title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%b1%e1%80%bb%e1%80%81%e1%80%a1%e1%80%b1%e1%80%94%e1%80%99%e1%80%bd%e1%80%ac-%e1%80%92%e1%80%b0%e1%80%b8%e1%80%a1%e1%80%85%e1%80%ac/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7/
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း
မိန်းကလေးတစ်ယောက်လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားတယ် ဒါမှမဟုတ် ယောက်ျားလေးအုပ်စုထိုင်နေတဲ့ နေရာရှေ့က ဖြတ်သွားတယ်။ ဒါဆိုရင် ‘ဟေ့ အသည်းလေး ဘယ်သွားမလို့လဲ’၊’ရွှတ် ရွှတ်’ ဆိုတဲ့ အဆင့်ကနေ ‘ဆော်ကြီးက မိုက်လိုက်တာကွာ၊ xxxxx လိုက်ရရင်တော့ ရှယ်ပဲ’ အစရှိတဲ့ ညစ်ညစ်ညမ်းညမ်း စကားလုံးတွေအထိ တိုးတိုးတစ်နည်း၊ ကျယ်ကျယ်တစ်ဖုံ ပြောကြတာကို မြင်ဖူးတွေ့ဖူးကြမှာပါ။ဘတ်စ်ကားစီးတယ်ဆိုရင်လည်း မိန်းကလေးရဲ့ ကျော၊ တင်ပါး စတာတွေကို အမျိုးသားရဲ့ မတော်ရာနဲ့ လိုက်ထိနေတာစသဖြင့် ရှိတတ်ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ အဝေးပြေးကားပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးရဲ့ တင်ပါးကို အနောက်ကနေ ခြေထောက်နဲ့ မထိခလုတ်၊ထိခလုတ် ထိုးနေတာကြောင့် ပြဿနာဖြစ်တာကို ကြားလိုက်ကြဦးမှာပါ။ဒါတွေဟာ အနိုင်ကျင့်တယ်ဆိုတဲ့ အတိုင်းအတာ မကတော့ပါဘူး။’လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း’ဆိုတဲ့ အဆင့်ကို ရောက်သွားပါပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ ကျား၊ မကြီးငယ်မရွေး ကလေးလူကြီးမဟူ တွေ့ကြုံရနိုင်ပေမယ့် အမျိုးသမီးတွေမှာ အဖြစ်အများဆုံးမို့ ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေ တွေ့ကြုံရတတ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း အကြောင်းကို အဓိက ဆွေးနွေးသွားပါမယ်။လူသားတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှုကို အခေါ်အဝေါ်အားဖြင့် စော်ကားပြောဆိုခြင်းဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။ဥပမာ ‘အပျက်မ’၊’xxxx ခြောက်’၊’ဘောပြားမ’ အစရှိတဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ အခေါ်ဝေါ်ခံရသူဟာ ကျားဖြစ်စေ၊ မဖြစ်စေ၊ လိင်တူ/လိင်ကွဲစိတ်ဝင်စားသူဖြစ်စေ ထိုသူကို သရော်စော်ကားလိုတဲ့ စိတ်ဆန္ဒနဲ့ ခေါ်ဝေါ်သုံးနှုန်းမယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း မြောက်ပါတယ်။တကယ်လို့ သင်ဟာ အမျိုးသမီးတစ်ဦးရဲ့ ရင်သားကို ထိတွေ့ကိုင်တွယ်လိုက်ပြီး သူမအနေနဲ့ ဒါကို မနှစ်မြို့ဘူး၊ သဘောမတူဘူးဆိုရင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဖြစ်ပါတယ်။ အမျိုးသား/အမျိုးသမီးတစ်ဦးရဲ့ မတော်ရာကို ကိုင်တွယ်ခြင်း (ဥပမာ ယောက်ျားလေးတွေမှာဆိုရင် ပေါင်ခွကြားကို လိုက်ကိုင်ခြင်း၊ရိုက်ခြင်း) ဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းပဲဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။(အပြောင်အပြက်လုပ်တယ်ဆိုရင်တောင် လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး)။လူတစ်ယောက်ဟာ (သင်ငြင်းဆိုပြီးတဲ့နောက်မှာတောင်) သင်နဲ့ချိန်းတွေ့ဖို့ ထပ်ခါတလဲလဲ နားပူနားဆာလုပ်နေမယ် ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုခု ပြုလုပ်ဖို့ အကြိမ်ကြိမ် တွန်းအားပေး၊ ဖိအားပေးနေတယ်ဆိုရင်လည်း ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းပဲ ဖြစ်ပါတယ်။ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့၊ မှတ်ချက်ကောင်းကောင်းရဖို့၊ အလုပ်မှာ ရာထူးတိုးဖို့၊လစာတိုးဖို့၊ အလုပ်ချိန်အဆင်ပြေဖို့ အစရှိတဲ့ အခွင့်အရေးတွေ ဗန်းပြပြီး သင့်ဆရာ/အထက်လူကြီးက သင့်ဆီကလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ အပြင်လောကမှာ ဖြစ်ပေါ်နိုင်သလို အွန်လိုင်းပေါ်မှာလည်း ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ အဝတ်အစားမလုံမခြုံဖြစ်နေတဲ့ပုံ၊ကိုယ်လုံးတီးပုံ ဒါမှမဟုတ် လိင်မှုရေးရာကိစ္စတစ်ခုခုမှာ ပါဝင်ပတ်သက်နေတဲ့ပုံ အစရှိတာတွေကို သင့်ဆီမေးလ်ပို့မယ်၊ messengerကနေ ပို့မယ်၊ viberကနေ ပို့မယ်၊လူမှုကွန်ယက်ပေါ်ဖြန့်ဝေမယ် ဒီလိုမျိုးအပြုအမူတွေဟာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်း ဖြစ်ပါတယ်။သင်အခုခံစားနေရတဲ့ ကိစ္စဟာ အနိုင်ကျင့်ခြင်းဆိုတဲ့ အဆင့်မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခံနေရတယ်ဆိုတဲ့ဘောင်ကို ရောက်နေပြီဖြစ်ကြောင်း သတိချပ်ပါ။အောက်ဖော်ပြပါ အချက်တွေနဲ့သင့်ကိုယ်သင် ကာကွယ်ပါ။သင့်ကို မတော်တရော် လုပ်နေသူကို ချက်ချင်းရပ်ခိုင်းပါ။ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အမူအရာ/အပြုအမူအားဖြင့်သော်လည်းကောင်း လက်ရှိအပြုအမူကို သင်မနှစ်မြို့ကြောင်း ရှင်းလင်းစွာ ဖော်ပြပါ။သင့်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူဟာ ဘယ်သူလဲ၊ ဘယ်အချိန် ဘယ်နေရာမှာဖြစ်တာလဲ၊ ဘယ်လို စကားမျိုး/အပြုအမူမျိုးနဲ့ ထိပါးစော်ကားတာလဲဆိုတာကို ချရေးပြီး မှတ်တမ်းတင်ပါ။ အကယ်၍ အွန်လိုင်းမှာ ဖြစ်တာမျိုးဆိုရင်လည်း ဓာတ်ပုံ၊ စာသား၊ အသံဖိုင် စတာတွေကို မှတ်တမ်းယူပါ။တကယ်လို့ သင်ဟာ ငယ်ရွယ်သူ၊ အတွေ့အကြုံနုနယ်သူတဦးဆိုရင် လက်ရှိခံစားနေရတဲ့ ပြဿနာတွေကို တကိုယ်တည်း ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် သင်ယုံကြည်စိတ်ချထိုက်၊ အားကိုးထိုက်တဲ့ အရွယ်ရောက်ပြီးသူတစ်ဦးဦးကို ဖွင့်ဟအကူအညီတောင်းပါ။ တိုင်ပင်ပါ။ သင့်အလုပ်ရှင်နဲ့ သင်နှစ်ဦးတည်း ညအိပ်ညနေ ခရီးသွားဖို့၊ မနက်စောစော၊ ညဉ့်နက်သန်းခေါင် အလုပ်လုပ်ရဖို့ အကြောင်းဖန်လာရင် သင်နဲ့ နီးစပ်သူတစ်ဦးဦးကို ကြိုတင်အသိပေးပါ။ရုံး၊ ကျောင်း စတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းကို ကြုံတွေ့လာရပြီဆိုရင် သက်ဆိုင်ရာအထက်လူကြီးကို အမြန်ဆုံး သတင်းပို့တင်ပြပါ။ အသိပေး တိုင်ကြားပါ။ဒီလိုမျိုး အထက်လူကြီးကို သတင်းပို့တိုင်ကြားလို့မှ အဆင်မပြေဘူးဆိုရင် ဥပဒေအတိုင်း ဆောင်ရွက်ပါ။ သင့်အုပ်ထိန်းသူ/လူကြီးမိဘတွေကို အကူအညီတောင်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ပါ။ရုံးလုပ်ထုံးလုပ်နည်းတွေဟာ တစ်ခါတရံမှာ ကြန့်ကြာတတ်တာမို့ အလျင်အမြန် အကျိုးသက်ရောက်မှုတစ်စုံတရာ ရနိုင်စေရန် လူမှုကွန်ယက်ကို အားကိုးပါ။ ခိုင်လုံတိကျတဲ့ သက်သေအထောက်အထားတွေနဲ့ ဖွင့်ချပါ။မလုံခြုံတော့တဲ့ ကျောင်း/လုပ်ငန်းခွင်ကနေ (လိုအပ်ရင်) နှုတ်ထွက်ပါ။ဟုတ်ပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဆိုတာ ဘယ်လိုအရာတွေလဲ၊ ဒီလိုမျိုး ခံစားရရင် ဘယ်လိုတွေ တုံ့ပြန်မလဲဆိုတာ ပြောပြပြီးသွားပါပြီ။ အခု နောက်ဆုံးအနေနဲ့ သင်ကိုယ်တိုင်ရော (တမင်တကာဖြစ်စေ၊မတော်တဆဖြစ်စေ) လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူ မဖြစ်ရလေအောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်သလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။သူငယ်ချင်း အချင်းချင်း စနောက်တာပဲဖြစ်ဖြစ်၊ သင်နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ယောက်ကို လူပျိုလှည့်တာပဲဖြစ်ဖြစ် စည်းကျော်ဘောင်ကျော် မဖြစ်ရလေအောင် အောက်ပါအချက်လေးတွေကို ဆင်ခြင်သင့်ပါတယ်။အင်မတန် ရင်းလှပါတယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ ပြောမနာဆိုမနာ ပြောင်ပြက်ပြုမူခြင်းဟာ ပုံမှန်ဖြစ်ပေမယ့် သင့်သူငယ်ချင်း(တွေ)နဲ့အတူ သင်မသိသူတစ်ဦးဦးရှိနေရင်တော့ သင့်ကိုယ်အမူအရာ၊နှုတ်အမူအရာတွေကို ဆင်ခြင်သင့်ပါတယ်။တခြားလူတွေကို ‘အပျက်မ’၊’ဂျော်တကီး’၊’ဘောပြား’ အစရှိတဲ့ စော်ကားမော်ကား အသုံးအနှုန်းတွေနဲ့ မခေါ်ဝေါ်ပါနဲ့။တစ်ဖက်သားရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့ရဲ့ ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းကိုပဲဖြစ်ဖြစ် လုံးဝ (လုံးဝ) တို့ထိကိုင်တွယ်ခြင်း မပြုပါနဲ့။ အထူးသဖြင့် မတော်တရော် ထိတွေ့မှုမျိုးကို ရှောင်ကြဉ်ရပါမယ်။တစ်ဖက်လူက ‘ရပ်’လို့ ပြောရင် ချက်ချင်းရပ်လိုက်ပါ။ သင့်ချစ်သူရည်းစားပဲဖြစ်ဖြစ်၊ လုံးဝမသိကျွမ်းတဲ့ သူစိမ်းပဲဖြစ်ဖြစ်ပါ။ သူတို့က ရပ် လို့ပြောရင်၊ မနှစ်မြို့တဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေ ပြလာရင် လုံးဝရပ်လိုက်ပါ။ ချက်ချင်းရပ်လိုက်ပါ။ကိုယ်နဲ့ အတိုင်းအတာတစ်ခုထိ ပတ်သက်ခဲ့ဖူးသူတစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာတွေကို (သူ့ခွင့်ပြုချက်မရဘဲ) မဖြန့်ဝေပါနဲ့။ သူ့ကို အရှက်ရစေ၊လူမှုရေး၊ စီးပွားရေးတစ်ခုခုမှာ ထိခိုက်စေနိုင်တဲ့ စာသားတွေ၊ ဓာတ်ပုံတွေကို အင်တာနက်ပေါ်မှာ ဝေမျှခြင်း မပြုလုပ်ပါနဲ့။လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးခြင်းဟာ ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတစ်ခုပါ။ ဒါကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာရပြီဆိုရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ၊ မိမိကိုယ်တိုင်လည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးသူမဖြစ်ရလေအောင် ဘယ်လို ဆင်ခြင်နေထိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာသိရှိခြင်းအားဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေကနေ ရှောင်လွှဲနိုင်မှာဖြစ်ကြောင်း တင်ပြမျှဝေပေးလိုက်ရပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/about-sexual-harassment/
မနက်ခင်း အခက်အခဲတွေကို အကောင်းဆုံးကျော်လွှားနိုင်မယ့် ဘဝရဲ့ ဗီတာမင်လေးများ
နေ့တစ်နေ့တာကို အစပြုတဲ့မနက်ခင်းကိုအကောင်းဆုံးသောအရာတွေနဲ့ပဲ အခက်အခဲမရှိ ကျော်ဖြတ်ချင်တဲ့စိတ်ကူးက နိုးလာရင် ပထမဆုံး ခေါင်းထဲဝင်လာတဲ့ အတွေးဟုတ်။ဒီအတွေးက လူတိုင်းရဲ့ မနက်ခင်း အိပ်ရာထအတွေးတစ်ခုပါ။ အချို့ဆိုရှိသေးတယ် မနက်ခင်းကတည်းက စထွေရင် တစ်နေကုန် လောင်ရောဆိုတာမျိုးလေ။မနက်ခင်း တစ်ခုခု လွှဲချော်သွားတယ်၊ ဥပမာ ကိုယ်ပေါ်ကော်ဖီမှောက်ကျတယ်။ သွားပါပြီကွာ တစ်နေကုန်တော့လို့ ငြီးတွားတတ်ကြတယ်လေ။ ကိုယ်တိုင်ကော ပါသေးလား။မနက်ခင်းမှာ လုပ်ငန်းဆောင်တာတွေက အများကြီးနော်။ အိပ်ရာထလို့ မျက်စိနှစ်လုံး ပွင့်ပြီဆိုတာနဲ့။ အိမ်အလုပ်တွေကို အပြေးအလွှားလုပ်ရပြီ။ ပြီးရင် မနက်စာ စားတယ်။ ဒါပေမယ့် အချိန်မပေးနိုင်လို့ မစားဖြစ်ဘူး။ အမျိုးမျိုး ရှိနိုင်တယ်။ပြီးရင် အလုပ်သွားဖို့ ပြင်ဆင်ရတယ်။ လူလွတ်ဆို တော်လေရဲ့။သားသားမီးမီး ရှိမယ်ဆိုရင် သူတို့အတွက် ပြင်ဆင်ပေးရသေးတယ်။ အချိန်က ဖဲ့ပေးရတယ်။ ဒီတော့ ပြင်ဆင်ရတဲ့အချိန်က နောက်ကျတယ်။ မနက်ခင်းကို အမောတကောနဲ့ လုပ်မှ ရုံးချိန် မီတာမျိုးပေါ့။ဒီ​ကြားထဲ သွားလာဖို့ အချိန်ရှိသေးတယ်။ ကားကျပ်တဲ့အတွက် ပေးရမယ့်အချိန်က ရှိသေးတယ်။ အကုန်လုံးကို လစ်ဟင်းမှု မရှိစေဖို့ဆိုရင် အတော်လေး သက်လုံကောင်းမှရမယ့် အနေအထားမျိုးပါ။အိမ်အလုပ်ပြီးလို့ ရုံးသွားတယ်။ ကားကြပ်တဲ့ဒဏ်ကို အကောင်းဆုံးကျော်ဖြတ်ပြီးလို့ ရုံးရောက်ပြီဆိုပါတော့ စိတ်က အတော်လေးညစ်နေလောက်တာလည်း ဖြစ်နိုင်တယ်။ မနက်စာ မစားရသေးလို့ ဗိုက်ထဲကအတော်ဆာနေတာ၊ အစားမရှိဘဲ လုံးပန်းနေရလို့သွေးတွင်းသကြားဓာတ်ကျနေတာတွေ ဖြစ်နိုင်တယ်။ဒီအနေအထားမှာ စိတ်က အလိုလို တိုနေတာကြောင့် မနက်ခင်းကို ရွှင်ပျစွာနဲ့ မနှုတ်ဆက်ပဲ ရုံးခန်းထဲ ဝင်မိနိုင်တယ်။ ဒီတော့ ဘာဖြစ်လဲ။ လူမှုဆက်ဆံရေး မကောင်းတဲ့သူရယ်လို့ ထင်ခံရနိုင်တယ်လေ။ဒါပေမယ့် ဒီအခြေနေက လူတိုင်းမှာ ဖြစ်နေတာလားဆိုတော့ မဟုတ်ပါဘူး။ မနက်ခင်း ရုံးမှာ အပြုံးရွှင်ဆုံး မျက်နှာလေးနဲ့ active & cheerful ဖြစ်လွန်းလို့ လူတိုင်းရဲ့ ချစ်ခင်မှုကို ခံနေရသူလေးတွေလည်း ရှိတယ်ဟုတ်။မြင်ဖူးကြလား။ ဘယ်သူပဲ ရုံးခန်းထဲ ဝင်လာလာ အပြုံးလေးနဲ့ Morning နှုတ်ဆက်တတ်သူ၊ မနက်စာ စားပြီးရဲ့လား၊ ကားစီးလာရတာ အဆင်ပြေရဲ့လားစသဖြင့် ဖော်ရွေနွေးထွေးစွာ နှုတ်ဆက်တတ်သူလေးတွေလေ။သူတို့ကရော မနက်ခင်း ကိုယ့်လို အလုပ်မများခဲ့လို့လား။ မဟုတ်ဘူးနော်။ သူတို့လည်း ကိုယ့်လိုပဲ မနက်ခင်းကို သက်လုံကောင်းကောင်းနဲ့ ကျော်ဖြတ်ခဲ့တာပါပဲ။ ကျော်ဖြတ်တဲ့နည်း၊ ကျော်ဖြတ်တဲ့ပုံစံ၊ စိတ်သဘောထားပုံချင်းတော့ ကွာတာပေါ့။ကိုယ်ကအိပ်ရာထဲက အစောကြီး ထရတယ်၊ လို့ ညည်းတွားနေချိန်မှာ သူက ညည်းတွားနေတာက မနက်ခင်းကို အနှောင့်အယှက်ဖြစ်တယ်။ ညည်းတွားမှုကြောင့် မနက်ခင်းကို အကျည်းမတန်စေချင်ဘူး။ အချိန် မကုန်စေချင်ဘူးဆိုတဲ့ စိတ်ထားလေး ထားတယ်။ ညကတည်းက မနက်နိုးရင် ဘာလုပ်မယ်ဆိုတာ plan ချထားပြီးသား။ အစီအစဉ်အတိုင်း တစ်ခု ချင်း လုပ်သွားတယ်။ အချိန်လေးတွေလည်း ကွက်တိနော်။လေ့ကျင့်ရေး ကောင်းကောင်းဆင်းထားတဲ့အားကစားသမားလိုလေ။ မနက် ၅ ခွဲ အိပ်ရာထမယ်။ နိုးတာနဲ့ ထမင်းအိုးတည်မယ်။ ဟင်းက ဘာချက်မယ်။ မနက်စာက ဘာလုပ်မယ်။ထမင်းအိုးတည်နေတုန်း ဟင်းချက်ဖို့ ပြင်မယ်။ ဟင်းအိုးတင်ထားတုန်း မနက်စာပြင်မယ်။ မနက်စာ စားဖို့ ပြင်ပြီးချိန် အိမ်သားတွေ မနိုးသေးခင် ညကတည်းက ထိုက်သင့်သလောက် ရှင်းထားပြီးသား အိမ်ကို ကြမ်းတိုက်မယ်၊ ဖုန်စုပ်မယ်။ ပြီးရင် လက်ဆေး မနက်စာစားလို့ ထမင်းချိုင့်လေးထည့်မယ်။ပြီးရင်တော့ ရုံးသွားဖို့ပြင်မယ်လေ။ ရေချိုးမယ်။ လိုအပ်တာတွေပြင်ဆင်ပြီးရင် အိမ်ကနေ စထွက်မယ်။ ဒီအချိန်မှာလည်း သူ့မှာ စိတ်အနှောင့်အယှက်ဖြစ်နေစရာ ပစ္စည်းကျန်ခဲ့တယ်ဆိုတာမျိုး မရှိဘူး။ ဘာလို့လဲ။ ညကတည်းက စီကာစဉ်ကာ ထည့်ထားပြီးသားလေ။ရုံးသွားဖို့ ကားပေါ်ရောက်ပြီ လမ်းကြပ်မယ့်အချိန်ထက် ၅ မိနစ်- ၁၀ မိနစ်လောက် စောထွက်ထားလို့ လမ်းကြပ်တာက သူအတွက် ကြုံတောင့် ကြုံခဲ ကိစ္စ။ ကားပေါ်မှာ FM လေးဖွင့် သီချင်းလေး ညည်းရင် ပေါ့ပါးလန်းဆန်းစွာနဲ့ ရုံးရောက်လာပြီ။မနက်စာလည်း စားထားပြီးသား၊ ရုံးချိန်ထက်လည်း ၁၅ မိနစ်လောက် စောရောက်တယ်။ ကားပါကင်လည်း အဆင်တပြေပဲ။ ကဲ…တစ်ခု ကျန်နေသေးတယ်။ ဒါကmorning exerciseလေ။ မနက်က အိမ်အလုပ်တွေကို ပုံစံတကျ လုပ်ခဲ့လို့ ခန္ဓာကိုယ်က ထိုက်သင့်သလောက် လှုပ်ရှားမှု ရှိခဲ့ပေမယ့် လေ့ကျင့်ခန်းလေး လုပ်ချင်သေးတယ်။ဒီတော့ ကားကို ရုံးနဲ့ မလှမ်းမကမ်းလေးမှ ရပ်၊ ဖြည်းဖြည်းမှန်မှန်လေး လမ်းလျှောက်တယ်လေ။ လှေကားနဲ့တော့ မတက်တော့ပါဘူး။ ရုံးပေါ်ရောက်ဖို့ ဓာတ်လှေကားပဲ သုံးလိုက်တယ်။ ချွေးတွေထွက်နေလို့ မဖြစ်ဘူးလေ။စမတ်ကျကျနဲ့ ရုံးရောက်ပြီ။ လက်ဆေးတယ်။ ကိုယ့်စားပွဲလေးကို ရှင်းတယ်။ လက်ပြန်ဆေးတယ်။ ရေအေးအေးလေး တစ်ခွက်သောက်ချလိုက်တယ်။ ကွန်ပျူတာ တက်တာ စောင့်ရင်းပေါ့။ ပြီးတော့ မေးလ် စစစ်တယ်။ ခေါင်းထဲက စီထားပြီးသား အလုပ်လေးတွေကို တစ်ခု ချင်းလုပ်ရင်းပေါ့။ဒီလိုနဲ့ မနက်ခင်းကို အင်အားအပြည့်နဲ့ အကောင်းဆုံး ဗီတာမင်လေးတွေကို ဆောင်ရင်း ဖြတ်သန်းကြတာပေါ့။ကားကျပ်တာကို ညည်းညူမယ့်အစား ကားမကြပ်အောင် ဝီရိယလေးထားပြီး စောထွက်တာ၊ မနက်စာ မစားရဘူး ညည်းမယ့်အစား မနက်စောစောထပြီး မနက်စာလေး ပြင်ဆင် စားသောက်တာ၊ အများကြီး မဟုတ်တောင် နွားနို့လေးတစ်ခွက်လောက် သောက်လိုက်တာမျိုးပေါ့။နေ့လယ်စာကို အပြင်စာ စားရတယ်လို့ ညည်းမယ့်အစား မနက်ခင်း အတွက် ဟင်းချက်စရာ အသင့်ပြင်ထားရင်း စောစော ထချက်တာ၊လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးလို့ ညည်းမယ့်အစား အိမ်အလုပ်ကို ကိုယ်နေဟန်ထား မှန်မှန်နဲ့ လုပ်ပြီး ကားကို ရုံးနဲ့ မလှမ်းမကမ်းလေးမှာ ရပ်ပြီး လမ်းလေး လျှောက်လိုက်တာမျိုးပေါ့။ဒီလို အဆင်တပြေ ဖြတ်သန်းမှုတွေရဲ့ ရလဒ်က ရုံးမှာ အတက်ကြွဆုံး အဖော်ရွေဆုံးသူရယ်လို့ သတ်မှတ်ခံရတာပေါ့။ သူတို့ရဲ့ အလုပ်ခွင် စကေးကလည်း အစီစဉ်ကျလွန်းလို့ လူတိုင်း ဩ ချရလောက်ရဲ့။ပြောချင်တာက ပြဿနာတွေ ကြုံရတဲ့အခါ ရွေးစရာ ၂ လမ်းရှိတယ်။ ဒါက ညည်းတွားမလား။ အကောင်းဆုံး ကျော်လွှားမလားပါ။ ကျော်လွှားတာက ဗီတာမင်။ ညည်းတွားတာက ဗိုင်းရပ်စ်ပဲ ဒီတော့ ကိုယ်တိုင်ကရော ဗိုင်းရပ်စ် ကြောင့် ထိခိုက် ခံမလား၊ မနက်ခင်းကို ဗီတာမင်လေးတွေနဲ့ လှပစေမလား စဉ်းစားပေါ့……………….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/morning-vitamins/
ခါးကိုက်ခါးနာ ဝေဒနာကို မကြာခဏ ခံစားနေရပြီလား
ကျန်းမာရေးပြဿနာ အမျိုးမျိုးကြောင့် အသက်အရွယ် မရွေး ခါးကိုက်ခါးနာ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ရုတ်တရက်ဆိုရင် ခါးနာတာက သိပ်ပြီး စိတ်ပူစရာမကောင်းဘူးလို့ ထင်ရနိုင်ပေမယ့် ပေါ့ဆလို့တော့ မဖြစ်ဘူးဆိုတာ အသိပေးချင်ပါတယ်။ခါးနာရတဲ့ အကြောင်းရင်း အများကြီးထဲမှာမှ အဖြစ်အများဆုံး တရားခံတွေကို ပြောရမယ်ဆိုရင်။ခါးကို ကုန်းကုန်းကြီး ထားတာ၊ တစ်နေကုန် တီဗီ၊ ကွန်ပျူတာကို အားစိုက်ကြည့်ပြီး အလုပ်လုပ်နေရတာ၊ ခါးအနေအထားကို အတည့်အတိုင်း မထားတာ၊ ဒါတွေက ကြာလာရင် ခါးရိုးရဲ့ အနေအထားကို ထိခိုက်စေပြီး ခါးကိုက်ခါးနာ ဖြစ်စေနိုင်ပါတယ်။အရမ်းလေးလွန်းတဲ့ ပစ္စည်းတွေကို မရတဲ့အခါ လက်ကိုသာမက ခါးကိုပါ အသုံးပြုရပါတယ်။ ခါးအနေအထား ပုံစံမမှန်တာနဲ့ အရိုးအဆစ်တွေကို သွားပြီးထိခိုက်စေနိုင်သလို ခါးနာစေနိုင်ပါတယ်။ အလွန်အကျွံ အားကစားလုပ်တဲ့သူတွေ၊ ရုတ်တရက် ခါးကို လှည့်စောင်းတတ်တဲ့ အကျင့်ရှိသူတွေ၊ နာရီနဲ့ချီပြီး ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်ရတဲ့အခါမှာလည်း ခါးရိုးနာကျင်ခြင်းကို ခံစားရတတ်ပါတယ်။ကျောရိုးထုကြီး ဖြစ်တည်လာဖို့ဆိုတာ အရိုးငယ်လေးတွေ တစ်ခုအပေါ် တစ်ခုဆက်ပြီး ထပ်ထားရသလို ဒီအရိုးတွေကြားမှာ ရှိနေတဲ့ နေရာလွတ်ကို တစ်ရှူးဆဲလ်တွေနဲ့ ဖြည့်စွက်ပေးရပါတယ်။ တစ်ခါတလေ ဒီတစ်ရှူးတွေကို မတော်တဆထိခိုက်မိပြီး ဒဏ်ဖြစ်လာတဲ့အခါ ခါးနာခြင်းကို ဖြစ်စေနိုင်သလို မကုသဘဲ ပစ်ထားလိုက်ရင် ရောင်လာတာ၊ ကျွံကျတာ၊ စုတ်ပြဲသွားတဲ့အထိ ဖြစ်နိုင်ပြီး ခါးရိုးနဲ့ ဆက်စပ်နေတဲ့ အာရုံကြောတွေကိုပါ ကျုံ့သွားစေနိုင်ပါတယ်။• အဆစ်ရောင်ရောဂါ (Arthritis)။• အရိုးပွရောဂါ (Osteoporosis)။• ခါးရိုးမှာဖြစ်တဲ့ ကျီးပေါင်း (Spondylolisthesis)။• ခါးအောက်ပိုင်း အာရုံကြောတွေ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း (Cauda Equina Syndrome)။• ခါးရိုးမှာ တီဘီရောဂါ (Tuberculosis)။• ခါးရိုးမှာ ကင်ဆာအကျိတ် ရှိနေခြင်း သို့မဟုတ် ကင်ဆာမဟုတ်တဲ့ အကျိတ် တစ်မျိုးမျိုး ဖြစ်နေခြင်း။• ကျောက်ကပ်ရောဂါ။• ကျောက်ကပ်မှာ ကျောက်တည်နေခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တွေမှာလည်း ခါးနာလက္ခဏာက အလွန်အဖြစ်များပါတယ်။ ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်း၊ မကြာခဏ ထိုင်နေရခြင်း စတာတွေကြောင့် ခါးနာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ခါးနာခြင်းအတွက် ရိုးရိုးအိမ်တွင်းနည်းလမ်းတွေနဲ့ ကုသပေးနိုင်ပြီး မခံမရပ်နိုင်အောင် နာလာတဲ့အချိန်မှာ ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုအပ်ပါတယ်။• ခါးအောက်ပိုင်းမှာ တဆစ်ဆစ်နဲ့ ကိုက်နေတာ။• ခြေဖဝါးမှာ စူးကနဲ နာကျင်ခြင်း၊ တစ်ခုခု ထိုးနေသလို ခံစားရခြင်း။• မတ်တပ်ရပ်တာနဲ့ နာကျင်မှုဝေဒနာကို ခံစားရခြင်း။• ခါးကို ကောင်းစွာ အကွေးအဆန့် လုပ်လို့မရခြင်း စတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ခါးကိုက်ခါးနာခြင်းဟာ ဖြစ်တဲ့ အကြောင်းရင်းနဲ့ ဝေဒနာ အပြင်းအထန်ပေါ် မူတည်ပြီး အချိန်နာရီပိုင်းကနေ ရက်သတ္တပတ်အနည်းငယ်ထိ ကြာမြင့်နိုင်ပါတယ်။ခါးနာတာအပြင် ဆီးဝမ်းမနိုင်တော့တာ၊ ခြေထောက် တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ ထုံကျဉ်ခြင်း၊ အသားထဲက စူးနေခြင်း၊ ပျော့ခွေနေခြင်း၊ ညဘက်တွေမှာ ခါးနာဝေဒနာ ပိုပြင်းထန်လာခြင်း၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း၊ ဝမ်းဗိုက်က တဆစ်ဆစ် ကိုက်ပြီး နာကျင်နေခြင်း၊ အဖျားတက်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရပြီဆိုရင်တော့ အခြေအနေတွေ တွေ့ရပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေအဖြစ် သတ်မှတ်လို့ ရပြီး ဆရာဝန်နဲပ အမြန်ဆုံး ပြသကြည့်သင့်ပါတယ်။အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း အခြေအနေ၊ ခါးရိုး အကွေးအဆန့် လျင်မြန်မှု၊ ခြေထောက်ရဲ့ ထိတွေ့မှုအာရုံ၊ လျင်မြန်သွက်လက်မှု စတာတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အခြေအနေက ပြင်းထန်တယ်လို့ သံသယရှိရင်တော့ သွေး၊ ဆီးစစ်ခြင်း၊ အရိုးကျိုးတာ၊ စောင်းတာ၊ အနေအထား ပုံမှန်မဟုတ်တာတွေကို စစ်ဆေးဖို့ ဓာတ်မှန်ရိုက်ခြင်း၊ CT Scan ဖတ်ခြင်း၊ MRI ရိုက်ပြီး စစ်ဆေးခြင်း၊ အရိုးတစ်ရှူးရဲ့ အခြေအနေကို အရိုး Scan ဖတ်ခြင်း၊ ခါးရိုး အာရုံကြောကို စစ်ဆေးဖို့ Electromyography (EMG) စစ်ဆေးတာမျိုး ပြုလုပ်မှာဖြစ်ပါတယ်။စတီးရွိုက်မပါဝင်ဘဲ အရောင်ကျစေတဲ့ ဆေးတွေ  ၊ အကိုက်အခဲပျောက်ဆေး၊ ကြွက်သားနာကျင်တာအတွက် လိမ်းဆေး သို့မဟုတ် အဆီ၊ နာကျင်မှုကို သက်သာစေတဲ့ ဆေးပြင်းများ၊ တင်းပြီးနာကျင်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့ သောက်ဆေး၊ စတီးရွိုက်ထိုးဆေးတွေကို လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ဆရာဝန်ကိုယ်တိုင် ညွှန်းပေးမှာဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဆိုင်က အကိုက်အခဲပျောက်ဆေး ဝယ်မသောက်သင့်ပါဘူး။အလွန်ပြင်းထန်တဲ့ အခြေအနေမှာမှ ခွဲစိတ်ကုသတဲ့ နည်းလမ်းကို ဆရာဝန်က ညွှန်းပေးမှာဖြစ်ပါတယ်။ အဓိက သောက်ဆေး၊ လိမ်းဆေးတွေနဲ့ မသက်သာတဲ့အခါ၊ ခါးရိုးနဲ့ ဆက်စပ်နေတဲ့ အရိုးအဆစ်တွေ၊ အရွတ်တွေ ပုံမှန်အနေအထားမဟုတ်တာကို ပြုပြင်ဖို့အတွက် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။ခွဲစိတ်ကုသမှုခံယူတဲ့အခါ ကောင်းမွန်တဲ့ ကုသမှုကို ပေးနိုင်တဲ့ ဆေးရုံဖြစ်စေဖို့အတွက် သေချာလေးရွေးချယ်ဖို့ လိုပါမယ်။ ခါးဆိုတာက ခန္ဓာကိုယ်ကို အကောင်းဆုံး ထိန်းမတ်ပေးတဲ့ အစိတ်အပိုင်းဆိုတော့ သေချာလေးကုသမှု ခံယူဖို့တော့လိုပါမယ်။ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ပြီး ကုသမှုနာမည်ကောင်းရထားတဲ့ ဆေးရုံမျိုးဆိုရင် အဆင်ပြေတာပေါ့။ ဥပမာ အရိုးခွဲစိတ်ကုသမှုမှာ King of Bones လို့ တင်စားခံရတဲ့ ဝေ့ဌာနီ ဆေးရုံလိုမျိုးပေါ့။ရိုးရိုး ခါးနာတာအတွက် လိမ်းဆေး၊ သောက်ဆေးတွေကို မှီဝဲနေချိန်မှာ လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းတွေ၊ တချို့သော ဘဝနေထိုင်မှုပုံစံတွေကို ပြင်ဆင်ပြောင်းလဲတာမျိုး လုပ်ကြည့်နိုင်ပါတယ်။ ဒါတွေကတော့။• ခါးနာနေတဲ့ နေရာကို ရေနွေးဝတ်၊ ရေခဲဝတ် ကပ်ပေးခြင်း။• လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ခါးနာခြင်း သက်သာစေမယ့် ယောဂပုံစံများ လေ့ကျင့်ခြင်း။• လိမ်းဆေးအဆီ၊ သို့မဟုတ် သဘာဝအဆီအနှစ်တွေနဲ့ လိမ်းပြီး ခါးရိုးကို နှိပ်နယ်ပေးခြင်း။• ဆား၊ ရေနွေးနဲ့ ရောပြီး ရေစိမ်ချိုးခြင်း။• အရမ်း လေးပင်တဲ့ အရာဝတ္ထုတွေကို မတဲ့အခါ ခါးကို အရမ်းမကုန်းမိအောင် လက်ဖြင့် သတိထားမခြင်း။• စာကြည့်တဲ့အခါ၊ ထိုင်တဲ့အခါ၊ အလုပ်လုပ်တဲ့အခါ ခါးကို ကုန်းနေတာမျိုး မလုပ်ဘဲ မတ်မတ်ထိုင်ခြင်း။• ခါးမတ်မတ်ထားပြီး လမ်းလျှောက်ပေးခြင်း။• ခါးကို သက်တောင့်သက်သာ ဖြစ်စေမယ့် ပေါ့ပေါ့ပါးပါး ဖိနပ်များ ရွေးစီးခြင်း။• အကြောလျှော့ပေးခြင်း။• ဆေးလိပ်၊ အရက်လျှော့သောက်ခြင်း စတဲ့ နည်းလမ်းတွေကို လိုက်နာပြီး လုပ်ကြည့်သင့်ပါတယ်။ခါးနာခြင်းဟာ ကျား၊ မ၊ အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုး ဖြစ်ပြီး လျစ်လျူရှုသင့်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေမှာ ခါးနာဝေဒနာကို မကြာခဏ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး စစ်ဆေးကြည့်သင့်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်ပေးလိုက်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%ab%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%ab%e1%80%b8%e1%80%94%e1%80%ac-%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%99/
ကလေးမွေးပြီးရင်ရော ကိုယ်ဝန်ဆိပ်တက် နိုင်သေးလား
ကိုယ်ဝန်ဆိပ်တက် တယ်ဆိုတာက ကိုယ်ဝန်ဆောင်တိုင်း ကြောက်ကြတဲ့ အခြေအနေပါ။ အခန့်မသင့်ရင် အမေရော၊ ကလေးကိုပါ လက်လွှတ်ရနိုင်တယ်လေ။ ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာသာမကမီးဖွားပြီးချိန်မှာပါ ဖြစ်တတ်ပါတယ်။ အများစုက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တယ်လို့ပဲ သိထားတဲ့ အခါကျတော့ မွေးပြီးတဲ့အခါ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကို လျစ်လျူရှုမိတတ်ပါတယ်။ ဒါက အင်မတန်မှ အန္တရာယ်များပါတယ်။ဒါက ရှားပါးတဲ့ အခြေအနေဆိုပေမယ့် အန္တရာယ်များလို့ ကိုယ်ဝန်ဆောင်မေမေတိုင်း သိထားသင့်ပါတယ်။ မွေးပြီး ၄၈နာရီအတွင်းမှာ အဖြစ်အများဆုံး ဆိုပေမယ့် မီးတွင်း ၄၅ရက်အထိ ဖြစ်ကြတာမျိုးလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ  ဖြစ်သလိုမျိုးပဲ သွေးတက်တာ၊ ဆီးထဲမှာ ပရိုတင်း များတာတွေ ဖြစ်တတ်ပါတယ်။မီးတွင်းမှာ ဘာကြောင့် ကိုယ်ဝန်ဆိပ်တက်ရသလဲဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့် ပြောခဲ့သလိုပဲ ဒါက အန္တရာယ်များတဲ့ အခြေအနေဖြစ်ပြီး လေဖြတ်တာ၊ တက်တာစတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ကလေးမွေးပြီးတဲ့ မိခင်တိုင်းက ကိုယ်ဝန်ဆိပ်တက်နိုင်ခြေ ရှိတဲ့အတွက် ဂရုစိုက်ရမှာပါ။ ဒါပေမယ့်။လက္ခဏာတွေကတော့ ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆိပ်တက်တာနဲ့ အတူတူပါပဲ။ကလေးမွေးပြီး ၂ရက်ကနေ ၆ပတ်လောက်ထိ ဒီလက္ခဏာတွေကို စောင့်ကြည့်ပါ။ ဒီလက္ခဏာတွေ ခံစားနေရရင် ဆေးရုံပြန်သွားပါ။ အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တက် တယ်ဆိုရင်တော့ ကလေးကို မွေးထုတ်လိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ မွေးပြီးမှဆိုရင်တော့။ဆေးတွေ သောက်ရမယ်ဆိုရင် ကလေးကိုမိခင်နို့တိုက်နေရင် တိုက်နေတဲ့အကြောင်းလေး ဆရာဝန်ကို ပြောပြပါ။ တချို့ဆေးတွေက မိခင်နို့ကနေတဆင့် ကလေးဆီ ရောက်နိုင်တဲ့အတွက် ရှောင်ပြီး ပေးနိုင်အောင်ပါ။လက္ခဏာတွေ သတိမထားမိလို့ ဆေးကုသမှု ခံယူတာနောက်ကျသွားမယ်ဆိုရင်။မီးတွင်းမှာ ကိုယ်ဝန်ဆိပ်တက် တယ်ဆိုတာကရှားပါးပေမယ့်ဖြစ်လာရင် အန္တရာယ်ရှိတဲ့ အခြေအနေပါ။ မေမေအများစုက မီးတွင်းမှာ ကိုယ်ဝန်ဆိပ်တက်နိုင်မှန်း မသိလို့ ကုသမှု ခံယူတာ နောက်ကျတတ်ပါတယ်။ အချိန်မီကုသမှု ခံယူမယ်ဆိုရင် အသက်ရှင်နိုင်နှုန်း များပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-period/postpartum-eclampsia/
ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ
ခုခေတ်ဟာ ပွင့်လင်းပြီးလွတ်လပ်လာတာနဲ့အညီ လက်မထပ်ခင်အတူနေကြတဲ့ ယဉ်ကျေးမှုဟာလည်း ပိုပြီးထွန်းကားလာနေပါတယ်။ ဒီလိုအတူနေတာကို အရှေ့တိုင်းယဉ်ကျေးမှုအရ လက်မခံလိုသူတွေရှိသလို လက်ခံသူတွေလဲ အများကြီးရှိလာနေပါတယ်။အတူနေခြင်းမနေခြင်းဟာ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ သူနှစ်ဦးအဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုလဲ မပြုလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားတိုင်ပင်ဆွေးနွေးထားကြဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ မလိုချင်သေးဘဲ ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ နဲ့ကူးစက်ရောဂါမရဖို့ပါပဲ။အတူအရင်နေလိုက်မယ်၊ ပြီးတော့မှ အရေးပေါ်ဆေးတိုက်လိုက်မယ်ဆိုတာ ပြည့်စုံမှန်ကန်တဲ့ တာဝန်ယူမှုမဟုတ်ပါဘူး။ အဲဒီအစား သင့်တော်မှန်ကန်တဲ့သားဆက်ခြားနည်းတွေဟာ ဘာတွေရှိပြီး ကိုယ်နဲ့ ဘာတွေက ကိုက်ညီတယ်ဆိုတာကို အမျိုးသားရော အမျိုးသမီးကပါ သိရှိပြီး လိုက်နာကြတာ အများကြီးပိုအကျိူးရှိပါတယ်။စနစ်တကျကိုယ်ဝန်တားနည်းကို မသိလို့ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတဲ့အခါ ပိုးဝင်ပြီးသွေးဆိပ်တက်တာ၊ ခွဲစိတ်ခန်းဝင်ရတာအပြင် သေဆုံးတာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက လက်ထပ်လိုစိတ်မရှိတဲ့ အမျိူးသားကို အချုပ်နှောင်တစ်ခုဖြစ်စေဖို့ တစ်ဖက်သတ်ကိုယ်ဝန်ယူခြင်းဟာလည်း ဆိုးကျိုးတွေကိုသာဖြစ်စေပါတယ်။ဒါကြောင့် အတူမနေခင်ကတည်းက သင့်တော်တဲ့ သားဆက်ခြားနည်းကို စနစ်တကျရွေးချယ်လိုက်နာဖို့ အင်မတန်အရေးကြီးပါတယ်။(၁)ကွန်ဒုံး။စနစ်တကျသာသုံးမယ်ဆိုရင် ကွန်ဒုံးဟာ ကိုယ်ဝန်မရနိုင်အောင် ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ တားဆီးပေးပါတယ်။ ဒါ့အပြင် အကောင်းမွန်ဆုံး အကျိုးရလာဒ်ကတော့ HIV ကာလသား နဲ့ ဆစ်ဖလစ် အပြင်ဘီပိုး စီပိုး စတဲ့ ကူးစက်ရောဂါတွေကိုပါ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တာပါပဲ။ စျေးနှုန်းအားဖြင့်လည်းသက်သာတဲ့အပြင် convenience store လို သာမန် စတိုးဆိုင်မျိုးမှာတင် အလွယ်ဝယ်လို့ရတာမို့ အသုံးသင့်ဆုံးသားဆက်ခြားနည်းဖြစ်ပါတယ်။အနံ့အစုံရတဲ့အပြင် အခုအခါမှာ အလွန်ကိုပါးလွှာတဲ့ အနေအထားအထိရှိတဲ့ ကွန်ဒုံးတွေပေါ်နေပြီမို့ အရွေးသင့်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ တခြားသားဆက်ခြားနည်းကို သုံးပြီး အထိတ်ထိတ်အလန့်လန့်နဲ့ ခြောက်လပြည့်တော့မှ သွေးစစ်ရတာထက်စာရင် ကွန်ဒုံးသုံးတာက အများကြီး ရင်ပူသက်သာစေပါလိမ့်မယ်။ ခုအခါမှာ အမျိူးသားသုံးတင်မက အမျိုးသမီးသုံး ကွန်ဒုံးတွေပါရနေပြီဖြစ်ပါတယ်။(၂) ဟော်မုန်းဓာတ်ပါတဲ့တားဆေးများ။COC လို့ခေါ်တဲ့ ဟော်မုန်းဓာတ်နှစ်မျိုးပါ တားဆေး သောက်ဆေးအမျိုးအစားနဲ့ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းပါတဲ့သောက်ဆေးရယ်လို့ နှစ်မျိုးနှစ်စားရှိပြီး နှစ်မျိူးလုံးက တစ်ရက်တစ်လုံးသောက်ရပါတယ်။ အချိန်မှန်ဖို့အရမ်းအရေးကြီးပါတယ်။ကိုယ်က သတိမေ့တတ်သူဆိုရင် ကိုယ့်ရဲ့ မိုဘိုင်းဖုန်းနဲ့ဖြစ်ဖြစ် နှိုးစက်ပေးအချိန်အတိအကျသတ်မှတ်ပြီးသောက်တာ ပိုကောင်းပါတယ်။ မနက်ပိုင်းဆိုရင် မနက်ပိုင်း၊ ညပိုင်းဆိုရင် ညပိုင်း မှန်မှန်သောက်ဖို့လိုပါတယ်။ ဒီလိုသာသောက်မယ်ဆိုရင် ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ကိုယ်ဝန်မရအောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေ၊ အဝလွန်သူတွေကတော့ ရေရှည်မသောက်သင့်ပါဘူး။(၃) Depoထိုးဆေး။သုံးလခံထိုးဆေးလို့အလွယ်ခေါ်ပေမယ့် ဆယ့်နှစ်ပတ်ခံထိုးဆေးဖြစ်ပါတယ်။ ဆယ့်နှစ်ပတ်ပြည့်ရင် တစ်ကြိမ်ပြန်ထိုးရပါတယ်။ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ အလွယ်ထိုးလို့ရပြီး စျေးနှုန်းလဲ သက်သာပါတယ်။ရာသီထိမ်တာ၊ ရာသီမမှန်တာမျိူးဖြစ်တတ်ပါတယ်။ တကယ်လို့ သုံးလခံဆေးထိုးပြီးမှ ရာသီတောက်လျှောက် တစ်လလုံးပေါ်နေတာမျိုးဖြစ်ရင်တော့ နောက်ဆက်တွဲအနေနဲ့သွေးအားနည်းတာမျိုးဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။(၄)သားအိမ်ထဲထည့်ပစ္စည်း။ငါးနှစ်ကနေ ဆယ်နှစ်ခံတာမို့ ရေရှည်ကိုယ်ဝန်တားချင်တဲ့ သူတွေအတွက် ပိုသင့်တော်ပါတယ်။ ဟော်မုန်းပါတာရော၊ မပါတာရော ရှိပါတယ်။ ကြိုးစလေးဟာ မွေးလမ်းကြောင်းမှာရှိနေပေမယ့် လိင်ဆက်ဆံခြင်းကိုထိခိုက်မှာမစိုးရိမ်ရပါဘူး။တစ်ခါတစ်ရံမှာတော့ အလိုအလျောက်ထွက်သွားတာမျိုးဖြစ်တတ်လို့ မွေးလမ်းကြောင်းထဲမှာ ကြိုးစရှိနေမနေ လစဉ်စမ်းသပ်ပေးဖို့လိုပါတယ်။ သားအိမ်အပြင်ဖက် သန္ဓေတည်ဖူးသူတွေ၊ ရာသီလာစဉ်အပြင်းအထန်ကိုက်ခဲတတ်သူတွေထည့်ဖို့တော့ မသင့်တော်ပါဘူး။(၅)လက်မောင်းထဲထည့်ပစ္စည်း။ဟော်မုန်းဓာတ်ပါဝင်တဲ့ ပစ္စည်းဖြစ်ပြီး ထုံဆေးနဲ့ လက်မောင်းအတွင်း ထည့်ပေးတာဖြစ်ပါတယ်။ ဒီတိုင်းအပြင်ကကြည့်ရင်မသိသာဘဲ လက်နဲ့စမ်းကြည့်မှသာထည့်ထားမှန်းသိနိုင်မှာပါ။ ဟော်မုန်းပါတာမို့ ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။(၆)အရေးပေါ်သောက်ဆေး။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/how-to-prevent-pregnancy/
လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ခြင်း
လိင်မှတဆင့်ကူးစက်တတ်သောရောဂါဆိုတာဟာ လူအချင်းချင်းလိင်ဆက်ဆံရာကနေ ရောဂါပိုး ကူးစက်ခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ ထိတွေ့ကိုင်တွယ်ခြင်းလည်း အကျုံးဝင်ပါတယ်။ အရေပြားပေါ် ထိတွေ့ခြင်းကနေလည်း ကူးစက်နိုင်လို့ ဖြစ်ပါတယ်။ယေဘုယျအားဖြင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေဟာ ကာကွယ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် နှစ်စဉ် သန်းနဲ့ချီပြီး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လူတိုင်းဟာ မိမိတို့လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုပြုကြရင် ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။လိင်မှတဆင့်ကူးစက်တဲ့ရောဂါကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးက ရောဂါပိုးရှိမယ်ထင်ရသူနဲ့လိင်ဆက်ဆံထိတွေ့ခြင်းကနေ ရှောင်ရှားနိုင်ဖို့ပါပဲ။ ဒါဟာလည်း ပြောရခက်ပါတယ်။ လက်တွေ့မှာ ရောဂါပိုး ရှိမရှိ အပ်ကျမတ်ကျမပြောနိုင်တဲ့ အခြေအနေမှာ တခြားကာကွယ်စရာ နည်းလမ်းတွေ ထပ်မံကျင့်သုံးရပါမယ်။ထိရောက်မှုရှိတဲ့ ကာကွယ်ခြင်းဟာ လိင်ဆက်ဆံမှုမတိုင်ခင်ကတည်းက စတင်ပါတယ်။ လိင်ဆက်ဆံခြင်းမတိုင်ခင် အောက်ပါအချက်တွေလုပ်ဆောင်ပြီး ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။– တတ်နိုင်သလောက် လိင်ဆက်ဆံသည့် အဖော်အရေအတွက် လျှော့ချခြင်း။– မိမိဆက်ဆံမည့်အဖော်ကို မိမိ၏ အတွေ့အကြုံနှင့်ပတ်သက်ပြီး ပွင့်လင်းစွာပြောပြထားခြင်း။– ရောဂါရှိ၊မရှိကြိုတင်စစ်ဆေးခြင်း။– အရက်မူးနေချိန်၊ မူးယစ်ဆေးသုံးနေချိန် လိင်ဆက်ဆံမှုအား ရှောင်ရှားခြင်း။– human papillomavirus (HPV) ကာကွယ်ဆေးနှင့် hepatitis B (HBV) ကာကွယ်ဆေးထိုးထားခြင်း။လိင်မှုဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး မိမိအဖော်နဲ့ ပွင့်လင်းစွာပြောဆိုခြင်းဟာ အဓိကအချက်ပါပဲ။ ဒါပေမယ့် ကူးစက်ရောဂါရှိနေတဲ့လူတိုင်းဟာ သူတို့ကူးစက်ခံထားရကြောင်း မသိကြပါဘူး။တကယ်လို့ သင့်အနေနဲ့ ရောဂါရှိဖူးတယ်ဆိုရင် မိမိအဖော်ကို ပွင့်လင်းစွာပြောပြပါ။ တစ်ဖက်သားရဲ့ ဆုံးဖြတ်ချက်ကိုလည်း အလေးပေးပါ။ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုအတွက် ရာဘာ ဒါမှမဟုတ် ပေါ်လီယူရီသိန်းနဲ့ ပြုလုပ်ထားတဲ့ အကာအကွယ်တွေ သုံးနိုင်ပါတယ်။ သုံးနိုင်တဲ့ အကာအကွယ်အမျိုးအစားတွေကတော့။– ပုံမှန်လိင်ဆက်ဆံခြင်းအတွက် အမျိုးသား/အမျိုးသမီး ကွန်ဒုံးသုံးခြင်း။– ပါးစပ်နှင့် လိင်ဆက်ဆံခြင်းအတွက် ပုံမှန်ကွန်ဒုံး (သို့) ပါးစပ်အကာအကွယ် (dental dam) သုံးခြင်း။– လက်ဖြင့်ထိတွေ့နှိုးဆွခြင်းအတွက် လက်အိတ်သုံးခြင်း စတာတွေ ဖြစ်ပါတယ်။လိင်ဆက်ဆံပြီးချိန်မှာ ရေဆေးခြင်းဟာ အရေပြားပေါ်ကရောဂါပိုးတွေကို ဆေးကြောဖယ်ရှားရာ ရောက်ပါတယ်။ အမျိုးသမီးတွေဆိုရင် အတူနေပြီးချိန် ဆီးသွားသင့်ပါတယ်။ ဆီးလမ်းကြောင်းမှတဆင့် ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကွန်ဒုံးအပါအဝင် အကာအကွယ်ပစ္စည်းများကို အသုံးပြုရာမှာ ညွှန်ကြားချက်တွေကို သေချာစွာ လိုက်နာဖို့ အရေးကြီးပါတယ်။ ကွန်ဒုံးအသုံးပြုရာမှာ အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ်။• ရက်လွန်ခြင်း ရှိမရှိစစ်ဆေးပါ။• ကွန်ဒုံးအိတ်အတွင်း လေခိုခြင်း၊ ပေါက်ပြဲခြင်း ရှိမရှိ စစ်ဆေးပါ။• မှန်ကန်စွာဝတ်ဆင်ပါ။• ထိပ်ဖျားမှာ လေခိုတဲ့နေရာလေး ချန်ထားပါ။• ကွန်ဒုံးကို သူ့အလိပ်လိုက်အတိုင်းဖြေချပါ။• ကွန်ဒုံးအတွက် အဆင်ပြေတဲ့ချောဆီသုံးပါ။• ဆက်ဆံပြီးချိန် ပြန်ဆွဲထုတ်ချိန်မှာ ကွန်ဒုံးကို လက်နဲ့ထိန်းထားပါ။ ကျွတ်မထွက်အောင် ဖြစ်ပါတယ်။• ကွန်ဒုံးကို သေချာစွာ စွန့်ပစ်ပါ။• ကွန်ဒုံးတစ်ခုကို မသုံးရသေးခင်မှာလည်း ချွတ်ပြီး ပြန်ဝတ်ခြင်းမလုပ်ပါနဲ့။• နောက်တစ်ကြိမ် ပြန်မသုံးပါနှင့်။ကွန်ဒုံးအပါအဝင် အကာအကွယ်များဟာ ရောဂါပိုးရှိတဲ့ ကိုယ်ခန္ဓာကအရည်တွေကို အပြန်အလှန်ကူးစက်ခြင်း မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ အရေပြားအချင်းချင်း ထိတွေ့ကူးစက်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ ဒါပေမယ့် လုံးဝတော့ စိတ်ချရခြင်း မရှိသေးပါဘူး။ အရေပြားကနေ ထိတွေ့ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကတော့။•ကာလသားရောဂါပိုး။• ရေယုန်ရောဂါပိုး။• HPV ဗိုင်းရပ်စ်ပိုး စတာတွေ ဖြစ်ပါတယ်။………………………………………။လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါဆိုတာ အဖြစ်များပေမယ့် ကာကွယ်နိုင်ပါတယ်။ ကူးစက်နိုင်ခြေကို လျှော့ချနိုင်ဖို့ ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းတွေကို ကျင့်သုံးနိုင်ပါတယ်။ မိမိ မရှင်းလင်းတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မိမိရဲ့ အလေ့အထနဲ့ပတ်သက်ပြီး ပွင့်လင်းစွာ ပြောပြသင့်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/sexually-transmitted-diseases-safe-sex/
ဆီးချိုကျစေတဲ့ ကင်းပုံသီးနဲ့ ကင်းပုံရွက်
ဈေးမှာလွယ်လွယ်ဝယ်လို့ရပြီး စားလို့ကောင်းတဲ့ ကင်းပုံသီးကို သိပ်စိမ်းကြမယ်မထင်ပါဘူးနော်။ ကင်းပုံသီးကြော်က ထမင်းစားမြိန်စေတဲ့ အရံဟင်းလေးတစ်ခွက်ပါ။ ဟိုအရင်ကဆိုခြံစည်းရိုးတွေမှာ အလေ့ကျပေါက်တဲ့ နွယ်ပင်လေးတွေပေါ့။ ဒီလိုနွယ်တက်နေတဲ့ ကင်းပုံညွန့်လေးတွေကိုလည်းပြုတ်တို့လို့ရ၊ကြော်ချက် သို့မဟုတ် ဟင်းချိုချက်သောက်လို့ရတယ်ဆိုတာရော သိကြပါသလား။အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ စားသုံးလေ့ရှိတဲ့ အသီးနဲ့အရွက်ဖြစ်ပြီး ကင်းပုံပင်က ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုတိုးတက်စေတယ်၊သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးတယ်၊ ဆီးချိုကာကွယ်တယ်၊ နှလုံးနဲ့ အာရုံကြောစနစ်အတွက်ကောင်းတယ် စသည်ဖြင့် ယုံကြည်ကြပါတယ်။လေ့လာမှုတချို့အရဆိုကျောက်ကပ်ကျောက်တောင်ကြေစေနိုင်ပါတယ်တဲ့။ရှေးခေတ်ဆေးပညာမှာ ကင်းပုံကိုဆီးချိုရောဂါကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ကင်းပုံပင်ရဲ့ ရိုးတံနဲ့အရွက်ကိုကြော်ချက်တာ ဒါမှမဟုတ် ဟင်းချိုခတ်သောက်တာဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် စားပေးခြင်းအားဖြင့် ဆီးချိုအတက်အကျ ထိန်းနိုင်စေပါတယ်တဲ့။ကင်းပုံသီးက အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ သုတေသနကဖော်ပြထားပါတယ်။ သူက အဆီဆဲလ်မဖြစ်ခင်အခြေအနေမှာ ကြိုတင်တားဆီးပေးတာဖြစ်ပြီး ဇီဝဖြစ်စဉ်ကိုနှုန်းပိုမြန်စေပြီးသွေးတွင်းသကြားဓါတ်ကိုလျော့ကျစေပါတယ်။သံဓါတ်ဟာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်ဓါတ်တစ်မျိုးပါ။ ကင်းပုံသီးမှာ သံဓါတ် ၁.၄ မီလီဂရမ်ပါဝင်လို့သွေးအားနည်းခြင်း၊မောပန်းနုံးချိခြင်းတွေကိုပြေပျောက်စေပါလိမ့်မယ်။ သံဓါတ်အားနည်းရင် ဖြစ်တတ်တဲ့ သွေးအားနည်းတာ အပါအဝင် တခြားလက္ခဏာတွေကိုပါ သက်သာစေတယ်လို့သိရပါတယ်။ဖရဲသီးလိုပဲ ကင်းပုံသီးမှာလည်းB2လိုမျိုး ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေပါဝင်ပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်ကို ပိုကောင်းမွန်စေနိုင်တဲ့ သတ္တုဓါတ်တွေ၊ အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်တယ်။ အတက်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။Thiamine က ကာဗိုဟိုက်ဒရိတ်တွေကို ဂလူးကို့စ်အဖြစ်ပြောင်းလဲပေးတယ်၊ ခန္ဓါကိုယ်ရဲ့ခွန်အားကိုဖြည့်တင်းပေးပြီး ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ အာဟာရဓါတ်ဖြစ်ပါတယ်။ ကင်းပုံသီးမှာပါတဲ့ Thiamine က သွေးကလာပ်စည်းတွေထဲကို ဝင်ရောက်ပြီး ခွန်အားပိုဖြစ်ပေါ်စေတာပါ။ ဒီဓါတ်ကြောင့်ပဲသွေးနီဥဆဲလ်တွေကိုလည်း ထုတ်လုပ်နိုင်စေပြီး မျိုးဗီဇဆိုင်ရာရောဂါများကိုလည်း ကုသပေးနိုင်ပါတယ်။ကင်းပုံသီးက အစာခြေစနစ်ကို အမျှင်ဓါတ်နဲ့အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်း၊ အနာဖြစ်ခြင်းတို့လို အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။ကျောက်တည်တယ်ဆိုတာ ကယ်လ်စီယမ်နဲ့တခြားသတ္တုဓါတ်တွေက ဆီးလမ်းကြောင်းအတွင်း အနည်ထိုင်စုပြီး အခဲပုံစံဖြစ်သွားတာပါ။ ထိုက်သင့်တဲ့ပမာဏထက်ကျော်ပြီး အငန်စားတာများရင်ကျောက်ကပ်ကျောက်တည်နိုင်ပါတယ်။ ကင်းပုံသီးမှာပါတဲ့ ကယ်လ်စီယမ်က ကျန်းမာရေးအတွက်ကောင်းပြီး ဟင်းနုနွယ်လိုတခြားဟင်းသီးဟင်းရွက်တွေနဲ့တွဲစားရင်ကျောက်ကပ်ကျောက်ကိုကြေစေနိုင်ပါတယ်။ကင်းပုံကsaponin၊ alkaloids၊ steroids၊ flavonoids နဲ့ glycosides တို့ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို ဓါတ်မတည့်မှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ကင်းပုံသီးရဲ့ဓါတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဘီတာကယ်ရိုတင်းကြွယ်ဝမှုကြောင့် ကင်ဆာကိုကာကွယ်နိုင်ပါတယ်။ ဒီဓါတ်တွေက အကျိတ်ဆဲလ်တွေကြီးထွားမှုကို နှိမ်နင်းနိုင်ပြီး ကင်ဆာဆဲလ်တွေပြန့်ပွားခြင်းကို တားဆီးနိုင်ပါတယ်။ကင်းပုံသီးမှာ ပိုတက်စီယမ်လည်းကြွယ်ဝပါတယ်။ ပိုတက်စီယမ်ကသွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်၊ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဒါပေမယ့်ဆေးဖက်ဝင်တယ်ဆိုတိုင်း စွတ်မစားကြဖို့တော့လိုပါမယ်နော်။ ထိုက်သင့်သလောက်ကို မကြာမကြာထည့်စားလို့ရပေမယ့် ပမာဏအများကြီးကို ဆက်တိုက်စားရင် ဝမ်းပျက်၊ဗိုက်နာရနိုင်ပါတယ်။ ဘယ်အစားအစာမဆို တန်ရင်ဆေး၊ လွန်ရင်ဘေးဖြစ်တယ်လို့ သတိရကြဖို့ အကြံပြုလိုက်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%ba%e1%80%b1%e1%80%85%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%b6%e1%80%af%e1%80%9e/
“ခြေထောက်သွေးပြန်ကြော အားနည်းရောဂါ” ရှိ/မရှိ စစ်ဆေးကြည့်ရအောင်
[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%81%e1%80%bc%e1%80%b1%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac-%e1%80%a1/
လူသိနည်းနေသေးတဲ့ ဒူးအစားထိုး ခွဲစိတ်မှုနောက်ပိုင်းဆိုးကျိုး (၉) ခု
အသက်ကြီးတဲ့သူတွေမှာဒူးနာတာက ပြဿနာတစ်ခုပါပဲ။ အထိုင်အထခက်၊ သွားရလာရခက်တာကြောင့်လူကြီးတွေကို ဘယ်မှမသွားနိုင်အောင် ချုပ်နေသလိုပါပဲ။ ခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာကြောင့်ဒူးအစားထိုးခွဲစိတ်ကုသလို့ ရနေပါပြီ။ ဒါဟာလူကြီးတွေအတွက် သတင်းကောင်းပါပဲ။ ဘာပဲဖြစ်ဖြစ် ခွဲစိတ်ပြီးရင် သွားရလာရပိုပြီးလွယ်ကူသွားတာကြောင့် လူကြီးတွေက စိတ်ဝင်စားကြပါတယ်။ ခွဲစိတ်တဲ့သူတွေလည်းများလာကြပါပြီ။ ဒါပေမယ့် ဒါဟာလည်း ခွဲစိတ်မှုတစ်ခုဖြစ်တဲ့အတွက်နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ လူတွေပြောလေ့ပြောထမရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးက ဘာတွေရှိလဲဆိုတာ ဖတ်ကြည့်လိုက်နော်။(၁)ဒူးဆစ်တောင့်ခြင်း။ဒူးအစားထိုးခွဲစိတ်ပြီးနောက် အတွေ့ရအများဆုံးပြဿနာကတော့ ဒူးဆစ်တောင့်တာပါပဲ။ ဒါကြောင့် အထိုင်အထ၊ အတက်အဆင်းတွေမှာ ဒုက္ခရောက်ရပါတယ်။ ဒီလိုမဖြစ်အောင် စစချင်း နာလန်ထကတည်းက ထိရောက်တဲ့ ကုသမှုတွေ လုပ်ရမှာပါ။ လိုအပ်ရင် ဒူးဆစ်ဆန့်နေအောင် အထူးပြုလုပ်ထားတဲ့ Splintတွေ သုံးရပါမယ်။ ရှားရှားပါးပါး ပြန်ပြီးခွဲစိတ်ရတာတွေလည် ရှိတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ မခွဲစိတ်ခင် လှုပ်လှုပ်ရှားရှားနေတာပါပဲ။ မခွဲခင်ကတည်းက လှုပ်ရှားမှုမရှိတဲ့ သူတွေက ဒူးဆစ်ပိုတောင့်ပြီး ခွဲပြီးရင်လည်း ဒူးဆစ်တောင့်တဲ့ ပြဿနာဖြစ်တတ်ပါတယ်။(၂)ဒူးဆစ်မှ အသံထွက်ခြင်း။ဒူးဆစ်အစားထိုး ထားတဲ့သူတွေက သူတို့ဒူးဆစ်က အသံထွက်ရင် စိုးရိမ်တတ်ကြပါတယ်။ သာမန်အားဖြင့်တော့ အသံပဲထွက်ပြီး မနာရင် သိပ်မစိုးရိမ်ရပါဘူး။ စိုးရိမ်စရာရှိရင်တော့ သင့်ဆရာဝန်က ပြောပါပြလိမ့်မယ်။ အကြောင်းက အစားထိုးထားတဲ့ ပစ္စည်းက သတ္တုတွေ၊ ပလတ်စတစ်တွေနဲ့ လုပ်ထားတဲ့အတွက် ဒူးအကွေးအဆန့်မှာ အသံထွက်စရာမရှိပါဘူး။ နာလည်းနာတယ်၊ အသံလည်းထွက်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကို ပြရမှာပါ။(၃) အစားထိုးပစ္စည်း ပွန်းခြင်း။ဒူးဆစ်အစားထိုးတဲ့ပစ္စည်းတွေက တစ်သက်လုံးမခံပါဘူး။ ဒါပေမယ့် နှစ်အတော်ကြာခံအောင်တော့ တီထွင်ထားပါတယ်။ ဒူးအစားထိုးပစ္စည်း ပွန်းသွားရင်တော့ နောက်တစ်ခါခွဲစိတ်ရမှာပါ။(၄)ပိုးဝင်ခြင်း။ဒူးအစားထိုးခွဲစိတ်ပြီး ပိုးဝင်မှာကို လူနာရော ဆရာဝန်ရောကြောက်ကြပါတယ်။ ဒါကြောင့် ခွဲစိတ်တဲ့အခါ ပိုးမဝင်အောင် တော်တော်သတိထားကြတာပါ။ ဒူးအစားထိုးပြီးလို့ ပိုးဝင်တာကို အစောပိုင်းနဲ့ နောက်ပိုင်းလို့ ခွဲထားပါတယ်။ ခွဲပြီးလို့ ၆ပတ်အတွင်း ပိုးဝင်တာကို အစောပိုင်း ပိုးဝင်တယ် လို့ခေါ်ပြီး ခွဲစိတ်နေတုန်းအရေပြားက ပိုးတွေဝင်တာကြောင့် အဖြစ်များပါတယ်။ ၆ပတ်ကျော်သွားရင်တော့ နောက်ပိုင်း ပိုးဝင်တယ် လို့ခေါ်ပြီးသွေးထဲကပိုးတွေ ဒူးဆစ်ကို ရောက်သွားတာကြောင့် အဖြစ်များပါတယ်။(၅)သွေးခဲပိတ်ခြင်း။ခွဲစိတ်ပြီးရင် လှုပ်ရှားမှုမရှိတာကြောင့် သွေးတွေပျစ်ပြီး သွေးခဲလာပါတယ်။ သွေးခဲကခြေထောက်မှာရှိတဲ့သွေးကြောတွေကို ပိတ်တဲ့အခါ နာတာ၊ ရောင်တာတွေ ဖြစ်လာပါတယ်။ မတော်တဆ ပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောကို ပိတ်သွားရင်တော့အသက်အန္တရာယ်ရှိပါတယ်။(၆) အနာမကျက်ခြင်းနဲ့ သွေးထွက်ခြင်း။ခွဲစိတ်ပြီး၂ပတ်လောက်နေရင်တော့ ချုပ်ရိုးစဖြည်ပါပြီ။ အဲ့ဒီအခါတွေ့နိုင်တဲ့ ပြဿနာတွေကတော့။(၇) မေ့ဆေးဒဏ်ခံရခြင်း။ခွဲစိတ်တဲ့နေရာမှာ နာကျင်တာမရှိအောင် မေ့ဆေး၊ ထုံဆေးတွေကို သုံးရမှာပါ။ လူတိုင်းက မေ့ဆေးနဲ့တည့်ချင်မှ တည့်မှာပါ။ မတည့်ရင် သာန်အနေနဲ့ မူးတာ၊ ဖျားတာ၊ အန်တာ၊ ကိုယ်လက်ကိုက်တာလောက်ပဲဖြစ်ပြီး ပိုဆိုးရင်တော့လေပြွန်ရောင်တာ၊ အသက်ရှူကြပ်တာ၊ နှလုံးခုန် မမှန်တာ၊ အသက်အန္တရာယ်ရှိတာတွေထိဖြစ်သွားနိုင်ပါတယ်။(၈) အစားထိုးပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း။တချို့သူတွေက အစားထိုးပစ္စည်းမှာပါတဲ့ သတ္တုနဲ့ ဓာတ်မတည့်ပါဘူး။ သိပြီးတဲ့သူလည်းရှိသလို မသိတဲ့သူလည်းရှိမှာပါ။ သိပြီးသားဆိုရင် ဆရာဝန်ကို ကြိုပြောထားရမှာပါ။ များသောအားဖြင့်တော့ အစားထိုးပစ္စည်းတွေက တိုက်တေနီယမ် ဒါမှမဟုတ် ကိုဘော့ ခရိုမီယမ်သတ္တုစပ်နဲ့ လုပ်ထားတာများပါတယ်။ ဒီကိစ္စကို ခွဲစိတ်မှုမစခင် ဆရာဝန်နဲ့ ဆွေးနွေးထားရမှာပါ။(၉) သွေးကြောနဲ့ အာရုံကြောထိခိုက်ခြင်း။ရှားရှားပါးပါး ခွဲစိတ်နေရင်းနဲ့ သွေးကြောနဲ့ အာရုံကြောထိခိုက်နိုင်ပြီး အဲဒီသွေးကြောပံ့ပို့ထားတဲ့အစိတ်အပိုင်းတွေ၊ အာရုံကြောပံ့ပို့ထားတဲ့ အစိတ်အပိုင်းတွေမှာ နာကျင်တာ၊ ထုံတာကျင်တာ၊ ထိမှန်းမသိတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီတော့ ခွဲစိတ်မှုတိုင်းရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာတွေကို မခံစားရစေဖို့ဆိုရင် ခွဲစိတ်ကုသမှုတွေ မခံယူခင်မှာ သေချာလေး ဂရုစိုက်ဖို့ လိုမယ်။ မဟုတ်ရင်ဒူးနာလို့ ဆေးကုသခါမှ ငွေကုန်အကျိုးမရှိဖြစ်ရနိုင်ပါလိမ့်မယ်။ နိုင်ငံတွင်းမှာကုသတာပဲဖြစ်ဖြစ် နိုင်ငံခြားသွားကုသတာပဲဖြစ်ဖြစ် သေချာစုံစမ်းပြင်ဆင်ဖို့လိုလိမ့်မယ်။ ဥပမာ ကိုယ်ကုသမယ့် ဆေးရုံဟာ အရိုးကုသမှုတွေ နဲ့ပတ်သက်လို့ နာမည်ကောင်းတွေ ရှိထားတဲ့ဆေးရုံလား၊ အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားလား၊နိုင်ငံခြားသွားကုသမယ်ဆိုရင် မြန်မာတွေအတွက် အထူးဝန်ဆောင်မှုတွေ ရှိလား အစရှိတာတွေကို ကြိုတင်ပြင်ဆင်ပြီး စုံစမ်းထားဖို့လိုအပ်ပါတယ်။ဒီတော့ ခွဲစိတ်မှုတိုင်းရဲ့ နောက်ကွယ်ကကျန်းမာရေး ပြဿနာတွေကို မခံစားရစေဖို့ဆိုရင် ခွဲစိတ်ကုသမှုတွေ မခံယူခင်မှာ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် အရိုးနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှုတွေကို ခံယူဖို့ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံး ပေးနိုင်ပြီးအရိုးခွဲစိတ်ကုသမှုပိုင်းမှာ ကျွမ်းကျင်တာ​ကြောင့်  JCI မှ ပေးအပ်တဲ့ လက်မှတ် ၃ ခုတောင် ရရှိထားပြီး အရိုးမှာဘုရင် (King of Bones) လို့ တင်စားခံရတဲ့ ထိုင်းအခြေစိုက်ဝေ့ဌာနီဆေးရုံလိုမျိုး ဆေးရုံတွေမှာ ကုသမှုခံယူ လို့ရပါတယ်။ ကုတင်၂၆၃ဆန့်ဝေ့ဌာနီဆေးရုံကြီးမှာ ဆရာဝန်အင်အား အယောက် ၃၀၀ နီးပါး သူနာပြုအင်အား အယောက် ၂၀၀ ခန့်နဲ့ နိုင်ငံတကာက လူနာတွေကို အကောင်းဆုံးကုသမှုတွေ ပေးနေပါတယ်။ ဒီဆေးရုံရဲ့ နောက်ထပ် အားသာချက်တစ်ခုက လူနာတွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးနိုင်မှု တစ်ရပ်ပါ။ ဘာသာပြန် အခက်အခဲလည်း ရှိမှာမဟုတ်ဘဲ အကောင်းဆုံး ကုသစောင့်ရှောက်မှုကို ရရှိနိုင်မှာပါ။Vejthani (ဝေ့ဌာနီ) ဆေးရုံနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ပိုမို သိရှိလိုပါက banner logo လေးကို click တောက်ကြည့်လိုက်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/9-untold-complications-after-knee-replacement-surgery/
သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ
သင့်ရဲ့ အသက်ရှင်သန်မှုမှာသင့်နှလုံး ရဲ့ လုပ်ဆောင်ချက်တွေက အရမ်းကို အရေးပါလွန်းလှပါတယ်။ လူတိုင်းဟာ နှလုံးကျန်းမာမှ အသက်ရှည်နိုင်မှာပါ။ နှလုံးတစ်ခုခုဖောက်လွဲဖောက်ပြန်ဖြစ်နေပြီဆိုရင် သင့်ရဲ့ ကျန်းမာရေးအခြေအနေဟာ အနှုတ်လက္ခဏာဆောင်နေတော့မှာပါ။ အခုတစ်ခေါက်တော့ သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ အကြောင်း ပြောပြပေးချင်ပါတယ်။လူတစ်ယောက်ရဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့အရာတွေ သင့်ပတ်ဝန်းကျင်မှာ အများအပြားတည်ရှိနေပါတယ်။ အမျိုးမျိုးသော အခြေအနေတွေ၊ ကိုယ်တိုင်ရဲ့ အပြုအမူတွေကြောင့် နှလုံးထိခိုက်နိုင်ပါတယ်။လူတွေနှလုံးရောဂါဖြစ်ရတဲ့၊Heart Attackဖြစ်ရတဲ့၊ နှလုံးပျက်စီးရတဲ့အဓိက အကြောင်းတရားတွေထဲမှာ နေထိုင်စားသောက်မှုပုံစံ မမှန်ကန်တာက ထိပ်ဆုံးက အချက်တစ်ခုဖြစ်ပါတယ်။ စားပုံသောက်ပုံ မမှန်ရင် နှလုံးသာမက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေမှာပါ။ဒီစာစုမှာတော့ သင့်ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်ပြီး ကြာကြာမှီဝဲမယ်ဆိုရင် နှလုံးရောဂါရစေနိုင်တဲ့အစားအစာတွေကို ဖော်ပြလိုက်ရပါတယ်။သင့်နှလုံးကို ဖျက်စီးဖို့စောင့်ဆိုင်းနေတဲ့ သင့်ပတ်ဝန်းကျင်က အစားအစာများ ကတော့။ဒီအစားအစာတွေက လုံးဝမစားရဘူးဆိုတာထက် အလွန်အကျွံစားနေရင်၊ ပုံမှန်စားနေရင် တစ်ချိန်ချိန်မှာ ပြဿနာရှိလာနိုင်တာကြောင့် ချင့်ချိန်ပြီးစားပါ။ နဂိုတည်းက ကိုယ့်မှာ ရောဂါအခံတွေ ရှိနေရင်တော့ ရှောင်နိုင်သလောက် ရှောင်တာက ကိုယ့်နှလုံးကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/foods-bad-heart/
သင့်ရဲ့ စိတ်လေး ကျန်းမာပါစ (သို့မဟုတ်) သင်သိထားဖို့လိုတဲ့ စိတ်ကျန်းမာရေး အချက်ပြလက္ခဏာတွေအကြောင်း
သင့်ရဲ့ စိတ်လေး ကျန်းမာပါစ …. လူတွေကရုပ်ပိုင်းဆိုင်ရာ မကျန်းမာတာကို အလွယ်တကူ သတိထားမိတတ်ကြတယ်။ထိခိုက်ဒဏ်ရာလေးဖြစ်ရင် ပလာစတာကပ်တာ၊ ဆေးထည့်တာတွေ လုပ်ကြပေမယ့် စိတ်ကလေး မကျန်းမာတာကိုကျ ကုသပေးဖို့ မေ့နေတတ်ကြပါတယ်။တကယ်ကတော့ လူတစ်ယောက်ကို ကျန်းမာတယ်လို့ ပြောနိုင်ဖို့ဆိုရင်စိတ်ရောကိုယ်ပါ ကျန်းမာဖို့လိုမှာပါ။ လူအတော်များများကစိတ်မကျန်းမာမှုကို ခံစားနေရပေမယ့် ကိုယ်တိုင်တောင် စိတ်မကျန်းမာနေဘူးဆိုတာကို မသိလိုက်ကြတာမျိုးပါ။ဒီတော့ ကိုယ်တွေရဲ့ စိတ်ကရော ကျန်းမာနေရဲ့လား စိတ်ကျန်းမာရေးအချက်ပြလက္ခဏာတွေနဲ့ စိတ်ကျန်းမာစေဖို့ ကိုယ်တိုင်ဘာလုပ်လို့ရမလဲ ဆိုတာကို ဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ကြစို့လား……….။စိတ်ကျန်းမာရေးကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ အကြောင်းကတော့ စိတ်ကျန်းမာရေးက။ဒီလို အခြေအနေတွေကို အကောင်းဆုံး ဖန်တီးနိုင်ဖို့က စိတ်ကျန်းမာရေး ကောင်းဖို့ လိုပါမယ်။ စိတ်ကျန်းမာရေးကောင်းမှ ရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာမှာပါ။ ဥပမာပြောပြရရင် စိတ်ကျန်းမာရေး မကောင်းတာ​ကြောင့် မလှုပ်မရှားဘဲနေမယ်ဆိုရင် လေဖြတ်တာ၊အမျိုးအစား (၂) ဆီးချို၊နှလုံးရောဂါစတာတွေကို ဖြစ်စေနိုင်ပါတယ်။စိတ်ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အကြောင်းအချက်တွေကတော့ အများကြီးပါ။စိတ်ကျန်းမာရေးဆိုတဲ့ နေရာမှာ သိမြင်မှုစွမ်းရည်တွေ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုတွေတွေ အားလုံးပါဝင်နေပါတယ်။ လူတစ်ယောက်ရဲ့ တွေးတောမှု၊ စိတ်ခံစားမှု၊ အပြုအမူတွေ အားလုံးကိုလည်း စိတ်ကပဲ ထိန်းချုပ်ထားတာပါ။အစွန်း တစ်ဖက်ဖက်ကို ရောက်နေတာမျိုး မရှိဘဲခံစားမှု ပြင်းထန်တာမျိုးလည်း မရှိဘူး။ နေ့စဉ် လုပ်ငန်းဆောင်တာတွေ၊ ဆုံးဖြတ်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်နေတယ်ဆိုရင် စိတ်ကလေးက ကျန်းမာနေတယ်လို့ ဆိုရပါမယ်။ ဒါက စိတ်ကျန်းမာရေး ပုံမှန် အခြေအနေ တစ်ရပ်ပါ။စိတ်လေး ကျန်းမာပါစ …… စိတ်ကျန်းမာရေး မကောင်းဘူးဆိုတာ သွက်သွက်ခါအောင် စိတ်မနှံ့ဖြစ်နေတာကို ဆိုလိုတာမဟုတ်ပါဘူး။ အခုပြောပြမယ့် လက္ခလဏာလေးတွေထဲက တစ်ခုခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ခံစားနေရရင်လည်း စိတ်ကျန်းမာရေး အခြေအနေက ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။စိတ်ကျန်းမာရေးက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ စိတ်ကျန်းမာမှ နေ့စဉ်ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာက ရောဂါကင်းလို့ ကျန်းမာမှာပါ။ ဒီတော့စိတ်ကလေး ကျန်းမာပါစဆိုတာကိုလည်း နေ့တိုင်း ဆန်းစစ်လို့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလို့ သေချာ လေး ဂရုစိုက်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/mental-health-whats-normal-whats-not/
ကလေးဖွံ့ ဖြိုးစေဖို့ အထောက်အပံ့ ဖြစ်စေမယ့် နည်းလမ်း ၄ သွယ်
အဝလွန်နေတဲ့ကလေးတွေကလွဲပြီး အလေးချိန်အနည်းငယ်ပိုတိုးလာလို့ ကျန်းမာနေတဲ့ကလေးတွေ အများကြီးပါ။ ဒါပေမဲ့ ဒါဟာ ကလေးတွေ ဝလာစေမယ့် အလေးချိန်တိုးလာစေမယ့် စားစရာတွေကို နေ့စဉ်စားနေကျ အစာတွေထဲမှာ ထည့်ပြီး စားသောက်စေဖို့တော့မဟုတ်ပါဘူး။သူတို့ရဲ့ စားသောက်မှုအလေ့အထတွေကို ဖြည်းဖြည်းချင်းပြောင်းလဲပြီး စားစရာတွေထဲကယ်လိုရီ နည်းနည်းပေါင်းထည့်တာက ပိုပြီးအသုံးဝင်ပါလိမ့်မယ်။ ဒီမှာတော့ ကလေးတွေပိန်နေလို့ (အလေးချိန်မပြည့်လို့) စိတ်ဆင်းရဲ စိတ်ပူပန်နေရတဲ့ မိဘတွေအတွက် ကူညီပေးနိုင်မယ့် အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။အချို့ကလေးတွေအတွက် အလေးချိန်တိုးလာနိုင်ဖို့ ခက်ခဲနေတယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ အလေးချိန်တိုးဖို့ ခဲယဉ်းနေခြင်းကို ဖြစ်စေတတ်တဲ့အကြောင်းရင်းအချို့ကတော့..။မိဘတွေဟာ ကလေးအထူးကုတွေဆီကလည်း အကြံဉာဏ်ယူသင့်တယ်လို့ အကြံပြုထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သူတို့ရဲ့ ပညာ၊ ဗဟုသုတတွေနဲ့ယှဉ်ပြီး နားလည်နိုင်သူတွေဟာ သူတို့ပဲရှိပါတယ်။မိဘတွေဟာ သူတို့ရဲ့စိုးရိမ်မှုတွေကို မေးမြန်းဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။ ဒီလိုမေးမြန်းနေမှသာ ကလေးတွေရဲ့အခြေအနေကို ကောင်းကောင်းနားလည်နိုင်မှာမဟုတ်ပါလား။ဆေးတွေကြောင့် ဒါမှမဟုတ် အစာဓာတ်မတည့်တာကြောင့်ဖြစ်ရတယ်ဆိုရင် ကလေးအထူးကုတွေကတော့ ရှင်းရှင်းလင်းလင်း ရောဂါသတ်မှတ်နိုင်ပြီး ကုသပေးနိုင်မှာပါ။မိဘတွေဟာ သူတို့ရဲ့ပေါင်မပြည့်တဲ့ကလေးတွေကို မကြာခဏပိုကျွေးသင့်ပါတယ်။ အချို့ကတော့ ဗိုက်လေးသေးသေးလေးသာရှိနေပေမယ့် နောက်တစ်ထပ် ထပ်မစားခင်မှာပဲ စားခဲ့သမျှအရာအားလုံးကို အစာချေနိုင်စွမ်းရှိပါတယ်။တစ်ရက်ကို ၅ကြိမ် သို့မဟုတ် ၆ကြိမ်ကျွေးကြည့်ပြီး တစ်နပ်နဲ့ တစ်နပ်ကြားမှာ သွားရည်စာနည်းနည်းကျွေးပါ။ပြီးတော့ မိဘတွေဟာ အစာစားချိန်ရဲ့ အရေးပါပုံကို သိထားဖို့လိုပါတယ်။ နေ့စဉ်အချိန်မှန်ကျွေးပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတွေရဲ့တန်ဖိုးအကြောင်းကိုပြောပြပါ။ သူတို့ကို စားသောက်ခြင်းမှာ မွေ့လျော်အောင်ပြုလုပ်ပါ။စားသောက်ပုံအကျင့်ဆိုးတွေကို ဖျောက်ဖို့ ဖိအားမပေးပါနဲ့။ မိဘတွေဟာကလေးတွေအတွက် စံပြလူသားတွေဖြစ်သင့်ပါတယ် ။ ကလေးတွေက သူတို့မိဘတွေလုပ်သလို လိုက်လုပ်မှာပါ။ ဒါကြောင့် ဒီကိစ္စမှာ အဓိကပြဿနာက မိဘတွေရဲ့ စားသောက်မှု အလေ့အထပါပဲ။ကျန်းမာစေတဲ့ သစ်သီးတွေ သို့မဟုတ် အာဟာရကြွယ်ဝတဲ့စားစရာတွေကို အခြားသောသွားရည်စာတွေအစား စားပေးပါ။ လုံးတီးအနှံတွေ၊ သစ်သီးဝလံတွေကတော့ တကယ်ကောင်းမွန်တဲ့ စားစရာတွေပါ။ကွတ်ကီးတွေ၊ snacksတွေ၊ Junk foods တွေမှာတော့ ကယ်လိုရီတွေပဲပါဝင်တာပါ။ သူတို့ဟာ ကျန်းမာရေးကောင်းစေတဲ့ ဘယ်လိုဗီတာမင်တွေ၊ အာဟာရဓါတ်တွေကိုမှ ကလေးကိုမပေးစွမ်း နိုင်ပါဘူး။အောက်ဖော်ပြပါပစ္စည်းတွေပါဝင်တဲ့ စားစရာတွေကျွေးကြည့်ပါ။နို့ထွက်ထောပတ်၊ နွားနို့နဲ့ခရင်မ်၊ ကြက်ဥ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အသား၊ အာလူးနဲ့ အရည်ရွှမ်းအသီးများစတာတွေ ကျွေးကြည့်ပါ။သွားရည်စာတွေကို ဆင်ခြင်ပြီးရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ အလေးချိန်မပြည့်တဲ့ကလေးတွေက မကြာခဏဆာလောင်တတ်ပါတယ်။ သူတို့ဟာ ကျန်းမာရေးနဲ့ညီတဲ့ သွားရည်စာတွေ ဥပမာ အခွံမာသီးတွေနဲ့ သစ်သီးခြောက်တွေ၊ fit bar သို့မဟုတ် လုံးတီးအနှံ ပမာဏတစ်ခုကို ပုံမှန်လိုအပ်ပါတယ်။ချိစ်နဲ့နို့တွေဟာ ကယ်လိုရီနဲ့ အာဟာရဓာတ်လယ်ဗယ်တွေ မြှင့်တင်ဖို့အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုပါ။မိဘတွေဟာ ဟင်းအမျိုးမျိုးနဲ့ ဖျော်ရည်တွေကို သူတို့ကလေးတွေရဲ့အကြိုက်ကိုလိုက်ပြီး ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဟင်းတိုင်းမှာ ချိစ်ကိုထည့်ပြီး စွပ်ပြုတ်တိုင်းမှာ နို့ထည့်ပါ။ ဒါမှမဟုတ် ကလေးတွေအတွက် ခရင်မ်စွပ်ပြုတ် (cream soup) တစ်ခွက်လုပ်ပေးပါ။ဒီလုပ်ငန်းစဉ်ကိုဖြည်းဖြည်းပဲလုပ်သင့်ပါတယ်။ မဟုတ်ရင်ကလေးက ဒီအပြောင်းအလဲတွေကြားမှာ မသက်မသာခံစားရပြီး အကျိုးဆက်တွေက ပြောင်းပြန်တွေဖြစ်ကုန်ပါလိမ့်မယ်။မိဘတွေက ပြောင်းလဲပေးလိုက်တဲ့ စားစရာတွေဟာ ကလေးတွေရဲ့ အနှစ်သက်ဆုံးစားစရာတွေဖြစ်နေသင့်ပြီး သူတို့ရဲ့ အလေ့အထကို လုံးဝပြောင်းလဲပစ်တာမျိုး မဖြစ်ရပါဘူး။ကလေးတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ကလေးတွေဟာ သူတို့နှစ်သက်ရာကို အထိန်းအကွပ်မရှိလွတ်လွတ်လပ်လပ်စားခွင့်ပြုလိုက်တာက ကောင်းကျိုးတွေဖြစ်လာမယ်လို့ မဆိုလိုပါဘူး။မိဘတွေဟာ အလေ့အကျင်ကောင်းတွေကို သေချာဂရုတစိုက်လိုက်နာသင့်ပြီး ဒါမှလည်း ကလေးတွေက ကျန်းမာရေးနဲ့ အသင့်လျော်ဆုံးနည်းလမ်းနဲ့ အလေးချိန်တိုးလာနိုင်မှာ မဟုတ်ပါလား။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%96%e1%80%bd%e1%80%b6%e1%80%b7-%e1%80%96%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%b1%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%91%e1%80%b1/
ကိုဗစ်၊ ဝှေးစေ့ရောင်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာ
ကိုဗစ်နဲ့ ပတ်သက်ပြီး လေ့လာစရာတွေက မကုန်နိုင်အောင်လောက် ပေါနေတာမို့လို့ သတင်းတွေကလည်း တစ်နေ့ တစ်မျိုးပါပဲ။ ခုလည်းဝှေးစေ့အောင့်ရာကနေ ကိုဗစ်ဖြစ်နေတာကို တွေ့မိတယ်ဆိုတဲ့ လေ့လာချက်လေး တစ်ခု ပေါ်လာလို့ သတိထားနိုင်အောင် ပြောပြပေးပါမယ်။အမျိုးသားထုကြီးကတော့ မျက်ခုံးလှုပ်နေလာက်ပါပြီ။ Elsevier Public Health Emergency Collectionထဲက ဖော်ပြထားတာလေး တစ်ခုပါ။လွန်ခဲ့တဲ့ ဧပြီလလယ်လောက်က အသက် ၄၃နှစ်အရွယ် အမျိုးအစား၁ ဆီးချိုရောဂါအခံရှိတဲ့ အမျိုးသားတစ်ယောက်က ငွေ့ငွေ့ဖျားပြီး ဝှေးစေ့ နှစ်ဖက်လုံးအောင့်နေတာ ၃ရက်လောက် ရှိပြီဆိုတော့ အရေးပေါ်ဌာနကို လာပြပါတယ်။ ဝှေးစေ့အောင့်နိုင်လောက်တဲ့ အကြောင်းရင်းတွေ မေးကြည့်တဲ့အခါ မယ်မယ်ရရ မရှိတာကြောင့် ဆေးပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။နေ့ဝက်လောက်နေတော့ တစ်ခါ မောတယ်၊ ဝှေးစေ့နာတာ မသက်သာဘူး။ ဘဘ်ဘက်က ပိုဆိုးလာတယ်ဆိုပြီး အရေးပေါ်ဌာနကို ပြန်ရောက်လာပြန်ရော။ ဒါနဲ့ မောတယ်၊ ဖျားတယ်ဆိုတော့ ထုံးစံအတိုင်း စစ်စရာရှိတာစစ်တော့ ရင်ဘတ်ဓာတ်မှန်မှာ ကိုဗစ်ကြောင့် အဆုတ်ရောင်တဲ့ ပုံစံလိုမျိုး သွားတွေ့ရပါတယ်။ အာခေါင်တို့ဖတ် ဆက်စစ်လိုက်တဲ့အခါမှာတော့ ပိုးတွေ့ခဲ့ပါတယ်။ဒါနဲ့ပဲ ကူးစက်ဌာနကိုလွှဲ၊ ဟိုမှာ ဆက်နာနေတဲ့ ဝှေးစေ့ကိစ္စကို ဆက်ရှင်းရပြန်ပါတယ်။ ဝှေးစေ့ကို စမ်းကြည့်တဲ့အခါ ပေါင်ခြံမှာ ပြန်ရည်ကျိတ်ကြီးနေတာကလွဲလို့ တခြား ရောင်နေတာမျိုး၊ အကျိတ်ရှိနေတာမျိုး မတွေ့ရပါဘူး။ ဆီးစစ်နေတော့လည်း ကောင်းနေတာပါပဲ။ လိုရမယ်ရ ပိုးသတ်ဆေးလေးတော့ ပေးထားလိုက်ပါတယ်။ပြဿနာက နောက်ရက်လည်းကျရော အောက်ဆီဂျင်တွေ စကျလာတာပါပဲ။ ဒါနဲ့ အောက်ဆီဂျင်တွေတင်၊ အရောင်ကျဆေးတွေ ပေးပေါ့။ ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်တဲ့အခါ ဝှေးစေ့ကိုပါ ထည့်ရိုက်ကြည့်တော့ ပုံမှန်ပဲ တွေ့ရပါတယ်။ လူနာက နာတာမသက်သာတာကြောင့် အာထွာဆောင်း ဆက်ရိုက်ကြည့်တော့သုက်ပို့ပြွန်ရောင်နေတာကို တွေ့ရပါတယ်။ဒုတိယမြောက်နေ့မှာ လူနာက ပိုမောလာတဲ့အတွက် အောက်ဆီဂျင်တိုးတင်ပြီး အထူးကြပ်မတ်ဆောင် (ICU) ထဲကို ရွေ့လိုက်ရပါတယ်။ ICUထဲမှာ ဝှေးစေ့ကို အာထွာဆောင်း ထပ်ရိုက်ကြည့်ပြန်တော့လည်း အရင်နေ့ကလိုပဲ တွေ့ရပါတယ်။ သွေးကတော့ ကောင်းကောင်းသွားနေပါသေးတယ်။တတိယမြောက်နေ့မှာလည်း ပိုဆိုးလာတဲ့အတွက်အသက်ရှူစက်တင်လိုက်ရပါတယ်။၄ရက်မြောက်နေ့မှာတော့ လူနာက ရုတ်တရက် နှလုံးပျက်စီးပြီး ရှော့ရသွားပါတယ်။ သွေးပေါင်တက်အောင် ဆေးတွေ သွင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဆုံးပါးသွားခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကတော့နှလုံးကြွက်သားရောင်ပြီး နှလုံးက သွေးမညှစ်နိုင်တော့လို့ အသက်ဆုံးရှုံး သွားခဲ့တာပါ။ရင်ခွဲစစ်ဆေးကြည့်တဲ့အခါမှတော့ နှလုံးက သွေးကြောတွေ မာပြီး ကြွက်သားနံရံတွေ ထူနေတာကို တွေ့ရပါတယ်။ နှလုံးဆဲလ်တွေမှာတော့ ဗိုင်းရပ်စ်ရဲ့ ပဋိပစ္စည်းတွေကို မတွေ့ရပါဘူး။ ဝှေးစေ့ကတော့ ပုံစံအရတော့ ပျက်ယွင်းခြင်း မရှိပါဘူး။ဗိုင်းရပ်စ်တွေမှာ ထူးခြားချက်က သူတို့ဝင်လာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေကို ရောင်ရမ်းစေတာပါ။ ဥပမာ နှလုံးကြွက်သားပေါ့။ ဒါ့ပြင် HIVတို့၊ အသည်းရောင် အသားဝါဘီတို့၊ ပါးချိပ်ရောင် ဗိုင်းရပ်စ်တို့က ကူးခံရရင် တချို့သူတွေမှာဝှေးစေ့ရောင်တတ်ပါတယ်။ ရောင်ပြီး မျိုးအောင်တဲ့အထိ၊ အကျိတ်ဖြစ်တဲ့အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။ကိုဗစ်ရှေ့က ဖြစ်သွားတဲ့ ဆားစ်ရောဂါမှာဆိုရင်လည်း ဒီဗိုင်းရပ်စ်ကြောင့် ဝှေးစေ့ရောင်ရတယ်ဆိုတဲ့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး စာတမ်းပေါင်းများစွာ ထွက်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကို ဝှေးစေ့တစ်ရှူးထဲမှာ မတွေ့ရသည့်တိုင် ဝှေးစေ့နဲ့ သုက်ပို့ပြွန် ပျက်စီးနေတာကိုတော့ တွေ့ရပါတယ်။ ဒါဆိုရင် ရှေ့က တခြားကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ၇၈ရာခိုင်နှုန်းလောက် မျိုးတူတဲ့ ကိုဗစ်မှာရော ဒါမျိုး မဖြစ်နိုင်ဘူးလား။နောက်တစ်ချက်က ကိုဗစ်ဖြစ်စေတဲ့SAR-CoV-2 ဗိုင်းရပ်စ်က ACE-2ကို သိပ်ကြိုက်ပါတယ်။ACE-2ရှိတဲ့ ဆဲလ်တွေဆို ပိုကူးပါတယ်။ ဝှေးစေ့မှာ ACE-2ရှိတဲ့ ဆဲလ်တွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကိုယ်ထဲကို ပိုးစဝင်လာပြီဆိုတာနဲ့ ဝှေးစေ့ကို မြန်မြန်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ခုနက လူနာလိုပေါ့။ ဘာလက္ခဏာမှ မယ်မယ်ရရ မပြရသေးခင် ဝှေးစေ့က အောင့်နေပါပြီ။ဒါ့ပြင် ACE-2က သုက်ကောင်လေးတွေ၊ သုက်ရည်တွေ ထုတ်တဲ့နေရာမှာ အရေးပါတဲ့ ပရိုတင်းဖြစ်နေပြန်တော့ ဒီဆဲလ်တွေသာ ပျက်စီးကုန်ရင်မျိုးအောင်ဖို့လည်း ခက်ခဲသွားမှာပါ။ ဒါကတော့ နောက်ဆက်တွဲဆိုးကျိုးပေါ့။စကားမစပ်သုက်ရည်ထဲမှာ ပိုးမပါလာဘူးလားဆိုတော့ ပါနိုင်ပါတယ်။ သုက်ရည်ထဲမှာ ဗိုင်းရပ်စ်ကို တွေ့ရပေမယ့် လိင်ကတဆင့် ကူးစက်တဲ့ ဖြစ်ရပ်မျိုးတော့ မတွေ့ရသေးပါဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်ပြီး လေ့လာမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုပေမယ့် လက်ရှိအခြေအနေအရဆိုရင် ပိုးမကူးခံရအောင် သတိထားတာ အကောင်းဆုံးပါပဲ။ ကိုဗစ်ကို ကျော်လွှားနိုင်ရင်တောင် ကိုဗစ်ကြောင့် ဝှေးစေ့ရောင်တာကို ကျော်လွှားနိုင်ပါ့မလား။ ဝှေးစေ့ရောင်ပြီး မျိုးအောင်နိုင်စွမ်းထိခိုက်သွားနိုင်တာကလည်း နောက်ထပ် သတိထားရမယ့် အချက်တစ်ချက်ပါပဲ။  ခုနေခါများ အကောင်းကြီးကနေ ရုတ်တရက်ကြီး ဝှေးစေ့အောင့်လာခဲ့ရင် ကိုဗစ်ကိုလည်း သတိထားဖို့ ထပ်လောင်းပြီး သတိပေးလိုက်ပါသေးရဲ့။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/orchitis-in-covid-19/
မြေထဲပင်လယ်ဒေသစာများ စားခြင်းသည် နှလုံးရောဂါဖြစ်ပွားမည့်အန္တရာယ်ကို လျော့ကျစေသည်
နှလုံးရောဂါကို ကာကွယ်ရန်အတွက် လေ့ကျင့်ခန်းလုပ်နိုင်သည်။ ကျန်းမာစေသောဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းနိုင်သည်။ သင့်လျော်သောအစားအစာများစားနိုင်သည်။ အထူးသဖြင့် မြေထဲပင်လယ်ဒေသစာများသည် ကျွမ်းကျင်သူများ အထူးတိုက်တွန်းသော အဓိကအရာဖြစ်သည်။မြေထဲပင်လယ်ဒေသအစားအစာများသည် ၁၉၆၀ခုနှစ်များမှ အီတလီ၊ ဂရိစသောနိုင်ငံများ၏ ရိုးရာအစားအသောက်အငွေ့အသက်များ လွှမ်းမိုးနေသည်။ သံလွင်ဆီ၊ ဝိုင်နီစသောထူးခြားသောဟင်းခတ်များကို သုံးထားပြီး လူတိုင်းစားနေကျအစားအသောက်များသာဖြစ်သည်။၎င်းတွင်သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ အနှံများ၊ အခွံမာသီးများ (အဓိကအားဖြင့်သစ်ကြားသီးအစေ့) များ ပါဝင်ပြီး အသားနှင့် နို့ထွက်ပစ္စည်းများနည်း၍ ဆားလည်းလျှော့ထားသောကြောင့် ကျန်းမာစေသည်။ လွန်ခဲ့သည့်၁၀နှစ်ကျော်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခု၏ ရလဒ်များက မြေထဲပင်လယ်ဒေသအစားအစာများကို အမြဲစွဲ၍စားသုံးသူများသည် အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်နိုင်ချေ ၄၇ရာခိုင်နှုန်းလျော့ကျသည်ဟု ဖော်ပြထားသည်။မြေထဲပင်လယ်ဒေသစာများတွင် အစားအစာများသည် သွေးဆဲလ်များ၏ တီလိုမီးယား (telomere) များကို ပို၍ဖန်တီးပေးနိုင်သည်။ ရှည်လျားသော တီလိုမီးယားများသည် အစားအစာနှင့် နှလုံးသွေးကြောရောဂါများ၏ အန္တရယ်တို့ကြားဆက်စပ်မှုကို ရှင်းပြနိုင်သည်။ ယခင်ကလေ့လာမှုများတွင်လည်း မကျန်းမာသော နေထိုင်မှုပုံစံနှင့်နေကြသော လူများ၏ တီလိုမီးယားများသည် တိုသည်ဟုဖေြာ်ပထားသည်။ သုတေသနပညာရှင်များက မြေထဲပင်လယ်ဒေသစာများသည် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဒြပ်ပေါင်းများပါဝင်သောကြောင့် တီလိုမီးယားများတိုခြင်းကို လျော့စေပြီး ပြန်လည်နုပျိုစေ၍ အသက်ရှည်စေကာ နှလုံးရောဂါဖြစ်မည့်အန္တရယ်ကိုလည်း လျော့ကျစေပါသည်။မြေထဲပင်လဲဒေသစာများတွင်အောက်ပါအစားအစာများပါဝင်သည်။ကုလားပဲ။ကုလားပဲသည် ကျန်းမာရေးအတွက် ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အမျှင်ဓါတ်များစွာပါဝင်သောကြောင့် ဆီးချိုရောဂါကိုထိန်းနိုင်ပြီး နှလုံးရောဂါကို ထိရောက်စွာ ကာကွယ်နိုင်သည်။ခရမ်းသီး။မြေထဲပင်လယ်ဒေသစာ၏ အခြားအရေးပါသော ပါဝင်ပစ္စည်းတစ်ခုမှာ ခရမ်းသီးဖြစ်ပါသည်။ အစဉ်အလာအရ သူတို့သည် အသားများများသုံးလေ့မရှိပါ။သံလွင်ဆီ။သံလွင်ဆီသည် မပြည့်ဝဆီ (monounsaturated fat) များ ကြွယ်ဝ၍ နှလုံးရောဂါကို ကာကွယ်နိုင်ပြီး ကင်ဆာရောဂါကို တိုက်ခိုက်နိုင်သည့်အကျိုးကျေးဇူးများရှိသည်။ငရုတ်ပွသီး။ငရုတ်ပွသီးသည် မြေထဲပင်လယ်ဒေသစာတွင် ပါဝင်လေ့ရှိသည်။ ၎င်းတို့သည် ဗီတာမင်များစွာ ပါဝင်သောကြောင့် သင်၏ ကျန်းမာရေးအတွက်ကောင်းသည်။ခရမ်းချဉ်သီး။ဤပါဝင်ပစ္စည်းများအပြင် ခရမ်းချဉ်သီးသည်လည်း မြေထဲပင်လယ်ဒေသများတွင် ပြင်ဆင်ထည့် သွင်းလေ့ရှိသော အစားအစာတစ်မျိုးဖြစ်သည်။ ခရမ်းချဉ်သီးသည် အချို့သောကင်ဆာရောဂါများကို ကာကွယ်နိုင်သည်။လေ့လာမှုများအရ မြေထဲပင်လယ်ဒေသစာများသည် နှလုံးရောဂါဖြစ်မည့် အန္တရယ်ကိုလျော့ကျစေသည့်အပြင် ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ ဆီးချိုရောဂါဖြစ်နိုင်ချေလျော့ကျစေခြင်း၊ သွေးပေါင်ချိန်ထိန်းပေးခြင်း၊ သွေးတွင်းအဆီဓါတ် ကိုလက်စထရော ကျစေခြင်းစသည့် ကောင်းကျိုးများလည်း ပေးစွမ်းနိုင်သည်။ စင်စစ်အားဖြင့် မြေထဲပင်လယ်ဒေသစာများသည် လေ့ကျင့်ခန်းလုပ်ခြင်းထက်ပင် ကျွန်ုပ်တို့၏ ခန္ဓါကိုယ်ကို နှလုံးရောဂါများမှ ကာကွယ်ပေးနိုင်သည်။ သင်၏ စားနေကျအစားအစာတစ်ခုကို လုံးဝပြောင်းလဲပစ်ဖို့ မလိုအပ်ပါ။ မြေထဲပင်လယ်ဒေသ၏ နေ့စဉ်အစားအစာတွင် အဓိကပါဝင်ပစ္စည်းဖြစ်သော သံလွင်ဆီနှင့် အခွံမာသီးများကိုသာ ထပ်မံပေါင်းထည့်၍ စားလိုက်ပါ။ သင်၏ လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေအန္တရာယ်သည် သိသာစွာလျော့ကျသွားပေလိမ့်မည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%b1%e1%80%bb%e1%80%99%e1%80%91%e1%80%b2%e1%80%95%e1%80%84%e1%80%b9%e1%80%9c%e1%80%9a%e1%80%b9%e1%80%b1%e1%80%92%e1%80%9e%e1%80%85%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%85%e1%80%ac/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/how-to-prevent-your-privacy-video-on-online/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/summer-safty-tip-for-the-vet/
ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိသူတွေအတွက်အထောက်အကူပြုပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဖေ့ဘွတ်ဂရု
ရောဂါတစ်ခုခုဖြစ်လာရင် သက်တမ်းစေ့နေနိုင်ဖို့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ အသက်ရှည်ရှည်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်က ကိုယ်တိုင်ကရော မိသားစုဝင်တွေကပါသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်တဲ့အခါနားလည်တတ်ကျွမ်းသူတွေ နဲ့မိသားစုဝင်တွေအတူတူတိုင်တိုင်ပင်ပင်နဲ့ ဂရုစိုက်တာက ပိုပြီး အထောက်အပံ့ဖြစ်နိုင်ပါတယ်။ဆီးချို၊သွေးတိုး၊ နှလုံး၊ကျောက်ကပ်ရောဂါတို့လိုမျိုးနာတာရှည်ရောဂါသမားတွေအတွက်ဆိုရင် ဒီလိုဂရုစိုက်မှုမျိုးနဲ့ မျှဝေပြောဆိုခြင်းတွေက ပိုပြီး လိုအပ်မှာပါ။ဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါတွေက တစ်ခဏတာပဲခံစားရတာမဟုတ်သလို ကုသလိုက်ရုံနဲ့ ချက်ချင်းပျောက်ကင်းသွားတာတော့လည်း မဟုတ်ပါဘူး။နာတာရှည်ရောဂါဆိုတာက အခါမလပ်သေချာလေးဂရုစိုက်ပေးနိုင်မှတော်ကာကျတာပါ။ ဒါကြောင့် ကိုယ်တိုင်ရော မိသားစုဝင်တွေအပြင်ရောဂါအကြောင်းတတ်သိနားလည်သူတွေ ပါဝင်နေတဲ့ အဝန်းအဝိုင်းအတွင်းမှာနေတာက တိုင်ပင်ဖော်ရသလို လိုအပ်တဲ့စောင့်ရှောက်မှုတွေနဲ့ လိုက်နာကျင့်ကြံရမယ့် အကြံဉာဏ်ကောင်းတွေကိုပါ ရရှိနိုင်မှာပါ။အရေးပေါ်အခြေအနေမှာ အကြံဉာဏ်ကောင်းတွေရနိုင်တယ်။နောက်တစ်ချက်က ဆီးချိုရှိသူတွေအနေနဲ့သွေးချိုအတက်အကျမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။သွေးချိုတက်တယ်၊ကျတယ်ဆိုတာက မကြုံဖူးတဲ့သူတွေအဖို့ အရမ်းထိတ်လန့်စရာကောင်းတဲ့အခြေအနေပါ။ ဒီအခြေအနေမျိုးမှာ တတ်သိနားလည်သူတွေရဲ့ အကူအညီကို လိုအပ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ချစ်ခင်ရသူကိုအကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ဖို့ဆိုရင် ရောဂါအကြောင်း တတ်သိနားလည်သူတွေ ပါဝင်နေတဲ့ ဖေ့ဘွတ်ဂရုလေးထဲမှာ ပါဝင်ထားတာက အထောက်အကူအများကြီးဖြစ်ပါလိမ့်မယ်။လိုအပ်တဲ့ကျန်းမာရေးဗဟုသုတကို အမြဲမပြတ်ရရှိနိုင်တယ်။ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါရှိသူတွေဟာ အမြဲမပြတ် အနေအထိုင်အစားအသောက်ကို ဂရုစိုက်နေဖို့လိုပါတယ်။ အတိမ်းအစောင်းမခံတဲ့ ရောဂါတွေကြောင့် မမျှော်လင့်ထားတဲ့ အခြေအနေတွေကြုံတွေ့ရတဲ့အခါ ဘာကြောင့်ဖြစ်တာလဲဆိုတာကို သိနိုင်ဖို့ဆိုရင် ဒီရောဂါတွေနဲ့ပတ်သက်လို့ သိနားလည်ထားတဲ့သူတွေနဲ့ ဆွေးနွေးနိင်မယ့် နည်းလမ်းတွေရှိနေဖို့လိုပါမယ်။ ဒါကြောင့် ဆီးချို၊ကျောက်ကပ်နဲ့နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါရှိသူတွေအနေနဲ့ လိုအပ်မယ့်ကျန်းမာရေး ဗဟုသုတတွေကို ရရှိနိုင်မယ့် ဂရုထဲဝင်ထားမယ်ဆိုရင် ကိုယ်တိုင်အတွက် အကူအညီဖြစ်နိုင်သလို ကိုယ့်ရဲ့ အတွေ့အကြုံတွေကိုဝေမျှပေးရင်း အခြားသူတွေကိုလည်း တတ်နိုင်တဲ့ဖက်က ကူညီပေးနိုင်မှာပါ။ဥပမာပြောပြရရင် ဆီးချိုရှိတယ်။ချွေးတွေအရမ်းထွက်နေတယ်၊ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိနိုင်ဖို့ပေါ့။ ဆီးချိုရှိတယ်ချွေးတွေအရမ်းထွက်ပြီးခြေလက်တွေပါတုန်နေမယ်ဆိုရင်တော့သွေတွင်းသကြားဓါတ်ကျဆင်းနေတာဖြစ်တာကြောင့် သဘာဝအချိုလေးတစ်ခုခုကို စားဖို့လိုနေတာပါ။ ဒီလိုအခြေအနေမှာ ရုတ်တရက်သွေးတွင်းသကြားဓါတ်များနေတယ်ထင်ပြီးအင်ဆူလင်ထိုးမိမယ်ဆိုရင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုပါပဲ။ခြေလက်တွေရောင်နေတယ်။တော်တော်နဲ့ကို အရောင်မကျဘူးဆိုတာမျိုးပေါ့။ ဒါကကျောက်ကပ်ရောဂါကြောင့်ဖြစ်နိုင်ပါတယ်။နောက်တစ်ချက်ကနေ့ခင်းနေ့လယ်တွေမှာ တအားအိပ်နေတယ်။ အိပ်ရေးလည်း ဝပါတယ်ဆိုတာမျိုးပေါ့။ ဒါကကျောက်ကပ်ထိခိုက်တာကြောင့်သွေးဆိပ်တွေများနေတဲ့အတွက်ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ဖြစ်နေတာက ဘာကြောင့်များဖြစ်နေရတာလဲဆိုတာကို သိချင်တယ်ဆိုရင်ဒီရောဂါနဲ့ပတ်သက်လို့ ဗဟုသုတရနိုင်မယ့် ဂရုထဲမှာရှိနေတာက အဆင်ပြေဆုံးဖြစ်မှာပါ။ဒီလိုရှိနေခြင်းက မဖြစ်ခင်ကြိုတင်သတိထားဖို့အတွက်ရော၊ဖြစ်လာတဲ့အခြေအနေကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးကျော်လွှားနိုင်ဖို့အတွက်ပါ အထောက်အကူပြုေပေးနိုင်မှာကြောင့်ပါ။ ကဲ…..နာတာရှည်ရောဂါဖြစ်ရင်လည်း လုံလောက်တဲ့ အသိပညာရှိနေမယ်ဆိုရင်နေ့ရက်တိုင်းကို ကျန်းမာစွာကျော်ဖြတ်လို့ သက်တမ်းစေ့စေ့နေနိုင်မှာဖြစ်ပါတယ်။ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့သွေးတိုးရောဂါလိုမျိုး နာတာရှည်ရောဂါတွေကို ခံစားနေရသူတွေအနေနဲ့နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးတာမျိုးကို လုပ်သင့်ပါ။နေ့စဉ်ပုံမှန်သွေးတွင်းသကြားဓါတ်ကို စစ်ဆေးတာကနေစလို့ကိုယ်တွင်းအင်္ဂါတွေကျန်းမာရဲ့လားဆိုတာကို စစ်ဆေးတာတွေကိုပါလုပ်သင့်ပါတယ်။အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း လိုအပ်မယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူလို့ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်လိုက်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/diabetes-complications/health-group-for-diabetes-and-kidney-disease/
နှလုံးရောဂါသည် မျိုးရိုးလိုက်တတ်ပါသလား
ကမ္ဘာတစ်လွှားတွင် သေဆုံးမှုဖြစ်ပွားခြင်း၏ အဓိကကျသောအကြောင်းအရင်းများတွင် နှလုံးရောဂါသည် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းနှလုံးရောဂါများထဲတွင် မွေးရာပါနှလုံးရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိသားစုတွင် ငယ်စဉ်ကလေးဘဝကပင် နှလုံးရောဂါရှိလျှင် မျိုးရိုးလိုက်သည်ဟု ဆိုနိုင်ပါသည်။မွေးရာပါနှလုံးရောဂါသည် အထက်တွင်ဖော်ပြသတဲ့သို့ မွေးစဉ်ကတည်းကပင်ပါရှိနေသော ရောဂါဖြစ်သည်။ မွေးရာပါ နှလုံးအပေါက်ပါခြင်း၊ အဆို့ရှင်မလုံခြင်းအစရှိသည့် အခြေအနေများ ပါဝင်သည်။ ထိုအခြေအနေများကို ၁၀၀ရာခိုင်နှုန်းတွေ့ရှိနိုင်မည် မဟုတ်ပါ။ မွေးရာပါနှလုံးတည်ဆောက်ပုံချို့တဲ့ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများသည် တိတိကျကျ သေသေချာချာမရှိပါဘူး။ ဖြစ်နိုင်သော အကြောင်းအရင်းများမှာ ကိုယ်ဝန်ဆောင်ချိန်တွင် မသောက်သင့်သော ဆေးသောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ဗီဇပြောင်းလဲခြင်းတို့ကြောင့် ဖြစ် သည်။လူတစ်ယောက်နှင့်တစ်ယောက် မျိုးရိုးဗီဇ မတူညီကြပါဘူး။ ထို့ ကြောင့်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားကြသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်နှင့် ပုံပန်းသဏ္ဍာန်ကို ဖော်ညွှန်းသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏မိဘများမှ ဆင်းသက်လာသည်။ မျိုးရိုးဗီဇ ပုံမမှန် ပြောင်းလဲသွားပါက မွေးရာပါရောဂါများ ဖြစ်လာနိုင်သည်။ ဥပမာ ခန္ဓာကိုယ်တွင်း ကိုလက်စထရောတည်ဆောက်မှုကို ထိန်းချုပ်သောဗီဇပြောင်းလဲသွားပါက သွေးတွင်း ကိုလက်စထရောပမာဏ များလာနိုင်ပြီး သွေးကြောကျဉ်းရောဂါ ဖြစ်နိုင်သည်။ အကယ်၍ ၎င်းမျိုးရိုးဗီဇသည် မိဘတစ်ဦးတွင်ပါလာလျှင် သားသမီးတွင် ဖြစ်ပွားနှုန်း ၅၀ရာခိုင်နှုန်းရှိပါသည်။တချို့သောမွေးရာပါနှလုံးရောဂါသည် လက္ခဏာပြသော်လည်း တချို့မှာအချိန်တန်ကြာလက္ခဏာမပြဘဲရှိနေပြီးမှ ရုတ်တရက်ဆိုးရွားလာတတ်သည်။ မွေးရာပါနှလုံးရောဂါများသည် နှလုံးခုန်နှုန်းမမှန်ခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်းတို့ဖြစ်စေနိုင်သည်။ မွေးရာပါနှလုံးရောဂါတချို့ကို အောက်တွင် ဖော်ပြထားသည်။Atrial fibrillation– နှလုံးစည်းချက်မမှန်သောအခြေအနေဖြစ်ပြီး ရုတ်တရက်နှလုံးရပ်စေနိုင်ပါသည်။Brugada Syndrome– မွေးရာပါနှလုံးစည်းချက် မမှန်ခြင်း၊ သွေးလွှတ်ခန်းတုန်ခါခြင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်းတို့ ဖြစ်နိုင်သည်။Catecholaminergic polymorphic ventricular tachycardia– နှလုံးအတွင်း လျှပ်စစ်စီးမှု ပုံမမှန်ဖြစ်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်သည်။ အထူးသဖြင့် အားကစားလုပ်သောအချိန်တွင် အဖြစ်များသည်။Long QT Syndrome and short QT Syndrome– နှလုံးခုန်နှုန်း မူမမှန်ခြင်း ၊ နှလုံးခုန်အလွန်နှေးခြင်းကို ဖြစ်စေသည်။မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏ နှလုံးလုပ်ဆောင်မှုအ၀၀ကို ထိန်းချုပ်ပါသည်။ ထို့ကြောင့် မိသားစုဝင်တစ်ယောက်တွင် နှလုံးရောဂါရှိပါက ကျန်မိသားစုဝင်များသည် နှလုံးအခြေအနေကို စစ်ဆေးသင့်သည်။ မိသားစုဝင်များတွင် ရုတ်တရက် နှလုံးရပ်ခြင်းသည် သတိပေးသောလက္ခဏာတစ်ခုဖြစ်ပြီး အခြားမိသားစုဝင်များလည်း စစ်ဆေးသင့်သည်။ ပုံမမှန်သောတွေ့ရှိချက် ရှိပါက ကြိုတင်ကာကွယ်ရန် အချိန်မီနိုင်ပါလိမ့်မည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9e%e1%80%8a%e1%80%b9-%e1%80%99%e1%80%ba%e1%80%b3%e1%80%ad%e1%80%b8%e1%80%9b%e1%80%ad%e1%80%af/
ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ
ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ဆီးချိုက အခုနောက်ပိုင်း ကမ္ဘာ့လူဦးရေတော်တော်များများကို ခြိမ်းခြောက်လာတဲ့ ရောဂါတစ်ခုဖြစ်လို့လာနေပါတယ်။ ဆီးချို က အဓိကက အချိုစားလို့ဖြစ်တာလို့ ယူဆမှုတွေလည်း ရှိနေနိုင်ပါတယ်။ တကယ်ကတော့ ဆီးချိုက အချိုစားလို့ဆိုတာအပြင် အခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိတာကြောင့် အချိုစားလို့ မရဘူး။ အထူးသဖြင့် အသီးတွေ မစားသင့်ဘူးလို့ ပြောတာ ကြားဖူးမှာပါ။အသီးတွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှု များလို့ လုံးဝမစားတာထက် ဆင်ခြင်ပြီး စားမယ်ဆို ကျန်းမာရေးအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အချက်တွေ ဘယ်လောက်ထိများနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ရအောင်လား……..။ဆီးချိုရှိတဲ့သူတွေအနေနဲ့ အချိုစာတွေပဲရှောင်မယ် သဘာဝအချိုဖြစ်တဲ့ အသီးတွေကိုတော့ စားလို့ရမယ်ထင်တယ်ဆိုပြီး အသီးစားမယ်ဆိုရင်တောင် ဒီအသီးတွေကိုတော့ အများကြီး မစားပါနဲ့။ အကြောင်းကတော့ အခုပြောပြမယ့် အသီးတွေက ဆီးချိုရှိသူတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးကို ဖြစ်စေနိုင်လို့ပါ။စပျစ်သီးကအမျှင်ဓာတ်၊ ဗီတာမင် နဲ့ အခြားသော အာဟာရဓာတ်တွေကြွယ်ဝတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် သကြားဓာတ်ပါဝင်မှုများတာကြောင့် ဆီးချိုရှိသူတွေ အနေနဲ့ အများကြီး မစားသင့်ပါဘူး။ အထူးသဖြင့် ခရမ်းရောင် စပျစ်သီးတွေကိုပါ။ အစိမ်းရောင် စပျစ်သီးတွေကတော့ ခရမ်းရောင်ထက်စာရင် အချိုပါဝင်မှု နည်းပါတယ်။ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ စပျစ်သီးစားသုံးမယ်ဆိုရင် လက်ဖက်ရည်ခွက် တစ်ခွက်စာလောက်ပဲ စားသုံးသင့်ပါတယ်။သရက်သီးစိမ်းက ဆီးချိုသမားတွေ စားလို့ရတယ်ဆိုပေမယ့် သရက်သီးမှည့်ကတော့ အချိုကဲတာကြောင့် ဆီးချိုရှိမယ်ဆိုရင် အများကြီး မစားသင့်ပါဘူး။မြန်မာလူမျိုး တော်တော်များများ သဘောကျ နှစ်ခြိုက်တဲ့ သရက်သီးမှည့်မှာ သကြားဓာတ် နဲ့ ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ဆီးချိုသမားတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် အများကြီး စားတာမျိုး မလုပ်ဖို့ လိုပါမယ်။ တစ်နေ့တာလုံးမှာ အရွယ်တော် တစ်လုံးရဲ့ တဝက်စာလောက်ပဲ စားသုံးပေးပါ။လိုင်ချီးသီး အရွယ်တော် တစ်လုံးမှာ သကြားဓာတ် ပါဝင်မှုက ၁၆ ဂရမ် ရှိပါတယ်။ သကြားဓာတ် ပါဝင်မှု မြင့်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဆီးချို ရှိသူတွေအနေနဲ့ လိုင်ချီးသီးကို သဘောကျတယ်ဆိုရင်တောင် အများကြီး မစားသင့်ပါဘူး။ ဆီသွတ်ဘူးတွေထက် လတ်ဆတ်တဲ့ အသီးကိုပဲ စားပေးပါ။ တစ်နေ့တာကို ၂ လုံး ၃ လုံးလောက်ပဲ စားပေးပါ။ငှက်ပျောသီးက အရသာရှိသလို ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက်သင့်တော်တယ်ဆိုပေမယ့် အခြားအသီးတွေထက် ကယ်လ်လိုရီပါဝင်မှုများသလို ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်ပါဝင်မှုလည်းများပါတယ်။ဒီအချက်ကြောင့်ပဲ ဆီးချိုရှိသူတွေကို အများကြီး စားဖို့ မသင့်တော်ဘူးလို့ ပြောရတာပါ။ ငှက်ပျောသီးက မှည့်လေလေ ဆီးချိုရှိသူတွေမှာ ရုတ်တရက်သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်လေလေပါ။ ငှက်ပျောသီးက အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ် ကျန်းမာစေတယ်။ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးတိုးကျစေတယ်ဆိုပေမယ့် ဆီးချိုရှိတယ်ဆိုရင် အများကြီး မစားပါနဲ့။ဖီးကြမ်း အရမ်းမမှည့်သေးတာမျိုး နဲ့ ငှက်ပျောချဉ်တို့ကို စားပေးလို့ရပါတယ်။ သီးမွှေးနဲ့ အခြား ငှက်ပျောသီးတွေကတော့ အချိုကဲတာကြောင့် စားမယ်ဆိုရင် နည်းနည်းပဲ စားသင့်ပါတယ်။အရည်ရွှမ်းပြီး အရသာရှိတယ်။ ဗီတာမင်နဲ့ပြည့်စုံပြီး ကာဗိုဟိုက်ဒရိတ်လည်းကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက် အကျိုးများတယ်။ ဒါပေမယ့် သကြားပါဝင်မှုများတာကြောင့် သွေးချိုရှိသူတွေအတွက် အများကြီး စားလို့ မသင့်တော်ပါဘူး။ ဆီးချိုရှိသူတွေအနေနဲ့ ဖရဲသီးစားချင်ရင် အရွယ်တော် တစ်စိတ်စာလောက်ပဲ စားပေးပါ။ အများကြီး စားတာမျိုး မလုပ်ပါနဲ့။နာနတ်သီး အမှည့်ကတော့ ဆီးချိုရှိသူတွေ အများကြီး မစားသင့်တဲ့ အသီးတွေထဲကတစ်ခုပါ။ နာနတ်သီးက သကြားဓာတ်ပါဝင်မှုများသလို မှည့်လေလေ သကြားဓာတ်ပါဝင်မှုနှုန်းမြင့်လေလေပါ။ အဝါရောင် နာနတ်သီးလေးက သကြားပါဝင်မှုမြင့်သလို ကာဗိုဟိုက်ဒရိတ် ပါဝင်မှုလည်း မနည်းပါဘူး။ ဒါကြောင့် ဆီးချိုရှိရင် နာနတ်သီး အရမ်းမှည့်နေတာမျိုးကို နည်းနည်းလောက်ပဲ စားပေးပါ။ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဘယ်သစ်သီးကိုပဲဖြစ်ဖြစ် စားမယ်ဆိုရင် အမှည့်လွန်တာတွေကို မစားပါနဲ့။ ဆီးချိုတက်နေချိန်မှာ မစားပါနဲ့။ ထမင်းစားပြီးပြီးချင်း မစားပါနဲ့။ အနည်းဆုံး ထမင်းကြီးနဲ့ ၂နာရီလောက်ခြားပါ။ ပမာဏအလွန်အကျွံမစားပါနဲ့လို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/fruits-not-to-eat-too-much-if-u-have-diabetes/
စားချဉ့်ပြန်ရောဂါ ရှိတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုမလဲ
ကလေးငယ်တွေဟာ မကြာခဏ အန်တတ်ပြီး ဒါဟာ သူတို့အသက်အရွယ်အတွက် ပုံမှန် အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အန်ခြင်းဟာ အခြားလက္ခဏာတွေနဲ့ အတူဖြစ်ပေါ်တယ်ဆိုရင်တော့ ဒါဟာ acid reflux ကြောင့် ဖြစ်တဲ့ Gastroesophageal reflux disease (GERD) ရောဂါ ဖြစ်နိုင်ပါတယ်။GERD ဟာ လူကြီးတွေမှာသာ ဖြစ်တတ်တဲ့ ရောဂါတစ်ခုမဟုတ်ပဲ ကလေးငယ်တွေမှာ အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာ ဖြစ်ပွားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့။မကြာခဏ အန်ခြင်း။ချောင်းဆိုးခြင်း။အစာနင်ခြင်း၊ စားသောက်ရ ခက်ခဲခြင်း။အစာစားနေစဉ် (သို့) စားပြီးချိန်တွင် ငိုခြင်း။ဗိုက်ပတ်ပတ်လည်တွင် နာကျင်မှု၊ လေထမှု ရှိခြင်း။အိပ်ရေးပျက်ခြင်း။ကြို့ထိုးခြင်း။ပက်လက်အိပ်စဉ် ဗိုက်နာခြင်း။အန်စဉ် သွေးပါခြင်းဟာ GERD ရဲ့ အဖြစ်များတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အစာစားပြီးချိန်မှာ ကလေးငယ်ဟာ သက်တောင့်သက်သာမရှိပဲ အစာအိမ်မှ အသံထွက်နိုင်ပါတယ်။ Reflux ဟာလည်း အကြောင်းရင်း တစ်ခု ဖြစ်နိုင်ပါတယ်။GERD ရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ ဆက်တိုက်နာကျင်မှုနဲ့ မသက်သာမှုတို့ကို ခံစားရနိုင်ပါတယ်။ ဒါဟာ အစာစားပြီးချိန်မှာ အစာအိမ်မှအက်ဆစ်များ ပြန်တက်လာတာကြောင့် လည်ချောင်းအတွင်း မသက်မသာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ဒါကြောင့် ကလေးငယ်ကို ပက်လက် အိပ်ခိုင်းခြင်းဟာ GERD ကို ပိုဆိုးစေပါတယ်။ နာကျင်မှုဟာ အိပ်စက်မှုကိုနှောင့်ယှက်တာကြောင့် ညအချိန်မှာ အိပ်ရေးဝဝအိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။များသောအားဖြင့် GERD ဟာ မွေးကင်းစကလေးငယ်တွေနဲ့ ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာသာ ဖြစ်ပွားတတ်ပြီး ကြီးလာချိန်မှာ ကောင်းသွားတတ်ပါတယ်။တကယ်လို့ သင့်ကလေးငယ်ဟာ အသက် ၃လ အောက်ဖြစ်ခြင်း (သို့) GERD လက္ခဏာတွေဟာ ပျော့တယ်ဆိုရင် အောက်ပါအချက်တွေကို ပြုလုပ်ခြင်းဖြင့် ဆေးမလိုပဲ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ပတ်ဝန်းကျင်ကို သတိထားပါ။ တကယ်လို့ ကလေးငယ်ဟာ GERD ကနေ ပြန်ကောင်းလာရင်တောင်မှ ပတ်ဝန်းကျင်ကြောင့် ရောဂါပြန်ဖြစ်နိုင်ပါတယ်။ သူတို့ဟာ စူးရှတဲ့ အလင်းရောင်၊ လူအုပ်၊ အချို့ အစားအစာ အစရှိတာတွေရဲ့ သက်ရောက်မှုကို ခံရနိုင်ပါတယ်။ဒီအချက်တွေကို မိဘတွေက ဂရုစိုက်သင့်ပါတယ်။ သင့်ကလေးငယ် ညအချိန်မှာ တည်ငြိမ်စွာ နေနိုင်ဖို့ အလင်းရောင် ဖျော့ဖျော့ကိုသာ အသုံးပြုသင့်ပါတယ်။ကလေးငယ်ကြီးလာချိန်မှာ ဒီလက္ခဏာတွေဟာ ပျောက်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ မပျောက်သွားဘူးဆိုရင်တော့ သင့်လျော်တဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုကို ပြုလုပ်သင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%a5%e1%80%b7%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%9b%e1%80%be%e1%80%ad%e1%80%90/
အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင်
ဆီးချို သွေးချို စစ်မယ်ဆိုရင် ဆေးခန်းမှာ၊ ဆေးဆိုင်တွေမှာ စစ်ပေးတယ် ဆိုပေမယ့် သွေးတွင်းသကြားဓာတ်တိုင်း ကိရိယာ တစ်ခုတော့ အိမ်မှာ ရှိထားသင့်ပါတယ်။ အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင် ဘာတွေများ သိထားဖို့ လိုမလဲ။ အထူးသဖြင့် ကိုယ့်မိသားစုထဲမှာ ဆီးချို ရှိသူ တစ်ယောက် ရှိနေတယ် ဆိုရင်ပေါ့။သွေးတွင်းသကြားဓာတ်အတက်အကျကို သက်ရောက်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိသလို အချိန်မရွေးလည်း ပြောင်းလဲနိုင်ပါတယ်။ အိမ်မှာ ရှိနေမှ လိုအပ်တဲ့ အချိန်တိုင်း စစ်ဆေးကြည့်လို့ ရနိုင်မယ်၊ ပုံမှန် စစ်ဆေးလို့ လွယ်ကူနိုင်ပါမယ်။ တက်နေတာလား၊ ကျနေတာလား မရေမရာ ဖြစ်နေတဲ့ အချိန်မှာ သွေးဖောက် စစ်ဆေးလိုက်တာ အကောင်းဆုံး ပါပဲ။အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင် ဒီအချက်လေးတွေကို သိထားတာက အကောင်းဆုံးပါ။သွေးဖောက်စစ်ဆေးတာကို နေ့တိုင်းလုပ်ရမှာလား၊ တစ်ပတ်နှစ်ကြိမ်လောက်လား၊ တစ်ရက်ခြားတစ်ကြိမ်လား ဆိုတာကို ကာယကံရှင်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာစတဲ့အချက်တွေကို မူတည်ပြီး ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက လိုအပ်သလိုဆုံးဖြတ်ရမှာပါ။ တစ်နေ့တာအတွင်း အများအားဖြင့် ဒီအချိန်တွေမှာ သွေးဖောက်စစ်ဆေးလေ့ရှိကြပါတယ် –။ဆီးချိုသွေးချိုစစ်မယ်ဆိုရင် glucometer လို့ခေါ်တဲ့ ကိရိယာလေးနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို အလွယ်တကူစစ်ဆေးနိုင်ပါတယ်။ သွေးစစ်မယ့်သူရဲ့လက်ထိပ်ကိုဖောက်ပြီး သွေးစက်လေးနမူနာယူ၊ ဆီးချိုသွေးချိုစစ်တံ( test strip) နဲ့ထိတို့ စစ်ဆေးရပါတယ်။သွေးချိုတိုင်းစက်က အမှတ်တံဆိပ်အမျိုးမျိုး၊ ထုတ်လုပ်တဲ့ကုမ္ပဏီအမျိုးမျိုး၊ လုပ်ဆောင်ချက်အမျိုးမျိုးနဲ့ ဈေးနှုန်းအစားစားရှိတာကြောင့် ကိုယ်နဲ့သင့်တော်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါပေမယ့် ရလဒ်မှန်ကန်ဖို့ အရေးကြီးတာကြောင့် အရည်အသွေးကောင်းပြီး တိကျတဲ့ အမျိုးအစားကိုရွေးချယ်မိဖို့လိုပါတယ်။အကောင်းဆုံးက ကိုယ်ဝယ်ထားတဲ့သွေးချိုတိုင်းစက်မှာပါတဲ့ လမ်းညွှန်ချက်အတိုင်း အသုံးပြုတာပါ။သွေးချိုတိုင်းစက်တွေရဲ့ အသုံးပြုပုံကတော့ အခြေခံအားဖြင့် တူတူပါပဲ –။ကဲ ဘယ်လောက် လွယ်လိုက်လဲ။ စက်လေးတစ်ခု ရှိတယ်ဆိုရင် သွေးစစ်တံလေးတွေပဲ ဝယ်ထားဖို့ လိုမှာပါ။ ဆေးဆိုင်မှာ သွားစစ်သလို တစ်ခါ စစ်တိုင်း ငွေမကုန်၊ အချိန် မကုန် ရတော့ဘူးပေါ့။ သုံးရတာလည်း လွယ်ပါတယ်နော်။ပုံမှန်ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ပမာဏက –။ဒီပမာဏတွေက အကြမ်းဖျင်းပဲ ဖြစ်ပြီး အသက်အရွယ်အလိုက် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/blood-glucose-testing-at-home/
အိမ်က ဆီးချိုရှိတဲ့ဘိုးဘိုးဘွားဘွားတွေ အတွက် အစားအသောက်ကို ဘယ်လိုပြင်ဆင်ပေးကြမလဲ ။ ။
ဆီးချိုဆိုတဲ့ ရောဂါက ခက်တော့အခက်သား။ ကိုယ်စားချင်တာတွေ စားလို့မရ၊ စားချင်တိုင်းလည်း မစားရတဲ့ ရောဂါတစ်ခုဆိုတော့ ဆီးချိုဖြစ်ပြီဆိုတာနဲ့ မစားရတော့ဘူးဆိုပြီး စိတ်ညစ်တာက အရင် နောက်မှ ရောဂါရှိနေကြောင်း လက်ခံကြတာထုံးစံပါ။ အားလုံးလဲသိကြမှာပါ။ ဆီးချိုရှိပြီဆိုတာနဲ့ သကြားဆိုတာကိုယ့်ရန်သူ၊ ကိုယ်အကြိုက်ဆုံး ထမင်းဆိုလည်း အဝေးလေးကနေပဲ မျှော်ပြီးကြည့်နေရတဲ့ မြင်သာမြင် မကြင်ရတော့တဲ့သူ ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆီးချိုသမားတွေ ခေါင်းထဲတွေးလေ့ရှိတာတဲ့အတွေးလေးက ဘာများဖြစ်မလဲ။ဒီတော့ ဆောင်းပါးလေးကနေ ဆီးချိုရှိနေတဲ့ သူအားလုံးအတွက် အသင့်တော်ဆုံး စားသောက်မှုပုံစံလေးတွေ အကြောင်းပြောပြပေးမှာ ဖြစ်လို့ ဖတ်ထားသင့်တယ်နော် ။ ဒါလေးတွေသိထားတော့ အိမ်မှာ ဆီးချိုရှိတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် စားစရာလေးတွေ ပြင်ဆင်ပေးလို့လည်း ရတာပေါ့။ထမင်းဖြူနဲ့ဆန်လုံးညိုဆိုရင် ဆီးချို သမားတွေ အတွက် ဆန်လုံးညိုက ပိုသင့်တော်ပါတယ်။ မနက်စာဆိုရင်တော့အုတ်ဂျုံလေးတွေ ဖျော်တိုက်တို့၊ ဘာလီဆန်ပြုတ်လေးတွေ လုပ်ပေးပါ။သရေစာပေါင်မုန့်တွေ ပြင်ဆင်ပေးတဲ့အခါမှာလည်း whole wheat bread တို့ ပေါင်မုန့်ကြမ်းတို့က ဆီးချိုရှိတဲ့သူတွေ အတွက် အသင့်တော်ဆုံးပါ။ အရေးအကြီးဆုံး တစ်ခုကတော့ အရင်တုန်းကလို ထမင်းတွေ ပေါင်မုန့်တွေကို စိတ်ရှိတိုင်း စားလို့မရတော့ဘူး။ လျှော့စားရမယ်ဆိုတာပါ။ကစီဓါတ်များတဲ့ အစားအစာတွေအများကြီး မစားမိဖို့အတွက် ပန်းကန်ရဲ့ ၅ ပုံ၃ ပုံကို အသီးအရွက်တွေပုံပါ။ ကျန်တဲ့ ၅ ပုံ၁ ပုံမှာတော့ ထမင်းနဲ့ နောက် ၅ ပုံ ၁ပုံမှာတော့ အသားတွေ ဖြည့်လိုက်ပါ။ ထမင်းစားလည်း နည်းသွားမယ် အသီးတွေ ၊ အသားတွေ ပိုစားမယ်ဆိုရင် သွေးတွင်းသကြားဓါတ်ကို ထိန်းပြီးသားလည်း ဖြစ်သလိုပရိုတင်းရဲ့အာနိသင်ကြောင့် အားမရှိသလိုမျိုးခံစားရမှာလည်း မဟုတ်ပါဘူး။အစေ့အဆန်တွေမှာပါဝင်တဲ့မပြည့်ဝဆီတွေ က နှလုံးကို အားကောင်းစေမယ့်အပြင်သွေးတွင်းအဆီဓါတ်ကိုလည်း ထိန်းညှိပေးတာကြောင့် ဆီးချိုအပြင် နောက်ထပ် ရောဂါတွေ ထပ်တိုးမလာဖို့ သူတို့က ကာကွယ်ပေးပါတယ်။ နောက်ပြီး အမျှင်ဓါတ်လည်း ကြွယ်ဝ၊ အဆာလည်းခံစေလို့ အစားအများကြီး မစားမိအောင် သူတို့က ထိန်းပေးတာကြောင့် သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းပြီးသားဖြစ်မှာပါ။ဆီးချိုလည်းရှိတော့ ဘာမှလည်း မစားရဲ၊ စားချင်ပေမယ့်လည်း ခံတွင်းမလိုက်တော့ စားလို့မကောင်းလို့ တဖြည်းဖြည်း ပိန်လှီလာတဲ့ ဘိုးဘိုးဘွားဘွားတွေ အတွက်ကိုတော့Whey ပရိုတင်းလိုမျိုး ဖြည့်စွက်အာဟာရတွေတိုက်ပေးသင့်ပါတယ်။ ပရိုတင်းဆိုတော့ ကြွက်သားတွေပြန်လည်တောင့်တင်းအောင် ကူညီပေးမယ့်အပြင် နှလုံးကြွက်သားကိုပါအားကောင်းစေတာကြောင့် နှလုံးရောဂါအတွက် စိတ်အေးရမှာနော်။ဆီးချိုရှိသူတွေမှာ အရေးကြီးတဲ့တစ်ချက်ကရေသောက်ဖို့ပါ။ရေဓါတ်ပြည့်ဝနေဖို့ကလည်းသွေးတွင်းသကြားဓါတ်ထိန်းတဲ့နေရာမှာ အရေးပါနေပါတယ်။သွေးတွင်းသကြားဓါတ်မြင့်လာတဲ့အခါ ခန္ဓါကိုယ်က ပိုလျှံနေတဲ့သကြားဓါတ်ကိုဖယ်ထုတ်ဖို့ဆီးကတဆင့် စွန့်ထုတ်ပါလိမ့်မယ်။ ဒီလိုနဲ့ ဆီးသွားတာများတဲ့အခါ ခန္ဓါကိုယ်မှာရေဓါတ်ပြန်ဖြည့်ဖို့လိုအပ်လာပါတယ်။ ဒါ့ကြောင့်ရေသောက်ခြင်းကသွေးတွင်းကသကြားဓါတ်ကို တချို့တဝက်စွန့်ထုတ်နိုင်ဖို့ အထောက်အကူပေးပါတယ်။စားသင့်တာတွေ ပြီးပြီဆိုတော့ ဘယ်လို အစားအစာတွေကို ဆီးချို သမားတွေရှောင်ရမလဲ။သကြား – အားလုံးသိတဲ့အတိုင်း သကြားနဲ့ ဆီးချိုက ရန်ဖက်တွေပါ။ ဒီတော့ သကြားပါဝင်မှုများတဲ့ အချိုကဲတဲ့ သရေစာတွေ အသီးတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မရှောင်နိုင်ရင်တော့ ပမာဏ အနည်းငယ်လောက်သာ စားပါလို့ အကြံပေးချင်ပါတယ်။ကိုလက်စထရော– အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်တွေဆီကနေရတဲ့အဆီတွေ၊ကြက်ဥအနှစ်၊အသည်းနဲ့ အခြားဝမ်းတွင်းသားတွေက ကိုလက်စထရောပါဝင်မှုများတာကြောင့် မစားသုံးသင့်ပါဘူး။ဆိုဒီယမ်– နားလည်လွယ်အောင်ပြောပြရရင် အငန်ဓါတ်ပေါ့။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ခံတွင်းတွေ့အောင်ဆိုပြီး ဆားတွေ၊ ဟင်းခတ်မှုန့်တွေ အများကြီးထည့်စားတာမျိုး မလုပ်ပါနဲ့။သွေးတိုးရောဂါဝင်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် တတ်နိုင်သမျှ အငန်ကဲတာတွေကို လျှော့စားပေးပါ။ပြည့်ဝဆီ– အဆီပါဝင်မှုများတဲ့နို့ထွက်ပစ္စည်းတွေအမဲသား၊ ဟော့ဒေါ့၊ ကြက်အူချောင်း၊ ဝက်အူချောင်း နဲ့ ဝက်ပေါင်ခြောက်လိုမျိုးတိရစ္ဆာန်ကနေရတဲ့ အဆီတွေကနေထုတ်ထားတဲ့ အစားအစာတွေမှာ ပြည့်ဝဆီတွေပါနေတတ်ပါတယ်။Trans fats –ဒီအဆီတွေကို အသင့်စား သရေစာတွေ၊ ဘီစကစ်၊ပေါင်မုန့်အဖြူ၊ ကိတ်မုန့်လိုမျိုး အစားအစာတွေ ကို အများကြီးမစားပါနဲ့။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/diabetes/
ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် ပြန် လှုပ်ရှား ကြမလဲ။
ကိုဗစ်က ပြန်ပြီး နာလန်ထလာတဲ့သူတွေကို မလှုပ်ပါနဲ့ဦး။ နားပါဦးလို့ ပြောလေ့ရှိပါတယ်။ လူနာတွေကလည်း ဘယ်အချိန်ထိ နားရမှာလဲ။ ဘာတွေ လုပ်လို့မရဘူးလဲဆိုတာကို သိချင်ကြပါတယ်။ သူတို့အနေနဲ့ အလုပ်ပြန်လုပ်ဖို့လည်း ရှိသေးတာကိုး။ဒီတော့ လူနာတွေ ဘယ်လောက်နားပြီး ဘယ်တော့လောက်ပြန် လှုပ်ရှားလို့ ရမလဲဆိုတာ ပြောပြပေးပါမယ်။ကိုဗစ်ဖြစ်ပြီးရင် မလှုပ်ပါနဲ့ဦးလို့ ပြောတာက ကိုဗစ်မှာ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်လို့ပါ။ အထူးသဖြင့် ဆေးရုံတက်ရလောက်အောင် ပြင်းထန်ခဲ့တဲ့ လူနာတွေဆို ပိုဆိုးပါတယ်။ ရောဂါဖြစ်တုန်းက အကောင်း၊ နာလန်ထချိန်ကျမှ နောက်ဆက်တွဲတွေ ဖြစ်လာပြီး ဆုံးပါးသွားတာမျိုးတွေ ရှိပါတယ်။ကိုဗစ်လူနာတွေ နာလန်ပြန်ထစမှာ တွေ့ရတတ်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေကတော့။ကိုဗစ်လူနာတွေ နာလန်ထလာရင် ပြန်ပြီး လှုပ်ရှားလို့ ရမရဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒါကြောင့်risk stratificationဆိုတာ လုပ်ရပါတယ်။ ဒီမေးခွန်းတွေကို အရင်ဖြေကြည့်ပါ။ဒီမေးခွန်းတွေမှာ ဖြစ်ခဲ့တာ ဘာမှ မရှိဘူးဆိုရင် ရောဂါလက္ခဏာတွေ ပျောက်ပြီး ၇ရက်ပြည့်မှ ပြန်လှုပ်ရှားပါမယ်။ဖြစ်ခဲ့တယ်ဆိုရင်ရော။ဒီလို ကုသမှုတွေ ပြီးပြီ၊ စိတ်ချရပြီဆိုမှ ပြန်ပြီး လှုပ်လှုပ်ရှားရှား နေသင့်ပါတယ်။၇ရက်ပြည့်ပြီ လှုပ်လို့ရပြီဆိုတာနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ Gymဆော့တာတွေ တန်းလုပ်လို့ မရပါဘူး။ နာလန်ထစ ဖြစ်တဲ့အတွက် အဆင့်လိုက် လုပ်ရမှာပါ။ အဆင့် ၅ဆင့် ရှိပါတယ်။ တစ်ဆင့်ကို ၇ရက်ကြာအောင်  လေ့ကျင့်ရပါမယ်။ပြန်ပြီး လှုပ်ရှား ဖို့ ပြင်ဆင်တဲ့ အဆင့်ပါ။ များများ နားပါမယ်။အသက်ရှူလေ့ကျင့်ခန်း၊ အကြောလျှော့တာလောက်ပဲ လုပ်ရပါမယ်။ အားမထည့်ရတဲ့ လှုပ်ရှားမျုမျိုးပဲ ဖြစ်ရပါမယ်။ ၇ရက်လောက် ဒီတိုင်းလုပ်ပေးပါ။ဒီအဆင့်မှာတော့ မြေပြင်ညီမှာ လမ်းလျှာက်တာ၊ ပေါ့ပေါ့ပါးပါးယောဂကျင့်တာ လုပ်လို့ရပါပြီ။ သက်သောင့်သက်သာ အိမ်အလုပ်တွေ၊ အပင်ပျိုးတာလေးတွေ လုပ်နိုင်ပါပြီ။ အားသိပ်မထည့်ရတဲ့ အလုပ်မျိုးသာ ဖြစ်ပါစေ။ တစ်နေ့ကို ၁၀-၁၅မိနစ်လောက် တိုးလုပ်ပါ။ ၇ရက်လောက် လုပ်ပေးပါ။အားနည်းနည်းထည့်ရတဲ့ အေရိုးဗစ်လို လေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါပြီ။ စစချင်းမှာ ၅မိနစ်လုပ် နား၊ ၅မိနစ်ထပ်လုပ်ပါ။ နောက်ရက်တွေ တဖြည်းဖြည်း တိုးလုပ်သွားပါ။ တစ်ပတ်လောက်နေရင် နားနားပြီး နာရီဝက်လောက် လုပ်နိုင်ပါပြီ။ အားလုံးပြီးလို့ ၁နာရီလောက် နားလိုက်ရင် ပုံမှန်အခြေအနေကို ပြန်ရောက်သွားရပါမယ်။အားနည်းနည်း ထည့်ရတဲ့ အေရိုးဗစ်၊ ကြွက်သားလေ့ကျင့်ခန်းတွေ စနိုင်ပါပြီ။ ၂ရက်လုပ် ၁ရက်နား စနစ်နဲ့ သွားပါ။ ၁ပတ်လောက် လုပ်ကြည့်ပါ။ အမောခံနိုင်လား စောင့်ကြည့်ပါ။အဆင့် ၄အဆင်ပြေတယ်ဆို အဆင့် ၅ ကူးရအောင်။ ကိုယ်အရင်လုပ်နေကြ လေ့ကျင့်ခန်းတွေ လုပ်လို့ရပါပြီ။ ဖြည်းဖြည်းချင်း တိုးလုပ်သွားပေးပါ။ ပုံမှန်ဖြစ်သွားပါပြီ။လေ့ကျင့်ခန်း လုပ်တာ မဟုတ်ဘဲ ပြင်ပ အလုပ်လုပ်တဲ့သူတွေ၊ အထူးသဖြင့် ကိုယ်အား သုံးပြီး လုပ်တဲ့ သူတွေ (ဥပမာ ဆိုက်ကားဆရာ၊ ရေသန့်ရောင်းသူ) က ကိုယ်အလုပ်က ဘယ်အဆင့်နဲ့ ကိုက်ညီလဲဆိုတာ ကြည့်ပါ။ ချိန်ညှိပြီး လုပ်ပါ။တစ်ဆင့်ကို ၇ရက်ဆီ သတ်မှတ်ထားတယ်ဆိုပေမယ့် လူတိုင်းက တစ်ဆင့်ပြီး တစ်ဆင့် ချောချောမွေ့မွေ့ ရောက်ချင်မှ ရောက်မှာပါ။လူနာအနေနဲ့ ကိုဗစ်ဖြစ်ပြီးလို့ ပြန် လှုပ်ရှား တဲ့အခါမှာ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/streunous-activity-after-covid/
ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ
မေမေ တစ်ယောက်ဖြစ်ရတဲ့ အခိုက်အတန့်က အမျိုးသမီးတိုင်းအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ပီတိအဖြစ်ရဆုံး အခိုက်အတန့်ပါ။ ဘေဘီလေးကို လွယ်ထားရပြီလို့ စသိချိန်ကတည်းက ဘေဘီလေးကို ထိခိုက်မှု ကင်းစေဖို့၊ ကျန်းကျန်းမာမာနဲ့ လူ့လောကထဲကို ရောက်ရှိခေါ်ဆောင်နိုင်ဖို့ ဆိုပြီး အစစအရာရာကို နည်းနည်းမှ အလွဲမခံ စောင့်ရှောက်ကြတာကို မလုပ်တဲ့ မေမေရယ်လို့ မရှိပါဘူး။ဒါပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်မိပြီးဘေဘီလေးကို သေချာလေး ပျိုးထောင်ဦးဆောင်ပေးမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစစိုက်ဖို့ကိုတော့ မေမေတိုင်းက မေ့နေတတ်ကြပါတယ်။ ဘေဘီလေးကို ဗိုက်ထဲ လွယ်ထားစဉ်ကတော့ ဘေဘီလေးကို ထိခိုက်မှာစိုးတဲ့ စိတ်နဲ့ဂရုစိုက်တာက ကိုယ့်ကိုယ်ကိုယ် အပေါ်မှာပါ သက်ရောက်မှု ရှိနေပေမယ့်ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်ရင်း ကိုယ်တိုင်ကို ဂရုမစိုက်မိတဲ့ မေမေတွေ အများကြီးပါ။တကယ်ကတော့ မေမေ ကျန်းမာမှ ဘေဘီလေးကကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်မှာပါ။ ဒါကြောင့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာလည်းမေမေတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေချာလေး ဂရုစိုက်ဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့ မေမေတို့ အနေနဲ့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာလေးကို ပြောပြပေးသွားပါမယ်။ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် အခုလိုလေးတွေ ဂရုစိုက်ပေးပါနော်။ဘေဘီလေးကို မွေးဖွားရတာက ခက်ခဲတဲ့ အလုပ်ပါ။ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ခဲခဲ့သလို သက်သောင့်သက်သာ မရှိတဲ့ အခိုက်အတန့်တွေကို တွေ့ကြုံကျော်ဖြတ်ခဲ့ရတာပါ။ဒါကြောင့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာခန္ဓာကိုယ်ကျန်းမာပြီး အင်အားပြည့်စေဖို့ ကောင်းကောင်းအိပ်စက် အနားယူပါ။ တတ်နိုင်သမျှ များများ အနားယူပေးဖို့ မမေ့ပါနဲ့။ဘေဘီလေးကို မမွေးဖွားခင် ကိုယ်ဝန်ဆောင်ချိန်မှာ အလေးအပင် မမရသလို ဘေဘီလေးကို မွေးဖွားပြီးချိန်မှာလည်း ခန္ဓာကိုယ်က အားနည်းနေသေးတာကြောင့် ဘေဘီလေးကို ချီတာကလွဲလို့ အခြားသော အလေးအပင်တွေ မတာမျိုးကို မလုပ်ပါနဲ့။ခွဲမွေးထားတဲ့ မေမေတွေဆို ပိုသတိထားရပါတယ်။အလေးအပင် မတာကချုပ်ရိုးကိုထိခိုက်စေနိုင်လို့ပါ။ဘေဘီလေးကို မွေးဖွားပြီး ပထမ ရက်သတ္တပတ် အတွင်းမှာ ခဏခဏ လှေကား အတက်အဆင်း လုပ်တာမျိုးတွေ မလုပ်ပါနဲ့။ အရမ်းလမ်းလျှောက်တာမျိုးလည်း မလုပ်ပါနဲ့။ လှေကားတက်တာ၊ လှုပ်ရှားမှု များတာက မေမေတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရက်ပိုင်းလောက်နားပြီးမှ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားပါ၊၊။ခန္ဓာကိုယ်က ပြန်လည် အားပြည့်ဖို့ အရှိန်ယူနေချိန်မှာ အားအင်ပြည့်ဝစေဖို့နဲ့ ချုပ်ရိုး ကျက်စေဖို့ ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ပေးပါ။ ရေသောက်တဲ့နေရာမှာလည်း သန့်ရှင်းတဲ့ ရေကို သောက်မိဖို့ လိုပါမယ်။ကလေးမွေးဖွားပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကို ပြည့်မီစေဖို့အတွက် တစ်နေ့ကို ရေ ၈ခွက် သောက်ပေးပါ။ကိုယ်ဝန်ဆောင်ချိန်မှာလိုပဲ ဘေဘီလေး မွေးဖွားပြီးချိန်မှာလည်း အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ ခန္ဓာကိုယ်ကို အင်အားပြည့်ပြီး ကျန်းမာစေဖို့ရော ဘေဘီလေးအတွက် နို့ချို ထွက်ရှိစေဖို့ပါ လုံလောက်တဲ့ အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့ လိုပါမယ်။အသား၊ ငါး၊ ဥအမျိုးမျိုး၊ အသီးအရွက်နဲ့ သစ်သီးတွေကို စားပေးဖို့ လိုပါမယ်။ကလေးမွေးဖွားပြီးချိန်မှာ ခန္ဓာကိုယ်မှာ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဒီလို နာကျင်မှုတွေ ခံစားလာရတဲ့အခါ အမှုအမှတ်မဲ့ မထားဘဲ သက်သာအောင် သေချာလေး ဂရုစိုက်ပေးပါ။ဘေဘီလေးကို မီးဖွားပြီးချိန်မှာ နာကျင်မှုကို ခံစားရတာက ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် နာကျင်မှုကို ခံစားရတဲ့ အချိန်အတိုင်းအတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။ကလေးမွေးဖွားပြီးချိန်မှာ ဒီလို နာကျင်မှုတွေ ခံစားရတာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် သက်သာအောင်တော့ ဂရုစိုက်ဖို့ လိုပါမယ်။အခုပြောခဲ့တာတွေက ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်မှုတွေပါ။ တကယ်လို့ အခုလို လက္ခဏာတွေ ခံစားရမယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ကဲ …… လေဒီလေးတို့ရေ ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် အခုလိုလေး ဂရုစိုက်ပါ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/postpartum-selfcare-tips/
ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား
ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်ခုခု စားခါနီးတိုင်း ဗိုက်ထဲကဘေဘီလေးကို ထိခိုက်စေမလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားချင်လိုက်တာဖြစ်ပြီးတည်သီးစားလို့ရပါ့မလားဆိုပြီး တွေးပူနေတဲ့မေမေတို့အတွက် ဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါ့မယ်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားလို့ရပါတယ်။ သိပ်တော့ မများစေနဲ့နော် မေမေရေ။ ကိုယ်ဝန်ဆောင်ချိန်မှာသစ်သီးတွေကို အတန်အသင့် စားပေးတာက မေမေရော ဘေဘီလေးပါ ကျန်းမာစေပါတယ်။တည်သီးက မေမေ ကျန်းမာစေဖို့ရော ဘေဘီလေးအာဟာရပြည့်ဝစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီးစားပေးတာက။တည်သီးမှာ ကယ်လ်ဆီယမ် နဲ့ phosphorus တို့လိုမျိုး သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားတာက ဘေဘီလေးရဲ့အရိုးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေပါတယ်။  တည်သီးက ဘေဘီလေးရဲ့အာရုံကြောစနစ်ကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေပါတယ်။တည်သီးမှာသံဓာတ်ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်တာ၊ မူးဝေတာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။တည်သီးက ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ တည်သီးမှာဗီတာမင် Aနဲ့ ကာရိုတီးနွိုက်ပါဝင်နေတာကြောင့် ဘေဘီလေးကိုအမြင်အာရုံကောင်းမွန်စေသလို နှလုံးကြွက်သားကိုလည်း သန်မာစေပါတယ်။ ဗီတာမင် C ပါဝင်မှုက ကိုယ်ခံအားကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါသေးတယ်။တည်သီးကသွေးတိုးရောဂါရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် တည်သီးက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ သွေးမတိုးစေဖို့လည်း ကာကွယ်ပေးပါတယ်။တည်သီးမှာဗီတာမင် Cပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေသလို စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဓာတ်ကျတာ၊ ညအိပ်မပျော်တာတွေ မဖြစ်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။တည်သီးက အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့်ကိုယ်ဝန်ဆောင်ဆီးချိုမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။တည်သီးက ဘေဘီလေးကိုတင် နှလုံး အကောင်းဆုံး ဖွံ့ဖြိုးစေတာ မဟုတ်ဘဲ။ မေမေရဲ့ နှလုံးသွေးကြောစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ဒါပေမယ့် တစ်ခုသတိထားရမှာက တည်သီးက အစာကြေခဲပါတယ်။ ဒါကြောင့် စားတဲ့ ပမာဏ မများပါစေနဲ့။ မှည့်မှစားပါ။ အခွံခွာစားပါ။ ဒါဆို အစာမကြေတာ အဖြစ်နည်းသွားမှာပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/pregnant-mom-can-eat-permison/
ဘက်လိုက်တတ်တဲ့မိဘကြောင့် ကလေးဘဝ ဘယ်လိုပြောင်းလဲသွားနိုင်လဲ
မိဘမှန်ရင် သားသမီးတိုင်းကို ညီတူမျှတူချစ်တယ် ဆိုပေမယ့် သားသမီးတွေကတော့ ဒီလိုမြင်ချင်မှ မြင်မှာပါ။ကလေးအရွယ်ဆိုတာ သေချာလည်း စဉ်းစားတတ်သေးတာ မဟုတ်တော့ သူတို့မြင်တဲ့အရာကိုပဲ စိတ်ထဲမှာ စွဲနေရင်းနဲ့ ငယ်စဉ်ကတည်းကစိတ်ဝေဒနာတစ်ခုလို ဖြစ်သွားမယ်။ ဒီလိုဖြစ်နေတာကို ဘယ်သူ့မှ ဖွင့်မပြောဘဲ တစ်ယောက်တည်းမြိုသိပ်လိုက်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စိတ်ကျန်းမာရေးပြဿနာတွေအပြင် မူးယစ်ဆေးဝါး၊ အရက်တွေကို အလွန်အကျွံသုံးစွဲတာ၊ ပညာရေးမှာ ထိခိုက်လာတာ၊ အိမ်တွင်းရေးနဲ့ ပတ်သက်လာရင်လည်း မိဘတွေအပေါ်သံယောဇဉ်နည်းသွားတာ၊ နာကျည်းစိတ်၊ သိမ်ငယ်စိတ်၊အထီးကျန်စိတ်ေတွ ပိုပြီးဖြစ်လာနိုင်ပါတယ်။မိဘတော်တော်များများကတော့ ကိုယ့်ရဲ့ သားသမီးတိုင်းကို တူညီစွာ ချစ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့မိဘတွေအနေနဲ့ကတော့ ချွင်းချက်ပေါ့။ ဥပမာပြောရရင် ယောက်ျားလေးလိုချင်တဲ့ မိဘတွေက ကိုယ့်ကလေးတွေထဲမှာ ယောက်ျားလေးတွေကိုပဲ ဦးစားပေးဂရုစိုက်တာမျိုးပေါ့။ မိန်းကလေးတွေကို မချစ်တာမဟုတ်ပေမယ့် သူတို့ထက်စာရင် ယောက်ျားလေးတွေကို ပိုပြီး ဂရုစိုက်တဲ့ အပြုအမူတွေက ဘက်လိုက်သလို ဖြစ်နေတာပေါ့။ပိုပြီးဂရုစိုက်ခံရတဲ့ ကလေးအနေနဲ့ မေတ္တာတွေနဲ့ ပြည့်နှက်နေသလောက် ကျန်တဲ့ကလေးအတွက်ကတော့ အမြဲတမ်း သိမ်ငယ်စိတ်က စိတ်ထဲမှာ ရှိနေမှာပါ။ “ငါ့မိဘတွေက သူ့ကိုပဲ ချစ်တာ၊ ငါ့ကိုတော့ မချစ်လောက်ဘူး၊ ငါ့ကို ဂရုမစိုက်ဘူး” အစရှိတဲ့ အတွေးတွေက ငယ်ငယ်ရွယ်ရွယ်ထဲက ဝင်လာတော့မှာပါ။အဆိုးဆုံးကတော့ ဒီလိုခံစားရတဲ့ ကလေးအများစုက ကိုယ့်စိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာကို မိဘတွေကိုရော၊ ဘယ်သူ့ကိုမှ ဖွင့်မပြောပြတာပါပဲ။ မကောင်းတဲ့ အတွေးတွေဟာ စိတ်ကို အဆိပ်သင့်စေတယ်။ စိတ်ဝေဒနာဖြစ်စေတယ်။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကြီးလာတဲ့ ကလေးဘဝဟာ တခြားကလေးတွေလောက်ပျော်ရွှင်မှုကို ခံစားနိုင်မှာမဟုတ်သလို စိတ်ကျန်းမာရေးဟာလည်း ပိုပိုပြီး ဆိုးလာဖို့ပဲ ရှိပါတော့တယ်။နှိုင်းယှဉ်ခံရတဲ့ ခံစားချက်ကို ကလေးမှ မဟုတ်ပါဘူး။ လူကြီးတွေကိုယ်တိုင်လည်း ကြိုက်ကြမယ်မထင်ပါဘူး။ လူကြီးမိဘတွေ လုပ်တတ်ကြတဲ့ အမှားက ပိုကြိုးစားစေချင်တဲ့စိတ်နဲ့ ကိုယ့်ကလေးကို သူများနဲ့ နှိုင်းယှဉ်တာပါ။ ကလေးဆိုတာက သူတို့မှားနေရင်တောင် ချစ်တဲ့မိဘတွေက အနောက်ကနေ မားမားမတ်မတ်ရပ်တည်ပေးတာပဲ လိုချင်ကြတာပါ။ ကလေးအချင်းချင်း နှိုင်းယှဉ်တဲ့အခါ အယှဉ်ခံရတဲ့ ကလေးအတွက် ကြိုးစားချင်စိတ်တောင် ပိုနည်းသွားနိုင်ပြီး ပိုပြီးအထီးကျန်စိတ်၊သိမ်ငယ်စိတ်ေတွ ဝင်လာနိုင်ပါတယ်။ လောကမှာ ကိုယ်ချစ်ရတဲ့မိဘတွေက ကိုယ့်ကို တခြားသူနဲ့ နှိုင်းယှဉ်ပြီး ညံ့ကြောင်း၊ အသုံးမကျကြောင်း ဘက်လိုက်ပြောတာ ကလေးတစ်ယောက်အတွက်တော့ စိတ်ဒဏ်ရာကြီးကြီးမားမား ရစေတဲ့ ကိစ္စတစ်ခုပါပဲ။ဒါကြောင့် ကိုယ့်ကလေးကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။ အတန်းထဲမှာ နံပါတ် ၁ ရဖို့ဆိုတာထက် ကလေးရဲ့ အနာဂတ်မှာ ပျော်ရွှင်သာယာဖို့၊ ကျန်းမာပြီးစိတ်ဓါတ်ကြံ့ခိုင်တဲ့ လူသားတစ်ယောက်အဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ဖို့ကိုပဲ အဓိက ဦးစားပေးသင့်ပါတယ်။ကိုယ်လုပ်လိုက်တဲ့ အပြုအမူတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။ အထူးသဖြင့် ကလေးတွေဆိုတာမိဘေတွကို အမြဲစောင့်ကြည့်ပြီး လေ့လာသင်ယူနေတဲ့ အရွယ်ဖြစ်တာကြောင့် ကိုယ်က ဘာရယ်မဟုတ် လုပ်လိုက်တဲ့ အပြုအမူတွေဟာ သူတို့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲသွားစေဖို့ ဖြစ်လာနိုင်ပါတယ်။ဗိုက်တစ်လုံးထဲကနေ ထွက်တဲ့ ညီအစ်ကို မောင်နှမတောင် စိတ်ဓါတ်ချင်း၊ တွေးခေါ်ပုံချင်း၊ အမြင်ချင်း မတူကြပါဘူး။ မိဘအနေနဲ့ ကိုယ်မွေးထားတဲ့ ကလေးတစ်ဦးချင်းစီက ဘယ်လိုအမူအကျင့်တွေ ရှိလဲ၊ ဘယ်လိုအရာတွေကို သဘောကျလဲ၊ သူတို့နဲ့ လိုက်ဖက်ညီအောင် ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဒါတွေကို သိထားမှပဲ ကိုယ့်ကလေးတွေအတွက် သက်တောင့်သက်သာဖြစ်ပြီး မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်လေးဖြစ်နေမှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%98%e1%80%80%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%99%e1%80%ad%e1%80%98%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
ကိုယ့်ရင်သွေးလေးမှာ ဒီ ၆ ချက်ထဲက တစ်ခုခုတွေ့ရပြီဆိုတာနဲ့ ဆရာဝန်ဆီတန်းပြေးတော့နော် ။ ။
ရင်သွေးလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ဂရုစိုက်ဖို့ဆိုတာ မေမေတို့အတွက် တကယ်ကို ကြီးလေးတဲ့ တာဝန်တစ်ခုပါ။ မွေးကင်းစကလေးဆိုတာ စကားလည်း မပြောတတ် ဘာဖြစ်နေတယ် ဘယ်လိုခံစားနေရတယ်ဆိုတဲ့အကြောင်း သေချာလည်း မပြတတ်ကြတော့ ကိုယ့်ကလေးကို အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်နေရတာပေါ့။ ဒီထဲကမှ ခုပြောပြမယ့် ၆ ချက်ထဲက တစ်ချက်ချက် သင့်ကလေးဆီမှာ ရှိနေလို့ကတော့ ဆရာဝန်ဆီ တန်းပြေးတော့နော် ။ ။ကလေးနှုတ်ခမ်း ဒါမှမဟုတ် ခံတွင်းထဲကပါးစောင်တို့ လျှာတို့မှာ ရှိသ့င်တဲ့ ပန်းရောင်မရှိဘဲ အပြာရောင်သန်းနေပြီဆိုရင်တော့ ဒါ သင့်ကလေး အောက်ဆီဂျင် အလုံအလောက် မရဘူးဆိုတာ ပြောပြနေတဲ့ သဘောပါ။ ဆေးပညာအရဆို cyanosis ( အောက်ဆီဂျင်လုံလောက်စွာ မရလို့ ပြာနှမ်းခြင်း ) လို့ခေါ်ပါတယ်။ ဒီလို အခြေအနေ သင့်ကလေးဆီမှာ ဖြစ်နေပြီဆိုရင်တော့ အရေးပေါ်ဖြစ်လို့ ဆေးခန်းဆေးရုံသာ မြန်မြန်ပြေးပါတော့။ကလေးတိုင်းရဲ့အသက်ရှူနှုန်းကတော့ မြန်နေတတ်တယ်ဆိုပေမယ့် ရှိသင့်တဲ့ ပမာဏထက်ပိုပြီး ရင်ဘတ်ကြွက်သားတွေကို အားယူ နှာခေါင်းလေးပွချီရှုံ့ချီ ရှိုက်ရှူနေရပြီဆိုရင်တော့ သင့်ကလေးရဲ့ အသက်ရှူလမ်းကြောင်းမှာတစ်ခုခု ဖြစ်နေပါပြီ။ ဒီအတိုင်းပေါ့ဆနေလိုက်မယ်ဆိုရင် သင့်ကလေး အသက်ရှူရခက်ပြီးအောက်ဆီဂျင်ပြတ်သွားတတ်ပါတယ်။သင့်ကလေးက အသက်၃ လအောက်လေးပဲရှိသေးတယ်ကိုယ်တွေပူချစ်နေပြီး တိုင်းလိုက်တဲ့အခါစအိုတွင်းအပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ထက်ကျော်နေပြီဆိုရင်တော့ ကလေးဆရာဝန်ဆီသာ မြန်မြန်ပေးပါတော့။ မွေးကင်းစကလေးတစ်ယောက်မှာ အဖျားကြီးခြင်းကိုဖြစ်စေတဲ ့အကြောင်းအရာတွေကများလွန်းပါတယ်။ ရိုးရိုးတုပ်ကွေး အအေးမိတာကနေ အပြင်းထန်ဆုံးဖြစ်တဲ့ဦးနှောက်အမြှေးပါးရောင်တာ စတဲ့ ဘာမဆိုဖြစ်နိုင်တာကြောင့် ကလေးတွေ အပြင်းဖျားရင် မေမေတို့ဘက်က သေချာ ဂရုစိုက်ပေးဖို့လိုပါတယ်။မွေးကင်းစကလေးတိုင်း အသားဝါတာမျိုး ဖြစ်တတ်ပေမယ့် မွေးကင်းစကထက် တစ်နေ့တစ်ခြား အသားဝါဝါလာတဲ့အခါ စိုးရိမ်ရတတ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ အသည်းကောင်းကောင်း အလုပ်မလုပ်သေးတာကြောင့် အသားဝါခြင်းကိုဖြစ်စေတဲ့ bilirubin တွေ ကိုယ်တွင်းမှာ စုလာလို့ ဖြစ်ရတာပါ။ ပေါ့ပေါ့ဆဆနေလိုက်ရင်bilirubinတွေ ဦးနှောက်ထဲ ရောက်သွားပြီး ကလေးဉာဏ်ရည်ကို ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးမှာ ဒီလို အသားဝါတာမျိုးရှိနေပြီဆိုရင် ဆရာဝန်ဆီသွားပြပါ။ဆေးရုံမှာ မီးပြတဲ့ ဖန်ပေါင်းချောင်ထဲ ထည့်ထားပြီး ကုသတာမျိုး ( ဒါမှမဟုတ် ) သွေးလဲပေးတဲ့ ကုသမှုမျိုးတွေ ခံယူရတတ်ပါတယ်။ ဒါ့အပြင် များနေတဲ့ bilirubin တွေ ဝမ်းထဲကနေ ပါသွားစေဖို့ ကလေးကို အစားများများကျွေးဖို့လည်း လိုပါတယ်။ကလေး ဝမ်းလျှောလို့ပဲဖြစ်ဖြစ် ၊ ပျို့အန်တာတွေ များတဲ့အခါမှာပဲဖြစ်ဖြစ် ကလေးမှာ ရေဓါတ်ခမ်းခြောက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ နှုတ်ခမ်းခြောက်တာ၊ မျက်တွင်းချိုင့်နေတာနဲ့ ကလေးက ရေအငမ်းမရသောက်တာနဲ့ တစ်ချိန်လုံး ဂျီကျတာတွေ ဖြစ်ပါတယ်။ဒါမျိုးသင့်ကလေးမှာ ဖြစ်နေပြီဆိုရင်တော့ ဓါတ်ဆားရည်တွေ အိမ်မှာပဲ တိုက်မနေသင့်တော့ဘဲ ဆရာဝန်ဆီသွားပြဖို့ လိုနေပါပြီ။ လိုအပ်ရင် လိုင်းချိတ်တာမျိုးတွေ လုပ်ရမှာဖြစ်လို့ပါ။ အရေးကြီးတာနောက်တစ်ခုကတော့ကလေးကို ဓါတ်ဆားရည်များများဝင်အောင်တိုက်ဖို့ နို့တိုက်ဖို့ ပဲ ဖြစ်ပါတယ်။မွေးကင်းစ ဘေဘီလေးတွေ နို့သောက်ရင်းနဲ့လည်းအန်တတ်ကြပါတယ်။ ဒါပေမယ့် အန်တဲ့ အရောင်က အဖြူရောင်ပဲဖြစ်နေသင့်တာပါ။ ဒါကို အန်တဲ့အခါ ကော်ဖီလိုမျိုးအရောင်တွေ ထွက်နေပြီဆိုရင် သင့်ကလေးမှာ သွေးယိုတဲ့ ရောဂါတွေ ဖြစ်တဲ့ ေသွးလွန်တုပ်ကွေးြဖစ်နေပြီဆိုတာကို ပြောချင်တာပါ။ နောက်တစ်ခုက သင့်ကလေး အစိမ်းရောင်ရည်တွေ အန်တဲ့အခါ မှာတော့ အူပိတ်ရာကနေ bile လို့ခေါ်တဲ့ အစိမ်းရောင် သည်းခြေရည် တွေ အပေါ်ကို ပြန်ဆက်တက်လာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်မိတဲ့ အခါမှာလည်းပျို့အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အန်တယ်ဆိုတည်းက မကောင်းတဲ့အတွက်ကြောင့် မပေါဆဘဲ အကြောင်းအရင်းကို သေချာသိဖို့ ဆေးခန်းသွားတာ အကောင်းဆုံးပါ။ကဲ ခုပြောပြတဲ့အချက် ၆ ချက်ထဲက တစ်ချက်လောက် သင့်ကလေးမှာ ရှိနေပြီဆိုတာနဲ့ လုံးဝကို မပေါ့ဆဘဲ ဆေးခန်းသွားတာ အကောင်းဆုံးပါ ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-signs/
ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိအနီးမှုန်ခြင်း
အဝေးမှာရှိတဲ့ အရာဝတ္ထုတွေကို ကြည်လင်ပြတ်သားစွာ မြင်ရပေမယ့် အနီးအနားမှာ ရှိတဲ့အရာတွေကို သေချာကြည့်လို့ မရတာ၊ မမြင်ရတာ၊ အမြင်မှုန်ဝါးနေတဲ့ ပြဿနာကိုအနီးမှုန်ြခင်း (Farsightedness) လို့ ခေါ်ပါတယ်။ အနီးမှုန်တဲ့ ကလေးတွေမှာ ကျောက်သင်ပုန်းပေါ်မှာ ရှိတဲ့ စာကို သေချာဖတ်လို့ မရတာ၊ စာမမြင်ရတဲ့အတွက်ပညာရေးမှာ လွတ်ဟင်းသွားတာ၊ သေချာအာရုံစိုက်လို့မရတာတွေ ဖြစ်နိုင်ပါတယ်။အဝေးမှုန်တာနဲ့ မတူဘဲ များသောအားဖြင့် မွေးကတည်းက ဒီလိုအမြင်အာရုံချို့ယွင်းတဲ့ ပြဿနာတွေ ရှိနေတတ်ပါတယ်။ မိဘမျိုးရိုးလိုက်ပြီး မျက်စိအနီးမှုန်တာလည်း ရှိသလို ကြီးလာမှ မျက်စိမှုန်တဲ့ သူတွေလည်း ရှိပါတယ်။၁။ ကိုယ့်အနားမှာ ရှိနေတဲ့ အရာဝတ္ထုတွေကို ကွဲကွဲပြားပြား မမြင်ရတာ။၂။ အနားမှာ ရှိတဲ့ အရာတွေကို ကြည့်ဖို့ မျက်စိအားစိုက်ရတာ။၃။မျက်စိပူတာ၊ မျက်ရိုးကိုက်တာ၊ မျက်စိပတ်ပတ်လည်မှာ အကြောတက်သလို ကိုက်ခဲနေတာ။၄။ စာဖတ်တာ၊ စာရေးတာ၊ ပုံဆွဲတာ ကြာသွားရင် မျက်စိက အရမ်းညောင်းပြီး ကိုက်နေတာ၊ ခေါင်းကိုက်လာတာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။အနီးမှုန်တဲ့ ပြဿနာက လူကြီးတွေမှာ ဖြစ်တာဆိုရင် အမြင်အာရုံချို့ယွင်းတာ တစ်မျိုးတည်းမဟုတ်ဘဲ တခြားမျက်စိနဲ့ သက်ဆိုင်တဲ့ရောဂါတွေကိုပါ စစ်ဆေးဖို့ လိုအပ်လာပါပြီ။ အကောင်းဆုံးကတော့ အသက် ၄၀ အရွယ်မှာ မျက်စိအမြင်အာရုံနဲ့ ရောဂါတွေ ရှိ၊ မရှိကို ဆေးခန်းမှာ သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ပုံမှန် ၂နှစ် တစ်ခါလောက် မျက်စိအမြင်အာရုံကို စမ်းသပ်စစ်ဆေးကြည့်မှ ကိုယ့်ရဲ့ အခြေအနေကို ဆရာဝန်က သေချာဆုံးဖြတ်ပေးပြီး လိုအပ်တဲ့ ဆေးကုသမှုတွေကို စောစီးစွာ လုပ်ဖို့ အကြံပေးနိုင်မှာပါ။ကျောင်းနေအရွယ် ကလေးတွေမှာ အမြင်အာရုံချို့ယွင်းတဲ့ကိစ္စက ကျောင်းစာမှာ ထိခိုက်ရုံသာမက တခြားသော လူမှုရေးပိုင်းမှာ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ဒီပြဿနာကြောင့် အတန်းထဲက ကလေးတွေ လှောင်ပြောင်ကြတာ၊အနိုင်ကျင့်တာအပြင် ကိုယ့်ရဲ့ အခြေအနေကို စိတ်အားငယ်မှုတွေ၊ သိမ်ငယ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးမှာ မျက်စိမှုန်နေတဲ့၊ မျက်စိကို အားစိုက်ပြီး ကြည့်နေရတဲ့ အမူအရာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ဒီပြဿနာက စောစောသိလေ ကလေးအတွက်လည်း ပိုပြီးကောင်းလေပါပဲ။ အစောဆုံးအနေနဲ့ အသက် ၆လအရွယ်မှာ ပထမအကြိမ်၊ ၃နှစ်အရွယ်မှာ ဒုတိယအကြိမ် စစ်ဆေးသင့်ပါတယ်။ ကျောင်းမတက်ခင်နဲ့ ကျောင်းတက်ြပီးနောက်ပိုင်း ၂နှစ်ခြား တစ်ခါ စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။အမြင်အာရုံ ချို့ယွင်းခြင်းဟာ ကလေးရဲ့ စာသင်ကြားရေး၊ နေ့စဉ်လူမှုရေးနဲ့ နေထိုင်မှုဘဝပုံစံကိုပါ ထိခိုက်စေနိုင်ပါတယ်။ စာကို ကောင်းကောင်းမမြင်ရတဲ့အခါ ကျောင်းစာတွေ လွတ်သွားမယ်။ စာဖတ်ရဖို့ အရမ်းအာရုံစိုက်ရတော့ မျက်စိက ပိုပြီးကိုက်ခဲလာမယ်။ အာရုံကြောတွေ အားနည်းလာမယ်။ မျက်စိမှုန်နေတဲ့အတွက် ခလုတ်တိုက်တာ၊ ကားလမ်းကူးတဲ့အခါ အန္တရာယ်၊ မတော်တဆမှုတွေနဲ့ ကြုံလာနိုင်တယ်။ မိဘတွေအတွက်လည်း သားသမီးအခြေအနေကို ကြည့်ပြီး အမြဲရင်တထိတ်ထိတ်နဲ့ စိုးရိမ်ပူပန်နေရမှာပါ။ကိုယ့်ရဲ့ ကလေးမှာ အမြင်အာရုံချို့ယွင်းတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ လိုအပ်မယ်ဆိုရင် ကလေးရဲ့ မျက်စိပါဝါကို သေချာစမ်းပြီးမှ ပါဝါ ပါတဲ့ မျက်မှန်၊ မျက်ကပ်မှန်တွေ တပ်ပေးပါ။ မျက်စိဆရာဝန်ထံ တစ်နှစ်တစ်ကြိမ်လောက် ပုံမှန်ပြသပြီး မျက်စိစစ်ဆေးမှု ပြုလုပ်ပေးပါ။ အမြင်အာရုံအတွက် ဗီတာမင် အေ ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ များများကျွေးပေးပါ။ကလေးကိုဖုန်းအကြာကြီးပေးသုံးတာ၊ တီဗီအကြာကြီး ကြည့်ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။ လျှပ်စစ်ပစ္စည်းက ထွက်လာတဲ့ ဓါတ်ရောင်ခြည်တွေဟာ ကလေးရဲ့ မျက်လုံးကို ထိခိုက်စေနိုင်ပြီး မျက်စိပါဝါကို ပိုတက်စေနိုင်တာကြောင့်ပါ။ အချိန်အကြာကြီး မျက်စိအလုပ်လုပ်ပြီးတိုင်း နာရီဝက်လောက် မျက်စိအနားပေးဖို့၊ ရေများများသောက်ဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ မိဘတွေအနေနဲ့ သေချာဂရုစိုက်ပေးသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2/
Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ
Heart Attack ဖြစ်ခြင်းဟာ အသက်အန္တရာယ်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Heart Attack ဖြစ်ခဲ့မယ်ဆိုရင် နှလုံးထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါလိမ့်မယ်။ ဒါဆို Heart Attack မဖြစ်စေဖို့ ဘာလုပ်ကြမလဲ။နှလုံးရောဂါဟာ အမေရိကမှာ နံပါတ် ၁ အဆိုးရွားဆုံးကျန်းမာရေးပြဿနာဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာလည်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ရောဂါဆိုးပါ။ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေရဲ့ အများစုဟာHeart Attackကြောင့်ပါ။မိမိမှာ နှလုံးရောဂါအခံရှိနေတာ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပြသလာနေပြီဆိုရင် အခြေအနေတွေ ရှေ့ဆက်တိုးပြီး မဆိုးရွားလာဖို့ တားဆီးဖို့ လိုအပ်လာပါပြီ။Heart Attack ဖြစ်မလာအောင် အကောင်းဆုံးတားဆီးရမယ့်နည်းလမ်းကတော့လူနေမှုပုံစံကို ပြောင်းလဲလိုက်ပြီး ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဖြတ်လိုက်တာကောင်းပါတယ်။နှလုံးရောဂါရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆေးလိပ်မသောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်အောင် အစာအာဟာရကို မှီဝဲပေးတာက Heart Attack မဖြစ်ဖို့ တားဆီးရာမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အထူးသဖြင့် သွေးတွင်းကိုလက်စထရော မများအောင်၊ သွေးမတိုးအောင်၊ကိုယ်အလေးချိန်မများအောင် သေချာဂရုစိုက်စားသုံးဖို့ လိုပါတယ်။သွေးတွင်းမှာ ကိုလက်စထရောများမနေအောင် ဂရုစိုက်ရပါမယ်။ သွေးထဲမှာ ကိုလက်စထရောတွေများပြီး အဆီတွေပြည့်လာရင် သွေးကြောတွေကျဉ်းမြောင်းလာပြီး နှလုံးကိုထိခိုက်စေမှာပါ။သွေးဖိအားများတာက နှလုံးဝေဒနာရှင်တွေအတွက် ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့်သွေးဖိအားကိုလည်း မပြတ်စစ်ဆေးနေဖို့လိုမှာပါ။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကို လျှော့ချကျစေရုံတင်မဟုတ်ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။ကိုယ်အလေးချိန်ကိုBMIချိန်ညှိပြီး ကိုယ့်ရဲ့ အသက်အရွယ်၊ အရပ်အမောင်းတွေနဲ့ ကိုက်ညီတဲ့ အလေးချိန်မျိုးမှာရှိနေအောင် ချိန်ညှိနေထိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ပဲ ကိုယ်အလေးချိန်မြင့်မားလွန်းနေမယ်ဆိုရင် နှလုံးအပြင် သွေးတိုးနဲ့ ဆီးချိုပြဿနာတွေကိုပါ ရင်ဆိုင်လာရနိုင်ပါတယ်။ကိုယ့်မှာ ဆီးချိုရှိနေတယ်ဆိုရင် ဆီးချိုမတက်အောင် သတိထားရပါမယ်။ အသက် ၆၅ နှစ်အထက် နှလုံးရောဂါသည်အများစုရဲ့ သေဆုံးမှု ၁၆ % ဟာ ဆီးချိုရောဂါနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဆီးချိုနဲ့ နှလုံးဟာ ဆက်စပ်နေတဲ့ရောဂါတွေဖြစ်ပြီး အဝလွန်တာ၊ကိုလက်စထရောများတာ၊ ဆေးလိပ်သောက်သုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုမလုပ်တာတွေကြောင့် ပိုဆိုးလေ့ရှိပါတယ်။စိတ်ဖိစီးမှုဟာ Heart Attack ဖြစ်စေနိုင်တဲ့ ပြဿနာတွေက တစ်ခုပါ။ နေ့စဉ်လူနေမှုဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ကြောင့် စိတ်ဖိစီးမှုဖြစ်လာနိုင်ပြီး နှလုံးကိုလည်း ထိခိုက်နိုင်ပါတယ်။အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေကို ဖြတ်လိုက်တောက်သင့်ပါတယ်။ ကြိုက်လွန်းလို့ မှီဝဲမယ်ဆိုရင်တောင်မှ အလွန်နည်းပါးတဲ့ပမာဏမျိုးပဲဖြစ်သင့်ပါတယ်။ အရက်သေစာသောက်စားမှုဟာ နှလုံးအတွက် ကောင်းကျိုးမရှိသလောက်ပါပဲ။အထက်မှာဖော်ပြထားတဲ့အချက်တွေကို လိုက်နာပြီး လူနေမှုပုံစံကို ပြောင်းလဲနေထိုင်မယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီးတော့ Heart Attack ဖြစ်မယ့်ရန်ကိုလည်း ကာကွယ်နိုင်မှာပါ။နှလုံးရောဂါဟာ အန္တရာယ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပေမယ့် စနစ်တကျကျန်းမာစွာနေထိုင်ခြင်းဖြင့် ရောဂါကိုတွန်းလှန်နိုင်တာကို မမေ့ပါနဲ့။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/lifestyle-changes-for-heart-attack-prevention/
နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ်
နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် …. နှလုံးရောဂါဆိုတာ ဒီနေ့အထိ တစ်ကမ္ဘာလုံးမှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ရောဂါဖြစ်နေဆဲပါ။ ၂၀၁၆ တစ်နှစ်တည်း မှာတင်နှလုံးနဲ့ပတ်သက်တဲ့ရောဂါကြောင့် သေဆုံးသူတစ်ကမ္ဘာလုံးမှာ ၁၈ သန်းနီးပါးရှိပါတယ်။သေဆုံးသူ တွေထဲက ၄ပုံ ၃ပုံလောက်က ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေကဖြစ်တာကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့စားသောက်မှုပုံစံကို ဆင်ခြင်လိုက်မယ်ဆို ကြောက်စရာကောင်းတဲ့နှလုံးရောဂါအန္တရာယ်က ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် စားသောက်သင့်တဲ့အစားအစာတွေနဲ့ ရှောင်ကျဉ်သင့် တဲ့အစားအစာတွေကို ပြောပြချင်ပါတယ်။နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် ဆိုတာကို လိုရင်းနဲ့တိုတိုပြောရရင် နှလုံးကျန်းမာရေးအတွက် အဓိကစားသုံးပေးရမယ့်အစားအစာအုပ်စု (၃) မျိုးရှိပြီး ဒါတွေကဟင်းသီးဟင်းရွက်တွေရယ်၊ ငါးကြီးဆီရယ်နဲ့ မပြုပြင်ထားတဲ့အစေ့အဆန်၊ဂျုံကြမ်း၊ ဆန်ကြမ်းတွေပဲဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်များ– အစားအစာကို အရောင်အသွေးစုံလင်အောင်စားသောက်ပါ ဆိုတဲ့စကားအတိုင်းပဲ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံကို နေ့စဥ်စားသောက်ပေးသင့်ပါတယ်။ တစ်မျိုးချင်းစီမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက နှလုံးကျန်းမာရေးကိုထိန်းညှိဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် မျိုးစုံပါဝင်သလို ကယ်လ်လိုရီဓာတ်လည်းနည်းတာကြောင့် လိုအပ်တဲ့အာဟာရတွေလည်း ရရှိစေမှာပါ။နောက်ပြီးအမျှင်ဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပြီး နည်းနည်းစားရုံနဲ့ဗိုက်ပြည့်စေပါတယ်။ ဒါပေမဲ့တွေ့သမျှအကုန်လျှောက်စားလို့လည်း မဖြစ်ပါဘူး။ဆားနဲ့အချိုဓာတ်ကဲပြီး ပြုပြင်ထုတ်လုပ်ထားတဲ့ သစ်သီးဝလံတွေ၊ ချဉ်ဖတ်တွေ၊ အုန်းနို့တွေ၊ အာလူးနဲ့ ကန်စွန်းဥလို ကစီဓာတ်များတဲ့အစားအစာတွေ၊ ဆီထဲနှစ်ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သလောက်လျှော့စားရပါမယ်။ နှလုံးကျန်းမာရေးကို အဓိကဒုက္ခပေးတဲ့ အငန်ဓာတ်ကို တတ်နိုင်သလောက် ရှောင်ပါ။ငါးကြီးဆီ– ငါးကြီးဆီထဲမှာပါတဲ့ အိုမီဂါ-၃ အဆီက ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့အဆီဖြစ်ပါတယ်။ အိုမီဂါ -၃ ဓာတ်က အဆစ်အမြစ်ရောင်ရမ်းခြင်းလို ပြဿနာတွေကိုသက်သာစေနိုင်ပြီး နှလုံးနဲ့ ဦးနှောက်ကျန်းမာရေး အတွက်ပါ အထောက်အပံ့ပေးနိုင်ပါတယ်။ အိုမီဂါ -၃ ကို ငါးကြီးဆီသောက်သုံးရင်ပဲဖြစ်ဖြစ် အဆီဓာတ်ကြွယ်၀ တဲ့ငါးတွေစားသုံးရင်ဖြစ်ဖြစ်ရရှိနိုင်ပါတယ်။ ဆာလ်မွန်ငါး၊ ငါးသလောက်၊ ဆာဒင်းငါး၊ ငါးကွမ်းရှပ် လိုငါးတွေမှာ အိုမီဂါ -၃ ပါဝင်မှုများတဲ့အတွက် မကြာခဏစားသုံးပေးသင့်ပါတယ်။မပြုပြင်ထားသောအစေ့အဆန်၊ ဂျုံကြမ်း၊ဆန်ကြမ်းများ၊ အခွံမာသီးနှင့်အစေ့အဆန်များ– အမြင်မလှပေမဲ့ ပေါင်မုန့်ညိုညိုကြမ်းကြမ်းကြီးတွေ၊ ဆန်လုံးကြမ်းတွေကိုစားသုံးပေးရင် နှလုံးကျန်းမာရေးကို အများကြီး အထောက်အကူပေးနိုင်ပါတယ်။ အမျှင်ဓာတ်အများကြီးပါတာကြောင့် အစာခြေဖျက်ဖို့အချိန်ပိုယူရပြီး တစ်ခါစားပြီးရင်အတော်ကြာအောင်ဗိုက်ပြည့်နေမှာပါ။ နောက်ပြီး အမျှင်ဓာတ်က အူလမ်းကြောင်း ကျန်းမာရေး ကိုကောင်းမွန်စေတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတာတွေလည်း အဖြစ်နည်းသွားမှာပါ။ အခွံမာသီးနဲ့ အစေ့အဆံတွေက ကယ်လိုရီပါဝင်မှုများတဲ့အတွက် အဆာပြေအနေနဲ့လည်း ရံဖန်ရံခါစားသုံးပေးနိုင်ပါတယ်။အနီရောင်အသားများ၊ ပြုပြင်ထားသောအသားများ– အမဲသား၊ ဆိတ်သား၊ ဝက်သားလိုအနီရောင်ရှိတဲ့ အသားတွေက ပြည့်ဝဆီပါဝင်မှုများပါတယ်။ ပြည့်ဝဆီစားသုံးမှုများလေ သွေးတွင်းကိုယ်လက်စထရောဓာတ် မြင့်တက်လာလေဖြစ်ပြီး နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်းလို သွေးကြောဆိုင်ရာပြဿနာတွေ ပိုကြုံရနိုင်ပါတယ်။ ဒီလိုအသားတွေကို စားသုံးမယ်ဆိုရင် အဆီပါဝင်မှုနည်းတဲ့အပိုင်းကိုပဲရွေးချယ်ပြီး ဆီနည်းနည်းနဲ့ချက်ပြုတ်စားသုံးတာ ပိုသင့်တော်ပါလိမ့်မယ်။ ပရိုတင်းဓာတ် (အသားဓာတ်) ကိုကြက်သား၊ ဘဲသား၊ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးစားသုံးရင်လည်း ရရှိတဲ့အတွက် ဒါတွေကိုပါတစ်လှည့်စီစားသုံး ပေးသင့်ပါတယ်။သရေစာများ၊ပြုပြင်ထားသောအစားအသောက်များ–အားဖြည့်အချိုရည်၊ ဆိုဒါ၊ ကွတ်ကီး၊ ဘီစကစ် လိုသရေစာတွေမှာ သကြားနဲ့ဆားဓာတ်တွေ လိုအပ်တာထက် အများကြီးပိုပါဝင်နေပါတယ်။အရွယ်ရောက်လူကြီး တစ်ယောက်က တစ်နေ့ကို သကြားဓာတ် ၁၀၀ ကနေ ၁၅၀ ကယ်လိုရီနဲ့ ဆားဓာတ် ၂၃၀၀ မီလီဂရမ် ထက်ပိုပြီး မစားသုံးသင့်ပါဘူး။စားရအဆင်ပြေအောင်၊ အရသာပိုကောင်းအောင်၊ ကြာရှည်အထားခံအောင် စတဲ့အကြောင်းအမျိုးမျိုးနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့အစားအသောက်တွေမှာ သကြား၊ ဆား၊ ပြည့်ဝဆီတွေ အများကြီးပါဝင်နေပြီး အနံ့အရသာ၊အရောင်အဆင်းပိုကောင်းအောင်ထည့်ထားတဲ့ဓာတုဓာတ်တွေလည်း ပါနေပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက်ဆိုင်တွေကနေ အသင့်စားအစားအစာတွေမဝယ်ယူဘဲ ကိုယ့်ဖာသာအိမ်မှာ ချက်ပြုတ်စားသောက်ဖို့တိုက်တွန်းပါရစေ။သန့်စင်ထားတဲ့ကာဘိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေ– စားသောက်ဆိုင်နဲ့ စူပါမားကတ်တွေမှာ အများဆုံးမြင်တွေ့ရတဲ့ ပေါင်မုန့်ဖြူဖြူတွေ၊ ဆန်လုံးစေ့ဖြူဖြူတွေ၊ ကိတ်မုန့်တွေ၊ ဒိုးနတ်တွေက တကယ်တော့ရေရှည်မှာ နှလုံးကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အမြင်လှအောင် ပြုပြင်ထုတ်လုပ်ရတဲ့အတွက် ဒီလိုပေါင်မုန့်၊ ဂျုံမှုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှုနည်းပါတယ်။ဒါ့ကြောင့်စားပြီးခဏလေးနဲ့ အစာချေဖျက်ပြီးသားဖြစ်သွားပါတယ်။ နောက်ပြီးသကြားပါဝင်မှုလည်းများတဲ့အတွက်ကြောင့် ဆီးချိုရောဂါဖြစ်ပွားလာနိုင်ခြေလည်း ရှိပါတယ်။ ဒါ့ကြောင့်မို့ ဘာမှမပြုပြင်ရသေးတဲ့ ပေါင်မုန့်ကြမ်း၊  ဂျုံမှုန့်ကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်တွေကို ဦးစားပေးစားသုံးပြီး နှလုံးကျန်းမာရေးကို ဂရုစိုက် သင့်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/heart-healthy-diet/
null
null
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-hauler/
COVID-19 ကာကွယ်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေသလား
တစ်ကမ္ဘာလုံး လိုလားတောင့်တနေကြတဲ့COVID-19 ကာကွယ်ဆေးတွေ လူတွေရဲ့လက်ထဲကို ရောက်ရှိလာဖို့ အလွန်ကိုနီးစပ်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းတိုင်းပြည်တစ်ချို့ရဲ့ ကာကွယ်ဆေးတွေဟာ ဆေးဝါးအဆင့်ကိုရောက်ရှိနေကြပြီဖြစ်သလို တချို့တိုင်းပြည်တွေမှာဆိုရင် ဆေးဝါးတွေကို စတင်အသုံးချထိုးနှံကြတော့မှာပါ။ရောဂါကပ်ဘေးကြီးရဲ့ ဆိုးရွားလှတဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိခိုက်နစ်နာမှုတွေကြောင်း လူတိုင်းက ဒီအခြေအနေကနေ လွတ်မြောက်ချင်နေကြပြီး ကပ်ဘေးကို ကျော်လွှားချင်နေကြတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ဒါပေမယ့်လည်း ဒီလိုမျိုး အမျိုးအမည်အမျိုးမျိုးနဲ့ပေါ်ထွက်လာနေတဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် ကျန်းမာရေးအာဏာပိုင်အဖွဲအစည်းတစ်ခုဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကွပ်ကွဲရေးဌာန (CDC) ကတော့ သတိပေးစကားဆိုလိုက်ပါတယ်။COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သတိပေးစကားဆိုလိုက်တာဖြစ်ပါတယ်။ CDC ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေးဆိုင်ရာ အကြံပေးအစည်းအဝေးမှာ ခုလို သတိပေးစကားဆိုသွားခဲ့ကြတာပါ။ CDC ကိုယ်တိုင်ကလည်း ဘယ်လို COVID-19 ကာကွယ်ဆေးမျိုးကိုမှ တရားဝင် အသိအမှတ်ပြုထားခြင်းမရှိသေးပါဘူး။CDC ရဲ့ သတိပေးချက်တွေအရ ကာကွယ်ဆေးတွေရဲ့ ကိုယ်ခံအားစနစ်ကို တုံ့ပြန်အောင် နှိုးဆော်မှုတွေကြောင့် အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်လို့ သိထားရပါတယ်။ရောဂါကာကွယ်ဆေးတွေဟာ ရောဂါပိုးဝင်ရောက်မလာအောင် ကာကွယ်ဖို့အတွက်ကိုယ်ခံအားစနစ်ကို ပိုမိုအလုပ်များစေတာမို့ အအေးမိ၊ တုပ်ကွေး၊ ဖျားနာလို လက္ခဏာမျိုးတွေ ပေါ်ထွက်လာတာဖြစ်တယ်လို့ CDC ရဲ့ ကိုယ်ခံအားစနစ်ဌာန၊ အကြံပေးကော်မတီဝင် ဒေါက်တာ ပက်ထရီစီယာ စတင့်ချ်ဖီးလ်ဒ်က ဆိုခဲ့ပါတယ်။ ကာကွယ်ဆေးကုမ္ပဏီတွေအနေနဲ့ ဒီအခြေအနေတွေနဲ့ ဓာတ်မတည့်မှုဖြစ်လာနိုင်ခြေတွေကို လူတွေဆီ ပွင့်ပွင့်လင်းလင်းပြောဆိုထားသင့်တယ်လို့လည်း သူမက အကြံပြုသွားခဲ့ပါတယ်။CDC က ယခုရလဒ်တွေကို လက်ရှိမှ ဆေးဝါးထုတ်လုပ်ဖြန့်ချိတော့မယ့် Moderna ၊ Pfizer နဲ့ AstraZeneca တို့ရဲ့ စမ်းသပ်မှုမှတ်တမ်းတွေကို အခြေခံကာ ထောက်ပြသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါဆေးဝါးကုမ္ပဏီတွေအနေနဲ့လည်း ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူတွေဆီ ကျယ်ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပေးထားတာမျိုးမရှိတာကို ထူးခြားစွာ တွေ့မြင်နေရပါတယ်။ ကုမ္ပဏီတွေအနေနဲ့ လူတွေ ကာကွယ်ဆေးအပေါ် ယုံကြည်မှုမရှိတာမျိုးမဖြစ်အောင် အချက်အလက်တွေ ထိမ်ချန်ထားတယ်လို့ စွပ်စွဲတာမျိုးတွေလည်း ရှိနေပါတယ်။CDC ရဲ့ လေ့လာချက်တွေအရ COVID-19 ကာကွယ်ဆေးထိုးနှံမှုကြောင့် ဘေးထွက်ဆိုးကျိုး ဒါမှမဟုတ် အစွန်းထွက်ခံစားချက်မျိုးတွေ ကြုံဆုံရမှုပမာဏက မြင့်မားတယ်လို့ဆိုထားပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို ကနဦးစမ်းသပ်ခံခဲ့သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ တွေ့ခဲ့ရပါတယ်တဲ့။လက်ရှိအချိန်မှာ COVID-19 ကာကွယ်ဆေး ဖြန့်ချိဖို့ စီစဉ်နေတဲ့ကုမ္ပဏီအများအပြားရှိနေပြီးModerna၊Pfizerနဲ့ Oxford က AstraZeneca တို့အပြင် ရုရှားတို့ရဲ့Sputnik Vနဲ့ တခြားသောဆေးဝါးတချို့လည်း ဆက်လက်ထွက်ပေါ်လာဖို့ရှိနေပါတယ်။ ကုမ္ပဏီတိုင်းက သူတို့ရဲ့ ဆေးဝါးတွေဟာ စိတ်ချရပြီး ရောဂါကာကွယ်နိုင်စွမ်းလည်း ၉၀% ကျော်အစွမ်းထက်တယ်လို့ တက်ညီလက်ညီဆိုနေကြပေမယ့် ဘေးထွက်ဆိုးကျိုးရှိမရှိဆိုတာကိုတော့ ရှင်းလင်းစွာ ပြောဆိုထားကြခြင်းမရှိကြပါဘူး။ဒါကြောင့်လည်းWHOလို အဖွဲ့အစည်းမျိုးတွေက လက်ရှိထွက်ပေါ်လာနေတဲ့ ကာကွယ်ဆေးတွေကို စိတ်ချရကြောင်း အသိအမှတ်ပြုတာမျိုးမရှိသေးသလို ခိုင်မာပြီးစိတ်ချရတဲ့ ကာကွယ်ဆေးမျိုးတွေ ပေါ်ထွက်လာရင်တောင်မှ COVID-19 နဲ့ရင်ဆိုင်နေရတဲ့ တိုက်ပွဲဟာ ပြီးဆုံးဖို့ အချိန်ယူတိုက်ပွဲဝင်ရဦးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူပေါင်း ၆၇ သန်းကျော်ရှိထားပြီး ရောဂါကြောင့် သေဆုံးသွားသူပေါင်း ၁ သန်းခွဲကျော်အထိ ရှိထားပါတယ်။ဘေးထွက်ဆိုးကျိုးတချို့ရှိနေနိုင်ပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းလုံးက တိုင်းပြည်တွေနဲ့ လူထုတွေကတော့ ကာကွယ်ဆေးတွေကို အသုံးချဖို့ စိတ်ဆန္ဒပြင်းပြနေကြဆဲဖြစ်ပါတယ်။[covid_19]။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/covid-vaccine-might-spur-transient-sickness/
မွေးရာပါနှလုံးရောဂါရှိသည့်သင့်ကလေးကို ဘယ်လိုဂရုစိုက်မလဲ
မိဘများနေဖြင့် မွေးရာပါနှလုံးရောဂါရှိသည့်ကလေးငယ်ကို ပြုစုရခြင်းသည်ခက်ခဲပါသည်။ ဤဆောင်းပါးသည် သင့်ကလေးကိုစောင့်ရှောက်ပုံနှင့် မိဘများတွေ့ကြုံရမည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန် အကြံပြုချက်များပေးပါမည်။သင့်ကလေးဆေးရုံတွင်ရှိနေစဉ်။သင့်ကလေးသည် ဆေးရုံတွင်ခွဲစိတ်ရန်ရှိနေစဉ်တွင် သူတို့သည် အကြောဆေးသွင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ အသက်ရှူစက်မှတစ်ဆင့်အောက်ဆီဂျင်ရှူခြင်း၊ ရင်ဘတ်မှအရည်စုပ်ထုတ်ခြင်းစသည့် ကုသမှုများခံယူရမည်။ထိုလုပ်ဆောင်မှုများသည် ကလေးများသာမက မိဘများကိုပါကြောက်လန့် စိုးရိမ်စေသည်။ အောက်ပါအချက်အလက်များက မိဘများက ကလေးများကို စောင့်ရှောက်ရန်ကူညီနိုင်ပါသည်။• ကလေးနှင့်ရင်းနှီးသောအရာဝတ္ထုများ ယူလာပါ။ ဥပမာ -အကြိုက်ဆုံးဝက်ဝံရုပ်၊ ကစားစရာများ(သို့) သက်တောင့်သက်သာဖြစ်စေသော စောင်များဖြစ်သည်။• တတ်နိုင်သမျှ ကလေးနှင့် အတူနေပေးပါ (သို့) ကလေးနား မကြာခဏ သွားနေပေးပါ။• သူတို့မိသားစုဝင်များ၏ နေ့စဉ်အကြောင်းကို ပြောပြပါ။(သို့) အကြိုက်ဆုံးသီချင်းကိုဆိုပေးပါ။• သူနာပြုများကို သင့်ကလေး၏အကျင့်များ၊ နေ့စဉ်အချိန်ဇယား၊ သင့်ကလေးအသုံးပြုလေ့ရှိသော စကားလုံးများကို ပြောပြထားပါ။• ဆေးရုံဝန်ထမ်းများကို အကူအညီတောင်းကာ သင့်ကလေးကိုဂရုစိုက်ရန် မှန်ကန်သောနည်းလမ်းကို မေးမြန်းပါ။အောက်ဆီဂျင်ပြဿနာများကို ကိုင်တွယ်ခြင်း။မွေးရာပါနှလုံးချို့ယွင်းမှု အချို့က သင့် ကလေး၏ ခန္ဓါကိုယ်တွင် အောက်ဆီဂျင်ပြတ်လပ်ကာ။ပြာနှမ်းမှုကိုဖြစ်စေသည်။ အရေပြားတွင် ပြာတာတာအရောင်ပြောင်းလာခြင်းသည် အောက်ဆီဂျင်ပြတ်လပ် ပြာနှမ်းခြင်း၏ လက္ခဏာဖြစ်သည်။သင့်ကလေးတွင် ဤပြဿနာရှိပါက သင့်လုပ်သင့်သည့် ပထမဆုံးနှင့် အရေးကြီးဆုံးသောအရာမှာ သင့်ကလေးကိုငြိမ်အောင်လုပ်ပေးပါ။ ထို့နောက် ကလေးကို သူ့ဒူးခေါင်းနှင့် ရင်ခေါင်းကို ထိထားပေးပါ။ ကလေး၏ ပုံစံပြောင်းပြီးနောက် မသက်သာဘဲပိုဆိုးလာပါက အောက်ဆီဂျင်ပေးဖို့လိုအပ်သည်။ အောက်ဆီဂျင် ပေးရန် သင့်တော်သောနည်းမှာ နှာခေါင်းပေါက် အဝင်ဝမှတစ်ဆင့် ပိုက်ဖြင့် ပေးခြင်းဖြစ်သည်။ သင့်ကလေးကို လိုအပ်သည့် အောက်ဆီဂျင်ပမာဏကို ဆရာဝန်များက ဆုံးဖြတ်ပေးပါလိမ့်မည်။သင့်ကလေးကိုနွေးထွေးအောင် ထားပေးပါ၊ လှုပ်ရှားမှုလည်းလျော့ချပါ။ ပြာနှမ်းခြင်းမှကင်းဝေးအောင် အစားအနည်းငယ်ကို ခဏခဏကျွေးပေးပါ။ ဤပြဿနာဖြစ်ပါက ဆရာဝန်ကို အမြဲတမ်းသတင်းပို့ပါ။ဆေးပေးခြင်း။သင့်ကလေး ကို ဆေးဝါးများပေးရန် လုံခြုံသောနည်းလမ်းကို သိထားခြင်းသည် အရေးကြီးပါသည်။ အကြောင်းမှာ နှလုံးဆေးများကို မှားယွင်းပေးမိပါက ဆိုးဝါးသော နောက်ဆက်တွဲများ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ဆေးပမာဏနှင့် ကလေးကို ဘယ်လိုပေးရမလဲဆိုသည်ကို အပြည့်အဝနားလည်ရန်လိုပါသည်။ သင်သည် နည်းလမ်းများမသိရှိပါက ကျန်းမာရေးကျွမ်းကျင်သူများကို အကူအည်ီတောင်းခြင်းသည် ကောင်းမွန်သောအကြံဉာဏ်ဖြစ်သည်။ ကလေးကိုဆေးတိုက်ရာတွင် မိဘများဂရုစိုက်ရမည့် အခြားအရာများမှာ-။• ဆေး၏ဘေးထွက်ဆိုးကျိုးများ။• အချိန်ဇယားကျော်သွားပါက ဘာလုပ်ရမလဲ။• ကလေးက ဆေးကိုထွေးထုတ်လျှင် (သို့) အန်လျှင် ဘာလုပ်ရမလဲ။• သင့်ကလေး၏ ကျန်းမာရေးသည် ဆေးသောက်ပြီး ပြန်ကောင်းလာသောအခါ။သင့်ကလေးကို အစားကောင်းကောင်းစားခိုင်းပါ။အာဟာရသည် နှလုံးရောဂါရှိသည့် ကလေး၏ ကျန်းမာရေးတိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍ မှပါဝင်နေသည်။ မွေးရာပါ နှလုံးရောဂါရှိသည့် ကလေးများသည် အစာစားသောအခါ ပင်ပန်းခြင်းကို ပို၍ခံစားရနိုင်သည်။ ထိုသို့ဖြစ်ခြင်းက ကယ်လိုရီ အလုံအလောက် မရခြင်းကိုဖြစ်စေနိုင်သည်။ စင်စစ်တွင် သူတို့သည် အခြားကလေးများထက် ကယ်လိုရီ ပို၍အသုံးလိုပါသည်။မိဘများသည် သင့်ကလေး၏ ဗိုက်ဆာသည့် လက္ခဏာများဖြစ်သည့် လက်သီးကိုဆုပ်ထားခြင်း၊ ဂနာမငြိမ်ခြင်းတို့ကို သိရှိအောင် လေ့လာထားရမည်။ ထို့ပြင် လမစေ့ဘဲ စောမွေးလာသော ကလေးများအတွက် အထူးပြုလုပ်ထားသော ပျော့သောနို့သီးခေါင်းကို အသုံးပြုသင့်သည်။ ထို့ပြင် နို့ဘူးသုံးသောအခါ သင့်ကလေးကို လေတက်အောင် လေထုတ်ပေးပါ။ အရေးကြီးသည်မှာ သင့်ကလေးကို အစာနည်းနည်းနှင့် ခဏခဏကျွေးရမည်ဖြစ်သည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/congenital-heart-disease/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%be%e1%80%ad/
ဘေဘီလေး နဲ့ နွေရာသီ
ပူပြင်းခြောက်သွေ့လှတဲ့နွေဥတုက သက်ရှိတိုင်းနဲ့ သက်ဆိုင်နေတာပါနော်။ တစ်နေ့ထက်တစ်နေ့ ပိုပူလာတဲ့ အပူချိန်ကြောင့် ကိုယ်တိုင်ထက် ဘေဘီလေးကို ပိုစိတ်ပူနေမိတဲ့ မေမေဖေဖေတို့များ ရှိနေလား။ ဒါဆိုရင်တော့ နွေရာသီမှာ ဘေဘီလေး ကို ကျန်းမာနေအောင်ဘယ်လိုထားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်ပါနော်။ ဘေဘီလေး နဲ့ နွေရာသီ အကြောင်းလေး လေ့လာလိုက်တော့နော်။နွေရာသီရဲ့ ပူပြင်းမှုဒဏ်က ဘေဘီပိစိလေးတွေအတွက် တော်တော်လေး ပြင်းထန်မှာပါ။ ဒီတော့ဘေဘီလေးကို ကျန်းမာပျော်ရွှင်တဲ့နွေရာသီကိုတူတူဖန်တီးပေးရအောင်လား။နွေရာသီက ပူပြင်းတာကြောင့် ကိုယ်တိုင်လည်းရေချိုးသလို ကလေးကိုလည်း ရေချိုးပေးချင်မယ်ဆိုတာ အသေအချာပါ။ ဒီတော့ ရေချိုးပေးလို့ ရလားလို့ သိချင်နေမှာပေါ့။ ရေချိုးပေးလို့ ရပါတယ်။ ကလေးကို ရိုးရိုးရေနဲ့ ချိုးပေးပါနော်။ တစ်နေ့ကို နှစ်ကြိမ်လောက် ချိုးပေးလို့ရပါတယ်။ အကြာကြီး မချိုးပေးမိဖို့တော့လိုပါမယ်နော်။နွေပူတာက ကလေးရော လူကြီးကိုပါ ချွေးထွက်စေတာပါ။ ဒါကြောင့် ဘေဘီလေးကို ဆုံးရှုံးသွားတဲ့ ရေဓာတ် ကာမိအောင် ကူညီပေးဖို့ လိုပါတယ်။ မိခင်နို့စို့တဲ့ ၆လအောက်ကလေးတွေကိုတော့ မိခင်နို့ဆက်တိုက်ပေးပါ။ မိခင်နို့မှာ ရေဓာတ်အများကြီး ပါတာကြောင့် ရေသက်သက်ထပ်တိုက်စရာ မလိုပါဘူး။ ၆လအထက် ကလေးတွေကိုတော့ ရေတိုက်လို့ ရပါပြီ။နွေရဲ့ ပြင်းရှရှခံစားချက်မှာ မိတ်ပေါက်တာကလည်း တစ်ခုပါပဲ။ ဘေဘီလေးတွေ မိတ်ပေါက်ရင် သူတို့ခမျာ တော်တော်လေး နေရခက်တာပါ။ ဒီအခါ ဘာလုပ်ပေးရမလဲ မသိဖြစ်နေတယ် ဆိုရင်တော့ ကလေးသုံး moistturizerလေးတွေ လိမ်းပေးပါ။ ရေစိုဝတ်လေးနဲ့ တိုက်ပေးလို့လည်း ရပါတယ်နော်။သေးခံ လောင်နိုင်လား။ဖြစ်နိုင်တာပေါ့။ ပူလောင်နေတဲ့ ရာသီဥတုမှာ သေးခံလောင်နိုင်ခြေက သာမန်ထက် ပိုများပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နွေရာသီမှာ သေးခံ ခံပေးမယ့်အစားကလေးကို ချည်သား ဘောင်းဘီလေးတွေပဲ ဝတ်ပေးလို့ သက်သောင့်သက်သာပေးနေလိုက်ပါ။ သေးခံဝတ်ပေးမယ်ဆိုရင်လည်း ညစ်ပေနေတဲ့ သေးခံတွေနဲ့ အကြာကြီး မထားပါနဲ့။ သေးခံလဲတိုင်းမှာ သေချာသန့်ရှင်းရေးလုပ်ပါ။ စုပ်ယူမှုကောင်းတဲ့ သေးခံကို သုံးပါ။နွေရာသီမှာ လူကြီးတွေတောင် အစားမှားမခံနိုင်တာ ကလေးတွေဆို ပိုဆိုးပါမယ်နော်။ ကလေးက နို့စို့အရွယ်ဆိုရင်တာ့မေမေက အစားအစာကို ဂရုစိုက်ပါ။ ကလေးကို ချွေးထွက်များနေရင် အဝတ်လဲပေးတာ၊ နို့များများတိုက်ပေးတာမျိုး လုပ်ပေးပါ။ ကလေးက အစား စစားတတ်ပြီ ဆိုရင်လည်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ပြင်ဆင်ပေးပါ။ရေသောက်တဲ့ အရွယ်ဆိုရင်လည်း သောက်သုံးရေကိုလည်း အသန့်ရှင်းဆုံး ဖြစ်အောင် ဂရုစိုက်ပါ။ ရေသန့် ဒါမှမဟုတ် ရေကျက်အေး တိုက်ပေးပါ။ ကလေးက ချွေးထွက်များနေတယ် ဆိုရင်တော့ ဓာတ်ဆား ဒါမှမဟုတ် အုန်းစိမ်းရည် တိုက်ပေးပါ။ ကလေး ရေဓာတ် ပြည့်ရဲ့လား ဆိုတာကို ဆီးအရောင် ကနေတဆင့် ကြည့်နိုင်ပါတယ်။ရာသီဥတု ပူရင် ခြင်ပိုကိုက်ပါတယ်နော်။ ဒါကြောင့် နွေပူပူမှာ ကလေးကို ခြင်နဲ့ အင်းဆက်တွေ အန္တရာယ်ကနေ သေချာလေး ကာကွယ်ပေးပါ။ ကလေးနေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်း သပ်ရပ်နေအောင် ဂရုစိုက်ပါ။ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို ဖယ်ရှားရှင်းလင်းပေးပါ။နွေပူရတဲ့အထဲ ကလေးကို အနွေးထည်ဝတ်ပေးတာမျိုး၊ စောင်ခြုံပေးတာမျိုး မလုပ်ပါနဲ့။ ကလေးကို အိပ်ရာခင်းပေးတဲ့အခါမှာလည်း မွေ့ရာတွေ၊ စောင်တွေ အထပ်ထပ်ခင်းပေးတာမျိုးမလုပ်ပါနဲ့နော်။ သင်ဖြူးဖျာလေးပေးမှာ အနှီးလေးခင်းလို့ သိပ်ပေးရင်ကို ရပါပြီနော်။ဒါတွေအပြင် ထပ်သတိထားရမှာက ဘေဘီလေးကို အပြင်ခေါ်သွားတိုင်း ထီးဆောင်းပေးတာ၊ ချည်သားလက်ရှည်လေးတွေဝတ်ပေးတာ၊ နေလောင်ကာခရင်မ်လူးပေးတာတွေ လုပ်ပေးဖို့မမေ့ပါနဲ့။ ကလးကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ ထားပေးဖို့လည်း မမေ့ပါနဲ့နော်။ အခုပြောခဲ့တဲ့ အချက်လေးတွကို တူတူလုပ်ကြည့်လို့ နွေရာသီကို ဘေဘီလေးတို့ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်အောင် ကူညီပေးလိုက်ရအောင်လား…………………။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-and-summer/
ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ
ကိုယ်ဝန်ဆောင်ကာလမှာ ခါးတွေ နာနေပြီလား။ခြေချင်းဝတ်တွေရောင်နေပြီလား။ အိပ်မရ ဖြစ်နေပြီလား။လေထိုးလေအောင့်ဖြစ်နေပြီလား။ဝမ်းချုပ်နေပြီလား။ ဒါတွေက ကိုယ်ဝန်ဆောင်ချိန် ဖြစ်လ့ဖြစ်ထ ရှိတယ် ဆိုပေမယ့် ခံရသူဖို့ အတော်လေး မသက်သာတဲ့ပြဿနာပါ။ ဒီ ပြဿနာတွေကို ပြေလည်စေမယ့် နည်းလမ်း မရှိဘူးလား ခံစားရခက်လွန်းလို့ ပါဆိုတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အဖြေရှာကြည့်လိုက်တော့နော်။ ဘာလို့လဲဆိုတော့ အခုတစ်ခေါက်မှာ ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ အကြောင်း ပြောပြပေးသွားမှာ မို့လိုပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့လေ့ကျင့်ခန်းလုပ်တာပါ။ ဟယ်..ကိုယ်ဝန်ကြီးနဲ့ လေ့ကျင့်ခန်း လုပ်လို့ ဖြစ်ပါ့မလားလို့ စိတ်ပူနေပြီလား။ကိုယ်ဝန်ကို မထိခိုက်စေမယ့် လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာက မေမေ့ကို ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်မှု သက်သာစေပြီးဘေဘီလေးကို ကျန်းကျန်းမာမာ မွေးဖွားစေမှာပါ။ လေ့ကျင့်ခန်း မလုပ်ခင်ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့တော့ လိုတာပေါ့။ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ ကတော့။ရေကူးတာက ကိုယ်ဝန်ဆောင် မေမေ နဲ့ အသင့်တော်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုပါ။ရေက ခန္ဓာကိုယ် ဝိတ်ကို လျှော့ချပေးနိုင် ပါတယ်။ ရေကူးတာကပင်ပန်းနွမ်းနယ်တာ၊ခြေဆစ်လက်ဆစ်တွေ ကိုက်တာ၊ ခြေလက် ဖောရောင်တာတွေကို သက်သာစေနိုင်ပါတယ်။ချော်လဲတာမျိုး မဖြစ်စေဖို့တော့ သတိထားဖို့ လိုပါမယ်။ ရေကူးချန်ပီယံတွေလို အားရပါးရကူးတာမဟုတ်ဘဲ ရေဆော့သလိုမျိုး ကူးရင် ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တတ်တာကြောင့် အနားမှာ အဖော်ရှိမှ ကူးပါ။ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာကမွေးဖွားရလွယ်စေတယ်လို့ သိထားပြီး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ချော်မကျနိုင်တဲ့ နေရာမှာဖိနပ်ကောင်းကောင်းလေး တစ်ရန် စီးပြီး လမ်းလျှောက်တာက နာကျင်ခံစားရမှုတွေကို သက်သာစေဖို့ အားပေးပါတယ်။ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမှာပါ။စိတ်လက် အေးချမ်းစေပြီး အကြောတွေ ပြေလျော့စေတဲ့ ယောဂက ကိုယ်ဝန်ဆောင် မေမေတွေ အတွက်လည်း အကျိုးများပါတယ်။ကိုယ်ဝန်ဆောင် ယောဂဆိုပြီး သီးသန့်ဖွင့်ထားတဲ့ class တွေမှာ တက်ပေးတာက အကောင်းဆုံးပါ။ကိုယ်ဝန်ဆောင်ချိန်မှာယောဂကစားပေးတာက ခန္ဓာကိုယ်ကိုကြံ့ခိုင်သန်စွမ်းစေသလို စိတ်ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂ ဆော့ပေးတာကစိတ်ရောကိုယ်ပါကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ခုပါ။ရှေးယခင်ကာလတွေကတည်းက ပြုလုပ်လာခဲ့တဲ့ လေ့ကျင့်ခန်းတစ်မျိုးပေါ့။ အကြောတွေ ပြေလျော့စေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ ကိုယ်ဝန်ဆောင် မေမေတို့အတွက် သီးသန့် လုပ်လို့ရတဲ့ ထိုက်ချိ လေ့ကျင့်ခန်းကိုပဲ လုပ်ပေးပါ။လေ့ကျင့်ခန်း လုပ်မယ်။လှုပ်လှုပ်ရှားရှားနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလ ခံစားရတဲ့ဝေဒနာတွေသက်သာမယ့်အပြင် မေမေ စိတ်ရော ကိုယ်ပါ ကျန်းမာလို့ ကျန်းမာတဲ့ဘေဘီလေးမွေးဖွားနိုင်မှာပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/exercises-for-pregnant-women/
နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း
နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း တွေက ဘာတွေ ဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။နို့တိုက်နေတာက အကောင်းဆုံး သားဆက်ခြားနည်း လို့ပြောကြပါတယ်။ ဒါကို အမေတိုင်းသိကြပါတယ်။ ဒါက မှန်သင့်သလောက်ပဲ မှန်ပါတယ်။နို့တိုက်ရင် ကလေးမရဘူးဆိုတာက အမေက ကလေးကို နို့ချည်းပဲ တိုက်နေမှပါ။ ဒါကလည်း မွေးပြီး၆လအထိပဲ အဆင်ပြေပါတယ်။ အောင်အောင်မြင်မြင် သားဆက်ခြား နိုင်ဖို့အတွက် နေ့ဘက်မှာ ၄နာရီခြား၊ ညဘက်မှာ ၆နာရီခြား တိုက်ရပါမယ်။ မိခင်နို့ကလွဲပြီး တခြားဘာမှမတိုက်ရပါဘူး။နို့တိုက်နေတုန်းမှာမျိုးဥကြွေတယ်။ ကိုယ်ဝန်မရဘူးဆိုရင် ၂ပတ်လောက်ကြာတဲ့အခါရာသီလာပါတယ်။ ရာသီလာမှ မျိုးဥကြွေတာကို ပြန်ပြောင်းသိရတာ ဖြစ်တဲ့အတွက် ဒီအချိန်အတွင်းမှာ အတူနေမိရင် ကိုယ်ဝန်ရနိုင်ပါတယ်။  ဘယ်လမှာပဲ ဖြစ်ဖြစ် နို့တိုက်ရင်း ရာသီပြန်လာပြီဆိုရင် တခြားသားဆက်ခြားတဲ့ နည်းလမ်းတစ်ခုခုကို သုံးရတော့မှာပါ။အများစုကတော့ ၆လကျော်မှ သားဆက်ခြား ကြပါတယ်။ အကြောင်းက ၆လအထိ အမေနို့တိုက်လို့ပါ။ ဒါပေမယ့် နို့တိုက်နည်းမမှန်လို့ ၆လမတိုင်ခင်မှာ သားဥကြွေတဲ့အခါ ရာသီပြန်လာပါတယ်။ ၆လမတိုင်ခင် ရာသီပြန်လာတဲ့အခါသားဆက်ခြားနည်းကို သုံးရတော့မှာပါ။ နို့တိုက်နေပေမယ့်လည်း သုံးရတော့မှာပါ။ ၆လပြည့်လို့ နို့မတိုက်တော့ဘူးဆိုရင်လည်း သားဆက်ခြားရမှာပါ။ဒါဆိုရင်တော့ သင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုနေပါပြီ။ အမေအများစုကတော့အီစထရိုဂျင်ပါတဲ့ တားဆေးတွေက နို့ထွက်နည်းတယ်ဆိုပြီး စောဒကတက်ကြပါတယ်။ ဒါဆိုလည်း တခြားနည်းလမ်းတွေ အများကြီး ရှိသေးတာကြောင့်  ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။သားအိမ်ထဲပစ္စည်းထည့်တာက ၉၉ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ပါတယ်။ဟော်မုန်းပါတာရော မပါတာရော ရှိပါတယ်။ နှစ်ခုလုံးက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးရတာပါ။ဟော်မုန်းဆိုတာကပရိုဂျက်စတုန်းပါတာပါ။ ဒီဟော်မုန်းက မိန်းမကိုယ်အချွဲကို ပျစ်စေတာကြောင့်သုတ်ပိုးကို သားအိမ်မရောက်အောင် တားဆီးပေးပါတယ်။ တစ်ခါထည့်ထားရင် ၃နှစ်ခံ၊ ၅နှစ်ခံ စသဖြင့် အစားစားရှိပါတယ်။ကလေးမွေးပြီးတာနဲ့ သားအိမ်ထဲထည့်တဲ့ ပစ္စည်းကို ထည့်လို့ရပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ တချို့ကျတော့လည်း မွေးပြီးလို့ သားအိမ်ကောင်းကောင်း အနားရပြီးမှ (မီးတွင်း၄၅ရက်ပြီးမှ) ပြန်ထည့်ချင်ကြပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ထည့်ပြီးပြီးချင်းဆီးစပ်ကိုက်တာ၊ ရာသီမမှန်တာ၊သွေးဆင်းများတာ၊ ကြားဖောက်ဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ၆လလောက်နေရင်တော့ အလိုလို သက်သာသွားပါတယ်။ ကိုယ်ဝန် ပြန်လိုချင်တယ် ဆိုရင်လည်း ပစ္စည်းကို ပြန်ထုတ်လိုက်တာနဲ့ တန်းရနိုင်ပါတယ်။အသုံးများတဲ့ ဒီတားဆေးကတော့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုးပေါင်းထားတာပါ။ တချို့ကတော့ ဒါကို သောက်ပြီး နို့သိပ်မထွက်တော့တဲ့အတွက် ရလဒ်အနေနဲ့ နို့လည်း ဆက်မတိုက်ကြတော့ပါဘူး။ ဒီဟော်မုန်းနှစ်ခုမှာ အီစထရိုဂျင်ကြောင့် ဖြစ်ရတာပါ။ဒါကြောင့် တားဆေးသောက်မယ်ဆိုရင် ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတာကိုပဲ သောက်နိုင်ပါတယ်။ ပရိုဂျက်စတုန်းတစ်မျိုးပဲပါတဲ့ ဆေးရဲ့ အားနည်းချက်ကတော့ ရာသီထိန်တတ်တာပါ။ စစချင်းမှာတော့ ရာသီမမှန်တာ၊ နည်းနည်းပဲဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ မှန်မှန်သောက်မယ်ဆိုရင် ၈၇-၉၉.၇ ရာခိုင်နှုန်းထိ ကာကွယ်နိုင်ပါတယ်။ကိုယ်ဝန်ပြန်လိုချင်တယ်ဆိုရင် ဆေးဖြတ်လို့ရပါတယ်။ တချို့က ချက်ချင်းပြန်ရပေမယ့် တချို့က လနည်းနည်း ကြာတာမျိုးရှိပါတယ်။အီစထရိုဂျင်မပါပေမယ့် ဟော်မုန်းဆေးဖြစ်တဲ့ အတွက် တစ်ခါတစ်လေ နို့ထွက်နည်းတာမျိုး ရှိပါတယ်။ ဒီလိုမဖြစ်အောင် မကြာမကြာနို့တိုက်ပေးတာ၊ ညှစ်ထုတ်ပေးတာ လုပ်ပေးနိုင်ပါတယ်။ ဒါတောင်မှ နို့ထွက်နည်းသေးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ သုတ်ပိုးကို သားအိမ်ထဲမရောက်အောင် တားတဲ့ barrier နည်းလမ်းကို ပြောတာပါ။ ကောင်းတဲ့အချက်က ဟော်မုန်းမပါတဲ့အတွက် နို့ထွက်တာကို မထိခိုက်ပါဘူး။ အသုံးများတာကတော့ အမျိုးသားတွေအတွက်ဆို ကွန်ုဒုံး၊အမျိုးသမီးတွေ အတွက်ဆို ကွန်ဒုံး၊ သားအိမ်ခေါင်းအစွပ်တို့၊ diaphragmတို့ ရှိပါတယ်။ ဒီမှာ အသုံးများတာကတော့ ကွန်ုဒုံး ဖြစ်တဲ့အတွက် ဒီအကြောင်းရှင်းပြပေးပါ့မယ်။ကွန်ဒုံးက သုတ်ပိုးကို သားအိမ်ထဲမရောက်အောင် တားပေးတာပါ။ အမျိုးသားသုံး၊ အမျိုးသမီးသုံးဆိုပြီး ရှိပေမယ့် အမျိုးသားသုံးတာများပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ကိုယ်ဝန်ကို တားတဲ့အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။ နည်းမှန် လမ်းမှန်သုံးမယ်ဆိုရင် ၉၈ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပိုပြီးစိတ်ချချင်ရင်တော့ တခြားသားဆက်ခြားနည်းတွေနဲ့ တွဲပြီ သုံးလို့ရပါတယ်။လက်မောင်းအောက်ထည့်တဲ့ ပစ္စည်းကတော့ ၉၉ရာခိုင်နှုန်း ထိရောက်မှု ရှိပါတယ်။ ဆရာဝန်ကပဲ ထည့်ပေးနိုင်တာပါ။ မီးခြစ်ဆံသာသာလောက်ရှိတဲ့ ပစ္စည်းကို လက်မောင်းအောက် အရေပြားထဲ မြုပ်ထားတာပါ။ တစ်ခါထည့်ပြီးရင် နှစ်နဲ့ချီ ခံပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်းပါပါတယ်။ ကလေးလိုချင်ရင် ပြန်ထုတ်လိုက်လို့ ရပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ လက်မောင်းအောင့်တာ၊ ပိုးဝင်တာ၊ သွေးဆင်းများတာ စတာတွေ ဖြစ်နိုင်ပါတယ်။လူတိုင်းရင်းနှီးပြီးသား နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီပို (depo) လို့လဲ အရပ်ထဲမှာ ခေါ်ကြပါတယ်။ ၃လခံဆေးရော ၁လခံဆေးရော ရှိပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်း ပါပါတယ်။ ၃လတစ်ခါမှ ထိုးရတဲ့အတွက် မေ့တတ်တဲ့ လူတွေ အတွက် အဆင်ပြေပါတယ်။ ၉၇ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကတော့ ဗိုက့်အောင့်တာ၊ ခေါင်းကိုက်တာ၊ ဝလာတာ စတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ဆေးဖြတ်လိုက်ရင်လည်း ကလေးရဖို့ ကြာတတ်ပါတယ်။ တစ်တစ်လေ ၁၀လလောက် စောင့်ရတတ်ပါတယ်။ရက်ရှောင်နည်းကို ပြောတာပါ။ ဒီနည်းကို သုံးမယ်ဆိုရင် ကိုယ့်ရဲ့ ရာသီအကြောင်းကို ကောင်းကောင်းသိထားဖို့ လိုပါတယ်။ လွဲသွားရင် ကိုယ်ဝန်ရနိုင်ပါတယ်။ ရာသီမမှန်တဲ့သူတွေ မသုံးသင့်ပါဘူး။မြန်မာနိုင်ငံမှာတော့သားကြောဖြတ်မယ်ဆိုရင် ဆေးရုံက ဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်လိုပါတယ်။ သတ်မှတ်ချက်တွေ ကိုက်ညီမှသာ သားကြောဖြတ်ခွင့် ရတာပါ။ ဒါကြောင့် လုပ်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။သိထားရမှာက နို့တိုက်နေပေမယ့်လည်း စနစ်မကျဘူးဆိုရင် အချိန်မရွေး ကိုယ်ဝန်ရသွား နိုင်ပါတယ်။ အနည်းဆုံး ၄နာရီခြား ၆နာရီခြား တိုက်မှသာ ကိုယ်ဝန်ကို ကာကွယ်နိုင်မှာပါ။ နို့တိုက်နေရင်းနဲ့ ရာသီလာနေပြီဆိုရင် သားဆက်ခြားရတော့မှာပါ။ ကိုယ်ဝန်မရချင်ဘူးဆိုရင် အပေါ်မှာ ပြောထားတဲ့ သားဆက်ခြားတဲ့ နည်းလမ်း တွေကို သုံးလို့ရပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/birth-control-while-breastfeeding/
ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက
ခေတ်စနစ်တွေ တိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာတလွှားမှာဆီးချိုဝေဒနာခံစားနေရသူအရေအတွက်က သိသိသာသာကို မြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ရောဂါအခံနဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။အမျိုးအစား – ၁ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွက် အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ အမျိုးအစား – ၁ ဆီးချိုရောဂါ ဖြစ်လာရတာပါ။ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့ အခြေအနေကြောင့် အမျိုးအစား – ၁ ဆီးချိုရောဂါ စဖြစ်လာပါတယ်။ကိုယ်ခံအား ကမောက်ကမဖြစ်စေပြီး အမျိုးအစား -၁ ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေက။မျိုးဗီဇပြောင်းလဲတာကတော့ အမျိုးအစား -၁ ဆီးချိုရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။အမျိုးအစား – ၁ ဆီးချိုရောဂါက ဆယ်ကျော်သက်အရွယ်နဲ့ ကျောင်းတက်စအရွယ်တွေမှာ အတွေ့ရများပါတယ်။ ဆီးချိုဝေဒနာရှင် အများစုရဲ့ ၁၀ ရာခိုင်နှုန်းက အမျိုးအစား – ၁ ဆီးချိုရောဂါရှင်တွေပါ။အမျိုးအစား – ၁ ဆီးချိုဝေဒနာသည်တွေကအင်ဆူလင်ထိုးဖို့ လိုအပ်မှာဖြစ်ပါတယ်။အမျိုးအစား – ၂ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ။အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ မိသားစုဝင်တစ်ဦးဦးမှာအမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်ဖူးတာကြောင့်ရောဂါခံစားရတာများပါတယ်။မျိုးရိုးရှိတာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်ရတာကအများဆုံးပါ။အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကတော့။ကိုယ်ဝန်ဆောင်ဆီးချို ဘာကြောင့်ဖြစ်ရတာလဲ။ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကတော့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို များစေပါတယ်။အမျိုးအစား – ၂ ဆီးချိုရောဂါ ခံစားနေရသူတွေက ဒီ့မတိုင်ခင်မှာ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်မြင့်တက်နေပြီးဆီးချိုဖြစ်နေပြီလို့ ပြောရလောက်တဲ့ အထိ မြင့်တက်နေတာမျိုးတော့ မဟုတ်ပါဘူး။လေ့လာမှုတွေအရ ဆီးချိုရောဂါ အကြိုလက္ခဏာ အဆင့်မှာသွေးကြောစနစ်တွေ ထိခိုက်ပျက်စီးတာနဲ့ နှလုံး ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။အမျိုးအစား – ၁ ဆီးချိုရောဂါနဲ့ အမျိုးအစား – ၂ ဆီးချိုရောဂါလက္ခဏာတွေကတော့။ဆီးချိုဖြစ်တဲ့ လက္ခဏာတွေ ရှိနေပြီလို့ သံသယ ရှိတယ်ဆိုရင်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/causes-of-diabetes-and-prediabetes/
သွေးကြောမကြီး ပြဲခဲ့ရင်
သွေးကြောမကြီး(Aorta)ဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံး သွေးကြောပါပဲ။ နှလုံးက ညှစ်လိုက်တဲ့ သွေးတွေကို တစ်ကိုယ်လုံး ဖြန့်ဝေနေတာလည်း သူပါပဲ။ ဒီလို သွေးကြောမကြီးသာ ပြဲသွားခဲ့ရင် အန္တရာယ်က မသေးပါဘူး။ တော်သေးတာတာ ဒီလိုရောဂါက စောစောသိလို့ စောစောကုလေလေ အသက်ရှင်နှုန်း များလေလေပါပဲတဲ့။သွေးကြောမကြီးက ထီးကောက်ကြီးနဲ့ တူပါတယ်။နှလုံးကနေ ကွေးကွေးလေး တက်လာမယ်။ ကွေးကွေးလေး ဆင်းလာမယ်။ ပြီးရင် အောက်ကို တောက်လျှောက် အရှည်ကြီး ဆင်းလာပြီး ဆီးခုံနားရောက်မှပဲ ခြေထောက်တွေကို သွေးပေးဖို့ သွေးကြောတွေ ခွဲသွားပါတယ်။ ဒီတစ်တောက်လျှောက် ဘယ်နေရာမှာမဆို သွေးကြောပြဲနိုင်ပါတယ်။ သေးသေးလေးလည်း ပြဲနိုင်သလို၊ အကြီးကြီးလည်း ပြဲနိုင်ပါတယ်။ခက်တာက သွေးကြောပြဲတဲ့ လက္ခဏာက တခြားနှလုံးရောဂါလက္ခဏာတွေနဲ့ သွားတူနေတတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေ ရောဂါလွဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူနာပြောတဲ့ လက္ခဏာပေါ်၊ နောက်ခံရောဂါတွေအပေါ်မူတည်ပြီး ရောဂါသံသယရှိရင်တော့ သေချာအောင် စစ်ဆေးမှုတွေ ထပ်လုပ်ရပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့။ဒါ့ပြင် ပြဲတဲ့နေရာကို လိုက်ပြီး။သွေးကြောပြဲတဲ့နေရာကို လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွဲသွားပါတယ်။သွေးကြောနံရံပျော့နေတာကတော့ အဓိက အကြောင်းရင်းပါပဲ။ သွေးကြောနံရံပျော့နေတာကို သွေးက မတရားတိုးလာရင် ရုတ်တရက် ပြဲထွက်သွားတာမျိုးပါ။ ဒါကြောင့် ဘယ်သူတွေမှာ အတွေ့ရများသလဲဆိုရင်။ဒါ့ပြင် ရှားရှားပါးပါး  Turner’s ရောဂါစု၊ Marfan ရောဂါစုတို့လို မွေးရာပါ ရောဂါရှင်တွေမှာလည်း တွေ့ရတတ်ပါတယ်။တခြားအချက်တွေ အနေနဲ့ကတော့။သွေးကြောပြဲတာက ၂၄နာရီနဲ့ ၄၈နာရီအတွင်း ကုနိုင်ရင် ပိုကောင်းပါတယ်။ စောလေ ကောင်းလေပါပဲ။ နောက်ကျရင်။ဘယ်လောက်ပြဲသွားလဲ၊ ဘယ်လောက်စောစောသိလဲပေါ်မူတည်ပါတယ်။ သွေးကြောပြဲတာရဲ့ အဓိက ကုသနည်းကတော့ ပြဲနေတဲ့ သွေးကြောကို ပြန်ဖာထေးဖို့ပါပဲ။ ဒါကြောင့် သွေးပေါင်ချိန်ကို အရင်ထိန်း၊ ငြိမ်သွားရင် ခွဲစိတ်ပြီး ကုသမှု စလို့ရပါပြီ။ခွဲပြီးပြီးချင်း ၂နှစ်အတွင်းမှာ သွေးကြောဖောင်းတာ၊ သွေးကြောပြဲတာတွေ ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လူနာအနေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရမှာ ဖြစ်သလို ရက်ချိန်းလည်း မှန်မှန်သွားပြပြီး အနီးကပ်စောင့်ရှောက်မှု ခံယူရမှာပါ။ဆောင်ရန် ရှောင်ရန် အနေနဲ့ကတော့။သွေးကြောပြဲတာက အဖြစ်နည်းတယ်ဆိုပေမယ့် ဖြစ်လာရင် မြန်မြန်ကုသမှု ခံယူဖို့ လိုတဲ့ ရောဂါပါ။ ဒါ့ပြင် တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါ ထပ်ဖြစ်နိုင်တဲ့အတွက် ဆောင်ရန် ရှောင်ရန်တွေကို သေချာလိုက်နာဖို့ လိုပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/aortic-dissection/
နွေရာသီမှာ ရေချွေတာပါ
နွေရောက်လာပြီဆိုရင် ကြားရမယ့် ကိစ္စက ရေရှားလာတာပါ။ ရန်ကုန်လိုနေရာမှာ တော်သေးပေမယ့် အထက်ပိုင်းအညာဒေသတွေမှာ ရေရှားတာက အတော်ရေး ရိုက်ခတ်မှု ပြင်းတဲ့ ပြဿနာပါ။ ဒီပြဿနာကို တစ်ယောက်တစ်လက်နဲ့ ဝိုင်းကူလို့ ရပါတယ်။ ဒီလို ဝိုင်းကူနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ နွေရာသီမှာရေချွေတာပါဆိုတာလေးကို အကောင်အထည် ဖော်ကြည့်ရအောင်နော်။နွေရာသီမှာရေရှားတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားလိုပဲ ရေရှားတာကို ဖြေရှင်းလို့ ရပါတယ်။ ရေရှားတာ မဖြစ်စေဖို့အတွက် မြစ်တွေ ချောင်းတွေ မြေအောင်းရေတွေထဲကို ရေအရင်းအမြစ်တွေ ထည့်စိုက်တာမျိုး မလုပ်နိုင်ပေမယ့် တစ်ယောက်တစ်လက်နဲ့ ချွေတာပေးလို့တော့ ရပါတယ်။နွေရာသီမှာ ရေရှားပါးတာ၊ သန့်ရှင်းတဲ့ ရေကို မရရှိတာကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။နွေရာသီမှာ ရေချွေတာပါ။ ပူပြင်းတဲ့နွေမှာ ရေပြတ်လပ်မှု ကင်းစေဖို့ အခုလိုလေး လုပ်ဆောင်ပေးလို့ ရပါတယ်။ရေချိုးတဲ့ ခွက်ကို အကြီးကြီး ထားတာမျိုး မလုပ်ဘဲ ခပ်သေးသေးလေးပဲ ထားပါ။ ဒါမှ မလိုအပ်ဘဲ ရေအလွန်အကျွံ သုံးမိတာမျိုး မဖြစ်မှာပါ။အဝတ်လျှော်ထားတဲ့ဆပ်ပြာရည်ကို ရေချိုးခန်း၊ အိမ်သာတွေတိုက်ဆေးဖို့ သုံးလို့ရသလို ရေနယ်ထားတဲ့ရေကိုလည်း ရေချိုးခန်းနဲ့ အိမ်သာကို ရေသန့်ဆေးချပေးလို့ ရပါတယ်။ နွေရာသီမှာ ရေကို ချွေတာတဲ့အနေနဲ့ အဝတ်ကို အဝန်လျှော်စက်နဲ့ မလျှော်ဘဲ လက်နဲ့ပဲ လျှော်ပေးပါ။ဘေဘီလေးတွေကို ရေဇလုံထဲမှာ ချိုးပေးထားတဲ့ ရေတွေကို အဝတ်တွေ ဆပ်ပြာရည်စိမ်ဖို့ အသုံးပြုလို့ ရသလို အပင်တွေကို ရေလောင်းတာ၊ လိုအပ်တဲ့ ဆေးကြောမှုတွေမှာ ရေကြမ်းအနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။ဘုရားပန်းအိုး ညောင်ရေအိုးထဲက ရေတွေကို ပုံမှန် လဲလှယ်တဲ့အခါ ပန်းအိုးတွေ ဆေးကြောဖို့ ရေကြမ်းအနေနဲ့ သုံးပေးလို့ ရသလို အပင်တွေကို ရေလောင်းဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။အသီးအရွက် ဆေးထားတဲ့ ရေတွေကို အပင်ရေလာင်းတာအတွက် သုံးလို့ရသလို ပန်းကန်ဆေးတာအတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ လက်ဆေးဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ ကြမ်းတိုက်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါသေးတယ်။နွေမှာ ရေဆာတာကြောင့် သောက်ရေက အရင်ကထက် ပိုလိုမှာပါ။ ဒီလို ရေသောက်တဲ့အခါမှာလည်း ရေကို ကုန်နိုင်သလောက်ပဲ ထည့်ပါ။ သွန်ပစ်တာမျိုး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ရေကို ဘူးလေးနဲ့ ထည့်ထားပြီး သောက်ပေးပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ နွေပူပူမှာ ရေပြတ်လပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်လိုက်ရအောင်လား။ ကဲ …… အခြား ရေကို ချွေတာတဲ့ အိမ်တွင်းနည်းလမ်းလေးတွေ ရှိရင်လည်း မျှဝေပေးခဲ့ဦးနော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-conserve-water-during-summer/
လိင်စိတ်ဆန္ဒနည်းပါးခြင်း အကြောင်းအရင်းများ
လိင်စိတ်နည်းပါးခြင်း၊ လိင်မှုကိစ္စကို စိတ်မဝင်စားခြင်းဟာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ မိမိအဖော်နဲ့ စိတ်ဆန္ဒမကိုက်ညီခြင်း၊ စိတ်အားထက်သန်ပုံ မတူညီခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ဆန္ဒမပါခြင်းဟာ တစ်ခါတစ်ရံမှသာဆိုရင် ပြဿနာမရှိပေမယ့် ရေရှည်မှာဆိုရင် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒနည်းပါးလာရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။တက်စတိုစထရုန်းဟာ အမျိုးသားဟော်မုန်းဖြစ်ပြီး ဝှေးစေ့ကနေ ထုတ်လုပ်ပါတယ်။ အမျိုးသားများ ကြွက်သားနဲ့ အရိုးများဖွဲ့စည်း ဖြစ်ပေါ်ရေးအတွက် အဓိကကျပါတယ်။သုက်ပိုးများ ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။တက်စတိုစထရုန်းပမာဏဟာ အပြောင်းအလဲ အတက်အကျရှိပေမယ့် 300 ng/dl ထက် နည်းနေမယ်ဆိုရင် တက်စတိုစထရုန်း ပမာဏ နည်းတယ်လို့ သတ်မှတ်ပါတယ်။ တက်စတိုစထရုန်း နည်းပါးသွားတဲ့ အမျိုးသားများဟာ လိင်စိတ်ဆန္ဒကျဆင်းသွားတတ်ပါတယ်။ဆေးဝါးတချို့ဟာ တက်စတိုစထရုန်းပမာဏကို ကျဆင်းစေနိုင်ပါတယ်။ အဲဒီအခါ လိင်စိတ်ပါ ကျဆင်းသွားတတ်ပါတယ်။ ဥပမာ သွေးကျဆေးတွေဖြစ်တဲ့ ACEI ဆေးများနဲ့ beta-blocker ဆေးများဟာ ပန်းသေပန်းညှိုးဖြစ်စေဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။တက်စတိုစထရုန်းကို ကျစေတဲ့ တခြားဆေးဝါးတွေကတော့။• ကင်ဆာဆေးများ။• ဆီးကျိတ်ကင်ဆာကုသသော ဟော်မုန်းများ။• စတီးရွိုက်ဆေးများ။• မူးယစ်ဆေးအသုံးပြုသော အကိုက်အခဲပျောက်ဆေးများ၊ ဥပမာ morphine၊ oxycodone။• မှိုသတ်ဆေးများ ketoconazole။• Cimetidine ကဲ့သို့ အစာမကြေ ရင်ပူကုသမည့်ဆေးများ။• စိတ်ကျကုသဆေးဝါးအချို့ စတာတွေပဲ ဖြစ်ပါတယ်။ဆေးဝါးတွေကြောင့် တက်စတိုစထရုန်းကျတယ်လို့ ယူဆရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးဝါးများကို မိမိအစီအစဉ်နဲ့ပဲ လျှော့ချခြင်း၊ ရပ်တန့်ခြင်းများ မပြုရပါဘူး။စိတ်ဓာတ်ကျခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အရင်က ပျော်ရွှင်ကျေနပ်ဖူးတဲ့ အရာတွေကို စိတ်ဝင်စားမှုမရှိတော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ဒါ့အပြင် စိတ်ကျကုသဆေးဝါးများဟာလည်း လိင်စိတ်ကျဆင်းခြင်းကို ဖြစ်စေပါတယ်။ အဆိုပါဆေးဝါးများကတော့။• SNRI အမျိုးအစားဆေးဝါးများ ဥပမာ duloxetine။• SSRI အမျိုးအစားဆေးဝါးများ ဥပမာ fluoxetine နှင့် sertraline။စိတ်ကျဆေးဝါးတွေ သောက်သုံးနေရလို့ တက်စတိုစထရုန်းကျတယ်လို့ ယူဆရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးဝါးများကို မိမိအစီအစဉ်နဲ့ပဲ လျှော့ချခြင်း၊ ရပ်တန့်ခြင်းများ မပြုရပါဘူး။နာတာရှည်ရောဂါများကြောင့် နေထိုင်မကောင်းဖြစ်နေရင် လိင်စိတ်လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ရောဂါတချို့( ဥပမာ ကင်ဆာ) ဟာ သုတ်ပိုးထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ လိင်စိတ်ဆန္ဒကျဆင်းစေတဲ့ တခြားရောဂါတွေကတော့။– အမျိုးအစား ၂ ဆီးချို။– အဝလွန်ခြင်း။– သွေးတိုးခြင်း။– ကိုလက်စထရောများခြင်း။– အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း စသည်တို့ နာတာရှည်ရောဂါဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။အိပ်စက်နေစဉ် အသက်ရှူရပ်တန့်သွားတတ်တဲ့ ပြဿနာ (Obstructive Sleep Apnea) ရှိသူများမှာ တက်စတိုစထရုန်းနည်းပါးခြင်းလည်း ရှိနေတတ်ကြောင်း သိရပါတယ်။ ဒါကြောင့် လိင်စိတ်ဆန္ဒနည်းခြင်းနဲ့ပါ ဆက်နွယ်နေတတ်ပါတယ်။သုတေသနတစ်ခုမှာ တွေ့ရှိတာကတော့ တစ်ညကို ၅နာရီလောက်ပဲ အိပ်စက်တဲ့ အမျိုးသားတွေမှာ တက်စတိုစထရုန်းပမာဏဟာ တစ်ပတ်လောက်ကြာလာရင် ၁၀ – ၁၅ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း သိရပါတယ်။လိင်စိတ်ဆန္ဒနဲ့ ဆက်စပ်နေတဲ့ တက်စတိုစထရုန်းပမာဏဟာ အမျိုးသားတွေရဲ့ ဆယ်ကျော်သက်နောက်ဆုံးအချိန်တွေမှာ အမြင့်ဆုံး ဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့၊ ဆန္ဒပြည့်ဝဖို့၊ လိင်စိတ်နိုးကြားဖို့ အချိန်ယူလာရပါတယ်။ လိင်အင်္ဂါထောင်မတ်ဖို့တောင် ခဲယဉ်းလာပါတယ်။စိတ်ဖိစီးမှုများနေချိန်မှာ လိင်စိတ်ဆန္ဒနည်းပါးနေတတ်ပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုဟာ ဟောမုန်းပမာဏကို အနှောင့်အယှက်ဖြစ်စေလို့ပါပဲ။ သွေးကြောတွေဟာ စိတ်ဖိစီးချိန်မှာ ကျဉ်းမြောင်းသွားပါတယ်။ လိင်အင်္ဂါကို သွေးအရောက်နည်းစေပြီး ထောင်မတ်ဖို့ ခဲယဉ်းနိုင်ပါတယ်။တကယ်တော့ စိတ်ဖိစီးမှုဟာ အမျိုးသားတွေကိုရော အမျိုးသမီးတွေကိုပါ လိင်မှုကိစ္စတွေကို အဟန့်အတား ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ နေ့စဉ်ကြုံတွေ့နေရမယ့် ပြဿနာလည်း ဖြစ်ပါတယ်။ သိပ်ပြီးမကြီးထွားလာအောင် စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်မလဲ လေ့လာထားရင် လိင်စိတ်ဆန္ဒနည်းပါးခြင်းပြဿနာကို ဖြေရှင်းရာ ရောက်ပါတယ်။လှုပ်ရှားမှုလုံးဝမရှိခြင်း (ဒါမှမဟုတ်) လှုပ်ရှားမှုများလွန်းခြင်းဟာ အမျိုးသားများမှာ လိင်စိတ်ကျဆင်းခြင်းရဲ့ အကြောင်းတစ်ရပ်ဖြစ်နိုင်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်သူများဟာ လိင်စိတ်နည်းပါးခြင်းနဲ့ ဆက်စပ်နေတဲ့ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား ၂ ဆီးချို စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ ညနေပိုင်းလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ညအချိန်မှာ ကော်တီစောဟော်မုန်းကို ကျစေပြီး စိတ်ဖိစီးမှုကို ကျစေပါတယ်။ ဒါကြောင့် လိင်စိတ်ဆန္ဒကို မြင့်တက်စေဖို့ အထောက်အကူပြုပါတယ်။ဒါပေမယ့် လေ့ကျင့်ခန်းပြင်းထန်စွာ ပြုလုပ်ခြင်းဟာ လိင်ကိစ္စကို ထိခိုက်စေပါတယ်။ အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို ကာလရှည်ကြာပြုလုပ်ခြင်းဟာ လိင်စိတ်နည်းပါးစေတယ်လို့ သုတေသနတစ်ခုမှာ ဆိုထားပါတယ်။အရက်ကို အလွန်အကျွံသောက်သုံးခြင်းဟာ တက်စတိုစထရုန်းထုတ်လုပ်မှုကို ကျဆင်းစေနိုင်ပါတယ်။ အရက်စွဲသောက်တာ အချိန်ကြာလာတာနဲ့အမျှ လိင်စိတ်ဆန္ဒလည်း ကျဆင်းလာစေပါတယ်။…….။လိင်စိတ်ကျဆင်းခြင်းကို ပြုပြင်ဖို့ဆိုရင် မိမိဖာသာ ဆောင်ရွက်နိုင်တဲ့အချက်တွေလည်း ရှိနေပါတယ်။ အဓိကအားဖြင့်။– ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်ခြင်း။– အိပ်ရေး၀၀အိပ်ခြင်း။– စိတ်ဖိစီးမှုလျှော့ချခြင်း။–ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်းစတဲ့အချက်တွေကို လိုက်နာခြင်းအားဖြင့် လိင်စိတ်နည်းပါးရတဲ့ ပြဿနာကို အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်ပါလိမ့်မယ်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%94%e1%80%b9%e1%80%92%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%81%e1%80%bc%e1%80%84/
ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ
ဖျားခြင်းသည် ရောဂါပိုးများကို သတ်ပေးနိုင်သောကြောင့် ကလေးကိုယ်ပူလာသည်အခါ ဆရာဝန် ခေါ်သင့်၊ မခေါ်သင့် သင် စဉ်းစားရကြပ်နေနိုင်သည်။ ပူသည့်ပမာဏ ဘယ်လောက် များပါစေ စိတ်ပူရမည် မဟုတ်ပါ။ သို့သော်အပြင်းဖျားလျှင် အန္တရာယ် ရှိ၏။  အထူးသဖြင့်တစ်နှစ်အောက် ကလေးများတွင် စိုးရိမ်ရသည်။ မိဘများက ကလေး၏သာမိုမီတာကို ကြည့်နေမည့်အစား ကလေး အခြေအနေနဲ့ ပြုမူပုံများကို စောင့်ကြည့်သင့်ပါသည်။ အခုတစ်ခေါက်တော့ ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ ကို မျှဝေပေးချင်ပါတယ်။ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ ကတော့။ကိုယ်ပူ ကျဆေး။ပါရာစီတမောသည်အဖျားကိုချပေး၏။ သို့သော် ကလေးများအတွက် ကိုယ်အလေးချိန်နှင့် အသက်အရွယ်ပေါ်လိုက်ပြီး ဆေးပမာဏကွဲပါသည်။ထို့ကြောင့် ကလေးအထူးကုနှင့် အရင်ဆွေးနွေးပါ။ ဆေးတွင်ပါသော ဆေးပမာဏအညွှန်းကို သေသေချာချာဖတ်ပါ။ အဖျားချဆေးနှင့်အတူ ဆေးချိန်သည့်ကိရိယာပါ ပါတတ်သောကြောင့် ဆေးကို မှန်ကန်စွာချိန်နိုင်ပါသည်။အသက်သုံးလအောက် ကလေး  ကိုယ်ပူနေပြီဆိုပါက ဆရာဝန်နှင့်ပြပါ။ အသက် ၃-၅ လကလေးများသည် အပူချိန် ၁၀၁ ဒီဂရီ (၃၈ စင်တီဂရိတ်) နှင့်အထက်ဆိုပါက ဆရာဝန်ဆီ ချက်ချင်းပြပါ။ ၆ လထက်ကြီးသောကလေးများတွင် ၁၀၂ ဒီဂရီ (၃၉ စင်တီဂရိတ်) နှင့်အထက် ဆိုလျှင် ပြပါ။ကလေးအသက် ဘယ်အရွယ်ဖြစ်ပါစေ။ ပြင်းထန်သည့် ပိုးကူးစက်မှုလက္ခဏာများဖြစ်သော အသက်ရှူကျပ်ခြင်း သို့မဟုတ် အရေပြားတွင် ခရမ်းရောင်ကွက်များထခြင်းတို့ကို မိဘမှ သတိပြုမိသည်နှင့် ဆရာဝန်ဆီ ချက်ချင်းပြသပါမည်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/how-to-reduce-fever-in-kids/
Chilblains (သွေးကြောရောင်ရမ်း၍ကိုက်ခဲခြင်းတစ်မျိုး)
Chilblains – CHILL-blayns လို့လည်းခေါ်ပါတယ်။ အအေးဒဏ်၊ လေအေးတွေနဲ့ မကြာခဏထိတေ့ွရတဲ့အခါ ဖြစ်လာတတ်တဲ့ အရေပြားရှိ သေးငယ်သောသွေးကြောငယ်လေးများ ရောင်ရမ်းခြင်းဖြစ်တယ်။ Pernio လို့လည်းသိပြီး ခြေလက်တွေမှာ ယားယံခြင်း၊ အနီကွက်များထခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရည်ကြည်ဖုတွေဖြစ်တတ်ပါတယ်။များသောအားဖြင့် တစ်ပတ်ကနေ သုံးပတ်အတွင်း ကောင်းသွားတတ်ပါတယ်။ အထူးသဖြင့် ရာသီဥတုပြန်လည်နွေးထွေးလာပါက ပိုကောင်းနိုင်ချေရှိတယ်။ နှစ်နဲ့ချီပြီး ရာသီအလိုက် ရောဂါပြန်ပေါ်နိုင်ပါတယ်။ ကုသမှုတွေမှာတော့ အအေးဒဏ်ကနေကာကွယ်ခြင်းတွေ၊ လက္ခဏာတွေသက်သာဖို့ လိုးရှင်းခရင်သုံးခြင်းတွေပါနိုင်ပါတယ်။ များသောအားဖြင့်တော့ အမြဲထိခိုက်ခြင်းမဖြစ်စေနိုင်ပေမယ့် မကုသဘဲထားပါက ရောဂါပိုးဝင်ပြီး ပြင်းထန်သောထိခိုက်မှုတွေဖြစ်လာနိုင်တယ်။အကောင်းဆုံးနည်းကတော့ အအေးဒဏ်မခံရအောင် အတတ်နိုင်ဆုံးကာကွယ်ပြီး နွေးနွေးထွေးထွေးဝတ်ဆင်ခြင်းဖြစ်တယ်။အရွယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေရော၊ လူကြီးတွေရော ဖြစ်နိုင်ချေအတူတူပဲဖြစ်တယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။တွေ့ရအများဆုံးလက္ခဏာတွေကတော့-။တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်ကိုမေးမြန်းသင့်ပါတယ်။အောက်ပါအခြေအနေများဖြစ်လာပါက ဆရာဝန်ပြပါ –။အကြောင်းအရင်းအတိအကျကိုတော့မသိကြပါဘူး။ ခန္ဓါကိုယ်ရဲ့အအေးဒဏ်ကိုပုံမှန်မဟုတ်တုံ့ပြန်ခြင်းတစ်ခုဖြစ်နိုင်ပါတယ်။ အအေးဒဏ်ခံရပြီး ပြန်လည်နွေးထွေးသွားတဲ့အခါ ခန္ဓါကိုယ်အရေပြားက သွေးကြောငယ်လေးတွေက အနီးမှာရှိတဲ့ သွေးကြောကြီးတွေထက် ပိုမြန်မြန်ကျယ်ပြန့်သွားတတ်တယ်။ ထိုအခါမှာ အနားတဝိုက်က တစ်သျူးများသွေးငတ်တတ်ပါတယ်။အများကြီးရှိနိုင်တယ်။ ဥပမာ-။ကြပ်တည်းသော သို့ အရေပြားလေးအေးထိနိုင်သော အဝတ်အစားများဝတ်စားခြင်း။ ချမ်းအေးစိုစွတ်သောရာသီဥတုတွင် ကြပ်တည်းသောအဝတ် သို့ ဖိနပ်များဝတ်စားခြင်း။ အအေးဒဏ်ထိနေတဲ့ အရေပြားမှာ ရောဂါဖြစ်နိုင်ချေပိုရှိပါတယ်။ကိုယ်အလေးချိန်၊ နှင့် အမျိုးသမီးဖြစ်ခြင်း။ အရပ်နှင့် သင့်လျော်သော ကိုယ်အလေးချိန်ထက် ၂၀ ရာခိုင်နှုန်းပိုနည်းနေသူများမှာ ရောဂါဖြစ်နိုင်ချေပိုများသလို၊ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ကလေးတွေထက် ရောဂါဖြစ်နိုင်ချေပိုများပါတယ်။ပတ်ဝန်းကျင်အခြေအနေ၊ ရာသီဥတု – အေးမြခြောက်သွေ့သောနေရာတွေမှာဖြစ်ခဲပါတယ်။ ထိုဒေသရှိလူတွေဟာ အအေးဒဏ်မထိရအောင် ပိုလုံခြုံစွာဝတ်စားသောကြောင့်ဖြစ်ပါတယ်။ စိုစွတ်အေးမြသောနေရာမှာ ရောဂါဖြစ်နိုင်ချေပိုများပြီး နိုဝင်ဘာမှ ဧပြီလအတွင်းအဖြစ်များတယ်။သွေးလည်ပတ်မှုမကောင်းခြင်း။ သွေးလည်ပတ်မှုမကောင်းသူတွေမှာ ရာသီဥတုအပြောင်းအလဲကို ပိုမခံနိုင်တာကြောင့် ဖြစ်နိုင်ချေများနိုင်တယ်။ရောဂါရှိခြင်း။ ရောဂါရှိသူတွေဟာ ဖြစ်နိုင်ချေများပါတယ်။ ရောဂါနှစ်ခုစလုံးက ရောင်ရမ်းစေနိုင်ပြီး ရောဂါမှာတော့ အရေပြားအရောင်ပြောင်းမှုမတူပါဘူး။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအမည်တပ်ခြင်းက ရှင်းလင်းပါတယ်။ အအေးဒဏ်ထိထားတဲ့လူတစ်ယောက် တူညီတဲ့လက္ခဏာတွေဖြစ်လာမယ်ဆိုရင် chilblains လို့ရောဂါအမည်တပ်လိုက်လို့ရပါတယ်။တခြားသော ရောဂါတွေဖြစ်တဲ့ lupus, Raynaud’s phenomenon, erythromelalgia တွေနဲ့ သွေးငတ်ခြင်း တို့ဖြစ်နိုင်ချေကိုလည်းပယ်ပါလိမ့်မယ်။ရှားရှားပါးပါး ရောဂါခွဲခြားရခက်နေမယ်ဆိုရင်တော့ အရေပြားအသားစစစ်ပါလိမ့်မယ်။အိမ်တွင်းကုနည်းနဲ့အဆင်မပြေတဲ့လူကြီးတွေအတွက်တော့ –။လိမ်းဆေး – ခရင်လိမ်းခြင်း။သွေးဖိအားဆိုင်ရာဆေးများ – ကဲ့သို့ သွေးဖိအားနည်းစေသောဆေးများ – သွေးကြောပွင့်စေပါတယ်။အအေးဒဏ်ခံပြီးနောက် မနှိပ်၊ မပွတ်သပ်၊ အပူမပေးဘဲ အသာအယာသာပြန်လည်းနွေးထွေးစေခြင်း။တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/chilblains-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%99%e1%80%ba%e1%80%b8%e1%81%8d%e1%80%80%e1%80%ad%e1%80%af/
သင့်ကလေး လှုပ်လှုပ်ရှားရှား နေတတ်အောင် ဘယ်လိုတွန်းအားပေး ကူညီမလဲ
ဒီခေတ်လို အင်တာနက်၊ဂိမ်း၊တီဗွီ အစရှိသဖြင့် မျိုးစုံအောင် ပေါ်နေ၊အလွယ်တကူ ရရှိနေနိုင်တဲ့ ခေတ်ကြီးထဲမှာ ကလေးတွေကို ကိုယ်တွေ ငယ်ငယ်တုန်းကလို ကစားခုန်စား၊ပြေးလွှားဆော့ကစားစေဖို့ဆိုတာ အတော်တော့ မလွယ်တဲ့ ကိစ္စတခုပါ။သူတို့လေးတွေအနေနဲ့ အပြင်ထွက်ဆော့ဖို့ထက် တီဗွီကြည့်မယ်၊ဂိမ်းဆော့မယ်၊တက်ဘလက်ပွတ်မယ်၊အင်တာနက်သုံးမယ် အစရှိတဲ့ နည်းပညာရဲ့ ဖြားယောင်းမှုတွေနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားကြတာပါ။ဒါတင်မကသေးပါဘူး၊များပြားလွန်းလှတဲ့ ကျောင်းစာတွေကလည်း ကလေးတွေကို ကစားကွင်းထဲရောက်မလာနိုင်အောင် တားဆီးနေပါသေးတယ်။ ဒါကြောင့် မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးတွေ လှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွဖြစ်အောင် အားပေးတိုက်တွန်းကူညီပေးရပါမယ်။လှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွနေတဲ့အခါ သင့်ကလေးဟာ အမြဲတမ်းကျန်းမာရွှင်လန်းနေပြီး လုပ်ငန်းဆောင်တာတွေကိုလည်း ပုံမှန်အတိုင်း ပျော်ရွှင်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျောင်းသင်ခန်းစာတွေ လေ့လာသင်ယူရာမှာလည်း ပိုမိုတက်ကြွပြီး စွမ်းဆောင်ရည်ပိုလာစေမှာ ဖြစ်ကာ ဘယ်အသက်အရွယ်မှာမဆို မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှုကိုလည်း ဖြစ်ပေါ်လာစေမှာပါ။လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင် ကလေးတွေအနေနဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာဖြစ်တဲ့အတွက် သင့်အနေနဲ့ အောက်ပါနည်းလမ်းလေးတွေကို သုံးပြီး သူတို့လေးတွေ လှုပ်လှုပ်ရှားရှားအားကစား လုပ်ချင်လာအောင် အားပေးတိုက်တွန်းရပါမယ်။အဓိကအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ပါတယ်။မူကြိုအရွယ် (လေးငါးနှစ်အရွယ်)။ဒီအရွယ်ကလေးတွေအနေနဲ့ တစ်နေ့ကို အကြိမ်ရေအတော်များများ ခုန်ပေါက်ပြေးလွှားဆော့ကစားပေးဖို့ လိုအပ်ပါတယ်။ ဘောလုံးကန်ခြင်း၊ဘောလုံးပစ်ခြင်း၊လွန်ဆွဲခြင်း၊ခြေတစ်ပေါင်ကျိုးခုန်ခြင်း ဒါမှမဟုတ် သုံးဘီးစီးခြင်း၊အတားအဆီးဖြတ်ကျော်ပြေးခြင်း အစရှိတဲ့ အရေးကြီးလှုပ်ရှားမှုတွေကို လေ့ကျင့်ပေးသင့်ပါတယ်။မူကြိုအရွယ်ကလေးအားလုံးနီးပါးဟာ အားကစားနည်းတွေရဲ့ ရှုပ်ထွေးတဲ့ နည်းစနစ်တွေ၊ ဥပဒေသတွေ၊အာရုံစူးစိုက်မှုတွေ၊ကျွမ်းကျင်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို နားမလည်နိုင်သေးတာကြောင့် အဆိုပါ အချက်တွေကို လေ့လာခိုင်းမယ့်အစား အခြေခံကျတဲ့ လှုပ်ရှားသွားလာခုန်ပေါက်ပြေးလွှားမှုတွေကိုသာ အာရုံစိုက်အလေးထားပြီး သင်ကြားပေးသင့်ပါတယ်။ကျောင်းနေအရွယ်။ဒီအုပ်စုမှာ အသက် ခြောက်နှစ်ကနေ ဆယ့်နှစ်နှစ်အရွယ်ထိ ကလေးငယ်တွေ ပါဝင်ပါတယ်။ သူတို့ဟာ တစ်နေ့ကို လှုပ်ရှားတက်ကြွအားကစားပြုလုပ်ချိန်၊ကစားချိန် တစ်နာရီလောက် လိုအပ်မှာဖြစ်ပါတယ်။ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ဘာလုပ်နေတယ်ဆိုတာကို စတင်သတိထားမိပြီဖြစ်တာကြောင့် သူတို့လေးတွေ ဒီလိုမျိုးကစားခုန်စားအားကစားလုပ်ရတာကို ပျော်ရွှင်ဖို့၊စိတ်ဝင်စားဖို့ တိုက်တွန်းအားပေးရမယ့် မိဘတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါပြီ။ဒါ့အပြင် ကလေးတွေ ဝါသနာပါရာ အားကစားတွေဖြစ်တဲ့ ဘေ့စ်ဘော၊ဘတ်စကတ်ဘော၊ကိုယ်ခံပညာ၊ဝူရှူး၊စက်ဘီးစီး အစရှိတာတွေကို စိတ်တိုင်းကျရွေးချယ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ကူညီရွေးချယ်ဆွေးနွေးပေးရပါမယ်။ကလေးတွေလိုပဲ ဆယ်ကျော်သက်အရွယ်တွေဟာလည်း နေ့စဉ်လှုပ်ရှားတက်ကြွအားကစားပြုလုပ်ဖို့အချိန် တစ်နာရီလောက် လိုအပ်ပါတယ်။ ကျောင်းတွင်းအားကစားလုပ်မလား ဒါမှမဟုတ် ကျောင်းပြင်ပကျမှ အားကစားလုပ်မလား စသဖြင့် သူတို့မှာ ရွေးချယ်စရာတွေ အများအပြားရှိနေပါပြီ။ဆယ်ကျော်သက်အများအပြားဟာ ယောဂကျင့်တာ ဒါမှမဟုတ် စကိတ်စီးတာတွေကို ကြိုက်နှစ်သက်ကြလေ့ရှိပါတယ်။ ဒါပေမယ့် သိသာထင်ရှားတဲ့ ကောင်းကျိုးရရှိဖို့အတွက် အားကစားလေ့ကျင့်မှု၊ကိုယ်လက်လှုပ်ရှားမှုတွေကို စနစ်တကျ အစီအစဉ်ဆွဲပြီး လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။အရေးကြီးဆုံးအချက်က ဆယ်ကျော်သက်တွေအနေနဲ့ လွတ်လွတ်လပ်လပ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုပြုလုပ်နိုင်ဖို့ အဆင်ပြေဆုံး၊အသင့်တော်ဆုံးဖြစ်မယ့် ပတ်ဝန်းကျင် အနေအထားတရပ်ကို ဖန်တီးပေးထားရမှာ ဖြစ်ပါတယ်။သင့်အနေနဲ့ သူတို့လေးတွေ အားကစားလှုပ်ရှားမှုပြုလုပ်ဖို့ သွားရေးလာရေးကို စီစဉ်ပေးရမှာ ဖြစ်သလို လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းစတာတွေကိုလည်း ပံ့ပိုးပေးရမှာပါ။စက်ဘီးစီးတာ၊ရေကူးတာ ဒါမှမဟုတ် အားကစားခန်းမသွားတာမျိုးတွေအတွက်ဆိုရင် ကာလံဒေသံနဲ့ သင့်လျော်တဲ့ အားကစားဝတ်စုံလေးတွေ၊ဖိနပ်လေးတွေ ပံ့ပိုးစီမံပေးခြင်းအားဖြင့် သူတို့လေးတွေလည်း မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာမှာဖြစ်ပြီး အားကစားလုပ်ရတာကို ပိုပျော်လာမှာပါ။ကလေးတိုင်းဟာ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းဖို့ လိုအပ်တဲ့အတွက် မိဘတွေအနေနဲ့ ဂရုတစိုက်အားပေးတိုက်တွန်းပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ငယ်ရွယ်စဉ်အချိန်ကတည်းက အားကစားလေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထကို ဂရုတစိုက်ပျိုးထောင်ပေးသွားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ဒါဟာ သူတို့လေးတွေအတွက် နိစ္စဓူဝ ကိစ္စတခုဖြစ်သွားမှာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%9c%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%9c%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%ac%e1%80%b8/
သူများအဆင်ပြေနေရင် ကိုယ်စိတ်မချမ်းသာတဲ့ FOMO စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ
လူတစ်ဖက်သား အဆင်ပြေပျော်ရွှင်နေတာကို လူတိုင်း မုဒိတာထားနိုင်တယ်လို့ မထင်ပါနဲ့။ တကယ်တော့ လူတိုင်း ဒီလိုမတွေးနိုင်ကြပါဘူး။ ဒါကို စိတ်ပညာမှာတော့fear of missing outဒါမှမဟုတ် FOMO လို့ခေါ်ပါတယ်။FOMO ဟာပုံမှန်စိတ်ခံစားချက်မျိုးလို့ ထင်မှတ်စရာရှိပေမယ့် တကယ်တမ်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ တပါးသူတွေဟာ ကိုယ့်ထက်ပိုသာနေတယ်၊ ကိုယ့်ထက်ပိုတော်နေတယ်၊ ကိုယ့်ထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေကို ပိုင်ဆိုင်နေတယ်ဆိုတဲ့ အတွေးကြီး အမြဲမပြတ်ဝင်နေတာမျိုးပေါ့။မြန်မာလူမျိုးတွေပြောနေကြ စကားနဲ့ အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် တဖက်သားအဆင်ပြေနေတာကို မုဒိတာမပွားနိုင်ဘူးဆိုရမှာပေါ့။ ပုံမှန်အားဖြင့်ဆိုရင် ဒီဝေဒနာက ဘာမှမဟုတ်ဘူးလို့ ယူဆချင်စရာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ သင့်ဘဝတစ်ဘဝလုံးမှာပျော်ရွှင်မှုတွေကို တိတ်ဆိတ်ခြောက်ကပ်သွားအောင် ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။FOMO နဲ့ ပတ်သက်ပြီး တစ်ခုသိထားရမှာက တစ်ဖက်သားရဲ့ အဆင်ပြေနေမှုတွေကြောင့် မပျော်မရွှင်ဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကို ညံ့ဖျင်းတယ်လို့ ပြစ်တင်ဝေဖန်ရင်း စိတ်ဓာတ်ကျ၊ ပူပင်သောကပွားနေတာမျိုးပါ။ တစ်ဖက်လူကို မနာလိုမှုရှုဆိမ့်ဖြစ်ပြီး ဒုက္ခပေးလိုတဲ့ စိတ်မျိုးတော့မဟုတ်ပါဘူး။ဒီကနေ့ခေတ်မှာ FOMO ပြဿနာကို ပိုမိုရင်ဆိုင်လာကြရတယ်လို့ လေ့လာချက်တွေက ဆိုနေကြပြီး အဓိက အကြောင်းတရားကတော့Facebookနဲ့ Instagram လို ဆိုရှယ်မီဒီယာတွေ ခေတ်စားလာနေတာကြောင့်ပါ။ ဆိုရှယ်မီဒီယာတွေမှာ အလှအပတွေ၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေပိုမိုချပြလာကြခြင်းနဲ့အတူ တဖက်သားအပေါ် မုဒိတာထားနိုင်စွမ်းတွေလည်း နိမ့်ပါးကျဆင်းလာနေကြတယ်လို့ ဆိုရပါလိမ့်မယ်။ဒီကနေ့ခေတ်မှာ လူငယ်အများစုဟာ သောကြာလိုနေ့မျိုးတွေမှာ ဘားတွေ၊ စားသောက်ဆိုင်တွေမှာNightlifeကို ဖြတ်သန်းကြတာ ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ဘာကြောင့် သူတို့ ဒီလိုလုပ်ကြတာလဲ။ ဒီလိုလုပ်တဲ့အတွက် သူတို့ ပျော်ရွှင်မှုရကြလို့လား။လေ့လာချက်တွေမှာတော့ လူငယ်တွေ သောကြာလိုနေ့မျိုးမှာ ပုံမှန်Night Outဖို့ ကြိုးစားကြတာဟာ FOMO စိတ်အခံကြောင့်လို့ ဆိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်း၊လုပ်ငန်းခွင်က လူတွေသွားရင် ကိုယ်လည်း သွားမှဖြစ်မယ်၊ မဟုတ်ရင် ကိုယ့်က ဝင်မဆံ့တာ၊ ဘောင်ပြင်ထွက်နေတာ၊ သူတို့လောက် မသုံးနိုင်တာမျိုးလို့ ထင်မြင်သွားမှာကို စိုးရိမ်ပြီး စိတ်မပါရင်တောင်မှ ခုလိုသွားဖြစ်နေကြတယ်လို့ ဆိုပါတယ်။ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာအရ တပါးသူတွေက ကိုယ့်ကို အထင်မကြီးမှာ၊ နှိမ်ချဆက်ဆံမှာကို အလွန်ကြောက်ရွံ့သလို၊ တပါးသူအဆင်ပြေပျော်ရွှင်နေရင်လည်း ကိုယ်က အလိုလိုစိတ်ဓာတ်ကျ စိတ်ပူပန်သောကများနေတတ်တာမျိုးပါ။လူတွေ FOMO အကြောင်းကို ပိုမိုသိလာတာ သိပ်မကြာသေးပါဘူး။ အရင်တုန်းကတော့ ဒါကို ပုံမှန် လူ့သဘာဝ စိတ်ခံစားချက်တစ်ခုအသွင် မှတ်ယူခဲ့ကြဖူးပါတယ်။ ၁၉၉၆ ခုနှစ်မှာမှ ဒေါက်တာ ဒန် ဟာမန်းဆိုတဲ့ ဈေးကွက်မဟာဗျူဟာပညာရှင်တစ်ယောက်က ‘fear of missing out’ ဆိုတဲ့ နာမည်ကို စတင်မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာတွေ တခေတ်ဆန်းလာချိန်မှာတော့ FOMO ဟာ ခေါင်းနဲ့ပန်းလို တွဲလျက်သာ ဖွံ့ထွားလာခဲ့ပါတယ်။ လူအတော်များများရဲ့ အတွင်းစိတ်ထဲမှာ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ဒီစိတ်ခံစားချက်က ပိုမိုအားကောင်းလာခဲ့တယ်ဆိုပါတော့။သူမျာတင်တဲ့ပုံက ကိုယ့်ပုံထက် ပိုလှနေမလား၊ သူများတွေ ပိုင်တဲ့ပစ္စည်းက ကိုယ့်မှာမရှိဘူးလား၊ သူများတွေသွားတဲ့နေရာ ကိုယ်မရောက်ဖူးဘူးလား၊ သူများတွေ စားတာမျိုး ကိုယ်မစားဖူးသေးဘူးလား စသဖြင့်ပေါ့။အတွေးတွေနဲ့ လောင်မြိုက်နေတာမျိုးပါ။လေ့လာချက်တွေအရ လူတွေကို fear of missing out ဖြစ်လာအောင် တွန်းပို့နေတဲ့ သက်ရောက်မှုချက် ၄ ချက်ရှိတယ်လို့ဆိုပါတယ်။ ဒါတွေကတော့။ဆိုရှယ်မီဒီယာဆိုက်တွေ၊။အသက်အရွယ်နဲ့လိင်အမျိုးအစား၊။လူနေမှုအဆင့်အတန်းနဲ့။ဘဝတစ်သက်တာ ပျော်ရွှင်မှု အနည်းအများတို့ပါပဲတဲ့။ဒီအချက်တွေက fear of missing out ဖြစ်လာအောင် အဓိက တွန်းပို့နေတဲ့ သက်ရောက်မှုတွေလို့ဆိုပါတယ်။FOMO ဟာ စိတ်ဝေဒနာတစ်မျိုးဆိုတာထက် စွဲလမ်းခံစားမိနေတဲ့ စိတ်ခံစားချက်တစ်မျိုးလို့ဆိုနိုင်ပါတယ်။ကျော်ဖြတ်အနိုင်ယူဖို့ခက်ခဲတဲ့ စိတ်ကျန်းမာရေးပြဿနာမျိုးတော့ မဟုတ်ပါဘူး။ အတွေ့အကြုံကောင်းတွေရှိပြီး စိတ်ဓာတ်လည်းခိုင်မာမယ်ဆိုရင် ဒီခံစားချက်ဆိုးကြီးကို ကျော်ဖြတ်လို့ရပါတယ်။Fear of missing out ကို အဓိကဖြစ်စေတဲ့ သက်ရောက်မှု ၄ ချက်ရှိပေမယ့် အဓိကအကျဆုံး အကြောင်းတရားကတော့ မပျော်ရွှင်မှုနဲ့ မိမိကိုယ်ကို စိတ်ကျေနပ်မှုမရှိခြင်းတွေပါပဲ။ ဒါကြောင့် ဒီအကြောင်းတရား ၂ ခုကို အခြေခံပြီးတော့ပဲ FOMO ကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။အာရုံစိုက်မှုကို ပြောင်းပါ – ကိုယ့်ရဲ့ အာရုံစူးစိုက်မှုကို အရင်တုန်းက သိပ်ဂရုမစိုက်မိခဲ့တာတွေဆီကို ရွှေ့ကြည့်ပါ။ ပြောရတာလွယ်ပေမယ့် ဒီကိစ္စက အချိန်ယူရသလို ခက်လည်းနည်းနည်းတော့ ခက်ပါတယ်။ လူတစ်ယောက်ရဲ့အာရုံစူးစိုက်မှုနဲ့ စိတ်ဝင်စားမှုကို ပြောင်းဖို့က စိတ်ဓာတ်ခိုင်မာမှဖြစ်မှာပါ။ ဒါပေမယ့် ဒီနည်းလမ်းက သင့်ကို တဖြည်းဖြည်းနဲ့ ပျော်ရွှင်လာစေမှာပါ။မှတ်တမ်းတင်ပါ – ကိုယ်ဘာလုပ်တယ်၊ ဘာကိုင်တယ်၊ ဘယ်လိုနေထိုင်တယ်ဆိုတာကို ဒိုင်ယာရီပဲဖြစ်ဖြစ် ရေးပြီး မှတ်တမ်းတင်ပါ။ ဒီလိုလုပ်တာက သင့်ကို တခြားအရာတွေဆီ အာရုံရောက်တာကို လွှဲဖယ်ပေးမှာဖြစ်ပြီး ပျော်ဖို့လည်းကောင်းပါတယ်။ ဖြစ်နိုင်ရင် အွန်လိုင်း Application တွေထက် စာအုပ်ကိုသုံးတာက ပိုကောင်းတဲ့ နည်းလမ်းလို့ အကြံပေးချင်ပါတယ်။တကယ့် ဆက်နွယ်မှုကို ရှာပါ – ကိုယ်ချစ်သူ ခင်သူတွေကို ပိုအာရုံထား ဆက်ဆံပြီး တကယ်မရင်းနှီးသူတွေနဲ့ ဟန်လုပ်ပေါင်းနေရတာတွေကို လျှော့ချသင့်ပါတယ်။ ဒီအချက်က သင့်ကို တဖက်လူနဲ မိမိကိုယ်ကို နှိုင်းယှဉ်လွန်နေတဲ့ အကျင့်ကို လျော့ပါးသွားစေပါလိမ့်မယ်။ရိုးသားပါ – ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောဆိုကြည့်ပါ။ အရာရာကို မပွင့်တပွင့်နဲ့ စိတ်မလုံခြုံသလိုခံစားမနေပဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ တက်တက်ကြွကြွနေကြည့်ပါ။ ပွင့်ပွင့်လင်းလင်းနေထိုင်တာက စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။အင်တာနက်သုံးတာ လျှော့ပါ – ဖြစ်နိုင်ရင် ဆိုရှယ်မီဒီယာတွေ၊ အင်တာနက်တွေ၊ ဖုန်းတွေ သုံးတာကို လျှော့ချပစ်ပါ။ တတ်နိုင်ရင် မသုံးပဲနေကြည့်ပါ။ အဲ့ဒီအစား ဝါသနာပါရာကို ပြုလုပ်တာမျိုး၊ စာအုပ်တာမျိုးအပြုအမူတွေနဲ့ အစားထိုးပါ။ ဒီအချက်ကလည်း သင့်ရဲ့ စိတ်ခံစားချက်ကို ပိုပြီး ကောင်းမွန်စေမှာပါ။FOMO ဖြစ်ရတာဟာ တကယ်တမ်းမှာတော့ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးပြီး တဖက်သားနဲ့ အမြဲနှိုင်းယှဉ်နေမိလို့ပါ။ လူတိုင်းမှာ တန်ဖိုးတစ်ခုစီရှိပြီးတော့ လူတိုင်းမှာလည်း အားနည်းချက်တွေရှိပါတယ်။ လူတိုင်းဟာ မပြည့်စုံနိုင်ပါဘူး။ ကိုယ်တစ်ယောက်တည်း မပြည့်စုံတာမဟုတ်တာကို သိနားလည်ထားစေချင်ပါတယ်။သင်ဟာ သင်ပါပဲ။ သင်နဲ့ ဘယ်သူမှ မတူပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပြီး ဘဝမှာ ပျော်ရွှင်စွာနေနိုင်ဖို့ကိုသာ အာရုံစိုက်ထားပါ။ တခြားသူတွေနဲ့ နှိုင်းယှဉ်မနေပဲ ကိုယ်ကိုယ်ကိုသာ ယှဉ်ပြိုင်ပြီး တိုးတက်အောင် နေထိုင်သွားဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-to-cope-with-fomo/
ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့
အခါကြီးရက်ကြီးမှာ၊ ဝါတွင်းမှာ ကုသိုလ်ယူမယ် ဥပုသ် စောင့်တော့မယ်ဆိုတဲ့ သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကုသိုလ်ယူမယ့်သူလေးတွေကို ပြည့်ပြည့်ဝဝ ကုသိုလ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ကဲ ……ကျန်းမာရေးကို ထိခိုက်စေမှု မရှိဘဲ ကုသိုလ်ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ဥပုသ်စောင့်နိုင်စေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ဥပုသ်စောင့်တာက ကုသိုလ်ရေးဆိုပေမယ့် စနစ်တကျ မလုပ်ဆောင်မိဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပုသ်စောင့်တာက ညနေစား မစားရတာကြောင့် မနက်ခင်းမှာ ပြည့်ပြည့်ဝဝ မစားမိတာမျိုး ဖြစ်မယ်။ နေ့စဉ်ရက်ဆက်အာဟာရ ပြည့်ပြည့်ဝဝမစားဘဲ ဥပုသ်စောင့်မယ်ဆိုရင်။ဒီတော့ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့ အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာစေချင်ပါတယ်။ ကုသိုလ်လည်းရ ကျန်းမာရေးလည်း မထိခိုက်စေဖို့ဆိုရင် ဥပုသ်စောင့်တဲ့အခါ။ဆာလောင်မှုကို ထိန်းချုပ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်ဆိုပေမယ့် မနက်စာပုံမှန်စားတာက တစ်နေ့တာလုံးမှာ ဆာလောင်တဲ့စိတ်ကိုလျော့ပါးစေတယ်လို့လေ့လာမှုတွေက ဆိုကြပါတယ်။မနက်စာမစားရင် ဒါမှမဟုတ် ဖြစ်သလိုစားရင် တစ်နေ့လုံး ဆာလောင်မှု ပိုခံစားရစေပါတယ်တဲ့။ ဆာလောင်မှုကို လျော့ပါးစေနိုင်တဲ့ မနက်စာတွေထဲမှာ ကြက်ဥ၊ ဂျုံကြမ်းပေါင်မုန့်၊ ကွေကာနဲ့ အသီးအနှံတွေ ပါဝင်ပါတယ်။ပရိုတင်းဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့အပြင် သူ့ရဲ့ ထူးခြားချက်တစ်ခုကဗိုက်ပြည့်နေတဲ့ခံစားချက်ကို အချိန်ကြာကြာထိန်းပေးထားနိုင်တာ တခြားဓာတ်တွေထက်သာပါတယ်တဲ့။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို စားခြင်းက အချိုများတဲ့၊ အဆီများတဲ့ အစားအစာတွေကို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ပရိုတင်း ပြည့်ဝတဲ့ အစားအစာတွေထဲမှာ ပင်လယ်စာ၊ အဆီမပါတဲ့ အသားတွေ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပဲနဲ့ တို့ဟူးတို့ ပါဝင်ပါတယ်။အမျှင်ဓာတ်က အဆာခံနိုင်စေပြီး ခဏခဏ ဗိုက်ဆာတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်၊ ဘယ်ရီသီး၊ထောပတ်သီး၊ အုတ်ဂျုံ၊ ကွေကာ စတာတွေက အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။ အမျှင်ဓာတ်များတဲ့ အစာတွေက ဥပုသ်စောင့်နေချိန်မှာ အဆာပိုခံနိုင်စေမှာပါ။ပရိုတင်းဓာတ်၊ အဆီဓာတ်တွေနဲ့မတူဘဲ ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ကို အချိန်အတော်ကြာ ရေဓာတ် ထိန်းထားနိုင်စေပါလိမ့်မယ်။ ဒီအချက်က ဥပုသ်ချိန်အတွက် ပြင်ဆင်ချိန်မှာ အရေးကြီးပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ ဥပုသ်တွင်း မနက်ပိုင်းမှာ ဒီလိုမျိုး ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကို စားပေးနိုင်ပါတယ် –။ပြည့်ပြည့်ဝဝစားပါဒါပေမယ့် အလွန်အကျွံမစားပါနဲ့။မွန်းတည့်ချိန်မတိုင်မီ ပရိုတင်းများတဲ့အစာတွေကို ဗိုက်ပြည့်အောင် ပြည့်ပြည့်ဝဝစားထားဖို့ လိုပါမယ်။ ပမာဏများများနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေစားထားရင် ဥပုသ်ချိန်အတွင်း ဆာလောင်မှုမရှိဘဲ တင်းတိမ်နေနိုင်ပါလိမ့်မယ်။ ညနေကျ မဆာအောင်လို့ မနက်မှာ အများကြီးစားထားမှဖြစ်မယ်ဆိုပြီး အလွန်အကျွံစားရင် တကယ်ဆာလာတဲ့အချိန် များများစားမှဖြစ်မယ့်အနေအထားကိုရောက်သွားနိုင်ပါတယ်။ဒီအချိန် ဒါလေးစားလိုက်ရရင်ကောင်းမှာပဲတို့၊ ငါတော့မစားရတော့ပါဘူး၊ ဥပုသ်ပြီးမှ စားဦးမယ် ဘာညာတွေးနေတာ၊ပြောနေတာမျိုး မလုပ်ပါနဲ့။ ညနေစာ မစားဘဲနေရမယ့် အကြောင်းကို တတ်နိုင်သလောက်မေ့ထားပေးပါ။ စားစရာတွေကို တွေးနေ၊ ပြောနေရင် တကယ်မဆာတဲ့ဗိုက်က ဆာသလိုလိုဖြစ်လာတတ်တာမို့ အစားအသောက်ဓာတ်ပုံဆိုရင်တောင် ကြည့်ဖို့ရှောင်လိုက်ပါတော့။တစ်ခါတလေရေဆာတာကို ဗိုက်ဆာသလို ထင်မိတတ်ပါတယ်။ ဗိုက်ဆာနေရင်လည်း ရေသောက်လိုက်ရင် ဗိုက်ဆာတာသက်သာသွားတာမျိုး။ ရေသောက်ပေးတာက အစာမရှိတဲ့ အစာအိမ်ကို နှစ်သိမ့်ပေးရာရောက်သလို ဆာလောင်မှုကို သက်သာစေပါတယ်။ အချိုရည်သောက်တာလည်း ဆာလောင်မှုကို သက်သာစေတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကျနေတာာမျိုး မဟုတ်ရင် ရေကိုသာသောက်တာ အန္တရာယ်ကင်းပါတယ်။အချိုလေးစားပေးတာက ဗိုက်ပြည့်တင်းတိမ်ကြောင်း ဦးနှောက်ကိုသတင်းပို့ပြီး လှည့်စားလို့ရနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ မြန်မာ့ရိုးရာထန်းလျက်ကို သံဃာတော်တွေ ဘုဉ်းပေးကြတာ ဖြစ်ပါတယ်။တရားထိုင်၊ တရားမှတ်ရင်းနဲ့ သီလဆောက်တည်တာက ကုသိုလ်ရတဲ့အပြင် စိတ်ကိုတည်ငြိမ်စေပြီး ဆာလောင်မှုကိုပါ မေ့ပျောက်စေနိုင်ပါတယ်။ စိတ်နဲ့ခန္ဓာ တည်ငြိမ်မှုက ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလိုအပ်မှုနဲ့ အားအင်ကုန်ဆုံးမှုကို လျော့နည်းစေတာကြောင့် ဆာလောင်မှုကို အချိန်ဆွဲထားနိုင်ပါတယ်။လှဲအိပ်နေတဲ့အချိန်မှာ သက်သောင့်သက်သာအနားယူနေတယ်လို့ ခံစားရမှာပေမယ့် တကယ်တမ်း ခန္ဓာကိုယ်ကပြန်လည်အားဖြည့်၊ ကုသနေရတာနဲ့ မနားရရှာပါဘူး။ သင်အိပ်ပျော်နေချိန်မှာတောင် ခန္ဓာကိုယ်က ကြွက်သားတွေ ကျန်းမာရေးပြန်လည်တည်ဆောက်နေသလို မှတ်ဉာဏ်တွေ သိမ်းဆည်းနေတာ၊ ဟော်မုန်းတွေ ထိန်းညှိနေတာတွေအတွက် လုပ်ဆောင်နေရပါတယ်။ဒါ့ကြောင့် ဥပုသ်စောင့်တဲ့အခါမျိုးမှာ အားနည်းမှာစိုးတဲ့အတွက် ညဘက် အိပ်ရေးဝအောင် အိပ်ပေးပါ။ နေ့လယ်နေ့ခင်း တရေးအိပ်တာလည်း လူကိုလန်းဆန်းစေပြီး အာရုံစိုက်မှုကောင်းစေပါတယ်။ကဲ …. ကုသိုလ်ယူမယ် ဥပုသ် စောင့်မယ်ဆိုတဲ့ သူလေးတွေ အနေနဲ့ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်လိုက်နော်။# အရောင်အသွေးစုံစုံလင်လင် စားသုံးပေးရင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-fast-for-a-day-for-god/
တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလား။
ကိုယ်ဝန်ဆိပ်တစ်ခါ တက်တယ် ဆိုတဲ့ ပြဿနာဟာ ကိုယ်ဝန်ဆောင် တော်တော်များများ ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုပါ။ တစ်ခါကိုယ်ဝန်ဆိပ် တက်ဖူးပြီး ကိုယ်ဝန် တစ်ခုခု ချွတ်ချော်သွားပြီ ဆိုတာနဲ့ ခေါင်းထဲ ရောက်လာတဲ့ မေးခွန်းကတော့ နောက် ကိုယ်ဝန် ထပ်ယူသင့်လား ။ယူရင် ဒါမျိုး ထပ်ဖြစ်မှာလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့ကိုယ်ဝန် ရပြီးကာမှ ပြန်ပြီး ပျက်ကျသွားတာမျိုး လိုချင်မလဲနော်။ ကိုယ်ဝန် ဆောင်ရတာ လွယ်တဲ့ အလုပ်မှ မဟုတ်တာ။ ဒီတော့ တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလားဆိုတဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ချိန်ဆလို့ ရတာပေါ့။ ။လေ့လာချက်တွေ အရ အရင်တုန်းက ကိုယ်ဝန်ဆိပ် တစ်ခါ တက်ဖူးခဲ့ရင် နောက် ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ် တက်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ နောက်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ် တက်နိုင်ခြေ အနည်းအများ ကတော့ အရင်က ဖြစ်ဖူးတဲ့ ကိုယ်ဝန်ဆိပ် တက်ခြင်း ဘယ်လောက် ပြင်းထန်လဲ ဆိုတာနဲ့ ကိုယ်ဝန်သည်တွေရဲ့ နေထိုင် စားသောက်မှု ပုံစံပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ဒါကြောင့် အရင် ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ် တက်ဖူးခဲ့ရင် နောက်တစ်ခေါက် ဆောင်တဲ့ကိုယ်ဝန်ကို ဆရာဝန်နဲ့ သေချာ အပ်ထားပြီး ကိုယ်ဝန်ဆိပ် တက်နိုင်ခြင်း ရှိ၊ မရှိကို အမြဲ စောင့်ကြည့် နေသင့်ပါတယ်။ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆိပ်တက်၊ ဒုတိယကိုယ်ဝန်ကျ ကိုယ်ဝန်ဆိပ်တက်တာမျိုး မဖြစ်ရင် နောက်ကိုယ်ဝန်တွေဆို စိတ်ချရပြီလား။ ။ပထမကိုယ်ဝန်တုန်းကကိုယ်ဝန်ဆိပ်တက်ပြီး ဒုတိယကိုယ်ဝန်ကျ ကိုယ်ဝန်ဆိပ်မတက်ဖူးပေမယ့် နောက်ကိုယ်ဝန်တွေမှာ ကိုယ်ဝန်ဆိပ်တက်နိုင်ချေရှိပါသေးတယ်။ ဒါကြောင့်ကိုယ်ဝန်တိုင်းကို ဆရာဝန်နဲ့ သေချာအပ်သင့်ပါတယ်။ ဒါမှ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေပြလာရင် အမြန်ဆုံး ကုသမှုခံယူနိုင်မှာပါ။ကိုယ်ဝန်ဆိပ်တက်ဖူးပြီး နောက်ကိုယ်ဝန်ထပ်ယူမယ်လို့ ဆုံးဖြတ်ထားရင် ဘာတွေ သိထားရမလဲ ။ ။ကိုယ်က ကလေးထပ်လိုချင်ပေမယ့် ခုပြနေတဲ့ ဆရာဝန်က ကလေးထပ်မယူသင့်တော့ဘူးလို့ ပြောတဲ့အခါ အရမ်းကြီး စိတ်မပျက်သွားပါနဲ့ဦး။ သေချာတိုင်ပင်ပြီး ဖြစ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးများကို သေချာချိန်ဆပြီးမှ ဆုံးဖြတ်ပါ။ကလေးလိုချင်တယ်ဆိုပေမဲ့ကိုယ်ဝန်ဆိပ်တက်ခြင်းက မိခင်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ပြဿနာတစ်ခုဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို တစ်ခါ ပြန်ချိန်ဆပြီး နောက်ကိုယ်ဝန်ဆောင်သင့် မဆောင့်သင့် အကြံပေး စစ်ဆေးနိုင်တာ ဆရာဝန်တွေပါပဲ။ ဖြစ်နိုင်ခြေပေါ် မူတည်ပြီး ဆရာဝန်နဲ့ ကိုယ်ဝန်ဆောင် မိခင်နဲ့ အကောင်းဆုံး အဖြေရှာကြဖို့ လိုပါတယ်။ရေူသားသူ- Dr Thin Yadanar @ Frances။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/eclampsia-and-next-pregnancy/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/how-to-stay-fit-and-strong-in-pandemic/
ရေဓာတ်နည်းလို့ ကြွက်သားနာတဲ့အခါ
ကြွက်သားတွေက နေ့စဉ် လှုပ်ရှားမှုတွေမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတွေပါ။ လမ်းလျှောက်တဲ့အခါခြေသလုံး ကြွက်သားကို အားပြုရတယ်။ ပစ္စည်းလေးတွေကို ကောက်ကိုင်တယ်ဆိုရင် လက်ချောင်းလေးတွေက ကြွက်သားလေးတွေ လက်ဖျံ၊ လက်မောင်းစတဲ့နေရာတွေက ကြွက်သားတွေကို အားကိုးရပါတယ်။ဒီတော့ လှုပ်ရှားမှုတိုင်းမှာ သူတို့လေးတွေက မပါမဖြစ်ပေါ့။ ဒီတော့ သူတို့က ပင်ပန်းနိုင်တယ်။ နာကျင်နိုင်တယ်။ ကိုက်ခဲနိုင်တယ်လေ။ လမ်းလျှောက် များရင် ခြေသလုံး ကြွက်သားတွေ ကိုက်တယ်ဟုတ်။ ဒါက ခြေသလုံး ကြွက်သားလေးတွေ ပင်ပန်းသွားလို့ပါ။ အားပြတ်သွားတဲ့ သဘောပေါ့။ဒီလိုအခြေအနေမှာ အာဟာရဖြည့်တာ အနားပေးတာတွေ လုပ်ရတယ်လေ။ ဒါမှ ကြွက်သားလေးတွေက ပြန်လည်အားပြည့်ကျန်းမာလာမှာပေါ့။ ဒီတော့ကြွက်သားလေးတွေ နာကျင်မှုကင်းပြီးကျန်းမာနေစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ …။ကြွက်သားတွေကို နာကျင်စေရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ ဥပမာ။အရွယ်ရောက်ပြီးသူ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ကိုယ်ထဲမှာ ရေဓာတ်နည်းသွားတဲ့အခါ ကြွက်သားတွေ နာကျင်တာ၊ခေါင်းကိုက်တာလိုမျိုး လက္ခဏာတွေနဲ့ ရေဓာတ်ဖြည့်ဖို့ ခန္ဓာကိုယ်က အချက်ပြတတ်ပါတယ်။ရေဓာတ်နည်းတဲ့အခါ အများဆုံး အချက်ပြတာကတော့ ကြွက်သားတွေ နာကျင်တာ၊ကြွက်တက်တာတွေပါ။ ရေဓာတ်က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ချောမွေ့အဆင်ပြေစွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးတဲ့အရာပါ။ ဒါကြောင့်လည်း ရေဓာတ်ပြည့်ဝဖို့ ကအရေးကြီးတယ်လို့ ပြောရတာပေါ့။တစ်ခါတလေမှာ အလေးအပင်လည်း မမမိပါဘဲ ကြွက်သားနာတယ်ဆိုတာက ရေသောက်နည်းနေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒီလိုအခြေအနေမှာကြွက်သားနာကျင်တာ သက်သာစေဖို့ဘာတွေ လုပ်ပေးသင့်လဲ။ရေသောက်နည်းလို့ ကြွက်သားနာကျင်တာကို သက်သာစေဖို့ဆိုရင်။ဒါကတော့ အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနည်းပါ။ ​ကြွက်သားတွေ နာကျင်လာပြီ။ ကိုက်ခဲလာပြီဆိုရင် ရေအေးအေးတစ်ခွက်ကို သောက်လိုက်ပါ။ လိုအပ်တဲ့ရေဓာတ် ပြည့်ဝသွားမှုက ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။နာကျင်သွားတဲ့ ကြွက်သားကို ဆက်လက်လှုပ်ရှားစေတာက ဒဏ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကြွက်သားတွေက နာကျင်နေမယ်ဆိုရင် အနားယူပေးပါ။ ဒါကလည်း ကြွက်သားနာကျင်မှုကို သက်သာစေမယ့် အရိုးစင်းဆုံး နည်းလမ်းတစ်ခုပါ။ရေအေးဝတ်ကပ်တာက နာကျင်မှုကို သက်သာစေမယ့် အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ပိတ်စ မထူမပါးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး နာကျင်နေတဲ့ ကြွက်သားကို ကပ်ပေးရုံပါ။ ၁၅ မိနစ် ကပ်ပြီးတိုင်း ခဏ နားဖို့ မမေ့ပါနဲ့။ရေနွေးဝတ်ကပ်တာက ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သား နာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာကျင်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့ ရေနွေးဝတ် ကပ်ပေးလို့ ရပါတယ်။ ရေနွေးစိမ်ပေးတာ၊ ရေနွေးနဲ့ ရေချိုးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။ရေနွေးဝတ်တွေ၊ ရေခဲဝတ်တွေကပ်ရတာ အလုပ်ရှုပ်တယ်ထင်ရင်တော့ မြန်ဆန်လွယ်ကူပြီး အလုပ်ကင်းတဲ့ ဆေးပလာစတာလေး ကပ်ပေးလို့ ရပါတယ်။ ဆေးပလာစတာကပ်တာက ကြွက်သားနာကျင်မှုကို သက်သာစေမယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခုပေါ့။ဆေးပလာစတာ ကပ်တဲ့အခါ မွေးညှင်းအိတ်လေးတွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့ မြဲမြံတဲ့ ပလာစတာဖြစ်ဖို့နဲ့ အရေပြားလောင်တာကင်းစေဖို့ လေဝင်လေထွက်ကောင်းတဲ့ အမျိုးအစားကို ရွေးဖို့တော့ လိုပါမယ်။ ပရုပ်အေးလေးပါ ပါရင်တော့ အေးမြပြီး နေလို့ပိုကောင်းတာပေါ့။ကြွက်သားနာတာကို ဒဏ်ကြေလိမ်းဆေး လိမ်းပေးလို့လည်း ရပါတယ်။ ဆေးလေးလိမ်းပြီး ပတ်တီးခပ်ပါးပါးလေး စည်းထားတာကလည်း နာကျင်မှုကို သက်သာစေမှာပါ။ကဲ….. နာကျင်နေတဲ့ ကြွက်သားလေးကို အခုလို နည်းလမ်းလေးတွေ သုံးပြီး အနားပေးလို့ ကျန်းမာအောင် ပြုစုလိုက်စို့နော်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/muscle-pain-due-to-dehydration/
ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ရောကိုယ်ပါ ကျန်းမာမှ မွေးလာမယ့်သားသားမီးမီးလေးတွေကလည်း စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမယ်။စိုးရိမ်ပူပန်စရာတွေ များမယ်ဆိုရင် မေမေ့ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ။ ဗိုက်ထဲကဘေဘီလေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ …… ဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ ဆိုတော့ မေမေ့စိတ်ဖိစီးမှုက မွေးလာမယ့် ဘေဘီလေးအပေါ် ဘယ်လိုများ သက်ရောက်နေပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ မေမေ စိတ်ဖိစီးမှုကင်းတာကဘေဘီလေးရဲ့ ဦးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဒီလိုပြောရတာက လေ့လာမှု တစ်ခုရဲ့ ရလဒ်ပါ။လေ့လာမှုတစ်ခုအရ သိရတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမှု ခံစားရမယ်ဆိုရင် ဒီစိတ်ဖိစီးမှုက ဘေဘီလေးရဲ့ ဦးနှောက်ကို ပုံဖော်ရာမှာ သက်ရောက်မှု ရှိစေတယ်ဆိုတဲ့ အချက်ပါ။မေမေတွေမှာ စိတ်ဖိစီးတဲ့အခါ စိတ်ခံစားချက်ကို ထိခိုက်စေနိုင်သလိုရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေကဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမှုကို ခံစားရမယ်ဆိုရင် ဘေဘီလေးက အရွယ်ရောက်လာတဲ့အခါအပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းတွေအပေါ်မှာ ထိခိုက်လာနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးတဲ့အခါ ထွက်ပေါ်လာတဲ့ကော်တီဆော ဟော်မုန်းတွေကဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကျန်းကျန်းမာမာ မွေးဖွားဖို့ဆိုရင် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့  အရက်၊ ကဖင်း၊ ဓာတုပစ္စည်းတွေအပါအဝင် နောက်ထပ်ရှောင်ကြဉ်ရမယ့်အရာတစ်ခုကတော့ စိတ်ဖိစီးမှုပါ။စိတ်ဖိစီးမှုက ဘေဘီလေးကိုနာတာရှည် ကျန်းမာရေး ပြဿနာတွေ ခံစားရစေနိုင်သလို ဘေဘီလေးကို ဦးနှောက်ပိုင်းဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေနိုင်ပါတယ်။မေမေတွေက ခဏတဖြုတ် မဟုတ်ဘဲနာတာရှည် စိတ်ဖိစီးမှုကို ခံစားရမယ်ဆိုရင်တော့ ဘေဘီလေးရဲ့ပြဿနာ ဖြေရှင်းနိုင်စွမ်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးတာက မေမေရာဘေဘီလေးကိုပါ ကိုယ်ခံအား ထိခိုက်စေနိုင်တာပါ။ဒါကြောင့်ဘေဘီလေးကို ကိုယ်ခံအားကောင်းစေပြီးစိတ်ပိုင်းဆိုင်ရာ ကျန်းမာလို့ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ စိတ်ဖိစီးမှုကို ကင်းအောင် နေဖို့ လိုပါမယ်။ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကင်းစေဖို့ဆိုရင်။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/stress-in-pregnancy-may-influence-baby-brain-development/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/more-stis-stds/sexually-transmitted-diseases-stds-%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%99%e1%80%bd%e1%80%90%e1%80%85%e1%80%b9%e1%80%86%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80/
null
null
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hiv-aids-sexual-wellness/hiv-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%ad%e1%80%9e%e1%80%ac%e1%80%b8%e1%80%85%e1%80%af%e1%80%9d%e1%80%84/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/preterm-labour/
ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ
ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ဒီလိုပြောရတာက။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/sex-benefits-for-immune/
ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား
ကိုယ်ဝန်ဆောင် ကာလဆိုတာက မိခင်တိုင်းအတွက် ရင်အခုန်ရဆုံး ကာလအပိုင်းအခြားလေးပါ။ ဒီကာလမှာမေမေကိုယ်တိုင်ကရော မိသားစုဝင်တွေ သူငယ်ချင်းတွေကပါကိုယ်ဝန်ဆောင်မေမေကို ဘာတွေကိုတော့ဖြင့်စားပါ။ ဘာကို မစားနဲ့နော် ဆိုပြီး ပြောကြပါတယ်။ ဒါဆိုကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား…………….။ဒီလို စားသောက်စရာတွေထဲကမှာ ကျန်တာတွေက ပြဿနာ မရှိပေမယ့် ဟင်းချက်တဲ့အခါကိုယ်ခံအား ကောင်းအောင်ဆိုပြီး ထည့်ချက်လေ့ရှိတဲ့ချင်း (ဂျင်း)ကိုရော စားလို့ဖြစ်မလား။ ပုံမှန်ချိန်ဆို ကိစ္စမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်ဆိုတော့ စိုးရိမ်မိတယ်ဆိုတဲ့ မေမေတွေရှိလား……..။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေ ဖတ်ကြည့်ဖို့လိုမယ့် ဆောင်းပါးလေးပါ။ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား……………. ချင်း(ဂျင်း)က ဆေးဖက်ဝင်ပြီးခန္ဓာကိုယ်အတွက် ကျန်းမာစေတယ် လို့ သတင်းကြီးတဲ့ မီးဖိုချောင်ဆေးပင် တစ်မျိုးပါ။ ဟင်းလျာတိုင်းမှာ မပါမဖြစ်တဲ့ ဇာတ်လိုက်လေး တစ်မျိုးပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင် မေမေတွေနဲ့ တည့်ပါ့မလား။ချင်း (ဂျင်း) က အစိမ်းဆိုရင် ကိုယ်ဝန်ဆောင် မေမေစားလို့ ရပေမယ့် အခြောက်ခံထားတာ ဆိုရင်တော့ စားဖို့ မသင့်တော်ပါဘူး။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ချင်း (ဂျင်း)ကို အများကြီး မစားသင့်ပါဘူး။ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ချင်း (ဂျင်း) စားတဲ့အခါ။ချင်း (ဂျင်း) က ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းကိုလက်စထရော ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ချင်း (ဂျင်း) စားသုံးတာကသွေးစီးဆင်းမှုကို ကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်ထက် နည်းနေတတ်ပြီး အအေးမိ၊ ချောင်းဆိုးအဖြစ် လွယ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ကာလမှာ ကိုယ်ခံအား ကောင်းစေဖို့ ဆိုရင် (ချင်း) ဂျင်း စားပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ ပျို့အန်မှုတွေ သက်သာစေဖို့လည်း ချင်း (ဂျင်း)က အထောက်အကူ ပေးပါတယ်။ချင်း ရဲ့ နောက်ထပ် အာနိသင် တစ်ခုက အာဟာရ စုပ်ယူမှု အားကောင်းစေပြီး မေမေရာ ဘေဘီလေးပါအာဟာရ ပြည့်ဝစွာရရှိစေဖို့ ထောက်ကူပေးပါတယ်။ကိုယ်ဝန်ဆောင် ကာလမှာ ချင်း စားသုံးတာကကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။အစာမကြေတာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေဖို့လည်း ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ချင်းကို စားသုံးပေးလို့ ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ရင်ပူတာကို သက်သာစေဖို့လည်း ချင်းကို စားသုံးလို့ ရပါတယ်။ချင်းက အခုလိုမျိုး အကျိုးကျေးဇူးတွေ များပေမယ့် အလွန်အကျွံ စားသုံးတာမျိုးတော့ မလုပ်သင့်ပါဘူး။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/ginger-is-safe-during-pregnancy/
နှလုံးခုန်စည်းချက်မမှန်ခြင်းအကြောင်း
နှလုံးခုန်စည်းချက်မမှန်ခြင်းအကြောင်း လေ့လာရအောင်လား! ပုံမှန်အားဖြင့် သင့်နှလုံးဟာ တမိနစ်မှာ အချက်ရေ ၆၀ ကနေ ၁၀၀ အတွင်း ခုန်ပြီး သွေးများကို ညှစ်ထုတ်ပေးခြင်း၊ ပြန်လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးရဲ့ကြွက်သားတွေ ကျုံ့လိုက်ဆန့်လိုက်ပြုလုပ်နေတဲ့ လှုပ်ရှားမှုပါပဲ။ ဒီလှုပ်ရှားမှု (နှလုံးခုန်ခြင်း) ဟာ သူ့စည်းချက်နဲ့သူ ရှိပါတယ်။အဆိုပါနှလုံးခုန်ခြင်းဟာ သူ့ပုံမှန်စည်းချက်ကနေ လွဲချော်သွားရင်တော့ နှလုံးခုန်စည်းချက်မမှန်ခြင်း (Cardiac Arrythmia) အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ ယေဘုယျအားဖြင့် နှလုံးခုန်တဲ့လှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့ လျှပ်စီးလှုံ့ဆော်မှုတွေ ပုံမှန်စီးဆင်းခြင်းမရှိရင် ဖြစ်ပေါ်တတ်ပါတယ်။နှလုံးခုန်မြန်လွန်းခြင်း၊ နှေးလွန်းခြင်း၊ တစ်ကြိမ်နှင့်တစ်ကြိမ်ကြား အချိန်စောပြီး နှလုံးခုန်ခြင်း၊ တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီခြင်း စသဖြင့် နှလုံးခုန် စည်းချက်လွဲတဲ့ အခြေအနေတွေ ရှိပါတယ်။နှလုံးခုန်စည်းချက်မမှန်ခြင်းဟာ လူတိုင်းလိုလိုမှာ တကြိမ်လောက်တော့ ကြုံရတတ်ပါတယ်။ ဒါပေမယ့် မကြာခဏ ဖြစ်ပေါ်နေရင်တော့ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်၊ အဆုတ်နဲ့ တခြားအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်လာစေနိုင်ပါတယ်။ နားလည်တတ်ကျွမ်းသူတွေနဲ့ ကုသမှုခံယူခြင်းမရှိရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်ပေါ်ရင် အောက်ပါအခြေအနေတွေကို သင့်အနေနဲ့ သတိပြုမိပါလိမ့်မယ်။–နှလုံးခုန်ရပ်တန့်သွားသလို ခံစားမိလိုက်ခြင်း (စည်းချက်တစ်ချက်ပျောက်သွားခြင်း)။– လည်ပင်း၊ ရင်ဘတ်ထဲတွင် တလှပ်လှပ်ဖြစ်ခြင်း။–နှလုံးခုန်နှေးခြင်း၊ မြန်ခြင်း စတာတွေ ဖြစ်ပါတယ်။အောက်ပါလက္ခဏာတွေပါ ယှဉ်တွဲပြီး တွေ့ရှိရရင်တော့ နှလုံးမှာ ပြဿနာတစ်ခုခုဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။–ရင်ဘတ်အောင့်ခြင်း။– အသက်ရှူရခက်ခဲခြင်း။– ပင်ပန်းနွမ်းနယ်ခြင်း။– မူးဝေခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း။– ချွေးအလွန်ထွက်ခြင်း။နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေဟာ မျိုးစုံရှိနိုင်ပါတယ်။ ဆေးဝါးများ၊ စိတ်ခံစားမှု၊ မျိုးရိုးဗီဇလိုက်ခြင်း စသဖြင့် ရှိတတ်ပါတယ်။ အကြောင်းအရင်းမသိရဘဲဖြစ်တာလည်း ရှိတတ်ပါတယ်။သွေးတိုးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဓာတ်မတည့်ခြင်း၊သိုင်းရွိုက်ရောဂါ၊ ဆီးချို စတဲ့ရောဂါတွေအတွက် သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဒေါသ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှု စတဲ့ စိတ်ခံစားမှုများ၊ အရက်၊ ဆေးလိပ် စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။မိသားစုတွင်းဖြစ်ဖူးခြင်း၊ အသက်အရွယ်၊ နေထိုင်စားသောက်ပုံ စတာတွေပေါ်လည်း မူတည်ပါတယ်။ နှလုံးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာများ၊ အခြားရောဂါများဟာလည်း ဖြစ်နိုင်ခြေမြင့်စေပါတယ်။ ၎င်းတို့ကတော့။– နှလုံးသွေးလွှတ်ကြောရောဂါများ။–နှလုံးအဆို့ရှင်ရောဂါများ။– နှလုံးထိခိုက်ခြင်း၊ အမောဖောက်ခြင်း။– နှလုံးကြွက်သားအားနည်းခြင်း။– နှလုံးရောင်ခြင်း။– သွေးတိုးခြင်း။– အိပ်စက်စဉ် အသက်ရှူရပ်တန့်ခြင်း။– နာတာရှည်အဆုတ်ရောဂါ။– သိုင်းရွိုက်ဂလင်း ကောင်းစွာအလုပ်မလုပ်ခြင်း (သို့မဟုတ်) လွန်ကဲစွာ အလုပ်လုပ်ခြင်း။– ကိုယ်ခန္ဓာတွင်း ဓာတ်ဆားများ မညီမျှခြင်း၊ အာဟာရမပြည့်ဝခြင်း။– ဖျားနာခြင်း။– ဆီးချို စတာတွေ ဖြစ်ပါတယ်။နှလုံးခုန်စည်းချက်မမှန်ခြင်း အတွက် တတ်နိုင်သလောက် ကာကွယ်နိုင်ပါတယ်။ အဓိကကတော့ နှလုံးခုန်မမှန်ဖြစ်စေမယ့် အကြောင်းအရာတွေကို ရှောင်ကြဉ်ဖို့ပါပဲ။ အဓိကအားဖြင့် စိတ်ဖိစီးမှုလျှော့ချခြင်း၊ ဆေးလိပ်အရက်ရှောင်ကြဉ်ခြင်း၊ ကဖိန်းလျှော့ခြင်း စတဲ့အချက်တွေ လိုက်နာရပါမယ်။ ဆေးဝါးများကို နားလည်တတ်ကျွမ်းသူများရဲ့ ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့ သောက်သုံးခြင်း မပြုရပါဘူး။အထူးသဖြင့် နှလုံးနဲ့ပတ်သက်တဲ့ဆေးဝါးတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို စားသုံးခြင်း၊ သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း စတာတွေ လုပ်ဆောင်ရပါမယ်။ နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်ဆီမှာ အချိန်မှန် စစ်ဆေးမှုခံယူသင့်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/health-arrhythmia/
ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ်
အသက်ကြီးလာတာနဲ့ ကိုယ်ရောစိတ်ရော ကျန်းမာရေးရော ပြောင်းလာပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝရဲ့ နောက်ပိုင်းရက်တွေမှာ ကိုယ့်ကျန်းမာရေးကို အကောင်းဆုံးမြှင့်တင်ပြီး ပျော်ရွှင်စေဖို့ အောက်ပါနည်း ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ် ကို မွေးမြူကြည့်ပါ။အိုမင်းခြင်းကို အပျက်သဘောလို့ မြင်တဲ့သူအများစုထဲမှာ သင်ပါနိုင်ပါတယ်။မျက်နှာအရေးအကြောင်းတွေ ထလာတာ၊ အင်္ကျီတွေ မတော်တော့တာ၊ ခဏခဏ ကိုက်လိုက်နာလိုက်နဲ့ ကျန်းမာရေးမကောင်းတာ စတာတွေကို သင်ကြုံရတော့မယ်လို့ ထင်နေတာမျိုးပေါ့။ဒါပေမယ့် အိုမင်းလာတယ်ဆိုတာ အဲ့တာတင်တော့မဟုတ်ပါဘူး။ အတွေ့အကြုံများလာမယ်၊ ရင့်ကျက်သွားမယ်၊ ဉာဏ်ပညာပြည့်စုံပြီး ရှုထောင့်မျိုးစုံကမြင်တတ်လာမယ်။ သင်ဟာ အသက်ကြီးလာတဲ့အမျှ ဘဝကိုပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ပါတယ်။၁။ ပြောင်းလဲမှုတွေကိုကြိုဆိုနိုင်ဖို့လေ့လာပါ။အသက်ကြီးလာတာနဲ့ ပြောင်းလဲမှုတွေကို သင်သတိထာမိပါလိမ့်မယ်။ သင်ရှုမြင်တတ်ရင် အရင်ကနဲ့ လုံးဝမတူတော့ဘူးဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ဒီလိုဖြစ်လဲ Ok ပါပဲ။ တချို့က ကိုယ်ဘယ်သူဆိုတာ ပြသဖို့ မလုပ်ပြနိုင်တော့ဘူးဆိုပြီး ယုံကြည်နေတတ်ကြတာမို့ စိတ်ထဲကသိကအောက် ဖြစ်တတ်ကြပါတယ်။အဲ့တော့ ကိုယ်အသက်ကြီးလာရင် ပြောင်းလဲမှုတွေနဲ့ မလွဲမသွေကြုံရမယ်ဆိုတာ သိထားရမယ်။ ယခင်ကလို ရုပ်ရည်မျိုးနဲ့ လုပ်ဆောင်နိုင်စွမ်းတွေ မဟုတ်နိုင်တော့ဘူး။ အရင်က သင်ဆိုတာကို အတင်းလိုက်လုပ်ယူနေမယ့်အစား အသစ်ဖြစ်လာတဲ့သင့်အတွက် လွယ်ကူအောင်လေ့လာမှုတွေပြုပေးပါ။အရင်က သင်ဆိုတာနဲ့ ခြားနားသွားပြီးဆိုပေမယ့် သင်က သင်ပါပဲ။ အသစ်ဖြစ်တဲ့သင်က အသစ်အသစ်သော စွန့်စားမှုတွေ ပြုလုပ်လို့ရနေပါပြီ။ ဒါကြောင့် အရှိကိုအရှိအတိုင်း လက်ခံပြီးသာ သွားပါ။၂။ ကောင်းကောင်းစားသောက်ပါ။ကျန်းမာရေးနဲ့ညီအောင် စားသောက်မယ်ဆိုတာ အစပိုင်းတော့ ခက်ခဲတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းလေးတွေကနေ စကြည့်ပါ့လား။အသက်ကြီးလာရင် အမျိုးသမီးတွေက နှလုံးရောဂါနဲ့ အရိုးပွတာ ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်စားမယ့် Diet မှာ အရိုးနဲ့ နှလုံးကို ကျန်းမာ‌စေဖို့နဲ့ ဖြစ်လာနိုင်တဲ့ရောဂါတွေ ကာကွယ်ဖို့ လိုအပ်တာတွေစားရမယ်။အပင်ထွက်အစားအစာတွေဖြစ်တဲ့ ဂျုံကြမ်း၊ ပဲတောင့်ရှည်၊ ခွံမာသီး၊ သစ်သီး၊ ဟင်းသီးဟင်းရွက် စတာတွေက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ နေ့စဉ်စားသောက်မှုမှာ ထပ်ထည့်နိုင်တဲ့ တခြားအစားအစာတွေက အဆီပါငါး (ငါးမြင်း၊ ဆာဒင်း၊ တူနာ၊ ဆဲလ်မွန်) တွေပေါ့။သူတို့မှာ အိုမီဂါ ၃ အဆီပါဝင်ပြီး သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ကောင်းစေတယ်၊ သွေးပေါင်ကျစေတယ်လို့ သက်သေပြချက်တွေလဲရှိပါတယ်။ တစ်နည်းအားဖြင့် နှလုံးရောဂါ၊ နှလုံးဖောက်၊ လေဖြတ် စတာတွေကိုလျော့ကျစေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီအဆီပါငါးတွေက အရိုးကျန်းမာရေးအတွက်လိုအပ်တဲ့ ဗီတာမင်ဒီတွေ ပါရှိနေပါသေးတယ်။၃။ အကောင်းမြင်စိတ် ကျေးဇူးတင်စိတ် မွေးပါ။အသက်ကြီးလာတာက ပန်းမွေ့ရာပေါ်မှာ အိပ်နေရသလို အမြဲမဖြစ်နိုင်ပါဘူး။ စိတ်ညစ်စရာအခြေအနေတွေကို လွှတ်ချလို့မရတာမျိုးဖြစ်လာရင် ဒီအခြေအနေတွေကို ဇွတ်ငြင်းဆန်နေမယ့်အစား ဒီအခြေအနေတွေကနေ သင်ယူနိုင်အောင် ပြုလုပ်ကြည့်ပါ။ကျေးဇူးကြံဖန်တင်တတ်ခြင်းက ပိုပြီးပျော်ရွှင်အောင်၊ တခြားသူတွေနဲ့ ဆက်ဆံရေးပိုကောင်းလာအောင် ကူညီပေးနိုင်ပြီး ဘဝအရည်အသွေးတွေကို တိုးတက်စေနိုင်ပါတယ်။ ကျေးဇူးတင်တတ်ခြင်းနဲ့ တစ်ကိုယ်ရေကျန်းမာရေးတို့ ဆက်စပ်နေကြောင်း လေ့လာမှုတွေမှာတွေ့ရှိရပါတယ်။ ကိုယ့်မရှိတာကို စိတ်ဆင်းရဲနေမယ့်အစား ရှိနေတာလေးတွေကို ကျေးဇူးတင်တတ်ဖို့က အစပိုင်းမှာခက်တယ်။ ဒါပေမယ့် လေ့ကျင့်မှုများလာရင် စိတ်ခွန်အားလဲ တိုးတိုးလာမှာပါပဲ။ဒါပေမယ့် ဘာအကြောင်းပြချက်မှမရှိဘဲ တောက်လျှောက် စိုးရိမ်နေတာ ပူပန်နေတာမျိုးတွေရှိလာရင်တော့ ဆရာဝန်နဲ့ပြသဖို့ ဝန်လေးမနေပါနဲ့။ လေ့လာမှုတွေအရ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ စိတ်ဓာတ်ကျနိုင်ချေ ၂ ဆ ပိုများတယ်လို့ ဆိုပါတယ်။ အဲ့တော့ကိုယ့်မှာ အကူအညီလိုနေပြီလို့ ဝန်ခံဖို့ရာမျိုးကို ရှက်စရာလို့မတွေးပါနဲ့။ ကိုယ်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်တာကလည်း အသက်ကြီးလာခြင်းအတွက် အရေးကြီးတဲ့ဂရုစိုက်မှုပါပဲ။၄။ လှုပ်လှုပ်ရှားရှားနေပါ။ယခုအခါ အမျိုးသမီးတွေက အမျိုးသားတွေထက်အရိုးပိုပွနိုင်တာ သိလာရပါပြီ။ အရိုးပွခြင်းဆိုတာ အရိုးတွေ degeneration ဖြစ်တာကနေ ကျိုးလွယ်ခြင်းကို ဆိုလိုပါတယ်။ အရိုးလွယ်လွယ်နဲ့ ကျိုးနိုင်တာဆိုတော့ အလွန်ကြောက်စရာကောင်းပြီး တစ်ခါတစ်ရံ သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။ ဒီတော့ ကြွက်သားထုတွေ ခွန်အားတွေတည်ဆောက်ဖို့အတွက် မှန်မှန်စား မှန်မှန်လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တာပေါ့။၁ ပတ်ကို ၃ ရက် တစ်ရက်ကို  ၃၀မိနစ်လောက် လေ့ကျင့်ခန်းလုပ်သင့်ကြောင်း ကြားဖူးမှာပါ။ အသက်ကြီးလာတာနဲ့ သက်လုံရော ခွန်အားရောပါ train ပေးဖို့ အရေးကြီးပါတယ်။ Cardio တွေက ကောင်းတယ်ဆိုပေမယ့် အလေးသုံးတာ၊resistance exerciseတွေလုပ်တာက အရိုးသိပ်သည်းဆကို ပိုကောင်းစေပြီး အနာဂတ်မှာ အရိုးပွတာကို ရှောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကောင်းကောင်းလုပ်ချိန်ကြာလာတာနဲ့အမျှ နှလုံးရောဂါဖြစ်နိုင်ချေကိုပါ လျော့ချပေးနိုင်ပါတယ်။အလေးသုံးတဲ့လေ့ကျင့်ခန်းတွေဆိုတာ အလေးမတာကိုပဲ ပြောတာမဟုတ်ဘူး။ ကတာ၊ တောင်တက်တာ၊ အေရိုးဗစ်နဲ့ တန်းနစ်ရိုက်တာ ဒါတွေကိုလဲ အလေးသုံးလေ့ကျင့်ခန်းလို့ မှတ်ယူနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ work out မျိုးဆိုရင်တော့elliptical training machines, stair-step machines တွေသုံးတာ လမ်းလျှောက်တာမျိုးလုပ်ကြည့်ပေါ့။၅။ Check-ups မှန်မှန်လုပ်ပါ။ကာကွယ်ခြင်းက ကုသမှုထက်ပိုကောင်းတယ် ဆိုတာက အမြဲတမ်းအတွက် အကြံကောင်းတစ်ခုပဲ။ အမျိုးသမီးကြီးတွေမှာ ဖြစ်လေ့ရှိတာတွေက ဆီးချို၊ အရိုးပွ၊ နမိုးနီးယား၊ နားလေးခြင်း၊ နှလုံးရောဂါ စတာတွေ ဖြစ်တယ်။အသက်အစောပိုင်းမှာတင် ရောဂါအများစုကို screen လုပ်လို့ရပါတယ်။ (ဥပမာ – သားအိမ်ခေါင်းကင်ဆာအတွက်Pap smearလုပ်ခြင်း၊ မိန်းမကိုယ်စစ်ဆေးခြင်း၊ ရင်သား screening၊ အရိုး screening၊ နှလုံး screening) ဒါကြောင့် မှန်မှန် check-ups တွေလုပ်ပေးပါ။ အားလုံးအဆင်ပြေနေရင် စိတ်လဲချမ်းသာမှာပဲ။ဒါပေမယ့် ရလဒ်တွေက ကိုယ်မျှော်လင့်ထားသလိုမဟုတ်ဘူးဆိုရင်လဲ နောက်ကျမှကုသရတာထက် စောစောအမြစ်နှုတ်လိုက်ရတယ်လို့ သဘောပိုက်လို့ရပါတယ်။၆။ ဆိုရှယ်ကျကျနေပါ။ဆိုရှယ်ကျမှုက အမျိုးသမီးတွေရဲ့ကျန်းမာရေး အသက်ရှင်ရေးမှာ အရေးပါကြောင်း လေ့လာမှုတွေမှာ တွေ့ရပါတယ်။ အဓိပ္ပာယ်ရှိတဲ့ relationships နဲ့ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးတို့က ဦးနှောက် function တွေကို ကာကွယ်ပေးရာမှာ အထောက်အကူပြုပါတယ်။ Relationship မရှိတာ၊ လူမှုဆက်ဆံရေးတွေ မရှိတာတွေက စိတ်ကျရောဂါနဲ့ ဆက်စပ်နေပြီး နောက်ပိုင်းနှစ်တွေမှာ သိမြင်မှုဆိုင်ရာတွေ ကျဆင်းလာတာ၊ အသက်တိုလာတာ ဖြစ်နိုင်ပါတယ်။လေ့လာမှုတစ်ခုမှာ အထက်ကလိုဖြစ်နေရင် အသေစောနိုင်နှုန်း ၅၀% လောက်ထိ တိုးလာကြောင်း တွေ့ထားပါတယ်။ ဆိုလိုတာက လူမှုဆက်ဆံရေး ကောင်းကောင်းမွန်မွန်မရှိတော့ရင် တစ်ရက်ကို ဆေးလိပ် ၁၅ လိပ်သောက်လို့ ကျန်းမာရေးထိတဲ့နှုန်းထိကို ဖြစ်သွားနိုင်တာပါပဲ။ ဒါက ကိုယ်လက်လှုပ်ရှားမှုမရှိတာ အဝလွန်နေတာထက်ကို ပိုပြီး အန္တရာယ်ရှိနေနိုင်ပါတယ်။ဒီတော့ မိသားစု၊ သူငယ်ချင်းတွေအတွက် အချိန်ကိုဦးစားပေးပြီး relationship တွေတည်ဆောက်ပါ။ တခြားသူတွေနဲ့ အတူတူလုပ်ဆောင်နိုင်တဲ့ ဝါသနာမျိုးတွေရှာဖွေပါ။ ဆိုရှယ်ကျကျနေတာက ဘဝကို အဓိပ္ပါယ်ရှိစေပြီး ပျော်ရွှင်စေရုံသာမက ကျန်းမာရေးအတွက် အတော်လေးအကျိုးများတာကို သတိရပေးပါ။၇။ ဦးနှောက်ကိုအလုပ်ဆက်ပေးနေပါ။အသက်ကြီးသူတွေမှာDementiaအဖြစ်များလာတာမို့ ဦးနှောက်ကျန်းမာစေရန် ဆက်လက်သင်ယူမှုတွေလုပ်တာ အရေးကြီးကြောင်းသိလာရပါတယ်။ အာရုံကြောဆရာဝန် Dr Lee Kim En, Mount Elizabeth Hospital အရ Dementia ဖြစ်လာတဲ့အရေအတွက်ဟာ သတိထားဖို့သင့်နေပြီဖြစ်ကြောင်း ဆိုပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် လူနာဦးရေမှာ ၂၀၂၀ မှာ ၅၃၀၀၀ ထိတိုးလာနိုင်ပြီး ၂၀၅၀ မှာ ၁၈၇၀၀၀ ထိတိုးလာနိုင်တယ်လို့ဆိုပါတယ်။လူနေမှုပုံစံကို ရိုးရိုးလေးပြောင်းလိုက်ရုံနဲ့ ခြားနားမှုတွေတွေ့ရမှာပါ။ ဦးနှောက်ကို လှုံ့ဆော်ပေးတာ၊ လေ့ကျင့်ခန်းလုပ်ပေးတာတွေက သိမြင်မှုဆိုင်ရာကို ထိန်းသိမ်းပေးနိုင်ပြီး ဦးနှောက်တွင်း အခြေအနေဆိုးဝါးလာခြင်းကို တားနိုင်ပါတယ်။ ဦးနှောက်ကို လှုံ့ဆော်ပေးပြီး အမြဲခေါင်းသုံးနေရမယ့် ဝါသနာများကို ရှာဖွေကြည့်ပါ။ ဘာသာစကားအသစ်သင်တာ၊ တူရိယာတစ်မျိုးမျိုးကစားတာ၊ ကခုန်တာ၊ တောင်တက်တာ၊ board ဂိမ်းတွေဆော့တာ စသဖြင့် ပြုလုပ်လို့ရပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/7-secrets-of-healthy-old-ladies/
လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ
ယောကျ်ားလေးနဲ့ မိန်းကလေးအတူ လိင်ဆက်ဆံပြီးတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲ ဆိုတာသိပါသလား။ စိတ်ဆန္ဒ ပြင်းပြလို့ အတူနေပြီးရင် နောက်ဆက်တွဲ ဂရုစိုက်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာမို့ လေ့လာကြည့်ပါအုံး။ လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ က ဘာတွေများ ဖြစ်မလဲ။လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ ကတော့။၁.ဆီးသွားလိုက်ပါ။လိင်ဆက်ဆံချိန်မှာ ဘက်တီးရီးယားပိုးတွေကဆီးလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်။ ဆီးမသွားဘဲ ထားလိုက်မယ်ဆို ပိုးတွေပိုပွားလာပြီး ဆီးလမ်းကြောင်းထဲအထိ ပိုးဝင်သွားနိုင်တဲ့အတွက် ဆန္ဒပြီးမြောက်သွားရင် ဆီးသွားသင့်ပါတယ်။ ဆီးသွားလိုက်တာကြောင့် ဆီးလမ်းကြောင်းထဲက ပိုးတွေကို စွန့်ထုတ်ပစ်လိုက်သလို ဖြစ်သွားစေမှာပါ။ မိန်းကလေးတွေဆိုရင်တော့ ဆီးသွားပြီးရေပြန်သုတ်ရင် အရှေ့(မိန်းမကိုယ်) ကနေ အနောက်ဖက် (စအို) ကိုသုတ်ပါ။ ဒါမှ ပိုးတွေမပျံ့မှာဖြစ်ပါတယ်။၂. ရေသေချာဆေးပါ။လိင်ဆက်ဆံပြီးတာနဲ့ ရေတန်းချိုးဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့လိင်အင်္ဂါတွေကိုတော့ ဆက်ဆံပြီးတိုင်း သေချာဆေးကြောပေးရပါမယ်။ ဒီလို ဆေးပေးခြင်းက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးတာကြောင့် ဆီးသွားပြီးတာနဲ့ ကိုယ့်ရဲ့ လိင်အင်္ဂါကို တစ်ဆက်တည်း ဆေးကြောစေချင်ပါတယ်။ ဆေးတဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့ နှံ့စပ်အောင် ပွတ်တိုက်ဆေးကြောပေးရင် လုံလောက်ပါတယ်။အမွှေးဆီတွေ၊ ဆပ်ပြာအဆီ တွေသုံးဖို့မလိုပါဘူး။ မိန်းကလေးတွေလည်း လိင်ဆက်ဆံပြီးတဲ့အခါ မိန်းမကိုယ်ထဲအထိ နှိုက်ပြီး ဆပ်ပြာဆီနဲ့ ဆေးကြောတာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုဆေးကြောခြင်းက မိန်းမကိုယ်ထဲမှာ ပုံမှန်အတိုင်းရှိနေသင့်တဲ့ ပိုးတွေကိုပါ ဖယ်ရှားလိုက်သလို ဖြစ်သွားစေလို့ပါ။လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောင်္ကျားလေးတွေဆိုရင်တော့လိင်တံထိပ်အရေပြားအနောက်ဖက်ကို ညင်ညင်သာသာလေးဆွဲပြီး လိင်တံထိပ်နဲ့ အရေပြားကြားကိုသေချာဆေးကြောပေးပါ။၃.ရေများများသောက်ပေးပါ။တစ်ကြိမ်ဆီးသွားရုံနဲ့ ပိုးမွှားတွေဖယ်ရှားပစ်ဖို့ မလုံလောက်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်လက်သန့်စင်ပြီးရင် ရေတစ်ခွက်ထပ်သောက်လိုက်ပါ။ ဆီးခဏခဏသွားရလေ ပိုးမွှားတွေ ပိုသန့်စင်လေဖြစ်သလို ရေဓာတ်ပြည့်ဝဖို့လည်း အထောက်အပံ့ဖြစ်စေပါတယ်။၄. ချောင်ချောင်ချိချိအဝတ်အစားတွေဝတ်ပေးပါ။Body fit ဖြစ်တဲ့ အဝတ်အစားဝတ်ရင် ချွေးပိုထွက်ပါတယ်။ ချွေးအောင်းပြီး စိုစွတ်နေတဲ့ အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးတွေနဲ့ မှိုမျိုးစုံပေါက်ပွားနိုင်တာမို့ ကိုယ်လက်သန့်စင်ပြီးရင် ချောင်ချောင်ချိချိ အဝတ်အစားတွေဝတ်ပြီး နေလိုက်တာအကောင်းဆုံးဖြစ်ပါတယ်။အတွင်းခံကို ဖြစ်နိုင်ရင် ချည်သားအတွင်းခံပဲဝတ်ပေးပါ၊ ဒါမှမဟုတ် အတွင်းခံလုံးဝမ၀တ်ဘဲ အိပ်ရာဝင်လိုက်လည်းရပါတယ်။၅.လက်သေချာဆေးပါ။လိင်ဆက်ဆံတာပဲဖြစ်ဖြစ် လက်နဲ့ ဆန္ဒပြီးမြောက်အောင်လုပ်တာပဲဖြစ်ဖြစ် မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာတော့ လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောရပါမယ်။ လက်ဆိုတာ ပစ္စည်းတွေ အကုန်ကိုင်တွယ်အသုံးပြုရတာမို့ ပိုးမွှားမျိုးစုံလည်းကပ်တွယ်နေမှာပါ။ ဒါ့ကြောင့် ကိုယ့်အဖော်ရဲ့ လိင်အင်္ဂါကို မထိတွေ့ခင် ရေနဲ့ဆပ်ပြာသုံးပြီး သေချာဆေးဖို့ မမေ့နဲ့နော်။၆. အသုံးပြုတဲ့Sex Toyတွေကိုသေချာပြန်သန့်စင်ပါ။စာရေးသူတို့နိုင်ငံမှာတော့ Sex toy တွေအသုံးပြုတာ သိပ်ခေတ်မစားသေးပေမဲ့ ကျန်းမာရေးအရ သိထားသင့်တာမို့ ပြောပြချင်ပါတယ်။ လိင်ဆက်ဆံတဲ့အချိန် အသုံးပြုလိုက်တဲ့ Sex toy တွေမှာလည်း ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုရောဂါတွေ ကပ်ညှိသွားနိုင်တာမို့ သုံးပြီးတာနဲ့ တစ်ခါတည်းဆေးကြောပေးရပါမယ်။ မဆေးကြောဘဲ ထပ်ခါ ထပ်ခါသုံးစွဲတာ၊ တခြားသူတစ်ယောက်နဲ့ မျှဝေသုံးစွဲတာမျိုး လုံးဝ(လုံးဝ) မလုပ်ရပါဘူး။ ဆေးကြောသန့်စင်နည်းကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအလိုက်ကွဲပြားတတ်ပါတယ်။၇.သွေးမှန်မှန်စစ်ပါ။အကယ်၍ ကိုယ်က လိင်အပျော်အပါးလိုက်စားတတ်တဲ့သူဖြစ်မယ်ဆိုရင် ကူးစက်ရောဂါပိုးတွေရှိမရှိ သွေးမှန်မှန် စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီလိုလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါအများစုက ရောဂါရှိနေရင်တောင် ဘာလက္ခဏာမှသိပ်မပြတတ်လို့ပါ။ ဒါ့ကြောင့် သွေးစစ်ဆေးခြင်းကပဲ သေချာသိနိုင်တဲ့ နည်းလမ်း အဖြစ်ရှိနေပါသေးတယ်။ ဒါပေမဲ့ လိင်အင်္ဂါမှာပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုပြလာရင် (ဥပမာ – အနာပေါက် လာတာ၊ အဖုထွက်လာတာ၊ နာကျင်လာတာ၊ အရည်ထွက်တာ) တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/sex-tips/dos-after-intercourse/
ကလေးတွေမှာ ကိုယ်အပူချိန်ကျခြင်းကို ဘယ်လိုကုသပေးမလဲ
သင့်အနေနဲ့ ကိုယ်အပူချိန်တက်ပြီး ဖျားတာကိုသာ တရင်းတနှီးကြားဖူးမှာဖြစ်ပြီး ကိုယ်အပူချိန်ကျဆင်းခြင်းကိုတော့ သိပ်ကြားဖူးမယ် မထင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကလေးတွေမှာ အရေးကြီးတဲ့ ပြဿနာတခုပဲ ဖြစ်ပါတယ်။ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေရှိတဲ့ ကလေးတွေမှာ ကိုယ်အပူချိန်ကျတာမျိုး အဖြစ်များပါတယ်။ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ၃၇ဒီဂရီ စင်တီဂရိတ်လောက်ရှိပြီး ကလေးရဲ့ တနေ့တာလှုပ်ရှားသွားလာမှုတွေအပေါ် မူတည်ကာ အဆိုပါ အပူချိန်ထက် အနည်းငယ်များတာ၊နည်းတာမျိုးက ပြဿနာမဟုတ်ပါဘူး။ချိုင်းကြားမှာ တိုင်းတာတဲ့အပူချိန်ဟာ ပါးစပ်ထဲမှာ တိုင်းတာတဲ့အပူချိန်ထက် အနည်းငယ် လျော့နည်းမှာဖြစ်ပြီး အတိကျဆုံးသော ရလဒ်ကို ရရှိနိုင်ဖို့အတွက် ပြဒါးတိုင်ကို စအိုတွင်းထည့်ပြီး တိုင်းတာရမှာ ဖြစ်ပါတယ်။ခန္ဓာကိုယ်အပူချိန် ပုံမှန်ထက် အနည်းငယ်ကျဆင်းခြင်းဟာ ကိုယ်အင်္ဂါတွေကို ထိခိုက်မှု မဖြစ်စေတဲ့အတွက် အန္တရာယ်မရှိပါဘူး။ ဘာကြောင့် ကိုယ်ခန္ဓာအပူချိန်ကျဆင်းရသလဲဆိုတာကသာ ပိုပြီးအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။တချို့ကလေးတွေဟာ မွေးကတည်းက ပုံမှန်ခန္ဓာကိုယ်အပူချိန်ဟာ တခြားကလေးတွေထက် နည်းနေလေ့ရှိပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အပူချိန် ရုတ်တရက်ကျဆင်းခြင်းဟာ (ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ပြင်းထန်သောကူးစက်ရောဂါခံစားရခြင်း အစရှိတဲ့) အရေးကြီးကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။အပူချိန်အလွန်အမင်းကျဆင်းခြင်းဟာ ကိုယ်အင်္ဂါတွေ အလုပ်မလုပ်တော့တဲ့အထိ ဖြစ်စေနိုင်တဲ့အတွက် သင့်ကလေးရဲ့ ကိုယ်အပူချိန် ၃၅ဒီဂရီစင်တီဂရိတ်ထက် လျော့နည်းလာပြီဆိုရင်တော့ အရေးပေါ်ဆေးကုသမှုကို တတ်နိုင်သမျှ အမြန်ဆုံး ခံယူသင့်ပါတယ်။တကယ်လို့ ခန္ဓာကိုယ်အပူချိန်ဟာ ၃၃.၉ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းသွားရင် ပြဒါးတိုင်အများစုဟာ မှန်ကန်တဲ့တန်ဖိုးမပြနိုင်တော့ဖူးဆိုတာကိုလည်း သိထားသင့်ပါတယ်။· ကလေးရဲ့ စားသောက်မှုပုံစံကို ပြောင်းလဲပါ။ အာဟာရပြည့်ဝပြီး ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံဟာ သိသာထင်ရှားတဲ့ ကောင်းကျိုးပေးပါလိမ့်မယ်။တကယ်လို့ သင့်ကလေးရဲ့ ကိုယ်အပူချိန်ကျဆင်းခြင်းဟာ အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်မယ်ဆိုရင် စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ ဒီပြဿနာဟာ ပြေလည်သွားမှာ ဖြစ်ပါတယ်။· နွေးနွေးထွေးထွေးထားပါ။ အဝတ်အစား ထူထူဝတ်ပေးထားခြင်း ဒါမှမဟုတ် ပူနွေးတဲ့ အစားအသောက်တွေစားပေးခြင်းအားဖြင့် ကလေးရဲ့ ကိုယ်အပူချိန်ကျဆင်းခြင်းကို သက်သာသွားစေမှာ ဖြစ်ပါတယ်။တကယ်လို့ ကလေးရဲ့ ကိုယ်အပူချိန်ဆက်လက်ကျဆင်းနေတယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံရမှာ ဖြစ်ပါတယ်။ ရောဂါရဲ့ ဇစ်မြစ်ကို စောစောသိပြီးစောစောကုနိုင်လေ မြန်မြန်ပြန်ကောင်းနိုင်ချေ များမှာပဲ ဖြစ်ပါတယ်။ကလေးအထူးကုဆရာဝန်အနေနဲ့ သင့်ကလေးရဲ့ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အနေအထားပမာဏပြန်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ပါလိမ့်မယ်။ ဒီနောက်မှာ ရောဂါရဲ့ ဇစ်မြစ်ကိုသိနိုင်ဖို့အတွက် စစ်ဆေးမှုအချို့ကို ပြုလုပ်မှာဖြစ်ပြီး စစ်ဆေးမှုရလဒ်တွေကို သိရှိရတဲ့အခါ ပိုမိုသင့်တော်တဲ့နည်းလမ်းတွေနဲ့ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ကလေးကို ကုသမှုပေးနေစဉ်ကာလမှာ သင့်အနေနဲ့ အကောင်းမြင်ဖို့၊ကလေးကို အားပေးဖို့အရေးကြီးပြီး အခုခံစားတွေ့ကြုံနေရတဲ့ ဝေဒနာတွေဟာ မကြာခင်သက်သာ ပျောက်ကင်းသွားမှာဖြစ်တဲ့အကြောင်း ကလေးတွေ သိပါစေ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%95%e1%80%b0%e1%80%81%e1%80%bb%e1%80%ad%e1%80%94/
ဆိုရှယ်မီဒီယာ သုံးရတာ ပင်ပန်းလာရင် Digital Detox လုပ်ကြည့်စမ်းပါလား
Detoxing ဆိုတာ ညစ်ညမ်းနေတဲ့ အရာတွေကို သန့်စင်သွားအောင် ဖယ်ရှားရှင်းလင်းတာ မဟုတ်လား။ ခန္ဓာကိုယ်ကြီးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့Detox Waterသောက်ကြတာလိုမျိုးပေါ့။ ခုလည်း ဆိုရှယ်မီဒီယာတွေ အသုံးပြုရခက်နေချိန်မှာDigital Detoxလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။Digital Detox ဆိုတာက ခုနောက်ပိုင်းနှစ်တွေမှာ အတော်လေး ခေတ်စားလာနေတဲ့ စကားလုံးတစ်ခုပါ။ အချိန်ကာလတစ်ခု သတ်မှတ်ပြီး စမတ်ဖုန်း၊ ရုပ်မြင်သံကြားစက်၊ တက်ဘလက်၊ ကွန်ပျူတာ၊ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်အသုံးပြုမှုတွေကို ကန့်သတ်နေထိုင်ခြင်းကို ဆိုလိုပါတယ်။လူသားတစ်ယောက်ကို တကယ့်လူမှုဘဝနေထိုင်မှု ပုံစံဆီကို ပြန်သွားစေပြီး နည်းပညာအနှောင့်အယှက်မရှိပဲ အချိန်အတိုင်းအတာတစ်ခုစာ နေထိုင်ရှင်သန်စေတဲ့နည်းလမ်းဆိုပါတော့။ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ နေ့စဉ်ဒစ်ဂျစ်တယ်နည်းပညာနဲ့ထိတွေ့မှု ၁၁ နာရီဝန်းကျင်လောက်ရှိပါတယ်။ ဒီလိုအသုံးပြုနေရင်းမှာပဲ စမတ်ဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေကို စွန့်ခွာချင်စိတ်ကလည်း တစ်ပြိုင်နက်တည်းဖြစ်လာတတ်ပါတယ်။ ဒီနည်းပညာတွေဆီကနေ အဆင်ပြေမှု၊ ပျော်ရွှင်မှုအပြင် စိတ်ဖိစီးမှုတွေ၊ စိတ်မချမ်းသာမှုတွေကိုလည်း တပြိုင်နက်တည်း ရနေတာကြောင့်ပါ။ဒါပေမယ့် ဘယ်သူမှ တော်တော်နဲ့ မစွန့်ခွာနိုင်ကြပါဘူး။ ဒါက ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါစွဲလမ်းစိတ်ဖြစ်ပေါ်လာတာကြောင့်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အချိန်ကြာမြင့်စွာ အသုံးချလာလေလေ အတွေးစိတ်ထဲမှာ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေ ပိုပိုစုပုံလာလေလေဆိုပါတော့။ဒစ်ဂျစ်တယ်နည်းပညာတွေကို မစွန့်ခွာနိုင်ခြင်းနဲ့အတူ လူမှုဘဝမှာရော၊ ပေါင်းသင်းဆက်ဆံရေးမှာရော၊ စိတ်ခံစားချက်မှာပါ ပြဿနာတွေရှိလာပါတယ်။ လေ့လာချက်တွေအရဆိုရင် လူငယ် ၅၀% လောက်က သူတို့တွေဆိုရှယ်မီဒီယာကို စွဲလမ်းနေပြီလို့ ခံစားရကြောင်းဆိုကြသလို ၇၈% က သူတို့တွေ တစ်နေ့ကို ၂ နာရီနဲ့အထက် ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကို အသုံးချကြတယ်လို့ ဝန်ခံခဲ့ကြပါတယ်။ဒီလိုအခြေအနေမျိုးတွေကြောင့် Detox ဆိုတာကြီးကို မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်လာတာဖြစ်ပါတယ်။ ရုတ်တရက်ဆိုရင်တော့ Detox ဆိုတာကြီးက ပျင်းစရာကြီးပါလို့ ထင်မြင်မိနိုင်ပါတယ်။ နည်းပညာက နေ့စဉ်လူနေမှုဘဝမှာ မရှိမဖြစ်လိုဖြစ်လာနေတဲ့ ဒီကနေ့ခေတ်မှာ ဒစ်ဂျစ်တယ်ထုတ်ကုန်တွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို စွန့်ခွာနေထိုင်ဖို့ဆိုတာက ထင်သလောက်လည်း မလွယ်ကူလှပါဘူး။ဒါပေမယ့် စိတ်မပျက်ပါနဲ့။ ဒီလို Detox မစတင်ခင်မှာ ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးတွေကို သင်အရင်လေ့လာကြည့်လိုက်ပါ။ ဒါဆိုရင် သင်ဘာကြောင့် Detox လုပ်သင့်တယ်ဆိုတာကို သိနားလည်လာပါလိမ့်မယ်။Digital Detox လုပ်တဲ့အခါ။လေ့လာချက်တွေအရဆိုရင်တော့ အောက်ပါ အခြေအနေတွေမှာ Digital Detox လုပ်ဖို့ လိုအပ်ပါတယ်တဲ့။တကယ်တမ်း Detox လုပ်တယ်ဆိုတာက ဒစ်ဂျစ်တယ်ထုတ်ကုန်နဲ့ နည်းပညာတိုင်းကို အဆက်အသွယ်ဖြတ်စေတာပါ။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ လုပ်ငန်းခွင့်ကိစ္စရပ်တွေနဲ့ လူမှုဘဝနေထိုင်မှုပုံစံတွေကြောင့် ၁၀၀% အပြည့်အဝ အဆက်အသွယ်ဖြတ်ဖို့က သိပ်တော့ မလွယ်ကူလှပါဘူး။Detox ဆိုတာကလည်းဒစ်ဂျစ်တယ်ထုတ်ကုန်တွေနဲ့ ဆိုရှယ်မီဒီယာတွေကို အချိန်အတိုင်းအတာတစ်ခုအထိ အဆက်အသွယ်ဖြတ်ထားတာကို ဆိုလိုတာမဟုတ်လား။ ဒါကြောင့် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး Detox လုပ်နိုင်ပါတယ်။လက်တွေ့ဆန်ပါစေ – ဖြစ်နိုင်ခြေရှိတာမျိုးကို စဉ်းစားပြီးလုပ်ပါ။ ကိုယ်လုပ်နိုင်သလောက်ကို ချိန်ညှိမလုပ်ရင် မအောင်မြင်ဖို့ များပါတယ်။ကိုယ်လုပ်နိုင်တဲ့ အချိန်ပမာဏကို သတ်မှတ်ပါ – နေ့စဉ် နာရီပိုင်းလား၊ ဒါမှမဟုတ် ၁ ရက်လောက် တစ်နေကုန်လုပ်လိုက်မှာလား။ သတ်မှတ်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် အောက်ပါအချိန်တွေဟာ သင့်အတွက် Digital Detox လုပ်ဖို့ အကောင်းဆုံး အချိန်တွေ ဖြစ်ပါတယ်။ဒါ့အပြင် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေ၊အထီးကျန်မှုတွေကို ကောင်းကောင်းဖြေဖျောက်နိုင်ပါလိမ့်မယ်။အနှောင့်အယှက်တွေကို ဖယ်ရှားပါ – မဖြစ်မနေ ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကို အသုံးပြုရဖို့ ကြုံလာရင် ကိုယ်သုံးရမယ့်ကိစ္စထက် ကျော်လွန်ပြီးမသုံးဖြစ်အောင် ရှိသမျှ Noti တိုင်းကို ပိတ်ထားပါ။အလုပ်ဖြစ်အောင်လုပ်ပါ – ဖြစ်နိုင်ရင် ဘာခြွင်းချက်မှ မထားပါနဲ့။ ခြွင်းချက်တွေထားပြီး လုပ်နေမယ်ဆိုရင် ထိရောက်မှာမဟုတ်သလို အလုပ်ဖြစ်လို့လည်း ခက်ပါတယ်။ပတ်ဝန်းကျင်ကို အသိပေးပါ – လျှို့လျှို့ဝှက်ဝှက်နဲ့ မလုပ်ပါနဲ့။ ကိုယ် ဒီလိုလုပ်နေတယ်ဆိုတာကို ပတ်ဝန်းကျင်၊ အသိမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို အသိပေးပါ။ ဒါမှ သူတို့ကလည်း ကိုယ့်ကိုပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ဖြစ်နိုင်ရင် ဆိုရှယ်မီဒီယာ App တွေကို ဖျက်ချထားပါ – ဆိုရှယ်မီဒီယာ App တွေကို ဖျက်ချထားရင် ပိုအလုပ်ဖြစ်ပါတယ်။မှတ်တမ်းတင်ပါ – ကိုယ်ဘယ်လောက်လုပ်နိုင်တယ်၊ ဘယ်လိုအကျိုးရှိလာတယ်ဆိုတာကို စာအုပ်နဲ့ မှတ်တမ်းတင်ထားပါ။အထက်ပါနည်းလမ်းတွေက Digital Detox လုပ်ရာမှာ ပိုပြီး ထိရောက်စေဖို့ ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/why-and-how-to-do-a-digital-detox/
ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ သင့်ရင်သားအကြောင်း ။ ။
ကိုယ်ဝန်ဆောင်ချိန် ရောက်ပြီဆိုတာနဲ့မိန်းမသားတို့ ကိုယ်ခန္ဓာမှာ အစစ အရာရာ ပြောင်းလဲလာပါတယ်။ကိုယ်ဝန်ဆိုတာကလည်း ကိုးလလွယ် ဆယ်လဖွားဆိုတော့ တစ်နှစ်နီးပါးလောက်ရှိတဲ့ အချိန်ကာလကြီးထဲမှာ အသိသာဆုံး ပြောင်းလဲမှုတွေက ဘာတွေဖြစ်မလဲ။ ကြည့်လိုက်တာနဲ့တန်းသိနိုင်တဲ့ ကိုယ်ပေါ်က ပြောင်းလဲမှုတွေကတော့ ပူထွက်နေတဲ့ ဗိုက်သားလေးတွေနဲ့ တင်းရင်းပြီး ကြီးထွားနေတဲ့ ရင်သားတို့ပဲ ဖြစ်ပါတယ်။ ကလေးရှိလို့ ပူထွက်လာတဲ့ ဗိုက်အကြောင်းကို အထွေအထူးပြောစရာ မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ ရင်သားလေးတွေ အကြောင်း ပြောပြချင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ရင်သားမှာ ဘယ်လိုအပြောင်းအလဲလေးတွေဖြစ်လဲ။ ကိုယ်ဝန်ဆောင်ချိန် ရင်သား ပြောင်းလဲမှုတွေကတော့။ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးလာတာ ဗိုက်တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ဝန်သက် ၆ပတ်လောက်မှာနို့ချောင်းတွေနဲ့ နို့ဂလင်းတွေ ဖွံ့ဖြိုးဖို့ရင်သားမှာ အဆီပြင်တွေ ကြီးထွားလာပြီး သွေးလည်ပတ်မှုတွေ ကောင်းနေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကိုယ်ဝန် ၁ လကျော်လာပြီဆိုတာနဲ့ ရင်သားကြီးလာရတာဖြစ်ပါတယ်။သွေးလည်ပတ်မှုများလာတာရယ် စုလာတဲ့ အဆီတွေ အပြင်တွေရယ် အပြင် ကိုယ်ဝန်ဆောင်ချိန်ဆို ထွက်လာတဲ့ပရိုဂျက်စတုန်းနဲ့အီစထရိုဂျင်ဟော်မုန်းတွေကြောင့် ကိုယ်တွင်းမှာ အရည်တွေ စုလာပြီးကိုယ်အလေးချိန် တက်လာပါတယ်။ ရင်သား သီးသန့်မှာတောင် ၂ ပေါင်တက်လာတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်ဆို ရင်သားကြီး လေးနေရတာ ဖြစ်ပါတယ်။ဟော်မုန်းကြောင့် တင်းလာတဲ့ အဆီပြင်ကြောင့်ရော၊ ဖွံဖြိုးလာတဲ့ နို့ကြောင်းတွေကြောင့်ရော ရင်သားတွေ ကြီးလာပြီး ရင်ဘတ်က အကြောတွေကို သွားဖိတာကြောင့် ကိုယ်ဝန်သည်တွေ ရင်သား တင်းပြီးနာကျင်တဲ့ ဝေဒနာကိုခံစားရတာဖြစ်ပါတယ်။သွေးလည်ပတ်မှု ကောင်းနေတာကြောင့်ရယ် ၊ ဟော်မုန်းတွေရဲ့ အရှိန်ကြောင့်ရယ် ကိုယ်ဝန်ဆောင်ချိန်ဆို ရင်သားမှာ သွေးကြောတွေ ပေါ်နေတာကို မြင်ရပါတယ်။ကိုယ်ဝန်ဆောင်ချိန်ဆို ထွက်လာတဲ့ အီစထရိုဂျင်ဟော်မုန်းကြောင့် နို့သီးခေါင်းပတ်လည် အရောင်ရင့်လာတတ်ပါတယ်။ ဒါ့အပြင် ဘေးပတ်လည်မှာ အဆီအဖုသေးသေးလေးတွေ ထွက်လာပြီး နို့သီးခေါင်းပတ်လည် ခြောက်သွေ့ကွဲအက်ခြင်းကို တားဆီးပေးပါတယ်။ကြီးလာတဲ့ နို့အုံကြောင့် ရင်သား အရေပြားတွေ တင်းလာတဲ့အပြင် အကြောတွေလည်း ပြတ်လာပါတယ်။ကလေးမွေးပြီးရင် ဒါတွေ အားလုံး ပြန်ပြောင်းလဲသွားပါတယ်။ဒီလို ကြီးလာတဲ့ ရင်သား အစုံဟာ ကလေးမွေးပြီး ဟော်မုန်းတွေ ပြန်ပြောင်းလဲသွားတာနဲ့ ကိုယ်ဝန်မရှိခင်တုန်းက အရင်ရင်သားပုံစံပဲ ပြန်သေးသွားမှာပါ။ ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/breast-changes-during-pregnancy/
ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ!
ဘာဘီရုပ်လေးတွေက  ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ အရုပ်လေးပါ။ ဒီအရုပ်လေးက မိန်းကလေးတွေအတွက်ဆိုရင်သူငယ်ချင်းဆိုလည်း ဟုတ်ပါတယ်။ ဒီလိုမျိုး ချစ်စရာကောင်းတဲ့ ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ! ဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ!။ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ! ဆိုတာကို မပြောခင် ဘာဘီရုပ်လေးတွေ အကြောင်း အရင် ပြောပြချင်ပါတယ်။ ၁၉၉၀ နှစ်တွေက သိခဲ့တဲ့ ဘာဘီရုပ် ဆိုတာက လှပမှု စံနှုန်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။အရင်တုန်းက ဘာဘီလေးတွေကို လူတွေက အပြစ်အနာအဆာ အားနည်းချက် မရှိအောင် လူတွေက ဖန်တီးထားတာကြောင့်လှပကြော့ရှင်းနေတာအမှန်ပါ။ ဒီလို လှပမှုကပဲ လူသားတွေမှာ အခုလို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုလေးတွေကို ဖြစ်စေခဲ့ပါတယ်။ပြီးပြည့်စုံချင်လွန်းတဲ့ စိတ်အခြေအနေ။ဘာဘီရုပ်လေးတွေက ပြီးပြည့်စုံတာကို ကြည့်ပြီး ကြီးပြင်းလာရတဲ့ ကလေးတွေ (အထူးသဖြင့် မိန်းကလေးတွေ) မှာ ဘာဘီရုပ်လေးလိုခေါင်းအစ ခြေအဆုံး လှပချင်တဲ့ စိတ်က အလိုလိုကို ဖြစ်ပေါ်နေပြီ။ အရာရာကို ပြီးပြည့်စုံအောင် လှပချင်စိတ်တွေကြောင့် လိုတာထက် ပိုပြီး လုပ်ဆောင်မိတာမျိုးတွေ ဖြစ်လာပြီး ရေရှည်မှာ ဖြစ်မှန်းမသိ အစစ အရာရာ ပြီးပြည့်စုံချင်လွန်းတဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီလို ဖြစ်ပေါ်လာတာက စိတ်ကျန်းမာရေး ထိခိုက်မှု တစ်ရပ်ပါပဲ။ဒါကြောင့်လဲ အခုနောက်ပိုင်းမှာ ဒီစိတ်အခြေအနေကို ရှောင်လွဲနိုင်ဖို့ ဘာဘီရုပ်လေးတွေကို အရောင်အသွေးစုံ ဆိုဒ်စုံ ထုတ်လာတာပါ။စိုးရိမ်စိတ်များတာ။ဘာဘီရဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်ကို အားကျစိတ်က ငါက လှကို မလှဘူးဆိုတဲ့ စိတ်မျိုး ခံစားရတာ၊ ငါလှမှ ဖြစ်မယ်ဆိုပြီး အရာရာကို စိုးရိမ်စိတ် များလာတာမျိုးကို ခံစားရနိုင်ပါတယ်။ မျှော်လင့်ထားတဲ့ အချက်တွေကို မပြည့်မီမှာ စိုးတာကြောင့် အမြဲလိုလိုစိုးရိမ်စိတ် များတာကို ခံစားရနိုင်ပါတယ်။ဘာဘီလေးတွေက အရုပ်လေးတွေဖြစ်ပြီး ကိုယ်တိုင်က လူသားဖြစ်တာကြောင့် စိုးရိမ်မှုလေး ကင်းအောင် နေစေချင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတာ။ဘာဘီရုပ်လေးက လူသားတွေ ဖန်တီးထားတာ ဖြစ်တာကြောင့်အပြစ်အနာအဆာဆိုတာ မရှိသလောက်ကို ကင်းပါမယ်။ ဒါပေမယ့် ကိုယ်က သဘာဝတရားက ဖန်တီးထားတဲ့ လူသားဖြစ်တာကြောင့် ချို့ယွင်းအားနည်းမှုတွေ ရှိနိုင်ပါတယ်။ ဒါကို သေချာလေး နားမလည်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းတာမျိုး ခံစားလာရနိုင်ပါတယ်။ဒီလို မဖြစ်စေဖို့အတွက် လူသားဟူသမျှ အားနည်းချက်တွေ အနာအဆာတွေနဲ့ မကင်းဘူးဆိုတာကို သတိရစေချင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် သဘောမကျတာ။ဘာဘီရုပ်လေးကဆံသားရော အရေပြားကပါ ပြောစရာ မရှိအောင် လှပနေတဲ့ အရုပ်လေး တစ်ရုပ်ပါ။ ချစ်စရာ ကောင်းအောင်လည်း ဖန်တီးထားတာပါ။ ဒါကြောင့် ကိုယ်က ဘာဘီရုပ်လေးလို မလှဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်သဘောမကျတာမျိုး မဖြစ်စေဖို့ သတိချပ်စေချင်ပါတယ်။လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်မှ အောင်မြင်မှုတွေကို ရရှိအောင် လုပ်ဆောင်နိုင်မှာဆိုတာကို သတိရပေးပါ။ကိုယ့်ရုပ်ရည်အပေါ်မှာ ယုံကြည်မှု မရှိတာ။ဘာဘီရုပ်လေးတွေက ပလပ်စတစ်တွေ ရော်ဘာတွေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး လူသားတွေက ချစ်စဖွယ် နှစ်သက်ဖွယ်ဖြစ်အောင် ဖန်တီးပေးထားတာပါ။ ဒါကြောင့် ဘာဘီလေးတွေကို ကြည့်ပြီး ကိုယ်တိုင်ရဲ့ ရုပ်ရည်အပေါ်မှာ  ယုံကြည်မှု မရှိတာမျိုး မဖြစ်သင့်ပါဘူး။လူတိုင်းမှာအလှ တစ်မျိုးစီပိုင်ဆိုင်ထားပါတယ်။ လူလုပ် အရုပ်တွေလောက် မလှပေမယ့် သဘာဝက ပေးထားတဲ့ အလှတရားကိုတော့ ပိုင်ဆိုင်ထား ပါတယ်။ ဒါကြောင့် ဘာဘီလေးတွေကို ကြည့်ပြီး ကိုယ့်ရုပ်ရည်အပေါ်မှာယုံကြည်မှု မရှိတာမျိုး မဖြစ်စေဖို့ သတိထားပေးပါ။ဘာဘီရုပ်လေးတွေကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာကို မိန်းကလေးတွေပဲ ခံစားရတာလား!။ဘာဘီရုပ်လေးကြောင့်စိတ်ကျန်းမာရေး ထိခိုက်တာကို ခံစားရတာက မိန်းကလေးတွေပဲ မဟုတ်ပါဘူး။ ယောကျ်ားလေးတွေမှာလည်း ခံစားရနိုင်ပါတယ်။သိရတာတော့ ဘာဘီရုပ်လေးကို သဘောကျတတ်သူတိုင်း လိုလိုမှာ ဒီစိတ်ခံစားမှုကို ခံစားရနိုင်ပါတယ်။အဲ့လို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ရှိလာတာကြောင့်အခုနောက်ပိုင်းမှာတော့ လူသား အချင်းချင်းကြားက ကွာဟချက်လေးတွေဖြစ်တဲ့ အသားအရောင်၊ ခန္ဓာကိုယ် အချိုးအဆစ်တွေနဲ့ ပတ်သက်ပြီး ကွဲပြားမှုအပေါ် ခွဲခြားတာမျိုး မဖြစ်စေဖို့အတွက် နောက်ပိုင်းမှာ  အသားအရောင်၊ ဆံသား အရောင်ကို အရောင်အသွေးစုံစွာတဲ့ ထုတ်လုပ်လာကြပါတယ်။လူသားတွေမှာ ဘာဘီလေးတွေကြောင့် ခန္ဓာကိုယ် အလေးချိန်ကို အလွန်အကျွံချတာ၊ ခါးဆိုဒ်သေးပြီး ရင်ဆိုဒ်တက်အောင် လုပ်တာတွေနဲ့ အရာရာကို ပြီးပြည့်စုံချင်တဲ့ စိတ်ဖြစ်ပေါ်မှုတွေကို ဟန့်တားစေနိုင်ဖို့ လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ ဘာဘီလေးတွေကို ထုတ်လုပ်နေပြီလည်း ဖြစ်ပါတယ်။အရင်တုန်းက ပြစ်မျိုးမှဲ့မထင် ဖြစ်အောင် ဖန်တီးထားတဲ့ ဘာဘီရုပ်လေးတွေက ခုချိန်မှာ မတူကွဲပြားမှုတွေ အများကြီးနဲ့ အလှကိုယ်စီရှိတဲ့ ဘာဘီရုပ်လေးတွေ ဖြစ်နေပါပြီ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/barbie-and-mental-health/
တရုတ်နိုင်ငံမှာ လူကိုကူးစက်စေတဲ့ H3N8 ကြက်ငှက်တုပ်ကွေး တွေ့ရှိ
ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးပတ်မှာ တရုတ်နိုင်ငံ ဟယ်နမ်ပြည်နယ်မှာ H3N8ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့ လူနာကို စတင်တွေ့ရှိခဲ့ပါတယ်၊၊ ကြက်ငှက်တုပ်ကွေးက များသောအားဖြင့် လူကို ကူးစက်လေ့ မရှိတာကြောင့် ဒါက ရှားပါးဖြစ်စဉ်လို့ ပြောလို့ရပါတယ်၊၊။ဧပြီ ၂၆ရက်နေ့က တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေးအမျိုးအစား ကူးစက်ခံရတဲ့ လူနာကို စတွေ့ခဲ့တယ်လို့ ဆိုပါတယ်၊၊။လူနာကတော့ ၄နှစ်အရွယ် ကောင်လေးဖြစ်ပါတယ်၊၊ ဒီကလေးလေးရဲ့ အိမ်က ကြက်နဲ့ ကြက်မည်းတွေကို မွေးမြူပြီး အိမ်ဝန်းကျင်မှာလည်း ဘဲရိုင်းတွေ ရှိတယ်လို့ ဆိုပါတယ်၊၊ ဧပြီ ၅ရက်နေ့မှာ ကလေးလေးက ဖျားပြီး လက္ခဏာတွေ ခံစားရပါတယ်၊၊ အခြေအနေပိုဆိုးလာတာကြောင့် ၁၀ရက်နေ့မှာ ဆေးရုံတင်လိုက်ရပါတယ်၊၊ ဧပြီ ၂၄ရက်နေ့မှာ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက ကလေးဆီက နမူနာယူပြီး စစ်ဆေးကြည့်တဲ့အခါ H3N8 ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရပါတယ်၊၊။ကလေးနဲ့ အနီးကပ်နေသူတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ကံကောင်းစွာနဲ့ ရောဂါပိုးကို မတွေ့ရပါဘူး၊၊။ကြက်ငှက်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး တိရစ္ဆာန်အချင်းချင်း ကူးစက်တာ များပါတယ်၊၊ ဥပမာ ကြက်တွေ၊ ငှက်တွေ၊ မြင်းတွေ၊ ဝက်တွေ စတဲ့ တိရစ္ဆာန်တွေကို ကူးတတ်ပါတယ်၊၊ တိရစ္ဆာန်ကနေ လူကို ကူးတာ၊ လူအချင်းချင်း ကူးတာက ရှားပါတယ်၊၊ ဖြစ်တော့ ဖြစ်တတ်ပါတယ်၊၊ အထူးသဖြင့် ဒါတွေက လူတွေနဲ့ အနီးအနားမှာ မွေးတဲ့အတွက် ရံဖန်ရံခါ လူကို ကူးတတ်တာမျိုး ဖြစ်တတ်ပါတယ်၊၊။တိရစ္ဆာန်အချင်းချင်း ကူးပြီး မျိုးဗီဇပြောင်းတာကတော့ ဖြစ်တတ်ပါတယ်၊၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လူကို ကူးစက်ခဲ့တဲ့H5N1တို့  H7N9 တို့ဆိုရင် နာမည်ကြီး ကြက်ငှက်တုပ်ကွေးတွေပဲ ဖြစ်ပါတယ်၊၊။ဒါနဲ့ ပတ်သက်ပြီး ပညာရှင်တွေ ကြားထဲမှာတောင် ဝိဝါဒကွဲပြားနေတုန်းပဲ ဖြစ်ပါတယ်၊၊။အောက်ဖို့ဒ်တက္ကသိုလ်၊ ကူးစက်ရောဂါနဲ့ ကမ္ဘာ့ကျန်းမာရေးဌာနက ပါမောက္ခ Peter Horby ကတော့ ” ကြက်ငှက်တုပ်ကွေးက လူဆီကို ကူးတာက ရံဖန်ရံခါ ဖြစ်တတ်ပါတယ်၊၊ သူကနေ တခြားသူကို ထပ်မကူးဘူးဆိုရင် တစ်ယောက်တလေ တွေ့တာက ပြဿနာ မဟုတ်ဘူး”လို့ ဆိုပါတယ်၊၊ ဒါ့ပြင် ခုဖြစ်နေတဲ့ လူနာကလေးနဲ့ အနီးကပ်ထိတွေ့သူတွေမှာ နောက်ထပ် ရောဂါကူးတာမျိုး မတွေ့ရတဲ့အတွက် ” လူတွေကို ထပ်မကူးနိုင်ဘူးလို့ ယူဆတယ်လို့ Edinburgh တက္ကသိုလ်၊ Roslin Instituteက ပါမောက္ခ Paul Digardက ပြောပါတယ်၊၊။ဒါပေမယ့် Horbyနဲ့ တခြားပညာရှင်တွေက ‘သတိထားရမယ့်အချက်က ဒီနှစ်ပိုင်းတွေမှာ UK, USနဲ့ Europe မှာ ငှက်တုပ်ကွေးတွေ မကြာခဏဖြစ်လာတာကို တွေ့ရပါတယ်၊၊ ဒီလိုမျိုး မကြာခဏ ဖြစ်နေတာက တုပ်ကွေးဗိုင်းရပ်စ်တွေကြားမှာမျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်လာပြီး လူကို ကူးနိုင်တဲ့ အနေအထား ဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြတာ ရှိပါတယ်’ ဆိုပြီး ပြောသွားပါတယ်၊၊။ဂျော့တောင်း တက္ကသိုလ်က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသိပ္ပံနဲ့ လုံခြုံရေး တွဲဖက်ပါမောက္ခ Alexandra Phelanက ‘ပြောရမယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးကူးစက်မှုတွေကို သတိထား စောင့်ကြည့်ဖို့ လိုပါတယ်၊၊ ခုဖြစ်နေတဲ့ H3N8အပြင်  ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ရုရှားမှာ H5N8 ဗိုင်းရပ်စ် တွေ့နေရသလို တရုတ်မှာပဲ H7N9နဲ့ H10N3 တွေ့ခဲ့ရပါတယ်၊၊ ဒါတွေက ကြက်ငှက်တွေဆီကနေ လူကို ကူးခဲ့တာပဲ ဖြစ်ပါတယ်၊၊’။ဒါ့ပြင် ဘယ်ဂျီယံက Libre de Bruxelles တက္ကသိုလ်က epidemiologist Marius Gilbert က ‘ဒီလိုမျိုး မကြာခဏ ဖြစ်လာပြီဆိုရင်တော့ သတိထားရပါမယ်၊၊ မတော်တဆ မျိုးဗီဇပြောင်းခဲ့ရင် လူသားတွေကြားမှာကူးစက်မှုနဲ့ ရောဂါပြင်းထန်မှုတွေအပေါ် သက်ရောက်နိုင်ခြေ ရှိနိုင်တယ်” လို့ ဆိုပါတယ်၊၊။လက်ရှိမှာ ကြောက်လန့်စရာ မလိုသေးပေမယ့် အိမ်နီးချင်းနိုင်ငံမှာ ဖြစ်နေတဲ့အတွက် သတိထားရမယ့် အချက်တွေတော့ ရှိပါတယ်၊၊။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/first-human-infection-of-h3n8-in-china/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac/
ကိုယ်ဝန်ဆောင်ချိန် တီဘီဆေး သောက်ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်လား။
တီဘီရောဂါဆိုတာ လေထဲကနေ တစ်ဆင့်ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ကိုယ့်နားမှာ ဆေးသေချာကုမထားတဲ့ တီဘီရောဂါသည်ရှိနေပြီဆိုရင် ကြောက်ရပါပြီ။ ဒါ့အပြင်တီဘီဆိုတာ ခုခံအားနည်းနေတဲ့အချိန် ဝင်တတ်တာကြောင့် ခုခံအားနည်းနေတတ်တဲ့ကိုယ်ဝန်သည်တွေ ပိုလို့တောင် ဂရုစိုက်ဖို့လိုပါတယ်။ ဒီလို ဂရုစိုက်နေရင်းကနေ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါဖြစ်သွားခဲ့ပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ်ဝန်သည်တွေဆိုတာ ဆေးတွေ လျှောက်သောက်လို့ မရဘူးဆိုတော့ တီဘီဆေး ရော သောက်လို့ရလား။ တီဘီဆေးတွေက ကလေးကို ထိခိုက်နိုင်လား။တီဘီဆေး အကြောင်းအရင်မပြောခင် မိခင်မှာဖြစ်နေတဲ့ တီဘီကို သေချာမကုသရင် ဗိုက်ထဲက ရင်သွေးလေးကို တီဘီက ဘယ်လို ဒုက္ခပေးနိုင်သလဲဆိုတာ အရင်ပြောချင်ပါတယ်။မိခင် တီဘီရောဂါရှိရင် ဗိုက်ထဲကကလေးကို တီဘီက ဒီလိုဒုက္ခတွေ ပေးနိုင်တယ်ဆိုတော့တီဘီဆေးသောက်မှ ရတော့မှာပေါ့။ ဆေးတို့ရဲ့ ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးတွေကလည်းရှိ ကိုယ်ဝန်ကြီးနဲ့လည်း ဖြစ်နေတော့ ဆေးသောက်မှ ကလေးကို ပိုပြီး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါတွေကို ဖြေရှင်းဖို့အတွက် တီဘီဆေး ဘယ်နှစ်မျိုးလဲဆိုတာကို အရင် ပြောရပါလိမ့်မယ်။HRZES လို့ အတိုကောက်မှတ်လေ့ရှိတဲ့ ပထမဦးစားပေး တီဘီဆေးတွေကတော့။လေ့လာချက်တွေအရတော့ ပထမ ဦးစားပေးဖြစ်တဲ့ HRZEတီဘီဆေး၄မျိုးလုံးဟာကိုယ်ဝန်သည်တွေ စိတ်ချစွာသောက်လို့ရပြီး ကလေးကိုမွေးရာပါချို့ယွင်းချက်ေတွ မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် ဒီ ဦးစားပေး ဆေး ၄ မျိုးကို ကိုယ်ဝန်သည်တွေ စိတ်ချသောက်လို့ရပါတယ်။ဒုတိယ ဦးစားပေး တီဘီဆေးတွေဖြစ်တဲ့။ကဲ ဒီတော့ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါ ဖြစ်လာခဲ့ရင် ကလေးထိမှာစိုးလို့ဆိုပြီး ဆေးမသောက်ဘဲ မနေနဲ့နော်။ ပထမ ဦးစားပေး HRZE ဆေး ၄ မျိုးကကိုယ်ဝန်သည်ေတွ စိတ်ချသောက်လို့ရပြီး ဗိုက်ထဲက ကလေးကို ဘာပြဿနာမှ မဖြစ်စေပါဘူး။ပထမဆေးတွေနဲ့ မနိုင်တဲ့ တီဘီရှိတယ်ဆိုပြီး ပထမ ဦးစားပေး ဆေးတွေကို အထင်မသေးလိုက်ပါနဲ့။ ညွှန်ကြားထားတဲ့အတိုင်း ရက်ပြည့်အောင် သေချာသောက်ရင် တီဘီရောဂါကို အရှင်းတိုက်ထုတ်နိုင်တာ ဒီ HRZE လို့ ခေါ်တဲ့ ပထမ ဦးစားပေးဆေး ၄ မျိုးပါ။ဒါကို သောက်တဲ့သူက ညွှန်ကြားထားတဲ့အတိုင်း သေချာမသောက်လို့ဆေးယဉ်ပါး တီဘီတွေဖြစ်ပြီး ဒုတိယ ဦးစားပေးဆေးတွေ သောက်ရတော့တာပေါ့။ ဒီ ဒုတိယ ဦးစားပေးဆေးတွေက သာမာန်လူတွေအတွက် ပြဿနာမရှိပေမယ့် ကိုယ်ဝန်သည်အတွက်တော့ မတည့်ဘူးဆိုတာ သိပြီဆိုတော့ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါဖြစ်နေပြီဆိုရင် ပထမ ဦးစားပေး ဆေး၄ မျိုးကို ညွှန်ကြားထားတဲ့အတိုင်း သေချာဂရုစိုက်သောက်ပြီး တီဘီရောဂါကို အပြတ်တိုက်ထုတ်ဖို့ လိုတယ်နော်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-and-antitb/
null
null
parenting
parenting
https://hellosayarwon.com/parenting/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%98%e1%81%80-%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%91%e1%80%bc%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%b6%e1%82%94%e1%81%bf%e1%80%96%e1%80%ad%e1%80%b3/
ဆီးချိုရှိသူတွေအတွက် အသင့်တော်ဆုံးအသီးအနှံများ
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
diabetes
diabetes
https://hellosayarwon.com/diabetes/type-2-diabetes/%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%9b%e1%80%bd%e1%80%ad%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%9e/
ခြေကျင်းဝတ်နာကျင်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ လက္ခဏာများ
ခြေကျင်းဝတ်နာကျင်ခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါရဲ့ အဖြစ်များဆုံး လက္ခဏာတခု ဖြစ်ပါတယ်။ ခြေကျင်းဝတ်လိမ်ခြင်း၊ခေါက်ခြင်းတို့ဖြစ်ရင် အောက်ပါလက္ခဏာတွေကို ခံစားရပါမယ်။· နာကျင်ခြင်း။· ခြေကျင်းဝတ် နီရဲရောင်ရမ်းခြင်း။· လမ်းမလျှောက်နိုင်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။အဆစ်အမြစ်ရောင်ရောဂါဟာ ရောင်ရမ်းနာကျင်မှုတွေကို ဖြစ်စေပြီး ခြေကျင်းဝတ်အပါအဝင် အဆစ်အမြစ်တွေကို နာကျင်စေပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာတဲ့အခါ အဆစ်အမြစ် အကြီးတွေပါ ထုံကျဉ်ကိုက်ခဲလို့ လာပါလိမ့်မယ်။ နောက်ဆုံးမှာ လုံးဝမလှုပ်နိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ခြေကျင်းဝတ်နာရခြင်းဟာ လူနာရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုဝေဒနာကို ထိထိရောက်ရောက်ကုသနိုင်ဖို့အတွက်ဆိုရင် ဘယ်အရာတွေက နာကျင်မှုကို ဖြစ်စေတာလဲဆိုတာ နားလည်အောင် လုပ်ရပါမယ်။ထိခိုက်ဒါဏ်ရာ ရရှိခြင်းဟာလည်း အဖြစ်များဆုံး အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ခြေကျင်းဝတ်နာကျင်မှုဝေဒနာကို ခံစားနေရတဲ့ လူနာအနေနဲ့ ထိရောက်မှန်ကန်တဲ့ ကုသမှုကို စောစီးစွာ မခံယူဖူးဆိုရင် ကြာလာတဲ့အခါ လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။လူနာအများစုက ဒါဟာ အရေးမကြီးတဲ့ ဖြစ်နေကျပြဿနာတခုလို သဘောထားတဲ့အတွက် အိမ်မှာပဲ ဆေးမြီးတိုတွေနဲ့ ကုသလေ့ရှိကြပါတယ်။ခြေကျင်းဝတ်နာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့ (အရေးတယူပြုသင့်တဲ့) အကြောင်းရင်းအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။· အားကစားလုပ်ခြင်း :ပြင်းထန်တဲ့ အားကစားလေ့ကျင့်ခန်းတွေ လုပ်ခြင်းဟာ ခြေကျင်းဝတ်ကို နာကျင်စေပါတယ်။· အဝလွန်ခြင်း :အဝလွန်ရင် ခြေကျင်းဝတ်က ထမ်းပိုးထားရတဲ့ အလေးချိန်ဖိအားများလာတာမို့ ခြေကျင်းဝတ်မှာရှိတဲ့ အရွတ်တွေကို ထိခိုက်စေပြီး အဆစ်အမြစ်တွေ အားနည်းလာပါတော့တယ်။· အခြားသော ကျန်းမာရေးပြဿနာများ :ဥပမာ နှလုံးရောဂါသမားတွေမှာ ခြေကျင်းဝတ်တဝိုက် ရောင်ရမ်းမှုတွေ ဖြစ်လာတတ်ပြီး အသားရောင်ပါ အနည်းငယ် ပြောင်းလဲလာတတ်ပါတယ်။ခြေကျင်းဝတ်နဲ့ ခြေထောက်ဖောရောင်ခြင်း ရောဂါလက္ခဏာတွေဟာ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေပေါ် မူတည်နိုင်ပါတယ်။ယေဘုယျအားဖြင့် ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အချက်တွေကတော့။· ဖောရောင်ခြင်း။· ကိုယ်ဝန်ရှိခြင်း။· ဆေးဝါးများ သုံးစွဲခြင်း။· ခြေထောက်နှစ်ဖက်လုံးမှာ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းခြင်းစတာတွေပဲ ဖြစ်ပါတယ်။ခြေထောက် အပေါ်ယံအရေပြားစတင် ဖောရောင်မှာဖြစ်ပြီး နာရီပိုင်းအတွင်းမှာ ခြေကျင်းဝတ်ထိ ပျံ့သွားမှာ ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ အခြားသော သိသာထင်ရှားတဲ့ ရောဂါလက္ခဏာအချို့လည်း ပြသလာမှာ ဖြစ်ပါတယ်။· အဆိုပါလက္ခဏာတွေကတော့-။· ရောင်နေတဲ့နေရာကို လက်နဲ့ဖိလိုက်ရင် အလွယ်တကူ ချိုင့်ဝင်သွားမှာဖြစ်ပြီး လက်ပြန်လွှတ်လိုက်တဲ့အခါ မူလရောင်ရမ်းနေတဲ့အတိုင်း တဖြည်းဖြည်းချင်းပြန်ဖောင်းလာမှာ ဖြစ်ပါတယ်။· ရောင်နေတဲ့ ခြေထောက်မှာစီးထား/စွပ်ထားတဲ့ ဖိနပ်၊ခြေစွပ်တို့ကို ချွတ်လိုက်တဲ့အချိန်မှာ အရာတွေ ထင်ကျန်ရစ်နေတာဟာ ဖောရောင်ခြင်းရဲ့ အဓိက လက္ခဏာတခု ဖြစ်ပါတယ်။· အရေပြားအရောင်ပြောင်းလဲခြင်းဟာလည်း သိသာတဲ့ လက္ခဏာတခု ဖြစ်ပါတယ်။ အရေပြား အရောင်ဟာ အနီဖက် အနည်းငယ်သန်းနေမှာ ဖြစ်ပြီး အဓိက ရောင်ရမ်းနေတဲ့နေရာဟာ ဘေးပတ်လည်ကနေရာတွေထက် ပိုမည်းနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ခြေထောက်ကို နှလုံးထက်ပိုမြင့်နေအောင် ထားပေးခြင်းအားဖြင့် နာရီအနည်းငယ်ကြာတဲ့အခါ ရောင်ရမ်းခြင်းဟာ လုံးဝသက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။· ဂေါက်ရောဂါကြောင့်ဖြစ်တယ်ဆိုရင် ခြေမဟာ ပူနွေးနီရဲရောင်ရမ်းဖောင်းကားနေမှာ ဖြစ်ပါတယ်။ တခါတရံ သင့်အနေနဲ့ အဆစ်အမြစ်နာကျင်ခြင်းအပြင် အရေပြားပေါ်မှာ အဖုလေးတွေ ထွက်လာတာကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။· ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခြေကျင်းဝတ်တဝိုက် ဖောရောင်နိုင်ပါတယ် (အထူးသဖြင့် ကိုယ်ဝန်ငါးလ နောက်ပိုင်းမှာပေါ့)။ ဒါဟာ ကိုယ်ဝန်ဆိပ်တက်ချင်တဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပထမဆုံး ခံစားရတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ခြေကျင်းဝတ်နာကျင်ရင် မူလပြုလုပ်နေကျ အားကစားတွေကို ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခြေကျင်းဝတ် ပိုလှုပ်ရှားလေ ပိုနာကျင်လေ ဖြစ်မှာမို့ပါပဲ။ ဒါ့အပြင် မူလအတိုင်း လှုပ်ရှားနိုင်မှာ မဟုတ်ဘဲ တောင့်တင်းနေမှာ ဖြစ်ပါတယ်။ ခြေကျင်းဝတ်နာကျင်တဲ့အတွက် လူနာရဲ့ ကိုယ်နေဟန်ထားနဲ့ လမ်းလျှောက်ပုံပါ ပြောင်းလဲသွားနိုင်ပါတယ်။အခြေအနေပိုဆိုးလာရင် ဒူး၊ပေါင်၊တင်ပါး အစရှိတဲ့ နေရာတွေကိုပါ ပျံ့နှံ့သွားနိုင်ပါသေးတယ်။ ဒါကြောင့် ခြေကျင်းဝတ်နာကျင်ရခြင်းရဲ့ အကြောင်းရင်းနဲ့ နောက်ဆက်တွဲပြဿနာတွေကို ကောင်းမွန်စွာ သိရှိနားလည်ထားမယ်ဆိုရင် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကို ပိုမိုအဆင်ပြေချောမွေ့စေပါလိမ့်မယ်။အောက်ပါအခြေအနေတွေမှာ ဆရာဝန်နဲ့ အမြန်ပြဖို့ လိုပါလိမ့်မယ်။· သင့်မှာ နှလုံးရောဂါ ဒါမှမဟုတ် ကျောက်ကပ်ရောဂါရှိနေပြီး ခြေကျင်းဝတ်ရောင်ခြင်းက ပိုဆိုးလာခြင်း။· သင့်မှာ အသည်းရောဂါရှိနေပြီး ခြေကျင်းဝတ်အဆစ် ရုတ်တရက်နာကျင်လာခြင်း။· ခြေထောက်တချောင်းလုံး နီရဲဖောရောင်နေပြီး လက်နဲ့ထိလိုက်ရင် ပူနွေးနေခြင်း။· အဖျားတက်နေခြင်း။· သင့်မှာ ကိုယ်ဝန်ရှိနေပြီး မထင်မှတ်ဘဲ ဖောရောင်လာခြင်း။ဒါ့အပြင် အိမ်မှာ မိမိဖာသာကုသတာ မသက်သာခြင်း၊ရောဂါအခြေအနေ ပိုဆိုးလာခြင်းတို့ ဖြစ်ပေါ်လာရင်လည်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%81%e1%80%bc%e1%80%b1%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%90%e1%80%ba%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကလေးများအတွက်သင့်လျော်သောစားသောက်နည်းပုံစံ
ကျန်းမာသောစားသောက်နည်းပုံစံဆိုသည်မှာ အစာအုပ်စု များကိုသင့်တင့်မျှတစွာစားသုံးပြီး အဆီနှင့်သကြားဓါတ်ပါ သောအစားအစာကိုလျှော့စားခြင်းကိုဆိုလိုပါတယ်။ထိုသို့ စားသုံးခြင်းအားဖြင့်ကလေးများအတွက်လိုအပ်သောစွမ်း အင်ကိုပေးစွမ်းနိုင်ပြီး ကျန်းမာစွာကြီးထွားဖွံဖြိုးစေနိုင်ပါ တယ်။ ကလေးများကိုကျန်းမာရေးနှင့်ညီညွှတ်သောအစား အစာများကိုသင့်တင့်မျှတစွာကျွှေးသင့်ပြီးနောင်အနာဂတ် တွင်သင့်လျော်စွာစားတတ်စေရန်အစာအုပ်စုများအကြောင်း သင်ကြားပေးသင့်ပါတယ်။အစားအစာများကိုယေဘုယျအားဖြင့် အသီးအနှံ၊ အရွက်၊ အသား၊ အစေ့အဆံ၊ နို့နှင့် နို့ထွက်ပစ္စည်းများဟူ၍အုပ်စု၅စု ခွဲခြားထားပါတယ်။ သို့သော်လည်းမှတ်ရလွယ်ကူစေရန် Go, Slow & Whoa food ဟူ၍၃အုပ်စုခွဲခြားထားပါတယ်။က။Go Foods။၎င်းသည်ကျန်းမာရေးနှင့်အညီညွှတ်ဆုံးသောအစာအုပ်စုဖြစ် သည်။ ကယ်လိုရီနည်း၍ အာဟာရဓါတ်များသောအစားအ အစာဖြစ်သောကြောင့်အချိန်မရွေးစားသုံးနိုင်ပါတယ်။ အဆီ မပါဝင်သောအသီးအနှံ၊ ပေါင်မုန့်ကြမ်း၊ ဒိန်ချဉ်၊ ခရမ်းချဉ်သီး ဆော့များပါဝင်သည်။ခ။Slow foods။Slow foods များသည် အမြဲတမ်းမစားသင့်သောအစားအ စာများဖြစ်ပြီး သစ်သီးခြောက်၊ ဘီစကွတ်၊ အမဲသားစဉ်း ကော၊ ကြက်သား စသည်တို့ပါဝင်ပါတယ်။ဂ။Whoa foods။၎င်းသည်ကျန်းမာရေးနှင့်မညီညွှတ်သောအစာအုပ်စုဖြစ်ပြီး အမြဲတမ်းစားသုံးပါကအဝလွန်နိုင်ပါတယ်။ ထို့ကြောင့်တတ် နိုင်သမျှလျှော့စားသင့်ပါတယ်။ ဟမ်ဘာဂါ၊ ပီဇာ၊ ချိစ် နှင့် ထောပတ်များပါဝင်ပါတယ်။ကလေးများအတွက်သင့်လျော်သောအာဟာရနှင့် ကယ်လိုရီ ရရှိနိုင်ရန်အလွန်အရေးကြီးပါတယ်။ ကလေးများအတွက် နေ့စဉ်လိုအပ်သောအစားအစာပမာဏမှာ အသက်အရွယ်၊ ယောက်ျားလေး မိန်းကလေး၊ ကိုယ်လက်လှုပ်ရှားမှုပေါ်တွင် မူတည်ပါတယ်။ယောက်ျားလေးများသည် မိန်းကလေးများ ထက်၊ အသက်ကြီးသူများသည်ငယ်သူများထက် အာဟာရ ဓါတ်ပိုလိုအပ်ပါတယ်။ ကလေးများလှုပ်ရှားမှုများပါက ကယ်လိုရီဓါတ်ပိုလိုပြီး ဖျားနေစဉ်နှင့် ကျန်းမာရေးအခြေနေ တစ်ခုခုရှိပါကလိုအပ်သည့်ပမာဏပြောင်းလဲနိုင်ပါတယ်။ထို့ကြောင့်ကလေးဆရာဝန်နှင့် တိုင်ပင်၍အကြံဉာဏ်များယူ သင့်ပါတယ်။ ကျန်းမာရေးနှင့်မညီညွှတ်သောအစားအစာ များကိုလျှော့စားသင့်ပါတယ်။ ကလေးများ သင့်လျော်သောပမာဏစားသုံးနိုင်ရန် ဗိုက်ဆာခြင်းမဆာခြင်းကိုသူတို့ ကိုယ်တိုင်သိရှိရန်လိုအပ်ပါတယ်။ ထိုသို့သိရှိခြင်းဖြင့်အလွန် အကျွှံစားခြင်းများလျော့နည်းသွားမည်ဖြစ်သည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba/
သောကများနေရင် လုပ်ဆောင်ဖို့ ခက်ခဲနေမယ့် သာမာန်အပြုအမူလေးများ
ပူပင်သောကများတာ မကောင်းဘူးဆိုပေမယ့် သောကဆိုတာမျိုးက လူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိနေနိုင်တာပါပဲ။Anxietyလို့ ခေါ်တဲ့စိတ်ကျန်းမာရေးအခြေအနေတစ်ခုကို မရောက်သည့်တိုင် လူတိုင်း သောကဖြစ်စရာ အတွေးတွေကို နေ့တိုင်းတွေးနေကြရတာမဟုတ်လား။ဒီလိုသောကတွေများလာလေလေ လူတစ်ဦးတစ်ယောက်ရဲ့ တွေးခေါ်ပုံ ပြုမူလှုပ်ရှားပုံတွေဟာ ပြောင်းလဲလာလေလေဖြစ်ပြီးတော့ သာမန်အားဖြင့် ဘာမှမဟုတ်ဘူးလို့ ထင်ထားရတဲ့ အသေးအမွှားကိစ္စလေးတွေအပေါ်မှာတောင် သက်ရောက်လာနိုင်ပါတယ်။လူတစ်ယောက်အရမ်းစိုးရိမ်ပူပန်နေရင်၊ ပူပင်သောကများနေရင် မယုံကြည်နိုင်စရာ အခြေအနေမျိုးတွေ ဖြစ်တာတတ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လုပ်ဆောင်နေကျ အရာတွေမှာတောင် တွေဝေလာတာ၊ လွဲချော်လာတာ၊ တွန့်ဆုတ်လာတာတွေ ပိုပြီး ကြုံလာရတတ်ပါတယ်။ဒါကြောင့်လည်း ဘယ်လိုသာမန်ကိစ္စတွေကို ပူပင်သောကများလွန်းသူတွေ လုပ်ဆောင်ရ ခက်ခဲနေတတ်သလဲဆိုတာကို ပြောပြပါရစေ။ပူပင်သောကများလွန်းရင် လုပ်ဆောင်ရခက်ခဲတတ်သည့် အပြုအမူများ။တကယ်တော့ သောကများတာမကောင်းပါဘူး။ ပူပင်သောကများခြင်းဟာ စိတ်ဝေဒနာတစ်မျိုးပါ။anxiety disorderလို့ခေါ်ပါတယ်။ သောကများတဲ့အခါ အပေါ်မှာ ဖော်ပြခဲ့သလို အခက်အခဲတွေအပြင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးကိုပါ ထိခိုက်နိုင်ပါတယ်။သောကများတယ်ဆိုတဲ့စကားကို မကြာခဏကြားနေကြ ဖြစ်နေတာမို့သာ သိပ်ပြီးကြောက်စရာ မကောင်းလှဘူးလို့ ထင်နေကြတာပါ။ တကယ်တော့ ဒီပြဿနာကအတော်လေး လူကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ပူပင်သောကတွေ ကင်းဝေးအောင် နေထိုင်ဖို့ လူကြီးသူမတွေက ဆုံးမကြတာဖြစ်ပါတယ်။အရာရာကို တွေးတောပူပင်ပြီး သောကပွားနေတတ်သူတွေအတွက် ကြာလာရင်Generalized anxiety disorderဆိုတဲ့ စိုးရိမ်သောကများတဲ့စိတ်ဝေဒနာအဆင့်ကို ရောက်သွားနိုင်သလို တခြားသောကျန်းမာရေးပြဿနာတွေကိုလည်း ကြုံဆိုင်ရနိုင်တာမို့ ပူပင်သောကကင်းဝေးအောင် ဂရုစိုက် နေထိုင်ဖို့ တိုက်တွန်းလိုပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/simple-things-i-cant-do-because-anxiety/
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင် ဆိုတာက အနီ၊ အပြာ၊ အဖြူ ဆိုတဲ့ အရောင် ၃ မျိုးကို ရောစပ်ထားတာပါ။ အနီရောင်ဆီက စိတ်အားထက်သန်မှုနဲ့ အပြာနဲ့ အဖြူဆီက ငြိမ်းချမ်းမှုကို ပေါင်းစပ်ထားတဲ့ ပန်းရောင်လေးက နူးညံ့မှု ချစ်ခြင်း၊ စိတ်အားထက်သန်မှုတွေကို ဖော်ပြပေးနေပါတယ်။ ပန်းရောင်လေးကို အပြစ်ကင်းစင်လွန်းတဲ့ ကလေးလေးတွေနဲ့ ချစ်ခြင်းမေတ္တာပြည့်ဝလွန်းတဲ့ မိခင်တွေကို ကိုယ်စားပြုတဲ့ အရောင်အဖြစ် အသုံးပြုကြသလို မိန်းကလေးဆန်တဲ့ အရောင်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ မြင်ရသူတိုင်းကို သဘောကျစေတဲ့ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ချစ်ခြင်း၊ ပျိုးထောင်မှု၊ ဂရုဏာ တရား၊ ရိုမန်တစ်ဆန်မှု၊အပြစ်ကင်းစင်မှုတွေကို ကိုယ်စားပြုနေတဲ့ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ဆိုတော့။ပန်းရောင်လေးက စိတ်ကို နူးညံ့စေသလိုဒေါသပြေလျော့စေဖို့လည်း ထောက်ကူပေးပါတယ်။ စိတ်အရမ်း တိုလာရင် ပန်းရောင်လေးကို ကြည့်လိုက်ပါ။ပန်းရောင်က လူကို စိတ်တည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။အနီရောင်နဲ့ ပေါင်းစပ်ထားတယ်ဆိုပေမယ့် ရန်လိုမှု စိုးစိမပါဘဲ လုံခြုံအေးချမ်းမှုနဲ့ စာနာရမယ်ဆိုတဲ့ ခံစားချက်ကို သတိပြုမိစေဖို့ လုပ်ဆောင်ပေးပါတယ်။ အမျိုးသားတွေအမြင်မှာ အားနွဲ့ပြီး ချစ်စရာကောင်းတယ်လို့ ယူဆရစေပါတယ်။ပန်းရောင်ကအကောင်းမြင်စိတ်ကို ဖြစ်စေပြီး မျှော်လင့်ချက်တွေကို ရှင်သန်နိုင်စေဖို့ ထောက်ကူပေးပါတယ်။အဆိုးမြင်မှုတွေကို ဖယ်ရှားပေးပြီး အကောင်းမြင်စိတ်ကို ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပါတယ်။စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတာကို ပြေလျော့စေပြီး အင်အားပြည့်ဝစေဖို့လည်း ပန်းရောင်က ထောက်ကူပေးနိုင်ပါတယ်။ ချစ်ဖို့ကောင်းစေတဲ့ ခံစားချက် ရရှိသလို ပန်းရောင်မြင်ရင် ရုတ်တရက် ပြုံးမိကြတယ်လေ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာအရ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ပန်းရောင်လေးက ပျော်ရွှင်စေတယ်။ ဒီတော့စိတ်ပျော်ရွှင်ချင်တယ်ဆိုရင် နေရာထိုင်ခင်းလေးတွေကို ပန်းရောင်လေးနဲ့သာ ခြယ်မှုန်းထားလိုက်ပါ။ပန်းရောင်လေးကမျှော်လင့်ချက်ကို ရှင်သန်စေဖို့ ထောက်ကူပေးပါတယ်။ မျှော်လင့်ချက်လေးတွေ မဲ့နေပြီလို့ ခံစားနေရပြီ ဆိုရင်တော့ ပန်းရောင်လေးတွေပါတဲ့ အရာလေးတွေဆီကို အကြည့်ပို့လိုက်ဖို့ မမေ့နဲ့နော်။လေဒီလေးတွေမှာဆိုရင် ပန်းရောင်လေးကမိန်းမဆန်မှုကို ဖြစ်စေနိုင်သလို နှစ်လိုဖွယ် အသွင်အပြင်ကို ဖန်တီးပေးနိုင်ပါတယ်။ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာစေဖို့လည်း လှုံ့ဆော်ပေးနိုင်ပါသေးတယ်။ငြိမ်းချမ်းမှုတွေကို သယ်ဆောင်လာပေးဖို့လည်း ပန်းရောင်လေးက တာဝန်ယူထားပါသေးတယ်။ရန်လိုမှုတွေကို ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတဲ့ အခြေအနေလေးတွေကို ဖြစ်ပေါ်စေဖို့ ပန်းရောင်လေးကို ဆောင်ထားတာ မမှားပါဘူး။ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုနေတဲ့ ပန်းရောင်လေးကရိုမန်တစ်ဆန်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ချစ်သူတွေ ကြားမှာမှ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာဖြစ်ဖြစ် မိသားစုဝင်တွေ ကြားမှာဖြစ်ဖြစ်ရိုမန်တစ်ဆန်တဲ့အခြေအနေလေးတွေကို ဖန်တီးချင်တဲ့အခါ ပန်းရောင်လေးကို သုံးဖို့ မမေ့ပါနဲ့။ပန်းရောင်က နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ စိတ်ထဲ နွေးထွေးတယ်လို့ ခံစားရစေဖို့ ဆိုင်လေးတွေမှာ ပန်းရောင်လေးနဲ့ အလှဆင်တာက အကောင်းဆုံး နည်းလမ်းပါ။ နွေးထွေးပျူငှာတဲ့ ဧည့်ခန်းလေး ဖြစ်စေဖို့လည်း ပန်းရောင်လေးနဲ့ ဖန်တီးယူလို့ ရတယ်ဆိုတာ သတင်းလေး ပေးချင်ပါတယ်။စိတ်ထဲမှာ စိတ်ထိခိုက်နေတာတွေ စိတ်ဒဏ်ရာတွေ ရှိနေပြီဆိုရင်စိတ်ဒဏ်ရာကို ကုစားဖို့အတွက် ပန်းရောင်လေးကို အသုံးပြုပေးလို့ ရပါတယ်။ ပန်းရောင်လေးရဲ့နောက်ထပ် စိတ်ကျန်းမာရေး အထောက်အကူပြု အကျိုးအာနိသင်က စိတ်ဒဏ်ရာတွေကို ကုစားပေးခြင်းပါပဲ။ကဲ …. ချစ်စရာကောင်းတဲ့ ပန်းရောင်လေးက မိတ်ဆွေတို့ရဲ့ စိတ်ကလေး ကျန်းမာစေဖို့ အခုလိုလေးတွေ ထောက်ကူပေးနေပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/health-benefits-of-pink-color/
အရိုးတွင် ဒဏ်ရာရခြင်း
အရိုးကြေတယ် အက်တယ်ဆိုတာ အရိုးရဲ့မျက်နှာပြင်မှာ ဒဏ်ရာအသေးစားတစ်ခုရတာကြောင့်ဖြစ်ပါတယ်။ သွေးနဲ့ အခြားအရည်တွေ စုမိတဲ့အခါ အရောင်ပြောင်းတတ်ပါတယ်။ ကျိုးတာကတော့ အရိုးရဲ့ နက်ရှိုင်းတဲ့နေရာအထိ ထိခိုက်မှုဖြစ်နိုင်ပါတယ်။အရိုးထိခိုက်မှုဟာ အရိုးတိုင်းဖြစ်နိုင်ပေမယ့် အရေပြားနဲ့နီးတဲ့ အရိုးတွေမှာ ဖြစ်တာပိုများပါတယ်။အဖြစ်များတတ်ပြီး လူတိုင်းတစ်ခါတော့ တွေ့ရနိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ အရိုးတွေကတော့ ဒူးဆစ်နဲ့ ခြေဖနှောင့်တို့ဖြစ်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။အဖြစ်များတဲ့ ရောဂါလက္ခဏာများကတော့။– တောင့်တင်းခြင်း။– အဆစ်နေရာမှာဖောင်းကြွနေခြင်း။– နာကျင်မှုက ပုံ မှန်ထက်ပိုပြီး ကြာနေခြင်း။– လှုပ်ရှားရခက်ခဲခြင်း စတာတွေဖြစ်ပါတယ်။ဒူးဆစ်မှာဖြစ်တဲ့ ဒဏ်ရာတွေက အရည်တွေစုလာစေတတ်ပြီး နာကျင်စေတတ်ပါတယ်။ဖြစ်လာတဲ့ ထိခိုက်မှုပုံစံပေါ်မူတည်ပြီး အနားမှာရှိတဲ့ အရွတ်အနည်းငယ်ပြဲတာမျိုးလည်း ရှိတတ်ပါတယ်။ အရိုးဒဏ်ရာဟာ နေ့အနည်းငယ်ကနေ လချီပြီးကြာနိုင်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။ကိုယ်ပေါ်က အရိုးတိုင်းမှာဖြစ်တတ်ပြီး အဖြစ်များတဲ့ အရိုးတွေကတော့ ဒူးဆစ်, လက်ကောက်ဝတ်, ခြေဖနောင့် , ခြေဖဝါး , ခြေမျက်စိ, နဲ့ ခါးတို့ဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ ထိခိုက်မှု တစ်ခု ဥပမာ အားကစား, ချော်လဲတာ, ကားအက်စီးဒင့်တွေနဲ့ ထိုးမိတာထိမိတာမျိုးတွေ ဖြစ်ပြီးတဲ့နောက်မှာဖြစ်လေ့ရှိပါတယ်။ခေါက်တာ လိမ်တာလိုမျိုး ထိခိုက်မှုတွေက အဆစ်တွေမှာဖြစ်ရင် အရိုးကိုလည်း ထိခိုက်နိုင်ပါတယ်။အရိုးဒဏ်ရာဟာ အောက်ပါထိခိုက်မှုတွေကြောင့် ဖြစ်သွားနိုင်ပါတယ်။– အရိုးကို တိုက်ရိုက်ထိခိုက်မိခြင်း။– အရေပြားနဲ့ အသားကို အရိုးကနေဆောင့်ဆွဲသလို ထိခိုက်မှု။– အရွှတ်ဒဏ်ရာရပြီးနောက် အရိုးအချင်းချင်ထိခိုက်မိခြင်း။– ဘေးကအရိုးများထိခိုက်ခြင်း။ဒီထိခိုက်မှုတစ်ခုချင်းစီမှာ သိသာတဲ့ ဒဏ်ရာပုံစံတွေတော့ရှိပါတယ်။ အရိုးဒဏ်ရာရတာဟာ အခြားသော အရိုးကျီးပေါင်းလို အရိုးမျက်နှာပြင်၂ခု ပွတ်တိုက်တတ်တဲ့ ရောဂါမျိုးတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ဘယ်ဟာတွေက ရောဂါကို ပိုဆိုးစေသလဲ?။အကြောင်းရင်းများစွာရှိပါတယ်။:။– အားကစားပြင်းပြင်းထန်ထန်လုပ်ခြင်း။– ကာယအားအလွန်သုံးရတဲ့အလုပ်တွေ။– အလုပ်နဲ့ အားကစားအတွက် အကာကွယ်မဝတ်ဆင်ခြင်း။– အရိုးအဆစ်ရောင်ရောဂါ။ရောဂါရှာဖွေမှုနဲ့ ကုသမှု။ယခုဖော်ပြမည့် အကြောင်းအရာသည် ဆေးပညာ အကြံပြုချက်များ၏ အစားထိုးမဟုတ်ပါ။ နောက်ထပ် သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့နဲ့ အမြဲတမ်း ဆွေးနွေးတိုင်ပင်ပေးပါ။အရိုးဒဏ်ရာရခြင်းကို ဘယ်လိုစမ်းသပ်နိုင်သလဲ?။ဆရာဝန်အနေနဲ့ သင့်ရောဂါအခြေအနေကိုကြည့်ပြီး စမ်းသပ်ပါလိမ့်မယ်။တကယ်လို့ သင့်မှာအရိုးထိခိုက်မှုရှိတာ သံသယဖြစ်ရင် X Ray ကဘယ်နေရာမှုာ ကျိုးနေလဲဆိုတာသိနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ကိုတော့ အရိုးအက်တာတွေဘာတွေ သိအောင်မကူညီပေးနိုင်ပါဘူး။MRI ကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။MRI ပုံရိပ်တွေက ဒဏ်ရာဟာ အရိုးဒဏ်ရာထက်ကြီးနေလားဆိုတာ ဖော်ပြနိုင်ပါတယ်။အရိုးဒဏ်ရာကို ဘယ်လို ကုသနိုင်ပါသလဲ?။သာမန်အသေးစားလေးတွေကိုတော့ ဆရာဝန်က အနားယူဖို့ , ရေခဲကပ်ဖို့နဲ့ အကိုက်အခဲပျောက်ဆေးတွေပေးပြီးညွှန်တတ်ပါတယ်။ဥပမာ။Aleve နဲ့ ibuprofenလို non steroid ဆေးမျိုး။တကယ်လို့ ထိခိုက်မှုဟာ သင့်ခြေထောက်မှာဆိုရင် ခြေထောက်ကို မြှောက်ပြီး သက်သာအောင်လုပ်ပါ။ တစ်ရက်ကို ၁၅ မိနစ် မိနစ် ၂၀ လောက် ရေခဲကပ်ပါ။ တိုက်ရိုက်မကပ်ပဲ သဘက် သို့မဟုတ် ရေခဲအိတ်ခံပေးပါ။သင့်အနေနဲ့ မပျောက်မချင်း အချို့လှုပ်ရှားမှုတွေကို မလုပ်ဖို့ ရှောက်ကြဉ်ရပါမယ်။ တစ်ချို့ အသေးစား ထိခိုက်မှုလေးတွေက ရက်သတ္တပတ် အနည်းငယ်နဲ့ ပျောက်နိုင်ပါတယ်။ ဆိုးရွားတာတွေကတော့ လနဲ့ချီပြီးကြာတတ်ပါတယ်။အဆစ်တွေမှာဖြစ်တဲ့ ထိခိုက်မှုတွေက မလှုပ်အောင်ထားဖို့ အတွက် ကျောက်ပတ်တီး, စတီးချောင်းနဲ့ ချိုင်းထောက်တို့ကို ဆရာဝန်ညွှန်တဲ့ အတိုင်း နောက်ဆက်တွဲအနေနဲ့ သုံးပေးဖို့လိုအပ်နိုင်ပါတယ်။အရိုးအက်တာတွေက သင်ဆေးလိပ်သောက်ရင် ပျောက်ဖို့ပိုခက်ပါတယ်။သင့်ထိခိုက်မှုအခြေအနေကို ကြည့်ပြီး ပိုမဆိုးအောင် အဆစ်တွေဘယ်လိုလှုပ်ရှားရလဲဆိုတာ သမားတော်က ပြသနိုင်ပါတယ်။တကယ်လို့ သင့်ဝေဒနာက မပျောက်ဘူးဆိုရင် နောက်ဆက်တွဲ စမ်းသပ်မှုတွေ လိုလာပါလိမ့်မယ်။နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ။အရိုး ထိခိုက်မှု နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?။အောက်ပါ နေထိုင်မှုပုံစံတွေက အရိုးအက်ခြင်း နဲ့ သင့်တော်ပါတယ်။– သင့်တော်မျှတတဲ့ အစားအစာကိုစားပါ။– လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အထူးသဖြင့် အလေးပါတဲ့ လေ့ကျင့်ခန်းတွေက သင့်အရိုးအတွက်သင့်တော်ပါတယ်။– အားကစားလုပ်တဲ့အခါ သင့်တော်တဲ့ အကာအကွယ်တွေ သုံးပါ။– အရိုးတွေဆိုတာအသက်ကြီးလေ ချို့ယွင်းလေဖြစ်တဲ့အတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။– ဆေးလိပ်မသောက်ပါနှင့် ။ ဒါဟာ အရိုးကို ထိလွယ်ခိုက်လွယ်ဖြစ်တတ်ပါတယ်။– အရက်ကို ၂ခါထက်ပိုမသောက်ပါနှင့် ။ ပိုသောက်ရင် ပိုပျက်စီးစေတတ်ပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%9b%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်တာစိုးရိမ်ရလား
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာသွေးဆင်းတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်ရင်ကိုယ်ဝန်ပျက်ချင်တာမသိဘူးဆိုပြီး စိုးရိမ်တတ်ကြသူချည်းပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်တယ်ဆိုတာနဲ့ကိုယ်ဝန်ပျက်ကျတော့မှာလား။ ဒါမှမဟုတ် ဖြစ်နေကျပဲလားဆိုတဲ့ အကြောင်းလေးကို ဒီဆောင်ပါးလေးထဲမှာ ပြောပြပေးမှာပါ။ ဘယ်လို နာတာမျိုးက ပုံမှန်ဖြစ်နေကျဆိုတာရယ်၊ ဘယ်လို အချိန်ဆို စိုးရိမ်ရလဲဆိုတာတွေကို ပြောပြပေးမှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်ရင် စိုးရိမ်စရာမရှိတဲ့ ဗိုက်အောင့်တာမျိုးနဲ့ စိုးရိမ်ရတဲ့ ဗိုက်နာတာမျိုးဆိုပြီး ၂ မျိုးရှိပါတယ်။စိုးရိမ်စရာ မရှိတဲ့ ဗိုက်အောင့်တာဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာဖွံဖြိုးပြောင်းလဲမှုတွေကြောင့် ဖြစ်ရတာပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင်။ ။ကိုယ်ဝန်ဆောင်ချိန်ဆို ဖြစ်နေကျ စိုးရိမ်စရာမရှိသည့် ဗိုက်အောင့်ဗိုက်နာ ဖြစ်စေတတ်သော အကြောင်းအရင်းများ ကတော့။ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကြီးထွားလာတဲ့ သားအိမ်ကြောင့် ဗိုက်ကြီးတင်းပြည့်နေသလို ခံစားရပြီး အခန့်မသင့်ရင် ဗိုက်အောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။သားအိမ်ကြီးလာတဲ့အခါ သားအိမ်ကနေပြီး ပေါင်ရင်းထိဆင်းသွားတဲ့ Round ligament လို့ခေါ်တဲ့ အရွတ်ကို ဆွဲတင်းလိုက်သလိုဖြစ်တာကြောင့် ဗိုက်အောက်ပိုင်းအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။ အရွတ်က ပေါင်ရင်းထိရှိနေတာကြောင့် နာနေတဲ့အနာက ပေါင်ရင်းထိပါ ပြန့်သွားတတ်ပါတယ်။ ဒီလိုဗိုက်အောင့်တာမျိုးက ကိုယ်ဝန် ဒုတိယ ၃ လမှာစဖြစ်တတ်ပြီး သူ့ဘာသာ ပြန်ပျောက်သွားတတ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တယ်ဆိုတာ ပုံမှန် အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဒါတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်နေတဲ့ progesterone ဟော်မုန်းကို အပြစ်တင်ရမှာပါ။ သူက အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုကို နှေးသွားအောင် လုပ်လိုက်တာကြောင့် ဝမ်းပုံမှန်သွားဖို့ ခက်ခဲသွားတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်သည်တွေ ရေများများသောက်ဖို့၊ အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ စားဖို့ အရေးကြီးတာပါ။ကိုယ်ဝန်သည်တွေမှာ လေထစေတဲ့ တရားခံကို စဉ်းစားလိုက်ရင် progesterone ဟော်မုန်းကိုသာ အပြစ်တင်ရပါလိမ့်မယ်။ Progesterone ဟော်မုန်းရဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်ကြောင့် အူလမ်းကြောင်းက ကြွက်သားတွေ ပြေလျော့သွားပြီး အစာခြေအားနည်းသွားပါတယ်။ ဒီလိုနဲ့အစာမကြေလေထိုးလေအောင့်တွေ ဖြစ်လာတော့တာပါပဲ။ ။Braxton Hicks ဆိုတာသားအိမ်ခေါင်းကျယ်လာလို့၊ ကလေးမွေးချင်လို့ ဗိုက်နာပြီးညှစ်တဲ့ ပုံစံမျိုးနဲ့ မတူပါဘူး။ သူက ကိုယ်ဝန်ဆောင်တွေ ဗိုက်နာခြင်းကို ဖြစ်စေတဲ့ ညှစ်အားတစ်မျိုး ဖြစ်ပေမယ့် မွေးခါနီး ညှစ်ချင်တဲ့ ဗိုက်နာမှုမျိုးနဲ့တော့ မတူပါဘူး။ဗိုက်က ညှစ်နာနေတယ်ဆိုပေမယ့် ရုပ်ရှင်ကြည့်နေနိုင်တယ်၊ ထမင်းစားနိုင်တယ် ၊ စာအေးဆေးဖတ်နေနိုင်သေးတယ်ဆိုရင် မွေးချင်လို့နာတာမျိုး မဟုတ်ဘဲ Braxton Hicks contractions ကြောင့် နာတာပိုဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ တချို့သော ဗိုက်အောင့်ဗိုက်နာတာတွေက အရေးကြီးပါတယ်။ ချက်ချင်းဆေးကုသမှု ခံယူဖို့ လိုပါတယ်။ ဒါတွေကတော့။၁ – နေရာမှား သန္ဓေတည်ခြင်း ( ectopic pregnancy)။သန္ဓေအောင်လာတဲ့ မျိုးဥလေးဟာ သားအိမ်မှာမတည်ဘဲ သားဥပြွန်မှာ သွားပြီး သန္ဓေမှားတည်တတ်ပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်သက် ၆ပတ်ကနေ ၁၀ ပတ်လောက်မှာ ဗိုက်ပြင်းထန်စွာနာပြီး သွေးဆင်းတာတွေ စဖြစ်လာပါတယ်။ ဒီလို နေရာမှား သန္ဓေတည်ရင်ကိုယ်ဝန်သက်ရလာတာနဲ့အမျှ အချိန်မရွေး ပြွန်ကွဲသွားနိုင်ပြီး သွေးဆင်းလွန်တတ်တာကြောင့် သတိထားရမယ့် စိုးရိမ်စရာပြဿနာ တစ်ခုပါ။၂ –ကိုယ်ဝန်ပျက်ကျခြင်း။ကိုယ်ဝန်အစောပိုင်းကာလမှာဖြစ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းတွေထဲမှာ ကိုယ်ဝန်ပျက်ကျတာကို လုံးဝ ချန်ထားခဲ့လို့မရပါဘူး။ ဗိုက်အောင့်တာကလည်း ပြင်းထန်မယ်၊ သွေးဆင်းလည်းများမယ်ဆိုရင် ဒါ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။၃ – လမစေ့ဘဲ မွေးခြင်း။ကိုယ်ဝန် ၃၇ ပတ်မတိုင်မီမှာ သားအိမ်ညှစ်မှုနဲ့ ခါးနာမှုတွေ ဆက်တိုက်ဖြစ်ပြီး အချိန်မတိုင်မီ ကလေးမွေးနိုင်ပါတယ်။ အခြားလက္ခဏာတွေကတော့ မိန်းမကိုယ်မှ အရည်များ ဆင်းခြင်း (သို့) ပိုများခြင်း၊ မိန်းမကိုယ်မှ သွေးထွက်ခြင်း၊ ရာသီလာစဉ် ဗိုက်နာခြင်းကဲ့သို့ ဗိုက်နာခြင်းတွေပဲ ဖြစ်ပါတယ်။၄ – ကိုယ်ဝန်ဆိပ်တက်ခြင်း။အရင်က သွေးတိုးမရှိဘဲ ကိုယ်ဝန်ဆောင်တော့မှ သွေးပေါင်တွေတက်လာပြီဆိုရင် ဒါကိုယ်ဝန်ဆိပ်တက်တာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်သက် အပတ် ၂၀ နောက်ပိုင်းဆို စဖြစ်တတ်ပါတယ်။ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကတော့ ဗိုက်အပေါ်ပိုင်း (အသည်းနေရာ) ပြင်းထန်စွာ အောင့်တာ အပြင် ပျို့အန်တာ၊ ခေါင်းကိုက်တာနဲ့ အမြင်အာရုံ ဝေဝါးတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာကို ပေါ့ပေါ့ဆဆနေလိုက်ရင် မိခင်ရော ကလေးပါ အသက်ဆုံးရှုံးနိုင်ပါတယ်။၅ – အချင်းကွာကျခြင်း။ဒါဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အချင်းကွာကျတယ်ဆိုတာ သားအိမ်နံရံကနေ အချင်းစောကွာကျတာကို ဆိုလိုပါတယ်။ တတိယ သုံးလပတ်မှာ အဖြစ်များပါတယ်။ လက္ခဏာအနေနဲ့ ဗိုက်အောင့်တာ၊ ခါးကိုက်တာ၊ သားအိမ်ညှစ်တာတွေ ခံစားရတတ်ပါတယ်။ သွေးဆင်းတာမျိုး ဖြစ်တတ်ပေမယ့် အမြဲတမ်းဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သွေးမဆင်းပေမယ့် ဗိုက်အောင့်နေတယ်ဆိုရင် ဒါကို သတိထားသင့်ပါတယ်။ဒါတွေအပြင် ကိုယ်ဝန်ဆောင်ပြဿနာတွေ မဟုတ်တဲ့ အစာအိမ်အောင့်ခြင်း၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊ သားအိမ်အလုံးတည်ခြင်း စတာတွေကြောင့်လည်း ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါသေးတယ်။အောက်ပါ လက္ခဏာတွေ ရှိလာခဲ့ရင် ဆရာဝန်ကို ချက်ခြင်း အကြောင်းကြားသင့်ပါတယ်။ဒါတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ စေတတ်တဲ့ အကြောင်းတွေဖြစ်ပါတယ်။ ဖြစ်တတ်တဲ့အကြောင်းတွေကိုသိထားတော့ ဘယ်ဟာဆို စိုးရိမ်ရလဲ ခွဲခြားလို့ရသွားပြီး ဆေးကုသမှု စောစောခံယူလို့ရတာပေါ့။ ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/abd-pain-in-pregnancy/
Ventricular Tachycardia (နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း)
သာမန်ထက်နှလုံးခုန်မြန်နေခြင်းဖြစ်စေတဲ့ ပြင်းထန်တဲ့အခြေအနေဖြစ်ပါတယ်။ ခန္ဓါကိုယ်တစ်ခုလုံနဲပအဆုတ်အတွက် သွေးတွေကို နှလုံးညှစ်နေစဉ်အတွင်း ထောက်ပံ့ပေးပြီး နှလုံးကိုယ်တိုင်အတွက်ကို နှလုံးမညှစ်ဘဲနားနေချိန်အတွင်း နှလုံးထောက်ပံ့သွေးကြောတွေကနေတစ်ဆင့် ထောက်ပံ့ပေးဖို့အတွက။သာမန်မှာ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ၆၀-၈၀လောက် ခုန်ပါတယ်။ နှလုံးသွေးလွှတ်ခန်းနှလုံးခုန်မြန်ခြင်းမျာတော့ နှလုံးခုန်သံဟာအရမ်းများသွားပြီး တစ်မိနစ်မှာအကြိမ်၁၀၀ထက်ပိုများသွားပြီး နှလုံးခုန်စက်ဝန်းတစ်ခါလည်တိုင်းမှာ ပုံမှန်မဟုတ်တဲ့နှလုံးခုန်သံအနည်းဆုံး ၃ကြိမ်ပါနေပါတယ်။ နှလုံးခုန်မြန်ခြင်း၊ မူမမှန်ခြင်းရင်တလှပ်လှပ်ခုန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲရလဒ်တွေမဖြစ်အောင်ကာကွယ်ဖို့ အရေးပေါ်ကုသမှုရဖို့ အရေးကြီးပါတယ်။နှလုံးရောဂါဖြစ်နေတဲ့လူနာတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။စက္ကန့်အနည်းငယ်လောက်သာ နှလုံးခုန်မြန်တာဆိုရင် စိုးရိမ်စရာမလိုပါဘူး။ အချိန်ကြာကြာမြန်ခဲ့မယ်ဆိုရင်တော့ သင်ကိုယ်တိုင်နှလုံးခုန်မြန်နေတာ၊ နှလုံးခုန်သံကျယ်နေတာ ဒါမှမဟုတ် နလုံးခုန်သံကျော်သွားပျေက်သွားတာမျိုး သတိထားမိနိုင်ပါတယ်။ ဒီလိုမျိုးနှလုံးခုန်သံအပြောင်းအလဲကို ရင်တုန်ခြင်းလို့ခေါ်ပါတယ်။နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။အသက်ရှူရခက်ခြင်း။မိနစ်အနည်းငယ်ထက်ပိုပြီး ရင်ဘတ်အောင့်ခြင်း။ဘာကြောင့်ဖြစ်ရတယ်ဆိုတာ တစ်ခါတစ်လေမှာ မပြောနိုင်ပါဘူး။ အထူးသဖြင့် ငယ်ရွယ်သူတွေမှာ ဖြစ်ပါတယ်။ အများစုမှာတော့ အောက်ပါအခြေအနေတွေကြောင့် ဖြစ်ရပါတယ်။အောက်ပါအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။နှလုံးခုန်နှုန်းကို ထိန်းပေးတဲ့ဆေးများ။သွေးအတွင်း ဓါတုပစ္စည်းများ များလွန်းခြ်ငး၊ နည်းလွန်းခြင်း။အောက်ဆီဂျင်လုံလုံလောက်လောက်မရခြင်း။နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်ကြီးခြင်း။နှလုံးရောဂါရှိခြင်း။နှလုံးရောဂါဖောက်ဖူးခြင်း။မိသားစုထဲတွင် နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်း ရာဇဝင်ရှိဖူးခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုပ်ပိုင်းဆိုင်ရာစမ်သပ်မှုတွေနဲ့ စစ်ဆေးမှုတွေဆောင်ရွက်ဖြင်းဖြင့် ဆရာဝန်က အဖြေရှာအတည်ပြုပေးပါလိမ့်မယ်။ စမးသပ်မှုပြုနေစဉ်အတွင်း ဆရာဝန်က နှလုံးခုန်သံကိုနားထောင်ပြီး သင့်လက္ခဏာတွေကို မေးပါလိမ့်မယ်။ နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်းကို သံသယရှိနေမယ်ဆိုရင် ဆရာဝန်ကအခြားစစ်ဆေးမှုတွေ ပြုလုပ်ခိုင်းပါလိမ့်မယ်။ နောက်ထပ်လုပ်ရမှာတွေကတော့။အီစီဂျီ။အမ်အာအိုင်။အစာရေမျိုပြွန်ကိုဖြတ်ပြီး အယ်ထရာဆောင်းအသုံးပြု နှလုံးစစ်ဆေးခြင်း။ဘာကြောင့်ဖြစ်ရတယ်ဆိုတာပေါ်မူတည်နေပါတယ်။ ပေးနိုင်တဲ့ကုသမှုတွေကတော့။နှလုံးခုန်မြန်ခြင်းကို သက်သာစေတဲ့ဆေးများ။နှလုံးခုန်ခြင်းကိုပုံမှန်ဖြစ်စေဖို့ နှလုံးကိုလျှပ်စီးကြောင်းအပျော့ပေးခြင်း။ခန္ဓါကိုယ်အတွင်း စက်ထည့်ခြင်း၊ နှလုံးခုန်ပုံမှန်ဖြစ်စေဖို့ကူညီပေးနိုင်တဲ့ လျှပ်စစ်စီးကြေင်းအပျော့စားကိုအသုံးပြုခြင်း။နှလုံးခုန်သံကိုထိန်းချုပ်ပေးဖို့ လျှပ်စစ်လှုံ့ဆော်မှုပေးတဲ့ စက်ထည့်ခြင်း။ပုံမှန်မဟုတ်တဲ့ လျှပ်စစ်လှုံ့ဆော်မှုတွေကို ပေးတဲ့ နှလုံးအစိတ်အပိုင်းတစ်ချို့ကို အပူ သို့အအေးအသုံးပြု ဖျက်ဆီးပစ်ခြင်း။နှလုံးအတွင်း ပုံမှန်မဟုတ်တဲ့လျှပ်စစ်လှုံ့ဆော်မှုများကို ပိတ်ဆို့ပေးနိုင်ဖို့ နှလုံးအတွင်းအမာရွတ်ဖန်တီးခြင်း။နှလုံးရောဂါရှိခြင်းကြောင့် နှလုံးသွေးလွှတ်ခန်း နှလုံးခုန်မြန်ခြင်းဖြစ်နိုင်ချေ ပိုများပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အကြောင်းတွေအများကြီးရှိပေမယ့် ကာကွယ်လို့ရနိုင်ပါတယ်။နှလုံးကျန်းမာစေတဲ့အရာတွေကို ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်ပေးနိင်ပါတယ်။ကျန်းမာရေးနဲ့ညီညွှတ်စွာစားခြင်း- ိအသီးအနှံဟင်းသီးဟင်းရွက်များများစားခြင်း၊ အဆီနည်းတဲ့နို့ထွက်ပစ္စည်းများများစားခြင်း၊ အသားနဲ့အဆီများလျှော့စားခြင်း။သီတင်းပတ်အတွင်း ရက်အများစုကို လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကုန်ဆုံးစေခြင်း။ကိုယ်အလေးချိန်များနေရင် ကိုယ်အလေးချိန်ချခြင်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/ventricular-tachycardia-%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%9c%e1%82%8a%e1%80%90%e1%80%b9%e1%80%81%e1%80%94%e1%80%b9%e1%80%b9%e1%80%b8/
နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ
ခြေထောက်မှာ ရှိတဲ့သွေးပြန်ကြောတွေဟာ နှလုံးဆီကို သွေးပြန်ပို့လွှတ်ပေးရပါတယ်။ အဲဒီ ခြေထောက်သွေးပြန်ကြောတွေရဲ့ တစ်ဖက်ပွင့် အဆို့ရှင်တွေက ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ ခြေထောက်က နှလုံးဆီ သွေးပြန်ပို့ဖို့ ခက်ခဲလာပြီးနာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ(chronic venous insufficiency) ဖြစ်လာပါတယ်။ဒီလိုကနေ သွေးပြန်ကြောထဲမှာ သွေးတွေ စုလာပြီး ကြာလာတာနဲ့အမျှ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ အရေပြားပေါ် အပြောင်းအလဲလက္ခဏာတွေ ဖြစ်လာစေတော့တာပါပဲ။နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ရှိတဲ့သူတွေဟာ ခြေထောက်မှာ –။ထိုက်သင့်တဲ့ ကုသမှု မခံယူရင် ဖိအားနဲ့ ‌ဖောရောင်ခြင်းတွေကြောင့် ဆံချည်မျှင်သွေးကြောလို့ခေါ်တဲ့ သွေးကြောအသေးစားလေးတွေ ပေါက်ထွက်စေပါလိမ့်မယ်။ အဲဒီကနေ ခြေထောက်မှာ ကျက်ဖို့ခက်တဲ့ အနာတွေ ဖြစ်လာတတ်ပြီး နောက်ဆက်တွဲပြဿနာတွေ များလှပါတယ်။ဒါ့ကြောင့် ကိုယ့်မှာ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ရှိတယ်ဆိုရင် မှန်ကန်တဲ့ ဆေးကုသမှု ခံယူဖို့နဲ့နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ အရေးကြီးပါတယ်။တကယ်တော့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါဟာလည်း အစောပိုင်းတည်းက ဂရုစိုက် ဆင်ခြင်မယ်ဆို ကုသလို့ ရပါတယ်။ ကုသမှုအတိုင်း လိုက်နာတဲ့အပြင် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာလည်း သင့်တော်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်တာက အခြေခံကျတဲ့ ကုသမှုပဲ ဖြစ်ပါတယ်။ဘာကြောင့်ပဲ ဖြစ်ဖြစ် အချိန်အကြာကြာ ဆက်တိုက် မတ်တတ်ရပ်မနေမိဖို့ သတိထားပါ။ အလုပ်ကြောင့် ဆိုရင်တောင်မှ နာရီဝက် တစ်ကြိမ်လောက် ထိုင်ပါ၊ လှုပ်ရှားပါ။ ဒါမှ သွေးလည်ပတ်မှု ပုံမှန်ဖြစ်စေပြီး ခြေထောက်မှာ ဝန်မပိစေမှာ ဖြစ်ပါတယ်။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေကို ခဏဖြစ်ဖြစ် ပုံမှန်လုပ်ပေးသင့်ပါတယ်။ လှုပ်ရှားမှ သွေးလည်ပတ်မှု ပိုကောင်းပြီး ခြေထောက်မှာ သွေးစုတာ၊ ဖောရောင်တာတွေ သက်သာနိုင်ပါလိမ့်မယ်။မတ်တတ်အကြာကြီး မရပ်သင့်သလိုပဲ၊ အထိုင်များတာ၊ လမ်းသိပ်မလျှောက်တာတွေကလည်း တူတူပါပဲနော်။ အထိုင်များတဲ့ အလုပ်လုပ်ရသူတွေဆို ခဏလောက်ဖြစ်ဖြစ် ထပြီး လမ်းလျှောက်ပေးတာ၊ ခြေထောက်ကို ဆန့်တန်းလှုပ်ရှားပေးတာ၊ ထိုင်ခုံမှာပဲ စက်ဘီးနင်းသလို ခြေထောက် လှုပ်ရှားပေးတာမျိုးက သွေးလည်ပတ်မှု ကောင်းစေပါတယ်။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်နေပြီဆိုရင် ပြန်လျှော့လိုက်မှသာ သွေးပြန်ကြောတွေကို ဖိအားသက်ရောက်မှု သက်သာစေမှာပါ။ အငန်လျှော့စားပါ၊ အမျှင်ဓာတ်များတာ စားပါ။ ဝမ်းချုပ်ခြင်း၊ အငန်စားများလို့ အရည်စုခြင်း တို့ကြောင့်လည်း ခြေထောက်တွေ ဖောရောင်လာနိုင်ပါတယ်။ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ထားပေးပါ။ ကြာရှည်ထိုင်နေတဲ့အခါ ခြေထောက်မှာ သွေးတွေစုလာနိုင်ပါတယ်။ ဒါ့ကြောင့် ထိုင်တဲ့အခါ ခြေထောက်ကို ခုံပုလေးနဲ့ တင်ထားတာမျိုး၊ အိပ်တဲ့အခါ ခြေထောက်အောက်မှာ ခေါင်းအုံးခုပြီး ပက်လက်လှဲအိပ်နေတာမျိုး လုပ်ပေးသင့်ပါတယ်။ခြေထောက်နှစ်ချောင်းကို ချိတ်ပြီးထိုင်တာက သွေးပြန်ကြောရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေပြီး လက္ခဏာပိုဆိုးစေနိုင်ပါတယ်။ဖြစ်နိုင်ရင် ဒေါက်ဖိနပ် မစီးပါနဲ့။ နာတာရှည်သွေးပြန်ကြောရောဂါ ကို ပိုမဆိုးစေဖို့ ဆိုရင် ခြေထောက်ကို သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ် အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးပြဿနာတွေ အများကြီးနဲ့ ဆက်နွယ်နေသလိုသွေးပြန်ကြောအပါအဝင် သွေးကြောတွေအတွက် ဆိုးကျိုးများစွာ ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ် ဖြတ်ပါ။ဆရာဝန် ညွှန်ကြားတဲ့ နည်းလမ်းတွေ၊ ဆေးဝါးတွေကို သေသေချာချာ မှန်ကန်အောင် လိုက်နာပါ။သွေးခဲပိတ်ဆို့မှုကို ကာကွယ်ဖို့ ဆေးဝါးတွေ၊ သွေးကြောရောင်ရမ်းတာ သက်သာစေတဲ့ဆေးတွေ၊ခြေထောက်အနာတွေ အတွက် ပဋိဇီဝပိုးသတ်ဆေးတွေ စတဲ့ ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာ သောက်သုံးပါ။နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ဟာ ပေါ့ပေါ့ဆဆ မကုသဘဲထားလို့ မသင့်တဲ့ ရောဂါပါ။ အခန့်မသင့်ရင်အသက်သေဆုံးနိုင်တဲ့ အထိ ဖြစ်နိုင်လို့ ခြေထောက်တွေ နာနေပြီ၊ သွေးကြောဖောင်းတာ ကိုလည်း တွေ့နေပြီဆိုရင် အစောတည်းက အမြန်ဆုံးကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/cvi-management-and-treatment/
ကိုယ်ဝန်ဆောင် နဲ့ ကိုယ်ခံအား
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင် ကျန်းမာစေဖို့ရော ဗိုက်ထဲကဘေဘီလေးကျန်းမာစေဖို့ပါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။မေမေရော မွေးဖွားမလာသေးတဲ့ ဘေဘီလေးပါ ကျန်းမာစေဖို့ လုပ်ဆောင်ရမယ့် အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ မေမေရဲ့ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးဖို့ပါ။ မေမေက ကိုယ်ခံအား ကောင်းနေမှ ဗိုက်ထဲက ဘေဘီလေးကိုအဖျားရောဂါတွေ၊ ပိုးမွှားတွေ၊ အဆိပ်အတောက်တွေ နဲ့ ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက နည်းနိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား တအားနည်းသွားတဲ့အခါ ပြင်ပက ရောဂါပိုးတွေ၊အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာ ဖြစ်ပြီးကလေးကို ထိခိုက်စေမှာပါ။ ကိုယ်ခံအား နည်းတဲ့အခါ။• မကြာခဏဖျားနာမယ်။တုပ်ကွေးဖြစ်လွယ်မယ်။•ခြေကုန်လက်ပမ်းကျမယ်။မောပန်းလွယ်မယ်။• မိခင် ကျန်းမာမှု ကလေးက အကောင်ဆုံး ဖွံ့ဖြိုးမှာပါ။ မိခင်က ကိုယ်ခံအား နည်းမယ်။ ချူချာမယ်ဆိုရင် ကလေးကကြီးထွားဖွံ့ဖြိုးမှုနှေးတာ၊ ထိုက်သင့်တဲ့ ကိုယ်အလေးချိန် မရှိတာမျိုး ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/how-to-boost-immunity-during-pregnancy/
Genital Warts (လိင်အင်္ဂါကြွက်နို့ )
လိင်အင်္ဂါကြွက်နို့သည် လိင်အင်္ဂါတစ်ဝိုက်တွင် ပေါက်တတ်သော ကြွက်နို့ရောဂါဖြစ်သည်။ ၎င်းတို့သည် သေးငယ်သော အသားရောင် အဖုလေးများ သို့မဟုတ် ပန်းမုန်လာလို ပုံစံများ ရှိတတ်၏။ ဖြစ်ရပ်အများအပြားတွင် ကြွက်နို့များသည် သေးငယ်လွန်းသောကြောင့် မမြင်ရတတ်ပါ။ လိင်အင်္ဂါကြွက်နို့များသည် လိင်မှတစ်ဆင့်အကူးစက်ဆုံး ရောဂါတစ်ခုဖြစ်ပြီး ဟူးမန်းပက်ပလိုးမားဗိုင်းရပ်စ် (HPV) ကြောင့် ဖြစ်ရခြင်းပင်။ ထိုဗိုင်းရပ်စ်သည် အမျိုးသမီးများ၌ ကြွက်နို့သာမက ကင်ဆာကိုပါ ဖြစ်စေတတ်ပါသည်။ဤရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ကြွက်နို့ပေါက်နိုင်ချေပိုများ၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။လိင်အင်္ဂါကြွက်နို့ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။အမျိုးသမီးများ၌ မအင်္ဂါနှုတ်ခမ်း၊ မိန်းမကိုယ်အတွင်းနံရံ၊ အပြင်ဖက်လိင်အင်္ဂါနှင့် စအိုစပ်ကြားနေရာ၊ စအိုခေါင်းအတွင်းနှင့် သားအိမ်ခေါင်းတို့တွင် ကြွက်နို့များပေါက်နိုင်ပါသည်။ အမျိုးသားများတွင်မူ လိင်တံ၏ထိပ်နှင့် ဘေးဖက်၊ ကပ်ပယ်အိတ် သို့မဟုတ် စအိုတို့တွင် ပေါက်နိုင်၏။ပိုးရှိသူကို ပါးစပ်နှင့်လိင်ဆက်ဆံမိပါကလည်း ပါးစပ်နှင့်လည်ချောင်းတို့တွင် ပေါက်နိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင်ရော သင့်ပါတနာပါ လိင်အင်္ဂါတစ်ဝိုက်၌ အဖုများ ကြွက်နို့များထွက်လာပါက ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။လိင်အင်္ဂါကြွက်နို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ဟူးမန်းပက်ပလိုးမားဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ HPV အမျိုးအစား ၄၀ ခန့်သည် လိင်အင်္ဂါတစ်ဝိုက်၌ ကူးစက်တတ်ကြောင်း တွေ့ရှိထား၏။ လိင်မှတစ်ဆင့် HPV သည် ကူးစက်နိုင်၏။ အကယ်၍ ကိုယ်ခံအားစနစ်မှ HPV ကိုသတ်နိုင်လောက်အောင် အားပြင်းသည်ဆိုပါက ပိုးကူးစက်သည့်လက္ခဏာများ သင့်တွင်ပေါ်လာမည်မဟုတ်ပါ။ သို့သော် ဖြစ်ရပ်အများစုတွင်တော့ HPV သည် ဒီတိုင်းလေးနေပြီး လက္ခဏာများလည်း မပြတတ်ပါ။လိင်အင်္ဂါကြွက်နို့ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကြွက်နို့ရှိမည်ဟု သံသယရှိသော နေရာတွင် စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ အကယ်၍ ကြွက်နို့သည့် အမျိုးသမီးခန္ဓာကိုယ်၏အတွင်းထဲထိ ဖြစ်နေပါက တင်ပဆုံတွင်း စစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ဆရာဝန်မှ အက်စစ်ပျော့ ပျော်ရည်တစ်မျိုးသုတ်လိမ်းပြီးစမ်းပါမည်။ ထိုမှသာ ကြွက်နို့များကို ရှင်းရှင်းလင်းလင်းမြင်ရမည်ဖြစ်သည်။သားအိမ်ခေါင်းတစ်နေရာမှ ဆဲလ်များရယူရန်အတွက် Swab သုတ်ပြီး နမူနာရယူကာ (Pap Smear) ရောဂါကိုစစ်ဆေးပါလိမ့်မည်။ ထိုစစ်ဆေးမှုဖြင့် HPV ရှိမရှိသိနိုင်ပါသည်။ ထို့အပြင် သင့်ကျန်းမာရေးနှင့် လိင်ဆိုင်ရာအကြောင်းများကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသေးသည်။ဆရာဝန်မှ imiquimod (Aldara), podophyllin နှင့် podofilox (Condylox), trichloroacetic acid (TCA) တို့ပါသော ကြွက်နို့လိမ်းဆေးများ ပေးပါလိမ့်မည်။အညွှန်းစားမပါဘဲ ဝယ်ယူရနိုင်သည့် ကြွက်နို့ဆေးများသည် စိတ်မချရပါ။ အဘယ့်ကြောင့်ဆိုသော် လိင်မအင်္ဂါတစ်ဝိုက်မှ တစ်ရှူးများသည် စိုစွတ်လွန်းသောကြောင့် အထက်ပါဆေးများသုံးလျှင် နာကျင်ကျိန်းစပ်မှုသာ ပိုဖြစ်စေနိုင်ပါသည်။ကြွက်နိုကြီးများရှိလျှင် သို့မဟုတ် ဆေးမတိုးလျှင် ခွဲစိတ်ဖယ်ရှားရနိုင်ပါသည်။ ကိုယ်ဝန်ရှိသူဆိုပါက ကလေးကိုထိခိုက်စေမည့်ဆေးများအစား ခွဲစိတ်ရန် ညွှန်ကြားပါလိမ့်မည်။ ခွဲစိတ်ဖယ်ရှာခြင်းများတွင် နိုက်ထရိုဂျင်အရည်သုံးပြီး အေးခဲစေခြင်း၊ လေဆာသုံးဖယ်ရှာခြင်းများ ပါဝင်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လိင်အင်္ဂါကြွက်နို့ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/hpv/genital-warts-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%a1%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%ab%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7-2/
အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy)
အရက်ကြောင့်နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy)ဆိုတာဟာ အရက်ကို ကာလရှည်ကြာ စွဲသောက်ခြင်းကြောင့် နှလုံးကြွက်သားများကို ထိခိုက်ပျက်စီးလာစေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။အရက်ကို အလွန်အကျွံသောက်ပါများတဲ့အခါ နှလုံးကြွက်သားများဟာ ပါးလွှာပြီး အားနည်းလာပါတယ်။အဆိုပါအခြေအနေမှာ သွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ သွေးများကို နှလုံးထဲကနေ မညှစ်ထုတ်နိုင်တဲ့အခါကိုယ်ခန္ဓာရဲ့ အရေးကြီးနေရာတွေကို သွေးမရောက်တော့တာကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဟာအမျိုးသားတွေမှာဖြစ်တာများပြီး အသက် ၃၅ ကနေ ၅၀ ကြား အရွယ်တွေမှာ တွေ့ရများတယ်လို့ စစ်တမ်းတစောင်မှာ ဖော်ပြထားပါတယ်။အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရက်ကို ၅နှစ်ကနေ ၁၅နှစ်လောက်အထိ စွဲမြဲလွန်ကျူးစွာ သောက်သုံးလာသူတွေမှာ တွေ့ရတတ်ပါတယ်။အရက်ကို တစ်နေ့တာ သောက်သုံးသင့်တဲ့ ပမာဏနဲ့ ပတ်သက်ပြီး အမျိုးသားများအနေနဲ့ တစ်ရက်ကို ၄ခွက် ဒါမှမဟုတ် တစ်ပတ်ကို ၁၄ခွက်၊ အမျိုးသမီးများအနေနဲ့ တစ်ရက်ကို ၃ခွက် ဒါမှမဟုတ် တစ်ပတ်ကို ၇ ခွက် စသဖြင့် သတ်မှတ်ထားပါတယ်။ အဆိုပါပမာဏထက် ပိုသောက်ရင် အလွန်အကျွံ သောက်တယ်လို့ သတ်မှတ်နိုင်ပါတယ်။အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း ဟာ အမြဲတစေ လက္ခဏာမပြတတ်ပါဘူး။ ပြခဲ့ရင်လည်းနှလုံးပျက်စီးခြင်း(heart failure) ရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ မောပန်းခြင်း၊ အသက်ရှူမဝခြင်း၊ ခြေကျင်းဝတ် ခြေထောက်များ ဖောရောင်ခြင်း စတဲ့လက္ခဏာမျိုးတွေ ဖြစ်နေနိုင်ပါတယ်။အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း လက္ခဏာတွေကတော့။– အသက်ရှူမဝခြင်း။– ခြေထောက်၊ ခြေဖမိုး၊ ခြေကျင်းဝတ်များ ဖောရောင်ခြင်း။– မောပန်းအားနည်းခြင်း။– မူးဝေခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း။– အစားပျက်ခြင်း။– အာရုံစူးစိုက်ရန်ခက်ခဲခြင်း။–သွေးခုန်နှုန်းမမှန်ခြင်း၊ မြန်ခြင်း။– ချောင်းဆိုးချွဲထခြင်း။– ဆီးသွားသည့်ပမာဏပြောင်းလဲခြင်း။စတာတွေ ဖြစ်ပါတယ်။အရက်ကို လွန်ကဲစွာသောက်သုံးတာ ကြာလာရင် ကိုယ်ခန္ဓာရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေပေါ် အဆိပ်အတောက်ဓာတ်တွေ ဖြစ်လာနိုင်ပါတယ်။ အရက်ရဲ့ အဆိပ်အတောက်ဓာတ်တွေဟာ နှလုံးကိုထိခိုက်စေပြီး ကြွက်သားတွေကို အားလျော့လာစေပါတယ်။အားနည်းလာတဲ့ နှလုံးကြွက်သားတွေဟာ သွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ နှလုံးထဲမှာရှိတဲ့ သွေးပမာဏဟာလည်း ပိုမိုများပြားလာပါတယ်။ နှလုံးနံရံများလည်း ပါးလာပြီး နှလုံးအရွယ်အစားလည်း ကြီးမားလာပါတယ်။ပထမအဆင့်ကတော့အရက်ဖြတ်ဖို့ပါပဲ။ အရက်ဖြတ်ချိန်မှာ အရက်စွဲတဲ့လက္ခဏာတွေပေါ်လာရင် ဆရာဝန်နဲ့ တိုင်ပင်ပြိး ကုသမှု ခံယူသင့်ပါတယ်။ နေထိုင်စားသောက်ပုံလည်း ပြောင်းလဲပေးဖို့ လိုပါတယ်။ ဆားပါဝင်မှုနည်းပါးတဲ့ အစားအစာတွေကို စားသောက်ရပါမယ်။ ကိုယ်ခန္ဓာထဲမှာ ပိုလျှံနေတဲ့ ရေနဲ့ဆားတွေကို ဖယ်ထုတ်နိုင်ဖို့ ဆီးဆေးတွေ သောက်ဖို့ လိုအပ်နိုင်ပါတယ်။ဆီးဆေးများကိုတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်သုံးသင့်ပါတယ်။ အရည်သောက်တဲ့ပမာဏကို ထိန်းချုပ်ဖို့ လိုပါတယ်။ ဒါမှသာ အရည်များစုဝေးပြီး နှလုံးကို ဝန်မပိရအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။နှလုံးကို ဘယ်လောက်ထိ ထိခိုက်နေသလဲဆိုတာကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးကြည့်ရပါမယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာတာ အကောင်းဆုံးပါပဲ။အရက်ဟာ နှလုံးကြွက်သားကိုပဲ ထိခိုက်စေနိုင်တာမဟုတ်ဘဲ တခြားသောကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ စနစ်များကိုလည်း ထိခိုက်နိုင်တာကြောင့် အလွန်အကျွံ မသောက်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/cardiomyopathy/alcoholism-cardiomyopathy/
သင်ယူမှုဆိုင်ရာရောဂါဖြစ်နေတဲ့ကလေးကို ဘယ်လိုထောက်ပံ့ပေးမလဲ
သင်ယူလို့မရနိုင်သည့်ကလေးများတွင် တစ်ချို့သောအရာများကို သင်ယူနိုင်ရန် ခက်ခဲကြောင်း တွေ့ရှိရပါသည်။ စကားပြော၊ အရေး၊ အဖတ်၊ သတ်ပုံ သို့မဟုတ် သချာၤတို့တွင်လည်း အခက်အခဲရှိနိုင်၏။သို့သော် သင်ယူမှုဆိုင်ရာရောဂါများရှိနေသည့် ကလေးအား ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာ သိထားခြင်းဖြင့် ထိုမလုပ်နိုင်သည်များကို ဖြေရှင်းနိုင်ပြီး ကျောင်းနှင့် တခြားနယ်ပယ်များတွင် အောင်မြင်အောင် ကူညီပေးနိုင်ပါသည်။လူတိုင်းတွင် သူများနှင့်မတူသော သင်ယူမှုပုံစံများ ရှိတတ်သည်။ ရောဂါရှိရှိ မရှိရှိ မဆိုင်ပါ။ မိဘများအနေဖြင့် ကလေးသည် စာဖတ်ခြင်း၊ မြင်တွေ့ခြင်း၊ နားထောင်ခြင်း သို့မဟုတ် လက်တွေ့လုပ်ခြင်း တစ်ခုခုနှင့် ဘယ်ဟာက ပိုတတ်မြောက်လွယ်သလဲဆိုသည်ကို သိထားသင့်၏။ ကလေးလေ့လာသင်ယူသည့် အကောင်းဆုံးပုံစံကို သိသည်နှင့် ကလေးကို သင်ကြားရာ၌ အထောက်အကူပြုပါနိုင်ပါသည်။စာဖတ်ခြင်း၊ မြင်တွေ့ရခြင်း၊ စာအုပ်များသုံးခြင်း၊ ဗီဒီယို၊ ဖလက်ရှ်ကဒ်များနှင့် အမြင်သင်ထောက်ကူ စသည့် တစ်ခုခုနှင့် ပိုသင်လွယ်တတ်လွယ်သည်ဆိုပါက ထိုအရာများကို သုံးပေးပါ။ထို့အပြင် အရောင်များ သုံးပြီး မှတ်စုထုတ်ခြင်း၊ ပုံစံချပေးခြင်း၊ ပုံများဆွဲခြင်း၊ ရောင်စုံရုပ်ပြများ စသည်တို့ကိုသုံးကာ သူတို့နားလည်အောင် လုပ်ပေးနိုင်ပါသည်။ကလေးသည် အကြားမှသင်ယူတတ်သူဆိုပါက နားထောင်ခြင်း၊ ဆွေးနွေးခြင်း၊ နှုတ်တိုက်ရွက်ခြင်းနှင့် စစ်ဆေးခြင်းများဖြင့် သင်ကြားပေးနိုင်သည်။ အတန်းတွင် ဆွေးနွေးခြင်းများ အုပ်စုလိုက် လေ့လာမှုများတွင် အကျိုးပိုဖြစ်ထွန်းနိုင်၏။ထို့ကြောင့် ကလေးကို တခြားကျောင်းသားများနှင့် အုပ်စုဖွဲ့ပေးကာ စာအုပ်အသံထွက်တိပ်များ တခြားနားထောင်နိုင်မည့်အရာများသုံးပြီး သင်ကြားပေးနိုင်ပါသည်။သင်ယူမှုဆိုင်ရာရောဂါရှိသည့်ကလေးများတွင် မိမိကိုယ်ကို သတိရှိမှု ယုံကြည့်မှု နည်းတတ်၏။ အတန်းထဲ၌ ရုန်းကန်ရခြင်းသည် ကလေးကို စိတ်ဖိစီးမှုနှင့် သူ၏လုပ်နိုင်စွမ်းများကို သံသယဝင်စေနိုင်သည်။ မိဘများက ကလေး၏ အားနည်းချက် အားသာချက်များကို စာရင်းပြုစုခိုင်းပြီး ဆွေးနွေးပေးပါ။အိမ်တစ်ဝိုက်၌ ကလေးများအလွယ်တကူလုပ်နိုင်သည့် စစ်ဆေးမှုမျိုးကို မိဘများက လုပ်ပေးပါ။ ရိုးရှင်းသည့် ညွှန်ကြားချက်များကို သုံးပါ သို့မဟုတ် စစ်ဆေးမှုကို အဆင့်ငယ်လေးများခွဲပြီး လုပ်ပေးပါ။ စစ်ဆေးမှုများပြီးတိုင်း ချီးမွမ်းပေးပါ။ကလေးကို ကောင်းကောင်းကူညီနိုင်မည့် ကျွမ်းကျင်သူများစွာရှိပါသည်။ တခြား သင်ယူမှုဆိုင်ရာရောဂါရှိသည့်ကလေး၏ မိဘများနှင့်ဆွေးနွေးပြီး အတွေ့အကြုံများကို ရယူနိုင်ပါသည်။သင်ယူမှုဆိုင်ရာရောဂါသည် ခန္ဓါကိုယ်ရော ဦးနှောက်ပါထိသောကြောင့် ကျန်းမာသော နေထိုင်မှုပုံစံသည် အလွန်အရေးကြီးပါသည်။ ကလေးသည် မှန်မှန်စား လုံလုံလောက်လောက်အိပ် ကိုယ်လက်လှုပ်ရှားမှုလုပ်ဆိုပါက ကလေးသည် ကောင်းကောင်းအာရုံစိုက်နိုင် အလုပ်လုပ်နိုင်မည်ဖြစ်သည်။တစ်ချို့မိဘများသည် ရှက်စရာဟုယူဆပြီး ကလေး၏သင်ယူမှုဆိုင်ရာရောဂါကို လျှို့ဝှက်ထားတတ်ကြပါသည်။ ထိုကနေမှ လူများသည် ကလေးကို နားမလည်နိုင်ပဲ ပျင်းကြောင်း မတက်ကြွကြောင်း ဝေဖန်နိုင်ပါသည်။ ဘာဖြစ်နေကြောင်း သူတို့သိထားလျှင် သင်ယူမရနိုင်သောကလေးအား အကူအညီပေးနိုင်ပါလိမ့်မည်။မိသားစုတွင်း၊ မောင်နှမများကြားတွင် သင်ယူမှုဆိုင်ရာရောဂါရှိသောကလေးသည် ပိုဂရုစိုက်ခံရခြင်း စည်းကမ်းသိပ်မတင်းခြင်းတို့ကြောင့် လျစ်လျူရှုထားခြင်း၊ မနာလိုခြင်းများရှိတတ်ပါသည်။မိဘများက မိသားစုဝင်များအားလုံးကို သေချာရှင်းပြပေးပြီး အထူးလုပ်ငန်းဆောင်တာများ လုပ်သည့်အခါတွင်လည်း ထိုကလေးနှင့်အတူ ပူပေါင်းလုပ်ဆောင်ပေးရပါမည်။ ကလေးများအားလုံးကို မိမိတို့က ချစ်ပါကြောင်း သိစေရန် မမေ့ပါနှင့်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/%e1%80%9e%e1%80%84%e1%80%ba%e1%80%9a%e1%80%b0%e1%80%99%e1%80%be%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%96%e1%80%bc/
Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ)
Cardiac Arrest ဆိုတာ ရုတ်တရက် မမျှော်လင့်ဘဲ နှလုံးရပ်သွားတာကိုပြောတာပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။နှလုံးမှာ နှလုံးခုန်နှုန်းရဲ့ ကြိမ်နှုန်းကို ထိန်းပေးတဲ့ အတွင်းလျှပ်စီးစနစ်တစ်ခုရှိပါတယ်။ ပုံမမှန်တဲ့ နှလုံးခုန်နှုန်းတွေကို ဖြစ်စေတဲ့ ပြဿနာတွေကိုတော့ arrhythmia လို့ခေါ်ပါတယ်။ ဒီပြဿနာမှာဆိုရင် နှလုံးခုန်တာ မြန်လွန်းတာ၊ နှေးလွန်းတာ ဒါမှမဟုတ် နှလုံးရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ Sudden cardiac arrest (SCA) ကတော့ နှလုံးမှာ arrhythmia ဖြစ်လာပြီး နှလုံးခုန်တာရပ်သွားစေတဲ့အချိန်မှာ ဖြစ်ပေါ်လာပါတယ်။ ဒီပြင်းထန်တဲ့ ပြဿနာဟာ heart attack နဲ့ မတူပါဘူး။ Heart attack တွေဟာ နှလုံးကို သွေးမရောက်တော့လို့ ဖြစ်ရတာပါ။ Heart attack သို့မဟတ်ု Myocardial infarction တွေက ပေးပို့တဲ့ သွေးမလုံလောက်မှုကြောင့် နှလုံးကြွက်သားတစ်သျှူးတွေ သေဆုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ cardiac arrest ကတော့ နှလုံးရဲ့ လျှပ်စီးစနစ် ပုံမှန်အလုပ်မလုပ်လို့ဖြစ်ရတာပါ။ ဒီအခြေအနေမှာဆိုရင် နှလုံးပုံမှန်အလုပ်မလုပ်ဘဲ ရုတ်တရက်ရပ်သွားတဲ့အခါ သေသွားသည်ထိဖြစ်စေပါတယ်။ ဒါပေမဲ့ နှလုံးထိခိုက်ခြင်း (Heart attack)ကလည်း တစ်ခါတစ်ရံမှာ လျှပ်စီးစနစ်ကို အနှောက်အယှက်ဖြစ်စေပြီး နှလုံးရုတ်တရက်ရပ်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ဒီအခြေအနေဟာ သေဆုံးသွားတာမျိုး၊ မလှုပ်ရှားနိုင်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ နှလုံးရပ်သွားတဲ့အချိန်မှာ သွေးတွေထဲ အောက်စီဂျင်ပြတ်လပ်သွားခြင်းဟာ မိနစ်အနည်းငယ်အတွင်း ဦးနှောက်ကို ပျက်စီးစေပါတယ်။ သေဆုံးခြင်း သို့မဟုတ် ရာသက်ပန် ဦးနှောက်ထိခိုက်ပျက်စီးခြင်းဟာ လေးမိနစ်ကနေ ခြောက်မိနစ်အတွင်း ဖြစ်သွားနိုင်ပါတယ်။ အသက်မရှူတော့ဘဲ သတိလစ်သွားတဲ့သူတစ်ယောက်ကို သင်ကူညီတဲ့အခါ အချိန်က အဓိကကျပါတယ်။ သင် သို့မဟုတ် သင်နဲ့အတူရှိနေတဲ့သူတစ်ယောက်ယောက်က ဒီရောဂါရဲ့ လက္ခဏာတွေပြလာပြီဆိုရင် အရေးပေါ် ဆေးကုသမှုကို ချက်ချင်းလုပ်ဆောင်ဖို့ လိုပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Cardiac Arrestရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ရုတ်တရက် နှလုံးခုန်ရပ်သွားနိုင်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဖြစ်အများဆုံး နှစ်ချက်ကတော့ ventricular နဲ့ atrial fibrillation တို့ပါပဲ။သင့်နှလုံးမှာ အခန်း ၄ခန်းရှိပါတယ်။ အောက်၂ခန်းက သွေးပြန်ခန်းဖြစ်ပြီး အပေါ်၂ခန်းကတော့ သွေးလွှတ်ခန်းတွေပါ။ ventricular fibrillation မှာတော့ ဒီအခန်းတွေဟာ ထိန်းချုပ်မရတော့တာပါ။ ဒါဟာ နှလုံးရဲ့ ရစ်သမ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲသွားစေပါတယ်။ သွေးပြန်ကြောတွေဟာ မလိုအပ်ဘဲ သွေးတွေကို ညှစ်ထုတ်လာပြီး ခန္ဓါကိုယ်ထဲသွားရမယ့် သွေးပမာဏတွေကို လျော့သွားစေပါတယ်။ အချို့သော ဖြစ်ရပ်တွေမှာ သွေးလည်ပတ်ခြင်းဟာ ရုတ်တရက် လုံးဝရပ်တန့်သွားတတ်ပြီး ဒါဟာ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးခြင်းကိုဖြစ်စေနိုင်ပါတယ်။Ventricular fibrillation မှာတော့ Sinoatrial (SA) node ဟာ မှန်ကန်တဲ့ သွေးခုန်မှုကို မထုတ်ပေးနိုင်တော့ပါဘူး။ သင့်ရဲ့ SA node ဆိုတာဟာ ညာဘက်အခန်းထဲမှာ ရှိတာပါ။ ဒီအရာက နှလုံးရဲ့ သွေးညှစ်ထုတ်တဲ့ အမြန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ electrical impulse ဟာ atrial fibrillation ထဲကို ရောက်သွားမယ်ဆိုရင်တော့ သွေးပြန်ခန်းက ခန္ဓါကိုယ်ကို လိုအပ်တဲ့သွေးတွေရောက်စေဖို့ ညှစ်ထုတ်ပေးနိုင်မှာမဟုတ်ပါဘူး။Cardiac Arrestဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နှလုံးမှာဖြစ်နေတဲ့ ပုံမှန်မဟုတ်ခြင်းဟာ ဘယ်လိုအမျိုးအစားထဲကလဲဆိုတာကို အတည်ပြုနိုင်ဖို့ electrocardiogram ဆိုတဲ့ စစ်ဆေးမှုတစ်ခုကို ပြုလုပ်ရပါတယ်။ ကုသဖို့ဆိုရင်တော့ သင့်နှလုံးကို ရှော့ခ်ပေးဖို့ defibrillator ကို အသုံးပြုနိုင်ပါတယ်။ လျှပ်စစ်ရှော့ခ်ဟာ တစ်ခါတစ်ရံမှာ နှလုံးကို ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။အခြားသော စစ်ဆေးမှုတွေမှာတော့။နှလုံးထိခိုက်နိုင်မယ့် လက္ခဏာတွေကို ရှာဖွေနိုင်ဖို့ သွေးစစ်ရပါတယ်။ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်လယ်ဗယ်တွေကို တိုင်းတာပါတယ။်။ရင်ဘတ်ကို ဓါတ်မှတ်ရိုက်ခြင်းကလည်း နှလုံးက အခြားသောရောဂါတွေရဲ့ လက္ခဏာတွေကို ရှာဖွေပေးနိုင်ပါတယ်။Echocardiogram ကတော့ Heart attack ကြောင့် သင့်နှလုံးရဲ့ ဘယ်အစိတ်အပိုင်းမှာ ပျက်စီးနေတယ်ဆိုတာတွေ နဲ့ ပုံမှန် သွေးမညှစ်ထုတ်နိုင်တာတွေ ဒါမှမဟုတ် အြားသော သွေးကြောဆိုင်ရာ ပုံမှန်မဟုတ်ခြင်းတွေ ရှိမရှိဆိုတာတွေကို အတည်ပြုပေးနိုင်ပါတယ်။Cardiopulmonary resuscitation (CPR) နဲ့ defibrillation တွေဟာ အရေးပေါ်အခြေအနေတွေအတွက် ကုသနည်းတွေထဲက တစ်ခုပါ။ဒီအခြေအနေကနေ သင်ပြန်လည်ရှင်သန်လာနိုင်တယ်ဆိုရင်တော့ ဆရာဝန်က အခြားသော ပြဿနာတစ်ခု နောက်ထပ်ပြန်ဖြစ်မလာဖို့ ကုသမှု တစ်ခုဖြစ်စေ၊ ပိုပြီးတော့ဖြစ်စေ ပြုလုပ်ပါလိမ့်မယ်။ဆေးသောက်ခြင်းက သွေးတိုးခြင်းနဲ့ ကိုလက်စထရောတို့ကို လျော့ကျစေပါတယ်။ခွဲစိတ်ခြင်းဟာ နှလုံးသွေးကြောပျက်စီးခြင်းတွေ သို့မဟုတ် သွေးကြောပျက်စီးခြင်းတွေကို ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ သွေးကြောထဲ ပိတ်ဆို့နေတဲ့ အရာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ နှလုံးသွေးကြောကို ပိုပြီး ကြံ့ခိုင်စေပါတယ်။အစားအသောက်ပြောင်းလဲခြင်းကလည်း ကိုလက်စထရောကို လျော့ကျစေပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကCardiac Arrest ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-failure/about-cardiac-arrest/
အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ
အဓမ္မပြုကျင့်မှုဆိုတာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexual assault) ပုံစံတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မိန်းမကိုယ် သို့မဟုတ် စအိုထဲကို လိင်အင်္ဂါ၊ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ လက်ချောင်း)၊ ပြင်ပပစ္စည်းတခုခု အလိုမတူဘဲ ထိုးသွင်းခြင်းကို အဓမ္မပြုကျင့်မှုမြောက်တယ်လို့ သတ်မှတ်ပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေဆိုရင်တော့ အလိုတူခြင်း၊ မတူခြင်းကို စဉ်းစားစရာ မလိုဘဲ ထိုးသွင်းမှုရှိတယ်ဆိုတာနဲ့ အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ်လို့ရပါတယ်။အရင်ကတော့ အဲဒီလိုအဓမ္မကျင့်ခံရသူတစ်ယောက်ကို Victim နစ်နာခံစားရသူုလို့ ပြောခဲ့ကြပါတယ်။ ခုတော့ အဲဒီအသုံးအနှုန်းအစား Survivor ရှင်သန်ကျန်ရစ်သူလို့ သုံးပါတယ်။ သဘောကတော့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတာတောင် ရှင်သန်နိုးထနိုင်သူအဖြစ် စိတ်ခွန်အားပေးချင်တာကြောင့် ဖြစ်ပါတယ်။အဲဒီလို ရှင်သန်ကျန်ရစ်သူတစ်ယောက်မှာ ရှိနေနိုင်တဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ တရားဥပဒေနဲ့ လုံခြုံရေးအကာအကွယ်တွေ စသဖြင့် လိုအပ်ပါတယ်။ အဲဒီထဲကမှ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအကြောင်းကို Hello Sayarwon ကတစ်ဆင့် ပြောပြလိုပါတယ်။(၁) ထိခိုက်ဒဏ်ရာများ ကုသပေးခြင်း။အဓမ္မကျင့်ခံရတာ ဖြစ်တဲ့အတွက် လူခန္ဓါကိုယ်မှာ ထိခိုက်ဒဏ်ရာရနေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ကုသပေးရမယ်။ ပွန်းပဲ့တာ၊ အညိုအမဲစွဲတာတွေကတော့ သူ့အလိုအလျောက် ပျောက်ကင်းသွားတတ်ပြီး သန့်ရှင်းရေးလုပ်ပေးဖို့သာ လိုပါတယ်။ နောက်ပြီး လိုအပ်ရင် မေးခိုင်ကာကွယ်ဆေး ထိုးပေးရပါမယ်။(၂) ကိုယ်ဝန်တားပေးခြင်း။အလိုမတူဘဲ လိင်ဆက်ဆံမှုရှိပြီးရင် နောက်ထပ် သတိထားသင့်တဲ့ ပြဿနာကတော့ ကိုယ်ဝန်မရသွားအောင် တားဖို့ပါပဲ။ ဒီအတွက် အရေးပေါ်ကိုယ်ဝန်တားဆေး သောက်နိုင်ပါတယ်။ အဲဒီလိုသောက်ဖို့လည်း ကျန်းမာရေးဝန်ထမ်းတစ်ယောက်ယောက်ရဲ့ အကူအညီ မလိုအပ်ပါဘူး။ ဆေးဆိုင်တွေကနေ အလွယ်တကူ ဝယ်သောက်နိုင်ပါတယ်။ ဆေးလုံး(၂)လုံး ပါတဲ့ ဆေးတွေ ရှိသလို၊ တစ်လုံးတည်းပါတဲ့ ဆေးတွေလည်း ရှိပါတယ်။ အဲဒီဆေးကို ပြုကျင့်ခံရပြီး နာရီ(၁၂၀)အတွင်း သောက်ရင် ကိုယ်ဝန်ရနိုင်ချေကို ၈၇% လောက် လျှော့ချပေးပါတယ်။ နာရီ(၁၂၀)ဆိုပေမယ့် စောစောသောက်လေ အာနိသင်ပိုကောင်းလေပါပဲ။ ဒီဆေးက ကိုယ်ဝန်ပျက်ကျစေတဲ့ဆေး မဟုတ်လို့ မတော်တဆ ကိုယ်ဝန်ရှိနှင့်နေရင်လည်း ဘာပြဿနာမှမရှိပါဘူး။အသုံးပြုပုံကတော့ ဆေးလုံးနှစ်လုံးစလုံးကို တစ်ပြိုင်တည်းသောက်ပါ။ (တစ်လုံးတည်းပါတဲ့ ဆေးကတ်ဆိုလျှင်လည်း အဲဒီတစ်လုံးတည်းကို သောက်လိုက်ပါ) နှစ်နာရီအတွင်း အန်ထွက်လျှင် ထပ်သောက်စရာ လိုမှာဖြစ်ပြီး၊ ထပ်အန်တယ်ဆိုရင်တော့ အအန်ပျောက်ဆေးနဲ့ တွဲသောက်နိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်းမှာ သွေးဆင်းတတ်တာ၊ ပုံမှန်ရာသီလာရမည့်ရက်ထက် နောက်ကျပြီးမှ ပေါ်တာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ ပျို့အန်၊ ရင်သားတင်းပြီးနာတာတွေ ဖြစ်တတ်ပါတယ်။ သိစေချင်တာကတော့ ရာသီလာရက် နောက်ကျသွားတတ်တာကိုပါပဲ။ ဒါကိုသိမထားရင် ဆေးသောက်လိုက်ပြီး ပုံမှန်ပေါ်ရမယ့်ရက် မပေါ်တဲ့အခါ ကိုယ်ဝန်များရသွားပြီလားဆိုပြီး စိတ်ပူတတ်ကြလို့ပါပဲ။နောက်ထပ်သိစေချင်တာ နှစ်ခု ရှိပါသေးတယ်။ ပထမတစ်ခုကတော့ ရာသီမပေါ်သေးတဲ့ အရွယ်ဆိုရင်လည်း ဆေးတိုက်ဖို့လိုမယ်ဆိုတာပါပဲ။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓါကိုယ်ထဲမှာ အပျိုစဖြစ်ပြီဆိုတာနဲ့ မမျိုးဥကြွေပါတယ်၊ အဲဒီကြွေလိုက်တဲ့ မမျိုးဥလေးက သုက်ပိုးနဲ့မဆုံလိုက်ရလို့ မျိုးမအောင်ခဲ့ရင် သေသွားတယ်၊ အဲဒီမမျိုးဥလေးရယ်၊ သားအိမ်နံရံက အလွှာတွေရယ် ပေါင်းပြီး ပြင်ပကို ဆင်းလာတာကိုမှ ရာသီလာတယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီအခါ ဒီမိန်းကလေး အပျိုဖြစ်ပြီ သတ်မှတ်ကြတာပေါ့။ သဘောက အပျိုဖြစ်ပြီဆိုတာ သိဖို့၊ ရာသီသွေးဆင်းလာဖို့အတွက် ခန္ဓါကိုယ်ထဲမှာ မမျိုးဥလေးက အရင်ကြွေရပါတယ်။ သုက်ပိုးနဲ့ မပေါင်းဖြစ်လိုက်လို့သာ အပြင်ကို ရာသီသွေးအဖြစ်နဲ့ ဆင်းလာတာပါ။ ဒီတော့ ကံဆိုးစွာနဲ့ ပထမဆုံး မမျိုးဥကြွေတဲ့လ (သုက်ပိုးနဲ့သာ မပေါင်းလိုက်ရရင် ရာသီပေါ်ပြီး အပျိုရယ်လို့ ဖြစ်တော့မယ့်လ) မှာ တိုက်တိုက်ဆိုင်ဆိုင် အဓမ္မအကျင့်ခံလိုက်ရပြီး သုက်ပိုးနဲ့ပေါင်းသွားရင် ရာသီမပေါ်သေးဘဲ ကိုယ်ဝန်တစ်ခါတည်းရသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ရာသီမပေါ်သေးတဲ့အရွယ်ဆိုလည်း ဆေးတိုက်ဖို့လိုတယ်လို့ ပြောရတာဖြစ်ပါတယ်။ သိပ်ငယ်လွန်းသေးရင်တော့ မလိုသေးပေမယ့် အသက်(၁၀)နှစ်နဲ့အထက်ဆိုရင်တော့ တိုက်သင့်ပါတယ်။နောက်တစ်ခုကတော့ အရေးပေါ်ကိုယ်ဝန်တားနည်းအနေနဲ့ ဒီဆေးအပြင် သားအိမ်တွင်းထည့်ပစ္စည်းကိုလည်း အသုံးပြုလို့ရနိုင်တယ် ဆိုတာပါပဲ။ သူ့ကိုလည်း အဓမ္မပြုကျင့်ခံရအပြီး နာရီ(၁၂၀)အတွင်း ထည့်လို့ရတယ်။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရှိနေတယ်၊ ကူးစက်ခံရနိုင်ချေ များတယ်ဆိုရင်တော့ မထည့်သင့်ပါဘူး။ အိမ်ထောင်သည်တွေအနေနဲ့ဆိုရင် ဒီပစ္စည်းထည့်ပြီးရင် ပုံမှန်သားဆက်ခြားပစ္စည်းအနေနဲ့ပါ ဆက်သုံးထားလို့ ရပါတယ်။ သူက ဆရာဝန်၊ ဆရာမက ထည့်ပေးမှရမယ်၊ ဆေးထက် ပိုပြီးအာနိသင်ကောင်းတယ်။ သူ့ကို မထည့်ခင်မှာ ဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိမနေတာတော့ သေချာဖို့လိုတယ်။ နောက်ပြီး ထည့်ရတဲ့ပုံစံအရ အဓမ္မပြုကျင့်ခံရတဲ့အဖြစ်ကို ပြန်အမှတ်ရစေတာမို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြန်ဖြစ်မှာကိုတော့ သတိထားဖို့ လိုပါမယ်။(၃) လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကာကွယ်ပေးခြင်း။အကြမ်းဖက်မှုပုံစံဖြစ်တဲ့အတွက် ထိခိုက်နာကျင်မှု ပိုများပြားပါတယ်။ ပြုကျင့်သူထက် ပြုကျင့်ခံရသူဆီ ရောဂါပိုးကူးစက်နိုင်ချေကလည်း ပိုများတာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။HIV ပိုး။အဓမ္မကျင့်ခံရပြီးရင် HIV ပိုးကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် ဆေးသောက်လို့ရပါတယ်။ Post-Exposure Prophylaxis (PEP) လို့ခေါ်ပြီး ဆေးရုံ၊ဆေးခန်းတချို့မှာ ရနိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ဖြစ်ပြီး(၇၂)နာရီအတွင်းမှာ စသောက်ဖို့လိုပါတယ်။ (၇၂)နာရီကျော်သွားရင် မထိရောက်တော့ပါဘူး။ ဒီဆေးသောက်မခင် HIV ပိုးရှိနေလား မရှိနေလားကို စစ်ဆေးနိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် စစ်ပြီးမှ တိုက်ရမယ်တော့ မဟုတ်ပါဘူး၊ စစ်ရခက်နေမယ်၊ ဆေးက တိုက်ဖို့လွယ်တယ်ဆိုရင်တော့ အရင်တိုက်လိုက်သင့်ပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးနဲ့ မတူတာကတော့ ဆေးသောက်သင့်၊ မသောက်သင့်ကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်သင့်တာပါပဲ။ သောက်မယ်ဆိုရင် တစ်နေ့(၂)ကြိမ်နဲ့ ၂၈ရက်ဆက်တိုက်သောက်ရမယ်၊ ပြတ်သွားလို့မရဘူး၊ နောက် ဘေးထွက်ဆိုးကျိုးတွေလည်း များတယ်။ ဒါကြောင့်မို့ လိုအပ်တယ်၊ သောက်သင့်တယ်၊ သောက်လည်း သောက်နိုင်တယ်ဆိုမှ ပေးရပါမယ်။ မိန်းမကိုယ် သို့မဟုတ် စအိုဝနှင့် လိင်ဆက်ဆံခံလိုက်ရရင်၊ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရလာခဲ့ပြီး ပြုကျင့်သူ၏ သုတ်၊ သွေးတို့နဲ့ ထိတွေ့မှု ရှိခဲ့ရင် ဆေးသောက်ဖို့ လိုကောင်းလိုပါမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေလည်း လိုအပ်တယ်ဆို သောက်လို့ရပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ပျို့အန်ခြင်း၊ မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ အိပ်မပျော် ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်း၊ ရှားရှားပါးပါးအနေဖြင့် အသည်းထိခိုက်ခြင်း၊ သွေးအားနည်းတို့ ဖြစ်တတ်ပါတယ်။ ဆေးမတိုက်ခင် ဘေးထွက်ဆိုးကျိုးတွေကို တိတျိကျကျ ရှင်းလင်းပြောဆိုလိုက်ဖို့ အရေးကြီးပြီး၊ ဖြစ်လာခဲ့ရင်လည်း ဆေးကို ရပ်မပစ်ဘ၊ လိုအပ်တဲ့ ပြုစုကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ဆေးစသောက်ပြီး တစ်ပတ်အကြာမှာ ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုပါမယ်၊ ဖြစ်စဉ်အပြီး ၃လနေတဲ့အခါမှာ HIV ပိုးကူးသွားမသွား သိဖို့အတွက် သွေးစစ်ဆေးဖို့ လိုပါမယ်။အသားရောင်အသားဝါ B ပိုး။HIV ပိုးထက် ကူးစက်ခံရနိုင်ချေ ပိုများပြီး ကာကွယ်ဆေးမထိုးဖူးသူ၊ ပြီးမြောက်အောင် မထိုးရသေးသူအားလုံးကို ကာကွယ်ဆေးထိုးပေးဖို့ လိုပါတယ်။ဖြစ်ပြီး ၁၄ရက်အတွင်းမှာထိုးပေးနိုင်ရင် ပိုကောင်းပါတယ်။ စုစုပေါင်း ၃လုံးထိုးရမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်များ၊ ကလေးများအတွက်လည်း စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။ကာလသားရောဂါများ။အဖြစ်များတဲ့ရောဂါတွေအတွက် သင့်တော်တဲ့ပိုးသတ်ဆေးများ ပေးပြီး ကာကွယ်နိုင်ပါတယ်။ ဖြစ်ပြီး ၇၂နာရီအတွင်း သောက်နိုင်ရင် အကောင်းဆုံးပါပဲ။ ပိုးသတ်ဆေးပေးရမှာ ဖြစ်တဲ့အတွက် ဆေးမပေးခင် ကိုယ်ဝန်ရှိမရှိ စစ်ဆေးကြည့်ဖို့ လိုပါတယ်။ နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာရင်လည်း ဆေးခန်းပြန်လာပြဖို့ လိုပါမယ်။ခုလောက်ဆိုရင် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်တားနိုင်ဖို့နဲ့ ရောဂါကာကွယ်နိုင်ဖို့အတွက် ဖြစ်ပြီးရက်အနည်းငယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ဖို့ဟာ ဘယ်လောက်အရေးကြီးမှန်း သိလောက်ပါပြီ။ လက်တွေ့မှာတော့ ပြုကျင့်ခံရသူအများစုဟာ အရှက်တရားနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတို့ကို ကြောက်ရွံတာတွေကြောင့် လအတော်ကြာမှ၊ ကိုယ်ဝန်ပေါ်လာမှ ထုတ်ပြောတတ်ကြပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်မီရရှိနိုင်အောင် မိန်းကလေးများကိုယ်တိုင်က အသိပညာရှိနေဖို့လိုသလို မိဘအုပ်ထိန်းသူများရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ သမီးကိုအပြစ်တင်တာ၊ ဆူပူတာ၊ ရှက်စရာမဟုတ်ဘဲ ရှက်နေတာမျိုးတွေ လုပ်နေရင် ကာယကံရှင်က ဖွင့်ပြောလာမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း အရေးကြီးပါတယ်။ ဒီလိုမျိုးကြုံတွေ့လိုက်ရသူကို ပတ်ဝန်းကျင်က ကဲ့ရဲ့တာ၊ အပြစ်တင်တာ၊ အထင်သေးတာ၊ ယောကျာ်းများက ယိသဲ့သဲ့ပြောတာ၊ စော်ကားတာ၊ နှိမ့်ချတာလုပ်နေရင်လည်း မိန်းကလေးတွေအနေနဲ့ ထုတ်ဖော်ပြောဖို့ တွန့်ဆုတ်နေနိုင်ပါတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ အသိပညာတွေ ပေးထားဖို့လိုသလို၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ဖေးမရပ်တည်ပေးဖို့ သိပ်အရေးကြီးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
sexual-wellness
sexual-wellness
https://hellosayarwon.com/sexual-wellness/safe-sex-prevention/%e1%80%a1%e1%80%93%e1%80%99%e1%81%bc%e1%80%bb%e1%80%95%e1%80%b3%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%b6%e1%80%9b%e1%80%9e%e1%80%b0%e1%80%90%e1%80%85%e1%80%b9%e1%80%b1%e1%80%9a/
ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ
ရင်သားလေး လှပပြီး ကျန်းမာရေးကောင်းမွန်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုစေမှာပါ။ ရင်သား ကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ အစားအစာတွေက ခန္ဓါကိုယ် အားအင်ရှိဖို့ အထောက်အကူပြုသလို ရင်သားက ကြွက်သားတွေ သန်မာဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်။ ဘာတွေ စားရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။အဆီပါဝင်တဲ့ ငါးတွေမှာ ရင်သားကျန်းမာရေးကို ကောင်းမွန်စေတဲ့ အိုမီဂါ (၃) နဲ့ ဗီတာမင် ဒီတွေ ပါဝင်ပါတယ်။ ဗီတာမင် ဒီ လုံလုံလောက်လောက် ပါဝင်တာက ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း လျှော့ကျစေပါတယ်။ မာကျူရီ အများကြီး ပါတဲ့ ပင်လယ်စာတွေကိုတော့ ရှောင်စားရမှာပါနော်။မုန်လာဥကတော့ ရင်သားပတ်လည်မှာ ရှိတဲ့ တစ်ရှူးတွေဆီ သွေးစီးဆင်းမှု အားကောင်းစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းတာကြောင့် မုန်လာဥကို ပုံမှန်လေး စားပေးမယ်ဆိုရင် ရင်သားအရွယ်အစား ကြီးထွားလာစေပါတယ်။ငှက်ပျောသီးမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်တွေဟာ ကြွက်သားတွေကို တင်းမာစေပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေနဲ့ သတ္တုဓါတ်တွေဟာ ရင်သားကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။ စိမ်းတဲ့ငှက်ပျောသီးထက် မှည့်တဲ့ ငှက်ပျောသီးကို ပိုစားပေးပါ။နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အဆီဓါတ်ဟာ ရင်သားတွေကို ကြီးထွားစေတဲ့အပြင် ကျန်းမာရေးလည်း ကောင်းစေပါတယ်။ နွားနို့၊ ချိစ်၊ ဒိန်ချဉ်လေးတွေ စားပေးပါ။ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီမှာ ပါဝင်တဲ့ Lignans ဟာ ရင်သားကျန်းမာရေးကို ကောင်းစေတဲ့အပြင် ရင်သားကိုပါ ဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် ဓါတ်တိုးဆန့်ကျင်မှုနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ရင်သားအတွက် ကောင်းမွန်တဲ့ တစ်ရှူးတွေကို ဖြစ်စေပြီး free radicals တွေကို ကာကွယ်ပေးတာကြောင့် ဖွံ့ဖြိုးတဲ့အပြင် ရင်သားတဝိုက်မှာ အသားအရေ မညီညာတာတွေ မဖြစ်စေတော့ပါဘူး။မြေပဲမှာ ရင်သားကြီးထွားစေဖို့အတွက် လိုအပ်တဲ့ Estrogen လိုမျိုး ပရိုတင်း၊ အဆီတွေ ပါဝင်ပါတယ်။ ဒီအရင်းအမြစ်တွေကို မြေပဲကနေ ရရှိစေနိုင်ပါတယ်။မိန်းကလေးတို့ရေ ကိုယ်နေတိုင်းစားသုံးမယ့် အစားအစာထဲမှာ ဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားသုံးပေးမယ်ဆိုရင် ကျန်းမာမှာ ဖြစ်သလို ရင်သားလည်း ကြီးထွားဖွံ့ဖြိုးလာမှာ သေချာပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9c%e1%80%be%e1%80%95%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%85%e1%80%ac/
ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား
လူတိုင်းတွက်စိတ်ချမ်းသာမှုက အရေးကြီးလှပါတယ်။ ခုလို ကပ်ဘေးတွေ အပြောင်းအလဲတွေနဲ့ရင်ဆိုင်နေရတဲ့ ကာလမျိုးမှာ စိတ်ပျော်ရွှင်နေဖို့ ပိုပြီးလိုအပ်ပါတယ်။ ဒါပေမယ့်ဆိုရှယ်မီဒီယာခေတ်ကြီးမှာ လူတိုင်း စိတ်ချမ်းသာနေဖို့ကတော့ မလွယ်ကူလှပါဘူး။ ဖေ့စ်ဘုတ်ကြီးပေါ်မှာဆို စိတ်ပင်ပန်း စရာစိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။ဒီနေ့လိုဒစ်ဂျစ်တယ်ခေတ်မှာ သတင်းတုယောင်တွေ၊ သတင်းဆိုးတွေ၊ အနိတ္ထာရုံတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ နေ့စဉ်နဲ့အမျှ ဆိုးရွားလှတဲ့သတင်းတွေ၊ ပြဿနာတွေဟာ နေရာတိုင်းကနေ ပေါပေါသီသီထွက်ပေါ်လာနေပါတယ်။ အထူးသဖြင့်တော့ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေဆီကနေပေါ့။ဒီလိုအကြောင်းအရာ သတင်းစကားမျိုးတွေဟာစိတ်ကျန်းမာရေးအားနည်းသူတွေကိုမပြောနဲ့။ သာမန်လူတွေအတွက်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။ နေ့စဉ်မြင်တွေ့ကြားသိနေရရင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲ့မှုတွေကို မသိမသာရော သိသိသာသာပါ ခံစားရလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးထားကြပါရဲ့။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ထိခိုက်တာတွေအပြင် စိတ်ရောဂါအဆင့်အထိ ဖြစ်သွားနိုင်လောက်တာပါ။အထူးသဖြင့် သိသာထင်ရှားတဲ့အပြောင်းအလဲကြီးတွေကို ရင်ဆိုင်ရချိန်တိုင်းမှာ လူတွေဟာ မတည်ငြိမ်မှုတွေ၊ မလုံခြုံတဲ့စိတ်ခံစားချက်တွေ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေ၊စိုးရိမ်ပူပန်မှုတွေဆက်တိုက်ခံစားလာရမှာပါ။ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုအသွင်ဖြစ်လာပြီး စိတ်ပင်ပန်း မှုကို ပြင်းပြင်းထန်ထန်ခံစားရပါလိမ့်မယ်။တချို့အခြေအနေမှာဖုန်းကို ကောက်မကိုင်ခင်တော့တာမျိုး၊ ဖေ့စ်ဘုတ်ပေါ်က Noti ကိုတောင် မကြည့်ချင်တော့တာမျိုးအထိဖြစ်လာပါလိမ့်မယ်။ နေ့စဉ်နဲ့အမျှ စိတ်ပင်ပန်း စရာ သတင်းတွေကို မြင်တွေ့နေရတဲ့ ဒီကနေ့ခေတ်မှာ ခုလိုစိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်မလဲ။ ဘယ်လို လျော့ပါးသက်သာအောင် ပြုလုပ်သင့်သလဲဆိုတာကို အကြံလေးပေးချင်ပါတယ်။အကြောက်တရားကို မရှာဖွေပါနဲ့။လူမှုကွန်ယက်ပေါ်က သတင်းတွေ အကြောင်းအရာတွေ အများစုဟာ စိတ်ညစ်စရာတွေ စိတ်ပင်ပန်းစရာ အပြည့်နဲ့ရယ်ပါ။ ကြောက်စရာ ဇာတ်လမ်းတွေ၊ ဓာတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေ၊ သတင်းတွေ၊ ဝေဖန်မှတ်ချက်တွေကို မြင်ရတဲ့အခါမျိုးမှာ ကြောက်ရွံ့စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်၊ ရွံ့ရှာစိတ်တွေ ဖြစ်ပေါ်တတ်တာ လူ့သဘာဝပါပဲ။ ဒီတော့ ဒါမျိုးအဖြစ်အပျက်တွေကို ရှောင်လွှဲချင်ရင် ဒီလိုသတင်းတွေ မြင်တွေ့ရနိုင်တဲ့ နေရာတွကို တတ်နိုင်သမျှ ရှောင်ပါ။ ဖုန်းတွေက News Alert တွေ Noti တွေကို ပိတ်ထားပါ။ကြောက်တတ်တာတွေကို စာရင်းလုပ်ထားပါ။စိတ်သောကရောက်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ် လို့မရတဲ့အခါမျိုးမှာ လူတွေရဲ့ ဦးနှောက် အဲ့ဒီကိစ္စတွေကနေ ဖောက်ထွက်ဖို့ နည်းလမ်းရှာပါတယ်။ ဒီလို အာရုံလွှဲနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ စာရင်းပြုစုရေးချလိုက်တာပါပဲ။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေ စိုးရိမ်ပူပန်မှုတွေ သောကတွေ အကြောက်တရားတွေကို များမျာတွေးပေးပြီး များများရေးချပါ။  ကိုယ့်ရဲ့ ဦးနှောက် ဒါကို များများတွေးမိ လက်ခံမိလာလေလေ မိမိကိုယ်တိုင်လည်း ပိုပြီး တည်ငြိမ်လာလေလေပါပဲ။အိပ်ရာဝင်ခါနီးမှာ အီလက်ထရွန်နစ် ပစ္စည်းတွေကို ပိတ်ထားပါ။အိပ်ရာဝင်ခါနီးမှာ ဖြစ်နိုင်သမျှ ကိုယ့်ရဲ့ ဖုန်း၊ တီဗီ၊ အင်တာနက်စတာတွေကို ပိတ်ထားတာက အကောင်းဆုံးပါပဲ။ ပိုကောင်းတာကတော့ စိတ်နှလုံးအေးချမ်းစေမယ့် စာအုပ်မျိုးလေးတွေ အိပ်ယာဝင်ခါနီး မိနစ် ၂၀ လောက်ဖတ်ပေးတာမျိုးလုပ်ပေးရင် ပိုကောင်းပါတယ်။တခြားသူတွေနဲ့ ပြောဆိုဆွေးနွေးပါ။ကိုယ် ယုံကြည်စိတ်ချရတဲ့သူတွေကို မျှဝေပြောပြီး စိတ်သက်သာရာရအောင် လုပ်တာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာ – အမေတို့ ညီအကိုမောင်နှမတို့ သူငယ်ချင်းတို့နဲ့ပေါ့။Shake it off။ဟုတ်ပါတယ်။ တေလာ ဆွစ်ဖ်ရဲ့ သီချင်းလိုပါပဲ။ သတင်းဆိုးတွေကြောင့် စိတ်ထိခိုက်နေရပြီဆိုရင် လူကို အားရပါးရ လှုပ်ခါပစ်လိုက်ပါ။ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်။ တိရစ္ဆာန်တွေဟာ သူတို့ စိတ်လှုပ်ရှားတဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်ကို လှုပ်ခါပစ်လိုက်တာမျိုးသဘောတရားပါပဲ။အတင်းအကျပ် ပြန်မတိုက်ထုတ်နေပါနဲ့။စိတ်သောကရောက်စရာတွေ၊ စိတ်ညစ်စရာ သတင်းတွေ ဖတ်မိလို့ ကိုယ်ပါ စိတ်ဆင်းရဲနေရပြီဆိုရင် အတင်း မေ့ဖျောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ လုပ်စရာရှိတာကို သက်သောင့်သက်သာလုပ်နိုင်ဖို့သာ အာရုံစိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အတင်းအကျပ် မေ့ဖျောက်ပစ်ဖို့ လုပ်တာက စိတ်ထဲပိုစွဲစေပါလိမ့်မယ်။ကိုယ်လုပ်နိုင်တာတွေကိုပဲလုပ်ပါ။စိတ်ညစ်ညူးစရာတွေ မြင်ရတွေ့လို့ တမျိုးတမည် ခံစားနေရပြီဆိုရင် သီချင်းအော်ဆိုလိုက်တာမျိုး၊ ငွေကြေးလှူဒါန်းလိုက်တာမျိုး၊ ကိုယ့်ကိုပျော်ရွှင်စိတ်ချမ်းမြေ့စေမယ့် ပို့စ်တွေ မျှဝေလိုက်တာမျိုး ကိုယ့်စိတ်ထဲ ကျေနပ်သွားစေမယ့်ဟာမျိုးလေးတွေ ကိုယ်နိုင်သလောက် လုပ်လိုက်ပါ။ ပျော်လာပါလိမ့်မယ်။အကျိုးအကြောင်းသင့်လျော်တဲ့ အဖြေတွေကို ရှာဖွေပါ။တကယ်လို့ စိတ်မချမ်းမြေ့ဖွယ် သတင်းတွေအကြောင့် စိတ်ညစ်ညူးနေရရင် အကျိုးသင့်အကြောင့်သင်း ရှင်းလင်းပြနိုင်တဲ့သူမျိုးဆီက အဖြေရယူပါ။ ရဲရဲဝံ့ဝံ့ပြန်လည်ဖြေကြားကြည့်ပါ။ တစ်ဖက်လူရဲ့ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းချက်တွေက ကိုယ့်ကို စိတ်သက်သာစေမှာ အမှန်ပါပဲ။အသက်ကို မှန်မှန်ရှူပါ။တစ်ခုခု စိတ်လှုပ်ရှားစရာမျိုးတွေ ကြုံလာရတဲ့အခါအသက်ကို မှန်မှန်ရှူဖို့ အနီးဝန်းကျင်က လူကြီးမိဘတွေက ပြောလေ့ရှိပါတယ်။ မှန်ပါတယ်။ ဒီနည်းလမ်းဟာ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ။  စတန်းဖို့ဒ် တက္ကသိုလ်က ဇီဝဓာတုဗေဒဆိုင်ရာ ပါမောက္ခ မာ့ခ် ကရန်စနိုးရဲ့ အဆိုအရဆိုရင် အသက်ရှူနှုန်းတည်ငြိမ်မှန်ကန်တာက စိတ်ကိုလည်း တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။ကျန်းမာအောင်နေပါ။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားတာ၊ အိပ်ချိန်မှန်အောင်အိပ်တာတွေက ရုပ်ပိုင်းကိုသာမက စိတ်ကိုလည်း ကျန်းမာစေပါတယ်။ ဦးနှောက်က လိုအပ်တဲ့ ဟိုမုန်းတွေကို ပြည့်ပြည့်ဝဝထုတ်ပေးနိုင်မယ်ဆိုရင် စိတ်ဖိစီးမှုကင်းဝေးပြီး တော်ရုံစိတ်ညစ်စရာတွေကို တည်ငြိမ်စွာရင်ဆိုင်နိုင်သွားပါလိမ့်မယ်။မူးယစ်ဆေးနဲ့ အရက်ကို ရှောင်ပါ။စိတ်ပင်ပန်းနေချိန်စိတ်ဖိစီးနေချိန်မှာ အရက်၊ ဆေးလိပ်၊ ကွမ်းယာနဲ့ မူးယစ်ဆေးဝါးတွေလို အရာတွေကို မှီဝဲသုံးစွဲတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။ အရာရာ ပိုမိုဆိုးရွားသွားစေပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/facebook-and-stress/
Cardiasthenia (နှလုံးအားနည်းခြင်း)
Cardiasthenia (နှလုံးအားနည်းခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။နှလုံးအားနည်းခြင်း သည် Decosta အမည်ရှိသော ရောဂါစုဖြစ်ပါသည်။ ထိုလက္ခဏာများသည် နှလုံးဝေဒနာများနှင့် ဆင်တူသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။ခေတ်သစ်ကာလများတွင် နှလုံးအားနည်းခြင်းကို စိုးရိမ်စိတ် များခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြပြီး စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။ထိုဖြစ်စဉ်သည် ကျားမ မရွေး၊ အသက်ရွယ်မရွေး ဖြစ်နိုင်ပါသည်။သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အများဆုံးတွေ့ရသော ရောဂါလက္ခဏာများမှာ။လူနာသည် ထိုဝေဒနာများကို ခံစားနေရသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ထိုသို့ဖြစ်ခြင်းသည် စိုးရိမ်စိတ်များခြင်းကြောင့် ဖြစ်သော မူမမှန်ဖြစ်စဉ်တစ်ခုအနေဖြင့် ယေဘူယျအားခြင့် ယူဆရပါသည်။နှလုံးအားနည်းခြင်း ကို ဖြစ်နိုင်ခြေ များစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ထိုရောဂါလက္ခဏာများ ရှိကြောင်းဆရာဝန်အားပြောပြလျှင် သင့်ကို စစ်ဆေးခြင်း၊ ရောဂါ ရာဇဝင်များ မေးမြန်းခြင်းနှင့် သွေးစစ်ခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။နှလုံးအားနည်းခြင်းအတွက် စစ်ဆေးရမည့် အရာများမှာ သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းတို့ဖြစ်ပါသည်။ သို့သော် ထိုစစ်ဆေးမှုများသည် ရောဂါအမည်တပ်ရန် အဓိကအနေဖြင့် အရေးမပါလှပါ။ယနေ့အချိန်အထိ ထိုရောဂါကို ကုသရန်ဆေးမရှိသေးပါ။ စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။လူနာသည် ဝေဒနာများခံစားလာရပါက ပွပွချောင်ချောင် အဝတ်အစားများဝတ်ခြင်း၊ ဘယ်ညာစောင်းခြင်း ဆောင့်ကြောင့်ထိုင်ခြင်းစသည့် အနေအထား ပြောင်းလဲမှုများကို ရှောင်ကျဉ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ လဲလျောင်းနေခြင်းက အကောင်းဆုံး ဖြစ်ပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ။အောက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်း ကုထုံးများသည် သင့်အတွက် အကူအညီ ဖြစ်နိုင်ပါသည်။သင်သိလိုသည်များ ရှိသော် ဆရာဝန်နှင့် တိုင်ပင်ကာ ပိုမို ကောင်းမွန်သော အကြံဉာဏ်များ ရယူနိုင်ပါသည်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/cardiasthenia-explained/
ကိုယ်ဝန်ဆောင်ချိန် နှင့် sex ကိစ္စ ။ ။
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရလား။ ဒါကိုယ်ဝန်သည်တွေ တော်တော်များများ ဇဝေဇဝါဖြစ်ပြီး မေးလေ့ရှိကြတဲ့ ကိစ္စတစ်ခုပါ။ ဒီဆောင်းပါးထဲမှာတော့ ကိုယ်ဝန်သည်တွေ အမျိုးသားနဲ့ အတူနေလို့ ရမရ ကိစ္စနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးတော့မှာ ဖြစ်ပါတယ်။ ။ ကိုယ်ဝန်ဆောင်ချိန် နှင့် sex ကိစ္စ အကြောင်း ဖတ်ကြည့်လိုက်ရအောင်နော်။ကိုယ်ဝန်ဆောင်ချိန်မှာ။ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရပါတယ်။ ဗိုက်ထဲက သင့်ကလေးကို ထိခိုက်စေမှာလည်း မဟုတ်သလို ကလေးပျက်ကျတာမျိုးကိုလည်းဖြစ်စေမှာ မဟုတ်ပါဘူး။သင့်ကလေးရှိနေတဲ့သားအိမ်ရယ်၊ရေမြွှာရေရယ်၊ ရေမြွှာအိတ်တွေရယ်က သင့်ကလေးကို အကောင်းဆုံး ကာကွယ်ပေးထားတာဖြစ်လို့ အတူနေမိတာလောက်နဲ့တော့ ကလေးကို မထိခိုက်စေပါဘူး။ဒါကတော့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီနိုင်ပါဘူး။ လေ့လာချက်တွေအရ ကိုယ်ဝန်ဒုတိယ ၃လမှာ အမျိုးသမီးတစ်ယောက်ရဲ့ လိင်ကိစ္စစိတ်ဝင်စားမှု မြင့်နေတတ်တယ်လို့ ဆိုပါတယ်။ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ဝန်သက် ဒုတိယ ၃လမှာ အတူနေဖို့ ကိစ္စကို စိတ်ဝင်စားမှု မြင့်တက်နေရခြင်းဖြစ်ပါတယ်။ကိုယ်ဝန်သက် ပထမ ၃ လမှာတော့ကိုယ်ဝန်ကြောင့်ရတဲ့ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ သက်တောင့်သက်တာ မရှိမှုတို့ကြောင့် လိင်ကိစ္စမှာ စိတ်ဝင်စားမှုနည်းနေတတ်ပါတယ်။ကိုယ့်ဝန်သက် တတိယ ၃ လ မီးဖွားခါနီးမှာ ကြီးလာတဲ့ ဗိုက်ကြောင့် သက်တောင့်သက်တာ မရှိတဲ့အပြင် ခါးတွေလည်း ကိုက်တတ်တာကြော့င် လိင်ကိစ္စကို စိတ်မဝင်စားနိုင်ကြတော့ပါဘူး။ဘာပြဿနာမှ မရှိတဲ့ ပုံမှန် ကိုယ်ဝန်ဖြစ်ပြီး နှစ်ဦးစလုံးက အတူနေဖို့ စိတ်ပါနေတယ်ဆိုရင် ရှောင်စရာမလိုပါဘူး။ ကိုယ်ဝန် ဘယ်နှစ်လအထိ အတူနေလို့မရဘူးဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ကိုယ်ဝန်သက်တမ်း ရင့်လာလေလေ အီစထရိုဂျင် ဟော်မုန်းတွေ များလာလေလေ သွေးလည်ပတ်မှုတွေ ကောင်းလာလေလေ ဖြစ်လို့ ကိုယ်ဝန်ကြီးနဲ့ အတူနေမိပြီး နောက်ပိုင်း သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။ စိုးရိမ်တတ်ရင်တော့ ဆရာဝန်ဆီ သွားပြစေချင်ပါတယ်။Dr. Thin Yadanar။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/pregnancy-and-sex/
ကိုယ်ဝန်ဆောင်နေစဉ် လေယာဉ်စီးခြင်းဟာ အန္တရာယ်ကင်းလား
ကိုယ်ဝန်ဆောင်နေလို့ ဆိုပြီး အိမ်မှာပဲ ကိုယ့်ကိုယ်ကို လှောင်ပိတ်ထားဖို့တော့ မလိုပါဘူး။အာဟာရပြည့်တဲ့ အစားအစာတွေ စားမယ်။ သားဖွားမီးယပ် ဆရာဝန်နဲ့ သေချာပြသပြီး မိခင်နဲ့ ဗိုက်ထဲက ကလေး ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှုပြုမယ်။ မနက်ခင်းမှာ လေကောင်းလေသန့်ရှူရှိုက်ရင်းလမ်းထွက်လျှောက်မယ်။ အိမ်နဲ့ အနီးအနားက စတိုးဆိုင်လေးတွေမှာ မိသားစုအတွက်ဈေးဝယ်ထွက်မယ်။ အလုပ်လည်း အားနေတော့အလှအပအတွက်ကိုလည်း ဂရုစိုက်ပေးလို့ ရတယ်နော်။ခရီးသွားတဲ့ ကြိုက်နှစ်သက်တဲ့ အမျိုးသမီးတွေ စိတ်ပူတတ်တဲ့အရာတွေထဲမှာ ကိုယ်ဝန်ဆောင်နေစဉ်လေယာဉ်စီးလို့ ရ၊ မရ ဆိုတာလည်း တစ်ခုအပါအဝင်ပါပဲ။ဒီနေ့ဆောင်းပါးလေးကတော့ လေယာဉ်စီးလို့ ကလေးကို ထိခိုက်စေနိုင်မလား၊ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရှိလား၊ ဘယ်လိုအချိန်မှာ စီးသင့်လဲ၊ ဘာတွေ ကြိုတင်ပြင်ဆင်မှု ပြုလုပ်သင့်လဲ အစရှိတာတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးမှာ မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းတယ်ဆိုရင် စီးလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကိုယ်ခရီးမသွားခင် သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စစ်ဆေးကြည့်ပြီးမှ ထွက်တာ ပိုကောင်းပါတယ်။ ကိုယ်က ဘယ်လောက်ကြာအောင်ခရီးသွားမှာလဲ၊ ကိုယ်သွားမယ့် နိုင်ငံရဲ့ ရာသီဥတုနဲ့အပူချိန်ကိုလည်း ဆရာဝန်ကို ကြိုတင်ပြောပြထားပေးပါ။ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရမယ့် အရာတွေ၊ ဆေးဝါးတွေ ထည့်သွားပါ။ ဘယ်ပဲသွားသွား တစ်ယောက်တည်း ခရီးသွားတာထက် အဖော်တစ်ယောက်ပါတာ ပိုကောင်းပါတယ်။ကိုယ်ဝန် ဒုတိယ ၃လပတ်အချိန်(ကိုယ်ဝန် ၃လပတ်နဲ့ ၆လပတ် အတွင်း) ဟာ ခရီးသွားလို့ အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ဝန်ဆောင်တွေအနေနဲ့ မနက်ပိုင်း ကိုယ်လက်မအီမသာဖြစ်တာ၊ပျို့အန်တာတွေ၊ ဟော်မုန်းအပြောင်းအလဲကြောင့် မူးဝေတာ အစရှိတဲ့ လက္ခဏာတွေလည်း ပျောက်ကင်းလုနီးပါးဖြစ်နေပါပြီ။ ဒီတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း မူးဝေပျို့အန်မှာကို ပူစရာမလိုပဲ ပျော်ပျော်ပါးပါး ခရီးသွားလို့ အဆင်ပြေပါတယ်။၁။ သားဖွားမီးယပ်ဆရာဝန်နဲ့ အရင်ဆုံး ပြသပြီး ကိုယ်သွားမယ့် ခရီးစဉ်အကြောင်း၊ ကိုယ့်ကျန်းမာရေးနဲ့ သွားဖို့ သင့်၊ မသင့် အရင်ဆုံးတိုင်ပင်ပါ။၂။ ကိုယ့်အတွက် လိုအပ်တဲ့ ဆေးဝါးတွေ၊ဖြည့်စွက်အားဆေးတွေမပါမဖြစ် သယ်ဆောင်သွားပါ။၃။ လေပွတာ၊ ဝမ်းလျှောတာ၊အစာမကြေတာတွေကို သက်သာစေဖို့ သောက်ဆေး ဆောင်သွားပါ။၄။ ကိုယ့်ရဲ့ ခင်ပွန်း သို့မဟုတ် ပြုစုစောင့်ရှောက်ပေးဖို့ အဖော်တစ်ယောက်ကို ခေါ်သွားပါ။၅။တုပ်ကွေးကာကွယ်ဆေးထိုးဖို့ ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်ပါ။၁။ လေယာဉ်မစီးခင်မှာ လေပွစေမယ့် အစားအသောက်တွေကို မစားသင့်ပါဘူး။၂။ လေယာဉ်စီးနေစဉ်မှာ ခါးပတ်ကို ဗိုက်ရဲ့ အောက်နားမှာ သေချာပတ်ထားပေးပါ။၃။ ရေသန့်၊ အရည်များများသောက်ပေးပါ။ရေဓါတ်ခမ်းခြောက်တဲ့အခါ သားအိမ်ဆီကို သွေးစီးဆင်းနှုန်း ကျသွားနိုင်လို့ပါ။၄။ လေယာဉ်ငြိမ်နေစဉ် နာရီဝက်ခြား တစ်ခါ လမ်းထလျှောက်ပေးပါ။၅။ သန့်စင်ခန်းနဲ့ နီးပြီး သွားရလာရ အဆင်ပြေတဲ့ ထိုင်ခုံနေရာကို ရွေးထားပါ။ပြည်တွင်း အနီးအနားကို ခဏတာ လေယာဉ်စီးသွားတာဟာ သိပ်ပြဿနာ မရှိနိုင်ပေမယ့် နိုင်ငံရပ်ခြား ဝေးလံတဲ့ နေရာတွေကို နာရီပေါင်းများစွာ လေယာဉ်စီးသွားရမယ်ဆိုရင်တော့ ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။လမစေ့ပဲ ကလေးမွေးတာအပြင်၊ တခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် မဖြစ်မနေ သွားရမယ့် ခရီးဆိုရင် ကိုယ်ဝန်ဆောင် တတိယ ၃လပတ် မတိုင်ခင် သွားတာ အကောင်းဆုံးပါပဲ။၁။ အသက် ၃၅ နှစ်ထက်ကြီးတာ၊ အသက် ၁၅ နှစ်အောက် ငယ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ။၂။ ပထမဆုံး ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေ။၃။ ကိုယ်က တစ်ယောက်ထက် ပိုတဲ့ ကိုယ်ဝန်ကို လွယ်ထားရတာဆိုရင် (အမွှာ၊ ၃မွှာပူး ကိုယ်ဝန်လွယ်ထားသူ အမျိုးသမီးတွေ)။၄။ ကိုယ်ဝန်ဆောင်နေစဉ် သို့မဟုတ် မဆောင်ခင်မှာ အချင်းမူမမှန်တဲ့ လက္ခဏာရှိမယ်ဆိုရင်။၅။ မိန်းမကိုယ် သွေးယိုစီးခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရှိတဲ့ အမျိုးသမီးတွေ။၆။ ယခင် ကိုယ်ဝန်ပျက်ကျဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ။၇။ သားအိမ်ပြင်ပမှာ သန္ဓေတည်ဖူးတဲ့ အမျိုးသမီးတွေ။၈။ သားဖွားမယ့်ရက်မတိုင်မီ စောစီးစွာ ကလေးမွေးဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ။၉။ သွေးတိုး၊ ဆီးချို၊ ကိုယ်ဝန်ဆောင်နေစဉ် တက်ခြင်း ဖြစ်တတ်တဲ့ အမျိုးသမီးတွေအနေနဲ့ ဝေးလွန်းတဲ့ နိုင်ငံတွေကို လေယာဉ်စီးပြီး သွားလာတာမျိုး မလုပ်သင့်ပါဘူး။သားဖွားမီးယပ်ဆရာဝန်အနေနဲ့ ကိုယ်သွားရမယ့် နိုင်ငံမှာ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ဖြစ်နေရင်၊ အမြင့်ပေ ၁၂၀၀၀ အထက် မြင့်လွန်းတဲ့ အခြေအနေမျိုးတွေအတွက်လည်း ခရီးသွားခြင်းကို တားမြစ်ပါလိမ့်မယ်။ထိုင်ခုံမှာ အကြာကြီးထိုင်တဲ့အခါ သွေးယိုစီးပြီး သွေးခဲတာ၊ သွေးပေါင်ချိန်တက်တာ၊ နှလုံးခုန်နှုန်း မြန်တာ၊ ဓါတ်ရောင်ခြည်လှိုင်းနဲ့ ထိတွေ့မိတဲ့ အန္တရာယ် အနည်းငယ် ဖြစ်နိုင်ပါတယ်။ အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် လေယာဉ်စီး ခရီးသွားလာခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကြီးမားတဲ့ အန္တရာယ်မျိုး မဖြစ်စေပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်အခြေအနေကို သေချာစစ်ဆေးပြီး ဆရာဝန်နဲ့ တိုင်ပင်ပြီး၊ လိုအပ်တဲ့ အရာတွေကို ကိုယ့်ဘက်ကို ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/air-flight-during-pregnancy/
ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချို ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ ။ ။
ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချို အကြောင်းကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒါကို Gestational diabetes လို့ခေါ်ပါတယ်။ မျိုးရိုးထဲမှာလည်းဆီးချိုမရှိ၊ ကိုယ့်မှာလည်း ဆီးချို ရှိနေတာ မဟုတ်ဘဲနဲ့ ကိုယ်ဝန်ဆောင်မှ ဆီးချိုဖြစ်ဖူးတဲ့ သူတွေရှိကြမှာပါ။ ဆီးချိုဆိုတဲ့ ရောဂါကလည်း အစားအသောက်ရှောင်ရပြီး ပြန်မပျောက်တတ်တော့ လူတိုင်းကကြောက်ကြတာပေါ့။ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ ဆီးချိုတက်ခြင်းတွေက မီးဖွားပြီးရင်တော့ ပြန်ပျောက်သွားလေ့ရှိတယ်ဆိုပေမယ့်မီးဖွားဖို့ဆိုတာကလည်း ၁၀ လကြီးများတောင်လိုတာဆိုတော့ ကိုယ်ဝန်ဆောင်ချိန်တက်လာတဲ့ ဆီးချိုဟာ ဒီ ၁၀ လအတွင်း ကိုယ်ဝန်အပေါ်မှာ၊ သန္ဓေသားအပေါ်မှာ မိခင်အပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိမှာပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။ကိုယ်ဝန်ဆောင်တဲ့ မိခင်တိုင်း ဒီလို ဆီးချို ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီလို ကိုယ်ဝန်ဆောင်ချိန်တက်လာတဲ့ ဆီးချိုဟာအချင်းကနေထုတ်တဲ့ human placental lactogen ကြောင့် ဖြစ်ရတာပါ။ Human placental lactogen ဟော်မုန်းကအင်ဆူလင်ဟော်မုန်းရဲ့ အာရုံခံနိုင်စွမ်းကို လျော့ကျအောင် လုပ်လိုက်တာကြောင့်သွေးတွင်းသကြားဓာတ်တွေတက်လာရတာပါ။ဒီလို ကိုယ်ဝန်ဆောင်ကြီးနဲ့ ဆီးချိုဖြစ်တာက ကိုယ်ဝန်သက် ၂၄ပတ် ကနေ ၂၈ပတ်အတွင်းမှာ စဖြစ်လာတတ်ပါတယ်။ မျိုးရိုးလည်းမရှိ၊ အရင်တည်းက ဆီးချိုမရှိဘဲနဲ့လည်း ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ပြီး တစ်သက်လုံးဆက်ရှိသွားတတ်တာမျိုးလည်း မဟုတ်ပါဘူး။ တစ်ခုရှိတာက ကိုယ်ဝန်ရှိချိန်မှာ ဆီးချိုတတ်ဖူးတဲ့သူတွေဟာ နောက်ပိုင်းကျရင် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ချေတော့ များတတ်ပါတယ်။ကိုယ်ဝန်ကြီးနဲ့ ဆီးချိုဖြစ်နေတဲ့ မိခင်တစ်ယောက်က မွေးလာတဲ့ ကလေးရဲ့ အလေးချိန်ဟာ ပုံမှန်ဖြစ်တဲ့ ၅ပေါင် ၈ အောင်စထက်ကို များနေပါလိမ့်မယ်။ ဒီလိုကလေးကြီးနေတာကြောင့် မီးဖွားတဲ့အခါ မွေးလမ်းကြောင်းကို ကလေးက ဆင်းရခက်သလို၊ မိခင်ဘက်ကလည်း ညှစ်ရလွန်းအားကြီးပြီး မိန်းမကိုယ်ပြဲသွားတာမျိုးတွေ ဖြစ်တတ်တာကြောင့်မီးဖွားရခက်ခြင်းကို ဖြစ်စေမှာပါ။ကလေးက ကြီးလွန်းလို့ ရိုးရိုးမွေးဖို့ မလွယ်တဲ့အခါ ခွဲမွေးရတတ်ပါတယ်။ ဒီအခါ ခွဲမွေးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတချို့ကို ခံရမှာပါ။ ဒါ့ပြင် ဆီးချိုကြောင့် အနာကျက်ဖို့ ခက်ခဲတာမျိုးပေါ့။ကိုယ်ဝန်ကြောင့် ဆီးချိုတက်နေတဲ့ ဝေဒနာခံစားရတဲ့ အမျိုးသမီးတွေဟာ တစ်ချိန်တည်းမှာပဲ သွေးပေါင်ပါ ဆက်တက်နိုင်တဲ့အတွက်ကိုယ်ဝန်ဆိပ်တက်တဲ့ ဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ အချိန်မတိုင်ခင် မီးဖွားစေနိုင်သလို အခန့်မသင့်ရင် သွေးခဲတဲ့ ဝေဒနာကိုပါ ခံစားရစေပြီး မိခင်ကိုလေဖြတ်စေနိုင်ပါတယ်။တက်နေတဲ့ ဆီးချိုကြောင့် များလာတဲ့ သွေးတွင်းသကြားဓာတ်တွေဟာ အချင်းကနေဖြတ်ပြီး ကလေးဆီကို ရောက်ကုန်တဲ့အတွက် ဗိုက်ထဲက ရင်သွေးလေးဟာ ပုံမှန်ထက်ပိုပြီး ကြီးထွားနေရတာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးပခုံးနဲ့ ဗိုက်တို့လို နေရာမျိုးတွေက ပိုကြီးနေတတ်ပြီး မီးဖွားတဲ့အခါ မွေးရခက်တတ်ပါတယ်။ ဒါကြောင့်လည်း ခွဲမွေးရတတ်ပါတယ်။ဆီးချိုရှိသူ အမျိုးသမီးတွေက မရှိသူတွေထက်စာရင် နေ့မစေ့ လမစေ့ မွေးနိုင်ခြေ ပိုများပါတယ်။ နေ့မစေ့ လမစေ့ မွေးတဲ့အတွက် ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ (အထူးသဖြင့် အဆုတ်က) ကောင်းကောင်း မဖွံ့ဖြိုးသေးတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကလေးအသေမွေးတာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆီးချိုကောင်းကောင်း မထိန်းနိုင်ရင်ပါ။အမေ့ရဲ့  တက်နေတဲ့ သွေးတွင်းသကြားဓာတ်တွေက ကလေးဆီကို ရောက်သွားတဲ့အတွက် ကလေးရဲ့ ပန်ကရိယက အင်ဆူလင်တွေ အများကြီး ထုတ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ကြိုးစားပါတယ်။ မွေးလည်းပြီးရော အမေ့ဆီက သကြားဓာတ်က ကလေးဆီ မရောက်တော့ပေမယ့် အင်ဆူလင်က များနေသေးတာကြောင့် သွေးတွင်းသကြားဓာတ် ထိုးကျသွားတတ်ပါတယ်။အပေါ်မှာ ပြောခဲ့တဲ့ ဆိုးကျိုးတွေက သွေးတွင်းသကြားဓာတ်ကို သေချာ မထိန်းမှသာ ဖြစ်လာနိုင်တာတွေပါ။ ကိုယ်ဝန်ဆောင်ဆီးချိုက တခြားဆီးချိုရောဂါတွေလိုပါပဲ။ ဆေးဝါးတွင် အစားအသောက်တွေနဲ့ပါ ထိန်းရတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရှိတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းထားဖို့ အရေးကြီးပါတယ်။ ဒါမှ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်မှာပါ။ကိုယ်ဝန်ကြောင့် ဆီးချိုတက်တာက တခြားဆီးချိုတွေကိုပဲ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်အပ်တဲ့အခါ၊ ရက်ချိန်းပြတဲ့အခါ သွေးတငွင်းသကြားဓာတ်ကို စစ်ကြည့်တာပါ။ ဒါပေမယ့် လက္ခဏာပြခဲ့မယ်ဆိုရင်တော့။အကောင်းဆုံးကတော့ ကိုယ်ဝန်ရှိနေပြီဆိုတည်းက ဆရာဝန်ဆီမှာ သေချာအပ်ပြီး ကိုယ်ဝန်ရော မိခင်ရဲ့ ကျန်းမာရေးကိုရော တစ်လပြီးတစ်လ စောင့်ကြည့်စစ်ဆေးနေတာ အကောင်းဆုံးပါ။ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ရင်လည်း ဆေးကုသမှု လက်ဦးထားလိုက်ရင် အဆိုးဆုံးတွေ ဖြစ်လာတော့မှာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ်ဝန်ရှိပြီဆိုတည်းက သက်ဆိုင်ရာ သားဖွားဆေးခန်းတွေမှာ သေချာ ဗိုက်အပ်သင့်ပါတယ်။ ။ရေးသားသူ− Dr Thin Yadanar @ Frances။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/effect-of-gestational-diabetes-on-pregnancy/
နှလုံးအမြှေးပါး ရေဝင်ခြင်း (Pericardial effusion) ဆိုတာ
အဆုတ်ထဲရေဝင်တယ်တို့၊ အဆုတ်ရေဝိုင်းတယ်တို့ဆိုတာ ကြားဖူးကြမှာပါ။ ဒီလိုပဲ နှလုံးမှာလည်း ရေဝင်တတ်ပါတယ်။ အတိအကျပြောရရင်တော့ နှလုံးအမြှေးပါးမှာ ရေဝင်တာပေါ့။ခန္ဓာကိုယ်ရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေမှာ အပေါ်ကနေ အမြှေးပါးလေးနဲ့ အုပ်ထားတတ်ပါတယ်။ ဥပမာ နှလုံးတို့ အဆုတ်တို့ပေါ့။ ရောဂါတစ်ခုခု ဖြစ်တဲ့အခါ ဒီအမြှေးပါးနဲ့ ကိုယ်တွင်းအင်္ဂါတွေကြားမှာ ရေဝင်လာတတ်ပါတယ်။ ခုနှလုံးမှာဆို နှလုံးရေဝင်တယ်လို့ ခေါ်တာပေါ့။ နှလုံးအတွင်းထဲကို ရေဝင်တာမျိုး မဟုတ်ဘဲ နှလုံးနဲ့ အမြှေးပါး ကြားထဲမှာ ရေဝင်နေတာပါ။လက္ခဏာက ရေဘယ်လောက်ဝင်လဲပေါ် မူတည်ပါတယ်။ ရေနည်းရင် တချို့မှာ လက္ခဏာတောင် မပြတတ်ပါဘူး။ ရေများလာရင်တော့။ဒါတွေက လက္ခဏာ သက်သက်သာ ဖြစ်ပြီး နှလုံးအမြှေးပါး ရေဝင်မဝင်ကိုတော့နှလုံးအက်ကိုးတို့ အီးစီဂျီတို့ ဓာတ်မှန်တို့ရိုက်မှပဲ အတိအကျ သိရမှာပါ။အုန်းသီးထဲ ဘယ်သူက ရေလာထည့်သလဲဆိုသလိုပေါ့။နှလုံးအမြှေးပါးထဲကိုရော ဘယ်သူက ရေလာထည့်သွားတာပါလိမ့်။နှလုံးအမြှေးပါးထဲကို ရေဝင်စေတဲ့ အကြောင်းရင်းကတော့ နှလုံးအမြှေးပါး ရောင်ရမ်းလို့ပါပဲ။ ဘာနဲ့ တူသလဲဆိုတော့ အပြင်မှာ သာမန်ပြည်တည်နာဖြစ်ရင် သားနံရည်တွေ ထွက်သလိုပဲ နှလုံးအမြှေးပါးရောင်ရမ်းရင်လည်း ထွက်တတ်ပါတယ်။ထွက်တဲ့အရည်က ရိုးရိုး အရည်ကြည်လည်း ဖြစ်နိုင်သလို ပြည်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ နှလုံးကို ထိခိုက်ဒဏ်ရာရတာကြောင့် သွေးထွက်နေတာလည်း ဖြစ်နိုင်ပါတယ်။ဒီထဲမှာ အဖြစ်အများဆုံးကတော့နှလုံးအမြှေးပါးရောင်ရမ်းတာပေါ့။ ဘာတွေကြောင့် ရောင်သလဲဆိုရင်။ဒါကတော့ လူနာနဲ့ အခြေအနေနဲ့ ဝင်တဲ့ ရေပမာဏအပေါ် မူတည်ပါတယ်။ ပုံမှန်လည်း နှလုံးနဲ့ နှလုံးအမြှေးပါးကြားမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရအောင် အရည်အနည်းငယ်တော့ ရှိပြီးသားပါ။ရောဂါတစ်ခုခုကြောင့် ရေဝင်ပြီဆိုရင် ၁၀၀ မီလီလီတာ (ရေသန့်ဘူးရဲ့ ဆယ်ပုံ တစ်ပုံ)ကနေ ၂လီတာထိ ဝင်နိုင်ပါတယ်။ ရေတွေ သိပ်များလာပြီဆို နှလုံးကို ပြန်ဖိပါတယ်။ အဖိခံရတဲ့ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်ဘူးဆိုရင် မကြာခင် တစ်ကိုယ်လုံးမှာရှော့ဝင်လာမှာပါ။ ဒီအခြေအနေကို pericardial tamponadeလို့ ခေါ်ပါတယ်။ အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ် ရှိပါတယ်။ဒါကြောင့် အထက်ပါ လက္ခဏာတွေကို ခံစားရနေပြီဆိုရင် ဒါမှမဟုတ် ရုတ်တရက် ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။ လက္ခဏာတွေက သိသိသာသာ ခွဲခြားဖို့ ခက်တာကြောင့် အသေးစိတ် စစ်ဆေးဖို့ လိုပါမယ်။ကုသနည်းတွေက အရောင်ကျအောင် ဆေးတွေပေးတာ၊ အရည်တွေ စုပ်ထုတ်တာ၊ ခွဲစိတ်မှုတွေ လုပ်တာ စသဖြင့် လူနာလိုအပ်ချက်နဲ့ ရောဂါအခြေအနေအပေါ် မူတည်ပြီး ကုသလို့ရပါတယ်။ လက္ခဏာတွေ ခံစားရရင်သာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%a1%e1%80%99%e1%80%bc%e1%80%be%e1%80%b1%e1%80%b8%e1%80%95%e1%80%ab%e1%80%b8-%e1%80%9b%e1%80%b1%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%bc/
Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း)
Bartholin cyst ဆိုသည်မှာ မိန်းမကိုယ်၏ ဘေးတစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးမှာ ဖေါင်းကြွ အလုံးဖြစ်လာခြင်းဖြစ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ Bartholin gland ဟုခေါ်သော ချွေးထုတ်ပေးသော ဂလင်းတစ်ခု ၏ပြွန်များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ ပိုးမဝင်သော အလုံးများမှာ ကုသစရာ မလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် ၂၀ နှင့် ၂၉ ကြားတွင် ဖြစ်နိုင်ချေ ပိုများပါတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရောဂါလက္ခဏာတွေဟာ ဝေဒနာရှင်ရဲ့ အခြေအနေပေါ်မူတည်ပါတယ်။ အဓိက လက္ခဏာမှာ မိန်းမကိုယ် အနီးတွင် အလုံးဖြစ်လာပြီး ထိုအလုံးသည် ပိုးဝင်ပါက နာကျင်ပြီး ပိုးမဝင်ပါက နာကျင်မှုမပေးပါ။ လမ်းလျှောက်ခြင်း၊ အမျိုးသားနှင့် အတူနေထိုင်းခြင်းတို့ကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။တက်ကျွမ်းသူများကတော့ Bartholin cyst ဟာ E.coli နှင့် အခြားသော လိင်မှတစ်ဆင့်ကူးစက်သည့် ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်ဟု ယူဆကြပါတယ်။Bartholin cyst ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ Bartholin cyst မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က အလုံးရှိရာ မိန်းမကိုယ်ဝန်းကျင်ကို စစ်ဆေးပါလိမ့်မယ်။ ပိုးဝင်မဝင်သိလိုပါက ဂွမ်းစကို သုံး၍ အရည် နမူနာကို ယူကာ ဓါတ်ခွဲ စစ်ဆေးနိုင်ပါတယ်။ ပိုမို တိကျသော အတည်ပြုချက်ကို ရရှိရန် သွေးဖေါက်စစ်ဆေးခြင်းများ လုပ်နိုင်ပါတယ်။ရောဂါ၏ အခြေအနေပေါ် မူတည်ပြီး ကုသမှုများ ကွာခြားပါတယ်။ မည်သည့် လက္ခဏာမှ မပြသော သေးငယ်သည့် အလုံးမျာ ဟာ သူ့အလိုလို သက်သာ ပျောက်ကင်းသွားပါတယ်။ ပြင်းထန်စွာ နာကျင်ခြင်း၊ ပိုးဝင်ခြင်းများ ရှိပါက ဆရာဝန်မှ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မယ်။ မသက်သာပါက သို့မဟုတ် ပိုဆိုးလာပါက မကြာခဏ ပြန်လည်ခေါ်ယူ စမ်းသပ် နိုင်ပါတယ်။ပိုးဝင်သော အလုံးများကို ရေသန့်နွေးတွင် ထိုင်ခြင်း၊ အပူနွေးနွေး ကိုထိပေးခြင်း၊ ပိုးသတ်ဆေးများ သောက်ခြင်း စသည်နည်းများဖြင့် ကုသနိုင်ပါတယ်။ ထိုနည်းလမ်းများနှင့် မသက်သာသေးပါက ထိုအလုံး ကို ဆရာဝန်မှ ဖေါက်ထုတ် ပြီး ပြန်ချုပ်ပေးပါလိမ့်မယ်။ ထိုသို့ဖြင့် အလုံးအတွင်းရှိ အရည်များ ထွက်သွားမှာ ဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Bartholin cyst ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။-ဆရာဝန်ထံ ချိန်းထားသည့်အတိုင်း ပုံမှန် သွားပြခြင်း။-ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာခြင်း၊ မိမိသဘောနှင့် မိမိ မညွှန်းသော ဆေးများသောက်ခြင်း/ဆေးဖြတ်ခြင်း/လျှော့သောက်ခြင်း များမပြုလုပ်သင့်ပါ။-အပူပေးခြင်း၊ ပိုးသတ်ဆေးသောက်ခြင်း။-တစ်ကိုယ်ရည် သန့်ရှင်းရေး ပုံမှန်လုပ်ခြင်း။-အိမ်သာ သွားပြီးပါက စက္ကူအသုံးပြုပါလျှင် စက္ကူကို အရှေ့ဘက် မိန်းမကိုယ်မှ စ၍ အနောက် စအိုသို့ သုတ်ခြင်း(ထိုသို့ဖြင့် စအိုဝန်းကျင်ရှိ ဘက်တီးရီးယားများ မိန်းမကိုယ်သု့ိ ရောက်ခြင်းကို ကာကွယ်နိုင်ပါတယ်)။-ရောဂါပိုးများ မကူးစက်စေရန် အကာအကွယ်သုံး၍ လိင်ဆက်ဆံခြင်း။-ဆီးချိုရောဂါ ရှိပါက သွေးတွင်း သကြား level ကို ထိန်းညှိခြင်း( သွေးတွင်း သကြားဓါတ်များပါက အနာကျက်ခြင်း နှေးစေပါတယ်)။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/bartholincyst-%e1%80%99%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%90%e1%80%8a%e1%80%ba%e1%80%bc/
ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် မိဘများမှဆင်းသက်လာသည် ဆိုသည်မှာ မှန်ပါသလား။
သိပ္ပံပညာရှင်များသည် ထိုမေးခွန်းကို ရာစုနှစ်တစ်ခု ထက်ပိုပြီး လေ့လာစမ်းသပ်ခဲ့ကြသည်။ အဖြေကတော့ ရှင်းပါသည်။ လူအမျိုးမျိုးတွင် ဉာဏ်ရည်ဉာဏ်သွေး အမျိုးမျိုးကွဲပြားခြားနားခြင်းသည် မျိုးဗီဇဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့်ဖြစ်သည်။လူသားများ၏အမူအကျင့်နှင့် အသိအမြင်အခန်းကဏ္ဍများကဲ့သို့ပင် ဉာဏ်ရည်သည်လည်းပဲ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၏ လွှမ်းမိုးခြင်းကိုခံရသော ရှုပ်ထွေးသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးသည် လေ့လာဖို့အတွက် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။ ၎င်းကိုနည်းလမ်းမျိုးစုံဖြင့် တိုင်းတာ သတ်မှတ်နိုင်သည်။ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်သော သတ်မှတ်ချက်အများစုတွင် အတွေ့အကြုံများမှ လေ့လာနိုင်ခြင်းစွမ်းရည်နှင့် ပြောင်းလဲနေသော ပတ်ဝန်းကျင်ကို လိုက်လျောညီထွေရှိအောင် ပြောင်းလဲနေထိုင်နိုင်ခြင်းများ ပါဝင်သည်။ ဉာဏ်ရည်ဉာဏ်သွေး၌ ပါဝင်ဖွဲ့စည်းထားသော အချက်အလက်များတွင် ကျိုးကြောင်းချင့်ချိန်နိုင်စွမ်း ၊ အစီအစဉ်ချနိုင်စွမ်း၊ ပြဿနာများဖြေရှင်းနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း၊ ရှုပ်ထွေးသော ကိစ္စရပ်များကို နားလည်နိုင်စွမ်းတို့ပါဝင်ကြသည်။ လေ့လာချက်များစွာသည် ဉာဏ်ရည်ပိုင်းဆိုင်ရာ အတိုင်းအတာအိုင်ကျူ(IQ)ဟုခေါ်သောဉာဏ်ရည်တိုင်းတာမှုတစ်ခုပေါ်တွင် မှီခိုကြသည်။ကလေး၏ဉာဏ်ရည်ဉာဏ်သွေး လေးဆယ်ရာခိုင်နှုန်းလောက်သည် မိခင်များထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ လေ့လာစမ်းသပ်ချက်များအရ ဉာဏ်ရည်ဉာဏ်သွေးဆိုသည်မှာ သဘာဝအ လျောက်ရသော အရာလား ။ ပြုစုပျိုးထောင်လို့ရလာသော အရာလားဟူ၍ အငြင်းပွားကြသည်။ မျိုးဗီဇ ပိုင်းဆိုင်ရာ အချက်အလက်များနှင့် ဉာဏ်ရည်ဉာဏ်သွေး တိုင်းတာချက်များအရ မျိုးရိုးဗီဇအကြောင်းအချက်များသည် ကလေး၏ အိုင်ကျူ တွင် နှစ်ဆယ်မှ လေးဆယ်ရာခိုင်နှုန်း ထိပါဝင်သည် သည်ဟုတွေ့ရှိခဲ့ရသည်။ကလေးဘဝ၏ဉာဏ်ရည်ဉာဏ်သွေးသည် အသက်ကြီးလာသောအခါ ဖြစ်ပေါ်လာသည့်ဉာဏ်ရည် ဉာဏ်သွေးနှင့် အရေးပါစွာဆက်စပ်လျက် ရှိသည်။ကလေး၏ဉာဏ်ရည်ဉာဏ်သွေးသည်မျိုးရိုး လိုက်သည်ဟုလည်းတွေ့ရှိရသည်။ မျိုးဗီဇ များသည် ကြီးမားသော အပြောင်းအလဲကိုပြုလုပ်ပေးသည်။သို့သော်လည်းပဲ ဉာဏ်ရည်ဉာဏ်သွေး တစ်ခုလုံးကို ဆုံးဖြတ်ပေးသည်တော့မဟုတ်ပါ။ လူအများကြား ဉာဏ်ရည်ဉာဏ်သွေးကွာခြားမှုများ၏ ငါးဆယ်ရာခိုင်နှုန်းသည် မျိုးဗီဇခြားနားချက်များကြောင့်ဖြစ်ပြီး ကျန်သောငါးဆယ်ရာခိုင်နှုန်းသည် ပတ်ဝန်းကျင်အကြောင်းအချက်များ ကြောင့်ဖြစ်သည်။ သင့်ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးကို ဆုံးဖြတ်ပေးသော အခြားမျိုးဗီဇတစ်ခုသည် X နှင့် Y ခရိုမိုဇုန်းများကြောင့်ဖြစ်သည်။လေ့လာတွေ့ရှိချက်များအရဉာဏ်ရည်ဉာဏ်သွေးကိုဆုံးဖြတ်ပေးသော မျိုးဗီဇသည် X ခရိုမိုဇုန်းအပေါ်တွင်တည်ရှိသည်။ သားယောကျာ်းလေးများသည်မိခင်များထံမှ X ခရိုမိုဇုန်းများကိုလက်ခံရရှိသည်။ X ခရိုမိုဇုန်းတွင်ပုံမမှန်မှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက မိန်းကလေးများထက် ယောကျာ်းလေးများပေါ်တွင် သက်ရောက်မှုပိုများသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတစ်ဦးသည် မိဘနှစ်ဦးလုံးထံမှ X ခရိုမိုဇုန်းများရရှိခြင်းဖြစ်သည်။ သို့ဖြစ်၍ X ခရိုမိုဇုန်းနှစ်ခုတွင် တစ်ခုပုံမမှန်လျှင် ကျန် X ခရိုမိုဇုန်းတစ်ခု ရှိနေသေး၍ ပုံမမှန်မှုကို လျှော့ချ ပေးနိုင်သည်။ ဆိုလိုသည်မှာ သားယောကျာ်းလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးသည် မိခင်များထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးသည် ပတ်ဝန်းကျင်လွှမ်းမိုးမှုအပေါ်တွင် လည်း များစွာမူတည်သည်။ ကလေး၏ အိမ်ပတ်ဝန်းကျင်နှင့် မိဘများ၏ပြုစုစောင့်ရှောက်မှု၊ ပညာ အရည်အချင်းနှင့် စာပေလေ့လာနိုင်မည့် အရင်းအမြစ်များ အစားအသောက်အာဟာရများ စသော အကြောင်းအချက်များသည် ဉာဏ်ရည်ဉာဏ်သွေးပေါ်တွင်လွှမ်းမိုးမှုရှိသည်။ လူတစ်ယောက်၏ ပတ်ဝန်းကျင်နှင့် မျိုးဗီဇများသည် တစ်ဦးအပေါ်တစ်ဦး လွှမ်းမိုးမှုရှိသည်။သို့ဖြစ်၍ မျိုးဗီဇများနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှုအကြောင်းအချက်များကို ခွဲခြားပြောဆိုရန်ခက်ခဲသည်။ဥပမာပြောရသော် ကလေးတစ်ယောက်၏ဉာဏ်ရည်ဉာဏ်သွေး အတိုင်းအတာသည် သူ၏မိဘများနှင့် တူညီနေသည် ဆိုပါက မိဘများထံမှကလေးထံသို့ လက်ဆင့်ကမ်းလိုက်သော မျိုးဗီဇ အကြောင်းအချက်တူညီ လို့လားသို့မဟုတ် တူညီသောပတ်ဝန်းကျင်တွင် နေထိုင်ခြင်း ကြောင့်လား သို့မဟုတ ်နှစ်ခုလုံး ကြောင့်လားဆိုသည်ကို ခွဲခြားရခက်ပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်နှင့် မျိုးဗီဇအကြောင်းအချက် များသည် ကလေးတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေး ကိုဆုံးဖြတ်ရာတွင် အရေးပါသော အခန်း ကဏ္ဍမှပါဝင်သည်ဆိုသည်မှာ ရှင်းလင်းပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%81%8f-%e1%80%89%e1%80%ac%e1%80%8f%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%89%e1%80%ac%e1%80%8f%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9e%e1%80%8a/
Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့
ကိုဗစ်ကတော့ ကမ္ဘာကြီးကို ခြိမ်းခြောက်လာခဲ့တာ နှစ်နဲ့ချီပြီး ကြာခဲ့ပါပြီ။ ကိုဗစ် Wave တစ်ခုချင်းစီကို မျိုးစိတ် တစ်ရပ်စီနဲ့ ဖန်တီးလာခဲ့တာပါ။ အခုနောက်ဆုံးကတော့ Omicron ပါ။Omicronက စဖြစ်စမှာ မျိုးစိတ်ကBA.1 ဆိုပေမယ့် အခုချိန်မှာတော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ BA.2 အနေနဲ့ ကူးစက်နေပါတယ်။ ဒီ  Omicron မျိုးကွဲ BA.2 နဲ့ ပတ်သက်လို့ သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။Omicron မျိုးကွဲ BA.2ဆိုတာကိုရိုနာဗိုင်းရပ်စ်တစ်မျိုးပါပဲ။ ဗီဇပြောင်းလဲမှု အဆင့်ဆင့်နဲ့ ဆင့်ကဲ ပြောင်းလဲလာခဲ့တဲ့ကိုဗစ်ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါ။ လက်ရှိ ကမ္ဘာ့နိုင်ငံ အများစုမှာ စတင် ကူးစက်နေတဲ့ ကိုဗစ် မျိုးဗီဇပြောင်း မျိုးကွဲ တစ်ရပ်ပါ။Omicron BA.1 နဲ့ BA.2 က တော်တော်လေး ဆင်တူပေမယ့်ဗီဇပြောင်းလဲမှု၂၀ ကျော် ကွာခြားမှု ရှိနေပါတယ်။ ဒီဗိုင်းရပ်စ် မျိုးကွဲက နိုဝင်ဘာလက ဖိလစ်ပိုင်မှာ စတွေ့ခဲ့တာဖြစ်ပြီး ဘယ်ကနေ အစပြုလာလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။လက်ရှိမှာ Omicron ဗိုင်းရပ်စ်ရဲ့ မျိုးကွဲ BA.2 ကို နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ တွေ့ရှိခဲ့ရပါတယ်။ Omicron ကူးစက်မှုရဲ့ ထက်ဝက်လောက်က BA.2 မျိုးကွဲ ကူးစက်ခံရတာပါ။ ဖြစ်ပွားမှုက အတော်လေး မြင့်တက်နေပါတယ်။အိန္ဒိယမှာတော့ ဖြစ်ပွားမှုက တော်တော်လေး များပြားနေပါတယ်။လေ့လာမှုရလဒ်တွေအရတော့ BA.2 က BA.1 ထက် ပိုပြီး ကူးစက်မြန်ပါတယ်။ ကာကွယ်ဆေးတွေကိုလည်း ကောင်းကောင်း ခုခံရှောင်ရှားနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးထားသူတွေမှာ ကူးစက်မှုကကာကွယ်ဆေး မထိုးထားတဲ့သူတွေထက်တော့ နည်းပါတယ်။ ကာကွယ်ဆေးက ထိုက်သင့်သလောက် ကာကွယ်မှု ပေးသလို ကူးစက်ခံရရင်လည်းလက္ခဏာ မပြင်းထန်အောင်လုပ်ဆောင် ပေးပါတယ်။BA.2 က BA.1 ထက် ကူးစက်မှုက ပိုမြန်တယ်လို့ နိုင်ငံ အရပ်ရပ်ရဲ့ လေ့လာမှုတွေအရ သိရပါတယ်။BA.2 က ယခင်အိုမီခရွန် မျိုးကွဲBA.1 ထက် ရောဂါလက္ခဏာတွေ ပိုပြင်းထန်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ကာကွယ်ဆေး ထိုးနှံမှုတွေက တော်တော်လေး ပြီးစီးနေပြီ ဖြစ်တာကြောင့်လည်း ဒီ BA.2 မျိုးကွဲကြောင့် သေဆုံးတာ၊ရောဂါပြင်းပြင်းထန်ထန် ခံစားရတာတွေက ဖြစ်နိုင်ခြေ နည်းနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းကြပါတယ်။ဘယ်လိုတွေပဲ အမည်နာမတွေ ပြောင်းလဲပါစေ အိုမီခရွန် မျိုးကွဲ BA.2က ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးပါပဲ။ ဒါကြောင့် ကိုဗစ်ကို ကာကွယ်တဲ့ နည်းလမ်းတွေ ဖြစ်ကြတဲ့။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/omicron-new-variant-ba-2/
တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား
တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား ….. ဒါဆိုရင်တော့ နည်းလမ်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။မိန်းကလေးတိုင်း ခန္ဓါကိုယ်လေး လှချင်ကြတာချည်း ပါပဲ။ တချို့တွေကတော့ မျိုးရိုးနဲ့ ခန္ဓါကိုယ် ကောက်ကြောင်း လှလှလေး ရှိကြပါတယ်။ တချို့မှာတော့ မရှိပြန်ပါဘူး။ ရင်သားလေး တင်းရင်းလှပဖို့GYM ဆော့တာတွေလည်း ရှိသလို အိမ်မှာနေရင်းနဲ့ ရင်သားလေးတင်းရင်းပြီး ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းလေးတွေ ရှိတယ်နော်။တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား။ ဒါဆိုရင်တော့။နှိပ်နယ်ခြင်း။ရင်သားလေးတွေကို နည်းစနစ် မှန်မှန် နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ရင်သားတွေ ဖွံ့ဖြိုးစေပါတယ်။ ရင်သားလေးတွေကို အောက်ဘက်ကနေ ပင့်ပြီး အပေါ်ဘက်ကို စက်ဝိုင်း ပုံသဏ္ဍန်လေး နှိပ်နယ်ပေးပါ။သံလွင်ဆီလေး သုံးပြီး နှိပ်ဖို့တော့ မမေ့နဲ့နော်။ တစ်နေ့ကို (၁၅) မိနစ်လောက် နှစ်ကြိမ် နှိပ်နယ်ပေးမယ် ဆိုရင် ကောင်းမွန်တဲ့ ရလဒ်လေး ပိုင်ဆိုင်ရမှာပါ။ဘရာရွေးချယ်ခြင်း။မိန်းကလေးတို့ရေ ကိုယ့်ရဲ့ ရင်သား နဲ့ မှန်ကန် ကွက်တိကျတဲ့ဘရာစီယာအရွယ်အစားကို ဝတ်ပေးတာကလည်း ကောင်းကျိုးတွေ ရရှိစေပါတယ်။ ဘရာစီယာက ကိုယ့်ရဲ့ ရင်သား နဲ့ သေးလွန်းခြင်း၊ ကြီးလွန်းခြင်းတွေ ဖြစ်နေမယ်ဆိုရင် ရင်သား တင်းရင်းမှုနဲ့ ကြီးထွားမှုကို လျှော့ကျစေပါတယ်။ ဘယ်လောက်လှတဲ့ ဘရာစီယာ ဖြစ်ဖြစ် ကိုယ့် ရင်သား နဲ့ ကိုက်ညီမှ ဝတ်ပါ။ဂေါ်ဖီရွက် အသုံးပြုခြင်း။ဂေါ်ဖီရွက်ကလည်းရင်သားတွေတင်းရင်းဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပြုပါတယ်။ ဂေါ်ဖီရွက်ကို အသုံးပြုရမယ့် နည်းလမ်းလေးကလည်း လွယ်ကူတာမို့ လိုက်လုပ်ကြည့်ဖို့ အတော်လေး အဆင်ပြေမှာပါနော်။ဂေါ်ဖီထုပ်ဆိုရင်တော့ အပေါ်ဆုံး အနာအဆာ ပါဝင်နိုင်တဲ့ အရွက်တွေကို ဖယ်လိုက်ပါ။ ရေ သေချာ ဆေးပြီးရင်တော့ အအေးခံရပါမယ်။ရေခဲသေတ္တာထဲ ထည့်ပြီး ခပ်အေးအေး အနေအထားလေး ဖြစ်အောင် ထားလိုက်ပါ။ ပြီးရင်တော့ အရွက်လိုက်လေး ရင်သား တစ်ဖက်စီမှာ ကပ်ထားပေးပါ။ မိနစ်(၂၀) လောက် ကြာအောင် ထားလိုက်ပါနော်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပြီး ရင်သားလေး တင်းရင်းလာတာကို တွေ့ရမှာပါ။Vaseline လိမ်းခြင်း။Vaseline မှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေကလည်း ရင်သားအတွက် ကောင်းစေတာမို့ ညဘက်Vaslineလိမ်းပြီး အိပ်တာမျိုး လုပ်နိုင်ပါတယ်။Wall Press လေ့ကျင့်ခန်း။ရင်သားလေး တင်းရင်းပြီး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အိမ်မှာတင် လုပ်လို့ရတဲ့လေ့ကျင့်ခန်းလေး ရှိပါတယ်။ ပထမဆုံး မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ရှေ့ဘက်ကို တန်းတန်းဆန့်ပြီး လက်ဖဝါးနဲ့ နံရံမှာ ထောက်ထားလိုက်ပါ။ ပြီးရင် ခန္ဓါကိုယ်ကို အားစိုက်ပြီး ရင်ဘတ်နေရာကို အသုံးပြုကာ လက်တံတောင်ဆစ်ကို ကွေးလိုက်ပါ။ရင်ဘတ်ကို အားပြုပြီး တွန်းတဲ့ သဘောပါ။ (၁) ကနေ (၅) အတွင်း ရေတွက်ပြီး လုပ်ပါ။ ဒီလိုလေး ပုံမှန်လုပ်ရင်တော့ လှပတဲ့ ကောက်ကြောင်းပိုင်ဆိုင်တဲ့ ရင်သား တစ်စုံ ရရှိနိုင်ပါပြီ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/home-remedies-to-increase-breast-size/
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာက ကောင်းတဲ့ အချက်ဆိုတာကို တော်တော်များများ ကြားထားပြီးသား ဖြစ်မှာပါ။ ဟုတ်ပါတယ် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းက အောင်မြင်သူတိုင်းမှာ ပိုင်ဆိုင်ထားတဲ့ အကျင့်ကောင်း တစ်ရပ်ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းမှာလည်း ကောင်းကျိုးရှိသလို အချို့အခြေအနေမှာလည်း ထိခိုက်နိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုးတွေ အများသားပါ။ ဘာတွေလဲဆိုတော့။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝတဲ့သူတွေက ဘဝကို အကောင်းမြင်တတ်ကြပါတယ်။ အခြေအနေတိုင်းကို အဆိုးဘက်က မကြည့်ဘဲ အကောင်းဘက်က ကြည့်တတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဘဝကြီးကပျော်ရွှင်စရာတွေနဲ့ ပြည့်နေတော့တာပေါ့။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေက အကောင်းမြင်တတ်ကြသလိုလက်တွေ့ဘဝမှာ အရှိကို အရှိအတိုင်း လက်ခံတတ်ကြပါတယ်။ အခက်အခဲတွေကိုလည်း ကောင်းကောင်း ကျော်လွှားနိုင်မယ်ဆိုတာ အသေအချာပါ။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေက သူတို့ကို အခြားသူတွေကဝေဖန်နေရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမဲ့သူတွေလို့ မယူဆတတ်ကြပါဘူး။ သူတို့လေးတွေက ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ကောင်းကောင်း သိကြပါတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေက အခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတတ်ကြပြီးရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်ကြပါတယ်။စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ဝန်မလေးတတ်ကြတဲ့ အလေ့အထက ဘဝမှာအောင်မြင်သူတွေအဖြစ် ရပ်တည်နိုင်ဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။အသစ်အသစ်သော ဆက်ဆံရေးတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ဖန်တီးနိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာတဲ့သူတွေကို လူတော်တော်များများက သဘောကျကြပါတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေကစိတ်အားထက်သန်ကြပြီး အရာရာကို စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ အောင်မြင်အောင် လုပ်ဆောင်တတ်ကြပါတယ်။ကောင်းကျိုးလေးတွေကို ပြောပြီးပြီဆိုတော့ ဆိုးပြစ်လေးတွေကို ပြောပြပေးမယ်နော်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာက ကောင်းတယ်ဆိုပေမယ့် အချို့သော အခြေအနေတွေမှာတော့ မကောင်းပါဘူး။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲဆိုတော့။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ ကောင်းပေမယ့် ယုံကြည်မှု လွန်ကဲတာက မိတ်ဆွေတွေနဲ့ မိတ်ပျက်တာမျိုး ဖြစ်စေနိုင်သလို အချို့အခြေအနေတွေမှာ စိတ်ပင်ပန်း ထိခိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသွားတဲ့အခါ အထင်ကြီးစိတ် ဝင်သွားပြီး ကောင်းကောင်း မကြိုးစားမိတာ၊ အလုပ်ကို စိတ်ရောကိုယ်ပါ နှစ်မလုပ်မိဘဲ ခပ်ပေါ့ပေါ့ လုပ်မိတာတွေကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်တာမျိုး ရှိနိုင်သလို စွမ်းဆောင်ရည် ထိခိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသွားတဲ့အခါ လူတိုင်းကို အထက်စီးဆန်ဆန် ဆက်ဆံမိပြီး အခြားသူတွေကို နှိမ့်ချဆက်ဆံမိတာမျိုးတွေ ရှိလာနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ ကောင်းပေမယ့်ယုံကြည်မှုကလိုတာထက် ပိုသွားမယ်ဆိုရင်တော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲပြီး အရာရာကိုအကောင်းမြင်လွန်းတာကလည်း အချို့သော အခြေအနေတွေမှာ လက်တွေ့နဲ့ ကင်းကွာစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/self-esteem-mental-benefits-and-disadvantages/
နှလုံးကျန်းမာရေးအတွက် ဖြည့်စွက် ဓါတ်စာများ အကြောင်း
လူတွေက နှလုံးကျန်းမာရေးအတွက် ဗီတာမင်တွေနဲ့ ဖြည့်စွက်ဓါတ်စာတွေ စားကြပါတယ်။ ဘယ်ဖြည့်စွက်ဓါတ်စာက အကောင်းဆုံး ဖြစ်မလဲ။ သင့်အနေနဲ့ တစ်နေ့ ဘယ်လောက်လောက် စားပေးသင့်သလဲ။ အခု သင့်နှလုံးအတွက် ကောင်းတဲ့ ဖြည့်စွက်ဓါတ်စာ စာရင်းကို ဖော်ပြမှာ ဖြစ်ပါတယ်။အပင်များတွင် ပါဝင်သော စတီရောဓါတ်မှာ အူများမှ ကိုလက်စထရော စုပ်ယူမှုကို တားဆီးခြင်းအားဖြင့် သွေးတွင်း ကိုလက်စထရော ပမာဏကို ကျစေပါတယ်။Coenzyme Q10မှာ ဆဲလ်များရဲ့ ပျက်စီးထိခိုက်မှုကို ကာကွယ်ရာမှာ ကူညီပေးတဲ့ Antioxidant နဲ့ ဆင်တူပါတယ်။ အချို့သော လေ့လာမှုများက ကိုအင်ဇိုင်း ကြူ ၁၀ ဖြည့်စွက်ဓါတ်စာများက သွေးပေါင်ချိန်ကို အနည်းငယ် ကျစေပြီး နှလုံးအားနည်းရောဂါ ကုသရာမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ကိုအင်ဇိုင်း ကြူ ၁၀ မှာ စတက်တင်လို့ ခေါ်တဲ့ ကိုလက်စထရောဆေးတွေ သောက်နေတဲ့ တချို့လူတွေမှာ ဖြစ်တဲ့ ကြွက်သားနာကျင်ခြင်းကို ကုသရာမှာလည်း အထောက်အကူပေးပါတယ်။အမျှင်ဓါတ်ကလည်း ကိုလက်စထရောကို ကျစေပါတယ်။ ဒါကြောင့် နှလုံးရောဂါနဲ့ လေဖြတ်တာတွေရဲ့ အန္တရာယ်ကို လျှော့ချပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ရေမှာ ပျော်ဝင်တဲ့ အမျှင်တွေက ကိုလက်စထရောနဲ့ အူထဲမှာ သွားပေါင်းပြီး ခန္ဓါကိုယ်က မစုပ်ယူနိုင်အောင် လုပ်ပေးတာပါ။နှမ်းစေ့နဲ့ နှမ်းစေ့ဆီတွေဟာ ကိုလက်စထရောကို ကျစေပါတယ်။ ဒါပေမယ့် နှလုံးရောဂါ အန္တရာယ်ကို လျော့ကျစေလားဆိုတာတော့ ခုထိ မရှင်းလင်းသေးပါဘူး။ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် ဘီတွေဟာ နှလုံးရောဂါနဲ့ ချိတ်ဆက်နေတဲ့ အမိုင်နိုအက်ဆစ် ဟိုမိုစစ်စတင်းလယ်ဗယ် ကို လျော့ကျစေပါတယ်။ ဒါပေမယ့် ဖောလစ်အက်ဆစ်ဟာ နှလုံး အမောဖောက်တာ၊ လေဖြတ်တာတွေ ခဏခဏ ပြန်ဖြစ်စေတဲ့ နှုန်းကို လျော့ကျစေလားဆိုတာတော့ သက်သေမပြနိုင်သေးပါဘူး။မဂ္ဂနီဆီယမ်က သွေးပေါင်ချိန်ကို ပုံမှန်အနေအထား ထိန်းသိမ်းပေးပြီး တခါတလေ ဆရာဝန်တွေကပါ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေကို ပုံမှန်ဖြစ်အောင် ကုသတဲ့နေရာမှာ သုံးပါတယ်။ငါးကြီးဆီဟာလည်း သွေးပေါင်ချိန်နဲ့ ထရိုင်ဂလစ်စရိုက် အဆီတွေကို ကျစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ ငါးကြီးဆီဟာ နှလုံးရောဂါကြောင့် အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘေးကနေ လျှော့ချပေးပါတယ်။တစေးဆန်နီဟာ ကိုလက်စထရော၊ ထရိုင်ဂလစ်စရိုက် အဆီတွေနဲ့ မကောင်းတဲ့ LDL ကိုလက်စထရောတွေကို ကျစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တစေးဆန်နီမှာ ပါဝင်တဲ့ မိုနာကိုလင် ကေ ဟာ ကိုလက်စထရောဆေးတွေထဲမှာ ပါဝင်တဲ့ တက်ကြွဓါတ်တွေနဲ့ ထပ်တူ တူညီပါတယ်။ဗီတာမင်နဲ့ သံဓါတ်တွေကို သင်ဘယ်လောက်ထိ စားသုံးသင့်ပါသလဲ။ သင့်အတွက် စိတ်ချရတဲ့ အများဆုံး ဗီတာမင် ပမာဏကို ဆန်းစစ်ဖို့နဲ့ နေ့စဉ် ဘယ်လောက် စားသင့်တယ်ဆိုတာ သင့်ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။အချို့ ဖြည့်စွက်ဓါတ်စာတွေက သင်သောက်နေတဲ့ ဆေးဝါးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်ကို ဘယ်လို ဖြည့်စွက်ဓါတ်စာတွေ သင်သောက်သုံးနေလဲဆိုတာ အသိပေးရပါမယ်။ အစားအသောက် သုံးစွဲမှု နည်းပါးခြင်းအတွက် ဓါတ်စာတွေအပေါ်မှာပဲ မှီခိုနေဖို့လည်း မသင့်ပါဘူး။ဗီတာမင်နဲ့ ဖြည့်စွက်ဓါတ်စာများ ခက်ဆစ် – ယေဘုယျ အဓိပ္ပါယ်ဖွင့်ဆိုချက်။ယခုဖော်ပြထားသော ခက်ဆစ်အဓိပ္ပါယ်မှာ ယေဘုယျ အသုံးအနှုန်းများ ဖြစ်ပါတယ်။ အသေးစိတ် ဖွင့်ဆိုချက်များကို ရှာဖွေလေ့လာပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%bb/
လည်ပင်းအဆစ်ချော်ခြင်းကို အများဆုံးဖြစ်စေသော အချက် ၃ ချက်
လည်ပင်းအဆစ်ချော်ခြင်းသည် ဖြစ်ခဲသော်လည်း ဖြစ်လာလျှင် လည်ပင်းနာကျင်ခြင်းကို ခံစားရစေပါသည်။ အောက်ပါဆောင်းပါးသည် လည်ပင်းအဆစ်ချော်ခြင်းဖြစ်ပေါ်လာပုံကို ဖော်ပြပြီး သင်သည် လည်ပင်းအဆစ်ချော်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းများကို သိရှိနိုင်မည်ဖြစ်ပါသည်။လည်ပင်းအဆစ်ချော်ခြင်းသည် အသက်ရွယ်အိုမင်းလာခြင်းကြောင့် ယိုယွင်းပျက်စီးခြင်းပင်ဖြစ်ပါသည်။ ခါးရိုးဆစ်များတွင် နုနယ်သော အတွင်းပိုင်းအလွှာနှင့် တောင့်တင်းသော အပြင်ပိုင်း အရိုးနုအလွှာဟူ၍ရှိပါသည်။ ထိုအရာများသည် ခါးရိုးကို ပြေပြစ်စွာ လှုပ်ရှားမှုများပြုနိုင်စေရန်နှင့် ထိခိုက်မှုများကို ခံနိုင်စေရန် လုပ်ဆောင်ပေးပါသည်။အချိန်ကြာလာသည်နှင့် အမျှ ခါးရိုးကြားရှိ အဆိုပါချပ်ပြားများသည် ရေဓါတ်ခမ်းခြောက်လာပြီး တဖြေးဖြေးပါးလာကြသည်။ ယင်းသည် ပုံမှန်ဖြစ်စဉ်တခုဖြစ်သော်လည်း အရိုးချပ်ပြားများပျက်စီးသော ရောဂါရှိသူများတွင် ရေဓါတ်များပိုခမ်းခြောက်ကာ ပိုပါးလာပြီး အဖိအဆန့်ဒဏ်ကို မခံနိုင်ဖြစ်လာကာ နောက်ဆုံးတွင် အဆစ်များ ချော်ထွက်သွားခြင်းဖြစ်ပါသည်။အရိုးချပ်ပြားများပျက်စီးသော ရောဂါရှိသူများတွင် အဆစ်ချော်ခြင်းသည် အဖြစ်များသော အခြေအနေတခုဖြစ်ပြီး အများအားဖြင့် လည်ပင်းဆစ်များတွင် ဖြစ်လေ့ရှိပါသည်။ ကျောရိုးနှင့် တဆက်တည်းဖြစ်သော လည်ပင်းဆစ်များသည် လည်ထွက်သွားခြင်း၊ အရှေ့၊ အနောက်သို့ ချော်ထွက်သွားခြင်းတို့ဖြစ်ကာ လှုပ်ရှားမှုများပိုများလာပါသည်။အချိန်ကြာလာသော် လည်ပင်းဆစ်များသည် အနေအထားမမှန်စွာ လှုပ်ရှားမှုများကြောင့် နေရာလွဲကာ ချော်ထွက်သွားခြင်းဖြစ်ရပါသည်။ လည်ပင်းရှိအဆစ်များတွင်ဖြစ်သော ထိုဖြစ်စဉ်သည် အသက်၅၀ ကျော်ပိုင်းတွင် အဖြစ်များကြောင်း တွေ့ရပါသည်။လည်ပင်းဆစ်များ ချော်ခြင်းကို အားကစားသမားများနှင့် အချို့သော အားကစားပုံစံများပြုလုပ်သူများတွင် တွေ့ရလေ့ရှိပါသည်။ ဥပမာ လည်ပင်းဆစ်များကို အလွန်အမင်းဆန့်ထုတ်ရသော လေ့ကျင့်ခန်းများသည် လည်ပင်းဆစ်ချော်ခြင်းကို ဖြစ်စေနိုင်ပါသည်။ထိုလေ့ကျင့်ခန်းများသည် သင့်အနောက်ဖက်ကျောရိုးရှိ အဆစ်များကို ဆက်ထားသော အရိုးငယ်လေးများကို လျော့ရဲစေကာ ကျောရိုးဆစ်များကျိုးခြင်း၊ ချော်ခြင်းကို ဖြစ်စေခြင်းဖြစ်ပါသည်။ ထိုသို့ ကျောရိုးဆစ်များကျိုးခြင်းကို အရိုးကျီးပေါင်းတက်ခြင်းဟု ခေါ်ပါသည်။ကျိုးခြင်းကြောင့် နာကျင်ခြင်းကို အမြဲ မဖြစ်စေနိုင်ပါ။ အရိုးကျီးပေါင်းတက်ခြင်းသည် အရိုးငယ်များကျိုးခြင်းကြောင့် တစ်ခုတည်းမဟုတ်ဘဲ အရိုးပေါ်သို့ ဖိအားသက်ရောက်မှုများ စုပုံလာခြင်းကြောင့် ဖြစ်ပါသည်။မွေးရာပါ ကျောရိုးပါးသော သူများသည် အဆစ်ချော်ခြင်းဖြစ်နိုင်ချေများကြောင်း လေ့လာသူများက ဆိုပါသည်။ အချို့သော ကလေးများသည် မွေးဖွားစဉ်ကတည်းက ကျောရိုးတွင် အနည်းငယ်ကျိုးပဲ့နေခြင်းဖြစ်တတ်ကြသည်။ ယင်းသည် အသက်ကြီးလာသည်နှင့် အမျှ ဒဏ်ဖြစ်ကာ အဆစ်ချော်ခြင်းဖြစ်ရခြင်းဖြစ်ပါသည်။ သို့သော် ထိုဖြစ်စဉ်သည် အရွယ်ရောက်သူများတွင် ဖြစ်ခဲပါသည်။အချုပ်ဆိုရသော် လည်ပင်းဆစ်ချော်ခြင်းသည် အဖြစ်များသော ပြဿနာမဟုတ်သော်လည်း ဖြစ်တတ်ပါသည်။ ထိုမှသာ ယင်းကိုဖြစ်စေသောအကြောင်းများကို သိထားခြင်းဖြင့် ခံစားရသော ဝေဒနာများကို သင့်တော်သော ကုသမှုများခံယူနိုင်မည်ဖြစ်ပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80/
အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ
အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ အကြောင်း သိပြီးပြီလား! သေသေချာချာ သိရှိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။သင့်ကျောရိုးသည် သင့်တစ်ကိုယ်လုံး အလေးချိန်ကို ထမ်းထားရသည့်အတွက် အခြားသော နေရာများ ထက်စာလျှင် ပြဿနာများ၊ ဒဏ်များ ပိုဖြစ်စေပါသည်။ သင်အိပ်သော အနေအထားကလည်းခါးနာခြင်းကို ဖြစ်စေနိုင်ကြောင်း သင်သတိပြုမိပါသလား။ အောက်ပါဆောင်းပါးသည် အိပ်သော အနေအထားနှင့် ကျီးပေါင်းဖြစ်ခြင်းတို့ ဆက်စပ်နေခြင်းနှင့် ကျီးပေါင်း ဖြစ်သူများ ပြုလုပ်ရမည့် လေ့ကျင့်ခန်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ကျီးပေါင်း ဖြစ်ခြင်းသည်ခါးရိုးကြားရှိကြားခံ ချပ်ပြားများ ပျက်စီးလာခြင်းကြောင့် ခါးနာခြင်း၊ လည်ပင်းနာခြင်းများ ခံစားရခြင်း ဖြစ်ပါသည်။ ယင်းဖြစ်စဉ်သည် ခါးရိုးကြားရှိ ချပ်ပြားများနှင့် အရိုးများသည် အိုမင်းရင့်ရော်လာခြင်းကြောင့် ဖြစ်ရခြင်း ဖြစ်ပါသည်။ထိုသို့ ကျီးပေါင်းဖြစ်သော နေရာများတွင် နာကျင်ခြင်းကို ခံစားရပြီး ထိုမှတဆင့် လက်မောင်းများ၊ ခြေထောက်များတွင် နာခြင်း၊ ထုံခြင်းတို့ခံစားလာရပြီး လမ်းလျှောက်ရ ခက်ခဲခြင်း ဖြစ်လာနိုင်ပါသည်။အနေအထား မမှန်စွာ အိပ်စက်ခြင်း၊ ဥပမာ မှောက်လျက် အိပ်ခြင်းသည်ကျီးပေါင်းကိုဖြစ်စေပါသည်။ ထို့ကြောင့် ခေါင်းအုံး ပါးပါးဖြင့် ကျောခင်းပြီး အိပ်သင့်ပါသည်။ ကျောပြင်သည် ကိုယ်ခန္ဓာ၏ အကြီးဆုံး မျက်နှာပြင်ဖြစ်သည့်အတွက် ကျောခင်း အိပ်ခြင်းဖြင့် အလေးချိန်သက်ရောက်မှု မျှတကာ အရိုးဆစ်များ အပေါ်တွင် ဖိအား သက်ရောက်မှု နည်းစေပါသည်။ထို့အတူပင် သင်မတ်တတ် ရပ်နေစဉ် သင့် ခေါင်း၊ လည်ပင်းနှင့် ခါးအနေအထားများကလည်း သင့်ကိုယ်ဟန်အနေအထားမှန်ကန်မှုအတွက် အရေးပါပါသည်။ သင်အိပ်နေစဉ်တွင် ဒူးအောက်တွင် ခေါင်းအုံးပါးပါးခံထားခြင်းဖြင့် သင့်တင်ပါး၊ ကျောရိုးနှင့် အရိုးကွင်းများကို အနေအထား မှန်စေပါသည်။ခေါင်းအုံးထူထူဖြင့် အိပ်ခြင်း၊ ခေါင်းအုံးများ ဆင့်အိပ်ခြင်းမျိုး မပြုလုပ်ပါနှင့်။ ယင်းသည် သင့်လည်ပင်းနှင့်ကျောရိုးကို ဒဏ်ဖြစ်စေပါသည်။ စပရိန်မွေ့ယာများသည် ကျီးပေါင်း သမားများအတွက် သင့်တော်ပါသည်။လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်းဖြင့် ခါးရိုးဆစ်များနှင့် ကြားခံချပ်ပြားများကို သန်မာစေပြီး ပျက်စီးယိုယွင်းခြင်းမှလည်း ကာကွယ်ပေးပါသည်။ အကြောများကို ဆန့်သော လေ့ကျင့်ခန်းများ၊ကြွက်သားများသန်မာစေသော လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးခြင်း၊ တနေ့တွင်အကြိမ်များစွာပြုလုပ်ပေးခြင်းတို့ဖြင့် လည်ပင်းနှင့် ကျောဘက်တွင်ရှိသော ကြွက်သားများကို ပိုပြီး သန်မာလာစေပါသည်။အဆိုပါ ကြွက်သားများသည် ခါးကျောရိုးကို ထောက်ပံ့ပေးထားပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သင့်ခန္ဓာကိုယ်၏ အလေးချိန်ကို ခါးကျောရိုးက ပိုပြီး ခံနိုင်ရည်ရှိစေပါသည်။ထို့အပြင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများသည် ပေါ့ပါးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။ ထို့ပြင် နှလုံးခုန်မှန်စေခြင်း၊ ပင်မကျောရိုးသို့ သွေးလည်ပတ်မှုကောင်းခြင်းဖြစ်စေကာ သင့်ကို ကျန်းမာစေပါသည်။အေရိုးဗစ်လေ့ကျင့်ခန်းများပြုလုပ်ပြီး မိနစ် ၃၀- ၄၀ အကြာတွင် သင့်ကိုယ်ထဲမှ Endorphin အမည်ရှိသော အနာသက်သာစေသည့် သဘာဝဟော်မုန်းတစ်မျိုးထွက်လာပါသည်။ယောဂလေ့ကျင့်ခန်းများကလည်း ကျောရိုးအတွက် ကောင်းမွန်ပါသည်။ မြွေဟောက်ပုံစံ၊ တံတားပုံစံများဖြင့် ရောဂလေ့ကျင့်ခန်းများပြုလုပ်ပေးနိုင်ပါသည်။ ဘောလုံးကစားခြင်း၊ ဘောလီဘော၊ ဘတ်စကတ်ဘော ကစားခြင်းကဲ့သို့သော ပြင်းထန်သည့် လေ့ကျင့်ခန်းများကို ရှောင်ကျဉ်သင့်ပါသည်။အချုပ်ဆိုရသော် သင်အိပ်သော အနေအထားသည် ခါးကျောရိုးကို ထိခိုက်စေကာ ထိုမှတဆင့် ကျီးပေါင်းဖြစ်လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိပ်သော အနေအထားကို မှန်အောင်ကြိုးစားခြင်း၊ လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်းဖြင့် ခါးနှင့် လည်းပင်းအရိုးများပျက်စီးခြင်းကို လျှော့ချပေးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/cervical-spondylosis-and-sleep-position/
ဉာဏ်ကောင်းတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့
အမ သမီးလေးက ဉာဏ်ကောင်းလိုက်တာနော်၊ တော်လိုက်တာနော်လို့များ ချီးမွမ်းစကားကြားရချိန်ဖြစ်ရတဲ့ ပီတိကတော်တော်လေးကြည်နူးစရာနော်။ ကိုးလလွယ် ဆယ်ဖွားပြီး ကိုယ့်လက်နဲ့ကိုယ်ပျိုးထောင်ထားတဲ့ ပန်းကလေးတစ်ပွင့် အကောင်းဆုံးပွင့်လန်းနိုင်တာကို ကြည့်ရတာက ပြောမပြတတ်အောင်ပါပဲ။ ဒီတော့ ကိုယ့်ရဲ့ရင်သွေးလေးအများအလယ်မှာ အကောင်းဆုံး အတော်ဆုံးကလေးအဖြစ် ကြီးပြင်းလာစေဖို့ ဘယ်လိုများလုပ်ဆောင်ပေးရမလဲလို့တွေးနေလား။ ဉာဏ်ကောင်းတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့နည်းလမ်းကောင်းလေးတွေရှိပါတယ်။ကလေးတစ်ယောက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးက မိဘတွေဆီကနေ ဆက်ခံလာတာဆိုပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မေမေတို့လုပ်ဆောင်တဲ့ ဘဝနေထိုင်မှုပုံစံကလည်း ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒီတော့ ဉာဏ်ကောင်းတဲ့ဘေဘီလေး မွေးဖွားစေဖို့အတွက် မေမေတို့အနေနဲ့ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပေးပါနော်။နေရောင်ခြည်ကနေ မိခင်အတွက်ရော ကလေးရဲ့အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်ပါ အရေးပါတဲ့ဗီတာမင် Dကိုရရှိစေနိုင်ပါတယ်။ ‌မွန်းတည့်ချိန်နေက ဗီတာမင် အပြည့်ဝဆုံးပါ။ တစ်ပတ်ကို ၁၅မိနစ်-နာရီဝက်လောက် နေရောင်ခြည်ခံရင် ဗီတာမင်ဒီ လုံလောက်ပါပြီ။ နေပူထဲ မထွက်ဖြစ်ဘူးဆိုရင်တော့ အားဆေးတွေ မှီဝဲနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ လုံးဝမလှုပ်ရှားရတော့ဘူးလို့ မဆိုလိုပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မို့ တသွတ်သွတ် စားနေရမယ်လို့လည်း မဆိုလိုပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အစားတွေကို တသွတ်သွတ်စားနေမယ်ဆိုရင် အဝလွန်လာပြီး မိခင်ရော ကလေးပါထိခိုက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာက သန္ဓေသားဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေနိုင်ပြီး ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အကူပြုပေးပါတယ်။အနှိပ်ခံတာက ခန္ဓာကိုယ်အကြောတွေကို ပြေလျော့စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့လည်း ဗိုက်ကလေးကို ညင်ညင်သာသာလေးနှိပ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ ဒီလိုနှိပ်နယ်တဲ့အခါသံလွင်ဆီလိုမျိုး အဆီတစ်ခုခုကို အသုံးပြုပြီးဗိုက်ရဲ့အောက်ဘက်ပိုင်းကနေ အပေါ်ဘက်ကို နှိပ်ပေးပါ။ နှိပ်တယ်ဆိုတာထက် ငြင်ငြင်သာသာလေး ပွတ်သပ်ပေးတာ ဖြစ်ပါတယ်၊၊။ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ နေ့စဉ် သီချင်းအေးအေးလေးတွေနားထောင်ပေးတာက ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။သီချင်းနားထောင်တဲ့အခါ ကလေးကြားနိုင်လောက်တဲ့ အကွာအဝေးမှာထားပေးဖို့ မမေ့ပါနဲ့။ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကလေးအတွက်လိုအပ်မယ့်အာဟာရတွေ နဲ့ ကိုယ်တိုင်အတွက်လိုအပ်မယ့် အာဟာရတွေကို သင့်တင့်မျှတစွာစားသုံးပေးရပါမယ်။ ဒါမှ မိခင်ရော ကလေးပါကျန်းမာပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကလေးငယ်ကိုမွေးဖွားနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မာကျူရီပါဝင်မှုများတဲ့ပင်လယ်ငါးတွေကို မစားဖို့ပြောပါရစေ။ကိုယ်ဝန်ဆောင်စဉ်မှာ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ထိတွေ့တာက သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စိုက်ပျိုးရးသုံးပိုးသတ်ဆေးတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ထိတွေ့တာမျိုးကိုရှောင်ရပါမယ်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/how-to-promote-babys-intelligence-in-the-womb/
Uterine Prolapse (သားအိမ်ကျခြင်း)
သားအိမ်ဟာ မိန်းမကိုယ်အတွင်း ပြူထွက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သားအိမ်ဟာ မိန်းမကိုယ်အထက်မှာ ကြွက်သားများ၊ အရွတ်များရဲ့ ထိန်းအားနဲ့ တည်ရှိပါတယ်။ ကြွက်သားနဲ့ အရွတ်တွေ အားနည်းပြီး ဆန့်ထွက်လာတဲ့ အခြေအနေမှာတော့ သားအိမ်ဟာ သူ့နေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲ ဆင်းလာပါတယ်။ ဆီးအိမ်၊ ဆီးပြွန်နဲ့ အူမကြီးပါ သားအိမ်နဲ့အတူ ကျလာတတ်ပါတယ်။ကုသစမှုဟာ အခြေအနေပေါ် မူတည်ပါတယ်။ သားအိမ်ကျခြင်းကို မကုဘဲထားရင် သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ပတ်လည် အစိတ်အပိုင်းတွေမှာ ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။အမျိုးသမီးတိုင်း ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သွေးဆုံးပြီး အမျိုးသမီးတွေနဲ့ ကလေးရိုးရိုးမွေးဖူးသူတွေမှာ အဖြစ်များပါတယ်။တင်းကြပ်ခြင်း၊ အောက်ပိုင်းမှာ ပြည့်နေခြင်း၊ ဗိုက်နဲ့ဆီးစပ်က ဆိုးရွားစွာ ကိုက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။ ခါးလည်းနာပါတယ်။ အထူးသဖြင့် အလေးအပင်တွေ မချိန်မှာ ဖြစ်ပါတယ်။ အမျိုးသားနဲ့ အတူနေစဉ်လည်း နာတတ်ပါတယ်။ တခါတလေ မိန်းမကိုယ်ထဲမှာ ရောင်နေတာကို မိမိဖာသာ စမ်းသပ်ရတတ်ပါတယ်။ အဆိုးရွားဆုံးကတော့ မိန်းမကိုယ်အပြင်ကိုပါ ထွက်လာခြင်း ဖြစ်ပါတယ်။ဆီးအိမ်၊ ဆီးပြွန်နဲ့ အူမကြီးပါ ပါလာတာကြောင့် ဆီးသွားစဉ်နာကျင်ခြင်း၊ ရယ်မောစဉ် နှာချေချောင်းဆိုးစဉ် ဆီးထွက်ခြင်း စတာတွေနဲ့ အူလမ်းကြောင်း ပြသနာတွေပါ ကြုံနိုင်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။သားအိမ်ကျခြင်းကို မကုဘဲထားရင် သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ပတ်လည် အစိတ်အပိုင်းတွေမှာ ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။ ဒါကြောင့် အောက်ပါအခြေအနေတွေကြုံရရင် ဆရာဝန်ပြသင်ပပါတယ်။များသောအားဖြင့် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်း တို့ကြောင့် ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကြိမ်များလေ၊ ဖြစ်နိုင်ခြေ များလေပါပဲ။ ကလေးကြီးခြင်း၊ မွေးဖွားချိန်ကြာခြင်း၊ မွေးဖွားစဉ် အားစိုက်ရခြင်း စတာတွေကြောင့် ဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ဟန်ချက်အနေအထား၊ အလေးအပင်မခြင်း စတာတွေလည်း ပါဝင်ပါတယ်။ ဝမ်းဗိုက်ဖိအားကို မြင့်တက်စေတဲ့ ရောဂါအခြေအနေများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ ဆေးလိပ်သောက်ရာမှ ချောင်းဆိုးခြင်း၊ ဝမ်းချုပ်ခြင်း။အောက်ပါအချက်တွေ ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ကိုယ်ခန္ဓါအောက်ပါိုင်း စစ်ဆေးခြင်း၊ သားအိမ်ခေါင်းစစ်ခြင်း စတာတွေ ပါဝင်ပါတယ်။ သားအိမ်ဟာ မိန်းမကိုယ်ဆီ ဘယ်လောက်ကျနေသလဲဆိုတာ သိရအောင် စစ်ဆေးတတ်ပါတယ်။ ဆီးသွားသလိုညှစ်ခိုင်းပြီး ကြွက်သားရဲ့ သန်မာမှုကို စစ်ဆေးပါလိမ့်မယ်။ လှဲလျက်ရော ထိုင်လျက်ပါ စစ်ဆေးပါလိမ့်မယ်။သားအိမ်ကျခြင်းကြောင့် ဘယ်လိုအနှောင့်အယှက်တွေ ဖြစ်ပေါ်ရတယ်ဆိုတာ သိရအောင် မေးခွန်းတွေ ဖြေရပါမယ်။ အဲဒီအချက်တွေဟာ ကုသရေးမှာ ထိရောက်စေပါတယ်။တခြားနည်းလမ်းတွေကတော့ အာထရာဆောင်းရိုက်ခြင်း၊ CT ရိုက်ခြင်း၊ အသားစယူခြင်းတွေ ဖြစ်ပါတယ်။ အဲဒီနည်းတွေအားလုံးကို အမြဲမလိုအပ်ပေမယ့် ရောဂါဆိုးရွားမှုအခြေအနေကို သိနိုင်ဖို့ သုံးပါတယ်။ရောဂါအခြေအနေ၊ အသက်အရွယ်၊ လိင်မှုဆိုင်ရာ တက်ကြွမှု၊ ဆီးခုံဝန်းကျင်မှာဖြစ်သော ရောဂါများ၊ ကိုယ်ဝန်မဆောင်လိုခြင်း စတာတွေအပေါ် မူတည်ပါတယ်။ရောဂါသိပ်မပြင်းထန်ရင် Kegel လေ့ကျင့်ခန်းလုပ်ပြီး သားအိမ်ကြွက်သားနဲ့ အရွတ်တွေကို သန်မာစေနိုင်ပါတယ်။ဟော်မုန်းလိမ်းဆေးတွေလိမ်းပြီးတော့လည်း ကြါက်သားနဲ့ အရွတ်တွေကို သန်မာစေပါတယ်။မိန်းမကိုယ်အတွင်း ကွင်းထည့်ပြီး သားအိမ်ကို ထိန်းသိမ်းနိုင်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက သားအိမ်ကျခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/uterine-prolapse-%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%80%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ
သင့်သွေးကြောတွေထဲမှာ လည်ပတ်နေတဲ့သွေးတွေမှာ ဖိအားရှိပါတယ်။ အဆိုပါ ဖိအားမြင့်တက်ရင်သွေးပေါင်ချိန်မြင့်တယ်၊သွေးတိုးတယ် စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ သွေးတိုးခြင်းဟာ နှလုံးနဲ့သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေကို ဖြစ်စေတာမို့ ထိထိရောက်ရောက် ကုသသင့်ပါတယ်။ သွေးတိုးခြင်းဟာ မျိုးရိုးလိုက်တတ်ပေမယ့် ဒီတချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။နေထိုင်စားသောက်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ လူတယောက်ဟာ အဆီဓာတ်၊ အငန်ဓာတ်နဲ့ အချိုစားသုံးမှုများပြားပြီး လှုပ်ရှားမှုနည်းရင်သွေးတိုးရောဂါဖြစ်နိုင်ခြေများပါတယ်။ ဒီတစ်ခေါက်တော့ သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ က ဘာတွေများ ဖြစ်မလဲဆိုတာကို လေ့လာကြည့်လိုက်နော်။ဒီနေရာမှာ သတိပြုရမှာကတော့ လူတယောက်ရဲ့ သွေးပေါင်ချိန်ကို မသိမသာ အပြောင်းအလဲ ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အဆိုပါအကြောင်းခြင်းရာတွေနဲ့ တိုက်ဆိုင်ပြီး သွေးပေါင်ချိန် တိုင်းတာမိခဲ့ရင် ရလဒ်အမှန်နဲ့ လွဲချော်တတ်လို့ ဆေးဝါးကုသရာမှာလည်း အကျိုးသက်ရောက်မှု ဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်ကို မသိမသာ မြင့်စေတက်သောအကြောင်းများ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ဆေးဝါးတွေကို OTC (Over-the-counter) ဆေးဝါးများလို့ ရည်ညွှန်းပါတယ်။ သာမန်နာကျင်ကိုက်ခဲခြင်းတွေအတွက် သောက်သုံးတဲ့ဆေးဝါးများဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတတ်ကြောင်း တွေ့ရပါတယ်။ အထူးသဖြင့် naproxen နဲ့ ibuprofen ဆိုတဲ့ ဆေးဝါးများဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတတ်ပါတယ်။နှာစေးချောင်းဆိုးအတွက် ဝယ်ယူသောက်သုံးတဲ့ ဆေးဝါးတချို့ဟာလည်း သွေးပေါင်ချိန်ကို တက်စေတတ်ပါတယ်။ဆရာဝန်ညွှန်ကြားချက်လိုတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ၊ သန္ဓေတားဆေးများ၊ ကိုယ်ခံအားနှိမ့်ချပေးသောဆေးများ၊ ကင်ဆာဆေးများနဲ့ စတီးရွိုက်ဆေးများဟာလည်း သွေးပေါင်ချိန်ကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ဒါကြောင့် သွေးတိုးရောဂါအခံရှိသူများဟာ ဘယ်ဆေးကိုမဆို နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြီးမှ သောက်သုံးတာ အကောင်းဆုံးပါပဲ။ ဆရာဝန်နဲ့ပြသတဲ့အခါမှာလည်း မိမိမှာ စွဲသောက်နေတဲ့ဆေးတွေရှိရင် ဆရာဝန်သိအောင် ဖွင့်ပြောရပါမယ်။ကဖိန်းနဲ့ အယ်လ်ကိုဟောဟာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ လူတဦးအနေနဲ့ ကဖိန်းဓာတ်ကို တနေ့တာမှာ ၃၀၀ မီလီဂရမ်ထက်ကျော်ပြီး မသုံးစွဲသင့်ပါဘူး။ တနည်းအားဖြင့် ကော်ဖီကို တရက်တည်းမှာ ၃ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ကော်ဖီအပြင် တခြားကဖိန်းပါတဲ့ အဖျော်ယမကာများလည်း သတိပြုရပါမယ်။ဥပမာ Green tea ဖြစ်ပါတယ်။ Green tea မှာလည်း ကဖိန်းပါဝင်တာမို့ အဒရီနယ်လင်ထွက်စေပြီး သွေးပေါင်ချိန်တက်စေနိုင်ပါတယ်။အရက်ကိုတော့ အမျိုးသားများအနေနဲ့ တရက်မှာ နှစ်ခွက်၊ အမျီုးသမီးများအနေနဲ့ တရက်မှာ တခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒီနှုန်းထားထက်ပိုရင် သွေးတိုးလာနိုင်ပါတယ်။ဖြည့်စွက်စာအချို့နဲ့ အစားအစာတွေမှာထည့်သွင်းထားတဲ့ ဓာတ်ပစ္စည်းအချို့ဟာ သွေးပေါင်ချိန်တက်စေတတ်ပါတယ်။ ပြောရမယ်ဆိုရင် ဖြည့်စွက်စာတွေမှာ ‘သဘာဝ’ လို့ ရေးထားတိုင်း ဘေးကင်းစိတ်ချရတယ်လို့ မှတ်ယူဖို့ မသင့်ပါဘူး။ သဘာဝဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်ထားတဲ့ အားဖြည့်ဓာတ်စာတွေမှာလည်း သွေးပေါင်ချိန်တက်စေတဲ့ ဓာတ်ပစ္စည်းတွေ ရှိပါတယ်။ ဥပမာ နွယ်ချို ဖြစ်ပါတယ်။ဒိန်ခဲပါဝင်မှုများတဲ့ အစားအစာများ၊ ပြုပြင်ထားသော အသားများ၊ ပဲပိစပ်မှာ ထုတ်လုပ်သော စားသောက်ကုန်များမှာ တိုင်ရာမင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတမျိုး ပါဝင်ပါတယ်။ အဆိုပါ တိုင်ရာမင်းဟာ စိတ်ကျဝေဒနာသည်တွေကိုပေးတဲ့ MAOI ဆေးတွေနဲ့ ဓာတ်ပြုတဲ့အခါ သွေးပေါင်ချိန်တက်စေတဲ့ အာနိသင်ရှိပါတယ်။ဆေးရုံဆေးခန်းကိုရောက်မှ သွေးပေါင်ချိန်တိုးနေတတ်တာမျိုး ကြုံဖူးပါလိမ့်မယ်။ ဒါမျိုးကို အနောက်နိုင်ငံတွေမှာတော့ white coat hypertension လို့ ခေါ်ဝေါ်ပါတယ်။ ဆေးရုံရောက်မှ၊ ဆရာဝန်ကိုမြင်မှစိုးရိမ်စိတ်ပိုများလာပြီး သွေးတိုးလာတတ်ခြင်း ဖြစ်ပါတယ်။ တက်ကြွစွာ လှုပ်ရှားသွားလာပြီးစမှာ သွေးပေါင်ချိန်ရင်လည်း တက်နေတတ်တာ ကြုံရပါလိမ့်မယ်။ဒါကြောင့် ဆေးရုံဆေးခန်းရောက်ရင်ဖြစ်စေ၊ စိတ်မြန်လက်မြန် လှုပ်ရှားသွားလာပြီးချိန်မှာဖြစ်စေ စိတ်ငြိမ်သွားအောင် ခေတ္တအနားယူပြီးမှ သွေးပေါင်ချိန်သင့်ပါတယ်။ သွေးပေါင်မချိန်ခင် မိနစ်အနည်းငယ်စောပြီး ငြိမ်ငြိမ်ထိုင်နေသင့်ပါတယ်။ သွေးပေါင်မချိန်မီ နာရီဝက်အတွင်းဆေးလိပ်သောက်ခြင်း၊ ကော်ဖီ၊ အရက်သောက်ခြင်း မပြုသင့်ပါဘူး။………….။အထက်ပါအကြောင်းအရင်းများကို သိရှိထားရင် မိမိရဲ့သွေးပေါင်ချိန်အမှန်ကို တိုင်းတာနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်။ အထူးသဖြင့် သွေးတိုးရောဂါအခံရှိသူတွေမှာ ပိုမိုသတိထားသင့်ပါတယ်။ သွေးပေါင်ချိန်ရလဒ်ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အပြင် ရေရှည်မှာ သွေးတိုးခြင်းကို အားပေးတဲ့အရာတွေမို့ ရှောင်ကြဉ်ရပါမယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/hidden-ways-you-may-be-raising-your-blood-pressure/