title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း
အချဉ်စားရတာကြိုက်လား….. ကြိုက်တယ်။အစာအိမ်အူလမ်းကြောင်းရော ကျန်းမာချင်လား……. အင်း…. ကျန်းမာချင်တာပေါ့။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလား….ဆိုပြီး စိတ်ပူနေပြီလား…. ဖြစ်နိုင်ပါတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလိုမျိုး ချဉ်ချဉ်စပ်စပ် ခံတွင်းတွေ့တွေ့နဲ့ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ စားစရာလေးတစ်မျိုးက လေဒီလေးတွေအသည်းစွဲ အိုပါးတို့ရဲ့ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကင်မ်ချီ ပါ။ကင်မ်ချီကို မုန်ညှင်းထုတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မိတ်၊ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့ အချိုးကျ ရောစပ်ပြီး အချဉ်ဖောက် ပြုလုပ်ထားတာပါ။ ကိုးရီးယား ချဉ်ဖတ်ပေါ့။ အစပ်အတွက်တော့ ငရုတ်သီး အစိမ်းမှုန့် ဒါမှမဟုတ် ငရုတ်သီးအနှစ်ကို အသုံးပြုကြပါတယ်။ကင်မ်ချီ အပါအဝင် အချဉ်ဖောက်ထားတဲ့ စားစရာတွေရဲ့ အားသာချက်က အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာပါ။ ကဲ … ကင်မ်ချီ ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ကင်မ်ချီစားပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ကင်မ်ချီက အခြား အချဉ်ဖောက်ထားတဲ့ စားစရာတွေလိုပဲအကျိုးပြုဘက်တီးရီးယားကြွယ်ဝစွာ ပါဝင်နေပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေသလိုအူနံရံတွေက အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေပြီး အူမကြီးကိုလည်း ကျန်းမာစေနိုင်ပါတယ်။အစာခြေစနစ် ကျန်းမာစေမှတော့ ကိုယ်ခံအားကောင်းအောင် ထောက်ကူပေးနိုင်တယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် လိူအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာ ရရှိစေမှုက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ကင်မ်ချီစားသုံးပေးတာက သွေးတွင်းအဆီကို ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် အကျိုးမပြု ကိုလက်စထရောတွေကိုပါ။ ကြက်သွန်ဖြူ ပါဝင်နေတာကလည်း သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကင်မ်ချီက သွေးတွင်းကိုလက်စထရော ကျဆင်းစေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း  ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံး ကျန်းမာစေနိုင်ပါတယ်။ ချင်း (ဂျင်း) နဲ့ ငရုတ်သီးပါဝင်မှုကလည်း နှလုံးရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။အပြင်းအထန် ရောင်ရမ်းမှုတွေ၊ နာတာရှည် ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။ ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ် အပါအဝင် ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။အစာခြေစနစ်ကို ကျန်းမာစေပြီး ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိစေတာကြောင့် ဦးနှောက် ကျန်းမာစေဖို့အတွက် ကင်မ်ချီ စားပေးလို့ ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ကင်မ်ချီရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်က ဝိတ်ကျစေနိုင်တာပါ။ ကျန်းမာတဲ့ ဘ​ဝနေထိုင်မှုပုံစံအတွက် ကင်မ်ချီကို ရွေးချယ်လို့ ရပါတယ်။ အလွန်အကျွဲ စားသုံးတာမဟုတ်ဘဲ ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက ကိုယ်အလေးချိန်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။ကင်မ်ချီမှာ ဘီတကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး နဲ့ အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေဒီတွေမှာ ဖြစ်တတ်တဲ့ မိန်းမကိုယ် မှိုပိုးဝင်တာကို သက်သာစေနိုင်သလို အခြားသော အရေပြားမှိုပိုး ကူးစက်တာ၊ ပိုးဝင်ကူးစက်တာတွေကို သက်သာစေနိုင်ပါတယ်။ကင်မ်ချီကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ စားပေးလို့ ရပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းစေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ကဲ … ကင်မ်ချီကြိုက်သူလေးတွေက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/kimchi-benefits/
သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။
သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။ လူတွေကိုသေရမှာ ကြောက်လားလို့မေးရင် ကြောက်တယ်လို့ဖြေတဲ့သူကတချို့၊ မကြောက်ဘူးလို့ ဖြေတဲ့သူက နည်းနည်း၊ မသိဘူးလို့ဖြေမယ့်သူတွေလည်း ရှိမယ်ထင်ပါတယ်။ ကြောက်တယ်ဆိုတဲ့သူတွေက သေဆုံးခြင်းလို့ကြားလိုက်ရင် ကိုယ်က ဒီကမ္ဘာကြီးထဲက ထွက်သွားရမှာ၊ ကိုယ့်မိဘ ဆွေမျိုးသားချင်း သူငယ်ချင်း ချစ်သူတွေကို ထားခဲ့ရမှာ စသဖြင့် ဒါတွေကို အများအားဖြင့် တွေးကြောက်တတ်ကြပါတယ်။သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။ ဆိုတော့ မေးတဲ့သူကရော မကြောက်ဘူးလားလို့ မေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ လူတော်တော်များများက သေရမှာကို ကြောင့်ကြပါတယ်။ ဒီလိုကြောက်တတ်တာက ပုံမှန်ပဲလား။ ဒီကြောက်လန့်စိတ်ကြောင့် အိပ်ပျက်စားပျက်ဖြစ်နေပြီဆိုရင်ရော။Thanatophobia ရဲ့Thanatosဆိုတာ ဂရိဘာသာမှာ သေခြင်းတရားကို ခေါ်တာဖြစ်ပြီးPhobosကတော့ ကြောက်ရွံ့ခြင်းဖြစ်ပါတယ်။သေခြင်းတရားကို ကြောက်လန့်တာ စိတ်ပူတာတွေက လူတိုင်းမှာ ရှိကြတာမှန်ပေမဲ့ Thanatophobia ရှိနေတဲ့သူတွေကတော့ သေဆုံးခြင်း ဒါမှမဟုတ် သေခြင်းတရားနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေ ရောဂါ အခြေအနေတွေအကြောင်း တွေးမိတာနဲ့ အလွန်အမင်း စိုးရိမ်ပူပန်စိတ်တွေဖြစ်လာတတ်ကြပါတယ်။ဒီလိုစိုးရိမ်ပူပန်တာဟာ အဆိုးဆုံးဖြစ်စဉ်တွေမှာ ပုံမှန်ကိုယ်လုပ်နေကျအလုပ်တွေကိုပါမလုပ်နိုင်တော့တာ၊ အိမ်ကထွက်ပြေးတာ၊ ပတ်ဝန်းကျင်နဲ့ မိသားစုကိုရှောင်ဖယ်နေတာတွေကိုပါ ပြုလုပ်တတ်ကြပြီး နောက်ဆုံး စိုးရိမ်စိတ်ကြောင့်ပဲ စိတ်ထောင်းကိုယ်ကြေနဲ့ သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။Thanatophobia ကို ဆရာဝန်တွေကစိတ်ကျရောဂါ(depression)၊ အလွန်အမင်း စိုးရိမ်ပူပန်တတ်တဲ့ရောဂါ (anxiety) တို့လို စိတ်ရောဂါတမျိုးဆိုပြီး မသတ်မှတ်ထားသေးပါဘူး။ ဒါပေမဲ့အမြင့်ကြောက်တာ၊အမှောင်ကြောက်တာတို့လိုမျိုး ကြောက်လန့်စိတ်တစ်မျိုးဆိုပြီး သတ်မှတ်ထားပါတယ်။ဒီလိုမျိုး ကြောက်တဲ့စိတ်ဟာ။ကမ္ဘာပေါ်မှာ ဆေးပညာ၊ နည်းပညာတွေ အရမ်းတိုးတက်လာပြီး လူတိုင်းဟာ ရှိရင်းစွဲရုပ်ထက်ပိုငယ်ဖို့၊ အသက်ရှည်ဖို့ပဲကြိုးစားနေကြတဲ့အချိန်မှာ လူမှန်ရင် တစ်နေ့သေရမယ်ဆိုတဲ့ အချက်ကိုမေ့လျော့သွားတတ်ကြပါတယ်။ မေ့မေ့လျော့လျော့နေနေရင်းနဲ့ အကြောင်းတစ်ခုခုကြောင့် ဥပမာ ကိုယ်နဲ့အရင်းနှီးဆုံးလူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ အချိန်မျိုးမှာ Thanatophobia ကိုခံစားလာရတတ်ပါတယ်။ဒါကြောင့် ကိုယ်ကိုယ်တိုင် ခံစားနေရတာဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုစိတ်တွေခံစားနေရတဲ့သူတွေ့နေရတာဖြစ်ဖြစ် ကျွမ်းကျင်ရာ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ကြောင်း အားပေးကြဖို့တိုက်တွန်းရင်း ဒီစာလေးကိုဝေမျှလိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/are-u-worry-to-die/
Superiority Complex (သို့) ဘဝင်မြင့်စိတ်ဆိုတာ ဘာလဲ
ဘဝင်မြင့်စိတ်ဆိုတာ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မိမိဟာ တခြားလူအားလုံးထက်သာတယ်လို့ ယုံကြည်တဲ့စိတ်အခြေအနြေဖစ်ပါတယ်။ အဲဒီစိတ်အကြံအတိုင်းပဲ ပြုမူပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေဟာ တခြားသူတွေထက် သာလွန်နေတယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမယ့် တစ်ခါတရံမှာ Superiority Complex ဘဝင်မြင့်စိတ်ဟာ မိမိကိုယ်ကို အထင်သေးအားမရခြင်းနဲ့ အငုံ့စိတ် inferiority Complex ကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းလည်း ဖြစ်နေတတ်ပါတယ်။Superiority Complex ဘဝင်စိတ် ဆိုတဲ့ အယူအဆကို ၂၀ ရာစုအစောပိုင်းမှာ စိတ်ပညာရှင် Alfred Adler ဆိုသူက ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။ မိမိတို့ ရင်ဆိုင်ရုန်းကန်နေရတဲ့ ကမောက်ကမ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာရတဲ့စိတ်ခံစားချက်တွေကို တုံ့ပြန်ခုခံခြင်းကြောင့်ဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။Superiority Complex ဘဝင်စိတ်ရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ဘဝင်မြင့်စိတ်ဆိုတာ မိမိတန်ဖိုးကို အလွန်အကျွံမြှင့်တင်ခြင်း၊ အလေးပေးခြင်းပဲ ဖြစ်ပါတယ်။ သာမန် သူလိုကိုယ်လို အဆင့်အတန်းတစ်ခုပဲရှိတယ်လို့ လက်ခံထားတဲ့ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းလည်း ဖြစ်နိုင်ပါတယ်။စိတ်ပညာရှင် Adler ရဲ့ အယူအဆအရ ဘဝင်စိတ်နဲ့ အငုံ့စိတ်ဟာ အပြန်အလှန်ဆက်စပ်မှု ရှိနေပါတယ်။ တခြားသူတွေထက် ပိုမိုသာလွန်နေသယောင် ပြုမူနေထိုင်သူတွေ၊ တခြားသူတွေက သူတို့လောက် တန်ဖိုးမရှိသလို ထင်မြင်နေသူတွေဟာ တကယ်တော့ သူတို့ရဲ့ အငုံ့စိတ်ကို ဖုံးကွယ်နေခြင်း ဖြစ်တယ်လို့ Adler က ယူဆပါတယ်။ဘဝင်စိတ်ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းနဲ့ အတော်လေးကွာခြားပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုဆိုတာစွမ်းဆောင်ရည်၊ အောင်မြင်မှု၊ သက်ဆိုင်ရာနယ်ပယ်အပေါ် ကျွမ်းကျင်မှု စတာတွေ ပေါင်းစပ်ပိုင်ဆိုင်ပြီး အရှိအတိုင်းထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဘဝင်စိတ်ဆိုတာကတော့ စွမ်းဆောင်ရည်ရော အောင်မြင်မှုပါ ရေရေရာရာမရှိဘဲ ဖြစ်တည်လာတဲ့ မိမိကိုယ်ကို လွဲမှားစွာ ယုံကြည်မှုလွန်ကဲခြင်းပါပဲ။တစ်စုံတစ်ယောက်ဟာ ဘာကြောင့် ဘဝင်မြင့်စိတ်ဖြစ်ပေါ်ရတယ်ဆိုတာ သေချာရှင်းလင်းစွာ မသိရသေးပါဘူး။ အခြေအနေ အကြောင်းခြင်းရာ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။အခြေအနေတချို့ကတော့ ကျရှုံးခြင်းတွေပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ဟာ မိမိအလိုရှိရာ ရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီး ကြိုးစားသည့်တိုင်အောင် အောင်မြင်ချင်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှုံးနိမ့်မှုကနေ ရရှိလာတဲ့ စိတ်ပူပန်ခြင်းနဲ့စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ လေ့လာသင်ယူဖို့ လိုပါတယ်။ဒါမှမဟုတ်ဘဲ အရှုံးကို လက်မခံဘဲ ငါဟာ သူတစ်ပါးထက် သာလွန်နေတယ်လို့ လက်ခံထားခြင်းဟာ ရေလိုက်လွဲပြီး အဖြစ်မှန်ကနေ ရှောင်ပုန်းထွက်ပြေးခြင်း ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကနေ မြင်မယ်ဆိုရင် ထိုသူဟာ စိတ်ကြီးဝင်နေသူ အခြောက်တိုက် မာနကြီးနေသူလို့ပဲ မြင်မိမှာဖြစ်ပါတယ်။ဘဝင်မြင့်စိတ်ဟာ သီးသန့်စိတ်ရောဂါတစ်မျိုးတော့ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးချို့ယွင်းမှု အမျိုးအစားထဲတော့ တရားဝင်ထည့်သွင်း မထားပါဘူး။ ဒါပေမယ့် ဒီပြဿနာရဲ့ လက္ခဏာတချို့ကတော့စိတ်ကျန်းမာရေးပြဿနာတချို့နဲ့ ဆင်တူပါတယ်။စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း စတဲ့လက္ခဏာတချို့နဲ့ ဆင်တူပါတယ်။ယေဘုယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မိမိကိုယ်မိမိ လိမ်ညာနေခြင်း၊ မိမိကိုယ်ကို ပုံကြီးချဲ့လွန်းခြင်းဟာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ လိုဘမပြည့်နိုင်ဘဲ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ ပိုဆိုးလာနိုင်ပါတယ်။ တခြားစိတ်ကျန်းမာရေးအခြေအနေများ ဆက်စပ်ပေါ်ပေါက်လာနိုင်ပြီး ကျန်းမာရေးကို သွယ်ဝိုက်ပြီး ထိခိုက်စေမှာပဲ ဖြစ်ပါတယ်။မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် မိမိဝန်းကျင်က တစ်စုံတစ်ယောက်ဖြစ်ဖြစ် ဘဝင်မြင့်စိတ်လက္ခဏာလွန်ကဲလာရင် စိတ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူများနဲ့ စနစ်တကျ ဖွင့်ဟတိုင်ပင်ဖို့ လိုအပ်ပါတယ်။မိမိခံစားချက်အပေါ် ရိုးသားစွာ သုံးသပ်ခြင်း၊ အရှိအတိုင်းမြင်နိုင်အောင် ဆင်ခြင်ခြင်း၊ မိမိစိတ်ကို သတိကပ်စောင့်ကြည့်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဘဝင်မြင့်စိတ်လွန်ကဲမလာအောင် ကာကွယ်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/superiority-complex-%e1%80%9e%e1%80%ad%e1%80%af%e1%82%94-%e1%80%98%e1%81%80%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%82%94%e1%80%b9%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%86/
အညိုအမည်းစွဲခြင်းအကြောင်းသိကောင်းစရာ
အညိုအမည်းစွဲခြင်းဆိုတာ ထိခိုက်သွားသော သွေးကြောများဆီမှသွေးများ အရေပြားအောက်ရှိ တစ်သျှူးများဆီစိမ့်ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ သာမန်ကျန်းမာသူတစ်ယောက်ဆိုရင် နှစ်ပတ်အတွင်းမှာ ပျောက်လေ့ရှိပါတယ်။ဖြစ်ပေါ်ကာစမှာ နီရဲနေပြီး အချိန်ကြာလာတာနဲ့အမျှ နီပြာပြာ၊ သို့မဟုတ် နက်ပြာရောင်ပြောင်းသွားတယ်၊ ထို့နောက်အဝါရောင်သန်းလာပြီး ပျောက်သွားပါတယ်။ တခါတရံမှာ ကမ္ဘာမြေထုဆွဲအားကြောင့် အောက်ဖက်ဆီပျံ့သွားသည်များလည်း ရှိတတ်ပါတယ်။ အညိုအမည်းရာများပျောက်သွားပြီး နှစ်ပတ် သုံးပတ်အကြာမှာ ထိခိုက်ထားသောနေရာပြန်ကောင်းပါတယ်။ မျက်နှာ၊ လက်မောင်းမှအညိုအမည်းရာများဟာ ခြေထောက်ကအညိုအမည်းရာများထက် ပိုမြန်မြန်ပျောက်လေ့ရှိတယ်။ ပထမရက်တွေမှာနာကျင်နိုင်သော်လည်း အရောင်လျော့လာတာနဲ့အမျှ နာကျင်မှုလည်းပျောက်သွားပါတယ်။ အရေပြားထိခိုက်မှုမရှိ၊ ရောဂါပိုးဝင်မှုမရှိလျှင် အန္တရာယ်မရှိပါဘူး။ရောင်ရမ်းနာကျင်မှုကို မိမိဖာသာသက်သာအောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ပြင်းထန်တယ်ဆိုရင်တော့ သတိထားဖို့လိုပြီး ဆရာဝန်ပြဖို့လိုပါလိမ့်မယ်။အသက်ကြီးသူများမှာ ထိခိုက်မှုသေးသေးလေးကနေတောင် အလွယ်တကူအညိုအမည်းစွဲနိုင်ပါတယ်။ အထူးသဖြင့် လက်မောင်း၊ လက်နဲ့ ခြေထောက်တွေမှာအဖြစ်များတယ်။အညိုအမည်းစွဲခြင်းဟာ တစ်ခုခုနဲ့တိုက်မိ၊ ထိခိုက်မိပြီး အရေပြားအောက်မှာ သွေးယိုခြင်းကြောင့်ဖြစ်တယ်။တချို့သူများမှာ တခြားလူများထက် အညိုအမည်းစွဲနိုင်ချေပိုများတယ်။ ဥပမာ- အသက်ကြီးသူတွေမှာ အရေပြားများရော့ရဲလာသည့်အပြင် နေရောင်ကြောင့်သွေးကြောများအားနည်းလာတာကြောင့် ထိခိုက်မှုသေးသေးလေးကနေတောင် အလွယ်တကူအညိုအမည်းစွဲနိုင်ပါတယ်။ အထူးသဖြင့် လက်မောင်း၊ လက်နဲ့ ခြေထောက်တွေမှာအဖြစ်များတယ်။အားကစားသမား၊ အလေးမသူများကဲ့သို့ ပြင်းပြင်းထန်ထန်အားကစားလုပ်သူများမှာလည်း သွေးကြောလေးတွေမှာ သေးငယ်တဲ့ပြဲရှမှုလေးတွေဖြစ်တာကြောင့် အညိုအမည်းစွဲနိုင်ပါတယ်။ သွေးကျဲဆေးမှီဝဲနေသူများမှာလည်း တခြားလူများထက် အညိုအမည်းစွဲနိုင်ချေများတယ်။ထိခိုက်မှုတိတိပပမရှိဘဲ မကြာခဏအလွယ်တကူ အညိုအမည်းစွဲနေမယ်၊ နှာခေါင်းသွေးလျှံမယ်၊ သွားဖုံးသွေးယိုမယ်ဆိုရင်တော့ သွေးယိုခြင်းပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%8a%e1%80%ad%e1%80%af%e1%80%a1%e1%80%99%e1%80%8a%e1%80%ba%e1%80%b8%e1%80%85%e1%80%bd%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
သင့်အတွက် အသင့်တော်ဆုံး နေလောင်ခံခရင်မ် ကို ဘယ်လိုရှာမလဲ
နေလောင်ခံလိမ်းဆေးတွေဟာ နေကနေ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည် တွေကို နည်းလမ်းနှစ်မျိုးနဲ့ ကာကွယ်ပေးပါတယ်။ အချို့ဟာ အလင်းရောင်ကို ဖြာထွက်စေပြီး ကိုယ်ခန္ဓါက အလင်းပြန်စေပါတယ်။ အချို့ကတော့ အရေပြားကို မရောက်ခင် ခရမ်းလွန်ရောင်ခြည်တွေ ကို စုပ်ယူလိုက်ပါတယ်။ နှစ်အနည်းငယ်အကြာက ကောင်းမွန်တဲ့ နေလောင်ခံလိမ်းဆေးတွေကို ရွေးချယ်ခြင်းမှာ SPF ကို ကြည့်ခဲ့ကြပါတယ်။ SPF ဟာ ခရမ်းလွန်ရောင်ခြည်တွေ တွေကို ဘယ်လောက်ကာကွယ်ပေးနိုင်သလဲဆိုတာ ဖေါ်ပြတဲ့အရာဖြစ်ပါတယ်။ SPF ဟာ ခရမ်းလွန်ရောင်ခြည် ဘီ တွေ ကိုသာ တားဆီးပေးပါတယ်။နောက်ပိုင်းသုတေသနတွေက ခရမ်းလွန်ရောင်ခြည် အေ တွေ ဟာလည်း ကင်ဆာဖြစ်စေနှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ခရမ်းလွန်ရောင်ခြည် အေ တွေဟာ နေလောင်ခြင်းကို မဖြစ်စေပဲ အရေပြား အတွင်းပိုင်းအထိ ဝင်သွားပြီးတော့ အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ က အသက်ကြီးရင့်မှုနဲ့ ပတ်သက်တဲ့ အရေပြား ပြောင်းလဲခြင်းတွေရဲ့ ၉၀ ရာခိုင်နှုန်း အထိဟာ ခရမ်းလွန်ရောင်ခြည်အေ တွေကို တစ်သက်တာထိတွေ့ခဲ့မှုကြောင့် ဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ဒါဆို ဘယ်နေလောင်ခံလိမ်းဆေးက အကောင်းဆုံးပါလဲ။ သေချာတာကတော့ ခရမ်းလွန်ရောင်ခြည် အေ ရော ခရမ်းလွန်ရောင်ခြည် ဘီ ကိုပါ ကာကွယ်ပေးနိုင်တဲ့ နေလောင်ခံလိမ်းဆေးတွေက အကောင်းဆုံးပါပဲ။ ဒီလိုဆေးတွေမှာ ပါဝင်ပစ္စည်းတွေက benzophenones (oxybenzone), cinnamates (octylmethyl cinnamate and cinoxate), sulisobenzone, salicylates, titanium dioxide, zinc oxide, avobenzone (Parsol 1789) and ecamsule (Mexoryl SX) တို့ပဲဖြစ်ပါတယ်။ခရမ်းလွန်ရောင်ခြည် ဘီကာကွယ်ဖို့အတွက် SPF 15 နှင့်အထက်။SPF ဆိုတာဟာ ခရမ်းလွန်ရောင်ခြည် ဘီ တွေကြောင့် ဖြစ်တဲ့နေလောင်ခြင်းကို ကာကွယ်တဲ့နေရာမှာ ဘယ်လောက်အစွမ်းထက်သလဲဆိုတာ ဖော်ပြတဲ့ အရာဖြစ်ပါတယ်။ SPF 15 ဟာ နေပူမလောင်ခင် မိနစ် ၁၅၀ နေနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ လူအများစုအတွက်တော့ SPF 15 ဟာ အဆင်ပြေပါတယ်။ ဒါပေမယ့် အသားအရမ်းဖြူတဲ့သူတွေ၊ အရေပြားကင်ဆာ မိသားစုထဲမှာ ရှိဖူးတဲ့သူတွေနဲ့ အရေပြားလေးဖက်နာ လိုမျိုး အခြေအနေရှိတဲ့သူတွေဟာ SPF 30 နဲ့ အထက်ကို စဉ်းစားသင့်ပါတယ်။ SPF တက်လာလေလေ အကျိုးရှိမှုကွာဟချက်ဟာ နည်းလာလေလေဆိုတာ သိထားသင့်ပါတယ်။ ထင်ရသလိုမျိုး SPF 30 ဟာ SPF 15 ထက် နှစ်ဆပိုအစွမ်းမထက်ပါဘူး။ SPF 15 ဟာ ခရမ်းလွန်ရောင်ခြည် ဘီrays တွေကို ၉၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပေမယ့် SPF 30 ကတော့ ၉၇ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး အနည်းငယ်သာ ကွာခြားချက် ရှိပါတယ်။ခရမ်းလွန်ရောင်ခြည်အေ ကာကွယ်မှု – Leffell က နေလောင်ခံလိမ်းဆေးက ခရမ်းလွန်ရောင်ခြည် အေ တွေကို ကာကွယ်ဖို့ ဘယ်လောက်ကောင်းတယ်ဆိုတာ တိုင်းတာတဲ့စနစ် မရှိပါဘူးလို့ဆိုပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်အေ တွေနဲ့ ပတ်သက်လာရင် ပါဝင်ပစ္စည်းတွေကိုသာ ကြည့်သင့်ပါတယ်။အောက်ဖေါ်ပြပါ ပစ္စည်းတွေထဲက တစ်မျိုးမျိုးပါဝင်တာကို ရွေးချယ်သင့်ပါတယ်လို့ Leffell က ဆိုပါတယ်။ ecamsule၊ avobenzone၊ oxybenzone၊ titanium dioxide၊ sulisobenzone နဲ့ zinc oxide တို့ပဲဖြစ်ပါတယ်။ရေနဲ့ ချွေးဒဏ် ကာကွယ်မှု။တကယ်လို့ လေ့ကျင့်ခန်း လုပ်တော့မယ် (သို့) ရေကူးတော့မယ်ဆိုရင် နေနဲ့ ချွေးစိုခံနိုင်တဲ့ နေလောင်ခံလိမ်းဆေးတွေကို အသုံးပြုသင့်ပါတယ်။ ဒါပေမယ့် ဒါဘာကိုဆိုလိုလဲဆိုတာကို နားလည်ထားသင့်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ရေစိုခံနိုင်တဲ့ နေလောင်ခံလိမ်းဆေးကို ရေထဲမှာ မိနစ် ၄၀ နေပြီးရင်တောင် SPF ပမာဏက အကျိုးရှိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ရေစိုအလွန်ခံနိုင်တယ်ဆိုခြင်းဟာ ရေ မိနစ် ၈၀ ကူတဲ့အထိ ခံနိုင်တာကို ဆိုလိုပါတယ်။ အမြဲရေစိုခံနိုင်တယ်ဆိုတဲ့ နေလောင်ခံလိမ်းဆေးတော့ မရှိပါဘူး။ ဒါကြောင့် ရေစိုပြီးရင်တော့ ပြန်ပြီး လိမ်းပေးဖို့လိုပါတယ်။ကလေးတွေနဲ့ မွေးကင်းစအရွယ်တွေဟာ လူကြီးတွေလိမ်းတဲ့ နေလောင်ခံလိမ်းဆေးတွေရဲ့ ဓါတုပစ္စည်းနဲ့ အလွယ်တကူ ဓါတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် para-aminobenzoic acid (PABA) နဲ့ dioxybenzone, oxybenzone (သို့) sulisobenzone လိုမျိုး benzephenones ပါတဲ့ နေလောင်ခံလိမ်းဆေးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးငယ်တွေအတွက် နေလောင်ခံလိမ်းဆေးတွေမှာတော့ အရေပြား ယားယံမှု မဖြစ်စေတဲ့ titanium dioxide နဲ့ zinc oxide လိုမျိုး အရာတွေပါဝင်ပါတယ်။ သူတို့ဟာ ဓါတုပစ္စည်းတွေလိုမျိုးမဟုတ်ပဲ အသားအရေကို ကာကွယ်ပေးနိုင်ပါတယ်။ အသက် ၆ လ အထက် ကလေးတွေအတွက် SPF 15 (သို့) ပိုများများပါတဲ့ ကလေးတွေအတွက် ထုတ်ထားတဲ့ နေလောင်ခံ လိမ်းဆေးမျိုးကို အသုံးပြုသင့်ပါတယ်။အခြား နေလောင်ခံလိမ်းဆေးတွေမှာ အစိုဓါတ်ထိန်းအာနိသင် (သို့) ခြောက်သွေ့တဲ့သူ ၊ အဆီပြန်တဲ့သူတွေအတွက် အခြား ပါဝင်ပစ္စည်းတွေ ပါရှိတတ်ပါတယ်။ သူတု့ိဟာ ခရမ်းလွန်ရောင်ခြည် အေ နဲ့ ခရမ်းလွန်ရောင်ခြည် ဘီကို ကာကွယ်ဖို့အတွက် အထက်ဖေါ်ပြပါ လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်တယ်ဆိုရင် စမ်းသုံးကြည့်ပြီး ဘယ်ဟာကောင်းလဲ ဆုံးဖြတ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%b8/
ရယ်မောခြင်းက တကယ်ပဲ အသက်ကို ရှည်စေပါတယ်
အရင်တုန်းကတော့ “ပျော်ပျော်နေ သေခဲ” လို့ စကားပုံအဖြစ် ပြောခဲ့ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ ရယ်မောခြင်းရဲ့ လက်တွေ့ကောင်းကျိုးတွေကို သိပ္ပံနည်းစနစ်ကျကျ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ရယ်မောခြင်းက ကျန်းမာရေးကို ဘယ်လိုတွေ အကျိုးပြုနေတာလဲ။စိတ်ဆိုးရင်သွေးတိုးတယ်ဆိုတာ သိပြီးသားဟုတ်။ ဒီလိုပဲပေါ့။ ရယ်မောခြင်းက သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။ သွေးတိုးဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေရဲ့ အစမို့ အန္တရာယ်များတဲ့ ရောဂါစာရင်းထဲ ပါနေတာ အားလုံးသိမှာပါ။ ဒါပေမဲ့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေတဲ့ အချိန်မှာ စိတ်ဖိစီးမှု ဖြစ်ဖို့က အတော်လေး ခဲယဉ်းပါတယ်။ ဒီလိုဆို သွေးတိုးဖို့လည်း ဝေးပြီပေါ့။ စမ်းသပ်မှုတွေအရ ရယ်မောပြီးတဲ့နောက် သွေးဖိအားကို 7mmHg ထိ လျှော့ချပေးနိုင်ပြီး ဂီတကုထုံးတောင်မှ 6mmHg ထိပဲ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ရယ်မောလိုက်တာနဲ့ ကော်တီဇောလ်၊ epinephrine (adrenaline) နဲ့ dopamine တို့လိုစိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးပြီး endorphins လိုမျိုး နေလို့ကောင်းတယ်ဆိုတဲ့ ခံစားမှုကို ဖြစ်စေတဲ့ ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ ဒါတင်မက ရယ်မောခြင်းဟာ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းတွေ ထုတ်ပေးပြီး T cell တွေရဲ့ ထိရောက်မှုကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ဆိုတော့ ခြုံပြီးပြောရရင် ကျွန်တော်တို့ကိုကိုယ်ခံအားကောင်းစေပြီး စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဟက်ဟက်ပက်ပက် ရယ်မောခြင်းဟာ ရင်ဝမ်းခြား ကြွက်သားကို လေ့ကျင့်ပေးသလို ဖြစ်ပြီး ဗိုက်သားတွေကိုလည်း ကျုံ့ပေးလိုက်ပါတယ်။ ပုခုံးတွေ လှုပ်အောင် ရယ်မိတဲ့အခါ ပုခုံးလေ့ကျင့်ခန်းလုပ်သလိုလည်း ဖြစ်စေပြီး ရယ်မောပြီးတဲ့နောက် ဒီကြွက်သားတွေကို အနားရစေပါတယ်။ရယ်မောခြင်းဟာ Cardio Workout (နှလုံးသန်မာစေတဲ့ လေ့ကျင့်ခန်း) ပါပဲ။ အထူးသဖြင့်တော့ ဒဏ်ရာ တစ်ခုခု ဒါမှမဟုတ် နာမကျန်းဖြစ်မှုတွေကြောင့် လှုပ်လှုပ်ရှားရှား မလုပ်နိုင်တဲ့သူတွေအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်း တစ်ခုပါ။ရယ်မောခြင်းဟာ နှလုံးကို မြန်မြန်ခုန်စေပြီး တစ်နာရီလောက် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ရင် လောင်ကျွမ်းတဲ့ ကယ်လ်လိုရီ ပမာဏနီးနီး လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် များများရယ်ပါ။ လွတ်လွတ်လပ်လပ် ရယ်ပါ။ နှလုံးသားကို ဖွင့်ရယ်ပါ။စိတ်ကျဝေဒနာကို ကုသဖို့ တစ်ချိန်လုံး ရယ်နေခိုင်းရမယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ ရယ်မောခြင်းက ကျဆင်းနေတဲ့ စိတ်ဓါတ်တွေကို ပြန်ဆွဲတင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ရယ်မောခြင်း ကုထုံးဆိုပြီး စိတ်ပညာရှင်တွေက ဖန်တီးလာကြသလို စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေအတွက် မိနစ် ၄၀ ကြာတဲ့ ကုသမှု တစ်ပတ် ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။လေ့လာမှုအရ သိရတာက သူတို့တွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြတာကို တွေ့ရပြီး ကင်ဆာဝေဒနာရှင်တွေအတွက် မိနစ် ၆၀ ကြာတဲ့ ရယ်မောခြင်း ကုထုံးကို ၃ ကြိမ် ပြုလုပ်ကုသတဲ့အခါမှာ သူတို့ရဲ့ ကျဆင်းနေတဲ့ စိတ်ဓာတ်နဲ့ ညစ်ညူးဝမ်းနည်းမှုတွေကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ရယ်မောခြင်းနဲ့ လောကကို အလှဆင်နိုင်ကြပါစေ။ရေးသားသူ – Wathun Myet Chal။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/health-benefits-of-laughter/
ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့
ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ဘာကြောင့် ဆံပင်ကျွတ်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကလေးမွေးပြီးဆံပင်ကျွတ်တဲ့ပြဿနာ သိပ်မစိုးရိမ်ကြပါနဲ့ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ကလေးမွေးပြီးရင် ဆံပင်တွေကျွတ်လာတာ ပုံမှန်ပါပဲ။ အသစ်စက်စက် မေမေတို့ ဆံပင်တွေ ပါးလာတာ အတော်များများမှာ ကြားရလေ့ရှိတဲ့ ညည်းတွားစကားပါ။ ကလေးမွေးပြီးကာစ ပထမနှစ်လသုံးလထက်တောင် နောက်ပိုင်းမှာ ဆံပင်တွေ ပိုကျွတ်လာတာ ရှိနိုင်ပါတယ်။ ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ဆံပင်တွေကျွတ်ကုန်ပြီ ဆိုပြီး အရမ်း ထိတ်လန့်မသွားပါနဲ့။ ကလေး အသက် တစ်နှစ် မပြည့်ခင်မှာပဲ မေမေတို့ဆံပင် ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်။ပုံမှန်အားဖြင့် အမျိုးသမီး တစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ဆံပင် အချောင်းရေ ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆို အက်စထရိုဂျင် ဟော်မုန်း ပမာဏက မြင့်တက်နေတာကြောင့် ဆံပင်ကျွတ်နှုန်းကို နှေးစေတယ်။ဒါပေမယ့် မီးဖွားပြီးတဲ့အခါ အက်စထရိုဂျင် ဟော်မုန်းပမာဏ ထိုးကျသွားပြီး ဆံပင်တွေ ကျွတ်ပါတော့တယ်။ ကလေး အသက် လေးငါးလမှာ အဆိုးဆုံး ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ဆံပင်သန်ဆေးတွေ၊ ပေါင်းဆေးတွေ ဘယ်လောက် ကောင်းကောင်း အာနိသင် ထူးခြားမှာတော့ မဟုတ်ပါဘူး။ ဆံပင် အကျွတ် သက်သာအောင်သာ ကိုယ့်ဘာသာ ဂရုစိုက်တာပဲ တတ်နိုင်ပါမယ်။တချို့အမျိုးသမီးတွေဆို သိပ်မသိသာပေမယ့် ဆံပင် ရှည်တဲ့ မေမေတွေကျ ဆံပင် ပါးလာတာ ပိုသိသာပါတယ်။ ဒါပေမယ့် ယာယီဖြစ်တတ်တဲ့သဘာဝမို့ စိတ်တွေ ဆင်းရဲမနေပါနဲ့ဦး။ ဒီနည်းလေးတွေ လုပ်ကြည့်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲ ကျော်ဖြတ်နိုင်မှာပါ။တကယ်တော့ ထူးခြားပြီးလုပ်ရမယ့်အချက်တွေမဟုတ်ပါဘူး။ ခုလိုအချိန်မှာ အားနည်းနေတဲ့ ဆံသားကျန်းမာရေးကို ပုံမှန်ထက်ပိုဂရုစိုက်ပေးဖို့ပါပဲ။(၁) ဆံပင်ညှပ်ပါ။ဒါ့ကြောင့် မီးဖွားထားတဲ့မေမေတွေ ဆံတိုလေးတွေဖြစ်ကုန်ကြတာပါ။ ဆံပင်ပုံစံပြောင်းလို့ ပိုလှသွားနိုင်သလို ဆံပင်ရှည်ရှည်တွေခေါင်းဖြီးတိုင်း ပိုကျွတ်ရတဲ့အဖြစ်ကို ကာကွယ်နိုင်မယ်။ ကလေးတစ်ဖက်နဲ့အလုပ်ရှုပ်ချိန်မှာ ဆံပင်နဲ့ပတ်သက်ပြီးစိတ်ရှုပ်မနေရတော့ဘူး။ သိပ်တိုတာ မဟုတ်တောင် အလွယ်တစ်ချက်စည်းလို့ရတဲ့ မတိုမရှည်လောက်လည်း အဆင်ပြေပါတယ်။ အဓိကကဖြီးနေရတာ ဆံပင်ရှုပ်တာဖြစ်ရင် ပိုကျွတ်မှာစိုးလို့ဖြစ်ပါတယ်။ ဆံပင်ရှည်ရင် အဖျားရှူးနိုင်တော့ တိုသွားရင် ပိုထူသလိုလည်း ထင်ရစေပါတယ်။(၂) ဆံသားမခြောက်သွေ့အောင် ဂရုစိုက်ပါ။ပြောချင်တာကတော့ ဆီထည့်ပါပေါ့။ ခေါင်းလျှော်ပြီးရင်သံလွင်ဆီလေးဖြစ်ဖြစ်၊ hair coat ဒါမှမဟုတ် ဆံသားအစိုဓာတ်ထိန်းမယ့် ပစ္စည်းတစ်ခုခုသုံးပါ။ ဆံပင်ပျော့ဆေးသုံးပါ။(၃)ဓာတုဆေးတွေရှေုာင်ပါ။ဆံပင်အရောင်ဆိုးတာက အလှအတွက် အဆင်ပြေနိုင်ပေမယ့် ဆံပင်ပိုကျွတ်နိုင်စေမယ့်အရာ ဘာမှထပ်မလုပ်တာအကောင်းဆုံးပါ။ ဓာတုဆေးတွေထိတဲ့အခါ ဆံသားကျန်းမာရေးအတွက်မကောင်းပါဘူး။(၄) Dryer သို့မဟုတ် ဖြောင့်/ကောက်စက် မသုံးပါနဲ့။ဆံပင်ကို dryer နဲ့အခြောက်ခံတဲ့အခါ ဒါမှမဟုတ်ဖြောင့်စက်/ကောက်စက် သုံးတဲ့အခါ ဆံသားကိုအပူနဲ့ ထိတွေ့စေတဲ့အခါ ဆံပင်ပိုပါးစေပါလိမ့်မယ်။(၅) ခပ်ကြမ်းကြမ်းမဖြီးပါနဲ့။ဘယ်လောက်အလုပ်ရှုပ်ရှုပ် ခေါင်းဖြီးတာကို အမြန်မလိုပါနဲ့။ ဆံပင်မနာအောင် ခပ်ဖွဖွ၊ အသာအယာဖြီးပါ။ တစ်နေ့ တစ်ကြိမ်၊နှစ်ကြိမ် ထက်ပိုပြီးမဖြီးပါနဲ့။(၆) အာဟာရပြည့်အောင်စားပါ။ခန္ဓာကိုယ်မှာလိုအပ်သမျှ အာဟာရတွေကို ညီညွတ်မျှတအောင်စားပေးရပါမယ်။ အသား၊ငါး၊ အသီးအရွက်နဲ့ သီးနှံတွေကို အစုံအလင်စားပါ။ ဒီအချက်က ဆံသားအတွက်တင်မကဘဲ မိခင်နို့ကိုပါ သက်ရောက်မှုရှိစေတာမို့ ကလေးကျန်းမာရေးအတွက်လည်းအကျိုးပြုပါတယ်။(၇)အားဆေးသောက်ပါ။လိုအပ်လာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အားဆေးသောက်သင့်သောက်ပါ။ အစာအာဟာရကနေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်အောင်ရနိုင်ပါ့မလားဆိုတာ သိဖို့ အရေးကြီးပါတယ်။ မိခင်ကျန်းမာမှ နို့စို့ကလေးက ကျန်းမာဖွံ့ဖြိုးနိုင်မှာပါ။ဆံကေသာအလှကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေပြောပြပြီးပြီဆိုတော့ မေမေတို့ ဆံပင်တွေကျွတ်လို့ စိတ်ဆင်းရဲမနေနဲ့တော့နော်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/how-to-deal-with-postpartum-hair-loss/
နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ
ခုနောက်ပိုင်းမှာ လူမမယ်ကလေးလေးတွေCOVID-19ကူးစက်ခံရတဲ့သတင်းတွေကို မြင်တွေ့ကြားသိနေရပါတယ်။ နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတစ်ခေါက်တော့ နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ ကို ဖော်ပြပေးလိုက်ပါတယ်။လူမမယ်ကလေးငယ်လေးတွေဟာ ကိုယ်တိုင်ရောဂါကာကွယ်နိုင်စွမ်းအားနည်းကြပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ကို ပြုစုစောင့်ရှောက်ရမယ့်လူကြီးမိဘတွေက ကာကွယ်ပေးနိုင်စွမ်းနည်းပါးရင် ကလေးတွေမှာ COVID-19 ရောဂါဆိုးကြီး ကပ်ညိလာနိုင်ပါတယ်။ခုချိန်မှာဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ COVID-19 ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၄ သောင်းကျော်အထိရှိလာခဲ့ပြီဖြစ်သလို အဆိုပါလူနာတွေထဲမှာ ငယ်ရွယ်နုနယ်လှတဲ့ ရင်သွေးလေးတွေလည်း ပါဝင်နေပါတယ်။ဒီရောဂါရဲ့ အန္တရာယ်ကို လူကြီးတွေနဲ့ သန်သန်စွမ်းစွမ်းလူငယ်တွေအတွက် စိုးရိမ်ပူပန်နေကြရသလိုလူမမယ် ကလေးတွေအတွက်လည်း ပူပန်ကြရပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရမှုဆိုင်ရာ အချက်အလက်တွေအရ ကလေးငယ်တွေ ကူးစက်ခံရမှုနှုန်းဟာ နည်းပါးပြီး သေဆုံးနှုန်းကလည်း (ရောဂါကူးစက်ခံရသူ အရေအတွက်ရဲ့) ဝ.၂% အောက်သာရှိတယ်ဆိုပေမယ့် ကူးစက်ခံရတဲ့အရေအတွက်ကတော့ တဖြည်းဖြည်းတိုးပွားလာနေဆဲပါ။ဒါပေမယ့် မိဘဆိုတာမျိုးကတော့ မိမိတို့ရဲ့ ရင်သွေးတွေကို ဒီလိုကပ်ဘေးကာလမျိုးမှာ စိုးရိမ်ပူပန်မှုရှိနေမှာ အသေအချာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ရင်သွေးတွေကို COVID-19 ရောဂါကူးစက်မှု မခံရစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ ကတော့ ကလေးတွေကို COVID-19 ရောဂါ ဘေးကနေ ကာကွယ်ပေးဖို့အတွက် အချက် ၂ ချက်ကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ကလေးကို အသိပညာပေးဖို့နဲ့ တိတိကျကျကာကွယ်စောင့်ရှောက်ဖို့ပါပဲ။ရောဂါရဲ့ အန္တရာယ်ကို သေချာနားလည်အောင် ရှင်းပြပါ။ ရောဂါမကူးစက်အောင် ကာကွယ်ဖို့ဆိုရင် ကလေးတွေကို ဒီရောဂါအကြောင်း သေချာနားလည်နေမှဖြစ်ပါလိမ့်မယ်။ ရင်သွေးတွေ စိတ်ထဲမှာ သာမာန်အဖျားဝေဒနာတစ်ခုလို တွေးမြင်မနေအောင်၊ အကြောက်မလွန်အောင်၊ ကာကွယ်ရေးနည်းလမ်းတွေကို နားလည်အောင် ရောဂါအကြောင်း ကြိုတင်ရှင်းပြထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ရင်သွေးတွေကို အောက်ပါနည်းလမ်းတွေအတိုင်း ရောဂါအကြောင်း ရှင်းလင်းပြောပြနိုင်ပါတယ်။ကိုယ့်ကလေးက ရောဂါအကြောင်း သိနားလည်နေပြီဆိုရင် ရောဂါ သူ့ဆီမရောက်အောင် ကာကွယ်နိုင်ဖို့ ပိုလွယ်ကူသွားပါပြီ။ ဘာကြောင့် လက်ဆေးရမယ်၊ ဘာကြောင့် အိပ်ရေးဝဝ အိပ်ရမယ်၊ ဘာကြောင့် အားရှိအောင် စားရမယ်ဆိုတာကို သူကနားလည်နေပြီမို့ သူလည်း လိုက်နာတော့မှာပါ။ဒါကြောင့် ရင်သွေးကို ရောဂါအကြောင်း သေချာရှင်းပြထားပြီးပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ရောဂါဘေးကနေ ကင်းဝေးအောင် ကာကွယ်နိုင်ပါတယ်။နောက်ထပ် အသိပေးချင်တာက အကြောက်တရားဟာ ဘာကိုမှ မကာကွယ်နိုင်ပဲ ဖြစ်စေပါတယ်။ ရင်သွေးရှေ့မှာ မိမိကိုယ်တိုင်က ထိန်းမနိုင် သိမ်းမရ ကြောက်ရွံ့ပြနေတာက နုနယ်တဲ့ ရင်သွေးတွေအတွက် အထောက်အကူမဖြစ်စေပါဘူး။ရောဂါကလည်း ကလေးတွေကို ထိခိုက်နိုင်ခြေ အတန်အသင့် နည်းပါးနေသေးတာမို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးချပြီး ရင်သွေးကို ကာကွယ်ပေးထားပါ။ ဒါပေမယ့် မပေါ့ဆပါနဲ့။ ကိုယ်တိုင်လည်း ကျန်းမာအောင်နေပါ။ ဒါဆိုရင် ဒီကပ်ဘေးကို ကောင်းကောင်းကျော်ဖြတ်နိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/coronavirus-how-talk-child/
နေ့ခင်းတစ်ရေးအိပ်ကြမယ်
ထမင်းစားပြီးသွေးလေးလိုက်တာ၊ အိပ်ချင်လာပြီလို့ ခံစားနေရတာကို တင်းခံနေမယ်လို့များတွေးနေလား။ တင်းခံမနေပါနဲ့။နေ့လယ်ခင်း အိပ်ချင်လာရင် အိပ်သာအိပ်လိုက်ပါ။အိပ်စက်မှုက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးရှိစေတဲ့အရာပါ။နေ့ခင်းဘက်မှာ နာရီဝက် ၄၅ မိနစ်လောက် အိပ်စက်မှုကဦးနှောက်အတွက်ရော၊ကိုယ်ခန္ဓါအတွက်ပါအထောက်အကူပြုပေးနိုင်ပါတယ်။နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်စက်မှုက။မှတ်ဉာဏ်တိုးစေနိုင်တယ်။လေ့လာမှုတွေအရနေ့ခင်းဘက်မှာ အိပ်စက်တာက မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သတိမေ့တာမျိုး၊ နှုတ်ဖျားလေးတင်မေ့နေတယ်ဆိုတာမျိုးမဖြစ်အောင်နေ့လယ်ခင်းအိပ်စက်ပေးပြီး ဦးနှောက် စွမ်းရည်ကိုမြှင့်တင်ပေးပါ။ခွန်အားပြည့်စေနိုင်တယ်။နေ့ခင်းအိပ်စက်မှု ခန္ဓါကိုယ်ကို ခွန်အားပြည့်စေပြီး ခန္ဓါကိုယ် လှုပ်ရှားမှုကိုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့်နေ့ခင်းပိုင်းမှာ တစ်နေ့ကို မိနစ် ၂၀ ခန့်အိပ်စက်ပေးပါ။ ပင်ပန်းနေတဲ့ ခန္ဓါကိုယ်ကို အားပြန်သွင်းပေးရာလည်းရောက်ပါတယ်။ထမင်းစားပြီး ခဏလောက်တော့ အိပ်စက်အနားယူပေးပါ။စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်တယ်။နေ့ခင်းပုံမှန်အိပ်စက်တဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကနေ ကင်းဝေးကြပါတယ်။နေ့ခင်း ၁ နာရီ ကနေ ၃ နာရီအတွင်းမှာ တစ်ရေးလောက်အိပ်တာက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။နေ့ခင်းပိုင်းမှာ နာရီဝက်လောက် အိပ်စက်မှုက စိတ်ဖိစီးမှုကို သက်သာစေပြီး အာရုံစိုက်မှုကို ပိုကောင်းစေနိုင်မှာပါ။ကိုယ်ခံအားေကာင်းစေနိုင်ပါတယ်။နေ့ခင်းဘက်မှာ တစ်ရေးလောက် အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ တစ်နေ့ကိုနေ့ခင်းပိုင်းမှာ မိနစ် ၃၀လောက်အိပ်စက်ပေးပါ။ဖျားနာမှုကင်းဝေးပြီးပေါ့ပါးလန်းဆန်းနေမှာ အသေအချာပါပဲ။စိတ်ခံစားမှုကောင်းစေနိုင်တယ်။ညဘက်အိပ်ရေးပျက်တဲ့အခါနောက်တစ်နေ့မှာ အလုပ်တွေကောင်းကောင်းမလုပ်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ မကြည်သာတာမျိုးလည်းဖြစ်ဖူးမှာပါ။ ဒီလိုဖြစ်တဲ့အခါ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့နေ့ခင်း တစ်မှေးလောက်အိပ်လိုက်တာပါပဲ။ကဖင်းပါတဲ့ အရာတစ်ခုခုကိုသောက်တာထက်နေ့ခင်းတစ်မှေးအိပ်လိုက်တာက စိတ်ခံစားမှုကောင်းမွန်စေဖို့ ပိုပြီးအထောက်အကူပြုနိုင်မှာပါ။ ကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်လည်ဖြည့်တင်းရာလည်းရောက်ပါတယ်။နှလုံးကျန်းမာစေနိုင်တယ်။နေ့စဉ်နေ့ခင်းပိုင်းမှာ ၄၅ မိနစ် ၁ နာရီခန့်အိပ်စက်သူတွေဟာသွေးဖိအားအခြေအနေကောင်းမွန်ကြပြီး နှလုံးကျန်းမာကြတယ်၊လို့လေ့လာမှုတစ်ရပ်မှာဖော်ပြပါရှိပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်ရင်တော့နေ့ခင်းပိုင်း ၁ နာရီ ကနေ ၃ နာရီအတွင်း ၄၅ မိနစ်လောက် သက်တောင့်သက်သာလေးအိပ်စက်ပေးပါ။ညဘက်ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။နေ့ခင်းဘက်အိပ်ရင် ညဘက်အိပ်ပျော်မှာ မဟုတ်ဘူးလို့ပြောကြလေ့ရှိပါတယ်။ ဒါက တကယ်တော့မဟုတ်ပါဘူး။နေ့ခင်းဘက်အိပ်စက်တာက ညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့်နေ့ခင်းပိုင်းမှာ တစ်မှေးလောက်တော့မှေးလိုက်ပါ။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့နေ့ခင်းတစ်မှေးလောက်တော့မှေးလိုက်ပါ။တီထွင်ဖန်တီးမှုစွမ်းရည်ကောင်းမွန်စေနိုင်တယ်။နေ့လယ်ခင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုက တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်စေနိုင်ပါတယ်။ အိပ်စက်မှုက ဦးနှောက်ကို ကျန်းမာစေပြီး တီထွင်ဆန်းသစ်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။ဒီတော့နေ့ခင်းဘက် အိပ်မလား၊ မအိပ်ဘူးလားဆိုတာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါနော်။ Hello ဆရာဝန်ပရိသတ်ကြီးရေ……..။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%94%e1%80%b1%e1%80%b7%e1%80%81%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%80%e1%80%bc%e1%80%99%e1%80%9a%e1%80%ba/
ဒဏ်ရာတစ်ခုကို စနစ်တကျဂရုစိုက်ပုံအဆင့်ဆင့်
ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လာပြီဆိုရင် ရုတ်တရက်ချက်ချင်းတော့ ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြပါတယ်။ ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေမှာဖြစ်လာခဲ့ရင်စနစ်တကျ ကုသစောင့်ရှောက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ မလိုလားအပ်တဲ့အကျိုးဆက်တွေဖြစ်မလာစေဖို့ အနာကိုဂရုစိုက်ပုံအဆင့်ဆင့်ကို သိထားသင့်ပါတယ်။ထိခိုက်ဒဏ်ရာဖြစ်လာပြီဆိုရင် ဒဏ်ရာရဲ့ပြင်းထန်မှုအတိမ်အနက်ကို အရင်ဆန်းစစ်ပါ။ အရေပြားမှာ ပွန်းပဲ့ပေါက်ပြဲရုံပဲလား၊ စူးမိတာလား၊ပြတ်ရှကွဲပြဲတဲ့ဒဏ်ရာလားစသည်ဖြင့် ခွဲခြားဆုံးဖြတ်ပါ။ အရေပြားမျက်နှာပြင်ပေါ်က ပွန်းရှဒဏ်ရာတွေလောက်ကတော့ အိမ်မှာပဲ ကိုယ့်ဘာသာ ကုသနိုင်ပါတယ်။ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။နည်းလမ်းမှန်နဲ့ ဒဏ်ရာကို ဂရုစိုက်ပုံအဆင့်ဆင့်အတိုင်း လုပ်ပေးမှဘေးကင်းစွာနဲ့ အနာကျက်မြန်စေမှာပါ။ အနာပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်လာရင် မေးခိုင်ရောဂါလိုမျိုး နောက်ဆက်တွဲပြဿနာတွေက အန္တရာယ်များပါတယ်။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာဖြစ်လာရင် အခြေခံကျတဲ့ ဂရုစိုက်နည်းအဆင့်ဆင့်ကို အကြံပြုဖော်ပြလိုက်ပါတယ်။ အရင်ဆုံး –။လက်ကိုဆေးကြောပါ။ကိုယ်တိုင်ဖြစ်ဖြစ် တခြားသူကိုကူညီဖို့ဖြစ်ဖြစ် အနာကိုမထိတွေ့ခင်တိုင်း လက်ကိုဆပ်ပြာ၊ရေ သို့မဟုတ် လက်သန့်ဆေးရည်နဲ့ သန့်စင်ပါ။ ရောဂါပိုးမဝင်အောင် ကာကွယ်နိုင်ဖို့ပါ။အနာကို အသာအယာဖိထားပါ။အနာကသွေးထွက်နေတယ်ဆိုမှ ဒီအဆင့်ကိုလုပ်ပါ။ အပူလောင်နာတွေအတွက်တော့ မလုပ်သင့်ပါ။ သန့်ရှင်းတဲ့အဝတ်စ သို့မဟုတ် ပိုးသတ်ထားတဲ့gauzeလေးနဲ့သွေးမတိတ်မချင်းဖိထားပေးပါ။ (ရှရာ၊ခြစ်ရာလေးတွေအတွက်တော့မလိုအပ်ပါ)။ဒဏ်ရာကြီးရင်ဆေးရုံဆေးခန်းမှာ ချုပ်ပေးဖို့၊ ကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။ အရေးပေါ်အတွက်သာ ကိုယ်တိုင်လုပ်ပြီး ကျန်တာကို ကျန်းမာရေးကျွမ်းကျင်သူတွေ လုပ်ပေးပါလိမ့်မယ်။ရေနဲ့ဆေးကြောပါ။အနာကိုhydrogen peroxideသို့မဟုတ် iodine တို့၊ အရက်ပြန်တို့နဲ့ဆေးချစရာမလိုပါဘူး။ အနာကို အမှုန်အမွှားနဲ့အညစ်အကြေးတွေ ကင်းစင်အောင်ရေသန့်သန့်နဲ့ဆေးကြောပါ။ ဘက်တီးရီးယားသေစေတဲ့ဆပ်ပြာနဲ့ မဆေးပါနဲ့၊ အနာပေါ်တိုက်ရိုက်မထိပါစေနဲ့။ ဆေးကြောပြီးနောက်ပိုင်း အနာထဲမှာ အပိုင်းအစ၊အညစ်အကြေးတွေကျန်နေသေးရင် ဇာဂနာလေးနဲ့အသာအယာဖယ်ရှားပါ။ အနာကိုမထိုးဆွပါနဲ့။ ဒါမှမရရင် ဆရာဝန်ကသေချာသန့်စင်ပေးပါလိမ့်မယ်။အပူလောင်ထားတာဆိုရင်တော့ဖြစ်ဖြစ်ချင်းမှာ ဒဏ်ရာတဝိုက်ကိုရေအေး(ရေခဲရေမဟုတ်) နဲ့ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်လောင်းပေးပါ။ ဒါမှမဟုတ်ရေဝတ်ဖတ်အေးအေးနဲ့ ကပ်ထားပေးပါ။ဖြစ်ပြီးကြာမှရေလောင်းရင်ရေကြည်ဖုတွေပိုကြီးစေနိုင်ပါတယ်။ရေကြည်ဖုတွေဖြစ်လာရင် ဒါမှမဟုတ် အပူလောင်တာများရင် ဆရာဝန်ကပဲ မှန်ကန်တဲ့ကုသစောင့်ရှောက်မှုပေးနိုင်ပါတယ်။ လိုအပ်ရင် အရေးပေါ်ဆေးရုံတင်ရပါမယ်။ဆေးထည့်ပါ။Bioplacenton နဲ့ neomycin sulfate တို့လိုဆရာဝန်ဆေးညွှန်းမလိုတဲ့ အနာထည့်ပိုးသတ်ဆေးတွေထည့်ပေးတာက အရေပြားခြောက်သွေ့မှုမဖြစ်အောင်နဲ့ ရောဂါပိုးမဝင်အောင်ကာကွယ်ပေးပါတယ်။ ဒီဆေးတွေကို ခပ်ပါးပါးလိမ်းပေးတာက အနာကျက်ခြင်းကို အားပေးပြီး အမာရွတ်ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။ အပူလောင်တာဆိုရင်တော့ ဆရာဝန်မညွှန်ဘဲ ဘာမှကိုယ့်သဘောနဲ့ကိုယ်ဆေးမထည့်သင့်ပါဘူး။ အပူလောင်တဲ့ရေကြည်ဖုတွေကို ကိုယ့်ဘာသာမဖောက်ပါနဲ့။ပလာစတာ သို့မဟုတ် ပတ်တီးစည်းပါ။အနာတိုင်းကိုတော့ ပတ်တီးစည်းဖို့မလိုပါဘူး။ ကွဲရှဒဏ်ရာ သေးသေးမွှားမွှားလေးတွေကိုတော့ သန့်စင်ပေးပြီး ပိုးမဝင်အောင်ဂရုစိုက်ပေးဖို့ပဲလိုပါတယ်။ ဒါပေမယ့် ဒဏ်ရာအကြီးအသေးကိုမူတည်ပြီး ပလာစတာ သို့မဟုတ် ပတ်တီး သုံးသင့်သလား ဆုံးဖြတ်ရွေးချယ်ပါ။ အနာကိုဖုံးအုပ်ကာကွယ်ခြင်းကရောဂါပိုးတွေ၊အညစ်အကြေးတွေအန္တရာယ်က တားဆီးကာကွယ်ပေးနိုင်သလို အနာကို မတော်တဆထိမိခိုက်မိခြင်းကနေလည်း ကာကွယ်နိုင်ပါတယ်။ ပလာစတာ သို့မဟုတ် ပတ်တီးကို နေ့တိုင်းလဲပေးပါ။ စိုနေရင်၊ ညစ်ပေနေရင် ချက်ချင်းလဲပါ။သတိထားသင့်တာက။အနာဖေးတွေကို မဖဲ့၊မခွာပါနဲ့။ အနာကျက်နေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့အတွက် ဒီအတိုင်းထားလိုက်ပါ။ ခွာလိုက်ရင် အမာရွတ်ကျန်ခဲ့ပါလိမ့်မယ်။ အနာက ဒီလက္ခဏာတွေဖြစ်လာခဲ့ရင်ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ် –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%82%e1%80%9b%e1%80%af%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%95%e1%80%b6%e1%80%af%e1%80%a1%e1%80%86%e1%80%84/
ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်
မေမေတွေ ဖေဖေတွေဆိုတာ တင်စားကြည့်မယ်ဆိုရင်ထူးချွန်ထက်မြက်ပြီး အရာရာပြည့်စုံတဲ့ ကလေးတွေနေထိုင်ရာကျွန်းတစ်ခုပေါ် မိမိသားသမီးရောက်ရှိသွားဖို့၊ ဘေးမချော်ဘဲ တည့်တည့်မတ်မတ်ကျရောက်ဖို့ ထိန်းကျောင်းပေးနေရတဲ့ လေထီးတစ်ခုလိုပါပဲ။ဒီလို တည့်တည့်မတ်မတ် ဘဝပန်းတိုင်ကို ရောက်ရှိဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးရမယ်ဆိုတာ မေမေတို့ ဖေဖေတို့ကို အကြံပြုပါရစေနော်။ရှင်သန်မှုအတွက် အာဟာရက မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာထက်မြက်မှုအတွက်ဆိုရင် အာဟာရ ပြည့်ဝလုံလောက်မှုက အဓိကပါ။ ဒီတော့ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့ကို လုံလောက်တဲ့ အာဟာရ ပြည့်ဝစေဖို့ဆိုရင် သူတို့လေးတွေရဲ့ နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ဗီတာမင်၊ သတ္တုဓာတ်၊ အကျိုးပြုဘက်တီးရီးယား၊ အကျိုးပြု ဘက်တီးရီးယားအာဟာရ၊ အမျှင်ဓာတ်၊DHA၊ ရေဓာတ် စတာတွေ ပြည့်ဝအောင် ပြင်ဆင်ပေးမိဖို့ လိုပါမယ်။ဒီ အာဟာရတွေပြည့်ဝစေဖို့ဆိုရင် ကလေးကို အဆီ နဲ့ အရေခွံမပါတဲ့ အသား၊ ဆယ်လ်မွန်ငါး၊ ရေချိုငါး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ အာလူး၊ မုန်လာဥနီ၊ နို့နဲ့နို့ထွက်ပစ္စည်း စတာတွေ ပြင်ပေးဖို့ လိုပါမယ်။ တစ်နေ့တာကို ဒီလောာက် အများကြီးစားမှ ကလေးက လိုအပ်တာတွေ ပြည့်မယ်။အာဟာရ ပြည့်အောင်ဖြည့်တဲ့ အဆင့်တစ် ပြီးရင် ကလေးတစ်ယောက် ထက်ထက်မြက်မြက် ကြီးပြင်းလာဖို့ ထပ်ဖြည့်ရမှာက ကျန်းမာတဲ့ နေထိုင်မှုပုံစံပါ။ ဒါက မေမေကိုယ်တိုင်ပါ အတူ ပါဝင်ရမှာပါ။ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတတ်တဲ့ အလေ့အထ ( ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်စားတွေ၊ အပြင်စာတွေ) ကို ကိုယ်တိုင်က ရှောင်ပါ။နောက်တစ်ချက်ကတစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တတ်အောင် သင်ကြားပေးပါ။ မနက်ခင်းဆို မျက်နှာသစ်၊ သွားတိုက်မယ်။ အစားမစားခင်၊ ညစ်ပေတာတွေ ကိုယ်တွယ်ပြီးရင် လက်ဆေးမယ်။ ရေချိုးရမယ်။ ခြေသည်းလက်သည်းညှပ်ရမယ်။ ခေါင်းလျှော်ရမယ်။ အိပ်ရာမဝင်ခင် သွားတိုက်ရမယ်။ ဒါတွေကို ငယ်ကတည်းက အလေ့အကျင့်ဖြစ်အောင် လုပ်ပေးရမယ်။နောက်ဆုံးတစ်ခုက လေ့ကျင့်ခန်း လုပ်ဖို့ပါ။ ကလေးကို သီချင်းလေးတွေ ဖွင့်ပြီး အတူတူကတာ၊ လမ်းလျှောက်ထွက်တာ၊ ပန်းပင်လေးတွေ ရေလောင်းတာလိုမျိုး လှုပ်ရှားမှု ရှိစေမယ့် လှုပ်ရှားမှုလေးတွေ လုပ်စေပါ။  ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ကလေးကို ကျန်းမာသန်စွမ်းစေသလိုဉာဏ်ရည်ထက်မြက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကလေးတစ်ယောက် ထက်မြက်မှုအပေါ်မှာ သက်ရောက်မှုကြီးတဲ့ အချက်တစ်ခုက မိဘတွေရဲ့ ကလေးကို ပျိုးထောင်မှုပါ။ ကလေးဟာ ငယ်စဉ်ကတည်းက အချစ်ခံရမယ်။ နားလည်ပေးတတ်၊ နားထောင်ပေးတတ်တဲ့ မိဘအသိုင်းအဝိုင်းမှာ ​ကြီးပြင်းရမယ်ဆိုရင် ထက်မြက်ပြီး ရဲရင့်လို့ ယုံကြည်မှုပြည့်ဝစွာနဲ့ ကြီးပြင်းလာတတ်ပါတယ်။ဒါကြောင့် ကလေးကို အချိန်ပေးပါ။ သူ့ခံစားချက်လေးတွေကို နားထောင်ပေးပါ။ အမှားတစ်ခုခု လုပ်မိတဲ့အခါ မဆူပါနဲ့။ နားလည်အောင် ပြောပါ။ နားမလည်တာတွေ လာမေးတဲ့အခါ ကလေးကို သေချာ ရှင်းပြပါ။ကလေးကို ထွေးပွေ့တာ၊ ချစ်တယ်နော် လို့ ပြောပေးတာတွေကို ပုံမှန်လုပ်ပေးရင်း ချစ်ကြောင်းပြသပြီး ပျိုးထောင်ပေးပါ။ ဒါဆို ကလေးက မေမေတို့ ဆန္ဒရှိနေတဲ့အတိုင်း ကျန်းကျန်းမာမာ ထက်ထက်မြက်မြက်ကြီးပြင်းလာမှာပါ။ကဲ အဆင့်လေး ၃ ဆင့်ကို အကောင်းဆုံး ကျော်ဖြတ်ပြီး ကလေးတွေကို ပဲ့ကိုင်မောင်းနှင်လို့ သူတို့ရဲ့ ဘဝမြေပြင်ပေါ် နေရာတကျ ဘေးကင်းစွာ ဆင်းသက်စေရအောင်နော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/parachute-for-ur-kid-for-eassy-landing-onto-the-land-of-genius-kid/
ကလေးမွေးပြီးသော မိခင်များ၏ခန္ဓါကိုယ်တွင် ဖြစ်ပေါ်သော ပြောင်းလဲမှုများ
မိခင်တစ်ဦး အနေဖြင့် ကလေးမွေးပြီးစအချိန်သည် အားအနည်းဆုံးနှင့် ထိလွယ်ရှလွယ် အဖြစ်နိုင်ဆုံးအချိန်ဖြစ်ပါသည်။ အထူးသဖြင့် ဗိုက်ခွဲမွေးထားလျှင် ပိုဆိုးပါသည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများသာမက မိခင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည်လည်း ကလေးမွေးပြီး ရက်အတော်ကြာအထိ ပြောင်းလဲမှုများ ဖြစ်နိုင်ခြင်း နှင့် အချိန်ကြာမြင့်စွာ စိတ်မကျန်းမာမှုများခံစားရခြင်းတို့ဖြစ်နိုင်ပါသည်။အောက်ဖော်ပြပါများသည် ကလေးမွေးပြီး အချိန်တွင် မိခင်များခံစားရမည့် ရုပ်ပိုင်းဆိုရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ကလေးမွေးပြီး ၁ ပတ်အချိန်တွင် သင့်ကိုယ်ခန္ဓါသည် အနာကျက်ရန်နှင့် နောက်ကိုယ်ဝန်မရရန် ထိန်းညှိမှုဖြစ်စဉ်များဖြစ်နေသော အချိန်ဖြစ်ပါသည်။ ထိုအချိန်ကို မွေးပြီးကာစအချိန်အဖြစ် သတ်မှတ်ထားပြီး ထိုအချိန်တွင် နာလန်မထနိုင်ခင်အချိန်အထိ မိခင်များ၏ ကိုယ်ခန္ဓါနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ခံစားရပါသည်။ ခံစားရပုံများသည် မိခင်တစ်ဦးနှင့် တစ်ဦးမတူညီပါ။ကလေးမွေးပြီး ၂ ပတ်မှ ၆ ပတ်အတွင်းတွင် ဆရာဝန်နှင့်ရက်ချိန်းပြသပြီး အနာကျက်မကျက်နှင့် မိခင်၏ ကျန်းမာရေးစစ်ဆေးမှုများကို ခံယူရမည်ဖြစ်ပါသည်။ကလေးမွေးပြီးချိန်တွင် မိခင်၏ကိုယ်ခန္ဓါတွင် နာကျင်မှုများနှင့် ပင်ပန်းနွမ်းနယ်မှုများကို ခံစားရပါသည်။ အနာကျက်ရန်အတွက် ကြာမြင့်ရန်အချိန်မှာ ၄ ပတ်မှ ၆ ပတ်အထိဖြစ်ပါသည်။ သို့သော် ဗိုက်ခွဲမွေးထားရလျှင် ထိုထက်အနည်းငယ်ပိုကြာမြင့်မည်ဖြစ်ပါသည်။ကလေးမွေးပြီး ချိန်တွင်ဖြစ်သော ပြောင်းလဲမှုများမှာ အောက်ပါတို့ဖြစ်ပါသည်။ဖောရောင်ခြင်း။မိန်းမကိုယ်မှ သွေးထွက်ခြင်း။မိန်းမကိုယ်တွင် နာကျင်ရောင်ရမ်းမှုများဖြစ်ခြင်း။ရင်သားများ ဖောရောင်ခြင်း။ဗိုက်အောင့်ခြင်း။ဆီးအိမ်နှင့် ဆိုင်သော ပြသနာများ။ဝမ်းသွားခြင်းနှင့် ဆိုင်သော ပြသနာများ။ဆံပင်များကျွတ်ခြင်း။အသားရေတွင် ရောင်ခြယ်များမှေးမှန်သွားခြင်း (ဥပမယ မှဲ့ခြောက်များ ပျောက်သွားခြင်း)။ကလေးမွေးပြီး ချိန်တွင် စိတ်ကျရောဂါ ခံစားရခြင်း စသည်တို့ခံစားရနိုင်ပါသည်။· သင့်စိတ်ကို ဖြေလျှော့ထားပါ။· သင့်ကလေးအိပ်ပျော်နေသောအခါတွင် သင်လည်း တရေးတမောအိပ်ပျော်အောင်ကြိုးစားပါ။· ကလေးမွေးမွေးပြီးချင်း ရက်အနည်းငယ်တွင် ကလေးထိန်ပေးမည့်သူ သို့မဟုတ် အဖော်တယောက်ဌားထားခြင်းဖြင့် သင့်ကို အနားရစေပါသည်။· သင့်မိသားစု၏အကူအညီဖြင့် အိမ်မှုကိစ္စများ ပြူလုပ်ခြင်း၊ အချက်အပြုတ်များပြုလုပ်ခြင်းတို့ကို သင်ကိုယ်တိုင်ပြုလုပ်နိုင်လောက်အောင် ကျန်းမာသွားသည့်အချိန်အထိ ပြုလုပ်းပေးရန် အကူအညီတောင်းပါ။· သင့်တွင် အခြားကလေးများရှိနေပါက ကလေးကိုပြုစုစောင့်ရှောက်ရန် အကူလိုအပ်ပါသည်။· သင်သည် ကလေးနို့တိုက်နေလျှင် ရေများများ၊ အရည်များများပိုသောက်ပါ။· မကြာခဏဆိုသလို ခရီးတိုများထွက်ပေးခြင်းက သင့်စိတ်ပင်ပန်းမှုများကို ပြေလျော့စေပါသည်။· သင့်စ်တ်ခံစားချက်များနှင့် ဖြစ်နေသော ပြသနာများကို သင့်အိမ်ထောင်ဖက်၊ ဆရာဝန်နှင့် ကုထုံးသမားတော်များကို ပြောပြပြီး အဖြေရှာပါ။ကလေးမွေးပြီးတပတ်ခန့်တွင် စိတ်လှုပ်ရှားခြင်း၊ စိတ်ပင်ပန်းခြင်း စသည့်စိတ်အတက်အကျများကို တပြိုင်နက်တည်း ခံစားရနိုင်ပါသည်။ သင့်ကလေးမျက်နှာကို မြင်ရလျှင် လဝန်းကြီးကို ကြည့်နေရသကဲ့သို့ စိတ်ချမ်းသာမှုများကို ခံစားရမည်ဖြစ်ပြီး အိပ်ပျက်ညများ များလာပြီး တာဝန်များပိုလာခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုများကို လည်းသင်ခံစားရမည်ဖြစ်ပါသည်။အများစုသော မိခင်များသည် ကလေးမွေးပြီး ကာစအချိန်များတွင် Baby Blue ဟုခေါ်သော စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ခံစားရမည်ဖြစ်ပြီး ယင်းတို့သည် မွေးပြီး ၄ရက်ခန့်မှ ၂ ပတ်ခန့်အတွင်း ပုံမှန်အနေအထားသို့ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။ သို့သော် အဆိုပါ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသ်ည ရက်အတော်အကြာဖြစ်ပေါ်နေပြီး မိမိကလေးကို ထိခိုက်စေခြင်းများအထိ ဖြစ်လာပါက ဆရာဝန်ထံချက်ချင်း အကြောင်းကြားရမည်ဖြစ်ပါသည်။ ထိုသို့ခံစားရလျှင် နောက်ပိုင်းတွင် စိတ်ကျရောဂါ ခံစားရသည်အထိဖြစ်လာနိုင်ပါသည်။အချုပ်ဆိုရသော် အများစုသော အမျိုးသမီးများသည် ကလေးမွေးပြီး ချိန်တွင် အဖော်ပြုပေးမည့်သူများနှင့် ကူညီလုပ်ကိုင်ပေးမည့်သူများ လိုအပ်ပါသည်။ ထို့ကြောင့် မိသားစုဝင်များအနေဖြင့် နားလည်မှုများထားပေးပြီး မီးနေသည်နှင့် ကလေးအတွက် အချိန်ပေးပြီး ကူညီစောင့်ရှောက်ပေးသင့်ပါသည်။ ထို့ပြင် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းမွေးပြီး ချိန်တွင် ဖြစ်ပေါ်သော စိတ်မူမမှန်မှုများသည် ၂ ပတ်ထက်ပိုပြီးဖြစ်ပေါ်နေခြင်း၊ ကလေးငယ်အား ထိခိုက်စေသည်အထိ ဆိုးရွားခြင်းများဖြစ်သော် ဆရာဝန်သို့မဟုတ် ကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန်ချက်များ၊ ကုထုံးများကို လိုက်နာရမည်ဖြစ်ပါသည်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac-%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%99%e1%80%bb/
အိပ်စက်ခြင်းပုံစံ အမျိုးမျိုးနဲ့ ကျန်းမာရေး ။ ။
လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်အနားယူတဲ့ ပုံစံတွေက မတူကြပါဘူး။ လူအများကြီး မပြောနဲ့။ လူတစ်ယောက်တည်းမှာတင် စစအိပ်တုန်းကတစ်ပုံစံ၊ နောက်ပိုင်းကျ ပုံစံမအမျိုးမျိုးပြောင်းပြီးအိပ်တဲ့သူချည်းပါပဲ။ ဒီတော့ ကိုယ်အိပ်တဲ့ပုံစံတွေက ကိုယ့်ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှု ရှိလဲမသိချင်ကြဘူးလား။အိပ်စက်တဲ့ပုံစံတွေအကြောင်းဘာလို့ပြောနေရတာလဲဆိုတော့ ကိုယ်အိပ်တဲ့ ပုံစံတွေကြောင့် အိပ်ရင်းဟောက်တာ၊ ရင်ပူတာတွေနဲ့ အသားအရေတွန့်တာတွေဖြစ်နိုင်လို့ပါ။ ဒီတော့ ဘယ်လိုအိပ်စက်နည်းပုံစံတွေက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမှာလဲ ။ ။အားသာချက် –ပက်လက်လှန်အိပ်ခြင်းက သင့်ကျောရိုးနဲ့ လည်ပင်းကို သက်တောင့်သက်သာရှိစေပြီး ကျောပြင်ကိုဆန့်စေတဲ့အတွက်ကြောင်း ကိုယ်ခန္ဓါကို တကယ်အနားရစေမယ့် ပုံစံတစ်ခုပါ။ ပက်လက်လှန်အိပ်နေတဲ့အတွက်ကြောင့် မျက်နှာနဲ့ ေအာက်ဆီဂျင်နဲ့ထိတွေ့မှု များပြီးအရေးအကြောင်း တွေ လျော့ပါးစေမှာ ဖြစ်ပါတယ်။အားနည်းချက် – အိပ်နေရင်းနဲ့ အသက်ရှူရပ်ရပ်သွားတဲ့SLEEP APNEAဆိုတဲ့ပြဿနာဟာ ပက်လက်လှန်အိပ်ရင် ပိုဆိုးသွားနိုင်တဲ့ ပြဿနာတစ်ခုပါ။ တစ်ချို့ ပက်လက်လှန်အိပ်တဲ့အခါ ပျော့နေတဲ့လျှာကအသက်ရှူလမ်းကြောင်းကို လိပ်ပြီးပိတ်ပိတ်သွားတတ်လို့ ဟောက်သံတွေ ဆူနေအောင် ကြားရတော့မှာပါ။ ဒါ့ကြောင့် Sleep apnoea ပြဿာနရှိတဲ့သူတွေဆို ဘေးစောင်းအိပ်တာ အကောင်းဆုံးပါ။အားသာချက် – ဘေးစောင်းအိပ်ခြင်းက လူတွေ အများဆုံးအိပ်စက်တတ်တဲ့ပုံစံတစ်ခုပါ။ ဘေးစောင်းအိပ်ခြင်းကြောင့်အစာခြေအက်ဆစ်ပြန်ဆန်တက်တဲ့ပြဿနာတွေ၊ရင်ပူတဲ့ပြဿနာတွေ သက်သာစေပြီးအစာခြေအားကိုလည်း ကောင်းစေတဲ့အပြင် သွေးလည်ပတ်မှုကိုပါကောင်းစေလို့ ကိုယ်တွင်းက အညစ်အကြေးတွေကို သန့်စင်ပြီးသားဖြစ်မှာပါ။အားနည်းချက် – စောင်းအိပ်တဲ့အခါဘယ်ဘက်ကို စောင်းအိပ်တာများရင်အဆုတ်နဲ့ အစာအိမ်တို့မှာ ဖိအားဖြစ်စေတတ်ပါတယ်။ နောက်ပြီး ဘယ်ဘက်လက်နဲ့ ဘယ်လက်ခြေထောက်နဲ့က အဖိခံထားရတတ်လို့ နိုးလာတဲ့အခါ ထုံကျင်တဲ့ ပြဿနာရှိတတ်ပါတယ်။ နောက်ပြီး ပခုံးနာတဲ့ ပြဿနာရှိသူတွေက နာနေတဲ့ဘက်ကို စောင်းမအိပ်မိစေဖို့လိုပါတယ်။အားသာချက် ကတော့ မှောက်အိပ်ရင် ဟောက်သံတွေ သိပ်မထွက်တော့တာလောက်ပါပဲ။အားနည်းချက် – အိပ်စက်တဲ့ပုံစံတွေ အားလုံးထဲမှာ မှောက်အိပ်တဲ့ပုံစံက အဆိုးဆုံလို့တောင် ပြောလို့ရပါတယ်။ မှောက်အိပ်တဲ့အခါ ေကျာရိုးကြီးက စောင်းပြီး ခွက်နေရတာကြောင့် ခါးနာတဲ့ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ နောက်ပြီး မှောက်အိပ်တာမှာ ကိုယ်ခန္ဓါအပြင် ခေါင်းကြီးကပါ တစ်ဘက်ကို လှည့်ထားရတာကြောင့်လည်ပင်းနာတဲ့ပြဿနာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် မှောက်အိပ်မှအိပ်ပျော်တယ်ဆိုတဲ့သူတွေအတွက်တော့ အိပ်တိုင်း ဗိုက်အောက်ပိုင်းနားနဲ့တင်ပါးနားလောက်မှာ ခေါင်းအုံးလေးတစ်လုံးခံပြီး အိပ်ဖို့ အကြံပေးချင်ပါတယ်။အချုပ်ပြောရမယ်ဆိုရင်တော့ လူတိုင်းက ကိုယ့်စိတ်ကြိုက်ပုံစံ၊ ကိုယ်အသက်သာဆုံဖြစ်တဲ့ ပုံစံနဲ့ အိပ်ကြတဲ့သူချည်းပါပဲ။ ဒါကိုမှ အပေါ်မှာပြောထားတဲ့ ေဟာက်တတ်တဲ့ပြဿနာ၊ အစာအိမ်ပြဿနာတွေ ရှိခဲ့မယ်ဆိုရင်တော့ စစအိပ်တည်းက ပုံစံမှန်နဲ့အိပ်သင့်ပြီး တရေးနိုးလာတဲ့အခါမှာ အိပ်တဲ့ပုံစံတွေကို ပြောင်းပေးဖို့လိုပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/sleeping-position-and-health/
မီးဖွားအပြီး စားသောက်ပုံ။ မလေးရှားလူမျိုးများ အတွေ့အကြုံ
မီးဖွားအပြီးတွင် မိခင်ကို အာဟာရ လုံလောက်စွာ ကျွေးခြင်းသည် အလွန်အရေးပါသည်။ သူမ၏ ခန္ဓါကိုယ်ကို အားသစ်ဖြစ်စေရန်နှင့် မီးဖွားအပြီး ပြန်လည်သက်သာစေရန် အကူအညီပေးသောကြောင့် ဖြစ်သည်။ ယဉ်ကျေးမှုအမျိုးမျိုး တွင် မီးဖွားအပြီး အာဟာရဖြစ်စေသည်ဟု ယုံကြည်သော ရိုးရာအစားအစာ အမျိုးမျိုး ရှိသည်။ မလေးရှားတွင်လည်း ရှိပါသည်။ ထိုရိုးရာအစာများ၏ အာဟာရတန်ဖိုး အကြောင်း ကျွမ်းကျင်သူများက ဘယ်လိုဆိုထားသလဲ ကြည့်ရအောင်။ရိုးရာဓလေ့အရ Jamu သည် မိခင်၏ ခန္ဓါကိုယ် နွေးထွေးမှု ကို ထိန်းပေးသည်၊ အားအင် ပြည့်စေသည်၊ အဆီကို ကျစေ ပြီး သားအိမ်အရွယ်အစားကို သေးစေသည်ဟု ယုံကြည် ကြသည်။ သို့သော်လည်း မီးဖွားအပြီး Jamu သုံးစွဲခြင်း၏ ကောင်းကျိုးများကို သိပ္ပံနည်းကျ သက်သေပြထားခြင်း မရှိပါ။ jamu ကို မိခင်ခန္ဓါကိုယ်တွင် သုံးပါက ချောမွေ့စေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ jamu ကိုသောက်သုံးပါက ဘေးထွက် ဆိုးကျိုးများကို ရှောင်ရန် သတိဖြင့် သောက်သင့် သည်။Ikan haruan အသားပါသော ငါးစွပ်ပြုတ်သည် ဗိုက်ခွဲ မွေးထားသော အမျိုးသမီးများကို သက်သာစေသည်ဟု ဆိုသည်။ အတွင်းဒဏ်ရာများ ပြန်လည်ကောင်းမွန်လာခြင်းကို ကူညီသောကြောင့် ဖြစ်သည်။ လေ့လာမှုများအရ ikan haruan သည် ဒဏ်ရာ ကျက်ရန် လိုအပ်သည်ဟု ဆိုသည်။ သို့သော်လည်း အတွင်းဒဏ်ရာကျက်ရန် ကူညီနိုင်သော အခြား ပရိုးတိန်းရင်းမြစ်များစွာ ရှိသည်။ရိုးရာဓလေ့အရ ဂျင်းသည် အပူဓါတ် ဆောင်ကျဉ်းပေး သော အစာဖြစ်သည်။ သွေးလှည့်ပတ်ခြင်းကို ကောင်းစေပြီး၊ လေပွခြင်း သက်သာစေသည်၊ အရိုးအဆစ်များကို သန်မာစေ သည်ဟု ဆိုသည်။ ပျို့တက်ခြင်းကို လျော့ချပေးနိုင်သော လည်း ဂျင်းသည် အပူစာမဟုတ်ပါ။ ဂျင်းအများကြီး စားခြင်း သည် မိခင်ကို လေပွခြင်းဖြစ်စေသည်။Red dates,kei zhi (wolfberry) နှင့် dong guai (angelica) စသော တရုတ်ဆေးဖက်ဝင်များသည် သွေးအား ကောင်းစေသည်၊ မီးဖွားအပြီး လက္ခဏာများကို ကုသပေး သည်၊ အားအင်ပြည့်ဖြိုးစေသည်ဟု ယုံကြည်ကြသည်။ တရုတ်ဆေးဖက်ဝင်များသည် မိခင်များကို အကျိုးရှိစေသည် ဟု သက်သေအခိုင်အမာ မရှိသော်လည်း လေ့လာမှုများအရ ထိုဆေးဖက်ဝင်များတွင် ဓါတ်တိုးဆန့်ကျင့်ဂုဏ်သတ္တိများ ပါဝင်ပြီး တစ်ရှူးများ ပြန်လည်ကောင်းမွန်ခြင်းနှင့် ကိုယ်ခံအား ကို တိုးတက်စေသည်ဟု ဆိုသည်။ ဤ အာဟာရအမျိုးအစား ကို ဗီတာမင် အီး၊ ဗီတာမင် စီ စသည်တို့ဖြင့် အစားထိုးနိုင် သည်။ဤဟင်းသီးဟင်းရွက်များသည် မိခင်နို့ထွက်မှုကို များစေ သည်ဟု ဆိုသည်။ သို့သော်လည်း နွယ်ပင် ဟင်းသီးဟင်းရွက် များ၏ ထိုကဲ့သို့ အကျိုးရှိပုံကို လေ့လာထားခြင်း မရှိပါ။ ထို့ကြောင့် နို့ထွက်မှု ကောင်းစေရန် အရည် လုံလောက်စွာ သောက်ပြီး မျှတသော အစားအစာ စားပါ။ဤအစားအစာများသည် အာဟာရ ဖြည့်စွက် ထောက်ပံ့မှု သာလျှင်ဖြစ်သည်။ ၎င်းတို့ကို အလွန်စွဲမြဲလုပ်နေပါက သင်နှင့် သင့်ကလေး၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်။ အောက်ပါတို့ကို သတိပြုမှတ်သားပါ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/%e1%80%99%e1%80%ae%e1%80%b8%e1%80%96%e1%80%bd%e1%80%ac%e1%80%b8%e1%80%a1%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%b6/
ကိုယ်ဝန်ရှိ မရှိ အိမ်မှာ အရင်စစ်မယ်
သင့်ဗိုက်ထဲမှာရင်သွေးလေး ရှိနေပြီဖြစ်တဲ့ အကြောင်း ဆရာဝန်ဆီက တရားဝင် မကြားရသေးခင် အိမ်မှာပဲ သင်ကိုယ်တိုင် ဦးစွာ စစ်ဆေးကြည့်နိုင်ပါတယ်။ ဒီဆောင်းပါးလေးက ကိုယ်ဝန် ရှိ မရှိ အိမ်မှာ ဘယ်လိုစစ်ဆေးမလဲဆိုတာကို လမ်းညွှန်ပေးထားတာဖြစ်ပါတယ်။ ကိုယ်ဝန်ရှိ မရှိ အိမ်မှာ အရင်စစ်မယ် ဆိုတဲ့အကြောင်းလေး ဆက်ပြောပြပေးမယ်နော်။ကိုယ်ဝန်ရှိ မရှိ အိမ်မှာ အရင်စစ်မယ် ဆိုတော့ ဘယ်လိုအချိန်မှာ စစ်ဆေးရမလဲ။  ဘယ်လို စစ်ဆေးရမလဲ။ ဘယ်လောက်ထိ တိကျမှု ရှိလဲဆိုတာကို သိချင်နေလောက်ပြီထင်ပါတယ်။ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ပုံမှန်ဓမ္မတာလာချိန်ထက် အနည်းဆုံး တပတ်လောက် နောက်ကျနေပြီဆိုရင် စစ်ဆေးကြည့်သင့်ပြီး သင့်အနေနဲ့ အတိကျဆုံးရလာဒ်ကို ရရှိမှာဖြစ်ပါတယ်။ အရမ်းကြီး စောစစ်မိမယ်ဆိုရင် သင့်အနေနဲ့ ကိုယ်ဝန် ရှိနေပေမယ့် စစ်ဆေးမှုမှာ ကိုယ်ဝန် မရှိဘူးလို့ အဖြေထွက်လာနိုင်ပါတယ်။စစ်မယ်ဆိုရင်လည်းဆီးထဲမှာ ဟော်မုန်းပါဝင်မှုအများဆုံးအချိန်ဖြစ်တဲ့ မနက်စောစော အချိန်မှာ စစ်ဆေးသင့်ပါတယ်။ကိုယ်ဝန် ရှိ မရှိ သိဖို့ စစ်ဆေးနိုင်တဲ့ နည်းလမ်းနှစ်သွယ် ရှိပါတယ်။ အိမ်မှာ ဆီးစစ်တာနဲ့ ဆေးရုံ၊ဆေးခန်းမှာ သွေးစစ်တာတို့ ဖြစ်ပါတယ်။ ဆီးစစ်တာဟာ ၉၉ ရာခိုင်နှုန်း တိကျမှန်ကန်ပြီး သွေးစစ်တာက ပိုလို့တောင်မှန်ပါသေးတယ်။ကိုယ်ဝန် ရှိ မရှိစစ်ဆေးတဲ့ စစ်ဆေးမှုတွေရဲ့ တိကျမှန်ကန်မှုဟာ အောက်ပါအချက်တွေပေါ်မူတည်ပါတယ်။တချို့ရှားရှားပါးပါး အခြေအနေတွေမှာ ဆီးထဲ ပရိုတင်း ဒါမှမဟုတ် သွေးပါနေခဲ့ရင် အဖြေမှားနိုင်ပါတယ်။ ဒါ့အပြင် အချို့သော ဆေးတွေကို သုံးစွဲနေရင်လည်း ကိုယ်ဝန် ရှိ မရှိ စစ်ဆေးတဲ့ အဖြေတိကျမှုကို ထိခိုက်စေပါတယ်။ဒီစစ်ဆေးမှုဟာ အလွန်ရိုးရှင်းပြီး လမ်းညွှန်ချက်အတိုင်း အတိအကျလိုက်နာမယ်ဆိုရင် မှန်ကန်တိကျတဲ့ အဖြေကို ပေးပါလိမ့်မယ်။ စစ်ဆေးမှု ပြုလုပ်ဖို့ နည်းလမ်းအများအပြားရှိပါတယ်။ ဒါကတော့ လက်ကိုအသုံးပြုစရာမလိုတဲ့ စစ်ဆေးမှုပြုလုပ်ပုံပါ။အဆင့် ၁– အောက်ပါ နည်းလမ်းတွေထဲက တခုကို ရွေးချယ်နိုင်ပါတယ်။အဆင့် ၂– ရလဒ်ပေါ်လာချိန်ထိ မိနစ် အနည်းငယ် စောင့်ဆိုင်းပါ။အဆင့် ၃– အဖြေကို ဖတ်ပါ။ သင်သုံးတဲ့ ပစ္စည်းပုံစံ အမျိုးအစားပေါ်မူတည်ပြီး အဖြေဖော်ပြတဲ့ ပုံကတော့ အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ကိုယ်ဝန် ရှိနေတယ်ဆိုရင် အဖြေက အောက်မှာပြထားတဲ့ ပုံစံတွေထဲက တမျိုးမျိုး ဖြစ်နိုင်ပါတယ်။တကယ်လို့ သင့်အနေနဲ့ လက်ကို သုံးပြီး စမ်းသပ်စစ်ဆေးတယ်ဆိုရင် အဆင့်တစ် နဲ့ နှစ်ကို အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း အတူတူပဲ လုပ်ပါ။ ဒါပေမယ့် နောက်ဆုံးအဆင့်မှာတော့ဆီးစစ်ပစ္စည်းကနေ “ကိုယ်ဝန်ရှိပါတယ်” ဒါမှမဟုတ် “ကိုယ်ဝန်မရှိပါ” ဆိုတဲ့ ရလဒ်တခုခုကို ခပ်ကျယ်ကျယ် အော်ပြောပါလိမ့်မယ်။တကယ်လို့ အဖြေက ကိုယ်ဝန် ရှိတယ်လို့ ထွက်လာခဲ့တယ်ဆိုရင် ပိုသေချာအောင် စစ်ဆေးဖို့ ဆရာဝန်ဆီသွားပါ။တကယ်လို့ အဖြေက ကိုယ်ဝန် မရှိဘူးလို့ ထွက်ပေမယ့် သင့်အနေနဲ့ ကိုယ်ဝန် ကျိန်းသေပေါက်ရှိနေတယ်လို့ ယုံကြည်ရင်လည်း ပိုသေချာအောင် စစ်ဆေးဖို့ ဆရာဝန်ဆီသွားပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/take-pregnancy-tests-at-home/
အိပ်ခါနီးမှ သရဲခြောက်ခံရတာလား
အိပ်ပျော်မလို ဖြစ်ပြီးမှ ရုတ်တရက် အနားမှာ ကျယ်ကျယ်လောင်လောင် အသံတစ်ခုခု ကြားလိုက်ရတယ်ဆိုရင်။ ဒါကလည်း သင်တစ်ယောက်တည်း ကြားလိုက်ရတယ်ဆိုရင်။ဒါကို ဆေးပညာအရတော့ exploding head syndromeလို့ ခေါ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် ဦးခေါင်းပေါက်ကွဲထွက်ခြင်း ရောဂါစုပေါ့။ တကယ်တော့ ဘာသာပြန်ထားသလို ခေါင်းကြီး ပေါက်ထွက်သွားတာ မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်းအသံတွေပဲ ကြားရတာပါ။အသံတွေကလည်း ဗျောက်အိုးဖောက်သံ၊ မိုးကြိုးပစ်တဲ့အသံ၊ ဗုံးပေါက်တဲ့အသံစတဲ့ ကျယ်ကျယ်လောင်လောင် အသံတွေပါပဲတဲ့။ အိပ်ပျော်ခါနီး ဖြစ်တတ်သလို နိုးနေရင်းလည်း ဖြစ်ပါသတဲ့။ခုထက်ထိတော့ ဘာကြောင့်ရယ်လို့ တိတိပပ မပြောနိုင်ကြပါဘူး။ ထင်မြင်ချက်တွေကတော့။တစ်ခါတလေတော့လည်း ခုနကပြောတဲ့ ရောဂါကြောင့် မဟုတ်ဘဲ။လူဘယ်လောက်များများ ဖြစ်နိုင်လဲဆိုတာ ပြောဖို့တောင် ခဲယဉ်းပါတယ်။ လေ့လာချက်တွေအရတော့ အမျိုးသမီးတွေက ပိုပြီး အဖြစ်များပါတယ်တဲ့။အသက်၅၀ကျော် လူကြီးတွေ၊ ၁၀နှစ် ပတ်ချာလည်ကလေးတွေမှာလည်း ဖြစ်တာ တွေ့ရပါတယ်။အဓိက ဖြစ်တာကတော့ အသံကျယ်ကျယ်လောင်လောင် ကြားလိုက်ရတာပါပဲ။ တစ်ခါတလေ အသံကြားရတာ အပြင် အကြောတွေဆွဲသွားတာ၊ မျက်လုံးထဲမှာ လျှပ်စီး လက်သလို လက်ခနဲ ဖြစ်သွားတာမျိုး ရှိပါတယ်။ ဒါကြောင့်လေဖြတ်တော့မှာလား၊ နှလုံးဖောက်တော့မှာလားဆိုပြီး လန့်တတ်ကြပါတယ်။တစ်ခါ တစ်ခါ တစ်ညတည်းမှာပဲ အကြိမ်ပေါင်းများစွာ ကြားရတာမျိုးလည်း ရှိပါတယ်။ နေ့စဉ်ရက်ဆက်ဖြစ်ရာကနေ သူ့ဟာသူ့ အကြာကြီး ပျောက်သွားတာမျိုးလည်း ရှိပါတယ်။အသံကြားတာ အပြင် ထမင်းလုံးတစ္ဆေခြောက်သလို အေးခနဲဖြစ်ပြီးအကြောဆွဲသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ဒါက နေ့စဉ်ရက်ဆက် သူများမကြားတဲ့အသံကို ကိုယ်တစ်ယောက်တည်း ကြားနေရတယ်ဆိုရင် ကြာလာရင် စိတ်ဖိစီးလာမှာပါ။ တချို့ကလည်း အသံကြောင့် ပြန်အိပ်မပျော်တော့တာကြောင့် အိပ်ရေးတွေပျက်လာကြပါတယ်။စိတ်ထဲမှာ ထင်ယောင် ထင်မှား ကြားလိုက်တယ်လို့ပြောပေမယ့် တကယ်ခံစားရတဲ့ သူကတော့ နားထဲမှာ ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြာလာရင် စိတ်ရှုပ်ထွေးလာမှာပါ။ဒီလိုနဲ့ ကြာလာရင် ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်လို့ ကုသလိုက်တာ အကောင်းဆုံးပါပဲ။အိပ်စက်ခြင်းအထူးကု၊ စိတ်ရောဂါအထူးကု ဒါမှမဟုတ် သမားတော်တွေနဲ့ ပြသနိုင်ပါတယ်။ လိုအပ်သလို စမ်းသပ်စစ်ဆေးပြီး ဆေးဝါးတွေနဲ့ ကုသပေးသွားမှာပါ။ကိုယ်ကိုယ်တိုင်လုပ်နိုင်တာတွေကတော့။ဒီရောဂါက စစကြုံကြုံချင်းမှာဆိုရင် လူနာက သိပ်ကို ထိတ်လန့်သွားမှာပါ။ အရင်ဆုံး မအိပ်ခင် စိတ်တည်ငြိမ်အောင် လုပ်ပြီး နေကြည့်ပါ။ အပေါ်က နည်းလမ်းတွေကိုလည်း လုပ်ကြည့်ပါ။ မသက်သာဘူး၊ အိပ်ရေးပျက်လောက်တဲ့အထိ ပြင်းထန်နေပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/head-exploding-syndrome/
ရာသီအကူးအပြောင်း မှာ ကလေးတွေ ကျန်းမာနေစေဖို့
ရာသီအကူးအပြောင်း ဆိုရင် လူကြီးတွေတောင် ဖျားနာတတ်ကြတာ နုနယ်တဲ့ကလေးတွေက ပိုပြီး ဖျားနာနိုင်ခြေ များပါတယ်။ရာသီဥတုအကူးအပြောင်းမှာ အပူချိန်၊ လေထုစိုထိုင်းဆ စတာတွေ ပြောင်းသွားတဲ့အတွက် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ပိုပွားတာ၊ ကူးစက်တတ်တာတွေ ဖြစ်တတ်ပါတယ်။ ရာသီအကူးအပြောင်းမှာ သားသားမီးမီးတို့ ကျန်းမာစေဖို့ မိဘတွေက ဒီလိုဂရုစိုက်ပေးဖို့ လိုပါတယ်။မိုးအကုန် ဆောင်းအကူးပဲဖြစ်ဖြစ်၊ နွေအကုန် မိုးအကူးပဲဖြစ်ဖြစ် ဥတုအလိုက် ဖြစ်တတ်တဲ့ ရောဂါတွေက နောက်ကနေ ကပ်ပါလာတတ်ပါတယ်။ ဒါတွေကခုခံအား နည်းတဲ့ ကလေးတွေမှာ ကောင်းကောင်းကြီး ဒုက္ခပေးတတ်ပါတယ်။ ဖြစ်တတ်တဲ့ ရောဂါတွေကတော့။–ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော။–အအေးမိတာ။-တုပ်ကွေးဖြစ်တာ။-ပန်းနာရင်ကျပ် စတာတွေ ဖြစ်တတ်ပါတယ်။-အပူနဲ့ ပတ်သက်တဲ့ ရောဂါတွေ။-အရေပြားရောဂါတွေ  ဖြစ်တတ်ပါတယ်။–သွေးလွန်တုပ်ကွေးအပါအဝင် ခြင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ။–ဝမ်းပျက်ဝမ်းလျှော။-အအေးမိတာ။–ရာသီတုပ်ကွေး စတာတွေကို သတိထားဖို့ လိုပါတယ်။ရာသီဥတု အကူးအပြောင်းမှာ သားသားမီးမီးတို့ ကျန်းမာစေဖို့ အောက်ပါ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာဖို့ လိုပါတယ်။ကလေးတွေ အစားချေးများကြတာ သဘာဝပါ။ ဒါပေမယ့် ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ဆိုရင်ကိုယ်ခံအား ကောင်းနေဖို့ လိုပါတယ်။ ထမင်းအပြင်  အသီးအရွက်၊ အသားငါးတွေကို မျှတအောင် ကျွေးပါ။ အသီးအနှံတွေကိုလည်း နေ့စဉ် ထည့်ကျွေးပါ။ ဆောင်းတွင်းမှာဆိုရင် နို့ပူပူလေး သောက်ပေးတာက ကလေးတွေ အအေးမိတာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။နွေရာသီမှ မဟုတ်ပါဘူး။ ဘယ်ရာသီမှာမဆို ရေများများသောက်ဖို့၊ တစ်နေ့တာ လိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ အအေးတွေ၊ အချိုရည်တွေထက်စာရင် ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ် စတာတွေကို များများတိုက်ပေးပါ။အထူးသဖြင့် လက်သန့်ရှင်းရေးပါ။ လက်ကနေတဆင့် ပိုးမွှားအများစုက ကူးစက်တာဖြစ်တဲ့အတွက် ကလေးတွေကို လက်ဆေးတတ်ဖို့ သင်ထားပေးရပါမယ်။ ဒါ့ပြင် မိမိဆီကနေ သူများကို မကူးစေဖို့ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ အုပ်ဆိုးဖို့လည်း သင်ထားပေးရပါမယ်။နွေရာသီဆို တစ်နေ့ ၂ခါချိုးတာက ပြဿနာ မရှိပါဘူး။ ချွေးတွေနဲ့ အတူကပ်ပါလာတဲ့ ပိုးမွှားတွေပါ သန့်စင်ပြီးသား ဖြစ်တာကြောင့် ပိုပြီးတောင် ကောင်းပါသေးတယ်။ မိုးတို့၊ ဆောင်းတို့ဆိုရင်တော့ ရေချိုးတာကို သတိထားရပါမယ်။ ခန္ဓာကိုယ် အပူချိန်ကျနေတဲ့အခါ ကိုယ်ခံအားလည်း ကျနေနိုင်တာကြောင့်ပါ။ ရေကျက်နွေးလေးနဲ့ တစ်နေ့တစ်ခါ ချိုးပေးတာ၊ ခေါင်းလျှော်ရင်လည်း ခပ်မြန်မြန်လျှော်ပြီး သေချာခြောက်အောင် သုတ်ပေးဖို့ လိုပါတယ်။မနက်ခင်း နေသိပ်မပူသေးတဲ့ အချိန်မှ ကလေးတွေကို အပြင်ထွက်ဆော့ခွင့်ပြုသင့်ပါတယ်။ ကစားတာက ကလေးတွေအတွက် လေ့ကျင့်ခန်းလုပ်နည်း တစ်မျိုးပါပဲ။ ကစားတာရော၊ မနက်ခင်း နေရောင်ခြည်က ဗီတာမင် ဒီရတာရော၊ လေကောင်းလေသန့်ရတာရောက ကလေးတွေကို ကျန်းမာစေပါတယ်။ကလေးတွေက တစ်နေ့ကို အနည်းဆုံး ၈နာရီ အိပ်သင့်ပါတယ်။ ဒါက ညဘက်မှာပါ။ နေ့လယ်ဘက်တွေမှာလည်း ကြီးထွားဟော်မုန်းထွက်အောင်  တစ်ရေးတစ်မော အိပ်ခိုင်းသင့်ပါတယ်။ကလေးတွေကို အရွယ်အလိုက် လိုအပ်တဲ့ကာကွယ်ဆေးတွေကို အကြိမ်ပြည့်အောင် ထိုးထားဖို့ လိုပါတယ်။ ဒါ့ပြင် မိုးတွင်းရောက်ခါနီး၊ ဆောင်းတွင်းရောက်ခါနီးတွေဆို ရာသီတုပ်ကွေးကာကွယ်ဆေးတွေ ထိုးထားသင့်ပါတယ်။အသင့်စား အစားအစာတွေ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရတန်ဖိုး နည်းပါတယ်။ ဒါပေမယ့် ကလေးတွေက ကြိုက်ပါတယ်။ ကြိုက်လို့ ဒါပဲစားပြီး ထမင်းမစားတော့ရင် အာဟာရချို့တဲ့ပြီး ခုခံအား ကျလာပါလိမ့်မယ်။အထူးသဖြင့် မိုးတွင်းရောက်တော့မယ်ဆိုရင် သွေးလွန်တုပ်ကွေးအပါအဝင် ခြင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအဖြစ်များလာနိုင်ပါတယ်။ ကလေးကို ခြင်မကိုက်အောင် လုံလုံခြုံခြုံဝတ်ပေးပါ။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးထားပါ။ငြိမ်နေတာက မိဘတွေ အကြိုက်ဆိုပေမယ့် ကလေးအတွက်တော့ မကောင်းပါဘူး။ ကလေးသဘာဝ လှုပ်ရှားပြီး ဆော့ကစားနေမှ အရပ်ရှည်ပြီး အဝလွန်တာတွေ မဖြစ်မှာပါ။ ဒါ့ပြင် လူကြီးတွေ လေ့ကျင့်ခန်း လုပ်တာနဲ့ တူတဲ့အတွက် ကိုယ်ခံအားလည်း ကောင်းစေပါတယ်။ကလေးမှာ ဓာတ်မတည့် ပန်းနာရင်ကျပ်၊ နှင်းခူစတာတွေ ရှိတယ်ဆိုရင် သူနဲ့ ဓာတ်မတည့်တာတွေကို သတိထားပေးပါ။ အထူးသဖြင့် ရာသီအကူးအပြောင်းမှာ ပန်းပွင့်တာကြောင့် ဝတ်မှုန်တွေ လွင့်လာတာ၊ စိုထိုင်းဆ အပြောင်းအလဲကြောင့် ဖုန်၊ အမှုန်၊ မှိုတွေ ရှိတတ်ပါတယ်။အထူးသဖြင့် ရာသီတုပ်ကွေးဖြစ်တတ်တဲ့ မိုးဦးကျ၊ ဆောင်းဦးကျအချိန်ဆို ကလေးတွေကို လူထူထပ်တဲ့နေရာ ခေါ်မသွားသင့်ပါဘူး။ အိမ်မှာ နေမကောင်းတဲ့သူ ရှိနေရင်လည်း ဝေးဝေးနေခိုင်းသင့်ပါတယ်။ရာသီအကူးအပြောင်းဆိုတာ နှစ်တိုင်း ကြုံရမယ့် ကိစ္စပါ။ ဒီဆောင်ရန် ရှောင်ရန် အချက်တွေနဲ့ ကလေးတွေကို ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း ကလေးကို နေမထိ လေမထိ မထားပါနဲ့။ တစ်ခါတလေမှာပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ပေးလိုက်တာက ခုခံအားကို လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/how-to-keep-your-kids-fit-during-weather-changes/
မီးဖိုချောင်သုံး လက်နှီးစုတ် တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး
မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတော့အိမ်မှုကိစ္စလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ စိတ်ဝင်စားမိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အိမ်တိုင်းလိုလိုမှာ မီးဖိုချောင်းသုံးဆိုပြီး လက်နှီးစုတ် လေးတွေ ထားထားတာ တွေ့ဖူးကြမှာပါ။ အိုးခွက်ပန်းကန်တွေ ဆေးပြီးရင် ရေခြောက်အောင် သုတ်ဖို့၊ အဝတ်လျှော်စက်တွေကို တိုက်ချွတ်ဖို့၊ စဉ်းတီတုံး၊ ငရုတ်ဆုံတွေကို အသုံးပြုပြီးသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ပန်းကန်စင်၊ ကြောင်အိမ်တွေကို တိုက်ချွတ်ဆေးကြောတဲ့အခါမျိုးတွေမှာ လက်နှီးစုတ်တွေ သုံးတတ်ကြပါတယ်။ဒီနေရာမှာ တော်တော်များများ လုပ်မိတတ်ကြတဲ့အမှားက လက်နှီးစုတ်တွေကို သုံးပြီးတာနဲ့ မလျှော်ပဲ ဒီအတိုင်းပစ်ထားလိုက်ပြီး ထပ်ခါတလဲလဲ အသုံးပြုတတ်ကြတဲ့ ပြဿနာပါပဲ။မီးဖိုချောင်ဆိုတာ တကယ်တမ်း သမားရိုးကျကျ ပြန်တွေးကြည့်ရင် တော်တော်လေးကို ညစ်ပတ်တဲ့ နေရာတစ်ခု၊ သန့်ရှင်းရေးအမြဲလိုအပ်တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။အသား၊ ငါးတွေကနေ ဘက်တီးရီးယားပိုးမွှားတွေ၊ အမှိုက်ပုံးကနေ ထွက်နေတဲ့ အမှိုက်နံ့၊ သိုးနေတဲ့ အစားအစာတွေ၊ လေထဲမှာ၊ မီးဖိုချောင်သုံးပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေကို အမြဲသန့်ရှင်းနေရတာဖြစ်တဲ့အတွက် လက်နှီးစုတ်မှာ ဘက်တီးရီးယားပိုးပေါင်း သောင်းခြောက်ထောင်လောက်က ရှင်သန်ကျက်စားလျက်ရှိနေပါတယ်။ဒီလို လက်နှီးစုတ်တွေကို မလျှော်မဖွပ်ဘဲ လက်နဲ့ ကိုင်တွယ်အသုံးပြုလိုက်တဲ့အခါ နဂိုရှိနေတဲ့ ပိုးမွှားတွေက လက်ပေါ်ကို ရောက်သွားပါတယ်။ အဲ့မှာ ဟင်းချက်၊ သန့်ရှင်းရေးလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ လက်ကို သေချာမဆေးမိရင် တစ်မိသားစုလုံး တော်တော်ဒုက္ခရောက်နိုင်ပါတယ်။ ဒီလိုဘက်တီးရီးယားပိုးမွှားတွေ ဗိုက်ထဲကို ရောက်သွားတဲ့အခါ။•ဗိုက်အောင့်ဗိုက်နာတာ။• သန်ထတာ။• အစာအဆိပ်သင့်တာ။•ဝမ်းပျက်ဝမ်းလျှောဖြစ်တာ။• နေမကောင်းဖြစ်တာ။• အူရောင်ငန်းဖျားဖြစ်တာ စတဲ့ပြဿနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။အပြင်က မသန့်ရှင်းတဲ့ လမ်းဘေးစာတွေ မစားချင်လို့ အိမ်မှာပဲ ကိုယ့်ဘာသာလုပ်စားရာကနေ ဒီလိုမျိုးအဖြစ်တွေ ကြုံလာရင်တော့ ကိုယ်လည်း အိမ်ရှင်မတစ်ယောက်အနေနဲ့ စိတ်ထဲ ဘယ်ကောင်းနိုင်ပါတော့မလဲ။လက်နှီးစုတ်ဆိုတာမျိုးက မီးဖိုချောင်အတွက် မသုံးလို့လည်း မဖြစ်တဲ့အရာမို့ ကိုယ့်အနေနဲ့ သိထားသင့်တဲ့အရာတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားမယ်ဆိုရင်တော့ အပေါ်မှာပြောထားတဲ့ ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါဆိုဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။၁။ ဖုန်သုတ်တဲ့ လက်နှီးစုတ်နဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ အစားအစာနဲ့ မထိမိအောင် သေချာဂရုစိုက်ပါ။၂။ မီးဖိုချောင်သုံးဖို့အတွက် လက်နှီးစုတ်တစ်ထည် သီးသန့်ထားပေးပါ။ တခြားနေရာတွေမှာ အသုံးမပြုပါနဲ့။၃။ တစ်ခါသုံးပြီးတိုင်း အမြဲ အဝတ်လျှော်ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပြီး နေလှန်ပေးထားပါ။ တစ်နေ့တစ်ခါ မလျှော်နိုင်ရင်တောင် ၃ရက်တစ်ကြိမ်လောက်တော့ လျှော်သင့်ပါတယ်။၄။ ညစ်ပေနေတဲ့ လက်နှီးစုတ်ကို အသက်ငယ်သေးတဲ့ ကလေးတွေ မထိမိ၊ မကိုင်မိစေဖို့ သတိပေးပါ။ သူတို့ လက်လှမ်းမမီလောက်တဲ့ နေရာမှာ လက်နှီးစုတ်ကို တင်ထားပါ။ အသက်ကြီးတဲ့ လူကြီးမိဘတွေကိုလည်း ပေးမကိုင်ပါနဲ့။၅။ လက်နှီးစုတ်နဲ့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပေးပါ။၆။ လက်နှီးစုတ်ကို ၃-၄ လတစ်ကြိမ် သို့မဟုတ် မှိုစွဲပြီးအနံ့ထွက်နေရင် လွှင့်ပစ်ပြီး အသစ်တစ်ထည် ပြန်လဲပါ။အိမ်ထောင်ရှင်လေဒီလေးတို့လည်း ကိုယ့်မီးဖိုချောင်မှာရှိနေတဲ့ လက်နှီးစုတ် တွေကို သေချာသန့်ရှင်းပေးဖို့ မေ့လျော့နေတာမျိုး မလုပ်သင့်ဘူးနော်။ ကိုယ့်မိသားစုရဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာရှိတာမို့ အမြဲတမ်း အသေးစိတ်ကစလို့ အရာရာကို သတိထားပြီး ဂရုစိုက်မှ အဆင်ပြေမှာပါ။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/kitchen-towels-are-probably-full-of-bacteria/
ဆလတ်ရွက် နဲ့ ကျန်းမာရေး
အစိမ်းနုရောင် အရွက်ဖျားတွန့်တွန့်လေးတွေနဲ့ ခပ်ဖားဖားဆလတ်ရွက်ကတကြွပ်ကြွပ်နဲ့ တို့စားလို့ ကောင်းသလို ဘူးသီးကြော်နဲ့ အချဉ်နဲ့ တို့စားရတာလည်း ကောင်းပါတယ်။ခရမ်းချဉ်သီးလေးနဲ့ တွဲပြီး သုပ်စားရင်လည်း အတော်လေး အရသာရှိတာပါ။ဒီလိုစားလို့ကောင်းတဲ့ ဆလတ်ရွက်လေးက ပုံစံလေးတင် ချစ်စရာကောင်းတာ မဟုတ်သလို စားလို့လည်းကောင်းပြီးကျန်းမာရေးအတွက်လည်း ထောက်ကူပေးနိုင်ပါသေးတယ်။ ဆလတ်ရွက်က ဘယ်လိုများဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။စားလို့ကောင်းတဲ့ ဆလတ်ရွက်မှာ။ရေဓာတ် ပါဝင်မှုများတဲ့ ဆလတ်ရွက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့တာပါ။ ဒီဆလတ်ရွက်လေးက အခုလိုမျိုးကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ဆလတ်ရွက်မှာ အရောင်ကျစေနိုငတဲ့ အာနိသင် ပါဝင်နေပါတယ်။ ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို ခန္ဓာကိုယ် ပြင်ပကရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဆလတ်ရွက်က သွေးထဲက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းအဆီများတာကို လျှော့ချပေးနိုင်သလို ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဆလတ်ရွက်ကို ရှေးယခင်ကာလတွေကတည်းက ညဘက်တွေ ကောင်းကောင်း အိပ်ပျော်စေဖို့ အသုံးပြုကြပါတယ်။ ဆလတ်ရွက် အဆီအနှစ်က အာရုံကြောတွေကို ပြေလျော့စေနိုင်ပြီး ညဘက်တွေမှာ ကောက်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ညဘက်ကောင်းကောင်း အိမ်မပျော်တဲ့သူတွေ စားပေးလို့ ရပါတယ်။ဆလတ်ရွက်မှာလည်း အခြားသော ဟင်းရွက်တွေလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ကို ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာ၊ ဆီးချိုတို့လိုမျိုး နာတာရှည် ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဆလတ်ရွက်က ဘက်တီးရီးယားတွေကို ကောင်းကောင်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဆလတ်ရွက်မှာပါတဲ့ Biochemicals တွေနဲ့ အင်ဇိုင်းတွေက ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေကို ပိုးမဝင်စေဖို့လည်း သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။ဆလတ်ရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က အာရုံကြောတွေကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။ သိမြင်မှု စွမ်းရည်ကို ကောင်းမွန်စေသလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။ဆလတ်ရွက်မှာ ရေဓာတ် ပါဝင်မှု များသလို အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ချချင်သူတွေ စိတ်ကြိုက် စားပေးလို့ရတဲ့ အရွက်လေး တစ်မျိုးပါ။ရေဓာတ် ကြွယ်ဝသလို ဗီတာမင် C နဲ့ ဗီတာမင် A ပါဝင်နေမှုက အသာအးရေ လှစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြားကို ခြောက်သွေ့မှု ကင်းစေပြီး ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဆလတ်ရွက်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဍ္ဎမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ ရေဓာတ်ပါဝင်မှုကလည်း ဝမ်းချုပ်မှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ကဲ ….. ချစ်စရာကောင်းတဲ့ ဆလတ်ရွက် စားလို့ ကောင်းရုံတင် မဟုတ်ဘဲ အခုလိုလည်း ကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်နော်။ဆလတ်ရွက်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/salad-leaf-benefits/
ပြီးပြည့်စုံသော ကျန်းမာရေး ဆိုတာ
ကျန်းမာရေး နဲ့ ပတ်သက်ပြီးအဓိပ္ပာယ် ဖွင့်ဆိုချက်တွေကတော့ အမျိုးမျိုးပါပဲ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးWHOကတော့ ရောဂါမရှိရုံနဲ့ ကျန်းမာတယ်လို့ ပြောလို့မရပါဘူးတဲ့။ လူတစ်ယောက်ကျန်းမာတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြင် လူမှုဆက်ဆံရေးပါ ကျန်းမာ (တစ်နည်းအားဖြင့် အထီးကျန်မနေဘဲ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှု ရှိ) နေပါမှ တကယ်ကျန်းမာတယ်လို့ ဆိုနိုင်ပါတယ်တဲ့။ ပြီးပြည့်စုံသော ကျန်းမာရေး ဆိုတာ ဘယ်လိုမျိုးများလဲ …. လေ့လာကြည့်ရအောင်နော်။ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူသိများတာကတော့ ကိုယ်နဲ့ စိတ်ကျန်းမာရေးပါ။ ပြီးပြည့်စုံသော ကျန်းမာရေး အတွက်ဆိုရင် ဒီနှစ်ခုတင်မကဘဲ စိတ်ခံစားချက်တွေ၊ အသိဉာဏ်တွေ၊ ငွေကြေးပိုင်းဆိုင်ရာတွေ၊ ကိုယ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်အလုပ်ခွင်ကပါ ကျန်းမာနေရမယ်လို့ ဆိုပါတယ်။ ဒါတွေက ကိုယ့်ရဲ့ ကျန်းမာရေးကို သွယ်ဝိုက်ပြီးတော့ သက်ရောက်မှုတွေ ရှိနေလို့ပါပဲ။ဥပမာ အသိဉာဏ်ကျန်းမာနေပါမှ နေမကောင်းဖြစ်တဲ့အခါ ဘယ်သူနဲ့ ပြရမယ်။ ဘယ်လို နည်းလမ်းအမှားတွေကို ရှောင်ရမလဲဆိုတာ သိမှာပါ။ ငွေကြေးပိုင်း ပြေလည်နေမှ ကျန်းမာရေးအတွက် လုံလုံလောက်လောက် သုံးနိုင်မှာပါ။ဒီမှာတော့ လူအများ ရင်းနှီးပြီးသား ဖြစ်တဲ့ ကိုယ်နဲ့ စိတ်ကျန်းမာရေးကိုပဲ အဓိက ထား ပြောပြပေးပါမယ်။ကိုယ်ကျန်းမာတယ်ဆိုတာ အကြမ်းအားဖြင့် ရောဂါကင်းစင်တယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်ကျန်းမာမှ ကိုယ်သွားချင်တာ၊ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာပါ။ နေမကောင်း ဖြစ်လို့ အိပ်ရာထဲလဲနေရရင် ဘာမှမလုပ်နိုင်တော့ဘူးလေ။ဒီလို ရောဂါကင်းစင်နေဖို့ဆိုရင် ရောဂါဖြစ်မှ ကုတာမျိုး မဟုတ်ဘဲ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ရမှာပါ။ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို ဆရာဝန်တွေ ညွှန်ကြားထားတဲ့ ကျန်းမာစေတဲ့ နည်းလမ်းတွေနဲ့ အစားထိုးရမှာပါ။ နေထိုင်မကောင်းဖြစ်ရင်လည်း ရောဂါကို မွေးမထားဘဲ ထိရောက်တဲ့ ကုသမှုတွေ ခံယူရမှာပါ။ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက နေ့စဉ်လေ့ကျင့်ခန်း လုပ်ရုံ၊ အာဟာရပြည့်အောင် စားသောက်တယ်ဆိုတာထက် ပိုပါတယ်။ ကိုယ့်ကို ရောဂါဖြစ်စေနိုင်တဲ့၊ ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ အခြေအနေတွေ အားလုံးကို ကြိုတင်ပြင်ဆင်ထားတာလည်း ပါပါတယ်။ ဥပမာ။နောက်ပြီး ရုပ်ကျန်းမာရေးက စိတ်ကျန်းမာရေးနဲ့လည်း အပြန်အလှန်ဆက်စပ်နေပါတယ်။ နေမကောင်းတဲ့သူက စိတ်ဓာတ်ကျလွယ်သလို၊ စိတ်ဓာတ်ကျနေတဲ့သူကလည်း မူးယစ်ဆေးတွေ သုံးတာ၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်တာကြောင့် ကိုယ်ကျန်းမာရေးကို ထိခိုက်တတ်ပါတယ်။စိတ်ကျန်းမာရေးဆိုတာ လူတစ်ယောက်က အမြဲတမ်း ပျော်ရွှင်နေရမယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်ခံစားချက်တွေ၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေ၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူတွေကတော့ ကျန်းမာနေရမှာပါ။လူတစ်ယောက်က စိတ်ကျရောဂါမရှိရုံ၊ စိတ်ရှုပ်ထွေးမှုတွေကို မခံစားရရုံနဲ့ စိတ်ကျန်းမာတယ်လို့ ပြောလို့မရပါဘူး။ သူက။စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ချိတ်ဆက်နေတဲ့အတွက် ၂ခုလုံးကို မျှတအောင် ဂရုစိုက်သင့်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်က မျိုးဗီဇခြင်း မတူကြပါဘူး။ မျိုးဗီဇဆိုတာမျိုးကလည်း မျိုးအောင်တည်းက သတ်မှတ်ပြီးသားပါ။ လူတချို့မှာ မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ကျန်းမာရေး ချို့တဲ့ရတာတွေ ရှိနိုင်ပါတယ်။ ဥပမာဒေါင်းရောဂါစု။ပတ်ဝန်းကျင်အခြေအနေကလည်း ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိနေပါတယ်။ တစ်ခါတလေ ပတ်ဝန်းကျင် အခြေအနေကို အပြောင်းအလဲ လုပ်လိုက်ရုံနဲ့ ကျန်းမာရေးအခြေအနေ ပိုကောင်းတာ၊ ပိုဆိုးတာ ဖြစ်လာနိုင်ပါတယ်။ ဥပမာ။-ဘယ်မှာနေတာလဲ (မြန်မာနိုင်ငံလို နေရာမှာ နေတယ်ဆိုရင် တီဘီ၊ ငှက်ဖျား စတဲ့ ကူးစက်ရောဂါတွေ ပိုဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ သွေးတိုး၊ ဆီးချိုတွေ၊ ခုခံအားရောဂါတွေ ပိုဖြစ်ပါတယ်။)။-ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကရော ဘယ်လိုလဲ (စက်ရုံ အလုပ်ရုံတွေနဲ့ နီးသလား)။-ဝင်ငွေ (ဝင်ငွေကောင်းမှ ကျန်းမာရေး စောင့်ရှာက်မှုတွေ၊ အာမခံတွေအတွက် ငွေသုံးနိုင်မှာပါ)။-ပညာအရည်အချင်း (ဘွဲ့လက်မှတ်ထက် ကျန်းမာရေးအသိဘယ်လောက်ရှိလဲက ပိုပြီး အရေးကြီးပါတယ်)။-ဘာအလုပ်လုပ်တာလဲ (ထိခိုက်ဒဏ်ရာရနိုင်ခြေများတဲ့ စက်ရုံအလုပ်တွေလား။ ရောဂါပိုးတွေနဲ့ ထိတွေ့မှု များတဲ့ ကျန်းမာရေး ဝန်ထမ်းလား။)။ဒီအချက်တွေကတော့ လူတိုင်း သိပြီးသားပါပဲ။ စွဲစွဲမြဲမြဲလုပ်ဖို့ပဲ လိုတာပါ။ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာစေတဲ့ အလေ့အကျင့်တွေကို စွဲစွဲမြဲမြဲကျင့်သုံးတာပါပဲ။ ကျန်းမာရေးရဲ့ အရေးပါပုံကို သိလာပြီးနောက်မှာ လူသားတွေက ရောဂါဖြစ်မှ ကုသတာထက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေကို ပိုမိုကျင့်သုံးလာကြပါပြီ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/how-to-maintain-good-health/
အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း
မိုးမှာ ရေကြီးအောင် မိုးရွာပြီးဆောင်းမှာတော့ အအေးလျော့ခဲ့ပေမယ့် အခုနွေမှာတော့ ရိုးရာမပျက် ခြစ်ခြစ်တောက် ပူနေလေရဲ့နော်။ မနက်လင်းကတည်းက စညည်းမိတာ ပူလိုက်တာချွေးတွေလုံးနေတာပဲ ဆိုတဲ့ စကားပါ။ ချက်ရပြုတ်ရ၊ အိမ်မှုကိစ္စတွေ လုပ်ရ၊ ရုံးသွားရနဲ့ မအားမလပ်ပါပဲ။ ဒီကြားထဲ ရုံးသွားတဲ့အခါ မှာ ကားက တိုးကြိတ်စီးရသေးတာနော်။ မဟုတ်လည်း လမ်းက ကျပ်တယ်။ ဒီပြဿနာတွေကနွေမှာ ပိုဆိုးတယ်နော်။ နွေရောက်ပြီဆို အများဆုံး ကြားရတာ တစ်ခုရှိတယ်။ ဒါကတော့ နွေပူလွန်းလို့  ဦးနှောက်သွေးကြော ပြတ်တယ် ဆိုတာပါပဲ။နွေအပူကြောင့် ဦးနှောက်သွေးကြောပြတ်တာလားဆိုတာကို ကြည့်လိုက်ကြရအောင်လား ……။ဦးနှောက်သွေးကြောပြတ် ရတာက နွေပူလို့လား ဆိုတော့ မဟုတ်ပါဘူး။ နွေပူတာကြောင့်အပြင် အခြားသော အကြောင်းအရင်းခံတွေပါ ပါဝင်ပတ်သက်နေတာကြောင့် ဦးနှောက်သွေးကြော ပြတ်ရတာပါ။ တကယ်တမ်းက ဦးနှောက်သွေးကြောပြတ်တယ်ဆိုတာထက်  သွေးတိုးပြီး ဦးနှောက်သွေးတိုးပေါက်တယ်လို့ ပြောတာက ပိုမှန်ပါတယ်။သွေးတိုး အပါအဝင် အခြားရောဂါအခံ တစ်ခုခု ရှိနေမယ်။ ဆေးလည်း သေချာမကုဘူး။ စားသောက်မှုပုံစံမှားယွင်းနေမယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းမယ်။ အယ်လ်ကိုဟော သောက်သုံးမယ်၊ တားမြစ်ဆေးဝါးတွေ သုံးစွဲတာနဲ့ အပူဒဏ်တို့ ပေါင်းစပ်မိတာကြောင့် အသံတိတ်လူသတ်သမားလို့ ခေါ်ကြတဲ့ ဘာရောဂါလက္ခဏာမှ ရေရေရာရာမပြဘဲ အသက်သေဆုံးရတဲ့ ဦးနှောက်သွေးကြော ပြတ်ရတာပါ။ရာသီဥတုပူပြင်းတာ တစ်ခုတည်းကြောင့်တော့ ဦးနှောက်သွေးကြော မပြတ်နိုင်ပါဘူး။ နေထိုင်စားသောက်မှုပုံစံ မှန်ကန်မယ်ဆိုရင် ဦးနှောက်သွေးကြော ပြတ်တာမျိုး ဖြစ်နိုင်ခြေက နည်းပါတယ်။ နွေရာသီမှာ ရုတ်တရက် သတိလစ်သွားတယ်။ အသက်ပါပါသွားတယ်ဆိုတာကအပူလျှပ်တာကြောင့် ပိုဖြစ်နိုင်ပါတယ်။ အပူလျှပ်တာကို သတိမထားမိလို့ ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးပြီး သတိလစ်သွားတာမျိုး ဖြစ်ပါတယ်။နေအပူဒဏ်ကသွေးဖိအားအပေါ် တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ နွေရာသီမှာ အများထင်ကြသလို သွေးတိုးတာထက်  သွေးပေါင်ကျတာက ဖြစ်နိုင်ခြေ ပိုများပါတယ်။ အပူဒဏ်ကြောင့် သွေးကြောတွေ ကျယ်လာသလို၊ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကြောင့် သွေးပေါင်ကျဖို့ များပါတယ်။ သာမန်လူတွေမှာ ခန္ဓာကိုယ်က ဒီဖြစ်စဉ်ကို အချိန်မီတုံ့ပြန်နိုင်ပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ တုံ့ပြန်မှု နှေးတာကြောင့် သွေးပေါင်တွေကျပြီး မူးတာ၊ သတိလစ်တာမျိုး ဖြစ်တတ်ပါတယ်။နွေရာသီမှာ သွေးတိုးတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ အများစုကတော့ သွေးတိုးရောဂါအခံရှိပြီး သေချာမထိန်းတဲ့သူတွေရယ်၊ အပူရှိန်ကြောင့် စိတ်ဖိစီးတဲ့ သူတွေရယ်ပါ။ စိတ်ဖိစီးတာကတော့ ဖိစီးတဲ့ခဏ တိုးမှာပဲဖြစ်ပြီး အမြဲတိုးနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နဂိုသွေးတိုးကို သေချာမထိန်းတဲ့သူတွေက ဦးနှောက်သွေးကြောပြတ်သွားတဲ့အခါ နွေရာသီကြောင့်၊ ပူတာကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရောဂါကို သေချာမထိန်းလို့ ဖြစ်ရတာပဲ ဖြစ်ပါတယ်။အပူချိန်ပြင်းနေချိန်မှာ လူတိုင်း သတိထားဖို့လိုတယ်ဆိုပေမယ့် အခုပြောပြမယ့်သူတွေက ပိုသတိထားဖို့ လိုပါမယ်။ဒီတော့ ကိုယ်တိုင်ကိုဖြစ်ဖြစ် မိသားစုဝင်တွေမှာဖြစ်ဖြစ် ခုလို အခြေအနေကနေ ကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ ဒါကြောင့် အခုပြောပြခဲ့တာတွေကို သတိထားလို့ ကိုယ်တိုင်ကိုရော ချစ်ရသူတွေကိုပါ အသံတိတ်လူသတ်သမားလက်ကနေ ကာကွယ်ကယ်ဆယ်လိုက်ပါနော်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/effects-of-temperature-on-blood-pressure/
ကလေးကို ထိခိုက်ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်ရမလဲ
ကလေးဆိုတာဆော့မှာပဲ၊ပြေးလွှားကစားရင်း ထိမိခိုက်မိတာလည်းရှိမှာပဲ။ အဆော့သန်တဲ့ကလေးတွေမှာ ပွန်းပဲ့ဒဏ်ရာနဲ့မကင်းတာ သဘာဝပေမယ့် မတော်တဆကြောင့် ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေလည်းရှိတတ်ပါတယ်။ ပွန်းတာပဲ့တာလောက်ကတော့ အချိန်တန်ရင်ပျောက်သွားမှာပေါ့ ဆိုပြီး ဒီအတိုင်းလွှတ်ထားလို့တော့မဖြစ်ပါဘူး။ အနာသေးသေးလေးကနေလည်း အနာပိုးဝင်ပြီးမေးခိုင်လိုမျိုးရောဂါတွေအထိဖြစ်လာနိုင်လို့ပါ။အန္တရာယ်ဆိုတာ ဘာမှန်းသေချာမသိသေးတဲ့အရွယ်တွေမို့ အုပ်ထိန်းသူမိဘတွေအနေနဲ့ ဂရုစိုက်ကာကွယ်ပေးသင့်တယ်လေ။ မတော်တဆမှုတွေက ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာစေနိုင်တယ်။ လက်ရှိ ချို့ယွင်းချက်ရှိနေသူတချို့မှာ ငယ်ဘဝကဖြစ်ခဲ့တဲ့မတော်တဆမှုတွေက အကြောင်းရင်းခံဖြစ်နေတတ်တာ အများကြီးပါ။ ဥပမာ ငယ်ငယ်ကရေနွေးပူလောင်ခဲ့လို့ မျက်နှာအမာရွတ်နဲ့နေသွားရသူတွေ၊ ငယ်ငယ်က မတော်တဆဦးခေါင်းထိခိုက်မှုကြောင့် ဉာဏ်ရည်ချို့ယွင်းသွားသူတွေလိုမျိုး။အသက်တမျှချစ်ခင်ရတဲ့ ကိုယ့်ရင်သွေးလေးတွေ ဒီလိုမကောင်းတဲ့အကျိုးဆက်ဖြစ်မလာအောင်လို့ စိုးရိမ်ကြမယ့်သူတွေချည်းပါ။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာ သေးသေးကြီးကြီး မပေါ့ဆကြပါနဲ့။ ဆေးပညာတိုးတက်တဲ့ခေတ်ဖြစ်ပြီး အကောင်းဆုံးဆေးပလာစတာနဲ့ဆေးဝါးတွေ အလွယ်တကူရရှိနိုင်တယ်ဆိုပေမယ့် မဖြစ်ခင်က ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးပါပဲ။ကလေးတွေကို ထိခိုက်ဒဏ်ရာအန္တရာယ်က ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%99%e1%80%9b%e1%80%b1/
နေ့စဉ်ဘဝထဲက ပြဿနာတွေနဲ့ စိတ်ဖိစီးမှုများစွာကို ဘယ်လို ကျော်လွှားမလဲ
လူတိုင်းကတော့အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ နေ့စဉ်ဘဝရဲ့ အပြောင်းအလဲတွေ၊ အတားအဆီးတွေ၊ အခက်အခဲတွေ၊စိတ်ဖိစီးမှုဆိုတာတွေဟာ လူရယ်လို့ဖြစ်လာရင် ကြုံဆုံကြရတဲ့ ဒုက္ခဆင်းရဲတွေပဲ မဟုတ်လား။အခက်အခဲတွေ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်လာရချိန်တိုင်းမှာ လက်လျှော့ အရှုံးပေးတော့မှာလား။ အညံ့ခံဒူးထောက်လိုက်မှာလား။ ဒါမှမဟုတ် “ဘဝဆိုတာ တိုက်ပွဲ” ဆိုတာကို ယုံကြည်ပြီး ဒီအခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်ပြီး အောင်ပွဲတွေ ဆွတ်ယူကြမလား။ကြုံဆုံလာရမယ့် အခက်အခဲတွေ၊ စိတ်ပင်ပန်းစရာတွေကို ဘယ်လိုတွန်းလှန်ကြမလဲ။ ဒီမေးခွန်းတွေကို အဖြေပေးနိုင်မဲ့ နည်းလမ်းတချို့တော့ရှိပါသေးတယ်။ဒီအချက် ၅ ချက်တင်မကပါဘူး။ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့။အခက်အခဲနဲ့ စိတ်ဖိစီးမှုဆိုတာမျိုးက ဘဝမှာ မလွှဲမရှောင်သာရင်ဆိုင်ရမယ့် အရာတွေပါ။ ဘာအခက်အခဲမှ မရှိဘဲ ဘယ်လို အောင်မြင်မှုမှ မရနိုင်ပါဘူး။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုတွေကို အခက်အခဲတွေ ကြုံလာတော့မှ ထုတ်ပြနိုင်မှာပါ။ဒါကြောင့် နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို စိတ်မပျက်ပါနဲ့။ လက်မလျှော့ပါနဲ့။ ကျော်ဖြတ်နိုင်စွမ်းကိုယ့်မှာရှိတယ်ဆိုတာကို ယုံကြည်ရင်း ဖြတ်ကျော်ကြပါလို့ တိုက်တွန်းချင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/how-to-overcome-stressful-life-events/
သွေးပေါင်ကျဆေးနီးပါးအစွမ်းထက်တဲ့ နေ့ခင်းတစ်ရေးအိပ်ခြင်း
နေ့ခင်းအိပ်ရတာ ကြိုက်လား။ သတင်းကောင်းရှိတယ်နော်။နေ့ခင်း တစ်ရေးအိပ်တာကသွေးပေါင်ကျဆေးသောက်စရာ မလိုဘဲသွေးတိုးမဖြစ်အောင် ထိန်းပေးနိုင်ပါသတဲ့နော်။နေ့ခင်းတစ်ရေးအိပ်တာကမှတ်ဉာဏ်ကောင်းစေတယ်ဆိုတာကတော့ အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရသိထားပြီးဖြစ်မှာပါ။ အခုတစ်ခေါက်လုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ နေ့ခင်းတစ်မှေးမှေးတာကသွေးတိုးကျစေနိုင်တယ်ဆိုတဲ့အချက်ကိုတွေ့ရှိခဲ့ပါတယ်။လေ့လာမှုအသစ်တစ်ရပ်အရ နေ့လယ်နေ့ခင်းတစ်ရေးအိပ်တာကသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်လို့ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ အချိန်အကြာကြီးအိပ်တာမဟုတ်ရင်တောင်အလုပ်ခွင်ထဲမှာ ထမင်းစားပြီးချိန် ခုံမှာ မျက်လုံးလေးမှိတ်လို့ ခဏလောက်မှေးတာကလည်းသွေးပေါင်ကျစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ အနည်းဆုံးတော့ခန္ဓာကိုယ်ကို အားပြည့်သွားစေပြီးစိတ်ခံစားမှုကောင်းစေမှာ အမှန်ပါ။ဂရိနိုင်ငံVoulaမြို့မှာရှိတဲ့ Asklepieion အထွေထွေရောဂါကုဆေးရုံက သုတေသီတွေပြုလုပ်ခဲ့တဲ့လေ့လာမှုအသစ်မှာ နေ့လယ်ခင်းတစ်မှေးအိပ်တာက သွေးပေါင်ကျစေနိုင်ပြီး ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ဒီလေ့လာမှုအတွင်း လူ ၂၁၂ယောက်ကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်သူတွေရဲ့သွေးပေါင်ချိန်က ၁၂၉.၉ mmHg ရှိပါတယ်။လေ့လာမှုမှာပါဝင်သူတွေရဲ့ အသက်က ပျမ်းမျှအားဖြင့် ၆၂ နှစ်အရွယ်တွေဖြစ်ကြပြီးဆေးလိပ်သောက်သူတွေလည်းပါဝင်သလိုအမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေလည်း ပါဝင်ကြပါတယ်။ပါဝင်သူတွေကို အုပ်စု နှစ်စုခွဲပြီးလေ့လာခဲ့တာပါ။ တစ်ဖွဲ့ကို နေ့ခင်းတစ်ရေးအိပ်စေပြီး အခြားအဖွဲ့ကိုတော့ နေ့ခင်းမအိပ်ခိုင်းပါဘူး။ ၂၄ နာရီပတ်လုံးလေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးပေါင်ချိန်ကို တိုင်းတာစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုရလဒ်အနေနဲ့ တွေ့ရှိရတာက နေ့ခင်းတစ်ရေးအိပ်သူတွေမှာ သွေးပေါင်ချိန်က ၅.၃ mmHg ကျနေတယ်ဆိုတာပါပဲ။ လူတော်တော်များများယူဆထားတာကနေထိုင်စားသောက်မှုပုံစံကို ဆင်ခြင်မှ ဒါမှမဟုတ် ဆေးသောက်တာတွေကပဲ သွေးပေါင်ကျတာလို့ ယူဆထားကြတာပါ။ နေ့ခင်းတစ်ရေးလောက်အိပ်တာက စိတ်ခံစားမှုကိုကောင်းစေတဲ့အပြင်သွေးပေါင်ကိုပါထိန်းညှိပေးနိုင်တာပါနော်။တကယ်လို့ သွေးပေါင်ကျဆေးသောက်မယ်ဆိုရင် သွေးပေါင်ချိန်ကို ၅ mmHg ကနေ ၇ mmHg အထိလျှော့ချပေးနိုင်ပြီး နေ့ခင်းတစ်ရေးအိပ်တာက သွေးပေါင်ချိန်ကို ၅.၃ mmHg ထိ လျှော့ကျစေနိုင်တယ်ဆိုတော့ ဆေးသောက်သလောက်ကို ထိရောက်နေတာပါ။ ခန္ဓာကိုယ်မှာဆေးကြောင့် side effect မရှိဘဲ သွေးပေါင်ကျစေနိုင်တဲ့ နည်းလမ်းတစ်ခုပေါ့။ သွေးပေါင်ချိန် ၂ mmHg ကျရင်တောင်ရုတ်တရက်နှလုံးရပ်တာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်ဆိုမှတော့ နေ့ခင်းတစ်ရေးအိပ်တာကတော်တော်လေးထိရောက်ပြီလို့ပြောလို့ရတာပေါ့။ကဲ….. ဒါကြောင့်နေ့ခင်းတစ်ရေးအိပ်ပြီး ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ရအောင်လား Helloဆရာဝန်ပရိသတ်ကြီးရေ……………….။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/afternoon-nap-may-lower-your-blood-pressure/
ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ
အရင်ကတော့ ဂိမ်းဆော့တာနဲ့ ပတ်သက်ပြီး ကောင်းတဲ့အမြင်ရော၊ ဆိုးတဲ့အမြင်ပါ ရှိနေကြတယ်။မိဘတွေအနေနဲ့တော့ ဆိုးတယ်လို့ မြင်တာ ပိုများမှာပေါ့ဗျာ။ အထူးသဖြင့် ပညာရေးကို အလွန်အလေးထားတဲ့ မိဘတွေဆိုရင် ကိုယ့်ကလေးတွေဂိမ်းဆော့တာကို တကယ့်ပြစ်မှုကြီး တစ်ခုကျူးလွန်မိသလို မြင်တတ်ကြမှာပါ။ခုလိုကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။ အစပိုင်းတော့ သူတို့တွေအနေနဲ့ အပြစ်ပြောဆိုတာ၊ ဆူပူရိုက်နှက်တာမျိုးတွေ လုပ်ပေမယ့် နောက်ပိုင်းမှာတော့ ဘာမှမပြောဘဲ လွှတ်ထားလိုက်ကြတယ်လို့ ဖွင့်ဟလာကြတယ်။အရင်တုန်းကတော့ ကလေးတွေ ဂိမ်းဆော့တာနဲ့ပတ်သက်ပြီး သိပ်သဘောမကျတဲ့သူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ မိဘတွေလိုမျိုးပညာရေးမှာ လစ်ဟင်းသွားမယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ကျန်းမာရေးနဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပါ။ဒီဘက်ခေတ်ကလေးတွေက ကျွန်တော်တို့ခေတ်ကလို မဟုတ်ဘဲအထိုင်အရမ်းများပါတယ်။ ကျောင်းသွား၊ ကျူရှင်တက်၊ ငြိမ်ငြိမ်လေးထိုင် အိမ်စာလုပ်၊ စာကျက်၊ရုပ်ရှင်ကြည့်၊ ပြီးရင် အိပ်မယ်။ ဒါတွေကို ပြန်တွေးကြည့်ရင် လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်း၊ အားကစား လုပ်တဲ့အချိန်ဆိုတာ မရှိသလောက်နည်းပါတယ်။ကလေးတစ်ယောက်က အရပ်ရှည်ပြီး ကြီးမားသန်စွမ်းလာဖို့ဆိုတာ ခန္ဓာကိုယ်က အမြဲလှုပ်ရှားနေရပါတယ်။ တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေးထိုင်နေရင်ဖွံ့ဖြိုးမှုကို နှေးကွေးစေသလို ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း ကျဆင်းသွားစေပါတယ်။ ဒါ့အပြင် ဂိမ်းဆော့တာက စွဲတတ်တော့ ကလေးတွေ မျက်လုံးနဲ့အမြင်အာရုံထိခိုက်မှာ၊အာရုံကြောအားနည်းလာမယ့် ပြဿနာကလည်း စိတ်ပူစရာပါ။ဒါပေမယ့် ခုလိုကပ်ဘေးကာလမှာတော့ ကလေးတွေ ဂိမ်းဆော့လာတာနဲ့ပတ်သက်ပြီး အပြစ်တင်လို့ မရတော့ပါဘူး။ ကျောင်းတွေ၊ ကျူရှင်တွေကလည်း ပိတ်တယ်၊ကိုဗစ်စဖြစ်တဲ့အချိန်ဆိုတာ အခြေခံကျောင်းတက်နေရသေးတဲ့ ကျောင်းသားကလေးငယ်တွေအတွက်တော့ ကျောင်းပိတ်နေဆဲကာလဖြစ်လို့ စာသင်ထားတာလည်း မရှိတဲ့အတွက် သူတို့တွေ စာလုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။စာလုပ်ချိန်တွေကလည်း နည်းသွားတယ်၊ သူငယ်ချင်းတွေနဲ့လည်း မတွေ့ရ၊ အပြင်လည်း မထွက်ရဆိုတော့ ကလေးတွေအတွက် စိတ်ဖိစီးမှုတွေ၊အထီးကျန်တာတွေ နည်းသွားအောင်၊ မေ့ပျောက်သွားအောင်လို့ အချိန်အတိုင်းအတာတစ်ခုပေးပြီး ဂိမ်းပေးဆော့တာမျိုး လုပ်တာက သူတို့တွေရဲ့ စိတ်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ်လို့ ကျွန်တော်ကတော့ ယူဆတယ်ဗျ။ကျွန်တော့်အမြင်အရတော့ တန်ဆေး၊ လွန်ဘေး သဘောအတိုင်း အကုန်လုံးကို အချိန်အကန့်အသတ်နဲ့ လုပ်စေချင်တယ်။ တစ်နေ့တာအတွက် စာလုပ်ရမယ့်အချိန်၊ ထမင်းစားရမယ့်အချိန်၊မိသားစုလိုက် စကားပြော၊လေ့ကျင့်ခန်းလုပ်မယ့်အချိန်၊ အိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးဖို့အချိန်၊ ဂိမ်းဆော့ဖို့အချိန်၊ ရုပ်ရှင်ကြည့်ချိန်၊ အိပ်ချိန်ဆိုပြီး သူ့အချိန်နဲ့သူ အကန့်အသတ်လုပ်ပေးထားခြင်းက မိဘတွေအတွက်ရော ကလေးတွေအတွက်ပါ အဆင်ပြေစေမှာပါ။ဂိမ်းဆော့လို့ မျက်လုံးထိခိုက်မှာ ကြောက်တဲ့ မိဘများအတွက်တော့ ကိုယ့်ရဲ့ကလေးကို သဘာဝအလင်းရောင် ကောင်းကောင်းရနိုင်မယ့် မနက်ခင်း၊ နေ့လယ်ခင်းအချိန်တွေမှာသာ ဂိမ်းပေးဆော့ပါ။ အမှောင်ထဲမှာ ဂိမ်းဆော့တာမျိုး တွေ့ရင် နေရာပြောင်းဆော့ဖို့ သတိပေးပါ။ စာလုပ်ရမယ့်အချိန်မှာဂိမ်းဆော့တာမျိုးတော့ ပေးမလုပ်ပါနဲ့။ တစ်ရက်တလေ သတ်မှတ်ချိန်ထက် အချိန်အနည်းငယ် ဂိမ်းပိုဆော့တာမြင်ရင်လည်း မဆူပါနဲ့။ လွှတ်ပေးထားလိုက်ပါ။ ကလေးက သူ့အလုပ်သူ လုပ်နေတယ်ဆိုရင် ဒါက သိပ်ပြီးပြဿနာရှိတဲ့အရာမဟုတ်ပါဘူး။ဆယ်ကျော်သက်တွေလည်း ထိုနည်းတူပါပဲ။ လုပ်ငန်းခွင် ဝင်နေရတဲ့ လူငယ်၊ လူလတ်ပိုင်းတွေအနေနဲ့ ဂိမ်းဆော့လို့တော့ ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အလုပ်တာဝန်ကို လစ်ဟင်းလို့ မရဘူးဆိုတာတော့ သိမှာပါ။ ညဘက်တွေ မအိပ်ဘဲ ဂိမ်းဆော့တာမျိုး၊ တစ်နာရီထက်ပိုပြီး ဆက်တိုက် ဂိမ်းအကြာကြီး ဆော့တာမျိုးကို မလုပ်ပါနဲ့။ မျက်လုံးက ပြာလာတာ၊ အလင်းမှုန်တွေ ထွက်လာတာ၊အမြင်အာရုံဝေဝါးလာတာ၊ ခေါင်းမူးလာတာဆိုရင် ဂိမ်းဆော့တာ ချက်ချင်းရပ်ပြီး မျက်စိမှိတ်အနားယူပါ။ အိပ်ချိန်ကို ပုံမှန်အတိုင်း တစ်နေ့ ၇-၈ နာရီ ရအောင် အိပ်စက်အနားယူပါ။ အစာအာဟာရကို စုံလင်စွာ စားသုံးပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%82%e1%80%ad%e1%80%99/
ခေါင်းတွေပူပြီး အိုင်ဒီယာအသစ်တွေ ထွက်မလာတော့ဘူးလား
ဖြစ်တတ်ပါတယ်။ ဦးနှောက်စားရတာ များလာတဲ့အခါ လူက မနားရဘဲ ခေါင်းတွေ ထူပူလာတယ်၊ အိုင်ဒီယာအသစ်တွေ ထွက်လာဖို့ အတော်ကြိုးစားရုန်းကန်ရတဲ့ အခိုက်အတန့်မျိုး။အသစ်အဆန်းတွေ မတွေးမိတော့ဘူး၊ အတွေးသစ်တွေ မနည်းညှစ်ထုတ်နေရတဲ့အချိန်မှာ အရင်ကထက် ပိုပင်ပန်းရပါတယ်။ ဒီလို Creativity တွေ ကျဆင်းနေပြီဆိုရင် အချိန်မီ အမြန်ကုစားသင့်ပါတယ်။ မဟုတ်ရင် ကိုယ့်ရဲ့ လုပ်နိုင်စွမ်း (productivity) တွေပါ ထိုးကျသွားပါလိမ့်မယ်။ဖိစီးမှုတွေ လက်ထဲကနေ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ဖို့ဆို –။ပထမဆုံး ကိုယ့်ခေါင်းထဲ ပေါ်ပေါ်လာတဲ့ အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့ အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့် အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကို မွေးမြူပါ။စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် အကျိုးရှိမလာနိုင်တာမို့ ဒါတွေတွေးမယ့်အစား ဖြေရှင်းဖို့ကို အရင်တွေးပါ။ ရှုထောင့်ပြောင်းပြီး ကောင်းတဲ့ဘက်က ပြောင်းမြင်ကြည့်ပါ။လူက အရင်ကြည်လင်လန်းဆန်းနေမှ စိတ်ကလည်း အတူပြောင်းလဲလာမှာပါ။ နည်းနည်းပဲဖြစ်ဖြစ် ပျော်ရွှင်မှုကို ပိုရချင်ရင် ခန္ဓာကိုယ်မှာ အကောင်းဘက်ကို အရင်ပြောင်းလဲလိုက်ပါ။ နေပုံထိုင်ပုံ၊ သွားပုံလာပုံကအစ အမူအကျင့်နဲ့ အလေ့အထတွေမှာ ပြုပြင်ပြောင်းလဲပြီးကျင့်ယူပါ။ကိုယ်နေဟန်ထားပုံစံကျအောင်နေမယ်၊ မကြာခဏပြုံးရယ်တတ်အောင်နေမယ်၊ တက်ကြွလှုပ်ရှားအောင်နေမယ်ဆိုရင် လုံလောက်ပါပြီ။အဆင်မပြေမှုတွေ ကြုံလာခဲ့ရင်တောင် ဟာသလုပ်ပစ်နိုင်ပါစေ။ ပျော်ပျော်နေတတ်သူအဖို့ ဘယ်ပြဿနာကိုမဆို ရှောင်ပုန်းစရာမလိုဘဲ အကောင်းဆုံးနည်းနဲ့ ကျော်လွှားနိုင်ပါတယ်။ အခုဖြစ်လာတဲ့ အခြေအနေက နောက်ပိုင်းကောင်းဖို့အတွက် ဖြစ်လာနိုင်တယ်လို့ တွေးပြီး ရင်ဆိုင်ပါ။ စိန်ခေါ်မှုတွေ၊ စိတ်ညစ်စရာတွေကို ရယ်စရာလုပ်ပစ်လိုက်တဲ့အခါစိတ်ဖိစီးမှုတွေ လျော့စေပြီး နည်းလမ်းမှန်ကို မြင်လာနိုင်တယ်၊ အတွေးကောင်းတွေ ပေါ်လာနိုင်တယ်လေ။ကျွန်မတို့တွေက ပျော်စရာကောင်းခဲ့တဲ့ အခိုက်အတန့်လေးတွေကို သေချာအသိအမှတ် မပြုပေးဘဲ‌ ကျော်လွန်ခဲ့မိကြတာ များပါတယ်။ ကိုယ့်သူငယ်ချင်းက surprise လက်ဆောင်လေးပေးတာ၊ ချစ်ခင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပျော်ရွှင်ခဲ့ရတာ၊ ကိုယ်စိတ်ညစ်နေချိန်မှာ ရယ်စရာလေးပြောပြီး အားပေးခဲ့သူ တွေကြောင့်စိတ်ဓာတ်မကျခဲ့တာစတဲ့ အခိုက်အတန့်လေးတွေကို အသိအမှတ်ပြု၊ မှတ်သားထားသင့်ပါတယ်။ကိုယ့်မှာ အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေ ဖြစ်လာတဲ့အခါ ဒီလိုပျော်စရာတွေကို ပြန်တွေးလိုက်ပါ။ အမှတ်တရကောင်းတွေသာ သိမ်းဆည်းထားပါ။ အချိန်မရွေး စိတ်ချမ်းသာရပါလိမ့်မယ်။ကျေးဇူးတင်တတ်တဲ့အမူအကျင့်လေးကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းစေတယ်၊ အခက်အခဲ ဖြစ်နေချိန်မှာတောင် ‌ဖြေသာတယ်၊ အကောင်းမြင်တတ်စေတယ်။ ကိုယ့်အတွက် သက်သာရာရစေတဲ့၊ ပျော်ရွှင်မှု ဖြစ်စေခဲ့တဲ့အရာ သို့မဟုတ် လူပုဂ္ဂိုလ်တွေ၊ အချိန်အခါ တွေကို ပြန်တွေးပါ။ အသေးအဖွဲလေးပဲ ဖြစ်ပါစေ ကျေးဇူးတင်စိတ်လေး ဖြစ်လာတာနဲ့ အဆိုးမြင်စိတ် ဖြစ်လာနိုင်ခြေကို တားဆီးနိုင်ပါတယ်။ဘယ်ဘက်မှာ ကိုယ်က ဖန်တီးနိုင်စွမ်း ပိုကောင်းလဲမသိသေးဘူး၊ ဘယ်အလုပ်မှာအားသန်သလဲ သတိမထားမိသေးဘူးဆိုရင် ရှာဖွေပါ။ လက်မှုပညာလား၊ နည်းပညာမှာလား၊ အရေးအသားပိုင်းလား၊ ပန်းချီလား။ ကိုယ့်ဝါသနာနဲ့ အားသန်ရာကို အချိန်ပေးပါ။ အတွေးတွေ များနေမယ့်အစား ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ထပ်ပြီး အရောင်တင်လိုက်ပါ။လူဆိုတာက ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကို လွန်ဆန်ဖို့ ခက်ပါတယ်။ ကိုယ့်အနားကလူတွေက အဆိုးမြင်တတ်၊ ပူလောင်တတ်တဲ့ စိတ်တွေပိုင်ဆိုင်ထားရင် ကိုယ့်ကိုလည်းတစ်ချိန်ချိန်ကူးစက် လာမှာမလွဲပါဘူး။ ဒါ့ကြောင့် အကောင်းမြင်တတ်၊ စိတ်ပေါ့ပါးတတ်တဲ့သူတွေနားမှာနေပါ။တိုးတက်မှုအတွက် ရှာဖွေရမှာတော့ ကိုယ့်အပိုင်း၊ ကိုယ့်တာဝန်မို့ သိပ်တော်၊ သိပ်တတ်၊ ပြိုင်ဆိုင်တတ်တဲ့သူတွေနဲ့ နေဖို့ချည်း စဉ်းစားမနေပါနဲ့။ စိတ်အေးချမ်းချင်ရင်ပေါ့။ဘဝမှာ ဘာဖြစ်ချင်လဲ ဆိုတဲ့ ရည်မှန်းချက် အကြီးတွေထက် ကိုယ့်အတွက် မြန်မြန်ဖြစ်မြောက်လာနိုင်တဲ့ ခပ်သေးသေးအောင်မြင်မှုတွေကို ရည်မှန်းပါ။ ခုနက ကိုယ့်ရည်မှန်းချက်အကြီးအတွက် လှေကားထစ်တွေ ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ တစ်ဆင့်ချင်းစီကို ကျော်လွန်နိုင်ခဲ့တိုင်း အောင်မြင်မှုကို အကြိမ်ကြိမ် ခံစားနိုင်တာမို့ ခြေလှမ်းတိုင်းက အားအင်အပြည့်နဲ့ ပျော်စရာကောင်းနေပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/creativity/
ဝက်ခြံအမာရွတ်တွေ ဘယ်လိုဖြစ်လာသလဲ
လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။ဝက်ခြံအမာရွတ်သည်မည်သို့ဖြစ်ပေါ်လာသနည်း။လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ၊ အညစ်အကြေး၊ ဘက်တီးပိုးမွှားများပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။ဝက်ခြံကို မကိုင်ရ၊ သူ့ဟာသူပျောက်ကင်းသည်အထိစောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန်အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟုဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံအချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် မကြာမကြာ အရေပြားဆရာဝန်ထံသို့သွား၍ ဝက်ခြံကုသမှုခံယူရပါမည်။ ကာကွယ်မှုယူထားရပါမည်။ဝက်ခြံအမာရွတ်အမျိုးအစားများမှာ အဘယ်နည်း။ဝက်ခြံကိုညှစ်ထုတ်ပြီးပါက အမာရွတ်ကျန်နိုင်ပါသည်။ တစ်ခါတစ်ရံ အမာရွတ်များ ခုံးတက်လာပါက အသားတက်သော အမာရွတ်မျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ရှားပါသည်။ အများစုသော အမာရွတ်များသည် ချိုင့်ဝင်လေ့ရှိပါသည်။ တစ်ရှုးများ ပျက်စီးဆုံးရှံုးပြီး ချိုင့်ဝင်၍အပေါက်ငယ်လေးများဖြစ်ပေါ်နိုင်ပါသည်။ဝက်ခြံအမာရွတ်ကို မည်ကဲ့သို့ကာကွယ်မည်နည်း။အကောင်းဆုံးမှာ ကာကွယ်သောနည်းလမ်းဖြစ်ပါသည်။ အပြောထက် အလုပ်က ပို၍ပင်လွယ်ကူပါသည်။ အဘယ်ကြောင့်ဆိုသော် ဝက်ခြံဖြစ်စေနိုင်သော အကြောင်းအချက်မျိုးစုံရှိပါသည်။ ဥပမာ ဟော်မုန်းပြောင်းလဲခြင်း၊ ဘက်တီးရီးယားပိုးမွားများနှင့် စိတ်ဖိစီးမှုတို့ဖြစ်ပါသည်။ တစ်ကိုယ်ရည်သန့်ရှင်းမှု ၊ အသားရေထိန်းသိမ်းခြင်း ပြုလုပ်ခြင်းဖြင့် ဝက်ခြံဖြစ်ပွားမှုမှကာကွယ်နိုင်ပါသည်။ ဝက်ခြံဖြစ်ပေါ်လာလျှင် ကိုယ်တိုင်ညှစ်ထုတ်ခြင်းမပြုပဲ ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆိုးရွားသော အခြေအနေများတွင် ဆေးဝါးများသုံးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ဝက်ခြံထုတ်ပြီးလျှင် အရေပြားအနည်းငယ် လန်တတ်ပါသည်။ မခွာ၊ မဆိတ်ရပါ။ ရောဂါပိုးမွှားများသာ ပို၍ပေါက်ပွားစေနိုင်သောကြောင့် ဖြစ်ပါသည်။ အရေပြားအရောင်လည်း ပြောင်းလဲသွားစေနိုင်ပါသည်။အပြင်ဆေးဆိုင်များတွင် အလွယ်တကူဝယ်၍သုံးစွဲနိုင်သော အလှကုန်များရှိသော်လည်းအကျိုးသက်ရောက်မှု သိပ်မရှိပါ။ အကောင်းဆုံးမှာ အရေပြားဆရာဝန်နှင့်ပြ၍ အသင့်တော်ဆုံး ကုသမှုမျိုးကို ခံယူပါ။သေချာစွာဂရုစိုက်မှုပြုလုပ်သည့်တိုင် ဝက်ခြံအမာရွတ်ဖြစ်နိုင်ပါသေးသည်။ ဆရာဝန် နှင့် သေချာတိုင်ပင်သင့်ပါသည်။အရေပြားကုသမှုခံယူခြင်း နှင့် အရေပြားအစားထိုးကုသခြင်းများဖြင့် အမာရွတ်များ၊ အရောင်ပြောင်းသွားသော နေရာများကို အစားထိုးကုသနိုင်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bd%e1%80%90%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af/
အဝတ်အစားတွေ ဆီစွန်း သွားရင်
အဝတ်အစားတွေမှာ ဆီစွန်း သွားတာက အဝတ်အစားတွေကို ပျက်စီးစေတာ တစ်မျိုးပါပဲ။ စားတဲ့ဆီ ဒါမှမဟုတ် စက်ဆီတွေ အဝတ်အစားကို စွန်းသွားလို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အကြိုက်ဆုံး အဝတ်အစားလေးတွေ ဆီစွန်းသွားတဲ့အခါ ပျက်စီးမှုတွေ မဖြစ်စေဖို့ စွန်းသွားတဲ့ ဆီတွေကို ဘယ်လို ချွတ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။အဝတ်အစားတွေ ဆီစွန်း သွားရင် အရင်ဆုံး လုပ်မိတာကတစ်သျှူးစဒါမှမဟုတ် အဝတ်စကို ယူပြီး သုတ်လိုက်တာဟုတ်။ ဒါက အဆီတွေကို စုပ်ယူပေးနိုင်တယ်ဆိုပေမယ့် ကုန်စင်အောင်တော့ မဟုတ်ပါဘူး။ အဝတ်အစားမှာ စွန်းသွားတဲ့ အဆီတွေကို အကုန်လုံးဖယ်ရှားနိုင်ဖို့ဆိုရင် ဒီမည်းလေးတွေက အသုံးတည့်မှာပါ။သနပ်ခါးကတော့မြန်မာနိုင်ငံက အိမ်တိုင်းလိုလိုမှာ ရှိတဲ့အရာပါ။ အဝတ်အစားတွေမှာ ဟင်းဆီတွေ၊ စက်ဆီတွေ စွန်းသွားတဲ့အခါ အရင်ဆုံး တစ်သျှူးစနဲ့ ခြောက်နေအောင် သုတ်ပါ။ပြီးရင်တော့ ခပ်ပျစ်ပျစ် သွေးထားတဲ့ သနပ်ခါး အနှစ်ကို ဆီပေတဲ့နေရာမှာ ခပ်ထူထူလေး လိမ်းပေးပြီး ခြောက်တဲ့အထိ ထားလိုက်ပါ။ ပြီးရင်တော့ဆပ်ပြာရည်စိမ်ပြီး လျှော်ချလိုက်ရုံပါ။အဝတ်မှာအေနေတဲ့ ဆီတွေကို ဖယ်ရှားဖို့အတွက် မြေဖြူကို အသုံးပြုလို့ ရပါတယ်။ မြေဖြူကလည်း အဝတ်မှာ ပေနေတဲ့ဆီတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ဟင်းဆီတွေ၊ စက်ဆီတွေ စွန်းသွားတဲ့အခါ အရင်ဆုံး တစ်သျှူးစနဲ့ ခြောက်နေအောင် သုတ်ပါ။ ပြီးရင်တော့ မြေဖြူနဲ့ ဆီစွန်းတဲ့နေရာကို ခပ်ထူထူလေး ခြစ်လိုက်ပါ။ ပြီးရင် ၂ နာရီလောက် ထားပြီး ဆပ်ပြာရည် စိမ်လို့ အဝတ်ကို လျှော်လိုက်ပါ။မုန့်ဖုတ် ဆော်ဒါကလည်း ဆီစွန်း တာတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဆိုဖာနဲ့ အခြားသော ကြီးမားတဲ့ အဝတ်အစားတွေက ဆီစွန်းနေတာတွေကို ပြောင်စေဖို့အတွက်လည်း မုန့်ဖုတ်ဆော်ဒါကို အသုံးပြုလို့ ရပါတယ်။အရင်ဆုံး ပေနေတဲ့ဆီတွေကို အဝတ်စ၊ တစ်သျှူးစတို့နဲ့ သုတ်လိုက်ပါ။ ပြီးရင် ဆီစွန်းတဲ့နေရာကို မုန့်ဖုတ်ဆော်ဒါကို ခပ်ပျစ်ပျစ်ဖျော်ပြီး သုတ်ထားလိုက်ပါ။ ၂၄ နာရီ ထားပါ။ ပြီးရင် မုန့်ဖုတ်ဆော်ဒါကို ဘရက်ရှ်နဲ့ တိုက်ချလိုက်ပါ။ ပြီးရင်တော့ဗီနီကာကို ရေနဲ့ ဆတူရောပြီး ဆီစွန်းတဲ့နေရာကို ဖြန်းလိုက်ပါ။ ပြီးရင် ဘရက်ရှ်နဲ့ ခပ်ဖွဖွလေး ဖွတ်ပေးပါ။ ဆပ်ပြာနဲ့ စိမ်ပြီး သေချာလေး လျှော်ချလိုက်ရုံပါ။ဆီစွန်း တာတွေကို အထိရောက်ဆုံး ဖယ်ရှားဖို့ သွားတိုက်ဆေးကို အသုံးပြုပေးလို့လည်း ရပါတယ်။ အရင်ဆုံး ပေနေတဲ့ဆီတွေကို အဝတ်စ၊ တစ်သျှူးစတို့နဲ့ သုတ်လိုက်ပါ။ ပြီးရင် ဆီစွန်းတဲ့နေရာကို သွားတိုက်ဆေး ခပ်ထူထူလေး သုတ်ထားလိုက်ပါ။ ၂၄ နာရီ ထားပါ။ ပြီးရင် ဆပ်ပြာပျော့ပျော့ကို အသုံးပြုပြီး ဘရက်ရှ်နဲ့ တိုက်ချလိုက်ပါ။ပန်းကန်ဆေး ဆပ်ပြာဆီကိုရေနွေးနွေးလေးနဲ့ ဖျော်ပြီး ဆီစွန်းတဲ့အဝတ်ကို ၅ မိနစ်လောက် စိမ်ထားပြီး ဆပ်ပြာခပ်ပျော့ပျော့ကို သုံးလို့ သေချာ လျှော်ဖွတ်ပေးပါ။ ဆီတွေကို သိသိသာသာ ပြောင်စင်စေမှာပါ။ကဲ……. အဝတ်တွေ ဆီစွန်းလို့ စိတ်ညစ်မနေနဲ့တော့နော်။ ဒီနည်းလေးတွေနဲ့ လုပ်ကြည့်လိုက်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-get-oil-out-of-clothes/
အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ
အစားအသောက်စွဲလမ်းတပ်မက်တယ်ဆိုတာ အစားအစာတစ်မျိုးမျိုးကို မစားရရင် မနေနိုင်အောင် ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် အသင့်စား စားစရာသရေစာတွေမှာ ပိုတွေ့ရတတ်ပါတယ်။ သာမန်စွဲလမ်းတာမဟုတ်ဘဲ မလုပ်ရမနေနိုင်တဲ့ အခြေအနေဖြစ်တာမို့ မူးယစ်ဆေးစွဲတဲ့အဆင့်နဲ့ နှိုင်းယှဉ်ပြီး addiction လို့ သုံးနှုန်းလေ့ရှိပါတယ်။အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို သိသာစေတဲ့ လက္ခဏာတွေ ရှိပါတယ်။ အဓိကလက္ခဏာတွေကတော့။၁။ အစားတစ်မျိုးမျိုးကို မစားရမနေနိုင်ခြင်း (ဗိုက်ပြည့်နေလျှင်ပင် ထပ်စားလိုခြင်း)။၂။ စားလိုတဲ့အစာကို လိုတာထက် ပိုစားနေတတ်ခြင်း။၃။ အလွန်အကျွံစားခြင်း။၄။ စားပြီးလျှင် နောင်တရသလိုဖြစ်ခြင်း၊ သို့သော် သိပ်မကြာခင်မှာပင် စိတ်ပြောင်းပြီးထပ်စားလိုခြင်း။၅။ အစားများများစားလိုခြင်းအတွက် မိမိကိုယ်ကို ဆင်ခြေမျိုးစုံပေးခြင်း။၆။ မကောင်းသော အလေ့အထမှန်းသိသော်လည်း မဆင်ခြင်နိုင်ခြင်း။၇။ မိမိစားသုံးနေသည်များ မကောင်းမှန်းသိ၍ ပတ်ဝန်းကျင်ကလူအများကို ပေးမသိခြင်း စတာတွေ ဖြစ်ပါတယ်။အစားအစာ စွဲလမ်းတပ်မက်ခြင်းဟာကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။အဝလွန်ခြင်း၊ဆီးချိုဖြစ်ခြင်း စတဲ့ဆိုးရွားတဲ့ ပြသနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းအတွက် မိမိကိုယ်ကို အပြစ်တင်စိတ်၊ မလေးစားတဲ့စိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အစားအစာ စွဲလမ်းတပ်မက်ခြင်းဟာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။အရွယ်မတိုင်မီ သေဆုံးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။အသင့်စားစားစရာတွေကို လုံးဝရှောင်ရှားဖို့ဆိုတာ ဒီခေတ်အခြေအနေမှာ မဖြစ်နိုင်ပါဘူး။ နေရာတိုင်းမှာ အလွယ်တကူရရှိနိုင်တဲ့အပြင် အချိန်လုပြီး သွားလာလှုပ်ရှားနေရတဲ့ အချိန်အခါမှာ အားထားစရာတစ်ခု ဖြစ်ပါတယ်။အစားအသောက်တချို့ကို ရှောင်ကြဉ်ပြီး စွဲလမ်းတပ်မက်မှုကို ဖြတ်တောက်မယ်ဆိုရင် အောက်ပါအချက်တွေကို စတင်လုပ်ကိုင်ပါ။ အကျင့်လုပ်ဖို့ ပိုမိုလွယ်ကူသွားပါလိမ့်မယ်။၁။ သင့်စိတ်ကို ဆွဲဆောင်နေတဲ့အစားအသောက်တွေကို စာရင်းရေးချပါ။ ဒီစာရင်းဟာ သင့်ကို အစားအစာစွဲလမ်းတပ်မက်ခြင်းကို လှုံ့ဆော်ပေးတဲ့စားစရာတွေဖြစ်လို့ လုံးဝရှောင်ကြဉ်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာရနိုင်တဲ့နေရာတွေကို စာရင်းပြုစုထားပါ။ အမြန်ရနိုင်တဲ့ စားစရာတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဆာလောင်နေတဲ့အချိန်မျိုးမှာ ချက်ပြုတ်တာမျိုးလည်း မလုပ်ချင်ရင် ရှောင်နေတဲ့စားစရာတွေဆီ စိတ်ပြန်လည်မသွားအောင် အထောက်အကူပြုပါလိမ့်မယ်။၃။ နေ့စဉ် ဘာစားမလဲဆိုတာ အစီအစဉ်ဆွဲထားပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတွေထဲမှာမှ မိမိအကြိုက်နဲ့ နီးစပ်တဲ့စားစရာများကို စားသုံးနိုင်အောင် ကြိုတင်စီစဉ်ပါ။၄။ ကောင်းကျိုးဆိုးကျိုးများ ချရေးထားပါ။ မိတ္တူပွားထားပြီး မီးဖိုချောင်နံရံမှာ၊ ပိုက်ဆံအိတ်ထဲမှာ၊ တံခါးနားမှာ စသဖြင့်နေရာစုံမှာ ကပ်ထားပါ။ စိတ်လည်ပြီး စားချင်တာတွေကို အလွန်အကျွံပြန်စားတာမျိုး မဖြစ်ရအောင် သတိပေးခြင်း ဖြစ်ပါတယ်။ အကျိုးကျေးဇူးတွေအနေနဲ့ ငါဟာ မကြာခင်မှာ ဝိတ်ကျတော့မယ် ပိုပြီးကျန်းမာတော့မယ် အသက်ပိုရှည်တော့မယ်စတဲ့အချက်မျိုးတွေ ပါဝင်အောင် ရေးသားပါ။ပြစ်ချက်များအနေနဲ့ ငါ မိသားစုနဲ့အတူ ရေခဲမုန့်မစားနိုင်တော့ဘူး လာမယ့်ခရစ္စမတ်မှာ ကွတ်ကီးမစားနိုင်တော့ဘူး စားချင်တာတွေကို စာရင်းလုပ်ပြီး ရွေးစားရတော့မယ် စတာမျိုးတွေ ပါအောင်ရေးပါ။သင့်အနေနဲ့ အစားအစာစွဲလမ်းခြင်းကို ဖြတ်တောက်ဖို့ကြိုးစားနေချိန်မှာ မကြာခဏဆိုသလို စိတ်ပြန်လည်ပြီး ရည်ရွယ်ချက် မအောင်မြင်ဖြစ်တတ်ကြပါတယ်။ ဒီအချိန်မှာ စဉ်းစားရမယ့်အချက်ကတော့ သင်တစ်ယောက်တည်း ကြိတ်ဖြေရှင်းတာ မလုပ်ပါနဲ့။ မိသားစုဝင်များထံမှသော်လည်းကောင်း၊ သင့်လိုကြုံတွေ့ခံစားဖူးသူထံမှသော်လည်းကောင်း အကြံဉာဏ်ရယူပါ။ ဒါမှမဟုတ် လတ်တလောမှာ စွဲလမ်းခြင်းကိုဖြတ်တောက်ဖို့ကြိုးစားနေသူအချင်းချင်း အပြန်အလှန်အားပေးကူညီခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းများ ပြုလုပ်ပါ။ လူမှုကွန်ယက်ပေါ်မှာ သင်နဲ့ဘဝတူများကို ရှာဖွေဆက်သွယ်နိုင်ပါတယ်။အစာအာဟာရပညာရှင်များနဲ့ တိုင်ပင်နိုင်သလို စိတ်ကျန်းမာရေးပညာရှင်များကို ဆက်သွယ်ပြီး အကြံဉာဏ် တောင်းခံဖို့လည်း ဝန်မလေးပါနဲ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%85%e1%80%bc%e1%80%b2%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%80/
Coronavirus ကို ဘယ်လိုကာကွယ်ကြမလဲ ......
မကြာသေးခင်က တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး (Coronavirus) ဟာအခုချိန်မှာဆိုရင် အိမ်နီးချင်းနိုင်ငံတွေဆီ အထိပြန့်နှံ့နေပြီပဲဖြစ်ပါတယ်။ အခုနောက်ဆုံး ထိုင်းနိုင်ငံမှာ Coronavirus ကူးစက်ခံထားရသူတစ်ဦး နဲ့ ဂျပန်မှာရောဂါပိုးကူးစက်ခံထားရသူတစ်ဦးတို့ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုတွေ့ရှိပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကမ္ဘာတလွှားကို ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။အစောပိုင်းက ဒီရောဂါပိုးဟာ တိရစ္ဆာန်ကနေတဆင့် ကူးစက်တာလို့သိထားကြပေမယ့် အခုနောက်ဆုံးတွေ့ရှိခဲ့ရတာက ဒီရောဂါပိုးဟာ လူလူချင်းကူးစက်တာဖြစ်နိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတရုတ်နိုင်ငံမှာ ဒီရောဂါကူးစက်ခံရသူ ၄၁ ဦးရှိခဲ့ပြီး ဒီလူတွေထဲက ၁ ဦးက သေဆုံးခဲ့ပါတယ်။ ဒီရောဂါပိုးဟာ တရုတ်နိုင်ငံကနေ စတင်ခဲ့ပြီး အခုလက်ရှိမှာ အိမ်နီးချင်းနိုင်ငံတွေဆီပြန့်နှံ့လာတာကြောင့် စိုးရိမ်စရာအနေအထားကိုရောက်ရှိလာပြီဖြစ်ပါတယ်။ အခုလက်ရှိမှာ ဒီဗိုင်းရပ်စ်က တရုတ်ကနေ ဂျပန်ကိုပြန့်နှံ့သွားတာကြောင့် လေဆိပ်မှာ စောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေကြပါတယ်။Coronavirus က ပြင်းထန်ကူးစက်ရောဂါပိုး တစ်မျိုးပါ။ ဒီ Coronavirus ဟာ Severe Acute Respiratory Syndrome (SARS) နဲ့ Middle East Respiratory Syndrome (MERS) တို့နဲ့ မျိုးရင်းတူတယ်လို့ ယူဆနေကြပါတယ်။ ဒီရောဂါပိုးက အခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေဆီကို ပြန့်နှံမှုတွေရှိနေတကြောင့် အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဖို့ပါ။ရောဂါပိုးရှိသူနှာချေတာ၊ချောင်းဆိုးတာနဲ့ ရောဂါပိုးရှိတဲ့အရာတွေကို ထိတွေ့မိမှုကနေတဆင့် ကူးစက်တတ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင်။ပုံမှန်အားဖြင့်။အရမ်းပြင်းထန်ရင်။ကာကွယ်ဆေး မရှိတဲ့ coronavirus ကြောင့် ထိခိုက်မှုမဖြစ်စေဖို့ လုပ်ဆောင်ရမယ့် အကောင်းဆုံးနည်းလမ်းက ကာကွယ်ဖို့ပါ။အခြားသူတွေကို ရောဂါပိုးမကူးစက်စေဖို့က။ဒီဗိုင်းရပ်စ်က အရမ်းမပြင်းထန်တဲ့အခါမျိုးမှာ သူ့အလိုလိုပြန်ကောင်းလာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလေး ဂရုစိုက်ဖိုပတော့လိုပါမယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/prevention-and-treatment-to-coronavirus/
ပြင်းထန် အဆုတ်ရောင်ရောဂါပိုး (2019 Novel Coronavirus (2019-nCoV)) ကနေ ဘယ်လိုကာကွယ်မလဲ......
အခုတလော လူတော်တော်များများ စိုးရိမ်နေတာက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားလာတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019-nCoV)  ကူးစက်ခံရမှာကိုပါ။  ဒီတော့ ဒီဗိုင်းရပ်စ်ကဘာလဲ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးမယ်နော်။2019 Novel Coronavirus (2019-nCoV) ဆိုတာက ပြင်းထန်ကူးစက်ရောဂါပိုး တစ်မျိုးပါ။ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ  စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပါ။ စတင်ဖြစ်ပွားမှုဟာ ပင်လယ်စာ နဲ့ တောရိင်း တိရစ္ဆာန်တွေကိုရောင်းချတဲ့ ဈေးကနေစတင်ပြန့်ပွားခဲ့တယ်လို့သိခဲ့ရပြီး တိရစ္ဆာန်ကနေတဆင့် လူကိုကူးစက်တယ်လို့ယူဆခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ​တော့ ဒီဈေးနဲ့ ထိတွေ့မှုမရှိတဲ့ လူတွေမှာလည်း ကူးစက်မှုတွေရှိခဲ့တာကြောင့် ဒီရောဂါပိုးဟာ လူအချင်းချင်းကူးစက်နိုင်တယ်လို့ ယူဆဖို့ အကြောင်းရှိလာပါတယ်။ဒီ Coronavirus ဟာ Severe Acute Respiratory Syndrome (SARS) နဲ့ Middle East Respiratory Syndrome (MERS) တို့နဲ့ မျိုးရင်းတူတယ်လို့ ယူဆနေကြပါတယ်။ ဒီရောဂါပိုးက အခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေဆီကို ပြန့်နှံ့မှုတွေရှိနေသလို တရုတ်နိုင်ငံမှာလည်း ဒီရောဂါပိုးကြောင့် သေဆုံးမှုတွေရှိလာနေပါတယ်။Coronavirusကူးစက်ခံရရင်ဘယ်လိုလက္ခဏာတွေရှိနိုင်လဲ……။ရောဂါပိုးရှိသူနှာချေတာ၊ချောင်းဆိုးတာနဲ့ ရောဂါပိုးရှိတဲ့အရာတွေကို ထိတွေ့မိမှုကနေတဆင့် ကူးစက်တတ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင်။အရမ်းပြင်းထန်ရင်။Coronavirusကိုဘယ်လိုကာကွယ်မလဲ…..။ကာကွယ်ဆေး မရှိတဲ့ coronavirus ကြောင့် ထိခိုက်မှုမဖြစ်စေဖို့ လုပ်ဆောင်ရမယ့် အကောင်းဆုံးနည်းလမ်းက ကာကွယ်ဖို့ပါ။အခြားသူတွေကိုရောဂါပိုးမကူးစက်စေဖို့က။ရောဂါပိုးတွေ ကူးစက်ခံရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက ကိုယ်ခံအားနည်းလို့ပါ။ ဒီတော့။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/2019-novel-coronavirus-2019-ncov/
COVID-19 အဆုတ်ရောင်ရောဂါ နဲ့ ကိုယ်ဝန်ဆောင် များ
ခုတလောဖြစ်နေတဲ့ COVID-19 အဆုတ်ရောင်ရောဂါ နဲ့ပတ်သတ်ပြီး သူသူကိုယ်ကိုယ်စိုးရိမ်နေကြပါတယ်။ တကယ်တော့ ဒီရောဂါကခုခံအားလည်းကေင်းမယ်။ ရောဂါမကူးအောင် ဆောင်ရန်ရှောင်ရန်တွေကို သေသေချာချာလိုက်နာမယ်ဆိုရင် ရောဂါဖြစ်ဖို့ အခွင့်အလမ်းနည်းပါတယ်။ ဒါပေမယ့် ရောဂါကူးနိုင်တာခြင်းအတူတူ သေချာ‌စောင့်ရှောက်ပေးရမယ့် လူတစ်စုရှိပါတယ်။ သူတို့က ကိုယ်ဝန်ဆောင် တွေ၊သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါ။ သူတို့ကကိုယ်ခံအားမကောင်းတဲ့အတွက် သာမန်လူတွေထက်ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ကိုယ်ဝန်ဆောင်တွေက သဘာဝကိုက ကိုယ်ဝန်ရှိရင် ဒီကလေးလေးကို ခန္ဓာကိုယ်က လက်ခံဖို့အတွက် ခုခံအားချပေးရပါတယ်။ ဒါ့ပြင် ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေမှာ သွေးသားပြောင်းလဲမှုတွေဖြစ်ပါတယ်။ ဒါ့ပြင် ၂ယောက်ဖြစ်လာတဲ့အတွက် လုံလုံလောက်လောက်မစားဘူးဆိုရင်အာဟာရချို့တဲ့တာ၊သွေးအားနည်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေက ကိုယ်ခံအားနည်းရတဲ့အ‌ကြောင်းရင်းတွေပါပဲ။ရောဂါလက္ခဏာတွေကတော့ တခြားသူတွေလိုပါပဲ။ဒီထက်ပိုဆိုးလာရင်တော့။ရောဂါလက္ခဏာတွေက ပိုးဝင်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်း ပြတတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေအပြင် ကိုယ်ဝန်ဆောင်တွေမှာကလေးအလှုပ်နည်းတာ၊ မလှုပ်တော့တာတွေကိုပါသတိထားသင့်ပါတယ်။ ၂၀၁၅တုန်းက ဖြစ်ခဲ့တဲ့ဇီကာဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်တွေမှာ ရောဂါပိုးက ကလေးဆီရောက်ပြီးMicrocephalyလို့ခေါ်တဲ့ မွေးရာပါ ဦးခေါင်းသေး‌ရောဂါဖြစ်ခဲ့ပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်က ကလေးတွေအပေါ်မှာ ဘာဖြစ်စေနိုင်လဲဆိုတာကိုတော့ မသိရသေးပါဘူး။အဆုတ်ရောင်ရောဂါကူးစက်ပုံကို အတိအကျမပြောနိုင်သေးပေမယ့် တခြားကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ချောင်းဆိုးနှာချေရာကနေ ဗိုင်းရပ်စ်တွေ အသက်ရှူလမ်းကြောင်းကိုဝင်တာ၊ ပစ္စည်းတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့ရာက ကူးစက်နိုင်ပါတယ်။ကုသနည်းများ။ခုထက်ထိ COVID-19 အဆုတ်ရောင်ရောဂါအတွက် တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။ကာကွယ်နည်းများ။COVID-19 အဆုတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အကောင်းဆုံးကာကွယ်နည်းကတော့ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှုနည်းအောင် နေတာပါပဲ။ Centers for Disease Control and Prevention (CDC)က အကြံပြုထားတာကတော့။Take home massage။COVID-19 အဆုတ်ရောင်ရောဂါ ကိုယ်ဝန်ဆောင်တွေအတွက် စိုးရိမ်ရလားဆိုရင် ဖြစ်လာခဲ့ရင်တော့ စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး ကာကွယ်ဆေးရော၊ ကုသနည်းပါမရှိတဲ့အတွက် ကာကွယ်ခြင်းကသာ အကောင်းဆုံးပါ။ အပေါ်က အချက်တွေ အပြင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်အောင်စားတာ၊ ရေလုံလုံလောက်လောက် သောက်တာ၊ လေဝင်လေထွက်ကောင်းအောင် နေတာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေနဲ့ ကိုယ်ခံအားတက်အောင်လုပ်ပြီး ရောဂါကာကွယ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/covid-19-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
COVID-19 ကာလမှာ ဖျားနာနေသူတွေအတွက် ဆောင်ရန် ရှောင်ရန်များ
ကမ္ဘာတစ်လွှားမှာCOVID-19 ရောဂါကူးစက်ပြန့်နှံ့နှုန်းက ကျဆင်းခြင်းမရှိသေးပါဘူး။ ဒီကာလမှာ လူတိုင်းက သတိဝီရိယနဲ့ နေထိုင်နေကြရတာပါ။ ခုလိုကာလမျိုးမှာဖျားတာ နာတာမျိုး ကြုံလာရပြီဆိုရင်တော့ ပုံမှန်ထက်တွေးပူစရာတွေပိုများသလို ကုသရာမှာလည်း အခက်အခဲလေးတွေ ကြုံဆုံရတတ်ပါတယ်။ပုံမှန်အားဖြင့် ဖျားနာပြီဆိုရင်ဆေးခန်းပြေးရုံသာဖြစ်ပေမယ့် ခုချိန်မှာတော့ ဆေးရုံဆေးခန်းသွားရလာရတာက အရင်လို မလွယ်ကူလှပါဘူး။ ဒီတော့ အများစုဟာ နေအိမ်မှာပဲ ကိုယ်တိုင်ကုသကြတဲ့နည်းလမ်းမျိုးကို ပိုမိုရွေးချယ်လာကြပါတယ်။ဒီနည်းလမ်းဟာ မှားယွင်းတယ်လို့ မဆိုသာပေမယ့် စနစ်ကျတဲ့ စည်းကမ်းလိုက်နာမှုတွေ မရှိရင်တော့ ပြဿနာရှိနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်း၊ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းတွေမှာ ပုံမှန်ထက်ကိုပိုပြီး အလေးအနက်ထားဆောင်ရွက်ဖို့ လိုအပ်မှာပါ။ဒါကြောင့် ခုလိုအချိန်မှာ လိုက်နာ စောင့်ထိမ်းရမယ့် နည်းလမ်းတွေကို စုစည်းဖော်ပြပေးထားပါတယ်။ အဆိုပါနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့ဝေဒနာကို ကုသရာမှာအထောက်အကူဖြစ်စေမှာဖြစ်သလို ရောဂါကူးစက်နိုင်ချေကို ကာကွယ်နိုင်ပါလိမ့်မယ်။ဖျားနာချိန်မှာ မဖြစ်မနေလိုက်နာဖို့ လိုအပ်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို လိုက်နာခြင်းအားဖြင့် ကုသရေးမှာ အထောက်အကူဖြစ်မှာဖြစ်သလို မိသားစုဝင်တွေဆီကို အဖျားဝေဒနာ ကူးစက်တာမျိုးမဖြစ်အောင်လည်း ကာကွယ်နိုင်ပါလိမ့်မယ်။ဒါ့အပြင် ခုလိုမျိုး မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်ကို ကိုယ်တိုင်ကာကွယ်မှုပြုလုပ်တာက အဖျားဝေဒနာကိုသာမက COVID-19 ရောဂါကာကွယ်ဖို့အတွက်လည်း အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-and-fever-dos-and-donts/
အစာအဆိပ်သင့်စေနိုင်တဲ့ ဆေးယဉ်ပါး Salmonella အန္တရာယ်
ခုရက်ပိုင်း ရန်ကုန်မြို့က ကြက်သားအစိမ်းတချို့မှာSalmonellaပိုးတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးသုတေသနစာတမ်းတစ်စောင်က ဖော်ပြတဲ့သတင်း တွေ့ကြပြီးပြီဟုတ်။ဒီပိုးတွေကို ဆက်ပြီးစစ်ဆေးတဲ့အခါ Ampicillin၊ Tetracycline၊ Levofloxacin နဲ့ Ciprofloxacin အပါအဝင် ပဋိဇီဝဆေးဝါးသုံးမျိုးနဲ့အထက် ဆေးယဉ်ပါးနေတာ တွေ့ရတယ်လို့ စာတမ်းမှာ ပါရှိပါတယ်။Salmonella ဆိုတာ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတစ်မျိုးပါ။ အစားအသောက်ကနေ ကူးတယ်၊ အိမ်မွေးတိရစ္တာန်ကနေ ကူးတယ်၊ ရောဂါပိုးပါတဲ့ ကြက်ဘဲ၊ ဝက်၊ အမဲသား၊ ဥနဲ့ နို့တွေစားသောက်မိရာကနေ Salmonella ပိုးကိုရရှိနိုင်ပြီး သူတို့နဲ့ အတူထားမိတဲ့ အသီးအရွက်တွေစားမိရင်လည်း ကူးစက်ရရှိနိုင်ပါတယ်။ အစားအသောက်ကနေ ကူးစက်ရရှိနိုင်တာဖြစ်ပေမယ့် ဒီဘက်တီးရီးယားရှိတဲ့အရာကို ထိတွေ့မိပြီး လက်သေချာမဆေးမိတဲ့အခါလည်း လူကနေလူကို လက်ကတဆင့် ဆက်ပြန့်ပွားနိုင်ပါတယ်။အများအားဖြင့်တော့ ကူးစက်ခံရပြီဆိုရင် –။ရောဂါလက္ခဏာတွေက ကူးစက်ခံရပြီး ၈ နာရီကနေ ၇၂ နာရီအတွင်း စလာတတ်ပြီး အပျော့စားမျိုးစိတ် တွေဆို တစ်ပတ်လောက်အတွင်း ပြန်သက်သာနိုင်ပါတယ်။ ဒါပေမယ့် အူလမ်းကြောင်းကျန်းမာရေးနဲ့ ဝမ်းပုံမှန်ပြန်ကောင်းဖို့က လနဲ့ချီပြီးကြာနိုင်ပါတယ်။Salmonella ပိုးရဲ့မျိုးစိတ်တွေက အများကြီးရှိပေမယ့် ဒီတစ်ခါတွေ့ရတာက တိုက်ဖွိုက်မဖြစ်စေနိုင်တဲ့ အမျိုးအစားဖြစ်ပြီး ပဋိဇီဝဆေးယဉ်ပါးနေတာလည်း တွေ့ရပါတယ်။ ဆေးယဉ်ပါး Salmonella ကြောင့် အစာအဆိပ်သင့်ခြင်းက ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာတာကြောင့် ပိုပြီးသတိထားသင့်ပါတယ်။  ဒီပိုးကို နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေးတွေရှိပေမယ့် သတိဆိုတာ ပိုသည်မရှိလို့ ကိုယ့်ဘက်က ကြိုတင်ကာကွယ်တဲ့နည်းလမ်းလေးတွေ သိထားဖို့က အရေးကြီးပါတယ်နော်။တကယ်လို့ ကိုယ့်မှာ အစာအဆိပ်သင့်တဲ့လက္ခဏာတွေ တွေ့ရတယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးခန်းတွေမှာ အမြန်ဆုံးကုသမှုခံယူပါ။ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း ကတော့ ” ကြက်သားအစိမ်းတွေမှာ Salmonella ပိုးတွေတွေ့ရပေမဲ့ ဒီကြက်သားကို ကျက်အောင်ချက်ရင် Salmonella ပိုးတွေကသေသွားနိုင်ပါတယ်။ ဒါပေမဲ့ Salmonella ပိုးပါတဲ့ကြက်သားကိုကိုင်နေရင်းနဲ့ အခြားအစားအသောက်တွေကိုင်လိုက်မယ်ဆိုရင်တော့ ဒီပိုးက ဗိုက်ထဲတန်းရောက်သွားပါမယ်။ ဒါကြောင့် အသားစိမ်းတွေကိုင်ပြီးရင် လက်ကိုရေစင်အောင်ဆေးကြောဖို့လိုတယ်။ အသားစိမ်းတွေနဲ့ ချက်ပြီးသားအစားအစာတွေ၊ မုန့်ပဲသရေစာတွေ၊ အသီးအရွက်တွေအတူတူရောမထားရပါဘူး” လို့ ပြောပြခဲ့ပါတယ်။အခုတွေ့ရတဲ့ Salmonella ပိုးတွေမှာ ဆေးယဉ်ပါး နေတဲ့ အကြောင်းရင်းကိုတော့ ဆက်ပြီးလေ့လာ၊ သုတေသနလုပ်ရဦးမယ်လို့ ဆိုပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/%e1%80%9e%e1%80%90%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%86%e1%80%b1%e1%80%b8/
ကလေးများ အူကျ ခြင်း
လူကြီးတွေမှာအူကျ တာကတော့ လူသိများပါတယ်။ ဒီလိုပဲ ကလေးတွေမှာလည်း အူကျတတ်ပါတယ်။ မွေးစအရွယ်ကနေစပြီး လမ်းလျှောက်တဲ့အရွယ်အထိ  ကလေးများ အူကျ တတ်ပါတယ်။ကလေးတွေမှာ အူကျတာက လူကြီးတွေနဲ့ တူပါတယ်။ဝမ်းဗိုက်ကြွက်သားတွေမှာ အားပျော့နေတဲ့နေရာရှိတဲ့အခါ အဲ့ဒီနေရာကနေ အူက ကျွံထွက်လာတာပါ။ အပြင်ကနေ ကြည့်ရင်တော့ ဖောင်းနေတာလေးပဲ မြင်ရမှာပါ။ကလေးတွေမှာ အဖြစ်များတဲ့အူကျတဲ့ ပြဿနာ ၂မျိုးရှိပါတယ်။ကလေးတွေမှာ အူကျတာက မွေးကင်းစအရွယ်တည်းက ဖြစ်နိုင်ပါတယ်။ မွေးစမှာ တခြားအင်္ဂါတွေ ဖွံ့ဖြိုးဆဲဖြစ်နေသလို ဝမ်းဗိုက်ကြွက်သားတွေကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကြွက်သား အားနည်းတဲ့ နေရာတွေကနေ အူကျလာတာပါ။လူကြီးတွေမှာလိုပဲ ကလေးတွေမှာinguinal canalဆိုတဲ့ ပိုက်လိုမျိုး လှိုဏ်ခေါင်းလေးရှိပါတယ်။ ပေါင်ခြံမှာ ရှိပြီး ဗိုက်နဲ့ အောက်က မျိုးပွားအင်္ဂါ (မိန်းမကိုယ်/ ကပ္ပာယ်အိတ်)ကို ဆက်ထားတာပါ။ ယောကျာ်းလေးတွေရဲ့ ဝှေးစေ့က အမေ့ဗိုက်ထဲမှာတုန်းက ဝမ်းဗိုက်ထဲမှာ ရှိတာပါ။ ဒီကနေကပ္ပာယ်အိတ်ထဲကို ဆင်းလာဖို့ ခုနကလှိုဏ်ခေါင်းလေးကို ဖြတ်လာရပါတယ်။မွေးစမှာ လှိုဏ်ခေါင်းလေးရဲ့ ဟိုဘက်  ဒီဘက် အပေါက်နှစ်ခုက ကျပ်ပြားဝိုင်းနှစ်ခု ထပ်ထားသလို တိုးလျိူးပေါက် ဖြစ်နေပါတယ်။ မွေးပြီးရင် ဒီလှိုဏ်ခေါင်းလေးက ရှည်ပြီး စောင်းလာတဲ့အခါ အပေါက်နှစ်ခုလွဲသွားပါတယ်။ ဆိုလိုတာက အူတွေက အပေါက်မကျွံတော့ပါဘူး။ဒါပေမယ့် တချို့ကလေးတွေမှာ ဒီလှိုဏ်ခေါင်းလေးက ကောင်းကောင်းရှည်မလာတဲ့အတွက် အူက အပေါက်ကနေ တိုးထွက်လာပါတယ်။ ဒါကို အူကျတယ်လို့ ခေါ်တာပါ။ ဒီလို ပေါင်ခြံကနေ အူကျတာကို မွေးကင်းစ ယောကျာ်းလေးတွေမှာ အတွေ့ရများပါတယ်။ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားဘဝ ချက်ကြိုးထွက်တဲ့နေရာလေးမှာ အပေါက်လေး ရှိနေပါတယ်။ မွေးလာပြီးရင်တော့ ဒီအပေါက်လေးက ပိတ်သွားရမှာပါ။ တစ်ခါတလေတော့ ဒီအပေါက်လေးက ပိတ်မသွားတာမျိုး ရှိပါတယ်။ ဒါဆိုရင်တော့ အူက အဲ့ဒီအပေါက်ကနေ  ကျွံလာမှာပါ။ကလေးတိုင်းက အူကျတာမျိုးတော့ မဟုတ်ပါဘူး။ အောက်ပါအချက်တွေ ရှိနေရင်တော့ အူကျနိုင်ခြေ များပါတယ်။အူကျတာက မွေးစတည်းက ဖြစ်နိုင်ပေမယ့် လက္ခဏာကို သတိထားမိကြတာက မွေးပြီး ရက်သတ္တပတ် အနည်းငယ် ဒါမှမဟုတ် လပိုင်းလောက်နေမှပါ။၂ခုလုံးမှာ တူညီတဲ့အချက်ကတော့။တစ်ခါတလေမှာ ဖောင်းတာက ပြန်မဝင်သွားတာလည်း ရှိပါတယ်။ ဒါဆိုရင်တော့ အရေးကြီးပါတယ်။ အထဲက အူမှာ တစ်ခုခုဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဖောင်းတာ ပြန်မကျတာနဲ့အတူ။-ဗိုက်ကြီးတင်းနေရင်။-ဗိုက်နာနေရင်။-အန်ရင်။–ကလေးဂျီကျလွန်းရင်။-ဖျားရင်။-အူကျတဲ့နေရာက ရဲနေရင် ဆေးရုံအမြန်သွားသင့်ပါတယ်။တချို့အခြေအနေတွေမှာ ဝမ်းဗိုက်က ကြွက်သားတွေ သန်မာလာရင် ကုစရာ မလိုဘဲ အလိုလို ပြန်ကောင်းလာတာမျိုးတွေရှိပါတယ်။ဒါပေမယ့် ဒါက အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အူကျတာက ပြန်မဝင်တော့ရင်၊ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရရင် အူညပ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ညပ်နေရာကနေ အူကို သွေးမလျှောက်ဘဲအူပုပ်တာ ဖြစ်နိုင်ပါတယ်။ဒါကြောင့် အူကျနေတဲ့ ကလေးမှာ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို အမြဲစောင့်ကြည့်သင့်ပါတယ်။ကုသနည်းတွေက လက္ခဏာ၊ ကလေးအသက်၊ သူရဲ့ နဂိုကျန်းမာရေး အခြေအနေ၊ အူကျတာ ဘယ်လောက်ဆိုးလဲပေါ် မူတည်ပါတယ်။ပေါင်ခြံအူကျတာကတော့ ခွဲဖို့ လိုနိုင်ပါတယ်။ အူကျတာကို သိသိချင်းပဲ ခွဲရမှာပါ။ လှိုဏ်ခေါင်းလေးထဲမှာ အူညပ်နေမှာ စိုးလို့ပါ။ ခွဲစိတ်မှုက ကြီးကြီးမားမား မဟုတ်ပါဘူး။ ဘာပြဿနာမှ မရှိရင် တစ်ရက်၊ ၂ရက်လောက်နေရင် ဆေးရုံဆင်းလို့ရပါတယ်။ချက်အူကျတာက များသောအားဖြင့် ကလေး အသက် ၁နှစ်လောက်ဆို အလိုလိုပြန်ကောင်းတတ်ပါတယ်။ ၅နှစ်လောက်ဆိုရင်တော့ ချက်က အပေါက်က ပိတ်သလောက်ရှိလို့ ကလေးတိုင်းတော့ ခွဲစိတ်စရာ မလိုပါဘူး။ ဒါပေမယ့်။-အသက်ကြီးလာပေမယ့် အူကျတာ မသက်သာလာရင်။-ဗိုက်ထဲကို ပြန်သွင်းလို့မရရင်။-၃နှစ်ကျော်ပေမယ့် ဆက်ရှိနေသေးရင်တော့ ခွဲစိတ်ဖို့ လိုနိုင်ပါတယ်။ခွဲစိတ်တာကလည်း ပေါင်ခြံအူကျတာ ခွဲသလိုပါပဲ။ အခြေအနေကောင်းရင် ရက်ပိုင်းလောက်နဲ့ အိမ်ပြန်လို့ ရပါတယ်။ဒါကြောင့် ကလေးတွေမှာ အူကျတာက အဖြစ်များပါတယ်။ လတ်တလောမှာ ဆေးရုံမသွားနိုင်သေးရင်တောင် အရေးကြီးလက္ခဏာတွေကို သိထားဖို့ လိုပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/hernia-in-children/
အသားအရေ အသစ်တဖန် ပြောင်းလဲကောင်းမွန်လာစေအောင် ပြုပြင်ခြင်း နှင့် အကျိုးတရားများ
နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းနှင့် ဝက်ခြံထွက်ခြင်းတို့ကြောင့် သင့်အရေပြားပေါ်မှာ အမာရွတ်နှင့် အမည်းစက်များ ကျန်ရစ်တတ်ပါတယ်။ ဒါတွေကို ပျောက်ကင်းစေဖို့အတွက် ဆေးဝါးများအပြင် သေချာတဲ့နည်းလမ်းတစ်ခုကတော့ Skin resurfacing (အသားအရေအသစ်တဖန် ပြောင်းလဲကောင်းမွန်စေ အောင် ပြုပြင်ခြင်း) ပဲဖြစ်ပါတယ်။Skin resurfacing လုပ်ခြင်းကြောင့် ရရှိလာမယ့်အကျိုးတရားတွေကို ဆွေးနွေးဖော်ပြပေးမှာဖြစ်ပါတယ်။Skin resurfacing နည်းနှင့် ဘယ်လို အသားအရေပျက်စီးမှုကို ကုသနိုင်မလဲ။Skin resurfacing နည်းဟာ အပေါ်ယံပျက်စီးယိုယွင်းနေတဲ့ အရေပြားအလွှာကို ပျော်ကျစေပြီး အောက်ဖက်မှချောမွေ့၍ ယိုယွင်းပျက်စီးမှုနည်းပါးတဲ့ အရေပြားအလွှာပေါ်ပေါက်လာအောင် ပြုလုပ်ပေးတဲ့ကုသနည်းဖြစ်ပါတယ်။ ဒီနည်းဟာ အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပြီး ကျန်းမာကြံ့ခိုင်ပြည့်ဖောင်းတဲ့အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ။• အိုမင်းရင့်ရော်ခြင်း (သို့) မျက်နှာအမူအရာများ ထပ်ခါထပ်ခါပြုလုပ်ခြင်း (ဥပမာ-ရယ်မောခြင်း) တို့ကြောင့် ဖြစ်ပေါ်လာတဲ့ မျက်လုံးနှင့်ခံတွင်း အနီးတစ်ဝိုက်ရှိ အရေးအကြောင်းများ။• နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်း၊ အညိုရောင်အစက်များ (သို့) အသားအရေ အရောင်မညီမညာဖြစ်ခြင်း။• အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ချေရှိတဲ့ အရေပြားအဖုအထစ်များ။• ဝက်ခြံထွက်ခြင်း၊ ကျောက်ကြီးပေါက်ခြင်းနှင့် ယခင်ထိခိုက်ဒဏ်ရာရဖူးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမာရွတ်များ အစရှိသည်တို့မှာ အသုံးပြုလေ့ရှိပါတယ်။Skin resurfacing နည်းကို မရွေးချယ်ခင် ၎င်းရဲ့ထိရောက်မှုစွမ်းရည်ကို သင့်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပါ။ လူတိုင်းဟာ Skin resurfacing နည်းနှင့် မသင့်တော်ပါ။ အချို့သော အသားအရေအမျိုးအစား၊ အသားအရေပျက်စီးမှုပမာဏနှင့် ရောဂါအခြေအနေများပေါ် မူတည်ပြီးSkin resurfacing နည်းဟာ သင့်အသားအရေကို ပိုမိုပျက်စီးသွားစေနိုင်ပါတယ်။ ဒီနည်းလမ်းမှာ အပေါ်ယံပါးလွှာတဲ့ အရေပြားအလွှာကို ခွာချမှာဖြစ်တဲ့အတွက် ကျုံ့ဆန့်နိုင်ပြီး အဆီမပြန်သောအသားအရေ၊ ရောဂါပိုးကူးစက်ခြင်း နှင့် အမာရွတ် ဖြစ်မလွယ်သော အသားအရေကိုပိုင်ဆိုင်သူမှာသာ အသုံးပြုနိုင်ပါတယ်။ အလုံးစုံပြီးပြည့်စုံတဲ့အသားအရေရရှိဖို့အတွက် အထူးသဖြင့် နာလန်ထချိန် ပြန်ကောင်းမွန်လာချိန်ကို နှေးကွေးစေနိုင်တဲ့ ရောဂါအခြေအနေများနှင့် ဆေးများသုံးစွဲခြင်းကင်းဝေးဖို့လိုအပ်ပါတယ်။အကယ်၍သင်ဟာSkin resurfacing နည်းကိုအသုံးပြုနိုင်သူဖြစ်ရင် သင့်ဆရာဝန်က သင့်အတွက်သင့်တော်တဲ့Skin resurfacing အမျိုးအစားကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။ အသားအရေအလုံးစုံကြည်လင် ကောင်းမွန်စေဖို့ ကုသမှုအကြိမ်များစွာလိုကောင်းလိုနိုင်တဲ့အတွက် ဒီလိုအခြေအနေတွေအတွက် မျှော်လင့် ပြင်ဆင်ထားဖို့လိုပါတယ်။Skin resurfacing ပြုလုပ်နိုင်သောနည်းလမ်းများ။Skin resurfacing ပြုလုပ်နိုင်တဲ့ နည်းလမ်း (၃)သွယ်ရှိပါတယ်။ ဒီနည်းလမ်း (၃)ခုလုံးဟာ လုပ်ငန်းဆောင်တာ အတူတူပဲဖြစ်ပါတယ်။ အရေပြားကို ကွာကျစေပြီး အသားပြန်တက်လာတဲ့အချိန်မှာ ကျန်းမာကြံ့ခိုင်တဲ့အသားအရေကို ပိုင်ဆိုင်စေပါတယ်။ ဒီလိုကွာကျစေရာမှာ ဓါတုဆေးနှင့် ချေးချွတ်ခြင်း၊ စက်ကိရိယာသုံးပြီး အပေါ်ယံအရေပြားဆဲလ်သေများ ဖယ်ရှားခြင်း၊ လေဆာသုံးခြင်းဆိုပြီး (၃)မျိုးရှိပါတယ်။ ဒီအထဲမှာ လေဆာဖြင့် skin resurfacing လုပ်တဲ့နည်းဟာ လူကြိုက်အများဆုံးနည်းဖြစ်ပါတယ်။ဓါတုချေးချွတ်ခြင်းမှာဆိုရင်အရေပြားကို ဓါတုဒြပ်ပေါင်းများနှင့် ကုသတာဖြစ်ပါတယ်။ အသုံးပြုတဲ့ ဓါတုဒြပ်ပေါင်းများကတော့ ပုံမှန်အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းများမှာပါဝင်တဲ့ Glycolic acid (သို့) ပိုမိုပြင်းအားကောင်းတဲ့ Phenol တို့ဖြစ်ပါတယ်။ ဒီဓါတုပစ္စည်းတွေက သင့်မျက်နှာအသားအရေ အစိတ်အပိုင်းလိုအပ်ရင် မျက်နှာတစ်ခုလုံးမှာအသုံးပြုရပါတယ်။စက်ကိရိယာသုံး အပေါ်ယံဆဲလ်သေအလွှာ ဖယ်ရှားခြင်း (Dermabrasion)မှာဆိုရင် သေးငယ်တဲ့ စက်ကိရိယာတစ်ခုဖြစ်သောSpinning wheel နှင့် သင့်မျက်နှာအသားအရေမျက်နှာပြင်ကို ချောမွတ်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ သင့်ဒူးဖြူလာစေရန်အသုံးပြုသောနည်းလမ်းနှင့် ပြုလုပ်ပုံချင်းဆင်တူပါတယ်။တတိယမြောက်နည်းလမ်းကတော့ လေဆာနှင့်Skin resurfacing လုပ်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းဟာလူကြိုက်အများဆုံးနည်းဖြစ်ပါတယ်။ လေဆာသုံးပြီး ပြုလုပ်နည်းမှာနှစ်မျိုး နှစ်စားရှိပါတယ်။ ပထမတစ်မျိုးကတော့သင့်အသားအရေပေါ်မှာ တပြေးညီသက်ရောက်မှုရှိပြီး နောက်တစ်မျိုးကတော့ သင့်အသားအရေပေါ်မှာ အလွန်သေးငယ်လှသော အပေါက်ကလေးများဖြစ်ပေါ်စေပါတယ်။အရေပြားကွာကျစေရမယ့် အတိမ်အနက်ပေါ်မူတည်ပြီး Skin resurfacing ကုသမှု တော်တော်များများမှာ ထုံဆေးကို အသုံးပြုပါတယ်။ ကုသမှုခံယူပြီးချိန်မှာ သင့်ဆရာဝန်က လိုက်နာဆောင်ရွက်ရမယ့် အသားအရေထိန်းသိမ်းမှုနည်းလမ်းများနှင့် လိုအပ်ပါက သောက်ဆေးများကို ပေးမှာဖြစ်ပါတယ်။ ကုသမှုခံယူပြီးချိန်မှာ ကူးစက်ရောဂါများ ဝင်ရောက်နိုင်ချေရှိတဲ့အတွက် သင့်အသားအရေကို ယခင်ကထက်ပိုမိုဂရုစိုက် ပေးရမှာဖြစ်ပါတယ်။ ကုသမှုပြီးချိန် ဆက်လက်အသားအရေစောင့်ရှောက်ရာမှာ အသား ကောင်းကောင်းမွန်မွန် ပြန်တက်လာစေရန်နှင့် ယခင်ကထက် ကျန်းမာကြံ့ခိုင်သောအသားအရေကို ပိုင်ဆိုင်ရန် ဗီတာမင်များ၊ သက်စောင့်ဓါတ်များ၊ ကော်လာဂျင်ဓါတ်နှင့်Peptide (အသားဓါတ်များ)မှီဝဲရမှာဖြစ်ပါတယ်။အသားအရေ မညီမညာဖြစ်ခြင်းအတွက် Skin resurfacing နည်းဟာ ထိရောက်မှုအရှိဆုံးနှင့် လူကြိုက်အများဆုံးနည်းလမ်းဖြစ်ပါတယ်။ အကောင်းဆုံးကို ရွေးချယ်ဖို့အတွက်ကုသမှုရဲ့ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆဆုံးဖြတ်ရမှာဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1-%e1%80%a1%e1%80%9e%e1%80%85%e1%80%ba%e1%80%90%e1%80%96%e1%80%94%e1%80%ba-%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
ဘီယာ သောက်ရင်း ကျန်းမာကြမယ်။
ဘီယာသောက်ရင် ကောင်းတယ်လို့ ပြောလိုက်တော့ ဘီယာကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ရပ်လိုဖြစ်ပြီး အရမ်း ဝမ်းသာသွားမယ် ထင်ပါတယ်။ လူတွေက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကာလတွေကတည်းက ဘီယာကို သောက်သုံးခဲ့ကြတာပါ။ ဒီလို သိတ်အပန်းဖြေစရာ အနေနဲ့ သောက်သုံးနေကြတဲ့ ဘီယာကကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။အယ်လ်ကိုဟောပါတဲ့ သောက်စရာ တစ်မျိုးဖြစ်တဲ့ ဘီယာမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ဘီယာသောက်တာက အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ဘီယာကို မုယောစပါးကနေ ချက်လုပ်တာမျိုး၊ဗျစ်ပွင့်တို့လိုမျိုး သဘာဝ ကောက်နှံတွေကနေ ထုတ်လုပ်တာကြောင့် အမျှင်ဓာတ်ပါဝင်တာကြောင့် အစားတွေ အများကြီး မစားမိအောင်လုပ်ဆောင်ပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။တစ်နေ့တာအတွက် ဘီယာ သင့်တော်တဲ့ပမာဏဖြစ်တဲ့  (လေဒီလေးတွေက ၃၅၄ မီလီလီတာ/ အမျိုးသားတွေက ၇၀၉ မီလီလီတာ) ပဲ သောက်သုံးမယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။စိတ်ဖိစီးမှုတွေကြောင့် နှလုံးထိခိုက်တာ၊ လေဖြတ်တာမျိုး မဖြစ်ဖို့ ကာကွယ်ပေးသလို သွေးတွင်းကိုလက်စထရောများပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။လေ့လာမှုရလဒ်တွေအရ ဘီယာ သောက်သုံးတာက ဆီးချို (အထူးသဖြင့် အမျိုးအစား -၂ ဆီးချို) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အင်ဆူလင် ထုတ်လုပ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ဘီယာမှာ အရိုးတွေကို ကြံ့ခိုင်စေနိုင်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ပရိုတင်း နဲ့ ဆီလီကွန် ပါဝင်နေပါတယ်။ ဒါကြောင့် အရိုးတွေကို ကျန်းမာစေပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဘီယာထဲမှာ ပါတဲ့ အက်ဆစ် တစ်မျိုးက အရေပြားမှာ ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ဘီယာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်နိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ဘီယာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် အရေပြားကို ညစ်ညမ်းမှုတွေနဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရေးအကြောင်းတွေကို သက်သာစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဘီယာမှာ ဓာတ်တိုးပစ္စည်း ကြွယ်ဝတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ကင်ဆာကို ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။လေ့လာချက်တွေအရ ဘီယာအလွန်အကျွံသောက်သူတွေက လုံးဝမသောက်သူ ဒါမှမဟုတ် အသင့်အတင့်ပဲ သောက်သူတွေထက် အရွယ်မတိုင်ခင် သေဆုံးနိုင်ပါတယ်။ခဏခဏ သောက်မယ်၊ များများသောက်မယ်ဆိုရင်တော့ အရက်စွဲသလို စွဲတတ်ပါတယ်။လေ့လာချက်တွေအရဘီယာကို အလွန်အကျွံသောက်သူတွေက လုံးဝမသောက်သူ ဒါမှမဟုတ် အသင့်အတင့်ပဲ သောက်သူတွေထက် စိတ်ကျရောဂါ ဖြစ်နိုင်ခြေ သိသိသာသာ များပါတယ်။ဘီယာဆိုတာလည်း အယ်ကိုဟော ပါဝင်တာကြောင့် များများသောက်မယ်။ ခဏခဏသောက်မယ်ဆိုရင် အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။သင့်တင့်တဲ့ ပမာဏ မဟုတ်ဘဲ အလွန်အကျွံသောက်မယ်ဆိုရင်တော့ လည်ချောင်းနဲ့ ခံတွင်းကင်ဆာတွေ ဖြစ်နိုင်ခြေကို များစေမှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/beer-benefits/
ရှောက်သီးသုပ် ချဉ်ငန်စပ်လေး ကြိုက်ကြလား။
နာမည်ကြားရုံနဲ့တင် သွားရည်ယိုစရာကောင်းတဲ့ ရှောက်သီးသုပ် လေးကို ထမင်းဖြူလေး ဟင်းခါးပူပူလေးနဲ့ ရာသီဥတု အေးအေးလေးမှာ စားရတာက အတော်လေးနှစ်ခြိုက်စရာ ကောင်းပါတယ်။ ရှောက်သီးကိုကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငပိမီးကင်လေး၊ ပုစွန်ခြောက်၊ မြေပဲထောင်းလေး၊ ငရုတ်သီး အလှော်မှုန့်လေးထည့်ပြီး ဆီချက်နိုင်နိုင်လေးနဲ့ သုပ်စားတာက အတော်လေး ထမင်းမြိန်စေနိုင်ပါတယ်။ရှောက်သီးကို သုပ်စားကြသလို၊မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲစတဲ့ စားစရာတွေထဲလည်း ထည့်စားကြပါတယ်။ ရှောက်သီးကို ငပိချက် ချက်စားလို့လည်း ရပါတယ်။ ဒီလို စားလို့ ကောင်းတဲ့ ရှောက်သီးလေးကကျန်းမာရေးကို အထောက်အကူပြုလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။အချဉ်အရသာရှိတဲ့ ရှောက်သီးလေးမှာ။ဒါတွေအပြင် ထည့်တတ်တဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ မြေပဲ စတာတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေလည်း ရဦးမှာဖြစ်ပါတယ်။စားလိုက်ရင် အရသာရှိသလို ရနံ့လေးကလည်း စိတ်ကြည်လင်စေတဲ့ ရှောက်သီးလေးက အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်။ဆဲလ်တွေကိုဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များပြားတာက ဆဲလ်တွေကို ပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာလိုမျိုးနာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ရှောက်သီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့်ခန္ဓာကိုယ်က ဆဲလ်တွေကိုတင် ကာကွယ်ပေးတာမဟုတ်ဘဲ နာတာရှည်ရောဂါတွေ မဖြစ်အောင်ပါ ကာကွယ်ပေးမှာပါ။ကိုယ်ခံအားကောင်းစေနိုင်တယ်။ရှောက်သီးမှာဗီတာမင် Cကြွယ်ဝတာ​ကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C ကသွေးဖြူဥဆဲလ်ထွက်ရှိမှုကို တိုးစေဖို့ ကူညီပေးပြီး ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ဗီတာမင် Cက အနာကျက်မြန်စေသလိုရောင်ရမ်းမှုကို သက်သာစေပြီး ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်စေသလို ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။အရေပြားကျန်းမာစေနိုင်တယ်။ရှောက်သီးကအသားအရေကို ကျန်းမာလှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါတယ်။ ဗီတာမင် C ပါဝင်မှုကကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။အရေးအကြောင်းဖြစ်တာကို လျော့ပါးစေပြီး အသားအရေခြောက်သွေ့မှုကင်းပြီးအရေပြားပြဿနာကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။နှလုံးရောဂါကာကွယ်ပေးတယ်။နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုအမြင့်ဆုံးရောဂါတစ်ခုပါ။ ဒီပြဿနာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ ရှောက်သီးကို စားပေးလို့ရပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ ရှောက်သီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်ကျောက်မတည်အောင် ကာကွယ်ပေးတယ်။ရှောက်သီးက ကျောက်ကပ် ​ကျောက်ကပ်မတည်အောင် ကာကွယ်ပေးပါတယ်။ ရှောက်သီးမှာပါတဲ့ citric acid ကကျောက်ကပ် ကျောက်မတည်အောင်အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးတယ်။သံဓာတ်ကသွေးနီဥဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးသလို ခန္ဓာကိုယ်ကိုအောက်ဆီဂျင်ထောက်ပံ့တာကို အားဖြည့်ပေးပါတယ်။ ကိုယ်တွင်းမှာ သံဓာတ်နည်းမယ်ဆိုရင်ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်သလိုဆံသားနဲ့ အသားအရေတွေ ခြောက်သွေ့ပါတယ်။ဗီတာမင် C ကတော့ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှုကောင်းစေပြီးသွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ကင်ဆာအချို့ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။ကင်ဆာရောဂါကို ကာကွယ်ချင်တယ်ဆိုရင် ရှောက်သီး လိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ လေ့လာမှုတွေအရ ရှောက်သီးက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို၊ကင်ဆာဆဲလ်တွေကြီးထွားမလာအောင် ဟန့်တားပေးနိုင်ပါတယ်။လေ့လာမှုအရ ရှောက်သီးကအူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်၊ လို့တွေ့ရှိ ခဲ့ရပါတယ်။ရှောက်သီးက ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတာ မှန်ပေမယ့်။သာမန်လူတွေကလည်း အလွန်အကျွံစားတာမျိုးကို ရှောင်သင့်ပါတယ်။ ‌ဆီများများနဲ့ သုပ်စားတာ၊ အငန်၊ အစပ်တွေ အများကြီး ထည့်စားတာကိုလည်း ဆင်ခြင်သင့်ပါတယ်။ကဲ …… ခံတွင်းမြိန်တဲ့ ရှောက်သီးသုပ် ချဉ်ငန်စပ်လေး စားပြီး အခုလိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/ponderosa-lemon-health-benefits/
ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ.......
အရင်ကချွေးနံ့ဆိုတာ ခန္ဓာကိုယ်မှာ မရှိဘူးတဲ့အရာပါ။ အခုကျမှချွေးနံ့ပြင်း တာက အနံ့ကို မခံနိုင်အောင်ပဲ။ အခြားသူ မပြောနဲ့ ကိုယ့်ဘာသာတောင် အနံ့မခံနိုင်အောင်ဖြစ်နေတာပါ။ ဒါဆိုရင် ဘာကြောင့်များလဲ။ရေချိုးတာများ မစင်တာလားဆိုတော့လည်း သေချာ ပြောင်စင်အောင်ရေချိုးသန့်စင်တာပါ။ ဒါပေမယ့် ရေချိုးပြီး ၂ နာရီ မကြာခင်မှာတင် ချွေးနံ့က ပြန်ပြင်းလာတယ်ဆိုတဲ့ သူတွေရှိလား…… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ……. ဆိုတာကို ဖတ်ကြည့်လိုက်ရအောင်လား…….။ချွေးနံ့ပြင်းတာက လူတိုင်း မကြုံဖူးသူရယ် မရှိပါဘူး။ တစ်ခါတလေဆိုတာ ပုံမှန်လို့ ဆိုလို့ ရပေမယ့် အမြဲလိုလို ဆိုရင်တော့ စဉ်းစားစရာ ဖြစ်လာပါပြီ။ ဒီတော့ ချွေးနံ့ပြင်းတာက ဘာတွေကြောင့် ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ချွေးနံ့တွေ ပြင်းလာပြီဆိုရင် ဒီအချက်တွေများ ရှိနေပြီလားဆိုတာကို ဆန်းစစ်ကြည့်လိုက်ပါ။စိတ်ဖိစီးမှု များနေတဲ့အခါမှာလည်း ခန္ဓာကိုယ်က ပုံမှန်ထက်ပိုပြီး ချွေးနံ့ပြင်းတတ်ပါတယ်။ စိတ်ဖိစီးမှု များတဲ့အခါမျိုးနဲ့စိုးရိမ်စိတ်များတဲ့ အခါမျိုးမှာခန္ဓာကိုယ်က ချွေးတွေ အများကြီး ထွက်တတ်သလို ချွေးနံ့ကလည်း ပုံမှန်ထက် ပိုပြင်းတတ်ပါတယ်။အချို့သော အစားအသောက်တွေက ချွေးနံ့ကို ပြင်းစေနိုင်ပါတယ်။ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဆာလဖာ ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးတာ။ ပန်းဂေါ်ဖီ၊ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ကြက်သွန်နီတို့လိုမျိုး အစားအစာတွေကို စားမိတာကလည်း ချွေးနံ့ပြင်းစေနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေနိုင်တဲ့ ရောဂါ ဖြစ်တဲ့ဆီးချိုရောဂါခံစားနေရမယ်ဆိုရင်လည်း ချွေးနံ့က ပြင်းနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာ Acetoneကြောင့် ချွေးနံ့က ချိုအီအီနံ့ ဖြစ်နေတာမျိုးတောင် ရှိနိုင်ပါတယ်။အသည်းနဲ့ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့သူတွေမှာလည်း ချွေးနံ့ပြင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အ​ကြောင်းကတော့ကျောက်ကပ်ရောဂါခံစားနေရတဲ့အခါ ချွေးထဲမှာ ယူရီယားပမာဏ များနေတာကြောင့်ပါ။ အသည်းပျက်စီးတဲ့အခါမှာလည်း ကိုယ်တွင်းမှာအဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်မှု အားနည်းလာတာကြောင့်ချွေးနံ့ဆိုးတာတွေကို ခံစားလာရနိုင်ပါတယ်။လူ ၃ ဦးမှာ တစ်ဦးလောက် ချွေးနံ့ပြင်းရတာက ကိုယ်တွင်းမှာ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမ ဖြစ်နေတာကြောင့်ပါ။ အကြောင်းကတော့ ကိုယ်တွင်းမှာ trimethyamine လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးကို ဖြိုခွင်းနိုင်တဲ့ အင်ဇိုင်း မရှိတာကြောင့်ပါ။ ဒီလို အခြေအနေကြောင့် အဆိုပါဒြပ်ပေါင်းတွေဟာ ချွေးပေါက်တွေထဲကနေ ထွက်လာပြီး ချွေးနံ့ပြင်းရတာပါ။ချွေးနံ့ပြင်း စေတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ရပ်ကတော့ သိုင်းရွိုက်ပြဿနာ ရှိနေတာပါ။ သိုင်းရွိုက်က ပုံမှန် အလုပ် မလုပ်ရင် ဖြစ်ဖြစ်၊ ပုံမှန်ထက် ပိုအလုပ်လုပ်ရင် ဖြစ်ဖြစ် ချွေးတအား ထွက်တာ ချွေးနံ့ပြင်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ခန္ဓာကိုယ်မှာ ချွေးပိုထွက်လေလေ အနံ့ပြင်းလေလေပါ။ တစ်ခါတလေမှာ သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့် ချွေးတအားထွက်တာမျိုး ရှိပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း ခန္ဓာကိုယ်က ချွေးနံ့ပြင်းနိုင်ပါတယ်။အမျိုးသမီးတွေမှာ သွေးဆုံးခါနီးပြီဆိုရင် ဟော်မုန်း အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပူစပ်ပူလောင်ဖြစ်တာ၊ ချွေးတအားထွက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း ချွေးနံ့ပြင်းနိုင်ပါတယ်။ကဲ…… ချွေးနံ့ပြင်း လာပြီဆိုရင် အခုအချက်လေးတွေကြောင့် ဖြစ်နိုင်တာမို့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/things-your-body-odor-might-be-trying-to-tell-you/
မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား
တစ်နေ့တစ်နေ့မျက်နှာပေါ်မှာ မလိုချင်ဘဲ တိုးလာနေတာက ဝက်ခြံ တွေ များလား။ မနက်နိုးလို့ မှန်ထဲကြည့်လိုက်မိတိုင်း မျက်နှာပေါ်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်က အကျအနကို နေရာယူလို့ မောင်းထုတ်မယ် ကြံပြန်တော့လည်း ချန်ခဲ့တဲ့အမာရွတ်ကို အမှတ်တရ အနေနဲ့ သိမ်းထားရပြန်ရောလေ။ဒီပြဿနာကို မကျေနပ်ခြင်းများစွာနဲ့ အဖြေထုတ်ကြည့်တော့ ဘာရယ် ရေရေရာရာ မသေချာဘဲ ကောက်ချက်ချလိုက်မိတာက မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ဆိုပြီး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကိုယ်ထုတ်ထားတဲ့ အဖြေက မှန်ရဲ့လားဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ကြည့်လိုက်နော်။မျက်နှာပေါ်မှာ ဝက်ခြံ ပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ……. ဒီအဖြေက ရာနှုန်းပြည့်မမှန်ပါဘူး။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ လူတိုင်း ဖုန်းသုံးနေ၊ ဖုန်းနဲ့ မျက်နှာနဲ့ ကပ်ပြီး ပြောနေပေမဲ့ လူတိုင်း ဝက်ခြံ မထွက်ဘူးလေ။ဖုန်းစခရင်မ်နဲ့ မျက်နှာကို ကပ်ပြောတဲ့အခါ ပုံမှန်အားဖြင့်ကတော့ ဘာမှ သိပ်မဖြစ်ပါဘူး။ ဒါပေမယ့် ဖုန်းကို အကြာကြီး ပြောမယ် ဖုန်းမျက်နှာပြင် ပူလာတဲ့အထိ ပြောမယ်ဆိုရင်တော့အပူဒဏ်ကြောင့် အသားအရေကို ထိခိုက်နိုင်ပါတယ်။နောက်တစ်ချက်ကတော့ ဖုန်းစခရင်မ်မှာ ဖုန်တွေရှိနေမယ်။ အဆီပြန်နေတဲ့ မျက်နှာပြင်မှာ ကပ်ပြောတဲ့အခါ ဖုန်မှုန့်တွေ မျက်နှာမှာ ကပ်ညှိပြီး ချွေးပေါက်တွေကို ပိတ်စေမှု ကနေတဆင့် မျက်နှာမှာဆားဝက်ခြံနဲ့ အဖြူဆံတွေ ထွက်တဲ့ ဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ဖုန်းက touch screen ဆိုတဲ့အတွက်ကြောင့် ဘာပဲလုပ်လုပ်လက်ချောင်းလေးတွေကို သုံးပြီးလုပ်တယ်ဟုတ်။ ခန္ဓာကိုယ်ပေါ်က ရောဂါပိုးတွေ အများဆုံး ရှိနေနိုင်တဲ့ အစိတ်အပိုင်းကလည်း လက်ချောင်းလေးတွေပါ။ ဒီတော့ လက်ချောင်းတွေနဲ့ ဖုန်းစခရင်မ်ကို ထိတွေ့မှုက ဖုန်မှုန့်တွေ၊ ရောဂါပိုးတွေကို ပေါင်းကူးပေးသလို ဖြစ်သွားတာပေါ့။သူတို့က ချွေးပေါက် ပိတ်ဆို့တာ၊ချွေးပေါက်ထဲကနေ ဝင်ရောက်ပြီး အရေပြားကို ထိခိုက်စေတာတွေ ဖြစ်လာတဲ့အခါ ထိခိုက်လွယ်တဲ့ အသားအရေမှာ ဝက်ခြံဖြစ်တာ၊ အမည်းစက်တွေဖြစ်တဲ့ ဆားဝက်ခြံတွေ ဖြစ်တာအပြင် အခြား အသားအရေ ထိခိုက်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဖုန်းစကရင်ကြောင့် ဝက်ခြံထွက်တယ်လို့ ရာနှုန်းပြည့်ပြောလို့မရဘူး ဆိုပေမယ့် အားပေးနေတဲ့ အရာတစ်ခု ဆိုတာကတော့ မှန်ပါတယ်။ဒီတော့ ဝက်ခြံ ပေါက်တတ်သူ တစ်ဦးအနေနဲ့ အစစအရာရာကို ဂရုစိုက်နိုင်မှ တော်ကာကျတော့မပေါ့။ ဒီတော့ ဝက်ခြံ ကင်းပြီး ကြည်လင်လှပချင်တယ်ဆိုရင်။• မျက်နှာကို ဝက်ခြံ အတွက် သီးသန့်ထုတ်ထားတဲ့မျက်နှာသစ်ဆေးနဲ့ သန့်စင်ပါ။• မိတ်ကပ်တွေကို သေချာဖျက်ပါ (Micellar water၊ Cleansing oilတွေ သုံးပါ)။•တိုနာသုံးပါ။•ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားပေးပါ။• တစ်နေ့ နှစ်ကြိမ် မျက်နှာ သန့်စင်ပါ။• ဖုန်းစခရင်မ် အပါအဝင် တစ်နေ့တာမှာ ထိတွေ့မယ့် အရာတွေကို သန့်စင်အောင်လုပ်ပါ (အနည်းဆုံး တစ်နေ့ တစ်ကြိမ် လုပ်ပါ)။•မျက်နှာကို ခဏခဏ မကိုင်ပါနဲ့။• ဝက်ခြံတွေကို ဆိတ်ဆွတာမျိုး မလုပ်ပါနဲ့။•ရေများများ သောက်ပါ။• ဆေးလိပ် နဲ့ အရက်ကို တတ်နိုင်သမျှ လျှော့ပါ။• သွေးလည်ပတ်မှု ကောင်းစေတဲ့လေ့ကျင့်ခန်းလုပ်ပါ။•အိပ်ရေးဝဝ အိပ်ပါ။• အသားအရေ ထိန်းသိမ်းမှု လုပ်ပေးပါ။နိဂုံးချုပ် အနေနဲ့ ပြောပြချင်တာက သင့်ကို ဝက်ခြံ ထွက်စေတဲ့အချက်က ဖုန်းစခရင်မ် တစ်ခုထဲကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဟော်မုန်းအပြောင်းအလဲတွေ၊ နေထိုင်စားသောက်မှုပုံစံတွေကလည်း ဝက်ခြံဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် နေ့စဉ် ဘဝနေထိုင်မှုပုံစံကိုပါ ပြောင်းလဲ ကြည့်ဖို့ ပြောပါရစေ ဝက်ခြံကြောင့် စိတ်ညစ်နေရသူလေးတို့ရေ………………။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne-and-phone-screen/
စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးဖန်တီးကြမယ်
လူတိုင်းလိုလိုမှာစိတ်ဖိစီးမှုက အနည်းနဲ့အများဆိုသလိုရှိကြပါတယ်။အလုပ်ခွင်ဝင်နေရသူတွေဆို ပုံမှန်ထက် စိတ်ဖိစီးမှုပိုများမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ လူများများနဲ့ဆက်ဆံရလေ စိတ်ဖိစီးနိုင်ခြေက ပိုများလာလေပါ။ ဒီတော့ အလုပ်ခွင်မှာ လူအမျိုးမျိုးနဲ့ စိတ်အထွေထွေကို အဆင်ပြေအောင်ဆက်ဆံရပြီဆိုရင် စိတ်ဖိစီးမှုဆိုတာက မသိလိုက်ဘဲတောင် သူ့အလိုလိုရှိနေနိုင်ပါတယ်။ဒီအဖြေကတော့ ရှင်းပါတယ်။ စိတ်ဖိစီးမှုကကောင်းကျိုးဖြစ်ဖို့ထက် ဆိုးကျိုးဖြစ်ဖို့ ပိုများမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။ အချို့သောနာတာရှည်ရောဂါအများစုကို ခံစားရတဲ့အကြောင်းအရင်းခံထဲမှာ စိတ်ဖိစီးမှုကလည်း တစ်စိတ်တစ်ဒေသကနေပါဝင်နေပါတယ်။ ဒီတော့ အတိုချုပ်ပြောရရင် စိတ်ဖိစီးမှုက မကောင်းဘူးဆိုတာပဲပေါ့။စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးအဖြစ်ဖန်တီးဖို့အတွက်ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါမယ်။လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပါ။အလုပ်ခွင်ကို အလုပ်ခွင်လို့ သတ်မှတ်ထားတာထက် ကိုယ့်ရဲ့ဒုတိယအိမ် လို့သတ်မှတ်ထားဖို့လိုသလို လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကိုယ့်ရဲ့ မိသားစုဝင်တွေမောင်နှမတွေလို့ သတ်မှတ်ထားဖို့လိုပါမယ်။ အရမ်းမရင်းနှီးနေရင်တောင် သူစိမ်းမဆန်နေဖို့တော့ ဂရုပြုဖို့လိုပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာက အလုပ်ခွင်မှာ စိတ်ဖိစီးမှုကင်းစေမယ့် နည်းလမ်းကောင်းတစ်ရပ်ပါ။လေ့ကျင့်ခန်းလုပ်ပါ။စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့နည်းလမ်းတစ်ခုပေါ့။ တစ်နေ့တာမှာ အလုပ်တာဝန်တွေအရမ်းမျာေးနရင်တောင် ၁၅ မိနစ်လောက်တော့ အချိန်ပေးပြီးလမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာမျိုးလေးလုပ်ပေးပါ။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အလုပ်ခွင်စိတ်ဖိစီးမှုကို ကင်းစေမယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုပါ။ကျန်းမာပြီးအာဟာရပြည့်ဝအောင်စားသုံးပေးပါ။ခန္ဓါကိုယ်ကျန်းမာမှလည်း စိတ်ကျန်းမာမှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို ကျန်းမာပြီး အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ပြုပြင်ထားတဲ့ အစားအစာတွေ၊ အလွယ်စား၊ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။အမျှင်ဓါတ်ကြွယ်ဝပြီးပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကိုစားပေးပါ။ရေများများသောက်ပေးပါ။ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။အိပ်ရေးဝအောင်အိပ်ပါ။အိပ်စက်ချိန်မလုံလောက်တာကလည်း စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့် ညတိုင်း အနည်းဆုံးအိပ်ချိန်၈ နာရီရှိနေစေဖို့ ဂရုစိုက်စေချင်ပါတယ်။ ဒါကြောင့် ညနက်အထိဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ ညနက်ခံပြီး အလုပ်လုပ်တာမျိုးကိုရှောင်ပါ။အရေးကြီးတာတွေကိုအရင်လုပ်ပါ။အလုပ်လုပ်တဲ့အခါ အရေးကြီးတဲ့အရာတွေကနေစလုပ်ပါ။ ဒါမှ အလုပ်ပြီးမြောက်မှုပိုကောင်းသလို အလုပ်မပြီးမှာကိုစိုးပြီးပူပန်ရတဲ့ စိတ်ဖိစီးမှုလည်း ကင်းမှာပါ။ တစ်နေ့တာတိုင်းမှာ အရေးကြီးတဲ့အလုပ်ကနေစပြီး စလုပ်ပါ။ ဒီလိုလုပ်ဆောင်မှုက အလုပ်ပြီးစီးမှုကောင်းစေသလို အလုပ်ခွင်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကိုလည်း သက်သာစေမှာပါ။အလုပ်တွေကို စီစဉ်တတ်ပါစေ။အလုပ်ခွင်ဖိအားကင်းစေဖို့ဆိုရင် တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးစီစဉ်တတ်ဖို့ကလည်း လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ပါ။တစ်နေ့တာမှလုပ်ရမယ့် အလုပ်တွေကို အစီအစဉ်အလိုက်ချရေးပါ။ပြီးရင်တစ်ခုချင်းစီလုပ်သွားပေးပါ။ အရေးကြီးတာကနေစလို့ပေါ့။ ဒီလိုလုပ်ဆောင်မှုက အလုပ်ပြီးစီးစေနိုင်သလို အလုပ်တာဝန်များလို့ မပြီးမှာကိုစိုးရိမ်တာမျိုးကနေလည်း ကင်းစေမှာ အသေအချာပါ။အမြဲမပြတ်လေ့လာသင်ယူပါ။နေ့ရက်တိုင်းမှာ အမြဲမပြတ်သင်ယူနေတဲ့သူတွေက စိတ်ဖိစီးမှုကင်းတတ်ကြပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်နဲ့ပတ်သက်တဲ့ပညာရပ်တစ်ခုကိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ဝင်စားရာ ပညာရပ်တစ်ခုကိုပဲဖြစ်ဖြစ် အမြဲမပြတ်သင်ယူနေပါ။လေ့လာသင်ယူမှုတိုင်းကအကျိုးဖြစ်ထွန်းစမြဲဆိုတာကို မမေ့ပါနဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/workplace-stress/
ကိုယ်ဝန်ဆောင်ရမည်ကို အကြောင်းမဲ့ ကြောက်လန့်ခြင်း
ကလေးရလာပြီး ကလေးမွေးရမည်ဖြစ်သော လုပ်ငန်း သည် အချို့အမျိုးသမီးများကို စိတ်ပျက် အားငယ်စေနိုင်သည်။ သို့သော်လည်း အချို့ အမျိုးသမီးများသည် ကိုယ်ဝန်ရမည်၊ ကလေးမွေးရမည်ကို ထူးခြားစွာ ကြောက်လန့်ခြင်း ရှိသည်။ ၎င်းသည် သူတို့၏ ပုံမှန်ဘဝ အရည်အသွေးနှင့် ကလေးရနိုင် စွမ်းကို ထိခိုက်စေနိုင်သည်။ ဤ ထူးခြားသော ဖြစ်စဉ်ကို tokophobia ဟုခေါ်သည်။လူနေမှု အဆင့်မြင့်မားသော ၄၃ နှစ်အရွယ် အမျိုးသမီး တစ်ယောက်သည် ကိုယ်ဝန်ဆောင်ရမည်ကို ၂နှစ်ကြာ အလွန် အမင်း ကြောက်လန့်ခဲ့သည်။ ဆရာဝန်အား ကိုယ်ဝန်ဆောင် ခြင်း၏ ဆိုးကျိုးများကို မေးမြန်းပြီးနောက် ထိုသို့ဖြစ်ပွားခြင်း ဖြစ်သည်။ သန္ဓေသား ပုံပျက်ခြင်း၊ ခန္ဓါကိုယ် ပြောင်းလဲမှုများ၊ သေဆုံးနိုင်ခြင်းတို့အကြောင်း ကြားပြီးသောအခါ သူမသည် ကိုယ်ဝန်ဆောင်ရန် ကြောက်လန့်လာသည်။ သူမသည် ခင်ပွန်း၊ မိသားစုဝင်များ၊ ဆွေမျိုးများနှင့်လည်း အဆက် အသွယ် နည်းလာသည်။ ထူးခြားသည်မှာ ထိုအမျိုးသမီးသည် မိသားစု ပြဿနာ နှင့် ဆေးသုံးခြင်း ရာဇဝင် မရှိပါ။သူမတွင် ပြင်းထန်သော စိတ်ကျ ရောဂါနှင့်အတူ tokophobia ရှိသည်ဟု ရောဂါအဖြေရှာတွေ့ပါသည်။ fluoxetine ကို သီတင်းပတ် အတော်ကြာ သောက်ပြီးနောက် စိတ်ခံစားမှု ရှုပ်ထွေးခြင်းနှင့် ကိုယ်ဝန်ယူရမည်ကို ကြောက်စိတ် နည်းလာပါသည်။ သူမသည် ဆေးသောက်ပြီး နောက် ပုံမှန် လိင်ဆက်ဆံမှုများ ပြန်လည် လုပ်ဆောင်လာပြီး ရောဂါလက္ခဏာများ ပြန်မဖြစ်တော့ပါ။မကုသပါက tokophobia သည် ကိုယ်ဝန်ကို အမြဲတမ်း ကြောက်လန့်ခြင်း၊ ကလေး၏ ဘဝကို အရည်အသွေး ကျစေခြင်း (အမျိုးသမီးက ကိုယ်ဝန်ကို ဆက်ထိန်းထားပါက) သို့မဟုတ် သူမ၏ ဘဝကို အလွန် ဘေးအန္တရာယ် ဖြစ်စေ နိုင်သော စိတ်ကျခြင်း လက္ခဏာများကို ဖြစ်စေနိုင်သည်။ Tokophobia ၏ လက္ခဏာများမှာ –။ဖြစ်စေသော အကြောင်းရင်းများ။အခြားကြောက်ရွံ့ခြင်းများ ကဲ့သို့ပင် Tokophobia အတွက် သိပ္ပံနည်းကျ သက်သေပြထားသော အကြောင်းရင်း မရှိပါ။ သို့သော် ဤရောဂါကို ဖြစ်စေနိုင်သော အချက်အချို့ ရှိသည်။ ၎င်းတို့မှာ အရင်က ကလေးမွေးဖွားရာတွင် ဒုက္ခဖြစ် စေသည့် အတွေ့အကြုံ၊ နာကျင်မှုကို အလွန်ကြောက်ခြင်း၊ ကလေးဘဝက လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်ခံရခြင်း တို့ ဖြစ်သည်။သက်ရောက်မှုများ။Tokophobia ခံစားနေရသော အမျိုးသမီးများသည် အမှန်တကယ် ဂရုစိုက်သူများထံမှ စိတ်ခံစားမှုပိုင်းဆိုင်ရာ ထောက်ပံ့မှု ရှာဖွေ ရယူသင့်သည်။ သားဖွား ဆရာဝန်သည် မိခင်နှင့် ကလေး၏ ကျန်းမာရေး ကောင်းမွန်စေရန်၊ သူတို့ ကြား ဆက်သွယ်မှု ကောင်းစေရန် စိတ်ရောဂါကု ဆရာဝန်နှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်တွင် စိတ်တုန်လှုပ်မှု နှင့် စိတ်ဓါတ်ကျမှု ခံစားရသော အမျိုးသမီး များကို ကူညီပေးရန် စိတ်ကျန်းမာရေး ကျွမ်းကျင်သူ လည်း လိုအပ်သည်။ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် စိတ်ကျပျောက်ဆေး အချို့ ရနိုင်ပါသည်။ ချစ်မြတ်နိုးသူများ နှင့် ဆရာဝန်များထံမှ ထောက်ပံ့မှု ရှာဖွေခြင်းသည် အရေး အကြီးဆုံး ဖြစ်ပါသည်။ ဤပြဿနာ ရှိသော အမျိုးသမီးများကို ကူညီရန် လိုလားသော၊ အဆင်သင့်ဖြစ်နေသော လူများစွာ ရှိပါသည်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/mental-health-mothercare/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%99%e1%80%8a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%b1/
စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို အားပေးတော့မယ်ဆိုရင်
စိတ်ဓါတ်ကျတယ်၊ စိတ်ကျန်းမာရေးပြဿနာရှိတယ်ဆိုတာ ပျော့ညံ့တဲ့သူတွေမှာပဲရှိတယ် ဆိုတဲ့ အယူအဆတွေဟာ စိတ်ကျန်းမာရေးနဲ့ လူ့သဘာဝအကြောင်း သေချာနားလည်ထားခြင်းမရှိတဲ့ သူတွေမှာပဲရှိတာပါ။ပြောရမယ်ဆိုရင် လူတိုင်းမှာ နေ့စဉ်ဘဝအခက်အခဲတွေ ရှိပါတယ်။ ဒီပြဿနာရဲ့ သက်ရောက်မှုချင်းကွာသွားမယ်၊ ပြဿနာကို ဖြေရှင်းပုံတွေ ကွာသွားမယ်၊ ငယ်စဉ်က ကြီးပြင်းလာခဲ့ရတဲ့ မိသားစုပတ်ဝန်းကျင်၊စိတ်ခံစားချက်တွေ၊ ချောင်ပိတ်နေတဲ့ လူ့အသိုင်းအဝိုင်းတွေ၊ ဒါတွေကလည်း စိတ်ကျန်းမာရေးအခြေအနေကို ပိုကောင်းသွားစေနိုင်သလို ပိုဆိုးသွားစေနိုင်တဲ့ အဓိကအချက်ဆိုလည်း မမှားပါဘူး။ အဲ့တော့ လူတိုင်း စိတ်ဓါတ်ကျနိုင်ပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့အခါ၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာကို မြိုသိပ်လိုက်တဲ့အခါ ပိုပြီးမှားယွင်းတဲ့ အမှားတွေ၊ ကိုယ်တိုင်ရော ကိုယ်ချစ်တဲ့သူတွေကိုပါ ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ လုပ်မိတတ်ပါတယ်။အဲ့တော့ အကောင်းဆုံးကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စိတ်ဓါတ်ကျနေတယ်လို့ ယူဆရတဲ့သူတွေကို ကိုယ်တတ်နိုင်သလို ကူညီအားပေးဖို့၊ စိတ်ခွန်အား၊ စိတ်လုံခြုံမှု ခံစားချက်တစ်မျိုးမျိုး ပေးစွမ်းနိုင်ဖို့ ကိုယ့်မှာ တာဝန်ရှိပါတယ်။ စိတ်ဓါတ်ကျနေတဲ့သူတွေကိုတော့ ကူညီချင်တယ်၊ ဘယ်လိုကူညီရင် အကောင်းဆုံးဖြစ်မလဲ၊ သူ့အတွက်ရော ဘယ်လိုအားပေးမှုမျိုးက အထောက်အကူဖြစ်မလဲဆိုတာ သေချာမသိသေးတဲ့ သူတွေအတွက် ဒီဆောင်းပါးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆို စလိုက်ကြရအောင်နော်။၁။စိတ်ဓါတ်ကျခြင်းအကြောင်းကို ကိုယ်တိုင်နားလည်အောင် ကြိုးစားပါ။ စိတ်ဓါတ်ကျတယ်ဆိုတာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ စိတ်ရောဂါတစ်ခုအဖြစ် အစမပျိုးလာအောင် ကူညီပေးဖို့က ဝေဒနာရှင်ရော၊ ဘေးကလူတွေမှာပါ တာဝန်ရှိပါတယ်။၂။ စိတ်ဓါတ်ကျနေတဲ့ သူတစ်ယောက်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ ဥပမာ – ဝမ်းနည်း၊စိတ်ထိခိုက်လွယ်တာ၊ မျက်နှာမှာ အရယ်အပြုံး မတွေ့ရတော့တာ၊ တမှိုင်မှိုင်နဲ့ အလုပ်လုပ်ရတာ စိတ်မပါသလိုဖြစ်နေတာ၊ ကိုယ့်ဘဝကို အကောင်းမမြင်နိုင်တော့တာ၊ တန်ဖိုးမဲ့နေတယ်လို့ ယူဆရတာ၊ လူတွေနဲ့ မပတ်သက်တော့ဘဲ တစ်ယောက်ထဲ သီးခြားဖြစ်နေတာ၊ စိတ်ပါဝင်စားမှုမရှိတော့တာ၊ အစာပိုစားလာတာ၊ ဒါမှမဟုတ် ဘာမှမစားဘဲ နေတာ၊သတ်သေဖို့ ကြံစည်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပြီလားဆိုတာ ကြည့်ပါ။၃။ ဝမ်းနည်းခြင်းနဲ့ စိတ်ဓါတ်ကျခြင်းသည် မတူပါဘူး။ ဒါပေမယ့် ဝမ်းနည်းတဲ့စိတ်ခံစားချက်ကို မြိုသိပ်ထားလိုက်ပြီး ကြာလာတဲ့အခါ စိတ်ဓါတ်ကျတဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်။ ဒါကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။၄။ ကိုယ်က ရင်ဖွင့်တိုင်ပင်လို့ရမယ့် သူတစ်ယောက်ဖြစ်ကြောင်း သူသိအောင် ပြောပြပါ။ သူယုံကြည်လာအောင်၊ သူ့ခံစားချက်တွေကို အမှန်အတိုင်း ဖွင့်ဟဝန်ခံလာနိုင်အောင် ကိုယ်တိုင်ကလည်း အရိုးသားဆုံး၊ အပွင့်လင်းဆုံး နေထိုင်ပါ။၅။ အကောင်းဆုံးသော အကြံတွေ ပေးစရာမလိုပါဘူး။ အနည်းဆုံးတော့ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်က သူခံစားနေရတဲ့ အကြောင်းတွေကို ဖွင့်ထုတ်ပြလိုက်တဲ့အခါ ဝေဒနာက နည်းနည်းတော့ သက်သာသွားပါတယ်။၆။ သူဖြစ်နေတဲ့ ပြဿနာက ကိုယ်ကူညီလို့ရတဲ့ကိစ္စလား ပြန်စဉ်းစားပါ။ ကူညီလို့ ရရင် ကူညီပေးပါ။ ဒါမှမဟုတ် ကူညီပေးနိုင်မယ့် သူတွေကို ရှာပေးပါ။ စိတ်ဓါတ်ကျခြင်း အခြေအနေ ပြင်းထန်နေတဲ့သူဆိုရင်တော့ စိတ်ကုထုံးနဲ့ ကုသမှုခံယူဖို့ အကြံပေးပါ။၇။ များသောအားဖြင့် စိတ်ဓါတ်ကျရောဂါသည် စိတ်ခံစားချက်ကို အခြေတည်ပြီး ဖြစ်လာတဲ့ စိတ်ရောဂါဖြစ်တာကြောင့် ကျွမ်းကျင်တဲ့စိတ်ရောဂါကုထုံးပညာရှင်နဲ့ သေချာကုသမှုခံယူဖို့ လိုအပ်ပါတယ်။၈။ အကောင်းမြင်စိတ်မွေးပါ၊ စိတ်ကို အားတင်းထားပါ စတဲ့ အကြံတွေ မပေးပါနဲ့။ တကယ်စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်သည် ဒီလိုစကားတွေကို နားမဝင်သလို ဘယ်လိုလုပ်ရမှန်းလည်း သိမှာမဟုတ်ပါဘူး။ ဒါကြောင့် သူခံစားနေရတဲ့ပြဿနာကို ဖြေရှင်းပေးဖို့၊ ကူညီနှစ်သိမ့်ပေးဖို့သာ အဓိကပါ။ ခံစားနေရတဲ့ ပြဿနာက အထိုက်အလျောက်ပြေလည်သွားမယ်၊ စိတ်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုရင် ဝေဒနာရှင်အနေနဲ့ နဂိုအတိုင်း အကောင်းမြင်စိတ်၊ မျှော်လင့်ချက်၊ ပျော်ရွှင်ခြင်းတွေ ပြန်ဖြစ်လာမှာပါ။၉။ သူ့ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်တတ်နိုင်သလောက် ကူညီပေးလို့ရတဲ့ ကိစ္စတွေရှိရင် ကူညီပေးပါ။ ကိုယ်တစ်ယောက်တည်း လုပ်ဖို့တော့ မလိုပါဘူး။ အရေးကြီးတာက စိတ်ဓါတ်ကျနေတဲ့သူကို တစ်ယောက်ထဲ မထားခဲ့လိုက်ဖို့၊ သူ့ဘေးနားမှာ ကူညီပေးတဲ့ သူတစ်ယောက် အမြဲရှိနေပါတယ်ဆိုတဲ့ စိတ်လုံခြုံမှုကို ရိုက်သွင်းပေးဖို့ပါပဲ။၁၀။ စိတ်ရှည်ပါ။ ပြောတဲ့စကား၊ ဖြစ်နေတဲ့ ပြဿနာကို သေချာနားထောင်ပါ။ သူပြောနေတဲ့ စကားကို ဖြတ်မပြောပါနဲ့၊ ကိုယ့်အနေနဲ့ ပေးချင်တဲ့အကြံရှိရင်လည်း သူ့စကားပြောလို့ ဆုံးသွားပြီဆိုမှ အကြံပေးပါ။၁၁။ အဆက်အသွယ် မဖြတ်ထားပါနဲ့။ အပြင်မှာ မတွေ့ဖြစ်ရင်တောင် ဖုန်းနဲ့ဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ နေကောင်းလား၊ အဆင်ပြေလား၊ ပြဿနာတွေ ပြေလည်သွားပြီလား၊ မိသားစုကိစ္စ ရင်ဖွင့်တိုင်ပင်ချင်တာတွေကို အချိန်ခဏလောက်ပေးပြီး ပြောပါ။ သူ့ဘက်က ဖုန်းခေါ်လာလို့ စကားပြောလို့ အဆင်မပြေသေးရင်လည်း ဖုန်းပြန်ခေါ်မယ့်အကြောင်းကို စာတိုဖြင့် လှမ်းပို့ပေးလိုက်ပါ။၁၂။ လုပ်မိတတ်တဲ့ အမှားတစ်ခုက ဘာလဲဆိုတော့ တစ်ကမ္ဘာလုံးမှာ ကိုယ့်ထက်အခြေအနေဆိုးတဲ့ သူတွေ အများကြီးရှိနေတာ၊ ဘာလို့ စိတ်ဓါတ်ကျရမှာလဲဆိုတဲ့ အကြံပါ။ တကယ့်ကို ဆိုးဆိုးရွားရွား၊ စိတ်ဝေဒနာခံစားနေရသူတွေကို မပေးသင့်ဆုံးအကြံ၊ မပြောသင့်ဆုံး စကားတစ်ခုပါပဲ။ လူတွေက ကြီးပြင်းလာတဲ့ဘဝပုံစံ မတူသလို စိတ်ခံစားချက်၊ တွေးခေါ်ပုံချင်း မတူပါဘူး။ ယုတ်ဆွအဆုံး စိတ်ဓါတ်ကျနေတဲ့ သူနှစ်ယောက်မှာတောင်မှ ဖြစ်နေတဲ့ ပြဿနာ၊ အကြောင်းရင်း၊ ခံစားပုံတွေဟာ အတိုင်းအတာ၊ ပုံစံချင်းတူမှာ မဟုတ်ပါဘူး။ မတူတဲ့ ပြဿနာနှစ်ခုကို အတင်း ညီမျှခြင်းမချပါနဲ့။စိတ်ဓါတ်ကျတယ်ဆိုတာ သေချာကူညီအားပေးမှုမရှိရင် ဒီထက်ပိုဆိုးလာဖို့ပဲ ရှိတာကြောင့် ဒီဆောင်းပါးကိုသေချာဖတ်ပြီး ကိုယ်ချစ်ရတဲ့သူငယ်ချင်း၊ မိသားစုဝင်တွေကို ကူညီအားပေးဖို့ ခုကတည်းက စတင်လိုက်ရအောင်လို့ မှာလိုက်ချင်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%80%e1%80%ba%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%81%e1%80%ba/
ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးသောလေ့ကျင့်ခန်း ၅ မျိုး
တကယ်လို့ သင့်မှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ အံ့အားသင့်လောက်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကျဆင်းစေသလို သွေးတွင်းသကြားဓါတ်ပမာဏကို ကျဆင်းစေပါတယ်။ဆီးချိုဝေဒနာရှင်တွေအတွက်ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်တဲ့ လေ့ကျင့်ခန်းအများကြီးရှိပါတယ်။ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ကခြင်း၊အေရိုးဗစ်ကစားခြင်း၊ရေကူးတာ ဒါမှမဟုတ် ရေထဲမှာ ကစားရတဲ့ အေရိုးဗစ် (water aerobics) ကစားခြင်း၊တင်းနစ်ရိုက်ခြင်း၊လှေကားတက်ခြင်း၊ရွရွလေး ပြေးခြင်း၊ တောင်တက်ခြင်း၊လှေလှော်ခြင်း၊ ရေခဲပြင်စကိတ်စီးခြင်း၊စကိတ်စီးခြင်းနဲ့ဥယျာဉ်စိုက်ပျိုးခြင်းတွေလုပ်ဆောင် ပေးနိုင်ပါတယ်။ အဲဒီထဲကမှ ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးလေ့ကျင့်ခန်း ၅ ခုကိုအကြံပြုရရင်တော့-။လမ်းလျှောက်ခြင်း-လမ်းလျှောက်တာကနေရာမရွေးလုပ်ဆောင်နိုင်ပြီး ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ရပ်ပဲဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ကနေ ၁ နာရီလောက်အထိ တစ်ပတ်ကို ၃ ကြိမ်လောက်လမ်းလျှောက်ပေးသင့်ပါတယ်။ထိုက်ကျိကစားခြင်း –ထိုက်ကျိကစားပေးတာက ခန္ဓါကိုယ်လှုပ်ရှားမှုကို အဆင်ပြေချောမွေ့စေပြီး စိတ်ရော၊ ခန္ဓါကိုယ်ကိုပါအနားရစေပါတယ်။ ထိုက်ကျိကစားခြင်းက သွေးတွင်းသကြားဓါတ်ထိန်းချုပ်မှုကို သိသိသာသာ တိုးတက်ကောင်းမွန်စေပြီး တက်ကြွလန်းဆန်းစေသလိုစွမ်းအင်နဲ့စိတ်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါ တယ်။ယောဂ– ယောဂလေ့ကျင့်ခန်းကဆီးချိုရောဂါအပါအဝင် နာတာရှည်ဝေဒနာခံစားနေရသူတွေအတွက် အထောက်အကူပြုပါတယ်။ ယောဂလေ့ကျင့်ခန်းက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး အာရုံကြောတွေရဲ့လုပ်ဆောင် မှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ယောဂလေ့ကျင့်ခန်းက ကြွက်သားဖွဲ့စည်းမှုကိုတိုးတက်စေတာကြောင့် သွေးတွင်းသကြားဓါတ်ကိုတိုးတက်စေနိုင်ပါတယ်။ကခြင်း– ကခြင်း ကခန္ဓါကိုယ်အတွက်ကောင်းမွန်စေရုံသာမက ဦးနှောက်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေသလို မှတ်ဉာဏ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။ ကခြင်းက ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုတိုးတက်စေနိုင်ပြီး ကိုယ်အလေးချိန်ကျဆင်းစေနိုင်သလိုသွေးတွင်းသကြားဓါတ်ကိုလျော့ကျစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ရေကူးခြင်း-ရေကူးခြင်းက ကြွက်သားတွေကိုပြေလျော့စေပြီး အဆစ်တွေကိုဝန်ပိစေတာမျိုးမရှိတဲ့အတွက် ဆီးချိုဝေဒနာသည်တွေအတွက် အရမ်းကိုကောင်းတဲ့လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ ရေကူးတာက ဆီးချိုဝေဒနာရှင်တွေနဲ့ ဆီးချိုရောဂါစတင်ခံစားနေရသူတွေမှာ အကျိုးပြု ကိုလက်စထရောပမာဏကိုတိုးတက် စေပြီး ကယ်လိုရီလောင်ကျွမ်းစေတဲ့အပြင်စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်နှုန်းနဲ့ တစ်ပတ်ကို ၃ ကြိမ်ထက်မနည်းရေကူးပေးတာကကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။ဆီးချိုဝေဒနာရှင်တွေအနေနဲ့ကျန်းမာသက်ရှည်စေဖို့အတွက် လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ပေးသင့်သလို အာဟာရနဲ့ညီညွတ်မျှတအောင်စားသုံးဖို့လည်းလိုအပ်လှပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါ အားကစားဖိနပ်တွေစီးပေးရမှာဖြစ်သလို ကိုယ်နဲ့သင့်တော်မယ့်လေ့ကျင့်ခန်းကို ရွေးချယ် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ရေဓါတ်ဖြည့်တင်းတဲ့အနေနဲ့လေ့ကျင့်ခန်းမလုပ်ခင်နဲ့လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ရေသောက်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါကြွက်သားတွေအနည်းငယ်နာကျင်နိုင်ပါတယ်။ လေ့ကျင့်ခန်းက ခန္ဓါကိုယ်အပေါ်ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိသလဲဆိုတာကိုသိရှိနိုင်ဖို့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သွေးတွင်းသကြားဓါတ်ကိုတိုင်းတာပါ။ လေ့ကျင့်ခန်းမလုပ်ခင် ၅ မိနစ်လောက် သွေးပူအောင်လုပ်ပြီး လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ၅ မိနစ်လောက်သွေးအေးသွားအောင်နေပေးရပါမယ်။ အရမ်းပူလွန်း၊အေးလွန်းတဲ့အခြေအနေမျိုးမှာလေ့ကျင့်ခန်းလုပ်တာကိုရှောင်ကြဉ်သင့်ပါ။နေ့စဉ်လေ့ကျင့်ခန်းမှန်မှန်လုပ်ဆောင်ပြီး သင့်တင့်မျှတစွာစားသောက်မယ်ဆိုပါက ဆီးချိုဝေဒနာရှင်တွေဟာလည်း သာမန်လူတွေလိုပဲ သက်တမ်းစေ့နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းစမလုပ်ခင်မှာ ကိုယ်ခံစားနေရတဲ့ဆီးချိုရောဂါအမျိုးအစားနဲ့ကိုက်ညီမယ့်လေ့ကျင့်ခန်းကိုရွေးချယ် စေနိုင်ဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။ လေ့ကျင့်ခန်းကိုဖြည်းဖြည်းချင်းစလုပ်သွားပေးဖို့လည်းမမေ့ပါနဲ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%ad%e1%80%b1%e1%80%9d%e1%80%92%e1%80%94%e1%80%ac%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc/
ဆီးချိုရောဂါရှိသူမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ
ထိခိုက်ရှနာဒဏ်ရာလေးတွေဆိုတာ လူတိုင်းနဲ့မကင်းနိုင်ကြတဲ့ အသေးအဖွဲပြဿနာတွေဆိုပေမယ့်ဆီးချိုရောဂါရှိသူေတွအတွက်တော့ ဆိုးရွားတဲ့ကျန်းမာရေးအန္တရာယ်တွေရှိလာနိုင်ပါတယ်။ ဆီးချိုရှိသူတော်တော်များများကအနာကျက်ဖို့နှေးသလို အနာမကျက်နိုင်တော့တာလည်းရှိနိုင်ပါတယ်။ရောဂါပိုးသာဝင်သွားခဲ့ရင် အနာတဝိုက်က တစ်ရှူးတွေနဲ့အရိုး သို့မဟုတ် ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေအထိ ပျံ့နှံ့သွားခဲ့ရင် အန္တရာယ်ရှိပါတယ်။အနာဘာလို့မကျက်တာလဲ။ဆီးချိုရှိတယ်ဆိုရင်သွေးတွင်းသကြားဓါတ်ပမာဏကို ခန္ဓါကိုယ်ကထိန်းညှိဖို့ ပိုခက်ခဲပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါသွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ပျက်ယွင်းစေပြီး ဘက်တီးရီးယားခုခံကာကွယ်နိုင်စွမ်းမရှိတော့ပါဘူး။ဆီးချိုကိုသေချာမထိန်းချုပ်နိုင်တဲ့အခါသွေးလည်ပတ်မှုလည်း မကောင်းတော့ပါဘူး။သွေးလည်ပတ်မှုမကောင်းရင်သွေးနီဥဆဲလ်တွေရဲ့လှုပ်ရှားမှုနှေးကွေးလာပြီးအာဟာရဓါတ်ေတွ အနာတဝိုက်ကိုရောက်ရှိဖို့ခက်ခဲစေပါတယ်။ ရလဒ်အနေနဲ့ ထိခိုက်ဒဏ်ရာတွေ ကျက်ဖို့နှေးလာပါတယ်။ဒါ့ကြောင့် သင့်မှာ ဆီးချိုရှိနေတယ်ဆိုရင်ကွဲရှရာ၊ ခြစ်ရာအနာသေးသေးလေးဖြစ်ဖြစ်မြန်မြန်ကုသဖို့၊အနာပိုးမဝင်အောင်ဂရုစိုက်ဖို့လိုအပ်ပါတယ်။ဘယ်လိုဂရုစိုက်ရမလဲ။ကိုယ့်မှာထိခိုက်ရှနာ၊ အနာလေးတွေတစ်ခုခုရှိလာတာနဲ့ ဒီအဆင့်တွေအတိုင်း အမြန်ဂရုစိုက်လုပ်ဆောင်ပါ –။ရောဂါပိုးဝင်တဲ့ လက္ခဏာများ။ခြေထောက်မှာဖြစ်တဲ့ ပြတ်ရှရာ၊ခြစ်ရာ၊ကွဲရာ ဒဏ်ရာတွေက အနာဖြစ်လာနိုင်ပါတယ်။ အနာက နက်တယ်ဆိုရင် ဘက်တီးရီးယားတွေကိုသွေးထဲရောက်ရှိစေနိုင်ပါတယ်။ဆီးချိုရှိသူဟာ ဂရုစိုက်ကုသမှုမခံယူရင်ခြေ လက်ဖြတ်တောက်ရတဲ့အထိ အခြေအနေဆိုးလာနိုင်တာမို့ အနာပိုးမဝင်စေဖို့ အရေးကြီးပါတယ်။ ရောဂါပိုးဝင်လာပြီဆိုရင် အနာမှာ –။အနာပိုးဝင်တာပြင်းထန်တယ်ဆိုရင်တော့ –။ဒီလိုအရေးကြီးလက္ခဏာပေါ်လာခဲ့ရင် ချက်ချင်းကုသမှုခံယူပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%bd%e1%80%ad%e1%80%9e%e1%80%b0%e1%80%99%e1%80%bd%e1%80%ac-%e1%80%a1%e1%80%94/
ဂွေးချိုသီး စားကြရာဝယ်
ဆားလေး ငရုတ်သီးမှုန့်လေးနဲ့ နယ်စားစား၊ ငံပြာရည် ငရုတ်သီးမှုန့်လေးနဲ့ သုပ်စားစား၊ ငပိထောင်းလေးနဲ့ ကော်စားစား စားကောင်းသလို ငပိချက်ချက်စားရင်လည်း စားလို့ ကောင်းတဲ့ ဂွေးချိုသီး ကြိုက်ကြလား ……။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဘယ်လိုစားစား ခံတွင်းတွေ့တဲ့ ဂွေးချိုသီးလေးကို စားပေးတာကကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ဂွေးချိုသီး ဆိုတာက အပြင်ခွံ အစိမ်းရောင် နုနုကနေ အစိမ်းရောင် ရင့်ရင့်အထိ ရှိပြီး အတွင်းသားက ဖြူဖြူ ကြွပ်ကြွပ်လေးပါ။ ချိုချိုချဉ်ချဉ် အရသာလေးရှိပြီး အနံ့လေးက မွှေးပါတယ်။ အတွင်းမှာ ဆူးလိုမျိုး အစေ့လေးတွေ ပါဝင်နေပါတယ်။စားရတာ အရသာရှိတဲ့ ဂွေးချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။စားရတာ အရသာရှိတဲ့ ဂွေးချိုသီးက အခုလိုမျိုး ကျန်းမာရေးကို ထောက်ကူပေးပါတယ်။ဂွေးချိုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးတာ၊ သွေးပေါင်ကျတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးတွင်းအဆီဓာတ်တွေကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးရဲက လုပ်ဆောင်မှုတွေကို ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ဗီတာမင် C ကြွယ်ဝသလို သံဓာတ် ပါဝင်နေမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေသလို သွေးဖြူဥတွေ ထုတ်လုပ်မှုကို ကောင်းစေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ဗီတာမင် C က သံဓာတ်စုပ်ယူမှု ကောင်းစေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်မှုက အစာခြေစနစ်ကို ကျန်းမာစေပြီး လေထိုးတာ၊ လေပွတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေ အက်ဆစ် ထွက်ရှိမှု ကောင်းစေဖို့ ဂွေးချိုသီးက လှုံ့ဆော်ပေးနိုင်ပါတယ်။ဗီတာမင် A ပါဝင်နေတာကြောင့် ပုံမှန်လေး စားသုံးပေးတာက အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကလေးတွေရော လူကြီးတွေကိုပါ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှပါ။အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုးကိုလည်း ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့် အရေပြားကို ကာကွယ်ပေးနိုင်သလို အသားခြောက်တာ၊ ဆိုရီရေးစစ်၊ အနာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်ပြီး အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးပါတယ်။ဂွေးချိုသီးက ချောင်းဆိုး သက်သာစေနိုင်ပါတယ်။ အရွက်ကို လည်း ချောင်းဆိုးပျောက်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ပျားရည်နဲ့ အရွက်ပြုတ်ရည်ကို သောက်ပေးလို့ ရပါတယ်။သဘာဝ အချိုဓာတ် ပါဝင်နေတာကြောင့် အမောခံနိုင်စေပြီး သက်လုံကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/ambarella-fruit-benefits/
ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ
လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲ၊ အတားအဆီးတွေ၊ စိတ်ညစ်စရာကိစ္စတွေ ကြုံလာတဲ့အခါ တစ်ခါတလေတော့ တောင့်ခံထားတဲ့ စိတ်တွေဟာလည်း ယိုင်လဲပြီး ပြိုကျသွားတတ်တာ သဘာဝပါပဲ။ ဒီလိုပုံမှန်ဖြစ်တတ်တဲ့ စိတ်ဝေဒနာကိုမှ တခြားသူတွေထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားနေရတဲ့အခါ ပုံမှန်မဟုတ်တဲ့စိုးရိမ်မှုလွန်ကြဲခင်းလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။သင့်မှာရော စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ဝေဒနာ (Anxiety Disorder) ရှိတယ်လို့ သံသယရှိလား။ ခုပြောပြပေးမယ့် လက္ခဏာတွေထဲက အနည်းဆုံး ၃မျိုးလောက် ကိုယ်တိုင်ခံစားနေရပြီလား။ ဒါဆိုရင်တော့ အမြန်ဆုံး ကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်။ပုံမှန်လူတွေ ခံစားနေရတာထက် ပိုပြင်းထန်တတ်ပြီး ကိုယ်တိုင်လည်း ဒီစိုးရိမ်မှုကို ထိန်းချုပ်လို့မရတော့တဲ့အထိ အသိစိတ်လွတ်သွားတဲ့ အခြေအနေမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာရှိတဲ့သူတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကတော့။ကိုယ့်စိတ်ကို ထိခိုက်စေမယ့် ကိစ္စတစ်ခု၊ စိတ်ညစ်စရာတစ်ခု ရှိတယ်ဆိုကြပါစို့။ ဘာမှမဟုတ်တဲ့ ကိစ္စလောက်လေးကြောင့် အနည်းငယ်လောက်ပဲ စိုးရိမ်နေရမယ့်အချိန်မှာ ကိုယ်က အရမ်းတွေ ပူလောင်နေရပြီ။ အတွေးထဲမှာလည်း စိုးရိမ်စိတ်တွေ ပြည့်နှက်နေပြီး ဖြစ်မလာသေးတဲ့ အနာဂတ်တစ်ခုကို ပုံကြီးချဲ့တွေးနေတတ်တဲ့ လက္ခဏာမျိုးကို တွေ့ရပါတယ်။စိတ်ပူပန်နေပြီဆိုရင် ကိုယ့်နှလုံးခုန်သံ အရမ်းမြန်နေတာကို တော်တော်များများ သိကြမှာပါ။ အဲ့လိုပါပဲ၊ ဒီလိုမျိုး စိတ်က စိုးရိမ်ပူပန်လွန်တဲ့အခါ ဦးနှောက်အာရုံကြောစနစ်ကို မောင်းတင်အလုပ်လုပ်ခိုင်းသလို ဖြစ်သွားပြီး နှလုံးခုန်နှုန်းမြန်တာ၊ လက်ဖဝါး ချွေးစေးပြန်တာ၊ ကိုယ်လက်တွေ တုန်လာတာ၊ သွေးတွေဆူပွက်လာတာ၊ ခံတွင်းခြောက်လာတာ၊ လက်ရှိရောက်နေတဲ့ နေရာကနေ တစ်နေရာကို ပြေးထွက်သွားချင်တာ စတဲ့ လက္ခဏာတွေ ချက်ချင်းဆိုသလို တစ်ခုပြီးတစ်ခု ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် အကြား၊ အမြင်၊ အထိအတွေ့ ခံစားသိဖို့ အရမ်းလွယ်ကူသွားနိုင်ပါတယ်။လူက စိုးရိမ်နေတဲ့အချိန် ဦးနှောက်က ဆက်တိုက်ဆိုသလို အလုပ်လုပ်နေပြီး ခန္ဓါကိုယ်ကို နိုးကြားတက်ကြွစေဖို့ ဟော်မုန်းတွေ အဆက်မပြတ်ထုတ်လွှတ်နေပါတယ်။ ဒီအခါ ဦးနှောက်ထဲမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး မျက်လုံးက အိပ်စက်အနားယူချင်စိတ် ပျောက်နေတဲ့အထိ အတွေးတွေ များနေနိုင်ပါတယ်။ ဒါ့အပြင် မတော်တဆ အိပ်ပျော်သွားခဲ့ရင်တောင် မသိစိတ်ထဲထိ စိုးရိမ်ပူပန်စိတ်တွေ ဝင်လာပြီး အိပ်နေရင်း လန့်နိုးတာ၊ အိပ်မက်ဆိုးမက်တာ၊ ချွေးစေးပြန်တာ စတာတွေပါ ဖြစ်နိုင်ပါတယ်။မကြာခဏ စိုးရိမ်ပူပန်နေတတ်တဲ့သူတွေကို အပြင်ပန်းက ကြည့်လိုက်ရင် မောပန်းနွမ်းနယ်နေတဲ့ပုံပေါက်သလို သူတို့ကိုယ်တိုင် စိတ်ထဲမှာလည်း အမြဲလိုလို ပင်ပန်းနေတတ်ပါတယ်။ ပြောရမယ်ဆိုရင် ရင်ထဲမှာရှိနေတဲ့ အပူလုံးက မကျမချင်း စိုးရိမ်ပူပန်နေရတဲ့ စိတ်က လူကို တောက်လျှောက်ဒုက္ခပေးနေတာပါ။ကိုယ့်မှာ စိတ်ညစ်စရာကိစ္စတစ်ခုဖြစ်လာတဲ့အခါ ကိုယ့်ဦးနှောက်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ညစ်ရတာရယ်၊ သူ့ရဲ့နောက်ဆက်တွဲအရာတွေကို ကြိုတွေးပြီး စိတ်ပူရတာရယ်၊ တခြားစိတ်ညစ်စရာတွေကိုပါ လျှောက်တွေးရင်းနဲ့ တစ်ယောက်တည်း ဗျာများနေတော့ တခြားလုပ်နေကျအရာတွေပေါ် အာရုံစူးစိုက်လို့မရတဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ကိုယ့်စိတ်မှာ သောကအပူနဲ့ လောင်နေတဲ့အချိန် ဘေးမှဖြစ်နေတဲ့ကိစ္စအားလုံးကို စိတ်လည်း မဝင်စားတော့သလို စိတ်တိုစိတ်ဆတ်လည်း လွယ်လာပါတယ်။ ဥပမာ ကောင်းကောင်းပြောရုံနဲ့ ပြေလည်သွားနိုင်လောက်တဲ့ ကိစ္စတစ်ခုမှာ ကိုယ့်စိတ်နဲ့ကိုယ် ညစ်နေတာမို့ ဒေါသစိတ်တွေက ပိုဝင်လာပြီး သေးတဲ့အမှုကြီးအောင် လုပ်လိုက်မိသလို ဖြစ်သွားတတ်ပါတယ်။လက္ခဏာတော်တော်များများက စိုးရိမ်ပူပန်တဲ့စိတ် ဝင်လာပြီဆိုတာနဲ့ တစ်ခုပြီး တစ်ခုဆက်စပ်ရင်းဝင်လာတတ်တာ သဘာဝပါပဲ။ စိတ်ကလည်း ညစ်နေတယ်၊ ဦးနှောက်ကလည်း ခါတိုင်းထက် ပိုအလုပ်လုပ်နေတယ်၊ နှလုံးကလည်း တဒုတ်ဒုတ်နဲ့ အချိန်ပြည့်ခုန်နေတော့ ကိုယ်ခန္ဓါမှာရှိတဲ့ ကြွက်သားတွေက ညောင်းကိုက်နေတော့မှာပါ။Panic Attack လို့လည်း လူသိများပြီး အရမ်းစိတ်ပူပန်၊ စိတ်ညစ်၊ စိတ်ဖိစီးနေတဲ့သူအများစုမှာ တွေ့ရတတ်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဘယ်လိုမှသည်းခံလို့မရတော့တဲ့အဆုံး ကိုယ့်စိတ်က လုံးဝလွတ်ထွက်သွားပြီး လုပ်မိလုပ်ရာ လျှောက်လုပ်မိလိုက်တာပါ။ ဥပမာ ပြောရရင် တအားစိတ်မွန်းညစ်ကြပ်ပြီး အာခေါင်ကုန်းခြစ် အော်ချလိုက်တာ၊ အကြောက်လွန်ပြီး ထိတ်လန့်တုန်လှုပ်နေတာ၊ အသက်ရှူကျပ်လာတာ၊ ရင်ဘတ်ထဲမှာပြည့်ကျပ်နေပြီး တစ်ခုခုတစ်နေသလို ခံစားရတာ၊ မူးဝေအော့အန်တာ၊ တစ်ကိုယ်လုံးတုန်နေတာ စတဲ့ လက္ခဏာမျိုးတွေ တွေ့ရတတ်ပါတယ်။ကိုယ့်အပူနဲ့ ကိုယ်ညစ်နေတဲ့အခါမျိုးမှာ တခြားဘယ်သူနဲ့မှ စကားပြောချင်စိတ်၊ ရယ်မောလိုစိတ်တွေ မရှိတော့ဘဲ သူတို့နဲ့ဝေးတဲ့နေရာမှာပဲ ရှောင်ဖယ်ရှောင်ဖယ်လုပ်ရင်း ကိုယ်တစ်ယောက်တည်း ဆွေးနေတတ်တာမျိုး တွေ့ရပါတယ်။ အထူးသဖြင့် လူကြောက်တတ်တဲ့သူတွေမှာဆိုရင် လူတွေနဲ့ကင်းရာမှာ တစ်ယောက်တည်းနေတတ်တာ၊ ကိုယ့်ပုံစံကို တခြားတစ်ယောက်က ဝေဖန်မှာ၊ ကဲ့ရဲ့မှာ အကြောက်လွန်သွားတဲ့အတွက် ခပ်ဝေးဝေးမှာပဲ ဖာသိဖာသာနေတတ်ကြပါတယ်။စိတ်ညစ်နေတဲ့ လူတစ်ယောက်ရဲ့ အတွေးထဲကို ဝင်ကြည့်လို့ရမယ်ဆိုရင် အတွေးပေါင်းသောင်းခြောက်ထောင်ကြားမှာ အသိစိတ်က ပိတ်မိနေတာကို မြင်ရမှာပါ။ များသောအားဖြင့် ဒီလိုမျိုးဖြစ်နေတဲ့အချိန် ကြောက်စိတ်တွေက ပိုဝင်လာနိုင်ပါတယ်။ ဥပမာ နဂိုကြောက်တတ်တဲ့အရာတစ်ခုကို ကိုယ်ကစိတ်ညစ်နေတဲ့အချိန် တွေ့လိုက်တဲ့အခါ ပိုပြီးအကြောက်လွန်သွားတတ်တာမျိုးပေါ့။ ကြောက်စိတ်ပြင်းထန်လွန်းတာကြောင့် ကိုယ့်စိတ်ကိုတောင် ထိန်းချုပ်လို့မရတော့ဘဲ လုပ်မိလုပ်ရာ လုပ်ချလိုက်တဲ့အမူအရာတွေလည်း တွေ့ရပါတယ်။လူကျန်းမာချင်ရင် အာဟာရရှိတဲ့ အစားအစာ များများစားပေးဖို့ လိုအပ်သလို စိတ်ဓါတ်ကြံ့ခိုင်အောင်လည်း ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ဒီဆောင်းပါးကို သေချာဖတ်ကြည့်ပြီး လိုက်နာရင်း အားလုံးပဲ စိတ်ရောကိုယ်ပါ အေးချမ်းသာယာတဲ့ ဘဝလေးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%95%e1%80%b6%e1%80%af%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99/
စောစောမသေချင်ဘူးဟုတ်.... တစ်ပတ်ကို ၁၀ မိနစ်လောက် ပျော်ပျော်နေပါ
သုတေသနအသစ်တစ်ရပ်အရ ကတာ၊ပန်းပင်တွေစိုက်တာ၊လမ်းလျှောက်တာလိုမျိုး စိတ်ပေါ့ပါးပျော်ရွှင်စေတဲ့ လှုပ်ရှားမှုတွေကိုလုပ်ဆောင်နေတဲ့ အသက် ၄၀ကျော်အမျိုးသားတွေရော အမျိုးသမီးတွေရောကရောဂါအခြေအနေတွေကြောင့် အသက်သေဆုံးနိုင်ခြေ ပုံမှန်ထက်ပိုနည်းနေတယ်။ လိုတွေ့ရှိခဲ့ရပါတယ်။အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရကတော့ ဥယျာဉ်ခြံမြေစိုက်ပျိုးတာ လိုမျိုး စိတ်လက်ပေါ့ပါးစေတဲ့ကိုယ်လက်လှုပ်ရှားမှုေလးတွေကို အချိန်ပေးပြီးလုပ်ဆောင်သူတွေကဦးနှောက်ကျန်းမာကြသလိုနှလုံးလည်း ကျန်းမာကြပါတယ်။ ဒါ့အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါတယ်၊ လို့လေ့လာတွေ့ရှိခဲ့ပါတယ်။အခုလေ့လာမှုအတွက်တော့ အသက် ၄၀ နဲ့ ၄၀ကျော် လူထောင်ပေါင်းများစွာကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအတွင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တဲ့ အတိုင်းအတာနဲ့သေဆုံးနိုင်ခြေတို့အကြားကဆက်စပ်မှုကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုကို တရုတ်နိုင်ငံ၊ ဂျီအန်ပြည်နယ်မှာရှိတဲ့Shandong တက္ကသိုလ်၊ တက္ကဆက်ပြည်နယ်Galvestonမြို့မှာရှိတဲ့ တက္ကဆက်ဆေးတက္ကသိုလ်၊Minneapolis မှာရှိတဲ့ မင်နီဆိုးတားတက္ကသိုလ်တို့မှာရှိတဲ့ သုတေသန ဌာနတွေက စုပေါင်းလေ့လာခဲ့ကြပါတယ်။လေ့လာမှုရလဒ်အနေနဲ့ကတော့ တစ်ပတ်မှာ အချိန်အနည်းငယ်လောက် စိတ်လက်ပေါ့ပါးစေတဲ့ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ဆောင်ပေးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာနဲ့ အခြားရောဂါတွေကြောင့်သေဆုံးနိုင်ခြေတော်တော်လေးနည်းသွားတယ်လို့တွေ့ရှိခဲ့ရပါတယ်။ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ပေးခြင်းကလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်၊ လို့တွေ့ရှိခဲံရပါတယ်။နှစ်စဉ်ကောက်ယူထားတဲ့ ကျန်းမာရေးစစ်တမ်းတွေအရပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တာမျိုးမဟုတ်ဘဲ ပန်းပင်တွေစိုက်တာ၊ လမ်းလျှောက်တာ၊ ကတာလိုမျိုး စိတ်လက်ပေါ့ပါးစေမယ့်လေ့ကျင့်ခန်းလေးတွေကို တစ်ခါလုပ်ရင် ၁၀ မိနစ်ခန့်လောက်လုပ်ဆောင်ပေးတာက အသက်ရှည်စေတယ်၊လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/10-minutes-of-leisurely-activity-per-week-may-lower-death-risk/
ခြောက်သွေ့သော အသားအရေကို ဘယ်လိုစိုပြေကောင်းမွန်လာအောင် လုပ်ကြမလဲ
အသားအရေ ခြောက်သွေ့ခြင်းဟာ ခန္ဓါကိုယ်တွင်းဆိုင်ရာနှင့် ခန္ဓါကိုယ် ပြင်ပဆိုင်ရာ အကြောင်းအရာ များစွာကြောင့် ဖြစ်နိုင်ပါတယ်။ သို့သော် သင့်အရေပြားကို သေချာဂရုစိုက်မယ်ဆိုရင် အသားအရေ ခြောက်သွေ့ခြင်းကို များသောအားဖြင့် ကုသမှု ပေးနိုင်ပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာများဟာ သင့်ရဲ့ ခြောက်သွေ့သော အသားအရေကို ထိန်းချုပ်စီမံဖို့ရာ နည်းလမ်းကောင်းများကို ဖော်ပြပေးထားပါတယ်။အသားအရေ ခြောက်သွေ့ခြင်းဟာ သင့်ကိုအဆင်မပြေဖြစ်စေနိုင်ပြီး တစ်ခါတစ်လေမှာ သင်လိမ်းထားတဲ့ မိတ်ကပ်နှင့် သင့်ကို ကြည့်ရဆိုးအောင် ပြုလုပ်ကာ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ တကယ်လို့ သင့်ရဲ့ အသားအရေကို စိုပြည်အောင် ဂရုစိုက်ပေးနိုင်မယ် ဆိုရင်တော့ အသားအရေခြောက်သွေ့ခြင်းကို များသောအားဖြင့် အလွယ်တကူပဲ စီမံကုသပေးနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်အချို့ဟာ သင်လိုအပ်နေတဲ့ အသားအရေ ခြောက်သွေ့ခြင်းကို ကောင်းမွန်စေနိုင်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။အသားအရေ ခြောက်သွေ့ခြင်းကို ဘယ်လို ကာကွယ်ကြမလဲ။အသားအရေ ခြောက်သွေ့သောအခါမှာ ပြန်ကောင်းအောင် ကြိုးစားခြင်းထက် အသားအရေ မခြောက်သွေ့ခင်ကတည်းက ကြိုတင် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ် ဘဝနေထိုင်မှု ပုံစံအချို့ကို အနည်းငယ် ပြောင်းလဲလိုက်ရုံမျှဖြင့် သင့်ရဲ့ အသားအရေကို ရေဓါတ်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။သင့်ရဲ့ အရေပြားကို ကာကွယ်ပေးပါ။ပတ်ဝန်းကျင်မှ အပူချိန်ဟာ သင့်အရေပြားစိုစွတ်မှုကို သိသိသာသာ ထိခိုက်စေပါတယ်။ နေရောင်မှ လာတဲ့ အပူဟာ အသားအရေ ခြောက်သွေ့ခြင်းရဲ့ အဓိက အကြောင်းအရင်းထဲက တစ်ခုပဲ ဖြစ်ပါတယ်။ သင်ဟာအပြင်သို့မထွက်ခင်၊ နေရောင်နှင့် မထိတွေ့ခင်မှာ နေလောင်ခံခရင်မ် လိမ်းခြင်း၊ အကျီၤလက်ရှည်ဝတ်ခြင်း ၊ လျှာထိုးပါသော ဦးထုပ်ဆောင်းခြင်း နှင့် အခြားလုံခြုံသော အဝတ်အစားများကို ဝတ်ပေးခြင်း ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နေရောင်နှင့် ထိတွေ့ခြင်းက သင့်ရဲ့အရေပြားကို ပို၍ခြောက်သွေ့ စေမှာမို့လို့ပါ။ သင့်ရဲ့အခန်းထဲမှာ အစိုဓါတ်ထိန်းရေနွေးငွေ့စက် တစ်ခု ကို ထားပေးခြင်းဟာလည်း သင့်အရေပြား အစိုဓါတ်ကို ထိန်းသိမ်းပေးရန် အသုံးဝင်သော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ရေပိုသောက်ပေးပါ။ရေများများသောက်ပေးခြင်းဟာ သင့်ရဲ့ အရေပြားခြောက်သွေ့မှုကို ကူညီပေးနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း နှင့် ကဖင်းဓါတ်ပါသော အဖျော်ယမကာများ သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းတို့ဟာ သင့်ရဲ့ ခန္ဓါကိုယ်မှ ရေဓါတ်ကို ဆုံးရှုံးစေပြီး အရေပြားကို ပို၍ ခြောက်သွေ့စေပါတယ်။အိုမီဂါ သရီး (omega-3)၊ ဗီတာမင်စီ နှင့် မက်ဂနီစီရမ် ဓါတ်ပါသော အစားအသောက်များကို စားပေးပါ။တကယ်လို့ အရင်တုန်းက သင်စားတဲ့ အစားအသောက်တွေထဲမှာ ဒီလိုအာဟာရဓါတ်တွေ မပါခဲ့ဘူးဆိုရင် ငါးကြီးဆီ၊ သစ်ကြားသီး၊ အသီးအနှံ ၊ အသီးအရွက် စတဲ့ အစားအသောက်တွေကို ထပ်ထည့်စားပေးဖို့ရာ ပြုလုပ်သင့်ပါတယ်။ ဒီအစားအသောက်တွေ ထဲမှာပါတဲ့ အာဟာရဓါတ် တွေဟာ သင့်ရဲ့ အရေပြားမှာ ရှိတဲ့ သဘာဝအဆီ ထိန်းသိမ်းပေးတဲ့ စနစ်ကို ပိုအားကောင်းစေအောင် ကူညီပေးပြီး အဆီဓါတ် ဆုံးရှုံးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။အရေပြားကို အလွန်အမင်း ပွတ်တိုက်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။သင်ဟာရေချိုးနေစဉ်မှာ အရေပြားကို အလွန်အမင်း ပွတ်တိုက်ခြင်းဟာ အရေပြားကို ကျိန်းစပ်သွားစေနိုင်ပြီး အစိုဓါတ်ကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓါကိုယ်က အမွေးအမျှင်တွေကို ရိတ်တဲ့ အခါ အမွေးရိတ်ခရင်မ် နှင့် ထက်သော အမွေးရိတ်ဓါး တို့ကို သုံးစွဲ ဖို့ရာ သတိရသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ အရေပြားဟာ ဘလိတ်ဓါးကြောင့် အလွယ်တကူ ထိခိုက်ပျက်စီးနိုင်လို့ဖြစ်ပါတယ်။ ဒါ့အပြင် အမွေးရိတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးတဲ့ အချိန်ပဲဖြစ်ပါတယ်။ရေနွေးနှင့် ရေချိုးပေးပါ။တကယ်လို့ သင်ဟာ ရေပူနဲ့ ရေချိုးမယ်ဆိုရင် အရေပြားကို စိုစွတ်ပြီး နူးညံ့အောင် ထိန်းပေးထားတဲ့ သဘာဝအဆီလွှာကို ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် ရေကြက်သီးနွေးဖြင့်သာ ချိုးပေးသင့်ပြီး ရေချိုးတဲ့ အချိန်ဟာ ၅မိနစ်မှ ၁၀ မိနစ်အတွင်းမှာရှိသင့်ပါတယ်။ အချိန်အကြာကြီး ရေစိမ်ချိုးခြင်းဟာ သင့်အရေပြားကို အစိုဓါတ် ဆုံးရှုံးစေနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ အလုပ်ဟာ လက်တွေကို တစ်နေ့လုံး ရေထဲမှာ နှစ်ပြီး လုပ်ကိုင်ဖို့ လိုအပ်မယ်ဆိုရင်တော့ အသားအရေကို အလှဆီလိမ်းပေးပြီး လက်အိတ်စွပ်ကာ ပြုလုပ်သင့်ပါတယ်။သဘာဝနည်းအားဖြင့် မျက်နှာပေါင်းတင်ပါ။သင်ဟာ ပျားရည်၊ သံလွင်ဆီ၊ သခွားသီး စတဲ့ သဘာဝကရသော ပစ္စည်းတွေနဲ့ အိမ်မှာပဲ မျက်နှာပေါင်းတင်နိုင်ပါတယ်။ ဒီပစ္စည်းတွေဟာ သင့်အရေပြား စိုစွတ်မှုအတွက် အစိုဓါတ်ပေးနိုင်ပြီး ကျိန်းစပ်မှုကို မဖြစ်စေပါဘူး။ သို့သော် တကယ်လို့ သင့်အရေပြားဟာ ထိခိုက်လွယ်တဲ့ အရေပြားဖြစ်မယ်ဆိုရင်တော့ အသားအရေကျိန်းစပ်မှု မဖြစ်စေရန် အပျော့စား ပေါင်းတင်ပစ္စည်း ကိုသာ ရွေးချယ်သင့်ပြီး မျက်နှာကိုပေါင်းတင်ပြီးတဲ့ အခါသေသေချာချာ ဆေးကြောဖို့ရာ သတိရသင့်ပါတယ်။အသားအရေ ခြောက်သွေ့ခြင်းအတွက် ကုသမှုများ။တကယ်လို့ သင်ဟာ အသားအရေ ခြောက်သွေ့ခြင်းကို ကိုယ်တိုင် မထိန်းချုပ် နိုင်တော့ဘူး ဆိုရင်တော့ သင့်ရဲ့ရေဓါတ်ဆုံးရှုံးနေတဲ့ ခန္ဓါကိုယ်အတွက် တစ်ခုခု ရွေးချယ်ဖို့ရာအတွက် ပြုလုပ်ရပါလိမ့်မယ်။ စောစောစီးစီး ကုသခြင်းဟာ အကောင်းဆုံးရလဒ်ကို ပေးနိုင်မှာပါ။ အောက်ဖော်ပြပါ အကောင်းဆုံး အဖြေနှစ်ခုဟာ သင့်ရဲ့ ခြောက်သွေ့သော အသားအရေကို ဖြေရှင်းပေးဖို့အတွက် စဉ်းစားစရာ နည်းလမ်းနှစ်ခုပဲ ဖြစ်ပါတယ်။•အစိုဓါတ်ထိန်းအလှဆီ များကို အသုံးပြုပါ။ခန္ဓါကိုယ်လိမ်း အလှဆီတွေကို ပုံစံအမျိုးမျိုးနှင့် ရနိုင်ပါတယ်။ ဥပမာအားဖြင့် အဆီ၊ခရင်မ်နှင့် လိုးရှင်း လိမ်းဆေး စတာတွေပဲ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ အစိုဓါတ်ထိန်း အလှဆီကိုသာ အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင့်အရေပြားကို ထိခိုက်မှု မရှိစေပဲ အဆင်ပြေဆုံး ဖြစ်တဲ့ အလှဆီအမျိုးအစားကို သူတို့က ညွှန်ပေးနိုင်လို့ဖြစ်ပါတယ်။•ဆေးသောက်ခြင်း။သင့်အရေပြားဟာ ပိုပြီးခြောက်သွေ့လာကာ အဖတ်တွေပါ လန်လာပြီး အလွန်အမင်း အဆင်မပြေစေဘူးဆိုရင်တော့ သင်ဟာဆေးသောက်ပေးဖို့ လိုနေပါပြီ။ သင့်ရဲ့ ယုံကြည်စိတ်ချရတဲ့ အရေပြားဆရာဝန်က ညွှန်ကြားတဲ့ဆေးတွေကို သောက်ပြီး ကောင်းမွန်စွာ ကုသမှု ခံယူနိုင်ပါတယ်။နေ့စဉ် အသားအရေကို မကြာခဏ စိုစွတ်နေအောင် ထိန်းသိမ်းပေးခြင်းအားဖြင့် အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းကို ထိန်းချုပ်မှု မပြုလုပ်နိုင်တော့ဘူးဆိုရင်တော့ အရေပြားကျွမ်းကျင်ပညာရှင်နှင့် တတ်နိုင်သမျှ တိုင်ပင်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b7%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%80%e1%80%af/
၂၀၀၀ခုနှစ်နောက်ပိုင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့သော ကူးစက်ရောဂါ များ
ဟိုးအရင်ကတည်းက ကမ္ဘာပေါ်မှာ လူတွေကို အစုလိုက် အပြုံလိုက် သေစေခဲ့တဲ့ ကူးစက်ရောဂါ တွေ အများကြီးရှိပါတယ်။ အခုအခါမှာကိုရိုနာဗိုင်းရပ်စ်ကလည်း အဖြစ်များနေတဲ့အတွက် ၂၀၀၀ခုနှစ်ကစပြီးတော့ ကမ္ဘာမှာဖြစ်ခဲ့တဲ့ လူအများကြီးကို သေစေတဲ့ ကူးစက်ရောဂါ တွေနဲ့နှိုင်းယှဉ်ပြီး ပြောပြသွားပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9c%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%b2%e1%80%b7%e1%80%9e/
အသားအရေက ထိခိုက်လွယ်တာ နဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်
ရုတ်တရက် ကြည့်လိုက်ရင်အသားအရေက အားလုံး အတူတူပဲလို့ ထင်စရာ ရှိပါတယ်။ တကယ်ကတော့အသားအရေ အမျိုးအစားတွေက တော်တော်များပါတယ်။အသားအရေ အမျိုးအစားကို ပုံမှန် အသားအရေ၊အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ၊ပေါင်းစပ် အသားအရေ၊ ထိခိုက်လွယ်တဲ့ အသားအရေဆိုပြီး အမျိုးအစားတွေ ခွဲထားပါတယ်။ဒီတစ်ခေါက်တော့ အရေပြားက ထိခိုက်လွယ်နေတာလား။ အသားအရေ အမျိုးအစားကိုက ထိခိုက်လွယ် အသားအရေ အမျိုးအစားလားဆိုတာကို ကိုယ်တိုင် သေသေချာချာ ဆန်းစစ် ဆုံးဖြတ်နိုင်စေဖို့ ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးချင်ပါတယ်။အမြဲလိုလိုအရေပြားက နာကျင်နေသလို၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသလို ခံစားနေရတယ်ဆိုတိုင်း အသားအရေက ထိခိုက်လွယ်တဲ့ အသားအရေလို့ မဆိုနိုင်ပါဘူး။ ဒီအခြေအနေမှာ စဉ်းစားရမှာက အသားအရေက ထိခိုက်လွယ်လာတာလား။ နဂိုကတည်းက ထိခိုက်လွယ်တဲ့ အသားအရေလားဆိုတာကို သေချာလေး ဆန်းစစ်ဖို့ပါ။အပြင်ပန်းအားဖြင့် ကြည့်လိုက်မယ်ဆိုရင် ဒီအခြေအနေ နှစ်ခုကတော့ ခပ်ဆင်ဆင်ပါပဲ။ အရေပြားက နီမြန်းမယ်၊ရေဓာတ် ခမ်းခြောက်မယ်၊ ယားယံမယ်၊ စပ်ဖျဉ်းဖျဉ်းဖြစ်မယ် စတဲ့ လက္ခဏာတွေ ခံစားရတာခြင်းလည်း အတူတူပါပဲ။အသားအရေမှာ အခုလို လက္ခဏာရပ်တွေ ရှိမယ်ဆိုရင် ထိခိုက်လွယ်တဲ့ အသားအရေပါ။ဒီအခြေအနေက အရေပြားကို ကာကွယ်ပေးထားတဲ့ အဆီလွှာ ပျက်စီးသွားတာပါ။ အသားအရေနဲ့ ကိုက်ညီမှု မရှိတဲ့ skincare တွေကို သုံးမိတာကြောင့် ဖြစ်နိုင်သလို အသားအရေသန့်စင်ပစ္စည်းတွေကို အလွန်အကျွံ သုံးမိတာ၊ အလှကုန် ပစ္စည်းတွေကို အလွန်အကျွံ သုံးမိတာ၊ ဆေးလိပ်သောက်တာ၊ အရက် နဲ့ အယ်လ်ကိုဟောတွေ သောက်သုံးတာ၊ အရေပြားကိုကြမ်းကြမ်းတမ်းတမ်း ချေးချွတ်မိတာ၊ ပတ်ဝန်းကျင်က ညစ်ညမ်းစေတဲ့ အရာတွေနဲ့ ထိတွေ့မိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။စိတ်ဖိစီးတာ၊ အပူချိန် ပြောင်းလဲတာ၊ ရာသီဥတု အခြေအနေတွေနဲ့ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း အသားအရေက ထိခိုက်လွယ်လာနိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာနဲ့အရေပြား ပြဿနာတွေကြောင့်လည်း အရေပြားက ထိခိုက်လွယ်လာတာမျိုး ဖြစ်နိုင်ပါတယ်။အသားအရေ ထိခိုက်လွယ်လာတာက မွေးရာပါ ပြဿနာ မဟုတ်ပါဘူး။ လူကလုပ်တာကြောင့် ဖြစ်လာတာရှိသလို ပတ်ဝန်းကျင်က အကြောင်းခြင်းရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီအရေပြားပြဿနာကို ပြေလည်အောင် ဖြေရှင်းလို့ မရတာတော့ မဟုတ်ပါဘူး။ အရေပြားကို သေချာလေး ထိန်းသိမ်းပေးမယ်။ ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေကို ရှောင်ကြဉ်မယ်ဆို သက်သာလာမှာပါ။ အမြဲ သတိထားဖို့တော့ လိုပါမယ်။ဒီလောက်ဆိုရင်တော့ အသားအရေက ထိခိုက်လွယ်တာ နဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်ကို သိလောက်ပြီ ထင်ပါတယ်။ကဲ ….. လေဒီကရော ဘယ်လို အသားအရေ အမျိုးအစားလဲ ….. အသားအရေက ထိခိုက်လွယ်တာ လား ……. ထိခိုက်လွယ် အသားအရေ အမျိုးအစားလားဆိုတာ ကိုယ်တိုင် ဆန်းစစ်လိုက်တော့နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/sensitive-vs-sensitized-skin/
ကျားကျားတွေကို ကြောက်တဲ့ ရောဂါ
မိန်းမကြောက်ရောဂါ (Gynophobia)ဆိုတာ ကြားဖူးကြမယ်ထင်တယ်။ ဒါဆို ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာရော ကြားဖူးကြလား? Androphobia ဆိုတဲ့ စကားလုံးဟာ ‘မဟာ ဣတ္ထိယ’ ဝါဒီတွေ၊လိင်တူချစ်သူအမျိုးသမီးတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ စကားစုတစ်ခုဖြစ်ပါတယ်။ မိန်းမကြောက်ရောဂါ (Gynophobia) ရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် သဘောပေါ့။ဒါပေမယ့် သိထားရမှာက ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာဟာ အမျိုးသမီးတွေဆီမှာသာမကဘူး အမျိုးသားတွေမှာလည်း ဖြစ်နိုင်တဲ့ စိတ်ဝေဒနာတစ်မျိုးဆိုတာပါပဲ။ယောင်္ကျားကြောက်ရောဂါ (Androphobia) ခံစားနေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးစုံပြသနိုင်ပါတယ်။ အထူးသဖြင့်တော့။ဒီဝေဒနာမျိုးဟာ ငယ်ရွယ်စဉ်ကလေးဘဝမှာကတည်းက ရှိနေနိုင်ပြီး တစ်ချို့သော ကလေးငယ်တွေဟာ အမျိုးသားတွေ အနီးနားမှာရှိနေရင် မိခင်ဖြစ်သူအနားကနေ ခွာဖို့ ငြင်းဆန်တတ်တာ၊ တောက်တဲ့ကပ် ကပ်နေတတ်တာ၊ အပြင်းအထန် အော်ဟစ်ငိုကြွေးတတ်တာ၊ အကြီးအကျယ် ပေါက်ကွဲဒေါသထွက်တာမျိုး လက္ခဏာတွေပြသတတ်ပါတယ်။တကယ်တော့ ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာဟာspecific phobiaတစ်မျိုးဖြစ်ပါတယ်။ ယုတ္တိယုတ္တာမရှိတာကို အကြောက်လွန်ကဲခြင်းတစ်မျိုးပါ။ လိုအပ်တာထက် ပိုမိုတဲ့ စိတ်ခံစားချက်မျိုးတွေ ဖြစ်ပေါ်လာပြီဆိုရင် ဘေးထွက်ဆိုးကျိုးတွေ တော်တော်များများ ရင်ဆိုင်ရနိုင်တဲ့ ပြဿနာရှိပါတယ်။ဒီဝေဒနာဘာကြောင့် ခံစားရလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ အဖြေမရှိသေးပါဘူး။ လက်ရှိအချိန်အထိ သိပ္ပံဆိုင်ရာ ဆန်းစစ်မှုတွေ၊ လေ့လာချက်တွေအရဆိုရင်တော့ အောက်ပါအချက်တွေကြောင့် ယောင်္ကျားကြောက်ရောဂါ (Androphobia) ဖြစ်နိုင်တယ်လို့ သိထားရပါတယ်။ ဒါတွေကတော့။ဒီစိတ်ဝေဒနာမျိုးဟာ အမျိုးသမီးတွေမှာ အများဆုံး ခံစားရပြီး ငယ်ရွယ်တဲ့ အသက်အရွယ်မျိုးမှာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ယောင်္ကျားကြောက်ရောဂါ (Androphobia) စတင်ဖြစ်ပွားတတ်တဲ့ အချိန်ဟာ အသက် ၁၀ နှစ်အောက် အရွယ်မှာဖြစ်ပါတယ်။ဒါ့အပြင် သံသယလွန်ကဲတာ၊ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တ၊ အပြုသဘောမဆောင်တဲ့ စရိုက်လက္ခဏာမျိုးရှိတာ၊ မိသားစုရဲ့ အလွန်အမင်း ထိမ်းချုပ်မှုခံနေရသူတွေမှာ ဒီဝေဒနာ ဖြစ်နိုင်ချေပိုမြင့်မားပါတယ်။အဖြေကတော့ အတန်ငယ် ရှုပ်ထွေးတယ်လို့ပဲ ဆိုရမှာပါ။ Androphobia ဖြစ်နေတယ်လို့ သံသယရှိနေရင် အလျှင်အမြန် ကုစားဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ ဒီဝေဒနာခံစားနေရရင် နေ့စဉ်လူနေမှုဘဝနဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ ထိခိုက်နစ်နာမှုတွေ၊ ရုံးကန်ရမှုတွေ ပိုမိုကြုံဆုံရနိုင်ဖို့ သေချာနေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံရေး အရည်အသွေးလည်း ကျဆင်းလာမှာဖြစ်သလို ပတ်ဝန်းကျင်နဲ့ ပိုမိုဝေးကွာသွားပြီး ကုသရပိုမိုခက်ခဲသွားနိုင်ပါတယ်။အထူးသဖြင့် ကလေးငယ်တွေမှာ ဒီဝေဒနာစွဲကပ်နေရင် ငယ်ရွယ်စဉ်မှာတင် ကုသနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ငယ်ရွယ်သူတွေအနေနဲ့ ဒီစိတ်ပိုင်းဆိုင်ရာပြဿနာကြီးကို ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမယ်ဆိုရင် ကုသရာမှာ ပိုမိုခက်ခဲနိုင်တာကြောင့်ဖြစ်ပါတယ်။ဒီဝေဒနာကို Therapy Sessions တွေနဲ့ ကုသလို့ရနိုင်ပါတယ်။ Exposuretherapy၊ Cognitive behavioral therapy (CBT)၊ တရားရှုမှတ်တဲ့နည်းလမ်း စတာတွေနဲ့ ဝေဒနာ လျော့ပါးအောင် ကုစားနိုင်ပါတယ်။ ဒါ့အပြင် Beta blockers နဲ့Benzodiazepinesတို့လို ဆေးဝါးအကူအညီရယူပြီးလည်း ကုစားလို့ရနိုင်ပါသေးတယ်။ယောင်္ကျားကြောက်ရောဂါ (Androphobia) ဟာ အလွန်အမင်း အထီးကျန်တာ၊ စိတ်ခံစားချက် လွဲချော်မှု စိတ်ဝေဒနာ၊ ညှဉ်းပမ်းနှိပ်စက်တာ၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြံစည်တာနဲ့ အမှန်တကယ် သတ်သေတာမျိုးတွေဖြစ်လာစေတဲ့အထိ ဆိုးရွားသွားနိုင်တာမို့ သတိထားဖို့ လိုအပ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%80%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%b2/
လေဒီလေးတိုင်း သိထားသင့်တဲ့ သဘာဝ Toner လေးတွေ
မနက်ခင်းမှာပဲဖြစ်ဖြစ်၊ညအိပ်ရာမဝင်ခင်ဘဲဖြစ်ဖြစ်လေဒီလေးတော်တော်များများလုပ်တတ်ကြတဲ့ အလေ့အထတစ်ခုရှိပါတယ်။ ဒါကတော့မျက်နှာကိုmicellar waterလေးနဲ့ သန့်စင်တယ်။ ပြီးရင် မျက်နှာသစ်တယ်၊ နောက်တဆင့်ကtonerလေး သုံးတယ်။ ပြီးရင်အစိုဓာတ်ထိန်းခရင်မ်လေးလိမ်းမယ်။ ပြီးရင်တော့ ကျန်တဲ့အဆင့်လေးတွေကို ဆက်လူးတယ်နော်။ ဟုတ်လား…..။မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်လိုက်ပေမယ့် အသားအရေက အလုံးစုံသန့်စင်သွားတာမဟုတ်ပါဘူး။ချွေးပေါက်တွေထဲမှာ ဖုန်မှုန့်အကြွင်းအကျန်လေးတွေကျန်နေနိုင်ပါတယ်။ ဒါကို သေချာမသန့်စင်မိရင် ရေရှည်မှာ ချွေးပေါက်ကျယ်လာနိုင်ပါတယ်။ ဒါကြောင့်မျက်နှာသစ်ပြီးကျန်ခဲ့တဲ့ ဖုန်မှုန့်အကြွင်းအကျန်တွေကိုဖယ်ရှားဖို့နဲ့ ချွေးပေါက်တွေကို ကျဉ်းစေဖို့အတွက် Toner ကိုသုံးပေးသင့်ပါတယ်။အသားအရေလေးကောင်းဖို့ Toner လေး သုံးချင်ပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေပါနေလို့အသားအရေထိခိုက်မှာလည်း စိုးတယ်။ သဘာဝ Toner လေးတွေ ကိုတော့ သုံးချင်တယ်ဆိုတဲ့ လေဒီလေးတွေအနေနဲ့ ဒီဆောင်းပါးလေးကိုဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်။ပန်းသီးရှာလကာရည်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အရေပြားပေါ်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးပါတယ်။ pH ပမာဏကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ရေနဲ့ဆတူရောပြီး သုံးပေးသင့်ပါတယ်။ ပုံမှန်အသားအရေပိုင်ရှင်လေဒီလေးတွေနဲ့ အဆီပြန်တတ်တဲ့ လေဒီလေးတွေအတွက်အထူးသင့်တော်ပါတယ်။လက်ဖက်စိမ်းရေနွေးကြမ်း။အသားအရေကို နူးညံ့စေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ အအေးခံထားတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းထဲကိုလာဗင်ဒါအဆီ ၁၀ စက်လောက်ရောလို့ အသုံးပြုပေးလို့ရပါတယ်။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်၊ ပုံမှန်အသားအရေပိုင်ရှင် နဲ့ အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။အသားအရေအမျိုးအစားအားလု့အတွက် အထူးသင့်တော်တဲ့ သဘာဝ Toner လေး ပါ။ ရနံ့လေးကလည်း စွဲဆောင်မှုရှိပါတယ်။ နှင်းဆီပွင့်ဖတ် ခွက်တစ်ဝက်စာကို သန့်စင်ထားတဲ့ရေ ၂ ခွက်စာနဲ့ရောလို့ နှင်းဆီပန်းကနေရတဲ့ အဆီ ၁၀ စက်လောက်ရောပေးပါ။ ပြီးရင် ၃ နာရီလောက်စိမ်ထားပေးပါ။ ဒီနောက်မှတော့ နှင်းဆီပန်းကနေရတဲ့ သဘာဝ Toner ကိုအသုံးပြုလို့ရပါပြီ။ခြောက်သွေ့တဲ့အသားအရေ၊ ပုံမှန်အသားအရေ နဲ့ အဆီပြန်တဲ့အသားအရေတွေအတွက် အသုံးပြုပေးလို့ရပါတယ်။အသားအရေကို ကျန်းမာစေပြီးအရေပြားပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းနေတဲ့အသားအရေကို အကောင်းဆုံးပြုပြင်ပေးနိုင်ပါတယ်။ ဝက်ခြံကိုလည်းသက်သာစေနိုင်ပါတယ်။ အအေးခံထားတဲ့ ချာမိုမိုင်းရေနွေးကြမ်းကို ဂွမ်းစလေးနဲ့ သုံးရုံပါ။ အသားအရေအမျိုးအစားအားလုံးနဲ့ သင့်တော်ပါတယ်။Cucumber Water။အသားအရေကို အေးမြစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ သန့်စင်ထားတဲ့ ရေတစ်ခွက်စာထဲကိုသခွားသီးတစ်လုံးရဲ့ တဝက်ကို ပါးပါးလှီးပြီးထည့်စိမ်လိုက်ပါ။ ၃ နာရီလောက်ထားပြီးရင် ရလာတဲ့အရည်ကို အသုံးပြုပေးလို့ရပါတယ်။ အသားအရေခြောက်သွေ့တာ၊ ဝက်ခြံထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေအမျိုးအစား အားလုံးနဲ့သင့်တော်ပါတယ်။အုန်းစိမ်းရည်။အုန်းစိမ်းရည်ကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာပေါ်မှာ သဘာဝ Toner အဖြစ်အသုံးပြုပေးလို့ရပါတယ်။ အသားအရေကိုရေဓာတ်ဖြည့်ပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဝက်ခြံသက်သာစေနိုင်သလို အသားအရေကိုလည်း ခြောက်သွေ့မှုကင်းစေပါတယ်။ကဲ..မျက်နှာသစ်ပြီးလို့ကျန်နေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားချင်တယ်၊ ချွေးပေါက်​လေးတွေကိုလည်း ကျန်းမာစေချင်တယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေပါတဲ့ Toner ကိုသုံးမိမှာလည်းစိုးရိမ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေ စမ်းကြည့်လို့ရတယ်နော်လေဒီလေးတို့ရေ…………… ကဲ … သဘာဝ Toner လေးတွေကို စမ်းသုံးကြည့်လိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/natural-face-toners-for-a-healthy-and-glowing-skin/
ဆီးတွင်သွေးပါခြင်း အကြောင်းရင်းများ
ဆီးတွင်သွေးပါခြင်း ကို သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိသားစုအသိမိတ်ဆွေတွေဆီမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုတော့ အဲဒီရောဂါရဲ့ အကြောင်းအရင်းကဘာလဲ၊ ဘယ်လိုကုသရမယ်ဆိုတာကို သိသင့်ဖိုလိုပါပြီ။ ယခုဖော်ပြမဲ့ဆောင်းပါးကတော့ အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ ပြောပြပါလိမ့်မယ်။ဆီးတွင်သွေးပါခြင်း ကတော့ ကျောက်ကပ် ဒါမှမဟုတ်ဆီးလမ်းကြောင်းတစ်နေရာရာက သွေးတွေပါနေအောင် လုပ်ပေးနေလို့ဖြစ်ပါတယ်။ ဆီးထဲမှာသွေးပါစေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ အဲဒါတွေကတော့။ဆီးပြွန်ကနေတစ်ဆင့် ရောဂါပိုးတွေဟာ ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် ဆီးအိတ်ထဲမှာ ပွားများဖို့ အခွင့်သာလာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်တာပါပဲ။ ရောဂါလက္ခဏာတွေကတော့ ဆီးခဏခဏသွားချင်နေခြင်၊ ဆီးသွားနေချိန် နာကျင်ခြင်းနဲ့ ဆီးနံ့ပြင်းနေခြင်းတွေပဲ ဖြစ်ပါတယ်။ကျောက်ကပ်ပိုးဝင်ခြင်း (Pyelonephritis) ဟာ ရောဂါပိုးတွေက ဆီးလမ်းကြောင်းကနေ ကျောက်ကပ်ကို ရောက်သွားတဲ့အခါ ဒါမှမဟုတ် ရောဂါပိုးတွေက သွေးထဲကနေ ကျောက်ကပ်ကို ရောက်သွားတဲ့ အခါတွေမှာ ဖြစ်တတ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ တော်တော်လေး ဆင်ပါတယ်။ ဖျားနာတတ်တာကိုပါ တွေ့ရပါတယ်။သတ္တုဓာတ်တွေဟာ ဆီးအိတ်နဲ့ ကျောက်ကပ် နံရံတွေမှာ အနည်ထိုင်ပြီး ပုံဆောင်ခဲတွေ အဖြစ် ပြောင်းသွားတဲ့အခါမှာ ဆီးကျောက်တွေ ဖြစ်တတ်ပါတယ်။ အချိန်အတိုင်းအတာ တခုကြာတဲ့အခါ သေးငယ် မာကျောတဲ့ ကျောက်တွေ ဖြစ်လာပါတယ်။ယေဘုယျအားဖြင့် အဲဒီ ကျောက်တွေက သူ့ဟာသူနေရင် နာကျင်တာတွေ မဖြစ်စေတတ်ပါဘူး။ ကျောက်က ဆီးလမ်းကြောင်း ပိတ်တဲ့အခါဆိုရင်တော့ မခံမရပ်နိုင်‌အောင် နာတာကို ခံစားရမှာပါ။ ကျောက်တွေက ဆီးလမ်းကြောင်းရဲ့ နံရံကို ပွတ်တိုက်မယ်ဆိုရင် ဆီးထဲ သွေးပါတာကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။ဆီးလမ်းကြောင်း သွေးပါတယ်ဆိုတာ ပိုစိုးရိမ်ရတဲ့ ကျောက်ကပ်၊ ဆီးအိတ်နဲ့ဆီးကျိတ်ကင်ဆာလို ရောဂါမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီ ကင်ဆာတွေက ရောဂါနုတဲ့ အချိန်တုန်းက လက္ခဏာမပြဘဲ လွန်မှသာ ပြတတ်တာကြောင့် အလွန့်လွန် သတိထားရပါတယ်။မွေးရာပါသွေးနီဥချို့ယွင်းတဲ့ Sickle Cell Anemia လို ရောဂါမျိုးတွေမှာလည်း ဆီးမှာ သွေးပါတတ်ပါတယ်။ ဒီရောဂါဖြစ်နေရင် ဆီးမှာ သွေးပါတာကို သာမန်မျက်စိနဲ့ကော မိုက်ကရိုစကုပ်နဲ့ပါ မြင်နိုင်ပါတယ်။ကျောက်ကပ်ရဲ့ ရေစစ်အမှေးပါးချို့ယွင်းစေတဲ့ Alport Syndrome လိုရောဂါမျိုးမှာလည်း ဆီးတွင်သွေးပါတတ်ပါတယ်။မတော်တဆမှုနဲ့ ကြမ်းတမ်းတဲ့အားကစားတွေကြောင့် ကျောက်ကပ်ထိခိုက်တဲ့အခါမှာလည်း ဆီးတွင် သွေးပါတတ်ပါတယ်။ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့်လည်း အဲဒါက ဆီးတွင် သွေးပါရခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒီအခြေအနေဟာ အားကစားကြောင့် ဆီးအိတ်မှာ ဒဏ်ရာ ရခြင်းကြောင့် လည်းကောင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်းကောင်း၊ သွေးနီဥ ပျက်စီးခြင်း များတာကြောင့်လည်းကောင်း ဖြစ်တာလို့ ထင်ရပါတယ်။ဆီးတွင်သွေးပါခြင်းဟာ တိကျတဲ့ ကုသမှု မရှိတာကြောင့် ဆရာဝန်က ရောဂါ ရင်းမြစ်ကိုသာ ရှာဖွေကုသပါလိမ့်မယ်။ ဒီကုသမှုတွေကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် ပိုးသတ်ဆေးပေးခြင်း၊ ဆီးကျိတ်ကြီးခြင်းကို ကုသပေးခြင်း၊ ဆီးအိတ်နဲ့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းအတွက် ကျောက်ခြေပေးခြင်း တို့ ပါဝင်ပါတယ်။ရောဂါရင်းမြစ်မရှိရင်တော့ ကုသဖို့မလိုပါဘူး။ ဆရာဝန်နဲ့  အနည်းဆုံး တစ်နှစ် တစ်ခါ ပြပြီးသင့်ခန္ဓာကိုယ်နဲ့ ဆီးလမ်းကြောင်း ပုံမှန် ဖြစ်နေလားဆိုတာ စစ်ဆေးဖို့ပဲ လိုပါတယ်။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/blood-in-urine-causes/
အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရပြည့်ရဲ့လား။
အသားခြောက်တွေ၊ငါးခြောက်နဲ့ သစ်သီးခြောက်တွေက တာရှည်ခံသလို စားရတာလည်း ခံတွင်းတွေ့လှပါတယ်။ ဒါဆို မေးစရာရှိတာက အသားခြောက်တွေ၊ အခြောက်ခံထားတဲ့ ပဲတွေ၊ အသီးအရွက်တွေ၊ ငါးခြောက်တွေ၊ပုစွန်ခြောက်တွေလိုမျိုး အခြောက်ခံထားတဲ့ အစားအစာတွေကအာဟာရတန်ဖိုး ပြည့်ရဲ့လားဆိုတာပါ။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။တာရှည်ခံအောင် အခြောက်ခံထားတဲ့ ငါးခြောက်၊ အသားခြောက် စတာတွေကဆားပါဝင်မှုများတာကြောင့်သွေးတိုးတာမျိုး ဖြစ်စေနိုင်တယ် ဆိုတာကိုတော့ လူအတော်များများ သိထားပြီး ဖြစ်မှာပါ။ ဒါတွေအပြင် အာဟာရတန်ဖိုးရော လျော့သွားနိုင်သလား။ အခြောက်ခံထားတဲ့ အစားအစာတွေကကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတော့ အစားအစာတွေကို အခြောက်ခံတာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးလည်း အနည်းငယ်တော့ ရှိပါတယ်။အစားအစာတွေကို အခြောက်ခံတာက။ဆိုးကျိုးလို့ ဆိုရမယ့် အချက်တွေကတော့။တကယ်ကတော့ အစားအစာတွေက အခြောက်ခံတာကြောင့် တင်မဟုတ်ပါဘူး။ ချက်လိုက်တဲ့ အခါမှာလည်း ရေထဲမှာ အာဟာရဓာတ်တွေ ပျော်ဝင်သွားပြီး အာဟာရဓာတ်တွေ လျော့ပါး သွားနိုင်ပါတယ်။အချုပ်အနေနဲ့ ပြောပြရရင် အစားအစာတွေကို အခြောက်ခံတာက အာဟာရတန်ဖိုး လျော့စေတယ်ဆိုပေမယ့် ဘက်တီးရီးယား နဲ့မှိုအန္တရာယ်တော့ လျှော့ချပြီးသားဖြစ်ပါတယ်။ ဗီတာမင်တွေ လျော့ကျပေမယ့်လည်း ကယ်လ်လိုရီ ပမာဏက တိုးလာတယ်ဆိုတော့ အဆိုးအကောင်းက ဒွန်တွဲနေတာပါ။ အခြောက်ခံထားတဲ့ အစားအစာတွေမှာရေဓာတ်ပါဝင်မှု ကတော့ zero ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/dry-food-nutrition-value/
null
null
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/xanthoma-%e1%80%87%e1%80%94%e1%80%b9%e1%80%9e%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%ac%e1%80%b8/
ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင်
ထိုင်းမှိုင်း နေရင်အလုပ်တွေ လုပ်ရတာ ပုံမှန်ထက် ပိုကြာနေသလို အချို့သော အရာတွေကို အလွယ်တကူ နားမလည်တာမျိုး ခံစားရနိုင်ပါတယ်။ အိပ်ချင်နေတာ လိုလို ခေါင်းထဲ နောက်ကျိကျိ ဖြစ်နေတာ လိုလို တစ်ခုခု လိုနေသလို ဘာရယ်လို့ ရေရေရာရာ မသိရတဲ့ ခံစားရမှုကြီးက အတော်လေး နေရထိုင်ရ မသက်မသာ ဖြစ်စေတာပါ။ဒီလို ဖြစ်နေတဲ့အခါ ထိုင်းမှိုင်းမှုတွေကို အဝေးကို မောင်းထုတ်ချင်ပေမယ့် ဘယ်လို လုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီးထိုင်းမှိုင်းမှုတွေကို မောင်းထုတ်လိုက်ကြရအောင် လား။လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ ထိုင်းမှိုင်းမှုကြီးကို ဒီနည်းလမ်းလေးတွေ သုံးပြီး မောင်းထုတ်လိုက်ရအောင်လား ……..။ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားနေရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ရေချိုးလိုက်ပါ။ ရေချိုးတယ်ဆိုတဲ့နေရာမှာလည်း ရေအေးအေးလေးနဲ့ ချိုးစေချင်ပါတယ်။ ဒါမှသွေးလည်ပတ်မှုကောင်းစေပြီး ထိုင်းမှိုင်းနေတာတွေ ပျောက်သွားမှာပါ။ဆပ်ပြာ သင်းသင်းလေးနဲ့ပါ ချိုးပေးလိုက်မယ်ဆိုရင် စိတ်လက်တွေ ကြည်လင်လန်းဆန်းလာစေမှာ အသေအချာပါ။ရေသောက်လိုက်ပါ။ ရေသောက်တာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးပြီး ကိုယ်တွင်းဇီဝကမ္မ ဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေပြီး လန်းဆန်းမှုကို ခံစားရစေမှာပါ။ဒါကြောင့် ထိုင်းမှိုင်းနေတယ်ဆိုရင် ရေအေးအေး တစ်ခွက် ပြည့်ပြည့်ကို သောက်ချလိုက်ပါ။ ဒီလို လုပ်တာက စိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေပါတယ်။ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေချိန်မှာ မြူးမြူးကြွကြွ သီချင်းလေးတွေ နားထောင်တာက လန်းဆန်း တက်ကြွလာစေမယ့် နည်းလမ်းကောင်းပါ။ သီချင်း မြူးမြူးလေးတွေက စိတ်ပျော်ရွှင်စေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်မှာပါ။ဒါကြောင့် ထိုင်းမှိုင်း သလို ခံစားလာရရင် သီချင်း မြူးမြူးလေး ဖွင့်နားထောင်ပါ။ လိုက်ဆိုပေးတာလည်း နည်းလမ်းကောင်း တစ်ရပ်ပါပဲ။နေရောင်ခြည်က စိတ်ပျော်ရွှင်စေတဲ့သဘာဝဆေး တစ်မျိုးပါ။ စိတ်ထဲ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တဲ့အခါနေရောင် ခံပေးတာက စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ နေရောင်ခြည်က ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ချိန်သားကိုက်ဖို့ လုပ်ဆောင်ပေးတာကြောင့် ထိုင်းမှိုင်းနေတာတွေကို အဝေးကို မောင်းထုတ်ပေးမှာပါ။ဒါကြောင့် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတယ်လို့ ခံစားရရင် နေရောင်ခြည်ကို ထိတွေ့လိုက်ပါ။ နေပူထဲတော့ ထွက် မရပ်ပါနဲ့နော်။လေ့ကျင့်ခန်း လုပ်တာက သွေးစီးဆင်းမှုကို ကောင်းစေပြီး စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ အကြောတွေကို ပြေလျော့စေပြီး လန်းဆန်းတက်ကြွစေဖို့လည်း ထောက်ကူ ပေးနိုင်ပါတယ်။ဒါကြောင့် ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားရတယ်။ လန်းဆန်း တက်ကြွမှု မရှိဘူး ဆိုရင် လမ်းလျှောက်တာ ကနေစလို့ အကြော လျှော့တာ၊ ယောဂ၊Gym ဆော့တာ၊ ပြေးတာလိုမျိုး လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။ကဲ ……. အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်ပြီး ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင် ……………..။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/tips-for-feeling-fresh/
သွေးတိုးတာက အမြဲတမ်းဆိုးကျိုးဖြစ်စေတာ ဟုတ်ရဲ့လား
သွေးတိုးတာကြောင့်နောက်ဆက်တွဲကျန်းမာရေးပြဿနြာဖစ်နိုင်ပါတယ်။သွေးတိုးရောဂါရှိနေပြီဆိုရင်နှလုံးသွေးကြောဆိုင်ရာရောဂါ၊လေဖြတ်တာ၊ဆီးချိုရောဂါနဲ့ အခြားသောရောဂါတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်သွေးမတိုးအောင်ထိန်းရမယ်သွေးတိုးရောဂါစဝင်လာပြီဆိုရင်နောက်ဆက်တွဲရောဂါတွေအများကြီးဖြစ်နိုင်တယ်ပေါ့။တောက်လျောက်လက်ခံလာခဲ့တဲ့ အယူအဆပေါ့။ ဒီတစ်ခေါက်တော့ လက်ခံရင်းစွဲအယူအဆနဲ့ နည်းနည်းကွဲလွဲတဲ့ အယူအဆအကြောင်းလေးပြောကြည့်ရအောင်လား Helloဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးတို့ရေ…..။ဒီပြောကြားချက်ကို ခိုင်မာစေဖို့ အမေရိကန်ရဲ့ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက အမေရိကန်ပြည်ထောင်စုကသွေးတိုးရောဂါရှိတဲ့ အရွယ်ရောက်ပြီးသူ ၇၅ သန်းကိုလေ့လာခဲ့ပါတယ်။ရောဂါရှိသူတွေကို အုပ်စုခွဲလေ့လာခဲ့ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုနေထိုင်စားသောက်ပုံချင်းမတူအောင် ပြင်ဆင်ပေးပြီး လေ့လာစောင့်ကြည့်ခဲ့ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/is-high-blood-pressure-always-bad/
ဘယ်သူသိမလဲ ကလေးတွေလည်း စိတ်ဖိစီးမှုရှိနေနိုင်တယ်ဆိုတာ
စိတ်ဖိစီးမှုဆိုတာ လူကြီးတွေမှ  ခံစားတတ်တဲ့ အရာမဟုတ်ပါဘူး။ ဘာမှမလုပ်ရ၊ အိမ်ကနေ ကျွေးတာစား၊ အချိန်တန်ရင်အိပ် သက်သောင့်သက်သာနေရတဲ့ ကလေးတွေက  စိတ်ဖိစီးစရာ ဘာရှိနိုင်မှာလဲလို့ တွေးစရာရှိတတ်ပါတယ်။ ဒီလိုသာဆို ပိုက်ဆံတွေ အများကြီး ချမ်းသာတဲ့ သူဌေးတွေလည်း ဘယ်စိတ်ညစ်စရာ ရှိပါ့မလဲ။ စိတ်ဖိစီးမှုဆိုတာ ကိုယ့်စိတ်ထဲမှာ ထင်သလိုဖြစ်မလာတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ပဲမို့လို့ ကလေးတွေလည်း သူဖြစ်ချင်တာ မဖြစ်ရတဲ့အခါ စိတ်ဖိစီးတတ်ပါတယ်။ဖိစီးမှုတွေနဲ့ ရင်ဆိုင်လာရတိုင်း အပူအပင်မရှိတဲ့ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုပြီး တမ်းတကြလေရဲ့။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ငယ်ငယ်က တကယ်ရောအပူအပင်မရှိခဲ့တာသေချာရဲ့လား။ လူကြီးတွေနဲ့မတူတဲ့ စိတ်ဖိစီးစရာလေးတွေ သူ့အထွာနဲ့သူ ရှိခဲ့ကြမှာပါ။ ဒါ့ကြောင့် ကလေးပဲ ဘာမှမသိပါဘူး၊ ဖြစ်ပြီးရင်မေ့သွားလိမ့်မယ်၊ ကလေးတွေက အေးဆေးပဲ လို့ သူတို့ရဲ့ခံစားချက်တွေကို ပေါ့ပေါ့မတွေးသင့်ပါဘူး။ဥပမာ “နောက်တစ်ခါစကားနားမထောင်ရင် မေမေထွက်သွားမှာနော်”ဆိုတာမျိုး ကိုယ်က ဘာရယ်မဟုတ်ပြောမိလိုက်တဲ့စကားအတွက် ကလေးမှာ အမေပျောက်သွားမှာစိုးတဲ့ကြောက်စိတ်ဝင်နေမယ်ဆိုတာ ကိုယ်သိနိုင်ပါ့မလား။ ဒါ့ကြောင့်ပြဿနာတွေကို နုနယ်တဲ့ကလေးတွေရှေ့ အထုပ်မဖြည်မိဖို့ သတိပေးကြတာဖြစ်ပါလိမ့်မယ်။ကျောင်းမှာအဆင်ပြေရဲ့လား၊ အိမ်ကပြဿနာတွေရော သူတို့နားလည်နေသလား၊ ဘာကိုစိုးကြောက်နေသလဲ၊ စိတ်ဖိစီးစေတဲ့အရာတွေ ရှိနေသလား ကိုယ့်ကလေးကို သတိထားကြည့်သင့်ပါတယ်။ သူတို့ဘာသာလည်း ဘာဖြစ်နေမှန်းမသိတဲ့ဖိစီးမှုတွေအတွက် မိဘတွေကို ဖွင့်ပြောပြလာဖို့ဆိုတာဖြစ်နိုင်ခြေနည်းပါတယ်။ကလေးအရွယ်ကတော့ ဘာကိုပဲဖြစ်ဖြစ် လူကြီးတွေနဲ့အမြင်မတူနိုင်တာ၊ လူကြီးတွေလောက် နားမလည်သေးတာ သဘာဝမို့ ဘယ်အခြေအနေ၊ ဘယ်အကြောင်းအရာမှာမဆို လူကြီးတွေဆီက အသိပညာပေးတာ၊ နားလည်အောင်ရှင်းပြတာတွေကို ရရှိဖို့လိုအပ်ပါတယ်။ ကိုယ်က အသေးအဖွဲလေးလိုမြင်ပေမယ့် သူတို့တွေရဲ့ကလေးအတွေးမှာတော့ အကြီးကြီးစိတ်ညစ်စရာဖြစ်နေတဲ့ကိစ္စတွေရှိတယ်။ဒါပေမယ့်လည်းမိဘအများစုက ကလေးရဲ့စိတ်အတွင်းက ခံစားချက်မျိုးစုံကို မသိကြတာများပါတယ်။ အပြုအမူလေးတွေ သိသာလာမှ၊ပြောင်းလဲလာမှ၊ ကျန်းမာရေးယိုယွင်းလာမှ သိရတာထက် ကြိုတင်ဂရုစိုက်နိုင်မယ်ဆို ပိုကောင်းပါတယ်။ စိတ်သောကတွေရှိနေတာက စိတ်ညစ်ရုံတင်မဟုတ်ဘဲ ကလေးရဲ့ဘက်စုံဖွံ့ဖြိုးမှုမှာ ထိခိုက်လာနိုင်ပါတယ်။သုတေသနစစ်တမ်းတွေအရ ကလေး ၈ယောက်မှာ ၁ယောက်နှုန်းကစိတ်ပူပန်မှုပြဿနာတစ်ခုခုရှိနေတတ်တယ်လို့တွေ့ရပါတယ်။ ဒါကို မဖြေရှင်းပေးနိုင်ဘဲ ပိုတိုးလာစေခဲ့ရင် လူမှုဆက်ဆံရေးတွေမှာ အခက်အခဲရှိလာတာ၊ အိပ်စက်မှုမူမမှန်တာတွေဖြစ်လာနိုင်ပြီး ကလေးရဲ့အနာဂတ်အတွက်ကောင်းကျိုးမရှိပါဘူး။ကလေးရဲ့အပြုအမူ၊ အပြောအဆို၊ အတွေးတွေကို ဂရုစိုက်ပေးပါ။ တစ်ခါတလေ သူတို့မှာရှိနေတဲ့စိတ်ဖိစီးမှုက ကိုယ်ထင်ထားတာနဲ့ ကွာခြားနေနိုင်လို့ ချစ်ခင်နွေးထွေးမှုနဲ့ ဂရုစိုက်ပေးသင့်ပါတယ်။တကယ်လို့ –။စိတ်ဖိစီးတွေက လက်ဆုပ်လက်ကိုင် ပြလို့မရ၊ ရေရာတဲ့ လက္ခဏာမရှိပေမယ့်လည်း ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကြာရှည်စွာ ခံစားခဲ့ရတဲ့ ကလေးတွေက။ကလေးကို စိတ်ဖိစီးမှုတွေ ကင်းပြီး စိတ်ဖိစီမှုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/child-anxiety-things-never-to-say/
စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆာလောင်မှု(Emotional Hunger) ကိုဖယ်ရှားကြပါစို့
ရေးသားသူ – ဒေါက်တာ နှင်းရည်လဲ့နိုင်။ကမ္ဘာပေါ်မှာ အသက်ရှင်‌‌နေထိုင်ဖို့ ရုန်းကန်လှုပ်ရှားရတာက တော်တော်စိတ်ပင်ပန်းစရာကောင်းပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ရချိန်မှာ လူတော်တော်များများက အစားအသောက်နှင့် စိတ်ဖြေလေ့ရှိကြပါတယ်။ စိတ်ဖိစီးချိန်။ ကျန်းမာရေးချူချာတဲ့အခါ။ စိတ်ဓာတ်ကျတဲ့အခါ။ ငွေရေးကြေးရေး အခက်အခဲ ဖြစ်တဲ့အခါ။ လူမှုရေးပြဿနာများ ရှိတဲ့အခါ။ သက်ဆိုင်ရာနယ်ပယ်တွင်ကျရှုံးနေတဲ့အခါ။ တုန်လှုပ်ဖွယ် အပြောင်းအလဲများ ကြုံတဲ့အခါ။ စိတ်ဆိုးဒေါသထွက်တဲ့အခါ။ အထီးကျန်ဆန်ပြီး ပျင်းတဲ့အခါ။ အတိုင်းအဆမဲ့ပျော်ရွှင်နေချိန်မှာပါ အစားအသောက် နှင့် ကိုယ်ကိုယ်ကို နှစ်သိမ့်၊ ဂုဏ်ပြုတတ်ကြပါတယ်။အမှန်တကယ် မဆာဘဲ စားတဲ့အခါမှာ သတိလက်လွတ်ဖြစ်ပြီး အများကြီး စားလိုက်တတ်ကြတယ် ။ အစားအစာက လူတွေကို ခဏတာပျော်ရွှင်စေတယ်။ အစာစားလိုက်တာနှင့် ခက်ခဲကြမ်းတမ်းမှုများက‌နေလွတ်မြောက်သွားသလို ခံစားရ‌လို့ပါ။အဲ့အချက်ကို မသိစိတ်က မှတ်ထားပြီး ကိစ္စတွေကို တိုက်ရိုက်ဖြေရှင်းရမဲ့အစားစားဖို့ကိုပဲ တွန်းအားပေးပါတယ်။စိတ်နှိုးဆော်မှုအရ အစားစားခြင်းဟာ ကောင်းတယ်လို့ ထင်ရပေမဲ့ စိတ်ရောကိုယ်ပါ အင်မတန် အန္တရာယ်ရှိတဲ့ အကျင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အစားနှင့် ပါးစပ်မပြတ်တဲ့ အမူအကျင့်ကို ပျောက်သွားအောင် သတိမူပြီး ပြောင်းလဲပြင်ဆင်မည်ဆိုလျှင် တစ်ဆက်တည်းမှာပဲ ကျန်းမာတဲ့ အလေ့အကျင့်များကိုပါ ဖန်တီးနိုင်ပါတယ်နော်။စိတ်ခံစားချက်အရ ဆာလောင်မှုဟာ ကလေးသူငယ်လူကြီး ကျားမ မရွေး ရှိတတ်ပါတယ်။စိတ်ကြောင့်စားသောက်မှုက ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာအချိုးအစားနှင့် ဝိတ်ထိန်းချုပ်မှုကို အဟန့်အတားဖြစ်စေပါတယ်။ အထူးသဖြင့် စားချင်စိတ်က အရသာရှိတဲ့ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်း အစားအစာများကို တောင့်တလေ့ရှိပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ပမာဏထက် ပိုပြီး အလွန်အကြူးစားမိ‌‌စေပါတယ်။ ဝိတ်မတက်ဘူးဆိုလျှင်တောင် ဆီးချိုရောဂါ အတွက် လမ်းစပျိုးလိုက်သလိုပါပဲ။အစားကို အချိန်မသတ်မှတ်ဘဲ ပရမ်းပတာစားတဲ့အခါ ကိုယ်ခန္ဓာတွင်း ဇီဝကမ္မ စားသောက်ချိန်မှာ ကမောက်ကမဖြစ်သွားပါတယ်။ အချိန်မတော်စားခြင်းက ဝိတ်ထိန်းရန် ခက်ခဲစေပါတယ်။ ဝိတ်ထိန်းဖို့ အစားအသောက် ဆင်ခြင်လိုက်ပြန်‌တော့လည်း အစားကိုမြတ်နိုးတဲ့စိတ်နှင့် ဆန့်ကျင်ဘက် လုပ်ရတဲ့အတွက် အဲ့အခါမှ ပြောင်းပြန်ဖြစ်သွားပြီး အငမ်းမရ စားတတ်သည်။ စားပြီးတိုင်းလည်း အပြစ်ရှိသလိုခံစားရပြီး နောင်တရသွားပေမဲ့ စိတ်ညစ်ညူးကာ ထပ်စားမိပြန်ပါတယ်။ ထပ်ခါထပ်ခါ စားရင်း အစားသံသရာစက်ဝန်းမှာ ပိတ်မိ‌‌ နေပါတော့တယ်။ပထမဦးဆုံး ဗိုက်ဆာပြီဆိုတာ နှင့် ကိုယ်ခန္ဓာအာဟာရ လိုအပ်မှု (physical hunger) နှင့် စိတ်၏တောင့်တမှု (Emotional hunger) ကို ခွဲခြားရပါမယ်။သာမန်ဗိုက်ဆာလျှင် အစားအစာမရွေးဘဲ ဘယ်ဟာနှင့် မဆို ဗိုက်ပြည့်ပါတယ်။စိတ်ကနှိုးဆော်လို့ ဗိုက်ဆာလျှင် အောက်ပါအချက်များ ခံစားရပါတယ်။ထူးခြားတဲ့ အကြောင်းတစ်ခုခုနှင့် ကြုံတွေ့တဲ့အခါတိုင်း ဗိုက်ဆာလာတယ်။ စားနေကျမဟုတ်တဲ့အချိန်(ဥပမာ- ညသန်းခေါင်) တွေမှာ စားချင်လာတယ်။ အလျင်စလို စားချင်တဲ့စိတ်ပြင်းပြလာတယ်။ အစားအသောက်တစ်မျိုးမျိုးကို တောင့်တတတ်ပါတယ်။လိုအပ်သလောက်စားပြီးလျှင်တောင် မတင်းတိမ်ဘဲ လောဘတကြီး စားသောက်လိုပါတယ်။အဓိက အချက်မှာ ကိုယ့်ကိုယ်ကို အဆိုးမြင်စိတ်တွေ မဝင်ဖို့ အရေးကြီးပါတယ်‌နော်။• အစားအသောက်ဒိုင်ယာရီ ပြုစုပါ။လူ့ခန္ဓာကိုယ်က ပုံမှန်စားသောက်ချိန်တွေကို အလိုအလျောက် မှတ်ထားပါတယ်။ အစားအသောက်ကို အချိန်မသတ်မှတ်ဘဲ လျှောက်စားလိုက်လျှင် ဇီဝကမ္မစားသောက်ချိန်ကို ပြောင်းလဲလိုက်တယ်။ ဒါကြောင့် ကိုယ်ခန္ဓာက ပုံသေမှတ်မိအောင် စားလိုက်တဲ့ အစားအစာ၊ အချိန်၊ ပမာဏ၊ ဗိုက်ဆာခဲ့တဲ့ အတိုင်းအတာ၊ စိတ်ခံစားမှု ကို စားပြီးတိုင်း ချရေးပါ။စိတ်က အစားစားနေရာမှာ မရှိဘဲ အာရုံတွေပျံ့လွင့်လျှင် ဘယ်လောက်စားမိလည်း မသိနိုင်ပါ။ အစားစားလျှင် အသိစိတ်လေးကပ်ပြီး အရသာခံ ဖြည်းဖြည်းစားပါ။ အစာလည်း ကြေစေလို့ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာလည်း အထောက်အကူဖြစ်‌ပါတယ်။ဝမ်းဗိုက် တကယ်ဟာနေတာလား ၊ ပါးစပ်ဆာတာလား ကို အရင်စဉ်းစားပါ။ လွန်ခဲ့တဲ့နာရီအနည်းငယ်မှာ စားပြီးလျှင် သတိထားပါ။တရားထိုင်ပါ။ စိတ်ဖိစီးမှုကို လျော့ချစေမည့် နည်းလမ်းများနှင့်ပက်သက်တဲ့ စာများကို ဖတ်ပါ။ ဝါသနာများကို အချိန်ခဏပေးပြီး လုပ်ခြင်းဖြင့် စိတ်အပန်းဖြေပါ။ အပြင်ထွက် လမ်းလျှောက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း တတ်နိုင်သမျှ လုပ်ပါ။ စိတ်ချရသူကို ရင်ဖွင့်တိုင်ပင်ပါ။အပြင်းအထန်ဒေါသထွက်နေလျှင် ဒေါသပြေအောင် ခဏတာ ငြိမ်နေပါ။ ဒေါသပြေအောင် အစားစားခြင်းမျိုးကိုရှောင်ပါ။ အစာနှင့်ဝေးဝေးနေပါ။မိမိကို အမြဲအားပေးသော မိသားစု၊ သူငယ်ချင်းများကို မိမိ အစားအသောက်ပုံစံ ပြောင်းလဲ‌‌ အောင်ကြိုးစားနေတာကို ပြောပြပါ။ မိမိကြိုးစားမှုကို တမင်အနှောင့်အယှက်ပေးမဲ့သူများ(မိမိနား အစားအစာများ၊ ဟင်းပွဲဓာတ်ပုံများပြပြီးဆွယ်သူများ) ကို ရှောင်ကြဉ်ပါ။လုပ်စရာရှိတဲ့ အလုပ်များကို နောက်မရွှေ့ပါနှင့်။ အားလပ်တဲ့အချိန်မှာ ဝါသနာပါရာကို လုပ်ပါ။ မိသားစုနှင့် သူငယ်ချင်းများကို အချိန်ပေးပါ။အစားအသောက် ပမာဏကို တဖြည်းဖြည်းလျှော့ချပြီး အများအပြားစားနိုင်တဲ့ အန္တရာယ်ကို ကန့်သတ်ပါ။ အပြင်းအထန် ရှောင်ကြဉ်ပါက ပိုစားတတ်ပါတယ်။အပြင်စာများအစား အသီးအနှံ၊ အရွက်များကို စားသုံးပါ။ အာဟာရ၃မျိုးကို မျှတစွာ စားပါ။ စားလိုတဲ့ အစားအစာရွေးချယ်ရာမှာ ကယ်လိုရီ လျော့တာမျိုးကို ဦးစားပေးပါ။မချုပ်တည်းနိုင်ခဲ့ရင်လည်း မိမိကိုယ်ကို အပြစ်တင်မစောပါနှင့်။ သတိလွတ်သွားတဲ့ အချက်များကို မှတ်ထားပြီး နောက်တစ်ကြိမ်မှာ ရှောင်ကြဉ်နိုင်ဖို့ ကြိုးစားပါ။နီးစပ်ရာ ဆရာဝန်ဆီသွားပြီး ရောဂါ ရှိမရှိနှင့် လိုအပ်သည်များကို ရှာဖွေပါ။ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်သူ နှင့် ဆွေးနွေးပြီး အစားအသောက်ပုံစံ ပြောင်းလဲနိုင်ရန် အကူအညီယူပါ။ စိတ်ဒုက္ခများ ကျော်လွှားနိုင်ရန် စိတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်သူ များကိုလည်း အကူအညီတောင်းပါ။မိမိကိုယ်ကို ကျန်းမာရေး ရေရှည် တည်တံ့အောင် စိတ်အလိုမလိုက်ဘဲ ကျန်းမာစေတဲ့ အလေ့အကျင့်များ‌ မွေးမြူပြီး ထိန်းသိမ်းကြပါစို့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/emotionalhunger/
အမည်းစက် ရှိတဲ့ အရေပြားကို ကျန်းမာအောင် ဘယ်လို ထိန်းသိမ်းမလဲ .......
အသားအရေက ဝက်ခြံတော့ မရှိဘူး။ အဆီနည်းနည်း ပြန်တယ်။ဝက်ခြံ အမာရွတ်လေးတွေအမည်းစက် လေးတွေ ရှိတယ်။ ဒီလို အသားအရေမျိုးကို ကျန်းမာနေအောင် ဘယ်လို ထိန်းသိမ်းရမလဲဆိုပြီး စိတ်ပူနေပြီလား…… ဒါဆိုရင်တော့ စိတ်ပူမနေပါနဲ့တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။အမည်းစက်တွေက အထပ်ထပ် ကုတ်ဖဲ့မခံရဘူးဆိုရင် အချိန် ၃ လကနေ ၆ လလောက်အတွင်းမှာ လုံးဝအရှင်း သက်သာသွားနိုင်ပါတယ်။ ဒီလို သက်သာစေတာကို အချိန် တိုတိုနဲ့ လိုချင်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။အရေပြားဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းအောင် လုပ်ဆောင်ပေးတာ၊အစိုဓာတ် ထိန်းပေးတာ၊ ဆဲလ်သေတွေ ဖယ်ရှားပေးတာက အရေပြားပေါ်က အမည်းစက်တွေကို ထိထိရောက်ရောက် သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတွေပါ။နောက်တစ်ချက်က ရေများများသောက်ပါ။အသီးအရွက် များများစားပါ။ သင့်တင့်တဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလည်း လုပ်ဆောင်ပေးဖို့ပါ။အမည်းစက် ရှိတဲ့ အရေပြားကို ကျန်းမာစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးတည့်စေမှာပါ။အမည်းစက်တွေ သက်သာစေဖို့ အခြေခံအဆင့်က မျက်နှာသန့်စင်တာပါ။ မျက်နှာသန့်စင်တဲ့အခါ မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ဖို့ လိုပါတယ်။ မျက်နှာကိုကြည်စေတဲ့ niacinamide ပါတာကို သုံးပေးဖို့ လိုပါတယ်။Toner က အရေပြားကို သန့်စင်ပြီးချိန်မှာ ချွေးပေါက်တွေထဲမှာ ကျန်ခဲ့တဲ့ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကိုတင် သန့်စင်ပေးတာ မဟုတ်ပါဘူး။ချွေးပေါက်တွေ ကျဉ်းစေပြီး အရေပြားရဲ့ pH ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။Toner ပုံမှန် သုံးပေးတာက အရေပြားကို ကျန်းမာစေပြီးအမည်းစက်တွေကို လျော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် အမည်းစက်တွေ ရှိမယ်ဆိုရင်Tonerသုံးတဲ့အဆင့်ကို ကျော်သွားလို့ မရပါဘူး။အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေဖို့ဆိုရင် Serum သုံးဖို့ကို မေ့ထားလို့ မရပါဘူး။ Serum က အသားအရောင် မညီတာတွေကို ညီအောင် ညှိပေးပြီး အမာရွတ်တွေ၊ အမည်းစက်တွေကို လျော့ပါ သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် အသားအရေကြည်စေတဲ့ အာနိသင်ရှိတဲ့ Serumတွေပါ။အသားအရေကို ကြည်လင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အသားအရေခြောက်သွေ့တာကလည်း အရေပြားပေါ်မှာ အမည်းစက်ဖြစ်စေနိုင်သလို ရှိရင်းစွဲ အမည်းစက်တွေကိုလည်း ပိုထင်းစေပါတယ်။ အရေပြား ခြောက်သွေ့ကွဲအက်တာ၊ အဖက်လန်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် အမည်းစက်တွေကို သက်သာချင်တယ်ဆိုရင် နေ့စဉ် အသားအရေ ထိန်းသိမ်းတဲ့အခါ moisturiser ကို အသုံးပြုပေးဖို့ လိုပါမယ်။ moisturiser  က အရေပြားကို အစိုဓာတ် ထိန်းပေးသလို အာဟာရဖြည့်ပေးပြီး အမာရွတ်နဲ့ အမည်းစက် ကင်းစင်စေနိုင်ပါတယ်။နေရောင်က ဗီတာမင် D ကို ရရှိစေနိုင်တယ် ဆိုပေမယ့် အရမ်းများတာက အရေပြားကို ခြိမ်းခြောက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် အရေပြားကို အမည်းစက်တွေ ဖြစ်စေတာမျိုးကနေ ကာကွယ်ချင်တယ်ဆိုရင်တော့ နေ့စဉ် အသားအရေ ထိန်းသိမ်းမှုမှာ နေလောင်ကာခရင်မ် လိမ်းတာကို မမေ့မလျော့ ထည့်ဖို့ လိုပါမယ်။ကဲ …… ဝက်ခြံတော့မရှိတော့ဘူး။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမည်းစက်တွေ၊ အမာရွတ်တွေကြောင့် စိတ်ညစ်နေသူလေးတွေအနေနဲ့ အခုပြောခဲ့တဲ့ အသားအရေ ထိန်းပစ္စည်းလေးတွေကို အစဉ်လိုက် လိမ်းပေးရင်း အသားအရေကို ထိန်းသိမ်းလိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/natural-skin-care-routine-for-dark-spots/
ပြည့်ဝမှန်ကန်မှုမရှိတဲ့အာဟာရနဲ့ အဖိုးအဖွားတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး
စားသုံးလိုက်တဲ့အာဟာရတွေက ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအတွက် အရေးပါပါတယ်။ ကိုယ် ဘယ်လို စားသောက်နေထိုင်လဲဆိုတာက ကိုယ့်ရဲ့ အတွင်းအပြင်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကျန်းမာမယ် မကျန်းမာဘူးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါတယ်။ အဲဒီ အင်္ဂါအစိတ်အပိုင်းတွေထဲမှာအသက်ရှူလမ်းကြောင်းဆိုင်ရာ အစိတ်အပိုင်းတွေလည်းပါပါတယ်။ ဒါကို အကျယ်တဝင့်ပြောရတာက အခုဆိုရင် ကူးစက်ရောဂါ အန္တရာယ်ဆိုးကြီးတွေ ဖြစ်ပွါးနေတဲ့အပြင် သိပ်မကြာခင်မှာလည်း နှစ်စဉ်ပျံ့နှံ့နေကျ အသက်ရှူလမ်းကြောင်းကနေပဲကူးစက်တဲ့တုပ်ကွေးလိုရောဂါတွေလည်း ပျံ့နှံ့တော့မှာဖြစ်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးက အရေးကြီးလို့ဖြစ်ပြီး အဖိုးအဖွားတွေလို အသက်ကြီးတဲ့သူတွေမှာ ဒီရောဂါတွေက ပိုပြီး ဆိုးကျိုးတွေ ပေးနိုင်တာကြောင့် ဒီအကြောင်းကိုအထူးပြု ပြောဆိုရခြင်း ဖြစ်ပါတယ်။အသက်ရှူလမ်းကြောင်းဆိုတာဟာခန္ဓာကိုယ်ရဲ့ မရှိမဖြစ်လိုအပ်တဲ့အောက်ဆီဂျင်ရယူခြင်း လုပ်ငန်းစဉ်ကိုဆောင်ရွက်တာဖြစ်လို့ ဒီ အသက်ရှူလမ်းကြောင်းမှာ ပြဿနာတစ်ခုခုဖြစ်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ အဖိုးအဖွားတွေရဲ့အသက်ရှူစနစ်ကျန်းမာဖို့အတွက် လိုအပ်တဲ့အစားအသောက်ပုံစံနဲ့အတူ ရောဂါဝေဒနာခံစားနေရပြီဆိုရင်လည်း မြန်မြန်ပြန်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို ပြောပြပေးသွားမှာပါ။ကယ်လ်လိုရီပမာဏဆန်းစစ်ပါ– အသက်ရှူလမ်းကြောင်း ကျန်းမာရေး ကောင်းစေဖို့ဆိုရင် ကိုယ်အလေးချိန်ကို သေချာလေး ထိန်းညှိဖို့လိုပါမယ်။ ဒါကြောင့် ကယ်လ်လိုရီ ပမာဏကို သေချာလေး ဆန်းစစ်ဖို့ လိုအပ်ပါမယ်။ ဒီလိုပြောရတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာ၊ အဝလွန်နေတာတွေက အသက်ရှူ စနစ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ကယ်လ်လိုရီစားသုံးမှု နည်းတာက ခြေကုန်လက်ပမ်းကျတာ၊ အချိန်တိုင်း ဗိုက်ဆာနေတာမျိုး ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မပိုမလိုတဲ့ ကယ်လ်လိုရီပမာဏ ရရှိစေဖို့ သေချာလေး ဆန်းစစ်ဖို့ လိုပါမယ်။ ကယ်လ်လိုရီကို တွက်ချက်ရမှာ အခက်တွေ့နေတယ်ဆိုရင် ဘိုးဘိုးဘွားဘွားတို့အတွက် လုံလောက်တဲ့ အာဟာရပြည့်ဝအောင် ဖြည့်စွက်ထုတ်လုပ်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကို တိုက်ကျွေးပေးလို့ရပါတယ်။အခုလို ရောဂါတွေဖြစ်ပွားနေချိန်မှာကိုယ်ခံအားကောင်းဖို့က မဖြစ်မနေဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် အာဟာရလိုအပ်ချက်မြင့်မယ့် ဘိုးဘိုးဘွားဘွားတို့ ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ် စားသုံးမယ့် အစားအစာတွေထဲမှာ ပရိုတင်း၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် D တို့လိုမျိုး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ပြည့်ဝ လုံလောက်စွာ ပါဝင်အောင် စားသုံးဖို့လိုပါမယ်။ မလိုအပ်ဘဲ သွေးတွင်း အဆီများတာမျိုး မဖြစ်စေဖို့အတွက် အဆီပါဝင်မှုများတဲ့ အစားအစာတွေကိုတော့ ရှောင်ပေးပါ။ဒီတော့ ဘိုးဘိုးဘွားဘွား အာဟာရပြည့်စေဖို့အတွက် ဆန်၊ပေါင်မုန့်၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီမပါတဲ့ အနီရောင်အသားလိုမျိုး အာဟာရဖြစ်စေပြီး အဆီ ပါဝင်မှုကင်းတဲ့ အစားအစာတွေကို ပြင်ဆင်ပေးပါ။ အရွက်တွေကို ဆီနည်းနည်းပဲ ထည့်ကြော်ပေးတာမျိုး၊ အသားကို ဆီလုံးဝမထည့်ဘဲ ခပ်နူးနူးလေး ပေါင်းပေးတာမျိုးပေါ့။ပရိုတင်းပြည့်ဝပါစေ– ကိုယ်ခံအားကောင်းစေဖို့ရော နာလန်ထချိန်မှာ အသက်ရှူစနစ် ကျန်းမာစေဖို့ပါ ပရိုတင်း ပြည့်ဝမှုက မဖြစ်မနေ လိုအပ်မှာပါ။ ဒါကြောင့် အသက်ရှူ စနစ်ဆိုင်ရာ ရောဂါခံစားနေရာကနေ ပြန်လည် သက်သာလာတဲ့ဘိုးဘိုးဘွားဘွားတို့ကို ပရိုတင်းကြွယ်ဝတဲ့ ကြက်သား၊ နို့၊ ချိစ်၊ ဥအမျိုးမျိုး၊  ပဲအမျိုးမျိုး၊ အခွံမာသီးတွေ ပြင်ဆင်ပေးလို့ရပါတယ်။ဘိုးဘိုးဘွားဘွားတွေအနေနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသား၊ ငါးလိုမျိုး ပရိုတင်း ပြည့်ဝတဲ့ အစားအစာတွေကို အနံ့ကြောင့် မစားချင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် ဘိုးဘိုးဘွားဘွားတို့ကို အသက်ရှူစနစ်ဆိုင်ရာ ကျန်းမာရေးကောင်းစေဖို့ ပရိုတင်းဖြည့်စွက် အာဟာရစားစရာ၊ သောက်စရာတွေ ကျွေးမွေးပေးလို့ရပါတယ်။နည်းနည်းချင်းစီ ပြင်ဆင်ပေးပါ– နေကောင်းစမှာ အစားအများကြီးစားတာက အစာကြေဖို့ ခက်ခဲတာမျိုးဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က အသက်ရှူစနစ် ကျန်းမာကာစ ဘိုးဘိုးဘွားဘွားတို့အနေနဲ့ အစားကို နည်းနည်းချင်းစီ စားပေးတာက အသက်ရှူရခက်တဲ့ ပြဿနာ ကင်းစေမှာပါ။ဒါကြောင့်  အာဟာရလည်းပြည့် နေလည်းမြန်မြန်ကောင်းစေဖို့ နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများ စားပေးပါ။အိမ်မှာ ချက်ပြုတ်ပြင်ဆင်ပါ– နာလန်ထခါစ ဖိုးဖိုးဖွားဖွားတို့ကို အသင့်စား အစားအသောက်တွေ၊ အပြင်စာတွေ မကျွေးပါနဲ့။ အိမ်မှ ဆီသန့်သန့်  ပူပူနွေးနွေး အာဟာရရှိရှိ ချက်ပြုတ်ထားတဲ့ အစားအသောက်တွေသာ အကောင်းဆုံးပါ။ဆား လျှော့စားပါ– ဆား အစားများတာက ကိုယ်တွင်းမှာ ရေစုပြီး ဖောရောင်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီအနေအထားတွေက အသက်ရှူ ပြတ်တောင်း ပြတ်တောင်း ဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။အသက်ရှူ လေ့ကျင့်ခန်းလုပ်ပါ– မနက်ခင်း အိပ်ရာနိုးတိုင်း၊ နေ့လယ်စာ စားပြီးချိန်၊ ညစာ စားပြီးချိန်တွေမှာ အသက်ရှူလေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ဒီအချက်လေးတွေကို သေချာ ဂရုစိုက်မယ်ဆိုရင်  ဘိုးဘိုးဘွားဘွားက မြန်မြန် ပြန်လည် ကျန်းမာလာမှာပါ။ နေကောင်းစ အချိန်မှာ ကိုယ်ခံအားက အားနည်းနေနိုင်ပြီး ရောဂါတွေအလွယ်တကူ ဝင်ရောက် ကူးစက်နိုင်သလို ရောဂါကို တစ်ကျော့ပြန် ခံစားရတာမျိုးဖြစ်နိုင်တာကြောင့်ပါ။  အာဟာရမပြည့်ဝတာက နာလန်ထဖို့ အချိန်ကြာစေတာတင်မဟုတ်ဘဲ အခန့်မသင့်ရင် အသက်သေဆုံးတာမျိုးအထိ ဖြစ်နိုင်ပါသေးတယ်။ဒီတော့ အခုလို ရောဂါအသစ်အဆန်းတွေကူးစက်ပျံ့နှံ့နေတဲ့ ကာလမှာ နဂိုကတည်းက အသက်အရွယ်ကြီးရင့်တာကြောင့် ခံနိုင်ရည် နည်းပါးနေတဲ့ ဘိုးဘိုးဘွားဘွားတို့ကို ကျန်းမာနေစေဖို့ အာဟာပြည့်ဝအောင် ဂရုစိုက်ကျွေးမွေးလို့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးဖို့ ပြောပါရစေ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/nutritional-guidelines-for-respiratory-illnesses/
ဘေဘီလေးက ဘယ်အရွယ်ဆို ငရုတ်သီး စားလို့ ရပြီလဲ .......
ဘေဘီလေး တွေက အသက် ၆ လ ပြည့်ပြီဆိုရင်အစာမာ စစားလို့ ရပါပြီ။ ဒီလို စစားလို့ ရပြီဆိုတဲ့ အချိန်မှာ လူကြီးတွေ စားသလိုတော့ ထမင်း၊ ဟင်းတွေ စားလို့ မရသေးပါဘူး။အသက် ၆ လပြည့်ချိန်မှာ ဘေဘီလေးတွေက ထမင်းကို သေချာတိုက်ပြီး ကျိုထားတာကိုကြက်သားအရေခွံမပါဘဲ ပြုတ်ထားတဲ့ ပြုတ်ရည်၊ သေချာ ကြိတ်ခြေထားတဲ့ ရွှေဖရုံသီး၊မုန်လာဥနီတွေနဲ့ စစားရတာပါ။ဒီလိုနဲ့ အသက် ၁ နှစ်ပြည့်တဲ့အခါ အရင် ၆ လကထက် အစာတော်တော်များများကို စားတတ်လာပြီ။ စားလို့လည်း ရလာပြီဆိုပေမယ့်မေမေ၊ ဖေဖေတို့ စားသလိုငရုတ်သီး စပ်စပ်လေး၊ အရောင်လှလှလေးနဲ့ ချက်ထားတဲ့ ဟင်းတွေကိုတော့ စားလို့ မရသေးဘူးပေါ့။ဒါဆို ဘယ်အရွယ်ရောက်မှ ဘေဘီလေးကမေမေဖေဖေတို့နဲ့ ဟင်းတစ်အိုးတည်း အတူတူစားပြီး ငရုတ်သီး စစားနိုင်မလဲဆိုတာကို သိချင်နေပြီလား မေမေ …… ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ဘေဘီလေးက ငရုတ်သီး စားလို့ရလားဆိုတော့ အရမ်းငယ်သေးရင်တော့ မရပါဘူး။ ထိုက်သင့်တဲ့ အရွယ်ရောက်ပြီဆိုရင်တော့ သဘာဝ အတိုင်း စိုက်ပျိုးထားပြီး လတ်ဆတ်တဲ့ငရုတ်သီးစိမ်းလိုမျိုး၊ငရုတ်ပွလိုမျိုး အရာတွေကို စစားလို့ ရပါပြီ။ဘေဘီလေးက အသက် ၁ နှစ်ကျော်ပြီဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလို သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ငရုတ်သီးကို စားလို့ ရပါတယ်။ ငရုတ်သီးက စပ်တဲ့ အရသာ ရှိတာကြောင့် ဘေဘီလေးတွေ ကြိုက်လောက်တော့ အရသာတော့ မဟုတ်ပါဘူး။ဒီနေရာမှာမိခင်နို့သောက်စဉ်က မေမေကအစပ်မရှောင်ဘဲစားခဲ့မယ်ဆိုရင်တော့ ဘေဘီလေးက အစပ် ပိုစားနိုင်ပါတယ်။ မေမေက နို့တိုက်နေစဉ်မှာ အစပ်ရှောင် စားမယ်ဆိုရင်တော့ ဘေဘီလေးက ငရုတ်သီးရဲ့ စပ်တဲ့ အရသာကို မစားနိုင်တာမျိုး ရှိနိုင်ပါတယ်။ငရုတ်သီးက စပ်တဲ့အရသာ ရှိတာရယ် အခန့်မသင့်ရင် လူကြီးတွေမှာတောင်ဗိုက်အောင့်ဗိုက်နာဖြစ်စေတဲ့အတွက် ဘေဘီလေးကို အသက် ၂ နှစ် ၃ နှစ်လောက်ရောက်မှ နည်းနည်းချင်း စကျွေးကြည့်တာက အကောင်းဆုံး ဖြစ်မှာပါ။ငရုတ်သီးစိမ်းကို စကျွေးချိန်မှာလည်း ဘေဘီလေး စားနေကျ ဟင်းထဲကို နည်းနည်းချင်းစီ ထည့်ပြီး ချက်ကျွေးတာက အကောင်းဆုံးပါ။ ငရုတ်သီးကို အစိမ်းတို့စေတာမျိုး မလုပ်ပါနဲ့။ ဘေဘီလေးရင်ပူတာ၊ အစာအိမ်နာတာတွေ ခံစားရနိုင်တာကြောင့်ပါ။ဥပမာ –ပုစွန်ထဲကို ငရုတ်သီးစိမ်း နည်းနည်းလောက် ထည့်ကြော်ပေးတာ၊အသား(အရေခွံ၊ အဆီ မပါ) ထဲကို နည်းနည်း ထည့်ကြော်ပေးတာ၊ ကြက်ဥမွှေကြော်ထဲကို နည်းနည်း ထည့်ကြော်ပေးတာမျိုး လုပ်ပေးပါ။ဒီလို လေး ကျွေးပေးတာက ဘေဘီလေးကို ထိခိုက်မှု မဖြစ်စေဘဲ ငရုတ်သီးမှာပါတဲ့ဗီတာမင် C၊ဗီတာမင် B6၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းတို့ကို ရရှိစေမှာပါ။ကိုယ်ခံအားကောင်းစေပြီးခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ဘေဘီလေးကို ငရုတ်သီး စားတတ်အောင် လေ့ကျင့်ပေးတာက ရေရှည်မှာ ဘေဘီလေးကို ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်သလိုအစာခြေစနစ်ကျန်းမာစေပါတယ်။ ရောင်ရမ်းမှုတွေကို သက်သာစေပြီး ကိုယ်အလေးချိန် ထိန်းပေးနိုင်ပါတယ်။sinus infectionsနဲ့ နားပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဘေဘီလေးကို အသက် ၆ နှစ် မကျော်မချင်း ငရုတ်သီးခြောက်၊ငရုတ်သီးမှုန့်တွေကို မကျွေးတာကတော့ အကောင်းဆုံးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/when-baby-eat-chili/
ဆီးကျောက်များကိုဖယ်ရှားနိုင်ရန် ရိုလာကိုစတာစီးပါ
ဆီးကျောက်များသည် သေးငယ်မာကျောသော သတ္ထုနှင့်ဆားအမှုန်အခဲများဖြစ်ပြီး။ကျောက်ကပ်ထဲတွင်တည်ရှိသည်။ ကျောက်ကပ်မှသည်ဆီးအိမ်အထိဆီးလမ်းကြောင်း၏ မည်သည့်နေရာတွင် မဆိုဆီးကျောက်ဖြစ်ပေါ်နိုင်သည်။ အချိန်ကြာလာသည့်အခါ ပြင်းထန်သောနာကျင်ခြင်းနှင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။ ဆီးကျောက်၏ အရွယ်အစားပေါ်မူတည်၍ ဆရာဝန်ဆီမှ အကြံဉာဏ်နှင့်ကုသမှုကို ခံယူရပါသည်။ ယုံကြည်စိတ်ချရသောအခြားကုထုံးများကဲ့သို့ပင် ဆီးကျောက်ရောဂါကို ကုသရန်သုတေသီများက အခြားနည်လမ်းတစ်ခုကို လေ့လာစူးစမ်းလျက်ရှိသည်။ ဤသို့ဖြင့် ရိုလာကိုစတာစီးခြင်းသည် နည်လမ်းတစ်ခုအဖြစ်ဖြစ်လာဖွယ်ရှိပါသည်။အမေရိကန်အရိုးရောဂါအဖွဲ့မှထုတ်ဝေသောဂျာနယ်တွင် ရိုလာကိုစတာစီးခြင်းကဆီးကျောက်ရောဂါအတွက်အံ့သြဖွယ်ကုထုံးတစ်ခုဖြစ်လာနိုင်သည့် လေ့လာချက်ကိုဖော်ပြထားသည်။ ထိုလေ့လာချက်ကဖြစ်ရပ်မှန်အချို့ကိုအခြေခံထားပါသည်။ဆီးကျောက်ရောဂါခံစားရသူအမျိုးသားတစ်ဦးကရိုလာကိုစတာစီးပြီးသောအခါ သူ၏ဆီးကျောက်များ ကျသွားကြောင်းအခိုင်အမာဆိုခဲ့သည်။ ထိုဇာတ်လမ်းသည် ဆေးပညာရှင်များကိုလေ့လာမှုပြုလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။သုတေသီများသည် လူနာ၏ကျောက်ကပ်နှင့်တူသောသုံးဖက်မြင်ပုံစံတစ်ခပြုလုပ်ခဲ့ကြသည်။ ထိုကျောက်ကပ်ထဲတွင် ဆီးများဖြည့်ပြီးသောအခါ ဆီးကျောက်အစစ်များကိုဆီးလမ်းကြောင်း၏ အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ထည့်သွင်းခဲ့ကြသည်။ လေ့လာချက်ကိုBig Thunder Mountain ဟုခေါ်သောနေရာတွင် ပြုလုပ်ခဲ့ပြီးသုတေသီများကရိုလာကိုစတာအပတ်ရေ ၂၀ ခန့်ဆက်တိုက်စီးနင်း စေခဲ့သည်။ရိုလာကိုစတာစီးမှုပြီးဆုံးလျှင်လေ့လာမှုပြုသောအခါအံ့အားသင့်စရာပင် ဆီးလမ်းကြေင်းအပေါ်ပိုင်းရှိ ကျောက်များသည် အောက်သို့ကျလာသည်ကိုတွေ့ရသည်။ သို့သော် ဆီးလမ်းကြောင်း၏ အလယ်ပိုင်းနှင့် အောက်ပိုင်းရှိကျောက်များမှာမူထူးခြားမှု မရှိသည်ကိုတွေ့ရသည်။ ထို့ပြင် ပို၍ စိတ်ဝင်စားဖွယ် အချက်မှာရိုလာကိုစတာ၏ နောက်ဘက်တွင် စီးနင်းသောလူနာများ၏ ကျောက်များကရှေ့ဘက်တွင် စီးနင်းသောလူနာများ၏ ကျောက်များထက် ပိုမို၍ အောက်သို့ကျလာသည်ကိုတွေ့ရသည်။ ထိုလေ့လာမှုမှတစ်ဆင့် သုတေသီများကလူနာများသည် ရိုလာကိုစတာစီးရင်းကုသမှုတစ်စုံတစ်ရာမလိုဘဲသေးငယ်သောဆီးကျောက်များကို ကျဆင်းစေနိုင်ကြောင်း အတည်ပြုခဲ့ကြသည်။ ထိုမှတစ်ဆင့် ပိုမိုကြီးမားသော ဆီးကျောက်များတည်ခြင်းကိုလည်းကာကွယ်နိုင်လေသည်။မကြာသောအနာဂတ်တွင် ရိုလာကိုစတာစီးခြင်းသည်ဆီးကျောက်ရောဂါ၏ အထူးဆန်းဆုံး ကုထုံးတစ်ခု ဖြစ်လာနိုင်ပါသည်။ဆရာဝန်များက သင့်ကို Disney World ကစားကွင်းသို့ သွားရန် ကုသမှုညွှန်ကြားချက်အဖြစ် စေလွှတ်ပေလိမ့်မည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-track-stones/%e1%80%86%e1%80%ae%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%96%e1%80%9a%e1%80%ba%e1%80%9b%e1%80%be%e1%80%ac/
အမြင့်ရောက်ရင် ဘာလို့ ခုန်ချချင်စိတ်ပေါ်တာလဲ
တကယ်လို့ သင်ဟာ ခပ်မြင့်မြင့် နေရာတစ်နေရာကို ရောက်နေတယ်ဆိုပါဆို့။ အစွန်အဖျားနေရာကနေ အောက်ကို ငုံကြည့်ချိန်မှာ ခုန်ချချင်စိတ်ဖြစ်ဖူးပါသလား။ကိုယ်ကိုယ်ကို သတ်သေချင်စိတ်အပါအဝင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘဲနဲ့ တစ်စုံတစ်ယောက်ကပဲ တိုက်တွန်းနေတာလိုလို၊ ကိုယ်တိုင်ကပဲ စိတ်ဆန္ဒရှိနေတာလိုလို စိတ်ခံစားချက်မျိုး သင့်စိတ်ထဲခံစားနေရပြီး အောက်ကိုခုန်ချချင်လာတာမျိုးပေါ့။ဒါ ဘာဖြစ်တာလဲ။ သင့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေအားနည်းတာလား။ သင့်ရဲ့ အတွင်းစိတ်ထဲမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေပြီလား။ဒီလို စိတ်ခံစားချက်မျိုးကို “the call of the void” လို့ ခေါ်ပါတယ်။ မူရင်းစကားလုံးက “l’appel du vide” ဆိုတဲ့ ပြင်သစ်စကားစုပါ။ မြန်မာလိုဆိုရင်တော့ စိတ်ရိုင်းဝင်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ ဒီလို စိတ်အခြေအနေမျိုးက လူတိုင်းမှာ မဖြစ်တတ်ပေမယ့် လူတချို့မှာတော့ ဖြစ်နိုင်ပါတယ်။ ဖြစ်လည်းဖြစ်နေကြပါတယ်။ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်ရဲ့ သုတေသနရလဒ်တွေအရ ၅၀% သောလူတွေဟာ ဒီလို စိတ်ခံစားချက်မျိုးနဲ့ ကြုံရလေ့ရှိတယ်လို့ ဆိုထားပါတယ်။ခုလို ခုန်ချဖို့ လှုံ့ဆော်မှုဟာဦးနှောက်ရဲ့ တုန့်ပြန်ပုံ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းဖြစ်ပြီးတော့ ဦးနှောက်ဟာ အသက်ရှင်ရန်ခုန်ချဖို့လိုအပ်တယ်လို့ လွဲမှားစွာ သိနားလည်နေတာကြောင့်ဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကတော့ ဒီလိုလက္ခဏာမျိုးကို “High Place Phenomenon (HPP)” လို့ ခေါ်ဆိုကြပါတယ်။ ဦးနှောက်ရဲ့ နားလည်မှုလွဲမှားချက် အမျိုးအစားတစ်မျိုးလို့ သိနားလည်ထားရပါတယ်။လူတစ်ယောက်ဟာ မြင့်မားတဲ့နေရာတွေ၊ အဆောက်အအုံတွေ၊ တံတားတွေနဲ့ တောင်ကမ်းပါးစွန်းတွေကို ရောက်ချိန်မျိုးတွေမှာ ဦးနှောက်ဟာ သတိပေးချက် Signal တွေ ထုတ်ပေးလေ့ရှိပါတယ်။အန္တရာယ်ရှိနိုင်ကြောင်း၊ သတိထားဖို့ လိုအပ်ကြောင်း သတိပေးချက်ဖြစ်ပါတယ်။ ဒါဆိုရင် သင်ဟာနောက်ဆုတ်သွားမှာဖြစ်ပြီး ဘေးအန္တရာယ်ကို သတိပြုမိမှာဖြစ်ပါတယ်။ဒါပေမယ့် တချို့အခြေအနေတွေမှာ ဒီလိုရပ်နေတာဟာ အန္တရာယ်မရှိနိုင်ဘူးလို့ မသိစိတ်က တွေးမြင်လက်ခံနေတာမျိုးဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေမှာ ခုလို ခုန်ချဖို့ တွန်းအာမျိုးပေါ်လာတတ်ပါတယ်။ ကိုယ်တိုင်က ခုန်ချဖို့ စိတ်ဆန္ဒမရှိသလို စိတ်လည်းမကူးထားပေမယ့် ခုန်ချအောင် တိုက်တွန်းမှု တစ်စုံတစ်ရာရနေသလို ခံစားနေရတာမျိုးဖြစ်ပါတယ်။ဒီလို ခံစားချက်မျိုးပေါ်လာတဲ့သူတိုင်းဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ဆန္ဒမရှိသူတွေဖြစ်ကြပြီး ရည်ရွယ်ချက်မရှိပဲ ရုတ်တရက်ပေါ်ပေါက်လာတဲ့ စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ဒီလို ဦးနှောက်ဖောက်ပြန်မှုဟာ ခုန်ချချင်စိတ် တစ်ခုတည်းသာမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သင်ကားမောင်းနေရင်း လမ်းမှာတွေ့တဲ့ တစ်စုံတစ်ရာတွေကို ဝင်တိုက်ပစ်လိုက်ချင်စိတ် ပေါ်လာတာမျိုး၊ ကလေးငယ်ကို ရေချိုးပေးနေရင်း ရေနှစ်ပစ်ချင်စိတ်ပေါ်လာတာမျိုး၊ မိတင်ခန်းထဲမှာထိုင်နေရင်း အထက်လူကြီးကို အော်ဟစ်ကြိမ်းမောင်းပစ်ချင်စိတ် ပေါ်လာတာမျိုးတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ “intrusive thoughts” လို့လည်း ခေါ်ဆိုကြပါတယ်။ဒီလိုလက္ခဏာမျိုးတွေဟာObsessive-Compulsive Disorder (OCD)ရောဂါလို စိတ်နဲ့လူနဲ့မကပ်ပဲ ထင်ယောင်ထင်မှား အထပ်အထပ်အခါခါ လုပ်မိနေတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ OCD ရောဂါ မရှိပါပဲနဲ့ စိတ်ရိုင်းတွေ တွေးတော့မိနေကြတာ ဖြစ်ပါတယ်။များသောအားဖြင့်တော့ ဒီလိုစိတ်ခံစားချက်မျိုးပေါ်လာရုံနဲ့ တကယ်ကျူးလွန်လိုက်မိတာမျိုး ဖြစ်နိုင်ချေနည်းပါးလှပါတယ်။ ဒါပေမယ့် မကြာခန ဒီလို စိတ်ခံစားချက်မျိုးတွေ ကြုံနေရတယ်ဆိုရင်တော့ဖြင့် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အကြောင်းကတော့ ခုလို စိတ်ခံစားချက်မျိုး မကြာခဏပေါ်လာနေတာဟာ Obsessive-Compulsive Disorder (OCD) ရောဂါ လက္ခဏာလည်းဖြစ်နိုင်တာမို့ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%81%e1%80%af/
ဆီးသွားနည်းခြင်းသည် ကျန်းမာရေးအတွက်မကောင်းပါ
သင်သည် တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်မျှသာ ဆီးသွားလျှင် သင့်အနေဖြင့် ရေဓါတ်နည်းပါးနေပြီဟု ဆိုနိုင်သည်။ ဆီးဝါခြင်း (သို့မဟုတ်) ဆီးအရောင်ရင့်ခြင်းက သင်သည် လုံလောက်သော ရေပမာဏ မသောက်သုံးဖြစ်သည်ကို ပြနေသည်။အပေါ့စွန့်ခြင်း (သို့မဟုတ်) ဆီးသွားခြင်းကို အောင့်ထားခြင်း သည် အလေးသွားခြင်း (သို့မဟုတ်) ဝမ်းသွားခြင်းကို အောင့်ထားခြင်း ကဲ့သို့ပင် မကောင်းပါ။ အချို့သူများသည် ဝမ်းကိုထိန်းထားခြင်း၌ အခက်အခဲ ရှိတတ်သည်။ ဝမ်းသွားချင်လာလျှင် အခက်တွေ့တတ်ပြီး စအိုရှုံ့ကြွက်သားများကို ပင်ပန်းစေသည်။ ဆီးသွားခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဆီးကို အချိန်ကြာကြာအောင့်ထားသောအခါ ကြွက်သားများက သွားချက်ရက် မသွားနိုင်သည်မျိုး ဖြစ်လေ့ရှိသည်။ ထိုကဲ့သို့ဖြစ်ခြင်းသည် ကျန်းမာရေးအတွက် မကောင်းပါ။ရေများများ သောက်သောအခါ တစ်နာရီခြား တစ်ခါ၊ နှစ်နာရီကြားတစ်ခါ ဆီးသွားမည်ဖြစ်သည်။ ခန္ဓါကိုယ်က ပိုလျှံသောရေကို စွန့်ထုတ်ချိန်တွင် ကျောက်ကပ်မှလည်း ဓါတ်ဆားများကိုပါ ရော၍စွန့်ထုတ်စေခြင်းဖြင့် သင် ဆီးများများသွားဖြစ်လိမ့်မည်။ကျွုန်ုပ်ကတစ်နေ့လျှင်ရေ ၆၄ မှ ၈၀ အောင်စ ခန့်သောက်ဖြစ်နေလျှင် ဆီးမှန်မှန်သွားပြီး အဆင်ပြေနေသည်။ ရေဝဝမသောက်မိသောအခါ ဖြစ်ပေါ်လာသော ထူးခြားချက်ကို ကျွန်ုပ်သတိပြုမိသည်။ ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးလျှင် အာခေါင်၊ ပါးစပ်များ ခြောက်လာမည်။ မောပန်းလွယ်လာမည်။ အချိန်မီရေဓါတ် ပြန်လည်ဖြည့်တင်းမပေးလျှင် မူးဝေခြင်းကိုပါ ခံစားရမည်။ ထိုလက္ခဏာများသည် ရေကို လုံလောက်အောင် မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာရသည်။ကျွန်ုပ်အနေဖြင့် အဝါဖျော့ရောင် ဆီးသည် ပုံမှန်ဖြစ်ပြီး နီညိုရောင်ဆီးသည် ရေဓါတ်ခန်းခြောက်နေသူ၏ ဆီးဟုပြောဆိုပါသည်။ပျမ်းမျှလူတစ်ဦးသည ်တစ်နေ့လျှင် ၈ အောင်စဝင်ရေ ၈ ခွက် (၆၄အောင်စ) ခန့်သောက်သင့်သည်။ ထိုပမာဏမှာ ပေါင်၁၀၀ ခန့်ရှိ လူတစ်ဦးအတွက် ဖြစ်ပါသည်။လူအများသည် ရေကို ဂါလံနှင့်ချီ၍ သောက်သုံးလျှင် ဓါတ်ဆားအချိုးအစား မညီမျှမှု ဖြစ်လာနိုင်သည်။ ဥပမာ – ဆိုဒီယမ်ဓါတ်သည် ရေများလျှင် နည်းသွားတတ်သော သဘောရှိသဖြင့် ဆိုဒီယမ်နည်းနေသော လူနာတစ်ဦးသည် ရေကိုချင့်ချိန်၍ သောက်သုံးသင့်သည်။ ထို့ကြောင့် သင်၏ ကိုယ်အလေးချိန်ပေါ်မူတည်၍ မည်မျှထိ အများဆုံးသောက်နိုင်ကြောင်း ပြောရခြင်းဖြစ်သည်။အချို့သောအသီးများ ဥပမာ- ဖရဲသီး၊ လိမ္မော်သီး၊ ဘယ်ရီသီးတို့သည် ရေဓါတ်ကြွယ်ဝစွာ ပါဝင်သည်။ ကျွန်ုပ်အနေဖြင့် သင်သည် ၁နေ့ ရေ ၈ ဖန်ခွက်သောက်ပြီး ဖရဲသီးလည်းစားလျှင် ရေဓါတ်ပြည့်ဝနေမည်ဟု ကျိန်းသေတော့ မပြောနိုင်ပါ။ ရေ ၈ အောင်စပါ ၈ ဖန်ခွက်သောက်၍ ၆၄ အောင်စရှိရေကို သောက်ဖြစ်ရေးသာ ဆိုလိုပါသည်။ကျွန်ုပ်အနေဖြင့်အားကစားမလုပ်မီ၊ လုပ်နေစဉ်နှင့် အားကစား လုပ်ပြီးချိန်များတွင် ရေဓါတ်နှင့် ဓါတ်ဆားများ ပိုမိုဆုံးရှုံးမှုမရှိစေရန် ရေပိုသောက်ပေးဖို့ အကြံပြုလိုပါသည်။ ဝမ်းသွားသောအခါတွင်ပင် ဆီးပါ တစ်ခါတည်း သွားခြင်းဖြစ်ရာ ရေဆုံးရှုံးမှုဖြစ် နေပါသေးသည်။ ခန္ဓါကိုယ်တွင် ရေဓါတ်နှင့် အဓိကဖွဲ့စည်းထားရာ ခန္ဓါကိုယ် ကျန်းမာပြီး ရေဓါတ်ပြည့်ဝနေစေရန် ရေဓါတ် လုံလောက်အောင် ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/other-urological-issues/%e1%80%86%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba%e1%80%80%e1%80%bb%e1%80%94/
အသည်းရောင်အသားဝါ စီပိုး ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သိထား သင့်တဲ့အချက်များ
အသည်းရောင်အသားဝါ စီပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကို သွေးကတဆင့် အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီးခန္ဓာကိုယ်အပြင်ဘက်မှာ ရှင်သန်နိုင်ချိန် ကွဲပြားပါသေးတယ်။၂၀၁၃ ခုနှစ် တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင်အပူချိန် အပူချိန် ၃၉.၂ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီစင်တီဂရိတ်) နဲ့ ၇၁.၆ ဒီဂရီဖာရင်ဟိုက် (၂၂ ဒီဂရီစင်တီဂရိတ်) အတွင်းမှာ ၆ နာရီအထိ ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့သွေးဟာ အရာဝတ္ထု မျက်နှာပြင်တွေ (ဥပမာ – စားပွဲ၊ ထိုင်ခုံ) ပေါ်မှာ ပေကျံနေမယ်ဆိုရင်လည်း သွေးနဲ့ထိတွေ့မိသူကိုရောဂါကူးစက်နိုင်ပါတယ်။ သွေးပမာဏများလေ ကူးစက်နိုင်ချေ မြင့်လေပါပဲ။ ဒီလိုကူးစက်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ဖို့အတွက် ထိတွေ့ကိုင်တွယ်မယ့် အရာဝတ္ထုမျက်နှာပြင်တွေကို အစွန်းချွတ်ဆေး ဒါမှမဟုတ် အီသနောပါဝင်တဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ တိုက်ချွတ်ပြီး ဗိုင်းရပ်စ်ကို သတ်ပစ်နိုင်ပါတယ်။အသည်းရောင်အသားဝါ စီပိုးဟာ ဆေးထိုးအပ်တွေထဲမှာလည်း အချိန်ကြာကြာ နေထိုင်နိုင်ပါတယ်။ Tuberculin syringes လို့ခေါ်တဲ့ ဆေးထိုးအပ် အသေးစားတွေထဲမှာ ၆၃ ရက်အထိ အသက်ရှင်နေနိုင်စွမ်းရှိတယ်လို့ ဆိုပြီး ပိုကြီးတဲ့ဆေးထိုးအပ်တွေထဲမှာဆိုရင်တော့ ဒီထက်တောင် အချိန်ကြာကြာ ရှိနေနိုင်ပါတယ်။အပေါ်မှာပြောခဲ့သလို ရောဂါပိုးရှိသူရဲ့ သွေးကနေအဓိက ကူးပါတယ်။ ဒါ့ကြောင့် အောက်ပါနည်းတွေနဲ့ အများဆုံးကူးတာတွေ့ရပါတယ်။– မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကို တစ်ယောက်နဲ့တစ်ယောက် မျှဝေသုံးစွဲခြင်း။– ရောဂါရှိသူထိခိုက်ဒဏ်ရာရသွားချိန်မှာ အကာအကွယ်မဝတ်ဆင်ဘဲ ကိုင်တွယ်ပြုစုမိရာကနေ သွေးနဲ့ထိတွေ့ မိပြီးကူးစက်ခြင်း။– အသည်းရောင်အသားဝါစီပိုးရှိသူ မိခင်မှကလေးမွေးဖွားတဲ့အခါမိခင်ကနေ ကလေးကိုကူးစက်သွားခြင်း။စတဲ့နည်း ၃ နည်းနဲ့ အဓိကကူးစက်တတ်ပြီး ရောဂါရှိသူနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိတ်စက်၊ သွားတိုက်တံများမျှဝေအသုံးပြုခြင်း၊ လိင်ဆက်ဆံခြင်း တို့ကနေလည်း ကူးစက်မှုတချို့ ရှိတတ်ပါသေးတယ်။– အကြောဆေးထိုးသွင်းအသုံးပြုဖူးသူတွေ။-မကြာခဏ သွေးသွင်းကုသမှု ခံယူနေရသူ (ဒါမှမဟုတ်) ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသမှု ခံယူဖူးသူတွေ။– မိခင်မှာလည်း အလားတူရောဂါရှိသူတွေ။– ကျန်းမာရေးဝန်ထမ်းတွေ။– ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားနေသူတွေ စတဲ့သူတွေပဲ ဖြစ်ပါတယ်။လူအတော်များများက အောက်ပါနည်းလမ်းတွေနဲ့အသည်းရောင်အသားဝါစီပိုး ကူးစက်ခံရနိုင်တယ်လို့ ထင်နေကြပါတယ်။– နှာချေခြင်း၊ချောင်းဆိုးခြင်း။– အိမ်အသုံးအဆောင်ပစ္စည်းများမျှဝေသုံးစွဲခြင်း။– အစားအသောက်များအတူဝေမျှစားသုံးခြင်း။– မိခင်နို့တိုက်ကျွေးခြင်း (နို့သီးခေါင်းအက်ကွဲနေရင်တော့ကူးစက်နိုင်ပါတယ်)။– ပွေ့ဖက်ခြင်း၊ လက်ကိုင်ခြင်း။– နမ်းရှုံ့ခြင်း။ဒီလိုနည်းလမ်းတွေနဲ့ အသည်းရောင်အသားဝါစီဗိုင်းရပ်စ်မကူးစက်နိုင်ပါဘူး။ကူးစက်နိုင်ခြေနိမ့်တာကြောင့် အသည်းရောင်အသားဝါစီပိုးကို လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါလို့ ခေါင်းစဉ်မတပ်ထားပေမဲ့ အောက်ပါ အုပ်စုထဲ ပါဝင်နေရင်တော့ လိင်ဆက်ဆံရာကနေ စီပိုးကူးစက်ခံရနိုင်ပါတယ်။– အပျော်အပါးလိုက်စားသူများ။-ဓမ္မတာနှင့်ဆန့်ကျင်သောလိင်ဆက်ဆံမှုနည်းလမ်းများ ကျင့်သုံးသူများ (ဥပမာ-စအိုမှတစ်ဆင့် လိင်ဆက်ဆံခြင်း)။– နဂိုကတည်းကလိင်မှတစ်ဆင့်ကူးစက်သော ရောဂါတစ်မျိုးမျိုးရှိသူများ။– ခုခံအားကျဆင်းမှုရောဂါရှိသူများ။–ရာသီသွေးဆင်းနေချိန်တွင်လိင်ဆက်ဆံသူများ။– လိင်အင်္ဂါတွင် ဒဏ်ရာ၊ အနာတရ ဖြစ်နေချိန်တွင် လိင်ဆက်ဆံသူများ။–Sex toyများအား မျှဝေသုံးစွဲလေ့ရှိသူများ။စတဲ့အပြုအမူရှိသူတွေဆိုရင်တော့ တခြားသူတွေထက် လိင်ကနေတစ်ဆင့် အသည်းရောင်အသားဝါစီပိုး ပိုပြီးကူးစက်ခံရနိုင်ချေ ရှိတာကို သိထားသင့်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%9d%e1%80%ab-%e1%80%85%e1%80%ae%e1%80%95%e1%80%ad%e1%80%af%e1%80%b8/
လူကြီး ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်း (၅) ဖြာ
လူအများစုသည်ဆယ်ကျော်သက်အရွယ် ကျော်လာသည့်တိုင် ဝက်ခြံအမြောက်အမြား ပေါက်နေကြပါတယ်။ လူကြီးဝက်ခြံဆိုတာဟာ တွေ့ရများတဲ့ အရေပြားပြဿနာတစ်ခုပါ။ လေ့လာမှုများအရ ဝက်ခြံပေါက်ခြင်းသည် အသက် (၁၀)နှစ်မှ (၂၉)နှစ်ကြား လူရွယ်များရဲ့တစ်ဝက်လောက်မှာ တွေ့ရှိရပါတယ်။ ဤဆောင်းပါးတွင် လူကြီးဝက်ခြံပေါက်ခြင်းရဲ့အကြောင်းအရင်း (၅)ဖြာကို ဆွေးနွေးမှာဖြစ်ပါတယ်။ရာသီပန်းပွင့်ချိန်ပြောင်းလဲတတ်သောဟော်မုန်းဓါတ်များ။ဝက်ခြံဟာအသက် (၂၀)မှ (၄၀)နှစ်ကြား အမျိုးသမီးများမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီပေါ်နေချိန်မှာ ခန္ဓါကိုယ်တွင်းဟော်မုန်းဓါတ်များအပြောင်းအလဲရှိလို့ဖြစ်ပါတယ်။ များသောအားဖြင့် ရာသီမပေါ်ခင် (သို့) ရာသီပေါ်ချိန်အစမှာ ဝက်ခြံပေါက်ခြင်းဟာ ပိုမိုဆိုးရွားတတ်ပါတယ်။ ခန္ဓါကိုယ်တွင်းဟော်မုန်းများထွက်ခြင်းကြောင့်ဖြစ်တဲ့ ဝက်ခြံများဟာမဖြစ်အောင်ကာကွယ်ဖို့ ခက်ခဲပါတယ်။ သို့သော်လည်း ဝက်ခြံပျောက်ကင်းစေရန် ဆေးဝါးများ အသုံးပြုနိုင်ပါတယ်။ ဆေးအချိုးအစားအနည်းငယ်သာ ပါသောOestrogen (သို့) Progesterone ကိုယ်ဝန်တားဆေးများ၊ ကျားဟော်မုန်းဓါတ် လျော့နည်းစေသောandrogen ဆန့်ကျင်ဆေးဝါးများ ဖြစ်တဲ့ Spironolactone (သို့) နှစ်မျိုးပေါင်းထားသောဆေးများကို အသုံးပြုနိုင်ပါတယ်။ ဖော်ပြပါသောက်ဆေးများကိုသင့်တော်တဲ့လိမ်းဆေးများနှင့် တွဲသုံးရင် ပိုမိုအဆင်ပြေကောင်းမွန်ပါတယ်။စိတ်ဖိစီးမှုရှိချိန်ထွက်လာသောဟော်မုန်းများ(stress hormones)။Stress Hormones ပမာဏအပြောင်းအလဲဖြစ်ခြင်းဟာ လူကြီးကြားဝက်ခြံပေါက်တဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုရှိချိန်မှာ ခန္ဓါကိုယ်တွင်းရှိအက်ဒရီဂလင်း မှ ဖိစီးမှုဒဏ်ခံနိုင်ရန် Stress Hormone ဖြစ်တဲ့ Cortisol ကိုထုတ်ပေးပါတယ်။ ဒီလိုထုတ်ပေးတဲ့အချိန်မှာ ကျားဟော်မုန်းဓါတ်ဖြစ်တဲ့ Testosterone ကိုလည်း ပမာဏအနည်းငယ် ထုတ်ပေးပါတယ်။ ဒီကျားဟော်မုန်းဟာ အဆီထုတ်ပေးတဲ့ အဆီဂလင်းများကို ပိုမိုဖြစ်ပေါ်စေပြီး ဝက်ခြံပေါက်စေတာပါ။ ဒါကြောင့် သင်စိတ်ဖိစီးမှုရှိနေတဲ့အချိန်မှာ ဝက်ခြံပေါက်ခြင်းကိုခံစားရခြင်းဖြစ်ပါတယ်။စားသောက်မှုပုံစံ။အခြားသောအကြောင်းအရင်းများနှင့်ယှဉ်ရင် စားသောက်မှုပုံစံဟာ လူကြီးဝက်ခြံပေါက်ခြင်းရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အထူးကုဆရာဝန်များက နို့ထွက်ပစ္စည်းများနှင့် ကစီဓါတ် (သကြားဓါတ်) များတဲ့အစားအစာတွေနှင့် ဝက်ခြံပေါက်ခြင်းကြား ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။ဝက်ခြံပေါက်ခြင်းကို အဓိကဖြစ်ပေါ်စေတဲ့ အစားအစာဟာ အိုင်အိုဒင်းဖြစ်ပါတယ်။ အိုင်အိုဒင်းကို များသောအားဖြင့် အခွံပါတဲ့ ရေနေသတ္တဝါများ ဥပမာ-ကျောက်ပုစွန်၊။ပုစွန်ဆိတ်၊ ဂဏန်းနှင့် အစိမ်းရောင်ရှိတဲ့ အသီးအနှံများ ဥပမာ-ပင်လယ်ရေမှော် နှင့် ဟင်းနုနွယ်ရွက်များမှာတွေ့ရတတ်ပါတယ်။ အိုင်အိုဒင်းကိုစားပြီး ရက်သတ္တပတ်မှ။လနှင့်ချီကြာပြီးချိန်မှသာ အရေပြားပေါ် ၌အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဟာအိုင်အိုဒင်းနှင့် အခြားသောဝက်ခြံဖြစ်စေတဲ့ အစားအသောက်တို့ရဲ့ကွာခြားချက်ဖြစ်ပါတယ်။ဝက်ခြံထွက်ခြင်းဟာ တစ်ခါတစ်ရံဓါတ်မတည့်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ-ချောကလက်၊ ဆီကြော်များ၊ ပီဇာ၊ ကဖင်းဓါတ်၊ အခွံမာသီးများ၊ နို့ထွက်ပစ္စည်းများနှင့်ဓါတ်မတည့်ရင် ဝက်ခြံထွက်တတ်ပါ တယ်။ များသောအားဖြင့် ဝက်ခြံထပ်မထွက်လာအောင် မိမိနှင့်ဓါတ်မတည့်တဲ့အစားအသောက်များကို ရှောင်ကြဉ်ဖို့ ဆရာဝန်များက အကြံပေးထားပါတယ်။အလှကုန်ပစ္စည်းများ။ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆေး၊ ပါးနီအစရှိတဲ့ အလှကုန်ပစ္စည်းများမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းအချို့ဟာ လူကြီးဝက်ခြံထွက်ခြင်းကို ဖြစ်စေပါတယ်။ ဥပမာအားဖြင့် ‘မွေးညှင်းပေါက်များမပိတ်စေပါ’ဟူသော အမှတ်အသားတံဆိပ်မပါသော မိတ်ကပ်ပစ္စည်းများနှင့် ဆံသပစ္စည်းများမှာ မွေးညှင်းပေါက်များကို ပိတ်စေပြီး အသုံးပြုလိုက်တဲ့ နေရာမှာ အမည်းစက်များ၊ဝက်ခြံများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကယ်၍ သင်အသုံးပြုနေတဲ့အလှကုန်ပစ္စည်းများဟာ ဝက်ခြံထွက်စေတယ်ဆိုရင် နောက်ထပ်မဖြစ်ပွားအောင် လက်ရှိသုံးနေတဲ့အလှကုန်ပစ္စည်းများ အသုံးပြုခြင်းကို ရပ်လိုက်ပါ။ ဒါ့အပြင် အလှကုန်ပစ္စည်းများကြောင့် ဝက်ခြံထွက်ခြင်းအတွက် Glycolic (သို့) Salicylic acid ပါတဲ့ ကုသမှုမျိုးကို ခံယူရမှာဖြစ်ပါတယ်။ပတ်ဝန်းကျင်ညစ်ညမ်းခြင်း။လေထုညစ်ညမ်းခြင်းဟာ ဝက်ခြံထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေထုညစ်ညမ်းမှုများတဲ့ မြို့ကြီးပြကြီးများမှာေ နထိုင်ရင် သင့်အရေပြားပေါ်ကို ဖုန်မှုန့်နှင့် ဘက်တီးရီးယားပိုးမွှားများ အလွှာတစ်လွှာ ကပ်ငြိနေစေခြင်းကြောင့်ဖြစ်ပါတယ်။ အပြင်ထွက်ပြီးပြန်လာချိန် သင့်မျက်နှာကို တိုနာဂွမ်း (သို့) မျက်နှာသုတ်တဲ့အဝတ်စနှင့် သန့်စင်တဲ့အခါမှာကပ်ငြိနေတဲ့အညစ်အကြေးတွေကို တွေ့မြင်ရမှာဖြစ် ပါတယ်။ သင့်မျက်နှာကို အကာအကွယ်မပါဘဲ အပြင်ထွက်ခြင်းဟာလည်း ဝက်ခြံထွက်လာနိုင်ချေကို ပိုမိုမြင့်မားစေပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9c%e1%80%b0%e1%81%be%e1%80%80%e1%80%ae%e1%80%b8-%e1%81%80%e1%80%80%e1%80%b9%e1%81%bf%e1%80%81%e1%80%b6%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%9b%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/insulin-resistance-%e1%80%a1%e1%80%84%e1%80%b9%e1%80%86%e1%80%b0%e1%80%9c%e1%80%84%e1%80%b9%e1%80%b1%e1%80%9f%e1%80%ac%e1%80%b9%e1%80%99%e1%80%af%e1%80%94%e1%80%b9%e1%80%b8%e1%80%81%e1%80%af%e1%80%81/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/ivy-gourd-leaves-benefits/
အင်ပြင်ထခြင်း နဲ့ သင့်အသားအရေ
အင်ပြင် ၊ ယားနာတွေဆိှုတာ ဖောင်းနေတဲ့ အကွက် (သို့) ယားယံသော အနီဖျော့ အဖုတွေ အရေပြားပေါ်မှာ ရုတ်တရက် ပြင်လိုက် ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ ဓါတ်မတည့်သည့်အရာများနှင့်တွေ့လျှင် သို့မဟုတ် တစ်ခါတစ်ရံ အကြောင်းတိတိကျကျ မရှိဘဲ ပေါ်လာတတ်ပါတယ်။အင်ပြင်တွေဟာ အရေပြားပေါ်မှာ ရုတ်တရက် ပြင်လိုက်အကွက်လိုက် ပေါ်လာတတ်တဲ့ ဖောင်းနေသော အနီရောင်ဖျော့ အဖုတွေ ၊ အကွက်တွေ ကို ခေါ်ပါတယ်။အဓိက လက္ခဏာကတော့ ယားယံပြီး တစ်ခါတစ်ရံ စပ်ခြင်း၊ စူးခြင်းများလည်း ရှိနိုင်ပါတယ်။ မျက်နှာသာမက နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းများ ပေါ်မှာပါ ဖြစ်ပေါ်လာနိုင်ပြီး နာရီအနည်းငယ်မှ ရက်အတန်ကြာသည်ထိ ကြာနိုင်ပါတယ်။ အရွယ်အစားမှာ ပဲစေ့တစ်စေ့စာလောက်မှ ပန်းကန် တစ်ချပ်စာ လောက်ထိ အရွယ်ရှိပြီး တစ်ခုနဲ့ တစ်ခုဆက်ကာ အကွက်များဖြစ်သွားနိုင်ပါတယ်။အင်းဆက်များ ကိုက်ခြင်း၊ အစားအစာရှိ ဓါတုပစ္စည်းများ၊ ဓါတ်မတည့်ခြင်းများ၊ နေရောင်ထိခြင်း၊ ဆေးတချို့ကြောင့် ခန္ဓါကိုယ်မှ histamine ခေါ်ပစ္စည်းတစ်မျိုး ထွက်လာစေပြီး ထို histamine က သွေးကြောငယ်များကို ပါးသွားစေကာ သွေးရည်ကြည်များ စိမ့်ထွက်လာသောကြောင့် အင်ပြင်များ ဖြစ်ပေါ်ရခြင်းဖြစ်တယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%91%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%b2%e1%80%b7-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9e/
ဆီးချိုရှိသူတွေမှာ ဖြစ်လာတဲ့ထိခိုက်ဒဏ်ရာ ဘယ်လိုဂရုစိုက်ပေးမလဲ
ကိုယ့်မှာဆီးချိုရောဂါရှိနေပြီလားဆိုတာ စပြီး သံသယဝင်ကြတဲ့အချက်က ဆီးသွားများတာနဲ့ အနာကျက်နှေးတာပဲဖြစ်ပါတယ်။ ဒီလက္ခဏာနှစ်ခုရှိနေရင်ပဲ ဆီးချိုသွေးချိုတိုင်းတာဆေးစစ်ကြည့်ကြတော့တာပါပဲ။ ဟုတ်ပါတယ်။ဆီးချိုေဝဒနာရှင်တွေမှာရောဂါကြောင့်အနာလေးတွေဖြစ်လာတတ်တဲ့အပြင် သာမန်ထိရှအနာလေးတွေတောင် ကျက်ဖို့ကြာတတ်ပါတယ်။ဒါ့ကြောင့် ဓါးရှတာ၊ခြစ်မိတာ၊ ပွန်းရှတာ၊ ပွန်းပဲ့တာ သာမန်အသေးစားထိခိုက်ဒဏ်ရာလေးတွေကိုတောင် သူများထက်ပိုဂရုစိုက်ရပါတယ်။ အခန့်မသင့်လို့ အနာရင်းပြီး ပိုးဝင်ခဲ့ရင်နောက်ဆက်တွဲပြဿနာက ခြေလက်ဖြတ်တောက်ရတဲ့အထိ ပိုဆိုးလာနိုင်ပါတယ်။ဆီးချိုဝေဒနာရှင်တွေက ဘယ်လိုထိခိုက်ဒဏ်ရာပဲဖြစ်ဖြစ် အနာပိုးမဝင်အောင်သေချာဂရုစိုက် သတိထားသင့်ပါတယ်။ အနာမှာ နီရဲ၊ရောင်ရမ်းပြီးပြည်တည်လာတာလိုမျိုး လက္ခဏာတွေဖြစ်လာသလားစောင့်ကြည့်ပါ။ လက္ခဏာတွေ့ရတာနဲ့ ဆရာဝန်ပြပြီး မှန်ကန်တဲ့ကုသစောင့်ရှောက်မှုခံယူရပါမယ်။တော်တန်ရုံအနာအသေးစားတွေကိုတော့ အချိန်နှေးရင်နှေးပါစေ၊ သူ့အလိုလိုအနာကျက်တဲ့အထိ ကိုယ့်ဘာသာစနစ်တကျဂရုစိုက်ပေးနိုင်ရင်အနာပိုးဝင်ခြင်းအန္တရာယ်ရှောင်လွှဲနိုင်ပါလိမ့်မယ်။ပွန်းရာ၊ခြစ်ရာလေးပဲဖြစ်ဖြစ်ထိခိုက်အနာတစ်ခုခုဖြစ်လာတာနဲ့ ဒီအဆင့်တွေလုပ်ကြည့်ပါ –။ခြေထောက်မှာဖြစ်လာတဲ့ ထိခိုက်ရှနာ၊ ပွန်းပဲ့နာတွေ၊ ရည်ကြည်ဖုတွေက ဆီးချိုအနာဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာနက်ပြီးတော်တော်နဲ့မကျက်တဲ့အခါသွေးထဲကိုရောဂါပိုးဝင်ရောက်လာနိုင်ပါတယ်။အနာကိုသေချာဂရုမစိုက်ရင် အခြေအနေဆိုးရွားလာနိုင်ပြီးနောက်ဆုံးမှာခြေလက်ဖြတ်တောက်ကုသရတဲ့အဆင့်ထိရောက်ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့်အချိန်မီ လက်ဦးအောင်ကုသနိုင်ဖို့ ပိုးဝင်တဲ့လက္ခဏာရှိမရှိကိုအရင်စောင့်ကြည့်ရပါမယ် –။အနာပိုးဝင်တာ အရမ်းဆိုးရွားနေတဲ့အဆင့်ဆိုရင်တော့အောက်ပါလက္ခဏာတွေဖြစ်လာနိုင်ပါတယ် –။ဒီအဆင့်ထိဖြစ်လာရင်တော့ အရေးကြီးတဲ့ သတိပေးလက္ခဏာတွေဖြစ်နေပါပြီ။ ဆရာဝန်ပြပြီး အမြန်ဆုံးကုသမှုခံယူဖို့နောက်မကျပါစေနဲ့။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%bd%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9b%e1%80%bd%e1%80%ad%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc%e1%80%99%e1%80%bd%e1%80%ac-%e1%80%bb%e1%80%96%e1%80%85/
ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်
ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်သည် တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ ပျမ်းမျှအားဖြင့် ရက်သတ္တပတ် ၄ ပတ်မှ၆ ပတ်အထိ ကြာမြင့်တတ်သဖြင့် ရလဒ်ကောင်းရရန် စိတ်ရှည်သင့်သည်။ ထိုသို့ သင်စောင့်ကြည့်နေစဉ် သိသာသောပြောင်းလဲမှု တွေ့ချင်မှ တွေ့ပေလိမ့်မည်။ ခုဆောင်းပါးတွင် သင်၏ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်အကြောင်း သင်သိလိုသည်များကို ဖော်ပြထားပါသည်။သင့်အနေဖြင့်ဆံပင်ကျွတ်ခြင်းဖြစ်စဉ်နှင့် ရင်ဆိုင်ရပါက ထိုအရာသည် ပုံမှန်ဖြစ်ပြီး ဆံပင် ကြီးထွားမှုသံသရာ၏ အစိတ်အပိုင်းဖြစ်ပါသည်။ ဆံပင်ကြီးထွားခြင်းဖြစ်စဉ်တွင် ဆံပင်လျှင်မြန်စွာ ရှည်ထွက်ခြင်းအဆင့်ဖြင့်စတင်ပြီး ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်တည်မြဲခြင်းဖြစ်စဉ်ကေ နာက်ကလိုက်သည်။ ဆံပင်ကြီးထွားမှုသံသရာတွင် အဆင့်သုံးဆင့် ပါဝင်ပါသည်။ အေနာဂျင်(Anagen)၊ ကတ်တဂျင်(Catagen) နှင့် တယ်လိုဂျင် (Telogen) တို့ဖြစ်ပါသည်။ ဆံပင်ကြီးထွားမှုကို ပိုမိုနားလည်စေရန် အဆင့်တစ်ဆင့်ချင်းစီကိုလေ့လာကြည့်ပါစို့။(၁) ကဏ္ဍဦး အေနာဂျင် အဆင့်။အေနာဂျင်အဆင့်သည် ဆံပင်လျင်မြန်စွာရှည်သည့် အဆင့်ဖြစ်သည်။ ဆံမျှင်တို့၏ အမြစ်တွင်ရှိသော ဆဲလ်များက လျှင်မြန်စွာပွားများသည်။ ဆံပင်အသစ်တစ်ချောင်းဖြစ်ပေါ်လာသောအခါ အရင်းတုတ်သောနေရာက ဆံမျှင်အိတ်အဖြစ် ကျန်ခဲ့ပြီး ဆံပင်အဖျားကို အရေပြားပေါ်တွန်းပို့သည်။ ထိုအဆင့်တွင်ဆံပင်သည် ၂၈ ရက်တွင် တစ်စင်တီမီတာခန့် ရှည်ထွက်သည်။ ဦးရေခွံရှိဆံပင်သည် ထိုအဆင့်တွင် ၂နှစ် မှ၆ နှစ်အထိ ကြာမြင့်တတ်သည်။ အချို့သူများ၏ဆံပင်သည်သတ်မှတ်ထားသောအရှည်တစ်ခုသို့ရောက်သောအခါ ဆက်၍မရှည်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ဆံပင်လျှင်မြန်စွာရှည်ထွက်သောအဆင့် တိုတောင်းသောကြောင့်ဖြစ်သည်။ ဆံပင်ရှည်သောသူများမှာမူ ဆံပင်လျှင်မြန်စွာရှည်ထွက်သည့်အဆင့် ကြာမြင့်သောကြောင့်ဖြစ်သည်။ လက်မောင်း၊ ခြေသလုံး၊ မျက်တောင်၊ မျက်ခုံးတို့ရှိအမွှေးများသည် လျှင်မြန်စွာရှည်ထွက်သည့်အဆင့် တိုတောင်းပြီးရက် ၃၀ မှ ၄၅ ခန့်အထိကြာမြင့်သည်။ ထိုအချက်ကြောင့်ပင် ဖော်ပြပါနေရာများရှိအမွှေးတို့သည် ဦးရေပေါ်ရှိဆံပင်တို့ထက် တိုရခြင်းဖြစ်သည်။(၂) ကဏ္ဍလယ် ကတ်တဂျင် အဆင့်။ကတ်တဂျင်သည် ကြားအဆင့်ဖြစ်ပြီး ဆံပင်အားလုံး၏ ၃% သည် ထိုအဆင့်တွင်ရှိနေတတ်သည်။ ထိုအဆင့်သည် ကဏ္ဍဦးလျှင်မြန်စွာကြီးထွားသောအဆင့်၏ အဆုံးဖြစ်ပြီး ဆံမျှင်အိတ်မှဆံပင်ကို ဆန့်ထွက်ရှည်ထုတ်ပေးသည့်အဆင့် ဖြစ်သည်။ ဆံပင်ကြီးထွားမှုသံသရာ၏ အတိုဆုံးအဆင့်ဖြစ်ပြီး ၂ပတ် မှ ၃ပတ်ခန့်သာ ကြာမြင့်ပါသည်။ ဆံပင်ကြီးထွားမှုရပ်တန့်သွားပြီး ဆံမျှင်အပြင်လွှာသည် ကွာကျကာ ဆံပင်မြစ်သို့တွယ်ကပ်သွားသည်။ ထို့ကြောင့်ဆံပင်ခြေရင်းတုတ်ခိုင်ခြင်းကို ဖြစ်စေပါသည်။(၃) ကဏ္ဍနှောင်း တယ်လိုဂျင်အဆင့်။နောက်ဆုံးအဆင့်ဖြစ်ပြီး ဆံပင်ကြီးထွားမှုရပ်တန့်သွားကာ ဆံပင်အားလုံး၏ ၆% မှ ၈% အထိသည် ယခုအဆင့်တွင် ရောက်ရှိနေသည်။ ထိုအဆင့်သည် ဦးရေပြားဆံပင်များအတွက် ရက် ၁၀၀ ခန့်ကြာမြင့်ပြီး မျက်ခုံးမွှေး၊ မျက်တောင်မွှေးနှင့် လက်မောင်းခြေသလုံးတို့တွင်ရှိသော အမွှေးများအတွက် ပိုမိုကြာမြင့်တတ်သည်။ ယခုအဆင့်တွင် ဆံမျှင်အိတ်မရှိတော့ဘဲ ဆံရင်းရှိတုတ်ခိုင်သောအစိတ်အပိုင်း ပြည့်စုံစွာဖြစ်ပေါ်လာသည်။ ယခုအဆင့်ရှိ ဆံတစ်မျှင်ကိုဆွဲ၍နှုတ်ကြည့်လိုက်လျှင် မာကြောခြောက်သွေ့သော အဖြူအဖတ်များကို ဆံပင်ရင်းတွင်တွေ့ရမည်။ တစ်နေ့လျှင်ဆံပင်၂၅၀ မှ ၁၀၀ သည် ယခုအဆင့်ရောက်ရှိပြီးဆံပင်ကျွတ်လျက်ရှိသည်။ ယခုအဆင့်သည် ၂လ မှ ၃လအထိကြာမြင့်ပြီး နောက်ပိုင်းတွင်ကဏ္ဍဦးအဆင့်ဖြင့်တစ်ဖန်စတင်ဖွံ့ဖြိုးပါသည်။ကျန်းမာသောသူတစ်ဦးတွင် ရှင်သန်သော အေနာဂျင်ဆံပင်များနှင့် ကျွတ်ထွက်သော တယ်လိုဂျင်ဆံပင်များ မျှတလျက်ရှိပါသည်။ အကယ်၍ ဆံပင်ကြီးထွားမှုသံသရာကိုနှောင့်ယှက်မှုဖြစ်ပါက တယ်လိုဂျင်အဆင့်လျှင်မြန်စွာရောက်ရှိလာပြီး ဆံပင်များသည်မြန်မြန်ကျွတ်ထွက်၍ မြန်မြန်ပြန်ပေါက်ကြသည်။ ဆံပင်ကြီးထွားခြင်း။ဖြစ်စဉ်ကိုနားလည်ခြင်းဖြင့် သင်၏ဆံပင်ကိုပိုမိုနားလည်သဘောပေါက်စွာဂရုစိုက်နိုင်ပြီး ဆံပင်နှင့်ပတ်သက်သောပြဿနာများကိုလည်း သိနားလည်နိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%85/
ဘေဘီလေးကို ငရုတ်ကောင်း ကျွေးလို့ရလား .......
ငရုတ်ကောင်း ကကျန်းမာရေး အကျိုးကျေးဇူးတွေများပါတယ်။ဟင်းလျာတွေကို အနံ့အရသာ တိုးစေသလို အခိုးပွင့်စေတာကြောင့်အေးတဲ့ ရာသီဥတုတွေမှာ အဖျားဒဏ်ကနေ ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ကြက်စွပ်ပြုတ်ထဲ၊ ဆန်ပြုတ်စတာတွေထဲကိုငရုတ်ကောင်းမှုန့်လေး ထည့်လိုက်တဲ့ ရနံ့က စားချင်စရာကောင်းတာကြောင့် ဘေဘီလေးက စားမယ်လို့ ပြောတဲ့အခ့ ငရုတ်ကောင်း ပါနေလို့ ကျွေးလို့မှ ဖြစ်ပါ့မလားလို့ စိတ်ပူနေတဲ့ ဖွားဖွား မေမေ တီတီတွေ ရှိလား ……။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စိတ်ပူနေတာလေးအတွက် အဖြေထုတ်ပေးနိုင်မှာပါ။ဟုတ် ….. စားလို့ ရပါတယ်။ ဘေဘီလေးက စပ်တဲ့အရာတွေကို စားလို့ မရသေးဘူးဆိုပေမယ့် ငရုတ်ကောင်းကိုတော့ အခြားငရုတ်သီးတွေထက် စောစော စားလို့ရသလို ဘေဘီလေးနဲ့လည်း တည့်ပါတယ်။ဒါဆို နောက်ထပ် သိချင်နေမယ့် မေးခွန်း တစ်ခုက ဘေဘီလေးက ဘယ်အရွယ်ဆို ငရုတ်ကောင်း စားလို့ ရမလဲပေါ့လို့ ဖြစ်မယ် ထင်ပါတယ်နော်။ဘေဘီလေးက အသက် ၆ လပြည့်ပြီ အစားစစားတတ်ပြီ ဆိုရင်ကို ဘေဘီလေး စားမယ့် စွပ်ပြုတ်၊ဆန်ပြုတ်တို့ထဲမှာငရုတ်ကောင်းစေ့ကို ထုထည့်ပြီး ချက်ပေးလို့ ရသလို ငရုတ်ကောင်းမှုန့်လေး ဖြူးထည့်ပြီးလည်း ကျွေးပေးလို့ ရပါတယ်။နည်းနည်းချင်းစီ စကျွေးဖို့တော့ လိုပါမယ်။ဘေဘီလေးကို ငရုတ်ကောင်းကျွေးပေးတဲ့အခါအခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ငရုတ်ကောင်းက နာကျင်မှုတွေကို သက်သာစေနိုင်သလို အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဘေဘီလေးမှာ ထိခိုက်မိတာတွေ ရှိမယ်ဆိုရင် မြန်မြန်လေး သက်သာစေနိုင်မှာပါ။ငရုတ်ကောင်းက အအေးမိတာ ချောင်းဆိုးတာတွေကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲက ချွဲတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဘေဘီလေး ဖျားနေချိန်မှာ ငရုတ်ကောင်း ကျွေးပေးမယ်ဆိုရင် အဖျား မြန်မြန် သက်သာစေနိုင်မှာပါ။ငရုတ်ကောင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ phenols ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဆဲလ်လေးတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးစေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတာကြောင့် ဘေဘီလေးကို နှလုံးကျန်းမာစေသလို ဖျားနာမှု ကင်းစေမှာပါ။ငရုတ်ကောင်းက အသက်ရှူ လမ်းကြောင်းထဲက ချွဲတွေကို ဖယ်ရှားပေးသလို အသက်ရှူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးတာကြောင့် ဘေဘီလေးကို တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။နှာခေါင်းပိတ်တာကိုလည်း သက်သာစေနိုင်မှာပါ။ငရုတ်ကောင်းရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က အစာကြေစေဖို့ ထောက်ကူပေးတာပါ။ ဘေဘီလေးကို ရင်ပြည့်တာမျိုး အစာမကြေတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေစနစ်ထဲ ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ လေပွတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ငရုတ်ကောင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့လည်း ကူညီပေးနိုင်မှာပါ။ ပန်းနာရင်ကျပ် မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။အရေပြား ကျန်းမာဖို့က ကြီးထွားနေတဲ့ ဘေဘီလေးအတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ငရုတ်ကောင်းမှာပါတဲ့ tannin acid က ဘေဘီလေးရဲ့ အရေပြားကို ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဘေဘီလေးကို အရေပြား ပြဿနာ ကင်းစေဖို့ ငရုတ်ကောင်း ကျွေးပေးလို့ ရပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-babies-eat-black-pepper/
ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ
ဆောင်းရာသီက အေးအေးလေးနဲ့ ပတ်ဝန်းကျင်က ခြောက်သွေ့ သန့်ရှင်းနေပေမယ့် အေးလွန်းတာကဗိုင်းရပ်စ်တွေရဲ့ သက်တမ်းကို ရှည်စေပြီး ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖြစ်တာကို ကာကွယ်ဖို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းရာသီမှာကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေအကြောင်း ပြောပြပေးမှာဖြစ်လို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။သစ်တော်သီးမှာအမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အာဟာရ လုံလောက်ပြည့်ဝစွာ ရရှိစေတာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုကကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးပါတယ်။ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းပေးပြီး အလွန်အကျွံ မစားမိစေဖို့လည်း ထောက်ကူပေးပါတယ်။နာနတ်သီးမှာ အခြား အချဉ်ဓာတ်ရှိတဲ့ အသီးတွေလိုပဲ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရောင်ကျစေနိုင်သလိုဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အာရုံကြောတွေနဲ့အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်ပါတယ်။အရောင်ရဲရဲလေးနဲ့ ချစ်စရာကောင်းတဲ့ ခရင်မ်ဘယ်ရီသီးလေးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီးနှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဆောင်းရာသီမှာဖျားနာမှု ကင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီးက အမျှင်ဓာတ်လည်း ကြွယ်ဝစေပြီး ကိုယ်ခံအား ကောင်းစေသလို ဆောင်းရာသီ အအေးကြောင့် ဖျားနာတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။Grapefruitကလည်း ဗီတာမင် C ကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတာကြောင့်ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို ဆောင်းတွင်းမှာ ဖျားနာမှု ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။သလဲသီးမှာ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဆောင်းအအေးဒဏ်ကြောင့် ဖျားနာမှုတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့်အရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ကီဝီသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြားကို ကျန်းမာစေပြီး ဆောင်းအအေးဒဏ်ကြောင့် ဖျားနာတာကို သက်သာစေနိုင်သလို အအေးဒဏ်ကြောင့် အရေပြား ခြောက်သွေ့တာကိုလည်း သက်သာစေနိုင်ပါတယ်။ကဲ …….  ဆောင်းအေးအေးမှာ ကျန်းမာစေတဲ့ သစ်သီးလေးတွေ စားရင်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-fruits-for-winter/
ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ………
လေထု ညစ်ညမ်းတာက ပြင်ပ ပတ်ဝန်းကျင်မှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ နေအိမ်ထဲမှာလည်း ဖြစ်ပါတယ်။ အများစုက လေထုညစ်ညမ်းတယ်လို့ ပြောလိုက်ရင် ပြင်ပပတ်ဝန်းကျင်မှာပဲဖြစ်တာပါ။ အိမ်ထဲအထိတော့ မဖြစ်ပါဘူးလို့ တွေးမိတတ်ကြပါတယ်။ တကယ်ကတော့ လေထုညစ်ညမ်းမှုက နေရာတိုင်းလိုလိုမှာ ဖြစ်နိုင်ပါတယ်။ အိမ်တွင်းလေထု ကလည်း  ညစ်ညမ်းနိုင်ပါတယ်။လေထုညစ်ညမ်းတာက လူသားတွေနဲ့ သက်ရှိတွေရဲ့သက်တမ်းကို တိုစေပြီး ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ လေထုညစ်ညမ်းတာက အရှေ့တောင်အာရှဒေသမှာ တတိယအကြီးဆုံး အသက်တိုစေတဲ့ အကြောင်းအရင်းပါ။ အဓိကကတော့ ပတ်ဝန်းကျင် လေထုညစ်ညမ်းလို့ မဟုတ်ဘဲ နေအိမ်ထဲမှာတင် လေထုညစ်ညမ်းနေတာကြောင့်လို့ စစ်တမ်းတွေအရ သိရပါတယ်။ဒါဆို မေးစရာရှိလာနိုင်တာက လေထုကို အဓိက ညစ်ညမ်းစေတာကစက်တပ်ယာဉ်တွေနဲ့ စက်ရုံတွေကြောင့် မဟုတ်ဘူးလားလို့ပေါ့။ တကယ်ကတော့အိမ်ထဲမှာလည်း လေထုညစ်ညမ်းစေတဲ့အရာတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေများလဲ ……။အိမ်တွင်းလေထု ကို ညစ်ညမ်းစေတဲ့ အရာတွေက အခြား မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့။အပေါ်မှာ ပြောခဲ့တဲ့အနံ့အသက်တွေက အိမ်တွင်းလေထု ညစ်ညမ်းမှုကို ဖြစ်စေပြီးအသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်သလိုအာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ဟော်မုန်းစနစ်ကို ထိခိုက်စေနိုင်သလိုနှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ဒါတွေအပြင် ဓာတ်မတည့်မှုကို ခံစားရနိုင်သလို မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း နဲ့ အရေပြား ခြောက်သွေ့တာ၊ ဓာတ်မတည့်တာတွေကို ခံစားရနိုင်ပါတယ်။ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ၊ ထိခိုက်လွယ်တာ၊ ထိပ်ကပ်နာ၊ ချောင်းဆိုးတာ၊ပန်းနာရင်ကျပ်၊ အဆုတ် ထိခိုက်တာ၊ နှာချေတာမျိုးတွေကို ခံစားရနိုင်ပါတယ်။အဆိုးဆုံးကတော့အဆုတ်ကင်ဆာကို ခံစားရနိုင်တာပါ။ လေထု ညစ်ညမ်းမှုက လူတွေ နဲ့ သက်ရှိတွေရဲ့ သက်တမ်းကို တိုစေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် လေထုညစ်ညမ်းမှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ လိုပါမယ်။အိမ်တွင်းက လေထု ညစ်ညမ်းမှုကို ဒီလို လျှော့ချပါ။ဒီလိုလေးတွေ လုပ်ဆောင်ပေးရင်း လေထုကို သန့်စင်ပြီး နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/household-air-pollution/
ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ
ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်စရှိချိန်မှာ ဖြစ်လာတဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။ ဒီပြောင်းလဲမှုတွေက ကိုယ်ဝန်ရှိတာကို စပြီးသတိထားမိစေနိုင်တဲ့ ကိုယ်ဝန်အစောပိုင်းလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ လက္ခဏာတွေ အများကြီးရှိပြီး တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံခြင်း ကွာခြားနိုင်ပါတယ်။ရင်သားတွေက ကိုယ်ဝန်ရှိနေပြီဆိုတာကို အရင်ဆုံးသိရှိစေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ့။ ကိုယ်ဝန်စရှိပြီး နှစ်ပတ်လောက်ကာလအတွင်းမှာ ဟော်မုန်းပြောင်းလဲမှုကြောင့်ရင်သားတွေပြည့်တင်းလာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ပရိုဂျက်စတင်ဟော်မုန်းတက်လာတာကြောင့် ပင်ပန်းနွမ်းနယ်တာ၊ နည်းနည်းလောက်လှုပ်ရှားမိရင်ကို ခြေကုန်လက်ပမ်းကျတာမျိုး ကြုံရနိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုလေးတွေ လုပ်ရင်းနဲ့ကို ခြေကုန်လက်ပန်းကျသလို ခံစားရနိုင်ပါတယ်။တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာမျိုးကြုံရနိုင်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်နံရံမှာ တွယ်ကပ်တာကြောင့် သွေးအနည်းငယ်ဆင်းတာပါ။ ဒါကိုimplantation bleedingလို့ ခေါ်ပါတယ်။ တချို့အမျိုးသမီးတွေက ဒါကို ရာသီလာတာနဲ့ မှားတတ်ပါတယ်။ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ဆီးစပ်က ရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုး အနည်းငယ်ခံစားရနိုင်ပါတယ်။ ဒါကလည်း အပေါ်မှာပြောခဲ့သလို သန္ဓေအောင်တဲ့ မျိုးဥက သားအိမ်နံရံကို တွယ်ကပ်တာကြောင့်ပါ။ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲတွေ ရုတ်တရက်ဖြစ်လာတာကြောင့်ရင်ပြည့်ရင်ကယ်သလိုမျိုး မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။  ဟင်းနံ့တွေမခံနိုင်တာ၊ စီးကရက်နံ့တွေနဲ့ အခြားသောအနံ့စူးစူးတွေရတဲ့အခါ ပျို့တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကိုmorning sicknessလို့ ခေါ်ပေမယ့် မနက်မှာတင်မကဘဲ ဘယ်အချိန်မှာမဆို ခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွေးစီးဆင်းမှုတိုးလာပြီးခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ သိပ်မပြင်းထန်ပေမယ့် ခဏခဏခေါင်းကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ဝမ်းချုပ်တာကလည်း ကိုယ်ဝန်ဆောင်အစောပိုင်းကာလ လက္ခဏာတွေထဲက တစ်ခုပါ။ ပရိုဂျက်စတင်ဟော်မုန်းများလာတာကြောင့် အူလှုပ်ရှားမှု နှေးသွားပြီး အစာမကြေတာအပြင် ဝမ်းချုပ်တာ၊ လေပွတာတွေပါ ခံစားရတတ်ပါတယ်။ကိုယ်ဝန်ရှိစမှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် အမျိုးသမီးတွေရဲ့  ဦးနှောက်အတွင်းက neurotransmitter တွေပါ အပြောင်းအလဲဖြစ်လာပါတယ်။ ရလဒ်ကတော့ စိတ်အပြောင်းအလဲ ဖြစ်လွယ်တာပါ.။ကိုယ်ဝန်ဆောင်တစ်ဦးစီက ဒါကို မတူညီတဲ့ ပုံစံမျိုးနဲ့ ခံစားရပါတယ်။ တချို့က ငိုလွယ်လာတယ်၊ စိုးရိမ်မှုပိုလာတယ်၊ စိတ်ကျလာတတ်ပါတယ်။ကိုယ်ဝန်အတွက် သွေးလည်ပတ်မှုကောင်းစေဖို့ သွေးကြောတွေ ကျယ်လိုက်ရတဲ့အတွက် သွေးပေါင်ချိန်ကျပြီး မူးဝေတတ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ရှိစမှာ သွေးတွင်းသကြားဓာတ်ကျတာကြောင့်လည်း မူးတတ်ပါတယ်။ကိုယ်ဝန်ဆောင်စမှာ အစားအစာ တစ်ခုခုကိုချင်ခြင်းတက်တာဒါမှမဟုတ် အစားအသောက်ပျက်တာတွေ ခံစားရတတ်ပါတယ်။ သိပ္ပံပညာရှင်တွေတောင် ဒီအရသာနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုက ဘာကြောင့်လဲဆိုတာ မသိကြပါဘူး။ ဒါပေမယ့် ဟော်မုန်းတွေကြောင့်လို့တော့ ယုံကြည်ထားကြပါတယ်။ဘယ်လောက်ကြာကြာဖြစ်လဲဆိုတာကတော့ လူတစ်ဦးချင်းဆီပေါ်မှာ မူတည်ပါတယ်။ဒီလက္ခဏာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အတွေ့ရများတဲ့ လက္ခဏာတွေပါ။ ကိုယ်ဝန်ဆောင်တိုင်း ဒီလက္ခဏာတွေကို ခံစားရချင်မှ ခံစားရမှာပါ။ တချို့ကိုယ်ဝန်ဆောင်တွေက ဒီထဲမှာ မပါတဲ့ တခြားလက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ဒီလက္ခဏာတွေက ကိုယ်ဝန်အစောပိုင်းလက္ခဏာတွေ ဆိုပေမယ့် ဒီလက္ခဏာတွေရှိတိုင်း ကိုယ်ဝန်ဟုတ်ချင်မှ ဟုတ်မှာပါ။ သာမန်နေထိုင်မကောင်းဖြစ်တာ၊ ရာသီရက်နီးနေတာ၊ ပင်ပန်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီတော့ သေချာချင်ရင်ဆီးစစ်ကြည့်လိုက်တာပါပဲ။ ဆီးစစ်လိုက်လို့ နှစ်ကြောင်းပေါ်နေရင် ကိုယ်ဝန်ရှိတာဖြစ်ဖို့ များပါတယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ကိုယ်ဝန်အပ်သင့်ပါပြီ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/early-pregnancy-symptoms/
Mask ကြောင့် ထွက်တဲ့ ဝက်ခြံ ဘယ်လိုဖြေရှင်းရပါ့မလဲ
အခုလို အချိန်မှာ Covid-19 ကူးစက်မှုအန္တရာယ်ကို ကာကွယ်ဖို့ အတွက် အပြင်ထွက်တိုင်း Mask (နှာခေါင်းစည်း) တွေကို တပ်လာကြပါတယ်။ ဒီလို တပ်ရတဲ့အခါ အဖြစ်များလာတဲ့ အလှအပရေးရာ ပြဿနာ တစ်ခုက ဝက်ခြံ ထွက်တာ ပါပဲ။အပြင်သွားရင်း ခဏခဏ ချွေးမသုတ်နိုင်ဘဲ လှောင်ပိတ်နေရပါတယ်။ ရှူထုတ်လိုက်တဲ့ လေငွေ့နဲ့ Mask ထဲမှာ စိုထိုင်းမှုက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဖြစ်လာအောင် ပံ့ပိုးပေးနိုင်တာပေါ့။မျက်နှာဆိုတာ လက်နဲ့တောင် မကြာခဏ မထိ၊ မကိုင်သင့်တဲ့ အသားအရေ ဧရိယာပါ။ နုနယ်တယ်၊ ပိုးဝင်လွယ်တယ်၊ ထိခိုက်လွယ်ပါတယ်။ ဒီလိုနေရာမှာ ချွေးတွေနဲ့ Mask ကို တစ်ချိန်လုံး ထိတွေ့ထားရတာ ဝက်ခြံ ဖြစ်နိုင်ခြေ များလှပါတယ်။သုံးပြီးသား Mask ကို အခါခါ ပြန်သုံးမနေသင့်ပါဘူး။ တစ်ခါသုံး Mask တွေဆို တစ်နေ့ နှစ်ကြိမ်လောက် လဲပေးသင့်ပါတယ်။ ချွေးတွေနဲ့ Mask ကို အိမ်မှာ ခဏ ချိတ်ထားလိုက်ပြီး အပြင်ထွက်တော့ ပြန်တပ်သွားတာမျိုးက ဝက်ခြံထက် ရောဂါအန္တရာယ် ကို ပိုစိတ်ပူရပါတယ်။ အဝတ် Mask ဆိုရင်တောင် လျှော်ပြီးသား တစ်ခုနဲ့ အသစ်လဲသုံးပါ။မေးစေ့အောက် အရေပြားမှာ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေက ချွေးနဲ့အတူ ကပ်ငြိနေတတ်ပါတယ်။ ဒီလိုနေရာကိုမှ Mask ကို ဆွဲချကပ်ထားပြီး မျက်နှာမှာ ပြန်ဖုံးအုပ်တဲ့အခါ ဝက်ခြံတွေက ပျော်မြူးလို့တောင် နေပါလိမ့်ဦးမယ်နော်။ရောက်လေရာမှာ Mask ကို ချွတ်ပြီး ဘေးချထားတတ်တာ၊ လက်ထဲမှာ ဆုပ်ကိုင်ထားတတ်တာလည်း ဝက်ခြံ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ချလိုက်တဲ့နေရာက သို့မဟုတ် ကိုယ့်ရဲ့လက်က ရှိသမျှ ပိုးမွှားတွေ Mask မှာ အကုန်ကပ်ပါသွားပါရောလား။အခြေခံကာကွယ်မှု အနေနဲ့ Mask က တပ်နေရမှာပဲ ဆိုတော့ ဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ဖို့၊ ဖြစ်လာခဲ့ရင် ဖြေရှင်းဖို့ပဲ ရှိပါတယ်။ Mask ကြောင့် ဝက်ခြံမဖြစ်ချင်ရင် –။အပေါ်မှာ ပြောခဲ့သလိုပဲ။ တစ်ခါသုံး Mask ပဲ ဖြစ်ဖြစ်၊ အဝတ် Mask ပဲ ဖြစ်ဖြစ် ဒီတစ်ခုတည်း ကိုပဲ ကြာကြာ သုံးလို့ မရပါဘူး။ Mask တစ်ခုကို အများဆုံး ၈ နာရီပဲ အသုံးပြုသင့်ပါတယ်။ ချွေးတွေ သိပ်ရွှဲနေရင် အသစ်တစ်ခု လဲပါ။တစ်ခါသုံးအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ Mask ကို သိမ်းထားလိုက်၊ အပြင်သွားရင် ပြန်ထုတ်တပ်လိုက် မလုပ်သင့်ပါဘူးနော်။ တစ်ခါသုံး သုံးလွှာ Mask တွေဟာ ပြန်လျှော်ပြီး သုံးလို့ရတဲ့ အမျိုးအစားတွေ မဟုတ်ပါဘူး။လျှော်လိုက်ရင်လည်း အလယ်က အကာအကွယ်အလွှာ ပျက်စီးသွားနိုင်မှာ နဲ့ သိပ်တော့ မထူးတော့ပါဘူး။ ရောဂါပိုးကူးစက်မှု နဲ့ ပတ်သက်ရင်လည်း ဒီလိုလုပ်တာ သိပ်အန္တရာယ်များပါတယ်။ အဝတ် Mask ဆိုရင်တောင် နေ့တိုင်း ပြန်လျှော်ပြီး လဲသုံးပါ။Mask မတပ်ခင် မျက်နှာကို သန့်စင်အောင် အရင်လုပ်ပါ။ အစတည်းက မသန့်စင်ထားတဲ့ မျက်နှာ အသားအရေ မှာ Mask တပ်ပြီး လှောင်ပိတ်ထားတဲ့အခါ ပိုးမွေးသလို ဖြစ်စေနိုင်လို့ပါပဲ။မျက်နှာမှာ မိတ်ကပ်ကြောင့် ချွေးပေါက် ပိတ်ဆို့ပြီး Mask အောက်မှာ ဘက်တီးရီးယားတွေ ပိုဖြစ်စေနိုင်ပါတယ်။ မျက်နှာ အသားအရေ ယားယံတာ၊ ဝက်ခြံထွက်တာတွေ ပိုဆိုးစေနိုင်ပါတယ်။ဝက်ခြံ ကာကွယ်၊ ကုသနိုင်တဲ့ Moisturizer (အစိုဓာတ်ထိန်းခရင်မ်)တွေကို မဖြစ်မနေ သုံးပေးပါ။ မျက်နှာ အသားအရေ မှာ အစိုဓာတ် ထိန်းနိုင်ဖို့ Moisturizer သုံးတာကအသားအရေထိန်းသိမ်းမှုမှာ မပါမဖြစ် အဆင့်တစ်ခု ဖြစ်ပါတယ်။လေဝင်လေထွက် မကောင်းတဲ့ အနေအထားနဲ့ တစ်နေကုန် နေခဲ့ရတဲ့ မျက်နှာ အသားအရေမှာ အဆီ၊ ဆဲလ်သေတွေနဲ့ တခြား အညစ်အကြေးတွေ ကပ်ငြိနေမှာပါပဲ။ ဒါ့ကြောင့် အိမ်ပြန်ရောက်တာ နဲ့ ခန္ဓာကိုယ် သန့်စင်ပြီး မျက်နှာ ကိုပါ သေချာ သန့်စင်ပါ။ပြီးရင်တော့Tonerနဲ့ Moisturizer ပြန်သုံးပေးပါ။ လိုအပ်ရင် ညဘက်မျက်နှာ ပေါင်းတင်ပါ၊Sheet Maskကပ်ပြီး အားဖြည့်ပေးနိုင်ပါတယ်။လိုအပ်လာရင် ဝက်ခြံပျောက်စေတဲ့ ဆေးလေးတွေ လိမ်းပေး၊ တို့ပေးနိုင်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%9d%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6/
တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော ပြင်းထန်အဆုတ်ရောင်ရောဂါ (Novel coronavirus)အကြောင်းသင်သိသင့်သမျှ
လူမှာတွေ့ရတဲ့ corona virusတွေကို ၁၉၆၀နှစ်လယ်ပိုင်းလောက်က စတွေ့ခဲ့တာပါ။ လူကို ကူးစက်နိုင်တဲ့ corona virus တွေကတော့။​ဒါတွေထဲက ယခုလက်ရှိဖြစ်ပွားနေတဲ့ 2019-nCoVအကြောင်းကို ဆက်ပြောပါမယ်။၂၀၁၉ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အမည်မသိ ပြင်းထန်အဆုတ်ရောင်ရောဂါ တစ်မျိုးဖြစ်ခဲ့ကြပါတယ်။ စုံစမ်းကြည့်လိုက်တော့ ဝူဟန်မြို့မှာရှိတဲ့ သားငါးနဲ့ ပင်လယ်စာလက်ကားစျေးနဲ့ထိတွေ့ခဲ့သူတွေဖြစ်တယ်လို့ သိရတဲ့အတွက် ၁ရက်နေ့ကစပြီး စျေးကိုပိတ်သိမ်းပြီး သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ ဇန်နဝါရီ၉ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က ဒါဟာNovel coronavirusကြောင့်ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ လူပေါင်း၅၀၀ခန့်ကူးစက်ခံရပြီး သေဆုံးသူ၁၇ယောက်အထိရှိသွားပါပြီ။ ‌သေဆုံးသူ၁၇‌ယောက်က အသက်၄၈နှစ်နဲ့ ၈၉နှစ်ကြားပါ။ဗိုင်းရပ်စ်က ဗီဇပြောင်းလဲပြီး ပိုပျံ့နိုင်ခြေရှိတယ်လို့လဲ ပြောပါတယ်။နိုင်ငံတကာအနေနဲ့ကတော့ ထိုင်းနိုင်ငံမှာ ၁၃ရက်နေ့က၊ ဂျပန်နိုင်ငံမှာ ၁၆ရက်နေ့က၊ အမေရိကန်မှာ ၂၁ရက်နေ့က ကူးစက်ခံရသူရှိပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်ဝမ်နဲ့ တောင်ကိုးရီးယားမှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရပြီလို့ အတည်ပြုလိုက်ပါပြီ။2019-nCoVက coronavirus အမျိုးအစားဖြစ်တဲ့အတွက် တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ခြေများပါတယ်။ ဒါ့ပြင် လူလူချင်းကူးစက်တာကိုပါ တွေ့နေရပြီး ဘယ်လိုနည်းလမ်းနဲ့ ကူးစက်တာလဲဆိုတာ မသိရသေးပါဘူး။ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင်။ဒီထက်ပိုဆိုးလာရင်တော့။2019-nCoV အတွက်ကာကွယ်ဆေးမရှိသေးပါဘူး။ တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။WHOက ထုတ်ပြန်ထားတဲ့ရောဂါမကူးစက်အောင် ကာကွယ်တဲ့နည်းလမ်းတွေကတော့။တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ရောဂါပိုးဝင်ရောက်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လေဆိပ်/ရေဆိပ်နဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေ၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေမှာ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာကို စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ လေကြောင်းခရီးမှတဆင့် ဝင်ရောက်လာတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာအကြံပေးချက် (Travel advice)ကို လိုက်နာရပါမယ်။ တစ်ကိုယ်ရည်ကာကွယ်နည်းအနေနဲ့ကတော့ အပေါ်မှာ ပြောထားတဲ့ WHOရဲ့ထုတ်ပြန်ချက်ကို လိုက်နာရပါမယ်။ မိမိမှာ သံသယလက္ခဏာရှိနေရင်လည်း ဆေးရုံကို အမြန်သွားရောက်ကုသရပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%bd/
ဘယ်လိုလက္ခဏာတွေက အရေးပေါ် ကုသမှုလိုတဲ့ လက္ခဏာတွေလဲ။
နေထိုင်မကောင်းဖြစ်ပြီဆိုရင် တချို့ရောဂါတွေက ဒီတိုင်း စောင့်ကြည့်ပြီး နေလို့ရတာ ရှိသလို တချို့က မသက်သာရင် ဆေးခန်းသွားပြရမှာ ရှိပါတယ်။ တချို့ကျတော့ ဒီလို စောင့်နေဖို့ကို မသင့်ဘဲ ချက်ချင်းအရေးပေါ် ကုသမှု ခံယူဖို့ လိုတဲ့ ရောဂါတွေလည်း ရှိပါတယ်။ ဒီလက္ခဏာတွေက ဘာတွေလဲဆိုတာ သိထားသင့်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တဲ့အတွက် အချိန်မီ ကုသမှု မရခဲ့ရင် အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။လူတစ်ယောက်က ခုချက်ချင်း အသက်အန္တရာယ်ဖြစ်သွားနိုင်တယ် ဒါမှမဟုတ် မသန်စွမ်း ဖြစ်သွားနိုင်တဲ့ အနေအထားကို အရေးပေါ်လို့ သတ်မှတ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင်။ဒါတွေကတော့ အရေးပေါ်အခြေအနေဆိုတာ သိသာပါတယ်။နောက်တစ်ခုကတော့ လက္ခဏာပါ။ လက္ခဏာတစ်ခုခုတော့ ခံစားနေရတယ်။ ဘာရောဂါလည်းတော့ မသိဘူး။ ဒါပေမယ့် အရေးပေါ်ကုသမှု လိုအပ်တဲ့ လက္ခဏာများပေါ့။ ဒါတွေကတော့။ဒါတွေက အိမ်မှာ စောင့်ကြည့်တာ၊ နီးရာ ဆေးခန်းမှာ ပြရမယ့် အခြေအနေမဟုတ်ဘဲ အရေးပေါ်ဌာနမှာ ချက်ချင်း ဆေးကုရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ခုပြောမယ့် လက္ခဏာတွေကတော့ အရေးပေါ်သွားပြရအောင်လည်း အရေးမကြီး၊ အိမ်မှာ စောင့်ကြည့်ဖို့လည်း မသင့်တော်တဲ့ အခြေအနေပါ။ ဆေးကုဖို့တော့ လိုတယ် အရေးပေါ်တော့ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိးပါ။ ဥပမာ။ဒါတွေကတော့ ချက်ချင်း အရေးပေါ်ဌာနကို သွားဖို့ မလိုသည့်တိုင် ဆေးခန်းမှာ သွားပြပြီး ဆေးကုဖို့တော့ လိုပါတယ်။တစ်ခါတလေ လက္ခဏာတွေက အဆန်းသား။ ရင်ဘတ်အောင့်ရင် အရေးပေါ်သွားပါလို့ ပြောပေမယ့် တချို့ ရင်ဘတ်အောင့်တာက မခံနိုင်လောက်အောင် အောင့်တာမျိုးလည်း မဟုတ်ဘူး။ တစ်ချက် တစ်ချက် ဆစ်ခနဲ ဆစ်ခနဲ အောင့်တာမျိုး။ လက်မောင်းအောင့်ရင် ဆေးရုံသွားဆိုပေမယ့် ကြွက်သားနာပြီး အောင့်တာနဲ့ တူသလိုလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ဒီလိုမျိုး မသေချာတာတွေ ဖြစ်နေတယ် ဒါမှမဟုတ် ကိုယ်ဖြစ်နေတဲ့ လက္ခဏာက အပေါ်မှာ ပြောထားတဲ့အထဲမှာ မပါပေမယ့် စိုးရိမ်စိတ်လေး ရှိနေတယ်ဆိုရင် နီးစပ်ရာ ဆေးခန်းမှာ ပြသပါ။ ဒါမှမဟုတ် အွန်လိုင်းကနေ ဆရာဝန်ကနေ ဆရာဝန်နဲ့ ဆွေးနွေးပါ။ လက္ခဏာတွေကို ပြောပြပြီး အကြံဉာဏ်တောင်းခံပါ။အရေးပေါ် လက္ခဏာတွေကို သိထားတဲ့အတွက် ဆေးရုံကို တန်းသွားရမှန်း သိတာကြောင့် အချိန်မီ ကုသမှု ခံယူနိုင်ပါတယ်။ တစ်ဖက်က တွေးကြည့်ရင်လည်း တစ်ခုခုခံစားရတိုင်း အရေးပေါ် သွားစရာ မလိုဘူးဆိုတာ သိလိုက်ရတဲ့အတွက် မလိုအပ်ဘဲ ဆေးရုံခဏခဏ ရောက်တာသက်သာပါတယ်။ တကယ်လိုအပ်တဲ့သူတွေကိုလည်း ဦးစားပေးရာရောက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/signs-that-need-emergency-care/
Kidney Stones (ဆီးကျောက်တည်ခြင်း)
ဆီးကျောက်ဆိုသည်မှာ ဆီးအတွင်း၌ပါသော ပစ္စည်းများမှ ကျောက်ကပ်အတွင်း မာခဲခဲအနည်များကျခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဒီဖြစ်စဉ်အား ဆီးကျောက်တည်ခြင်းဖြစ်စဉ် ဟုခေါ်သည်။ ဆီးကျောက်များသည် သေးသေးလေးမှ လက်မလောက်ထိ ကြီးတတ်ပါ၏။ကျောက်ကပ်မှ ဆီးအိမ်ဆီသို့ ဆီးသယ်ပေးသောပြွန် (ဆီးပြွန်) များတွင် ပြည့်နေသည့် ဆီးကျောက်အကြီးကြီးများကိုStaghorn (စတက်ဟွန်း)ကျောက်ဟုခေါ်သည်။ဆီးကျောက်တည်ခြင်းသည် တွေ့ရများ၏။ ၎င်းသည် အသက် ၄၀ ကျော်သော လူနာများတွင် တွေ့ရများသည်။ ၎င်းဖြစ်ပွားနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများအား လျှော့ချခြင်းဖြင့် စီမံနိုင်သည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ဆီးကျောက်တည်သူလူနာတွေမှာ တစ်ဝက်လောက်သာ လက္ခဏာများ ပြတတ်သည်ဖြစ်သည်။ လက္ခဏာ မပေါ်လျှင်တောင်မှ ဆီးကျောက်များသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိတ်ခြင်းများကဲ့သို့ ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ဆီးပြွန်တွင် ပိတ်ဆို့မိနေသောကျောက်များသည် လက္ခဏာများကိုပေါ်စေပါသည်။ယေဘုယျအကျဆုံးလက္ခဏာသည် အလွန်အမင်းနာကျင်ခြင်းဖြစ်ပြီးထိုနာကျင်မှုသည် ခါးနေရာက ပေါ်လာကာ ဗိုက်အောက်ပိုင်းဆီသို့ ရွေ့သွားတတ်၏။ တခြားလက္ခဏာများမှာ-။• ခါး၊ ပေါင်၊ ပေါင်ခြံနှင့် လိင်အင်္ဂါများနာခြင်း။• ဆီးတွင်သွေးပါခြင်း။• ပျို့အန်ခြင်း။ဆီးကျောက်သည် ပိုးကူးစက်မှုကိုဖြစ်စေပါကထပ်ဆောင်းလက္ခဏာအနေနှင့် ချမ်းတုန်ဖျားခြင်း၊ မကြာခဏနှင့်ရုတ်တရက် ဆီးသွားလိုစိတ်ဖြစ်ခြင်းနှင့် ဆီးသွားလျှင်နာခြင်း၊ ချွေးထွက်ခြင်းတို့ ဖြစ်စေပါလိမ့်မည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။အောက်ပါတို့တွင်တစ်ခုခုရှိပါက ဆရာဝန်နှင့်ဆက်သွယ်သင့်ပါသည်။• အလွန်အမင်းအန်ခြင်း၊ မနေနိုင်လောက်အောင် အလွန်နာခြင်း။• နာကျင်မှုနှင့်အတူပျို့ခြင်းအန်ခြင်း။• နာကျင်မှုနှင့်အတူချမ်းတုန်ဖျားခြင်း။• ဆီးတွင်သွေးပါခြင်း။• ဆီးသွားရခက်ခဲခြင်း။ကယ်လ်စီယမ်၊ ယူရစ်အက်ဆစ် (uric acid)၊ စစ်စတင်း (cysteine) သို့မဟုတ် စတူးဗိုက် (struvite) (ဖော့စဖိတ်၊ မဂ္ဂနီစီယမ် နှင့် အမိုနီယမ် တို့ပါသည့် အရော) ကဲ့သို့သောအချို့ဓါတုပစ္စည်းများ ဆီးထဲ၌ အများအပြားပါလျှင် ဆီးကျောက်တည်စေပါသည်။ ပရိုတင်းပါသော အစာများ အစားများခြင်းနှင့် ရေသောက်နည်းခြင်းသည် ဆီးကျောက်တည်မှုကို ပိုဖြစ်စေနိုင်ပါသည်။၈၅ရာခိုင်နှုန်းသော ဆီးကျောက်များသည် ကယ်လ်စီယမ်ကြောင့်ဖြစ်သည်။ ယူရစ် အက်စစ် (uric acid) ကျောက်များကိုတော့ ဂေါက်ရောဂါရှိလျှင် ပိုတွေ့ ရ၏။ စတူးဗိုက် (Struvite)ကျောက်များသည် များသောအားဖြင့် ရောဂါပိုးကူးစက်ခံရသောဆီး (ပိုးကူးစက်ခံရသောဆီးကျောက်)များ တွင် တွေ့ရများသည်။ဆီးကျောက်တည်နိုင်ချေကိုမြင့်မားစေသည့် အကြောင်းများစွာရှိပါသည်။• မိသားစုတွင် ဆီးကျောက်တည်မှုရှိခြင်း။• ရေဓါတ်ဆုံးရှုံးခြင်း။• တစ်ချို့အစားအစာများ – ပရိုတင်း၊ ဆိုဒီယမ်နှင့် သကြားများသောအစာများ စားခြင်းသည် အချို့ဆီးကျောက်အမျိုးအစား တည်နိုင်ခြေကို မြင့်မားစေပါသည်။• အဝလွန်ခြင်း။• အစာချေစနစ်ရောဂါများနှင့် ခွဲစိတ်မှု – အစာအိမ်လမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှု၊ နာတာရှည် အူလမ်းကြောင်းရောင်ရမ်းသောရောဂါ သို့မဟုတ် နာတာရှည်ဝမ်းသွားခြင်းတို့သည် ကယ်လစီယမ်နှင့် ရေစုပ်ယူသောဖြစ်စဉ်များကို ပြောင်းလဲစေပြီး ဆီးတွင် ကျောက်ဖြစ်စေမည့်ပစ္စည်းများကို တိုးပွားစေပါသည်။• အခြားရောဂါအခြေအနေများ – ဆီးကျောက်တည်နိုင်ခြေကို မြင့်စေသောရောဂါများနှင့် အခြေအနေများတွင် renal tubular acidosis၊ ဆီးထဲတွင် စစ်စတင်း (Cystine)ပါခြင်း၊ ပါရာသိုင်းရွိုက်ဟော်မုန်းများခြင်း၊ အချို့ဆေးများနှင့် အချို့ဆီးလမ်းကြောင်း ပိုးဝင်ခြင်း တို့ ပါဝင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ရောဂါရာဇဝင်၊ စမ်းသပ်ခြင်း၊ဆီးစစ်ခြင်းများ ပြုလုပ်ပါမည်။ X-rays ဓါတ်မှန်ရိုက်ခြင်းသို့မဟုတ် အာထရာဆောင်း ရိုက်၍ ဝမ်းဗိုက်တွင်းကိုလေ့လာရန် လိုအပ်ပါမည်။ ဒီလေ့လာမှုများတွင် ကျောက်တုံးအများစု (ကယ်လ်စီယမ်၊ cysteine နှင့် struvtieကျောက်များ)ကို တွေ့နိုင်သည်။X –rays ဓါတ်မှန်သည် ယူရစ်အက်ဆစ် (uric acid) ကျောက်တုံးများကို မပြသနိုင်ပါ။သေးငယ်သောကျောက်တုံးများကိုလဲ မမြင်ဘဲလွတ်သွားနိုင်ပါသည်။ ကွန်ပျူတာဓါတ်မှန်သည် ဆီးကျောက်ရောဂါရှာဖွေရန် အလွန်သင့်တော်ကောင်းမွန်ပြီး ဆီးကျောက်နှင့်လက္ခဏာတူအခြားရောဂါများကိုလည်း ရှာဖွေဖော်ထုတ်နိုင်ပါသည်။ရှားပါးသောဖြစ်ခဲသည့် ရောဂါအမည်ကောင်းကောင်းမတပ်နိုင်သော အခြေအနေမျိုးတွင် (intravenous pyelogramIVP) ဟု ခေါ်သော အထူးဓါတ်မှန်တစ်မျိုး ရိုက်ရနိုင်သည်။ ဒီဓါတ်မှန်တွင် ဆိုးဆေးကိုသုံးပြီးဆီးလမ်းကြောင်းပုံပေါ်အောင် လုပ်ကာ ဆီးကျောက်ကို ရှာနိုင်မည်ဖြစ်သည်။ကုသမှုသည် ကျောက်အရွယ်အစား၊ အရေအတွက်၊ တည်ရှိသည့်နေရာ၊ ပိုးကူးစက်မှုရှိမရှိပေါ်မူတည်၍ ကုသရပါမည်။ ကျောက်အများစုသည် ဆရာဝန်အကူအညီမလိုဘဲနှင့် အလိုလိုထွက်သွားတတ်ပါသည်။ သေးငယ်သောကျောက်များကို ကုသရန် အရိုးရှင်းဆုံးနည်းမှာ ရေများများသောက်ခြင်းဖြင့် စွန့်ထုတ်ဖို့ကြိုးစားခြင်းဖြစ်ပါသည်။ဆေးများကနာကျင်မှုကို သက်သာစေနိုင်သည်။ ပိုးသတ်ဆေးများကို ပိုးဝင်မှုရှိလျှင် ပေးနိုင်ပါသည်။သူ့အလိုလိုမထွက်သော ကျောက်များကိုတော့ ဆီးနှင့်ကျာက်ကပ် ဆရာဝန်မှ ခွဲစိတ်ဖယ်ရှားပေးရန်လိုနိုင်ပါသည်။ ဆီးနှင့်ကျောက်ကပ် ဆရာဝန်သည် ဆီးလမ်းကြောင်းကြည့်မှန်ပြောင်းကိုသုံးပြီးဖယ်ရှားပေးနိုင်ပါသည်။တစ်ခါတစ်ရံ ပြင်းထန်သောလှိုင်းတိုများသုံးပြီးဆီးမှစွန့်နိုင်သောအပိုင်းသေးသေးလေးများအထိ ဖြိုခွဲဖယ်ရှားနိုင်ပါသည်။ ဒီကုသမှုကို extracorporeal shock wave lithotripsy (ESWL) ဟုခေါ်သည်။တစ်ခါတစ်ရံတွင် ခွဲစိတ်ပြီးဆီးကျောက်ကိုဖယ်ရန် လိုအပ်နိုင်ပါသည်။ (percutaneous nephrolithotomy)။[embed-health-tool-bmi]
urological-health
urological-health
https://hellosayarwon.com/urological-health/urinary-track-stones/kidney-stones-%e1%80%86%e1%80%ae%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%8a%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကိုယ်ဝန်ဆောင်မိခင်တိုင်း တွေးတွေးကြောက်ကြတဲ့ အရာတွေက ဘာတွေလဲ ။ ။
ကိုယ်ဝန်ဆိုတဲ့ ဝန်ထုပ်တစ်ခု စဖြစ်လာတည်းက ထမ်းထားရတာ ကျွန်မတို့ မိန်းမသားတွေပါ။ ကိုယ့်ရင်သွေးလေးဗိုက်ထဲမှာ ကောင်းကောင်းဖွံ့ဖြိုးဖို့၊ ခြေလက်အင်္ဂါစုံဖို့ ၊ ဆုတောင်းလိုက်ရတာ အမော။ သွေးနုသားနု လည်းဖြစ်တာကြောင့် ပုံမှန်ထက်ပိုပြီး စိတ်တွေ ဂယောက်ဂယက်ဖြစ်နေတဲ့အချိန်ပါ။ ဒါလေးလုပ်လိုက်ရင် ဗိုက်ထဲက ကလေးထိခိုက်သွားမလားဆိုပြီး တွေးတွေးပြီး ပူပန်နေတတ်ကြလို့ ကိုယ်ဝန်သည်တွေ တွေးကြောက်ကြတဲ့ ထိပ်ဆုံး အကြောင်းအရာ တွေကိုဒီဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ဒီအချက်က ကိုယ်ဝန်ရှိပြီဆိုတည်းကမိခင်တိုင်း တွေးပြီးကြောက်ကြ ထိပ်ဆုံးထဲက အချက်တစ်ချက်ဖြစ်ပါတယ်။ကိုယ်ဝန်ရှိပြီဆိုရင် မှောက်အိပ်လို့မရဘူး။ ဘေးစောင်းအိပ်၊ ပက်လက်ပဲအိပ်ရမယ်ဆိုတာမျိုးပေ့ါ။ တကယ်လည်းမှန်ပါတယ်။ ကိုယ်ဝန်နုရင်တော့ ပက်လက်ပဲအိပ်အိပ် မှောက်ခုံပဲ အိပ်အိပ် ကိစ္စမရှိသေးပါဘူး။ ကိုယ်ဝန်ရင့်လာရင်တော့ ပက်လက်အိပ်တာကသာ အမေရော ကလေးအတွက်ပါ သက်သောင့်သက်သာရှိစေမှာပါ။ဒါကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြောက်ကြတဲ့ အရာတစ်ခုပါ။ မိန်းကလေးတိုင်းကတော့လှချင်တယ်လေ။ ကလေးမွေးပြီး ပိုလို့တောင် လှချင်တယ်မဟုတ်လား။ ဒါပေမယ့် ကိုယ်ဝန်ကြောင့်ကိုယ်အလေးချိန်တက်လာတာ၊ဖောရောင်လာတာ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် မှန်ထဲကြည့်လိုက်တိုင်း စိတ်ညစ်နေရတဲ့အချိန်တွေ ကိုယ်ဝန်ဆောင်တိုင်းဖြတ်သန်းဖူးပါတယ်။ ရုပ်ရင့်သွားပြီး၊ အရင်လို မနုပျိုတော့ဘူးဆိုတဲ့ အတွေးတွေက ခေါင်းထဲ အချိန်ပြည့်ရှိနေတတ်ပါတယ်။ ဘာမှ စိတ်မပူပါနဲ့။ ကလေးမီးဖွားပြီးတာနဲ့ ဟော်မုန်းအပြောင်းအလဲတွေ ပြန်ဖြစ်လို့ အရင်လိုပဲ ရုပ်အတိုင်းလေးပဲ ပြန်ရမှာပါ။အပြင်မှာလည်း မြင်ဖူး ကြားဖူးမှာပါ။ ကလေးတစ်ယောက်မွေးပြီးရင်ဝလာမယ်၊ ကိုယ်ခန္ဓာ ပုံပျက်သွားမယ်ဆိုတာတွေကို။ တကယ်တော့ကိုယ်ဝန်ကြောင့် ကိုယ်အလေးချိန်တက်လာမှန်ပါတယ်။ အဲ့ဒီ တက်နေတဲ့ ကိုယ်အလေးချိန်တွေက မီးဖွားပြီးရင် တဖြည်းဖြည်းပြန်ကျသွားမှာပါ။ကိုယ်လက်လှုပိရှားမှုလေးလုပ်ပေးမယ်၊ ဆီကြော်တွေလည်းမစားဘူး၊ ကလေးကိုလည်းနို့တိုက်တယ်ဆိုရင်ကိုယ်အလေးချိန်ဆက်တက်နေစရာ အကြောင်း မရှိပါဘူး။ တစ်ခုရှိတာကဗိုက်ခွဲမွေးတဲ့လူတွေက ရိုးရိုးမွေးတဲ့ သူတွေထက်စာရင် ပိုဝနိုင်ပါတယ်။ ခွဲပြီးချိန်ချုပ်ရိုးကနာနေတာတစ်ကြောင်း၊ ခွဲပြီးပြီးချင်း ငြိမ်ငြိမ်နေရမယ်ဆိုတာက တစ်ကြောင်းနဲ့ ဘာမှ လှုပ်လှုပ်ရှားရှား မလုပ်ဖြစ်တော့ ပိုဝလာတတ်ပါတယ်။ဘယ်မိဘမဆို ကိုယ်ဝန်စဆောင်ပြီဆိုတာနဲ့ ဗိုက်ထဲကကလေး ကိုယ်လက် အင်္ဂါအစုံနဲ့ မွေးဖွားလာတာကိုပဲ မြင်ချင်ကြတာပါ။ ဒီလိုမျိုးဖြစ်ဖို့ဆို ဆုတောင်းရုံနဲ့ ရမှာလား။ မဟုတ်ပါဘူး။ ဗိုက်ထဲက ရင်သွေးလေးကြီးထွားဖွံဖြိုးမှုကို အထောက်အကူပြုတဲ့ကိုယ်ဝန်ဆောင်အားဆေးတွေသောက်ပေးဖို့လည်း လိုပါသေးတယ်။မီးဖွားခါနီးလေလေ ဒီအကြောက်တရားကို ကြီးစိုးလေလေပါပဲ။ မီးဖွားရတာခက်နေရင် အမေရော ကလေးကိုရော ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်စရှိပြီဆိုတည်းက ကျွမ်းကျင်စိတ်ချရတဲ့ သားဖွားမီးယပ် ဆရာဝန်၊ ဆရာမ တွေနဲ့ ကိုယ်ဝန်ကို အပ်ထားစေချင်ပါတယ်။ ဒါမှကိုယ်ဝန်ဆိပ်တက်တဲ့အခါလည်း အချိန်မီ ကုသမှုခံယူနိုင်မယ့်အပြင် ကိုယ်နဲ့ သင့်တော်တဲ့ မီးဖွားနည်းကိုလည်း သေချာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ရင်သွေးလေးတွေဆိုတာ အိမ်ရဲ့ ဆည်းလည်းလေးတွေပါ။ စုံတွဲတစ်တွဲရဲ့ ဆက်ဆံရေး ပိုခိုင်မြဲအောင် ချည်ပေးတဲ့ ကြိုးလေးတွေ ဆိုလည်း မမှားပါဘူး။ အိမ်ထောင်ကျပြီးပြီ ဆိုတာနဲ့ ကလေးမလိုချင်တဲ့ စုံတွဲဆိုလို့ ခပ်ရှားရှားရယ်ပါ။ ဒီလို ဘုရားပေးတဲ့ ဆုလာဘ် ကိုယ်ဝန်လေးကိုပျက်ကျသွားမှာ စိုးတဲ့ အကြောက်တရား ကိုယ်ဝန်ဆောင်မိခင်တိုင်းမှာ ရှိကြပါတယ်။ ကိုယ်ပင်ပန်း ဆင်းရဲခံပြီး လပေါင်းများစွာ လွယ်ထားရတဲ့ ကိုယ်ဝန်ကို ဘယ်သူကတော့ ပျက်စေချင်ပါ့မလဲနော်။ဒါတွေကတော့ ကြုံဖူးမှ သိမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့အကြောက်ဆုံး အရာတွေပဲဖြစ်ပါတယ်။ ကိုယ်ဝန်ရှိတော့ သွေးသားကလည်းနု ၊ စိတ်ကလေးကလည်း အရမ်းကို နုနယ်နေတဲ့အချိန်ဖြစ်တာကြောင့် အပေါ်မှာ ပြောခဲ့တဲ့ အရာတွေ ကိုယ်ဝန်ဆောင်မိခင်တိုင်း ခံစားရမှာ တကယ့်ကိုအသေအချာပါ။ ဒီလို အကြောက်တရားတွေ ခံစားနေရတဲ့အချိန်ဆို မိသားစု၊ အထူးသဖြင့် ကိုယ့်အမျိုးသားရဲ့ ဖေးမကူညီမှုဟာ ကျွန်မတို့ မိန်းမသားတွေ အတွက်ကတော့ တကယ့်ကို နတ်ဆေးတစ်ပါး အလားပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင် ဇနီးသည်ကို ကြင်နာပါ။ ယုယပါ။ အရင်ကထက် ပိုဂရုစိုက်ပေးပါ။ ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-fear/
မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ
မိုးတွင်းရောက်လာတော့မယ့်အချိန်မှာ အဖြစ်များလှပြီး အန္တရာယ်ကြီးမားနိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို သတိပေးပြောပြချင်ပါတယ်။ ကလေးတွေမှာ အဖြစ်များလှတဲ့ မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ ကို ဘယ်လိုကာကွယ်ကြရမှာလဲ။သွေးလွန်တုပ်ကွေးရောဂါ ဟာဗိုင်းရပ်စ်ကြောင့် ဖြစ်လာရတာပါ။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ဟာ ခြင်မှတစ်ဆင့် လူခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး ရောဂါလက္ခဏာတွေ ခံစားရပါ တယ်။ တုပ်ကွေးလက္ခဏာနဲ့ဆင်တူပါတယ်။ အပြင်းဖျားခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရတတ်ပါတယ်။ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသ နိုင်ငံတွေမှာ အဓိက ဖြစ်ပွားပါတယ်။ဖျားနာပြီးကိုယ်လက်ကိုက်ခဲတာဟာ ပြဿနာသိပ်မရှိနိုင်ပေမဲ့ သွေးလွန်တုပ်ကွေး ရောဂါဟာ  ဆိုးရွားတဲ့ အခြေအနေတွေကိုလည်း ဦးတည်နိုင်ပါတယ်။ သွေးထွက်လွန်ခြင်း (ခန္ဓာကိုယ်အတွင်း (သို့မဟုတ်) အပြင်)၊ သွေးပေါင်ရုတ်တရက်ထိုးကျခြင်းနဲ့ သေဆုံးခြင်းတွေအထိ ဖြစ်ပွားနိုင်ပါတယ်။မုတ်သုံရာသီ(မိုးရာသီ)ဟာ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးရာသီပါ။ တည်ငြိမ်ပြီး စီးဆင်းမှုမရှိတဲ့ ရေမျက်နှာပြင်ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားစေတဲ့ ခြင်တွေပေါက်ဖွားဖို့ အကောင်းဆုံး နေရာဖြစ်ပါတယ်။သိပ်မပြင်းထန်တဲ့ရောဂါအခြေအနေမှာ လက္ခဏာတွေဟာ အကုန်မပေါ်တတ်ပါဘူး။ ဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရပြီး (၄)ရက်ကနေ (၇)ရက်အထိ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ရှိနေတတ်ပါတယ်။ဒီလိုလက္ခဏာတွေဟာ ရက်သတ္တပတ်အတွင်းမှာ ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။ ဓာတ်ဆားရည်ကို နိုင်နိုင်တိုက်ပေးဖို့တော့ လိုပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း မပျက်မကွက် လိုက်နာမယ်ဆိုရင် ဆေးရုံတက်ရနိုင်ခြေ နည်းပါတယ်။ဒါပေမယ့် အချို့အခြေအနေတွေမှာတော့ ရောဂါ လက္ခဏာဟာ ပိုမိုဆိုးရွားလာပြီး အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆံချည်မျှင်သွေးကြောလေးတွေ ပျက်စီးသွားပြီး ယိုစိမ့်မှုဖြစ်လာလို့ပါ။ သွေးထဲက သွေးဥမွှားပမာဏဟာ သိသိသာသာ လျော့ကျသွားပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ ပြင်းထန်တဲ့ အခြေအနေ (ပြင်းထန်သွေးလွန်တုပ်ကွေး) (Dengue Hemorrhagic Fever) ရောဂါလို့ ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ သွေးဆုတ်သွေးလန့်ခြင်း (ရှော့ခ်) ဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးရှော့ခ်ရောဂါလက္ခဏာစု (Dengue Shock Syndrome) ပါပဲ။အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေကတော့ (ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ)နဲ့ သွေးလွန်တုပ်ကွေးရှော့ခ်ရောဂါလက္ခဏာစုရဲ့ လက္ခဏာတွေပါပဲ။ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို မဖြစ်မနေ သွားသင့်ပါပြီ။ အတော်လေး အန္တရာယ်ကြီးမားပြီး အသက်ဆုံးရှုံးနိုင်လို့ပါ။ ဆေးရုံသို့ အရောက်နောက်ကျလို့ ရှော့ခ်ဖြစ်ပြီး အသက်ဆုံးသွားရသူတွေ အများကြီးရှိပါတယ်။လေကောင်းလေသန့်ရပြီးအလင်းကောင်းကောင်းရနိုင်တဲ့နေရာမှာနေပါ။သွေးလွန်တုပ်ကွေးခြင်ဟာ အရုဏ်တက်ခါစမှ နေဝင်ရီသရော မှောင်ရီပျိုးစမှာ ပိုကိုက်တတ်ပါတယ်။ ညဘက်မှာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အလင်းရောင် ကောင်းစွာရနိုင်ပြီး မမှောင်၊ မအုံ့ဆိုင်းတဲ့နေရာမှာ မိမိတို့ ကလေးကို နေပါစေ။အင်္ကျီလက်ရှည်၊ဘောင်းဘီလက်ရှည်ဝတ်ဆင်ပါ။ခြင်ကိုက်ခံရနိုင်ခြေရှိနေတဲ့ နေရာတွေကို သွားတဲ့အခါ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ခြေအိတ်၊ ရှူးဖိနပ်စတာတွေကို ဝတ်ဆင်ပြီးနေပါ။ခြင်မကိုက်ဆေးရည်အသုံးပြုပါ။အဝတ်အစားများ ၊ ဖိနပ်များကို ဆေးရည်စိမ်ထားပြီး ဝတ်ဆင် အသုံးပြုနိုင်ပါတယ်။ ခြင်ထောင်ကိုလည်း ဆေးရည်စိမ်ခြင်ထောင် အသုံးပြုပါ။ အရေပြားကိုလည်း ခြင်မကိုက်အောင် ကာကွယ်ပေးတဲ့ဆေးလိမ်း၊ ဆေးဖြန်းတာမျိုး ပြုလုပ်နိုင်ပါတယ်။  ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ အနံ့ပြင်းတဲ့ ဆပ်ပြာ၊ ရေမွှေးတွေက ခြင်တွေကို ကောင်းကောင်းဆွဲဆောင်နိုင်တာမို့ မသုံးပါနဲ့။သွေးလွန်တုပ်ကွေးကာကွယ်ရာမှာအရေးအကြီးဆုံးဖြစ်တဲ့အချက်ကတော့ရေသေစုဆောင်းနိုင်တဲ့နေရာတွေကိုဖယ်ရှားရမှာပါပဲ။ရေသေဟာ ပိုးလောက်လန်းတွေ ပေါက်ဖွားရာနေရာဖြစ်ပြီး  ပိုးလောက်လန်းတွေဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားနိုင်တဲ့ ခြင်တွေဖြစ်လာမှာပါ။ ‘ဖုန်း၊ သွန်၊ လဲ၊ စစ်’ ပြုလုပ်ပါ။ ရေစည် ရေပိုင်းတွေကို အဖုံးနဲ့လုံခြုံစွာဖုံးအုပ်ပါ။ ရေတွေ စုဆောင်းနိုင်တဲ့ ကားတာယာအဟောင်းတွေ၊ ပုံးတွေ၊ ခွက်တွေကိုသွန်ပါ။ ဘုရားပန်းအိုး၊ ပန်းစိုက်ထားတဲ့ ပန်းအိုးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ အစာခွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ခါ လဲလှယ်ဆေးကြောပါ။ မလဲလှယ်နိုင်တဲ့ရေတွေထဲက ပိုးလောက်လန်းတွေကို ဇကာနဲ့စစ်ချပါ။အေးချမ်းလှတဲ့မိုးရာသီကို ခြိမ်းခြောက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါကြီး ကို သတိချပ်စေချင်ပါတယ်။ ကလေးရော လူကြီးပါမကျန် သွေးလွန်တုပ်ကွေးရောဂါရဲ့ အန္တရာယ်မှ ကင်းဝေးကြပါစေ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/dengue/saturn-of-monsoon-or-dengue-fever/
ဖောလစ်အက်ဆစ်က အရေပြား ကျန်းမာစေလား ........
ဖောလစ်အက်ဆစ်လို့ ပြောလိုက်ရင်ကိုယ်ဝန်ဆောင် မေမေတွေသောက်ရတာလေ။မွေးလာမယ့် ဘေဘီလေး ကျန်းမာစေဖို့လို့ ပြေးမြင်မယ် ထင်ပါတယ်။ မဟုတ်ဘူးဆိုရင် အော် ….. ဘေဘီလေးတွေ သောက်ရတာလေ ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးစေဖို့ ဆိုပြီးတော့လေ။တကယ်ကတော့ ဖောလစ်အက်ဆစ်က ဘေဘီလေးတွေ ကိုယ်ဝန်ဆောင်လေဒီလေးတွေအတွက် အရေးပါသလိုအသားအရေလှချင်တဲ့ လေဒီလေးတွေအတွက်လည်း အရေးပါတဲ့ဗီတာမင်တစ်ရပ်ပါ။ဖောလစ်အက်ဆစ်ကအရေပြား ကျန်းမာစေလား …… ဆိုတော့ ကျန်းမာစေတယ်လို့ပဲ ပြောရပါမယ်။ ဖောလစ်အက်ဆစ်က ဗီတာမင် B အမျိုးအစားတစ်မျိုးပါ။ ဗီတာမင် B9 ပါ။ ရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ထောက်ပံ့ပေးနိုင်သလို အရေပြား ပြဿနာ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အရေပြားက ခန္ဓာကိုယ်ကို ကူးစက်ပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ အကြီးမားဆုံးသော ခံတပ်ပါ။ ဒါကြောင့် အရေပြား ကျန်းမာစေဖို့ကလည်း မေ့ထားလို့ မရတဲ့ အချက်တစ်ခုပါ။အရေပြား ကျန်းမာစေဖို့ နေ့စဉ်ပုံမှန်lotion တွေလိမ်းတာ၊အပြင်းစား ဆပ်ပြာတွေမသုံးတာမျိုးတွေလုပ်ပေမယ့် ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ထောက်ပံ့ပေးဖို့လည်း လိုပါမယ်။ဖောလစ်အက်ဆစ်ကအရေပြား ကျန်းမာစေဖို့ အခုလိုလေးတွေ ထောက်ကူပေးနိုင်ပါတယ်။နေလောင်ဒဏ်နဲ့ အလွန်အကျွံထိတွေ့မိတာကြောင့် အရေပြားဆဲလ်တွေထဲက DNA ကို ပျက်စီးစေနိုင်ပါတယ်။ ဒီအခြေအနေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်က ခန္ဓာကိုယ်ကိုDNAနဲ့ RNA တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်သလို  ဆဲလ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဖောလစ်အက်ဆစ် က ကျန်းမာတဲ့ အရေပြားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာတွေ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။အရေးအကြောင်းတွေမဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကော်လာဂျင် ထွက်ရှိစေဖို့လှုံ့ဆော်ပေးပြီးအရေပြား တင်းရင်းစေဖို့ထောက်ကူပေးနိုင်သလို အသားအရောင် လင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဖောလစ်အက်ဆစ် က အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဗီတာမင် B9 ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး အရေပြားကို ဓာတ်တိုးပစ္စည်းကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဝက်ခြံတွေမဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဖောလစ်အက်ဆစ် က အရေပြားကို အားဖြည့်ပေးပြီး glow စေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်ကို ပုံမှန် သောက်ပေးတာကအရေပြားကို ကျန်းမာစေနိုင်သလို ဆံသားရောလက်သည်းခြေသည်းတွေကိုပါ ကျန်းမာစေနိုင်ပါတယ်။ဖောလစ်အက်ဆစ်က ကိုယ်ဝန်ဆောင် မေမေတွေနဲ့ ဘေဘီလေးတွေကိုတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ အရေပြားကို ခြောက်သွေ့ကွဲအက်မှုတွေ၊ ပိုးဝင်ကူးစက်မှုတွေနဲ့ အမျိုးမျိုးသောအရေပြားပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ကဲ …… အသားအရေလေး ကျန်းမာစေဖို့ဆိုရင် ဖောလစ်အက်ဆစ်ကို ပုံမှန် သောက်သုံးပေးဖို့ လိုပါမယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/does-taking-folic-acid-help-skin-health/
အလှအပရေးရာ အရေပြားဗေဒဆိုင်ရာ သိကောင်းစရာများ
ယနေ့ခေတ်တွင် အရေပြားဆိုင်ရာကုထုံးများသည် ဝက်ခြံ၊ အမာရွတ်နှင့် အရေးကြောင်းကဲ့သို့ အရေပြားအပြစ်အနာအဆာများကို ပြုပြင်ပေးနိုင်ပြီး အပြစ်အနာအဆာကင်း၍ လှပသော အသွင်အပြင်ကို ပေးစွမ်းနိုင်သောကြောင့် ပို၍ လူသိများလာကြသည်။ သင်၏ အလှအပရေးရာပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကူညီပေးမည့် အချက်အလက်အချို့ကို ဤဆောင်းပါးတွင် ဖော်ပြသွားပါမည်။ခန္ဓါကိုယ် အသားအရေကုသမှုများ။• လေဆာဖြင့် ဆေးမင်ကြောင် ဖျက်ခြင်း။• အကြောပြတ်ရာများ ဖျက်ခြင်း။• လျှပ်စစ်သံလိုက်လှိုင်းသုံး၍ ခန္ဓါကိုယ် အသားအရေကို ကုသခြင်း။ (Thermage)။မျက်နှာအသားအရေကုသမှုများ။• ဓါတုပစ္စည်းဖြင့် ချေးချွတ်ခြင်း။• လေဆာဖြင့် အသားအရေမျက်နှာပြင် ပြုပင်ခြင်း။• အလင်းလှိုင်းဖြင့် မျက်နှာအသားအရေပြုပြင်ခြင်း။ (IPL photofacials)။• လေဆာဖြင့် အသားအရေတင်းရင်းအောင် ပြုလုပ်ခြင်း။• လျှပ်စစ်သံလိုက်လှိုင်းသုံး၍ မျက်နှာနှင့် မျက်စိအရေပြားများ ကုသခြင်း။ဖြည့်ဆေးများ နှင့် ထိုးဆေးများ။• BOTOX အလှကုန်။• Dysport။• JUVEDERM။• Perlane။• RADIESSE။• Restylane။• Sculptra။ဆံပင်ကျွတ်ခြင်း။ဆံပင်ကျွတ်ခြင်းသည် အမျိုးသမီးများရော အမျိုးသားများပါ တွေ့ကြုံရသော ပြဿနာတစ်ခု ဖြစ်သည်။ သို့သော် ယခုခေတ်ပေါ် အလှအပဆိုင်ရာ အရေပြားကုထုံးများ၊ နည်းပညာများနှင့် ကျွမ်းကျင်သော အရေပြား ပညာရှင်များက ဆံပင်ပါးခြင်းနှင့် ထိပ်ပြောင်ခြင်းပြဿနာများကို ထိရောက်စွာကုသနိုင်ပြီး ကျေနပ်ဖွယ်ကောင်းသော အလှအပဆိုင်ရာရလဒ် များကိုပေးစွမ်းနိုင်ပါသည်။လေဆာဖြင့် အမွှေးအမျှင်များ ဖယ်ရှားခြင်း။မလိုအပ်သော အမွှေးအမျှင်များ အများအပြား ပေါက်ရောက်ခြင်းသည် အမျိုးသမီးများရော၊ အမျိုးသားများ အတွက်ပါ ရှက်စရာကောင်းလှပါသည်။ ကံကောင်းစွာပင် အမွှေးအမျှင်များကို ထာဝရဖယ်ရှားပေးသည့် ကုသမှု သည် ယခင်ကထက်ပို၍ ထိရောက်မှုရှိလာပါသည်။ လေဆာဖြင့် အမွှေးအမျှင်များ ဖယ်ရှားခြင်းသည် ခန္ဓါကိုယ်၏ မည်သည့်နေရာက အမွှေးအမျှင်ကိုမဆို လျော့ပါးစေရန် အသုံးပြုနိုင်ပါသည်။ ကိုယ်ဆန္ဒရှိသလောက် ပမာဏ အထိ အမွှေးအမျှင်များကို ဖယ်ရှားရန်မှာ ကုသမှုအဆင့်များစွာ လိုအပ်သည်။အရေပြားဆရာဝန်နှင့် ဘယ်တော့သွားပြသင့်သလဲ။• အလှကုန်ကောင်တာများမှ ပစ္စည်းများဖြင့် မပျောက်သော အဆီဝက်ခြံ နှင့် ထပ်ခါထပ်ခါ ပြန်ဖြစ်သော ဝက်ခြံ များ။• သင်၏အရေပြားပေါ်ရှိ ပြောင်းလဲနေသော၊ အနာမကျက်သော သို့ သွေးထွက်သော အမည်းကွက်များသည် ကင်ဆာဖြစ်နိုင်ပါသည်။• မပျောက်ကင်းနိုင်သော ယားယံခြင်းနှင့် အဖုအပိန့်များ။• အရေပြားရောဂါများနှင့် အနာမကျက်သော အရေပြားများ။• အမာရွတ်ကုသမှုများ။• အသားအရေ အညိုရောင်ပြောင်းလဲလာခြင်း။• အကြောပြတ်ရာများ။• ဝက်ခြံပေါက်ပြီးကျန်ခဲ့သော အနီစက်များ။အလှအပဆိုင်ရာ အရေပြားဗေဒသည် မိမိ၏ ချို့ယွင်းချက်များကို ဖယ်ရှားကာ မိမိကိုယ်ကိုယုံကြည်မှု ရှိလိုသော အမျိုးသမီးများကြားတွင် အလွန် ရေပန်းစားနေပါသည်။ အရေပြားပြဿနာတိုင်းအတွက် ကုသမှုများ များစွာရှိပါသည်။ ခွဲစိတ်မှုများပြုလုပ်လိုလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9c%e1%80%be%e1%80%a1%e1%80%95%e1%80%9b%e1%80%b1%e1%80%b8%e1%80%9b%e1%80%ac-%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%97%e1%80%b1%e1%80%92%e1%80%86%e1%80%af/
နှုတ်ခမ်းတဝိုက်က ရေယုန် အတွက် အိမ်တွင်းကုထုံး
စားချင်တာမစားရဘဲ ပါးစပ်တဝိုက်မှာပေါက်တဲ့ ရေယုန်ကြောင့် စိတ်ညစ်နေရသူတွေရှိလား။ ဒါဆိုရင်တော့ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေမှာ အနှောင့်အယှက်ဖြစ်နေတဲ့ နှုတ်ခမ်းတဝိုက်က ရေယုန် ကို သက်သာအောင်လုပ်ဆောင်လို့ရမယ့်အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးမယ်နော်။ပါးစပ်တဝိုက်မှာပေါက်တတ်သလိုခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာလည်း ပေါက်နိုင်ပါတယ်။ Herpes simplex virus (HSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်ရတဲ့ကျန်းမာရေးပြဿနာတစ်ခုပေါ့။ ရောဂါပိုးကအရေပြားကိုထိလိုက်မိတာနဲ့ အတွင်းလွှာဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်၊၊ ရေယုန်အမျိုးအစားတွေ အမျိုးမျိုးရှိပေမယ့် နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန်ကတော့ အဖြစ်များပါတယ်။တော်တော်များများက ကူးစက်ခံရတာကိုတောင်မသိလိုက်တာမျိုး ရှိနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာအရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာမယ်။ နှုတ်ခမ်းမှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာနေမယ်ဆိုရင်တော့ ရေယုန်ဖြစ်ဖို့ များပါတယ်။ လိင်အင်္ဂါတဝိုက်မှာဖြစ်တတ်တဲ့ ရေယုန် တွေကလည်း ဒီလိုပါပဲ၊၊   စအိုတဝိုက်မှာ နာကျင်တဲ့ အရည်ကြည်ဖုလေးတွေကနေ စဖြစ်တာပါ။နှုတ်ခမ်းနဲ့ နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန် တွေကို သက်သာစေဖို့ဆိုရင်တော့။နှုတ်ခမ်းတဝိုက်ကရေယုန်ကို သက်သာစေဖို့ဆိုရင်တော့။ဆေးဆိုင်မှာ ရေယုန်အတွက် အနာသက်သာစေတဲ့ လိမ်းဆေးတွေ ရှိပါတယ်၊၊ ဥပမာ lidocaine ပါဝင်တာမျိုးပါ၊၊ အနာမသက်သာမချင်း အရည်ကြည်ဖုလေးတွေပေါ်ကို လိမ်းဆေး လိမ်းပေးနိုင်ပါတယ်၊၊ သိပ်ကိုက်လွန်းရင် အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးနိုင်ပါတယ်၊၊။လက်ဖက်ပင်ကရတဲ့ အဆီကို ဂွမ်းစလေးနဲ့တို့ပြီး ရေယုန်ပေါ်မှာ အသာအယာတို့ပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက်တို့ပေးပါ။ ဗိုင်းရပ်စ်တွေကို သေစေနိုင်တဲ့ လက်ဖက်ဆီကအရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်သလို ရေယုန်ကိုလည်း သက်သာစေနိုင်ပါတယ်။မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ ရောပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ စုပ်ယူလို့ အနာပေါ်မှာ အသာအယာတို့ပေးပါ။ ရေမဆေးချပါနဲ့။ ခြောက်သွားတိုင်း ဂွမ်းအသစ်သုံးလို့ တို့ပေးပါ။ ၃ ကြိမ်ကနေ ၄ ကြိမ်လောက်လုပ်ပေးလည်းရပါတယ်။ရေနွေးနွေးတစ်ခွက်စာထဲကို ပူဒီနံအရွက်အဆီ ၃ စက် လောက်ချပေးပါ။ ပြီးရင် ဂွမ်းစလေးနဲ့တို့ယူပြီး အနာပေါ်နဲ့ အနာတဝိုက်မှာ စွတ်ပေးပါ။ ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်အထိလုပ်ပေးပါ။လက်ကိုစင်အောင်ဆေးလို့ ရှားစောင်းလက်ပပ်အတွင်းသားကို ခွာပြီး အနာပေါ်နဲ့ အနာတဝိုက်ကို ပွတ်ပေးပါ။ ခြောက်သွားအောင် ထားလိုက်ပါ။ တစ်နေ့ကို ၃ ကြိမ်အထိ လုပ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်ကအရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။သံလွင်ဆီတစ်ခွက်စာထဲကို လာဗင်ဒါဆီ ၁၀ စက်၊ ပျားဖယောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာတို့ရောကျိုပါ။ ပြီးရင် အအေးခံပြီး ဂွမ်းစလေးနဲ့ယူလို့ အနာပေါ်မှာ တို့ပေးပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ကြိမ်အထိလုပ်ပေးပါ။အရေးကြီးတဲ့အချက်က အရည်ကြည်ဖုတွေကို ကြမ်းကြမ်းတမ်းတမ်း မထိတွေ့ဖို့ပါ၊၊ ပြီးတော့ ရေယုန်ပေါက်ပြီး ၄၈နာရီအတွင်းဆို သောက်ဆေးပေးပြီး ကုသလို့ ရတာကြောင့် စောစောစီးစီး ဆရာဝန်နဲ့ ပြသဖို့လည်း လိုအပ်ပါတယ်၊၊။ရေယုန်သက်သာစေဖို့အခုနည်းလေးတွေကို သုံးပြီးလုပ်ဆောင်ကြည့်လိုက်ပါနော်…….။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/herpes/home-remedies-for-herpes/
ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမောပန်းလွယ်ခြင်း၊ မနက်ပိုင်း ပျို့အန်ခြင်း၊သားအိမ်ခေါင်းအချွဲဆင်းခြင်းတွေ အပြင် မိန်းမကိုယ်ယားယံခြင်းဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံခြင်းဟာ ဆိုးရွားတဲ့ စိုးရိမ်စရာအခြေအနေတစ်ခုမဟုတ်ပေမယ့် လိင်မှတဆင့်ကူးစက်တတ်တဲ့ကာလသား ရောဂါလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်လာစေဖို့ ဖြစ်နိုင်သမျှမြန်မြန် စစ်ဆေးကုသသင့်ပါတယ်။• အရည်လိုအပ်မှုပိုများလာခြင်း။ ။ကိုယ်ဝန်ရဲ့ပထမသုံးလတာ ကာလမှာ ကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရည်ဓာတ်များစွာလိုအပ်တာကြောင့် မိန်းမကိုယ်အတွင်းသားတွေ ခြောက်သွေ့လာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း နဲ့ ယားယံ ခြင်းကိုဖြစ်စေပါတယ်။• မိန်းမကိုယ်တဝိုက်ချွေးထွက်များခြင်း။ ။မိန်းမကိုယ်တဝိုက် ကြားနေရာလေးတွေမှာ ချွေးစုလာတဲ့အတွက် ပူနွေးစိုစွတ်မှုကြောင့် ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။• တချို့သော ထုတ်ကုန်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း။ ။ရေမွှေး၊အဝတ်လျှော်ဆပ်ပြာ၊ကွန်ဒုံးနဲ့ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတဲ့ဆေးရည် စတဲ့အရာတွေမှာ မိန်းမကိုယ်တစ်ဝိုက်ကို ထိခိုက်စေတဲ့ အရာတွေပါလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ မိန်းမကိုယ်အရေပြားဟာပုံမှန်ထက် တုံ့ပြန်မှုပိုများလာ ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ဓာတ်ပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်တွေအစား ရနံ့ကင်းတဲ့ ထုတ်ကုန်တွေကို အစား ထိုး အသုံးပြုပါ။(၁) ယားယံတဲ့နေရာတဝိုက်ကို ရေအေးပတ် ကပ်ပါ။ရေအေးပတ် ကပ်ခြင်းက ယားယံခြင်းကို ခတ္တခဏ သက်သာစေပါလိမ့်မယ်။ ရေနွေးပတ်မကပ်မိပါစေနဲ့ ထိခိုက်လွယ်တဲ့အရေပြားကို ပိုဆိုးသွားစေ နိုင်ပါတယ်။(၂) နေ့စဉ်အစားအသောက်မှာဒိန်ချဉ်ပါပါစေ။ပြင်ပကုသမှုတွေအပြင် ဒိန်ချဉ်သောက်သုံးမှုမှ ရရှိနိုင်တဲ့ ခန္ဓာကိုယ်အကျိုးပြုပိုးမွှားလေးတွေက ခန္ဓာကိုယ်ရဲ့pH levelကိုထိန်းညှိပေးပါတယ်။ အဆီနည်း၊ သကြားလွတ် ဒိန်ချဉ် သောက်သုံးမှုက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့အပြင် ခန္ဓာကိုယ်ကိုဆိုးကျိုးပေးစေနိုင်တဲ့ ပိုးမွှားပေါက်ပွားမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။(၃)မုန့်ဖုတ်ဆိုဒါအသုံးပြုပါ။မုန့်ဖုတ်ဆိုဒါ ရဲ့အသုံးဝင်မှုတစ်ခုကတော့ ယားယံခြင်းကို သက်သာစေပြီးဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင် ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေချိုးဇလုံထဲထည့်ပြီ စိမ်ချိုးခြင်း ဒါမှမဟုတ် ယားယံတဲ့နေရာကို ၁၀ မိနစ်ခန့် ခပ်ပျစ်ပျစ် ပြုလုပ်ပြီးကပ်ထားပေးခြင့်ဖြင့် ယားယံမှုကိုသက်သာစေနိုင်ပါတယ်။(၄) သက်သောင့်သက်သာရှိတဲ့အဝတ်အစားကိုရွေးချယ်ပါ။ကျဉ်းကျပ်သော သားရေ၊ ဂျင်းသား အဝတ်အစားတွေက အရေပြားယားယံမှုကိုဖြစ်စေနိုင်သလို ကျုံ့နိုင်ဆန့်နိုင်တဲ့ ဆွဲသား တွေကလည်းစိုထိုင်းမှုကိုဖြစ်စေနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုကဲ့သို့အဝတ်အစားတွေကို မဝတ်ဆင်ဘဲ ပွပွချောင်ချောင် ချွေးစုပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။(၅) ယားယံမှုကို သက်သာစေတဲ့လိမ်းဆေး အသုံးပြုပါ။ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ လိမ်းဆေးကိုအသုံးပြုပါ။ ကိုယ်ဝန်ကိုထိခိုက်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေမပါလို့ပါ။ ဆေးအညွှန်းကိုသေချာဖတ်ပြီး ဘယ်လိုအသုံးပြုရမယ်ဆိုတာမသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးအကြံဉာဏ်ရယူပါ။ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမကိုယ်ယားယံမှုကိုဖြစ်စေနိုင်တဲ့အကြောင်းများစွာ ရှိပေမယ့် ဖြေရှင်းနိုင်တဲ့ကုသမှု နည်းလမ်းတွေလည်းရှိပါတယ်။ သို့သော် တခြားဆိုးရွားတဲ့နောက်ဆက်တွဲပြသနာတွေမဖြစ်စေဖို့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။ ဆေးပစ္စည်းတွေအပြင် ယားယံမှုကိုသက်သာစေနိုင်တဲ့ ကလေးရောမိခင်ကိုပါ မထိခိုက်စေတဲ့ သဘာဝကုထုံးတွေလည်းရှိတယ်ဆိုတာကို သိစေလိုခြင်းဖြစ်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/vagina-itcheness-during-pregnancy/
ဝက်ခြံထွက်ခြင်းနှင့် စိတ်ခံစားမှုအကြောင်း
ဝက်ခြံထွက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများရှိပြီး စိတ်ခံစားမှုအပေါ်များစွာ လွှမ်းမိုးထားပါတယ်။ အများစုဟာ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံထွက်ခြင်းပြဿနာနှင့် ကြုံတွေ့ရတတ်တဲ့အတွက် ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုများနှင့် ဝက်ခြံထွက်လာရင် ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ နားလည်သိရှိဖို့အရေးကြီးပါတယ်။ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသောစိတ်ခံစားမှုများ။ဝက်ခြံထွက်ခြင်းဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပြီး ခံစားရသူတွေကို စိတ်ပျက်စေပါတယ်။ ဒီအချက်ဟာ ဆယ်ကျော်သက် လူငယ်တွေအတွက် ပိုမိုဆိုးရွားစေပါတယ်။ ဆယ်ကျော်သက် လူငယ်တွေဟာ ပုံပန်းသွင်ပြင်ကို အင်မတန်ဂရုစိုက်တတ်ကြပြီး ရွယ်တူများနှင့် ယှဉ်တတ်တဲ့အလေ့အကျင့်ဟာ သဘာဝပါ။ ရွယ်တူသူငယ်ချင်းများကြား ကိုယ်တစ်ဦးတည်း ဝက်ခြံပေါက်တယ်ဆိုရင် လွန်စွာရှက်တတ်၊ မဝံ့မရဲဖြစ်ပြီး အကြောက်အရွံ့ကြီးတတ်ပါတယ်။ ဒါဟာ ဘဝအတွက် ဆိုးရွားတဲ့သက်ရောက်မှုရှိပြီး စစ်မှန်တဲ့ ပုံပန်းသွင်ပြင်ကို ဖုံးကွယ်တတ်ကြပါတယ်။ ဝက်ခြံထွက်သူတချို့ဟာ မျက်နှာကိုဖုံးဖို့အတွက် ဆံပင်ရှည်ထားတတ်ကြပြီး တချို့ကတော့ ဝက်ခြံအဖုအထစ်အချိုင့်တွေကို ဖုံးကွယ်ဖို့ မိတ်ကပ်ထူထူကြီးတွေ လိမ်းတတ်ကြပါတယ်။ဆယ်ကျော်သက်လူငယ်တွေဟာ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်နှင့်သုံးသပ်ချက်များကို အရမ်းဂရုစိုက်တတ်ကြပါတယ်။ အမှတ်မထင်နောက်ပြောင်လိုက်ခြင်းကိုပင် ဝမ်းနည်းဝမ်းသာစိတ်ပျက်ပြီး စိတ်ဖိစီးနေတတ်ကြပါတယ်။ ဒီလိုခံစားချက်တွေဟာ ဝက်ခြံထွက်ခြင်းကို ပိုမိုဆိုးဝါးစေပါတယ်။ဆယ်ကျော်သက်အရွယ်မှာ လူငယ်တွေဟာ အနာဂတ်မှာဖြစ်ပေါ်လာမယ့် ထူးခြားနားသော ပင်ကိုစရိုက်လက္ခဏာများ ဖွံ့ဖြိုးချိန်ဖြစ်ပါတယ်။ မကောင်းတဲ့စိတ်ခံစားမှုတွေဟာ ဒီဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုပျောက်ကွယ်သွားပြီး သူစိမ်းနှင့်ဆက်ဆံပြောဆိုရာမှာ ကြောက်ရွံ့နေတတ်ကြပါတယ်။ ဒီလိုအပြုအမူမျိုးဟာ လူဝင်မဆန့်ဖြစ်လာပြီး လူအများစုနှင့်တွေးခေါ်မှုတွေ ကွဲပြားခြားနားနေတတ်ပါတယ်။ လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတည်ဆောက်ရာမှာ အထူးသဖြင့် ဆန့်ကျင်ဘက်လိင် (ယောက်ျား (သို့မဟုတ်) မိန်းမ) သူတို့အတွက် ခက်ခဲနေတတ်ပါတယ်။• အခြားသူများနှင့်မျှဝေပါ။တကယ်တော့ ဝက်ခြံဟာ လူအများစုမှာပေါက်တတ်တဲ့အတွက် သင်တစ်ဦးတစ်ယောက်တည်း ခံစားနေရတာမဟုတ်ပါ။ သင့်ခံစားချက်များကို နားလည်ပေးနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ သူငယ်ချင်းများ (သို့) ဆွေမျိုးသားချင်းများနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် သင်တစ်ယောက်တည်း အထီးကျန်မနေတော့ဘဲ စိတ်ဖိစီးမှုများကိုရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။• နေထိုင်မှုပုံစံပြောင်းလဲပါ။ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ လှုပ်ရှားမှုများမှာ ပါဝင်ဆင်နွှဲခြင်းဖြင့် ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်မသက်သာမှုတွေကို မေ့ပျောက်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ကျန်းမာရေးနှင့် အသားအရေအတွက်ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် ဂရုပြုရမှာဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းဟာစိတ်နှလုံးရွှင်လန်းမှုကို ပေးစွမ်း နိုင်ပါတယ်။• ဝက်ခြံပျောက်ကင်းရန်ကုသမှုခံယူပါ။ဝက်ခြံပျောက်ကင်းသက်သာအောင် ကုသဖို့နည်းလမ်းပေါင်းများစွာရှိတဲ့အတွက် စိတ်ပူစရာမလိုပါ။ အသင့်တော်အမှန်ကန်ဆုံးကုသမှုအဖြေကို ရရှိဖို့အတွက် အရေပြား အထူးကုဆရာဝန်နှင့် သွားရောက်ဆွေးနွေးပါ။ ဝက်ခြံပျောက်ကင်းစေဖို့ ကုသရာမှာအချိန်လိုတဲ့အတွက် စိတ်ရှည်တတ်ဖို့တော့လိုအပ်ပါတယ်။ ဒါပေမယ့် ရရှိလာတဲ့အကျိုးအမြတ်ကို သင်သဘောကျနှစ်ခြိုက်မှာ ဖြစ်ပါတယ်။ဝက်ခြံထွက်ခြင်းဟာ အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ဒါပေမယ့် ပြင်ပအရေပြားတစ်ထောက်စာမှာ ဝက်ခြံထွက်ရှိရုံနှင့် လူတစ်ဦးရဲ့အတွင်းစိတ်နေသဘောထားကို ပြသပေးနိုင်တာ မဟုတ်ပါ။ အကယ်၍ သင့်မှာဝက်ခြံအများအပြားထွက်လာခဲ့ရင် စိတ်တည်ငြိမ်စွာထားပြီး ဘေးပတ်ဝန်းကျင်ရှိသူများကို အကူအညီတောင်းခံပါ။ ဝက်ခြံထွက်ခြင်းဟာ လူပျို၊ အပျိုဖော်ဝင်ခါစ အချိန်များစွာသောလူငယ်များကြုံတွေ့နေရတဲ့ အခက်အခဲများထဲမှ တစ်ခုသာဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%81%bf%e1%80%81%e1%80%b6%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%85%e1%80%ad/
အနာကို ကုသရာမှာ အိုင်အိုဒင်းရဲ့ အသုံးဝင်ပုံ
အိုင်အိုဒင်းဆိုတာ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ကလိုအပ်ပေမယ့် ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်နေတဲ့အိုင်အိုဒင်းပမာဏကို အစားအစာကနေပဲရရှိနိုင်ပါတယ်။ ဒါပေမယ့် အစားအစာတွေမှာ အိုင်အိုဒင်းပါဝင်မှုနည်းပါးကြသလို ပင်လယ်ရေညှိမှာပဲ ပါဝင်မှုများပါတယ်။ အိုင်အိုဒင်းချို့တဲ့ခဲ့ရင်သိုင်းရွိုက်ေဟာ်မုန်းနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ တခြားရောဂါအခြေအနေတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိုင်အိုဒင်းချို့တဲ့ခြင်းကို ကာကွယ်နိုင်ဖို့ အိုင်အိုဒင်းဆားကို ထုတ်လုပ်ကြတာဖြစ်ပါတယ်။အိုင်အိုဒင်းကို အစားအသောက်မှာမဟုတ်ဘဲပြင်ပသုံးဆေးဝါးအနေနဲ့ ပိုးသတ်ဆေးအဖြစ်လည်း သုံးကြပါတယ်။ထိခိုက်ဒဏ်ရာ၊ကွဲရာ ရှရာအသေးစားတွေမှာပိုးမဝင်စေဖို့၊ဘက်တီးရီးယားေတွသေစေဖို့အိုင်အိုဒင်းဆေးရည်ကို သုံးကြပါတယ်။ အနာအတွက်သုံးတဲ့ အိုင်အိုဒင်းက –။ဘာလို့သုံးကြတာလဲ။အနာကို ပိုးသတ်ဖို့အတွက်ပါ။ သာမန်အပေါ်ယံအရေပြား ထိခိုက်ရှနာေတွ၊ မကျက်သေးတဲ့အနာတွေနဲ့ ဒဏ်ရာများကို ပိုးဝင်ခြင်းမှ ကာကွယ်ဖို့၊ကုသဖို့အတွက် အိုင်အိုဒင်းကိုသုံးသလိုအနာ၊ ဒဏ်ရာပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပေါက်ဖွားမှုကို လျှော့ချပေးပါတယ်။အနာကျက်စေဖို့လည်း ပါပါတယ်။ သူက အနာဖေးတက်ခြင်းကို နှေးစေပြီး အနာရှိတဲ့အရေပြားကို နူးညံ့စေပါတယ်။ဒါ့ကြောင့်အသေးစား ထိရှဒဏ်ရာတွြေဖစ်လာရင် ပိုးသေစေတဲ့ အိုင်အိုဒင်းကို အားထားကြပါတယ်။ အနာဖြစ်လာရင် အိုင်အိုဒင်းဆေးရည် တို့လိမ်းပေးလိုက်တဲ့အခါ ပိုးသတ်ပြီးသားဖြစ်ပြီးအနာကျက်မြန်ေစနိုင်တယ်လို့ လက်ခံထားကြလို့ပါ။ဘယ်အနာတွေအတွက် သုံးလို့ရလဲ။ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ အိုင်အိုဒင်းကို။သတိထားသင့်တဲ့အချက်။အိုင်အိုဒင်းကို ပိုးသတ်ဆေးအဖြစ် အနာမှာ သုံးမယ်ဆိုရင် –။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/iodines-for-wounds-care/
ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ အလွယ်ကူဆုံး အိမ်တွင်းကုထုံး (၅) ချက်
ဝက်ခြံ အမာရွတ်တွေက စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးအရေပြားပြဿနာပါ။ ဒီအချက်ကို ဝက်ခြံပေါက်ပြီးအမာရွတ်တွေအမည်းစက်တွေ ကျန်ခဲ့တဲ့သူတိုင်း လက်ခံကြမယ် ထင်ပါတယ်။ဒါတွေက ပျောက်ရော ပျောက်ပါ့မလားဆိုတဲ့ အတွေးတွေလည်း ဝင်ခဲ့ဖူးမယ် ထင်ပါတယ်။ တကယ်ကတော့ဝက်ခြံအမာရွတ်တွေက ပျောက်ပါတယ်။ အချိန် ပေးရတာပါ။ဝက်ခြံ အမာရွတ်တွေက ဝက်ခြံတွေထက် ပျောက်ဖို့ အချိန်ပေးရတာပါ။ ဒီတစ်ခေါက်တော့ မျက်နှာလေးကို မှန်ထဲ ကြည့်လိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေမယ့် အိမ်မှာပဲ အလွယ်တကူ လုပ်ဆောင်လို့ ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ဝက်ခြံ အမာရွတ်တွေ ပျောက်ဖို့က အပေါ်မှာ ပြောခဲ့သလို ဝက်ခြံတွေထက် အချိန်ပိုပေးရပါတယ်။ ဝက်ခြံတွေက အလွန်ဆုံး ၂ ပတ်လောက်ဆို သက်သာသွားတတ်ပေမယ့် ဝက်ခြံ အမာရွတ်တွေကတော့ အနည်းဆုံး ၆ လလောက်ကြာမှ ပျောက်ကြတာပါ။မျက်နှာကတော့ သွေးစီးဆင်းမှု အကောင်းဆုံး အစိတ်အပိုင်း တစ်ရပ်ဖြစ်တာကြောင့် အမာရွတ် ပျောက်တာက အခြား အစိတ်အပိုင်းတွေထက် မြန်ပါတယ်။ ဒါတောင် အချိန်ကို လနဲ့ချီပြီး စောင့်ရတာပါ။ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလေးတွေကို သေသေချာချာလေးနဲ့ မှန်မှန်လေး လုပ်ပေးမယ်ဆိုရင် ဝက်ခြံ အမာရွတ်တွေက သိသိသာသာ သက်သာလာမှာပါ။ရှားစောင်းလက်ပပ်က အသားအရေကို အစိုဓာတ် ထိန်းပေးသလိုအနာကျက်စေနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် အရောင်ကျစေပြီး နီးမြန်းတာကို သက်သာစေနိုင်ပါတယ်။အရေပြားပေါ်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပြီးဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ခပ်ပါးပါးလှီးထားတဲ့ ရှားစောင်းလက်ပပ် ဂျယ်လီသားလေးနဲ့ သန့်စင်ထားတဲ့ အရေပြားပေါ်ကို ပွတ်ပေးပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ရုံပါ။အုန်းဆီကomega fatty acidsကြွယ်ဝသလို အရေပြား အတွင်းပိုင်းထိ စိမ့်ဝင်နိုင်ပြီး အသားအရေကိုအစိုဓာတ်ထိန်းပေးပါတယ်။ အရေပြားကို glow စေဖို့လည်း ထောက်ကူပေးပါတယ်။ဝက်ခြံ အမာရွတ်တွေပေါ်မှာ အုန်းဆီ လိမ်းပေးတာကဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အမာရွတ်တွေ ပါးလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို လန်းဆန်းနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။Baking Sodaက ဝက်ခြံ အမာရွတ်တွေကို ဖယ်ရှားဖို့ အထောက်အကူ ဖြစ်လား ……. အဖြေကတော့ ဖြစ်ပါတယ်။ Baking Sodaက အရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အမာရွတ် တဝိုက်က အရေပြားတွေကို ထိခို်ကမှု မဖြစ်စေဘဲ အမာရွတ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာပါ။Baking Sodaကို ခပ်ပျစ်ပျစ်လေး ဖျော်ပြီး အမာရွတ်တွေပေါ်မှာ လိမ်းထားပေးရုံပါ။ တစ်မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ခပ်ဖွဖွလေး ဆေးကြောပေးပါ။ပျားရည်က အရေပြားကို အစိုဓာတ် ထိန်းပေးသလို တစ်ရှူး အသစ်တွေ ဖြစ်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝ ပစ္စည်းတစ်မျိုးပါ။သန့်စင်ထားတဲ့ အရေပြားပေါ်က အမာရွတ်ရှိတဲ့နေရာကို ပျားရည် ခပ်ပါးပါးလေး လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။အမာရွတ်ကင်းပြီး ကြည်လင်တဲ့ အရေပြားကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သံပုရာသီးက အရွေးချယ်သင့်ဆုံး သဘာဝ ပစ္စည်း တစ်မျိုးပါ။ အရေပြားအတွက် လိုအပ်တဲ့ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတဲ့ alpha-hydroxy acids (AHA) ပါဝင်နေတာကြောင့် အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။သံပုရာသီးကို အကွင်းလိုက်လေး ပါးပါးလှီးပြီး အမာရွတ်တွေပေါ်မှာ ပွတ်လိမ်းပေးလို့ ရပါတယ်။ ၁၀ မိနစ်လောက်ထားပြီး ရေအေးအေးလေးနဲ့ သန့်စင်လိုက်ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းဖို့ မမေ့ပါနဲ့နော်။ကဲ …… စိတ်ညစ်နေတဲ့ ဝက်ခြံအမာရွတ်တွေကို ဒီနည်းလမ်းလေးတွေ သုံးပြီး ဘိုင့်ဘိုင့်လို့ နှုတ်ဆက်လိုက်ရအောင်လား ……..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/natural-skin-care-routine-for-acne-scars/
အေးခဲခြင်းဆိုင်ရာ myths များစွာ
အစားအစာတွေကို တာရှည်ခံအောင်အေးခဲပြီး သိမ်းဆည်းတာနဲ့ ပတ်သက်လို့ သိထားတဲ့အချက်တွေထဲမှာ မှန်တာတွေလည်း ရှိသလို မှားသိထားတာတွေလည်း ရှိနိုင်ပါတယ်။ ဘာတွေက မှန်ပြီး ဘာတွေက မှားနေလဲဆိုတာကို အေးခဲခြင်းဆိုင်ရာ myths များစွာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။အစားအစာတွေ အေးခဲခြင်းနဲ့ ပတ်သက်လို့ ဒီအချက်တွေကို မှားသိထားနိုင်ပါတယ်။ဒီယူဆချက်က များသောအားဖြင့်တော့ မှန်တယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကိုတော့ အေးခဲလို့ မရပါဘူး။ ဥပမာ –ကော်ဖီမှုန့်ကို အေးခဲလို့ မရသလိုကြက်ဥ၊ ဘဲဥတွေကိုလည်း အေးခဲလိုက်ရင် စားလို့ အဆင်မပြေတော့ပါဘူး။ နောက်တစ်ခုကတော့ ဆီသွပ်ဘူးတွေပါ။ဆီသွပ်ဘူးတွေကို အေးခဲလိုက်မယ်ဆိုရင်လည်း စားဖို့ တော်တော်လေး အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။ဒီလို ထိန်းသိမ်းတဲ့အခါလေလုံဖို့ လိုသလို စိုထိုင်းဆ များမနေဖို့လည်း လိုပါမယ်။အစားအစာတွေကို အေးခဲလိုက်တာကဘက်တီးရီးယားတွေရဲ့ ပေါက်ဖွားမှုကို အတိုင်းအတာ တစ်ခုအထိ ဟန့်တား လိုက်နိုင်တာပါ။ ဘက်တီးရီးယားတွေကို သေစေနိုင်တာမျိုး မဟုတ်ပါဘူး။အေးခဲထားတဲ့ အစားအစာတွေ အရည်ပျော် သွားတဲ့အခါဘက်တီးရီးယားတွေကလည်း ပြန်လည်ရှင်သန်ပေါက်ဖွားလာမှာပါ။ ဒါကြောင့် အသုံးပြုဖို့ လိုအပ်မှသာ အေးခဲထားတဲ့​နေရာကနေ ပြင်ပ အပူချိန်ကို ထုတ်ဖို့ လိုပါမယ်။ မစားခင်မှာလည်း သေချာလေး ပိုးသတ်သန့်စင်ဖို့ လိုပါမယ်။ဒီ အယူအဆကတော့ ဆန့်ကျင်ဘက်ပါပဲ။ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေကို အေးခဲလိုက်တဲ့အခါ အာဟာရတန်ဖိုး လျော့သွားတာမျိုး မရှိပါဘူး။ အေးခဲထားတာက ပေါင်းခံထား၊ ချက်ပြုတ်ထားတဲ့ အစားအစာတွေထက် အာဟာရ ပိုပြည့်ပါတယ်။ ပေါင်းခံလိုက်တာ ဒါမှမဟုတ် ပြုတ်လိုက်တဲ့အခါ ပေါင်းခံရည် ပြုတ်ရည်တွေထဲမှာ အာဟာရတွေ ပါသွားပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/common-myths-about-freezing-foods/
အဆုတ်ကို ကျန်းမာစေမယ့် အားဖြည့် အစားအစာ (၁၀) မျိုး
အဆုတ် မကောင်းရင် မောပန်းလွယ်တယ်၊ သက်လုံမကောင်းနိုင်ဘူး။ အရေးကြုံရင်တောင် မပြေးနိုင်လောက်ဘူးနော်။ အသက်ရှင်ဖို့ အရေးကြီးတဲ့ အသက်ရှူတာအတွက် အဆုတ်ရဲ့ လုပ်ဆောင်ချက်က အဓိက အရေးပါနေတာပါ။ဒီလို အရေးပါတဲ့ အဆုတ် ကို ဘယ်လို အစားအစာ တွေနဲ့ အားဖြည့်ပေးနိုင်မလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်ပါဦး ။ချင်း (ဂျင်း) ကလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ် ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။ချင်းနဲ့ ကြက်သွန်ဖြူ လိုပဲ ဟင်းချက်ရာမှာ ထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ကြက်သွန်ဖြူက allicin ပါဝင်မှု မြင့်မားလို့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိမျိုးစုံ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းက ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကို သက်သာစေပြီး အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တယ် လို့ လက်ခံယူဆထားကြပါတယ်။ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ပန်းဂေါ်ဖီစိမ်းတို့လို မျိုးနွယ်တူအုပ်စုက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ အပြည့်အဝ ပါဝင်တာကြောင့် အဆုတ်အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေ ကင်းအောင် သန့်စင်ပေးနိုင်ပါတယ်။ပန်းသီးမှာ ဗီတာမင်ဓာတ်တွေအစုံအလင်ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့ flavonoidsတွေ ပါဝင်ပါတယ်။ သူတို့ကြောင့် အမျိုးမျိုးသော အဆုတ်ရောဂါတွေကို ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ရက်စဘယ်ရီအသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနဲ့ ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ကမ္ဗလာသီးဟာ အဆုတ်ကို ပံ့ပိုးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အဆုတ်ကို ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေ ထိတွေ့လာတဲ့အခါ ကမ္ဗလာသီးက အဆုတ်ကို သန့်စင်ပေးပါလိမ့်မယ်။သလဲသီး မှာ သဘာဝအစွမ်းအာနိသင်တွေအများကြီးပါဝင်ပါတယ်။ သလဲသီးက အဆုတ်နဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်ပွားမှုကိုနှေးစေပြီးမြန်မြန်သက်သာစေနိုင်ပါတယ်။သူတို့တွေမှာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်တွေ အများကြီးပါဝင်ပါတယ်။ သူတို့က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းစေပြီး အသက်ရှူရပိုကောင်းစေပါတယ်။ ဥပမာ Pistachios ဆိုရင် အဆုတ်ကင်ဆာ ကာကွယ်နိုင်တယ်၊ ကိုလက်စထရောကျစေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။carotenoids ဆိုတာ အဆုတ်ကင်ဆာ ကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတတ်တယ်။ သူက ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ပန်းနာရင်ကျပ် အတွက် အကျိုးထိရောက်တဲ့ ဗီတာမင် အေ အဖြစ် ပြောင်းလဲသွားပါတယ်။ carotenoids ပါဝင်တဲ့ အစားအစာ တွေက မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဖရုံသီးတို့ ပါဝင်ပါတယ်။လေကောင်းလေသန့်ရှူမယ်၊ ဆေးလိပ်ရှောင်မယ်၊ အာဟာရဓာတ်တွေ စုံလင်အောင် စားမယ်၊ ကိုယ်ခံအားကောင်းအောင် နေမယ် ဆို အဆုတ် တင်မကဘဲ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးအတွက် ကောင်းကျိုး ဖြစ်စေမှာ သေချာပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac-2/
ဆိုဒါ သောက်ပေးတဲ့အခါ
ယနေ့ခေတ်မှာ အများစု လက်ခံထားကြတာက ဆိုဒါ ဆိုရင်ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာလို့ပေါ့။ ဆိုဒါထဲမှာသကြားတွေအများကြီးပါဝင်နေတယ်။ ဒီတော့ ဆိုဒါသောက်ရင် နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့အမျိုးအစား (၂) ဆီးချိုရောဂါနဲ့အဝလွန်တာကို ဖြစ်စေမယ်လို့ပေါ့။ဆိုဒါက ဒီလောက် ဆိုးတာတော့ မဟုတ်ပါဘူး။ ဆိုဒါကို တစ်ခါတလေ သောက်သုံးတာက ကျန်းမာရေးကို မထိခိုက်စေပေမယ့် အချိုတွေ၊ ကဖင်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ဆိုဒါတွေကို အလွန်အကျွံ သောက်သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဆိုဒါသီးသန့် သောက်သုံးတာက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဆိုဒါက တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့Carbonated waterပါ။ ကာဗွန်ပါဝင်နေတာကြောင့် ကျန်းမာရေးကို အထောက်အကူပေးနိုင်ပါတယ်။ဆိုဒါ သောက်တာကကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ဆိုဒါက ဗိုက်ပွတာကို သက်သာစေနိုင်သလို မအီမသာဖြစ်တာ၊ အစာမကြေတာတွေကို သက်သာစေပြီး နေထိုင်မကောင်းတာကို သက်သာစေနိုင်ပါတယ်။ အစာကြေစေဖို့ ထောက်ကူပေးပြီးလေထိုးလေအောင့်တာ၊ လေပွတာတွေကို သက်သာစေနိုင်ပါတယ်။ဝမ်းမမှန်တဲ့ သူတွေ၊ ဝမ်းချုပ်တဲ့ သူတွေအနေနဲ့ ဆိုဒါသောက်ပေးလို့ ရပါတယ်။ လေထိုးလေအောင့်တာနဲ့ဗိုက်ပွတာတွေကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဆိုဒါသောက်ပေးတာက ရေသောက်သလိုပဲ ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဝမ်းချုပ်တတ်သူတွေအနေနဲ့ ဆိုဒါကို အတန်အသင့် သောက်ပေးလို့ ရပါတယ်။ဆိုဒါသီးသန့်က ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်ပေးပါတယ်။ Carbonated water ဖြစ်တာကြောင့် ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝစေဖို့ အထိရောက်ဆုံး ထောက်ကူပေးပါတယ်။ဆိုဒါက Carbonated water  ဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဝမ်းမှန်စေပါတယ်။ ဆီးရွှင်စေသလို အစာမကြေတာတွေကိုလည်း သက်သာစေပါတယ်။ဆိုဒါ သောက်ပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။ တန်ဆေး လွန်ဘေးဆိုသလို ပမာဏ မှန်မှန်ကန်ကန် သောက်ဖို့ လိုသလို သကြားဖြည့်စွက်ထားတာ ကဖင်း ဖြည့်စွက်ထားတာမျိုးကိုတော့ မသောက်မိဖို့ လိုပါမယ်။ကဲ ….. ဆိုဒါအေးအေးလေး သောက်ပြီး ကျန်းမာလိုက်ကြစို့လား………။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/why-soda-is-good-for-you/
COVID-19 ဗိုင်းရပ်စ် ထက် ပိုကြောက်စရာကောင်းတဲ့အရာ?
နောက်ဆုံးရသတင်းများအရ COVID-19 ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ လူ ၂၇၀၀ ကျော်ကူးစက်ခံနေရပြီး သေဆုံးသူအရေအတွက်မှာ ၈၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။နိုင်ငံအသီးသီးက အုပ်ချုပ်ရေး၊ ကျန်းမာရေး အကြီးအကဲတွေဟာ ရောဂါပိုးကို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတဲ့အချိန်မှာ COVID-19  ဗိုင်းရပ်စ်နဲ့ယှဉ်ပြီး ကြောက်စရာကောင်းတဲ့ အရာတစ်ခုကိုပါ ပူးတွဲ ရင်ဆိုင်နေရပါတယ်။ဒါကတော့ infodemic လို့ခေါ်တဲ့ သတင်းစကားအမှားတွေ ချဲ့ကားခြင်း ပြဿနာပါ။Epidemic ဆိုတာကတော့ ကူးစက်မြန်၊ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ကပ်ရောဂါတစ်ခု အချိန်ကာလ တစ်ခုမှာ ဖြစ်ပွားတာကို ဆိုလိုတာဖြစ်ပြီးတော့ သူနဲ့ ဆင်တူတဲ့ အသုံးအနှုန်း infodemic ကတော့ ပြဿနာတစ်ခုပေါ် အခြေခံပြီး ချဲ့ကားလာတဲ့ သတင်းစကားတွေကြောင့် ရှိရင်းစွဲ ပြဿနာကိုပါ ဖြေရှင်းဖို့ ပိုခက်ခဲလာနိုင်တဲ့ အခြေအနေတစ်ခုကို ခေါ်ပါတယ်။ကိစ္စတစ်ခုဖြစ်လာတိုင်း ကောလဟာလတွေလည်း ယှဉ်ပြီးပါလာတယ်ဆိုတာ ထူးဆန်းတာတော့ မဟုတ်ပေမဲ့ ပူပန်ကြောက်ရွံ့နေကြတဲ့ လူတွေရဲ့ စိတ်ကို အမြတ်ထုတ် အခွင့်ကောင်းယူပြီး သတင်းတွေ ချဲ့ကားပြီး ရေးကြတဲ့၊ သတင်းအမှန် အမှား မစစ်ဆေးဘဲ ရေးနေကြတဲ့ မီဒီယာတွေဟာ အများအပြားရှိနေပါတယ်။ဒါကြောင့် သတင်းအမှားတွေရော၊ အတည်ပြုဖို့အတွက် စောင့်ဆိုင်းနေဆဲ သတင်းတွေကိုပါ တစ်စုတစ်စည်းထဲဖော်ပြပေးလိုက်ပါတယ်။ဆိုရှယ်မီဒီယာတွေအပေါ်မှာ ဦးဆုံး ပျံ့နှံ့လာတဲ့ သတင်းအမှားတွေထဲက တစ်ခုဖြစ်ပါတယ်။ အရက်သောက်ခြင်းဟာ ကူးစက်ရောဂါကို ပျောက်ကင်းစေနိုင်တယ်ဆိုတာ အခြေအမြစ်မရှိတဲ့ သတင်းတစ်ခုသာဖြစ်ပါတယ်။HIV ရောဂါပိုးကြောင့် ခုခံအားကျဆင်းတဲ့အခါဖြစ်လာတဲ့ပြင်းထန်အဆုတ်ရောင်ရောဂါမှာ အသုံးပြုတဲ့ ဆေးတွေကို COVID-19 ဗိုင်းရပ်စ်ကို ကုသတဲ့နေရာမှာ စမ်းသပ်ထည့်သွင်း အသုံးပြုနေတယ်ဆိုတာ မှန်ပေမယ့် ရောဂါပိုးကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်း ရှိမရှိကတော့ အတည်မပြုရသေးပါဘူး။ရောဂါစတင်ကူးစက်ခံရတဲ့အချိန်နဲ့ ရောဂါလက္ခဏာတွေစပြတဲ့အချိန် ကြားထဲက ကြားကာလကို ရောဂါပျိုးချိန် (incubation period) လို့ခေါ်ပါတယ်။ ခု COVID-19 ဗိုင်းရပ်စ်အတွက် ရောဂါပျိုးချိန်ကို တိတိကျကျမသိရသေးပေမယ့် ၁၀ ရက်ကနေ ၁၄ ရက်အတွင်းဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ရောဂါပိုးတစ်ခုဟာ ရောဂါလက္ခဏာပြနေတဲ့သူဆီကပဲ ကူးစက်နိုင်တာပါတယ်လို့ သိထားရာကနေ နောက်ဆုံး ယူဆချက်တွေအရ COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပေမဲ့ ရောဂါလက္ခဏာမပြသေးတဲ့ ကျန်းမာနေတဲ့ လူတစ်ယောက်ဆီကလည်း ကူးစက်နိုင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ အတည်ပြုဖို့လိုအပ်နေတဲ့ အချက်ဖြစ်တဲ့အတွက်လည်း အလွန်အမင်း ကြောက်ရွံ့တာတွေ မဖြစ်ဖို့ သတိပေးချင်ပါတယ်။ဒီအချက်ကတော့ မှန်ပေမယ့် လူအများ မှားယွင်းယူဆနေကြပါတယ်။ မျက်လုံးချင်း ဆုံမိလိုက်တာနဲ့ ကူးတာမျိုးမဟုတ်ဘဲ ရောဂါပိုးကို ကိုင်မိထားတဲ့လက်နဲ့ မျက်လုံးကို ပွတ်မိတဲ့ အချိန်မျိုးမှာ ကူးစက်နိုင်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့် လက်ဆေးဖို့ အရမ်းအရေးကြီးပါတယ်။ဖေ့ဘွတ်မှာ ပျံ့နှံ့နေတဲ့ လူတွေ ရုတ်တရက်ဆိုသလို လဲကျသွားတဲ့ ဗီဒီယိုတွေဟာ လူတွေကို မလိုအပ်ဘဲ အထိတ်တလန့်ဖြစ်စေပါတယ်။ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ရုပ်ရှင်တွေထဲကလို ရုတ်တရက်သေဆုံးနိုင်ချေ အလွန်နည်းပါးပါတယ်။ ရောဂါလက္ခဏာက ကူးစက်ခံရပြီးချင်း ချက်ချင်းပေါ်လာတာမျိုးလည်း မဟုတ်ပါဘူး။COVID-19 ဗိုင်းရပ်စ်ဟာ လူမှလူကို ကူးနိုင်သည်ဆိုတဲ့ အချက်ကို အသိနောက်ကျခြင်း၊ စတင်ဖြစ်ပွားတဲ့ အချိန်ဟာ လူအများ ခရီးသွားလာမှုများတဲ့ တရုတ်နှစ်သစ်ကူးအချိန်အခါတွင်ဖြစ်နေခြင်း၊ ဝူဟန်မြို့သည် လူနေထူထပ်ပြီး ခရီးသွားများတဲ့ဒေသဖြစ်ခြင်း၊ ရောဂါရှာဖွေအတည်ပြုရန် ခက်ခဲခြင်း ကြောင့် ကူးစက်မှုနှုန်းဟာ လျင်မြန်ပေမဲ့ သေဆုံးမှုနှုန်းဟာ ယခုချိန်မှာ ကူးစက်သူစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာ သာရှိနေပါတယ်။ယခုဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်နဲ့ အုပ်စုတူ ၂၀၀၂ ကဖြစ်ခဲ့တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ (SARS)ရဲ့ သေဆုံးမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းရှိခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအဆုတ်ရောင်ရောဂါ (MERS) ရဲ့ သေဆုံးမှုနှုန်းမှာတော့ အဆိုးရွားဆုံးချိန်မှာ ၃၅ ရာခိုင်နှုန်း ကျော်လွန်ခဲ့ပါတယ်။ရှေ့ကဖြစ်ခဲ့ဖူးတဲ့ ရောဂါပိုးနှစ်ခုနဲ့ ယှဉ်ရင် COVID-19  ဗိုင်းရပ်စ်ဟာ ကူးစက်မှုနှုန်း ပိုမြန်ဆန်ပေမယ့် သေဆုံးမှုနှုန်း၊ ရောဂါပြင်းထန်မှုကတော့ လျော့နည်းနေပါသေးတယ်။မဖြစ်ခင်မှာ ကြိုတင်ကာကွယ်နိုင်အောင် သတင်းတွေကို သိထားတာဟာ ကောင်းပေမယ့် သတင်းအမှားတွေကြောင့် စိုးရိမ်ထိတ်လန့်နေတာတော့ မဖြစ်သင့်ပါဘူး။ ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာတဲ့ခေတ်မှာ လူတွေရဲ့ စိတ်အခြေအနေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်မယ့် အွန်လိုင်းမီဒီယာတွေရဲ့ သားကောင်တွေမဖြစ်စေဖို့ သတိပေးရင်း သတင်းစစ်၊ သတင်းမှန်တွေကို Hello Sayarwon Facebook page, ဝက်ဆိုဒ်ကနေဖြစ်စေ၊ တခြား မှန်ကန်တိကျတဲ့ သတင်းမီဒီယာတွေကနေ ဖြစ်စေ စောင့်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/novel-corona-virus-infodemics/
ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet က တကယ်ကောင်းတာလား။
ဝမ်းလျှောတာ၊အထက်လန်အောက်လျှောဖြစ်တာ၊အစာအဆိပ်သင့်တာ စသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖျားနာမှု တစ်ခုခု ဖြစ်ပြီးတဲ့နောက်မှာ အစာခြေစနစ်ကို အနားပေးဖို့ လိုပါတယ်။ အနားပေးတယ်ဆိုတာ သူ့ရဲ့ အလုပ်တွေကို လျှော့ချတာမျိုးပါ။ သူ့ရဲ့ အဓိက အလုပ်က အစာခြေတာဆိုတော့ ဖျားတာမှုတွေ အပြီးမှာ အစာခြေရလွယ်တဲ့ အစားအစာကို စားပေးပြီး အူလမ်းကြောင်းကို ဝန်မပိအောင် လုပ်ပေးတာပါ။ ဒီမှာ ဝမ်းလျှောနေတဲ့ လူနာများအတွက်BRAT diet ဆိုတာပေါ်လာပါတယ်။BRAT diet ဆိုတာ ပါဝင်တဲ့ အစားအစာတွေရဲ့ အစစာလုံးလေးတွေပါ။ ပါဝင်တာတွေကတော့။BRAT dietရဲ့ ရည်ရွယ်ချက်က ခပ်ပျော့ပျော့ပြဲပြဲနဲ့ ခြေရလွယ်တဲ့ အစားအစာတွေ ဖြစ်နေဖို့ပါ။ ဒါမှ အူလမ်းကြောင်းမှာ နေကောင်းဖြစ်နေတဲ့သူတွေ စားလို့ အဆင်ပြေမှာပါ။ အထူးသဖြင့် ပျို့တာ၊ အန်တာ၊ ဝမ်းလျှောနေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ဒါ့ပြင် ဒီအစားအစာတွေမှာ ပါတဲ့ အာဟာရတွေက ဝမ်းဗိုက်ပြဿနာတွေကို နာလန်ထမြန်စေတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် ဆရာဝန်တွေကတော့ ဒီ၄မျိုး စားရုံနဲ့ တစ်နေ့တာ လိုအပ်ချက်ကို ပြည့်မီဖို့ ခက်ခဲနိုင်သလို နာလန်ထတာနဲ့ ပတ်သက်ပြီး ထူးခြားမှု မရှိလို့ သိပ်ပြီး အားမပေးကြပါဘူး။တချို့က သူတို့ ဝမ်းလျှောတာ၊ ဝမ်းဗိုက်မအီမသာဖြစ်တာတွေကို BRAT dietက သက်သာစေတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်တာတွေကတော့။ဒါပေမယ့် ပြောခဲ့သလိုပဲ ဒီ၄မျိုး စားရုံနဲ့ အာဟာရလိုအပ်ချက် မပြည့်နိုင်တာကြောင့် ရက်ရှည်စားတာမျိုး မလုပ်သင့်ပါဘူး။လူတွေကတော့ BRAT dietက သူတို့ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ပြောပေမယ့် သိပ္ပံနည်းကျ လေ့လာထားတာမျိုးတော့ မရှိပါဘူး။ သက်သာတယ်ဆိုသည့်တိုင်အာဟာရမပြည့်ဝမှုကြောင့် ဆရာဝန်တွေက ဝမ်းလျှောနေတဲ့သူတွေကို ဒီလို dietမျိုး စားခိုင်းလေ့မရှိပါဘူး။ ပုံမှန်အတိုင်းပဲ စားစေပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးပါတယ်။တချို့လေ့လာချက်တွေမှာတော့ ငှက်ပျောသီးနဲ့ ထမင်းနဲ့က ဝမ်းလျှောတာကို သက်သာစေတယ်မျိုးတော့ တွေ့ရပါတယ်။ ငှက်ပျောသီးမှာ ပါတဲ့ pectinဆိုတာက အူလမ်းကြောင်းကို ကျန်းမာစေတယ်လို့ ဆိုပါတယ်။ ထမင်းဆိုရင်လည်း ဆန်ပြုတ်အနေနဲ့ ပြင်ဆင်ထားတာက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုပါ ပြန်ဖြည့်ပေးနိုင်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် BRAT diet မှာပါတဲ့ အစားအစာတစ်ခုချင်းစီက သာမန်စားနေကြ အစားအစာတွေနဲ့ တူတူပါပဲ။ ထူးခြားတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒီ၄မျိုးထဲကို ရေရှည်စားနေတာက ကြာလာရင်အာဟာရချို့တဲ့ပြီး ဝမ်းလျှောတာကို ပိုဆိုးစေနိုင်တယ်လို့ ဆိုကြပါတယ်။BRAT dietမှာပါတဲ့ အစားအစာတွေက နေ့စဉ်စားနေကြ အစားအစာတွေပဲ ဖြစ်လို့ ကြီးမားတဲ့ အန္တရာယ်ကို မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် ဒီ၄မျိုးထဲကိုပဲ ရေရှည်မစားဖို့ လိုပါတယ်။ ရေရှည်စားမယ်ဆိုရင် အာဟာရချို့တဲ့တဲ့ ပြဿနာကို ရင်ဆိုင်ရမှာပါ။ အကြောင်းရင်းကတော့ ကယ်လိုရီနည်းပြီး အောက်ပါ အာဟာရဓာတ်တွေ မလုံလောက်လို့ပါပဲ။ဒီလို အာဟာရပါဝင်မှု ကန့်သတ်ချက်ရှိတဲ့အတွက်American Academy of Pediatricsက ဝမ်းလျှောနေတဲ့ ကလေးတွေမှာ ဒီdietချည်း သက်သက် မကျွေးပါဘူး။ တခြားအစားအစာတွေနဲ့တော့ အတူရောကျွေးနိုင်ပါတယ်။ ဥပမာ ထမင်းနဲ့ ဟင်းနဲ့ စားတာမျိုး၊ ပေါင်မုန့် ထောပတ်သုတ် စသဖြင့်။ဝမ်းလျှောဖြစ်ဖြစ်၊ အထက်လန်အောက်လျှောဖြစ်ဖြစ်၊ အစာအဆိပ်သင့်ပြီးတာဖြစ်ဖြစ် ပုံမှန်အတိုင်း စားလို့ရပါတယ်။ ရှောင်ရမယ့် အစားအစာ တချို့တော့ ရှိပါတယ်။ ပိုစားပေးသင့်တာတွေကတော့။ရှောင်ရမယ့် အစားအစာတွေကတော့။ဝမ်းလျှောပြီဆိုရင် အများစုက ရက်ပိုင်းအတွင်းမှာ အလိုလို ကောင်းသွားကြပါတယ်။ ဒီကြားထဲမှာ ရေဓာတ်ဖြည့်ပေးဖို့ အာဟာရပြည့်အောင် စားဖို့တော့ လိုပါတယ်။ BRAT dietကတော့ မဖြစ်မနေ စားစရာ မလိုပါဘူး။ ရေရှည်စားဖို့လည်း မသင့်တော်ပါဘူး။ ဘယ်လို dietပဲ စားပါစေ။ ၂ရက်ကျော်ကြာတဲ့အထိ မသက်သာဘူး၊ ဆီးနည်းသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/brat-diet-for-upset-stomach/
ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ
မုန်လာဥနီက ကျန်းမာရေးအတွက် အကျိုးကျေးဇူး များပါတယ်။ ဒီအကျိုးကျေးဇူးများတဲ့ မုန်လာဥနီကိုဘေဘီလေး ကျန်းမာစေဖို့ ကျွေးလို့ ရမလား။ ကျွေးရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလား။ ဘေဘီလေးကိုရော ထိခိုက်စေနိုင်လားဆိုတာကို သိချင်နေတဲ့ မေမေတွေများ ရှိမလား……။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကမေမေတို့သိချင်နေတဲ့အကြောင်းအရာလေးကို သေသေချာချာလေး ​ပြောပြပေးနိုင်မှာပါ။ ကဲ ….. မုန်လာဥနီလေးက ဘေဘီလေး ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ဘေဘီလေးတွေကအသက် ၆ လပြည့်ပြီဆိုတာနဲ့solid foodစစားလို့ရပါပြီ။ Solid food (အစာမာ) စစားလို့ ရပြီဆိုကတည်းက ဘေဘီလေးကို မုန်လာဥနီ စတင် မိတ်ဆက်ပြီး ကျွေးပေးလို့ ရပါပြီ။မုန်လာဥနီကို သေချာလေး ကြိတ်ခြေပြီးတော့ ကျွေးဖို့တော့ လိုပါမယ်။ နူးအိနေအောင် ချက်ဖို့လည်း မမေ့ပါနဲ့။မုန်လာဥနီမှာဘေဘီလေး ကျန်းမာဖွံ့ဖြိုးဖို့လိုအပ်တဲ့ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။မုန်လာဥနီမှာ အမြင်အာရုံအတွက်ဗီတာမင်တစ်မျိုး ဖြစ်တဲ့ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် မျက်လုံးတွေကို ကျန်းမာစေပြီး အမြင်အာရုံကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ဘီတာကယ်လ်ရိုတင်းကြောင့် မုန်လာဥနီက လိမ္မော်ရောင်လေးဖြစ်နေတာပါ။ မုန်လာဥနီမှာ lutein နဲ့ zeaxanthin ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် အသက်အရွယ်ရလာတဲ့အခါမှာလည်းအမြင်အာရုံ ချို့ယွင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။မုန်လာဥနီမှာ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှု များတာကြောင့်ဘေဘီလေးရဲ့ အစာခြေ စနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်တာကြောင့် ဝမ်းမှန်စေပြီးဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။မုန်လာဥနီမှာ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီးအရေပြားမှာ ထိခိုက်တာတွေ ဖြစ်ခဲ့မယ်ဆိုရင်လည်း မြန်မြန် သက်သာစေနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေပြီး အသားခြောက်တာ၊ အမာရွတ်ဖြစ်တာတွေကို သက်သာစေပြီး အရေပြားပေါ်က အမဲစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ဗီတာမင် Cပါဝင်မှုက အနာကျက်မြန်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပြင်ပ ထိခိုက်ဒဏ်ရာတွေကို မြန်မြန် သက်သာစေနိုင်ပါတယ်။မုန်လာဥနီမှာ Phytochemicals ပါဝင်နေတာကြောင့် နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဘေဘီလေးကို နာတာရှည် ရောဂါတွေ မဖြစ်စေဖို့နဲ့ ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက မုန်လာဥနီ ကျွေးပေးလို့ ရပါတယ်။ကဲ ….. ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/is-carrot-good-for-baby/
HELLP Syndrome
HELLP syndrome က ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တဲ့ အသက်အန္တရာယ်ပေးအခြေအနေဖြစ်တယ်။ ကိုယ်ဝန်ဆိပ်သင့်တာနဲ့ဆက်စပ်မှုရှိပြီး ကိုယ်ဝန်ဆောင် ၅-၈% မှာတွေ့ရပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ပတ် ၂၀ မြောက်မှာ အဖြစ်များတယ်။ HELLP syndrome က အသည်းနဲ့သွေးမှာဖြစ်တဲ့ရောဂါဖြစ်ပြီး မကုသပဲထားလိုက်ရင် အသက်သေနိုင်ပါတယ်။ HELLP syndrome ရဲ့လက္ခဏာတွေက အများကြီးဖြစ်သလို မသဲမကွဲလဲဖြစ်တတ်တဲ့အပြင် ကနဦးအစမှာ အတည်ပြုဖို့ခက်ပါတယ်။ HELLP ဆိုတာက အစပိုင်းဓါတ်ခွဲစစ်ဆေးတဲ့အခါမှာ တွေ့ရတဲ့မူမမှန်စစ်ဆေးမှုတွေကို အစွဲပြုပေးတာပါ။သွေးဆဲလ်ကွဲပျက်တဲ့လူတွေမှာ သွေးနီဥတွေ အရွယ်မတိုင်ခင် မြန်မြန်ပျက်စီးနေတတ်ပါတယ်။ ဒါကြောင့် သွေးနီဥအရေအတွက် နည်းလာပြီး နောက်ဆုံးမှာ သွေးအားနည်းရောဂါဖြစ်လာပါတယ်။ သွေးအားနည်းရောဂါဆိုတာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီထောက်ပံ့ဖို့ လုံလောက်တဲ့အောက်စီဂျင်ကို သွေးက မသယ်နိုင်တော့တဲ့ရောဂါဖြစ်ပါတယ်။အသည်းအင်ဇိုင်းမြင့်တက်လာတာက အသည်းက လုပ်ငန်းကောင်းကောင်းမလုပ်တော့တဲ့ လက္ခဏာပါ။ ရောင်နေတဲ့အသည်း ထိခိုက်ထားတဲ့အသည်းက အင်ဇိုင်းအပါအဝင် ဓါတုပစ္စည်းတွေကို သွေးထဲထုတ်လွှတ်လိုက်ပါတယ်။သွေးမွှားဥဆိုတာက သွေးစီးကြောင်းထဲက သွေးခဲတာကိုကူညီပေးတဲ့ ဆဲလ်တွေပါ။ သူတို့တွေ အရမ်းနည်းလာရင် သွေးအလွန်အကျွံယိုခြင်း ဖြစ်လာပါလိမ့်မယ်။HELLP syndrome ဆိုတာက ရှားပါးတဲ့ရောဂါဖြစ်ပြီး ကိုယ်ဝန်အားလုံးရဲ့ ၁% မှာသာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ပူရမယ့်ရောဂါကြီးဖြစ်ပြီး မိခင်ရော ကလေးကိုရောပါ အသက်အန္တရာယ် ဖြစ်စေပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။HELLP syndrome ရဲ့လက္ခဏာတွေက လူတစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဒါပေမယ့် အဖြစ်အများဆုံးဟာတွေကတော့…။အောက်ပါတို့ကိုလည်း ခံစားရနိုင်ပါတယ်။ရှားပါးသောဖြစ်ရပ်များတွင် ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေက များသောအားဖြင့် HELLP syndrome ရင့်နေကြောင့် ဖော်ပြနေတာဖြစ်ပြီး ဆရာဝန်နဲ့ချက်ချင်းကုသရန် လိုနေပြီဖြစ်ပါတယ်။အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။HELLP syndrome ရဲ့လက္ခဏာတွေက တုပ်ကွေးမိတာနဲ့ အတော်ကြီးကိုတူပါတယ်။ ကိုယ်ဝန်ဆောင်ရင်ဖြစ်တတ်တဲ့လက္ခဏာတွေလို့လည်း ထင်ရတတ်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးနဲ့တူတဲ့လက္ခဏာတွေပေါ်လာခဲ့ရင် ဆရာဝန်နဲ့ချက်ချင်းပြဖို့က အရေးကြီးဆုံးပါပဲ။ ဆရာဝန်တွေကသာ ပြင်းထန်တဲ့ရောဂါကို ညွှန်ပြနေတာဟုတ်မဟုတ် သိနိုင်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။HELLP syndrome က များသောအားဖြင့် ကိုယ်ဝန်ဆောင်နောက်ဆုံး၃လအတွင်း ၃၇ ပတ်မတိုင်ခင်မှာ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ မသိရသေးပါဘူး။ကိုယ်ဝန်ဆိပ်သင့်တာက အဓိကအန္တရယ်ပါ။ သည်အခြေအနေကို သွေးတိုးတာ၊ ဖောတာနဲ့ ကိုယ်ဝန်နောက်ဆုံး ၃ လမှာ ဖြစ်တာကိုကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆိပ်သင့်တဲ့ ကိုယ်ဝန်ဆောင်တိုင်း HELLP syndrome ဖြစ်တာမဟုတ်ပါဘူး။တခြားအန္တရာယ်ရှိအချက်တွေက။ယခင်ကိုယ်ဝန်မှာလည်း ဒါမျိုးဖြစ်ဖူးရင် HELLP syndrome ဖြစ်နိုင်ချေ အတော်လေးများပါတယ်။ ဆိုရလျှင် နောက်ကိုယ်ဝန်တွေမှာ ဖြစ်ပွားလာနိုင်နှုန်းက ၁၉-၂၇ % စီ တိုးသွားပါတယ်။ အချက်အလက်တွေကိုထပ်သိလိုပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။HELLP syndrome ဖြစ်နေပြီလို့သံသယဖြစ်တဲ့အခါ ဆရာဝန်က သင့်ကိုစမ်းသပ်တာတွေ စစ်ဆေးတာတွေ ပြုလုပ်ပါလိမ့်မယ်။ စမ်းသပ်တဲ့အခါ ဗိုက်မှာနာနေတာတွေ၊ အသည်းကြီးတာနဲ့ ဗိုက်ဖောနေတာတွေကို စမ်းပါလိမ့်မယ်။ ဒါတွေက အသည်းပြဿနာကိုပြနေတာပါ။ သွေးပေါင်လည်း တိုင်းပါလိမ့်မယ်။ရောဂါအတည်ပြုဖို့ ဆရာဝန်ကိုအကူအညီဖြစ်စေမယ့် စစ်ဆေးမှုတွေလုပ်ရမယ်။HELLP syndrome ဆိုတာသေချာသွားရင် နောက်ဆက်တွဲတွေကာကွယ်ဖို့အတွက် ကလေးကိုမွေးပစ်လိုက်တာ အကောင်းနည်းပဲ။ ဖြစ်ရပ်အများစုမှာ ကလေးကို လမစေ့ပဲ မွေးပစ်လိုက်ရပါတယ်။ဒါပေမယ့် ကုသမှုဆိုတာက သင့်ရဲ့လက္ခဏာတွေ၊ မွေးရက်နဲ့ဘယ်လောက်နီးနေပြီလဲဆိုတာတွေပေါ် မူတည်ပြီး အမျိုးမျိုးပြောင်းနိုင်ပါတယ်။ HELLP syndrome က အပျော့စား၊ ကိုယ်ဝန်ကလည်း ၃၄ ပတ်အောက်ပဲရှိသေးတယ်ဆိုရင် ဆရာဝန်က အောက်ပါတို့ကို အကြံပြုပါလိမ့်မယ်။ကုသမှုနေစဉ်မှာ ဆရာဝန်က သင့်ရဲ့သွေးနီဥ၊ သွေးမွှားဥ နဲ့ အသည်းအင်ဇိုင်းလယ်ဗယ်တွေကို စောင့်ကြည့်ပေးပါလိမ့်မယ်။ ကလေးရဲ့ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဆရာဝန်က ကလေးရဲ့လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ ဖိစီးမှုနဲ့ သွေးစီးဆင်းနှုန်းကိုသိဖို့ မမွေးခင်လုပ်ရတဲ့ စစ်ဆေးမှုတွေကို လုပ်ခိုင်းနိုင်ပါတယ်။သင့်အခြေအနေက ကလေးကိုချက်ချင်းမွေးလိုက်ဖို့ လိုနေပြီဆိုရင်တော့ မွေးဖွားမှုစတင်ဖို့ ဆေးသုံးရပါလိမ့်မယ်။ တစ်ချို့ဖြစ်ရပ်တွေမှာ ခွဲမွေးဖို့ လိုနိုင်ပါတယ်။ ဒါပေမယ့် သွေးမွှားဥနည်းတာနဲ့ ဆက်စပ်နေတဲ့ သွေးခဲပြဿနာရှိနေပြီးဆိုရင်တော့ နောက်ဆက်တွဲအခြေအနေတွေ ရှိလာနိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကHELLP syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။ကိုယ်ဝန်ဆိပ်သင့်သူတွေက HELLP syndrome မဖြစ်လာအောင် နေထိုင်တဲ့ပုံစံပြောင်းပေးရုံနဲ့ လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ နှံစားသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အဆီမပါအသား စတာတွေလို နှလုံးကောင်းစေတဲ့ အစားအသောက်တွေစာပေးတာတို့ လုပ်ရပါမယ်။ HELLP syndrome ရဲ့လက္ခဏာတွေ စပေါ်လာပြီဆိုတာနဲ့ ဆရာဝန်ကို ချက်ချင်းဆက်သွယ်ဖို့ အရေးကြီးပါတယ်။ စောစီးစွာ သိရှိကုသခြင်းက နောက်ဆက်တွဲပြဿနာတွေကို လျော့ချပေးနိုင်ပါတယ်။တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/hellp-syndrome/
ကြက်ဟင်းခါးသီး အသားအရေ လှစေသလား ......
ကြက်ဟင်းခါးသီးအသားအရေ လှစေသလား …….. ဘယ်လို ထင်မိလဲ စာဖတ်ပရိသတ်ကြီး ! ကြက်ဟင်းခါးသီးက အခါးဓာတ် ရှိတယ်။ ဆီးချိုသမားတွေ စားပေးသင့်တယ်။ ကျန်းမာရေး အကျိုးကျေးဇူး များတယ်လို့ သိထားပေမယ့်အသားအရေကိုရော လှစေလားဆိုတာကိုတော့ သေသေချာချာ မသိဘူးဖြစ်နေတယ်ဆိုရင် ဆောင်းပါးလေးထဲမှာ အဖြေ ပြောပြပေးမှာမို့ ဖတ်ကြည့်လိုက်နော်။ကြက်ဟင်းခါးသီးကို သိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ အသီးက ရှည်မျောမျော ဖြစ်ပြီး အစိမ်းရောင် ရှိပါတယ်။ အခွံခွာစရာမလိုဘဲ အစေ့ထုတ်ပြီးပဲ ချက်ပြုတ် စားသုံးရုံပါ။ ကြော်စားလို့ ရသလို ဟင်းချက်စားလို့လည်း ရပါတယ်။နောက်တစ်နည်းကတော့ ဖျော်ရည်ဖျော်သောက်တာပါ။ အခွံမှာ အဖုအပိမ့်တွေပါပြီး စိမ်းရွှေရွှေ အနံ့ ရှိပါတယ်။ အရသာကတော့ နာမည်နဲ့ လိုက်အောင် ခါးပါတယ်။ အာရှနိုင်ငံ တော်တော်များများမှာ ပေါက်ရောက် ကြပါတယ်။ကြက်ဟင်းခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ကြက်ဟင်းခါးသီး အသားအရေ လှစေသလား …… ဆိုတော့ လှစေနိုင်ပါတယ်။ ကြက်ဟင်းခါးသီးကအသားအရေ လှပမှုကို ဘယ်လိုများ ထောက်ကူပေးနေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အနာအဆာ ကင်းပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ် ကြက်ဟင်းခါးသီး စားပေးပါ။ ကြက်ဟင်းခါးသီးမှာ ဓာတ်ဆိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ ပါဝင်နေပါတယ်။အရွယ်တင်စေပြီး အရေးအကြောင်း ကင်းစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို ကြည်လင်လှပစေမှာပါ။ကြက်ဟင်းခါးသီးရဲ့ နောက်ထပ် အသားအရေကို အထောက်အကူပြုပေးတဲ့ အကျိုးကျေးဇူး တစ်ရပ်ကတော့ အရေပြားကို နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတာပါ။ နေပူဒဏ်ကြောင့် အရေပြား နေလောင်မွဲခြောက်တာကို သက်သာစေနိုင်ပါတယ်။ UV ကြောင့် အရေးအကြောင်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။ကြက်ဟင်းခါးသီးက ပိုးဝင်တာကို အတွင်းပိုင်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောင့်ဖြစ်တဲ့ အသားယားတာ၊ ပွေး၊ ဆိုရီရေးစစ် နဲ့ အခြားသော မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အရောင်ကျစေနိုင်ပြီး ဝက်ခြံတွေကို သက်သာစေသလို ပိုးဝင်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ကြက်ဟင်းခါးသီးမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဇင့် နဲ့ ဘိုင်အိုတင်တို့ ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်တင်စေနိုင်ပါတယ်။သွေးမသန့်တာကြောင့် ဖြစ်တဲ့ အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်။ အရေပြား ယားယံတာကို အမျိုးမျိုးကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြား ပိုးဝင်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ပွေး၊ သဲဝဲတို့လိုမျိုး အရေပြားပြဿနာတွေ၊ ဆိုရီရေးစစ်နဲ့ နှင်းခူတို့လိုမျိုး အရေပြားပြဿနာတွေကို သက်သာစေဖို့အတွက်လည်း ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ သက်သာစေဖို့ ကြက်ဟင်းခါးသီး စားပေးပါ။ဗီတာမင် C ကြွယ်ဝမှုက အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံ ကင်းပြီး အရေပြား လှစေဖို့ ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။နွေရာသီလိုမျိုး ပူပြင်းတဲ့အချိန်မှာ ခံစားရလေ့ရှိတဲ့ အရေပြားပြဿနာ တစ်ရပ်ဖြစ်တဲ့ မိတ်သက်သာစေဖို့လည်း ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။ စားပေးလို့ ရသလို အရည်ကြိတ်ပြီးအရေပြားပေါ်မှာ တိုက်ရိုက် သုံးပေးလို့လည်း ရပါတယ်။ကြိတ်ရည်ကို ချိုးရေထဲ ထည့်ချိုးပေးလို့လည်း ရပါတယ်။ နွေရာသီမှာ အရေပြား ပြဿနာ ကင်းစေဖို့ ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။ကဲ….. အဖြေထွက်ပြီဟုတ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/bitter-gourd-skin-benefits/
အမျိုးသားတွေ အဆီပြန်တဲ့မျက်နှာကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ
ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အမျိုးသားတွေလည်း ကိုယ့်ရဲ့ မျက်နှာအသားအရည်ကို အရင်ကထက် ပိုပြီးဂရုစိုက်လာကြပါပြီ။ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေအတွက်တော့ မျက်နှာအဆီပြန်တယ်ဆိုတာ ထူးဆန်းတဲ့ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ မျက်နှာက အဆီအမြဲပြန်နေရင် ဖုန်မှုန့်တွေ ပိုမိုကပ်ငြိနိုင်တဲ့အပြင်ချွေးပေါက်ပိတ်တာ၊ ဝက်ခြံနဲ့ အမည်းစက်တွေ ထွက်လာနိုင်တဲ့အပြင် အသားအရည်ပါ ကြမ်းလာတတ်ပါတယ်။ဒါဆိုရင် မျက်နှာအဆီမပြန်အောင် ဘယ်လိုကာကွယ်သင့်လဲ၊ မျက်နှာအဆီ ပြန်တတ်တဲ့သူတွေရော ကိုယ့်ရဲ့ အသားအရည်ကို ဘယ်လို ထိန်းသိမ်းသင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။မျက်နှာကို မနက်နိုးလာရင် တစ်ခါ၊ ညမအိပ်ခင် တစ်ခါ ပုံမှန် ၂ကြိမ်သစ်ပေးပါ။ မျက်နှာသစ်တဲ့အခါမှာလည်း အမွှေးရနံ့တွေ ပါဝင်တဲ့ ဆပ်ပြာတွေ၊ chemical တွေ ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေ၊ မျက်နှာသန့်စင်ဆေးရည်တွေအစား ဆပ်ပြာအပျော့လေးကို သုံးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။မျက်နှာသစ်ပြီးတဲ့အခါမှာ နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ ရေခြောက်အောင် သုတ်ပေးပါ။ သုတ်တဲ့အခါမှာလည်း မျက်နှာကို အောက်ဆွဲချပြီး မသုတ်ပဲ ဖွဖွလေး ပုတ်ပြီးသုတ်ပေးပါ။မျက်နှာအသားအရည်ဟာ စိုပြည်ကြည်လင်နေဖို့အတွက် မျက်နှာသစ်ပြီးတိုင်း အစိုဓါတ်ထိန်းခရင်မ် (Moisturizer) သုံးပေးရပါမယ်။ အဆီပြန်တတ်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အစိုဓါတ်ထိန်းခရင်မ်ကို ရွေးတဲ့အခါမှာ အဆီမပါတဲ့ oil-free ပစ္စည်းတွေ ဒါမှမဟုတ်ရှားစောင်းလက်ပပ်ပါဝင်တဲ့ moisturizer မျိုးကို ရွေးချယ်သင့်ပါတယ်။အဆီပြန်တဲ့သူတွေအနေနဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ အရေပြားအပေါ်ယံလွှာက ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားတာမျိုး လုပ်ပေးသင့်ပါတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ scrub အသုံးပြုခြင်းဟာ မျက်နှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေတဲ့အပြင် ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။Mask ဆိုတာ အမျိုးသမီးတွေအတွက်ပဲ သုံးရတာ မဟုတ်ပါဘူးနော်။ အမျိုးသားတွေလည်း facial mask ကို ပုံမှန်အသုံးပြုပေးရင် ချွေးပေါက်ပိတ်တာကို လျော့ကျစေတဲ့အပြင် မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။သဘာဝပျားရည်ကို Mask အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မျက်နှာကိုလည်း သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ မျက်နှာပေါ်မှာ ပျားရည်ကို သုတ်ပြီး ၁၀မိနစ်လောက် ကပ်ထားပြီး ရေဆေးပေးပါ။ ဒီနည်းလမ်းကို မကြာခဏပြုလုပ်ပေးမယ်ဆိုရင်ဝက်ခြံေတွနဲ့ မျက်နှာပေါ်က အဆီတွေကို သက်သာစေတဲ့အပြင် အသားအရည်ကိုလည်း နူးညံ့ချောမွေ့နေစေပါတယ်။အသားအရည်ကို သေချာထိန်းသိမ်းဖို့ဆိုတာ စိတ်ရှည်တတ်ဖို့တော့ လိုပါတယ်။ ရေကို တစ်နေ့ အနည်းဆုံး ဖန်ခွက် ၈ခွက်ထက် မနည်း သောက်ပေးရမယ်။ အပြင်ထွက်တဲ့အခါ အကျီလက်ရှည်ဝတ်တာ၊ နေလောင်ကာ ခရင်မ်တွေ လိမ်းပေးတာမျိုး လုပ်ပေးပါ။ ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ skin care ပစ္စည်းတွေကိုပဲ စွဲစွဲမြဲမြဲ သုံးပေးပါ။ မျက်နှာဟာ အင်မတန်နူးညံ့တဲ့ အရေပြားဖြစ်လို့ နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လည်း လိုမယ်နော်။ ကိုယ့်အသားအရည်က သူများထက်ပိုပြီး ပျက်စီးနေပြီဆိုတာ သတိထားမိပြီဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာကုသပေးဖို့တော့ လိုပါလိမ့်မယ်။နွေနေပူပူကို အန်တုနေရတဲ့ အမျိုးသားတွေလည်း ကျန်းမာစိုပြည်ပြီး ယောက်ျားပီသတဲ့ မျက်နှာအသားအရည်မျိုးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%a1%e1%80%86%e1%80%ae%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7/
မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့
မျက်နှာက လူတစ်ယောက် အတွက် အရေးပါတဲ့ သွင်ပြင် လက္ခဏာ ပါနော်။ လူအများစု ပြောကြတာက စိတ်ဓာတ်ကို ကြည့်ပေါင်းတာ ဆိုပေမယ့် တကယ်တော့ စတွေ့စမှာ ရုပ်ရည်သွင်ပြင်ကို ကြည့်ကြတာပါ။ လှပကြော့ရှင်းတဲ့ သွင်ပြင်က ယုံကြည်မှုကိုပါ တိုးစေတာပါနော်။ ဒီလို အရေးပါတဲ့မျက်နှာလေးမှာ နေလောင်ကွက်နဲ့ အမည်းစက်တွေ ဖြစ်နေမယ် ဆိုရင် တော်တော်လေး စိတ်ပျက်မိမှာ အမှန်ပဲနော်။ ဒီအရေးပါတဲ့ မျက်နှာ သွင်ပြင်လေးကို နေလောင်ဒဏ်နဲ့ အမည်းစက်တွေကြောင့် အလှမပျက်စေဖို့ နဲ့ မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့ ဒီဆောင်းပါးလေး ကနေတဆင့် ကူညီပေးပါရစေ။မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမည်းစက်တွေ သက်သာစေဖို့ဆိုရင် ဒီနည်းလေးတွေက အဆင်ပြေစေမှာပါ။Beta-carotene သောက်မယ်။လေ့လာသုတေသနပြုချက်တွေ အရ Beta-carotene ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပြီးအသားအရေကို လိုအပ်တဲ့ အာဟာရဖြည့်တင်းပေးနိုင် သလို နေရောင်ကြောင့် ဖြစ်တဲ့ အသားအရေ ထိခိုက်မှုတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ သခွားမွှေးတို့မှာ Beta-carotene ပါတယ် ဆိုပေမယ့် လုံလောက်တဲ့ ပမာဏ ရရှိဖို့ဆိုရင်တော့ Beta-carotene ဖြည့်စွက်ဆေး တစ်ခုခုသောက်ပေးပါ။ ဗီတာမင် အေ အမျိုးအစား အားဆေးဖြစ်တာကြောင့် ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်ဖို့ လိုပါတယ်။Retinoids ပါဝင်တဲ့ လိမ်းဆေးတစ်ခုခုလိမ်းမယ်။ဒီဒြပ်ပေါင်းက အရေပြားကကော်လာဂျင်ပမာဏကို တိုးစေနိုင်ပါတယ်။ ခရင်မ် ရှိသလို Serum အနေနဲ့လည်း အသုံးပြုနိုင် ပါတယ်။ ဒီနည်းလမ်းကလည်း နေလောင်ကွက်နဲ့ အမည်းစက်တွေကို လျော့ပါးသက်သာစေ နိုင်ပါတယ်။Chemical peelingလုပ်မယ်။ဒီကုထုံး ကတော့ အပေါ်ယံ အရေပြားက ဆဲလ်သေတွေ၊ ပျက်စီးနေတဲ့ ဆဲလ်တွေကို ဖယ်ရှားတဲ့ ကုထုံးပါ။ ဆရာဝန်က ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်ရုံပါနော်။ alpha-hydroxy acid cream ဒါမှမဟုတ် salicylic acid cream ကို အသုံးပြုပြီး ဆဲလ်သေတွေကို ဖယ်ရှားလို့ အရေပြားကို ပြန်ပြုပြင်တဲ့ နည်းပါ။Microdermabrasion ကုထုံး။ဒီကုထုံးကတော့ ဆန်စေ့လိုမျိုး အစေ့အဆန်တွေ၊ ပုံဆောင်ခဲလေးတွေ ဒါမှမဟုတ် စိန်တုံးရဲ့ ထိပ်ကလိုမျိုး အချွန်သေးသေးလေးတွေကို အသုံးပြုပြီး အပေါ်ယံ အရေပြားကို ဖယ်ရှားတဲ့ကုထုံးပေါ့။ ဒီနည်းလမ်းက ကော်လာဂျင်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးပြီးအရေပြားကို ကြည်လင်လှပစေနိုင်ပါတယ်။လေဆာကုထုံး။ကုန်ကျစရိတ် အများဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါ။ အခြား ကုထုံးတွေထက် ပိုမို ကုန်ကျနိုင်ပါတယ်။ အရေပြားကို ထွင်းဖောက်နိုင်တဲ့ လေဆာ ရောင်ခြည်ကို အသုံးပြုပြီး ပျက်စီးနေတဲ့အရေပြား အလွှာကိုဖယ်ရှားပြီး အရေပြားကို အသစ် ဖြစ်ပေါ်စေတဲ့ ကုထုံးပါ။ကဲ မျက်နှာပေါ်က နေလောင်ကွက်တွေနဲ့ အမည်းစက်တွေကြောင့် စိတ်ညစ်နေတာလား။ အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သုံးလို့ နေ့ရက်တိုင်းကို ယုံကြည်မှု ရှိရှိ ဖြတ်သန်းလိုက်ကြစို့လား………..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/home-remedies-for-sunburn-pigmentation/