပူလောင်ရသလို စိတ်လည်း တော်တော်လေး ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ဒါကြောင့် ဘဝနဲ့ အရမ်းကွာလွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်တွေအစား ကိုယ်အတိတ်မှာ ဘယ်လိုအကျိုးရှိစေမယ့် အရာတွေ လုပ်ခဲ့ပြီးပြီလဲဆိုတာ သေချာပြန်လေ့လာကြည့်ပါ။ ကိုယ့်လက်ရှိအတိုင်းအတာနဲ့ အနီးစပ်ဆုံး ဖြစ်စေနိုင်တဲ့ အိပ်မက်တစ်ခုခု ထားကြည့်ပြီး အကောင်အထည်ဖော်ပါ။မိမိကိုယ်ကိုယ်အကောင်းမြင်ြခင်း၊ တန်ဖိုးထားတတ်ခြင်းဟာ စိတ်ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ အရာတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ကြည့်လိုက်တဲ့အခါ ရုပ်ဆိုးလိုက်တာ၊ ဝလိုက်တာ၊ ပိန်လိုက်တာဆိုပြီး မကောင်းမြင်နေမယ်။ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ဘဝမှာ ဘာမှလည်း မပိုင်ဆိုင်ရဘူး၊ မအောင်မြင်နေဘူး အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးတွေကို ဖျောက်ဖျက်ထားပါ။ ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်စိတ်ကို မွေးမြူကြည့်ပါ။ဘာသာရေးနဲ့ မသက်ဆိုင်ဘဲ ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတယ်။ အေးချမ်းစေတယ်။ မကောင်းတဲ့အတွေးတွေ မတွေးမိစေဖို့ ကူညီပေးတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီး ခွင့်လွှတ်စိတ်၊ အကောင်းမြင်စိတ်တွေကို ဖြစ်စေတယ်။ စိတ်ထဲမှာ ကျန်ရစ်နေတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အတွေးလွန်နေပြီ၊ စိတ်အကျဉ်းကျသလို ဖြစ်နေပြီလို့ ခံစားရပြီဆိုရင် ဘာမှဆက်မတွေးဘဲ တရားထိုင်ကြည့်ပါ။ ခါးကို မတ်မတ်ထားပြီး အသက်ကို ပုံမှန်ရှူရှိုက်ပါ။ ကိုယ် အသက်ရှူသွင်း၊ ရှူထုတ်လိုက်တဲ့ လေကလွဲပြီး ကျန်တဲ့ဘယ်လိုအရာကိုမှ အာရုံမထားပါနဲ့။တစ်ယောက်ထဲ စိတ်ထဲမှာ တွေးပြီး ပူလောင်နေတာထက် တစ်ယောက်ယောက်ကို ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ အပူတွေကို မျှဝေပေးလိုက်တာ ကိုယ့်စိတ်ကိုလည်း အနည်းငယ်ပေါ့ပါးသွားစေသလို အတွေးလွန်ပြီး အသိစိတ်လွတ်သွားတာမျိုးလည်း မဖြစ်တော့ပါဘူး။ အနည်းဆုံးတော့ ကိုယ့်မှာ ရှိနေတဲ့ ပြဿနာကို ဝိုင်းကူပြီး ဖြေရှင်းပေးဖို့ အဖော်တစ်ယောက်ရသွားတာပေါ့။မိမိရဲ့ စိတ်နဲ့ အမူအကျင့်ကို ကိုယ်တိုင် ပြင်ဆင်နိုင်မှ ကိုယ့်ရဲ့ မလိုလားအပ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ မဖြစ်ရတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ဖျောက်လို့ မရဘူး၊ အကူအညီလိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချထားရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး စိတ်ကုထုံး လုပ်ကြည့်တာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%90%e1%80%bd%e1%80%b1%e1%80%b8%e1%80%91%e1%80%b2%e1%80%99%e1%80%be%e1%80%ac-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%95%e1%80%ad/
ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ
အခန့်မသင့်ရင်အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ဦးနှောက်အမြှေးရောင်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ဖို့ပဲဖြစ်ဖြစ် ခံစားနေရတာကြောင့် သတိထားကုသဖို့ပဲဖြစ်ဖြစ် သိထားချင်တဲ့ အချက်လေးတွေရှိရင် ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ အကြောင်းကို ရေးသားပေးထားတဲ့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ ကို အတူတူ လေ့လာလိုက်ရအောင်နော်။ဦးနှောက်အမြှေးရောင်တယ်ဆိုတာကဦးနှောက်နဲ့အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အ​မြှေးပါး နဲ့ ဦးနှောက်အတွင်းမှာရှိတဲ့ အရည်တွေထဲကိုပိုးဝင်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ရောင်ရမ်းမှုကို ဆိုလိုတာပါ။ ဦးနှောက်အမြှေးရောင် ရောဂါက အရမ်းအဖြစ်များလှတဲ့ ရောဂါတော့မဟုတ်ပါဘူး။ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေပါတယ်။ ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကနေတဆင့် ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ဦးနှောက်အမြှေးရောင်တာက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး ဗိုင်းရပ်စ်​ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက သိပ်မပြင်းထန်ပါဘူး။ တစ်ခါတလေမှာ ကုသမှုမခံယူဘဲ သူ့အလိုလို ပြန်သက်သာသွားတာမျိုးတောင်ရှိနိုင်ပါတယ်။မှိုပိုးကူးစက်တာကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက ဖြစ်ခဲတဲ့အခြေအနေတစ်ရပ်ပါ။ ဒီအမျိုးအစား ဦးနှောက်အမြှေးရောင်တာကကိုယ်ခံအားနည်းသူတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ဦးနှောက်အမြှေးရောင်ရောဂါ ခံစားရတဲ့အခါ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာ။မွေးကင်းစကလေးငယ်တွေမှာ ဦးနှောက်အမြှေးရောင်ရောဂါခံစားရတဲ့အခါ။တကယ်လို့ အခုလို လက္ခဏာမျိုးတွေဖြစ်နေပြီဆိုရင်တော့  နီးစပ်ရာဆေးခန်းကို ချက်ချင်းသွားရောက် ကုသမှုခံယူဖို့ လိုပါပြီ။ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက။ကာကွယ်ဆေးမထိုးမိတာ– ငယ်စဉ် နဲ့ ဆယ်ကျော်သက်အရွယ်မှာ ကာကွယ်ဆေးတွေကို အပြည့်အစုံမထိုးမိခဲ့တာ။အသက်အရွယ်– ဦးနှောက်အမြှေးရောင်ရောဂါက များသောအားဖြင့် အသက် ၅ နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်က အသက် ၂၀ အောက်တွေမှာ အဖြစ်များပါတယ်။လူစုလူဝေးနဲ့ နေထိုင်သူတွေ– ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေတိုင်းက ကိုယ်ခံအားက ပုံမှန်ထက်နည်းနေတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ listeria ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို ခံစားရနိုင်ခြေများပါတယ်။ ဒီဘက်တီးရီးယားတွေက ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲမွေးဖွားတာ၊ကလေးအသေမွေးဖွားတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ကိုယ်ခံအားနည်းသူတွေ– ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူတွေ၊အရက်စွဲနေသူတွေ၊ ကိုယ်ခံအားကို သက်ရောက်မှုရှိနိုင်တဲ့ ဆေးဝါးသောက်သုံးနေရသူတွေ၊ အခြားကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်ကို ခံစားနေရသူတွေ (ဆီးချိုရောဂါခံစားနေရသူတွေ) မှာလည်း ဦးနှောက်အမြှေးရောင်ရောဂါခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။ဦးနှောက်အမြှေးရောင်ရောဂါကြောင့်ဖြစ်နိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက တော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ကုသဖို့ နောက်ကျလေလေ ဖြစ်လာနိုင်တဲ့ အကျိုးဆက်က ပြင်းထန်လေလေပါ။ချက်ချင်း ထိရောက်တဲ့ ကုသမှုကို ခံယူမယ်ဆိုရင်တော့ ဦးနှောက်အမြှေးရောင်ရောဂါက ပြန်ကောင်းလာနိုင်ပါတယ်။ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေက။ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးသော နည်းလမ်းဆိုတဲ့အတိုင်း ဦးနှောက်အမြှေးရောင်ရောဂါ မဖြစ်စေဖို့ဆိုရင်။လက်တွေကိုမကြာခဏဆေးကြောပါ– လက်ကိုသေချာဆေးကြောတာက ပိုးမွှားတွေ မပြန့်ပွားအောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကိုလည်း အစားမစားခင်၊ အိမ်သာကအဆင်း။ အပြင်ကပြန်လာတိုင်း၊ တိရစ္ဆာန်လေးတွေကို ကိုင်ပြီးတိုင်း လက်ကို သေချာလေးဆေးကြောတတ်အောင် သင်ပေးပါ။တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ –တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ကိုယ်ပိုင် ထားပါ။ ကလေးကိုလည်း ငယ်စဉ်ကတည်းက တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် သုံးတဲ့ ပစ္စည်းတွေကို အခြားသူတွေနဲ့ မျှဝေသုံးတတ်တဲ့ အကျင့်မရှိအောင် သေချာလေး သင်ပေးထားပါ။ကျန်းမာအောင် နေပါ– ကိုယ်ခံအားကောင်းစေဖို့အတွက် လုံလောက်ပြည့်ဝစွာအနားယူပါ။ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်အာင်စားသုံးပါ။ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ထမင်း၊ ဂျုံစတာတွေကို များများစားပေးပါ။ပါးစပ် နဲ့ နှာခေါင်းကို ဖုံးအုပ်ပါ– ချောင်းဆိုး။ နှာချေတဲ့အခါတွေမှာ ပါးစပ်နဲ့ နှာခေါင်းကို သေချာလေး အုပ်ပါ။ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ အစားအသောက် ဂရုစိုက်ပါ– ကိုယ်ဝန်ဆောင်ဖြစ်မယ်ဆိုရင် အသားတွေကို ကျက်အောင်ချက်ပါ။ ပြုပြင်ထားတဲ့အသားတွေကို မစားပါနဲ့။ ပိုးသတ်ထားတဲ့နို့တွေကိုပဲ သောက်သုံးပါ။ အာဟာရပြည့်ဝအောင် စားပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/meningitis/meningitis-do-and-dont/
အိပ်ရာမဝင်ခင် စာဖတ်ပါ
အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းကို အကျိုးပြုနိုင်တယ်ဆိုတာကို တော်တော်များများ ဖတ်ဖူးမှတ်ဖူးကြပါတယ်။ ဒါပေမယ့် လူအတော်များများမသိကြတာတော့ အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းတစ်ခုတည်းကိုသာ အကျိုးပြုတာမဟုတ်ပါဘူး။ တခြားသောကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးအများအပြားကိုလည်း ဆောင်ယူလာပေးနိုင်ပါတယ်။Tesla ရဲ့ CEO (အမှုဆောင် အရာရှိချုပ်) ဖြစ်တဲ့ အီလွန် မတ်စ်ဟာ အိပ်ရာမဝင်ခင်မှာ စာဖတ်တဲ့ အလေ့အထရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒုံးပျံတွေတည်ဆောက်ဖို့ စာအုပ်တွေဖတ်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အဲ့လိုလေ့လာဖို့ အိပ်ရာမဝင်ခင် အချိန်တွေမှာ စာဖတ်ခဲ့တာပါ။ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေထဲမှာ အိပ်ရာမဝင်ခင်စာဖတ်ကြသူတွေအမြောက်အများရှိပါတယ်။ Facebook ရဲ့ မာ့ခ် ဇက်ကာဘတ်တို့၊ ဝါရင် ဘတ်ဖတ်တို့လည်း ဒီလို အလေ့အထမျိုးတွေ ရှိကြပါတယ်။ ဝါရင် ဘတ်ဖတ်ဆိုရင် တစ်နှစ်မှာ စာအုပ် ၆၀ ဖတ်လေ့ရှိပြီးတော့ အဲ့ဒီစာအုပ်အားလုံးကို ညပိုင်းတွေမှာ ဖတ်ကြတာပါ။ဒီလို အလုပ်များလှတဲ့ ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေတောင်မှညအိပ်ရာဝင်ခါနီးကာလတွေမှာ အချိန်ပေးပြီး စာအုပ်ဖတ်ရှုကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ပြီး ကပ်ညှိလာတဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို စာဖတ်ခြင်းနဲ့ ဆေးကြောချလိုက်တာပါပဲ။ ပြီးရင် ကောင်းမွန်စွာ အနားယူအိပ်စက်ပြီး နောက်တစ်နေ့မနက်မှာ လန်းဆန်းတက်ကြွစွာနဲ့ နောက်ထပ် နေ့သစ်တစ်နေ့ကို ပြန်လည်စတင်နိုင်မှာဖြစ်ပါတယ်။တချို့ကတော့ ဆိုကြပါလိမ့်မယ်။ အိပ်ရာမဝင်ခင် စာဖတ်တာက လူကို ပိုအိပ်ချင်စေတယ်၊ မျက်စိထိခိုက်နိုင်တယ်၊ ပင်ပန်းနေပြီး ဘာမှမလုပ်ချင်တော့ဘူး၊ စသဖြင့်ပေါ့။ ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အိပ်ယာဝင်ခါနီးစာဖတ်ရှုတာဟာ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် အထောက်အကူပြုရုံတင်မကပါဘူး၊ တခြားအကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါသေးတယ်။စိတ်ဖိစီးမှု (Stress)တွေဟာ လူတွေကို ဒုက္ခအလွန်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဖြစ်ပါတယ်။ စိတ်ဖိစီးမှု ခံစားနေရသူတွေဟာ တစ်နေ့တာလုံး စိတ်ပင်ပန်းဆင်းတဲ့ ခံစားချက်မျိုးနဲ့ ရုံးကန်နေရတတ်ပါတယ်။ အိပ်ယာမဝင်ခင်မှာ စာဖတ်ပေးမယ်ဆိုရင် ဒီပြဿနာကို အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။စာဖတ်ခြင်းကြောင့် အသိပညာ ဗဟုသုတတွေ၊ ခံစားချက်တွေရသလို စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။လေ့လာချက်တွေအရဆိုရင် ၆ မိနစ်လောက် အချိန်ပေးစာဖတ်မယ်ဆိုရင်တောင်မှ ကိုယ့်မှာရှိနေတဲ့ စိတ်ဖိစီးမှုတွေရဲ့ ၆၈ ရာခိုင်နှုန်းအထိကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စာအုပ်ပါအကြောင်းအရာက အဓိက မဟုတ်ပါဘူး။ ဖတ်ရှုနေတဲ့ စာအုပ်အပေါ် စိတ်ဝင်စားမှုကသာ အဓိကဖြစ်ပါတယ်တဲ့။စာဖတ်တဲ့အခါ အချက်အလက်အသစ်တွေ၊ ကိုယ်မသိသေးတဲ့ အသိပညာအသစ်တွေကို ရရှိမှာဖြစ်ပြီးတော့ ဒီအချက်တွေက လူတွေကို ပိုမိုထက်မြက်လာစေဖို့ အထောက်အကူပြုပါတယ်။ ပိုပြီး လေ့လာလေလေ ပိုပြီး ထက်မြက်ထူးချွန်လာလေလေပေါ့။ဒီနေရာမှာ အချက်အလက်တွေ တစ်ပုံတစ်ပင်နဲ့ စာအုပ်အထူကြီးတွေချည်း ဖတ်ရှုရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘာစာအုပ်မဆို ဖတ်ရှုလို့ရပါတယ်။ စိတ်ကူးယဉ်ဆန်းကြယ်ဝတ္တုတွေ ဖတ်ရှုရင်တောင်မှပဲ စကားလုံးအသစ်တွေ၊ ဝါကျအထားအသိုတွေကို လေ့လာခွင့်ရနိုင်တာမို့ သင့်ဦးနှောက်ကို အကျိုးပြုနေမှာဖြစ်ပါတယ်။ကိစ္စ တစ်စုံတစ်ရာကို တဒင်္ဂအတွင်း လျှပ်တစ်ပြက် ဆုံးဖြတ်၊ စီမံနိုင်စွမ်းဟာ ဖြတ်ထိုးဉာဏ်ဖြစ်ပါတယ်။ စာအုပ်ဖတ်ရှုခြင်းဟာ လူတွေရဲ့ ဦးနှောက်တွေကို တိုးတက်လာအောင်၊ ပိုမိုကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်လာနိုင်အောင် ပြင်ဆင်ပေးပါတယ်။ အတွေ့အကြုံသစ်တွေ၊ သတင်းအချက်အလက်သစ်တွေ၊ အသိပညာသစ်တွေကို ထိတွေ့ခွင့် လေ့လာခွင့်ပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် မတူညီတဲ့ အမြင်တွေ၊ ရှုထောင့်တွေကို ပိုမိုစဉ်းစားလာနိုင်မှာဖြစ်ပြီးတော့ ပြဿနာတွေကိုလည်း ယျထာဘူတ ကျကျနဲ့ အလျင်မြန်ဆုံး ချဉ်းကပ်သုံးသပ်နိုင်မှာဖြစ်ပါတယ်။အိပ်ရာဝင်ခါနီးမှာ စာဖတ်ပေးရင် အိပ်စက်မှုကို အထောက်အကူပြုနိုင်တယ်ဆိုတာကို သိပ္ပံဆိုင်ရာ သက်သေပြချက်အမျိုးမျိုးနဲ့ ခေတ်အဆက်ဆက် ပညာရှင်ကြီးတွေက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ တကယ်လည်း အိပ်ယာဝင်ခါနီး စာအုပ်ဖတ်ရင် အိပ်လို့ သိပ်ကောင်းတယ်မဟုတ်လား။သတိထားရမှာကတော့ စာအုပ်ကို ကိုင်ဖတ်တာမျိုးကိုသာ ပြုလုပ်သင့်ပြီးတော့စမတ်ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်၊ e-Book Reader စတဲ့အရာတွေနဲ့ ဖတ်ရှုတာမျိုးတွေတော့ မပြုလုပ်သင့်ပါဘူး။ ဒီလို Electronic Device တွေက ထွက်ရှိတဲ့ Blue LED Light ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။တစ်ခုရှိတာက ကိုယ်က အရမ်းလေးတဲ့စာတွေကို သိပ်မကြိုက်တတ်ရင် သိပ်ပြီးပျင်းစရာကောင်းတဲ့ စာအုပ်မျိုးတွေကို ရှောင်သင့်ပါတယ်။ နို့မို့ဆိုရင် စာအုပ်ဖတ်တာက အိပ်ကောင်းရုံတင်မဟုတ်ပဲ ပိုမြန်မြန်အိပ်စေမယ့် အကျိုးသက်ရောက်မှုပါ ထပ်တိုးလာမှာမို့လို့ပါ။ဘာအလုပ်ကိုပဲ လုပ်လုပ် အာရုံစူးစိုက်မှု အားကောင်းခြင်း၊ အားမကောင်းခြင်းဟာ အလုပ်ရဲ့ နောက်ဆုံးအဖြေကို ကွဲကွဲပြားပြားအဖြေထုတ်ပေးနိုင်တဲ့ အရေးပါမှုတစ်ခုဖြစ်ပါတယ်။ အာရုံစူးစိုက်မှု အားကောင်းတဲ့သူက တခြားသူတွေထက်ပိုပြီး ကိစ္စတိုင်းမှာ ပိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အိပ်ရာဝင်ခါနီးအချိန် စာဖတ်ပေးရင် ဒီလို အာရုံစူးစိုက်မှု အားကောင်းစေတဲ့ အကျိုးကျေးဇူးလည်း ရမှာဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ စိတ်ဖီစီးမှုများစေမယ့် Email တွေ၊ဆိုရှယ်မီဒီယာအကောင့်တွေကို ကြည့်နေတာမျိုးထက် စာအုပ်ထဲက အခန်းငယ်တစ်ခန်းလောက်ကို ဖတ်လိုက်တာက ပိုအကျိုးရှိစေမှာဖြစ်ပါတယ်။ စာအုပ်ထဲက အကြောင်းအရာ၊ ဇာတ်လမ်း၊ ဇတ်ကောင်တွေအကြောင်းတွေကို နာရီပိုင်းအောင် အာရုံစူးစိုက်မှုရှိရှိဖတ်ပေးတာဟာ အစိတ်အာရုံကို မပျံ့လွင့်အောင် စုစည်းနိုင်တဲ့အလေ့အထကို ရစေတာမို့ပါ။လူတိုင်းက နေ့စဉ်လူနေမှုဘဝမှာ ကိုယ့်ကိုယ်ကို ကိုယ်သာ အာရုံစိုက်ပြီး အတ္တကြီးစွာ ဖြတ်သန်းကြလေ့ရှိပါတယ်။ စာအုပ်ဖတ်သူတွေကတော့ ဘဝအပေါ် ရှုမြင်ပုံမျိုး ပြောင်းလဲလာနိုင်ပြီး စာနာ နားလည်ပေးနိုင်မှု၊ သနားကြင်နာမှုတွေ၊ ကိုယ်ချင်းစာတရားတွေ ပိုမိုတိုးပွားလာနိုင်တာမို့ ကိုယ်တိုင်အတွက်သာမက လူတစ်ဖက်သားအတွက်ပါ အကျိုးရှိစေတဲ့ အချက်ဖြစ်ပါတယ်။စာအုပ်ဖတ်ရှုခြင်းဟာ တိတ်ဆိတ်ပြီး ငြိမ်းချမ်းစေတယ်။ အထူးသဖြင့် အိပ်ရာဝင်ခါနီး အချိန်တွေမှာ စာအုပ်ဖတ်တာဟာ ဒီလို ခံစားချက်မျိုးကို ပိုရစေနိုင်ပါတယ်။ ရုပ်မြင်သံကြားကြည့်ရှုတာ၊ရုပ်ရှင်ကြည့်တာ၊တေးသီချင်းနားထောင်တာတွေဟာ ဆူညံမှု၊ ရှုပ်ထွေးမှုတွေကို ခံစားမိစေပါတယ်။ လက်ဖက်ရည်ကြမ်းလေးတစ်ခွက်နဲ့ စာအုပ်လေးတစ်အုပ်ကို အရသာခံဖတ်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံစားရမှာအမှန်ပါပဲ။လူတွေဟာ နေ့စဉ်နဲ့အမျှ စိတ်ပင်ပန်းစရာတွေ၊ စိတ်အာရုံနောက်စရာတွေနဲ့ ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီလို စိတ်နှလုံးပင်ပန်းစရာတွေကို အပန်းပြေအောင်တော့ လုပ်ယူလို့ရပါတယ်။ စာအုပ်ဖတ်တာပါပဲ။ စာဖတ်နေချိန်မှာ လူတွေဟာ သက်သောင့်သက်သာဖြစ်နေမယ်၊ စိတ်အေးချမ်းနေမယ်၊ ဒီစိတ်ခံစားချက်မျိုးဟာ နောက်ထပ် နာရီအနည်းငယ်အကြာအထိ ဆက်လက်သယ်ဆောင်သွားလို့ရပါတယ်။ ညအိပ်ရာဝင်ခါနီးမှာ စာအုပ်လေးဖတ်ပြီး စိတ်အပန်းပြေစွာ အနားယူထားတဲ့လူတစ်ယောက်ဟာ နောက်တစ်နေ့မနက်မှာလည်းလန်းလန်းဆန်းဆန်းနဲ့တက်ကြွစွာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ စတင်နိုင်တော့မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/read-before-you-sleep/
ဆီးသီးနှင့် ဆီးသီးခြောက်၏ ကျန်းမာရေးအကျိုးပြုပုံ
ဆီးသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်၊ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်ပါတယ်။ ဒါကြောင့်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြမှာကတော့ ဆီးသီးနဲ့ ဆီးသီးခြောက်ရဲ့ ကျန်းမာရေးအကျိုးပြုပုံပဲ ဖြစ်ပါတယ်။ဆီးသီးနဲ့ ဆီးသီးခြောက်မှာအာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီနည်းပါးပါတယ်။ ဆီးသီးပါဝင်တဲ့ အာဟာရဓာတ်တွေကတော့။– ကယ်လိုရီ။ ၃၀။– ကာဘိုဟိုက်ဒရိတ်။ ၈ ဂရမ်။– အမျှင်ဓာတ်။ ၁ ဂရမ်။– သကြား။ ၇ ဂရမ်။– ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း။–ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း။– ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း။– ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း။– ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၂ ရာခိုင်နှုန်း။– မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၂ ရာခိုင်နှုန်း။ဒါ့အပြင် ဆီးသီးတစ်လုံးမှာ ဗီတာမင် B အနည်းငယ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်ပါတယ်။အလေးချိန်အရ ယှဉ်ကြည့်ရင် ဆီးသီးခြောက်ဟာ ဆီးသီးထက် ကယ်လိုရီပိုများပါတယ်။ ဆီးသီးခြောက် တစ်အောင်စမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့။– ကယ်လိုရီ။ ၆၇။– ကာဘိုဟိုက်ဒရိတ်။ ၁၈ ဂရမ်။– အမျှင်ဓာတ်။ ၂ ဂရမ်။–သကြား။ ၁၁ ဂရမ်။– ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း။– ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၂၁ ရာခိုင်နှုန်း။– ဗီတာမင် B2။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း။– ဗီတာမင် B3။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း။– ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း။– ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက် ၆ ရာခိုင်နှုန်း။– ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း။– မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း။– မန်ဂ္ဂနီဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း။– ဖော့စဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၂ ရာခိုင်နှုန်း။စသဖြင့် ဖြစ်ပါတယ်။ဆီးသီး ဒါမှမဟုတ် ဆီးသီးဖျော်ရည်ဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဆီးသီးခြောက်တစ်လုံးမှာ ဆိုရင်လည်း အမျှင်ဓာတ် ၁ ဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် ဆီးသီးခြောက်မှာရော ဆီးသီးဖျော်ရည်မှာပါ sorbitol ပါဝင်ပါတယ်။ sorbitol ဟာ သကြားဓာတ်ကနေ သဘာဝအလျာက် အယ်လ်ကိုဟောပြောင်းလဲထားခြင်းဖြစ်ပြီး ဝမ်းပျော့စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့ အာနိသင် ရှိပါတယ်။ဆီးသီးမှာ ပေါ်လီဖီနောဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပါတယ်။ အဆိုပါ ပေါ်လီဖီနောဟာ အရိုးများကို အကျိုးပြုပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေတွေကိုလည်း လျော့ကျစေပါတယ်။ အဆစ်အမြစ်များနဲ့ အဆုတ်များမှာဖြစ်တတ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ဆီးသီးမှာ အဒီပိုနက်တင်လို့ခေါ်တဲ့ ဟော်မုန်းကို မြင့်တက်စေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အဒီပိုနက်တင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာ အရေးပါတဲ့ ဟော်မုန်းတမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးသီးရဲ့ အမျှင်ဓာတ်ကြွယ်ဝခြင်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်များဟာ သင်ထမင်းစားပြီးချိန်မှာ ကာဘိုဟိုက်ဒရိတ်များကို ရယူရာမှာ နှေးစေပြီး သကြားဓာတ်ကို ရုတ်တရက်မြင့်တက်မလာအောင် ထိန်းညှိပေးပါတယ်။ဆီးသီးခြောက်ဟာ အရိုးများကို အကျိုးပြုပါတယ်။ အရိုးပွခြင်း၊ အရိုးများအားနည်းခြင်း စတဲ့အခြေအနေတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ အရိုးများပျက်စီးခြင်းကိုလည်း လျော့ပါးစေတဲ့ အာနိသင်ရှိပါတယ်။ ဆီးသီးမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းတာကိုကျစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ အခုလိုမျိုး အရိုးကျန်းမာရေးကို အထောက်အကူပြုတယ်လို့ ဆိုကြပါတယ်။ ဗီတာမင် K၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတာတွေ ပါဝင်ပါတယ်။ဆီးသီးမှာ သွေးတိုးခြင်းနဲ့ ကိုလက်စထရောကို ကျစေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ သုတေသနတခုမှာ ဆီးသီးဖျော်ရည်၊ ဆီးသီးခြောက် စတာတွေ မနက်တိုင်းပုံမှန်စားသုံးသူတွေကို လေ့လာခဲ့ပါတယ်။ အဆိုပါလေ့လာချက်အရ ဆီးသီးကို ပုံမှန်စားသုံးသူတွေမှာ မကောင်းတဲ့ LDL ကိုလက်စထရောကျဆင်းတဲ့အပြင် သွေးပေါင်ချိန်ကိုလည်း မှန်စေကြောင်း သိရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-plums-prunes/
ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ
ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ အကြောင်း သိပြီးပြီလား! အကြောက်တရားနဲ့ ကင်းတဲ့ သူတော့ လောကမှာ ရှိမယ်မထင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတချို့ကို သေချာကြည့်ကြည့်ပါ။ ဗလကြီးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း အားကိုးချင်စရာ တချို့အမျိုးသားတွေ ကြွက်တို့၊ ပိုးဟပ်တို့၊ ပိုးမွှားလေးတွေ မြင်ရင် ငယ်သံပါအောင် အော်ပြီး လန့်ပြေးတတ်ကြတာကို မြင်ဖူးကြမှာပါ။ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အရာဝတ္ထုတစ်ခုခုအပေါ် ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ  (Phobia) ပဲ ဖြစ်ပါတယ်။တခြားသူတွေအမြင်မှာ အပိုလုပ်ပြီး ဟန်ဆောင်ကြောက်ပြတယ်လို့ ထင်ရပေမယ့် ကိုယ့်ရဲ့ အတွေးထဲမှာ တစ်ခုခုအပေါ် ပြင်းပြင်းထန်ထန် ထိတ်လန့်တဲ့ စိတ်၊ကြောက်ရွံ့တဲ့စိတ် ကြီးမိုးနေတဲ့ ပြဿနာကို Phobia လို့ ခေါ်ပါတယ်။ လူတချို့တွေးထင်ထားသလို ပုံမှန်ကြောက်တတ်တဲ့ စိတ်အခံရှိတာ တစ်ခုတည်းနဲ့ Phobia လို့ မသုံးနှုန်းသလို စိုးရိမ်စရာ စိတ်ရောဂါလို့ သတ်မှတ်ရတဲ့အထိလည်း မပြင်းထန်ပါဘူး။ကိုယ်ထိတ်လန့်တဲ့ အရာတစ်ခုကို မြင်လိုက်ရတဲ့အခါမှသာ တွေ့ရတတ်တဲ့ လက္ခဏာတွေဖြစ်ပြီး ပုံမှန်အချိန်မှာ သာမန်လူကောင်းတစ်ယောက်လိုပဲ ဘဝကို အေးအေးချမ်းချမ်း ဖြတ်ကျော်တတ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ကြောက်တဲ့အရာကို အပြင်မှာ မြင်လိုက်ရတာမဟုတ်ဘဲ အတွေးထဲမှာ ပေါ်လာတာကြောင့်လည်း ဒီလို စိတ်အခြေအနေ လက္ခဏာကို တွေ့ကြုံရနိုင်ပါတယ်။၁။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့တဲ့အထိထိတ်လန့်ကြောက်ရွံ့တဲ့ စိတ်ဖြစ်ပေါ်လာတာ။၂။ စိတ်ထဲမှာ ပြောမပြနိုင်တဲ့ ခံစားမှုမျိုးနဲ့စိုးရိမ်ပူပန်လာတာ။၃။ ဒီလိုကြောက်လန့်နေတဲ့ ခံစားချက် သို့မဟုတ် ကိုယ်ကြောက်ရတဲ့အရာနဲ့ ရှောင်ဖို့ ကြိုးစားတတ်တာ။၄။ ကိုယ်ကြောက်တဲ့အရာတစ်ခုကို မြင်တွေ့ခံစားပြီးတဲ့နောက်မှာ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တာ၊စိတ်ခံစားချက်ပုံမှန်မဟုတ်တော့တာ။၅။ ကိုယ့်စိတ်ထဲမှာ ကြောက်နေတဲ့ ခံစားချက်ကို သိပေမယ့် ဘယ်လိုမှ ဖြေဖျောက်လို့ မရတာ။၆။ ကြောက်ရွံ့စိတ်ကြောင့်အသက်ရှူရခက်လာတာ၊ ချွေးစေးပြန်လာတာ။၇။ နှလုံးခုန်နှုန်း အလွန်မြန်လာတာ။၈။ တစ်ကိုယ်လုံး တုန်ပြီး ခြေဖျားလက်ဖျား အေးစက်လာတာ။၉။ ရင်ဘက်က အမောဖောက်လာတာ၊ အသက်ရှူမဝဖြစ်တာ။၁၀။ အသားထဲက ဆူးစူးနေသလို ခံစားရတာ။၁၁။စိတ်ရှုပ်ထွေးမှုကြောင့် ဘယ်အရာကိုမှ အာရုံစိုက်ပြီး တွေးလို့ မရတော့တာ။၁၂။ခေါင်းမူးခေါင်းကိုက်ြဖစ်တာ၊ ပျို့အန်ချင်လာတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။အရွယ်ငယ်သေးတဲ့ကလေးတွေ၊ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး စိတ်တုန်လှုပ်ခြောက်ခြားစရာ ကိစ္စတစ်ခုခု၊ အသက်ဘေးအန္တရာယ် ကြုံတွေ့ရပြီးနောက်မှာအကြောက်အလန့်လွန်တဲ့ စိတ်ဝေဒနာ ကျန်ခဲ့တာမျိုးတွေလည်း ရှိနိုင်ပါတယ်။မိဘတွေမှာ အကြောက်အလန့်လွန်တဲ့ စိတ်ဝေဒနာရှိရင်လည်း ကလေးတွေဆီကို ဒီဝေဒနာ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ စိတ်တွေဟာ အလွန်နူးညံ့သေးတာ ဖြစ်လို့ အကြောက်လွန်တဲ့ အရာကို မိဘတွေဘက်က သေချာမဖြေရှင်းပေးနိုင်ဘူးဆိုရင် ကြီးလာတဲ့အချိန်ထိ ဒီဝေဒနာကို သယ်ဆောင်သွားပြီး အခြေအနေပိုဆိုးသွားစေနိုင်ပါတယ်။ကုသဖို့ လွယ်ကူတဲ့ စိတ်ကျန်းမာရေးအခြေအနေအဖြစ် သတ်မှတ်လို့ ရပါတယ်။ ကလေးအရွယ်မှာတော့ ကိုယ့်စိတ်ထဲက ကြောက်လန့်မှုကို အမူအရာတွေနဲ့သာ ဖော်ပြတတ်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ ကြောက်လန့်တဲ့ လက္ခဏာတွေနဲ့ ဘာတွေကို ကြောက်လန့်တတ်လဲဆိုတာ အလွယ်တကူ သိမြင်နိုင်လို့ ကိုယ့်ရဲ့ ပြဿနာကို ဖြေရှင်းရပိုလွယ်ပါတယ်။ ပုံမှန်အားဖြင့် ဆေးသောက်ဖို့ မလိုအပ်ပဲ စိတ်ဆရာဝန် သို့မဟုတ်စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး Phobia စိတ်လက္ခဏာကို ကုသလို့ ရပါတယ်။ဒီပြဿနာဟာ ရှောင်လွယ်ရုံနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်တဲ့အတွက် အကောင်းဆုံးကတော့ ကိုယ့်ရဲ့ ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းတာက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ အနာဂတ်အတွက် အဆင်အပြေဆုံးပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/what-is-phobia/
ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်နေပြီလား။
ဆေးလိပ် သောက်ခြင်းဟာ ကျန်းမာရေးကို လုံးဝ အကျိုးမပြုဘူးဆိုတာ အားလုံးသိကြမှာပါ။အဆုတ်ကိုထိခိုက်မယ်၊နှလုံးသွေးကြောကိုထိခိုက်မယ် ။ စတဲ့ ကြီးကြီးမားမားတွေ အပြင် ကိုယ်ကနေဆေးလိပ်နံ့ထွက်တာ၊ဆေးလိပ်ကြောင့်ခံတွင်းနံတာတွေ ပါဖြစ်စေတတ်ပါသေးတယ်။ အဲဒီ အထဲမှာ အထင်ရှားဆုံးနဲ့ ရုပ်အဆိုးကတော့ ဆေးလိပ်ကြောင့် နှုတ်ခမ်းမည်းလို့ စိတ်ညစ်ရတာပဲ ဖြစ်ပါတယ်။ဆေးလိပ်ကြောင့် မည်းနေတဲ့ နှုတ်ခမ်းကို သဘာဝအတိုင်း ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ပျားရည်ရဲ့ အစိုဓာတ်ထိန်း အာနိသင်ကြောင့် ခြောက်နေတဲ့ သင့်နှုတ်ခမ်းသားလေးတွေ စိုပြေနူးညံ့လာမှာပါ။ သံပရာသီးရဲ့ အရောင်ချွတ်အာနိသင်ကြောင့် ဆဲလ်သေတွေစုပြီး မည်းနေတဲ့ သင့်နှုတ်ခမ်းသား ပန်းသွေးရောင်သန်းလာမှာ အသေအချာပါ။သံပရာသီးနဲ့ ပျားရည်ကို ဆတူရောပြီး နှုတ်ခမ်းပေါ် သုတ်လိမ်းကာ မိနစ် ၂၀ မှ ၃၀ လောက်ထားပြီး ရေပြန်ဆေးချပါ။ ပြီးရင် နှုတ်ခမ်းအဆီ တစ်ခုခု လိမ်းပေးပါ။သံပရာသီးရော အလှဆီရော နှစ်ခုလုံးက အရောင်ချွတ်ပေးပြီး အစိုဓာတ်ထိန်းပေးတဲ့ အာနိသင်ရှိတဲ့အတွက်ဆေးလိပ်ကြောင့် မည်းနေတဲ့ သင့်နှုတ်ခမ်းအတွက် အဆင်အပြေဆုံး အရာတွေပါ။နှစ်ခုလုံးကို ဆတူရော၊ နှုတ်ခမ်းပေါ်မှာ တစ်ညလုံးလိမ်းထားပြီး မနက် မျက်နှာသစ်တော့မှ တစ်ခါတည်းဆေးချပါ။ နီရဲပြီးပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းတစ်စုံ ရဖို့အတွက် ၂လ ၃ လလောက်တော့ အချိန်ပေးရပါလိမ့်မယ်။နှစ်ခုလုံးက အစိုဓာတ်ထိန်းပေးပြီး ဗန်ဒါဆီရဲ့ အရောင်ဖျော့စေတဲ့ အစွမ်းအာနိသင်ကြောင့်ဆေးလိပ်သောက်တာကြောင့် ဖြစ်ရတဲ့ မည်းနေတဲ့ သင့်နှုတ်ခမ်းလေး ရွှန်းစိုတောက်ပ လာမှာ အသေအချာပါ။ဆတူရောပြီး နှုတ်ခမ်းပေါ် မိနစ် ၃၀ လောက်သုတ်လိမ်းထားကာ ရေပြန်ဆေးချပါ။ နီရဲပြီး ပန်းသွေးရောင်ခြယ်တဲ့ နှုတ်ခမ်းတစ်စုံရဖို့ တစ်ပတ်ကို ၃ ကြိမ် ၄ ကြိမ်လောက် လုပ်ပေးလို့ရပါတယ်။ဆေးလိပ်ကြောင့် မည်းနေတဲ့ နှုတ်ခမ်းကို ပြန်လည် ပြုပြင်ဖို့ နွားနို့နဲ့ နှင်းဆီ ပွင့်ဖတ်တွေလောက် ကောင်းတဲ့ အရာမရှိတော့ပါဘူး။နွားနို့ရဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နူးညံ့စေတဲ့ အစွမ်းနဲ့ နှင်းဆီ ပွင့်ဖတ်လေးတွေရဲ့ အာဟာရဖြည့်တင်းမှုနဲ့ အနီရောင်ခြယ် ပစ္စည်းတွေကြောင့် မည်းနေတဲ့ သင့်နှုတ်ခမ်းလေး တစ်ဖန်ပြန်လည် ပန်းသွေးရောင် သန်းလာတော့မှာပါ။နွားနို့ထဲကို နှင်းဆီပွင့်ဖတ်တွေ ကျိတ်ချေထည့်ပြီး ရလာတဲ့ အရောအရည်လေးကို နှုတ်ခမ်းပေါ် ၁၅ မိနစ်လောက်လိမ်းထားပြီး ရေပြန်ဆေးချပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ဒီလိုလေး လုပ်ပေးလို့ကတော့ ၃ လအတွင်း ပန်းသွေးရောင် နှုတ်ခမ်းတစ်စုံ သင်ပိုင်ဆိုင်ရမှာပါ။ခေါင်းအစ ခြေအဆုံး အလှအပ အတွက် အုန်းဆီလောက် ကောင်းတဲ့ သဘာဝ ပစ္စည်းမရှိပါဘူး။ အစိုဓာတ်ကိုထိန်ပေးပြီး အသားအရေကို နူးညံ့စေတဲ့အုန်းဆီကို နှုတ်ခမ်းသားလေးမှာ တစ်ညလုံး သုတ်လိမ်းထာပြီး မနက်မှ ရေပြန်ဆေးချလိုက်ပါ။ သင့်နှုတ်ခမ်းတစ်စုံ တစ်ဖန်ပြန်လည် တောက်ပလာပါလိမ့်မယ်။ဒီလို အနီရောင် ရောင်ခြယ် ပစ္စည်းတွေပါတဲ့ စတော်ဘယ်ရီသီးတို့၊ သလဲသီးတို့ဟာ သင့်နှုတ်ခမ်းသား အရောင်ညစ်နေမှုကို လျှော့ချပေးပြီး နီရဲရွှန်းစိုလာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အသီးတွေပါ။သူတို့မှာ ပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့်လည်း သင့်နှုတ်ခမ်းသားဆဲလ်တွေ တစ်ဖန်ပြန်ပြီး အသက်ဝင်လာဦးမှာပါ။ စတော်ဘယ်ရီနဲ့ သလဲသီးကို အနေတော်ရုံ ဆတူ ကြိတ်ချေပြီး ရလာတဲ့ အနှစ်ကို နှုတ်ခမ်းပေါ် မိနစ် ၂၀ခန့် သုတ်လိမ်းပေးပြီး ရေပြန်ဆေးချပါ။ ပြီးရင် နှုတ်ခမ်းအစိုထိန်း အဆီလေးတစ်ခုလောက် လိမ်းထားပါ။ ။ဒါတွေကတော့ ဆေးလိပ်ကြောင့် မည်းနေတဲ့ သင့်နှုတ်ခမ်းသားလေးတွေ ပြန်လည် ရွှန်းစို တောက်ပလာစေဖို့ အတွက် လုပ်လို့ရတဲ့ သဘာဝ နည်းတွေ ပဲ ဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက ဆေးလိပ်ကြောင့် ဒီလို နောက်ဆက်တွဲ အရာတွေ ဖြစ်လာတာဆိုတော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေပဲဖြစ်စေတဲ့ဆေးလိပ်ကို ဖြတ်လိုက်တာအကောင်းဆုံးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/avoid-dark-lips-smoking/
ကိုယ်တွေနဲ့အတူ ဖေဖေမေမေတို့လည်း အသက်အရွယ်ကြီးရင့်လာတယ်ဆိုတာ မမေ့ပါနဲ့
ကိုယ်တွေအရွယ်ရောက်အသက်ကြီးလာတာနဲ့အတူဖေဖေမေမေတို့ကလည်း အသက်အရွယ်ကြီးရင့်လာကြတယ်ဆိုတာကိုမေ့မထားသင့်ပါဘူး။ ငယ်ငယ်က ကိုယ်လိုချင်တာကိုမေမေဖေဖေတွေက ဝယ်ပေးတယ်။ စားချင်တာရှိရင်မေမေဖေဖေတို့က ဝယ်ကျွေးတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ့်ဘက်က တစ်လှည့်ပြန်စောင့်ရှောက်ရတော့မှာပါ။ပြန်နားလည်စိတ်ရှည်ပေးရတော့မှာပါ။ ဒါကတော့ဖြစ်တတ်တဲ့လောကနိယာမတစ်ခုပဲလေလို့ ခပ်ပေါ့ပေါ့မတွေးလိုက်စေချင်ပါဘူး။မှတ်မိကြသေးလား။ ငယ်ငယ်က ဘာမှမလုပ်နိုင်သေးခင် စကားတောင်မပြောနိုင်ခင်မှာမေမေကအမူအရာလေးကိုကြည့်ပြီး နို့ဆာတာလား၊ ရှုးပေါက်ထားတာလား၊ရေဆာတာလား၊ အိပ်ချင်တာလားဆိုတာကိုသေချာလေးဂရုစိုက်ပေးခဲ့တာကို။ဖေဖေကလည်း အိပ်ချင်တဲ့အခါချော့သိပ်ပေးခဲ့တာ၊ လိုချင်တာကိုဝယ်ပေးခဲ့တာ၊ သွားချင်တဲ့ဆီကို လိုက်ပို့ပေးခဲ့တာတွေကိုလေ။အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ဆန္ဒရှိရာကို ကိုယ်လုပ်နိုင်တာများလာလေလေဖေဖေမေမေဆီက အကူအညီယူရတာနည်းလာလေလေဖြစ်တာကြောင့် ဒီအချက်လေးတွေကိုမေ့ကောင်းမေ့သွားနိုင်ပါတယ်။ ဒါပေမယ့် အခုလက်ရှိရရှိနေတဲ့အောင်မြင်မှုတွေ၊ အလုပ်ရာထူးတွေကကိုယ့်ကြိုးစားမှုတွေကြောင့်ရလာတာဆိုပေမယ့်မေမေဖေဖေတို့ရဲ့ပျိုးထောင်စောင့်ရှောက်မှုတွေက တစ်စိတ်တစ်ပိုင်းက ပါနေတယ်ဆိုတာကိုမေ့ထားလို့မရပါဘူး။အခုကိုယ်တောင် ကိုယ်ဆန္ဒရှိရာကို ကိုယ်တိုင်ဝယ်နိုင်ပြီ။ ဆန္ဒရှိရာနေရာကို ကိုယ်တိုင်သွားနေနိုင်ပြီဆိုရင်မေမေဖေဖေတို့ကလည်း အသက်အရွယ်ကြီးရင့်လာနေပြီပေါ့။ အသက်အရွယ်ရလာတာနဲ့အမျှခန္ဓါကိုယ်က စိတ်သွားတိုင်း ကိုယ်မပါတော့ပါဘူး။မေမေဖေဖေတို့က အရင်ကလောက် သွက်သွက်လက်လက်မလုပ်နိုင်တော့ဘူး။ ဒီအချိန်ကကိုယ်တွေကပြန်စောင့်ရှောက်ရမယ့်အချိန်ပါ။ရင်ဖွင့်တာကိုနားထောင်ပေးပါ–တစ်နေ့တာမှာ အလုပ်တွေပင်ပန်းလာရင်တောင်မေမေဖေဖေတို့ရဲ့ တစ်နေ့တာအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်သံတွေကို နားထောင်ပေးပါ။ ငယ်ငယ်ကကျောင်းကပြန်လာရင် အတွေ့အကြုံတွေကိုပြန်ပြောပြရင်မေမေဖေဖေတို့က နားထောင်ပေးခဲ့ကြတယ်လေ။ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးပါ-မေမေနဲ့ တူတူဈေးဝယ်ထွက်ခဲ့တာ ဘယ်တုန်းကလဲ။ပြန်စဉ်းစားပါ။ဖေဖေနဲ့ရော တူတူအော်ဟစ်လို့ အားကစားပွဲတွေအားပေးခဲ့တာ ဘယ်အချိန်ကနောက်ဆုံးလဲ။မိသားစုလက်ဆုံညစာစားတာမျိုးဖြစ်ဖြစ်၊ပျော်စရာအစီအစဉ်လေးတွေကို တူတူကြည့်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ ငယ်ငယ်ကဖေဖေမေမေတွေက သူတို့အကြိုက်မဟုတ်ပေမယ့် ကိုယ်တွေအကြိုက်ကာတွန်းကားကို တူတူကြည့်ပေးခဲ့တယ်၊ တိရစ္ဆာန်ရုံကိုလိုက်ပို့ပေးခဲ့တယ်လေ။လေ့ကျင့်ခန်းတူတူလုပ်ပါ-မေမေတို့နဲ့အတူလေ့ကျင့်ခန်းလုပ်ပေးတာကဖေဖေမေမေတို့ကို စိတ်ပျော်ရအင်စေတဲ့ အချက်တစ်ခုပါ။ ဂရုစိုက်မှုကိုပြသရာလည်းရောက်ပါတယ်။ အများကြီးမဟုတ်တောင် လမ်းအတူတူလျှောက်ပေးတာမျိုးလုပ်ပေးပါ။အတိတ်အကြောင်းတွေပြန်ပြောပါ– ငယ်ငယ်ကပုံရိပ်တွေကမေမေဖေဖေတို့ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ငယ်ငယ်က ဘယ်သားသမီးက ဘယ်လိုဆိုတာမျိုးတွေကို မမောနိုင်မပန်းနိုင်ပြောတတ်ကြတာမေမေဖေဖေတွေပါ။ ဒီတော့ ငယ်ငယ်က ဓါတ်ပုံလေးတွေကို ကြည့်ရင်းဖြစ်ဖြစ် ငယ်ဘဝလေးကိုပြန်ပြောင်းပြောပါ။ဆေးအချိန်မှန်တိုက်ပေးပါ– အသက်ကြီးလာတဲ့အခါဖေဖေမေမေတို့က သတိမေ့နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ကဆေးသောက်ဖို့ရှိမယ်ဆိုရင် အချိန်မှန်မှန် နဲ့ ဂရုတစိုက်လေးဆေးတိုက်ပေးပါ။သတင်းစာဖတ်ပြပါ– လူကြီးတွေစိတ်ဝင်စားတတ်တာကနေ့တိုင်းသတင်းထူးတွေလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတင်းစာဖတ်ပြတာကလည်းမေမေဖေဖေတို့ကို ဂရုစိုက်ရာရောက်ပါတယ်။တိုင်ပင်ပါ– တစ်ခုခုကို ဆုံးဖြတ်ဖို့ရှိတဲ့အခါဖေဖေမေမေတို့ကိုလည်း အလေးတစိုက်နဲ့ အကြံဉာဏ်တောင်းတာမျိုးလုပ်ပေးပါ။ ဒါမှဖေဖေမေမေတို့က သူတို့ကိုယ် သူတို့ ယုံကြည်မှုတိုးလာစေမှာပါ။ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးပါ– ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးဖို့မမေ့ပါနဲ့။နောက်တစ်ချက်ကနေ့တိုင်း ဘယ်နေရာကနေမကောင်းလဲဆိုတာကိုမေးဖို့လည်း သတိရပါ။ ဒါမှဖေဖေမေမေတို့ကို ကျန်းမာပျော်ရွှင်နေအောင် လုပ်ဆောင်ပေးနိုင်မှာပါ။အာဟာရမျှတအောင်ကျွေးပါ-နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရတွေပါဝင်အောင် ဂရုစိုက်ကေမးပေးပါ။ ပုံမှန်အစားစားဖြစ်အောင်လည်းဂရုစိုက်ပေးပါ။ဖေဖေမေမေတိုပကိုရေဓါတ်မလုံလောက်တာမျိုးမဖြစ်စေဖို့ရေသောက်မိအောင်လည်း ဂရုစိုက်ပေးပါ။အိပ်ချိန်ဂရုစိုက်ပါ-ပြည့်ဝတဲ့ အိပ်စက်မှုက ကျန်းမာစေခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့။ ဒါကြောင့် တစ်ညကို အနည်းဆုံး အိပ်ချိန် ၈ နာရီရှိအောင် ဂရုစိုက်ပေးပါ။တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ– တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတဲ့နေရာမှာမေမေကတစ်ယောက်တည်းခေါင်းလျှော်ဖို့ မဖြစ်နိုင်တဲ့အခါခေါင်းလျှော်ပေးတာမျိုး၊ခြေသည်းလက်သည်းညှပ်ပေးတာမျိုးပါ။ လိုအပ်မယ့်အရာလေးတွေကိုသေချာလေးဂရုစိုက်လုပ်ပေးပါ။ဒီအချက်လေးတွေကို ဂရုစိုက်ပေးလို့မေမေဖေဖေတို့ကို ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်အောင် ကူညီပေးလိုက်ပါ……..။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/home-safety-tips-for-parents/
လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု
အလုပ်များတဲ့နေ့တွေမှာ နေ့ခင်းနေ့လယ်ပိုင်းတွေရောက်ရင် အိပ်ချင်သလိုလိုအိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အလုပ်တွေများနေချိန်မျိုး၊ နေ့လယ်စာ စားထားပြီးချိန်မျိုးတွေမှာပေါ့။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။တကယ်တော့ တရေးတမောအိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို လုပ်ငန်းခွင်အတွက်လည်း အကျိုးရှိစေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။နေ့လယ်စာစားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ လူတေအတွက် နိုးကြားမှု လျော့နည်းတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ အိပ်ငိုက်တာတွေ၊ အလုပ်အပေါ် အာရုံမစိုက်နိုင်တာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ အနားယူအိပ်စက်ပေးခြင်းဖြင့် ခန္တာကိုယ်ကိုရော စိတ်ကိုပါ အကျိုးရှိစေမှာဖြစ်ပြီးတော့ လုပ်ငန်းဆောင်တာတွေကိုလည်း ပိုမိုအာရုံစိုက်လုပ်ကိုင်နိုင်လိမ့်မယ်လို့ အိပ်စက်ခြင်းဆိုင်ရာ အထူးကုဗေဒပညာရှင်တွေကဆိုထားကြပါတယ်။ဂရိ၊ ဘရာဇီးလ်နဲ့ မက္ကဆီကိုလိုတိုင်းပြည်မျိုးတွေမှာဆိုရင် နေ့ခင်းနေ့လယ်တရေးတမော အိပ်စက်ခြင်းဟာ ဒေသိယအလေ့အထတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်အချိန်တွေမှာ အိမ်ပြန်အနားယူအိပ်စက်ကြတာမျိုးက သူတို့အတွက် ငြိမ်းချမ်းမှုကို ပေးတယ်လို့ ဆိုပါတယ်။လူတွေအနေနဲ့ အကြောင်းပြချက်အမျိုးမျိုးတွေကြောင့် နေ့ခင်းနေ့လည်တွေမှာငိုက်မြည်းတတ်ကြပါတယ်။ အိပ်ရေးပျက်တာကြောင့်၊ အိပ်ရေးပျက်နိုင်ချေရှိနေတယ်ဆိုတဲ့ အတွေးကြောင့်၊ အားလပ်နေတာကြောင့် စသဖြင့်အမျိုးမျိုးပါပဲ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် နေ့လယ်နေ့ခင်းတွေမှာ တစ်ရေးတမော အနားယူအိပ်စက်လိုက်တာဟာ ကိုယ့်ကို အကျိုးရှိစေမှာတော့ အမှန်ပါ။လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်အနားယူတာက ဘယ်လို ကောင်းကျိုးတွေပေးလဲဆိုတော့။၁။ မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေတယ်။၂။ သွေးဖိအားမကျအောင် တားဆီးပေးတယ်။၃။ ခန္ဓာကိုယ်တွင်းက နာ့ဗ်ကြောတွေကို တည်ငြိမ်စေတယ်။၄။ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်။၅။ စိတ်ခံစားချက် ကောင်းမွန်စေတယ်။၆။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်စေတယ်။၇။ ကဖိန်းဓာတ်ထက် လူကိုပိုပြီး အကျိုးပြုတယ်။၈။ အိပ်ရေးပျက်ထားချိန်မျိုးတွေမှာ တရေးတမော အိပ်ပေးရင် ညဘက်ပုံမှန် အိပ်ပေးသလို အကျိုးရှိတယ်၊ ညဘက် ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက်စေတယ်။၉။ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။၁၀။ နှလုံးကို အားပေးကူညီတယ်။ဒါကြောင့် နေ့ခင်းနေ့လယ်တွေမှာ ဖြစ်နိုင်ရင် တရေးတမော အိပ်စက်ကြည့်ပါ။ တစ်နေ့တစ်ကြိမ်မဟုတ်ရင်တောင်မှ တစ်ပတ်ကို ၄ ကြိမ်လောက် တရေးတမော အိပ်စက်သင့်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ အကောင်းဆုံးကတော့ နေ့ခင်းဘက် ၂ နာရီနဲ့ ၃ နာရီအကြားမှာ အိပ်စက်တာက အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bd%e1%80%84%e1%80%ba%e1%80%91%e1%80%b2%e1%80%99%e1%80%be%e1%80%ac-%e1%80%90%e1%80%9b%e1%80%b1%e1%80%b8%e1%80%90/
စားစရာတွေကို ရေသေချာဆေးလိုက်တာနဲ့တင် သန့်ရှင်းပြီလား။ အခြားပိုးမွှားတွေ ကပ်နိုင်တဲ့ နည်းတွေရှိတာရော သိရဲ့လား။ ။
ဈေးကဝယ်လာတဲ့ အသီးအရွက်တွေအသားငါးတွေကို ရေစင်အောင်ဆေးလိုက်မယ်၊ ဒိတ်ကုန်သွားတဲ့ နို့ဘူးတွေကို လွှင့်ပစ်လိုက်တာနဲ့တင် အစားအသောက်တွေ စိတ်ချရမှုကို သင်ကောင်းကောင်းနားလည်နေတယ်ဆိုရင် မှားသွားပါလိမ့်မယ်။ ရေဆေးရုံ မကောင်းတာကို လွှင့်ပစ်လိုက်ရုံနဲ့ အစားအသောက်တွေအားလုံး သန့်စင်သွားမယ်၊ စိတ်ချရမယ်လို့ မဆိုလိုပါဘူး။ ဒီတော့ ဘယ်နေရာမှာ မှားနေလဲ ဆိုတာကြည့်ရအောင်။ ။ ချက်တဲ့နေရာမှာလား သန့်စင်တဲ့နေရာမှာလား သိမ်းတဲ့နေရာမှာလား။ကိုယ်စားနေတဲ့အစားအသောက်တွေ မသန့်ရှင်းတာ၊ ပိုးဝင်တာတွေ အများဆုံးကို ဖြစ်နိုင်တာကအသားစိမ်းတွေနဲ့ ချက်ပြီးသား အသားတွေ တူတူသိမ်းထားမိတာမျိုးဖြစ်ပါတယ်။ ဒီလို တစ်ပန်းကန်ထဲ တူတူထားမိတဲ့အခါ အသားစိမ်းတွေမှာရှိတဲ့ ဘက်တီးရီးယားတွေ ချက်ပြီးသားအသားတွေထဲ အလွယ်တကူ ရောက်သွားနိုင်လို့အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို တစ်ပန်းကန်ထဲ မဟုတ်ဘဲ ခွဲထားဖို့ လိုတာပါ။Defrosting လို့ခေါ်တဲ့ အအေးခံထားတဲ့အသားတွေကို 4.44°C ကနေ 60°C အတွင်း အခန်းအပူချိန်မှာပြန်ပျော်အောင် ဒီတိုင်းမီးဖိုချောင်ထဲမှာ ထားလိုက်တဲအခါ မိနစ် ၂၀ အတွင်းဘက်တီးရီးယားပေါက်ပွားမှု အဆ ၂၀ ဖြစ်သွားနိုင်ပါတယ်။ ဒ့ါကြောင့် အအေးခံထားတဲ့အသားတွေ ပြန်နွေးစေဖို့ အခန်းအပူချိန်မှာဒီတိုင်းရေထဲ နှစ်မထားဘဲ ရေခဲရေနဲ့ အသားကြားထဲက ရေခဲတုံးတွေ ပျော်အောင်လုပ်တာ၊ microwave ထဲ ထည့်ပြီး ခဲနေတာကို အရည်ပျော်အောင်လုပ်တာမျိုးတွေ လုပ်ပေးပါ။ ပျော်အောင်လုပ်ပြီးသား အသားတွေကို အေးခဲအောင်လုပ်ပြီး ပြန်မသိမ်းသင့်ပါဘူး။ချက်ပြီးသား ဟင်းတွေကို အခန်းအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ရှိတဲ့ နေရာမှာ ၂ နာရီထက်ကြာအောင် မထားသင့်ပါဘူး။ 4.44°C ကနေ 60°C အပူချိန်မှာဆို ဘက်တီးရီ်းယားတွေ အလျင်အမြန်ပေါက်နိုင်တယ်မလား။ ဒါ့ကြောင့် ချက်ပြီးသားဟင်းတွေကို ရေခဲ့သေတ္တာထဲ မထည့်ခင် အပြင်မှာ နာရီဝက် တစ်နာရီလောက်ပဲ ထားသင့်ပါတယ်။ ပြီးတာနဲ့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။မကျက်တကျက်ပြုတ်ထား၊ ကြော်ထားတဲ့ ဥတွေ အသားတွေမှာ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါလာတတ်ပြီး ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ ေသွးဝမ်းသွားတာ၊ ချမ်းတုန်ပြီးဖျားတာ၊ ခေါင်းကိုက် ပျို့အန်ချင်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် မကျက်တကျက်ချက်ထားတဲ့ အသားတွေမှာ E.coli လို့ခေါ်တဲ့ ဘက်တီးယားတွေ၊ သန်ကောင်ဖြစ်စေမယ့် ဥတွေ ပါလာတတ်တာကြောင့် အသားတွေ အားလုံးကို ကျက်အောင် ချက်ဖို့ အရေးကြီးပါတယ်။နှပ်ပြီးသား အသားတွေကို အခန်းအပူချိန် မှာ ဒီတိုင်းထားလိုက်ရင် ရောဂါပိုးမွှားတွေ အလွယ်တကူပေါက်ပွားတာ၊ ကပ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အသားတွေ နှပ်ထားပြီးတဲ့အခါတိုင် းရေခဲသေတ္တာထဲ လုံလုံခြုံခြုံဖုံးပြီး ခဏပြန်ထည့်ထားပါ။ပန်းကန်တွေ၊ အသားတွေမှာပဲ ရောဂါပိုးမွှားတွေ ကပ်နေတယ်လို့ မထင်လိုက်ပါနဲ့။ သေချာသန့်စင်အောင် မဆေးထားတဲ့သင့်ရဲ့ လက်တွေမှာလည်း ရောဂါပိုးတွေ အများကြီး ကပ်တွယ်နေနိုင်ပါသေးတယ်။ ဒါ့ကြောင့် အစားအစာတွေကို မကိုင်ခင် စက္ကန့် ၂၀ အလိုနဲ့ ကိုင်ပြီး စက္ကန့် ၂၀ နောက်ပိုင်းမှာလက်ကိုသေချာဆေးပါ။ လက်ကိုဆပ်ပြာသုံးပြီးဆေးဖို့လည်း မမေ့ပါနဲ့။ဘယ်လောက်ပဲ သန့်ချင်လို့ ပန်းကန်တွေကို ဆေးနေပါစေ သူတို့ကို ဆေးတဲ့ ဖော့တို့ အဖတ်တို့က မသန့်တဲ့အခါ ရောဂါပိုးတွေ ပြန်ပြန်ကပ်နေတာနဲ့တင် ဘာမှ ထူးမှာ မဟုတ်ပါဘူး။ ဒ့ါကြောင့်ပန်းကန်ဆေးြပီးတိုင်း အဖတ်တွေကို သေချာပြန်သန့်ရှင်းပါ။ ရေကို သေချာညှစ်ပြီး နေရောင်အောက်မှာ အခြောက်ခံပါ။ ၁ လတစ်ခါ မှန်မှန် လဲပေးပါ။ဒါတွေကတော့ ဘယ်လောက်ပဲ ကိုယ်ကသန့်နေတယ်လို့ ထင်နေပါစေ။ မထင်ထားမိတဲ့နည်းတွေကနေ အစားအသောက်ထဲ ဘက်တီးရီးယားတွေ ရောက်နိုင်တာတွေ ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစားအစာတွေကို ရေဆေးရုံ၊ ဒိတ်ကုန်နေတဲ့ အစားအသောက်တွေကို လွှင့်ပစ်လိုက်ရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဖန်တီးနိုင်တယ်လို့ မဆိုလိုပါဘူး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/%e1%80%b9food-clean/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%81%e1%82%8f%e1%81%b6%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%80-%e1%80%9c%e1%80%80%e1%81%a1%e1%80%8f%e1%80%ac%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%b2%e1%82%95-%e1%80%90/
နေလောင်ခံ အသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ
နေလောင်ခံ ရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သိပ်ပြီးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အိုဇုန်းလွှာတွေ ပျက်စီးလာတာနဲ့အမျှ ကမ္ဘာကြီးက တဖြည်းဖြည်း ပူနွေးလာသလိုခရမ်းလွန်ရောင်ခြည်တွေဟာလည်း လေထုကနေတစ်ဆင့် လူ့အသားအရေပေါ်ကို ထိတွေ့မိပြီး ခရမ်းလွန်ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နေလောင်ခံ ရတယ်ဆိုတာ ဒီခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရဲ့  အပေါ်ယံ လက္ခဏာတစ်ခုပါ။နေလောင်ဒဏ်ကြောင့် အသားအရေဆဲလ်တွေ ပျက်စီးသွားသလို ဆဲလ်အသစ်တွေ ထုတ်လုပ်နှုန်း နှေးကွေးသွားတဲ့အတွက် အသားအရေမှာ။ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါတွေ၊မှိုစွဲတာ၊ အသားအရေ ပျက်စီးသွားတာ၊အရေပြားကင်ဆာအထိပါ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ရှားစောင်းလက်ပပ်ကို အသားအရေအတွက် နတ်ဆေးတစ်ပါးလို့တောင် ခေါ်စမှတ်ပြုကြပါတယ်။ အဓိက အကြောင်းရင်းကတော့။၁။ အစိုဓာတ်နဲ့ရေဓာတ်ဖြည့်ပေးခြင်း။၂။ အရေပြားအတွက် လိုအပ်တဲ့ အာဟာရများ ဖြည့်ပေးနိုင်ခြင်းနဲ့။၃။ ဒဏ်ရာ၊အမာရွတ်တွေကို သက်သာစေပြီး ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေကြောင့်ပါပဲ။ဘေးထွက်ဆိုးကျိုးလည်း နည်းသလို ဘယ်လိုအသားအရေမျိုးမဆို သုံးလို့ရတဲ့အတွက် အလွယ်တကူလည်းရ၊ ငွေကုန်ကြေးကျလည်း မများတဲ့ ရှားစောင်းလက်ပပ်ကို အသုံးများလာပါတယ်။၁။ရှားစောင်းလက်ပပ်ကို ထက်ခြမ်းခြမ်းလိုက်တဲ့အခါ အလယ်မှာ စေးကပ်တဲ့ အဖြူရောင်ဂျယ်လ်တွေကို တွေ့ရမှာပါ။ ဒီဂျယ်လ်တွေကို ဇွန်းနဲ့ ခြစ်ပြီးနေလောင်ခံရတဲ့ အသားအရေပေါ်မှာ သုတ်လိမ်းပေးခြင်းဖြင့် အရောင်ကျစေပြီး အသားကို အေးသွားစေပါတယ်။၂။ ဂျယ်လ်ကို မခြစ်ဘဲ အရွက်ကို ဒီအတိုင်းထက်ခြမ်းခြမ်းပြီး အရေပြားပေါ်မှာ ကပ်ထားပေးခြင်းဖြင့်လည်း နေလောင်ထားတဲ့ အပူရှိန်ကို အရွက်က စုပ်ယူပေးပြီး အသားကို အေးမြစေပါတယ်။ ပြီးသွားရင်တော့ အရွက်ကို ဖယ်ပြီး သေချာရေပြန်ဆေးပေးရုံပါပဲ။၃။ သဘာဝမဟုတ်ပေမဲ့ရှားစောင်းလက်ပပ်ပါဝင်တဲ့ ရေချိုးဆပ်ပြာများကိုလည်း အသုံးပြုနိုင်ပါတယ်။ အဓိက နေလောင်ခံရပြီးတာနဲ့ အသားအေးအောင် ခဏစောင့်ပြီးမှ ရေချိုးပေးတာ ပိုကောင်းပါတယ်။၄။ ရေချိုးပြီးသွားတဲ့အခါ ရှားစောင်းလက်ပပ်ပါဝင်တဲ့ လိုးရှင်း၊ အစိုဓာတ်ထိန်းခရင်မ်များကို လိမ်းပေးခြင်းဖြင့်လည်း ကိုယ့်ရဲ့အရေပြားအတွက် ခမ်းခြောက်သွားတဲ့ အစိုဓာတ်နဲ့ အာဟာရဓာတ်တွေကို ပြန်ပြီး ဖြည့်ပေးရာရောက်ပါတယ်။၅။ ရှားစောင်းလက်ပပ် ပါဝင်တဲ့ အအေး၊ ဖျော်ရည်များကို သောက်ပေးလို့လည်း ရပါတယ်။ အအေးတွေကို ရွေးချယ်တဲ့အခါသကြားဓာတ်ပါဝင်မှုနည်းတဲ့ တံဆိပ်ကိုသာ ရွေးချယ်ဖို့တော့ လိုမယ်နော်။ရှားစောင်းလက်ပပ်ကို နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် နေလောင်ခံ ရခြင်းကြောင့် ပျက်စီးကြမ်းတမ်းသွားတဲ့၊ အရောင်မှိန်သွားတဲ့အသားအရေကို ဖြူစင်ဝင်းပလာစေပြီး ကြည်လင်လာစေနိုင်ပါတယ်။ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားပေးတဲ့အတွက် အရေပြားဆဲလ်အသစ် ထုတ်လုပ်နှုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ရှားစောင်းလက်ပပ်ကို အသုံးပြုမယ်ဆိုရင် အရင်ဆုံး အစေးထုတ်ပေးဖို့တော့ လိုပါတယ်။ဒါဆို အိမ်မှာနေရတုန်းလေး ကိုယ့်ရဲ့ နေလောင်ခံ ရပြီး ပျက်စီးနေတဲ့ အသားအရေကို ရှားစောင်းလက်ပပ်လေးနဲ့ ပြန်လည်ကုစားလိုက်ရအောင်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-use-aloe-vera-for-sunburn/
အမျိုးသားတွေအတွက် ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်
ဆံပင်က ဒုတိယမျက်နှာဆိုတဲ့ စကားက အမျိုးသမီးတွေတင်မဟုတ်ဘဲ အမျိုးသားတွေမှာလည်း မှန်ပါတယ်။ အမျိုးသမီးတွေက ဆံပင်ကို အချိန်ပေး ဂရုစိုက်တတ်ကြပေမယ့် အမျိုးသားတွေကတော့ခေါင်းလျှော်တယ်၊ ဆံပင်ရှည်လာရင် ညှပ်တယ်ဆိုတာလောက်ပဲ လုပ်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသားတွေလည်း ဆံသားကို တသသ လုပ်မနေရင်တောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ဒီတစ်ခေါက်တော့ ဆံပင်ကျဲတာ၊ထိပ်ပြောင်တာတွေ ကင်းပြီး ကျန်းမာသန်စွမ်းတဲ့ဆံသားတွေကို ပိုင်ဆိုင်နိုင်စေဖို့အမျိုးသားတိုင်း လိုက်နာဖို့လိုမယ့် ဆံသား ထိန်းသိမ်းနည်း တွေကို ပြောပြပေးပါရစေ။ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက်။ဆံသား ကျန်းမာရေးအတွက် အရေးပါတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တဲ့အခါ ဆံသား နဲ့ဦးရေပြားကို ထိခိုက်မှု ကင်းကင်းနဲ့ အကောင်းဆုံး သန့်စင်ပေးမယ့် သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးစေချင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည် ရွေးတဲ့အခါ ဆံသားကို ကျန်းမာစေပြီး ထူထဲလှပစေဖို့ အားဖြည့်ပေးမယ့် အာဟာရဓာတ်တွေဖြစ်တဲ့ wheat protein၊ amino acids နဲ့ဗီတာမင် Eတို့ ပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုး ရွေးချယ်ပါ။ယောက်ျားလေး တော်တော်များများက နေ့တိုင်း ခေါင်းလျှော်တတ်ကြပါတယ်။ တကယ်ကတော့ ဒီအလေ့အကျင့်က ဆံသားကို ထိခိုက်စေပါတယ်။ ဒီလို နေ့တိုင်း ခေါင်းလျှော်တာက ဆံသားကို ခြောက်သွေ့ ပျက်စီးစေသလိုဆံပင်ကျွတ်စေနိုင်တာမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၃ ကြိမ်လောက်ပဲ အများဆုံး ခေါင်းလျှော်ဖို့ ပြောပါရစေ။ယောက်ျားလေးပဲ ခေါင်းလျှော်ရင် လုံလောက်ပါပြီလို့ မတွေးပါနဲ့။ ခေါင်းလျှော်ရုံနဲ့ မလုံလောက်ပါဘူး။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်းမှာ အမျိုးသမီး တွေလိုပဲConditioner ကို အသုံးပြုစေချင်ပါတယ်။ ဒါမှ ဆံသားကို လိုအပ်တဲ့ အာဟာရ ဖြည့်ပေးနိုင်ပြီး ဆံပင်ကိုအစိုဓာတ်ထိန်းပေးလို့ နက်မှောင် တောက်ပတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။ဆံပင်တွေကို အဖျားတိတာက မိန်းကလေးတွေနဲ့ပဲ ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ဆံပင်ကျန်းမာရေးအတွက်ဆံပင် အဖျားတွေကို ပုံမှန်တိဖို့ လိုပါမယ်။ဒါကြောင့် ဆံပင်ကို ပုံမှန် အဖျားတိပေးပါ။ ၂ ပတ် တစ်ခါ ၃ ပတ် တစ်ခါလောက် ဆံပင်ညှပ်ဆိုင် ပုံမှန် သွားပေးတာက ဆံသား ကျန်းမာရေးကို စောင့်ရှောက်ရာ ကျပါတယ်။ဆံပင်ကို ခေါင်းလျှော်ပြီးလည်း တဘက်နဲ့ ခပ်​ကြမ်းကြမ်း သုတ်မယ်။ ခေါင်းကိုလည်း ခပ်ကြမ်းကြမ်း ဖြီးမယ် ဆိုရင်တော့ ဆံသားတွေ ပျက်စီးမှာ အသေအချာပါ။တတ်နိုင်သမျှ ဆံပင်ကို ရေသုတ်တဲ့အခါ ပုံသွင်းတဲ့အခါ ညင်ညင်သာသာ ကိုင်တွယ် စေချင်ပါတယ်။ဆံပင်ပုံသွင်းရာမှာ အသုံးပြုတဲ့  styling product အများစုမှာ ဆံပင်ကို ခြောက်သွေ့ ပျက်စီးစေတဲ့ အရာတွေ တော်တော်လေး ပါဝင်နေပါတယ်။ဒါတွေကို အချိန်ကြာမြင့်စွာ အသုံးပြုမှုက ဆံသားကို ထိခိုက်စေမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ဒါကြောင့် ဆံပင်ကို စမတ်ကျကျ ပုံလှလှလေး ပုံသွင်းဖို့ styling product တွေကို သုံးမယ်ဆိုရင် သဘာဝ ပစ္စည်းတွေကို အခြေခံပြီး ထုတ်ထားတဲ့ အရာမျိုးကို ရွေးချယ်စေချင်ပါတယ်။ ဆံသား ထိန်းသိမ်းနည်း မှန်ကန်မှ ဆံသား ကျန်းမာမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-care-tips-for-men/
ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ
ညညအိပ်မပျော်ဘူး။ မနက်နိုးလာတိုင်းလည်းအိပ်ရေးမဝဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။တစ်ညတာအိပ်စက်မှုက ကျန်းမာပျော်ရွှင်နေစေဖို့ အများကြီး အထောက်အကူပြု ပါတယ်။ ဒါကြောင့် ညစဉ် ကောင်းစွာ အိပ်ပျော်စေဖို့ မအိပ်ခင်မှာ ဒီသောက်စရာလေးတွေကို သောက်ပေးပါ။ ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ ဆိုတော့ –။Malt milk။Malt milkတွေမှာ သံဓာတ်၊ ဇင့်၊ ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ် နဲ့ဗီတာမင် Bအပြင် အမိုင်နိုအက်ဆစ်တို့ ပါဝင်နေတာကြောင့် ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။နို့။မအိပ်ခင် ၁ နာရီခွဲ အလိုလောက်မှာ နွားနို့ ပူပူလေး တစ်ခွက် သောက်ပေးတာကခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အနားယူနိုင်စေဖို့ အားဖြည့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မှာပါ။ရေ။ည အိပ်ရာ မဝင်ခင်မှာ ရေတစ်ခွက် သောက်ပေးတာက ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်း လည်ပတ်စေနိုင်သလို ညဘက်မှာလည်း ကောင်းကောင်း အိပ်ပျော် စေနိုင်မှာပါ။အုန်းစိမ်းရည်။ညဘက် အိပ်ပျော်စေတဲ့အပြင် ကိုယ်တွင်းကအဆိပ်အတောက်တွေကိုပါ ထိထိရောက်ရောက် ဖယ်ရှားပေးနိုင် ပါတယ်။ ဒါကြောင့် ညဘက်ကောင်းကောင်း အိပ်ပျော်ချင်တယ် ဆိုရင် ညမအိပ်ခင် ၁ နာရီလောက်မှာ အုန်းစိမ်းရည် အနည်းငယ် သောက်ပေးပါ။ချာမိုမိုင်းလက်ဖက်ရည်။မအိပ်ခင် ၁ နာရီခွဲ အလိုလောက်မှာ ချာမိုမိုင်း လက်ဖက်ရည်ထဲကိုပျားရည်နည်းနည်း ထည့်ပြီး သောက်ပေးတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။ပင်မှည့်သီးဖျော်ရည်။အိပ်ရာ မဝင်ခင် ၁ နာရီခွဲ အလိုလောက်မှာ ပင်မှည့်သီး ဖျော်ရည်ထဲကို ပျားရည် နည်းနည်း ထည့်ပြီး ဖျော်ပေးလို့ သောက်ပေးတာကလည်းပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိစေမှာပါ။ကဖင်းပါဝင်မှုနည်းတဲ့လက်ဖက်စိမ်းရေနွေးကြမ်း။ကဖင်းများရင် အိပ်ပျော်စေဖို့ ခက်နိုင်ပေမယ့် ကဖင်း ပါဝင်မှု နည်းတဲ့ လက်ဖက်စိမ်း ရေနွေးကြမ်း ကတော့ ခန္ဓာကိုယ်ကို အနား ရစေပြီးကောင်းမွန်တဲ့အိပ်စက်မှုရရှိအောင် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ချယ်ရီသီးဖျော်ရည်။ညနေပိုင်းမှာ ချယ်ရီသီး ဖျော်ရည် သောက်ပေးတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေနိုင် ပါတယ်။ညဆိုင်းဆင်းရသူတွေ အနေနဲ့ကတော့ အလုပ် ပြီးချိန်မှာ သောက်ပေးမယ် ဆိုရင် ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ပြုပေးနိုင်မှာပါ။ကဲ….. ညတိုင်း အိပ်မပျော်လို့ မနက် မထချင်ဘူး။ အလုပ် လုပ်တဲ့အခါ ခေါင်းမကြည်ဘူး ဖြစ်နေတယ် ဆိုသူတွေ ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်နော်။ အိပ်ပျော်အောင် သောက်ခါမှ ဆီး ခဏခဏ ထသွားရလို့ အိပ်ရေး ပျက်တာမျိုး မဖြစ်စေဖို့ အိပ်ချိန်နဲ့ ခပ်ခွာခွာလေးမှာ နည်းနည်းလောက်ပဲ သောက်ပါလို့ ပြောပါရစေနော်။ကောင်းမွန် ပြည့်ဝတဲ့ အိပ်စက်မှုကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……….။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/best-beverages-to-drink-for-amazing-sleep-every-nigh/
ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ
ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့်ကူးစက်တဲ့ရောဂါပါ။ ကူးစက်ပျံ့နှံ့မှုနှုန်း အလွန်မြင့်ပါတယ်။ဘာလို့ကြက်ညှာချောင်းဆိုးလို့ ခေါ်ရသလဲဆိုရင်တော့ ချောင်းဆိုးတဲ့အသံဟာ စူးစူးအက်အက်ကြီးဖြစ်နေပြီး ကြက်တစ်ကောင်ရဲ့အသံနဲ့ အလားသဏ္ဍန် တူပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးထိုးဖို့ရန် အလွန်ငယ်သေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါကြောင့် သေဆုံးခြင်းရာခိုင်နှုန်းကတော့ နည်းပါတယ်။ သေဆုံးမှုဟာ (၁)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးကို လူတိုင်းထိုးထားဖို့ လိုအပ်တာပါ။ရောဂါပိုးကူးစက်ပြီး (၇)ရက်မှ (၁၀)ရက်အတွင်း ရောဂါလက္ခဏာတွေ စပြပါတယ်။ ဒီထက်လည်း ကြာကောင်းကြာနိုင်ပါတယ်။ အစပိုင်းမှာ လက္ခဏာဟာ သိပ်မပြင်းထန်တတ်ပါဘူး။ တုပ်ကွေးရောဂါနဲ့ ဆင်တူတတ်ပါတယ်။တစ်ပတ်(သို့မဟုတ်)နှစ်ပတ် အကြာမှာတော့ ရောဂါလက္ခဏာဟာ ပိုဆိုးလာနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ အချွဲတွေ စုဆောင်းမှုများလာပြီး ချောင်းဆိုးခြင်းကို မရပ်တန့်နိုင်တော့ပါဘူး။ စက္ကန့်(၂၀)ကြာအောင် မရပ်မနားဘဲ မျက်နှာနီရဲလာသည်အထိ ချောင်းဆိုးနိုင်ပါတယ်။ အဆက်မပြတ် ချောင်းဆိုးလာတဲ့အခါ ပျို့အန်ခြင်း၊ အလွန်မောပန်းခြင်းတွေ ခံစားလာရတတ်ပါတယ်။ အချို့လူတွေမှာတော့ ချောင်းဆိုးတဲ့ လက္ခဏာတစ်ခုသာရှိနေတတ်ပြီး ကျန်လက္ခဏာတွေမတွေ့ရတတ်ပါဘူး။ (၁)နှစ်အောက် ကလေးတွေမှာဆိုရင် ချောင်းသိပ်မဆိုးတတ်ပါဘူး။ ချောင်းဆိုးခြင်းအစား အသက်ရှူရခက်ခဲ ခြင်းနဲ့ ရုတ်တရက် ခေတ္တအသက်ရှူရပ်သွားခြင်းတွေ တွေ့ရတတ်ပါတယ်။ကြက်ညှာချောင်းဆိုးရောဂါဟာ‘Bordetella pertussis’လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်တာပါ။ ရောဂါပိုးသယ်ဆောင်သူက နှာချေချောင်းဆိုးလိုက်တဲ့ အခါမှာ သေးငယ်တဲ့ပိုးမွှားတွေထွက်လာပြီး လေထဲသို့ ပျံ့နှံ့သွားပါတယ်။ အခြားသူတစ်ယောက်က ရောဂါပိုး ပျံ့နှံ့နေတဲ့လေကို ရှူရှိုက်လိုက်တဲ့အခါ အဆုတ်ထဲသို့ ရောဂါပိုးတွေ ရောက်ရှိသွားပါ တော့တယ်။(၁)နှစ်အောက်ကလေးတွေနဲ့ ရောဂါကာကွယ်ဆေး မထိုးထားသူတွေမှာ ရောဂါဖြစ်ပွားဖို့ ရာခိုင်နှုန်းများပါတယ်။နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာရတာကတော့ ပြင်းထန်စွာ အဆက်မပြတ်၊ မရပ်မနား ချောင်းဆိုးခြင်းကြောင့်လို့ ဆိုရမှာပါ။ အချိန်အတော်ကြာ မရပ်မနား ချောင်းဆိုးတဲ့အခါမှာ ဝမ်းဗိုက်အူကျွံခြင်း၊ နံရိုးနာကျင်ရောင်ရမ်းခြင်းနဲ့ အရေပြားသွေးကြောတွေ ပေါက်ပြဲပျက်စီးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အသက်(၆)လအောက် ကလေးတွေမှာ ပိုပြင်းထန်တတ်ပါတယ်။ပုံမှန်ကာကွယ်ဆေး အစီအစဉ်မှာ ထည့်သွင်းထိုးနှံနေတဲ့ (၅)မျိုးစပ် ကာကွယ်ဆေးဟာ ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။(၅)မျိုးစပ်ကာကွယ်ဆေးဟာ။မွေးပြီး (၂)လ၊ (၄)လ နဲ့ (၆)လမှာ သုံးကြိမ်တိတိမပျက်မကွက် ထိုးနှံပေးရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပေမဲ့ သိပ်မပြင်းထန်လှပါဘူး။ ဖျားမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ မှိန်းမယ်၊ ဆော့ကစားခြင်း သိပ်မရှိတော့ဘူး စတဲ့အချက်တွေအပြင် ထိုးထားတဲ့နေရာက နီရဲရောင်ရမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အချိန်မှန် ပြုလုပ်ပေးနေတဲ့ ကာကွယ်​ဆေးကာလတွေဟာ သင့်ကလေးရဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အလွန်အရေးကြီးပါတယ်။ကာကွယ်ဆေးတွေကို မပျက်မကွက်ထိုးပေးခြင်းဟာ သင့်ကလေးကို လှပတဲ့ အနာဂတ်ဆီသို့ ဦးတည်သွားစေမှာပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/respiratory-infections/whooping-cough/
ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင် လုပ်ပါ
ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင် လုပ်ပါ …… ဒီလို ပြောရပေမယ့် ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရယူဖို့က မိဘအသစ်တွေအနေနဲ့ နောက်ဆုံးမှ စဉ်းစားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့ လိင်မှုဘဝဟာ သင့်ဆက်ဆံရေးအတွက် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်မှုဘဝကို ဘယ်လိုပြန်လည်ရယူရမလဲဆိုတာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ဆိုရင်။အမျိုးသမီးအများစုက ကလေးမွေးဖွားပြီး လေးပတ်ကနေ ခြောက်ပတ်အကြာမှာ ချပ်ရိုးတော်တော်များများက ကျက်ပါပြီ။ ချုပ်ရိုးကျက်လို့ အတူနေမယ်လို့ စဉ်းစားရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တားဆေးသုံးဖို့ စစီစဉ်သင့်ပါပြီ။ ဘယ်လိုပဲ မွေးပြီးခါစဖြစ်ဖြစ်၊ နို့တိုက်နေတယ်ပဲဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ခြေရှိတယ်ဆိုတာကို သတိထားရပါမယ်။နောက်တစ်ခုက သင့်မှာ lochia လို့ ခေါ်တဲ့ကလေးမွေးဖွားပြီးရင် မိန်းမကိုယ်ကဆင်းတဲ့ အရည်တစ်မျိုးဆင်းတာမရှိဖို့ လိုပါတယ်။ ဘယ်လိုပဲမွေးမွေးအမျိုးသမီးတွေ အားလုံးဟာကလေးမွေးပြီး ရက်သတ္တပတ်အနည်းငယ်လောက်တော့ မီးနေသွေးဆင်းတတ်ပါတယ်။ ဒီအရည်ဆင်းတာမရပ်ခင် လိင်ဆက်ဆံခြင်းက သင့်ကို ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ တကယ်လို့ နေမယ်ဆိုရင်လည်း ကူးစက်နိုင်ခြေနည်းအောင်  ကွန်ဒုံးသုံးသင့်ပါတယ်။သင်ကလေးမွေးစဉ်မှာ ချုပ်ရိုး အများကြီးရှိခဲ့ရင် အတူနေဖို့ ပိုတောင် အချိန်ယူရပါလိမ့်မယ်။ သေချာမကျက်နိုင်သေးတဲ့ ချုပ်ရိုးတွေဆို ပွင့်ထွက်နိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်ဆရာဝန်နဲ့ ချက်ချင်းသွားပြဖို့လိုပါတယ်။ကလေးမွေးပြီးလိင်ဆက်ဆံဖို့ အကောင်းဆုံးနည်းကတော့ ကလေးအိပ်ချိန်ကို အသုံးပြုဖို့ပါ။ ကလေးအိပ်နေမယ်ဆိုရင် အလုပ်လုပ်လို့ရပါပြီ။ သင့်အိမ်အလုပ်တွေက နောက်မှလုပ်နိုင်ပါတယ်။ကလေးမွေးပြီးစမှာ အကြောပြတ်ရာတွေ၊ ဗိုက်က ရှုံ့နေတာတွေ၊ ရင်သားတွေ တွဲကျနေတာကြောင့် အတူပြန်နေဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ ဖြစ်တတ်ပါတယ်။ ဒါတွေက သဘာဝပဲမို့ မိမိရဲ့ စိတ်ဆန္ဒကို မထိန်းချုပ်လိုက်ပါနဲ့။ ပြီးတော့ ခန္ဓာကိုယ်ပြန်ထိန်းသိမ်းရင် ဒါတွေက နဂိုနီးပါး ပြန်ဖြစ်လာမှာပါ။လိင်ပိုင်းဆိုင်ရာယုံကြည်မှု ပြန်လည်ရရှိဖို့ သစ်လွင်တဲ့ အတွင်းခံတွေကိုဝတ်ဆင်ပါ။ အင်္ကျီအသစ်တွေ ဝယ်ပါ။ အားအင်ပြည့်ဝတဲ့ လမ်းလျှောက်ခြင်းတွေ ပြုပါ။ သင့်ကိုယ်သင်မေးပါ။ လိင်ဆွဲဆောင်မှု ရှိဖို့ ဘာတွေလိုအပ်ပါသလဲ။ Spa လား။ လက်သည်းဆိုးတာလား။ Gym ဆော့တာလား။ ဒါတွေကိုအမျိုးသားတွေက ပြုလုပ်မပေးနိုင်ပါဘူး။ သင့်ဘာသာသင် ပြုလုပ်ရမှာပါ။ကလေးမွေးပြီးသိပ်မကြာခင်မှာပဲ ငြီးငွေ့ဖွယ်ကောင်းတဲ့ မိခင်ဘဝကနေထွက်လာပြီး လွယ်ကူလှပပြီး သင့်ကိုစိတ်ချမ်းသာတဲ့အပြုအမူတွေနဲ့ သင့်ဘဝကို ပြန်လည်တည်ဆောက်ပါ။ ကလေးမွေးပြီးလိင်ဆွဲဆောင်မှု ရှိစေဖို့ တဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီ ကြိုးစားပါ။ ဒါမှာသာ သင့်ရဲ့ ကလေးမွေးပြီးနောက် လိင်မှုဘဝဟာ ပြန်လည် သာယာလာမှာပါ။ကလေးမွေးထားတဲ့ အမေတွေက ပင်ပန်းနွမ်းနယ်မှုကြောင့် လိင်ဆက်ဆံဖို့ စိတ်မပါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် စစချင်းမှာ ကလေးငယ်ဟာ အမြဲ နှစ်နာရီ၊  သုံးနာရီခြားတစ်ခါ နို့စို့ဖို့ နိုးထနိုင်ပါတယ်။ ဒီလိုပုံစံမျိုး လပေါင်းများစွာ ရှိနိုင်ပါတယ်။ ၃၀%သော ကလေးတွေဟာ အသက်ကိုးလအထိ ညမအိပ်တတ်ကြပါဘူးလို့ National Sleep Foundationကပြောပါတယ်။သင်ဟာ စိတ်ရောကိုယ်ပါ ကလေးကို ပြုစုစောင့်ရှောက်နေရလို့ သင့်အမျိုးသားနဲ့ ဆက်ဆံရေး ပြတ်တောက်နေတာမျိုး မဖြစ်သင့်ပါဘူး။ အဲဒီလိုဖြစ်ရင်နောက်ဆုံးမှာ ပျော်ရွှင်စရာမကောင်းတဲ့ မိသားစုတစ်ခုကို ရရှိပါလိမ့်မယ်။ ဒါကြောင့် သင့်ကလေးဟာ သင့်ရဲ့ အချိန်နဲ့ အင်အားတွေကို ကုန်ခမ်းစေတယ်ဆိုရင်တောင် ကလေးအဖေကို မမေ့ပါနဲ့။ကလေးအဖေတွေဟာလည်း သူတို့အပိုင်းကို လုပ်သင့်ပါတယ်။ အမေအတော်များများဟာ ကလေးရဲ့ စောင့်ရှောက်သူနဲ့ အိမ်ကိစ္စတွေရဲ့ မန်နေဂျာ ဖြစ်နေတတ်ကြပါတယ်။ တကယ်လို့ အမျိုးသမီးမှာ အဝတ်လျှော်တာ၊ ကလေးရေချိုးပေးတာစတဲ့ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်ဆိုရင် သူဟာအာရုံပျက်ပြီးပင်ပန်းနွမ်းနယ် လာပါလိမ့်မယ်။ ဒီတော့ အမျိုးသားတွေကလည်း ကလေးထိန်းတာ၊ အိမ်မှုကိစ္စတွေမှာ ပါဝင်ကူညီသင့်ပါတယ်။ရေးသားသူ− Dr Phyu Mon Latt။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/mental-health-mothercare/how-to-regain-sexual-life-in-postpartum/
Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး
Baby-led weaning (BLW) ဆိုတာ ကလေးက ဦးဆောင်ပြီး အစာစားတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်ဖြည့်စွက်စာ စစားတဲ့အရွယ်မှာ ကလေးတွေကို လူကြီးက ဇွန်းနဲ့ ခွံ့ပေမယ့် BLWမှာတော့ ကလေးက ကိုယ့်ဟာကိုယ် ကိုင်စားတာ ဖြစ်ပါတယ်။ Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး တွေက အများကြီး ရှိတာကြောင့် ဖြည့်စွက်စာ မကျွေးခင်မှာ ဒါကို လေ့လာထားသင့်ပါတယ်။Baby-led weaning ဆိုတာ ကလေးကို ကိုယ့်အားကိုယ်ကိုးပြီး စားစေတဲ့ သဘောပါပဲ။ စားပွဲမှာထိုင် ကိုင်စား၊ ကလေးပီပီ ဖွချင်လည်းဖွ၊ ဆော့ချင်လည်းဆော့ဆိုပြီး လွတ်လပ်ခွင့်ပေးထားတဲ့ သဘောပါ။ ကလေးနဲ့ အစားအစာကို ရင်းနှီးသွားအောင် လုပ်ပေးတဲ့သဘောဆိုလည်း ဟုတ်ပါတယ်။အစားအစာတစ်ခု ကလေးပါးစပ်ထဲရောက်ဖို့ မိခင်က တိုက်ရိုက်မထည့်ပေးဘဲ ကလေးကို ဘေးကနေ ကူပေးတဲ့ သဘောပါပဲ။ မြင်သာအောင်  ပြောရရင် နိုင်ငံခြားဗီဒီယိုတွေထဲမှာ ကလေးတွေ ထိုင်ခုံမှာထိုင်ပြီး ပေပွအောင် စားသောက်နေတာ မြင်ဖူးမှာပါ။ အဲ့တာ Baby-led weaning နဲ့ ကျွေးနေတာ ဖြစ်ပါတယ်။BLWကို အများစုက ၆လမှာ စကျွေးကြပေမယ့် တချို့ကလည်း ကလေးရဲ့ ဖွံ့ဖြိုးမှုပေါ် လိုက်ပြီး ၄လလောက်နဲ့ ကျွေးကြတာ ရှိပါတယ်။ တချို့ကျတော့လည်း ၈လလောက်မှ စကျွေးကြတာ ရှိပါတယ်။အသက်ထက်စာရင် ကလေးရဲ့ ဖွံ့ဖြိုးမှုက ပိုပြီး အရေးကြီးပါတယ်။ BLWနဲ့ ကျွေးမယ်ဆိုရင် ကလေးက။ဒါတွေ လုပ်တတ်ပြီဆိုမှပဲ Baby-led weaning ကို စသင့်ပါတယ်။ဖြည့်စွက်စာစကျွေးစမှာတော့ တစ်ကြိမ်ကို အစားအစာ တစ်မျိုးလောက်ပဲ စတင်မိတ်ဆက်ပေးဖို့ အကြံပြုထားကြပါတယ်။ BLW စကျွေးတဲ့အခါ ကလေးကိုင်ရလွယ်၊ စားရမျိုချရလွယ်တာလေးတွေ စပြီး မိတ်ဆက်ပေးတတ်ပါတယ်။Finger foodsလေးတွေပေါ့။ဥပမာ သစ်သီးလေးတွေကို လှီးပေးတာ၊ အသီးအရွက်လေးတွေ ပေါင်းပေးတာ၊ အသားချောင်းလေးတွေ၊ အာလူးပြုတ်အချောင်းလေးတွေ ကျွေးနိုင်ပါတယ်။ နောက်ပိုင်းမှာ ကလေးက ပစ္စည်းသေးသေးလေးတွေ ကိုင်နိုင်ရင်တော့ ခေါက်ဆွဲတို့၊ ကြာဆန်တို့လို အမျှင်တွေလည်း ကျွေးလို့ ရပါတယ်။ထမင်းကြီးစားချိန်မှာရော၊သွားရေစာစားတဲ့အချိန်မှာရော Baby-led weaning နဲ့ ကျွေးလို့ ရပါတယ်။Baby-led weaning က ဒီနှစ်ပိုင်းတွေမှာ ခေတ်စားလာတဲ့ ဖြည့်စွက်စာကျွေးနည်းတစ်ခုပါ။ Baby-led weaning ရဲ့ ကောင်းကျိုးဆိုးကျိုး နဲ့ ပတ်သက်ပြီး မိဘတွေမှာ အမြင်အမျိုးမျိုး ရှိနေပါတယ်။ကောင်းကျိုးအနေနဲ့ ပြောရမယ်ဆိုရင်။လူကြီးစားဖို့ ချက်ပြုတ်ဖို့ ဖယ်ထားတဲ့ အသားငါး အသီးအရွက်တွေကို အသုံးပြုပြီး ကလေးအတွက် ပြင်ပေးလို့ ရပါတယ်။ ကလေးက သူ့ဟာသူ စားနေတဲ့အတွက် ကိုယ်က ဘေးကနေ မသီးအောင် ကြည့်ပေးနေရုံပါပဲ။ ဒီတော့ လူကြီးအတွက် အချိန်ကုန်သက်သာပါတယ်။ ငယ်ငယ်တုန်းကလို လက်တစ်ညောင်း ထမင်းလိုက်ခွံ့စရာ မလိုတော့ဘူးပေါ့။ဒီလို BLWနဲ့ စားလေ့ရှိတဲ့ ကလေးတွေက နောက်ပိုင်းမှာ လူကြီးတွေနဲ့ တစ်ဝိုင်းထဲ သက်သောင့်သက်သာ စားနိုင်တာ၊ အပြင်သွားရင်လည်း အေးအေးဆေးဆေး ခုံမှာ ထိုင်စားနိုင်တာကို တွေ့ရပါတယ်။ကလေးကို Baby-led weaning နဲ့ ကျွေးထားတဲ့အချိန်မှာ မေမေကလည်း သူနဲ့ အတူတူ ထမင်းစားလို့ ရပါတယ်။ ထမင်းစားရင်းနဲ့ သူဒီနေ့ စားတဲ့ ဟင်းတွေအကြောင်းပြောပြတာ၊ သူနဲ့ အဖော်လုပ်ပြီး ထမင်းစားပေးတာကကလေးရဲ့ ပြောဆိုဆက်ဆံရေးကို ကောင်းစေပါတယ်။အစားအစာလေးတွေနဲ့ ဆော့လိုက်၊ စကားပြောလိုက် လုပ်တာကြောင့် ထမင်းစားချိန်ကို ကြောက်စရာလို့ မတွေးမိတော့ပါဘူး။ကလေးက သူ့ဟာသူ ကိုင်စားရတဲ့အတွက် မတူညီတဲ့ အထိအတွေ့ အပျော့အမာ၊ အရောင်၊ အရသာတွေကို ခံစားတတ်လာပါတယ်။ သူစိတ်ဝင်စားတဲ့ အစားအစာလေးတွေကို ယူပြီး ပါးစပ်ထဲ ထည့်မြည်းတတ်လာပါတယ်။ ဒါက သူရဲ့ ခံစားမှုအာရုံကို ကောင်းစေသလို နောက်ပိုင်းမှာအစားကြေးများတာကိုလည်း နည်းစေပါတယ်။ကလေးက စားရင်း၊ စားရင်းနဲ့ ဘယ်အစားအစာကိုတော့ သူကြိုက်တယ်၊ ဘယ်ဟာကိုတော့ သူမကြိုက်ဘူးဆိုတာကို ခွဲခြားသိလာပါတယ်။ ပိုကောင်းတဲ့အချက်က ဘယ်အချိန်မှာ ဗိုက်ပြည့်ပြီး ဘယ်အချိန်မှာ ဗိုက်ဆာတယ်ဆိုတာကို နားလည်လာတာပဲ ဖြစ်ပါတယ်။ဗိုက်ဆာရင် မေမေ့ကို ထမင်းတောင်းရမယ်၊ ဗိုက်ပြည့်ရင် စားတာကို ရပ်လိုက်ရမယ်ဆိုတာကို နားလည်ထားတာက နောက်ပိုင်းမှာအဝမလွန်အောင်သူ့ကိုယ်သူ ထိန်းတတ်စေပါတယ်။အစာကို လက်ဖဝါးကြီးနဲ့ ကောက်ယူမယ်၊ လက်ကို ပါးစပ်ထဲထည့်မယ်၊ ဝါးမယ်၊ မျိုချမယ် စတဲ့ အဆင့်တွေ အားလုံးမှာ ကြွက်သားနဲ့ အာရုံကြောစနစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကလေးကို သူ့ဟာသူ အစာစားစေတာက ဒီကြွက်သားတွေကို လေ့ကျင့်ပြီး ဖြစ်သွားပါတယ်။နောက်ပိုင်းမှာ fine  motor movementလို့ ခေါ်တဲ့ ထမင်းစေ့လေးတွေ လက်ချောင်းလေးတွေနဲ့ ကောက်တာ၊ ရေဗူးအဖုံးဖွင့်တာ စတာတွေမှာပါ သန်မာလာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ တူတွေ၊ ဇွန်းတွေကို အခက်အခဲမရှိ ကိုင်တွယ်လာနိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ ပြောရမယ်ဆိုရင်။သိတဲ့အတိုင်းပဲ ကလေးက  အစားအစာနဲ့ ဆော့စား စားတာဆိုတော့ စစချင်းမှာ စားတာနည်းနည်း ဆော့တာများများပါ။ ဒီတော့ ထမင်းတစ်ခါကျွေးပြီးရင် ကလေးကိုရော၊ ထမင်းစားခုံကိုရော သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ကလေးက အစာကို ကြေညက်အောင် မဝါးနိုင်၊ မမျိုနိုင်သေးရင်အစာနင်တာ၊ သီးတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးကို သူစားနိုင်တဲ့ အရွယ်ပဲ လှီးဖြတ်ပေးရမှာ ဖြစ်သလို၊ ကလေးထမင်းစားချိန်မှာ ဘေးကနေ စောင့်ကြည့်နေဖို့ လိုပါတယ်။စစချင်း ကျွေးတဲ့အခါ ကလေးက ကောင်းကောင်းမစားတတ်တာကြောင့် ကလေးက တစ်နေ့တာလိုအပ်တဲ့ အာဟာရမရတာ၊ BLW စတဲ့ လတွေမှာ ပေါင်ချိန်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးစားတဲ့ ပမာဏကို သေချာစောင့်ကြည့်နေဖို့ လိုပါတယ်။ဒါကြောင့် တချို့မေမေတွေက ဖြည့်စွက်စာ စကျွေးစအရွယ်မှာ Baby-led weaning ကိုပဲ အားမကိုးဘဲ Spoon feedingနဲ့ပါ တွဲကျွေးတာ ဖြစ်ပါတယ်။ ဥပမာ တစ်ရက်ကို ၆ကြိမ် ကျွေးတယ်ဆိုရင်  Baby-led weaningကို ၂ကြိမ်၊ ၃ကြိမ်လောက် စမ်းပြီး ကျန်တဲ့ အချိန်တွေမှာ ခွံ့ကျွေးကြတာ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/pros-and-cons-of-baby-led-weaning/
ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း
ကာဗွန်မိုနောက်ဆိုက် (Carbon monoxide ) ဆိုတာဘာလဲ။ကာဗွန်မိုနောက်ဆိုက် (Carbon monoxide )ဟာ အနံ့ရော အရသာပါမရှိတဲ့ အဆိပ်ရှိတဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ပမာဏ အများကြီး ရှူသွင်းမိခြင်းဟာ အန္တရာယ် ရှိပါတယ်။ ကာဗွန်မိုနောက်ဆိုက် ကို ရှူသွင်းလိုက်ရင် သူဟာ သွေးထဲဝင်သွားပြီး ဟီမိုဂလိုဘင် နဲ့ ပေါင်းကာ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားပါတယ်။ ဟီမိုဂလိုဘင် ဟာ အောက်ဆီဂျင်ကို ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဆီဟီမိုကလိုဘင် (Carboxyhemoglobin) ဖြစ်သွားရင် အောက်ဆီဂျင် သယ်နိုင်စွမ်းတွေ လျော့နည်းလာပါတယ်။ အောက်ဆီဂျင် မလုံလောက်မှုဟာ ဆဲလ်တွေကို ပျက်စီးစေပြီး သေစေနိုင်ပါတယ်။ကာဗွန်မိုနောက်ဆိုက် (Carbon monoxide ) ဘယ်က လာသလဲ။လောင်စာတွေ မီးလောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုက် ပါဝင်တဲ့ အခိုးအငွေ့တွေ ထွက်လာပါတယ်။ ကာဗွန်မိုနောက်ဆိုက် အိမ်အတွင်းမှာ ပိတ်မိခြင်းဟာ လူတွေနဲ့ တိရိစ္ဆာန်တွေအတွက် အန္တရာယ်ရှိပါတယ်။ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်နေပြီဆိုတာ ဘယ်လိုသိမလဲ။ကာဗွန်မိုနောက်ဆိုက် ပမာဏအနည်းငယ်နဲ့ ထိတွေ့ခြင်းဟာ မြင်ရလောက်တဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ မပြင်းထန်တဲ့ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းဟာ ခေါင်းကိုက်တာလောက်ပဲ ဖြစ်စေတတ်ပါတယ်။ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အားနည်းခြင်း၊ ဗိုက်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်းနဲ့ စိတ်ရှုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက် ပမာဏ အများကြီး ရှူမိတယ်ဆိုရင် ဒါဟာ သင့်ကို ဒုက္ခရောက်စေပြီး သေစေနိုင်ပါတယ်။ အိပ်နေစဉ် (သို့) အရက်မူးနေတဲ့သူတွေမှာ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းဟာ အခြားလက္ခဏာတွေ သတိမထားနိုင်ခင်မှာပဲ သေစေနိုင်ပါတယ်။ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းကို ဘယ်လိုကာကွယ်ရမလဲ။• ကာဗွန်မိုနောက်ဆိုက် ကို ရှာဖွေတဲ့ စက်ကိရိယာကို အိမ်မှာ တပ်ဆင်ထားပြီး ဘက်ထရီကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ အန္တရာယ်ရှိရင် သင့်ကို နှိုးနိုင်တဲ့ နေရာမျိုးမှာ ထားသင့်ပါတယ် (ဥပမာ အခန်းအပြင်ဘက်)။ စက်အသစ်ကို ငါးနှစ်တစ်ခါ အသုံးပြုသင့်ပါတယ်။• လောင်စာ လောင်ကျွမ်းစေနိုင်တဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ကျွမ်းကျင် ပညာရှုင်နဲ့ နှစ်စဉ် စစ်ဆေးသင့်ပါတယ်။• အိမ်ထဲမှာ သယ်ယူသွားနိုင်တဲ့ မီးမတောက်တဲ့ ဓါတု အပူပေးစက်တွေ အသုံးမပြုသင့်ပါဘူး။• ရေခဲသေတ္တာက တစ်စုံတစ်ခု စိမ့်ထွက်နေတဲ့ အနံ့ရရင် ကျွမ်းကျင်သူကို ခေါ်သင့်ပါတယ်။ ရေခဲသေတ္တာက ကာဗွန်မိုနောက်ဆိုက် စိမ့်ထွက်နေတာ ဖြစ်နိုင်ပါတယ်။• ဂက်စ် ကိရိယာ တစ်ခုခုဝယ်တော့မယ်ဆိုရင် လုံခြုံမှု ရှိရဲ့လားဆိုတာ အညွှန်းကို သေချာဖတ်ပါ။• ဂက်စ် ကိရိယာ ပစ္စည်းတွေကို အသုံးမပြုခင် ကျွမ်းကျင်သူတွေကို အရင် ပြသသင့်ပါတယ်။• အိမ်မှာ မီးခိုးခေါင်းတိုင် ရှိတယ်ဆိုရင် ကာဗွန်မိုနောက်ဆိုက် ပိတ်မိနေခြင်းကို ကာကွယ်ဖို့ နှစ်တိုင်း စစ်ဆေးပြီး သန့်ရှင်းရေး ပြုလုပ်ပါ။• လေဝင်ပိုက် ပေါက်နေရင် ကျွမ်းကျင်သူနဲ့ ပြင်ဆင်ပါ။ အိမ်မှာ ကာဗွန်မိုနောက်ဆိုက် စုပြုံခြင်း မဖြစ်ရအောင် ကပ်တဲ့တိပ် တစ်ခုခုကို အသုံးပြုပြီး မဖာပါနဲ့။• ဂက်စ်မီးဖိုတွေကို အပူရဖို့ရည်ရွယ်ချက်နဲ့ အသုံးမပြုပါနဲ့။• အိမ်အတွင်းမှာ မီးသွေးတစ်မျိုးမျိုးကို မလောင် ကျွမ်းပါစေနဲ့။ မီးသွေးဟာ ကာဗွန်မိုနောက်ဆိုက် ပမာဏ အများကြီးကို ထုတ်လွှတ်ပေးပါတယ်။• သယ်ဆောင်နိုင်တဲ့ ဂက်စ် မီးဖိုတွေကို အိမ်တွင်းမှာ အသုံးမပြုသင့်ပါဘူး။• ပြတင်းပေါက်၊ တံခါး၊ လေဝင်ပေါက်ကနေပြီး ၆ မီတာထက်နည်းပြီး (သို့) အိမ်အတွင်း မီးစက်တွေကို အသုံးမပြုသင့်ပါဘူး။• ကားပြင်တဲ့သူကို ကား အိတ်ဇောစနစ် အလုပ်ပုံမှန်လုပ်ပြီး ယိုစိမ့်မှုမရှိတာ သေချာအောင် စစ်ဆေးစေပါ။• ကားကို အလုံပိတ်နေရာတစ်ခုမှာ စက်မနှိုးပါနဲ့။ ကားစက် မနှိုးခင် လေကောင်းလေသန့်ရတဲ့ နေရာမှာ ပြုလုပ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/co-poisioning/
စိတ်ဖိစီးမှုကိုမွေးထားမယ်ဆိုရင် ဒါတွေပေါက်ဖွားလာပါလိမ့်မယ်
ဘာတွေပဲဖြစ်လာလာ သေလောက်တဲ့ကိစ္စမဟုတ်ဘူး၊ ပိုတောင်ကြံ့ခိုင်လာသေးတယ်” လို့ စိတ်ဖိစီးစရာတစ်ခုခုကြုံနေရတိုင်း။ပြောတတ်ကြတယ်။ အခက်အခဲကိုကျော်လွှားနိုင်ဖို့ ကိုယ့်စိတ်ကိုယ်ဖြေသိမ့်တဲ့နည်းပေါ့လေ။ ဒါပေမယ့် ဒီလိုဖိစီးမှုတွေက တာရှည်လာပြီဆိုရင်တော့ အဲဒီစကားမမှန်နိုင်တော့ပါဘူး။အစာအိမ်အနာဖြစ်ရတာတွေဟာ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ အရင်ဆုံးပတ်သက်လာတဲ့ရောဂါပါပဲ။ သုတေသီတွေ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ရလဒ်တွေအရ စိတ်ဖိစီးမှုတာရှည်ခံစားရခြင်းက ရောဂါတွေ ကျန်းမာရေးပြဿနာတွေအတော်များများနဲ့ ဆက်နွှယ်နေတယ်လို့တွေ့နေရပါတယ်။ အဲဒီထဲမှာ –။စိတ်ဖိစီးမှုခံစားနေရတဲ့အခါ ခန္ဓါကိုယ်ရဲ့တုံ့ပြန်မှုကို သိပ္ပံပညာအရလေ့လာမှုရလဒ်တွေက ဒီနှစ်တွေမှာ တိုးတက်လာခဲ့ပေမယ့် ဖြစ်လာနိုင်တဲ့အပြောင်းအလဲတွေအကြောင်းကတော့ ရှုပ်ထွေးနေဆဲဖြစ်ပြီး နားလည်အတည်ပြုနိုင်ဖို့ခက်ခဲပါတယ်တဲ့။ဒါဆို ဒီအန္တရာယ်တွေဖြစ်မလာအောင်ဘယ်လိုအဆင်ပြေအောင်နေထိုင်မလဲ နည်းနည်းအကြံပေးချင်ပါတယ်။ ဥပမာ အလုပ်ခွင်မှာ ကွန်ပျူတာရှေ့ထိုင်ရင်း တာဝန်တွေပိ၊ ဖိအားပေးခံနေရချိန် အလုပ်အချိန်မမီရင် ဘယ်လိုလုပ်ရမလဲ၊ စိတ်ညစ်လိုက်တာ စသဖြင့်။တွေးပြီးညစ်နေရင် အိုင်ဒီယာကောင်းကောင်း၊ လုပ်ဆောင်ချက်ကောင်းကောင်းဘယ်ရနိုင်ပါ့မလဲ။ လုပ်ဆောင်နိုင်စွမ်းပိုကောင်းလာမှ။အခက်အခဲတွေကို ကျော်ဖို့ စိတ်ကူးကောင်းရမယ်လေ။ဖိစီးနေတဲ့စိတ်ကိုဖြေလျှော့ဖို့ ခဏတော့အချိန်ပေးရပါမယ်။ အရင်ဆုံး အသက်ကိုပြင်းပြင်းရှူပါ။ လမ်းလျှောက်ထွက်ပါ(ရုံးမှာ break time မရနိုင်ရင် ကိုယ့်အလုပ်နေရာမှာပဲ ပြတင်းပေါက်နား၊ ဝရံတာနားခဏ ဟိုလျှောက်ဒီလျှောက်လုပ်ပေါ့)။ ကိုယ့်အတွက်အရေးကြီးဆုံးအရာတွေ၊ ရည်ရွယ်ထားတာတွေကို ကိုယ့်ကိုယ်ကိုသတိပေးတဲ့အနေနဲ့ ပြန်ရေရွတ်ပါ။ကဲ ဘာကိုမဆို ရင်ဆိုင်လိုက်ပါ။ ဘာပဲဖြစ်ဖြစ်ကျော်ဖြတ်ရမှာမဟုတ်လား။ လူတိုင်းမှာ ဖိစီးမှုရှိကြသလို ဘယ်သူကမှလည်းကိုယ့်အစားခံပေးနိုင်မှာမဟုတ်ပါဘူး။ မဖြစ်လာသေးတာတွေကို ခေါင်းထဲမှာတွေးပူ ခံစားနေရင် ရောဂါတိုးတာပဲအဖတ်တင်မှာပါ။ ကိုယ့်ကိုယ်ကိုသနားနေတာနဲ့ပဲ ရမယ့်အခွင့်အရေးတွေကို လက်မလွှတ်သင့်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့သာ ဖြစ်အောင်ကျော်လွှားပါ။စိတ်ဖိစီးရတဲ့နေ့ဆိုတာ တကယ်တော့ ပြဿဒါးမဟုတ်ပါဘူး။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ပါဝါတွေကို တည်ဆောက်တဲ့နေ့ပါတဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%91%e1%80%ac%e1%80%b8%e1%80%99/
တင်းတိတ်ပျောက်မယ့် ပေါင်းတင်နည်း သင်သိပြီးပြီလား
အသားအရောင်မညီဖြစ်စေတဲ့တင်းတိတ်တွေကနဖူး၊ ပါး၊မေးစေ့တို့လို မျက်နှာပေါ်မှာတင်မကဘဲ လည်ပင်းမှာတောင်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဟော်မုန်းတွေပိုများရင် melanin ပိုထွက်တာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။မျက်နှာလေးလှပါလျက်နဲ့ တင်းတိတ်တွေကြောင့်အသားမညီရင်တော်တော်စိတ်ညစ်ရမှာပါ။ ကြာရှည်နေလောင်တာရယ်၊ မျိုးဗီဇပြဿနာရယ်၊အမျိုးသမီးဟော်မုန်းတွေမူမမှန်တာရယ်ကြောင့်ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်းဖြစ်လာတတ်တဲ့ပြဿနာပါ။ အရေပြားအလှအပကုထုံးတွေမှာတော့ဆေးဝါးမျိုးစုံနဲ့ ကုသကြပေမယ့် အကုန်အကျနည်းပြီးဘေးကင်းတဲ့ အိမ်သုံးနည်းလမ်းလေးတစ်ခု အကြံပေးချင်ပါတယ်။ ချက်ချင်းတော့မပျောက်နိုင်ပေမယ့် လွယ်ကူသက်သာတဲ့နည်းနဲ့လျော့ပါးသွားစေမယ်ဆို ပျိုမေတို့ ဝမ်းသာကြမှာပါ။အဲဒါကတော့ ငှက်ပျောသီးရယ်၊ ဒိန်ချဉ်ရယ်၊ သံပရာသီးရယ် ပါတဲ့ပေါင်းတင်နည်းဖြစ်ပါတယ်။ငှက်ပျောခွံနဲ့ ကပ်တာကတောင် မှဲ့ခြောက်၊တင်းတိတ်တွေ အကုန်လျော့ပါးသက်သာစေနိုင်တယ်လို့ပြောကြတယ်။ အခုလို အာဟာရဓါတ်အပြည့်ပါတဲ့ အသီးအနှံနဲ့နို့ထွက်ပစ္စည်းရောသုံးတာကတော့ တင်းတိတ်အတွက် မတွေးတောင် အသားလှစေမှာသေချာပါတယ်။ဥုံဖွ ဆိုပြီးချက်ချင်းပျောက်မယ့်နည်းမဟုတ်ပါဘူးနော်။ မကြာမကြာလုပ်ပေးရင်းနဲ့ လအနည်းငယ်ကြာတဲ့အခါ သိသိသာပါးသွားတာတွေ့ရပါလိမ့်မယ်။သဘာဝပစ္စည်းနဲ့ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပေမယ့် တင်းတိတ်နဲ့အရေပြားပြဿနာတွေ အတွက်က သက်ဆိုင်ရာဆရာဝန်ကိုပြသပြီးဆွေးနွေးအကြံပြုချက်ယူတာအကောင်းဆုံးပါ။ ပျိုမေတို့တွေ အနာအဆာကင်းတဲ့လှပခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%b1%e1%80%95%e1%80%ab%e1%80%84/
စိတ်ဓာတ်ကျနေတာက ဆောင်းရာသီကြောင့်များလား
ရာသီဥတု အခြေအနေပေါ်မှာ မူတည်ပြီး စိတ်အခြေအနေ ပြောင်းလဲနိုင်ပါတယ်။ ဒီအခြေအနေကို ရာသီဥတု အခြေအနေကြောင့် ဖြစ်တဲ့ စိတ်အခြေအနေ ပြောင်းလဲမှုလို့ ခေါ်ပါတယ်။ ဒါကို ရာသီဥတု ပြောင်းလဲမှု ဖြစ်တဲ့ အချိန်တိုင်းမှာ ခံစားရနိုင် ပါတယ်။ဆောင်းတွင်းဝင်စမှာ ခံစားရနိုင်သလို ဆောင်းကုန်ခါနီး မှာလည်း ခံစားရနိုင် ပါတယ်။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ ဆိုတော့ အအေး ပိုကဲလာပြီးနေရောင်ကို ထိတွေ့ရချိန် နည်းသွားတာကြောင့် ဖြစ်နိုင်ပါတယ်။လူအများစုက ရာသီဥတု အေးတဲ့အချိန်မှာ ချမ်းအေးမှုနဲ့ နေရောင် နွေးနွေးနဲ့ ထိတွေ့ခွင့်ရတာ နည်းတာကြောင့် လူက စိတ်ဓာတ်ကျနိုင်ပါတယ်။ စိတ်ဓာတ်ကျ ရောဂါအခံ ရှိသူတွေက ဒီအချိန်မှာ ပိုပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။ ရာသီဥတု အေးတာက လူကို ပျင်းရိစေပြီး စိတ်ခံစားမှုကို ထိုင်းမှိုင်းစေတာတော့ အမှန်ပါ။အအေးဒဏ် ပိုခံရလေလေ ရာသီဥတုကြောင့် စိတ်ဓာတ်ကျမှု ဝေဒနာကို ပိုခံစားရနိုင်လေလေပါ။ပြဿနာသိရင် အဖြေ ရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆောင်းအေးတာကြောင့် စိတ်ဓာတ်ကျနေရင် အခု ပြောမယ့် နည်းလေးတွေကို လက်တွေ့ အသုံးချပြီး တွန်းလှန်လိုက်ပါ။ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ မနက်ခင်းအပြေးလေ့ကျင့်တာမျိုး၊ အေရိုးဗစ် ဆော့တာမျိုးက အထောက်အကူဖြစ်မှာ အသေအချာပါ။ ကိုယ်လုပ်နိုင်မယ့် လေ့ကျင့်ခန်း တစ်ခုခုကို ပုံမှန် လုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/ways-to-beat-the-winter-blues/
ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့
ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သလား။ ဒါဆို ငယ်ရွယ်စဉ်ကတည်းကကျန်းမာရေးကို စောင့်ရှောက်ပါ။ဆယ်ကျော်သက်မှာ ကျန်းမာစွာ နေထိုင်ခြင်းက ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ဒီတော့ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် အရွယ်မှာ မွေးမြူသင့်တဲ့အလေ့အထကောင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်လား။ကျန်းမာစေဖို့ ဆယ်ကျော်သက်မှာ အခုလို အလေ့အထတွေ မွေးမြူပေးပါ။အိပ်ရေးဝအောင် အိပ်တာကစိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျန်းမာစေဖို့ တစ်ညကို ၈ နာရီခွဲကနေ ၉ နာရီအထိ အိပ်ပေးဖို့ လိုပါမယ်။အိပ်စက်နေစဉ်အတွင်းမှာကြီးထွားမှုဟော်မုန်းတွေက အကောင်းဆုံး အနေအထားကို ရောက်ရှိတာပါ။ ပြည့်ဝတဲ့အိပ်စက်မှုရှိမှ ကလေးက အကောင်းဆုံး ကြီးထွား ဖွံ့ဖြိုးမှာပါ။ ဒါကြောင့် ညတိုင်းကို အိပ်ရာ စောစောဝင်လို့ အနည်းဆုံး ၈ နာရီခွဲရှိအောင် အိပ်စက်ပေးပါ။ကြီးထွားမှု နဲ့ ကျန်းမာစေဖို့အတွက် အာဟာရပြည့်ဝမှုက တော်တော်လေး အရေးပါပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ စာသုံးမှုမှာပရိုတင်းကစလို့ ကယ်လ်ဆီယမ်၊ ​ဗီတာမင် A၊ B၊ C၊ E မကျန်စားပေးပါ။ သံဓာတ် နဲ့ ဇင့်ကိုလည်း ချန်မထားခဲ့ပါနဲ့။ဒီအာဟာရတွေကို ပြည့်ဝအောင် စားသုံးမှ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ရောဂါကင်းမှာပါ။ ဒါကြောင့် အဆီမပါတဲ့ အသား၊ ငါး၊ အသီးအရွက်၊ ဥအမျိုးမျိုး၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို စားပေးပါ။ အချိုများတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ။ ဖြစ်နိုင်ရင် ရှောင်ပါ။ဆယ်ကျော်သက်အရွယ်မှာ အာဟာရပြည့်ဝအောင် စားသုံးမှုနဲ့အတူ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဖို့လည်း လိုပါမယ်။ ဒါမှအဝလွန်တာမျိုး၊ ရှိသင့်တဲ့အရပ်အမြင့်မရှိတာ၊ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် နည်းတာမျိုး မဖြစ်မှာပါ။ဒါကြောင့် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ် လမ်းလျှောက်တာ၊ ရေကူးတာ၊ယောဂလေ့ကျင့်ခန်း၊ စက်ဘီးစီးတာ၊ Gym ဆော့တာမျိုး လုပ်ပေးပါ။ ဒါတွေက အဝလွန်တာကို ကာကွယ်ရာရောက်သလို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။မနက်စာက ကျန်းမာရေးအတွက်ရော တစ်နေ့တာမှာ အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့ပါ အရေးပါ ပါတယ်။ မနက်စာ အလွတ်ခံတာက ကြီးထွားဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ဒါကြောင့် ကျန်းမာပြီး ကြီးထွားဖို့ အရှိန်ယူနေချိန်မှာ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ မနက်စာကို သေချာလေး မှန်မှန်စားစားပေးပါ။အချိုရည်က အရသာ ကောင်းပေမယ့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ အချိုများတာက အဝလွန်တာ၊ အာရုံစူးစိုက်ရခက်တာ အပြင် အမျိုးအစား(၂) ဆီးချို ခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အချိုရည် အစား ရေ ဒါမှမဟုတ် သဘာဝ သစ်သီးစစ်စစ်ကို ဖျော်ထားတဲ့အသီးဖျော်ရည်ကိုပဲ သောက်ပါ။အခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာမယ်ဆေးလိပ်နဲ့ မူးယစ်စေတတ်တဲ့အရာတွေကို ရှောင်မယ်ဆိုရင် ကျန်းမာဖျတ်လတ်တဲ့ ဆယ်ကျော်သက် တစ်ယော်ကအဖြစ် ကြီးပြင်းလာမှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/ways-to-help-grow-a-healthy-teen/
တစ်ချိန်လုံး အိပ်ငိုက်နေသူလေးတွေရှိလား.........
မနက်အိပ်ရာထချိန်ကနေစလို့ ညအိပ်ရာဝင်ခါနီးအထိ လန်းဆန်းမှုမရှိဘဲ တစ်ချိန်လုံး လိုလို အိပ်ချင်လိုက်တာ ခေါင်းမကြည်ဘူးဆိုပြီးခံစားနေရသူလေးတွေရှိလား။ ဒါဆိုရင် သင့်ကို တစ်ချိန်လုံးအိပ်ငိုက်တယ်လို့ ခံစားရစေတဲ့ အချက်က ဘာများလဲ တူတူကြည့်ရအောင်လား…..။တစ်ချိန်လုံး အိပ်ငိုက်နေတယ်လို့ ခံစားနေရတာက။သန့်စင်ထားတဲ့ကာဗိုဟိုက်ဒရိတ်တွေအများကြီးစားမိတာ။ကာဗိုဟိုက်ဒရိတ်ကခန္ဓာကိုယ်ကို မြန်မြန်အားပြည့်စေတယ်ဆိုတာကတော့ အမှန်ပါ။ ဒါပေမယ့် စားပြီးချိန်မှာ ခန္ဓာကိုယ်က သကြားဓာတ်အဖြစ်ဖြိုခွဲလိုက်ပါတယ်။ဒါမှ လှုပ်ရှားမှုတိုင်းအတွက် အားပြည့်နေစေမှာပါ။ အားဖြစ်တာထက် ကျော်လွန်အောင် စားမိပြီဆိုရင်တော့ ထိုင်းမှိုင်းသလို ခံစားလာရပါလိမ့်မယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အများကြီးစားမိတာက တစ်နေ့တာလုံးမှာ ပင်ပန်းပြီး အိပ်ငိုက်တယ်လို့ ခံစားရစေနိုင်ပါတယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကသွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲဖြစ်စေပြီး အိပ်ငိုက်တာမျိုးခံစားရစေနိုင်ပါတယ်။အထိုင်များတာ။လှုပ်ရှားမှုနည်းပြီး အထိုင်များတာက ကိုယ်တွင်းမှာ အားမရှိသလို ပင်ပန်းသလို ခံစားရစေပြီး သင့်ကို အိပ်ငိုက်လာရစေတဲ့ အချက်တစ်ခုပါ။ မကြာသေးခင်က လေ့လာမှုတွေအရ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သတ်လတ်ပိုင်းတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ တစ်နေ့တာလုံးမှာ အိပ်ငိုက်တယ်လို့ ခံစားရနိုင်ခြေများတယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။တစ်နေ့တာလုံးဘာမှကို မလုပ်နိုင်ဘူး အိပ်ငိုက်တာပဲသိတယ်ဆိုရင်တော့ အထိုင်များနေတာလား ဆန်းစစ်ပါ။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။အိပ်ရေးမဝတာ။အိပ်ရေးမဝတာက သင့်ကို တစ်ချိန်လုံးအိပ်ငိုက်စေတဲ့ အချက်တစ်ခုပါ။ အကြောင်းကတော့ အိပ်နေချိန်မှာ ခန္ဓာကိုယ်က စွမ်းအင်တွေကိုပြန်လည်ပြည့်ဖြိုးအောင်လုပ်ဆောင်ပေးပြီး မှတ်ဉာဏ်တွေကို သိမ်းဆည်းတည်ဆောက်တာနဲ့ဟော်မုန်းထုတ်လွှတ်မှုတွေကို ထိန်းညှိတာမျိုးတွေကို လုပ်ဆောင်ပါတယ်။ ဒါကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှ တစ်နေ့တာမှာ အိပ်ငိုက်မှုကင်းပြီး လန်းဆန်းတက်ကြွနေမှာပါ။အစားအသောက်တုံ့ပြန်မှုများလွန်းတာ။နေ့စဉ်စားသုံးမှုမှာ ပရိုတင်း မလုံလောက်တာကလည်း အားမရှိသလို ခံစားရတာ၊ တစ်ချိန်လုံး အိပ်ငိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စားသုံးမှုမှာ ပရိုတင်းကြွယ်ဝတဲ့ ငါး၊ အသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးပါ။ရေဓာတ်မလုံလောက်တာ။ရေဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့ရော လန်းဆန်းတက်ကြွစေဖို့ပါ အားဖြည့်ပေးထားပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အိပ်ငိုက်မှုကင်းပြီး လန်းဆန်းတက်ကြွ နေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝလုံလောက်ဖို့လိုပါမယ်။ချွေးထွက်သွားတိုင်း၊ ဆီးသွားပြီးတိုင်းနဲ့ ရေဓာတ်ဆုံးရှုံးစေမယ့် လှုပ်ရှားမှုတစ်ခုခုလုပ်ပြီးတိုင်း ရေပြန်သောက်ပေးပါ။အားဖြည့်အချိုရည်အလွန်အကျွံသောက်တာ။အိပ်ငိုက်တယ်၊ ပင်ပန်းတယ်ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အားဖြည့်အချိုရည်ကို တရစပ်သောက်သုံးမိမယ်ဆိုရင်လည်း အိပ်ငိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အားဖြည့်အချိုရည်တွေမှာ။စိတ်ဖိစီးမှုများတာ။စိတ်ဖိစီးမှုကသင့်ရဲ့ အိပ်စက်မှုကိုရော နေ့စဉ်ဘဝကိုပါ ထိခိုက်စေနိုင်တာပါ။ ဒါကြောင့် နေ့စဉ်တရားထိုင်တာ၊ယောဂလေ့ကျင့်တာမျိုးလုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျော့ပေးပါ။ စိတ်ဖိစီးမှုကင်းတာက ပျော်ရွှင်စေပြီးအိပ်ရေးဝစေပါတယ်။ ဒါဆိုရင် နေ့ရက်တိုင်းမှာ အိပ်ငိုက်မှုကင်းပြီး တက်ကြွလန်းဆန်းလို့ ပျော်ရွှင်နေစေမှာပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/reasons-youre-always-tired/
နေလောင်ကာလိမ်းဆေး မလိမ်းခင် ဘာတွေ သိထားသင့်လဲ
နေရောင်ခြည်ထဲမှာပါဝင်တဲ့ UV-A နဲ့ UV-Bခရမ်းလွန်ရောင်ခြည်၂မျိုးဟာ အသားအရေကို မည်းခြောက်ပြီး ကြမ်းတမ်းစေတယ်။ အရေးအကြောင်း ထွက်လာပြီး လူကို အိုမင်းရင့်ရော်စေတယ်။ ဒါ့အပြင် တခြား အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊အရေပြားကင်ဆာတွေပါ ဖြစ်လာနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီလို ခရမ်းလွန်ရောင်ခြည်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့ နေလောင်ကာလိမ်းဆေး ကို အပြင်ထွက်တိုင်း လိမ်းပေးကြပါတယ်။နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတိုင်းလည်း နေလောင်ကာလိမ်းဆေးတွေရဲ့ တခြား ဘေးထွက်ဆိုးကျိုးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ နေလောင်ကာလိမ်းဆေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။၁။အလှကုန်ပစ္စည်း၊ အသားအရေထိန်းသိမ်းတဲ့ ဆေးတွေ အသုံးမပြုခင် ကိုယ်နဲ့ ဓာတ်တည့်၊ မတည့် အရင်ဆုံး လက်မှာ စမ်းသပ်ကြည့်ပါ။ မိနစ်အနည်းငယ်အတွင်း ယားယံပြီး အသားအရေနီရဲလာတယ်။ အဖုအပိမ့်တွေ ထလာတယ်။ အသားအရောင် ပြောင်းသွားတယ်ဆိုရင် သုံးစွဲဖို့ မသင့်ပါဘူး။ ပိုပြီးသေချာချင်ရင်တော့ ရေမစိုနိုင်တဲ့နေရာ  (ဥပမာ နားရွက်အနောက်နား)မှာ ၂၄နာရီကြာအောင် လိမ်းထားပေးပါ။၂။ ၆လ မပြည့်သေးတဲ့ ကလေးတွေကို နေရောင်ခြည်နဲ့ ပေးမထိသင့်ပါဘူး။ နေလောင်ကာခရင်မ် လိမ်းမယ်ဆိုရင်လည်း ကလေးအတွက် သီးသန့်ထုတ်ထားတာကိုပဲ လိမ်းပေးသင့်ပါတယ်။၃။ နေလောင်ကာခရင်မ်ကို တခြား အရေပြားလိမ်းဆေးတွေနဲ့ တွဲပြီး မလိမ်းသင့်ပါဘူး။ မတူညီတဲ့ ဆေး ၂မျိုး ရောလိမ်းတဲ့အခါ အာနိသင်ပြယ်သွားတာ၊ ဓာတ်မတည့်တာ၊ အရေပြား ထိခိုက်ပျက်စီးစေတာ၊ ရှိပြီးသား အရေပြားပြဿနာက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ လိမ်းဖို့ လိုအပ်တဲ့ အခြေအနေမျိုးဆိုရင် ဆေးအညွှန်းကို သေချာဖတ်ပါ။ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။၅။ ကိုယ်သွားမယ့် နေရာဒေသပေါ် မူတည်ပြီး နေလောင်ကာခရင်မ်ရဲ့ SPF ပမာဏကို ညှိသင့်ပါတယ်။ ဥပမာ – ပုံမှန်မြေပြန့်တွေမှာဆိုရင် SPF 30 ပါဝင်တဲ့ နေလောင်ကာလိမ်းဆေးလောက်နဲ့ ရပေမဲ့ တောင်ပေါ်ဒေသ၊ နေနဲ့ ထိတွေ့မှုပိုများတဲ့နေရာတွေ၊ ပူလွန်းတဲ့ အရပ်ဒေသတွေကို သွားတော့မယ်ဆိုရင် SPF 30 ထက် ပိုများပြီး ရေစိုခံတဲ့ နေလောင်ကာခရင်မ်မျိုး လိမ်းပေးသင့်ပါတယ်။၆။နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်မှုကို မဖြစ်စေဖို့ UV-A နဲ့ UV-B ၂မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ကာခရင်မ်မျိုး ဝယ်ယူအသုံးပြုပေးပါ။ လိမ်းတဲ့အခါမှာလည်း မျက်နှာ၊ လည်ပင်း၊ ဂုတ်သားအပြင် တခြားနေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကိုပါ လိမ်းပေးဖို့ လိုပါတယ်။၇။ နေပူထဲ အပြင်မထွက်ခင် မိနစ် ၃၀ခန့် ကြိုတင်ပြီး နေလောင်ကာခရင်မ် လိမ်းပေးရပါမယ်။ ချွေးအလွန်ထွက်တာမျိုး၊ရေကူးပြီးတဲ့အခါမျိုးမှာ နေလောင်ကာခရင်မ်တွေ ပျက်သွားနိုင်တဲ့အတွက် ထပ်ပြီး လိမ်းပေးဖို့ လိုပါတယ်။၈။ ခန္ဓာကိုယ် ပြင်ပအရေပြားအတွက်သာ အသုံးပြုရမှာ ဖြစ်ပြီး မျက်လုံးထဲ၊ ပါးစပ်ထဲ မဝင်စေဖို့ သေချာ ဂရုစိုက်ပေးပါ။ ကလေးငယ်လေးတွေ အလွယ်တကူ လက်လှမ်းမမီလောက်တဲ့ နေရာမှာ သိမ်းထားပါ။ ပူလွန်းတဲ့ နေရာတွေ၊ နေရောင်ခြည်အောက် တည့်တည့်မှာ ထားရင် အာနိသင်ပျက်သွားနိုင်လို့ အခန်းအပူချိန်မှာပဲ သိမ်းဆည်းပေးပါ။ သက်တမ်းကုန်ဆုံးသွားတဲ့ အလှကုန်ပစ္စည်းတွေကို လွှင့်ပစ်လိုက်ပါ။ပုံမှန်အားဖြင့် နေလောင်ကာလိမ်းဆေးကြောင့် အသားအရေအတွက် ပြဿနာ မဖြစ်စေနိုင်ပေမဲ့ ကိုယ်သုံးနေတဲ့ တံဆိပ်ကြောင့် အရေပြားပေါ်မှာဝက်ခြံ၊ အဖုအပိမ့်တွေ၊ ပူစပ်ပူလောင်၊ ယားယံတာ၊ အသားထဲက စူးတာ၊ နီရဲပြီး ယောင်လာတာ၊ အနီကွက်တွေ ထလာတာ၊ အမွေးအမျှင်ရှိတဲ့ နေရာတွေမှာ စပ်တာ၊ မွေးညှင်းပေါက်ကနေ ပြည်တွေ ထွက်လာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ သိပ်ပြီး စိုးရိမ်စရာမရှိဘဲ သေချာကုသလိုက်ရင်  သက်သာသွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ်နဲ့ သင့်တော်တဲ့ တံဆိပ်ပြောင်းသုံးပေးဖို့ လိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/facts-to-know-before-applying-sunscreen/
ချစ်ဖို့ကောင်းတဲ့ ငှက်ကလေး တွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ
ငှက်ကလေး တွေဟာ အရောင်အသွေးစုံစုံလင်လင်နဲ့ ချစ်ဖို့ကောင်းပါတယ်။ အနီးစပ်ဆုံး တွေ့နေကျကတော့ ခိုလေးတွေပေါ့။ လူတွေနဲ့ ယဉ်လို့ လူတွေကလည်း ချစ်ကြတယ်။ ခိုစာကျွေးတာတွေ၊ ခိုအိမ်လေးတွေ ဆောက်ပေးထားတာတွေ လုပ်ကြတယ်။ အန္တရာယ်မရှိတဲ့ တိရိစ္ဆာန်လေးတွေလို့ ယူဆတော့ ကလေးတွေနဲ့လည်း နီးနီးကပ်ကပ်ပေးနေထားလေ့ရှိတယ်။ဒီချစ်စရာကောင်းတဲ့ ငှက်ကလေး တွေက နေရာအနှံ့မှာ မစင်တွေ လျှောက်ပြန့်ကျဲနေတာလိုမျိုး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ အရာတွေအပြင် ကြောက်စရာကောင်းတဲ့ တခြားရောဂါဆိုးတွေလည်း ဖြစ်ပေါ်စေတယ်ဆိုတာကို သင်သိပါသလား။ အခု လူမှုကွန်ရက်မှာ လူသိများနေတဲ့ ကလေးငယ်လေးဆုံးပါးသွားရတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်မျိုးဟာ ငှက်တွေကနေ သယ်ဆောင်နိုင်တဲ့ ရောဂါဆိုးတွေအကြောင်း သေချာဂရုပြုကာကွယ်တာတွေမလုပ်ဘူးဆိုရင် ထပ်ပြီး ဖြစ်ပွားနိုင်ပါတယ်။ဒါကြောင့် ခိုအပါအဝင် ကိုယ့်အနီးအနားဝန်းကျင်မှာရှိတဲ့ ချစ်စရာကောင်းတဲ့ ငှက်ကလေးတွေကနေ ဘယ်လိုရောဂါဆိုးတွေ ကူးစက်ခံရနိုင်လဲဆိုတာကို လေ့လာပြီး ကာကွယ်ထားဖို့ လိုအပ်ပါတယ်။Cryptococcosis ဆိုတာ မှိုရောဂါတစ်မျိုးဖြစ်ပြီး ဆွေးမြေ့နေတဲ့သစ်ခေါက်တွေနဲ့ ငှက်ချေးတွေမှာ အတွေ့များပါတယ်။ ဒီ သေးငယ်ပြီး မျက်စိနဲ့ မမြင်နိုင်တဲ့ မှိုတွေကို လေထဲကနေ တစ်ဆင့်ရှူမိလိုက်တာနဲ့တင် ရောဂါ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့အဆုတ်ရောင်တာ၊ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာတွေနဲ့ အဖျားတက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ရောဂါပိုးက ဦးနှောက်ကိုရောက်သွားပြီးဦးနှောက်အမြှေးပါးရောင်စေခဲ့ရင် ခေါင်းကိုက်တာ၊ ကိုယ်ပူတာနဲ့ ဇက်ခိုင်တာတွေကို ဖြစ်စေပါတယ်။ သာမန်ကျန်းမာရေး ကောင်းနေတဲ့သူတွေဆို ဘာမှ မဖြစ်ပေမယ့် ခုခံအားနည်းနေတဲ့သူတွေဆိုရင် သတိထားသင့်ပါတယ်။Histoplasmosis ဆိုတာလည်း မှိုရောဂါတစ်မျိုးဖြစ်ပြီး ငှက်ချေးတို့၊လင်းနို့ချေးတို့မှာ အများကြီးတွေ့ရတတ်ပါတယ်။ လေထဲက တစ်ဆင့်ကူးစက်တတ်ပြီး ကူးစက်ခံရတဲ့သူတွေမှာ ၃ရက်ကနေ ၁၇ ရက်အတွင်းအဆုတ်ရောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး ၊ အသက်ရှူကျပ်၊ ကိုယ်ပူတာတွေဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းတဲ့သူတွေအတွက်တော့ မစိုးရိမ်ရပေမယ့် ခုခံအားနည်းတဲ့ အသက် ၆၅ နှစ် အရွယ်ကျော်နေတဲ့သူတွေ၊ မွေးကင်းစကလေးတွေ အတွက်ကတော့ Histoplasmosis ရောဂါက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုပါ။ဒါကတော့ ကြက်တူရွေး၊ သာလိကာနဲ့ ကြက်ဆင်စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အညစ်အကြေးတွေနဲ့ သူတို့ရဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရည်တွေကနေကူးစက်တဲ့ ဘက်တီးရီးယားရောဂါ တစ်ခုပါ။ ဒီငှက်တွေ ကျန်းမာနေရင်တော့ ဘာမှ မဖြစ်ပေမယ့် avian chlamydiosis လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံနေရပြီဆိုရင်တော့ သူတို့နဲ့ တစ်အိမ်တည်းနေတဲ့ အိမ်သားတွေ အားလုံး သတိထားသင့်ပါတယ်။ဒီရောဂါဖြစ်နေပြီတဲ့ငှက်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ငှက်တွေအရင်လို မလန်းတော့တာ၊ မျက်စိကနေပြီးတော့ အရည်တွေထွက်နေတာ၊ ငှက်တွေ ဝမ်းလျှောနေတာ၊ အစားကျွေးလည်း မစားတော့တွေ ဖြစ်ပါတယ်။ ကံကောင်းတာတစ်ခုက ငှက်တွေကိုက်တာ ခံရတာကြောင့်နဲ့တော့ ဒီရောဂါပိုးက မကူးစက်ပါဘူး။ ငှက်တွေရဲ့ အညစ်အကြေးတွေ ကိုင်တွယ်ပြီးလက်ကိုသေချာပြန်ပြီးမသန့်စင်တဲ့သူတွေဆီကိုသာ ကူးစက်နိုင်မှာ ဖြစ်ပါတယ်။ လူတွေဆီမှာဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ချမ်းတုန်ပြီးဖျားတာ၊ ကိုယ်လက်ကိုက်ခဲပြီး ခေါင်းကိုက်နေတာ၊ချောင်းခြောက်တွေဆိုးပြီး အသက်ရှူရခက်လာတာ တွေဟာ ရောဂါနဲ့ထိတွေ့ပြီး ၅ရက်ကနေ ၁၄ ရက်အတွင်းဖြစ်နိုင်တာတွေပါ။Candidiasis ဆိုတာကတော့ ခိုတွေကနေ ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုးပါ။ ဒီရောဂါဟာ လူတစ်ယောက်ရဲ့အရေပြား၊ခံတွင်း၊ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနဲ့မိန်းမကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုပါ။St. Louis Encephalitisရောဂါဟာ ဒီရောဂါကိုဖြစ်စေတဲ့ ရောဂါပိုး အုပ်စု B ကူးစက်တာခံနေရတဲ့ စာကလေးတွေကနေ စတင်လာတာဖြစ်ပါတယ်။ ရောဂါဖြစ်နေတဲ့ စာကလေးတွေရဲ့ သွေးကို စုပ်ထားတဲ့ခြင်တွေ လူတွေကို ပြန်ကိုက်ရာမှ ဖြစ်လာတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါဟာ ဦးနှောက်နဲ့ အာရုံကြောကို ဒုက္ခပေးပြီး ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ အကြောသေတာ၊ ကိုမာဝင်တာနဲ့ အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်ခုပါ။ အသက် ၆၅ နှစ်အထက်လူကြီးတွေကို ကူးစက်သွားရင် အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ရောဂါ တစ်ခုပါ။Salmonellosisဆိုတာအစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒီရောဂါပိုးကို စာကလေး၊ ဇရက်နဲ့ ခိုတွေရဲ့ အညစ်အကြေးတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ခေါင်မိုးနဲ့ အထပ်ခိုးတွေမှာ ရှိနေတဲ့ခိုတွေရဲ့ အညစ်အကြေးကနေ အဲယားကွန်းတွေ၊ လေသန့်စက်တွေကတစ်ဆင့် ရောဂါပိုးပြန့်သွားပြီး အစာတွေဆီကို ရောက်သွားလို့ စားမိတဲ့သူတွေကို အစာအဆိပ်သင့်ခြင်း ဖြစ်စေပါတယ်။E-coli ဆိုတာဝမ်းကိုက်ရောဂါကိုဖြစ်စေတတ်ပြီ ငှက်တိုင်းရဲ့ အညစ်အကြေးမှာ ပါလေ့ရှိတဲ့ ဘက်တီးရီးယား တစ်မျိုးပါ။ ငှက်တွေရဲ့ အညစ်အကြေးကို ကိုင်မိပြီး လက်ကိုသေချာပြန်မဆေးတာတို့၊ သစ်ပင်အောက်မှာ အစာစားနေရင်း စားနေတဲ့ အစားအစာထဲကို ငှက်ချေးစင်သွားတာတို့ ၊ ထမင်းဟင်းချက်ပြုတ်တဲ့နားမှာ ငှက်တွေ အများကြီးရှိနေတာတွေက ဝမ်းပျက်တာကိုဖြစ်စေတဲ့ E-coli ရောဂါပိုးကို ဖိတ်ခေါ်နေသလို ဖြစ်နေတတ်ပါတယ်။ဒါတွေကတော ငှက်ကလေး တွေကနေတစ်ဆင့် လူဆီကို အများဆုံး ကူးစက်တတ်တဲ့ ရောဂါတွေ အကြောင်းပါ။လေထဲမှာနေတဲ့အကောင် အိမ်တွေရဲ့ မြင့်တဲ့နေရာမှာ နေတတ်တဲ့အကောင်ဆိုတော့ သူ့ရဲ့မစင်တွေ သူနဲ့အတူပါလာတဲ့ ပိုးမွှားတွေကလည်း အပေါ်ကနေအောက်ကိုဖြစ်ဖြစ် လေထုထဲမှာဖြစ်ဖြစ် ပျံ့နှံ့နေပြီး ကူးစက်ဖို့ အရမ်းအခွင့်အရေးများနေပါတယ်။ကျန်းမာနေတဲ့ သူ၊ ခုခံအားကောင်းနေတဲ့ သူတစ်ယောက်ဆီကိုတော့ ရောဂါပိုးတွေ မဝင်နိုင်ဘူးဆိုပေမယ့် ခုခံအားနည်းနေတဲ့သူတွေဆီ ဝင်သွားရင်တော့ အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ရောဂါတွေပါ။ နောက်တစ်ခု အရေးကြီးတာက ကိုယ့်ပတ်ဝန်းကျင်မှာ ငှက်တွေ အစုလိုက် နာနေတာ၊ သေနေတာမျိုးတွေ တွေ့ရင် နီးစပ်ရာ ကျန်းမာရေး ဌာနကို အမြန်ဆုံး သတင်းပို့ဖို့ဖြစ်ပါတယ်။ ကျေးငှက်တွေနဲ့ လူတွေဆိုတာလည်း ပတ်ဝန်းကျင်မှာ ကင်းကွာပြီး နေထိုင်လို့ မရတာကြောင့် တစ်ခုခုဖြစ်လာရင် အသိဉာဏ်မရှိတဲ့ တိရိစ္ဆာန်တွေကို အပြစ်တင်နေမယ့်အစား အသိဉာဏ်ရှိတဲ့ ကိုယ်တွေကပဲ ကြိုတင်ကာကွယ်ကြဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/respiratory-infections/infections-from-birds/
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ
အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။  မဖြူရင်တောင်အသားအရေလေးက လှလိုက်တာ ညိုပေမဲ့စိုနေတာပဲ ဆိုတဲ့စကားမျိုး ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။အသားအရေကို ဂရုစိုက်ပါလို့ တဖွဖွပြောရတာက အသားအရေလှပြီး အလှတိုးစေဖို့ပဲ မဟုတ်ပါဘူး။အရေပြားက ခန္ဓာကိုယ်ကို အပူချိန် ထိန်းညှိပေးတာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ  ဝင်ရောက်မလာအောင် တားဆီးပေးတာကအဆုံး အကုန်လုံးကို လုပ်ပေးနေလို့ပါ။ ဒီတော့ အသားအရေကို ဂရုစိုက်ပါလို့ တဖွဖွပြောနေရတာပေါ့။ခန္ဓာကိုယ်ရဲ့ ခံတပ်ကို ကျန်းမာတောင့်တင်းအောင် စောင့်ရှောက်ဖို့ လိုတယ်လေ။အသားအရေကို ထိခိုက်စေနိုင်တဲ့ အရာတွေက ဒုနဲ့ဒေးပါ။ နေ့စဉ် ထိတွေ့နေရတဲ့ဖုန်မှုန့်တွေ၊ အခိုးအငွေ့တွေ၊ အညစ်အကြေးတွေကစလို့ စားသုံးမိတဲ့ အစားအသောက်နဲ့ အသုံးပြုမိတဲ့အလှကုန်တွေစုံလို့ပေါ့။ အသားအရေကို ပျက်စီးစေတဲ့ တော်တော်များများ လုပ်မိနေတဲ့ အရာတွေက ဘာတွေလဲ … ကိုယ်လုပ်မိတာတွေများပါနေမလား ကြည့်ကြည့်ရအောင်နော်..။အသားအရေရောကိုယ်ခံအားပါ ကောင်းစေဖို့အတွက် ရေများများ သောက်ဖို့ လိုပါမယ်။ ရေသောက်နည်းတာကအသားအရေကို ခြောက်သွေ့စေပြီး ထိခိုက်လွယ်စေပါတယ်။ဆေးလိပ်သောက်တာကြောင့် အဆုတ်ပဲ ထိခိုက်မယ် မထင်လိုက်ပါနဲ့။ အသားအရေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ ဆေးလိပ်သောက်ရင် အရွယ်မတိုင်ခင် အိုမင်းတာ အရေးအကြောင်းတွေ ဖြစ်တာ၊ အသားရောင် ညစ်တာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။တစ်နေ့တာမှာ လူတိုင်းငေးအောင် ပြင်ဆင်ထားတဲ့ မိတ်ကပ်တွေကို ညမအိပ်ခင်မှာ ဖျက်ပေးရပါမယ်။ မိတ်ကပ်တွေနဲ့ အိပ်ရာဝင်တာကချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ညဘက် အိပ်ရာမဝင်ခင်မှာ မိတ်ကပ်ဖျက်ပါ။အသားအရေကို ကြည်ချင်တယ် ဖြူချင်တယ်ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက် သန့်စင်တတ်ကြပါတယ်။ တကယ်ကတော့ ဒါက သန့်စင်စေဖို့ထက် အသားအရေကို ထိခိုက်စေဖို့ ပိုပါတယ်။ ဒီတော့ အသားအရေကို သန့်စင်မယ်ဆိုရင် လက်ချောင်းထိပ်လေးတွေကို သုံးပြီး ခပ်ဖွဖွ သန့်စင်ပေးပါ။အချိုတွေ အများကြီး စားတာကဝက်ခြံကို ပိုဆိုးစေတဲ့အပြင် တခြားသောအရေပြားပြဿနာအမျိုးမျိုးကို ခံစားရစေနိုင်ပါတယ်။ဝက်ခြံတွေ မြင်ရင် ညှစ်ပစ်ချင်တာ သဘာဝပါ။ ဒါပေမယ့် ဝက်ခြံကို ညှစ်လိုက်တဲ့အခါ ပိုးဝင်သွားပြီး မျက်နှာပေါ်မှာအမာရွတ်တွေကျန်ခဲ့ပါတော့တယ်။အရေပြားကျန်းမာစေဖို့ဆိုရင် ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားရပါမယ်။ တစ်ပတ် တစ်ကြိမ် ဒါမှမဟုတ်  တစ်ပတ်ကို ၂ ကြိမ်ပေါ့။ ဒီလိုမှ မသန့်စင်ဘူးဆိုရင် ဆဲလ်သေတွေ စုပုံလာပြီးအရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။အခုပြောပြခဲ့တာတွေက ရှောင်ရှားလို့ ရသလို ကိုယ်တိုင် လိုက်နာ ဆင်ခြင်လို့ရပေမယ့်။ဆေးလိပ်သောက်တာကတင် အသားအရေကို ပျက်စီးစေတာ မဟုတ်ပါဘူး။ တဆင့်ခံဆေးလိပ်ငွေ့တွေ၊ ကားအိတ်ဇောက ထွက်တဲ့ အခိုးအငွေ့တွေကလည်း အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။တိုးတက်လာတဲ့ စက်မှုခေတ်မှာ လေထု ညစ်ညမ်းမှုက ရှောင်လွှဲဖို့ ခက်ပါတယ်။ ကားအိတ်ဇောငွေ့တွေ၊ စက်ရုံ အလုပ်ရုံတွေက စွန့်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေကြောင့် အသားအရေ ပျက်စီးနိုင်ပါတယ်။ခရမ်းလွန်ရောင်ခြည်က အသားအရေကို ပျက်စီးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ နေရောင်အောက်ထွက်မှရယ် မဟုတ်ဘဲ နေရောင်ဝင်နိုင်တဲ့ နေရာတိုင်းမှာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မိနိုင်ပါတယ်။အသားအရေလေး ကျန်းမာလှပစေဖို့ ဒီအချက်လေးတွေကို လိုက်နာ လုပ်ဆောင်ပေးလို့ ရပါတယ်။ဒီအချက်လေးတွေကို သေချာ လိုက်နာ လုပ်ဆောင်မယ်ဆိုရင် စိတ်ကူးလေးထဲကအတိုင်း ကြည်လင်ပြီးကျန်းမာဖြူဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/things-youre-doing-that-is-damaging-your-skin/
အထက်လူကြီးဆိုးနဲ့ ကြုံတွေ့ရတဲ့အခါ
အလုပ်သမားတစ်ယောက်အလုပ်ထွက်တာမှာ အလုပ်ကြောင့်ထက် အထက်လူကြီးကြောင့်ပိုများတယ်ဆိုတဲ့ လေ့လာချက်ရှိပါတယ်။ အထက်လူကြီးကောင်းခြင်းဆိုးခြင်းက အလုပ်တစ်ခုအပေါ်မှာ ဘယ်လောက်နေပျော်တယ်မပျော်ဘူးဆိုတာကို အဆုံးအဖြတ်ပေးတယ်။ တစ်နေ့ ၈နာရီထက်မနည်း နေနေရတဲ့လုပ်ငန်းခွင်တစ်ခုမှာ မဖြစ်မနေ တွေ့နေရတဲ့ကိုယ့်အထက်လူကြီးက လူကြီးမဆန်ဘူး၊ ခေါင်းဆောင်မပီသဘူးဆိုရင် အလုပ်လုပ်ရတာ စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ ဒီတော့ ဘယ်လိုဆက်လုပ်ကြမလဲ။စိတ်ညစ်စိတ်တိုစရာ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရဖို့ကတော့ သေချာသလောက်ရှိတယ်။ အကောင်းဆုံးထွက်ပေါက်ကတော့ ပိုတော်လာအောင်ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ အလုပ်နဲ့သက်ဆိုင်ရာမှာ၊ အတွေးအခေါ်မှာ၊ ကိုယ်ရည်ကိုယ်သွေးမှာ ပိုတော်သထက်တော်လာအောင်လုပ်ပါ။ ဆိုးတဲ့အထက်လူကြီးတွေဟာ သူတို့နိုင်လို့ရတဲ့သူတွေကို ပိုအနိုင်ကျင့်လေ့ရှိတယ်။ ဘယ်လိုလူတွေကို အနိုင်ကျင့်နိုင်လဲဆိုတော့ သူတို့မရှိလည်းဖြစ်တယ်၊ အစားထိုးရလွယ်တယ်၊ အလုပ်နဲ့ပတ်သက်လို့ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်လို့ လေးစားလောက်စရာအနေအထားမရှိတဲ့သူတွေကို ပိုအနိုင်ကျင့်တယ်။ ဒီတော့ ကိုယ်ဟာ မရှိမဖြစ်အနေအထားကိုရောက်လာအောင် ပိုတော်လာအောင်ဖန်တီးယူမယ်ဆိုရင် ကိုယ့်အပေါ်မှာအရင်ကလောက် မဆိုးရွားနိုင်တော့ဘူး။ ယုတ်စွအဆုံး အလုပ်သစ်ရှာရရင်တောင် လွယ်ကူတယ်။ အထက်လူကြီးဆိုးလို့ ကိုယ့်တိုးတက်မှုလုံးဝမရှိဘူးဆိုရင် အရှုံးကြီးပဲမလား။ပြဿနာတစ်ခုဖြစ်တဲ့အခါတိုင်းမှာ ဘက်က နှစ်ဘက်ရှိတယ်။ အဲဒါကိုမမေ့ပါနဲ့။ ကိုယ့်ဘက်က လက်ဖဝါးကို သူလက်ဖမိုးအဖြစ်မြင်တာက ဘယ်သူ့အပြစ်မှမဟုတ်ဘူး။ သူတို့အနေအထားမှာ ကိုယ်ဆိုရင်ရော ဘယ်လိုဆုံးဖြတ်မလဲ တွေးမလဲ။ သူအခု ဘယ်လိုဖိအားတွေကြုံနေရနိုင်လဲ၊ သူတို့ဘာကြောင့်ဒီလိုမျိုးဖြစ်နေရတာလဲဆိုတာကို ရိုးရိုးသားသားတွေးကြည့်ပါ။ ဥပမာ ကျွန်တော်အရင်တုန်းက ကိုယ့်ကိုလာပြီး ဖိအားပေးရင် အရမ်းမုန်းတယ်။ အဲဒီအထက်လူကြီးကို ဆိုးရွားတဲ့အထက်လူကြီးလို့ တွေးတယ်။ ဒါပေမယ့် ကိုယ်သူ့နေရာကိုရောက်လာတော့ သူဘာလို့ ဒီလိုသူများတွေကို ဖိအားပေးနေရတာလဲဆိုတာကို သဘောပေါက်လာတယ်။ အဲဒါက သူ့အလုပ်လေ။ သူ့အပေါ်မှာလည်း ဖိအားတွေရှိတာကိုး။ ရာထူးနောက်မှာ တာဝန်ယူရတာနဲ့ ဖိအားတွေရှိလာပါတယ်။ ဒါတွေကို နားလည်အောင်ကြိုးစားကြည့်ရင် ကိုယ့်ရဲ့ ခံစားမှုတွေကို သက်သာရာ ရစေပါလိမ့်မယ်။နောက်ထပ်ရွေးချယ်ကြတဲ့နည်းလမ်းကတော့ အထက်လူကြီးရဲ့ အထက်လူကြီးနဲ့ တိုင်မလားပေါ့။ သိပ်ကောင်းလှတဲ့အကြံမဟုတ်လို့ မလုပ်ပါနဲ့ဦး။ လောဂျစ်ကိုစဉ်းစားကြည့်ရအောင်။ သူ့ကို ကိုယ့်အထက်အရာရှိအဖြစ်နေရာပေးထားတယ်ဆိုတာရဲ့ သဘောမှာ သူ့ကိုကိုယ့်ထက်ပိုယုံတယ်ဆိုတာပါနေတယ်။ သူ့ခေါင်းပေါ်ကနေကျော်ပြီး တိုင်ဖို့ကြိုးစားမှုရဲ့နောက်ဆက်တွဲက ဘာမှဆက်မဖြစ်လာဖို့များတယ်။ သူတို့အချင်းချင်းပြောဆိုပြီး ကိစ္စပြီးသွားမှာ။ မပြီးတာက ကိုယ်နဲ့ ကိုယ့်အထက်အရာရှိမပြီးဘူး။ အရင်ကထက် အခြေအနေပိုဆိုးလာနိုင်တယ်။ တကယ်လို့သာ အခုအထက်အရာရှိလုပ်နေတဲ့ ပေးနေတဲ့ဖိအားတွေက အခုကိုယ်သွားတိုင်မယ့်သူဆီကလာနေတာဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ။ ဒါပေမယ့် အကုန်လုံးကို တိုင်လို့မရဘူးလို့ မဆိုလိုပါဘူး။ ပုဂ္ဂိုလ်ရေးဆန်လာမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေ၊ နှောက်ယှက်မှုတွေလိုမျိုးတွေကတော့ တိုင်နိုင်ပါတယ်။စိတ်ဖိစီးမှုတွေ၊ မကျေနပ်မှုတွေနဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေက ကိုယ်ဘယ်လိုလူလဲဆိုတာကို အဆုံးအဖြတ်ပေးမသွားပါစေနဲ့။ တခြားသူတစ်ယောက်ရဲ့လုပ်ရပ်တွေက ကိုယ့်ခံယူချက်တွေ၊ တန်ဖိုးတွေကို မယုတ်လျော့သွားပါစေနဲ့။ ဆရာဖြိုးသီဟရဲ့ စကားကိုယူသုံးရရင် မှန်လိုမကျင့်ပါနဲ့။ ပန်းချီကားလိုကျင့်ပါတဲ့။ ကိုယ့်ကိုကိုယ် ဘယ်လိုလူလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်သူက ကိုယ်ပဲဖြစ်ပါစေ။ တခြားလူတစ်ယောက်ဆိုးလို့ နောက်ထပ်လူတစ်ယောက်ကို ကိုယ်ဆိုးစရာမလိုဘူးဆိုတာကို သတိရပါ။ ကိုယ့်ရဲ့ လမ်းကြောင်းကို အပျောက်မခံပါနဲ့။ဒါဟာ ကြုံတွေ့ရမယ့် ဘဝရဲ့ သင်ခန်းစာတွေထဲက တစ်ခုပါ။ ကိုယ့်ကိုကိုယ် သိပ်သနားစရာကောင်းတာပဲ၊ ငါမှ ဒီလိုတွေကြုံတွေ့နေရတယ်လို့ မတွေးပါနဲ့။ လူတိုင်းဟာ တစ်ခုမဟုတ် တစ်ခု ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေကြရတာပါ။ ကိုယ့်ကိုကိုယ် သိပ်သနားဖို့ကောင်းတယ်လို့မြင်တဲ့အခါ ကိုယ့်ကို မသနားရကောင်းလားဆိုပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေအပေါ် အပြစ်မြင်တတ်မိတယ်။ အဲဒီအဖြစ်မျိုးကို အရောက်မခံပါနဲ့။ သနားစရာလူလို့မြင်မယ့်အစား ကိုယ့်ရဲ့တက်လမ်းတွေ၊ ဖြစ်နိုင်ခြေတွေကို ရှုမြင်ပါ။ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ အလုပ်ထွက်တော့မယ်လို့ စိတ်ကူးနေပြီဆိုရင်တော့ ရသလောက်ယူသွားနိုင်ဖို့ကို စဉ်းစားပါ။ ရသလောက်ယူသွားပါဆိုတာ အလွဲသုံးစားလုပ်သွားခိုင်းတာမဟုတ်ဘူး။ ပစ္စည်းတွေ အိမ်သယ်သွားခိုင်းတာမဟုတ်ဘူး။ ဒီအလုပ်ကနေရနိုင်တဲ့ အတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှု၊ အပေါင်းအသင်းမိတ်ဆွေ၊ စီးပွားဖက်အစရှိတဲ့ ကိုယ့်အတွက်အသုံးဝင်မယ့် ရနိုင်တာမှန်သမျှကို ယူသွားဖို့ပြောတာပါ။ကိုယ်ဟာ အထက်လူကြီးဆိုးတစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုရင် ဒီလိုကြုံတွေ့ရမှုက ဘယ်လို ခါးသီးတဲ့အတွေ့အကြုံတွေ၊ နာကျည်းမှုတွေကို ဖန်တီးတယ်ဆိုတာကို နားလည်နိုင်ပါလိမ့်မယ်။ ဒီတော့ ကိုယ်အထက်အရာရှိဖြစ်တဲ့အလှည့်ကျရင်ရော ဒီလိုခံစားမှုမျိုးတွေ ကိုယ့်ရဲ့ နာကျည်းစရာတွေလိုမျိုးကို ပေးခံစားမလား။ အဲဒါကို အမြဲသတိရနေသင့်ပါတယ်။ ကိုယ်နာကျင်ခံစားခဲ့ရဖူးရင် တခြားသူတွေ ကိုယ့်လိုမနာကျင်ရအောင် ကာကွယ်ဖေးမပေးသင့်ပါတယ်။ ကိုယ့်လက်အောက်ငယ်သားတွေဟာ ကိုယ့်အမိုးအကာကို ခိုလှုံနေကြရတဲ့သူတွေပါ။ ကိုယ့်သားသမီးတွေလို သဘောထားပေးရင် လုပ်ငန်းခွင်ဟာ ပိုသာယာအဆင်ပြေလာပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%a1%e1%80%91%e1%80%80%e1%80%bb%e1%80%9c%e1%80%b0%e1%80%80%e1%80%bd%e1%80%ae%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%bd%e1%80%af%e1%80%b6%e1%80%b1/
အက်ဆစ်ဓာတ်ကဲသော အစားအစာများအကြောင်း
အက်ဆစ်ဓာတ်ဆိုတာကို မပြောခင်pH ညွှန်ကိန်းအကြောင်း တင်ပြလိုပါတယ်။ pH ညွှန်ကိန်းဟာ ပစ္စည်းတစ်ခုအနေနဲ့ အက်ဆစ်လား၊ ဘေ့စ်လား၊ ဘာသဘောမှမဆောင်တဲ့ ကြားနေဓာတ်လားဆိုတာ ညွှန်ပြနေပါတယ်။ ဥပမာ။– pH ညွှန်ကိန်း 0 ဟာ အက်ဆစ်ဓာတ်အမြင့်ဆုံး။– pH ညွှန်ကိန်း 7 ဟာ ဓာတ်ပြယ်တဲ့အဆင့်။– pH ညွှန်ကိန်း 14 ဟာ ဘေ့စ်ဓာတ်အမြင့်ဆုံး စသဖြင့် ညွှန်ပြနေပါတယ်။ဘက်ထရီအိုးတွေရဲ့ အက်ဆစ်ဟာ အမြင့်ဆုံးဖြစ်ပြီး pH 0 ရှိပါတယ်။ ဘေစင်တွေမှာ ပိုက်လိုင်းတွေကို ဆေးချပေးတဲ့ drain cleaner တွေကတော့ အယ်လ်ကာလီသဘာဝရှိပြီး pH 14 ရှိပါတယ်။ ပေါင်းခံရေကတော့ pH 7 ရှိပါတယ်။လူ့ကိုယ်ခန္ဓာဟာလည်း နေရာပေါ်မူတည်ပြီး pH ညွှန်ကိန်းမျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ဥပမာ သွေးရဲ့ pH ဟာ ၇.၃၅ ကနေ ၇.၄၅ ရှိပြီးအစာအိမ်အတွင်းမှာတော့ အစာများကို ချေဖျက်ဖို့အတွက် pH ဟာ ၃.၅ သာ ရှိပါတယ်။အောက်ပါအသီးအနှံများဟာ pH နည်းပါးပြီး အက်ဆစ်ဓာတ်ကဲပါတယ်။ အသီးအနှံအလိုက် pH ညွှန်ကိန်းကတော့။– သံပုရာ (pH 2 – 6)။– ဆီးသီး (အပြာ) (pH 2.8 – 3.4)။– စပျစ်သီး (pH 2.9 – 3.82)။– သလဲသီး (pH 2.93–3.20)။– ဂရိတ်ဖရု (pH 3.00–3.75)။– ဘလူးဘယ်ရီ (pH 3.12–3.33)။– နာနတ်သီး (pH 3.20–4.00)။– လိမ္မော်သီး (pH 3.69–4.34)။– ခရမ်းချဉ်သီး (pH 4.30–4.90)။ယေဘုယျအားဖြင့် pH နည်းတဲ့ အစားအစာတွေဟာ ချဉ်သောအရသာရှိတဲ့ အသီးအနှံတွေ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အစာအိမ်ရောဂါ၊လေချဉ်ထခြင်းစတဲ့ပြဿနာတွေမရှိဘူးဆိုရင် နေ့စဉ်ပုံမှန် စားပေးနိုင်ပါတယ်။နာတာရှည်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အထူးသဖြင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ အက်ဆစ်ဓာတ်နည်းပါတယ်။ စားသုံးမှုများတဲ့ ဟင်းသီးဟင်းရွက်အချို့နဲ့ pH ညွှန်ကိန်းတွေကတော့။– ဂေါ်ဖီထုပ် (pH 5.20–6.80)။– ပြောင်းဖူး (pH 5.90–7.50)။– မှို (pH 6.00–6.70)။– ပန်းပွင့်စိမ်း (pH 6.30-6.85) စသဖြင့် ဖြစ်ပါတယ်။အက်ဆစ်ဓာတ်နည်းသော အစားအစာများ။အချို့အစားအစာများဟာ pH ညွှန်ကိန်း အလယ်အလတ်လောက်ရှိပြီး အက်ဆစ်ဓာတ်လည်း မပါသလောက် ဖြစ်ပါတယ်။ အဆိုပါ အစားအစာများကတော့။– ပဲပိစပ်၊ တို့ဖူး။– အချိုဓာတ်မပါသော ဒိန်ချဉ်၊ နွားနို့။– လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ (ဥပမာ အာလူး)။– အသီးအနှံအများစု (ချဉ်သော အရသာရှိသည့် အသီးများမှ လွဲ၍)။–ပဲအမျိုးမျိုး။– သံလွင်ဆီ၊ ထောပတ်သီးနှင့် အစေ့အဆန်များမှရသော အဆီဓာတ် စတာတွေပဲ ဖြစ်ပါတယ်။အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေစားရင် ဆီးမှာ အက်ဆစ်ဓာတ်များသွားနိုင်ပါတယ်။ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာထဲမှာ အက်ဆစ်ဓာတ်များလွန်းရင် အရိုးများနဲ့ ကြွက်သားများ ဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အရိုးအတွက် အသုံးပြုရမယ့် ကယ်လ်ဆီယမ်ကို pH ချိန်ညှိရာမှာ အသုံးပြုလို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာ၊ အသည်းရောဂါနဲ့နှလုံးရောဂါဖြစ်နိုင်ခြေမြင့်စေပါတယ်။ အစာအိမ်မှာအချဉ်ဓာတ်များနေချိန်မှာလည်း အက်ဆစ်ဓာတ်ကဲတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ခြုံငုံပြီး ပြောရရင် အချဉ်အရသာရှိတဲ့ အသီးအနှံတွေကိုပဲ မစားဘဲ တခြား အသားငါး၊ အသီးအရွက်များကို မျှတစွာ စားသုံး pH ညွှန်ကိန်းကို ထိန်းသိမ်းနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/acid-foods-to-avoid/
ဝိတ်ကျစေမယ့် မနက်စာ
ဝိတ်ကျချင်လို့ဆိုပြီး မနက်စား မစားဘဲနေနေပြီလား။ ဒါဆိုရင်တော့မနက်စာကို စားဖြစ်အောင် စားဖို့ ပြောပါရစေ။ ဝိတ်ကျချင်တယ်ဆိုရင် မနက်စာကို သေချာလေးစားဖို့ လိုအပ်ပါမယ်။မနက်စာကို ပြည့်ဝမျှတအောင် စားသုံးပေးတာကကိုယ်အလေးချိန်ထိန်းညှိရာမှာ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ ဝိတ်လည်းကျ အဆာလည်း မခံရအောင် မနက်စာကို ဘာတွေ စားရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား။မနက်စာကို ပြည့်ဝမှန်ကန်အောင် စားသုံးတာကတစ်နေ့တာမှာ မလိုအပ်ဘဲ အစားမစားမိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါသတဲ့။ ဒီတော့ ဗိုက်လည်းဝ ဝိတ်လည်း ကျစေဖို့ မနက်စာကို ဒါလေးတွေ စားပေးနော်။ ဝိတ်ကျစေမယ့် မနက်စာ တွေက ဘာတွေများလဲ။Raspberries တစ်ခွက်စာမှာအမျှင်ဓာတ်၈ ဂရမ်အထိ ပါဝင်နေပါတယ်။ ဒီ ပမာဏကစတော်ဘယ်ရီတစ်ခွက်စာမှာ ပါဝင်နေတဲ့ အမျှင်ဓာတ် ပမာဏထက် ထက်ဝက် ပိုများနေပါတယ်။ ဒါ​ကြောင့် အမျှင်ဓာတ် လုံလောက်စွာ ရရှိပြီး အဆာခံနိုင်စေဖို့ Raspberries လေး စားပေးပါ။ ဖျော်သောက်လို့လည်း ရပါတယ်။အမျှင်ဓာတ် ပြည့်ဝတဲ့ Oatmeal က အဆာခံနိုင်စေပြီး ဝိတ်ကျ စေပါတယ်။သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာမျိုး မဖြစ်စေဘဲအဆီ လောင်ကျွမ်းစေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ဒိန်ချဉ်က ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်ညှိပေးနိုင်တဲ့ ထိပ်တန်း အစားအစာ တစ်မျိုးပါ။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်ကကျန်းမာရေးအတွက်ကောင်းသလို ဝိတ်လည်း ကျစေပါတယ်။ပရိုတင်းပြည့်ဝမှုက  အဆာခံနိုင်စေပြီး အင်အားပြည့်စေဖို့အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ ကိုယ်အလေးချိန်လည်းကျအာဟာရလည်း မလျော့ကျတဲ့ အစားအစားအစာမျိုးပါ။ကိုယ်အလေးချိန် ကျချင်တယ်ကြွက်သားတွေမလျော့ရဲချင်ဘူးဆိုတဲ့သူတိုင်း သောက်ပေးသင့်ပါတယ်။ သကြားတော့ မထည့်ပါနဲ့။သစ်သီးလေးတွေနဲ့ တွဲစားပေးပါ။မြေပဲထောပတ်ကို ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက ကျန်းမာတဲ့ အဆီ၊ အမျှင်ဓာတ်နဲ့ ပရိုတင်းတို့ကို ပြည့်ဝစွာ ရရှိစေမှာပါ။ မနက်ခင်းကို ဂျုံကြမ်းပေါင်မုန့်မှာ မြေပဲထောပတ် သုတ်ပြီး စားပေးတာက အာဟာရလည်း ပြည့်၊ ဗိုက်လည်း ဝပြီး ကိုယ်အလေးချိန်ပါ ကျစေမှာပါ။ကြက်ဥ အရွယ်တော် တစ်လုံးမှာ ပရိုတင်း ၆ ဂရမ်၊ ကယ်လ်လိုရီ ၇၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ် နဲ့ အဆီတွေထက် ပရိုတင်းက ပိုပြီးအဆာခံနိုင်စေပါတယ်။မနက်ခင်းမှာ ကြက်ဥစားပေးတာက တစ်နေ့တာမှာ မလိုအပ်ဘဲ အစားတွေ မစားမိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါတယ်။  ကြက်ဥအနှစ်မှာကကယ်လ်ဆီယမ်နဲ့အမြင်အာရုံကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ မနက်ခင်းမှာကြက်ဥစားတာက ဝိတ်လည်း ကျစေပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေမှာပါ။ဝိတ်ချချင်တယ်ဆိုရင် မနက်ခင်းတိုင်းမှာ ကြက်ဥ တစ်လုံး ပုံမှန်စားပေးပါ။ဒီ အစားအစာလေးတွေကို မနက်ခင်း စားရင်း ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးပါ။ ဝိတ်ချမယ်ဆိုပြီး မနက်စာ အလွတ်မခံနဲ့တော့နော်။ ဝိတ်ကျစေမယ့် မနက်စာ လေးတွေ ပြင်ဆင် စားသုံးလိုက်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/the-best-breakfast-foods-for-weight-loss/
အသားအရေ လှချင်လား ..... ကန်စွန်းရွက် စားပါ
ကန်စွန်းရွက်၊ ကန်စွန်းပလိန်းတွေကိုထမင်းပူပူလေးနဲ့ တွဲစားရတာ အတော်လေး အရသာရှိပါတယ်။ ဒီလို အရသာရှိတဲ့ ကန်စွန်းရွက်လေးကအစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ကန်စွန်းရွက်လေးက အသားအရေ လှပစေတယ်ဆိုတာကိုတော့ သိသူနည်းဦးမယ် ထင်ပါတယ်။ ဒါကြောင့်အသားအရေ လှချင်တယ်ဆိုရင် ကန်စွန်းရွက် စားပေးလို့ ရကြောင်း သတင်းကောင်းလေး ပါးချင်ပါတယ်။ကန်စွန်းရွက် ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို အရွက် ဖားဖားနဲ့ အရိုးပွပွ ကန်စွန်းတွေလည်း ရှိပါတယ်။ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး မြေကြီးမှာ ပေါက်တဲ့ ကန်စွန်းလည်း ရှိပါတယ်။ အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပြီးအဆိပ်အတောက်ကို ပြေစေတဲ့ အရွက် တစ်မျိုးအဖြစ် ရှေးယခင်ကာလတွေကတည်းက မှတ်ယူအသုံးပြုခဲ့ကြတာပါ။စားလို့ ကောင်းပြီး ထမင်းမြိန်တဲ့ ကန်စွန်းရွက်မှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။အသားအရေ လှချင်လား ….. ကန်စွန်းရွက် စားပါ လို့ ပြောရတာက ဒီအချက်တွေကြောင့်ပါ။ကန်စွန်းရွက်မှာ အခြား အစိမ်းရောင် ဟင်သီးဟင်းရွက်တွေလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားဆဲလ်တွေ အပါအဝင် ခန္ဓာကိုယ်ကဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အရေပြားဆဲလ်တွေကို နေရောင်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး အရေးအကြောင်း မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကန်စွန်းရွက်မှာပါတဲ့ အဖူးလေးတွေကို ပွေး၊ သဲဝဲ၊ နှင်းခူ၊ ဆိုရီရေးစစ်နဲ့ ဝက်ခြံလိုမျိုး အရေပြားပြဿနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ကန်စွန်းရွက်၊ ကန်စွန်းဖူးလေးတွေကို ကြိတ်ခြေပြီး အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။အရေပြားပေါ်မှာ ဖြစ်တဲ့အနာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ထိခိုက်ရှနာတာကို သက်သာ​စေဖို့အတွက် ကန်စွန်းရွက် အုံပေးလို့ ရသလို ပိုးကောင်ကိုက်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်က အဖုအပိမ့်တွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ကန်စွန်းရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ အသားအရေကို ကြည်လင်လှပစေပြီး အနာအဆာ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကန်စွန်းရွက်ကို စားပေးတာက အရေပြားဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေပြီး ဝက်ခြံတွေကို သက်သာစေနိုင်သလို အမဲစက်တွေနဲ့ ဝက်ခြံချိုင့်ခွက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ဗီတာမင် A နဲ့ ဗီတာမင် C၊ လူတင်တို့ ပါဝင်နေတာက အရေပြားကို ကျန်းမာစေပြီး glow skin လေးကို ပိုင်ဆိုင်နိုင်စေမှာပါ။ကဲ …. အသားအရေ လှချင်လား ….. ကန်စွန်းရွက် စားပါ လို့ ဘာလို့ ပြောရတာလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/water-spinach-benefits-in-skin/
အိပ်ရေးဝရင် ပိုလှတယ်တဲ့
တကယ်လို့များ သင်ကအလှအပကို စိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုပါစို့။ အိပ်စက်ခြင်းဟာ သင့်ရဲ့ အလှတရားကို အထောက်အကူပြုစေမယ့် အကောင်းဆုံးလက်နက်ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ အိပ်ရေးဝရင် ပိုလှတယ်တဲ့ ဆိုတာ အလကားမှမဟုတ်တာ။လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီ ပတ်ဝန်းကျင်လောက် ပုံမှန် အိပ်စက်ပေးမယ်ဆိုရင် အသားအရေ လှပနုပျိုမှုကို အများကြီး အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုပုံမှန်အိပ်စက်ပေးမယ်ဆိုရင် ၂ ပတ်ကနေ ၃ ပတ်အတွင်း မိမိရဲ့ရုပ်ရည်ဟာ ပိုမိုကြည့်ကောင်းလာနိုင်တယ်လို့ သိပ္ပံဆိုင်ရာ လေ့လာချက်တွေက ဆိုထားကြပါတယ်။လူ့ခန္ဓာကိုယ်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်မှာ ရုပ်ခန္ဓာကြီးရဲ့ ယိုယွင်းနေမှုတွေကို ပြန်လည်ပြင်ဆင်ပေးနေမှာဖြစ်တာကြောင့်ပါ။ တစ်နေ့ကို အိပ်ချိန် ပျမ်းမျှ ၆ နာရီထက် နည်းပါးမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့လာရမှာဖြစ်ပါတယ်။လုံလောက်စွာ အိပ်စက်ရင် သင့်ရဲ့ အလှအပကို ပံ့ပိုးနိုင်တယ်ဆိုတော့ ဘာတွေ ဘယ်လို အကျိုးရှိစေမှာလဲဆိုတာကို ကြည့်ရအောင်။အရေပြားဟာ အိပ်စက်နေချိန်မှာ ကော်လာဂျင်အသစ်တွေကို ဖန်တီးပေးလေ့ရှိပါတယ်။ ဒါကြောင့် အိပ်စက်ချိန် လုံလုံလောက်လောက်ရှိမယ်ဆိုရင် သင့်ရဲ့ မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာတာနည်းပါးအောင် တားဆီးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့တာလည်း နည်းသွားမှာပါ။အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်အတွင်းကနေ အရေပြားဆီကို သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန် တည်ငြိမ်နေမှာဖြစ်တာမို့ သင်နိုးထလာချိန်မှာ ကိုယ်ခန္ဓာသာမက အရေပြားဟာလည်း ကျန်းမာလန်းဆန်းနေမှာဖြစ်ပါတယ်။ဒါကြောင့် သင့်ရဲ့ အသားအရေဟာ ကြည်လင်တောက်ပနေမှာဖြစ်ပြီးတော့ မွဲခြောက်တာမျိုး၊ ဖြူဖတ်ဖြူရော်ဖြစ်တာမျိုးနဲ့ အိုမင်းရင့်ရော်နေတာမျိုးတွေ ကင်းစင်နေမှာဖြစ်ပါတယ်။အိပ်ရေးမဝတဲ့အခါ လူတွေဟာ မျက်ကွင်းညိုတာတွေ မျက်လုံးနီရဲနေတာတွေနဲ့ မျက်လုံးတင်းဖောင်းနေတာတွေဖြစ်တတ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ထားသူတစ်ယောက်မှာ ဒီလိုဖြစ်ဖို့ အလားအလာမရှိပါဘူး။ဆံပင်အကျွတ်များတာ၊ မသန်တာ၊ ပျက်စီးလွယ်တာနဲ့ ကျဲပါးတာတွေဟာ အိပ်ရေးပျက်ခြင်းနဲ့ သက်ဆိုင်မှုရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဦးရေပြားပေါ်က မွေးညှင်းပေါက်တွေဟာ အရေပြားပေါ် သွေးလည်ပတ်စီးဆင်းမှုကနေတဆင့် အာဟာရဓာတ်တွေ၊ သတ္ထုဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေက ရရှိတာဖြစ်ပါတယ်။လူတစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုများနေချိန်တွေ၊ ကောင်းမွန်စွာ အနားယူ အိပ်စက်ရခြင်းမရှိတာမျိုးတွေရှိနေရင် ဦးခေါင်းထက်က ဦးရေပြားဆီကို အဆိုပါ ဓာတ်တွေရောက်တဲ့ ပမာဏနည်းပါးမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပေးမှ ဆံကေသာလည်း လှပမှာဖြစ်ပါတယ်။အနားယူ အိပ်စက်နေချိန်တွေမှာ လူ့အရေပြားဟာ တစ်နေကုန်ရင်ဆိုင်လာရတဲ့ မကောင်းတဲ့ ဓာတ်တွေကို ဖယ်ရှားဖို့ ကြိုးပမ်းလေ့ရှိပါတယ်။ နေရောင်ကြောင့် ကပ်ငြိလာတဲ့ ခရမ်းလွန်ရောင်ခြည်မျိုးနဲ့ ပတ်ဝန်းကျင်က ကပ်ညိလာတဲ့ မကောင်းတဲ့ မော်လီကျူးတွေကို ဖယ်ရှားတာဖြစ်ပါတယ်။ဒီအချိန်မှာ သွေးလည်ပတ်စီးဆင်းမှုကလည်း တည်ငြိမ်ကောင်းမွန်နေတာမို့ အဆိုပါဓာတ်တွေကို ဖယ်ရှားရာမှာ အထောက်အကူဖြစ်ပါတယ်။ လူတွေဟာ အိပ်စက်နေချိန်မှာ ရေဓာတ်ပိုမိုဆုံးရှုံးနိုင်တာမို့ မအိပ်ခင်မှာ ရေများများသောက်ပေးတာမျိုး၊ Moisturizer လိမ်းပေးတာရင် အသားအရေလှပဖို့ ပိုမိုအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။အသားအရေလှဖို့ ကောင်းမွန်စွာ အိပ်စက်တာက အထူးကို အရေးပါလှကြောင်း အထက်မှာပြောခဲ့သလို အကျိုးကျေးဇူးတွေကိုလည်း ပြောခဲ့ပါတယ်။ ကောင်းပြီ ဘယ်လိုကောင်းမွန်စွာ အိပ်စက်မလဲ။ ဒါကလည်း အရေးကြီးပါတယ်။ အေးအေးချမ်းချမ်း ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်မှ လှလာမှာမဟုတ်လား။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/healthy-sleep-and-beauty/
ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ
လူတွေကတော့ ချစ်ရင် သဝန်တိုကြတာပဲလို့ အလွယ်ထင်တတ်ကြပါတယ်။ တော်ရုံတန်ရုံလောက်ချစ်သူအပေါ် သဝန်တိုတာတော့ နားလည်ခွင့်လွှတ်ပေးလို့ ရပေမယ့် အတိုင်းအတာ တစ်ခုထက် လွန်ကဲသွားရင်တော့ ကိုယ့်ရဲ့စိတ်ကျန်းမာရေးသာမက ချစ်သူနဲ့ ဆက်ဆံရေး ပြတ်တောက်သွားတဲ့အထိ အခြေအနေ ဆိုးသွားတတ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာချစ်သူအပေါ် တစ်ခုခုဆိုသဝန်တိုစိတ်ကောက်နေတတ်တဲ့သူတွေအတွက် ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ လို့ ပြောချင်ပါတယ်။ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကတော့။၁။ သဝန်တိုတာက စိတ်အနှောင့်အယှက် ဖြစ်စေနိုင်လို့ ဂရုစိုက်ပါ။သဝန်တိုခြင်းက ကိုယ့်ရဲ့စိတ်မလုံခြုံမှု၊ ကြောက်ရွံ့မှု၊ အတိတ်က စိတ်ဒဏ်ရာတွေ စတဲ့ ပြဿနာတွေကြောင့် ဖြစ်ရတဲ့ အမူအကျင့်တစ်ခုပါ။ ဒါဟာ မှားယွင်းတာ မဟုတ်ပေမယ့် ထိန်းမနိုင်အောင် သဝန်တိုလွန်းတဲ့အခါ ကိုယ့်ကို ချစ်တဲ့သူတွေ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုတာ သတိပြုပါ။၂။ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်ပြန်တွက်ကြည့်ပါ။ကိုယ်ဟာ ဘယ်နေရာမှာ ဘယ်လောက် အရည်အချင်းရှိလဲ။ ကိုယ်ချစ်တဲ့သူတွေ အပေါ် ကိုယ်ဘယ်လောက် ကောင်းပေးနိုင်ခဲ့လဲ။ လူတွေမျက်နှာမှာအပြုံးပန်းပွင့်နိုင်အောင် ကိုယ်ဘယ်လိုတွေ လုပ်ပေးခဲ့လဲ စတာတွေကို ပြန်တွေးကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပါ။ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ စိတ်တွေ ဖြစ်လာပြီဆိုရင် သဝန်တိုစိတ်တွေက နည်းသွားနိုင်ပါတယ်။၃။ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး သဝန်တိုစရာ အကြောင်းတစ်စုံတစ်ရာ ပေါ်လာခဲ့တယ် ဆိုကြပါစို့။ အဲ့ဒါကို တရားခံ အပြစ်ထုတ်သလို မေးနေမယ့်အစား ပွင့်ပွင့်လင်းလင်း တိုင်ပင်တဲ့ ပုံစံမျိုး ဆက်ဆံပါ။ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကို နည်းလမ်းမှန်နဲ့ ထုတ်ဖော်ပြသခြင်းဟာ ကိုယ့်ချစ်သူကိုလည်း ဒီအမှားတွေ မလုပ်မိစေဖို့ တိုက်တွန်းရာ ရောက်ပါတယ်။၄။ သက်သေမရှိဘဲ မစွပ်စွဲပါနဲ့။တစ်ခါတလေ ကိုယ် သဝန်တိုနေတဲ့ အကြောင်းအရာက တိကျသေချာမှုမရှိဘူး။ သက်သေမရှိဘဲ ကိုယ့်စိတ်ကပဲ ထင်နေတာဆိုရင် ချစ်သူနဲ့ မတိုင်ပင်ဘဲ ယုံကြည်ရတဲ့သူငယ်ချင်းနဲ့ တိုင်ပင်တာ ပိုကောင်းပါတယ်။ကိုယ်ခံစားနေရတာ၊ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတယ်လို့ ထင်နေတဲ့ အရာတွေကို ရင်ဖွင့်ပြီး ဘာကြောင့် ဖြစ်နိုင်လဲ။ ကိုယ့်ဘက်က သက်သက်မဲ့ သဝန်တိုနေမိတာလားဆိုတာ အဖြေရှာပါ။၅။ အလုပ်တစ်ခုခု ထလုပ်ပါ။လူတွေကစိတ်ရှုပ်စရာအတွေးတစ်ခု ခေါင်းထဲ ဝင်လာပြီဆိုရင် အဲ့ဒါကိုပဲ တစိမ့်စိမ့် အရသာခံတွေးပြီး ကိုယ့်စိတ်ကိုယ် ဒုက္ခပေးနေတတ်ပါတယ်။ ကြာလာတော့ ပြဿနာသေးသေးလေးကနေ ယမ်းပုံမီးကျ ပေါက်ကွဲသလို ဖြစ်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ဒီအတွက် မျိုသိပ်ထားစရာမလိုပါဘူး။ ဒီစိတ်တွေ အဝေးကို လွင့်ထွက်သွားအောင် အလုပ်တစ်ခုခု လုပ်တာ၊ အိပ်ပစ်လိုက်တာမျိုး လုပ်ကြည့်ပါ။၆။ သဝန်တိုစိတ်ကို အကောင်းဘက်က လှည့်တွေးပါ။တစ်ယောက်ယောက်က ကိုယ့်ချစ်သူကို ဖြားယောင်းသွေးဆောင်နေတယ်ဆိုပြီး သံသယတွေ ဝင်လာတဲ့အခါ ဘယ်သူမဆို သဝန်တိုစိတ် ဖြစ်မှာ အသေအချာပါပဲ။ တစ်ဖက်လှည့်အနေနဲ့ ကိုယ့်ချစ်သူဟာ ကိုယ့်ကို တကယ် ချစ်တာ သေချာတယ်။ အဲဒီအတွက် သစ္စာမဲ့တဲ့ လုပ်ရပ်မျိုး ဘယ်လိုလုပ်မှာမဟုတ်ပါဘူး ဆိုပြီး ပြောင်းတွေးကြည့်လိုက်ပါ။ အနည်းဆုံးတော့ မကျေနပ်မှုတွေနဲ့ သွားပြီး ရန်ရှာတာထက်တော့ ပိုအဆင်ပြေမှာပါ။၇။ ကိုယ့်ရဲ့ စိတ်ကိုအေးချမ်းအောင် အရင်တည်ဆောက်ပါ။တစ်ခုခု စိတ်တိုစရာ၊ ဒေါသထွက်စရာ ရှိရင် လူက အသိစိတ်တွေ လွတ်ပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်တတ်ပါတယ်။ သူ့အမှားကနေ ကိုယ့်စကားကြောင့် အမှားဖြစ်သွားရင်တော့ နှစ်ဖက်လုံးအတွက် အဆင်မပြေနိုင်ပါဘူး။ဒီအတွက် စိတ်ထဲမှာ မကျေနပ်စရာတွေ ဖြစ်လာရင် အရင်ဆုံး ကိုယ့်စိတ်ကို ငြိမ်နေအောင် ကြိုးစားကြည့်ပါ။တရားထိုင်တာ၊ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊စာဖတ်တာ အစရှိတဲ့ နည်းလမ်းတွေကို လုပ်ကြည့်နိုင်ပါတယ်။၈။ ကိုယ့်ဘဝအတွက် အဆင်မပြေတဲ့ လူတစ်ယောက်ကို အပင်ပန်းခံပြီး ဆွဲမထားပါနဲ့။ကိုယ့်ချစ်သူက ကိုယ်ဒီလောက် ပြောထားတဲ့ကြားကနေသံသယဖြစ်လောက်စရာ အပြုအမူတွေ ခဏခဏ လုပ်တယ်၊ ရန်လည်း ခဏခဏ ဖြစ်ရတယ်၊ သတင်းတွေလည်း ကြားရတယ်ဆိုရင် စောစောစီးစီးသာ လက်လွှတ်လိုက်ပါ။ကိုယ့်ကို တကယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်အယုံအကြည်ပျက်လောက်စေမယ့် အပြုအမူမျိုးကို လုပ်ဖို့ စဉ်းစားနေမှာ မဟုတ်ပါဘူး။လုပ်ခဲ့တယ်ဆိုရင်လည်း ဒါဟာ ကိုယ့်ဘဝအတွက် မသင့်လျော်တဲ့လူတစ်ယောက်ဆိုတာ သူကိုယ်တိုင် သက်သေပြလိုက်တာနဲ့ အတူတူပါပဲ။ ဒီအတွက် သဝန်တိုစိတ်တွေနဲ့ စိတ်ကို အလောင်ခံပြီး ဆွဲမထားဘဲ လွှတ်ပေးလိုက်ပါ။ချစ်သူရည်းစားဘဝမှာ သဝန်တိုခြင်း၊ အဆင်မပြေမှုတွေကတော့ အမြဲလိုလို ကြုံတွေ့နေရမှာပါပဲ။ ဒီပြဿနာတွေကို အတူကျော်လွှားသွားနိုင်ဖို့၊ ကိုယ်ရွေးချယ်ထားတဲ့ ချစ်သူဟာ ကိုယ့်တစ်ဘဝလုံးစာအတွက် သင့်လျော်တဲ့သူ ဟုတ်တယ်ဆိုတာ ကိုယ့်ဘက်က သေချာနေဖို့ပဲ လိုတာပါ။ ဘေးလူဆိုတာ ဘယ်လောက်ပဲ ပြဿနာပေးနေပါစေ၊ ကာယကံရှင် နှစ်ယောက်က မတုန်လှုပ်ရင် သူကိုယ်တိုင်လည်း ဘာမှစွမ်းနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် မလိုလားတဲ့ သဝန်တိုစိတ်တွေနဲ့ ကိုယ့်စိတ်ကို အရမ်းကြီး ပူလောင်မခံပါနဲ့။ ဘဝမှာ ဒါ့ထက် ပိုအရေးကြီးတဲ့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/how-to-control-jealousy-over-partner/
ဘေဘီလေးတွေ လေးဖက်မထောက်တာ ပုံမှန်ပဲလား .......
ဘေဘီလေး တစ်ယောက် မွေးဖွားလာပြီဆိုရင် သူတို့လေးတွေရဲ့ဖွံ့ဖြိုးမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရတာကမေမေဖေဖေ ဖိုးဖိုးဖွားဖွားတို့ရဲ့ မမောမပန်းလုပ်ဆောင်မိတဲ့ အလုပ်တစ်ခုနော်။ ဘယ်သူ့ ကလေးလေးကတော့ ခေါင်းမတ်မတ်လေး ထောင်နိုင်ပြီ အိမ်က ဘေဘီလေးရော ခေါင်းသေချာ မတ်နိုင်ရဲ့လား။ ဘယ်သူ့ မြေးလေးကတော့ စကားပြောပြီ အိမ်ကမြေးလေးကစကားပြော နောက်ကျနေတာများလား ဆိုတဲ့ စိုးရိမ်မှုကလည်း အမြဲလိုလို ကြီးစိုးနေပါတယ်။အခုတစ်ခေါက်တော့ မေမေဖေဖေ ဖိုးဖိုးဖွားဖွားတို့ စိုးရိမ်နေလောက်မယ့် ဘေဘီလေး လေးဖက်မထောက်သေးတာ ဘာကြောင့်လဲ။လေးဖက်မထောက်ဘဲ မတ်တတ် တမ်းရပ်တာက ပုံမှန်ပဲလားဆိုတာလေးကို ပြောပြပေးချင်ပါတယ်။သတ်မှတ်ထားတဲ့ ဘေဘီလေးတွေရဲ့အသက်အရွယ် အလိုက် ဖွံ့ဖြိုးမှုအဆင့်ဆင့်က မတ်တတ်မရပ်ခင်၊ လမ်းမလျှောက်ခင်မှာ လေးဖက်ထောက်တာက ပုံမှန် ဖွံ့ဖြိုးမှု အဆင့် တစ်ရပ်ပါ။ လေးဖက်ထောက်တာက ဘေဘီလေးရဲ့ အာရုံခံ ကြွက်သားတွေကို သန်မာစေပြီး အာရုံကြော ဖွံ့ဖြိုးမှုကို ကောင်းမွန်စေဖို့ ထောက်ပံ့ပေးပါတယ်။လေးဖက်ထောက်တာက ဘေဘီလေးကို လက်နဲ့ မျက်လုံး ဟန်ချက်ညီညီ လှုပ်ရှား လုပ်ဆောင်နိုင်ဖို့ ထောက်ကူပေးပြီး ခြေလက်တွေကို ဟန်ချက်ညီညီ ကောင်းကောင်း လှုပ်ရှားနိုင်စေဖို့ ထောက်ကူပေးပါတယ်။လေးဖက်ထောက်တာက ဘေဘီလေးကို အခုလိုတွေ ထောက်ကူပေးတယ်ဆိုတော့ ဘေဘီလေးက လေးဖက်မထောက်ရင်ရော ဘေဘီလေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်မလားဆိုတော့ ဆောင်းပါးလေးကို ဆက်ကြည့်လိုက်ရအောင်လား……။ဘေဘီလေးက လေးဖက်မထောက်တာ ပုံမှန်ပဲလား …… ဆိုတော့ ဟုတ်ပါတယ်။ အချို့သော ဘေဘီလေးတွေက သူတို့ရဲ့လက်ကလေးတွေနဲ့ ကြမ်းပြင်တွေကို ထိတွေ့ ကိုင်တွယ်ရမှာကို သဘောမတွေ့တာကြောင့် လေးဖက်မထောက်တာ ဖြစ်နိုင်သလို သူတို့ရဲ့ လက်က ကြွက်သားလေးတွေက သေချာ မဖွံ့ဖြိုးတာမျိုး သူတို့လေးတွေ သူတို့ကိုယ် သူတို့ ယုံကြည်မှု နည်းတာတွေကြောင့် လေးဖက် မထောက်ကြတာပါ။အချိုသော ဘေဘီလေးတွေက မတ်တတ် မရပ်ခင်အထိ မိဘတွေကို ချီခိုင်းရင်းခြေထောက် ကြွက်သားလေးတွေသန်မာလာချိန်မှာ ထိုင်တာ ကနေ အမှီအတွယ်တွေ လူကြီးတွေကို အားပြုပြီး မတ်တတ်ရပ်ကြပါတယ်။ဘေဘီလေးတွေက လေးဖက်ထောက်ပြီးမှ မတ်တတ်ရပ် ကြတာ မှန်ပေမယ့် အချို့သော ဘေဘီလေးတွေကတော့ လေးဖက်ထောက်တဲ့ အဆင့်ကို ကျော်ပြီးမတ်တတ်ရပ်ဖို့လုပ်ကြပါတယ်။လေးဖက် မထောက်တာ​ကြောင့် ဘေဘီလေးမှာ ထိခိုက်သွားတာမျိုး တစ်စုံတစ်ခုမှ မရှိပါဘူး။ဘေဘီလေးက လေးဖက် မထောက်တဲ့အခါပါးစပ်ထဲကို တွေ့ကရာတွေ ကောက်ထည့်မိနိုင်ခြေ နည်းသွားသလို ကြမ်းပြင်မှာ ရှိနေတဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေ လက်ကနေတဆင့် ပါးစပ် နဲ့ အစာခြေစနစ် ထဲကို မဝင်ရောက်တော့တဲ့အတွက် ဘေဘီလေးမှာဝမ်းပျက် ဝမ်းလျှောတာ၊အစာခြေစနစ် ပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့ ရာနှုန်း တစ်ခုအထိ လျှော့ချနိုင်ပါတယ်။ကဲ ….. ဘေဘီလေးတွေ လေးဖက်မထောက်တာ ပုံမှန်ပဲလား ……. ဆိုတဲ့ အဖြေလေးကို သိသွားပြီဆိုတော့ ဘေဘီလေးက လေးဖက်မထောက်လို့ ဆိုပြီး စိတ်ညစ်မနေပါနဲ့နော်။ ဘေဘီလေးက လေးဖက်မထောက်တာက ဖွံ့ဖြိုးမှု ပုံမှန် မဟုတ်တာ မဟုတ်ပါဘူး မေမေဖေဖေတို့ရေ ………။တစ်ခုရှိတာက လေးဖက်လည်း မထောက်သလို လေးဖက်ထောက်ပြီးရင် ဆက်ဖြစ်လာရမယ့် မတ်တပ်စမ်းတာ၊ လမ်းလျှောက်တာတွေပါ မလုပ်နိုင်ဘူးဆိုရင်တော့ ဖွံ့ဖြိုးမှု နောက်ကျနေတာလားဆိုတာ သိဖို့ ကလေးဆရာဝန်နဲ့ စစ်ဆေးဖို့ လိုအပ်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/why-some-babies-dont-crawl/
သာမာန် စိတ်ဓာတ်ကျ ခြင်းနှင့် စိတ်ကျရောဂါ ဝေဒနာ
အတက်အကျတွေနဲ့ တစ်လှည့်စီ ဖွဲ့စည်းထားတဲ့ လူ့ဘဝကြီးမှာ လူသားတွေဟာ ရယ်မောလိုက်၊ ပူဆွေးလိုက်နဲ့ တစ်လှည့်စီ ရှင်သန်နေကြပါတယ်။ ဒါ့ကြောင့်လည်း ဘဝမှာ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊စိတ်ဓာတ်ကျစရာတွေကို မလွဲမသွေ တွေ့ကြုံခံစားကြရပါတယ်။ ဒါဟာ လူသားတိုင်းဖြစ်တတ်တဲ့ သဘာ၀ ဖြစ်စဉ် တစ်ခုပါပဲ။ ဒါကိုစိတ်ကျရောဂါ လို့မခေါ်ပါဘူး။ စိတ်ကျရောဂါဟာ ကုသမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်တဲ့ ဝေဒနာဖြစ်ပြီး မသိလိုက်ဘဲ မကုသဘဲထားမယ်ဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့ သေသေချာချာ ပြသပေးသင့်တဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ဆရာဝန်သာမက မိသားစု အပေါင်းအသင်းတွေရဲ့ အထောက်အပံ့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒါ့ကြောင့် သေချာသိပြီး စောစီးစွာ ကုသမှုခံယူနိုင်ရန်အတွက် ရိုးရိုးသာမာန် စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကျရောဂါဝေဒနာကို ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားချင်ပါတယ်။အကြောင်း တစ်ခုခုကြောင့်၊ ပြဿနာတစ်ခုခုကြောင့် ဝမ်းနည်း၊ စိတ်ညစ်တဲ့အခါမှာလည်း စိတ်ဓာတ်ကျသလို ခံစားချက်မျိုးဖြစ်လာကြပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးဆက်တိုက် မဖြစ်ဘဲ ပုံမှန်နေ့စဉ်ဘဝထဲ ပြန်ရောက်သွားတဲ့အခါမှာ၊ အချိန်တစ်ခုကြာသွားတဲ့ အခါမှာ သူ့ဘာသာသူ ပြန်အဆင်ပြေသွားလေ့ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် စိတ်ဆင်းရဲ၊ စိတ်ဓာတ်ကျပေမယ့် အခြား အကြောင်းအရင်းတွေကြောင့် ပျော်ရွှင်နိုင်ပါသေးတယ်။ ဒါ့ကြောင့် စိတ်ဓါတ်ကျတဲ့ ခံစားမှုတွေ ဖြစ်လာတဲ့အခါလေ့ကျင့်ခန်းတွေလုပ်၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ စိတ်ဝင်စားတဲ့ အရာလေးတွေကိုလုပ်ရင်း မကောင်းတဲ့ စိတ်တွေကို တိုက်ထုတ်ပစ်မယ်ဆိုရင် အမြန်ပြန်ပြီး ကောင်းလာနိုင်ပါတယ်။၁။ စိတ်ဓာတ်ကျသော ခံစားမှုသည် ရက်သတ် နှစ်ပတ်ထက်ကျော်လွန်သည်အထိ တောက်လျှောက်ခံစားနေရလျှင်။၂။ ထိုစိတ်ကြောင့် အလုပ်အပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်သည်အထိ ဖြစ်လာပြီးသတ်သေချင်တဲ့ စိတ်တွေ အကြိမ်ကြိမ်ဖြစ်လာခဲ့လျှင်။စတဲ့ အခြေအနေ နှစ်ခုအပြင် အောက်ပါရောဂါလက္ခဏာတွေ တွေရပြီဆိုရင်တော့ စိတ်ကျဝေဒနာလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။၁။ ကလေးဘဝမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့သူများ။၂။ မိသားစုဝင်ထဲတွင် စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု ရာဇဝင်ရှိသူများ။၃။ မိမိကိုယ်ကို ယုံကြည်မှုအလွန်နည်းသူများ။၄။ ဆေး(သို့)အရက်စွဲနေသူများ။၅။ မိသားစု၊ သူငယ်ချင်း၊ ရင်းနှီးတဲ့ မိတ်ဆွေ မရှိသောသူများ။၆။ အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ် တစ်ပိုင်းသေသွားခြင်း၊ ဆိုးရွားသောရောဂါ ဥပမာ- ကင်ဆာ၊ AIDS ရောဂါ တစ်ခုခု ရှိနေကြောင်း ရုတ်တရက်သိလိုက်ရခြင်း၊ အရမ်းရင်းနှီး အားထားရတဲ့ မိသားစုဝင်တစ်ဦးဦး သေဆုံးသွားခြင်း စတဲ့ လက်ခံနိုင်ဖို့ခက်ခဲတဲ့ အခြေအနေနဲ့ တွေ့ကြုံလိုက်ရတဲ့သူတွေမှာ စိတ်ကျဝေဒနာ ပိုဖြစ်နိုင်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ ရိုးရိုးသာမာန်စိတ်ဓာတ်ကျလို့ ဝမ်းနည်းနေတဲ့ သူတွေလည်း စိတ်ဓာတ်ကျခြင်းကို အမြန်တိုက်ထုတ်နိုင်ကြပြီး ဖော်ပြပါ စိတ်ဓာတ်ကျဝေဒနာရဲ့ လက္ခဏာတွေရှိနေတဲ့ သူတွေအနေနဲ့လည်း အမြန်ပြန်ကောင်းနိုင်အောင် စောစီးစွာကုသမှုခံယူနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ရေးသားသူ- Khine Phoo Ngon။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%9e%e1%80%ac%e1%80%99%e1%80%ac%e1%80%94%e1%80%ba-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%80%e1%80%bb-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94/