sentence_id
int64
1
15.7M
text
stringlengths
3
11.1k
201
သို့မဟုတ်ရင် အိုးအိမ် ၊ ဆောက်လုပ်ရေး ၊ ရောင်းဝယ်ရေး လုပ်ငန်းများကြောင့် အကျိုးကျေးဇူး ခံစားရဖို့ ရှိပါတယ်။
202
အလုပ်အကိုင်လုပ်ရာမှာ လူပင်ပန်း စိတ်ပင်ပန်းမှု များမယ်။
203
တာဝန်ယူရမှု များလိမ့်မယ်။
204
ဒါပေမယ့် ပင်ပန်းသလောက်လည်း အကျိုးကျေးဇူး ရှိပါလိမ့်မယ်။
205
ငွေကြေးကံ အထူးကောင်းနိုင်တယ်။
206
လာဘ်လာဘ ရွှင်လန်း နေလိမ့်မယ်။
207
ဒီလထဲမှာ ဆေးရုံဆေးခန်းများကို ရောက်ကိန်း ရှိပါတယ်။
208
ကိုယ်ကိုယ်တိုင် တက်ရတမဟုတ်ဘဲ လူနာမေးသွားဖို့ ရောက်တာဆိုရင်တော့ ကံကောင်းတယ်လို့ ယူဆလိုက်ပါ။
209
ဒီလထဲမှာ လက်ထဲမှာ ပိုက်ဆံရွှင်နေတော့ အပျော်အပါးများတတ်တယ်။
210
အသုံးအဖြုန်း များတတ်တယ်။
211
အပေါင်းအသင်းများနဲ့ ထွက်တာ များလွန်းလို့ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး တကျက်ကျက် ဖြစ်နေတတ်တယ်။
212
ဒါပေမယ့် အိမ်ထောင်မကျသေးသူ လူပျို လူလွတ်များ ယခုလမှာ ရုတ်တရက် အိမ်ထောင်ကျကိန်း ၊ လက်မှတ်ထိုးရကိန်းများ ရှိပါတယ်။
213
မိန်းမရှုပ်သူ ယောင်္ကျားပျိုများ မလည်ရှုတ်လုပ်ရာကနေ မယူချင်ဘဲ ယူလိုက်ရတဲ့ ကိစ္စမျိုး ကြုံရဖွယ် ရှိပါတယ်။
214
နိုင်ငံခြား နှင့် ပတ်သက်သော ကိစ္စများ ကံကောင်း နိုင်တယ်။
215
နာမည်မှာ စနေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ဆုံးသူများ ဒီလ, မှာ အထူးကောင်းမွန်တဲ့ အခွင့်အရေး နဲ့ ကံကြမ္မာတွေ ရရှိ နိုင်တယ်။
216
နာမည်မှာ စနေ စ, ပြီး သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆုံးသူများ ဒီလထဲမှာ အိမ်ထောင်ရေးပြဿနာ ၊ မတော်တဆ ထိခိုက်မှု နဲ့ အလုပ်ရာထူး ထိခိုက်မှုများ ဖြစ်နိုင်ချေရှိတယ်။
217
တနင်္ဂနွေနံနဲ့ နာမည်ဆုံးသူများ အကောင်း/အညံ့ ရောနေပါတယ်)။
218
ယတြာကတော့ အုန်းသီး နဲ့ ထန်းလျှက်ကို အတူတွဲပြီး ဘုရားဆွမ်းတော်ကပ်ရာမှာ အချိုပွဲအဖြစ် ရောထည့် ကပ်လှူပေးပါ။
219
1 အို ဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ ပဌနာစကားကို မှတ်တော်မူပါ။
220
အကျွန်ုပ်အထက်၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
221
မြန်မာယနေ့ ဘလော့ပေါ်မှာ ၂၀၁၀ ခုနှစ် မြန်မာပြည် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လာရောက် လည်ပတ် သူတွေရဲ့ သဘောထား အမြင်တွေကို သိရအောင် ဆာဗေး တစ်ခု တင်ထားပါတယ်။
222
အစ ရှိတဲ့ မေးခွန်းတွေကို မေးမြန်း ထားပါတယ်။
223
ယခု အချိန်ထိ ဖြေဆို ပြီးသူ ၄၀ ကျော် ရှိပါပြီ။
224
အခုထိ ဘာတွေ ဖြေဆို ထားတယ် ဆိုတာ ကိုလဲ ချက်ချင်း ကြည့်ရှု နိုင်ပါတယ်။
225
၂၀၁၀ မြန်မာ ရွေးကောက်ပွဲ အမြင် ဆိုတဲ့ နေရာမှား မဲပေး နိုင်ကြပါပြီ။
226
ညှပ်မနေနဲ့တော့ နင် ဆံပင်ရှည်တဲ့ပုံမမြင်ဖူးသေးတော့ ဘယ်လိူုနေမလဲ မြင်ဖူးချင်လို့ း)ဒီကဗျာက လွမ်းရမယ့် ကဗျာကို နှောင့်သွားတာမဟုတ်ဘူးနော် စိတ်များ ပြောင်းလေမလားလို့ စ သွားတာ။
227
မောင်မျိုးရယ် သူဆံပင်ရှည်တဲ့ပုံတွေ တွေ့ချင်ရင် ဖဘမှာ ကြည့်လေ သူ့ပုံအဟောင်းတွေ ရီရတယ်။
228
ကတုံးတုံးလိုက်ပါလား။
229
မေမေလဲသက်သာတာပေါ့။
230
အုန်းဆီလဲ ကုန်တော့ဘူးပေါ့။
231
ကိုယ့်ညီမလေး ညီညီကမှ မေတ္တာထားသေးတယ်။
232
mirror ရေ side bar မှာ ယူသုံးလိုက်ပြီနော်။
233
ကျွန်တော်တို့ မရောက်သေးတဲ့ ပန်းတိုင်ကို စစ်အာဏာရှင်တွေကနေ ဘယ်လို နည်းပရိယာယ်နဲ့ပဲ ကျင့်သုံးကျင့်သုံး ကျွန်တော်တို့ သတိရှိဖို့ လိုတယ်။
234
ကျွန်တော်တို့တတွေဟာ စည်းလုံးညီညွတ်မှုကို ဆက်လက်ပြီး ကိုင်စွဲဖို့လိုတယ်။
235
ရှစ်လေးလုံး အခမ်းအနားကို တရုတ် မြန်မာနယ်စပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ရဲ့ မြောက်ပိုင်း ကျောင်းသား တပ်မတော်ဌာနချုပ်မှာလည်း စစ်ရေး တင်းမာနေတဲ့ကြားကနေ ကျင်းပကြပါတယ်။
236
ရှစ်လေးလုံးက ရခဲ့တဲ့ သမိုင်းပေးတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ပြန်လည်ပြီးတော့ ဝေငှကြတယ်။
237
အခမ်းအနားမှာ ကာတွန်း၊ ကဗျာ စတဲ့ နံရံကပ် ပိုစတာတွေ ပြသထားပြီး လူ ပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
238
အလားတူပဲ ကချင်ပြည်နယ် မိုးကောင်းမြို့ အင်န်အယ်ဒီ အဖွဲ့ဝင်တွေကလည်း ၈ လေးလုံးမှာ ကျဆုံးသွားသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု အလှူဒါနများ ပြုလုပ်ကာ ၈ လေးလုံး အခမ်းအနားကို ကျင်းပကြကြောင်း အင်န်အယ်လ်ဒီ အဖွဲ့ဝင် ကိုဝင်းအောင်က ပြောပါတယ်။
239
အိန္ဒိယမြို့တော် နယူးဒေလီ ဂျန်တာမန်တာ ပန်းခြံရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) ကနေ ဦးဆောင်ပြီး နယူးဒေလီရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အယောက် ၅၀ ကျော်တို့က ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
240
၈၈ အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့က ၈၈ ရဲ့ ရည်မှန်းချက် အစစ်အမှန်ဖြစ်တဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆိုတဲ့ ရည်းမှန်းချက်တွေကို ပြန်လည်ဖော်ထုတ်တာပါပဲ။
241
ပြီးတော့ လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ သွားနေတဲ့ ဖြစ်စဉ်တွေကို အယုံအကြည်မရှိဘူး။
242
ကျွန်တော်တို့ ၈၈ တုန်းက ရည်မှန်းခဲ့တဲ့ လူတွေ အသက်ချွေး ထောင်သောင်းချီပြီးတော့ အသက်ဆုံးရှုံးခံခဲ့တဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ရည်မှန်းချက်ကို ပြည့်မီနိုင်ခြင်းမရှိဘူး။
243
အလားတူ အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာလည်း ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် စကားဝိုင်းနဲ့ ပန်းချီပြပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
244
ရသ စာပေတွေ ဈေးကွက်မှာ အားနည်းလာတယ် ဆိုကြပေမဲ့ အချစ်ဝတ္ထု များကတော့ ပန်းပန်လျက်ပါ အခြေအနေမှာ ရှိပါတယ်။
245
ကမ္ဘာမှာလည်း ထိုနည်း အတူပါပဲ။
246
အချစ်ဝတ္ထုများဟာ စာပေ ဝတ္ထုများ၊ လျှို့ဝှက်သည်းဖို ဝတ္ထုများထက် အများကြီး ရောင်းအား ကောင်းပါတယ်။
247
အချစ်ဝတ္ထု ရေးနည်း ၁၀၁ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာမ ရေဗက္ကာယော့ခ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် The Writer မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီလ စာပေဆောင်းပါး စိတ်ဝင်စားသူများ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။
248
၁၉၈၀ ပြည့်နှစ်များကတည်းက စာပေလောကမှာ ရောင်းအား အကောင်းဆုံး ဝတ္ထုများ အဖြစ် ရပ်တည်ခဲ့တဲ့ အချစ်ဝတ္ထုများ ဈေးကွက်က ပြောင်းလဲ လာပါတယ်။
249
အခြေခံ အချက်အလက်များက မပြောင်းလဲဘဲ ရှိခဲ့ပေမဲ့ ဇာတ်ကောင် စရိုက်များ၊ ဇာတ်အိမ်တည် ဆောက်ပုံများက အချစ် ဝတ္ထုများမှာ ဘယ်သူမှ မျှော်လင့် မထားတဲ့ ပုံစံမျိုး ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။
250
ကျွန်မက အချစ် ဝတ္ထုများနဲ့ ပတ်သက်ပြီး ပြောလေ့ပြောထ ရှိခဲ့တာက အချစ်ဝတ္ထု ဆိုတာ ယောကျ်ား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ပေါင်းသင်း ဆက်ဆံရေး အခြေအနေ တိုးတက် ပြောင်းလဲလာမှုကို ဖော်ပြတာပဲ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။
251
ဒါပေမဲ့ ဒီနေ့ခေတ် အချစ်ဝတ္ထုများကတော့ ယောကျ်ား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းမျိုးသာ မကတော့ဘဲ မိန်းမ တစ်ယောက်နဲ့ ပုတ်သင်ညိုကလေး တစ်ကောင် သံယောဇဉ် နှောင်ဖွဲ့တာမျိုးလည်း ဖြစ်လာပါတယ်။
252
အဲဒါအပြင် ဒီနေ့ ရေးနေကြတဲ့ အချစ်ဝတ္ထုများက ယောကျ်ားနှစ်ယောက် သို့မဟုတ် မိန်းမနှစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းတွေလည်း ရေးဖွဲ့လာကြပါတယ်။
253
အမေရိကန် ပြည်ထောင်စု အချစ်ဝတ္ထု စာရေးဆရာများ အဆိုအရ ၂၀၀၇ ခုနှစ်မှာ အချစ်ဝတ္ထုများ ရောင်းရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၃၇၅ ဘီလီယံ ရှိပြီး သည်းထိတ်ရင်ဖို ဝတ္ထုများက ဒေါ်လာ သန်း ၆၅၀၊ စာပေဆိုင်ရာ ဝတ္ထုများ ရောင်းရငွေက ဒေါ်လာ ၄၆၆ သန်းသာ ရှိပါတယ်။
254
၂၀၀၇ ခုနှစ်အတွင်းမှာ အချစ်ဝတ္ထုပေါင်း ၉၀၀၀ ထွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
255
ဒီကိန်းဂဏန်းတွေကို လေ့လာကြည့်မယ်ဆိုရင် အချစ်ဝတ္ထု စာရေးဆရာများအတွက် အခွင့်အလမ်းက အများကြီး ကောင်းနေပါတယ်။
256
ဒီလိုဆို အချစ်ဝတ္ထုတွေပဲ ရေးရတော့မလားလို့ မေးချင်သူများအတွက် ကျွန်မ အကြံ ပေးချင်ပါတယ်။
257
အချစ်ဝတ္ထုများကို ဖတ်ရတာ စိတ်ချမ်းသာတယ်၊ စိတ်ကြည်နူးတယ်၊ စိတ်ဝင်စားတယ် ဆိုတဲ့သူများသာ အချစ်ဝတ္ထု ရေးဖို့ ကြိုးစား စေချင်ပါတယ်။
258
အချစ် ဝတ္ထုများမှာ ရေးနည်းရေးဟန်၊ ပုံသေနည်းတွေ ရှိတယ်လို့ ဆိုကြပါတယ်။
259
ဒါပေမဲ့ တကယ်တော့ အချစ် ဝတ္ထုများမှာ ပုံသေနည်း မရှိပါဘူး။
260
လျှို့ဝှက်သည်းဖိုဝတ္ထုများမှာတော့ တရားခံနဲ့ ဥပဒေဘက်တော်သားတို့ ဉာဏ်ရည်ချင်း ယှဉ်ပြိုင်ကြပြီး နောက်ဆုံးမှာ ဥပဒေ ဘက်တော်သားက အနိုင်ရကာ ဇာတ်သိမ်းလေ့ ရှိပါတယ်။
261
ဒါကြောင့် လျှို့ဝှက် သည်းဖိုဝတ္ထုများကတော့ ပုံသေနည်း ရှိတယ်လို့ ကျွန်မ ပြောချင်တာပါ။
262
လျှို့ဝှက်သည်းဖို ဝတ္ထုများကိုဖတ်တဲ့ ပရိသတ်တွေက သူတို့မှာ အတော်အတန် စာဖတ်သက် ရှိကြပြီး မှုခင်း ကျူးလွန်သူက ဘာလုပ်မယ်၊ ဥပဒေ ဘက်တော်သားက ဘာလုပ်မယ် ဆိုတာတွေကို ခန့်မှန်း တတ်ကြပါတယ်။
263
ထိုနည်းတူစွာပဲ အချစ်ဝတ္ထု ဖတ်သူများကလည်း အချစ်ဝတ္ထုတွေချည်း တစိုက်မတ်မတ် ဖတ်ခဲ့ကြသူတွေ ဖြစ်တာကြောင့် တော်ရုံတန်ရုံ ဇာတ်လမ်းဆိုရင် ရှေ့ဆက် ဘာဖြစ်မယ် ဆိုတာကို ခန့်မှန်း နိုင်ကြပါတယ်။
264
ကျွန်မ အတွေ့အကြုံ အရ အချစ်ဝတ္ထု ဖတ်သူ အများစုဟာ မိန်းမစာဖတ် ပရိသတ်များ ဖြစ်ပြီး သူတို့ မမျှော်လင့်တဲ့ ဇာတ်ကွက်မျိုးကို စာရေးဆရာက ဖန်တီးနိုင်မှသာလျှင် အောင်မြင်တဲ့ အချစ်ဝတ္ထု ဖြစ်မှာပါ။
265
အချစ်ဝတ္ထု ဖတ်သူများမှာ စာရေးဆရာ အစွဲ ရှိတတ်ပါတယ်။
266
ဥပမာ နိုရာရောဘတ်စ် ဖတ်သူက နိုရာရဲ့ဝတ္ထုများကို အစဉ်တစိုက် ဖတ်ပြီး ဂျူလီဂါဝုဒ် ဝတ္ထု ဖတ်သူများကလည်း ဂျူလီရဲ့ ဝတ္ထုကိုသာ ဖတ်တတ်ပါတယ်။
267
ဒါ ကြောင့် ကိုယ်က အချစ်ဝတ္ထု ရေးမယ် ဆိုရင် သူတို့ထက် ကောင်းတဲ့ဇာတ်အိမ် ဖွဲ့နိုင်သူဖြစ်ဖို့ လိုအပ်ပါတယ်။
268
အချစ် ဝတ္ထုများမှာ ဇာတ်အိမ် အမျိုးမျိုး တည်ဆောက်လို့ ရပါတယ်။
269
ရိုးရိုးတန်းတန်း အချစ်ဝတ္ထုများကတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး တို့ရဲ့ အချစ်ကို ဖော်ကျူးတဲ့ ဝတ္ထုများ ဖြစ်ပါတယ်။
270
တချို့ စာရေးဆရာများက ဒီနေ့ခေတ်ကို ရေးဖွဲ့တာ ဖြစ်ပေမဲ့ တချို့က သမိုင်းနောက်ခံ အချစ် ဝတ္ထုများကို ရေးကြတာတွေလည်း ရှိပါတယ်။
271
ဒီလိုသရုပ်ခွဲကြည့်ပြီးရင် ကိုယ်က ဘယ်လို ဝတ္ထုမျိုးကို ရေးချင်တာလဲ ဆိုတာ ဆုံးဖြတ် ရပါလိမ့်မယ်။
272
အချစ်ဝတ္ထု ရေးဖို့ အမှန်တကယ် လိုအပ်တဲ့ အချက် ၁၀ ချက်ကို ကျွန်မ ပြောပြပါမယ်။
273
ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ အချစ်ဝတ္ထု ရေးတော့မယ် ဆုံးဖြတ်တဲ့ အတွက် လုံးချင်း အချစ်ဝတ္ထုတွေ ထောင်နဲ့ချီပြီး ဖတ်ဖူးသူ ဖြစ်ရပါမယ်။
274
ဒါမှသာ အချစ်ဝတ္ထု ကောင်းကောင်း တစ်ပုဒ်ကို ဘယ်လို ဖန်တီးရမယ်ဆိုတဲ့ အတွေးရနိုင်မှာပါ။
275
အထက်မှာ သရုပ် ခွဲထားတဲ့ ဝတ္ထု အမျိုးအစားတွေထဲက ဘယ်လို အမျိုး အစားကိုပဲ ရေးမှာဖြစ်စေ၊ ဇာတ်ကောင်များရဲ့ အဖြစ်အပျက်ကတော့ အဓိကအာ ရုံစိုက်ရမယ့် ကိစ္စဖြစ်ပါတယ်။
276
ဆိုကြပါ စို့။
277
ကိုယ်က သည်းထိတ်ရင်ဖို အချစ် ဝတ္ထုတစ်ပုဒ်ကို ရေးမယ်လို့စဉ်းစားရင် အန္တရာယ် ကြုံတွေ့နေရပြီး ချစ်သူရှိတဲ့ မိန်းမတစ်ယောက် အကြောင်း ရေးရုံနဲ့ မပြီးနိုင်ပါဘူး။
278
အန္တရာယ် ရင်ဆိုင်နေရတဲ့ ကြားကနေ အချစ်တွေ ပေါက်ဖွားပြီး ချစ် သွားကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ဇာတ်လမ်းသာ ဖြစ်ရပါမယ်။
279
တစ်ခါ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ကိုပဲ အသားပေးနေပြန်ရင်လည်း ရေးတဲ့ ဝတ္ထုက သည်းထိတ်ရင်ဖို အချစ်ဝတ္ထု ဖြစ်မလာတော့ဘဲ တခြားစီဖြစ်သွားပါ လိမ့်မယ်။
280
ကိုယ် ရေးချင်တာကသည်း ထိတ်ရင်ဖိုဇာတ်လမ်းလည်း ဖြစ်ရမယ်။
281
အချစ်အကြောင်းလည်း ပါရမယ် ဆိုတာကို သတိထားရပါမယ်။
282
ဘယ်လိုစရေးမလဲ။
283
ပထမဆုံး ချ ရေးလိုက်တဲ့ ဝါကျက စာဖတ်သူကို ဖမ်းစားနိုင်မယ့် ဝါကျဖြစ်ဖို့ လိုပါတယ်။
284
ထိုနည်းတူစွာ ပထမဆုံး စာပိုဒ်က ကိုယ့် ဝတ္ထုကို အရောင် ပြောင်လက်လာအောင် တင်ပေးမယ့် စာပိုဒ်ဖြစ်ဖို့လည်း လိုအပ်တယ် ဆိုတာ သတိပြုရပါမယ်။
285
စာဖတ်သူကို ပထမ စာပိုဒ်နဲ့ ဖမ်းစားလိုက်နိုင် ရင် နောက်ဘာဖြစ်မှာလဲ ဆိုတာ စာ ဖတ်သူက အလိုလို စိတ်ဝင်စားလာပါ လိမ့်မယ်။
286
အချစ်ဝတ္ထု အများစုရဲ့ ဇာတ်လမ်း အစက နောက်ခံ အကြောင်းအရာတွေ အများကြီးနဲ့ စတတ်ပါတယ်။
287
ဒါကြောင့် ကျွန်မ အမြဲ သုံးသပ်ဖြစ်တဲ့ အချက်ကတော့ ဒီအချက်အလက်တွေကို အခု ချက်ချင်းမပြောဘဲ နောင်ကျမှ ဝတ္ထုထဲ မှာ တဖြည်းဖြည်းချင်း ထည့်သွင်းသွား ရင်ကော မဖြစ်နိုင်ဘူးလား။
288
ကိုယ့်ဝတ္ထုကလေးက စာဖတ်ပရိ သတ်လက်ကို မရောက်ခင် အယ်ဒီတာ စားပွဲကို ဖြတ်သန်းရမှာပါ။
289
အယ်ဒီတာ ဆိုတဲ့ လူမျိုးက သူ့စားပွဲပေါ်မှာ စာမူတွေ တောင်ပုံယာပုံ ရှိတတ်တာဆိုတော့ အား လုံးထဲမှာ ကိုယ့်ဝတ္ထုကို ရွေးဖတ်ဖြစ် သွားအောင် ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။
290
အယ်ဒီတာကို မဆွဲဆောင်နိုင်ဘူးဆိုရင် တော့ ဈေးကွက်မှာလည်း အောင်မြင်မှာ မဟုတ်ပါဘူး။
291
ဒီစာကြောင်းကို ဖတ် လိုက်ရုံနဲ့ စာဖတ်ပရိသတ်ကို ဖမ်းစား လိုက်ပါပြီ။
292
ကျွန်မ ရေးခဲ့တဲ့ Killing Moon ဝတ္ထုမှာဆိုရင် ရော့စ်မာရှယ်လ်က တကယ့်ကို သေသေသပ်သပ် ဝတ်ထားတာ။
293
အနက်ရောင် ရှပ်အင်္ကျီ၊ အနက် ရောင် ဘောင်းဘီနဲ့ ပြောင်လက်တောက် ပနေတဲ့ အနက်ရောင် ရှူးဖိနပ်ကို စီးထား တယ်လို့ စခဲ့ပါတယ်။
294
ဇာတ်ကောင်ရဲ့ အသေးစိတ်အချက်အလက်ကို ပထမဦး စွာ ပြောလိုက်ပြီးတော့မှ သူ့လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။
295
ဟုတ်ပါပြီ။
296
၀တ္ထုအစကို အဲဒီလို စိတ်ဝင်စားစရာ ကောင်းလောက်တဲ့ စာ ပိုဒ်နဲ့ စလိုက်ပြီးတဲ့ နောက်မှာ စာဖတ်ပရိသတ် ငြီးငွေ့ မသွားရအောင် ဘယ်လို ဆက်ပြီး သယ်သွားမလဲ။
297
ကိုယ့်ဇာတ်ကောင်က အမျိုးသားဆိုရင် အမျိုးသမီး တစ်ယောက်နဲ့ တွေ့ပေးရတော့မယ်။
298
အမျိုးသမီးဇာတ်ကောင် ဆိုရင်လည်း အမျိုးသား တစ်ယောက်နဲ့ တွေ့ပေးရမယ်။
299
ဘယ်လိုတွေ့ပေးမလဲ။
300
မြင်မြင် ချင်းမှာ သူတို့နှစ်ယောက် စိတ်ဝင်စား သွားရမယ်။