title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား
ကိုယ်ဝန်ဆောင်ချိန်မှာ ခဏခဏငိုမိနေလား …. သင်က ရယ်မောနေရင်း ကနေ ရုတ်တရတ်ကြီး အကြောင်းအရင်း တိတိကျကျ မရှိဘဲ မျက်ရည် ဝဲလာတယ်၊ အလွယ်တကူ စိတ်ဆတ်လာတယ်။ ခင်ပွန်း ဖြစ်သူက ဘယ်လို လုပ်ပေးပေး၊ ဘာတွေပဲ ပြောပြော အရာမရောက်ဘူး။ ……..စသည်ဖြင့်…….ဘယ်လိုတွေပဲ ခံစားနေရတယ် ဆိုပါစေ၊ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ဟော်မုန်းတွေ ပြောင်းလဲသွားခြင်းက သင့်ခံစားချက်တွေ အပြောင်းအလဲ မြန်စေပါတယ်။ ဓမ္မတာ လာစဉ်မှာ ဟော်မုန်းတွေ များတတ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထိန်းမနိုင် သိမ်းမရပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ သင်ဟာ အကြောင်း မရှိဘဲ ငိုကြွေးတတ် ပါတယ်။ ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေကြောင့် သင် စိတ်မထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တဲ့ ဟော်မုန်းတွေက ဘာကြောင့် ခဏခဏ ငိုကြွေးစေတာလဲ ဆိုတာကို အဖြေရှာလိုက် ကြရအောင် ……။ကလေး ရှိလာပြီ ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းကို ကူညီပေးဖို့ အတွက် အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်းလို့ ခေါ်တဲ့ ဟော်မုန်းတွေ သွေးထဲမှာများလာတတ် ပါတယ်။ အဲ့ဒီဟော်မုန်းတွေက သင့်စိတ်အခြေအနေကိုပါ သက်ရောက်ပြီး သင့်ကို ခဏခဏ ငိုချင်စိတ် ပေါက်တာတွေ၊ အလွယ်တကူ စိတ်ဆတ်တာတွေ ဖြစ်လာစေတယ်။ ဒါပေမယ့် ဟော်မုန်းတွေကပဲ အကြောင်းအရင်းတော့ မဟုတ်ပြန်ဘူး။ သင့်ဘဝကြီးမှာ ကိစ္စတွေ အများအပြား ဖြစ်ပေါ်လာတာကြောင့် စိတ်ခံစားချက်တွေက ခဏခဏ ပြောင်းနေတာပါ။အမျိုးသမီး တော်တော်များများဟာ ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ ထိန်းမရနိုင်အောင် ပြီးတော့ မှန်းလို့ မရလောက်အောင် ငိုကြွေးတတ်ကြတယ်။ အများစု ကတော့ ကိုယ်ဝန်ဆောင်ကာလ ပထမပိုင်းမှာ အဓိက ဖြစ်တတ်ပေမယ့် တကယ်တော့ အချိန်မရွေး ငိုနိုင်တာပါပဲ။ အခုပျော်နေပြီး အခုချက်ချင်းပဲ စိတ်ညစ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ သင်ဘာလုပ်ရမယ် မသိပေမယ့် ဒါက ပုံမှန် ဖြစ်ရပ်ပါပဲ။ကလေး လွယ်ထားရပြီ ဆိုတာနဲ့ ကိုယ်ဝန်ဆောင်ကာလ သုံးလပတ်တိုင်းရဲ့ တစ်ခုဆီမှာ ခန္ဓာကိုယ် ပြောင်းလဲမှုတွေ အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်ကျတာကြောင့်လည်း ငိုကြွေးနိုင်တယ်။ စိတ်ဓာတ်ကျတာကြောင့် ဆိုရင်တော့ ဆရာဝန်ဆီက အကြံဉာဏ်ယူဖို့ လိုပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာဟာအိပ်ရေးမဝတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အိပ်စက်ခြင်းကို မပေးနိုင်လို့ စိတ်အပြောင်းအလဲ များတာတွေ၊ စိတ်ဖိစီးတာတွေ ဖြစ်နိုင်တယ်။ နောက်ထပ် ငိုရခြင်း အကြောင်းအရင်းကတော့ ပင်ပန်းလို့ပဲ ဖြစ်တယ်။တစ်ခါတလေမှာ သင်ဟာအငိုရပ်ဖို့စိတ်ကူးကို မရှိတာပါ။ ဟော်မုန်းတွေ များပြား ရှုပ်ထွေးလာမှုကြောင့် ကိုယ့်စိတ်ကို မထိန်းနိုင်တွေဖြစ်လာရပါတယ်။ ဒါပေမယ့် ခဏခဏ ငိုချင်နေတာကို လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေတော့ ရှိပါသေးတယ်။ကိုယ်ဝန်ဆောင်ချိန် တွေ့ကြုံရတဲ့စိတ်ခံစားမှုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အခက်အခဲတွေ့ပါက ကျန်းမာရေးစောင့်ရှောက်သူများထံ ပြောပြတိုင်ပင်ပါ။ သူတို့က သင့်ကိုယ်ဝန်ဆောင်ကာလကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/how-to-deal-with-crying-during-pregnancy/
တုပ်ကွေးကာကွယ်ဆေး က ပြင်းထန်ကိုဗစ်ကို ကာကွယ်နိုင်
နှစ်တိုင်းတုပ်ကွေးကာကွယ်ဆေးထိုးလေ့ရှိတဲ့သူ၊ ဒီနှစ်လည်း ထိုးထားပြီးတဲ့သူတွေအတွက် သတင်းကောင်းပါ။ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာပြင်းထန်ကိုဗစ်ဖြစ်တာ၊ အထူးကြပ်မတ်ဆောင်တက်ရတာ၊သွေးဆိပ်သင့်တာနဲ့ လေဖြတ်တာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။တုပ်ကွေးကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ နှစ်စဉ် ၅လပိုင်းလောက်ဆို စထိုးကြပါပြီ။ရာသီတုပ်ကွေးကို ကာကွယ်ဖို့ပါ။ ရာသီတုပ်ကွေးက ရက်ပိုင်းလောက်နေရင်  သက်သာတတ်ပေမယ့် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေနဲ့ ခုခံအားကျနေတဲ့သူတွေမှာ မတော်တဆ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် အခြေအနေဆိုးတာကြောင့် သူတို့ကို ထိုးပါလို့ တိုက်တွန်းလေ့ရှိပါတယ်။ကိုဗစ်စဖြစ်တုန်းကလည်း တတ်နိုင်ရင် ထိုးထားကြပါလို့ အကြံပေးခဲ့ပါတယ်။ တုပ်ကွေးနဲ့ ကိုဗစ်က လက္ခဏာတူနေလို့ ခွဲရခက်တဲ့အပြင် လူတစ်ယောက်တည်းမှာ တုပ်ကွေးရော၊ ကိုဗစ်ပါ ဖြစ်လာရင် ပိုဆိုးနိုင်တာကြောင့် ကာကွယ်လို့ရတဲ့ ရာသီတုပ်ကွေးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ ခုတော့ ဒီလိုထိုးထားတာက ရာသီတုပ်ကွေးကို ကာကွယ်တာအပြင် ကိုဗစ်အတွက်ပါ အကျိုးရှိလာပါပြီ။ဒီနှစ် European Congress of Clinical Microbiology & Infectious Diseases (ECCMID)ကနေ လုပ်တဲ့လေ့လာချက်အရ တုပ်ကွေးကာကွယ်ဆေးက ကိုဗစ်ကြောင့် သေဆုံးတာတွေ မဖြစ်အောင်  ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ကမ္ဘာအနှံ့မှာ လေ့လာထားတဲ့ အချက်အလက်တွေအရ နှစ်စဉ်ထိုးရတဲ့ တုပ်ကွေးကာကွယ်ဆေးက ကိုဗစ်လူနာတွေမှာလေဖြတ်နှုန်း၊ သွေးဆိပ်သင့်နှုန်းနဲ့ သွေးခဲနှုန်းကို လျှော့ချပေးနိုင်ပါတယ်တဲ့။ ဒါ့ပြင် ကိုဗစ်ကြောင့် အရေးပေါ်အခြေအနေတွေ၊ အထူးကြပ်မတ်ဆောင်ကို တက်ရောက်ကုသရတာတွေကိုလည်း လျော့စေပါတယ်တဲ့။ကိုဗစ်ကာကွယ်ဆေးက ခုချိန်မှာ တစ်ကမ္ဘာလုံးကို လုံလောက်အောင်ထိုးပေးနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ နေ့စဉ်နဲ့ အမျှ ကာကွယ်ဆေးတွေကို ထုတ်နေ၊ ဖြန့်နေပေမယ့်လည်း တချို့နိုင်ငံတွေမှာ ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းဖို့ဆိုတာ ၂၀၂၃နှစ်စလောက်မှ ဖြစ်နိုင်မှာပါတဲ့။မကြာသေးခင်က လုပ်ခဲ့တဲ့ သုတေသနတွေအရတော့ တုပ်ကွေးကာကွယ်ဆေးတွေက ကိုဗစ်ကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ တုပ်ကွေးကာကွယ်ဆေးက ခန္ဓာကိုယ်ရဲ့ ဘုံခုခံအား (ဘာပိုးပဲ ဝင်လာလာ ထွက်တိုက်တဲ့ ခုခံအားစနစ်)ကို သန်စွမ်းစေလို့ပါတဲ့။ ဒါက ကိုဗစ်ထိန်းချုပ်ရေးမှာ အကူအညီတစ်ခုဖြစ်သွားနိုင်ပါတယ်။မီယာမီ မီလာ ဆေးတက္ကသိုလ်မှ Ms Susan Taghioffနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ကိုဗစ်လူနာပေါင်းများစွာရဲ့ ကျန်းမာရေးမှတ်တမ်းကို လေ့လာခဲ့ကြပါတယ်။ လူနာအုပ်စုကို တစ်အုပ်စုမှာ ၃၇,၃၇၇နဲ့ နှစ်အုပ်စု ခွဲထားပါတယ်။ဒီလူနာအုပ်စုတွေမှာ အသက်၊ ကျား/မ၊ လူမျိုး၊ ဆေးလိပ်သောက်သလား၊ ဆီးချို၊ အဝလွန်၊ နာတာရှည်အဆုတ်ရောင်  ရောဂါရှိသလား စတဲ့အချက်တွေကိုပါ ကိုက်အောင်  ခွဲထုတ်ထားခဲ့ပါတယ်။ အုပ်စုနှစ်ခုလုံးက အခြေအနေတူတူပါပဲ။ကွာတာက ပထမအုပ်စုက ကိုဗစ်မဖြစ်ခင်  ၂ပတ်နဲ့ ၆လကြားမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ ထိုးထားခြင်း မရှိပါဘူး။ ဒီလေ့လာချက်မှာ ယူအက်စ်၊ ယူကေ၊ အီတလီ၊ အစ္စရေးနဲ့ စင်ကာပူက လူနာတွေရဲ့ ကျန်းမာရေးအချက်အလက်တွေကို ယူသုံးထားပါတယ်။သိချင်တာက ဒီအုပ်စုနှစ်ခုမှာ ကိုဗစ်စဖြစ်ပြီး ရက်ပေါင်း ၁၂၀အတွင်းမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဘယ်သူကပိုဖြစ်လဲဆိုတာပဲ ဖြစ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေဆိုတာက သွေးဆိပ်သင့်တာ၊ လေဖြတ်တာ၊သွေးခဲတာ၊ အဆုတ်သွေးခဲပိတ်တာ၊ အဆုတ်ထိခိုက်တာ၊ အသက်ရှူမရတာ၊ အဆစ်တွေနာတာ၊ ကျောက်ကပ်ထိတာ၊ နှလုံးထိတာ၊ အဆုတ်ရောင်တာ၊ အစားအသောက်ပျက်တာ၊ အရေးပေါ်ကုသမှု ခံယူရတာ၊ ဆေးရုံတက်ရတာ၊ အထူးကြပ်မတ်ဆောင် တက်ရတာ၊ သေဆုံးတာ စတဲ့ ၁၅ချက်ကို ပြောတာ ဖြစ်ပါတယ်။ရလဒ်ကတော့ တုပ်ကွေးကာကွယ်ဆေး မထိုးထားတဲ့သူတွေက ထိုးထားတဲ့သူတွေထက် ၂၀ရာခိုင်နှုန်းပိုပြီး အထူးကြပ်မတ်ဆောင်ကို တက်ရောက်ကုသရပါတယ်တဲ့။ ဒါ့ပြင် အရေးပေါ်ကုသရတာ ၅၈ရာခိုင်နှုန်း၊ သွေးဆိပ်သင့်တာ ၄၅ရာခိုင်နှုန်း၊ လေဖြတ်တာ ၅၈ရာခိုင်နှုန်း၊ သွေးခဲပိတ်တာ၊ ၄၀ရာခိုင်နှုန်း ပိုတာာကို တွေ့ရပါတယ်။သေဆုံးနှုန်းကတော့ ကျသွားတာမျိုး မရှိပါဘူး။ ဒါကတော့ ထိုးထိုး မထိုးထိုး သိပ်တော့ မထူးခြားပါဘူး။တုပ်ကွေးကာကွယ်ဆေးက ဘာကြောင့်  ကိုဗစ်မှာ လာပြီး သက်ရောက်မှု ရှိနေတာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ ဖြစ်နိုင်တာကတော့ တုပ်ကွေးကာကွယ်ဆေးက ခန္ဓာကိုယ်ရဲ့ ဘုံခုခံအား (ဘာပိုးပဲ ဝင်လာလာ ထွက်တိုက်တဲ့ ခုခံအားစနစ်)ကို သန်စွမ်းစေတာကြောင့် ဖြစ်နိုင်ပါတယ်။ပြန်ချုပ်ရရင် ရာသီတုပ်ကွေးကာကွယ်ဆေးတွေက ကိုဗစ်မှာ ပြင်းထန်တဲ့ အခြေအနေတွေ ဖြစ်မလာအောင် အတိုင်းအတာတစ်ခုအထိ  လျှော့ချပေးနိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးနဲ့ ကိုဗစ်ကြားက ဆက်စပ်မှုကို ဆက်လက်လေ့လာသွားရမှာ ဖြစ်ပြီး အနာဂတ်မှာ ကိုဗစ်ကာကွယ်ဆေး မလုံလောက်တဲ့ နိုင်ငံတွေမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်တဲ့။ဒီလေ့လာမှုရဲ့ အကြီးတန်းစာရေးသူ၊ မီယာမီ မီလာဆေးတက္ကသိုလ် ပလတ်စတစ်ဆာဂျရီပါမောက္ခ Dr Devinder Singhက ‘ခုချိန်ထိ ကိုဗစ်ကာကွယ်ဆေးကို အပြည့်အဝထိုးထားတာက လူနည်းစုပဲ ရှိပါသေးတယ်။ ဒီကပ်ရောဂါရဲ့ ဆိုးရွားပုံနဲ့တော့ ကိုဗစ်ကြောင့် သေဆုံးတာ၊ နောက်ဆက်တွဲဖြစ်နှုန်းတွေကို လျှော့ချဖို့ နည်းလမ်းတွေကို ဆက်ပြီး ရှာဖွေသင့်တယ်’ လို့ ဆိုပါတယ်။ဒီတွေ့ရှိမှုက အင်မတန်မှ အရေးပါပါတယ်။ ခုထိကမ္ဘာမှာ ကိုဗစ်ကြောင့် ဒုက္ခရောက်နေရတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ ဒီတွေ့ရှိမှုက ကိုဗစ်ကို ထိန်းချုပ်တဲ့နေရာမှာ အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်။Ms Taghioffက ‘တချို့သော သူတွေက ကိုဗစ်ကာကွယ်ဆေးကို ထိုးဖို့ ကြောက်ရွံ့နေကြတာမျိုး ရှိပါတယ်။ ဒီလို လူတွေအတွက် တုပ်ကွေးကာကွယ်ဆေးက အထောက်အကူ ဖြစ်နိုင်ပါတယ်။ဒီလိုဆိုလို့ ကိုဗစ်ကာကွယ်ဆေး မထိုးဘဲ တုပ်ကွေးကာကွယ်ဆေးနဲ့ အစားထိုးနိုင်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ရနိုင်မယ်ဆိုရင်တော့ လူတိုင်း ကိုဗစ်ကာကွယ်ဆေးကို ထိုးဖို့ တိုက်တွန်းပါတယ်။’ လို့ပြောသွားပါတယ်။ဆိုလိုတာက ကိုဗစ်ကာကွယ်ဆေးရရင် ကိုဗစ်ကာကွယ်ဆေးထိုး၊ မရသေးတဲ့အချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးထားတာက မတော်တဆများ ကိုဗစ်ဖြစ်လာခဲ့ရင် မပြင်းထန်အောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးထားနိုင်တယ်လို့ ပြောချင်တာပါ။ ဒါ့ပြင် တစ်ခါတလေ တုပ်ကွေးကလည်း ကပ်ရောဂါနီးပါး ခေါင်းထောင်တတ်လေတော့ ထိုးထားတာက အကျိုးမယုတ်ပါဘူး။ဒါကြောင့် အရင်နှစ်တွေက မထိုးထားဘူး။ ထိုးလေ့ထိုးထ မရှိဘူးဆိုရင်တောင်  နောင်နှစ်တွေမှာတော့ ထိုးထားပါလို့ အကြံပေးချင်ပါတယ်။ဒီထက်ပိုအရေးကြီးတာက တုပ်ကွေးကာကွယ်ဆေးပဲ ထိုးထိုး၊ ကိုဗစ်ကာကွယ်ဆေးပဲ ထိုးထိုး ပြီးရင်တော့နှာခေါင်းစည်းတပ်၊လက်ဆေး၊ လူစုလူဝေးရှောင် စတဲ့ ကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်ကျင့်သုံးနေဖို့ပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/flu-jab-and-covid/
ကလေးတွေကို ကျန်းမာရေးနဲ့အညီ စားသောက်တတ်ဖို့သင်ပေးမယ့် ဖေဖေမေမေတို့ သတိပြုစရာအချက်များ
သင့်ကလေးကို ကိုယ်ပြင်ဆင်ပေးတဲ့အစားအစာတွေ စားလာဖို့နဲ့ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်ပုံအလေ့အကျင့် တွေမွေးမြူပေးဖို့ကအရမ်းကြီးအားထုတ်ကြိုးပမ်းစရာမလိုလောက်ပါဘူး။ အောက်ပါအချက်တွေကို နည်းနည်းချင်း သတိထားလုပ်ဆောင်သွားရင်ပဲ ကလေးတွေရဲ့နောက်ပိုင်းဘဝမှာ မှန်ကန်တဲ့စားသောက်ပုံနဲ့ ကျန်းမာတဲ့အလေ့အကျင့်တွေမွေးမြူနိုင်စေပါလိမ့်မယ်။ကလေးတွေရဲ့ အစားစားပုံအလေ့အကျင့်ကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့အတွက် မိဘတွေအနေနဲ့အောက်ပါအချက်တွေကိုရှောင်ကြဉ်သင့်ပါတယ် –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%94%e1%80%b2/
ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာ ၁၀ မျိုး
တစ်နေ့ကို ထမင်း ၂ ကြိမ်စားပြီးတဲ့အပြင် တစ်ခါတလေမှာ အခြားအဆာပြေစာလေးတွေ စားချင်တာမျိုးတွေရှိတတ်ပါတယ်။ လူကြိုက်များတဲ့ အသင့်စား အမြန်စားအစားအစာတွေနဲ့ အချိုရည်တွေက ကျန်းမာရေးအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ အထူးသဖြင့်ဆီးချိုရှိရင် ပိုပြီးတောင်ဆိုးနိုင်ပါသေးတယ်။ ကံကောင်းတာတစ်ခုကျန်းမာရေးကောင်းမွန်အောင်ဘယ်လိုရွေးချယ်စားသုံးရမလဲဆိုတဲ့နည်းလမ်းရှိနေတာပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အေင် ဘယ်လိုရွေးချယ်စားသုံးရမလဲဆိုတာက ဆက်ကြည့်လိုက်ရအောင်။၁)ချောကလက်။အနက်ရောင်ချောကလက်စားသုံးပေးတာက ဗိုက်ပြည့်တယ်လို့ခံစားရစေပြီး ဆာလောင်တယ်လို့ခံစားရမှုကိုလျှော့ချပေးပါတယ်။ချောကလက်မှာ ဖလေဗာနွိုက်နဲ့ နှလုံးကိုကျန်းမာစေနိုင်တဲ့ အကျိုးပြုဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ချောကလက်မှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီဓါတ်နှစ်မျိုးဖြစ်တဲ့oleic နဲ့ stearic အက်ဆစ်တို့ပါဝင်နေပါတယ်။၂) နို့။အဆီမပါတဲ့ နို့တစ်ခွက်က ရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာတစ်မျိုးပါပဲ။ဆောင်းရာသီလိုအေးမြတဲ့ရာသီမှာ နို့ပူပူလေးတစ်ခွက်သောက်သုံးပေးတာကနွေးထွေးစေမှာလည်းဖြစ်ပါတယ်။ တကယ်လို့ ခန္ဓါကိုယ်က နို့၊နို့ထွက်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ဘူးဆိုရင် ပဲနို့ (သို့မဟုတ်) အယ်လ်မွန်နို့တို့ကိုပြောင်းလဲသောက်သုံးပေးလို့ရပါတယ်။ ဒီနို့တွေကလည်း ကျန်းမာရေးကိုကောင်းစေနိုင် ပါတယ်။၃) သစ်သီးတွေ။စပျစ်သီး၊ ဇီးသီး၊ နဲ့ လတ်ဆတ်တဲ့ လိမ္မော်သီးတွေကအရသာလည်းရှိသလို ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ငှက်ပျောသီး၊ စပျစ်သီးခြောက်နဲ့ စတော်ဘယ်ရီသီး လတ်လတ်ဆတ်ဆတ်တွေကလည်း ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ အဆာပြေစားစရာတွေပါ။ လိမ္မော်သီး၊ရှောက်ချိုသီး၊ ဂရိတ်ဖရုသီး၊ သံပရိုသီး၊ နဲ့ သံပုရာသီးတို့လိုမျိုးရှောက်မျိုးရင်းပင်အသီးတွေက အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။ အမျှင်ဓါတ်များများစားချင်တယ်ဆိုရင်တော့ သစ်သီးဖျော်ရည်တွေသောက်သုံးမယ့်အစား သစ်သီးတွေကိုပဲစားသုံးပေးပါ။၄) ကြက်ဥပြုတ်နဲ့ ဟင်းသီးဟင်းရွက်တွေ။ကြက်ဥပြုတ်ကို အစိတ်လေးတွေစိတ်ပေးပြီး သခွားသီးနဲ့ခရမ်းချဉ်သီးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပမာဏလောက်နုတ်နုတ်စဉ်းပြီးရောနယ်ပေးရပါမယ်။ ကြက်ဥပြုတ်က ပရိုတင်းရရှိနိုင်တဲ့ အစားအသောက်တစ်မျိုးပါ။ ခရမ်းချဉ်သီးကလည်း အစိမ်းစားလို့ရသလို အနှစ်တိုက်ပြီးဖြစ်ဖြစ် ဟင်းချက်တာမျိုးဖြစ်ဖြစ် စားလို့ရသလိုဆော့စ်လုပ်ပြီးတော့လည်းစားသုံးပေးလို့ရပါသေးတယ်။ ဘယ်လိုပဲစားစား ခရမ်းချဉ်သီးက ဗီတာမင်အေ၊စီ၊အီးတို့ကိုရရှိစေနိုင်ပြီး ကျန်းမာရေးကိုလည်းကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။၅) အုတ်ဂျုံ။အုတ်ဂျုံကပျော်ဝင်နိုင်တဲ့အမျှင်တွေကိုရရှိစေနိုင်တဲ့ အစားအစာရင်းမြစ်တစ်ခုဖြစ်သလို အဆာလည်းခံနိုင်စေပါတယ်။ အုတ်ဂျုံထဲကို သစ်ကြားသီးတွေကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် စိတ်ထည့်ပေးမယ်ဆိုရင် နှလုံးကိုကျန်းမာစေနိုင်တဲ့monounsaturated fat ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။၆)မြေပဲထောပတ်sandwiches။ပေါင်မုန့်တစ်ချပ်ကိုမြေပဲထောပတ်တစ်ဇွန်းလောက်သုတ်ပေးရင်ကို လုံလောက်ပါပြီ။ ဒီအဆာပြေ စားစရာကနေ အာဟာရဓါတ်ပိုမိုရရှိစေဖို့အတွက်ကောက်နှံတစ်ခုလုံးနဲ့လုပ်ထားတဲ့ပေါင်မုန့် နဲ့ တာရှည်ခံဆေးသုံးမထားတဲ့မြေပဲထောပတ်တို့ကို အသုံးပြုရမှာပဲဖြစ်ပါတယ်။၇)Cracker ကိုကြက်သား၊ တူနာ၊ ဆယ်လ်မွန်ငါးတို့နဲ့တွဲစားပေးပါ။အဆာပြေစားမယ့်အစားအစာကို ကြက်သား၊တူနာ၊ဆယ်လ်မွန်တို့ကို သံလွင်ဆီကနေထုတ်ထားတဲ့ အဆီနည်းတဲ့mayonnaise တို့နဲ့ တွဲဖက်စားသုံးပေးမယ်ဆိုရင် ပရိုတင်းဓါတ်တွေလုံလောက်စွာရရှိမှာဖြစ်ပါတယ်။ကောက်နှံတစ်ခုလုံး၊ဂျုံ၊ ဆန်လုံးညိုတို့နဲ့လုပ်ထားတဲ့cracker တွေကိုရွေးချယ်ပေးရပါမယ်။ သဘာဝအတိုင်းရှင်သန်နေတဲ့ ဆယ်လ်မွန်နဲ့ omega-3 fatty acid ကြွယ်ဝတဲ့ အခြားငါးတွေမှာ ဆီးချိုရောဂါနဲ့တော်တော်လေးကို ဆက်စပ်နေတဲ့နောက်ဆက်တွဲရောဂါတစ်ခုဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါလိုမျိုး နှလုံးရောဂါဖြစ်နိုင်ခြေကိုသိသိသာသာလျော့ကျစေနိုင်ပါတယ်။ပင်လယ်ရေအေးအေးတွေထဲမှာနေထိုင်ကျက်စားတဲ့ငါးတွေမှာ ဆံပင်၊အရေပြား၊ နဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ ဗီတာမင် ဒီ နဲ့selenium တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါ့အပြင် ဒီငါးတွေမှာ ကာဗိုဟိုက်ဒရိတ်မပါဝင်တာကြောင့်သွေးတွင်းသကြားဓါတ်ပမာဏကိုလည်းမတိုးစေနိုင်ပါဘူး။၈) အခွံမာသီး။အဆီပါတဲ့ငါးတွေလိုမျိုးပဲ အခွံမာသီးတွေကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓါတ်တွေကိုရရှိစေနိုင်တဲ့ အစားအစာတွေပါ။ အဆာလည်းခံနိုင်စေပါတယ်။ အခွံမာသီးတွေမှာ မဂ္ဂနီဆီယမ် နဲ့ အမျှင်ဓါတ်တို့လိုမျိုး ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓါတ်တွေကိုလည်းရရှိစေနိုင်ပါတယ်။ သစ်ကြားသီး နဲ့ နှမ်းကြတ်စေ့တို့မှာလည်းomega-3 fatty acid ပါဝင်နေပါတယ်။ အခွံမာသီးတွေကို အဆာပြေစားစရာအဖြစ်နဲ့ တစ်နေ့ကို အကြိမ်ရေတော်တော်များများစားသုံးပေးလို့လည်းရပါတယ်။သွေးတွင်းသကြားဓါတ်ပမာဏကိုလည်း မတိုးစေနိုင်ပါဘူး။၉) ပဲအမျိုးမျိုး။ပဲအများစုက အာဟာရဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ အမျှင်ဓါတ်အများအပြားရရှိနိုင်သလို ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းဓါတ်တွေ ကိုလည်း ရရှိစေနိုင်ပါတယ်။ ပဲအမျိုးမျိုးကနေ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်ဓါတ်တွေကိုလည်းရရှိနိုင်ပါသေးတယ်။JAMA network ကထုတ်ပြန်ခဲ့တဲ့လေ့လာမှုတစ်ခုမှာဆိုရင် တကယ်လို့များ အမျိုးအစား ၂ ဆီးချိုရောဂါရှိနေခဲ့ရင် ပဲအမျိုးမျိုးကသွေးတွင်းက အချိုဓါတ်ကိုလျော့ကျစေနိုင်တယ်လို့ဖော်ပြထားပါတယ်။ ပဲကိုအဆာပြေအနေနဲ့ စားသုံးလို့ရသလို မိမိကြိုက်နှစ်သက်ရာ အသုပ်တွေထဲမှာလည်း ထည့်ပြီးစားလို့ရပါတယ်။၁၀)ပြောင်းဖူးပေါက်ပေါက်။ပြောင်းဖူးပေါက်ပေါက်ကကောက်နှံတစ်ခုလုံးကနေထုတ်ထားတာဖြစ်ပြီး အမျှင်ဓါတ်လည်းပါဝင်နေပါတယ်။Health မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့လေ့လာမှုတွေမှာကောက်နှံတွေက ဆီးချိုရောဂါနဲ့နှလုံးရောဂါခံစားရနိုင်ခြေကိုကျဆင်းစေနိုင်တယ်၊ လို့ဖော်ပြထားပါတယ်။ တစ်ခုသတိထားရမှာကပြောင်းဖူးပေါက်ပေါက်ကိုထောပတ်တွေ၊သကြားရည်တွေ စိမ်မထားဖို့ပါ။ထောပတ်တွေ သကြားတွေမပါဝင်တဲ့ပြောင်းဖူးပေါက်ပေါက်က ကျန်းမာရေးနဲ့တော်တော်လေးညီညွတ်တဲ့ အဆာပြေစားစရာပါ။ပြောင်းဖူးပေါက်ပေါက်ကို ဒီအတိုင်းကြီးစားရတာက စားမကောင်းပါဘူး။ပြောင်းဖူးပေါက်ပေါက်ကို စားချင်စဖွယ်ဖြစ်အောင် အပေါ်ကနေ သစ်ကြံပိုးခေါက်မှုန့်ဖြူးတာ (သို့မဟုတ်) ကြက်သွန်ဖြူမှုန့်ဖြူးတာမျိုးလုပ်ပြီး စားသုံးပေးလို့ရပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%be%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90/
Lupus ဟာ လေဖြတ်ခြင်းကို ဖြစ်စေသလား
Lupus ဆိုတာ နာတာရှည် ရောင်ရမ်းနာဖြစ်ပြီး သင့်ကိုယ်ထဲက ကိုယ်ခံအားစနစ်ဟာ သင့်ကိုယ်ပိုင် တစ်သျှူးနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်ရင် ဖြစ်တတ်ပါတယ်။ Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္ဓါရဲ့ စနစ်အမျိုးမျိုးကို သက်ရောက်မှုရှိပါတယ်။ အဆစ်အမြစ်တွေ၊ ကျောက်ကပ်၊ သွေးဆဲလ်၊ ဦးနှောက်၊ နှလုံးနဲ့ အဆုတ် စတာတွေ ဖြစ်ပါတယ်။Lupus ရဲ့ လက္ခဏာတွေဟာ ရောဂါကြောင့် ဘယ်နေရာကို ထိခိုက်တယ်ဆိုတာပေါ် မူတည်ပါတယ်။ အတွေ့အများဆုံးလက္ခဏာတွေကတော့ –။Lupus ဖြစ်ပွားနိုင်ခြေရှိတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။သင့်ရဲ့ကိုယ်ခံအားစနစ်ဟာ သင့်ကိုယ်ထဲက ကောင်းတဲ့ တစ်သျှူးတွေကို တိုက်ခိုက်ရင် Lupus ဖြစ်ပွားပါတယ်။ မျိုးရိုးဗီဇနဲပ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ Lupus ဖြစ်ခြင်းကို လှုံ့ဆော်ပေးတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရင် ဖြစ်နိုင်ပါတယ်။ Lupus ဖြစ်စေတဲ့ တချို့သောအချက်တွေကတော့–။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/lupus-%e1%80%9f%e1%80%ac-%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%af%e1%80%ad-%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1/
ညဘက်အိပ်ပျော်အောင် ဘယ်လိုအိပ်ကြမလဲ။
ပြိုင်ဆိုင်မှုတွေများလာတဲ့ ကမ္ဘာကြီးမှာ ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ဆိုတာ နေ့စဉ် စိန်ခေါ်မှုကြီးလိုဖြစ်လာပါတယ်။ ဒါပေမယ့် မျက်စိအကျင့်၊ ဝမ်းအချင့် ဆိုတဲ့ စကားအရဆို အိပ်ရေးဝဖို့နဲ့ အိပ်ချိန်မှန်ဖို့က ကိုယ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် သဘာဝတရားအရ အကောင်းဆုံး အားသစ်လောင်းပေးတဲ့ နှစ်ခြိုက်စွာ အိပ်စက်နိုင်မှုဆီကို ညင်ညင်သာသာလေး အရောက်လှမ်းနိုင်ဖို့ ညဘက်အိပ်ပျော်အောင် ဘယ်လိုအိပ်ကြမလဲ။ ရိုးရိုးရှင်းရှင်း လိုက်လုပ်လို့ရတဲ့ အရာလေးတွေကို သိရအောင်လို့ ဆက်ဖတ်ကြည့်ပါနော်။၁။   ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်ပါ။အိပ်ချိန်ရောက်ပြီဆိုရင် ဦးနှောက်က ကိုယ်ခန္ဓာကို အချက်ပြရင်းဇီဝနာရီက အဲဒီအိပ်ချိန်အတိုင်း ချိန်ညှိသွားမှာပါ။ အိပ်ရာဝင်ခါနီး တခြားဘာအတွက်မှ အချိန်မပေးပါနဲ့ ။ တခြားကို စိတ်ရောက်နေရင် ခန္ဓာကိုယ်က နားချင်နေတာတောင် စိတ်က ဆန့်ကျင်ဘက်အရာကို လုပ်နေမိမှာပါ။အဲ့လို အိပ်ခါနီး စိတ်ပူမနေရအောင် နေ့ပိုင်းမှာ check list လုပ်ပြီး အကြမ်းဖျဉ်း အစီအစဉ်ကြိုဆွဲပါ။ တကယ်ဖြစ်နိုင်တဲ့ အိပ်ရာဝင်ချိန်ကို သတ်မှတ်လိုက်ပြီဆိုတာနဲ့ အိပ်ချိန်နီးတဲ့ အခါ လုံးဝမဖြစ်မနေလုပ်ဖို့ လိုတဲ့ အလုပ်ကိစ္စတွေ ကျန်နေသေးလားစိစစ်ပါ။အစပိုင်းမှာတော့ ကျင့်သားမရသေးတဲ့အတွက် အိပ်ခါနီးအထိ အလုပ်မပြီးသေးတာမျိုး ကြုံရနိုင်ပြီး စိတ်စနောင့်စနင်းနဲ့ အိပ်ရာပေါ် လူးလိမ့်နေတဲ့ထိ ဖြစ်နိုင်ပါသေးတယ်။ အဲလိုအခါမျိုးမှာ အိပ်ရာဝင်ရမယ့်အချိန်ကို ခိုးပြီး အလုပ်ထလုပ်မိတာမျိုးမဖြစ်အောင်ထိန်းပါ။ ရက်အနည်းငယ်ကြာတဲ့အခါ ဦးနှောက်က ဒီလို ပုံမှန်အိပ်ချိန်ပုံစံကို အသားကျလာမှာ ဖြစ်ပြီး အိပ်ပျော်ဖို့ အသင့်ဖြစ်နေစေမှာပါ။၂။   ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာ စိတ်ဖိစီးမှု ဘယ်လောက်ကင်းလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။တစ်ချိန်လုံး စိတ်လှုပ်ရှားနေမယ် (သို့)ပူပန်သောကများနေမယ်ဆိုရင် အိပ်လို့မရဖြစ်နေမှာပါ။ ဒါကြောင့် အိပ်မယ်ဆိုပြီး ကုတင်ပေါ်လှဲတဲ့အခါ အတွေးတွေအကုန်လုံးကို ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ မျှော်မှန်းချက်တွေနဲ့ ဘဝရည်မှန်းချက်တွေ အားလုံးကို နောက်မှတွေးဖို့ လုပ်ပါ။နက်ဖြန်က နောက်မှလာမှာ၊ ဒီနေ့ အခုလုပ်ဖို့လိုအပ်တာက အေးဆေးတည်ငြိမ်နေဖို့ဆိုပြီး ကိုယ့်ကိုယ်ကို ပြောပါ။၃။  အိပ်ပျော်ဖို့ ဆိုတာက ကိုယ်ခန္ဓာ သက်သောင့်သက်သာဖြစ်နေတာနဲ့လည်း ဆိုင်ပါတယ်။မပျော့လွန်း၊ မမာလွန်းတဲ့ မွေ့ရာ၊ လည်ပင်းမနာစေမယ့် ခေါင်းအုံး၊ သန့်ရှင်းသပ်ရပ်မွှေးပျံ့တဲ့ အိပ်ရာခင်း နဲ့ သက်သောင့်သက်သာရှိတဲ့ အိပ်ဝတ်စုံ၊ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်၊ အလင်းခပ်မှိန်မှိန်နဲ့ ညအိပ်မီး စတာတွေကလည်း အိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။တချို့ဆို နူးညံ့ညင်သာတဲ့ ဂီတသံ တိုးတိုးနဲ့white noiseတွေက သူတို့ရဲ့ အိပ်ချင်စိတ်ကို လှုံ့ဆော်ပေးတယ် လို့ ဆိုကြပါတယ်။၄။   အိပ်ပျော်ချင်လို့ အိပ်ခါနီး အရက်သောက်တာမျိုး၊အိပ်ဆေးသောက်တာမျိုးကတော့ တာရှည်မွေးမထားသင့်တဲ့ အကျင့်ပါပဲ။အရက်အများကြီးသောက်တာက ဦးနှောက်ကို ခဏတာထုံထိုင်းသွားစေပြီး အိပ်ပျော်သွားစေနိုင်ပေမဲ့  ခဏခဏ ပြန်ပြန်နိုးတာမျိုးပဲ ဖြစ်နေတာ တွေ့ရမှာပါ။ မနက်နိုးလာတဲ့ အခါလည်း ကြည်ကြည်လင်လင် ရှိမှာ မဟုတ်ပါဘူး။ အိပ်ဆေးတွေက သောက်မှ အိပ်ပျော်မယ့် အကျင့်တစ်ခုလို ဖြစ်လာနိုင်ပြီး ရေရှည်ဆို ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ဒါကြောင့် ပိုကောင်းကောင်း အိပ်ပျော်အောင် အိပ်ရာမဝင်ခင် နွားနို့ပူပူလေး တစ်ခွက် (သို့) ချောကလက်ပူပူလေး တစ်ခွက် (သို့) ကီဝီသီးဖျော်ရည် တစ်ခွက် သောက်တာက ပိုအကျိုးများပါလိမ့်မယ်။၅။   ကော်ဖီ၊ လက်ဖက်ရည်၊ကိုလာ (သို့) နီကိုတင်းတို့လိုမျိုး စိတ်ကို နိုးကြွစေတဲ့အရာတွေကို ရှောင်ရှားပါ။သူတို့ဆီမှာပါတဲ့ ကဖင်းဓာတ်က အာရုံကြောတွေကို တရားလွန်ကြွတက်စေတာကြောင့် အိပ်ပျော်ဖို့ အတော်ခက်ခဲစေပါတယ်။၆။ အိပ်ခါနီးမှ အစားတွေ နင်းကန်စားတာမျိုး မလုပ်ပါနဲ့ ။အစာအိမ်တို့၊ အသည်းတို့က သည်အချိန်မှာ နားတာမို့ အစာခြေဖို့  အလုပ်ပေးလို့ မကောင်းတော့ပါဘူး။ သူတို့အလုပ်လုပ်နေရင် ခန္ဓာကိုယ်က တစ်နည်းတစ်ဖုံ နိုးကြားနေမှာမို့ အိပ်မပျော်နိုင်ဖြစ်နေတတ်ပါတယ်။သည်အချိန်စားတဲ့ အစာတွေက အားအင်သုံးဖို့ မရှိတာကြောင့် အဆီပိုဖြစ်သွားတတ်ပြီး ကိုယ်အလေးချိန်ပါတတ်လာနိုင်ပါတယ်။ သိပ်ဆာရင်တော့ အဆာပြေရုံ ခပ်နည်းနည်း စားပေးပါ။၇။  ဖုန်း၊ ကွန်ပြူတာတွေ သုံးတာ၊ စာအုပ်ဖတ်တာနဲ့ တီဗီကြည့်တာကလည်း ညဘက်အချိန်မတော်အထိ နေဖြစ်စေတဲ့ အပြင် အိပ်ချိန်ပုံစံပျက်စေတဲ့ အကြောင်းရင်းကြီးတစ်ခု ဖြစ်ပါတယ်။စက်ရုပ်လိုပဲ တီဗီချန်နယ်တွေကို ခဏခဏပြောင်းတာမျိုး (သို့) တကယ်လည်း မလိုအပ်ဘဲ အင်တာနက် လျှောက်မွှေကြည့်နေတာမျိုး မကြာမကြာ လုပ်နေမိတတ်တာ တွေ့ရမှာပါ။ အထူးသဖြင့် အိပ်ချိန်ကို တကယ် အစီအစဉ်ချပြီး လုပ်ချင်ရင် အိပ်ရာဝင်ချိန်မတိုင်မီ အားလုံးရှင်းလင်း နေဖို့ ကြိုးစားကြည့်ပါ။ အထူးသဖြင့် တီဗီ (သို့) ရုပ်ရှင်တွေက ဦးနှောက်ကို တက်ကြွစေနိုင်ပြီး အိပ်ပျော်ဖို့ ခက်ခဲတာကို တွေ့ရမှာပါ။၈။အိပ်ပျော်အောင် လေ့ကျင့်ခန်းလုပ်ပါ။ဆယ်မိနစ်လောက်ပဲ တင်ပျဉ်ချိတ်ထိုင်အသက်ပြင်းပြင်းရှူပြီး အကြောလျှော့ပေးပါ။ အိပ်ခါနီး ရေနွေးလေးနဲ့ရေချိုးပြီး အကြောလျှော့လေ့ကျင့်ခန်းလုပ် အိပ်ရတာလောက် အရသာရှိတာ မရှိပါဘူး။အခုဆို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အသင့်ဖြစ်သွားပြီမဟုတ်လား။အိပ်ရေးဝရင် ခန္ဓာကိုယ်အတွက် ဘယ်လို အကျိုးများတယ်ဆိုတာ နောက်ဆောင်းပါးကျရင် ပြောပြပေးမှာမို့ စောင့်ပြီး ဖတ်ပေးကြပါဦးနော်။ရေးသားသူ – နှင်းရိပ်မှုန်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/how-to-sleep-well-at-night/
အိပ်ရေးဝအောင်အိပ်ကြပါ
ညဉ့်နက်တဲ့အထိ အလုပ်တွေလုပ်နေရလို့ပဲဖြစ်ဖြစ်၊ ဇာတ်လမ်းကြည့်ကောင်းလို့ပဲဖြစ်ဖြစ် ရံဖန်ရံခါ အိပ်ရေးပျက်တာမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေတော့ ကိစ္စမရှိပေမဲ့ နေ့တိုင်းလိုလို အိပ်ရေးဝအောင်မအိပ်ရရင်တော့ ကျန်းမာရေးထိခိုက်လာတော့မှာပါ။ ဒါဆိုဘာလို့ အိပ်ရေးဝအောင်အိပ်ဖို့လိုတာလဲ၊ အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာဘယ်လိုတွေထိခိုက်လာနိုင်သလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။အိပ်ရေးမဝတာက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးကောင်းကောင်းဝအောင်မအိပ်ရတဲ့ ရက်တွေများလာရင် ပြင်ပကဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူဝင်ရောက်ပြီး အအေးမိတုပ်ကွေးရောဂါလိုရောဂါတွေ ပိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ တခြားရောဂါတစ်ခုခုကြောင့် နေထိုင်မကောင်းဖြစ်နေချိန်မှာ ကောင်းကောင်းမအိပ်စက်ရရင်လည်း ရောဂါပျောက်ကင်းဖို့အချိန်ပိုကြာသွားနိုင်ပါတယ်။ဘာ့ကြောင့်ဒီလိုဖြစ်ရသလဲဆိုရင် ကျွန်တော်တို့တွေအိပ်ပျော်နေချိန်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်က cytokines လို့ခေါ်တဲ့ ပရိုတင်းတွေထုတ်လုပ်ပေးပါတယ်။ ဒီပရိုတင်းတွေက အိပ်စက်မှုကိုအားပေးပါတယ်။ တချို့ cytokine အမျိုးအစားတွေက ရောဂါဖြစ်နေချိန်၊ စိတ်ဖိစီးမှုခံစားနေရချိန်မှာ ခန္ဓာကိုယ်လိုအပ်ချက်အရပိုထွက်လာပါတယ်။ အိပ်ရေးဝအောင်မအိပ်ရင် ဒီပရိုတင်းတွေထွက်ရှိမှုနည်းသွားပါတယ်။ နောက်ပြီး အိပ်ရေးပျက်တာများရင် ပြင်ပရောဂါပိုးမွှားတွေကို တိုက်ထုတ်မယ့် ပဋိပစ္စည်းတွေ၊ ဆဲလ်တွေလည်း အရေအတွက် နည်းပါးလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုတိုပြောရရင် အိပ်ရေးပျက်ခြင်းကခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်စေတာအမှန်ပဲဖြစ်ပါတယ်။အိပ်ရေးမဝရင် ခုခံအားစနစ်ပဲ အန္တရာယ်ရှိနိုင်တာမဟုတ်ဘဲ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါအမျိုးမျိုးဖြစ်နိုင်ခြေလည်း မြင့်တက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးပျက်တာက နာတာရှည်ရောဂါတွေနဲ့လည်း ဆက်စပ်နေတာတွေ့ရမှာပါ။ နောက်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ် ပြင်ပကနေ ရောဂါပိုးတစ်ခုခုဝင်လာရင် ကိုယ်တွင်းအပူချိန်မြင့်တက်လာပြီး တုံ့ပြန်လေ့ရှိပါတယ်။ ဒီလိုအပူချိန်မြင့်တက်တဲ့တုံ့ပြန်မှုက အိပ်စက်ချိန်မှာဖြစ်တာဖြစ်လို့ လုံလောက်တဲ့ အိပ်စက်ချိန်မရတဲ့သူတွေက ပြင်ပရောဂါပိုးတွေကို လွယ်လွယ်နဲ့ ပြန်မတိုက်ထုတ်နိုင်တော့ပါဘူး။နောက်ထပ်စိုးရိမ်စရာပြဿနာတစ်ခုကတော့ တုပ်ကွေးကာကွယ်ဆေးနဲ့သက်ဆိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးထားရင် ရာသီတုပ်ကွေးအများစုကို ကာကွယ်နိုင်စွမ်းရှိတာ အတော်များများသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ဒီလိုအစွမ်းရဖို့ ကာကွယ်ဆေးတစ်ခုတည်းလည်းအားကိုးလို့မရပါဘူး။ ဆေးထိုးထားတဲ့သူကိုယ်တိုင်ရဲ့ခုခံအားစနစ်ကောင်းဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့်မို့ အိပ်ချိန်လုံလုံလောက်လောက်မရှိတဲ့သူဆိုရင် ကာကွယ်ဆေးထိုးထားပေမယ့်လည်း တုပ်ကွေးရောဂါဖြစ်ပွားနိုင်ပါသေးတယ်။ကောင်းပြီ၊ ဒါဆိုရင် ရောဂါမျိုးစုံအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် လုံလုံလောက်လောက်အိပ်ချိန်ရဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိပြီဆိုတော့ အိပ်ချိန်ဘယ်လောက်လိုသလဲဆိုတာပြောပြပါမယ်။ ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် အရွယ်ရောက်လူကြီးတွေက တစ်နေ့ကို ၇-၈နာရီ၊ ဆယ်ကျော်သက်တွေကဆို ၉-၁၀ နာရီနဲ့ ကျောင်းတက်ကလေးငယ်တွေကို တစ်ရက်ကို ၁၀နာရီ အိပ်စက်ဖို့ အသီးသီးလိုအပ်ပါတယ်။ တစ်ခုသတိပြောလိုတာက များများအိပ်တိုင်းလည်း ခန္ဓာကိုယ်အတွက် အကျိုးမရှိဘူးဆိုတာပါပဲ။ လိုအပ်တာထပ်အကြာကြီးပိုအိပ်ရင် လူက တက်တက်ကြွကြွမဖြစ်တော့ပဲ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ အရွယ်ရောက်လူကြီးတွေက သတ်မှတ်ထားတဲ့ ၉-၁၀ နာရီထက်ပိုအိပ်ရင် အိပ်ရေးမဝသလိုခံစားရတာ၊ ငြီးစီစီဖြစ်နေတာ၊ နောက်ရက်တွေမှာ လွယ်လွယ်နဲ့အိပ်မပျော်တော့တာ စတဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။လူတိုင်းရဲ့ ခန္ဓာကိုယ်က ဘတ်ထရီတစ်လုံးနဲ့ဆင်တူပါတယ်။ တစ်နေ့တာလှုပ်ရှားသွားလာပြီးရင် နောက်တစ်ရက်အတွက် အိပ်စက်ပြီး အားပြန်ဖြည့်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လည်း အိပ်စက်ခြင်းက အရေးကြီးလှပါတယ်။ ဒါ့ကြောင့် ညဖက်တွေပိုပြီး လွယ်လွယ်ကူကူအိပ်ပျော်နိုင်ဖို့ နည်းလမ်းလေးတွေပါ ဖော်ပြလိုက်ရပါတယ်။– ညဖက်အိပ်ချိန်နီးမှ ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်ပါတဲ့သောက်စရာတွေမသောက်ပါနဲ့။– အိပ်ချိန်နီးမှ မိုဘိုင်းဖုန်းသုံးတာ၊ တီဗီကြည့်တာတွေမလုပ်ပါနဲ့၊ မျက်လုံးကြောင်သွားနိုင်ပါတယ်။– အခန်းကိုမီးပိတ်အိပ်တာက ဖွင့်အိပ်တာထက် ပိုလွယ်လွယ်အိပ်ပျော်စေမှာပါ။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ မီးရောင်လေးရှိမှ အိပ်ပျော်တဲ့သူဆိုရင် မီးလုံးသေးသေးလေးထွန်းထားပြီးအိပ်နိုင်ပါတယ်။– လေ့လာမှုတွေအရ ညဖက်မအိပ်ခင် ရေနွေးနွေးလေးနဲ့ရေချိုးပြီးမှ အိပ်စက်ရင် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။– အိပ်ခါနီးမှ အရက်၊ ဆေးလိပ်သောက်တာမျိုးမလုပ်ပါနဲ့။ အရက်သောက်မယ်ဆို အိပ်ချိန်နဲ့အနည်းဆုံး ၆ နာရီလောက်ခြားပြီးသောက်ထားပါ။– အိပ်ဖို့ခုတင်ပေါ်ရောက်ပြီဆိုရင် စိတ်ကိုလျှော့ထားလိုက်ပါ၊ တောင်တောင်အီအီတွေမတွေးတော့ဘဲ ခန္ဓာကိုယ် ကကြွက်သားတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်လိုက်ပါ။ ဒီနည်းလမ်းတွေအတိုင်းကျင့်သုံးကြည့်ပြီး အိပ်ရေး၀၀ အိပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ရေးသားသူ – Dr. Htoo Tint Ko Ko။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%9d%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%80%e1%80%bc%e1%80%95%e1%80%ab/
ကိုဗစ်လူနာတွေ အဆက်မပြတ် ကြို့ထိုး ရတဲ့ အကြောင်းအရင်း
ကိုဗစ်လူနာတွေမှာ ခပ်စိတ်စိတ်တွေ့လာရတဲ့ လက္ခဏာတစ်ခုကကြို့ထိုး တာပါ။ လူနာကတော့ သတိထားမိမှာ မဟုတ်ပေမယ့် ကြည့်နေတဲ့ ဆရာဝန်ကတော့ သတိထားမိပါတယ်။ ကြို့ထိုးတာကလည်း ဘာနဲ့မှမသက်သာဘဲ ဆက်တိုက်ထိုးနေတာပါ။ ကြို့ထိုးတာက မစိုးရိမ်ရတဲ့ အခြေအနေလည်း ဖြစ်နိုင်သလို တစ်ခါတလေမှာ ပြင်းထန်တဲ့ ရောဂါတစ်ခုခုကို အချက်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။ကိုဗစ်လူနာတွေ အဆက်မပြတ် ကြို့ထိုးရတဲ့ အကြောင်းအရင်းကတော့။ကြို့ထိုးတာကကိုဗစ်ရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ရှားတော့ ရှားပါတယ်။ ကိုဗစ်ဖြစ်တယ်လို့ သိပြီးသားသူတစ်ယောက်မှာ ဒီလက္ခဏာ တစ်ခုထပ်တိုးလို့လည်း ထူးခြားတာ မရှိပါဘူး။အထူးသဖြင့်တော့ ကိုဗစ်လူနာတွေမှာ dexaဒက်ဆာ သောက်ပြီး ရက်ပိုင်းလောက်နေရင် အဆက်မပြတ် ကြို့ထိုး တာမျိုး ဖြစ်တတ်ပါတယ်။ကျောက်ကပ်မကောင်းတဲ့အခါ ယူရီးယားလို့ခေါ်တဲ့ ဓာတ်တစ်မျိုး များတတ်ပါတယ်။ ဒီဓာတ်က လူနာကို အဆက်မပြတ်ကြို့ထိုးစေပါတယ်။ လူနာမှာ နဂိုတည်းက ကျောက်ကပ်မကောင်းတာဖြစ်ဖြစ်၊ နဂိုက ဆီးချိုရှိ ကိုဗစ်မှာ ပေးတဲ့ဆေးတွေကြောင့် ဆိးချိုပိုတက် ကျောက်ကပ်ထိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ဆီးချိုက သာမန်ရှိရုံမဟုတ်ဘဲ ဆီးချိုတွေတက်ပြီးDiabetic ketoacidosisလို့ ခေါ်တဲ့ အခြေအနေမျိုးမှာလည်း တဂေ့ဂေ့နဲ့ ကြို့ထိုးတတ်ပါတယ်။ အထူးသဖြင့် ကိုဗစ်မှာ ရောဂါကိုယ်တိုင်ကရော၊ ပေးတဲ့ဆေးတွေကြောင့်ရော ဆီးချိုတက်နိုင်လို့ အရင်ကထက်ပိုပြီး ဆီးချိုဖောက်ဖို့ လိုပါတယ်။အထူးသဖြင့် အဆုတ်အောက်ခြေမှာနမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်တဲ့အခါ အောက်က ရင်ဝမ်းခြားကြွက်သားကို ကလိသလို ဖြစ်တာကြောင့် ကြို့ထိုးတတ်ပါတယ်။သွေးထဲမှာ ဆိုဒီယမ်၊ပိုတက်ဆီယမ်နဲ့ ကယ်ဆီယမ် နည်းတဲ့အခါမှာလည်း ကြို့ထိုးတတ်ပါတယ်။ အထူးသဖြင့် ကိုဗစ်လူနာတွေမှာ ဝမ်းလျှောတတ်တာကြောင့် ဓာတ်ဆားပြန်မဖြည့်ဘူးဆိုရင် ဒီပြဿနာကြုံရနိုင်ပါတယ်။ကိုဗစ်ကြောင့် စိတ်တွေ ဖိစီးနေရတယ်ဆိုရင်လည်း အဆက်မပြတ် ကြို့ထိုးတတ်ပါတယ်။ဒီက ထည့်ပြီး စဉ်းစားရမယ့် အရေးကြီးတဲ့ အကြောင်းတွေပါ။ ဒီထဲမှာမှ ကျောက်ကပ်ထိတာ၊ဆီးချိုတက်တာ၊ အဆုတ်ရောင်တာနဲ့ကို ပိုပြီး ဂရုစိုက်ရပါမယ်။ဒါကတော့ တခြားသိပ်အရေးမကြီးတဲ့၊ နေထိုင်စားသောက်ပုံကြောင့် ဖြစ်တတ်တဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အရည်ပူပူတွေ  သောက်တာ၊ အစပ်တွေ စားမိတာ၊ အငွေ့တွေ ရှူမိတာ၊ အစားမြန်မြန် စားမိတာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ကြို့ထိုး တာက တစ်ခါတလေပဲဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး။ ခဏခဏ ထိုးနေမယ်ဆိုရင်တော့ အစာစားလို့မရတာ၊ အိပ်လို့ မပျော်တာ ဖြစ်တတ်ပါတယ်။ ဒါက အအိပ်အစားနဲ့ ကိုယ်ခံအားတက်အောင် လုပ်နေရတဲ့ ကိုဗစ်လူနာတွေအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ဒါ့ပြင် ဝမ်းဗိုက်ကြွက်သားတွေ ညှစ်ညှစ်ပြီး ထိုးတာကြောင့် ဗိုက်အောင့်တာ၊စားချဉ့်ရည်တွေ ပြန်တက်ပြီး ရင်ပူတာ၊ နှလုံးခုန်မမှန်တာတွေ ဖြစ်တတ်ပါတယ်။၄၈နာရီကျော်ကြာအောင်  ဆက်တိုက် ကြို့ထိုးနေမယ်ဆိုရင်တော့ ခုနက ပြောခဲ့တဲ့ အရေးကြီး ရောဂါတွေလည်း ဖြစ်နိုင်တာကြောင့် စိုးရိမ်သင့်ပါတယ်။ကြို့ထိုးတာအတွက် တိကျတဲ့ နည်းလမ်း မရှိပေမယ့် အောက်က နည်းလမ်းတွေကိုတော့ စမ်းသပ်ကြည့်နိုင်ပါတယ်။ကြို့ထိုးနေတဲ့သူတွေက အစားကို နည်းနည်းစီ ခွဲစားပါ။ ဂတ်စ်ပါတဲ့ အချိုရည်တွေ မသောက်ပါနဲ့အုံး။ကိုဗစ်လူနာတွေအနေနဲ့ အဆက်မပြတ်ကြို့ထိုးနေပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ ပြနေကျ ဆရာဝန်ကို ပြန်ပြောပါ။ ဒါမှ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေရှာဖွေတာ၊ ဆေးပေးတာတွေ လုပ်လို့ရမှာပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/intractable-hiccups-in-covid-patients/
ကိုဗစ်ကာလမှာ ဘေဘီလေး ကျန်းမာနေစေဖို့ ဘယ်လို ပြင်ဆင်ပေးကြမလဲ……….
အခုလိုကိုဗစ်တွေ ဖြစ်နေတဲ့ကာလမှာ မေမေတိုင်း စိတ်ပူနေမယ့် ကိစ္စလေးက ကိုယ့်ရဲ့သားသားမီးမီးလေးတွေဖျားနာမှာကို ဟုတ်….။မေမေတို့က ကိုယ်ကိုတိုင်အတွက်ထက် သားသားမီးမီးတို့အတွက် ဦးစားပေး စဉ်းစားတတ်သူတွေပါ။ ဒါကြောင့်မို့လည်း မိခင်ဆိုတာ သားသမီးတိုင်းအတွက် မရှိမဖြစ်အရာလို့ ဆိုကြတာပေါ့။အခုကာလမှာမေမေတိုင်းစိတ်ပူနေမယ့်ကိုဗစ်ကူးစက်မှုက ကင်းဝေးပြီး သားသားမီးမီးတို့ကိုယ်ခံအားပြည့်ဝ ကျန်းမာနေအောင် ဘယ်လို ပြင်ဆင်ပေးရမလဲ ဆိုတာလေးကို ပြောပြပေးသွားပါမယ်နော်။ကိုရိုနာဗိုင်းရပ်စ်က လူကြီးတွေမှာတင် မဟုတ်ဘဲ ကလေးတွေမှာပါ ကူးစက်ဖြစ်ပွားနေပါတယ်။ လူကြီးတွေမှာရောဂါလက္ခဏာပြင်းထန်နေပြီး ကလေးတွေမှာ သိပ်မပြင်းထန်တာမျိုးပဲ ကွာပါတယ်။ဒီလိုကာလမှာ ချစ်မဝတဲ့ဘေဘီလေးတွေကို ကျန်းမာနေစေဖို့ အကောင်းဆုံးသော နည်းလမ်းက ဘေဘီလေး ကိုယ်ခံအား ပြည့်ဝနေစေဖို့အတွက် အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာပါ။ကိုဗစ်ကာလမှာ ချစ်ရတဲ့ ဘေဘီလေး ကျန်းမာစေဖို့ဘာတွေပြင်ဆင်ပေးမယ် စိတ်ကူးလဲ မေမေတို့ရေ………..။ဒီကာလမှာ ဘေဘီလေးတွေကိုရောဂါကပ်ဆိုးဘေးက ကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်ပေးနိုင်မယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းက အာဟာရပြည့်ဝမျှတအောင် ပြင်ဆင်ပေးဖို့ပါ။ဒါကြောင့် ကိုဗစ်ကာလမှာ ဘေဘီလေး ကျန်းမာနေစေဖို့ ဆိုရင် အခုလိုလေး ပြင်ဆင်ပေးလို့ ရပါတယ်။ဘေဘီလေးက ၆ လ အထက်ဖြစ်ပြီးsolid foodတွေ စစားပြီဆိုရင်တော့ မေမေ့နို့အပြင် အခုလိုလေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။  ဘေဘီလေးရဲ့ နေ့စဉ် စားသုံးမှုမှာ။အခုလိုကာလမှာ သားသားမီးမီးတို့ကို တစ်ကိုယ်ရေသန့်ရှင်းရေးတွေ ဂရုစိုက်ပေးမှုနဲ့အတူ အခုလိုလေး သေချာ ပြင်ဆင်ပေးရင်း ကိုဗစ်အန္တရာယ်ကနေ ကာကွယ်လိုက်ရအောင်လား မေမေတို့ရေ………..။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/feeding-young-children-during-the-covid-19-pandemic/
သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ
လိင်တံမှ ထွက်တဲ့ သုက်ရည်ဟာ ပုံသေအနံ့တစ်မျိုးတည်း ထွက်တာတော့ မဟုတ်ပါဘူး။ ကိုယ် နေ့စဉ်စားလိုက်တဲ့ အစားအစာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ လိင်မှုကိစ္စ အစရှိတဲ့အရာတွေပေါ် မူတည်ပြီး အနံ့အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ တချို့သော အစားအစာတွေဟာ ချိုမွှေးတဲ့ အနံ့ပေးနိုင်သလို ငါးညှီနံ့လို မကောင်းတဲ့ အနံ့မျိုးဖြစ်အောင်လည်း ပြောင်းလဲပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ ဆိုတာကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ပုံမှန်အားဖြင့် သုက်ရည်မှာ အစွန်းချွတ်ဆေး၊ ကလိုရင်းအနံ့မျိုး ရှိပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ ငါးညှီနံ့လို၊ ကြက်ဥပုပ်နံ့လို အနံ့ထွက်တာဆိုရင်တော့ တစ်ခုခုမှားယွင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ကညွတ်၊ အသား၊ ကြက်သွန်ဖြူ၊ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေ၊ အရက်တွေကြောင့် သုက်ရည်ဟာ ပုပ်အဲ့အဲ့ အနံ့အဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒီအစားအစာတွေကိုသာ လျှော့စားလိုက်မယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ ပုံမှန်အနံ့ကို ပြောင်းသွားမှာပါ။အစားလည်း ဆင်ခြင်ပါရက်နဲ့ အနံ့က အရင်လို ပြန်မကောင်းလာသေးဘူး ဆိုရင်တော့ ကူးစက်ရောဂါ တစ်မျိုးမျိုး ဒါမှမဟုတ် ကျန်းမာရေးပြဿနာ တစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ၊ လိင်တံတွင်း ဘက်တီးရီးယားပိုးဝင်ခြင်း (Trichomoniasis) ၊ ဆီးကျိတ်ဂလန်း ရောင်ရမ်းခြင်း (Prostatitis) ကြောင့် သုက်ရည်က ပုပ်အဲ့အဲ့အနံ့ထွက်လာတတ်ပါတယ်။သုက်ရည်အနံ့အပြင် ယားယံတာ၊ ဆီးသွားနေစဉ် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံအတွင်းမှ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ပြည်တွေ ထွက်လာတာ၊ ဆီးမှာ သွေးပါလာတာ၊ သုက်လွှတ်စဉ် နာကျင်တာ၊ မကြာခဏ ဆီးသွားလိုစိတ်ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါတွေ့ရလာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါပြီ။ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ချွေးတွေ၊ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဆဲလ်အသေတွေက ထိပ်အရေပြားအောက်မှာ သွားစုမိပြီး အဖြူရောင်အရိအချွဲတွေ၊ အဖတ်တွေ ဖြစ်လာပါတယ်။ ကြာလာတာနဲ့အမျှ ဆီးလမ်းကြောင်းတွင်း ပိုးဝင်ရုံသာမက သုက်ရည်က အနံ့ဆိုးထွက်လာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ထိပ်အရေပြားဖြတ်ထားသူတွေမှာလည်း ချွေးနဲ့ အဆီနံ့ကြောင့် သက်ရောက်မှုရှိနိုင်ပေမယ့် သိပ်ပြီး မပြင်းထန်လှပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ အမျိုးသားတိုင်း ရေချိုးတဲ့အခါ လိင်တံပတ်လည်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာတိုက်ချွတ်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ အရေပြားမဖြတ်ထားသူတွေမှာဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ကိုယ်အလေးချိန်ကျဖို့အတွက်Dietလုပ်နေတဲ့ သူတွေဟာ အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားတဲ့အတွက် သုက်ရည်မှာ ချိုမွှေးတဲ့ အနံ့တွေ ထွက်တတ်ပါတယ်။ ဂေါ်ဖီထုပ်၊ ကညွတ်၊ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ အသား၊ နို့ထွက်ပစ္စည်းတွေကတော့ ခါးတဲ့ အနံ့၊ အရသာမျိုး ဖြစ်စေပါတယ်။နေ့စဉ်စားနေတဲ့ အစားအစာတွေ၊ နေထိုင်ပုံနဲ့တစ်ကိုယ်ရေ သန့်ရှင်းမှုတွေကို ဂရုစိုက်မယ်ဆိုရင် သုက်ရည်ကို နဂိုမူလအနံ့အတိုင်း ပြန်ရောက်အောင် ပြောင်းလဲပေးနိုင်ပါတယ်။၁။ ရေကို နေ့တိုင်း မှန်မှန်ချိုးပေးပါ။ ရေချိုးတဲ့အခါမှာလည်း လိင်တံ၊ ပေါင်ခြံတစ်ဝိုက်နဲ့ ထိပ်အရေပြားအောက်ကို ဆပ်ပြာနဲ့ ရေများများ တိုက်ချွတ်ဆေးကြောပါ။၂။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။၃။ ကဖင်းဓာတ်နဲ့ အရက်တွေ သောက်တာ လျှော့ပါ။၄။ လိင်ဆက်ဆံတဲ့အချိန်တိုင်းကွန်ဒုံးကို အသုံးပြုပါ။ကိုယ့်ရဲ့ သုက်ရည်က အချိန်တော်တော်ကြာတဲ့အထိ ပုံမှန်မဟုတ်တဲ့ အနံ့တွေ ထွက်နေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/semen-smell-and-what-you-should-know-about/
လေဖြတ်နိုင်ခြေမြင့်စေသည့် အကြောင်းရင်းများကို သိပါသလား
ဘယ်သူမဆို အသက်အရွယ်မရွေး လေဖြတ်နိုင်ပါတယ်။ သင့်မှာ လေဖြတ်နိုင်ခြေမြင့်စေတဲ့ အကြောင်းတွေ ရှိနေရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ သင့်ကိုယ်သင်နဲ့ သင်ချစ်ခင်သူတွေကို လေဖြတ်ခြင်းက ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဖြစ်ပွားနိုင်ခြေ အန္တရာယ်တွေကို နားလည်ပြီး လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်ဖို့ပါပဲ။အသက်အရွယ်။အသက် ၅၅နှစ်ကျော်ရင် တခြား အသက်အရွယ်တွေထက် လေဖြတ်နိုင်ခြေ နှစ်ဆရှိပါတယ်။ လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေမှာ အဖြစ်များပေမယ့် အသက် ၅နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။မိသားစုရာဇဝင်။သင့်မိသားစုဝင်တဦးဦး လေဖြတ်ဖူးရင် သင့်မှာလည်း ဖြစ်ပွားနိုင်ခြေ များပါတယ်။ အချို့သော လေဖြတ်ခြင်းမျိုးဟာ မျိုးရိုးဗီဇပြသနာကြောင့် ဖြစ်ပါတယ်။ ဥပမာ Cerebral Autosomal Dominant Arteriopathy ဖြစ်ပြီး Sub-cortical Infarcts နဲ့ Leukoencephalopathy (CADASIL) ရတာမျိုး ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ မျိုးရိုးဗီဇပုံပြောင်းခြင်းကြောင့် ဦးနှောက်ထဲက သွေးကြောတွေကို ပျက်စီးစေပြီး သွေးစီးဆင်းမှုကို ရပ်တန့်စေတာဖြစ်ပါတယ်။ CADASIL ဖြစ်သူတွေမှာ မိသားစုရာဇဝင်ရှိတတ်ပြီး မိဘတွေမှာဖြစ်ရင် သားသမီးတွေမှာပါဖြစ်ဖို့ ၅၀% ရှိပါတယ်။လူမျိုး။အာဖရိကန်-အမေရိကန်တွေဟာ ကော့ကေးရှန်းတွေထက်စာရင် လေဖြတ်နိုင်ခြေ များပါတယ်။ လူမည်းတွေမှာတော့ သွေးတိုး၊ ဆီးချိုနဲ့ အဝလွန်ခြင်းတွေ ဖြစ်နိုင်ခြေများပါတယ်။ကျား/မ။နှစ်စဉ်နှစ်တိုင်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး လေဖြတ်ရောဂါ ခံစားရပြီး သေဆုံးမှုမှာလည်း အမျိုးသမီးတွေက များပါတယ်။ တားဆေးသုံးခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်ခြင်းနဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သွေးဆုံးပြီး ဟော်မုန်းဆေးများ သောက်သုံးနေရခြင်းဟာ အမျိုးသမီးတွေအတွက် လေဖြတ်နိုင်ခြေကို များစေပါတယ်။ ပိုပြီးအတိအကျ သိရအောင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။လေမဖြတ်မီ၊ ယာယီလေဖြတ်ခြင်းနှင့် နှလုံးထိခိုက်ခြင်း။ လေဖြတ်နိုင်ခြေတခုခု ရှိထားသူဟာ မရှိသူတွေထက်စာရင် အဆများစွာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ယာယီလေဖြတ်ခြင်းဟာ အမြဲတမ်းထိခိုက်ပျက်စီးခြင်း ဖြစ်သွားတာ မဟုတ်ပေမယ့် လေဖြတ်ခြင်းကို သတိပေးနေတဲ့ အခြေအနေဖြစ်ပါတယ်။ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ခြင်းရဲ့ သေချာတဲ့ ရှေ့ပြေးလက္ခဏာဖြစ်ပါတယ်။မှတ်ချက်။ ယာယီလေဖြတ်ခြင်းကို ကြုံဖူးသူတွေဟာ အသက်အရွယ် ကျား/မ တူတဲ့ လူတွေနဲ့ယှဉ်ရင် ၁၀ ဆ ပိုပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။ ယာယီလေဖြတ်ခြင်းကို သတိပြုမိပြီး ကုသခြင်းဟာ အဓိကလေဖြတ်ခြင်း ဖြစ်နိုင်ခြေကို လျော့ကျနိုင်စေပါတယ်။ ယာယီလေဖြတ်ခြင်းကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပြီး တတ်ကျွမ်းနားလည်သူတွေနဲ့ ချက်ချင်းပြသသင့်ပါတယ်။ နှလုံးထိခိုက်မှု ဖြစ်ဖူးရင်လည်း လေဖြတ်နိုင်ခြေ များပါတယ်။တချို့သော ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ ဥပမာ- အသက်အရွယ်၊ မိသားစုရာဇဝင်စတာတွေဟာ မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် သင်ထိန်းချုပ်နိုင်တဲ့ အကြောင်းအရာတွေကို သတိပြုခြင်းဖြင့် လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%bb%e1%80%81%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%82%94%e1%80%b1%e1%80%85%e1%80%9e/
လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ
ည အိပ်ချိန် ပြည့်ဝစွာရှိခြင်းဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကိုယ်က ညဘက်မှာ ကောင်းကောင်းအိပ်စက်အနားယူနိုင်မှ နောက်တစ်နေ့ နိုးလာတဲ့အခါ လူကလန်းဆန်းတက်ကြွနေပြီးတော့ အားအင်အပြည့်အဝရှိနေမယ်။ ကိုယ်တွင်းအင်္ဂါတွေလည်း ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်လို့ ကျန်းမာစေနိုင်တယ်ဆိုတာ တော်တော်များများ သိထားမယ်လို့ ထင်ပါတယ်။ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တွေဟာအိပ်ချိန်နည်းလာကြတယ်။ ညကို နောက်ကျမှအိပ်လာကြတယ်။ မနက်နဲ့ ညအိပ်ချိန် မှားယွင်းလာကြတယ်။ အဲ့တော့ ဘာဖြစ်သလဲ၊ သဘာဝက ပုံမှန်လည်ပတ်ဖို့ ဖန်တီးထားတဲ့ ဂေဟစနစ်က ပျက်စီးလာတော့တာပေါ့။ ဒါကြောင့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်ကို မလျှော့လိုက်ပါနဲ့။ အိပ်ချိန်လျော့လျင် အသက်ပါမြန်မြန်တိုတတ်တယ်ဆိုတာ သတိပြုပေးပါ။ ခုဆောင်းပါးမှာ လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီအချက်က တိုက်ရိုက်ကော သွယ်ဝိုက်ပြီးတော့လည်း မှန်ကန်ပါတယ်။ လူတစ်ယောက်က အိပ်ချိန်ပြည့်ဝနေရင် လန်းဆန်းတက်ကြွနေမယ်၊ အားအင်တွေ ပြည့်ဝနေမယ်၊ စိတ်က ကြည်လင်နေပြီး တော်ရုံစိတ်ဖိစီးမှုလောက်ကို ဖြုံတော့မှာမဟုတ်ပါဘူး။ နောက်တစ်ခါ စိတ်က ကြံ့ခိုင်သွားတဲ့အခါ ကြုံလာသမျှ အခက်အခဲတွေကို ကောင်းကောင်းရင်ဆိုင်ဖြေရှင်းသွားနိုင်တယ်။ ဘဝက စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ အရာရာ အောင်မြင်လာတဲ့အခါ နေ့ရက်တိုင်းက ပျော်ရွှင်စရာကောင်းလာတယ်လို့ ကိုယ်တိုင်သိနားလည်လာပါလိမ့်မယ်။လူတိုင်းမှာ သူ့အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်အတိုင်းအတာ တစ်ခုရှိပါတယ်။ အဲ့ထက်ပိုလာမယ်ဆိုရင်တော့ အဝလွန်တယ်၊ ကိုယ်အလေးချိန်များလွန်းတယ်လို့ ယူဆလို့ရတာပေါ့။ အဝလွန်တာက ကိုယ့်ကိုယ်ကိုယ် ကြည့်ရဆိုးစေတယ်လို့ ထင်ရစေနိုင်သလို နောက်ဆက်တွဲအနေနဲ့လည်း နှလုံး၊ သွေးတိုး၊ဆီးချို၊ အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်နော်။ လူတစ်ယောက်က အိပ်ချိန်ပြည့်ဝနေတဲ့အခါ ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းမှုပိုဖြစ်စေတယ်။ အားကစား၊ လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုအားစိုက်ထုတ်နိုင်စေတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရောက်အောင် ထိန်းပေးထားနိုင်တဲ့အတွက် အဝလွန်နေတဲ့သူတွေရော၊ ပိန်တဲ့သူတွေပါ အိပ်ချိန်ကို သေချာဂရုစိုက်သင့်ပါတယ်။အိပ်စက်ခြင်းဟာ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေပြီး လူကိုကျန်းမာစေတယ်။ လူတိုင်းကတော့ တစ်နေ့အိုကြမှာပါပဲ။ ဒါက ရှောင်လွှဲလို့မရတဲ့ လောကတရားပါ။ ဒါပေမယ့်လည်း ဘယ်သူကမှတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဘိုးကြီး၊ အဘွားကြီးတွေလို ကြည့်လိုက်တာနဲ့ အားမရှိ၊ နုံးချိနေပြီး တစ်ခုခုလုပ်လိုက်တာနဲ့ မောပန်းနေတာ၊ အရေးအကြောင်းတွေ တွန့်နေတာ ဖြစ်ချင်ပါ့မလဲ။ ဒါဆိုရင် အိပ်ချိန်မှန်အောင် သေချာဂရုစိုက်ပါ။ အိပ်ချိန်အနည်းဆုံး ၇နာရီရှိတဲ့အခါ ကိုယ်ခန္ဓာအတွင်းပိုင်းသာမက အပြင်ဘက် အရေပြားအလှအပမှာလည်း သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့ရမှာဖြစ်ပါတယ်။ပြစ်မျိုးမှဲ့မထင် လှပတဲ့ ဆွဲဆောင်မှုမျိုးရဖို့ ဈေးအရမ်းကြီးတဲ့ အမှတ်တံဆိပ်အလှကုန်တွေ သုံးမယ့်အစား ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ညဘက်မှာ အိပ်ရေးဝဝအိပ်နိုင်ဖို့ကိုပဲ ဂရုစိုက်ပေးပါ။လူကလည်း ကျန်းမာနေမယ်၊ အသားအရေကလည်း ဝင်းပနေမယ်၊ ကြည့်လိုက်တာနဲ့ ထိုင်းမှိုင်းတာမျိုးမဟုတ်ဘဲ အများအလယ်မှာ ထင်းကနဲ ဆွဲဆောင်မှုရှိတယ်လို့ ထင်ရစေမှာ အသေအချာပါပဲ။ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်တဲ့အကျင့်ရှိလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အလုပ်ခွင်မှာ ပိုပြီးအာရုံစူးစိုက်နိုင်ချင်လား၊ တွေးခေါ်ကြံဆတဲ့ ဉာဏ်တွေ ထက်မြက်စေချင်လား။ အရင်ဆုံး အိပ်ချိန်ကို ပြည့်ဝစွာ အိပ်စက်အနားယူလိုက်ပါ။အိပ်ချိန်ပြည့်တာနဲ့အမျှ ဦးနှောက်ဟာ ကျန်းမာသွက်လက်နေပြီး ကိုယ့်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အာရုံကြောစနစ်ကို အားကောင်းစေလို့ အသက်ငယ်ငယ်လေးနဲ့ မျက်စိမှုန်တာ၊ အယ်လ်ဇိုင်းမားရောဂါဖြစ်တာ၊ အာရုံကြောအားနည်းတာကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ကဲ ဒါဆိုရင် ဒီနေ့ကစပြီးတော့ ညဘက်တွေကို အချိန်မှန်မှန် ပြန်အိပ်ဖို့နဲ့ တစ်နေ့အိပ်ချိန် ၈နာရီလောက်ရှိဖို့ အကျင့်ပြန်မွေးလိုက်ကြရအောင်နော်။ ကိုယ့်ဘက်ကသာ ပြောင်းလဲလိုစိတ်ရှိမယ်ဆိုရင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးဟာ အချိန်တိုအတွင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/healthy-sleep-benefits-that-you-dont-know/
တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ
အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာလိင်မှုကိစ္စနဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ အမြဲတမ်း ပါနေပါတယ်။ ဒါဟာ မှားယွင်းမှုမဟုတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ့်လူတို့ကလည်း စိတ်ပူတတ်ကြတာ အများသား။ အာသာဖြေတာ များလွန်းရင်ဆံပင်ကျွတ်နိုင်လား၊ ဝက်ခြံတွေ အရမ်းပေါက်လာတာ အာသာဖြေမိလို့လား၊ ပန်းသေပန်းညှိုးဖြစ်နိုင်လား အစရှိသဖြင့်ပေါ့။ အဲ့လိုမေးခွန်းတွေအပေါ်မှာ လူတွေသိထားကြတဲ့ အလွဲတွေကလည်း တဖြည်းဖြည်း များလာပါတယ်။ ဒီနေ့မှာတော့ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ အကြောင်း ဖြေရှင်းပေးမှာပါ။တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ ကတော့။၁။ အာသာဖြေရင် ဆံပင်ကျွတ်နိုင်တယ်။ (အမှား)။ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် အပင် ၅၀ မှ ၁၀၀ ထိ ကျွတ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆံသားအသစ်တွေ ပြန်ထွက်လာဖို့ ဆံသားအဟောင်းတွေ ကျွတ်သွားမှဖြစ်မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်လာတာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှုတွေ၊ ဟော်မုန်းအပြောင်းအလဲ၊ဦးရေပြားနဲ့ ဆံသားပြဿနာတွေ၊ ဆံပင်ကို မကြာခဏပုံသွင်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့တော့ လုံးဝမသက်ဆိုင်ပါဘူး။၂။ တစ်ကိုယ်ရေ အာသာဖြေတာများရင် မျက်စိကွယ်သွားနိုင်တယ်။ (အမှား)။ဒါကတော့ တကယ့် ချင်း (ဂျင်း) သက်သက်ပါပဲ။ မျက်စိအမြင်မှုန်လာတာ၊ မျက်စိကွယ်ရခြင်းဆိုတာ မျိုးရိုးဗီဇ၊ ဆီးချိုရောဂါ၊ အတွင်းတိမ်၊ ရေတိမ်တွေကြောင့် ဖြစ်ရတာပါ။၃။ ပန်းသေပန်းညှိုးဖြစ်စေနိုင်တယ်။ (အမှား)။လက်ရှိအချိန်ထိ လေ့လာစစ်ဆေးချက်အရပန်းသေပန်းညှိုးဖြစ်ရခြင်းရဲ့ တရားခံဟာ တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့်ဆိုတာ သက်သေပြနိုင်တဲ့ အဖြေတွေ မရရှိသေးပါဘူး။ ပန်းသေပန်းညှိုးဆိုတာ လူလတ်ပိုင်းအရွယ် အသက်ကြီးလာတဲ့အမျိုးသားတွေမှာ ဖြစ်တတ်ပြီး စိတ်ဖိစီးမှုများလွန်းတာ၊ စိတ်ကျရောဂါ၊ လိင်ဆက်ဆံမှုမှာ အခက်အခဲဖြစ်တာ၊ ဆေးလိပ်နဲ့ အရက် အလွန်အကျွံသောက်တာ၊ သွေးတိုးရှိတာ၊ သွေးပေါင်ကျတာ၊ ကိုလက်စထရောများလွန်းတာ၊ အဝလွန်တာ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။၄။ လိင်တံကို ထိခိုက်စေနိုင်တယ်။ (အမှား)။လိင်တံကျိုးတာ၊ ပွန်းပဲ့တာ၊ ထိခိုက်တယ်ဆိုတာ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများတာကြောင့် မဟုတ်ပါဘူး။ အာသာဖြေတဲ့ ပုံစံအနေအထား မမှန်တာ၊ လက်နဲ့ လိင်တံကို အတင်းညှစ်ပြီး အာသာဖြေတာ၊ချောဆီမသုံးတာ၊ အရာဝတ္ထုတစ်ခုခုကြောင့် ထိခိုက်မိနိုင်ခြေ ရှိပါတယ်။၅။ စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်တယ်။ (အမှား)။တစ်နေ့ကို တစ်ကြိမ် အာသာဖြေတာလောက်နဲ့တော့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဒီအာသာဖြေတဲ့ အကြောင်းကိုပဲ တစ်နေကုန် ထိုင်စဉ်းစားနေတာ၊ အာသာမဖြေရ မနေနိုင်တာ၊ ဒီကိစ္စကြောင့် ကိုယ့်ရဲ့ အလုပ်၊ ကျောင်းစာတွေ ထိခိုက်လာပြီဆိုမှ ပြဿနာတစ်ခုခု ရှိ၊ မရှိ စစ်ဆေးကြည့်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ အမျိုးသားတွေအတွက် စိတ်ကို ပေါ့ပါးစေသလို လန်းဆန်းသွားစေတယ်။ သုက်ရည်လျင်မြန်စွာ မထွက်စေဖို့၊လိင်စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်။ ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေပါတယ်။၆။ လိင်စိတ်ဆန္ဒ လျော့နည်းလာတာ တစ်ကိုယ်ရေ အာသာဖြေလို့ပါ။ (အမှား)။လိင်စိတ်ဆန္ဒ များသည်၊ နည်းသည်ဆိုတာ တစ်ဦးနဲ့ တစ်ဦးတော့ မတူညီနိုင်ပါဘူး။ ဒါပေမယ့် တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့် လိင်စိတ်ဆန္ဒ နည်းသွားတယ်ဆိုတာတော့ လုံးဝမဟုတ်ပါ။ကျားဟော်မုန်း(Testosterone) တွေ နည်းလာတာ၊ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုတွေ၊ ညဘက်တွေ အိပ်ရေးပျက်များလာတာ၊ ကောင်းစွာ အိပ်မပျော်တာ၊ သောက်ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်သာ လိင်စိတ်ဆန္ဒ နည်းသွားတာဖြစ်နိုင်ပါတယ်။၇။ အာသာဖြေပြီးရင် ဝက်ခြံတွေ ပိုပေါက်လာတယ်။ (အမှား)။ဝက်ခြံပေါက်ရခြင်းဟာ ဟော်မုန်းမျှခြေ ပျက်ယွင်းတာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ၊ နေပူမရှောင်၊ မိုးရွာ မရှောင် အပြင်သွားတာ၊ မျက်နှာမသစ်ဘဲ အိပ်တာတွေကြောင့် ဖြစ်ပါတယ်။ အပြင်က ဖုန်မှုန့်တွေက ချွေးပေါက်တွေထဲကို ဝင်ပြီး အဆီ၊ ချွေးတွေနဲ့ ပိတ်မိနေတဲ့အခါ ဝက်ခြံပေါက်နိုင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေခြင်းနဲ့ဝက်ခြံပေါက်ခြင်းကတော့ ဆက်စပ်မှုမရှိဘူးလို့ ဆိုနိုင်ပါတယ်။၈။ တစ်ကိုယ်ရေအာသာဖြေခြင်းကြောင့် လိင်ဆက်ဆံရာမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်။ (အမှား)။လိင်မဆက်ဆံခင် ၂နာရီလောက် ကြိုတင်ပြီး အာသာဖြေတဲ့အခါမှာ သုက်မထွက်အောင် ပိုပြီးထိန်းထားနိုင်တယ်။ ပုံမှန်အာသာဖြေတဲ့သူတွေမှာ ပိုပြီး လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်ရှိနိုင်ပါတယ်။တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အမျိုးသားတိုင်း ပုံမှန်လုပ်သင့်တဲ့ နေ့စဉ်အလုပ်ဖြစ်ပါတယ်။ အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့ အလုပ်ခွင်နဲ့ ပညာရေးမှာ အနှောင့်အယှက်တွေ မဖြစ်သ၍တော့ ပြဿနာမရှိပါဘူး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/masturbation-and-side-effects/
အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေ အတွက် အသင့်တော်ဆုံး သစ်သီးများ
ဆီးချိုရှိတယ်လား။အသီးမစားနဲ့ သွေးချိုတွေ တက်မယ်နော် ဆိုပြီး ခဏခဏ အပြောခံနေရ​ပြီလား။ ဒါဆို ဆီးချို ရှိရင် အသီး မစားရတော့ ဘူးလားလို့ မေးချင်နေလောက်မယ် ထင်တယ်နော်။ဒီလို မဟုတ်ပါဘူး။ ဆီးချို အထူးသဖြင့်အမျိုးအစား (၂) ဆီးချိုရှိသူတွေ အနေနဲ့ စားလို့ရတဲ့ အသီးလေးတွေ ရှိပါသေးတယ်။ ဒါက ဘာ အသီးလေးတွေ ဖြစ်မလဲ ဆိုတာကို ဆောင်းပါးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။သစ်သီး ကြိုက်တဲ့ အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ ဒီ အသီးလေးတွေ စားပေးလို့ ရပါတယ်။စပျစ်သီး (အစိမ်းရောင် စပျစ်သီး) လေးတွေကို စားပေးလို့ ရပါတယ်။ စပျစ်သီးက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။  သိပ္ပံနည်းကျ လေ့လာချက်တွေအရ စပျစ်သီးမှာပါတဲ့ polyphenols ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။နောက်အားသာချက် တစ်ခုက စပျစ်သီးက ဆီးချိုကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် ဆိုတာပါ။ပန်းသီး စားတဲ့အခါ အခွံ နွှာမစားဖို့ အရင်ဆုံး ပြောပါရစေ။ ပန်းသီးကအမျှင်ဓာတ်ကြွယ်ဝတာ​ကြောင့် သွေးထဲက သကြားဓာတ်တွေကို စုပ်ယူမှုကို နှေးစေပါတယ်။ ဒီနည်းနဲ့ သွေးတွင်း သကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကူညီပေးပါတယ်။ ပန်းသီး အရွယ်တော် တစ်လုံး စားပေးတာက သွေးချို မမြင့်စေနိုင်ပါဘူး။သွေး​ကြောတွေကို ကျန်းမာစေတဲ့ ဘလူးဘယ်ရီသီးက သွေးတွင်းသ​ကြားဓာတ် မြင့်တက်စေနိုင်ခြေကိုလည်း နည်းပါတယ်။အော်ဂဲနစ်စစ်စစ် ဘလူးဘယ်ရီသီးက ဆီးချို ရှိသူတွေ စားပေးလို့ ရတဲ့ အသီးတွေထဲက တစ်မျိုးပါ။အာဟာရကြွယ်ဝတဲ့ ခရင်မ်ဘယ်ရီသီးက ဓာတ်တိုးဆန့်ကျင် အာနိသင်လည်း ကြွယ်ဝပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကကိုယ်ခံအားအတွက်ရောကျန်းမာရေးကိုပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဆီးချို ရှိသူတွေ အနေနဲ့ တစ်နေ့တာမှာ ခရင်မ်ဘယ်ရီသီး ခွက်တဝက်စာ စားပေးလို့ ရပါတယ်။ဗီတာမင် Cကြွယ်ဝတဲ့ ဂရိတ်ဖရုစ်က ကိုယ်ခံအား ကောင်းစေသလိုကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ကိုလည်း သွေးတွင်းသကြားဓာတ်တွေကို အကောင်းဆုံး အသုံးပြုနိုင်စေဖို့ အားဖြည့်ပေးပါတယ်။ တစ်နေ့တာကို အရွယ်တော် ဂရိတ်ဖရုစ် တစ်ဝက်လောက် စားပေးလို့ ရပါတယ်။ဟင်းပဲ ချက်စားစား၊ သုပ်ပဲ စားစား စားကောင်းတဲ့ ခရမ်းချ​ဉ်သီးလေးက ဆီးချိုရှိသူတွေနဲ့ သင့်တော်ပါတယ်။ ခရမ်းချဉ်သီးကသွေးတွင်း အဆီကို ကျစေနိုင်သလိုရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဆီးချိုရှိသူတွေနဲ့ ခရမ်းချဉ်သီး စားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ထောပတ်သီးက ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနည်းပြီး အဆီ ပါဝ်ငမှု များပါတယ်။ အဆီ ဆိုတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီမျိုးပါ။ ထောပတ်သီးက ဆီးချို ရှိသူတွေနဲ့ အသင့်တော်ဆုံး အသီးတစ်ခုဆိုလည်း မမှားပါဘူး။ဆီးချိုရောဂါ အကြို လက္ခဏာခံစားနေရသူတွေနဲ့လည်း သင့်တော်ပါတယ်။ တစ်နေ့တာမှာ ထောပတ်သီး အရွယ်တော် တစ်လုံးလောက် စားပေးလို့ ရပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/fruits-for-type-2-diabetes/
ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ
ကျောက်ကပ်ရောဂါဟာဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့နောက်ဆက်တွဲပြဿနာဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများဟာလည်း ဆီးချိုကြောင့် ဖြစ်တတ်တာ များပါတယ်။ ဆီးချိုနဲ့ ဆက်နွယ်နေတဲ့ အခြားပြဿနာတွေလိုပဲ ရောဂါစတင်ခြင်းရဲ့ ကနဦးလက္ခဏာကို အနည်းငယ်လောက်ပဲ ပြပါတယ်။ လက္ခဏာစပြပြီးချိန်ကနေ ကျောက်ကပ်ကိုထိခိုက်တဲ့ အခြေအနေအထိ ဆယ်နှစ်လောက်လည်း ကြာနိုင်ပါတယ်။ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။များသောအားဖြင့် ကျောက်ကပ်အလုပ်ကောင်းကောင်းလုပ်နေသမျှ လက္ခဏာမပြတတ်ပါဘူး။ ကျောက်ကပ်ကို ထိခိုက်လာချိန်မှာ ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့။ဆီးချိုရောဂါရှိသူတွေမှာ ကျောက်ကပ်ကို ကောင်းမွန်အောင်ထိန်းသိမ်းနိုင်ဖို့ စောစီးစွာသိနိုင်ဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါဖြစ်ပွားရင် ကျောက်ကပ်ဟာ အလုပ်ကို ပိုမိုအားစိုက်လုပ်ဆောင်ရလို့ ဖြစ်ပါတယ်။ ကျောက်ကပ်ကို ထိခိုက်နိုင်စေတဲ့ အခြားအခြေအနေတွေကတော့။အဓိကအားဖြင့်သွေးတွင်းသကြားဓာတ်ကို နှစ်နဲ့ချီပြီး မထိန်းချုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ တခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဥပမာ မျိုးရိုးဗီဇဖြစ်ပါတယ်။ကျောက်ကပ်များဟာ ကိုယ်ခန္ဓာရဲ့သွေးတွေကို သန့်စင်ပေးရတဲ့တာဝန် ထမ်းဆောင်ပါတယ်။ ကျောက်ကပ်တခုမှာ နက်ဖရွန်လို့ခေါ်တဲ့ အစိတ်အပိုင်းပေါင်းများစွာရှိပြီး သွေးကို သန့်စင်ကြပါတယ်။အကယ်၍ လူတဦးဟာ အမျိုးအစား ၂ ဆီးချိုဖြစ်ပွားနေရင် ကျောက်ကပ်တွေဟာ အလုပ်ပိုလုပ်ရပါတယ်။ အကြောင်းကတော့ သွေးထဲမှာ ပိုလျှံနေတဲ့ ဂလူးကို့စ်တွေကို ဖယ်ထုတ်နေရလို့ ဖြစ်ပါတယ်။ နက်ဖရွန်များဟာ အဆမတန်လုပ်ဆောင်လာရတဲ့အခါ ရောင်ရမ်းလာပြီး ပျက်စီးခြင်း စတင်လာပါတယ်။နက်ဖရွန်များပျက်စီးလာတဲ့အခါ သွေးထဲကနေ ပုံမှန်ဖယ်ထုတ်ပေးနေရတဲ့ အရာတွေကို ဖယ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ ဥပမာ အယ်လ်ဗျူမင်ဆိုတဲ့ ပရိုတိန်းတမျိုး ဖြစ်ပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့တဲ့အခါ ဆီးထဲမှာ ပါလာပါတယ်။ ဒါကြောင့် ကျောက်ကပ်အလုပ်လုပ်တဲ့ အခြေအနေကို သိချင်ရင် ဆီးနမူနာထဲမှာ အယ်လ်ဗျူမင် ဘယ်လောက်ရှိနေသဲ စစ်ဆေးကြခြင်း ဖြစ်ပါတယ်။ဒီထက်အခြေအနေပိုဆိုးလာပြီး ကျောက်ကပ်က သွေးသန့်စင်ခြင်းကို မလုပ်ဆောင်နိုင်တော့ရင် စက်ပစ္စည်းအကူအညီနဲ့ သွေးကိုသန့်စင်လာရပါတယ်။ ဒီအခြေအနေကို ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်သွေးသန့်စင်ခြင်း (Renal Dialysis) လို့ ခေါ်ပါတယ်။ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ ကာကွယ်ဖို့ အကောင်းဆုံးကတော့ အစားအသောက်ကို ချင့်ချိန်ဖို့ပါပဲ။ ဆီးချိုရှိသူတွေအနေနဲ့ သွေးထဲမှာ ဂလူးကို့စ်ဓာတ် မျှတအောင်၊ သွေးတွင်း ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် အလုပ်ကို ပိုမိုလုပ်ဆောင်နေရလို့ ပိုမိုသတိပြုရပါတယ်။အချိုအဆိမ့်များကို စားသုံးမှုလျှော့ချရပါတယ်။ဒါ့အပြင် သွေးပေါင်ချိန်ကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ကျောက်ကပ်ရောဂါအစပျိုးချိန်မှာ သွေးတိုးရင် ပိုဆိုးတတ်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းနိုင်ဖို့။ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကိုလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ အနည်းဆုံးတော့ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်သင့်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/kidney-disease-cause-by-diabetes/
အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး
ဘဝဆိုတာ အသက်၄၀မှ စတာပါ။ ဒါကြောင့် ငါတော့ဖြင့် အသက် ၄၀ကျော်နေပြီဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့တော့။ အသက်၄၀ကျော်လည်း လူတိုင်းမှာကျန်းမာလှပဖို့အခွင့်အရေးတွေ ရှိပါတယ်။ စနစ်တကျ နေထိုင်စားသောက်မယ်ဆိုရင်ပေါ့။ ဒီတော့ အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး ကို မိတ်ဆက်ပေးချင်ပါတယ်။ခန္ဓာကိုယ်ဆိုတာ တဖြည်းဖြည်းချင်းယိုယွင်းပျက်စီးလာတတ်တဲ့ အမျိုးဖြစ်ပါတယ်။  စိတ်က နုပျိုဖျတ်လတ်နေဆဲဆိုပေမယ့် ခန္ဓာကိုယ်ကတော့ ငယ်ငယ်တုန်းကနဲ့မတူတော့ဘူးဆိုတာကို  သတိထားမိပါလိမ့်မယ်။ ဒီအချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖို့က အများကြီးလိုလာပါပြီ။အသက် ၄၅ နှစ် ကျော်ချင်းအတူတူ တချို့တွေလူငယ်ရှုံးအောင် တက်ကြွဖျတ်လတ်ပြီး ငယ်ရွယ်တဲ့ပုံစံပေါက်ပေမယ့် တချို့ကျလည်း အသက်ကြီးကြီးအဖိုးကြီးတွေလိုဖြစ်နေတယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ဂရုစိုက်လဲဆိုတာပေါ်မှာမူတည်ပါတယ်။ ဂရုစိုက်သင့်တဲ့ အကြောင်းအရာတွေထဲကတစ်ခုကတော့ အာဟာရပါ။အသက် ၄၅နှစ် ကျော်လာရင် အရင်လိုအသင့်စား အစားအသောက်တွေကိုမစားဘဲ ကိုယ့်ကိုယ်ကို အာဟာရပြည့်ဝပြီး ကျန်းမာဖို့ အစာစားတိုင်းမှာ အောက်ကအချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဒါတွေကတော့။အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး ကတော့။Greeen teaလို့ ခေါ်ကြတဲ့ ဒီလက်ဖက်စိမ်းဟာ ကိုယ်အလေးချိန်ကို ကျစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိလည်း ရှိပါတယ်။ ဟားဗတ်က လေ့လာသူတွေ အဆိုအရ သူက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောကို ကျစေပြီး ကောင်းတဲ့ကိုလက်စထရောကို တက်စေပါတယ်တဲ့။သူ့မှာပါတဲ့ polyphenols ဒြပ်ပေါင်းက အူကနေ မကောင်းတဲ့ ကိုလက်စထရောကို စုပ်ယူတာကို တားပေးတဲ့အပြင် ခန္ဓာကိုယ်က မကောင်းတဲ့ ကိုလက်စထရောတွေ စွန့်ထုတ်တာကို ကူညီပေးပါတယ်တဲ့။ ဒါကြောင့် ခုကစပြီး လက်ဖက်စိမ်းကို အကျင့်လုပ်ပြီး စသောက်သင့်ပါပြီ။အသက် ၄၅နှစ် ကျော်လာရင် တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ် အုတ်ဂျုံကို မနက်စာအနေနဲ့ စစားကြည့်ပါတော့။ ဘာလို့လည်း ဆိုတော့ သူ့မှာအမျှင်ဓာတ်က LDLလို့ ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောကို ကျစေတယ်လေ။အမျှင်ဓာတ်တွေက ကိုလက်စထရောကို သွားကပ်လိုက်တဲ့နည်းနဲ့ အူက မစုပ်အောင် တားဆီပေးတာပါ။ ကောင်းတဲ့ ကိုလက်စထရောတက်စေချင်တယ်ဆိုရင်တော့ အုတ်ဂျုံကို နေ့တိုင်းစားပေးသင့်ပါတယ်တဲ့။နေ့တိုင်းစျေးထဲမှာ တွေ့နေပြီး လွယ်လွယ်ဝယ်လို့ရနေတဲ့ ခရမ်းသီးကိုလည်း အထင်မသေးလိုက်ပါနဲ့။ သူ့မှာပါတဲ့ anthocyanins က ရေတို မှတ်ဉာဏ်ကို အားကောင်းစေပါတယ်။ဒါ့ပြင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် အသက်ကြီးလာလို့ သွေးကြောတွေမာတာကို တားဆီးပေးတဲ့အတွက်နှလုံးရောဂါကို ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။စျေးထဲမှာ ရှိတဲ့ ပစ္စည်းတွေထဲမှာ ပဲက အကောင်းဆုံး ဆီးချိုထိန်းဆေးပါပဲ။ လေ့လာချက် တစ်ခုမှာ ပြောထားတာက အမျှင်ဓာတ်ပါတာကို စားတာချင်း အတူတူ တစ်နေ့ကို ပဲတစ်ခွက်နဲ့ ၃လလောက် စားတဲ့ သူတွေက သွေးတွင်းအချိုဓာတ်နဲ့ ကိုယ်အလေးချိန်ကို ပိုပြီး ကောင်းကောင်း ထိန်းနိုင်ပါတယ်တဲ့။ဒီထဲမှာ ဗိုလ်စားပဲက အကောင်းဆုံးဖြစ်ပြီး သကြားဓာတ်တွေ ရုတ်တရက်ထိုးတက်သွားတာကိုလည်း မဖြစ်စေပါဘူး။ တစ်ခုသတိထားရမှာက လတ်လတ်ဆတ်ဆတ် ချက်စားတဲ့ပဲက အသင့်စားပဲတွေထက် ပိုကောင်းပါတယ်။ကန်စွန်းဥမှာ ပိုတက်စီယမ် ကြွယ်ဝစွာ ပါတာကြောင့် သွေးဖိအားများစေတဲ့ ဆားဓာတ် (ဆိုဒီယမ်)ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် carotenoidsလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။ကယ်လိုရီတွေကို အဆီအဖြစ် သိမ်းထားတာလည်း နည်းသွားပါတယ်။ ဆိုလိုတာက ကိုယ်ထဲမှာ အဆီမစုတော့ဘူးပေါ့။ ဒါကြောင့် ငယ်ငယ်တုန်းက စားသလိုပဲ ကန်စွန်းဥကို ပြုတ်ပြီး ဖြစ်ဖြစ်၊ ဖုတ်ပြီး ဖြစ်ဖြစ် ဆီနဲ့ ဆား ပါရုံလောက်ထည့်ပြီး စားကြည့်ရအောင်။ဟင်းနုနွယ်လိုမျိုး အစိမ်းရောင်အရွက်ဖားဖားကြီးတွေက သင်နေ့စဉ်စားတဲ့အထဲမှာ ပါကို ပါသင့်နေပါပြီ။ သူ့ဆီမှာ အရိုးအဆစ်တွေကို ရောင်ရမ်းစေတဲ့ အင်ဇိုင်းကို တားဆီးပေးတဲ့ sulforaphane ပမာဏ အများကြီး ပါတဲ့အတွက် သင့်ကို နာကျင်ရောင်ရမ်းခြင်းကနေ မြန်မြန်သက်သာစေမှာပါ။အသက်ကြီးလာတာနဲ့အမျှ အရိုးရဲ့ သိပ်သည်းဆက ကျသွားပါတယ်။ အမျိုးသမီးတွေက ပိုပြီး အဖြစ်များပါတယ်။ ဒါကြောင့် ခုလောက်ထဲက စားပြီး နို့ထွက်ပစ္စည်း (ဥပမာ ဒိန်ချဉ်)တွေကို စသောက်ပေးပါ။ သူ့မှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီက အရိုးတွေ ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။စတော်ဘယ်ရီက စလို့ တခြားသော ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ anthocyaninပါတဲ့အတွက် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ခုခံအားကိုပေါ့။လေ့လာချက်တွေအရ ဒီလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့ အသီးအနှံတွေကို စားတဲ့သူတွေက မစားတဲ့သူတွေထက် နှာစေး၊ ချောင်းဆိုးတာ၊ တုပ်ကွေး ဖြစ်တာ ပိုနည်းပါတယ်တဲ့။မာလကာသီးမှာ ဗီတာမင်စီ ပါဝင်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတယ်လို့ လူသိများတဲ့ လိမ္မော်သီးထက်တောင် များပါသေးတယ်။ ဗီတာမင်စီဟာ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့အတွက် ဆဲလ်တွေ ဓာတ်တိုးပြီး ပျက်စီးတာကို ကာကွယ်ပေးတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို တားဆီးပေးပါတယ်။ ဒါ့ပြင် အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်လည်း ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။တစ်နေ့ ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ပြစရာမလိုအောင် ကျန်းမာတယ်လို့ ပြောကြတယ်မလား။ ဒါ့ပြင် ပန်းသီးက လူကိုလည်း နုပျိုစေပါတယ်တဲ့။  ဗီတာမင်ဘီနဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေလှပြီး အရွယ်တင် နုပျိုစေမှာပါ။အသက် ၄၅နှစ် ကျော်သွားလည်း အာဟာရပြည့်ဝအောင် စနစ်တကျ စားသောက်မယ်ဆိုရင် အသက်ဆိုတာ ကိန်းဂဏန်း တစ်ခုပါပဲ။ လူငယ်တွေလိုပဲ ကျန်းမာလှပပြီး သွက်လက်နေဦးမှာပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/best-nutritions-for-people-over-45-persons/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/type-2-diabetes-sex-health/
အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း (Sleep Apnea)
ကိုယ်အိပ်ပျော်နေတဲ့အချိန်မှာ အသက်က ရှူတာရပ်သွားလိုက်၊ ပုံမှန်ပြန်ရှူလိုက်နဲ့ အကြိမ်ပေါင်းများစွာ ဖြစ်နေတဲ့ အိပ်ပျော်ခြင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကို အသက်ကြီးတဲ့အမျိုးသားအများစုမှာ တွေ့ရတတ်ပြီး ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်သလို အခန့်မသင့်ရင် အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတတ်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ပုံမှန်အချိန်မှာတော့ အကောင်းအတိုင်းရှိနေတာကြောင့် ကျန်းမာတယ်လို့ ယူဆလို့ရတဲ့သူတစ်ယောက်ကို အိပ်ပျော်သွားတဲ့အချိန်မှသာ ဒီလိုမူမမှန်တဲ့ လက္ခဏာကို တွေ့ရတာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း မသိနိုင်သလို ဘေးကလူတွေတောင်မှ သေချာသတိထားပြီး စောင့်ကြည့်မှ ဒီလိုလက္ခဏာတွေကို တွေ့ရနိုင်တာဖြစ်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်တဲ့ လက္ခဏာတွေ၊ ဘယ်သူတွေမှာ အဖြစ်များလဲဆိုတာနဲ့ ဘယ်အချိန်မှာ ကုသမှုခံယူသင့်လဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။Sleep Apnea မှာ အဓိက ပုံစံ၂မျိုးရှိပြီး အဖြစ်အများဆုံး ပုံစံကတော့ လည်ချောင်းကြွက်သားများ ပြေလျော့ပြီးအသက်ရှူလမ်းကြောင်း ပိတ်သွားခြင်း (Obstructive Sleep Apnea) ဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ ဦးနှောက်ရဲ့ လုပ်ဆောင်ပုံ ချို့ယွင်းမှုကြောင့် အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်သွားခြင်း (Central Sleep Apnea) ပဲဖြစ်ပါတယ်။ဒီလိုအခြေအနေနှစ်မျိုးလုံး ရှိတဲ့သူတွေ (Complex Sleep Apnea Syndrome) ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။၁။ Obstructive Sleep Apnea (အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း)။အိပ်ပျော်သွားတဲ့အခါ ကိုယ်ခန္ဓာရဲ့ ကြွက်သားအများစုဟာ စတင်ပြီး ပြေလျော့သွားပါတယ်။ လည်ချောင်းရဲ့ အနောက်ဘက်မှာရှိတဲ့ ကြွက်သားတွေဟာ အာသီး၊ လျှာနဲ့လည်ချောင်းရဲ့ ဘေးဘက်နံရံတွေကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒီကြွက်သားတွေ ပြေလျော့လာတာနဲ့ အသက်ရှူလမ်းကြောင်းဟာ ကျဉ်းသွားတာ၊ အသက်ရှူသွင်းလိုက်တဲ့အချိန်မှာ ပိတ်သွားတာမျိုး ဖြစ်စေပါတယ်။လေအလုံအလောက်မရတဲ့အခါ သွေးထဲမှာရှိတဲ့ အောက်စီဂျင်ပမာဏက လျော့ကျသွားပါတယ်။ ဒီဖြစ်စဉ်ကို ဦးနှောက်က အာရုံခံမိတဲ့အခါ အိပ်နေရာမှ အတင်းနိုးထလာပြီး အသက်ရှူလမ်းကြောင်းပြန်ပွင့်စေဖို့ အလျင်အမြန်လှုံ့ဆော်ပါတယ်။ များသောအားဖြင့် နိုးလာတဲ့အချိန်ဟာ စက္ကန့်ပိုင်းလောက်သာရှိပြီး အိပ်နေတဲ့သူကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့အထိ တိုလွန်းပါတယ်။ဒီဖြစ်စဉ်ဟာ အိပ်ပျော်နေတဲ့အချိန် တစ်နာရီမှာ ၅ကြိမ်မှ အကြိမ် ၃၀အထိ အကြိမ်ပေါင်းများစွာ ဖြစ်နေတတ်ပြီး နှာမှုတ်လိုက်တာ၊ အသက်မရှူနိုင်ဖြစ်ပြီး မွန်းတာ၊ ပင့်သက်ရှိုက်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အကြိမ်ပေါင်းများစွာဖြစ်ပြီး အိပ်နေရာမှာ လန့်နိုးလာခြင်းကြောင့် ကိုယ်တိုင်မသိလိုက်ရင်တောင်မှ မနက်နိုးလာတဲ့အခါ အိပ်ချိန်အပြည့်အဝမရတာကြောင့် လူက နုံးနေတတ်ပါတယ်။၂။ Central Sleep Apnea (ဦးနှောက်လုပ်ဆောင်ပုံ ချို့ယွင်းခြင်း)။ဦးနှောက်က အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကြွက်သားတွေကို အလုပ်လုပ်ဖို့ မလှုံ့ဆော်ပေးနိုင်တဲ့အခါ ဖြစ်တတ်တဲ့ အခြေအနေပါ။ ဒီလိုလှုံ့ဆော်ခြင်းမရှိတဲ့အခါ လူက အသက်ရှူဖို့ကို မေ့သွားတတ်ပြီး ရုတ်တရက် အသက်ရှူရပ်ပြီး လန့်နိုးလာတာ၊ ဟောက်တာအပြင် ပြန်အိပ်ပျော်ဖို့လည်း ခက်သွားတတ်ပါတယ်။အသက်ရှူလမ်းကြောင်းပိတ်တာလောက် အဖြစ်မများဘူးဆိုပေမဲ့ ဒီအခြေအနေနှစ်မျိုးလုံးသည် ကျန်းမာရေးနဲ့ လူနေမှုဘဝပုံစံကို ထိခိုက်စေသည်အထိ အနှောင့်အယှက်ကောင်းကောင်းပေးနိုင်ပါတယ်။အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကတော့ သွေးတိုးလာတာ၊ တက်တာ၊ လေဖြတ်တာ၊ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ၊ နှလုံးအောင့်တာ၊ ဆီးချို၊စိတ်ကျရောဂါ၊ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ဒီလက္ခဏာအများစုက ကိုယ်တိုင် သတိထားမိတာတွေလည်းရှိသလို တခြားသူတွေ သတိပေးမှ သိတာမျိုးတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ အိပ်နေစဉ် အသက်ရှူခြင်းဟာ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်ကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့အတွက် ဆရာဝန်နဲ့ တတ်နိုင်သလောက် စောစောပြဖို့ လိုအပ်ပါတယ်။အရင်ဆုံးကိုယ့်မှာ ဒီပြဿနာရှိတယ်လို့ သံသယရှိရင်၊ မိသားစုဝင်တွေက သတိပေးနေပြီဆိုရင်တော့ ဆရာဝန်နဲ့ အရင်ပြကြည့်ပါ။ ကိုယ့်ရဲ့ ညအိပ်ချိန်၊ မနက်ပိုင်းတွေမှာ ဘယ်လောက်ထိ ပင်ပန်းလဲ၊ ဘာလက္ခဏာတွေ ဖြစ်နေလဲ၊ တခြားဘာဆေးတွေ သောက်နေလဲဆိုတာကို အတိအကျပြောဖို့လိုပါတယ်။လိုအပ်ရင် အတူအိပ်နေတဲ့ ဇနီး၊ ခင်ပွန်းကိုပါ ခေါ်သွားပြီး အိပ်နေတဲ့အချိန် ဘယ်နှစ်ကြိမ်လောက် ဟောက်လဲ၊ အသက်ရှူရပ်သွားတာ၊ ပုံမှန်မဟုတ်တဲ့ အသက်ရှူတာတွေရှိလားဆိုတာ မေးသွားမှာဖြစ်ပါတယ်။ဒီပြဿနာနဲ့ ပတ်သက်ပြီး အရင်ဆုံး Sleep Study လို့ခေါ်တဲ့ အိပ်စက်မှုပုံစံကို စောင့်ကြည့်စစ်ဆေးတဲ့ နည်းလမ်းကို အသုံးပြုမှာပါ။ ဆေးရုံမှာ တစ်ညအိပ်ဖို့ လိုပြီး ကိုယ်အိပ်ပျော်နေတဲ့ အသက်ရှူလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြော အလုပ်လုပ်ပုံ၊ ဘယ်နှစ်ကြိမ် အသက်ရှူရပ်သွားလဲ၊ မျက်လုံးရွေ့လျားမှု၊ နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်စီဂျင်လည်ပတ်နှုန်း စတာတွေကို စစ်ဆေးမှာဖြစ်ပြီး ကိုယ့်ရဲ့ ရောဂါအခြေအနေ ဘယ်လောက်ပြင်းထန်လဲဆိုတာကိုပါ သိနိုင်ပါတယ်။ဒါတွေနဲ့ အရင်ဆုံးစစ်ဆေးပြီးသွားမှသာ ကုသမှုစတင်မှာဖြစ်ပါတယ်။ ကုသမှုပုံစံကို ပြောရမယ်ဆိုရင်တော့ အိပ်ပျော်နေစဉ် CPAP လို့ခေါ်တဲ့ Mask ကို နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ပေးမှာဖြစ်ပြီး အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းကနေ ပုံမှန်လေရှူသွင်း၊ ရှူထုတ်နိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။နောက်ထပ်နည်းလမ်းတွေအနေနဲ့ မေးရိုးအောက်ဘက်နဲ့ လျှာရဲ့ အနေအထားကို ပြောင်းလဲခြင်း၊ အသက်ရှူလမ်းကြောင်း အပေါ်မှာရှိနေတဲ့ တစ်သျှူးစကို ခွဲစိတ်ဖယ်ရှားခြင်း၊ နှာခေါင်းအတွင်းမှာရှိနေတဲ့ အဆို့ရှင်ကို ဖိအားပေးပြီး လေဝင်လေထွက်ရှိစေခြင်း အစရှိတဲ့ နည်းလမ်းတွေကို သုံးပေးမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး အဆင်ပြေမယ့် အကောင်းဆုံးနည်းလမ်းတွေကို ဆရာဝန်က ညွှန်ကြားပြသပေးမှာဖြစ်ပါတယ်။အဓိကအနေနဲ့ ကိုယ်အလေးချိန်များနေတဲ့သူတွေဆိုရင် ကိုယ်အလေးချိန်ကို ပြန်ချပါ။ အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေကို လုံးဝရှောင်ပါ။ မူးယစ်ဆေးဝါး လုံးဝမသုံးပါနဲ့။ ကဖင်းဓာတ်များတဲ့ အအေး၊ ကော်ဖီတွေကို တတ်နိုင်သလောက်ရှောင်ပါ။ အစာအာဟာရကို ပြည့်ဝစုံလင်စွာစားပေးပါ။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ မပေါ့ပါနဲ့။ တစ်နှစ်တစ်ကြိမ်လောက်ဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-apnea/sleep-apnea/
အရပ်ပုသောအမျိုးသမီးများ ဘာကြောင့် ခွဲမွေးဖို့ လိုအပ်သလဲ
အရပ်ပုသော အမျိုးသမီးများ (အရပ် ၁.၅ မီတာအောက်) သည် ကလေးမွေးသော အခါ ဘယ်လိုမွေးရမလဲဆိုတာကို စဉ်းစားကြလိမ့်မည်။ အများစုက သူတို့၏ အရပ်ကြောင့် ရိုးရိုးမွေးရမည့်အစား ခွဲမွေးရလိမ့်မည်ဟု ထင်နေကြသည်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာမှုများအရ အရပ်နှင့် မွေးဖွားမှုနည်းလမ်းကြား ဆက်နွယ်မှု အထောက်အထားများ မရှိပါ။ ထိုသို့ဆိုလျှင် အချို့အမျိုးသမီးများ ရိုးရိုးမမွေးဘဲ ဘာကြောင့် ခွဲမွေးရသလဲဆိုသော အကြောင်းရင်း အချို့ကို ဤဆောင်းပါးတွင် ရှင်းလင်းဖော်ပြထားပါသည်။ခွဲမွေးဖို့ ရွေးချယ်ရသော ပထမဦးဆုံးအကြောင်းရင်းမှာ မိခင်တင်ပါးဆုံအရိုးကွင်း အရွယ်အစားနှင့် ကလေး အရွယ်အစား အချိုး မမျှတသောကြောင့် ဖြစ်သည်။ အရပ်ပုသော အမျိုးသမီးများသည် အများအားဖြင့် တင်ပါးဆုံးအရိုးကွင်း သေးပြီးကျဉ်းတတ်သည်။ ထို့ကြောင့် တင်ပါးဆုံးအရိုးကွင်း ကြီးပြီးကျယ်သော အမျိုးသမီးများထက် မွေးဖွားရ ပိုခက်တတ်သည်။သို့သော် မီးဖွားစဉ် ဆရာဝန်က သားအိမ်ခေါင်း ပွင့်မပွင့်၊ ကျဉ်းမကျဉ်းကို သေချာလေ့လာပါသည်။ ကလေးဦးခေါင်းအရွယ်အစား နှင့် သားအိမ်ညှစ်အားကိုလည်း ကြည့်ပါသည်။ မီးဖွားဖို့ အခက်အခဲတစ်စုံတစ်ရာ ရှိမှသာလျှင် ခွဲမွေးဖို့ ထောက်ခံပါသည်။ သင့်ကလေး အနေအထား ၊ နှလုံးခုန်သံ တစ်စုံတစ်ရာ ပြဿနာရှိလျှင်လည်း ခွဲမွေးဖို့လိုအပ်ပါလိမ့်မည်။ အထက်ပါ အချက်အားလုံးသည် သင့် ခန္ဓာကိုယ် အရွယ်အစားနှင့် သက်ဆိုင်မှုမရှိပါ။သင်ခွဲမွေးဖို့ လိုအပ်သော အခြေအနေမျိုးတွင် သင့်အတွက် အကူအညီဖြစ်စေမည့် အချက်အလက်အချို့ကို အောက်တွင် ဆက်လက် ဖော်ပြထားပါသည်။ပထမဦးဆုံး သင်မွေးဖွားမည့်ရက်ကို သတိထားရမည်။ ထိုရက်မတိုင်ခင် ရက်သတ္တပတ် များစွာထဲက ဆေးရုံသို့ သွားပြပြီး ဗိုက်အပ်ထားရမည်။ မမွေးခင် ညတွင် သင်ပြင်ဆင်ရမည့် အရာများစွာ ရှိပါသည်။ သင်ခွဲမွေးမည့် အချိန်တွင် ခါး ထုံဆေးထိုးရမည်။ ခါးနေရာတွင် ဆေးထိုးပြီးသောအခါတွင် သင်ခွဲစိတ်နေစဉ်တစ်လျှောက် ထုံသွားလိမ့်မည်။ ထို့နောက် ခွဲမွေးပြီးနောက် ၂၄ နာရီအတွင်း အိမ်သာထသွားခြင်းကို ရှောင်ရှားနိုင်ရန် ဆီးပိုက်ထည့်ရမည်။ဆီးပိုက်ထည့်ခြင်းသည် သက်သောင့်သက်သာ မဖြစ်သောကြောင့် ဆီးပိုက်မထည့်ခင် ခါးထုံဆေးထိုးပေးရန် ဆရာဝန်ကို အကူအညီတောင်းပါ။ ထို့နောက်တွင် အစာအိမ် အက်ဆစ်အရည်များကို ရှင်းလင်းဖို့ ဆေးပေးလိမ့်မည်။ သင်သည် အအန်ပျောက်ဆေးကိုလည်း တောင်းနိုင်သည်။ ခါးထုံဆေး မထိုးခင် ထိုဆေးအသုံးပြုခြင်းဖြင့် ပျို့အန်ခြင်းကို ကာကွယ်ပေးသည်။ထို့ပြင် ခွဲစိတ်မှုမတိုင်ခင် သင့်ဆရာဝန်၏ ထောက်ခံချက်ဖြင့် သွေးစစ်မှု အချို့ပြုလုပ်ရမည်။ သင့်သွေးအခြေအနေကို စစ်ဆေးခြင်းဖြင့် ခွဲစိတ်စဉ် သွေးသွင်းဖို့ လိုအပ်နိုင်သည့် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ အကူအညီပေးသည်။ သင်ခွဲစိတ်မည့်နေရာကိုလည်း သန့်ရှင်းသင့်ပါသည် (ဆီးခုံမွေးရိတ်ခြင်း)။ ခွဲစိတ်မည့်နေရာ ရှင်းလင်းဖို့အတွက် သူနာပြုဆရာမက သင့်အစား ပြုလုပ်ပေးနိုင်ပါတယ်။ ထိုနည်းအားဖြင့် ခွဲစိတ်မှုစတင်သောအခါတွင် သင်သည် နာကျင်မှုကို ခံစားရမည်မဟုတ်ပါ။နောက်ဆုံးအရာမှာ ဆေးရုံတက်ဖို့ အိတ်ပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။ ထိုအိတ်ထဲတွင် အဝတ်မှစပြီး သွားပွတ်တံအထိ သင်လိုအပ်သည်များကို ထည့်ဖို့ စီစဉ်ထားသင့်ပါသည်။အချုပ်ဆိုရသော် သင်သည် အရပ်ပုနေသည်ဆိုသော အကြောင်းတစ်ခုတည်းနှင့် ခွဲမွေးရမည်ကို စိတ်ပူနေဖို့ မလိုအပ်တော့ပါဘူး။ သို့သော် ခွဲမွေးခြင်းနှင့် ပတ်သက်ပြီး များများသိရှိထားပါက သင့်ရင်သွေးလေးကို ကြိုဆိုဖို့ ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ရန် ကူညီပေးပါသည်။ သင့်ဆရာဝန်ကို မေးခွန်းများမေးပြီး သင်စိတ်ပူနေသော အရာများကို ပြောဆိုမျှဝေခြင်းဖြင့် သင့်မွေးဖွားမှုသည် ပိုမို အဆင်ပြေချောမွေ့ပါလိမ့်မည်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/%e1%80%a1%e1%80%9b%e1%80%95%e1%80%b9%e1%80%95%e1%80%af%e1%80%b1%e1%80%9e%e1%80%ac%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/diabetic-peripheral-neuropathy-symptoms/
သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။
သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။ စုဆောင်းတတ်တဲ့ အလေ့အထက ကောင်းပေမယ့် စုဆောင်းသင့်တဲ့အရာထဲမှာတော့စိတ်ဖိစီးမှုမပါပါဘူး။ လူတွေက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ၊ စိတ်တိုစရာ၊ ဖိအားစတာတွေကို မသိလိုက်ဘဲ စိတ်ထဲမှာ သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါတင် မဟုတ်သေးဘဲ မဖြစ်သေးတဲ့အရာကို တွေးပူပြီး စိတ်ဖိစီးမှုကို တင်ကြိုရယူထားတတ်ကြပါသေးတယ်။ဒီလိုနဲ့ စိတ်ဖိစီးမှုတွေက သေးသေးလေးကနေ ချေဖျက်ဖို့ ခက်တဲ့ အဆင့်တွေအထိရောက်လာပါတော့တယ်။ ဒီအခြေအနေကစိတ်ရောကိုယ်ပါ ကျန်းမာမှုကို ထိခိုက်စေပြီးပေါင်းသင်းဆက်ဆံရေးနဲ့တီထွင်ဖန်တီးနိုင်စွမ်းစတာတွေကို ထိခိုက်စေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ စိတ်ဖိစီးလို့ စားမဝင်၊ အိပ်မပျော်ရာကကိုယ်ခံအားကိုပါ ထိခိုက်လာတာပါ။ဖျားချင်သလိုလို ဖြစ်နေတယ်။ ခေါင်းထဲက ကိုက်လိုက်တာ၊ကြွက်သားတွေ တောင့်တင်းနာကျင်နေတာပဲ။ စိတ်ထဲက မကြည်မလင်နဲ့ ဘာလုပ်လုပ် စိတ်တိုလိုက်တာဆိုတာတွေက စိတ်ဖိစီးမှု ပမဏ အတော်များများကို စုထားမိပြီဆိုတဲ့ လက္ခဏာပါ။စိတ်ဖိစီးမှုက ပမာဏ နည်းနည်းမှာစိတ်အားထက်သန်မှုဖြစ်စေတယ်ဆိုပေမယ့် ပမာဏ များလာရင် ထိခိုက်မှု ကြီးလာပါတယ်။ ဒီတော့ နှစ်ရှည်လများ စိတ်ဖိစီးမှုကို စုမထားပါနဲ့။ တစ်ရက်ချင်းစီ ဖြေဖျောက်ပစ်ပါ။စိတ်ဖိစီးမှု ဖြေလျှော့တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အခုလိုကိုဗစ်ကာလမှကိုယ်ခံအားကောင်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကို ဘယ်လို ဖြေဖျောက်မလဲ ?။စိတ်ဖိစီးမှုတွေက ထိခိုက်မှုတွေ ဖြစ်မလာစေဖို့အတွက် တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အခုလို ဖြေရှင်းပါ။အလုပ်တွေ များတာက စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ဆိုရင် အလုပ်ချိန် နဲ့ နားချိန်ကို သေသေချာချာ ခွဲခြားသတ်မှတ် ထားဖို့လိုပါမယ်။ အလုပ် လုပ်ချိန်မှာ ဖိဖိစီးစီး လုပ်လို့ နားချိန်မှာ ပြည့်ပြည့်ဝဝ နားတာက စိတ်ဖိစီးမှုကို သက်သာစေပါတယ်။အလုပ်တွေကို အချိန်ဇယားနဲ့ သေချာ အစီအစဉ် ချမှတ်ဆောင်ရွက်သူတွေက အခြားသူတွေထက် စိတ်ဖိစီးမှု နည်းကြတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် တစ်နေ့တာကို ဘယ်အလုပ်တွေရှိမယ်။ ဘယ်အချိန်မှာ နားမယ်။ ဘယ်အချိန်မှာ စာဖတ်မယ် ဘယ်အချိန်မှာ တီဗွီကြည့်မယ် စသဖြင့် အချိန်ဇယားတိတိကျကျလေး သတ်မှတ်ပြီး အလုပ်တွေကို လုပ်ပေးပါ။အာဟာရပြည့်ဝမှုကလည်း စိတ်ဖိစီးမှုအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် နေ့စဉ် အချိုကဲတာ၊ အငန်ကဲတာတွေကို လျှော့စားပြီး အာဟာရပြည့်ဝမျှတအောင် အသား၊ ငါး၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ပြောင်းစတာတွေကို သင့်တင့်မျှတအောင် စားပါ။ရေကိုလည်း ပြည့်ပြည့်ဝဝ သောက်ဖို့ မမေ့ပါနဲ့။ အချိုရည်၊ အယ်လ်ကိုဟော၊ ကဖင်းပါတဲ့ အရည်တွေကို လျှော့သောက်ပါ။ အစားစားချိန် မှန်မှန်နဲ့ အာဟာရပြည့်ဝမျှတအောင် စားသုံးတာက စိတ်ဖိစီးမှုကို ကာကွယ်ပေးမယ့် နည်းလမ်းတစ်ရပ်ပါ။နေ့စဉ် စားသောက်မှုပုံစက လုံလောက်မှု မရှိဘူးလို့ ယူဆရင် ဖြစ်ဖြစ်၊ အာဟာရပြည့်ဝပြီး စိတ်ရောကိုယ်ပါ လန်းဆန်းနေချင်ရင် ဖြစ်ဖြစ် အလွယ်ကူဆုံးနဲ့ လုပ်လို့ရမယ့် နည်းလမ်းကတော့ စိတ်ဖိစီးမှုကို ပြေလျှော့စေမယ့် ဂျင်ဆင်း၊ နဲ့ ဗီတာမင် သတ္တုဓာတ်တို့လိုမျိုး အာဟာရဓာတ်တွေ ပြည့်ဝစုံလင်အောင် ထည့်သွင်းထုတ်လုပ်ထားတဲ့ ဖြည့်စွက် အာဟာရတွေကို မှီဝဲတာပါ။အပြိုင်အဆိုင်များတဲ့ ဒီခေတ်ကြီးမှာ စိတ်ဖိစီးမှု ကင်းကင်းနဲ့၊ ကိုယ်ခံအားကောင်းပြီး အလုပ်တွေကို အကောင်းဆုံး တီထွင်ဖန်တီးဖို့ဆိုရင် ဖြည့်စွက်အာဟာရ မှီဝဲတာက နည်းလမ်းကောင်းပါ။အိပ်ရေး မဝတာက အာရုံစူးစိုက်မှုကို ထိခိုက်စေသလို တီထွက်ဖန်တီးနိုင်စွမ်းလည်း ကျစေပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်စေနိုင်သလို ကိုယ်ခံအားလည်း ထိခိုက်စေပါတယ်။ လူတစ်ယောက်ဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီကနေ ၈နာရီ ကြားရှိဖို့ လိုပါမယ်။ ဒါကြောင့် ညတိုင်း အိပ်ရေးဝဝအိပ်ပြီး စိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေကြည့်ဖို့ အကြံပြုပါရစေ။လေ့ကျင့်ခန်း လုပ်တာက ပင်ပန်း ခက်ခဲမယ် ထင်ရပေမယ့် စိတ်ရောကိုယ်ပါ ကျန်းမာ လန်းဆန်းစေပါတယ်။ ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးလို့ စိတ်ဖိစီးမှု ကင်းစေပါတယ်။ ဒါ​ကြောင့် နေ့စဉ် Gym၊ ယောဂစတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ၊ လမ်းလျှောက်တာ၊ ပြေးတာလိုမျိုး မနက်ခင်း လေ့ကျင့်ခန်းတွေကို အနည်းဆုံး နာရီဝက်လောက် လုပ်ပေးပါ။လေ့ကျင့်ခန်း လုပ်ပေးတာက ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ခံစားမှုကောင်းစေတဲ့ဓာတ်တွေ ထွက်ရှိစေပါတယ်။ကဲ…စိတ်ဖိစီးမှုတွေကို မစုထားဘဲ မှန်မှန်လေးရှင်းထုတ်လို့ နေ့ရက်တိုင်းကို စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းလိုက်ရအောင်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/ways-to-prevent-stress-buildup/
ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ
အအေးမိခြင်းနဲ့တုပ်ကွေးတို့လို ကူးစက်နိုင်တဲ့ရောဂါတွေဟာ ကူးစက်ပြန့်ပွားနိုင်စွမ်းမြင့်မားပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေဖြစ်နေကျ ဖြစ်တဲ့ရာသီမှာ နာမကျန်းဖြစ်ခဲ့ရင်တောင် ရောဂါရဲ့ပြင်းထန်မှုအဆင့်နဲ့ တာရှည်မှုကာလတို့ကကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှု၊ ဗိုင်းရပ်စ်ကိုခန္ဓာကိုယ်ရဲ့တိုက်ထုတ်နိုင်စွမ်းပေါ်မှာ အများကြီးမူတည်နေပါတယ်။အအေးမိ၊ တုပ်ကွေးဝေဒနာတွေဟာ ကလေးတွေရဲ့ဘဝမှာ ကြုံရနေကျဖြစ်ပေမယ့် နေမကောင်းဖြစ်ရတဲ့ရက်တွေ နည်းသွားအောင် မိဘတွေကကြိုးစားပေးနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ဒါဆို ကိုယ့်ကလေးကို သူနေ့စဉ်ထိတွေ့နေရတဲ့ရောဂါပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေရန်က ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်ရမလဲ။ ကလေးတွေဟာ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ တခြားပိုးတွေနဲ့ဆက်တိုက် ရင်ဆိုင်ရင်းနဲ့မှ ကိုယ်ခံအားကို တဖြည်းဖြည်းကျင့်ယူကြတာဖြစ်ပါတယ်။ (တစ်နှစ်မှာ အအေးမိရောဂါပိုး၊တုပ်ကွေးပိုး၊ ဒါမှမဟုတ် နားပိုးဝင်ခြင်း ၆ ကြိမ်မှ ၈ ကြိမ် ဖြစ်လေ့ရှိတာပုံမှန်ဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်တွေက ယူဆပါတယ်) ဒါပေမယ့် ကလေးရဲ့ကိုယ်ခံအားစနစ်ကို တိုးတက်စေမယ့် အချက်တချို့ကို အသုံးချနိုင်ပါတယ်။ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ ဆိုတော့။(၁)အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများကျွေးပါ-မုန်လာဥနီ၊ ဘိုစားပဲ၊လိမ္မော်သီး၊ စတော်ဘယ်ရီ တို့က ဗီတာမင် C နဲ့ ကာရိုတီးနွိုက်တို့လို ကိုယ်ခံအားမြှင့်တင်ပေးတဲ့ phytonutrients ဓာတ်တွေပါဝင်ပါတယ်။ phytonutrients တွေဟာ ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်နိုင်တဲ့သွေးဖြူဥတွေနဲ့ ပဋိပစ္စည်းတွေထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ စားပေးသင့်တဲ့တခြားအစားအစာတွေကတော့ မှို၊ ဗီတာမင် D နဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။(၂)ကလေးတွေရဲ့အိပ်ချိန်ကို တိုးပါ –အိပ်ရေးပျက်ခြင်းက အဏုဇီဝပိုးမွှားတွေနဲ့ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝခုခံမှုဆဲလ်တွေ၊ ကိုယ်ခံအားတုံ့ပြန်နိုင်စွမ်းတွေ ကျဆင်းစေပြီး နာမကျန်းဖြစ်လွယ်စေပါတယ်။  မူကြိုအရွယ်ကလေးတွေက တစ်နေ့ကို ၁၀ နာရီလောက် အိပ်ချိန်ရှိဖို့လိုပါတယ်။ ကလေးက နေ့ဘက် တရေးအိပ်တာနည်းတယ်ဆိုရင် ညကျ စောစောသိပ်သင့်ပါတယ်။(၃) မိသားစုလိုက်လေ့ကျင့်ခန်းလုပ်ပါ–ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးတာက သဘာဝခုခံအား ဆဲလ်တွေရဲ့အရေအတွက်ကိုတိုးစေတယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ ကလေးကို တစ်သက်တာ ကျန်းမာကြံ့ခိုင်စေတဲ့ အမူအကျင့်ရရှိစေဖို့ မိဘက ရှေ့ဆောင်လမ်းပြကောင်း ဖြစ်နေရပါမယ်။ ကလေးတွေကို အပြင်ထွက်ကစားခိုင်းတာထက် သူတို့နဲ့အတူလှုပ်ရှားပေးပါ။ စက်ဘီးစီးတာ၊ အပျော်ခြေလျင်ခရီးထွက်တာ၊ ဘက်စကတ်ဘောနဲ့ တင်းနစ်ကစားတာတွေအပါအဝင် မိသားစုလိုက်ကစားနည်းတွေ၊ လှုပ်ရှားမှုတွေ ဖန်တီးပေးပါ။(၄) ရောဂါပိုးမွှားတွေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ပေးပါ-ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးတာက ကိုယ်ခံအားကို မတိုးမြှင့်နိုင်ပေမယ့် ကလေးရဲ့ကိုယ်ခံစွမ်းအားအပေါ် ဖိစီးမှုကိုလျှော့ချပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့လက်ကို (ဆပ်ပြာနဲ့) မကြာခဏဆေးကြောစေပါ ။ ကလေးတွေအပြင်ထွက်ကစားပြီး၊ အိမ်မွေးတိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့ပြီး၊ နှပ်ချေးညှစ်ပြီး၊ သန့်စင်ခန်းသွားပြီး၊ ကျောင်းကနေ အိမ်ပြန်လာပြီးနောက်ပိုင်း အစာမစားမီနဲ့ အစာစားပြီးချိန် သူတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးတွေကို အိမ်မှာလက်ဆေးတဲ့အကျင့်ရရှိစေဖို့ အရောင်တောက် လှပတဲ့လက်သုတ်ပဝါတွေ၊ ပုံစံစုံ၊ အရောင်စုံအနံ့စုံနဲ့ ဆပ်ပြာလေးတွေထားရှိပေးပြီး ရွေးသုံးစေတာမျိုးနဲ့ဆွဲဆောင်နိုင်ပါတယ်။(၅) ကလေးအနားမှာ ဆေးလိပ်မသောက်ပါနဲ့ –အဖေ သို့မဟုတ် အမေက ဆေးလိပ်သောက်တတ်တယ် ဆိုရင် ဆေးလိပ်ဖြတ်လိုက်ပါ။ စီးကရက်မှာ အဆိပ်ဓာတ် ၄၀၀၀ ကျော်ပါဝင်ပြီး အများစုက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထိခိုက်စေ၊ သေစေနိုင်ပါတယ်။ ကလေးတွေဟာ အသက်ရှူနှုန်းပိုမြန်ပြီး အဆိပ်အတောက်ဖယ်ရှားသန့်စင်မှုစနစ်က သိပ်မဖွံ့ဖြိုးသေးတာကြောင့် လူကြီးတွေထက် ပိုပြီး ထိခိုက်လွယ်ပါတယ်။ ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းက ကလေးမှာ ရုတ်တရက်သေဆုံးမှု SIDS အန္တရာယ်၊ လေပြွန်ရောင်ရမ်းခြင်း၊ နားပိုးဝင်ခြင်း၊ ပန်းနာရင်ကြပ် တို့ဖြစ်နိုင်ခြေပိုများစေပါတယ်။ တကယ်လို့ ဆေးလိပ်မဖြတ်နိုင်သေးရင်လည်း ကလေးမှာအန္တရာယ်မဖြစ်ရအောင် အိမ်ပြင်ထွက်သောက်တာမျိုးကို ကြိုးစားကြည့်သင့်ပါတယ်။(၆) အာဟာရနဲ့ အားဖြည့်အစာ –ကိုယ်ခံအားကို ကျန်းမာအားကောင်းစေဖို့အတွက် အာဟာရပြည့်ဝဖို့ လိုပါတယ်။ အရေးပါတဲ့အာဟာရဓာတ်တွေမရှိတဲ့အခါ ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေ ခြေကုပ်ရယူဖို့ ပိုလွယ်စေတာကြောင့် နာတာရှည်ကိုယ်ခံအားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ရာသီ အကူးအပြောင်းမှာ ကိုယ်ခံအားကောင်းနေစေဖို့အတွက်ဆိုရင် ခန္ဓာကိုယ်က အာဟာရပြည့်ဝဖို့လိုပါမယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်ဖို့ဆိုရင် အစာခြေစနစ်ကျန်းမာဖို့လိုအပ်ပါတယ်။ အစာခြေစနစ်ကျန်းမာစေဖို့အတွက် ကလေးစားသောက်မယ့် အစားအစာတွေထဲမှာအစာခြေစနစ်ကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေ ပါဝင်အောင်ပြင်ဆင်ပေးဖို့မေ့မထားပါနဲ့။ လိုအပ်တဲ့ဓာတ်တွေပြည့်စုံနေမယ်ဆိုရင် ကလေးက ကိုယ်ခံအားကောင်းမွန်နေပြီး ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေကို တိုက်ထုတ်နိုင်မှာသေချာပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/boost-childs-immunity/
နေဝင်ချိန်မှာ အဖော်ပြုပါ။
အသက် ၆၀ပိုင်းလောက် ရလာပြီ။ ပင်စင်တွေ ဘာတွေ ယူပြီဆိုရင် လူကြီးတွေက ဘဝတစ်ဆစ်ချိုး ထပ်ပြောင်းပါပြီ။ နောက်ဆုံးတစ်ဆစ်ချိုးလို့ပဲ ပြောရမလားပဲ။ အရင်က မိုးလင်းတာနဲ့ အပြင်ထွက် အလုပ်လုပ်၊ လက်အောက်ငယ်သားတွေနဲ့ တရုန်းရုန်း ဖြစ်ခဲ့ရာက ရုတ်တရက် ရုံးမတက်ရတဲ့ မနက်ခင်းကို ရောက်လာပါပြီ။ ရုံးမသွားရတော့လည်း ဘာဖြစ်လဲ။ အိပ်ရေးဝတာပေါ့လို့ ဖြေတွေးလိုက်ပေမယ့် တစ်ရက်က နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက်ရောက်လာတဲ့အခါ စိတ်ထဲမှာ တစ်ခုခုလိုသလို ခံစားရလာပါပြီ။အိမ်မှာနေတော့လည်း သားသမီးတွေ၊ မြေးမြစ်တွေက အလုပ်သွား၊ ကျောင်းသွားတဲ့သူနဲ့ ခြောက်ကပ်နေတာပဲ။ လုပ်စရာဆိုလို့ တီဗွီကြည့်ရုံအပြင် ဘာမှမရှိ။ အိမ်အလုပ်လုပ်မယ်ဆိုတော့လည်း အမေရယ်၊ အဖေရယ် ငြိမ်ငြိမ်နေပါဆိုပါဆိုပြီး ဝိုင်းတားကြ။ အိမ်ဦးခန်းမှာပဲ အခန့်သားနေပါဆိုပြီး ပြောကြ။  ဒီအဘိုးကြီး အဘွားကြီးတွေက ကျီးနှင် ကြက်မောင်းရုံပါလားလို့ တစ်ခါတစ်ခါ ကိုယ့်ဟာကိုယ်တောင် တွေးမိလာတဲ့အထိပဲ။ ကြာလာတော့ အထီးကျန်လာသလိုလို၊ စိတ်ဓာတ်ကျလာသလိုလို၊ ကိုယ့်ကိုယ်ကို ဘာမှ အသုံးမဝင်ဘူးလို့ ခံစားရသလိုလို။ဒါက လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ပြဿနာပါ။ အလုပ်လုပ်နေရာကနေ ရုတ်တရက် ဘာမှလုပ်စရာမရှိဘဲ အထီးကျန်တဲ့ ဘဝရောက်သွားတာပေါ့။ သားသမီးတွေကတော့ ဒီအရွယ် ဘုရားနဲ့ တရားနဲ့ နေသင့်ပါပြီလို့ တွေးပေမယ့် သင်ထင်တာထက် သူတို့ အများကြီး လုပ်နိုင်ပါသေးတယ်။ တစ်ခုပဲ သင့်ရဲ့ နားလည်မှုနဲ့ အကူအညီတော့ လိုတာပေါ့။ အိမ်ကဘိုးဘိုးဘွားဘွားတွေကို ဘယ်လို အဖော်ပြုမလဲ။ သူတို့ရဲ့ နေဝင်ချိန်မှာ အထီးမကျန်အောင် ဘယ်လိုထားမလဲဆိုတာကို မျှဝေပေးပါမယ်။အပြင်ထွက်ပြီး ပိုက်ဆံရှာခိုင်းတာ မဟုတ်ပါဘူး။ သူတို့နိုင်တဲ့အိမ်အလုပ်ဖြစ်ဖြစ်၊ အပြင်အလုပ်ဖြစ်ဖြစ် လုပ်ခိုင်းတာပါ။ ထင်ကြတာက အဖေ အမေတွေ ဒီလောက်လုပ်ခဲ့တာ တော်ပြီပေါ့။ သူတို့ နားပါစေလို့ သင်က ထင်နေတာပါ။ သူတို့ကို နားချင်ရဲ့လားလို့ မေးဖူးပါသလား။ သူတို့ တစ်ခုခုလုပ်နေမှပဲ သူတို့ကို သူတို့ အရေးပါတယ်လို့ တွေးမိပြီး စိတ်အားမငယ်မှာပါ။ ဒါကြောင့် အိမ်မှာ ပေါ့ပေါ့ပါးပါး ဟင်းချက်တာ၊ အပင်ရေလောင်းတာ၊ အဝတ်လှန်းတာ စတာတွေ လုပ်ပါစေ။ တလက်စတည်း အိမ်မှာသာ အမေမရှိရင် ဒါတွေ ဗြောင်းဆန်နေတော့မှာလို့ ချီးကျူးပေးပါ။ သူတို့ သိပ်ကို ပျော်မှာပါ။နောက်တစ်ခုက ပင်စင်စား ကျောင်းဆရာကြီး၊ ဆရာမကြီးတွေဆိုရင် အနီးအနားက ကလေးတွေကို စာပြန်ပြနိုင်ပါသေးတယ်။ ပညာဒါနဖြစ်ဖြစ် အခကြေးငွေနဲ့ ဖြစ်ဖြစ်ပေါ့။ သူတို့စိတ်ထဲမှာ သူတို့ လုပ်နိုင်သေးတယ်လို့ တွေးမိဖို့က အဓိကပါ။ ပိုက်ဆံက ပြဿနာ မဟုတ်ပါဘူး။ဘိုးဘိုးဘွားဘွားနဲ့ စကားမပြောဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ နေကောင်းလားလို့ နောက်ဆုံးဘယ်တုန်းက မေးခဲ့တာလဲ။ တော်တော်ကြာပြီပေါ့။ ဒီခေတ်ကြီးမှာ အိမ်ရှိလူကုန် အလုပ်ထွက်လုပ်ရတဲ့အတွက် အိမ်မှာနေတဲ့အချိန် သိပ်မရှိတော့ပါဘူး။ ပြန်လာတော့လည်း မောကြီး ပန်းကြီးနဲ့ ဘယ်သူနဲ့မှ စကားမပြောနိုင်တော့ပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ အချိန်ပေးပါ။ အပြင်သွားရင်းနဲ့ ဖုန်းဆက်ပြီး ဘာစားချင်လဲလို့ မေးတာလည်း သူတို့အတွက် အဆင်ပြေပါတယ်။ အဝေးရောက်နေသူကလည်း video callလေး ဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ် စကားပြောပါ။စာရေးသူရဲ့ အကျင့်တစ်ခုကို shareပေးချင်ပါတယ်။ လူကြီးနဲ့ တူတူ တီဗွီကြည့်တာပါ။ တီဗွီကြည့်ရင်းနဲ့ ဇာတ်ကောင်အကြောင်း မေးတာမျိုး၊ မနေ့က လွတ်သွားတဲ့ အပိုင်းအကြောင်း ပြန်မေးတာမျိုးပေါ့။ ဇာတ်လမ်းက အဓိက မဟုတ်ပါဘူး။ အဓိကက စကားပြောဖြစ်ဖို့ရယ်၊ မနေ့က ကိစ္စတွေကို ပြန်ပြန်မေးပြီးမှတ်ဉာဏ်ကို လေ့ကျင့်ပေးတာရယ်ပါ။ လူကြီးတွေက သတိမေ့တတ်ပြီလေ။နေ့လယ်စာနဲ့ ညစာကို မပြောလိုပါဘူး။ မနက်စာတော့ ဖြစ်နိုင်မယ်ထင်တယ်။ အတူတူစားရင်း စကားပြောတာမျိုး၊ ဝိုင်းကူလုပ်တာမျိုးက သူတို့ကို အပျင်းပြေစေမှာပါ။ နောက်ပြီး လူကြီး သဘာဝကို သိတယ်မလား။ သူတို့ကျွေးရင် အားရပါးရစားမှကြိုက်တာ။သူတို့ကို အိမ်ထဲမှာပဲ မအောင်းခိုင်းပါနဲ့။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာမျိုး၊ ခရီးသွားတာမျိုး လွှတ်ပေးပါ။ ခုမသွားရင် နောက်တစ်ခါ မသေချာပါဘူး။ အိမ်မှာဆိုလည်း မနက်မနက်လမ်းလျှောက်ထွက်ခိုင်းတာမျိုး၊ အပင်ရေလောင်းခိုင်းတာမျိုး တစ်ခုခု လုပ်ခိုင်းပါ။ နိုင်ငံခြားမှာတော့ သက်ကြီးclubတွေ ရှိလို့ သူတို့အချင်းချင်းစုပြီး ကျားထိုးတာ၊ ကတာ စတာတွေ လုပ်ကြပါတယ်။နောက်ပြီး အတူတူ အပြင်ထွက်ပါ။ ဒီအရွယ်မှာဒူးနာခါးနာလို့ သင်နောက်က ဖြည်းဖြည်းချင်း လိုက်နေရပေမယ့် သင်က စိတ်ရှည်ပါ။ အတူတူ ဘုရားသွားကျောင်းတက်လောက်တော့ လုပ်ပေးပါ။အနည်းဆုံး ဖုန်းလောက်တော့ ကောင်းကောင်း သုံးတတ်ပါစေ။ ဒါမှ တစ်ခုခုဆို သင့်ဆီ ဖုန်းဆက်နိုင်မှာပါ။ အမေကလည်း ဒါလေးတောင် မသိဘူးလားဆိုပြီး ရောမချပါနဲ့။ သင့်တုန်းကလည်း သူတို့ပဲ သင်ပေးခဲ့တာပါ။ အိမ်မှာတော့ အမေနဲ့ အဘွားကို ဖေ့စ်ဘွတ်နဲ့ မက်ဆင်ဂျာ သုံးနည်း သင်ပေးထားပါတယ်။ အနည်းဆုံးတော့ အမျိုးတွေ၊ သူငယ်ချင်းဟောင်းတွေနဲ့ သူတို့ စကားပြောလို့ ရတာပေါ့။သူတို့ဟာ ခုထိ အိမ်ထောင်ဦးစီးနေရာမှာ ရှိနေတုန်းပါပဲ။ ဒါကြောင့် တချို့သော ကိစ္စရပ်တွေမှာ သူတို့ ဆုံးဖြတ်ချက်ကို မလိုအပ်ရင်တောင် လေးစားသမှုနဲ့ နားထောင်ပါ။ အသိပေးပါ။ ဥပမာ ပြောပြပါ့မယ်။ သမီးငယ်ကို ဘယ်ကျောင်းထားမလဲဆိုတာ သူတို့ဆုံးဖြတ်ချက်မလိုပါဘူး။ ဒါပေမယ့် ‘အမေရယ် အမေ့မြေးကို ဘယ်ကျောင်းမှာ ထားလိုက်ပြီ။ အဲ့ဒီကျောင်းက ဘယ်လိုကောင်းတာ အမေရဲ့’ ဒီလောက်ကတော့ ပြောပြထားပါ။လူကြီးဖြစ်လာလေလေ နှမြောလေပါပဲ။ စဉ်းစားကြည့်ရင် သူတို့က ရှားပါးတဲ့ ခေတ်မှာ ကြီးလာရတာကိုး။ ဒါကြောင့် တော်တော်တန်တန်ဆို သူတို့ ဘာဖြစ်နေလဲဆိုတာ သင့်ကို ပြောမှာ မဟုတ်ပါဘူး။ သူ့ကြောင့် သားသမီးတွေ ငွေကုန်ကြေးကျများမှာ စိုးလို့ပါ။ ဒါကြောင့် သူဘာခံစားနေရလဲဆိုတာ သင့်အနေနဲ့ သိဖို့ မလွယ်ပါဘူး။ အပေါ်မှာ ပြောသလို သူနဲ့ မကြာခဏ စကားတွေ ပြောမယ်။ ထမင်းတူတူစားမယ်။ အပြင်သွားမယ်ဆိုရင် သူဘာဖြစ်နေလဲဆိုတာ သင်စကားနှိုက်လို့ ရမှာပါ။ ကိုယ့်ဘက်ကလည်းကျန်းမာရေး စစ်ဆေးဖို့ နားချပါ။တော်သေးတာက မြန်မာနိုင်ငံမှာ သားသမီးတွေက မိဘနဲ့ အတူတူ နေကြတယ်။ အိမ်ထောင်ကျလည်း မိဘနဲ့ အတူတူ နေကြတယ်။ မိဘကို ဘိုးဘွားရိပ်သာ သွားပို့ကြတယ်ဆိုတာလည်း နည်းတယ်။ ဒါတွေကြောင့် မိဘတွေက တော်ရုံတန်ရုံ တစ်ယောက်တည်း နေရတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် ခုနက ပြောသလို မိုးလင်းမိုးချုပ် အပြင်ထွက် အလုပ်လုပ်ကြတော့ လစ်ဟင်းတာတွေ ရှိနိုင်ပါတယ်။နေဝင်ချိန်မှာ ဆိုပေမယ့် သင်ကောင်းရင် ဆည်းဆာတွေနဲ့ နေဝင်ချိန် ဖြစ်သွားနိုင်ပါတယ်။ သူတို့ကို အထီးမကျန်ဘဲ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်အောင် သင်ကူညီနိုင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/how-to-spend-time-with-grandparents/
ကိုယ်ဝန်ဆောင်စဉ် ရေနွေးနဲ့ရေချိုးတာက အန္တရာယ်ရှိနိုင်သလား
ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိတ်ဖိစီးမှုတွေ၊ပင်ပန်းနွမ်းနယ်မှုတွေနဲ့ နောက်ကျောနာကျင်မှုတွေကို ပြေလျော့သက်သာသွားစေဖို့ ရေနွေးနွေးနဲ့ ရေချိုးလိုက်တာထက် ဘယ်နည်းလမ်းကများ ပိုကောင်းနိုင်ပါ့မလဲ။ ဒါပေမယ့် လတ်တလော လေ့လာတွေ့ရှိချက်တွေကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မမွေးရသေးတဲ့ကလေးကို ငဲ့ညှာတဲ့အနေနဲ့ ရေနွေးအပူကြီးနဲ့ရေချိုးတာကို ရှောင်ကြဉ်သင့်ပါတယ်လို့ တိုက်တွန်းထားပါတယ်။သားဖွားမီးယပ်ဆိုင်ရာအမေရိကန်ကောလိပ် (ACOG)ကတော့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွေမှာ မိခင်ရဲ့ ပုံမှန်အပူချိန်ထက် ၁.၈ ဒီဂရီ ဆဲလ်စီးရပ်စ်တိုးလိုက်ခြင်းဟာ မွေးရာပါချွတ်ယွင်းချက်နဲ့ကလေးမွေးလာနိုင်ချေမြင့်မားတယ်လို့ဆိုပါတယ်။ ဖြစ်နိုင်ချေများတာကတော့ spina bifida လို မွေးရာပါ ချွတ်ယွင်းချက်တွေပေါ့။ spina bifidaဆိုတာ အာရုံကြောပြွန်ချွတ်ယွင်းမှုပုံစံတစ်မျိုးဖြစ်ပြိး သန္ဓေသားရဲ့ ကျောရိုးတိုင် (spinal column) အပြည့်အဝမပိတ်နိုင်တာကြောင့်ဖြစ်ရတာပါ။ ဒီအခြေအနေမျိုးဖြစ်လာနိုင်ကြောင်း နဲ့ ဖြစ်ပွားခဲ့ကြောင်းကို တိရစ္ဆာန်တွေနဲ့ တကယ့်လက်တွေ့ဘဝမှာဖြစ်ခဲ့တာတွေအပေါ် အမျိုးမျိုးလေ့လာခဲ့ကြပြီး သက်သေပြခဲ့ကြပြီးပါပြီ။အပူလွန်ကဲခြင်းကလည်း သွေးဖိအားနည်းခြင်းရဲ့ အဓိကတရားခံတစ်ယောက်ဖြစ်ပါတယ်။ သူကသင့်ကလေးဆီ သွေးစီးဆင်းမှုကိုတားဆီးနိုင်ပြီး ဘယ်လိုကိုယ်ဝန်ဆောင်ကာလအခြေအနေမှာပဲဖြစ်ဖြစ် စိတ်ချလုံခြုံမှုမရှိနိုင်ဘဲ အန္တရာယ်များတယ်လို့ သတ်မှတ်ထားပါတယ်။ရေနွေးပူပူနဲ့ ရေချိုးခြင်းဟာ အမျိုးသမီးတွေ ရေချိုးပြီးတဲ့အချိန်မှာ မူးဝေခြင်းကိုဖြစ်စေပါတယ်။ ရုတ်တရက်အပူချိန်ပြောင်းလဲသွားတာက ဇီဝဖြစ်စဉ် မညီမျှမှုဖြစ်စေပြီး လဲကျသွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ချော်လဲခြင်း၊ပြုတ်ကျခြင်း စတာတွေဟာ ပြင်းထန်တဲ့ပြဿနာတွေကိုဦးတည်သွားနိုင်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ကိုယ်ဝန်ပျက်ကျတာမျိုးပေါ့။ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကလည်း အမျိုးသမီးတွေကိုယ်ဝန်ဆောင်နေစဉ်မှာ ဆပ်ပြာမြှုပ်တွေစိမ်ချိုးတာ သို့မဟုတ် ဓါတုပစ္စည်းတွေပါဝင်တဲ့ ရေချိုးဆား သို့မဟုတ် ဆပ်ပြာဆီတွေသုံးခြင်းက ပိုးဝင်ခြင်းကိုဖြစ်စေနိုင်တာကြောင့် ဒါတွေမလုပ်သင့်ပါဘူးလို့ တိုက်တွန်းထားပါတယ်။ ဒီလိုနည်းလမ်းတွေအစား ရနံ့ပါဝင်တဲ့ဖယောင်းတိုင်တွေသုံးခြင်းက ပိုပြိး သင့်လျော်ပါတယ်။ရေနွေးနဲ့ရေချိုးခြင်းနဲ့ ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကိုဘယ်လိုကာကွယ်ရမလဲ။ရေပန်းနဲ့ရေပူချိုးခြင်း နဲ့ ရေနွေးကန်ထဲစိမ်ခြင်း။ရေပူကိုရေပန်းနဲ့ချိုးတာဟာ ရေနွေးနဲ့ရေချိုးခြင်းပါပဲ။ မိခင်က အောက်ပါအရေးကြီးတဲ့ သတိပေးချက်တွေကို လိုက်နာမယ်ဆိုရင် အပြည့်အဝဘေးကင်းပါတယ်။ ဒါကအပန်းဖြေသလိုမဖြစ်ပေမယ့်လည်း ရေပန်းနဲ့ချိုးတာဟာ ရေပူစိမ်ခြင်းထက်တော့ ပိုပြီးအန္တရာယ်ကင်းပါတယ်။ ရေပူစိမ်ခြင်းနဲ့စာရင် သင့်ရဲ့ခန္ဓါကိုယ်အပူချိန်ပြောင်းလဲသွားတဲ့အချိန် အတိုင်းအတာ ပိုပြီးတိုတောင်းပါတယ်။တစ်ဖက်မှာတော့ ရေနွေးကန်ထဲစိမ်တာတွေဟာ မိခင်လောင်းတွေရဲ့ ကိုယ်ဝန်ဆောင်ကာလ ပထမ၃ပတ်မှာ လုံးဝမလုပ်သင့်တဲ့အရာတွေထဲပါဝင်နေပါတယ်။ ဒါက ဒီသုံးလတာကာလအတွင်းမှာ ကျန်းမာရေးအတွက် အန္တရာယ်အရှိနိုင်ဆုံးအချက်ပါ။ ရေနွေးနဲ့ရေချိုးခြင်း နဲ့မတူတာက ရေပူကန်ထဲက အပူချိန်ဟာ တောက်လျှောက်ပူနေတာပါ။ ဒါကြောင့် မိခင်ရဲ့ ကိုယ်တွင်းအပူချိန်ကို စိတ်ချရသော အတိုင်းအတာ ၃၈.၃ ဒီဂရီ ဆဲလ်စီးရပ်စ်ထက် ကျော်လွန်သွားဖို့ အချိန် ၁၀မိနစ်မှ မိနစ် ၂၀ခန့်လောက်သာလိုအပ်ပါတယ်။ ဒါ့အပြင် ရေပူကန်တွေမှာစိမ်မယ်ဆိုရင် ပုံမှန်အားဖြင့် သင့်ခန္ဓါကိုယ်တစ်ခုလုံးကိုနှစ်မြှုပ်သွားအောင်စိမ်ဖို့ လိုအပ်ပါတယ်။ ဒီထဲမှာအချိန်ကြာကြာနေနိုင်ဖို့ကိုပဲ သင်အာရုံစိုက်နေမှာဖြစ်ပြီး အန္တရာယ်အချက်ပြမှုတွေဖြစ်တဲ့ ချွေးထွက်ခြင်းလိုကိစ္စမျိုးကိုတောင် သင်သတိထားမိမှာမဟုတ်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%9b%e1%80%b1%e1%80%94%e1%80%bd%e1%80%b1%e1%80%b8/
null
null
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/coffee-and-diabetes/
လူတစ်ယောက် ရုတ်တရက် သတိလစ်သွားရင် ဘယ်လို ကူညီမလဲ
ဒီအခြေအနေဟာ လူတယောက် ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ခဏတာ သတိလစ်သွားတာကို ဆိုလိုပါတယ်။ လူအများအပြားဟာ သူတို့ဘဝမှာ တခါလောက်ပဲဖြစ်ဖြစ် ရုတ်တရက် သတိလစ်သွားတာ ဒါမှမဟုတ် မိုက်ခနဲဖြစ်သွားတာမျိုးကို ကြုံရလေ့ရှိပေမယ့် ဒါဟာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးအခြေအနေတွေ အများအပြားနဲ့ ဆက်စပ်နေတာမို့ လျစ်လျူရှုထားသင့်တဲ့ အသေးအဖွဲ ပြဿနာတခုတော့ မဟုတ်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် လူအများစုဟာ သတိလစ်သွားတဲ့ လူတစ်ယောက်ကို ဘယ်လိုကူညီရမလဲဆိုတာကို မသိတာများပါတယ်။ရုတ်တရက် သတိလစ်ရခြင်းရဲ့ အကြောင်းရင်း များစွာရှိပေမယ့် နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်တဲ့ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ ဒါမှမဟုတ် နှလုံးခုန်စည်းချက်မမှန်တာတွေနဲ့ အများဆုံး ဆက်စပ်မှု ရှိနေပါတယ်။ ဒါ့အပြင် သွေးအားနည်းတာ၊သွေးတွင်း သကြားဓါတ်နည်းတာ ဒါမှမဟုတ် ရုတ်တရက် သွေးအမြောက်အများ ဆုံးရှုံးတာတွေကြောင့်လည်း ရုတ်တရက် သတိလစ်သွားနိုင်ပါတယ်။သတိလစ်မေ့မြောမှုကို ဖြစ်စေတဲ့ တခြား အကြောင်းရာတွေက ခန္ဓါကိုယ် အနေအထားကို ရုတ်တရက် ပြောင်းလိုက်တာ၊ အပြင်းအထန် နာကျင်တာ၊ စိုးရိမ်ပူပန်မှုများတာ၊ ရုတ်တရက် စိတ်လှုပ်ရှားတာ ဒါမှမဟုတ် အလွန်အမင်း ထိတ်လန့်တုန်လှုပ်တာတို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလအစောပိုင်းမှာလည်း ဒီလို ရုတ်တရက် မေ့လဲတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ဆောင်ရန်။ကြမ်းပြင်ပေါ် ဒါမှမဟုတ် မြေကြီးပေါ် လဲမကျခင် မှီအောင်ဖမ်းလိုက်နိုင်ဖို့ ကြိုးစားပါ။ သတိလစ်နေတဲ့သူကို ပက်လက်အနေအထားမှာ ထားပြီး သူတို့ရဲ့ ခေါင်းနေရာက နှလုံးရေပြင်ညီ မျက်နှာထက် နိမ့်နေပါစေ။ ပြီးရင် ဦးနှောက်ကို။သွေးကောင်းကောင်းရောက်စေဖို့အတွက် ခြေထောက်ကို သုံးဆယ်စင်တီမီတာလောက် အပေါ်ကို မြှောက်ထားပါ။ လျှာခေါက်ပြီး လေဝင်တဲ့ လမ်းကြောင်းတလျှောက် ပိတ်ဆို့မနေစေဖို့အတွက် သတိလစ်နေသူရဲ့ ခေါင်းကို ဘေးတစောင်းထားပေးပါ။ မျက်နှာနဲ့ လည်ပင်းကို စနိုးတာဝါလိုမျိုး နဲ့ ပွတ်ပေး၊သုတ်ပေးပါ။ ဒီအနေအထားမှာ ခန္ဓါကိုယ်အပူချိန်က အရမ်း အရေးပါတာမို့ သတိလစ်နေသူကို နွေးနွေးထွေးထွေးရှိပါစေ။ သတိပြန်လည်လာပြီးနောက်မှာလည်း တခါထပ်ပြီး သတိလစ်သွားမှာ စိုးတဲ့အတွက် မိနစ်အနည်းငယ်လောက် သေချာစောင့်ကြည့်ပေးပါ။ လူနာ အနားမှာ လူတွေဝိုင်းအုံမနေပါစေနဲ့။ လေကောင်းလေသန့်ကို တဝရှူရှိုက်ပါစေ။ လိုအပ်ရင် အရေးပေါ် လူနာတင်ကားကို ဖုန်းဆက်ခေါ်ပါ။သတိပြန်ရလာအောင် ရိုက်တာမျိုး၊အတင်းလှုပ်နိုးတာမျိုး ဘယ်တော့မှ မလုပ်ရပါဘူး။သတိလစ်နေတဲ့သူကို အစာကျွေးတာ၊ရေတိုက်တာမျိုး မလုပ်ရပါဖူး။ တကယ်လို့ အဆာလွန်ပြီး (သွေးတွင်းသကြားဓါတ် အလွန်အကျွံ ကျဆင်းပြီး) သတိလစ်တာဆိုရင်တောင် လုံးဝပြန်ပြီး သတိလည်လာတော့မှ အစားအသောက်ကျွေးဖို့ ကြိုးစားရပါမယ်။သတိကောင်းကောင်း ပြန်လည်မလာသေးခင် ဒါမှမဟုတ် အားပြန်မပြည့်သေးခင် လှဲနေရာက ထခိုင်းတာမျိုးကို ရှောင်ကြဉ်ရပါမယ်။မူးမလဲအောင် ဘယ်လိုကာကွယ်ရမလဲ။လှဲနေရာက ဒါမှမဟုတ် ထိုင်နေရာက ထရင် ဖြည်းဖြည်းချင်းထပါ။ ရုတ်တရက် ဆတ်ခနဲ မထပါနဲ့။လည်ပင်းနားတဝိုက်မှာ အရမ်းကျပ်နေတဲ့ အဝတ်အစားမျိုးတွေကို မဝတ်ပါနဲ့။ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးတမျိုးမျိုးကို သုံးစွဲနေရပြီး သတိလစ်ချင်သလို ခံစားရတယ်ဆိုရင် ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။အစားအသောက် မှန်ပါစေ။ရုတ်တရက် သတိလစ်ခြင်းဟာ သင့်ခန္ဓါကိုယ်မှာ ပြဿနာတခုခု ရှိနေကြောင်း အချက်ပေးခေါင်းလောင်းသံ ဖြစ်သလို အန္တရာယ်များတဲ့ အခြေအနေတခုလည်း ဖြစ်တာမို့ ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကုသမလဲဆိုတာ သိထားဖို့ အင်မတန်ကို အရေးကြီးပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9c%e1%80%b0%e1%80%90%e1%80%b1%e1%80%9a%e1%80%ac%e1%80%80%e1%80%b9-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%80%e1%80%b9-%e1%80%9e%e1%80%90%e1%80%ad%e1%80%9c%e1%80%85%e1%80%b9/
ချွေးပေါက်တွေဘာလို့ကျယ်ရသလဲ
မှန်ကြည့်လိုက်တိုင်း မျက်နှာပေါ်မှာအထူးသဖြင့် နှာခေါင်း နှင့် ပါးပြင်ပေါ်မှာ အရင်တုန်းကသတိမထားမိတဲ့ ချွေးပေါက်ကလေးတွေ ကျယ်နေတာကို သင်သတိထားမိပါသလား။ ဒါတွေဟာ အချိန်နှင့်အမျှ သိသာလာပြီး သင့်ကိုနေ့စဉ်နဲ့အမျှ စိတ်ဒုက္ခ ပးနေပါသလား။ ဒီချွေးပေါက်လေးတွေ ဘာလို့ကျယ်လာတယ်ဆိုတာကို သိထားခြင်းအားဖြင့် သက်သာအောင် လုပ်ဆောင်လို့ရပါတယ်။မျက်နှာပေါ်ရှိချွေးပေါက်ကလေးများဟာ တကယ်တော့ အရေပြားမှာရှိတဲ့ အဆိပ်အတောက်များကို အထူးသဖြင့် ချွေးနှင့်အဆီများကို အပြင်ကိုပြန်ထုတ်ပေးတဲ့ လမ်းကြောင်းကလေးများဖြစ်တယ်။ ဒါ့အပြင် အရေပြားရဲ့ ခြောက်သွေ့မှုကို ကာကွယ်ပေးတဲ့ အစိုဓါတ်နှင့် အဆီဓါတ်ကိုလည်းထိန်းပေးတဲ့ လမ်းကြောင်းလေးများဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေ လူပျို/အပျို ဝင်ချိန်မှာ ခန္ဓါကိုယ်မှာဟော်မုန်းပြောင်းလဲမှုကြောင့် မျက်နှာအရေပြားမှ အဆီတွေကို လိုတာထက်ပိုထုတ်လာပြီး ချွေးပေါက်တွေ ပိုကျယ်ပိုသိသာလာကာ ဝက်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အဆီပြန်အသားအရေပိုင်ဆိုင်သူများဟာ နဂိုကတည်းက အဆီထုတ်လုပ်မများတာကြောင့် ခြောက်သွေ့သော အသားအရေပိုင်ရှင်များထက် ချွေးပေါက်များပိုကျယ်တတ်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းဟာ အနီးကပ်ကြည့်လျှင် သိသာပြီး ကြည့်ရဆိုးပါတယ်။ ဒါ့အပြင် အရေပြားကြမ်းတမ်းပြီး မညီညာမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ချွေးပါက်အရွယ်အစားနှင့် မျက်နှာအဆီပြန်မှုဟာ တကယ်တော့ မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် ချွေးပေါက်ကျယ်တဲ့ မိဘကနေမွေးဖွားလာခဲ့ရင် သင့်မှာချွေးပေါက်ကျယ်တဲ့ မျိုးရိုးဗီဇကိုလက်ခံထားပြီးဖြစ်ကာ သင်ရှောင်ရှားလို့မရတော့ပါဘူး။ သို့သော် အထူးသဖြင့် လူပျိုဖော်/အပျိုဖော်ဝင်ချိန်မှာ အရေပြားထိန်းသိမ်းမှုလုပ်လျှင် ချွေးပေါက်အရွယ်အစားကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ချွေးပေါက်ကျယ်ခြင်းနှင့် အဆီပြန်ခြင်းကို ကာကွယ်ဖို့အရေးကြီးဆုံးနည်းလမ်းကတော့ အချိန်မှန်မှန်နှင့် နည်းလမ်းမှန်ကန်စွာ မျက်နှာသစ်ခြင်းပဲဖြစ်ပါတယ်။ မျက်နှာကိုအချိန်မှန်၊ နည်းလမ်းမှန် မသစ်ပါက ထိုချွေးပေါက်များကြား ဆဲလ်အသေများ၊ ဖုန်မှုန့်များ၊ ဘက်တီးရီးယာပိုးမွှားများ ပိတ်ဆို့ပြီး ဝက်ခြံပေါက်လာတတ်ပါတယ်။ ဒါတွေကိုကြောက်လို့လည်း မျက်နှာကို လိုတာထက်ပိုသစ်စရာ မလိုပါဘူးနော်။ မိမိနှင့်သင့်တော်တဲ့ မျက်နှာသစ်ဆေးဖြင့် တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်အထိ မျက်နှာသစ်နိုင်ပါတယ်။ မျက်နှာမှာ အဆီပြန်တယ်ဆိုတာ လုံလောက်တဲ့ရေဓါတ်ပြည့်ဝမှုမရှိလို့ အဆီများပိုထုတ်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့် အလွန်အမင်းမျက်နှာသစ်ခြင်းကလည်း မျက်နှာရေဓါတ်ကို ပိုမိုခြောက်သွေ့စေပြီးယားယံခြင်းများအထိ ဖြစ်လာနိုင်တာမို့ နည်းမှန်လမ်းမှန် မျက်နှာသစ်ဖို့ကလည်းလိုအပ်ပါတယ်နော်။နောက်ထပ် ချွေးပေါက်များ ပိုမိုသိသာစေတဲ့အကြောင်းရင်းတစ်ခုကတော့ နေလောင်ဒဏ် (ခရမ်းလွန်ရောင်ခြည်ဒဏ်) ခံရခြင်းပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ဆဲလ်သေဖြစ်ပေါ်မှုကို များစေပြီး ချွေးပေါက်များပိတ်ဆို့လာကာ သိသိသာသာကျယ်လာစေနိုင်ပါတယ်။နောက်ထပ်တစ်ခုကတော့ မိန်းကလေးများဟာ သွေးဆုံးချိန် နှင့်ကိုယ်ဝန်ဆောင်ချိန်များမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ချွေးပေါက်များကို ပိုမိုထင်ရှားစေပါတယ်။ အမျိုးသားများဟာ အသားအရေထိန်းသိမ်းမှုအားနည်းခြင်းနဲ့မျိုးရိုးဗီဇတို့ကြောင့် အမျိုးသမီးများထက် ချွေးပေါက်ပိုကျယ် နိုင်ဖွယ်ရှိပါတယ်။ သို့သော် အမျိုးသမီးများသည် ခန္ဓါကိုယ်သွေးသားပြောင်းလဲမှု ဟော်မုန်းအပြောင်းအလဲများကြောင့် ချွေးပေါက်ပိုပြီးကျယ်လာလေ့ရှိပါတယ်။အသက်ကြီးလာခြင်းကလည်း ခန္ဓါကိုယ်မှ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသော အသားဓါတ်နှစ်မျိုးဖြစ်သည့် ကော်လာဂျင်နှင့် ကျုံ့ဆန့်တစ်ရှူးတို့ ထုတ်လုပ်မှု အားနည်းသွားသောကြောင့် အသားအရေလျော့တွဲခြင်းများ ဖြစ်လာနိုင်ပါတယ်။ ထိုသို့ လျော့တွဲလာခြင်းကလည်း ချွေးပေါက်များပြန်ကျုံ့ဖို့ ခက်လာပြီး အချိန်ကြာလာတာနှင့်အမျှ ပိုပိုကျယ်လာခြင်းများ ဖြစ်လာနိုင်ပါတယ်။ချွေးပေါက်ကျယ်ခြင်းဟာ ကျန်းမာရေးထိခိုက်မှုမရှိသော်ငြားလည်း အရေပြားမှာ ကြည့်ရဆိုးတတ်ပါတယ်။ ဒါကြောင့် အသားအရေကို နေ့စဉ်ပုံမှန် ဂရုစိုက်ခြင်းသွားဖြင့် စောစောစီးစီးကာကွယ်ထိန်းသိမ်းနိုင်သွားမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%81%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%bb%e1%80%9a/
ဖုန်းလျှော့သုံးခြင်းဖြင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းကြမယ်
ဒီဘက်ခေတ်မှာညအိပ်မပျော်တဲ့ ပြဿနာရှိနေတဲ့ အရေအတွက်ဟာ အရင်တုန်းကထက် ပိုများလာတာ သတိထားမိကြမှာပါ။ များသောအားဖြင့် ညအိပ်မပျော်ဘူးဆိုတဲ့သူတွေထဲမှာဆယ်ကျော်သက်လူငယ်အရွယ်တွေ၊ အလုပ်အကိုင်မရှိသေးသူတွေ၊ ညဘက်မှာ အလုပ်လုပ်နေရသူတွေဟာ ပိုများလာတတ်ပါတယ်။ နောက်ထပ် သတိထားမိတဲ့ ပြဿနာအကြောင်းရင်းကတော့ ဖုန်းကို အလွန်အကျွံအသုံးပြုလာကြတာပါပဲ။နည်းပညာကလည်း တိုးတက်ပြောင်းလဲလာတော့ အရင်တုန်းကလိုအင်တာနက်ဆိုင်တွေမှာ သွားတန်းစီပြီး ထိုင်စရာမလိုတော့ဘဲ ဖုန်းတစ်လုံးဝယ်ပြီး ကိုယ်အိမ်မှာပဲ မနက်ကနေ ညအထိ ထိုင်လိုက်၊ လှဲလိုက်၊ မှောက်လိုက်နဲ့ ဖုန်းသုံးနေကြတဲ့ကိစ္စပါ။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတာ ရှိပါတယ်။ ဖုန်းဆိုတဲ့အရာက လူတစ်ဦးနဲ့ တစ်ဦး လျင်မြန်စွာ ဆက်သွယ်စကားပြောနိုင်စေဖို့ တီထွင်ထားတဲ့ အရာဆိုပေမယ့် သူ့မျက်နှာပြင်က ထွက်လာတဲ့ အလင်းတွေကို ကြာကြာကြည့်တဲ့ သူတွေမှာမျက်စိအမြင်အာရုံကိုလည်း ထိခိုက်စေသလို ဦးနှောက်အာရုံကြောကိုလည်း ထိုင်းမှိုင်းစေတဲ့ ပြဿနာတွေ ရှိပါတယ်။အဆိုးဆုံးကတော့ မနက်ကနေ ညအထိ ဖုန်းကိုတောက်လျှောက်သုံးနေတဲ့အခါ မျက်စိက ဒီအလင်းရောင်တွေကြောင့် အမြင်အာရုံဝေဝါးသလို ဖြစ်ပြီး ညမိုးချုပ်လို့ အိပ်ရမယ့်အချိန်ရောက်နေရင်တောင် မျက်လုံးက အိပ်မပျော်တော့ဘဲ ကြောင်နေတော့တာပါ။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို လူငယ်အများစုကအိပ်မပျော်ရင် ဖုန်းကို ကောက်ကိုင်ပြီး အင်တာနက်မှာ ဘာတွေဖြစ်ပျက်နေသလဲ လျှောက်ကြည့်တော့တာပါပဲ။ ညအမှောင်ထဲမှာ ဖုန်းမျက်နှာပြင်ကနေ ထွက်လာတဲ့ အလင်းတန်းတွေဟာ မျက်စိရဲ့ အမြှေးပါးတွေကိုပါ ထိုးဖောက်သွားစေပြီး ပုံမှန်အချိန်ထက် ပိုဒုက္ခပေးနိုင်ပါတယ်။လေ့လာချက်အရ အသက် ၂၅ နောက်ပိုင်း လူကြီးအရွယ်မှာ ဖြစ်တတ်တဲ့ ညအိပ်မပျော်တဲ့ ပြဿနာ (Insomnia) အများစုဟာ စိတ်ဖိစီးမှု၊ ကျန်းမာရေးပြဿနာ၊ စိတ်ကျန်းမာရေးပြဿနာ၊အလုပ်ခွင်ဖိအားတွေ၊ မိသားစုနဲ့ အချစ်ရေးပြဿနာကြောင့် ဖြစ်တာပါ။ ဆယ်ကျော်သက်တွေမှာတော့ ဖုန်းကို အလွန်အကျွံ အသုံးပြုခြင်းဟာ ညဘက်အိပ်မပျော်အောင် နှောင့်ယှက်နေတဲ့ အဓိကပြဿနာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ဆယ်ကျော်သက်သားသမီးတွေကို ဖုန်းအလွန်အကျွံ မသုံးစွဲဖို့နဲ့၊ ဒီလိုအသုံးပြုတဲ့အခါ နောက်ဆက်တွဲ ကြုံလာနိုင်တဲ့ ဆိုးကျိုးတွေ၊ ကျန်းမာရေးပြဿနာတွေကို အသိပေးဖို့ လိုအပ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေအတွက်ကတော့ တစ်နေ့တာ ဖုန်းအသုံးပြုချိန်ကို လျှော့လိုက်ရင်၊ ညဘက်တွေမှာလည်း စောစောအိပ်မယ်ဆိုရင် ဒီလို အိပ်မပျော်ဘဲ မျက်စိကြောင်နေတဲ့ ပြဿနာက တော်တော်လေး သက်သာသွားမှာပါ။ လူကြီးအရွယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ အကြောင်းရင်း အများကြီးရှိနိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာပြသပြီး ပြဿနာအရင်းခံကို အဖြေရှာဖို့ လိုအပ်ပါတယ်။ထပ်ဆောင်းမှာကြားလိုတာကတော့ ဆယ်ကျော်သက်အရွယ်မှာ တစ်နေ့အိပ်ချိန်ကို အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပါ။ အိပ်ခါနီး ၂နာရီအလိုမှာ ဖုန်းအသုံးပြုခြင်းကို လုံးဝရပ်ပြီး ဖုန်းပိတ်ကာ သိမ်းထားလိုက်ပါ။ ညအမှောင်ထဲမှာ ဖုန်းမသုံးမိစေဖို့ သတိထားပါ။ အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ပဲ၊ နွားနို့၊ ဂျုံစတာတွေကို ပြည့်ဝစုံလင်စွာ စားသုံးပေးပါ။ အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါး တတ်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ရင်လည်း လျှော့သုံးပါ။ အိပ်ချိန်ဆိုတာ လက်ရှိ လူတစ်ယောက်ရဲ့ စိတ်နဲ့ ခန္ဓါကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကိုသာမက နောင်အနာဂတ်မှာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှုကိုလည်း သွားပြီး သက်ရောက်မှုရှိစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%b7%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%bc/
လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု
လိင်ဆက်ဆံခြင်းဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေကိုပါ ပေးစွမ်းနိုင်တာကြောင့် အလေးအမြတ်ထားကြပါတယ်။ သင်လိင်မဆက်ဆံခင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အောက်ဖော်ပြပါ မေးခွန်းလေးခုကို သေချာဖတ်ကြည့်ပါ။ လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု ကတော့။လူတစ်ယောက်ဟာ သင့်အတွက် လျော်ကန်မှု ရှိမရှိဆိုတာ အစကတည်းက သိနိုင်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူနဲ့ အချိန်အနည်းငယ် ပိုမိုဖြုန်းကြည့်ရင် လူတစ်ယောက်ဟာ အပေါ်ယံထင်ရသလို အမြဲမဟုတ်ဘူးဆိုတာ တွေ့လာပါလိမ့်မယ်။ လိင်မဆက်ဆံခင် သင့်ချစ်သူဟာ မိန်းမရှုပ်သူလား၊ အရက်သောက်သူလား၊ လောင်းကစားသမားလား၊ အခြားပြဿနာဘာတွေရှိလဲဆိုတာ သေချာပြန်စဉ်းစားဖို့ လိုပါတယ်။ ဒီလူနဲ့အတူနေဖို့ကိုရွေးချယ်လိုက်ရင် ဒီပြဿနာတွေဟာ တစ်ချိန်ချိန်မှာ သင့်ဘဝကို ဒုက္ခပေးနိုင်ပါတယ်။တခါတလေမှာ ဘဝဟာ သင့်အတွက် မှန်ကန်တဲ့သူကို မှားယွင်းတဲ့အချိန်မှာ ပေးတတ်ပါတယ်။ ဥပမာ အချိန်အကြာကြီးတွဲခဲ့တဲ့ ဆက်ဆံရေးတစ်ခု ပြတ်ပြီးစမှာ သင့်အရင်ရည်းစားကို ချစ်ဆဲဖြစ်ပြီး သူ့အကြောင်းလဲ တွေးတောဆဲဖြစ်ပါတယ်။ ဒီအချိန်မှာ လူကောင်းတစ်ယောက်နဲ့ တွေ့ဆုံပြီး လိင်ဆက်ဆံခြင်းဟာ သင့်အတွက် စိတ်ပိုင်းဆိုင်ရာဒုက္ခတွေ ပိုမိုရရှိစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ကိုယ်တိုင်ရော သူ့ကိုပါ မနာကျင်ရအောင် သင့်ခံစားချက်တွေ ပုံမှန် ပြန်မဖြစ်မချင်း နောက်တစ်ယောက်နဲ့ မတွဲသင့်ပါဘူး။သင့်ကို စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေ ဖိအားပေးဖူးသူ၊ အရှက်ရစေသူ၊ စော်ကားသူ၊ ထိခိုက်စေသူနဲ့ အကောင်းဆုံးကို မျှော်လင့်ပြီး လိင်ဆက်ဆံတာမျိုး မပြုလုပ်ပါနဲ့။ သင်သူနဲ့ လိင်ဆက်ဆံလို့လဲ ဒီလူဟာ သူ့အကျင့်တွေကို ပြောင်းလဲမှာမဟုတ်ပါဘူး။ ဒီလူတွေနဲ့လိင်ဆက်ဆံမှုပြုလုပ်တာဟာသေချာပေါက် အကျိုးဆက်တွေ ရှိလာမှာပါ။သင်ဟာ သင့်ကို လုံခြုံစိတ်ချမှု ခံစားရစေပြီး သင်လုပ်တဲ့ အလုပ်တွေမှာ ယုံကြည်မှု ရှိစေတဲ့ လူမျိုးနဲ့သာ လိင်ဆက်ဆံသင့်ပါတယ်။ တကယ်လို့ လိင်ဆက်ဆံခြင်းဟာ မှားယွင်းတယ်လို့ ခံစားရပြီး သင့်ကို အရှက်ရစေတယ် ဆိုရင် ဒါဟာ လိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ပြဿနာ ဟုတ်ချင်မှ ဟုတ်မှာပါ။ သင့်နှလုံးသားကဒီလူက သင့်အတွက် မဟုတ်ဘူးဆိုတာ ပြောပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။လိင်ဆက်ဆံစဉ်မှာ အမြဲ အကာအကွယ် သုံးပါ။ တစ်ခါတစ်လေတောင် မလွတ်သွားပါစေနဲ့။ အကာအကွယ် မပါဘဲ တစ်ခါလောက် လိင်ဆက်ဆံခြင်းကတောင် သင်ချစ်တဲ့သူနဲ့ သင့်ရဲ့ ဆက်ဆံရေးအပြင် သင့်ဘဝကိုပါ ပျက်စီးစေတဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေ သယ်ဆောင်လာနိုင်ပါတယ်။သင့်မှာ လိင်ကတစ်ဆင့် ကူးဆက်နိုင်တဲ့ ရောဂါပိုးတွေ ရှိသွားနိုင်တယ်။ ကိုယ်ဝန် ရှိသွားနိုင်တယ်။ အဆိုးဆုံးကတော့ HIV ရောဂါထိ ရှိသွားနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်ပြီးတဲ့ အရာတွေကို ပြန်ပြင်နိုင်တဲ့ စွမ်းအားသင့်ဆီမှာမရှိတဲ့အတွက် သင့်ကိုယ်သင် ကာကွယ်ခြင်းကို အမြဲ နံပါတ် တစ် ထားသင့်ပါတယ်။လိင်ဆက်ဆံခြင်းဟာ စိုးရိမ်မှုနဲ့ စိတ်ပူမှုတွေ မရှိဘဲ သာယာပျော်ရွှင်ဖွယ် ကောင်းသင့်ပါတယ်။ ဘာကြောင့် သင် လိင်ဆက်ဆံနေရတယ် ဆိုတာ သေချာသိသင့်ထားသင့်ပြီး သင်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ကျန်းမာပြီး ဆိုးဝါးတဲ့ အကျိုးဆက်တွေကနေ ကင်းဝေးသင့်ပါတယ်။ရေးသားသူ− Dr Phyu Mon Latt။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/4-questions-before-sexual-relationship/
နည်းပညာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီနိုင်မှာလား
ယနေ့ ကျွန်တော်တို့ လူသားတွေဟာ နည်းပညာတွေမရှိဘဲ မနေနိုင်ကြပါဘူး။ ဒါ့ကြောင့် ဒီအချက်ဟာ ကျွန်တော်တို့အတွက်  နည်းပညာသည် တကယ်ပဲ လူတွေကို အိပ်ပျော်အောင် ကူညီပေးနိုင်သလား ဆိုပြီး မေးခွန်းထုတ်စေပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သိရှိသင့်သည်များကို အောက်ပါဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နည်းပညာရဲ့မိတ်ဆက်ပေးမှု ကျေးဇူးကြောင့် လူမှုဘဝတွေက အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့ပါတယ်။ အမှန်ပါပဲ။ လူတိုင်းရဲ့အိမ်မှာ အနည်းဆုံး တီဗွီ၊ စမတ်ဖုန်းတစ်လုံးနဲ့ အခြားပစ္စည်းတွေ ရှိနေပါပြီ။ ဒါက ဘာကို သက်သေပြလဲဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေက နည်းပညာနဲ့ လည်ပတ်နေတယ်ဆိုတာကိုပါပဲ။ နည်းပညာဟာ ကျွန်တော်တို့ ဘဝအတွက် အစားထိုးမရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ အကယ်၍ သင်ဟာနည်းပညာကြောင့် အိပ်တဲ့အခါ အခက်အခဲတွေ့နေတယ်ဆိုရင် ဒါဟာ အထူးအဆန်းမဟုတ်ပါဘူးလို့ ပြောလို့ရပါတယ်။Smartphone ၊ tablet ၊ television လိုမျိုး နည်းပညာပစ္စည်းတွေက ထွက်တဲ့ အပြာရောင်အလင်းက ကျွန်တော်တို့ရဲ့ အိပ်စက်မှုကို သက်ရောက်စေပါတယ်။ အကြောင်းပြချက်ကတော့ အဲ့ဒီနည်းပညာပစ္စည်းတွေက ထွက်တဲ့ အပြာရောင်အလင်းက melatonin ထုတ်လုပ်မှုကို ကန့်သတ်နိုင်ပါတယ်။ melatonin ဆိုတာ သင့်ဦးနှောက်ကို အိပ်ချင်လာအောင် ပြုလုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းလျော့နည်းအောင်ပြုလုပ်တာက သင့်အိပ်ပျော်သွားဖို့နဲ့ တောက်လျှောက်အိပ်ပျော်ဖို့ ခက်ခဲသွားစေမှာပါ။အမှန်တကယ်ကတော့ နည်းပညာပစ္စည်းတွေကို သင့်အိပ်ရာနားမှာထားတာက သင့်ကို သင်မတွေးနိုင်တဲ့ နည်းလမ်းမြောက်မြားစွာနဲ့ နှောင့်ယှက်မှာပါ။ ဥပမာ မအိပ်ခင် e-mail နည်းနည်းပါးပါး စစ်လိုက်တာကြောင့် သင့်ရဲ့စိတ်က အလုပ်ထဲရောက်သွားနိုင်ပါတယ်။ ဒါဟာ သင့်ကို အိပ်ပျော်ဖို့ ပိုမိုခက်ခဲအောင် ပြုလုပ်ပါလိမ့်မယ်။ ဒါ့အပြင် သင်ဟာ အိပ်ဖို့ နေသားတကျမဖြစ်ခင် ရုပ်ရှင်အချို့ ကြည့်ဖြစ်မယ်ဆိုရင် အဲ့ရုပ်ရှင်တွေက သင့်ဦးနှောက်ကို သူတို့အကြောင်းအပြည့်အဝခံစားဖို့ လိုအပ်တဲ့ နိုးကြားမှုရှိအောင် လှည့်စားလိုက်ပါလိမ့်မယ်။ ဒါက သင်အိပ်ပျော်ဖို့အတွက် အနှောင့်အယှက်ပေးမှာပါ။ဒါဟာ ဖုန်းကို စွဲစွဲလမ်းလမ်းအသုံးပြုနေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် ထူးဆန်းနေမှာပါ။ ဒါပေမယ့် မှန်မှန်ကန်ကန်အသုံးပြုမယ်ဆို နည်းပညာက သင့်ကို ကောင်းကောင်းအိပ်ပျော်ဖို့ တကယ်ကို ကူညီနိုင်မှာပါ။တချို့ သူတို့ဘေးပတ်ပတ်လည်မှာ အသံတစ်ခုခုရှိနေမှ အိပ်ပျော်တဲ့သူတွေရှိပါတယ်။ ဥပမာ white noise (noise with many frequencies with same intensity) ၊ ပင်လယ်ပြင်ကြီးရဲ့အသံ၊ ရေတံခွန်ကအသံတို့လိုမျိုးတွေ ဖြစ်ပါတယ်။ အဲ့လိုသူမျိုးတွေအတွက် လွယ်လွယ်အိပ်ပျော်ဖို့ ဖုန်းထဲကို အက်ပလီကေးရှင်း (application) တွေ download လုပ်နိုင်ပါတယ်။ဆက်တိုက်တိုးတက်လာတဲ့ နည်းပညာနဲ့အတူ သင်ကောင်းကောင်းအိပ်စက်နိုင်ဖို့ ကူညီနိုင်တဲ့ application တွေကို အဖိုးအခပေးစရာမလိုပဲ အလွယ်တကူ download လုပ်လို့ရပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ နည်းပညာဟာ သင်ကောင်းကောင်းအိပ်ပျော်ဖို့ အကူအညီပေးရုံမကပဲ သင်အိပ်ပျော်စေရန် နားထောင်ဖို့လိုအပ်တဲ့ အသံထုတ်ပေးမယ့်စက်အတွက် ရင်းနှီးရမယ့် ငွေကြေးပမာဏကိုလဲ ကာမိစေပါတယ်။အသံထုတ်ပေးနိုင်တာတင်မကပဲ နည်းပညာက သင့်အိပ်စက်မှုကို ကူညီပေးနိုင်တဲ့ နောက်တစ်ခုကတော့ သင့်ရဲ့အိပ်စက်မှုပုံစံမှာ မူမမှန်တာမျိုးကြုံတွေ့ရခြင်းရှိမရှိသိအောင် သင့်အိပ်စက်ချိန်ကို စောင့်ကြပ်ပေးတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် cool mist humidifier (စိုထိုင်းမှုပမာဏထိန်းပေးတဲ့လေအေးပေးစက်) ဟာလည်း နည်းပညာပစ္စည်းတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများက အဲ့တာအသုံးမပြုဘဲ မအိပ်နိုင်ကြပါဘူး။Insomnia ( အိပ်မပျော်တဲ့ရောဂါ ) ကတော့ လူတိုင်း တစ်သက်မှာ တစ်ခါတော့ ကြုံတွေ့ရမှာပါ။ အကယ်၍ သင်ဟာ နည်းပညာကြောင့် အိပ်ပျော်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ သူ့ကြောင့်ဖြစ်ပေါ်လာမယ့် နောက်ထပ်တိုးရောဂါတွေကို ရှောင်လွဲဖို့ နားလည်တတ်ကျွမ်းတဲ့သူနဲ့ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/a-good-nights-sleep/%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%95%e1%80%8a%e1%80%ac%e1%80%80-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%ad%e1%80%af-%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%82%8f%e1%80%bd%e1%80%85/
ကလေးမမွေးဖွားမီ သီချင်းနားထောင်ခြင်း၏ အကျိုးကျေးဇူးများ
ကိုယ်ဝန်ဆောင်ချိန်သည် အမျိုးသမီးတစ်ယောက်အတွက် စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုး စေရန် ကုသမှုအမျိုးမျိုး ခံယူရန် လိုအပ်သော အချိန်ဖြစ်သည်။ နည်းလမ်းများစွာ ရှိသည့်အနက် မမွေးဖွားမီ သီချင်းနားထောင်ခြင်းသည် သင့်ကလေးအား တေးဂီတနှင့် ကျွမ်းဝင်စေပြီး မိခင်နှင့်ကလေးကြား ခိုင်မာသော သံယောဇဉ် ကို ဖြစ်ပေါ်စေသော နည်းလမ်းတစ်ခု ဖြစ်သည်။ မမွေးဖွားမီ တွင် ဘယ်လိုနည်းလမ်းဖြင့် အံ့သြဖွယ်ဆောင်ရွက်ပါသလဲ။ကိုယ်ဝန်ဆောင်ခြင်းသည် စိတ်ဖိစီးမှုများသည်မှာ အမှန်တရားဖြစ်သည်။ စိတ်ဖိစီးခြင်းသည် သင့်ကလေးကို ထိခိုက် စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မမွေးဖွားသေးသော ကလေးသည် ကော်တီစော (စိတ်ဖိစီးမှု ဟော်မုန်း)၊ ကြွက်သား တင်းမာခြင်းနှင့် စိတ်ခံစားမှုဆိုင်ရာ စိုးရိမ်ပူပန်ခြင်း တို့ဖြင့် ထိတွေ့သောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေး မကောင်းပါက ရောင်ရမ်းခြင်း ဖြစ်နိုင်သည်။ NorthShore တက္ကသိုလ် ကျန်းမာရေးစနစ်၏ သားဖွား မီးယပ် ဌာန ကျွမ်းကျင်သူ Ann Borders က စိတ်ဖိစီးမှုများခြင်းသည် မွေးကင်းစ ကိုယ်အလေးချိန်နည်းခြင်းနှင့် လမစေ့ဘဲမွေးခြင်း ကို ဖြစ်စေနိုင်သည်ဟု ဆိုသည်။မမွေးဖွားမီ သီချင်း နားထောင်ခြင်း၏ အကျိုးကျေးဇူးကို သက်သေပြရန် ထိုင်ဝမ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၃၆ ယောက်ကို သုတေသနပြုလုပ်ခဲ့သည်။ သူတို့ကို အုပ်စု ၂စု ခွဲသည်။ တစ်အုပ်စုကို သီချင်းနားထောင်စေပြီး အခြား အုပ်စု ကို ပုံမှန် ကိုယ်ဝန်စောင့်ရှောက်မှုသာ ပေးသည်။ ရလဒ်အနေ ဖြင့် အုပ်စုနှစ်စုတွင် စိတ်ဖိစီးမှု လျော့ကျနှုန်း ကွဲပြားသည်။ တစ်နေ့လျှင် မိနစ် ၃၀ ဖြင့် ၂ပတ်ကြာ သီချင်းနားထောင်သော အမျိုးသမီးများသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု အတော် အတန် လျော့ကျကြောင်း တွေ့မြင်ရသည်။အိပ်စက်ခြင်းသည် ကလေးငယ်၏ ကြီးထွားမှုအတွက် အလွန်အရေးပါသည်။ မွေးကင်းစ ကလေးငယ်တစ်ယောက် သည် ပုံမှန်ကျန်းမာရေးအတွက် တစ်နေ့လျှင် ၁၆-၁၇ နာရီ အိပ်ရန် လိုအပ်သည်။ ၃လသားအထိ သို့မဟုတ် ကိုယ်အလေးချိန် ၅-၆ ကီလိုဂရမ် ရောက်သည်အထိ တစ်ည လုံး အိပ်စက်ရန် လိုသည်။ သီချင်းနားထောင်ခြင်းဖြင့် ကလေး များသည် ပို၍ လျင်မြန်စွာအိပ်ပျော်သည့်အပြင် ပို၍ ရှည်ကြာစွာ အိပ်ပျော်သည်ကို တွေ့ရှိရပါသည်။Leicester တက္ကသိုလ်ရှိ သီချင်းသုတေသန အဖွဲ့မှ Dr. Alexandra Lamont ၏အဆိုအရ ကလေးငယ်များသည် မွေးဖွားအပြီး ၂၀ ပတ် နောက်ပိုင်းတွင် ကြားနိုင်စွမ်း အပြည့် ရှိပြီး သူတို့ မမွေးမီ နားထောင်ရသော တေးဂီတကို မှတ်မိနိုင် သည်ဟု ဆိုသည်။ တူညီသော တေးဂီတကို ထပ်ခါထပ်ခါ ဖွင့် ပေးခြင်းသည် ကလေးငယ်များကို ပို၍ လျင်မြန်စွာ အိပ်ပျော် စေပြီး မိဘများ ပို၍ အနားယူနိုင်သည်။ ထို့အပြင် မွေးဖွားပြီး နောက် ရင်းနှီးပြီးသော သီချင်းကို ဖွင့်ပေးခြင်းသည် အငြိမ်မနေသော ကလေးကို ငြိမ်သက်စေနိုင်သည်။ ကလေးငယ် သည် သံစဉ်များနှင့် တီးလုံးကို မှတ်မိနေသောကြောင့် ဖြစ်သည်။တေးဂီတသည် ကလေးငယ်များကို မည်မျှ အကျိုး ရှိစေသလဲကို မသိရှိသေးပါ။ သီချင်းနားထောင်သော ကလေးငယ်များသည် လှုပ်ရှားမှုများ၊ ဘာသာစကား ဖွံ့ဖြိုးမှု၊ သိမြင်နားလည်မှု ပိုပြီး ကောင်းသည်။ မမွေးဖွားမီ အသံများ သည် သင်ယူမှုနှင့် အပြုအမူ ဖွံ့ဖြိုးခြင်းအတွက် အောက်ခြေ အုတ်မြစ်တစ်ခု ဖြစ်သည်။ သီချင်းနားထောင်ခြင်းသည် ကလေးငယ်၏ အာရုံခံစားမှုကို လှုံ့ဆော်ပေးပြီး ဦးနှောက်ရှိ အာရုံကြော ဆက်သွယ်မှုများကို မြင့်စေသည်။ ထို့ကြောင့် တေးဂီတသည် ကလေးငယ်များကို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မြန်ဆန်အောင် ကူညီပေးနိုင်သည်။တေးဂီတကို အလွန်အမင်းဖွင့်ခြင်း သို့မဟုတ် တိတိကျကျ ဆိုရသော် ကလေးငယ်များကို အသံအလွန်ကျယ်သော သီချင်းများ နားထောင်ခိုင်းခြင်းသည် ဖွံ့ဖြိုးဆဲ နားကို ထိခိုက် စေနိုင်ပြီး သန္ဓေသားကို အလွန် စိတ်လှုပ်ရှားစေသည်။ သီချင်း သံသည် သားအိမ်အတွင်းမှ နားထောင်ပါက ပို၍ပင် ကျယ် လောင်နိုင်သည်။ ထို့ကြောင့် စံသတ်မှတ်နိုင်သော အတိုး အကျယ်မှာ ၇၀ ဒက်စီဘယ် ဖြစ်ပြီး ၎င်းသည် မိခင်အတွက် လည်း သင့်တော်သော အတိုးအကျယ်ဖြစ်ပါသည်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/%e1%80%99%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%96%e1%80%bc%e1%80%ac%e1%80%b8%e1%80%99%e1%80%ae-%e1%80%9e%e1%80%ae%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%b1/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-19-coronavirus-in-babies-and-children/
အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု
အချို့သုတေသီတွေဟာ အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ အမှားများစွာကို ပြုလုပ်ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ အောက်ပါအချက်တွေကတော့ လိင်ဆက်ဆံစဉ် အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု နဲ့ သင်နဲ့ ထိုက်တန်တဲ့ သာယာမှုကိုဘယ်လိုရယူရမလဲဆိုတာတွေဖြစ်ပါတယ်။အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု ကတော့။လိင်ဆက်ဆံရာတွင်အရင်စတင်ခြင်းမပြုကြခြင်း။ကျွန်မတို့ အတော်များများဟာ မိန်းမဆန်တဲ့ အပြုအမူတွေ အပေါ် စိတ်ပူပန်မှု ရှိတတ်ကြပါတယ်။ အတင်းအကြပ်လုပ်တဲ့ ခံစားချက်တွေ ပြည့်နှက်နေတဲ့ စိတ်တိုလွယ်တဲ့ မိန်းကလေးတစ်ယောက်ပုံစံနဲ့ မတူညီချင်ကြပါဘူး။ ဒါကြောင့်လိင်ကိစ္စကို အရင်စတင်ခြင်း မပြုလုပ်မှုဟာ အမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ လေးနက်တဲ့ အမှားတစ်ခု ဖြစ်ပါတယ်။အမျိုးသားတွေဟာ သူတို့ကပဲ အမြဲအရင်စနေရတဲ့သူတွေလို့ ခံစားရပြီး ဒါကပဲ သင်တို့ရဲ့ ဆက်ဆံရေးကြားမှာစိတ်ထက်သန်မှု ပမာဏ မညီမျှမှုကို ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေ နည်းတူ သူတို့ရဲ့လိင်ဆက်ဆံဖက်နဲ့ ပတ်သက်ပြီးပူပန်မှုတွေ ရှိတတ်ကြပါတယ်။တဖြည်းဖြည်း တိုးတက်လာမှုနဲ့ သင့်ရဲ့ စိတ်ထက်သန်မှုကို ပြသပါ။ သင့်အိမ်ထောင်ဘက်ဟာ ဒါကို အသိအမှတ်ပြုမှာဖြစ်ပြီး သင့်ရဲ့ လိင်ဆက်ဆံတဲ့ အတွေ့အကြုံမှာ သာယာမှု နောက်တစ်ဆင့် တက်သွားတာကို တွေ့ရှိရပါလိမ့်မယ်။သင်ဘယ်လိုရုပ်ဖြစ်နေလဲဆိုတာ စိုးရိမ်ပူပန်နေခြင်း။လိင်ဆက်ဆံစဉ်မှာ သင်ဘယ်လိုရုပ်ဖြစ်နေလဲဆိုတာ တွေးတောနေခြင်းဟာ သင့်ရဲ့သာယာမှုတွေကို တားမြစ်ပြီးတော့ လိင်စိတ် အထွတ်အထိပ်ရောက်စေတဲ့ အခွင့်အလမ်းတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ်။သင့်ဝမ်းဗိုက်အဆီ (သို့) မျက်နှာပေါ်က မိတ်ကပ်အကြောင်းကို မတွေးပါနဲ့။ အပြုအမူပေါ်မှာ သာယာကြည်နူးမှုကိုသာ အာရုံစိုက်ပါ။ သင့်ကိုယ်သင် လိင်စိတ်အထွတ်အထိပ်ရောက်စေဖို့ ခွင့်ပြုမှုတွေ ပေးရမှာ ဖြစ်ပါတယ်။Why Him, Why Her စာအုပ်ရေးသားသူနဲ့ Rutgers University က ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ Helen Fisher က အမျိုးသားတွေဟာ အမျိုးသမီးတွေ စိတ်စွဲလမ်းနေတဲ့ အရာတွေရဲ့ တစ်ဝက်လောက်ကိုတောင် သတိမထားမိဘူးလို့ ဖော်ပြခဲ့ပါတယ်။အမျိုးသားတွေဟာ သင်စိတ်လှုပ်ရှားနေလား၊ တက်ကြွနေလား၊ သူတို့ကိုစိတ်ဝင်စားနေလားနဲ့ စိတ်ပျော့ပျောင်းနေလားဆိုတာတွေပေါ်မှာ အာရုံမစိုက်ကြဘူးဆိုတာကတော့ အံ့သြဖို့ ကောင်းပါတယ်။Fisher ပြောခဲ့သလိုမျိုး အမျိုးသားတွေဟာ သူတို့ရဲ့ ခန္ဓါကိုယ်ချို့ယွင်းချက်တွေကို ထောက်ရှုမမြင်နိုင်ခြင်းတွေအတွက် ထပ်ဆင့်ပြောင်းလာတဲ့ ရှင်းပြမှုတစ်ခုရှိပါတယ်။ အမျိုးသားတွေဟာ (သတိမထားမိပဲ (သို့) တမင်တကာ) ကျန်းမာတဲ့ ကလေးတွေ မွေးဖွားနိုင်တဲ့ အမျိုးသမီးတွေကိုရှာဖွေလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စတင်ပြီး အမျိုးသားတွေဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေကို သဘောကျပြီး ကလေးအမြောက်အများ ယူကြပါတယ်။ ဒါဟာဒီခေတ်မှာတော့ မရှိမဖြစ် အရာတစ်ခု မဟုတ်တော့ပေမယ့် Fisher က ရှေးကလက်ကျန်လုပ်နည်းတွေ ဆက်လက်ကျန်ရှိနေပါတယ် လို့ဆိုပါတယ်။အမျိုးသားတွေဟာ ကျန်းမာငယ်ရွယ်ပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှုကို ပိုခံရတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ခါး၊ တင်ပဆုံတွေရဲ့ ပုံပန်းသဏ္ဍာန်ကို ပူပန်နေမယ့်အစား သင့်ရဲ့ စွမ်းအား၊ စိတ်အားထက်သန်မှုနဲ့ သူ့အပေါ်စိတ်လှုပ်ရှားမှုတွေသာ ပူပန်ပါလို့ Fisher က ပြောပါတယ်။လိင်ဆက်ဆံမှုဆိုတာအမျိုးသားတွေအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့သာယူဆခြင်း။ရှေးတုန်းက အယူအဆတွေဖြစ်တဲ့ မိန်းမတွေဟာ လိင်မှုကိစ္စကို စိတ်မဝင်စားဘဲ လိင်ဆက်ဆံခြင်းဟာလည်း အမျိုးသားတွေ အတွက်ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်တွေကို လက်လွှတ်လိုက်ဖို့သင့်ပြီလို့ ယူဆကြပါတယ်။ အချို့အမျိုးသားတွေအတွက်က လိင်ဆက်ဆံမှုဆိုတာ အင်မတန် အရေးကြီးတဲ့ အပြုအမူပါပဲ။ ဒါကို လျှော့မတွေးသင့်ပါဘူး။သုတေသနတစ်ခုက အတည်ရည်ရွယ်ပြီးဖြစ်တဲ့ ဆက်ဆံရေးတစ်ခုမှာ ယောက်ျားနဲ့ မိန်းမကိုယ်လက်နှီးနှောမှုဟာ ပိုပြီးစိတ်ကျေနပ်ဖွယ်ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို ထောက်ခံခဲ့ပါတယ်။Parrot ကပြောပါတယ် “သုတေသန အတော်များများက အရည်အသွေးပြည့်ဝတဲ့ မကြာခဏ လိင်ဆက်ဆံခြင်းဟာ လက်ထပ်ထားတဲ့ အိမ်ထောင်ဖက်တွေမှာပဲရှိပါတယ်ဆိုတဲ့ အချက်ကို သေချာထင်ရှားစေခဲ့ပါတယ်။ မယူရသေးသော လူချင်းလိင်ဆက်ဆံမှုဟာ သာယာမှု အလုံအလောက် မရဘူးလို့ ဆိုလိုနေပါတယ်။”။Fisher နဲ့ သူမရဲ့ တက္ကသိုလ်က အတန်းဖော်တွေ ပြုလုပ်ခဲ့တဲ့ လေးနက်မှုမရှိတဲ့ (တစ်ညအိပ်ရုံ) ဆက်ဆံရေးတွေမှာ ပါဝင်တဲ့ တက္ကသိုလ်က ကျောင်းသားတွေပါဝင်တဲ့ လေ့လာမှုတစ်ခုမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေနည်းတူ လိင်ကိစ္စရော ဆက်ဆံရေးကိုပါ အလေးအနက်ထားပါတယ်လို့ ကိန်းဂဏန်းတွေကဖော်ပြပါတယ်။ တကယ်တော့ တစ်ညအိပ်ရုံ ဆက်ဆံရေးတွေမှာပါဝင်တဲ့ ၅၀% သောအမျိုးသမီးတွေနဲ့ ၅၂% သောအမျိုးသားတွေဟာ ကြာမြင့်တဲ့ ဆက်ဆံမှုတစ်ခုဖြစ်ဖို့ မျှော်လင့်ကြပါတယ်လို့ Fisher က ဆိုပါတယ်။ သူတို့တွေရဲ့ သုံးပုံတစ်ပုံကတော့ တကယ်ပဲ ဖြစ်သွားကြပါတယ်။ ဒါဆို သင်ခန်းစာက ဘာပါလဲ။Fisher က အမျိုးသားတစ်ယောက်ဟာ စိတ်ကူးယဉ်မဆန်ဘူးလို့ ဘယ်တော့မှ မယူဆပါနဲ့ လို့ပြောပါတယ်။ ဒီယဉ်ကျေးမှုမှာ ကြီးမားတဲ့ အမှားနှစ်ခုကတော့ အမျိုးသမီးတွေဟာ လိင်ကိစ္စ စိတ်မဝင်စားဘူးဆိုတာနဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေလိုမျိုး စိတ်ကူးယဉ် မဆန်ဘူးဆိုတာတွေ ဖြစ်ပါတယ်။သူဟာအမြဲပဲလိင်ဆက်ဆံမှု ပြုချင်မယ်လို့ယုံကြည်နေခြင်း။သင်မေးလိုက်တဲ့ အချိန်တိုင်း အမြဲအဆင်သင့်ဖြစ်နေပြီး စိတ်ပါနေတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသား အတော်တော်များများလိုတော့ အရွယ်ရောက်ပြီးအမျိုးသားတွေဟာ မဖြစ်နိုင်ပါဘူး။ နေ့စဉ်ဘဝရဲ့ စိတ်ရှုပ်ထွေးမှုတွေဖြစ်တဲ့ မိသားစု၊ အလုပ်၊ ကျသင့်ငွေတောင်းခံလွှာတွေဟာ အမျိုးသားတွေရဲ့ လိင်စိတ်ကိုပျက်စီးစေပါတယ်။ အမျိုးသားတွေရဲ့ လိင်စိတ်ကျဆင်းခြင်းကို တစ်မျိုးတွေးနေတာကြောင့် ဒါဟာအမျိုးသမီးတွေအတွက် အံ့အားသင့်စရာဖြစ်နေပါတယ်။ဒါကြောင့် အမျိုးသမီးတွေဟာ သူတို့ လိင်ဆက်ဆံဖက်တွေက လိင်ဆက်ဆံဖို့ စိတ်မပါဘူးလို့ ပြောတဲ့အခါမှာ မယုံကြည်နိုင်ဘဲ သူတို့အတွက် အံ့သြဖွယ် ဖြစ်နေပါတယ်။ သူတို့ဟာ လိင်ဆက်ဆံမှုမှာ အမြဲစိတ်လှုပ်ရှားနေတာမျိုး မရှိတာ ကိုယ့်ကိုကိုယ် သိရှိကြပေမယ့် သူတို့ရဲ့ အမျိုးသားကိုတော့ ချစ်ခင်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေက လိင်မဆက်ဆံချင်ဘူးလို့ ပြောတဲ့အခါမှာ သူတို့ကို မချစ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါဟာ မမှန်ကန်ပါဘူး။ သူဟာလိင်ဆက်ဆံမှုကိုပဲ မပြုလိုတာ ဖြစ်ပါတယ်။လမ်းညွှန်ချက် မပေးခြင်း။အချိန်တစ်ခုအထိအတူရှိနေသူ (သို့)ရင်းနှီးနေတဲ့သူနဲ့တောင်မှ ရုတ်တရက် လိင်ဆက်ဆံမှု၊ ဘယ်လိုကြိုက်နှစ်သက်တယ်ဆိုတာနဲ့ ဘာကိုမကြိုက်ဘူးဆိုတာပြောခြင်းဟာစိတ်မသက်မသာခံစားရစေပါတယ်။ ဒါပေမယ့် ဒါဟာ လိင်မှုဆိုင်ရာဆက်ဆံရေးတွေရဲ့ စိတ်ကျေနပ်မှုကိုရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ လိင်ဆက်ဆံမှု အတွေ့အကြုံအတွက် တာဝန်ရှိပါတယ်။ သူမနဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံကိုတာဝန်မယူရင် ဘယ်အမျိုးသားကမှ သူမကို လိင်စိတ်အထွတ်အထိပ်ရောက်အောင် ခေါ်သွားနိုင်မှာမဟုတ်ပါဘူး။ အကောင်းဆုံး လိင်ဆက်ဆံသူတောင်မှ သူမ ပေးမသိရင် သူမဘာကို လိုချင်တယ်ဆိုတာ မသိနိုင်ပါဘူး။ကောင်းတဲ့အချက်ကတော့ အမျိုးသားတွေဟာသူတို့ရဲ့ အမျိုးသမီးတွေကိုသာယာမှု ရရှိစေလိုပါတယ်။သူတို့ရဲ့ အတ္တကို ထိခိုက်တာမျိုးမဟုတ်တဲ့ ပုံစံမျိုးနဲ့ ပြောရင် သူတို့က ဒါကိုအသိအမှတ်ပြုမှာပါ။ သူနားထောင်နေတဲ့အတွက် သူမဟာ မကြိုက်နှစ်သက်တဲ့အရာများကို သူမကြိုက်သောအရာ ငါးခုကြားမှာ ညှပ်ပြောသင့်ပါတယ်လို့ အကြံပေးထားပါတယ်။ နောက်တစ်ကြိမ် အတူနေချိန်အထိ သင်သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ ပြတ်ပြတ်သားသားပြောထားရင် အမျိုးသားတွေ နားထောင်တာကို တွေ့ရမှာပါ။သူအသစ်တစ်ခုခုကို အကြံပြုရင် စိတ်တိုခြင်း။စုံတွဲတစ်တွဲဟာ အချိန်တစ်ခုအထိ အတူတူနေခဲ့ ပြီးပြီဆိုရင် အရာရာကို အနည်းငယ် ပုံစံကွဲစွာနဲ့ အရှိန်မြှင့်တင်ချင်တာဟာ ပုံမှန်ဖြစ်ပါတယ်။ အသစ်တစ်ခုကို ကြိုးစားကြည့်ခြင်းက သူဟာသင်နဲ့ မပျော်ရွှင်ဘူး (သို့) သင်နဲ့ လိင်ဆက်ဆံမှုကို မကြိုက်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အတိုပြောရရင် တစ်မျိုးမမြင်ပါနဲ့။ဒါပေမယ့် သင့်အတွက် သက်တောင့်သက်သာဖြစ်အောင် ညှိနှိုင်းဖို့ အရေးကြီးပါတယ်။ တကယ်လို့ သင့် အမျိုးသားက သင့်ရဲ့သိက္ခါကို ကျော်လွန်တဲ့ အသစ်အဆန်းတစ်ခုကို ပြုလုပ်ဖို့ အကြံပြုတယ်ဆိုရင် ဒါဟာ သင့်သည်းခံမှုကို ကျော်လွန်တယ်ဆိုတာ ပြတ်ပြတ်သားသား ပြောပြီး ဘာကြောင့်ဆိုတာ ရှင်းပြပါ။ သေချာတာကတော့ ဒါကို သင်တတ်နိုင်သမျှ ချိုချိုသာသာပြောပါ။ဒါကသင့်ရဲ့ သိက္ခါနဲ့ ပတ်သက်တဲ့ အရာမဟုတ်ပေမယ့် သင်မလုပ်ချင်ဘူးဆိုရင် အကြောင်းပြချက်ကို ရှင်းပြပါ။ တကယ်လို့ ဒါဟာ ရိုးရိုးမယုံနိုင်လောက်တဲ့ တောင်းဆိုမှု တစ်ခုဖြစ်နေပြီးတော့ သင့်အတွက် စစချင်း မလွယ်ကူရင်တောင် လိုအပ်တာထက် ပိုမိုပြီး မတုံ့ပြန်ဖို့ ကြိုးစားပါ။ အဲဒီအစား သင်ဒါကို စဉ်းစားဖို့ အချိန်လိုတယ်ဆိုတာ သူ့ကိုပြောပြပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/sex-mistakes-women-make/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/nipple-itching-%e1%82%8f%e1%80%ad%e1%80%af%e1%82%95%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8%e1%80%9a%e1%80%b6%e1%80%bb%e1%80%81/
ပိုးဟပ်တွေ နဲ့ မိသားစု ကျန်းမာရေးအန္တရာယ်
ကျွန်တော်တို့နိုင်ငံမှာတော့ ပိုးဟပ် ကြောက်တဲ့သူတွေရော၊ ပိုးဟပ်တွေ ရှိတဲ့နေအိမ်တိုက်ခန်းတွေ အရမ်းများတာ သတိထားမိမှာပါ။ပိုးဟပ်ကို အကောင်အနေနဲ့ မြင်ရင်ကြောက်တာမျိုးလည်း ရှိသလို ရုတ်တရက် ထပျံလာရင် အားကနဲအော်ပြီး လန့်သွားတတ်တဲ့သူတွေလည်း အများကြီးပါပဲ။ ပိုးဟပ်တွေက လူတွေကို ကြောက်ရွံ့စေရုံသာမက ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဒုက္ခဖြစ်စေနိုင်တဲ့ အရာတွေကို သယ်ဆောင်လာနိုင်တယ်ဆိုတာကို မမေ့ထားသင့်ပါဘူး။ပိုးဟပ်တွေက မိသားစု ကျန်းမာရေးကို အခုလိုတွေ ထိခိုက်စေနိုင်ပါတယ်။တခြားသောအင်းဆက်ပိုးမွှားတွေလိုမဟုတ်ဘဲ ပိုးဟပ်တွေက လူတွေကို ကိုက်တာမျိုးတော့ မလုပ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခြေထောက်မှာရှိတဲ့ ဆူးချွန်လေးတွေက လူ့အရေပြားနဲ့ ထိမိတဲ့အခါ ကုတ်မိသလို ဖြစ်သွားတတ်ပြီး အလွယ်တကူ ပွန်းပဲ့ရှနာဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပေါင်းစုံ သယ်ဆောင်နေတဲ့ ပိုးမွှားအုပ်စုဖြစ်တဲ့အတွက် ဒီကုတ်မိလိုက်တဲ့ ဒဏ်ရာကနေ ပိုးဝင်သွားနိုင်ပါတယ်။မြေပြင်နေရာအနှံ့ကို လျှောက်သွားနေတဲ့ ပိုးဟပ်တွေမှာ Salmonella၊ Staphylococcus၊ Streptococcus အစရှိတဲ့ ရောဂါပိုးမွှားတွေကို တွေ့ရတတ်ပြီးဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်ရောဂါ အစရှိတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် ပိုးဟပ်တွေက အစားအစာတွေပေါ် ဖြတ်ပြေးလိုက်တာ၊ နားနေတာ၊ အညစ်အကြေးစွန့်လိုက်တာ၊ ဥ ဥလိုက်တဲ့အခါမျိုးမှာ ဒီရောဂါပိုးတွေက အစာပေါ်ကို ရောက်သွားပြီး အဲ့ကနေတစ်ဆင့် လူတွေရဲ့ ဝမ်းဗိုက်ထဲသို့ တိုက်ရိုက်ရောက်သွားပါတယ်။လူတွေသတိမထားမိတဲ့ဓာတ်မတည့်ခြင်း အကြောင်းရင်းတွေထဲမှာ ပိုးဟပ်လည်း ပါဝင်နေပါတယ်။ ပိုးဟပ်ရဲ့ ကိုယ်ခန္ဓာမှာ ရှိတဲ့ အနံ့တွေအပြင်၊ မစင်၊ ကျွတ်သွားတဲ့ အတောင်ပံနဲ့ ကိုယ်လက်အင်္ဂါအပိုင်းအစတွေ၊ ဥတွေ၊ သွားရည်တွေကြောင့် ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တယ်။ ရောဂါလက္ခဏာအနေနဲ့ အရေပြားမှာ အနီကွက်၊အင်ပျဉ်များထခြင်း၊ အဖုအပိမ့်တွေ ထွက်လာခြင်း၊ အလွန်အမင်းယားယံခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ အသက်ငယ်သေးတဲ့ ကလေးငယ်တွေမှာ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။၁။ တစ်အိမ်လုံးမှာ ရှိတဲ့နံရံတွေ (အထူးသဖြင့် မီးဖိုချောင်၊ အိမ်သာနဲ့ ရေချိုးခန်းနံရံ) ကို အပေါက်တွေ၊ အက်ကွဲကြောင်းတွေ ရှိ၊ မရှိ စစ်ဆေးပါ။ ရှိတယ်ဆိုရင် အမြန်ဖာထေးပါ။ ပိုးဟပ်တွေက ဒီအက်ကွဲကြောင်းတွေထဲမှာ အမြဲနေထိုင်သွားလာကျက်စားတတ်ကြပါတယ်။၂။ တစ်အိမ်လုံးမှာ ဆက်သွယ်ထားတဲ့ ရေပိုက်တွေကိုလည်း ရေယိုစိမ့်မှု၊ အပေါက်တွေ ရှိ၊ မရှိ စစ်ဆေးပါ။၃။ အိမ်ကြမ်းပြင်၊ မျက်နှာကျက်တွေကို တတ်နိုင်သလောက် ခြောက်သွေ့အောင် ထားပေးပါ။၄။စားစရာတွေ ချက်ပြီးတိုင်း အုပ်ဆောင်းနဲ့ လုံခြုံစွာ ဖုံးအုပ်ထားပါ။ မချက်ရသေးတဲ့ စားစရာတွေကို လေလုံတဲ့ အိတ်၊ အထုပ်၊ ဘူးတွေထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။၅။ အမှိုက်တွေကို ပုံနေအောင်မထားပါနဲ့၊ နေ့တိုင်းစွန့်ပစ်ပါ။အမှိုက်ပစ်စရာမရှိရင် အမှိုက်ပုံးကို အဖုံးအုပ်ပေးထားပါ။ စားစရာတွေကိုလည်း အမှိုက်ပုံးဘေးမှာ စုပုံထားတာမျိုး လုံးဝမလုပ်ပါနဲ့။၆။ စားပြီးသားပန်းကန်ကို ချက်ချင်းဆေးပါ။၇။ အိမ်မှာတိရစ္ဆာန်လေးတွေ မွေးထားတယ်ဆိုရင် သူတို့ရဲ့ အိပ်ရာတွေ၊ အစားစားတဲ့ ရေသောက်တဲ့ ပန်းကန်၊ ခွက်တွေကို အမြဲသန့်ရှင်းရေး လုပ်ပေးပါ။၈။ စားပွဲ၊ ကြမ်းခင်းမှာ ထမင်းဟင်း အစအနတွေ ကျမကျန်ခဲ့အောင် ဂရုစိုက်ပါ၊ အမြဲတမ်း တံမြက်စည်းလှဲပြီး သန့်ရှင်းရေးလုပ်ပေးပါ။၉။ အိမ်ကို ဖုန်တက်နေအောင် ပစ်မထားပါနဲ့။၁၀။ အဝတ်ဘီဒိုတွေ၊ ပန်းကန်ထားတဲ့စင်၊ အံဆွဲတွေကို အမြဲဖွင့်စစ်ပါ၊ သန့်ရှင်းရေးလုပ်ပါ။ပိုးဟပ်ကို နင်းမိသွားတဲ့အခါ ခြေထောက်ကိုဆပ်ပြာ၊ ရေနဲ့ သေချာပြောင်စင်အောင် တိုက်ချွတ်ဆေးကြောပါ။ ပိုးဟပ် အသေကို အမြန်လွှင့်ပစ်ပြီးတာနဲ့ နင်းမိတဲ့ကြမ်းပြင်ကို ဆပ်ပြာ သို့မဟုတ် အရက်ပြန်နဲ့ ပြန်တိုက်ပြီး ဆေးကြောရပါမယ်။ ဓာတ်မတည့်လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ နီးရာဆေးခန်းကနေ ဓာတ်မတည့်တာ သက်သာစေတဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ပြင်းထန်ရင်တော့ ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်။ပိုးဟပ်က မသန့်ရှင်းတဲ့အိမ်တွေနဲ့ အိုဟောင်းနေတဲ့ တိုက်ခန်းများမှာ အတွေ့များပြီး တစ်အိမ်မှာ ပိုးဟပ်တွေ စုပုံနေပြီဆိုတာနဲ့ ကိုယ့်အိမ်ဘေးမှာ ရှိတဲ့တိုက်ခန်း၊ အိမ်တွေဆီကိုပါ လျင်မြန်စွာ ပျံ့နှံ့သွားတာကြောင့် တစ်ရပ်ကွက်လုံး ညီညီညွတ်ညွတ်နဲ့ အိမ်သန့်ရှင်းရေးလုပ်မှသာ ပိုးဟပ်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/animal-insect/cockroaches-and-health/
သွက်လက်တက်ကြွတဲ့ ဆယ်ကျော်သက်ဖြစ်ဖို့ အချက် (၁၀) ချက်
တက်တက်ကြွကြွနဲ့ ဖျတ်ဖျတ်လတ်လတ် နေထိုင်ဖို့ အရေးကြီးကြောင်း လူအများစုက သိထားကြပါတယ်။ ဒီလိုနေထိုင်ဖို့အတွက်လည်း အဖြေရှာတတ်ကြပါတယ်။ ဒါပေမယ့် တက်တက်ကြွကြွနေထိုင်ဖို့ကြိုးစားတာက ထင်တာထက် ခက်နိုင်ပါတယ်။ တိုးတက်နေတဲ့ခေတ်မှာ ဖြတ်သန်းနေရသူတွေအတွက် အလုပ်တာဝန်တွေ များပြားလာပြီး နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါတွေကို ကျော်လွှားပြီး တက်ကြွတဲ့လူငယ်ဖြစ်လာစေဖို့ အချက် (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာ စသည်ဖြင့် ကိုယ်ကြိုက်တဲ့ အားကစားလုပ်ပါ။ ဒါက ကျန်းမာလာဖို့အတွက် စိတ်အားထက်သန်မှုကို ပေးပါတယ်။အားကစားနည်းလမ်းရွေးချယ်ရာမှာ ကိုယ့်ဝင်ငွေ၊ လုပ်ဆောင်မှုနဲ့ ပေးနိုင်တဲ့အချိန် စတာတွေနဲ့ ကိုက်ညီမှုရှိတာကို ရွေးချယ်သင့်ပါတယ်။သင့်အိမ်နီးချင်းမှာ ကျန်းမာရေးလေ့ကျင့်မှုစင်တာ၊ အဖွဲ့၊ သင်တန်း စတာတွေရှိလား ရှာဖွေပါ။ သူတို့နဲ့ ပူးပေါင်းပါ။ကိုယ်နဲ့ လေ့ကျင့်ခန်း အတူလုပ်ဖော် တစ်ယောက်ယောက် ရှိနေရင် ပျက်ကွက်ဖို့ (သို့) အရှုံးပေးဖို့ ပိုခက်ခဲပါတယ်။ ဒါက သူငယ်ချင်းသစ်ဖွဲ့ဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။မိုးရွာတဲ့နေ့မျိုးတွေမှာ ဘာလုပ်မှာလဲဆိုတာ အစီအစဉ်ချထားပါ။ ဒီလိုအချိန် အပြင်မှာ လမ်းလျှောက်တာထက်စာရင် မိုးလုံတဲ့နေရာမျိုးမှာ လေ့ကျင့်ခန်းလုပ်တာ ပိုကောင်းတဲ့ အကြံဖြစ်ပါလိမ့်မယ်။ခြေနင်းစက်ဘီး ဒါမှမဟုတ် ခုန်ကြိုး ဝယ်တာက ကောင်းတဲ့အကြံပါ။ သင်စိတ်ပါတဲ့အချိန်တိုင်း လွယ်လွယ်ကူကူ လုပ်နိုင်ပါလိမ့်မယ်။တက်ကြွဖျတ်လတ်ဖို့ လေ့ကျင့်ခန်းချည်း လုပ်ဖို့မလိုပါဘူး။ ကခုန်တာ ဒါမှမဟုတ် ဘောလုံးကစားတာမျိုးတွေကို အခါအားလျော်စွာ လုပ်နိုင်ပါတယ်။အိမ်အလုပ်နဲ့ ခြံအလုပ်တွေကလည်း ကယ်လိုရီတွေကို ကောင်းကောင်း လောင်ကျွမ်းနိုင်ပါတယ်။ ထမင်းစားပြီးတာနဲ့ တီဗီကြည့်မယ့်အစား ခွေးကျောင်းတာ အနီးအနားလမ်းလျှောက်တာက အကြံကောင်းပါပဲ။သိပ်မဝေးတဲ့နေရာတွေဆိုရင် ကားနဲ့ သွားမယ့်အစား ခြေလျှင်လျှောက်ပါ။ ဓါတ်လှေကားကို တတ်နိုင်သလောက် မသုံးပါနဲ့။သင့်ချစ်တဲ့သူ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ဆို ပိုကောင်းတဲ့အချိန်တွေ ရရှိစေမှာအမှန်ဖြစ်ပါတယ်။ ခွေးလေးနဲ့ အတူတူလမ်းလျှောက်တာပဲ ဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ပဲဖြစ်ဖြစ် လမ်းလျှောက်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။ဒီအချက်တွေက ကိုယ်ပိုင်လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ်ဆွဲတဲ့နေရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ၊ လေ့ကျင့်ရေးစင်တာတွေသွားဖို့ မလိုပါဘူး။ ကယ်လိုရီတွေလောင်ကျွမ်းဖို့ ကိုယ်လက်လှုပ်ရှားမှုတွေ လိုတယ်ဆိုတာ သိထားဖို့သာ အရေးကြီးပါတယ်။Hello Health Group သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%9e%e1%80%bd%e1%80%80%e1%80%ba%e1%80%9c%e1%80%80%e1%80%ba%e1%80%90%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%bd%e1%80%90%e1%80%b2%e1%80%b7-%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1/
မြုံခြင်း၏ အင်္ဂါရပ်များ
မြုံခြင်းရဲ့ အင်္ဂါရပ်တွေ အများကြီး ရှိပါတယ်။ ဒါတွေကို သိထားရင် သားသမီးမရတဲ့အခါ ဘာလုပ်ရမလဲ သိလာပါလိမ့်မယ်။ အမျိုးသမီးတွေရဲ့ မြုံတဲ့အင်္ဂါရပ်တွေဟာ အမျိုးသားများနဲ့ ကွာခြားပါတယ်။မြုံခြင်းရဲ့ အင်္ဂါရပ် ၁၀ချက် ရှိပါတယ်။မိမိရဲ့ ဓမ္မတာကာလဟာ အရင်ထက် ပိုများနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ မြုံစေပါတယ်။ မျိုးဥကြွေခြင်းမရှိတဲ့ ဓမ္မတာစက်ဝန်းဟာ ဟော်မုန်း မညီမျှမှုကြောင့် ဖြစ်တတ်ပါတယ်။ အထောက်အထားအချို့အရ အမျိုးသမီးများရဲ့ ဟော်မုန်းဓါတ်ဟာ ဓမ္မတာစက်ဝန်းကို ပုံမှန်ဖြစ်စေဖို့ ထိန်းသိမ်းပေးပါတယ်။ မျိုးဥမကြွေရင် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ဓမ္မတာများလွန်းခြင်းဟာ တခြား ကျန်းမာရေး ပြသနာတွေ အများကြီး ရှိပါတယ်။ဒါဟာ ကြီးမားတဲ့ ပြသနာတခု ဖြစ်ပါတယ်။ မျိုးဥမကြွေရခြင်းရဲ့ အကြောင်းတခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လည်း မဆောင်နိုင်ပါဘူး။ အမျိုးသမီးများရဲ့ ၃၀-၄၀%ခန့်မှာ မျိုးဥပုံမှန်မကြွေခြင်းရဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်မမဲ့ပါဘူး။ မျိုးဥကြွေဖို့ ကုသနည်းတွေ ရှိပါတယ်။ဓမ္မတာလုံး၀ မလာခြင်း၊ ရုတ်တရက် ရပ်တန့်သွားခြင်းဟာ မြုံခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ရာသီမလာနိုင်တော့ရင် မျိုးဥလည်း မကြွေနိုင်တော့ပါဘူး။ ဒီပြသနာကို ဖြေရှင်းဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။ လူနေမှုပုံစံကို ပြောင်းလဲဖို့ အချိန်ယူပါ။ ဓမ္မတာရပ်တန့်တဲ့ အခါတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဖြေရှင်းနည်းတွေ ရှိပါတယ်။အမျိုးသမီး အများစုဟာ ဒီအချိန်မှာ ဆိုးဆိုးရွားရား ခံစားရပါတယ်။ ဒါဟာ အမြဲတမ်းတော့ မြုံခြင်းကို မညွှန်ပြနေပါဘူး။ ဒါပေမယ့် အလွန်နာကျင်ကိုက်ခဲခြင်း၊ အမျိုးသားနဲ့ အတူနေစဉ် နာကျင်ခြင်းတွေ ရှိနေရင် ရောဂါကြောင့်လည်း ဖြစ်တတ်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သင်နေကောင်းအောင် နည်းလမ်းတွေ ရှာဖွေရပါမယ်။ဒါဟာ ဟော်မုန်းဓါတ် အပြောင်းအလဲကြောင့် ဖြစ်တတ်ပြီး အရေပြားမှာ လက္ခဏာပြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးများရဲ့ ၁၀ယောက်မှာ တယောက်၊ ဒါမှမဟုတ် အယောက် ၂၀မှာ တယောက်ဟာ မျိုးဥလက္ခဏာစုပြသနာ ရှိတတ်ပါတယ်။ မျိုးဥမဖြစ်ထွန်းတဲ့ လက္ခဏာဖြစ်ပြီး ကျားဟော်မုန်း လွန်ကဲစွာ ထွက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီပြသနာကို ရှာဖွေဖြေရှင်းဖို့ အရေးကြီးပါတယ်။အမျိုးသမီးများဟာ သူတို့ကိုယ်ခန္ဓါနဲ့ ပတ်သက်ပြီး ကြုံရတဲ့ပြသနာကတော့ အမွေးအမျှင်များ ပေါက်လာခြင်းနဲ့ ကိုယ်ဝန်ဆောင်ရန် ခက်ခဲခြင်းပဲ ဖြစ်ပါတယ်။ မျိုးဥလက္ခဏာစု ပြသနာနဲ့ ကြုံနေရင်တောင် ဆေးကုသမှုပြုတဲ့အခါ ကလေးမွေးနိုင်တဲ့ နမူနာတွေ ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးပြသနာဆိုရင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။ ကြောက်စရာမလိုပါဘူး။ မကြာခင်မှာ ကျန်းမာရေး တိုးတက်လာနိုင်ပါတယ်။အမျိုးသမီးများ ဆံပင်ကျွတ်ခြင်းဟာ မျိုးအောင်ဖွံ့ဖြိုးခြင်းနဲ့ ဆိုက်ရိုက်ဆက်စပ်နေပြီး ကိုယ်ဝန်ဆောင်ခြင်းဟာလည်း ဖြစ်နိုင်ခြေကိစ္စတခု ဖြစ်ပါတယ်။ တခြား အကြောင်းအရာမျီုးစုံကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စနစ်တကျ စစ်ဆေးသင့်ပါတယ်။လိင်မှုကိစ္စမှာ စိတ်ဝင်စားမှုနည်းပါးလာတာဟာ မြုံခြင်းရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးရင် စိတ်ဓါတ်ကျရင် လိင်မှုကိစ္စမှာ စိတ်ဝင်စားမှု နည်းသွားပါတယ်။ Endometrosis ရောဂါဟာလည်း လိင်ဆက်ဆံရာမှာ နာကျင်မှုဖြစ်စေတတ်ပါတယ်။ အဲဒီအခါ ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။စနစ်တကျ စားသောက်နေလျက်က အကြောင်းမယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် တက်လာရင် စစ်ဆေးကြည့်သင့်ပါတယ်။ ကျားဟော်မုန်းများလာခြင်းဟာ အင်ဆူလင်ခုခံမှုကို ဖြစ်ပေါ်လာစေပါတယ်။အမျိုးသားတွေမှာ သုတ်ကောင်နည်းတဲ့ ပြသနာ ဖြစ်တတ်ပါတယ်။ ယောက်ျားတန်ဆာ ထောင်မတ်ခြင်းဟာ ဟော်မုန်းအတိုင်းအတာနဲ့ ဆက်စပ်နေပါတယ်။ ဟော်မုန်းပမာဏနည်းခြင်းဟာ ကိုယ်ဝန်တည်စေဖို့ ပြသနာဖြစ်စေပါတယ်။အနှေးနဲ့အမြန် ကိုယ်ဝန်ရလိုရင်၊ ပြသနာတချို့ဖြစ်နေရင် စစ်ဆေးမှုပြုလုပ်ပြီး ကောင်းမွန်တဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးရပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%99%e1%80%bc%e1%80%af%e1%80%b6%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8f-%e1%80%a1%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%ab%e1%80%9b%e1%80%95%e1%80%ba%e1%80%99%e1%80%bb%e1%80%ac/
အသက်ရွယ်ကြီးသူတွေအတွက် အကျိုးများနိုင်မယ့် ဦးနှောက်လေ့ကျင့်ခန်း (၃)မျိုး
လေ့ကျင့်ခန်းတွေဟာ သင့်ကိုယ်ခန္ဓါအတွက်သာမက အသက်ကြီးရင့်တဲ့ ဦးနှောက်တွေအတွက်ပါ အကျိုးရှိတယ်ဆိုတာ သင်သိပြီးဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်ကြီးလို့ဖြစ်တဲ့ ဦးနှောက်ရောဂါတွေကို ရှောင်ကျဉ်နိုင်ပါသလား၊ အဖြေကတော့ မှန်ပါတယ်။ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းသုံးခုဟာ သင်သိသင့်တဲ့ ဦးနှောက်အတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ မှတ်ဉာဏ်မကောင်းခြင်းနဲ့ Alzheimer’s ရောဂါတွေကို ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းဟာ insulin resistance၊ ရောင်ရမ်းခြင်း တွေကို လျော့ကျစေပြီး ဦးနှောက်မှာ ရှိတဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကို လှုံဆော်ပေးကာ ဦးနှောက်ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဦးနှောက်မှာ ဆဲလ်အသစ် ဖြစ်တာနည်းလေလေ အသက်ကြီးလာတဲ့အခါ သွေးကြောတွေ ဒုက္ခရောက်လေလေ ဖြစ်တာကြောင့် ဒါဟာ အရေးကြီးပါတယ်။လေ့လာမှုတွေက လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ကောင်းကောင်းအိပ်ပျော်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ကောင်းစွာ အိပ်ပျော်ခြင်းဟာ သင့်မှတ်ဉာဏ်ကို ထိခိုက်စေတဲ့ အလုပ်ကြောင့် ဖြစ်တဲ့စိတ်ဖိစီးမှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။အေရိုးဗစ် လေ့ကျင့်ခန်း တွေဟာ သင့်ရဲ့ ကြွက်သား၊ အဆစ်၊ အရိုးတွေပေါ်မှာ ဖိအားသက်ရောက်ခြင်း သိပ်မများတာကြောင့် ထိရောက်မှုနည်းတဲ့ လေ့ကျင့်ခန်းတွေလို့ သက်မှတ်နိုင်ပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းတွေဟာ နှလုံးခုန်ကို ပိုမြန်စေနိုင်ပြီး သွေးကို ဦးနှောက်ထဲကိုပိုမိုညှစ်ထုတ် ပေးနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ဆဲလ်အသစ်ဖြစ်ဖို့နဲ့ သူတို့အချင်းချင်းကြားက ဆက်သွယ်မှုကို ကူညီပေးနိုင်ပါတယ်။အတွေ့များတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေကတော့လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်းတွေပဲ ဖြစ်ပါတယ်။ တစ်နေ့ကို လေ့ကျင့်ခန်း၄၅ မိနစ်လောက်၊ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လုပ်ခြင်းဟာ အကျိုး ရှိပါတယ်။ယောဂဟာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတဲ့ လေ့ကျင့်ခန်း တစ်မျိုးဖြစ်ပါတယ်။ ယောဂဟာ စိတ်နဲ့ ကိုယ်ခန္ဓါရဲ့ ဆက်စပ်မှုပေါ် အဓိကထားပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တည်ငြိမ် အေးချမ်းစေပါတယ်။Sahaja yoga ကို လုပ်ကြည့်နိုင်ပါတယ်။ ဒီယောဂအမျိုးအစားဟာ စိတ်ပူခြင်းကို လျော့စေပြီး ဘဝအရည်အတွး မြင့်စေကာ စိတ်ဖိစီးမှုကို ထိန်းချုပ်ပေးပါတယ်။ Hatha yoga ကတော့ ဖိအားကို လျော့ဖို့ ကူညီပေးနိုင်ပါတယ်။ကျွမ်းကျင်သူတွေသင်ပေးတဲ့ ယောဂသင်တန်း တက်ခြင်း (သို့) အိမ်တွင် ယောဂကစားခြင်းတွေ လုပ်နိုင်ပါတယ်။ ယောဂလုပ်ဖို့ ပစ္စည်းကိရိယာ အများကြီးမလိုအပ်ပါဘူး။ ဖျာတစ်ခုသာ လိုအပ်မှာ ဖြစ်ပါတယ်။Tai Chi ဟာ တရုတ်ရိုးရာ ကစားနည်းတစ်ခုဖြစ်ပြီး Tai Chi Chuan လို့ အသိများပါတယ်။ အခုခေတ်မှာတော့ Tai Chi ကို လေ့ကျင့်ခန်းအနေနဲ့ အသုံးပြုကြပါတယ်။ သူ့မှာ ညင်သာတဲ့ ကိုယ်ခန္ဓါ လှုပ်ရှားမှုတွေနဲ့ အကြောဆန့်ခြင်းတွေ ပါဝင်ပါတယ်။ Tai Chi မှာ အသက်ပြင်းပြင်းရှူပြီး လှုပ်ရှားမှုတွေကို ဖြည်းညင်းစွာ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေကို ရပ်နားမှုမရှိပဲ ပြုလုပ်ရတာဖြစ်ပြီး ကိုယ်ခန္ဓါဟာ ညင်သာစွာ လှုပ်ရှားနေမှာဖြစ်ပါတယ်။ Tai Chi ဟာ ယေဘုယျအားဖြင့် စိတ်ချရပေမယ့် သင့်မှာ အရိုးကျိုးခြင်း၊ အဆစ်ပြဿနာတွေရှိရင် ဒီနည်းကို မပြုလုပ်မီ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။အသက်ကြီးသူတွေတောင်မှ လေ့ကျင့်ခန်းလုပ်ခြင်းကနေ အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ ဦးနှောက်အပါအဝင် ကိုယ်ခန္ဓါ အစိတ်အပိုင်းအကုန်လုံးဟာ လေ့ကျင့်ခန်းကြောင့် အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်အတွက် သင့်လျော်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကို သိရှိဖို့ ဆရာဝန်၊ ဆရာမ၊ အခြားကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba/
သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ
နွေရာသီက လူအများစုအတွက်ပျော်ရွှင်စရာကောင်းသလို အပန်းဖြေလို့လည်းကောင်းတဲ့ ရာသီတစ်ခုပါ။ ဒါပေမယ့် လူကြီးတွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။ နွေရာသီရဲ့ အပူရှိန်က အမှုမဲ့အမှတ်မဲ့နေလိုက်မယ်ဆိုရင် အန္တရာယ်များတဲ့ အခြေအနေတွေတောင် ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းထန်တာကြောင့် ဖျားနာတာတွေ တော်တော်လေးဖြစ်နိုင်ပါတယ်။ လူကြီးတွေက နွေရာသီရဲ့အပူဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ အပူရှိန်အရမ်းပြင်းတာက အရွယ်သုံးပါးစလုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ စနစ်တွေက ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းချင်းနှေးလာနေပါတယ်။ ချွေးဂလင်းတွေနဲ့ ကိုယ်တွင်းသွေးလည်ပတ်မှုတွေကနေတဆင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းကျဆင်းသွားတာက လူကြီးတွေ အပူဒဏ်ကိုမခံနိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ခန္ဓာကိုယ်မှာ ကိုယ်ခံအားနည်းလာတာ၊ နှလုံးရောဂါခံစားနေရတာ၊ သောက်သုံးနေရတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အပူဒဏ်ကို ခံနိုင်စွမ်းနည်းရတာမျိုးလည်း ရှိပါတယ်။သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ ………. ပူပြင်းတဲ့နွေရာသီမှာ ကိုယ်ချစ်ရတဲ့လူကြီးမိဘတွေကို ကျန်းမာစေဖို့အတွက် ဂရုစိုက်ပေးလို့ရတဲ့ နည်းလမ်းတွေကိုပြောပြပေးပါရစေ။အိမ်ထဲမှာအေးနေအောင်ထားပါ –တကယ်လို့ အိမ်မှာလေအေးပေးစက်ရှိတယ်ဆိုရင် နွေရာသီရက်တွေမှာလေအေးပေးစက်ကို အချိန်ပြည့်ဖွင့်ထားပေးပါ။လေအေးပေးစက်မရှိဘူးဆိုရင် နေ့ခင်းဘက် အိမ်ထဲကို နေရောင်တိုက်ရိုက်မဝင်နိုင်အောင် ပြတင်းပေါက်မှန်တွေကို ကာထားပေးပြီး အိမ်ထဲမှာ အေးနေအောင်ထားပေးပါ။ ညဘက်မှ ပြတင်းတံခါးကို ဖွင့်ပြီး လေကောင်းလေသန့်ရအောင်လုပ်ပါ။ မျက်နှာကျက်မှာ ပန်ကာတပ်ထားတယ်ဆိုရင် ပန်ကာဖွင့်ပေးလိုက်ပါ။သက်သောင့်သက်သာရှိမယ့်အဝတ်အစားတွေဝတ်ပေးပါ –နွေရာသီမှာ အနက်ရောင်အထည်တွေ နဲ့ ထူထဲတဲ့အဝတ်အစားတွေကို မဝတ်ပေးပါနဲ့။ ချောင်ချောင်ချိချိပေါ့ပေါ့ပါးပါးဖြစ်မယ့် ချည်ထည်လေးတွေ လီနင်ထည်လေးတွေ ဝတ်ပေးပါ။ ချွေးစုပ်တဲ့အထည်မျိုးလေးတွေကို နွေရာသီဝတ်ဖို့ ပြင်ဆင်ပေးလိုက်ပါ။ရေဓာတ်ပြည့်နေအောင် ထားပေးပါ –ရေ၊ သစ်သီးဖျော်ရည်လိုမျိုး အရည်တွေကို တိုက်ပေးပါ။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောပါတာတွေကို တတ်နိုင်သမျှမတိုက်ပါနဲ့။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ခန္ဓာကိုယ်ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ လိုအပ်ရင်းဓာတ်ဆားတိုက်ပေးလို့ရပါတယ်။နေ့ခင်းနေပြင်းချိန်တွေ အိမ်ထဲမှာပဲနေခိုင်းပါ –နေ့တစ်နေ့တာမှာ မနက်ခင်း ၁၀ နာရီကနေ ညနေခင်း ၃ နာရီလောက်အထိက အပူချိန်အမြင့်ဆုံးပါ။ ဒီလိုအချိန်တွေမှာ အိမ်ထဲမှာနေတာက အကောင်းဆုံးပါ။ အပြင်ထွက်မယ်ဆိုရင်လည်း ချည်သားအင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်သွားဖို့လိုပါမယ်။ အရိပ်ရတဲ့နေရာတွေကနေ ဖြတ်သန်းသွားတာက အဆင်အပြေဆုံးဖြစ်မှာပါ။နေလောင်ကာခရင်မ်လူးသွားဖို့လည်း မမေ့ပါနဲ့။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့–တကယ်လို့ လေ့ကျင့်ခန်းကို အပြင်မှာလုပ်တတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် မနက်ခင်း စောစောပိုင်းလေး ဒါမှမဟုတ် ညနေနေအေးချိန်လောက်မှ လုပ်ပါ။ အပူရှိန်မြင့်နေချိန်မှာ ချွေးအရမ်းထွက်စေမယ့် လှုပ်ရှားမှုတွေမလုပ်ပါနဲ့။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးပဲ ပေးလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း တဆက်တည်း မလုပ်ဘဲ အနားယူပြီး ဖြည်းဖြည်းချင်းလုပ်ခိုင်းပါ။အစားအသောက်ဂရုစိုက်ပါ–သွေးတိုးရှိတယ်ဆိုရင် အငန်များတဲ့ အစားအစာတွေကို မစားမိဖို့ သတိထားဖို့လိုပါမယ်။ နွေအရမ်းပူတဲ့အခါ သွေးတက်စေနိုင်တဲ့ အစားအစာတွေ၊ အငန်ဓာတ်နဲ့ အစပ်ကဲတဲ့အစားအစာတွေ၊ အဆီများတာမျိုးတွေကို မကျွေးမိဖို့ သတိထားရပါမယ်။ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို သိထားပါ –အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို အလွယ်တကူရနိုင်မယ့် နေရာမှာထားပါ။ရေဓာတ်ခမ်းခြောက်တာက နွေရာသီမှာ လူကြီးတွေအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ လူကြီးတွေက အသက်ကြီးလာတာနဲ့အမျှ ရေသောက်နည်းသွားတာကြောင့် ပူပြင်းတဲ့အချိန်မှာ အလွယ်တကူရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ နေပြင်းတဲ့အခါ ပုံမှန်ထက်ရေပိုသောက်ဖြစ်အောင် ဂရုစိုက်ပေးပါ။ရာသီဥတုပူပြင်းတာကြောင့် ခြေကုန်လက်ပန်းကျတာက အသက်အန္တရာယ်မရှိပေမယ့် နည်းနည်းတော့ပြင်းထန်ပါတယ်။ နေ့စဉ်ရက်ဆက်နေပူဒဏ်ခံရတဲ့အခါ ခန္ဓာကိုယ်က ဆားဓာတ်နဲ့ ရေဓာတ်ဆုံးရှုံးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ညီးစီစီဖြစ်လာတာ၊ ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ မောပန်းနွမ်းနယ်တာ၊ အားနည်းလာတာ၊ အမြင်တွေဝါးလာတာ၊ အော့အန်တာ၊ နှလုံးခုန်မြန်လာတာ၊ ချွေးအရမ်းထွက်တာ၊ ခေါင်းထဲက ရိပ်တိပ်တိပ်နဲ့ မူးလာတာမျိုးတွေ ခံစားရနိုင်ပါတယ်။အပူလျှပ်တာက အပူဒဏ်ကြောင့်ဖြစ်တဲ့ အရမ်းပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခန္ဓာကိုယ်က သူ့ဘာသာအေးမြအောင်မလုပ်နိုင်တဲ့အခါ အပူလျှပ်တာ ဖြစ်လာပါတော့တယ်။ အပူလျှပ်တဲ့အခါ ခေါင်းကိုက်တာ၊ ရိပ်တိပ်တိပ်မူးတာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်ရှုပ်တာ၊ သတိလစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာရင်တော့ နီးစပ်ရာဆေးခန်းကို သွားရောက်ပြသတာ အကောင်းဆုံးဖြစ်မှာပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပြီး ပူပြင်းတဲ့နွေရာသီမှာချစ်ခင်ရတဲ့ လူကြီးမိဘတွေကို အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ မကြုံတွေ့အောင်လုပ်ဆောင်ပေးနိုင်ကြပါစေကြောင်း။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/summer-safety-tips-for-the-elderly/
ဓာတ်မတည့် မှုကြောင့် အသက်ဆုံးရှုံးရနိုင်တဲ့လက္ခဏာ သတိထားပါ
Anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ ဓာတ်မတည့် မှုအခြေအနေကအသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာ ဥပမာ-မြေပဲ၊ပျားအဆိပ်တို့ဆို မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းလောက် ထိမိရုံနဲ့တင် ဓာတ်မတည့်မှုဖြစ်နိုင်တယ်။စစချင်း တုံ့ပြန်မှုကလက္ခဏာသိပ်မဆိုးရင်တောင် နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ ဓာတ်မတည့်မှုလက္ခဏာတွေ ပြင်းထန်လာရင် အရေးပေါ်ဌာနကို ချက်ခြင်း သွားသင့်ပြီး အချိန်မီ မကုသနိုင်ရင်အသက်ရှူရပ်၊ နှလုံးရပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ဓာတ်မတည့် ခြင်းက သိပ်အဖြစ်များသလို အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်နိုင်မှ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြင်းထန်ဓာတ်မတည့်မှုကို နားလည်ထားပြီး ဖြစ်စေနိုင်တဲ့ အရာတွေကို သိထားမှ ကိုယ့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ သိနိုင်ပါလိမ့်မယ်။ဒါတွေ အပြင် တခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါပဲ။ပဋိပစ္စည်းဆိုတာ ခန္ဓာကိုယ်ကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ် တို့လို ပြင်ပအရာတွေဆီမှ ကာကွယ်ပေးတဲ့ အကာအကွယ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူတွေရဲ့ ကိုယ်ခံအားစနစ်က အရာတချို့ကို လိုတာထက် ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ရာကနေ ဓာတ်မတည့် မှုတွေ ဖြစ်လာပါတယ် (ဥပမာ -မြေပဲ ဓာတ်မတည့်ခြင်း၊ပျားတုပ်ခံရခြင်း)။ပုံမှန်အားဖြင့်တော့ ဓာတ်မတည့်ခြင်း တုံ့ပြန်မှုတွေက အသက်အန္တရာယ် မထိခိုက်တတ်ပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ ဓာတ်မတည့်မှု ရှိတဲ့လူတွေ ကတော့ anaphylaxis ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း တွေဖြစ်သွားနိုင်ပါတယ်။ ဒီလို အချိန် သင့်ခန္ဓာကိုယ်မှာ ရှော့ခ် ရခြင်း၊ သွေးပေါင် ရုတ်တရတ် ကျခြင်း၊ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ဖြစ်စေပါလိမ့်မယ်။ပြင်းထန်ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေထဲမှာ –။တခြား အဖြစ်နည်းတဲ့ အကြောင်းတွေ ကတော့-။လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပြင်းထန်ဓာတ်မတည့်ခြင်းတွေက အဖြစ်နည်းသလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ လူတချို့မှာ ပြေးခြင်းလိုမျိုးအေရိုးဗစ်လေ့ကျင့်ခန်း တွေက ပြင်းထန်ဓာတ်မတည့်မှုမျိုး ဖြစ်စေတတ်ပေမယ့် တချို့မှာကျ လမ်းလျှောက်ခြင်းလို သိပ်မပြင်းတဲ့ လေ့ကျင့်ခန်းမျိုးကတောင် ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် တစ်ခုခုစားခြင်း သို့မဟုတ် ပူလွန်း၊ အေးလွန်း၊ စိုထိုင်းလွန်းသောရာသီဥတုတွင် လေ့ကျင့်ခန်းလုပ်မှုတွေ ကြောင့် ဖြစ်တတ်တယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အခါ ဘာတွေကို သတိထားသင့်လဲ ဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။ဓာတ်မတည့် ခြင်းများရင်ကျပ်ခြင်းတွေ ရှိရင်လည်း ပြင်းထန်ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ များပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/life-threatening-allergies/
မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်းအကြောင်း သိကောင်းစရာများ
မခွဲစိတ်ဘဲ မိန်းမကိုယ်ကျဉ်းအောင် လုပ်သည့် နည်းလမ်းများ (လေဆာဖြင့် ကုသနည်း) သည် ခွဲစိတ်ကုသခြင်းများထက်စာလျှင် ပိုစိတ်ချရပါသည်။ သို့သော် မည်သည့် ကုသမှုမျိုးမဆို မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။အောက်ပါတို့သည် ကုသမှုများခံယူပြီး ချိန်တွင် ပြုလုပ်ရမည့် ထိန်းသိမ်းမှုများ ဖြစ်ပါသည်။ ဘယ်လို ထိန်းသိမ်းမှုတွေ လုပ်ဆောင်ရမလဲ။ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘာတွေကို သတိထားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာ ဖြစ်ပါသည်။မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်း အကြောင်း သိကောင်းစရာများအကြောင်း အောက်ပါတို့ကို လေ့လာထားသင့်ပါသည်။မခွဲစိတ်သော နည်းလမ်းများသည် ပိုလည်း စိတ်ချရသလို ပြုလုပ်ပြီးလျှင်လည်း အချိန်မယူရပါ။ သို့သော် သင်သည် ဆေးခန်းကို အကြောင်း အမျိုးမျိုးကြောင့်ပြန်မလာရအောင် အချို့သော အချက်များကို သိထားသင့်ပါသည်။မိန်းမကိုယ် ကျဉ်းစေသော ကုသမှု (လေဆာဖြင့် ကုသနည်း)သည် မိန်းမကိုယ်တစ်ဝိုက်တွင် ပူလောင်ခြင်း၊ ယားယံခြင်းတို့ကို ဖြစ်စေသည့်အတွက် ထိုသို့ မခံမရပ်နိုင်အောင် ဖြစ်လာလျှင် မှီဝဲရန်ဆေးများကို ဆရာဝန်အား မေးထားပါ။ ထို့ပြင် မိန်းမကိုယ် တဝိုက်တွင် အနာလေးများ ဖြစ်လာနိုင်ပါသည်။ မစိုးရိမ်ပါနှင့်။ကုသမှု ခံယူပြီး ချိန်တွင် ပုံမှန်အတိုင်း နေ့စဉ်အလုပ်များကို ပြန်လုပ်နိုင်ပါသည်။ သို့သော်မိန်းမကိုယ်အတွက် လေ့ကျင့်ခန်းများကို ရက်အတော်ကြာ ပြုလုပ်ရပါမည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပုံမပျက်သွားအောင် ကူညီပေးပါသည်။ကုသမှုအပြီး ၂ ပတ် ကျော်မှသာလျှင် လိင်ကိစ္စများကို ပြုလုပ်ရပါမည်။ ရေနွေးဖြင့် ရေစိမ်ချိုးခြင်းကိုလည်း ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။အရေးကြီးဆုံး အချက်မှာ ကုသမှုခံယူပြီး ချိန်တွင် သင့်ကိုယ်ခန္ဓာမှအနာကျက်အား ကောင်းစေရန် အပန်းဖြေ အနားယူရပါမည်။ ပေါ့ပေါ့ပါးပါးနေပါ။ ကျန်းမာရေးနှင့် ညီညွတ်စေမည့် အစားအစာများကို စားပါ။ သို့မှသာ အနာကျက်မြန်စေပြီး တက်ကြွလှုပ်ရှားမှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။မမျှော်လင့် ထားသော ဘေးထွက်ဆိုးကျိုးများ မဖြစ်အောင် ဆရာဝန် ညွှန်ကြားချက်များ နှင့်အညီ နေထိုင်ပါ။ မိမိကိုယ်ကို ဂရုစိုက်ပါ။မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်ပါ။ ကုသမှု ခံယူပြီးသွားသော်လည်း ထိုကုသမှု၏ နောက်ဆက်တွဲများ ဖြစ်နိုင်သေးသည်ကို သတိပြုပါ။ မူမမှန်သော အရာ တစ်ခုခု ဖြစ်လာပါက ဆရာဝန်နှင့် ဆွေးနွေးကာ အကောင်းဆုံး အဖြေရှာပါ။ အချို့ အမျိုးသမီးများသည် မိန်းမကိုယ် ကျန်းမာရေး အပေါ် မူတည်ပြီး တစ်နှစ်တစ်ခါ ဖြစ်စေ ရက်ချိန်း ပြရလေ့ရှိပါသည်။အချုပ်ဆိုရသော် မိန်းမကိုယ်ကျဉ်းအောင် ကုသမှုများ ခံယူပြီး ချိန်တွင် သင့်ကိုယ်သင် မျက်ခြေမပြတ် ဂရုစိုက်ရန် လိုအပ်ပါသည်။ ထိုမှသာ မိန်းမကိုယ် အတွက် မမျှော်လင့်ထားသော ဆိုးကျိုးများကို ကာကွယ်ရာ ရောက်သလို တစ်ကိုယ်လုံး ကျန်းမာရေးကိုလည်း သွယ်ဝိုက်သော နည်းဖြင့် ဂရုစိုက်ရာလည်း ရောက်ပါသည်။ရေးသားသူ- Dr Sandar Lin။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/laser-vaginal-treatment/
ခရီးသွားသောအခါ မရှိမဖြစ်လိုအပ်သော ဆေးသေတ္တာ အကြောင်း
သင်ဟာ ပြည်တွင်းပဲ ဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် ဘယ်နေရာကို ခရီးသွားသည်ဖြစ်စေ ဖျားနာနိုင်ပြီး ထိခိုက်ဒဏ်ရာရ နိုင်တယ်ဆိုတာတော့ သိထားရပါမယ်။ ကျန်းမာရေး မကောင်းတဲ့အတွက် စိတ်ညစ်နေတာမျိုး မဖြစ်သင့်ပဲ သင့်ခရီးကို အကောင်းဆုံးပျော်ရွှင်နိုင်အောင်၊ သင့်ရဲ့စိတ်နှင့် ခန္ဓါကိုယ်ကို အလန်းဆန်းဆုံး ဖြစ်အောင်ပြုလုပ်ပေးသင့်ပါတယ်။ ယခုဖော်ပြမယ့် ကျွန်ုပ်တို့ရဲ့ စာစောင်ကတော့ သင်ခရီးသွားတဲ့ အခါ သင့်ကိုယ်သင်ဂရုစိုက် စောင့်ရှောက်နိုင်ရန် အတွက် မရှိမဖြစ်အရေးကြီးတဲ့ ခရီးသွား ဆေးသေတ္တာ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီဆေးသေတ္တာလေးက သင် ခရီးသွားတဲ့အခါ ကျန်းမာရေး ကောင်းအောင်လုပ်ဆောင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။သင့်ရဲ့ဆေးသေတ္တာထဲမှာ ပါမယ့် ဆေးအမျိုးအစားနှင့် ဆေးအရေအတွက်ဟာ သင်သွားမယ့် ခရီးပုံစံနှင့် သင်သွားမယ့်နေရာ စတာတွေပေါ် မူတည်ပါတယ်။ တကယ်လို့ သင်ဟာ တောတွင်းစခန်းချ လေ့လာရေးခရီး ထွက်ခြင်း၊ တောင်တက်ခြင်း သို့မဟုတ် သဘာဝအလှအပကို ခံစားရန် ခရီးထွက်ခြင်း စတာတွေ ပြုလုပ်မယ်ဆိုရင်တော့ ခေတ်မီ နိုင်ငံတွေကို ခရီးသွားတဲ့အခါ လိုအပ်တဲ့ ဆေးပစ္စည်းတွေနဲ့ တူမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်နိုင်ငံထဲက လမ်းခရီးတွေကို သွားတဲ့အခါမှာ သယ်သွားသင့်တဲ့ ဆေးပစ္စည်းတွေဟာ အာဖရိက ကဲ့သို့ နေရာကြမ်းကြမ်းတွေကို ခရီးသွားတဲ့အခါမှာ လိုတဲ့ ဆေးပစ္စည်းတွေနဲ့ ကွာခြားမှာဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ မရှိမဖြစ်အရေးကြီးတဲ့ အရာကတော့ သင့်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို ထည့်တွက်စဉ်းစားရန် ဖြစ်ပါတယ်။ သင်ဟာ သင်နေထိုင်နေကျ ပတ်ဝန်းကျင် မဟုတ်ပဲ အခြားနေရာများကို သွားတဲ့အခါ ကျန်းမာရေးအရ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေ သို့မဟုတ် အမျိုးမျိုးသော ဓါတ်မတည့်မှုတွေ စတဲ့ကျန်းမာရေး အခြေအနေအားလုံးကို စစ်ဆေးထားဖို့ လိုအပ်ပါတယ်။မြို့တွင်း ခရီးသွားခြင်း သို့မဟုတ် ခရီးတိုထွက်ခြင်း အတွက် အခြေခံဆေးသေတ္တာ တစ်ခုမှာပါဝင်သင့်တဲ့ ဆေးအချို့ရှိပါတယ်။ ၎င်းတို့ကတော့။• အကိုက်ခဲပျောက်ဆေး ။ ရုတ်တရက် ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းကို သက်သာစေဖို့အတွက် ဖြစ်ပါတယ်။• အစာအိမ်နှင့် ပတ်သက်သောဆေးများ ။ သင်ဟာအရသာရှိတဲ့ အစားအသောက်တွေ စားသော်လည်း အချို့သောအထူးအဆန်း အစားအသောက်တွေက သင့်ရဲ့ အစာအိမ်ကို ထိခိုက်စေပြီး ဗိုက်အောင့်နိုင်ပါတယ်။ ဒီလိုခရီးသွားစဉ်ဖြစ်တတ်တဲ့ အစာအိမ် ဆိုင်ရာ ပြဿနာများအတွက် ဆေးလိုအပ်ပါတယ်တယ်။• အအေးမိခြင်း ၊တုပ်ကွေးဖြစ်ခြင်း အတွက်ဆေးများ ။ အမျိုးမျိုးသော ရာသီဥတုအခြေအနေအတွက် သင့်ကျန်းမာရေး မကောင်းတဲ့အခါမှာ အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။• ကိုယ်ဝန်တားခြင်း ။ ကြိုတင်ပြင်ဆင်ခြင်းဟာ အမြဲတမ်းအကောင်းဆုံးဖြစ်ပါတယ်။ ကွန်ဒုံးသုံးခြင်း၊ ဆေးသောက်ခြင်း သို့မဟုတ် ၂ခုစလုံး သုံးခြင်းဟာ ခရီးသွားစဉ် ကိုယ်ဝန်တားဖို့ အဆင်ပြေပါတယ်။• ဗီတာမင်အားဆေးများ ။ သင့်ရဲ့ ခရီးသွားတဲ့အခါ အချိန်အပြောင်းအလဲဖြစ်ခြင်းကြောင့် ဖြစ်လာသော စိတ်ဖိစီးမှုများ၊ လူအများနှင့် ယာဉ်စီးရခြင်း စတာတွေအပြင် သင့်ရဲ့ အစားအသောက် တွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ အတွက်သောက်သုံးရန် ဖြစ်ပါတယ်။• နေရောင်ခံလိမ်းဆေး ။ SPF ၁၅ဆ အနည်းဆုံးပါဝင်တဲ့ နေရောင်ခံလိမ်းဆေးကို လိမ်းပေးပါ။•ပိုးသတ်ဆေးများ ။ မသန့်ရှင်းသော အစားအသောက်နှင့် ရေများကို သောက်သုံးမိတဲ့ အခါ ဝမ်းလျှောနိုင်တဲ့ အတွက် သောက်သုံးရန် ဖြစ်ပါတယ်။• ယားယံမှု သက်သာစေသော ခရင်မ်များ ။ အထူးသဖြင့် ခြင်ကိုက်သော ဒေသများသို့ သွားသောအခါနှင့် ကြမ်းပိုးကိုက်ခြင်း စတဲ့ အရေပြားဆိုင်ရာ ပြဿနာအချို့အတွက် လိမ်းပေးရန် ဖြစ်ပါတယ်။• Cilprofloxacin ပိုးသတ်ဆေး ။ ၎င်းကတော့ ခရီးသွားအများစုသုံးတဲ့ ပိုးသတ်ဆေး ဖြစ်ပါတယ်။ ဖျားနာမှု အကြီးအကျယ် ဖြစ်လာတဲ့အခါ သောက်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက် ရမှသာဖြစ်ပါတယ်။• Probiotics (ဝမ်းလျှောခြင်းကဲ့သို့ အစာအိမ် အူလမ်းကြောင်း ပြဿနာအတွက် သုံးသောဆေး)။ ၎င်းဟာ ထူးဆန်းတဲ့ နိုင်ငံတွေကို သင်သွားတဲ့အခါ သင့်ရဲ့အစာအိမ်အတွက် ဖြစ်ပါတယ်။ ၎င်းကိုရေခဲသေတ္တာထဲမှာထားဖို့ရာ မလိုပဲ သုံးနိုင်ပါတယ်။• ပိုးသတ်ဆေးလိမ်းဆေး ။ သင်ဟာ သန့်ရှင်းမှုမရှိသော နေရာအချို့ကို ရောက်တဲ့အခါ ရှရာပွန်းရာ အသေးစားများအတွက် သုံးရန်ဖြစ်ပါတယ်။• အမူးပျောက်ဆေး ။ ပင်လယ်ထဲ ခရီးသွားခြင်းနှင့် တောင်တက်ခြင်း သို့မဟုတ် အတွန့်အခေါက်များသော နေရာဒေသများ သို့အချိန်အကြာကြီး စီးနင်း လိုက်ပါရတဲ့အခါမှာ မူးဝေခြင်းအတွက် သုံးပါတယ်။• သွေးတိတ်ဆေး ။ သင့်ရဲ့ နှာခေါင်းသွေးလျှံခြင်းအတွက် အသုံးပြုနိုင်ပါတယ်။• ရေသန့်ဆေးပြားများ ။ ရေအလုံအလောက် မရရှိတဲ့ နေရာတွေမှာ ရေသန့်ရန်အတွက်သုံး ပါတယ်။• ငှက်ဖျားပျောက်ဆေးများ နှင့် အိပ်ဆေး၊ စိတ်ဖိစီးမှု သက်သာစေသော ဆေးများ ဆောင်သွားသင့်သည်။သင့်ရဲ့ဆေးသေတ္တာ ထဲမှာထည့်ထားသင့်တဲ့ အခြားသောပစ္စည်းတွေကတော့ ပတ်တီး၊ အနာသန့်စေဖို့ရာအတွက်သုံးသော အရက်ပြန် သို့မဟုတ် အိုင်အိုဒင်းဆွတ်ထားသော ဂွမ်းပြား၊ ပတ်တီးလိပ်သေးများ၊ ကော်တိတ် စတာတွေ ဖြစ်ပါတယ်။ သေးငယ်ပြီး ထိပ်လုံးသော ကပ်ကြေးနှင့် ဇာဂနာအသေး စတာတွေလည်းပဲ လိုအပ်နိုင်ပါတယ်။ခရီးသွားဖို့ရာ ဆရာဝန်နှင့် အရင်ဆုံးတိုင်ပင်ပြီး ဆေးသေတ္တာကို စီစဉ်သင့်ပါတယ်။ဆေးအရည်များ၊ ခရင်မ်လိမ်းဆေးများ သို့မဟုတ် ဂျယ်လ်များထက်စာရင် ဆေးပြားများကို ယူဆောင်သင့်ပါတယ်။ ဆေးအမှုန့်ထုပ်များနှင့် သေချာစွာ ထုတ်ပိုးထားတဲ့ ဆေးပြားများကို ဆေးပုလင်းများ ဆေးပြွန်များထက်စာရင် ပိုပြီးသယ်သွားပေးသင့်ပါတယ်။သင်ယူသွားသင့်တဲ့ ဆေးနမူနာရဲ့ အရွယ်အစားကို ကျန်းမာရေး စောင့်ရှောက်သူအား မေးမြန်းပါ။ ဆေးအညွှန်းများကို မထားခဲ့ပါနှင့်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%a1%e1%80%81%e1%80%ab-%e1%80%99%e1%80%9b%e1%80%bd%e1%80%ad%e1%80%99%e1%80%bb%e1%80%96%e1%80%85/
ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုး
သင့်ခြေထောက်က ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်းကိုခံစားနေရပါသလား။ စိတ်မပူပါနဲ့တော့။ အောက်က ဆောင်းပါးမှာခြေဆီနံ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုးကို ဖော်ပြပေးထားပါတယ်။ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်းတွေက။မုန့်ဖုတ်ဆော်ဒါက ခြေဆီနံ့ကို ပျောက်စေတဲ့နေရာမှာ အလွန်ထိရောက်တယ်လို့ အသိများပါတယ်။ ခြေဖဝါးရဲ့ pH ပမာဏကို ဓာတ်ပြယ်စေပြီး ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ ဒါမှမဟုတ် ရေနွေး ၁ လီတာ နဲ့ ရောလိုက်ပါ။ နေ့စဉ် ဒီအရောထဲကို ၁၅မိနစ်မှ မိနစ်၂၀ထိ ခြေထောက်စိမ်ပေးပါ။ တစ်ပတ်လောက် ဆက်တိုက်လုပ်ပေးလိုက်တဲ့အခါ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။လာဗင်ဒါက ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် လာဗင်ဒါမှာ မှိုမကပ်စေတဲ့အရာတွေပါဝင်ပြီး ဒါတွေက ခြေဆီနံ့ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ လာဗင်ဒါအဆီ အစက်အနည်းငယ်ကို ရေနွေး သို့မဟုတ် ကြက်သီးနွေးရေထဲထည့်ပါ။ ဒီအရည်ထဲမှာ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိ စိမ်ထားပါ။ တစ်ရက်၂ကြိမ်လုပ်ပြီး ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ခြေနံ့စတင်ပြီး ပျောက်သွားပါလိမ့်မယ်။ကျောက်ချဉ်မှုန့်မှာ ပိုးသေစေတဲ့ အာနိသင်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ်ကို သုံးတာလည်း ခြေဆီနံ့ကို ပျောက်ကွယ်သွားဖို့ နည်းလမ်းတစ်ခုပါပဲ။ကျောက်ချဉ်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးနွေးတစ်ခွက်ထဲ ထည့်ပါ။ ဒီအရည်နဲ့ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိ သေချာဆေးကြောပြီး အခြောက်ခံပါ။ မြန်မြန်သိသာချင်ရင်တော့ ကျောက်ချဉ်အမှုန့် အချို့ကိုယူပြီး ခြေထောက်မှာဖြူးထားပေးနိုင်ပါတယ်။ နေ့စဉ်လုပ်ပေးပါ။ခြေဆီနံ့ ထွက်ခြင်းကို ကုသပေးနိုင်တဲ့အပြင် ဆားခါးက ခြေဖဝါးနာကျင်တဲ့ လူတွေအတွက်လည်း ကောင်းမွန်ပါတယ်။ ဆားခါး လက်ဖက်ရည်ဇွန်း၂ဇွန်းကို ရေနွေးနွေးထဲထည့်ပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ တစ်ရက်တစ်ကြိမ် ပြုလုပ်ပေးပါ။လက်ဖက်မည်း အိတ်၂အိတ်ကို ရေဆူဆူ၃ခွက်ထဲ အတူတူထည့်ပြုတ်ပါ။ ပြီးတဲ့နောက် ရလာတဲ့အရည်ကို အေးသွားအောင် ရေတစ်ပုံးလောင်းထည့်ပါ။ ၁၅မိနစ်မှ မိနစ်၂၀ထိ ထိုအရည်ထဲ ခြေထောက်စိမ်ပါ။ နေ့စဉ်လုပ်ပေးပါ။ရှာလကာရည်တစ်ခွက်နဲ့ ရေ ၆ခွက်မှ ၈ခွက်ထိ ရောပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ ပြီးရင် ရေနဲ့သေချာ ပြန်ဆေးပေးပါ။ တစ်ရက်တစ်ကြိမ်လုပ်ပါ။Borax (လက်ချား) တစ်ခွက်၊ ရှာလကာရည် ဆတူ၊ ရေ၂ခွက် စတာတွေကို ရောပါ။ သင့်ရဲ့ ရှူးဖိနပ်အတွင်းကို ရလာတဲ့ဖျော်ရည်နဲ့ ဖြန်းပါ။ ဒါမှမဟုတ် ဖိနပ်မစီးခင် ရှူးဖိနပ်တွေပေါ်မှာ borax powder (လက်ချားအမှုန့်) အချို့ ဖြူးပေးပါ။ခြေဖဝါးရဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့နဲ့ ခြေနံ့ကို ဖျောက်နိုင်ဖို့ သကြားကို သုံးနိုင်ပါတယ်။ သကြား၊ ရေ နဲ့ isopropyl alcohol ၉၁ ရာခိုင်နှုန်းအထက် တို့ကို ရောလိုက်ပါ။ ရလာတဲ့ အရောနဲ့ ခြေထောက်ကို ၅မိနစ်မှ ၁၀မိနစ်ထိ တိုက်ပေးပါ။ ဒါက ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ တစ်ပတ်ကို ၃ကြိမ်လုပ်ပေးပါ။အနံ့တွေ ကင်းစင်သွားဖို့ ကလျာဏီပင်ကို ဖိနပ်တွေနဲ့ ခြေအိတ်တွေပေါ်မှာ ထားပေးနိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ သင့်ခြေထောက်တွေကို ကလျာဏီရေထဲမှာ စိမ်ပေးတာကလည်း ခြေနံ့ကို ပျောက်ကင်းစေနိုင်ပါတယ်။ချင်းကို အရင်ထောင်းလိုက်ပါ။ ရလာတာတွေကို ရေနွေးတစ်ခွက်နဲ့ရောပြီး ခြေထောက်ကို ၁၀မိနစ်မှ ၁၅မိနစ်ခန့်ထိ နှိပ်နယ်ပေးပါ။ နေ့စဉ်လုပ်ပါ။ဆရာဝန်ဆီမသွားခင်မှာ အထက်ပါ လွယ်ကူတဲ့ အိမ်တွင်းသုံးနည်းလေးတွေကို အရင်စမ်းကြည့်ပါ။ မသက်သာဘူးဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ်။ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ရေးသားသူ- Wuthun Myat Chal။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/10-tips-for-foot-odour/
အိပ်မက်များကို အဖြေရှာခြင်း
အိပ်မက်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေရှိသလဲဆိုတာနဲ့ အိပ်မက်တွေက သင့်ကိုဘာတွေပြောပြနေသလဲဆိုတာကို သင်စိတ်ဝင်တစား သိချင်မိပါသလား။ သိချင်တယ်ဆိုရင်တော့ သင့်အိပ်မက်တွေကိုအဖြေရှာဖို့ အောက်ဖော်ပြပါအချက်တွေကိုလိုက်နာကြည့်ပါ။အိပ်မက်တွေကိုအဓိပ္ပါယ်ပြန်တတ်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အိပ်မက်တွေကို သေချာမမှတ်မိနေဘူးဆိုရင် အိပ်မက်ကို ဘာသာပြန်ဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။အိပ်မက်တွေကို မှတ်မိနိုင်ဖို့ခက်ခဲစေမယ့် ဝါးတားတားပုံရိပ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြစ်ပြီး အောက်ပါအချက်တွေကိုလည်း တတ်နိုင်သမျှ လိုက်နာကြည့်ပါ။သင့်ဘဝမှာ ဆုံးဖြတ်ချက်မချရသေးတဲ့အရာတွေ ဒါမှမဟုတ် ဂရုမစိုက်မိတဲ့အဖြစ်အပျက်တွေဟာ အိပ်မက်ထဲမှာ ပြန်ပြီးပေါ်ပေါက်လာနိုင်ပါတယ်။ ဒီလိုပေါ်လာပြီဆိုရင် ဒီပြဿနာတွေက သင့်အတွက် အနှောင့်အယှက်ဖြစ်နေတာကို ညွှန်ပြပါတယ။်။ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းလိုက်ပါ။ ဥပမာ- စာမေးပွဲကနီးကပ်လာနေပြီး သင်က စာမေးပွဲမှာ ကျရှုံးတယ်လို့ အိပ်မက်မက်ခဲ့ရင် စာမေးပွဲက အလွန်အရေးကြီးတာ ဒါမှမဟုတ် စာလေ့လာတဲ့နေရာမှာပိုပြီးအားစိုက်ထုတ်သင့်နေတာကို ညွှန်ပြနေပါတယ်။တကယ်လို့သင်က သင်မှတ်မိနေတဲ့ဖြစ်ရပ်တွေနဲ့ ပစ္စည်းတွေကို အိပ်မက်မက်ခဲ့ရင် သူတို့တွေက သိပ်ပြီးအသုံးဝင်နိုင်ပါတယ်။ သင့်ကို နေ့ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊လပေါင်းနှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့ရတဲ့ ပြဿနာတွေကို တစ်နည်းနည်းနဲ့ သင်ဖြေရှင်းနိုင်လိမ့်မယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။အိပ်မက်တွေကို အဖြေရှာမယ်ဆိုရင် ထပ်ပြီးအားစိုက်ထုတ်ရမှာပါ။ ဒါတင်မကသေးပါဘူး။ သင့်အိပ်မက်တွေက သင်မသိသေးတဲ့တစ်စုံတစ်ခုကို ပြောပြမှာမဟုတ်ပါဘူး။ သူတို့က သင်ချုပ်တည်းထားတဲ့ မေ့ပစ်ချင်တဲ့ အတွင်းစိတ်တွေကိုပဲ ပြောပြတာပါ။အိပ်မက်တွေဟာ အရမ်းစိတ္တဇဆန်လွန်းပြီး ဆွဲမြဲစွာဆုပ်ကိုင်ထားဖို့လည်း အတော်ခက်ပါတယ်။ သူက သင့်ကို သဲလွန်စပေးမယ်။ ဒါပေမယ့် အဲ့ဒီသဲလွန်စက သိပ်ပြီးအရေးစိုက်နေစရာလဲမလိုတဲ့ တစ်ခုခုလည်း ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာကိုပဲ အိပ်မက်မက်ပါစေ ဒီအိမ်မက်တွေက သင့်ကို အဆိုးမြင်ရှူထောင့်ဘက်ကနေ မနှောင့်ယှက်ပါစေနဲ့။အိပ်မက်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေရှိသလဲဆိုတာနဲ့ အိပ်မက်တွေက သင့်ကိုဘာတွေပြောပြနေသလဲဆိုတာကို သင်စိတ်ဝင်တစား သိချင်မိပါသလား။ သိချင်တယ်ဆိုရင်တော့ သင့်အိပ်မက်တွေကိုအဖြေရှာဖို့ အောက်ဖော်ပြပါအချက်တွေကိုလိုက်နာကြည့်ပါ။အိပ်မက်တွေကို မှတ်မိနေဖို့သင်ယူပါ။အိပ်မက်တွေကိုအဓိပ္ပါယ်ပြန်တတ်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အိပ်မက်တွေကို သေချာမမှတ်မိနေဘူးဆိုရင် အိပ်မက်ကို ဘာသာပြန်ဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။ အိပ်မက်တွေကို မှတ်မိနိုင်ဖို့ခက်ခဲစေမယ့် ဝါးတားတားပုံရိပ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြစ်ပြီး အောက်ပါအချက်တွေကိုလည်း တတ်နိုင်သမျှ လိုက်နာကြည့်ပါ။အိပ်မက်မက်တဲ့အရာမှန်သမျှကို ချရေးပါ။ မဖြစ်နိုင်တဲ့အကြောင်းအရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေ မက်ခဲ့ရင်တောင်မှ အားလုံးကိုချရေးထားပါ။ တစ်ခါတလေမှာ အဓိပ္ပါယ်မရှိဘူးလို့ထင်တဲ့အရာတွေက တန်ဖိုးအရှိဆုံးနိမိတတ်တွေဖြစ်လာနိုင်ပါတယ်။အိပ်မက်တွေဟာ လက်တွေ့ဘဝအခြေအနေတွေကို ထင်ဟပ်နေတာလားဆိုတာ ဆုံးဖြတ်ပါ။သင့်ဘဝမှာ ဆုံးဖြတ်ချက်မချရသေးတဲ့အရာတွေ ဒါမှမဟုတ် ဂရုမစိုက်မိတဲ့အဖြစ်အပျက်တွေဟာ အိပ်မက်ထဲမှာ ပြန်ပြီးပေါ်ပေါက်လာနိုင်ပါတယ်။ ဒီလိုပေါ်လာပြီဆိုရင် ဒီပြဿနာတွေက သင့်အတွက် အနှောင့်အယှက်ဖြစ်နေတာကို ညွှန်ပြပါတယ။် ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းလိုက်ပါ။ ဥပမာ- စာမေးပွဲကနီးကပ်လာနေပြီး သင်က စာမေးပွဲမှာ ကျရှုံးတယ်လို့ အိပ်မက်မက်ခဲ့ရင် စာမေးပွဲက အလွန်အရေးကြီးတာ ဒါမှမဟုတ် စာလေ့လာတဲ့နေရာမှာပိုပြီးအားစိုက်ထုတ်သင့်နေတာကို ညွှန်ပြနေပါတယ်။အိပ်မက်တွေက သင့်အတွက်ဘယ်လို အဓိပ္ပါယ်သက်ရောက်နေသလဲ ဆုံးဖြတ်ပါ။တကယ်လို့သင်က သင်မှတ်မိနေတဲ့ဖြစ်ရပ်တွေနဲ့ ပစ္စည်းတွေကို အိပ်မက်မက်ခဲ့ရင် သူတို့တွေက သိပ်ပြီးအသုံးဝင်နိုင်ပါတယ်။ သင့်ကို နေ့ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊လပေါင်းနှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့ရတဲ့ ပြဿနာတွေကို တစ်နည်းနည်းနဲ့ သင်ဖြေရှင်းနိုင်လိမ့်မယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။အိပ်မက်တွေက တစ်နေ့တာအတွင်းတွေ့ကြုံရတဲ့ အရာတွေထဲကမှ သင်သိသင့် တဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးတယ်။ သင်ယူလေ့လာမှူကို တိုးတက်စေတယ်။ မနေ့ကသင်ယူခဲ့တာထက် နောက်နေ့ပိုမိုသင်ယူနိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။မိမိကိုယ်ကိုယ် ရိုးသားမှူရှိပါ။အိပ်မက်တွေကို အဖြေရှာမယ်ဆိုရင် ထပ်ပြီးအားစိုက်ထုတ်ရမှာပါ။ ဒါတင်မကသေးပါဘူး။ သင့်အိပ်မက်တွေက သင်မသိသေးတဲ့တစ်စုံတစ်ခုကို ပြောပြမှာမဟုတ်ပါဘူး။ သူတို့က သင်ချုပ်တည်းထားတဲ့ မေ့ပစ်ချင်တဲ့ အတွင်းစိတ်တွေကိုပဲ ပြောပြတာပါ။အိပ်မက်တွေဟာ အရမ်းစိတ္တဇဆန်လွန်းပြီး ဆွဲမြဲစွာဆုပ်ကိုင်ထားဖို့လည်း အတော်ခက်ပါတယ်။ သူက သင့်ကို သဲလွန်စပေးမယ်။ ဒါပေမယ့် အဲ့ဒီသဲလွန်စက သိပ်ပြီးအရေးစိုက်နေစရာလဲမလိုတဲ့ တစ်ခုခုလည်း ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာကိုပဲ အိပ်မက်မက်ပါစေ ဒီအိမ်မက်တွေက သင့်ကို အဆိုးမြင်ရှူထောင့်ဘက်ကနေ မနှောင့်ယှက်ပါစေနဲ့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%99%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%96%e1%80%bc%e1%80%b1%e1%80%9b%e1%80%be%e1%80%ac%e1%80%bc/
သွေးဆုံးတော့မယ်ဆိုတဲ့ လက္ခဏာများ
အမျိုးသမီးတွေရဲ့ခန္ဓါကိုယ်တွေဟာ ဘဝရဲ့ အသက်အပိုင်းအခြားတိုင်း၊ အခြေအနေတိုင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေကို ခံစားကြရပါတယ်။ အရွယ်ရောက်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဟာ ဘဝရဲ့ အထင်ရှားဆုံး အပြောင်းအလဲ နှစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုကတော့ နောက်ဆုံးပြောင်းလဲမှုဖြစ်ပေမယ့် အထက်ပါအခြေအနေနှစ်ခုလို အရေးကြီးတဲ့ ကာလအပိုင်းအခြားတစ်ခုဖြစ်တဲ့ သွေးဆုံးခြင်းကိုတော့ သေချာသိလေ့မရှိပါဘူး။အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းတွေရဲ့ နိဂုံးကိုရောက်တဲ့အခါ သူမတို့ရဲ့ ခန္ဓါကိုယ်ဟာ အီစထရိုဂျင်နဲ့ Progesterone ထုတ်လုပ်မှုကိုဖြည်းဖြည်းချင်းရပ်လိုက်ပါတယ်။ ဒါကပဲ သူမကို ကလေးမရစေနိုင်တော့တာပါ။ ဒီကာလအပိုင်းအခြားကို သွေးဆုံးတယ်လို့ခေါ်ပါတယ်။သွေးဆုံးခြင်းဆိုတာ တစ်ညတည်းမှာ ဖြစ်ပျက်ပြီးဆုံးသွားတာမဟုတ်ပါဘူး။ သွေးဆုံးတဲ့အဆင့်ကိုရောက်ဖို့ အမျိုးသမီးတွေဟာ perimenopause (အကြိုသွေးဆုံးခြင်း) ဆိုတဲ့ကာလကိုဖြတ်သန်းရပါတယ်။ ဒီအချိန်ဟာ အမျိုးသမီး တစ်ယောက်ချင်းစီရဲ့ ခန္ဓါကိုယ်ပေါ်လိုက်ပြီး လအနည်းငယ်သာကြာနိုင်သလို နှစ်ပေါင်းများစွာလည်း ကြာသွားနိုင်ပါတယ်။ ဖြစ်ခဲတဲ့အခြေအနေအချို့မှာတော့ သွေးဆုံးဖို့ပြင်ဆင်တဲ့ ဒီကာလဟာ ၁၀နှစ်အထက်တောင် ကြာနိုင်ပါသေးတယ်။သွေးဆုံးခြင်းအများစုဟာ သူမတို့ အသက် ၅၁ဝန်းကျင်ကိုရောက်တဲ့အခါ အမျိုးသမီးတွေရဲ့ ခန္ဓါကိုယ်ထဲက ဟော်မုန်းတွေ သဘာဝအတိုင်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရတာပါ။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ဟာ သွေးဆုံးခြင်းကို တမင်ပြုလုပ်ယူတာမျိုး ၊ခွဲစိတ်မှုကြောင့် သွေးဆုံးတာမျိုးဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ကုသမှုခံယူရတာမျိုး ၊ ခွဲစိတ်မှုတစ်ခုခုခံယူရတာမျိုးလုပ်ပြီးတဲ့အချိန်မှာ သွေးဆုံးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အချိန်မတိုင်မီသွေးဆုံးခြင်းဟာ အမျိုးသမီးတစ်ယောက် သက် ၄၀အရွယ်မရောက်ခင်မှာ ဖြစ်တတ်ပြီး ဘာရောဂါမှမရှိဘဲ ကျန်းမာနေတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတ်ယ။ ဒီလို ဖြစ်ရပ်အများစုကတော့ အဆိုပါအမျိုးသမီးတွေရဲ့ မျိုးရိုးကြောင့်ဖြစ်ရတာမျိုးပါ။အောက်ပါလက္ခဏာတွေဖြစ်ပေါ်လာပြီဆိုရင်တော့ ဒီအမျိုးသမီးဟာ perimenopause ဖြစ်နေတာလို့ ညွှန်ပြနေပါတယ်။– အသားအရေနဲ့လက်သည်းတို့ ခြောက်သွေ့ခြင်း၊ ဆံပင်တွေခြောက်ပြီး ဆံပင်အထွေးလိုက် အမြန်ကျွတ်ခြင်း။– အိပ်မပျော်ခြင်း။– အာရုံစိုက်ဖို့ခက်ခဲခြင်းနဲ့ မေ့တတ်လာခြင်း။– အသားတွေပူပြီး ညဘက်ချွေးထွက်ခြင်း။– ဘာအကြောင်းပြချက်မှမရှိဘဲ စိတ်တို၊ စိတ်သောကရောက်တတ်ပြီး နှလုံးခုန်မြန်နေခြင်း။– မိန်းမကိုယ်ခြောက်သွေ့ခြင်းနဲ့ လိင်မှုကိစ္စတို့တွင် သာယာမှုလျော့နည်းလာခြင်း၊ လိင်ကိစ္စတွင် စိတ်မပါတော့ခြင်း။– စိတ်ခံစားချက်အပြောင်းအလဲမြန်ခြင်း။– ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း။– ခေါင်းကိုက်ခြင်းနဲ့ မောပန်းခြင်း။– ဝက်ခြံထွက်ခြင်း။အချို့သောအမျိုးသမီးတွေကတော့ Perimenopause ကို တွေ့ကြုံကြရာမှာ အခက်အခဲမရှိဘဲ သူတို့ရဲ့ခန္ဓါကိုယ်က ဖြည်းဖြည်းချင်းပြောင်းလဲသွားတတ်ပေမယ့် အချို့ကတော့ ဒီကာလဟာ သူတို့ကို အသက်အန္တရာယ်ပါ ကျရောက်စေနိုင်တဲ့ ကပ်ဆိုးကြီးလိုပါပဲ။ သွေးဆုံးတဲ့ လက္ခဏာတွေကို အပြည့်အဝကာကွယ်လို့မရသလို ဒါတွေဟာ အမျိုးသမီးတိုင်းကြုံရတဲ့ သဘာဝပြောင်းလဲမှုတွေပဲ မဟုတ်ပါလား။ ဒါပေမဲ့ လက္ခဏာတွေရဲ့ ပြင်းထန်မှုကို လျှော့ချပေးနိုင်မယ့် ရိုးရှင်းတဲ့ အချက်လေးတွေတော့ရှိပါတယ်။– နေထိုင်မှုပုံစံပြောင်းလဲခြင်း။ ။Perimenopause ကို ခံစားနေရတဲ့ အမျိုးသမီးတွေဟာ oesrogen ကြွယ်ဝတဲ့ စားစရာတွေ ဥပမာ – နှမ်းစေံ၊ ပဲပိစပ်၊ ပဲအမျိုးမျိုးနဲ့ သစ်သီးခြောက်တွေကို အဓိကထားစားသင့်ပါတယ်။ သူတို့တွေဟာ အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ရှားသင့်ပြီး ပုံမှန်ထက်လည်း လေ့ကျင့်ခန်းပိုလုပ်သင့်ပါတယ်။– ကိုယ်ပူခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း တို့အတွက် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သောက်ပါ။ဆရာဝန်နဲ့တိုင်ပင်ပြီးတဲ့နောက်မှာ ရိုးရာနည်းလမ်းတွေဖြစ်တဲ့ အပ်စိုက်ခြင်းလို၊ နှိပ်နယ်ခြင်းလို နည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%b7%e1%80%99%e1%80%9a%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%b2%e1%80%b7-%e1%80%9c/
Breech Birth (ဆုံပိုင်းမွေးခြင်း)
ခြေထောက်တစ်ချောင်း သို့ နှစ်ချောင်းစလုံး တွဲလျက်ကျနေသောအနေအထားဖြစ်တယ်။ မွေးဖွားတဲ့အခါ ခြေထောက်အရင်ထွက်လာတာဖြစ်တယ်။မွေးဖွားမှု ၁၀၀ မှာ ၄ ခါလောက်ကတော့ ဆုံပိုင်းဖြစ်နေတတ်ပါတယ်။အသေးစိတ်သိဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။တခြားလက္ခဏာ၊ အခြေအနေတွေလည်း ရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်သင့်တယ်။ဖော်ပြပါအချက်များကြုံရပါက သို့ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။ဘာကြောင့် ဆုံပိုင်း ဖြစ်သွားရလဲ သေချာမပြောနိုင်သေးပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကိုယ်ဝန်ဆောင်အဖွဲ့အစည်း ကတော့ အောက်ပါတို့အပါအဝင် အကြောင်းအမျိုးမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်-။ဆုံပိုင်းဖြစ်နိုင်ချေကို အားပေးသောအချက်များ၊ အခြေအနေများ အမျိုးမျိုးရှိတယ်။ကလေးခေါင်းကြီးနေခြင်း – ကလေးလှုပ်ရှားရခက်စေတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်ကိုယ်ဝန်စမ်းသပ်စစ်ဆေးနေရင်းနဲ့ ဆရာဝန်ကရှာဖွေသိရှိသွားနိုင်ပါတယ်။ အတည်ပြုဖို့အတွက် အယ်လ်ထရာဆောင်းရိုက်ရန်တော့လိုပါလိမ့်မယ်။ သားအိမ်ခေါင်းမှတဆင့်စမ်းသပ်ခြင်းဖြင့်လည်း သိနိုင်တယ်။တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/breech-birth-%e1%80%86%e1%80%b6%e1%80%af%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
လေယာဉ်စီးခြင်းကြောင့် ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ
လေယာဉ်စီးပြီး ခရီးမကြာခဏထွက်လေ့ရှိတဲ့သူတွေအတွက်တော့ ခရီးပန်းတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ အိပ်ရေးမဝတာတွေ၊ နေ့အချိန်အတွင်းမှာ ပင်ပန်းနွမ်းနယ်နေတာတွေ၊ အာရုံစိုက်လို့မရတာတွေနဲ့ အစာအိမ်ပြဿနာတွေဟာ ရှောင်လွှဲလို့မရတဲ့ပြဿနာတွေပါ။လေယာဉ်ကြောင့်ခရီးပန်းခြင်း ဆိုတာဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြည့်ရအောင်လား။ Jet Lag ဆိုတာဘာလဲ။လေယာဉ်ခရီးပန်းခြင်း ဆိုတာ ခရီးသွားအများစုအတွက်တော့ အချိန်အတိုင်းအတာတစ်ခုထိကြာနိုင်တဲ့ အိပ်စက်မှုဆိုင်ရာ ကမောက်ကမပြဿနာတွေ ဖြစ်ခြင်းပါ။သင်ခရီးသွားတဲ့အခါ အချိန် ဇုန်နှစ်ခုထက်ပိုပြီး အလျင်အမြန် ဖြတ်သန်းသွားတဲ့အခါ မျိုးတွေမှာ လေယာဉ်ခရီးပန်းခြင်း ဖြစ်တတ်ပါတယ်။တကယ်လို့သင်က အရှေ့ဘက်ကို ခရီးထွက်မယ်ဆိုရင် ဖြတ်ရတဲ့ အချိန်ဇုန်ချင်း တူတာတောင်မှ အနောက်ဘက်ကိုသွားတာထက် ပိုပြီးခရီးပန်းနိုင်ချေရှိပါတယ်။တကယ်လို့ သင်က သက်ကြီးပိုင်းဖြစ်နေခဲ့မယ်ဆိုရင် ခရီးပန်းတာပိုဖြစ်နိုင်ပြီး သက်သာပျောက်ကင်းဖို့လည်း ပိုပြီးကြာနိုင်ပါလိမ့်မယ်။ဘာတွေက လေယာဉ် ခရီးပန်းခြင်းကိုဖြစ်စေတာလဲ။လေယာဉ်ခရီးပန်းခြင်းဆိုတာ အဟုန်နဲ့ ခရီးသွားတဲ့အခါ သင့်အိပ်စက်ခြင်း၊ နိုးထခြင်းတို့ကို ထိန်းချုပ်ပေးတဲ့ ဇီဝနာရီ ကို ကမောက်ကမဖြစ်စေတာကြောင့် ဖြစ်ရတာပါ။ဇီဝနာရီဟာ သင့်ရဲ့အိပ်စက်ခြင်း ၊ နိုးထခြင်း လုပ်ငန်းဆောင်တာတွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အောက်ပါအခြင်းအရာတွေအားဖြင့် သက်ရောက်မှုဖြစ်စေပါတယ်။သင့်ခန္ဓါကိုယ်ရဲ့ ဇီဝနာရီဟာ အလင်းရောင်နဲ့ လူမှုပတ်ဝန်းကျင်ပေါ်မူတည်ပြီး သင့်ဒေသစံတော်ချိန်အတိုင်း မှီငြမ်းပြီး။ဖြစ်ပေါ်နေတာပါ။ ဒါကြောင့်လည်း သင်က နံနက်ဆိုတက်ကြွနေပြီး ညဘက်ဆို အိပ်ရာဝင်နေရတာပေါ့။တကယ်လို့သင်က အချိန်ဇုန်တွေကို ဖြတ်သွားရပြီဆိုရင် ဇီဝနာရီဟာ သင်ရောက်ရှိမယ့်နေရာနဲ့ကိုက်ညီမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်အောင် ချိန်ညှိပေးနိုင်ဖို့ အချိန်ယူရပါလိမ့်မယ်။နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ပေ ၈၀၀၀ နဲ့အထက်မှာရှိတဲ့ လေထုဖိအားဟာ သွေးထဲက အောက်ဆီဂျင်ပမာဏကိုလျော့ကျစေပြီး ခရီးသည်တွေကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါ့အပြင် လူတွေက လေယာဉ်ပေါ်မှာ လှုပ်လှုပ်ရှားရှားမလုပ်ကြဘူးမဟုတ်လား။ ဒါကလည်း လေယာဉ်ကြောင့် ခရီးပန်းခြင်းကိုဖြစ်ပေါ်စေနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေတော့တာပါပဲ။လေယာဉ်ကြောင့်ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ယေဘုယျအားဖြင့်တော့ ခရီးပန်းခြင်းဟာ ကုသမှုမလိုအပ်ဘဲ ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလိုပျောက်သွားတတ်တာမျိုးပါ။ အောက်ပါအချက်တွေကလည်း ခရီးပန်းတာကြောင့်ဖြစ်ရတဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။တကယ်လို့သင်က အရှေ့ဘက်ကို ခရီးထွက်ရမယ်ဆိုရင် ပိုပြီးစောစောအိပ်ပါ။ ပုံမှန်အားဖြင့် တစ်ညကို နာရီဝက်လောက် ပိုစောအိပ်ပါ။ ဒါကို သင်ခရီးမထွက်ခင် ညပေါင်းများစွာ ကြိုလုပ်ထားပါ။တကယ်လို့ အနောက်ဘက်ကို သွားမှာဆိုရင်တော့ ပြောင်းပြန်ပါပဲ။ သင့်ရဲ့ အစာစားချိန်တွေကိုလည်း သင့်ခရီးပန်းတိုင်က ဒေသစံတော်ချိန်နဲ့ နီးစပ်တဲ့အချိန်တွေကို ရွှေ့ပြောင်းစားသောက်နိုင်ပါတယ်။ဒီစိတ်ပညာဆိုင်ရာ နည်းလမ်းလေးကို သုံးကြည့်ပါ။ သင့်နာရီကို လေယာဉ်ပေါ်ရောက်တာနဲ့ အချိန်ပြောင်းထားလိုက်ပါ။ ဒါက သင့်ရဲ့ခရီးဆုံးကို ရောက်တဲ့အခါ သင်ဘာတွေလုပ်ဖြစ်မယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။မကြာခဏလို မတ်တပ်ရပ်ပြီး လှုပ်လှုပ်ရှားရှားနေပေးပါ။ ငြိမ်ငြိမ်နေပြီးလုပ်ရမယ့် လေ့ကျင့်ခန်းမျိုး တွေနဲ့ အကြောဆန့်တာမျိုးကို လေယာဉ်ပေါ်မှာလုပ်ပေးပါ။ ဒါပေမယ့် ခရီးစဉ်ပြီးဆုံးသွားတဲ့နောက်တော့ အိပ်ခါနီးဆဲဆဲမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။ ဒါတွေက အိပ်ပျော်နိုင်ဖို့ ပိုပြီး ကြန့်ကြာစေပါတယ်။သွားလိုရာကို ခရီးကိုရောက်ပြီဆိုရင် သဘာဝအလင်းရောင်ထဲမှာ နေလိုက်ခြင်းက သင့်ခန္ဓါကိုယ်က အချိန်ဇယားအသစ် နဲ့လိုက်လျောညီထွေဖြစ်ဖို့ ပံ့ပိုးကူညီပေးရာရောက်ပါတယ်။အရည်များများသောက်ပါ။ ဒါပေမယ့် ကဖင်းနဲ့ အရက်တော့မပါပါစေနဲ့။ရေနွေးစိမ်တာဖြစ်ဖြစ် စာအုပ်ဖတ်တာပဲဖြစ်ဖြစ်လုပ်ပြီး စိတ်ဖိစီးမှုဒဏ်တွေကနေ ကင်းဝေးအောင်နဲ့ အိပ်ချင်စိတ်ဖြစ်ပေါ်လာအောင် လုပ်ယူလို့ရပါတယ်။အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေမယ့် အချက်တွေဖြစ်တဲ့ အလင်းရောင်နဲ့ ဆူညံသံတွေကို အတတ်နိုင်ဆုံး လျော့နည်းအောင်လုပ်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/sleep-disorders/%e1%80%b1%e1%80%9c%e1%80%9a%e1%80%ac%e1%80%a5%e1%80%b9%e1%80%85%e1%80%ae%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%81/
ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ
ကလေးတွေရဲ့ အရေပြားမှာ အနီစက်လေးတွေ၊အဖုလေးတွေဖြစ်နေတာ မြင်ဖူးကြမှာပါ။ ဒါဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေရဲ့ လက္ခဏာတွေပါ။ အများစုကို ထိထိရောက်ရောက်ကုသလို့ ရပါတယ်။ ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားရောဂါတချို့အကြောင်းကို သင်သိရမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ အရေပြားရောဂါတွေ ဖြစ်လာပြီဆိုရင်တော့ ရောဂါကို အတိအကျသိဖို့နဲ့ ကုသဖို့ပေးနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။ရေကျောက်ရောဂါဆိုတာ အလွယ်တကူ ကူးစက်ပျံ့ပွားနိုင်တဲ့ ကူးစက်ရောဂါ တမျိုးဖြစ်ပါတယ်။ ကလေးအများစုဟာ တချိန်ချိန်မှာတော့ ရေကျောက်ပေါက်ဖူးကြမှာပဲ ဖြစ်ပါတယ်။ ရေကျောက်ဟာ မျက်နှာ၊နားနဲ့ ရင်ဘတ်တွေပေါ်မှာ အနီရောင်အစက်လေးတွေ အနေနဲ့ စတင်ပေါ်လာပြီး ဒီအနီစက်လေးတွေဟာ အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ အရည်ကြည်ဖုလေးတွေ ပေါက်သွားရင်တော့ အဖတ်လေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ကျန်းမာရေးကောင်းနေတဲ့ ကလေးတွေအနေနဲ့ ရေကျောက်ပေါက်ရင် စိုးရိမ်စရာ မလိုပါဖူး။ သင့်ကလေး ရေကျောက်တခါ ပေါက်ပြီးရင် သူတို့အနေနဲ့ ဒီရောဂါအတွက် ကိုယ်ခံအားရရှိပြီးသားဖြစ်သွားလို့ နောက်တခါ ထပ်မဖြစ်တော့ပါဖူး။ ရေကျောက်ကို အိမ်မှာပဲ ကုသလို့ရပါတယ်။ ဒီလို ကုသပေးမယ်ဆိုရင် အဖျားတက်တာ၊ယားယံတာစတဲ့ လက္ခဏာတွေကို တဖြည်းဖြည်း သက်သာလာစေပါတယ်။ ဒါ့အပြင် ရေကျောက်ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါသေးတယ်။ ဆရာဝန် ညွှန်ကြားချက်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေဖြစ်တဲ့ calamine လိမ်းဆေး၊ပါရာစီတမော နဲ့ ဂျဲလ်အေးအေးလေးတွေစတာတွေကို အသုံးပြုနိုင်ပါတယ်။ပွေးဟာ ringworm လို့ခေါ်တဲ့ fungusမှိုတမျိုးကြောင့် ဖြစ်တာပါ။ ဒီfungus မှိုဟာ သင့်အရေပြားဆဲလ်အသေတွေထဲ၊ဆံပင်ထဲနဲ့ လက်သည်းတွေကြားထဲမှာ ရှိနေတတ်ပါတယ်။ သင့်ကလေး ပွေးပေါက်ပြီဆိုရင် အရေပြားပေါ်မှာ အနီရောင်အဝိုင်းပုံစံ အကွက်လေးတွေကို မြင်ရပါလိမ့်မယ်။ ပွေးပေါက်တဲ့ အရေပြားနေရာမှာ ယားတာ၊ရောင်ရမ်းတာ နဲ့ နာကျင်တာတွေ ဖြစ်လာပါလိမ့်မယ်။ လက်မောင်း၊ခြေထောက် ဒါမှမဟုတ် ခန္ဓါကိုယ်ဘယ်နေရာမှာမဆို ပွေးပေါက်နိုင်ပါတယ်။ ခေါင်းမှာ ပွေးပေါက်ရင် ဆံပင်တွေ ကျွတ်ပါလိမ့်မယ်။ ပွေးပေါက်နေတဲ့လူ ဒါမှမဟုတ် တိရစ္ဆာန် နဲ့ အသားချင်းထိတွေ့တာကနေ ပွေးကူးနိုင်သလို မျက်နှာသုတ်ပုဝါတို့သဘက်တို့ မျှသုံးရင်လည်း ကူးနိုင်ပါတယ်။ ပွေးပေါက်ရင် antifungal လို့ခေါ်တဲ့ ဆေးတွေ ပေးရပါတယ်။ တကယ်လို့ သင့်ကလေးဟာ ဆံပင်တွေပါ ကျွတ်နေတယ်ဆိုရင် antifungal ခေါင်းလျှော်ရည်နဲ့ လျှော်ဖို့ပါ လိုပါလိမ့်မယ်။Contact dermatitis ဆိုတာ သင့်အရေပြားနဲ့ မတည့်တဲ့ အရာတခုခု ဒါမှမဟုတ် ဓါတုဗေဒ ပစ္စည်းတခုခု ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရေပြားပြဿနာ တမျိုးပဲဖြစ်ပါတယ်။ အဆိုပါ အရာကြောင့် အရေပြားကိုထိခိုက်စေပြီး ဓါတ်မတည့်ခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ ဆပ်ပြာ၊လိုးရှင်း၊ရေမွှေး၊သတ္တုတမျိုးမျိုး၊latex ရာဘာ၊အလှကုန်ပစ္စည်း ဒါမှမဟုတ် ဆေးတွေကြောင့် သင့်ကလေးမှာ Contact dermatitis ဖြစ်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ကလေးတယောက်နဲ့ တယောက် တူချင်မှ တူမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ Contact dermatitis ဖြစ်နေပြီဆိုရင် နာကျင်တာ၊နီရဲတာ၊ယားယံတာ၊ရောင်ရမ်းနေတာ၊အရည်လေးတွေထွက်နေတာ ဒါမှမဟုတ် သွေးထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဓိက ထိတွေ့မိတဲ့ နေရာမှာ ရောဂါလက္ခဏာတွေ အဆိုးဆုံးဖြစ်နေမှာပါ။ ရောဂါအတိအကျသိနိုင်ဖို့နဲ့ ကုသမှုခံယူနိုင်ဖို့အတွက် ကလေးကို ဆေးရုံတင်ရပါမယ်။သင့်ကလေးရဲ့ ရောဂါအခြေအနေ၊အသက်နဲ့ တခြားကျန်းမာရေးအနေအထားတွေပေါ် မူတည်ပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်။ အများအားဖြင့် ပြုလုပ်လေ့ရှိတဲ့ ကုသမှုတွေက အရေပြားကို ဆေးကြောသန့်စင်တာ၊ရောင်ရမ်းတာအပါအဝင် ရောဂါလက္ခဏာတွေကို သက်သာစေဖို့ စိုစွတ်တဲ့ အဝတ်စနဲ့ ပတ်ထားတာ၊ယားယံတာ သက်သာစေဖို့ အရေပြားကို ခရင်မ်ဒါမှမဟုတ် ဆေးရည်တွေ လိမ်းပေးတာ နဲ့ သောက်ဆေးတွေ ပေးတာတို့ပဲ ဖြစ်ကြပါတယ်။သူ့ကို ဘာလို့ဒီလိုခေါ်တာလဲဆိုတော့ ဒီရောဂါရပြီဆိုရင် ပါးစပ်မှာ အနာတွေပေါက်လာပြီး လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ အစက်တွေ ထွက်လာလို့ပဲဖြစ်ပါတယ်။ တင်ပါးနဲ့ ခြေထောက်တို့မှာ အရည်ကြည်ဖုတွေကိုလည်း မြင်နိုင်ပါသေးတယ်။ ဒီရောဂါဟာ ကလေးတွေမှာ အများဆုံး ဖြစ်လေ့ရှိပြီး ရောဂါကူးစက်ခံနေရသူ ချောင်းဆိုးတာ၊နှာချေတာ ဒါမှမဟုတ် အရည်ကြည်ဖုတွေကနေ ထွက်တဲ့ အရည်တွေကို ကိုင်တွယ်မိရာကနေ ရောဂါကူးစက်နိုင်ပါတယ်။ဒီရောဂါကို ကုသစရာ နည်းလမ်းအထူးအထွေမရှိပါဖူး။ လုံးဝကောင်းသွားတဲ့အချိန်အထိ ကလေးကို ကျောင်းမသွားခိုင်းပါနဲ့။ သင့်ကလေးကိုယ်ခံအားကောင်းတယ်ဆိုရင် ၁၀ရက်အတွင်း ရောဂါပျောက်သွားပါလိမ့်မယ်။ အိမ်တွင်း ကုသမှုအဖြစ် အလွယ်တကူဝယ်လို့ရတဲ့ ဆေးတွေဖြစ်တဲ့ ပါရာစီတမော ဒါမှမဟုတ် ibuprofen တို့ကို တိုက်လို့ရပြီး အရည်များများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။နှင်းခူဟာ နာတာရှည်အရေပြား ရောဂါတမျိုးပါ။ နှင်းခူဖြစ်ရင် ကလေးတွေရဲ့ အရေပြားဟာ နီရဲခြောက်သွေ့လာမယ်၊ယားယံလာမယ် စတဲ့ လက္ခဏာတွေကို တွေ့မြင်ရမှာပါ။ အများဆုံးဖြစ်တတ်တဲ့ နှင်းခူကတော့ ဓါတ်မတည့်တာကြောင့်ဖြစ်တဲ့ atopic eczema ပဲ ဖြစ်ပါတယ်။ ဒီနှင်းခူအမျိုးအစားဟာ သင့်ကလေး အသက်ကြီးလာတဲ့အထိ ဆက်ဖြစ်နေဦးမှာပါ။ ကြာလာတဲ့အခါ တချို့ကလေးတွေရဲ့ နှင်းခူမှာ ပိုးပါဝင်လာတတ်ပါတယ်။ နှင်းခူဘာလို့ဖြစ်ရတယ်ဆိုတာ အတိအကျမသိရပေမယ့် လေ့လာချက်တွေအရ ဓါတ်မတည့်တာကြောင့် အဓိကဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ ကလေးတွေမှာ အဖြစ်အများဆုံး အရေပြားရောဂါ ၅မျိုးပဲဖြစ်ပါတယ်။ ဒီပြဿနာတွေ အကြောင်းသိထားမယ်ဆိုရင် သင့်ကလေးမှာ ဒါတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%90%e1%80%bd%e1%80%b1%e1%80%b7%e1%80%9b%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2/
မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ
သင့်မိန်းမကိုယ်နဲ့ ပတ်သက်လို့ ကြုံလာရနိုင်တဲ့ ပြဿနာတွေ အများကြီးပါ။ တစ်ခါတလေဆိုရင် လမ်းညွှန်စာအုပ်တောင် ရှာဖတ်ရမလိုပါပဲ။ ဒါကြောင့် ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေကို မေးမြန်းပြီး ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံကာ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဖြစ်လေ့ဖြစ်ထအရှိဆုံး အခြေအနေကိုးမျိုးနဲ့ ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို မျှဝေပေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ကိုယ့်ရဲ့ အရေးကြီးတဲ့ နေရာမှာ ဒါမျိုးတွေ့ရင် ဘယ်သူမလန့်ပဲ နေပါ့မလဲ။ မိန်းမကိုယ်မှာ အဖုလေးလို ဖြစ်နေတာ၊ အသားမှာ ဖောင်းဖောင်းလေး ဖြစ်နေတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် သားဖွားမီးယပ် ဆရာဝန်တွေရဲ့ အဆိုအရ များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးဟာ သိပ်ပြဿနာမရှိလို့ဘူး ဆိုပါတယ်။အရေပြားအပြင်ကို ထွက်လာရမယ့်အစား အတွင်းဖက်ကို ပေါက်တဲ့ အမွေးအမျှင် (မွေးကျွတ်နာ) လိုမျိုးကနေ သာမန်အဆီလုံးထိ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ရေနွေးလေးနဲ့ ဆေးပေးတာ၊ ရေချိုးပေးတာဟာ အကောင်းဆုံးကုသမှုဖြစ်ပါတယ်။ ဒီအဖု/နေရာလေးကနေ နာကျင်လာတာမျိုးရှိမယ်ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုအပ်ပါလိမ့်မယ်။တကယ်လို့ သင့်ရဲ့ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အနံ့အသက်တွေ ရတဲ့ဆိုရင်တော့ ဒါတစ်ခုခုတော့ ဖြစ်နေပါပြီ။ ဒီလိုမျိုး မူမမှန်တဲ့ အနံ့တွေရတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် ဆရာဝန်နဲ့ ပြသဆွေးနွေးတာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တကယ်လို့ အနံ့မကောင်းတဲ့ အရည်တွေပါ ဆင်းတယ်ဆိုရင် ဒါဟာဘက်တီးရီးယားပိုးဝင်တာ ဖြစ်နိုင်တဲ့ အတွက် ပဋိဇီဝဆေးတွေ သောက်ဖို့ လိုပါလိမ့်မယ်။နောက်ဖြစ်တတ်တဲ့ အကြောင်းရင်းတွေက ယောနိထဲမှာ ကွန်ဒုံးညပ်ပြီး ကျန်နေတာမျိုး ဒါမှမဟုတ် ရာသီလာစဉ်သုံးရတဲ့ ပစ္စည်းtamponကို ထုတ်ဖို့မေ့နေတာ စတာတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီအချက်တွေဟာ သင်ထင်ထားတာထက်ပိုပြီး အဖြစ်များပါတယ်။ ဒီလိုမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ အနံ့အသက်တွေရလာမှာဖြစ်ပြီး သင့်နှာခေါင်းက သင့်ကို သတင်းပို့ပါလိမ့်မယ်။ ဒါပေမယ့် မပူပါနဲ့။ သင့်ဆရာဝန်က ဒီကိစ္စတွေကို ဖြေရှင်းပေးပါလိမ့်မယ်။တစ်ခါတလေ ဖြစ်တာမျိုးဆိုရင် ဒါဟာ သင်သောက်နေတဲ့ ဆေးတမျိုးမျိုးကြောင့်ဟော်မုန်းဓာတ်အပြောင်းအလဲဖြစ်တာလို့ သတ်မှတ်နိုင်ပေမယ့် တောက်လျှောက်ကြီးဖြစ်နေပြီဆိုရင်တော့ ဒါဟာ ပိုးဝင်တာ၊ ကိုယ်ဝန်ရှိတာ ဒါမှမဟုတ်သားအိမ်ခေါင်းမှာ အလုံးဖြစ်တာ စတဲ့ အခြေအနေတွေဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။တကယ်လို့ သွေးဆင်းတာဟာလိင်ဆက်ဆံပြီးချိန်မှာ ဖြစ်မယ် ဒါမှမဟုတ် အရည်တွေဆင်းတာပါ တွဲနေမယ်ဆိုရင် ဒါဟာ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတခုခုရဲ့ လက္ခဏာဖြစ်နိုင်တာမို့ဆီးပူညောင်းကျနဲ့ ကလာမိုင်းဒီးယား ရောဂါတွေရှိမရှိ စစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဒီလိုမျိုး သွေးဆင်းတာဟာ အချစ်ကြမ်းပြီးချိန်မှာ တစ်ခါလောက်ဆင်းတာ ဖြစ်နိုင်သလို ဘာထူးထူးခြားခြားပြဿနာမှ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ဘောင်းဘီထဲ တစ်ခုခုဝင်နေသလို နေမထိထိုင်မသာယားယံနေတာမျိုး သင်ကြုံဖူးမှာပါ။ တစ်ချိန်လုံးယားယံနေတာမျိုး (အထူးသဖြင့် အဖြူဆင်းတာနဲ့ တွဲရင်)ဟာ yeast မှိုစွဲတာ ဒါမှမဟုတ် ဘက်တီးရီးယား ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။သင့်အနေနဲ့ ဆေးမျိုးစုံပြီး နည်းအမျိုးမျိုးနဲ့ ကုသပြီးချိန်ထိ ယားတာမသက်သာသေးဖူးဆိုရင်တော့ ဒါဟာ သင်သုံးနေတဲ့ အရာတစ်ခုခု (ဆပ်ပြာ၊ အမျိုးသမီးသုံး သန့်စင်ရည် ဒါမှမဟုတ်အတွင်းခံဘောင်းဘီစသဖြင့်)နဲ့ အရေပြား ဓာတ်မတည့်တာမျိုးလည်းပဲ ဖြစ်နေနိုင်ပါတယ်။သင်ထင်တဲ့ အတိုင်းပါပဲ အဖြူဆင်းတယ်ဆိုတာဟာလည်း ပြဿနာ အမျိုးမျိုးဆီ ဦးတည်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အဖြူဆင်းတာဟာ လစဉ်ဖြစ်နေကျ ဆိုရင်တော့ ဒါဟာ အမျိုးသမီးအများစု ဖြစ်နေကျမို့ မစိုးရိမ်ပါနဲ့။ ပြဿနာမရှိပါဖူး။ ဒါပေမယ့် အရည်ရဲ့ အရောင်၊ အပျစ်အကျဲ နဲ့ အနံ့အသက်တွေပါ ပြောင်းလဲလာပြီဆိုရင်တော့ သင့်အိုဂျီနဲ့ သွားရောက်ပြသသင့်ပါတယ်။ဒီလိုနာကျင်တာမျိုးဟာ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်တဲ့အတွက် ဖြစ်နေတာ တစ်ရက်နှစ်ရက်လောက်ကြာပြီ၊ မသက်သာဘူးဆိုတာနဲ့ ဆရာဝန်ဆီပြေးသင့်ပါတယ်။ တကယ်လို့ လိင်ဆက်ဆံပြီးချိန် နာကျင်တာမျိုးဟာ တစ်ခါနှစ်ခါလောက်ပဲ ဖြစ်တာဆိုရင်တော့မိန်းမကိုယ်ခြောက်သွေ့တာကြောင့်လည်း ဖြစ်နိုင်တာမို့ နောက်တစ်ကြိမ်မှာ ချောဆီဂျဲယ်လ်သုံးပြီး စမ်းကြည့်သင့်ပါတယ်။ဒါမျိုးဟာ ပုံမှန်အတိုင်းဆိုရင် ဖြစ်လေ့ဖြစ်ထ လုံးဝမရှိပါဖူး။ ဒါပေမယ့် စက်ဘီးအရမ်းစီးသူတွေ၊ စက်နဲ့ စက်ဘီးစီးတဲ့ လေ့ကျင့်ခန်း အလုပ်များသူတွေမှာတော့ ဖြစ်တတ်ပါတယ်။သင်က အမြဲတမ်းစက်ဘီးစီးနေရသူဆိုရင် အရည်အသွေးကောင်းပြီး သက်သောင့်သက်သာဖြစ်တဲ့ စက်ဘီးထိုင်ခုံမျိုးကို ရွေးချယ်အသုံးပြုဖို့ အကြံပေးပါရစေ။ ဆရာဝန်နဲ့ ပြဖို့လည်း မမေ့ပါနဲ့။မိန်းမကိုယ်ခြောက်သွေ့တဲ့ ပြဿနာဟာ အသက်ကြီးကြီး အမျိုးသမီးတွေသာ တွေ့ရမယ့် ပြဿနာလို့ ထင်စရာပါ။ ဒါပေမယ့် တခြားအမျိုးသမီးတွေလည်း ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ဒါမှမဟုတ် antihistamine ဆေးတွေ၊ စိတ်ကျရောဂါမှာ အသုံးပြုတဲ့ဆေးတွေကို သုံးစွဲနေစဉ်မှာလည်း မိန်းမကိုယ်ခြောက်သွေ့တာနဲ့ ကြုံတွေ့ရနိုင်ပါတယ်။တကယ်လို့ သင့်ရဲ့ မိန်းမကိုယ်ဟာ နေရထိုင်ခက်လောက်အောင် ခြောက်သွေ့နေရင်တော့ ဂျဲယ်လ်ချောဆီတွေကို အသုံးပြုနိုင်သလို ဒါနဲ့မှ မရဘူးဆိုရင်လည်း ဆရာဝန်နဲ့ ပြသအကူအညီတောင်းနိုင်ပါတယ်။အထူးသဖြင့်လိင်ဆက်ဆံနေစဉ်မှာ ဒီလိုမျိုးနာကျင်တယ်ဆိုရင် ဒါဟာ သားအိမ်သွေးလုံးတည်ရောဂါ ဒါမှမဟုတ် သားဥအိမ်မှာ အရည်အိတ်တည်တာမျိုး ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ အကြောင်းရင်းခံကို ရှာဖွေဖို့အတွက် အောက်ပိုင်းကို စမ်းသပ်တာ ဒါမှမဟုတ် ultrasound ရိုက်တာတို့ကို ပြုလုပ်မှာပါ။မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေက အထောက်အကူပြုပေးနိုင်မယ်လို့ ထင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/how-to-deal-with-common-vaginal-issues/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/morning-sex/
ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း
သင့်မှာ သားသားလေးမွေးထားပါသလား။ သားသားလေးကို လိင်တံအရေပြား ဖြတ်သင့်မဖြတ်သင့် စဉ်းစားနေပါသလား။ ဒါဟာ မိသားစုကဆုံးဖြတ်ရမယ့် ကိစ္စပါ၊ဆရာဝန်က ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ပါဖူး။ ဒါကြောင့် လိင်တံအရေပြားဖြတ်ပေးဖို့ ဆုံးဖြတ်ချက်မချခင် အသေအချာ စဉ်းစားဖို့လိုပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေက သင်ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။သားသားလေးကို လိင်တံအရေပြားဖြတ်ပေးဖို့ မဆုံးဖြတ်ခင် မိသားစုအစည်းအဝေးထိုင်ပြီး အောက်ဖော်ပြပါ အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။ဒီလုပ်ဆောင်မှုကို ယောက်ျားလေးတိုင်း မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်လို့ ပြောရလောက်တဲ့ အကျိုးကျေးဇူးတွေတော့ မရှိပါဖူး။ ဒါကြောင့် သင့်အနေနဲ့ သားသားလေးကို လိင်တံအရေပြားဖြတ်ပေးသင့်တယ်လို့ ဆုံးဖြတ်ပြီးရင် ဆရာဝန်နဲ့ အမြဲတမ်း ဆွေးနွေးသင့်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ကောင်းကျိုးတွေကိုတော့ ရရှိနိုင်ပါတယ်။လိင်တံအရေပြားဖြတ်ခြင်းဟာ ယေဘုယျအားဖြင့် စိတ်ချရတယ်ဆိုပေမယ့် ရှားရှားပါးပါး နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ပိုးဝင်တာ၊သွေးထွက်တာ ဒါမှမဟုတ် ဖြတ်လိုက်တဲ့ အရေပြားပမာဏ နည်းသွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အဆိုးရွားဆုံး နောက်ဆက်တွဲ ပြဿနာတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ဒီ နောက်ဆက်တွဲကိစ္စတွေဟာ ရှားရှားပါးပါး ဖြစ်တတ်တာမျိုးဆိုပေမယ့် သင့်အနေနဲ့ သင့်ကလေးကို လိင်တံအရေပြား မဖြတ်ပေးခင်မှာ ဒီပြဿနာတွေကို အသေအချာစဉ်းစားသင့်ပါတယ်။သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ။တချို့ကျွမ်းကျင်သူတွေက လိင်တံအရေပြားဖြတ်ခြင်းဟာ စောစောလုပ်ပေးသင့်တယ်လို့ ယူဆပြီး တချို့ကတော့ ကလေးအသက်ကြီးလာတဲ့အထိ စောင့်ပြီး သူ့ဖာသာ ဆုံးဖြတ်စေတာပိုကောင်းတယ်လို့ ဆိုကြပြန်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး(လုပ်ပေးသင့်တဲ့ အရွယ်နဲ့ ပတ်သက်ပြီး) ဆရာဝန်နဲ့ အသေအချာ ဆွေးနွေးပါ။ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ပဲ ပြုလုပ်ပါ။ဆရာဝန်နဲ့ အောက်ပါအချက်တွေကို ဆွေးနွေးမေးမြန်းပါ။လိင်တံအရေပြားဖြတ်တာဟာ နာကျင်စေမှာ ဖြစ်တဲ့အတွက် ဒါကို သက်သာစေဖို့ သင့်ဆရာဝန်အနေနဲ့ ထုံဆေး/မေ့ဆေးတွေကို အသုံးပြုပါလိမ့်မယ်။ သင့်သားသားလေးအနေနဲ့ ဒီခွဲစိတ်မှု အသေးစားလေးနဲ့ ပတ်သက်ပြီး ဘာမှမှတ်မိမှာ မဟုတ်ပါဖူး။လိင်တံအရေပြားက အနာကျက်ဖို့ အကြမ်းဖျဉ်းအနေနဲ့ ၁၀ရက်လောက်ကြာလေ့ရှိပါတယ်။ ဒါကြောင့် သင့်သားလေးမှာ ပိုးဝင်တာ အပါအဝင် တခြား နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် ဂရုစိုက်ပေးရမယ့် တာဝန်သင့်မှာ အပြည့်ရှိပါတယ်။လိင်တံအရေပြား ဖြတ်ပြီးချိန်မှာ အောက်ပါ လက္ခဏာတွေပြလာမယ်ဆိုရင် ဆရာဝန်ကို အကြောင်းကြားပါ။ဒီလိုတွေ ကြုံတွေ့လာရပြီဆိုရင် ဆေးရုံ/ဆေးခန်းဆီ အမြန်သွားပါ။သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးခြင်းဟာ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆုံးဖြတ်ချက်မချခင်မှာ ဒီလုပ်ဆောင်မှုဟာ သင့်ကလေးအတွက် သင့်တော်ရဲ့လားဆိုတာ ဆရာဝန်နဲ့ အသေအချာ ဆွေးနွေးတိုင်ပင်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%90%e1%80%b6%e1%80%91%e1%80%ad%e1%80%95%e1%80%b9%e1%80%96%e1%80%af/
ကလေးတွေမှာ ဂေါက်ရောဂါဖြစ်နိုင်လား။
ဂေါက်ရောဂါဆိုတာ အဆစ်အမြစ်ရောင် ရောဂါတမျိုးပါ။ ယေဘုယျပြောရရင် လူကြီးတွေမှာပဲ ဂေါက်ရောဂါဖြစ်လေ့ရှိပေမယ့် ကလေးတွေမှာလည်း ဂေါက်ရောဂါဖြစ်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဒီလိုသိထားခြင်းအားဖြင့် သင့်ကလေး ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်တားဆီးနိုင်သလို အကယ်၍ ဖြစ်ခဲ့ရင်လည်း ထိထိရောက်ရောက်ကုသပေးနိုင်မှာပါ။တကယ်လို့ သင့်ကလေးမှာ ဂေါက်ရောဂါရှိနေပြီဆိုရင် အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေကို တွေ့ရမှာပါ။ဖြစ်တဲ့ အဆစ်မှာ အရမ်းနာမယ်။ အဆစ်က တဆစ်ထဲ ဖြစ်နိုင်သလို တဆစ်ထက်လည်း ပိုကောင်းပိုနိုင်ပါတယ်(ဥပမာ လက်ကောက်ဝတ်အဆစ်၊ခြေမ ဒါမှမဟုတ် ခြေကျဉ်းဝတ်အဆစ်)။ သင့်ကလေးဟာ ပုံမှန်လုပ်နေကျ လှုပ်ရှားသွားလာမှုတွေကို လုပ်နိုင်တော့မှာ မဟုတ်ပါဖူး။ အဆစ်နာတာ မနက်ပိုင်းမှာ ပိုဆိုးနိုင်သလို ညဖက်မှာ နာလို့ အိပ်ယာကလန့်နိုးတာမျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။အရင်က မဖြစ်ဖူးဘဲ ဒီတခါဖြစ်တာဟာ ပထမဆုံးဖြစ်ပြီး ဂေါက်လို့ထင်ရင် ဒါမှမဟုတ် အဖျားအရမ်းကြီးပြီး နာတာပို ပိုဆိုးလာရင် ဆေးရုံသာ ပြေးပါတော့။ ဘာလို့ဆေးရုံပြေးခိုင်းရလဲဆိုတော့ တချို့အခြေအနေတွေဟာ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ အမြန်ဆုံးကုသမှုခံယူဖို့ လိုအပ်တတ်လို့ပါ။ တကယ်လို့ သင့်ကလေးဟာ ဂေါက်ဖြစ်နေတဲ့အတွက် ဆရာဝန်နဲ့ကုနေတာ နှစ်ရက်လောက်ကြာလို့မှ မသက်သာလာဖူးဆိုရင် တခြားဆေးပြောင်းဖို့ လိုကောင်းလိုပါလိမ့်မယ်။ တခြား ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြား လက္ခဏာတွေ ပြခဲ့ရင်လည်း ဆရာဝန်ကို ချက်ချင်းအသိပေးဖို့ လိုပါလိမ့်မယ်။ယူရစ်အက်ဆစ်(uric acid)ဆိုတာ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ သူ့ကို ခန္ဓါကိုယ်ထဲက ထုတ်နိုင်သလို အစားအစာတွေကနေတဆင့်လည်းရနိုင်ပါသေးတယ်။ သွေးထဲမှာ uric acid တွေ အကြောင်းအမျိုးမျိုးကြောင့် စုပုံများပြားလာတဲ့အခါ ကျောက်ကပ်က ကောင်းကောင်းမစွန့်ပစ်နိုင်တော့ပါဖူး။ ဒီလိုနဲ့ သူတို့ဟာ အနည်ထိုင်ပြီး အဆစ်အမြစ်တွေ အနီးတဝိုက်မှာ crystal ခဲလေးတွေဖြစ်လာကာ အဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတော့တယ်။ကလေးတွေမှာ ဂေါက်ရောဂါ ဘာလို့ ဖြစ်တာလဲလို့မေးရင် ဘယ်သူမှ တိတိကျကျ မသိသေးပါဖူး။ ဖြစ်နိုင်တဲ့ နောက်ခံအကြောင်းအရာတွေကတော့။ဂေါက်ရောဂါကို ကုသရခြင်းရဲ့ ရည်ရွယ်ချက်က အခုလက်ရှိနာနေတာကို သက်သာစေဖို့နဲ့ နောက်တခါ ထပ်မဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။ ကလေးတွေမှာ ဂေါက်ရောဂါကြောင့် နာကျင်တာတွေကို သက်သာစေဖို့အတွက် ဆရာဝန်တွေအနေနဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို ပေးလေ့ရှိပါတယ်။ ဖြစ်တဲ့ အဆစ်ကို နှလုံးနေရာထက်(ရင်ဘတ်ထက်)ပို မြင့်မြင့်ထားပေးရင်လည်း ရောင်ရမ်းတာကို သက်သာစေပါတယ်။ နောက်တခါ ထပ်ဖြစ်မှာတွေကို ကာကွယ်ဖို့အတွက် သင့်ကလေးအနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေမှန်မှန် လုပ်ပေးဖို့လိုသလို အစားအသောက်ပုံစံလည်း ပြောင်းပစ်သင့်ပါတယ်။ သွေးထဲမှာ uric acid ပမာဏကို လျော့ကျစေတဲ့ ဆေးတွေကိုလည်း လိုအပ်ရင် သောက်ရမှာပါ။ ကလေးတွေကို သူတို့ဖာသာ သူတို့ လေ့ကျင့်ခန်းလုပ်ခိုင်းနိုင်သလို ကိုယ်ပါတခါတည်း အတူတူ လိုက်လုပ်နိုင်ပါသေးတယ်။ကလေးတွေမှာ ဖြစ်တဲ့ ဂေါက်ရောဂါဟာ (Juvenile gout လို့လည်း ခေါ်ပါသေးတယ်) အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲစေနိုင်သလို ကျောက်ကပ်မှာလည်း ကျောက်တည်စေနိုင်ပါတယ်။ ရောဂါဖြစ်တဲ့ အဆစ် သုံးမရတော့တဲ့ အထိဖြစ်သွားနိုင်တဲ့အတွက် အရေးကြီးပါတယ်။ ကံကောင်းတာက ဂေါက်ရောဂါဟာ ကလေးတွေမှာ ဖြစ်တာရှားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးဂေါက်ရောဂါနဲ့ပတ်သက်ပြီး သိထားမယ်ဆိုရင် ကိုယ့်ကလေးမှာ ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်နိုင်မှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%82%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%96%e1%80%bc/
ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး
ထူးခြားလိင်စိတ်(Sexual Fetish) တွေဆိုတာ လူတစ်ယောက်မှာရှိတဲ့လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ သို့မဟုတ် နှိုးဆွပေးနိုင်တဲ့ စိတ်ဆန္ဒကို ဆိုလိုပါတယ်။လိင်အင်္ဂါသို့မဟုတ် လိင်အင်္ဂါမဟုတ်တဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို နှစ်ခြိုက်ပြီး လိင်စိတ်ဖြစ်ပေါ်တာ သို့မဟုတ် ရုပ်ဝတ္ထု၊ အရာဝတ္ထု၊ အတွေးပုံရိပ်တစ်ခုခုပေါ် အခြေခံ၍လိင်စိတ်ဆန္ဒဖြစ်ပေါ်လာခြင်း စတာတွေသည် ထူးခြားလိင်စိတ်မျိုးပဲ ဖြစ်ပါတယ်။ဒီဆောင်းပါးမှာတော့ ခေတ်လူငယ်တွေရော၊လူကြီးတွေပါ ဗဟုသုတအနေနဲ့ မှတ်ထားသင့်တဲ့ ထူးခြားလိင်စိတ်မျိုးကွဲ (Fetish) ၄၆ မျိုးကို ဆိုလိုရင်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ ထူးခြားလိင်စိတ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ရှက်ရွံ့စရာကောင်းတယ်၊ စိတ်ဖောက်လွဲဖောက်ပြန် ဖြစ်နေတာဆိုပြီး သတ်မှတ်ထားကြဆဲပါ။အထူးသဖြင့် အခုပြောပြမယ့် ထူးခြားလိင်စိတ်များထဲတွင် ပုံမှန်တွေ့နေကျဖြစ်သော လိင်စိတ်များ၊လူပျို၊ အပျိုဖြစ်စဉ်က စပ်စုလိုစိတ်ဖြစ်ခဲ့မိသည်များ၊ လူမှုပတ်ဝန်းကျင်က ရှုံ့ချထားသည်များ၊ တရားဥပဒေအရ မညီညွတ်သည်များ၊ ရွံစရာကောင်းသည်၊ ထူးဆန်းစရာကောင်းသည် အစရှိသဖြင့် ပါဝင်ပါတယ်။များသောအားဖြင့် လိင်စိတ်နဲ့ ပတ်သက်ပြီး ကိုယ့်မှာရှိတယ်လို့ ကိုယ်တိုင်သိထားတဲ့သူတွေရော၊ လုံးဝမရှိတဲ့သူတွေရော၊ ရှိတယ်လို့ လက်မခံထားတာရော ဖြစ်နိုင်ပါတယ်။ ထူးခြားလိင်စိတ်အများစုဟာလည်း ပုံမှန်လိင်ဆက်ဆံသလိုပါပဲ၊ နှစ်ဦးသဘောတူ လက်ခံထားခြင်းရှိမှ ထိုလိင်စိတ်များအတိုင်း လုပ်တာ ပိုအဆင်ပြေပြီး တစ်ဖက်သား၏ လက်ခံသဘောတူမှု မပါဝင်ဘဲ မိမိသဘောဖြင့် တဇွတ်ထိုးလုပ်တာကတော့ မုဒိန်းမှုမြောက်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%a1%e1%80%9d%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%9e%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%9e/
10 ပတ်
ဒီအပတ်မှာ ၃ စင်တီမီတာလောက်ရှိပါပြီ။ 10 ပတ် မြောက်မှာ အင်္ဂါအစုံပေါ်နေပါပြီ။ ဒါပေမယ့် ဆက်ကြီးထွားလာဖို့တော့ လိုပါသေးတယ်နော်။ ခြေထောက်မှာ ဒူးတွေ၊ ခြေချင်းဝတ်တွေဖြစ်လာဖို့ အရိုး၊ အရိုးနုတွေ စဖြစ်လာပါပြီ။ တစ်ချိန်တည်းမှာ လက်မောင်းတွေက ပုံပေါ်လာပြီး ပိုသန်မာလာပါတယ်။အရိုးတွေ သန်မာလာပြီဆိုတော့ သွားဖုံးအောက်မှာ သွားတွေပေါ်လာနေပါပြီနော်။ မွေးပြီး ၆လ မတိုင်ခင်အထိ သွားတွေက သွားဖုံးကို မဖောက်နိုင်ပါဘူး။ တခြားနေရာတွေမှာလည်း ကိုယ်တွင်းအင်္ဂါတွေက ကြီးထွားနေပါတယ်။ အစာခြေအဖွဲ့အစည်းကလည်း အစာခြေရည်တွေ ထုတ်နေသလို ကျောက်ကပ်ကလည်း မေမေတွေရဲ့ ဆီးနဲ့အတူပါသွားမယ့် ရှူးရှူးတွေကို ထုတ်နေပါပြီ။ သားသားလေးဖြစ်မယ်ဆို ကပ္ပာယ်အိတ်ကနေ ကျားဟော်မုန်း (တက်စတိုစတီရုန်း)တွေ စထွက်ပါပြီ။ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်။ကိုယ်ဝန်မရှိခင်က သားအိမ်က အရွယ်သေးသေးလေးပါ၊၊  ဒီအပတ်မှာတော့ အရွယ်ပိုကြီးလာပါပြီ။ အဲဒီတော့ ဗိုက်လေးကရှေ့ကို ထွက်လာတော့တာပေါ့။ ဗိုက်ဖုံးအင်္ကျီလေးတွေလည်း ဝတ်ချင်လာလောက်ရောပေါ့။ အဲလောက်ထိမလိုသေးပေမယ့် ပုံမှန်အဝတ်အစားတွေက သက်သောင့်သက်သာမရှိတော့ဘဲ ရင်ဘတ်မှာကျပ်လာပါပြီ။ ပုံမှန်အဝတ်အစားနဲ့ ဗိုက်ဖုံးအင်္ကျီကြား ဗျာများနေရင်တော့ ဆွဲသား (ဗိုက်အောက် ခါးအောက်ရောက်တဲ့) ဘောင်းဘီ၊ စကပ်တွေ ဝတ်တာ အဆင်ပြေစေပါတယ်နော်။ကိုယ်ဝန်ကြောင့်ကိုယ်အလေးချိန်တက်လာမှာကိုလည်း စိတ်ပူနေကြမှာပေါ့နော်။ ဒါက ဖြစ်နေကျသဘာဝမို့ ရှောင်လို့မရပါဘူးနော်။ ကိုယ်အလေးချိန် ဘယ်လောက်အထိတက်တာက သင့်တော်လဲဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်၊၊။မိမိက ကိုယ်ဝန်မဆောင်ခင်က ပုံမှန်ကိုယ်အလေးချိန် ရှိသူလား၊၊ အဝလွန်သူလား၊၊ ကိုယ်အလေးချိန် မပြည့်သူလားဆိုတာကို သိဖို့ လိုပါတယ်၊၊ ဒီပေါ်မှာ မူတည်ပြီး ကိုယ်အလေးချိန် ဘယ်လောက်တက်သင့်သလဲဆိုတာကို တွက်ချက်နိုင်ပါတယ်၊၊။[embed-health-tool-pregnancy-weight-gain]။ဒီအလေးချိန်တွေ ဘယ်ကနေရောက်လာတာလဲ၊၊။တက်လာတဲ့ ကိုယ်အလေးချိန်တွေက ဘယ်ကနေ ရောက်လာတာပါလိမ့်၊၊ တစ်နေ့ တစ်နေ့ စားနေသောက်နေလို့ ဒီလိုကြီး ဝလာတာလားလို့ မတွေးပါနဲ့နော်၊၊ ဒီအလေးချိန်တွေက ကိုယ်ဝန်ဖွံ့ဖြိုးလို့ တက်လာတာ ဖြစ်ပါတယ်၊၊။ဥပမာအနေနဲ့၁၅ကီလိုလောက် အလေးချိန်တက်လာရင် အလေးချိန်မျှဝေပုံက။ကိုယ်အလေးချိန်တက်လာတာကို စိတ်ဖိစီးမနေကြပါနဲ့။ ဒါက ဖြစ်သင့်တဲ့ အခြေအနေတစ်ခုပါ၊၊ မျှတကျန်းမာတဲ့အာဟာရကို စားပေးနေသမျှတော့ ကလေးက လိုအပ်တဲ့အာဟာရကို စုပ်ယူပြီး ပုံမှန်ကြီးပြင်းလာမှာပါ။ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ။ပင်ပန်းတာတွေ မောတာတွေ ပိုဖြစ်လာသေးလား။ ဒါက ပထမသုံးလမှာ ပုံမှန်ဖြစ်လေ့ရှိတာမျိုးပါ။ အလုပ်ကို ထိခိုက်လာတဲ့အထိဖြစ်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ပင်ပန်းစေတဲ့အကြောင်းတွေ အများကြီးရှိပါတယ်။ အဓိကကတော့ ဖွံ့ဖြိုးနေတဲ့ကလေးလေးကိုပါ အထောက်အပံ့ပေးဖို့ အလုပ်ပိုလုပ်ရလို့ပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကလည်း သွေးပမာဏကို တိုးလာစေပြီး ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုပါ ပြောင်းလဲစေလို့ပါ။ အဲဒီတော့ အားနည်းတယ်ဆိုတာ မဆန်းပါဘူးနော်။ ဘယ်လိုခံစားနေရတယ်ဆိုတာတွေကို ဆရာဝန်ကို ပြောပြပါ။ ဆရာဝန်က သက်သာစေမယ့်နည်းတွေကို ကူညီရှာဖွေပေးမှာပါနော်။ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်။အဓိကလိုအပ်တာပေါ်မူတည်ပြီး ဆရာဝန်က အောက်ပါစစ်ဆေးမှုတွေကို စစ်ပေးမှာပါ။စစ်ဆေးတဲ့အခါကျရင် မရှင်းတာတွေကို ဆရာဝန်ဆီပြန်မေးလို့ရပါတယ်။ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ။ပုံမှန်ကိုယ်ဝန်ဆိုရင်ရပါတယ်။ ဆန္ဒရှိပြီး နေလည်းကောင်းတယ်ဆို လိင်ဆက်ဆံဖို့ ဝန်လေးနေစရာမလိုပါဘူး။ မောတာ၊ ပျို့ချင်တာတွေကြောင့် လိင်စိတ်ကိုလျော့ကျစေနိုင်ပေမယ့် လိင်အင်္ဂါနဲ့ ရင်သားတစ်ဝိုက်သွေးလည်ပတ်မှုကောင်းတဲ့ အမျိုးသမီးတွေကတော့ လိင်စိတ်မြင့်နေမှာပါ။သေချာအောင်ဆရာဝန်ကို မေးကြည့်ဖို့တော့ မမေ့ကြပါနဲ့နော်။ လိင်ကိစ္စကို ရှောင်သင့်တဲ့ အမျိုးသမီးတွေကတော့။ဒီအချက်တွေမဖြစ်ဘူးဆိုရင်တော့ လိင်ဆက်ဆံလို့ ရနိုင်ပါတယ်။ ပိုပြီးသေချာချင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်၊၊။နောက်အပတ်မှာ ဆက်တွေ့ကြရအောင်နော်။ရေးသားသူ- Hmwe San Eain
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/week-10/
မွေးလမ်းကြောင်းချဲ့ခြင်းနှင့် ပတ်သက်ပြီး အမေမသိသောအရာ
မီးဖွားရလွယ်စေဖို့ မွေးလမ်းကြောင်းကို ခွဲစိတ်ဖြတ်တောက်ခြင်းကို Episiotomyလို့ခေါ်ပါတယ်။ ကလေးမွေးဖွားရ ပိုမိုလွယ်ကူစေပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက သုံးခဲ့ကြပါတယ်။ ဒီနည်းလမ်းကို သုံးရတာက အကြောင်းပြချက်ကောင်းတွေရှိပါတယ်။အရင်တုန်းက ဒီနည်းလမ်းဟာ ကလေးမွေးချိန်မှာ မအင်္ဂါပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ဖို့ ကူညီပေးပါတယ်။သဘာဝအတိုင်းမွေးတာထက် ပိုသက်သာနိုင်ပါတယ် ။ ပညာရှင်တွေက ဒီနည်းလမ်းနဲ့မွေးပြီးနောက်ပိုင်း လိင်ကိစ္စတွေမှာ နာကျင်မှုတွေ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်မှုတွေကို လျှော့ချပေးနိုင်တယ်ဆိုပါတယ်။ ဒီနည်းလမ်းက သဘာဝအတိုင်းမွေးတာထက်ပိုကောင်းတယ် ဆိုကြပါတယ်။လေ့လာချက်တွေအရ နည်းနည်းတော့ မွေးလမ်းကြောင်းချဲ့ပေးရပါတယ်။ သဘာဝအတိုင်းမွေးရင်တောင်မှပေါ့။ ပုံမှန်အတိုင်းနာကျင်မှုတွေက စအိုကြွက်သား၊ အတွင်းနံရံ စတာတွေကို ထိန်းချုပ်ရာမှာ ပြဿနာရှိနိုင်ပါမယ်။ episotomyနည်းလမ်းနှစ်ခုကတော့ ကန်လန့်ဖြတ်တောက်ခြင်းနဲ့ ပုံမှန်ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ကန့်လန့်ဖြတ်တောက်ခြင်းဟာ ပွင့်နေတဲ့မအင်္ဂါအလယ်ပိုင်းမှ အောက်တည့်တည့်စအိုဝဆီ ခွဲစိတ်ဖြတ်တောက်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာ အများဆုံးသုံးပါတယ်။ သူ့ရဲ့အားသာချက်က ပြန်ကောင်းတာမြန်ပြီး ကုသရာမှာအဆင်ပြေပါတယ်။နာကျင်မှုကိုလျော့နည်းစေပြီး ရေရှည်ပြဿနာတွေကို လျော့နည်းစေပါတယ်။ ဆိုးကျိုးကတော့ ထိခိုက်လွယ်ပြီး စအိုကြွက်သားတစ်လျှောက်နဲ့ အတွင်းပိုင်းနေရာ ပိုကျယ်လာတတ်ပါတယ်။ တစ်ခါတစ်လေ ဆီးဝမ်းမထိန်းချုပ်နိုင်တာဖြစ်တတ်ပါတယ်။ပုံမှန်ဖြတ်တောက်ခြင်းဆိုတာ ပွင့်နေတဲ့မအင်္ဂါအလယ်ပိုင်းကနေ တင်ပါးအောက်ကို ၄၅ဒီဂရီထောင့်ဖြတ်ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ သူက စအိုကြွက်သားထိခိုက်မှုကို လျော့နည်းစေပြီး ဆိုးကျိုးတွေကတော့ သွေးဆုံးရှုံးမှုများခြင်း၊ နာကျင်ခြင်း၊ ပြန်ကောင်းဖို့ကြာခြင်း အစရှိတာတွေဖြစ်ပါတယ်။မကြာသေးမီက သုတေသနတွေက သူဟာ ကာကွယ်တာထက် ပြဿနာပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ရောဂါပိုးဝင်ရောက်နိုင်ခြေလည်း များပါတယ်။ တစ်ကယ်လို့ ဖြတ်တာလိုတာထက်ပိုကျယ်သွားရင် စအိုကြွက်သားတွေထိခိုက်စေပါတယ်။ ပြန်ကောင်းဖို့လည်း ကြာပါတယ်။ဒါ့ကြောင့် ဒီနည်းလမ်းကို အမြဲတမ်းတော့ မသုံးကြပါဘူး။ လိုအပ်မှပဲ သုံးပါတယ်။ ကလေးမီးဖွားချိန်မှာ မအင်္ဂါဟာ ပိုကျယ်ဖို့ လိုအပ်တယ်ထင်ရင်၊ ကလေးဟာပုံမှန်မဟုတ်တဲ့အခြေအနေမျိုးဆိုရင်၊ ပုံမှန်ထက်ထွားနေရင် ဆရာဝန်နဲ့တိုင်ပင်ညှိနှိုင်းပါ။ ဒီနည်းလမ်းနဲ့ အကူအညီရနိုင်လား မေးပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%b2%e1%82%94%e1%80%bb%e1%80%81%e1%80%84/
ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ ဘာတွေယူသွားရမလဲ။
မိခင်လောင်းတစ်ယောက်အတွက် ကလေးမွေးတော့မယ်ဆိုရင် ဆေးရုံကို ယူသွားရမယ့် ပစ္စည်း၊ အထုပ်တွေ အသင့်ရှိပြီးသားပါ။ ဒါက မိခင်ပဲ လိုတာ မဟုတ်ပါဘူး။ မိခင်နဲ့ အတူရှိနေပြီး ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ လည်း ကိုယ့်အထုပ်ကို ပြင်ထားသင့်ပါတယ်။ ဒါမှ မွေးတော့မယ်ဆိုတာနဲ့ အထုပ်ဆွဲပြီး သွားနိုင်မှာပါ။ဒါ့ကြောင့် ဖခင်အလောင်းအလျာတွေအတွက် သူ့ရဲ့လက်တွဲဖော်မွေးခန်းဝင်ရင် ဆေးရုံကို ဘာတွေယူသွားသင့်လဲဆိုတာ ဒီမှာ ကြည့်ကြတာပေါ့။ ဒါတွေက တော်တော် အခြေခံကျပြီး သတိပြုမိကောင်းပါတယ်။ အရေးကြီးတဲ့ အချိန်ကျ အဆင်သင့် ထုတ်ပိုးပြီးသား ဖြစ်တာပေါ့။ဆေးရုံစောင့်မယ့်ဖခင်လောင်းတွေဒါတွေယူသွားဖို့ မမေ့ပါနဲ့။ဆေးရုံ ရက်အနည်းငယ်နေဖို့ လိုမှာဖြစ်တဲ့အတွက် ဆိုဖာ၊ ထိုင်ခုံ၊ ပုံစံမကျတဲ့ ခေါင်းအုံးတွေပေါ်မှာ မသက်မသာ အိပ်မယ့်အစား ကိုယ့်ခေါင်းအုံး ကိုယ်ယူလာတာက နေရာအသစ်မှာ အိပ်ဖို့ ပိုပြီးအဆင်ပြေပြေ အိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။သင့်အမျိုးသမီး မီးဖွားတဲ့ကိစ္စက ရက်အနည်းငယ်ကြာမှာပါ။ ဒါကြောင့် သင်က ဆေးရုံနဲ့ ဝေးတဲ့နေရာမှာ နေရင် အဝတ်လဲဖို့ သက်သောင့်သက်သာဖြစ်မယ့် အဝတ်အစားတွေ ပြင်ဆင်လာတာ အကောင်းဆုံးပါ။ ရာသီဥတုနဲ့လိုက်ပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။အဝတ်အစားတွေနဲ့ တွဲဝတ်မယ့် အသုံးအဆောင်တွေလည်း လိုအပ်ပါတယ်။ အဝတ်အစားတွေက နွေးထွေးပြီး လဲလှယ်ရ လွယ်ကူသင့်ပါတယ်။ အဝတ်အစားကို တစ်ခါတည်း လုံလောက်အောင် ယူလာပါ။ မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ ကိစ္စတွေ အတွက်ပါ စဉ်းစားတာ ကောင်းပါတယ်။ အဲ့တာအပြင် သက်သောင့်သက်သာစီးလို့ရတဲ့ ခြေညှပ်ဖိနပ်ပါ ယူလာပါ။ဘယ်အချိန် ဆေးရုံက ဆင်းရမယ်ဆိုတာ မသိတာကြောင့် သင်သောက်နေကျ ဆေးဝါးတွေ၊ သာမန်ဝေဒနာအတွက်  သောက်လို့ရတဲ့ ဆေးဝါးတွေ (ဥပမာ ခေါင်းကိုက်ပျောက်ဆေး) ကို ယူလာပါ။အဝတ်အစားတွေနဲ့အတူ သွားတိုက်တံ၊ သွားတိုက်ဆေး၊ နှုတ်ခမ်းမွေးရိတ်ဓား၊ ချိုင်းနံ့ပျောက်ဆေး စတဲ့ အခြေခံပစ္စည်းတွေကို မမေ့ပဲ ယူလာပါ။ ဒါက အပျော်ခရီးထွက်သလို မဟုတ်ပေမယ့် နေ့စဉ်ဘဝမှာ လိုနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ကိုယ်ရည်သုံးပစ္စည်းတွေကို ထည့်ယူလာဖို့ သတိထားပါ။မီးဖွားတာကို စောင့်နေတဲ့ အချိန်တွေမှာ အလုပ်အတွက်ပဲ ဖြစ်ဖြစ် မှတ်တမ်းတင်ချင်တာအတွက်ပဲ ဖြစ်ဖြစ် သင့်စက်ပစ္စည်းတွေနဲ့ အားသွင်းကြိုးတွေကို လိုအပ်ပါလိမ့်မယ်။ ဒီအတွေ့အကြုံတစ်ခုလုံးရဲ့ အမှတ်တရတွေဟာ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ ဆို ပိုကောင်းသွားမှာပါ။တကယ်လို့ သင်က ဒီထူးခြားတဲ့ နေ့ရက်တွေအတွက် အရည်အသွေးကောင်းတဲ့ ပုံတွေ ရယူချင်လို့ စမတ်ဖုန်း မသုံးချင်ဘူးဆိုရင် ကင်မရာယူလာပါ။ မှတ်တမ်းတင်ဖို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ခွင့်ပြုချက်တော့ လိုပါလိမ့်မယ်။အနားကနေ မခွာဘဲ စောင့်နေရတဲ့ အချိန်မှာ အလွယ်တကူစားနိုင်မယ့် သရေစာတွေ ဆောင်ထားသင့်ပါတယ်။ ဒါမှ ဆေးရုံထဲ ပတ်ပြီး ဈေးကြီးတဲ့ အစားအသောက်တွေ ဝယ်ဖို့ မလိုမှာပါ။မီးဖွားတဲ့ဖြစ်စဉ်ဟာ ခက်ခဲပေမယ့် မိခင်ရော ကလေးအတွက်ပါ အမှတ်တရ ဖြစ်ရပ်တစ်ခုပါ။ ဒါ့ကြောင့် ဖခင်ရဲ့ အားပေးဖေးမတဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတာပါ။ ပစ္စည်းတွေ မေ့မကျန်ဖို့နဲ့ စာရင်းလုပ်ပြီး သေချာ ထုတ်ပိုးရပါမယ်။အိမ်တစ်လုံးစာလောက်တော့ မယူလာနဲ့ပေါ့။ ယူလာမယ့် ပစ္စည်းအားလုံးက ဆေးရုံမှာ ကိုယ့်အတွက် မရှိမဖြစ် လိုမယ့် ပစ္စည်းတွေ၊ ကိုယ်သက်သောင့်သက်သာ ဖြစ်ဖို့ လိုတဲ့ ပစ္စည်းတွေ ဖြစ်ရပါမယ်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/preparing/hospital-bag-for-dad/
HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား
ဟိုနားက စားပွဲနှစ်လုံးမှာ ဆီးချိုရှိတဲ့သူက တစ်ယောက်၊ ဟိုဘက်မှာHIVရှိတဲ့သူက တစ်ယောက်။ သင်ဘယ်သူနဲ့ ထိုင်မလဲ၊ မှန်မှန်ဖြေပါ။ဆီးချိုရှိတဲ့သူဆီကို နည်းနည်းလေး အလေးသာချင်တယ်မလား။ဒါထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘယ်လိုပဲ ခေတ်ကြီးက တိုးတက်လာလို့ အရင်လို ခွဲခြားဆက်ဆံတာတွေ မလုပ်တော့ပါဘူးပြောပြော အသံကြားရင် နည်းနည်းတော့ တွန့်ခနဲ ဖြစ်သွားတယ်မလား။တကယ်တော့ ဆီးချိုနဲ့ HIVနဲ့ ဘာကွာလို့လဲ။ ဆီးချိုကရော ဒီတစ်သက်ပျောက်ဦးမှာလား။ မပျောက်လို့ပဲ နေ့တိုင်း အစားနဲ့၊ ဆေးနဲ့ ချိန်ချိန်ပြီး စားနေရတယ်ဟုတ်။ HIV ကရော။ HIV လည်း မပျောက်ပါဘူး။ မပျောက်ဘူးဆိုပေမယ့် ခုခေတ်ဆေးတွေက စွမ်းလွန်းလို့ ပိုးကောင်ရေကို စစ်ကြည့်ရင်တောင် တိုင်းမရတော့တဲ့အထိ ထိန်းချုပ်လျှော့ချထားနိုင်တယ်တဲ့။ဆီးချိုလည်း သေချာမထိန်းရင် နောက်ဆက်တွဲ ဝင်တာပါပဲ။ HIV လည်း သေချာမကုဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့AIDSအဆင့်ထိရောက်နိုင်ပါတယ်။HIV က သူများတွေကို ကူးတယ်လေလို့တော့ မပြောပါနဲ့။ ဒါဆို ဒီဘက်က ဆီးချိုကလည်း ငါတို့ကမျိုးရိုးလိုက်တယ်နော်လို့ အားကျမခံ ပြန်ပြောပါလိမ့်မယ်။ ကိုယ့်မိဘတွေမှာဆီးချိုရှိရင် ကိုယ့်ဆီမှာမဖြစ်အောင် အစားတွေ ဆင်ခြင်၊ လေ့ကျင့်ခန်းတွေ လုပ်ကြတယ်မလား။ဒီလိုပဲ HIV ကိုလည်း ကိုယ့်မှာရှိနေရင် သူများကို ကူးမသွားအောင် ကာကွယ်လို့ ရပါတယ်။ကိုယ်ကပိုးရှိနေပြီဆိုရင် သေချာတာကတော့ ကိုယ်ချစ်တဲ့သူတွေကို မကူးစေချင်တာပါပဲ။ ဒီလို မကူးအောင်ရော  ကာကွယ်နိုင်ပါ့မလား။ကုသခြင်းကကာကွယ်ခြင်းဆိုတာ ခုတလော လူထုကြားမှာ ပျံ့နှံ့နေတဲ့ သတင်းစကားလေးပါပဲ။ သင့်မှာ HIV ပိုးရှိနေသလား။ သင်က စ ကုသလိုက်ပါ။ သင်ချစ်တဲ့သူတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။ဒါဆိုရင် ဆက်မေးရမှာက ဘာနဲ့ ကုမလဲဆိုတာပါပဲ။ARTဆိုတဲ့ စကားလုံးလေးတွေကို ကြားဖူးမယ်လို့ ထင်ပါတယ်။ ကုရာနတ္ထိ ဆေးမရှိလို့ အရင်ကသိခဲ့တဲ့ AIDS ရောဂါဆိုးကြီးကိုဖြစ်စေတဲ့ HIV ပိုးကို ထိန်းချုပ်တဲ့နေရာမှာ သုံးတဲ့ဆေးဖြစ်ပါတယ်။ ခုများ တိုးတက်လာလိုက်တာ ဒီ ART ဆေးက ပိုးထိန်းချုပ်နိုင်ရုံတင်မကဘဲ စစ်ဆေးလို့ မရလောက်တော့တဲ့ အတိုင်းအတာအထိ (undetectable) ပိုးတွေ နည်းသွားအောင် လျှော့ချပေးနိုင်နေပါပြီတဲ့။ရောဂါပိုးရှိသူ ကိုယ်တိုင်ဆီမှာတောင် ပိုးက မရှိသလောက် နည်းနေပြီဆိုမှတော့ တခြားသူကို ဆက်လက်ကူးဖို့ဆိုတာလည်း ဖြစ်နိုင်ခြေ မရှိသလောက်ကို နည်းသွားပါပြီ။ ဒါပေမယ့် ART ဆေးကို သောက်မယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်းလေးတွေတော့ ရှိနေပါတယ်။ARTသောက်မယ်ဆိုရင် အရေးကြီးဆုံးက။(၁) ဆေးမှန်မှန်သောက်ဖို့။(၂) ဆေးမှန်မှန်သောက်ဖို့။(၃) ဆေးမှန်မှန်သောက်ဖို့ ပါပဲ။နေ့တိုင်း ဆေးကို မပျက်မကွက်သောက်ပါ။ ဒါမှ ၆လနေလို့ ပိုးကောင်ရေပမာဏ (viral load)ကို စစ်တဲ့အခါ ပိုးကောင်ရေက စစ်ဆေးနိုင်တဲ့ ပမာဏထက် လျော့နည်းနေတယ်ဆိုတဲ့ အဖြေကို ရမှာဖြစ်ပါတယ်။ART ကို သောက်တစ်လှည့် မသောက်တစ်လှည့်ဆိုရင်တော့ ပိုးမထိန်းနိုင်တဲ့အပြင် ဆေးယဉ်ပါးပြီး ကုသရေးမှာ အခက်အခဲတွေ  ရှိလာနိုင်ပါတယ်။အရင်ကဆို ART ကို ပိုးရှိတဲ့လူတိုင်းသောက်ခွင့်ရတာ မဟုတ်ပါဘူး။ CD4 က ဘယ်လောက်ဖြစ်နေမှ သောက်ရမယ်ဆိုပြီး ကန့်သတ်ချက်တွေ ရှိပါတယ်။ ခုဆို ART ဆေး အစွမ်းထက်လွန်းလို့ စောစောသိ စောစောသောက် စောစောပိုးထိန်းချုပ်နိုင်လို့ ပိုးမရှိတဲ့လူတွေအတိုင်းပဲ နေလို့ ရနေပါပြီ။ဘေးထွက်ဆိုးကျိုးအနေနဲ့ဆိုရင်တော့ စစချင်းသောက်ချင်းမှာ ပျို့မယ်၊ အန်မယ်၊ နုံးမယ် စတာတွေလောက်ပဲ ဖြစ်မှာပါ။ ဒါတောင် လူတိုင်း ဖြစ်တာ မဟုတ်ပါဘူး။ အချိန်ကြာလာတာနဲ့ အမျှ ပြန်ကောင်းလာမှာပါ။ ဒီဘေးထွက်ဆိုးကျိုးတွေနဲ့ ယှဉ်ရင် ပိုးထိန်းချုပ်လျှော့ချနိုင်တယ်ဆိုတာကပဲ ART ဆေးသောက်ဖို့ အကောင်းဆုံး အကြောင်းပြချက် ဖြစ်နေပါပြီ။ဒီလို ပိုးကိုထိန်းချုပ်လျှော့ချထားနိုင်တဲ့အဆင့်ကိုရောက်နေပြီဆိုရင်တောင် ဆေးတွေကို ဆက်သောက်သွားပါ။ ပိုးကောင်ရေကို တစ်နှစ်တစ်ခါ စစ်ဆေးပါ။ ဒါမှ ဒီလို အခြေအနေကောင်းလေးကို အမြဲထိန်းနိုင်မှာပါ။ တစ်သက်လုံး သောက်ရမှာလားဆိုပြီး စိတ်တော့ပျက်မသွားပါနဲ့။ တခြား ဆီးချို၊နှလုံး၊ သွေးတိုးသမားတွေလည်း တစ်သက်လုံးသောက်နေရတာပါပဲ။ သင်လည်း သူတို့လိုပါပဲ။ART ဆေးကို သောက်နေသရွေ့ ပိုးကို ကောင်းကောင်းထိန်းချုပ်လျှော့ချထားနိုင်တဲ့အတွက် ပိုးမရှိသူတွေအတိုင်း နေထိုင်သွားလာနိုင်မယ်၊ သူများတွေဆီကို ကူးမှာလည်း စိုးရိမ်စရာ မလိုတော့ဘူး။ ပိုးက ပမာဏ တော်တော်နည်းနေပြီဖြစ်တဲ့အတွက်အိမ်ထောင်ရေးမှာလည်း အဖော်နဲ့ တိုင်ပင်ပြီးကွန်ဒုံးမသုံးချင်ရင် မသုံးဘဲ ကလေးယူချင်ရင်လည်း ယူလို့ရတယ်။ အကောင်းဆုံး ပီတိဖြစ်စရာကတော့ ကိုယ်ဒီလို ဆေးမှန်မှန်သောက်နေသရွေ့ ကိုယ်ချစ်တဲ့သူတွေဆီပိုးကူးနိုင်ခြေမရှိသလောက် နည်းသွားပြီဆိုတာပါပဲ။ဒါပေမဲ့ အပျော်နောက်မှာ အပျက်မလိုက်စေချင်လို့ တစ်ခုတော့ အကြံပေးပါရစေ။ တချို့သော သူတွေက ART ကို သောက်နေသရွေ့ ပိုးက ခေါင်းထောင်လာမှာ မဟုတ်ဘူးလို့ တွေးတတ်ကြပါတယ်။ ဆေးလည်း သောက်မယ်၊ အပျော်အပါးလည်း လိုက်စားမယ် ဒါမှမဟုတ်မူးယစ်ဆေးလေးလည်း ပြန်သုံးရင်ကောင်းမလားဆိုတဲ့ အတွေးဆိုးလေးတွေ ဝင်လာတတ်ကြပါတယ်။ART ဆေးက ကိုယ့်ဆီက HIV ပိုးကို သူများဆီ လိင်ကတစ်ဆင့်မကူးအောင်ပဲ ကူညီပေးနိုင်တာပါ။ သူများဆီကနေ ကူးစက်ခံရနိုင်မယ့် ကာလသားရောဂါလိုမျိုး တခြား ကူးစက်တတ်တဲ့ရောဂါတွေကိုတော့ မထိန်းပေးနိုင်ပါဘူး။ ဒါကြောင့် ပျော်ပြီးသားလေးတွေ မပျက်ရအောင် ဒီလိုအန္တရာယ်များတာတွေကို မတွေးပါနဲ့။တကယ်တမ်းတော့ ဆီးချိုရောဂါ မဖြစ်ဖို့ရော၊ HIV ပိုး ကူးစက်မခံရဖို့အတွက် လူတိုင်းက ကြိုတင်ဆင်ခြင်နေထိုင်ရမှာပါ။  နှစ်ခုလုံးကို အရှင်းပျောက်အောင် ကုနိုင်မယ့်ဆေးက ခုထိမပေါ်သေးပေမယ့် ရောဂါဖြစ်လာခဲ့ပြီဆိုရင်လည်း လူညွှန့်တုံး၊ လူဖြစ်ရှုံးပြီဆိုပြီး စိတ်မပျက်ပါနဲ့။ ဆေးပုံမှန်သောက်၊ ကုသမှုခံယူမယ်ဆိုရင် ကြောက်စရာမလိုဘဲ ဘ၀ကို ကျန်းကျန်းမာမာနဲ့ ရှေ့ဆက်နိုင်ပါတယ်ဆိုတာ ဒီနေရာကနေ သတင်းစကားပါးလိုက်ပါရစေ။========။ART ဆေးသောက်သုံးမှုနဲ့စပ်လျဉ်းပြီး ပိုမိုလေ့လာရန်https://www.facebook.com/UequalsUMyanmarတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-no-more-afraid/
အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ
ကျန်းမာပျော်ရွှင်စွာအသက်ကြီးချင်ရင်တော့ အသက်အရွယ်ရလာတဲ့အခါ နေ့စဉ်စားသုံးတဲ့အထဲမှာ ဒါလေးတွေပါအောင်စားသုံးပေးပါ။ အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ က ဘာတွေများလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ထောပတ်သီး။ထောပတ်သီးက စားရတာအရသာရှိသလို ဗီတာမင် နဲ့ သတ္တုဓာတ် ၂၀ နီးပါး ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ ထောပတ်သီးမှာ အသက်အရွယ်ရလာသူတွေအတွက်  လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဗီတာမင် Kတို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေပါတယ်။နှလုံးကျန်းမာစေပြီးသွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးမှာပါ။အနက်ရောင်ချောကလက်။တစ်နေ့ကို အနက်ရောင်ချောကလက် ၃၀ ဂရမ် ကနေ ၆၀ ဂရမ်လောက်အထိစားပေးတာကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ နောက်တစ်ချက်က အနက်ရောင် ချောကလက်က အသားအရေကို နေရောင်ကြောင့်ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အချိုပါဝင်မှုနည်းတဲ့ ချောကလက်က ကျန်းမာရေးနဲ့ညီညွတ်သလိုစိတ်ခံစားမှုကိုကောင်းစေနိုင်ပါတယ်။မုန်လာဥနီ။မုန်လာဥနီက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ မုန်လာဥနီက ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကို ကျန်းမာစေနိုင်ပါတယ်။ မျက်လုံး၊ ပါးစပ်၊ အရေပြားနဲ့ နှလုံးကျန်းမာရးကို စောင့်ရှောက်မှုပေးနိုင်သလို သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး ကင်ဆာနဲ့နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။မုန်လာဥနီမှာ ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B8၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K  နဲ့သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနိ့ နဲ့ဘီတာကယ်ရိုတင်းလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ဒိန်ချဉ်။ဦးနှောက်ကိုရောကိုယ်တွင်းအင်္ဂါတွေကိုပါကျန်းမာစေနိုင်သလို ကြွက်သား​တွေကိုလည်း သန်မာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ကြွက်သားဆုံးရှုံးတာမျိုး မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ရလာလေ ပရိုတင်းပြည့်ဝဖို့က လိုလာပေါ။ ဒီလိုအပ်ချက်ကို ဖြည့်ဖို့ဆိုရင်တော့ ပရိုတင်းကြွယ်ဝသလိုအစာခြေစနစ်ကျန်းမာစေဖို့ အထောက်အကူပြုပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေတဲ့ ဒိန်ချဉ်က အဆင်အပြေဆုံးပါ။ ပရိုတင်းကိုတင်မဟုတ်ဘဲအရိုးတွေကြံ့ခိုင်စေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်ကိုလည်း ပြည့်ဝစေနိုင်မှာပါ။ဘယ်ရီသီးတွေ။ဘယ်ရီသီးတွေက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ နောက်တစ်ချက်က ဘယ်ရီသီးတွေမှာ phytochemicals ပါဝင်နေတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး ဦးနျောက်ဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်ပါတယ်။အသက်အရွယ်​ကြောင့်ဖြစ်တဲ့မှတ်ဉာဏ်ကျဆင်းမှုကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ရီသီးမှာ အမျှင်ဓာတ်ကြွယ်ဝသလို ဗီတာမင် နဲ့သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက နှလုံးကျန်းမာစေနိုင်သလို ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သိမြင်မှုစွမ်းရည် ကောင်းစေနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ သတိမေ့တာကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့အထိ မှတ်ဉာဏ်ကောင်းစေဖို့ဆိုရင် ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။အခွံမာသီးတွေ။အခွံမာသီးတွေကို နေ့စဉ်စားသုံးပေးတာကရုတ်တရက် နှလုံးရပ်နိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကို ၂၈ ရာခိုင်နှုန်းအထိလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်မှာမြေပဲပါအဝင် အခွံမာသီးကို လက်တစ်ဆုပ်စာလောက်ပုံမှန်စားပေးပါ။ပန်းသီး။ပန်းသီးက ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးနိုင်တယ်ဆိုတာ ဟိုးအရင်ကတည်က လက်ခံခဲ့တဲ့ အယူအဆတစ်ရပ်ပါ။ ပန်းသိးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက သွေးတွင်းကိုလက်စထရောက်ို ကျဆင်းစေနိုင်ပါတယ်။ ပန်းသီးမှာပါတဲ့  quercetin ကသွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ပန်းသီးမှာခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါသေးတယ်။ပဲအမျိုးမျိုး။သက်လတ်ပိုင်းရောက်လာတဲ့အခါအမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေ နဲ့ သွေးတွင်းကိုလက်စထရော မြင့်တက်နိုင်ခြေဟာ သာမန်အချိန်တွေထက်ပိုများလာပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်တာကသွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး သွေးထဲက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်တဲ့အမျှင်ဓာတ်ကြွယ်ဝသလို ပရိုတင်းပါဝင်မှုမြင့်တဲ့ ပဲအမျိုးမျိုးကို စားသုံးတာပါ။ကျန်းမာပျော်ရွှင်စွာ အသက်ကြီးလိုသူတိုင်း နေ့စဉ်စားသုံးမှုမှာ ဒီအစားအစာတွေပါဝင်အောင် စားသုံးပေးဖို့လိုပါမယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/superfoods-for-people-over-50/
ပြုစုစောင့်ရှောက်သူလမ်းညွှန် - သက်ကြီးရွယ်အို ပြုစုနည်းများ
အသက်ကြီးသူတွေကို စောင့်ရှောက်သူတွေဟာ အတွေ့များပေမယ့် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အသက်ကြီးသူတွေကို ဘယ်လိုသေချာစောင့်ရှောက်ရမလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။ပထမဦးစွာ အသက်ကြီးသူတွေနဲ့ ပတ်သက်တဲ့ အသုံးဝင်တဲ့ အချက်အလက်တွေကို သိထားသင့်ပါတယ်။ ဥပမာ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အခြားမိသားဝင်တွေရဲ့ လိပ်စာ၊ ဖုံးနံပတ်တွေကို သိထားသင့်ပါတယ်။အသက်ကြီးသူတွေကို စောင့်ရှောက်ဖို့ အစီအစဉ်မဆွဲခင် သူတို့ရဲ့ အခြေအနေကို သိထားဖို့ အရေးကြီးပါတယ် သင်ဘာလုပ်ပေးနိုင်မလဲ ဆိုတာနဲ့ ပြဿနာ ဖြစ်လာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြိုတင်တွေးထားဖို့ လိုအပ်ပါတယ်။အသက်ကြီးသူတွေရဲ့ အဓိက အချက်အလက်တွေကို မေးထားသင့်ပါတယ်။ ဒီအချက်အလက်တွေကတော့ အသက်ကြီးသူတွေရဲ့။ဒီအချက်အလက်တွေက မှန်ကန်သင့်ပြီး နောက်ဆုံးရ အချက်အလက်တွေ ဖြစ်သင့်ပါတယ်။အနားမှာ မရှိရင် ပိုတောင်စိတ်ဖိစီးရပါတယ်။ တိုက်ရိုက် မှန်ကန်တဲ့ စောင့်ရှောက်မှုတွေပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က သူတို့ရဲ့ အဝေးရောက်နေချိန်မှာ စောင့်ရှောက်တဲ့ အစီအစဉ်ထဲကို ပါဝင်ဖို့ အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။တကယ်လို့ သင့်အလုပ်က အသက်ကြီးသူတစ်ယောက်ကို တစ်ကိုယ်ရည် ဂရုစိုက်ဖို့ဆိုရင် ရိုးသားဖို့နဲ့ သူ့ရဲ့ လွတ်လပ်ခွင့ိကိုလေးစားဖို့ လိုပါတယ်။ရေချိုးခြင်း။အရေပြားနဲ့ လက်သည်းခြေသည်း စောင့်ရှောက်ခြင်းဟာလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အရေပြားခြောက်သွေ့လာတာကြောင့် အရေးအကြောင်းနဲ့ အစက်အပြောက်တွေ ပေါ်လာတတ်ပါတယ်။ ခြေစွယ်၊ လက်စွယ်ငုတ်ခြင်းဟာ အသက်ကြီးသူတွေရဲ့ဘဝကို ထိခိုက်စေနိုင်ပါတယ်။သွားတွေဟာ ရုပ်ရည်၊ စကားပြောခြင်းနဲ့ စားသောက်ခြင်းတွေအတွက် အရေးကြီးပါတယ်။ သွားတွေကို ဂရိုစိုက်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။အသက်ကြီးသူတွေကို ပြုစုရခြင်းဟာ ခက်ခဲပြီး သည်းခံဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေက သင့်ကို အောင်မြင်စွာ ပြုလုပ်နိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မပူသင့်ပဲ အကောင်းဆုံးကြိုးစားသင့်ပါတယ်။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/%e1%80%95%e1%80%bc%e1%80%af%e1%80%85%e1%80%af%e1%80%85%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%b0%e1%80%9c%e1%80%99%e1%80%ba/
ဘာတွေကများ ဓာတ်မတည့်မှု ကိုဖြစ်စေတာလဲ.......
အစားအစာဓာတ်မတည့်မှုကလူတော်တောများများခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိပြီး ကလေးတွေရဲ့ ၈ ရာခိုင်နှုန်းလောက်ဟာလည်းအစားအစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဒီလိုဓာတ်မတည့်မှုကို ခံစားနေရသူထဲမှာ ဒီဆောင်းပါးကိုဖတ်နေတဲ့ သင်ကိုယ်တိုင်ရော ပါဝင်နေလား…….။အစားအစား ဓာတ်မတည့်မှုအဖြစ်စေနိုင်ဆုံး အစားအစားတွေက။ဥအမျိုးမျိုး။ဒါက အဖြစ်အများဆုံး အစားအစာဓာတ်မတည့်မှုတစ်ရပ်ပါ။ ကလေးဘယမှာ အများဆုံး ခံစားရလေ့ရှိပါတယ်။ ဒီဓာတ်မတည့်မှုက အရွယ်ရောက်လာတဲ့ အခါအလိုလိုပျောက်သွားတာမျိုးလည်း ရှိပါတယ်။ ဥအမျိုးမျိုးနဲ့ ဓာတ်မတည့်မှုအဓိကဖြစ်ရတဲ့ အကြောင်းအရင်းက ဥအမျိုးမျိုးမှာပါတဲ့ ပရိုတင်းတွေဖြစ်ကြတဲ့ ovomucoid၊ ovalbumin နဲ့ conalbumin တို့ကြောင့်ပါ။ ဒီပရိုတင်းတွေက ချက်လိုက်တဲ့အခါမျိုးမှာ ပျက်ပြယ်သွားတတ်ပေမယ့် တစ်ခါတလေမှာတော့ ဓာတ်မတည့်မှုက ဆက်ဖြစ်နေနိုင်ဆဲပါ။ငါး။အခွံမာသီးတွေကလည်း ဓာတ်မတည့်မှုကိုဖြစ်စေနိုင်ပါတယ်။မြေပဲ။ဒါတွေအပြင် ဂျုံ၊ အုတ်ဂျုံ၊ အုန်းသီး၊ ပြုပြင်ထားတဲ့ အသားတွေ၊ အသား။ နှမ်း နဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဓာတ်မတည့်တာမျိုးတွေရှိနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/common-food-allergies/
ညဆိုင်းအလုပ်များ၏ ကျန်းမာရေးအပေါ်သက်ရောက်မှုများ
ညဆိုင်းအလုပ်ဆိုတာဟာ ညဘက်မှာသာအလုပ်လုပ်ရတဲ့ ညအချိန်ပိုင်းအလုပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ညဆိုင်းအလုပ်မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီ ပြင်ပလုပ်ရတဲ့ အလုပ်တွေ ပါဝင်ပါတယ်။ လေ့လာမှုတွေအတော်များများက ညပိုင်းအလုပ်တွေဟာ လူတွေရဲ့ ဘဝကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးပေါ် ညဆိုင်း အလုပ်လုပ်ခြင်းက ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲဆိုတာဖေါ်ပြသွားမှာ ဖြစ်ပါတယ်။မီးသတ်သမား၊ ရဲ၊ သူနာပြု၊ ဆရာဝန်၊ လေယာဉ်မောင်း၊ ကုန်တင်ကား ဒရိုင်ဘာ အစရှိတဲ့သူတွေ လိုမျိုး ညမှာ အလုပ်လုပ်ဖို့ လိုအပ်တဲ့ အလုပ်အမျိုးအစားတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ညဘက်မှာပဲ အလုပ်လုပ်ရတာသာမက သူတို့အလုပ်ချိန်ဟာ ဒီအတိုင်း သတ်မှတ်ခံထားရပါတယ်။ ညဆိုင်းအလုပ်တွေဟာ နေ့ဘက်အလုပ်တွေထက် အချိန်ပိုပေးကြပြီး လုပ်ခလည်း ပိုရကြပါတယ်။ ဒါပေမယ့် ဒါဟာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။လူမှုဘဝ နေထိုင်ပုံတွေကို ပြင်ဆင်လိုက်ပါတယ်။ညဘက်မှာ အချိန်ပြည့်အလုပ်လုပ်ရသူတွေဟာ အိပ်စက်မှု နှောင့်ယှက်ခံရခြင်းကို ပိုမိုဖြစ်စေနိုင်ပြီး အိပ်ရေးပျက်ခြင်းနဲ့ စိတ်ကျရောဂါတို့ ပိုမိုဖြစ်ပွားပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ခြင်း မရှိတော့ပါဘူး။ အထီးကျန်မှုကိုဖြစ်စေပြီး အလွယ်စာတွေကို ပိုမိုတောင့်တ လာတတ်ကြပါတယ်။ လေ့ကျင့်ခန်း လုပ်ချင်စိတ်တွေကိုလည်း လျှော့ချလိုက်ပါတယ်။ကိုယ်ခန္ဓါရဲ့ ဇီဝဗေဒ ဖြစ်စဉ်တွေကို ပြောင်းလဲလိုက်ပါတယ်။အိပ်စက်ခြင်းနဲ့ အချိန်မဟုတ်ပဲ နိုးလာခြင်းတွေဟာ သိပ္ပံနည်းအရ circadium rhythm လို့ ခေါ်တဲ့ သဘာဝ နာရီကို အနှောင့်အယှက်ပေးပါတယ်။ Circadium rhythm ဟာ နေ့ဘက် နေရောင်ခြည်၊ မှောင်လာခြင်းနဲ့ ဆိတ်ငြိမ်ခြင်း အစရှိသည်တို့နဲ့ အတူ အလုပ်လုပ်ပါတယ်။ ဒါကို နှောင့်ယှက်ခံရရင် ဓါတုဇီဝဖြစ်စဉ်တွေ၊ အစာခြေဖျက်ခြင်းတွေ၊ ဟော်မုန်း ညီမှုမှုတွေ၊ နှလုံးနဲ့ ကိုယ်ခံအားစနစ်တွေ ပါဝင်တဲ့ ကိုယ်ခန္ဓါတစ်ခုလုံးကို ဒုက္ခ ပေးပါတယ်။ အခြေခံအားဖြင့်ကတော့ သူဟာ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ အကျိုးဆက်တွေကို ချန်ထားခဲ့ပါတယ်။ခဏတာ အကျိုးသက်ရောက်မှုတွေလဲ ရှိပါတယ်။လူအများစုဟာ တစ်သက်မှာတစ်ခါတော့ ညဘက်မှာ အလုပ်လုပ်ဖူးပါတယ်။ အလွန်အရေးကြီးတဲ့ စာမေးပွဲတွေ ကြောင့်ဖြစ်စေ၊ ဝင်ခွင့်စာမေးကြောင့်ဖြစ်စေ၊ တခြားတိုင်းပြည်တစ်ခုကို ခရီးထွက်ဖို့ဖြစ်စေ၊ သင်ချစ်တဲ့သူတွေရှိတဲ့ အိမ်ကို ပြန်လာဖို့ဖြစ်စေ ညဘက် မအိပ်ပဲ နေကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပါပဲ။ ပင်ပန်းခြင်းဟာ သတိထားမိနိုင်တဲ့ အထင်ရှားဆုံး လက္ခဏာပဲဖြစ်ပါတယ်။ ဒါအပြင် အချို့သူတွေဟာ ပျို့အန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ နဲ့ စိတ်ဘဝင်မကျခြင်းတွေ ဖြစ်တတ်ပြီးတော့ အချို့တွေကတော့ ဒဏ်ရာရ လွယ်တတ်ကြပါတယ်။ကြာရှည်ဖြစ်စေတဲ့ အကျိုးသက်ရောက်မှုတွေလဲ ရှိပါတယ်။လေ့လာမှုများစွာက ညဆိုင်းအလုပ်နဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းဟာ ဆက်စပ်မှုရှိတယ်လို့ ဖေါ်ပြထားပါတယ်။ လေ့လာမှုတစ်ခုက လူတစ်ယောက်ဟာ ၁၅နှစ်ထက်ပိုပြီးတော့ ညဘက်အလုပ်လုပ်ဖူးတယ်ဆိုရင် နှလုံးရောဂါဖြစ်ဖို့ကို ၄၀% ပိုများတယ်လို့ ဆိုကြပါတယ်။ ညပိုင်းလုပ်တဲ့ အလုပ်သမားတွေဟာ ဆီးချိုဖြစ်ဖို့ ၅၀% ပိုများပါတယ်။ ဒါ့အပြင် ညဘက်အလုပ်လုပ်သူတွေဟာ အခြားရောဂါတွေဖြစ်တဲ့ သွေးပေါင်တက်ခြင်း၊ သွေးအတွင်း သကြားဓါတ်တက်ခြင်း၊ အဝလွန်ခြင်းနဲ့ ကော်လက်စထရော တက်ခြင်းတို့ကို နေ့ဆိုင်း အလုပ်သမားတွေ (မနက်၉ ကနေ ညနေ ၅နာရီအထိ အလုပ်လုပ်သူ) တွေထက်စာရင် သုံးဆပိုမိုဖြစ်နိုင်ချေ ရှိပါတယ်။ ဒါ့ပြင် ညဘက်အလုပ်လုပ်ခြင်းဟာ လူတစ်ယောက်ကို ပုံမမှန် စိတ်ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ သုတေသီတွေက စိတ်ကျရောဂါနဲ့ စိတ်ပြဿနာတွေဟာ အထီးကျန်ဆန်ခြင်းနဲ့ serotonin လို့ ခေါ်တဲ့ ဦးနှောက်ဓါတု ပစ္စည်း ချို့တဲ့ခြင်းတို့ ကြောင့် ဖြစ်နိုင်တယ်လို့ ပြောကြားပါတယ်။ညဆိုင်းအလုပ်လုပ်သူတွေက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အကုန် အပြည့်အစုံသိထားသော်လည်းပဲ ဒါဟာ သူတို့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ အလုပ်ဖြစ်နေတာကြောင့် ရွေးချယ်စရာ မရှိကြပါဘူး။ ကျန်းမာဖို့ အကောင်းဆုံးနည်းလမ်းကတော့ အာဟာရမျှတတဲ့ အစားအသောက်တွေ စားသောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ သင့်ချစ်သူနဲ့ အဆက်အသွယ် မပြတ်ခြင်းနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသခြင်းတို့ပဲဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/healthy-sleep/insomnia/%e1%80%8a%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%81%8f-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8/
အဖိုးအဖွား ခံတွင်းပျက် နေသလား
အဖိုးအဖွား ခံတွင်းပျက် နေသလား …… အဖိုးအဖွား တွေမှာ အဖြစ်များတဲ့ ပြဿနာက အရင်လိုမစားနိုင်တော့တာ၊ အစားနည်းလာတာ၊ ခံတွင်းပျက်လာတာပါပဲ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အားနည်းလာမယ်၊ အာဟာရတွေ ပိုပြီးလိုအပ်လာမယ်လေ။ ဒီအချိန်မှာ အစာအာဟာရ အလုံအလောက်မရတဲ့အခါ ပိုပြီး အားနည်းလာနိုင်လို့ ရောဂါဝင်လွယ်ပါတယ်။ ဒါ့ကြောင့် လူကြီးမိဘတွေရဲ့ ကျန်းမာရေးအတွက် ခံတွင်းပျက်ခြင်းပြဿနာကို ဖြေရှင်းဖို့ အရေးကြီးပါတယ်နော်။အပေါ်မှာပြောခဲ့သလိုပဲ အစာစားချင်စိတ် နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် –။အဖိုးအဖွား ခံတွင်းပျက် နေသလား ခံတွင်းပျက်နေပြီဆိုရင် အစာစားချင်စိတ် တိုးလာအောင် ဘာတွေလုပ်ပေးရမလဲ။(၁) အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့။တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို တစ်ယောက်တည်းစားသောက်ရတဲ့အခြေအနေက သက်ရောက်မှုကြီးမားတတ်ပါတယ်။၂၀၀၃ ခုနှစ်က “ International Psychogeriatrics” ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထီးကျန်မှု၊ အဖော်အပေါင်းတွေနဲ့ဝေးကွာမှုတို့ကြောင့်ဖြစ်လာတဲ့စိတ်ကျဝေဒနာက အစာစားချင်စိတ်နည်းလာရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ဒါ့ကြောင့် လူကြီးမိဘတွေကို အပေါင်းအသင်းတွေတိုးလာအောင်လုပ်ပေးသင့်သလို မိတ်ဆွေတွေနဲ့အတူ စားသောက်ဖြစ်အောင် တတ်နိုင်သမျှ စီစဉ်ပေးသင့်ပါတယ်။ မိသားစုလူစုံတက်စုံနဲ့မိသားစုထမင်းဝိုင်းဖြစ်အောင်လည်း စီစဉ်ပါ။ ဒီလိုအချိန်မျိုးမှာ တခါတလေ မိဘတွေရဲ့ မိတ်ဆွေတွေကိုပါ ဖိတ်လို့ရပါတယ်။လူကြီးမိဘတွေကို သက်တူရွယ်တူတွေနဲ့တွေ့ဆုံဖြစ်စေဖို့ ကျောင်းကန်ဘုရားမှာ၊ တရားပွဲမှာ၊ ရပ်ရွာသာရေးနာရေးကိစ္စတွေမှာ သွားရောက်ဖို့ အားပေးတိုက်တွန်းပေးပါ။(၂) ထမင်းစားချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။လူကြီးတွေရဲ့ ဆာလောင်မှုကို သိရှိနိုင်စွမ်းက အသက်အရွယ်နဲ့လိုက်ပြီး ကျဆင်းလာပါတယ်။ ဆာရင် ဆာမှန်းမသိကြတာများတာကြောင့် သူတို့ဆာတယ်ပြောမှ ပြင်ဆင်ကျွေးတာထက် ထမင်းစားချိန်နဲ့သရေစာစားချိန်တွေကို သတ်သတ်မှတ်မှတ်ထားရှိပေးတာ ပိုကောင်း ပါတယ်။ အစားစားချိန်ပုံမှန်ရှိတာက လူကြီးတွေကို သင့်လျော်တဲ့ အစားအစာ အမျိုးအစားနဲ့ ထိုက်သင့်တဲ့ပမာဏကို စားမိစေဖို့ အထောက်အကူပေးပါတယ်။(၃) ပမာဏအနည်းအများထက် အာဟာရဓာတ်ပြည့်ဝဖို့ကိုပဲ အဓိထားပါ။လူကြီးမိဘတွေကို ပမာဏနည်းနည်းနဲ့အာဟာရဓါတ်ပါဝင်မှုပြည့်ဝတဲ့အစားအစာတွေပဲကျွေးပါ။ လူကြီးတွေအနေနဲ့ ထမင်းစားပွဲပေါ်က ပန်းကန်အကြီးကြီးကို မြင်လိုက်ရရင် ဒါကို ကုန်အောင်စားနိုင်ပါ့မလားဆိုပြီး ဝန်ထုပ်ဝန်ပိုးစိတ် ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတည်းနဲ့ အများကြီးကျွေးမယ့်အစား စားစရာကို အကြိမ်များများခွဲပြီး အချိန်ခြားကာ နည်းနည်းချင်းကျွေးတာပိုကောင်းပါတယ်။ဒါ့အပြင် ဒီလိုကျွေးတဲ့အစားအသောက်တွေက အာဟာရဓာတ်ပြည့်ဝပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေဖြစ်ဖို့ သတိထားပါ။သရေစာအတွက်ဆိုလည်း စားရလွယ်တဲ့ သရေစာလေးတွေပြင်ဆင်ပေးလို့ရပါတယ်။ လူကြီးတချို့က သရေစာကိုပဲ တောင့်တပြီး ထမင်းကို မစားချင်ကြတာတွေ ရှိပါတယ်။ ဒါ့ကြောင့် အရသာရှိတဲ့ သရေစာလေးတွေက တစ်နေ့တာမှာလိုအပ်တဲ့ ကယ်လိုရီပမာဏကို အလုံအလောက်ရရှိအောင် ဖြည့်ဆည်းပေးပါလိမ့်မယ်။ ဥပမာ –။တကယ်လို့ အစာမျိုချရတာအခက်အခဲရှိနေတယ်ဆိုရင် နွားနို့၊ ဒိန်ချဉ်၊smoothies၊milkshakes ဒါမှမဟုတ် သောက်သုံးရတဲ့ဖြည့်စွက်အာဟာရတွေကို တိုက်ကျွေးနိုင်ပါတယ်။(၄) ဘာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလဲဆိုတာစောင့်ကြည့်နေပါ။လူကြီးတွေသဘောကျတတ်တဲ့ အစားအစာတွေ၊မကြိုက်တဲ့အစားအစာတွေ၊ သူတိုနဲ့မတည့်တဲ့အရာတွေကို မှတ်ထားပါ။ သူတို့ အစာစားချင်စိတ်ပိုဖြစ်လာတတ်တဲ့အချိန်တွေ၊ ရက်တွေကိုလည်း မှတ်ထားသင့်ပါတယ်။လူကြီးတွေရဲ့ အစာစားချင်စိတ်တိုးလာအောင် လုပ်ရတာ တော်တော်လေးပင်ပန်းပါတယ်။ အဓိကကတော့ စိတ်ရှည်ပါ၊ ဖြတ်ထိုးဉာဏ် သုံးပါ၊ စိတ်မလျှော့လိုက်ပါနဲ့။ဘယ်လိုပဲကြိုးစားကြိုးစား၊ နောက်ဆုံးမှာ ထင်ထားသလို အစာစားချင်စိတ်တိုးမလာခဲ့ရင်တော့ ဆရာဝန်ပြပြီး အကြံဉာဏ်တောင်းခံတာအကောင်းဆုံးပါပဲ။ အစားစားချင်စိတ်နည်းနေတာ ဆက်ဖြစ်နေရင် အားဆေးတွေသုံးပြီး စားချင်စိတ်ကို နှိုးဆွပေးတာမျိုးက အထောက်အကူဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/loss-of-appetite-in-elderly/
16 ပတ်
16 ပတ် မြောက်မှာ ထောပတ်သီးအရွယ် ၁၀၀ ဂရမ် ၁၁.၄၃ စင်တီမီတာ လောက်ရှိလာပါမယ်။ကျောရိုးနဲ့အနောက်က ကြွက်သားသေးသေးလေးတွေက ပိုသန်မာလာပြီး ခေါင်းကိုမတ်နေအောင် ထိန်းပေးထားမှာပါ။ မျက်နှာက ကြွက်သားတွေလည်း အားတွေရှိလာပြီး မျက်လုံးလှုပ်ရှားဖို့၊ မျက်မှောင်ကျုံ့ဖို့၊ ပြုံးဖို့အတွက် လုပ်ပေးမှာပါ။ ကလေးလေးက ခေါင်းလေးမတ်ပြီး စိုက်ကြည့်တာ၊ မျက်မှောင်ကျုံ့တာတွေနဲ့ စိတ်ခံစားကိုဖော်ပြလို့ရပါပြီ။ ဒါတွေက မေမေ့ဗိုက်ထဲမှာ ဖြစ်နေတာပါ၊၊။သားအိမ်ကို ဖောက်ပြီးမြင်နိုင်ရင် ကလေးလေးရဲ့ အသားရေကြည်လင်နေတာတွေရမှာပါ။ အရေပြားပါးပါးလေးအောက်က သွေးကြောလေးတွေပါ မြင်ရမှာပါ။ ကလေးလေးက အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေကို ဖွံ့ဖြိုးဖို့လုပ်နေရလို့အဆီတွေ မဖြစ်နိုင်သေးပါဘူး။ကလေးလေးရဲ့နားက အပြီးအစီးဖွံ့ဖြိုးပြီးသွားတဲ့အတွက် ဝမ်းသာနေလောက်ရောပေါ့ မေမေတို့ရေ။ ဒီတော့ မေမေတို့အပြင်က စကားပြောတဲ့အခါ ကလေးလေးက ကြားနေမှာပါ။ ဒါက ကလေးနဲ့ဆက်သွယ်ဖို့ အခွင့်ကောင်းပါ။ သီချင်းဆိုပြတာ၊ စကားပြောပေးတွေ လုပ်လို့ရပါပြီ။ ဘာပြောနေမှန်း နားမလည်သေးပေမယ့်အသံကိုတွေကြားနေကြဖြစ်သွားမှာပါ။ဒီအပတ်မှာ ဗိုက်ထဲက လှုပ်ရှားတာကို ခံစားမိလာပါလိမ့်မယ်။ မေမေအသစ်လေးတွေကတော့ အစာခြေလို့ အူလှုပ်တာ၊ လေပွတာလို့ ထင်နိုင်ပေမယ့် အမှန်တော့ကလေးလေးကန်တာပါ။ ဒီလိုလှုပ်ရှားတာက ကိုယ်ဝန်ရင့်လာလေ ပိုပြီးသိသာလာမှာပါ။ဗိုက်က အခုဆို ပိုလို့တောင်ကြီးလာမှာပါ။ ဝတ်နေကျအင်္ကျီတွေဆို တော်တော့မှာမဟုတ်ပါဘူး။ ဒါကိုအခွင့်ကောင်းယူပြီး ဈေးဝယ်ထွက်လို့ရပါပြီ။ ဗိုက်ဖုံးအင်္ကျီတွေက လုံးဝလိုအပ်တာမျိုးတော့မဟုတ်ပါဘူး။ ချောင်ချောင်ချိချိဝတ်လို့ရရင် အဆင်ပြေပါပြီ။ ဥပမာ- ဘယ်အရွယ်မဆိုဝတ်လို့ရတဲ့ တစ်ဆိုဒ်ထဲလာတဲ့ ဂါဝန်အရှည်လို မျိုးပေါ့။ဒီလိုအဝတ်အစားတွေဆို မွေးပြီးရင်လည်း ဝတ်လို့ရတာပေါ့။ ဒါပေမယ့်အဝတ်အစားက သက်သောင့်သက်သာရှိပြီး ခန္ဓာကိုယ်ကို စည်းထားတာမျိုးတော့မဖြစ်ရပါဘူး။ အခုခန္ဓာကိုယ်ပုံစံကို လက်ခံလိုက်ပါ။ မွေးပြီးမှ ဝိတ်ချဖို့ကို ပြန်ပြီးစိတ်ပူကြတာပေါ့။တစ်ခါတစ်လေ အသက်ရှူကျပ်သလိုမျိုး ဖြစ်တတ်ပါတယ်။ စိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့လက္ခဏာတစ်ခုပါ။ များသောအားဖြင့် ဒုတိယ ၃ လပတ်မှာ ပိုအဖြစ်များပါတယ်။အသက်ရှူမဝတာလည်း ကိုယ်ဝန်ဟော်မုန်းတွေကြောင့်ပါပဲ။ ဒီဟော်မုန်းက ကလေးလေးအတွက်ပါ အောက်ဆီဂျင်များများရှူသွင်းဖို့ ဦးနှောက်ကို သွားလှုံ့ဆော်ပါတယ်။ ဒီဟော်မုန်းက အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ဆံချည်မျှင်သွေးကြောတွေကို ပိုကျယ်လာအောင်လုပ်ပြီး လေပိုရှူသွင်းနိုင်အောင် အဆုတ်ကြွက်သားတွေကို ဖြေလျှော့ပေးတာလည်း လုပ်ပါတယ်။တခြားအသက်ရှူကျပ်ရတဲ့ အကြောင်းကတော့ ကလေးလေးက မေမေတို့ရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ခွဲထားတဲ့ ကန့်လန့်ကာကြွက်သားကို သွားဖိမိလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းကျရင် ကလေးလေးကပိုကြီးထွားလာတဲ့အခါ အသက်ရှူကျပ်တာလည်း ပိုဖြစ်ဦးမှာပါ။အချိုတွေ အစားများလာတာမို့ ဆီးစစ်တဲ့အခါကျ သကြားဓာတ်တွေ တက်နေမှာ စိတ်ပူနေလောက်ရောပေါ့။ စိတ်ပူတဲ့အကြောင်းတွေကို ဆရာဝန်ကို ပြောလို့ရပါတယ်။ မိသားစုမှာ ဆီးချိုဖြစ်ဖူးတဲ့သူရှိရင်လည်း ထည့်ပြောဖို့မမေ့နဲ့နော်။ တကယ်လို့ဆီးချိုဖြစ်နိုင်ခြေမရှိဘူးဆို သိပ်စိတ်ပူဖို့ မလိုပါဘူး။ခန္ဓာကိုယ်က ကလေးလေး အာဟာရအလုံအလောက် ရမရသိဖို့ သွေးထဲက သကြားဓာတ် အလုံအလောက်ရှိမရှိကို စစ်ဆေးပါတယ်။ ပုံမှန်ဆိုရင် သွေးထဲက သကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းက သကြားဓာတ်ကို ဆဲလ်တွေကသုံးပြီး သွေးထဲမှာ နည်းသွားဖို့ လုပ်ပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာတော့ ကလေးအတွက် လုံလောက်တဲ့ သကြားဓာတ်ကို ထိန်းထားဖို့ အင်ဆူလင်ကိုတားတဲ့ ဟော်မုန်းပြန်ထွက်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်များလာပြီး ပိုလျှံတဲ့သကြားဓာတ်ကို ကျောက်ကပ်ကစစ်ထုတ်တော့ ဆီးစစ်တဲ့အခါ များနေတာပါ။ စိတ်မပူပါနဲ့။ နောက်အပတ်တွေကျ ပုံမှန်ပြန်ဖြစ်မှာပါ။ဒီတစ်ပတ်ကတော့ ကျန်းကျန်းမာမာရှိရဲ့လားသိအောင် သာမန်စစ်ဆေးမှုတွေပဲလုပ်မှာပါ။စစ်ဆေးမှုအဖြေတွေအကြောင်း ဆရာဝန်နဲ့ ဆွေးနွေးကြပါ။ ဒီအချက်တွေက ကိုယ်ဝန်ဆောင်အခြေအနေနဲ့ဆိုင်လို့ အရေးကြီးပါတယ်။မေမေတွေနဲ့ ကလေးလေးရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သိစရာတွေပါ။ရေကူးတာက လှုပ်လှုပ်ရှားရှားရှိဖို့၊ တင်ပါးကကြွက်သားတွေ အကြောဆန့်ဖို့အတွက် အကောင်းဆုံးပါပဲ။ ဖြည်းဖြည်းခြင်းစပြီးမှ သက်သောင့်သက်သာရှိတဲ့အတိုင်းအတာအထိ ခန္ဓာကိုယ်လက်ခံနိုင်တဲ့ ပမာဏလောက်ပဲလုပ်ပါ။အရင်ကလည်း ရေကူးဖူးတယ်ဆို အရင်ကထက် အသက်ရှူမဝတာ၊ ပိုမြန်လာတာကို သတိထားမိလာမှာပါ။ ဒါက အရှိန်ပြန်လျှော့ဖို့ ခန္ဓာကိုယ်ကတောင်းဆိုနေတာပါနော်။ အရင်တုန်းက အခြေနေလောက်ထိတော့ ကိုယ့်ကိုကိုယ်မမှန်းထားသင့်တော့ပါဘူး။အများကူးတဲ့ကန်မှာကူးရင် သတိထားနော်။ ကိုယ်ခံအားနည်းနေတော့ ရောဂါကူးနိုင်ခြေများလို့ပါ။ အထူးသဖြင့် ကန်ထိန်းသိမ်းရေး ပုံမှန်မလုပ်တဲ့နေရာတွေဆို ရှောင်သင့်ပါတယ်၊၊ နေမကောင်းမဖြစ်အောင် သန့်ရှင်းတဲ့ရေကူးကန်မှာ ကူးကြပါနော်။ရေကျောက်ပေါက်နေတဲ့ ကလေးအပြင် ကလေးမိဘတွေနဲ့လည်း ဝေးဝေးနေပါ။ ကိုယ်ခံအားက ဒါတွေတိုက်ထုတ်ဖို့အထိ အားမကောင်းသေးပါဘူး။ ရေကျောက်က ကလေးကို မွေးရာပါရောဂါပါလာစေနိုင်ပါတယ်၊၊ ဥပမာ- ခေါင်းသေးတာ၊ ခြေလက်ပုံပျက်တာမျိုးတွေပါ။ရှင်းရှင်းပြောရရင် ဖျားနေတဲ့ကလေးနားကို မကပ်သင့်ပါဘူး၊၊ ကလေးဖျားရတာက အကြောင်းရင်းမျိုးစုံဖြစ်တတ်ပြီး ရေကျောက်လိုရောဂါမျိုးသာဆိုရင် ကိုယ်ဝန်ဆောင်ကို ကူးပြီး ဗိုက်ထဲက ကလေးကို ထိခိုက်တတ်လို့ပါ၊၊။၁၇ပတ်မြောက်မှာ ထပ်တွေ့မယ်နော်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/second-trimester-being-pregnant/week-16/
အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ
အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ …… အချိန်နဲ့ အမျှသင်အသက်ကြီးလာတဲ့အခါ အသားအရေဟာလည်း အိုမင်းလာပါလိမ့်မယ်။ အရေပြားရဲ့ ပုံသဏ္ဍန်နဲ့ တည်ဆောက်ပုံတွေလည်းပြောင်းလဲနိုင်ပြီးအရေးအကြောင်းတွေ၊ အသားခြောက်ခြင်းတွေ၊ အစက်အပြောက်တွေ ဖြစ်လာနိုင်ပါတယ်။ကင်ဆာဖြစ်နှုန်းလည်း များလာနိုင်ပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေကို ထိန်းချုပ်ပြီး အရေပြားကို ကာကွယ်နိုင်မယ့် အဆင့်တွေ ရှိပါတယ်။အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ ဆိုတော့။အရေပြား ခြောက်ခြင်း။အရေပြားခြောက်လာပါလိမ့်မယ်။သင်အသက်ကြီးလာချိန်မှာ အရေပြားဟာရေဓါတ်ခမ်းခြောက်လာတာမို့ ခြောက်သွေ့လာနိုင်ပါတယ်။ အသားခြောက်နိုင်တဲ့ နေရာတွေကတော့ တံတောင်ဆစ်၊ ခြေထောက်အောက်ပိုင်း၊ လက်မောင်းအောက်ပိုင်းတွေပဲ ဖြစ်ပါတယ်။ သင့်အရေပြားပါ ကြမ်းတမ်းပြီး အရေခွံကွာတာကိုလည်း ခံစားရနိုင်ပါတယ်။အောက်ပါအချက်တွေဟာ အရေပြားခြောက်သွေ့ခြင်းကိုဖြစ်စေနိုင်ပါတယ်။အသားခြောက်ခြင်းကို ကာကွယ်ဖို့ ဘာလုပ်နိုင်သလဲ။ရေဓါတ်ဖြည့်တင်းတဲ့ ခရင်မ်တွေ၊ လိုးရှင်းတွေကို အသားခြောက်ခြင်းကို ကာကွယ်ဖို့ လိမ်းနိုင်ပါတယ်။ ရေဓါတ်ဖြည့်တင်းတဲ့ ဆေးတွေကို နေ့စဉ် အသုံးပြုပြီး သူတို့ကို ရာသီဥတုပူကာ သင့်အသား စိုစွတ်တယ်လို့ ယူဆရင်တောင် လိမ်းသင့်ပါတယ်။ ဒီလိမ်းဆေးတွေက အသားအရည်အားလုံးအတွက် အကျိုးရှိပါတယ်။ ရေပူဟာ သင့်အသားအရေက အဆီကို ဖယ်ထုတ်လိုက်တာမို့ ရေငွေ့ပါတဲ့ ရေပူနဲ့ရေချိုးခြင်းကို မလုပ်သင့်ပါဘူး။ ရေနွေးဟာ ပိုကောင်းပါတယ်။ သင့်အခန်းထဲမှာ ရေငွေ့ဓါတ်ဖြည့်ပေးတဲ့ စက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။အရေးအကြောင်းထင်ခြင်း။အရေးအကြောင်းတွေဟာ အသက်ကြီးခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။အရေးအကြောင်းတွေဟာ အသက်ကြီးလာတဲ့အခါ အရေပြားပေါ်မှာ ပေါ်လာနိုင်ပါတယ်။ သင်နေထိုင်တဲ့ပတ်ဝန်းကျင် (သို့) UV radiations တွေဟာ အရေးအကြောင်းဖြစ်စေနိုင်ပါတယ်။ သင့်မျက်နှာလှုပ်ရှားမှုတွေဖြစ်တဲ့ ပြုံးခြင်း၊ ငိုခြင်း၊ ဆေးလိပ်သောက်ခြင်းတွေဟာလည်း အရေပြား အရေးအကြောင်းထင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ဘယ်လိုထိန်းချုပ်နိုင်မလဲ။သင့်မျက်နှာလှုပ်ရှားမှုတွေကို ပြောင်းလဲပြီး ဆေးလိပ်ဖြတ်နိုင်ပါတယ်။ ဒီအရာတွေက ပိုမို လွယ်ကူပါတယ်။ ပြီးရင်တော့ အထူးကုသမှုတွေဖြစ်တဲ့ light therapy၊ ဓါတုပစ္စည်းတွေနဲ့ ချွတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒီအရာတွေကို ကျွမ်းကျင်သူ ပညာရှင်ကသာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းတွေကို အသုံးပြုမယ်ဆိုရင် ဆရာဝန် (သို့) ပလပ်စတစ်ဆာဂျင်နဲ့ ဆွေးနွေးနိုင်ပါတယ်။အစက်အပြောက်များ။အစက်အပြောက်တွေဟာ အသက်ကြီးချိန်မှာ ပေါ်လာတတ်ပါတယ်။သင့်အရေပြား (သို့) အခြားအသက်ကြီးသူတွေရဲ့ အရေပြားမှာ ပြားပြီး အညိုရောင်ရှိတဲ့ အစက်အပြောက်တွေကို တွေ့နိုင်ပါတယ်။ ဒါတွေကို အသက်ကြီးခြင်းကြောင့် ပေါ်လာတဲ့ အစက်အပြောက်တွေလို့ ခေါ်ပါတယ်။ သူတို့ဟာ မျက်နှာ၊ လက်၊ လည်ပင်း၊ လက်မောင်းအစရှိတဲ့ နေရာတွေမှာ ဖြစ်လာတတ်ပါတယ်။ အသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေဟာ သင့်ကျန်းမာရေးကို မထိခိုက်ပေမယ့် အရေပြားရဲ့ ပုံပန်းသဏ္ဍန်ကိုတော့ ထိခိုက်နိုင်ပါတယ်။အစက်အပြောက်တွေကို ထိန်းချုပ်ခြင်း။အစက်အပြောက်တွေကို သက်သာစေဖို့ အကောင်းဆုံးနည်းကတော့ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ hydroquinolone ပါတဲ့ ဆေးတွေ အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဒီဆေးကို အသုံးပြုပြီးရင် အစက်အပြောက်တွေ ပါးသွားနိုင်ပါတယ်။ နေရောင်ထိတွေ့မှုကို ကန့်သတ်ခြင်းကလည်း အစက်အပြောက်ဖြစ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။အရေပြားကင်ဆာ။အရေပြားကင်ဆာဟာ ကိုယ်ခန္ဓါတစ်ခုလုံးကို ပြန့်သွားနိုင်တဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ အရေပြားကင်ဆာရဲ့ အဖြစ်အများဆုံးအကြောင်းရင်းကတော့ နေပဲဖြစ်ပါတယ်။ နေလောင်ခြင်းဟာ အရေပြားကို ပျက်စီးစေပါတယ်။ ဒါကြောင့် သင့်မှာ အရေပြားကင်ဆာ ရှိမရှိသိရှိဖို့ အရေပြားကို အမြဲစစ်ဆေးနေသင့်ပါတယ်။သင့်အရေပြားကို ကျန်းမာအောင်ဂရုစိုက်ခြင်းဟာ အရေပြား ထိန်းသိမ်းခြင်းမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။အရေပြားကို ဆပ်ပြာပျော့နဲ့ ရေနွေးကို အသုံးပြုပြီး သန့်ရှင်းသင့်ပါတယ်။ ပြင်းတဲ့ ဆပ်ပြာတွေနဲ့ အငွေ့ထွက်နေတဲ့ ရေပူတွေဟာ အရေပြားပေါ်က essential oil တွေကို ဖယ်ရှားလိုက်ပြီး အသားခြောက်စေပါတယ်။ရေဓါတ်ထိန်းသိမ်းဖို့ တစ်နေကုန် ရေ အများအပြား သောက်သင့်ပါတယ်။ ရေက သင့်ကို ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ အရေပြားကို ရေဓါတ်ထိန်းပေးဖို့ ရေဓါတ်ထိန်းဆေးတွေကိုလည်း လိမ်းနိုင်ပါတယ်။နေဟာအရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နေပူခံလိမ်းဆေးလိမ်းခြင်း၊ နေရောင်နဲ့ ထိတွေ့ချိန်ကို ကန့်သတ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုတ်၊ လက်အိတ်တွေ ဝတ်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီအချက်တွေဟာ သင့်ကို နေရောင်ခြည်ကြောင့် ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။အရေပြား ပြောင်းလဲခြင်းဟာ အသက်ကြီးလာခြင်းရဲ့ သဘာဝ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေဟာ သေးငယ်တဲ့ ပုံသဏ္ဍန်ပြောင်းလဲမှုတွေကစပြီး အရေပြားကင်ဆာအထိ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် အရေပြားထိန်းသိမ်းမှုဟာ အရေးကြီးပါတယ်။ ဒီဖြစ်စဉ်ကို နှေးစေပြီး အသက်ကြီးခြင်းကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေကို ကာကွယ်ဖို့ အရေပြားကို ဂရုစိုက်သင့်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/skin-care-and-aging/
သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ်
အချိန်ကြာလာတာနဲ့အမျှနှလုံးရဲ့ လုပ်ငန်းဆောင်တာတွေဟာ ကျဆင်းလာနိုင်ပါတယ်။ သင်အရင်တုန်းကလိုမျိုး အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အောက်မှာပြောထားတဲ့ အချက်တွေကတော့ သင်အသက်ကြီးလာတဲ့အခါနှလုံးကျန်းမာဖို့လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း တွေကို အတူတူ ကြည့်လိုက်ရအောင်နော်။သက်ကြီးရွယ်အိုများအတွက်နှလုံးကျန်းမာရေးနည်းလမ်းတွေကတော့။သင်အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓာလဲ ပြောင်းလဲလာနိုင်ပါတယ်။ ကြွက်သားတွေ နည်းပါးလာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်တောင် ကိုယ်ခန္ဓာက ကယ်လိုရီအနည်းငယ်ကို အသုံးပြုတာကြောင့် လုပ်သလောက် ဝိတ်မကျတာမျိုး ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ငယ်ငယ်တုန်းကနဲ့ ယှဉ်ရင် ပိုပြီး ကယ်လိုရီ နည်းတဲ့ အစားအသောက်တွေကိုသာ လိုအပ်လာပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုယ်ခန္ဓာကတော့ စွမ်းအင်ကို လိုအပ်နေဆဲဖြစ်တာကြောင့် အာဟာရဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။ဒီ့အတွက် သင့်တော်တဲ့ ကိုယ်အလေးချိန်ရဖို့ အာဟာရနဲ့ လေ့ကျင့်ခန်းကြားမှာ ချိန်ညှိဖို့ လိုလာပါပြီ။ သိပ်ပိန်လွန်းရင်လည်း အာဟာရချို့တဲ့ပြီး ခုခံအားကျနိုင်သလို သိပ်ဝလွန်းရင်လည်း နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။သင့်လျော်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေနဲ့အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ သင့်ဆရာဝန်ကို သင့်ရဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ဘယ်လောက်လဲဆိုတာ မေးမြန်းသင့်ပြီး ဒီအလေးချိန်ကို ထိန်းထားသင့်ပါတယ်။သင့်ကိုယ်ခန္ဓာကိုယ်ဟာကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းပေမယ့် သင်အလုပ်လုပ်ဖို့ အားအင်လိုအပ်တာကြောင့် ဗီတာမင်သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။ သင့်အတွက် ကျန်းမာစေတဲ့ အစာတွေကို ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ သူတို့က အကြံပေးပါလိမ့်မယ်။ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ မနက်စာ စားဖို့ပဲဖြစ်ပါတယ်။အောက်ပါ အစာတွေကို ပိုစားသင့်ပါတယ်။အောက်ပါအစားအသောက်တွေကိုတော့ လျှော့စားသင့်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက် ကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာကို သန်စွမ်းစေပြီး ပျော့ပြောင်းစေပါတယ်။ မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းတွေဟာ နှလုံးအလုပ်လုပ်ရတာကြောင့် နှလုံးကျန်းမာရေးပိုကောင်းစေပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန်လုပ်သင့်ပါတယ်။နိုင်သလောက်ကနေစတင်ပြီး တဖြည်းဖြည်း တိုးလုပ်နိုင်ပါတယ်။ သင်လုပ်ချင်သလောက်ကို အစီအစဉ်ဆွဲပြီး ပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပမာဏနဲ့ အချိန်တွေကို တဖြည်းဖြည်း မြှင့်တင်နိုင်ပါတယ်။လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီး ချိန်တွေမှာ ရေများစွာ သောက်သင့်ပါတယ်။ အကြောလျှော့ခြင်းနဲ့ အနားယူခြင်းတွေကိုလည်း လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မပြုလုပ်မီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး လေ့ကျင့်ခန်းအမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။သင့်ကိုယ်ခန္ဓာက စွမ်းအင်ရဖို့ ကိုလက်စထရောလိုအပ်ပေမယ့် များပြားတဲ့ ကိုလက်စထရောက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ HDL က ကောင်းတဲ့ ကိုလက်စထရောဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ LDL ကတော့ မကောင်းတဲ့ ကိုလက်စထရောဖြစ်ပြီး နှလုံးရောဂါ ပိုဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါကို စောစီးစွာ သိရှိဖို့ ကိုလက်စထရော ပမာဏကို ပုံမှန်စစ်ဆေးသင့်ပါတယ်။သွေးပေါင်တက်ခြင်းက နှလုံးရောဂါရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သွေးပေါင်ကို အိမ်မှာ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ တိုင်းတာနိုင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းသွားပြီးလည်း တိုင်းတာနိုင်ပါတယ်။ သွေးပေါင်ပုံမှန်တိုင်းခြင်းဟာ သွေးပေါင်တက်ခြင်းကို စောစီးစွာ သိရှိစေနိုင်ပါတယ်။ ဒါဆိုရင် သွေးတိုးရောဂါကို ထိထိရောက်ရောက်ကုသနိုင်မှာပါ။သင့်နှလုံးက ကိုယ်ခန္ဓာ တစ်ခုလုံးကို အာဟာရပေးတဲ့ သွေးကို ညှစ်ထုတ်ပေးနေတာကြောင့် သေချာဂရုစိုက်သင့်ပါတယ်။ အသက်ကြီးလာတာတဲ့အမျှ နှလုံးကို ဂရုစိုက်ခြင်းက ကျန်းမာတဲ့ကိုယ်ခန္ဓာကို ထိန်းသိမ်းရမှာ အရေးပါပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/heart-health-tips-for-elderly/
အချင်းကပ်ခြင်း
အချင်းကပ်ခြင်း အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။အချင်းကပ်ခြင်း ဆိုသည်မှာ အချင်းသည် မိခင်၏သားအိမ်နံရံထဲတွင် တွယ်ကပ်နေခြင်းဖြစ်ပြီး ထိုသို့ဖြစ်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင်ကြီးမားသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ယေဘူယျအားဖြင့် ကလေးမွေးပြီး ချိန်တွင် အချင်းသည် သူ့ အလိုလို ကွာကျပါသည်။ သိုကသော် အချင်းကပ်နေသူများတွင်မူ အချင်းစများသည် သားအိမ်နံရံတွင် ကပ်နေပြီး သွေးထွက်လွန်ခြင်း၊ အသက်အန္တရာယ်ထိခိုက်ခြင်းတို့ဖြစ်စေနိုင်ပါသည်။ထို့ကြောင့် သင့်ဆရာဝန်က သင့်ကိုအချင်းကပ်နေကြောင်း သံသယရှိပါက ကလေးကို ခွဲမွေးပြီး သားအိမ်ကိုပါ ခွဲစိတ်ဖြတ်ထုတ်ရမည်ဖြစ်သည်။အချင်းကပ်ခြင်းသည် သေနိုင်သော အခြေအနေဖြစ်သော်လည်း သိသာသော လက္ခဏာများ မတွေ့ရပါ။တစ်ခါတရံတွင် ကလေးမွေးပြီးသည့်တိုင်အောင် မတွေ့ရသည်များလည်းရှိပါသည်။ အချို့သောမိခင်လောင်းများတွင် အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း၊ ကိုယ်ဝန် လနှောင်းပိုင်းတွင် မိန်းမကိုယ်မှ သွေးထွက်ခြင်း စသည့် အရေးကြီးသော ရောဂါလက္ခဏာများကို တွေ့ရတတ်သည်။ထို့ကြောင့် သင်သည်ကိုယ်ဝန်နှောင်းပိုင်းတွင် သွေးဆင်းခြင်းများဖြစ်ပါက သင့်ကျန်းမာရေးစောင့်ရှောက်သူကို ချက်ချင်းပြောပြရမည်ဖြစ်ပါသည်။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။အချင်းကပ်ခြင်းကို ဖြစ်စေသော အကြောင်းများကို တိကျစွာ မသိရသေးသော်လည်း ယင်းသို့ဖြစ်ခြင်းသည် အချင်းအရှေ့ရောက်ခြင်း၊ ယခင်က ဗိုက်ခွဲပြီး ကလေးမွေးဖူးခြင်းများနှင့် ဆက်စပ်မှုရှိနိုင်ပါသည်။လေ့လာချက်များအရ အချင်းအရှေ့ရောက်သော ကိုယ်ဝန်ဆောင်များ၏ ၅-၁၀ % တွင် အချင်းကပ်ခြင်းဖြစ်ကြောင်းတွေ့ရသည်။ထို့ပြင် ကလေးကို ဗိုက်ခွဲမွေးခြင်းသည်လည်း ရေရှည်တွင် ကိုယ်ဝန်ပြန်ဆောင်လျှင် အချင်းကပ်ခြင်းဖြစ်နိုင်ချေရှိကြောင်း တွေ့ရပါသည်။အချင်းကပ်ခြင်းကြောင့်အဖြစ်အများဆုံးမှာ လမစေ့ဘဲ ကလေးမွေးခြင်း နှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ခြင်းတို့ဖြစ်ပါသည်။ အချင်းကပ်နေသူများတွင် လမစေ့ဘဲမွေးခြင်းသည် ပိုပြီး အတွေ့ရများပါသည်။နေ့စေ့ လစေ့ မမွေးသောသူများတွင်မူ အချင်းသည် အလိုလိုကွာကျရန်ခက်သောကြောင့် သားအိမ်ထဲကို လက်ထည့်ပြီး ခွာရခြင်းများဖြစ်ကာ မိခင်သည် သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိပါသည်။ ထို့ပြင် ထိုသို့ပြုလုပ်ခြင်းဖြင့် သားအိမ်တစ်ရှူးများ ထိခိုက်ပျက်စီးခြင်းဖြစ်နိုင်ပါသည်။သင့်တွင် အချင်းကပ်နေကြောင်း ဆရာဝန်က သံသယရှိပါက သင့်အခြေအနေကို စစ်ဆေးပြီး အချင်းသည် သားအိမ်တွင် တည်ရှိနေသော အနေအထားကို သိရှိရန် လိုအပ်လျှင် အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ပြုလုပ်ပါမည်။ထိုစစ်ဆေးမှုများသည် နာကျင်ခြင်းမရှိသလို သင်နှင့် သင့်သန္ဓေသားအတွက်လည်း စိတ်ချရသော စစ်ဆေးမှုများလည်းဖြစ်ပါသည်။ ထို့ပြင် သွေးစစ်ခြင်းဖြင့် သန္ဓေသားမှထွက်သော alpha-fetoပရိုတင်းဓာတ်ကို သိရှိနိုင်ပါသည်။ alpha-fetoပရိုတင်းဓာတ်သည် အချင်းကပ်သူများတွင် မြင့်မားနေနိုင်ပါသည်။သင့်တွင် အချင်းကပ်နေပြီဟု ရောဂါရှာဖွေချက်များက အတည်ပြုပြီးလျှင် သင့်ဆရာဝန်က သင့်ကိုယ်ဝန်ကို ဂရုစိုက်စောင့်ရှောက်ခြင်း၊ သားအိမ်ကို ဖြစ်နိုင်လျှင် ဖြတ်ထုတ်စရာမလိုဘဲ ခွဲမွေးနိုင်ရန် အချိန်ဇယားများရေးဆွဲခြင်း စသည့်လိုအပ်သည်များကို ပြုလုပ်ပါလိမ့်မည်။ထို့ကြောင့် သင်သည် နောက်ထပ် ကလေးယူရန် ဆန္ဒ ရှိ မရှိကို ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ထို့ပြင် ခွဲစိတ်ကုသနိုင်မည့် နည်းလမ်းများကိုလည်း တိုင်ပင်ကာ သင်နှင့် အသင့်တော်ဆုံးကို ရွေးချယ်သင့်သည်။အချုပ်ဆိုရသော် သင့်ဆရာဝန်က အချင်းကပ်ခြင်းကို သံသယရှိပါက သင်သည် သင့်ကိုယ်ဝန်၊သန္ဓေသားနှင့် နောက်ထပ်ကိုယ်ဝန်များနှင့် ပက်သက်ပြီး အလွန်စိုးရိမ်သွားပါလိမ့်မည်။ ထိုစိုးရိမ်စိတ်များကို ဖယ်ရှားရန်အတွက် သင်သည် အချင်းကပ်ခြင်းနှင့် ပက်သက်ပြီး သိသင့်သည့် သတင်းအချက်အလက်များကို ရှာဖွေလေ့လာပါ။ထို့နောက်ထိုအကြောင်းအရာများနှင့် ပက်သက်ပြီး သိလိုသည်များကို သင့်ကျန်းမာရေးစောင့်ရှောက်သူများအားမေးမြန်းခြင်း၊ ဘဝတူကိုယ်ဝန်သည်များနှင့် မျှဝေခြင်းများပြုလုပ်သင့်ပါသည်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/about-placenta-accreta/
Human papillomavirus (HPV) ကို ဘယ်လိုကာကွယ်ကုသမလဲ
Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာလိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာသားအိမ်ခေါင်းကင်ဆြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။စအိုနဲ့လည်ချောင်းလိုမျိုးခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာလည်းကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမျာ အဖြစ်များပါတယ်။ HPV ဗိုင်းရပ်စ်ကာကွယ်မှုကို အမျိုးသမီးတွေအတွက် အဓိကထားလုပ်ဆောင်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေမှာတင်မဟုတ်ပါဘူး။ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုက တစ်ဆတစ်ဆများလာတာနဲ့အတူ ဒီရောဂါအန္တရာယ်ကတော်တော်လေးကြီးလာပါတယ်။အချို့အမျိုးသားတွေမှာတော့ရောဂါကူးစက်ခံထားရပေမယ့်လက္ခဏာမပြတာမျိုးရှိတတ်ပါတယ်။ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့ လိင်အင်္ဂါမှာ အဖြူရောင် အကွက်တွေဖြစ်တာ (သို့မဟုတ်) ပန်းဂေါ်ဖီလိုမျိုး ကြွက်နို့တွေ အစုလိုက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင်တော့ –။လက်ရှိအချိန်ထိ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုပေးနိုင်တဲ့ စစ်ဆေးမှုမရှိသေးပါဘူး။ လက်ရှိမှာ HPV စစ်ဆေးမှုနဲ့ပတ်သက်ပြီး အတည်ပြုချက်ရထားတဲ့ စစ်ဆေးမှုက အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ခံစားနေရလားဆိုတာကို စစ်ဆေးပေးတဲ့ စမ်းသပ်မှုပဲဖြစ်ပါတယ်။ ဒီစမ်းသပ်မှုက အမျိုးသားတွေမှာခံစားရတဲ့ HPVဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေနဲ့ လိင် အင်္ဂါတဝိုက်မှာဖြစ်တဲ့ ကြွက်နို့တွေကိုစမ်းသပ်စစ်ဆေးမှုအတွက်တော့ အသုံးမတည့်လှပါဘူး။ တကယ်လို့ လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့တွေထွက်လာရင်ဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေဖြစ်လာရင်ဖြစ်ဖြစ် ဆရာဝန်နဲ့မြန်မြန်ပြသပေးဖို့လိုပါမယ်။လိင်အင်္ဂါတဝိုက်မှာပေါက်တဲ့ကြွက်နို့တွေကိုကိုယ်ခံအားကိုမြင့်တက်စေပြီး ကြွက်နို့တွေကို အမြစ်ဖြတ်ပေးနိုင်တဲ့ လိမ်းဆေးတွေကို အသုံးပြုပေးလို့ရပါတယ်။ တကယ်လို့ကြွက်နို့ကဆေးလူးနေပေမယ့် မသက်သာဘူးဆိုရင် ဒါမှမဟုတ် ကြွက်နို့က အရမ်းကြီးနေမယ်ဆိုရင်တော့ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်မှာဖြစ်ပါတယ်။ လိင်အင်္ဂါကြွက်နို့တွေကို ကုသမယ်ဆိုရင် အချိန်ယူ စိတ်ရှည်ဖို့လိုအပ်မှာပါ။တကယ်လို့များ HPV ဗိုင်းရပ်စ်ကူးစက်မှုက ကင်ဆာအဖြစ်ပြောင်းလာမယ်ဆိုရင်တော့ ကင်ဆာအမျိုးအစားပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုကိုခံယူပါ၊ လို့ အကြံပြုချင်ပါတယ်။ HPV ဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် ကင်ဆာဖြစ်တယ်ဆိုတာကိုစောစီးစွာသိရှိမယ်ဆိုရင် ပိုပြီးကုသရလွယ်ကူပါတယ်။လိင်အင်္ဂါတဝိုက်မှာဖြစ်တဲ့ ကြွက်နို့တွေနဲ့အခြားသောကင်ဆာတွေကိုဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV vaccine) ထိုးတာပါ။ မိန်းကလေးတွေလိုပဲယောကျာ်းလေးတွေအနေနဲ့လည်း အသက် ၁၁ နှစ် ဒါမှမဟုတ် ၁၂ နှစ်အရွယ်မှာ ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။ အပျိုဖော်၊ လူပျိုဖော်မဝင်ခင်အရွယ်မှာ HPV vaccine ထိုးတာက အထိရောက်ဆုံးပါ။ယောက်ျားလေးတွေအနေနဲ့ အစောဆုံး အသက် ၉ နှစ်ကတည်းက ကာကွယ်ဆေးထိုးဖို့လိုပါမယ်။ ကာကွယ်ဆေးက ၂ ကြိမ်ထိုးရမှာဖြစ်ပြီး အသက် ၁၃ နှစ်မတိုင်ခင်မှာ နှစ်ကြိမ်စလုံးပြီးအောင်ထိုးထားသင့်ပါတယ်။ရောဂါပိုးကူးစက်မခံရခင်မှာ ကာကွယ်ဆေးထိုးသင့်ပါတယ်။ပြောချင်တဲ့သဘောကတော့ လူပျိုဖော်မဝင်ခင် အပျိုဖော်မဝင်ခင်မှာ ထိုးစေချင်တာပါ။ ဒီလိုမျိုးထိုးပေးမှ ကာကွယ်ဆေးက ပိုပြီးထိရောက်တာပါ။ ဒီကာကွယ်ဆေးတွေက အချိန်တော်တော်ကြာတဲ့အထိ အကာအကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးချိန်မှာ ကာကွယ်ဆေးထိုးရင် မထိရောက်ဘူးရယ်လို့တော့မဟုတ်ပါဘူး။ အသက် ၂၆ နှစ်မပြည့်ခင်မှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးရင်လည်း အရမ်းနောက်မကျသေးပါဘူး။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ထိရောက်မှုရှိသလို အချိန်တော်တော်ကြာတဲ့အထိ အကာအကွယ်ပေးနိုင်တဲ့အပြင်ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/human-papillomavirus-hpv-%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9%e1%80%80%e1%80%af%e1%80%9e%e1%80%99/
သားအိမ်ထဲပစ္စည်းထည့် ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။
သားဆက်ခြားတဲ့ နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှသားအိမ်ထဲကို ပစ္စည်းထည့်တာကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။ ရေရှည်ခံတယ်၊ သန္ဓေတားနှုန်း မြင့်တယ်၊ ထုတ်လိုက်တာနဲ့ ကလေးချက်ချင်းတန်းရနိုင်တယ်၊ဟော်မုန်းမပါတာလည်း ရှိတဲ့အတွက် ဟော်မုန်းအပြောင်းအလဲဒဏ်လည်း ခံစရာမလိုဘူးဆိုတဲ့ အချက်ကြောင့် ရွေးချယ်လာကြတာပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်း သားအိမ်ထဲပစ္စည်းထည့် ပြီးမှ လိင်ဆက်ဆံလို့ရပါ့မလားလို့ မေးလာကြတဲ့အခါ . . . . .။ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။သန္ဓေတားတယ်ဆိုတာ အတူနေလို့ ကိုယ်ဝန်မရအောင် တားတာဟုတ်။ ဒါဆို တားတဲ့ပစ္စည်းထည့်ပြီးရင်လည်း စိတ်ချလက်ချ အတူနေလို့ရရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဘာလို့ ထည့်ထားဦးမလဲ။ ထည့်လည်း အတူမနေရ၊ မထည့်လည်း ကိုယ်ဝန်ရမှာကြောက်လို့ အတူမနေရဆိုရင်။ ဟုတ်တယ်ဟုတ်။ဒီတော့ တစ်ခွန်းတည်းပြောရရင် အတူနေလို့ရပါတယ်။ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် လူနာ (client)ကို အဲ့ဒီလို တုံးတိကြီး သွားဖြေရင် အဆင်မပြေပါဘူး။ သူတို့မှာလည်း သူတို့ စိတ်မှန်းနဲ့ စိုးရိမ်တာလေးတွေ ရှိတာပေါ့။ ဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးရတာပါ။အတူနေလိုက်လို့ ဒီပစ္စည်းကြီးက သားအိမ်ကို ဆောင့်ပြီး ပေါက်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ လက်တွေ့မှာတော့ အမျိုးသားအင်္ဂါက သားအိမ်ထဲထိ မရောက်သလို သန္ဓေတားပစ္စည်းရဲ့ ကြိုးလောက်ကိုပဲ ထိတာပါ။ သန္ဓေတားပစ္စည်းကိုတောင် မထိပါဘူး။ ပြီးတော့ သားအိမ်မှာလည်း ကြွက်သားတွေရှိတဲ့အတွက် ထင်သလောက် မပါးပါဘူး။ ဒါကြောင့် စိုးရိမ်သလိုမျိုး ပေါက်မထွက်နိုင်ပါဘူး။သားအိမ်ထဲထည့်တဲ့ ပစ္စည်းက စထည့်ထည့် ပထမတစ်နှစ်မှာ ထွက်ကျနိုင်ခြေ ၅ ရာခိုင်နှုန်းရှိပါတယ်။ ဒါက ဘာနဲ့မှ မဆိုင်ဘဲ သူ့ဟာသူ ထွက်ကျတာပါ။ လူတိုင်းလည်း မဟုတ်ပါဘူး။ ၁၀၀မှာ ၅ယောက်ပါပဲ။လိင်ဆက်ဆံတာ ဒါမှမဟုတ် လိင်ဆက်ဆံတာကို ရှောင်လိုက်တာက ဒီရာခိုင်နှုန်းကို အပြောင်းအလဲ မဖြစ်စေပါဘူး။ကြီးကြီးမားမားတော့ မဖြစ်ပါဘူး။ စထည့်ထည့်ချင်းမှာ အတူနေရင် အသားမကျသေးတာကြောင့် ကသိကအောက်ဖြစ်တာ၊ စိတ်ထဲမှာ လန့်နေတာမျိုးတော့ ဖြစ်တတ်ပါတယ်။ နောက်ပိုင်း အသားကျသွားတဲ့အခါကျရင် ရှိလို့ရှိမှန်းတောင် မသိတော့ပါဘူး။နောက်တစ်ခုက သွေးနည်းနည်းဆင်းတတ်ပါတယ်။ လူတိုင်းတော့မဟုတ်ပါဘူး။ အထူးသဖြင့် ဟော်မုန်းပါတဲ့ အမျိုးအစားတွေမှာပေါ့။ ဒီဟော်မုန်းတွေက သန္ဓသားတွယ်ကပ်မယ့် သားအိမ်အတွင်းသားကို ပါးစေတဲ့ နည်းလမ်းနဲ့ ကိုယ်ဝန်မရအောင် တားပေးတာပါ။ရာသီလာတဲ့အချိန်မှာ ရာသီသွေးဆင်းပြီးသွေးနည်းနည်းကျန်တတ်တဲ့အတွက် (ဒါဟာ သဘာဝပါ) အတူနေတဲ့အချိန် အမျိုးသမီး ပြီးမြောက်တဲ့အခါ သားအိမ်ညှစ်အားကြောင့် နည်းနည်းဆင်းတတ်ပါတယ်။ သွေးဆင်းတာ နည်းတယ်၊ ကိုက်တာ ခဲတာမရှိဘူးဆိုရင် စိုးရိမ်စရာ မလိုပါဘူး။အတူနေပြီးလို့ သားအိမ်ထဲထည့်ထားတဲ့ပစ္စည်း ထွက်သွားမှာ စိုးရိမ်တယ်ဆိုရင် အတူနေပြီးတိုင်း ကြိုးစကို စမ်းကြည့်ပါ။ ကြိုးစရှိနေရင် ပြဿနာ မရှိပါဘူး။ ရာသီလာပြီးတိုင်းမှလည်း စစ်ဆေးတဲ့ အလေ့အကျင့်လေး လုပ်ထားပေးပါ။ကြိုးစမတွေ့တော့တာဖြစ်ဖြစ်၊ အတူနေရင် သွေးဆင်းများပြီး ကိုက်တာ ခဲတာ ရှိတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသလိုက်တာ ကောင်းပါတယ်။သားအိမ်ထဲပစ္စည်းထည့်တာက စိတ်ချရတဲ့သန္ဓေတားနည်းတစ်ခုပါပဲ။ ဒီဟာထည့်ထားရင်ကိုယ်ဝန်ရနိုင်ခြေတော်တော်နည်းသွားလို့ စိတ်ချ လက်ချ အပူအပင်ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် အတူနေနိုင်တယ်ဆိုတာ သိစေချင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/sexual-intercourse-and-iud-in-situ/
ရာသီလာစဉ် ရှောင်ရမည့် အချက်များ
အမျိုးသမီးတွေဟာ သူတို့ရဲ့ ဓမ္မတာလာစဉ်မှာ ဆီးစပ်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲခြင်း စတဲ့ လက္ခဏာတွေကို များသောအားဖြင့် ခံစားရလေ့ရှိပါတယ်။ ဓမ္မတာ လာနေစဉ်ရက်တွေမှာ အမျိုးသမီးတွေကို ပင်ပန်းမှု အနည်းဆုံးနဲ့ အကျန်းမာဆုံးဖြစ်အောင် ကူညီဖို့အတွက် သားဖွားမီးယပ်ဆရာဝန်များက ညွှန်ပြထားတဲ့ ရာသီလာစဉ် ရှောင်ရမည့် အချက်များ အကြောင်းကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။ရာသီလာစဉ် ရှောင်ရမည့် အချက်များ ကတော့။ရာသီလာနေစဉ် အတောအတွင်းမှာ အမျိုးသမီးများတွေက ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်အတွင်း အရည်များစုပုံခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ဆားပမာဏ များတဲ့ အစားအသောက်တွေကို စားမိတဲ့ အခါမှာ ခန္ဓာကိုယ်မှာ ရေဓာတ်စုပုံလာပါတယ်။ဒါကြောင့် ရာသီလာချိန်မှာ ငန်တာတွေကို စားမိရင် ဗိုက်ကယ်၊ ဗိုက်ဖောပြီး၊ဗိုက်အောင့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါတွေ မဖြစ်အောင် ရာသီလာချိန်မှာ ဆားပမာဏ များပြားစွာ စားသောက်တာ၊ အသင့်စားအစားအစာတွေ စားတာကို လျှော့ချသင့်ပါတယ်။တကယ်လို့ သင်ဟာ ဆားပမာဏ များတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသောက်မိနေပြီဆိုရင် ပိုလျှံလာတဲ့ ဆိုဒီယမ် ဆားပမာဏကို သင့်ခန္ဓာကိုယ်မှ စွန့်ထုတ်နိုင်အောင် ရေများများပြန်သောက်ပေးသင့်ပါတယ်။ကဖင်းဓာတ်ပါသော အဖျော်ယမကာများကို ဓမ္မတာလာစဉ် မှာ သောက်သုံးမယ်ဆိုရင် ရင်သားတင်းပြီး နာကျင်ခြင်းကို ပိုပြီးဆိုးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်က ဦးနှောက်ထဲရှိ GABA ဓာတ်ကို တားဆီးပေးတာကြောင့် စိတ်ဖိစီးတာ၊ နှလုံးခုန်မြန်တာနဲ့ ရာသီအကြို  ဝေဒနာတွေကို ပိုပြီး ခံစားရစေနိုင်တယ်လို့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားပါတယ်။ကော်ဖီ သို့မဟုတ် အခြားကဖင်းဓာတ်ပါသော အစားအသောက်များကို စားမဲ့အစား ရေများများသောက်တာ၊ အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်သောက်တာ၊ ဓာတ်ဆားဖြည့်အချိုရည်သောက်တာတွေကို လုပ်ပေးသင့်ပါတယ်။ရာသီလာချိန်မှာ ကယ်ဆီယမ်ဓာတ်ပြည့်ဝဖို့လိုတယ်ဆိုပေမယ့် နို့ထွက်ပစ္စည်းကနေ ရယူဖို့ မသင့်ပါဘူး။ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ Arachidonic acid က ဗိုက်အောင့်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာလာစဉ်မှာ နို့ထွက်ပစ္စည်းတွေကို တတ်နိုင်သမျှ အနည်းဆုံး စားသုံးပေးဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ကယ်ဆီယမ်ကို နို့ထွက်ပစ္စည်းတွေက မရနိုင်ဘူးဆိုရင် တို့ဖူး၊ အစိမ်းရောင်အရွက်နဲ့ အစေ့အဆန်တွေကနေ ရနိုင်ပါသေးတယ်။ဓမ္မတာလာနေစဉ်မှာ အမွေးချွတ်ခြင်း၊ အမွေးရိတ်ခြင်းတွေက အလွန်အမင်းနာကျင်မှုကို ခံစားရပါစေလိမ့်မယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ဒီရက်တွေမှာ သင့်ခန္ဓာကိုယ်ထဲမှ အီစထရိုဂျင်ဆိုတဲ့ မဟော်မုန်းဟာ ရုတ်တရက် ကျဆင်းလာတာကြောင့်ပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်က သာမန်ထက် အထိမခံဘဲ နာကျင်လွယ်ပါလိမ့်မယ်။ ဓမ္မတာလာတဲ့ ရက်တွေမှာ တွေ့ကြုံ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေအားလုံးဟာ အရင်ထက်ပိုပြီး နာကျင်လွယ်နေပါလိမ့်မယ်။ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ မှန်ပေမယ့် ၁−၂ရက်လောက်နေရင် နာတာ သက်သာလာပါပြီ။ ဒါဆို အပေါ့စားလေ့ကျင့်ခန်းတွေကို စလုပ်လို့ ရပါပြီ။ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းက endorphins ကို ထွက်လာစေပြီး ဆီးစပ်ကိုက်တာနဲ့ ဗိုက်အောင့်ခြင်းတွေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ခံစားမှု အလွယ်ဆုံးဖြစ်တဲ့ ဒီလိုရက်တွေမှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြောင်းလဲခြင်းတွေကိုလည်း သက်သာစေပါတယ်။သင်ဟာ ဓမ္မတာလာနေစဉ် အတောအတွင်းမှာ လိင်ဆက်ဆံလို့ ရပါတယ်။ ဒါပေမယ့် လေ့လာတွေ့ရှိမှုများအရရာသီလာနေစဉ် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့သောရောဂါများကို ဖြစ်နိုင်ခြေ ပိုပြီးမြင့်စေတယ်လို့ တွေ့ရှိရပါတယ်။ ဒီအတောအတွင်းမှာ လိင်ဆက်ဆံတဲ့အခါမှာ သွေးမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် ဓမ္မတာလာနေစဉ်မှာ အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်းကို ပြုလုပ်ဖို့ ပိုပြီးအကြံပေးပါတယ်။တကယ်လို့ သင်ဟာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတစ်ခုတည်းကို နာရီပေါင်းများစွာ အချိန်အကြာကြီး မဖယ်ရှားဘဲ သုံးစွဲခဲ့မယ်ဆိုရင်toxic shock syndromeဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Tampon အသုံးပြုတဲ့အခါမှာပါ။ TSSက ပြင်းထန်တဲ့ ပိုးဝင်ခြင်းဖြစ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့် ဓမ္မတာလာစဉ်အတောအတွင်းမှာ တစ်ကိုယ်ရည် သန့်ရှင်းမှုကို အထူးဂရုစိုက်သင့်ပါတယ်။ လစဉ်သုံးပစ္စည်းတွေကို အချိန်မှန်လဲသင့်ပါတယ်။ မိန်းမကိုယ်ထဲ ထည့်သုံးရတဲ့ tampon လို့ခေါ်တဲ့ လစဉ်သုံး ပစ္စည်းကိုတော့ ၄ နာရီနဲ့ ၆ နာရီကြားတစ်ခါ အမြဲတမ်းလဲလှယ်ပေးဖို့ လိုအပ်ပါတယ်။Menstrual cupကိုတော့ ၁၂ နာရီခြားတစ်ခါ လဲပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကိုတော့ ၄နာရီကနေ ၈နာရီကြား တစ်ခါလဲပေးသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/things-you-should-not-do-during-your-menstrual-cycle/
ဝက်ခြံဖြစ်ဖို့ အားပေးသော အစားအစာများ
ဝက်ခြံထွက်ခြင်းဟာ ကြီးမားတဲ့ ပြဿနာမဟုတ်ပေမယ့် လူတစ်ဦးကို စိတ်အနှောင့်အယှက် ကောင်းကောင်းပေးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဝက်ခြံများလာခြင်းဟာ လူတစ်ဦးရဲ့ အသွင်အပြင် ယုံကြည်မှုကိုလည်း ထိခိုက်စေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ မွေးညှင်းပေါက်ပိတ်ခြင်း၊ဟော်မုန်းပြောင်းလဲခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း စတဲ့အကြောင်းအချက်တွေကြောင့် ဝက်ခြံများ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအချက်တွေထဲမှာ အစားအသောက်လည်း ပါဝင်ကြောင်း သုတေသီများက ယုံကြည်ခဲ့ကြပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဝက်ခြံဖြစ်နိုင်ခြေကို ပိုမိုအားပေးနေတဲ့ အစားအသောက်တွေအကြောင်း ဖြစ်ပါတယ်။သုတေသနအချို့အရ ဝက်ခြံအထွက်များသူများဟာ စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုစားသုံးကြကြောင်း သိရပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို။– ဂျုံမှုန့်အဖြူဖြင့် ပြုလုပ်ထားသော ပေါင်မုန့်အနု၊ ခရက်ကာ၊ အချိုတည်းစားစရာများ။– ဆန်ချော၊ ဆန်ခေါက်ဆွဲ။– ဆိုဒါနှင့် အချိုရည်များ။– ကြံသကာ၊ပျားရည်စသည့် အချိုဓာတ်ကဲသော စားစရာများ စတာတွေမှာ အများဆုံး တွေ့ရပါတယ်။သုတေသနအချို့အရ သကြားဓာတ်ကဲတဲ့ အစားအစာတွေကို စားသုံးသူတွေဟာ ဝက်ခြံဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်များဟာအစာအိမ်အူလမ်းကြောင်းကတဆင့် သွေးထဲကို လျင်မြန်စွာပဲ ရောက်ရှိသွားပြီး သွေးတွင်းသကြားဓာတ်ကို တက်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အင်ဆူလင်ဟော်မုန်းလည်း မြင့်တက်လာပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ အန်ဒရိုဂျင်ဟော်မုန်း ထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေပြီး ဝက်ခြံများကို ပိုမိုဖြစ်ပေါ်လာစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအချက်ကို ပိုမိုသေချာစေဖို့ သုတေသနတွေ ပိုမိုလိုအပ်သေးတယ်လို့ ပညာရှင်အချို့က ဆိုကြပါတယ်။နို့ထွက်ပစ္စည်းများ စားသုံးခြင်းနဲ့ ဝက်ခြံထွက်ခြင်းအကြား ဆက်နွယ်မှုရှိနေတယ်လို့ သုတေသနအချို့က ဆိုပါတယ်။ အထူးသဖြင့် နို့ထွက်ပစ္စည်းများနဲ့ ရေခဲမုန့် အစားများတဲ့ ဆယ်ကျော်သက်အရွယ်များမှာ ဝက်ခြံထွက်တာ ပိုများတယ်လို့ ဆိုကြပါတယ်။နို့ထွက်ပစ္စည်းများဟာ ဝက်ခြံထွက်ဖို့ ဘာကြောင့် ပိုမိုအားပေးသလဲဆိုတာကိုတော့ ရှင်းလင်းတိကျစွာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေတစ်ချက်ကတော့ အင်ဆူလင်ကို တက်စေခြင်းကြောင့် ဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ဖြစ်နိုင်ခြေကတော့ နွားနို့မှာ အသည်းကနေ IGF-1 လို့ခေါ်တဲ့ ဓာတ်ကိုထွက်လာဖို့ လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ဝက်ခြံထွက်ခြင်းကို ပိုမိုဆိုးရွားတယ်လို့ ဆိုပါတယ်။အသင့်စားနိုင်အောင် ပြုပြင်ထားတဲ့ စားစရာများဟာ ကယ်လိုရီ၊ အဆီဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုမြင့်မားပါတယ်။ အထူးသဖြင့် အနောက်တိုင်း စားသောက်မှုပုံစံ ဖြစ်ပါတယ်။ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ အာလူးကြော်၊ ဆိုဒါ၊ မစ်ရှိတ် စတာတွေဟာ ဝက်ခြံဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။သုတေသနတစ်ခုအရ အဆီဓာတ်ပါဝင်မှုမြင့်မားတဲ့ အသင့်စားစားစရာတွေဟာ ဝက်ခြံထွက်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။ အသင့်စားစားစရာတွေကို ပုံမှန်စားသုံးသူတွေဟာ ဝက်ခြံထွက်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုမိုများပြားစေတယ်လို့ ဆိုပါတယ်။ ဘာဂါ၊ ဝက်အူချောင်းကို ပိုမိုစားသုံးသူများဟာ ဝက်ခြံပိုထွက်တတ်ပါတယ်။ အကြောင်းအရင်းကို တိကျစွာ မသိရပေမယ့် ဟော်မုန်းအပြောင်းအလဲကြောင့်လို့ သုတေသီအချို့က ဆိုကြပါတယ်။Omega 6 ဖက်တီးအက်ဆစ်ပါဝင်မှုများတဲ့ အစားအစာတွေဟာ ရောင်ရမ်းမှုကို ပိုမိုအားပေးပြီး ဝက်ခြံဖြစ်နိုင်ခြေလည်း များပါတယ်။ Omega 6 များတဲ့ အစားအစာတွေကတော့ ပဲပိစပ်၊ ပြောင်းဖူး၊ နေကြာဆီ၊ အခွံမာသီး စတာမျိုးတွေ ဖြစ်ပါတယ်။ Omega 3 နည်းပြီး Omega 6 မြင့်တက်ခြင်းဟာ ဝက်ခြံအခြေအနေကို ပိုဆိုးလာစေတယ်လို့ ဆိုပါတယ်။ချောကလက်စားခြင်းဟာ ဝက်ခြံအထွက်များခြင်းနဲ့ ဆက်စပ်နေတဲ့ အယူအဆကို သုတေသီအချို့ယုံကြည်လာတာ နှစ်ပေါင်းနှစ်ဆယ်လောက် ရှိပြီ ဖြစ်ပါတယ်။ သုတေသနတခုအရ ချောကလက်ညိုကို တစ်ရက်မှာ ၂၅ ဂရမ် ပုံမှန်စားသုံးလာသူတချို့ဟာ နှစ်ပတ်ကျော်ခန့်ကြာလာတဲ့အခါ ဝက်ခြံထွက်တာ ပိုများလာကြောင်း တွေ့ရပါတယ်။Whey ပရိုတိန်းမုန့်ဟာ လူကြိုက်များတဲ့ ဖြည့်စွက်စာဖြစ်ပြီး leucine နဲ့ glutamine ဆိုတဲ့ အမိုင်နိုအက်ဆစ် ကြွယ်ဝပါတယ်။ အဆိုပါ အမိုင်နိုအက်ဆစ်များဟာ အရေပြားဆဲလ်တွေ ကြီးထွားနှုန်း၊ ပွားများနှုန်းကို ပိုမိုမြန်ဆန်စေတာကြောင့် ဝက်ခြံတွေ ပိုမိုဖြစ်ပေါ်နိုင်စေပါတယ်။ ဒီအချက်ကို ခိုင်မာတိကျစေဖို့ သုတေသနတွေတော့ ပိုမိုလိုအပ်ပါသေးတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/foods-that-cause-acne/
Steven-Johnson syndrome (ပြင်းထန်ဓာတ်မတည့်ရောဂါ)
Steven-Johnson syndromeဆိုတာ ရုတ်တရက် အရေပြားမှာ အပူလောင်သလို အရည်ကြည်ဖုတွေထွက်လာပြီး တစ်ကိုယ်လုံးကို ပျံ့သွားတာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လာပြီး အချိန်မီမကုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အရေပြားနဲ့ အချွဲအမြှေးပါး mucosaရှိတဲ့နေရာ (ဥပမာ မျက်လုံး၊ နှုတ်ခမ်း၊ ပါးစပ်၊ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်)မှာ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ Steven-Johnson syndrome ရောဂါက ဘာလို့ဖြစ်ရတာလဲ။ ဖြစ်လာရင်ရော ကုလို့ရပါ့မလားဆိုတာ ဆက်ကြည့်ရအောင်။အလွယ်ပြောရရင်တော့ဆေးဓာတ်မတည့်လို့ shockရတာနဲ့တူပါတယ်။ ကိုယ်နဲ့မတည့်တဲ့ ဆေးသောက်၊ ဆေးထိုးမိတာဖြစ်ဖြစ်၊ ရောဂါပိုးတစ်ခုခုဝင်တာဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ဘာအကြောင်းရင်းမှမရှိဘဲ ထဖြစ်တတ်ပါသေးတယ်။ဆေးဝါးတွေထဲမှာဆိုရင်။အဲ့တော့ ဆေးတွေလို့သာပြောတာ တကယ်တော့ ဆေးတိုင်းလိုလိုဖြစ်တတ်ပါတယ်။ရောဂါတွေထဲမှာဆိုရင်တော့။စစချင်းမှာတော့။ဒါဟာ အရေးပေါ်အခြေအနေပါ။ ဆေးရုံကိုအမြန်သွားပြီး​ကုသမှုခံယူရပါမယ်။​နောက်ဆက်တွဲတွေကတော့။မျက်စိထဲမြင်အောင်ပြောရင် မီးလောင်ခံထားရတဲ့ လူနာနဲ့တူပါတယ်။တိကျတဲ့ ကုသနည်းတော့မရှိပါဘူး။ လူနာကို အထူးကြပ်မတ်စောင့်ကြည့်ပြီး လိုအပ်တာတွေလုပ်ပေးရပါတယ်။ချက်ချင်းပျောက်အောင် ကုတဲ့နည်းမရှိပါဘူး။ ဖြစ်စေတဲ့အကြောင်းအရာကို ဖယ်ရှားပြီး လိုအပ်တဲ့ ကုသမှုတွေပေးပြီး စောင့်ကြည့်ရမှာပါ။အချုပ်ပြောရရင်တော့ ဒီရောဂါကဖြစ်တာရှားပါတယ်။ ဘယ်သူဘယ်အချိန်မှာ ဘာ‌ကြောင့်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဖြစ်လာရင်တောင် တိကျကုသမှုမရှိတဲ့အတွက် ‌‌စောင့်ကြည့်ကုသတာပဲ လုပ်လို့ရပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/steven-johnson/
ကလေးတွေမှာ ကိုမာဖြစ်ခြင်း(သတိလစ်နေခြင်း)
ကလေးတစ်ယောက် ကိုမာဖြစ်နေပြီဆိုလျှင် သူတို့သည်သတိလစ်ခြင်းနှင့် တုန့်ပြန်မှုမရှိခြင်း စသည်တို့်ဖြစ်နေတတ်သည်။ အိပ်နေသည်ဟုထင်ရသော်လည်း နာကျင်အောင် လုပ်ပြီး နှိုး၍တောင်မရပါ။သွေးယိုစိမ့်ခြင်း၊ ဦးခေါင်းခွံအတွင်းဖိအားများခြင်း၊ အောက်ဆီဂျင်အလုံအလောက်မရခြင်း၊ အောက်ဆီဂျင်လျော့နည်းခြင်း သို့မဟုတ် အဆိပ်အတောက်များစုဝေးခြင်း အစရှိသော အကြောင်းအရာတို့ကြောင့် ဖြစ်ပေါ်လာသော ဦးနှောက်ဒဏ်ရာရပျက်စီးခြင်း မှတဆင့် ကိုမာ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုဒဏ်ရာရပျက်စီးခြင်းသည် ယာယီ (သို့) အမြဲတမ်း ဖြစ်နိုင်ပါသည်။ကိုမာ ဖြစ်စေသည့် အဖြစ်များသောအကြောင်းရင်းများမှာ။ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း။ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းက ဦးနှောက်ရောင်ခြင်းနှင့် သွေးယိုစိမ့်ခြင်း၊ နိုးကြားမှုနှင့် သတိရှိမှုကိုထိန်းချူပ်ပေးသော ဦးနှောက်၏အစိတ်အပိုင်းများကို ထိခိုက်ခြင်းတို့ကို ဖြစ်စေပါသည်။ရောင်ရမ်းခြင်း။ရောင်ခြင်းသည်ကိုယ်ခန္ဒါထိခိုက်ဒဏ်ရာများကြောင့်သာမဟုတ်၊ အသက်ရှူမဝခြင်း၊ဓါတ်ဆားဓါတ်များမညီမျှခြင်း၊ သို့မဟုတ် ဟော်မုန်းများကြောင့်လည်းဖြစ်နိုင်သည်။သွေးယိုစိမ့်ခြင်း။ဦးနှောက်အတွင်းသွေးယိုစိမ့်ခြင်းသည် သွေးဖိအားများခြင်း၊ဦးနှောက်သွေးကြောဖောင်းရောဂါနှင့် ဦးနှောက်တွင်းအလုံးအကျိတ်တို့၏နောက်ဆက်တွဲဖြစ်စဉ် ဖြစ်သည်။လေဖြတ်ခြင်း။ဦးနှောက်ရောင်ခြင်းနှင့် အတူ ဦးနှောက်တွင်းသွေးမလျှောက်ခြင်း၊ သွေးဆုံးရှုံးခြင်း တို့သည်လည်း ကိုမာကိုဖြစ်စေသည်။သွေးတွင်းသကြားဓါတ်။ဆီးချိုရောဂါဖြစ်နေသော ကလေးများ၏သွေးတွင်းသကြားဓါတ်များ အလွန်များနေသည်ဖြစ်စေ၊အလွန်နည်းပါးသည်ဖြစ်စေကိုမာအဖြစ်သို့ရောက်ရှိစေတတ်ပါသည်။ အောက်စီဂျင်လုံလောက်မှုမရှိခြင်း၊ ရောဂါပိုးဝင်ခြင်း၊ တက်ခြင်း နှင့် အဆိပ်အတောက်များဝင်ခြင်းကလည်း ကိုမာကို ဖြစ်စေနိုင်ပါတယ်။အဓိကအရေးပါသည်မှာ ထိုကိုမာကိုဖြစ်စေသော အကြောင်းအရင်းကိုဖော်ထုတ်နိုင်ရမည်။ ဆရာဝန်များက ကလေးရဲ့အခြေအနေကိုသုံးသပ်ပြီး အသက်အန္တရာယ်ရှိမရှိ ဆုံးဖြတ်ပေးလိမ့်မည်။ ပိုးဝင်သော လက္ခဏာများရှိခဲ့ပါက ထိုပိုးမွှားဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်စုစည်းနေသော အရည်များကိုထုတ်ယူပြီး သက်ဆိုင်ရာစမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။ ပြည့်စုံခိုင်မာသော ဆေးစစ်တမ်းရရှိနိုင်ရန် ဦးနှောက်အား လျှပ်စစ်နည်းဖြင့်စစ်ဆေးခြင်း (EEG)အားလိုအပ်လိမ့်မည်။ပထမဦးစွာ မိမိ၏ကလေးအောက်စီဂျင် လုံလောက်စွာရရှိပြီး သွေးခူန်နုန်းနှင့် သွေးဖိအားတည်ငြိမ်အောင် သေချာဆောင်ရွက်ရမည်။ (ဂလူးကိုစ့်) သကြားဓါတ်နှင့် ဆားဓါတ်တို့ကို အကြောထဲသို့ ထိုးသွင်းရလိမ့်မည်။ အကယ်၍ကလေးက တက်နေလျှင် ထိုတက်ခြင်းကို ကာကွယ်သောဆေးများကို ဆရာဝန်များကညွှန်ကြားပေးလိမ့်မည်။ ဦးနှောက်အတွင်းဖိအားများနေပါက ထိုဖိအားကိုလျော့ကျစေရန် ဆီးသွားစေသောဆေးများနှင့် စတီးရွိုက်ဆေးများတိုက်လိမ့်မည်။ ဆရာဝန်များက ထိုကိုမာကိုဖြစ်စေသောအကြောင်းရင်းကို ရှာနေစဉ် သင့်လျော်သော ကုသမှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ပြန်လည်ကောင်းမွန်လာနိုင်သော အခွင့်အရေးသည် ထိုကိုမာကိုဖြစ်စေသော အကြောင်းအရင်းအပေါ် ကြီးမားစွာမှုတည်သည်။ ဆီးချိုကြောင့်ဖြစ်သော ကိုမာကို ကုသနိုင်သော်လည်း မျိုးရိုးဗီဇရောဂါကြောင့်ဖြစ်သော ကိုမာများသည် ကုသသော်လည်း သက်သာလာမှု မရှိသလောက်ဖြစ်သည်။ ဦးနှောက်ထိခိုက်ဒဏ်ရာရမှု ပမာဏ သည်လည်း အဓိကကျသော အချက်တစ်ချက်ဖြစ်သည်။ ပြင်းထန်စွာဦးနှောက်ဒဏ်ရာရခြင်းသည်လူတစ်ယောက် ကိုမာမှပြန်လည်ကောင်းမွန်လာနိုင်ခြေနှုန်းက လျော့ကျစေသည်။ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုနှင့် မသက်ဆိုင်သည့် ကိုမာဖြစ်နေသောကလေးများ၏ ၇၅ ရာခိုင်နှုန်းမှာ ကောင်းမွန်သောရလဒ်များရရှိလာသည်ကို တွေ့ရသည်ဟု အစီရင်ခံချက်များအရသိရှိရသည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%ad%e1%80%af%e1%80%99%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
အသက်ရွယ်ကြီးသူတွေ ချော်မလဲအောင် အကူအညီပေးနိုင်တဲ့အချက် (၅)ချက်
ချော်လဲခြင်းဟာ အရိုးကျိုးခြင်းအပါအဝင် ပြင်းထန်တဲ့ ပြဿနာ အတော်များများကို ဖြစ်စေနိုင်ပါတယ်။ အရိုးကျိုးခြင်းဟာ နာကျင်မှုနဲ့ လှုပ်ရှားမှု လျော့နည်းခြင်းတွေကို ဖြစ်စေပါတယ်။ သင်အသက်ကြီးလာရင် ကိုယ်ခန္ဓါ ညီမျှမှုကို မထိန်းနိုင်တော့တာကြောင့် ချော်လဲဖို့ ရာနှုန်းများပါတယ်။ ကိုယ်ခန္ဓါကလည်း အရိုးသိပ်သည်းဆ နည်းပါးတာကြောင့် ပြင်းထန်တဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေကို သေချာစွာ လိုက်နာရင် ချော်လဲခြင်းကနေ သင့်ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။သင့်ကိုယ်သင်အရင်ချစ်သင့်ပါတယ်။ သန်စွမ်းတဲ့ ကိုယ်ခန္ဓါဟာ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ညီမျှမှုကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ကြွက်သားတွေကို သန်စွမ်းစေပြီး ညီမျှမှုကို ထိန်းညှိပေးပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ ရိုးရှင်းတာမို့ လုပ်ချင်သလောက် အကြိမ်များများ တစ်နေ့မှာ ပြုလုပ်နိုင်ပါတယ်။ ဥပမာ ခြေထောက်တစ်ဖက်တည်းဖြင့် ရပ်ခြင်း၊ ခြေဖျားထောက်ပြီး လမ်းလျှောက်ခြင်း၊ ဘေးကို လျှောက်ခြင်း၊ ခြေထောက်မြှောက်ခြင်း တွေဟာ အကျိုးရှိပါတယ်။ဒီလေ့ကျင့်ခန်းတွေကို ပြုတ်ကျမှာ စိုးတဲ့အတွက် ထိုင်ခုံနား၊ နံရံနားမှာ ပြုလုပ်သင့်ပါတယ်။သင့်အိမ်မှာ သင့်ကို ပြုတ်ကျစေတဲ့ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။သင့်လျော်တဲ့ ဖိနပ်တွေကို ဝတ်ပါ။ ခြေညှပ်ဖိနပ်တွေဟာ ဒေါက်မြင့်ဖိနပ်တွေထက် ပိုပြီး သင့်လျော်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ခြေထောက်ရှိချိန်မှာ ညီမျှမှုကိုပိုပြီး ထိန်းနိုင်ပါတယ်။ ချောင်နေတဲ့ ဖိနပ်တွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ သူတို့ဟာ သင်ပြေးချိန်၊ လမ်းလျှောက်ချိန်တွေမှာ သင့်ကို ပြုတ်ကျစေနိုင်ပါတယ်။ ရာဘာ ဖိနပ်တွေဟာ သင့်ကို ချော်လဲခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။အချို့ဆေးတွေက သင့်ရဲ့ ညီမျှမှုနဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဆရာဝန်က ဒီလိုဆေးတွေ သောက်ခိုင်းတယ်ဆိုရင် သင်ပိုပြီး သတိထားသင့်ပါတယ်။ ဆရာဝန်သောက်ခိုင်းတဲ့ဆေးတွေက ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း ဖြစ်စေတယ်ဆိုရင် ဒီဆေးတွေအကြောင်းကို ဆရာဝန်ကို ပြောသင့်ပါတယ်။ချော်လဲခြင်းနဲ့ ချော်လဲခြင်းကြောင့် ဖြစ်တဲ့ ဒဏ်ရာရရှိမှုတွေဟာ အသက်ကြီးချိန်မှာ အဖြစ်များပေမယ့် ဒါကို ကာကွယ်နိုင်ပါတယ်။ အထက်ဖေါ်ပြပါ အချက်တွေဟာ ဒီပြဿနာတွေဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/active-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc-%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%b9/
သယ်လ်ဆီးမီးယား (thalassemia) ရောဂါ အကြောင်းသိကောင်းစရာ
thalassemia ဆိုတာ မူမမှန်တဲ့ ဟေမိုဂလိုဘင်တွေ ထုတ်တာကြောင့် ဖြစ်ပေါ်လာတဲ့ သွေးရောဂါတမျိုးပါ။ တကယ်လို့ သင့်ကလေးမှာ thalassemia ရောဂါရှိတယ်ဆိုရင် သူတို့ရဲ့ ခန္ဓါကိုယ်ထဲမှာ ဟေမိုဂလိုဘင်ဓါတ်နဲ့ သွေးနီဥတွေဟာ ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဒီလိုရောဂါမျိုးကို Mediterranean ဒေသ၊အာဖရိက နဲ့ အာရှဒေသက ကလေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။thalassemia ရောဂါ အမျိုးအစား အများကြီးရှိပါတယ်။ တချို့အမျိုးအစားတွေက ဘာရောဂါလက္ခဏာမှ မပြသလို တချို့အမျိုးအစားတွေကလည်း အချိန်မီ ကုသမှုမပေးရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။thalassemia ရောဂါရဲ့ လက္ခဏာတွေက။-အားနည်းမယ်။-ပင်ပန်းနွမ်းနယ်နေမယ်။-အသားအရေဖြူဖျော့မယ်။-မျက်နှာကအရိုးတွေငေါလာမယ်။-အရပ်အမောင်းပုသေးမယ်။-ဆီးမည်းမယ်။-ဗိုက်ကြီးဖောင်းလာမယ် စတာတွေပဲဖြစ်ပါတယ်။thalassemia ဟာ ဟေမိုဂလိုဘင်ထုတ်ပေးတဲ့ gene မှာ အပြစ်အနာအဆာပါတာကြောင့် ဖြစ်ရတာပါ။ ဒီလို ပါတာကြောင့် ဟေမိုဂလိုဘင်ဓါတ်ကို ပုံမှန်အတိုင်း မထုတ်နိုင်တော့ပါဖူး။ ကလေးငယ်ဟာ ဒီ gene ကို မိဘတဦးဆီက ဒါမှမဟုတ် နှစ်ဦးလုံးဆီက ဆက်ခံရနိုင်ပါတယ်။ တကယ်လို့ သင်ရောသင့်လက်တွဲဖော်မှာပါ ပုံမှန်မဟုတ်တဲ့ gene ပါပြီဆိုရင် မွေးလာမယ့် ကလေးမှာ thalassemia major (အပြင်းစား thalassemia) ပါလာမှာပါ။ တကယ်လို့ အပြစ်အနာအဆာရှိတဲ့ gene ဟာ အဖေ ဒါမှမဟုတ် အမေ တယောတ်ဆီ ကပဲ လာတယ်ဆိုရင်တော့ သင့်ကလေးမှာ thalassemia minor (အပျော့စားပုံစံ) ဖြစ်လာပြီး ရောဂါသယ်ဆောင်သူတွေ အဖြစ်(အပြစ်အနာအဆာရှိတဲ့ gene သယ်ဆောင်သူတွေအဖြစ်) ရှိနေမှာပါ။thalassemia ဟုတ်မဟုတ် သေချာသိနိုင်ဖို့အတွက် ရောဂါလက္ခဏာတွေရဲ့ အနေအထားကိုကြည့်ပြီး သင့်ဆရာဝန်က သွေးစစ်ခိုင်းပါလိမ့်မယ်။ ဒီလို စစ်လိုက်မယ်ဆိုရင်တော့ thalassemia ဟုတ်မဟုတ် အတိအကျ သိရမှာပါ။ စစ်ရမယ့် test လေးတွေကတော့ အချင်းဆဲလ်ကို စစ်ဆေးတာ၊ရေမြွှာရည်ကို စစ်ဆေးတာ နဲ့ သန္ဓေသားရဲ့ သွေးကို စစ်ဆေးတာ စသဖြင့် ဖြစ်ပါတယ်။Thalassemia minor ဆိုရင် အထူးတလည်ကုသဖို့ မလိုပေမယ့် major ဆိုရင်တော့ လစဉ်သွေးသွင်းကုသပေးရပါတယ်။ ဒါပေမယ့် သွေးခဏခဏ သွင်းပြန်တော့ ခန္ဓါကိုယ်ထဲမှာ သံဓါတ်တွေ ပိုလျှံစုပုံလာပြီး နှလုံး နဲ့ အသည်းကို ထိခိုက်စေပါတယ်။ ဒီလို ထိခိုက်တာကို ကြိုတင်ကာကွယ်ဖို့အတွက် ခန္ဓါကိုယ်ထဲက မလိုအပ်တဲ့ ပိုလျှံသံဓါတ်တွေကို ဖယ်ရှားစွန့်ပစ်ပေးမယ့် ဆေးတွေကို ကြိုပြီး သုံးနိုင်ပါတယ်။သည်းခြေကျောက်တည်တာ၊ ခန္ဓါကိုယ်ပုသေးတာ၊နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တာနဲ့ ကူးစက်ရောဂါတွေဝင်လွယ်တာဟာ thalassemia ရဲ့ အဓိက နောက်ဆက်တွဲ ပြဿနာတွေပါ။ သွေးသွင်းပြီး ကုသမယ်ဆိုရင်လည်း သံဓါတ်တွေစုပုံပြီး နောက်ဆက်တွဲတွေ ဖြစ်လာဦးမှာပါ။ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဆိုတဲ့စကားဟာ thalassemia အတွက်တော့ သိပ်မမှန်ပါဖူး။ တကယ်လို့ အဖေ ဒါမှမဟုတ် အမေဟာ thalassaemia ရောဂါသယ်ဆောင်သူဖြစ်မယ်ဆိုရင် ကလေးအနေနဲ့ အပြစ်အနာအဆာရှိတဲ့ gene ကိုဆက်ခံပြီး သူလေးလည်းပဲ thalassemia ရောဂါသယ်ဆောင်သူဖြစ်ဖို့ အခွင့်အလမ်းက ငါးဆယ် ရာခိုင်နှုန်းရှိပါမယ်။ တကယ်လို့ သင့်ကလေးဟာ alpha thalassemia major လို့ စစ်ဆေးချက်အဖြေထွက်ရင် သင့်ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်းက အတော်နည်းပါတယ်။ ဒါကြောင့် တချို့မိဘတွေဟာ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဝန်ဖျက်ချဖို့ စဉ်းစားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အကောင်းဆုံးခေတ်အမီဆုံးကုထုံးတွေနဲ့ကုရင်တောင်မှ သင့်ကလေး အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့နေရဖို့က မသေချာလှလို့ပါပဲ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-sleep
healthy-sleep
https://hellosayarwon.com/health/symptoms/%e1%80%9e%e1%80%9a%e1%80%b9%e1%80%9c%e1%80%b9%e1%80%86%e1%80%ae%e1%80%b8%e1%80%99%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8-thalassemia-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%a1/
မိန်းမကိုယ် ကို ကာကွယ်နည်း ၁၁ ချက်
သင့်မိန်းမကိုယ်ကို ကျန်းမာအောင် အကြံပေးချက်တွေ အကုန်ကို လိုက်နာတယ်လို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် မိန်းမကိုယ်ကို ကာကွယ်ဖို့အတွက် အခြားနည်းပေါင်းများစွာ ရှိပါသေးတယ်။ကွန်ဒုံးသုံးပါ။ကွန်ဒုံးတွေဟာ သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန် ရရှိခြင်းတွေမှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် သူဟာ မိန်းမကိုယ်ရဲ့ pH level ကို ထိန်းပေးပြီး ၎င်းကို ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေက ဖျက်ဆီးပစ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ ဒီလို သေးငယ်တဲ့အကောင်လေးတွေဟာ မိန်းမကိုယ်ကို မှို ရောဂါတွေ၊ ဆီးလမ်းကြောင်းက ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း တို့ကနေ ကာကွယ်ပေးဖို့ အတွက် အရေးကြီးပါတယ်။ချည်အတွင်းခံကို ဝတ်ဆင်ပါ (သို့) အတွင်းခံ မဝတ်ဆင်ပါနဲ့။အပြင်ထွက်မယ်ဆိုရင် ချည်သားဟာ သင့်မိန်းမကိုယ်အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီး ရေငွေ့တွေကို စုပ်ယူလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာ နေမယ်ဆိုရင်တော့ အတွင်းခံတွေကို မေ့လိုက်ပါ။ တစ်နေကုန် လေဝင်လေထွက်ကောင်းစေဖို့ အတွင်းခံ မဝတ်ဆင်သင့်ပါဘူး။လေ့ကျင့်ခန်း လုပ်ပါ။ကီဂယ် လေ့ကျင့်ခန်းဟာ တင်ပါးဆုံ အတွင်းပိုင်း ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ သင့်ကို ပိုမို ပြင်းထန်တဲ့ လိင်စိတ် အထွတ်အထိပ်ရောက်မှုကို ပေးစွမ်းနိုင်ပြီး ဆီးအိမ်ထိန်းချုပ်မှု ကိုလည်း ပိုကောင်းစေပါတယ်။ဒိန်ချဉ် စားပါ။ဒိန်ချဉ်မှာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ရောတွေ ပါဝင်တာကြောင့် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ကိုယ်ခန္ဓါ အတွင်းမှာ တိုးပွားစေပါတယ်။ ဒါ့ကြောင့် မှိုရောဂါ လိုမျိုး မိန်းမကိုယ်ရောဂါတွေကို ကြောက်စရာမလိုတော့ပါဘူး။ ဒါပေမယ့် ဒိန်ချဉ်မှာ သကြားပါလားဆိုတာ သတိပြုပါ။ တစ်ချိန်တည်းမှာပဲ သင့်မုန့်တွေဟာ မိန်းမကိုယ်ကျန်းမာရေးကို ဆိုးရွားစေပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ ရောဂါပိုးဝင်မှုတွေကို မြင့်တက်စေပါတယ်။နှစ်စဉ် စစ်ဆေးပါ။သင့်မှာ မီးယပ်ရောဂါတစ်ခုခုရဲ့ လက္ခဏာတွေ မရှိခဲ့ရင် (သို့) ကိုယ်ဝန် မရှိဘူးဆိုသော်လည်း နှစ်စဉ် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကျွမ်းကျင်သူတွေဟာ သင်မေးတဲ့ မေးခွန်းတွေဖြစ်တဲ့ ကွန်ဒုံးအကြောင်း၊ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းအကြောင်း၊ ကလေးရခြင်း နဲ့ အခြား လိင်မှုဘဝနဲ့ ပတ်သက်တဲ့ အရာတွေရော ယေဘုယျ ပတ်သက်တဲ့ ကျန်းမာရေး မေးခွန်းတွေကိုပါ ဖြေကြားပေးနိုင်ပါတယ်။ချောဆီကို အသုံးပြုပါ။တစ်ခါတရံ သင်လိင်ဆက်ဆံတော့မယ်ဆိုရင် မိန်းမကိုယ်ဟာ ခြောက်သွေ့နေနိုင်ပါတယ်။ ဒါဟာ စိုးရိမ်စရာ မရှိပါဘူး။ ဒါဟာ သင်သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ကလေးမွေးပြီး (သို့) သွေးမဆုံးခင်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်လိင်ဆက်ဆံဖက်ကို ပြောဖို့ ဝန်မလေးသင့်ပါဘူး။ ဒါမှသာ ချောဆီတစ်မျိုးမျိုးကို နာကျင်မှုလျော့ပါးဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။မိန်းမကိုယ်အတွင်းပိုင်းကို သန့်စင်ခြင်း မပြုလုပ်ပါနဲ့။မိန်းမကိုယ်ဟာ ကိုယ်တိုင် သန့်ရှင်းရေးလုပ်နိုင်တာကြောင့် သူ့အတွင်းပိုင်းကို သန့်ရှင်းရေး လုပ်ဖို့ မလိုအပ်ပါဘူး။ ဒါ့ပြင် အချို့လေ့လာမှုတွေက အမျိုးသမီးသုံး ထုတ်ကုန်တွေဟာ မိန်းမကိုယ်ကို ခြောက်သွေ့စေရုံသာမက ရောဂါရရှိနှုန်းကိုလည်း မြင့်တက်စေပြီး တင်ပါးဆုံးအတွင်းပိုင်း အင်္ဂါများရောင်ရမ်းခြင်း နဲ့ လိင်မှ ကူးစက်ရောဂါတွေကိုလည်း ပိုမို ရရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်အတွင်းပိုင်းကို သန့်စင်ခြင်း မပြုလုပ်ပါနဲ့။စက်ဘီးစီးစဉ်မှာ မိန်းမကိုယ်ကို ဂရုစိုက်ပါ။စက်ဘီးစီးခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ကိုယ်လက် လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သင့်ကို မိန်းမကိုယ် ထုံကျင်ခြင်း၊ နာကျင်ခြင်းနဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတ်ယ။ ဒီလက္ခဏာတွေကို ရှောင်ကျဉ်ဖို့အတွက် အကာအကွယ်ပါတဲ့ ဘောင်းဘီတိုကို ဝတ်ဆင်သင့်ပြီး ကိုယ်လက် လှုပ်ရှားမှု ပြုသင့်ပါတယ်။ပိုးသတ်ဆေးကို သတိနဲ့ သုံးစွဲပါ။ပိုးသတ်ဆေးဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် ကျန်းမာရေးအတွက် အမြဲမကောင်းမွန်ပါဘူး။ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ မိန်းမကိုယ်က ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို လျော့ကျစေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို သတိနဲ့ သုံးစွဲပြီး ကိုယ့်သဘောနဲ့ကိုယ် အသုံးမပြုသင့်ပါဘူး။လိင်ဆက်ဆံမှုတွေကို သတိထားပါ။လိင်ဆက်ဆံမှု ပုံစံတစ်ခုပြောင်းတိုင်း အခြားကွန်ဒုံးတစ်ခု လဲပါ (သို့) မိန်းမကိုယ်ကို သန့်ရှင်းရေး ပြုလုပ်ပါ။ ဒါဟာ စအိုဝဟာ ဘက်တီးရီးယားပိုးကြွယ်ဝတာမို့ မိန်းမကိုယ်ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ဆပ်ပြာကို သတိထား အသုံးပြုပါ။အမျိုးသမီးတွေဟာ ကိုယ်ခန္ဓါကို ဆေးကြောဖို့အတွက် ဆပ်ပြာကို အသုံးပြုတတ်ကြပါတယ်။ ဒါပေမယ့် ဆပ်ပြာကို အရေပြားပေါ်သာ အသုံးပြုသင့်ပြီး မိန်းမအင်္ဂါတွေ နားမှာတော့ မသုံးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဆပ်ပြာက အမျိုးသမီး အင်္ဂါတွေကို ခြောက်သွေ့စေပါတယ်။ အဲဒီလိုလုပ်မယ့်အစား ရေနွေးနဲ့ဲ ဆေးကြောသင့်ပြီး ညင်သာကာ အနံ့မပါတဲ့ ဆပ်ပြာအပျော့စားကိုသာ အသုံးပြုသင့်ပါတယ်။မိန်းမကိုယ်ကို ကာကွယ်ခြင်းဟာ သင့်လိင်မှုဘဝနဲ့ ကျန်းမာရေးကို ကာကွယ်ခြင်းပဲဖြစ်ပါတယ်။ စောစောစီးစီး ကာကွယ်ခြင်းဟာ အမြဲတမ်းပိုမိုကောင်းမွန်ပါတယ်။ သင့်မှာ အခြားလက္ခဏာတွေ ရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba-%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%94%e1%80%8a/
ကလေးနားပိုးဝင်ခြင်း- အကြောင်းရင်း၊လက္ခဏာများ၊ ကုသမှု
နား ရောဂါပိုးဝင်ခြင်းဟာ ကလေးငယ်တွေမှာ အဖြစ်အများဆုံးရောဂါ တစ်ခုဖြစ်ပါတယ်။ စစ်တမ်းတစ်ခုက ကလေးငယ်အများစုဟာ သူတို့အသက် သုံးနှစ်မပြည့်မီမှာ အနည်းဆုံး တစ်ကြိမ်တော့ နားရောဂါပိုးဝင်တတ်တယ်လို့ ဆိုပါတယ်။နားရောဂါပိုးဝင်ခြင်းကို ခံစားရတဲ့အခါမှာ သင့်ကလေးငယ်ဟာ စိတ်ပြောင်းလဲမှုတွေကို အခြားသိသာ ထင်ရှားတဲ့ လက္ခဏာတွေနဲ့ တွဲဖက်ပြီး ခံစားရနိုင်ပါတယ်။ဥပမာ။သင့်ကလေးငယ်ဟာ အအေးမိခြင်း၊ နှာခေါင်းနှင့် ဦးခေါင်းခွံကို ဆက်သွယ်ထားသော လှိုဏ်ခေါင်းပေါက် ပိုးဝင်ခြင်း (သို့) ဓါတ်မတည့်မှုတွေ ဖြစ်အပြီးမှာ နားရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေဟာ နားအလည်ပိုင်း နဲ့ နှာခေါင်း၊ လည်ချောင်းတွေကို ဆက်ထားတဲ့ Eustachian tube ပြွန်ဟာ ပိတ်သွားစေပါတယ်။ ထိုသို့ပိတ်သွားလျှင် ဒီနေရာကို ရောက်လာတဲ့ အရည်တွေကို အကုန်လုံးကို ပိတ်မိနေစေပြီး ရောဂါပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။သုတေသီတွေက ကလေးငယ်တွေနဲ့ မွေးကင်းစကလေးတွေဟာ ချိုလိမ်ကို အသုံးပြုရင် နားရောဂါပိုးဝင်ခြင်း ပိုမို ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတစ်ခုမှာ ချိုလိမ်အသုံးပြုတဲ့ကလေးတွေဟာ အသုံးမပြုတဲ့ ကလေးတွေထက် နားရောဂါပိုးဝင်ခြင်း ဖြစ်ပွားနှုန်း ၃၃ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။သင့်ကလေးကြီးလာတဲ့အချိန်မှာ နားရောဂါပိုးဝင်ခြင်းဖြစ်နှုန်းဟာ ပိုမို လျော့ကျလာပါတယ်။ Eustachian tubes ပြွန် တွေက သုံးဆပိုရှည်လာပြီး ပိုမတ်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါဟာ အရည်တွေကို နားစည်နောက်ဘက် နေရာမှာ ကပ်နေခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။သင့်ကလေးအခြေအနေ ဘယ်လောက်ပြင်းထန်လဲ ဆိုတာပေါ် မူတည်ပြီး ကုသမှုတွေမှာ စောင့်ကြည့်ခြင်းနဲ့ ပိုးသတ်ဆေးသောက်ခြင်းတွေ ပါဝင်နိုင်ပါတယ်။ နားရောဂါပိုးဝင်ခြင်း အများစုဟာ သူတို့ကိုယ်တိုင် ပြန်ကောင်းနိုင်တာမို့ ရောဂါလက္ခဏာ မပြင်းထန်ရင် စောင့်ကြည့်ခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။သင့်ကလေးရဲ့ နေထိုင်မကောင်းခြင်း ဆိုးရွားလာခဲ့ရင်တော့ နားရောဂါပိုးဝင်ခြင်း ကို တိုက်ဖို့ ပိုးသတ်ဆေး လိုနိုင်ပါတယ်။ ပိုးသတ်ဆေး အများအပြားသောက်ခြင်းဟာ ဆေးယဉ်ခြင်းကို ဖြစ်ပွားစေတာကြောင့် ဆရာဝန်တွေက ပိုးသတ်ဆေးတွေကို ဂရုတစိုက်သောက်စေမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးငယ်က အသက် ၆ လ အနည်းဆုံးရှိပြီဆိုရင်တော့ သင့်ဆရာဝန်က acetaminophen သို့ ibuprofen ကို နာကျင်မှု သက်သာစေဖို့ သောက်ခိုင်းနိုင်ပါတယ်။ ပိုးသတ်ဆေးသောက်ပြီး သိသိသာသာ မသက်သာ ခဲ့ရင်ဆရာဝန်က ဆေးပြောင်းခြင်း၊ ပြန်လည်စစ်ဆေးခြင်းနဲ့ သင့်ကို နောက်တစ်ကြိမ် စစ်ဆေးဖို့ ပြန်လည်ချိန်းဆိုခြင်းတွေ ပြုလုပ်နိုင်ပါတယ်။အသက် ၃ နှစ်အောက် ကလေးငယ်တွေဟာ နားရောဂါပိုးဝင်ခြင်း ကို ပိုမိုဖြစ်ပွားနိုင်ပြီး ဒီအခြေအနေဟာ လက္ခဏာ အနည်းငယ်နဲ့သာ လာနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ စိတ်အခြေအနေ ပြောင်းလဲမှုကို သတိထားမိပြီဆိုရင် ကလေးရဲ့ကိုယ်ခန္ဓါကို သေချာ စစ်ဆေးသင့်ပါတယ်။ သင့်ကလေးမှာ တစ်ခုခု ဖြစ်နေပြီလို့ ထင်ပြီဆိုရင် ဆေးကုသမှုယူဖို့ နှောင့်နှေးခြင်း မပြုသင့်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%81%8b-%e1%80%a1%e1%80%b1/
ကျန်းမာရေးအတွက် စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ
အလေ့အထ ဆိုတာက လူတစ်ယောက်က စဉ်ဆက်မပြတ် နေ့တိုင်းလိုလို လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်ချက်တွေပါ။ ဒီလိုနေ့စဉ် လုပ်ဆောင်မိနေတာကြောင့်ပဲ အလေ့အထ လို့ အဓိပ္ပာယ်ဖွင့်လိုက်ကြတာပေါ့။ ဒီလို နေ့တိုင်း လုပ်မိနေတဲ့ အလေ့အထတွေထဲမှာကောင်းတဲ့ အလေ့အထတွေရှိသလို မကောင်းတဲ့ အလေ့အထတွေလည်း ရှိပါတယ်။အချို့ အလေ့အထ တွေကကျန်းမာရေးကို ထောက်ကူပေးတာကြောင့် ဆက်လက်မွေးထားသင့်ပေမယ့် အချို့ အလေ့အထတွေ ကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် စွန့်လွှတ်လိုက်တာက ပိုကောင်းပါတယ်။ ဒီတစ်ခေါက်တော့ကျန်းမာရေးအတွက်စွန့်လွှတ်သင့်တဲ့ အလေ့အထတွေ က ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်စေဖို့ဆိုရင်ဒီအလေ့အထတွေကို စွန့်လွှတ်ဖို့ လိုပါမယ်။မနက်စာ မစားဘဲနေလိုက်တာကကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မယ့် diet planလို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ ဒီအယူအဆကို ပြင်ဆင်ဖို့ လိုနေပါပြီ။ ကယ်လ်လိုရီ လျှော့စားတာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်ဆိုပေမယ့် မနက်စာ မစားဘဲနေတဲ့ အလေ့အထ က  ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။မနက်စာ မစားဘဲနေသူတွေကသွေးကြောတွေ ပိတ်ဆို့နိုင်ခြေတော်တော်လေး များတယ်လို့ မကြာသေးခင်က ဟားဗတ်စ်ဆေးတက္ကသိုလ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုအရ သိရပါတယ်။ ဒါ့အပြင် မနက်စာ မစားဘဲနေတာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့်အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းတာ၊ အားမရှိသလို ခံစားရတာ၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်း နည်းတာလိုမျိုးကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။တစ်ညလုံး အစားမစားဘဲ နေထားတာကြောင့် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အားအင်တွေကို ပြန်ဖြည့်ဖို့ မနက်စာကို မဖြစ်မနေ စားဖို့ လိုပါမယ်။ ဒါမှ စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ကယ်လ်လိုရီတွေ အများကြီးစားတာက ဘယ်အချိန်မှာစားစား ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ညဘက်နောက်ကျမှ စားတာက ကျန်းမာရေးကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ နေ့ခင်းဘက်မှာ ကယ်လ်လိုရီတွေ အများကြီး စားလိုက်တယ်ဆိုပေမယ့် တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့အတွက် ဦးနှောက်နဲ့ ကြွက်သားတွေကကယ်လ်လိုရီကို စွမ်းအင်အဖြစ် အသုံးချလိုက်ပါတယ်။ ပြီးရင်တော့ ကျန်ရှိနေသေးတဲ့ ကယ်လ်လိုရီတွေကို ခန္ဓာကိုယ်က သိမ်းဆည်းထားလိုက်ပါတယ်။လှုပ်ရှားမှုကြောင့် ကယ်လ်လိုရီတွေ အထိုက်အလျောက်ကတော့ ကုန်ဆုံးသွားတာပေါ့။ ညအိပ်ခါနီးမှ အစားစားတာကတော့ လှုပ်ရှားမှု မရှိတော့တာကြောင့် စားလိုက်တဲ့ အစားအစာတွေထဲက ကယ်လ်လိုရီတွေကို ခန္ဓာကိုယ်က သိမ်းထားလိုက်ပြီး ဝိတ်တက်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးနေပြီဆိုရင်တော့ စိတ်ဖိစီးမှုတွေကို မြန်မြန်သာ မောင်းထုတ်လိုက်ပါ။ စိတ်ဖိစီးမှုတွေကို အချိန်ကြာမြင့်စွာ သိမ်းထားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။စိတ်ဖိစီးမှုတွေကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားတာက ခေါင်းကိုက်တာ၊ အစာခြေစနစ်ပြဿနာတွေ၊ အားမရှိသလို ခံစားရတာ၊ ချွေးထွက်များတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် စိတ်ဖိစီးမှုကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားတာက ပြင်းထန်တဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်ဆိုမှတော့ ရေများများသောက်တာက ခန္ဓာကိုယ်ကို ကျန်းမာစေတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝတာက မှတ်ဉာဏ်ကောင်းစေပြီ စိတ်ခံစားမှုကို ကောင်းမွန်စေသလို တက်ကြွ လန်းဆန်းနေစေမှာပါ။ရေသောက်တာက ကိုယ်အပူချိန်ကို ထိန်းညှိနိုင်စေဖို့ ထောက်ကူပေးသလို အရိုးအဆစ်တွေနဲ့ ကြွက်သားတွေကိုလည်း ကျန်းမာစေပါတယ်။ ကျောက်ကပ်ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ငန်တာလေးမှ အရသာတွေ့တာဆိုတဲ့ အကျင့်ရှိနေပြီဆိုရင်တော့ အခုပဲ ပြင်ဖို့ ပြောပါရစေ။ အငန်တွေ အများကြီး စားတာက သွေးတိုးစေနိုင်သလို ဖောတာရောင်တာနဲ့ ကျောက်ကပ် ထိခိုက်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အငန်ကဲတာကို ရှောင်ရမယ်ဆိုတဲ့နေရာမှာ ဆားကိုတင် လျှော့စားတာကု ဆိုလိုတာ မဟုတ်ပါဘူး။အသင့်စား အစားအစာတွေ၊ အမြန်စား အစားအစာတွေ နဲ့ အပြင်စာ တော်တော်များများကို လျှော့စားတာကို ဆိုလိုတာပါ။တစ်နေ့ကို နာရီပေါင်းများစွာ ထိုင်ပြီး Screenကို ထိုင်ကြည့်နေတာက ဘဝတိုးတက်ရာအတွက် လုပ်နေရတယ်ဆိုရင်တောင်မှ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နာရီပေါင်းများစွာ လှုပ်ရှားမှု မရှိဘဲ တိုင်နေတာက ကြွက်သားပြဿနာ၊ နှလုံးရောဂါ၊ ဆီးချို နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ကျန်းမာရေးကို အရေးမစိုက်တာ။ချောင်းဆိုးနေပြီဆိုရင် ချောင်းဆိုးတာလေးပါပဲ ဆိုပြီး ဆေးလည်းမသောက် အနားလည်းမယူဘဲ လျစ်လျူရှုတတ်တဲ့ အကျင့် ရှိနေပြီလား။ မပြင်းထန်မချင်း ဆေးခန်းမပြဘဲနေတာမျိုးပေါ့။တစ်ခါတလေမှာ ချောင်းဆိုးတာက ရောဂါကြီးကြီးမားမားတွေရဲ့ ရှေ့ပြေး လက္ခဏာတွေ ဖြစ်နေတတ်တာကြောင့် ခန္ဓာကိုယ်မှာ အသေးစား ကျန်းမာရေး ပြဿနာလေးတွေ ခံစားနေရပြီဆိုရင်တောင်မှ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။အခုပြောတဲ့ အလေ့အထတွေ ထဲက ဘယ်နှခုလောက်ကိုများ ပိုင်ဆိုင်ထားပါသလဲ။ ပိုင်ဆိုင်ထားလားဆိုတာကို ဆန်းစစ်ပြီး ပိုင်ဆိုင်ထားရင် အခုပဲ စွန့်လွှတ်လိုက်ပါလို့ ပြောပါရစေ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/bad-habits-to-stop-now/
နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေ မဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ
နှုတ်ခမ်းခြောက်တဲ့ ပြသနာကို လူတိုင်းကြုံဖူးကြမှာပါ။ များသောအားဖြင့်ဆောင်းရာသီလို အေးတဲ့ ရာသီတွေမှာ အဖြစ်များပေမယ့် သေသေချာချာ ဂရုမစိုက်ရင်တော့ အချိန်ရာသီ မရွေးဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့ပြီး အက်လာတဲ့ အခါ နာလည်းနာ၊ သွေးလည်းထွက်နိုင်တဲ့အပြင် စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ကောင်းပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီလို နှုတ်ခမ်းခြောက်၊အက်ကွဲတဲ့ အခြေအနေမျိုး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။ရေဓာတ်ခမ်းခြောက်တဲ့အခါ နှုတ်ခမ်းလည်းခြောက်ပြီး ကြာတဲ့အခါမှာ ကွဲအက်လာနိုင်ပါတယ်။ ဒါ့ကြောင့် စိုပြည်ပြီး နူးညံ့ချောမွတ်တဲ့ နှုတ်ခမ်းလေးတွေကို ထိန်းသိမ်းဖို့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။နှုတ်ခမ်းမှာ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုမျိုး အဆီကို သဘာဝအတိုင်း ထုတ်ပေးနိုင်တဲ့ gland လေးတွေ မရှိတဲ့အတွက် အင်မတန် ခြောက်သွေ့လွယ်ပါတယ်။ ဒါ့ကြောင့်Lip balmလို့ခေါ်တဲ့နှုတ်ခမ်းနီ အဆီကို ပုံမှန်လေး အသုံးပြုပေးသင့်ပါတယ်။ နှုတ်ခမ်းနီဆိုလို့ အချို့ယောကျ်ားလေးတွေက အသုံးပြုစရာမလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ယောကျ်ားလေးတွေလည်း နှုတ်ခမ်းခြောက်တဲ့ ပြသနာဖြစ်နိုင်တာကြောင့် အရောင်မပါတဲ့ နှုတ်ခမ်းနီအဆီလေးတွေကို အသုံးပြုပေးနိုင်ပါတယ်။ နှုတ်ခမ်းမှာ အဆီဆိုးထားရင် နေရခက်တယ်ဆိုတဲ့ သူတွေဆိုရင်လည်း ညမအိပ်ခင်လေးမှာ ဆိုးထားပြီး အိပ်နိုင်ပါတယ်။ နေရောင်ကို မကြာခဏ ထိတွေ့တာကြောင့်လည်း နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့ ပျက်စီးတတ်တာကြောင့် အပြင်ထွက်တဲ့ အခါ အသုံးပြုမယ့် lip balm ကိုရွေးချယ်ရင်လည်းsun protection factor(SPF) 15 အနည်းဆုံးပါဝင်တဲ့ အမျိုးအစားတွေကို အသုံးပြုပေးသင့်ပါတယ်။တချို့က နှုတ်ခမ်းခြောက်ရင် အစိုဓာတ်ရအောင် ဆိုပြီး လျှာနဲ့လျက်ကြပါတယ်။ တကယ်တမ်းတော့ အဲလို အတွေးက မှားယွင်းနေတဲ့အပြင် နှုတ်ခမ်းခြောက်တာကို ပိုလို့တောင် ဆိုးသွားစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တံတွေးတွေက လျှာပေါ်ရောက်သွားပြီးတဲ့အခါ ရေငွေ့ပြန်ပြီးအစိုဓာတ်ကို ပိုပြီးကုန်ခမ်းသွားစေနိုင်လို့ပါ။ ဒါ့ကြောင့် နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ မလျက်မိအောင် သတိထားကြပါနော်။ခေတ်မီ လာတာနဲ့အမျှ နောက်ပိုင်းမှာ စတော်ဘယ်ရီအရသာ၊ စပျစ်သီးအရသာ စသည်ဖြင့် လျှာနဲ့ လျက်လိုက်ရင် အရသာရှိတဲ့ နှုတ်ခမ်းနီလေးတွေ ပေါ်လာကြပါတယ်။ အရသာရှိတာ ကောင်းပေမယ့် အရသာရှိနေတဲ့အတွက် အဲဒီ နှုတ်ခမ်းနီလေးတွေ လိမ်းထားမယ်ဆိုရင် နှုတ်ခမ်းကို လျှာနဲ့လျက်မိဖို့ အခွင့်အရေးပိုများတာကြောင့် မကြာခဏ နှုတ်ခမ်းခြောက်တတ်တယ်ဆိုရင် အဲလို နှုတ်ခမ်းနီတွေ သိပ်မသုံးသင့်ပါဘူး။အရမ်းအေးလို့ အပြင်သွားရင် ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် အဝတ်အစား၊ အနွေးထည်တွေ ဝတ်သလိုပဲ အရမ်းအေးတဲ့ ရာသီဥတုမှာ အပြင်ကို ထွက်မယ်ဆိုရင် မာဖလာလေးနဲ့ ဖြစ်ဖြစ်၊ ခြုံပဝါလေးဖြစ်ဖြစ် အသုံးပြုပြီး နှုတ်ခမ်းကို အပြင်ရာသီဥတုနဲ့ တိုက်ရိုက်မထိအောင် ကာကွယ်ပေးသင့်ပါတယ်။Humidifierလို့ခေါ်တဲ့ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ပစ္စည်းလေးတွေကို အိပ်တဲ့ အခန်းထဲမှာ အသုံးပြုမယ်ဆိုရင် အခန်းထဲမှာရှိတဲ့ လေတွေကို အစိုဓာတ်ထိန်းပေးနိုင်တဲ့အတွက် နှုတ်ခမ်းကိုသာမကဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ အရေပြားတွေ ခြောက်သွေ့တဲ့ ပြသနာမဖြစ်အောင် ကူညီကာကွယ်ပေးနိုင်ပါတယ်။hello ဆရာဝန်ပရိသတ်ကြီးလည်း ရာသီမရွေးနှုတ်ခမ်းခြောက်တဲ့ ပြသနာတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ ဒီဆောင်းပါးလေးက နည်းလမ်းတွေကို လက်တွေ့ အသုံးချကြည့်လိုက်တော့နော်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/prevention-chapped-lips/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/condom-using-tips-for-men/
ကလေးများတွင်ဖြစ်တတ်သော Dry Drowning နှင့် Secondary Drowning ရေနစ်ခြင်း နှစ်မျိုး
မိဘအများစုကဲ့သို့ပင် သင်၏ကလေးများရေကူးခြင်းရေဆော့ခြင်းမလုပ်တော့သည်နှင့် ရေမနစ်နိုင်တော့ဟုသင်ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် “dry သို့မဟုတ် secondary drowning” (ရေနစ်ခြင်း) သည် ရေချိုးပြီးနောက်ပိုင်းနာရီများစွာကြာချိန် တခြားအလုပ်များလုပ်နေချိန်ရောက်မှ ဖြစ်ပွားနိုင်ပါသည်။ ထိုကဲ့သို့အန္တရာယ်မှကင်းစေရန် သင့်ကလေးအတွက်လုပ်ပေးနိုင်သောအဆင့်များရှိပါသည်။ဒီရေနစ်ခြင်းမျိုးသည် အဆုတ်ထဲသို့ရေများကိုရှူသွင်းမိသည့်အခါ ဖြစ်ပေါ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် ရေကူးစဉ်ရုန်းကန်ခြင်းများကြောင့်လဲ ဖြစ်နိုင်သည်။ သို့သော် ပါးစပ်ထဲသို့ရေဝင်ရုံလောက်နှင့်ပင် ဖြစ်ပေါ်လာတတ်သောနောက်ဆက်တွဲအခြေအနေတစ်ခုလဲ ဖြစ်နိုင်၏။ အရွယ်ရောက်ပြီးသူများတွင်ပါဖြစ်နိုင်သော်လည်းကလေးများကအရွယ်ပိုငယ်သောကြောင့် အဖြစ်ပိုများပါသည်။Dry drowning တွင် ရေများကအဆုတ်ထဲထိအောင်မထိုးဖောက်ပါ။ ထိုအစားရေများသည်အသက်ရှူရာမှဝင်လာပြီး ရေကန်၊ ပင်လယ်၊ ရေအိုင်အတွင်းမှ ထွက်လာပြီးနောက်ပိုင်းကလေးငယ်၏အသံကြိုးကိုညှစ်စေပြီးပိတ်သွားစေနိုင်သည်။ ထို့ကြောင့် အသက်ရှူလမ်းကြောင်းကိုပိတ်သွားစေပြီးအသက်ရှူမရဖြစ်သွားစေသည်။Secondary drowning က နည်းနည်းကွဲသည်။ ကလေး၏လေပြွန်သည်ပွင့်သွားပြီးအဆုတ်ထဲထိရေများကိုရောက်သွားစေသည်။ ထိုအခြေအနေမှ Pulmonary Edema ဟုခေါ်သော အဆုတ်ရေဝင်ခြင်းဖြစ်ပွားလာပြီးနောက်ဆုံးအနေဖြင့် အသက်ရှူမရဖြစ်သွားစေနိုင်၏။Dry drowning ၏ လက္ခဏာများသည် ရေထဲတွင်တစ်ခုခုဖြစ်ပြီးနောက်ပိုင်းတွင်ပေါ်လာတတ်သည်။ Secondary drowning ကမူ ၁-၂၄နာရီအတွင်းမှ ပေါ်လာမည်ဖြစ်သည်။ သို့သော်လည်း နှစ်ခုစလုံးသည် အတော်လေးဖြစ်ခဲပါသည်။Dry drowning နှင့် secondary drowning ၏ လက္ခဏာရပ်များသည် တူ၏။ ချောင်းဆိုးခြင်း၊ ရင်ဘတ်ထဲမှနာခြင်း၊ အသက်ရှူရခက်ခြင်း၊ အလွန်အမင်းမောပန်းခြင်းများဖြစ်သည်။ ကလေး၏ အပြုအမူများပြောင်းလဲလာနိုင်ပြီးစိတ်တိုလွယ်ခြင်း၊ စွမ်းအားကုန်ခမ်းခြင်းများကိုတွေ့နိုင်သည်။ ဒီအခြေအနေသည် ဦးနှောက်ဆီသို့ လုံလောက်သည့်အောက်စီဂျင်မရောက်တော့သောကြောင့်ဟုဆိုလိုသည်။ကလေးငယ်တွင် အထက်ပါလက္ခဏာပြလာပါက ဆေးဝါးကုသမှုခံယူပါ။ ဖြစ်ရပ်အများစုတွင် လက္ခဏာများသည် သူ့အလိုလိုပျောက်သွားတတ်သောကြောင့် သေချာစစ်ဆေးဖို့လိုအပ်ပါသည်။ ဖြစ်ပေါ်လာသည့်ပြဿနာများသည် ချက်ချင်းဆေးကုသမှုခံယူပါကများသောအားဖြင့်ပျောက်ကင်းနိုင်၏။ ထို့ကြောင့်သင်လုပ်ရမည်မှာရေထဲ၌ကလေးတစ်ခုခုဖြစ်ခဲ့ပါက ၂၄ နာရီလုံးစောင့်ကြည့်နေဖို့လိုအပ်သည်။လက္ခဏာများသည်ပျောက်မသွားပဲပိုဆိုးလာပါကကလေးကိုအရေးပေါ်ဌာနသို့တန်းခေါ်သွားပါ။ အပြင်ကလေးဆေးခန်းသို့ သွားမနေပါနှင့်။ ဓါတ်မှန်ရိုက်ခြင်းအကြောဆေးသွင်းခြင်းများလိုအပ်တာကြောင့် ဆေးရုံတင်စောင့်ကြည့်ဖို့လိုအပ်ပါသည်။ ဒီလိုကုသမျိုးသည် သာမာန်ဆေးခန်းတွင် မလုပ်ပေးနိုင်ပါ။Dry or secondary drowning အတွက် ကုသဖို့ရာဆေးမရှိတာကြောင့် ကလေးကိုဆေးရုံတွင် Support Care ပေးဖို့လိုအပ်ပါသည်။ ဆိုလိုတာကလေပြွန်နှင့် အောက်စီဂျင်ပမာဏကိုစစ်ဆေးကုသပေးနိုင်ရုံသာရှိသည်။ အကယ်၍ အသက်ရှူမရခြင်းဖြစ်ပေါ်ကအသက်ရှူပြွန်ထည့်ဖို့ရာလိုအပ်နိုင်ပါသည်။သင့်ကလေးအားကာကွယ်ရန် အောက်ပါအချက်များကိုလိုက်နာပါ။သင်ရောသင့်ကလေးပါ ရေနှင့်ပါတ်သက်သည့်သင်တန်းများတက်ပါ။ အသက် ၆ မှ ၃ နှစ်အတွင်းကလေးများအတွက် ရေအကြောင်းမိတ်ဆက်ပရိုဂရမ်များရှိပါသည်။ အိမ်တွင်ရေကူးကန်ရှိပါကသေချာခြံခတ်ထားပါ။ ဆယ်ကျော်သက်များသည် အရက်နှင့်ဆေးများကြောင့် ရေနစ်ဖို့ရာအလားအလာပိုများနိုင်၏။ ထို့ကြောင့် မိမိ၏ကလေးများကို အန္တရာယ်ကိုသိအောင်သင်ကြားပေးပါ။ ရေတိမ်သည်ဆိုရုံနှင့် စိတ်မချပစ်လိုက်ပါနှင့်။ ရေစိမ်ဇလုံ၊ အိမ်သာအထိုင်ခွက်၊ ရေအိုင်ငယ်၊ ပလက်စတစ်ရေကူးကန်ငယ်များတွင်တောင်မှ ရေနစ်နိုင်သည်ကိုသတိပြုပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-d/
ပင်လယ်စာနှင့် ဓာတ်မတည့်ခြင်း လက္ခဏာများ
တူနာ၊ ပုဇွန်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ဆောလ်မွန်၊ ဂဏန်းစတဲ့ပင်လယ်စာအစားအသောက်တွေဟာ လူကြိုက်များတဲ့ အစားအစာတွေပါ။ အထူးသဖြင့် ပင်လယ်ကမ်းခြေလို နေရာမျိုးတွေမှာ သွားရောက်အပန်းဖြေချိန်တွေမှာဆိုရင် ပင်လယ်စာထွက် အစားအစားတွေကို အဓိကထား စားသောက်ကြလေ့ရှိပါတယ်။ဒီကနေ့ခေတ်မှာတော့ ပင်လယ်စာအစားအစာတွေဟာ အစားအသောက်ပုံစံမျိုးစုံတွေမှာ ပါဝင်နေပြီဖြစ်သလို သူ့ချည်းသီးသန့် ရောင်းချတဲ့ စားသောက်ဆိုင်တွေလည်း ပေါများလာနေပါပြီ။ လူကြိုက်များအစားအစာဖြစ်ပေမယ့်လည်း ပင်လယ်စာတွေဟာ လူတိုင်းနဲ့ အဆင်ပြေနေတဲ့ အစားအစာမျိုးတော့မဟုတ်ပါဘူး။ မှတ်တမ်းတွေအရ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့လူ ၂.၃% လောက်ရှိပါတယ်။တစ်ချို့လူတွေအနေနဲ့ ပင်လယ်စာတွေ စားသောက်မိပြီးတဲ့အခါတွေမှာယားယံတာ၊ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။ တစ်ချို့က မကြာခဏဖြစ်တတ်သလို တစ်ချို့က တစ်ခါတစ်ရံမှဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ အမြဲတမ်း ကြုံရတတ်တာမို့ လုံးဝစားလို့မရတာမျိုးလည်းရှိပါတယ်။ ဒါကို Seafood Allergies ဒါမှမဟုတ် Shellfish Allergies လို့ ခေါ်ဆိုကြပါတယ်။ပင်လယ်စာ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာ ရှိတဲ့လူတွေဟာ အောက်ဖော်ပြပါ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။အဓိကအားဖြင့်တော့ အခွံပါရေနေသတ္တဝါတွေ (Crustaceans) နဲ့ ခရုနွယ်ဝင်သတ္တဝါတွေ (Mollusks) တွေဖြစ်ပါတယ်။ Crustacean တွေထဲမှာပုဇွန်၊ ဂဏန်း၊ ပုဇွန်ဆိတ်၊ ကျောက်ပုဇွန်နဲ့ ပုဇွန်ထုပ်တို့ပါဝင်ပါတယ်။ Mollusk တွေကတော့ ခုံးကောင်၊ ယောက်သွား၊ ကမာ၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ရေဘဝဲ၊ ပင်လယ်မျှော့နဲ့ ဂုံးယောင်းမတို့ပါဝင်ပါတယ်။ ဒါ့အပြင် ငါးအမျိုးနွယ်တွေဖြစ်ကြတဲ့ တူနာ၊ ဆောလ်မွန်နဲ့ Cod တို့ကလည်း ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။များသောအားဖြင့် ပင်လယ်စာနဲ့ ဓာတ်မတည့်သူတွေဟာ တစ်မျိုးနဲ့ ဓာတ်မတည့်ရင် တခြားပင်လယ်စာတွေကိုပါ စားသောက်ဖို့မသင့်ပဲရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေအရ တစ်မျိုးနဲ့ ဓာတ်မတည့်ရုံနဲ့ တစ်ခြားပင်လယ်စာတွေကလည်း အနည်းနဲ့ အများဆိုသလို အန္တရာယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။လေ့လာချက်တွေအရ ပင်လယ်စာဓာတ်မတည့်မှုဟာ မွေးရာပါ ရောဂါလက္ခဏာတစ်မျိုးလို့ ဆိုပါတယ်။ ပင်လယ်ရေနေသတ္တဝါတွေရဲ့ ကြွက်သားကနေ ထွက်ရှိလာတဲ့ ပရိုတိန်းဓာတ်တစ်မျိုးက လူ့ရဲ့ ကိုယ်ခံအားစနစ်ကို နှောင့်ယှက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီ ပရိုတိန်းဓာတ်ကို Tropomyosin လို့ ခေါ်ပါတယ်။ပင်လယ်စာ ဓာတ်မတည့်မှုဖြစ်ပြီဆိုရင် ဖြစ်ပေါ်နိုင်တဲ့ ရောဂါလက္ခဏာ အများအပြားရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် လက္ခဏာအများအပြားပြသလေ့မရှိပဲ တစ်ခုခန့်သာဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာလည်း ရောဂါလက္ခဏာ ၂ မျိုး၊ ၃ မျိုးပြသတာမျိုးလည်း ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ချေနည်းပါးပါတယ်။ပင်လယ်စာ ဓာတ်မတည့်မှုကြောင့်ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့။ပင်လယ်စာ ဓာတ်မတည့်မှုကို တိတိပပ ပျောက်ကင်းအောင် ကုစားနိုင်တဲ့ တိုက်ရိုက် နည်းလမ်းမျိုးမရှိသေးပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ မိမိနဲ့ မတည့်ဘူးဆိုတာ သေချာရင် အဆိုပါအစားအစာတွေကို မစားဖြစ်အောင် ရှောင်ကျဉ်တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ပင်လယ်စာတွေဟာ တစ်ခါတစ်ရံမှာ တခြားဟင်းလျာတွေထဲမှာ ရောနှောပါဝင်နိုင်တာမို့ မိမိမှာ ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာတွေရှိနေရင် ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး နည်းလမ်းရှာဖွေသင့်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%95%e1%80%84%e1%80%ba%e1%80%9c%e1%80%9a%e1%80%ba%e1%80%85%e1%80%ac%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba/
ကိုယ်ဝန်ဆောင်နှင့် သယ်လ်ဆီးမီးယား (thalassaemia)ရောဂါ
Thalassemia ဆိုတာ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ သွေးရောဂါတမျိုးဖြစ်တယ်။ တကယ်လို့ သင့်မှာThalassemia ရောဂါရှိနေပြီဆိုရင် သင့်ခန္ဓါကိုယ်ထဲမှာ သွေးနီဥပမာဏနဲ့ ဟေမိုဂလိုဘင် ပမာဏက ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဟေမိုဂလိုဘင်ဆိုတာ သွေးနီဥထဲမှာ ပါဝင်တဲ့ ပစ္စည်းတမျိုးဖြစ်ပြီး အောက်ဆီဂျင်ကို တကိုယ်လုံးက အဂါၤတွေဆီသယ်ပို့ပေးတဲ့ အလုပ်လုပ်ဆောင်ပါတယ်။ Thalassemia ရောဂါကြောင့် သွေးအားနည်းတာနဲ့ မောပန်းလွယ်တာတွေဖြစ်လာနိုင်တယ်။thalassemia ရောဂါရဲ့ လက္ခဏာတွေက။ဒါပေမယ့် ဝေဒနာရှင်တယောက်နဲ့ တယောက် ပြတဲ့ လက္ခဏာတွေကတော့ အနည်းအကျဉ်း ကွဲလွဲကောင်းကွဲလွဲလိမ့်မယ်။thalassemia ဆိုတာ မျိုးရိုးလိုက်တဲ့ ရောဂါတခုပါ။ ငုပ်လျှိုးနေတဲ့ ဗီဇ(recessive gene)က ဒီရောဂါကို သယ်ဆောင်ပါတယ်။ ဆိုလိုချင်တာက thalassemia ရောဂါဟာ သင့်ဆီကနေ ကလေးဆီကို အလိုအလျောက်ရောက်သွားတာတော့ မဟုတ်ပါဖူး။ သင် ဒါမှမဟုတ် သင့် အမျိုးသားက thalassemia ရောဂါသယ်ဆောင်သူဆိုရင် မွေးလာမယ့် ကလေးမှာ ရောဂါဖြစ်နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်း နဲ့ သင့်လိုပဲ ရောဂါသယ်ဆောင်သူဖြစ်ဖို့ ၅၀ရာခိုင်နှုန်းရှိပါတယ်။ သင်ရောသင့်အမျိုးသားရော thalassemia ရောဂါသယ်ဆောင်သူဆိုရင် မွေးလာမယ့်ကလေးအနေနဲ့။– thalassemia ရောဂါလုံးဝမရှိဖို့က ၂၅%။– ရောဂါသယ်ဆောင်သူတော့ဖြစ်မယ် ။ ဒါပေမယ့် ရောဂါလက္ခဏာလုံးဝ မပြဖို့က ၅၀%။– ပြင်းထန်တဲ့ thalassemia ရောဂါအကြီးစား ဖြစ်ဖို့က ၂၅% ရှိပါမယ်။သင့်ကလေးမှာ thalassemia ရောဂါရှိမရှိ သေချာသိဖို့ဆိုရင်တော့ စစ်ဆေးမှုတွေလုပ်ကြည့်မှပဲ သိနိုင်မှာပါ။ ဘာတွေ စစ်ဆေးရမလဲဆိုတော့။– အချင်းဆဲလ်တွေကို စစ်ဆေးလို့ရတယ်၊ ရေမြွှာရေကို စစ်လို့ရတယ် ဒါမှမဟုတ် သန္ဓေသားရဲ့ သွေးကို စစ်ကြည့်လို့ရတယ်။တကယ်လို့ သင့်ကလေးဟာ alpha thalassemia major လို့ စစ်ဆေးချက်အဖြေထွက်ရင် သင့်ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်းက အတော်နည်းပါတယ်။ ဒါကြောင့် တချို့မိဘတွေဟာ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဝန်ဖျက်ချဖို့ စဉ်းစားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အကောင်းဆုံးခေတ်အမီဆုံးကုထုံးတွေနဲ့ကုရင်တောင်မှ သင့်ကလေး အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့နေရဖို့က မသေချာလှလို့ပါပဲ။တကယ်လို့ သင့်မှာ thalassaemia ရောဂါရှိနေမယ်ဆိုရင် သွေးရောဂါအထူးကုနဲ့ပြဖို့လိုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဖောလစ်အက်ဆစ် ၅မီလီဂရမ် သောက်မယ်ဆိုရင် သင့်ကလေးအတွက် အကျိုးရှိမှာပါ။ ဘာလို့လဲဆိုတော့ thalassaemia ဟာ neural tube ကို ထိခိုက်စေတဲ့အတွက် ဖောလစ်အက်ဆစ်ကို နေ့စဉ် ပမာဏများများပုံမှန်သောက်ပေးမယ်ဆိုရင် ဒီအခြေအနေကို ကာကွယ်ကောင်းကာကွယ်ပေးပါလိမ့်မယ်။ တကယ်လို့ သင်ဟာ thalassaemia ရဲ့ လက္ခဏာတွေကို ခံစားနေရရင်(ဥပမာ သွေးအားနည်းတာ) ဆေးရုံတက်ပြီး မီးဖွားဖို့ လိုပါလိမ့်မယ်။Beta thalassaemia major ဟာ သင့်အရိုးတွေကြီးထွားတာကို အနှောင့်အယှက်ပေးတဲ့အတွက် ရိုးရိုးမွေးဖွားမယ်ဆိုရင် အခက်အခဲရှိစေပါလိမ့်မယ်။ သင့်ကိုယ်ဝန်နဲ့ပတ်သက်ပြီး လိုအပ်တာတွေကို လုပ်ဆောင်နိုင်ဖို့ နှစ်သိမ့်ဆွေးနွေးခြင်းကိုလည်း ခံယူရပါမယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9e%e1%80%9a%e1%80%ba%e1%80%9c/
ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ
အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ်ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသွေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။ နောက်ထပ်တွေ့ရနိုင်တဲ့ ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်း ဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုပြောပြပေးချင်ပါတယ်။လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်လို့ ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက်ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီစက်ဝန်းရဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းက တစ်ရက်နဲ့ တစ်ရက်မတူကြပါဘူး။ ရာသီစက်ဝန်းရဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာ estrogenဟော်မုန်းတွေ များနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့ progesterone က များလာပါတယ်။Progesterone ပမာဏ များလာလေလေ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်ပိတ်ဆို့မှုက ဆိုးလာလေလေပါ။ အရေပြားမှာ အဆီတွေ ပိတ်ဆို့မှုများလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ရာသီလာနေချိန်မှာ testosteroneဟော်မုန်းပမာဏကလည်း ပုံမှန်ထက် ပိုများနေပြီးအဆီဂလင်းတွေက အဆီထုတ်လုပ်မှုကလည်း ပုံမှန်အခြေအနေထက် ပိုများနေတတ်ပါတယ်။ ဒါကြောင့်  အရေပြားက ချွေးပေါက်တွေမှာ အဆီတွေ ပိတ်ဆို့ရာကနေ ဝက်ခြံတွေထွက်လာရတာပဲ ဖြစ်ပါတယ်။ရာသီသွေးဆင်းချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာအောင် လုပ်လို့ရပါတယ်။ ရာသီသွေးပေါ်ချိန်မှာ ထွက်တဲ့ ဝက်ခြံကတစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွင်းပိုင်းက ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့်ဝက်ခြံပေါက်တာပဲ ဂရုစိုက်စရာမလိုဘူးလို့တော့ ထားလို့မရပါဘူး။ ဒီဝက်ခြံတွေက ဂရုမစိုက်ဘဲထားမယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော် လေဒီတို့။ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတော့။(၁) မျက်နှာကို လက်နဲ့မထိပါနဲ့။တစ်နေ့တာ လှုပ်ရှားမှုတွေလုပ်နေရင်း မျက်နှာကို အမှုမဲ့အမှတ်တဲ့ လက်နဲ့ထိတွေ့မိတာ၊ မျက်လုံးကိုပွတ်တာမျိုးတွေ လုပ်မိနိုင်ပါတယ်။ လက်က နေရာတိုင်းကို ထိတွေ့မိတာကြောင့် ဘက်တီးရီးယားတွေ အများကြီးကပ်ညှိနေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာ၊ ခဏခဏကိုင်တွယ်ထိတွေ့တာတွေမလုပ်ပါနဲ့။ မျက်နှာကို မကိုင်တွယ်ခင်နဲ့ မျက်နှာမှာ တစ်ခုခုမလိမ်းခင်မှာ လက်ကို အရင်စင်ကြယ်အောင်ဆေးကြောပါ။(၂) ရေများများသောက်ပေးပါ။ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ခန္ဓာကိုယ်လှုပ်ရှားနိုင်စေဖို့နဲ့ ကျန်းမာစေဖို့အတွက် ရေလုံလောက်အောင်သောက်ပေးဖို့ လိုပါမယ်။ ရေကခန္ဓာကိုယ်ကျန်းမာဖို့အတွက် အခြေခံအကျဆုံးအရာပါ။ အသားအရေစိုပြည်ကြည်လင်စေဖို့အတွက် တစ်နေ့ကို ရေ ၈ ခွက်လောက်သောက်သုံးပေးပါ။ ရာသီသွေးပေါ်နေချိန်မှာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဖို့အတွက်လည်း ရေလုံလောက်အောင်သောက်ဖို့ လိုပါမယ်။(၃) ဟော်မုန်းဆေးသောက်ပေးပါ။ဟော်မုန်းဆေး အထူးသဖြင့် estrogen နဲ့ progesterone တွေက ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ဒီနှစ်မျိုးလုံး ပါတဲ့ဆေးက သန္ဓေတားဆေးနဲ့ တူပါတယ်။ ဒါပေမယ့် doseတော့ ကွာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အာနိသင်ပြပုံချင်းကတော့ မတူပါဘူး။ တချို့က ဝက်ခြံတွေ လုံးဝမထွက်လာတော့ပါဘူး။ တချို့က အရင်ကထက်စာရင် သက်သာသွားပါတယ်။(၄) ဖုန်းကို သန့်ရှင်းအောင်ထားပေးပါ။အခုခေတ်မှာ ဖုန်းကနေ့စဉ်ဘဝမှာမရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ ခန္ဓာကိုယ်ကဟော်မုန်းမညီမျှတဲ့အချိန်မှာ ဝက်ခြံက အဖြစ်လွယ်နေပြီး ညစ်ပေနေတဲ့ဖုန်းမျက်နှာပြင်က ဘက်တီးရီးယားတွေကဝက်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းတွေကိုလည်း သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါမယ်။(၅) လေ့ကျင့်ခန်းလုပ်ပြီးရင် ရေချိုးပေးပါ။တကယ်လို့ သင့်က ကိုယ်လက်လှုပ်ရှားလုပ်တတ်တဲ့သူ ဖြစ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတိတ်အောင်စောင့်ပြီး ရေချိုးသန့်စင်လိုက်ပါ။လေ့ကျင့်ခန်းလုပ်ချိန်မှာ ထွက်လာတဲ့ချွေး၊ အဆီတွေနဲ့ အရေပြားမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာ၊ ရင်ဘတ်နဲ့ ကျောဘက်တွေမှာ ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကိုလည် ပိုဆိုးစေနိုင်ပါတယ်။(၆) အာဟာရပြည့်ဝအောင် စားသုံးပေးပါ။ရာသီသွေးဆင်းနေချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာကလည်း ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်၊ အမိုင်နိုအက်ဆစ်တို့ ပါဝင်တဲ့အစားအသောက်တွေက ရာသီသွေးဆင်းချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေနိုင်သလို အသားအရေကိုလည်း ကြည်လင်လှပစေနိုင်ပါတယ်။အခုပြောပြခဲ့တဲ့ အချက်တွေအတိုင်း လုပ်ဆောင်ကြည့်ပြီး ရာသီလာချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို နှိမ်နှင်းလိုက်ကြပါစို့လား လေဒီတို့ရေ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/how-to-treat-hormonal-acne/
သက်ကြီးရွယ်အိုများတွင် ကြုံတွေ့နေရသော ကျန်းမာရေးပြသနာများ
လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ အမျိုးမျိုးသောကျန်းမာရေးပြသနာများနှင့်ရင်ဆိုင်လာကြရပါသည်။ ထို့ကြောင့် လူရောစိတ်ပါ ကျန်းမာနေစေရန် ရောဂါမဖြစ်မီကကာကွယ်မှုများစနစ်တကျပြုလုပ်ထားလျှင် ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ပါလိမ့်မည်။အသက်အရွယ်ကြီးသောသူများတွင် အဆစ်များထိန်းမရအောင်နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် ရောင်ရမ်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်လာပါက လမ်းလျှောက်ခြင်း၊ အကွေးအဆန့်ပြုလုပ်ခြင်း၊ လှေကားတက်ခြင်းစသည့်နေ့စဉ်အလုပ်များအရင်လိုမလုပ်နိုင်တော့ရုံသာမကအခြားလူမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း အခက်အခဲရှိလာနိုင်ပါသည်။အမေရိကန်နိုင်ငံဗဟိုရောဂါထိန်းသိမ်းရေးဌာန၏ အဆိုအရ ၂၀၁၄ ခုနှစ်တွင် သေဆုံးသူ ၄၈၉.၇၇၂ အနက် ၆၅ယောက်သည် နှလုံးရောဂါကြောင့်ဖြစ်သည်ဟုဆိုသည်။ အကယ်၍ သင့်သွေးထဲတွင် သကြားဓါတ်နှင့် အဆီပမာဏမြင့်တက်နေပါက သင်သည် နှလုံးရောဂါဖြစ်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေများပေသည်။ကင်ဆာရောဂါသည် အသက် ၆၅ နှစ်ကျော်သူများတွင် ဒုတိယသေဆုံးမှုအများဆုံးဖြစ်စေသောရောဂါဖြစ်သည်။ အကယ်၍ရင်သားဓါတ်မှန်ရိုက်ခြင်း၊ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းနှင့် အရေပြားတို့ကိုစစ်ဆေးခြင်းတို့ဖြင့် စောသိနိုင်ခဲ့သော် ကင်ဆာအတော်များများကို ကုသနိုင်မည်ဖြစ်သည်။အချို့သောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများသည် သာမာန်အအေးမိခြင်းမျိုးဖြစ်ပြီး အလိုလိုပျောက်ကင်းနိုင်သော်လည်း အဆုတ်ရောင် နမိုးနီးယား၊ အဆုတ်သွေးကြောပိတ်ခြင်း၊ ပန်းနာရင်ကျပ်ဆိုးလာခြင်းနှင့် အဆုတ်ကင်ဆာတို့စသည်တို့ဖြစ်ပါက အသက်အန္တရာယ်စိုးရိမ်ရပါသည်။ထို့ကြောင့်လူကြီးများသည် ကျန်းမာရေးဌာနများတွင် ဆရာဝန်နှင့်လာရောက်တိုင်ပင်ကာ အဆုတ်၏လုပ်ဆောင်ရည်ကို စစ်ဆေးသည့်စမ်းသပ်မှုများ လုပ်ဆောင်သင့်ပါသည်။ထိုရောဂါသည် အသက်ရွယ်ကြီးသူများတွင် ခံစားရသောရောဂါဖြစ်ပြီးရောဂါအမည်တပ်ရန်လည်း မလွယ်ကူလှပါ။ သက်ကြီးရွယ်အိုများသည် မိမိကိုယ်မိမိဂရုမစိုက်နိုင်တော့ခြင်း၊ မမှတ်မိတော့ခြင်းနှင့် ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသောအရာများကို ကျိုးကြောင်းဆီလျော်စွာ မတွေးခေါ်နိုင်တော့ခြင်း စသည်တို့ခံစားလာရပါသည်။အမြင်အာရုံနှင့် အကြားအာရုံများအားနည်းလာခြင်းသည် သက်ကြီးရွယ်အိုများတွင် ဖြစ်လေ့ရှိပြီး ၎င်းတို့သည်လူမှုဘဝကိုများစွာ ထိခိုက်မှုမရှိနိုင်တော့ပါ။ ယနေ့ခေတ်တွင် မျက်မှန်များ၊ နားကြားကိရိယာများကို လွယ်ကူစွာဝယ်ယူနိုင်ပြီးဖြစ်သည်။သက်ကြီးရွယ်အိုများသည် သွားနှင့် ခံတွင်းကျန်းမာမှုမရှိလျှင် တန်ဖိုးကျဆင်းစေခြင်း၊ အာဟာရရှိေသောအစားအစာများကောင်းမွန်စွာ မမှီဝဲနိုင်ခြင်းစသည်တို့ခံစားရနိုင်ပါသည်။ ထို့ကြောင့် သွားပိုးစားခြင်းနှင့် သွားများပျက်စီးခြင်းမှကာကွယ်ရန် သွားနှင့်ခံတွင်းစစ်ဆေးမှုကို မှန်မှန်ပြုလုပ်သင့်သည်။အာဟာရမပြည့်ဝခြင်းသည် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်သော်လည်း ကိုယ်ခံအားစနစ်လျော့နည်းခြင်း။ အရိုးအဆစ်နှင့်ကြွက်သားများအားနည်းခြင်းတို့ကိုဖြစ်စေပါသည်။ အကြောင်းရင်းမှာသက်ကြီးရွယ်အိုများသည် အစာစားရန်မေ့လျော့နေတတ်ခြင်းနှင့် စိတ်ကျရောဂါဖြစ်ကာ လူမှုပတ်ဝန်းကျင်နှင့် ကင်းကွာသွားတတ်ခြင်းတို့ကြောင့်ဖြစ်ပါသည်။အရက်၊ ဆေးလိပ်နှင့် ပေါင်းဆေးစသည့်မူးယစ်စေတတ်သောဆေးများကိုလွန်ကဲစွာအသုံးပြုပါကအဆိပ်သင့်ခြင်း၊ ကျန်းမာရေးချို့ယွင်းခြင်းနှင့် အခြားကုသမှုများအတွက် ဆေးမတိုးတော့ခြင်းစသည်တို့ကြုံလာရနိုင်ပါသည်။၁၀။ အဝလွန်ခြင်း။အဝလွန်လျှင် နှလုံးရောဂါ ၊ ဆီးချို ရောဂါ၊ ကင်ဆာနှင့် အခြားနာတာရှည်ရောဂါများ ဖြစ်နိုင်ခြေများပြီး သင့်ဘဝတန်ဖိုးကိုကျဆင်းစေနိုင်ပါသည်။ သင်သည် အသက်ကြီးလာသည်နှင့်အမျှ လေးလံလာပြီးအရင်လောက် မတက်ကြွတော့ခြင်းသည်လည်း အဝလွန်လာစေမည့် လက္ခဏာများဖြစ်ပါသည်။စိတ်ဓါတ်ကျခြင်းသည် ကိုယ်ခံအားကိုကျဆင်းစေရုံသာမက ရောဂါကိုကာကွယ်နိုင်စွမ်းကိုပါ ကျဆင်းစေသောကြောင့် အန္တရာယ်ရှိစေသောအချက်ဖြစ်သည်။ ထို့အပြင် စိတ်ဓါတ်ကျနေပါက အစားအသောက်နှင့်နေထိုင်မှုပုံစံမမှန်တော့ကာ ကျန်းမာရေးကိုပါထိခိုက်လာနိုင်ပါသည်။သက်ကြီးရွယ်အိုများတွင် အရိုး၏သိပ်သည်းဆ လျော့နည်းသွားသောကြောင့် အရိုးကျိုးလွယ်ကာကျန်းမာရေးထိခိုက်ခြင်းနှင့် ဘဝတန်ဖိုးကျဆင်းခြင်းတို့ဖြစ်နိုင်ပါသည်။ဆင်းရဲခြင်းကြောင့် လုံလောက်သောဆေးကုသမှုမခံယူနိုင်ခြင်း၊ အာဟာရပြည့်ဝစွာမစားနိုင်ခြင်းတို့ ခံစားရပါသည်။ဆီးလွတ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့သည် အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသော ပြသနာများဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်နေထိုင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ပြုလုပ်သင့်သည်။ သင့်ဆရာဝန်နှင့် ပြသနာကိုတိုင်ပင်ဆွေးနွေးရန် မရှက်သင့်ပါ။အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လိင်မှုကိစ္စနှင့် စွမ်းဆောင်ရည်များအထိုက်အလျောက်ကျဆင်းသွားသော်လည်းလိင်စိတ်လုံးဝပျောက်သွားခြင်းမျိုးမရှိပါ။ အသက်အရွယ်ကြီးသူများသည် ကွန်ဒုံးအကာအကွယ် သုံးလိုစိတ်မရှိကြသည့် အတွက် လိင်မှတဆင့်ကူးစက်သောရောဂါများဖြစ်နိုင်ခြေများပါသည်။အသက်အရွယ်ကြီးရင်လာခြင်းသည် ရှောင်လွဲမရသည့်အရာဖြစ်ရာ ကျွနုပ်တို့သည် ကြုံလာသည့် ပြသနာများနှင့် အခက်အခဲများကိုအကောင်းဆုံးဖြေရှင်းကာ ငြိမ်းချမ်းပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်ရန်ကြိုးစားသင့်ပေသည်။ ထို့ကြောင့် အထက်ပါ အကြံပေးချက်များကိုလိုက်နာကာ ကျန်းမာပျော်ရွှင်သောဘဝပိုင်ရှင်တဦးအဖြစ်ရပ်တည်နိုင်ရန် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba/
ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာပါတဲ့ ဓာတ်ဆားဓာတ် နဲ့ အခြားဓာတ်တွေက ဘယ်လိုအကျိုးပြုသလဲ
အားကစား လုပ်ပြီးလို့ချွေးတွေ အရမ်းထွက်သွားရင်ဖြစ်ဖြစ်၊ နေပူလို့ ချွေးထွက်များတဲ့ အခါမျိုးမှာဖြစ်ဖြစ်၊ဝမ်းပျက်တာ၊ အော့အန်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်ဖြစ် ခန္ဓာကိုယ်က ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဟန်ချက်ပျက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ဓာတ်ဆားဓာတ်က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အရာကတော့ ဓာတ်ဆားရည် ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ပြီးချိန်တွေမှာ အားကစားသမားတွေ သောက်လေ့ရှိကြတဲ့ ရေဓာတ်ဖြည့် သောက်စရာတွေပါ။ဓာတ်ဆားရည်နဲ့ ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေမှာ ဘာတွေပါလို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်တာလဲ။ ဒီလို ပါဝင်နေတဲ့ဓာတ်တွေက ခန္ဓာကိုယ်အတွက် ဘယ်လိုများ အကျိုးပြုပေးသလဲဆိုတာကို သိချင်နေပြီလား…… ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ဖို့ ပြောပါရစေ။ချွေးထွက်များတာကြောင့်ဖြစ်ဖြစ် တစ်ခုခုသော အကြောင်းအရင်းတွေကြောင့် ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ဓာတ်ဆားဓာတ်နဲ့ အခြားသောဓာတ်တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် သောက်ကြတဲ့ ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေထဲမှာ အဓိက ပါဝင်နေတာကတော့ ဓာတ်ဆားဓာတ်ပါ။ အခြားသော ဓာတ်တွေလည်း ပါဝင်နေပါတယ်။ တိတိကျကျ ပြောပြရမယ်ဆိုရင်။ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာပါတဲ့ ဓာတ်ဆားဓာတ် နဲ့ အခြားဓာတ်တွေကခန္ဓာကိုယ် ကျန်းမာစေဖို့အခုလို လုပ်ဆောင်ပေးပါတယ်။ဆိုဒီယမ် ဆိုတာက နားလည်လွယ်အောင် ပြောရရင် ဆားဓာတ်ပေါ့ ။ ဆိုဒီယမ်က ဆဲလ်တွေထဲမှာ မျှတတဲ့ အရည်ဓာတ်ကို ထိန်းညှိပေးနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ ဆဲလ်တွေက အာဟာရတွေ စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။ ခန္ဓာကိုယ်ထဲမှာ အများဆုံးတွေ့ရတဲ့electrolytes အမျိုးအစားပါ။ဆိုဒီယမ်များလွန်း နည်းလွန်းတဲ့အခါ သတိမကောင်းတာ၊ ပျို့တာ၊ အန်တာ၊ တက်တာတွေ ဖြစ်နိုင်ပါတယ်၊၊။မဂ္ဂနီဆီယမ်က ဆဲလ်တွေကို စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ ကူညီပေးပါတယ်။ဦးနှောက်နဲ့ ကြွက်သားတွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် မဂ္ဂနီဆီယမ်အပေါ်မှာ အများကြီး တည်မှီနေပါတယ်။သွေးထဲမှာ မဂ္ဂနီဆီယမ် မမျှတတဲ့အခါ ကြွက်သားတွေ အားနည်းတာ၊ နှလုံးခုန်မမှန်တာ၊ အသက်ရှူရခက်တာ၊ ရုတ်တရက် နှလုံးရပ်တာတွေ ဖြစ်နိုင်ပါတယ်၊၊။ဆဲလ်တွေက ဆိုဒီယမ် နဲ့အတူ ပိုတက်ဆီယမ်ကို လိုအပ်ပါတယ်။ ဆိုဒီယမ် ion က ဆဲလ်တွေထဲကို ဝင်ရောက်လာတဲ့အခါ ပိုတက်ဆီယမ် ion က ဆဲလ်တွေထဲကနေ ထွက်သွားပါတယ်။ ပိုတက်ဆီယမ်က နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ မရှိမဖြစ် အရေးပါပါတယ်၊၊။ပိုတက်ဆီယမ် မျှခြေပျက်သွားတဲ့အခါ ကြွက်သားတွေ အားနည်းလာတာ၊ ကြွက်တက်တာ၊ ရင်တုန်တာ၊ အထိုင်အထမှာ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်၊၊။ကယ်လ်ဆီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ဓာတ် တစ်မျိုးပါ။အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်မာစေတာထက် ပိုပါတယ်။ ကြွက်သားတွေကို ထိန်းချုပ်ပေးသလို အာရုံကြောတွေကို သတင်းပေးပို့တာလုပ်ဆောင်ပေးတဲ့အပြင် နှလုံးစည်းချက် မှန်စေတာကိုရော အခြားသော ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ လုပ်ဆောင်ပေးပါတယ်။သွေးထဲမှာ ကယ်လ်ဆီယမ်က နည်းလွန်းများလွန်းမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြော၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ နှလုံးနဲ့ ကြွက်သား စတဲ့ ခန္ဓာကိုယ်ရဲ့ စနစ် အမျိုးမျိုးကို ထိခိုက်စေနိုင်ပါတယ်။Chloride ဆိုတာက (chlorine ion) ကို ဆိုလိုတာပါ။ ခန္ဓာကိုယ်အတွက် ဒုတိယမြောက် အရေးအပါဆုံးနဲ့ အလိုအပ်ဆုံးelectrolytes ပါ။ ဆဲလ်တွေက သူတို့ရဲ့ အတွင်းအပြင်မှာရှိတဲ့ အရည်ပမာဏနဲ့ pHကို ထိန်းညှိရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ကလိုရိုက် မမျှတတာကြောင့် သွေးထဲမှာ အက်စစ်ဓာတ်လွန်တာ၊ အယ်ကာလီဓာတ်လွန်တာတွေ ဖြစ်တတ်ပါတယ်၊၊။ဂလူးကို့စ်က အချိုဓာတ် ပြည့်ဝစေတဲ့ ဓာတ်တစ်မျိုးပါ။ အစားအစာတွေထဲမှာပါတဲ့ အချိုဓာတ် တစ်မျိုးပေါ့။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အများစုက အမိုင်နိုအက်ဆစ်နဲ့အတူ ဂလူးကို့စ်ကို အသုံးပြုပြီး စွမ်းအင် ရရှိစေဖို့ လုပ်ဆောင်ပေးပါတယ်။ဦးနှောက်အတွက် အဓိကကျတဲ့ အာဟာရဓာတ်ပါ။ အာရုံကြောဆဲလ်တွေကို အချင်းချင်း ဆက်သွယ်သတင်းပို့နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဂလူးကို့စ်မရှိဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အားမရှိသလို ခံစားရမှာဖြစ်သလို ဦးနှောက်ကလည်း လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ရေဓာတ်ကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ဓာတ် တစ်မျိုးပါ။ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ခန္ဓာကိုယ်ထဲမှာ ရေဓာတ် နည်းလွမ်းတဲ့အခါ ကြွက်တက်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ဘိုင်ကာဗွန်နိတ်က ခန္ဓာကိုယ်ထဲက သွေးတွေထဲမှာ ရှိတဲ့ pH ပမာဏကို ပုံမှန်ပမာဏ ဖြစ်စေဖို့ ထိန်းညှိပေးပါတယ်။ကိုယ်ထဲမှာ ဘိုင်ကာဗွန်နိတ် နည်းတဲ့အခါ သွေးတွင်း အက်ဆစ် များတာမျိုး ခံစားရနိုင်ပါတယ်။Phosphate ကတော့ phosphorous အခြေပြု မော်လီကျူး တစ်မျိုးပါ။ ဆဲလ်တွေက အာဟာရဓာတ်တွေကို ချေဖျက်ရာမှာ ကူညီပေးပါတယ်။ မျိုးဗီဇဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ခန္ဓာကိုယ်ထဲမှာ Phosphate ပမာဏ မျှခြေပျက်သွားတဲ့အခါ ကြွက်သားတွေ အားနည်းတာ၊ ကျောက်ကပ်ထိခိုက်တာ၊ နှလုံးခုန်နှုန်း မမှန်တာ၊ တက်တာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/benefits-of-electrolytes-and-other-ingredients-in-sport-drinks/
ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ်
ကိုယ်ဝန်ဆောင်နေစဉ် ဝလာတယ် ဆိုတာ ပုံမှန် ဖြစ်ရပ်ပဲလို့ လူတွေက ယုံကြည်ကြပါတယ်။ သင့်ကလေး ကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ဖို့ လုံလောက်တဲ့ အာဟာရတွေ ရရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီကာလမှာ သင့်ကိုယ်အလေးချိန်ကို မထိန်းနိုင်ခဲ့ဘူးဆိုရင် သင်နဲ့ သင့်ကလေးရဲ့ကျန်းမာရေး အခြေအနေကို အန္တရာယ်ပေးနိုင်ခြေ မြင့်မားလာစေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ် ကို လေ့လာလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ အလေးချိန် တိုးလာတာဟာ သဘာဝ ပါပဲ။ ဒါပေမယ့် သေချာ ဂရုမစိုက်မိဘူးဆိုရင်တော့ ဒါက ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း၏ အန္တရာယ် တွေကတော့။ဆီးချိုရောဂါရှိတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်နေစဉ် သွေးတွင်းသကြားဓာတ်မြင့်တက်လာဖို့ လွယ်ကူပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ အဆိုပါအမျိုးသမီးတွေရဲ့ ကလေးတွေဟာ အသက်၃နှစ်အရွယ်မှာ အဝလွန်လာနိုင်ဖို့များပါတယ်။ မွေးစမှာလည်း အသားဝါရောဂါ၊ အသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေ၊ သွေးတွင်းသကြားဓာတ်နည်းတာ စတဲ့ အခြေအနေတွေလည်းဖြစ်ပေါ်လာနိုင်ပါသေးတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကတော့။သင့်ရဲ့ ဆရာဝန် သို့မဟုတ် အာဟာရဆိုင်ရာပညာရှင်က သင့်ရဲ့ သွေးထဲက glucose ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အတိုင်းအတာမှာထားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့က သင့်ကို အစားအသောက်အမျိုးအစား ဘယ်လိုခွဲရမယ်ဆိုတာနဲ့ အစာစားချိန်ကို ညွှန်ကြားပေးနိုင်ပါလိမ့်မယ်။ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ဂျုံကြမ်းပေါင်မုန့်တွေ၊ လုံးတီးဂျုံနဲ့လုပ်ထားတဲ့ ဘီစကစ်တွေနဲ့ အုတ်ဂျုံစတဲ့အနှံမျိုးဝင်တွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သဘာဝအမျှင်ဓာတ်တွေကို ပေးနိုင်ပါတယ်။ နေ့စဉ် အစာစားချိန်တိုင်းမှာ အမျှင်ပမာဏ၁၀ဂရမ်လောက် စားခြင်းဟာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၂၆%ထိလျှော့ချပေးနိုင်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ ဂလူးကို့စ်လယ်ဗယ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာအတွင်းမှာ ထိန်းသိမ်းထားနိုင်ပါတယ်။ လမ်းလျှောက်ခြင်းနဲ့ ရေကူးခြင်းတွေက ကောင်းမွန်ပေမယ့် အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်သင့်ပါဘူး။ ဘယ်လောက်လေ့ကျင့်ရမယ် ဘယ်လိုပုံမှန်လေ့ကျင့်ရမယ်ဆိုတာကို သိနိုင်ဖို့ ဆရာဝန်ထံမှ အကြံဉာဏ် တောင်းပါ။ ဒါဟာ သင့်ရဲ့ ကျန်းမာရေးအခြေအနေအားလုံးပေါ် မူတည်ပါတယ်။သင့်ရဲ့သွေးတွင်းသကြားဓာတ်က မြင့်တက်နေဆဲပဲဆိုရင် ဆရာဝန်က ကျန်းမာရေးနဲ့ညီတဲ့ အနေအထားမှာ ထိန်းသိမ်းထားနိုင်ဖို့နဲ့ သင့်ကလေးကို ကာကွယ်နိုင်ဖို့ ဆီးချိုဆေးတွေ ညွှန်းပေးပါလိမ့်မယ်။သွေးတိုးရောဂါဟာ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ဖောက်ပြန်မှု၊ နှလုံးရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေတွေကို ၂ဆတိုးစေပါတယ်။ ဒါဟာ အဝလွန်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ မျိုးရိုးရှိခြင်းစတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါကို ကုသရာမှာဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းလည်းပါဝင်ပြီး ဆေးကုသမှုတွေလည်း ခံယူရနိုင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံဟာ သွေးတိုးခြင်းကို ကာကွယ်ကုသနိုင်ဖို့ အရေးကြီးတဲ့အဆင့်တစ်ဆင့်ပါ။ တကယ်လို့ သင်က အဝလွန်နေတယ်ဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာက အလေးချိန်ကျသွားစေနိုင်ပါတယ်။ကျန်းမာစေတဲ့ စားသောက်နေထိုင်မှုပုံစံပြောင်းလဲပါ။ (အသီးအနှံ၊ဟင်းသီးဟင်းရွက် နဲ့ အဆီနည်းနို့ထွက်ပစ္စည်းတွေ၊ ပြည့်ဝဆီနဲ့ဆိုဒီယမ်ပါဝင်မှုနည်းတဲ့စားစရာတွေကို ပိုမိုစားသုံးပါ။)။သွေးတိုးရောဂါ ပြင်းထန်ရင် ကုသနိုင်တဲ့ ဆေးအမျိုးအစားတွေ များစွာ ရှိပါတယ်။ ဆရာဝန်က ကိုယ်ဝန်ဆောင်နဲ့သင့်တော်တဲ့ ဆေးတွေကို ညွှန်းပေးမှာ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ် အလေးချိန် အလွန်အမင်း တိုးလာခြင်းဟာ မိခင်ကိုရောကလေးကိုပါအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ယနေ့ခေတ်မှာ ခေတ်မှီတဲ့မိခင်တွေဟာ သူတို့အတွက် အကောင်းဆုံး ဆိုတာကို အမြဲတမ်းသိဖို့ ကြိုးစားနေကြပါပြီ။ ဒါကြောင့် သင်ကိုယ်တိုင်ရော သင့်ကလေးကိုပါ အန္တရာယ်ကင်းစေဖို့ ကြိုးစားလိုက်ကြရအောင်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/dangers-of-obesity-in-pregnant-moms/
အမျိုးသမီးများ အိပ်ရာထဲမှာ လုပ်လေ့ရှိသော အမှား (၈)မျိုး
အမျိုးသမီးတော်တော်များများက လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ပျော်ရွှင်မှု မရဘူးဆိုတာဟာ သူတို့ရဲ့ ခန္ဓာကိုယ်က Sexy မကျလို့ လို့ထင်တတ်ကြပါတယ်။ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်မှာ နှစ်ဦးလုံး စိတ်ကျေနပ်မှု မရဘူးဆိုတာကလည်း သူတို့ကအပြာမင်းသမီးတွေလောက် သရုပ်ဆောင်ပုံ မကောင်းလို့ ဖြစ်တာလို့ ထင်တတ်ကြပါတယ်။ ဒီ ၂ ချက်လုံးက အမှား ကြီးတွေပါပဲ။ သာယာပျော်ရွှင်ဖွယ်လိင်မှု ကိစ္စတစ်ခုမရဘူးဆိုတာ ကိုယ်က ရုပ်ရည် Sexy မကျလို့၊ သရုပ်မဆောင်တတ်လို့ ဆိုတဲ့ အချက်တွေနဲ့ တစ်ချက်မှ မဆိုင်ပါဘူး။ ဒါဖြင့်ရင် အမျိုးသမီးတွေကို ပျော်ရွှင်ဖွယ် လိင်မှုကိစ္စ မရအောင် တားဆီးထားတာတွေက ဘာတွေပါလိမ့်။ အမျိုးသမီးများ အိပ်ရာထဲမှာ လုပ်လေ့ရှိသော အမှား (၈)မျိုးဖော်ကို ဖော်ပြပေးလိုက်ပါတယ်။၁။ အစပျိုးမှုတွေ သိပ်မသိသာခြင်း။အမျိုးသမီးတွေက သူတို့တွေ လိင်ဆက်ဆံလိုချင်စိတ် ဆန္ဒရှိတယ်ဆိုတာကို ယောက်ျားလေးတွေက စိတ်ကို ဖတ်ပြီး သိနိုင်ရမယ်လို့ ယူဆတတ်ကြပါတယ်။ ဒီလို ယူဆတဲ့အတွက်ကြောင့် ယောက်ျားဖြစ်သူက အမျိုးသမီး အချက်ပြတာကို မရိပ်မိရင် မချင့်မရဲနဲ့ စိတ်ပျက်တတ်ကြပါတယ်။ TV ကြည့်နေတုံး “ ငါအိပ်နှင့်တော့မယ် ” လို့ ကိုယ့်ရဲ့ ခင်ပွန်းဖြစ်သူကို ပြောလိုက်တာက သူ့ရဲ့ခေါင်းထဲမှာ “လိင်မှုကိစ္စ ” ဆိုတာမျိုး ချက်ခြင်းတွေးလာမိစေမှာ မဟုတ်ပါဘူး။ယောက်ျားလေးတွေဟာ အမျိုးသမီးတွေလိုမျိုးပဲ တောင်းဆိုခံချင်ကြပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ လိင်မှုကိစ္စတစ်ရပ် စတင်ချင်နေပြီဆိုရင် အမျိုးသားဖြစ်သူကို ပွင့်ပွင်းလင်းလင်းပြောဆိုသင့်ပါတယ်။ ဒါ့မှလည်း သာယာနာပျော်ဖွယ် လိင်မှုကိစ္စတစ်ရပ်ကို စိတ်ကျေနပ်စွာ တည်ဆောက်နိုင်မှာပါ။၂။ လိင်မှုကိစ္စ တောင်းဆိုမှုများကို ထုတ်မပြောတတ်ခြင်း။အမျိုးသမီးတွေဟာ ပြုသမျှ နုရမယ့် လိင်ဆက်ဆံဖော်မဟုတ်ပါဘူး။ အိမ်ထောင်ရှင်ဖြစ်သွားပြီဆိုတာနဲ့ လိင်မှုကိစ္စအားလုံးကို ယောက်ျားလေးကပဲ အစပျိုးရမှာ မဟုတ်ပါဘူး။ ကိုယ်က လိင်မှု ကိစ္စကို စတင်ချင်တယ်ဆိုရင်လည်း ပွင့်လင်းစွာပြောပါ။ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံတွေကိုလည်း အဖော်ဖြစ်သူ အမျိုးသားနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပါ။ ယောက်ျားလေးဖြစ်သူ ပြုသမျှ နုနေစရာမလိုအပ်ပါဘူး။ သူက ကိုယ်ကြိုက်တာတွေ မလုပ်ပေးလို့ စိတ်ဆင်းရဲပြီး ထုတ်မပြောဘူးဆိုရင် သင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုကို ရနိုင်မှာမဟုတ်ပါဘူး။ ထုတ်ပြောဖို့လိုပါတယ်။၃။ ခန္ဓာကိုယ် အပြစ်အနာအဆာများကို အလွန်အကျွံ အာရုံစိုက်နေခြင်း။ယောက်ျားလေးတွေရဲ့ ဦးနှောက်လုပ်ဆောင်ချက်က အလှအပကိုလည်း ကြိုက်နှစ်သက်တတ်ပေမဲ့ လက်ရှိ ပစ္စုပ္ပန် အချိန်တွေကိုလည်း ပျော်ရွှင်အောင်နေထိုင်တတ်ပါတယ်။ လိင်မှုကိစ္စဆိုင်ရာမှာဆိုရင်လည်း ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ရုပ်မချောရင်တောင် ပျော်ရွှင်စွာနဲ့ အချိန်ကို ဖြတ်သန်းတတ်ကြပါတယ်။မိန်းကလေးတွေကြတော့ လိင်မှု ကိစ္စလုပ်ဆောင်ချိန်မှာလည်း လွတ်လပ်ပျော်ရွှင်မှုကို သိပ်မခံစားကြဘဲ သူတို့ ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာတွေကို စိုးရိမ်နေတတ်ပါတယ်။ အမျိုးသမီးတွေဟာလိင်စိတ်ဆန္ဒပြင်းပြမှုကို မိမိကိုယ့်ကို အဆိုးမြင်ရင်း လျော့နည်းစေတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အပြစ်အနာဆာတွေကို တွေးမိလိုက်တိုင်း စိတ်အပြောင်းအလဲ ဖြစ်စေမယ့် အရာတစ်ခုခုအပေါ် အာရုံစိုက်လိုက်ပါ။ လိင်မှုကိစ္စလုပ်ဆောင်ချိန်မှာဆိုရင် အသက်ကို မှန်မှန်ရှူပြီး လိင်ဆက်ဆံခြင်း ပုံမှန်ဖြစ်အောင်ခံစားတတ်ဖို့လိုပါတယ်။၄။ ငါလုပ်တာ မှန်မှ မှန်ပါ့မလားလို့ စိုးရိမ်နေတာမျိုး။ကိုယ့်အလို ဆန္ဒနဲ့ တစ်ယောက်ယောက်ကို ထိတွေ့ပေးတဲ့အခါမှာ သူ့ကို ခံစားချက် ကောင်းမွန်စေပါတယ်။ လိင်မှုကိစ္စအကြံပေး တိုင်ပင်ဆွေးနွေးခြင်းတွေမှာလည်း အမျိုးသမီးတွေက ကုသပေးတဲ့ ဆရာဝန်တွေကိုOral Sexဘယ်လိုပေးရမလဲ၊လိင်စိတ်တက်ကြွလာအောင် ဘယ်လိုလှုံ့ဆော်ပေးရမလဲဆိုတဲ့ မေးခွန်းတွေကို မေးလေ့ရှိကြပါတယ်။ ဒီလိုမျိုးမေးခွန်းတွေကို မေးကတည်းက အမျိုးသမီးအများစုဟာ အဖော်ဖြစ်သူရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရတာ သက်သောင့်သက်သာ မရှိဘူးဆိုတာကို ပြနေတာပါပဲ။စိတ်အားထက်သန်မှုရှိခြင်းဟာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံမရှိခြင်းကို ချေဖျက်ပေးနိုင်တဲ့ အရာတစ်ခုပါ။ ကိုယ်လုပ်တာမှန်မှ မှန်ပါ့မလားဆိုတာကို စိုးရိမ်နေမိတယ်ဆိုလည်း ကိုယ့်ရဲ့ အဖော်ဖြစ်သူကို သူဘာတွေ နှစ်သက်လဲဆိုတာ အရင်မေးပြီး လေ့ကျင့်ယူနိုင်ပါတယ်။၅။ အသက်မပါသလို ထိတွေ့နေတာမျိုး။အမျိုးသားအများစုဟာ အမျိုးသမီးတွေရဲ့ အားပါတဲ့ ထိတွေ့မှုတွေကို သဘောကျကြပါတယ်။ ဒီလို အသက်မပါသလို ထိတွေ့ခြင်းအမှားတွေဟာ အမျိုးသားရော၊ အမျိုးသမီးရောလုပ်လေ့ရှိတတ်ကြတဲ့ အမှားလည်း ဖြစ်ပါတယ်။ လိင်မှုဆိုင်ရာကုသမှုတွေမှာ အမျိုးသားတွေက သူတို့ရဲ့ လိင်အင်္ဂါကို သင့်တင်မျှတတဲ့ ဖိအားတစ်ခုနဲ့ ထိတွေ့ကြတာကို ကြိုက်ကြကြောင်း ဖွင့်ဟတတ်ကြပါတယ်။ဒါကို အမှန်ပြင်ဖို့ နည်းလမ်းကတော့ အမျိုးသားဖြစ်သူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သင့်တင့်တဲ့ ဖိအားတစ်ခုနဲ့ ထိတွေ့ပေးပါ။ လိင်ဆက်ဆံချိန်မှာလည်း အဖော်ဖြစ်သူကို လက်နဲ့ အားပါပါ ဖက်ထားတာမျိုး၊ လိင်ဆက်ဆံချိန်မှာ အနမ်းပေးတာမျိုးပြုလုပ်နိုင်ပါတယ်။၆။ ဟန်ဆောင်နေတာမျိုး။ဟန်ဆောင်တဲ့အခါမျိုးမှာလည်း သာယာတဲ့လိင်မှုကိစ္စတစ်ရပ်ကို မရနိုင်ပါဘူး။ လိင်မှုကိစ္စဆိုတာ ပျော်ရွှင်ဖို့ ကောင်းရမယ့်အရာဖြစ်ပြီး ခံစားမှု အထွတ်အထိပ်ရောက်ရမယ့် နေရာတစ်ခုပါ။ တကယ်လို့ သင့်ရဲ့အမျိုးသားက သင့်ကို ခံစားမှုကောင်းကောင်း မပေးစွမ်းနိုင်ဘူးဆိုရင် ပွင့်လင်းစွာပြောပြီး အမှန်ပြင်နိုင်ပါတယ်။လိင်မှုကိစ္စလုပ်ဆောင်တယ်ဆိုကတည်းက နှစ်ယောက်သား ရင်းနှီးလွန်းတဲ့အတွက်လုပ်ဆောင်နေတာဖြစ်ပြီး ဒီအချိန်ကိုယ့်အတွက် အဆင်မပြေတာတွေရှိရင်၊ သင့်ကို ခံစားမှုကောင်းအောင် မဆောင်ရွက်ပေးနိုင်ဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ သင်အချိန်ဖြုန်းနေတာ သက်သက်ပါပဲ။၇။ ယောက်ျားလေးတွေဟာ လိင်မှုကိစ္စအတွက်ပဲ ခေါင်းထဲစဉ်းစားနေတယ်လို့ ထင်တတ်ကြတာမျိုး။မြီးကောင်ပေါက်ယောက်ျားလေးတွေကတော့ လိင်မှုကိစ္စအတွက် အမြဲအဆင်သင့်ဖြစ်နေကြပေမဲ့ အရွယ်ရောက်လာတဲ့ အချိန်ကျရင် လိင်မှုကိစ္စက သူတို့ အတွက် နံပတ် ၁ မဟုတ်တော့ပါဘူး။ နေ့တိုင်း ကြုံနေရတဲ့ ပြဿနာတွေ၊ အလုပ်ကိစ္စတွေ၊ ငွေရေးကြေးရေး ပြဿနာတွေက အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ်ကို နည်းပါးစေနိုင်ပါတယ်။ ဒီလို အချိန်ရောက်လာတဲ့အခါ အမျိုးသမီးတွေက “ ဟာ သူဘာဖြစ်သွားတာလဲ ” ဆိုပြီး ခေါင်းစားတတ်ကြပါတယ်။အမျိုးသမီးတွေဟာ အမျိုးသားဖြစ်သူကလိင်မဆက်ဆံချင်ကြောင်းပြောတဲ့အခါ အံ့ဩသွားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ အမြဲတမ်းလိင်ကိစ္စကို စိတ်ဝင်စားနေတယ်လို့ သူတို့တွေထင်တတ်ကြလို့ပါ။ အဲ့ဒီအချိန် အမျိုးသားဖြစ်သူက လိင်ကိစ္စကို စိတ်မဝင်စားတဲ့အခါမှာ သူတို့ ငါ့ကို မချစ်တော့တာလားလို့ တွေးမိတတ်ကြပါတယ်။ ဒါဟာ တကယ်တော့မမှန်ပါဘူး။ အမျိုးသားတွေအနေနဲ့ လိင်မှုကိစ္စကို မလိုချင်တာပဲ ရှိတာပါ။၈။ အမျိုးသားဖြစ်သူက အသစ်အဆန်း တစ်ခုခု စမ်းသပ်ရင် စိတ်ဆိုးနေတတ်တာမျိုး။စုံတွဲတွေအနေနဲ့ အချိန်တစ်ခုကြာ လိင်မှုကိစ္စလုပ်ဆောင်ပြီးသွားတဲ့အခါမှာ အမျိုးသားတွေအနေနဲ့ပုံစံအသစ်တွေ စမ်းသပ်ချင်တာ သဘာဝကြပါတယ်။ အသစ်အဆန်း တစ်ခု စမ်းသပ်ချင်တာနဲ့ပဲ သင်နဲ့ လိင်မှု ဆက်ဆံရေးကို မပျော်ရွှင်တော့ဘူးလို့ ယူဆလို့မရပါဘူး။ ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုကိုတော့ ဘယ်သူမှ အတင်းအကျပ်လုပ်စရာ မလိုပါဘူး။ တကယ်လို့ ယောက်ျားလေးဖြစ်သူက သင့်ကိုယ်ကျင့်တရားခံယူချက် နဲ့ မညီတာမျိုး တစ်ခုခုတောင်းဆိုလာမယ်ဆိုရင် ဒါဟာ ဘောင်ကို ကျော်လွန်ကြောင်းပြောပြီး သေချာရှင်းပြဖို့လိုပါတယ်။ တကယ်လို ကိုယ့် ကိုယ်ကျင့်တရားနဲ့လည်း ပြဿနာမရှိဘူး၊ ကိုယ်က မလုပ်ချင်လို့ မလုပ်တာဆိုရင်လည်း စိတ်မကွက်ဘဲ သေချာရှင်းပြဖို့ လိုအပ်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/8-mistakes-women-made-in-bed/
လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်
လိင်ဆက်ဆံတာဟာမျိုးဆက်ပွားကျန်းမာရေးကိစ္စတစ်ခု သက်သက်မဟုတ်သလို စိတ်ဆန္ဒအာသီသဖြေဖျောက်ဖို့ ပြုမူရတဲ့ အပြုအမူတစ်ခုလို့ချည်း သတ်မှတ်ထားလို့မရတော့ပါဘူး။ဒီကနေ့ခေတ်မှာ သိပ္ပံနည်းကျလေ့လာမှုတွေကြောင့် လိင်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို ပိုပြီးသိနားလည်လာရသလိုလိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေဟာလည်း အလျှိုအလျှိုထွက်ပေါ်လာနေပါပြီ။ဥပမာအားဖြင့်ပြောရရင် လိင်ဆက်ဆံခြင်းဟာကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့်လည်း ကိုဗစ်ကာလမှာ လိင်ဆက်ဆံပြီး ကိုယ်ခံအားမြှင့်တင်ဖို့ တိုက်တွန်းမှုတွေလည်း ရှိလာခဲ့တာပါ။ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်တဲ့အချက်တစ်ခုနဲ့တင်ကင်ဆာကိုကာကွယ်နိုင်တာ၊ ကယ်လိုရီတွေကို လျှော့ချနိုင်တာ၊ စိတ်ဖိစီးမှုလျော့ကျတာနဲ့ ကောင်းမွန်စွာအိပ်စက်နိုင်တာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်တယ်မဟုတ်လား။ခုချိန်မှာလည်း နောက်ထပ်သက်သေပြချက်တွေအရ လိင်ဆက်ဆံခြင်းဟာ နှလုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို လေ့လာချက်တွေက ဖော်ထုတ်လာခဲ့ပါတယ်။Heart Attack(ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာက နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီးနှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေဟာ သွေးလုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ ရုတ်ချည်းပြင်းထန်စွာ ဝေဒနာခံစားရတာမို့ Heart Attack လို့ ခေါ်ပါတယ်။နှလုံးထိခိုက်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ထိရောက်စွာ မကုသနိုင်ရင် နှလုံးကြွက်သားပျက်စီးပြီး အသက်ဆုံးရှုံးနိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ရပ် ဖြစ်ပါတယ်။လေ့လာချက်အသစ်တွေအရဆိုရင် လိင်ဆက်ဆံခြင်းဟာ Heart Attack ကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်တဲ့။ သက် ၄၀ နဲ့ ၇၀ အကြား အိမ်ထောင်သက် ၁၆ နှစ်နှင့်အထက်ရှိတဲ့လူတွေကို လေ့လာသုတေသနပြုခဲ့ရာမှာ ထူးခြားတဲ့ အချက်အလက်တွေကို သိလာရတာဖြစ်ပါတယ်။လေ့လာသူတွေဟာ နှလုံးကျန်းမာရေးနဲ့ လိင်အမူအကျင့်တွေအကြားက ဆက်နွယ်မှုတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ လေ့လာချက်အရ လိင်များများဆက်ဆံတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ပေါ်လာနိုင်ခြေနည်းပါးသွားကြတယ်လို့ ဆိုပါတယ်။အတိအကျညွှန်းဆိုရမယ်ဆိုရင် ရက်သတ္တ ၁ ပတ်တိုင်းမှာ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ လိင်ဆက်ဆံတဲ့အမျိုးသားတွေဟာ တစ်လမှာ ၁ ကြိမ်နှုန်းသာ လိင်ဆက်ဆံတဲ့အမျိုးသားတွေထက်နှလုံးရောဂါဖြစ်နိုင်ခြေ ၄၅% အထိလျော့ကျသွားမယ်လို့ လေ့လာချက်ကဆိုထားပါတယ်။ယခုလေ့လာချက်မျာ လူတိုင်းရဲ့ ကျန်းမာရေးအခြေအနေ၊ သွေးဖိအား၊ နှလုံးကျန်းမာရေးနဲ့ဆေးလိပ်သောက်သုံးခြင်းရှိမရှိတွေကိုပါ ထည့်သွင်းပြီး တွက်ချက်ထားတာဖြစ်တာကြောင့် အဖြေဟာ အတော်လေးကို တိကျတဲ့ရလဒ်မျိုးလို့ဆိုနိုင်ပါတယ်။လေ့လာမှုမှာပါဝင်ခဲ့တဲ့ သုတေသနမှူး ဒေါက်တာ ဂျပ်စတင် လာမီလာရဲ့ပြောဆိုချက်အရဆိုရင် လိင်ဆက်ဆံခြင်းဟာ လေ့ကျင့်ခန်းတစ်မျိုးမျိုးပြုလုပ်တာနဲ့ တူညီမှုရှိပြီးတော့ သွေးလည်ပတ်မှုအားကောင်းစေကာ၊ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတာမို့ နှလုံးကျန်းမာရေးကို အထူးအထောက်အကူပြုတာဖြစ်ပါတယ်တဲ့။ပရင့်စတန်တက္ကသိုလ်ရဲ့လေ့လာချက်အရဆိုရင်လည်း လိင်ဆက်ဆံခြင်းကြောင့်ဦးနှောက်အတွင်းက Hippocampus ဆိုတဲ့အစိတ်အပိုင်းလေမှာ ဆဲလ်အသစ်တွေတိုးပွားလာစေပြီး ဒီအချက်က စိတ်ဖိစီးမှုကို လျော့နည်းစေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ဒါတင်မကပါဘူး။ လေ့လာချက်တွေမှာ ဆက်လက်ဖော်ပြထားကြတာက ရက်သတ္တ ၂ ပတ်လောက် ဆက်တိုက် နေ့စဉ်လိင်ဆက်ဆံမှုဟာ သွေးမတိုးအောင်လည်း ကူညီနိုင်တယ်လို့ဆိုထားတာပါပဲ။ သွေးမတိုးခြင်းဟာလည်း နှလုံးကျန်းမာရေးကောင်းမွန်စေဖို့အတွက် အဓိကကျတဲ့ အချက်တွေထဲမှာ ပါဝင်နေပါတယ်။နောက်ပြီး လူတစ်ယောက်ဟာ အိပ်ယာပေါ်မှာ မိနစ် ၄၀ ကြာ လိင်မှုကိစ္စကို စွမ်းဆောင်နိုင်မယ်ဆိုရင် ကယ်လိုရီ ၂၀၀ လောက်ကို လောင်ကျွမ်းစေနိုင်ပါတယ်။ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်းဟာ ကိုယ်အလေးချိန်လျော့ကျမှုကိုသာ အထောက်အကူဖြစ်စေတာ မဟုတ်ပါဘူး။ နှလုံးကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ဒီလိုအချက်တွေကြောင့်လည်း လိင်ဆက်ဆံခြင်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး Heart Attack ဖြစ်ခြင်းကို တားဆီးနိုင်တာဖြစ်ပါတယ်။ များများလိင်ဆက်ဆံမယ်ဆိုရင် သင့်နှလုံးကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/sex-protects-from-heart-disease/
Anal Sex (စအိုသို့ လိင်ဆက်ဆံခြင်း) အကြောင်းသိကောင်းစရာ
Anal Sex (စအိုသို့ လိင်ဆက်ဆံခြင်း) အကြောင်းသိကောင်းစရာ တွေကို ဗဟုသုတအနေနဲ့ သိရှိလေ့လာနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။Anal Sex ဟာ လိင်မတူဘဲ ကာမဆက်ဆံသူများ အသုံးပြုကြတဲ့ နည်းလမ်းဖြစ်တာကြောင့် ဘာသာရေး၊ ယဉ်ကျေးမှုတို့အရ ခွင့်မပြုတဲ့ ရှောင်ရန်အချက်အဖြစ် လူတော်တော်များများက ခံယူထားကြပါတယ်။ အမျိုးသမီးငယ်လေးများကလည်း ရောဂါကုထုံးလာရောက်ပြသတဲ့ အချိန်ကျရင် သူတို့ အဖော်ဖြစ်သူရဲ့ စအိုသို့လိင်ဆက်ဆံရန် အတင်းအကြပ်တောင်းဆိုခြင်း ခံရကြောင်း ဆိုခဲ့ကြပါတယ်။ သိပ်ပြီး အံ့ဩဖို့မကောင်းတာကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေလည်း Anal Sexလုပ်ဆောင်ရန် တောင်းဆိုခြင်း ခံကြရကြောင်း ဆိုကြပါတယ်။ဒီလို တောင်းဆိုမှုများဟာ လိင်မတူဘဲ ကာမဆက်ဆံပြတဲ့ အပြာရုပ်ရှင်များမှာ Anal Sexအကြောင်း ရိုက်ကူးပြခဲ့ရာမှ များပြားလာတာဖြစ်ပြီး အမျိုးသားအများကတော့ Anal Sex ကနေ ပိုပြီး ခံစားမှုကောင်းတဲ့ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းဖြစ်စဉ် (orgasm) ကို အမျိုးသမီး တွေရရှိနိုင်ကြောင်း ယုံကြည်ကြပါတယ်။ ဒါ့အပြင် အမျိုးသားများက Anal Sexကို သူတို့ရဲ့ အဖော်အမျိုးသမီးတွေ ငြင်းဆန်ရခြင်းအကြောင်းရင်းဟာ သူတို့တွေ တစ်ခါမှ မစမ်းဖူးလို့၊ ဒါမှမဟုတ် ခံစားချက်ကောင်းမှန်း မသိလို့ ငြင်းဆန်ကြတာ ဖြစ်ကြောင်း ယုံကြည်ကြပါတယ်။ပါးစပ်ပြောတွေကို ခဏထားပြီး အခြေခံ အချက်တွေကို တစ်ချက်ကြည့်ရရင်တော့-။အမျိုးသမီးအများစုဟာ စအိုသို့ တိုက်ရိုက်လိင်ဆက်ဆံခြင်းကို မလိုချင်ကြရင်တောင် စအိုသို့ ရာဂနှိုးဆွပေးခြင်းကို ကြိုက်နှစ်သက်ကြပါတယ်။ ညှစ်ကြွက်သား (sphincter) တွေ ဆန့်ခြင်းကို အသားရနေပြီဖြစ်တဲ့ ရာခိုင်နှုန်း အနည်းငယ်သော အမျိုးသမီးတွေကတော့ Anal Sex ဟာ ပြည့်ဝတဲ့ ခံစားမှုကို ပေးစွမ်းနိုင်တာကြောင့် ကြိုက်နှစ်သက်ကြကြောင်းဆိုပါတယ်။ ဒီလို ကြိုက်နှစ်သက်ရခြင်း အကြောင်းရင်းဟာ သူ့ရဲ့ အဖော်တွေကလည်းလိင်ဆက်ဆံရာမှာ အသစ်အဆန်းများကို စမ်းသပ်ချင်တဲ့ စိတ်နဲ့လည်းဆိုင်ပါတယ်။အမျိုးသမီးတွေမစမ်းဖူးလို့ ငြင်းတာပဲ ဖြစ်ဖြစ်၊ ခံစားချက်ကို မကြိုက်လို့ ငြင်းတာပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်အနေနဲ့ Anal Sexမလုပ်ချင်ဘူးဆိုရင် သူမမှာ ငြင်းပိုင်ခွင့် အပြည့်အဝရှိပါတယ်။ အောက်မှာတော့ အမျိုးသမီးတွေ Anal Sexကို ဘာကြောင့် ငြင်းလေ့ရှိတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။Anal Sex ဟာ နာကျင်စေနိုင်ပြီး တစ်ခါ စမ်းသပ်ကြည့်ပြီး နောက်တစ်ကြိမ် စမ်းသပ်မယ်ဆိုလည်း ပိုပြီးခံစားချက်ကောင်းလာမှာမဟုတ်ပါဘူး။ နာကျင်မှုက ရှိနေဦးမှာပါ။ စအိုတစ်ဝိုက်နားမှာလိင်စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တဲ့ နာဗ်ကြောဆုံးများ ရှိနေပေမဲ့ အမျိုးသမီး အနည်းငယ်ကသာ Anal Sexမှတစ်ဆင့်Orgasm( လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကာလ) ကိုရောက်ကြပါတယ်။အပြာရုပ်ရှင်ကားတွေမှာ Anal Sexဟာ တကယ့်အပြင်မှာလောက် မညစ်ပတ်တဲ့ ပုံစံဖော်ပြထားပေမဲ့ anal Sexဟာ မသန့်ရှင်းပါဘူး။ စအိုကို ဖောက်ထွင်းဝင်ရောက်တဲ့ ဘယ်အရာပဲဖြစ်ဖြစ် Vagina (မွေးလမ်းကြောင်း) သို့ Vulva (အမျိုးသမီး အင်္ဂါဝ) နဲ့ ချက်ခြင်း ထပ်မံ မထိတွေ့သင့်ပါဘူး။ တကယ်လို့ အမျိုးသမီး အင်္ဂါတွေနဲ့ ထိတွေ့ချင်တယ်ဆိုရင်လည်း ဆပ်ပြာနဲ့ သေချာရေစင်အောင် ဆေးပြီးမှ ထိတွေ့သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျင်ကြီးထဲမှာ မွေးလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းကို ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား ပိုးတွေ အများအပြားပါဝင်နေလို့ပါပဲ။ငယ်စဉ်ကလေးဘဝကတည်းက ကျွန်တော်တို့တွေဟာစအိုဆိုတာ ညစ်ပတ်တဲ့ အော့အော့ (ကျင်ကြီး) တွေ့ စွန့်ပစ်ရာနေရာ ဖြစ်ကြောင်း သင်ကြားခံခဲ့ရပါတယ်။ ဒီလိုနဲ့ မသိစိတ်အရ လူအများစုဟာ စအိုပတ်ဝန်းကျင်တစ်ဝိုက်က ညစ်ပတ်ကြောင်းကို အသက်ကြီးသည်အထိ စွဲထင်လာခဲ့ကြပါတယ်။ ဒါ့ကြောင့် Anal Sexဟာ ညစ်ပတ်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း လူအများစုက ယုံကြည် လာခဲ့ကြပါတယ်။ ဒါ့အပြင် ပြောစရာ သိပ်မလိုတဲ့ အချက်တစ်ချက်ကတော့ အမျိုးသမီးတစ်ယောက်ကို အတင်းအကြပ် သူ့စိတ်ဆန္ဒမပါဘဲ anal Sexကို ခိုင်းစေမယ်ဆိုရင် နောက်အကြိမ်တွေဆိုလည်း ကြောက်ရွံ့သွားနိုင်ပါတယ်။ယဉ်ကျေးမှုအရရော ပတ်ဝန်းကျင်အရရောတားမြစ်ထားတဲ့ အရာတွေက စမ်းသပ်လုပ်ချင်စိတ်ကို မြင့်စေနိုင်ပါတယ်။ယေဘုယျအားဖြင့် အမျိုးသားတွေ သူတို့ရဲ့ လိင်ဆက်ဆံမှုဆိုင်ရာ အတွေ့အကြုံမျိုးစုံကို စမ်းသပ်ချင်ကြပြီးAnal Sexဆိုတာလည်း အဲ့ဒီအတွေ့အကြုံများထဲက တစ်ခု ဖြစ်နေတာကြောင့် မို့ပါ။စအိုလမ်းကြောင်းတွေဟာအမျိုးသမီးမွေးလမ်းကြောင်းတွေထက် ပိုကြပ်တည်းပါတယ်။ ဒါကြောင့် အမျိုးသားတွေကို လိင်ခံစားမှု ပိုဖြစ်စေပါတယ်။အပြာရုပ်ရှင်လောကရဲ့ လွှမ်းမိုးမှုကြောင့် အမျိုးသားအများစုက Anal Sexဟာ အမျိုးသမီးတွေကို ခံစားချက် တိုးမြှင့်ပေးစေနိုင်ကြောင်း ယုံကြည်ထားကြပါတယ်။လူတိုင်းလူတိုင်းမှာတော့ သူတို့ မကြိုက်ရင်Noလို့ အပြည့်အဝ ပြောပိုင်ခွင့်ရှိပါတယ်။ ဒါ့အပြင် တကယ်ခံစားမှုကောင်းစေတယ်ဆိုလည်း တောင်းဆိုပိုင်နိုင်ခွင့် အပြည့်အဝရှိပါတယ်။ ဒီလို တစ်ယောက်အကြိုက် တစ်ယောက် မတူညီတဲ့အခါကျရင်တော့ အောက်ပါ မေးခွန်းလေးတွေ အရင်မေးသင့်ပါတယ်။ဒီမေးခွန်းလေးတွေကစုံတွဲတွေတစ်ယောက်အကြိုက်တစ်ယောက် မလိုက်နိုင်ဘူးဆိုရင်တောင် ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို သိဖို့ ကူညီပေးနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ Anal Sexကို မလုပ်ချင်ဘူးဆိုရင်Noလို့ပြောပိုင်ခွင့်အပြည့်အဝရှိပါတယ်။ ဒါ့အပြင် စုံတွဲတွေ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာကို နားလည်ပြီး အချင်းချင်း ညှိနှိုင်းကြတာက ပိုအရေးကြီးပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/what-you-need-to-know-about-anal-sex/
မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ
မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဆိုတာအမျိုးသမီးတွေမှာတွေ့ရတဲ့ မီးယပ်ရောဂါနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်အတွင်းမှာရှိတဲ့ အလွန်သေးငယ်တဲ့ သက်ရှိအကောင်းလေးတွေရဲ့ ညီမျှမှုပျက်စီးတဲ့အခါ မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပွားတတ်ပါတယ်။ ဒီအခါ မကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ဟာကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ကိုကျော်လွန်ပြီးအလျင်အမြန်ပြန့်ပွားတတ်ပါတယ်။လက္ခဏာများ။မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပွားရင် အောက်ပါလက္ခဏာတွေကို ကြုံတွေ့ရတတ်ပါတယ်။ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသမလဲ။အောက်ဖေါ်ပြပါ အချက်အလက်တွေ ရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အချို့သောလူနာတွေဟာ ပြတ်သားတဲ့ လက္ခဏာတွေကိုခံစားရပေမယ့် လူနာအချို့ကတော့ ဒီလိုမခံစားရပါဘူး။ သင့်မှာ ပြတ်သားတဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် သတိထားကြည့်ပြီးသင့်ဆရာဝန်ကိုအတတ်နိုင်ဆုံးစောစော ပြသသင့်ပါတယ်။ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအချက်များ။မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းကိုရှင်းပြမယ့် အကြောင်းရင်းများစွာရှိပါတယ်။ ဖြစ်နိုင်စေများစေတဲ့ အကြောင်းအရာတွေကတော့။အကျိုးဆက်များ။မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာအမြဲတမ်းတော့ အကျိုးဆက်တွေ မရှိတတ်ပါဘူး။ ဒါပေမယ့် အချို့သူတွေမှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာလျစ်လျုမရှုသင့်တဲ့ ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%98%e1%80%80%e1%80%ba%e1%80%90%e1%80%ae/
ကလေးများအတွက်မရှိမဖြစ်လိုအပ်သောသတ္တုဓါတ်များ
သင့်ကလေးကိုယ်ရောစိတ်ပါကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလျှင် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓါတ်များကြွယ်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသည်လည်းအလွန်အရေးပါပါသည်။ဗီတာမင်အေသည် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီးတစ်သျှူးများနှင့်အရိုးဖွံ့ဖြိုးမှုကိုလည်းအားပေးကာကျန်းမာသောအရေပြားနှင့်မျက်လုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေသောကြောင့် ကလေးများပုံမှန်ကြီးထွားဖို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်အေကို နွားနို့၊ချီးစ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ကြက်ဥဘဲဥ ကဲ့သို့ဥအမျိုးမျိုး၊အဝါရောင်သို့မဟုတ်ရွှေဝါရောင်ရှိသောဟင်းသီးဟင်းရွက်များဥပမာမုန်လာဥဝါစသည်တို့တွင်တွေ့နိုင်သည်။ဗီတာမင်ဘီအုပ်စု(အထူးသဖြင့် ဗီတာမင်B2,B3,B6,B12)စသည်တို့သည်ကလေး၏ဇီဝရုပ်ဖြစ်ပျက်ခြင်း၊စွမ်းအင်ထုတ်လုပ်ခြင်းအာရုံကြောစနစ်များတွင်အထူးထောက်ပံ့ပေးသည်။ ဗီတာမင်ဘီကြွယ်ဝသောအစားအစာများမှာ အသား၊ကြက်သား၊ဥများ၊နို့၊ပဲများ၊ပဲနို့်၊ငါးစသည်တို့ဖြစ်ကြသည်။ဗီတာမင်စီသည်ကလေးများ၏အရေပြားတစ်သျူးနှင့်ကြွက်သားများအတွက်အလွန်ကောင်းမွန်သည်။ ခရမ်းချဉ်သီး၊အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ၊ချဉ်သောအရသာရှိသည့်သစ်သီးများသည်ဗီတာမင်စီကြွယ်ဝသည်။ဗီတာမင်ဒီသည်ခန္ဓါကိုယ်၏ကယ်လစီယမ်စုပ်ယူမှုကိုအားပေးသောကြောင့်အရိုးများသန်မာစေသည့်ဂုဏ်သတ္တိရှိပါသည်။နေရောင်ခြည်သည်ဗီတာမင်ဒီ၏အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။ ထို့အပြင်ဗီတာမင်ဒီပါဝင်သောအစားအစာများမှာငါး၊ကြက်ဥအနှစ်၊စီရီယယ်လ်၊လိမ္မော်သီးစသည်တို့ဖြစ်သည်။ဗီတာမင်ဒီကဲ့သိုပင်ကယ်လစီယမ်သည်ခန္ဓါကိုယ်၏အရိုးကြံ့ခိုင်မှုအတွက်ကူညီပေးသည်။ ကယ်လ်စီယမ်ကြွယ်ဝသောအစားအစာများမှာ ဒိန်ချဉ်၊နို့၊ချိစ်၊တို့ဖူးများဖြစ်ကြသည်။ကြွက်သားများနှင့်သွေးနီဆဲလ်များသည်သံဓါတ်မရှိပါကကောင်းမွန်စွာအလုပ်မလုပ်နိုင်ပါ။ မိန်းကလေးများအတွက်ဆိုလျှင် ရာသီလာချိန်တွင်သံဓါတ်များဆုံးရှုံးသည့်အတွက် အလွန်အရေးကြီးသည်။ အနီရောင်အသားများကြက်ဆင်သားဒေါက်ခွရွက်နှင့်ပဲများသည်သင့်ကလေးအားသံဓါတ်ပေးစွမ်းသည်။ သင့်ကလေးများအားမရှိမဖြစ်လိုအပ်သော သတ္တုဓါတ်များဖြည့်ဆည်းပေးဖို့နည်းလမ်းအမျိုးမျိုး။ကျန်းမာရေးနှင့်ညီသောအစားအစာသည်သင့်ကလေးလိုအပ်သောဗီတာမင်နှင့်သတ္တုဓါတ်များဖြည့်ဆည်းပေးသောအကောင်းဆုံးနည်းလမ်းဖြစ်သော်လည်းအချို့သောအခြေအနေများတွင် အားဖြည့်ဆေးများသောက်သင့်ပါသည်။ မလိုလားအပ်သောဘေးထွက်ဆိုးကျိုးများကိုရှောင်ရှားရန်အောက်ပါအကြောင်းအချက်များကိုလိုက်နာသင့်ပါသည်။ဒါတွေတင်မကသေးပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးလာစေဖို့အတွက် အရေးပါတဲ့ DHA နဲ့ အစာခြေလမ်းကြောင်းစနစ်ကိုကျန်းမာစေနိုင်တဲ့ lcFos ကိုလည်းချန်ထားလို့မဖြစ်ပါဘူး။ ကလေးကိုကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းပြင်ဆင်ပေးလိုက်ပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာရရှိတဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာနိုင်ကြပါစေကြောင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%99%e1%80%96%e1%80%bc%e1%80%85%e1%80%ba/
ဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ အမျိုးသမီးတွေကိုပဲ ထိခိုက်ရတာလဲ
သင့်အနေနဲ့ နှာစေးချောင်းဆိုးလို့ပဲဖြစ်ဖြစ်၊ခြေထောက်တံခါးညပ်လို့ပဲဖြစ်ဖြစ် ဆေးခန်းပဲသွားပြပြ၊ဆေးဆိုင်မှာပဲ သွားဝယ်ဝယ် ဆရာဝန် ဒါမှမဟုတ် ဆေးရောင်းတဲ့သူက ဆေးပေးတဲ့အခါ၊ဆေးရောင်းတဲ့အခါ သောက်မယ့်လူနာက ယောက်ျားလား၊မိန်းမလား စဉ်းစားမနေပါဖူး။ ဒီအတိုင်း ပေးလိုက်တာပါပဲ။ ဘာလို့ ဒီလိုအလွယ်တကူပေးရတာလဲ။ ဘာလို့လဲဆိုတော့ ဆေးတွေကို ခန္ဓါကိုယ်က တုန့်ပြန်တဲ့နေရာမှာ ယောက်ျားမိန်းမကွာခြားမှုရှိတယ်လို့ ဘယ်ဆေးကျောင်း၊ဘယ်သင်တန်းကမှ သင်မပေးလိုက်လို့ပါပဲ။လေ့လာမှုတခုအရ သိရတာက ဈေးကွက်ထဲကနေ ရုတ်သိမ်းလိုက်ရတဲ့ ဆေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေမှာ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရုတ်သိမ်းလိုက်ရတာပါ။ ဒီနေရာမှာ မေးစရာရှိလာတာက အမျိုးသမီးတွေမှာပဲ ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို ဈေးကွက်ထဲ ဆေးဖြန့်ပြီးတဲ့အချိန်ကျမှသာ ဘာလို့သိရတာလဲ။ ဆေးဝါးအသစ်တမျိုး ဆရာဝန်တွေလက်ထဲရောက်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့အတွက် ပထမဆုံး ဓါတ်ခွဲခန်းထဲမှာ ဆဲလ်လေးတွေနဲ့ စမ်းသပ်တာ၊တိရ စ္ဆာန်လေးတွေနဲ့ စမ်းသပ်တာ၊ပြီးရင် လူတွေမှာ ဆက်လက်စမ်းသပ်သုတေသနပြု သုံးစွဲတာ၊နောက်ဆုံး ဆေးဝါးကွပ်ကဲရေးက အတည်ပြု ခွင့်ပြုချက်ရဖို့ တင်ပြစောင့်ဆိုင်းရတာ အစရှိတဲ့ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရတာကြောင့် အချိန်အများကြီး ကြာမြင့်ပါတယ်။ ဒီလို အသေအချာ စမ်းသပ်ပြီးမှ ထုတ်လုပ်တယ်လို့ ပြောပေမယ့် လက်မခံနိုင်လောက်အောင်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ အမျိုးသမီးတွေမှာဖြစ်နိုင်တာကို စောစောစီးစီး မသိဘဲ ဘာလို့ ဈေးကွက်ထဲ ဖြန့်ပြီးတဲ့ အချိန်မှ သိရတာလဲ။ နားမလည်နိုင်တော့ဖူးလား။ဆေးပညာရှင်တွေရဲ့ အဆိုအရ ကျွန်တော်တို့ ခန္ဓါကိုယ်ထဲက ဆဲလ်တိုင်းဆဲလ်တိုင်းမှာလည်း အထီးအမ သဘာဝ ရှိပါသတဲ့။ ဟုတ်ပြီ ဆက်ကြည့်ရအောင်။ ဖြစ်ပုံက ဓါတ်ခွဲခန်းထဲမှာ ဆေးကို ဦးစွာစမ်းသပ်တဲ့အခါ အသုံးပြုတဲ့ ဆဲလ်တွေ နဲ့ နောက်တဆင့် စမ်းသပ်တဲ့ တိရ စ္ဆာန်တွေအားလုံးဟာ အထီးတွေချည်းဖြစ်ပြီး နောက်ဆုံးအဆင့်အဖြစ် လူမှာစမ်းသပ်တဲ့အခါမှာလည်း ယောက်ျားတွေမှာပဲ စမ်းသပ်တာဖြစ်ပါသတဲ့။ မြတ်စွာဘုရား။ ဘာလို့များပါလဲ။ ဘာလို့များ အမျိုးသားတွေကိုပဲ အခြေခံပြီး ဆေးဝါးစမ်းသပ်မှုတွေပြုလုပ်ရတာလဲ။ အိပ်ဆေးတမျိုးဖြစ်တဲ့ Ambien ဆိုတဲ့ ဆေးအကြောင်း လေ့လာကြည့်ရအောင်။ ဒီဆေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ဈေးကွက်ထဲ စတင်ရောင်းချခဲ့ပြီး သန်းရာနဲ့ချီအသုံးပြုခဲ့ကြပါတယ်။ အဓိက အသုံးပြုသူတွေကတော့ အမျိုးသမီးတွေဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရနိုင်ချေ များလို့ပါ။ ဒါပေမယ့် အမျိုးသမီးတွေမှာ ဆေးပမာဏကို ထက်ဝက်လျှော့ပြီး သုံးစွဲဖို့ FDA အနေနဲ့ ပြီးခဲ့တဲ့ နှစ်က အကြံပြုခဲ့ပါတယ်။ အကြောင်းပြချက်ကဘာလဲဆိုတော့ အမျိုးသမီးတွေမှာ ဆေးကို ဖြိုခွဲတဲ့၊ခန္ဓါကိုယ်အပြင်ကို စွန့်ပစ်တဲ့ နှုန်းဟာ အမျိုးသားတွေထက် နှေးလို့ပါတဲ့။ အကျိုးဆက်အနေနဲ့ Ambien သောက်ထားတဲ့ အမျိုးသမီးတွေဟာ မနက်အိပ်ယာနိုးလာသည့်တိုင် သူတို့သွေးထဲမှာ ဆေးတွေရှိနေဆဲဖြစ်ပြီး အာနိသင်ပြနေတုန်းဖြစ်တာကြောင့် တနေ့လုံး ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေပြီး ကားမောင်းတာလို စိတ်အာရုံစူးစိုက်ဖို့လိုတဲ့ အလုပ်တွေလုပ်ဖို့ မသင့်တော်ပါဖူး။ အန္တရာယ် များပါတယ်လို့ ဆိုပါတယ်။ မေးစရာတွေ ဆက်ရှိလာတာက တခြားဘယ်လိုအရာတွေကိုရော ကျားမလိင်ကွဲပြားမှုအပေါ်မူတည်ပြီး စမ်းသပ်လေ့လာဖို့ လိုသလဲ။ ကျွန်တော်တို့ မသိလိုက်တာ ဘာတွေများ ရှိနေဦးမလဲ ဆိုတာပါပဲ။ ဒုတိယ ကမ္ဘာစစ်က အရာတော်တော်များများကို ပြောင်းလဲလာစေပါတယ်။ လူတယောက်ကို သူ့ဆီက ခွင့်ပြုချက်မရဘဲနဲ့ ဆေးဝါးစမ်းသပ်မှု မပြုလုပ်ရဖူးဆိုတဲ့ အချက် ဖြစ်ပေါ်လာဖို့လည်း အပါအဝင်ပေါ့။ဒါကြောင့် သူတို့ဟာ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်လိုက်ပါတယ်။ ကလေးမွေးဖွားနိုင်တဲ့အရွယ် အမျိုးသမီးတွေကို ဆေးဝါးစမ်းသပ်ခြင်းတွေမှာ အသုံးမပြုဖို့ ကာကွယ်ချင်တဲ့ အချက်ဟာ ဒီစည်းမျဉ်းစည်းကမ်းတွေရဲ့ တစိတ်တဒေသဖြစ်ပါတယ်။”စမ်းသပ်လေ့လာနေရင်း သန္ဓေသားမှာ တခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူတာဝန်ယူမှာလဲ” အစရှိတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာတာကြောင့်ပါ။ ဒီတော့ သိပ္ပံပညာရှိတွေ စဉ်းစားခဲ့တာက အမျိုးသားတွေရဲ့ ခန္ဓါကိုယ်ဖြစ်စဉ်တွေဟာ ပိုပြီးတော့ တည်ငြိမ်တယ်။ သူတို့မှာ ဟော်မုန်းအပြောင်းအလဲတွေလည်း လစဉ်ဖြစ်ပေါ်လေ့မရှိဖူး။ ဒါကြောင့် စမ်းသပ်မှုတွေ ပြုလုပ်တဲ့အခါမှာ အချက်အလက်တွေလည်း ပိုပြီးတော့ မှန်မှန်ကန်ကန် ရနိုင်မှာ ဖြစ်လို့ ဒီနည်းလမ်းက ပိုရိုးရှင်းပြီး ပိုအဆင်ပြေပါတယ်။ ဒါ့အပြင် အမျိုးသားနဲ့ အမျိုးသမီးဆိုတာဟာ မျိုးပွားအင်္ဂါတွေနဲ့ ကျားမဟော်မုန်းတွေကလွဲပြီး ကျန်တာအားလုံး အတူတူပဲ ဖြစ်တယ်လို့လည်း ယေဘုယျအနေနဲ့ ယူဆလို့ရနေတဲ့အတွက် ဆေးဝါးစမ်းသပ်မှုတွေကို အမျိုးသားတွေမှာပဲ ပြုလုပ်ပြီး ရရှိလာတဲ့ အကျိုးဆက်နဲ့ ဆေးတွေကိုတော့ အမျိုးသမီးတွေအတွက်ပါ အသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုလုပ်လိုက်တော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ဘာပိုထူးသွားသလဲ။ ဟိုးအရင်တုန်းက အမျိုးသမီးတွေရဲ့ ကျန်းမာရေးပြဿနာတွေကို “ဘီကီနီ ပြဿနာတွေ” လို့ခေါ်လေ့ရှိကြပါတယ်။ ဘာလို့လဲ ဆိုတော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးပြဿနာလို့ ဆိုလိုက်တာနဲ့ မျိုးပွားခြင်းနဲ့ ဆိုင်နဲ့ ကိစ္စတွေ(ကိုယ်ဝန်ဆောင်တာ၊သားအိမ်၊ရင်သား၊သားဥအိမ် စတာတွေ)အနေနဲ့ပဲ စဉ်းစားခဲ့ကြလို့ပါ။ ဒီလိုယူဆခဲ့ကြတာဟာ ၁၉၈၀ပြည့်နှစ်တွေအထိပါပဲ။ ဒါပေမယ့် ဒီလိုယူဆလိုက်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ အပေါ်မှာပြောခဲ့တဲ့မျိုးပွားအင်္ဂါဆိုင်ရာ ပြဿနာတွေကလွဲပြီး တခြားဘာကိုမှ ထူးထူးခြားခြား မသိတော့သလို အမျိုးသမီးလူနာတွေရဲ့ လိုအပ်ချက်တွေကိုလည်း။မသိတော့သလောက် ဖြစ်သွားစေပါတယ်။ ဒါကြောင့် ဆေးပညာစမ်းသပ်မှုတွေမှာ အမျိုးသမီးတွေကို ဘေးဖယ်ထားတာဟာ သူတို့ကို မျက်နှာသာပေးတာ မဟုတ်ဘဲ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ဖြစ်စေတယ်၊ထိခိုက်စေတယ်လို့ ဆေးပညာအသိုင်းအဝန်းနဲ့ လူထုကျန်းမာရေးဆိုင်ရာ မူဝါဒချမှတ်သူတွေက တဖြည်းဖြည်း သိလာပါတယ်။ဆိုတော့ ကျားမ လိင်ကွာခြားတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ကွာခြားကြောင်းကို ဘယ်လိုသက်သေသာဓကတွေအရ သိနိုင်မလဲ။လူ့ခန္ဓါကိုယ်ဖွဲ့စည်းပုံကို လေ့လာကြည့်မယ်ဆိုရင် နှလုံးနားတဝိုက်မှာ ရှိတဲ့သွေးကြောတွေဟာ အမျိုးသားတွေမှာ ပိုပြီးကြီးပါတယ်။ နှလုံးရောဂါ ဖြစ်စေတဲ့ အကြောင်းခြင်းရာတွေကျပြန်တော့ အမျိုးသမီးတွေမှာ ပိုလို့ ရှုပ်ထွေးပြန်ပါတယ်။ ဒီလို မတူညီမှုလေးတွေ ရှိပါတယ်။ လူတယောက်နှလုံးရောဂါ ဖြစ်နိုင်ချေရှိမရှိ ဆုံးဖြတ်ခန့်မှန်းတဲ့ စစ်ဆေးစမ်းသပ်မှုမျိုးကို ပြုလုပ်တဲ့အခါ ကျွန်တော်တို့ဟာ အမျိုးသားတွေမှာ အရင်စမ်းသပ်စစ်ဆေးပါတယ်။ ဒီနေရာမှာ နားလည်ထားရမှာက အမျိုးသားတွေမှာ စမ်းသပ်လို့ အဆင်ပြေပြည့်စုံတဲ့ နည်းလမ်းကို သုံးပြီး အမျိုးသမီးတွေ နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိ စမ်းသပ်စစ်ဆေးတဲ့အခါ သိပ်အဆင်မပြေတာ၊အကျိုးသက်ရောက်မှု သိပ်မရှိတာမျိုးကို တွေ့ရပါတယ်။ဆက်ပြီး ကျွန်တော်တို့ ပုံမှန်အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတွေအကြောင်း စဉ်းစားကြည့်ရအောင်။ဥပမာ အက်စ်ပရင် ဆိုပါတော့။ ကျန်းမာနေတဲ့ အမျိုးသားတဦးကို အက်စ်ပရင်ပေးမယ်ဆိုရင် ရုတ်တရပ် နှလုံးရပ်တာမျိုးကနေ ကာကွယ်ပေးနိုင်ပေမယ့် ကျန်းမာနေတဲ့ အမျိုးသမီးတဦးကို ပေးမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမယ်ဆိုတာ သင်သိပါသလား။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%86%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%90%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%b1%e1%80%ac-%e1%80%98%e1%80%b1%e1%80%b8%e1%80%91/
အပူရှပ်ခြင်းကို ဘယ်လို ကုသမလဲ။
အပူရှပ်ခြင်း (heat exhaustion) ဆိုတာဟာ မြင့်မားတဲ့အပူချိန်နဲ့ ထိတွေ့ပြီးရင် ဖြစ်ပွားတတ်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ သူဟာ ရေဓါတ်ခန်းခြောက်မှုနဲ့ တွဲဖက် ဖြစ်ပွားတတ်ပါတယ်။အပူရှပ်ခြင်းဟာ heat stroke (သေစေနိုင်လောက်သော ပြင်းထန်သည့် အပူရှပ်ခြင်း) လောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမယ့် သေချာဂရုစိုက်ခြင်းမရှိရင် အပူရှပ်ခြင်းဟာ heat stroke ဖြစ်သွားနိုင်ပြီး ဦးနှောက်နဲ့ အခြား အရေးကြီးတဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး သေဆုံးစေနိုင်ပါတယ်။အပူရှပ်ခြင်း အမျိုးအစားများ။အပူရှပ်ခြင်း နှစ်မျိုးနှစ်စား ရှိပါတယ်။• ရေဓါတ်လျော့နည်းခြင်း – ရေငတ်ခြင်း၊ ရေဆာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိမကောင်းခြင်း။• ဆားဓါတ် လျော့နည်းခြင်း – ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်း။အပူရှပ်ခြင်းရဲ့ ရောဂါ လက္ခဏာများ။အောက်ဖေါ်ပြပါ လက္ခဏာတွေ ပြတတ်ပါတယ်။• စိတ်ရှုပ်ထွေးခြင်း။• ဆီးအရောင်ရင့်ခြင်း။• ခေါင်းမူးခြင်း။• သတိမေ့ခြင်း။• ပင်ပန်းလွယ်ခြင်း။• ခေါင်းကိုက်ခြင်း။• ကြွက်တတ်ခြင်း။• ပျို့အန်ခြင်း (သို့) ဝမ်းလျှောခြင်း။• အသားအရေ ဖြူဖျော့ဖျော့ ဖြစ်ခြင်း။• ချွေးထွက်လွန်ခြင်း။• နှလုံးခုန် မြန်ခြင်း။အပူရှပ်ခြင်း ကို ဘယ်လိုကုသရမလဲ။အပူရှပ်ပြီဆိုရင် ပူတဲ့နေရာက ရှောင်ကြဉ်ပြီး အေးမြတဲ့ နေရာတစ်ခုမှာ အနားယူသင့်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ အနီးအနားက အေးမြတဲ့ သစ်ပင်ရိပ်အောက်မှာ သွားနေသင့်ပါတယ်။ပြီးရင်တော့။• အရည် အများကြီးသောက်ပါ။ ကော်ဖီနဲ့ အရက်ကို ရှောင်ကြဉ်ပါ။• ကျပ်တည်းတဲ့ အဝတ်အစားတွေကို ချွတ်ပါ။• ရေချိုးပါ။• အေးစေတဲ့ ပန်ကာ (သို့) ရေခဲစိမ် တဘက်တွေကို အသုံပြုပါ။၁၅ မိနစ်လောက်နေတဲ့အထိ အကျိုးမရှိရင် အရေးပေါ် ကျန်းမာရေးကုသမှု ယူပါ။ မယူရင်တော့ သေစေနိုင်သော heat stroke အထိ ဖြစ်နိုင်ပါတယ်။အပူလျှပ်ခြင်းကနေ ပြန်ကောင်းလာပြီးရင် ပူပြင်းတဲ့ ရာသီဥတုနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် ပြန်မဖြစ်မချင်း မပြုလုပ်သင့်ပါဘူး။အပူရှပ်ခြင်း အကြောင်းရင်းများ။မြို့ပြမှာနေခြင်းဟာ လေရဲ့ အရည်အသွေးညံ့ဖျင်းတာမို့ အပူရှပ်ခြင်း ဖြစ်နိုင်ခြေ ပိုမိုများပြားပါတယ်။ ကတ္တရာတွေနဲ့ ကွန်ကရစ်တွေဟာ နေ့အချိန်မှာ အပူကို စုပ်ယူထားပြီး ညအချိန်မှာမှ တစ်ဖြည်းဖြည်း ပြန်လည်ထုတ်လုပ်ပေးကာ ညအချိန် အပူချိန်မြင့်စေခြင်းလို့ ခေါ်ပါတယ်။အခြား အပူနဲ့ ပတ်သက်တဲ့ ဖျားနာမှုတွေကတော့။• အသက် – မွေးကင်းစကလေးတွေ၊ အသက်လေးနှစ်အောက်ကလေးတွေ၊ အသက် ၆၅ နှစ်အထက် လူကြီးတွေဟာ အပူရှပ်ခြင်း ပိုမိုဖြစ်ပွားနိုင်ပါတယ်။ သူတို့ဟာ အပူကို အခြားသူတွေလို လျင်မြန်စွာ ထိန်းညှိနိုင်ခြင်း မရှိလို့ ဖြစ်ပါတယ်။• ကျန်းမာရေးရောဂါများ – နှလုံး၊ အဆုတ်၊ ကျောက်ကပ်ရောဂါတွေနဲ့ အဝလွန်ခြင်း၊ ပိန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ ဆီးချို၊ စိတ်ရောဂါ၊ အရက်သောက်ခြင်း၊ နေလောင်ခြင်းနဲ့ အခြားအဖျားတက်ခြင်း ဖြစ်ပွားစေတဲ့ အခြေအနေများ။• ဆေး – အားဆေး၊ နှလုံးဆေး၊ သွေးပေါင်ကျဆေး၊ စိတ်ရောဂါဆေးများ။ဒီရောဂါအခြေအနေတွေ ရှိခဲ့ရင် ပြင်းထန်တဲ့ ပူပြင်းစွတ်စိုမှုကို ထိန်းညှိနိုင်တဲ့ အစွမ်းကို ထိခိုက်မှု ရှိမရှိ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။အပူရှပ်ခြင်းကို ဘယ်လိုကာကွယ်မလဲ။အပြင်မှာအရမ်းပူနေရင် အေးတဲ့နေရာမှာ နေပါ။ နေအောက်မှာ နေမှ ဖြစ်မယ်ဆိုရင် အပူရှပ်ခြင်းကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာပါ။• အသားရောင် အဝတ်အစားဝတ်ဆင်ပါ။ လျှာထိုးပါတဲ့ ဦးထုပ်ဆောင်းပါ။• နေလောင်ခံခရင်မ် အသုံးပြုပါ။• ရေအများအပြားသောက်ပါ။ကော်ဖီ (သို့) အရက်တွေဟာ ရေပိုငတ်စေပြီး အပူလျှပ်ခြင်းကို ပိုဆိုးစေတာမို့ မသောက်သင့်ပါဘူး။ သင့်မှာ တက်ခြင်း (သို့) နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါ (သို့) ကိုယ်ခန္ဓါအတွင်း အရည်များတဲ့ ရောဂါတွေရှိရင် အရည် အများကြီးမသောက်မီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%95%e1%80%b0%e1%80%9b%e1%80%bd%e1%80%95%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af-%e1%80%80/
အိုမီခရွန် နဲ့ တခြားမျိုးဗီဇပြောင်းပိုးတွေ ဘာကွာသလဲ။
လတ်တလောမှာကိုဗစ်လူနာတွေကို ခပ်စိတ်စိတ် ပြန်တွေ့လာရပါပြီ။ ဘာပိုးရယ်ကို ပုံမှန်အိမ်မှာ စစ်နေကျtest kitတွေနဲ့ ခက်ဖို့ ခွဲပေမယ့် လက်ရှိမင်းသားကြီး အိုမီခရွန် ပဲ ဖြစ်ဖို့ များပါတယ်။ အိုမီခရွန်က ပွဲစထွက်တည်းကဗီဇပြောင်းနေရာတွေ များလွန်းတဲ့အတွက် လူအများက စိတ်ပူနေကြပါတယ်။ အိုမီခရွန်က အရင်ဗီဇပြောင်းပိုးတွေနဲ့ ဘာကွာသလဲဆိုတာကို သိထားရင် ပိုပြီး ကြိုတင်ပြင်ဆင် နိုင်မှာပါ။အိုမီခရွန်ကဒယ်တာအပါအဝင် တခြားဗီဇပြောင်းပိုးတွေထက် ပိုပြီးကူးစက်မြန်ပါတယ်။ အိုမီခရွန်က လက္ခဏာမပြဘဲနဲ့လည်း သူများကို ကူးနိုင်သလို ကာကွယ်ဆေးထိုးထားပြီးသူတွေကိုလည်း ကူးစက်နိုင်ပါတယ်။လက္ခဏာတွေကတော့ အရင်က ဗီဇပြောင်းပိုးတွေနဲ့ သိသိသာသာ ကွာတာမျိုး မရှိပါဘူး။ ဘယ်လောက်ပြင်းထန်မလဲ ဆိုတာကတော့။လက်ရှိလေ့လာချက်တွေအရတော့ အိုမီခရွန်က မှန်းထားသလောက် ပြင်းထန်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် တချို့တွေမှာတော့ ရောဂါပြင်းထန်ပြီး ဆေးရုံတက်ရတာ၊ အသက်သေဆုံးတာတွေရှိတာကို တွေ့ရပါတယ်။ မပြင်းထန်ဘူးဆိုပေမယ့် မပေါ့ဆသင့်ပါဘူး။ ကိုယ့်ဆီရောက်မှ ပြင်းထန်သွားမလားလည်း မသိနိုင်သလို ကိုယ်ကနေ တခြားလူတွေ ကူးစက်သွားမှာကိုတော့ သတိထားသင့်ပါတယ်။လက်ရှိ ကာကွယ်ဆေးတွေက အိုမီခရွန်ကြောင့် ရောဂါပြင်းထန်တာ၊ ဆေးရုံတက်ရတာ၊ သေဆုံးတာတွေကို လျှော့ချပေးနိုင်ပါသေးတယ်။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေပါ ဖြစ်တယ်လို့ ဆိုပေမယ့် ဆေးမထိုးထားတဲ့ သူတွေနဲ့ ယှဉ်ရင် ပြင်းထန်မှုက ကွာပါတယ်။ဒါကြောင့် လက်ရှိမှာ ကာကွယ်ဆေးတွေကို အကြိမ်ရေပြည့်အောင်ထိုးဖို့၊ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးထားဖို့ လိုပါတယ်။အိုမီခရွန်က အရင်ဗီဇပြောင်းပိုးတွေနဲ့ ယှဉ်ရင် အဆုတ်ထဲထိ ရောက်တာနည်းတယ်လို့ ဆိုကြပါတယ်။ အကြောင်းက အဆုတ်မှာရှိတဲ့ ဆဲလ်တွေထဲကို ဝင်ဖို့ACE2ကို ပေါင်းနိုင်စွမ်း နည်းလို့ပါ။ ဒါကြောင့် လူနာအများစုကတုပ်ကွေးဆန်ဆန် လက္ခဏာတွေပဲ ဖြစ်ကြပါတယ်။ အနံ့ပျောက်တာလည်း ရှေ့ဗီဇပြောင်းပိုးတွေနဲ့ ယှဉ်ရင် နည်းပါတယ်။ဒါပေမယ့် မကောင်းတဲ့အချက်က ခုခံအားတွေကို ကျော်လွှားနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အရင်ကိုဗစ်ဖြစ်ထားပြီး ခုခံအား ရနေသူ၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသား သူတွေမှာပါ ပြန်ဖြစ်နေတာပဲ ဖြစ်ပါတယ်။အိုမီခရွန်ကို ရင်ဆိုင်ဖို့ လက်နက်ကြီး ၃ခုရှိပါတယ်။ကာကွယ်ဆေးက မထိုးရသေးရင် ထိုးထားပါ။ ထိုးပြီးထားတဲ့သူတွေက ၆လလောက်ရှိပြီဆိုရင် ထပ်ဆောင်းကာကွယ်ဆေး ထပ်ထိုးပါ။ Sinopharm, Sinovacနဲ့ Covaxin ထိုးထားတဲ့ သူတွေက ဒုတိယအကြိမ်ထိုးပြီး ၃လနေရင် ထိုးသင့်ပါတယ်။ဆေးထိုးထားတဲ့သူတွေလည်း ဖြစ်တယ်ဆိုပေမယ့် ပြင်းထန်မှုက ကွာခြားတာကြောင့် ထိုးထားဖို့ အကြံပေးချင်ပါတယ်။နှာခေါင်းစည်းက တစ်ကိုယ်ရည် ကာကွယ်မှုအတွက်ရော သူများကို မကူးအောင်ရော ကာကွယ်နိုင်ပါတယ်။ နှာခေါင်းစည်းတပ်တာနဲ့အတူ တတ်နိုင်သမျှ လူစုလူဝေးရှောင်တာ၊ မကြာခဏ လက်ဆေးတာကိုပါ လုပ်ပေးရမှာပါ။မိမိကိုယ်မှာ ကိုဗစ်သံသယလက္ခဏာတွေ ရှိနေရင် ဒါမှမဟုတ် ကိုဗစ်ဖြစ်တဲ့ သူနဲ့ ထိတွေ့ထားမိရင် အချိန်မီ ဆေးစစ်ပါ။ ဆေးစစ်လို့ ပေါ့စတစ်ထွက်နေရင် သီးသန့်ခွဲနေဖြစ်တဲ့အတွက် မိမိကနေ နောက်လူကို မကူးအောင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ဒါ့ပြင် မိမိရဲ့ အခြေအနေကို သိရှိပြီး ဆေးကုသမှု ခံယူဖို့ အဆင်သင့် ဖြစ်စေပါတယ်။အိုမီခရွန်ကို ခပ်စိတ်စိတ် တွေ့လာရတဲ့အတွက် ခုတည်းက သတိထား နေသင့်ပါပြီ။ ကူးစက်တဲ့သူတွေများရင် လှိုင်းတစ်ခုဖြစ်သွားနိုင်တာကြောင့် တစ်ဦးတစ်ယောက်ချင်းစီ ကာကွယ်ထားသင့်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/difference-between-omicron-and-other-variants/
Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ
Omicron ဆိုတာက ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့SARS-CoV-2ရဲ့ ဗီဇပြောင်းမျိုးစိတ် တစ်ခုပါ။ လျင်လျင်မြန်မြန် ပျံ့နှံ့နေသလို အရင်က မကြုံဖူးတဲ့နှုန်းနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်နေပါတယ်။ Omicron ဗိုင်းရပ်စ်အကြောင်းကို သေသေချာချာ မသိရသေးပေမယ့် သေချာတာကတော့ Omicronရဲ့ ပြင်းထန်မှု နှုန်းက ရှေ့မှာ ဖြစ်ပွားခဲ့တဲ့Deltaတို့ထက် ပြင်းထန်မှုနှုန်း မနိမ့်ဘူးဆိုတာပါ။ ဒါကြောင့် Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ လို့ ပြောရတာပါ။ဒါကြောင့် အခုကာလမှာOmicron ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးတာ၊ထပ်ဆောင်းကာကွယ်ဆေးတွေထိုးတာ၊ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်တာတွေအပြင် ဗိုင်းရပ်ကူးစက်မှုကို တားဆီးပေးနိုင်တဲ့ နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ဖို့က အရင်ကထက် ပိုပြီး အရေးကြီးလာပါပြီ။ကမ္ဘာ့နေရာတော်တော်များများမှာCOVID-19 ကူးစက်မှုက အချိန်တိုအတွင်း အတော်လေးကို မြင့်တက်ခဲ့ပါတယ်။ CDC ရဲ့ စစ်တမ်းအရတော့ omicron က ကာကွယ်ဆေး မထိုးထားတဲ့သူတွေမှာ လျင်လျင်မြန်မြန် ကူးစက်နေသလို ရောဂါလက္ခဏာ မပြဘဲ ကူးစက်မှုတွေလည်း ရှိနေပါတယ်။Omicron ရဲ့ ကူးစက်မှုနှုန်းက ကာကွယ်ဆေး ထိုးပြီးတဲ့နှုန်း နည်းနေတာ၊ လူနေထူထပ်တာ၊ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်မှု နည်းသေးတဲ့အချက်တွေအပေါ်မှာ အခြေခံပြီး မြန်မြန်ကူးစက်နေတာပါ။Omicronက အခြားကိုဗစ်ဗိုင်းရပ်စ်တွေထက် အသက်ရှူလမ်းကြောင်း အထက်ပိုင်းဖြစ်တဲ့ (နှာခေါင်းနဲ့ လည်ချောင်းတွေ) ဆီကို မြန်မြန်ကူးစက်နိုင်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Omicronက ကူးစက်မြန်တယ်လို့ ယူဆလို့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း Omicron ကူးစက်မှုနှုန်းတွေ တဟုန်ထိုး မြင့်တက်နေပါတယ်။Omicron မတိုင်ခင်က ကူးစက်မြန်တယ်လို့ သတ်မှတ်ထားတဲ့ Delta က ကာကွယ်ဆေး မထိုးထားတဲ့သူတွေမှာ ရောဂါ ပိုပြင်းထန်ပြီး မူလ SARS-CoV-2  ဗိုင်းရပ်စ်ရဲ့ spike protein နဲ့ အနည်းငယ် ကွာခြားမှု ရှိပါတယ်။ ဒါပေမယ့် Omicron ကတော့ မူလ SARS-CoV-2  ဗိုင်းရပ်စ်ရဲ့spike proteinနဲ့ အတော်လေး ကွာခြားမှု ရှိပြီး ဗီဇပြောင်းလဲမှု ၃၀ ကျော်လောက် ပြောင်းလဲထားပါတယ်။ ဒါကြောင့် ကိုယ်ခံအားက အတည်ပြုဖို့ ပိုခက်ပါတယ်။Omicronက အခြား ကိုဗစ် မျိုးစိတ်တွေလိုပဲ ပြင်းထန်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်ရောဂါအခံရှိသူတွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေမှာပါ။ နာတာရှည်ရောဂါ ခံစားနေရသူတွေမှာလည်း Omicronက ပိုပြင်းထန်နိုင်ပါတယ်။ Omicronက ကူးစက်မှုမြန်သလို သေဆုံးသည်အထိလည်း ပြင်းထန်နိုင်ပါတယ်။Omicronရဲ့ ပြင်းထန်မှုကို လျှော့ချဖို့ဆိုရင် ကာကွယ်ဆေး (၂) ကြိမ်လုံး ပြည့်မီအောင် ထိုးထားဖို့ လိုသလို ထပ်ဆောင်း ကာကွယ်ဆေး ထိုးထားတာကလည်း နည်းလမ်းကောင်းပါ။ အကောင်းဆုံး ကာကွယ်မှု ရချင်တယ်ဆိုရင်တော့ ထပ်ဆောင်းကာကွယ်ဆေး သေချာလေး ထိုးထားဖို့ လိုပါမယ်။အမေရိကန် ပြည်ထောင်စုမှာ COVID-19ကူးစက်ခံရမှုကြောင့် ကုသမှု ခံယူနေရသူ အများစုက အသက် ၁၈ နှစ်အောက် ကလေးတွေပါ။ ဇန်နဝါရီလကနေ လက်ရှိကာလအထိ ကူးစက်မှုအသစ်တွေကို ကြည့်ရင် ကလေးတွေမှာ ကူးနှုန်းက ဟိုးအရင်ကထက် ၈၀ ရာခိုင်နှုန်းပိုများလာပါတယ်။ Omicron ကြောင့်ဖျားနာမှုက Delta ကြောင့်ဖျားနာမှုအရေအတွက်ထက် ပိုများနေပါတယ်။Delta တုန်းက ကလေးတွေမှာ ပြင်းထန်တဲ့ လက္ခဏာတွေ မတွေ့ရပေမယ့် Omicron မှာတော့ ကလေးတွေမှာ ရောဂါလက္ခဏာတွေ ပြင်းထန်သလို ကလေးတွေမှာလည်း ဖြစ်ပွားမှုနှုန်းက ပိုများနေပါတယ်။ အကောင်းဆုံး ကာကွယ်နိုင်မယ့်နည်းလမ်းကတော့ ကလေးက အသက် ၁၂ နှစ် ပြည့်ပြီဆိုရင် ကာကွယ်ဆေး ထိုးထားဖို့ပါ။ အသက် ၁၂ နှစ်အထက်ကလေးတွေကို သင့်တော်တဲ့ ကာကွယ်ဆေး (၂) ကြိမ် ပြည့်မီအောင် ထိုးထားတာကလည်း Omicron​ကြောင့် ပြင်းပြင်းထန်ထန် ဖျားနာတာ၊ အခြားပြင်းထန်တဲ့ လက္ခဏာတွေ မခံစားရစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အရမ်းငယ်တဲ့ ဘေဘီလေးတွေကို Omicronကနေ ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ဘေဘီလေးကို အိမ်ထဲမှာပဲ ထားတာ၊အသုံးအဆောင်တွေကို ပိုးသတ်တာ၊ ဘေဘီလေးနဲ့ အနီးကပ် ထိတွေ့နေသူတွေက ကာကွယ်ဆေး ထိုးထားတာ၊ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်တာတွေကတော့ အကောင်းဆုံးပါ။ ဘေဘီလေးက အသက် (၂) နှစ် ပြည့်ပြီးပြီဆိုရင်တော့ ဘေဘီလေးကိုမတ်ခ်လေးတွေတပ်ပေးလို့ ရပါပြီ။ လက်ကလေးတွေကို သေချာသန့်စင်ဖို့ သင်ပေးဖို့လည်း လိုပါမယ်။ကာကွယ်ဆေး (၂) ကြိမ်ပြည့်အောင် ထိုးထားတာက ကူးစက်ခံရနိုင်ခြေကို ၆ ဆကျော် လျှော့ချပေးနိုင်ပြီး ရောဂါပြင်းထန်တာကြောင့် သေဆုံးနိုင်ခြေကို ၁၃ ဆလောက်အထိ လျှော့ချပေးနိုင်ပါတယ်။နောက်တစ်ချက်က Omicronက အခြား ကိုရိုနာဗိုင်းရပ်စ်တွေထက် ပိုပြင်းထန်သလို ရောဂါကူးစက်ပြီးသူတွေမှာလည်း ထပ်မံကူးစက်နိုင်ပါတယ်။ကိုဗစ် ကာကွယ်ဆေးကို  (၂) ကြိမ် ထိုးတာက Omicron ကို လုံးဝမဖြစ်အောင် မကာကွယ်ပေးနိုင်ပေမယ့် ရောဂါ မပြင်းထန်အောင်တော့ ကာကွယ်ပေးပါတယ်။ ထပ်ဆောင်းကာကွယ်ဆေးကလည်း အသက်အန္တရာယ် မထိခိုက်စေဖို့နဲ့ ရောဂါအရမ်း မပြင်းထန်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ရောဂါလက္ခဏာ ပြင်းထန်မှုအပြင် ကာကွယ်ဆေးတွေကို ပြည့်မီအောင် ထိုးနှံထားတာက ၇ ရက်လောက် ရောဂါပြင်းထန်မှု ခံစားရမယ့်နေရာမှာ ၃ ရက်လောက်နဲ့ သက်သာစေနိုင်သလို ၂ ပတ်လောက် ရောဂါ ခံစားရမယ့်နေရာမှာ ၇ ရက်လောက်နဲ့ သက်သာစေနိုင်တာမျိုးတွေ ထောက်ကူပေးနိုင်ပါတယ်။ကာကွယ်ဆေး ထိုးတာကြောင့် လက္ခဏာ သိပ်မပြင်းထန်တာဖြစ်ပြီး Omicronက အခြား ကိုဗစ်ဗိုင်းရပ်စ်တွေထက် ပိုပြင်းထန်သလို အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်တာကြောင့် Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ လို့ သတိပေးလိုက်ပါရစေ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-not-be-a-mild-variant/
ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ်
ပျားရည် ဆိုတာ သဘာဝက ရတဲ့ဆေးဖက်ဝင်ပစ္စည်း တစ်ခု ပါ။ သူ့ရဲ့ အာနိသင်အစွမ်းတွေကြောင့် ဟိုးအရင်တည်းက တိုင်းရင်းဆေးပညာမှာတောင် ဆေးဖော်စပ်ရာမှာ အသုံးများပါတယ်။အလှအပဘက်မှာလည်း ပျားရည်က ဘယ်လို အကျိုးပြုတယ် ဆိုတာ ကြားဖူးကြမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာ ပျားရည် mask နဲ့ ဝက်ခြံ ကုသနည်းလေးကို ပြောပြပေးသွားဖို့ ရှိပါတယ်။အလှအပ နဲ့ အသားအရေ အတွက်ဆို အနှောင့်အယှက်တစ်ခု ဖြစ်တဲ့ဝက်ခြံတွေကို ပျားရည် က ကုသပေးနိုင်တယ် ဆိုတာ သိပြီးပြီလား။ ပြီးတော့ အိမ်မှာပဲ ကိုယ်တိုင် ပေါင်းတင် ကုသလို့ ရတာ ကိုရော သိထားပြီးပြီလား။ ကဲ …. ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ် နော်။ဝက်ခြံ ဆိုတာ အဆီဂလင်း နဲ့ချွေးပေါက် ပိတ်ဆို့မှုနဲ့ ဘက်တီးရီးယား ပိုးဝင်ခြင်း တို့ကြောင့် ဖြစ်တာ များတာမို့ချွေးပေါက် ပွင့်စေပြီး ပိုးဝင်ခြင်းကို ကုသတာက ဝက်ခြံ ကင်းစေမယ့် နည်းလမ်းပါပဲ။ ဒီအချက်က အရေပြားကို သန့်စင်စေပြီး ဘက်တီးရီးယားကို သေစေတဲ့ ပျားရည် ရဲ့ အာနိသင် နဲ့ ကွက်တိ ကျပါတယ်။အောက်မှာ ပြောမယ့် နည်းတွေကတော့ အသုံးများတဲ့ အလွယ်ဆုံး ပေါင်းတင်နည်းလေးတွေပါပဲ။ အဲဒီထဲက ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းကို သုံးနိုင်ပါတယ် –။အလွယ်ဆုံး နည်း ပါပဲ။ ဘာမှကို ထည့်စရာ မလိုတာလေ။ ပျားရည် တစ်မျိုးတည်း နဲ့ ဝက်ခြံတွေကို ကုသပေးမှာပါ။ပျားရည်ကို မျက်နှာမှာ ဖြန့်လိမ်းလိုက်ပါ။ နောက်တော့ မျက်နှာသစ်လိုက်ပေါ့။ ပျားရည်ကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေ သန့်စင်စေမယ်၊ အရေပြားဆဲလ်သေတွေ ဖယ်ရှားပေးနိုင်တယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုကြောင့် အသားအရေ နုပျိုစေတယ်၊ ချောမွေ့စေတယ်၊ အစိုဓာတ်လည်း ရစေတယ်။ပန်းသီး အရွယ်တော် တစ်လုံး ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၄ သို့မဟုတ် ၅ ဇွန်း နဲ့ ကြက်သီးနွေး ရေ ပဲ လိုပါတယ်။ ပန်းသီးကို အစေ့ထုတ်ပြီး ကျန်တဲ့အသား တွေကို ကြိတ်ပါ။ ကြိတ်ပြီးတဲ့ အနှစ်ဖတ်တွေထဲကို ပျားရည် ထည့်ပါ။ သေချာရောနေအောင် မွှေပြီးပြီဆို သုံးလို့ရပါပြီ။ပျားရည်ပန်းသီး အနှစ်ကို မျက်နှာ တစ်ခုလုံး သုတ်လိမ်းပြီး ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ် ထားပါ။ အသားအရေက စုပ်ယူပြီး နည်းနည်းလေး တင်းခြောက်သွားပြီဆို ရေနွေးနွေးလေး နဲ့ မျက်နှာသစ်ပါ။သံပရိုသီးမှာ ပါတဲ့ citric acid က အသားအရေ အတွက် အကောင်းဆုံး သန့်စင်ပေးနိုင်တဲ့ သဘာဝ ပစ္စည်းပါ။ ဒိန်ချဉ်ကလည်း အသားအရေ ကို သန့်စင်စေပြီး ပျော့ပျောင်းနူးညံ့စေတဲ့ နို့ထွက်ပစ္စည်းဖြစ်ပါတယ်။ သံပရို တစ်မျိုးတည်းဆိုရင် အသားကို ခြောက်သွေ့စေနိုင်တာမို့ အားဖြည့်ပေးမယ့် ဒိန်ချဉ်ကို ထည့်သွင်းရတာပါ။နွားနို့နှစ်ဇွန်း၊ ပျားရည် နှစ်ဇွန်း၊ သံပရိုသီးတစ်လုံး(အရည်)၊ ဒိန်ချဉ် တစ်ဇွန်း နဲ့ ရေနွေးနွေးလေး ကို စေးပျစ်တဲ့အထိ ရောမွှေပါ။ရလာတဲ့အနှစ်ကို မျက်နှာအပြင် လည်ပင်းကိုပါ လိမ်းပေးပါ။ ခြောက်သွေ့တဲ့အထိ ထားပါ။ ဒုတိယတစ်ထပ် အပေါ်ကနေ ထပ်လိမ်းပြီး ဒီနည်းနဲ့ အနှစ်တွေ မကုန်မချင်း ထပ်ထပ် လိမ်းပေးပါ။ ၁၀ မိနစ်ကြာတဲ့အခါ ကြက်သီးနွေးရေလေးနဲ့ မျက်နှာသစ်ပါ။ဒီနည်းကို တစ်ပတ် သုံးကြိမ်ကနေ လေးကြိမ် သုံးနိုင်ပါတယ်။ပျားရည်နဲ့ သစ်ကြံပိုးခေါက် နှစ်မျိုးတည်း ပါပဲ။ ပုံသေအချိုးအစား သတ်မှတ်ထားတာ မရှိပေမယ့် ကိုယ့်ရဲ့ ဝက်ခြံအနေအထားကို မူတည်ပြီး သစ်ကြံပိုးခေါက် ပမာဏကို ချင့်ချိန်ထည့်ရပါမယ်။ မျက်နှာတစ်ခုလုံးကို သုံးမယ်ဆိုရင် သစ်ကြံပိုးခေါက်အမှုန့် သုံးဇွန်း သို့မဟုတ် လေးဇွန်းထည့်ရင် ရပါတယ်၊ ပျားရည်ပမာဏကတော့ အနှစ်ရဲ့ အပျစ်အကျဲကို မှန်းပြီး ထည့်ပါ။အနှစ်ကို ဝက်ခြံများတဲ့ နေရာတွေမှာပဲ လိမ်းမလား၊ မျက်နှာတစ်ခုလုံး လိမ်းမလား ကိုယ့်သဘောပါပဲ။ အိပ်ရာမဝင်ခင် လိမ်းပြီး တစ်ညလုံး ထားလိုက်တာ ကောင်းပါတယ်။ မနက်မှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဝက်ခြံဖြစ်လေ့ရှိတဲ့သူတွေမှာ ရလဒ်သိသာချင်တယ်ဆို ဒီနည်းကို နှစ်ပတ်လောက် လုပ်ဖို့ Organic Facts ဝဘ်ဆိုက်မှာ အကြံပြုထားပါတယ်။ရှားစောင်းလက်ပပ်အနှစ် (သဘာဝအစစ်၊ ဂျယ်လ်ဘူးမဟုတ်) တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း ပဲ လိုပါတယ်။ ဒီနှစ်မျိုး ရောနှောထားတဲ့ အရောကို ၁၀ မိနစ်လောက် ဒီတိုင်းထားပြီးမှ မျက်နှာမှာ သုတ်လိမ်းပါ။ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက်နဲ့ ဆံကေသာ အတွက် နာမည်ကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းပါ။ သူက အစိုဓာတ်ထိန်းပေးတယ်၊ အသားအရေကို နူးညံ့စေတယ်၊ အသားအရောင် ညီစေတယ်၊အသားဖြူဝင်းလာစေတယ်။ သူနဲ့ ပျားရည်ရဲ့ဓာတ်တိုးဆန့်ကျင်အစွမ်းသတ္တိကို ပေါင်းလိုက်တော့ ပြောစရာကို မလိုတော့ပါဘူး။ဒီပစ္စည်းတွေထဲမှာ ကိုယ်နဲ့ မတည့်တာပါနေရင် မသုံးပါနဲ့။ ဥပမာ ရှားစောင်း နဲ့ ဓာတ်မတည့်သူဆို ရှားစောင်းပါတဲ့ နည်းကလွဲပြီး တခြားနည်းကို သုံးသင့်ပါတယ်။ ပျားရည်နဲ့ မတည့်သူတွေလည်းဒီနည်းကို မသုံးသင့်ပါဘူး။ သဘာဝကရတယ်ဆိုပေမယ့် တည့်မတည့်ကို အရေပြားမှာ အရင်စမ်းပါ။ ဝက်ခြံအတွက် ပျားရည်ကိုပဲ အားမကိုးဘဲ မသက်သာတဲ့အခါ အရေပြားဆရာဝန်နဲ့ ပြသပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/honey-mask-and-acne/
Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ
Omicron ဖြစ်ပွားမှုက ကမ္ဘာတလွှားမှာရော မြန်မာနိုင်ငံမှာပါ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာနေပါတယ်။ ဒီလို မြင့်တက်လာနေမှုနဲ့အတူ လူတိုင်းလိုလို ခေါင်းထဲ ရောက်လာတဲ့အတွေးက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ဒီကြောက်စရာကောင်းတဲ့Omicron အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာ ဖြစ်မယ် ထင်ပါတယ်။ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားမှ ထိခိုက်မှု နည်းမှာဖြစ်တဲ့ Omicronကို ကာကွယ်ဖို့နေ့စဉ်ဘဝမှာ လိုက်နာပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။Omicronကို ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ ဒီအချက်လေးတွေကို လိုက်နာပေးပါ။ကိုဗစ် ကာကွယ်ဆေးတွေလည်း အမျိုးအစား ရွေးစရာ အများကြီး ရှိလာခဲ့ပြီ ဖြစ်သလို လူတော်တော်များများဟာလည်း ကာကွယ်ဆေး ၂ ကြိမ်တောင် ထိုးပြီးကြပါပြီ။ ကာကွယ်ဆေးက ကိုဗစ် လုံးဝ မကူးစက်အောင် မကာကွယ်ပေးနိုင်ဘူးဆိုပေမယ့် ထိုင်သင့်သလောက်တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ကာကွယ်ဆေး ၂ ကြိမ် ပြည့်မီအောင်ထိုးထားပါ။အကောင်းဆုံးကတော့ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံတာပါပဲ။ ထပ်ဆောင်းကာကွယ်ဆေးကို အမျိုးအစားအလိုက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးလို့ ၃ လနဲ့ ၆လ အကြာမှာ ထိုးနှံလို့ ရပါပြီ။ Omicron ကို ထိုက်သင့်သလောက် ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို ထိုးထားဖို့ လိုပါမယ်။အပြင်ထွက်တဲ့ အခါတိုင်း၊ လူစုလူဝေးဖြစ်မယ့် နေရာတွေကို သွားတိုင်းမှာပါးစပ်နဲ့နှာခေါင်းစည်းကို သေသေချာချာ တပ်ဆင်ပါ။ နှာခေါင်းစည်းကို စုတ်ပြဲနေတာ၊ စိုနေတာ၊ ညစ်ပေနေတာတွေ ရှိ၊မရှိ သေချာလေး ဆန်းစစ်ပါ။အလုံပိတ်နေရာတွေက ကိုဗစ် ကူးစက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အခုလို ရောဂါဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေချိန်မှာ အလုံပိတ်နေရာတွေ ဖြစ်တဲ့ ဈေးဝယ်စင်တာလိုမျိုး နေရာတွေကို မသွားဖို့ လိုပါမယ်။  ကိုယ်တိုင်ရော မိသားစုဝင်တွေပါ မသွားမိဖို့ ဂရုစိုက်ပါ။ မဖြစ်မနေ သွားရမယ်ဆိုရင် ပါးစပ်နဲ့နှာခေါင်းစည်းကို သေချာ တပ်ဆင်ဖို့  လိုပါမယ်။ ပြီးရင် အိမ်ပြန်ရောက်တာနဲ့ပိုးသတ်သန့်စင်တာတွေ လုပ်ဖို့ လိုပါမယ်။လက်တွေကို အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်တွေကို ရေနဲ့ ဆပ်ပြာနဲ့ သေချာလေး သန့်စင်ဆေးကြောပေးပါ။အခုချိန်မှာ Omicronကို ကာကွယ်ဖို့ လိုက်နာရမယ့် နည်းလမ်းက လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတာပါ။ တစ်ဦးဦးနဲ့ တစ်ဦး အနည်းဆုံး ၆ ပေ အကွာမှာ နေတာက ရောဂါ ကူးစက်မှုကို ရပ်တန့်နိုင်မှာပါ။တစ်နေ့တာမှာ ကိုင်တွယ်ထိတွေ့ အသုံးပြုမယ့် ပစ္စည်းတွေကို ပိုးသတ်သန့်စင်တာကလည်း ရောဂါပိုး ကူးစက်ခံရနိုင်ခြေကို လျှော့ချတာပါပဲ။ ဖုန်း၊ စားပွဲတွေနဲ့ အခြားသော အသုံးအဆောင်တွေကို အရက်ပြန် အသုံးပြုပြီး ပိုးသတ်သန့်စင်ပေးပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သေသေချာချာ လိုက်နာပြီး ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ omicron အန္တရာယ်ကနေ ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/easy-tips-to-prevent-to-omicron/
ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်း နဲ့ လိပ်ခေါင်းဖြစ်ခြင်းအကြောင်းသိကောင်းစရာ
လိပ်ခေါင်းရောဂါနဲ့ ဝမ်းချုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်တာ၊လိပ်ခေါင်းဖြစ်တာ ဒါမှမဟုတ် နှစ်မျိုးလုံးကို ခံစားရလေ့ရှိတယ်လို့ ဆိုပါတယ်။တကယ်လို့ သင်ဟာ တပတ်ကို သုံးခါထက်နည်းပြီး ဝမ်းသွားတယ်ဆိုရင် ဒါကို ဝမ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ထက် ပိုကြာကြာဝမ်းချုပ်ရင်တော့ ကာလရှည်ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အူတွေရဲ့လှုပ်ရှားမှုဟာ ပုံမှန်ထက်ပိုနှေးကွေးတာကြောင့် ဝမ်းချုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သုံးစွဲလေ့ရှိကြတဲ့ သံဓါတ်အားဖြည့်ဆေးတွေကလည်း ဝမ်းချုပ်တာကို အားပေးပါသေးတယ်။အူသိမ်အဆုံးပိုင်းနဲ့ စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားရောင်ရမ်းတာကို လိပ်ခေါင်းလို့ အလွယ်ခေါ်ကြပါတယ်။ တချို့ လူနာတွေမှာဆိုရင် အဲ့ဒီ သွေးကြောလေးတွေဟာ ဖောင်းကားလွန်းနေပြီး အရမ်းတင်းနေတာကြောင့် ပါးလှပ်နေပြီး အပြင်ကိုကျွံထွက်လာတတ်ကာ နေရာတာ ကသိကအောင့်ဖြစ်ပြီး နာကျင်စေပါတယ်(အထူးသဖြင့် အိမ်သာတက်တဲ့ အချိန်တွေမှာပေါ့)။ဒီနာကျင်ပြီး ကသိကအောက်ဖြစ်ရတဲ့ အခြေအနေဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အရမ်းကို အဖြစ်များလှပါတယ်။ ကိုယ်ဝန် ၂၇ပတ်နောက်ပိုင်းမှာ အဖြစ်များပါတယ်။ ဝမ်းချုပ်တာကနေပြီးတော့လည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းခံကတော့ အူသိမ်အဆုံးပိုင်းနဲ့ စအိုနားတဝိုက်မှာ ဖိအားတွေပိုလာလို့ဖြစ်ပြီး ဝမ်းချုပ်တာကလည်း တတပ်တအား ပါဝင်ပတ်သက်နေပါတယ်။=နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ အမျှင်ဓါတ်ကို လုံလုံလောက်လောက် ပါအောင် စားပေးရပါမယ်(သစ်သီး၊ဟင်းသီးဟင်းရွက် နဲ့ အစေ့အဆံတွေကို များများ စားပေးရပါမည်)။=အရည်များများသောက်ပေးပါ(ရေတင်မကပါဖူး။ ဖျော်ရည်တွေ၊စွပ်ပြုတ်တွေလည်း ပါဝင်ပါတယ်)။=အိမ်သာတက်တဲ့အခါ အရမ်းမညှစ်ပါနဲ့။=လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။=အိမ်သာတက်ပြီးတိုင်း စအိုပတ်လည်ကို သေသေချာချာ စင်ကြယ်အောင်ဆေးပါ။ ကလေးသုံးတဲ့ တစ်ရှူးအပျော့စားကိုသုံးပြီး အရှေ့ကနေ အနောက်ကို ပွတ်ပီးဆေးပါ။=ယားယံတာတွေသက်သာစေဖို့ ရေနွေးစိမ်ပါ။ ရေနွေးထဲကို မုန့်ဖုတ်တဲ့ ဆိုဒါလည်း ဆန္ဒရှိရင် ထည့်လို့ရပါတယ်။=ရေခဲအိတ်ကပ်ပါ။=အချိန်အကြာကြီး မထိုင်ပါနဲ့။ ခပ်ကြာကြာထိုင်ပြီးတိုင်း ခဏတဖြုတ်နားပါ။ လမ်းထလျှောက်ပါ။စအိုက သွေးထွက်တာဟာ ဆိုးရွားပြီး အရေးကြီးတဲ့ ရောဂါတွေဖြစ်တဲ့ အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn’s disease၊ diverticulitis နဲ့ အူမကြီးကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တဲ့အတွက် သိသိချင်း ဆရာဝန်နဲ့ ပြဖို့ အရမ်းအရေးကြီးပါတယ်။ဆရာဝန်အနေနဲ့ သင်နာကျင်ခြင်းသက်သာစေဖို့အတွက် အောက်မှာပြောပြမယ့် ကုသမှုလေးတွေကို အကြံပြုပါလိမ့်မယ်။=ယားယံတာကို သက်သာစေဖို့အတွက် လိမ်းဆေးလေးတွေပေးပါလိမ့်မယ်။ သိထားရမှာက အဲဒီခရင်မ်တွေ လိမ်းလို့လိပ်ခေါင်းပျောက်သွားမှာ မဟုတ်ဘဲ သူတို့က လိပ်ခေါင်းကြောင့်နာကျင်တာကို သက်သာစေရုံသာ ရည်ရွယ်တယ်ဆိုတာကိုပါ။=ဝမ်းသွားရင် မညှစ်ရလေအောင် ဝမ်းပျော့ဆေးတွေ ပေးပါလိမ့်မယ်။ကံကောင်းတာက ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တဲ့ လိပ်ခေါင်းဟာ ကလေးမွေးပြီးသွားတာနဲ့ သူလည်းပျောက်သွားတာပါပဲ။ လိပ်ခေါင်းရောဂါကို ကာကွယ်ဖို့အတွက် ဝမ်းချုပ်မခံဖို့ အရမ်းပဲ အရေးကြီးလှပါတယ်။တကယ်လို့ ဝမ်းချုပ်နေပြီဆိုရင်လည်း ဝမ်းသွားရင် အရမ်းကြီးမညှစ်မိစေဖို့ သတိထားပါ။ ပြီးတော့ ဝမ်းသွားချင်ရင်လည်း အောင့်မထားပါနဲ့။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%9d%e1%80%99%e1%80%ba/
သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှု
အသက် ၆၀ နဲ့ ၆၀ အထက် သက်ကြီးရွယ်အိုတစ်ဦးကို မိသားစုဝင်တစ်ဦးဦးကပဲဖြစ်ဖြစ် အခကြေးငွေနဲ့ငှားရမ်းထားတဲ့ သူတစ်ဦးကပဲဖြစ်ဖြစ် မညှာမတာဆက်ဆံမိတဲ့အခါ သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှုတစ်ရပ်ဖြစ် ပေါ်လာရပါတယ်။သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှုတွေက အောက်ဖော်ပြပါ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်ပါတယ်။သက်ကြီးရွယ်အိုတွေကို ရိုက်နှက်တာ၊ ထိုးကြိတ်တာနဲ့ အပူလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကို မအိပ်ချင်ဘဲ အိပ်ရာထဲ လှဲနေခိုင်းတာ၊ ဘီးတပ်ကုလားထိုင်မှာ မထိုင်ချင်လည်း ထိုင်နေရတာနဲ့ အခန်းထဲမှာ သူတို့မနေချင်တာကို အခန်းတံခါးပိတ်ပြီး ထားတာကလည်း ရုပ်ပိုင်းဆိုင်ရာအရညှင်းပန်း နှိပ်စက်တာပဲဖြစ်ပါတယ်။ သည်လိုမျိုး ညှင်းပန်းနှိပ်စက်မှုမျိုးကို သက်ကြီးရွယ်အိုရဲ့ခန္ဓါကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေကနေတဆင့်သိရှိနိုင်ပါတယ်။သက်ကြီးရွယ်အိုတွေကို အဝတ်မပါဘဲ နေခိုင်းတာ၊ လိင်အသားပေးပုံတွေရိုက်ခိုင်းတာ၊ မလျော်ကန်တဲ့ အထိအတွေ့မျိုးတွေလိုမျိုး လိင်ပိုင်းဆိုင်ရာအရ အတင်းအကျပ်စေခိုင်းခံရတဲ့ အပြုအမူမျိုးတွေနဲ့ တွေ့ကြုံခံစားရတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အခါ တွေ့ရတတ်တဲ့လက္ခဏာရပ်တွေ-။• အဝတ်အစားတွေနဲ့ အတွင်းဝတ်အဝတ်တွေမှာ သွေးတွေပေနေတာ။• လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ။• လိင်အင်္ဂါအနီးတဝိုက်နဲ့ ခန္ဓါကိုယ်မှာ ပွန်းပဲ့ ဒဏ်ရာတွေရှိနေတာ။• လိင်အင်္ဂါ ဒါမှမဟုတ် စအိုဝကနေသွေးထွက် နေတာ။သက်ကြီးရွယ်အိုတွေဟာ ခြိမ်းခြောက်ခံရတာ၊ လျစ်လျူရှုခံရတာ၊ အော်ငေါက်ခံရတာနဲ့ အလွန်အမင်းထိန်းချုပ်ခံရတာမျိုးတွေ တွေ့ကြုံခံစားရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရတာက ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခံရတာလိုမျိုး ဒဏ်ရာအနာတရတွေမတွေ့ရပါဘူး။ အိပ်စက်မှုပုံစံ မူမမှန်တာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာရပ်တွေနဲ့ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။သက်ကြီးရွယ်အို ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို မတရားခြိမ်းခြောက်ရယူတာမျိုးပဲဖြစ်ပါတယ်။ နှိပ်စက်သူက သက်ကြီးရွယ်အိုရဲ့သဘောဆန္ဒမပါဘဲ သူရဲ့အကြွေးဝယ်ကတ်ကိုယူသုံးတာ၊ ပိုင်ဆိုင်မှုတွေကိုရောင်းချဖို့ ဆန္ဒမပါဘဲ အတင်းအကျပ်ဖိအားပေးပြီး လက်မှတ်ထိုးရောင်းချခိုင်းတာမျိုး လုပ်နိုင်ပါတယ်။ ငွေရေး ကြေးရေးအရ အမြတ်ထုတ်နေတယ်ဆိုတာကို နှိပ်စက်သူကငွေတွေကို ပုံမှန်အတိုင်းမဟုတ်ဘဲ ဘဏ်ကနေ ခဏခဏထုတ်တာမျိုး၊ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့အထောက်အထားတွေကို တရားဝင်အထောက်အထားတွေအဖြစ် ပြောင်းလဲတာမျိုးတွေနဲ့ အခြားအမျိုးမျိုး သော အရာတွေဖြစ်နိုင်ပါတယ်။သက်ကြီးရွယ်အိုကို လုံလောက်တဲ့စောင့်ရှောက်မှုမပေးတာ။ လုံလောက်တဲ့ အစားအစာပမာဏ၊ ဆေးဝါးတွေမပေးတာ သန့်ရှင်းရေးမလုပ်ပေးတာ၊ လျစ်လျူရှုခံရတဲ့ သက်ကြီးရွယ်အိုတွေဟာ နံစော်နေတဲ့ အိပ်ရာတွေနဲ့နေနေရပြီး ကိုယ်အလေးချိန်ကျဆင်းလာတဲ့အပြင် အိပ်ရာထဲမှာပဲ အမြဲနေရတာကြောင့် ကျောပူနာလိုမျိုး ဝေဒနာတွေခံစားလာရပါတယ်။အထက်ပါအချက်လိုမျိုး အနေအထားတွေ သတိထားရမယ့်အချက်တွေ ကိုယ့်မိသားစုဝင်မှာပဲ ဖြစ်ဖြစ် ကိုယ်နဲ့နီးစပ်တဲ့ သက်ကြီးရွယ်အိုထဲမှာပဲဖြစ်ဖြစ် ကြုံတွေ့နေရမယ်ဆိုရင် တတ်နိုင်သမျှမြန်မြန် အရေးယူဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သင့်ပါတယ်။ အရင်ဆုံးနှိပ်စက်ခံရသူနဲ့ စကားပြောနိုင်ဖို့ကြိုးစားပါ။ အကြောင်းအရင်းကို ဖော်ထုတ်နိုင်ဖို့ကြိုးစားပါ။ သူတို့ရဲ့ သဘောဆန္ဒကို သိရှိနိုင်အောင် လုပ်ဆောင်ပါ။ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမျိုးဆိုရင်တော့ ဥပဒေရဲ့အကူအညီ ကိုရယူဖို့ တုံ့ဆိုင်းမနေဘဲချက်ချင်းလုပ်ဆောင်ပါ။ ချက်ချင်းကြီးဒုက္ခရောက်နိုင်တဲ့ အနေအထားမျိုး မဟုတ်ဘူးဆိုရင်တော့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာကို ပို့ဆောင်ပေးပါ။ သက်ကြီးရွယ်အိုတွေက သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တာကြောင့် အကူအညီရဖို့လိုအပ်ပါတယ်။ ကြောက်လန့်နေဖို့ မလိုပါဘူး။ လူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ဖို့ ဖုန်းတစ်ချက်လောက်ဆက်ပေးဖို့ပဲ လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%8a%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%94%e1%80%ba/
Omicron ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ
Covid-19ရဲ့ ဖြစ်ပွားမှုက အရှိန်လျော့မသွားဘဲ Omicron ဆိုပြီး ကမ္ဘာကြီးကို ထပ်ပြီး ထိတ်လန့်စေခဲ့ပြန်ပါပြီ။ လတ်တလော ကမ္ဘာ့ နိုင်ငံ အသီးသီးမှာOmicron ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ အချို့နိုင်ငံတွေမှာ ခရီးသွားလာခွင့်တွေ ကန့်သတ်ရတဲ့အထိ ပြင်းထန်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ဒီတော့ Omicron ကိုလည်း အခြားသောရောဂါဆိုးတွေနည်းတူ မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ လိုအပ်လာပါပြီ။ ဒီလို ကာကွယ်ဖို့ဆိုတဲ့နေရာမှာ အရေးအကြီးဆုံးအချက်က ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့ပါ။ ကိုယ်ခံအား ကောင်းမှလည်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်လာတာမျိုး မဖြစ်အောင် တားနိုင်မှာကိုး။ ဒီတော့ Omicron မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ကိုယ်ခံအား ကျန်းမာစေဖို့အတွက် နေ့စဉ်ဘဝမှာ လိုက်နာရမယ့်စားသောက်မှုပုံစံကို ပြောပြပေးချင်ပါတယ်။Omicron မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ ကိုယ်ခံအား ကျန်းမာစေဖို့အတွက် နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ ကတော့။ကိုယ်ခံအားက ကိုဗစ်ဗိုင်းရပ်စ် အမျိုးမျိုးကိုရော Omicron ကိုရော ကာကွယ်ရာမှာ အဓိက ကျပါတယ်။ ဒီလို အဓိကကျတဲ့ ကိုယ်ခံအားကို ကျန်းမာစေဖို့ဆိုရင် ဗီတာမင် D နဲ့ အားဖြည့်ပေးဖို့ လိုပါမယ်။ ဗီတာမင် D ပြည့်ဝမှ ကိုယ်ခံအားက အားပြည့်ပြီး ရောဂါပိုးတွေကို အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နိုင်မှာပါ။ ဒါကြောင့် နေ့စဉ် နေရောင်ခြည် ခံတာအပြင် စားသုံးမှုမှာပါ ဗီတာမင် D ပြည့်ပြည့်ဝဝ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။အစားရွေးတယ်ဆိုရင် တစ်နေ့ကို နာရီဝက်လောက် နေရောင်ခြည်နဲ့ ထိတွေ့ဖို့ အကြံပြုပါရစေ။သရေစာတွေက စားလို့ ကောင်းပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီးဖျားနာမှုကင်းဖို့လိုနေတဲ့ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေတဲ့ ဒီကာလမှာတော့သရေစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ သရေစာတွေအစား အသီးအနှံတွေလိုမျိုး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့်အရာတွေကို စားပေးပါ။ဗီတာမင် C ပါဝင်အောင် စားပါ။ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အဓိက ဇာတ်လိုက်က ဗီတာမင် C ပါ။ အခုလို ကိုယ်ခံအား ကောင်းဖို့ လိုအပ်နေတဲ့ ကာလမှာ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန် စားသုံးပေးတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်ချိုသီး၊ စပျစ်သီး၊ စတော်ဘယ်ရီနဲ့ အခြား ချဉ်တဲ့ အရသာရှိတဲ့ အသီးအနှံတွေကို စားပေးပါ။ဇင့်ဓာတ်က ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ပြည့်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ပြည့်ဝ ကျန်းမာစေဖို့ဆိုရင် ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ အသား၊ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ ဂုံး၊ ကမာ စတာတွေကို စားပေးပါ။ရေများများ သောက်ပါ။ရေက ကိုယ်ခံအား ကောင်းစေပြီး ရောဂါကင်းစင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လုံလောက်တဲ့ ပမာဏရအောင် ရေသောက်တာက Omicron ကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ ရေများများ သောက်ပြီး ကိုယ်ခံအားကို အားဖြည့်လို့ Omicron ကို ကာကွယ်ပါ။ရေများများသောက်ဆိုတဲ့နေရာမှာ အလွန်အကျွံ မသောက်မိဖို့တော့ လိုပါမယ်။အခုပြောပြခဲ့ စားသောက်မှုပုံစံကို သေချာလေး လိုက်နာပြီး Omicron ကို သေသေချာချာလေး ကာကွယ်လိုက်ပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/eating-tips-to-prevent-to-omicron/