title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
သဖန်းသီး နဲ့ ကျန်းမာရေး
ချဉ်ပေါင်ဟင်းလေး ငရုတ်သီးဆားထောင်းလေးနဲ့ ထမင်းကိုနယ်ပြီး ရေစိမ်ထားတဲ့သဖန်းသီး ကြွပ်ကြွပ်လေးကို တို့စားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီ သဖန်းသီးလေးတွေက ပင်စည်မှာ အခိုင်လိုက် ကပ်ပေါက်တတ်ပြီး အတွင်းမှာ ဝါးစားလို့ရတဲ့ အစေ့လေးတွေ ပါပါတယ်။ အစိမ်းရောင် ရှိပြီး မှည့်လာတဲ့အခါ နီနီရဲရဲလေးနဲ့ ချစ်စရာ ကောင်းပါတယ်။သဖန်းသီးကို ဒီအတိုင်း တို့စားတာ ရှိသလို ဆားရည်စိမ် စားတာမျိုးလည်း ရှိပါတယ်။ ဒီလို စားကောင်းတဲ့ သဖန်းသီးကကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။သဖန်းသီး ဆိုတာ သဖန်းပင်ရဲ့ အသီးပါ။ အရိပ်ရတဲ့ အပင်ကြီးမျိုးပါ။ ပင်စည်မှာ ကပ်ပေါက်တတ်ပါတယ်။ သဖန်းကို ရေသဖန်းနဲ့ ကုန်းသဖန်းဆိုပြီး ခွဲခြားထားပါတယ်။ အပေါ်ခွံ ထူထူလေးနဲ့ အတွင်းမှာ ဝါးစားလို့ရတဲ့ အစေ့လေးတွေ ပါပါတယ်။ အခွံပါ ဝါးစားလို့ ရပါတယ်။သဖန်းသီး အစိမ်းကိုရော အမှည့်ကိုပါ ဒီအတိုင်း စားလို့ ရပါတယ်။သဖန်းသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။စားလို့ ကောင်းတဲ့ သဖန်းသီးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။သဖန်းသီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အအေးမိ၊ ဖျားနာတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကသံဓာတ် စုပ်ယူမှုကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။သဖန်းသီး စားပေးတာက ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ် ပြည့်ဝစေပြီးအရိုးသိပ်သည်းဆလျော့ကျတာကို သက်သာစေနိုင်သလို အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။အရိုးတွေကို သန်မာစေပြီး အရိုးကျိုးလွယ်တာကို ကာကွယ်ပေးပါတယ်။ အရိုးအက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံစေနိုင်ပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အဆီကျစေပြီး ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကြွက်သားတက်အောင်လေ့ကျင့်နေသူတွေလည်း စားပေးလို့ ရပါတယ်။ဆံသား၊ အရေပြား နဲ့  လက်သည်ခြေသည်းလေးတွေ ကျန်းမာသန်စွမ်းစေဖို့လည်း သဖန်းသီး စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုနဲ့ ဗီတာမင် C ပါဝင်မှုက အသားအရေကို ကျန်းမာစေပြီး ဆံသားကို သန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ ကော်လာဂျင် ထွက်ရှိမှုကို လှုံ့ဆော်ပေးပြီး ခြေသည်းလက်သည်းတွေ ကျိုးပဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။သဖန်းသီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်က ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် မှတ်ဉာဏ်တိုးတက်စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် မှတ်မိနိုင်စွမ်းကျတာကို ကာကွယ်ပေးပါတယ်။ အာရုံကြောတွေကို ကျန်းမာစေပြီး အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို အသက်အရွယ်ကြောင့် မှတ်မိနိုင်စွမ်း ကျလာတာကို သက်သာစေနိုင်ပါတယ်။သဖန်းသီးစားသုံးပေးတာက ဆီးချို ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သဖန်းသီးမှာ ဗီတာမင် E၊ sterols၊ coumarins၊ tannins နဲ့ အခြားသော bioactive compoundsတွေ ပါဝင်နေတာကြောင့်ဆီးချိုကာကွယ်ပေးနိုင်ပါတယ်။အမျှင်ဓာတ် ပါဝင်နေမှုက အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။သဖန်းသီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးကျစေဖို့ဆိုရင် သဖန်းသီးစားပေးလို့ ရပါတယ်။ကဲ …. သဖန်းသီးစားတာက အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/figs-health-benefits/
ဆေးဖြင့် ကိုယ်ဝန်ဖျက်ချပြီးနောက် မိမိကိုယ်ကို ဂရုစိုက်ခြင်း
နာမည်မှာပါသလိုပဲ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချခြင်းဆိုတာဟာ ဆေးကိုသုံးပြီး ကိုယ်ဝန်ကို ပျက်ကျအောင်ပြုလုပ်တာဖြစ်တယ်။ ခွဲစိတ်တာနှင့် မတူသောအချက်မှာ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချပြီးနောက် အိမ်တွင်လိုအပ်သောစောင့်ရှောက်မှုဆက်ယူရန်လိုပါတယ်။ ဆေးဖြင့်ကိုယ်ဝန်ဖျက်ချတာက ဆရာဝန်စောင့်ကြည့်မှုမပါဘဲ အိမ်မှာကိုယ်ဝန်ပျက်ကျတာနှင့်တူတယ်။ သွေးဆင်းပြီးနောက် ၂ပတ်အကြာမှာဆရာဝန်နှင့် ပြန်ပြရန်လိုပါတယ်။ပုံမှန်ဆိုလျှင် သားအိမ်အတွင်း လုံးဝသန့်ရှင်းသည့်နေ့မှစပြီး မိမိတို့နေ့စဉ်အလုပ်ကို ပုံမှန်လုပ်လို့ရပါတယ်။ ဒါပေမယ့် ၂ပတ်အတွင်းမှာတော့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကို ရှောင်သင့်ပါတယ်။ အမျိုးသားနှင့် အတူနေတာကိုလည်း ရှောင်ရမယ်။ အတူနေတော့မယ်ဆိုရင်လည်း သားဆက်ခြားတာကို လုပ်သင့်တယ်။ ရောဂါကာကွယ်ဖို့အတွက် ကွန်ဒုံးကို သုံးတာကပိုကောင်းပါတယ်။ မိန်းမကိုယ်ရဲ့အတွင်းကို မည်သည့်အရည်မှသုံးပြီး မဆေးဖို့ကလည်း အရေးကြီးတယ်။ အလွန်ဆိုးရွားတယ်လို့ခံစားရပြီး သန့်ရှင်းချင်စိတ်ပေါ်လာရင်တောင် မဆေးသင့်ပါဘူး။ မှားယွင်းစွာ သန့်ရှင်းခြင်းက ရောဂါပိုးတွေပိုပေါက်စေပြီး အခန့်မသင့်ရင် မျိုးပွားအဂါႍများရောင်ရမ်းခြင်း ( Pelvic inflammatory disease) ဖြစ်သွားနိုင်ပါတယ်။ဆေးဖြင့်ကိုယ်ဝန်ဖျက်ချပြီးနောက် အမျိုးသမီးအများစုက အောက်တွင်ရေးထားသလို ခံစားရနိုင်တယ်။• ကိုယ်ဝန်ပျက်ကျပြီး ၂ပတ်အထိ မိန်းမကိုယ်မှ သွေးဆင်းနိုင်တယ်။ ကိုယ်ဝန် ၇ပတ်အထက်ဆိုလျှင် ပိုပြီးသွေးဆင်းနိုင်တယ်။• ၂ပတ်လောက် ဗိုက်မှာမအီမသာခံစားရနိုင်တယ်။ ရာသီလာရင်ကိုက်ခဲသလိုမျိုး ခံစားရနိုင်တယ်။ တချို့တွေမှာ ၆ပတ်လောက်အထိ ကိုက်ခဲနိုင်တယ်။• ကိုယ်ဝန်ဆောင်ကာလက ထွက်ထားတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်မငြိမ်မသက်ဖြစ်နေတတ်တယ်။ အပြစ်ရှိသလိုခံစားရမှု၊နှင့် ဝမ်းနည်းပူဆွေးမှုတို့ကို ခံစားရနိုင်တယ်။အောက်ပါအချက်များကို ခံစားရလျှင် ဆရာဝန်နှင့် ချက်ချင်းပြဖို့လိုအပ်တယ်။သင့်ဆရာဝန်က သင်ဆေးဖြင့်ကိုယ်ဝန်ဖျက်ချတာဟာ မအောင်မြင်ဘူးလို့ ယူဆရင် နောက်ဆက်တွဲဆိုးကျိုးတွေကို မခံစားရအောင် ခွဲစိတ်မှုဖြင့်ကိုယ်ဝန်ဖျက်ချမှု (သားအိမ်ခြစ်ခြင်း၊ သားအိမ်တွင်းအပိုင်းအစတွေကိုလေစုပ်ကိရိယာဖြင့်စုပ်ထုတ်ခြင်း) ဆောင်ရွက်ခိုင်းပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/%e1%80%86%e1%80%b1%e1%80%b8%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bb/
အိပ်ဟောက်အသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea) သေနိုင်လား။
အိပ်ဟောက်အသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea) သေနိုင်လား။ အိပ်ဟောက်အသက်ရှူရပ်ရောဂါ(Obstructive Sleep Apnea) ကခုခေတ်မှာ ခေတ်စားလာပါပြီ။ ဘာလို့ဆို ဝတဲ့သူတွေ များလာလို့ပါ။ သူသူကိုယ်ကိုယ် အိပ်ရင်တော်တော်များကဟောက်တတ်ပါတယ်။ ဒါက သိပ်မထူးဆန်းပေမယ့် ဝတဲ့သူဟောက်ရင် သတိထားပါ။  မသိလိုက်တဲ့ အချိန်မှာ အသက်ရှူရပ်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ ဒီတော့ စောစောသိရအောင် ဒီအချက်တွေကို သတိထားလိုက်ပါ။-ဟောက်ပါတယ်။-အိပ်နေရင်းကြားထဲမှာအသက်ရှူရပ်သွားတတ်ပါတယ်။-အိပ်နေရင်း ချွေးထွက်တတ်ပါတယ်။-အိပ်နေရင်း ရုတ်တရက် သီးပြီး အသက်ရှူကြပ်ပြီး လန့်နိုးတတ်ပါတယ်။ ပါးစပ်ခြောက်တာ၊ လည်ပင်းနာတာမျိုးဖြစ်တတ်ပါတယ်။-မနက်မိုးလင်းရင် ခေါင်းကိုက်တတ်ပါတယ်။-အိပ်ရေးမဝတဲ့အတွက် တစ်နေကုန် ခေါင်းမကြည်ပါဘူး။-တစ်နေကုန် အာရုံစိုက်လို့မရပါဘူး။–စိတ်ကျတာ၊ စိတ်ဆတ်တာ ဖြစ်ပါတယ်။-သွေးတိုးတာ။–လိင်စိတ်လျော့နည်းတာတွေ ဖြစ်တတ်ပါတယ်။သင်ကိုယ်တိုင်ပဲဖြစ်ဖြစ် သင်နဲ့ အတူနေတဲ့သူပဲဖြစ်ဖြစ် အောက်မှာပြောထားတဲ့အချက်တွေဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။-ဟောက်သံကျယ်လွန်းလို့ သူများတွေနိုးကုန်တာ။-အသက်ရှူကြပ်ပြီး သီးပြီး ရုတ်တရက် လန့်နိုးလာတာ။-အိပ်နေရင်းကြားထဲမှာ အသက်ရှူရပ်သွားတာ။-နေ့ဖက်တွေမှာ ခေါင်းမကြည်တာ၊ ကားမောင်းရင်း၊ အလုပ်လုပ်ရင်း၊ TVကြည့်ရင်း ငိုက်ပြီး အိပ်ပျော်သွားတာ စတာတွေရှိနေရင် ပြသင့်​နေပါပြီ။လူတွေက ဟောက်တာကို အန္တရာယ်ရှိတယ်လို့ မမြင်ကြပါဘူး။ OSAလူနာတိုင်းကလည်း မဟောက်ကြပါဘူး။ ဒါပေမယ့် ခုနကပြောခဲ့သလို အိပ်ရင်း အကျယ်ကြီး ဟောက်တယ်။ ဟောက်ရင်းနဲ့အသက်ရှူရပ်သွားတယ်။ ပက်လက်အိပ်ရင် ပိုဟောက်တယ်။ ဘေးစောင်းအိပ်ရင် သိပ်မဟောက်တော့ဘူး။ ဒါမျိုးဆိုရင်တော့ OSAဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါ့ပြင် နေ့ဖက်တွေမှာ အကြောင်းရင်းမရှိဘဲ နုန်းနေတယ်။ အိပ်ငိုက်တယ်။ စိတ်ဆတ်နေမယ်ဆိုရင် တခြား အိပ်စက်ခြင်း ပြဿနာဖြစ်တဲ့narcolepsyလိုမျိုး ရုတ်တရက်အိပ်ပျော်တဲ့ ရောဂါမျိုးကိုလည်း သတိထားသင့်ပါတယ်။OSAက လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ လျော့တွဲပြီး အသက်ရှူလမ်းကြောင်းကို သွားပိတ်လို့ပါ။ အဖြစ်များတဲ့ သူတွေကတော့။–အဝလွန်တဲ့သူတွေ : OSAရှိတဲ့သူတွေတိုင်းက မဝပါဘူး။ လည်ပင်းပတ်ချာလည်မှာ အဆီစုတွေသူတွေက ပိုဖြစ်တာပါ။ တခြားရောဂါတွေဖြစ်တဲ့သိုင်းရွိုက်ဟော်မုန်းနည်းရောဂါရှိသူတွေ၊PCOSလို့ခေါ်တဲ့ သားဥအိမ် အရည်အိတ်တည်တဲ့သူတွေက အဝလွန်နိုင်တဲ့အတွက် OSAဖြစ်နိုင်ပါတယ်။ဒီမှာတစ်ခုပြောချင်တာက ဝတဲ့သူတိုင်း OSAဖြစ်တာမဟုတ်ပါဘူး။ အဲ့လိုပဲ ပိန်တဲ့သူတွေ OSAမဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။-လေပြွန်ကျဉ်းခြင်း : မွေးကတည်းက လေပြွန်ကျဉ်းတာ ဖြစ်နိုင်သလို အာသီးရောင်တာ၊ လည်ပင်းက ပြန်ရည်ကြိတ်တွေကြီးတာကြောင့်လည်း လေပြွန်ကျဉ်းတတ်ပါတယ်။​-သွေးတိုးခြင်း : OSAက သွေးတိုးတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။-နာတာရှည် နှာရည်ယို နှာပိတ်ခြင်း : နာတာရှည် နှာရည်ယို နှာပိတ်သူတွေမှာ OSAဖြစ်နိုင်ချေက ၂ဆပါ။ အကြောင်းက လေပြွန်ကျဉ်းစေလို့ပါတဲ့။-ဆေးလိပ်သောက်ခြင်း။-ဆီးချိုရောဂါရှိခြင်း။-သွေးမဆုံးခင်မှာ အမျိုးသမီးတွေက အမျိုးသားတွေလောက် OSAမဖြစ်ပါဘူး။ သွေးဆုံးပြီးနောက်ပိုင်းမှာတော့ OSAဖြစ်နိုင်ချေက အမျိုးသမီးတွေမှာ ပိုပိုပြီးတက်လာပါတယ်။-မိသားစုထဲမှာ မျိုးရိုးရှိရင်လည်း ဖြစ်နိုင်ပါတယ်။-ပန်းနာရင်ကြပ်ရှိရင်လည်း ဖြစ်နိုင်ပါတယ်။-နေ့ဖက်မှာ နုန်းပြီး အိပ်ငိုက်တတ်ပါတယ်။ လူကြီးတွေဆိုရင် လုပ်ငန်းခွင်ထိခိုက်မှုတွေ၊ ကားအက်စီးဒင့်တွေ ဖြစ်တတ်ပါတယ်။ ကလေးတွေဆိုရင်လည်း ကျောင်းမှ အိပ်ငိုက်နေတာကြောင့် ကျောင်းစာမလိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။-နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေဖြစ်တတ်ပါတယ်။ OSAကြောင့် သွေးထဲမှာ အောက်စီဂျင်နည်းသွားပြီး သွေးတိုးတာ၊ သွေးကြောကျဉ်းတာ၊ heart attackနဲ့ လေဖြတ်တာတွေ ဖြစ်တတ်ပါတယ်။ ပိုဆိုးတာက နှလုံးစည်းချက်မမှန်တာ၊ ရုတ်တရက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။-OSAဖြစ်တတ်တဲ့သူတွေက ခွဲစိတ်မှုလုပ်မယ်ဆိုရင်လည်း သူများတွေထက်ပိုခက်ပါတယ်။ ခွဲစိတ်ဖို့ မေ့ဆေးပေးမယ်ဆိုရင်လည်း လည်ပင်းကြွက်သားတွေ ပိုပျော့သွားတတ်လို့ OSAကို ပိုဆိုးစေပါတယ်။ ဒါ့ပြင် ခွဲဖို့ ပက်လက်လန်လိုက်မယ်ဆိုရင်လည်း လည်ပင်းကြွက်သားတွေ အိကျလာလို့ OSAကို ပိုဆိုးစေပါတယ်။ ပြီးတော့ ခွဲစိတ်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကိုလည်း ပိုခံရပါတယ်။ ဒါကြောင့် ခွဲစိတ်ဖို့ လိုလာပြီဆိုရင် ကိုယ့်မှာ OSAရောဂါရှိကြောင်း ဆရာဝန်ကို ကြိုပြောပြထားပါ။-လေ့လာချက်တွေအရ OSAနဲ့ရေတိမ်ဆက်စပ်မှုရှိပါတယ်တဲ့။-ဟောက်သံကြောင့် အတူအိပ်တဲ့သူကိုလည်း အနှောင့်အယှက်ဖြစ်စေလို့ ကြာလာရင် လူမှုဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။-ဒါ့ပြင် OSAရှိတဲ့သူတွေက မှတ်ဉာဏ်ပြဿနာ၊ နေ့ဖက်မှာ ခေါင်းကိုက်တာ၊ စိတ်အတက်အကျဖြစ်တာ၊ စိတ်ကျတာ၊ ညဖက်မှာ ဆီးခဏခဏသွားတာ စတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။OSAလူနာတွေကို အခုအခါမှာ CPAPလို့ခေါ်တဲ့ အသက်ရှူစက်တွေတပ်ပြီး ကုသလို့ရနေပါပြီ။ OSAသိပ်မဆိုးရင်တော့ mouth pieceလို့ ခေါ်တဲ့ ကိရိယာလေးတွေ တပ်ပြီး လေပြွန်မပိတ်အောင် လုပ်ထားလို့ရပါတယ်။ ဒါတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်ရမှာပါ။ကိုယ်တိုင်လုပ်နိုင်တာတွေကတော့။-အဝလွန်နေရင် ဝိတ်ချပါ။-လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။-အရက်လျှော့သောက်ပါ။ အိပ်ခါနီး အရက်မသောက်ပါနဲ့။-ဆေးလိပ်ဖြတ်ပါ။-နှာခေါင်းပိတ်နေရင် ကုသပါ။-ပက်လက်မအိပ်ပါနဲ့။-အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။မေးခွန်းကို ပြန်ဖြေရရင် အိပ်ဟောက်အသက်ရှူရပ်ရောဂါ (Obstructive Sleep Apnea) သေနိုင်ပါတယ်။ ဒါကြောင့်ဂရုစိုက်ပါ။ ဟောက်လည်း ဟောက်တတ်တယ်။ အိပ်နေရင်းနဲ့ အသက်ရှူရပ်ရပ်သွားတယ်။ နေ့ဖက်မှာလည်း အိပ်ငိုက်တတ်တယ်ဆိုလို့ရှိရင် OSAလားဆိုပြီး သတိထား စစ်ဆေးဖို့ မမေ့ပါနဲ့။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/obstructive-sleep-apnea-explained/
ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။
ဆီးမသွားနိုင်လို့ ဘယ်သူကတော့ဆီးပိုက်ကြီးနဲ့ နေရတာ၊ဆီးမထိန်းနိုင်လို့ဆီးပိုက်တန်းလန်းနဲ့နေမှ အဆင်ပြေတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ တကယ်တော့ ဆီးပိုက်ထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူအတွက် တကယ်ကို နေရထိုင်ရတာ သက်တောင့်သက်သာ မရှိစေတဲ့ အရာတစ်ခုပါ။ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် ဆီးပိုက်ကို သေချာ ဂရုမစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကလည်း အများကြီးပါ။ ဘာဆိုးကျိုးတွေ ရှိလဲဆိုတာသိမှ သေချာ ဂရိုစိုက်လို့ရမှာဖြစ်တာကြောင့် ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။ဆိုးကျိုးတွေကို အရင်မပြောခင် ဘာကြောင့် ဆီးပိုက်ထည့်ရတာလဲဆိုတာကို အရင်ပြောရအောင် ။ ရောဂါအခံကြောင့်၊ ဆီးကျောက်တည်နေလို့၊ ဆီးအိမ်ကြွက်သားအားမကောင်းလို့၊ အသက်ကြီးလာလို့ ဆီးလမ်းကြောင့် မလုံလို့နဲ့ ခွဲစိတ်ပြီးခါစမှာ။ဆီးလမ်းကြောင်းပိုးဝင်ခြင်း– ဆီးပိုက်ထည့်တာကြောင့် ရလာနိုင်တဲ့ အဖြစ်အများဆုံး ဆိုးကျိုးတစ်ခုပါ။ ဆီးလမ်းကြောင်းပိုးဝင်တာရဲ့ လက္ခဏာတွေကတော့။ဆီးပိုက်ထည့်ထားတာကြောင့် အခြားရနိုင်သေးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက။မထည့်လို့ကလည်းမရတော့ ဆီးပိုက်ထည့်လိုက်ရပြီ ဆိုပါတော့။ အပေါ်မှာ ပြောထားတဲ့ ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မရအောင် ဆီးပိုက်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ။ဆီးပိုက်တွေမှာ တစ်ခါသုံး ဆီးပိုက်နဲ့ ပြန်ဆေးပြီး သုံးလို့ရတဲ့ ဆီးပိုက်ဆိုပြီး ၂ မျိုးရှိပါတယ်။တစ်ခါသုံး ဆီးပိုက်တွေကတော့ ရှင်းပါတယ်။ သုံးပြီးတာနဲ့စွန့်ပစ်လိုက်ရုံပါပဲ။ပြန်ဆေးပြီးသုံးလို့ရတဲ့ ဆီးပိုက်ထည့်တဲ့ သူဆိုရင်တော့ဆီးပိုက်ကို ရေတွေ၊ ဆပ်ပြာတွေနဲ့ သေချာသန့်စင်နေအောင် ဆေးဖို့ဆိုတာ တော်တော်လေးကို အရေးကြီးပါတယ်။ ဆီးပိုက်တင်မဟုတ်ပါဘူး။ ဆီးပိုက်ထည့်ခါနီးတိုင်း ဆီးခုံနားတစ်ဝိုက်ကိုလည်း သေချာ သန့်ရှင်းပေးဖို့လိုပါတယ်။ ဒါမှဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်နိုင်မှာပါ။ဆီးပိုက်နဲ့ဆက်ထားတဲ့ ဆီးအိတ်ကို ၈နာရီတစ်ခါ ဒါမှမဟုတ် ဆီးအိတ်ပြည့်သွားတိုင်း အထဲက ဆီးတွေကို ဖောက်ထုတ်ပေးပါ။ ရှာလကာရည် + ရေ ( ဒါမှမဟုတ်) အရောင်ချွတ်ဆေး + ရေ ရောပြီး ဆီးအိတ်ကို သန့်စင်ပေးလို့ရပါတယ်။နောက်တစ်ခုကတော့ရေများများသောက်ဖို့ပါ။ ရေများများသောက်မှ ဆီးများများသွားြ့ပီး ဆီးအနည်ထိုင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ နည်းသွားမှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/urine-catheter/
ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား
မနက်ခင်းအေးအေးလေးမှာ လက်ဖက်ရည်အရသာရှိရှိလေး သောက်ရတာ၊ကော်ဖီပူပူလေးသောက်ရတာ ကြိုက်လို့ဆိုပြီး သောက်တယ်။ နေ့လယ်ခင်းကျ အပျင်းပြေဆိုပြီး လက်ဖက်သုပ်လေးစားတယ်။ ကော်ဖီလေးသောက်တယ်။ အချိုရည်တစ်မျိုးမျိုးသောက်လိုက်တယ်ဆိုပါတော့ ညကျတော့လည်း စာအုပ်လေးဖတ်ရင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲဝင်သွားတဲ့ ကဖင်းကတော်တော်လေးများပြီလေ။ ဒီလို ကဖင်းများတာက တစ်နေကုန်တော့ မသိဘူးပေါ့။ ညရောက်တော့ အလန်းလွန် အလွန်လန်းလို့  အိပ်မရဖြစ်နေပြီဆိုရင်တော့ သေချာတယ်။ တစ်နေကုန် ကဖင်းကို တော်တော်လေး စားမိလိုက်ပြီဆိုတာလေ။ ဒီလိုနဲ့ ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား …..။ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များနေပြီဆိုရင်။ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား …… ကဖင်း များတာက ကာလတို အတွင်းမှာဆိုရင် အိပ်မပျော်တာလောက်ပဲ ဆိုပေမယ့် အချိန် ကြာလာတဲ့အခါ နှလုံးထိခိုက်စေနိုင်သလို ကိုယ်တွင်း သံဓာတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီးသွေးအားနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို တတ်နိုင်သမျှလျှော့ပါ။ တကယ်လို့ ကဖင်း အများကြီး စားမိပြီဆိုရင်လည်း ဒီအချက်လေးတွေ လုပ်ကြည့်ပါ။ရေများများသောက်ပါ။ကဖင်းဓာတ်များသွားတယ်လို့ ယူဆတယ်ဆိုတာနဲ့ ရေကိုများများသောက်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကဖင်းဓာတ်များတာကြောင့်ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးမှုကနေတဆင့် ကဖင်းဓာတ်တွေကို ခန္ဓာကိုယ်ပြင်ပကိုရောက်ရှိစွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကော်ဖီတစ်ခွက်သောက်ပြီးရင်ဖြစ်ဖြစ် လက်ဖက်ရည်တစ်ခွက်သောက်ပြီးရင်ဖြစ်ဖြစ် အနည်းဆုံးရေတစ်ခွက်သောက်ပေးပါ။ ဒါက ကဖင်းဓာတ်များတာကို လျှော့ချပေးနိုင်မယ့် အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။သံပရာရည်သောက်ပါ။ကဖင်းဓာတ် အရမ်း များသွားတဲ့အခါ သံပရာရည် သောက်ပေးတာကလည်း အဆင်ပြေတဲ့ နည်းလမ်း တစ်ရပ်ပါ။သံပရာသီးမှာ ပါတဲ့ဗီတာမင် Cက ကဖင်းကြောင့် ခန္ဓာကိုယ်က ဗီတာမင် စုပ်ယူနိုင်စွမ်း နဲ့ သံဓာတ် စုပ်ယူမှု ကျဆင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်မှာပါ။ ဒါကြောင့် ကဖင်း အရမ်းများသွားခဲ့ရင် သံပရာရည်လေး သောက်လိုက်ပါ။ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/how-to-relieve-caffine-overdose/
မျက်နှာလေး Glow ချင်တဲ့ ပျိုမေတွေအတွက် အလွယ်ဆုံးဘတ်ဂျက်နည်းလမ်း (၇) ခု
မိတ်ကပ်တွေ ထပ်စရာမလို၊ရောင်စုံတွေတင်စရာမလို ဝင်းလက်ကြည်လင်နေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်တာကတော့ မိန်းကလေးတိုင်းရဲ့ဆန္ဒပါ။ ဒါ့ကြောင့်ပဲ အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေက မိတ်ကပ်ထက်ဈေးပိုများပြီး ရွေးစရာလည်းပိုများနေတာဖြစ်ပါတယ်။အောက်ခံအသားအရေကို ဂရုမစိုက်ဘဲ လိုအပ်မှ မိတ်ကပ်တွေ ဘယ်လောက်ထပ်လိမ်းလိမ်း အဆင်မပြေနိုင်ပါဘူး။အသားလှဖို့ဆိုတာ ဟိုးအရင်ကတွေးကြသလို အတိတ်ဘဝဆုတောင်းကောင်းခဲ့လို့ ဆိုတာမျိုး၊ ငါတို့ယှဉ်လို့ဘယ်ရမလဲ သူ့အသားလေးက နဂိုလှတာကိုးဟယ် ဆိုတာမျိုး၊ ကိုယ်တွေတော့ ဒီလိုမလှနိုင်လောက်ပါဘူးဆိုတာမျိုး မဟုတ်ပါဘူး။ သင်အသားမလှတာ မဟုတ်ပါဘူး၊သေချာဂရုမစိုက်ရသေးလို့ပါ လို့ပြန်ဖြေရမှာပါပဲ။ အသားလေးကြည်ပြီး လှနေတဲ့ သဘာဝအလှကို ရနိုင်ဖို့ဆိုတာဈေးကြီးတဲ့ အရေပြားအလှကုန်တွေ set လိုက်ဝယ်သုံးနိုင်မှ မဟုတ်ပါဘူး။ အကုန်အကျနည်းတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ လွယ်လွယ်ကူကူ ဂရုစိုက်ပေးလို့လည်းရပါတယ်ဆိုတာ ပျိုမေတို့ကို အကြံကောင်းပေးချင်တာပါ။ ဘာလို့ဆို နာမည်ကြီးအသားအရေထိန်းပစ္စည်းတွေဟာ ဒီသဘာဝပစ္စည်းတွေကနေ အခြေခံပြီး နည်းပညာနဲ့ ထုတ်နှုတ်ဖန်တီးထားတာကိုး။ဒီပါဝင်ပစ္စည်းတွေနဲ့ပေါင်းတင်နည်းတွေကို နားရည်ဝပြီးသားဖြစ်ရင်ဖြစ်နိုင်ပေမယ့်ဈေးကအလွယ်ဝယ်ပြီး တစ်ပတ်တစ်ကြိမ်လောက် နည်းလမ်းအလဲအလှယ်လုပ်လို့ရတဲ့ပစ္စည်းတွေချည်းစုစည်းထားတာဖြစ်တာကတစ်ကြောင်း(ဒီပစ္စည်းတွေချည်းပဲဆိုတော့ တစ်ခါပဲဝယ်ပြီး တစ်ပတ်တစ်နည်းလုပ်လို့ရတယ်)၊ဖျော်စပ်နည်းလည်း အနည်းငယ်ကွာတာက တစ်ကြောင်း စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။ရှားစောင်းလက်ပပ်ကို ဝယ်လို့ရရင်လည်းရပေါ့၊ မရလည်း သဘာဝပစ္စည်းနဲ့ထုတ်လုပ်တဲ့(ဓါတုဆေးပြင်းမပါတဲ့) ရှားစောင်းဂျယ်လ်ဘူးနဲ့လည်းသုံးလို့ရတယ်။ ရှားစောင်းအနှစ် တစ်ဇွန်း၊ နနွင်း လက်တစ်ဆိတ်စာလောက်၊ ပျားရည်တစ်ဇွန်း၊ နွားနို့တစ်ဇွန်းကိုရောမွှေပါ။ မျက်နှာနဲ့လည်ပင်းမှာ သုတ်လိမ်းပါ။ မိနစ် ၂၀လောက်ထားပြီး ကြက်သီးနွေးရေနဲ့မျက်နှာသစ်ပါ။ တစ်ပတ်နှစ်ကြိမ် လုပ်လို့ရပါတယ်။ရှားစောင်းအနှစ်က အသားအရေကို အားဖြည့်ပေးပြီး အနာအဆာမှန်သမျှ ကုစားပေးနိင်လို့ နုပျိုမှုရယ်၊ ဝင်းလက်မှုရယ်ပေးနိုင်တာသေချာပါတယ်။မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း၊extra virginသံလွင်ဆီတစ်ဇွန်း၊ ပျားရည်ဇွန်းတစ်ဝက်ကိုရောမွှေပါ။ မျက်နှာမှာလိမ်းပြီး စက်ဝိုင်းပုံသဏ္ဍာန်ခပ်ဖွဖွနှိပ်လိမ်းပါ။ ၁၀ မိနစ်ထားပြီးရေအေးနဲ့ မျက်နှာသစ်ပါ။ ဒီနည်းကိုတစ်ပတ်တစ်ကြိမ် လုပ်နိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါကအရေပြားဆဲလ်သေတွကိုဖယ်ရှားပြီး အသားအရေကိုချောမွတ်စေတယ်၊ရောင်ရမ်းမှုတွေကို သက်သာစေတယ်ဆိုတော့ ဝက်ခြံရှိရင်တောင် ချပ်သွားပါလိမ့်မယ်။သံပရိုသီးအရည်နှစ်ဇွန်း၊ သကြားနှစ်ဇွန်းကိုရောမွှေပြီး မျက်နှာမှာလိမ်းပါ။ မျက်လုံးထဲတော့မဝင်စေနဲ့ပေါ့။ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပြီး ၁၀ မိနစ်ထားပါ။ ကြက်သီးနွေးရေနဲ့မျက်နှာသစ်ပါ။ တစ်ပတ်နှစ်ကြိမ်လုပ်နိုင်ပါတယ်။သကြားက ဆဲလ်သေတွေကိုဖယ်ရှားပေးတယ်။ သံပရိုသီးက အသားအရေကို သန့်စင်ပေးတယ်၊ချေးချွတ်ပေးတယ်၊နေလောင်တာတွေ သက်သာစေတယ်။ နှစ်မျိုးလုံးက အသားကိုဝင်းလက်တောက်ပစေတဲ့ အစွမ်းထက်ပစ္စည်းတွေပါ။သင်္ဘောသီးမှည့် သုံးလေးတုံး၊ စန္ဒကူးအမှုန့်တစ်ဇွန်း (မရှိလည်းရ)၊ပျားရည်တစ်ဇွန်းကို အနှစ်ဖြစ်တဲ့အထိရောမွှေပါ။ မျက်နှာ်နဲ့လည်ပင်းမှာ လိမ်းပြီး မိနစ် ၂၀ ထားပါ။ရေအေးနဲ့မျက်နှာသစ်ပါ။ တစ်ပတ်တစ်ကြိမ်လုပ်နိုင်ပါတယ်။သင်္ဘောသီးမှာ ဆဲလ်သေဖယ်ရှားနိုင်တဲ့papain အင်ဇိုင်းပါဝင်လို့ မျက်နှာပေါ်ကဆဲလ်သေတွေကို ညင်သာစွာဖယ်ရှားသန့်စင်ပေးနိုင်တယ်၊ အသားအရေကြည်လင်စေပြီး အရွယ်တင်နုပျိုစေတယ်။ ဝက်ခြံဖြစ်စေနိုင်တဲ့ အညစ်အကြေးတွေနဲ့အဆီတွေကိုလည်း သန့်စင်စေနိုင်တယ်။ ပျားရည်က သဘာဝmoisturizerဖြစ်လို့ အစိုဓါတ်ထိန်းပေးနိုင်တယ်၊ အသားအရေတင်းရင်းစေတယ်။သခွားသီး တစ်လုံး၊ ဒိန်ချဉ် နှစ်ဇွန်း သို့မဟုတ် သုံးဇွန်းကို ကြိတ်စက်နဲ့ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းမှာလိမ်းပါ။ ၅ မိနစ်လောက်ခြောက်အောင်ထားပြီးရေအေးနဲ့မျက်နှာသစ်ပါ။ ဒီနည်းကိုတော့ သုံးလေးရက်တစ်ကြိမ်လောက် လုပ်လို့ရပါတယ်။သခွားသီးက အသားကိုအေးမြစေပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် အမည်းစက်တွေပျောက်ကင်းစေပြီး နုပျိုစေတယ်။ အသားဖြူစေတယ်။နွားနို့နှစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ကုလားပဲစိမ်းမှုန့်တစ်ဇွန်းကို အနှစ်ဖြစ်အောင်ရောမွှေ၊ မျက်နှာနဲ့လည်ပင်းကို လိမ်းပါ။ မိနစ် ၂၀ ထားပြီးခြောက်ရင် ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်နှစ်ကြိမ်လုပ်ပါ။အသားအရေအတွက် အားဖြည့်ပေးတဲ့ အရင်တည်းကသုံးခဲ့ကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ကလီယိုပက်ထရာရဲ့ အလှအပထိန်းသိမ်းနည်းတွေမှာ အမြဲတမ်း ပျားရည်နဲ့နွားနို့ပါဝင်တယ်လို့ပြောကြပါတယ်။ နွားနို့အစိမ်းမှာပြည့်ဝဆီ၊ ပရိုတင်း၊ ကယ်လ်စီယမ်နဲ့ဗီတာမင်စီ တို့လို အသားအရေအတွက်ကောင်းတဲ့အရာတွေပါဝင်တယ်။ ပျားရည်မှာက အစိုဓါတ်ထိန်းပေးတဲ့အာနိသင်နဲ့ ဘက်တီးရီးယားသေစေတဲ့အစွမ်းတွေပါဝင်ပါတယ်။ငှက်ပျောသီးမှည့်တစ်လုံး၊ နွားနို့နှစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာနဲ့လည်ပင်းကိုလိမ်းပါ။ ၁၅ မိနစ်ထားပြီး မျက်နှာသစ်ပါ။ရေခဲတုံးတစ်တုံးနဲ့ မျက်နှာအနှံ့ စက္ကန့်အနည်းငယ်ကြာအောင် ခဏပွတ်ပေးပါ။ တစ်ပတ်နှစ်ကြိမ်အထိ လုပ်လို့ရပါတယ်။ငှက်ပျောသီးက ဗီတာမင် အေ၊ ဘီ၊ စီ နဲ့ အီး တို့အပြင် ပိုတက်ဆီယမ်လို သတ္တုဓါတ်တွေကြွယ်ဝပြီး အသားအရေကိုရေဓါတ်ဖြည့်ပေးပါတယ်။ အသားအရေကို နူးညံ့စေပြီး ဝင်းလက်စေတယ်။နောက်ဆုံးတစ်ချက်ကတော့ ဘယ်နည်းပဲသုံးသုံး အစိုဓါတ်ထိန်းနိုင်ဖို့ Moisturizer သုံးဖို့တော့လိုပါတယ်။ထောင်သောင်းချီပြီးငွေမကုန်ရဘဲ ဒီနည်းလေးတွေနဲ့ Glowပြီး အရမ်းတွေလှသွားတယ်ဆို Hello ဆရာဝန်ကိုတော့ မမေ့နဲ့နော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9c%e1%80%bc%e1%80%9a%e1%80%b9%e1%80%9c%e1%80%bc%e1%80%9a%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8%e1%80%94%e1%80%b2%e1%82%94-glow-%e1%80%b1%e1%80%85%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%a1/
ဆီးကျောက်မတည်စေရေး ကာကွယ်ရန်နည်းလမ်းများ
ဆီးကျောက်တည်ခြင်း(သို့) ကျောက်ကပ်ကျောက်တည်ခြင်းဆိုတာ ကျောက်ကပ်အတွင်းမှာ သတ္တုဓာတ်များ အနည်အနှစ်ကျလာခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ကျောက်တည်သွားတဲ့အခါ မခံနိုင်လောက်အောင် နာကျင်မှု ခံစားရတတ်ပါတယ်။ တကယ်လို့ ဆီးကျောက်တခါတည်ဖူးခဲ့ရင် နောင်ဆယ်နှစ်အတွင်း ထပ်ဖြစ်နိုင်ဖို့ ၅၀ရာခိုင်နှုန်း အခွင့်အလမ်းရှိနေပါတယ်။ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် နေထိုင်မှုပုံစံတွေကို သတိထားဖို့ လိုပါတယ်။ ယခုဖော်ပြမှာကတော့ ဆီးကျောက်တည်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။ရေများများသောက်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေသောက်တည်းရင် ဆီးထွက်လည်း နည်းသွားနိုင်ပါတယ်။ ဆီးထွက်နည်းတာဟာ ဆီးပိုမိုပျစ်သွားခြင်းကို ညွှန်ပြနေပြီး သတ္တုဓာတ်တွေ မပျော်ဝင်နိုငတော့ဘဲ ကျောက်များဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်ရပ်ကို ကာကွယ်နိုင်ဖို့ တနေ့ကို ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။ ဒါမှဟာ ဆီး ၂လီတာခန့် စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်၊ ချွေးထွက်များရင်၊ ကျောက်တည်ဖူးရင် ဒီထက်ပိုပြီး သောက်သုံးသင့်ပါတယ်။အတွေ့ရအများဆုံး ဆီးကျောက်အမျိုးအစားကတော့ ကယ်လ်ဆီယမ်အောက်စလိတ် အမျိုးအစားကျောက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်နည်းတဲ့ အစားအစာတွေ စားသောက်ရမယ်လို့ ထင်မှတ်ကြတတ်ပါတယ်။ တက်တော့ မဟုတ်ပါဘူး။ ကယ်လ်ဆီယမ်နည်းတဲ့ အစားအစာတွေကမှ ဆီးကျောက်တည်ခြေနိုင်ခြေများပြီး အရိုးပွနိုင်ခြေ များပါတယ်။ အဆီနည်းတဲ့နို့၊ အဆီနည်းတဲ့ ဒိန်ခဲနဲ့ အဆီနည်းတဲ့ ဒိန်ချဉ်များဟာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်အားဆေး ဖြည့်စွက်စာတွေကတော့ ကျောက်တည်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။ဆားများများစားရင် ကယ်လ်ဆီယမ်အမျိုးအစား ဆီးကျောက်တည်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ ဆီးထဲမှာဆားဓာတ်ပါဝင်နှုန်းမြင့်လာရင် ဆီးထဲက ကယ်လ်ဆီယမ်များကို သွေးအတွင်း ပြန်လည်စုပ်ယူခြင်းကနေ အတားအဆီး ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ဆီးအတွင်း ကယ်လ်ဆီယမ်ဓာတ် မြင့်တက်ပြီး ဆီးကျောက်တည်လာနိုင်ပါတယ်။ဆီးကျောက်အချို့ဟာ oxalate ကြောင့် ဖြစ်ပေါ်လာရပါတယ်။ oxalate ဟာ အစားအစာတွေမှာ သဘာဝအလျောက်ပါဝင်တဲ့ ဓာတ်ပစ္စည်းဖြစ်ပြီး ဆီးထဲက ကယ်လ်ဆီယမ်ဓာတ်တွေနဲ့ ပေါင်းစပ်ပြီး ဆီးကျောက်တည်စေတတ်ပါတယ်။ ဆီးကျောက်တည်နိုင်ခြေနည်းစေဖို့ oxalate များတဲ့ အစားအစာတွေကို လျှော့စားဖို့ လိုအပ်ပါတယ်။ oxalate များတဲ့ အစားအစာတွေကတော့။– ဟင်းနုနွယ်။– ချောကလက်။– ကန်စွန်းဥ။– ကော်ဖီ။– မြေပဲ။– ပဲပိစပ်။– နိုကိုဥ စတာတွေ ဖြစ်ပါတယ်။တိရစ္ဆာန်များဆီက ရရှိတဲ့ ပရိုတိန်းဟာ အက်ဆစ်ဓာတ်ကဲတာကြောင့် ဆီးရဲ့အက်ဆစ်ဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဆီးထဲမှာ ဆက်ဆစ်ဓာတ်များလာရင် ယူရစ်အက်ဆစ်နဲ့ ကယ်လ်ဆီယမ် အောက်စလိတ်ကျောက်များ ဖြစ်ပေါ်နိုင်ခြေ များပါတယ်။ အမဲသား၊ ကြက်ဘဲ၊ ငါး၊ ဝက် စတာတွေကို လျှော့ချသင့်ပါတယ်။ဗီတာမင်စီ (အက်စ်ကောဗစ်အက်ဆစ်) ဖြည့်စွက်စာ စားသုံးခြင်းဟာ ဆီးကျောက်တည်စေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ဖြစ်ပါတယ်။ ၂၀၁၃ မှာ ထွက်ခဲ့တဲ့ သုတေသနစာတမ်းတစောင်အရ ဗီတာမင်စီ ဖြည့်စွက်စာများများ စားသုံးခြင်းဟာ ဆီးေျကာက်တည်နိုင်ခြေ နှစ်ဆများကြောင်း သိရပါတယ်။ ဒါပေမယ့် အစားအစာမှာပဲ သဘာဝအလျောက်ပါတဲ့နှုန်းထားကတော့ ဒီဖြစ်နိုင်ခြေ မရှိပါဘူး။ဥပမာပြောရရင် Chanca Piedra ဟာ သဘာဝဆေးဘက်ဝင်အပင်ကနေ ထုတ်လုပ်ထားတဲ့ နာမည်ကြီး ဆေးဝါးတမျိုးဖြစ်ပြီး ကယ်လ်ဆီယမ်အောက်စလိတ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရှိပြီးသား ကျောက်တွေကိုလည်း သေးသွားစေပါတယ်။ တခြားဆေးဝါးအမျိုးအစားတွေလည်း ရှိပါတယ်။ဆေးဝါးတချို့ဟာ ဆီးကျောက်တည်နိုင်ခြေ ပိုများပါတယ်။ အဆိုပါဆေးဝါးများကတော့။– နှာစေးပျောက်ဆေးများ။– ဆီးဆေးများ။– protease inhibitor ဆေးများ။– အတက်ကျဆေးများ။– စတီးရွိုက်ဆေးများ။– ကင်ဆာဆေးများ စတာတွေ ဖြစ်ပါတယ်။အဆိုပါဆေးဝါးများကို စွဲမြဲစွာ သောက်သုံးနေရင် ဆီးကျောက်တည်နိုင်ခြေ များပါတယ်။ ဒါကြောင့် အဆိုပါဆေးဝါးများထဲက တမျိုးမျိုးကို သောက်သုံးနေရရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်ရဲ့ အကြံဉာဏ်မပါဘဲနဲ့ ဆေးဝါးများ လျှော့ချခြင်း၊ ရပ်တန့်ခြင်း မပြုရပါဘူး။ဆီးကျောက်တည်နိုင်ခြေကို လျှော့ချဖို့ဆိုရင် ရေများများသောက်ပြီး စားသောက်မှုပုံစံကိုလည်း သတိထားဖို့ လိုပါတယ်။ ဒါ့အပြင် ဆီးကျောက်တည်နိုင်ခြေ ပိုများစေတဲ့ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဝလွန်ခြင်း စတဲ့ပြဿနာတွေကို လျှော့ချ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆီးကျောက်တည်ဖူးရင်၊ ဆီးသွားရင် ကျောက်ကျဖူးရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-track-stones/how-to-prevent-kidney-stones/
စိတ်ဓာတ်ကျနေသူကို ဘယ်လိုအားပေးမလဲ
လူအများဟာ ကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်က မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေစိတ်ဓာတ်ကျချိန်နဲ့ ရင်ဆိုင်ဖူးကြပါလိမ့်မယ်။ စိတ်ကျခြင်းဝေဒနာကို ခံစားရချိန်မှာ အနီးအနားမှာရှိသူများဟာ အရေးကြီးပါတယ်။ စိတ်ကျခြင်းကို သက်သာစေဖို့ အားပေးကူညီသူများ လိုအပ်ပါတယ်။ယနေ့ကမ္ဘာမှာစိတ်ဖိစီးမှုများလာတာနဲ့အတူ စိတ်ကျဝေဒနာခံစားရသူများလည်း များပြားလာပါတယ်။မျှော်လင့်ချက်မဲ့ခြင်း၊စိုးရိမ်ပူပန်ခြင်း၊ မိမိပျော်ရွှင်နေကြအရာတွေကို စိတ်မဝင်စားတော့ခြင်း စတဲ့လက္ခဏာတွေ ဝင်လာရင်တော့ စိတ်ကျခြင်းဖြစ်ပွားလာတဲ့ အခြေအနေဖြစ်နိုင်လို့ သတိပြုသင့်ပါတယ်။ယခုဆောင်းပါးမှာတော့ မိမိအနားက မိတ်ဆွေသူငယ်ချင်း တစ်ဦးဦး စိတ်ကျဝေဒနာ ခံစားရချိန်မှာ ဘယ်လိုနှစ်သိမ့်ကူညီသင့်သလဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။မိမိရဲ့မိတ်ဆွေစိတ်ကျခြင်းဘယ်လောက်ထိ ဖြစ်နေသလဲ သိရှိနားလည်မှသာ သူ့နေ့စဉ်ဘဝမှာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရမယ်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုမေးမြန်းခြင်းဟာ သူ့ရဲ့ခံစားချက်တွေ၊ တွေ့ကြုံနေရတာတွေကို စိတ်ဝင်စားပေးရာ ရောက်ပါတယ်။– မင်း ဘာတွေခံစားနေရသလဲ ငါ့ကိုပြောပြနိုင်မလား။– ခုချိန် ဘာလုပ်ရရင် ပျော်နိုင်မလဲ။– တခြားသူတွေနဲ့ အတူရှိရတာ ပျော်ရဲ့လား။– မင်းမှာ အင်အား ဘယ်လောက်ရှိသေးလဲ။– အရင်ကထက် ပိုအိပ်ဖြစ်လား၊ အရင်လောက်ရော အိပ်ဖြစ်ရဲ့လား။– အရင်ကထက် ပိုစားဖြစ်လား၊ အရင်လောက်ရော စားဖြစ်ရဲ့လား။– အခုဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေအပေါ် အာရုံစိုက်နိုင်ရဲ့လား။– သေခြင်းအကြောင်းတွေ၊ ကိုယ့်ဖာသာ အဆုံးစီရင်ဖို့အကြောင်းတွေ တွေးဖြစ်နေလား စတာတွေ ဖြစ်ပါတယ်။စိတ်ကျနေသူကို ကူညီရာမရောက်ဘဲ ဝေဖန်ရာရောက်တဲ့၊ အပြစ်တင်ရာရောက်တဲ့ မေးခွန်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ စိတ်ကျနေသူများဟာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေ၊ သူတို့မှားတယ်ထင်တာတွေအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်ပြီးသားဖြစ်လို့ နောက်ထပ်ဝေဖန်ပြစ်တင်တာတွေ မလုပ်သင့်တော့ပါဘူး။ စိတ်ကျခြင်းဟာ စိုးရိမ်သင့်တဲ့ ရောဂါအခြေအနေတမျိုးဖြစ်တာမို့ ဂရုစိုက်သင့်ပါတယ်။ရှောင်ရှားသင့်တဲ့ မေးခွန်းတွေကတော့။– မင်း ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ။– ငါ မင်းကို ပျော်အောင် လုပ်မပေးနိုင်ဘူးလား။– မင်း ဘယ်တော့မှ နေလို့ကောင်းမှာလဲ။– ဒါ မင်းစိတ်သက်သက်ကြောင့် ဖြစ်နေတာ နားမလည်ဘူးလား။– ဒီကိစ္စလေးကို မင်း ဘာလို့ ဒီလောက်ထိ စဉ်းစားနေရတာလဲ။– တခြားသူတွေ အခြေအနေက မင်းထက် ပိုဆိုးတာရော သိရဲ့လား စတာတွေ ဖြစ်ပါတယ်။စိတ်ကျသူကို ကူညီနှစ်သိမ့်မယ်ဆိုရင် စိတ်ကျခြင်းရဲ့ သဘောတရားကို သိထားဖို့ လိုပါတယ်။ စိတ်ကျခြင်းရဲ့ လက္ခဏာတွေကို ဦးစွာ လေ့လာသိရှိထားရပါမယ်။ လက္ခဏာတွေ အမျိုးမျိုးကွဲပြားနိုင်ပေမယ့် အဓိကအားဖြင့်။– ဝမ်းနည်းခြင်း၊ တန်ဖိုးမရှိသလို ခံစားရခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း။– ယခင်ကပျော်ရွှင်ခဲ့ဖူးသည့်အရာများကို စိတ်မဝင်စားတော့ခြင်း။– အစားအသောက်/ကိုယ်အလေးချိန် ပြောင်းလဲလာခြင်း။–အိပ်စက်ပုံပြောင်းလဲလာခြင်း။–ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်မရှိခြင်း။– အာရုံစူးစိုက်ရန် ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း။– သေခြင်းအကြောင်း၊ မိမိကိုယ်ကို သတ်သေခြင်းအကြောင်းများ တွေးလာခြင်း စတာတွေ ဖြစ်ပါတယ်။စိတ်ကျသူကို ကူညီရာမှာ သူတို့ကို စာနာပေးဖို့ လိုအပ်ပါတယ်။ကိုယ်ချင်းစာစိတ်ကို ပြသဖို့ကတော့ စကားပြောပေးခြင်းဟာ အကောင်းဆုံးပါပဲ။ အားပေးစကား ပြောပေးရပါမယ်။ အရေးကြီးတာက သူတို့နေရာက ဝင်ကိုယ်ချင်းစာပြီး အလေးအနက်ပြောပေးဖို့ပါပဲ။သင့်ဆီကနေလည်း ဘာအကူအညီလိုတယ်ဆိုတာ သိရှိဖို့လိုပါတယ်။ သူတို့ကို ကိုယ်တိုင် ဖွင့်မေးနိုင်သလို မိမိဖာသာ သိရှိအောင်လည်း ကြိုးစားသင့်ပါတယ်။ အသေးအဖွဲတွေကအစ ကူညီနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပမာအားဖြင့်။– ဆေးသောက်ချိန် သတိပေးခြင်း။– ဆရာဝန်ပြသရာမှာ၊ ဆေးရုံဆေးခန်းပြရာမှာ အဖော်ပြုပေးခြင်း။–အစားအစာအချို့ချက်ပြုတ်ပေးခြင်း။–လေ့ကျင့်ခန်းလုပ်ဖို့၊ လူတွေနဲ့ စကားပြောဖို့ တိုက်တွန်းအားပေးခြင်း။– လက်ကို ဆုပ်ကိုင်အားပေးခြင်း။– တစ်ခါတစ်ရံမှာ တစ်ဦးတည်းနေချင်စိတ်ပေါ်စဉ် နားလည်မှုပေးခြင်း စတာမျိုးတွေ ဖြစ်ပါတယ်။ဒါ့အပြင် ကုသမှုခံယူဖို့ တိုက်တွန်းသင့်ပါတယ်။ စိတ်ကျသူများဟာ စိတ်အားထက်သန်မှု ပျောက်ဆုံးနေတတ်ပါတယ်။ ဆေးဝါးကုသမှု ခံယူလိုစိတ်လည်း ပျောက်နေတတ်ပါတယ်။ ဒါကြောင့်စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသဖို့ အာပေးတိုက်တွန်းသင့်ပါတယ်။ဆေးဝါးကုသမှုခံယူနေချိန်နဲ့ ပြန်လည်သက်သာလာချိန်မှာလည်း အထူးဂရုစိုက်သင့်ပါတယ်။ အဆိုပါနေ့ရက်တွေမှာ ကိုယ်လက်လေ့ကျင့်ခန်း အတူပြုလုပ်ပေးခြင်း၊ အစားအသောက်အတူ စားသောက်ပေးခြင်း၊ ပျော်စရာများ အတူဖန်တီးခြင်း၊ အပြင်ကို အတူထွက်ပေးခြင်း စတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ အတွေးတွေကို မျှဝေခံစားပေးသင့်ပါတယ်။အဓိကကတော့ သင်ဟာ သူတို့အတွက် အသင့်ရှိနေပေးတယ်ဆိုတာ သူတို့သိမြင်နေဖို့ပါပဲ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/depression-help-tips/
ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။
ဆီးသွားရတာခက်တာ၊ ဆီးကျန်နေတယ်လို့ ခံစားရတာတွေ၊ဆီးအိမ်ကြီးတင်းနေပေမယ့် ဆီးသွားလို့ မရတာမျိုးတွေကို တော်တော်များများ ကြုံဖူးကြားဖူးကြမှာပါ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ ဆီးမထိန်းနိုင်တာကပြဿနာတစ်ခုဆိုပေမယ့် ဆီးသွားချင်ရက်နဲ့ ဆီးပေါက်လို့ မရတဲ့ ပြဿနာက ပိုဆိုးပါတယ်။ ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။ယောက်ျားမှာဆီး မိန်းမမှာမီးဆိုတဲ့အတိုင်း ဆီးနဲ့ပတ်သက်တဲ့ ပြဿနာတွေက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီဆီးပြဿနာတွေက အသက် ၄၀ကျော်ကနေ အသက် ၈၀ ကြားထဲရှိတဲ့ အမျိုးသား ၁၀၀၀ မှာ ၅ ယောက် ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သူ့မှာ။ချက်ချင်းလတ်တလောဖြစ်တဲ့ ဆီးမသွားနိုင်တဲ့ပြဿနာ ( acute urinary retention)-။ဆီးသွားချင်နေပြီး လုံးဝပေါက်လို့မရဘူးဆိုတော့ တကယ်ကို နာကျင်ပြီး ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ Acute urinary retention ဆို ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုအပ်ပါတယ်။နာတာရှည် ဆီးမသွားနိုင်တဲ့ ပြဿနာ။ဒီပြဿနာမှာတော့ ဆီးက ရုတ်တရက်ကြီးလုံးဝ ပေါက်လို့ မရတာမျိုး မဟုတ်ဘဲ ဆီးနည်းနည်းသာသွာပြီးဆီးကျန်နေတယ်လို့ ခံစားနေရတာမျိုးဖြစ်ပါတယ်။ ဒီနာတာရှည်ဆီးမသွားနိုင်တဲ့ ပြဿနာဟာ နောက်ဆက်တွဲဆိုးကျိုးတွေ များတဲ့အတွက် ခုအောက်မှာ ပြောပြမယ့်လက္ခဏာ ၁ခုထက်ပိုပြီးရှိနေရင် ဆရာဝန်ဆီ ချက်ချင်းသွားသင့်ပါတယ်။ဆီးသွားရခက်တာ၊ ဆီးမပေါက်နိုင်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဆီးလမ်းကြောင်း ပိတ်တာနဲ့ ဆီးလမ်းကြောင်းမပိတ်တာဆိုပြီး အဓိက ၂ ခု ခွဲလို့ရပါတယ်။ဆီးလမ်းကြောင်းကို ပိတ်စေတဲ့ အကြောင်းအရင်းများ ။ ။ဆီးလမ်းကြောင်း မပိတ်ဘဲ ဆီးသွားရခက်စေတဲ့ ပြဿနာတွေကတော့။ဆီးသွားရခက်တာကို အကောင်းဆုံးဖြေရှင်းနိုင်တာက ဆရာဝန်ဆီသွားပြတာပဲ ဖြစ်ပါတယ်။ ကုသမှုပုံစံနဲ့ ကြာချိန်ကတော့ သင့်ဖြစ်နေတဲ့ ပြဿာနာပေါ်မှာပဲ မူတည်ပါတယ်။ ဆရာဝန်ကနေပြီးတော့မှ ကိုယ့်ရောဂါနဲ့ ကိုက်ညီတဲ့ ကုသမှုတွေ ဖြစ်တဲ့။ဆီးသွားရခက်တဲ့ ပြဿနာဆိုတာကလည်း အင်မတန်မှ ခံစားရခက်တဲ့ ပြဿနာဖြစ်တဲ့ပြင် နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရှိပြီး ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေတာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြတာကသာ အကောင်းဆုံးပါ။ ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/cant-urinate/
စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ
Insomnia ဆိုတာညအိပ်မပျော်တဲ့ ကျန်းမာရေး ပြဿနာကို ဆိုလိုတာပါ။ တစ်ရက်တစ်လေ အိပ်တာနောက်ကျတာမျိုးကို ဆိုလိုတာ မဟုတ်ဘဲ နေ့စဉ်ရက်ဆက် ညဘက်မှာ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ အခက်အခဲ ဖြစ်တာမျိုးပါ။ အတွေ့များတဲ့ လက္ခဏာကတော့။•အိပ်ပျော်ရန် ခက်ခဲခြင်း။• အိပ်နေရင်းနဲ့ ခဏခဏ လန့်နိုးလာတတ်ခြင်း။• မနက်အစောကြီး နိုးနေတတ်ခြင်း။• နိုးလာတဲ့အခါမှာလည်းအိပ်ရေးမဝဘဲ ပင်ပန်းနေသလိုမျိုး ခံစားရခြင်း။• တစ်နေ့လုံး အားမရှိခြင်း။• စိတ်မကြည်လင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။စိုးရိမ်ပူပန်ခြင်းကို Anxiety လို့ခေါ်ပြီးတော့ ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန် လွန်ကဲတာကို Anxiety Disorderစိတ်ကျန်းမာရေးပြဿနာ အဖြစ် သတ်မှတ်ပါတယ်။ လူတစ်ယောက်မှာစိတ်ဖိစီးမှုတွေကို ကြုံတွေ့လာရတဲ့အခါ ခန္ဓာကိုယ်က ဒါကို တုံ့ပြန်တဲ့အနေနဲ့ စိုးရိမ်ပူပန်ခြင်း လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ဟုတ်ကဲ့ ဆက်စပ်နေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဖြစ်တဲ့ ပုံစံချင်းတော့ မတူနိုင်ပါဘူး။ အိပ်မပျော်တာ စဖြစ်ပြီးမှ နောက်ဆက်တွဲစိုးရိမ်ပူပန်တာမျိုးလည်း ဖြစ်နိုင်သလို စိုးရိမ်ပူပန် လွန်ကဲခြင်းကြောင့် ညအိပ်မပျော်တဲ့ အခြေအနေလည်း ရှိပါတယ်။ အထူးသဖြင့် ညအိပ်ချိန် အရမ်းနည်းတဲ့သူတွေမှာ စိုးရိမ်ပူပန် လွန်ကဲတဲ့ လက္ခဏာတွေကို တွေ့နေရတတ်ပါတယ်။၁။ အိပ်မပျော်ခြင်းကနေ စတဲ့ ပြဿနာကတော့ လူတစ်ယောက်အိပ်မပျော်တဲ့အခါ ခန္ဓာကိုယ်က အလုပ်လုပ်နေရသလို ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ ဒီလိုမျိုး အိပ်မပျော်တဲ့ ညတွေ များလာတာနဲ့အမျှကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးက ဆုတ်ယုတ်လာပြီး လူက ချူချာလာပါတယ်။ စိတ်နဲ့ ခန္ဓာသည် ဆက်စပ်နေတဲ့အတွက်ခန္ဓာကိုယ်က အားနည်းလာတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ စိတ်ကပါ ယိုင်လဲလာပြီး စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။၂။ စိုးရိမ်ပူပန်လွန်ကဲတဲ့ သူတွေမှာ ခန္ဓာကိုယ်ထဲကကော်တီဆောဟော်မုန်း (Cortisol) ထုတ်လုပ်မှုနှုန်း မြန်လာပါတယ်။ ဒီဟော်မုန်းဟာ ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကို ကျဆင်းစေသလို ကိုယ်တွင်းအင်္ဂါတွေကိုလည်း အားနည်းစေပြီး ဦးနှောက်အာရုံကြောစနစ်ကို လေးသွားစေနိုင်ပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်နေတဲ့အခါ အသိစိတ်က ခြောက်ခြားနေတတ်ပြီး ပူလောင်နေတော့ အိပ်ပျော်ဖို့လည်း ခဲယဉ်းစေသလို အိပ်ပျော်သွားခဲ့ရင်လည်း မသိစိတ်က ပူလောင်နေတာကြောင့် အိပ်မက်ဆိုး မက်ပြီး လန့်နိုးလာတာ၊ အကြောင်းရင်း မရှိဘဲ ညသန်းခေါင်းနိုးလာတာမျိုး ဖြစ်ပြီး အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။အရင်ဆုံး ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာက ဘာကြောင့်လဲဆိုတာ သိဖို့ ဆရာဝန်နဲ့ သေချာပြကြည့်ဖို့ လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်လား၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်လားဆိုတာ စစ်ဆေးပြီးတော့မှပဲ လိုအပ်တဲ့ ကုထုံးနဲ့ ကုသမှုခံယူနိုင်မှာပါ။ များသောအားဖြင့် ဒီအခြေအနေအတွက် ပြင်းထန်တဲ့ ကုသမှုမျိုး မလိုအပ်ဘဲ ကိုယ့်အိမ်မှာ စိတ်အေးချမ်းသာစေမယ့် နေထိုင်မှုပုံစံတွေ ပြောင်းလဲခြင်းဖြင့် ပြန်လည် ကုသနိုင်ပါတယ်။ အဓိက လုပ်ပေးဖို့ လိုအပ်တာတွေကတော့။၁။ စိုးရိမ်မှု၊စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ပါ။ လူတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ ကြုံတွေ့ရတယ်ဆိုပေမယ့် ဒီစိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကျန်းမာရေး ထိခိုက်စေတဲ့အထိ ပြင်းထန်လာရင်တော့ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။၂။ ညအိပ်ချိန်နဲ့ အချိန်နည်းနည်း ခွာပြီး ဖုန်းအသုံးပြုခြင်း၊ရေသောက်ခြင်း၊အားကစားလုပ်ခြင်း၊ကော်ဖီ၊ အရက်သောက်ခြင်းကို နောက်ဆုံးထားလုပ်ပေးပါ။၃။ ကိုယ့်ရဲ့စိတ်ကို ငြိမ်းအေးသွားစေဖို့တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ စာဖတ်တာမျိုး လုပ်ပေးလို့ ရပါတယ်။၄။ယောဂကိုတော့ မနက်ခင်း သို့မဟုတ် အိပ်ချိန်နဲ့ အနည်းဆုံး နှစ်နာရီလောက်ခြားပြီး လုပ်ပေးတာက စိတ်ကို ကြည်လင်စေသလို ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။၅။ ကိုယ့်အိပ်ရာဘေးမှာ စိတ်ကို ကြည်လင်စေတဲ့တေးဂီတသံစဉ်တွေကို မတိုးမကျယ်လေး ဖွင့်ပေးထားပါ။ ကိုယ့်အိပ်ခန်း ပတ်ဝန်းကျင်ကို ဆူညံသံကင်းစေဖို့ ဖန်တီးထားပါ။၆။ ည ၁၂ နာရီထက် နောက်ကျပြီး လုံးဝမအိပ်ပါနဲ့။ တစ်ရက်လောက် အိပ်ချိန်နည်းတာ ပြဿနာမဟုတ်ပေမဲ့ အမြဲတမ်း ရက်ဆက်လာရင်အိပ်ချိန်နည်းသွားတတ်ပြီး လူက အိပ်မပျော်ဖြစ်ကာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။၇။ စိတ်ဖိစီးမှုတွေကို အိပ်ရာထဲ လုံးဝမသယ်လာပါနဲ့။ အလုပ်ကိစ္စတွေ၊ စဉ်းစားစရာတွေ ခေါင်းထဲက ထုတ်ပါ။ အိပ်ရာ၊ ခေါင်းအုံးနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် တသားတည်းကျပြီဆိုရင် တင်းထားသမျှ စိတ်တွေ အကုန်ဖြေလျှော့၊ ကြွက်သားတွေ ဖြေလျှော့၊ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်လုပ်ပြီး ကြိုးစားအိပ်ကြည့်ပါ။၈။ နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို တတ်နိုင်သလောက် ရှောင်ပါ။ အိပ်မယ်ဆိုလည်း မိနစ် ၂၀ထက် မပိုပါစေနဲ့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/relation-between-anxiety-and-insomia/
ကိုဗစ်နဲ့ စီဗစ်
ကိုဗစ်ကာလမှာ လူတိုင်းက ကာကွယ်နည်းပေါင်းစုံကို သုံးလာကြတယ်။ လက်တွေဆေးကြတယ်၊ နှာခေါင်းစည်းတွေ တပ်လာကြတယ်၊ အိမ်ထဲမှာပဲ နေကြတယ်။ ဒါနဲ့အတူအားဆေးတွေပါ သောက်လာကြတယ်။ အထူးသဖြင့်တော့ဗီတာမင်စီပေါ့။ သောက်တာက ပြဿနာ သိပ်မရှိပေမယ့် ဘယ်လောက်ပမာဏသောက်မှာလဲ၊ ဘယ်လောက်ကြာကြာသောက်မှာလဲ၊ မဖြစ်မနေသောက်ရမှာလား စတာတွေ သိဖို့လိုလာပါတယ်။အားလုံးသိကြတာ ဗီတာမင်စီကခုခံအားကို ကောင်းစေတယ်။ အနာကျက်မြန်စေတယ်ပေါ့။ ဟုတ်ပါတယ်။ ဒါမှန်ပါတယ်။ ဗီတာမင်စီက။ဒါကြောင့် ဗီတာမင်စီကို နေမကောင်းဖြစ်ပြီဆို ခုခံအားကို ကောင်းစေချင်တဲ့ သဘောနဲ့ သောက်ကြပါတယ်။အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်က တစ်ရက်ကို ဗီတာမင်စီ ၉၀ မီလီဂရမ်လိုပါတယ်။ ဗီတာမင်စီကို ခန္ဓာကိုယ်က မထုတ်နိုင်ပါဘူး။ ဒါကြောင့် ပြင်ပကနေဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးရပါတယ်။ ကံကောင်းတာက ပြင်ပကနေ စားပေးရုံနဲ့ လိုအပ်တဲ့ ၉၀ မီလီဂရမ် ရပါတယ်။ ဒါကြောင့် သာမန်လူတွေအနေနဲ့ သောက်စရာ မလိုပါဘူး။ဒါမျိုးဆိုရင်တော့ လိုကောင်း လိုမှာပါ။ ကိုယ်က နေလည်းကောင်းတယ်။ ဘယ်မှလည်း မသွားဘူး။ အိမ်ထဲမှာပဲနေတယ်။ စားနိုင် သောက်နိုင်ဆိုရင်တော့ သီးသန့်ကြီး ဖြည့်စွက်စရာတော့ မလိုပါဘူး။ သာမန် စားသောက်နေတာနဲ့တင် လုံလောက်ပါတယ်။ဖြည့်စွက်မယ်ဆိုရင် ခုနကပြောသလို အစားအစာတွေကနေ ဖြည့်မလား။ ဆေးတွေသောက်ပြီး ဖြည့်မလား။အစားအစာတွေက ဆိုရင်တော့။ဖြည့်စွက်စာအားဆေးသောက်မယ်ဆိုရင်။တစ်နေ့ကို ၁၀၀၀ မီလီဂရမ် မကျော်သင့်ပါဘူး။ တချို့ဆို ခံနိုင်ရည်သိပ်မရှိလို့ ၁၀၀၀ မီလီဂရမ်လောက်ဆိုဗီတာမင်စီ အဆိပ်သင့်တဲ့ လက္ခဏာတွေ စပြနေပါပြီ။ ကိုဗစ်ကာလမှာ အားဆေးသောက်သင့်တဲ့သူတွေကတော့။အိမ်မှာနေပေမယ့် သောက်ချင်တယ်ဆိုရင်။အစားအစာတွေကလည်း ရနေဦးမှာပဲလေ။ ဒီကာလမှာ အာဟာရပြည့်အောင်စားပြီး အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်ပါတယ်။ပြောခဲ့သလိုပဲ တချို့က ၁၀၀၀ မီလီဂရမ်ထိ ဘာမှ မဖြစ်ပေမယ့် တချို့က မခံနိုင်ပါဘူး။ ဗီတာမင်စီ လွန်ကဲလာပြီဆိုရင်။ဒါကြောင့် ဗီတာမင်စီ သောက်နေရင်းနဲ့ ဒီလက္ခဏာတွေ ခံစားရပြီဆိုရင် ဆေးကို ခဏရပ်လိုက်ပါ။ နောက်တစ်ခုက ဗီတာမင်စီကို စွဲသောက်မယ်ဆိုရင် တချို့သောဆီးကျောက်ရောဂါတွေ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဆီးကျောက်ရှိတယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်တာ ပိုကောင်းပါတယ်။ခုလက်ရှိ ကိုဗစ်လူနာတွေ၊ သံသယလူနာတွေကိုလည်း ဆေးရုံမှာ၊ ကွာရန်တင်းစင်တာတွေမှာ ဗီတာမင်စီတွေ တိုက်လေ့ရှိပါတယ်။ တိုက်ရတဲ့ အကြောင်းရင်းကတော့ ပိုးဝင်နေလို့ ခန္ဓာကိုယ်က အားနည်းနေတာကြောင့်ရယ် စိတ်ဖိစီးမှုတွေ ဖြစ်နေတာကြောင့် ကိုယ်ခံအားကျသွားမှာရယ်ကြောင့် တိုက်တာပါ။ ကိုဗစ်ကို ခုခံအားက တိုက်ထုတ်တဲ့နေရာမှာ ထောက်ပံ့ပေးနိုင်အောင် တိုက်တာပါ။ဗီတာမင်စီက ကိုဗစ်ကာကွယ်ဆေး မဟုတ်ပါဘူး။ ကာကွယ်ဆေးရော ကုသဆေးပါ မရှိတဲ့အချိန်မှာ ခုခံအားနဲ့ တိုက်ထုတ်နေရတာကြောင့် ခုခံအား ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးဖို့ သောက်တာပါ။ ဗီတာမင်စီသောက်ရုံနဲ့ ကိုဗစ်မကူးတာ မဟုတ်ပါဘူး။ ကိုဗစ် မကူးချင်ရင်။ဗီတာမင်စီ သောက်ဖို့ အဆင်မပြေတဲ့သူတွေလည်း စိတ်ဓာတ်မကျပါနဲ့။ အိမ်ထဲမှာနေ၊ အာဟာရပြည့်အောင်စား၊ အိပ်ရေးဝအောင် အိပ်ပြီး အပေါ်က အချက်တွေ လိုက်နာမယ်ဆိုရင် ကိုဗစ်ကို ကာကွယ်နိုင်မှာပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%85%e1%80%ae%e1%80%97%e1%80%85%e1%80%ba/
ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ.......
ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ……. ဆိုတာကို လေ့လာလိုက်ရအောင်နော်။ဆီးချိုရဲ့နောက်ဆက်တွဲကြောင့်ဖြစ်ဖြစ်၊ သွေးတိုးကြောင့်ဖြစ်ဖြစ် ကျောက်ကပ် ထိခိုက်ပျက်စီးနေတယ်။ ဒီလိုကျောက်ကပ်ပျက်စီးနေတာကြောင့် အနေအထိုင် အစားအသောက်ဂရုစိုက်ဖို့လိုလာတယ်။ အစားတလုတ်ကြောင့် ကျောက်ကပ်ကို မထိခိုက်စေချင်ဘူး။ ဒါပေမယ့် ဘာတွေရှောင်စားရမှန်းမသိဘူးဆိုတဲ့ သူလေးတွေရှိရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။နံရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းပါ။ ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။သွေးတွင်းကအညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီးဆီးအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ဒါတွေအပြင်ကျောက်ကပ်က ကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးပြီးပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေသန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက်လည်းကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ဗီတာမင် Dဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။ဒီလောက်တာဝန်အများကြီးကို ယူထားမှတော့ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အတွက်  ကျောက်ကပ်ကျန်းမာဖို့က မရှိမဖြစ်လိုအပ်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ကျောက်ကပ်ပျက်စီးနေပြီဆိုရင် အခုလိုလက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ……. ဆိုတော့ ကျောက်ကပ်ရောဂါရှိသူတစ်ယောက်အနေနဲ့ ဒီအစားအစာတွေက မစားသင့်ပါဘူး။ အကြောင်းကတော့ ကျောက်ကပ်ပျက်စီးမှုကို ပိုဆိုးသွားစေနိုင်တာကြောင့်ပါ။အရောင်ရင့်တဲ့ကိုလာ။ကိုလာက အရောင်ရင့်လေလေ ကယ်လ်လိုရီနဲ့သကြား ပါဝင်မှုမြင့်သလို phosphorus ပါဝင်မှုလည်းများပါတယ်။ တာရှည်ခံဆေးနဲ့ ဆိုးဆေးတွေလည်း ပါဝင်နေပါတယ်။ ဒါတွေက စွဲလမ်းစေနိုင်သလို ခန္ဓာကိုယ်ကလည်း phosphorus ကို စုပ်ယူနိုင်စွမ်းမြင့်တက်နေတတ်ပါတယ်။ ဒီအခြေအနေက ကျောက်ကပ် နဲ့မသင့်တော်တာကတော့ အမှန်ပါ။ ဒါ​ကြောင့် ကျောက်ကပ်ရောဂါရှိနေမယ် အရောင်ရင့်ရင့် ကိုလာတွေကိုရှောင်စေချင်ပါတယ်။ထောပတ်သီး။ထောပတ်သီးမှာ အာဟာရပါဝင်မှုမြင့်သလို နှလုံးကျန်းမာစေတဲ့ အဆီ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစားတစ်မျိုးဆိုပေမယ့် ကျောက်ကပ်ရောဂါရှိနေသူတွေအတွက်တော့ မသင့်တော်ပါဘူး။ အကြောင်းကတော့ ထောပတ်သီးက အာဟာရတန်ဖိုးမြင့်သလို ပိုတက်ဆီယမ်ပါဝင်မှုကလည်း မြင့်ပါတယ်။ဂျုံကြမ်း ပေါင်မုန့်။ဂျုံကြမ်းပေါင်မုန့်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုပါ။ အာဟာရပြည့်ဝသလို အမျှင်ဓာတ်ပါဝင်မှုလည်း များပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ဂျုံကြမ်းပေါင်မုန့်က ဆိုဒီယမ် ပါဝင်မှုမြင့်သလို ပိုတက်ဆီယမ်လည်းတော်တော်လေးပါဝင်နေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရှိသူတွေအနေနဲ့ ဂျုံကြမ်း ပေါင်မုန့်အစား၊ ပေါင်မုန့်အဖြူကိုပဲစားပေးပါ။ဆန်လုံးညို။ဆန်လုံးညိုမှာ ဆန်ဖြူထက် ပိုတက်ဆီယမ် နဲ့ phosphorus ပါဝင်မှုများနေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင် ဆန်လုံးညိုမစားပါနဲ့။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/foods-to-avoid-if-you-have-bad-kidneys/
သန်း ကိုက်တာကို ဘယ်လိုကုသမလဲ
သန်းဆိုတဲ့ သတ္တဝါဟာ လူတွေကို အတော်ဒုက္ခပေးပါတယ်။ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေမှာပါ။ ကြားရတာ တမျိုးကြီးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သန်းကိုက်တာဟာလည်း ကျန်းမာရေးပြဿနာတခုပါပဲ။ ဒီလို အခြေအနေမျိုးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာသိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။• တွယ်နေတဲ့ သန်းကို မြန်မြန်ဖယ်နိုင်လေ ကောင်းလေပါပဲ။• ထိပ်ချွန်ရှိတဲ့ ဇာဂနာကို သုံးပြီး ဖယ်ပါ။ တကယ်လို့ ဇာဂနာ မလွယ်ရင်လည်း လက်နဲ့ပဲ ဖယ်ပေါ့။ လက်အိတ်စွပ်ဖို့ မမေ့ပါနဲ့။ လက်အိတ်မရှိရင် တခုခုနဲ့တော့ အုပ်ပြီးကိုင်ပါ။ အဓိက က သန်းကို လက်ဗလာနဲ့ မကိုင်မိ၊မထိမိ စေဖို့ပါ။• မီးရှို့ပစ်တာ ဒါမှမဟုတ် vaseline ချောဆီ၊အရက်၊အရက်ပျံ ဒါမှမဟုတ် လက်သည်းဆိုးဆေးတွေကို သုံးပြီး သန်းကို ဖယ်ပစ်တာ၊သတ်ပစ်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်ရင် သင့်အနာပိုးဝင်ဖို့ အခွင့်အလမ်းပိုများစေပါလိမ့်မယ်။• သန်းကောင်ကို အိတ်သန့်သန့်ထဲထည့်ပြီး ဖြစ်နိုင်ရင် အေးခဲအောင်လုပ်ထားပါ။ ပြီးရင် အကောင်မျိုးစိတ်ကို အတိအကျခွဲခြားသိနိုင်ဖို့ ဆရာဝန်ဆီ ယူသွားပြီးပြပါ။• အကိုက်ခံရတဲ့ နေရာကို ရေနွေးနဲ့ ပိုးသတ်ဆပ်ပြာတို့ သုံးပြီး သန့်စင်ပါ။• vaseline ချောဆီ ပါးပါးလေးလိမ်းပြီး ပလတ်စတာ ကပ်ထားပါ။ ဒါဆို ပိုးဝင်ဖို့ အခွင့်အလမ်းနည်းသွားပါပြီ။• တခြားနေရာတွေမှာရော ကိုက်ထားတာရှိမရှိလိုက်ရှာပြီး ရှိရင် အထက်ပါအတိုင်း ကုပါ။• အားလုံးပြီးရင် သင့်လက်ကို ဆပ်ပြာနဲ့ သေချာပြောင်စင်အောင် ဆေးပါ။• သန်း အကိုက်ခံရတာကို အိမ်မှာ ဘယ်လိုကုသမလဲ။• အကိုက်ခံရပြီး ပထမခြောက်နာရီအတွင်းမှာ တနာရီတခါ ရေခဲကပ်ပါ။ တခါကပ်ရင် ၁၅မိနစ်ကနေ မိနစ်၂၀လောက်ထိ ကပ်ပေးပါ။ ရေခဲ အလွယ်တကူမရနိုင်ဖူးဆိုရင် အနာကို အေးမြစိုစွတ်တဲ့ အဝတ်နဲ့ ခြောက်နာရီလုံးလုံး အုပ်ပေးထားရပါမယ်။ ဒါဆိုရင် နီရဲရောင်ရမ်းတာတွေ သက်သာသွားမှာပါ။• ပထမ ၆နာရီကြာပြီးတဲ့အချိန်မှာ ရောင်ရမ်းတာမျိုးမရှိဖူးဆိုရင် အဝတ်နွေးနွေးနဲ့ ပြောင်းကပ်ပါ။ စိုစွတ်ပူနွေးတဲ့ အဝတ်လေးကို အနာပေါ်တင်ပေးထားမယ်ဆိုရင် နေရတာ သက်တောင့်သက်သာ ရှိစေမှာပါ။• တကယ်လိုယ့် ယားယံတာ၊ နီရဲရောင်ရမ်းတာ၊ အနီစက်ထွက်တာမျိုး တွေရှိတယ်ဆိုရင် ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ဆေးလေးတွေကို သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ဆေးညွှန်းအတိုင်း အတိအကျ လိုက်နာဖို့တော့ မမေ့ပါနဲ့။နီရဲ ရောင်ရမ်း ယားယံတာတွေကို သက်သာစေဖို့ antihistamine တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးကို ကလေးတွေမှာ အသုံးပြုမယ်ဆိုရင်တော့ သတိထားဖို့ လိုပါလိမ့်မယ်။ ကလေးအနေနဲ့ ဒီဆေးကို အရင်က ဆရာဝန်ညွှန်ကြားချက်နဲ့ မသောက်ဖူးဘူးဆိုရင် အခုလည်း မသောက်တာအကောင်းဆုံးပါပဲ။Benzocaine ပါဝင်တဲ့ ဖြန်းဆေးတွေက သင့်ကို အနာသက်သာစေပါလိမ့်မယ်။ ဒါပေမယ့် ဆေးနဲ့အရေပြား ဓါတ်မတည့်တာတွေ ရှိမရှိ သိနိုင်ဖို့အတွက်တော့ သေချာစောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။calamine လိုးရှင်းကတော့ ယားယံတာတွေကို သက်သာစေပါလိမ့်မယ်။ရက်အနည်းငယ်ကြာပြီးတဲ့အထိ မသက်သာဘဲ ပိုဆိုးလာရင်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%9e%e1%80%94%e1%80%ba%e1%80%b8-%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%af/
COVID-19 ဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ Mask
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ တစ်ဆင့် ကမ္ဘာ့နိုင်ငံတော်တော်များများကို COVID-19 ဗိုင်းရပ်စ်က ပျံ့နှံ့နေပါပြီ။  အခုဆိုရင် အပြင်မှာ  ကြိုတင်ကာကွယ်တဲ့အနေနဲ့ Mask တွေကို အသုံးပြုလာကြပါပြီ။ ဒီဆောင်းပါးမှာတော့ ပြည်သူလူထုကြား အမေးများနေတဲ့ ရိုးရိုး Surgical Mask နဲ့ N95 Mask ဘာက ပိုအာနိသင်ကောင်းလဲ၊ ဒီ COVID-19 ဗိုင်းရပ်စ်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တာက ဘယ် Mask လဲ၊ ဘယ်လိုအသုံးပြုရမှာလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးချင်ပါတယ်။အခုဖြစ်နေတဲ့အခြေအနေအတွက်တော့ N95 Mask ဟာ အကောင်းဆုံးဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဝူဟန်ကိုရိုနာပိုးသည် နှာချေ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ ကူးတတ်တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး N95 Mask ဟာ  ဒီအမှုန်တွေ ရောဂါပိုးတွေကို အဓိက ကာကွယ်ပေးနိုင်တာကြောင့်ပါပဲ။N95 Maskက တပ်နေမကျတဲ့သူတွေဆိုရင် နည်းနည်း အသက်ရှူရကျပ်နိုင်ပါတယ်။ နှာခေါင်း၊ပါးစပ်ကို အဓိကလုံခြုံစွာ ဖုံးကာပေးထားတယ်။ ထုတ်လုပ်တဲ့ နိုင်ငံနဲ့ ကုမ္ပဏီပေါ်မူတည်ပြီး Mask ပိတ်သားရဲ့ အထူနဲ့ အရောင်က ကွာသွားနိုင်ပါတယ်။ များသောအားဖြင့်တော့ N95 Mask ကို အဖြူရောင်နဲ့ အပြာရောင်ဆိုပြီး ၂မျိုးလာပါတယ်။၁။ Mask ကို အသုံးမပြုခင် လက်ကို သန့်ရှင်းနေအောင် ရေ၊ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ အပြင်မှာရောက်နေတယ်ဆိုရင် ရေမလိုလက်သန့်စင်ဆေးရည်(Hand Sanitizer) ကို အသုံးပြုပါ။၂။ ထုတ်ပိုးထားတဲ့အထုပ်မှာ အသုံးပြုပုံ အညွှန်းပါပါတယ်။ အရင်ဆုံးသေချာဖတ်ကြည့်ပါ။ ပြီးသွားရင် Mask မှာ ချို့ယွင်းချက်တွေ၊ အပေါက်အပြဲတွေ ရှိမရှိ သေချာစစ်ဆေးပါ။ Mask ရဲ့ အရွယ်အစားသည် ကိုယ်နှာခေါင်း၊ မျက်နှာအချိုးအစားနဲ့ ကွက်တိအံဝင်ခွင်ကျဖြစ်နေရပါမယ်။၃။ သန့်ရှင်းသော လက်ဖြင့် Mask ကို အခုံးဘက်ကနေ ကိုင်ပြီး အခွက်ပုံစံ ရှိတဲ့ဘက်ကို နှာခေါင်းနဲ့ပါးစပ်လုံအောင် အုပ်ထားပါ။ Mask သည် မေးစေ့ကို အုပ်နေရပါမယ်။၄။ အပေါ်ကြိုးနဲ့ အောက်ကြိုးဆိုပြီး Mask ကို စွပ်ဖို့ သားရေပတ်ကြိုး ၂ကြိုးပါပါတယ်။ အရင်ဆုံး Mask ကို အုပ်ပြီးပြီဆိုတာနဲ့ အပေါ်ကြိုးကို ခေါင်းကနေ အနောက်ဘက်ကို ဆွဲလှန်ပေးပြီး နားရွက်အပေါ်မှာ ထားပါ။ ပြီးသွားရင် အောက်ကြိုးကိုလည်း အဲ့ဒီအတိုင်းပဲ ခေါင်းကနေ အနောက်ဘက် ဆွဲလှန်ပေးပြီး နားရွက်အောက် လည်ဂုတ်နားရောက်တဲ့အထိ စွပ်ထားပေးပါ။ ဆံပင်ရှည်တဲ့သူဆိုရင် ဆံပင်ကို အပေါ်လှန်ဆွဲတင်ပြီးမှ ဂုတ်ပေါ်ဆွဲလှန်ရပါမယ်။ အဓိက သားရေပတ်ကြိုးသည် ဆံပင်အောက်ကို ရောက်နေရပါမယ်။၅။ ကြိုးတွေလိမ်နေတာရှိရင် အတည့်အတိုင်းဖြစ်အောင် ပြန်ပြုပြင်ပါ။၆။ လက်နှစ်ဖက်လုံး အသုံးပြုပြီး နှာခေါင်းထားဖို့အတွက် ပေးထားတဲ့နေရာမှာ နှာခေါင်းနဲ့ အံဝင်ခွင်ကျဖြစ်စေဖို့ လက်ချောင်းနဲ့ဖိပြီး ပုံကျအောင် လုပ်ပေးရပါမယ်။၇။ ပြီးသွားရင် အသက်ကို ခပ်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ကြည့်ပါ။ နှာခေါင်းပတ်ပတ်လည်မှာ လေမလုံသလို ဖြစ်နေတယ်ထင်ရင် Mask နဲ့ နှာခေါင်းအံဝင်ခွင်ကျဖြစ်စေဖို့ ပြန်ညှိကြည့်ပါ။၈။ Mask ရဲ့ အစွန်းဘက်တွေကနေ လေထွက်နေတယ်လို့ ယူဆရရင် အနောက်ဘက်မှာ ချိတ်ထားတဲ့ သားရေကြိုးအနေအထားကို ပြန်ပြုပြင်ကြည့်ပါ။Mask ချွတ်တော့မယ်ဆိုရင်။၁။ အရင်ဆုံး Mask ရဲ့ အောက်ကြိုးကို ခေါင်းပေါ်ကနေ လှန်ပြီး ဆွဲချွတ်ပါ။ ကြိုးကို ဆက်ကိုင်ထားပြီး နောက်လက်တစ်ဖက်က အပေါ်ကြိုးကို ဆွဲလှန်ပါ။၂။ လက်နှစ်ဖက်လုံးနဲ့ ကြိုးတွေကို ကိုင်ထားပြီး Mask ကို ဆွဲချွတ်လိုက်ရပါမယ်။၃။ Mask ရဲ့ အရှေ့ဘက် ခုံးနေတဲ့ မျက်နှာပြင်နဲ့ လက်နဲ့ လုံးဝမထိရပါဘူး။ ထပ်သုံးဦးမယ်ဆိုရင် Mask ကို ဇစ်ပိတ်အိတ်ထဲမှာ လုံခြုံစွာထည့်ပြီး သိမ်းဆည်းထားပါ။၄။ Mask တစ်ခုကို အများဆုံး ၂၄နာရီအတွင်းသာ အသုံးပြုရမှာဖြစ်ပြီး တစ်နေ့လုံးအသုံးပြုပြီးလို့ အိပ်တော့မယ်ဆိုရင် Mask ကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပေးရပါမယ်။၅။ Mask ချွတ်ပြီးသွားတိုင်း၊ နောက်တစ်ခါ ပြန်မတပ်ခင်မှာ လက်ကို သန့်စင်အောင် ဆေးကြောပေးရပါမယ်။ဈေးကွက်ထဲမှာ အလွယ်တကူရနိုင်တဲ့ Mask ဖြစ်ပြီး လက်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကိုတော့ ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် N95 Mask ဝယ်ဖို့ မတတ်နိုင်သူတွေ၊ အလွယ်တကူ ဝယ်လို့မရတဲ့ အခြေအနေမျိုးမှာ ဒီ Mask တပ်ပေးမယ်ဆိုရင်လည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။Mask မှာ အစိမ်းရောင်နဲ့ အဖြူရောင်ဆိုပြီး နှစ်ဘက်ရှိပါတယ်။ ကိုယ့်မှာ ရောဂါပိုးရှိသည်ဖြစ်စေ၊ တခြားသူဆီက ရောဂါပိုးကူးစက်မခံရစေဖို့ ကာကွယ်ပေးဖို့ဖြစ်စေ အစိမ်းရောင်ရှိတဲ့အခြမ်းကို အပြင်ဘက်မှာ ထားပြီး အဖြူရောင်ရှိတဲ့အခြမ်းကို နှာခေါင်း၊ ပါးစပ်နဲ့ ကပ်နေတဲ့အခြမ်းမှာ ထားပေးရပါမယ် (ဒါသည် Surgical Mask ကို မှန်ကန်စွာအသုံးပြုတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာ ထပ်အသိပေးချင်ပါတယ်)။အဖြူရောင်ရှိတဲ့အခြမ်းကို ပါးစပ်နှာခေါင်းနဲ့ ကပ်ပြီးတာနဲ့ Mask ဘေးက ကြိုးနှစ်ကွင်းကို နားရွက်အနောက်ဆီ အသီးသီးချိတ်ဆွဲပေးရပါမယ်။ တပ်တဲ့အခါ Mask က နှာခေါင်း၊ ပါးစပ်ကို လုံနေပြီး မေးစေ့အောက် ရောက်နေဖို့လည်း အရေးကြီးပါတယ်။ ပြန်ဖြုတ်တော့မယ်ဆိုရင် နားရွက်မှာ ချိတ်ထားတဲ့ ကြိုးနှစ်ကွင်းကို ဆွဲဖြုတ်ပြီး အဲ့အတိုင်း အမှိုက်ပုံးထဲသို့ သေချာစွန့်ပစ်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောပေးပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[covid_19]။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%9d%e1%80%b0%e1%80%9f%e1%80%94%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba-4/
အမြွာလေး တွေကို နို့ဘယ်လိုတိုက်ကြမလဲ။
အမြွာလေး မွေးထားတဲ့ မေမေတို့အတွက် ပျော်ရွှင်မှု နှစ်ဆ ဖြစ်သလို အလုပ်ရှုပ်တာကလည်း နှစ်ဆပါပဲ။ အထူးသဖြင့်ကလေးနို့တိုက်တဲ့ အချိန်မှာပါ။ ကလေးတွေကို ခွဲတိုက်ရမလား။ အတူတူတိုက်ရမလား။ နို့ထွက်ပါ့မလားဆိုတာတွေက မေမေတို့ အစိုးရိမ်ဆုံး ကိစ္စတွေ ဖြစ်မှာပါ။ဒါကတော့ မေမေ့အပေါ်ပဲ မူတည်ပါတယ်။ ခွဲတိုက်လို့လည်း ရသလို၊ အတူတူတိုက်လို့လည်း ရပါတယ်။ အရေးကြီးတာက ကလေးတစ်ယောက်ချင်းစီကို ခွဲမြင်ပေးဖို့ပါပဲ။ ကလေးနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အကျင့်တူချင်မှ တူမှာပါ။ ဥပမာ အကြီးလေးက အစားကြီးပြီး နို့ခဏခဏဆာတာမျိုး၊ အငယ်လေးကနို့သိပ်မစို့တာမျိုး ဖြစ်တတ်ပါတယ်။ဒါကြောင့် ခုပဲ ကလေးတွေကို နို့တိုက်လိုက်ပေမယ့် အကြီးလေးက ထပ်ဆာလို့ တပ်တောင်းရင် သူ့ကို သက်သက်ထပ်တိုက်ရမှာပါ။ အမြွာဆိုတိုင်း အကုန်တူတူဖြစ်နေဖို့ မလိုပါဘူး။တူတူတစ်ပြိုင်နက်တိုက်မယ်ဆိုရင် အောက်ပါအနေအထားတွေနဲ့ တိုက်လို့ရပါတယ်။ကလေးခေါင်းကို လက်ဖဝါးနဲ့ထိန်း၊ ကိုယ်လုံးကို လက်ဖျံပေါ်တင်ပြီး တိုက်တာပါ။ ကလေးခြေထောက်က အမေ့အနောက်ကို ရောက်နေမှာပါ။ စစချင်းဆိုရင်တော့ ဘေးက ထိန်းပေးရမှာပါ။ နောက်ပိုင်းဆိုရင်တော့ မေမေတို့ တိုက်တတ်သွားပါပြီ။အမေက ပက်လက်လှဲပြီး ကလေးတွေကို ဗိုက်ပေါ်တင်ပြီး တိုက်တာပါ။ကလေးနှစ်ယောက်ကို မျဉ်းပြိုင်ပုံစံ ပိုက်ထားပြီး တိုက်တာပါ။ နှစ်ယောက်လုံးကို ပွေ့ပိုက်ထားဖို့တော့ လိုပါတယ်။တူတူတိုက်တာရဲ့ ကောင်းတဲ့အချက်ကတော့ အချိန်ကုန်သက်သာတာပါ။မွေးစကလေးဆို တစ်နေ့ကို ၈ကြိမ်ကနေ ၁၂ကြိမ်လောက်ထိ တိုက်ရပါတယ်။ ဆိုလိုတာက ၂-၃ နာရီခြားတစ်ခါတိုက်ရပါတယ်။ တစ်ခါတိုက်ရင် နာရီဝက်ကြာပါတယ်။ တစ်ယောက်ပြီးမှ တစ်ယောက်ဆိုရင် မေမေတို့ နားဖို့အချိန်နည်းသွားမှာပါ။အမြွှာလေးတွေကို နို့တိုက်မယ်ဆိုရင် မေမေတို့ ဒီအချက်တွေကို ကြိုပြင်ထားပါ။အမြွာလေး တွေဆိုတာ သေချာပြီဆိုတာနဲ့ နို့တိုက်ခေါင်းအုံးဝယ်ထားပါ။ အမြွာလေးတွေကို နို့တိုက်ရလွယ်အောင် ပုံစံပြင်ထားတဲ့ ခေါင်းအုံးလေးတွေ ရှိပါတယ်။ ဒါမှမဟုတ် ရိုးရိုးခေါင်းအုံးကိုပဲ နှစ်လုံး သုံးလို့ရပါတယ်။မွေးပြီးပြီးချင်းမှာ နှစ်ယောက်တစ်ပြိုင်နက်တိုက်ဖို့ ခက်ခဲနိုင်ပါတယ်။ တစ်ယောက်ချင်းစီတိုက်ပြီး ကလေးတွေရဲ့ အမူအကျင့်ကို စောင့်ကြည့်ပါ။ ဘယ်ကလေးက နို့ပိုစို့သလဲ။ ဘယ်လောက်နေရင် ဗိုက်ပြည့်ပြီလဲ။ နောက်ပိုင်း ကလေးတွေကို ကောင်းကောင်းချီနိုင်ပြီ။ အကျင့်လေးတွေ သိပြီဆိုမှ နှစ်ယောက်တစ်ပြိုင်တည်းတိုက်ဖို့ လေ့ကျင့်ပါ။အစဆိုရင် ကလေးတွေကို နို့တိုက်ရခက်မှာပါ။ ချီရတာလည်း လွယ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘေးလူက ကူပေးဖို့ လိုပါတယ်။ ရက်ပိုင်းလောက်နေရင်တော့ အသားကျသွားမှာပါ။ နို့တိုက်ရခက်လို့ မတိုက်တာမျိုးတော့ မလုပ်ပါနဲ့။အပေါ်မှာ ပြောထားတဲ့ နို့တိုက်နည်းတွေထဲက မေမေတို့ ဘာနဲ့အဆင်ပြေလဲဆိုတာ သိဖို့ ပြောင်းပြောင်းပြီး တိုက်ကြည့်ပါ။ ကိုယ်နဲ့ အဆင်ပြေတဲ့ ပုံစံကို သိသွားရင် ခဏခဏနဲ့ ကြာကြာတိုက်နိုင်ပါတယ်။အကြီးလေးက ညာဘက်၊ အငယ်လေးက ဘယ်ဘက်ဆိုပြီး ပုံသေမသတ်မှတ်ထားပါနဲ့။ အကြီးလေးက နို့စို့အားကောင်းရင် ညာဘက်နို့က ပိုထွက်မှာပါ။ အငယ်လေးက နို့ကောင်းကောင်း မစို့တတ်ရင် ဘယ်ဘက်နို့က နို့သိပ်ထွက်မှာ မဟုတ်ပါဘူး။ ဒါဆို အငယ်လေးက နည်းနည်းပဲ သောက်ရမှာပါ။ ဘက်ညီအောင် နှစ်ဖက်ကို ပြောင်းပြောင်းပြီး တိုက်ပါ။တချို့မေမေတွေက ဘယ်လိုကျင့်ကျင့် နှစ်ယောက်လုံးကို တစ်ပြိုင်တည်း တိုက်လို့မရပါဘူး။ ဒါဆိုရင်လည်း မစိုးရိမ်ပါနဲ့။ တစ်ယောက်ပြီးမှ တစ်ယောက်တိုက်လို့ရပါတယ်။ အရေးကြီးတာက ကလေးတွေ နို့ဝဖို့ပါပဲ။မေမေတွေ စိုးရိမ်တဲ့ နောက်ကိစ္စတစ်ခုက အမြွာလေးတွေအတွက် နို့လုံလောက်ပါ့မလား။နို့ဘူးကူရမလားဆိုတာပါ။ အများအားဖြင့်တော့ မလိုပါဘူး။ ကလေးတွေက အမေနို့နဲ့တင် လုံလောက်ပါတယ်။မိခင်နို့ရဲ့ သဘာဝက စို့လေ၊ ထွက်လေပါ။ လေ့လာချက်တွေအရ ၃မြွာပူးမေမေတွေဆိုရင် တစ်နေ့ကို နို့ ၃လီတာလောက် ထွက်ပါတယ်တဲ့။ ဒါတောင် ကလေးတွေက (ယောကျ်ားလေးဆိုရင်တောင်) တစ်နေ့ကို ၈၃၁ မီလီလီတာ (တစ်လီတာမပြည့်တစ်ပြည့်) လောက်ပဲ စို့တာပါ။ဒါကြောင့် ကလေးတွေ နို့မဝမှာ၊ နို့မလုံလောက်မှာ စိုးရိမ်ရင်ကလေးဆာတိုင်း ပေးစို့ပါ။ အိပ်ရာကနေ ထလာတဲ့အချိန်၊ လျှာလေးထုတ်ထားတဲ့အချိန်၊ ခေါင်းလေးလှည့်ပြီး ဟိုရှာ ဒီရှာ လုပ်တဲ့အချိန် (အမေ့နို့ကို ရှာတာပါ)၊ အသံလေးတွေပေးတဲ့အချိန်၊ လက်မလေး စုပ်ပြတဲ့အချိန်ဟာ သူတို့ ဗိုက်ဆာတဲ့အချိန်ပါ။ သတိတရနဲ့ စောင့်ကြည့်ပြီး နို့တိုက်ပေးပါ။အမြွာလေး တွေကို နို့တိုက်ရတာက တစ်ယောက်တည်းကို နို့တိုက်ရတာထက် ပိုခက်တယ်ဆိုတာ နားလည်ပါတယ်။ ဒီလိုဆိုပေမယ့် မိခင်နို့ကို မတိုက်ဘဲ မထားပါနဲ့။ မိခင်နို့ကို မတိုက်ဘဲထားရင် နို့ထွက်မှာ မဟုတ်ပါဘူး။ ဒီလိုဆို ပိုခက်သွားပါလိမ့်မယ်။ ကြိုးစားပြီး တိုက်ကြည့်ပါ။ ဆရာဝန်တွေ၊ သူနာပြုတွေဆီက နို့တိုက်နည်းကို သေချာသင်ခဲ့ပါ။ မေမေရာ ကလေးတွေအတွက်ရော အတွေ့အကြုံသစ်ဖြစ်တဲ့အတွက် အတူတူကြိုးစားကြည့်ကြပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/how-to-breastfeed-your-twins/
အုန်းဆီ - အလှအပရေးရာ လျိှု့ဝှက်ချက်
ဟောလိဝုဒ် ကြယ်ပွင့်တွေဟာ အုန်းဆီနဲ့ ပတ်သက်ရင် သဲသဲလှုပ်ဖြစ်တတ်ကြတယ်ဆိုတာ လူသိများတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ Angellina Jolie ဟာ သူမရဲ့တစ်နေ့တာကို အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ စတင်ပါတယ်။ Miranda Kerr ကတော့ သူမရဲ့ လက်ဖက်စိမ်းထဲမှာ အုန်းဆီကိုထည့်ပြီး မနက်တိုင်း တစ်ဇွန်းသောက်ပါတယ်။ Poppy Delevingne ကတော့ အရေပြားကို ရေဓါတ်ထိန်းသိမ်းပေးဖို့ မအိပ်ခင် အသုံးပြုပါတယ်။ အခြားလည်း အများကြီး ရှိပါသေးတယ်။ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးတွေကတောင် သူ့ကို အသုံးပြုနေကြပါတယ်။ ဒါကြောင့် အကုန်အကျသက်သာတဲ့ သဘာဝအုန်းဆီကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ ဖေါ်ပြလိုက်ပါတယ်။၁။ ဆံပင်။ပျော့ဆေး – အခန်းအပူချိန် (သို့) အပူပေးပြီး သင့်ဆံပင်ကို အုန်းဆီနဲ့ နှစ်နာရီကြာအောင် စိမ်ထားပေးခြင်းဟာ ဆံပင်ကို ပိုမို ကျန်းမာ သန်စွမ်းစေပါတယ်။ သူ့မှာ ဗီတာမင် အီး၊ ကေနဲ့ သံဓါတ်တွေ ပါဝင်ပါတယ်။ဆံပင်ရှုပ်ထွေးမှုအတွက် ဆေးရည် – ဆံစပ်ကစလို့ အောက်ပိုင်းကို လက်နဲ့ အုန်းဆီလိမ်းပေးခြင်းဟာ အဆီပိုမထွက်စေပဲနဲ့ ခေါင်းဖီးရတာ ပိုမို လွယ်ကူစေပါတယ်။ ဆံပင်အရင်းကိုတော့ မထိသင့်ပါဘူး။တောက်ပတဲ့ဆံသားတွေ ဖန်တီးခြင်း – ဆံပင် serum တွေမှာ silicone နဲ့ အုန်းဆီပါဝင်ပြီး သင့်ဆံပင်ကို သဘာဝအတိုင်း တောက်ပြောင်စေပါတယ်။ သူ့ကို mask အနေနဲ့ (သို့) ပျော့ဆေး အနေနဲ့ အသုံးပြုနိုင်ပါတယ်။သန့်စင်တဲ့စက် – ဦးရေပြားနဲ့ ဆံပင်တို့မှာ ထင်တာထက်ပိုပြီး ဘက်တီးရီးယားတွေ ရှိတတ်ပါတယ်။ အုန်းဆီမှာတော့ ဘက်တီးရီးယား၊ မှိုတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ဆံပင်တွေကို ကာကွယ်ပေးပါတယ်။ဗောက်ထခြင်းကို ပျောက်ကင်စေခြင်း – အုန်းဆီမှာပါတဲ့ fatty acid တွေဟာ ပျက်စီးပြီး ဗောက်ထနေတဲ့ ဆံသားအတွက် အကောင်းဆုံး အဖြေပဲ ဖြစ်ပါတယ်။ သူ့ကို လာဗင်ဒါ (သို့) နှင်းဆီ အဆီတွေနဲ့ ရောပြီး ထူပျစ်တဲ့ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်ပါတယ်။၂။ အရေပြား။ရေဓါတ်ထိန်းပေးခြင်း – မျက်နှာ (သို့) ကိုယ်ခန္ဓါပေါ်မှာ လိမ်းမယ်ဆိုရင် အုန်းဆီဟာ အရေပြားကို သဘာဝအဆီတွေ ဖြည့်တင်းပေးပြီး သဘာဝ အစိုဓါတ်ထိန်း အဖြစ် အလုပ်လုပ်ပါတယ်။သက်သာစေတဲ့ အဆီ – လိမ်းဆေးအဖြစ်လိမ်းရင် (သို့) အနည်းငယ် စားသုံးခြင်းဟာ ယားယံခြင်းနဲ့ အကွက်ထခြင်းတွေကို သက်သာစေပါတယ်။အသက်ကြီးခြင်းကို တားမြစ်ခြင်း – သူ့မှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိတာကြောင့် အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကို ကာကွယ်ပေးပြီး သင့်အရေပြားကို ရေဓါတ်ထိန်းသိမ်းပေးပါတယ်။ အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး တောက်ပစေပါတယ်။ပန်းကုံးဆီ – လက်သည်းတွေကို သန်စွမ်းစေရုံသာမက ပျက်စီးနေတဲ့ ပန်းကုံးတွေကို ကူညီပေးပြီး ခြေထောက်သန့်ရှင်းရေးကိုလည်း ကူညီနိုင်ပါတယ်။၃။ မျက်နှာ။အလင်းပြန်ပစ္စည်း – မိတ်ကပ်လိမ်းပြီးရင် အုန်းဆီကို ပါးပေါ်မှာ လိမ်းပေးရင် အရေပြားရဲ့ သဘာဝအရောင်တွေကို တိုးမြှင့်ပေးပြီး အလင်းပြန်စေတဲ့ ပစ္စည်း အဖြစ် အသုံးပြုနိုင်ပါတယ်။မိတ်ကပ်ဖျက်ဆေး – အုန်းဆီကို ဖျက်ရခက်တဲ့ မျက်တောင်ကော့ဆေးတွေနဲ့ မျက်လုံးမိတ်ကပ်တွေကို ဖျက်ဖို့ အသုံးပြုနိုင်ပါတယ်။မျက်လုံးလိမ်း ခရင်မ် – မျက်လုံးအောက်က အရေပြားဟာ အရေးအကြောင်းတွေ စတင်ဖြစ်ပေါ်တဲ့ နေရာဖြစ်ပါတယ်။ အုန်းဆီရဲ့ ရေဓါတ်ထိန်းပေးတဲ့ ဂုဏ်သတ္တိကြောင့် ဒီအရေးအကြောင်း ဖြစ်ပေါ်မှုကို ဟန့်တားပေးပြီး fatty acid တွေက အရေပြားကို ကာကွယ်ပေးပါတယ်။၄။ အပြုံး။ဖြူဆေး – အုန်းဆီနဲ့ ပါးလုပ်ကျင်းပေးခြင်းဟာ သွားတွေကို ဖြူဖွေးတောက်ပစေပါတယ်။သွားပိုးစားခြင်းကို တားမြစ်ပေးပါတယ်။ သွားတွေရဲ့ အရောင်တွေတင် မကပါဘူး။ သူ့ရဲ့ သိပ်သည်းမှုတွေကလည်း အရေးကြီးပါတယ်။ ဘက်တီးရီးယားပိုးတွေကို ဆန့်ကျင်တာမို့ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ သွားချိုးဖြစ်ပေါ်ခြင်းကို တားမြစ်ပေးပါတယ်။နှုတ်ခမ်း အဆီဖြည့်ခြင်း – နှုတ်ခမ်းကွဲတာဟာ ကြည့်လို့ မကောင်းပါဘူး။ နှုတ်ခမ်းအဆီ အဖြစ်သုံးပေးခြင်းဟာ နှုတ်ခမ်းကွဲခြင်းနဲ့ အဖတ်လန်ခြင်းကို ကာကွယ်ပေးပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%af%e1%80%94%e1%80%bb%e1%80%b8%e1%80%86%e1%80%ae-%e1%80%a1%e1%80%9c%e1%80%be%e1%80%a1%e1%80%95%e1%80%9b%e1%80%b1%e1%80%b8%e1%80%9b%e1%80%ac-%e1%80%9c%e1%80%be%e1%80%ad%e1%80%bc/
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်သန့်ဆေးရည် နဲ့ လက်ဆေးတာ စိတ်ချရပါ့မလား
ကိုရိုနာပဲဖြစ်ဖြစ် ဘာဗိုင်းရပ်စ်ပဲလာလာကြိုတင်ကာကွယ်မှုအခြေခံအဆင့်အဖြစ်လက်ဆေးဖို့သတိပေးကြပါတယ်။ ဒါပေမယ့် လက်ထဆေးဖို့ ပျင်းတဲ့အခါ အလွယ်သုံးဖို့၊ လက်ဆေးဖို့မလွယ်တဲ့ အနေအထားတွေမှာ သုံးဖို့၊ သွားရင်းလာရင်း အရေးပေါ်သုံးဖို့ အိတ်ထဲအလွယ်ဆောင်ထားလို့ရတဲ့ လက်သန့်ဆေးရည် ကို အားကိုးကြတယ်ဟုတ်။ ရေမလိုဘဲ လက်ထဲထည့်ပြီးပွတ်လိုက်ရုံပဲ ဆိုပြီးတော့လေ။အခုလို ရောဂါပိုးကူးစက်ခံရမယ့်ဘေး စိုးရိမ်နေကြတဲ့အချိန် အရေးကြီးတာက ထိရောက်တဲ့ကာကွယ်မှုပါပဲ။ မကြာခဏလက်တော့ဆေးပါတယ်၊ လက်ကို ရေဆွတ်ရုံဆေးတာ၊ ဆေးနည်းမမှန်လို့ မပြောင်စင်တာ၊ ရေကမသန့်တာ စတဲ့ အမှားအယွင်းတွေကိုလည်း ထည့်တွက်သင့်ပါတယ်။ ဆပ်ပြာနဲ့ ရေ သုံးပြီးဆေးကြောတာတောင် ဒီအချက်တွေကိုမူတည်ပြီး ကာကွယ်မှု၊ ထိရောက်မှုတွေ ကွာခြားနိုင်သေးတာ ရေမပါတဲ့ လက်သန့်ဆေးရည်နဲ့ လက်ကိုဆွတ်တာ ပိုပြီး တွေးစရာများပါတယ်။ထိရောက်ပါတယ်။ ဒါပေမယ့် လူသုံးများတဲ့ လက်သန့်ဆေးရည် အတော်များများမှာ လက်အသားအရေမထိခိုက်စေဖို့ alcohol ပမာဏနည်းနည်းနဲ့ ထုတ်လုပ်တာတွေရှိပါတယ်။ အမှန်က alcohol လုံလုံလောက်လောက် ပါဝင်တဲ့ လက်သန့်ဆေးရည်နဲ့ ဂျယ်လ်တွေကမှရာသီတုပ်ကွေးတွေ၊ အအေးမိတာနဲ့ တခြားဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးတွေကို ကာကွယ်ရာမှာ ပိုထိရောက်တာပါ။ကျိုတိုစီရင်စု ဆေးတက္ကသိုလ်ရဲ့သုတေသနတွေ့ရှိမှုအရ လက်သန့်ဆေးရည်တွေဟာ တုပ်ကွေးဗိုင်းရပ်စ် influenza A ကို သုတ်သင်နိုင်ဖို့ အနည်းဆုံး ၄မိနစ်လောက်ကြာအောင် ဆေးပေးရမှာပါ။influenza A ဗိုင်းရပ်စ်ရဲ့အမှုန်စက်တွေမှာ ပတ်လည်ရှိနေတဲ့အချွဲတွေက ဗိုင်းရပ်စ်ကို ကာကွယ်ပေးနေတာကြောင့် သာမန် ၂ မိနစ်လောက် ဆေးရုံနဲ့ ဗိုင်းရပ်စ်တွေက မသေသွားပါဘူး။ရောဂါပိုးတွေ ကာကွယ်ဖို့ အကောင်းဆုံးက ရေ၊ ဆပ်ပြာ သုံးရတဲ့ သမားရိုးကျလက်ဆေးနည်းပါပဲ။ ဆပ်ပြာမရှိရင် ရေနဲ့ပဲဆေးတာတောင် ထိုက်သင့်သလောက် သန့်စင်ပစ်နိုင်ပါတယ်။ လက်ဆေးတဲ့အခါ စက္ကန့် ၂၀ လောက်တော့ လက်ကို သေချာဆေးကြောဖို့တော့လိုပါတယ်။အပေါ်မှာပြောခဲ့သလို ရေနဲ့ဆပ်ပြာမရှိတဲ့အခါ၊ လက်ဆေးဖို့ အခြေအနေမပေးတဲ့အခါ၊ သွားရင်းလာရင်း လက်သန့်ချင်တဲ့အခါ alcohol ပါဝင်မှု အနည်းဆုံး ၆၀ ရာခိုင်နှုန်းရှိတဲ့ Hand Gel တွေသုံးနိုင်ပါတယ်။သတိထားရမှာက alcohol ပါတဲ့ Hand Gel တွေဟာ ဘက်တီးရီးယားတွေကိုသာ ရှင်းလင်းပေးနိုင်တာပါ၊ လက်ကို အပြီးသန့်စင်ပေးနိုင်တာမဟုတ်ပါဘူး။ ဥပမာ ဖုန်မှုန့်တွေ၊norovirusသို့မဟုတ် E. coli တို့လို ပိုးတွေကို မရှင်းလင်းပေးနိုင်ပါဘူး။Hand Gel နဲ့ဆေးတဲ့အခါ ၁၅ စက္ကန့် လောက်ဆိုရတယ်ဆိုပေမယ့် အရည်အသွေးမကောင်းတဲ့ Hand Gel တွေမသုံးမိဖို့တော့ သတိပေးချင်ပါတယ်။ Hand Gel ဖြစ်ရင်ပြီးရော၊ အနံ့လေးမွှေးလို့၊ ဘူးလေးလှလို့ ဆိုပြီး မရွေးချယ်ဖို့တော့ လိုပါတယ်။စျေးပေါတဲ့ တချို့ Hand Gel လေးတွေက အမွှေးနံ့လေးထည့်ထားတဲ့ ရေလိုလို၊ ဂျယ်လိုလိုသာ ရှိတာပါ၊ ကာကွယ်နိုင်စွမ်းနဲ့ သန့်စင်နိုင်စွမ်းတွေ မပါသလောက်ကို ရှိပါတယ်။ ဒါမျိုးလေးတွေက နေ့စဉ်အသုံးပြုရာမှာ တော်ရုံကာကွယ်မှုပေးနိုင်ပေမယ့်ကူးစက်နိုင်တဲ့ ရောဂါကာကွယ်မှုမှာတော့ စိုးရိမ်ရတဲ့အချက်ပါ။ဒါ့ကြောင့်လက်ဆေးမယ်ဆိုကျန်းမာရေးအဖွဲ့အစည်းတွေ အကြံပေးတဲ့အတိုင်း အကောင်းဆုံးက ဆပ်ပြာနဲ့ရေကို သုံးပြီး သေချာဆေးကြောပါ။ ရေနဲ့ဆပ်ပြာမလွယ်တဲ့အချိန်မျိုးမှာ alcohol ပါဝင်မှု ၆၀ ရာခိုင်နှုန်းရှိတဲ့ Hand Gel ကို အရည်အသွေးကောင်းတာ ဝယ်သုံးပါ။HelloHealth Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%94%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba%e1%80%80%e1%80%ac%e1%80%80/
ကလေးလည်း မဟုတ်ဘဲ အိပ်ကောင်းတုန်း ညဘက်အိပ်ရာထဲ ဆီးတွေသွားမိတာ ဘာကြောင့်လဲ ။ ။
တစ်ချို့ဖြစ်ဖူးကြမှာပါ။ အသက်က တော့ ၂၀ ကျော်နေပြီ ညဘက် အိပ်ရာထဲ သေးပေါက်ချမိနေတုန်း။ အိပ်ကောင်းနေတဲ့အချိန်မှာ ပြန်ပြီး သန့်ရှင်းရေး လုပ်ရတာလောက် အသဲပေါက်ဖို့ကောင်းတာ မရှိပါဘူး။ ပုံမှန်ဆို အသက်ကလေး ရလာပြီ ၁၀ နှစ်ကျော်လာပြီဆိုတာနဲ့ အိပ်ရာထဲမှာ ဆီးသွားတာမျိုးတွေ မရှိတော့ပါဘူး။ လူနည်းစုမှာတော့ နေ့တိုင်း မဟုတ်တောင် ၁လ တစ်ခါ ၂ လတစ်ခါ ( ဒါမှမဟုတ်) ၁ပတ်၁ ခါ အိပ်ရင်းနဲ့ ဆီးတွေသွားမိတာ ရှိတတ်ကြပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ရောဂါတစ်ခုခုကြောင့် ဖြစ်နေရတာလား ။ ။ဆီးအိမ်ကြွက်သားများ အလုပ်ပိုလုပ်ခြင်း ။ ။ကဲ ဒီစာကိုဖတ်နေတဲ့ ပရိသတ်ကြီးထဲမှာရော ခုလို ညဘက် အိပ်နေရင်း အိပ်ရာထဲ ဆီးသွားမိတာ မျိုးတွေ ဖြစ်ဖူလား။ ၂ လလောက်မှတစ်ခါ ဖြစ်ရင်တော့ သိပ်ကိစ္စမရှိဘူးလို့ ပြောလို့ရပေမယ့် အကြိမ်အရေအတွက် စိပ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ သေချာသွားပြပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကို အဖြေရှာရမယ့်အချိန်ဖြစ်နေပါပြီ။ ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/bladder-problems/bed-wetting/
ဘဝကို စိတ်အေးချမ်းစွာနဲ့ ကျော်ဖြတ်သွားချင်လား
စိတ်ကျန်းမာရေးကို လူတော်တော်များများက မေ့လျော့ထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြင်ရတဲ့အရာထက် မမြင်ရတဲ့ စိတ်ကို လူတွေက သိပ်ပြီး ဂရုစိုက်လေ့ မရှိတာကြောင့်ပါပဲ။ “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ” ဆိုသလို စိတ်ကို အေးချမ်းစွာ နေထိုင်တတ်မှ ဘဝကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားနိုင်မှာပါ။စိတ်ချမ်းသာဖို့ဆိုတာ ပြောလို့လွယ်ပေမဲ့ တကယ်တမ်းတော့ တော်တော်လေး ခက်ခဲနိုင်တယ်လို့ ထင်ရပါတယ်။ နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ၊အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ မိသားစု၊လူမှုရေးရာအဆင်မပြေမှုတွေကြားမှာ ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့ စိတ်ဖြစ်နေပါစေ အနည်းငယ်တော့ ဒဏ်ပိနိုင်ပါတယ်။ဒီဆောင်းပါးလေးမှာတော့ မကြာခဏ စိတ်ညစ်တတ်တဲ့ သူတွေ၊ ဘဝကို စိတ်အေးလက်အေး ကျော်ဖြတ်ချင်တဲ့ သူတွေအတွက် ပြောင်းလဲသင့်တဲ့ နေပုံထိုင်ပုံ၊ ပြင်ဆင်သင့်တဲ့ စိတ်နေသဘောထားအကြောင်း ပြောပြပေးချင်ပါတယ်။အသက်ရှူတယ်ဆိုတာ သမားရိုးကျ လေ့ကျင့်ခန်းတစ်ခုလို့ ထင်ထားပေမယ့် တကယ်တော့ ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ အများကြီးသက်ဆိုင်မှုရှိနေပါတယ်။ ဥပမာ – ဒေါသဖြစ်လာတဲ့အချိန် နှလုံးတွေ တဆတ်ဆတ် ခုန်လာပြီး အသက်ရှူသံတွေ ပြင်းလာတာမျိုးပေါ့။ ဒါကြောင့် ဘဝကို အေးချမ်းစွာ ကျော်ဖြတ်ချင်တယ်ဆိုရင် အသက်ကို ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း ရှူရှိုက်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။အသက်ရှူလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင်။နောက်ပိုင်း အကျင့်ဖြစ်သွားတဲ့အခါမှာ လေ့ကျင့်ခန်း သီးသန့်လုပ်စရာမလိုဘဲ ပုံမှန်အတိုင်းကို အသက်ကို ဝအောင် ဖြည်းဖြည်းချင်းရှူရှိုက်တတ်သွားမှာ ဖြစ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းရဲ့ အဓိက ကောင်းကျိုးကတော့စိတ်ဖိစီးမှုဖြစ်နေတဲ့အချိန်မှာ ကိုယ်ခန္ဓါမှာထွက်လာတဲ့ ကော်တီစောဟော်မုန်း (Cortisol) ကို လျှော့ချပေးနိုင်တဲ့အပြင် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းစွာ အနားပေးနိုင်ပါတယ်။လေ့ကျင့်ခန်းနဲ့ အားကစားလုပ်ခြင်းဟာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက်သာမကစိတ်ဓါတ်ကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ စိတ်ကို ပျော်ရွှင်စေတဲ့ အန်ဒိုဖင်ဟော်မုန်း (Endorphin)ဒိုပါမင်ေဟာ်မုန်း (Dopamine) စီရိုတိုနင်ဟော်မုန်း (Serotonin) နဲ့ အောက်စီတိုစင်ဟောမုန်း (Oxytocin) တွေကို ဦးနှောက်က ထုတ်လွှတ်ပေးလိုက်ပါတယ်။ဒီဟော်မုန်းတွေဟာ လူ့ရဲ့ စိတ်ကို တည်ငြိမ်အေးချမ်းစေတယ်။ မောပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်။ အစာစားချင်စိတ်ကို ဖြစ်စေပြီး ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေတယ်။ နှလုံးရောဂါနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀ မှ ၆၀ထိ လမ်းလျှောက်တာ၊ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ အစရှိတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးမယ်၊ တစ်ပတ်ကို ၃ကြိမ်မှ ၅ကြိမ်ထိ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် စိတ်ရဲ့ အေးချမ်းပျော်ရွှင်မှုကို တည်ဆောက်နိုင်ပါတယ်။လူတွေနဲ့ ဆက်ဆံမှုမရှိဘဲ အိမ်ထဲမှာ အမြဲလှောင်ပိတ်နေရင် စိတ်ဟာအထီးကျန်ဆန်မှုပိုဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်ဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ဗီတာမင် Dဓါတ်ကို ပေးစွမ်းနိုင်တဲ့အပြင် စီရိုတိုနင်ဟော်မုန်း (Serotonin) ကို မြှင့်တင်ပေးနိုင်ပါတယ်။ဒါကြောင့် ပိတ်ရက်တွေမှာ အိမ်မှာ အောင်းမနေဘဲ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရှိုက်ပါ။ ပတ်ဝန်းကျင်ရဲ့ အလှအပကို ငေးမောခံစားကြည့်ပါ။ အားကစားလုပ်တာဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောတာဖြစ်စေ ပြုလုပ်ပေးပါ။တစ်ခါတလေမှာ ဘာအကြောင်းအရာမှ မတွေးပဲ စိတ်လွတ်လက်လွတ် ကိုယ်ဝါသနာပါတဲ့ အရာလေးတွေ လုပ်ပေးလိုက်တာဟာ စိတ်ရဲ့ နားခိုစရာ ထွက်ပေါက်တစ်ခု ဖန်တီးပေးလိုက်တာပါပဲ။ ဒါ့အပြင် ကိုယ့်စိတ်ထဲမှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးနေတာတွေ ခံစားနေရရင်လည်း ကိုယ့်ရဲ့ အတွေးအာရုံတွေကိုပျော်ရွှင်မှြုဖစ်စေတဲ့ ဘက်ကို လှည့်ပြောင်းပေးလိုက်တာနဲ့ အတူတူပါပဲ။ အားလပ်ရက်မှာ ကိုယ်ဝါသနာပါတဲ့ အရာတွေ ရွေးလုပ်လို့လည်း ရသလို ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်ထဲကို ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုကို ဖန်တီးလုပ်ယူလို့ ရပါတယ်။မေတ္တာဆိုတာ ပေးတဲ့သူအတွက်လည်း ငြိမ်းချမ်းမှုကို ဖြစ်စေသလို ရတဲ့သူအတွက်လည်း ပျော်ရွှင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တတ်နိုင်သလောက် မေတ္တာတွေကို မျှဝေပါ။ အားငယ်သူတွေ၊ အကူအညီလိုအပ်သူတွေကို ကိုယ်တတ်စွမ်းသလောက် ကူညီဖေးမပါ။ ကိုယ်စိတ်ကောင်းစေတနာထားသလောက် ကိုယ့်အပေါ် မေတ္တာရောင်ပြန်ဟပ်တဲ့ ခံစားချက်ဟာ ဘာနဲ့မှ မလဲနိုင်အောင် ကြည်နူးပီတိဖြစ်စရာ ကောင်းပါတယ်။လူတော်တော်များများက ကိုယ်မပိုင်ရသေးတဲ့ အရာတွေနောက်ကို လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လိုက်ရင်း ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အရာကို တန်ဖိုးထားဖို့ မေ့လျော့နေတတ်ပါတယ်။ ကိုယ့်အနားမှာ ကိုယ်လိုအပ်တဲ့ အချိန်တိုင်း အမြဲရှိနေပေးတဲ့ သူတွေ၊ အားပေးမှု၊ ထောက်ပံ့မှု ပြုခဲ့တဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ကြောင်း အမြဲပြောပါ။ သူတို့တွေပေါ်မှာ ထားတဲ့ ကိုယ့်မေတ္တာကိုလည်း မြင်အောင် အမြဲပြသပေးပါ။လူသားတိုင်း အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝပါပဲ။ ကိုယ် အတိတ်ကမှားခဲ့တဲ့ အရာတစ်ခုအတွက်နဲ့ တစ်သက်လုံးစိတ်ဆင်းရဲခံပြီး ပူလောင်နေဖို့ မလိုပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ အကောင်းဆုံး ဖြစ်အောင် နေထိုင်ပါ။ ကိုယ်ချစ်တဲ့ သူတွေအပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ မေတ္တာကို ဖွင့်ဟပြောပြပါ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်ပါ။ ပြီးခဲ့တဲ့ အတိတ်ပေါ်မှာ စွဲလမ်းစိတ်၊ အပြစ်မကင်းစိတ်၊သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ စွန့်လွှတ်ပစ်လိုက်ပါ။ တစ်စုံတစ်ယောက်အပေါ်မှာ နာကျည်းစိတ်၊ မုန်းတီးစိတ်တွေ ရှိခဲ့ရင်လည်း မေတ္တာနဲ့ ခွင့်လွှတ်ပေးလိုက်ပါ။ဘဝဟာ တစ်သမတ်တည်း သွားနေရရင် သိပ်ကို ပျင်းဖို့ ကောင်းပါတယ်။ လက်ရှိဖြစ်နေတဲ့အရာတွေက ကိုယ့်အတွက် မလိုအပ်ဘူးလို့ ထင်ရင်၊ ကိုယ့်ဘဝနဲ့ ကိုယ့်စိတ်ကို မကောင်းသော ပြောင်းလဲမှုမျိုး ဖြစ်စေတဲ့ အဆိပ်အတောက် ပတ်ဝန်းကျင်၊ လူသားတွေကို ကိုယ့်ဘဝထဲက ထုတ်ဖို့ လိုအပ်တယ်ထင်ရင် ထုတ်ပစ်လိုက်ပါ။ကိုယ်က စိတ်အေးချမ်းသာဖို့ ကိုယ့်ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်အနားမှာလည်း အေးချမ်းတည်ငြိမ်နေတဲ့ သူမျိုးတွေသာ ရှိသင့်ပါတယ်။ ကိုယ်တစ်ယောက်တည်း ပြောင်းလဲလို့ မဖြစ်တဲ့အခါမှာ တခြားသူတွေကိုပါ အကူအညီတောင်းပါ။စိတ်ရောကိုယ်ပါ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ရဖို့ဆိုတာ မိမိကိုယ်တိုင်သာမက ကိုယ့်အနားပတ်ဝန်းကျင်က လူတွေကိုပါ အချိန်ပေးပြီး ပြောင်းလဲပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။ လွယ်ကူမှာ မဟုတ်ပေမဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားမှုသာ ရှိရင် အချိန်တိုအတွင်း ကိုယ့်ရဲ့ ဘဝမှာ ကောင်းသော တိုးတက်ပြောင်းလဲမှုတွေ၊ စိတ်ပျော်ရွှင်အေးချမ်းမှုတွေနဲ့ ကြုံလာမယ်ဆိုတာ မလွဲဧကန်ပါပဲ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%98%e1%80%9d%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%85%e1%80%bd%e1%80%ac%e1%80%94%e1%80%b2/
စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ
ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ သင့်လျော်မယ့် အရာတွေ၊ ဘဝနေထိုင်မှုပုံစံနဲ့ အကောင်းဆုံးဖြစ်စေမယ့်၊ အကျိုးရှိစေနိုင်လောက်မယ့် အရာတွေကို အဓိက လုပ်သင့်ပါတယ်။ ရံဖန်ရံခါမှာတော့ ပုံမှန်လုပ်နေကျ ပုံစံခွက်ကနေ ရုန်းထွက်ပြီး ကိုယ့်စိတ်ကို အနားပေးဖို့ လိုပါတယ်။ ဒါကြောင့် အကြံပေးချင်တာကတော့ စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ ဆိုတာပါပဲ။ရုပ်ရှင်တွေဆိုတာ ကျွန်တော်တို့ရဲ့စိတ်အာရုံကို လွှဲပြောင်းပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ ဘယ်လောက်ပဲစိတ်ညစ်နေတဲ့ လူတစ်ယောက် ဖြစ်ပါစေ၊ ကိုယ် ကြိုက်တဲ့ရုပ်ရှင်တွေကို ကြည့်နေတဲ့ အချိန်လေးမှာ စိတ်ညစ်စရာတွေဆိုတာ အချိန်တစ်ခဏတာတော့ မေ့သွားတတ်ကြတာပါပဲ။ဟာသရုပ်ရှင်တွေ ဆိုရင်လည်း ကြည့်ရတဲ့သူတိုင်း စိတ်ကို ပျော်ရွှင်စေတယ်။ ဟာသ သရုပ်ဖော်ပြကွက်တွေကို ကြည့်ရင်း လူဟာ ရယ်မောမိတဲ့အခါ ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ကိုယ်ခန္ဓာက ထုတ်ပေးတယ်။ဒီဟော်မုန်းတွေက လူတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ မကောင်းတဲ့ ခံစားချက်တွေ၊ စိုးရိမ်ပူပန်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ အတွေးလွန်ခြင်းတွေကို လျော့ကျစေပါတယ်။ရုပ်ရှင်လို့ ဆိုရာမှာ ကိုယ်ကြိုက်တဲ့ ဘယ်ရုပ်ရှင်မဆို ကြည့်လို့ ရပါတယ်။ အဓိက စိတ်ညစ်ရင်ရုပ်ရှင်ကြည့်ဖို့ ပြောရတဲ့ ရည်ရွယ်ချက်ကတော့ အားနေတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ ပင်ပန်းနေတဲ့ စိတ်ကို အပန်းဖြေစေဖို့၊ အထီးကျန်နေတဲ့ ခံစားချက်ကို ပျောက်သွားစေဖို့၊ရယ်မောနိုင်စေဖို့၊ အတွေးမလွန်စေဖို့၊ စိုးရိမ်ပူပန်တာမျိုး မဖြစ်စေဖို့ပါပဲ။ကိုယ့်ဘာသာ အခန်းထဲမှာလည်း ကြည့်လို့ရသလိုမိသားစုနဲ့ အတူ ရုပ်ရှင်ကြည့်ရင်း ရယ်မောပျော်ရွှင်စွာနဲ့ အတူတကွ အချိန်ကုန်ဆုံးစေခြင်းဟာလည်း ကိုယ်နဲ့ ကိုယ့်မိသားစုကြားမှာ ရှိနေတဲ့သံယောဇဉ်၊ ချစ်ခြင်းမေတ္တာကို တိုးစေသလို စကားလည်း ပိုပြောဖြစ်တဲ့အတွက် အရမ်းကြီးတော့ အထီးကျန်သလို ဖြစ်မိမှာတော့ မဟုတ်ပါဘူး။ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ဆိုရင်လည်း ပညာယူလို့၊ ကိုယ်ချင်းစာကြည့်လို့ ရတယ်မလား။ဒီနေရာမှာ စိတ်ပြေလက်ပျောက်လို့ ရုပ်ရှင်ကြည့်ပါလို့ ပြောရခြင်းက ရုပ်ရှင်တစ်ခုတည်း တစ်နေ့လုံး ထိုင်ကြည့်ပြီး ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ မေ့နေတာမျိုး မဖြစ်စေချင်လို့ပါ။ခါတိုင်းအချိန်တွေထက်အားလပ်ချိန်ပိုလျှံထွက်နေတဲ့အခါ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေထက် ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်မယ့် အရာတွေ ရွေးလုပ်တာတော့ အကောင်းဆုံးပဲပေါ့ဗျာ။သတိထားဖို့ကတော့ အချိန် အကြာကြီး တစ်နေရာထဲမှာ ထိုင်ကာ ရုပ်ရှင်ကြည့်တာမျိုး၊ညမအိပ်ဘဲ ရုပ်ရှင်ကြည့်တာမျိုး မလုပ်ဖို့တော့ လိုမယ်နော်။ကိုယ် လုပ်စရာ ရှိတာလုပ်၊ အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်၊ ဗိုက်ဆာရင်အာဟာရပြည့်ဝစေလောက်မယ့် အစာအာဟာရတွေကို သေချာ စားသုံး၊ မိသားစု စကားဝိုင်းလေး ဖွဲ့ပြီး စကားလက်ဆုံကျ၊ ညကိုလည်း စောစောအိပ်၊အိပ်ချိန်လေး ပြည့်ဝအောင် အိပ်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/tv-can-provide-social-connection/
ကျန်းမာရေးအတွက် မနက်စာ “ထောပတ်သီး အသုပ်”
တစ်နေ့တစ်နေ့ ဘာစားရမလဲ၊ ဘာချက်ရမလဲဆိုပြီး စဉ်းစားရတာ အရမ်းအလုပ်ရှုပ်တာနော်။ အထူးသဖြင့်အိမ်ထောင်ရှင်လေဒီလေးတွေ အစားတစ်လုပ် စားရဖို့အရေး ကျန်းမာရေးအတွက် ကြည့်ရတာနဲ့ အိမ်သားတွေ အကြိုက်ကို တွေးပူရတာနဲ့ စိတ်ညစ်စရာကြီးပေါ့။ ဒီတော့ လွယ်ကူရိုးရှင်းပြီး အချိန်လည်း သိပ်မပေးရတဲ့ ဟင်းချက်နည်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ထောပတ်သီး= ၂လုံး။သခွားသီး= ၁လုံး။ကြက်သွန်နီ = ၁စိတ်။ခရမ်းချဉ်သီး= ၁လုံး (အသေးဆိုရင် ၃လုံး)။သံလွင်ဆီ = ထမင်းစားဇွန်း ၂ဇွန်း။သံပရာရည် = ထမင်းစားဇွန်း ၂ဇွန်း။နံနံပင် = လက်တစ်ဆုပ်စာ။ဆား = လက်ဖက်ရည်ဇွန်း ၁ဇွန်း။သကြား = လက်ဖက်ရည်ဇွန်း ၁ဇွန်း။ငရုတ်ကောင်းမှုန့် = ပါရုံလောက် အနည်းငယ် လိုအပ်ပါတယ်။၁။ အရင်ဆုံး ထောပတ်သီးကို အခွံခွာပြီး အတုံးလေးဖြစ်အောင် လှီးပါ။၂။သခွားသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကိုလည်း လေးထောင့်အတုံးပုံစံ လှီးစိတ်ပါ။နံနံပင်ကို နုတ်နုတ်စင်းထားပါ။၃။ အသုပ်သုပ်မယ့် ဇလုံထဲကို လှီးထားတဲ့ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်သွန်နီ၊ထောပတ်သီး၊ နံနံပင်ကို ရောထည့်ပြီး သံလွင်ဆီ၊ သံပရာရည်ထည့်ပြီးမွှေပါ။၄။ ပုံမှန်သုပ်နေကျ အသုပ်တွေလို လက်နဲ့ နယ်စရာမလိုပါဘူး။ ဇွန်းနဲ့ အကုန်သမအောင် မွှေပေးရုံပါပဲ။၅။ ပြီးသွားရင် ဆား၊သကြား၊ ငရုတ်ကောင်းမှုန့် ဖြူးပြီး နောက်ဆုံးတစ်ကြိမ် မွှေပေးပါ။၆။ မိသားစု နှစ်ယောက်မှ ၃ယောက်ထိ တည်ခင်းသုံးဆောင်နိုင်ပါပြီ။ပေါ့ပေါ့ပါးပါးမနက်စာအနေနဲ့လည်း စားလို့ရသလို နေ့လယ်ဘက် ထမင်းစားပြီးတဲ့အချိန် သရေစာအနေနဲ့ အဆာပြေစားရင်လည်း အဆင်ပြေပါတယ်။ ထမင်းနဲ့ တွဲစားမယ်ဆိုရင်တော့ အသုပ်ချည်းပဲ ဖြစ်စေ၊ အသားကင်၊ အသားဟင်းတစ်ခုခုနဲ့ဖြစ်စေ ရောစားတာက ပိုအဆင်ပြေပါလိမ့်မယ်။• ဗီတာမင် အေ ပါဝင်လို့ မျက်စိအားကောင်းစေတယ်။•အမျှင်ဓာတ်က အစာကြေလွယ်စေပြီး ဝမ်းမှန်စေတယ်။• ဗီတာမင် စီဓာတ်ကြောင့် အသားအရေကို လှပစေတယ်။• ကယ်လ်စီယမ်ဓာတ်နဲ့ သံဓာတ် ပါဝင်လို့ အရိုးနဲ့ သွားကို ကျန်းမာစေတယ်။•ကိုယ်အလေးချိန်ထိန်းချင်သူများအတွက် သင့်လျော်ပါတယ်။၁။ သံလွင်ဆီအစား မြေပဲဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီများကို အစားထိုး အသုံးပြုနိုင်သည်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး သတ်မှတ်ထားသည်ထက် လျှော့ထည့်နိုင်ပါသည်။၂။ နံနံပင် မကြိုက်ဘူးဆိုရင် ကြက်သွန်မြိတ်ကို ပါးပါးလှီးထည့်လို့လည်း ရပါတယ်။၃။ ဆားနဲ့ သကြားကိုလည်း ဇွန်းတစ်ဝက်ထိ လျှော့ချပေးနိုင်ပါတယ်။၄။ရေခဲသေတ္တာထဲကို ထည့်ထားပြီး စားခါနီးမှ ထုတ်ပြီး ပြင်ဆင်တာ ပိုကောင်းပါတယ်။၅။ စားပြီးသွားရင်တော့ ရေများများ သောက်ပေးဖို့ မမေ့ပါနဲ့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%99%e1%80%94%e1%80%80%e1%80%ba%e1%80%85%e1%80%ac/
အိပ်ယာနဲ့ လက်ထပ်မိနေပြီလား
တခါတခါကျ ကြုံဖူးကြလိမ့်မယ်။ မနက်မိုးလင်းရင် မထချင်ဘူး၊ တော်တော်နဲ့အိပ်ယာထဖို့ခက်နေတတ်တယ်၊ အမြဲပဲ အိပ်ချင်နေတယ်၊ အိပ်ယာထဲလှဲချင်နေမိတယ်။ တနေကုန် လှဲပြီးပဲနေချင်တဲ့ စိတ်ဆန္ဒမျိုးပဲ ရှိနေတာမျိုးပေါ့။ အမြဲအိပ်ရေးဝအောင် အကြာကြီးအိပ်နေပေမယ့် ကိုယ့်မှာက အိပ်ရေးမဝသလို ခံစားနေရမယ်၊ အိပ်ယာပေါ်မှာလှဲအိပ်နေချိန်မှစိတ်ကျေနပ်နေသလိုမျိုးခံစားနေရတာမျိုးပေါ့။ဒီလိုစိတ်ခံစားချက်မျိုးက သဘာဝစိတ်ခံစားချက်မျိုးတော့မဟုတ်ပါဘူး။ Dysania လို့ ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ စိတ်ဝေဒနာ အမျိုးအစားတစ်မျိုးသာဖြစ်ပါတယ်။ Clinomania လို့လည်း ခေါ်ကြပါသေးတယ်။ ဒီလိုလူတွေအတွက်တော့ မနက်ခင်းမှာ မြည်တတ်တဲ့ Alarm တွေဟာ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး အရာတွေဖြစ်နေပါလိမ့်မယ်။ အိပ်ယာထဲကနေ ထဖြစ်ဖို့ ၁ နာရီ ၂ နာရီလောက်အထိ အချိန်ယူတတ်ပါတယ်။ဆရာဝန်တွေကတော့ ဒါဟာ ဂရုစိုက်သင့်တဲ့ကျန်းမာရေးပြဿနာလို့ တိတိကျကျကို သတ်မှတ်ထားကြပါတယ်။ Dysania ဝေဒနာခံစားနေရသူတစ်ယောက်အတွက် မနက်ခင်းတွေတိုင်းဟာ စိတ်ဆင်းရဲစရာ အခိုက်အတန့်တွေပါပဲ။ မနက်ရုံးသွား ကျောင်းတက်ဖို့ မဖြစ်မနေ ထနေရတာဟာ သူတို့အတွက် အရမ်းကို ခက်ခဲပင်ပန်းလွန်းနေမှာဖြစ်ပါတယ်။ ဒီအခြေအနေမျိုးကို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အရာရှိတွေနဲ့ မိသားစုဝင်တွေက နားလည်ကြမှာမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အိပ်ယာထဲမှာ လှဲနေချင်စိတ်သာများနေတာ ဘာဖြစ်နေလဲဆိုတာကို တွေးမိမယ်မထင်ပါဘူး။သိနားလည်ထားဖို့က Dysania ဖြစ်နေတာဟာ သင်ပျင်းရိနေတာမဟုတ်ပါဘူး။ ကျန်းမာရေးထိခိုက်နေတာသာဖြစ်တယ်ဆိုတာပါပဲ။ ဒီပြဿနာမှာ သင်ခံစားနေရတာက အလွန်အမင်းပင်ပန်းနွမ်းလျနေမှုဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။Dysania ဟာ များပြားလှတဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ဆက်စပ်မှုရှိနေပြီး အောက်ဖော်ပြပါ ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုထက်မနည်းတဲ့ ဝေဒနာတွေခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ဘယ်လိုဝေဒနာတွေ ခံစားရမလဲ။Dysania ဝေဒနာခံစားနေရသူတွေရဲ့ ၉၀% ဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်ဖိစီးမှုဒါဏ် ခံနေရသူတွေ ဖြစ်ပါတယ်။ အိပ်ယာပေါ်က မထချင်တဲ့ ဝေဒနာဟာ ဂရုတစိုက်ကုသဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ဆေးဝါးအကူအညီရယူခြင်းမရှိဘူးဆိုရင် ပိုမိုဆိုးရွားလာမှာဖြစ်ပြီး ပြင်းထန်တဲ့ စိတ်ဝေဒနာမျိုးဖြစ်လာနိုင်ပါတယ်။လူတစ်ယောက်ဟာ တစ်နေ့ကို ၆ နာရီနဲ့ ၈ နာရီအကြားသာ အိပ်စက်ဖို့ လိုအပ်ပြီး ယခုပမာဏထက် ကျော်လွန်ပြီး အိပ်ယာထဲမှာ အလွန်အမင်းလှဲလျောင်းနေမှုဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အိပ်ယာထဲမှာ တစ်ရက်ကို ၁၀ နာရီနဲ့အထက် ရှိနေသူတွေဟာ ကိုယ်အလေးချိန်တိုးလာတာနဲ့ ဖျားနာမှုတွေ ဖြစ်နိုင်ကြောင်း ၂၀၁၄ ခုနှစ်က ပြုလုပ်တဲ့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။European Heart Journal ရဲ့ သုတေသနပြုချက်အရ အိပ်ယာထဲမှာ ၁၀ နာရီနဲ့အထက် ကြာကြာနေသူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ရောဂါနဲ့ သေဆုံးမှု ဖြစ်နိုင်ချေ ၄၁% ပိုများတယ်လို့ ဆိုထားပါတယ်။ကိုယ့်အနေနဲ့ အိပ်ယာထဲကနေ ထဖို့ စိတ်မပါလက်မပါဖြစ်လာနေပြီဆိုရင် အရင်ဆုံးကော်ဖီ၊ အရက် သုံးစွဲမှုတွေကို လျှော့ချတာမျိုး၊ အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားတာမျိုး၊ အိပ်ယာထချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အချိန်မှန်မှန်ထနိုင်အောင် ကြိုးစားတာမျိုး၊ အိပ်ယာဝင်ချိန်ကို ညဉ့်မနက်အောင် သတိထားဆင်ချင်တာမျိုး၊ တစ်ခါတစ်ရံ ငိုက်မြည်းလာချိန်တွေမှာ နာရီဝက်ထက်မပိုပဲ အနားယူတာမျိုး၊ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ရုပ်ပိုင်းစိတ်ပိုင်း တက်ကြွလန်းဆန်းလာအောင်ပြုလုပ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် သတိထားသင့်တာကတော့ လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အိပ်စက်ချိန် အလွန်အမင်း မနီးကပ်နေဖို့ ပါပဲ။အိပ်စက်ရာမှာလည်း အသံမဆူအောင်၊ အလင်းရောင်စူးစူးမဝင်အောင်နဲ့ အေးအေးမြမြရှိအောင် သတိထားပြီး အခန်းကိုပြင်ဆင်ထားသင့်ပါတယ်။ အိပ်ယာဝင်ခါနီးမှာ တက်ဘလက်၊ တီဗီ၊ လက်ပ်တော့၊ဖုန်းနဲ့ တခြား အီလက်ထရွန်နစ် ပစ္စည်းတွေမသုံးဖြစ်အောင်လည်း ရှောင်ကျဉ်ဖို့ လိုအပ်မှာပါ။အရေးအကြီးဆုံးအချက်ကတော့ Dysania ဝေဒနာဟာ ရေရှည်ဝေဒနာတစ်မျိုးဖြစ်တာမို့ ကိုယ့်မှာ ဒီရောဂါ ရှိနေတယ်လိ့ သံသယရှိနေရင် ကျွမ်းကျင်ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ် ဒီရောဂါခံစားနေရပြီဆိုရင် ကိုယ့်ကို အိပ်ယာထဲကနေ ဆွဲထုတ်နိုင်တာ ဆရာဝန်ပဲရှိတာမို့ပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%9a%e1%80%ac%e1%80%94%e1%80%b2%e1%80%b7-%e1%80%9c%e1%80%80%e1%80%ba%e1%80%91%e1%80%95%e1%80%ba%e1%80%99%e1%80%ad%e1%80%94%e1%80%b1%e1%80%95%e1%80%bc%e1%80%ae/
ကိုယ့် သွေးရည်ကြည် ပြန်အသုံးပြုတဲ့ ကုထုံးနဲ့ ဆံပင်ပြန်ပေါက်စေနိုင်
ဆံပင်ပါး၊ဆံပင်ကျွတ်နေတဲ့သူတွေ၊ ထိပ်ပြောင်တဲ့သူတွေအတွက်က ဆံပင်ပြန်ပေါက်စေမယ့်၊ ဆံပင်သန်စေမယ့်ဆေးတွေ၊ နည်းလမ်းတွေကိုလိုက်ရှာနေကြမှာပါပဲ။ တချို့ကတော့သဘာဝဆေးနည်းလေးတွေ၊ ဆံပင်သန်ဆေး ဒါမှမဟုတ် ပေါင်းတင်တာတွေနဲ့ ပြန်အဆင်ပြေလာကြပေမယ့် နည်းအမျိုးမျိုး၊ဆေးအမျိုးမျိုးသုံးကြည့်ပြီး အဆင်မပြေသူတွေလည်းရှိပါတယ်။ အခုတော့ နီးလျက်နဲ့ဝေးနေတဲ့ ကုသဆေးတစ်ခုကို သုတေသနကဖော်ထုတ်ပေးခဲ့ပါတယ်။ မျိုးဗီဇအရကို ဆံပင်ပါးတဲ့သူတွေအတွက်က အသုံးများတဲ့ကုထုံးတွေရှိပေမယ့် ခုတစ်ခါတွေ့ရှိတဲ့ ကုထုံးအသစ်ကတော့ ကာယကံရှင်ရဲ့သွေးကို ပြန်အသုံးပြုမယ့်သွေးရည်ကြည် ကုထုံးပဲ ဖြစ်ပါတယ်။Platelet-rich plasma (PRP) လို့ခေါ်တဲ့သွေးရည်ကြည်ကုထုံးကို သွားကနေ အရိုးအထိ ကုသမှုအမျိုးစုံမှာ သက်သာပျောက်ကင်းမှုမြန်ဆန်အောင် အသုံးပြုနေတာဖြစ်ပါတယ်။ အစက လူသိများတာက မျက်နှာအလှအပအတွက် အသုံးပြုတာဖြစ်ပြီး ဆံပင်အတွက်ဆို ပိုခေတ်စားလာတော့မှာပါ။ဒီကုထုံးအတွက်သုတေသနက အစောပိုင်းအဆင့်မှာပဲရှိနေသေးတဲ့အတွက် ဆံကေသာကုထုံးအဖြစ်တရားဝင် အသုံးပြုခွင့်မရသေးပါဘူး။PRP ကုထုံးမှာ ကာယကံရှင်ရဲ့သွေးကိုယူပြီးသွေးရည်ကြည်ထဲက သွေးနီဥဆဲလ်တွေကို ခွဲထုတ်ပါတယ်။ ဆံပင်ပေါက်စေမယ့် growth factorsလေးတွေ ပေါင်းထည့်ထားတဲ့သွေးရည်ကြည်ကို သူ့ဆီ ပြန်ထိုးနှံပေးလိုက်ပါတယ်။ဆံကေသာကုထုံးအတွက် PRP နည်းကို သုံးတဲ့အခါ သွေးရည်ကြည်ကို ဆံပင်အမြစ်အိတ်လေးတွေထဲ ထိုးပေးရတာဖြစ်ပါတယ်။ မသိမသာလေးနေရခက်တာကလွဲရင် ဘာမှမခံစားရသလို အချိန်လည်း ၁၀ မိနစ်ပဲကြာပါတယ်။ကုထုံးခံယူပြီးတဲ့အခါ တစ်လတစ်ကြိမ်နဲ့ သုံးလဆက်တိုက် ဆေးလာထိုးရမှာဖြစ်ပြီးနောက်ပိုင်းကိုတော့ သုံးလကနေ ခြောက်လအတွင်း တစ်ကြိမ်ပြန်လာထိုးရမှာပါ။ ကုသမှု လအနည်းငယ်ကြာရင်ပဲ ဆံပင်ကျွတ်သက်သာလာတာ သိသာလာမယ်။ နောက်ပိုင်းကျရင်တော့ ဆံပင်ထူ၊ ဆံပင်အသစ်ပေါက်တာ များလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ကုသမှုစရိတ်ကတော့ တစ်ဦးကိုဒေါ်လာ ၁၀၀၀ ဝန်းကျင် ကုန်ကျနိုင်တယ်လို့ နယူးယောက်စီးတီး အခြေစိုက် dermatologist တစ်ဦးဖြစ်တဲ့ Dr.Joshua Zeichner ကပြောပါတယ်။အစားအသောက်၊ အနေအထိုင်၊ ဓာတုပစ္စည်း ထိတွေ့မှုတို့ကြောင့်မဟုတ်ဘဲ မျိုးရိုးဗီဇအရ ဆံပင်ပါးသူ ဒါမှမဟုတ် ထိပ်ပြောင်သူ အမျိုးသမီး၊ အမျိုးသားတွေမှာ ဒီကုထုံးနဲ့ဆိုဆံပင်ကျွတ်သက်သာတဲ့အပြင် ပိုတောင်ပေါက်လာသေးတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။၂၀၁၈ ခုနှစ်က ပါဝင်သူ ၃၉ ဦးကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ PRP သွေးရည်ကြည် ထိုးနှံမှု လေးကြိမ်ခံယူပြီးသူတွေမှာ ခြောက်လတာအတွင်း ဆံပင်ပိုသန်ပြီး ထူထဲလာတာတွေ့ရပါတယ်။ တခြားသုတေသနတွေမှာလည်း မျိုးဗီဇကြောင့် ထိပ်ပြောင်ပြီး ဘာဆေးသုံးသုံး မရတဲ့သူတွေမှာတောင် ဒီနည်းက အောင်မြင်မှုနှုန်းမြင့်မားကြောင်းဖော်ပြခဲ့ပါတယ်။ဒီနည်းက ကိုယ့်သွေးရည်ကြည် ကို ပြန်အသုံးပြုရတာဖြစ်လို့ သဘာဝပစ္စည်းဆိုတော့ ဘေးကင်းတယ်၊ အပ်စိုက်ကုသလောက်လေးပဲ နာကျင်မှုကလည်း နည်းမှာဖြစ်ပါတယ်။“PRP ကုထုံးက ထိပ်ပြောင်မှမဟုတ်ဘူး၊ ဆံပင်နည်းနည်းပါးတဲ့သူတွေအတွက်လည်း အကောင်းဆုံးကုသနည်းဖြစ်ပါတယ်။” လို့Zeichner ကပြောပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%8a%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%a1/
ဆီးချိုရှိတဲ့သူတွေ Covid 19 ရောဂါမဖြစ်အောင် ဘာကြောင့် ပိုပြီးဂရုစိုက်သင့်လဲ။ ဘယ်လို ကာကွယ်ကြမလဲ။
လက်ရှိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာCovid 19ရောဂါကူးစက်မှုနှုန်းတွေ တစ်နေ့တခြား ပိုပိုများပြားလာတဲ့အပြင် ပြင်းထန်ရောဂါဖြစ်ပွားနှုန်းနဲ့ သေနှုန်းတွေလည်း များလာတာကိုတွေ့ရပါတယ်။ အဲဒီလို ပြင်းထန်တဲ့ ရောဂါအခြေအနေခံစားနေရသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင်ဆီးချိုဝေဒနာရှင်တွေ အများကြီးပါနေတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ ဆီးချိုရောဂါအခံရှိတဲ့သူတွေအနေနဲ့ ဘာ့ကြောင့် Covid 19 ရောဂါပိုးမကူးစက်အောင် အခြားသူတွေထက်ပိုပြီး ဂရုစိုက်သင့်တယ်၊ ဘယ်လိုဂရုစိုက်ကြမယ် ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။ကမ္ဘာအနှံ့မှာ ကြောက်မက်ဖွယ်ဖြစ်ပွားနေတဲ့ Covid 19ကပ်ရောဂါကြီးကို လူတိုင်း လူတိုင်း ကာကွယ်သင့်တာကတော့ မလွဲမသွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဆီးချိုရောဂါရှိနေပြီဆိုရင်တော့ အခြားပုံမှန်သူတွေထက် ပိုပြီး ဂရုစိုက်ကာကွယ်သင့်ပါတယ်။ဆီးချိုရောဂါရှိတဲ့သူတွေဟာ သာမာန်လူတွေနဲ့ကူးစက်ခံရနိုင်ခြေအတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့်သွေးတွင်းအချိုဓာတ်များခြင်းကခုခံအားကို ကျစေပြီး ဝင်လာတဲ့ ရောဂါပိုးကို ပြန်လည်တိုက်ခိုက်နိုင်စွမ်း လျော့နည်းစေတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ရောဂါအခြေအနေလည်း ပိုပြင်းထန်နိုင်တဲ့အတွက် အသက်ဆုံးရှုံးနိုင်ခြေပိုများပါတယ်။ဆီးချိုရောဂါရဲ့ သဘောသဘာ၀ ကိုယ်တိုင်ကလည်း အဝလွန်၊ သွေးတိုး၊ နှလုံးစတဲ့ ရောဂါအခြေအနေတွေနဲ့ တွဲပြီးဖြစ်နိုင်ခြေများတာကြောင့် ဆီးချိုရောဂါရှိတဲ့သူတွေမှာ Covid 19 ဖြစ်တဲ့အခါ ဆရာဝန်တွေအနေနဲ့လည်း ထိန်းချုပ်ကုသရ ခက်ခဲပြီး အခြေအနေတိုးတက်မှုလည်း မကောင်းဘဲ သေနှုန်းလည်းပိုများရခြင်းဖြစ်ပါတယ်။အကောင်းဆုံးနည်းလမ်းကတော့ “Stay Home”  အိမ်မှာနေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေ အိမ်မှာနေရုံနဲ့ မပြီးပါဘူး။ သူနဲ့ အတူနေတဲ့ မိသားစုကလည်း အရေးကြီး မဖြစ်မနေသွားရမယ့် ကိစ္စမှလွဲပြီး အပြင်မထွက်ကြဖို့၊ လူထူထပ်တဲ့ နေရာတွေကို မသွားဖို့ အရေးကြီးပါတယ်။ ကိုယ့်အိမ်မှာ အတူနေ သက်ကြီးရွယ်အိုတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ အခြားရောဂါအခံရှိတဲ့သူတွေ ရှိတယ်ဆိုရင်လည်း လူငယ်တွေအနေနဲ့ ပိုပြီး ဂရုစိုက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။မဖြစ်မနေ အပြင်ထွက်ရမယ်ကိစ္စရှိတဲ့အခါမှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း။၁။ mask (သို့)နှာခေါင်းစည်းကို လုံခြုံအောင်တပ်ဆင်ပါ။၂။ လက်ကို ဆပ်ပြာနဲ့ ရေ (သို့) alcohol 70% ပါဝင်တဲ့ hand gel နဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်မကြာခဏ ဆေးကြောပေးပါ။၃။ လူထူထပ်တဲ့ နေရာတွေသွားခြင်းကို ရှောင်ကြဉ်ပါ။၄။ တစ်ယောက်နှင့် တစ်ယောက်ခြောက်ပေအကွာမှ ပြောဆိုဆက်ဆံပါ။၅။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မထိမိ မကိုင်မိအောင် သတိထားပါ။စတဲ့လမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်ပါတယ်။၁။ သွေးတွင်းအချိုဓာတ်ကို မကြာခဏစစ်ဆေးပေးပါ။ဖြစ်နိုင်ရင် ဆီးချိုစစ်ဆေးတဲ့ စက်ကို အိမ်မှာဝယ်ထားပြီး မကြာခဏ စစ်ဆေးကြည့်သင့်ပါတယ်။၂။ ပုံမှန် ဆေးထိုး (သို့) ဆေးသောက်ပါ။ဆီးချိုရောဂါကို ထိန်းချုပ်ဖို့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ဆေးကို ပုံမှန်သောက်ပါ (သို့) insulin ထိုးရတဲ့သူတွေလည်း မမေ့မလျော့ ထိုးသင့်ပါတယ်။၃။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ရက်ချိန်းတိုင်း (သို့) နေမကောင်းတဲ့အခါ၊ ဆီးချိုအလွန်အကျွံတက်နေတဲ့အခါ ဆရာဝန်နဲ့ ဖုန်း၊ message၊ online စတဲ့ media တစ်ခုခုကနေ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လိုမှ ဆေးရုံဆေးခန်းသွားပါ။၄။ အစားအသောက်ကို ဂရုတစိုက်စားသုံးပါ။သွေးတွင်းအချိုဓာတ်ကို ထိန်းထားနိုင်ဖို့အတွက် အချိုတွေရှောင်ပြီး အားရှိစေမယ့် အစားအစာတွေနဲ့ ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ အစားအသောက်တွေကို ဂရုတစိုက်စားသင့်ပါတယ်။ ဆီးချိုတက်မှာစိုးပြီး လုံးဝမစားတာမျိုးမလုပ်ဖို့လည်း သတိပေးချင်ပါတယ်။ အဲဒီလို အစာမစားတဲ့အခါ ခုခံအားလည်းမကောင်း၊ Covid 19 အတွက်လည်း အန္တရာယ်လည်း ပိုများနိုင်ပါတယ်။ ဒါ့အပြင် အချိုဓာတ်နည်းပြီး မူးတာ၊ မေ့လဲတာတွေ ဖြစ်နိုင်ပါတယ်။၅။ အိပ်ရေးဝအောင်အိပ်ပါ။အိပ်ရေးဝအောင် အိပ်စက်ခြင်းဟာလည်း ကိုယ်ခံအားကောင်းစေဖို့ ကူညီပေးနိုင်တဲ့အတွက် အိပ်ရေးဝအောင် အိပ်စက်ဖို့ မမေ့ပါနဲ့နော်။၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဆီးချိုကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ ကူညီပေးတဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ Covid 19 အချိန်မှာ အပြင်ထွက်၊လေကောင်းလေသန့်ရှူပြီး လေ့ကျင့်ခန်းလုပ်လို့မရပေမယ့် အိမ်ထဲမှာ လုပ်နိုင်မယ့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေကို လုပ်ဆောင်သင့်ပါတယ်။၇။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချပါ။ဆီးချိုရှိတဲ့သူတွေဟာ ပုံမှန်လူတွေထက်ပိုပြီး စိတ်ဓာတ်ကျနိုင်၊ စိတ်ဖိစီးမှုများနိုင်တဲ့အတွက် စိတ်ဖိစီးမှု လျော့နည်းအောင် ကူညီပေးနိုင်မယ့် နည်းလမ်းတွေ (ဥပမာ- ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာ စတဲ့ နည်းလမ်းတွေ) နဲ့ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျော့နည်းအောင် နေထိုင်သင်ပါတယ်။Covid 19 ကပ်ဆိုးကြီး ဖြစ်နေချိန်မှာ ကိုယ်နဲ့ ကိုယ်ချစ်တဲ့ မိသားစုကို ကာကွယ်နိုင်ဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1-covid-19-%e1%80%9b%e1%80%b1%e1%80%ac/
ဆံပင်အရောင်ချွတ်ပြီးတဲ့အခါမှာ ဘာတွေသိဖို့လိုအပ်သလဲ။
ကျွန်တော်တို့ထဲမှာ အနက်ရောင်မဟုတ်ဘဲ အရောင်ပါတဲ့ဆံပင်တွေနဲ့ သဘာဝအတိုင်းမွေးဖွားလာတဲ့သူဟာ လူနည်းစုပဲရှိတာပါ။ အခြားသူတွေကတော့ ဒီလိုပြည့်စုံတဲ့ဆံပင်မျိုးကိုလိုချင်ရင် ဆံပင်အရောင်ချွတ်ပြီးဆိုးကြရပါတယ်။ မကောင်းတာကတော့ ဒီလိုဆေးဆိုးပြီးချွတ်တာဟာ ဆံပင်ရဲ့ သန်စွမ်းမှုကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဆံပင်အရောင်ချွတ်ပြီးရင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာက မဖြစ်မနေသိထားဖို့လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပေါ့။ပုံမှန်ခေါင်းလျှော်နေကျအတိုင်းမလျှော်ပါနဲ့။ ပထမဆုံးတော့ ဆံပင်အရောင်ချွတ်ပြီး ၃ရက်လောက်မှာ ခေါင်းလုံးဝမလျှော်ပါနဲ့။ တကယ်လို့ဆံပင်က အဆီတွေပြန်ပြီး စေးကပ်နေမယ်ဆိုရင် dry shampoo က ကူညီနိုင်ပါလိမ့်မယ်။ဆံပင်ကို အစိုဓာတ်ပိုဖြည့်ပေးပါ။ဆံပင်အရောင်ချွတ်ပြီးရင် ဆံပင်ကသူ့ရဲ့ သဘာဝအကာအကွယ်တွေကို ဆုံးရှုံးသွားတာကြောင့် အလွန်အကျွံခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ပိုပြီးဖြည့်ပေးဖို့လိုတာပါ။ တစ်ပတ်တစ်ခါ ကိုယ့်ဆံပင်နဲ့အဆင်ပြေမယ့် ပေါင်းဆေး(deep conditioner) သုံးပေးပါ။ ဒါ့အပြင် deep conditioner ကို သင်သုံးနေကျ ပျော့ဆေးနဲ့ ပေါင်းစပ်ပြီးသုံးပေးတာက အကောင်းဆုံးရလဒ်ကိုရစေနိုင်ပါတယ်။ဆံပင်ခြောက်စက် (hair dryer) တွေ၊ အပူချောင်းတွေနဲ့ဖြောင့်စက်တွေမှာ ပါတဲ့ အပူတွေကိုဆိုလိုတာပါ။ ဒီအရာတွေကိုသုံးတာက ဆံပင်ကိုပိုပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် အပူကာပေးနိုင်တဲ့ ဖြန်းဆေးကိုသုံးပေးပါ။အရောင်ချွတ်ထားတဲ့ဆံပင်တွေဟာ ၂ခွဖြစ်လွယ်လွန်းပါတယ်။ ဒီလိုမဖြစ်အောင်ကာကွယ်ဖို့ အတွက်သင့်လျော်တဲ့ hair product ကိုရှာပါ။ တကယ်လို့ဆံပင်တွေက အဖျားတွေကွဲနေပြီးသားဆိုရင် ညှပ်လိုက်ပါ။ ပြီးရင်တော့ အခြားသောProduct တွေကို ထပ်ဆောင်းအသုံးပြုပြီးထိန်းချုပ်ပါ။ရေချိုးပြီးတဲ့အချိန်မှာ leave-in conditioner (လိမ်းပြီးပြန်ဆေးချစရာမလိုသော ပျော့ဆေး) ကိုသုံးပါ။ဆံပင်ဟာ စိုနေတဲ့အချိန်မှာ ပျက်စီးလွယ်ပါတယ်။ ချွတ်ထားတဲ့ဆံပင်ဆိုရင်တော့ ပြောနေစရာကိုမလိုဘူးပေါ့။ ရေချိုးပြီး ခေါင်းမဖြီးရသေးတဲ့အချိန်မှာ leave-in conditioner ကိုသုံးပေးပါ။ ဒါက ဆံပင်ရှုပ်ခြင်းတွေ၊ငြိခြင်းတွေကိုလျှော့ချပေးနိုင်ပြီး ဆံပင်ကိုချောမွတ်စေကာ အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။ခြောက်သွေ့ပြီး အရောင်ချွတ်ထားတဲ့ဆံပင်တွေဟာ နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့သင့်ပါဘူး။ UVဒဏ်ကိုကာကွယ်နိုင်တဲ့ပစ္စည်းတွေကို သုံးစွဲပါ။ ဦးထုပ် သို့မဟုတ် ပုဝါတွေကို အသုံးပြုပါ။ခေါင်းလိမ်းဆီ (Hair oil)ဟာ လှပခြင်းရဲ့လျှို့ဝှက်ချက်တစ်ခုပါပဲ။ ဒါဟာဆံပင်ကို တောက်ပပျော့ပျောင်းစေပြီး ပိုပြီးလည်းကျန်းမာသန်စွမ်းစေပါတယ်။ နေ့စဉ်အသုံးပြုပြီး အပြောင်းအလဲကြီးပြောင်းလဲသွားတာကို စောင့်ကြည့်ပါ။ ဒီအဆီဟာ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းအနေနဲ့လည်း အရေပြားပေါ်မှာသုံးစွဲလို့ရပါသေးတယ်။ဆံပင်ကိုပုံမှန်တိပေးတာဟာ အဖျား၂ခွဖြစ်တာတွေကို ပျောက်ကွယ်စေနိုင်ပြီး ဆံပင်အရှည်မြန်ဖို့ အားပေးတာကြောင့် ဆံပင်တွေအသစ်တွေသန်စွမ်းလာမယ့် အရေးအတွက်လည်း ပြင်ဆင်ထားပါဦး။ကျန်းမာသန်စွမ်းပြီး ပိုးသားလိုနူးညံ့တောက်ပတဲ့ဆံပင်ဟာ မိန်းကလေးတစ်ယောက်ရဲ့ လက်နက်တစ်ခုပါပဲ။ ဒီလိုဆံပင်မျိုးကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဓာတုပစ္စည်းတွေကို လျှော့သုံးပြီး ဆံပင်အားဖြည့်ဖို့ပိုပြီးအာရုံစိုက်ပါ။ သေသေချာချာဂရုစိုက်ပေးမယ်ဆိုရင် သင့်ရဲ့ဆံပင်ဟာသေချာပေါက်ကို တောက်ပလာမှာဖြစ်ပြီး သင့်ကို မင်းသမီးလေးတစ်ပါးအသွင်ပြောင်းလဲပေးသွားပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%bd%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%b2/
ကိုဗစ်ကြောင့် အနံ့ပျောက် တာလား၊ တခြားအကြောင်းရင်းကြောင့်လား။
ခုတလော ဟိုဟာတွေ့လည်း လိုက်ရှူ၊ ဒီဟာလေးဆိုလည်း လိုက်ရှူ၊ အနံ့လေးရမှပဲ စိတ်ချမ်းသာတော့တယ်။ ဘာကြောင့်လဲ။အနံ့ပျောက်တာက ကိုဗစ်ရဲ့ လက္ခဏာ တစ်ခုဖြစ်နေလို့ပါ။ တချို့ဆို ဘာလက္ခဏာမှ ထူးထူးခြားခြားမခံစားရ၊ ဖျားလည်း မဖျားဘဲ အနံ့ပျောက်တာတစ်မျိုးနဲ့ပဲကိုဗစ်ရောဂါပိုးရှိနေတာပါ။ တချို့ကလည်း အနံ့သိပ်မရတော့တာနဲ့ ကိုဗစ်ဖြစ်ပြီလားဆိုပြီး သိချင်ကြပါတယ်။ ဒါလေးတွေကို ဖြေပေးသွားမှာပါ။ဆဲလ်တွေ၊ မျိုးဗီဇအကြောင်းတွေ ပြောမှာဖြစ်လို့ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ပိုးက ဆဲလ်တွေထဲဝင်ပြီး ကူးစက်ဖို့ဆိုရင် ACE-2 receptorလေး လိုပါတယ်။ TMPRSS2ဆိုတဲ့ ပရိုတိန်းလေးရောပေါ့။ ဒီပစ္စည်းနှစ်ခုက နေရာတော်တော်များများမှာ ရှိပါတယ်။နှာခေါင်း၊ လည်ချောင်းနဲ့ လေပြွန်အပေါ်ပိုင်းတွေမှာ ပိုတွေ့ရပါတယ်။နှာခေါင်းမှာဆိုရင်အသက်ရှူလမ်းကြောင်းဆဲလ်လေးတွေ၊ အနံ့ခံဆဲလ်လေးတွေမှာ ပိုတွေ့ရပါတယ်။ ဒီဆဲလ်တွေထဲကို  ဝင်ပြီးဖျက်ဆီးတဲ့အတွက် အနံ့မရတော့တာပါ။ ကံကောင်းတာက အနံ့ခံတဲ့ အာရုံကြောဆဲလ်တွေကဗိုင်းရပ်စ်ဝင်လို့ရတဲ့ ပုံစံတွေ မဟုတ်ပါဘူး။ ဒါကြောင့် အနံ့ပျောက်တယ်ဆိုတာအာရုံကြောထိခိုက်လို့မဟုတ်ဘဲ သာမန်အနံ့ခံဆဲလ်လေးတွေ ထိခိုက်လို့ပါပဲ။အနံ့မရတိုင်း ကိုဗစ်လို့တော့ တသမတ်တည်း ပြောလို့မရပါဘူး။ အသက်ရှူလမ်းကြောင်းကို ထိခိုက်တဲ့ ဗိုင်းရပ်စ်တော်တော်များများက အနံ့ပျောက်တာ ဖြစ်တတ်ပါတယ်။ ဒါ့ပြင်။လက္ခဏာချည်းသက်သက်နဲ့တော့ ခွဲရခက်ပါတယ်။ အကြမ်းဖျင်းလောက်ပဲ ပြောလို့ရပါတယ်။ကိုဗစ်က ရုတ်တရက်ကြီး အနံ့ပျောက်တာ များပါတယ်။ နှာခေါင်းပွင့်နေရက်နဲ့ ဘာအနံ့မှ မရတာပါ။ တခြား ကိုဗစ်လက္ခဏာနဲ့ တွဲနေတာမျိုးတော့ ရှိနိုင်ပါတယ်။ ဥပမာ ဖျားတာ၊ ချောင်းဆိုးတာ။တခြားရောဂါတွေအနေနဲ့က ဥပမာ အအေးမိတာဆိုရင် နှာရည်ယို၊ နှာပိတ်နေလို့ အနံ့မရတာ၊ ထိပ်ကပ်နာဆိုလည်း မျက်နှာလေအိတ်တွေ ရောင်ရမ်းပြီး ချွဲတွေနဲ့ ပိတ်နေလို့ အနံ့မရတာ၊ အသားပိုဆိုရင်လည်း အသားပိုနဲ့ ပိတ်နေလို့ မရတာမျိုး ဖြစ်တတ်ပါတယ်။ဒါတွေက လက္ခဏာအရပဲ ပြောတာဖြစ်လို့ သိပ်တော့ မတိကျပါဘူး။တချို့ကလည်း နေပြန်ကောင်းတာတောင် အနံ့ပြန်မရသေးလို့ စိတ်ပူကြတာမျိုး ရှိပါတယ်။ တချို့က ချက်ချင်းပြန်ရသလို တချို့က နည်းနည်းစောင့်ရပါတယ်။ နာတာရှည်ဖြစ်သွားမလားကိုတော့ သေချာမပြောနိုင်သေးပါဘူး။ ကိုဗစ်ဖြစ်တာ ၉လလောက်ပဲ ရှိသေးတဲ့အတွက် နာတာရှည်ဖြစ်သွားမလားဆိုတာ ပြောရခက်ပါတယ်။။အများစုကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အနံ့ပြန်ရကြပါတယ်။ ဒါက သာမန်ဗိုင်းရပ်စ်တွေထက်ကို မြန်ပါတယ်။ တခြား ဗိုင်းရပ်စ်တွေဆိုရင် အနံ့ခံအာရုံကြောကို ထိခိုက်တဲ့အတွက် ပြန်ကောင်းဖို့ လပိုင်းလောက်ထိကြာတတ်ပါတယ်။အနံ့ပျောက်တာက ကိုဗစ်ရဲ့ သိသာတဲ့ လက္ခဏာတစ်ခု ဖြစ်လာပါပြီ။ အနံ့ပျောက်တိုင်း ကိုဗစ်လို့ တန်းပြောလို့ မရပေမယ့် ခုနက အချက်လေးတွေ ရှိနေရင်တော့ ဆေးစစ်ကြည့်ဖို့ အကြံပြုလိုပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b7-%e1%80%a1%e1%80%94%e1%80%b6%e1%80%b7%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%80/
ဝက်သက်ဖြစ်နေတာလား ဒါတွေစားပေးပါ
ခုတလောဝက်သက်ြဖစ်တဲ့သတင်းတွေကိုနေရာတိုင်းလိုလိုမှာကြားနေရတယ်နော်။ ကလေးတွေရော လူကြီးတွေမှာပါ ဝက်သက်တွေဖြစ်နေကြတာပါ။ ဝက်သက်ဖြစ်တာနဲ့အတူ ခံစားရတာက ကိုယ်ပူပြီး အဖျားကြီးတာပါ။ခန္ဓါကိုယ်မှာ အနီရောင်အဖုအပိမ့်တွေထွက်တာပါ။ အဖျားက ၄ ရက်ကနေ ၇ ရက်အထိကြာနိုင်ပါတယ်။ ဖျားနာမှုနဲ့အတူ နှာစေးတာ၊ မျက်လုံးတွေနီတာ၊လည်ချောင်းနာတာ၊ ပါးစောင်ထဲမှာ အဖြူစက်တွေထွက်တာ မျိုးတွေခံစားရနိုင်ပါတယ်။ ဝက်သက်က ဆံစပ်တွေမှာ စဖြစ်တတ်ပြီး ဒီကနေမှတဆင့် လည်ပင်း၊ ရင်ဘတ်၊ခြေထောက်တွေ၊လက်တွေမှာပေါက်လာတတ်ပါတယ်။ ဒီလက္ခဏာတွေကရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာပြတတ်ပါတယ်။ ကာကွယ်ဆေးထိုးတာက တစ်ခုတည်းသောကာကွယ်မှုပါ။ ကုသမှုကတော့မရှိပါဘူး။ပြင်ပလေထုမှာ နာရီပေါင်းများစွာ ရှင်သန်နေနိုင်တဲ့ ပိုးမွှားတွေကနှာချေ၊ချောင်းဆိုးတာကနေတောင် ကူးစက်နိုင်ပါတယ်။ ဒီလောက်ပြင်းထန်တဲ့ ဝက်သက်ကို ကာကွယ်တာကအကောင်းဆုံးဆိုပေမယ့် အခန့်မသင့်လို့ ကူးစက်ခံရပြီဆိုရင်တော့ ဒီအစားအစာလေးတွေက အထောက်အကူဖြစ်စေမှာပါ။ဝက်သက်အရမ်းပြင်းထန်နေပြီဆိုရင် အကောင်းဆုံးကတော့ သစ်သီးလေးတွေစားသုံးပေးတာ။သစ်သီးဖျော်ရည်လေးေတွသောက်သုံးပေးတာပါ။ အဖျားကြီးနေတာကို သက်သာစေဖို့ ရေဓါတ်ပြည့်ဝနေအောင်ထောက်ပံ့ပေးဖို့ကအရေးကြီးပါတယ်။ ဒါကြောင့် ဝက်သက်ဖြစ်နေရင် ကိုယ်ခံအားကောင်းစေဖို့ ဘာတွေစားပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြည့်ပြည့်စုံစုံပြောပြပေးပါရစေနော်။ဒါ့အပြင် အစာကြေလွယ်ပြီး အာဟာရဖြစ်စေတဲ့ပေါင်မုန့်၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်တို့လိုမျိုးအစာအစာတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။ကွေကာအုတ် နဲ့ အသားနူးနူးလေးပြုတ်ထားတာ၊ ငါးနူးနူးလေးပြုတ်ထားတာမျိုးကိုလည်း စားသုံးပေးလို့ရပါတယ်။ ကလေးငယ်လေးတွေကိုတော့ မိခင်နို့တိုက်ပေးလို့ရပါတယ်။အုန်းရည်သောက်ပေးပါ။အုန်းရည်မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်နေသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့်ကိုယ်တွင်အဆိပ်အတောက်တွေဖယ်၇ျားပေးပြီး ဝက်သက်ရောဂါကိုမြန်မြန်သက်သာစေနိုင်ပါတယ်။ ဝက်သက်ဖြစ်နေချိန်မှာ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်အုန်းရည်သောက်ပေးပါ။နနွင်း။ပိုးမွှားတွေကိုသေစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဝက်သက်အတွက်အတော်လေးထိရောက်တဲ့ဆေးဖက်ဝင်ဆေးတစ်မျိုးပေါ့။ နွားနို့ပူပူတစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်မွှေပြီးသောက်ပေးပါ။မြန်မြန်သက်သာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%9d%e1%80%80%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%ac%e1%80%9c%e1%80%ac%e1%80%b8-%e1%80%92%e1%80%ab%e1%80%90%e1%80%bd%e1%80%b1/
ကိုယ်ခန္ဓာပေါ်က ပွေး ကွက်တွေကြောင့် စိတ်ညစ်နေပြီလား
အရေပြားပေါ်မှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့မှိုရောဂါတစ်မျိုး (Tinea, Dermatophytosis) ဖြစ်ပါတယ်။ လူတွေမှာသာမကတိရစ္ဆာန်တွေမှာပါ ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရတဲ့ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ အနီကွက်ထနေမယ်၊ယားပြီး ဘေးအနားသတ်တွေမှာ ဖောင်းကြွကြွလေး ဖြစ်နေပြီဆိုရင်တော့ သင့်မှာ ပွေး ရှိတယ်ဆိုတာ သေချာနေပါပြီ။ ပွေးဆိုတာယောက်ျား၊ မိန်းမ၊ အသက်အရွယ်မရွေး ပေါက်တတ်ပြီး ရှက်တဲ့စိတ်နဲ့ သေချာမကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် ပိုဆိုးတဲ့ အရေပြားရောဂါတွေအပြင် ယားလွန်းလို့ ကုတ်နေရတဲ့ ဘဝကနေလည်း ဘယ်တော့မှ ကျွတ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ပွေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အရာလေးတွေ၊ ဘာကြောင့် ပွေးကူးစက်တာလဲ၊ ဘယ်လိုကုသပျောက်ကင်းနိုင်မလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။၁။ဦးရေပြားမှာ ပေါက်တဲ့ ပွေး (Tinea Capitis)။၂။ ကိုယ်ခန္ဓာပေါ်မှာ ပေါက်တဲ့ ပွေး (Tinea Corporis)။၃။ လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်မှာ ပေါက်တဲ့ ပွေး (Tinea Cruris)။၄။ ခြေချောင်းတွေကြားမှာ ပေါက်တဲ့ ပွေး (Tinea Pedis) ဆိုပြီး ၄မျိုးရှိပါတယ်။ပေါက်တဲ့ နေရာပေါ်မူတည်ပြီး ပွေးရဲ့ လက္ခဏာတွေဟာ ကွဲပြားသွားနိုင်ပါတယ်။ များသောအားဖြင့်။၁။ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ နီရဲနေတာ။၂။ မခံမရပ်နိုင်အောင် ယားလွန်းတာ။၃။ အစပိုင်းမှာ အဖြူရောင် အသားဖတ်တွေ ကွာကျတာ။၄။ တဖြည်းဖြည်းနဲ့ အနားသတ်တွေက ဖောင်းကြွလာပြီး အလယ်မှာ ချိုင့်ဝင်နေတာ။၅။ ပြည်ဖုလေးတွေ ထွက်လာတာ၊ ပြည်တွေ ယိုစိမ့်လာတာ။၆။ ဘေးအနားသတ်တွေက ပိုပြီး နီရဲနေတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။လက်သည်းကြားမှာ ပွေးပေါက်ရင်လည်း ကြာလာတာနဲ့အမျှ အရေပြားဟာ ထူလာမယ်။ အရောင်ညစ်ညစ်ကြီးတွေ ဖြစ်လာမယ်။ အရေပြားက ကွဲအက်လာမှာပါ။ ဦးရေပြားပေါ်မှာ ပွေးပေါက်တဲ့အခါ ပတ်ပတ်လည်မှာ ရှိတဲ့ဆံပင်တွေ အကွက်လိုက်ကျွတ်မယ်။ ကွက်ပြီး ထိပ်ပြောင်သလို ဖြစ်နေမယ်။ မှိုပွေးပေါက်တဲ့နေရာမှာ အရမ်းယားပြီး ကုတ်လေ၊ သွေးထွက်လေ၊ အနာက ပိုဆိုးလေ ဖြစ်မှာပါ။၁။ ဦးရေပြားမှာ ပေါက်တဲ့ ပွေးကတော့ ကလေးတွေမှာ အဖြစ်များပြီး မကြာခဏ ခေါင်းယားတာ၊ ဆံပင်ကျွတ်နေတာမျိုးတွေ၊ ထိပ်မှာ ကွက်ပြီး ဆံပင်မပေါက်ဘဲ ဦးရေပြားက နီနေတာမျိုး တွေ့ရပါတယ်။၂။ ကိုယ်ခန္ဓာပေါ်မှာ ပေါက်တဲ့ ပွေးကတော့ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တယ်။ မှိုအရေပြားရောဂါဖြစ်နေသူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ အသားချင်းထိရာကနေလည်း ကူးစက်နိုင်ပါတယ်။ မျက်နှာ၊ လက်နဲ့ ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ အတွေ့များပြီး ပွေးရဲ့ မူလ လက္ခဏာတွေအတိုင်း တွေ့ရပါတယ်။၃။ ပေါင်ခြံပွေးကတော့ အမျိုးသားတွေမှာ တော်တော်လေးအဖြစ်များတာကို တွေ့ရပါတယ်။ အထူးသဖြင့်ဆယ်ကျော်သက်လူပျိုဖြစ်ကာစ ကောင်လေးတွေ၊ လိင်ဆက်ဆံဖော်များလွန်းတာ၊တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ပေါင်ခြံ၊ လိင်အင်္ဂါ၊ တင်ပါးနေရာတစ်ဝိုက်မှာ အဖြစ်များပါတယ်။၄။ ခြေချောင်းကြားမှာ ပေါက်တဲ့ ပွေးကတော့ မကြာခဏ လှုပ်ရှားပြီး ချွေးထွက်နေတဲ့ အားကစားသမားတွေမှာ အဖြစ်များပါတယ်။ လူထူထပ်တဲ့ နေရာမှာ ခြေဗလာနဲ့ လျှောက်သွားတာ၊ ရေကူးကန်၊ အပြင်ကရေချိုးကန်တွေမှာ ဖိနပ်မစီးဘဲ လျှောက်သွားရာကနေလည်း မှိုရောဂါပိုး ကူးစက်ခံရနိုင်ပြီး ခြေချောင်းနဲ့ ခြေသည်းကြားမှာ အဖြစ်များပါတယ်။ထရိုင်ကိုဖိုင်တွန် (Trichophyton) ၊ မိုက်ခရိုစပိုရမ် (Microsporum) ၊ အက်ပီဒါမိုဖိုင်တွန် (Epidermophyton) ဆိုတဲ့ မတူညီတဲ့ မှိုပိုး ၃မျိုးကြောင့် ပွေးအရေပြားရောဂါကို ဖြစ်စေပါတယ်။ ဒီမှိုပိုးတွေဟာ များသောအားဖြင့် မြေကြီးတွေထဲမှာ ကာလရှည်ကြာစွာ အသက်ရှင်နေနိုင်ပြီး တိရစ္ဆာန်တွေရဲ့ အရေပြားနဲ့ မှိုပိုးရှိတဲ့ မြေကြီးထိမိတဲ့အခါမှာ စတင်ကူးစက်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရာစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်မိရာကနေ လူတွေမှာပါ ကူးစက်ပါတယ်။လူတိုင်းမှာ ပွေးပေါက်နိုင်ပါတယ်။ ဒါပေမဲ့ ပွေး ပေါက်တဲ့ အရေအတွက်ဟာ ကလေးငယ်လေးတွေနဲ့ ကြောင်၊ခွေး အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ အိမ်မှာ အဖြစ်များပါတယ်။ တိရစ္ဆာန်လေးတွေက အိမ်ထဲတင်သာမက အပြင်ဘက် လမ်းမပေါ်တွေပါ လျှောက်သွားနေနိုင်တဲ့အတွက် ပွေးဖြစ်စေတဲ့ မှိုရောဂါပိုးဟာ ကပ်ပါလာပြီး တိရစ္ဆာန်လေးတွေသာမက လူတွေကိုပါ သွားပြီး ကူးစက်စေပါတယ်။အထူးသဖြင့် လူရဲ့ အရေပြားက စိုစွတ်နေတဲ့အခါ၊ ထိခိုက်ပွန်းပဲ့မှု ဒဏ်ရာ အနည်းငယ်ရှိနေတဲ့အခါ၊ အိမ်အပြင်ဘက်၊ လူတွေ ဝင်ထွက်သွားလာနေတဲ့ နေရာတွေ (ရေကူးကန်၊ ရေချိုးခန်း၊ အိမ်သာ) မှာ ခြေဗလာနဲ့ လျှောက်သွားနေရင်၊ ဘီးကို မျှဖြီးတာ၊ မလျှော်ရသေးတဲ့ အဝတ်အစား၊အတွင်းခံတွေကို အတူသုံးစွဲတဲ့အခါမှာလည်း ပွေးရောဂါ ကူးစက်နိုင်ခြေ ပိုများလာပါတယ်။အရေပြားအထူးကု ဆရာဝန်က သေချာစစ်ဆေးပြီး ကိုယ့်မှာ ဖြစ်နေတာက ပွေးဟုတ်၊ မဟုတ်ကို သေချာဆုံးဖြတ်ပေးနိုင်ပါတယ်။ ပွေးဖြစ်တယ်ဆိုတာ သေချာပြီဆိုရင် မှိုပိုးကို သတ်ပေးနိုင်တဲ့ ပိုးသတ်ဆေး၊ လိမ်းဆေးတွေကို ညွှန်ပေးမှာပါ။ ဆရာဝန် ညွှန်းထားတဲ့အတိုင်း သေချာဂရုစိုက်မယ်၊ အဝတ်အစားတွေကို သန့်သန့်ရှင်းရှင်း ဝတ်မယ်ဆိုရင် အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။သောက်ဆေးနဲ့ လိမ်းဆေးအပြင် အိမ်မှာ အလွယ်တကူ လုပ်လို့ ရတဲ့ နည်းလမ်းတွေနဲ့လည်း ပွေးကို အမြန်သက်သာအောင် ကူညီနိုင်ပါတယ်။၁။ ပွေးပေါက်နေတဲ့ နေရာကို အဝတ်အစားနဲ့ ဖုံးအုပ်မထားပါနဲ့။၂။ ကျပ်သိပ်ပြီး အရေပြားနဲ့ အမြဲပွတ်တိုက်နေတဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။၃။ လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ ချည်သားအဝတ်တွေကို ဝတ်ဆင်ပေးပါ။၄။ ရေကို တစ်နေ့ အနည်းဆုံး တစ်ကြိမ် ပုံမှန်ချိုးပေးပါ။၅။ အပြင်က ပြန်လာတဲ့အခါ အဝတ်အစားတွေကို ပုံမှန်လျှော်ဖွပ်ပါ။၆။ ဝတ်ပြီးသား အဝတ်တွေကို ထပ်ခါတလဲလဲ ပြန်ဝတ်တဲ့ အကျင့်ကို ဖျောက်ပါ။၇။ ကိုယ့်အိပ်ရာ၊ နေရာထိုင်ခင်းကို အမြဲ လဲလှယ်ပြီး သန့်ရှင်းရေးလုပ်ပါ။၈။ ပွေးပေါက်နေတဲ့ နေရာကို ခြောက်သွေ့နေအောင် ထားပါ။ ရေ၊ ချွေးရှိနေရင် သုတ်ပေးပါ။၉။ ယားတယ်ဆိုတိုင်း မကုတ်ပါနဲ့။ လက်သည်းကြောင့် အနာထဲပိုးဝင်ပြီး ပျောက်မယ့်အရေး ပိုကြာသွားနိုင်ပါတယ်။ပွေးပေါက်လို့ စိတ်မညစ်ပါနဲ့။ နည်းမှန် လမ်းမှန်နဲ့သာ ကုသရင် ၂ပတ်ကနေ ၄ပတ်အတွင်းမှာ ပျောက်နိုင်ပါတယ်။ ဘာမှမလုပ်ဘဲ ပစ်ထားလိုက်လို့ ပျောက်သွားနိုင်တဲ့ ရောဂါတွေထဲမှာ ပွေးမပါဝင်ပါဘူး။ ဆေးဆိုင်တွေမှာ တွေ့ကရာလိမ်းဆေး ကောက်လိုက်တာက အနာကို သက်သာဖို့ နှေးသွားစေနိုင်တဲ့အပြင် ဆေးယဉ်သွားတဲ့အခါ ကုသပျောက်ကင်းဖို့ ပိုခက်သွားနိုင်ပါတယ်။နောက်တစ်ခု သတိထားဖို့က ပွေးဆိုတာ ပျောက်သွားပြီး အနေအထိုင် ဂရုမစိုက်ရင်လည်း ထပ်ပြီး ပေါက်နိုင်ပါသေးတယ်ဆိုတာပါပဲ။ ဒါကြောင့် တိရစ္ဆာန်လေးတွေကို ပွတ်သပ်ပြီး၊ တခြားသူတွေရဲ့ အသုံးအဆောင်ပစ္စည်းကို ကိုင်တွယ်ပြီးရင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။ အပြင်သွားပြီဆိုရင် ခြေဗလာနဲ့ မသွားပါနဲ့။ ဖိနပ်ကို သေချာစီးပါ။ ရေမှန်မှန်ချိုးပြီး ခေါင်းကို ပုံမှန်လျှော်ပေးဖို့လည်း မမေ့ပါနဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/should-know-about-ringworm/
ကိုယ်ဝန်ဖျက်ချခြင်းသည် မုဒိမ်းကျင့်ခံရခြင်းနှင့် မိသားစုဝင်အချင်းချင်းအဓမ္မပြုကျင့်ခြင်းကြောင့် ရရှိလာသောကိုယ်ဝန်ကိုဖြေရှင်းဖို့ အတွက် အဖြေမဟုတ်ပါ။
လူအများစုထင်ကြသည်က ကိုယ်ဝန်ဖျက်ချခြင်းပြုလုပ်လိုက်လျှင် မုဒိမ်းကျင့်ခံရသော အမျိုးသမီးတစ်ယောက်၏ ဒဏ်ရာမှလျင်မြန်စွာ လွတ်မြောက်စေနိုင်မည်ဟုထင်ကြပါသည်။ သို့မဟုတ် အနည်းဆုံးတော့သူမကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက် မုဒိမ်းကျင့်ခံရခြင်းကိုအမှတ်ရနေခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မည်ဟု ထင်ကြပါသည်။မုဒိမ်းကျင့်ခံရပြီးနောက် ကိုယ်ဝန်ဖျက်ချဖူးသော အမျိုးသမီးအများစု၏ ထွက်ဆိုချက်များအရ ကိုယ်ဝန်ဖျက်ချခြင်းသည် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနှင့် ပက်သက်သည့်ထိခိုက်ခံစားရမှုများကိုပိုဆိုးစေသည်ဟု ထွက်ဆိုကြပါသည်။ အမျိုးသမီးအများစုဖော်ပြထားသည်က ကိုယ်ဝန်ဖျက်ချခြင်းကို အဓမ္မပြုကျင့်ခြင်းနည်းတစ်မျိုး (Medical rape) ဆေးပညာအရ နိုင်ထက်စီးနင်းပြုကြခြင်းဟု ဖော်ပြကြပါသည်။အလွယ်တကူနားလည်နိုင်တာကတော့ ကိုယ်ဝန်ဖျက်ချခြင်းသည်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း ခံရခြင်းကိုပို၍ဆိုးဝါးစေသော ဒုတိယမြောက်ဒဏ်ရာတစ်ခုဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ဖျက်ချဖို့အတွက် မျက်နှာကိုအုပ်ထားသော လူစိမ်းဆရာဝန်က သူမ၏လိင်အင်္ဂါထဲသို့ နာကျင်စေသော ပစ္စည်း ထိုးထည့်ရပါသည်။သူမကခွဲခန်းကုတင်ပေါ်တွင်လှဲနေစဉ်အတွင်း သူမခန္ဓါကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိပါ။ အကယ်၍ သူမသည် ဆရာဝန်ကို ကိုယ်ဝန်ဖျက်ချခြင်းရပ်တန့်ဖို့ပြောမည်ဆိုပါကလည်း သူမပြောစကားကို လျစ်လျူရှူနေနိုင်သလို၊ ရပ်တန့်ဖို့လည်းနောက်ကျနေပြီဖြစ်ကြောင့် ပြောထားလည်းဖြစ်နိုင်ပါသည်။အမျိုးသမီးအများစုအတွက်လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခြင်းနှင့်ကိုယ်ဝန်ဖျက်ချခြင်းအကြား ကြုံတွေ့ရသည့်ဆက်နွယ်မှုသည် အလွန်ပြင်းထန်ပါသည်။ အမျိုးသမီးများအနေနှင့်ဖျက်ချလိုက်သည့် ကလေးသည်မုဒိမ်းကျင့်မှုကြောင့်ရရှိခဲ့သည့်ကလေးဟုတ်သလားမဟုတ်ဘူးလားဆိုသည်နှင့်ပက်သက်ပြီး လည်းပြင်းထန်သောခံစားချက်များရှိကြပါသည်။ဤအရာသည်မုဒိမ်းကျင့်ခံရဖူးသည့်အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ကိုယ်ဝန်ဖျက်ချခြင်းပြုလုပ်နေစဉ်နှင့်ကိုယ်ဝန်ဖျက်ချပြီးချင်းမှာပိုမိုခံစားရသော စိတ်ဖိစီးမှုပင်ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချဖူးသူအမျိုးသမီးများနှင့်မုဒိမ်းကျင့်ခံရသောအမျိုးသမီးများတွင်ရှိသော တူညီသောခံစားချက်များမှာစိတ်ဖိစီးမှု၊ အပြစ်ရှိသလိုခံစားရမှု၊ မိမိကိုယ်ကိုယုံကြည်မှုလျော့ကျခြင်းနှင့် အမျိုးသားများအပေါ်မကျေမချမ်းဖြစ်ခြင်းတို့ဖြစ်ပါသည်။ကိုယ်ဝန်ဖျက်ချခြင်းသည် မုဒိမ်းကျင့်ခံရခြင်းကြောင့်ဖြစ်ပွားသည့် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားပေးမည့်အစားပို၍သာဆိုးစေပါသည်။ မုဒိမ်းကျင့်ခံရသူတစ်ယောက်ကို ကိုယ်ဝန်ဖျက်ချဖို့အားပေးခြင်း သို့မဟုတ် တားဆီးခြင်းလုပ်သူများအနေနှင့် မုဒိမ်းကျင့်ခံရသူများနှင့် ဆက်ဆံပြောဆိုရာမှာ အဆင်မပြေဖြစ်တာကြောင့် နောက်ဆုံးတွင်မုဒိမ်းကျင့်ခံရသူများကိုဖြစ်ခဲ့သည့်ကိစ္စများအတွက်အပြစ်တင်လေ့ရှိကြပါသည်။မိသားစုတွင်းမုဒိမ်းကျင့်မှုများကြောင့်ရရှိလာသောကိုယ်ဝန်များအတွက်ကိုယ်ဝန်ဖျက်ချခြင်းသည်ပိုမိုရှုပ်ထွေးပါသည်။ အဘယ်ကြောင့်ဆိုသော်ထိုသူများသည်ကိုယ်ဝန်ဖျက်ချဖို့လက်မခံသည်ကများပါသည်။ဒီကိုယ်ဝန်ဟာမလိုချင်ဘဲရလာသည်ဟုစဉ်းစားမည့်အစား ထိုကလေးကိုမွေးပြီး လက်ရှိမိသားစုမှထွက်ခွာ၍ သူမကိုတကယ်ချစ်သော သူတစ်ယောက်နှင့်အိမ်ထောင်ပြုကာ ထိုကလေးကိုလွတ်လွတ်လပ်လပ်ပြုစု စောင့်ရှောက်လိုစိတ်ဖြစ်ပေါ်တတ်ကြပါသည်။မုဒိမ်းကျင့်ခံရသူအမျိုးသမီးအနေနှင့် သူမ၏ကိုယ်ဝန်ကိုသူမ၏ လက်ရှိအခြေအနေမှလွတ်မြောက်ရာ လမ်းကြောင်းဟုမြင်နိုင်သော်ငြားလည်း မုဒိမ်းကျင့်သူအတွက်တော့ ဤအရာသည်ခြိမ်းခြောက်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ မိသားစုခြင်းလိင်ဆက်ဆံမှုကို ဆန့်ကျင်သည့်အခြားမိသားစုဝင်များအနေနှင့် ဆေးပညာအရ မွေးလာသောကလေးနှင့် မိသားစုတော်စပ်မှုကိုသိသွားမည်ကိုစိုးရိမ်ကြပါသည်။ဤကဲ့သို့နှစ်ဦးနှစ်ဖက်ထိတ်လန့်မှုကြောင့် မုဒိမ်းကျင့်ခံရသူအနေနှင့်မုဒိမ်းကျင့်သူရော အခြားမိသားစုဝင်များကပါ မလိုချင်သော ကိုယ်ဝန်အနေနှင့်ကိုယ်ဝန်ဖျက်ချဖို့အတွက် တိုက်တွန်းဖိအားပေးခံရပါသည်။ မိသားစုဝင်ချင်းမုဒိမ်းကျင့်မှုဖြစ်၍ ကိုယ်ဝန်ဖျက်ချသော ကိစ္စရပ်များကိုကြည့်မည်ဆိုလျှင် ကိုယ်ဝန်ဖျက်ချလိုသူသည် မုဒိမ်းကျင့်ခံရသောမိန်းကလေး ကိုယ်တိုင်မဟုတ်ဘဲထိုမိန်းကလေး၏မိဘများ သို့မဟုတ် မုဒိမ်းကျင့်သူက ကိုယ်ဝန်ဖျက်ချဖို့ အားပေးစီစဉ်ခြင်းပင်ဖြစ်ပါသည်။မုဒိမ်းကျင့်ခံရသူမိန်းကလေးအနေနှင့် အခြားသူများ၏ ဆုံးဖြတ်ချက်များကို လိုက်လျောရုံသာရှိပါတော့သည်။ ကိစ္စအတော်များမျာတွင်တော့ ကိုယ်ဝန်ဖျက်ချခြင်းကို မုဒိမ်းကျင့်ခံရသောမိန်းကလေးကိုယ်တိုင်က ဒီကိုယ်ဝန်ကိုမဖျက်ချချင်ပါဘူးဟု ပွင့်ပွင့်လင်းလင်းပြောသောအခါတွင် မိန်းကလေး၏သဘောအတိုင်းပင် ကိုယ်ဝန်ဖျက်ချခြင်းကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/mental-health-mothercare/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba/
သွေးချိုတက်နေတယ်ဆိုတဲ့ လက္ခဏာရပ်တွေ
Hyperglycemia လို့သိကြတဲ့ သွေးတွင်းအချိုဓါတ်မြင့်မားတာကသွေးတွင်းအချိုဓါတ်ကိုကောင်းကောင်းထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ဆီးချိုဝေဒနာရှင်တွေမှာ အများဆုံးတွေ့ရတတ်တဲ့ အခြေအနေတစ်ရပ်ပါ။သွေးတွင်းသကြားဓါတ်မြင့်တယ်ဆိုတဲ့နေရာမှာ အပျော့စား၊ အတန်အသင့်အနေအထားနဲ့ အပြင်းစားဆိုပြီး လက္ခဏာတွေအမျိုးမျိုးရှိနေပါတယ်။တစ်နေ့တာလုံးမှာ ခန္ဓါကိုယ်ရဲ့သွေးတွင်းသကြားဓါတ်ပမာဏကပြောင်းလဲနေနိုင်ပါတယ်။ ဆီးချိုရောဂါမရှိတဲ့ သာမန်လူတစ်ယောက်အနေနဲ့ မနက်အိပ်ရာထပြီးချိန်မှာသွေးတွင်းသကြားဓါတ်က ၁၀၀ mg/dl အောက်သာရှိသင့်ပါတယ်။ အစားမစားရသေးခင်မှာဆိုရင်တော့သွေးတွင်းသကြားဓါတ်က ၇၀ – ၉၉ mg/dl သာရှိသင့်ပါတယ်။ အစားတစ်ခုခုစားပြီး ၂ နာရီအကြာမှာသွေးချိုက ၁၄၀mg/dl ထက်နည်းသင့်ပါတယ်။ဆီးချိုရှိသူတစ်ဦးမှာဆိုရင်တော့ –။အပျော့စားသွေးချိုမြင့်ခြင်း။တကယ်လို့ သာမန်လူတစ်ဦးဦးအနေနဲ့သွေးတွင်းသကြားဓါတ်က အရွယ်ရောက်ပြီးသူတွေမှာ ၂၀၀ ကနေ ၃၅၀ mg/dlဖြစ်နေပြီး ကလေးငယ်တွေမှာ ၂၀၀ ကနေ ၂၄၀ mg/dl အထိရှိနေမယ်ဆိုရင် အပျော့စားသွေးချိုမြင့်တဲ့ လက္ခဏာရပ်ရှိနေပြီလို့ပြောလို့ရပါတယ်။အပျော့စားသွေးချိုမြင့်တာဖြစ်နေပြီဆိုတာကို သိရှိနိုင်မယ့် အဓိကလက္ခဏာရပ်တွေက –။ဒီလိုမျိုး အပျော့စားသွေးချိုမြင့်တာကိုခံစားနေရတဲ့သူအချို့မှာ လက္ခဏာတွေကို သတိမပြုမိတာမျိုးတွေရှိပါတယ်။ ကလေးအားလုံးမှာတော့ အပေါ်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေအတိုင်း မဖြစ်ပါဘူး။ ကလေးငယ်တွေမှာ သွေးချိုမြင့်နေတယ်လို့ သံသယရှိနေပေမယ့် ရောဂါလက္ခဏာကို အတည်မပြုနိုင်တဲ့အခါမျိုးမှာ မိဘတွေ၊ ကလေးကိုထိန်းသိမ်းစောင့်ရှောက်သူတွေအနေနဲ့နေအိမ်မှာသွေးချိုတိုင်းစစ်ဆေး တာမျိုးလုပ်ပေးလို့ရပါတယ်။သွေးချိုမြင့်တာကြောင့် ဆီးခဏခဏသွားတဲ့အခါ အရည်ဓါတ်ပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက်ရေများများပြန်သောက်မိတာမျိုးမရှိဘူးဆိုရင်ရေဓါတ်ခမ်းခြောက်တာမျိုးဖြစ်နိုင်ပါတယ်။ရေဓါတ်ခမ်းခြောက်တာက ကလေးတွေမှာပိုမြန်တတ်ပါတယ်။ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာရပ်တွေကတော့ –။အတန်အသင့်သွေးချိုမြင့်ခြင်း။အရွယ်ရောက်ပြီးသူတွေမှာသွေးတွင်းသကြားဓါတ်ပမာဏက ၃၅၀ mg/dl အထက်မှာရှိနေမယ်ဆိုရင်တော့ သူရဲ့သွေးချိုမြင့်တက်တဲ့ အနေအထားက အတန်အသင့်သွေးချိုမြင့်တက်တာနဲ့ အပြင်းစားသွေးချိုမြင့်တက်တဲ့အနေအထားမှာရှိနေပြီလို့ဆိုရမှာဖြစ်ပါတယ်။ ကလေးငယ်တွေမှာတော့သွေးတွင်းအချိုဓါတ်ပမာဏက ၂၄၀ mg/dlဖြစ်နေမယ်ဆိုရင်ပြဿနာရှိနေပြီဆိုတဲ့ လက္ခဏာတစ်ရပ်ရပ်ဖြစ်ပါတယ်။လက္ခဏာရပ်တွေကတော့ –။အမျိုးအစား ၁ ဆီးချိုရောဂါဝေဒနာရှင်တွေနဲ့ အမျိုးအစား ၂ ဆီးချိုဝေဒနာခံစားနေရသူအချို့မှာ ခန္ဓါကိုယ်က အင်ဆူလင် နည်းနည်းပဲထုတ်တာမျိုးနဲ့ အင်ဆူလင်လုံးဝမထုတ်တော့တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုအနေအထားက –။တကယ်လို့များသွေးတွင်းသကြားဓါတ်ပမာဏက ဆက်လက်မြင့်တက်နေမယ်ဆိုရင် စိတ်ရှုပ်ထွေးတာ နဲ့ သတိလစ်တာမျိုးတွေအထိတောင်ဖြစ်နိုင်ပါတယ်။Hyperglycemia က ဆီးချိုဝေဒနာရဲ့နောက်ဆက်တွဲရောဂါလက္ခဏာတစ်မျိုးပါ။ ဒါကြောင့် ဆီးချိုဝေဒနာကို ထိန်းချုပ်နိုင်ဖို့အတွက်သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အနေအထားကိုကာကွယ်ပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းက။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%90%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%9a%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%b2%e1%80%b7/
ပယောဂလား၊ စိတ်ဖောက်ပြန်တာလား
စိတ်ရောဂါအထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့ စိတ်ပညာရပ်ဆိုင်ရာစာအုပ်တစ်အုပ်ဖတ်ခဲ့ဖူးပါတယ်။ ပြည်တွင်းက စိတ်ဝေဒနာရှင်တွေကို ကုသရာမှာ ကြုံရဆုံရတဲ့ အခက်အခဲတွေအကြောင်းပေါ့။ဓလေ့ထုံးတမ်းတွေ၊ ခံယူချက်တွေနဲ့ ယုံကြည်မှုတွေကြောင့် တခါတလေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မှားယွင်းတဲ့ အယူအဆတွေနဲ့ ချဉ်းကပ်ကုသကြတာမျိုးတွေ မကြာခနဖြစ်ပေါ်လေ့ရှိကြောင်း သူ့ရဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ဒီလိုဖြစ်ရပ်မျိုးတွေဟာ မြန်မာပြည်မှာသာမကပါဘူး၊ ခေတ်မှီတိုးတက်လှပါတယ်ဆိုတဲ့တိုင်းပြည်တွေမှာတောင် ရှိတတ်ပါတယ်။ ဒါကြောင့်လဲ စိတ်ဝေဒနာခံစားနေရသူတစ်ချို့ဟာ မိသားစုဝင်တွေရဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေကြောင့် နည်းမှန်လမ်းမှန်နဲ့ ကုသမှု မခံယူကြရရှာတာကို လေ့လာတွေ့ရှိထားရပါတယ်။ အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်မျိုးမှာတောင် လူဦးရေတစ်ဝက်လောက်ဟာသဘာဝလွန်ဖြစ်ရပ်ဆန်းတွေအပေါ် စွဲလမ်းယုံကြည်မှု မြင့်မြင့်မားမားရှိနေပြီးတော့ တစ်ချို့သော စိတ်ရောဂါဆိုင်ရာပြဿနာတစ်ချို့ကို ပယောဂပြဿနာ၊ဘီလူးစီးတာ၊ အောက်လမ်းအတတ်နဲ့ ပြုစားခံရတာ၊ သဘာဝလွန်ကိစ္စရပ်တွေ ဖြစ်ပျက်နေတာလို့ ယုံကြည်ခြင်းခံနေရပါတယ်။ဒီပြဿနာမှာ ၂ ပိုင်းရှိပါတယ်။ တစ်ပိုင်းက ပတ်ဝန်းကျင်နဲ့ မိသားစုအသိုင်းအဝိုင်းတွေရဲ့ ယူဆချက်တွေပါ။ နောက်တစ်ခုကတော့ ကာယကံရှင်ကိုယ်တိုင်ပါပဲ။မြင်သာတဲ့ ဥပမာတစ်ခုပေးပါ့မယ်။ တစ်ချို့သော မိန်းကလေးငယ်လေးတွေဟာ အပျိုဖော်ဝင်စချိန်တွေမှာ ပုံမှန် မီးယပ်သွေးမဆင်းရင် စိတ်ကစဉ့်ကလျားဖြစ်တတ်ကြပါတယ်။ ပုံမှန်သွေးဆင်းချိန်မှာတောင် စိတ်မတည်မငြိမ်ဖြစ်တတ်တာမို့ သွေးမဆင်းတာကြာရင်၊ ဒါမှမဟုတ် ပုံမှန်မဟုတ်ပဲသွေးမဆင်းရင်ခုလို ပြဿနာမျိုးကြုံရနိုင်ပါတယ်။ လူတိုင်းမဟုတ်ပေမယ့် တစ်ချို့တွေပေါ့လေ။ ဒီလိုပြဿနာမျိုးကြုံတဲ့အခါမျိုးမှာ မြန်မာ့အသိုင်းအဝိုင်းမှာ မီးယပ်သွေးမဆင်းတာကြောင့် ခုလိုဖြစ်ရတယ်၊ ဒီလိုမဆင်းရင် သားအိမ်ထဲမှာ သွေးတွေခဲနေတတ်တယ်၊ အပမှီတာ၊ ပြုစားခံရတာ စသဖြင့် အမျိုးမျိုး သတ်မှတ်ကြတာမျိုးတွေ ကြုံရဆုံရဖူးပါတယ်။တကယ်တော့ ခုလိုဖြစ်တာဟာဓမ္မတာသွေးမဆင်းတာကြောင့်လို့ တိုက်ရိုက်သတ်မှတ်လို့မရသလို ပြုစားခံရတာမျိုးလည်းမဟုတ်ပါဘူး။ ဓမ္မတာလာတယ်ဆိုတာကမဟိုမုန်းဓာတ်ထုတ်လွှတ်တာပါ။ ဒီဟိုမုန်းတွေကြောင့် ပုံမှန် ဓမ္မတာလာချိန်မှာတောင် စိတ်လှုပ်ရှားမှု၊ စိတ်မတည်ငြိမ်မှုတွေဖြစ်နိုင်ပါတယ်။ အပျိုဖော်ဝင်စချိန် ဓမ္မတာမမှန်ရင်တော့ စိတ်ပူပင်သောကနဲ့ စိတ်လှုပ်ရှားမှုတွေပေါင်းစပ်ပြီး စိတ်ကစဉ့်ကလျားဖြစ်နိုင်ပါတယ်။ဒါပေမယ့် ရှေးရိုးဆန်တဲ့ လူကြီးသူမအများစုကတော့ ဒါဟာ မီးယပ်ဆိုင်ရာပြဿနာလို့ ယူဆပြီး မှားယွင်းစွာ ကုသကြလေ့ရှိပါတယ်။ တစ်ချို့တွေကျတာ့လည်း အပမှီတာဆိုပြီး ပယောဂဆရာလက်ကို အပ်လိုက်ကြတာမျိုးတွေလည်း ရှိတတ်ပါတယ်။ဒါက ဥပမာတစ်ခုဖြစ်ပြီး ခုလို လွဲမှားတဲ့အယူအဆတွေနဲ့ မှားယွင်းစွာကုသဖို့ ကြိုးပမ်းနေတဲ့ မိသားစုဝင်တွေ အသိုင်းအဝိုင်းတွေ ခုချိန်ထိ အများအပြားရှိနေကြပါသေးတယ်။ ဆင့်ကဲလက်ခံလာတဲ့ အယူအဆတွေဟာ အမှန်တရားထက်ပိုပြီး လူတွေရဲ့ စိတ်ထဲမှာ ခိုင်ခိုင်မြဲမြဲ စွဲထင်နေတတ်ပါတယ်။ ဒီအချက်ဟာစိတ်ဝေဒနာကို သဘာဝလွန်ဖြစ်ရပ်တွေအဖြစ် စွဲထင်ယုံကြည်နေမှုတွေရဲ့ နောက်ကွယ်က အဓိကမောင်းနှင်အားဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အဆိုပါကိစ္စတွေနဲ့ ပိုမိုကြုံရနိုင်ပါတယ်။ ယုံကြည်မှုလည်းပိုများပါတယ်။ အမျိုးသားအများစုဟာ အဆိုပါကိစ္စတွေကို စိတ်ပိုင်းဆိုင်ရာပြဿနာတွေအဖြစ် လက်ခံဖို့ လွယ်ကူကြပေမယ့် အမျိုးသမီးတွေကတော့ လက်ခံရခက်ခဲတတ်ကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဦးဆောင်တဲ့ အသိုင်းအဝိုင်းတွေမှာ ကြီးပြင်းလာပြီး အထက်ပါပြဿနာမျိုးတွေ ကြုံဆုံရမယ်ဆိုရင် မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ကုသခံရဖို့ ပိုမိုနီးစပ်လေ့ရှိပါတယ်။ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ပယောဂဒါမှမဟုတ် သဘာဝလွန်ပြဿနာတွေလို့ ယူဆခံရတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ချို့ရှိနေပါသေးတယ်။ ဒီလိုကိစ္စမျိုးတွေမှာတော့ ကာယကံရှင်ကိုယ်တိုင်က အဆိုပါကိစ္စတွေကို အလွန်အမင်း ယုံကြည်ယူဆနေတာမျိုးဖြစ်တတ်ပါတယ်။ခုလိုယုံမှားမှုတွေကို ဖြစ်ပေါ်စေတဲ့ နောက်ကွယ်က စိတ်ဝေဒနာတွေကတော့ …။အထက်မှာဖော်ပြထားတဲ့ စိတ်ဝေဒနာတွေဟာ မသိမသာရော သိသိသာသာပါ လူတွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ဒါပေမယ့် လူအတော်များများကတော့ ဒီအရာတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလို့ နားလည်သဘောပေါက်ထားကြခြင်းမရှိကြပါဘူး။ စစ်မှန်တဲ့ ဆန်းကျယ်ဖြစ်ရပ်တွေ၊ ခြောက်ခြားဖွယ်ကိစ္စတွေလို့ ယုံကြည်နေတတ်ကြပါတယ်။ စိတ်ဝေဒနာဆိုတာထက်၊ စုန်း ပယောဂ၊ တစ္ဆေသရဲပြဿနာတွေလို့ မှတ်ယူနေကြတာများပါတယ်။ အကြံပေးချင်တာကတော့ မှားယွင်းတဲ့ ယုံကြည်မှုတွေထက် သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်တာကသာ ရေရှည်မှာ စိတ်ကျန်းမာမှုမျိုး ရနိုင်ဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်ဆိုတာပါပဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%95%e1%80%9a%e1%80%b1%e1%80%ac%e1%80%82%e1%80%9c%e1%80%ac%e1%80%b8%e1%81%8a-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba/
နေပူပူထဲလည်း မထွက် အိမ်မှာပဲနေနေတာတောင် ဘာကြောင့် အသားမည်းမည်းလာရတာလဲ ။ ။
နေရောင်နဲ့လည်း မထိ၊ အိမ်မှာဘဲ နေနေရင်းနဲ့ အသားမည်းမည်းလာရတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြပါသလား။ နေကသာအသားကိုမဲည်းစေနိုင်တယ်ဆိုတာပဲ သိထားတော့ နေပူထဲလည်း မသွားဘဲနဲ့ အသားမည်းလာတဲ့အခါ တွေးစရာလေးတွေ ဖြစ်လာပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ကိုယ်ပေါ်က အရေပြားတွေ အရောင်ရင့်လာခြင်းရဲ့ အဓိက တရားခံကတော့ အရေပြားပေါ်မှာရှိတဲ့Melanocyteကထုတ်တဲ့ melanin ကြောင့် ဖြစ်ရတာပါ။ ဒါကြောင့်melaninပိုထွက်စေတဲ့ အကြောင်းအရာတွေ သင့်မှာရှိနေရင်တော့ အိမ်ထဲမှာနေရင်းနဲ့လည်း သင့်အသားအရေတွေ မည်းသွားနိုင်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေက melanin ပိုထွက်ခြင်းကို ဖြစ်စေတာလဲ ။ ။အသားမည်းလာခြင်းကိုဖြစ်စေတဲ့ melanin ပိုထွက်စေတဲ့အကြောင်းအရင်းတွေထဲမှာ နေရောင်ခြည်ကို ချန်ခဲ့လို့ မရပါဘူး။ နေရောင်ခြည်ထဲမှာပါတဲ့ခရမ်းလွန်ရောင်ခြည်တွေက အရေပြားပေါ်က Melanocytes ကို လှုံ့ဆော်ပေးပြီး melanin တွေကို ပိုထွက်စေတာကြောင့် နေရောင်ထဲသွားလေလေ အသားပိုမည်းလာရလေလေဖြစ်ပါတယ်။ဟော်မုန်းအပြောင်းအလဲကလည်း သင့်အသားအရေကို အရောင်ရင့်ပြီး မည်းလာစေတဲ့ ထိပ်ဆုံး အကြောင်းအရင်းတွေထဲမှာပါပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေ၊သန္ဓေတားဆေး၊ထိုးဆေးသုံးနေတဲ့ အမျိုးသမီးတွေ အသားအရောင်ရင့်လာတဲ့ ဖြစ်စဉ်ဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ရတာပါ။ နောက်ထပ် ဟော်မုန်းနဲ့ဆိုင်ပြီး အသားအရောင်ပြောင်းလဲလာခြင်းကိုဖြစ်စေတဲ့ နာမည်ကြီးရောဂါတစ်ခုကတော့ Addison’s disease ပဲ ဖြစ်ပါတယ်။Addison’s disease ဆိုတာ ကိုယ်ခန္ဓာရဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ကျောက်ကပ် အပေါ်မှာရှိတဲ့Adrenal glandပုံမှန် အလုပ်မလုပ်တော့ဖြစ်လာရတဲ့ ရောဂါပါ။ သူ့ရဲ့လက္ခဏာတွေကတော့။ဒီလို Addison’s disease ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ Adrenal gland ကင်ဆာရောဂါ၊ Adrenal gland တီဘီရောဂါ နဲ့ ခုခံအားကို ကိုယ်တွင်း ဆဲလ်တွေကို အမှတ်မှားပြီး တိုက်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ဗီတာမင် B12ချို့တဲ့ခြင်း – ဗီတာမင် B12 ချို့တဲ့ခြင်း ကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတွေကတော့ အသားမည်းလာတာ၊ ခရုသင်း၊ သမင်ဖြူ ဖြစ်တာနဲ့ ဆံပင်တွေ ပါးလာရတာပဲ ဖြစ်ပါတယ်။အသားအရောင် ရင့်လာခြင်းကို ဖြစ်စေတဲ့ ရောဂါတွေကတော့။ဆေးများ။တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း သင့်အသားမည်းလာနိုင်ပါတယ်။ အသားအရောင်ကို ပြောင်းလဲစေတဲ့ ဆေးတွေကတော့ amiodarone, amitriptyline, arsenic, bleomycin, clofazimine, clophosphamide, minocycline, zidovudine တို့အပြင်အတက်ရောဂါကို ကုသတဲ့ဆေးများ၊ငှက်ဖျားအမြစ်ပြတ်ကုသတဲ့ဆေးတွေနဲ့သန္ဓေတားဆေးတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း သင့်အသားအရေ အရောင်ရင့်လာနိုင်ပါတယ်။အသားဆိုတာ နေရောင်တစ်ခုတည်းကြောင့်နဲ့တော့ မည်းနိုင်တာမဟုတ်ပါဘူး။ နေရောင်မဟုတ်ဘဲ အခြား အကြောင်းအရာတွေကြောင့်လည်း သင့်အသားအရောင်ရင့်သွားနိုင်တယ်ဆိုတဲ့ အကြောင်းလေးတွေသိထားတော့ ကိုယ်ဘာကြောင့် အသားမည်းနေတာလဲဆိုတာ အဖြေတစ်ချက်ရှာလို့ရတာပေါ့ ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/skin-darkening/
ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။
ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက်ကောင်းတယ်ဆိုပြီး လူသိများတဲ့ အဖိုးတန် သဘာဝအပင်လေးတစ်မျိုး ဖြစ်ပါတယ်။ အသားအရေကို အေးမြကောင်းမွန်စေပြီးရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ရှားစောင်းလက်ပပ်ကို အလှကုန်ပစ္စည်းတွေမှာ အများအပြားထည့်သွင်း ထုတ်လုပ်ကြပါတယ်။  ဒါ့အပြင် ရောင်ရမ်းခြင်းတွေ၊ အနာတွေကို သက်သာစေနိုင်ပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် Aloe vera ကို ဆေးဝါးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ ဆိုတော့။၁။ ဦးရေပြား ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။Aloe vera ရဲ့ anti-inflamatory လို့ခေါ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အစွမ်းသတ္တိကြောင့်ဗောက်ထပြီးဦးရေပြားယားတတ်တဲ့သူတွေ အတွက် ယားယံတာတွေကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။၂။ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။Aloe vera ဟာ ဆံသားကို သန့်စင်ပေးပြီးဆံပင်မှာရှိနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အခြား chemical ထုတ်ကုန်တွေနဲ့ မတူတာကတော့ aloe vera က ဆံသားကို မထိခိုက်စေဘဲ ညင်ညင်သာသာနဲ့ သန့်စင်ပေးနိုင်တဲ့အတွက် ဆံပင်ကို ပိုမိုကျန်းမာ၊ တောက်ပြောင်၊ နူးညံ့လာစေပါတယ်။၃။ ဆံသားကို ပိုပြီး ကျန်းမာစေပါတယ်။Aloe vera မှာ ဗီတာမင် A, C နဲ့ E ပါဝင်တာကြောင့် ဆံသားတစ်မျှင်ချင်းစီကို ကြံ့ခိုင်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် aloe vera ဟာဆံသားပျက်စီးတာကို လျော့နည်းစေပြီး ဆံပင်ရှည်မြန်အောင် ပံ့ပိုးပေးနိုင်တဲ့ သဘာဝပစ္စည်းလေးဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေ အတိအကျ မရှိသေးပေမယ့် aloe vera မှာ ပါဝင်တဲ့ ဗီတာမင် B12 နဲ့ folic acid က ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။၄။ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။Aloe vera ဟာ အသားအရေအတွက် ရေဓာတ်ဖြည့်ပေးနိုင်ရုံတင် မကပါဘူး။ ဦးရေပြားနဲ့ ဆံသားအတွက်လည်း လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝနေစေဖို့ ကူညီပေးနိုင်ပါတယ်။ဘယ်လိုဆံသားပိုင်ရှင်မျိုးမဆို အသုံးပြုနိုင်ပေမယ့် hair care professional တွေကတော့ aloe vera ဟာ ဆံသား အဆီပြန်တတ်တဲ့သူတွေ၊ ဆံသားခြောက်ပြီး ပျက်စီးနေတဲ့သူတွေ၊ ဗောက်ထပြီး ဦးရေပြားယားတတ်တဲ့သူတွေအတွက် ပိုသင့်တော်တယ်လို့ အကြံပြုထားပါတယ်။ရှားစောင်းလက်ပပ်အပင်ကရတဲ့ တကယ့်အဆီအနှစ် gel ကို အသုံးပြုတာက အကောင်းဆုံးပါပဲ။ အပင်စိုက်ထားတယ်ဆိုရင် အပင်က လတ်လတ်ဆတ်ဆတ် ယူသုံးနိုင်သလို၊ ကြည်လင်တဲ့ သဘာဝအနှစ်စစ်စစ်ကို ဝယ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို ဦးရေပြားနဲ့ ဆံသားတွေကို ပွတ်ထားပြီး နာရီဝက်၊ တစ်နာရီလောက်ကြာတဲ့အခါခေါင်းလျှော်ရည်အပျော့လေးနဲ့ ဆေးကြောသန့်စင်ပေးပြီး အသုံးပြုနိုင်ပါတယ်။Aloe veraဟာ လူတိုင်းနီးပါးအတွက် ကောင်းမွန်တဲ့ သဘာဝပစ္စည်းလေးဖြစ်ပေမယ့် အချို့သူတွေမှာတော့ ဓာတ်မတည့်တာမျိုးရှိနိုင်တဲ့အတွက် အသုံးမပြုခင်မှာ လက်ကောက်ဝတ်နားက အရေပြားလေးမှာ အရင်စမ်းလိမ်းကြည့်သင့်ပါတယ်။ လိမ်းထားပြီး ၂နာရီလောက် စောင့်ကြည့်ပြီး တည့်မှ ဦးရေပြားအတွက် အသုံးပြုသင့်ပါတယ်။ စမ်းလိမ်းထားတဲ့အချိန်အတွင်းမှာ ယားလာတာ၊ နီရဲလာတာ၊ ပူစပ်လာတာမျိုးရှိမယ်ဆိုရင်တော့ ချက်ချင်းရေဆေးချပြီး ဆက်အသုံးမပြုဖို့ အကြံပေးချင်ပါတယ်။ကျန်းမာတောက်ပတဲ့ ဆံသားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။ရေးသားသူ – Khine Phoo Ngon။# တတိုင်းမွှေး ကျန်းမာစေနိုင်ပါတယ်။https://www.youtube.com/watch?v=mAplNyFOl7U။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/aloe-vera-for-hair/
ဇီးပန်းသီးလေး စားတဲ့အခါ
အစိမ်းရောင် ဖျော့ဖျော့လေးနဲ့ အတွင်းသားကဖြူဖြူ စားလိုက်ရင် အသားမွမွ ချိုချိုလေးနဲ့ပန်းသီးအသေးစားအရွယ်လောက်ရှိပြီး ပန်းသီးနဲ့ ပုံစံလေး တူတာကြောင့် ဇီးပန်းသီးလို့ ခေါ်တဲ့ အသီးလေးကို ကြိုက်လား …… ဒါဆိုရင်တော့ ဇီးပန်းသီး က ဘယ်လိုမျိုးကျန်းမာရေးကို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ဇီးပန်းသီး ဆိုတာ အသားခပ်မွမွ ချိုချိုလေးနဲ့ အရည်ရွှမ်းတဲ့ အသီး တစ်မျိုးပါ။ အခြား သစ်သီးတွေလိုပဲ အစိမ်းလိုက် စားလို့ ရပါတယ်။ ဖျော်သောက်ကြတာ ရှိသလို အသီးကို ဆားနဲ့ငရုတ်သီးမှုန့်လေးနဲ့ အရသာမှုန့် လုပ်ပြီးတော့လည်း စားလို့ ရပါတယ်။ အသီးအရွယ်အစားကတော့ ခပ်သေးသေးကနေ ပန်းသီး အသေးစား အရွယ်လောက်ထိ ရှိပါတယ်။စားလို့ကောင်းတဲ့ ဇီးပန်းသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်တဲ့ အသီးအဖြစ် အသိအမှတ်ပြုခဲ့ကြတဲ့ ဇီးပန်းသီးလေး စားတဲ့အခါ အခုလိုအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ဇီးပန်းသီးလေးကို ရှေးယခင် ကာလတွေတုန်းက အိပ်မပျော်တာကို သက်သာစေဖို့နဲ့ ကောင်းကောင်း အိပ်ပျော်စေဖို့ တရုတ်လူမျိုးတွေက အသုံးပြုခဲ့ကြပါတယ်။ အသီးရော အစေ့ရောက အာရုံကြောစနစ်တွေကို ပြေလျော့စေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားပေးလို့ ရသလို ဖျော်ရည်လုပ်ပြီး သောက်လို့လည်း ရပါတယ်။ ရေနွေးထဲ စိမ်သောက်ပေးလို့လည်း ရပါတယ်။အမျှင်ဓာတ် ကြွယ်ဝတဲ့ ဇီးပန်းသီးလေးက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေမှာ ဖြစ်သလို ကိုယ်တွင်းမှာ အင်အားလည်း ပြည့်ဝနေစေမှာပါ။အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးသလို အစာကြေစေဖို့လည်း ထောက်ကူပေးပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေစနစ်ထဲက အကျိုးမပြုဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ဇီးပန်းသီးလေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ကို မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။ ကင်ဆာ ကာကွယ်ပေးသလို ကင်ဆာဆဲလ်တွေ ကြီးထွားတာမျိုး မဖြစ်စေဖို့လည်း ဟန့်တားပေးနိုင်ပါတယ်။ သားဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အရေပြားကင်ဆာတွေ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ပိုတက်ဆီယမ် ကြွယ်ဝပြီး ဆိုဒီယမ် ပါဝင်မှု နည်းတာကြောင့် နှလုံးကျန်းမာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးကြောတွေထဲမှာ အဆီတွေဖြစ်တာ သွေးကြောကျဉ်းတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။နှလုံးကျန်းမာစေသလို နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးမတိုးအောင်လည်း ကာကွယ်ပေးပါတယ်။သွေးလည်ပတ်မှု ကောင်းစေတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ကြွယ်ဝတဲ့ သွေးတွေ လုံလောက်စွာ ပေးပို့ပေးပြီး အင်အား ပြည့်ဝနေစေတာပါ။ဇီးပန်းသီးမှာ ပိုတက်ဆီယမ်၊ ဖော့စဖရိတ်၊ မဂ္ဂနိ့၊ သံဓာတ်၊ ဇင့်တို့ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေပါတယ်။ သွေးနီဥဆဲလ် ဖြစ်ပေါ်စေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ဦးနှောက်ဆဲလ်တွေ ကျန်းမာစေဖို့ ထောက်ကူပေးပြီး သိမြင်မှု စွမ်းရည်တွေ ကောင်းမွန်စေသလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေနိုင်ပါတယ်။ အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဇီးပန်းသီးမှာ ဗီတာမင် A နဲ့ C ပါဝင်နေတာ​ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းကရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ရာသီအဖျားတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နာတာရှည် ရောင်ရမ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဇီးပန်းသီး သတ္တုရည် နဲ့ ဇီးပန်းသီး အစေ့ကနေရတဲ့ အဆီက အရောင်ကျစေနိုင်ပြီး ကြွက်သားတွေ နာကျင်တာ အဆစ်တွေ နာတာကို သက်သာစေနိုင်ပါတယ်။ အဆစ်နာရောဂါ ရှိသူတွေနဲ့ သင့်တော်ပါတယ်။ အဆစ်တွေကို အရောင်ကျစေနိုင်ပါတယ်။စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို သက်သာစေဖို့အတွက် ဇီးပန်းသီးကို စားပေးလို့ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်သလို ကော်တီစောပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။အရိုးပွတာကို ကာကွယ်ဖို့အတွက် စားပေးလို့ ရသလို အနေအထား မမှန်တာကြောင့် ဖြစ်တဲ့ အရိုးထိခိုက်တာတွေကို သက်သာစေဖို့လည်း ဇီးပန်းသီး သတ္တုရည် နဲ့ ဇီးပန်းသီး အစေ့ကနေရတဲ့ အဆီကို အသုံးပြုပေးလို့ ရပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေဖို့ ထောက်ကူပေးပြီး ကိုယ်အလေးချိန် လျှော့ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အဆီမပါဝင်တာကြောင့် ဝိတ်ကျချင်သူတွေ စိတ်ကြိုက် စားပေးလို့ရတဲ့ အစားအစာ တစ်မျိုးပါ။ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာ​ကြောင့် သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကဲ …. အရသာ ရှိတဲ့ ဇီးပန်းသီးလေး စားပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။ဇီးပန်းသီးက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/jujube-fruit-benefits/
ဆေးလိပ်သောက်တာရပ်လိုက်ရင် သင့် ခန္ဓါကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ။
လူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ် လက်လျှော့တတ်ကြသည်။သို့သော်လည်း အမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည် နှင့်တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာ ဖြစ်သည်။အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများဖြစ်ပါသည်။(၁) မိနစ် ၂၀ အကြာ။နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်းမြင့် တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန် ဖြစ်သွားသည်။(၂) ၈ နာရီအကြာ။သင်ရှူထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓါတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ သင်နောက်ဆုံး ဆေးလိပ်သောက်ခဲ့ချိန်မှ ၈ နာရီခန့်ကြာမြင့်သောအခါ ခန္ဓါကိုယ်မှ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုဒ် ကိုစွန့်ထုတ်ပြီး ဖြစ်သည့်အတွက် သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏသည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။(၃) ၂၄ နာရီအကြာ။၁ရက်ခန့်ကြာပြီးသောအခါ သင်၏ အဆုတ်က သန့်ရှင်းရေး ပြုလုပ်သည့်အတွက် ချွဲနှင့် စွန့်ပစ်အပိုင်းအစများကို။အပြင်သို့ ရှင်းလင်း ဖယ်ထုတ်ပေးသည်။(၄) ၄၈ နာရီအကြာ။နီကိုတင်းသည် သင်၏ အနံ့ နှင့် အရသာ အာရုံခံခြင်းတို့ အပေါ်လည်း သက်ရောက်မှုရှိသည့် အတွက် ဆေးလိပ်ဖြတ်ပြီး သောအခါ နီကိုတင်း မရှိတော့သဖြင့် အာရုံခံစားမှုလည်း ပိုမိုကောင်းမွန်လာသည်။(၅) ရက်သတ္တပတ် ၂ ပတ်မှ ၁၂ ပတ်ခန့်အကြာ။ဆေးလိပ်သောက်ခြင်းက ခန္ဓါကိုယ်သွေးလှည့်စနစ်ကို ထိခိုက်သည့်အတွက် ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ခြင်းမျိုး ကြုံရတတ်သည်။ ဆေးလိပ်ဖြတ်ပြီးသောအခါ ထိုပြဿနာ မရှိတော့သည့်အတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်သောအခါ အမောခံနိုင်လာသည်။(၆) ၃ လမှ ၉ လ အကြာ။နီကိုတင်းနှင့် ဝေးလေလေ သင့်ကျန်းမာရေးသည်လည်း ဆက်လက် တိုးတက်လေလေ ဖြစ်သည်။ သင်၏ အဆုတ်သည် ပြန်လည် ကောင်းမွန်ရှင်သန်ရန် အချိန်ကောင်းစွာ ရပြီးသောအခါ ချောင်းဆိုးခြင်း၊လေပြွန်ကျဉ်းခြင်း နှင့် အသက်ရှူ။လမ်းကြောင်းဆိုင်ရာရောဂါများလည်း တစ်စ တစ်စ သက်သာလာသည်။(၇) ၁ နှစ်အကြာ။သိပ္ပံပညာရှင်များက ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကို ကျဉ်းစေသော အဆီခဲများကို ဖြစ်တည်စေနိုင်ကြောင်း ယုံကြည်ကြသည်။ သွေးကြောကျဉ်းရာ မှတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ခံစားရစေနိုင်သည်။ ဆေးလိပ်ဖြတ်ပြီး ၁ နှစ်ခန့်အကြာတွင် သင့်အနေဖြင့် နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ ရပ်တန့်ပြီးဖြစ်သည်။(၈) နီကိုတင်းဖြတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ။နီကိုတင်းသည် စွဲလန်းစေတတ်သောကြောင့် နီကိုတင်းဖြတ်လိုက်လျှင် အောက်ပါလက္ခဏာ တို့ကို ခံစားရနိုင်သည်။ထိုလက္ခဏာများသည် အလွန်အခံရခက်သည် မှန်သော်လည်း သင်ဆေးလိပ်ဖြတ်ပြီးသောအခါ ခန္ဓါကိုယ်က ပြန်လည် ကောင်းမွန်အောင် ပြုပြင်နေကြောင်းပြသည့် ကောင်းသောလက္ခဏာ ဖြစ်ပါသည်။ ဆေးလိပ်ဖြတ်ရန် ပျက်ကွက်ပြီး ဆေးလိပ်ပြန်သောက်ပါက ယခင်အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။ ဆေးလိပ်ဖြတ်ပြီး ထိုလက္ခဏာများသည် တစ်လခန့်အထိ ကြာတတ်သည်။ သင်ကိုယ်တိုင်အတွက် ထိုအချိန်ကို အကောင်းဆုံး ကြိုးစားကျော်ဖြတ် သင့်သည်။ နီကိုတင်းဖြတ်ခြင်း ကာလကို ကျော်လွှားအောင်မြင်နိုင်ပါက သင့်ကျန်းမာရေး အတွက် သိသာသော တိုးတက်မှုများကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%9b%e1%80%95%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%b9/
ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲ ။ ။
အားလုံးတစ်ချိန်မဟုတ်တစ်ချိန်မှာတော့ ဖြစ်ဖူးကြမှာပါ။ဆီးသွားချင်ပေမယ့် မအားသေးလို့၊ အိမ်သာမရှိလို့ အောင့်ထားရတဲ့ အဖြစ်မျိုး ။ တစ်ချို့ဆိုလည်း အိပ်ချင်နေတဲ့အချိန် ဆီးသွားချင်ရင် အိမ်သာမသွားတော့ဘဲ အောင့်ထားလိုက်တာမျိုး။ ဒီလိုမျိုး ဆီးသွားချင်နေရက်နဲ့ အောင့်ထားတတ်တဲ့ အကျင့်ရှိလာရင် ကြာလာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်မှာလဲ ။ ။ဆီးအောင့်ထားတာကို အရင်မပြောခင်ဆီးအိတ်ကနေ ဆီးပမာဏ ဘယ်လောက်ကို သိုလှောင်ထားနိုင်သလဲဆိုတာ အရင်ပြောပြပါမယ် ။ ပုံမှန် ဆီးအိတ်တစ်ခုဟာဆီးပမာဏ၁၆ အောင်စ ( ဒါမှမဟုတ်) ဆီး ၂ ခွက်လောက်ကို ထိန်းထားနိုင်ပါတယ်။ ၂ နှစ် အရွယ်ကလေးတွေမှာဆို ဆီးအိတ်က ၄ အောင်စလောက်အထိပဲ ထိန်းထားနိုင်ပါတယ်။ ၂ နှစ်ထက်ကြီးတဲ့ ကလေးတွေကိုဆိုရင် သူတို့ရှိနေတဲ့ အသက်ကို ၂ နဲ့စားပြီး ၆ နဲပေါင်းလို့ ရလာတဲ့ ပမာဏဟာဆီးအိတ်ကနေ ဆီးတွေကို သိုလှောင်ထားနိုင်တဲ့ ပမာဏပါ။ကဲ အောင့်ထားတော့ဘာတွေ ဆက်ဖြစ်မလဲ .။ ။ကဲ ဒီတော့ ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဆီးကို လုံးဝကို မတတ်သာတဲ့ အချိန်မျိုးရောက်မှသာ အောင့်ထားသင့်တယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/holding-pee/
Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ
အပြင်လည်း မထွက်ရဲ၊ ဆေးခန်းလည်း ပြလို့အဆင်မပြေတဲ့ ဒီလို ကာလမျိုးမှာ ကလေး နေမကောင်းဖြစ်ရင် အတော်ဒုက္ခရောက်ရပါတယ်။ Covid-19 အတွက် အစိုးရိမ်ပိုနေရချိန်မှာ ကိုယ့်ရဲ့ ကလေးနေမကောင်း ဖြစ်ခဲ့ရင်မေမေတို့လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေ အကြံပေးလိုက်ပါရစေနော်။ဒါမှ မလိုလားအပ်တဲ့ Covid-19 အန္တရာယ်ကို ရှောင်ရှားနိုင်မှာ ဖြစ်လို့ပါပဲ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%b1%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ
ဒီတစ်ခါ စိတ်မလုံခြုံမှု ရှိတဲ့သူတွေအကြောင်း ပြောမယ်။အလုပ်ထဲမှာဖြစ်ဖြစ် လူစုံစုံရှိရင်ပဲဖြစ်ဖြစ် အသံကျယ်ကျယ် စကားပြော၊ လူတော်တော်များများနဲ့ မတည့်၊ လူတိုင်းကို ဟိန်းလိုက်ဟောက်လိုက်လုပ်ပြီး သူဘယ်လောက်တော်ကြောင်း တတ်ကြောင်း ချမ်းသာကြွယ်ဝကြောင်း ပြောပြောနေတတ်တဲ့သူကို မြင်ဖူးလား။ အဲဒါကစိတ်မလုံခြုံမှု(insecurity) ရဲ့ လက္ခဏာပါ။လူတိုင်းမှာ စိတ်မလုံခြုံမှုတွေ ရှိတယ်။ အကြောင်းအရင်း မျိုးစုံနဲ့ စိတ်ရဲ့ မလုံခြုံမှုကို ခံစားရတယ်။ တချို့မှာတော့ ပိုဆိုးတယ်။ စိတ်မလုံခြုံတဲ့သူတွေ တော်တော်များများမှာ ဆင်တူတဲ့လက္ခဏာတွေရှိတတ်တယ်။ ဒီတော့ စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ က ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……။စိတ်မလုံခြုံသူတွေမှာ ရှိတဲ့ ခံစားချက်တစ်ခုက သူတို့ဟာ သူများထက် အောက်ကျမနေဘူး ပိုမို သာလွန်တယ်ဆိုတာကို တခြားသူတွေ သိစေချင်တယ်။ တန်းတူမဟုတ်ဘူးနော်။ သူက တခြားသူတွေထက် သာတယ်လို့ အထင်ခံရချင်တာ။ ဒီတော့ သူ့မှာရှိတာတွေရော မရှိတာတွေရော ကြွားတော့တာပဲ။ ကြွားတာကတော့ လူတိုင်းကြွားတာပဲ။ ဒါပေမယ့် သာမန်ထက် ပိုထူးပြီး ကြွားနေပြီဆိုရင်တော့ အဲဒါသေချာတယ်။ကိုယ့်မှာရှိတဲ့အငုံ့စိတ်ကို ပယ်ဖျက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းက ကိုယ်က အရေးပါအရာရောက်တဲ့သူဆိုတာ သိစေတာပဲလို့ သူတို့က ယူဆပါတယ်။ ဒီတော့ ဟိန်းလိုက်ဟောက်လိုက် မရှိရှိတဲ့ အာဏာပါဝါလေးကို ပြလိုက်နဲ့ သူတို့ကိုယ်သူတို့ တန်းမြှင့်ဖို့ ကြိုးစားရတယ်။ မြင်ဖူးတယ်မဟုတ်လား ခွင်ထဲရောက်တာနဲ့ လုပ်ပိုင်ခွင့်ကို အစွမ်းကုန် အသုံးချ ပြတော့တာလေ။ ရပ်ကွက်ထဲက တချို့ဆယ်အိမ်မှူး ရာအိမ်မှူး တာဝန်ယူထားရတဲ့သူတွေ။ လက်ပတ်လေး ပတ်ထားကြတဲ့သူတွေ။ ဓာတ်လှေကား မောင်းတဲ့သူမှာတောင် ဒီလိုမျိုးရှိတယ်။ သူတို့ရဲ့ ပါဝါပြမှုက သူတို့ကိုယ်သူတို့ ပြန်ဖြေသိမ့်ခြင်း နည်းလမ်းတစ်ခုပဲ။ ငါအရေးပါပါတယ်ပေါ့။စိတ်မလုံခြုံသူတွေ ရဲ့ စဉ်းစားပုံနဲ့ သူတို့ကိုယ်သူတို့ ရှုမြင်ပုံက တခြားသူတွေနဲ့ အမြဲ နှိုင်းယှဉ်နေလေ့ရှိတယ်။ သူတို့ကိုယ်သူတို့ မြင့်တယ်လို့ ခံစားရဖို့အတွက် တခြားသူတွေကို နှိမ့်ချထားမှ ဖြစ်မယ်လို့ တွေးတယ်။ ဒီတော့ တခြားသူတွေဟာ သူတို့လောက် မတော်တဲ့ မတတ်တဲ့သူတွေအဖြစ် ပြောဆိုနှိမ့်ချတယ်။ လူတစ်ယောက်ချင်းစီရဲ့ နောက်မှာအတင်းအဖျင်းပြောတယ်။ သူတို့သာ အတော်ဆုံး အကောင်းဆုံး ကျန်တဲ့သူတွေကတော့ မကောင်းတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့သူတွေပေါ့။သူတို့ဆီမှာ ငြင်းစရာအပြည့်ပဲ။ ဘယ်လို အကြောင်းအရာမျိုးအတွက်မဆို သူတို့မှာ ငြင်းခုန်စရာ ရှိတယ်။ သူတို့ရဲ့လုပ်ရပ်တွေအပြောအဆိုတွေကို တခြားသူတွေက ဝေဖန်တာ အကြံပေးတာမျိုး လုပ်မယ်ဆိုရင်တော့ ကတ်ကတ်လန်အောင် ပြန်ရန်တွေ့မယ်၊ ဒါမှမဟုတ် အဲဒီလို မဟုတ်ကြောင်း အပြင်းအထန် ကာကွယ် ပြောဆိုတော့တာပဲ။ သူတို့က အမြဲမှန်တယ်လို့ ထင်နေကြတဲ့သူတွေပါ။တချို့တွေဟာ အနားမှာနေရတာ၊ စကား လေးငါးမိနစ်လောက် ပြောတာ နောက်ဆုံး သူတို့ကို ကြည့်ရတာကိုက စိတ်ညစ်ညူးစရာကြီးလို့ ခံစားရတာမျိုး ကြုံဖူးလား။ တကယ်လည်း သူတို့တွေဟာ စိတ်ညစ်ညူးစရာတွေပဲ ဖြန့်ဝေလေ့ရှိပါတယ်။သူတို့ဆီက ထွက်သမျှ အကြောင်းအရာတိုင်းက မကောင်းတာတွေ၊ သူများအတင်းအဖျင်းတွေ၊ မကျေနပ်ချက်တွေ၊ အကြောင်းပြချက်တွေ၊ ငြင်းခုန် တိုင်တောသံတွေချည်းပဲ။ သူတို့ရဲ့ အမြင်မှာကိုက ပျော်စရာ ဝမ်းသာစရာတွေထက် မကောင်းတာတွေကိုပဲ အရင်မြင်နေတာ။ဒီအချက်တွေရှိနေပြီဆိုရင် insecurity သိပ်များတဲ့သူဆိုတာကို သိနိုင်ပါတယ်။ ကိုယ်တိုင်လည်း အဲဒီထဲက တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်မလုံခြုံမှုက ကိုယ်တိုင်တောင်မသိဘဲ ဖြစ်နေတာမျိုး ရှိပါတယ်။စိတ်မလုံခြုံမှုတွေကို ဖြေဖျောက်ဖို့ဆိုရင် ကိုယ်ဟာ ဘယ်လိုလူလဲ ဘာတွေ အားသာချက်ရှိပြီး အားနည်းချက်က ဘာတွေရှိနေလဲ အစရှိတဲ့ ကိုယ့်ကိုကိုယ် သိဖို့က အရေးကြီး ပါတယ်။ကိုယ့်ကိုကိုယ် သိတဲ့သူက တခြားသူတွေနဲ့ နှိုင်းယှဉ်ဖို့အတွက် မကြိုးစားတော့ဘူး။ နှိုင်းယှဉ်ပြီး သူကတော့ သာတယ် ငါကတော့ညံ့တယ်ဆိုတာတွေ မတွေးရင် အငုံ့စိတ်တွေလည်း ဖြစ်မလာနိုင်တော့ဘူး။လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီနေစရာမလိုဘူး။ ပေးထားချက်တွေမတူသလိုအားနည်းချက်အားသာချက်တွေလည်း တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ ဘာမှ မတူညီတဲ့သူနဲ့ကိုယ် နှိုင်းယှဉ်တာကအငုံ့စိတ်တွေ ဖြစ်ပေါ်လာဖို့ အားပေးသလို ဖြစ်စေပါတယ်။ ကိုယ့်ဘဝကိုယ်စိတ်ကျေနပ်မှုရှိရင် တော်ပြီပေါ့။Dr.Thin Yadanar။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/signs-of-insecurity/
နို့တိုက်မေမေ ကြက်ပေါင်းရည် (Chicken essence) သောက်ပေးရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ!
အသစ်စက်စက် မေမေတိုင်း စိုးရိမ်တတ်တဲ့ အကြောင်းအရင်းလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဘေဘီလေးကိုမိခင်နို့ လုံလောက်အောင်တိုက်ဖို့အတွက် လုံလောက်တဲ့ မိခင်နို့ ရမလားဆိုတာပေါ့။ ဒီစိုးရိမ်မှုတွေကို ပြေလျော့စေဖို့ နည်းလမ်းကောင်းလေးကို ဒီတစ်ခေါက် ပြောပြပေးသွားဖို့ ရှိပါတယ်။ ဘာအကြောင်းလေးလဲဆိုတော့ နို့တိုက်မေမေ ကြက်ပေါင်းရည် (Chicken essence) သောက်ပေးရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ ဆိုတာပါ။ဒီအကြောင်းကိုမပြောခင် အရင်ဆုံးမိခင်နို့တိုက်ကျွေးပေးခြင်းက ဘေဘီလေးမှာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။မိခင်နို့ဆိုတာက ကလေးတွေအတွက် အပြည့်စုံဆုံးသောအာဟာရဓာတ်တစ်ခုပါ။ အကြောင်းကတော့ မိခင်နို့မှာ အာဟာရဓာတ်တွေက အချိုးအစားမှန်ကန်စွာ ပါဝင်နေတာကြောင့်ပါ။ မိခင်နို့ကဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးဆဲ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အခြား ခန္ဓာကိုယ်စနစ်တွေအတွက် အသိမ်မွေ့ဆုံးသော အာဟာရပါ။ ဒါကြောင့်ပဲ ကလေးကို မွေးစကနေ အနည်းဆုံး ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ဖို့နဲ့ ဖြစ်နိုင်ရင် အသက် ၂ နှစ်အထိ မိခင်နို့ ဆက်တိုက်ပေးဖို့ ပြောရတာပေါ့။ဘေဘီလေးကို မိခင်နို့ တိုက်ကျွေးပေးတဲ့အခါ ကလေးကို လုံလောက်တဲ့ အာဟာရ ရရှိစေသလို ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။ နောက်တစ်ချက်က မိခင်နို့ကို အခြားသော ဖြည့်စွက်အာဟာရတွေထက် ကလေးရဲ့ ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူနိုင်တာပါ။ မိခင်နို့မှာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေနိုင်တဲ့ အာဟာရတွေ ပါဝင်နေသလို အမြင်အာရုံကို ကောင်းစွာ ဖွံ့ဖြိုးစေနိုင်တဲ့ အဆီဓာတ်တွေလည်း ပါဝင်နေပါတယ်။ဘေဘီလေးကိုကောင်းကောင်း ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။နောက်တစ်ခု ရှိတာက မိခင်နို့က ဘေဘီလေးတွေကို ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်သေးတယ်ဆိုတာပါ။ မိခင်နို့ တိုက်ကျွေးတာက ကလေးကို အစာခြေစနစ် ပိုးဝင်တာ၊ အဆုတ်နဲ့ နားကို ပိုးဝင်ကူးစက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ကူးစက်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဒါတွေအပြင် ကလေးကို ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ထိခိုက်မှုလည်း ကင်းစေနိုင်ပါတယ်။ မွေးကင်းစကလေး ရုတ်တရက်သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ပြီး ကလေးက ဝမ်းပျက်တာမျိုး ဖြစ်နိုင်ခြေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှုကိုလည်း လျှော့ချပေးနိုင်မှာပါ။ နောက်ပြီး ကလေးမှာ သွေးကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကိုလည်း ကင်းဝေးစေမှာပါ။ အရွယ်ရောက်လာချိန်မှာ ဆီးချိုဖြစ်တာနဲ့အဝလွန်တာလိုမျိုး နာတာရှည်ကျန်းမာရေး အခြေအနေတွေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။မေမေတို့အတွက်ဆိုရင်လည်း ဘေဘီလေးကို မိခင်နို့ တိုက်ကျွေးတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သလို ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။မိခင်နို့ရဲ့ ကောင်းကျိုးတွေကို သိပြီးပြီဆိုတော့ နို့တိုက်မေမေ ကြက်ပေါင်းရည် (Chicken essence) သောက်ပေးရင် ဘယ်လိုကောင်းကျိုးလေးတွေ ရနိုင်မလဲ ဆိုတာကို ဆက်ပြောပြပေးမယ်နော်။နို့တိုက်နေချိန်မှာ မေမေ့အနေနဲ့ကြက်ပေါင်းရည်(Chicken essence) ကို သောက်ပေးမယ်ဆိုရင်တော့။မေမေ့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်ကတည်းကစပြီး ကြက်ပေါင်းရည်ကို သောက်ပေးမယ်ဆိုရင်တော့ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ကလေးကိုရောဂါဆိုးတွေကနေ ကာကွယ်ပေးနိုင်မယ့် နို့ဦးရည် ကောင်းကောင်း ထွက်ရှိစေမှာ ဖြစ်သလို နို့ဦးရည်မှာလည်း အာဟာရ ပြည့်ဝစေမှာပါ။နို့တိုက်မေမေတိုင်း စိုးရိမ်ရတဲ့ နို့ထွက် နည်းစေမှာကို ကာကွယ်ချင်တယ်ဆိုရင်တော့ ကြက်ပေါင်းရည်ကို ပုံမှန်လေး သောက်ပေးလို့ ရပါတယ်။ အကြောင်းကတော့ ကြက်သားကနေရတဲ့ ပရိုတင်းနဲ့ ဗီတာမင်တွေကနို့ထွက်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။နို့တိုက်နေချိန်မှာ မေမေ ကျန်းမာမှ ဘေဘီလေးကို လုံလောက်တဲ့မိခင်နို့ချိုတိုက်ကျွေးနိုင်မှာပါ။ မေမေ့အနေနဲ့ ကြက်ပေါင်းရည်ကို ပုံမှန်သောက်ပေးတာက မေမေ့ ကိုယ်ခံအားကို အားဖြည့်ရာရောက်သလို ဘေဘီလေးကိုလည်း လုံလောက်တဲ့ မိခင်နို့ ရရှိစေမှာပါ။ကလေးမွေးဖွားပြီးချိန်နဲ့ ဘေဘီလေးကိုမိခင်နို့တိုက်ကျွေးနေချိန်မှာ မေမေတွေဟာ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကို ကင်းဝေးစေဖို့ဆိုရင်တော့ မေမေ့အနေနဲ့ နေ့စဉ်မှာ အာဟာရပြည့်ဝတဲ့ ကြက်ပေါင်းရည်ကို သောက်ပြီး စိတ်ဖိစီးနိုင်ခြေကို လျှော့ချပေးလို့ ရပါတယ်။နို့တိုက်နေရတာကြောင့် အားအင်ကုန်ခမ်းတာမျိုး၊ ဘေဘီလေးကနေ့ည မှားတာကြောင့် အိပ်ရေးပျက်ပြီး အားမရှိသလို ဖြစ်တာတွေကို သက်သာစေဖို့ဆိုရင် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းမိဖို့ လိုပါမယ်။ ဒါကြောင့် မေမေ့အနေနဲ့ နို့တိုက်နေချိန်မှာ အာဟာရ ပြည့်ဝအောင် ဂရုစိုက် စားသုံးပေးပါ။ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဘေဘီလေးတွေမှာဆိုရင်လည်း မေမေက ကြက်ပေါင်းရည် သောက်တာကြောင့် ကောင်းမွန်တဲ့ နို့ဦးရည်ကို စို့ရပြီး ကိုယ်ခံအား ကောင်းကာ ဖျားနာမှု ကင်းစေမှာ ဖြစ်သလို အစာခြေစနစ်ပြဿနာ ကင်းပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှာပါ။အခုလောက်ဆိုရင်တော့ အဖြေထွက်လောက်ပြီ ထင်ပါတယ်နော်။ မေမေရော ဘေဘီလေးပါ ပျော်ရွှင်ကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ……….။#အမှာစကား။ဘေဘီလေး ကျန်းမာစေဖို့အတွက် နို့ဦးရည်အပါအဝင် မိခင်နို့ကို လုံလောက် ပြည့်ဝစွာ ရရှိဖို့ လိုသလို နို့ချို တိုက်ကျွေးမယ့် မေမေကလည်း အာဟာရ လုံလောက် ပြည့်ဝဖို့လည်း လိုပါမယ်။ ဒါကြောင့် ဘေဘီလေးကို မိခင်နို့ တိုက်ကျွေးနေချိန်မှာ မေမေက အာဟာရပြည့်ဝအောင် စားသုံးတာ၊ အိပ်ရေးဝဝ အိပ်စက်တာတွေ လုပ်ဆောင်ဖို့ လိုပါမယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/chicken-essence-benefits-for-breastfeeding-moms/
ဘာကြောင့် ဆီးခဏခဏ သွားချင်ရတာလဲ။ ဆီးချိုရှိနေပြီလား ။ ။
ဆီးတို့ ဝမ်းတို့ဆိုတာ ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပေမယ့် ကိုယ့်ကျန်းမာရေး အခြေအနေကို တစ်ဘက်တစ်လမ်းကနေ ဖော်ပြပေးနေတဲ့ အရာတွေဆိုလည်း မမှားပါဘူး။ လူတိုင်းနီးပါးသိထားကြတာကတော့ နာမည်ကြီးဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခုက ဆီးခဏခဏ သွားချင်တာပါပဲ။ အဲလိုဆီးခဏခဏသွားနေပြီဆိုတာနဲ့ လူတိုင်း စတွေးကြတာ ငါမှာ့ဆီးချိုရှိနေပြီလားဆိုတဲ့ အတွေးပါ။ ကဲ ဆီးခဏခဏ သွားတိုင်း ဆီးချို ဖြစ်ရောလား ဆိုတာကို ကြည့်ရအောင်။ ။ဆီးခဏခဏ သွားတဲ့ အကြောင်းမပြောခင် အရင်ဆုံး ပုံမှန် ဆီးသွားတဲ့ အကြိမ်အရေအတွက် ကိုသိဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆီး ၇ကြိမ်ကနေ ၈ကြိမ်လောက်အထိ ၂၄ နာရီအတွင်း သွားလေ့ရှိပါတယ်။ ညဘက်အိပ်နေရင်း သန်းခေါင်ကျော်မှ ဆီးထသွားရတာမျိုးကလည်း ပုံမှန်ဖြစ်တတ်ပါတယ်။ အိပ်ရာဝင်ခါနီး ရောအများကြီးသောက်မိတဲ့ အခါမျိုးမှာပေါ့။ဆီးခဏခဏ သွားချင်တာနဲ့ ဆီးမထိန်းနိုင်တာနဲ့က မတူပါဘူး။ ဆီးခဏခဏ သွားဖြစ်ဖို့ဆို။ဒီလို ဆီးခဏခဏ သွားချင်ရတာက ရောဂါ တစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။အားလုံး သိကြတဲ့အတိုင်း ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ ထိပ်ဆုံး နာမည့်ကြီး ရောဂါတစ်ခုကတော့ ဆီးချိုရောဂါပါ။ သွေးတွင်းမှာ မြင့်တက်နေတဲ့သကြားဓါတ်တွေ ပြန်လျော့ကျစေဖို့ ေကျာက်ကပ်ကဆီးနဲ့အတူ သကြားတွေကို စွန့်ထုတ်ရတာကြောင့် ဆီးချိုသမားတွေမှာ ဆီးသွားတဲ့ အကြိမ်အရေအတွက် များရခြင်းဖြစ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ြခင်းဟာ ဆီးခဏခဏ သွားခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက အဖြစ်အများဆုံး တစ်ခုပါ။ ဆီးလမ်ေးကြာင်းထဲကို ဝင်လာတဲ့ဘက်တီးရီးယားရောဂါပိုးတွေကရောင်ရမ်းခြင်းကိုဖြစ်စေလို့ ဆီးအိတ်က အရင်လို ဆီးထိန်းနိုင်အားမကောင်းတော့ပါဘူး။ ဒီလိုနဲ့ ဆီးအိတ်နည်းနည်းလေးတင်းလာတိုင်း ဆီးသွားချင်နေရတာဖြစ်ပါတယ်။ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ စကားပုံလေး ကြားဖူးကြမှာပါ။အမျိုးသားတွေမှာပဲ ရှိတဲ့ဆီးကျိတ်ကြီးလာတဲ့အခါဆီးအိတ်ကို သွားပိနေတတ်ပြီး ဆီးသွားတာကို ထိခိုက်စေတတ်ပါတယ်။ အသက် ၅၀ ကျော်တဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းက ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဆီးကျိတ်ကြီးတာက ဆီးခဏခဏ သွားခြင်းကို ဖြစ်စေသလို ဆီးသွားရခက်တာ၊ ဆီးသွားရင်နာတာ၊ ဆီးသွားပြီးရင်လည်း ဆီးတွေ စိမ့်ကျနေတာတွေကို ဖြစ်စေပါတယ်။ကိုယ်ဝန်ဆောင်ချိန် ဆီးခဏခဏသွားချင်ရတာဟာ စိုးရိမ်ရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ကိုယ်ဝန်သက်တမ်းရင့်လာလေလေ ကြီးလာတဲ့ သားအိမ်က ဆီးအိတ်ကို သွားဖိမိပြီး ဆီးတွေ ခဏခဏ သွားချင်လေလေပါပဲ။ ဒါ့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ခုခံအားကျဆင်းနေတဲ့အတွက်ကြောင့် ပုံမှန်လူတွေထက် ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ အလားအလာပိုများနေတတ်ပါတယ်။တစ်ခြားအကြောင်းအရင်းတွေကတော့။ကဲ ဒါတွေကတော့ ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဆီးခဏခဏသွားချင်တိုင်း ဆီးချို ဖြစ်နေတာမဟုတ်သလို ပုံမှန်လို့လည်း ပြောလို့ မရပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ထဲ့ သံသယ ရှိနေပြီဆိုတာနဲ့ ဆရာဝန်ဆီမှာ သေချာစမ်းသပ်စစ်ဆေးမှု ခံယူဖို့တော့ လိုလိမ့်မယ်နော်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/urination/
နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ
နာတာရှည် လေပြွန်ကျဉ်းရောဂါ(COPD)ဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အဆုတ်ရောဂါ ၁၀ခုထဲမှာ ပါပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာနာတာရှည် လေပြွန်ရောင်တာနဲ့ အဆုတ်လေအိတ်ငယ်များ ပျက်စီးတဲ့ ရောဂါဆိုပြီး နှစ်ခုရှိပါတယ်။ တချို့တွေမှာတော့ တစ်ယောက်တည်းမှာပဲ နှစ်ခုလုံး ဖြစ်နေတတ်ပါတယ်။နာတာရှည် လေပြွန်ကျဉ်းရောဂါက နာတာရှည်ရောဂါဖြစ်တဲ့အပြင် အပြီးပျောက်အောင် ကုသလို့လည်း မရပါဘူး။ လေပြွန်တွေ၊ အဆုတ်တွေ ပျက်စီးကုန်တာကြောင့်ပါ။ ရေရှည်မှာ လူနာခံစားရတဲ့ ဝေဒနာတွေ သက်သာဖို့၊ ပိုဆိုးမလာဖို့၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်မလာဖို့၊ သာမန်လူလို သွားလာလှုပ်ရှားနိုင်ဖို့ ကုသပေးရပါတယ်။ဒါကြောင့် နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံး နည်းလမ်းပါပဲ။ ကံကောင်းတာက ရောဂါ ဖြစ်စေတဲ့ အချက်တွေ တော်တော်များများက ကြိုတင်ကာကွယ်လို့ ရနေတာပါပဲ။ ဒီတော့ နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ က ဘာတေါများဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ ကတော့။ဆေးလိပ်လို့ ပြောရင် သောက်တာရော ရှူတာရော ပါပါတယ်။ WHOက ၂၀၃၀လောက်ကျရင် ဆေးလိပ်ကြောင့် သေဆုံးတဲ့သူဦးရေက ၈.၃သန်း လောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက ဆေးလိပ်သောက်တိုင်း နာတာရှည် လေပြွန်ကျဉ်းလာမယ်လို့ ယတိပြတ် မပြောနိုင်ပေမယ့် COPDရှိတဲ့သူတွေကို ကြည့်လိုက်ရင် ဆေးလိပ်သောက်တတ်တာကို တွေ့ရပါတယ်တဲ့။ဆေးလိပ်သောက်တဲ့အခါ ဓာတုပစ္စည်း အမျိုးပေါင်း ၇၀၀၀ကျော်လောက် ထွက်လာပြီး အများစုက အဆုတ်ကို ထိခိုက်စေတဲ့အရာတွေပါပဲ။ ဒီဓာတုပစ္စည်းတွေက အဆုတ်ရဲ့ ပိုးဝင်ခုခံနိုင်စွမ်းကို ကျစေတယ်၊ လေပြွန်တွေကို ရောင်ရမ်းစေတယ်၊ လေအိတ်တွေကို ပျက်စီးစေတယ်။ ဒါတွေအားလုံးက နာတာရှည်အဆုတ်ရောင်ရောဂါကို ဦးတည်နေတာပါပဲ။ဆေးလိပ်သောက်တာ ကြာလေလေ၊ များများသောက်လေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။ ဆေးလိပ်လို့ ပြောပေမယ့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးတံ အကုန်ပါပါတယ်။ဆေးလိပ်အကြောင်းပြောရင်တဆင့်ခံဆေးလိပ်ငွေ့ကို မေ့ခဲ့လို့ မဖြစ်ပါဘူး။ ဆေးလိပ်ငွေ့ကို အချိန်ကြာမြင့်စွာ ရှူရှိုက်ခဲ့ရတယ်ဆိုရင် သောက်တဲ့သူနည်းတူ ရောဂါဖြစ်နိုင်ခြေလည်း လိုက်တက်လာမှာပါ။WHOက COPDရောဂါရှင်တွေကို နိုင်ငံတိုင်းမှာ တွေ့နိုင်ပါတယ်တဲ့။ ဘာကြောင့်လည်းဆိုတော့ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကျ ဆေးလိပ်က အဓိက အကြောင်းရင်း ဖြစ်နေပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ လေထုညစ်ညမ်းမှု (အထူးသဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှု) က အဓိက တရားခံပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီနိုင်ငံတွေမှာက လျှပ်စစ်နဲ့ ဂတ်စ်တွေအစား ထင်း၊ မီးသွေးတွေနဲ့ ချက်ပြုတ်တာကြောင့်ပါတဲ့။ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ တစ်နေကုန် အိမ်တွင်းအောင်းပြီး ချက်ပြုတ်နေရတဲ့ အမျိုးသမီးတွေက ဆေးလိပ်လည်း မသောက်ပါဘဲနဲ့ အမျိုးသားတွေထက် နာတာရှည် အဆုတ်ရောင်ရောဂါ ပိုဖြစ်တာ တွေ့ရပါတယ်။ သူတို့တင် မဟုတ်ပါဘူး။ အိမ်မှာအတူနေတဲ့ ကလေးတွေပါ ဖြစ်နိုင်ခြေ များလာပါတယ်။ လေဝင်လေထွက်မကောင်းတဲ့ အိမ်တွေဆို ပိုဆိုးပါတယ်။အိမ်တွင်းလေထုညစ်ညမ်းမှုအပြင် ပြင်ပက လေထုညစ်ညမ်းမှုကလည်း လူတွေရဲ့ အဆုတ်ကို ခြိမ်းခြောက်နေပါသေးတယ်။ စက်ရုံ၊ အလုပ်ရုံတွေ များလာတာ၊ ကားတွေများလာတာကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေ၊ ဓာတ်ငွေ့တွေကလည်း လေထုညစ်ညညမ်းမှုရဲ့ တရားခံပါပဲ။ ဒါတောင် တောမီးရှို့တာတွေ ထည့်မတွက်ရသေးပါဘူး။COPD ရောဂါရှိတဲ့သူရဲ့ ၁ရာခိုင်နှုန်းလောက်မှာ ဒီပရိုတိန်း ချို့တဲ့တာကို တွေ့ရပါတယ်။ ဒါက မျိုးဗီဇရောဂါတစ်မျိုးပါ။ မျိုးဗီဇရောဂါရှိတဲ့သူတွေမှာ ဒီပရိုတိန်းလေး ချို့တဲ့တာပေါ့။ ပုံမှန်ဆို ပရိုတိန်းကို အသည်းက ထုတ်ပြီး သွေးထဲကမှတဆင့် အဆုတ်ကို ရောက်ပါတယ်။ အဆုတ်မှာ ရှိတဲ့ လေအိတ်လေးတွေ ကြံ့ခိုင်အောင် လုပ်ပေးပါတယ်။ ဒါကြောင့် ဒီပရိုတိန်းချို့တဲ့သူတွေမှာအဆုတ်လေအိတ်လေးတွေ အလွယ်တကူ ပျက်စီးနေတာကို တွေ့ရပါတယ်။ပန်းနာရင်ကျပ်ရှိတဲ့သူတွေက ဆေးလိပ်မသောက်ဘူးဆိုရင်တောင် COPD ဖြစ်နိုင်ခြေက သာမန်လူထက် ၁၂ဆ ပိုပါတယ်တဲ့။ ဆေးလိပ်ပါသောက်တယ်ဆိုရင်တော့ ပိုဖြစ်နိုင်တာပေါ့။ ဒါကြောင့် ခဏခဏသာ ပန်းနာရင်ကျပ်ထထဖောက်နေမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ လေပြွန်တွေ ပျက်စီးပြီး COPD ဖြစ်လာမှာပါ။ကလေးဘဝထဲက ခဏခဏ အဆုတ်ပိုးဝင်ပြီး နေမကောင်းဖြစ်တတ်တဲ့သူဆိုရင် အဆုတ်က အနည်းနဲ့ အများတော့ ထိခိုက်ထားပါတယ်။ ပိုးဝင်ခုခံနိုင်စွမ်းလည်း နည်းသွားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ တီဘီဖြစ်ဖူးတဲ့သူဆိုရင် သတိထားရပါမယ်။တီဘီရှိနေတုန်းမှာလည်း သေချာကုသဖို့ လိုသလို ကုပြီးသွားရင်လည်း မကြာခဏ အဆုတ်ပိုးမဝင်အောင် နေထိုင်ရမှာပါ။အသက်ကြီးလာတာနဲ့အမျှ တစ်သက်လုံး သောက်လာတဲ့ ဆေးလိပ်တွေ၊ ရှူလာတဲ့ ဆေးလိပ်ငွေ့တွေ၊ မီးခိုးငွေ့တွေက စုပုံပြီး ဒုက္ခပေးလာတဲ့အတွက် အသက်ကြီးတဲ့သူတွေမှာ COPD အဖြစ်များပါတယ်။ ကံကောင်းတာက အသက်ကြီးရုံသက်သက်နဲ့တော့ မဖြစ်ပါဘူး။ အဆုတ်ကို ထိခိုက်စေတဲ့ အပြုအမူတွေ လုပ်ထားမှပဲ ဖြစ်လာနိုင်တာပါ။ကိုယ့်ရဲ့ အလုပ်မှာက တစ်နေကုန် မီးခိုးငွေ့တွေ၊ ဖုန်တွေ၊ အမှုန်တွေ ရှူနေရတယ်ဆိုရင် ဒါဟာ အသက်ရှူလမ်းကြောင်းကို နည်းနည်းစီ ထိခိုက်နေတာပါပဲ။ အချိန်ကြာလာလေလေ ပိုပြီး ထိခိုက်လေဖြစ်မှာပါ။COPDက အဖြစ်အများဆုံး ရောဂါထဲမှာ ပါပေမယ့် ဖြစ်စေတဲ့ အကြောင်းအရာတွေကြည့်မယ်ဆိုရင် အတော်များများက ကာကွယ်လို့ ရတဲ့ အချက်တွေ များပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြဉ်ပြီး တတ်နိုင်သမျှ ကာကွယ်ဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/copd-causes/
ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။
အားလပ်ရက်တွေဟာ ဆီးချိုသမားတွေအတွက် အင်မတန်စိုးရိမ်ရတဲ့ အချိန်ပါပဲ။ အစားအသောက်တွေအပေါ် အာရုံစိုက်ရလွန်းလို့ ဖြစ်ပါတယ်။ဘာစားရမလဲ ဘယ်လောက်စားရမလဲ မေးခွင့်မရှိတာကြောင့် အားလပ်ရပ်တွေအတွက် စိတ်မပါဖြစ်နေတတ်ပါတယ်။ကြိုတင်ပြင်ဆင်ထားရင်တော့ သိပ်စိတ်ပူစရာမလိုဘဲ ကုသပိုင်းဆိုင်ရာလည်း လမ်းမလွဲဘဲ အားလပ်ရက်ကို အပြည့်အ၀ ခံစားနိုင်ပါတယ်။မိသားစုတော်တော်များများဟာ ပိတ်ရက်တွေမှာ စားချိန်မမှန်ကြပါဘူး။ ဥပမာအနေနဲ့ ကျေးဇူးတော်နေ့ညစာကို မွန်းလွဲပိုင်းမှာ စားကြပါတယ်။ သင့်ရဲ့စားချိန်ဟာ ပုံမှန်အချိန်ဇယားနဲ့ မကိုက်ညီရင် ဘယ်လို အပြောင်းအလဲလုပ်ရမယ်ဆိုတာ ကြိုပြင်ထားပါ။အင်ဆူလင်ထိုးမယ်ဆိုရင် ဆီးချိုကျဆေးသောက်မယ်ဆိုရင် ပုံမှန်စားရမယ့်အချိန်မှာသားရေစာတခုခု စားသင့်ပါတယ်။ ဒါမှ ဂလူးကို့စ်ဓါတ်နည်းသွားတာမျိုးကို ကာကွယ်နိုင်ပါမယ်။ သင့်ကို ကုသနေသူတွေနဲ့ တိုင်ပင်ပါ။နည်းနည်းပိုစားမိတာကို ပြန်ကာမိအောင် ပုံမှန်ထက် ပိုလှုပ်ရှားတာ အကောင်းဆုံးနည်းလမ်းပါ။ စားစရာတွေနားကနေ ရှောင်နေတဲ့ အကျင့်သစ်ကို မွေးမြူပါ။မိသားစုနဲ့ လမ်းလျှောက်ထွက်ပါ။ ပန်းကန်ပြားပျံလေထဲပစ်ဆော့ပါ။ ဘောလုံးကန်ပါ။ ကလေးများ၊ မြေးများ၊ အိမ်နီးချင်းကလေးများနဲ့ ဘောလုံးကစားပါ။အသားငါး ဟင်းသီးဟင်းရွက်တွေကိုပေါင်းပြီး ပြုတ်စားရတာ ပုံမှန်စားစရာထက် အဆီနည်းပြီး အရသာမလေးဘဲ စားလို့ကောင်းပါတယ်။ ပဲစိမ်းစေ့တွေကို ပေါင်းစားတာဟာ ထောပတ်နဲ့ကြော်စားတာထက် သင့်တော်ပါတယ်။ သစ်သီးစိတ်တွေကို သကြားနည်းနည်းနဲ့ပဲ တို့စားပါ။ သစ်သီးတွေရဲ့ သဘာဝအချိုဓါတ်ဟာ သကြားအများကြီးသုံးစရာ မလိုပါဘူး။သင်ချက်ပြုတ်နေစဉ် သို့ စောင့်ဆိုင်းနေစဉ် အစာကို တစွတ်စွတ်စားပါ။ သင်ရွေးချယ်တဲ့ စားစရာတွေဟာ သင့်ဆီးချိုကိုတက်စေမယ့် အရာတွေ မဟုတ်စေဖို့တော့ ဂရုစိုက်ပါ။ အသားငါး အသီးအရွက်ပြုတ်များပါတဲ့ တပန်းကန်လောက်နဲ့ သင့်စိတ်တိုင်းကျ ကယ်လိုရီနည်းတဲ့အစာများ၊ အဆီနည်းတဲ့ ဒိန်ခဲများကို ရွေးချယ်ပါ။ ကယ်လိုရီများတဲ့ အစာများ၊ ဆီကြော်မုန့်များ မစားပါနှင့်။ကျေးဇူးတော်နေ့ရဲ့ စားစရာတွေဖြစ်တဲ့ အာလူးပေါင်း၊ ကန်စွန်းဥ၊ အစာသွတ်မုန့်၊ ပေါင်မုန့်လုံး၊ အချဉ်ရေ၊ ဖရုံသီးမုန့်နဲ့ တခြား အချိုတည်းစရာတွေဟာ ကစီဓါတ်များတတ်ပါတယ်။သင့်အတွက် မျှတရုံလောက်ပဲယူပြီး ကျန်တာကို လက်ဆင့်သာကမ်းလိုက်ပါ။ ဥပမာ အစာသွတ်မုန့်ကို စားချင်ရင် ပေါင်မုန့်လုံးကို ထပ်မရွေးပါနဲ့တော့။ ကန်စွန်းဥ ဒါမှမဟုတ် အာလူး တခုခုကိုသာ ရွေးချယ်ပါ။အားလုံးကိုစားချင်နေရင် အတိုင်းတာကိုတော့ လျှော့စားပါ။ကျေးဇူးတော်နေ့စားစရာတွေမှာ ကစီဓါတ်များတဲ့ စားစရာတွေ များတတ်တာကြောင့် ချင့်ချိန်စားပါ။ ကစီဓါတ်ပါတဲ့ စားစရာ တမျိုးနဲ့ နှစ်မျိုး ဘယ်လိုစားရမလဲ မသိရင် အားလုံးကိုယူပြီး နည်းနည်းပဲစားပါ။ပုံမှန်တနေ့စာ ကစီဓါတ်စားသလောက်ပဲ စားပါ။အသီးအရွက်ဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကံမကောင်းတာက အားလပ်ရက်စားစရာစာရင်းမှာ အသီးအရွက်တွေဟာ နည်းနည်းပဲ ပါနေပါတယ်။ ကျွန်တော်တို့ဟာ စားပွဲဝိုင်းကို စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်ပြင်ဆင်ရပါတယ်။ ဒီနေရာမှာ အရောင်အသွေးစုံတဲ့ အသီးအရွက်တွေကို ဘာလို့ မထည့်နိုင်ရမလဲ?။အသီးအရွက်တွေဟာ အရောင်အသွေးစုံပြီး အာဟာရဓါတ်လည်း အများအပြား ပါဝင်ပါတယ်။ အသီးအရွက်သုတ်ဖြစ်ဖြစ်၊ အရွက်ပြုတ်များဖြစ်ဖြစ် ပြင်ဆင်ပါ။ကစီဓါတ်နည်းတဲ့ စားစရာတေါဟာ ကယ်လိုရီပါတာ နည်းပါတယ်။ အဲဒီစားစရာတွေဟာ သင့်ကိုဗိုက်ပြည့်စေပြီး ကယ်လိုရီများတဲ့ အဆီများတဲ့ တခြားစားစရာတွေကို ရှောင်သွားပြီးသား ဖြစ်စေပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e1%80%9b%e1%80%80%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3/
ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ
ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာပဲစားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။နို့ချိုတိုက်ကျွေးနေချိန်မှာလည်း စားသောက်မှုပုံစံကို ဂရုစိုက်ဖို့လိုမှာပါ။ ဒါ့အပြင်ခွဲမွေးထားတဲ့မေမေတစ်ယောက်အနေနဲ့လည်း စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းကတော့ ခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်တာကြောင့်ခန္ဓါကိုယ်ကျန်းမာဖို့အတွက် စားသောက်မှုပုံစံကိုသေချာလေးဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ ဆိုတာ ပြောပြပေးမယ်နော်။ခွဲမွေးတာက အသေးစားခွဲစိတ်မှုတစ်ခုမဟုတ်တာကြောင့်ဆေးရုံမှာ ရိုးရိုးမွေးတဲ့သူတွေထက်ပိုနေဖို့လိုအပ်သလိုအနာကျက်ဖို့အတွက်လည်း ရက်သတ္တပတ် ၆ ပတ်လောက်အထိစောင့်ဖို့လိုပါမယ်။ ဒီကာလအတွင်းမှာချုပ်ရိုးကိုရေထိတာမျိုး၊ အလေးအပင်မတာမျိုး၊လေ့ကျင့်ခန်းခပ်ကြမ်းကြမ်း လုပ်တာမျိုးတွေ မလုပ်မိဖို့ လိုပါမယ်။ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ ဆိုတော့ ဘာတွေစားရမလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။ခွဲမွေးထားတဲ့မေမေတစ်ယောက် အနာကျက်ဖို့ အရေးကြီးတဲ့ အချက် တစ်ချက် ရှိပါတယ်။ ဒါကတော့ အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့ပါ။ပရိုတင်း ကြွယ်ဝအောင်စားပေးပါ။ပရိုတင်း ကြွယ်ဝဖို့က မေ့ထားလို့မဖြစ်တဲ့ အချက် တစ်ခုပါ။ ပရိုတင်းကတစ်ရှုးအသစ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ နို့တိုက်နေတဲ့ မိခင်တစ်ယောက် အာဟာရပြည့်ဝနေဖို့ကလ်ညး မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် အဆီမပါတဲ့အသား၊ ပဲ၊အဆီနည်းတဲ့ဒိန်ချဉ်၊ အဆီထုတ်နွားနို့တို့ကို စားသုံးပေးပါ။ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေ စားပေးပါ။ပေါင်မုန့်အညို၊ ဆန်လုံးညိုတွေစားသုံးပေးတာကမေမေအတွက်ရော၊ဘေဘီလေးအတွက်ပါကောင်းစေနိုင်ပါတယ်။ ဒါတွေအပြင်ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေမှာဘေဘီလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့မေမေကျန်းမာစေဖို့လိုအပ်တဲ့သံဓါတ်နဲ့ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ။နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ဘေဘီလေးဆီကို ကယ်လ်ဆီယမ်ပမာဏ ၂၅၀ မီလီဂရမ်ကနေ ၃၅၀ မီလီဂရမ်အထိပေးနေရတာပါ။ ဒါကြောင့်သွေးစီးဆင်းမှုကောင်းစေပြီး ချုပ်ရိုးမြန်မြန်သက်သာစေဖို့ရော၊ကြွက်သားတွေပြေလျော့စေဖို့ရော၊အရိုးပွတာတွေကိုပါကာကွယ်ဖို့အတွက် ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားပေးဖို့ မမေ့ပါနဲ့။ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ။ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေက တစ်ရှုးအသစ်တွေဖြစ်ပေးစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်သလိုကော်လာဂျင်တွေကို ထွက်ရှိစေပြီး အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပဲနံ့သာရွက်တို့ကို စားပေးပါ။လိမ္မော်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ကန်စွန်းဥတို့ကို စားပေးပါ။သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ။ခွဲမွေးထားရတဲ့မေမေတစ်ယောက် ခန္ဓါကိုယ်မှာ အားပြည့်ကျန်းမာစေဖို့အတွက်သံဓါတ်က မဖြစ်မနေလိုအပ်တာပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ သံဓါတ်ကြွယ်ဝတဲ့ကြက်ဥအနှစ်၊အနီရောင်အသားတို့ကို စားသုံးပေးပါ။အရည်များများသောက်ပါ။ရေဓါတ်ြပည့်ဝမှုကလည်း အများကြီးအထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ခွဲမွေးထားတဲ့မေမေအနေနဲ့ တစ်နေ့ကိုရေ ၈ ခွက်ကနေ၁၀ ခွက်အထိသောက်သုံးပေးပါ။ အုန်းစိမ်းရည်သောက်ပေးလို့ရသလို သံပရာရည်သောက်ပေးလို့လည်းရပါတယ်။ဒါတွေအပြင် ခွဲမွေးထားတဲ့မေမေတို့အနေနဲ့ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ ပဲနံ့သာစေ့၊ နနွင်းတို့လိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးလို့ရပါတယ်။ခွဲမွေးထားတဲ့မေမေတစ်ယောက်အနေနဲ့ ကိုယ်တိုင်ရောဘေဘီလေးပါကျန်းမာစေဖို့။ခွဲမွေးထားတဲ့မေမေ တစ်ယောက်အနေနဲ့ ဒီအချက်လေးတွေကိုလိုက်နာပေးသင့်ပါတယ်နော်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/after-c-section-delivery-foods-to-eat-and-avoid/
ပိုးသားလို နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်ရစေဖို့ နည်းလမ်း (၃) ချက်
ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ ကိုယ့်ရဲ့ဆံနွယ်ေလးတွေ နူးညံ့ပျော့ပျောင်းနေဖို့ဆိုတာမိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမဲ့ လူဆိုတာကလည်း လှချင်တဲ့ စိတ်ကများနေတော့ ဆံပင်ကို ဟိုနားက ပြုပြင်၊ ဒီနားက ပုံသွင်းလိုက်နဲ့ သေချာ ထိန်းသိမ်းမှု မလုပ်တဲ့အခါမှာ ဆံသားနဲ့ဦးရေပြားက တဖြည်းဖြည်းနဲ့ ခြောက်လာတော့တာပေါ့။ ဒီလိုမဖြစ်စေဖို့ ကာကွယ်လို့ ရမယ့် နည်းလမ်း (၃)ချက်ကို ပျိုမေတွေအတွက် ပြောပြပေးမယ်နော်။ဒီနည်းလမ်း ၃ချက်ကို သေချာလိုက်နာပေးမယ်ဆိုရင် ပျိုမေတွေလည်း ပိုးသားလေးလို နူးညံ့အိစက်တဲ့ ဆံသားကို အမြန်ဆုံး ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad%e1%80%af-%e1%80%94%e1%80%b0%e1%80%b8%e1%80%8a%e1%80%b6%e1%80%b7%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%b1/
ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ
ကလေးငယ်တွေအတွက် မိခင်နို့က အာဟာရအရှိဆုံးပါ။ အာဟာရရှိရုံတင်မကပါဘူး။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားအတွက် လိုအပ်တဲ့ ဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဒါကြောင့် ကလေးကို အနည်းဆုံး အသက်၆လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ တိုက်တွန်းတာပါ။ ဒါပေမဲ့ ကလေးတွေက ၆လပြည့်လည်း နို့မပြတ်သေးရင် ဆက်တိုက်လို့ရပါတယ်။ ဒါဆို ကလေးငယ်များကို အသက်ဘယ်လောက်အထိ မိခင်နို့တိုက်သင့်သလဲ ၊ ကောင်းကျိုးဆိုးကျိုးဘာတွေ ရှိလဲဆိုတာ ပြောပြပေးပါမယ်။ဒီဘက်ခေတ်မှာ မိခင်တွေက လုပ်ငန်းခွင်လာတာကြောင့်ရော၊ဖော်မြူလာနို့မှုန့်တွေ များများထွက်လာတာကြောင့်ရော အမေတွေက နို့စောစောဖြတ်ဖို့ ဒါမှမဟုတ် လုံးဝမတိုက်ဖို့ ဆုံးဖြတ်လာကြပါတယ်။ ဒါပေမဲ့ မိခင်နို့က ကလေးငယ်များအတွက် အကောင်းဆုံးဖြစ်တာကြောင့် တိုက်ဖြစ်အောင် တိုက်ဖို့ နှိုးဆော်နေကြတာပါ။အနည်းဆုံး ကလေးအသက် ၆လအထိတော့ မိခင်နို့တိုက်ကြပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပေးထားပါတယ်။ ဒါက အနည်းဆုံး တိုက်ရမှာပါ။ ၆လပြည့်တာနဲ့ နို့ဖြတ်လို့ ရပြီလို့ ပြောတာ မဟုတ်ပါဘူး။ ကလေးက သောက်တယ်၊ မိခင်ကလည်း တိုက်နိုင်တယ်ဆိုရင် ဆက်တိုက်လို့ ရပါတယ်။ အရင်ကတော့ ကလေးအသက် ၁နှစ်လောက်အထိ ဆက်တိုက်ဖို့ ပြောပေမဲ့ အခုတော့ ကလေးအသက် ၂နှစ်၊ ၂နှစ်ကျော်တဲ့အထိ တိုက်နိုင်ရင် ပိုကောင်းတယ်လို့American Academy of PediatricsကရောWorld Health Organizationကပါ ပြောထားတာကို တွေ့ရပါတယ်။ဒီတော့ မေမေတွေ အနည်းဆုံး ၆လအထိ  တိုက်၊ ဒီထက်ပိုတိုက်နိုင်ရင် ဆက်တိုက်လို့သာ အကြံပေးချင်ပါတယ်။မိခင်နို့ကို ကြာကြာတိုက်တာက မိခင်မှာရော ကလေးမှာပါ အကျိုးကျေးဇူးများပါတယ်။မိခင်တွေမှာဆိုရင်။ဒါက ကလေးနို့တိုက်ချိန်မှာ မိခင်ကိုယ်ထဲမှာ ဖြစ်နေတဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်လို့ ယူဆထားကြပါတယ်။ကလေးမှာဆိုရင်လည်း။မိခင်နို့မှာက ခုခံအားဓာတ်တွေ အများကြီးပါပါတယ်။ မိခင်နို့တိုက်နေသရွေ့ ဒီခုခံအားဓာတ်တွေက ကလေးဆီကို ရောက်နေပါတယ်။ အမေက အသက်ရှူလမ်းကြောင်းပိုးဝင်လို့၊ အစာခြေစနစ်ပိုးဝင်လို့ သာမန်ဖျားနာရင်တောင် ခုခံအားဓာတ်တွေ ထွက်ပြီး နို့တိုက်ရာကနေတဆင့် ကလေးဆီကို ရောက်နိုင်ပါတယ်။ ဒါဆိုကလေးကို ပိုးမဝင်အောင် အထိုက်အလျောက်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။မတော်တဆ ဖျားနာရင်တောင် မပြင်းထန်တော့ပါဘူး။ သူတို့ကိုယ်ထဲကို ခုခံအားထည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။၆လအထိကတော့ မိခင်နို့က ဦးစားပေးပါ။ မိခင်နို့ကလွဲပြီး ဘာမှထပ်တိုက်စရာမလိုပါ။၆လကျော်လို့ ဖြည့်စွက်စာကျွေးရင်တော့ ဖြည့်စွက်စာက ဦးစားပေးဖြစ်သွားပါပြီ။ ဒီအရွယ်မှာ ဖြည့်စွက်စာကို ကောင်းကောင်းစားတတ်မှ နောက်ပိုင်း လူကြီးစာတွေ ကျွေးတဲ့အခါ ပြဿနာမရှိမှာပါ။ နောက်ပြီး ဝါးရတာ၊ အစားအစာကို လက်နဲ့ ကိုင်တွယ်ပြီး စားတာကြောင့် ကလေးရဲ့ ကြွက်သားလေးတွေ ဖွံ့ဖြိုးလာမှာပါ။ကလေးက ကြီးလာပြီဖြစ်လာကြောင့် မိခင်နို့နဲ့တင် မလုံလောက်တော့ပါဘူး။ ဖြည့်စွက်စာတွေကနေ လိုအပ်တဲ့ အာဟာရကို ဆက်ယူရမှာပါ။ ဒါပေမဲ့ အမေ့ဆီကရတဲ့ ခုခံအားဓာတ်တွေကတော့ ကလေးအတွက် လိုအပ်ပါသေးတယ်။ဒါကြောင့် ၆လကျော်ပြီဆိုဖြည့်စွက်စာကို ဦးစားပေးကျွေး ပြီးမှ နို့တိုက်ရမှာ ဖြစ်ပါတယ်။ နို့ပဲသောက်ရင် ဗိုက်ပြည့်ပြီး ထမင်းမစားနိုင် ဖြစ်သွားတတ်ပါတယ်။နို့ဆက်တိုက်ခိုင်းတဲ့အခါ အမေတွေ စိုးရိမ်ကြတဲ့ ပြဿနာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ထမင်းမစားတာပါ။ ကလေးက နို့ပဲစွဲနေတော့ ဖြည့်စွက်စာမစားတာမျိုးပါ။ မိခင်နို့တိုက်တိုက် မတိုက်တိုက် ဖြည့်စွက်စာကျွေးတဲ့အချိန်ဆို မေမေတို့က စိတ်ရှည်ရပါတယ်။ အစားအစာအသစ်နဲ့ ကလေးနဲ့ ရင်းနှီးအောင် ကြိုစားပေးရပါတယ်။ ထမင်းမစားမှာစိုးရင် ထမင်းစားပြီးမှ နို့တိုက်တဲ့ အကျင့်ကို လုပ်ပါ။ ကလေးကို ဖြည့်စွက်စာနဲ့ ရင်းနှီးအောင်၊ စားတတ်အောင် သင်ပေးပါ။နောက်တစ်ခုက သွားပိုးစားတာပါ။ သွားပိုးစားတာကတော့ မိခင်နို့ကြောင့်ပဲလို့ ပြောလို့မရပါဘူး။ ၆လနောက်ပိုင်းမှာက သွားလည်းစုံ၊ အစာလည်းစုံဆိုတော့ ချိုတာတွေ အစားများရင်၊ သွားကို သေချာမတိုက်ပေးရင် သွားပိုးစားတတ်ပါတယ်။တချို့ကလေးတွေက အိပ်ခါနီးရင် အမေ့နို့ကို ငုံပြီး အိပ်တတ်ပါတယ်။ ဒါဆို တစ်ညလုံး မိခင်နို့နဲ့ သွားနဲ့ ထိတွေ့မိနေတော့ သွားပိုးစားလွယ်တာပေါ့။ ဒါမျိုးဆိုရင်တော့ ကလေးကို နို့ငုံပြီး မအိပ်ခိုင်းတာ ဒါမှမဟုတ် မအိပ်ခင် နို့အပြီးစို့၊ ပြီးရင် သွားတိုက်ပြီးမှ သိပ်သင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/to-what-age-can-you-breastfeed/
COVID-19 အဆုတ်ရောင်ရောဂါ နှင့် နာတာရှည်ရောဂါရှင် များ
COVID-19 အဆုတ်ရောင်ရောဂါ ကဒီတလောမှာ ခေတ်စားလာပြီး လူအများစိတ်ဝင်စားလာတဲ့ ရောဂါပါ။ သေနှုန်း သိပ်မများပေမယ့် နေ့စဉ်နဲ့အမျှ ရောဂါကူးစက်ခံရသူတွေ၊ သေဆုံးတဲ့သူတွေ တက်နေတဲ့အတွက် ကြောက်ရွံ့နေကြတာပါ။ ဒီထဲမှာ အထူးဂရုစိုက်ရမယ့်သူတွေကတော့သက်ကြီးရွယ်အိုတွေ၊ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ နာတာရှည်ရောဂါရှင် တွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ ရောဂါကူးစက်ဖို့ အခွင့်အလမ်းလည်းများသလို နာလန်ထူဖို့လည်းခက်လို့ပါ။အရင်ကတည်းက အဆုတ်နဲ့ ပတ်သတ်တဲ့ ရောဂါတစ်ခုခုရှိတဲ့သူတွေ (တီဘီ၊ပန်းနာရင်ကြပ်၊ အဆုတ်ပွ)က အဆုတ်အားနည်းတဲ့အတွက် အသက်ရှူလမ်းကြောင်းရောဂါပိုးတွေ (ဥပမာကိုရိုနာဗိုင်းရပ်စ်ပိုး) ဝင်နိုင်ပါတယ်။ဆီးချိုရောဂါရှိတဲ့သူတွေက ခုခံအားမကောင်းတာ အားလုံးသိပြီးသားပါ။ သူတို့တွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကနေမဆို ရောဂါပိုးဝင်လွယ်ပါတယ်။နာမည်ကိုက ခုခံအားကျဆင်းမှုရောဂါဖြစ်တဲ့အတွက် ရောဂါပိုးအလွယ်တကူဝင်နိုင်တယ်ဆိုတာ သိသာပါတယ်။ကင်ဆာရောဂါရှင်တွေက ကင်ဆာဆေးတွေကြောင့်ပဲဖြစ်ဖြစ်၊ ဆေးဒဏ်၊ ရောဂါဒဏ်ကြောင့် အစားအသောက်ပျက်လို့ဖြစ်ဖြစ် ခုခံအားနည်းပြီး ရောဂါဝင်လွယ်ပါတယ်။ခန္ဓာကိုယ်မှာ အာဟာရလုံလုံလောက်လောက်မရဘူးဆိုရင် အာဟာရချို့တဲ့ပြီး ရောဂါပိုးဝင်တာ၊ ရောဂါဒဏ်မခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။ဥပမာပြောရရင် ကျောက်ကပ်အစားထိုးထားတဲ့လူနာတွေက ကျောက်ကပ်အသစ်ကို ခန္ဓာကိုယ်ကလက်ခံနိုင်အောင် ခုခံအားထိန်းညှိတဲ့ဆေးတွေသောက်ရပါတယ်။ အဲ့ဒီအခါမှာ ခုခံအားကျပြီး ပြင်ပကရောဂါပိုးတွေ ဝင်လွယ်ပါတယ်။ဒါကအတွေ့ရများတဲ့ နာတာရှည် ရောဂါရှင်တွေ၊ ခုခံအားကျတဲ့သူတွေပါ။ သူတို့တွေက သူများတွေထက် ရောဂါပိုးဝင်လွယ်လို့ အထူးဂရုစိုက်ရပါမယ်။ရောဂါလက္ခဏာတွေကတော့ တခြားသူတွေလိုပါပဲ။ဒီထက်ပိုဆိုးလာရင်တော့။ရောဂါလက္ခဏာတွေက ပိုးဝင်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်း ပြတတ်ပါတယ်။ ဒီလက္ခဏာတွေက ခန္ဓာကိုယ်က ရောဂါပိုးကို တိုက်ထုတ်လို့ ပေါ်လာတာပါ။ တစ်ခါတစ်လေ ခုခံအားအရမ်းကျနေရင် ရောဂါလက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ တခြားသူတွေနဲ့မတူတဲ့ လက္ခဏာတွေလည်း ပေါ်လာနိုင်ပါသေးတယ်။အဆုတ်ရောင်ရောဂါကူးစက်ပုံကို အတိအကျမပြောနိုင်သေးပေမယ့် တခြားကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ချောင်းဆိုးနှာချေရာကနေ ဗိုင်းရပ်စ်တွေ အသက်ရှူလမ်းကြောင်းကိုဝင်တာ၊ ပစ္စည်းတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့ရာက ကူးစက်နိုင်ပါတယ်။ခုထက်ထိ COVID-19 အဆုတ်ရောင်ရောဂါအတွက် တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။COVID-19 အဆုတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အကောင်းဆုံးကာကွယ်နည်းကတော့ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှုနည်းအောင် နေတာပါပဲ။ Centers for Disease Control and Prevention (CDC)က အကြံပြုထားတာကတော့။COVID-19 အဆုတ်ရောင်ရောဂါက လူတိုင်းက ဖြစ်နိုင်ပါတယ်။ ရောဂါအခံရှိသူတွေ၊ ခုခံအားကျတဲ့သူတွေမှာ ပိုလို့တောင် ဖြစ်နိုင်ပါသေးတယ်။ ဒီလိုမဖြစ်အောင် အပေါ်က နည်းလမ်းတွေကို လိုက်နာပါ။ ဒါ့ပြင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်အောင်စားတာ၊ လေဝင်လေထွက်ကောင်းအောင်နေတာ၊ လေ့ကျင့်ခန်းလုက်တာတွေနဲ့ ကိုယ်ခံအားကို မြှင့်တင်ပါ။ တစ်ခုခုမသင်္ကာတာရှိရင် ဆေးရုံကို သွားပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%be%e1%80%84%e1%80%ba/
ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။
ဆီးတို့ဝမ်းတို့ဆိုတာ လူ့ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေဆိုပေမယ့်လည်း သူတို့ကကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတွေပါ။ ဝမ်းတို့ ဆီးတို့ကောင်းပါမှ ခေါင်းတစ်လုံး မခဲမှာ ဆိုတဲ့ စကားတွေ ကြားဖူးကြတယ်မလား။ ဆေးရုံဆေးခန်းတွေမှာလည်း ရောဂါ ရှာဖွေဖို့အတွက်ဆီးစစ်ကြတယ်လေ။ ဒါဆို ဆီး အရောင်၊ အနံ့၊ ဆီး အကျဲ အပျစ်တို့က သင့်ကျန်းမာရေးကို ဘယ်လိုပြောပြမှာလဲ ။ ။အဝါဖျော့ရောင်– ပုံမှန် ဆီးအရောင်ဟာ အဝါဖျော့ရောင်ဖြစ်နေရပါမယ်။ ရေအများကြီးသောက်ထားတဲ့ အခါမျိုးမှာဆို ရေကြောင့် ဆီး ဘာအရောင်မှ မရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ပန်းရောင် ( ဒါမှမဟုတ်) အနီရောင်– မုန်လာဥနီ၊သကြားမုန်လာတို့လို အရောင်ရင့်တဲ့ အသီးအနှံတွေ စားတဲ့အခါ ဆီးအရောင်က ပန်းရောင်လေး သန်းနေတတ်ပါတယ်။rifampinလိုမျိုး ပဋိဇီဝ ပိုးသတ်ဆေးတို့၊ဆီးလမ်းကြောင်းပိုးဝင်တဲ့ အခါသောက်ရတဲ့ phenazopyridine တို့ကြောင့်လည်း ဆီး အရောင် ပန်းရောင်သန်းတတ်ပါတယ်။ ဆီးအရောင် အနီရောင်ဖြစ်နေတဲ့ အခါမျိုးဆိုရင်ဆီးထဲသွေးပါတာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီမှာ သေချာသွားစစ်ကြည့်သင့်ပါတယ်။ ဆီးထဲသွေးပါတယ်ဆိုတာ ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာနဲ့ဆီးကျိတ်ကင်ဆာတို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆတာ အကောင်းဆုံးပါ။လိမ္မော်ရောင်– ချဉ်လွန်းတဲ့ ဖျော်ရည်တွေ၊ဗီတာမင် B12ဖြည့်စွက်အားဆေးတွေ၊ ဆီးလမ်းကြောင်းပိုးဝင်ရင် သောက်ရတဲ့ phenazopyridine ၊ နဲ့ ပဋိဇီဝ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ isoniazid တို့ကြောင့်လည်း ဆီးအရောင် လိမ္မော်ရောင် ပြောင်းသွားနိုင်ပါတယ်။ ဒါ့ပြင် အသည်းနဲ့သည်းခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဆီးအရောင် ပြောင်းနိုင်ပါသေးတယ်။အပြာ ( သို့မဟုတ်) အစိမ်းရောင်– သင်စားလိုက်တဲ့ အစားအသောက်တွေထဲမှာ အပြာရောင်ပါတာမျိုး၊ မေ့ဆေး တစ်မျိုးဖြစ်တဲ့ propofol နဲ့ ပန်းနာရင်ကြပ်ဖြစ်တဲ့သူတွေ သောက်တဲ့ promethazine ဆေးကြောင့်လည်း ဆီး အရောင် အပြာရောင် ပြောင်းသွားနိုင်ပါတယ်။ဆီးအရောင်က ပုံမှန်ဖြစ်နေပေမယ့်လည်းဆီးထဲမှာ အမြုပ်ပါနေတာမျိုး၊ ဆီးနောက်နေတာမျိုးတွေက သင့်မှာကျောက်ကပ်ပြဿနာ ရှိနေပြီဆိုတာကို ပြောချင်တာဖြစ်ပါတယ်။ပုံမှန် ဆီးအနံ့ က သိပ်မပြင်းတတ်ပါဘူး။ ဆာလ်ဖာ ဓာတ်ပေါင်းတွေပါတဲ့ ရေကညွန့်စားမိရင်၊ဗီတာမင် B6အားဆေးတွေ သောက်မိရင်လည်း ဆီးအနံ့ ပြင်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သင် ရေသိပ်မသောက်တဲ့ နေ့တွေ မှာဆိုရင်လည်း ဆီးအရောင်ရင့်နေပြီး အနံ့လည်း ပြင်းနေတတ်ပါတယ်။ပုံမှန်ဆို လူတစ်ယောက်က တစ်နေ့ကို ၈ကြိမ်လောက်ထိ ဆီးသွားနိုင်ပါတယ်။ ဒါတွေက စားတဲ့သောက်တဲ့ အပေါ်မှာလည်း မူတည်နိုင်ပါသေးတယ်။ အထူးသဖြင့် ကဖင်းဓါတ်ပါတဲ့ကော်ဖီတို့၊အရက်ဘီယာတို့၊ သောက်တဲ့နေ့တွေဆို ဆီး အကြိမ်များများသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ အနေနဲ့လည်း အခြားသူတွေ ထက် ဆီးသွားရတဲ့အကြိမ် ပိုများနိုင်ပြီး ကိုယ်သောက်လိုက်တဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ အဖြစ် ဆီးသွားများတာလည်း ဖြစ်နိုင်ပါတယ်။အပေါ် မှာ ပြောခဲ့သလိုမျိုးတွေ ဘာမှ မရှိဘဲနဲ့ ဆီးသွားများတယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးချိုရောဂါ၊ ဆီးကျိတ်နဲ့ပက်သက်တဲ့ရောဂါတွေနဲ့ ဆီးအိမ်ရောင်တဲ့ ရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဆီးသွားရခက်နေတာ၊ ဆီးသွားရင် နာကျင်နေတာမျိုးတွေ သင်ဖြစ်နေပြီဆိုရင်တော့ သင့်မှာ။ပုံမှန် လူတစ်ယောက်ရဲ့ ဆီးအိမ်မှာ အထိန်းကြွက်သားကောင်းကောင်း အလုပ်လုပ်နေသေးသရွေ့ ဆီးသွားချင်နေပေမယ့်ထိန်းထားလို့ ရပါတယ်။ အသက်ကြီးလာတဲ့အခါမျိုး ၊ အာရုံကြော အားနည်းတဲ့ ဝေဒနာ ခံစားနေရတဲ့ အခါမျိုးမှာဆို အထိန်းကြွက်သား အားလျော့သွားတာကြောင့် ဆီးမထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ဒါတွေကတော့ ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး အခြေအနေတွေ ပဲဖြစ်ပါတယ်။ ဆီးသွားရတာ ကောင်းဖို့အတွက်ဆို ရေက အရေးအကြီးဆုံးပဲမို့ တစ်နေ့ကို ရေ ၃ ပုလင်း ( ဒါမှမဟုတ်) ရေ ၈ ဖန်ခွက်လောက်တော့ ပုံမှန် သောက်ပေးသင့်တယ်နော်။ ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/urine-and-health/
သင့်နားထဲ တစ်ခုခုဝင်နေတာကို ဘယ်လိုထုတ်မလဲ
သင့်နားထဲ တစ်ခုခုဝင်နေတာကို ဘယ်လိုထုတ်မလဲ ……… လူ့သက်တမ်းတစ်လျှောက်တွင် နားထဲသို့ တစ်စုံတစ်ခု အခန့်မသင့်၍ ဝင်တတ်ပါသည်။ ထိုကဲ့သို့ဝင်သဖြင့် မသက်မသာဖြစ်ခြင်းကိုသာ ခံစားရမည်ဖြစ်သော်လည်း သေချာစွာကုသမှုမခံယူပါက နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရတတ်ပါသည်။နားထဲသို့ ပြင်ပအရာဝတ္ထုများ ဝင်ရသည့် အကြောင်းအရင်းများစွာ ရှိပါသည်။ အတွေ့ရအများဆုံးကတော့အင်းဆက်ပိုးကောင်ကလေးများဝင်ခြင်းပဲဖြစ်ပါသည်။ ကလေးငယ်များသည် နားထဲသို့ပစ္စည်းများကို ထည့်မိတတ်ပါသည်။ မည်သို့အကြောင်းကြောင့်ပဲဖြစ်ဖြစ် တစ်စုံတစ်ခု နားထဲတွင် ပိတ်နေခြင်းသည် အလွန်မသက်မသာဖြစ်ခြင်းကို ခံစားရစေပါသည်။အရွယ်ရောက်သူများအနေဖြင့် နားထဲသို့ တစ်ခုခုဝင်လျှင် သိကြပါသည်။ သို့သော် ကလေးများတွင်မူ အဆူခံရမည်စိုး၍ မိဘကိုမပြောဘဲ နေတတ်ကြပါသည်။ ထိုသို့ပြောမပြပါကလည်း အောက်ပါ လက္ခဏာများကိုတွေ့ရှိရတတ်ပါသည်။သင့်နားထဲ တစ်ခုခုဝင်နေတာကို ဘယ်လိုထုတ်မလဲ ……  အကောင်းဆုံးနည်းလမ်းမှာ ထို ပြင်ပအရာဝတ္ထုများကို ပစ္စည်းကိရိယာများဖြင့် ဖယ်ခြင်းဖြစ်ပါသည်။ ဆရာဝန်များက သေးငယ်သော ချိတ် သို့မဟုတ် ညှပ်ဖြင့်သုံး၍ ဖယ်ပေးလေ့ရှိပါသည်။အကယ်၍ဝင်သွားသော အရာဝတ္ထုမှာ သံ ပစ္စည်းဖြစ်ပါက ဆရာဝန်မှ သံလိုက်ကို အသုံးပြု၍ထုတ်ပေးလေ့ရှိပါသည်။နောက်နည်းလမ်းတစ်ခုမှာ ရေနွေးကို အသုံးပြု၍ဖယ်ခြင်းဖြစ်ပါသည်။ နားစည်မထိသေးပါက ပစ္စည်းရှိသော နားထဲသို့ပြွန်သေးသေးဖြင့် ရေထည့်ကာ ထိုရေဖြင့် ဝင်သွားသောအရာဝတ္ထုကိုဖယ်လေ့ ရှိပါသည်။သို့ရာတွင် သတိပြုရမည့်အချက်များရှိပါသည်။အောက်ဖော်ပြပါ အချက်များတွေ့ပါက အရေးပေါ်ကုသမှုအမြန်ယူပါ။နားထဲသို့ ပြင်ပ အရာဝတ္ထု ဝင်ခြင်းသည် အခံရခက်သော အခြေအနေ ဖြစ်သည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ခံစားရနိုင်သဖြင့် မည်သို့ ဖယ်ရှားရမည် ဆိုတာကို သိနားလည်ရန် လိုအပ်ပါသည်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/objects-in-the-ear-home-treatment/
အောက်စီတိုစင် (သို့မဟုတ်) အချစ်ဟော်မုန်း
ချစ်သူရည်းစား စုံတွဲတွေမှာ ကြည်နူးရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ အဲ့ဒီလိုအခိုက်အတန့်တွေမှာခန္ဓာကိုယ်ကထွက်လာတဲ့ဟော်မုန်းတစ်မျိုးပါ။Relationshipတစ်ခုကိုလည်းခိုင်မြဲစေနိုင်တဲ့ကြိုးတစ်ချောင်းလို့ပြောရင်လည်းမမှားပါဘူး။အချစ်ဟော်မုန်းဟာ ယုံကြည်မှုတွေ၊ခံစားမျှဝေနိုင်စွမ်းတွေ။ကောင်းမွန်တဲ့အမှတ်တရလေးတွေအပြင် သစ္စာတရားကိုပါဖန်တီးပေးနိုင်ပါတယ်။မျိုးပွားခြင်းမှာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်တဲ့ဟော်မုန်းပါ။ဒါ့အပြင်အောက်စီတိုစင်ဟော်မုန်းကြောင့်အမျိုးသမီးတွေဟာကလေးမွေးဖွားတဲ့အချိန်မှာလွယ်လွယ်ကူကူမွေးဖွားနိုင်ပါတယ်။အမျိုးသားတွေရဲ့သုက်ကောင်ရွှေ့လျားမှုကိုကူညီပေးပါတယ်။ဦးနှောက်မှာရှိတဲ့ ဟိုက်ပိုသဲလမတ်စ်(Hypothalamus) ဆိုတဲ့အစိတ်အပိုင်းကနေထုတ်လုပ်ပြီးတော့ ပစ်ကျူထရီ (Pituitary) ဂလင်းကနေစစ်ထုတ်ပေးပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကနေသဘာဝအတိုင်းထွက်နိုင်တဲ့ဟော်မုန်းပါ။မဖြစ်စေနိုင်ပါဘူး။စိတ်ဖိစီးမှုကိုလျှော့တောင်လျှော့ချပေးနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ရန်ဖြစ်နေတဲ့စုံတွဲတစ်တွဲဟာ အချစ်ဟော်မုန်းကြောင့်မြန်မြန်ပြန်ပြေလည်သွားနိုင်ပါတယ်။မိခင်တစ်ယောက်ကိုအလွန်အကျိုးပြုပါတယ်။ကလေမွေးဖွားတဲ့အချိန်မှာဆိုရင် အောက်စီတိုစင်ဟာသားအိမ်ညှစ်အားကောင်းအောင်အကူအညီပေးပါတယ်။တခြားတခြားလိုအပ်တဲ့ဟော်မုန်းတွေထွက်လာအောင်အားပေးတယ်။မွေးပြီးမိခင်တွေကိုတော့ သားအိမ်ပုံမှန် အရွယ်အစားရောက်အောင်ကူညီပေးပါတယ်။ကလေးနို့တိုက်ချိန်မှာဆိုရင်တော့ ကလေးအတွက်လုံလောက်တဲ့နို့ရည်ပမာဏရရှိဖို့ အောက်စီတိုစင်ကအပြည့်အဝတာဝန်ယူပေးမှာပါ။သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရအောက်စီတိုစင်ဟော်မုန်းများများထွက်တဲ့မိခင်တွေဟာကလေးတွေကိုပိုဂရုစိုက်တတ်ကြပါတယ်။သူတို့ရဲ့ ကလေးလေးကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်ကြတယ်။ ကြင်ကြင်နာနာနဲ့ထိတွေ့တာမျိုး၊ရေချိုးပေးတာမျိုး၊တီတီတာတာစကားပြောပေးတာမျိုး၊သီချင်းဆိုသိပ်တာမျိုး အစရှိတဲ့ ချစ်စဖွယ်အမူအရာလေးတွေပြုလုပ်ပေးတတ်ကြပါတယ်။ဒါကြောင့်အောက်စီတိုစင်ဟာမိခင်နဲ့ကလေးရဲ့ချစ်ခြင်းမေတ္တာကိုပိုမိုခိုင်မြဲစေပါတယ်။မိခင်အရင်းမှမဟုတ်ပါဘူး။မွေးစားမိခင်တွေ ကလေးထိန်းတွေမှာဆိုရင်လဲ အောက်စီတိုစင်ထွက်ပါတယ်။မိခင်တွေလိုပါပဲ ။ အောက်စီတိုစင် များများထွက်တဲ့ဖခင်တွေဟာကလေးတွေအပေါ်မှာပိုစိတ်ရှည်ပြီး ပိုပြီးနွေးနွေးထွေးထွေး ဆက်ဆံတတ်ကြပါတယ်။အောက်စီတိုစင် ရဲ့လှုံ့ဆော်မှုကြောင့်အမျိုးသားတွေဟာကိုယ့်ရဲ့ ချစ်သူကလွဲပြီးတခြားအမျိုးသမီးတွေကိုစိတ်ဝင်စားမှုလျော့ကျသွားပါတယ်။အမျိုးသမီးတွေလည်းအလားတူပါပဲ။အချစ်ဟော်မုန်းကြောင့်သစ္စာတရားပိုမိုခိုင်မာလာမှာပါ။ကလေးမွေးတဲ့အချိန်သားအိမ်ညှစ်အားကောင်းအောင်ထိုးဆေးအနေနဲ့သုံးနိုင်ပါတယ်။ကလေးမေွးပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျြပီး သေွးသွန်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်းသုံးကြပါတယ်။ကလေးမွေးအပြီး မိခင်တွေမှာကြုံတွေ့ရတတ်တဲ့စိတ်ဓာတ်ကျခြင်းကိုကာကွယ်နိုင်တယ်လို့သုတေသနတစ်ခုမှာဖော်ပြထားပါတယ်။၂၀၁၇ ခုနှစ်ကလေ့လာချက်တစ်ခုမှာဆိုရင်တော့ အောက်စီတိုစင်ဟော်မုန်းဟာအော်တစ်ဇင် (Autism) ကလေးတေွကိုကုသရာမှာအထောက်အကူဖြစ်စေတယ်လို့ဆိုထားပါတယ်။အရက်နဲ့မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်တဲ့ရောဂါတွေကိုကုသရာမှာအကူအညီဖြစ်နိုင်မယ်လို့မေှျာ်လင့်ထားကြပါသေးတယ်။ဒါပေမယ့်သုတေသနပြုလေ့လာနေတုန်းရှိပါသေးတယ်။ချစ်ခင်နှစ်သက်သဘောကျမှုတစ်စုံတစ်ခုကိုခံစားရတဲ့အခါထွက်လာတဲ့ ဟော်မုန်းမို့ပါ။သင့်ချစ်သူကိုပွေ့ဖက်တဲ့အခါမှာသာမက ခွေးလေး ကြောင်လေးတွေကိုပွေ့ဖက်တဲ့ အခါမျိုးမှာတောင် အချစ်ဟော်မုန်းထွက်ပါတယ်။ဒီတော့ သင့်ချစ်သူနဲ့အချိန်များများကုန်ဆုံးလေ အောက်စီတိုစင်ထွက်လေလေဖြစ်ပြီးတော့၊အောက်စီတိုစင်ထွက်လေလေ သင်နဲ့သင်ချစ်သူရဲ့သံယောဇဥ်ကြိုးဟာပိုခိုင်မြဲလာမှာဖြစ်ပါတယ်။ရေးသားသူ – ဒေါက်တာမှူး။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%a1%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ae%e1%80%90%e1%80%ad%e1%80%af%e1%80%85%e1%80%84%e1%80%ba-%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%ba/
စားနေကျ အစားအသောက်တွေစားရင်း ဝိတ်ချကြမလား။
ဝိတ်ချချင်တယ်။ အစားလည်း မလျော့ချင်ဘူး။ စားနေကျအတိုင်းပဲ ကြိုက်တတ်တာလေးတွေကို ဆက်စားချင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သဘောတကျနဲ့ စားနေမိတဲ့အစားအစာလေးတွေထဲက ဘယ်ဟာလေးတွေက သင့်ကို ဝိတ်ကျစေတာလဲ ဆိုတာကို ပြောပြပေးပါရစေ။နေ့စဉ် စားသုံးမိနေတဲ့ အစားအစာတွေထဲက သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေကတော့။ထောပတ်သီးမှာ။phytochemicalsတို့ ပါဝင်နေပါတယ်။  ထောပတ်သီးက အခြား အသီးအနှံတွေထက် ကယ်လ်လိုရီ ပိုများတယ်ဆိုပေမယ့်BMIကိုထိန်းပေးသလို ခါးကအဆီတွေကို ဖယ်ရှားပေးဖို့လည်း ထောက်ကူပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။ကြက်ဥ၊ ဘဲဥတို့မှာ။ပရိုတင်းက အဆာခံနိုင်စေပြီး ခန္ဓာကိုယ်ကို အားပြည့်စေတာကြော်င့ ဝိတ်ကျစေဖို့ အထောက်အကူပြုပေးပါတယ်။ မနက်ခင်းမှာ ကြက်ဥစားတာက အဆာခံနိုင်စေပြီး စားချင်စိတ်ကို လျှော့ချပေးပါတယ်။ တစ်နေ့တာမှာ အစားနည်းနည်းပဲ စားဖြစ်စေတာကြောင့် ဝိတ်ကျစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။ပဲအမျိုးမျိုးမှာ။အမျှင်ဓာတ် နဲ့ ပရိုတင်းဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ထောက်ကူပေးနိုင်ပါတယ်။ နောက်ထပ် ကျန်းမာရေး အာနိသင်တွေအနေနဲ့ ပဲအမျိုးမျိုးက။ဒိန်ချဉ်က။ပရိုတင်းပါဝင်မှုနဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်မှုက အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေမှာပါ။ သကြား ထည့်မစားမိစေဖို့တော့ သတိပြုပါ။ သစ်သီး၊cerealစတာတွေနဲ့ တွဲဖက်စားပေးလို့ ရပါတယ်။ဆယ်လ်မွန်ငါးမှာ။omega-3 fatty acids က အစားခဏခဏ စားချင်စိတ် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါး စားပေးတာက ကိုယ်အလေးချိန် ကျစေသလိုနှလုံးကျန်းမာစေမှာပါ။သစ်သီးတွေမှာ သဘာဝ အချိုဓာတ် ပါပြီးသားပါ။ ဒါပေမယ့် သစ်သီးကို စားပေးတာက အမျှင်ဓာတ် ကြွယ်ဝစွာ ရရှိစေတာကြောင့် ကိုယ်အလေးချိန် လျှောပချရာမှာ အထောက်အကူပြုနိုင်မှာပါ။ သစ်သီး ပုံမှန်စားပေးတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်တာတွေ မဖြစ်စေဖို့ အထိရော်ကဆုံး ကာကွယ်ပေးနိုင်ပါတယ်။ရုပ်ရှင်ကြည့်ရင်း စားတတ်တဲ့ ပြောင်းဖူးပေါက်ပေါက်က ဝိတ်ကျစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ အစားအစာ တစ်ခုဆိုလို့ အံ့ဩမသွားပါနဲ့။ ပြောင်းဖူးပေါက်ပေါက်က။အယ်လ်မွန်စေ့မှာ။ပရိုတင်းနဲ့ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဗီတာမင် E နဲ့ အကျိုးပြု အဆီ ပါဝင်နေမှုက နှလုံး ကျန်းမာစေဖို့လည်း အထောက်အကူပြုပေးပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/weight-loss-friendly-foods/
ကိုဗစ်ကာလမှာ လိုက်နာသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ
ကိုဗစ်ဖြစ်ပွားမှုတွေ အရမ်းများနေချိန်မှာကာကွယ်ဆေးရော ကုသဆေးပါ မပေါ်သေးတာကြောင့် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ကိုယ်ခံအားကောင်းအောင် ဂရုစိုက်တာပါ။ကိုယ်ခံအားကောင်းစေဖို့ဆိုရင် အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုကအာဟာရပြည့်ဝအောင်စားသုံးဖို့ပါ။ အခုလို ကိုဗစ် ဖြစ်ပွားနေချိန်မှာ ကျန်းမာနေစေဖို့ ဘယ်လို စားသုံးရမလဲဆိုတဲ့ နည်းလမ်းလေးကို ဆောင်းပါးလေးကနေတဆင့် မျှဝေပေးသွားပါမယ်။ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းကောင်းနဲ့ ရောဂါပိုး အန္တရာယ်ကို အထိရောက်ဆုံး ကာကွယ်ဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။အစားအသောက်တွေမှာ မမြင်နိုင်တဲ့ပိုးမွှားတွေကပ်ပါလာနိုင်တာကြောင့် အစားအသောက်တွေကို ဝယ်ယူလာပြီးတိုင်းမှာ သေချာလေး ပိုးသတ် သန့်စင်ပါ။ ပြီးရင် သေချာ ဆေးကြောလို့ စနစ်တကျ သိမ်းဆည်းပါ။ဒါမှ သန့်စင်ပြီးအာဟာရတန်ဖိုးတွေမပျက်မှာပါ။အစားအသောက်တွေကို ပြင်ဆင်တော့မယ်ဆိုရင် အသုံးမယ့် အရာတွေကို သေချာလေး သန့်ရှင်းဆေးကြောပါ။ လက်တွေကိုလည်း သေချာ ဆေးကြောပါ။ လက်အိတ်ဝတ်ပြီး ချက်မယ်ဆိုရင်တောင်မှ လက်ကို သေချာလေး သန့်စင်ဆေးကြောဖို့ မမေ့ပါနဲ့။လက်ကခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ရောဂါပိုး အများဆုံး ရှိနိုင်တဲ့ နေရာပါ။လတ်ဆတ်တဲ့ အသီးအနှံတွေက အာဟာရ ပြည့်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် အတော်လေး အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် အသင့်ပြုပြင်ထားတဲ့စည်သွပ်ဘူးအသီးအနှံတွေအစား လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားပေးပါ။နေ့စဉ် စားသုံးမှုမှာအစာခြေစနစ်ကျန်းမာစေဖို့ အထောာက်အကူပြုနိုင်တဲ့ အသီးတွေကို စားပေးပါ။ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ၊ အမျှင်ဓာတ်ပါတဲ့ အသီးတွေကို စားပေးပါ။အစာခြေစနစ် ကျန်းမာတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူစေနိုင်မှာပါ။ပြုပြင်ထားတဲ့ အစားအစာတွေက အရသာ ကောင်းပေမယ့် အာဟာရ မပြည့်ဝပါဘူး။ ဒါကြောင့် အာဟာရပြည့်ဝဖို့ လိုအပ်နေတဲ့ အခုလို အချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေအစားလတ်ဆတ်တဲ့ အစားအစာတွေကိုပဲ စားပေးပါ။အစားအစားတွေကို စားသုံးတဲ့အခါမှာ အချို အငန် သင့်တင့်မျှတတာမျိုးကိုပဲ စားသုံးပေးပါ။ အချိုကဲ အငန်ကဲတာတွေက အာဟာရဖြစ်စေဖို့ထက် ကျန်းမာရေးအတွက် ဆိုးကျိုး များပါတယ်။အစားအစာတွေကို စားသုံးတဲ့အခါ သေချာ ချက်ပြုတ်ပြီး စားသုံးပေးပါ။ ဒါမှ အာဟာရ ပြည့်ဝပြီးရောဂါဘယကင်းမှာပါ။အခုလို ကာလမှာ အပြင်စာတွေထက် အိမ်မှာချက်တဲ့ အစားအစာတွေက အသင့်တော်ဆုံးပါ။ အိမ်မှာချက်တဲ့ အစားအစာတွေက သန့်ရှင်းမှုပိုင်း စိတ်ချရသလို လတ်ဆတ်ပြီး အာဟာရ ပြည့်ဝစေမှာ အသေအချာပါ။နေ့စဉ် စားသုံးမှုမှာပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပြည့်ဝမျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဒါမှ ကိုယ်ခံအား ပြည့်ဝပြီး ရောဂါတွေကို အထိရောက်ဆုံး တိုက်ထုတ်နိုင်မှာလေ။ရေဓာတ်က ကိုယ်ခံအး ပြည့်ဝကျန်းမာစေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေ ၈ ခွက် သောက်ဖြစ်အောင် သောက်ပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးလို့ ကိုယ်ခံအားကို မြှင့်တင်ပြီး ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်လိုက်ပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/good-foods-to-eat-with-covid-19/
နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ
နာတာရှည် လေပြွန်ကျဉ်း ရောဂါ(COPD)မှာ အဆုတ်တွေပျက်စီးလာတဲ့အတွက် ပြန်ကောင်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီတိုင်းထားရင် အခြေအနေပိုဆိုးလာရုံပဲ ရှိတာကြောင့် တတ်နိုင်သလောက် ကုသမှုတွေ လုပ်ပေးကြပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါကို ကုသရခြင်း ရည်ရွယ်ချက်ကတော့။ဒါကြောင့် COPD လူနာတွေကို ကုသပေးရတာပါ။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဆေးကောင်း ဝါးကောင်းတွေ ပေါ်ထွက်လာတာကြောင့် COPDကို ကုသဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ ကို အကြမ်းအားဖြင့်တော့။ဘာကုသမှုမှ မစခင် အရင်ဆုံး လုပ်ရမယ့် အရာရှိပါတယ်။ ဒါကတော့ဆေးလိပ်ဖြတ်တာပါ။ ဆေးလိပ်ဆက်သောက်နေမယ်ဆိုရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲ ကုသမှု အရာထင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး မဖြစ်မနေ ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်ဖြတ်မှ ဆေးဝါးတွေရဲ့ အာနိသင်ကို ကောင်းကောင်း ရမှာပါ။ဆေးဝါးတွေကတော့လေပြွန်ကျဉ်းတာ သက်သာဖို့ ရည်ရွယ်ပါတယ်။ ပုံမှန်သောက်ရတာ ရှိသလို၊ လိုမှ သောက်ရတာ ရှိပါတယ်။ သောက်ဆေးအပြင် ရှူဆေးတွေလည်း ရှိပါတယ်။လေပြွန်ကျယ်ဆေးတွေက ရှူဆေးအမျိုးအစားပါ။ပန်းနာရင်ကျပ်သမားတွေ ရှူတဲ့ ရှူဆေးပုံစံမျိုးပါ။ ဒီဆေးတွေက လေပြွန်ကျဉ်းတာကို သက်သာစေတာကြောင့် ချောင်းဆိုးတာ၊ မောတာ သက်သာပြီး အသက်ရှူလို့ ကောင်းလာပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ရေတိုခံတဲ့ လေပြွန်ကျယ်ဆေး (ဥပမာ Albuterol)၊ ရေရှည်ခံတဲ့ လေပြွန်ကျယ်ဆေး (ဥပမာ Salmeterol) သုံးရနိုင်ပါတယ်။စတီးရွိုက်ရှူဆေးတွေကလေပြွန်ရောင်ရမ်းတာကို သက်သာစေပြီး ခဏခဏရောဂါမဖောက်အောင် ကာကွယ်ပေးပါတယ် (ဥပမာ Fluticasone) ။ ရေရှည်စွဲသုံးတဲ့သူတွေမှာတော့ မှက္ခရုတို့၊ အသံအက်တာတို့ ဖြစ်တတ်ပါတယ်။နောက်ပိုင်း တိုးတက်လာတဲ့အခါကျတော့ ဆေးတွေကို တစ်ခါတည်း ပေါင်းပြီးသားတွေ ရှိလာပါတယ်။ လေပြွန်ကျယ်ဆေးနဲ့ စတီးရွိုက်ပေါင်းထားတာ၊ ရေတိုခံ လေပြွန်ကျယ်ဆေးနဲ့ ရေရှည်ခံ လေပြွန်ခံဆေး ပေါင်းထားတာ စသဖြင့် လူနာအတွက် ပိုအဆင်ပြေလာပါတယ်။ရောဂါက ထိန်းရခက်တယ်ဆိုရင်တော့ စတီးရွိုက်သောက်ဆေးကို ရက်တို ၄-၅ရက်လောက် ပေးပြီး ကုသပါတယ်။ ရေရှည်ကျတော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊ မျက်စိတိမ်စွဲတာ၊ အရိုးပါးတာတွေ ဖြစ်တတ်လို့ပါ။Phosphodiesterase-4 inhibitors ဆိုတဲ့ ဆေးကတော့ လေပြွန်တွေရောင်ရမ်းတာကို သက်သာစေပြီး လေပြွန်ကျယ်စေပါတယ်။ Theophyllineဆိုတဲ့ ဆေးကတော့ ဆေးလည်းသက်သာပြီး COPDကို ပိုဆိုးမလာအောင် တားဆီးပေးပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ ရင်တုန်တတ်ပါတယ်။ဒါကတော့ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်ပညာရှင်တွေ၊ အာဟာရဆရာဝန်နဲ့ သူနာပြုတွေပါဝင်တဲ့ အစီအစဉ်လေးတစ်ခုပေါ့။ ဘာတွေသင်ပေးမှာလဲဆိုတော့။-သင့်ရောဂါအခြေအနေနဲ့ လိုက်ဖက်တဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ) ကို ဘယ်လိုလုပ်ကြမလဲ။-သင့်ရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်တွေရယ်။-အာဟာရဆိုင်ရာ အကြံပေးချက်တွေရယ်။-စိတ်ပိုင်းဆိုင်ရာ အားပေးတာတွေရယ်ပါဝင်ပါတယ်။ဒီအစီအစဉ်လေးက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ လူနာတွေက ကိုယ့်ရောဂါကို ပိုနားလည်ပြီး ဂရုစိုက်တတ်သွားလို့ ခဏခဏရောဂါဖောက်ပြီး ဆေးရုံတက်ရတာ နည်းသွားသလို နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်လာနိုင်ပါတယ်တဲ့။COPDလူနာတွေက သွေးထဲမှာ အောက်ဆီဂျင် နည်းနေတဲ့အတွက် ဆရာဝန်တွေက အိမ်မှာ အောက်ဆီဂျင်ရှူဖို့ အကြံပေးနိုင်ပါတယ်။ အိမ်မှာ အောက်ဆီဂျင်အိုးလေးနဲ့ နှာခေါင်းပိုက် ဒါမှမဟုတ် နှာခေါင်းစည်းနဲ့ ရှူရမှာပါ။ဒီလိုလေး ရှူနေမှပဲ သွေးထဲမှာ အောက်ဆီဂျင်က အန္တရာယ်ဖြစ်လောက်အောင် နည်းမနေမှာပါ။ COPDလူနာတွေက အောက်ဆီဂျင်ပမာဏ နည်းနည်းနဲ့ အသားကျပြီးသား ဖြစ်တဲ့အတွက် အောက်ဆီဂျင် ပမာဏ အများကြီး ပေးလိုက်လို့ မဖြစ်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ဆရာဝန်ညွှန်ကြားထားသလောက်ပဲ ပေးရပါမယ်။တစ်နေ့ကို ၁၆နာရီလောက် အနည်းဆုံးရှူရပါတယ်။ အိမ်ထဲမှာဆိုရင်တော့ အိုးနဲ့ သွားလို့ရပေမယ့် အပြင်သွားမယ်ဆိုရင်တော့ သယ်သွားလို့ရတဲ့ အမျိုးအစား Portable ကို သုံးလို့ရပါတယ်။နောက်ထပ်အရေးကြီးတာက အိမ်မှာ အောက်ဆီဂျင်ရှူမယ်ဆိုရင် ဆေးလိပ်မဖြစ်မနေဖြတ်ရပါမယ်။ မီးလောင်လွယ်လို့ပါ။ ဒါကြောင့် ဆောင်းပါးအစမှာတည်းက ဆေးမကုခင်မှာ ဆေးလိပ်ဖြတ်ဖို့ လိုတယ်လို့ ပြောခဲ့တာပါ။ဒါကတော့ လိုမှ ရှူရတာပေါ့။ လှုပ်လှုပ်ရှားရှားလုပ်မယ်၊ အောက်ဆီဂျင်ပိုလိုနိုင်တယ်လို့ ယူဆတဲ့အခါ ရှူနိုင်ပါတယ်။ တချို့လူတွေက ဒီတိုင်းဆို မသိသာပေမယ့် လေ့ကျင့်ခန်း လုပ်တဲ့အခါ သွေးထဲမှာ အောက်ဆီဂျင်ကျလာပါတယ်။ ဒါကြောင့် အိမ်တွင်းအောက်ဆီဂျင်ကုထုံးထက်စာရင် Ambulatory oxygen therapyက ပိုပြီး အဆင်ပြေပါတယ်။ဒါကတော့ ရောဂါဖောက်လို့ ဆေးရုံတက်ရတဲ့အခါ ရှူရတာမျိုးပါ။ ရိုးရိုး အောက်ဆီဂျင်ရှူတာနဲ့ ဆင်တူပါတယ်။ အသက်ရှူရပိုလွယ်စေပါတယ်။ခွဲစိတ်နည်းက အဓိကအားဖြင့် ၃နည်းရှိပါတယ်။အဆုတ်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်တဲ့အတွက် တခြားကောင်းတဲ့အစိတ်အပိုင်းတွေအတွက် နေရာပိုရသွားသလို အသက်ရှူတဲ့အခါ ကောင်းကောင်းကျုံ့ဆန့်နိုင်ပါတယ်။ပျက်စီးနေတဲ့ လေအိတ်တွေ ပေါင်းသွားတဲ့အခါ လေအိတ်ကြီးဖြစ်သွားပါတယ်။ ဒီလေအိတ်ကို ဖယ်ထုတ်လိုက်ခြင်းကြောင့် အသက်ရှူရပိုကောင်းသွားပါတယ်။ဒါကတော့ ပျက်စီးနေတဲ့ အဆုတ်ကို ဖယ်ထုတ်ပြီး သူများအဆုတ်ကို ပြန်အစားထိုးတာပါ။အခြားနည်းလမ်းတွေကတော့ တစ်ခါတလေ ချောင်းဆိုး ချွဲထရင် ချောင်းဆိုးပျောက်ဆေးတို့၊ ချွဲပျော်ဆေးတို့ ပေးတာမျိုး၊အဆုတ်ပိုးဝင်ပြီး ဖျားတဲ့အခါ ပိုးသတ်ဆေး ပေးတာမျိုးတို့ ရှိပါတယ်။နာတာရှည် လေပြွန်ကျဉ်း ရောဂါက တစ်ခါတစ်ခါ ထဖောက်တတ်ပါတယ်။ ဒီလိုထဖောက်လာရင်တော့ အိမ်မှာ မနေဘဲ နီးရာဆေးရုံကို သွားပြဖို့ အကြံပေးပါရစေ။ ဒီလိုမှမဟုတ်ရင် အဆုတ်လုံးဝပျက်စီးသွားတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/copd-treatments/
ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓါတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ
လူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြသည်။သို့သော်လည်းအမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာဖြစ်သည်။အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများ ဖြစ်ပါသည်။(၁)မိနစ် ၂၀ အကြာ။နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း မြင့်တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသည်။(၂) ၈ နာရီအကြာ။သင်ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓါတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ သင်နောက်ဆုံး ဆေးလိပ်သောက်ခဲ့ချိန်မှ ၈ နာရီခန့်ကြာမြင့်သောအခါ ခန္ဓါကိုယ်မှ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုဒ် ကိုစွန့်ထုတ်ပြီး ဖြစ်သည့်အတွက် သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏသည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။(၃)၂၄ နာရီအကြာ။၁ရက်ခန့်ကြာပြီးသောအခါ သင်၏ အဆုတ်က သန့်ရှင်းရေး ပြုလုပ်သည့်အတွက် ချွဲနှင့် စွန့်ပစ်အပိုင်းအစများကို အပြင်သို့ရှင်းလင်း ဖယ်ထုတ်ပေးသည်။(၄)၄၈ နာရီအကြာ။နီကိုတင်းသည် သင်၏ အနံ့ နှင့် အရသာ အာရုံခံခြင်းတို့ အပေါ်လည်း သက်ရောက်မှုရှိသည့်အတွက် ဆေးလိပ်ဖြတ်ပြီး သောအခါ နီကိုတင်းမရှိတော့သဖြင့် အာရုံခံစားမှုလည်း ပိုမိုကောင်းမွန်လာသည်။(၅)ရက်သတ္တပတ် ၂ ပတ်မှ ၁၂ ပတ်ခန့်အကြာ။ဆေးလိပ်သောက်ခြင်းက ခန္ဓါကိုယ်သွေးလှည့်စနစ်ကို ထိခိုက်သည့်အတွက် ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ခြင်းမျိုး ကြုံရတတ်သည်။ ဆေးလိပ်ဖြတ်ပြီးသောအခါ ထိုပြဿနာ မရှိတော့သည့်အတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်သောအခါ အမောခံနိုင်လာသည်။(၆)၃ လမှ ၉ လ အကြာ။နီကိုတင်းနှင့်ဝေးလေလေ သင့်ကျန်းမာရေးသည်လည်း ဆက်လက်တိုးတက်လေလေဖြစ်သည်။ သင်၏ အဆုတ်သည် ပြန်လည်ကောင်းမွန်ရှင်သန်ရန် အချိန်ကောင်းစွာ ရပြီးသောအခါ ချောင်းဆိုးခြင်း၊လေပြွန်ကျဉ်းခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း တစ်စ တစ်စ သက်သာလာသည်။(၇)၁ နှစ်အကြာ။သိပ္ပံပညာရှင်များက ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကို ကျဉ်းစေသော အဆီခဲများကို ဖြစ်တည်စေနိုင်ကြောင်း ယုံကြည်ကြသည်။ သွေးကြောကျဉ်းရာ မှတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ခံစားရစေနိုင်သည်။ ဆေးလိပ်ဖြတ်ပြီး ၁ နှစ်ခန့်အကြာတွင် သင့်အနေဖြင့် နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ ရပ်တန့်ပြီးဖြစ်သည်။(၈)နီကိုတင်းဖြတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ။နီကိုတင်းသည် စွဲလန်းစေတတ်သောကြောင့် နီကိုတင်းဖြတ်လိုက်လျှင် အောက်ပါလက္ခဏာတို့ကို ခံစားရနိုင်သည်။ထိုလက္ခဏာများသည် အလွန်အခံရခက်သည် မှန်သော်လည်း သင်ဆေးလိပ်ဖြတ်ပြီးသောအခါ ခန္ဓါကိုယ်က ပြန်လည် ကောင်းမွန်အောင် ပြုပြင်နေကြောင်း ပြသည့်ကောင်းသော လက္ခဏာ ဖြစ်ပါသည်။ ဆေးလိပ်ဖြတ်ရန် ပျက်ကွက်ပြီး ဆေးလိပ်ပြန်သောက်ပါက ယခင်အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။ ဆေးလိပ်ဖြတ်ပြီး ထိုလက္ခဏာများသည် တစ်လခန့်အထိ ကြာတတ်သည်။ သင်ကိုယ်တိုင်အတွက် ထိုအချိန်ကို အကောင်းဆုံး ကြိုးစား ကျော်ဖြတ်သင့်သည်။ နီကိုတင်းဖြတ်ခြင်း ကာလကို ကျော်လွှားအောင်မြင်နိုင်ပါက သင့်ကျန်းမာရေး အတွက် သိသာသော တိုးတက်မှုများကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%81%bf%e1%80%95%e1%80%ae%e1%80%b8%e1%80%9c%e1%80%ba%e1%80%bd%e1%80%84%e1%80%b9-%e1%80%9e%e1%80%84/
အဆိပ်ပင်လို လူသားတွေနဲ့ ဆက်ဆံရတဲ့အခါ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်ပင်လို လူသားတွေ အရမ်းများတယ်ဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ သိသာပါတယ်။ ဒီလိုလူမျိုးတွေနဲ့ စကားပြောပြီးသွားတဲ့အခါ နဂိုကြည်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စိတ်တို၊ဒေါသတွေ တနုံ့နုံ့ထွက်ကျန်ခဲ့ရတာနော်။အဆိပ်ပင်လိုလူသားတွေက နေရာအနှံ့မှာ ရှိနိုင်သလို ကိုယ်က ကောင်းတယ်လို့ ထင်နေရတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ် ဥပမာ – လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုးတွေပေါ့။လူ့လောကမှာ နေထိုင်အသက်ရှင်နေရတဲ့အခါ ကောင်းတဲ့သူတွေနဲ့လည်း တွေ့နိုင်သလို အဆိပ်ပင်တွေနဲ့လည်း အမြဲတွေ့ရနိုင်တဲ့အတွက် ဒီလိုလူမျိုးတွေ ကိုယ့်ဘဝထဲမှာ ရှိနေရင် ဘယ်လိုပေါင်းသင်းဆက်ဆံသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။• ကိုယ်မှကိုယ်ပဲ သိတတ်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်း။• တခြားလူတွေကို လိမ်လည်လှည့်ဖျားတတ်ခြင်း။• စိတ်ပိုင်းဆိုင်ရာ စော်ကားတတ်ခြင်း။• မရိုးသားခြင်း၊ လိမ်လည်တတ်ခြင်း။• မလှိမ့်တပတ်လုပ်ခြင်း။• မျက်ရည်ခြူဇာတ်သွင်းခြင်း။• အမှားလုပ်ပြီး ပြန်မတောင်းပန်တတ်ခြင်း။• တစ်ခုခုဆိုရင် ရှိသမျှလူတွေအကုန်လုံးက သူ့အပေါ် မကောင်းဘူးလို့ စွပ်စွဲတတ်ခြင်း။• ပြဿနာရှာတတ်ခြင်း စတဲ့ လူသည်းမခံနိုင်လောက်စရာ အကျင့်စရိုက်တွေကို တွေ့ရတတ်ပါတယ်။လူဆိုတာက မရှိမကောင်း၊ ရှိမကောင်း၊ တစ်ခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် အောင့်အီးသည်းခံပြီး ပေါင်းနေရတာဆိုပေမယ့် ကိုယ့်စိတ်ကို ဒုက္ခဖြစ်စေတဲ့အထိတော့ ပေါင်းသင်းနေစရာမလိုပါဘူး။အဆိပ်ပင်လူသားတွေဟာ သူတို့ကိုယ်သူတို့ လောကဓံရဲ့ ဓားစာခံတွေအဖြစ် မြင်တတ်ကြသလို တခြားသူတွေမြင်အောင်လည်း နည်းအမျိုးမျိုးနဲ့ ပြတတ်ကြပါတယ်။ ဒီလိုပြတဲ့အခါ သူတို့မှားခဲ့တဲ့အမှားတွေကို တခြားတစ်ယောက်ကို ပုံချလိုက်တာ၊ သူတို့ကို လူတွေ အကောင်းမြင်လာအောင် ပုံပြင်တွေ လျှောက်ပြောတာမျိုး လုပ်တတ်ပါတယ်။ ဒီလိုမျိုးအကွက်တွေ ကိုယ့်ကို လုပ်ပြလာပြီဆိုရင် အားနာပါးနာနဲ့တောင် ခေါင်းငြိမ့်ပြုံးမပြလိုက်ပါနဲ့။ မဖြစ်နိုင်တဲ့အကြောင်း၊ မယုံနိုင်တဲ့အကြောင်း၊ အဓိပါ္ပယ်မရှိတဲ့အကြောင်းကို သက်သေ၊ အထောက်အထားတွေနဲ့ ပြပြီး ပြန်ပြောပါ။ အဓိက သူတို့ရဲ့ မျက်ရည်ခြူဇာတ်ကို အားပေးအားမြှောက်မလုပ်ဖို့ပါပဲ။မကြာခဏဆိုသလို လူတွေကို အပြစ်မြင်ပြီးဝေဖန်လေကန်လုပ်နေတဲ့ အဆိပ်ပင်တွေဟာ ကိုယ်ဘာမှအပြစ်မလုပ်ထားရင်တောင် ကိုယ့်ကိုပါ အပြစ်မြင်နေနိုင်တယ်ဆိုတာ သတိရပါ။ ဒီအတွက် သူတို့နဲ့ အခြေအတင် ရန်ဖြစ် ငြင်းခုံနေမယ့်အစား အဖက်ကို ပြန်မလုပ်ပါနဲ့။လူဆိုတာက သနားတတ်တဲ့ ဗီဇပါလာတော့ အဆိပ်ပင်တွေရဲ့ စကားတွေကို နားယောင်ပြီး သနားတာမျိုး လုပ်တတ်ပါတယ်။ လူဆိုတာက စိတ်ဆိုး၊ စိတ်မကြည်တဲ့အချိန် စကားကြမ်းကြမ်းတွေ ပြောမယ်။ စိတ်ပြေသွားပြီဆိုရင်တော့ ပြန်တောင်းပန်ရမှာ သဘာဝပဲလေ။ အဲ့လိုတောင်းပန်ဖို့တောင် မာနတွေ ပုံပိနေရင်တော့ ဒီလူဟာ ကိုယ်ရေရှည်ပေါင်းသင်းဆက်ဆံဖို့ သင့်တော်တဲ့ လူလားဆိုတာ ပြန်စဉ်းစားကြည့်ပေါ့။အဆိပ်ပင်လူသားတွေဟာ ကျန်တဲ့လူတွေအကုန်လုံးရဲ့ အမှားကိုသာ မြင်တတ်၊ ဖန်တီးတတ်ပြီး သူတို့ကိုယ်တိုင်က အပြစ်ကင်းတဲ့သူလို မြင်စေချင်ကြပါတယ်။ ကိုယ့်အနေနဲ့ လုပ်ပေးလို့ရတာက သူတို့ပြောတဲ့၊ လုပ်နေတဲ့အရာတွေထဲမှာ ဘာတွေက မှားနေလဲ၊ မသင့်တော်ဘူးလဲ၊ တခြားသူတွေ ဘယ်လိုခံစားရမလဲဆိုတာကို သေချာရှင်းပြကြည့်ပါ။ ဒါမှမရဘူးဆိုရင်တော့ ဘဝထဲကနေ ဆွဲထုတ်ပစ်လိုက်ပါတော့။အားနာတတ်တဲ့ စိတ်တစ်ခုတည်းနဲ့ ကိုယ့်အတွက်အဆင်မပြေတဲ့ ကိစ္စကြီးကို ကူညီပေးဖို့ သဘောမတူပါနဲ့။ ဥပမာ – ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုကို အကူအညီတောင်းခံရတဲ့အခါ သေချာစဉ်းစားပါ။ လုံးဝမကူညီနိုင်တာ သေချာရင် ငြင်းပယ်ပါ။ ဘာကြောင့် ငြင်းရလဲဆိုတာ သေချာပြောပြပါ။ ဒါကိုမှ နားမလည်ပေးဘူး၊ ကိုယ့်ကို အပြစ်တင်မယ်ဆိုရင်လည်း ပေးလုပ်လိုက်ပါ။ ကိုယ့်ဘဝနဲ့ ကိုယ်နေထိုင်တာ ဘယ်သူ့မျက်နှာကိုမှ ထောက်ကြည့်နေစရာမလိုဘူးလေ။တစ်ခါတလေ အဆိပ်ပင်တွေက တစ်လောကလုံးကလူတွေကို အပြစ်တင်နေတဲ့အခါ ကိုယ့်စိတ်ထဲမှာ ငါများသူတို့အပေါ် အမှားလုပ်မိလား၊ သူတို့ စိတ်ထိခိုက်စရာ၊ ဘဝအဆင်မပြေလောက်စရာ လုပ်မိလားဆိုပြီး သံသယအတွေးတွေ ဝင်လာတတ်ပါတယ်။ ကိုယ့်ဘက်က အမှားကင်းတယ်၊ အပြစ်ကောင်းအောင် နေထိုင်နေတယ်ဆိုရင် ဘယ်သူလက်ညှိုးထိုးထိုး ဂရုစိုက်စရာမလိုပါဘူး။အားနာတဲ့စိတ်နဲ့ ပေါင်းသင်းလိုက်ပါမယ်၊ ကူညီပေးလိုက်ပါမယ်ဆိုပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ပေးလိုက်ရင် နစ်နာရမှာက ကိုယ်ပါ။ မွေးရာပါ အဆိပ်ပင်ဖြစ်နေတဲ့သူတွေက ဘယ်သူတွေ ဘယ်လောက် ကူညီပေးပေး၊ ကျေးဇူးတင်နားလည်မှာ မဟုတ်သလို ကိုယ်အမှားတစ်ခုလုပ်တာနဲ့ ကောင်းဖူးခဲ့သမျှ အကုန်မေ့ပြီး လက်ညှိုးထိုး အပြစ်တင်တော့မှာပါ။ ဒါကြောင့် ကိုယ့်ဘဝအတွက် အဓိကဦးစားပေးပြီး ကျန်တာတွေကို သိပ်အာရုံမထားပါနဲ့။အဓိကပြောချင်တာကတော့ အဆိပ်ပင်လိုလူသားတွေကို ဘဝထဲမှာ တွေ့လာပြီဆိုရင် လူပေါင်း၊ စိတ်ခွာ ဆိုသလို အပေါ်ယံလောက်သာ ပေါင်းပြီး ကိုယ့်အတွက် စိတ်အဆင်မပြေစရာ အမူအကျင့်တွေကို မကြာခဏလုပ်လာပြီဆိုရင် ဒီလိုလူတွေကို ဘဝထဲက အမြန်ဆုံးထုတ်ပစ်ဖို့ပါပဲ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%9c%e1%80%ad%e1%80%af-%e1%80%9c%e1%80%b0%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%94%e1%80%b2%e1%80%b7/
ကျောက်ကပ်ရောဂါရှိသူများ သိထားသင့်တဲ့ စားသောက်မှုပုံစံ
ကျောက်ကပ်ရောဂါခံစားရမှုက အရင်ကသိပ်ကြားရလေ့မရှိပေမယ့် အခုနောက်ပိုင်းတော့တော်တော်လေးကြားလာရတယ်နော်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကကျောက်ကပ်ရောဂါခံစားနေကြရတယ်လေ။ ဒီတစ်ခေါက်တော့ Helloဆရာဝန်က စာဖတ်ပရိသတ်ကြီးအတွက်ကျောက်ကပ်ရောဂါရှိနေသူတွေ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ကျောက်ကပ်က အရွယ်အစားသေးငယ်ပေမယ့်ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာအများစုကို တာဝန်ယူထားတာပါနော်။ကျောက်ကပ်က။ကျောက်ကပ်ကိုထိခိုက်စေနိုင်တဲ့အချက်တွေကမနည်းပါဘူး။ကျောက်ကပ်ကို အများဆုံးထိခိုက်စေတဲ့အကြောင်းအရင်းတွေကတော့ဆီးချိုရောဂါနဲ့သွေးတိုးဝေဒနာပါ။ အဝလွန်တာ၊ဆေးလိပ်နဲ့ အရက်သောက်သုံးမှုတွေကြောင့်လည်းကျောက်ကပ်ထိခိုက်နိုင်ပါသေးတယ်။ မျိုးရိုးရှိတာ၊ အမျိုးသား၊အမျိုးသမီးကွာခြားတာ နဲ့ အသက်အရွယ်တွေကြောင့်လည်းကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။သွေးချိုကိုသေချာမထိန်းတာ၊သွေးတိုးကိုသေချာထိန်းညှိမှုမရှိတာတွေကြောင့်ကျောက်ကပ်တွင်းသွေးကြောလေးတွေထိခိုက်လာပြီးကေျာက်ကပ်ပျက်စီးနိုင်ပါတယ်။ကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါသွေးတွင်းမှာ အနယ်အနှစ်တွေများလာပြီး ခန္ဓါကိုယ်မှာရောဂါတွေဝင်လာနိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့အစားအစာတွေကကျောက်ကပ်ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်မှုရှိနေတာပါတယ်။ ဒီတော့ကျောက်ကပ်ကျန်းမာနေစေဖို့ ဒီအချက်လေးတွေကို သတိပြုဆင်ခြင်ပေးပါနော်။ဆိုဒီယမ် (အငန်)လျှော့ပါ– အရသာခပ်လေးလေးမှကြိုက်တတ်သူတွေ လျှာကိုအလိုမလိုက်ပါနဲ့။ အငန်ဓါတ်ကကျောက်ကပ်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားတစ်ခုပါ။ဆိုဒီယမ်စားသုံးမှုများတာကကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ကေျာက်ကပ်ထိခိုက်သွားတဲ့အခါ ကိုယ်တွင်းက ဆိုဒီယမ်တွေကို မစစ်ထုတ်နိုင်တော့ဘဲသွေးတိုးရောဂါထပ်ဝင်လာနိုင်ပါတယ်။ ကဲ ဆိုဒီယမ်လျှော့နော်။ပိုတက်ဆီယမ်– ပိုတက်ဆီယမ်က ခန္ဓါကိုယ်အတွက်အရေးပါတဲ့ ဓါတ်တစ်ခုပေါ့။ ဒါပေမယ့်ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ကတော့ ပိုတက်ဆီယမ်ကို အကန့်အသတ်နဲ့ပဲ လိုအပ်မှာပါ။ ဒါကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ် ၂၀၀၀ မီလီဂရမ်ပဲ စားသုံးပါ။Phosphorus –ကျောက်ကပ်ထိခိုက်ထားတဲ့သူက ကိုယ်တွင်းက ပိုလျှံနေတဲ့Phosphorusတွေကို မစစ်ထုတ်နိုင်တော့ပါဘူး။ ဒီဓါတ်ကလည်းနေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာတော်တော်လေးပါဝင်နေတဲ့ ဓါတ်တစ်ခုပေါ့။Phosphorus ပမာဏများပြားမှုက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီဓါတ်ကိုလည်း တတ်နိုင်သမျှလျှော့ရပါမယ်။ဒါတွေအပြင်ကျောက်ကပ်ရှိသူတွေအနေနဲ့နောက်ထပ်သတိထားရမှာကပရိုတင်းအများကြီးမစားမိစေဖို့နဲ့ ကယ်လ်ဆီယမ်ကိုလျှော့စားဖို့ပါ။ပန်းဂေါ်ဖီ။ဗီတာမင် C၊ ဗီတာမင် K နဲ့ ဗီတာမင် B တို့အပါအဝင် အာဟာရဓါတ်များစွာပါဝင်နေပါတယ်။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သလိုရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့indoles လိုမျိုးဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။ အာလူးနေရာမှာ အစားထိုးစားသုံးပေးသင့်တဲ့ ပိုတက်ဆီယမ်ပါဝင်မှုနည်းတဲ့ အရန်ဟင်းလျာတစ်မျိုးပေါ့။စပျစ်သီး။အရသာရှိရုံတင်မဟုတ်ပါဘူး။ အာဟာရလည်း ကြွယ်ဝပါတယ်။ ဗီတာမင် C နဲ့ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဖလေဗာနွိုက် လိုမျိုး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်သလို ဆီးချိုကာကွယ်ပေးပြီး သိမြင်မှုစွမ်းရည်ကျဆင်းတာကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်အတွက်အကောင်းဆုံး အချိုပွဲလေးတစ်ခုပေါ့။ကြက်ဥအကာ။ကြက်သွန်ဖြူကဆေးဖက်ဝင်တယ်လို့သိထားပြီးဖြစ်မှာပါ။ ကြက်သွန်ဖြူက ဟင်းလျာတွေရဲ့ အရသာကို ပိုကောင်းသွားစေနိုင်ပါတယ်။ အာဟာရကြွယ်ဝသလို မဂ္ဂနိ၊ ဗီတာမင် C နဲ့ ဗီတာမင် B6 တို့ပါဝင်နေပြီး နာကျင်ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ Sulfurဒြပ်ပေါင်းပါဝင်နေပါတယ်။ကျောက်ကပ်ကောင်းဖို့ တစ်နေ့ကို အနည်းဆုံး ကြက်သွန်ဖြူ ၃ မွှာစားပေးပါ။ဂေါ်ဖီထုပ်။ဂေါ်ဖီထုပ်မှာ ဗီတာမင် K၊ ဗီတာမင် C နဲ့ ဗီတာမင် B တို့ အများအပြားပါဝင်နေပါတယ်။ အမျှင်ဓါတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေသလို ဝမ်းမှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ်၊phosphorus နဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပေါ့။အရေခွံမပါတဲ့ ကြက်သား။ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ပရိုတင်းလျှော့စားရမယ်ဆိုပေမယ့် ခန္ဓါကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ပရိုတင်းဓါတ်ကိုတော့ပြည့်ဝအောင်စားရပါမယ်။ ဒါကြောင့်ကျောက်ကပ်သမားတွေရှောင်ရမယ့်ပိုတက်ဆီယမ်၊phosphorus နဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ အရေခွံမပါတဲ့ ကြက်ရင်အုံသားကို စားသုံးပေးလို့ရပါတယ်။ငရုတ်ပွ။ငရုတ်ပွက အာဟာရကြွယ်ဝပေမယ့် အခြားဟင်းသီးဟင်းရွက်တွေနဲ့မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းပါတယ်။ ငရ်ုပွအရောင်တောက်တောက်လေးတွေက ဗီတာမင် A၊ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပြီးကျောက်ကပ်ရောဂါရှိသူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ကြက်သွန်နီ။ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ကျောက်ကပ်အကျိုးပြုဆေးဖက်ဝင်စားစရာတစ်မျိုးပေါ့။ ဗီတာမင် C၊ မဂ္ဂနိ၊ ဗီတာမင် B နဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့်ကျောက်ကပ် ကိုရော အစာခြေစနစ်ကိုပါကျန်းမာစေမှာပါ။မုန်လာဥဖြူ။ကဲကျောက်ကပ်ရောရှိသူတွေ အခုပြောခဲ့တဲ့အတိုင်းလေးစားသောက်နေထိုင်ရင်းကျောက်ကပ်လေးကို ဂရုစိုက်လိုက်ပါနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/diet-for-kidney-disease/
အဝလွန်နေတဲ့ ကလေးတွေအတွက် အသက်အရွယ်အလိုက် ဝိတ်ချနည်းများ
ကလေးတစ်ယောက် ဝနေတာမြင်ရင် “ဟယ် ကလေးလေးက ဝဝ ကစ်ကစ်လေး။ ချစ်ဖို့ကောင်းလိုက်တာ” လို့ ပြောဖြစ်တတ်ကြတယ်။ တကယ်တော့ ကလေးတစ်ယောက် ဝနေတာဟာ တကယ်ချစ်စရာကောင်းတာဟုတ်ရဲ့လား။ဘယ်အသက်အရွယ်မှာမဆိုကိုယ်အလေးချိန်ဟာ ရှိသင့်တာထက်ပိုနေရင်ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာအဝလွန်နေရင်တော့ ကြီးပြင်းလာချိန်တလျှောက်လုံးမှာကျန်းမာရေးပြဿနာတွေရင်ဆိုင်ရလေရော့ဟယ်ဆိုပြီး နဖူးမှာ တံဆိပ်ကပ်ပေးလိုက်သလို ဖြစ်နေသွားမှာပါ။ဒါကြောင့် ကိုယ့်ရင်သွေး လက်ရှိအချိန်မှာရော အနာဂတ်ကာလမှာပါ ကျန်းမာနေစေဖို့ ငယ်ရွယ်စဉ်မှာ အဝမလွန်အောင် ပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။အကြမ်းဖျဉ်းအားဖြင့်တော့ ဝနေတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက လူကောင်ထွားနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ ကိုယ်မှာ အဆီစုဆောင်းတဲ့စနစ်ကလည်း အရွယ်အလိုက်ကွာခြားပါသေးတယ်။ဒါကြောင့် ကလေးတစ်ယောက် အဝလွန်တယ် မလွန်ဘူးဆိုတာကို အမြင်နဲ့ ဆုံးဖြတ်လို့မရနိုင်ပါဘူး။ အကောင်ဆုံးကတော့ အဝလွန်ခြင်းရှိမရှိသိဖို့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့BMIနဲ့ တွက်တာပါပဲ။ ဒါမှ ကလေးတစ်ယောက်က သူ့ရဲ့ အသက် ဒါမှမဟုတ် အရပ်နဲ့ လိုက်တဲ့ ကိုယ်အလေးချိန်ရှိမရှိဆိုတာ သိနိုင်မှာပါ။BMI တို့ Growth Chart တို့နဲ့ တွက်ချက်ကြည့်လို့ ကိုယ့်ကလေးက အဝလွန်နေတယ်ဆိုရင်တော့ဝိတ်ချပေးဖို့လိုအပ်လာမှာပါ။ ကိုယ့်ကလေးအဝလွန်နေပြီဆိုရင် ဘာကြောင့် အဝလွန်နေတာလဲဆိုတဲ့ အကြောင်းအရင်းကို အရင်ဆုံးသိနားလည်ထားဖို့ လိုအပ်ပါတယ်။ကလေးတွေကို ဝိတ်ချရတာက လူကြီးတွေကို ဝိတ်ချရတာလောက်တော့ မလွယ်ကူပါဘူး။ ကလေးဖြစ်နေတော့ အစားတွေ ဇွတ်ရှောင်ခိုင်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုတးက်ဖို့ အာဟာရမျှတအောင် ကျွေးဖို့ကလည်း လိုသေးတယ်မဟုတ်လား။ဒါကြောင့် အသက်အရွယ်ပေါ်မူတည်ပြီး အောက်ပါနည်းလမ်းတွေနဲ့ ဝိတ်ချဖို့ လိုအပ်ပါတယ်။ဒီလောက်အရွယ်လေးနဲ့ ဝပါ့မလားလို့ မထင်လိုက်ပါနဲ့ ဝပါတယ်။ ဖြစ်နိုင်ခြေနည်းပါးတာပဲရှိတာပါ။ တချို့ကလေးတွေဟာ မထင်မှတ်ထားတဲ့ ခုလိုအရွယ်မှာကတည်းက ဝဖြိုးနေကြပါပြီ။ဒါပေမယ့် ဒီအသက်အရွယ်မှာ အဝလွန်ဖို့ ဖြစ်နိုင်ခြေက နည်းပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ပန်းတိုင်ထားပြီး စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒီအရွယ်တွေမှာ စနစ်တကျ မစောင့်ရှောက်ရင် ဒီထက်ကြီးတဲ့အရွယ်မှာ အဝလွန်လာနိုင်တာကြောင့်ပါ။ပထမအသက်အရွယ်မှာ စနစ်တကျ ကျွေးမွေးစောင့်ရှောက်တာမျိုး မလုပ်ခဲ့ရင် ဒီအရွယ်မှာ အဝလွန်တာမျိုး စဖြစ်နေနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ကလေးက ကိုယ်အလေးချိန် မြင့်မားနေပြီ၊ လိုတာထက် ပိုဝနေပြီဆိုရင် စနစ်တကျ အချိန်ယူပြီး ဝိတ်ချပေးဖို့လိုအပ်ပါတယ်။ဒီအသက်အရွယ် အုပ်စုမှာ အဝလွန်တာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်တမ်းအားဖြင့် ဒီအသက်အရွယ်ဟာကလေးဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ပေးရမယ့် အရွယ်ပါ။ အရပ်ရှည်လာမယ်၊ ခန္ဓာကို ပြောင်းလဲလာမယ်၊ ဖွံ့ထွားလာမယ်။ ဒါပေမယ့် အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးချိန်မျိုးမှာ ကိုယ်အလေးချိန် လျော့ကျတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဝလွန်နေသူတွေအတွက်တော့ သိသိသာသာဖြစ်နိုင်လောက်တဲ့ အခြေနေမျိုးမဟုတ်ပါဘူး။ကလေးဝလွန်ရောဂါဟာ ခုခေတ်မှာ အတွေ့ရများနေပါပြီ။ ကလေးအရွယ်တည်းက အဝလွန်နေမယ်ဆိုရင် အရွယ်မတိုင်ခင်မှာပဲ ရောဂါပေါင်းစုံ ဝင်လာမှာပါ။ ဒါကြောင့် အချိန်မလွန်ခင် အာဟာရဆရာဝန်နဲ့ ပြသပြီး ကိုယ်အလေးချိန်ထိန်းပါ။ အပေါ်က အလွယ်တကူလိုက်လုပ်နိုင်တဲ့ အချက်လေးတွေလည်း လိုက်နာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/safe-weight-gain-tips-for-underweight-kids/
ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်တဲ့ယုံတမ်းစကားများ
လူတစ်ယောက်ဆေးလိပ် စသောက်ဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။လူတော်တော်များများဟာ ဆေးလိပ်သောက်တာ ရပ်ချင်ပေမယ့်လည်း ဆေးလိပ်ဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ယုံတမ်းစကား တွေကြောင့် ဆေးလိပ်ဖြတ်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ သင်ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် ဒီဆောင်းပါးမှာ လူတွေပြောနေကြတဲ့ ဒဏ္ဍာရီပုံပြင် (၇) ခုနဲ့ တကယ်ရော ဟုတ်ရဲ့လားဆိုတာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးကို အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေက ဖြေဖျောက်နိုင်မှာပဲ။လူအတော်များများဟာ သူတို့ဆေးလိပ်သောက်ရင်တောင်မှ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာအောင် စားသောက်တဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်နေမှာပဲလို့ ပြောဆိုတတ်ကြပါတယ်။ သုတေသနတွေအရ ကျန်းမာအောင်နေထိုင်စားသောက်ခြင်းနဲ့ အားကစားလုပ်ခြင်းဟာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို မလျော့ပါးစေနိုင်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ Winsconsin တက္ကသိုလ်က ဆေးပညာ ပါမောက္ခတစ်ဦးဖြစ်ပြီး Tobacco Research and Intervention ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Michael C. Fiore က ဆေးလိပ်သောက်ခြင်းဆိုတာ ခန္ဓါကိုယ်မှာ ရှိတဲ့ အင်္ဂါအကုန်လုံးကို ဆိုးရွားစွာ အကျိုးသက်ရောက်နိုင်ပြီးတော့ ဘယ်လို ကျန်းမာစွာနေထိုင်ခြင်းကမှ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မလျော့နည်းစေပါဘူးလို့ ပြောကြားထားပါတယ်။ဆေးလိပ်သောက်တာ ရပ်လိုက်ရင် ဝလာတတ်ပါတယ်။ဆေးလိပ်သောက်တာ ရပ်လိုက်ရင် ဝလာတတ်ပါတယ်။ ဒါပေမယ့် အပိုတက်လာတဲ့ ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ အစားအသောက်တွေ စားသုံးခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ လျှော့ချနိုင်ပါတယ်။ အမျိုးသား ကျန်းမာရေး တက္ကသိုလ် အရ တကယ်လို့ သင်ဟာ ပိုမိုကျန်းမာတဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးမယ်ဆိုရင် လအနည်းငယ်အတွင်းမှာ ၂ ကီလိုကနေ ၅ ကီလိုကြား အလေးချိန် ကျနိုင်ပါတယ်။ ဒါ့ကြောင် ဆေးလိပ်ဖြတ်ပြီး ဝလာမှာကို မစိုးရိမ်သင့်ပါဘူး။ အပိုတက်လာတဲ့ ကိုယ်အလေးချိန်ဆိုတာ ဆေးလိပ်ကြောင့် ပျက်စီးသွားတဲ့ သင့် ခန္ဓါကိုယ်ကို ပြန်လည် ပြင်ဆင်ပေးတာမို့လို့ အကျိုးရှိတယ်ဆိုတာကို သတိရပါ။ဆေးလိပ်ဖြတ်ခြင်းဟာ စိတ်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့် သင့် ခန္ဓါကိုယ်သာမက သင့်စိတ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်ကို စစဖြတ်ခြင်းမှာ နေလို့ထိုင်လို့မကောင်းတာမျိုး အနည်းငယ်ဖြစ်တတ်ပေမယ့် ဒါဟာ ခဏပဲဖြစ်ပြီး တစ်ပတ် နှစ်ပတ်အတွင်းမှာ ပျောက်ကွယ်သွားမှာပါလိုပါလို့ South Carolina ဆေးတက္ကသိုလ်က ပရော်ဖက်ဆာ Michael Cummings က ပြောပါတယ်။ သူဟာ Hollings Cancer Centre က Tobacco Policy and control program ရဲ့ တွဲဖက် ဒါရိုက်တာလည်း ဖြစ်ပါတယ်။လိုက်စီးကရက်သောက်ခြင်း (Light cigarette) ဟာ ဆိုးကျိုးနည်းစေလိမ့်မယ်။လိုက်စီးကရက်ဟာ စီးကရက်အပျော့စားတစ်မျိုးဖြစ်ပါတ်။ နီကိုတင်းဓါတ် ပိုမိုနည်းပါးတဲ့အတွက် ဒီစီးကရက် အမျိုးအစား သောက်သူတွေဟာ ပြင်းပြင်းထန်ထန် ကြာရှည်စွာ ရှူသွင်းခြင်းတွေ ပြုလုပ်တတ်ပါတယ်။ ဒါ့ပြင် လိုက်စီးကရက် သောက်တဲ့သူတွေဟာလည်း အဆုတ်ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် လိုက်စီးကရက်သောက်ခြင်းဟာလည်း ပုံမှန် စီးကရက်သောက်တာထက် ဆိုးကျိုး ပိုနည်းတယ်ဆိုတာ မဟုတ်ပါဘူး။ဆေးလိပ်ဖြတ် စိတ်ကျရောဂါ ဖြစ်လိမ့်မယ်။အပေါ်မှာ ရှင်းပြထားသလိုပဲ ဆေးလိပ်ဖြတ်ခြင်းဟာ စိတ်ပြောင်းလဲ မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ချို့ကတော့ အဲဒီ စိတ်အပြောင်းအလဲတွေဟာ စိတ်ကျရောဂါ ဖြစ်တာလို့ ယုံကြည်နေကြပါတယ်။ ဆေးလိပ်ဖြတ်ပြီးမှ စိတ်ကျရောဂါခံစားရသူတွေဟာ တကယ်တော့ ဟိုအရင်ကတည်းက စိတ်ကျရောဂါ ဖြစ်ဖူးသူ (သို့) စိတ်ကျရောဂါ ပုံမှန်ထက် ပိုမိုဖြစ်ပွားနိုင်သူတွေ ဖြစ်ကြပါတယ်။ကောင်းတဲ့အချက်ကတော့ စိတ်ကျရောဂါဟာလည်း မှန်ကန်တဲ့ဆေးတွေ ပေါင်းစပ်သောက်သုံးခြင်းနဲ့ နားလည်သိကျွမ်းသူတွေနဲ့ ဆွေးနွေးခြင်းအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ မှန်ကန်တဲ့ ကုသမှုဟာ သင့်အတွက် ဒီအခြေအနေ နှစ်ခုလုံးကို ပြေလည်စေပါတယ်။ဆေးလိပ်ကို အစိမ်းဖြတ်ဖြတ်ခြင်းဟာ အကောင်းဆုံးလို့ ထင်ခြင်း။တစ်ချို့သော ဆေးလိပ်သောက်သူတွေက ဆေးလိပ်ကို ရုတ်တရက်ဖြတ်လိုက်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး မိမိစိတ်ကို ထိန်းချုပ်နိုင်ခြင်းဟာ ဆေးလိပ်ချဉ်ခြင်းတပ်မှုတွေအတွက် တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်သူ အများစုမှာ တတ်ကျွမ်းသူနဲ့ ဆွေးနွေးပြီး ဆေးလိပ်ဖြတ်ဖို့ လိုတဲ့ ဆေးတွေ နီကိုတင်း ပါဝင်တဲ့ ပီကေ၊ ခန္ဓါကိုယ်မှာ ကပ်တဲ့အပြား၊ ငုံဆေး၊ ရှူဆေးနဲ့ နှာခေါင်းတွင်းဖြန်းဆေး နဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေဖြစ်တဲ့ Zyban (buuproprion) နဲ့ Chantix (varenicline) ကို သုံးစွဲတဲ့သူတွေကသာ ဆေးလိပ်ကို အောင်အောင်မြင်မြင် ဖြတ်နိုင်ကြတာဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7/
ဝက်တုပ်ကွေးအကြောင်း သင် ဘာတွေမေးမလဲ
ဖြေ – ဝက်တုပ်ကွေးဗိုင်းရပ်စ်က သန္ဓေပြောင်းပြီး လူတွေကိုကူးစက်တယ်၊ လူကနေလူကိုပြန့်ပွားတယ်။ပြောရရင် ဝက်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့သူတွေကို ကူးစက်ရာက အစပြုခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ လူကနေလူကိုပဲ တဆင့်တဆင့် ကူးစက်ပြန့်ပွားစေတာမို့ ဝက်သားစားစား၊ မစားစား သက်သတ်လွတ်သမားတောင် ကူးစက်ခံရနိုင်ပါတယ်။ဝက်တုပ်ကွေးက အစားအစာကနေကူးတာမဟုတ်ပါဘူး။ ရောဂါရှိနေတဲ့သူရဲ့ ချောင်းဆိုး၊ နှာချေလိုက်တဲ့ လေထုတွင်းအမှုန်တွေကတဆင့် ပုံမှန်တုပ်ကွေးရောဂါလိုပဲ ကူးစက်ပြန့်ပွားတာပါ။ဝက်သားကို ကိုင်တွယ်၊ ပြင်ဆင်ချက်ပြုတ်နည်းမှန်ကန်နေသရွေ့ ဘေးကင်းပါတယ်။ အပူချိန် ၁၆၀ ဒီဂရီဖာရင်ဟိုက်မှာ ဗိုင်းရပ်စ်တွေအကုန်သေနိုင်ပါတယ်။ဒါပေမယ့်ရောဂါရှိလို့သေတဲ့ဝက်ရဲ့အသားဆိုရင်တော့ swine flu ဗိုင်းရပ်စ်မကူးနိုင်ပေမယ့် တခြားရောဂါပိုးတွေအများကြီးပါလာနိုင်လို့ သတိထားရမှာတော့ဖြစ်ပါတယ်။ ဝက်သားစားမယ်ဆို အရည်အသွေးနဲ့လတ်ဆတ်မှု၊ရောဂါကင်းမှုကို ထည့်စဉ်းစားပါ။ရောဂါရှိနေသူကချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေကနေ ကူးတာပါ။ တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို ရှူရှိုက်မိတဲ့အခါ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင်တစ်ခုခုဆီကနေ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိင်ပါတယ်။ဖြေ – ဗိုင်းရပ်စ်ပိုးက သက်မဲ့အရာဝတ္ထုတွေမှာ ဒါမှမဟုတ် လက်မှာ ကပ်ငြိရင် မိနစ်ပိုင်းလေးပဲ အသက်ရှင်နိုင်တယ်။ ဒါပေမယ့် ဆက်ပြန့်ပွားဖို့ လုံလောက်တဲ့အချိန်အတိုင်းအတာဖြစ်နေတယ်။ ဥပမာ ကိုယ့်ရုံးခန်းထဲက တစ်ယောက်ယောက်နှာချေလိုက်တယ်၊ချောင်းဆိုးလိုက်တယ်ဆိုပါစို့။ စားပွဲ သို့မဟုတ် မျက်နှာပြင်တနေရာရာမှာ နှာရည် သို့မဟုတ် တံတွေးတွေစင်မယ်၊ ဒါကိုထိတွေ့မိရာက လွယ်လွယ်ကူးစက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ရာကနေလည်း ကိုယ့်လက်ကို ရောဂါပိုးရရှိနိုင်တယ်၊ ကိုယ့်မျက်လုံးပွတ်မိမယ်ဆိုရင်ပြီးပြီပဲ။ အကောင်းဆုံးက လက်ဆေးပါ။ဖြေ – အများအားဖြင့်ဆင်တူပါတယ်။ ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ဝက်တုပ်ကွေးကရိုးရိုးရာသီတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာကူးစက်ရောက်ရှိနိုင်ပါတယ်။ ဝက်တုပ်ကွေးလက္ခဏာတွေက –။H1N1ဗိုင်းရပ်စ်က တခြားအသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်တွေနဲ့ လက္ခဏာဆင်တူပေမယ့် သူကပိုပြင်းထန်ပြီး ရောဂါအစပျိုးချိန်ကလည်း ရုတ်တရက်ကြီးဖြစ်ပါတယ်။ အအေးမိတုပ်ကွေးတွေက နှာချေလိုက်၊နှာရည်ကျလိုက်နဲ့ အရှိန်ယူပြီး ရက်ပိုင်းအတွင်း တဖြည်းဖြည်းချင်းစလာပေမယ့် သူကတော့ နုံးချိခြင်း၊ အဖျားတက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်းစတဲ့ အပြင်းစားလက္ခဏာတွေနဲ့ တစ်စုတည်းပေါ်လာတတ်ပါတယ်။ဖြေ- ကိုယ်ခံအားကောင်းတဲ့သူတွေ မှာ ကုသမှုခံယူပြီး သက်သာသွားသူတွေရှိပေမယ့်ပြင်းထန်ရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ကုသတဲ့အခါဗိုင်းရပ်ဆန့်ကျင်ဆေး oseltamivir (Tamiflu) and zanamivirကို အကြံပေးထောက်ခံထားပါတယ်။ ရောဂါပိုးက ဆေးယဉ်သွားနိုင်တဲ့ အကြောင်းပြချက်ကြောင့် တုပ်ကွေးနောက်ဆက်တွဲတွေရနိုင်ချေများသူတွေမှာပဲ သုံးလေ့ရှိပါတယ်။ ကျန်းမာရေးကောင်းတဲ့လူအနေနဲ့တော့ ဝက်တုပ်ကွေးကူးခဲ့ရင်တော့ ခုခံအားနဲ့ပြန်တိုက်နိုင်မှာဖြစ်ပါတယ်။ဖြေ – ဝက်တုပ်ကွေးကူးစက်ပြန့်ပွားမှုကို ကာကွယ်ဖို့ အကောင်းဆုံး ကျန်းမာရေးအကြံပြုချက်တွေကတော့ –။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/respiratory-infections/swine-flu/
သရဲ အရမ်းကြောက်တာ စိတ်ရောဂါလား
တချို့တွေ သရဲ ကြောက်တာများ လူတွေကြားထဲရှိနေရင်းကိုကြက်သီးတဖြန်းဖြန်းထပါတယ်တို့ ဘာတို့။ ကြောက်လွန်းလို့ အမေနဲ့အဖေကြားမှာ ဝင်အိပ်ရင်တောင် သရဲက ခြေထောက်လာဆွဲမှာကြောက်တာ၊ ဟိုးထောင့်ကများ ပေါ်လာမလား၊ ကုတင်အောက်ကပဲထွက်လာမလား တထိတ်ထိတ်နဲ့ရယ်။ညဘက်ဆို ပြတင်းပေါက်မှန်နားလည်းမကပ်ရဲဘူး၊ ဘွားခနဲပေါ်လာမလား မသိဘူးလေ။ ဒါပေမယ့် နေရာတကာအကြောက်လွန်တာက ကိုယ့်ရဲ့ဘဝမှာ အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။ ကိုယ်က ရုပ်တည်နဲ့နေလည်း စတဲ့နောက်တဲ့သူတွေကြောင့် ရုတ်တရက်လန့်ရတဲ့အခါ မတော်တဆဖြစ်တာ၊အကြောက်လွန်ပြီး ရှော့ခ်ဖြစ်တာ၊ လူအထင်အမြင်သေးခံရတာ၊ စတဲ့ နောက်ဆက်တွဲပြဿနာတွေ လည်း ရှိတယ်။ကြောက်စိတ်ကတော့ တစ်ခုခုကို စိုးကြောက်တတ်ကြတဲ့ phobia ဆိုတာ လူအတော်များများမှာ ရှိတတ်ကြပါတယ်။Phobiasဆိုတာ တစ်စုံတစ်ရာကို အကြောင်းရင်းမရှိ ကြောက်ရွံ့တတ်တဲ့စိတ် ဖြစ်ပါတယ်။phobiaရှိနေပြီဆိုရင် အဲဒီတစ်ခုခုကိုပဲရှောင်လွှဲဖို့တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိပါတယ်။ ဒီလိုကြောက်စိတ်ဖြစ်နေတာ ယုတ္တိမရှိမှန်းလည်းသိနေလည်း ဖြေဖျောက်ဖို့ကြိုးစားရင်း ပိုပိုပြီး စိတ်ပင်ပန်းနေရတာဖြစ်ပါတယ်။ရောဂါအဆင့်မဟုတ်ပေမယ့် ကြောက်လန့်စိတ်တွေ သိပ်အစွန်းရောက်သွားတဲ့အခါ စိတ်ကျန်းမာရေးထိခိုက်လာတာ၊ အိပ်ရေးပျက်ပြီး ကြောင်တာ၊ ထင်ယောင်ထင်မှားဖြစ်တာတွေ ကြုံလာရနိုင်တယ်။ နောက်ဆုံးမှာ အမှန်တကယ်စိတ်ရောဂါဖြစ်သွားနိုင်တာတော့ရှိတယ်။(၁) ကြောက်တဲ့စိတ်ကို ရင်ဆိုင်ပါ။လေ့လာမှုတွေအရ ကိုယ့်စိတ်အတွင်းထဲက ကြောက်စိတ်တွေကို ရှောင်ပုန်း၊ ဖုံးကွယ်ထားတာက စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ပိုအင်အားကြီးစေပါတယ်တဲ့။ သရဲ အကြောင်း နားမထောင်ရဲဘူး၊ တစ်ယောက်တည်း မနေရဲဘူး ဆိုတဲ့ ရှောင်ပုန်းမှုတွေက ကိုယ့်စိတ်ကို ပိုအားနည်းစေပါတယ်။ ဒီ့အစား တည်ငြိမ်အောင်ထားပြီး တည့်တည့်ရင်ဆိုင်ဖို့ကြိုးစားကြည့်ပါ။ ကြောက်တယ် ဒါမယ့် ဘာလို့ကြောက်တာလဲ –။(၂) လက်တွေ့ကျတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးပါ။တစ်ခါတလေကျ ယုတ္တိမရှိ၊ အကြောင်းအကျိုးမရှိဘဲ စွတ်ကြောက်တာမျိုးတွေရှိတယ်။ သရဲ ခြောက်တတ်တဲ့နေရာလည်းမဟုတ်၊ ကိုယ်လည်းတစ်ခါမှ မကြုံဖူးပါဘဲ နေနေကျ ကိုယ့်ပတ်ဝန်းကျင်မှာကိုပဲ လူတွေရှိတောင် ကြောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ တစ်အိမ်လုံး လူတွေရှိနေပါလျက် အိမ်နောက်ဖေးကို ကိုယ်တစ်ယောက်တည်းမသွားရဲတာ၊ အိမ်သာမသွားရဲတာမျိုး။ဒီလိုအခြေအနေမှာ ကိုယ့်စိတ်ကိုယ် ဒါတွေမေးလိုက်ပါ –။(၃) တကယ်ရော ရှိလို့လား။ကိုယ့်အတွက် တကယ်ကြောက်စရာမရှိကြောင်း အတွေးတွေနဲ့ ကြောက်စိတ်ကို စတင်ဖြိုခွဲပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ သရဲတကယ်ရှိမရှိကို သံသယမေးခွန်းပြန်ထုတ်ပါ။ သရဲတကယ်ရှိနေတယ်လို့ ကိုယ်က ဘာလို့ ထင်နေရတာလဲ။ပြန်စဉ်းစားကြည့်ရင် သရဲ အကြောင်းကြားဖူးသမျှအများစုက သူများတွေရဲ့ တဆင့်ပြောစကားတွေ၊ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ ဖြစ်ပြီး ကိုယ်တိုင်ကြုံဖူးခဲ့တာ မရှိသလောက် နည်းနေပါလိမ့်မယ်။ ကိုယ်တိုင် ထူးဆန်းတာကြုံခဲ့တယ်ဆိုရင်တောင် တစ်ခါတလေ တိုက်ဆိုင်မှုကြောင့်ဖြစ်တတ်ပါတယ်။ ရှိလားမရှိလား သုတေသနလုပ်ဖို့မလိုဘူးနော်။ ကိုယ့်စိတ်ကိုယ် အယုံသွင်းဖို့ ပြောတာ။(၄)သရဲကားသိပ်မကြည့်နဲ့။ကြောက်တယ်သာပြောတာ။သရဲကားကြိုက်တဲ့သူတွေ ကြည့်လိုက် သရဲကြောက်တဲ့သူတွေချည်းပဲ။ ထိတ်လန့်ခြောက်ခြားရတဲ့အရသာကို သဘောကျကြတယ်လေ။ ဒီအချက်ကို ကြည့်ရင်ပဲ ကိုယ့်ရဲ့အတွင်းစိတ်မှာ ဒီကြောက်စိတ်ကို မွေးမြူထားတာ သတိထားမိမှာပေါ့။ဒါပေမယ့် ဒီလိုဇာတ်ကားတွေကြည့်နေရင်းပဲ အတွင်းကကြောက်စိတ်ကို လောင်စာဖြည့်၊ မီးစာတို့သလို ဖြစ်နေမှာ စိုးရပါတယ်။ ကြည့်ချင်တယ်ဆိုရင် – ကြောက်အောင် ခြောက်တဲ့ကားတွေထက် ရယ်စရာစွက်ထားတဲ့ သရဲဟာသကားတွေ ကြည့်ပါ။ အပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကြည့်ပါ။(၅) ကိုယ့်ကိုယ်ကို ယုံကြည်စိတ်သွင်းပါ။စိုးရိမ်မှုတွေ၊ကြောက်စိတ်တွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခုက ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ပျိုးထောင်ဖို့ပါပဲ။ ကိုယ့်ဘဝမှာ ကြိုးစားခဲ့တာ၊အောင်မြင်ခဲ့တာ၊လုပ်နိုင်ခဲ့တာတွေ ပြန်တွေးပါ။ ကိုယ်ဖြတ်ကျော်ခဲ့တဲ့ ဘဝလမ်းတလျှောက်မှာ လုပ်ဆောင်နိုင်ခဲ့တာတွေ ကိုယ့်ကိုယ်ကို ပြန်သတိပေးရင်း ယုံကြည်မှုတည်ဆောက်ပါ။ သရဲ တင် မကဘဲ ဘာကိုမှ မကြောက်တော့တဲ့ ယုံကြည်မှုတွေ ရှိလာပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/is-fear-of-ghosts-a-mental-illness/
အီးစီးကရက် နှင့် ပုံမှန်သောက်နေကျ စီးကရက် နှိုင်းယှဉ်ချက်
ဆေးလိပ်သောက်သူတွေဟာ အီးစီးကရက် (Electronic vaping)အကြောင်းကို သိပ်သိကြဟန်မတူပါဘူး။ အီးစီးကရက်ဆိုတာ ဆေးလိပ်ဖြတ်ဖို့သုံးတဲ့အစားထိုးစီးကရက်အမျိုးအစားတစ်ခုပါ။ ဒီဆောင်းပါးမှာတော့ အီး စီးကရက်နဲ့ ပတ်သက်တဲ့ အကြောင်းခြင်းရာ သုံးခုကို အမှန်အတိုင်း သိရှိစေဖို့ ပြောပြပေးမှာ ဖြစ်ပါတယ်။အီးစီးကရက်တွေဟာ အခြားဆေးလိပ်တွေထက် ပိုပြီးတော့ စိတ်ချရပါတယ်။သတင်းစာဆရာ အတော်များများက အီးစီးကရက်တွေဟာ ရိုးရိုးဆေးလိပ်သောက်သလိုပဲ အန ္တရာယ်ရှိတယ်လို့ မကြာခဏ ဖေါ်ပြခဲ့ကြပါတယ်။ အခု အသစ်ထွက်ရှိလာတဲ့ နည်းပညာဟာ ဆေးလိပ်သောက်သလို ဆိုးရွားတာပဲဆိုတဲ့ သတင်းအချက်အလက်တွေဟာလည်း မနည်းမနော ထွက်ရှိခဲ့ပါတယ်။တကယ်တော့ ဒါဟာ ကွဲပြားခြားနားပါတယ်။ လွန်ခဲ့တဲ့နှစ်က အင်္ဂလန် ပြည်သူ့ကျန်းမာရေးအဖွဲ့က အီးစီးကရက်နဲ့ ပတ်သတ်တဲ့ အသေးစိတ်လေ့လာမှုကို ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ တွေ့ရှိချက်က အင်မတန် ပြတ်သားပါတယ်။ အီးစီးကရက် တွေဟာ ပုံမှန် စီးကရက်တွေထက် ၉၅% ပိုမို စိတ်ချရပါတယ်လို့ တွေ့ရှိခဲ့ပါတယ်။ လူအတော်များများက ဒါက ဘာကိုဆိုလိုလဲဆိုတော့ ကျန်တဲ့ ၅%ကို အီးစီးကရက်က သတ်ပစ်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်လို့ဒါသာ မှန်ခဲ့ရင် အတော်အထင်ကြီးစရာပါပဲ။ တကယ်တော့ အီးစီးကရက်ဟာ လူတွေကို သေစေဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သက်သေတောင် မတွေ့ရပါဘူး။ ဒီ ၅% ဆိုတာဟာ နီကိုတင်းစွဲလမ်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို ဆိုလိုပါတယ်။ နီကိုတင်းဟာ ပုံမှန်ဆေးလိပ်မသောက်တော့ဘူးဆိုရင်ရော စွဲလမ်းမှုရှိမရှိဆိုတာ သေချာစွာ ပြောနိုင်ခြင်း မရှိပါဘူး။ဆေးလိပ်သောက်ခြင်းမှ အီးစီးကရက်ကို ပြောင်းလဲခြင်းဟာ သင့်ဘဝကို ကယ်တင်နိုင်ပါလိမ့်မယ်။ဆေးလိပ်သောက်သူအတော်များများဟာ အီးစီးကရက်ရဲ့ ဈေးနှုန်းကို ကြည့်တတ်ကြပါတယ်။ (ဒေါ်လာ ၂၀ ကစပါတယ်) ပြီးတော့ ရိုးရိုး စီးကရက်ရဲ့ ဈေးနှုန်းနဲ့ ယှဉ်ပြီး ရိုးရိုးစီးကရက်သာ ဆက်လက်သောက်တတ်ကြပါတယ်။ ဒါဟာ နားလည်နိုင်ပေမယ့် အတော်ကို မှားယွင်းတဲ့ အမှားဖြစ်ပါတယ်။ဆေးလိပ်တစ်ဘူးဆိုတာ ကုန်သွားရင် လွှင့်ပစ်လိုက်ရမှာပါ။ သင်ဝယ်၊ သောက်ပြီးရင် ကုန်သွားမှာပါ။ ဒါပေမယ့် ပြန်ဖြည့်လို့ရတဲ့ အီးစီးကရက်ကတော့ မတူပါဘူး။ သင်ဝယ်ပြီးရင် အရည်နဲ့ ထပ်ဖြည့်စရာတွေ ဖြည့်သုံးနိုင်သမျှ သင် လပေါင်းနှစ်ပေါင်းများစွာ အသုံးပြုနိုင်မှာပါ။ စစဝယ်ခြင်း ကုန်ကျစရိတ်ဟာ မကြာခင် ရက်အတွင်းမှာ ကျေသွားမှာပါ။ စစချင်း ဒေါ်လာ ၂၀ သုံးရင် နောက်ကို အရည်အတွက် ၅ ဒေါ်လာသာ ကုန်ကျမှာဖြစ်ပြီး ပုံမှန် စီးကရက် လေးငါးဘူးစာ အကုန်အကျ သက်သာသွားမှာပါ။ကြာရှည်သုံးမယ်ဆိုရင် စီးကရက်အတွက်သာမက အရည်လဲထည့်ဖို့နဲ့ အပတ်စဉ် ကွိုင်အသစ်တွေအတွက် အတော်များများကုန်ကျနိုင်ပါတယ်။ ဒါပေမယ့် သင်နဲ့ကိုက်ညီတဲ့ အရာနဲ့ အနံ့အရသာကို ရှာဖွေခြင်းအားဖြင့် ပထမလအနည်းငယ်အတွင်းမှာတင် အကုန်အကျ အတော်သက်သာနိုင်မှာပါ။ပြောင်းမလား၊ ရပ်မလား။ဆေးလိပ်ဖြတ်တယ်ဆိုတာ ခက်ခဲပါတယ်။ ဆေးလိပ်သောက်သူ အတော်များများဟာ အနည်းဆုံး တစ်ခါတော့ ကြိုးစားဖူးကြတာချည်းပါပဲ။ သိပ္ပံပညာရှင်တွေမှာ ဆေးလိပ်ဖြတ်တာဟာ ဘာကြောင့်ဒီလောက်ခက်ခဲလဲ ဆိုတာရဲ့ သီအိုရီတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေးကြီးတဲ့ အချက်တစ်ချက်ကိုတော့ မေ့လျော့နေဟန်တူပါတယ်။ ဆေးလိပ်သောက်သူတော်တော်များများဟာ တကယ်မဖြတ်ချင်ကြပါဘူး။ ဖြတ်ချင်တယ်လို့ ပြောပေမယ့် တကယ်မရည်ရွယ်ပါဘူး။ ဆေးလိပ်ဆက်သောက်နေတယ်ဆိုတာဟာလဲ သူတို့ မွေ့လျော်လို့ပါပဲ။ သူတို့ကို ပျော်ရွှင်စေတဲ့ အရာတစ်ခုကို ဘယ်သူကများ ရပ်တန့်ချင်ပါ့မလဲ။ ဒါဟာ ဘာကြောင့် ဆေးလိပ်ဖြတ်ခြင်းဟာ ခက်ခဲရသလဲ ဆိုတာပါ။ ဆေးလိပ်ဖြတ်ထားတဲ့ လူတစ်ယောက်ကို သွားမေးကြည့်ပါ။ နှစ်ပေါင်းများစွာ အချိန်အကြာကြီးရှိနေပြီဖြစ်တာတောင် သူတို့ဘဝမှာ တစ်စုံတစ်ခုက ပျောက်ဆုံးနေသလို ခံစားရတယ်လို့ ဖြေပါလိမ့်မယ်။အီးစီးကရက်တွေဟာ အစပိုင်းတုံးကတော့ ရိုးရိုးဆေးလိပ်တွေလောက် ကျေနပ်ဖွယ်မကောင်းဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်အတွင်းမှာ နည်းပညာပြောင်းလဲမှုတွေ အများအပြားရှိလာပါပြီ။ အခုခေတ် အီးစီးကရက်တွေမှာ သေချာစွာထုတ်ပိုးထားပြီး ကောင်းမွန်တဲ့ အရည်ပါဝင်လို့ အရင်ကနဲ့ မဆိုင်တော့ပါဘူး။ ဒါဟာ ဆေးလိပ်နေရာမှာ လက်ခံလောက်တဲ့ အစားထိုးတင်မကပါဘူး။ ဒီထက်အများကြီး ပိုပါတယ်။ သင်နီကိုတင်း ဘယ်လောက် ပမာဏလိုချင်တယ်ဆိုတာ ရွေးလို့ရတယ်။ ရွေးချယ်စရာ အနံ့အရသာနဲ့ သင်ကြိုက်သလို ပြုပြင်နိုင်ပါတယ်။ ဒါ့ကြောင့် ဒါဟာ လူမှုအသိုင်းအဝိုင်းမှာ ပိုဝင်ဆံ့တယ်၊ ဈေး ပိုသက်သာတယ်၊ ၉၅% ပိုလုံခြုံစိတ်ချရပါတယ်။ အီးစီးကရက်ကို ပြောင်းသုံးခြင်းဟာ သင့်အိုဟောင်းနေတဲ့ စာရိုက်စက်ကြီးကို ခေတ်မီ လက်ပ်တော့ တစ်ခုနဲ့ ပြောင်းလဲခြင်းနဲ့ ဆင်တူပါတယ်။အီးစီးကရက်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်တွေကို ရှာတွေ့ဖို့ မခက်ခဲပါဘူး။ တွေ့ပြီဆိုရင်တော့ သင့်မှာ အီးကရက်အပေါ် ကောင်းတဲ့ အမြင်တွေ ပိုပေါ်ပေါက်လာနိုင်ပြီး စမ်းသုံးကြည့်ချင်လာမှာပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%a1%e1%80%ae%e1%80%b8%e1%80%85%e1%80%ae%e1%80%b8%e1%80%80%e1%80%9b%e1%80%80%e1%80%b9-%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95%e1%80%b6%e1%80%af%e1%80%99%e1%80%bd%e1%80%94%e1%80%b9/
အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ
ခုဆိုရင် တော်တော်များများ အပြင်ကို သိပ်မထွက်ကြတော့ဘူး။ အိမ်မှာပဲ နေရင်းနဲ့ ရောဂါပျောက်ကင်းမယ့် နေ့တွေ ထိုင်စောင့်နေရတယ်။ ဒီတော့ အိမ်မှာနေရင်းအိမ်အလုပ်လုပ်တဲ့သူကလုပ်၊ရုံးအလုပ်လုပ်တဲ့သူကလုပ်နဲ့ ကိုယ့်ရဲ့ အားလပ်ချိန်တွေကို ကုန်ဆုံးလို့ ရတာပေါ့။အရင်တစ်ခေါက်က ကိုယ့်အိမ်မှာနေရင်း အသားအရေကို ထိန်းသိမ်းလို့ရမယ့် နည်းလမ်းတွေ ဝေမျှခဲ့ပြီးပြီဆိုတော့ ဒီဆောင်းပါးလေးမှာနှုတ်ခမ်းသားအလှအပအတွက် ဘယ်လိုပြန်ဂရုစိုက်လို့ ရမလဲဆိုတဲ့ အချက်လေးတွေကို ပြန်ပြီး ဝေမျှပေးချင်ပါတယ်။ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက်ရော၊Skin Careလုပ်ဖို့အတွက် အလုပ်ရှုပ်မခံချင်၊ အချိန်ကုန်မခံချင်တဲ့သူတွေအတွက်ပါ အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆို စလိုက်ကြရအောင်။ရေဓာတ်ဟာ အရေပြားအတွက်သာမက နှုတ်ခမ်းသားကိုပါ စိုပြေတောက်ပစေပါတယ်။ ဘာကြောင့်လဲဆိုတော့နှုတ်ခမ်းဆိုတာလည်း အရေပြားတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါပဲ။ ဒါဆို ခုလိုမျိုး အိမ်မှာနေရင်း ဘယ်မှမသွားရတဲ့အချိန်မှာ ရေများများ သောက်ပေးပြီးတော့ ခန္ဓာကိုယ်ရေဓာတ်ကို လျော့သွားတာမျိုး မရှိအောင် ထိန်းပေးကြတာပေါ့။ နောက်ထပ် ကောင်းတဲ့တစ်ချက်က ရေများများသောက်ပြီး ဆီးများများသွားတော့ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုပါ အပြင်ကို စွန့်ထုတ်ပေးလိုက်နိုင်လို့ လူက ပေါ့ပါးလန်းဆန်းသွားစေတယ်နော်။အရမ်းကို လွယ်ကူတဲ့နည်းလမ်းပေမယ့် လူတော်တော်များများ သတိမပြုတတ်ကြပါဘူး။ရေသောက်နည်းလို့ နှုတ်ခမ်းခြောက်တဲ့အခါ အလွယ်တကူပဲ လျှာနဲ့ နှုတ်ခမ်းကို သပ်လိုက်တယ်။ ရုတ်တရက်ကြည့်ရင် စိုတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဖြစ်သွားတာကတံတွေးထဲမှာပါတဲ့ အက်စစ်ဓာတ်တွေက နှုတ်ခမ်းပေါ်က အစိုဓာတ်တွေကို ခန်းခြောက်သွားစေလို့ နဂိုထက်တောင်နှုတ်ခမ်းက ပိုပြီးခြောက်သွေ့ကွဲအက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီမကောင်းတဲ့ အကျင့်ကို ခုကတည်းက ဖျောက်လိုက်ကြရအောင်နော်။ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာအမျှင်ဓာတ်၊ အသားအရေအတွက် မရှိမဖြစ် အရေးပါတဲ့ဗီတာမင်ဓာတ်တွေအပြင် ရေဓာတ်လည်း ပါဝင်လို့ အရေပြားကို နုပျိုတင်းရင်းစေပြီး အရောင်လက်စေပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ နှုတ်ခမ်းဆိုတာ လူ့အရေပြားထဲက အစိတ်အပိုင်းတစ်ခုဖြစ်လို့ ဒီအာဟာရဓာတ်တွေကနှုတ်ခမ်းကိုလည်း သွားပြီး ကောင်းကျိုးပေးနိုင်ပါတယ်နော်။အရေပြားရဲ့ သဘာဝသည် အမြဲတမ်း ဆဲလ်အဟောင်းတွေ သေပြီး ဆဲလ်အသစ်တွေ ပြန်ထွက်လာတဲ့ထုံးစံပါ။ နှုတ်ခမ်းသည်လည်း ထိုနည်းတူပါပဲ။နေရောင်ခြည်၊ လေထု၊ သဘာဝ၊ အချိန်ကာလကြောင့် နှုတ်ခမ်းသားရဲ့ အပေါ်ယံအလွှာက ဆဲလ်တွေ သေဆုံးသွားတဲ့အခါ နောက်ထပ်ဆဲလ်အသစ်တွေ ထွက်လာနိုင်ဖို့ ဆဲလ်ဟောင်းတွေကို ကြေးချွတ်သန့်စင်ဖို့ လိုပါတယ်။အချိန်လည်းမကုန်၊ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့သကြားနဲ့ ပျားရည်ကို အသုံးပြုပြီး ကြေးချွတ်လို့ ရတယ်နော်။ပျားရည်တစ်ဇွန်း၊ သကြားတစ်ဇွန်းကို သေချာရောမွှေပြီး နှုတ်ခမ်းသားပတ်လည်ကို ဖွဖွလေးပွတ်တိုက်ပေးပါ။ ၅ မိနစ်လောက်ထားပြီးရင် ရေနဲ့ ပြန်ဆေးချရုံပါပဲ။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ပုံမှန်လုပ်ပေးရင်တောင် ကိုယ့်ရဲ့နှုတ်ခမ်းသားက အချိန်တိုအတွင်းမှာ ပန်းနုရောင်လေး သမ်းလာမှာ အသေအချာပါပဲ။ကိုဗစ်ကာလမှာ ကောင်းတာတစ်ခုက အပြင်လည်း မသွားရတော့သလို၊ အပြင်ထွက်ရင်လည်းMaskတပ်သွားရတော့ အလှတွေ အရမ်းပြင်စရာမလိုတော့ဘူးပေါ့။ အပြင်ကမီးခိုးငွေ့တွေ၊ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားပိုးတွေကလည်း နှုတ်ခမ်းမှာ သိပ်ပြီး မကပ်တော့သလို နှုတ်ခမ်းနီလည်း မဆိုးရတော့ နှုတ်ခမ်းသားပျက်စီးမှုတွေ နည်းသွားတယ်နော်။ ဒါကတော့ အဆိုးထဲက အကောင်းလို့ သဘောထားပြီး တွေးကြည့်တာပါ။ ကျန်တဲ့ အသားအရေထိန်းသိမ်းတာကိုတော့ အပေါ်က ပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်းပဲ သေချာလုပ်ကြည့်ပါနော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%94%e1%80%b1%e1%80%9b%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8/
သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား!
သားသားမီးမီးလေးတွေကတော့ နေပူတာ မိုးရွာတာကို အမှု မထားသလို မနက်၊ နေ့လယ်၊ ညနေ ဆိုတာကို မမှုဘဲ ရေကုန်ရေခမ်း ကစားကြမယ့် အရွယ်လေးတွေပါ။ သူတို့လေးတွေ ဒီလို ကစားတဲ့အခါရာသီဥတု အခြေအနေကြောင့်ရော လှုပ်လှုပ်ရှားရှား အသားကုန် ဆော့ထားတာကြောင့်ရော သူတို့လေးတွေမှာ ချွေးတွေ အများကြီး ထွက်တာမျိုးကို ခံစားရနိုင်ပါတယ်။ ချွေးထွက်တယ်ဆိုတာကလည်း တကယ်ကတော့ ကိုယ်တွင်းက ရေဓာတ် နဲ့ဓာတ်ဆားဓာတ်တွေဆုံးရှုံးသွားတာပဲလေ။ ဒီတော့ ဖေဖေမေမေတို့ ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ အတွေးတစ်ခုက ချွေးတွေ ရွဲရွဲစိုနေအောင် ဆော့ကစားထားတဲ့ သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား! ဆိုတာ ဖြစ်မယ် ထင်ပါတယ်။ ဒီမေးခွန်းလေးအတွက် အဖြေလေးကို ဆောင်းပါးလေးကနေတဆင့် အဖြေထုတ်ပေးလိုက်ပါတယ်နော်။အဆော့သန်လှတဲ့ သားသားမီးမီးလေးတွေမှာ ချွေးဆုံးရှုံးနိုင်ခြေကလည်း တော်တော်လေး များပါ။ ဒီလို ပြေးလွှားဆော့ကစားလိုက်လို့ ထွက်သွားတဲ့ ချွေးဆိုတာက ကိုယ်တွင်းက ရေဓာတ်ပါ။ ဒီရေဓာတ်နဲ့အတူ ထပ်ပြီး ပါသွားတာက ကိုယ်တွင်းမှာရှိနေတဲ့ ဓာတ်ဆားဓာတ်ပါ။ကလေးတွေကိုရေ နဲ့ ဓာတ်ဆား ဆုံးရှုံးမှု ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေး များပါတယ်။ ဘယ်လို အခြေအနေတွေလည်း ဆိုတော့။ဒီလို အခြေအနေတွေမှာ ကိုယ်တွင်းက ရေဓာတ်နဲ့ အတူ ဓာတ်ဆားဓာတ်တွေ ဖြစ်ကြတဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကလိုရိုက် စတာတွေကိုပါ ဆုံးရှုံးသွားပါတယ်။ဒီလို ဆုံးရှုံးမှုတွေက ကိုယ်တွင်းကဇီဝကမ္မဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေနိုင်သလို ကိုယ်တွင်းက pH မျှခြေကိုလည်း ပျက်စေနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ ဆဲလ်တွေဆီကို အာဟာရတွေ ပို့ဆောင်မှုကို ထိခိုက်စေသလို နှလုံး၊ ဦးနှောက်၊ အာရုံကြောတွေ နဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီအခြေအနေတွေကို သက်သာစေဖို့ ဆိုရင် လုပ်ပေးရမှာက ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ပါ။ ဒီလိုဆို ဘယ်လို ဖြည့်တင်းလို့ ရမလဲဆိုတာတော့ ကလေးကို ဓာတ်ဆားဖြည့်ဖျော်ရည် တိုက်ပေးတာပါ။သားသားမီးမီးတို့အနေနဲ့ ကိုယ်တွင်းကနေ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ အများကြီး ဆုံးရှုံးသွားချိန်မှာ ဓာတ်ဆားဖြည့် ဖျော်ရည်တိုက်ပေးပြီး ပြန်လည် ဖြည့်တင်းနိုင်ဖို့  အရေးကြီးပါတယ်။ ဒါမှ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို  ကာကွယ်နိုင်မှာပါ။သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်တော့မယ်ဆိုရင် သတိထားရမှာ တစ်ချက်တော့ ရှိပါတယ်။ ဒါက ကလေးကို လူကြီးတွေ သောက်တဲ့ အချိုးအစားတိုင်း တိုက်တာမျိုး မလုပ်ဖို့ပါ။ ကလေးရဲ့ ရေနဲ့ ဓာတ်ဆား လိုအပ်ချက်အလိုက်ပဲ တိုက်ပေးဖို့ လိုပါမယ်။ကလေးမှာ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးနေတဲ့ လက္ခဏာတွေ ဖြစ်ကြတဲ့ ခံတွင်းခြောက်တာ၊ ဆီးသွားတာ နည်းသွားတာ၊ နှလုံးခုန်မြန်တာ၊ အရမ်းကိုခြေကုန်လက်ပမ်းကျနေတာ၊ ခေါင်းမူးတာ၊ကိုယ်အပူချိန် မြင့်တက်လာတာမျိုးတွေ ခံစားနေရမယ်ဆိုရင်တော့ ကလေးကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်ဖို့ လိုနေပါပြီ။ကလေးအတွက် ဓာတ်ဆားဖြည့် ဖျော်ရည် ရွေးတဲ့အခါသကြားပါဝင်မှုကို သတိထားဖို့ မမေ့ပါတဲ့။ အခြားအချက်တွေ အနေနဲ့ကတော့  တာရှည်ခံ ပစ္စည်းတွေ၊ ဆိုးဆေးတွေ ပါဝင်နေလားဆိုတာကို သတိထားဖို့လည်း လိုပါမယ်။ သဘာဝပစ္စည်းကို အခြေခံပြီး ထုတ်ထားတာမျိုးက  ပိုအဆင်ပြေပါတယ်။နောက်ပြီး မလိုအပ်ဘဲ တိုက်တာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ ဓာတ်ဆားဖြည့် ဖျော်ရည်ဆိုတာ သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်ထဲ ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ အတွက်သာ ဖြစ်ပြီး ကလေးကို ချော့စရာအနေနဲ့ တိုက်ရမယ့် အပျော်သောက်စရာ တစ်ခု မဟုတ်တာကြောင့်ပါ။ ကဲ …. အခုလောက်ဆိုရင်တော့ သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား! ဆိုတာကို အဖြေထွက်လောက်ပြီ ထင်ပါတယ်နော် မေမေဖေဖေတို့ရေ ……။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/can-toddlers-drink-electrolyte-water/
တနင်္လာနေ့ ရောက်တိုင်း ရုန်းကန်နေရသူတွေ ရှိလား.....
Friday mood က အရာရာကို ပျော်စရာကောင်းစေပေမယ့် စနေ တနင်္ဂနွေပိတ်ရက်ပြီးလို့ တနင်္လာနေ့ ရုံးပြန်တက်ရချိန်မှာ တော်တော်လေး ရုန်းကန်ရတာ ကိုယ်တစ်ယောက်တည်းများလား။ Helloဆရာဝန် ပရိသတ်ကြီးတွေထဲမှာလည်း တနင်္လာနေ့ ရုံးတက်ဖို့ ရုန်းကန်နေရသူတွေရှိတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။စနေ၊ တနင်္ဂနွေပျော်စရာရက်တွေကုန်ဆုံးလို့ ရုံးပြန်တက်ရမယ့် တနင်္လာနေ့ကို ရောက်လာတဲ့အခါ ရုံးမတက်ချင်ဘူး။ အရမ်းပျင်းတယ်။အိပ်ရေးမဝဘူး၊ခေါင်းကိုက်လိုက်တာ၊ စိတ်ပင်ပန်းတယ်လို့ ခံစားနေရတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို တစ်ချက်လောက်ကြည့်လိုက်ပါ။နေ့လယ်စာကို ကိုယ်အကြိုက်ဆုံး ဟင်းပြင်ဆင်ပါ။ရုံးကို ထည့်သွားမယ့် ထမင်းဘူးကို ကိုယ်အကြိုက်ဆုံး ဟင်းနဲ့ ပြင်ဆင်သွားပါ။ ဒီလိုလုပ်ပေးတာက တနင်္လာနေ့ဆိုတဲ့စိတ်ဖိစီးမှုကို အထိုက်အလျောက်သက်သာစေမှာပါ။ ဒီလိုထည့်သွားတာကမနက်ခင်းမှာ အကြိုက်ဆုံးဟင်းနဲ့ထမင်းစားဖို့အတွက်စိတ်အားထက်သန်နေစေပြီး ညနေပိုင်းကိုလည်း အကြိုက်ဆုံးဟင်းကို စားသုံးပြီးတာကြောင့် ခံစားရတဲ့စိတ်ကျေနပ်မှုနဲ့အတူ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။သဘာဝတရားကို ခံစားပါ။အလုပ်ကိုသွားတဲ့ လမ်းတလျှောက်မှာ သဘာဝတရားကိုထိတွေ့ခံစားသွားပါ။ ဒီလိုလုပ်တာက စိတ်ဖိစီးမှုကို သက်သာစေပြီး တနင်္လာနေ့ဆိုတဲ့ အသိစိတ်ကြောင့် စိတ်ကသိကအောက်ဖြစ်နေတာကို သက်သာစေနိုင်မှာပါ။ ကားမှတ်တိုင်ကနေ အလုပ်ကိုလမ်းလျှောက်သွားတာမျိုးဖြစ်ဖြစ်ပေါ့။သီချင်းမြူးမြူးလေးတွေနားထောင်ပါ။တနင်္လာနေ့ဆိုတဲ့စိတ်ခံစားချက်ကို တွန်းလှန်ပြီး အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ နောက်ထပ်လုပ်ဆောင်သင့်တဲ့ နည်းလမ်းတစ်ခုက သီချင်းမြူးမြူးလေးတွေကို နားထောင်တာပါ။ အရမ်းနားဆူစေတာမျိုးမဟုတ်ဘဲ တက်တက်ကြွကြွနဲ့ စိတ်ကို လန်းဆန်းစေမယ့် သီချင်းမျိုးလေးတွေကို နားထောင်ပေးပါ။ညနေမှာ တစ်နေရာရာသွားဖို့ အစီအစဉ်ဆွဲထားပါ။တနင်္လာနေ့ညနေမှာ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုးဖြစ်ဖြစ်စိတ်ပျော်ရွှင်စေမယ့် တွေ့ဆုံမှုလေးတစ်ရပ်ရပ်အတွက် ကြိုတင်အစီအစဉ်ဆွဲထားပါ။ ဒီလိုလုပ်ဆောင်မှုကတစ်နေ့တာမှ အလုပ်တွေကို မြန်မြန်နဲ့အကောင်းဆုံး ပြီးဆုံးအောင်လုပ်မယ်ဆိုပြီး စိတ်အားထက်သန်မှု ရစေနိုင်သလို တနင်္လာနေ့ဆိုတဲ့ စိတ်ကြောင့် စိတ်ဖိစီးတာမျိုး မဖြစ်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။တနင်္လာနေ့အတွက် ကြိုတင်အစီအစဉ်ဆွဲထားပါ။တနင်္လာနေ့ကတစ်ပတ်တာအတွက် အရှိန်စယူရတဲ့ နေ့ပါ။ တနင်္လာနေ့တိုင်းက အခြားရက်တွေထက် ပိုအလုပ်များနေတတ်ပါတယ်။ အကြောင်းကတော့ပိတ်ရက်မှာ စောင့်နေတဲ့ အလုပ်တွေရှိနေနိုင်တာကြောင့်ပါ။ ဒါကြောင့် တနင်္လာနေ့မှာ အလုပ်တွေများလွန်းလို့ဆိုပြီး ဖိစီးမှုတွေဖြစ်မလာစေဖို့ဆိုရင် အလုပ်တွေကို ကြိုတင် အစီအစဉ်ချထားတာကအဆင်အပြေဆုံးဖြစ်မှာပါ။လေ့ကျင့်ခန်းလုပ်ပါ။ပိတ်ရက်မှာ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် ဒါမှမဟုတ် တနင်္လာနေ့မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာကစိတ်ရောကိုယ်ပါလန်းဆန်းစေနိုင်ပြီးခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေမှာပါ။ ဒါကြောင့် တနင်္လာနေ့ရဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်ဖို့ နည်းလမ်းကောင်းတွေထဲမှာ လေ့ကျင့်ခန်းလုပ်တာကလည်း မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပါ။အရေးကြီးတာတွေကို အရင်လုပ်ပါ။အလုပ်ကိုရောက်တဲ့အခါ အလုပ်အများကြီးရှိနေရင်တောင် စိတ်မပျက်သွားပါနဲ့။ အရေးကြီးတဲ့ အလုပ်ကနေစပြီး ခေါင်းအေးအေးထားလို့ ဖြည်းဖြည်းချင်းလုပ်သွားပါ။ ဒါကလည်း တနင်္လာနေ့ရဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံး ဖြတ်ကျော်နိုင်စေမှာပါ။တနင်္ဂနွေမှာပြည့်ပြည့်ဝဝနားပါ။တနင်္လာနေ့မှာပင်ပန်းတယ်လို့ ခံစားရတဲ့အဓိကအကြောင်းအရင်းတစ်ခုက တနင်္ဂနွေနေ့က သေသေချာချာမနားလိုက်ရတာကြောင့်ပါ။ ဒါကြောင့် တနင်္ဂနွေနေ့မှာ တစ်နေကုန်အပြင်သွားတာမျိုးမလုပ်ဘဲ အိမ်မှာ မိသားစုနဲ့အတူပျော်စရာအချိန်လေးတွေကို ဖန်တီးပါ။ ဒါက တနင်္လာနေ့မှာ အားအင်ပြည့်ဝနေစေမှာပါ။ကဲ…တနင်္လာနေ့ဆိုတာကြီးကို ဒီနည်းလမ်းတွေသုံးပြီး အတူတူ အကောင်းဆုံးကျော်ဖြတ်ကြရအောင်လား…………..။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/beat-monday-blues/
သင်လုပ်မိနိုင်တဲ့ ရာသီအသားအရေထိန်းသိမ်းမှု အမှား ၈ချက်
နွေရာသီရောက်ဖို့ အတော်ကို နီးလာပါပြီ။ ဆိုလိုတာက ရေခဲမုန့်တွေနဲ့ ရေကူးကန်သွားဖို့ကာလကိုရောက်လာပါပြီ။ ဒါပေမယ့် သင်ကဂရုမစိုက်မိဘူးဆိုရင် နွေရာသီက နေလောင်ခြင်းနဲ့ ဆိုးရွားတဲ့ နေလောင်ဒဏ်ခံရတဲ့လိုင်းတွေ (tan lines) တွေကို ဖြစ်စေနိုင်ပါတယ်။ SPF ပါတဲ့ နှုတ်ခမ်းနီဆိုးဆေးအဆီ နဲ့ မကြာခဏ နေရောင်ကာလိမ်းဆေးတွေလိမ်းပေးတာတေအပြင် လူတွေဟာ သူတို့ကိုယ်တိုင်တောင် သတိမထားမိဘဲ အသားအရည်ထိန်းသိမ်းမှုအမှားတွေကို လုပ်လေ့ရှိကြပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ အဆိုပါအမှားတွေပါပဲ။အမွေးရိတ်ပြီး ချက်ချင်း ရေချိုးခြင်း။နွေရာသီမှာ ခြေထောက်တွေ၊ ချိုင်းကြားတွေနဲ့ bikini line တွေ အမွေးရိတ်ခြင်းကို ကျွန်မတို့ အလွန်တရာလုပ်လေ့ရှိပါတယ်။ တကယ်တမ်းတော့ ရေမချိုးခင်ရိတ်တာထက် ရေချိုးပြီးမှရိတ်တာက ပိုကောင်းတာပါ။ အမွေးရိတ်ခြင်းဟာ သင်လုပ်လိုက်တဲ့ ပထမဆုံးအလုပ်တစ်ခု မဖြစ်သင့်ပါဘူး။ သင်ဘာမှ စမလုပ်သေးခင် သင့်အသားအရည်နဲ့ အမွေးကို ရေနွေးနဲ့ ရေနွေးငွေ့တွေသုံးပြီး ရေဓါတ်ဖြည့်ပေးပါ။ ဒါဟာ ဘရိတ်ဓါးသုံးပြီး အမွေးရိတ်တဲ့အခါမှာ ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ကိုယ်ခြောက်သွားအောင် တဘက်နဲ့ ပွတ်သုတ်ခြင်း။ရေချိုးပြီးထွက်လာတဲ့အချိန်ဟာ ရေချိုးနေချိန်လိုပါပဲ အရေးကြီးပါတယ်။ သင့်ခန္ဓါကိုယ်ကို တဘက်နဲ့ ဘယ်လိုခြောက်အောင်လုပ်ပါသလဲ။ ပွတ်တိုက်ခြင်းဟာ အသားအရည်ကို ပျက်စီးစေပါတယ်။ ပြီးတော့ ဒါက နွေရာသီလက်ပြတ်အင်္ကျီတွေဝတ်ဆင်တဲ့အခါမှာ အဆင်မပြေမှုတွေဖြစ်စေပါတယ်။ ပိုကောင်းအောင်လား? ရေတွေစင်သွားအောင် တဘက်နဲ့ ပုတ်ပေးပါ။ရေချိုးရာက ထွက်လာတဲ့အခါမှာ အဝတ်အစားချက်ချင်းဝတ်ခြင်း။အပြင်လောကမှာ အရမ်းသာယာနေတဲ့အခါ သင်ဟာ အိပ်ရာကထ၊ ရေမိုးချိုးပြီး အမြန်ဆုံးအပြင်သွားချင်နေမှာပါ။ ဟုတ်တယ်မဟုတ်လား။ ဒါကို ကျွန်တော်တို့သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်မှာ ပျောက်ဆုံးနေတဲ့အရာအနည်းငယ်ရှိနေပါတယ်။ ပထမဆုံးကတော့ နေရောင်ကာဆေးလိမ်းဖို့ပါ။ နောက်တစ်ခုကတော့ အစိုဓါတ်ထိန်းဆေးလိမ်းဖို့ပါပဲ။ ဒါတွေကို ရေချိုးပြီးတာနဲ့ချက်ချင်းလုပ်ဖို့ မမေ့ပါနဲ့။ အိပ်ရာမဝင်ခင်ဘဲ လုပ်ရမှာမဟုတ်ပါဘူး။ ရေဓါတ်ကိုထိန်းသိမ်းထားနိုင်ဖို့ ရေချိုးပြီး ၅မိနစ်အတွင်း ချက်ချင်း လိမ်းပါ။ အထူးသဖြင့် နွေရာသီမှာ ပုံှမှန်ထက်ပိုပြီး အမွေးရိပ်မယ်ဆိုရင် ဒါကသင့်အတွက်ပိုပြီးမရှိမဖြစ်ကို လိုပါတယ်။တစ်နေရာထဲမှာပဲ အစိုဓါတ်မဖြည့်ပါနဲ့။အစိုဓါတ်ထိန်းဆေး (Moisturizer)တွေ သုံးတဲ့အခါ မလိမ်းဘဲကျော်သွားနိုင်တဲ့နေရာတွေဖြစ်တဲ့ ချိုင်းနဲ့ bikini line တွေလို နေရာမျိုးဟာ အထူးအရေးကြီးတာကြောင့် ဒီနေရာတွေမှာ လိမ်းကိုလိမ်းပေးဖို့သတိချပ်ပါ။ မလိမ်းဘဲကျော်သွားရင် အသားအရည်ကိုခြောက်သွေ့ပြီး ပျက်စီးစေနိုင်ပါတယ်။ Moisturizer ရဲ့ ရည်ရွယ်ချက်ကိုက အသားအရည်ကိုကာကွယ်ပေးနေတဲ့အလွှာရဲ့ ဘယ်လိုပျက်စီးခြင်းကိုမဆို လျှော့ချပေးဖို့မဟုတ်လား။ ဒါကြောင့် ရေချိုးပါ။ ခြောက်အောင်ပုတ်ပြီးသုတ်ပေးပါ။ Moisturizer လိမ်းပါ။ ခြောက်သွားပါစေ။ ပြီးတော့မှ ချွေးနံ့ထိန်းဆေး (deodorant)သုံးပါ။ချွေးနံ့ပျောက်ဆေးကို နံနက်ခင်းမှာပဲအသုံးပြုခြင်း။တကယ်လို့သင်က ချိုင်းချွေးအတွက်စိတ်ပူနေရရင် (အထူးသဖြင့် ပူပြင်းတဲ့ရာသီဥတုမျိုးမှာ) ညဘက်မှာလည်း ချွေးနံ့ထိန်းဆေးကို အသုံးပြုချင်ပါလိမ့်မယ်။ တကယ်တမ်းမှာ antiperspirants တွေကို ညနေဘက်မှာအသုံးပြုပေးတာက ပိုပြီးအသုံးဝင်ပါတယ်။ ဒါဟာ ချွေးတွေက အရည်ပြားကိုဖောက်ထွက်လာမှာကို ပိတ်ဆို့ပေးပါတယ်။ ညနေပိုင်းမှာသုံးခြင်းကပိုကောင်းရတဲ့အကြောင်းရင်းကတော့ ပုံမှန်အားဖြင့် သင့်ခန္ဓါကိုယ်က ညနေပိုင်းမှာ ချွေးထွက်တာနည်းတယ်လေ။ရေကူးကန်ထဲကတက်လာပြီး ရေပြန်မချိုးခြင်း။ရေကူးကန်သွားတဲ့နေ့တွေဟာ များသောအားဖြင့် ပျင်းစရာကောင်းတဲ့နေ့တွေပါပဲ။ သင်ဟာ ခုံတန်းရှည်ပေါ်မှာနာရီပေါင်းများစွာအချိန်ဖြုန်းပြီး ရေချိုးဖို့တော်တော်နဲ့လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမယ့် သင်က ခေါင်းလျှော်ရည်၊ပျော့ဆေး၊ရေချိုးဆပ်ပြာ စတာတွေကို ချက်ချင်းမသုံးဘူးဆိုရင်တောင်မှ သင်ကန်ထဲကတက်လာတာနဲ့ ရေနဲ့တော့ သန့်စင်သင့်ပါတယ်။ ကလိုရင်းဟာ သင့်အသားအရည်ကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါကြောင့် ရေကန်ထဲကထွက်လာပြီးတာနဲ့ ရေချိုးချလိုက်ပြီး အရည်ပြားပေါ်က ကလိုရင်းတွေသန့်စင်သွားအောင်လုပ်ဖို့ သတိပြုပါ။အရိပ်ထဲမှာ၊အခန်းထဲမှာနေရတာမို့ နေရောင်ကာလိမ်းဆေးတွေက မလိုအပ်ဘူးလို့ထင်နေခဲ့ရင်။နေ့တိုင်းနေ့တိုင်း ရုံး၊အလုပ်သွား အိမ်ပြန်လုပ်နေကြတဲ့လူတွေဟာ သူတို့အတွက်တော့ နေရောင်ကာဆေးမလိုလောက်ပါဘူးလို့ ထင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီအတွေးအခေါ်က မမှန်ကန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ UV အလင်းတန်းတွေဟာ မှန်ပြူတင်းတွေကိုဖြတ်သန်းသွားနိုင်ပြီး ရုံးထဲနေတဲ့သူတွေကိုတောင် နေလောင်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်နဲ့ အလားသဏ္ဍာန်တူဖြစ်ရပ်မျိုးဟာ ဘတ်စ်ကားသို့မဟုတ် ကားရဲ့ ပြူတင်းပေါက်နားတွေမှာ ထိုင်တဲ့သူတွေမှာတောင် ဖြစ်တတ်ပါသေးတယ်။ အကာအကွယ်မပါတဲ့ နေရာတိုင်းကို နေ့စဉ် နေရောင်ကာဆေးလိမ်းပေးခြင်းကို သွားတိုက်၊သွားကြားထိုးသလို အလေ့အထမျိုးဖြစ်အောင် လုပ်ပါ။ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲ ပါနေပါစေ။သင့်အဝတ်အစားတွေက နေရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တယ်လို့ ယူဆခြင်း။တကယ်လို့ သင်ကနေ့စဉ် နေရောင်ကာလိမ်းဆေးလိမ်းတယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် နေရောင်ကာဆေးကို အသားပေါ်နေတဲ့နေရာတွေမှာပဲလိမ်းဖို့လိုတယ်လို့ မထင်လိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင့်အဝတ်အစားတွေအောက်မှာရှိနေတဲ့ အသားအရည်ကလည်း နေရောင်ခြည်နဲ့ထိတွေ့နိုင်ပါတယ်။ ဒါဟာတကယ်တမ်းတော့ သင်ဝတ်ဆင်တဲ့အဝတ်အစားတဲ့အရည်အသွေးပေါ်မူတည်ပါတယ်။ ဒါကြောင့် ကျစ်လျစ်စွာရက်လုပ်ထားတဲ့ အရောင်ရင့်ရင့်အဝတ်အစားတွေက အရောင်ဖျော့ပြီးလျော့တိလျော့ရဲရက်ထားတဲ့ အဝတ်အစားတွေထက်ပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။ သင်က နွေရာသီမှာ ထူပြီးအနက်ရောင်လည်ရှည်အင်္ကျီတွေဝတ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် သင်ရွေးချယ်လိုက်တဲ့အဝတ်အစားတွေဟာလည်း သိပ်ပြီးကာကွယ်နိုင်မှာမဟုတ်ပါဘူး။ အဖြူရောင်လီနင်သားရှပ်အင်္ကျီဟာသင့်ကို နေရောင်ခြည်ဒဏ်က အနည်းငယ်သာ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နေရောင်ကာလိမ်းဆေးကို အရည်ပြားအနှံ့လိမ်းပေးပြီး နေရောင်ခြည်ဒဏ်ကို အလိုအလျောက်ကာကွယ်ပေးနိုင်မယ့် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%9e%e1%80%84%e1%80%b9%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%99%e1%80%ad%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a1/
ကလေးငယ်တွေ ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြသလဲ
ကလေးငယ်လေးတွေဟာလည်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်နိုင်တဲ့ စိတ်ဖိစီးမှုတွေ ခံစားရနိုင်တယ်ဆိုတာကို သင်သိပြီးပါပြီလား။ တကယ်လို့ သိထားတယ်ဆိုရင် ဂရုစိုက်ဖို့ လိုမယ်ဆိုတာကိုလည်း သိနားလည်လာမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ကိစ္စအကြောင်းပြောဆို ဆွေးနွေးကြတဲ့အခါ ကလေးငယ်တွေအကြောင်း ထည့်သွင်းမစဉ်းစားမိတတ်ကြပါဘူး။ကလေးတွေဟာလည်း စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာခံစားရနိုင်တဲ့ လူသားတွေပဲဖြစ်ပါတယ်။ သူတို့တွေလည်း ပတ်ဝန်းကျင်နဲ့ တခြားသော ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ကြရသလို အရမ်းဆိုးရွားပြင်းထန်လာချိန်မျိုးမှာ ဘဝကို လက်လျှော့အရှုံးပေးလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ကလေး သတ်သေမှု (child suicide) လို့ ဆိုကြပါတယ်။ လေ့လာချက်တွေအရ ဒီကနေ့ခေတ် အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား လူငယ်တွေအကြားမှာ သတ်သေမှုတွေ ရှိနေပါတယ်။မတူညီတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် ကလေးငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေနိုင်ပါတယ်။ မိဘ၊ ဆရာသမားနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအနေနဲ့ အောက်ပါအခြေအနေတွေကို သတိထားဖို့ လိုအပ်ပါတယ်။ဒီကိစ္စဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေအမြင့်ဆုံး ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေထက် လူငယ်ပိုင်းတွေမှာပိုဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စဖြစ်ပါတယ်။ တစ်ကြိမ် ကြံစည်ဖူးသူဟာ နောက်ထပ် တစ်ကြိမ် ထပ်မံကြံစည်ဖို့ ဖြစ်နိုင်ချေ အလွန်မြင့်မားတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။မိသားစုဝင်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးကို ကြုံဆုံခဲ့ရတဲ့ ကလေးငယ်တွေဟာလည်း သတ်သေနိုင်ချေများပါတယ်။ လေ့လာချက်တွေအရ မိသားစုဝင်တစ်ဦး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ဖူးတဲ့ မိသားစုတွေထဲက ကလေးငယ်တွေဟာ တခြားကလေးငယ်တွေထက် ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေ သိသိသာသာပိုမြင့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိသားစုအိမ်တွင်းရေး အခြေအနေ၊ အိမ်တွင်းအကြမ်းဖက်မှု၊ မိသားစုဝင်တွေအကြား နွေးထွေးတဲ့ ဆက်ဆံရေးမရှိမှု၊ မိဘတွေ ကိုယ်တိုင် စိတ်ဝေဒနာခံစားနေရမှု၊ အိမ်ခြေမဲ့ဖြစ်နေမှု၊ ချစ်ခင်နှစ်သက်ရတဲ့ မိသားစုဝင် တစ်ဦးဦး ဆုံးရှုံးထားရမှုတွေကြောင့်လည်း ကလေးငယ်တွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုးဖြစ်နိုင်ပါတယ်။လိင်ခံယူချက်ကြောင့်လည်း ကလေးတွေ ငယ်ရွယ်စဉ်မှာ သတ်သေလောက်တဲ့ စိတ်ဖိစီးမှု ခံစားကြရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် LGBTQ အဖြစ် လိင်ခံယူချက် ကွဲပြားနေမှုကို မိသားစု၊ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက ငြင်းဆန်တာမျိုး၊ နှိပ်ကွပ်တာမျိုး၊ ခွဲခြားဆက်ဆံတာမျိုးတွေ ပြုလုပ်ခြင်းခံရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ နည်းလမ်းကို ရွေးချယ်ဖို့ စဉ်းစားကြလေ့ရှိပါတယ်။ကလေးငယ်တွေလည်း စိတ်ဖိစီးနိုင်ပါတယ်။ ဒါကို မိဘအတော်များများ သိရှိကြခြင်းမရှိပါဘူး။ ကလေးဘဝကဟာ အပူအပင်ကင်းတယ်၊ အေးချမ်းမှုရှိတယ်လို့ ဆိုကြပေမယ့် သူတို့မှာလည်း သူတို့စိတ်အခြေအနေအတွက် ဖိအားဖြစ်စေမယ့် အခြေအနေတွေ အများအပြားကြုံရလေ့ရှိပါတယ်။ ကလေးငယ်တွေ စိတ်ဖိစီးမှုများနေမယ်ဆိုရင်ဝမ်းနည်းကြေကွဲလွယ်တာ၊ မျှော်လင့်ချက် ကင်းမဲ့နေတာ၊ ပျင်းရိတာ၊ စိတ်ထိခိုက်လွယ်တာ၊ ပူပင်စိတ်များတာနဲ့ စိတ်ကြီးတာ စတဲ့ လက္ခဏာတွေ မကြာခဏပြသလေ့ရှိတယ်လို့ဆိုပါတယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ ရင်တွင်း ခံစားချက်တွေကို ပြည့်ပြည့်ဝဝထုတ်ဖော် ရှင်းပြနိုင်စွမ်းနည်းပါးတာမို့ ဒီလိုလက္ခဏာတွေကို လေ့လာပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ American Academy of Pediatrics (AAP) ရဲ့ သုတေသနတွေအရ အသက် ၁၂ နှစ်အောင် ကလေးငယ် ၅ ဦးမှာ ၁ ဦးဟာ စိတ်ဖိစီးမှုဒါဏ် ခံစားနေရတယ်လို့ သိထားရပါတယ်။တချို့ကလေးငယ်တွေဟာ ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ ဝေဒနာတချို့ ကပ်ငြိနေတတ်တာမျိုးဖြစ်နိုင်ပါတယ်။ သူတို့လေးတွေဟာလည်း မှန်ကန်စွာ ပြုစုပေးနိုင်ခြင်းမရှိရင် အဆုံးစီရင်နိုင်တဲ့ အန္တရာယ်ရှိတတ်ပါတယ်။ သူတို့လေးတွေအနေနဲ့ သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ခံစားချက်ကို မိသားစုဝင်တွေ ပြည့်ပြည့်ဝဝ နားလည်အောင် မရှင်းပြနိုင်တဲ့အခါမျိုးမှာ သူတို့ရဲ့ စိတ်ခံစားချက်ကို မိသားစုနဲ့ ပတ်ဝန်းကျင်ကလူတွေ နားလည်လာစေချင်တဲ့စိတ်နဲ့ အဆုံးစီရင်တာမျိုး ပြုလုပ်တတ်ကြတယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။အလွန်ငယ်ရွယ်တဲ့ကလေးငယ်တွေမှာ ဒီပြဿနာမရှိနိုင်ပေမယ့် ၁၆ နှစ်အထက် လူငယ်တချို့မှာတော့ ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်က သတ်သေမှုတွေရဲ့ ၃ ပုံ ၁ ပုံဟာအရက်နဲ့ ဆက်နွယ်မှုရှိပါတယ်။ လူငယ်ဘဝ မူးယစ်ဆေးအလွန်အမင်း သုံးစွဲမှုကလည်း အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ဒေါသကြီးတာ၊ အနိုင်ကျင့်တတ်တာ၊ အနိုင်ကျင့်ခံရတာ၊ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံရတာ၊ ခွဲခြားဆက်ဆံခံရတာ၊ သီးသန့် ခွဲခြားခံရတာတွေလိုမျိုး အမူအကျင့်ဆိုင်ရာ ကိစ္စရပ်တွေကလည်း လူငယ်တွေနဲ့ ကလေးငယ်တွေကို လမ်းမှားရောက်အောင် တွန်းအားပေးနိုင်ပါတယ်။အနိုင်ကျင့်သူပဲဖြစ်ဖြစ်၊ အနိုင်ကျင့်ခံရသူပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာကြုံရတာခြင်း တူညီပါတယ်။ ဒီကနေ့ခေတ်မှာတော့ Cyber-bullying နဲ့ OnlineAbuseပြဿနာမျိုးတွေပါ ရှိလာနေပါတယ်။ Cyber-bullying လုပ်တဲ့သူတွေဟာ ကလေးငယ်တွေကို အဓိကပစ်မှတ်ထားကြလေ့ရှိတာမို့ မိဘတွေအနေနဲ့ သတိထားသင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ Cyber-bullied အလုပ်ခံရတဲ့ ကလေးငယ်တွေဟာ တခြားပြဿနာကြုံရသူတွေထက် ကိုယ့်ကိုယ်ကို သတ်သေဖို့ တွေးတော့မှု ၃ ဆ ပိုမြင့်ပါတယ်။အထက်ပါအချက်တွေဟာ ကလေးငယ်တွေ ကိုယ့်ကိုယ်ကို သတ်သေလာအောင် တွန်းအားပေးနေတဲ့ အဓိက အချက်တွေဖြစ်ပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ပြုစုစောင့်ရှောက်ရာမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်ဖို့နဲ့ ကလေးငယ်တွေရဲ့ အပြုအမူတွေနဲ့ အလေ့အကျင့်တွေကို သတိထားစောင့်ကြည့်ဖို့ကိုလည်း အလေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%98%e1%80%ac%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%ad%e1%80%af/
ပိတ်ရက်ရှည် ကြီးပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ.........
ပိတ်ရက်တွေမရောက်ခင်က ပျော်စရာအကောင်းဆုံး အချိန်လေးပါ။ ပိတ်ရက်အတွင်းမှာလည်း ပျော်နေဆဲပါပဲ။ ဒါပေမယ့် ပိတ်ရက်ရှည် ကြီးပြီးလို့ ပြန်ဖွင့်ခါနီးပြီဆိုရင်စိတ်ဓာတ်က အလိုလိုကျလာပြီ။ ရုံးပြန်တက်ရတော့မယ်ဆိုရင်တော့ အရမ်းပျင်းပြီး ရုံးမတက်ချင်တဲ့ ဆန္ဒက အရမ်းများနေပြီပေါ့။ ရုံးကလည်း မတက်လို့မဖြစ်ဘူး။ ရုံးတက်ဖို့လည်း စိတ်ကလုံးဝမပါဘူးဆိုသူလေးတွေအတွက် ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ပျော်ရွှင်စရာရုံးပိတ်ရက်တွေပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဒီတော့ ရုံးပြန်တက်ဖို့မပျင်းရအောင်။တစ်ယောက်ယောက်နဲ့စကားစမြည်ပြောဆိုပါ။ရုံးပိတ်ရက်ပြီးခါနီးလိုအချိန်မျိုးမှာ ရင်းနှီးရသူတစ်ယောက်ယောက်နဲ့ ဖုန်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် အပြင်မှာ ကိုယ်တိုင်တွေ့ပြီးဖြစ်ဖြစ်စကားစမြည်ပြောပါ။ အားလပ်ရက်ဘာတွေလုပ်ဖြစ်တယ်။ ဘယ်လိုမျိုးအချိန်ကို ကုန်ဆုံးခဲ့တယ်။ သူရောအားလပ်ရက်မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာကို မေးမြန်းပြောဆိုပေးပါ။အပြင်ထွက်ပါ။အခန်းအောင်းနေမယ်။ အိမ်တွင်းအောင်းနေမယ်ဆိုတာက ကိုယ်တိုင်လည်း ကြိုက်တဲ့ အပြုအမူတစ်ခုဆိုပေမယ့် အားလပ်ရက်မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချိန်းပြီး အပြင်ထွက်လိုက်တာ စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်ပြီး အားလပ်ရက်ပြီးလို့ ရုံးတက်ချင်စိတ်မရှိတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ အပြင်လေးဘာလေးသွားပါ။ဈေးဝယ်ထွက်တာမျိုးဖြစ်ဖြစ်ပေါ့။လေ့ကျင့်ခန်းလုပ်ပါ။စိတ်ဖိစီးနေတယ်။ စိတ်ဓာတ်ကျနေတယ်ဆိုတဲ့ အချိန်မျိုးမှာ အကောင်းဆုံးသောနည်းလမ်းက လေ့ကျင့်ခန်းလုပ်တာပါ။ Gym သွားဆော့တာမျိုးမဟုတ်ရင်တောင် မနက်ခင်းစောစော ထပြေးတာမျိုး၊လမ်းလျှောက်တာမျိုး နဲ့အကြောလျှော့လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးပါ။ ဒါက စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေမယ့် နည်းလမ်းကောင်းပါ။​နောက်သို့ကို ခေါက်ထားလို့ ရှေ့သို့ကိုသာ အာရုံထားပါ။အားလပ်ရက်ကပြီးသွားပါပြီ။ ဒါကို ပြန်စချင်လိုက်တာ၊ ရုံးမတက်ချင်ဘူးလို့တွေးနေတာက ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေတာပါ။ မတက်ချင်လည်း အားလပ်ရက်ပြီးသွားရင် ရုံးကပြန်တက်ရမှာပါပဲ။ နောက်တစ်ချက်က အချိန်တွေကို လိုသလို နောက်ပြန်ဆုတ်နိုင်တဲ့ အစွမ်းကလည်း မရှိပါဘူး။ ဒီတော့ တက်ရမယ့်ကိစ္စကို ထိုင်စိတ်ညစ်ခံနေမယ့်အစား ရုံးပြန်တက်ဖို့ကိုပဲ အကောင်းဆုံးတွေးလိုက်ပါ။ဟင်းချက်ပါ။ပိတ်ရက်မှာ ဟင်းကောင်းကောင်းချက်စားတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။ အားလပ်ရက်မှာ ဟင်းချက်တာက အရသာရှိရှိ ဟင်းတွေကို မြည်းစနမ်းခွ်င့်ရစေရုံတင်မကပါဘူး။ သင့်ကို ဖန်တီးနိုင်စွမ်းတိုးစေနိုင်သလို မတူတဲ့အတွေးသစ်တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အားလပ်ရက်ပြီးလို့ ရုံးပြန်တက်ရမှာကို သိပ်မပျင်းတော့တာပါပဲ။အားလပ်ရက်မှာ ခရီးတိုလေးတွေသွားတာက စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်တာမျိုးတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါက အားလပ်ရက်ပြီးလို့ ရုံးပြန်မတက်ချင်တာမျိုးမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ပိတ်ရက်မှာခရီးတိုလေးထွက်ဖြစ်အောင် ထွက်ဖို့ပြောပါရစေ။အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာက စိတ်လက်ပေါ့ပါးစေမယ့် နည်းလမ်းတစ်ခုပါ။ အကောင်းမြင်စိတ်ရှိသူတွေ။ ကိုယ်ချစ်ရသူတွေနဲ့ အချိန်တွေကို ကုန်ဆုံးတာက စိတ်ဖိစီးတာ၊စိတ်ပူပန်တာတွေဖြစ်နိုင်ခြေနည်းသွားစေပြီး အတွေးအမြင်သစ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။  မတူကွဲပြားတဲ့ အတွေးအမြင်သစ်တွေကိုလည်း သိရှိခံစားနိုင်မှာဖြစ်ပါတယ်။ကောင်းတဲ့အရာတွေကိုချရေးထားပါ။တရားထိုင်တာကစိတ်ရောကိုယ်ပါသက်တောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတစ်ရပ်ပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ပျော်ရွှင်မှုဖြစ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ နောက်တစ်ချက်က ပျင်းရိမှုတွေကို ပြေပျောက်စေပြီး စိတ်ကိုလန်းဆန်းစေနေတာကြောင့် လုပ်ဆောင်ရမယ့် ကိစ္စတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေမှာပါ။ကဲ..ပိတ်ရက်ရှည်ကြီးပြီးလို့ ရုံးမတက်ချင်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို လက်တွေ့အသုံးချကြည့်လိုက်နော်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/tips-to-beat-the-post-holiday-blues/
ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ
ရာသီ အကူးအပြောင်းမှာ အိမ်ကသားသားမီးမီးတွေဖျားနာမှာကို မေမေတိုင်း စိုးရိမ်ကြပါတယ်။ ကလေးတွေ ဖျားနာပြီဆိုရင် စိတ်ရောကိုယ်ပါ ပင်ပန်းရတာ မေမေတွေပါ။ ဒီတစ်ခေါက်တော့ ရာသီ အကူးအပြောင်းဆိုရင် သားသမီးတွေကို မဖျားအောင် ဘယ်လို လုပ်ပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  ဘယ်လိုများ လုပ်ပေးလို့ ရမလဲဆိုပြီး သိချင်နေပြီလား ….. မေမေတို့ရေ။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ရာသီ အကူးအပြောင်းမှာ အိမ်ကသားသားမီးမီးတွေ ဖျားနာမှု ကင်းအောင်လုပ်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကလေးတွေရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးတာပါ။ ကိုယ်ခံအား ကောင်းမှ ရောဂါတွေ ကူးစက်မှုကို ကာကွယ်နိုင်မှာပါ။ ဒါမှလည်း သားသားမီးမီးတို့က ဖျားနာမှု ကင်းပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာမှာပါ။ကလေးတွေရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးပါဆိုတော့ ဆေးသောက်ရမှာလား ….. ဆိုတော့ မဟုတ်ပါဘူး။ သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားကို သဘာဝအတိုင်း မြှင့်ပေးလို့ ရပါတယ်။ ဒီတော့ ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ကလေးကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးဖို့ လိုပါမယ်။အစားအစာ ရွေးချယ်တဲ့အခါ သတိထားရမှာက အစားအစာတိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာပါ။ ပြင်ဆင်ထားတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို ကလေးက ခံတွင်းတွေ့နိုင်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တာကတော့ အသေအချာပါ။ ကလေးအတွက် အစားအစာ ရွေးချယ်ပေးတဲ့အခါ လွယ်ကူတာထက် လတ်ဆတ်ပြီး အာဟာရပြည့်တာကို ဂရုစိုက်စေချင်ပါတယ်။ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ အခုလို အစားအစာလေးတွေ ပါဝင်အောင် ပြင်ဆင်ပေးတာက ကလေးကို အာဟာရပြည့်ဝစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ကလေးအတွက် လိုအပ်တဲ့ ပမာဏကပဲ အကောင်းဆုံး ဖြစ်စေမှာပါ။ ဒါကြောင့် ကလေးတစ်ယောက်ကို လုံလောက်တဲ့ ပမာဏထက် ပိုမကျွေးပါနဲ့။ ဥပမာ ပြောပြရရင် လိမ္မော်သီး စားလို့ ကျန်းမာမှာ မှန်ပေမယ့် ကလေးကို ကျန်းမာတယ်ဆိုပြီး လိမ္မော်သီး ၁၀ လုံးစားလို့တော့ ကလေးက ပိုကျန်းမာ မလာပါဘူး။တစ်နေ့တာ လိုအပ်တဲ့ အာဟာရ လိုအပ်ချက် ပြည့်ဝအောင်ပဲ ကျွေးပေးတာက ကလေးကို ကျန်းမာဖွံ့ထွားစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ကလေးရဲ့  ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ကလေးကို ငယ်စဉ်ကတည်းက  တစ်ကိုယ်ရေ သန့်ရှင်းရေး သေချာလေး ဂရုစိုက်ပေးရပါမယ်။ ဒါမှ ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။အစားမစားခင် လက်ဆေးတာ၊ တစ်ခုခုကို ကိုင်ပြီးရင်ဖြစ်ဖြစ် အပြင်က ပြန်လာရင်ဖြစ်ဖြစ် ရေအိမ် အသုံးပြုပြီးချိန်မှာဖြစ်ဖြစ် လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလေး သန့်စင်အောင် ဆေးကြောတတ်တဲ့ အလေ့အထကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးပါ။ကလေးကတော့ ငယ်သေးလို့ ကိုယ်တိုင် လေ့ကျင့်ခန်း လုပ်မှာ မဟုတ်ပါဘူး။ ဒီတော့ မိသားစုတွေပါ အတူဝိုင်းပြီး တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေဆိုရင်ကို အဆင်ပြေပါတယ်။ကလေးကို ပြေးလွှားပြီးဆော့စေတာ၊ စက်ဘီးစီးတာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းတွေကို ပေးဆော့တာက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။အိပ်ရေးဝတာက ကလေးရဲ့ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့ သားသားမီးမီးလေး ဖြစ်စေဖို့ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိအောင် မေမေက သေချာလေး ဂရုစိုက်ပေးပါ။ကလေးကို အိပ်ရေးဝတာ ကိုယ်ခံအားတင် ကောင်းစေတာ မဟုတ်ဘဲ။ ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေမှာပါ။ရာသီအကူးအပြောင်းမှာ သားသားမီးမီးတို့ ဖျားနာမှု ကင်းစေဖို့ အခုပြောခဲ့တဲ့ ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ ကို လက်တွေ့ အကောင်အထည်ဖော်လိုက်နော် မေမေတို့ရေ …….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/natural-ways-to-boost-childrens-immune-system/
အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ
အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ ……. ထိခိုက်ဒဏ်ရာ ရရင် သွေးမထွက်တာမျိုးက သိပ်မရှိပါဘူး။ အနည်းဆုံး သွေးလေးတော့ စို့တတ်ကြပါတယ်။ အနာ ဖြစ်လို့ သွေးထွက်တဲ့အခါသွေးထွက်လွန်လား။ အနာက ပြင်းထန်နေတာလား ဆိုပြီး စိုးရိမ်စရာတွေ ဖြစ်လာတာက အမြဲလိုလို ဖြစ်တတ်ကြမယ် ထင်ပါတယ်။ ဒီတော့ အနာကို သွေးတိတ်အောင် ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို သိထားမယ် ဆိုရင်တော့ အဆင်ပြေမှာပါ။ အနာက သွေးထွက်မှလည်း အနာထဲမှာ ဝင်နေတဲ့ အမှုန်နဲ့ ပိုးမွှားတွေကို သန့်စင်ပြီး ဖြစ်မှာပါ။အနာ ဖြစ်တဲ့ အခါ သွေးထွက်တယ် ဆိုတာက ခန္ဓါကိုယ်မှာ ရှိနေတဲ့ သွေးကြောတွေထဲက သွေးတွေ ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ်။ အနာဖြစ်လို့ သွေးထွက်တဲ့အခါ သွေးလွန်တာမျိုး မဖြစ်စေဖို့အတွက် သွေးတိတ်အောင် မြန်မြန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထိခိုက် ဒဏ်ရာ ရမှု တော်တော်များများမှာ အရမ်း မပြင်းထန်ဘူး ဆိုရင်တော့သွေးတိတ်အောင် လုပ်ဖို့က အခက်အခဲ မရှိပါဘူး။ သွေးကြောကို ထိမိတာ၊ တစ်ရှုးတွေ ပျက်စီးသွားမယ်ဆိုရင်တော့ သွေး အရမ်း ထွက်တာမျိုး ဖြစ်ပါလိမ့်မယ်။ အခုတစ်ခေါက်တော့ အနာ ဖြစ်ရင် သွေးတိတ်အောင်ဘယ်လိုလုပ်မလဲ ဆိုတာလေး ပြောပြမယ်နော်။အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ ဆိုတော့။အနာ ဖြစ်လို့ သွေးထွက်လာတဲ့အခါ ပထမဆုံး လိုက်နာရမှာက အနာပေါ်ကို အဝတ်စသန့်သန့်လေးနဲ့အုပ်ပြီး အသာအယာဖိထားပေးဖို့ပါ။ လက်မှာထိခိုက်ဒဏ်ရာရထားတာဆိုရင်တော့ ဒဏ်ရာရထားတဲ့လက်ကို နှလုံးအပေါ် ရောက်အောင် မြှောက်ထားပေးဖို့ပါ။ အနာပေါ်ကို အဝတ်စသန့်သန့်လေးနဲ့ ဖိထားတာတောင်မှ သွေးက ထွက်နေတုန်းပဲဆိုရင်လည်း ဖိထားတဲ့အဝတ်စကို မဖယ်လိုက်ပါနဲ့။ ဆက်ပြီးဖိထားပေးပါ။ အနာပေါ်မှာ ၅ မိနစ် ၁၀ မိနစ်ကြာအောင် ဖိထားတာတောင်မှ အနာက သွေးမတိတ်ဘူးဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုအပ်ပါမယ်။ရေပိုက်ဖွင့်ပြီးရေပိုက်အောက်မှာ အနာကိုထားရင်း ဆေးကြောပေးရင်လည်း သွေးတိတ်အောင် အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ အနာပေါ်ကို ရေအေးအေးလေး လောင်းချပေးတာက သွေးကြောတွေကို ကျဉ်းသွားစေပြီး သွေးမြန်မြန် တိတ်စေပါလိမ့်မယ်။ပြတ်ရှဒဏ်ရာတွေကိုရေခပ်နွေးနွေးလေးနဲ့ လောင်းဆေးပေးရင်လည်း သွေးခဲအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ရေနွေးရော ရေအေးရောကိုတော့ အသုံးမပြုရပါဘူး။အနာက သွေးထွက်နေရင် အဝတ်စ သန့်သန့်ထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး အနာပေါ်မှာ ကပ်ပေးပါ။ရေခဲကပ်ပေးတာက အနာသွေးတိတ်အောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံး တစ်ခုပါ။ရေခဲ ကပ်တာက အနာကို အရောင်ကျစေနိုင်သလို အနာကျက်အောင်လည်းထောက်ပံ့ပေးပါတယ်။ ခန္ဓါကိုယ် အပူချိန် မြင့်လေလေ သွေး ပိုထွက်လေလေပါ။ခန္ဓါကိုယ်အပူချိန်ကျအောင်လုပ်ဆောင်ပေးမယ်ဆိုရင်သွေးတိတ်အောင်လည်း အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ခန္ဓါကိုယ် အပူချိန်က အရမ်း မြင့်နေရင် ဖြစ်ဖြစ် ပုံမှန်ထက် ကျဆင်းနေရင်ဖြစ်ဖြစ် အနာကို ရေခဲ မကပ်သင့်ပါဘူး။ဗီနီကာကအနာကို ပိုးမဝင်အောင်ကာကွယ်ပေးနိုင်သလို သွေးတိတ်အောင် လုပ်ဆောင်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ပြတ်ရှဒဏ်ရာရရှိတဲ့အခါ ဗီနီကာကို ဂွမ်းစ သန့်သန့်လေးနဲ့ ယူပြီး အနာပေါ်မှာ တို့သုတ်ပေးပါ။ သွေးတိတ်အောင် ခဏတော့ စောင့်ပေးရပါမယ်။ပြတ်ရှဒဏ်ရာ ရလို့ သွေးထွက်လာမယ် ဆိုရင်တော့ အနာ ပေါ်မှာ သကြား တစ်ဇွန်းစာလောက် အုံပေးလိုက်ပါ။ သကြားက အနာ ထဲမှာ ပိုးရှိနေရင် သေစေနိုင်ပြီး အနာကို သန့်စင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ သွေးတိတ်အောင်လည်း လုပ်ဆောင် ပေးနိုင်ပါသေးတယ်။အနာထဲကို ညစ်ပေတဲ့ အရာတွေနဲ့ ပိုးမွှားတွေ မဝင်စေဖို့နဲ့ သွေး ထပ်မထွက်လာစေဖို့ အနာကို ပလာစတာ ကပ်ပေးပါ။ အနာကို ပလာစတာ ကပ်ပေးတာ အနာကျက် မြန်အောင်လည်း အထောက်အကူ ပြုပေးပါတယ်။ထိခုက်ဒဏ်ရာ ရတဲ့အခါ အခု ပြောပြခဲ့တဲ့ နည်းတွေ အတိုင်းသွေးတိတ်အောင်လုပ်ဆောင်ကြည့်လိုက်ပါ။ အနာကို သွေးတိတ်အောင် မလုပ်ခင်မှာ အနာ ကိုင်မယ့် လက်ကို သန့်စင်အောင် ဆေးကြောဖို့ မမေ့ပါနဲ့။ အနာရောဂါ ကင်းကြပါစေ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/tips-for-stop-bleeding/
ဆီးချိုအတွက်အသင့်အစားအစာအကြံဉာဏ်ကောင်းများ
ဆီးချိုဖြစ်နေတဲ့အခါ စားသုံးလို့ရတဲ့ အစားအစာတွေက အရမ်းအရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ ဆီးချိုနဲ့သင့်တော်တဲ့ အစားအသောက်တွေက သွေးဖိအားထိန်းပေးခြင်း၊ နှလုံးကိုကာကွယ်ပေးခြင်း၊ သွေးချိုကိုထိန်းညှိပေးခြင်း၊ ဆီးချိုရဲ့ရှုပ်ထွေးမှုတွေကိုနှေးစေခြင်းတို့စွမ်းဆောင်နိုင်ပါတယ်။ဆီးချိုသမားတွေစားသင့်တဲ့ ဆီးချိုအတွက်အစားအသောက်တွေရဲ့ အဓိကရည်ရွယ်ချက်က ရောဂါအခြေအနေကို ထိန်းချုပ်စေနိုင်ဖို့၊ သွေးချိုကျစေဖို့ဖြစ်ပါတယ်။ ဆီးချိုရှိသူတစ်ယောက်ဟာ သူ့အတွက်သင့်တောတဲ့ ဆီးချိုအစားအသောက်တွေမရှိရင် ဘေးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အများသောအားဖြင့် ကျန်းမာတဲအစားအစာပြင်ဆင်တာက အချိန်အများကြီးကုန်ပြီး ရှုပ်ထွေးနိုင်ပါတယ်။ အခုပြောပြသွားမှာက ဆီးချိုသမားတွေအတွက် အချိန်ကုန်သက်သာစေမယ့် အစားအသောက်တွေပါ။မနက်စာစားချိန်ဆိုတာ ဖိုင်ဘာ၊ ဗိုက်တာမင်နဲ့ ကယ်လ်ဆီယမ် စတဲ့အထောက်အကူပြုအာဟာရတွေကို စားသင့်တဲ့အချိန်ပါ။ ဆီးချိုရှိသူတွေက သူတို့ရဲ့မနက်စာကို whole grain တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ oatmeal တွေ၊ နို့တွေ၊ ဒိန်ချဉ်တွေ စတဲ့ကျန်းမာရေးကိုအထောက်အကပြုတဲ့အစားအစာတွေကိုစားသင့်ပါတယ်။စပါး၊ ပြောင်းစတာတွေက ဖိုက်ဘာကြွယ်ဝပါတယ်။ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီလိုအသီးတွေ တစ်ခွက်ကို flax seed တစ်ဇွန်းမဟုတ်ရင်နှစ်ဇွန်းထည့်စားပေးပါ။ Flax seed တွေက ပရိုတိန်း၊ ဖိုက်ဘာနဲ့ omega 3 ကြွယ်ဝစွာပါဝင်ပါတယ်။ ဆီးချိုအတွက် လိုအပ်တဲ့အစားအစာတစ်ခုက oatmeal ဖြစ်ပါတယ်။ သူက ဖိုက်ဘာတွေပါတဲ့အပြင် သင့်သွေးချိုကိုလည်းထိန်းထားပါတယ်။နို့တွေမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင် ဒီ က ကိုလက်စထရောကိုကျစေပြီး ကယ်လ်ဆီယမ်ကိုမြင့်စေပါတယ်။ ဒိန်ချဉ်ထဲမှာတော့ သစ်သီးဒိန်ချဉ်တွေ မသုံးပနဲ့။ သူတို့ကချိုလို့ပါ။ နို့သောက်တာက ကိုယ်အလေးချိန်ကိုပါထိန်းပေးပါတယ်။ဆီးချိုသမားတွေရဲ့ နေ့လည်စာကတော့ ဆလပ်ရွက်၊ ခရမ်းချဉ်၊ ငရုတ်သီးနီ၊ ပဲအမဲနဲ့ ပြောင်းဖူးလို အသီးအရွက်တွေ ပိုထည့်ရပါမယ်။ ပရိုတိန်းဖြည့်တင်းဖို့က အဆီမပါတဲ့မိုးခိုသားတွေ၊ အရေပြားမပါတဲ့ ကြက်သာတွေစားသင့်ပါတယ်။ အကောင်းဆုံးကတော့ အဆီမပါတဲ့အမဲသားကိုစားသင့်ပါတယ်။ သူ့မှာက linoleic အက်ဆစ်ပါဝင်ပြီး သွေးချိုကိုထိန်းပေးပါတယ်။ ဒါ့အပြင် ဒီ အက်ဆစ်က ကင်ဆာကိုလည်းကာကွယ်တယ်လို့ဆိုပါတယ်။ညစာကိုတော့ တိုဖူနံ ဆယ်လ်မွန်လိုငါးကိုစားပြီး ပရိုတိန်းဓါတ်ကိုဖြည့်နိုင်ပါတယ်။ အထူးသဖြင့် sardines ငါးနဲ့ herring ငါးတွေက နှလုံးရောဂါနဲ့ ကငာ်ကိုတိုက်ခိုက်တဲ့ ကျန်းမာစေတဲ့ အဆီပါဝင်ပါတယ်။ ပင်လယ်ငါးတွေမှာ ပရိုတိန်းကြွယ်ဝစွာပါပြီးfatty အက်ဆစ်အပြင် omega 3 ကြွယ်ဝစွာပါတဲ့အတွက် ဆီးချိုအတွက် အကောင်းဆုံးပါ။အသီးအရွက်တွေအတွက်ကတော့ ကညွှတ်၊ ပန်းဂေါ်ဖီအစိမ်း၊ ပဲများ၊ ခရမ်းချဉ်တွေကိုသုံးနိုင်ပါတယ်။ သူတို့မှာက အင်တီအောက်ဆီဒင့်၊ နှလုံးအတွက်ကောင်းတဲ့ မက်ဂနီဆီယမ်၊ စတာတွေပါတဲ့အတွက် ဆီးချိုသမားတွေကို ကိုလက်စထရောကျစေတဲ့အပြင် ဖိုက်ဘာပါဝင်တဲ့အတွက် သွေးထဲကသကြားဓါတ်ကို သိမ်းထားနိုင်ပါတယ်။ဆီးချိုသမားတွေစားသင့်တဲ့ နောက်တစ်ခုက အချိုပေါ့တဲ့အသီးတွေပါ။ သူတို့က ဗိုက်တာမင်ကြွယ်ဝစွာပါတဲ့အပြင် အင်တီအောက်ဆီဒန့်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါတဲ့အတွက် ဆီးချိုသမားတွေ အထောက်အကူဖြစ်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9%e1%80%a1%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1/
အလုပ်ခွင်မှာ လာအနိုင်ကျင့်တာ အရှုံးပေးစရာမလိုပါ
လူအချင်းချင်း အနိုင်ကျင့်တယ်ဆိုတာ ပုံစံအမျိုးမျိုးရှိပေမယ့် အများအားဖြင့်တော့ တစ်ဦးတစ်ယောက်တည်းကို မလိုလား၊ မကြိုဆိုတဲ့အရိပ်အယောင် ပြတာ၊ ရန်စတာ၊ ဆန့်ကျင်ဘက်ပြုတာ လိုမျိုး အပြုအမူတွေလို့ သတ်မှတ်ယူဆကြပါတယ်။ အနိုင်ကျင့်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်၊ ကိုယ်ထိလက်ရောက်လည်းဖြစ်နိုင်တယ်၊ နှုတ်နဲ့ပဲပြောဆိုတာလည်း အကျုံးဝင်ပါတယ်။ကလေးဘဝမှာတွေ့ရတာအများဆုံးပေမယ့် အရွယ်ရောက်မှ အလုပ်ခွင်မှာ လူမသိသူမသိ အနိုင်ကျင့်ခံနေရတာတွေလည်း အများကြီးပါ။ ကျူးလွန်သူတွေရဲ့အာဏာ၊ လုပ်ပိုင်ခွင့်၊ ရာထူး၊ အဖွဲ့အင်အား တို့ကြောင့်အောင့်အည်းသည်းခံရင်းဖြတ်ကျော်ကြရတဲ့သူတွေရှိပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊အနိုင်ကျင့်မှုတွေကြောင့် နာကျင်ခံစားရရင်းဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနစ်နာမှုတွေအတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ သည်းခံနေတဲ့သူ ဘယ်လိုမှ မတောင့်ခံနိုင်တော့လို့ ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ခဲ့ရင် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ဒီလို ထွက်ပေါက်ရှာတဲ့အတွေးဟာ မှားယွင်းနေပါတယ်နော်။ စိတ်ရောဂါတွေဖိစီးလာတဲ့အထိ သည်းခံမနေပါနဲ့။ လူ့လောက ကပျောက်ကွယ်မယ့်နည်းနဲ့လည်း ကိုယ်လွတ်မရုန်းပါနဲ့။ ကိုယ်မရှိတော့ရင်လည်း ခွဲခြားဆက်ဆံနေကြသူတွေက ပစ်မှတ်နောက်တစ်ယောက်ကို ရှာပါလိမ့်မယ်။ ဒီလိုအနိုင်ကျင့်တာတွေအတွက်ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ် –။ဟန့်မယ်။အရင်ဆုံးသိထားရမှာက အနိုင်ကျင့်သူတွေက ဒီလူကို လုပ်လို့ရသရွေ့ ချိုးနှိမ် အနိုင်ကျင့်နေမှာပဲဆိုတာကိုပါ။ သည်းခံတတ်တဲ့ကိုယ့်အတွက် နည်းနည်းခက်မယ်ဆိုပေမယ့် အပြောင်းအလဲကိုလိုချင်ရင် နည်းနည်းတော့ရုန်းထွက်ရပါမယ်။ သူလုပ်သမျှကို ကိုယ်ခံစားမနေဘူး၊ကြောက်မနေဘူးဆိုတာရယ်၊ ဆက်ပြီးသည်းမခံတော့ဘူးဆိုတာရယ် သူသိအောင်လုပ်ပါ။ချက်ချင်းတော့မတားဆီးနိုင်ပေမယ့် အရှိန်တော့လေျာ့ပါမယ်၊ အရင်လို လွယ်လွယ်နဲ့လာအနိုင်ကျင့်တော့မှာမဟုတ်ပါဘူး။ မကောင်းတဲ့အပြုအမူနဲ့ သူချဉ်းကပ်လာတိုင်း ဒီလိုအရိပ်အယောင်ပြပါ။နောက်ဆုံးမရရင် သူ့အပြုအမူကို အထက်အရာရှိဆီတိုင်ပါ။အပြုအမူကို မှတ်တမ်းယူပါ။အဖြစ်အပျက်အမှန်ကို မှတ်တမ်းမယူထားရင် နောက်ပိုင်းကျ သူဆင်တဲ့ဇာတ်လမ်းအတိုင်းဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အပေါ်အနိုင်ကျင့်သူရဲ့လှုပ်ရှားမှုတိုင်းပြောစကားတိုင်းကို မသိမသာ မှတ်တမ်းယူပါ။ ဘယ်အချိန်ကဖြစ်ခဲ့တာလဲ၊ ဘယ်ရက်ကဖြစ်တာလဲ၊ဘေးနားမှာဘယ်သူတွေရှိလဲ၊ ဘယ်သူမြင်လိုက်ကြားလိုက်နိုင်သလဲ မှတ်ထားပါ။ အသံဖမ်းသင့်ဖမ်းထားပါ။အထက်လူကြီးဆီ တင်ပြပါ။အလုပ်ခွင်ထဲမှာ ဝန်ထမ်းအချင်းချင်းအနိုင်ကျင့်ခံရ၊ နစ်နာရတဲ့အတွက် အထက်လူကြီးကို တင်ပြခွင့်ရှိပါတယ်။ ဒါပေမယ့် အထက်လူကြီးက အရေးတယူမရှိခဲ့ရင်၊ ဒါမှမဟုတ် ကျူးလွန်သူကို အထိနာလောက်တဲ့ အပြစ်ဒဏ်တစ်ခုခုချလိုက်တယ်ဆိုရင် အမုန်းပွားတဲ့အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ နောက်တစ်ချက်က အနိုင်ကျင့်သူဟာ ကုမ္ပဏီအတွက် တန်ဖိုးရှိနေတဲ့သူဖြစ်ရင် ဘယ်သူကမှ သူ့ကိုဆန့်ကျင်ဘက်ပြုမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ၊လုပ်ငန်းခွင်မထိခိုက်အောင် ဖြေရှင်းပေးဖို့ အထက်လူကြီးတွေရဲ့ ပူးပေါင်းကူညီမှုလိုအပ်ပါတယ်။ ကြိုးစားကြည့်ရမှာ ကိုယ့်တာဝန်ပါ။တကယ်လို့ အထက်လူကြီးက အနိုင်ကျင့်တာဆိုရင်တော့။သူ့ထက်ရာထူးမြင့်တဲ့သူတွေအထိ တက်သင့်ရင်တက်ရပါမယ်။ အရေးကြီးတာက အဖြစ်အပျက်၊ မှတ်တမ်း၊ မျက်မြင်သက်သေ၊ စတဲ့အထောက်အထားအကုန် စုထားဖို့တော့အရေးကြီးပါတယ်။ ဒီလိုပြဿနာမျိုးတွေကို အုပ်ချုပ်ရေးပိုင်းက သဘောကျမှာတော့မဟုတ်ပါဘူး။ ဒီအချိန်မှာ ကိုယ်က စွဲချက်တွေတပုံတပင်နဲ့ မတိုင်မိဖို့လည်းလိုပါတယ်။ ဒီလိုဆို သူတို့အနေနဲ့ဖြေရှင်းမပေးဘဲရှောင်ပြေးဖို့ ဒါမှမဟုတ် သင့်အမှားအဖြစ် လွှဲချလိုက်ဖို့လွယ်ကူသွားနိုင်ပါတယ်။ အတိအကျကို အမှန်အတိုင်း သက်သေစုထားပါ။ စီမံအုပ်ချုပ်မှုစနစ်ကောင်းသူတွေကတော့ အမှန်အတိုင်းဖြေရှင်းပေးပါလိမ့်မယ်။ဥပဒေအရ။ဘယ်သူဖြစ်လို့၊ ဘာဖြစ်လို့ဆိုတဲ့ လူတစ်ယောက်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေနဲ့ အနိုင်ကျင့်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ စိတ်ပိုင်းဆိုင်ရာနစ်နာမှု၊ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှု၊ အလုပ်ခွင်မှာနစ်နာမှု၊ ဂုဏ်သိက္ခါထိခိုက်မှုတွေနဲ့ သက်ဆိုင်နေတာမို့ ခွဲခြားဆက်ဆံခံရပြီး အနိုင်ကျင့်ခံရတယ်ဆိုရင် ၊ အပေါ်ကနည်းတွေနဲ့ မရတော့ဘူးဆိုရင် ကူညီပေးတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး ဥပဒေအရရင်ဆိုင်ပါ။ခွဲခြားဆက်ဆံပြီး အနိုင်ကျင့်တဲ့ အလုပ်ခွင်။အနှောင့်အယှက်ပေးရာကနေ ဒုက္ခပေးတဲ့အဆင့်၊ချောင်ပိတ်ရိုက်တဲ့အဆင့်ကိုရောက်လာတာဟာ တကယ်ကိုဆိုးပါတယ်။ မခံနိုင်လို့အလုပ်ထွက်နိုင်သူတွေရှိပေမယ့် မထွက်ဘဲ သည်းခံနေသူတွေမှာ စိတ်ဒဏ်ရာတွေရလာနိုင်တယ်၊ မလိုလားအပ်တဲ့ ဆိုးကျိုးထိခိုက်မှုတွေဖြဖစ်လာနိုင်တယ်၊ ဘဝနဲ့ချီတဲ့ ဆုံးရှုံးမှုတွေရှိလာနိုင်တယ်။ဥပမာ အလုပ်ခွင်မှာ –။ဒီလိုအပြုအမူမျိုးတွေမကြာခဏလုပ်လေ့ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ထိန်းသိမ်းကြပ်မတ်မှုမရှိရင် ကျင့်ဝတ်ပိုင်းတင်မက လုပ်ငန်းကိုပါထိခိုက်စေနိုင်ပါတယ်။အနိုင်ကျင့်တာတွေက ခံရသူတစ်ဦးတည်းနဲ့ဆိုင်တာမဟုတ်ပါဘူးနော်။ ကိုယ်ဖြစ်တာမဟုတ်လို့ မဆိုင်သလိုနေတာ၊ အမှန်ဘက်က မရပ်တည်ပေးတာ၊ ဘက်လိုက်ပေးတာတွေက မလုပ်သင့်တဲ့အရာတွေပါ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက် ဒီလိုခံစားခဲ့ရရင် ပစ်မထားဘဲ တတ်နိုင်သလောက်ကူညီအားပေးပါ၊ အတူရင်ဆိုင်ပေးပါ၊ သက်သေခံပေးပါ။ ဒါကသာ ကိုယ့်အတွက်၊ ကိုယ်နေထိုင်တဲ့လူ့အဖွဲ့အစည်းအတွက် ကာကွယ်စောင့်ရှောက်ရာရောက်ပါလိမ့်မယ်။အလုပ်ခွင်ဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေမြင်တွေ့ဆက်ဆံနေရမှာဖြစ်တဲ့အတွက် ခံစားချက်ကိုသိပ်ပြီးဦးစားမပေးဖို့လည်း လိုပါတယ်။ အားပြိုင်တာ၊ အာဏာပြတာ၊ ဒရာမာခင်းတာတွေကရှောင်လွှဲလို့ခက်တဲ့အရာတွေမို့ တစ်ဦးတစ်ယောက်ကိုထိခိုက်နစ်နာစေတဲ့ကိစစ မဟုတ်ရင် အတိုင်းအတာတစ်ခုထိ တုံ့ပြန်အရေးမလုပ်တာကောင်းပါတယ်။ ကိုယ့်ကိုရန်စနေလည်း တတ်နိုင်သလောက်ကင်းကွာအောင်နေပြီး ကိုယ့်အလုပ်တာဝန်ကိုပဲ အာရုံစိုက်ပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%81%e1%80%bc%e1%80%84%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%9c%e1%80%ac%e1%80%a1%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%80%e1%80%ba/
COVID-19 နဲ့ မေးခွန်းများစွာ
ကိုဗစ်က ဒုတိယတစ်ကျော့ ဖြစ်ပွားနေတာ​ကြောင့် ကိုယ်တိုင်ကနေစပြီး ကာကွယ်ဖို့ လိုပါမယ်။ကာကွယ်တယ်ဆိုတဲ့နေရာမှာစနစ်တကျသေချာ သိရှိကာကွယ်မှလည်း ထိရောက်မှုရှိမှာပါ။ ဒီတော့ ကိုဗစ်ကို သေချာ ကာကွယ်ဖို့ ဇဝေဇဝါ ဖြစ်နေနိုင်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ဖြေပေးသွားပါမယ်။ကိုဗစ်က သေချာ ကာကွယ်ရင် ကြောက်ဖို့ မလိုပေမယ့် တစ်ဦးတစ်ယောက်ချင်းစီကစည်းကမ်းရှိရှိနဲ့ သေချာ သိရှိ ကာကွယ်ဖို့ လိုပါမယ်။လူအများစုမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့အခါ သာမန်ဖျားနာသလို အဖျားငွေ့ငွေ့လေး ဖြစ်နိုင်တယ်ဆိုပေမယ့် အချို့သူတွေမှာတော့ ပြင်းထန်နိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။အဆိုးဆုံး အဆင့်ကတော့ သေစေနိုင်တာပါ။ ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ရောဂါအခံရှိသူတွေက စိုးရိမ်ရမယ့် သူတွေပါ။ကိုဗစ် ဗိုင်းရပ်စ်က ရောဂါလက္ခဏာအမျိုးမျိုးခံစားရစေနိုင်ပါတယ်။ ဖျားနာမှုကနေအဆုတ်ရောင်တာအထိပေါ့။ အဖျားရှိတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာတွေကလည်း ကိုဗစ်ရဲ့ လက္ခဏာတွေထဲက လက္ခဏာအချို့ပေါ့။ကိုဗစ်က အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ဗိုင်းရပ်စ်တစ်မျိုးပါ။ လူအချင်းချင်း ထိတွေ့မှုကနေတဆင့် ကူးစက်ပါတယ်။ အစားအသောက်တွေ စားသောက်ရာကနေ ကူးနိုင်တယ်ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ရှိရသေးပါဘူး။ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ သိပ်မဆိုးရင် ၂ ပတ်လောက်အတွင်း ပြန်သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် ပြင်းထန်မယ်၊ ရောဂါ အခံရှိမယ်ဆိုရင်တော့ ၃ ပတ် ကနေ ၆ ပတ်လောက်ကြာမှ ပြန်လည် နာလန်ထနိုင်မှာပါ။ရေများများ သောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တယ်။ ဒီလိုဆိုပေမယ့် ရေများများသောက်တာက ကိုယ်တွင်းမှာ ဝင်ရောက် ကူးစက်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ် ပြင်ပကို မစွန့်ထုတ်ပေးနိုင်ပါဘူး။အရက် သောက်သုံးတာက ကိုဗစ်ဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်တာပါ။ အခန့်မသင့်ရင်ကိုယ်ခံအားနည်းပြီး ကိုဗစ် ကူးခံရနိုင်ခြေတောင် ပိုများပါဦးမယ်။ကိုဗစ် ကူးစက်မှုက ရာသီဥတုနဲ့ မဆိုင်ပါဘူး။ ရာသီဥတု အေးမြခြောက်သွေ့လည်း ကူးစက်နိုင်သလို ပူနွေးစိုစွတ်လည်း ကူးစက်နိုင်ပါတယ်။ ကိုဗစ်ကနေရောင်ကို ကြောက်တယ်ဆိုကြပေမယ့် ရာသီဥတု ပူလည်း ကိုဗစ်ကတော့ ကူးမှာပါပဲ။မိခင်နို့ရည်ကနေ ကိုဗစ် မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် မေမေက ကိုဗစ်ရှိမယ် ကလေးကို နို့ချိုတိုက်ချင်တယ်ဆိုရင်နှာခေါင်းစည်းတပ်၊လက်သေချာဆေးပြီး တိုက်လို့ရပါတယ်။ကိုဗစ်ကို ကာကွယ်ဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-ques/
အသက်ရှူလမ်းကြောင်း စနစ်ရဲ့ အရေးပေါ်လက္ခဏာများ
ဝေဒနာတစ်ခုခံစားရတဲ့အခါ တချို့သောလက္ခဏာတွေက ခဏစောင့်ကြည့်လို့ရတယ်။ ဆေးသိပ်ကုစရာမလိုဘဲ သူ့ဟာသူသက်သာသွားတာတွေ ရှိတယ်။ တချို့လက္ခဏာတွေကျတော့ အိမ်တွင်းနည်းလမ်းတွေနဲ့ ပျောက်ကင်းသွားတာရှိတယ်။ တချို့လက္ခဏာတွေကျတော့ မြန်နိုင်သမျှ မြန်မြန်ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူမှ နောက်ဆက်တွဲတွေ မခံစားရဘဲ သက်သာလာနိုင်တာတွေ ရှိတယ်။ဒီလိုလက္ခဏာတွေက ခန္ဓာကိုယ်ရဲ့ စနစ်တိုင်း စနစ်တိုင်းမှာ ရှိပါတယ်။ အရေးကြီးလက္ခဏာတွေလို့ ခေါ်ပါတယ်။ ခုပြောမှာကအသက်ရှူလမ်းကြောင်းရဲ့ အရေးကြီးလက္ခဏာတွေပါ။ ဒီလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးပါနဲ့။ချောင်းဆိုးတာက ရက်ပိုင်းလောက် မဟုတ်ဘဲ လနဲ့ချီနေပြီဆိုရင် ဒါဟာ နာတာရှည်ချောင်းဆိုးလို့ သတ်မှတ်ပါတယ်။ ၈ပတ်နဲ့အထက် ဆိုးတဲ့ ချောင်းတွေပေါ့။ ဒါဆိုရင်တော့ သလိပ်ပါပါ မပါပါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ သင့်အသက်ရှူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိနေပါပြီ။လေ့ကျင့်ခန်းလုပ်လို့၊ အထပ်မြင့်တွေ တက်လို့ မောတာက သာမန်ပါပဲ။ ဒီလိုမဟုတ်ဘဲ နေ့စဉ်ပုံမှန်အလုပ်တွေ လုပ်နေရင်းနဲ့မော၊ နည်းနည်းလေး လှုပ်လည်း မော၊ နောက်ဆုံး ငြိမ်ငြိမ်လေးထိုင်နေလည်း မောနေရင် ပုံမှန်မဟုတ်တော့ပါဘူး။ ရက်ပိုင်းလောက်ပဲ ဖြစ်ပါစေ။ ဆရာဝန်နဲ့ အမြန်ပြသင့်ပါတယ်။ အဆုတ်မဟုတ်တောင် နှလုံးရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ပိုးတင်တာ၊ ဓာတ်မတည့်တာ ဖြစ်တဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်တဲ့အနေနဲ့ ချွဲသလိပ်တွေ ထုတ်ပေးပါတယ်။ သလိပ်ထွက်တာ တစ်လလောက်ရှိနေပြီ မသက်သာဘူး။ အရောင်တွေလည်း ပါတယ်ဆို သင့်အဆုတ်မှာ ပိုးဝင်နေတဲ့ အဓိပ္ပာယ်ပါ။ ဆရာဝန်နဲ့ ပြသပြီး ထိထိရောက်ရောက် ကုသမှ အဆုတ်မပျက်စီးမှာ ဖြစ်ပါတယ်။အသက်ရှူသွင်း ရှူထုတ်လိုက်တဲ့တိုင်းမှာ အသံတွေ ထွက်နေမယ်ဆိုရင် လေပြွန်ကျဉ်းနေတာပါ။ဒါမှမဟုတ် လေပြွန်ကို တစ်ခုခုနဲ့ ပိတ်နေတာပါ။ ဓာတ်မတည့်တဲ့ ပြဿနာ၊ ပန်းနာရင်ကြပ်ရောဂါတွေမှာ အများဆုံးတွေ့ရပါတယ်။ လေပြွန်ကျဉ်းရင် လေကောင်းကောင်း မဝင်ဘဲ အောက်ဆီဂျင် ကျသွားနိုင်လို့ မြန်မြန်လေး ကုသသင့်ပါတယ်။သွေးက အဆုတ်ကလည်း ဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကနေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ကဖြစ်ဖြစ် သွေးပါတာက အရေးကြီးတဲ့အခြေအနေပါ။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ကုသမှု ခံယူပါ။ရင်ဘတ်က အောင့်တောင့်တောင် ဖြစ်နေတာကြာပြီ။ အသက်ပြင်းပြင်းရှူရင် ပိုအောင့်တယ်။ ချောင်းဆိုးရင်ပိုအောင့်တယ်ဆိုရင်တော့ အဆုတ်ကြောင့် ဖြစ်နိုင်ပါတယ်။ သေသေချာချာ ကုသမှု ခံယူလိုက်ပါ။လက်ချောင်းထိပ်က လက်သည်းရှိတဲ့ နေရာတွေက တင်းပုတ်လို ဖောင်းနေတယ်။ နာလည်း မနာဘူး။ ဒါကို clubbingလို့ ခေါ်ပါတယ်။ အဆုတ်ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။ အဆုတ်ရောဂါမဟုတ်တောင် နှလုံးတို့၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတို့မှာ တွေ့ရတတ်လို့ အမြန်ဆုံး ရောဂါအဖြေရှာသင့်ပါတယ်။မောတာအပြင် နှုတ်ခမ်းတွေ၊ လက်သည်းလေးတွေ ဖြူဖပ်ဖြူရော် ဖြစ်လာတာ၊ ပြာလာတာဆိုရင်တော့သွေးထဲအောက်ဆီဂျင်ကျလာတဲ့သဘောပါ။ အရေးပေါ်ဌာနကို ချက်ချင်းသွားသင့်ပါတယ်။အသက်ရှူရတာမဝလို့  ရင်ဘတ်တွေ၊ နံကြားတွေ ချိုင့်အောင် အားသုံးပြီး ရှူနေရပြီ။ ရှေ့ကို ကုန်းကုန်းလေး ထိုင်ပြီး ရှူနေရပြီဆိုရင် မကြာခင် သတိလစ်တော့မယ့် အရိပ်အရောင်ပါ။ ဆေးရုံကို အမြန်ဆုံး ခေါ်သွားသင့်ပါတယ်။ဒီလိုလက္ခဏာတွေအပြင် လူနာက ဖျားတယ်။ ဖျားတာလည်း ကြာပြီ။ အားမရှိဘဲ နုံးနေမယ်။ အစားအသောက်လည်း ပျက်မယ်။ ပိန်လည်း ပိန်သွားမယ်ဆိုရင် အိမ်မှာပဲထားတာ၊ အိမ်တွင်းနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်တာတွေ မလုပ်သင့်တော့ပါဘူး။ဒါတွေဟာ အရေးပေါ်လက္ခဏာတွေ ဖြစ်လို့ ကြာလာရင် အသက်အန္တရာယ်ရှိပါတယ်။ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး အမြန်ဆုံး ကုသမှု ခံယူသင့်တယ်လို့ အကြံပေးလိုပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/red-flags-signs-of-respiratory-system/
ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ
လူနာတွေကို ကုသတဲ့ နေရာမှာ ဆရာဝန်တွေ အနေနဲ့ တိကျတဲ့ ရောဂါကို အဖြေထုတ်နိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်န်းတာ၊ စမ်းသပ်တာ၊ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ရပါတယ်။ ဒါကြောင့် လူနာပြောတဲ့ ရောဂါရာဇဝင်ဟာ သိပ်ကို အရေးကြီးပါတယ်။ လူနာပြောတဲ့အပေါ်မူတည်ပြီး ရောဂါက ဘယ်နားမှာ ဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းရတာပါ။ ခုလည်း ဒီလိုပါပဲ။ လူနာက ဒီလက္ခဏာတွေ ခံစားရပါတယ်လို့ ပြောလာပြီဆိုရင် ယေဘုယျအားဖြင့် အသက်ရှူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိနေတာ ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချရပါတယ်။ အထူးသဖြင့် ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ ။မောတာဆိုတာရဲ့ ရင်းမြစ်က အောက်ဆီဂျင်မလုံလောက်လို့ပါပဲ။အသက်ရှူမဝတာကြောင့်ပေါ့။ အသက်ရှူလမ်းကြောင်းမှာ ရောဂါရှိနေတဲ့ လူနာတော်တော်များများဟာ ဒီပြဿနာနဲ့ လာတတ်ပါတယ်။ မောတယ်ဆိုတာ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ နှလုံးကြောင့်လည်း မောနိုင်တယ်၊ ရင်ဘတ်ကြွက်သားတွေ နာနေလို့ အသက်မရှူနိုင်ဘဲ မောတာရှိမယ်။ နောက်ဆုံး စိတ်တွေ လှုပ်ရှားနေလို့ မောတာရှိမယ်။ဒါပေမယ့် မောတယ်လို့ ပြောရင် အသက်ရှူလမ်းကြောင်းကပဲ စစဉ်းစားတာပါ။ အသက်ရှူလမ်းကြောင်း ပြဿနာ မဟုတ်ဘူးဆိုမှ နှလုံးလား၊ စိတ်ကြောင့်လားဆိုပြီး ရောဂါဆက်ရှာတာပါ။ဒါဟာလည်း သိသာတဲ့ လက္ခဏာတစ်ခုပါပဲ။လေပြွန်မှာ တစ်ခုခုဖြစ်နေတဲ့ ဆိုတဲ့ သဘောပါ။ပန်းနာရင်ကျပ်ကြောင့် လေပြွန်ကျဉ်းတာဖြစ်မယ်။ လေပြွန်ပိတ်တာဖြစ်နိုင်တယ်။ အကျိတ်က လေပြွန်ကို ဖိထားတာကြောင့် ဖြစ်နိုင်တယ်။ ပြင်ပက ပစ္စည်း တစ်ခုခုဝင်သွားလို့ လေပြွန်မှာ ပိတ်နေတာ ဖြစ်နိုင်တယ်။ရှားရှားပါးပါး အဆုတ်ကြောင့် မဟုတ်ဘဲ နှလုံးပျက်စီးလို့ အဆုတ်ထဲ ရေဝင်နေပြီး အသက်ရှူရင် တရွှီရွှီမြည်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဟာကြောင့်လည်း ဆိုတာကတော့ နောက်ထပ် ရောဂါရာဇဝင်တွေ ထပ်မေးမြန်းရမှာပဲ ဖြစ်ပါတယ်။သေချာပေါက် အသက်ရှူလမ်းကြောင်းတို့၊ အဆုတ်တို့ပဲပေါ့။ ချောင်းဆိုးတာက တကယ်တော့ ခန္ဓာကိုယ်ရဲ့ ကာကွယ်နည်းစနစ်တစ်ခုပါပဲ။ တစ်ခုခု မတည့်တာရှူမိတယ်ဆိုရင် အပြင်ကို ပြန်ထွက်သွားအောင် ခန္ဓာကိုယ်က နှာချေ၊ ချောင်းဆိုး ပစ်ပါတယ်။ ဒါကြောင့် ချောင်း တစ်ချက် နှစ်ချက် ဆိုးတာက ပြဿနာ မဟုတ်ပါဘူး။ဆက်တိုက်ဆိုးနေပြီ၊သလိပ်တွေပါလာပြီဆိုရင်တော့ ဒါဟာ ရောဂါတစ်ခုရဲ့ လက္ခဏာဖြစ်သွားပါပြီ။ ချွဲထတယ်ဆိုတာ အထဲမှာ တစ်ခုခုရောင်ရမ်းနေတာ၊ ပိုးဝင်တာ၊ ပိတ်နေတာကြောင့်ပါပဲ။ တစ်ခါတလေတော့လည်း အဆုတ်ကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ချောင်းဆိုးနိုင်ပါသေးတယ်။ ဥပမာ နှလုံးပျက်စီးလို့ဖြစ်ဖြစ်၊ ထိပ်ကပ်နာကြောင့် ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ချောင်းဆိုးတယ်၊ သလိပ်ထတယ်ပြောရင် အဆုတ်ကိုပဲ စစဉ်းစားမှာပါ။ အဆုတ်မဟုတ်မှ တခြားရောဂါတွေကို ဆက်ရှာမှာပါ။ဒါကတော့ ပုံမှန်မဟုတ်ဘူးဆိုတာ လုံးဝသေချာပါတယ်။ သေသေချာချာ ဆေးကုသမှုခံယူရမယ့် အခြေအနေပါ။ တစ်ခါတလေ ချောင်းဆိုးသွေးပါတာလား၊ သွေးအန်တာလား၊ နှာခေါင်းသွေးလျှံတာများတာလားဆိုပြီး သေချာ ပြန်ခွဲရပါတယ်။ဘာကြောင့်လည်းဆိုတော့ ချောင်းဆိုးသွေးပါက အဆုတ်က ထွက်တဲ့ သွေး၊ သွေးအန်တာက အစာအိမ်နဲ့ အူလမ်းကြောင်း၊ နှာခေါင်းသွေးလျှံတာက နှာခေါင်းထဲက သွေးကြောလေးတွေ စသဖြင့် အကြမ်းဖျဉ်း ဖြစ်တဲ့နေရာတွေ မတူလို့ပါပဲ။နောက်ပြီး ချောင်းဆိုးသွေးပါတာက အဆုတ်ရောဂါအပြင် သွေးရောဂါတို့ ကင်ဆာတို့မှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာရှိနေပြီဆိုရင် အဆုတ်ကိုပဲ စစဉ်းစားမှာပါ။ အဆုတ်မှာ မဟုတ်မှ တခြားရောဂါတွေကို ဆက်စဉ်းစားမှာပါ။ဒီလိုလက္ခဏာတွေကို သိထားတော့ အားသာချက်အနေနဲ့ ဘယ်ဆရာဝန်နဲ့ ပြသင့်လဲဆိုတာ မြန်မြန်ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ ကိုယ့်ရဲ့ ဘယ်နားမှာ ရောဂါရှိနေတာဖြစ်နိုင်လဲဆိုတာ အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။အပေါ်က လက္ခဏာတွေ ရှိနေပြီဆိုရင် ဒါဟာအဆုတ်မှာ ရောဂါတစ်ခုခုဖြစ်နေတာ။ ဒါကြောင့် အဆုတ်နဲ့ ရင်ခေါင်း အထူးကု ဒါမှမဟုတ် သမားတော်နဲ့ ပြရမယ်ဆိုတာ ဆုံးဖြတ်နိုင်လို့ ကုသမှု မြန်မြန်ခံယူလို့ရပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/cardinal-symptoms-of-respiratory-system/
ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း
ရေနွေးကြမ်းက မြန်မာလူမျိုး တော်တော်များများ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိတဲ့ သောက်စရာ တစ်ခုပါ။ ဧည့်သည် လာလာ၊ နေ့ခင်း အပျင်းပြေ တစ်ခုခု စားရင်းဖြစ်ဖြစ်၊ မိသားစု စကားဝိုင်းဖွဲ့ကြတဲ့အခါမှာဖြစ်ဖြစ် ရေနွေးကြမ်းကို သောက်လေ့ရှိပါတယ်။ဒီလို သောက်လေ့ရှိတဲ့ ရေနွေးကြမ်းကကျန်းမာရေး အကျိုးကျေးဇူးတွေအတော်လေးတော့ များတာပါ။ ဒီလို အကျိုးကျေးဇူးများတဲ့ ဆိုတဲ့ ရေနွေးကြမ်းကို အပန်းလည်း မကြီးဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များတယ်ဆိုပြီး အများကြီး သောက်မိနေတဲ့ သူတွေများ ရှိလား …… ဒါဆိုရင်တော့တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးကို သတိရစေချင်ပါတယ်။ဒီတစ်ခေါက်တော့ ရေနွေးကြမ်း အများကြီး သောက်တာကကျန်းမာရေးကို ဘယ်လို ထိခိုက်စေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ရေနွေးကြမ်းသောက်တာကအသားအရေကစလို့ ခန္ဓာကိုယ်ကိုနာတာရှည်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတာကို တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဒီလိုကျန်းမာရေးအတွက် အကျိုးများတဲ့ ရေနွေးကြမ်းကိုလိုတာထက် ပိုသောက်မယ်ဆိုရင်တော့ ကျန်းမာရေးအပေါ်မှာ အခုလို သက်ရောက်မှုလေးတွေ ရှိလာနိုင်ပါတယ်။ရေနွေးကြမ်းက ကော်ဖီ၊ လက်ဖက်ရည်၊လက်ဖက်သုပ်တို့ထက်ကဖင်း ပါဝင်မှုနည်းတယ်ဆိုပေမယ့် အလွန်အကျွံ သောက်သုံးမိမယ်ဆိုရင်တော့ နှလုံးခုန် မြန်တာကို ခံစားရနိုင်သလို သွေးတိုးတာကိုပါ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက နှလုံးရောဂါ အခံရှိသူတွေမှာ အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ပါ။ဒါ​ကြောင့်သွေးတိုးရောဂါရှိမယ်။နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိမယ်။ နှလုံးရောဂါ တစ်ခုခုကို ခံစားနေရမယ်ဆိုရင် အများကြီး မသောက်တာက အကောင်းဆုံးပါ။ရေနွေးကြမ်း တစ်ခွက်လောက် သောက်တာက စိတ်ဖိစီးမှုကို ပြေလျော့စေတယ်ဆိုပေမယ့် တစ်နေ့ကို ရေနွေးကြမ်း ၂ အိုးလောက် ကုန်အောင် သောက်သုံးတာကတော့ စိတ်ဖိစီးမှု ပိုများစေပြီး စိုးရိမ်ပူပန်စိတ်တွေ ပိုခံစားရစေနိုင်ပါတယ်။အကြောင်းကတော့ သွေးကြောထဲမှာ ကဖင်းဓာတ် လွန်ကဲတာက အက်ဒရီနယ် ဂလင်းတွေကို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ norepinephrine၊ adrenaline နဲ့ cortisol ဟော်မုန်းတွေ ပိုမို ထွက်ရှိစေတာကြောင့်ပါ။ရေနွေးကြမ်း အများကြီး သောက်သုံးတာက ခန္ဓာကိုယ်ရဲ့ အစားအစာတွေမှာပါတဲ့သံဓာတ်စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီးသွေးနီဥဆဲလ်ဖြစ်ပေါ်မှု နည်းပြီး မလုံလောက်မှုကြောင့်သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။အစားစားပြီးချိန်မှာ ရေနွေးကြမ်း သောက်တာက အူနံရံတွေက သံဓာတ် မစုပ်ယူနိုင်အောင် ဖြစ်စေတာကြောင့် သွေးအားနည်းစေနိုင်ပါတယ်။ သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်းတဲ့အခါ ညီးစီစီ ဖြစ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသားအရောင် ဖျော့တော့တာ၊ ခြေဖျားလက်ဖျားတွေအေးတာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ၊ ရင်ဘတ်အောင့်တာ၊နှလုံးခုန် မြန်တာတွေ ခံစားရနိုင်ပါတယ်။ရေနွေးကြမ်း အလွန်အကျွံ သောက်သုံးတဲ့အခါ ကိုယ်ထဲမှာ tannins လို့ခေါ်တဲ့ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ များတာကြောင့် ခံတွင်းခြောက်တာ၊ အော့အန်တာ၊ ဗိုက်အောင့်တာ၊ မအီမသာ ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ကဖင်းမှာ ဝမ်းပျော့စေတဲ့ အာနိသင်ရှိတာကြောင့် အလွန်အကျွံ သောက်မိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောတာမျိုး ခံစားရနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကြောင့် ကိုယ်တွင်းက ရေဓာတ် ဆုံးရှုံးမှုက ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ကဖင်း လွန်ကဲမှုက အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ရေနွေး​ကြမ်း သောက်မိတာက ဆီးခဏခဏ ထသွားရစေနိုင်တာကြောင့် အိပ်ရေးပျက်စေနိုင်ပါတယ်။ကဖင်းကလည်း အိပ်စက်မှုကို ထိခိုက်စေနိုင်ပြီး နေ့စဉ် လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ရေနွေးကြမ်းက အလွန်အကျွံသောက်သုံးမယ်ဆိုရင် အသည်းထိခိုက်တာ၊ အသည်းရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ အသည်းမှာ ကဖင်းတွေ စုပုံလာတာက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် တစ်နေ့တာမှာ ရေနွေးကြမ်း ၄ ခွက် ထက် ပိုမသောက်သင့်ပါဘူး။ရေနွေးကြမ်း အလွန်အကျွံသောက်တာက အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေ ခံစားရစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးကြမ်းမှာပါတဲ့ ဒြပ်ပေါင်းတွေက ကယ်လ်ဆီယမ် စုပ်ယူမှုကို ဟန့်တားနေတာကြောင့်ပါ။တစ်နေ့တာမှာ ရေနွေးကြမ်း ၄ ခွက် ထက် ပိုသောက်မယ်ဆိုရင် အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ရေနွေးကြမ်းက ဆေးဖက်ဝင်တယ်ဆိုသော်ငြားလည်း အခုလိုမျိုး ထိခိုက်မှုတွေ ရှိစေနိုင်တာကြောင့် သတိထား သောက်သုံးစေချင်ပါတယ်။ရေနွေးကြမ်းကို ကျန်းမာရေး အထောက်အကူပြုစေပြီး ကျန်းမာရေးကို ထိခိုက်မှု မရှိစေဖို့ဆိုရင် တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက် အများဆုံး ၄ ခွက်အထိ ပဲ သောက်သင့်ပါတယ်။ရောဂါအခံ တစ်ခုခုရှိမယ်ဆိုရင်တော့ တစ်နေ့ကို ၁ ခွက် ဒါမှမဟုတ် ၂ ခွက်လောက်ပဲ သောက်သုံးသင့်ပါတယ်။ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ကတော့ တစ်နေ့ကို ၂ ခွက်ပဲ သောက်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/drinking-too-much-green-tea-side-effects/
မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါ များ
မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုတွေ၊အိမ်တွင်းလေထုညစ်ညမ်းမှုတွေ၊ ဆေးလိပ်သောက်သူတွေ များတဲ့အတွက်အသက်ရှူလမ်းကြောင်းရောဂါတွေလည်း အဖြစ်များပါတယ်။ CDCရဲ့ အဆိုအရဆိုရင် မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး ရောဂါ ၁၀ခုမှာနာတာရှည် လေပြွန်ကျဉ်းရောဂါက ထိပ်ဆုံးမှာ ရှိနေပြီး အသက်ရှူလမ်းကြောင်း အောက်ပိုင်း ရောင်ရမ်းတာက နံပါတ် ၆၊ပန်းနာရင်ကြပ်က နံပါတ် ၇နဲ့တီဘီက နံပါတ် ၉နေရာမှာ ရှိနေပါတယ်။ဒီရောဂါတွေနဲ့ ပတ်သက်လို့ လူအများသိထားသင့်တာလေးတွေကို နည်းနည်းစီ မျှဝေပေးပါ့မယ်။နာတာရှည် လေပြွန်ကျဉ်းရောဂါ။Chronic obstructive pulmonary disease အတိုကောက် COPDလို့ ခေါ်တဲ့ ဒီရောဂါ မြန်မာနိုင်ငံရဲ့ ထိပ်သီးရောဂါပါတဲ့။ သူ့မှာနာတာရှည် လေပြွန်ရောင်တာ (chronic bronchitis)ရယ်၊လေအိတ်ကျယ်တာ (emphysema)ရယ်ဆိုပြီး ရှိပါတယ်။ တချို့သူတွေမှာတော့ နှစ်မျိုးတွဲတွေ့ရပါတယ်။ဆေးလိပ်သောက်တာကတော့ အဓိက အကြောင်းရင်းပါပဲ။ ဒီရောဂါရှိတဲ့သူတွေကို ကြည့်လိုက်ရင် ဆေးလိပ်သောက်တဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ဆေးလိပ်ကို နှစ်နဲ့ချီသောက်ပေမယ့် ရောဂါမဖြစ်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေများတယ်လို့ပဲ ပြောလို့ရပါတယ်။ လူနည်းစုကတော့ ဆေးလိပ်ကြောင့်မဟုတ်ဘဲ alpha-1 antitrypsinလို့ ခေါ်တဲ့ ပရိုတိန်းလေး နည်းနေတာကြောင့် လေအိတ်ကျယ်တဲ့ ဝေဒနာခံစားရပါတယ်။ ဒါ့ပြင်။လက္ခဏာတွေကတော့။ဒီရောဂါက နာတာရှည်ဖြစ်တဲ့အတွက် လက္ခဏာတွေ တဖြည်းဖြည်းပေါ်လာပြီး ပိုပိုဆိုးလာနိုင်ပါတယ်။ တချို့တွေဆို ရောဂါရှိမှန်းတောင် သတိမထားမိကြပါဘူး။အဆုတ်ပွတာ။အသက်ရှူလမ်းကြောင်း အောက်ပိုင်းမှာ အဖြစ်အများဆုံးရောဂါပါ။ အဆုတ်တစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်လုံးဖြစ်နိုင်ပါတယ်။ အဆုတ်တစ်မြွာတည်း ဒါမှမဟုတ် တစ်ခြမ်းလုံးလည်း ဖြစ်နိုင်ပါတယ်။ ပိုးဝင်တာကြောင့် ဖြစ်တာ အများဆုံးပါပဲ။ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးကြောင့် အဆုတ်ရောင်ရမ်းတာပါ။ ဗိုင်းရပ်စ်ထဲမှာတော့ ခုဖြစ်နေတဲ့ ကိုဗစ်၊ ရာသီတုပ်ကွေးစတာတွေပါပါတယ်။ ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘက်တီးရီးယားပိုးဝင်ပြီး ရောင်ရမ်းတာမျိုးလည်း ရှိပါတယ်။ အစာသီးရာကနေ အဆုတ်ထဲ အစာဝင်သွားပြီး ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အဖြစ်များတဲ့သူတွေကတော့။အဆုတ်ရောင်တာက တစ်ရက် နှစ်ရက်အတွင်း ဖြစ်နိုင်သလို ရက်တော်တော်ကြာမှ ဖြစ်လာတာမျိုးလည်း ရှိပါတယ်။ လက္ခဏာတွေကတော့။ပန်းနာရင်ကြပ်ရောဂါ။မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံးရောဂါထဲမှာ နံပါတ် ၇ပါ။ ပန်းနာရင်ကြပ်က ကလေးတွေမှာ အတွေ့ရများပေမယ့် လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကြပ်က အမြစ်မပြတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ကြပ်စေတာတွေကို ရှောင်လိုက်ရင် လူကောင်းအတိုင်းပါပဲ။ပန်းနာရင်ကြပ်က မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ပန်းနာရင်ကြပ်ရှိတဲ့သူတွေမှာ ဓာတ်မတည့်တာလေးတွေ သီးသန့်ရှိတတ်ပါတယ်။ တချို့က အေးရင်ကြပ်တယ်။ တချို့က ပန်းဝတ်မှုန်နဲ့တွေ့ရင် ကြပ်တယ် စသဖြင့်ပေါ့။ မတည့်တစ်ခုခု ကိုယ်ထဲကို ဝင်လာတဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်တာကြောင့် လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းလာပါတယ်။ အချွဲတွေလည်း ထွက်လာပါတယ်။ဒါကြောင့် ပန်းနာရင်ကြပ်ထဖောက်ပြီဆိုရင်။ဒီချိန်မှာ ဆရာဝန်ညွှန်ထားတဲ့ ဆေးကို ထုတ်ရှူမှပဲ သက်သာမှာပါ။ ဆေးတွေကို အရန်သင့်ဆောင်ထားဖို့ လိုအပ်တဲ့အပြင် ကိုယ်နဲ့ မတည့်တာတွေကိုလည်း သတိထားရှောင်ဖို့ လိုပါတယ်။တီဘီရောဂါ။အဓိကကတော့ အဆုတ်တီဘီပေါ့။ အဖြစ်အများဆုံးရောဂါထဲမှာ နံပါတ် ၉ချိတ်ပါတယ်။ Mycobacterium tuberculosisလို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး အဆုတ်အပြင် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာပါ ဖြစ်တတ်ပါသေးတယ်။ ဥပမာ ပြောရရင် အူတီဘီ၊ အရိုးတီဘီ။တီဘီကလ လေထဲကနေတဆင့် ကူးတာပါ။ အဆုတ်တီဘီရှိတဲ့သူတစ်ယောက်က နှာချေ၊ ချောင်းဆိုးလိုက်ရင် အမှုန်အမွားတွေက လေထဲမှာ အချိန်တစ်ခုရှိနေနိုင်တာကြောင့် ဒါကို ရှူမိရုံနဲ့တင် ကူးပါတယ်။ ရှူမိရင် ကိုယ်ခံအားကျတဲ့သူက ပိုကူးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းနေရင်တော့ ကိုယ်ခံအားက တိုက်ထုတ်လိုက်ပါတယ်။အဆုတ်တီဘီရဲ့ လက္ခဏာတွေကတော့။တီဘီက ရိုးရိုးတီဘီဆိုရင် ဆေး၆လသောက်ရုံနဲ့ ပျောက်ပါတယ်။ သေချာမကုရင်တော့ ဆေးယဉ်ပါးတီဘီဖြစ်သွားတတ်ပါတယ်။ ကလေးတွေ မွေးစမှာ ထိုးပေးတဲ့ BCGကာကွယ်ဆေးဟာ ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင်တီဘီကိုသာ ကာကွယ်ပေးပါတယ်။ အဆုတ်တီဘီ မဟုတ်ပါ။အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့အတွက် အသက်ရှူလမ်းကြောင်းလေးကျန်းမာအောင် နေထိုင်သင့်ပါတယ်။ ဆေးလိပ်ဖြတ်တာ၊တဆင့်ခံဆေးလိပ်ငွေ့တွေကို ရှောင်တာက အသက်ရှူလမ်းကြောင်းရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/common-respiratory-diseases-in-myanmar/
ကလေးကို အင်းဆက်ကိုက်ခံရရင် ဘယ်လိုပြုစုကုသမလဲ
ကလေးတွေကို ခြင်၊ ကြမ်းပိုး၊ပျား၊ ပုရွက်ဆိတ်၊စတဲ့ အင်းဆက်တွေကိုက်ခံရတတ်ပါတယ်။ ဘာမှမသိသေးတဲ့အရွယ်ဆိုတော့ အကောင်ကိုက်မှာလည်းမသိဘဲ ပိုးကောင်လိုက်ဖမ်းရင်းဆော့တောင်ဆော့နေတတ်ကြပါသေးတယ်။ ပိုးမွှားကိုက်ခံရရင် နာကျင်ရတယ်ဆိုပေမယ့်လည်း အန္တရာယ်ဖြစ်တာတော့နည်းပါတယ်။ နာကျင်မှုကတဖြည်းဖြည်းလျော့သွားမှာဖြစ်ပြီးနောက်နေ့ကျပျောက်သွားမှာပါ။ဒါပေမယ့်ကလေးရဲ့ ပါးစပ် သို့မဟုတ် လည်ပင်းကို အကိုက်ခံ၊ အတုပ်ခံရရင် ဒါမှမဟုတ် အကောင်ကိုက်ခံရလို့ ပြင်းထန်တဲ့အရေပြားဓါတ်မတည့်မှုဖြစ်လာခဲ့ရင် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။ပိုးမွှားကိုက်ခံရတာအများစုက အဆိပ်ရှိတာမျိုးမဟုတ်ပေမယ့် ဘာကောင်ပဲကိုက်ကိုက် ဓါတ်မတည့်တုံ့ပြန်မှုကရှိတတ်တာပါပဲ။ ဒီတုံ့ပြန်မှုရဲ့ပြင်းထန်မှုအတိုင်းအတာကလည်းကွာခြားနိုင်ပါတယ်။ နဂိုတည်းက anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ဓါတ်မတည့်မှုဝေဒနာရှိတဲ့ကလေးတွေဖြစေ်နနိုင်တာကြောင့် ပိုသတိထားရပါတယ်။anaphylaxis ဆိုတာ ချက်ချင်းကုသမှုခံယူမှဖြစ်မယ့်ရောဂါအခြေအနေတစ်ခုဖြစ်လို့ပါ။အင်းဆက်ပိုးမွှားကိုက်ခံရတဲ့လက္ခဏာတွေကတော့ ဒီအပေါ်ကလေးရဲ့ခန္ဓါကိုယ်ကတုံ့ပြန်မှုဘယ်လိုရှိသလဲဆိုတာကို တော်တော်လေးမူတည်ပါတယ်။တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ –။ကလေးကို အင်းဆက်ပိုးမွှားကိုက်ခံရတဲ့အခါ သိပ်မများရင်၊ ဓါတ်မတည့်မှုမပြင်းထန်ရင် အိမ်မှာပဲပြုစုကုသပေးလို့ရနိုင်ပါတယ်။ အရင်ဆုံး –။ကလေးက။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%80%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%b6%e1%80%9b/
ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား
အုန်းနို့ကျောက်ကျော၊ အုန်းနို့ ခေါက်ဆွဲ၊ အုန်းထမင်း၊ သာကူအုန်းနို့ဆမ်းဆိုပြီး အုန်းနို့နဲ့ လုပ်ထားတဲ့ အချိုပွဲတွေ စားဖွယ်တွေက မြန်မာလူမျိုးတော်တော်များများ နှစ်နှစ်ခြိုက်ခြိုက်စားကြတဲ့ အစားအစာတွေပါ။ ဒီလို အစားအစာတွေထဲကမှ အုန်းနို့ ပါဝင်ပြုလုပ်ထားတဲ့ အုန်းနို့ဆန်ပြုတ် နဲ့ အုန်းနို့သာကူတွေကဘေဘီလေးတွေနှစ်သက်နိုင်တဲ့ အစားအစာတွေပေါ့။တီတီတို့ လေးလေးတို့က အုန်းနို့ဆန်ပြုတ်လေး အရသာရှိလိုက်တာဆိုပြီး သောက်နေချိန်မှာ ဘေဘီလေးက မပီကလာပီကလာနဲ့ နည်းနည်းဆိုပြီး ခွံခိုင်းတဲ့အခါ ကျွေးလိုက်ချင်ပေမယ့် ကျွေးလို့ရပါ့မလား။ဆန်ပြုတ်ကတော့ ထမင်းပဲ ပြီးတော့ ကြေနေအောင်ချက်ထားတာဆိုတော့ တည့်လောက်ပါရဲ့။ အုန်းနို့ပါနေလို့ အစာကြေပါ့မလား။ တည့်ပါ့မလားဆိုပြီး စိတ်ပူနေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား …… ဆိုတာလေးကို ပြောပြပေးသွားပါမယ်။အုန်းနို့ကအုန်းသီးအရင့်ကို ကြိတ်ပြီး အရည်ညှစ်ထားတာပါ။ သဘာဝကရတဲ့ အာဟာရ တစ်မျိုးပေါ့။ မြန်မာနိုင်ငံ အပါအဝင် ထိုင်း နဲ့ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ ဟင်းပွဲတွေ။ အချိုပွဲတွေပြင်ဆင်တဲ့အခါ အုန်းနို့ကို အသုံးပြုကြပါတယ်။ဟာဝိုင်အီ၊ အိန္ဒိယနဲ့ ကာရေဗီယန်နိုင်ငံတွေမှာလည်း အုန်းနို့ကို ကြိုက်နှစ်သက်စွာ စားသုံးနေကြပါတယ်။ အုန်းနို့က အဆီဓာတ် ပါဝင်နေပြီး ရင့်နေတဲ့ အုန်းသီးကနေ ထုတ်ယူထားတဲ့ အဆီအနှစ်ပါ။ အုန်းခွံက အညိုရောင် သန်းသန်းလေလေ အုန်းသီးရင့်လေလေပါ။ရင့်မှည့်နေတဲ့ အုန်းသီးကို ကြိတ်ထားတဲ့ အုန်းနို့ကအဆီပါဝင်မှုများသလို အရသာလည်းရှိပါတယ်။ ဟင်းပွဲတွေရဲ့ အရသာကိုတိုးစေနိုင်တဲ့ အရာတစ်မျိုးပါ။အုန်းနို့က ကယ်လ်လိုရီများတဲ့ အစားအစာတစ်ခုပါ။ အုန်းနို့မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား ဆိုတော့ ရပါတယ်။အုန်းနို့က အာဟာရ ကြွယ်ဝသလိုဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အစားအစာတစ်ခုပါ။အုန်းနို့ကို မိခင်နို့၊ဖော်မြူလာနို့တွေနေရာမှာ အစားမထိုးသင့်ပေမယ့် ဘေဘီလေးကို ကျွေးပေးလို့ ရပါတယ်။ ဘေဘီလေးက အသက် ၁ နှစ်ပြည့်ပြီဆိုရင်တော့ အုန်းနို့ကို စကျွေးပေးလို့ ရပါပြီ။ ဆန်ပြုတ်ထဲ ထည့်ပြုတ်ပြီး ကျွေးလို့ ရပါတယ်။ သေချာကျိုချက်ပြီးတော့ ကျွေးလို့ ရပါတယ်။ အစိမ်းတော့ မကျွေးသင့်ပါဘူး။ဘေဘီလေးကို အုန်းနို့ ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။အုန်းနို့မှာ ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ lauric acid ပါဝင်နေပါတယ်။ Lauric acid ကမိခင်နို့ထဲမှာ ပါဝင်နေတဲ့ ဓာတ်တစ်မျိုးပါ။ ဘေဘီလေးရဲ့ ကိုယ်ခံအားကို တိုးမြှင့်ပေးပြီး အအေးမိဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို တုပ်ကွေး လိုမျိုး ကူးစက်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။အုန်းနို့မှာ ပါတဲ့ အဆီဓာတ်က ဘေဘီလေးကို ကိုယ်အလေးချိန် တိုးစေဖို့ ထောက်ကူပေးသလို သင့်တင့်တဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်အလေးချိန် နည်းနေတဲ့ ဘေဘီလေးတွေကို ကျွေးပေးသင့်ပါတယ်။အုန်းနို့မှာ ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေက ဘေဘီလေးရဲ့ ဦိးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့ ထောက်ကူပေးပါတယ်။သံဓာတ် လုံလောက်စွာ ရရှိမှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးမှာ ဖြစ်သလို ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ရောဂါတွေကို တိုက်ဖျက်နိုင်မှာပါ။ သံဓာတ် ပြည့်ဝမှုက သွေးအားနည်းရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။အုန်းနို့မှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးတဲ့ bioactive compounds ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာကြေစေနိုင်သလို အူတွေကို ကျန်းမာစေပြီး bioactive compounds ပါဝင်နေတာကလည်း အစာခြေစနစ် ပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အုန်းနို့က ဘေဘီလေးကို ဝမ်းမှန်စေသလို သန်ကျစေဖို့လည်း ထောက်ကူပေးပါတယ်။အုန်းနို့မှာ ဖော့စဖရပ် ပါဝင်နေသလို မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးကို ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။အုန်းနို့မှာ ဘေဘီလေး ကျန်းကျန်းမာမာနဲ့ ကြီးထွားစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ပါတယ်။ဘေဘီလေးကို အုန့်နို့ကျွေးတဲ့အခါ ချဉ်နေတာမျိုး ရက်ကြာနေတာမျိုး မဖြစ်စေဖို့ သတိထားပါ။ လတ်ဆတ်တဲ့ အုန်းနို့ကို သေချာကျိုချက်ထားတာမျိုးကိုပဲ ကျွေးပေးပါ။ဘေဘီလေးကို အုန်းနို့ ကျွေးလို့ ရမလား ဆိုတဲ့ အဖြေ ထွက်လောက်ပြီ ထင်ပါတယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-baby-feeds-coconutmilk/
ပြတ်ရှဒဏ်ရာ၊ပေါက်ပြဲဒဏ်ရာတွေဖြစ်လာရင် အမြန်ဆုံးဘယ်လိုကုသမလဲ
မတော်တဆ ဓါးရှတာ၊ စက်ဘီးမှောက်တာ၊ ချော်လဲလို့ပွန်းပဲ့တာလိုမျိုးပြတ်ရှဒဏ်ရာ၊ အရေပြားပေါက်ပြဲဒဏ်ရာတွေက အဖြစ်များကြပါတယ်။ အနာဆိုတာ အချိန်တန်တော့ ကျက်သွားမှာပါ၊ပျောက်သွားမှာပါလို့တော့ မတွေးပါနဲ့နော်။ အနာသေးသေးလေးပဲဖြစ်ပါစေရောဂါပိုးဝင်သွားခဲ့ရင် အနာကျက်နှေးစေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ဒါ့ကြောင့် ဒီပြတ်ရှဒဏ်ရာ၊ အရေပြားပေါက်ပြဲဒဏ်ရာတွေကို အမြန်ဆုံးဘယ်လိုကုသရမလဲဆိုတာလေ့လာပြီး ကိုယ်တိုင်လုပ်ဆောင်လို့ရပါတယ်။ ဒဏ်ရာကြီးခဲ့ရင်တော့ဆေးခန်း၊ဆေးရုံမှာ ကုသမှုခံယူရမှာဖြစ်ပေမယ့် အသေးအဖွဲထိခိုက်ဒဏ်ရာတွေအတွက် လုပ်သင့်တဲ့နည်းလမ်းမှန်တွေကို ကိုယ်ကသိထားတော့ ဒဏ်ရာရတိုင်းဆေးခန်းပြေးစရာမလိုတော့ဘူးပေါ့။ အရင်ဆုံး။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%bb%e1%80%95%e1%80%90%e1%80%b9%e1%80%9b%e1%80%bd%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%81%8a%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%b2%e1%80%92%e1%80%8f/
ခွဲမွေးခြင်းနဲ့ ကလေးသူငယ် အမျိုးအစား ၁ ဆီးချိုနဲ့ ဘာကြောင့် ဆက်စပ်မှုရှိတာလဲ
လေ့လာမှုတွေအရ ဆီးချို type 1 ဖြစ်ပွားနှုန်းမြင့်လာတာနဲ့ သက်ဆိုင်တဲ့ အချက်တွေရှိတာတွေ့ရပါတယ်။ ဗိုက်ခွဲကလေးမွေးတာကလည် အကြောင်းအရင်းတစ်ခုပါဘဲ။ ဒါပေမယ့် ဗိုက်ခွဲကလေးမွေးတာက ကလေးရော ိခင်ရော အသက်ကိုကယ်ဖို့အတွက် မကြာခဏလုပ်ရပါတယ်။ဆီးချို type 1 က ဘဝရဲ့အစောပိုင်းတွေမှာဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ လူငယ်တွေမှာ တွေ့ရများတာပါ။ ၅ ရာခိုင်နှုန်းသောလူတွေက ဒီဆီးချိုကိုခံစားနေရပါတယ်။လူတွေမှာ ဆီးချို Type 1 ရှိတဲ့အခါ glucose တွေကိုချေဖျက်ဖို့ အင်ဆူလင်မထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် သူတို့သွေးထဲမှာ သကြားဓါတ်တွေပိုလာပြီးသွေးချိုလာပါလိမ့်မယ်။ မကုသဘဲထားတဲ့ ဆီးချို type 1 က ဘေးဖြစ်နိုင်တဲ့ ရှုပ်ထွေးမုတွေဖြစ်လာနိုင်ပြီး သေဆုံးတဲ့ထိဖြစ်နိုင်ပါတယ်။ကလေးခွဲမွေးတဲ့အခါ သင့်ကိုနာကျင်မှုသက်သာစေဖို့ ထုံဆေးသို့မဟုတ် မေ့ဆေးပေးပါလိမ့်မယ်။ ထုံဆေးကို သင့်ခါးနောက်အောက်ပိုင်းကနေထိုးပါလိမ့်မယ်။ ထုံဆေးအစွမ်းပြပြီဆိုရင် ဆရာဝန်က ခွဲမွေးဖို့အတွက် ဗိုက်အောက်ပိုင်းနဲ့ သားအိမ်မှာ ခွဲရာလေးကိုခွဲစိတ်ခန်းသုံးဓါးနဲ့လုပ်ပါလိမ့်မယ်။သင်မနာကျင်ပေမယ့် လှုပ်ရှားနေတာတော့သိပါလိမ့်မယ်။ ကလေးကိုထုတ်ပြီးတာနဲ့ ဆရာဝန်က အချင်းကိုထုတ်ပြီး ခွဲရာတွေကိုပြန်ချုပ်ပါမယ်။ ဒီနည်းလမ်းက ကလေးကိုသင့်မိန်းမကိုယ်ဆီကမမွေးစေတော့ပါဘူး။ကလေးတွေမွေးလာတဲ့အခါ သူတို့အရေပြားမှာ ဘက်တီးရီးယားတွေပါလာပါတယ်။ ကလေးအရေပြားပေါ်မှာရှိတဲ့ မိန်းမကိုယ်က ဘက်တီးယားတွေက ကလေးကို ကိုယ်ခံစနစ်ဖွ့ဖြိုးစေဖို့ကူညီပါတယ်။ ကလေးမွေးတဲ့နည်းလမ်းတွေအပေါ်မှာမူတည်ပြီး ကလေးတွေအရေပြားပေါ်က ဘက်တီးရီးယားတွေက မတူနိုင်ပါဘူး။ရိုးရိုးမွေးတဲ့ကလေးတွေအရေပြားပေါ်က ဘက်တီးရီးယားက မိခင်ရဲ့ မိန်းမကိုယ်ထဲက ဘက်တီးရီးယားတွေနဲ့တူတူပါဘဲ။ ဒါကြောင့် ခွဲမွေးတဲ့အခါ ကလေးငယ်ရဲ့အရေပြားမှာ ခုခံကာကွယ်ပေးတဲ့ မိန်းမကိုယ် ဘက်တီးရီးယားတွေ မရှိပါဘူး။ ဒါကြောင့် သူတို့အရေပြားမှာ type1 ဆီးချိုဖြစ်စေတဲ့ ပန်ကရိယ beta ဆဲလ်တွေကို ချေဖျက်မယ့်ခုခံစနစ်မပါလာပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-1-diabetes/%e1%80%81%e1%80%bd%e1%80%b2%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9e%e1%80%b0/
Yaws (ယော အနာရောဂါ)
ယောအနာရောဂါသည် အရေပြား၊ အရိုးနှင့် အဆစ်များတွင် ဘက်တီးရီးယားပိုးဝင်သော နာတာရှည်ရောဂါဖြစ်သည်။ ယောအနာ တွင် အဆင့် ၃ ဆင့်ရှိပါသည်။(၁) အစောပိုင်းအဆင့်။ယော ရောဂါပိုးနှင့် ထိတွေ့မိပြီး ၅-၆ ပတ်အကြာတွင် သင့်အရေပြားပေါ်တွင် အနီ ရောင် အဖုအပိန့်များ ပေါ်လာမည်ဖြစ်သည်။အထူးသဖြင့် တင်ပါးသားနှင့် ခြေထောက်များတွင် အဖြစ်များပါသည်။ ထိုအဖုများကို frambesioma သို့မဟုတ် mother yaw ဟုတခါတရံတွင် ခေါ်ကြပြီး တဖြေးဖြေးကြီးထွားလာကာ အဝါရောင်အနာဖေးများဖြစ်သွားကြသည်။ အနာဖြစ်သော နေရာတဝိုက်တွင် ယားယံခြင်း၊ အကြိတ်ဖုများဖြစ်ခြင်းတို့ဖြစ်ပြီး အနာများသည် ခြောက်လခန့်အကြာတွင် အလိုလိုကျက်သွားသော်လည်း အမာရွတ်များ ကျန်ရစ်ခဲ့ပေသည်။(၂) ဒုတိယအဆင့်။တိုအဆင့်တွင် အဆင့် ၁ တွင် ဖြစ်သော အဖုများ မပျောက်ဘဲကျန်ရှိနေခြင်းမျိုးဖြစ်နိုင်သလို ပထမအဆင့် အနာပျောက်ပြီး ရက်သတ္တပတ်များ၊ လပေါင်းများစွာကြာမှ့အနာပြန်ဖြစ်လာခြင်းမျိုးလည်းဖြစ်နိုင်သည်။ ဒုတိယအဆင့် တွင် မျက်နှာ၊ လက်မောင်း၊ ခြေထောက်နှင့် တင်ပါးများတွင် အနီရောင် အနာဖေးများဖြစ်တတ်သည်။(၃) နှောင်းပိုင်းအဆင့်။ယောအနာရောဂါဖြစ်သူများ၏ ၅-၁၀ % ခန့်သည် နှောင်းပိုင်းအဆင့် အထိခံစားရလေ့ရှိကြသည်။ ပထမအဆင့်ဖြစ်ပြီး ပြီးချင်း သို့မဟုတ် ၅ နှစ်ခန့်အကြာမှ နှောင်းပိုင်းအဆင့် ဖြစ်ပေါ်တတ်ပြီး အရေပြားနှင့် အရိုးအဆစ်၊ ခြေထောက်ပိုင်းများကို ထိခိုက်ပျက်စီးစေပါသည်။ယော အနာရောဂါသည် မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ယောရောဂါပိုးဝင်ပြီး ၂-၄ ပတ်ခန့်အကြာတွင် ရောဂါပိုးစဝင်သည့်နေရာတွင် Mother yaw ဟုခေါ်သော အနာ စဖြစ်လာပါသည်။အနာသည် သံချေးရောင် သို့မဟုတ် raspberry သီးကဲ့သို့ အနီရောင်ရှိပါသည်။ အနာသည် လနှင့် ချီကြာမြင့်နိုင်ပြီး Mother yaw ဖြစ်ပြီး ချိန်တွင်လည်း အနာများထပ်ထွက်လာနိုင်သည်။ အနာကို ကုပ်ဖဲ့ခြင်းဖြင့် ဘက်တီးရီးယားပိုးများ ပြန့်သွားနိုင်ပြီး ဘေးတဝိုက်ရှိ အရေပြားကိုပါ ကူးစက်သွားနိုင်ပါသည်။နောက်ဆုံးတွင် အနာများကျက်သွားပါလိမ့်မည်။ တွေ့ရများသော ရောဂါလက္ခဏာများမှာ-။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။စသည်တို့ရှိဖူးလျှင် ဆရာဝန်ထံသွားပြပါ။ယော အနာရောဂါသည် လိင်မှ တဆင့်ကူးစက်သော ဆစ်ဖလစ်ရောဂါကို ဖြစ်စေသည့် Treponemapallidum ဘက်တိးရီးယားမျိုးနွယ်စုဝင်ဖြစ်သည်။သို့သော် ယောရောဂါသည် လိင်မှ တဆင့် မကူးစက်ပါ။ ထို့ပြင် နှလုံးနှင့် သွေးကြောများကိုလည်း ထိခိုက်နိုင်ခြင်း မရှိပါ။ ယောရောဂါသည် အရေပြားကို ရောဂါပိုးနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ဖြစ်လာခြင်းဖြစ်ပြီး အညာဒေသဘက်၊ အပူပိုင်းဒေသများဖြစ်သော အာဖရိက၊ အနောက် ပစိဖိတ်ကျွန်းများ အရှေ့တောင် အာရှိတို့တွင် အဖြစ်များသည်။အသက် ၂ နှစ်မှ ၅ နှစ်ကလေးများ၊ အဝတ်အစား လုံခြုံစွာ မဝတ်သောကလေးများ၊ မကြာခဏ ထိခိုက်ဒဏ်ရာရသော ကလေးများ နှင့် တကိုယ်ရည်သန့်ရှင်းမှုမကောင်းသော ကလေးများတွင် ပို အဖြစ်များသော ရောဂါဖြစ်သည်။ယောရောဂါကူးစက်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယင်းတို့သည် ယော ရောဂါကူးစက်ခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ပက်သက်ဆက်နွယ်နေသော ဖြစ်နိုင်ချေများဖြစ်ပါသည်။ ထိုအချက်များနှင့် ဆက်နွယ်နေပါက ယောရောဂါဖြစ်မည်ဟု မုချမပြောနိုင်သော်လည်း ရောဂါဖြစ်နိုင်ချေကို ပိုများစေသောကြောင့်ဖြစ်ပါသည်။သို့သော် ထိုဖြစ်နိုင်ချေများ လုံးဝမရှိတော့အောင် ကာကွယ်နေထိုင်ခြင်းသည်လည်း ယော ရောဂါ မဖြစ်တော့ပါဟု ကျိန်းသေ မပြောနိုင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တွင် ကျောက်ကပ်ပြည်တည်ခြင်းဖြစ်နေပြီဟု သံသယရှိပါက-။ပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ရောဂါကူးစက်နိုင်သော နေရာများသို့ ခရီးသွားခဲ့ခြင်း များမေးမြန်းခြင်း၊ သင့် အနာများကို ကြည့်ခြင်း နှင့် လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပါလိမ့်မည်။ထို့နောက် တိကျသော ကုသမှုလုပ်ရန် သိသင့်သည်များကို သွေးစစ်ခြင်း၊ အနာကို နမူနာယူပြီး ပိုးကောင်စစ်ခြင်း တို့ပြုလုပ်ပါလိမ့်မည်။ပုံမှန်အားဖြင့် ယောရောဂါဖြစ်စေသော T. pallidum ဘက်တီးရီးယားကို ဓါတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြစ်ပြီး ယောရောဂါအတွက် သွေးထဲတွင် အဖြေမရှိပါ။သို့သော ်ယော ရောဂါသည် ဆစ်ဖလစ်ရောဂါနှင့် ဆက်နွယ်နေနေသည့်အတွက် သွေးထဲတွင် ရှိနေနိုင်သော ယောနှင့် ဆက်နွယ်နေမည့်ပိုးများကို ရှာဖွေခြင်းဖြစ်သည်။ယောရောဂါကို ပင်နီဆလင်ဆေးကို တကြိမ်ထိုးခြင်းဖြင့် ကုသနိုင်သည်။ ဆေးပမာဏသည် ရောဂါဖြစ်သူ၏ အသက်အရွယ် အပေါ်မူတည်ပြီး ကွာခြားမှုရှိနိင်သည်။ ပင်နီဆလင်နှင့် ဓါတ်မတည့်သူဖြစ်ပါက azithromycin, tetracycline, or doxycycline စသည့်ဆေးများဖြင့် ကုသနိုင်သည်။ဆေးမကုဘဲထားလျှင် ရောဂါဖြစ်ပြီး ၆ လခန့်တွင် အနာကျက်သွားပေလိမ့်မည်။ ဒုတိယအဆင့် နှင့် နှောင်းပိုင်းအဆင့်များတွင် အနီကွက်များဖြစ်ခြင်း၊ အနာဖေးများဖြစ်ခြင်းတို့ဖြစ်လာမည်ဖြစ်ပြီး မကုဘဲထားလျှင် နောင်နှစ်ပေါင်းများစွာကြာလျှင် အနာများ ထပ်ဖြစ်နိုင်ပါသည်။သင်သည် ယောရောဂါရှိသူနှင့် ထိတွေ့ခဲ့ပါက သင့်ဆရာဝန်နှင့် တိုင်ပင်ကာ ရောဂါကို ကာကွယ်ရန် ပင်နီဆလင် သိုကမဟုတ် အခြားသော ပိုးသတ်ဆေးများ ထိုးပါ။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်ယော အနာရောဂါဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/yaws-%e1%80%b1%e1%80%9a%e1%80%ac-%e1%80%a1%e1%80%94%e1%80%ac%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ
နေ့စဉ်နဲ့ အမျှ အသက်ရှူနေရတဲ့အတွက် အသက်ရှူလမ်းကြောင်းလေး ကျန်းမာနေဖို့ဆိုတာ အရေးကြီးပါတယ်။ ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် လေး ဖြစ်ဖို့ ဘယ်လိုတွေ ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာ မျှဝေပေးလိုပါတယ်။အသက်ရှူလမ်းကြောင်းစနစ် က။ဒီလို တာဝန်တွေကို ထမ်းရွက်နေတဲ့အတွက် အသက်ရှူလမ်းကြောင်းစနစ် နေမကောင်းဖြစ်တဲ့အခါ ပြင်ပက ရောဂါပိုးတွေ ဝင်လာမှာပါ။ သာမန် နှာစေး၊ ချောင်းဆိုးကစလို့အဆုတ်ရောင်၊ အဆုတ်ပွ၊နာတာရှည် လေပြွန်ကျဉ်းရောဂါနောက်ဆုံး အသက်ရှူလမ်းကြောင်း ပျက်စီးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းရှိတယ်ဆိုရင် လူဟာ နှာစေး၊ ချောင်းဆိုးခြင်း မရှိဘူး။ တခြား အသက်ရှူလမ်းကြောင်း လက္ခဏာတွေ ဖြစ်တဲ့ မောတာ၊ အသက်ရှူမဝတာ၊ ချောင်းဆိုးသွေးပါတာ၊ အသက်ရှူရင် တရွှီရွှီမြည်နေတာ မရှိဘူးလို့  ယေဘုယျအားဖြင့်ဆိုလို့ ရပါတယ်။ ရှားရှားပါးပါး တချို့တွေမှာ ရောဂါရှိပေမယ့် လက္ခဏာ မပြတာ ရှိပေမယ့်လည်းပေါ့။ဒါပေမယ့် လက္ခဏာမပြဘူးဆိုရင်တော့ ကျန်းမာတယ်လို့ ယူဆလို့ ရပါတယ်။ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ ကျန်းမာတဲ့သူရော အသက်ရှူလမ်းကြောင်းရောဂါ ရှိနေပြီးသားသူရောအတွက် လိုအပ်ပါတယ်။ ဒါကြောင့် ခုပြောပြမယ့် နည်းလမ်းတွေကို လူတိုင်း လိုက်နာလို့ ရပါတယ်။အဆုတ်ရောဂါတွေကို ကြည့်လိုက်ရင် ဆေးလိပ်နဲ့ ကင်းတာ မရှိပါဘူး။ အဆုတ်တင်မကပါဘူး။ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အဆုတ်ကင်ဆာနဲ့ နာတာရှည်လေပြွန်ကျဉ်းတဲ့ ဝေဒနာရှင်တွေကို ကြည့်မယ်ဆိုရင် ဆေးလိပ်သောက်တဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ဆေးလိပ်က လေပြွန်တွေကို ကျဉ်းစေပြီး ရောင်ရမ်းစေပါတယ်။ ကြာလာလေလေ အဆုတ်တစ်ရှူးတွေ ပျက်စီးပြီး အဆုတ်ကင်ဆာဖြစ်နိုင်ချေ များလေလေပါပဲ။ ဒါကြောင့် ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဖြတ်လိုက်တာနဲ့ အကျိုးကျေးဇူး ခံစားရပါတယ်။တဆင့်ခံဆေးလိပ်ငွေ့တွေ၊ အိမ်ထဲက မီးခိုးငွေ့တွေ၊ စက်ရုံ အလုပ်ရုံက ထွက်တဲ့ မီးခိုးငွေ့နဲ့ အမှုန်အမွှားတွေ အားလုံးက အဆုတ်ကို ထိခိုက်စေပါတယ်။ ဒါဟာ ရှိပြီးသား အဆုတ်ရောဂါကိုလည်း ပိုဆိုးစေပါတယ်။ လေထုညစ်ညမ်းတဲ့ နေ့တွေဆို အပြင်မထွက်ပါနဲ့။ လေထုညစ်ညမ်းမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။အဆုတ်ဆိုတာ ပိုးတွေ၊ အမှုန်အမွှားတွေရဲ့ ဝင်ပေါက်ပါ။ တစ်ခါတလေ သာမန် အအေးမိတာ၊ တုပ်ကွေးဝင်တာတွေကနေလည်း ပြင်းထန်တဲ့ အဆုတ်ရောဂါအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ပိုးဝင်တာကို ကာကွယ်နိုင်ဖို့။-မကြာခဏ လက်ဆေးပါ။–တုပ်ကွေးချိန်ဆို လူထူထပ်တဲ့ နေရာကို မသွားပါနဲ့။ သွားခဲ့ရင်လည်း နှာခေါင်းစည်းတပ်ပါ။-ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။ ခံတွင်းထဲက ပိုးမွှားတွေကြောင့်လည်း အသက်ရှူလမ်းကြောင်းထဲကို ပိုးဝင်ကူးစက်တတ်ပါတယ်။-နှစ်တိုင်းရာသီတုပ်ကွေး ကာကွယ်ဆေးထိုးပါ။-နေမကောင်းတဲ့အခါ အိမ်မှာပဲ နေပါ။ လူတွေ အနားမနေပါနဲ့။ အားပြည့်အောင်နေပါ။ ရုံးတွေ၊ ကျောင်းတွေ မသွားပါနဲ့။ကိုယ်နိုင်သလောက် လေ့ကျင့်ခန်း လုပ်ပါ။ ပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ အသက်ကို ပိုရှူသွင်း ရှူထုတ်ရလို့ အဆုတ်ကို ပိုသန့်စင်စေပါတယ်။အဆုတ်ရောဂါအခံရှိတယ်။ တခြား အသက်ရှူလမ်းကြောင်း ရောဂါအခံရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပုံမှန် ပြသသင့်ပါတယ်။ လိုအပ်တဲ့ ကုသမှုတွေ ပုံမှန်ခံယူပြီး ပိုဆိုးမလာအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/what-is-healthy-respiratory-system/
အပူလောင်နာ ဘယ်လိုကုသရမလဲ
အပူလောင်ခြင်းဟာ အဖြစ်များတဲ့ကိစ္စတစ်ခုဆိုပေမယ့် ခံစားရမသက်သာတဲ့ဝေဒနာလည်းဖြစ်ပါတယ်။တော်တန်ရုံအသေးစားအပူလောင်တာဆိုရင်ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်ကုသလို့ရပေမယ့်ပြင်းထန်ပြီဆိုရင် အနာကိုပိုးမဝင်အောင်၊ အနာမရင်းအောင်၊ ဆိုးဆိုးရွားရွားအမာရွတ်မကျန်အောင်သေချာဂရုစိုက်ကုသဖို့လိုအပ်ပါတယ်။အပူလောင်စေတဲ့အကြောင်းရင်းကအမျိုးမျိုးရှိပါတယ် –။အပူလောင်တာကို အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး အဆင့်သုံးခုခွဲထားပါတယ်။ အဆင့်(၁)ကတော့ အားအလျော့ဆုံးဖြစ်ပြီး အဆင့်(၃)ကတော့ အားအပြင်းဆုံး ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းဆီက ကွဲပြားတဲ့လက္ခဏာနဲ့ ထိခိုက်မှုကို ဖော်ပြပါတယ်။တကယ်တော့ အပူလောင်ဒဏ်ရာပြင်းမပြင်းကို အကြောင်းရင်းကိုမူတည်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူး။ ဥပမာ -ရေနွေးပူလောင်တာက အဆင့် (၁) အသေးစားလည်းဖြစ်နိုင်သလို အဆင့် (၂) သို့မဟုတ် (၃) အထိပါ ဒဏ်ရာအပြင်းအထန်ဖြစ်နိုင်တတ်လို့ပါ။ဓာတုပစ္စည်းနဲ့ လျှပ်စစ်ကြောင့် အပူလောင်ခြင်းတွေဆိုရင် အရေပြားမှာ အနည်းအကျဉ်းပဲ ထိခိုက်တာတွေ့ရရင်တောင် ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်စေနိုင်တာကြောင့် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။အရည်ကြည်ဖုအကြီးကြီးတွေ ဖြစ်လာရင် ဆရာဝန်ပြပြီးဖောက်ပစ်သင့်ရင် အပ်နဲ့စုပ်ထုတ်ပေးပါလိမ့်မယ်။ အနာမှာ ပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ၊အနာရင်းလာရင် ၊နီရဲရောင်ရမ်းလာရင် ဒါမှမဟုတ် အပူလောင်တဲ့နေရာက များတယ်ဆိုရင်ဆေးကုသမှုခံယူပါ။အပူလောင်ခြင်းပြင်းထန်ရင် အမြန်ဆုံးဆေးရုံပို့ပါ။ ဆေးရုံမပို့ရသေးခင် အချိန်အတွင်း အောက်ပါအချက်တွေသိထားသင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%95%e1%80%b0%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%94%e1%80%ac-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%af%e1%80%9e%e1%80%9b%e1%80%99%e1%80%9c/
ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ
ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါသည်တွေမှာ လိင်ဆက်ဆံမှုဆိုင်ရာ ပြသနာတွေ ရှိနိုင်မှု မြင့်မားတယ်လို့ ပြောထားပေမယ့် ၂၀၁၀ လေ့လာမှုအရ ဆီးချိုရောဂါသည် အမျိုးသား ၅၀ % နှင့် အမျိုးသမီး ၁၉ % သာ ဆရာဝန်ဆီမှာ ထုတ်ဖော်ပြောကြတယ်လို့ တွေ့ရပါတယ်။ဒါက ဘာဖြစ်လို့လဲဆိုရင် ဆီးချိုကြောင့် မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောနဲ့ နှလုံးထိခိုက်မှုတွေကို ဖြစ်တာကို သိလည်းသိကြသလို ဆရာဝန်နဲ့ ပြကြပေမယ့် လိင်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်နိုင်တယ်ဆိုတာကို လုံး၀ မသိကြတာကြောင့် ဖြစ်နိုင်ပါတယ်။လူနာတွေက ဆရာဝန်နဲ့ ပြတဲ့အခါမှာ မိမိမှာ ဖြစ်နေတဲ့ လက္ခဏာတွေ အပါအဝင်လိင်ပိုင်းဆိုင်ရာ စွမ်းရည်တွေကိုပါ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောပြဖို့ အလွန်အရေးကြီးပါတယ်။ ဆီးချိုသမားများ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အမျိုးသားနဲ့ အမျိုးသမီးတွေမှာလိင်စိတ်ကျဆင်းရခြင်းက ဆီးချိုကို ကောင်းစွာ မထိန်းချုပ်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။အမျိုးသားတွေမှာ ကြုံရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ ပြသနာတစ်ရပ်ကတော့ လိင်တံထောင်မတ်မှု မပြုနိုင်ခြင်းဖြစ်ပါတယ်။ ဆီးချိုကြောင့် အမျိုးသားတွေမှာ လိင်တံထောင်မတ်နိုင်မှုမရှိနိုင်ခြင်းဟာ ပျမ်းမျှအားဖြင့် ၂၀ % ကနေ ၇၅ % ထိဖြစ်နိုင်ပါတယ်။ ဆီးချိုမရှိတဲ့လူတွေနဲ့ ယှဉ်ရင် ဆီးချိုသမား အမျိုးသမားတွေမှာ လိင်တံမထောင်မတ်နိုင်ခြင်းက ၂ ဆ မှ ၃ ဆ လောက်ထိဖြစ်နိုင်ပါတယ်။ဆီးချိုရောဂါသည် အမျိုးသားတွေမှာ သုက်လွှတ်တဲ့အခါ လိင်တံမှ ထွက်မလာဘဲ အနောက်သို့ ပြန်ကာ ဆီးအိမ်တွင်း သုက်လွှတ်ခြင်းနဲ့ ကြုံရနိုင်ပါတယ်။ ဒီလို နောက်ပြန်သုက်လွှတ်ခြင်းက အတွင်းကြွက်သားတစ်မျိုးဖြစ်တဲ့ sphincter က ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ဒီလိုနောက်ပြန်သုက်လွှတ်ခြင်းမှာ သုက်တွေက ဆီးအိမ်အတွင်းရောက်ပြီး ဆီးသွားတဲ့အခါမှာ ဆီးအိမ်ကို ဘာဒုက္ခမှ မပေးဘဲ ခန္ဓာကိုယ်ပြင်ပသို့ ဆီးနဲ့ အတူပါသွားပါတယ်။ ဒါပေမယ့် သုက်ရည်က အပြင်မထွက်လာတာကြောင့် ကလေးရဖို့ ခက်ခဲနိုင်ပါတယ်။ဆီးချိုရောဂါသည် အမျိုးသမီးတွေမှာ အာရုံကြော သို့မဟုတ် သွေးကြောထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက မိန်းမကိုယ်နဲ့ မိန်းမအင်္ဂါအစေ့ရဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။အမျိုးသမီးတွေမှာ ဆီးချိုကြောင့် လိင်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ လိင်အင်္ဂါနဲ့ မိန်းမကိုယ်တစ်ရှူးတွေစီ သွေးလည်ပတ်မှု မကောင်းတာအပြင် အာရုံကြော ထိခိုက်မှုတွေ၊ ဟော်မုန်းပြောင်းလဲခြင်းတွေလည်း ပါဝင်ပါတယ်။ဆန္ဒပြည့်ဝမှု (ပြီးမြောက်မှု) ဆိုတာကတော့ လိင်ဆက်ဆံခြင်းရဲ့ ဆုလာဘ်တစ်ခုဖြစ်ပေမယ့် ဆီးချိုသမားတွေ အတွက်ကတော့ ဒါက ခက်ခဲနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် နဂိုကတည်းက ဆန္ဒပြည့်ဝမှုရဖို့ မလွယ်တာကြောင့် ဆီးချိုရှိရင် ပိုပြီး ခက်ခဲစေနိုင်ပါတယ်။ဆီးချိုက ပြီး‌မြောက်မှု နဲ့ ပတ်သက်ရင် အစွန်းနှစ်ဖက်ကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာ သုက်လွှတ်မြန်ပြီး ဆန္ဒမြန်မြန်ပြည့်ဝတာကြောင့် ဆက်လက်မဆောင်ရွက်နိုင်တော့တဲ့ အခါမှာ အလွန်စိတ်ညစ်စေရနိုင်ပါတယ်။ အမျိုးသမီးတွေမှာကျတော့ အာရုံကြော၊ သွေးကြောတွေ ထိခိုက်မှုရှိတာကြောင့် ဆန္ဒပြည့်ရန်ခက်ခဲစေပါတယ်။လိင်ဆက်ဆံခြင်းဆိုတာက သင်နဲ့ သင့်အဖော်ကို ပျော်ရွှင်မှုနဲ့ ကျေနပ်မှုတွေ ပေးဆောင်ရမှာပါ။ ဘယ်လိုနာကျင်မှုမျိုးမဆို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင် ရှက်နေရင်တောင်မှ ဒီလို လိင်ဆက်ဆံစဉ်နာကျင်မှုမျိုးကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆီးချိုရောဂါသည်အမျိုးသားတွေမှာ Peyronie’s disease လို့ခေါ်တဲ့ လိင်တံအတွင်း ကွေးကောက်မှုနှင့် နာကျင်မှုကိုဖြစ်စေတဲ့ တစ်ရှူးအမာရွတ်ဖြစ်စေတဲ့ ရောဂါဖြစ်ဖို့ ဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ လိင်တံတွေက ပုံစံအမျိုးမျိုးဖြစ်နိုင်ပြီး အနည်းငယ်ကွေးညွတ်ခြင်းက ပြသနာမဟုတ်ပါဘူး။ Peyronie’s disease မှာတော့ လိင်တံ ကွေးကောက်နေခြင်းက လိင်ဆက်ဆံမှုနဲ့ လိင်တံတောင်မတ်ခြင်းကို နာကျင်စေပါတယ်။မိန်းမကိုယ်ခြောက်သွေ့ခြင်းကလည်း ဆီးချိုရောဂါသည် အမျိုးသမီးတွေမှာ လိင်ဆက်ဆံစဉ်အတွင်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုစဉ် နာကျင်ရတဲ့ နောက်ထပ်အကြောင်းရင်းတွေကတော့  ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ မိန်းမကိုယ်မှိုပိုးဝင်ခြင်းတွေ အဖြစ်များလို့ပါ။စိတ်ကျေနပ်စရာမကောင်းတဲ့ လိင်ဆက်ဆံမှုမျိုးတွေ ဘဝမှာ ကြုံနေရပြီလား။ ဆေးကုသမှုတွေ ခံယူဖို့ ဆုံးဖြတ်ထားပြီဆိုရင် သင်ဟာ ဒီတိုက်ပွဲကို တစ်ဝက်လောက်ထိ တိုက်ပြီးနေပြီလို့သာ မှတ်ထားလိုက်ပါ။သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းချုပ်ထားခြင်းဖြင့် လိင်စွမ်းရည်ကျဆင်းခြင်းအတွက် တိုးတက်မှုတွေရှိလာနိုင်ပြီး နောက်ဆက်တွဲ ပြဿနာ‌တွေကို ကာကွယ်နိုင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetes-and-sexual-and-urologic-problems/
ဘေဘီလေး နဲ့ နေရောင်ခြည်
နေရောင်ခြည် ကျန်းမာရေးကို ကောင်းစေတယ်။ ရောဂါပိုးတွေကို သေစေနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးတွေရှိနေတာကို အားလုံး လိုလို သိထားပြီး ဖြစ်မှာပါ။ နေ့လယ်ခင်းလို ပူပြင်းတဲ့ နေရောင်မှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှု မြင့်တာကြောင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် မနက်ခင်း နေခြည်နွေးနွေးလေးကတော့ ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဒါဆို ဒီလို မနက်ခင်း နေခြည်နွေးနွေးလေးကဘေဘီလေးကိုရော ကျန်းမာစေနိုင်တာလားဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေး နဲ့ နေရောင်ခြည် အကြောင်း ပြောပြပေးထားပါတယ်။နေပူဆာ လှုံတာက ဘေဘီလေးတွေကို ဗီတာမင် D ပြည့်ပြည့်ဝဝ ရရှိစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဘေဘီလေးတွေမှာ ခံစားရလေ့ရှိတဲ့ သိပ်မပြင်းထန်တဲ့ အသားဝါရောဂါကို သက်သာစေနိုင်ပါတယ်။မနက်ခင်း နေခြည်နုနုလေးကဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေတာမျိုး မဖြစ်စေဘဲ လိုအပ်တဲ့ဗီတာမင် Dကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။ ဘေဘီလေးရဲ့အရေပြားက ထိခိုက်လွယ်တာကြောင့် နေရောင်ကို အကြာကြီး ခံစေတာမျိုး မလုပ်ဖို့တော့ လိုပါမယ်။ဘေဘီလေးကို နေ့လယ်ခင်း နေရောင်နဲ့ ထိတွေ့စေတာက အန္တရာယ် များပါတယ်။ တကယ်လို့ အပူပိုင်း ဒေသမှာ နေတာဖြစ်မယ်ဆိုရင် ဘေဘီလေးကိုမနက်ခင်း နဲ့ ညနေခင်းတွေမှာပဲ နေရောင်ပြပေးတာ အကောင်းဆုံးပါ။ဘေဘီလေးကို ကျန်းမာစေဖို့အတွက် နေပူဆာ လှုံပေးဖို့ အကောင်းဆုံး အချိန်က မနက်ခင်း ၇ နာရီ ကနေ ၁၀ နာရီအတွင်းမှာပါ။ မနက်စောစောက ပိုကောင်းပါတယ်။လေ့လာမှုတွေအရတော ဘေဘီလေးတွေအနေနဲ့ တစ်ပတ်ကို မိနစ် ၃၀ လောက် နေပူဆာလှုံရင်ကို လုံလောက်ပါတယ်။ တစ်နေ့ကို မနက်ခင်း နေရောင်နုနုလေး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ထိတွေ့ပေးတာက ဘေဘီလေးကို လုံလောက်တဲ့ ဗီတာမင် D ရရှိစေမှာ ဖြစ်ပါတယ်။နေရောင်ခြည်နဲ့ ထိတွေ့မှုက ဘေဘီလေးကို ကျန်းမာပျော်ရွှင်စေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို မနက်ခင်း နေရောင်ခြည် နုနုလေးနဲ့ ထိတွေ့စေတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။ကယ်လ်ဆီယမ်က အရိုးတွေ ကျန်းကျန်းမာမာ ကြီးထွားစေဖို့ အရေးကြီးတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ဆိုရင် လုံလောက်တဲ့ ဗီတာမင် D ပမာဏ ရရှိဖို့ လိုပါတယ်။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။ဗီတာမင် D ပြည့်ဝမှုက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေမှာ အရိုးပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရိုးပျော့ရောဂါ အပါအဝင် ကလေးတွေမှာ ဖြစ်တတ်တဲ့ အရိုးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေဖို့ ထောက်ကူပေးပါတယ်။နေရောင်ခြည်က ဗီတာမင် D ပြည့်ဝစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို အရွယ်ရောက်လာချိန်မှာ ကျန်းမာရေး ပြဿနာ ကင်းစေဖို့ နဲ့ ကူးစက်ရောဂါတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။နေရောင်ခြည်က ဘေဘီလေးတွေမှာ အဖြစ်များတဲ့ အသားဝါပြဿနာကို သက်သာစေနိုင်ပါတယ်။အရမ်းမပြင်းထန်ရင်ပေါ့။ အကြောင်းကတော့ နေရောင်ခြည်က အသည်းရဲ့ bilirubin ထုတ်လုပ်မှု ပမာဏကို လျှော့ချပေးလို့ပါ။လေ့လာမှုတွေအရ ဘေဘီလေးတွေကို နေရောင်ခြည်နဲ့ ထိတွေ့စေတာက သင်ယူမှု စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ထက်မြက်တဲ့ ဘေဘီလေးအဖြစ် ကြီးပြင်းလာစေချင်ရင် ငယ်ငယ်ကတည်းက နေရောင်နဲ့ ထိတွေ့အောင် လုပ်ဆောင်ပေးပါ။ဘေဘီလေးကို နေရောင်ခြည်နဲ့ ထိတွေ့စေတာက နေ့ည မှားတာမျိုး မဖြစ်စေဘဲ အိပ်စက်မှု မှန်စေပါတယ်။ကဲ …. ဘေဘီလေးကို ကျန်းကျန်းမာမာ ကြီးပြင်းစေချင်တယ်ဆိုရင် နေခြည်နွေးနွေးလေးနဲ့ ပုံမှန် ထိတွေ့ဖို့ လုပ်ဆောင်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/sunlight-for-babies/
Plague (ပလိပ်ရောဂါ)
ပလိပ်ရောဂါဆိုတာက ပြင်းထန်သော ဘက်တီးရီးယား ကူးစက်ရောဂါတစ်ခုပြီး လှေးမှတစ်ဆင့်Yersinia pestisပိုး ကူးစက်ခံရသောကြောင့် ဖြစ်တဲ့ရောဂါ တစ်မျိုးပါ။ဒီရောဂါက တော်တော်လေးအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အခြေအနေများကို သတိထားဆင်ခြင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ပလိပ်ရောဂါအမျိုးအစားပေါ်မူတည်ပြီး လက္ခဏာများ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဥပမာ။ဒီပလိပ်ရောဂါ၏ အဖြစ်များဆုံး လက္ခဏာက ပေါင်ခြံ၊ ချိုင်းနှင့် လည်ပင်းတို့မှာရှိတဲ့ ပြန်ရည်ကျိတ်များ ကြက်ဥခန့်ကြီးမားလာကာ နာကျင်ပြီး ကိုင်ကြည့်လျှင် ပူနွေးနေခြင်းတို့ ဖြစ်ပါတယ်။ တခြားလက္ခဏာများအနေနဲ့ကတော့ ရုတ်တရတ်ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ မအီမသာနှင့် ကြွက်သားများနာခြင်းတို့ပဲ ဖြစ်ပါတယ်။အတွေ့ရများဆုံးလက္ခဏာများမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်အမင်း အားနည်းခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ပါးစပ် နှာခေါင်း စအို သို့မဟုတ် အရေပြားအောက်တို့တွက် သွေးယိုခြင်း၊ သွေးလန့်ခြင်း၊ ခန္ဓာကိုယ် အစွန်အဖျားအပိုင်းတွေမှာ ညိုမည်းလာပြီး တစ်ရှူးများသေခြင်း (Gangrene) အများအားဖြင့် လက်ချောင်း ခြေချောင်းနှင့် နှာခေါင်း စသည့်နေရာများမှာ အဖြစ်များပါတယ်။အဖြစ်များသော လက္ခဏာများမှာ ချောင်းဆိုးခြင်း၊ သလိပ်သွေးပါခြင်း၊ အသက်ရှူရခက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အားနည်းခြင်း စတာတွေ ခံစားရနိုင်ပါတယ်။အထက်မှာ ဖော်ပြထားတဲ့ အထဲမှာမပါဝင်သေးသော အခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ အကယ်လို့ ကိုယ့်ဆီမှာ အခုပြောခဲ့သလို  ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုရှိနေမယ်ဆိုရင်  ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပလိပ်ရောဂါသည်Yersinia pestisပိုးကြောင့်ဖြစ်ပြီး ရောဂါကူးစက်ခံထားရတဲ့ သတ္တဝါများကို ကိုက်ထားသော လှေးမှ လူသားများကို ကိုက်ခြင်းကတဆင့် ကူးစက်နိုင်ပါတယ်။အဆိုပါသတ္တဝါများမှာ-။ပလိပ်ရောဂါ ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာအားဖြင့်။တည်နေရာ –ပလိပ်ရောဂါကပ်အသွင်ဆောင်ခြင်းသည် များသောအားဖြင့် လူနေထူထပ်၊ သန့်ရှင်းမှုမရှိပဲ ကိုက်ဖြတ်တတ်သော သတ္တဝါ (အထက်ပါသတ္တဝါများ) အလွန်များသည့် တောနေရာများနှင့် တောမကျ မြို့မကျနေရာများတွင် ဖြစ်ပွားလေ့ရှိပါတယ်။အလုပ်အကိုင် –တိရိစ္ဆာန်ကုဆရာဝန်နှင့် လက်ထောက်အကူများသည် ပလိပ်ပိုးကူးစက်မှု ခံထားရနိုင်သည့် အိမ်မွေးတိရိစ္ဆာန် ကြောင်နှင့် ခွေများကို ထိမိနိုင်သော အန္တရာယ်ရှိနိုင်ပါတယ်။ပလိပ်ကူးစက်ခံရသည့် တိရိစ္ဆာန်များရှိရာ နေရာများတွင် အလုပ်လုပ်သူများသည်လည်း အဖြစ်များပါတယ်။ဝါသနာများ –ပလိပ်ပိုး ကူးစက်ခံရနိုင်သည့် တိရိစ္ဆာန်များ နေထိုင်ရာ တောတွင်းတဲထိုးခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် တောင်တက်ခြင်းသည် ကူးစက်ခံရသည့် လှေးကိုက်ခြင်းကို ခံရနိုင်ခြေ မြင့်မားပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပလိပ်ရောဂါအားYersinia pestisဘက်တီးရီးယား ရှိမရှိ နမူနာယူထားသောအရာများ – ပလိပ်အကျိတ်၊ သွေး၊ အဆုတ်အသားစ – စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ပလိပ်ရောဂါကုသရန်အတွက် ဆေးရုံးတက်ပြီး အားပြင်းသည့် ပဋိဇီဝဆေးများဖြင့် ကုသရန် လိုအပ်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပလိပ်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပလိပ်ရောဂါ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါတယ်။ကိုက်ဖြတ်စားသတ္တဝါများ မဝင်နိုင်သည့် အိမ်ဖြင့်နေပါ။ အသိုက်ဆောက်နိုင်သည့် နေရာများဖြစ်သော ချုံပုတ်များ၊ ကျောက်ဆောင်များ၊ ထင်းများ၊ အမှိုက်များကို ဖယ်ရှားပါ။ ကိုက်ဖြတ်စားသတ္တဝါများ လာရောက်နိုင်သည့်နေရာများတွင် အိမ်မွေးတိရိစ္ဆာန်အစာများ မချထားပါနှင့်။အိမ်မွေးတိရိစ္ဆာန်များအား လှေးကင်းအောင်လုပ်ပေးပါ။အရေပြားနှင့် ဘက်တီးရီးယားပိုး မထိတွေ့စေရန် ရောဂါပိုးရှိနိုင်မည့် သတ္တဝါများကို ကိုင်တွယ်သည့်အခါ အကာအကွယ်လက်အိတ်ဝတ်ပါ။အင်းဆက်သတ်ဆေးများသုံးပါ။ ကိုက်ဖြတ်စားသတ္တဝါများ ရှိနိုင်သည့် အပြင်ဖက်နေရာများတွင် ကလေးများ အိမ်မွေးတိရိစ္ဆာန်များကို သေချာစောင့်ကြည့်ပေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/plague-%e1%80%95%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
ကျွဲခေါင်းသီးလေး စားကြရာဝယ်
ကျွဲခေါင်းသီးကို တော်တော်များများကတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အပြင်ခွံက အပြာရောင် ရင့်ရင့်၊ အမည်းရောင်လိုမျိုးရှိပြီး အတွင်းသားက ဖြူဖြူလေးနဲ့ စားလိုက်ရင် ဆိမ့်ချိုချိုလေးနဲ့ စားလို့ ကောင်းလှပါတယ်။ ကျွဲခေါင်းသီးလေး ကို ပြုတ်ပြီး စားလေ့ရှိပြီး စားရတာလည်း အတော်လေး အရသာရှိလှပါတယ်။ရေပေါ်မှာပေါ်တဲ့ အပင်ငယ်လေးတွေမှာ သီးတဲ့ ကျွဲခေါင်းသီးလေးတွေက ပုံစံလေး ဆန်းပြီး အရသာ ကောင်းသလိုကျန်းမာရေးအတွက်လည်း အထောက်အပံ့ပေးပါတယ်။ ဒီတစ်ခေါက်တော့ ရာသီစာ ကျွဲခေါင်းသီးလေး က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……။ရာသီစာ ကျွဲခေါင်းသီးလေးမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။အရသာရှိတဲ့ ကျွဲခေါင်းသီးလေး စားရင်း အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ကျွဲခေါင်းသီး ခွက်တစ်ဝက်စာမှာ ကာဗိုဟိုက်ဒရိတ် ၉ ဂရမ် ပါဝင်နေပါတယ်။ ဒီကာဗိုဟိုက်ဒရိတ်က ကစီဓာတ်၊ အမျှင်ဓာတ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး ကျန်းမာရေးအတွက် အတော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။သွေးချိုကို မြင့်တက်စေနိုင်တာကြောင့်သွေးတွင်းသကြားဓာတ်​ မြင့်သူတွေအနေနဲ့ အများကြီး မစားသင့်ပါဘူး။ကျွဲခေါင်းသီး မှာ fisetin၊ diosmetin၊ luteolin နဲ့ tectorigenin တို့လိုမျိုး ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့်နာတာရှည်ရောဂါတွေမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကျွဲခေါင်းသီးက အဆံမှာရော အခွံမှာပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာပါ။ကျွဲခေါင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်အစာခြေစနစ်ကို ကျန်းမာစေသလိုဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။အဆာခံစေနိုင်တာကြောင့် ခဏခဏ မစားမိအောင် ထောက်ကူပေးပြီးသွေးတွင်းကိုလက်စထရော ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ကျွဲခေါင်းသီး ခွက်တစ်ဝက်စာမှာ တစ်နေ့တာ ပိုတက်ဆီယမ် လိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ ကျွဲခေါင်းသီး ပုံမှန် စားသုံးပေးတာက လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်သလို နှလုံးရောဂါနဲ့ နှလုံးသွေးကြောရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သွေးမတိုးစေဖို့လည်း ကာကွယ်ပေးပါတယ်။ကဲ…. ကျွဲခေါင်းသီးလေး ကို အရသာရှိရှိ စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ကြရအောင်လား …….။ကျွဲခေါင်းသီးက ဆေးဖက်ဝင်တယ် ဆိုပေမယ့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/water-chestnut-health-benefits/
အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ
လူတိုင်းက ထိခိုက်ဒဏ်ရာနဲ့ မကင်းကြပါဘူး။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ လူ့ခန္ဓာကိုယ်က ပုံမှန် ဇီဝဖြစ်စဉ်က အနာကျက်အောင် အဆင့်ဆင့်လုပ်ဆောင်ပေးပါတယ်။ အနာ တစ်ခု ကောင်းကောင်းမွန်မွန်နဲ့ ကျက်သွားဖို့ ဆိုရင် အနေအထိုင် အစားအသောက်နဲ့ အနာကိုပါထိန်းသိမ်းဖို့လိုပါမယ်။ အခု တစ်ခေါက်တော့ အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ ကို ဖော်ပြပေးပါ့မယ်။ အဲဒီအလေ့အထတွေကို ရှောင်ကျဉ်မယ်ဆိုရင် အနာကို မြန်မြန်ဆန်ဆန် ကျက်စေမှာပါ။အနာတိုင်းက အဆင့် ၃ ဆင့်နဲ့ အနာကျက်တာပါ။ အနာ တစ်ခု ဖြစ်လာတဲ့အခါ အစောပိုင်း ရက်အနည်းငယ် အတွင်းမှာ အနာက ရောင်ရမ်း လာတာကို တွေ့ရပါမယ်။ ဒါက ပုံမှန် ပါပဲ။ အနာ ကျက်စေဖို့ အတွက် အနာ တဝိုက်ကသွေးကြောတွေကို သွေးစီးဆင်းမှုကို ထိန်းချုပ်လိုက်တာကြောင့် ရောင်ရမ်းလာတာ ဖြစ်ပါတယ်။ ရောင်ရမ်းမှုက ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ပုံမှန် အခြေအနေ ဖြစ်အောင် လုပ်ဆောင်နေတယ် ဆိုတာကို ဖော်ပြပေးတဲ့ မြင်သာတဲ့ လက္ခဏာ တစ်ရပ်ပါ။ သွေးဖြူဥ ဆဲလ်တွေ ကလည်း အနာထဲက အမှိုက်တွေနဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေး ပါတယ်။၃ ပတ်လောက် ကြာပြီဆိုရင်တော့ Proliferative Stage ကို ရောက်ရှိလာပြီလို့ ဆိုရပါမယ်။ အနာက ပြင်းထန်ရင်တော့ ဒီအဆင့်ကို ရောက်ရှိဖို့က ၃ ပတ်ထက် ပိုကြာနိုင်ပါတယ်။ ဒီအဆင့်မှာ အနာဖေး တက်တာက စဖြစ်လာပါပြီ။Fibroblastsလို့ ခေါ်တဲ့ အထူးဆဲလ်တွေက အနာအသား တက်လာစေဖို့ အတွက် ကော်လာဂျင်တွေကို ထုတ်လွှတ်ပေးနေတဲ့ အဆင့်လည်း ဖြစ်ပါတယ်။ သွေးကြော အသစ်တွေလည်းဖြစ်ပေါ်လာပါပြီ။ အနာက တဖြည်းဖြည်း ကျုံ့လာပြီး အရေပြား အလွှာသစ်လေးလည်း ဖြစ်လာပါပြီ။နောက်တစ်ဆင့် ကတော့ Maturation and Remodeling Stage ပါ။ ဒဏ်ရာပေါ် မူတည်ပြီး ၂ နှစ်လောက် အထိလည်း ကြာမြင့်နိုင်ပါတယ်။ ကော်လာဂျင်အသစ်တွေ ဖြစ်ပေါ်ပြီး အနာ ပုံစံ ပြောင်းလာပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ အနာ တဝိုက်က တစ်ရှုးတွေလည်း ကြံ့ခိုင်မှု တိုးလာပြီ ဖြစ်ပါတယ်။ အမာရွတ် တစ်ရှူးတွေက မူလက တစ်ရှုးတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပဲ ကြံ့ခိုင်မှု ရှိပါတယ်။အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ ကတော့။အရေပြားက ခန္ဓာကိုယ်ရဲ့ ပထမအဆင့်ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ အရံအတားပါ။ အရေပြားကပေါက်ပြဲသွားတဲ့အခါ ခန္ဓာကိုယ်တွင်းကို ပိုးမွှားတွေအလွယ်တကူဝင်ရောက်ဖို့လမ်းစရသွားပါပြီ။ အနာထဲကို ပိုးဝင်သွားတဲ့အခါ အနာတဝိုက်မှာ နီမြန်းနေတာ၊ရောင်ရမ်းတာ၊နာကျင်တာနဲ့ပြည်တည်တာလိုမျိုးတွေဖြစ်နိုင်ပြီး အနာမှာအနံ့ရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဲဒီအတွက် အနာဖြစ်ပြီဆိုရင်ပြင်ပက ဖုန်မှုန့်တွေ၊ အမှိုက်တွေနဲ့ တခြားညစ်ပေတာတွေမဝင်ရောက်ဖို့ ဂရုစိုက်ရပါတယ်။ ဂရုမစိုက်တဲ့အခါအနာကျက်တာနှေးကွေးတာနဲ့ အမာရွတ်ဆိုးဆိုးကြီးတွေကျန်တတ်ပါတယ်။အနာဖြစ်နေတဲ့အခါ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုပြည့်ဝမျှတအောင်စားသုံးပေးဖို့လိုပါလိမ့်မယ်။ ဗီတာမင် ဓာတ်တွေကအနာမြန်မြန်ကျက်အောင် အထောက်အပံ့ပေးပါတယ်။ အနာဖြစ်တဲ့အခါ အစားပေးသင့်ဆုံး ဗီတာမင်တွေက ဗီတာမင်အေ နဲ့ ဗီတာမင် စီပါ။ထိခိုက်ဒဏ်ရာတစ်ခုခုရထားတယ်ဆိုရင် လိမ္မော်သီး၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥနဲ့ ငရုတ်ပွသီးတို့ကို စားသုံပေးသင့်ပါတယ်။ ပရိုတင်းဓာတ်ရရှိအောင် အဆီမပါတဲ့ အသားကိုလည်း စားသုံးပေးရပါမယ်။အနာတစ်ခုခုဖြစ်လာရင် သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ အနာကြီးရင် ဆေးလိမ်းရုံနဲ့မပြီးပါဘူး။ ဆေးသောက်ဖို့၊ ချုပ်ဖို့လည်း လိုနိုင်ပါတယ်။ အနာဖြစ်တဲ့အခါ အနာကို တစ်နေ့တစ်ကြိမ်လောက်တော့ အနာကိုသန့်စင်ပြီးဆေးထည့်ရပါမယ်။ ပလာစတာ ဒါမှမဟုတ် ပတ်တီးကိုလည်း အသစ်လဲပေးရပါမယ်။ အနာဖြစ်တဲ့အခါ အနာကို ရေနဲ့ဆပ်ပြာသုံးပြီးဆေးကြောပေးရင်ကိုလုံလောက်နေပါပြီ။ အချို့ဒဏ်ရာတွေက အရက်ပြန် ဒါမှမဟုတ် hydrogen peroxide အသုံးပြုမယ်ဆိုရင် တစ်ရှုးတွေပျက်စီးတာကိုဖြစ်စေနိုင်ပါတယ်။ အနာကျက်တာကိုလည်းနှေးစေ နိုင်ပါတယ်။အသားခြောက်တဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဖြစ်နိုင်ခြေများသလို အနာဖြစ်ပြီးရင်လည်း ပိုးဝင်နိုင်ခြေလည်းများစေပါတယ်။ အရေပြားခြောက်သွေ့တာက အသားအရေမှာ ကုတ်ခြစ်ဒဏ်ရာတွေ ဖြစ်နိုင်ခြေများပါတယ်။ အသားခြောက်တာက အနာကျက်နှေးစေနိုင်ပါတယ်။အရက်သောက်တာက ခန္ဓာကိုယ်ကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ အနာကျက်တာကိုလည်း နှေးစေနိုင်ပါတယ်။ အရက်အလွန် အကျွံသောက်တာက အနာထဲကိုပိုးဝင်နိုင်ခြေကိုလည်းပိုများစေနိုင်ပါတယ်။ အရက်အရမ်းသောက်တာက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေကိုလျော့ကျစေနိုင်သလို ခန္ဓာကိုယ်ထဲကို ပိုးဝင်နိုင်ခြေကိုလည်းများစေပါတယ်။ဆေးလိပ်သောက်တာက အဆုတ်တစ်ရှူးတွေကို ပျက်စီးစေနိုင်သလို ကင်ဆာဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာက အနာကျက်တာကိုလည်း  နှေးစေနိုင်ပါသေးတယ်။ ဆေးရွက်ကြီးကနေ ထုတ်ထားတဲ့ ပစ္စည်းတိုင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ဆေးရွက်ကြီးက ကော်လာဂျင်ထုတ်လုပ်မှုကို လျော့ကျစေနိုင်သလို scar tissueတွေကိုလည်း အားနည်းစေနိုင်ပါတယ်။ အနာကိုလည်း ခဏခဏပြန်ဖြစ်စေနိုင်ပါတယ်။အနာကျက်မြန်စေဖို့အတွက် အခုပြောပြခဲ့တဲ့ အလေ့အထလေးတွေကို ရှောင်ကြဉ်ဖို့ လိုပါလိမ့်မယ်။ အနာကို သေချာဂရုစိုက်ပြီး အနေအထိုင် အစားအသောက်တွေကို ဆင်ခြင်မယ်ဆိုရင် အနာကျက်မြန်စေမယ့်အပြင် အနာပိုးဝင်တာတွေကိုပါ သက်သာစေမှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/wound-care-dos-and-donts/
Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်)
Angiostrongylus cantonensisလို့ခေါ်တဲ့ သန်လုံးကောင်အမျိုးအစားတစ်မျိုးကြောင့် ဖြစ်တဲ့ကူးစက်ပိုးဝင်ခြင်းရောဂါဖြစ်ပါတယ်။ အရှေ့တောင်အာရှနဲ့ ပစိဖစ်ဒေသတွေမှာ အတော်အဖြစ်များပါတယ်။ဒီကပ်ပါးကေင်က ကြွက်ေတွေကို ကူးစက်ဝင်ရောက်နိုင်တာကြောင့် ကြွက်အဆုတ်သန်ကောင်လို့လည်း ခေါ်ပါတယ်။ ခရုတွေကိုလည်း ကူးစက်နိုင်ပါတယ်။ လူတွေက တိရိစ္ဆာန်တွေအသားကိုစားတဲ့အခါဒါမှမဟုတ် ကူးစက်ပိုးတွေရှိနေတဲ့ရေတွေဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ကူးူစက်ခံရနိုင်ပါတယ်။သေဆုံးခြင်းကိုဖြစ်စေနိုင်တဲ့ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်ပြိး ဦးနှောက်နဲ့အာရုံကြောပျက်စီးမှုကို ဖြစ်စေုနိင်ပါတယ်။ခရီးသည်တွေနဲ့ တိရိစ္ဆာန်တွေကနေတစ်ဆင့် တစ်နေရာကနေတစ်နေရာကို ပျံသွားနိုင်တာကြောင့် အရေးကြီးလာပါတယ်။ လက္ခဏာမပေါ်တဲ့ကူးစက်ပိုးဝင်ေရောက်သူ88%ရှိနေတဲ့ အာရှနဲ့ပစိဖိတ်ဒေသမှာ အများဆုံးတွေ့ရပေမဲ့ ကာရေဘီယန်ဒေသမှာလည်း။ကူးစက်သူ25%ရှိနေပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။လူတွေနဲ့ ကြွက်တွေမှာ ကူးစက်ခံနေရတဲ့ခရုတွေဒါမှမဟုတ် ပုစွန်၊ ဂဏန်၊ ဖားစတဲ့ လက်ခံကောင်တွေနဲ့ လက်ခံကောင်တွေပါဝင်တဲ့ဟင်းသီးဟင်းရွက်တွေကို စားခြင်းကြောင့်ကူးစက်ခံရနိုင်ပါတယ်။ အစာချေလမ်းကြောင်းကို ဖြတ်သွားပြီးနောက်ပိုင်းမှာ သွေးစီးကြောင်းထဲကိုရောက်သွားပါတယ်။ လူတွေမှာဆိုရင် သားလောင်းတွေက ဦးနှေက်ထဲသို့အဆင့်ပြောင်းအကြီးကောင်ပုံစံနဲ့ ဝင်ရောက်ပြိး လျင်မြန်စွာသေသွားပါတယ်။ သေသွားတဲ့အခါမှာ ကူးစက်ပိုးလက္ခဏာတွေကို ဖြစ်စေနိုင်တဲ့ရောင်ရမ်းခြင်းဖြစ်စဉ်ဖြစ်သွားပါတယ်။အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကပ်ပါးကောင်ကို အတည်ပြုဖို့ခက်တာကြောင့် အဖြေရှာအတည်ပြုဖို့ ခက်ပါတယ်။ ကျောရိုးဖောက်ခြင်း၊ ဦးနှေက်ပုံဖော်မှန်းဆခြင်းတွေစတဲ့ အချို့အသုံးများတဲ့စစ်ဆေးနည်းတချို့က အဖြေရှာရာမှာ ကူညီပေးနိုင်ပါတယ်။တိကျတဲ့ကုသမှု မရှိသေးပါဘူး။ အချို့သောကုသမှုတွေက ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ နဲ့ လက္ခဏာတွေရဲ့ကြာချိန်ကို နည်ေးစပါတယ်။ လက္ခဏာတွေပေါ်နေတဲ့လူနာတွေမှာ ထပ်သိလိုတာတွေအတွက် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ကာကွယ်ခြင်းမှာ ကူးစက်ခံနေရတဲ့ဒေသတွေကို ခရ်းသွားခြင်း၊ နေထိုင်ခြင်း၊ ပုစွန်၊ဂဏန်း၊ ဖား၊ ခရုပက်ကျိကိုအစိမ်းစားတဲ့ဒေသတွေမှာ ပညာပေးအစီအစဉ်တွေ ပြုလုပ်ခြင်းပါပါတယ်။ ဥယျာဉ်ခြံစိုက်မယ်ဆိုရင် ခရုတွေ၊ ဖွတ်ပတက်တွေကနေ စောင့်ကြည့်ဖို့လိုပါတယ်။ အိမ်အနီးဥယျာဉ်အနီး ခရုပက်ကျိကြွက်တွေ တွေ့ခဲ့မယ်ဆိုရင် ဖယ်ရှားပစ်ခြင်းက ဖြစ်နိုင်ချေကိုနည်းစေပါတယ်။ခရုပက်ကျိစိမ်းတွေကို မကိုင်တွယ်ခင်နဲ့ကိုင်တွယ်အပြီး သင့်လက်တွေနဲ့အိုးခွက်တွေကို သေသေချာချာဆေးရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားခင် ရေသေချာဆေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/angiostrongyliasis-%e1%80%a1%e1%80%94%e1%80%ba%e1%80%82%e1%80%bb%e1%80%ae%e1%80%9b%e1%80%ad%e1%80%af%e1%80%85%e1%80%91%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%82%e1%80%ae%e1%80%9c%e1%80%ad/
အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ
အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ …… နေ့စဉ်အသက်ရှင်ဖို့အတွက် မဖြစ်မနေလုပ်ရတဲ့ အလုပ်တွေထဲမှာအသက်ရှူတာလည်း ပါပါတယ်။ လုပ်ရတယ်လို့ ပြောပေမယ့် တကယ်တော့ သူ့ဟာသူ အလိုအလျောက် လုပ်နေတာပါ။ ဒီလိုအလိုအလျောက် အသက်ရှူနိုင်ဖို့ အသက်ရှူတဲ့ လုပ်ငန်းစဥ်ကို ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။အသက်ရှူတယ်ဆိုတာအောက်စီဂျင်ကို ရှူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်တာကို အလွယ်နားလည်ကြပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းက ဒါတစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ ဒါ့ပြင် လေက နှာခေါင်းပေါက်ကနေပြီး အဆုတ်ထဲရောက်သွားတဲ့ လမ်းတစ်လျှောက်မှာ ဘာတွေ ဖြစ်သွားလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းတာကြောင့် အတူတူ လေ့လာကြည့်ရအောင်။အသက်ရှူလမ်းကြောင်းက အသက်ရှူတာထက်ကို ပိုပါတယ်။ရှူသွင်းလို့ ဝင်လာတဲ့ လေကြောင့် အသံအိုးမှာ ရှိတဲ့ အသံကြိုးတွေ တုန်ခါပြီး အသံထွက်လာတာပါ။နှာခေါင်းထဲမှာ ရှိတဲ့ အနံ့ခံဆဲလ်တွေ၊ အာရုံခံဆဲလ်တွေကြောင့် အနံ့တွေကို ခွဲခြားသိနိုင်ပါတယ်။ရှူလိုက်တဲ့လေဟာ အဆုတ်ထဲကို မရောက်ခင်မှာဘဲအသက်ရှူလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေက အချွဲတွေထုတ်ပြီး စိုစွတ်အောင် နွေးအောင် လုပ်ပေးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။နှာချေတယ်၊ ချောင်းဆိုးတယ်ဆိုတာ တကယ်တော့ အဆုတ်ထဲကို အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရောက်မသွားအောင် အပြင်ကို ပြန်ထုတ်တဲ့ သဘောပါပဲ။ ဒါကြောင့် လူကြီးတွေကနှာချေ၊ ချောင်းဆိုးချင်ရင် အောင့်မထားနဲ့လို့ ပြောတာပါ။ကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တိုင်းဟာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ဖို့၊ အသက်ရှင်နိုင်ဖို့ အောက်ဆီဂျင်လိုပါတယ်။ ဆဲလ်တွေဆီရောက်တဲ့အကြောင်းကို နောက်မှာ ဆက်ရှင်းပြပါ့မယ်။အသက်ပြန်ရှူထုတ်လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင် တခြား မလိုအပ်တဲ့ ဓာတ်ငွေ့တွေကို စွန့်ထုတ်ပစ်ပါတယ်။ဒီလုပ်ငန်းတွေ အများကြီးထဲမှာမှ အရေးအကြီးဆုံး ဖြစ်တဲ့ အသက်ရှူတဲ့ အကြောင်းကို အသေးစိတ်ပြောပြပါမယ်။အသက်ရှူလမ်းကြောင်းက နှာခေါင်းကနေစပြီး လေအိတ်ငယ်လေးတွေမှာ ဆုံးပါတယ်။အသက်ရှူသွင်းတော့မယ်ဆိုရင် အရင်ဆုံး ရင်ခေါင်းထဲမှာအဆုတ်ထဲ ဝင်လာမယ့် လေတွေအတွက် နေရာချဲ့ပေးရပါတယ်။ ဒါကြောင့် ရင်ဝမ်းခြားကြွက်သားက အောက်ကို နိမ့်ကျသွားပါတယ်။ နံရိုးကြားက ကြွက်သားတွေကတော့ အပေါ်နဲ့ အပြင်ဘက်ကို ကြွတက်လာပါတယ်။နှာခေါင်းကနေ လေစဝင်လာပါပြီ။ နှာခေါင်းမွေးတွေနဲ့ အချွဲတွေက ပြင်ပလာဝင်လာတဲ့ အမှုန်တွေ၊ ဖုန်တွေ၊ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတွေကို အဆုတ်ထဲ ရောက်မသွားအောင် ဖမ်းယူထားပါတယ်။ ရှူလိုက်တဲ့ လေကိုလည်း စိုထိုင်းစများပြီး ကိုယ်ခန္ဓာအပူချိန်နဲ့ ကိုက်ညီအောင် ထိန်းညှိပေးပါတယ်။ပြီးရင် လည်ချောင်းနဲ့ အသံအိုးကို ဖြတ်ပြီး လေပြွန်မကြီးကို ရောက်ပါတယ်။ လေပြွန်မကြီးမှာ ရှိတဲ့ အချွဲတွေက နှာခေါင်းကို ဖြတ်ပြီး ပါလာတဲ့အမှုန်အမွှားတွေကို လှမ်းဖမ်းထားပါတယ်။ သူ့ဆဲလ်မှာရှိတဲ့ မျက်လုံးနဲ့ မမြင်ရတဲ့ အမွေး ciliaတွေက ဒီအချွဲတွေကို အပေါ်ဘက် အသံအိုးရှိတဲ့ ဘက်ကို ပင့်တင်ပေးပါတယ်။ ဒါကြောင့် ချွဲဟပ်လို့ရတာပါ။လေပြွန်မကြီးကနေ ဘယ်နဲ့ ညာလေပြွန်တွေ ခွဲထွက်သွားပြီး အဆုတ်ထဲကို ဝင်သွားပါတယ်။ အဆုတ်ထဲမှာ လေပြွန်ငယ်တွေ သစ်ပင်အမြစ်လိုမျိုး ဆင့်ကာ ဆင့်ကာ ကွဲသွားပြီးလေအိတ်ငယ်လေးတွေဆီမှာ အဆုံးသတ်ပါတယ်။လေပြွန်လေးတွေကလည်း အချွဲတွေထုတ်ပြီး အမှုန်အမွားတွေကို ကပ်စေပါတယ်။ ဒါ့ပြင် ကြွက်သားတွေလည်း ရှိနေတာကြောင့် လေအဝင်အထွက်ကို လိုသိလို ချိန်ညှိလို့ရပါတယ်။ လေပိုလိုရင် ကြွက်သားတွေကို ဖြေလျှော့ပြီး လေပြွန်တွေကို ကျယ်စေမယ်။ သာမန်အချိန်ဆိုရင်တော့လေပြွန်တွေက ပုံမှန်အတိုင်း ရှိနေမှာပါ။ရှူလိုက်တဲ့ လေလေးက နောက်ဆုံးတော့ လေအိတ်ငယ်လေးတွေဆီကို ရောက်သွားပါပြီ။ လေအိတ်ထဲမှာရှိနေတဲ့ အောက်ဆီဂျင်က လေအိတ်နံရံမှာ ရှိတဲ့ ဆံချည်မျှင်သွေးကြောထဲကို စိမ့်ဝင်ပျံ့နှံ့တဲ့နည်းနဲ့ ရောက်သွားပါတယ်။ သွေးထဲရောက်သွားတဲ့ အောက်ဆီဂျင်ကို သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင်က သယ်ဆောင်သွားပါတယ်။ဒီလို အောက်ဆီဂျင်အပြည့်ပါတဲ့ သွေးတွေက ခန္ဓာကိုယ်အနှံ့ကို သွားပြီး တစ်ကိုယ်လုံးက ဆဲလ်တွေကို အောက်ဆီဂျင်ဖြန့်ဝေပေးပါတယ်။ ဆဲလ်တွေဆီရောက်တဲ့အခါ အောက်ဆီဂျင်ကို ပေးခဲ့ပြီးကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်သယ်လာပေးပါတယ်။တစ်ကိုယ်လုံးက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့ သွေးတွေက နောက်ဆုံးတော့ အဆုတ်ကို ပြန်ရောက်လာပါတယ်။ ခုနလိုပဲ ဆံချည်မျှင်သွေးကြောတွေကနေ လေအိတ်ငယ်လေးတွေဆီကို ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန်စိမ့်ဝင်ပြီး လာရာလမ်းအတိုင်း ပြန်ထွက်သွားပါတယ်။အသက်ရှူထုတ်တဲ့အချိန်မှာကြောင့် အဆုတ်မှာ ကျုံ့ဆန့်သတ္တိရှိတာကြောင့် အားနဲ့ ရှူထုတ်စရာ မလိုပါဘူး။ ရင်ဝမ်းခြားကြွက်သားက အဆုတ်ကို အောက်ကပင့်ပေးမယ်။ နံရိုးကြားကြွက်သားတွေက အသာအယာပဲ ပြေလျော့တာကြောင့် သက်သောင့်သက်သာပဲ လေက ကိုယ်ထဲက ပြန်ထွက်သွားပါတယ်။အသက်ရှူသွင်း ရှူထုတ်တိုင်းမှာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို သယ်ပို့ပြီး အညစ်အကြေးတွေကို ပြန်စွန့်ထုတ်တာကြောင့် အဆူတ်ကျန်းမာအောင် ဆေးလိပ်အပါအဝင် လေထုညစ်ညမ်းမှုကို ရှောင်ပြီး လေကောင်းလေသန့်ရှူပေးရပါမယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/functions-of-respiratory-system/
COVID-19 ကြောင့် အသက်အန္တရာယ်အပြင်ဘာတွေဖြစ်နိုင်သေးလဲ
ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခု ဖြစ်ပွားကူးစက်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကတော့ ဖြစ်စမြဲပါ။ ဒါ​ကြောင့်လည်း ရောဂါကိုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါလို့ ပြောကြတာပေါ့။ဆီးချို ဖြစ်ရင် နောက်ဆက်တွဲ အနေနဲ့ ကျောက်ကပ်ပျက်စီးတာ၊ မျက်စိကွယ်တာ၊ နှလုံးထိခိုက်တာမျိုးတွေ ဖြစ်နိုင်သလို သွေးတိုးရင်လည်း နောက်ဆက်တွဲ အနေနဲ့ လေဖြတ်တာ၊ နှလုံးရောဂါ စတာတွေကို ခံစားရပါတယ်။ဒီလိုပါပဲ အခုလက်ရှိ ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ မဖြစ်အောင် ကာကွယ်ဖို့ အထပ်ထပ် ပြောနေရတာပါ။Covid -19ရောဂါပိုး ကူးစက်ခံရလို့ ပြင်းထန်မယ်ဆိုရင် အထူးကြပ်မတ်ကုသမှုကို ခံယူရနိုင်သလို အခန့်မသင့်ရင် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အသက်မသေဆုံးခဲ့ဘူးဆိုရင်တောင် နောက်ပိုင်းမှာ အခုလို ကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆဖို့ ပြောချင်ပါတယ်။ဒါတွေအပြင် အခြားသောကျန်းမာရေးဆိုးကျိုးတွေကိုလည်း ခံစားရနိုင်တာကြောင့်ကိုဗစ်ဗိုင်းရပ်စ်ကို မကူးစက်ခံရအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ကဲ….. အားလုံး မကြာခဏလက်ဆေးတာ၊ လူထူထပ်တဲ့ နေရာတွေကို မသွားဖြစ်အောင် ရှောင်တာ၊ အပြင်ထွက်ရင်နှာခေါင်းစည်းတပ်တာ၊အာဟာရပြည့်ဝအောင် စားသုံးတာ၊ အိပ်ရေးဝအောင် အိပ်စက် အနားယူတာတွေ လုပ်ပြိးကိုဗစ်ကို အတူကာကွယ် ကြစို့လား။မိမိကစလို့ ကိုဗစ်ကို သေချာလေး ကာကွယ်ပေးပါနော်….. Hello ဆရာဝန် ပရိသတ်ကြီးရေ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/complications-of-covid-19/
အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ
ကလေးလေးတွေမှာ အကြီးဆုံး ကလေး၊ အလတ်ကလေး၊ အငယ်ဆုံးလေး၊ တစ်ဦးတည်းသော ကလေးလေး ဆိုပြီး အမျိုးမျိုးသော အစီအစဉ်အလိုက် မွေးဖွားကြပါတယ်။ ဒီလို မွေးဖွားမှု အစဉ်အလိုက် ကလေးလေးတွေမှာ မတူကွဲပြားတဲ့ ထူးခြားချက်လေးတွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ရဲ့သက်ဦးသားသားမီးမီးတို့ရဲ့ နောက်မှာ မွေးဖွားတဲ့ ကလေးလေးတွေ ဖြစ်ကြတဲ့ အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ အကြောင်း ပြောပြပေးချင်ပါတယ်။အလတ်လေးတွေဆိုတာက ဖေဖေမေမေတို့ရဲ့ ဒုတိယမြောက် ကလေးလေးတွေပေါ့။ သူတို့အထက်မှာ အကြီးတစ်ယောက် ရှိသလို သူတို့အောက်မှာလည်း သူတို့လေးတွေရဲ့ မောင်လေး၊ ညီမလေး၊ ဒါမှမဟုတ် ညီလေး၊ ညီမလေး ရှိနေတတ်ကြတဲ့ ကလေးလေးတွေပေါ့။ အထက် တစ်ယောက် အောက်တစ်ယောက်ကြားမှာ မွေးဖွားလာပြီး အကြီးနဲ့ရော အငယ်နဲ့ပါ အဆင်ပြေအောင် နေတတ်ကြပြီး နောက်မှမွေးလာတဲ့ နို့ညှာကလေးလေးတွေပေါ့။အလတ်လေးတွေမှာ တွေ့ရတဲ့ ထူးခြားချက်လေးများ ကတော့။ဒုတိယနေရာမှာ မွေးဖွားတဲ့ အလတ်လေးတွေက အကြီးဆုံးတွေ အငယ်ဆုံးလေးတွေထက်တီထွင်ဖန်တီးနိုင်စွမ်း ပိုကောင်းကြပါတယ်။ စိတ်ကူးဉာဏ် ပိုရင့်သန်ကြပါတယ်။အလတ်လေးတွေရဲ့ နောက်ထပ် အားသာချက် တစ်ခုက ငယ်စဉ်ကတည်းက ဖေဖေတွေက အကြီးဆုံးတွေကို ပိုဂရုစိုက်ပြီး မေမေတွေက အငယ်ဆုံးလေးတွေကို ပိုဂရုစိုက်တတ်တဲ့ အခြေအနေမှာ ကြီးပြင်းလာရတာကြောင့် အရာရာကိုကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ရင်း အမှီအခို ကင်းသူတွေအဖြစ် ကြီးပြင်းလာတတ်ကြပါတယ်။အလတ်လေးတွေရဲ့ နောက်ထပ် အချက်တစ်ခုကတော့ အရာရာကို အောင်မြင်မှုရချင်ကြတာပါ။အောင်မြင်လိုစိတ်ပြင်းပြကြပြီး အရာရာတိုင်းကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်တတ်ကြတာကလည်း သူတို့လေးတွေရဲ့ အားသာချက် တစ်ခုလို့ပဲ ဆိုရပါမယ်။အကြီးနဲ့ တည့်အောင် ပေါင်းသလို အငယ်ကိုလည်း ညှာတာရမယ်ဆိုတဲ့ အသိကို ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အလတ်လေးတွေက လူတိုင်းနဲ့ တည့်အောင် ပေါင်းတတ်ကြပြီးပေါင်းသင်းဆက်ဆံရေး ကောင်းတတ်ကြပါတယ်။ သူတို့လေးတွေကို ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် အထူးတလည် သင်ပေးစရာ မလိုအောင်ပါပဲ။လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းကြသလိုစေ့စပ်ညှိနှိုင်းမှုကိုလည်း ကောင်းကောင်း လုပ်တတ်ကြပါတယ်။ အချင်းများဖွယ်ရာတွေကို ရန်စမထွက်စေဘဲ ဖြေရှင်းတတ်တာကလည်း အလတ် ကလေးတွေရဲ့ စွမ်းရည် တစ်ခုပါ။ သံတမန် လုပ်သင့်သူလေးတွေလို့တောင် တင်စားကြပါတယ်။အလတ်လေးတွေကအမှီအခို ကင်းရုံတင် မဟုတ်ကြပါဘူး။ အပေါင်းအသင်းတွေကြားမှာလည်း ကောင်းကောင်း ဦးဆောင်နိုင်ကြပါတယ်။ ဘဝလက်တွဲဖော်တွေအပေါ်မှာ သည်းညည်းခံနိုင်စွမ်း မြင့်သလို အကောင်းဆုံး ဦးဆောင်မှုတွေကိုလည်း လုပ်ဆောင်ပေးတတ်ကြပါတယ်။ ခေါင်းဆောင်နိုင်စွမ်းအပြင် စွန့်ဦးတီထွင်လိုစိတ်လည်း ပြင်းထန်ကြပါတယ်။Winston Churchill၊ Abraham Lincoln၊ Bill Gates နဲ့ Donald Trump တို့က အလတ်လေးတွေပါတဲ့နော်။အရာရာတိုင်းကို လက်တွေ့ကျကျ ခံစားတွေးခေါ်တတ်ပြီး အခြားသူတွေရဲ့ အတွေးအမြင် ပြောဆိုမှုတွေကို မဖီဆန် အချင်းမများသော်လည်းပဲ လွယ်လွယ်နဲ့တော့ လက်မခံတတ်ကြပါဘူး။အရာရာတိုင်း အခြေအနေတိုင်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို အေးအေးဆေးဆေး ချမှတ်နိုင်စွမ်းကလည်း မွေးရာပါ အားသာချက်ပါ။ အလတ်လေးတွေက အောင်မြင်လိုစိတ် ပြင်းပြကြပေမယ့် အခြေအနေတိုင်းကို အေးဆေးစွာ တွေးတောပြီး အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ကြပါတယ်။အလတ်လေးတွေက မိသားစုတွေထဲမှာ ဖာသိဖာသာ နေတတ်ပေမယ့်သူငယ်ချင်းတွေမိတ်ဆွေတွေကိုတော့ ပွင့်လင်းစွာ ဆက်ဆံတတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကို ပုံမှန်ထက် ပိုမို ခင်တွယ်တတ်ကြပါတယ်။ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို ပျော်အောင် ထားနိုင်စွမ်းလည်း မြင့်မားကြပါတယ်။ ကိုယ်တိုင်က စိတ်ညစ်နေရင်တောင် အနီးဝန်းကျင်ကသူတွေကို ပျော်ရွှင်နေစေဖို့ ဟာသတွေကို ပြောတတ်ကြတဲ့ အရည်အသွေးတစ်ခုကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်နော်။ပတ်ဝန်းကျင်မှာ ရှိတဲ့ ချစ်ခင်ရတဲ့သူလေးတွေ တစ်ယောက်ချင်းစီကို အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်တာက အလတ်ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါပဲ။ ဒါကြောင့် ချစ်တတ်တဲ့သူတွေအဖြစ် အသိအမှတ်ပြုခံရသူလေးတွေပေါ့။ကလေးလေးတိုင်းမှာ ကိုယ်ရည်ကိုယ်သွေး မျိုးစုံရှိကြပါတယ်။ အလတ်လေးတွေမှာတော့ အခုပြောပြခဲ့တဲ့ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/second-born-child-facts/
ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ
ဆီးချိုရောဂါ ရှိသူတွေမှာ ရုတ်တရက်သွေးတွင်း သကြားဓာတ်ကျဆင်းတာမျိုး ဖြစ်နိုင်သလို ရုတ်တရက် သွေးတွင်းသကြားဓာတ် တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေ ၂ ခုစလုံးက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဂရုစိုက်သင့်တဲ့ အခြေအနေတွေထဲက တစ်ခု ဖြစ်တဲ့ ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma)ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့အမျိုးအစား ၂ ဆီးချိုရောဂါနှစ်မျိုးလုံးမှာ ခံစားရနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်ရတဲ့ ကိုမာ (diabetic coma) ဆိုတာ အသက်အန္တရာယ်ရှိပြီး ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့ သတိလစ်မေ့မြောခြင်းဖြစ်ပါတယ်။သင့်မှာ ဆီးချိုရောဂါ ရှိနေတယ်ဆိုရင် သွေးတွင်းသကြားဓာတ်မြင့်လွန်းတာ (hyperglycemia) ပဲဖြစ်ဖြစ်၊ သွေးတွင်းသကြားဓာတ်ကျဆင်းတာ(hypoglycemia) ပဲဖြစ်ဖြစ် အန္တရာယ်အဆင့်ကိုရောက်ရင် ဆီးချိုကိုမာ ရနိုင်ပါတယ်။ဆီးချိုကိုမာ အခြေအနေကို ရောက်နေပြီဆိုရင် သင်ဟာ အသက်ရှင်နေသေးပေမယ့် မြင်ရ၊ ကြားရသမျှ သို့မဟုတ် လှုံ့ဆော်မှုအာရုံအားလုံးကို မတုံ့ပြန်နိုင်၊ မနိုးထနိုင်တဲ့ အနေအထား ခံစားရနိုင်ပါတယ်။ မကုသဘဲထားရင် diabetic coma က လူကိုသေစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။Hyperglycemia သွေးတွင်းသကြားဓာတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ်။အစာမစားဘဲ ၈ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 130 mg/dL ထက် ကျော်လွန်နေခြင်းဖြစ်ပါတယ်။အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာသွေးတွင်းသကြားဓာတ်ပမာဏ180 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။တကယ်တမ်း ဆီးချိုတက်ပြီဆိုရင် ၃-၄-၅၀၀ကနေ စက်ကမဖတ်နိုင်တော့တဲ့အထိ တက်နိုင်ပါတယ်။သွေးတွင်းသကြားဓာတ်မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊ သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့အခြေအနေတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါ ရှိသူတွေမှာ Ketoacidosis လို့ခေါ်တဲ့ သွေးတွင်းအက်စစ်ဓာတ်များနေခြင်းကို ခံစားရဖို့များပါတယ်။အမျိုးအစား၂ ဆီးချိုရောဂါ ရှိနေရင် ဒါမှမဟုတ် ဖြစ်နိုင်တဲ့ အလားအလာရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လွန်းတဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်ကို မထိန်းနိုင်တော့တဲ့ အန္တရာယ်အခြေအနေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကို Hyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ ခေါ်ပါတယ်။ အစမှာ ဆီးမကြာခဏသွားရရာကနေနောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီး ရေဓာတ်ဆုံးရှုံးမှုဆိုးရွားလာနိုင်ပါတယ်။အောက်ပါအချက်တွေ ရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လာနိုင်ပါတယ်-။သွေးတွင်းသကြားဓာတ်မြင့်လာချိန်မှာဖြစ်လာနိုင်တဲ့ လက္ခဏာတွေက။သွေးတွင်းသကြားဓာတ် မကြာခဏ မြင့်တဲ့သူတွေက။ပြင်းထန်တဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်မှု လက္ခဏာတွေ ဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ် ဆေးရုံတင် ကုသရနိုင်ပါတယ်။ ကုသနည်းကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။ရေဓာတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတဆင့် သို့မဟုတ် သွေးကြောမှတဆင့် အရည်ဓာတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓာတ်တွေကဆီးမကြာခဏသွားခြင်းကြောင့် ဆုံးရှုံးသွားတဲ့ အရည်ပမာဏကို ပြန်လည်ဖြည့်တင်းပေးမှာ ဖြစ်ပြီး သွေးထဲမှာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို လျော့ကျသွားစေနိုင်ပါတယ်။ဓာတ်ဆား(electrolytes )တွေက ခန္ဓာကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက် မှန်ကန်စေဖို့ လိုအပ်တဲ့ သွေးတွင်းသတ္တုဓာတ်တွေ ဖြစ်ပါတယ်။ အင်ဆူလင် မရှိတဲ့အခါ သွေးထဲက ဓာတ်ဆားပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ချက်ရှိစေဖို့ သွေးကြောကတဆင့် electrolytes တွေကို သွင်းရပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ် ဖြည့်တင်းရပါတယ်။အင်ဆူလင်က သွေးထဲမှာ ketonesတွေ များပြားစုပုံစေတဲ့ ဖြစ်စဉ်တွေကို ပြောင်းလဲကုသပေးနိုင်ပါတယ်။ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်း သွေးကြောကတဆင့် သွင်းရနိုင်ပါတယ်။Hyperglycaemia အခြေအနေပြင်းထန်တာ သို့မဟုတ် တာရှည်နေတာတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/hyperglycemia-in-diabetes/
ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ဆေးရုံသွားဖို့လိုမလဲ
အသေးစားထိခိုက်ဒဏ်ရာတွေကနေအိမ်မှာဂရုစိုက်ပေးရုံနဲ့တင် သက်သာပျောက်ကင်းနိုင်တယ်ဆိုပေမယ့် အကြီးစားထိခိုက်ဒဏ်ရာတွေ ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာသွားရောက်ကုသတာက အကောင်းဆုံးနည်းလမ်းပါ။ ဘယ်လိုထိခိုက်ဒဏ်ရာတွေရရင်ဆေးရုံဆေးခန်းသွားဖို့လိုမလဲဆိုတာကိုပြောပြပေးမယ်နော်။အရိုးအဆစ်တွေမှာထိခိုက်ဒဏ်ရာရရင်။အားကစားလုပ်ရင်းဖြစ်ဖြစ်၊ပြေးရင်းလွှားရင်းဖြစ်ဖြစ် မတော်တဆ အဆစ်လွဲတာမျိုး၊ အကြောတွေရောင်တာမျိုး၊ကြွက်သားတွေထိခိုက် တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဆိုရင် အမြင့်ကခုန်ချတမ်းကစားရင်း အရိုးအက်တာမျိုးတွေတောင်ဖြစ်နိုင်ပါသေးတယ်။ အရိုးတွေ၊ အဆစ်တွေထိခိုက်မိတဲ့အခါမျိုးမှာ အရေးပေါ်အနေနဲ့ ထိခိုက်မိတဲ့နေရာကိုရေခဲကပ်တာမျိုးလုပ်ပေးနိုင်တယ်ဆိုပေမယ့် နီးစပ်ရာဆေးရုံဆေးခန်းတွေကိုသွားရောက်ပြသပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ကြွက်သားတွေ၊အရွတ်တွေထိခိုက်မိသွားရင်။မတော်တဆ ကြွက်သားတွေ၊အရွတ်တွေ၊ အရိုးနုတွေမှာထိခိုက်ဒဏ်ရာရသွားရင်တော့နေအိမ်မှာပဲကုသဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ တတ်သိနားလည်တဲ့သူတွေနဲ့ပြသပြီး လုံလောက်တဲ့ဆေးကုသမှုကိုခံယူဖို့လိုအပ်ပါမယ်။ ကြွက်သားတွေ၊အရွတ်တွေ၊ အရိုးနုတွေထိခိုက် မိတဲ့အခါသေချာဂရုစိုက်မှပြန်လည်ကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ထိခိုက်မိတဲ့နေရာက သိသိသာသာကြီးရောင်ရမ်းနေမယ်ဆိုရင်ဖြစ်ဖြစ်၊ အဆစ်လွဲနေတာဆိုရင်ဖြစ်ဖြစ်၊ ထိခိုက်မိတဲ့နေရာက အရမ်းနာနေရင်ဖြစ်ဖြစ်၊ လမ်းမလျှောက်နိုင်တာ၊ ထိခိုက်မိတဲ့နေရာမှာ အညိုအမဲတွေဖြစ်လာတာ၊ ထုံကျဉ်တာ၊ ထိခိုက်မိတဲ့နေရာကသွေးထွက်တာ မျိုးတွေဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်းပြသပေးဖို့လိုပါလိမ့်မယ်။ဦးခေါင်းထိခိုက်မိတာ။ဦးခေါင်းမှာထိခိုက်ဒဏ်ရာရရင် မပေါ့ဆသင့်ပါဘူး။ ဦးခေါင်းထိခိုက်ဒဏ်ရာရထားတဲ့သူမှာ အခုလိုမျိုးလက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ တတ်သိနားလည်သူနဲ့ပြသပေးဖို့လိုပါမယ်။ခေါင်းမှာထိခိုက်ဒဏ်ရာရရှိပြီး ၂၄ နာရီအတွင်း။နီးစပ်ရာဆေးရုံဆေးခန်းကိုသွားရောက်ပြသဖို့လိုပါလိမ့်မယ်။အဆစ်လွဲသွားတာ။အဆစ်လွဲသွားတာမျိုးဆိုရင်လည်းနေအိမ်မှာကုသဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဆေးခန်း ဒါမှမဟုတ်ဆေးရုံကိုသွားပြီး ဓါတ်မှန်ရိုက်တာ၊ တတ်သိနားလည်သူတွေနဲ့ပြသပြီး ကုသမှုခံယူတာတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အဆစ်လွဲသွားတဲ့အခါ အဆစ်တွေကိုနေသားတကျဖြစ်အောင်ပြန်လည်လုပ်ဆောင်ဖို့လည်းလိုအပ်တာကြောင့်ဆေးရုံဆေးခန်းတွေကိုသွားရောက်ပြသပြီး ထိရောက်တဲ့ကုသမှုကိုခံယူဖို့ တိုက်တွန်းလိုပါတယ်။အနာကအရမ်းရောင်နေရင်။အနာတဝိုက်မှာသွေးမတိတ်ဘဲဖြစ်နေမယ်ဆိုရင် တစ်ရှုးတွေရောင်ရမ်းနေတာမျိုးဖြစ်နိုင်ပါတယ်။ အနာကအရမ်းမပြင်းထန်ရင်တော့ရောင်ရမ်းတာကသိပ်မဆိုးပါဘူး။ ဒါပေမယ့် ထိခိုက်မိတဲ့နေရာက အရမ်းရောင်နေမယ်ဆိုရင်တော့ အဆစ်တွေမှာပြင်းပြင်းထန်ထန်ထိခိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေမယ်ဆိုရင်တော့ဆေးရုံကိုသွားရောက်ပြသဖို့လိုပါလိမ့်မယ်။အရိုးနားထိရောက်အောင်ထိခိုက်မိတာ။ထိခိုက်မိတဲ့ဒဏ်ရာက အရိုးနားထိအောင်နက်သွားတာမျိုး အရိုးကိုထိသွားတာမျိုးဖြစ်မယ်ဆိုရင် တတ်သိနားလည်သူတွေနဲ့သွားရောက်ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ အနာကပြင်းထန်ရင်ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။ အနာကတစ်ခုခုနဲ့ ထိုးစိုက်တာမျိုးဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြီး ထိုးစိုက်မိတဲ့အရာတွေကိုဖယ်ရှားဖို့လိုအပ်ပါမယ်။ အနာကိုပိုးဝင်တာမျိုး၊အနာရင်းတာမျိုးမဖြစ်အောင်လည်းသေချာဂရုစိုက်ကုသဖို့လိုပါလိမ့်မယ်။အနာကတော်တော်နဲ့သွေးမတိတ်ရင်။အနာကအရမ်းမကြီးပေမယ့် ထိခိုက်ဒဏ်ရာရပြီးတော်တော်ကြာတဲ့အထိသွေးမတိတ်ပဲဖြစ်နေမယ်ဆိုရင် တစ်ရှုးတွေထိခိုက်သွားတာမျိုးဖြစ်နိုင်သလိုသွေးကြောကိုထိမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီး ၅ မိနစ်ကနေ ၁၀ မိနစ်ကြာတဲ့အထိသွေးမတိတ်ဘူးဆိုရင်တော့ဆေးရုံ (သို့မဟုတ်) နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသဖို့လိုပါမယ်။အာရုံကြောကိုထိခိုက်မိတာမျိုးဆိုရင်။ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ ထုံကျဉ်နေမယ်၊ တဆစ်ဆစ်နာနေမယ်၊ ထိခိုက်မိတဲ့ဒဏ်ရာနားတဝိုက်က ကြွက်သားတွေကအားမရှိသလိုဖြစ်နေမယ်ဆိုရင် အာရုံကြောထိခိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေလှုပ်ရှားလို့မရတာမျိုးခံစားရနိုင်ပါတယ်။အခုပြောပြခဲ့တဲ့ ထိခိုက်ဒဏ်ရာမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက်ပြသတာက အကောင်းဆုံးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%99%e1%80%ba%e1%80%ad%e1%80%b3/
မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ
ဗိုက်ကတော့ မချောင်သေးဘူး စားစရာ နောက်တစ်ခုခုက ပါးစပ်ထဲရောက်နေပြီ။ တစွတ်စွတ်နဲ့ စားမိနေတာ ဗိုက်လည်းမဆာဘဲနဲ့လေ။ စားမိနေတုန်းတော့ မသိသေးဘူး။ ပြန်စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာမှာစားခဲ့မိတာ စုံလို့။ ဒီလိုစားမိတာ အစာအိမ်အတွက်ရော ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ဝိတ်တွေတက်လာမယ်၊ အစာမကြေဖြစ်မယ် စတဲ့ အကျိုးဆက်တွေရှိလာနိုင်တာပေါ့။ ဒါကို ထိန်းချုပ်ဖို့အတွက် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းခံတော့ သိထားဖို့လိုပါတယ်။ မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ ။မဆာလည်း စားမိနေတဲ့ အကြောင်းအရင်းတွေက။စိတ်ဖိစီးတာ ကြာရှည်လာရင် ခန္ဓာကိုယ်မှာ ထွက်လာတတ်တဲ့ cortisol ဟော်မုန်းကြောင့် အစားတွေ ပိုစားမိတတ်တယ်။ စိတ်ဖိစီးမှုက အမြဲလက်တကမ်းမှာ ရှိနေတယ်ဆိုရင် အဲ့ဟော်မုန်းက မြင့်တက်နေပြီး သရေစာတွေပဲဖြစ်ဖြစ် တောက်လျှောက်စားနေမိမှာပဲ။ကိုယ်က လုံလုံလောက်လောက် အနားမယူတဲ့အခါ ဆာလောင်မှုကို ဖြစ်စေတဲ့ghrelinဟော်မုန်းပမာဏ မြင့်တက်လာပါတယ်။ တချိန်တည်းမှာပဲ ဆာလောင်မှုနဲ့ အစားစားချင်စိတ်ကို လျော့စေတဲ့ leptin ဟော်မုန်းပမာဏက ကျဆင်းသွားပါတယ်။ဒီဟော်မုန်းနှစ်မျိုးက ဆာလောင်စိတ်ကို ထိန်းချုပ်ပေးတာပါ။ အနားယူချိန် မလုံလောက်လို့ အားမရှိ၊ နွမ်းနယ်တဲ့အခါ အစာကို ပိုတောင့်တစေပါတယ်။ ဒါ့ကြောင့် ခုလေးတင်စားပြီးတယ် ထပ်စားချင်နေပြန်ပြီဆိုတာမျိုး ဖြစ်လာပါတယ်။စိုးရိမ်ပူပန်စိတ်တွေက အစားအသောက်မူမမှန်ခြင်းတွေနဲ့ အရမ်းကို သက်ဆိုင်ပါတယ်။ အများကြီးစားတာက စိုးရိမ်စိတ်တွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့ ကိုယ်ရွေးချယ်တဲ့နည်းလမ်းတစ်ခု ဖြစ်နေနိုင်ပါတယ်။မျိုးဗီဇ၊ စိတ်ကျခြင်း၊ စိတ်အပြောင်းအလဲနဲ့ဆိုင်တဲ့ ဝေဒနာကအစ စိတ်ဒဏ်ရာ၊ စွဲလမ်းမှုနဲ့ မူးယစ်ဆေးသုံးတာတွေအထိ တခြားအရာတွေကြောင့်လည်း စိတ်ကိုပြောင်းလဲစေပြီး အစားအသောက်မူမမှန်ဖြစ်စေနိုင်တယ်။တစ်ခါတလေ အဖော်ကောင်းလို့လည်း ခဏခဏစားနေမိတတ်ပါတယ်။ လူစုံတာနဲ့ဆာလည်းစား မဆာလည်းစား၊ စားရင်း စကားပြောရင်းနဲ့ အချိန်ကုန်တတ်ကြတယ်။အရက်သောက်တတ်တဲ့သူတွေမှာ အစားအသောက်နဲ့ ပတ်သက်တဲ့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ အရက်သောက်သူတွေဟာ အဆီနဲ့ အချိုများတဲ့ အစားအသောက်တွေလိုမျိုး ကျန်းမာရေးနဲ့ မညီတာတွေကို ပိုစားမိလေ့ရှိပါတယ်။လေ့လာမှုတွေအရတော့ အရက်သောက်ခြင်းက ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းကို ထိခိုက်စေလို့ အရသာရှိတဲ့ သရေစာတွေကို ငြင်းဆန်နိုင်ဖို့ ခက်ခဲစေပါတယ်တဲ့။ဖေ့စ်ဘုတ်မှာ တွေ့နေရတဲ့ အစားအသောက်ပုံတွေက စားချင်စိတ် မဖြစ်ဖြစ်အောင် ဆွဲဆောင်နေပါတယ်။ ဒီလိုပုံတွေကြောင့်လည်း စားချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး မဆာလည်း အိမ်မှာရှိသမျှ ရှာစားရတဲ့အထိ ဖြစ်လာစေပါတယ်။တကယ်ဆာလောင်မှုဆိုတာ ဖြည်းဖြည်းချင်းဖြစ်လာပြီး ခဏအောင့်ထားလို့လည်း ရပါတယ်။ အဆာပြေအောင် စားလိုက်ရတယ်ဆိုလည်း စိတ်ကျေနပ်သွားဖို့လွယ်ပါတယ်။ စိတ်က စားချင်လာပြီး မဆင်မခြင် စားတာမျိုးက ရုတ်တရက် ဖြစ်လာတတ်ပြီး အစားအစာ အမျိုးအစား တချို့ကို မက်မက်မောမော တောင့်တနေတတ်ပါတယ်။ ဗိုက်မဆာဘဲ စားမိပြီးကာမှ အပြစ် လုပ်မိသလိုလို၊ နောင်တရ သလိုလိုဖြစ်လာရော။စိတ်ကို ဖြေသိမ့်နိုင်မယ့် တခြားနည်းလမ်းတွေကို ရှာပါ။ ဥပမာ အားကစား လုပ်တာ၊ တရားထိုင်တာ၊ မဖြစ်မနေ စားရမယ် ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီတာတွေကိုရွေးချယ်ပါ။ သူငယ်ချင်းတွေနဲ့ တွေ့မယ်ဆို အစားအသောက်တွေကြားမှာ မဆုံပါနဲ့။ အပြင်စာတွေ ခဏခဏ ဝယ်စားတဲ့ အကျင့်ကို လျှော့ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/reasons-for-binge-eating-without-hungry/
Townes-Brocks syndrome (တောင်းဘရော့ခ် ဆင်ဒရုန်း)
တောင်းဘရော့ခ် ဆင်ဒရုန်း (TBS) ဆိုတာ စအိုပေါက်မပါခြင်း၊ နားရွက်ပုံသဏ္ဍန်မမှန်ခြင်း၊ အကြားအာရုံမကောင်းခြင်း၊ လက်မပုံသဏ္ဍန်မမှန်ခြင်းတို့ပါဝင်သော မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။တောင်းဘရော့ခ် ဆင်ဒရုန်းရဲ့ ဖြစ်ပွားနှုန်းကို မသိရှိရသေးသော်လည်း လူအယောက်၂၅၀၀၀၀မှာ ၁ယောက်နှုန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ ထိုအခြေအနေက ယောက်ျားလေးနဲ့ မိန်းကလေးကို တူညီစွာသက်ရောက်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။တောင်းဘရော့ခ် ဆင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။ထိုရောဂါရှိတဲ့သူအများစုမှာ အောက်ပါလက္ခဏာ၃ခုထဲမှ အနည်းဆုံး၂ခုတွေ့ရှိနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။တောင်းဘရော့ခ် ဆင်ဒရုန်းဟာ SALL1 မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ရတာပါ။ ထိုမျိုးရိုးဗီဇဟာ SALL အုပ်စုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ယင်းတို့ဟာ မမွေးဖွားခင် တစ်ရှုးနဲ့ ကိုယ်အင်္ဂါဖြစ်ပေါ်မှုတို့အတွက် ညွှန်ကြားချက်များပေးပါတယ်။ ညွှန်ကြားချက်တွေကို DNA မော်လီကျူးပေါ်မှာရှိတဲ့ တိကျတဲ့နေရာတွေမှာ သွားပေါင်းခြင်းဖြင့် ပေးတာပါ (Transcription)။ SALL1 မျိုးရိုးဗီဇမှာ ပြောင်းလဲမှုဖြစ်သွားတဲ့အခါ SALL1 ပရိုတင်းတွေဟာ အတန်းပိုတိုတဲ့ ပရိုတင်းအနေနဲ့ ထွက်လာပြီး ဆဲလ်ထဲမှာ ချို့ယွင်းချက်အမျိုးမျိုးကို ဖြစ်လာစေပါတယ်။ အခြားပြောင်းလဲမှုတွေကလည်း ဆဲလ်တိုင်းက မျိုးရိုးဗီဇတစ်ခုဆီကနေ ပရိုတင်းတွေမလုပ်နိုင်အောင် တားဆီးပါတယ်။ ထိုရောဂါလက္ခဏာရှိတဲ့ တချို့လူနာတွေမှာ SALL1 မျိုးရိုးဗီဇမဟုတ်ဘဲ SALL4 မျိုးရိုးဗီဇပြောင်းလဲမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ထိုမျိုးရိုးဗီဇပြောင်းလဲမှုတွေက ကြီးထွားဖွံ့ဖြိုးမှုတွေကို ဘယ်လိုနှောင့်ယှက်တယ်၊ တောင်းဘရော့ခ် ဆင်ဒရုန်းနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေ ဘယ်လိုဖြစ်ပေါ်လာစေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။တောင်းဘရော့ခ် ဆင်ဒရုန်းဟာ ခန္ဓါကိုယ်ပိုင်း လွှမ်မိုးမျိုးရိုးဗီဇဖြစ်တဲ့အလျှောက် ဗီဇတစ်ခုပါတာနဲ့တင် ရောဂါဖြစ်ဖို့ လုံလောက်ပါတယ်။ ၅၀ရာခိုင်နှုန်းသော အခြေအနေတွေမှာ ရောဂါရှိခြင်းက ရောဂါသည်မိဘတစ်ယောက်ယောက်ထံမှ လက်ခံရရှိတာကြောင့်ဖြစ်ပါတယ်။ ကျန်တဲ့၅၀ရာခိုင်နှုန်းကတော့ မျိုးရိုးဗီဇပြောင်းလဲမှုအသစ်ကြောင့် ဖြစ်ပေါ်လာတာပါ။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။တောင်းဘရော့ခ် ဆင်ဒရုန်းကို အဖြေရှာအတည်ပြုဖို့က ရောဂါလက္ခဏာတွေအပေါ်မှာ မူတည်နေမှာပါ။ SALL1 မျိုးရိုးဗီဇကို မော်လီကျူလာနည်းလမ်းဖြင့် စမ်းသပ်မှုလည်း ရရှိနိုင်ပါတယ်။ကုသမှုက တိကျတဲ့ရောဂါလက္ခဏာတွေကို ဦးတည်ပါတယ်။ အောက်ပါတို့ပါဝင်ပါတယ်။မွေးရာပါနှလုံးရောဂါတွေ ပါရှိနေပါက ခွဲစိတ်ခြင်း၊ ဆေးဝါးပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ကျောက်ကပ်မကောင်းခြင်းအတွက် ကျောက်ကပ်ဆေးနိုင်ပြီး နောက်ဆုံးအဆင့်ရောက်နေမယ် (ESRD) ဆိုရင် ကျောက်ကပ်အစားထိုကုသမှုပြုလုပ်နိုင်ပါတယ်။ ရောဂါသည်အများစုကို ကျောက်ကပ်ကောင်းကောင်းမကောင်းကောင်း ကျောက်ကပ်စွမ်းရည်အား ပုံမှန်စောင့်ကြည့်နေဖို့ အကြံပြုထားပါတယ်။နှစ်စဉ်အကြားအာရုံစစ်ဆေးမှုတွေလည်း ပြုလုပ်သင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/kidney-disease/townes-brocks-syndrome-%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%98%e1%80%b1%e1%80%9b%e1%80%ac%e1%80%b7%e1%80%81%e1%80%b9-%e1%80%86%e1%80%84%e1%80%b9%e1%80%92%e1%80%9b%e1%80%af/
ဘေဘီလေးတွေ ဘူးသီး စားလို့ရလား
ကြော်ချက်လေးပဲ ချက်ချက်၊ မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းလေးပဲ ချက်ချက် စားကောင်းတဲ့ ဘူးသီးလေးက အကျိုးများတယ်လို့ အရင်တစ်ခေါက်က ပြောပြထားဖူးပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လိုစားစား စားလို့အရသာရှိတဲ့ ဘူးသီးကြော်လေး စားနေတုန်းဘေဘီလေးက သားသားလည်း စားချင်တယ်ဆိုလို့ ကျွေးရပါ့ မကျွေးရပါ့နဲ့ ဗျာများနေတဲ့ မေမေတို့ တီတီတို့ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။ဒီဆောင်းပါးလေး ဖတ်ပြီးရင်တော့ ဘေဘီလေးကိုဘူးသီးကျွေးလို့ ရမလား မရဘူးလားဆိုတဲ့ အဖြေထွက်မှာ အသေအချာပါပဲ။ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို မနွှာဘဲ စားလို့လည်း ရပါတယ်။ အတွင်းမှာ အဖြူရောင် အူတိုင်နဲ့ အစေ့လေးတွေပါပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးပါ။ နုရင် တော်တော်လေး ချိုပြီး စားရတာ အရသာ ရှိလှပါတယ်။ဘူးသီးကကျန်းမာရေးနဲ့ အညီညွတ်ဆုံး အသီးတစ်မျိုးပါ။ အကြောင်းကတော့ ဘူးသီးမှာ ရေဓာတ် 92 ရာခိုင်နှုန်းအထိ ပါဝင်နေလို့ပါပဲ။ ဒါတင် မကသေးပါဘူး။ ဘူးသီးမှာ အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ဘေဘီလေးတွေ ဘူးသီး စားလို့ရလား ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၇ လ ဒါမှမဟုတ် ၈ လ ပြည့်ပြီ။Solid foodလည်း စစားနေပြီဆိုရင် ဘူးသီး စကျွေးပေးလို့ ရပါပြီ။ ဘူးသီးက ရေဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝသလို ဘေဘီလေးက ဘူးသီးနဲ့ ဓာတ်မတည့်တာလည်း အဖြစ်နည်းပါတယ်။ဘူးသီးက အာဟာရပြည့်ဝပြီးဘေဘီလေး ကျန်းမာဖွံ့ထွားစေဖို့အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ ဘယ်လိုထောက်ကူပေးသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဘူးသီးက ဘေဘီလေးကို ဝမ်းမှန်စေပြီး အစာခြေစနစ် ပြဿနာ ကင်းစေမှာပါ။ ရေဓာတ် နဲ့ အမျှင်ဓာတ် ပါဝင်နေမှုက အစာကြေစေနိုင်ပြီး အစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်မှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ဘူးသီးက ဘေဘီလေးတွေရဲ့ အစာခြေစနစ်ထဲက သန်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးပါ။ ဘူးသီးစေ့ကို ကျွေးပေးတာက သဘာဝ သန်ချနည်း တစ်ရပ်ပါ။ဘေဘီလေးတွေကလည်း လူကြီးတွေလိုပဲ ဆီလမ်းကြောင်း ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘူးသီးက ရေဓာတ် ပါဝင်မှု များတာကြောင့် ဆီးလမ်းကြောင်း ပိုးမဝင်စေဖို့ ကာကွယ်ပေးသလို ဆီးလမ်းကြောင်း ပိုးဝင်နေရင်လည်း သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ထိန်းညှိပေးပါတယ်။ဘူးသီးက ရေဓာတ် ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို အေးမြစေဖို့ ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပြီး နွေရာသီမှာ ဘေဘီလေးကို ရေဓာတ်ဆုံးရှုံးမှု နည်းစေဖို့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ဘူးသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် နှလုံးကို လုပ်ငန်းဆောင်တာတွေ ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ဗီတာမင် C ပါဝင်နေတာကြောင့် ဆဲလ်တွေထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်အပိုင်းတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ဘူးသီးက ဘေဘီလေးရဲ့ အသားအရေနဲ့ ဆံသား ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ဒီလောက် အကျိုးကျေးဇူးတွေ များနေမှတော့ ဘေဘီလေးကို ဘူးသီး ကျွေးလို့ရသလို ကျွေးလည်း ကျွေးသင့်ပါတယ်။ လတ်ဆတ်ပြီး organic ဖြစ်ဖို့တော့ သတိထားရမှာပေါ့။ ပြီးတော့ ဘူးသီးကို ချက်ပြုတ်တဲ့အခါမှာလည်း သတိထားရပါမယ်။ ကလေးကို ကျွေးမယ်ဆို လူကြီးစားတဲ့ ဘူးသီးကြော်လိုမျိုး မကျွေးသင့်ပါဘူး။ ဆီနဲ့ ဆားပါဝင်မှု များလို့ပါ။ ကလေးစားမယ်ဆို သီးသန့်ချက်ကျွေးသင့်ပါတယ်။ကဲ ….. ဘေဘီလေးတွေ ဘူးသီး စားလို့ရလား ….. ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-babies-eat-bottle-gourd/
COVID-19 ကို ရင်ဆိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ
ပြည်တွင်းမှာCOVID-19 ရောဂါကူးစက်ခံထားရတဲ့ လူနာတွေ တစ်နေ့တခြားများလာတာဖြစ်တဲ့အတွက် ဒေသခံလူထုအနေနဲ့ အရင်ကထက်ပိုပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်ကို အလေးထား စောင့်ရှောက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်း၊ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းတွေမှာ ပိုမိုအလေးအနက်ထားဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ ဖြစ်နိုင်ရင် Social Distancing နည်းလမ်းကိုအသုံးပြုပြီး ရောဂါကူးစက်မှုဘေးကို ကာကွယ်နိုင်ပါတယ်။တရုတ်၊ အီတလီ၊ အီရန်၊ စပိန်၊ တောင်ကိုရီးယားစတဲ့ တိုင်းပြည်တွေမှာ ရောဂါကူးစက်ပြန့်နှံ့မှု လျင်မြန်ခဲ့တာမို့ ဝေဒနာရှင်အရေအတွက် အရှိန်အဟုန်နဲ့ တိုးမြင့်သွားခဲ့ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားခဲ့ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ သေဆုံးနှုန်းဟာ ၄.၄% သာရှိတာမို့ တခြားရောဂါကပ်ဘေးကြီးတွေနဲ့ နှိုင်းယှဉ်ရင် အတော်နည်းပါးတဲ့ ပမာဏဖြစ်ပါတယ်။တစ်ဖက်မှာလည်း နိုင်ငံတချို့မှာရောဂါကူးစက်နှုန်းမြန်နေတာ၊ မိမိတို့တိုင်းပြည်က အများပြည်သူသုံး တက္ကဆီ၊ ကယ်ရီ၊ YBS စတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကလည်း ကူးစက်နိုင်ချေမြင့်မားနေတာတွေကြောင့် သတိကြီးကြီးထားပြီးနေထိုင်ဖို့ လိုအပ်နေတာတော့ အမှန်ပါ။ဒါကြောင့် ခုလိုအချိန်မှာ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ရောဂါကူးစက်မှုမဖြစ်ပွားအောင် တားဆီးကာကွယ်နိုင်ဖို့ လိုအပ်နေပါတယ်။ ကာကွယ်မှုတွေပြုလုပ်နိုင်ဖို့ဆိုရင် လိုက်နာ စောင့်ထိမ်းရမယ့် နည်းလမ်းတွေရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အဆိုပါနည်းလမ်းတွေကို လိုက်နာပြီး ရောဂါကူးစက်နိုင်ချေကို ကာကွယ်နိုင်ပါတယ်။အထက်ပါနည်းလမ်းတွေဟာ ရောဂါကူးစက်လာနိုင်ချေကို ရာခိုင်နှုန်းအများအပြား လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ လက်ရှိမှာ COVID-19 ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမျိုးကို တရားဝင်ထုတ်ဖော်ကြေညာနိုင်ခြင်းမရှိသေးပါဘူး။ဒါကြောင့် မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကို ကိုယ်တိုင်ကာကွယ်မှုပြုလုပ်တာကသာ ရောဂါကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ခုချိန်အထိ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေအရဆိုရင်လည်း ဖြစ်မှကုတာထက် ကြိုတင်ကာကွယ်တာကသာ အကောင်းဆုံးနည်းလမ်းလို့ ဆိုထားတယ်မဟုတ်လား။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/preparing-for-coronavirus-dos-and-donts/
သိပ္ပံနည်းကျလေ့လာထားသော နို့ဦးရည် အာဟာရပြည့်ဝစေဖို့ အစားအစာများ
နို့ဦးရည် ဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာတည်းက မိခင်ရဲ့ ရင်သားမှာ စပြီး ထုတ်လုပ်နေပါပြီ။ ဒါကြောင့် တချို့မေမေတွေဆို ကလေးမမွေးခင်တည်းက ရင်သားကနေ နို့ထွက်တာပါ။ နို့ဦးရည်က မေမေ့ကလေးလေးအတွက် ပထမဆုံးနို့ဖြစ်တာကြောင့် အာဟာရပြည့်ဝနေစေဖို့ လိုပါတယ်။ ဒါကြောင့် နို့ဦးရည် အာဟာရပြည့်ဝစေဖို့ ဘာတွေ စားသောက်ရမလဲဆိုတာ သိထားဖို့ လိုပါတယ်။နို့ဦးရည်ကကလေးလေးအတွက်ဘာကြောင့်အရေးကြီးတာလဲ။နို့ဦးရည်က ကလေးအတွက် ဗိုက်ပြည့်စေရုံတင်မဟုတ်ပါဘူး။ ကလေးကို ကျန်းမာပြီး ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ကိုပါ ကူညီပေးပါတယ်။ ဒါကြောင့်နို့ဦးရည်ကိုခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်။(၁) Immunoglobulin A (ပဋိပစ္စည်း)။(၂) Lactoferrin (ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့ ပရိုတင်း)။(၃) သွေးဖြူဥ။(၄) Epidermal growth factor (ဆဲလ်တွေကြီးထွားစေတဲ့ ပရိုတင်း)။ဒါကြောင့် မိခင်တွေကို ကလေးမွေးပြီးတာနဲ့နို့ဦးရည်ကိုမြန်မြန်တိုက်ကြဖို့ တိုက်တွန်းတာပါ။ ပြင်ပလောကနဲ့ ထိတွေ့ရတော့မှာ ဖြစ်တဲ့အတွက် နို့ဦးရည်လေး သောက်ထားမှ ကလေးအတွက် အာဟာရလည်းဖြစ်၊ အကာအကွယ်လည်း ရမှာပါ။နို့ဦးရည် အပါအဝင်မိခင်နို့ရဲ့ ပါဝင်ဖွဲ့စည်းပုံက မိခင်ဘာတွေ စားနေသလဲ။ အာဟာရပြည့်ရဲ့လားဆိုတာနဲ့လည်း ဆိုင်ပါတယ်။ မိခင်က အစားရှောင်လွန်းတယ်။ အာဟာရချို့တဲ့နေမယ်ဆိုရင် နို့ဦးရည်တို့၊ မိခင်နို့တို့ကလည်း အာဟာရပြည့်ဝမှာ မဟုတ်ပါဘူး။ ဒါဆိုရင် နို့ဦးရည်ကို အဓိကမှီခိုနေရတဲ့ ကလေးမှာပါ အာဟာရချို့တဲ့တာ၊ ခုခံအားပစ္စည်းတွေ မရတဲ့အတွက် ရောဂါပိုးတွေ ဝင်လာတာ ဒါတွေကို ကြုံရမှာ ဖြစ်ပါတယ်။ဒါကြောင့်နို့တိုက်မိခင်တွေကို အစားမရှောင်ဖို့၊ အာဟာရပြည့်ဝမျှဝအောင်စားဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အစာအိမ်က မွေးစမှာ ဂေါ်လီလုံးအရွယ်သာသာလောက်ပဲ ရှိတဲ့အတွက် တစ်ခါနို့စို့ရင် ဂေါ်လီလုံးစာလောက်ပဲ စို့နိုင်တာပါ။ ဒီဂေါ်လီလုံးစာလောက်လေးထဲမှာ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝပါသွားဖို့ အရေးကြီးပါတယ်။နို့ဦးရည်အပါအဝင် မိခင်နို့ရဲ့ ပါဝင်ပစ္စည်းတွေ၊မိခင်နို့ထွက်နှုန်း စတာတွေက မိခင်ရဲ့ ဟော်မုန်းနဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေက အဓိကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တစ်နေ့ မိခင်စားတဲ့ အစားအစာတွေ၊ အာဟာရပြည့်ဝမှုတွေကလည်း နို့ဦးရည်ပမာဏနဲ့ အာဟာရပြည့်ဝမှုအပေါ် သက်ရောက်နေတာကို တွေ့ရပါတယ်။ဒါကြောင့်နို့ဦးရည် အာဟာရပြည့်ဝစေဖို့မိခင်က အစားမရှောင်ရပါဘူး။ အသား၊ ငါး၊ အသီးအရွက်၊ ဥ၊ နို့ စတာတွေကို စုံစုံလင်လင်နဲ့ ပြည့်ပြည့်ဝဝ စားပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲကနေမှ မိခင်တွေလည်း လက်လှမ်းမီ၊ သိပ္ပံနည်းကျ အတည်ပြုထားပြီး နို့ဦးရည်ကို အာဟာရပြည့်ဝစေတဲ့ အစားအစာတွေကို ပြောပြပေးပါမယ်။ဒီကြက်ပေါင်းရည်က အိမ်မှာ ကြက်ကို အကောင်လိုက် ပေါင်းပြီး ထွက်လာတဲ့အရည်ကို သောက်တာနဲ့ နည်းနည်းတော့ ကွဲပြားပါတယ်။ အိမ်မှာ အကောင်လိုက်ပေါင်းမယ်ဆိုရင် အရည်ကို သောက်ရုံတင်မကဘဲ ကြက်သားကိုပါ စားမှ အာဟာရရမှာပါ။ အရည်ချည်းပဲဆိုရင် အာဟာရသိပ်မပါပါဘူး။Chicken essence ဆိုတာကတော့ ကြက်သားထဲက အာဟာရအဆီအနှစ်တွေကို အဆင့်မြင့်နည်းပညာနဲ့ extractလုပ်ပြီး အရည်အနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒီအရည်ထဲမှာပဲ ကြက်သားထဲက အာဟာရတွေ အကုန်ပါတယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် essenceလို့ ခေါ်တာပါ။Journal of Nutritional Biochemistryက ထုတ်တဲ့ လေ့လာချက်တစ်ခုမှာ အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ချိန် ၃၇ပတ်လောက်ကနေ မွေးပြီး ၃ရက်လောက်အထိ Chicken essenceကို တစ်ရက်၃ဘူး သောက်ခိုင်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ နို့ဦးရည်မှာ Epidermal growth factorက ၂၃၆%ထိ ပိုများတာကို တွေ့ရပါတယ်။Chinese Journal of Practical Gynecology and Obstetricsရဲ့ လေ့လာချက်မှာလည်းကိုယ်ဝန်ဆောင်မိခင်တွေကို ကလေးမွေးပြီးစရက်တွေမှာ Chicken essenceကို တစ်ရက်၂ဘူး သောက်ခိုင်းခဲ့ပါတယ်။ ရလဒ်အရ သူတို့တွေဟာ သာမန်စွပ်ပြုတ်၊ ဆေးမြစ်ပြုတ်တွေ သောက်သူတွေထက် နို့ထွက်နှုန်း သိသိသာသာ ကောင်းတာကို တွေ့ရပါတယ်။ဆိုလိုတာက Chicken essenceက နို့ဦးရည်က အာဟာရကိုရော၊ နို့ထွက်နှုန်းကိုပါ ကောင်းစေတာ ဖြစ်ပါတယ်။အုတ်ဂျုံက နို့ထွက်နှုန်းကို ကောင်းစေပါတယ်။ ဒါ့ပြင် သူ့မှာနို့တိုက်မိခင်နဲ့ ကလေးတွေ လိုအပ်တဲ့ အာဟာရတွေ ဖြစ်တဲ့ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်နေပါတယ်။သံဓာတ်နည်းတဲ့အခါ နို့ထွက်နှုန်းပါ နည်းသွားတဲ့အတွက် နို့တိုက်မိခင်တွေ နို့ထွက်ကောင်းချင်တယ်ဆိုရင် စားပေးသင့်ပါတယ်။ ဒါ့ပြင် ကလေးမွေးထားလို့ သံဓာတ်ဆုံးရှုံးနေတာကိုလည်း အထောက်အကူဖြစ်မှာပါ။အမျှင်ဓာတ်ပါဝင်တာကြောင့် ကလေးမွေးပြီးစအချိန်မှာ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။နှမ်းစေ့၊ နှမ်းကြတ်စေ့၊ ဗာဒံစေ့ စတာတွေမှာ ကျန်းမာစေတဲ့ အဆီတွေ၊ ပရိုတင်းနဲ့ အဆီဓာတ်တွေ ပါဝင်တဲ့အတွက် နို့ဦးရည်ကို အာဟာရပြည့်ဝစေပါတယ်။ တချို့အစေ့တွေ (ဥပမာ နှမ်းစေ့)မှာဆိုရင် phytoestrogensလို့ခေါ်တဲ့ အီစထရိုဂျင်တစ်မျိုးပါတဲ့အတွက် မိခင်နို့ထွက်နှုန်းကိုလည်း ကောင်းစေပါတယ်။နို့ဦးရည်မှာပါတဲ့ပဋိပစ္စည်းတွေ၊ ဆဲလ်တွေကို ကြီးထွားစေတဲ့ growth factorတွေ ဒါတွေအားလုံးက ပရိုတင်းကို အခြေခံပြီး ထုတ်ထားတာ ဖြစ်တာကြောင့် မိခင်နေ့စဉ်စားတဲ့ထဲမှာ ပရိုတင်းကြွယ်ဝတာတွေ ပါဝင်ဖို့ လိုပါတယ်။ ဒါ့ပြင် ပရိုတင်းဓာတ်က မိခင်နို့ထွက်တာကိုလည်း ကောင်းစေပါတယ်။အဆီမပါအသားတွေ၊ တို့ဖူး၊ ပဲအမျိုးမျိုးနဲ့ ဥတွေက ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် နေ့စဉ်ပြောင်းပြောင်းပြီး စားပေးနိုင်ပါတယ်။University of Wisconsin’s Department of Family Medicine and Community Healthအဆိုအရ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက မိခင်နို့ထွက်အားကို ကောင်းစေနိုင်ပါတယ်တဲ့။ဒါ့ပြင် ဒီအရွက်တွေမှာ ဗီတာမင် အေ၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်၊ ဖောလိတ် စတာတွေ ပါဝင်တာကြောင့် နို့ဦးရည်ကိုလည်း အာဟာရပြည့်ဝစေမှာပါ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဝယ်ရလွယ်တာကြောင့် တစ်ရက်ကို တစ်မျိုး၊ နှစ်မျိုးလောက်တော့ ပါအောင် စားပေးသင့်ပါတယ်။ဒီအစားအစာတွေက နို့ဦးရည်ကို အာဟာရပြည့်ဝစေပြီး နို့ထွက်နှုန်းကို ကောင်းစေတယ်ဆိုတာ သိပ္ပံနည်းကျ လေ့လာထားပြီး ဖြစ်ပါတယ်။ ဒါတွေကို ကလေးမွေးချိန်မှာမှ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာတည်းက ပုံမှန်လေးစားပေးမယ်ဆိုရင် ပိုပြီး အကျိုးရှိမှာပါ။ အာဟာရကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် နို့ထွက်ကောင်းစေရုံတင်မကဘဲမိခင်ရဲ့ ကျန်းမာရေးကိုပါ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/scientifically-proven-foods-to-enhance-colostrum-quality/
ထိခိုက်ဒဏ်ရာရရင် အိမ်မှာပဲဘယ်လိုပြုစုကုသမလဲ
အရေပြားမှာဖြစ်တဲ့ ဒဏ်ရာအနာမှန်သမျှ အချိန်တန်ရင် အနာကျက်ရ၊သက်သာရမှာပါပဲ။ အနာကျက်နှေးတာမြန်တာကတော့ အနာကိုဘယ်လိုကုသစောင့်ရှောက်သလဲဆိုတာပေါ် မူတည်ပါတယ်။ အနာရင်းပြီးပိုးဝင်မှာ စိုးရိမ်ရတာလည်းရှိတာကိုး။နောက်တစ်ချက်က ဆီးချိုသွေးချိုလိုရောဂါအကြောင်းရင်းခံတွေကြောင့် အနာဖြစ်တာ၊ အနာကျက်နှေးတာ၊ အနာမကျက်တာတွေရှိတတ်ပါတယ်။အနာအမျိုးအစား အမျိုးမျိုးရှိတာရော သိပါသလား။ အနာဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပြီး အဓိကအမျိုးအစားလေးမျိုးကိုဖော်ပြလိုက်ပါတယ်။ပွန်းပဲ့ဒဏ်ရာ။ပွန်းပဲ့ဒဏ်ရာဆိုတာ အရေပြားမှာ မာကျောတဲ့မျက်နှာပြင်တစ်ခုခုနဲ့ ပွတ်တိုက်မိလို့ပွန်းပဲ့တာ၊ခြစ်ရာအစင်းရာတွေဖြစ်တာပါ။ ဥပမာချော်လဲလို့ဖြစ်တဲ့ပွန်းပဲ့နာ၊ စက်ဘီးမှောက်တာ စတဲ့လမ်းပေါ်မှာဖြစ်တဲ့အသေးစားအနာတရတွေပါဝင်ပါတယ်။သွေးစို့ရုံလောက်သာထွက်တတ်တဲ့ဒဏ်ရာလေးတွေဖြစ်ပေမယ့် ပိုးမဝင်အောင်သေချာသန့်စင်ကုသသင့်ပါတယ်။အရေပြားပေါက်ပြဲခြင်း။အရေပြားပေါ်မှာ ဒဏ်ရာနက်တဲ့ပြတ်ရှရာ သို့မဟုတ် စုတ်ပြဲဒဏ်ရာဖြစ်တာပါ။ ဓါး၊ ကိရိယာတန်ဆာပလာတွေ၊ စက်ပစ္စည်းတွေနဲ့ မတော်တဆထိခိုက်မိတဲ့ ဒဏ်ရာမျိုးတွေဖြစ်ပါတယ်။ ပေါက်ပြဲတဲ့ ဒဏ်ရာနက်ရင်တော့သွေးထွက်မြန်ပြီးသွေးထွက်များနိုင်ပါတယ်။အနာပေါက်ဖြစ်စေတဲ့ထိခိုက်ဒဏ်ရာ။ဒီအမျိုးအစားက သံ၊အပ် တို့လို ချွန်ထက်တဲ့အရာတွေနဲ့ စူးမိ၊ထိုးမိတဲ့အခါဖြစ်လာတဲ့ဒဏ်ရာမျိုးပါ။ တခါတရံ ကျည်ဆန်မှန်ခြင်းကလည်း ဒီအမျိုးအစားဖြစ်နိုင်ပါတယ်။ ဒီဒဏ်ရာတွေကသွေးအများကြီးမထွက်နိုင်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်လောက်အောင် ဒဏ်ရာနက်နိုင်ပါတယ်။ ဒီအမျိုးအစားဆိုရင် ဒဏ်ရာကသေးတယ်ဆိုရင်တောင်မှ ရောဂါပိုးမဝင်စေဖို့ ဆရာဝန်ပြပြီး မေးခိုင်ကာကွယ်ဆေးထိုးသင့်ရင်ထိုးရပါမယ်။ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာ။ဒီအမျိုးအစားက အရေပြားတင်မကဘဲ တစ်ရှူးတွေပါစုတ်ပြဲပြီး အရိုးပေါ်တဲ့အထိ ထိခိုက်ရတဲ့ဒဏ်ရာတွေဖြစ်ပါတယ်။ ကားတိုက်ခံရတာ၊ပေါက်ကွဲမှုနဲ့သေနတ်ပစ်ခံရတာတွေလိုပြင်းထန်တဲ့ထိခိုက်မှုတွေကြောင့် ခံစားရလေ့ရှိပါတယ်။သွေးထွက်များပြီးသွေးလွန်တတ်ပါတယ်။တော်တန်ရုံထိခိုက်ဒဏ်ရာတွေကိုတော့ဆေးခန်းပြစရာမလိုဘဲ ကိုယ့်ဘာသာ ကုသလိုက်လို့ရပါတယ်။ စနစ်တကျစီမံတတ်ရင် အနာကျက်မြန်စေပြီးရောဂါပိုးလည်းမဝင်နိုင်ပါဘူး။သေချာဂရုမစိုက်ရင်တော့နောက်ဆက်တွဲက ပိုဆိုးဖို့သာရှိပါတယ်။ အရင်ဆုံး –။ဒဏ်ရာပြင်းတယ်ဆိုရင်ဆေးခန်း၊ဆေးရုံအမြန်ပြပါ။ဒဏ်ရာအတိမ်အနက်ကိုမူတည်ပြီး ဆရာဝန်တွေရဲ့ကုသမှုက ကွဲပြားပါလိမ့်မယ်။ ပိုးမဝင်ဘူးဆိုရင် အနာကိုသန့်စင်ပြီး အနာပေါက်ပိတ်ပေးဖို့လုပ်ရပါမယ်။ ဒဏ်ရာကြီးရင် အနာပေါက်ပိတ်ဖို့ ဆရာဝန်တွေက ချုပ်ပေးမှာပါ။ ချုပ်ရိုးကို ကိုယ့်သဘောနဲ့ကိုယ်မဖြည်ပါနဲ့။ ချုပ်ရိုးမကျက်ခင် အချိန်အတွင်း ပိုးမဝင်အောင် ဂရုစိုက်ရပါမယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%9b%e1%80%9b%e1%80%84%e1%80%b9-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%80%bd/
အသက်ရှူလမ်းကြောင်းက ဘယ်ကစ ဘယ်မှာဆုံး
တစ်နေ့ တစ်နေ့ အသက်ရှင်ဖို့ အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပေးနေတဲ့အသက်ရှူလမ်းကြောင်းဆိုတာ ဘယ်လိုများပါလိမ့်။ ရှူလိုက်တဲ့ လေတွေဟာ ဘယ်နေရာတွေကို ဖြတ်သွားပြီး ကိုယ်ထဲမှာ ဘာလုပ်ပစ်လိုက်လဲဆိုတာ မသိချင်ကြဘူးလား။ အသက်ရှူလမ်းကြောင်းရဲ့ အလုပ်လုပ်ပုံကိုတော့ နောက်ဆောင်းပါးမှာ ပြောပြပါ့မယ်။ ဒီ့မတိုင်ခင်မှာတော့ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အင်္ဂါရပ်တွေ အကြောင်းကို အရင်သိထားဖို့ လိုပါမယ်။အသက်ရှူလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းရယ်ဆိုပြီး နှစ်ခုခွဲထားပါတယ်။အပေါ်ပိုင်းက နှာခေါင်းကနေ အသံအိုးအထိပါ။နှာခေါင်းက အသက်ရှူလမ်းကြောင်းရဲ့ ဝင်ပေါက်ပါပဲ။ ဒီကနေ လေစဝင်မှာပါ။ နှာခေါင်းမှာ နှာခေါင်းမွေးတွေနဲ့ အချွဲတွေ ရှိပါတယ်။ ဒါတွေက ပြင်ပလာဝင်လာတဲ့ အမှုန်တွေ၊ ဖုန်တွေ၊ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတွေကို အဆုတ်ထဲ ရောက်မသွားအောင် စီးပြီး ဖယ်ရှားပစ်ပါတယ်။ ဒါ့ပြင် ရှူလိုက်တဲ့ လေကိုလည်း စိုထိုင်းစများပြီး ကိုယ်ခန္ဓာအပူချိန်နဲ့ ကိုက်ညီအောင် ထိန်းညှိပေးပါတယ်။ပါးစပ်ကတော့ အသက်ရှူလမ်းကြောင်းမှာ မပါပေမယ့် နှာခေါင်းပိတ်တဲ့အခါ၊ မောပြီးအသက်ရှူမဝတဲ့အခါ ပါးစပ်နဲ့ အသက်ရှူလို့ရပါတယ်။ နှာခေါင်းလိုမျိုး အမှုန်တွေ ဖယ်ရှားပစ်တာ၊ လေကို စိုစွတ်စေတာမျိုးတော့ မလုပ်နိုင်ပါဘူး။နှာခေါင်းက ရှူလိုက်တဲ့ လေတွေက လည်ချောင်းကို ဆက်ရောက်သွားမှာပါ။ စားလိုက်တဲ့ အစာတွေကလည်း လည်ချောင်းထဲကိုပဲ ရောက်ပါတယ်။ ဒါပေမယ့် လေက လေပြွန်ထဲပဲရောက်ပြီး အစာက အစာရေမျိုပြွန်ထဲပဲ ရောက်ပါတယ်။ ဘာကြောင့်လဲဆိုရင် အသံအိုးမှာရှိနေတဲ့ အသံအိုးအဖုံး (epiglottis)ကြောင့်ပါ။ အစာကို မျိုချလိုက်တဲ့အချိန်မှာ ဒီအဖုံးလေးက အလိုအလျောက်ပိတ်သွားတာကြောင့် အစာတွေ လေပြွန်ထဲ မရောက်တော့ပါဘူး။လည်ချောင်းက လေတွေဟာ အသံအိုးဆီကို ဆက်ရောက်ပါတယ်။ အသံအိုးဆိုတာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရဲ့ နောက်ဆုံး နေရာပါ။ ပြီးရင် လေပြွန်တွေဆီရောက်ပါပြီ။ အသံအိုးမှာ အသံကြိုးတွေ ရှိပါတယ်။ ဝင်လာတဲ့ လေတွေကို အသုံးပြုပြီး အသံကြိုးကို လိုသလို တုန်ခါစေတဲ့အတွက် စကားပြောတာ၊ သီချင်းဆိုတာတွေ လုပ်လို့ရပါတယ်။လေပြွန်မကြီးကစလို့ လေအိတ်ငယ်လေးတွေမှာ ဆုံးပါတယ်။ လေအိတ်ငယ်လေးတွေဆီ လေရောက်မှ အသက်ရှူတဲ့လုပ်ငန်း အောင်မြင်တာပါ။လေပြွန်မကြီးက ၅လက်မလောက်ရှည်ပြီး ကြွက်သားတွေ၊ အရိုးနုကွင်းတွေနဲ့ လုပ်ထားပါတယ်။ အရိုးနုကွင်းတွေက အနောက်ပွင့်တွေပါ။ အနောက်ပွင့်မှ သူနဲ့ ကပ်လျက် အစာရေမျိုပြွန်ထဲကို အစာတွေ ဝင်လာတဲ့အခါ နေရာရှိမှာ ဖြစ်ပါတယ်။လေပြွန်မကြီးမှာ ရှိတဲ့ အချွဲတွေက နှာခေါင်းကို ဖြတ်ပြီး ပါလာတဲ့ အမှုန်အမွှားတွေကို လှမ်းဖမ်းထားပါတယ်။ သူ့ဆဲလ်မှာရှိတဲ့ မျက်လုံးနဲ့ မမြင်ရတဲ့ အမွေး ciliaတွေက ဒီအချွဲတွေကို အပေါ်ဘက် အသံအိုးရှိတဲ့ ဘက်ကို ပင့်တင်ပေးပါတယ်။ ဒါကြောင့် ချွဲဟပ်လို့ရတာပါ။လေပြွန်မကြီးကနေ ဘယ်နဲ့ ညာလေပြွန်တွေ ခွဲထွက်သွားပြီး အဆုတ်ထဲကို ဝင်သွားပါတယ်။ အဆုတ်ထဲမှာ လေပြွန်ငယ်တွေ သစ်ပင်အမြစ်လိုမျိုး ဆင့်ကာ ဆင့်ကာ ကွဲသွားပြီးလေအိတ်ငယ်လေးတွေဆီမှာ အဆုံးသတ်ပါတယ်။ဒီလေပြွန်ငယ်လေးတွေမှာ ကြွက်သားလေးတွေ ရှိပါတယ်။ ဒီကြွက်သားလေးတွေက လေဝင်နှုန်းကို ထိန်းညှိပေးပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ရလို့ လေတွေပိုလိုအပ်နေပြီဆိုရင် ကြွက်သားတွေကို ပြေလျော့ပေးတဲ့အတွက် လေပြွန်တွေ ကျယ်လာပြီး လေတွေပိုဝင်လာပါတယ်။ သာမန်အချိန်မှာတော့ မလိုအပ်ဘဲ လေတွေ အများကြီး ဝင်မလာအောင် ကြွက်သားတွေ ကျုံ့ပေးထားပါတယ်။လေပြွန်မကြီးကို ဖြတ်ပြီးလာတဲ့ လေထဲမှာ အဆုတ်ကို ထိခိုက်စေနိုင်တာတွေ ပါလာရင်လည်း အချွဲတွေနဲ့ ကပ်ပြီး ဖမ်းယူထားပါတယ်။အဆုတ်က ဖော့လိုမျိုး ခပ်ပွပွ အင်္ဂါရပ်ပါ။ ဘယ်၊ညာ နှစ်ခြမ်းရှိပြီး ဘယ်ဘက်မှာ ၂မြွာ၊ ညာဘက်မှာ ၃မြွာ ထပ်ခွဲထးပါတယ်။ အဆုတ်ထဲမှာ လေအိတ်ငယ်လေးတွေရှိပြီး သူတို့က လေအလဲအလှယ် (gas exchange)လုပ်ပါတယ်။အသက်ရှူလမ်းကြောင်းကတော့ ဒီအထိပါပဲ။ ဒါပေမယ့် သူတို့ချည်းပဲဆို အသက်ရှူဖို့ ခက်ခဲမှာပါ။ ဒါကြောင့် ကြွက်သားတွေရဲ့ အကူအညီကို ယူရပါတယ်။ ဘယ်ကြွက်သားတွေလဲဆိုတော့။ဒီကြွက်သားတွေကြောင့် သိပ်အားစိုက်ထုတ်စရာ မလိုဘဲ အလွယ်တကူ ရှူလို့ရတာပါ။ သိပ်မောလို့ ရှူရတာ အားမရဘူးဆိုရင်တော့ လည်ပင်းကကြွက်သားတွေ၊ ညှပ်ရိုးက ကြွက်သားတွေကိုပါ အသုံးပြုရပါတယ်။အသက်ရှူလမ်းကြောင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါရပ်ပါ။ အသက်ရှူလမ်းကြောင်းမျာ ပါတဲ့ အစိတ်အပိုင်းတွေကို နားလည်ထားမယ်ဆိုရင် နေမကောင်းလို့ ဆရာဝန်က ရောဂါနဲ့ ပတ်သက်ပြီး ရှင်းပြတဲ့အခါ အလွယ်တကူ နားလည်နိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/respiratory-health/