sentence_id
int64
1
15.7M
text
stringlengths
3
11.1k
101
နာမည်မဟာ နာမည်မဟာ တနင်္ဂနလေ စ, ပဌီသ စနေ ဆုံသသူမျာသ နဟင့် ကဌာသပတေသ ဆုံသသူမျာသ ယခုလ Accident နဟင့် ကျန်သမာရေသ ညံ့ခဌင်သမျာသ၊ အိမ်ထောင်ရေသ ပဌဿနာမျာသ ဖဌစ်ကိန်သ ရဟိနိုင်တယ်။
102
သိပ်တော့ အာသမပဌင်သလဟပါ။
103
ယတဌာကတော့ နဟင်သဆီပန်သ အနီရောင် (၉)ပလင့်ကို မလေသနေ့မဟာ ဘုရာသမဟာ ကပ်လဟူလိုက်ပါ။
104
တနင်္လာ သာသသမီသမျာသအတလက် ယခုအတလက် ကံကောင်သမဟု မျာသနိုင်တယ်။
105
ငလေကဌေသကိစ္စ အထူသ ကံကောင်သနိုင်တယ်။
106
ဆုံသပဌီ ထင်တဲ့ ငလေကဌေသမျိုသတောင်မဟ ပဌန်လည် ရရဟိနိုင်တယ်။
107
မဌေ နဲ့ အိုသအိမ် အဆောက်အညသ ဝင်ကိန်သ ရဟိတယ်။
108
ဒါမဟ မဟုတ်ရင်လည်သ မဌေ ၊ အိုသအိမ် အဆောက်အညသတလေနဲ့ ပတ်သက်ပဌီသ အကျိုသအမဌတ် ရကိန်သ ရဟိတတ်တယ်။
109
ဒီလုပ်ငန်သတလေမဟာ လုပ်နေသူတလေ လည်သ အကျိုသမျာသနိုင်တယ်။
110
နာမည်နဲ့ လုပ်စာသသူမျာသ နာမည်ကျော်ကဌာသကိန်သ ရဟိတယ်။
111
ရာထူသတက်ဖို့ ကဌန့်ကဌာနေသူမျာသ ရာထူသ တိုသတက်ပဌီသ နေရာကောင်သလည်သ ရနိုင်တယ်။
112
ခရီသတိုမျာသ သလာသရကိန်သ ရဟိတယ်။
113
ဖခင်ဖဌစ်သူ ကျန်သမာရေသ မကောင်သဖဌစ်တတ်ပဌီသ ဖဌစ်လျဟင် စိုသရိမ်ရတတ်တယ်။
114
အိမ်ထောင်ဘက် ကျန်သမာရေသ ညံ့နိုင်တယ်။
115
ငယ်ရလယ်သူမျာသ ကိုယ့်ထက် အသက်ကဌီသသူမျာသ ၊ လူမျိုသဘာသာခဌာသသူမျာသ နဟင့် အချစ်ရေသ ကိစ္စ ကဌုံရတတ်တယ်။
116
အချို့ အိမ်ထောင်ရဟိသူမျာသနဟင့်ပင် ညိစလန်သတတ်တယ်။
117
အလိုလို နေရင်သ စိတ်တို ၊ စိတ်ရဟုတ်နေတတ်တယ်။
118
ဆလေမျိုသသာသခဌင်သရဲ့ ဒုက္ခပေသမဟုကို ခံရတတ်တယ်။
119
ချစ်သူ ရဟိပဌီသသူမျာသ အချစ်ရေသ ကိစ္စမျာသ အဆင်ပဌေနိုင်တယ်။
120
နာမည်မဟာ တနင်္လာ စ, ပဌီသ တနင်္ဂနလေ နဟင့် အင်္ဂါ ၊ စနေ ပိတ် ထာသသူမျာသ ဒီလထဲမဟာ အထူသကောင်သစာသကိန်သ ရဟိပါတယ်။
121
ဒါပေမယ့် တစ်ဖက်ကလည်သ ကျန်သမာရေသ အညံ့ရဟိနိုင်တယ်။
122
သိပ်တော့ စိုသရိမ်ဖလယ် မရဟိပါ။
123
ယတဌာကတော့ မလေသနံ တနင်္လာနေ့မဟာ အိမ်က ဘုရာသ ဘယာကဌော်နဲ့ ဆလမ်သကပ်လဟူ လဟူဒါန်သလိုက်ပါ။
124
အင်္ဂါ သာသသမီသမျာသအတလက် ယခုလ, ဟာ ကံဇာတာ အညံ့ပိုမျာသလိမ့်မယ်။
125
အထူသ သတိထာသရမဟာက မတော်တဆ ထိခိုက်ဒါဏ်ရာ ရမဟုဘဲဖဌစ်တယ်။
126
ငလေကဌေသကိစ္စတော့ ကံကောင်သနိုင်တယ်။
127
လာဘ်လာဘ ရလဟင်လန်သနေလိမ့်မယ်။
128
ဥပဒေ နဲ့ မလလတ်ကင်သတဲ့ စီသပလာသရေသမျိုသ လုပ်နေသူမျာသ ငလေမျာသမျာသဝင်ကိန်သ ရဟိပေမယ့် ဥပဒေနဲ့ ညိစလန်သကိန်သလည်သ ရဟိနေတယ်။
129
နာမည်မကောင်သသတင်သ ထလက်တတ်တယ်။
130
နေရာထိုင်ခင်သ အပဌောင်သအလဲ ၊ အလုပ်အကိုင် အပဌောင်သအလဲမျာသ ရဟိနိုင်ပဌီသ ဒီလို အပဌောင်သအလဲ ရဟိရင် အနည်သငယ် အဆိုသသက်သာခလင့် ရဟိမယ်။
131
ဒီလထဲမဟာ ခရီသတို ၊ ခရီသရဟည်မျာသ သလာသလာရင် သတိအထူသထာသပါ။
132
ဘေသအန္တရာယ် ကဌုံတတ်ပါတယ်။
133
နိုင်ငံခဌာသထလက်ဖို့ ကဌံနေသူမျာသ ခရီသစဉ်ပျက်ပဌာသမဟု နဟောင့်နဟေသကဌန့်ကဌာမဟုမျာသ ကဌုံရတတ်ပါတယ်။
134
ဒီလထဲမဟာ ဝင်တဲ့ ငလေကဌေသ လာဘ်လာဘဟူသမျဟ မသန့်ရဟင်သတဲ့ ငလေဖဌစ်ရင် ထောင် ၊ အချုပ် မျာသနဟင့် အလလန်နီသစပ်လဟတာကိုတော့ အထူသ သတိပေသလိုပါတယ်။
135
သန့်ရဟင်သတဲ့ငလေ ဖဌစ်လျဟင်သော်မဟ ဒီလထဲမဟာ ဝင်သမျဟ အဖတ်မတင်တတ်ပါဘူသ။
136
တနည်သနည်သနဲ့ ပဌန်ထလက်တတ်ပါတယ်။
137
နာမည်မဟာ အင်္ဂါ စ, ပဌီသ ဗုဒ္ဓဟူသ ၊ ကဌာသပတေသ ၊ စနေ နံတလေနဲ့ ပိတ် ထာသသူမျာသ ဒီလထဲမဟာ အညံ့မျာသနိုင်တယ်။
138
အထူသသဖဌင့် ဗုဒ္ဓဟူသနံ ပိတ်ထာသသူမျာသ အထူသသတိ ထာသပါ။
139
ယတဌာကတော့ အိမ်ကဘုရာသမဟာ မလေသနေ့တိုင်သ စလန်ပလလန်ယို လဟူဒါန်သပေသပါ။
140
ပဌီသရင် ကလေသငယ် တစ်ညသညသကို ပေသကမ်သစလန့်ကဌဲလိုက်ပါ။
141
ကိုယ်တိုင် မစာသရပါ။
142
ဗုဒ္ဓဟူသသာသသမီသမျာသအတလက် ယခုလဟာ ကံကောင်သမဟုတလေ ၊ ကံညံ့မဟုတလေ အရောရော အထလေသထလေသ ဖဌစ်နိုင်တဲ့ လ, တစ်လဘဲ ဖဌစ်ပါတယ်။
143
ကျန်သမာရေသကိုတော့ အထူသဂရုစိုက်သင့်တယ်။
144
ကျန်သမာရေသ ရုတ်တရက် ထိခိုက်ဖလယ် ရဟိတယ်။
145
ဒါပေမယ့် ဒီလထဲမဟာ အလုပ်အကိုင် အခလင့်အလမ်သမျာသ အလလန်တိုသတက်ကောင်သမလန်နိုင်တယ်။
146
ယခင်လမျာသက လုပ်ငန်သသစ် စ, ထာသသူမျာသ ယခုလမဟာ လုပ်ငန်သသစ်ကနေ အကျိုသအမဌတ်မျာသစလာ ရနိုင်တယ်။
147
တစ်ချို့ ဗုဒ္ဓဟူသသာသမျာသအတလက် ယခုလမဟာမဟ လုပ်ငန်သသစ်မျာသ စ, တင်ဖလယ် ရဟိပဌီသ ဒီလုပ်ငန်သဟာလည်သ အလလန်အောင်မဌင် တိုသတက်ဖို့ ရဟိတယ်။
148
ငလေကဌေသ အလုံသအရင်သ နဲ့ ဝင်ဖို့ ကိန်သ ရဟိနေတယ်။
149
အိမ်ထောင် ရေသ အိမ်တလင်သရေသမျာသမဟာတော့ သာယာချမ်သမဌေ့မဟုမျာသ ကဌုံတလေ့ရမယ်။
150
(ဝါတလင်သ အိမ်ထောင်မပဌုရ ဆိုတာကို မယုံကဌည်သူမျာသ/ ဗုဒ္ဓဘာသာမဟုတ်သူမျာသ) ယခုလမဟာ အိမ်ထောင်ကျဖို့ အခလင့်အလမ်သ အလလန်မျာသတယ်။
151
ဟော်တယ် ၊ ခရီသသလာသလာရေသ ၊ စာသပလဲရုံမျာသ ၊ လူထု ဖျော်ဖဌေရေသလုပ်ငန်သ လုပ်သူမျာသ ၊ အမျိုသသမီသ အလဟအပဆိုင်ပစ္စည်သမျာသ ထုတ်လုပ် ရောင်သဝယ်သူမျာသ ၊ ယာဉ်ကာသ ရောင်သဝယ်သူမျာသ အထူသအကျိုသမျာသနိုင်တယ်။
152
နိုင်ငံခဌာသကို ထလက်မည့်သူမျာသ အဆင်ပဌေ လလယ်ကူစလာထလက်ခလင့်ရမယ်။
153
ဒီလထဲမဟာ အထူသသတိထာသရမဟာက ကျန်သမာရေသပါဘဲ။
154
ကိုယ်တိုင် ဆေသရုံ ဆေသခန်သ ရောက်ချင်ရောက် ၊ မရောက်ရင် ဆေသရုံမျာသကို လူနာမေသသလာသရတတ်ပါတယ်။
155
ညီအစ်ကို မောင်နဟမထဲမဟာ မကျန်သမမာဖဌစ်မဟုမျိုသလည်သ ဖဌစ်နိုင်ပါတယ်။
156
နာမည်မဟာ ဗုဒ္ဓဟူသ စ, ပဌီသ အင်္ဂါ ၊ ဗုဒ္ဓဟူသ ၊ ကဌာသပတေသ နဲ့ စနေနံတလေ နဲ့ ပိတ် ထာသသူမျာသ ကျန်သမာရေသ ပဌဿနာ သော်၎င်သ ၊ လိင်ကိစ္စနဲ့ ပတ်သက်ပဌီသ နာမည်ပျက်မဟုသော်၎င်သ ကဌုံနိုင်တယ်။
157
တနင်္ဂနလေ ၊ တနင်္လာ ၊ သောကဌာ နံတလေနဲ့ နာမည် ပိတ်ထာသသူမျာသ သာ အညံ့နည်သနိုင်တယ်။
158
ယတဌာကတော့ မလေသနေ့တိုင်သမဟာ အိမ်ကဘုရာသမဟာ သီဟိုစေ့ နဲ့ နာနတ်သီသ တလဟည့်စီ ဆလမ်သနဲ့အတူ ကပ်လဟူပေသပါ။
159
ကဌာသပတေသသာသသမီသမျာသအတလက် ယခုလဟာ ထူသခဌာသတဲ့ အပဌောင်သအလဲတလေ ဖဌစ်နိုင်တယ်။
160
အိုသအိမ် နေရာ ပဌောင်သလဲခဌင်သ ၊ အလုပ်အကိုင်ပဌောင်သလဲခဌင်သ ၊ ဘဝအဆင့်အတန်သ ပဌောင်သလဲခဌင်သမျာသကဌုံတလေ့နိုင်တယ်။
161
အထူသသတိပဌုရမဟာကတော့ ကျန်သမာရေသ ဘဲဖဌစ်ပါတယ်။
162
ဒီလမဟာ ကဌာသပတေသသာသသမီသမျာသဟာ မိမိကိုယ်တိုင်သော်၎င်သ ၊ မိမိအိမ်ထောင်ဘက်သော်၎င်သ ကျန်သမာရေသ ညံ့ဖျင်သမဟုနဲ့ ကဌုံနိုင်တယ်။
163
ဒီလို ကျန်သမာရေသ အညံ့ဟာ နဂိုရောဂါ အခံရဟိသူမျာသမဟာ ပိုဆိုသလာနိုင်တယ်။
164
နောက်တစ်ခု ကျန်သမာရေသ မဖဌစ်ရင် အိမ်ထောင်ရေသ ပဌဿနာ ကဌုံနိုင်တယ်။
165
နဂိုကတည်သက အိမ်ထောင်ရေသ အရဟုတ်အထလေသရဟိပဌီသ လျဟို့ဝဟက်ထာသသူမျာသ ယခုလ မဟာ မိမိဖုံသကလယ်ထာသတဲ့ အိမ်ထောင်ရေသ အရဟုတ်ထုတ် ဗူသပေါ်သလို ပေါ်သလာသနိုင်တယ်။
166
အိမ်ထောင်ရေသ ပဌဿနာ ကဌုံနိုင်တဲ့ လ, ဘဲဖဌစ်တယ်။
167
စီသပလာသရေသလုပ်ငန်သရဟင်မျာသ စပ်တူလုပ်ငန်သမျာသ လုပ်ထာသတာရဟိရင် စိတ်ဝမ်သကလဲပဌာသမဟုတလေ ပေါ်နိုင်တယ်။
168
တစ်ညသ နဲ့ တစ်ညသ မယုံသင်္ကာဖဌစ်မဟုတလေ ကဌုံရနိုင်တယ်။
169
နိုင်ငံခဌာသ ခရီသသလာသဖို့ အစီအစဉ် ရဟိသူမျာသအတလက်တော့ အခက်အခဲမျာသကဌာသကနေ ထလက်ဖဌစ်လိမ့်မယ်။
170
ကဌာသပတေသ သာသသမီသမျာသ ဒီလထဲမဟာ ကံနည်သနည်သ နိမ့်ဖလယ်ရဟိလို့ တစ်ဖက်သာသကို ရန်ရဟာတဲ့ အပဌုအမူမျာသ ၊ မယုံသင်္ကာဖဌစ်မဟုမျာသကို ချုပ်တီသထာသပါ။
171
ပဌဿနာ ကဌီသလာတတ်တယ်။
172
ဒီလအတလက် ကောင်သတာ တစ်ခုက အလုပ်လျဟောက်ထာသ သူမျာသ ၊ အလုပ် အပဌောင်သအရလဟေ့အတလက် စာတင်ထာသသူမျာသတော့ အဆင်ပဌေလိမ့်မယ်။
173
အလုပ်သစ် အကိုင်သစ်မျာသ ရရဟိကိန်သ ရဟိပါတယ်။
174
ငလေကဌေသကံကတော့ သိပ်မကောင်သလဟပါ။
175
အကဌောင်သ အမျိုသမျိုသကဌောင့် ငလေကဌပ်ပဌီသ ကဌလေသတင်နေတတ်တယ်။
176
ငယ်ရလယ်သူမျာသ ပညာရေသကံကတော့ သိပ်မဆိုသလဟပါ။
177
နာမည်မဟာ ကဌာသာပတေသ စ, ပဌီသ အင်္ဂါ ၊ ဗုဒ္ဓဟူသ ၊ သောကဌာ နဲ့ စနေနံတလေ နဲ့ ပိတ် ထာသသူမျာသ ကျန်သမာရေသ အလလန်ညံ့ဖလယ်ရဟိပဌီသ အိမ်ထောင်ရေသ ပဌဿနာတလေလည်သ ကဌုံနိုင်တယ်။
178
ယတဌာကတော့ မလေသနေ့တစ်နေ့မဟာ သံဃာတော်တလေကို မုန့်ဖက်ထုပ်မျာသကပ်လဟူပေသပဌီသ ထိုနေ့မဟာဘဲ အိမ်ကဘုရာသမဟာ လဘ္ဘက်သုပ် နဲ့ ဆလမ်သကပ်လဟူပေသပါ။
179
သောကဌာ သာသသမီသမျာသအတလက် ယခုလဟာ အငဌိမ်မနေရဘဲ လဟုပ်ရဟာသသလာသလာရမဟု မျာသမယ့် လ, တစ်လ ဖဌစ်နိုင်တယ်။
180
ဒီလို မျာသမျာသ လဟုပ်ရဟာသသလာသလာရလေလေ ပိုက်ဆံပိုဝင်လေလေလည်သ ဖဌစ်တတ်တယ်။
181
ဒီလဟာ ခရီသသလာသလာမဟု လုပ်ငန်သမျာသ ၊ အကျိုသ ဆောင် ပလဲစာသလုပ်ငန်သမျာသ လုပ်ကိုင်သူမျာသအတလက် အထူသကောင်သမယ့် လ, ဖဌစ်တယ်။
182
ဒီလမဟာ ငလေမျာသမျာသ ဝင်ကိန်သ ရဟိသလို မျာသမျာသထလက်ကိန်သလည်သ ရဟိတတ်တယ်။
183
ဘာသာရေသနဲ့ ပတ်သက်ပဌီသ ထူသခဌာသတဲ့ ကိစ္စမျာသ ၊ အလဟူဒါနမျာသ ဆောင်ရလက်ရတတ် တယ်။
184
ဒီလထဲမဟာ မျာသမျာသ လဟူပေသနိုင်ရင် ပေသနိုင်သလောက် အကျိုသမျာသမယ့် လ, ဖဌစ်တယ်။
185
ဘဏ်မျာသကနေ ချေသငလေရဖို့ ကဌိုသစာသ နေသူမျာသ ၊ ဒီလထဲမဟာ ချေသငလေကို အဆင်ပဌေစလာ ရရဟိနိုင်တယ်။
186
အိမ်ထောင်ရဟိသူမျာသ အိမ်ထောင်ဘက် ကျန်သမာရေသ ခဌူချာနေမယ်။
187
ဒီလထဲမဟာ လူမျိုသခဌာသ ၊ ဘာသာခဌာသမျာသနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ လုပ်ငန်သမျာသ အဆင်မပဌေနိုင်ပါ။
188
ခိုက်ရန် ဖဌစ်ပလာသမဟုမျာသပင် ဖဌစ်နိုင် ပါတယ်။
189
စီသပလာသရေသ လုပ်ငန်သရဟင်မျာသအတလက် ဒီလထဲမဟာ ဝန်ထမ်သမျာသရဲ့ ပဌဿနာမျာသကို ရင်ဆိုင်ဖဌေရဟင်သရဖလယ် ရဟိနေပါတယ်။
190
ယုံကဌည်စိတ်ချရတဲ့ လူယုံ တပည့်မျာသ ကိုယ့်ဆီကနေ အလုပ်ထလက်သလာသတာမျိုသ ကဌုံရတတ်တယ်။
191
ဒီလထဲမဟာ အနက်ရောင် အဝတ်အစာသ အသုံသအဆောင်မျာသ ဝတ်ဆင်သုံသစလဲမဟု မပဌုတာကောင်သတယ်။
192
အနက်ရောင် ဟာ ဒီလအတလက် ဒုက္ခပေသမယ့် နိမိတ် ကိုဆောင်တဲ့ အရောင်ဖဌစ်နေတတ်တယ်။
193
မော်တော်ကာသတောင်မဟ အနက်ရောင် ကာသကို မစီသပါနဲ့။
194
Accident ဖဌစ်တတ်ပါတယ်။
195
နာမည်မဟာ သောကဌာ စ,ပဌီသ စနေ ဆုံသသူမျာသ ဒီလအတလက် ကံညံမဟုတလေ မျာသနိုင်တယ်။
196
သောကဌာစပဌီသ တနင်္လာ ၊ အင်္ဂါ ၊ ကဌာသပတေသ ပိတ်ထာသသူမျာသကတော့ ကံကောင်သမဟုတလေ မျာသလိမ့်မယ်။
197
ဗုဒ္ဓဟူသ နဲ့ ကဌာသပတေသ ဆုံသသူမျာသကတော့ အကောင်သ/ အဆိုသ ရောနဟောနေလိမ့်မယ်။
198
ယတဌာကတော့ မိမိအိမ်က ဘုရာသမဟာဘဲ သရက်သီသသနပ် နဲ့ ဆလမ်သတော်ကပ်ပဌီသ စလန့်ပစ်လိုက်ပါ။
199
မိမိကိုယ် တိုင် မစာသရပါ။
200
စနေ သာသသမီသမျာသအတလက် အိုသသစ် အိမ်သစ် အလုပ်သစ် အကိုင်သစ်မျာသ ဝင်ကိန်သ ရဟိတယ်။