title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
မှဲ့ခြောက် သက်သာစေမယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ
အစက်အပြောက်ကင်းပြီး ကြည်လင်နေတဲ့မျက်နှာက သင့်ကို အလှတိုးစေမယ့် အချက်တွေထဲကတစ်ခုပါ။မျက်နှာက မလှရင်တောင် အစက်အပြောက်တွေ ကင်းစင်နေမှုကပဲ ဆွဲဆောင်မှုရှိရှိ လှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးတယ်လေ။မျက်နှာပေါ်မှာဝက်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက် နဲ့ အမဲစက်တွေရှိနေတာက ယုံကြည်မှု ပျက်သုဉ်းစေတယ်နော်။ ဒီတစ်ခေါက်တော့ မှဲ့ခြောက်တွေရှိလို့ စိတ်ညစ်နေသူတွေအတွက် အိမ်တွင်း ကုထုံးလေးတွေ အကြောင်း မျှဝေပေးချင်ပါတယ်။မှဲ့ခြောက်ဆိုတာကအရေပြားပေါ်မှာ အရောင်ခပ်ရင့်ရင့် အစက်အပြောက်လေးတွေ ဖြစ်နေတာပါ။ မျက်နှာမှာ ဖြစ်နိုင်သလို လက်မောင်း၊ ပခုံး၊ နောက်ကျောစတဲ့ ခန္ဓာကိုယ် အရေပြားတွေအပေါ်မှာလည်း ဖြစ်နိုင်ပါတယ်။မှဲ့ခြောက်ဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းတစ်ခုကနေရောင်ခြည်နဲ့ ထိတွေ့မှု များလွန်းတာကြောင့်ပါ။ အသားဖြူတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အာရှသားတွေထက် အနောက်ဥရောပနိုင်ငံသားတွေရဲ့ အသားအရေက မှဲ့ခြောက်ဖြစ်လွယ်ပါတယ်။မျက်နှာ နဲ့ခန္ဓာကိုယ်အရေပြားပေါ်က မှဲ့ခြောက်တွေကြောင့် စိတ်ညစ်မခံနေပါနဲ့တော့။ အခုပြောတဲ့ နည်းလမ်းလေးတွေကို အသုံးပြုကြည့်ဖို့ ပြောပါရစေ။ပန်းသီးရှာလကာရည်က အရေပြားပေါ်က အရောင်ရင့်နေတဲ့အရေပြားဆဲလ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒီအာနိသင်ကပဲ မှဲ့ခြောက်တွေကို အရောင်လျော့ပြီး သက်သာစေမှာပါ။မှဲ့ခြောက်အတွက် ပန်းသီးရှာလကာရည်ကို အသုံးပြုမယ်ဆိုရင် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောလိုက်ပါ။ ရလာတဲ့ အရောအနှောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာလိမ်းပေးပါ။ မှဲ့ခြောက်ရှိတဲ့ နေရာတွေကိုလိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။တစ်နေ့တစ်ကြိမ် လိမ်းပေးရင်ကို လုံလောက်ပါတယ်။သံပရိုသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ဗီတာမင် Cက အသားအရေကိုကြည်လင်စေပြီး အမည်းစက်တွေကို လျော့ပါးစေနိုင်ပါတယ်။ အသားအရေကို နေရောင်ကြောင့် ပျက်စီးတာကနေလည်း သက်သာစေနိုင်ပါတယ်။ဒါကြောင့် မှဲ့ခြောက်သက်သာချင်တယ်ဆိုရင် ဂွမ်းစသန့်သန့်လေးမှာ သံပရိုရည်ညှစ်လို့ သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပေးပါ။ တစ်ပတ်ကို ၂ ကြိမ် လောက်အထိလုပ်ပေးလို့ရပါတယ်။ရှားစောင်းလက်ပပ်။ရှားစောင်းလက်ပပ်က ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်သလို အစိုဓာတ်လည်းထိန်းပေးနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မှဲ့ခြောက်တွေနဲ့ အရေပြားပေါ်က အစက်အပြောက်တွေအမာရွတ်တွေကိုပါ သက်သာစေနိုင်ပါသေးတယ်။ဒါကြောင့် မှဲ့ခြောက် သက်သာချင်တယ်ဆိုရင် ရှားစောင်းလက်ပပ် အတွင်းသားကို မှဲ့ခြောက်ဖြစ်တဲ့နေရာမှာ လိမ်းပေးပြီး ၂ မိနစ် ကနေ ၃ မိနစ်လောက်အထိ နှိပ်ပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ညလုံးထားလို့လည်း ရပါတယ်။ နေ့တိုင်းလုပ်ပေးရုံပါ။နနွင်း။နနွင်းမှာပါတဲ့ curcumin ဒြပ်ပေါင်းတွေက အရေပြားပေါ်မှာ မယ်လ်လာနင် စုပုံမှုကြောင့်ဖြစ်လာတဲ့ အသာအးရောင်ရင့်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မှဲ့ခြောက် သက်သာစေဖို့အတွက် နနွင်းမှုန့်စစ်စစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောစပ်လိုက်ပါ။ပြီးရင် သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းပေးပါ။ ခြောက်တဲ့အထိထားပါ။ ပြီးရင် ရေနဲ့သေချာ စင်အောင်ဆေးချလိုက်ရုံပါ။ တစ်ပတ်ကို တစ်ကြိမ် လုပ်ပေးရုံပါ။ဒိန်ချဉ်။ဒိန်ချဉ်မှာ lactic acid ပါဝင်နေပြီး Lactic acid က မယ်လ်လာနင် ဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဒီလို လျှော့ချပေးမှုက မှဲ့ခြောက်ဖြစ်တာကို သက်သာစေနိုင်မှာပါ။ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာခန့်ကို မှဲ့ခြောက်ဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်ပေးပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်ရုံပါ။နေ့တိုင်း လုပ်ပေးလို့ရပါတယ်။ပျားရည်မှာ အသားအရေကို ကျန်းမာစေနိုင်တဲ့ phenolic နဲ့ flavonoid ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းတွေက မှဲ့ခြောက်တွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်သလို မှဲ့ခြောက် သက်သာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။သံပရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရောပြီး မှဲ့ခြောက်ဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိထားပေးပြီး ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။တစ်ပတ်ကို နှစ်ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။ငှက်ပျောခွံ။ငှက်ပျောခွံမှာပါတဲ့ bioactive  ဒြပ်ပေါင်းက မှဲ့ခြောက်ကို သက်သာစေနိုင်ပါတယ်။စားပြီးသားငှက်ပျောခွံကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။တစ်နေ့ကို တစ်ကြိမ်လုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/how-to-lighten-freckles/
ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)
ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ဆိုတာက ပါးစပ်၊ လည်ချောင်း၊ နှာခေါင်း၊ တံထွေးဂလင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေနဲ့ခံတွင်းကင်ဆာအမျိုးမျိုး၊ ဦးခေါင်းနဲ့ ဇက်တဝိုက်မှာဖြစ်တဲ့ ကင်ဆာတွေကို ဆိုလိုတာပါ။များသောအားဖြင့် ဒီကင်ဆာ အမျိုးအစားက ပါးစပ်အတွင်းနံရံတွေ၊ နှာခေါင်းနဲ့ လည်ချောင်းအတွင်းနံရံတွေကနေ စဖြစ်တာများပါတယ်။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာကို ခံစားရသူ အများစုက ဆေးရွက်ကြီးသုံးစွဲတာ၊ဆေးရွက်ကြီးနဲ့အရက်သောက်သုံးမှုများတာတွေကြောင့် ဖြစ်ရတာပါ။ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာက ဦးခေါင်းနဲ့ ဇက်ပိုင်းတွေကနေစဖြစ်တာပါ။ အထူးသဖြင့်။အရက်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုက ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေပါ။ ဒီအချက်အပြင် human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရတာကလည်း ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သောကင်ဆာ  ခံစားရတဲ့အခါ။ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သောကင်ဆာ ခံစားနေရလားဆိုတာကို အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် လူနာရဲ့ ဆေးမှတ်တမ်း၊ ရုပ်ပိုင်းဆိုင်ရာ အနေအထား၊ စစ်ဆေးမှုရလဒ်တွေကို စစ်ဆေးမှုကနေ သိရှိနိုင်ပါတယ်။  ရောဂါကို စစ်ဆေးတဲ့အခါ ခံစားနေရတဲ့အခြေအနေ လက္ခဏာတွေပေါ်မူတည်ပြီး ကွာခြားမှုတွေရှိနိုင်ပါတယ်။တစ်ရှူးစနမူနာယူစစ်ဆေးတာ၊ ပုံရိပ်ဖော်စစ်ဆေးနည်းတွေနဲ့ စစ်ဆေးတာ၊ဓာတ်ခွဲစမ်းသပ်မှုနည်းလမ်းတွေနဲ့ စစ်ဆေးတာမျိုးတွေကို လုပ်ဆောင်လို့ရပါတယ်။ ခံစားနေရတဲ့အခြေအနေကို သိရှိမှ ကုသမှုနည်းလမ်းတွေကို အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မှာပါ။ဒီလိုကုထုံးတွေ ခံယူတဲ့အခါ HPV ရောဂါပိုးရှိသူနဲ့ ရောဂါပိုးမရှိသူတွေမှာလည်း ကုသမှုတွေ ကွာခြားနိုင်ပါသေးတယ်။ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ မခံစားရစေဖို့ ဆေးလိပ်ဖြတ်တာ၊ အရက်လျှော့သောက်တာတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေ တွေ့လာရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/head-neck-cancer-explained/
မျက်သားတွေ နီမြန်း စေတဲ့ အကြောင်းရင်း (၉) ခု
လူတော်တော်များများ မျက်သားတွေ နီမြန်းတာ ဖြစ်ဖူးကြမှာပါ။မျက်စိညောင်းတာ၊ မျက်လုံးခြောက်သွေ့တာ၊ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများတာ၊ မျက်စိနာတာ၊ ရေတိမ် သို့မဟုတ် မျက်ကြည်လွှာပေါက်ပြဲခြင်းတို့က မျက်သားတွေ နီမြန်း စေတဲ့ အကြောင်းရင်း တွေ ဖြစ်ပါတယ်။ဒါ့ပြင် မျက်ခွံရောင်ခြင်း၊ မျက်နက်ဆံရောင်ခြင်း၊မျက်ကြည်လွှာအနာဖြစ်ခြင်း တို့လို ရောင်ရမ်းခြင်းနဲ့ ရောဂါပိုးဝင်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။နီရဲနေပြီး စိတ်ညစ်စရာ မျက်လုံးအခြေအနေကြောင့် မသက်မသာ ခံရခက်နေမှာပါ။ မျက်စိနီရဲစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ တချို့က ဆေးကုသဖို့ လိုနိုင်ပေမယ့် လုံးဝအန္တရာယ်မရှိနိုင်တာတွေလည်း ရှိပါတယ်။ဒီ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေကို အရင်ဖတ်၊ ကိုယ့်အခြေအနေကို မူတည်ပြီး ဆရာဝန် ပြသင့်မပြသင့် ဆုံးဖြတ်ပေါ့။မျက်သားတွေ နီမြန်း စေတဲ့ အကြောင်းရင်း တွေကတော့ –။(၁)မျက်စိညောင်းညာခြင်း။တစ်ခါတစ်ရံကျရင် မျက်စိနီလာတာ မျက်လုံးညောင်းညာခြင်းကြောင့် ဖြစ်နေနိုင်ပါတယ်။ ဖုန်းတွေ၊ကွန်ပျူတာတွေ ကြည့်တဲ့အချိန် များသွား၊ ကြာသွားခဲ့ရင် မျက်စိညောင်းညာခြင်း ဖြစ်လာစေနိုင်ပါတယ်။ဥပမာ-ကွန်ပျူတာကို ဆက်တိုက်ကြည့်နေမယ်၊ အလင်းရောင်မလုံလောက်ဘူး ဒါမှမဟုတ် ကွန်ပျူတာ မျက်နှာပြင်မှာ အလင်းပြန်နေတယ်ဆိုရင် မျက်စိနီရဲလာနိုင်ပါတယ်။(၂)မျက်လုံးခြောက်သွေ့ခြင်း။မျက်ရည်ဟာ မျက်လုံးအတွင်း ရေဓာတ်ပြည့်ဝစေဖို့ အရေးပါတဲ့ လုပ်ဆောင်ချက်ကို တာဝန်ယူထားပြီး ပြင်ပက ဘယ်အမှုန်မှ မျက်လုံးထဲမဝင်အောင် ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ မျက်လုံးက မျက်ရည်အလုံအလောက် မထွက်ရှိနိုင်ဘူးဆိုရင် ခြောက်သွေ့စေပါတယ်။ဒီလိုဖြစ်လာရင် မျက်စိနီရဲတာတင်မကဘဲ ပူစပ်ခြင်း၊ ယားယံခြင်းတွေ ဖြစ်စေနိုင်ပြီး အလင်းရောင်မျက်စိကျိန်းခြင်းနဲ့ အမြင်ဝေဝါးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်(အဲကွန်းကြောင့်) နေရောင်ခြည်ထိတွေ့မှု များခြင်း၊ စီးကရက်ငွေ့ရှူရှိုက်ရခြင်း၊ ဓာတ်မတည့်မှုနဲ့  အအေးမိရောဂါဆေးဝါးတွေကြောင့် မျက်စိ နီနိုင်ပါတယ်။(၃) နေရောင်ခြည်ထိတွေ့မှု။ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများလာရင် အရေပြားနေလောင်တာနဲ့ ဆင်တူတဲ့နာကျင်ရတဲ့ ရောင်ရမ်းမှုဝေဒနာနဲ့ မျက်စိမှာပူလောင်ခြင်းခံစားရစေပါတယ်။လက်နှိပ်ဓာတ်မီး အလင်းရောင်လိုမျိုး သဘာဝမဟုတ်တဲ့ အလင်းရောင်ဒဏ်ထိတွေ့မှုများခြင်းကြောင့်လည်း flash burn လို့ ခေါ်တဲ့ ဝေဒနာဖြစ်စေပြီး နာကျင်မှု၊ အလင်းရောင်မခံနိုင်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ မျက်ရည်ကျခြင်း၊ မျက်စိနီရဲပြီး ခိုးလိုးခုလုဖြစ်စေပါတယ်။(၄) မျက်စိနာခြင်း။မျက်စိနာခြင်းဟာ အဖြစ်များတဲ့ ကူးစက်လွယ်ဝေဒနာတစ်ခု ဖြစ်ပါတယ်။ မျက်စိနာနေပြီဆိုရင် မျက်လုံးနဲ့ မျက်ခွံအတွင်းသားကို ဖုံးအုပ်ထားတဲ့ တစ်သျှူးအလွှာပါး ရောင်ရမ်းလာပြီး မျက်စိမှာ ရှတတ ဝေဒနာခံစားရပြီး နီရဲလာပါလိမ့်မယ်။ဖုန်မှုန့်၊ ကလိုရင်း တို့လိုအရာတွေ၊ ဘက်တီးရီးယားပိုးတွေကြောင့် အပြင် ဓာတ်မတည့် (ဥပမာ ပန်းဝတ်မှုန်)တွေကြောင့်လည်းမျက်စိနာတတ်ပါတယ်။ ဓာတ်မတည့်မှုကြောင့် မျက်စိနာရင်တော့ တခြားလူဆီမကူးစက်တတ်ပါဘူး။(၅) မျက်ခွံရောင်ခြင်း။Blepharitis လို့ခေါ်တဲ့ မျက်ခွံတွေ ရောင်ရမ်းပြီး နီရဲလာတဲ့ အခြေအနေဟာ ထပ်ကာတလဲလဲ ဖြစ်တတ်တဲ့ နာတာရှည်ဝေဒနာတစ်ခုဖြစ်ပါတယ်။ သည်လိုဖြစ်ရတာဟာ ခန္ဓာကိုယ်ကို ထိခိုက်မှုမပေးဘဲ အရေပြားထဲမှာ ရှိနေလေ့ရှိတဲ့ ဘက်တီးရီးယားတစ်မျိုးကို တုံ့ပြန်တဲ့အနေနဲ့ ဖြစ်လာတာပါ။Blepharitis ဖြစ်လာရင် မျက်ခွံမှာ နာကျင်မှု၊ နီရဲခြင်း၊ ကပ်ခြင်း တို့ ခံစားရနိုင်တဲ့အပြင် အလင်းရောင် မခံနိုင်ဘဲ မျက်လုံးထဲမှာ ပူစပ်ပူလောင် ဖြစ်လာနိုင်ပါတယ်။(၆) မျက်နက်ဆံရောင်ခြင်း။မျက်နက်ဆံရဲ့ ကြွက်သားတွေဟာ ကျဉ်းလိုက်ကျယ်လိုက်လုပ်ပေးပြီး မျက်လုံးထဲ ဝင်ရောက်လာမယ့် အလင်းရောင်ပမာဏကို ထိန်းညှိပေးပါတယ်။ အရေးပါတဲ့ သည်အစိတ်အပိုင်း ရောင်ရမ်းလာတဲ့အခါ မျက်စိနီရဲစေပြီး အလင်းရောင်မခံနိုင်ခြင်း၊ အမြင်အာရုံမှုန်ဝါးခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်စေပါတယ်။ကိုယ်ခံအားစနစ် ပြဿနာတွေနဲ့ ရောဂါဝင်ခြင်းတို့ကလည်း မျက်နက်ဆံရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။(၇) မျက်မြှေးအောက် သွေးခြည်ဥခြင်း (Subconjunctival Hae-morrhage)။မျက်စိကို ထိခိုက်မိတာ၊ ဒဏ်ဖြစ်စေတာ၊ ဒါမှမဟုတ် ချောင်းဆိုးတာလောက်နဲ့ မျက်လုံးသွေးကြောငယ်ကို ပေါက်သွားစေပြီး မျက်စိနီရဲစေပါတယ်။သွေးကျဲဆေးသောက်ထားသူတွေမှာ တစ်ခါတစ်ရံ စိုးရိမ်ရတာကလွဲလို့ အများအားဖြင့်တော့ ရက်သီတင်းပတ် အနည်းငယ်အတွင်း ပျောက်ကင်းသက်သာနိုင်ပါတယ်။(၈) ရေတိမ်။ရေတိမ်ဖြစ်လာရင် မျက်စိနီရဲပြီး နာကျင်မှုခံစားရတဲ့အပြင် တိမ်စွဲခြင်း၊  အမြင်မှုန်ဝါးခြင်းများ ပြင်းထန်စေနိုင်ပါတယ်။ ဦးနှောက်နဲ့ မျက်စိကို ဆက်သွယ်ပေးတဲ့ အာရုံကြောမကြီးကို ရေတိမ်ကြောင့် ထိခိုက်စေပါတယ်။မျက်လုံးထဲမှာ အရည်တွေ စုလာပြီး အာရုံကြောမကြီးပေါ် ဖိအားဖြစ်လာစေတာကြောင့် ဖြစ်ပါ တယ်။ ရေတိမ်က မျက်စိကွယ်နိုင်တာကြောင့် အရေးပေါ် အမြန်ဆုံးကုသဖို့ လိုပါတယ်။(၉) မျက်ကြည်လွှာ အနာဖြစ်ခြင်း။မျက်ကြည်လွှာမှာ အနာဖြစ်တဲ့အခါ မျက်စိ နီမြန်း လာပြီး အလင်းရောင်မခံနိုင်ဘဲ မျက်လုံးထဲအမှုန်ဝင်သလို ခိုးလိုးခုလု ဖြစ်နေတတ်ပါတယ်။ ဒီအနာတွေက ဘက်တီးရီးယားပိုးကြောင့် ဖြစ်တတ်တာကြောင့် မျက်ကပ်မှန်တပ်သူတွေမှာ ပိုအဖြစ်များပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/causes-of-red-eyes/
မပေါ့ဆသင့်တဲ့ အစာအိမ်အူလမ်းကြောင်း လက္ခဏာများ
ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်ရင် လက္ခဏာအမျိုးမျိုးပြသပြီး အချက်ပေးတတ် ပါတယ်။ ဒီတစ်ခေါက်မှာတော့အစာအိမ်နဲ့အူလမ်းကြောင်းစနစ်မှာ ပြဿနာရှိနေကြောင်း ပြသတဲ့လက္ခဏာတွေ ကိုပြောပြပေးချင်ပါတယ်။ဝမ်းထဲသွေးပါခြင်း– အိမ်သာတက်ပြီး စအိုကိုရေနဲ့ဆေးတဲ့အခါမှာဖြစ်ဖြစ် တစ်ရှုးနဲ့သုတ်လိုက်တဲ့အခါမှာဖြစ်ဖြစ် သွေးစလေးတွေပါနေမယ်ဆို သတိထားပါ။ စအိုဝလမ်းကြောင်းမှာ လိပ်ခေါင်းရှိနေတာ၊ ဒါမှမဟုတ် အနာတစ်ခုခုဖြစ်နေကြောင့် သွေးပါတာဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အူမကြီးကင်ဆာ၊ အူမကြီးအကျိတ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတွေဖြစ်ရင်လည်း သွေးဝမ်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ဝမ်းထဲသွေးပါလာခဲ့ရင် တစ်ပတ်လောက်စောင့်ကြည့်ပါ။ သွေးပမာဏများလာမယ် ဒါမှမဟုတ် တစ်ပတ်ကျော်တဲ့အထိ မပျောက်သွားရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။ဗိုက်ညာဖက်အောက်နားကနာကျင်ခြင်း– ဗိုက်ညာဖက်အောက်နား ရုတ်တရက်နာကျင်မှုက အူအတက်ရောင် လက္ခဏာတွေထဲမှာ အဖြစ်အများဆုံးပါ။ နာကျင်မှုက ချက်ပတ်လည်တစ်ဝိုက် မှာစတင်ပြီး ဗိုက်ညာဖက်ကို ရွေ့သွားတတ်ပါတယ်။အူအတက်ရောင်ခြင်းကို အချိန်မှီမကုသရင် အူအတက်ပေါက်ပြီး အသက်ဆုံးရှုံးနိုင်တာမို့ မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ခုပါ။ရင်ခေါင်းတောင့်ခြင်း– အစားလည်းသိပ်မစားဘဲရင်ခေါင်းကပြည့်ပြီး အောင့်နေတာနေတာ ပုံမှန်လက္ခဏာ မဟုတ်ပါဘူး။ အူလမ်းကြောင်းထဲမှာ အနာပေါက်နေရင် ဒါမှမဟုတ် အစာအိမ်ထဲက အက်ဆစ်အရည်တွေအစာရေမျိုပြွန်ကို ပြန်ဆန်တက်ရင် ဒီလိုခံစားရတတ်ပါတယ်။ နောက်ပြီး နာတာရှည်ဆီးချိုဝေဒနာ ခံစားရသူတွေမှာ အစာအိမ်အလုပ်လုပ်နိုင်စွမ်း နှေးသွားတဲ့အတွက်လည်း အလားတူခံစားရနိုင်ပါတယ်။ တွေ့ရခဲပေမဲ့ မျိုးဥအိမ်ကင်ဆာ၊အစာအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာရောဂါတွေမှာလည်း အစာသိပ်မစားဘဲ ဗိုက်ပြည့်နေတဲ့ လက္ခဏာပြတတ်ပါတယ်။ဝမ်းမည်းမည်းသွားခြင်း– အူလမ်းကြောင်း အပေါ်ပိုင်းတစ်နေရာရာမှာ သွေးယိုစိမ့်နေရင် ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။ ရောဂါအခြေအနေကြောင့် ဖြစ်နိုင်သလို စားလိုက်တဲ့အစားအသောက်တွေ (ဥပမာ – သံဓာတ်အားဆေးတွေ၊ bismuth subsalicylate နဲ့ black licorice ပါတဲ့အချိုမုန့်တစ်မျိုးမျိုး) စားသုံးထားလို့လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်း သေချာသိနိုင်အောင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။မကြာခဏဝမ်းလျှောနေခြင်း– ပုံမှန်ဆိုရင်တော့ဝမ်းပျက်ဝမ်းလျှောတာက တစ်ပတ် ဆယ်ရက်လောက်ဆို သက်သာသွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၂ ပတ် ၃ ပတ်လောက်အထိ ဝမ်းလျှောတာ မသက်သာခဲ့ရင်တော့ အစာခြေလမ်းကြောင်းစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ဖြစ်နိုင်သလို လည်ပင်းသိုင်းရွိုက်ပြဿနာ၊ အစားအသောက်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။မကြာခဏဗိုက်အောင့်ဗိုက်နာခြင်း– အစာအိမ်အတွင်းနံရံမှာ အနာပေါက်တာလည်း လူအတော်များများကြုံတွေ့ ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဗိုက်ထဲမှာ မီးစနဲ့ထိုးသလို နာကျင်မှုခံစားရတတ်ပြီး ဗိုက်ဆာရင်ခံစားရ တတ်တဲ့နာကျင်မှုမျိုးနဲ့ ဆင်တူပြီး ပိုပြင်းထန်ပါတယ်။ နာကျင်မှုဟာ ဝမ်းဗိုက်ကနေ လည်ပင်း ဒါမှမဟုတ် နောက်ကျောဖက်ကိုလည်း ပျံ့သွားတတ်ပါသေးတယ်။ဗိုက်အပေါ်ဖက် အောင့်ခြင်း– ဗိုက်အပေါ်ဖက်က ရုတ်တရက်ကြီးအောင့်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေခြင်းက သည်းခြေအိတ်ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ထဲအဝမှာ သည်းခြေ ကျောက်တွေပိတ်နေရင် ဒီလိုနာကျင်မှုခံစားရတတ်ပါတယ်။ ဗိုက်အောင့်တာအပြင် ပုခုံးနာကျင်ခြင်း၊ မူးဝေအော့အန်ခြင်း တွေလည်းခံစားရတတ်ပါတယ်။ချက်ပတ်လည်နာကျင်ခြင်း– ကလေးတွေမှာဆိုရင်တော့ ဒီနေရာမှာ ဗိုက်နာရတာဟာဆီးလမ်းကြောင်းပိုးဝင်တာကြောင့်ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် တခြားလက္ခဏာတစ်ခုခုနဲ့လည်း တွဲပြီးဖြစ်တတ်ပါတယ်၊ ဥပမာ- ဖျားနာခြင်း၊ ဆီးပူဆီးအောင့်ခြင်းလို လက္ခဏာမျိုးတွေပါ။ ဒါ့အပြင် တင်းပါဆုံကွင်းတွင်းအင်္ဂါတွေ ရောင်ရမ်းခြင်း၊ အူအတက်ရောင်ခြင်းလို ပြဿနာတွေကြောင့်လည်း ချက်ပတ်လည်မှာ နာကျင်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိတာမို့ သေချာသိရအောင် ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။သွေးအန်ခြင်း– အန်ဖတ်ထဲ သွေးစသွေးနတွေ ပါလာခြင်းက အစာအိမ် ဒါမှမဟုတ် အစာအိမ်လမ်းကြောင်း အပေါ်ဖက်မှာ အနာပေါက်နေလို့ ဖြစ်နိုင်ပါတယ်။ ရဲရဲနီတဲ့ သွေးအရောင်ဖြစ်နိုင်သလို ကော်ဖီလိုအညိုရောင် လည်း တွေ့ရတတ်ပါတယ်။ ဒါ့အပြင် ရင်ပူခြင်း၊ ရင်ဘတ်အောင့်ခြင်းလို လက္ခဏာတွေလည်း ခံစားရတတ်ပြီး antacid ဆေးတွေ သောက်လိုက်ရင် ဒီလက္ခဏာတွေ သက်သာသွားတတ်ပါတယ်။ စောစောစီးစီးကုသဖို့ လိုအပ်တဲ့ အခြေအနေဖြစ်လို့ ဆရာဝန်နဲ့ ပြသကြည့်ပါ။ဝမ်းဗိုက်တောင့်တင်းနေခြင်း– အူလမ်းကြောင်းက တစ်ရှုးတွေ တည်ဆောက်ပုံ မမှန်လို့ဖြစ်ဖြစ်၊ အူကျွံနေရင်ဖြစ်ဖြစ် စားလိုက်တဲ့ အစားအသောက်တွေက အူလမ်းကြောင်းထဲမှာ ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့ဘဲ ဝမ်းဗိုက်ကြီး တင်းနေတတ်ပါတယ်။ ဒီလိုဖြစ်ရင် ပုံမှန်အတိုင်း ဝမ်းမသွားနိုင်တော့သလို လေလည်ဖို့တောင် ခက်ခဲနေနိုင်ပါတယ်။ဗိုက်အောင့်ခြင်း– စားသောက်ပြီးရင် ဗိုက်အောင့်တတ်တာက အူလမ်းကြောင်း ရောင်ရမ်းတဲ့အခါ ခံစားရနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းမှုပိုဆိုးလာလေ ဗိုက်အောင့်တာပိုဆိုးလာလေပါပဲ။ ဗိုက်အောင့်တာအပြင် ဝမ်းလျှောတာ၊ အဆစ်အမြစ်နာကျင်တာ၊ကိုယ်အလေးချိန်ကျသွားတာလိုလက္ခဏာတွေလည်းခံစားရတတ်ပါ တယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%99%e1%80%95%e1%80%b1%e1%80%ab%e1%80%b7%e1%80%86%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%a1%e1%80%b0/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/%e1%80%9e%e1%80%94%e1%80%b9%e1%80%93%e1%80%b1%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%80/
ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။
လူတော်တော်များများ ချက်တစ်ဝိုက်ကနာကျင်တာ၊ အောင့်တာကို တော်တော်များများ ခံစားဖူးကြမှာပါ။ တစ်ခါတစ်လေမှာ ဒီလို ချက်တစ်ဝိုက် အောင့်တာ၊ နာတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေရဲ့လက္ခဏာတွေဖြစ်နေနိုင်ပါတယ်။ဒီလို ချက်တစ်ဝိုက်က အောင့်တဲ့အခါ အကောင်းဆုံး နည်းလမ်းကဆရာဝန်ကို သေချာပြောပြပြီး ဆွေးနွေးတာပါ။ ဒါမှ စိုးရိမ်ရတဲ့ အနေအထားလား၊ မဖြစ်မနေ ကုသမှုခံယူဖို့ လိုတဲ့ အနေအထားလား ဆိုတာကို သေချာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ချက်တစ်ဝိုက်မှာ နာကျင်ရတဲ့ အကြောင်းအရာက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဒါတွေကတော့။ကိုယ်ဝန် ရှိနေတာ–အမျိုးသမီးတွေအနေနဲ့ ချက်တစ်ဝိုက်မှာ နာကျင်နေမယ်။ အိမ်ထောင်လည်း ရှိနေမယ်ဆိုရင် ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။အချို့သောကျန်းမာရေးပြဿနာတွေ– အစာမကြေတာကစလို့ အူအတက်ရောင်တာ၊အစာခြေစနစ်ပြဿနာရှိနေတာကြောင့်လည်း ချက်တစ်ဝိုက်မှာ နာကျင်နေနိုင်ပါတယ်။ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ပြဿနာ– ဝမ်းဗိုက်ခွဲစိတ်မှု ခံယူထားသူတွေမှာလည်း ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ အနေနဲ့ ချက်တစ်ဝိုက်မှာ နာကျင်တာ၊ အောင့်တာတွေကို ခံစားရနိုင်ပါတယ်။ဝမ်းချုပ်တာ–  ဝမ်းချုပ်တာကလည်း သင့်ကို ချက်တစ်ဝိုက်နာကျင်တာ၊ အောင့်တာတွေ ဖြစ်စေနိုင်ပါတယ်။အနာ သိရင် ဆေးရှိပါတယ်။ ဒါကြောင့် ချက်တစ်ဝိုက်က အောင့်တဲ့အခါ ဘာကြောင့် အောင့်ရတာလဲဆိုတာကို သေသေချာချာ သိရအောင် အဖြေထုတ်ကြည့်ရအောင်လား …….။အာမကြေတဲ့အခါ ဗိုက်ထဲက အောင့်တာ၊ နာကျင်တာ၊ ရင်ပူသလို ခံစားရတာ၊ ရင်ခေါင်းအောင့်တာ၊ ချက်တစ်ဝိုက်က အောင့်တာ၊ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ အစာမကြေတဲ့အခါ ပုံမှန်အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင် လုပ်လို့ရသလို အစာကြေဆေး စားတာမျိုး လုပ်ပေးလို့ရပါတယ်။အစာမကြေတဲ့အခါ ချက်အပေါ်တစ်ဝိုက်နားက အောင့်တာ၊ နာတာမျိုး ခံစားရနိုင်ပါတယ်။ချက်တစ်ဝိုက်မှာ အရမ်းမပြင်းထန်ဘဲ အောင့်တာမျိုးက စိုးရိမ်စရာမလိုပါဘူး။ တကယ်လို့ ချက်တစ်ဝိုက်ကလည်း အောင့်နေမယ်၊ အမျိုးသမီးလည်း ဖြစ်နေမယ်။ အိမ်ထောင်လည်းရှိတယ်။ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ဆီးစစ်တာမျိုး လုပ်ဖို့လိုပါမယ်။ ဒီလို အောင့်နေတာက ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်တာကြောင့်ပါ။ကိုယ်ဝန်ရှိနေတဲ့အခါ။ဝမ်းချုပ်တာက လူ ၃ ယောက်မှာ တစ်ယောက်လောက် ခံစားရတဲ့ဝမ်းဗိုက် ပြဿနာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာက ခဏတဖြုတ်ဆိုရင် ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် အချိန်ကြာလာမယ်ဆိုရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ဝမ်းချုပ်တာကို ၂ လနီးပါးလောက် ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ မဖြစ်မနေ သွားပြဖို့ လိုပါမယ်။ချက်တစ်ဝိုက်က နာကျင်ရတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုက ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲပြဿနာပါ။ ခွဲစိတ်ထားတဲ့ချုပ်ရိုးအနာကျက်ဖို့ စောင့်ရတဲ့အချိန်မှာ အခုလို နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်ပြီးတဲ့အခါ ဆရာဝန် ညွှန်ကြားတဲ့အကိုက်အခဲပျောက်ဆေးကို သေချာလေး သောက်စေချင်ပါတယ်။ဒါပေမယ့် ဒီလို နာကျင်မှုနဲ့အတူ အခုပြောတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားပြစေချင်ပါတယ်။ဒါတွေအပြင်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/common-causes-of-belly-button-pain/
ဝီစကီလိင်တံ ဆိုတာ ဘာကိုပြောတာလဲ
ဝီစကီလိင်တံ ဆိုလို့ သိပ်လည်း မအံ့သြသွားပါနဲ့။ ဒါက အရက်‌သောက်ပြီး လိင်တံမထောင်မတ်နိုင်တာကို ပြောတာပါ။ အမျိုးသားတွေက လိင်မှုကိစ္စပြုလုပ်ဖို့ ရဲဆေးတင်တဲ့အနေနဲ့ တစ်ခွက်တစ်ဖလား သောက်တတ်ကြတယ်ဟုတ်။ ဒီလို ရဲဆေးတင်ပြီးကာမှ လိင်တံမထောင်မတ်တဲ့ အဖြစ်မျိုးကို ကြုံဖူးကြမှာပါ။ဝီစကီလိင်တံ ဆိုတာ အနောက်နိုင်ငံတွေမှာ ဝီစကီသောက်ပြီး ယာယီ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကို ပြောတာပါ။ ဝီစကီလိင်တံလို့ ပြောပေမဲ့ ဝီစကီအပါအဝင် အရက်ပါတဲ့ ဘယ်ယမကာမဆို ဒီပြဿနာ ဖြစ်တတ်ပါတယ်။အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။လက္ခဏာတွေက တစ်ယောက်နဲ့ တစ်‌ယောက် အနည်းငယ်ကွာခြားပါတယ်။ တချို့က လိင်တံလုံးဝမထောင်မတ်တာ၊ တချို့က ထောင်နိုင်ပေမဲ့ ကြာကြာမခံတာ၊ တချို့က မပြီးမြောက်နိုင်တာ စသဖြင့် အမျိုးမျိုးကြုံရနိုင်ပါတယ်။အရက်က ဦးနှောက်နဲ့ အာရုံကြောကို ဖိနှိပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါ့ပြင် အရက်က ရေဓာတ်ခမ်းခြောက်စေတာ၊ Angiotensinဆိုတဲ့ ဓာတ်တစ်မျိုးကို ထွက်စေတာကြောင့် လိင်တံကို သွေးလည်ပတ်မှု နည်းသွားစေပါတယ်။နောက်တစ်ခုက အရက်အလွန်အကျွံသောက်တဲ့အခါ ဝှေးစေ့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ ကျားဟော်မုန်းထုတ်နိုင်စွမ်းတွေ နည်းသွားပါတယ်။ အရက်သောက်ပြီး နာရီဝက်လောက်နေရင်တက်စတိုစတီရုန်းက စကျလာပါတယ်။ဒီအချက်တွေ ပေါင်းလိုက်တဲ့အခါ လိင်စိတ်ဆန္ဒလည်း လျော့သွားသလို လိင်တံထောင်မတ်နိုင်စွမ်းပါ ကျသွားပါတော့တယ်။ အထူးသဖြင့်တော့ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာပါ။‘အလွန်အကျွံ’ သောက်ရင်လို့ပဲ ပြောနိုင်ပါတယ်။ ဘယ်လောက်ပမာဏက အလွန်အကျွံလည်း ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။ အထူးသဖြင့်။ဒါကြောင့် ကိုယ့်လစ်မစ်နဲ့ကိုယ်လို့ပဲ ပြောနိုင်ပါတယ်။ဒါကလည်း ပြောရခက်ပါတယ်။ ခန္ဓာကိုယ်က အရက်ကို ဘယ်လောက်ချေဖျက်နိုင်လဲဆိုတာပေါ် မူတည်ပါတယ်။ တချို့က အမူးပြေနေတာတောင်မှ သွေးထဲမှာ အရက်တွေ ရှိနေသေးရင် လိင်တံထောင်မတ်ဖို့ ခက်နေနိုင်ပါတယ်။ခန္ဓာကိုယ်မှာ အရက်ကို အဓိက ချေဖျက်ပေးတာက အသည်းပါ။ အကြမ်းအားဖြင့်တော့ အသည်းက ၁နာရီကို အရက် ၁ယူနစ် ချေဖျက်ပေးနိုင်ပါတယ်။အရက် ၁ယူနစ်ဆိုတာ။အရက်အလွန်အကျွံသောက်ပြီးလိင်တံမထောင်မတ်တာက အဖြစ်များတဲ့ ကိစ္စပါ။အရက်သောက်လို့ လိင်တံမထောင်မတ်နိုင်တာက ရံဖန်ရံခါဆိုရင် ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ အရက်သောက်သောက် မသောက်သောက် လိင်တံထောင်မတ်ဖို့ ခက်လာရင်၊ နည်းနည်းလေး သောက်ရုံနဲ့ လိင်တံမထောင်မတ်နိုင်တော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ လိုပါတယ်။အရက်သောက်လို့ ဖြစ်တာဆိုတော့ အရက်မသောက်တာက အကောင်းဆုံးနည်းလမ်းပါ။ ဒါပေမဲ့လည်း သောက်ဖို့ အခြေအနေကြုံလာပြီ၊ အရက်ဒဏ်လည်း သိပ်မခံချင်ဘူးဆိုရင်တော့။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/facts-about-whiskey-dick/
အသားအရေစိုပြေဝင်းအိဖို့ ဒိန်ချဉ်နဲ့ မျက်နှာပေါင်းတင်ကြမယ်
အလှအပနဲ့ပတ်သက်ပြီး ပိုက်ဆံသိပ်မကုန်၊ အချိန်လည်း အများကြီးမပေးနိုင်တဲ့ လေဒီလေးတွေ၊ ကိုကိုညီလေးတွေအတွက် မီးဖိုချောင်နဲ့ အိမ်မှာအလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းနည်းတွေ ပြောပြခဲ့ရာမှာ ဒီတစ်ခေါက်ဒိန်ချဉ်နဲ့ ပေါင်းတင်နည်းတွေနဲ့ အကျိုးအာနိသင်ကို ပြောပြပေးမှာဖြစ်ပါတယ်။၁။ အရေပြားကိုအစိုဓာတ်ထိန်းညှိပေးတယ်။၂။ အသားအရေကို စိုပြေဝင်းပလာစေတယ်။၃။ အသားအရောင်ကို ညီစေတယ်။၄။ နေလောင်ဒဏ်နဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားမပျက်စီးအောင် ကာကွယ်ပေးတယ်။၅။ အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေလို့ အရေးအကြောင်းတွေကို လျော့နည်းစေတယ်။၆။ အရွယ်တင်နုပျိုစေတယ်။၇။ဝက်ခြံသမားတွေအတွက်လည်း ဘက်တီးရီးယားပိုးသေစေလို့ အဆင်ပြေစေတယ်။၈။ တခြားပိုးဝင်တာ၊ မှိုဝင်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း ကုသပေးနိုင်တယ်။၁။ ပထမနည်းလမ်းကတော့ ဒိန်ချဉ် ၃ဇွန်း၊ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို သေချာရောမွှေပြီး မျက်နှာမှာ လိမ်းပေးရမှာပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေအေးနဲ့ သေချာပြန်ဆေးချရုံပါပဲ။ ဒီနည်းလမ်းက ဝက်ခြံရှိတဲ့သူတွေ၊ အဆီပြန်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။ ဒိန်ချဉ်နဲ့ ပျားရည်က ဘက်တီးရီးယားပိုးတွေ သေစေပြီး ချွေးပေါက်အတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းတယ်။ နနွင်းမှုန့်ကလည်း ပိုးသေစေပြီး အနာကျက်မြန်စေတယ်၊ အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေနိုင်ပါတယ်။၂။ နောက်တစ်နည်းကတော့ ဒိန်ချဉ်နဲ့ ပျားရည်အပြင်ရှားစောင်းလက်ပပ်အနှစ်နဲ့ ရောလိမ်းပေးရမှာပါ။ အဓိက အရေပြားနီရဲယားယံတတ်သူတွေ၊ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေအတွက် သင့်လျော်ပါတယ်။၃။ အပေါ်မှာ ပြောထားခဲ့သလိုပဲ သဘာဝဒိန်ချဉ်ကို သံပရာရည်၊ သံလွင်ဆီ၊ အုန်းဆီ၊ သကြား၊ အုတ်ဂျုံ၊ လက်ဖက်စိမ်း လက်ဖက်ခြောက် စတာတွေနဲ့လည်း ရောမွှေပြီး အသုံးပြုလို့ရတယ်။ သုံးပုံသုံးနည်းကလည်း အတူတူပါပဲ။ မျက်နှာပေါ် ၁၀ မိနစ်ခန့် နေရာအနှံ့သုတ်ပြီးသွားရင် ရေအေးနဲ့ ပြောင်အောင် ပြန်ဆေးပေးရုံပါပဲ။ပျားရည်နဲ့ မျက်နှာပေါင်းတင်တာဟာ အဆီပြန်တာ၊ အသားခြောက်တာတွေသာမက ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေပါ လုပ်လို့ရပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် နည်းပါတယ်။ ဒါပေမယ့် နွားနို့နဲ့ မတည့်တဲ့သူတွေကတော့ မျက်နှာပေါ် မလိမ်းခင် လက်မှာ နည်းနည်းစီ စမ်းလိမ်းကြည့်ပြီး အဆင်ပြေတယ်ဆိုမှ ဆက်လိမ်းပေးပါ။ လိမ်းနေစဉ်အတွင်းမှာလည်း ယားယံတာ၊ အင်ပျဉ်ထတာ၊ မျက်နှာဖောရောင်တာ၊ အရည်ကြည်ဖုတွေ ထလာတာမျိုး ဖြစ်ရင်တော့ ချက်ချင်းရေနဲ့ ပြန်ဆေးပစ်ပါ။ဒိန်ချဉ်ဟာ လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရပြီး ကုန်ကျစရိတ်လည်း အရမ်းမများတဲ့အတွက် အဖက်ဖက်ကနေ တွေးပူနေရတဲ့ လေဒီလေးတွေအတွက်လည်း အဆင်ပြေစေမှာပါ။ နေ့တိုင်းလုပ်စရာမလိုဘဲ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်ထိ လုပ်ပေးရုံပဲမို့ ရုံးကနေအိမ်ပြန်ရောက်တဲ့အချိန်မှာဖြစ်စေ၊ ရုံးပိတ်ရက်တွေဖြစ်စေ လုပ်ပေးလို့ရပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/yoghurt-skin-care/
အသက်လေးရယ် ရှည်စေဖို့ အစပ်စားပါဗျို့
ဘာပဲစားစား အစပ်ကလေးတစ်မျိုးတစ်မယ်လောက်တော့ပါမှဆိုတဲ့ အစပ်ကြိုက်တဲ့ ကိုကိုမမတွေများ ရှိကြသလားဗျ။အစပ်ကြိုက်တဲ့သူတွေဆိုတာမျိုးလည်း ဘယ်လိုဘယ်အစာတွေ ဘယ်လောက် အရသာကောင်းတယ်ဆိုဆို ထမင်းဝိုင်းလေးမှာ ငရုပ်သီးဆားထောင်းပူပူစပ်စပ်လေး၊ ရခိုင်ငရုပ်သီးထောင်း ရှူးရှူးရှဲရှဲလေး ဒါမှမဟုတ် ရနံ့မွှေးမွှေးနဲ့ငပိရည်စပ်စပ်မျိုးလေးတွေထဲက တစ်မယ်လောက်တော့ပါမှ ထမင်းမြိန် ခံတွင်းတွေ့တတ်တာမျိုးမဟုတ်လား။ အားလပ်ချိန် အဆာပြေစားပြန်ရင်လဲ ငရုပ်သီးနိုင်းချင်းနဲ့ လက်ဖက်သုပ် မျိုးတွေ၊ မာလာရှမ်းကောလို ပူပူစပ်စပ် အစာမျိုးတွေ၊ ရခိုင်မုန့်တီလို စပ်စပ်ပျဲပျဲအစားတွေကိုမှ ချွေးတလုံးလုံးနဲ့ အရသာရှိရှိစားချင်ကြပြန်တယ်လေ။ဒါပေမယ့်လည်း ကိုယ်က အစပ်ကြိုက်လို့ တဝတပျဲစားရင် လူကြီးတွေနဲ့ ခင်မင်ရင်းနှီးသူတွေက ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုပြီး တားကြလေ့ရှိပါတယ်။ ဒီလိုတားမြစ်ခံရတာက အစပ်ကြိုက်သူတွေအတွက်တော့ နာလိုခံခက်တဲ့ အခြေအနေပါပဲ။ ဒါတွေကို မေ့လိုက်ပါတော့။ တကယ်လို့များ ကိုယ်က အစပ်ကိုမှ စွဲစွဲမြဲမြဲကြိုက်နှစ်သက်တယ်ဆိုရင် ခုပြောပြမယ့်အကြောင်းကတော့ အစပ်ကြိုက်ကိုကိုမမတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ဟုတ်ပါတယ်။ သုတေသနအသစ်တွေအရဆိုရင် သိပ်စပ်တဲ့ငရုပ်သီးတွေကို စားပေးတာဟာ လူ့သက်တမ်းကို ပိုပြီး ရှည်စေပါတယ်တဲ့။ လူပေါင်း ၁၆၀၀၀ လောက်ကို သုတေသနပြုလုပ်ပြီး စစ်တမ်းထုတ်ပြန်ထားတဲ့အချက်တွေအရဆိုရင် ငရုပ်သီးခပ်စပ်စပ်လေးစားတာဟာ ကျန်းမာရေးကောင်းမွန်စေပြီး အသက်ရှည်ဖို့လည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်။ အထူးသဖြင့် အသက်သေဆုံးနိုင်ချေကို ၁၃% အထိ လျှော့ချပေးနိုင်ပါလိမ့်မယ်။စပ်တဲ့အစားအစာတွေဟာ လူတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုလန်းဆန်းတက်ကြွစေပြီးတော့ ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီအချက်ကပဲ လူတွေကို ဘဝတစ်သက်တာမှာ ပိုမိုကျန်းမာကြံ့ခိုင်ပြီး အသက်ရှည်စေဖို့ အထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ပြီးတော့ ကျန်ပါသေးတယ်။ အစပ်စားတာဟာ အသက်ရှည်စေတာတစ်ချက်တည်း ကောင်းတယ်လို့ မမှတ်ယူလိုက်ပါနဲ့ဦး။ အစပ်စားပေးရင်အဝလွန်တာကို လျှော့ချနိုင်မယ်၊antioxidantတွေ ပိုမိုထုတ်လုပ်နိုင်မယ်၊ ရောင်ရမ်းနာကျင်တဲ့ဝေဒနာတွေကို တားဆီးနိုင်မယ်၊ နောက်ပြီး ကင်ဆာကိုလည်း ကာကွယ်နိုင်ပါသေးတယ်။ဒါတင်ပဲလားဆိုရင် ကျန်သေးတယ်လို့ပဲ ဖြေရဦးမှာပါပဲ။ စပ်တဲ့အစားအစာတွေဟာ နှလုံးနဲ့ အစာခြေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။ခေါင်းကိုက်တာ၊ နာကျင်ကိုက်ခဲတာ၊အအေးမိတုပ်ကွေး၊ အသက်ရှူကျပ်တာနဲ့ အလက်ဂျစ်ထတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ပူတဲ့စပ်တဲ့အစားအစာတွေကို ဖန်တီးရာမှာ အရေးပါတဲ့ ငရုပ်သီးဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ သဘာဝအစားအစာတစ်ခုဖြစ်ပြီးတော့ ရေဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအနှံတစ်ခုဖြစ်ပါတယ်။ ငရုပ်သီးတစ်တောင့်ရဲ့ ၈၈% ဟာ ရေဓာတ်ဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတိန်း၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ကာဗိုဟိုက်ဒြိတ်၊ သကြား၊ ဖိုက်ဘာနဲ့ အဆီဓာတ်တွေလည်းပါဝင်ပါတယ်။Vitamin C၊ Vitamin B6 ၊ Vitamin A ၊ Vitamin B ၊ Vitamin K1 တို့လည်း ကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ကယ်လိုရီနည်းပါးစွာပါဝင်နေတဲ့ အချက်ကလည်း ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေဖို့ တွန်းအားဖြစ်စေပါတယ်။ဒါကြောင့်လည်းငရုပ်သီးကို အခြေခံပြီးဖန်တီးထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတာဖြစ်ပြီးတော့ ပုံမှန်စားသုံးသူတွေကို အသက်ရှည်စေတဲ့ အကျိုးကျေးဇူးပြန်လည် ပေးဆပ်နိုင်တာဖြစ်ပါတယ်။ငရုပ်သီးအပါအဝင် စပ်တဲ့အစားအစာတွေဟာကိုယ်အလေးချိန်လျှော့ချတာနဲ့ ကျန်းမာစေတာကို အထောက်အကူပြုတာမှန်ပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတာကိုလည်း သတိမူသင့်ပါတယ်။ အထူးသဖြင့် အသုံးပြုမယ့်၊ စားသောက်မယ့် ငရုပ်သီးတွေဟာ သန့်ရှင်းစင်ကြယ်ပြီး မှိုနဲ့ဘက်တီးရီးယားကင်းစင်ဖို့ အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ မှိုပါဝင်တဲ့ ငရုပ်သီးတွေကို စားမိမယ်ဆိုရင် ကင်ဆာရောဂါဖြစ်ပွားစေနိုင်ပြီးတော့ အပူအစပ်အလွန်အကျွံစားသောက်တာကလည်း အစာအိမ်ဆိုင်ရာ ဝေဒနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။ဒါကြောင့် စပ်တဲ့အစားအစာတွေကို နေ့စဉ် ပမာဏအနည်းငယ်လောက် ပုံမှန်စားပေးဖို့ သင့်ပြီး အဆိုပါနည်းလမ်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ကိုယ်နှစ်သက်တဲ့ ခပ်စပ်စပ်အစားအစာတွေကို သမမျှတစွာ မှီဝဲကြမယ်ဆိုရင် တရှူးရှူး တရှဲရှဲအရသာအပြင် အဟာရလည်းပြည့် လူလည်းကျန်းမာစေတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%9a%e1%80%ba-%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%85%e1%80%b1%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%85/
နာကျင်မှုဝေဒနာခံစားနေရသူများအတွက် ဘယ်လိုကူညီဖေးမ မလဲ
အနည်းငယ်နာကျင်ခြင်းမျိုးသည် သင့်ကိုယ်တွင်းသို့ ဝင်ရောက်လာမည့် အန္တရာယ်ကို သတိပေးခြင်းဖြစ်သည့်အတွက် သင့်အတွက်ကောင်းမွန်သော အချက်ပေးစနစ်တခုဖြစ်ပါသည်။ သို့သော် ကာလကြာရှည်စွာ နာကျင်မှုကိုခံစားနေရလျှင် သင့်နေ့စဉ်အလုပ်ကို ထိခိုက်လာနိုင်ပါသည်။သင့်မိသားစုဝင်များလည်း တိုသို့ခံစားနေရလျှင် သင့်အပေါ်သက်ရောက်မှုရှိလာနိုင်ပါသည်။ သို့သော် ထိုအခက်အခဲများကို သင့်မိတ်ဆွေနျင့် သူငယ်ချင်းများအတွက်ကူညီဖြေရှင်းနိုင်ရန် နည်းလမ်းကောင်းများရှိပါသည်။နာတာရှည်နာကျင်ခြင်းကို ကုသရာတွင်ဆေးဆိုင်များတွင် ဝယ်ယူနိုင်သော ဆေးများ မှအစ အခြားကုထုံးများအဆုံး နည်းလမ်းအမျိုးမျိုးရှိပါသည်။များသောအားဖြင့် သင့်မိတ်ဆွေနှင့် မိသားစုဝင်များက နာကျင်ခြင်းကို သက်သာစေသော ဆေးများကို ဝယ်သောက်လေ့ရှိကြသည်။ အတွေ့များသော အနာပျောက်ဆေး ၂မျိုးမှာ။၁-မပြင်းထန်သောနာကျင်မှုအတွက် ဘိန်းကဲ့သို့ပစ္စည်းမပါသောအနာပျောက်ဆေး(Aspirin, Paracetamol) နျင့်။၂- ပြင်းထန်သောနာကျင်မှုအတွက် ဘိန်းကဲ့သို့ပစ္စည်းပါသောအနာပျောက်ဆေး(morphine, oxycodone)တို့ဖြစ်ပါသည်။နာကျင်မှုအပေးမူတည်ပြီး ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်ပညာရှင်များက သင့်တော်သော ဆေးအမျိုးအစားကို ရွေချယ်ပေးကြပါသည်။ သင်သည် ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို လေ့လာထားသင့်သည်။ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် အပူ၊ အအေးကုထုံး၊ နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ လျှပ်စစ်နည်းဖြင့် အာရုံကြောများကုသခြင်း စသည့်ကုထုံးများရှိပြီး စိတ်ပိုင်းဆိုင်ရာ ဖိစိမှုများကို ပြေလျော့ရန်အတွက် နည်းလမ်းများပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့်ကုသခြင်း စသည်တို့ဖြင့် သင့်မိသားစုဝင်များနှင့် မိတ်ဆွေများသည် အတွေးအခေါ်နှင့် အကောင်းမြင်စိတ်များပြောင်းလဲလာကာ အနာသက်သာစေသော နည်းဖြင့်ကုသကြပါသည်။အဆိုပါကုထုံးများအတွက် ရလဓ်ကောင်းများရရှိသော်လည်း တိကျသော သက်သေအထောက်အထားများမရှိသည့်အတွက် သောက်ဆေးဖြင့် တွဲဖက်ကုသမှုများကို လုပ်ဆောင်လာကြပါသည်။ကုမှုများတွင် မိမိကိုယ်တိုင်အတူတကွပါဝင်လုပ်ဆောင်ခြင်းဖြင့် ရောဂါအခြေအနေကိုပိုသိမြင် နားလည်လာစေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်မိသားစုဝင်များနှင့် မိတ်ဆွေများအကြား ကောင်းမီန်သော အချိတ်အဆက်တခုဖြစ်သွားပြီး ထိရောင်သောကုသမှုရလဒ်များ ရလာလိမ့်မည်။ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ပါ။သင့်နာကျင်မှုနှင့် ပက်သက်ပြီး ဆေးသောက် ကုသနေစဉ်တွင် ဆေးတိုးမှုရှိမရှိ၊ ပိုနာလာသလား သက်သာသလား စသည်ဖြင့် စာအုပ်၊ Notebook များထဲတွင်မှတ်သားထားပါ။သင့်မိသားစုဝင်များနှင့် မိတ်ဆွေများကို ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရန် သတိပေးပါ။အချို့ဆေးများသည် သင့်ကိုနာကျင်မှုမဖြစ်စေရန်တားပေးသည်။ နာလာမှဆေးသောက်ခြင်းမျိုးကို မလုပ်ပါနှင့်။ ဆရာဝန်ပေးသော ဆေးအများစုသည် နာကျင်မှုကို ကာကွယ်ပေးသောဆေးများဖြစ်သောကြောင့်ဖြစ်သည်။သင့်မိသားစုဝင်များနှင့် မိတ်ဆွေများကို နေ့စဉ် လေ့ကျင့်ခန်းများလုပ်ရန်နှင့် တက်ကြွမှုရှိရန် လှုံ့ဆော်ပါ။နာကျင်မှုကို ကြာရှည်စွာခံစား၇သူများသည် ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အမောမခံနိုင်တော့ခြင်း နှင့် အချို့သော လှုပ်ရှာမှုများကို မလုပ်နိုင်တော့ခြင်း စသည်တို့ကို ခံစားရသည့်အတွက် သင်သည် သင့်မိသားစုဝင်များနှင့် မိတ်ဆွေများကို လေ့ကျင့်ခန်းလုပ်ရန် စိတ်အားထက်သန်လာအောင်ကူညီပေးပါ။စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုလေ့လာပါ။သင့်မိသားစုဝင်များနှင့် မိတ်ဆွေများသည် အရင်လို အလုပ်မလုပ်နိုင်တော့ခြင်းကြောင့် စိတ်ဒဏ်ရာရနေနိုင်ပါသည်။ ကြာလျှင် စိတ်ကျရောဂါဖြစ်လာနိုင်ပါသည်။ သင်သည် သူတို့နှင့်အတူ စိတ်သက်သာရာရအောင်နေထိုင်နည်းများကိုလေ့လာသင့်ပါသည်။ အိပ်ရေး၀၀အိပ်ခြင်း၊ သင်ဝါသနာပါသည့် အလုပ်ကိုလုပ်ခြင်းနှင့် အကောင်းမြင်စိတ်မွေးခြင်းတို့က သင့်ကို သက်သာရာရစေနိုင်မည့်နည်းလမ်းများဖြစ်ပေသည်။သင့်အတွေ့အကြုံများကို ဝေမျှရန် ထောက်ပံ့ရေးအဖွဲကအစည်းများကို တင်ရောက်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်အတွေကအကြုံများနှင့် လေ့လာသင်ယူခဲ့သည်တို့ကို သင့်မိသားစုဝင်များနှင့် မိတ်ဆွေများကို ပြန်လည်မျှဝေနိုင်မည်ဖြစ်သလို ဘဝတူအခြားသူများအကြောင်းနားထောင်ခြင်းဖြင့် သင့်တွင်ကြုံတွေ့နေသော ပြသနာများကိုဖြေရှင်းရန် နည်းလမ်းများရရှိနိုင်ပေသည်။အချုပ်ဆိုရသော် သင်သည် သင့်ပြသနာများကို ဖွင့်ပြောပြရန်သတ္တိရှိရမည်ဖြစ်ပြီး အခြားသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်နေထိုင်ခြင်းဖြင့် သင့်အတွက် စိတ်ဓါတ်ခွန်အားများဖြစ်လာစေမည်ဖြစ်သည်။ထိုနည်းအားဖြင့် နာကျင်မှုများကိုကိုင်တွယ်ဖြေရှင်းရန် အသိပညာများရရှိလာမည်ဖြစ်သလို အခြားသူများအပေါ်တွင်လည်း နားလည်မှုရှိလာပြီး လူမှုအသိုင်းအဝိုင်းတွင်လည်း သင့် ဗဟုသုတများကို မျှဝေနိုင်မည်ဖြစ်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%99%e1%82%88%e1%80%b1%e1%81%80%e1%80%92%e1%80%94%e1%80%ac%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%b1%e1%80%94%e1%80%9b%e1%80%9e/
မိသားစုဝင်အချင်းချင်း အဖျားမကူးစက် အောင် ဘယ်လိုကာကွယ်ကြမလဲ
ခုချိန်က မိုးကာလမို့ ဖျားတာ၊ နာတာ၊ တုပ်ကွေးမိ၊ အအေးပတ်တာမျိုးက မကြာခဏဖြစ်တတ်တဲ့ အချိန်ကာလပါ။ ပုံမှန်ဖျားတာနာတာမို့ ပျောက်သွားမှာပါလို့ အလွယ်တကူတွေးတတ်ကြပေမယ့် ခေတ်ကာလအခြေအနေကြောင့် သတိထားရဖို့ လိုနေတဲ့အချိန်မျိုးပါ။ ဒီတော့ ကိုယ့်မှာပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်စုံတစ်ယောက်မှာပဲဖြစ်ဖြစ် ဖျားတာနာတာဖြစ်လာပြီဆိုရင် တစ်ယောက်နေ တစ်မိသားစုလုံးကို အဖျားမကူးစက် စေဖို့ အထူးအရေးကြီးလာပါပြီ။ဒီလိုဆိုရင် တစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးမကူးစက်လာအောင် ဘယ်လိုတားဆီးကြမလဲ။ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာနိုင်ပါတယ်နော်။လက်ကို ပုံမှန်နဲ့ စနစ်တကျဆေးခြင်းဟာဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ကူးစက်နိုင်ခြေနဲ့ ပြန့်နှံ့နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ CDC ရဲ့ အဆိုအရဆိုရင် လက်ဆေးတာဟာ ကာကွယ်ဆေးထိုးထားတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ သတိထားဖို့က ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးဖို့ပါ။စက္ကန့် ၂၀ က ဘယ်လောက်ကြာလဲ ရုတ်တရက် မခန့်မှန်းနိုင်ဘူးဆိုရင် “Happy Birthday” သီချင်းကို ၂ ကျော့ပြန်ဆိုလိုက်ပါ။ အတိအကျပါပဲ။ သီချင်းလေးတကြော်ကြော်နဲ့ လက်ဆေးရတာ ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်သလဲ။ဆပ်ပြာနဲ့ ရေဆိုတာ သယ်သွားလို့ရတာမျိုးမဟုတ်ဘူးလေ။ ဒီတော့အယ်ကိုဟော၆၀% နဲ့အထက်ပါဝင်တဲ့ ရေမလိုလက်သန့်ဆေးရည်တစ်မျိုးမျိုးကို ဆောင်ထားဖို့လိုပါမယ်။ အကြောင်းတိုက်ဆိုင်တိုင်း လက်သန့်စင်ပေးမယ်ဆိုရင် ပိုးမွှား ကူးစက်ပြန့်နှံ့မှု ရန်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။အိမ်မှာရှိတဲ့ မျက်နှာပြင်မာကျောတဲ့ အရာဝတ္ထုတိုင်းကို သန့်စင်ရှင်းလင်းပေးနေသင့်ပါတယ်။ တံခါးလက်ကိုင်တွေ၊ ဗီဒိုတွေ၊ မီးခလုတ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ရေချိုးခန်းတွေ၊ သန့်စင်ခန်းတွေ စတာတွေကိုပေါ့။တကယ်လို့ ဖျားနာနေတဲ့သူက လူကြီးမဟုတ်ဘဲ ကလေးဆိုရင် ကစားချိန်ကို သေချာသတ်မှတ်ပေးပါ။ အရုပ်တွေနဲ့ ကစားရင်လည်း အချိန်အကြာကြီး မကစားပါစေနဲ့။ ပိုးတွေ အရုပ်မှာ ကပ်ငြိနေနိုင်တာကြောင့်ပါ။ ကစားပြီးချိန်တိုင်းမှာ သန့်စင်ပေးဖို့လည်း လိုအပ်ပါတယ်။တကယ်လို့ ဖျားနာနေတဲ့ ရင်သွေးက အရမ်းငယ်ရွယ်သေးနေရင် သေးစိုခံဒိုက်ပါကို မပြတ်စောင့်ကည့်နေပြီး စိုစွတ်လာတိုင်း လဲလှယ်ပေးဖို့ လိုမှာပါ။တချို့ရောဂါပိုးတွေဟာ အစားအသောက်ကနေတဆင့်လည်း ကူးစက်နေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ချက်ပြုတ်ရာမှာ သန့်ရှင်းအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဖျားမကူးစက် အောင် နေမကောင်းတဲ့သူ အဖျားပျောက်ပြီး၊ ရောဂါလက္ခဏာပြသမှုကင်းစင်ပြီး ၄၈ နာရီကြာမှ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ်ခွင့်ပြုပါ။ရေချိုးခန်း၊သန့်စင်ခန်းဟာ ရောဂါပိုးဖြန့်ဝေနိုင်စွမ်း အမြင့်မားဆုံးနေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ ကြမ်းပြင်၊ ဘေစင်နဲ့ အိမ်သာတွေဟာ အဖျားရောဂါပိုးတွေသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်နိုင်စေတဲ့ ပိုးတွေပါ ရှိနေတတ်ပါတယ်။ ဒါကြောင့် ပုံမှန်သန့်စင်မှုပြုလုပ်ပေးနေဖို့ လိုအပ်တာပါ။ဖျားနာနေတဲ့သူကို သန့်ရှင်းတဲ့အဝတ်အစားမျိုး ဝင်ဆင်စေသင့်ပါတယ်။ ဖျားနေလို့ ချွေးထွက်မှာပဲ အဟောင်း ညစ်ပတ်တာပဲ ဝတ်စေတာက မှားယွင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။ ဝတ်ပြီးသား အဝတ်တွေကိုလည်း ဆပ်ပြာနဲ့ သေချာစိမ်ပြီးမှ လျှော်ဖွတ်ဖို့ လိုအပ်ပါတယ်။ပိုးမွှားအများစုက ခြောက်သွေ့တဲ့သွားပွတ်တံတွေမှာ မတွယ်ညိနိုင်ပါဘူး။ လျှင်မြန်စွာ ခြောက်သွေ့မှုက သူတို့ကို သေဆုံးစေနိုင်ပါတယ်။နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ။Social Distancingလုပ်ပါ။ ကိုယ်က ဖျားနေရင်ဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်ယောက် ဖျားနာနေရင်ဖြစ်ဖြစ် Social Distancing အမူအကျင့်က အဖျားမကူးစက် အောင် ဟန့်တားနိုင်ပါတယ်။ချောင်းဆိုတာ၊ နှာချေတာမျိုးတွေပြုလုပ်တိုင်း တစ်ခါသုံးတစ်သျှူး ဒါမှမဟုတ် လက်ကိုင်ပဝါကို အသုံးပြုဖို့ လိုအပ်သလို စနစ်တကျ စွန့်ပစ်ဖို့လည်းလိုအပ်ပါတယ်။ကိုဗစ်ရန်ကို ကာကွယ်ဖို့တင် နှာခေါင်းစည်းတပ်ရမှာမဟုတ်ပါဘူး။ တကယ်တမ်းက အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဖျားနာရောဂါတွေ အားလုံးကို ကာကွယ်ဖို့ နှာခေါင်းစည်းတပ်သင့်ပါတယ်။ တုပ်ကွေးဖျားနာကလည်း အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါပါ။ကလေးကိုပဲဖြစ်ဖြစ်၊ ချစ်ခင်နှစ်သက်ရသူကိုပဲဖြစ်ဖြစ် ချစ်တယ်ဆိုရင် ဖျားနာနေချိန်မှာ မနမ်းပါနဲ့။ လူချင်းထိစပ်မှုက ရောဂါပိုးကူးစက်နိုင်စေမယ့် အဓိက အချက်တစ်ခုပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/stop-germs-in-family/
ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ
မြန်မာနိုင်ငံလိုကွမ်းစားသုံးမှုများတဲ့နိုင်ငံမှာအဖြစ်များတဲ့ကင်ဆာရောဂါတစ်မျိုးကတော့ခံတွင်းကင်ဆာပဲဖြစ် ပါတယ်။ဦးခေါင်းနဲ့လည်ပင်းကင်ဆာရောဂါအုပ်စုတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ခံတွင်းကင်ဆာ အကြောင်းကိုလေ့လာကြည့်ရအောင်ပါ။ခံတွင်းကင်ဆာက နှုတ်ခမ်း၊ သွားဖုံး၊လျှာ၊ ပါးစောင်၊ အာခေါင်နဲ့ လျှာအောက်ဖက်တွေမှာအဖြစ်များပါတယ်။ များသောအားဖြင့်ပါးစပ်ထဲမှာဘာမှန်းမသိတဲ့အကျိတ်တွေ၊အနာတွေကို စစ်ဆေးကြည့်ရာကနေခံတွင်းကင်ဆာ ဖြစ်နေကြောင်းရှာဖွေတွေ့ရှိရတတ်ပါတယ်။ တခြားကင်ဆာရောဂါတွေလိုပဲ ခံတွင်းကင်ဆာကိုစောစောရှာဖွေ မကုသနိုင်ရင်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ခံတွင်းကင်ဆာအကြောင်းသိရအောင် ပြောပြချင်ပါတယ်။ခံတွင်းကင်ဆာဖြစ်နေသူတွေကိုလေ့လာကြည့်တဲ့အခါမှာဒီလိုလက္ခဏာတွေခံစားရတတ်တာကိုတွေ့ရပါတယ်။–လျှာ၊သွားဖုံးနဲ့ပါးစပ်ရဲ့တခြားနေရာတွေမှာ အလုံးအကျိတ်တွေထွက်လာမယ်။– ပါးစပ်တွင်းမှာအနီကွက်၊ အဖြူကွက်တွေထွက်လာမယ်။– လျှာနဲ့နှုတ်ခမ်းက ဘာဖြစ်မှန်းမသိဘဲထုံကျဉ်နေမယ်။– သွားတွေချောင်လာမယ်၊ အံကပ်စွပ်တဲ့သူဆို အံကပ်တွေချောင်လာမယ်။– လည်ချောင်းထဲမှာတစ်ခုခုနင်နေသလိုခံစားရမယ်၊ အစာမြိုချရခက်လာမယ်။– နားကိုက်မယ်။– အသံနည်းနည်းပြောင်းလာမယ်။ယောင်္ကျားတွေက မိန်းမတွေထက် ခံတွင်းကင်ဆာဖြစ်ပွားနှုန်း (၂) ဆလောက်ပိုများတာကိုတွေ့ရပြီး အသက် (၅၀)နဲ့အထက်တွေမှာပိုဖြစ်ပွားလေ့ရှိတာကိုတွေ့ရပါတယ်။ အောက်ကအချက်တစ်ခုခုရှိနေရင်တော့ ခံတွင်းကင်ဆာပိုဖြစ်ပွားနိုင်တာမို့သတိပြုစေချင်ပါတယ်။ဆေးလိပ်/အရက်သောက်ခြင်း– ဆေးလိပ်/အရက်မသောက်သူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ (၆) ဆလောက်ပိုများပါတယ်။ကွမ်းစားခြင်း– ကွမ်းစားဖို့ထည့်ရတဲ့ဓာတုဆေးဝါးတွေကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်ပြီးကွမ်းမစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေအဆ (၅၀) လောက်ပိုမြင့်ပါတယ်။နေရောင်ထိတွေ့မှုများခြင်း– အထူးသဖြင့်နှုတ်ခမ်းကိုနေလောင်တာများရင်ခံတွင်းကင်ဆာပိုဖြစ်နိုင်ပါတယ်။Human papillomavirus(HPV) ကူးစက်ခံရခြင်း –လိင်ဆက်ဆံမှုကနေတစ်ဆင့်ကူးစက်နိုင်တဲ့ဒီဗိုင်းရပ်စ်ပိုး ကလည်းခံတွင်းကင်ဆာဖြစ်စေနိုင်ပါတယ်။ဒီအချက်တွေအပြင် မိသားစုထဲမှာခံတွင်းကင်ဆာဖြစ်ပွားသူရှိရင် ကိုယ့်မှာလည်းအလားတူရောဂါဖြစ်နိုင်တာကို သိထားသင့်ပါတယ်။ခံတွင်းကင်ဆာရဲ့သံသယလက္ခဏာတစ်ခုခုခံစားနေရရင်ဆရာဝန် (ဒါမှမဟုတ်) သွားဆရာဝန်ကို သွားရောက် ပြသသင့်ပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်ရှုပြီးမသင်္ကာစရာတစ်ခုခုတွေ့ရင်အသားစနမူနာဖဲ့ယူထားပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ခံတွင်းကင်ဆာကိုကုသဖို့အတွက်ကင်ဆာအကျိတ်တည်နေရာ၊ ကင်ဆာရောဂါအဆင့်နဲ့ လူနာရဲ့ကျန်းမာရေး အခြေအနေကိုပါထည့်သွင်းစဉ်းစားပြီးအဆင်အပြေဆုံးနည်းကိုရွေးချယ်ပါတယ်။ များသောအားဖြင့် ခံတွင်း ကင်ဆာကိုကုသဖို့ နည်းလမ်း (၃) ခုအသုံးပြုပါတယ်။ ဒီနည်းလမ်းတွေကိုတစ်ခုခြင်းစီအသုံးပြုသလို ၂မျိုး၊ ၃မျိုး လောက်ပေါင်းပြီးကုသတာတွေလည်းရှိပါတယ်။ခွဲစိတ်ကုသနည်း– ခံတွင်းကင်ဆာအစောပိုင်းအဆင့်တွေမှာခွဲစိတ်ကုသမှုကအတော်လေးထိရောက်ပါတယ်။ ခွဲစိတ်တဲ့အခါမှာကင်ဆာကျိတ်အပြင်အကျိတ်ပတ်ပတ်လည်ကအသားစအနည်းငယ်ကိုပါဖယ်ရှားပစ်ရပါတယ်။  ဒါမှသာကင်ဆာဆဲလ်တွေပြန်မပွားနိုင်မှာပါ။ တစ်ချို့တွေမှာတော့ကင်ဆာအကျိတ်ကအရမ်းကြီးတဲ့အတွက် ခွဲစိတ်မှုလုပ်ရင်းလူနာရဲ့စကားပြောနိုင်စွမ်း၊ အစာစားနိုင်စွမ်းကိုပါနည်းနည်းထိခိုက်သွားတတ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့ရင် ကင်ဆာရောဂါကုသမှုပြီးဆုံးသွားချိန်မှာ အရင်လိုစားနိုင်သောက်နိုင်၊စကားပြောနိုင်အောင် ခွဲစိတ်ပြုပြင်မှု ထပ်လုပ်ရနိုင်ပါတယ်။ဓာတ်ရောင်ခြည်ဖြင့်ကုသနည်း– စွမ်းအားမြင့်ဓာတ်မှန်လှိုင်းတွေ၊ပရိုတွန်ရောင်ခြည်တွေနဲ့ကုသဆဲလ်တွေ ကိုနှိမ်နင်းကုသနည်းဖြစ်ပါတယ်။ များသောအားဖြင့်တော့ သူ့ချည်း အသုံးပြုလေ့မရှိဘဲ ခွဲစိတ်ကုသမှုပြီးတဲ့အခါမှာ လက်ကျန်ကင်ဆာဆဲလ်တွေကိုရှင်းလင်းပစ်ဖို့အသုံးပြုပါတယ်။ ဓာတ်ကင်ကုသ ခြင်းကြောင့်အာခြောက်ခြင်း၊ သွားပျက်စီးခြင်းတွေတော့ဘေးထွက်ဆိုးကျိုးအနေနဲ့ခံစားရနိုင်ပါတယ်။ကင်ဆာဆေးဖြင့်ကုသနည်း– သောက်ဆေး၊ထိုးဆေးအနေနဲ့အသုံးပြုရတဲ့ကင်ဆာဆေးတွေကို သူ့ချည်းပေးလေ့ရှိသလို အပေါ်ကကုသနည်း (၂) မျိုးနဲ့လည်းတွဲအသုံးပြုနိုင်ပါတယ်။ အထူးသဖြင့်ဓာတ်ရောင် ခြည်ကုသနည်းနဲ့တွဲသုံးရင်ပိုပြီးထိရောက်မှုရှိတာကိုတွေ့ရပါတယ်။ ကင်ဆာဆေးတွေမှာလည်းဘေးထွက် ဆိုးကျိုးတွေရှိပြီး မူးဝေအော့အန်တာ၊ ဆံပင်ကျွတ်တာတွေကအဖြစ်များတဲ့ပြဿနာတွေပါ။Dr.Htoo Tint။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad/
အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ ၁၄မျိုး
ညကြီးအချိန်မတော်ဗိုက်ဆာလာတာမျိုး လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ညမအိပ်ခင်အချိန်တွေမှာ ရေခဲသေတ္တာဖွင့်ပြီး တွေ့ကရာမုန့်တွေစားတာထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားသုံးနိုင်ဖို့က အရေးကြီးပါတယ်။ အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်။အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ တွေက။ဂျုံမှာ အာဟာရဘယ်လောက်ပါသလဲဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မယ်ထင်တယ်။ဂျုံကွပ်ကီးခရပ်ကာတွေမှာ ကစီဓာတ်ရော အသားဓာတ်တွေပါ ပါဝင်တဲ့အတွက် သင့်ကိုအများကြီးမစားဘဲ ဗိုက်ပြည့်စေမှာပါ။မနက်စောစော ဘိုစာ စားတတ်ကြသူတွေအတွက်တော့ အုတ်ဂျုံကို နွားနို့ဆမ်းစားတာနဲ့ စိမ်းမယ်မထင်ပါဘူး၊ အနောက်တိုင်းရုပ်ရှင်တွေမှာလည်း မနက်စာအနေနဲ့စားတတ်ကြတာ မကြာခဏတွေ့မြင်ရမှာပါ။Oatmealလို့ခေါ်တဲ့ အုတ်ဂျုံကို မနက်စာအနေနဲ့ပဲမဟုတ်ဘဲ ညဘက်ဗိုက်ဆာလာတဲ့အခါလည်း စားလို့ရပါတယ်။အုတ်ဂျုံမှာ ပါဝင်နေတဲ့ ကစီဓာတ်တွေက စားသုံးပြီးတဲ့အခါ သွေးထဲကို ဖြည်းဖြည်းချင်းစုပ်ယူတာကြောင့် သွေးတွင်းအချိုပမာဏကို ထိန်းညှိပေးပါတယ်။ မယ်လတိုနင်လို့ခေါ်တဲ့ အိပ်ပျော်ခြင်းကို အားပေးတဲ့ဓာတ်တစ်မျိုးကို ထွက်စေတဲ့အတွက်လည်း ကောင်းကောင်းမွန်မွန်အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ပေါက်ပေါက်ဆုပ်က ဒီစာရင်းထဲပါဝင်လာမယ်လို့ သင်ထားမှာမဟုတ်ပါဘူး ဒါပေမဲ့တကယ် ပါဝင်လာပါတယ်။ အသီးအနှံတွေ စားရမှာပျင်းတယ် သရေစာလိုအရာမျိုးပဲစားချင်တယ် ကျန်းမာရေးနဲ့လည်းအထိုက်အလျောက် ညီညွှတ်ချင်တယ်ဆိုရင်တော့ ပေါက်ပေါက်ဆုပ်က ရွေးချယ်ချင်စရာပါပဲ။အချိုတွေ အပိုထပ် topping ထည့်ထားတာမျိုး မပါဝင်တဲ့ ပေါက်ပေါက်ဆုပ်တွေမှာဆိုရင် ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်။ ဒါကြောင့် ဆီ သို့မဟုတ် ထောပတ် မရောထားတဲ့ ပေါက်ပေါက်တွေကို ဝိတ်တက်မှာစိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချစားနိုင်ပါပြီ။ဒိန်ချဉ်တွေမှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတိန်းလို့ခေါ်တဲ့ အသားဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒိန်ချဉ်ထဲမှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က ဦးနှောက်ကို ကောင်းသောသက်ရောက်ခြင်းတွေ ဖြစ်ပေါ်စေပြီး ညဘက်ကို ကောင်းစွာအိပ်စက်စေနိုင်ပါတယ်။ဒိန်ချဉ်ကြီးသက်သက် မစားချင်ရင်လည်း အချိုတွေဖြည့်မယ့်အစား စတော်ဘယ်ရီလို အသီးအနှံလေးတွေ အပေါ်ကဖြူးပြီး အလှဆင်စားမယ်ဆိုရင် အရသာလည်းပိုရှိ ကျန်းမာရေးနဲ့လည်းပိုညီညွှတ်မှာပါ။ငယ်ငယ်ထဲက သင်အရမ်းကြိုက်ခဲ့တဲ့ သရေစာလေးက ကျန်းမာရေးနဲ့သင့်တော်တဲ့ ညလယ်စာဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ။မြေပဲယိုတွေမှာ tryptophan လို့ခေါ်တဲ့အိပ်စက်ခြင်းကို အားပေးတဲ့အရာတွေပါဝင်ပါတယ်။ ပေါင်မုန့်က ကစီဓာတ်တွေကလည်း ဦးနှောက်ကို tryptophan တွေကိုပိုပြီးအသုံးချနိုင်အောင် အားပေးပါတယ်။မဂ္ဂနီဆီယမ်နဲ့ အမိုင်နိုအက်စစ်တွေ ပြည့်ဝစွာပါဝင်တဲ့ ဖရုံစေ့တွေကလည်း ညမအိပ်ခင်စားဖို့ သင့်တော်တဲ့ အစားအစာတွေထဲမှာပါဝင်ပါတယ်။ငယ်ငယ်က ငှက်ပျောသီးစားတာ အရမ်းကောင်းတယ်လို့ လူကြီးတွေပြောတာ၊ ကျောင်းက အားကစားဆရာကလည်း အားကစားပွဲတွေမစခင် ငှက်ပျောသီးစားဖို့ ပြောတာ ကြားဖူးတယ်မလား။ ဘာကြောင့်လဲဆိုတော့ ငှက်ပျောသီးထဲမှာ ပိုတက်ဆီယမ်ဓာတ်တွေကြွယ်ဝစွာပါဝင်နေလို့ပါ။ငှက်ပျောသီးကို ညဘက်ဗိုက်ဆာတဲ့ အခါစားသုံးပေးခြင်းအားဖြင့် အရသာရှိရုံတင်မဟုတ်ဘဲ အလွယ်တကူဗိုက်တင်းစေနိုင်ပါတယ်။အခွံမာသီးအများစုမှာ ပရိုတိန်းဓာတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ ပြညပြည့်ဝဝပါဝင်နေတဲ့အတွက် ညဘက်ကိုအစားတစ်လုပ်အတွက်ပြင်ဆင်ရမှာ ပျင်းတဲ့သူတွေအတွက်တော့အကောင်းဆုံးရွေးချယ်မှုပါပဲ။မက်မွန်သီးတွေမှာ တစ်နေ့တာတွက်လိုအပ်တဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ tryptophan လို့ခေါ်တဲ့ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ကြက်ဆင်သားက ဒီမှာတော့ နည်းနည်းရှားမယ်ထင်ပါတယ်။ ဒါပေမဲ့ ကြက်ဆင်သားမှာ အိပ်စက်ခြင်းကို အားပေးတဲ့အရာတွေ အများကြီးပါတဲ့အတွက် ကောင်းမွန်စွာအိပ်ပျော်စေနိုင်ပါတယ်။Sandwichထဲကိုတော့ အဆီများတာတွေ ထည့်မယ်အစား ကြက်သွန်၊ ဆလတ်ရွက်လိုအသီးအရွက်တွေ ထည့်စားမယ်ဆိုရင် အကောင်းဆုံးပါပဲ။ပဲတောင့်ရှည်ထဲမှာ အသားဓာတ်တွေအပြင် အမျှင်ဓာတ်တွေကလည်း ပေါပေါများများပါဝင်ပါတယ်။ ညဘက်ကောင်းကောင်းအိပ်စေတဲ့အပြင် အလွယ်တကူလည်း စားရအဆင်ပြေတဲ့ ရွေးချယ်စရာတစ်ခုပါ။ဒီနားလောက် ရောက်နေပြီဆိုရင်တော့ ဥတွေပါလာတော့မယ်ဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် ကြက်ဥ၊ ဘဲဥ တွေမှာ အသားဓာတ်အပါအဝင် ခနွာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေလည်း ပြည့်ပြည့်စုံစုံပါဝင်ပါတယ်။ဒါ့အပြင် သင့်အိမ်က ရေခဲသေတ္တာထဲမှာ အမြဲတမ်းအသင့်ရနိုင်တဲ့ အဆာပြေစားစရာတစ်ခုလည်း ဖြစ်တယ်မလား။ညကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့ အစားအစာတွေထဲမှာ ချိစ်က နံပတ် ၁ ပါပဲ။ ဘီစကစ် ဒါမှမဟုတ် cracker လေးပေါ်မှာ ချိစ်လေးသုပ်ပြီးစားလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ အစာပြေညစာလေးဖြစ်လာမှာပါ။ထောပတ်သီးကို ဘုရားသခင်ရဲ့ ထောပတ်လို့ တချို့ကတင်စားကြပါတယ်။ အစာချေစနစ်အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ အချိုးကျကျပါဝင်နေတဲ့အတွက် ဖျော်ရည်အနေနဲ့ဖြစ်ဖြစ်၊ ပေါင်မုန့်နဲ့သုတ်စားတာဖြစ်ဖြစ် မျိုးစုံလုပ်စားလို့ သင့်တော်ပါတယ်။ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/healthy-midnight-snacks/
ကယ်လ်စီယမ်၏ အကျိုးကျေးဇူးများ
ကယ်လ်စီယမ်ဓါတ်ဟာ အရိုးတွေနဲ့ သွားတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နှလုံး၊ အာရုံကြောများ၊ သွေးတိတ်စေတဲ့စနစ် စတာတွေမှာလည်း ကယ်လ်စီယမ်ဓါတ်ကို လိုအပ်ပါတယ်။ အရိုးတွေနဲ့ သွားတွေမှာ တကိုယ်လုံးရဲ့ ကယ်လ်စီယမ်ဓါတ် ၉၉% ကျော် ပါဝင်နေပါတယ်။ကယ်လ်စီယမ်ဓါတ်ကို သွေး၊ ကြွက်သားများနဲ့ တခြားတစ်သျှူးတွေမှာလည်း တွေ့နိုင်ပါတယ်။ အရိုးတွေထဲက ကယ်လ်စီယမ်ဓါတ်ဟာ ကိုယ်ခန္ဓါက လိုအပ်ချိန်မှာ သုံးနိုင်ဖို့ အရန်ထားသိုခြင်း ဖြစ်ပါတယ်။ကိုယ်ခန္ဓါထဲက ကယ်လ်စီယမ်ဓါတ်ရဲ့ သိပ်သည်းမှုဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာပါတယ်။ ကိုယ်ခန္ဓါကနေ ချွေး၊ အရေပြားဆဲလ်များ၊ အညစ်အကြေးများအနေနဲ့ ထွက်သွားလို့ ဖြစ်ပါတယ်။ဒါ့အပြင် အမျိုးသမီးများဟာ အသက်ကြီးလာတာနဲ့အမျှ အီစထရိုဂျင်ဟော်မုန်း ကျဆင်းလာပြီး ကယ်လ်စီယမ်ဓါတ် စုပ်ယူမှုလည်း ကျဆင်းလာပါတယ်။အရိုးများဟာလည်း အမြဲတမ်း ချေဖျက်ပြီး အသစ်များကို ပြန်လည်တည်ဆောက်နေတာကြောင့် ဒီလုပ်ငန်းစဉ်အတွက် ကယ်လ်စီယမ်ဓါတ်ကို လိုအပ်ပါတယ်။ ကယ်လ်စီယမ်ဓါတ်စုပ်ယူမှုဟာ လူမျိုး၊ ကျား/မကွဲပြားမှု၊ အသက်အရွယ် စတဲ့အချက်တွေပေါ်မှာ မူတည်ပါတယ်။ကယ်လ်စီယမ်ဓါတ်ကို အပိုဆောင်း စားသုံးမှုဟာ အရိုးတွေကို ပြန်လည်တည်ဆောက်ဖို့၊ ခိုင်မာစေဖို့ အထောက်အကူပြုပါတယ်။ဆေးသိပ္ပံဌာနကနေ ကယ်လ်စီယမ်ဓါတ်အတွက် သင့်တော်တဲ့ စားသုံးမှုပမာဏ သတ်မှတ်ထားပါတယ်။ ဒီပမာဏကို ဖြည့်စွက်စာပါဝင်သည်ဖြစ်စေ မပါဝင်သည် ဖြစ်စေ နေ့စဥၤစားသုံးမှုပုံစံကနေ အရိုးများကျန်းမာစေဖို့ လိုအပ်တဲ့ပမာဏ ရရှိစေပါတယ်။ ပိုများတဲ့ပမာဏကို ဆရာဝန်တွေ ညွှန်ပေးနိုင်ပါတယ်။ဝ-၅ လတနေ့လျှင် ၂၁၀ မီလီဂရမ်။၇-၁၂ လတနေ့လျှင် ၂၇၀ မီလီဂရမ်။၁-၃ နှစ်တနေ့လျှင် ၇၀၀ မီလီဂရမ်။၄-၈ နှစ်တနေ့လျှင် ၁၀၀၀ မီလီဂရမ်။၉-၁၈ နှစ်တနေ့လျှင် ၁၃၀၀ မီလီဂရမ်။၁၉-၅၀ နှစ်တနေ့လျှင် ၁၀၀၀ မီလီဂရမ်။၅၁ နှစ်နှင့်အထက်-အမျိုးသမီးများ တနေ့လျှင် ၁၂၀၀ မီလီဂရမ်။အမျိုးသားများ တနေ့လျှင် ၁၀၀၀ မီလီဂရမ်။ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးနို့တိုက်နေသူများ ထောက်ခံထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ကယ်လ်စီယမ်ဓါတ်ကို အပိုဆောင်း မလိုအပ်ပါဘူး။ခံနိုင်ရည်ရှိတဲ့ စားသုံးမှုနှုန်းကတော့ လူအများစု ဘေးကင်းစွာ စားသုံးနိုင်မယ့် အမြင့်ဆုံးပမာဏပဲ ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓါတ်မှာဆိုရင် လူကြီးများနဲ့ အသက်တနှစ်ကျော်ကလေးများအတွက် တနေ့ကို ၂၅၀၀ မီလီဂရမ်ဖြစ်ပါတယ်။ယေဘုယျအားဖြင့် ကယ်လ်စီယမ်ဖြည့်စွက်စာကို အစားအစာနဲ့အတူ စားသုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။ စုပ်ယူမှုကောင်းအောင် တကြိမ်မှာ ၅၀၀ မီလီဂရမ်ထက် ပိုမစားတာ ကောင်းပါတယ်။ဒီထက်ပိုများတဲ့ ပမာဏကို ခွဲပြီး စားသုံးနိုင်ပါတယ်။ ကိုယ်ခန္ဓါကနေ ကယ်လ်စီယမ်ဓါတ်ကို ကောင်းကောင်း အသုံးချနိုင်ဖို့အတွက် ဗီတာမင်ဒီနဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေလည်း လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ကယ်လ်စီယမ်ဖြည့်စွက်စာကို ဘယ်သူတွေ စားသုံးဖို့လိုသလဲ။ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ စားသုံးမှုပုံစံ ရှိနေရင်တောင် အောက်ပါအခြေအနေတွေမှာ ကယ်လ်စီယမ်ဓါတ်လုံလောက်စွာ ရရှိဖို့ ခက်ခဲပါတယ်။စသူတွေဟာ ကယ်လ်စီယမ်ဓါတ်ကို ပိုမိုလိုအပ်ပါတယ်။ ကယ်လ်စီယမ်ဓါတ် ဘယ်လောက်စားသုံးသင့်တယ်ဆိုတာ ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်များနဲ့ တိုင်ပင်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%80%e1%80%9a%e1%80%ba%e1%80%9c%e1%80%ba%e1%80%85%e1%80%ae%e1%80%9a%e1%80%99%e1%80%ba%e1%81%8f-%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%87/
လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။
ကိုယ်ခန္ဓာကို ဘက်ညီအောင် ထိန်းပေးနေတဲ့ဟော်မုန်းပေါင်းများစွာရှိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီးသိချင်နေကြတဲ့ မေးခွန်းတွေမေးထားကြတာရှိတာကြောင့် သူတို့နဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို လေ့လာကြည့်ရအောင် ။ဗိုက်ဆာတယ်၊ ဗိုက်ပြည့်တယ်ဆိုတဲ့ဖြစ်စဉ်မှာလည်း ဟော်မုန်းတို့က ထိန်းချုပ်ထားပြန်ပါတယ်။ ghrelin လို့ခေါ်တဲ့ ဗိုက်ဆာကြောင်း အသိပေးတဲ့ ဟော်မုန်းနဲ့ leptin လို့ခေါ်တဲ့ဗိုက်ပြည့်ကြောင်း အချက်ပြတဲ့ ဟော်မုန်းတို့ပါ။အမျိုးသားတွေမှာ အမျိုးသမီးတွေလိုမျိုး ဟော်မုန်းပြောင်းလဲပြီး သွေးဆုံးချိန် ဆိုတာ မရှိပါဘူး။ အမျိုးသမီးတွေမှာသွေးဆုံးသွားပြီဆိုတာနဲ့ ကိုယ်ဝန်လွယ်ဖို့ မဖြစ်နိုင်တော့ပေမယ့် အမျိုးသားတွေမှာ ခုလို သွေးဆုံးတာမျိုး မရှိတဲ့အတွက် သူတို့ ဘယ်လောက် အသက်ကြီးကြီး ကလေးရအောင် စွမ်းဆောင်နိုင်ပါသေးတယ်။ အမျိုးသမီးတွေ ကို စိုးမိုးတဲ့ ဟော်မုန်းကအီစတိုဂျင်ဖြစ်ပြီး အမျိုးသားတွေကို စိုးမိုးတဲ့ ဟော်မုန်းကတော့ testosterone ဖြစ်ပါတယ်။မဟုတ်ပါဘူး။ အမျိုးသမီးကိုယ်ခန္ဓာမှာလည်း testosterone ဟော်မုန်းရှိပါတယ်။ အမျိုးသားတွေထက်စာရင်တော့ အမျိုးသမီးတွေမှာ testosterone အထွက်နည်းတာပေါ့။ အမျိုးသားတို့ရဲ့ ရုပ်ရည်သွင်ပြင်၊ ကိုယ်ပေါ်က အမွေးအမျှင်တွေနဲ့ အသံသြသြတွေဟာtestosteroneဟော်မုန်းအောက်မှာရှိကြတဲ့ အရာတွေပါ။ အမျိုးသမီးတွေမှာတော့ testosterone ဟာ လိင်ကိစ္စစိတ်ဝင်စားမှုအခန်းကို ချုပ်ကိုင်ပါတယ်။သိုင်းရွိုက်ဟော်မုန်း ပြဿနာမှာသိုင်းရွိုက်ဟော်မုန်းနည်းတာနဲ့ သိုင်းရွိုက်ဟော်မုန်းများတာဆိုပြီး ပြဿနာ ၂ ခုရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းများရင် ကိုယ်အလေးချိန် ကျသွားမှာဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း နည်းရင်တော့ ကိုယ်အလေးချိန် တက်လာမှာ ဖြစ်ပါတယ်။ခေါင်းကိုက်တဲ့ ဝေဒနာကို အများဆုံးခံစားရတဲ့ အမျိုးသမီးတွေကို လေ့လာကြည့်လိုက်တဲ့အခါ သူတို့ဆီမှာ အီစတိုဂျင်ဟော်မုန်း ထိုးကျနေတာကိုတွေ့ရတတ်ပါတယ်။ ဒီလို ဟော်မုန်းထိုးကျနေတဲ့အချိန်မှာခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။ဟုတ်ပါတယ်။ ဝက်ခြံဆိုတာ ဆယ်ကျော်သက်ရောက်ပြီဆိုတာနဲ့ စထွက်လာတဲ့အရာတွေပါ။ ဆယ်ကျော်သက်အရွယ်ဆိုတာကလည်း ဟော်မုန်းပြောင်းလဲမှု အများဆုံးကာလဆိုတော့ဝက်ခြံပြဿနာဟာ ဟော်မုန်းနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ အထူးသဖြင့် androgen ဟော်မုန်းများတဲ့သူတွေက ဝက်ခြံပိုထွက်လေ့ရှိပါတယ်။အိပ်စက်ခြင်းစက်ဝန်းကို ထိန်းချုပ်တဲ့ ဟော်မုန်းကတော့ melatonin ပါ။ melatonin အထွက်များလေလေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေလေဖြစ်မှာပါ။ တချို့ ညည အိပ်မပျော်တဲ့သူတွေမှာဆို melatonin ဖြည့်စွက်အားဆေးတွေတောင် ဆရာဝန်တွေ တိုက်ကြပါတယ်။( ၁ ) testosterone ( ၂ ) oxytocin ( ၃ ) estrogen။( ၂ )oxytocinပါ။ ချစ်သူနှစ်ဦးပျော်ရွင်နေတဲ့အချိန်၊ မိသားစုအတူ ချစ်ခင်နေကြတဲ့အချိန် ကိုယ်ထဲမှာ oxytocin ဟော်မုန်းအများကြီးထွက်ပါတယ်။ ဒါကြောင့်သူ့ကို အချစ်ဟော်မုန်းလို့ခေါ်ကြတာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/hormones/
ယာယီ အမြင်အာရုံဆုံးရှုံးမှု ဝေဒနာမခံစားရဖို့ဆိုရင်
ယာယီ အမြင်အာရုံ ဆုံးရှုံးမှု (TemporaryBlindness) ဆိုတဲ့ ဝေဒနာဟာ လူတိုင်းမှာဖြစ်နိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ အသက်အရွယ်မရွေးမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ရှားပါးတဲ့ ဝေဒနာတစ်မျိုးဖြစ်ပေမယ့် ကျန်းမာရေးအခြေအနေ တစ်မျိုးမျိုးနဲ့ ဆပ်စပ်ပြီး ဖြစ်ပွားနိုင်ခြေရှိတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။များသောအားဖြင့် Temporary Blindness ဟာခေါင်းကိုက်မှုနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ Temporary Blindness ဖြစ်စေနိုင်တဲ့ အကြောင်းပြချက် အများအပြားရှိပေမယ့် ခေါင်းကိုက်ဝေဒနာဟာ အဖြစ်အများဆုံး အဓိက အကြောင်းအရင်းတမျိုးပါ။ ယာယီ အမြင်အာရုံမဆုံးရှုံးခင်မှာ ခေါင်းအလွန်အကျွံကိုက်လေ့ရှိပါတယ်။Temporary Blindness ဝေဒနာဟာ ကိုယ့်မှာရှိနေတဲ့ ရောဂါဝေဒနာအခံတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါတွေကတော့ …။ဒီလို ယာယီ အမြင်အာရုံဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါတစ်ချို့ ကိုယ့်မှာရှိနေပြီဆိုရင် သတိထားဖို့ လိုအပ်ပါတယ်။ရုတ်တရက် အမြင်အာရုံဆုံးရှုံးပြီး ဘာမှမမြင်ရဖြစ်ရတာဟာ မျက်လုံးဆီ စီးဝင်တဲ့ လည်ပင်းကသွေးလွှတ်ကြောတွေဆီကို သွေးတွေ လုံလောက်စွာ မဆီးစင်းတော့တာကြောင့် ဒါမှမဟုတ် မျက်ကြည်လွှာထဲက သွေးလွှတ်ကြောတွေ ခဲသွားတာတွေကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးကို မျက်စိနှစ်ဘက်လုံး ဒါမှမဟုတ် တစ်ဘက်တည်းလည်း ခံစားရနိုင်ပါတယ်။ Temporary Blindness ဖြစ်တာဟာ နှလုံးဖောက်ပြန်တာ ဒါမှမဟုတ် လေဖြတ်တာဖြစ်ဖို့ နီးစပ်တဲ့ ရှေ့ပြေးလက္ခဏာအခြေအနေလို့ မှတ်ယူထားကြပါတယ်။ပုံမှန်အားဖြင့် ယာယီ အမြင်အာရုံဆုံးရှုံးတာဟာ မိနစ် ၂၀ ကနေ နာရီဝက်လောက်အထိပဲ ကြုံရလေ့ရှိပါတယ်။ မိမိရဲ့ မြင်ကွင်းကို အမည်းရောင် ကန့်လန့်ကာနဲ့ ကာကွယ်ထားသလို ဖြစ်နေမှာဖြစ်ပါတယ်။ လိုအပ်တဲ့ ကုသမှုတွေ အလျှင်အမြန်မပြုလုပ်ဖူးဆိုရင် အမြဲတမ်း အမြင်အာရုံဆုံးရရှုံးတာမျိုးအထိ ဖြစ်နိုင်ချေရှိပါတယ်။နောက်ထပ် အရေးပါတဲ့ အချက်တစ်ချက်က ရုတ်တရက် အမြင်အာရုံဆုံးရှုံးမှုကြုံတိုင်း ယာယီအမြင်အာရုံဆုံးရှုံးမှုလို့ မှတ်ယူလို့ မရနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ အမြဲတမ်း အမြင်အာရုံဆုံးရှုံးတာမျိုးအဖြစ် ဖြစ်နိုင်တာမို့ နီးစပ်ရာကျန်းမာရေးဌာနတွေဆီ သွားရောက်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။Temporary Blindness ဟာ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသပုံ မတူညီတတ်ကြပါဘူး။ ဒါကြောင့်လည်း ဆေးရုံဆေးခန်းကို အလျှင်အမြန် သွားရောက်ကုသမှု ခံယူဖို့ မဖြစ်မနေလိုပ်တဲ့ ဝေဒနာမျိုးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့Aspirinဒါမှမဟုတ် Blood thinner လိုဟာမျိုးတွေနဲ့ တိုက်ကျွေးလို့ရနိုင်ပါတယ်။Temporary Blindness ဝေဒနာမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတချို့ရှိပါတယ်။ အထူးသဖြင့်တော့ ဆေးလိပ်သောက်သုံးတာ၊ ဆေးလိပ်ငွေ့နဲ့ နီးစပ်တဲ့နေရာတွေမှာ မကြာခနရှိနေတတ်တာတွေကို ရှောင်ကျဉ်ဖို့ပါပဲ။ဒါ့အပြင် သွေးတွင်း ကိုလက်စထရော ပမာဏ မြင့်မားမှုမရှိအောင် ထိမ်းသိမ်းတာ၊ သွေးတိုးဝေဒနာမဖြစ်ပေါ်အောင် ဂရုစိုက်နေထိုင်တာ၊ ဆီးချိုမတက်အောင် ထိမ်းသိမ်းတာတွေပြုလုပ်ဖို့လည်း အရေးကြီးပါတယ်။သွေးတွင်းသကြားဓာတ်နည်းပါးအောင်လည်း ဂရုစိုက်ရမှာဖြစ်ပြီးတော့ ကိုယ်အလေးချိန် လျှော့ချပြီး ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်တာမျိုးတွေလည်း လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/temporary-blindness/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%b0%e1%80%b7%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%95%e1%80%bc%e1%80%ae%e1%80%9c%e1%80%ac%e1%80%b8/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%b1%e1%80%80%e1%80%ba%e1%80%b8%e1%80%87%e1%80%b0%e1%80%b8%e1%80%90%e1%80%84%e1%80%b9%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%80-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%98%e1%80%9d%e1%80%a1/
null
null
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/summer-safety-tips-for-seniors/
null
null
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/third-trimester-being-pregnant/contraction-stress-test-%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%8a%e1%80%bd%e1%80%85%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%81%e1%80%b6%e1%80%94%e1%80%ad%e1%80%af/
လိင်တံ သန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ။
မျိုးပွားအင်္ဂါသန့်ရှင်းရေးက အမျိုးသမီးတွေမှာပဲ အရေးကြီးတာ မဟုတ်ပါဘူး။ အမျိုးသားတွေအတွက်လည်း အရေးကြီးပါတယ်။ အမျိုးသမီးတွေက မိန်းမကိုယ်အပြင်ပိုင်းကို သန့်စင်ကြသလို အမျိုးသားတွေကလည်း လိင်တံနဲ့ ကပ္ပာယ်အိတ်ကို သန့်စင်ဖို့ လိုပါတယ်။ လိင်တံ သန့်ရှင်းရေး ကို အကျယ်တဝင့် မရေးကြတော့ ဘယ်လိုမျိုး သေချာ သန့်စင်ရမလဲဆိုတာ မသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ထင်ရာလုပ်ရင်း မရည်ရွယ်ဘဲ လိင်တံအရေပြားကို ထိခိုက်မိနိုင်ပါတယ်။အမျိုးသားတွေရဲ့ လိင်တံတို့ ကပ္ပာယ်အိတ်တို့ဆိုတာက သာမန်အရေပြားပါပဲ။ ဒါကြောင့် အမျိုးသမီးတွေလို သန့်စင်ဆေးရည်တွေ ဘာတွေ သုံးစရာမလိုပါဘူး။ ပုံမှန်အရေပြားကို သန့်ရှင်းရေး လုပ်သလိုလုပ်လို့ ရပါတယ်။လိင်တံထိပ်အရေပြားဖြတ်ထားသည်ဖြစ်စေ၊ မဖြတ်ထားသည်ဖြစ်စေ ခုပြောမဲ့ နည်းအတိုင်း သန့်ရှင်း‌ရေး လုပ်လို့ ရပါတယ်။ဒါပါပဲ။ လိင်တံ သန့်ရှင်းရေး လုပ်တာက အင်မတန်ရိုးရှင်းပါတယ်။ အမျိုးသမီးတွေလောက်လည်း ကရိကထမများတဲ့အတွက် ပုံမှန်သန့်ရှင်းရေး လုပ်လို့ ရပါတယ်။လိင်တံကို ပုံမှန်သန့်ရှင်း‌ရေး လုပ်တာက ဒီတိုင်း သန့်သွားတာတင် မဟုတ်ပါဘူး။ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဥပမာ။လိင်တံ သန့်ရှင်းရေး လုပ်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေ လုပ်မိရင်တော့ လိင်တံကို ထိခိုက်နိုင်ပါတယ်။နောက်ပြီး လိင်တံကို မကိုင်ခင်မှာ လက်ဆေးပါ။ အထူးသဖြင့် ပူလောင်စေတတ်တဲ့ ငရုတ်သီး၊ ပရုပ်ဆီ၊ ဓာတုပစ္စည်းတွေ ကိုင်ထားရင် ပိုပြီးတောင် ဆေးသင့်ပါတယ်။အဲ့တာကို smegma လို့ ခေါ်ပါတယ်။ အဲ့ဒီအကျိအချွဲလေးတွေမှာ ဆဲလ်သေတွေနဲ့ အဆီတွေ ပါဝင်ပါတယ်။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အဲ့တာက သဘာဝပါ။ လိင်တံအတွက် ချောဆီဖြစ်ပြီး လိင်တံကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြူဆင်းတာနဲ့ အလားတူပါတယ်။ အနံ့တစ်မျိုးရှိပါတယ်။ ပုံမှန်သန့်ရှင်းရေး လုပ်ရင် ပြဿနာ မရှိပါဘူး။တချို့အမျိုးသားတွေနဲ့ အဆီပြန်တဲ့သူတွေမှာတော့ ပိုပြီး များများထွက်တတ်ပါတယ်။ များများထွက်တော့ အနံ့လည်း ပိုပြင်းပါတယ်။ တစ်ခါတလေကျရင် ခဲနေတာကြောင့် အရေပြားကို နောက်ဆွဲဖို့တောင် ခက်တတ်ပါတယ်။ ဒါကြောင့် လိင်တံသန့်ရှင်းရေး လုပ်တဲ့အခါ အဲ့သည် အကျိအချွဲတွေကို သေချာသန့်ရှင်းရေး လုပ်ပါ။ ပမာဏများတယ်ဆို တစ်နေ့ ၂ခါလောက် သန့်ပေးပါ။လိင်တံသန့်ရှင်းရေး လုပ်တာက လိင်တံ ပုံမှန်စစ်ဆေးနေသလိုပါပဲ။ လိင်တံ သန့်ရှင်းရေး လုပ်ရင်းနဲ့။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/how-to-clean-your-penis-properly/
ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ
ပြင်ပကနေ အကြောင်းအမျိုးမျိုးနဲ့ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတတ်ပါတယ်။ ဒီပိုးတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပြီးဖျားနာစေနိုင်တယ်၊ အားအင်ကုန်ခမ်းစေတယ်၊ အလုပ်တာဝန်တွေ ပျက်ယွင်းစေတယ်၊ရောဂါတွေ ဖြစ်စေတယ်၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နှုန်းကိုလည်း နှေးကွေးစေတယ်၊ ဒါ့အပြင် စောစောစီးစီး သေဆုံးနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ဒီလို မဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက်ကိုယ်ခံအားစနစ်က ကြံ့ခိုင်နေဖို့လိုပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် ထိန်းချုပ်တယ်၊ရောဂါပိုးတွေရဲ့ ဆဲလ်နံရံတွေကို ဖျက်ဆီးပြီး အားလျော့စေပါတယ်။ ဒီအတွက် ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ပုံမှန်အားဖြင့်တော့ အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက်ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။ တစ်ခါတရံမှာ ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံမှားယွင်းတာ၊ အစာအာဟာရ စုံလင်စွာ မစားသုံးတာ၊ ကျန်းမာရေးကို ထိခိုက်စေမယ့် အမူအကျင့်တွေဟာလည်း ကိုယ်ခံအားစနစ်ကို ကျဆင်းစေတတ်ပါတယ်။အဓိက ကိုယ်ခံအားကို ကျဆင်းစေတဲ့ အချက်တွေကို ပြောရမယ်ဆိုရင်။အပေါ်မှာ ပြောခဲ့သလိုပဲ၊ ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက်ရော လူ့သက်တမ်း ရှည်ကြာစွာ နေထိုင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကျမသွားစေဖို့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံတွေကို ကျန်းမာရေးအတွက် သင့်တော်အောင် ပြောင်းလဲပြင်ဆင်၍ နေထိုင်သင့်ပါတယ်။ ဘာတွေ အဓိက ပြောင်းလဲရမလဲဆိုရင်။အိပ်ချိန်ဟာ လူတစ်ယောက်အတွက် အလွန် အရေးကြီးပါတယ်။ အိပ်ရေးဝမှ ကိုယ်တွင်းအင်္ဂါတွေဟာ ကောင်းစွာ အလုပ်လုပ်နိုင်မယ်။ အားနည်းနေတဲ့၊ ပျက်စီးနေတဲ့ ခန္ဓာကိုယ်တွင်း ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးလို့ အမြဲတမ်း ရောဂါပိုးတွေကို ခုခံပေးနေရလို့ အားနည်းနေတဲ့ကိုယ်ခံအားစနစ်ကို ပြန်လည် မြှင့်တင်ပေးနိုင်ပါတယ်။ ညအိပ်ချိန်ကို အနည်းဆုံး တစ်နေ့ ၇နာရီမှ ၈နာရီထိ ရအောင် အိပ်စက်အနားယူပါ။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အစားအစာကနေ အများဆုံးရပါတယ်။ ဒါကြောင့်လည်း ကိုယ် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကိုပဲ ရွေးချယ်စားသုံးဖို့ အရေးကြီးပါတယ်။ အဓိကအမျှင်ဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို များများစားပေးရပါမယ်။ ထပ်ဆောင်းအနေနဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း၊ ဂျုံ စတာတွေကိုလည်း စားပေးဖို့ အရေးကြီးပါတယ်။ဒီအချက်ကတော့ အစားရွေးတဲ့သူတွေ၊ဓာတ်မတည့်အစားအစာ များတဲ့သူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို အစားအစာကနေ အများဆုံးရနိုင်တာ ဖြစ်တဲ့အတွက် တချို့သော အစားအစာများကို မစားဘဲ ရှောင်လိုက်တဲ့အခါ အာဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် သင့်တော်မယ့် အားဆေးတွေကို ဆရာဝန်နဲ့ ပြသပြီး ညွှန်းခိုင်းတာ၊ အာဟာရဓာတ် အစုံအလင် ပါတဲ့ဖြည့်စွက်စာတွေကို စားသုံးပေးတာမျိုး လုပ်သင့်ပါတယ်။လေ့ကျင့်ခန်းလုပ်မှသာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကောင်းပြီး ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေနိုင်မှာပါ။ ဒါ့အပြင် လေ့ကျင့်ခန်း များများလုပ်ပေးမှ အဆီလောင်ကျွမ်းမှု ဖြစ်ပြီး ကြွက်သားများကို တည်ဆောက်ပေးနိုင်သလို ကိုယ်ခံအားကို မြှင့်တင်ပေးရာ ရောက်ပါတယ်။ ဒီအတွက် တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ လေ့ကျင့်ခန်း၊ အားကစား လုပ်ဖို့ အချိန်ပေးပါ။အကယ်လို့ ကိုယ်က အလုပ်အရမ်းများတဲ့သူဆိုရင်လည်း တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်လောက်ထိတော့ လေ့ကျင့်ခန်း လုပ်ပေးပါ။ တစ်နေရာထဲမှာ အချိန်အကြာကြီး ထိုင်လေ၊ လူကအဝလွန်ပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။ကျန်းမာရေးအတွက် မကောင်းတဲ့ အကျင့်မှန်သမျှ စောစောစီးစီး ဖျောက်နိုင်အောင် ကြိုးစားခြင်းက ကိုယ့်ကို ကျန်းမာပျော်ရွှင်ပြီး သက်တမ်းစေ့ နေနိုင်အောင် ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ဆေးလိပ်၊အရက်သောက်တာ၊ မူးယစ်ဆေးဝါး မှီဝဲတာ၊ ကွမ်းစားတာ၊ အိပ်ရေးအပျက်ခံတာ၊ အလုပ်ကို အလွန်အကျွံလုပ်တာ၊ လှုပ်ရှားမှု နည်းတာ၊ အစားရွေးတာ စတဲ့ အကျင့်တွေကို ကိုယ် ငယ်စဉ်ကတည်းက ဖြည်းဖြည်းချင်း ဖျောက်နိုင်အောင် ကျင့်သွားဖို့ အရေးကြီးတယ်နော်။ဒါဆို ခုပြောသွားခဲ့တဲ့ အချက်တွေကို နေ့စဉ် ပုံမှန် လိုက်နာပေးခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကျဆင်းမသွားစေအောင် မြှင့်တင်ပေးကြပါစို့နော်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/what-weakens-the-immune-system-and-how-to-reboost-it/
အိမ်တွင်းအကြမ်းဖက်မှု
အိမ်တွင်းအကြမ်းဖက်မှုဆိုတာက ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေသူတွေအကြားမှာ တွေ့ရလေ့ရှိတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တဲ့ အကြမ်းဖက်မှုတွေကို ဆိုလိုတာဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့နေရာမှာလည်း ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုတာနဲ့စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်တာမျိုးတွေလိုမျိုး ပုံစံတွေအမျိုးမျိုးရှိတတ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုက ကျားမ မရွေး၊ အသက်အရွယ်မရွေးနဲ့ လူမျိုးမရွေး တွေ့ကြုံခံစားရနိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ခံစားကြုံတွေ့ရသူ အများစုက အမျိုးသမီးတွေဖြစ်ကြပါတယ်။တစ်ခါတရံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေက အသေးစိတ်အကြောင်းအရာလေးတွေကနေ အစပြုလာပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုပြင်းထန်လာတာဖြစ်ပြီး အမြဲလိုလိုတော့ အိမ်တွင်းအကြမ်း ဖက်မှုကိုအလွယ်တကူ အတည်ပြုလို့မရပါဘူး။အိမ်တွင်းအကြမ်းဖက်မှုဖြစ်နိုင်ခြေရှိတဲ့အရိပ်လက္ခဏာတွေကတော့ –။• သင့်ကိုခေါ်တဲ့အခါမှာ ရိုင်းစိုင်းတဲ့စကားလုံးတွေခေါ်ဝေါ်သုံးနှုန်းတာ။• နေ့စဉ်လိုလို ကိုယ်ထိလက်ရောက်ရိုက်နှက်တာ။• အလုပ်သွားတာ၊ ကျောင်းသွားတာနဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံတာလိုမျိုး လူမှုအသိုင်းအဝိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို ဟန့်တားတာ။• အဝတ်အစား၊ အသွားအလာနဲ့ ငွေရေးကြေးရေးက အစ အရာရာကိုထိန်းချုပ်ချင်တာ။• သူတို့က သင့်ကိုအမြဲသံသယဖြစ်နေတာ။• သူတို့အရက်သေစာသောက်စားတာ ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲတဲ့အခါ သင့်ကို ရိုင်းရိုင်းပျပျဆက်ဆံတာ။• ရုပ်ပိုင်းဆိုင်ရာနာကျင်စေအောင်လုပ်မယ်လို့ ခြိမ်းခြောက်တာ။• သင်၊ သင့်ရဲ့ကလေးတွေ (သို့) တိရစ္ဆာန်လေးတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာ။• လိင်ဆက်ဆံဖို့ဖိအားပေးခိုင်းစေတာ။• သင့်ကို ရိုက်နှက်ဆုံးမသင့်လို့ ဆုံးမတာဟု ပြောဆိုတာ။တကယ်လို့ သင်က လိင်တူချစ်သူတစ်ဦး ဖြစ်နေရင်ပဲဖြစ်ဖြစ်၊ ကျားမနှစ်မျိုးစလုံးကို ချစ်တဲ့သူ ဖြစ်နေရင်ပဲဖြစ်ဖြစ် လိင်ပြောင်းထားတဲ့သူဖြစ်နေရင်ပဲ ဖြစ်ဖြစ် သင်ဟာအိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်လာနိုင်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့အချက်တွေထဲက အချက်တွေနဲ့ တွေ့ကြုံရင်ဆိုင်နေရပြီဆိုပါက သင်တို့ရဲ့ ဆက်ဆံရေးကိုပြန်လည်ဆန်းစစ်ပါ။ တကယ်လို့သင်တို့မှာကလေးရှိနေရင် မဖြစ်မနေစဉ်းစားပါ။ လေ့လာမှုတွေမှာတော့ ကလေးငယ်တွေအနေနဲ့အကြမ်းဖက်မှုတွေဖြစ်နေတဲ့ အိမ်မှာကြီးပြင်းလာရတဲ့အခါ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ ပုံမှန်မဟုတ်တာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ သူတို့ဟာ နေ့စဉ်လိုလို မိခင်ကို နှိပ်စက်နေတာကိုမြင်ရတဲ့အခါ သူတို့ကိုယ်တိုင်က သူတပါးကို ညှင်းပန်းနှိပ်စက်တတ်သူတွေ ဖြစ်လာနိုင်သလို သူတို့ကအနာဂတ်မှာ နှိပ်စက်ခံရသူတွေ ဖြစ်လာပြီး အကြမ်းဖက်နှိပ်စက်မှုတွေကို လက်သင့်ခံနိုင်စရာဖြစ်ရပ်တွေအနေနဲ့ ယူဆလာပြီး သည်လိုအနေအထားဟာ သာမန်ဆက်ဆံရေးရဲ့လက္ခဏာရပ်တစ်ခုလို့ ယူဆလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။နှိပ်စက်တတ်တဲ့ ဆက်ဆံရေးက ကိုယ်တိုင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အိမ်တွင်းနှိပ်စက်မှုတွေကိုခံစားရတာကြောင့် စိတ်ဓါတ်ကျလာတတ်ပါတယ်။ သူတို့ရဲ ပုံရိပ်လည်းထိခိုက်လာရပါတယ်။ သူတို့ကိုယ်သူတို့ယုံကြည်မှုအားနည်းသွားပြီး သူတို့အနေနဲ့ သူတို့ကိုနှိပ်စက်သူတွေအပေါ်မှာ မှီခိုတာ မျိုးတွေဖြစ်လာတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အနာတရဖြစ်တာက အချိန်ကြာလာနဲ့အမျှ ပျောက်ကင်းနိုင်ပေမယ့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှု သက်သာပျောက်ကင်းဖို့ခက်ပါတယ်။ တတ်နိုင်သမျှမြန်မြန် မိမိကိုထိခိုက်စေတဲ့အရာတွေကို အဆုံးသတ်ဖို့ လုပ်ဆောင်ပါ။ ကိုယ့်ခံစားနေရတာတွေကို မိသားစုဝင်တွေ၊ ယုံကြည်ရတဲ့သူတစ်ဦးဦးနဲ့ ဆရာဝန်ကိုပြောပြတိုင်ပင်ပါ။ ဒါက အကူအညီရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ကိုယ့်ကိုနှိပ်စက်နေတဲ့သူကို ချန်ထားရစ်လိုက်ပါ။ မဟုတ်ရင် အသက်အန္တရာယ်တောင်ဖြစ်လာနိုင်ပါတယ်။ လိုအပ်တဲ့အခါ အာဏာပိုင်တွေဆီကနေ အကူအညီရယူ တာမျိုး၊ ဖမ်းဆီးပေးဖို့ တရားစွဲတာမျိုးတွေ လုပ်ဆောင်ဖို့ ဝန်မလေးပါနဲ့။ သင့်ကိုနှိပ်စက်နေတဲ့သူက ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အခြားတည်နေရာသိရှိနိုင်တဲ့ ကိရိယာတွေကနေတဆင့် နောက်ယောင်ခံလိုက်တာမျိုး ရှိနေနိုင်တာကြောင့် လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုမှုကနေ ရှောင်ကြဉ်ပါ။ အိမ်တွင်းအကြမ်းဖက်မှုကနေ ရုန်းထွက်ဖို့ခက်လှပါတယ်။ ကံကောင်းတဲ့အချက်တစ်ချက်က အမျိုးသမီးရေးရာဌာနက အဖြစ်မှန်မပေါ်မချင်း သင့်ကိုကာကွယ်ပေးထားဖို့ ရှိနေတာပဲဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/domestic-violence-2/
အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု
ဘယ်လောက်ပဲ ကျန်းမာနေပါစေ လူကြီးမိဘ တွေရဲ့အရွယ်ဆိုတာ လူငယ်တွေထက် ခံနိုင်ရည်အားနည်းတတ်တာ သဘာဝတရားတစ်ခုပါပဲ။ လူကြီးလူငယ်မရွေး နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ မကင်းကြတဲ့ ဒီခေတ်မှာ နဂိုရောဂါအခံရှိနေတဲ့လူကြီးတွေဆို ပိုလို့တောင် ဆိုးရောပေါ့။ရာသီဥတုက ရုတ်တရက် အအေးပိုလာတဲ့အခါမျိုးဆို လူကြီးတွေရဲ့ခန္ဓာကိုယ်အပူချိန်လည်း ကျဆင်းလွယ်တတ်လို့ ပိုပြီးသတိထားရပါတယ်။ ပူလွန်းလည်းမခံနိုင်၊ အေးလွန်းလည်းမရ၊ အပူနဲ့အအေး ရာသီဥတုအပြောင်းအလဲတွေမှာ ရှော့ခ်ရှိတတ်တာ ကလေးလေးတွေအတိုင်းပါပဲ။ ဒီတစ်ခေါက်တော့ အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု အကြောင်းလေး ပြောပြပေးချင်ပါတယ်။အခုလို အအေးပိုလာတဲ့အချိန် လူကြီးတွေမှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိလို့ ကြိုတင်ကာကွယ်၊ စောင့်ရှောက်ပေးရမှာ လူငယ်တွေရဲ့တာဝန်ပါ။ အဲဒီထဲကမှ အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု ကို သတိပေးလိုက်ပါရစေ။ရာသီဥတု အအေးလွန်ကဲတဲ့အခါ သွေးပေါင်ချိန် ပိုတိုးစေနိုင်ပြီး နှလုံးခုန်နှုန်းကို မြန်စေနိုင်တယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးနိုင်ဖို့ နှလုံးက ပိုအလုပ်လုပ်ရပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေမှာ သွေးကြောပိတ်ဆို့မှု အန္တရာယ်ပိုများလို့ နှလုံးရုတ်တရက်ဖောက်တာ၊ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအခံ ပိုဆိုးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ဆေးလိပ်၊ အရက်သောက်တတ်တဲ့သူ ဖေဖေ၊ ဘိုးဘိုးတို့၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ မေမေ၊ ဖွားဖွားတို့၊ သွေးတိုးနဲ့ ဆီးချိုရှိတဲ့ လူကြီးမိဘ တွေ၊ ကိုယ်အလေးချိန်များနေတဲ့သူတွေ ၊ သွေးတွင်းကိုလက်စထရောများနေတဲ့သူတွေ၊ စိတ်ဖိစီးမှုများနေတဲ့သူတွေမှာ လေဖြတ်အန္တရာယ် စိုးရိမ်ရပါတယ်။လူကြီးတွေက အအေးမိ၊ တုပ်ကွေးတွေ ဖြစ်လွယ်၊ ကူးစက်ခံရလွယ်တယ်ဆိုပေမယ့် အသက် ၆၀ အထက်ရှိသူတွေမှာ ဒါတွေဖြစ်ခဲ့ရင် သူများထက် ပိုပြင်းထန်တယ်၊ ရောဂါဒဏ်ပိုခံရတယ်၊ နောက်ဆက်တွဲပြဿနာပိုများတယ်၊ အန္တရာယ်ရှိနိုင်တယ်။ ဒါ့ကြောင့် လူကြီးတွေကို ရောဂါကာကွယ်နိုင်ဖို့ ကိုယ်ခံအားကောင်းအောင် အစားအသောက်၊ အနေအထိုင်ဂရုစိုက်ပေးရပါမယ်။ရာသီဥတုအေးတဲ့အခါ အသက်ကြီးတဲ့သူတွေမှာ ကိုယ်အပူချိန်ထိုးကျတာ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင်။ဟိုနားကနာ၊ ဒီနားက ကိုက်ခဲနေရတဲ့ လူကြီးတွေရဲ့ အဆစ်အမြစ်မကောင်းတဲ့ဒုက္ခက ရာသီဥတုအေးရင် ပိုဆိုးလာတတ်ပါတယ်။ နွေးထွေးအောင်ဝတ်စားပြီး ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ပါ။ အရိုးအဆစ်တွေ ဆိုတာ မလှုပ်ရင် ပိုပြီး တောင့်တင်းပြီး နာကျင်ကိုက်ခဲနိုင်လို့ပါ။ရင်ကျပ်တာ၊အဆုတ်ရောင်နမိုးနီးယားဖြစ်တာ၊ လေပြွန်ရောင်တာ အပါအဝင် အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတွေလည်း အေးတဲ့ရာသီမှာ အဖြစ်များပါတယ်။ လူကြီးတွေမှာ ဖြစ်တဲ့အခါ အသက်အရွယ်အတိုင်းအတာ၊ကိုယ်ခံအားစနစ်တို့ကိုမူတည်ပြီး ပိုပြင်းထန်တတ်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။လူကြီးမိဘတွေ ကိုယ်တိုင်က ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ရလောက်အောင် မလွယ်လှပါဘူး။ သတိမေ့လွယ်၊ အမှုမဲ့အမှတ်မဲ့ဖြစ်လွယ်တတ်တဲ့အရွယ်တွေမို့ ဒီတိုင်းလွှတ်မထားသင့်ပါဘူး။ သူတို့တွေရဲ့ ကျန်းမာရေးကို ကာကွယ်နိုင်ဖို့ ကိုယ်တွေက သတိပေး၊ ပြုစုပေး၊ အကြံပေးရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/6-health-risks-in-winter-for-elderly/
သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ
သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ။Valentine’s Day ကြီးကလည်း နီးကပ်လာပြီဆိုတော့ သင့်ချစ်သူနဲ့ Romance အချိန်လေးတွေ ဖန်တီးလို့ကောင်းစေမယ့်အစားအသောက်လေးတွေကို ဖော်ပြပေးမယ်နော်။အောက်ဖော်ပြပါ အစားအသောက်တွေက သင့်ရဲ့လိင်စိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ လာမယ့် Valentine’s Day မှာ သင့်အချစ်တွေကို ဖော်ပြပြီး သင့်ချစ်သူကိုစိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်း လိုက်ပါ။ဒီလိုဆိုရင်တော့ သင့်ရဲ့ချစ်သူများနေ့အတွက် စိတ်ကူးကောင်းလေးတွေရပြီလို့ မျှော်လင့် ပါတယ်။ သင့်ရဲ့ Date လေးဟာ ပိုပြီးအသက်ဝင်လာမှာပါ။ ဒီအစားအစာတွေဟာ ဖေဖော်ဝါရီလတင် မဟုတ်ဘဲ သင့်နဲ့သင့်ချစ်သူရဲ့ ချစ်ခရီးလမ်းတစ်လျှောက်လုံးအတွက် အကျိုးရှိစေမှာပါနော်။ ပျော်ရွှင်စရာValentine Day လေးဖန်တီးနိုင်ပါစေ။ရေးသားသူ – ဒေါက်တာမှူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-for-love/
လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့ သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ ။ ။
ဒီအတိုင်း ကျန်းမာနေတုန်းကတော့ ကိုယ့်သွေးက ဘာသွေးလဲဆိုတာလောက်ပဲ စိတ်ဝင်စားပြီး အခြားသွေးအုပ်စုတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အမှတ်တမဲ့ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မဖြစ်မနေသွေးသွင်းရတော့မယ့် ဆိုရင် စိတ်ထဲ ပေါ်လာတတ်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ် ။ ။ ဒါတွေအတွက် အဖြေက ဒီမှာပါ။ ။A B AB O ဆိုပြီးသွေးအုပ်စု၄ မျိုးရှိပါတယ်။ ဒီထဲမှာAB သွေးက အရှားဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲရှိပါတယ်။ O သွေးကတော့ အပေါဆုံးဖြစ်ပြီး ရှေးအကျဆုံး သွေးလို့လည်း သတ်မှတ်ထားကြပါတယ်။ ရှေးအကျဆုံးဆိုတာက သူ့ကို အရင်တွေ့ပြီးနောက်ပိုင်းမှ အခြား သွေးအမျိုးအစားတွေကို တွေ့ရှိတယ်လို့ ဆိုလိုတာပါ။သွေးအုပ်စု လေးခုထဲမှာတော့ ဘယ်သွေးအုပ်စုက အကောင်းဆုံးလဲဆိုပြီးတော့ မရှိပါဘူး။ တစ်ခုရှိတာက O သွေးဟာ အခြားသွေးအုပ်စုဆီတွေကိုလည်းသွေးလှူလို့ရတဲ့အတွက် သူ့ကိုတော့ အလှူရှင်သွေး ‘Universal Donor’ လို့ခေါ်ကြပါတယ်။ဥပမာ A သွေးဖြစ်နေပြီးတော့ နောက်ပိုင်း B သွေးကို ပြောင်းသွားတတ်တဲ့ ကိစ္စမျိုးက မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့် တစ်ခါက အသည်းအစားထိုးကုသလိုက်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ သွေးက O- ကနေ O+ ပြောင်းသွားတဲ့ အဖြစ်မျိုးရှိခဲ့ဖူးပါတယ်။ကိုယ့်သွေးအဖြေရဖို့အချိန်လေးကိုတောင် မစောင့်နိုင်လောက်တဲ့ အရေးပေါ် ကျန်းမာရေးပြဿနာတွေမှာဆို သင့်အတွက် စိတ်အချရဆုံးဖြစ်တဲ့ O- သွေးကို ဆရာဝန်တွေ သွင်းပေးလေ့ရှိပါတယ်။သွေးဆဲလ်နဲ့ပက်သက်တဲ့ရောဂါခံစားနေရတဲ့သူတွေ၊ရိုးတွင်းခြင်ဆီကင်ဆာဖြစ်နေတဲ့သူတွေ၊ အကြီးစားခွဲစိတ်မှု ပြုလုပ်မယ့်သူတွေ၊ကင်ဆာဝေဒနာခံစားနေရတဲ့သူတွေနဲ့ ကလီစာအစားထိုးခြင်း ခွဲစိတ်မှုတွေပြုလုပ်မယ့်သူတွေဟာ သွေးသွင်းဖို့လိုအပ်တဲ့ ဝေဒနာရှင်တွေပါ။သွေးအမျိုးအစားတစ်ခုချင်းဆီမှာ ကိုယ်ပိုင် antigens နဲ့ antibodies တွေရှိကြပါတယ်။ antigens ဆိုတာသွေးအုပ်စု သတ်မှတ်ပေးတာဖြစ်ပြီး antibodies ဆိုတာ မျိုးမတူတဲ့ antigens တွေကို တိုက်ဖို့ပါ။ ဥပမာ A သွေးမှာ A antigens ရှိပြီး B antibodies ရှိပါတယ်။ B သွေးမှာ B antigens ရှိပြီး A antibodies ရှိပါတယ်။ အဲဒါကို A သွေးထဲ B သွေးထည့်လိုက်တဲ့အခါ antigen antibodies အချင်းချင်းတိုက်ကြပြီး ပြင်းထန်ဓါတ်မတည့်မှုတွေဖြစ်စေတတ်ပါတယ်။O သွေးမှာ A antigens B antigens မရှိတဲ့အတွက် ဘယ့်သွေးဆီကို မဆို လှူလို့ရပါတယ်။ ဒါပေမယ့် antibodies ကျတော့ Oသွေးမှာ A antibodies နဲ့ B antibodies ၂ မျိုးလုံး ရှိတဲ့အတွက် သူ့ထဲကိုတော့ O အချင်းချင်းပဲ လက်ခံပါတယ်။AB သွေးကျတော့ သူ့ဆီမှာ ဘာ Antibodies မှ မရှိတဲ့အတွက် ကြိုက်တဲ့သွေးအမျိုးအစားကို လက်ခံလို့ရပါတယ် ။ ။အပေါင်းသွေးအနှုတ်သွေးဆိုတာ Rh + နဲ့ Rh – ကိုပြောချင်တာပါ။ Rh ဆိုတာ သွေးရည်ကြည်ထဲမှာရှိနေတဲ့ ပရိုတင်း တစ်မျိုးပါ။ + နဲ့ – ကွဲနေတယ်ဆိုတည်းက သူတို့ နှစ်ခုဟာ အရောမခံဘူးဆိုတာ အားလုံးသိကြမှာပါ။အပေါင်းသွေးဆိုရင်တော့ ပြဿနာမရှိပေမယ့် အနှုတ်သွေးပိုင်ရှင်တွေ အတွက်ကတော့သွေးသွင်းချိန်နဲ့ကိုယ်ဝန်ဆောင်ချိန်တွေမှာ သတိကြီးကြီးထားရမှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/blood-types-2/
သင့်ကိုယ်ခန္ဓာထဲက အစာခြေအင်ဇိုင်းများအကြောင်း
အင်ဇိုင်းဆိုတာ ဆဲလ်အတွင်းမှာ တွေ့ရတဲ့ ပရိုတိန်းအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ အင်ဇိုင်းတွေဟာ လူ့ကိုယ်ခန္ဓာထဲမှာ ဓာတုဓာတ်ပြုခြင်းတွေကို လုပ်ဆောင်ပါတယ်။ကြွက်သားများတည်ဆောက်ပေးခြင်း၊ အဆိပ်အတောက်များကို ချေဖျက်ပေးခြင်း၊ အစာစားပြီး အစာခြေပေးခြင်း စတဲ့အရေးကြီးလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ကြပါတယ်။ဒီအင်ဇိုင်းတွေကိုကိုယ်ခန္ဓာထဲမှာပဲ သဘာဝအလျောက် ထုတ်လုပ်ပါတယ်။ ဥပမာ အစာချေဖို့ လိုအပ်တဲ့ အင်ဇိုင်းတွေကို ပန်ခရိယ၊ အစာအိမ်နဲ့ အူသိမ်ထဲမှာ အများဆုံး ထုတ်လုပ်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်အရ အစာကိုဝါးနေချိန်မှာပါ ချေဖျက်နိုင်အောင် တံတွေးဂလင်းများကပါ အစာချေအင်ဇိုင်းတွေကို ထုတ်လုပ်ပေးပါတယ်။ အစာအိမ်အူလမ်းကြောင်းပြဿနာ ရှိနေရင် လိုအပ်တဲ့အခါ အစာခြေအင်ဇိုင်းတွေပါတဲ့ ဆေးပြားတွေ သောက်သုံးနိုင်ပါတယ်။အစာခြေအင်ဇိုင်းကို အဓိကအားဖြင့် အုပ်စုသုံးစုခွဲနိုင်ပါတယ်။ ၎င်းတို့ကတော့။– အမိုင်းလေ့စ် (Amylase) အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို သကြားများအဖြစ် ဖြိုခွဲပါတယ်။– ပရိုတီယေ့စ် (Protease) အင်ဇိုင်း။ ပရိုတိန်းကို အမိုင်နိုအက်ဆစ်အနေနဲ့ ဖြိုခွဲပါတယ်။– လိုက်ပေ့စ် (Lipase) အင်ဇိုင်း။ အဆီဓာတ်ကို ဂလိုင်စယော (glycerol) နဲ့ ဖက်တီးအက်ဆစ်အဖြစ် ဖြိုခွဲပါတယ်။အင်ဇိုင်းတွေကို အစာကောင်းကောင်းကြေညက်ပြီး ကျန်းမာရေးကောင်းဖို့ လိုအပ်ပါတယ်။ အခြားသော ဓာတ်ပစ္စည်းတွေဖြစ်တဲ့ အစာခြေရည်၊ သည်းခြေရည် စတာတွေနဲ့ ပေါင်းစပ်ပြီး အစားအစာများကို အာဟာရဓာတ်များအနေနဲ့ ဖြိုခွဲပါတယ်။ အဆိုပါအာဟာရဓာတ်များဟာ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာမျိုးစုံအတွက် အသုံးပြုပါတယ်။ ဥပမာ ကာဘိုဟိုက်ဒရိတ်ကို စွမ်းအင်အတွက် အသုံးချပြီး ပရိုတိန်းများကို ကြွက်သားများကို တည်ဆောက်ပြုပြင်ဖို့ အသုံးပြုပါတယ်။Amylase အင်ဇိုင်းကို တံတွေးဂလင်း၊ ပန်ခရိယနဲ့ အူသိမ်များကနေ ထုတ်လုပ်ပါတယ်။ amylase အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ ptyalin ကို တံတွေးဂလင်းကနေ ထုတ်လုပ်ပြီး ပါးစပ်ထဲမှာတင် ကစီဓာတ်ကို စတင်ချေဖျက်ပါတယ်။ မျိုချလိုက်ပြီးချိန်မှာတောင် ဆက်လက်လုပ်ဆောင်ပါတယ်။ပန်ခရိယမှာထုတ်လုပ်တဲ့ အင်ဇိုင်းကိုတော့ အူသိမ်ထဲထိပါ ပို့ဆောင်ပေးပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို သကြားဓာတ်မျိုးစုံဖြစ်အောင် ဖြိုခွဲပါတယ်။ ပြီးရင်အူလမ်းကြောင်းတစ်လျှောက်နေ သွေးထဲထိရောက်အောင် စုပ်ယူပါတယ်။Protease အင်ဇိုင်းကိုတော့ အစာအိမ်၊ ပန်ခရိယ၊ အူသိမ်တွေမှာ ထုတ်လုပ်ပါတယ်။ သူတို့ရဲ့ ဓာတ်ပြုမှုအများစုဟာ အစာအိမ်နဲ့ အူသိမ်ထဲမှာ ဖြစ်ပေါ်ပါတယ်။ အစာအိမ်ထဲမှာ pepsin ဟာ ပရိုတိန်းကို အဓိကချေဖျက်တဲ့ အင်ဇိုင်း ဖြစ်ပါတယ်။ ပရိုတိန်းများဟာ အူသိမ်ထဲရောက်ရှိချိန်မှာ တခြားပန်ခရိယအင်ဇိုင်းများဟာလည်း လာရောက်ချေဖျက်ပါတယ်။Lipase အင်ဇိုင်းကို ပန်ခရိယနဲ့ အူသိမ်ကနေ ထုတ်လုပ်ပါတယ်။ ဒီအင်ဇိုင်းအမျိုးအစားကိုမိခင်နို့မှာလည်း တွေ့ရပါတယ်။ ကလေးငယ်တွေအနေနဲ့ အဆီမော်လီကျူးတွေကို ချေဖျက်နိုင်စေဖို့ အထောက်အကူပြုပါတယ်။အင်ဇိုင်းများဟာ ပုံမှန်ကိုယ်ခန္ဓာအပူချိန်မှာ အကောင်းဆုံးအလုပ်လုပ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ပျမ်းမျှအပူချိန်ဟာ ၉၈.၆ ဒီဂရီဖာရင်ဟိုက် (၃၇ ဒီဂရီ စင်တီဂရိတ်) ရှိပါတယ်။ ဒါပေမယ့် အပြောင်းအလဲရှိနိုင်ပြီး ၉၇ ဒီဂရီဖာရင်ဟိုက်ကနေ ၉၉ ဒီဂရီဖာရင်ဟိုက် (၃၆.၁ ဒီဂရီဖာရင်ဟိုက်ကနေ ၃၇.၂ ဒီဂရီဖာရင်ဟိုက်) အတွင်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဖျားနာတဲ့အချိန် ကိုယ်အပူချိန်မြင့်သွားရင် အင်ဇိုင်းတွေ ပုံစံပျက်သွားတတ်ပါတယ်။ သူတို့ရဲ့လုပ်ငန်းတာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်တော့ပါဘူး။ကိုယ်ခန္ဓာအပူချိန်ကို ပုံမှန်ပြန်ရောက်အောင် ထိန်းညှိခြင်းဟာ အင်ဇိုင်းတွေကို အကောင်းဆုံးအနေအထားကို ပြန်ရောက်စေပါတယ်။ပန်ခရိယရောင်ရမ်းခြင်းဟာလည်း အစာချေအင်ဇိုင်းတွေရဲ့ အရေအတွက်ကိုရော လုပ်ဆာင်နိုင်စွမ်းကိုပါ များစွာ ထိခိုက်စေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ pH ပမာဏဟာလည်း အင်ဇိုင်းတွေရဲ့ လှုပ်ရှားမှုကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ အင်ဇိုင်းရဲ့ ပတ်ဝန်းကျင်အခြေအနေဟာ အက်ဆစ်ဓာတ်များလွန်းရင် ဒါမှမဟုတ် အယ်လ်ကာလီဘက် ရောက်လွန်းရင် အင်ဇိုင်းတွေရဲ့ ပုံသဏ္ဌာန်နဲ့ လုပ်ဆောင်ပုံတွေ ပြောင်းလဲသွားနိုင်ပါတယ်။အစားအသောက်တွေကလည်း အင်ဇိုင်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။ အစားအစာတွေမှာပါဝင်တဲ့ အစာချေအင်ဇိုင်းများဟာ ကိုယ်ခန္ဓာထဲက အင်ဇိုင်းတွေရဲ့ ဝန်ကို သက်သာစေပါတယ်။ ဥပမာ ငှက်ပျောသီးမှာ amylase အင်ဇိုင်းပါဝင်ပြီး သူ့ဆီမှာပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်ကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့် အင်ဇိုင်းကြွယ်ဝတဲ့ အစားအစာများကို စားပေးခြင်းဟာ သဘာဝအင်ဇိုင်းများကို အားဖြည့်ပေးရာ ရောက်ပါတယ်။အချုပ်အားဖြင့် ပြောရရင် အင်ဇိုင်းများဟာ သင့်ကျန်းမာရေးကောင်းဖို့ အထူးအရေးကြီးပါတယ်။ ကိုယ်ခန္ဓာကနေ ထုတ်လုပ်နိုင်ပေမယ့် လိုအပ်ရင် အစားအစာများကနေ အားဖြည့်ခြင်း၊ ဖြည့်စွက်စာများစားခြင်း ပြုလုပ်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/why-are-enzymes-important/
ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း
အရွယ်ရလာတဲ့ ဖိုးဖိုးဖွားဖွားတွေ နဲ့စိတ်ဓာတ်ကျမှုက မကင်းကွာနိုင်တဲ့အချက်တစ်ခုပါ။ အသက်ကြီးလာလေလေအထီးကျန်လာလေလေဖြစ်ပြီး စိတ်ဓာတ်ကျမှုက အလိုလိုဝင်လာတတ်ပါတယ်။ ဒီတော့ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျမှုကို သက်သာလျော့ပါးစေနိုင်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါကတော့… ရေနွေးကြမ်း တိုက်တာပါ။ဖိုးဖိုးဖွားဖွားတွေဟာ အရွယ်ရလာချိန်မှာ။• မျိုးရိုးရှိတာကြောင့်။• လူမှုစီးပွား အခြေအနေတွေကြောင့်။• လူမှုဆက်ဆံရေး အခြေအနေကြောင့်။•ဘဝနေထိုင်မှုပုံစံကြောင့်။• မိသားစုအခြေအနေကြောင့် စတဲ့အချက်တွေကြောင့် စိတ်ဓာတ်ကျမှုကို ခံစားကြရပါတယ်။စင်ကာပူအမျိုးသားတက္ကသိုလ် နဲ့ ရှန်ဟိုင်းအခြေစိုက် Fudan တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ နေ့တိုင်း ရေနွေးကြမ်းသောက်တတ်တဲ့ ဖိုးဖိုးဖွားဖွားတွေက အခြားသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ သိသိသာသာ လျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ရေနွေးကြမ်း သောက်တာကစိတ်ကျန်းမာရေးကို ကောင်းစေနိုင်သလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ရေနွေးကြမ်းက အသက်ရလာသူတော်တော်များများ အကြိုက်တွေ့တဲ့ သောက်စရာတစ်ရပ်ပေါ့။ ဒါကြောင့် အသက်ရလာတဲ့ ဖိုးဖိုးဖွားဖွားတွေကို ကျန်းမာစေဖို့ဆိုရင် ရေနွေးကြမ်းပုံမှန်သောက်သင့်ပါတယ်။ရေနွေးကြမ်းက ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး သိမြင်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ နေ့စဉ်ပုံမှန် ရေနွေးကြမ်းသောက်ပေးတာက အသက်အရွယ်ကြောင့်ဖြစ်တဲ့မှတ်ဉာဏ်ချို့ယွင်းမှုတွေကို မဖြစ်အောင် ကာကွယ်ပေးသလိုစိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။ဒါတွေတင်မကပါဘူး။ ရေနွေးကြမ်း သောက်တာက စိတ်ခံစားမှုကိုကောင်းစေသလို စိတ်ဖိစီးမှုကိုပြေလျော့စေပြီး စိတ်ဓာတ်ကျမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရေနွေးကြမ်း သောက်တာက သိမြင်မှုစွမ်းရည်ကို ကောင်းစေနိုင်ပြီး၊ နှလုံးကျန်းမာစေနိုင်သလို ကင်ဆာကာကွယ်ပေးတဲ့အပြင် အသက်ရှည်စေဖို့လည်း အထောက်အပံ့ပေးပါ သေးတယ်။၉ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ လူဦးရေ ၁၃၀၀၀ ကျော်ပါဝင်တဲ့ လေ့လာမှုရလဒ်အရ သိလိုက်ရတာက နေ့စဉ်ရေနွေးကြမ်းသောက် တာက ဖိုးဖိုးဖွားဖွားတွေကို မှတ်ဉာဏ်ကောင်းစေနိုင်သလို စိတ်ဓာတ်ကျနိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပြီး လူမှုဆက်ဆံရေးကိုလည်း ကောင်းစေနိုင်ပါတယ်။ဒါကြောင့် ဖိုးဖိုးဖွားဖွားတွေကို စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး စိတ်ဓာတ်ကျမှုကင်းစေဖို့ တစ်နေ့ကို ရေနွေးကြမ်းတစ်ခွက် ပုံမှန်သောက်ပေးဖို့ တိုက်တွန်းပါရစေလား။ရေနွေးကြမ်းသောက်ပေးတာက။ကိုယ်အလေးချိန်ကျဆင်းစေနိုင်တယ်။ရေနွေးကြမ်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းကကိုယ်အလေးချိန်ကျစေဖို့အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ရေနွေးကြမ်းက ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်စေနိုင်ပါတယ်။ကင်ဆာကာကွယ်ပေးနိုင်တယ်။သုတေသနလုပ်ဆောင်ချက်တွေအရနေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးမှုက ကင်ဆာကာကွယ်ပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ရေနွေးကြမ်းကရင်သားကင်ဆာနဲ့အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်သလို အခြားနာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဆီးချို ထိန်းညှိပေးနိုင်ပါတယ်။ဆီးချိုကာကွယ်ချင်သူတွေအတွက်ရော ဆီးချိုရှိနေတာကြောင့်သွေးတွင်း သကြားဓာတ်ကို ထိန်းညှိချင်နေသူတွေအတွက်ပါ အဆင်ပြေတဲ့သောက်စရာလေးတစ်ခုပါ။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါနေ့စဉ် ရေနွေးကြမ်းတစ်ခွက်လောက်တော့သောက်ပေးပါ။ ရေနွေးကြမ်းသောက်သုံးမှုကအမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ရေနွေးကြမ်းသောက်ပေးတာက ခန္ဓာကိုယ်တစ်ခုလုံးကကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များနေရင် ရေနွေးကြမ်းလေးသောက်ပြီး စာအုပ်ဖတ်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်တယ်။နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးမယ်ဆိုရင်အစာအိမ်အူလမ်းကြောင်းကျန်းမာမှာပါ။နောက်တစ်ခုကအနေနဲ့က အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေကို ကာကွယ်ရာလည်းရောက်မှာပါ။ ဝမ်းမှန်စေပြီး အစာခြေအင်ဇိုင်းတွေ ပိုမိုထွက်ရှိလာအောင်လည်း လှုံ့ဆော်ပေးနိုင်မှာပါ။ကိုယ်ခံအားကောင်းစေတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ရေနွေးကြမ်းက ရောဂါတော်တော်များများကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ ခဏခဏဖျားတတ်လို့ စိတ်ညစ်နေသူတွေ စဉ်းစားသင့်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ နေ့စဉ် ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးပြီးကိုယ်ခံအားကိုမြှင့်တင်လိုက်ပါ။လေးဖက်နာကြောင့် အရိုးအဆစ်တွေနာတာကို သက်သာစေနိုင်တယ်။ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့်အဆစ်အမြစ်တွေရောင်ရမ်းနာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အဆစ်အမြစ်တွေရောင်ရမ်းတာကို သက်သာချင်တယ်ဆိုရင် ရေနွေးကြမ်းကိုသောက်သုံးပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/drink-tea-are-less-likely-to-be-depressed/
လိင်ဆက်ဆံနေစဉ် လေလည်ဖို့ မရှက်ပါနဲ့
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ချစ်တင်းနှီးနှောနေတဲ့အချိန်မှာလေလည်တတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာဖြစ်ပြီး တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်က လိင်ဆက်ဆံနေလို့လည်း ဗိုက်ထဲကအစာခြေစနစ်က ငြိမ်နေတာမဟုတ်ပါဘူး။ သူ့အလုပ်သူ လုပ်နေတာဖြစ်ပါတယ်။ ကိုယ်နောက်ဆုံး အစာစားထားတာ ဘယ်အချိန်လဲ၊ ကိုယ်စားလိုက်တဲ့ အစားအစာ၊ နောက်ဆုံး ဝမ်းသွားထားချိန် ဒါတွေပေါ်မှာ မူတည်ပြီး လေလည်နိုင်ပါတယ်။အမျိုးသမီးတွေမှာ လိင်တံကမိန်းမကိုယ်တွင်း တိုးဝင်လာတဲ့အခါ ဖိအားသက်ရောက်ပါတယ်။ ဒီဖိအားက မိန်းမကိုယ် အတွင်းသားနံရံအပြင် သူနဲ့ နီးကပ်နေတဲ့စအိုကိုပါ သွားပြီး သက်ရောက်တဲ့အတွက် လေတွေ အပြင်ကို ထွက်လာရတာပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လေလည်ရခြင်းဟာ လိင်ဆက်ဆံတဲ့ ပုံစံအနေအထားနဲ့တော့ သက်ဆိုင်မှု မရှိပါဘူး။ အထူးသဖြင့်လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ပြီးတဲ့အခါ ခန္ဓါကိုယ်က တင်းထားသမျှ ကြွက်သားတွေ လျှော့ချလိုက်တာကြောင့် ရုတ်တရက် လေလည်ရခြင်း ဖြစ်ပါတယ်။အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ဟော်မုန်းမျှခြေ အပြောင်းအလဲများလွန်းတာကြောင့် ကိုယ်ခန္ဓါတွင်း လေတွေ အများအပြား စုပြုံနေနိုင်ပါတယ်။ အထူးသဖြင့် ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းတွေများလွန်းတဲ့အခါ ပိုပြီး အဖြစ်များပါတယ်။ ဒီဟော်မုန်းတွေဟာ ကြွက်သားတွေကို ပြေလျော့စေပြီး အစာခြေစနစ်ကို နှေးကွေးသွားစေတယ်။ အဲ့တော့ ကိုယ်ထဲမှာ လေတွေ ပိုအောင်းနေတော့တာပေါ့။ တစ်ချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာ အစာကောင်းစွာ မစားနိုင်တာ၊ ပြင်းထန်စွာ ပျို့အန်တတ်တဲ့အတွက် အစာခြေစနစ်ကို ထိခိုက်စေပြီး ဝမ်းပုံမှန်မသွားတော့နိုင်တော့တာကြောင့် လေတွေ များလာတတ်ပါတယ်။ ဒီလိုပျို့အန်တာကို ထိန်းနိုင်မယ်ဆိုရင်တော့ လိင်ဆက်ဆံနေစဉ် လေမလည်အောင် အနည်းငယ် ထိန်းချုပ်ပေးနိုင်မှာပါ။တစ်ခါတစ်ရံမှာလိင်ဆက်ဆံေနစဉ် လေလည်တာ ပြဿနာမရှိပေမဲ့ အမြဲလိုလို လေလည်နေတာဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ကြည့်သင့်ပါတယ်။ ပြသကြည့်လို့မှ ဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ပေးပါ။၁။ လိင်ဆက်ဆံခြင်း မပြုခင် အချိန်ခြားပြီး ဝမ်းသွားထားပါ။၂။ အစာကို လိင်မဆက်ဆံခင် အနည်းဆုံး ၂နာရီလောက်ခြားပြီး စားထားပါ။၃။ လိင်ဆက်ဆံခြင်းမပြုခင် လေလည်နိုင်စေတဲ့ ဂက်စ်ပါတဲ့ ဖျော်ရည်၊ အအေးတွေ၊ အစာကြေဖို့ ခက်တဲ့ အမာစာတွေကို သိပ်မစားသင့်ပါဘူး။၄။ လေနဲ့ ဝမ်းမှန်စေဖို့အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ များများစားပါ။ ရေများများသောက်ပါ။၅။ အစားအစာကို ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။၆။သကြားဓါတ်များတဲ့ မုန့်တွေ၊ သကြားလုံး၊ အချိုမုန့်တွေကို ရှောင်ပါ။၇။ အအေးတွေကို ပိုက်နဲ့ စုပ်သောက်တဲ့ အကျင့်ကို ဖျောက်ပါ။၈။ဆေးလိပ်ြဖတ်လိုက်ပါ။၉။လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။လိင်ဆက်ဆံနေစဉ်မှာ လေလည်တာ မဖြစ်ဖို့ အမြဲတမ်းကာကွယ်လို့၊ ထိန်းထားလို့တော့ အဆင်မပြေပါဘူး။ ဒီလိုအခြေအနေမျိုး မဖြစ်ရအောင် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရင်တော့ အဆင်ပြေသွားမှာပါ။ လေလည်တယ်ဆိုတာ ရှက်စရာကိစ္စတစ်ခုမဟုတ်ပါဘူး။ ကိုယ်ဟာ ကျန်းမာတဲ့ လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကို ကိုယ်ခန္ဓါက သက်သေပြနေတာ တစ်ခုပါပဲ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%86%e1%80%b6%e1%80%b1%e1%80%94%e1%80%85%e1%80%a5%e1%80%b9-%e1%80%b1%e1%80%9c%e1%80%9c%e1%80%8a%e1%80%b9%e1%80%96%e1%80%ad%e1%80%af/
ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက်
ရင်သားထိပ်တွေကွဲနေလို့ ဘေဘီလေးကို နို့တိုက်ရတာ အခက်တွေ့နေတဲ့ မေမေတို့အတွက် Helloဆရာဝန်က ပြောပြပေးချင်တာက။နို့တိုက်မိခင်တိုင်းတော့ ဒီပြဿနာကို မခံစားရနိုင်ပါဘူး။ နို့တိုက်မိခင် ၂၀ ရာခိုင်နှုန်းလောက်ကပဲ ဒီပြဿနာကို ခံစားရနိုင်တာပါ။မေမေကနို့ထွက်နည်းတာကြောင့် ဒီပြဿနာကို ခံစားရနိုင်သလို ကလေးကို နို့တိုက်တဲ့ ပုံစံမမှန်တာမျိုးကြောင့်လည်း နို့သီးခေါင်းထိပ်တွေ ကွဲတာမျိုးကိုခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ကြုံရနိုင်ခြေ အများဆုံးက နို့ထွက်နည်းတဲ့ မေမေတွေနဲ့ နို့တိုက်တဲ့အခါကလေး အနေအထားမှန်အောင် မထားမိတဲ့မေမေတွေလို့ ဆိုရပါမယ်။နို့သီးခေါင်းတွေ ကွဲတဲ့အခါ မေမေ့အနေနဲ့။ဘေဘီလေးကို နို့ချိုတိုက်တိုင်း ရင်သားထိပ်တွေ ကွဲနေတာကြောင့် နာကျင်နေရတဲ့မေမေတို့အနေနဲ့ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်စေချင်ပါတယ်။ဒီလိုလုပ်ပေးတာက ရင်သားထိပ် ကွဲတဲ့နေရာတွေကို ပိုးမဝင်အောင် ကာကွယ်ရာ ရောက်သလိုနာကျင်မှုကို သက်သာစေလို့အနာလည်း ကျက်စေနိုင်ပါတယ်။ အရင်ဆုံးလက်ကို သန့်စင်အောင် ဆေးကြောလိုက်ပါ။ပြီးရင်လက်ဖဝါးထဲကို နို့ရည် နည်းနည်းလောက် ညှစ်ထည့်ပြီး ရင်သားထိပ်တွေမှာ လိမ်းပေးလိုက်ပါ။ ပြီးရင်လေနဲ့ အခြောက်ခံလိုက်ပါ။ဒါက လွယ်ကူရိုးစင်းတဲ့ နည်းလမ်း တစ်ခုပေါ့။ဘက်တီးရီးယားတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားနိုင်မှာပါ။ အဝတ်စ သန့်သန့်လေး တစ်ခုကို ရှာပါ။ ပြီးရင် ဇလုံတစ်ခုထဲကို ရေခပ်နွေးနွေးလေး ထည့်လို့ အဝတ်စကို စိမ်လိုက်ပါ။ ပြီးရင် ညှစ်ပြီး ရင်သားကွဲတဲ့ နေရာပေါ်မှာ ခဏလောက် အုပ်ထားပေးလိုက်ပါ။ အဝတ်ခြောက်နဲ့ ခပ်ဖွဖွလေး တို့သုတ်ပေးပါ။ဆားရည်က အရေပြားကို ရေဓာတ်ပြည့်စေပြီး အနာကျက် မြန်စေမှာပါ။ ရေနွေးနွေး ၈အောင်စထဲကို အိမ်သုံးဆားလက်ဖက်ရည်ဇွန်း တစ်ဝက်စာလောက် ထည့် လိုက်ပါ။ ပြီးရင် ဂွမ်းစလေးနဲ့ တို့ယူပြီး ရင်သားကွဲတဲ့ နေရာတွေမှာ စွတ်ပေးပါ။ တစ်မိနစ်လောက် ဂွမ်းစလေး ကပ်ထားပေးပါ။ ပြီးရင်ဂွမ်းစလေးနဲ့ ခပ်ဖွဖွလေး အခြောက်သုတ်လိုက်ပါ။ ဘေဘီလေးကို နို့ချို မတိုက်ခင်မှာတော့ ရင်သားကို သေချာလေး ပြန်ဆေးကြောပေးဖို့ မမေ့ပါနဲ့။ဆားရည်ကြောင့် ရင်သားစပ်တဲ့အခါ ဆားမထည့်ဘဲ ရေနွေးနွေးနဲ့ပဲ ဆေးပေးနိုင်ပါတယ်။စိုသွားပြီဆိုတာနဲ့ Nursing Pads ကို ချက်ချင်းလဲပေးပါ။ Nursing Pads စိုထိုင်းထိုင်း ဖြစ်နေတာက ရင်သားထိပ် ကွဲတာတွေကို အနာကျက်နှေးစေနိုင်ပါတယ်။နောက်တစ်ချက်က ပလပ်စတစ်နဲ့ လုပ်တဲ့ Nursing Padsတွေကို အသုံးပြုတာပါ။ ဒီလို အသုံးပြုတာကရင်သားကို လေဝင်ထွက်ရောက်ရှိမှု နည်းစေနိုင်ပြီး ရင်သားထိပ်ကွဲတာတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချည်သားစစ်စစ် Nursing Pads တွေကိုပဲ သုံးစေချင်ပါတယ်။ဘေဘီလေးကို နို့ချို ပြည့်ပြည့်ဝဝတိုက်ချင်ပေမယ့် ရင်သားထိပ်တွေ ကွဲနေလို့ နို့ချိုတိုက်လိုက်တိုင်း နာနေတဲ့ မေမေတို့အနေနဲ့ အခုနည်းလမ်းလေးတွေကို အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/cracked-nipple-and-breastfeeding/
ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ
ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ အကြောင်း သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ အတူတူ ကြည့်လိုက်ရအောင်နော်။လူအများစုကနေ့စဉ်ကြားနေရတဲ့ အသံတွေနဲ့တော်တော်လေးကိုအသားတကျဖြစ်နေကြပြီဖြစ်ပါတယ်။ သီးချင်းအကျယ်ကြီးဖွင့်တာ၊ တီဗွီကို အသံအကျယ်ကြီးကြည့်တာ၊ ယာဉ်တွေသွားလာတာ၊ ညနက်သန်းခေါင်အိမ်မွေးတိရစ္ဆာန်တွေအော်မြည်တဲ့ အသံတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပြီဖြစ်ပါတယ်။ အဆိုပါ ဆူညံသံတွေကမြို့ပြရဲ့ အလေ့အထတစ်ရပ်လိုတောက်ဖြစ်နေပါပြီ။တီဗွီကို အသံကျယ်ကျယ်ဖွင့်တာကြောင့် တစ်ညလု့းကောင်းကောင်းအိပ်စက်ခွင့်မရတာကိုဖြစ်စေနိုင်သလို ယာဉ်တွေသွားလာနေတဲ့အသံတွေကြောင့် အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်တာကခေါင်းကိုက်ဝေဒနာကို စတင်ခံစားရစေနိုင်ပါတယ်။ ပတ်ဝန်းကျင်က ဆူညံသံတွေက ဘဝရှင်သန်မှု စည်းချက်ကို စည်းဝါးမကိုက်တာမျိုးဖြစ်ပေါ်စေနိုင်သလို ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာနိုင်စေပါတယ်။ဆူညံသံ (သို့) သဘာဝတရားရဲ့ ဟန်ချက်ညီမှုကို အခိုက်အတန့်အားဖြင့်အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ရှုပ်ထွေးစေတဲ့ အသံတွေထွက်ပေါ်တဲ့အခါnoise pollutionဖြစ်လာပါတယ်။ ပုံမှန် မဟုတ်တဲ့ ဆူညံသံတွေ နဲ့ အသံပလံတွေကို noise pollution လို့သတ်မှတ်တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာနေထိုင်ရင်း အဆိုပါ ဆူညံသံတွေကိုရှောင်ရှားဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါ။ ဆူညံသံတွေက များပြားလာပြီးနေရာတိုင်းလိုလိုမှာဖြစ်ပေါ်တဲ့အခါ ဆူညံသံတွေကနေ လွတ်ကင်းနိုင်မယ့်ကောင်းမွန်တဲ့ အစီအစဉ်မရှိဘူးဆိုရင်နေ့စဉ်နဲ့အမျှ noise pollutionတွေနဲ့ ထိတွေ့နေရမှာဖြစ်ပါတယ်။မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအတွင်း ယာဉ်သွားလာမှုတွေကနေဖြစ်ပေါ်တဲ့ ဆူညံသံတွေ နဲ့လေယာဉ်ကြောင့်ဖြစ်တဲ့ ဆူညံသံတွေကသွေးပေါင်ချိန်တိုးနိုင်ခြေကို တိုးစေနိုင်ပါတယ်။ ညဘက်မှာဖြစ်ပေါ်တဲ့ ဆူညံသံတွေက ကျန်းမာရေးကိုပိုမိုထိခိုက်စေပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။လေယာဉ်ကနေ ထွက်ပေါ်တဲ့ဆူညံသံတွေကဆေးရုံတက်ရနိုင်ခြေကို တိုးစေနိုင်သလို။လေဖြတ်ဝေဒနာကြောင့်သေဆုံးနိုင်ခြေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလည်းတိုးစေပါတယ်၊ လို့တွေ့ရှိခဲ့ပါတယ်။လေယာဉ်ကနေ ထွက်ပေါ်တဲ့ဆူညံသံတွေနဲ့ထိတွေ့မှုကသွေးတိုးနိုင်ခြေ။ ရုတ်တရက်နှလုံးရပ်တန့်နိုင်ခြေ နဲ့လေဖြတ်နိုင်ခြေကို ၇ ရာခိုင်နှုန်း ကနေ ၁၇ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ လို့ဖော်ပြထားပါတယ်။နောက်ထပ်လေ့လာမှုတစ်ရပ်မှာတော့ ဆူညံသံက ကလေးငယ်တွေရဲ့ သင်ယူမှုစွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။လေ့လာမှု အခု ၂၀ကျော်အတွင်းလေယာဉ်နဲ့ယာဉ်တွေကနေထွက်ပေါ်တဲ့ ဆူညံသံတွေက ကလေးငယ်တွေရဲ့ စာဖတစွမ်းရည်ကို ထိခိုက်စေနိုင်သလို ကာလရှည်မှတ်ဉာဏ်ကို လည်းထိခိုက်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။လူမှုပတ်ဝန်းကျင်ဆူညံမှုဆိုတာက စက်မှုလုပ်ငန်းတွေက ထွက်ပေါ်လာတဲ့ ဆူညံသံတွေကလွဲလို့ အခြားဆူညံသံအားလုံးကိုဆိုလိုတာပါ။ ပတ်ဝန်းကျင်က ဆူညံသံတွေ၊ အိမ်တွင်းဆူညံသံတွေကလည်း လူမှုပတ်ဝန်းကျင်ဆူညံသံတွေပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ အကြားအာရုံခံနိုင်မှုက ၂၀ Hz ကနေ ၂၀,၀၀၀ Hz အထိကိုအာရုံခံနိုင်စွမ်းရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ အာရုံခံနိုင်စွမ်းက ပတ်ဝန်းကျင်အနေအထားပေါ်မှာလိုက်ပြီးပြောင်းလဲနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကစက်မှုထွန်းကားတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်အကြားအာရုံပိုမိုကောင်းမွန်တာပဲဖြစ်ပါတယ်။စက်မှုထွန်းကားလာခြင်း –စက်မှုထွန်းကားတဲ့နိုင်ငံအများစုမှာ အကြီးစားစက်ကိရိယာတွေကို အသုံးပြုတာကြောင့် ဆူညံသံတွေ အများအပြားဖြစ်ပေါ်စေပါတယ်။ လျှပ်စစ်ဓါတ်အားပေးစက်တွေ၊လေပူစုပ်စက်တွေနဲ့ကြိတ်ခွဲစက်တွေက ကျယ်လောင်တဲ့ဆူညံသံတွေကို ထုတ်လွှတ်ပါတယ်။မြို့ပြစီမံကိန်းအားနည်းခြင်း –ဖွံဖြိုးဆဲနိုင်ငံအများစုမှာမြို့ပြစီမံကိန်းအားနည်းတာကလည်း ဆူညံသ့တွေကိုဖြစ်ပေါ်စေတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အိမ်ခြေစိပ်တာ၊နေရာကျဉ်းကျဉ်းလေးမှာ မိသားစုအများကြီးစုနေတာ၊ ကားပါကင် အတွက်တစ်ဦးနဲ့တစ်ဦးရန်ဖြစ်တာ၊ အခြေခံလိုအပ်ချက်တွေ အဆင်ပြေချောမွေ့စွာရရှိရေးအတွက် မကြာခဏဆိုသလို စကားများရန်ဖြစ်တာတွေက လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။လူမှုရေးရာကိစ္စရပ်များ –လူမှုရေးရာကိစ္စရပ်တွေရှိတဲ့အခါ ဆူညံသံကအမြင့်ဆုံးအနေအထားထိရောက်ရှိတာမျိုးတွေရှိတတ်ပါတယ်။ လက်ထပ်ပွဲအခမ်းအနားတွေ၊ပါတီတွေ၊ဘားတွေနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲတွေမှာ ဆူညံသံတွေက အမြင့်ဆုံးအနေအထားတွေအထိရောက်ရှိတတ်ပါတယ်။ လူတွေနေထိုင်တဲ့ အနီးအနားမှာ သန်းခေါင်ယံအချိန်ထိ သီချင်းတွေကို ဘားဆုံးဖွင့်ပြီး လူတွေ ကခုန်နေတာကတော်တော်လေးကိုဆိုးဝါးတဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ဈေးတွေမှာလည်း အများပြည်သူကိုဆွဲဆောင်နိုင်ဖို့ အသံချဲ့စက်တွေကိုအသုံးပြုပြီး အဝတ်အထည်တွေရောင်းချမှုကလည်း ဆူညံသံတွေကိုဖြစ်ပေါ်စေပါတယ်။သယ်ယူပို့ဆောင်ရေးကဏ္ဍ –လမ်းတွေပေါ်မှာ ယာဉ်အသွားအလာများလာတာ၊လေယာဉ်ပျံတွေက လူနေအိမ်တွေပေါ်ကနေပျံသန်းတာ၊မြေအောက်ရထားတေါခုတ်မောင်းမှုက ကျယ်လောင်တဲ့ ဆူညံသံတွေထွက်ပေါ်စေပါတယ်။ အဆိုပါအသံတွေကို နားယဉ်ဖို့ဆိုကမလွယ်ကူပါဘူး။ ကျယ်လောင်လွန်းတဲ့ ဆူညံသံတွေက လူတွေကိုအကြားအားရုံဆုံးရှုံတာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်များ-မိုင်းတွင်းလုပ်ငန်းတွေ၊တံတားတည်ဆောက်တာ၊ တာတမံဆောက်လုပ်တာ၊ အဆောက်အဦးတွေ၊ဘူတာရုံတွေတည်ဆောက်တာ၊ လမ်းတွေဖောက်လုပ်တာ၊ ခုံးကျော်တံတားတွေက ကမ္ဘာ့နေရာတော်တော်များများမှာလုပ်ဆောင်နေတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြပါတယ်။ တိုးတက်လာတာနဲ့အမျှ အဆောက်အဦးတွေကလည်း ပိုမိုလိုအပ်လာတာကြောင့်ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်းနေ့စဉ်နဲ့အမျှလုပ်ဆောင်နေကြပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ ကိရီယာတွေကနေထွက်ပေးလာတဲ့အသံတွေက ပတ်ဝန်းကျင်ကို တအားဆူညံစေပါတယ်။အိမ်သုံးပစ္စည်းတွေ –လူတွေရဲ့နေ့စဉ်ဘဝမှာ တီဗွီ၊မိုဘိုင်းဖုန်း၊ဟင်းပေါင်းအိုး၊ဖုန်စုပ်စက်၊အဝတ်လျှော်စက်၊ အဝတ်အခြောက်ခံစက်၊လေအေးပေးစက်၊အဲကွန်းတွေကို မပါမဖြစ်အသုံးပြုလာကြပါတယ်။ အဆိုပါ အိမ်သုံးပစ္စည်းတွေကနေ ထွက်ပေါ်တဲ့ဆူညံသံတွေက ဘဝရှင်သန်မှုကို ထိခိုက်စေနိုင်သလို အိမ်နီးနားချင်းတွေကိုလည်း ဆိုးကျိုးတွေခံားရစေနိုင်ပါတယ်။ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ ကတော့။အကြားအာရုံထိခိုက်နိုင်ခြင်း။နားတွေမှာ မကြားချင်တဲ့အသံတွေက စစ်ထုတ်ပစ်နိုင်စွမ်းမရှိတာကြောင့် ဆူညံသံတွေက ခန္ဒါကိုယ်အတွင်းပိုင်းမှာ ထိခိုက်မှုတွေဖြစ်ပေါ်စေပါတယ်။ နားက ခံနိုင်စွမ်းရှိတဲ့အတိုင်းအတာအတွင်းရှိတဲ့ ကျယ်လောင်လွန်းတဲ့အသံတွေကြောင့် မပျက်စီးနိုင်ဘူးဆိုပေမယ့် အပေါက်ဖောက်စက်တွေ၊ကားဟွန်းသံတွေ၊စက်ကိရိယာတွေရဲ့အသံတွေ၊လေယာဉ်သံတွေနဲ့ယာဉ်အမျိုးမျိုးကနေထွက်ပေါ်လာတဲ့ အကြားအာရုံအတွက် အရမ်းကို ကျယ်လောင်လွန်းတဲ့အသံတွေဖြစ်ပါတယ်။ ကျယ်လောင်တဲ့အသံတွေနဲ့ အမြဲတစေ ထိတွေ့နေမှုက နားစည်ကို ပျက်စီးစေပြီး အကြားအာရုံဆုံးရှုံးမှုကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ကျန်းမာရေးပြဿနာများ။ရုံးတွေ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ဘားတွေနဲ့အိမ်မှာ အလွန်အကျွံဆူညံမှုတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေပါတယ်။လေ့လာမှုတွေမှာတော့ စိတ်ဆိုးလွယ်တာ၊ကောင်းကောင်းအိပ်မပျော်တာ၊ အမြဲတစေ စိတ်ဖိစီးတာ၊ခြေကုန်လက်ပန်းကျတာ နဲ့သွေးတိုးတာ (hypertension)တွေနဲ့ အလွန်အကျွံဆူညံမှုတွေကြားမှာ ဆက်စပ်မှုရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ အလွန်အကျွံဆူညံမှုတွေ နဲ့ အမြဲတစေ ထိတွေ့မှုက အသက်အရွယ်ကြီးရင့်လာတဲ့အခါ နာတာရှည်ရောဂါတွေခံစားရနိုင်ခြေကိုတိုးစေပါတယ်။အိပ်စက်မှု မူမမှန်ခြင်း။ကျယ်လောင်တဲ့ဆူညံသံတွေက အိပ်စက်မှုပုံစံကိုအနှောင့်အယှက်ဖြစ်စေနိုင်ပြီး စိတ်ဆိုးလွယ်တာ၊မအီမသာဖြစ်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ ညဘက်ကောင်းကောင်းမအိပ်ရတဲ့အခါခြေကုန်လက်ပမ်းကျတာ နဲ့ အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကျတာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓါကိုယ်ကိုကောင်းမွန်တဲ့အနားယူမှုရရှိစေဖို့ကောင်းကောင်းအိပ်စက်ဖို့အကြံပြုလိုက်ပါရစေ။နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ခြင်း။ဆူညံသံတွေကသွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးရောဂါတွေ ခံစားရနိုင်ခြေကိုတိုးစေပါတယ်။လေ့လာမှုတွေအရ ကျယ်လောင်လွန်းတဲ့အသံတွေက သွေးဖိအားကိုတိုးစေပြီး နှလုံခုန်နှုန်းကိုတိုးစေနိုင်တာကြောင့် ပုံမှန်သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ လို့သုံးသပ်ထားပါတယ်။လူမှုဆက်ဆံရေးမှာ အခက်အခဲတွေ့စေခြင်း။ကျယ်လောင်လွန်းတဲ့ ဆူညံသံတွေကပြောဆိုဆက်ဆံရာမှာအနှောင့်အယှက်ဖြစ်စေနိုင်သလို လူတစ်ဦးနြ့တစ်ဦး လွတ်တွတ်လပ်လပ်ပြောဆိုဆက်ဆံရာမှာလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ အဆိုပါအနေအထားတွေက နားလည်မှုလွဲတာကိုဖြစ်စေသလို၊ တစ်ဦးနဲ့တစ်ဦးကြားမှာ နားလည်ရခက်တဲ့အနေအထားမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဆူညံသံတွေနဲ့ အမြဲတစေထိတွေ့မှုကပြင်းထန်တဲ့ ခေါင်းကိုင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုတွေကို ထိန်းသိမ်းရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-effects-of-noise/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%96%e1%80%bc%e1%80%b0/
ခရီး မှာ အသားအရေ ဂရုစိုက်ဖို့ မသိမဖြစ်အချက်လေးတွေ
တစ်ယောက်တည်းဖြစ်ဖြစ်၊ အပေါင်းအဖော်တွေနဲ့ပဲဆိုဆို ခရီး သွားရမယ်ဆို ပျော်ချက်ပဲနော်။ ဘာတွေဝတ်မယ်၊ ဘယ်လိုလေး ဓာတ်ပုံရိုက်မယ်ဆိုတဲ့ မိုတီဗေးရှင်းတွေက အပြည့်ပဲလေ။ ဒါပေမယ့် အလှအပမှာ အသားအရေက အသက်ပဲ ဆိုတာ မေ့နေပါဦးမယ်။မိတ်ကပ်တွေလိမ်း၊ အလန်းစားတွေဝတ်လည်း အသားအရေကိုဂရုမစိုက်ရင် အလှမပေါ်လွင်နိုင်ပါဘူး။ တော်တော်များများက ခရီးသွားရင် အသားအရေပျက်စီးမှာပဲလို့ တွေးပြီး မသွားခင်နဲ့ သွားနေတဲ့အချိန်မှာ သိပ်ဂရုမစိုက်တတ်ကြဘူး။ ပြန်ရောက်လာမှသာ အသားအရေပြန်ထိန်းသိမ်းဖို့ အပြေးအလွှား သွားပေါင်းတင်ကြတာမျိုး။ခရီး မှာ နေဒဏ်၊ လေဒဏ်၊ ပတ်ဝန်းကျင်ရဲ့ ညစ်ညမ်းမှုဒဏ်တွေကို ရင်ဆိုင်ရာမှာမို့ အသားအရေကို လိုအပ်တဲ့ကာကွယ်မှုတွေ၊ ဂရုစိုက်မှုတွေ၊ အားဖြည့်မှုတွေ ရှိရမယ်လေ။ လွယ်ပါတယ် –။မျက်နှာသစ်ဖို့က သတိပေးဖို့မလိုလောက်ဘူးလို့ထင်ရပေမယ့် တစ်ခါတလေ ခရီးသွားတဲ့အခါ တစ်နေကုန်ပျော်ထားသမျှ လူကပင်ပန်းတာနဲ့ပဲ မျက်နှာမသစ်ဘဲ ထိုးအိပ်လိုက်တာမျိုး၊ မူးပြီးမှောက်သွားတာမျိုး ရှိတတ်ပါတယ်။ တစ်နေ့နှစ်ကြိမ် မှန်အောင်သစ်ပါနော်။တည်းမယ့်ဟိုတယ်မှာ ရေပူရေအေးစနစ် ရလည်း ရေနွေးသုံးပြီး မျက်နှာမသစ်ပါနဲ့။ ရေချိုးတာလည်း တူတူပါပဲ။ ရာသီဥတုအေးလို့ ရေနွေးနွေးလေးချိုးမယ် ဆိုလည်း အပူကို တတ်နိုင်သလောက်လျှော့ထားဖို့ သတိပြုပါ။ရေနွေးကြောင့် အသားပိုခြောက်စေတဲ့အတွက်အသားအရေထိခိုက်ဖို့ ပိုလွယ်ကူစေပါတယ်။ထိခိုက်လွယ်အသားအရေပိုင်ရှင်တွေဆိုရင် ပိုဆိုးတာပေါ့လေ။လိုအပ်တဲ့ အခြေခံskin careအဆင့်လေးတွေ လုပ်ပြီးရင် မိတ်ကပ်ကို တော်တန်ရုံပဲ လိမ်းပါ။ ခရီး ဒဏ် ခံနေရတဲ့ မျက်နှာအသားအရေမှာ မိတ်ကပ်ထူထူကြောင့် ပြဿနာများနိုင်ပါတယ်။လှချင်လို့ လိမ်းတုန်းကတော့ လိမ်းတာပဲ။ ပြန်ဖျက်ဖို့လည်း တာဝန်ရှိပါတယ်နော်။ မိတ်ကပ်တွေ၊ Sunscreen တွေ၊ ပေါင်ဒါတွေ၊ ရှဲဒိုးတွေ တင်ထားတဲ့ မျက်နှာအသားအရေကို သေချာမဖျက်ဘဲ ဒီတိုင်းအိပ်လိုက်မယ်ဆိုရင် တစ်နေကုန်စုထားသမျှ ဖုန်တွေ၊ အညစ်အကြေးတွေ၊ ပိုးမွှားတွေ အကုန် ချွေးပေါက်ထဲပိတ်ဆို့နေတော့မှာပေါ့။နေ့ဘက်မှာ နေဒဏ်၊ လေဒဏ်ခံထားရတဲ့မျက်နှာအသားအရေကို အနားယူချိန်မှာ ပြန်အားဖြည့်ပေးသင့်ပါတယ်။ ညအိပ်ခါနီးမှာ အစိုဓာတ်ထိန်းပေးမယ့် Face Mask တွေ ကပ်ပေးပါ။တခြားတော့မဟုတ်ပါဘူး။ ဟိုတယ်တွေမှာပေးထားတဲ့ဆပ်ပြာ၊ ရှမ်ပူ စတာတွေကို မသုံးဘဲ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ကိုယ့်ဘာသာထည့်သွားတာကောင်းပါတယ်။ကိုယ့်အသားအရေနဲ့ အဆင်ပြေမှန်းမသိ၊ ပစ္စည်းတွေရဲ့အရည်အသွေးကို မသိ၊ ပစ္စည်းတွေရဲ့သက်တမ်းကို မသိနဲ့ သုံးလိုက်မယ်ဆိုရင် အရေပြားပိုထိခိုက်လွယ်ပါလိမ့်မယ်။Sunscreen သုံးဖြစ်အောင်သုံးပါ။ မျက်နှာဖြစ်ဖြစ်၊ ခန္ဓာကိုယ်ဖြစ်ဖြစ် အရေပြားအားလုံးကို Sunscreen နဲ့ကာကွယ်ထားဖို့လိုပါတယ်။ အစိုဓာတ်ထိန်းတဲ့ ခရင်မ်တစ်ခုခုလည်း ပါရဦးမယ်လေ။သွားရင်းလာရင်း မျက်နှာကိုထိတွေ့မိတဲ့လက်က ဘယ်လောက်သန့်စင်နိုင်ပါ့မလဲ။ လက်သန့်ဆေးရည်တွေ ဘယ်လောက်သုံးသုံး မျက်နှာကို မကြာခဏ ထိတွေ့တာက ဘက်တီးရီးယားပျော်စေပြီး ဝက်ခြံပေါက်စေနိုင်ပါတယ်။ခရီး သွားရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ဖို့ အသားအရေကို အလှပဆုံး ထိန်းသိမ်းရအောင်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%81%e1%80%9b%e1%80%ae%e1%80%b8/
ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော်
ကိုယ်အလေးချိန်မြင့်မားလာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ နောက်ဆက်တွဲအနေနဲ့ စိတ်ပူရ စိုးရိမ်ရလာပါပြီ။ အဝလွန်နေသူတွေဟာ နှလုံး၊ သွေးတိုး၊ဆီးချိုနဲ့ကင်ဆာရောဂါတစ်ချို့ စွဲကပ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။ ဒီလို အဝလွန်မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေထဲမှာဆီးကျိတ်ကင်ဆာ (Prostate Cancer)ဟာလည်း တစ်ခုအပါအဝင် ဖြစ်လာပါတယ်။ ဝိတ်တက်လေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေများလေတဲ့နော် သိပြီးပြီလား!။ဆေးသိပ္ပံပညာရှင်တွေ နောက်ဆုံးလေ့လာထားတဲ့ လေ့လာချက်တွေအရ ဆိုရင် ကိုယ်အလေးချိန် မြင့်မားမှုနဲ့ ဆီးကျိတ်ကင်ဆာတို့ဟာ တိုက်ရိုက်ပတ်သက်နေတယ်လို့ ခိုင်ခိုင်မာမာ ဆိုထားပါတယ်။လူပေါင်း ၈၃၁၀၀၀ ကို လေ့လာထားတဲ့ သုတေသန ၁၅ ခုရဲ့ ရလဒ်တွေအရ အဝလွန်ခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်စေနိုင်လောက်တဲ့ အန္တရာယ်တစ်မျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။ဒီလေ့လာချက်တွေမှာပါဝင်ခဲ့သူတွေထဲက ၅၂၀၀၀ လောက်ဟာ ဆီးကျိတ်ကင်ဆာ ဝေဒနာ ခံစားနေရပြီး အများစုဟာလည်း ရောဂါဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ပြသနေကြတယ်လို့ ဆိုပါတယ်။BMI (body mass index)၂၁-၂၅ ကြားမှာ ရှိမနေဘဲ အဆိုပါ ဂဏန်းတွေထက် ပိုများနေတဲ့ အသက်လတ်ပိုင်းအရွယ် လူတိုင်းမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ရှိနေပါတယ်။ဆီးကျိတ်ကင်ဆာဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ အမျိုးသားတွေအနေနဲ့ အသက်ကြီးလာလေလေ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပဲ ဖြစ်ပါတယ်။ဆီးကျိတ်ကင်ဆာဝေဒနာ ခံစားနေရသူတွေဟာ အောက်ပါ လက္ခဏာတွေကို ကြုံရနိုင်ပါတယ်။စတဲ့ ရောဂါလက္ခဏာတွေပါပဲ။ဆီးကျိတ်ကင်ဆာဟာ ပြင်းထန်သလို ထူးခြားတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ ကိုယ်အလေးချိန်မြင့်မားမှုနဲ့ နေထိုင်စားသောက်မှုပုံစံတွေက ကင်ဆာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။  ဆီးကျိတ်မှာရှိတဲ့ ဆဲလ်စ်တွေ ပုံမှန်မဟုတ်ပဲ လုပ်ဆောင်ချက် လွဲချော်တာကြောင့် ဒီကင်ဆာဝေဒနာ ဖြစ်ပေါ်လာတာလို့သာ လတ်တလောမှာ သိရှိထားကြပါသေးတယ်။ဆီးကျိတ်ကင်ဆာ ရောဂါကို ရှောင်ရှားနိုင်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ နေ့စဉ် အဆီပမာဏများပြားစွာ မှီဝဲသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုမိုမြင့်မားပါတယ်။ဒီလိုအလေ့အထတွေကို ပုံမှန်ထားရှိကျင့်သုံးသွားမယ်ဆိုရင် ဆီးကျိတ်ကင်ဆာဝေဒနာ စွဲကပ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်မှာပါ။ကိုယ်အလေးချိန်ကို ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ ပမာဏမှာရှိနေအောင် ထိန်းညှိပြီး ကျန်းမာစွာနေထိုင်သွားတာဟာ ဆီးကျိတ်ကင်ဆာဝေဒနာကို ရှောင်ရှားနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ American Cancer Society နဲ့ World Cancer Research Fund တို့ကလည်း ဆိုထားပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/prostate-cancer-cancer/lose-weight-lower-prostate-cancer-risk/
ရေချိုးဆပ်ပြာ တိုင်းက အသားအရေကို စောင့်ရှောက်မှုပေးနိုင်ရဲ့လား
တစ်ကိုယ်ရေသန့်ရှင်းစေဖို့နဲ့ကျန်းမာစေဖို့ တစ်နေ့ကိုနှစ်ကြိမ်ရေချိုးပါ။ရေချိုးတယ်ဆိုမှတော့ ခန္ဓာကိုယ်ပေါ်ကချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ အနံ့အသက်ဆိုးတွေကို ကင်းစေချင်မယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီတော့ရေချိုးရင် ဆပ်ပြာသုံးကြတယ်ဟုတ်။ ဆပ်ပြာသုံးတဲ့အခါ အလွယ်တကူ ရှိတဲ့ဆပ်ပြာကိုပဲ သုံးလိုက်တာများမယ်ထင်ပါတယ်။ ဒီလိုသုံးလိုက်တာကလည်း ရေချိုးဆပ်ပြာ တိုင်းက အနံ့လေးမွှေးနေတာကြောင့် ပါပါမယ်။ ဒါပေမယ့် ဆပ်ပြာတိုင်းက အသားအရေကို ပြည့်ပြည့်ဝဝ အထောက်အကူမပြုနိုင်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်လား။လူတော်တော်များများဆပ်ပြာဝယ်တဲ့အခါ ဘာကိုကြည့်ပြီးရွေးမယ်ထင်လဲ။ အနံ့လေးမွှေးလားဆိုပြီး အရင်နမ်းကြည့်ကြတယ်ဟုတ်။ သူငယ်ချင်းကိုတောင် အဖော်ခေါ်ပြီးမွှေးတယ်နော်လို့ပြောတတ်ကြတာ ကိုယ်တွေ မိန်းကလေးတွေရဲ့အကျင့်နော်။ အနံ့မွှေးတဲ့ဆပ်ပြာလေးနဲ့ရေချိုးလိုက်ရင် စိတ်ထဲမှာ ကြည်လင်လန်းဆန်းတယ်ဆိုပေမယ့်ရေရှည်မှာ အမွှေးနံ့ပြင်းတာက အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။အသားအရေခြောက်သွေ့မှုကရေရှည်မှာအပေါ်ယံအရေပြားကွဲအက်တာကိုဖြစ်စေပြီး ဒီအရေပြားကွဲတဲ့နေရာတွေကနေတဆင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေရောက်သွားစေနိုင်ပါတယ်။ ဒီလိုကနေ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။နောက်တစ်ချက်က အချို့သောဆပ်ပြာတွေက ဓါတုပစ္စည်းပြင်းတွေပါတာကြောင့်ရေရှည်မှာ အသားအရေကိုထိခိုက်စေနိုင်ပါတယ်။ဘက်တီးရီးယားအားလုံးကိုလည်း မဖယ်ရှားပေးနိုင်ပါဘူး။ ဒီတော့ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေကပျော်ပျော်ကြီးလိုက်လာပြီပေါ့။ဆပ်ပြာရွေးတဲ့အခါ အမွှေးနံ့ထက် သတိထားရမယ့် အခြားအချက်တွေရှိပါသေးတယ်။အရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ ခံတပ်ခိုင်မှ ကျန်းမာမှာပေါ့။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာစေဖို့ အရေပြားကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အရေပြားကို အဓိကသက်ရောက်နေတဲ့ အကြောင်းအရာတွေက အများကြီးရှိပါတယ်။ ဒါတွေကတော့။တစ်နေ့တာမှာ ထိတွေ့လာတဲ့ ဘက်တီးရီးယားတွေ၊ ညစ်ညမ်းမှုတွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ဖို့က ဆပ်ပြာကောင်းကောင်းသုံးဖို့လိုပါမယ်။ ဆပ်ပြာက ဓါတုပစ္စည်းတွေအများကြီးပါနေမယ်ဆိုရင် အသားအရေကခြောက်သွေ့ပြီး အရေပြားထိခိုက်တာ၊ ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုက်ဆပ်ပြာကိုသေချာလေးဂရုစိုက်ရွေးဖို့လိုပါလိမ်မ့ယ်။ ဒါမှာ ကျန်းမာတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်တော့မပေါ့။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%9b%e1%80%81%e1%80%ba%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%ac%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%80-%e1%80%a1%e1%80%9e/
မျိုးအောင်ဆေးများ- ဟော်မုန်းထိုးဆေး, ကလိုမစ်ဒ် နှင့် အခြားထိုးဆေးများ
စုံတွဲ၂၅ရာခိုင်နှုန်းလောက်ပဲ သူတို့ရဲ့ပထမဆုံးကြိးပမ်းမှုမှာ ကိုယ်ဝန်ရတတ်လေ့ရှိပါတယ်။ ၉၀ရာခိုင်နှုန်းကတော့ တစ်နှစ်ခွဲလောက်မှာ ရလေ့ရှိပါတယ်။သင်နဲ့သင့်ပါတနာဟာ ၉၀ရာခိုင်နှုန်းထဲပါတယ်ဆိုရင် ကလေးမရနိုင်မယ့်တစ်ရှုးတွေ ရှိနေလို့ပါ။ ဆရာဝန်တွေက သင့်ကိုစစ်ဆေးပြီးရင်တော့ ဟော်မုန်းတွေကို လှုံ့ဆော်ပေးမယ့် ဆေးတွေပေးပါလိမ့်မယ်။ဒီနေရာမှာ ကလေးမြန်မြန်ရစေမယ့်တစ်ရှုးတွေဖြစ်ပေါ်စေဖို့ treatmentတွေ ရှိပါတယ်။Clomifene citrate(CC): ပုံမှန်မဟုတ်တဲ့သားဥအိမ်ရှိတဲ့ အမျိုးသမီးတွေဖြစ်ပြီး ကလေးမရနိုင်မှုအတွက် ဆေးတွေညွှန်းပေးမှာပါ။ ပုံမှန်ကတော့ ရာသီလာစဉ် ၂ရက်မြောက်နေ့နဲ့ ၆ရက်မြောက်နေ့မှာ ၅၀မီလီဂရမ်သောက်ဖို့ဖြစ်ပါတယ်။တစ်ကယ်လို့ ၇ရက်အတွင်း သားဥမကြွေရင် ပိုတိုးရပါတယ်။ ဒါပေမယ့် ၃ကြိမ်ကနေ ၆ကြိမ်အထိပဲ သုံးစွဲသင့်ပါတယ်။သူက ဦးနှောက်ကို သားဥကြွေစေတဲ့ဟော်မုန်းတွေ ထုတ်လွှတ်စေပါတယ်။ ယောက်ျားလေးတွေလည်း အသုံးပြုနိုင်ပါတယ်။သူ့မှာပါဝင်တဲ့ဆေးတွေက လိုအပ်တဲ့ဟော်မုန်းတွေအတွက် ဖြစ်ပါတယ်။ ဆေးသုံးစွဲတာတောင် အဆင်မပြေသေးရင် ထိုးဆေးတွေပါ ပေးနိုင်ပါတယ်။ယောက်ျားလေးတွေအတွက်ကျတော့ သုတ်ပိုးထုတ်လွှတ်မှုတိုးပွားစေပြီး ကျန်းမာရေးကောင်းစေပါတယ်။ ဒါပေမယ့် သိသာတဲ့ရလာဒ်ရဖို့ ၃နှစ်လောက်စောင့်ရပါမယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99/
သွေးသွင်းရတော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။
သွေး အုပ်စု၄ခုရှိတယ်။ သွေးတွေက သူ့သွေးအမျိုးအစားတိုင်း သွင်းမှရတယ်ဆိုတော့ လူတိုင်းလူတိုင်း ကိုယ့်သွေး အမျိုးအစားကို သေသေချာချာ တိတိကျကျ သိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သွေး အမျိုးအစားနဲ့ ပက်သက်ပြီး လူတိုင်း မသိသေးတဲ့အချက်တွေကို ပြောပြပေးသွားမှာ ဖြစ်တာကြောင့် အားလုံး ဖတ်ကြည့်သင့်တယ်နော် ။ ။သွေး အမျိုးအစား ၄ မျိုးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ A B AB O ဆိုတဲ့ လေးမျိုးပေါ့။ ဒီ ၄ မျိုးကိုမှ အပေါင်းသွေး အနှုတ်သွေးလေးပါ ထပ်ထည့်လိုက်ရင် စုစုပေါင်း ၈ မျိုးကွဲသွားပါတယ်။ ဒီတော့သွေး အုပ်စု၈ ခုလောက်ရှိတယ်လို့ ပြောရမှာပေါ့။ ကံကောင်းတာက လက်ထိပ်လေးတစ်ချက်ဖောက်လိုက်တာနဲ့တင် ကိုယ့်သွေး အမျိုးအစားကို လွယ်လွယ်ကူကူ အချိန်တိုတွင်း သိနိုင်တယ်ဆိုတာပါပဲ။ကိုယ်ဘာသွေးလဲဆိုတာကို သိထားတဲ့အခါကျတော့သွေးအမျိုးအစားအလိုက် ဖြစ်တတ်တဲ့ရောဂါတွေကို ကြိုသိနိုင်မယ်၊ ခွဲစိတ်မှုပြုလုပ်လို့ သွေးတွေလိုခဲ့ရင်လည်း ကြိုရှာထားလို့ရမယ်၊ သွေးမတူတာသွင်းမိတာမျိုးတွေလည်း မဖြစ်တော့ဘူး၊နောက်ပြီး ကိုယ်နဲ့ သွေးအမျိုးအစားချင်းတူတဲ့သူဆီကိုသွေးလှူလို့လည်းရတော့ ဘယ်လောက် အကျိုးများလဲ။ ဒါ့ကြောင့် လက်ထိပ်လေး တစ်ချက်လောက်နာမှာကို တွေးကြောက်ပြီး ကိုယ်ဘာသွေးလဲဆိုတာကို မစစ်ဘဲမနေပါနဲ့။ဘယ်လို သွေး အမျိုးအစားပဲ ဖြစ်ဖြစ် အားလုံးတူတဲ့အချက်ကတော့ သူတို့မှာ အောက်ဆီဂျင်တွေ သယ်ပေးတဲ့သွေးနီဥ၊ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့သွေးဖြူဥ၊ ထိခိုက်ဒဏ်ရာရရရင် သွေးတိတ်အောင်လုပ်ပေးတဲ့ platelets နဲ့ သွေးဆဲလ်အားလုံး၊ ပရိုတင်းတွေနဲ့ ဓါတ်ဆားတွေကို သယ်ထားပေးတဲ့ သွေးရည်ကြည့်ဆိုတဲ့ ၄ ခုလုံးပါဝင်နေတဲ့အချက်ပါ။သွေးအုပ်စု ၈ မျိုးမှာ သူတို့ကိုယ်ပိုင် antigens နဲ့ antibodies တွေရှိကြပါတယ်။ ဒီ antigens နဲ့ antibodies တွေကပဲ သွေးတစ်ခုနဲ့တစ်ခုဓါတ်မတည့်တဲ့ ပြဿနာတွေကို ဖြစ်စေတာပါ။ မြင်လွယ်အောင် ပြောရရင် A သွေးကို B သွေးပိုင်ရှင်ကိုယ်ထဲ ထည့်လို့မရတာ သူတို့ကြောင့်ပါ ။ ။ အဓိက ပြောရရင် သွေးတွေမှာပါဝင်တဲ့ ပစ္စည်းတွေအားလုံးနီးပါးတူပေမယ့် ဒီ antigens တွေကြောင့် အုပ်စုကွဲသွားပြီး ကိုက်ညီတဲ့ အမျိုးအစား အချင်းချင်းပဲ သွင်းလို့ရတာ ဖြစ်ပါတယ်။သွေးအမျိုးအစားအလိုက် ကွဲသွားတဲ့ antigens နဲ့ antibodies တွေကတော့။ဒီ သွေးတွေထဲက antigens တွေ antibodies တွေကို ရှာဖွေတွေ့ရှိခဲ့တဲ့သူကတော့ သြစတီးယားနိုင်ငံသားဆရာဝန် Karl Landsteiner ဆိုသူဖြစ်ပြီး ၁၉၃၀ ခုနှစ်မှာ ဆေးပညာရှေ့ဆောင်လမ်းပြ နိုဘယ်လ်ဆုကို ဒီသွေး အမျိုးအစားကြောင့်ပဲ ရရှိခဲ့ပါတယ်။အပေါင်းသွေးအနှုတ်သွေးဆိုတာ Rh + နဲ့ Rh – ကိုပြောချင်တာပါ။ Rh ဆိုတာ သွေးရည်ကြည်ထဲမှာရှိနေတဲ့ ပရိုတင်း တစ်မျိုးပါ။ + နဲ့ – ကွဲနေတယ်ဆိုတည်းက သူတို့ နှစ်ခုဟာ အရောမခံဘူးဆိုတာ အားလုံးသိကြမှာပါ။အပေါင်းသွေးဆိုရင်တော့ ပြဿနာမရှိပေမယ့် အနှုတ်သွေးပိုင်ရှင်တွေ အတွက်ကတော့သွေးသွင်းချိန်နဲ့ကိုယ်ဝန်ဆောင်ချိန်တွေမှာ သတိကြီးကြီးထားရမှာပါ။ဆီကို သွေးလှူလို့ရပါတယ်။ဆီကသွေးတွေ လက်ခံလို့ရပါတယ်။ဆီကသွေးတွေ လက်ခံလို့ရပါတယ်။ဆီကသွေးတွေ လက်ခံလို့ရပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/blood-types/
ကင်ဆာရောဂါနဲ့ ပက်သက်ပြီး ကိုယ်သိထားတွေက မှန်နေလား၊ မှားနေလား ။ ။
ကင်ဆာဆိုတဲ့ စကားလုံးကို စိမ်းတဲ့သူရှိမယ်မထင်ပါဘူး။ကင်ဆာဆိုတာ ကုသလို့ အရှင်းမပျောက်တဲ့ လူ့အသက်တွေကြွေအောင် ချွေနေတဲ့ ကြောက်စရာ ကောင်းလှတဲ့ ရောဂါတစ်ခုလို့ အကြမ်းဖျင်း လောက်သာသိထားကြပါတယ်။ ကင်ဆာကို လူတိုင်းကြားဖူးသလို သူနဲ့ ပက်သက်ပြီးတော့ အမှတ်မှားနေတဲ့ တစ်ချို့အရာတွေလည်းရှိနေပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကင်ဆာနဲ့ပက်သက်တဲ့ တစ်ချို့လွဲနေတဲ့ အယူလေးတွေ အကြောင်းရှင်းပြချင်ပါတယ်။ ။ကင်ဆာကို အရပ်ခေါ် အနေနဲ့ မြစ်ပွားနာလို့ ခေါ်ကြပါတယ်။ နာမည်အတိုင်း ပွားတတ်တယ်ဆိုပေမယ့် လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို မဟုတ်ပါဘူး။ ကိုယ်တွင်းကလီစာတွေ အချင်းချင်းဆီကိုကင်ဆာဆဲလ်တွေ ပျံ့တတ်တာကို ပြောတာပါ။ကင်ဆာတိုင်းကမျိုးရိုးလိုက်တတ်တာ မဟုတ်ပါဘူး။ တစ်ချို့မျိုးရိုးမလိုက်တဲ့ ကင်ဆာတွေလည်းရှိပါတယ်။ ဒီထဲကမှရင်သားကင်ဆာ၊သားဥအိမ်ကင်ဆာ၊ဆီးကျိတ်ကင်ဆာအူမကြီးကင်ဆာတို့ကတော့ နာမည်ကြီးတဲ့ မျိုးရိုးလိုက်တဲ့ ကင်ဆာတွေပါ။ ကိုယ့်မျိုးရိုးထဲ ကင်ဆာတစ်ယောက်ရှိခဲ့ရင် ကိုယ့်ဘက်ကကြို သတိထားလို့ရသွားတဲ့အတွက် ဆရာဝန်ဆီမှာ ပုံမှန်ဆေးစစ်ဖို့ မမေ့ပါနဲ့။ ကင်ဆာဆိုတာ စောစောသိလေ စောစောကုသနိုင်လေ ပိုကောင်းတဲ့ အရာပါ။ဒီဟာက မှားနေတဲ့ အရာတစ်ခုပါ။ကင်ဆာတော်တော်များများက မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။ ကိုယ်ရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို သေချာသတိထားဆင်ခြင်လိုက်ရင် ကင်ဆာ ၁၀ ခုမှာ ၆ ခုလောက်က မဖြစ်နိုင်တော့ပါဘူး။ကင်ဆာတိုင်းက ကုသလို့ အရှင်းမပျောက်ဘူးဆိုတာ မဟုတ်ပါဘူး။ ကင်ဆာသုတေသီများရဲ့ပြောကြားချက်အရ ကင်ဆာဖြစ်လို့ကုသပြီး နောက် ၅နှစ်အထိ ကင်ဆာဆဲလ်တွေ မတွေ့ရတော့ဘူးဆိုရင် အဲ့ဒီကင်ဆာက ကုသလို့ပျောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊အရေပြားကင်ဆာ၊ သိုင်းရွိုက်ဂလင်းကင်ဆာ နဲ့ ဝှေးစေ့ကင်ဆာတို့ဟာ စောစောသိလေ စောစောကုသလေ အရှင်းပျောက်လေဖြစ်တဲ့ ကင်ဆာတွေပါ။ကင်ဆာကို ကုသတဲ့လမ်းတွေဖြစ်တဲ့ကင်ဆာဆေးသွင်းတာ၊ဓါတ်ရောင်ခြည်ကင်တာတွေက ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ လူနာတွေကို ဆိုးရွားစွာပျို့အန်တာ၊ ဆံပင်ကျွတ်စေတာ၊ အစားမဝင်တာတွေကို ဖြစ်စေတာမှန်ပါတယ်။ ဒါပေမယ့် ကင်ဆာကို ကုသတဲ့နည်းတိုင်းက ကင်ဆာဆဲလ်တွေကိုပဲ အဓိကပစ်မှတ်ထားတာမဟုတ်ပါဘူး။ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်သာစေဖို့ပါ ထည့်သွင်းကုသပေးထားတာပါ။ ဒီတော့ ကုသနည်းနှစ်မျိုးလုံးကို သေချာခံယူတဲ့ လူနာတွေ အနေနဲ့ ကင်ဆာကြောင့်ဖြစ်တဲ့ဝေဒနာခံစားရတာတွေလည်း နည်းမှာဖြစ်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိပ်မခံစားရတော့တာကြောင့် သက်တမ်းစေ့ နေနိုင်သွားမှာ ဖြစ်ပါတယ်။ ကင်ဆာဖြစ်ပြီး သက်တမ်းစေ့နေချင်ရင်တော့ ကုသမှုတွေ ခံယူသင့်ပါတယ်။ဒီဟာက တော်တော်လွဲမှားနေတဲ့ အရာတစ်ခုပါ။ ကင်ဆာတွေ နေရာတစ်ခုကနေ တစ်ခုကို ပြန့်ဖို့အတွက် လမ်းကြောင်း ၂ ခုရှိပါတယ်။ ပြန်ရည်ကြောစနစ်လို့ခေါ်တဲ့ lymphatic system နဲ့ သွေးလည်ပတ်မှုကနေတစ်ဆင့် ပြန့်နိုင်တာပါ။ ခွဲစိတ်မှုကြောင့် ကိုယ်တွင်းမှာ ကင်ဆာဆဲလ်တွေ ပျံ့ကုန်တယ်ဆိုတာ အင်မတန်မှ ဖြစ်ခဲ့တဲ့အရာတစ်ခုပါ။လေ့လာချက်တွေအရ ကင်ဆာဆဲလ်တွေက ပုံမှန်ဆဲလ်တွေထက်သကြားကိုပိုစုပ်ယူတာ မှန်ပေမယ့် ဒီလိုစုပ်ယူတာကြောင့် ကင်ဆာပိုဆိုးလာတယ်ဆိုတာတော့ မရှိပါဘူး။ သကြားမစားဘဲ နေလိုက်ရင် ကင်ဆာဆဲလ်တွေ ကျုံ့သွားမယ်ဆိုတာလည်း မဟုတ်ပါဘူး။တစ်ချို့ရှိပါတယ်။ ကင်ဆာအဖုလေးတစ်လုံး ဖြစ်လာပြီဆိုတာနဲ့ သစ်ရွက်တွေနဲ့ အုံတာမျိုးတွေ ။ ဒါတွေက ကင်ဆာကို တိုက်ရိုက်ကြီးဆိုးသွားစေတာ မဟုတ်ပေမယ့် အုံထားတဲ့နေရာမှာ ချွေးအိုက်ပြီး ပိုးမွှားတွေ ပေါက်နေတာ၊ ကိုယ်သုံးတဲ့သစ်ရွက်က မသန့်တာမျိုးတွေကြောင့် အနာတွေ ဖြစ်ပြီး ကင်ဆာကို ပိုဆိုးသွားစေတတ်တာမျိုးပါ။ဒါတွေကတော့ ကင်ဆာနဲ့ ပက်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေ ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ လွဲမှားနေတဲ့ အယူလေးတစ်ချက်ကြောင့် ဆိုးဝါးတဲ အရာတွေ ဖြစ်လာနိုင်တာကြောင့် မသိလိုက်ဘူး မဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို လူတိုင်း ဖတ်ကြည့်စေချင်ပါတယ်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cancer-myths/
အသည်းရောဂါ ရှာဖွေအတည်ပြုခြင်းအကြောင်း သိကောင်းစရာ
ဆရာဝန်ဆီ သွားရောက်ပြသခြင်းဟာ အနည်းငယ်ကြောက်စရာကောင်းနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ ဆရာမတွေဟာ သင့်ကိုအကြောင်းရင်းတစ်စုံတစ်ရာ မပြောပြပဲ သွေးဖေါက်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုသွေးဖောက် စစ်ဆေးမှုတွေအကြောင်းကို စိုးရိမ်မှုလျော့ပါးစေဖို့ ရှင်းပြပေးမှာ ဖြစ်ပါတယ်။သင့်ဆရာဝန် ပထမဆုံးလုပ်မယ့်အရာကတော့ ကိုယ်ခန္ဓါ စစ်ဆေးမှုပြုလုပ်ပြီး ကျန်းမာရေးရာဇဝင် မေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို မေးခွန်းတွေ မေးပြီး ရောဂါလက္ခဏာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကတော့-။• အသားဝါခြင်း၊ မျက်လုံးဝါခြင်း။• ဗိုက်အောင့်ခြင်း၊ ရောင်ရမ်းခြင်း။• ခြေထောက်၊ ခြေချင်းဝတ် ရောင်ရမ်းခြင်း။• အရေပြား ယားယံခြင်း။• ဆီးအရောင်ရင့်ခြင်း။• ဝမ်းအရောင် ဖျော့ခြင်း၊ သွေး ပါခြင်း (သို့) ကတ္တရာစေးရောင် ဝမ်းသွားခြင်း။• နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း။• ပျို့အန်ခြင်း။• အစာစားချင်စိတ် မရှိခြင်း။• အလွယ်အကူ အညိုအမဲ စွဲခြင်း။ဒီလက္ခဏာတွေကို ရှာဖွေပြီးချိန်မှာ သင့်ဆရာဝန်က သင့်ကို ကျန်းမာရေးရာဇဝင်အကြောင်း မေးမြန်းမှာ ဖြစ်ပါတယ်။ သင့်မိသားစုထဲမှာ အသည်းရောဂါရှိသူရှိရင်၊ သောက်နေတဲ့ဆေးတွေ ရှိရင်၊ ဆေးဘက်ဝင် အပင်မှ ထုတ်ကုန်များ၊ အခြားကျန်းမာရေး အခြေအနေ တွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။သင့်ဆရာဝန်က မကြာသေးမီက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ ဥပမာ လိင်ဆက်ဆံခြင်း၊ ဆေး၊ အရက်သုံးစွဲခြင်း၊ ညစ်ညမ်းသော အပ်များ မျှဝေသုံးစွဲဖူးခြင်းတွေကို လက္ခဏာတွေရဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို ရှာဖွေဖို့ မေးမြန်းနိုင်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်ကို အလုံးစုံပြောပြဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ရှက်စရာကောင်းတယ်လို့ ယူဆသည်ဖြစ်စေ၊ ရိုးစင်းတယ်လို့ ယူဆသည်ဖြစ်စေ ပြောပြသင့်ပါတယ်။ ဒါတွေဟာ သင့်အသည်းရောဂါရဲ့ အရိပ်အမြွက် ဖြစ်နိုင်ပါတယ်။ ပြီးရင်တော့ ဆရာဝန်က အသည်းရောဂါလက္ခဏာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ အသည်းနေရာကို ဖိကြည့်ပြီး အောက်ပါအချက်တွေကို ရှာဖွေမှာ ဖြစ်ပါတယ်။• အသည်းကြီးခြင်း– အသည်းကြီးခြင်းဟာ အသည်းရောင်ခြင်း၊ ပိတ်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ ကင်ဆာ အစရှိတာတွေရဲ့ လက္ခဏာ ဖြစ်ပါတယ်။• စမ်းမိတဲ့ အကျိတ်– တကယ်လို့ သင်စမ်းမိတဲ့ အကျိတ်ရှိတယ်ဆိုရင် သင့်ဆရာဝန်ကလည်း သတိထားမိနိုင်ပါတယ်။ ဒါဟာ ကင်ဆာ ရှိမရှိ သိနိုင်ဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။• ပုံမှန်မဟုတ်သော အသည်းပုံသဏ္ဍာန်– အသည်းမာခြင်း၊ ပုံမှန်မဟုတ်သော ပုံသဏ္ဍာန် ရှိခြင်း၊ တုံးသော အစွန်းရှိခြင်း။ အသည်းခြောက်ခြင်းကြောင့် အသည်းမှာ အမာရွတ် ထင်ကျန်တတ်ပါတယ်။• အသည်းနာခြင်း– အသည်းနာကျင်ခြင်းဟာ သွေးထွက်ခြင်း၊ အသည်းရောင်ခြင်း၊ ကင်ဆာရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။အသည်းစစ်ဆေးမှုအပြင် သင့်ဆရာဝန်က ကိုယ်ခန္ဓါရဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။ အောက်ပါအချက်တွေက သင့်ဆရာဝန် ရှာဖွေမယ့် အချက်တွေ ဖြစ်ပါတယ်။• ဝမ်းဗိုက်ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဝမ်းဗိုက်အတွင်း အရည်စုခြင်း။• သရက်ရွက် ပုံမှန်မဟုတ်ပဲ ရောင်ရမ်းခြင်း။• အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ခြင်း။• အသားဝါခြင်း၊ မျက်လုံးဝါခြင်း။• အရေပြား ယားယံခြင်း။• ခြေထောက်၊ ခြေချင်းဝတ် ရောင်ခြင်း။• ရှင်းမပြနိုင်သော အညိုအမဲစွဲခြင်းများ။သင့်ဆရာဝန်က အခြားစစ်ဆေးမှုတွေကို ပြုလုပ်ပြီး ရောဂါရှာဖွေမှာ ဖြစ်ပါတယ်။ အသည်းရောဂါ ကိုအဖြေရှာဖို့ စစ်ဆေးမှု သုံမျိုးရှိပါတယ်။ သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးနည်းတွေနဲ့ အသားစ စစ်ဆေးခြင်း တွေပဲဖြစ်ပါတယ်။အသည်းရောဂါအတွက် အဓိက စစ်ဆေးမှုကတော့ သွေးစစ်ဆေးမှု ဖြစ်ပြီး သင့်ဆရာဝန်က ဒီစစ်ဆေးမှုကို အရင်လုပ်မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုတွေဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။• သွေးဆဲလ် အရေအတွက်– သူဟာ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမွှားဥ (သွေးခဲခြင်းကိုဖြစ်စေသော သွေးဆဲလ်) တွေ ကျဆင်းခြင်းကို ဖေါ်ပြနိုင်ပါတယ်။ ဒါဟာ သွေးဆဲလ် ထုတ်လုပ်မှုကို တားမြစ်တဲ့ အသည်းရောဂါဆိုးဝါးမှုကို ဖေါ်ပြခြင်း ဖြစ်နိုင်ပါတယ်။• အသည်းအင်ဇိုင်းတက်ခြင်း– သွေးအတွက် အင်ဇိုင်းတွေဖြစ်တဲ AST နဲ့ ALT စစ်ဆေးမှုတွေ ဖြစ်ပါတယ်။ ဒီအင်ဇိုင်းတွေကို အသည်းက ထုတ်လုပ်ပါတယ်။ အင်ဇိုင်းများစွာ ရှိခြင်းဟာ အသည်းရောဂါကို ဖေါ်ပြပြီး အသည်းထိခိုက်မိခြင်း၊ အသည်းရောင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အသည်းအင်ဇိုင်းတွေဟာ အရက်သောက်ခြင်းကြောင့် ဖြစ်စေ၊ အရက်မသောက်တဲ့အသည်းရောဂါတွေမှာ ဖြစ်စေ မြင့်တက်နိုင်ပါတယ်။• GGT နဲ့ ALP တက်ခြင်း– ဒီအင်ဇိုင်းတွေဟာ အသည်းရောဂါဖြစ်စဉ်မှာ တက်နိုင်ပါတယ်။ သူတို့ကို ပုံမှန်အားဖြင့် သည်းခြေပြွန်တွေက ထုတ်လုပ်တာ ဖြစ်ပါတယ်။• Bilirubin (အဝါဓါတ်) တက်ခြင်း– အသည်းရောဂါတွေမှာ bilirubin တက်နိုင်ပါတယ်။ bilirubin ကို အသည်းက ကိုယ်ခန္ဓါ ပြင်ပကို ထုတ်လုပ်ပေးပါတယ်။ bilirubin များနေခြင်းဟာ သွေးခဲစေတဲ့ အရာတွေ များနေခြင်းကို ဖေါ်ပြပြီး သွေးထွက်နှုန်း များကာ အလွယ်တကူ သွေးခြေဥနိုင်ပါတယ်။• Albumin နည်းခြင်း– Albumin ကို အသည်းက ထုတ်လုပ်တာ ဖြစ်ပါတယ်။ သင့်မှာ အသည်းရောဂါရှိရင် ကိုယ်ခန္ဓါ အသုံးပြုဖို့ လိုအပ်တဲ့ albumin တွေကို အသည်းက မထုတ်လုပ်နိုင်တော့ပါဘူး။ကိုယ်ခန္ဓါ စစ်ဆေးမှု၊ ရောဂါရာဇဝင် စစ်ဆေးမှုနဲ့အတူ သွေးအဖြေတွေက အောက်ပါ အသည်းရောဂါတွေကို ဖေါ်ပြနိုင်ပါတယ်။• အရက်ကြောင့် ရုတ်တရက် အသည်းရောင်ခြင်း။• ဗိုင်းရပ်စ်ကြောင့် အသည်းရောင်ခြင်း (အသည်းရောင် ရောဂါပိုး အေ၊ ဘီ၊စီ)။• ကိုယ်ခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်မှုကြောင့် အသည်းရောင်ခြင်း။• အသည်းတွင်းရှိသည်းခြေပြွန်ပျက်စီးခြင်း (Primary biliary cirrhosis)။• အရက်ကြောင့် မဟုတ်ပဲ အသည်းအဆီဖုံးခြင်း။ပုံရိပ်ဖော်စစ်ဆေးနည်းတွေဟာ အသည်းရောဂါအတည်ပြုဖို့အတွက် အခြားစစ်ဆေးမှု အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို အသည်းမှာ ရှိတဲ့ အကျိတ်အရွယ်အစား၊ အမာရွတ်ထင်ခြင်းတွေကို ရှာဖွေလို့ အသုံးပြုပါတယ်။ ဒီနည်းလမ်းတွေကတော့-။• ဝမ်းဗိုက် ဓါတ်မှန်။ ။ X-ray တွေဟာ ကိုယ်ခန္ဓါအတွင်းပိုင်း ဓါတ်ပုံတွေကို အဖြူအမဲ ပုံစံနဲ့ ပြသမှာ ဖြစ်ပါတယ်။• ကွန်ပျူတာဓါတ်မှန် (CT) ။ ။ သူဟာ ကိုယ်ခန္ဓါရဲ့ ဖြတ်ပိုင်းပုံတွေကို ပြုလုပ်ဖို့ အထူးပြုလုပ်ထားတဲ့ X-rays တွေကို အသုံးပြုပါတယ်။• သံလိုက်ဓါတ်မှန် (MRI)။ ။ MRI ဟာ ကြီးမားတဲ့ သံလိုက်နဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး ကိုယ်အင်္ဂါတွေကို ရှာဖွေဖို့နဲ့ ကိုယ်ခန္ဓါအတွင်းမှာရှိတဲ့ အရာတွေကို ရှာဖွေဖို့ အသုံးပြုတာဖြစ်ပါတယ်။ သူဟာ X-rays နဲ့ CT ထက် ပိုအသေးစိတ်တဲ့ ဓါတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။• မုန့်ချိုအိတ်နှင့်သည်းခြေပြွန် မှန်ပြောင်းကြည့်ခြင်း (ERCP)။ ။ ကင်မရာကို မှန်ပြောင်း ရဲ့ တစ်ဖက်မှာ တပ်ဆင်ထားပြီး သည်းခြေပြွန် သို့ မုန့်ချိုအိတ်ပြွန် ပြဿနာတွေကို ရှာဖွေဖို့ အသုံးပြုပါတယ်။X-ray၊ CT နဲ့ MRI ရိုက်စဉ်မှာ အသည်းရဲ့ ဓါတ်ပုံတွေကို ရိုက်ဖို့ စက်တစ်ခုပေါ်မှာလဲလျောင်းနေသင့်ပါတယ်။ ဒီစစ်ဆေးမှုတွေကြောင့် နာကျင်မှုကို ခံစားရမှာမဟုတ်ပဲ အထူးတလည် ကြိုတင်ပြင်ဆင်ဖို့လည်း မလိုပါဘူး။မှန်ပြောင်းကြည့်ဖို့ အတွက်ဆိုရင်တော့ သင့်ဆရာဝန်က ဒီစစ်ဆေးမှုရဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို ပြောပြမှာ ဖြစ်ပါတယ်။ မှန်ပြောင်းမကြည့်ခင် ၈ နာရီလောက်ကြိုပြီး အစာစားခြင်း၊ အရည်သောက်ခြင်း မပြုလုပ်သင့်ပါဘူး။ ဆေးလိပ်သောက်ခြင်းနဲ့ ပီကေဝါးခြင်းကို ဒီအချိန်အတွင်းမှာ မပြုလုပ်သင့်ပါဘူး။ မှန်ပြောင်းကြည့်နေစဉ်မှာ ဓါတ်မှန်ရိုက်သော ကုတင်ပေါ်မှာ ပက်လက် (သို့) ဘေးတစ်စောင်း လဲလျောင်းနေဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် နာကျင်မှု မခံစားရစေဖို့နဲ့ စိတ်တည်ငြိမ်စေဖို့ စိတ်ငြိမ်ဆေးကို သွေးကြောတွင်း ထိုးပေးနိုင်ပါတယ်။ ဆရာဝန်က မှန်ပြောင်းကို အစာမြိုပြွန်ထဲ ထည့်မှာ ဖြစ်ပြီး အစာအိမ်၊ အူသိမ်တွေ အထိ စစ်ဆေးမှာ ဖြစ်ပါတယ်။တစ်ရှူးစစ်ဆေးခြင်းကို အသည်းအသားစ ယူခြင်းလို့ ခေါ်ပြီး သင့်အသည်းရဲ့ အသားစကို ယူကာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှု ပြုစဉ် နာကျင်မှုကို မခံစားရစေဖို့ မေ့ဆေးကို အသုံးပြုမှာဖြစ်ပါတယ်။ သင့်ဆရာဝန်က အရေပြားကို အနည်းငယ် ခွဲရာပေးပြီး ရှည်လျားပါးလွှာတဲ့ အပ်ကို အသုံးပြုကာ အသည်း အသားစ ယူဖို့ အသည်းဆီကို သွားမှာ ဖြစ်ပါတယ်။ အသည်းအသားစ ယူပြီးရင်တော့ ခွဲစိတ်ရာကို ပြန်ပိတ်မှာ ဖြစ်ပါတယ်။ ဒါဟာ အမာရွတ်အနည်းငယ်သာ ထင်ကျန်မှာ ဖြစ်ပါတယ်။အသားစကို အသည်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေ၊ ဘက်တီးရီးယား၊ အဆီ တွေကို စစ်ဆေးဖို့ အနုကြည့်မှန်ပြောင်းနဲ့ ကြည့်မှာ ဖြစ်ပါတယ်။ ဒါဟာ ဆရာဝန်က သင့်အသည်းရောဂါကို အမည်တပ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။အထက်မှာ မဖေါ်ပြထားတဲ့ စစ်ဆေးမှုတွေလည်း ရှိနိုင်ပါတယ်။ သင့်မှာ စိုးရိမ်စိတ်တွေရှိနေခဲ့ရင် ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ အကောင်းဆုံးကျန်းမာရေး ဆုံးဖြတ်ချက်ချနိုင်ဖို့ သင့်နားလည်မှုဟာ အရေးကြီးပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%9b%e1%80%be%e1%80%ac%e1%80%96%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%8a%e1%80%ba%e1%80%95%e1%80%bc/
ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင်
ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်အမြှေးရောင် အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ဦးနှောက်အမြှေးရောင်တယ်ဆိုတာကဘာလဲ……….။ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ကျောရိုးနဗ်ကြောကို ဖုံးအုပ်ထားတဲ့ အမြှေးပါးလေးရောင်ရမ်းတဲ့ အခြေအနေတစ်ရပ်ပါ။ ဦးနှောက်အမြှေးရောင်တာက အရွယ်မရွေးဖြစ်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ဦးနှောက် အမြှေးရောင်ရောဂါက လူတစ်ဦးကနေ တစ်ဦးကို မကူးစက်နိုင်ပါဘူး။ရောဂါရှိတဲ့ခြင်ကိုက်ခံရမှသာကူးစက်နိုင်တာပါ။ ဦးနှောက်အမြှေးရောင်ရောဂါကမြန်မြန်သိပြီးမြန်မြန်ကုသနိုင်ရင်ပျောက်ကင်းနိုင်ခြေပိုများပါတယ်။ ကာကွယ်တာက ကုသတာထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်းဦးနှောက်အမြှေးရောင်ကို ကာကွယ်ဖို့ အကောင်းဆုံးသောနည်းလမ်းကကာကွယ်ဆေးထိုးနှံတာပါပဲ။ဘာတွေကြောင့်ဦးနှောက် အမြှေးရောင်ဖြစ်တာလဲ……..။ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ရတာကခြင်ကိုက်တာကနေတဆင့် ကူးစက်တဲ့ဗိုင်းရပ်စ်တွေကြောင့်ပါ။ရောဂါရှိတဲ့သူက အခြားတစ်ဦးကို ကိုင်တွယ်ထိတွေ့ရုံ၊ နမ်းရှုတ်ရုံလောက်နဲ့မဖြစ်သလိုရောဂါပိုးရှိနေသူကနှာချေ၊ချောင်းဆိုးတာတွေကနေတဆင့်လည်းရောဂါပိုးတွေ မကူးစက်နိုင်ပါဘူး။ အဓိကကတော့ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင် ကိုက်ခံရတာကြောင့်ဖြစ်ရတာပါ။ ဒီရောဂါကဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်သေသေချာချာကုသမှုမလုပ်ဘူးဆိုရင်တော့ အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ……။ဦးနှောက်အမြှေးရောင်ရောဂါက ကူးစက်ခံရသူရဲ့ အသက်အရွယ်ကိုလိုက်ပြီးခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့။ဘေဘီလေးတွေမှာ ဦးနှောက် အမြှေးရောင်ရောဂါခံစားရမယ်ဆိုရင်တော့။ဘယ်လိုကုသမလဲ………။ဦးနှောက်အမြှေးရောင်တာက သိပ်မပြင်းထန်ဘူးဆိုရင် ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ကုသမှုခံယူဖို့တော့လိုအပ်ပါမယ်။ အရမ်းပြင်းထန်ရင်တော့ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူရမှာပါ။ဘေဘီလေးတွေမှာတော့ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲနေကောင်းအောင်စောင့်ရှောက်ပေးလို့ရပါတယ်။ အကောင်းဆုံးကတော့ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးထားဖို့ပါ။ရောဂါခံစားလာရပြီဆိုရင်ကောင်းကောင်းအနားယူရပါမယ်။ အရည်များများသောက်ရပါမယ်။ ဒါမှ အဖျားကျပြီးအော့အန်တာ၊ချွေးထွက်တာတွေကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပါ။ အစားစားချင်စိတ်နည်းနေတဲ့အခါမျိုးမှာလည်း အာဟာရဖြစ်စေမယ့် သောက်စရာတွေကို တိုက်ပေးတာက အဆင်အပြေဆုံးပါ။နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ……..။ဦးနှောက်အမြှေးရောင်ရောဂါက ပြင်းထန်မယ်။ သေချာကုသမှု မခံယူမိဘူး ဆိုရင်တော့ နောက်ဆက်တွဲပြဿနာအနေနဲ့။ကာကွယ်လို့ရလား……..။ဦးနှောက် အမြှေးရောင်တာကို ကာကွယ်လို့ရပါတယ်။ အကောင်းဆုံး ကာကွယ်နည်းက ကာကွယ်ဆေးထိုးပေးတာပါ။ ကလေးငယ်တွေဟာ အသက် ၁ နှစ်ရောက်လာတဲ့အခါ ဦးနှောက်ရောင်ကာကွယ်ဆေးကို ထိုးနှံရပါမယ်။ဘေဘီလေးတွေဟာ အသက် ၂ လကနေ ၁၁ နှစ်အတွင်းမှာ ဦးနှောက်ရောင်ရောဂါကို ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေတတ်ပါတယ်။ ဒီလိုအချိန်မှာ အကောင်းဆုံးကာကွယ်နိုင်မယ့် နည်းလမ်းက။ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြမလဲ…………။ကလေးက။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/meningitis-in-children/
ဦးနှောက်မှာ အကျိတ်တည်တာနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းတွေ ။ ။
ဦးနှောက်မှာကင်ဆာကျိတ်တည်တယ် ဆိုတဲ့အကြောင်းကို ကြားဖူးကြမှာပါ။အာရုံကြောတွေ ဦးနှောက်ဆဲလ်တွေ အများကြီးနဲ့ဖွဲ့စည်းထားပြီး အလုပ်များလှတဲ့ ဦးနှောက်မှာ ကင်ဆာကျိတ်ရှိနေတယ်ဆိုတာ အင်မတန်မှ ဆိုးရွားတဲ့ ကိစ္စတစ်ခုပါ။ ဒီကနေ့မှာတော့ ဦးနှောက်မှာ ကင်ဆာကျိတ် တည်တဲ့အကြောင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ အကြောင်း ပြန်ဖြေပေးသွားမှာပဲ ဖြစ်ပါတယ် ။ ။Brain Tumorဆိုတာ ဦးနှောက်ဆဲလ်တွေ ပုံမှန် မဟုတ်ဘဲ ပွားလာတာမျိုးပါ။ ဦးနှောက်မှာ တည်တတ်တဲ့ ကင်ဆာကျိတ် ၂မျိုးရှိပါတယ်။အသက်အရွယ် မရွေး ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုဖြစ်နိုင်ပြီးတော့ မျိုးရိုးလိုက်တဲ့ နှုန်းကတော့ ၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ဘယ်လို အကြောင်းအရာတွေကြောင့် ဦးနှောက်ကင်ဆာကျိတ်တယ်ရတယ်ဆိုတဲ့ အကြောင်းအရင်းက သေသေချာချာတော့မရှိပါဘူး။ အခြား ဖြစ်နိုင်တာတွေကတော့။ဒါတွေကတော့ ဦးနှောက်ကင်ဆာ အကျိတ်တည်တာနဲ့ ပက်သက်ပြီး သိချင်နေကြတဲ့ လူတွေအတွက် အချက်အလက်တွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/brain-tumor/
null
null
eye-health
eye-health
https://hellosayarwon.com/eye-health/cataracts/%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%99%e1%80%ba-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ
ဆေးလိပ်သောက်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။ ယနေ့အခါတွင် ထိုစာတမ်းအား သင်ခဏခဏ တွေ့မြင်ဖူးမည်ဖြစ်ပြီး ၎င်း၏ မူကွဲများအဖြစ် “ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်ခွင့်မပြုပါ၊ ဆေးလိပ်သောက်ခြင်းက ဆိုးဝါး၏၊ ကလေးများရှိသောကြောင့် ဆေးလိပ်မသောက်ရ…” စသည်တို့အား နေရာအနှံ့တွင် တွေ့နိုင်၏။ကျွန်ုပ်တို့အားလုံးသည် ဆေးလိပ်က မိမိခန္ဓာကိုယ်နှင့် မိမိဘေးမှလူတို့အား ဘာတွေဖြစ်စေတတ်ကြောင်း သိထားပြီးသားပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အဆုတ်ကင်ဆာဖြစ်နေသော လူတစ်ယောက်အကြောင်း ကြားခဲ့ရသည်။သူကိုယ်တိုင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သွားရသည်မဟုတ်ဘဲ ဆေးလိပ်သောက်သူများနှင့် ပြည့်နေသော အင်တာနက်ဂိမ်းဆိုင်တွင် သွားဆော့ရာမှ ဖြစ်သွားခြင်းပင်။ ဒါသည် သူကိုယ်တိုင် မသောက်သည့်တိုင် ဘေးလူများက သူ့အား ရောဂါပေးသွားခြင်းပင်။ထို့ကြောင့်ဆေးလိပ်သည် အသက်ဆုံးရှုံးနိုင်ပါသည်။ ဘဝ၏အစပိုင်း အစောပိုင်းအဆင့် ကိုယ်ဝန်ဆောင်စဉ်အချိန်မှာတောင်မှ သန္ဓေသားအသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းသည် အထက်ပါဥပမာလို ကိစ္စမျိုးကို ဆိုလိုပါသည်။ သင်ကိုယ်တိုင် မသောက်သော်လည်း တခြားတစ်ယောက်၏ ဆေးလိပ်ငွေ့အား ရှူမိနေခြင်းဖြစ်သည်။ ကိုယ်တိုင်သောက်သည်ထက် အန္တရာယ်နည်းသော်လည်း အန္တရာယ်ရှိနေသေးသည်သာပင်။သင့်ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိလျှင် သင့်ကလေးအတွက်လည်း ကောင်းမည်မဟုတ်။ ယခုပြောနေသည်မှာကိုယ်ဝန်ကိစ္စဖြစ်သောကြောင့် သင်၏ သန္ဓေသား သို့မဟုတ် သင်၏မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါသည်။အထူးသဖြင့် ဆေးလိပ်သောက်ခြင်းသည် သင့်ခန္ဓာကိုယ်အတွင်းသို့ ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော်ကို ပျံ့နှံ့သွားစေပါသည်။ ထိုမှ သားဥကြွေမှု မူမမှန်ခြင်း၊ မျိုးရိုးဗီဇပြဿနာများ၊ မျိုးပွားအင်္ဂါထိခိုက်မှု၊ ကင်ဆာနှင့် ကိုယ်ဝန်ပျက်ကျခြင်းများလို မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်သည့် ပြဿနာများ ဖြစ်စေနိုင်ပါသည်။အသက် ၃၀ အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်းသည် ခက်ခဲ၏။ ဆေးလိပ်သောက်သူတစ်ယောက် အသက် ၃၀ အရွယ်တွင် ကိုယ်ဝန်ဆောင်ရန်က နှစ်ဆပိုခက်၏၊ သို့မဟုတ် သုံးဆလည်း ပိုခက်နိုင်သည်။ထို့အပြင် သင်သည်တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရသူဖြစ်ပါက မွေးလာသောကလေးတွင် ရုတ်တရတ် ကလေးသေဆုံးသော ရောဂါ (SIDS) ဖြစ်နိုင်ချေလည်း ရှိနေပါသည်။ ဆိုလိုသည်မှာ သင်ဆေးလိပ်မဖြတ်ပါက သို့မဟုတ် ဆေးလိပ်ငွေ့ဆက်ရှူနေပါက မွေးလာသောကလေးတွင် အန္တရာယ်ကြီးသည်ဟု အဓိပ္ပာယ်ရသည်။အမျိုးသားများတွင် သုက်ပိုးများကို ဆိုးဝါးစွာ ထိခိုက်နိုင်သည်။ အမျိုးသားများသုက်ပိုးနည်းခြင်း(ဆိုလိုသည်မှာ သုက်ပိုးကောင်ရေသည် သုက်တစ်ခါလွှတ်စာအတွက် မလုံလောက်ခြင်း) ကို ဖြစ်စေနိုင်သည်။ထို့အတူ သုက်ပိုးရွေ့လျားနိုင်စွမ်းကိုလည်း ကျစေနိုင်၏။ သဘာဝအားဖြင့် သုက်ပိုးများသည် အမျိုးသားဆီမှ အမျိုးသမီးထံရောက်ပြီးနောက် မမျိုးဥဆီသို့ ရောက်ရှိနိုင်ရန် ကူးခတ်ရ၏။ သို့သော် ရွေ့လျားနိုင်စွမ်း ကျနေပါက တခြားနေရာသို့ ရောက်သွားနိုင်သလို လုံးဝမရွေ့နိုင်တော့သည်လည်း ဖြစ်နိုင်ပါသည်။သိပ္ပံနည်းကျပြောရလျှင် ဆေးလိပ်သောက်သူ၏ သုက်ပိုးများသည် DNA ပိုပျက်စီးနေနိုင်၏။ သူတို့၏သန္ဓေသားသည်လည်း ကောင်းကောင်း အသက်ရှင်နိုင်မည် မဟုတ်ပါ။ ရှင်ခဲ့လျှင်လည်း မွေးရာပါ ချို့ယွင်းချက်များက စောင့်နေမည်ဖြစ်သည်။ထို့အပြင် ဆေးလိပ်ကြောင့် သုက်ပိုးများ အားနည်းသွားနိုင်ပြီး အားနည်းနေသော သုက်ပိုးများသည်လည်း သန္ဓေမအောင်နိုင်ပါ။ အောင်ခဲ့လျှင်လည်း ပျက်ကျရန် အခွင့်အရေးများပါသည်။ဆေးလိပ်ဖြတ်လိုက်ပါ။ အနည်းဆုံး ကိုယ်ဝန်မယူခင် ဆေးလိပ်ကို သုံးလကြိုတင် ဖြတ်ထားရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ မျိုးပွားအင်္ဂါအဖွဲ့အစည်းသည် ကလေးတစ်ယောက်ရရန် ကောင်းစွာပြန်ဖွံဖြိုးချိန် လိုအပ်သောကြောင့်ဖြစ်သည်။အချုပ်ဆိုရလျှင် ဆေးလိပ်သောက်ခြင်းသည် မကောင်းပါ။ အတော့်အတော်လေးကို မကောင်းပါ။ ဆေးလိပ်သည်အာရုံစူးစိုက်မှုကောင်းစေသည်။ စိတ်ကျေနပ်မှုရစေသည်ဟု ဆိုသော်လည်း ခံရမည့် နောက်ဆက်တွဲ ကပ်ဆိုးကြီးနှင့်ယှဉ်လျှင် မစားသာပါ။ သင့်ခန္ဓာကိုယ်နှင့် သင့်ပတ်ဝန်းကျင်မှ လူများအတွက်လည်း လုံးဝမကောင်းပါ။ ထို့ပြင် ဆေးလိပ်သောက်သလို ခံစားရနိုင်မည့် အာရုံစူးစိုက်ကောင်းခြင်း၊ စိတ်ကျေနပ်မှုရစေခြင်းတို့အတွက် တခြားသော လှုပ်ရှားမှုများ၊ အပန်းဖြေခြင်းများ ရှိနေသောကြောင့် တခြားသူများကို မထိခိုက်စေသည့် နည်းလမ်းကို ရွေးချယ်သင့်ပါသည်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-smoking-affects-fertility/
ရေတိမ် အကြောင်း သိကောင်းစရာ
ရေတိမ် ဆိုတာ မျက်လုံးထဲမှာရှိတဲ့ အာရုံကြောကို ထိခိုက်စေတဲ့ ရောဂါအခြေအနေတစ်မျိုးပါ။ မျက်လုံးထဲမှာ အကြောင်းတစ်စုံတစ်ရာကြောင့် ဖိအားများလာတဲ့အခါအာရုံကြောကို ဖိမိပြီး ပျက်စီးတတ်ပါတယ်။ သိပ်ပြင်းထန်လွန်းရင်အမြင်အာရုံလုံးဝဆုံးရှုံးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ရေတိမ်ရှိတဲ့သူတော်တော်များများဟာ နာတာ၊ တခြားလက္ခဏာခံစားရတာမျိုးမရှိပါဘူး။ တဖြည်းဖြည်းချင်း ပိုဆိုးလာပြီး နောက်ဆုံးအမြင်အာရုံလုံးဝကွယ်သွားတာပါ။ ဒီလိုကွယ်သွားပြီးရင် ပြန်မကောင်းလာနိုင်တဲ့အတွက် စောစောသိ စောစောကုနိုင်ဖို့လိုပါတယ်။ရေတိမ်ဆိုတာ မျက်လုံးအာရုံကြောပျက်စီးရာကနေဖြစ်လာတာပါ။ အာရုံကြောက တဖြည်းဖြည်းပျက်စီးလာတဲ့အတွက် အမြင်အာရုံထိခိုက်လာပါတယ်။ ဘာကြောင့်လဲဆိုတာ အတိအကျမပြောနိုင်ပေမယ့် ဒီလိုအာရုံကြောပျက်စီးတာက မျက်လုံးထဲမှာ ဖိအားများလာတာနဲ့ ဆက်စပ်နေပါတယ်။ဒီလိုဖိအားများလာရတာကတော့ မျက်လုံးထဲမှာရှိတဲ့ အရည်ကြည်တွေ များလာလို့ပါပဲ။ ပုံမှန်ဆိုရင် ဒီအရည်တွေကမျက်ကြည်လွှာနဲ့ မျက်ဆံကြားမှာရှိတဲ့ တောင့်ကနေ ထွက်သွားတာပါ။ အရည်ထုတ်တာများရင်ပဲဖြစ်ဖြစ်၊ အရည်ထွက်သွားတဲ့နေရာက ကောင်းကောင်းအလုပ်မလုပ်ရင်ပဲဖြစ်ဖြစ် အရည်တွေစုလာပြီး မျက်လုံးထဲက ဖိအားတွေများလာပါတယ်။ရေတိမ်က မျိုးရိုးလိုက်တတ်ပါတယ်တဲ့။ တချို့မျိုးဗီဇတွေက မျက်လုံးတွင်းဖိအားများတာ၊ မျက်လုံးအာရုံကြောပျက်စီးတာနဲ့ ဆက်စပ်နေပါတယ်။အဖြစ်အများဆုံးရေတိမ်အမျိုးအစားပါ။ ထောင့်ကျယ်ရေတိမ်လို့လဲ ခေါ်ကြပါတယ်။ မျက်လုံးထဲမှာရှိတဲ့ ပြွန်ကကောင်းနေပေမယ့် အရည်ကတော့ ကောင်းကောင်းမစီးပါဘူး။အာရှသားတွေ အဖြစ်များတဲ့ အမျိုးအစားပါ။ ထောင့်ကျဥ်းရေတိမ်လို့လဲခေါ်ပါတယ်။ မျက်ကြည်လွှာနဲ့ မျက်ဆံကြားက အရည်စွန့်တဲ့နေရာက ကျဥ်းလွန်းတဲ့အတွက် မျက်လုံးထဲက အရည်တွေက ကောင်းကောင်းမထွက်နိုင်ပါဘူး။ ဒါကြောင့် မျက်လုံးထဲမှာ ဖိအားတွေများလာတာပါ။ ဒါပြင်အဝေးမှုန်တာ၊အတွင်းတိမ်တွေနဲ့လည်း ဆက်စပ်နေပါတယ်။တခြားအဖြစ်နည်းတဲ့ ရေတိမ်တွေကတော့။ရေတိမ်ရဲ့ လက္ခဏာတွေကတော့ ဘယ်အဆင့်ရောက်နေပြီလဲ။ ဘယ်အမျိုးအစားလဲပေါ်မူတည်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာသွားပါတယ်။ထောင့်ပွင့်ရေတိမ် (Open-angle glaucoma)။ထောင့်ပိတ်ရေတိမ် (Angle-closure glaucoma)။မကုဘဲထားမယ်ဆိုရင် ရေတိမ်ကြောင့် မျက်စိလုံးလုံးကွယ်သွားနိုင်ပါတယ်။ ရေတိမ်ရှိတဲ့သူတွေက ကုသပြီးရင်တောင်မှ ၁၅ရာခိုင်နှုန်းက နှစ်၂၀အတွင်းမှာ မျက်လုံးတစ်ဖက်ကွယ်နိုင်ပါတယ်။နာတာရှည် ရေတိမ်က ဘာလက္ခဏာမှမပြခင် အမြင်အာရုံဆုံးရှုံးနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့အတွက် အောက်က အချက်ရှိတဲ့သူတွေက သတိထားပြီး ပုံမှန်စစ်ဆေးပါ။ရေတိမ်မဖြစ်အောင်ကာကွယ်လို့မရပါဘူး၊ ဒါပေမယ့် စောစောသိအောင်တော့ လုပ်လို့ရပါတယ်။ရေတိမ်ကစောစောသိလို့ စောစောကုနိုင်ရင် ပိုကောင်းပါတယ်။ ဒါကြောင့် အသက်၄၀ကျော်၊ ရေတိမ်မျိုးရိုးလည်းရှိတယ်ဆိုရင် မျက်စိက်ု တစ်နှစ်တစ်ခါ စစ်ဆေးပါ။ ဆီးချို ဒါမှမဟုတ် တခြားမျက်စိရောဂါတစ်မျိုးမျိုးရှိတယ်ဆိုရင် ဒီထက်ပိုပြီ ခပ်စိပ်စိပ်စစ်ဆေးရပါမယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/glaucoma/facts-to-know-about-glaucoma/
အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားစေဖို့
အခုခေတ် အမျိုးသမီးအများစုအတွက် ကတော့ အသက် ၃၀ ကျော်အရွယ်ဟာ ငွေရေးကြေးရေးပိုင်း တည်ငြိမ်ပြီးမိသားစုဘဝတည်ဆောက်ဖို့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ အချိန်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ဒါပေမယ့် ကိုယ်ဝန်ရှိနှုန်းဟာ သင်အသက် ၂၀ ကလောက် မများတော့ပါဘူး။ အထူးသဖြင့် အသက် ၃၅ နှစ်လောက် ရောက်ပြီဆိုရင် တစ်နှစ်အတွင်း ကိုယ်ဝန်ရှိနှုန်းဟာ ၇၅%ကနေ ၆၅% လောက်အထိ ကျဆင်းသွားတတ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အသက် ၃၀ကျော် အမျိုးသမီးတွေကိုယ်ဝန်ဆောင်နိုင်ခြေမြင့်မားဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။၁။ သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာအောင်နေပါ။သင့်လူမှုဘဝနေထိုင်ပုံဟာ ကိုယ်ဝန်ရှိနိုင်ခြေကို တိုးမြှင့်ပေးရာမှာ အရေးပါပါတယ်။ သင်ဟာ မကောင်းတဲ့ အချက်တွေဖြစ်တဲ့ဆေးလိပ်၊ကဖင်း၊ အရက်သောက်တယ်ဆိုရင်ကလေးရရှိနိုင်ခြေကို ကြီးမားစွာ ထိခိုက်နိုင်ပါတယ်။အခြားတစ်ဖက်မှာတော့ ကိုယ်အလေးချိန်များခြင်း၊ နည်းခြင်းတွေဟာ ဟော်မုန်းလုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပြီး ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း တိုးမြှင့်ပေးပါတယ်။ဒါကြောင့်BMIကို တွက်ချက်ပြီး ကိုယ်အလေးချိန်ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။ အချို့အစားအစာတွေဟာ ကလေးရနိုင်ခြေကို တိုးမြှင့်ပေးပါတယ်။ ဒီအစားအစာတွေကတော့။စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပိုမိုကောင်းမွန်စေခြင်းဟာလည်း ကိုယ်ဝန် ရရှိမှုအပေါ် သက်ရောက်မှုရှိတာကြောင့် သင်ကြိုက်နှစ်သက်ပြီး ကျန်းမာစေတဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ ချက်ပြုတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ယောဂကစားခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပိတ်ရက်မှာ အနားယူခြင်း၊ အိမ်ထောင်ဖက်နဲ့ အချိန်ပိုဖြုန်းခြင်းတွေ လုပ်သင့်ပါတယ်။၂။ အိမ်မှာ သင်ရော၊ သင့်အမျိုးသားအတွက်ပါ ကလေးရရှိရန် screening test ကို လုပ်သင့်ပါတယ်။သားဥကြွေတဲ့ လက္ခဏာတွေဖြစ်တဲ့ ကိုယ်ခန္ဓာအပူချိန်မြင့်တက်တာ၊ အဖြူပျစ်ပျစ်ဆင်းတာတွေကို ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်၊၊ ပိုသေချာချင်ရင် သားဥကြွေတာကို အိမ်မှာ ဆီးစစ်တံနဲ့ စစ်လို့ရပါတယ်၊၊ ကိုယ်ဝန်စစ်တဲ့ ဆီးစစ်တံနဲ့ အမျိုးအစား မတူတာကြောင့် သေချာမေးဝယ်သင့်ပါတယ်၊၊။ဒါ့ပြင် သင့်အိမ်ထောင်ဖက်ကိုသုက်ပိုးပမာဏနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ သူ့ကို ဝှေးစေ့ကျန်းမာရေး စစ်ဆေးစေခြင်း၊ အစားအသောက်ထဲကို အာဟာရမျှတအောင်ကျွေးခြင်း၊ ကိုယ်အလေးချိန်များနေရင် ကိုယ်အလေးချိန်နည်းအောင် ပြုလုပ်ခြင်း၊ ဝှေးစေ့တွေကို အပူဒဏ်မခံရအောင်ထားခြင်း အစရှိသည်တို့ ပြုလုပ်ပြီး ကျန်းမာရေး ကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။၃။ ကလးရဖို့ခက်နေရင် Fertility specialist ကို ပြသသင့်ပါတယ်။အကာအကွယ်မပါပဲ မကြာခဏ လိင်ဆက်ဆံခြင်းကို ၆ လ လောက်ပြုလုပ်အပြီးမှာ ကလေးမရဘူးဆိုရင် သားဖွားမီးယပ်ဆရာဝန်ကို ပြသသင့်ပါတယ်။ဒါ့ပြင် သင့်မှာ ရာသီမမှန်ရင်၊ သားဥအိမ်အရည်အိတ်တည်တဲ့ရောဂါစု polycystic ovary syndrome (PCOS) ရှိရင်၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေရှိရင်၊ သင့်အိမ်ထောင်ဖက်မှာ ကလေးရရှိမှုဆိုင်ရာ ပြဿနာတွေ ရှိဖူးရင် ဆရာဝန်နဲ့ အမြန်ဆုံးချိန်းဆိုပြသသင့်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-to-increase-chances-of-pregnancy-after-30s/
သဘာ၀ ဆေးမြစ်စုံတွေက ကိုယ်ဝန်ရနိုင်ဖို့ ကူညီပေးနိုင်မှာလား
ခေတ်မီဆေးပညာတွေ မပေါ်ပေါက်ခင်ကတည်းက တရုတ်တွေဟာ သဘာဝဆေးမြစ်စုံတွေကို ဆေးအဖြစ် ထူးချွန်ပြောင်မြောက်စွာအသုံးပြုကြတဲ့ နေရာမှာ ကျော်ကြားလှပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ်နေတာလည်း ကြာခဲ့ပါပြီ။တစ်ဦးတစ်ယောက်ချင်းစီဆီမှာ မြုံတာမျိုး ဖြစ်နိုင်ချေကို စာရင်းစ်တဲ့အခါမှာ တရုတ်လူမျိုးတွေကတော့ နှစ်ထောင်ပေါင်းများစွာကတည်းက မျိုးမအောင်ခြင်း၊ မြုံခြင်းတွေကို ကုသနိုင်ခဲ့တာကို တွေ့ရပြီး ဒါဟာ အောင်မြင်နေတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေတွေလည်း ပြခဲ့ပါပြီ။ဒါဆိုရင် သဘာဝဆေးမြစ်စုံဖြည့်စွက်စာတွေက သင်ကိုယ်ဝန်ရနိုင်ဖို့ ကြိုးစားတဲ့နေရာမှာ တကယ်ပဲ အထောက်အကူဖြစ်နိုင်မှာလား။ကျန်းမာရေးနဲ့သင့်လျော်တဲ့ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်တာနဲ့ အာဟာရဓါတ်ပြည့်တဲ့ ဖြည့်စွက်စာတွေ မှီဝှဲတာအပြင်ကို ဆေးမြစ်စုံတွေနဲ့ ကုသခြင်းကလည်း အခြားသောနည်းလမ်းတစ်ခုပါ။သူကတော့ ဟော်မုန်းညီမျှဖို့အတွက် အဓိကထားပြီး မျိုးဥထွက်ခြင်းကိုလည်း အားပေးပါတယ။် ဒါကြောင့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါ့အပြင် ဆေးပင်တွေက သဘာဝအတိုင်းရှိနေတာပါ။သူတို့ဟာ ခန္ဓါကိုယ်ရဲ့ သဘာဝလုပ်ငန်းဆောင်တာတွေကိုလည်း ထောက်ပံ့ပေးပြီး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့လည်း အားပေးပါတယ်။ ဒါပေမဲ့ သင်က ဆေးမြစ်တွေစပြီးသုံးတော့မယ်ဆိုရင် ဆရာဝန်ရဲ့ညွှန်ကြားချက်တော့ လိုအပ်ပါတယ်။သတိထားရမယ့် ပထမဆုံးအချက်ကတော့ တကယ်လို့သင်က သန္ဓေတားဖို့ သုံးစွဲမယ်ဆိုရင်တော့ ဆေးမြစ်စုံဖြည့်စွက်စာတွေကလည်း ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သန္ဓေတားတယ်ဆိုတာက မျိုးဥကြွေတဲ့လုပ်ငန်းစဉ်ကို လျှော့ချလိုက်တာဖြစ်ပြီး ဆေးမြစ်စုံတွေကတော့ ဆန့်ကျင်ဘက်သဘော ဆောင်လို့ပါ။ဆေးမြစ်စုံကုထုံးတွေရဲ့ ရလဒ်ကတော့ မျိုးမအောင်တဲ့စုံတွဲတွေမှာဆိုရင် ရက်ပေါင်း ၆၀မှ ၁၂၀ကြားမှာ မြင်တွေ့ရလေ့ရှိပါတယ်။ အကျိုးကတော့ အချိန်ကြာလာလေလေ အကျိုးကြီးလာလေလေပါပဲ။ဆေးမြစ်စုံကုသမှုကို ထိရောက်စေဖို့အတွက်လိုအပ်ချက်တစ်ခုလည်း ရှိနေပါသေးတယ်။ ဒါဟာ သဘာဝနည်းလမ်းဖြစ်တာမို့ သင့်ခန္ဓါကိုယ်ကလည်း သဘာဝအခြေအနေမှာရှိနေရမှာပါ။ မျိုးဥကြွေခြင်း ဒါမှမဟုတ် ရာသီစက်ဝန်းဟာ ပုံမှန်အတိုင်းအလုပ်လုပ်နေဖို့လိုပါတယ်။ဒါမှသာ အခြားသော မြုံခြင်းအတွက်ကုသနည်းတွေ ဥပမာ IVF transfer တို့လို ကုသနည်းတွေခံယူမယ်ဆိုရင် ဆေးမြစ်စုံတွေ မသုံးသင့်ပါဘူး။ ဒါပေမဲ့လည်း IVF စက်ဝန်းကလည်း ဆေးမြစ်စုံတွေလို ထူးထူးခြားခြားအကျိုးရှိတာကို တွေ့ရမှာပါ။အနီရောင် ရက်စ်ဘယ်ရီ အရွက်။ဒါဟာ မျိုးမအောင်ခြင်းအတွက် ကုသတဲ့နေရာမှာ သုံးတဲ့ နာမည်ကြီး ဆေးပင်ပါ။ သူ့မှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ကယ်လ်စီယမ် ပါဝင်နှုန်းလည်း မြင့်မားပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းအတွက် သိပ်ကောင်းတဲ့အရာပေါ့။ဆူးပင်ပေါက်ရွက်။ဒါဟာလည်း နာမည်ကြီးပါပဲ။ သူ့မှာ အာဟာရဓါတ်တွေပါတဲ့အပြင် ဗီတာမင် K လည်းပါဝင်ပါတယ်။ သူက စိတ်ဖီးမှုတွေကိုလည်း လျော့ကျစေပါတယ်။Dandelion (ဒေစီမျိုးနွယ်ဝင်)။သူ့မှာတော့ ဗီတာမင် A နဲ့ C ပါဝင်ပြီး အသည်းအတွက်ကောင်းကာ ခန္ဓါကိုယ်ရဲ့ အဆိပ်တွေကို ဖယ်ရှားသန့်စင်ပေးဖို့အတွက်လည်း ကောင်းမွန်ပါတယ်။Angus Castus (ဟော်မုန်းမညီမျှခြင်းအတွက် ကုသခြင်း)။ဒီနေ့ခေတ်မှာတော့ ကျန်းမာရေးဆိုင်ရာ၊ အစားအသောက်နဲ့ ဗီတာမင် စတိုးတွေမှာ အခြားအခြားသော ဆေးမြစ်စုံဖြည့်စွက်စာတွေကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။ သဘာ၀ ဆေးပင်တွေကို စပြီးသုံးတော့မယ်ဆိုရင်တော့ OB ကို အကြောင်းကြားတာ ပိုကောင်းနေဆဲပါ။၂၀ကျော်တွေအတွက်ကတော့ မတော်တဆ ကိုယ်ဝန်မရသွားနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားရတာ ခက်ခဲနေပါလိမ့်မယ်။ အသက်တဖြည်းဖြည်းကြီးလာလို့ ၃၀ကျော်လာတဲ့အခါမှာ ဇာတ်လမ်းတွေပြောင်းကုန်ပါပြီ။ဒီအသက်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ဖို့ ခက်ခဲပြီမဟုတ်လား။ ဒါကြောင့် ရသမျှအကူအညီတွေကို ရသလောက်သုံးနေကြရတာပါ။ ဒါပေမယ့် အလွန်အကျွံသုံးတာကလည်း သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။အထူးသဖြင့် ဆေးပင်တွေနဲ့ဆိုရင် သူတို့မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ကိုယ်သိတာရော၊ မသိတာတွေရောပေါ့။ ဖြည်းဖြည်းကုသရင်းနဲ့လည်း ကောင်းလာနိုင်တာပဲမဟုတ်လား။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%9e%e1%80%98%e1%80%ac%e1%80%9d-%e1%80%86%e1%80%b1%e1%80%b8%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%85%e1%80%af%e1%80%b6%e1%80%90%e1%80%bd%e1%80%b1%e1%80%80-%e1%80%80%e1%80%ad%e1%80%af%e1%80%9a/
ချစ်သူများနေ့ နဲ့ ချောကလက်
ချစ်သူများနေ့ နဲ့ ချောကလက်။ဘာလိုလိုနဲ့ Valentine’s day ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ချစ်သူရည်းစားရှိတဲ့သူတွေအတွက်တော့ ဒီနေ့ရက်လေးဟာ ကိုယ့်ရဲ့ ရင်ထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ဖော်ပြဖို့ နေ့တစ်နေ့ပါပဲ။ဒါကတော့ လုံးဝမဟုတ်ပါဘူး။ ချစ်သူများနေ့ ဆိုတာ သမီးရည်းစားတွေမှ မဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ မေတ္တာတွေ ဝေမျှပေးလို့ရတဲ့ နေ့တစ်နေ့ပါ။ အဲ့တော့ ရည်းစားမရှိသေးလို့ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ်ချစ်တဲ့သူတွေနဲ့ချစ်သူများနေ့ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ရင်ကို ပျော်စရာကောင်းနေပါပြီ။ချောကလက်ကို ကိုယ်ချစ်တဲ့သူအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ၊စိတ်ခံစားချက်တွေရဲ့ သင်္ကေတလို့ ဆိုစမှတ်ပြုကြပါတယ်။ ချောကလက် တစ်ကိုက် ကိုက်လိုက်ရတဲ့အခိုက်အတန့်လေးဟာ ကိုယ့်ချစ်သူရဲ့ နွေးထွေးတဲ့မေတ္တာကို ကိုယ်တိုင်အရသာခံစား မြည်းစမ်းလိုက်ရသလိုပါပဲ။ ဒါကြောင့်ချစ်သူများနေ့မှာ ချောကလက်ကို လက်ဆောင်ပေးတာတွေ အရမ်းများလာကြတာပါ။လူကြိုက်များတဲ့ ချောကလက်တွေထဲမှာမှချောကလက်အနက် (Dark Chocolate) ဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပါပဲ။ ကိုကိုးမှုန့် (Cocoa) အများဆုံးပါဝင်ပြီး သကြားပမာဏ အနည်းဆုံးထည့်သွင်းထားတာဖြစ်လို့ ချောင်းဆိုးချွဲကျပ်မှာလည်း စိတ်မပူရဘူး။ ဒါ့အပြင် ခါးသက်သက်အရသာက အချိုထက်ကို ချစ်ခြင်းမေတ္တာရဲ့ အငွေ့အသက်ကို ခံစားရစေနိုင်ပါတယ် (ဒါကြောင့်လည်း အချစ်ကြီးတဲ့သူတွေဟာကော်ဖီခါးခါးကိုမှ စွဲစွဲလမ်းလမ်း သောက်တတ်ကြတယ်လို့ ဆိုထားကြတာပါ) ။ ဒါ့အပြင် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။တန်ဆေး၊ လွန်ဘေး သင့်တော်တဲ့ ပမာဏအလိုက် ချောကလက်ကို နေ့တိုင်းစားပေးမယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက။• နှလုံးကျန်းမာစေပြီး ပုံမှန်အလုပ်လုပ်စေတယ်။•မှတ်ဉာဏ်ကို ကောင်းစေတယ်။• နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးအောင် ကာကွယ်ပေးနိုင်တယ်။•စိတ်ခံစားချက်ကို ကောင်းစေတယ်။• အင်ဒိုဖင်ဟော်မုန်း (Endorphins) ကို မြင့်တက်စေလို့ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှု ခံစားချက်ကို ပေးစွမ်းနိုင်တယ်။• သွေးတွင်း ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တယ်။• လန်းဆန်းတက်ကြွစေတယ်။•သွေးတိုးကျစေတယ်။• အကောင်းမြင်စိတ်စွမ်းအားတိုးစေပြီး စိတ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတယ်။• အစားအစာ အလွန်အကျွံစားချင်စိတ်ကို ထိန်းညှိပေးတယ်။•ချောင်းဆိုး၊ ချွဲကျပ်တာမျိုး မဖြစ်စေဘူး။• သွေးလည်ပတ်မှုနှုန်း ကောင်းစေတယ်။• ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။အပေါ်မှာ ပြောထားတဲ့အထဲမှာ တန်ဆေး၊ လွန်ဘေးဆိုတဲ့အချက် ပါတာကို သတိထားမိမှာပါ။ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အစားအစာဖြစ်နေပါစေ၊ သတ်မှတ်ထားတဲ့ ပမာဏထက် အလွန်အကျွံစားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တာ သဘာဝပါပဲ။ ချောကလက်သည်လည်း ဒီအတိုင်းပါပဲ။ တစ်နေ့ကို ချောကလက် တစ်တုံးလောက်စားတာ ပြဿနာမဟုတ်ပေမဲ့ တစ်ထုပ်လုံးကုန်အောင် စားရင်တော့ အဆင်မပြေဘူးနော်။• ရနိုင်တဲ့ ကောင်းကျိုးတွေက ပြောင်းပြန်ဖြစ်သွားပြီး လူကို ဘေးဒုက္ခဖြစ်စေတယ်။• ကျောက်ကပ်မကောင်းတဲ့ သူတွေဆိုရင် ချောကလက်မှာပါတဲ့ ပိုတက်စီယမ်ဓာတ်တွေကြောင့် ရုတ်တရက်နှလုံးရပ်တာ၊ နှလုံးခုန်နှုန်းမမှန်တာတွေ ဖြစ်နိုင်တယ်။•ညအိပ်မပျော်ခြင်း ဖြစ်စေတယ်။• ဆီးခဏခဏ သွားချင်လာမယ်။• အစာခြေအက်စစ်တွေ များလာလို့ ရင်ပူတာ၊ ပျို့တက်တာ၊ လေချဉ်တက်တာ ဖြစ်နိုင်တယ်။• သွေးတိုးနိုင်တယ်။• စိတ်မတည်မငြိမ်ဖြစ်နိုင်တယ်။•ခေါင်းမူးတာ၊ ပျို့အန်တာတွေ ဖြစ်နိုင်ပါတယ်။၁။ တစ်နေ့ကို ချောကလက်အပိုင်း တစ်ပိုင်းပဲ စားပါ။ နေ့တိုင်းလည်း မစားပါနဲ့။ တစ်ရက်ခြား တစ်ကြိမ်လောက်ပဲ စားပေးပါ။ ရည်းစားမရှိလို့ အထီးကျန်တယ်၊ ချစ်ချစ်ကျွေးတဲ့ ချောကလက်မို့ အပျော်လွန်ပြီး အများကြီးစားရင် ကိုယ့်ကျန်းမာရေးအတွက် မကောင်းဘူးနော်။၂။ အချိုများတဲ့ ချောကလက်ထက် အခါးဓာတ်ပိုကဲတဲ့ ချောကလက် အနက် (Dark Chocolate) တွေကိုပဲ စားပေးပါ။၃။ ချောကလက်စားပြီးတာနဲ့ ရေများများသောက်ပါ။၄။ စားပြီးရင် ပါးစပ်ထဲမှာအနံ့ကျန်နိုင်တဲ့အတွက် သွားတိုက်ပါ။ သို့မဟုတ် ပလုတ်ကျင်းပါ။၅။ ညအိပ်ခါနီးမှာ ချောကလက်မစားပါနဲ့။သွားတိုက်ပြီးမှ ချောကလက်မစားပါနဲ့။ချစ်သူများနေ့လည်း တဖြည်းဖြည်းနဲ့ နီးလာပြီဆိုတော့ ကိုယ်ချစ်ရတဲ့သူကို ချစ်သက်လက်ဆောင်အနေနဲ့ ချောကလက်လေးပေးပြီး ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ အမြန်စီစဉ်လိုက်တော့နော်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/valentines-day/
ကျန်းမာရေးနဲ့ဇင့်
ဇင့်က ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကိုရရှိစေပြီး အဖျားတွေ၊ ရောဂါပိုးတွေကနေလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကျန်းမာပျော်ရွှင်နေဖို့ ဇင့်ဓာတ်က မဖြစ်မနေလိုအပ်နေတာပါ။ ခေါင်းအစခြေအဆုံး ကျန်းမာစေဖို့ နေ့စဉ် သတိထားစားသုံးပေးသင့်တဲ့ အစားအစာတစ်ရပ်ပေါ့။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်အများစုက ဇင့်နဲ့ မကင်းပါဘူး။ အကြောင်းကတော့ဇင့်သတ္တုဓာတ်က ကိုယ်တွင်းမှာ ရှိနေတဲ့ အင်ဇိုင်း အမျိုး ၁၀၀ လောက်ထွက်ရှိလာစေဖို့ အကောင်းဆုံးလှုံ့ဆော်ပေးနိုင်တာကြောင့်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ကျောင်းနေအရွယ်ကလေးများစုက ဇင့်ဓာတ်ချို့တဲ့နေတာကို ရင်ဆိုင်နေရပါတယ်။ ဒီတစ်ခေါက်တော့ ဇင့်ဓာတ်က ခန္ဓာကိုယ်ကို ဘယ်လောက်တောင် အကျိုးပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား။ဇင့် သတ္တုဓာတ်က ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပြီး အနာကျက်စေတာအပြင် အခုလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းပါသေးတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ် တစ်ခုဆိုရင်လည်း မမှားပါဘူး။ကိုယ်ခံအားကောင်းစေတဲ့ ဇင့်။ဇင့်က ရောဂါပိုးတွေကို တိုက်ထုတ်ပေးပြီး ကိုယ်တွင်းကို ပြင်ပကရောဂါပိုးတွေ ဝင်မလာအောင် အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။ကင်ဆာဆဲလ်တွေကိုလည်း အကောင်းဆုံးတိုက်ထုတ်ပေးပြီး ကိုယ်ခံအားကို အကောင်းမွန်ဆုံးအနေအထားမှာရှိနေစေမှာပါ။ ခဏခဏဖျားနေပြီဆိုရင်တော့ ကိုယ်တွင်းမှာ ဇင့်ဓာတ်နည်းနေပြီလို့ အချက်ပြနေတာပါ။ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေ နည်းစေတဲ့ ဇင့်။ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက ကိုယ်တွင်းမှာ ဇင့်ဓာတ်လုံလောက်မှုအားနည်းနေပြီဆိုတာကို ဖော်ပြနေတာပါ။ တကယ်လို့ ဝမ်းပျက်နေမ်ယဆိုရင်လည်း မြန်မြန်သက်သာစေဖို့အတွက် ဇင့်ဆေးပြားသောက်ပေးလို့ရပါတယ်။ ဇင့်က လတ်တလောဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာစေနိုင်သလို နောက်ထပ်ဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။မှတ်ဉာဏ်နဲ့စူးစိုက်နိုင်စွမ်းကောင်းစေတဲ့ ဇင့်။ဘေဘီလေးတွေရဲ့ သင်ယူနိုင်စွမ်းမြင့်မားစေဖို့ အကောင်းဆုံး အားဖြည့်ပေးသလို အရွယ်ရောက်ပြီးသူတွေအတွက်လည်း အာရုံစူးစိုက်မှုကောင်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့အာရုံကြော အကောင်းဆုံး ဖွံ့ဖြိုးကျန်းမာစေဖို့ နေ့စဉ်စားသုံးမှုတွေထဲမှာ ဇင့်ပါဝင်အောင် စားသုံးပေးပါ။အအေးမိဖျားနာသက်သာစေတဲ့ ဇင့်။ဇင့် ကအဖျားတာတိုစေနိုင်သလို ဖျားနာမှုကင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖျားတော့မယ့် လက္ခဏာတွေပြနေပြီဆိုရင်တော့ ၂၄ နာရီအတွင်း ဇင့် ဆေးပြားကို သောက်ပေးပါ။အနာကျက်စေတဲ့ ဇင့်။အရေပြားကို ကျန်းမာစေနိုင်သလို အနာကျက်လည်းမြန်စေနိုင်ပါတယ်။ခံတွင်းအနာတွေကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ဘေဘီလေးတွေမှာဖြစ်တတ်တဲ့ သေးခံလောင်တာတွေအတွက်လည်း ဇင့်ပါတဲ့ လိမ်းဆေးကို သုံးပေးလို့ရပါတယ်။ အနာတွေ ရောင်ရမ်းနာကျင်တာကို သက်သာစေပြီး အချိန်တိုအတွင်းမှာ အနာကျက်စေနိုင်မှာပါ။ဝက်ခြံကိုလည်း သက်သာစေနိုင်ပါတယ်။အသက်အရွယ်ကြောင့်ဖြစ်တဲ့နာတာရှည်ရောဂါတွေကို ကာကွယ်ပေးတဲ့ ဇင့်။အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်က ယိုယွင်းလာပါတယ်။ အသက်ရလာတာနဲ့အမျှ နာတာရှည်ရောဂါတွေ ဝင်ရောက်လာနိုင်ခြေက် ပုံမျန်ထက်ပိုများလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကနေ ကာကွယ်ဖို့ဆိုရင် ဇင့်ဓာတ်ပြည့်ဝနေအောင် စားသုံးပေးပါ။ ဒါမှ ကိုယ်ခံအားကောင်းပြီး ခန္ဓာကိုယ်ကျန်းမာလို့ နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေ ကျဆင်းစေမှာပါ။အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်အာရုံပြဿနာကို ကာကွယ်ပေးတဲ့ ဇင့်။ဇင့်က အရွယ်ရလာတာကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်မှုတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသက်ကြီးလာတဲ့အထိ မျက်လုံးကောင်းကောင်းနဲ့ ကြည့်ချင်တာတွေကို ကြည့်နိုင်ဖို့ဆိုရင် အခုကစလို့ ဇင့် ကို ပုံမှန်မှီဝဲပေးပါ။ဒါတွေတင်လားဆိုတော့ ဇင့် သတ္တုဓာတ်က။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/zinc-health-benefits/
သင့်သွေးက ဘာအမျိုးအစားလဲ။ ဘယ်လိုရောဂါဖြစ်နိုင်ခြေပိုများလဲ ။ ။
လူတိုင်းလူတိုင်း ကိုယ်ပိုင်သွေးအမျိုးအစားတွေရှိပါတယ်။Aသွေး Bသွေး ABသွေး Oသွေး စတဲ့ ဒီ သွေး ၄ မျိုးထဲက တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြတဲ့သူတိုင်းပါ။ သွေးအမျိုးအစားပေါ်မူတည်ပြီး ပင်ကိုယ်စရိုက်၊ အိုသွေး ပိုင်ရှင်တွေက ဘယ်လို၊ အေ သွေး ပိုင်ရှင်တွေရဲ့ အကျင့်စရိုက် ဘယ်လိုဆိုပြီး စတဲ့ ဆောင်းပါးတွေကိုဖတ်ဖူးကြမှာပါ။ ဒီဆောင်းပါးမှာကတော့ ေသွး အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ အချစ်ရေး၊ စိတ်နေစိတ်ထားတို့အစား ပိုပြီး အရေးကြီးတဲ့ ကျန်းမာရေးဘက်ကို သွားမှာ ဖြစ်ပါတယ်။ ကဲ ဘယ်သွေးပိုင်ရှင်တွေက ဘယ်လိုရောဂါတွေ ဖြစ်နိုင်ခြေ ပိုများလဲ ဆက်ကြည့်ရအောင် ။ ။Aသွေး အမျိုးအစားပိုင်ရှင်တွေအတွက် ကြောက်စရာအကောင်းဆုံးကတော့နဲ့ အဖြစ်အများဆုံးကတော့အစာအိမ်ကင်ဆာပါ။ A သွေးဟာ O သွေးထက်စာရင် အစာအိမ်ကို ရောဂါပိုးဖြစ်တဲ့ H. pylori ဘက်တီးရီးယားကို ပိုပြီးတုန့်ပြန်လွယ်တာကြောင့်အစာအိမ်ထိခိုက်မှုနှုန်းပိုများပြီးကင်ဆာ​ဖြစ်နိုင်ခြေ ပိုများရတာဖြစ်ပါတယ်။ဘယ်လိုကာကွယ်ကြမလဲ ။ ။ A သွေးပိုင်ရှင်တွေ အနေနဲ့အကင်တို့၊ ဝက်ပေါင်ခြောက်တို့၊ နဲ့ H. pylori ရောဂါပိုးတွေ အများကြီးရှိနေနိုင်တဲ့ လက်လုပ်ချဉ်တွေကို ရှောင်စား လျှော့စားသင့်ပါတယ်။B သွေး ကကျတော့ အမျိုးအစား ၂ဆီးချိုနဲ့ ဆက်စပ်မှုအရှိဆုံးသွေးအမျိုးအစားတစ်ခုပါ။ O သွေးထက်စာရင် B သွေးက ဆီးချို ၂၁ ရာခိုင်နှုန်း ပိုဖြစ်နိုင်ပါတယ်။ကိုယ်အလေးချိန်တက်လာခြင် းအထူးသဖြင့် ခါးအဆီတက်လာခြင်းကဆီးချိြုဖစ်နိုင်ခြေပိုများတာကြောင့် B သွေးပိုင်ရှင်တွေ အနေနဲ့ ကိုယ်အလေးချိန်ထိန်းထားဖို့ အရေးကြီးပါတယ်။ တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်နေမယ့်အစား ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပါ။ အစားအသောက် ဆင်ခြင်ပါ။AB သွေး တွေနဲ့ ဆက်စပ်မှု အရှိဆုံးကတော့နှလုံးရောဂါပါ။ AB သွေးပိုင်ရှင်တွေဟာ O သွေးပိုင်ရှင်တွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်းပိုမျာတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ticker-hurting inflammation လို့ခေါ်တဲ့ နှလုံးရောင်ရမ်းခြင်းဖြစ်နိုင်ခြေ အရမ်းကိုများလို့ပါ။ကြိုတင်ကာကွယ်ချင်ရင်တော့ AB သွေးပိုင်ရှင်တွေ အနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက်နှလုံးလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုပါလိမ့်မယ်။လမ်းလျှောက်တာတို့၊ စက်ဘီးနီးတာတို့ကို တစ်ပါတ် ၅ ကြိမ်လောက်လုပ်ပေါ့။ ချွေးထွက်လေလေ ၊ နှလုံးခုန်နှုန်းမြန်ပြီ းမောလေလေ နှလုံးကို လှုပ်ရှားမှုရအောင် လုပ်ပေးသလိုဖြစ်တာကြောင့်သွေးကြောပိတ်တာ၊သွေးခဲတာတွေ လျော့ပါသွားပြီး နှလုံးရောဂါဖြစ်နိုင်ခြေ နည်းသွားမှာပါ။O သွေးပိုင်ရှင်တွေ အတွက် စိတ်အညစ်ရဆုံး ရောဂါကတော့ကလေးမရနိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ O သွေးနဲ့ reduced ovarian reserve လို့ခေါ်တဲ့ မျိုးဥနည်းခြင်း ပြဿနာနဲ့က အရမ်းကို ဆက်စပ်မှုရှိနေတဲ့အတွက်ကြောင့်ပါ။ဒါပေမယ့် O သွေးပိုင်ရှင်တိုင်း ဒါမျိုး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ အများဆုံး ဖြစ်တတ်တယ်လို့ ဆိုထားတဲ့အတွက်ကြောင့် မဖြစ်ချင်ရင်တော့ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားမယ်၊အရက်တွေဆေးလိပ်တွေ လျှော့သောက်မယ်ဆိုရင်တော့ ဒီ ပြဿနာအတွက် စိတ်ပူစရာလိုတော့မှာ မဟုတ်ပါဘူး။ဒါတွေကတော့ သွေးအမျိုးအစားအလိုက် အဖြစ်အများဆုံး ရောဂါတွေပါ။ ဒါလေးဖတ်ကြည့်ပြီးတော့ ကိုယ့်သွေးအမျိုးအစားက ဘယ်လိုရောဂါပိုဖြစ်နိုင်တယ်ဆိုတာသိပြီး ကြိုပြီး ကာကွယ်၊ သတိရှိထားတော့ မမှားဘူးပေါ့ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/blood-type-and-disease/
အအေးမိတုပ်ကွေးနှင့် ဗီတာမင် စီ
ဖျားနာပြီ၊ နေမကောင်းဖြစ်ပြီ၊ အအေးမိလာပြီဆိုရင် လူတွေ အများစု လုပ်တတ်ကြတာက ဗီတာမင်စီ အားဆေးတွေ၊ဖြည့်စွက်စာတွေကို အလွန်အကျွံသောက်တဲ့ ကိစ္စပါ။ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာအအေးမိတုပ်ကွေးပျောက်ကင်းအောင် ကုသဖို့ ဗီတာမင် စီ အားဆေးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာ သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်ကြည့်တဲ့အခါ ဗီတာမင် စီဓာတ် ဟာအအေးမိတုပ်ကွေးရောဂါကို ကာကွယ်ပေးရန်အတွက်ရော ကုသတဲ့ နေရာမှာပါ သိပ်ပြီးထိရောက်မှု မရှိနိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ဗီတာမင် စီ ဆိုတာ အလွယ်ပြောရမယ်ဆိုရင် သစ်သီးတွေမှာ တွေ့ရတဲ့ ascorbic acid ပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင်သံဓာတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ အသားအရေကိုလည်း လှပစေတယ်။ သဘာ၀ဟင်းသီးဟင်းရွက်တွေနဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီသီးတွေမှာ အများအပြားတွေ့ရတတ်ပါတယ်။ ဆေးဝါး သို့မဟုတ် ဝါးစားလို့ရတဲ့ ဆေးပြားအနေနဲ့လည်း ဗီတာမင် စီကို သောက်သုံးကြပါတယ်။ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်ကြည့်တဲ့အခါမှာ ဗီတာမင် စီဓာတ်ဟာ အအေးမိတုပ်ကွေး မဖြစ်အောင် ကာကွယ်ပေးနိုင်မှု၊ ဖြစ်လာရင်လည်း ရောဂါဝေဒနာကို ပျောက်ကင်းစေမှုအပေါ်မှာ သိပ်ပြီးသက်ရောက်မှု မရှိတာကို တွေ့ရှိခဲ့ပါတယ်။တိုက်ရိုက်တော့ မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီး အာနိသင်သက်ရောက်စေတာမျိုးတော့ ရှိပါတယ်။ ဥပမာ – ဗီတာမင် စီဓာတ်သည် ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ကိုယ်ခံအားစနစ်သည် ပြင်ပကနေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါပိုးမှန်သမျှ လူတွေကို ဒုက္ခမပေးနိုင်အောင် ခုခံတားဆီးပေးတဲ့ ခံစစ်တစ်မျိုးပါ။ဒီတော့ ကိုယ်ခံအားကောင်းနေတဲ့အခါ အအေးမိတုပ်ကွေး ဖြစ်နိုင်ခြေကို လျှော့ချပေးတာမျိုး၊ ဖျားနာနေစဉ်မှာကိုယ်ခံအားစနစ်ကို ကောင်းစေလို့ ကိုယ်ထဲကရောဂါပိုးတွေကို လျင်မြန်စွာ တိုက်ထုတ်နိုင်တာမျိုးတော့ လုပ်ပေးနိုင်ပါတယ်။ ဗီတာမင် စီကြောင့် အအေးမိတုပ်ကွေး ပျောက်တာမျိုး မဟုတ်ဘဲ၊ ကိုယ်ခံအားစနစ်ကြောင့်သာအအေးမိတုပ်ကွေးလျင်မြန်စွာ ပျောက်ကင်းနိုင်မှာပါ။ပုံမှန်အားဖြင့်တော့ ဗီတာမင် စီကို အစာအာဟာရကနေ အများဆုံးရသလို ဆေးဝါး၊ဖြည့်စွက်စာကနေလည်း ရနိုင်ပါတယ်။ ဗီတာမင် စီအတွက် ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ စုပ်ယူနိုင်စွမ်းပမာဏသည်လည်း မြင့်တဲ့အတွက် ပုံမှန်ဗီတာမင် စီအားဆေး သောက်ပေးလို့ ကြီးကြီးမားမား ဆိုးကျိုးဖြစ်စေတာမျိုးတော့ မရှိပါဘူး။အားဆေးထက်စာရင် ဗီတာမင် စီ ပေါကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို အဓိကစားပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။အမျိုးသားတွေအတွက် တစ်နေ့တာ သောက်သုံးသင့်တဲ့ ဗီတာမင် စီပမာဏက 90 mg ဖြစ်ပြီး အမျိုးသမီးတွေအတွက်တော့ 75 mg ပါ။ နေ့စဉ် ဗီတာမင် စီကို 2000 mg ထက် ပိုများပြီး သောက်ရင်တော့ ကျောက်ကပ်မှာ ကျောက်တည်တာ၊ မအီမသာဖြစ်ပြီး ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နိုင်ပါတယ်။အအေးမိတုပ်ကွေးရောဂါဖြစ်ပြီဆိုရင်တော့ ဗီတာမင် စီသောက်ဖို့ သင့်၊ မသင့်ကို ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ လူနာမှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိရင် ဆရာဝန်အနေနဲ့ အားဆေးသောက်ဖို့ ကန့်ကွက်မှာတော့ မဟုတ်ပါဘူး။ အဓိကက။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်မျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/does-vitamin-c-help-with-colds/
ဖွားဖွားတို့အရွယ် မျက်စိမှုန်တတ်တဲ့ သဘာဝတရား
Age-related maculopathy ဆိုတာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဖြစ်လာတဲ့အမြင်အာရုံဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီးမြင်ကွင်းရဲ့အလယ်မှာမှုန်ဝါးလာတာ ဒါမှမဟုတ် မမြင်ရတော့တာဖြစ်ပါတယ်။ စစချင်းမှာ လက္ခဏာမသိသာပေမယ့် ကြာလာတဲ့အခါ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးမှာ အမြင်မှုန်ဝါးမှုပိုဆိုးလာစေပါတယ်။ လုံးဝမျက်စိကွယ်သွားတာမျိုးမဟုတ်ပေမယ့်မြင်ကွင်းအလယ်မှာ မှုန်ဝါးနေခြင်းက မျက်နှာတွေမခွဲခြားနိုင်တော့တာ၊ ကားမောင်းရ၊စာဖတ်ရအဆင်မပြေတော့တာလိုမျိုးနေ့စဉ်ဘဝလုပ်ဆောင်ချက်တွေမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။Age-related maculopathy ကြောင့် အမြင်အာရုံယိုယွင်းမှုကို နဂိုအတိုင်းပြန်မရနိုင်ပေမယ့် တဖြည်းဖြည်းယိုယွင်းလာမှုဖြစ်စဉ်ကို နှေးအောင် ထိန်းသိမ်းကုသနိုင်ပါတယ်။ ဒီလိုကုသရာမှာလည်း စောစောသိရှိမှ အချိန်မီနိုင်မှာဖြစ်လို့ အစတည်းက သင့်မျက်လုံးကို ကြိုတင်ကာကွယ်ဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ အရေးကြီးပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad/
Seborrheic Dermatitis ( အရေပြားပြဿနာတစ်မျိုး) ကို ဒီလိုဖြေရှင်းပါ
အရေပြားကို သေချာလေး ဂရုမစိုက်မှုအတွက် ပေးဆပ်ရတဲ့ အရင်းအနှီးက ကြီးမားပါတယ်။ အရေပြားကို သေချာဂရုမစိုက်မိတာကြောင့် Seborrheic Dermatitis လို့ခေါ်တဲ့ အရေပြားပြဿနာတစ်မျိုး ခံစားရနိုင်ပါတယ်။“ ဒီအရေပြားပြဿနာ ရဲ့ ရောဂါလက္ခဏာတွေကတော့….။အရေပြားက ယားယံပြီး အကွက်တွေထတာနဲ့အတူ အရေပြားမှာ အဖက်လန်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ကလေး များတွင်ဦးရေပြားအဆီထွက်များပြီး အရေပြားလန်တဲ့ပြဿနာ (cradle cap) ၊ လူကြီး များတွင်ဗောက်ထခြင်း၊ နှင်းခူဖြစ်ခြင်းဟု အမျိုးမျိုးခေါ်ကြပါတယ်။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာဖြစ်နိုင်ပါတယ် ” အထက်ပါရောဂါလက္ခဏာများကို။ဒေါက်တာမိုးကျော်ထွန်း (အရေပြားအထူးကုဆရာဝန်ကြီး)။အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး မှ ဆရာဝန်ကြီး နှင့်တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။အရေပြားကျန်းမာရေး ကျွမ်းကျင်သူတွေအနေနဲ့ ဘာကြောင့် Seborrheic Dermatitis လို့ခေါ်တဲ့အရေပြားပြဿနာဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျသိထားတာမျိုးတော့ မရှိသေးပါဘူး။ ဒီအရေပြားပြဿနာကိုဖြစ်စေတဲ့ အကြောင်းအရင်းကလည်း တစ်ခုမကရှိနေပါတယ်။•စိတ်ဖိစီးတာ။• မျိုးရိုးရှိတာ။• အရေပြားပေါ်မှာရှိနေတဲ့မှိုပိုးကြောင့်ဖြစ်တာ။• ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် (ရောဂါအခံတစ်ခုခုကြောင့်) ဖြစ်တာ။• အေးမြခြောက်သွေ့တဲ့ရာသီဥတုအခြေအနေကြောင့်ဖြစ်တာ။•ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ဖြစ်တာ စသဖြင့်အမျိုးမျိုးရှိပါတယ်။ အရေပြားမှာဖြစ်တဲ့ ဓာတ်မတည့်မှုအများစုက သန့်ရှင်းမှုအားနည်းတာကြောင့် ဖြစ်ရတာပါ။ဒီအချက်တွေက Seborrheic Dermatitis လို့ခေါ်တဲ့ အရေပြားပြဿနာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။• အဆီထွက်များခြင်း။• ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS)။• အရက် အလွန်အကျွံသောက်ခြင်း။•စိတ်ဓာတ်ကျခြင်း။• အစားအသောက်မူမမှန်မှု ပြဿနာ အာဟာရဓာတ်ချို့တဲ့သူ။• အတက်ရောဂါဖြစ်ဖူးခြင်း။• မျက်နှာအကြောသေရောဂါဖြစ်ဖူးခြင်း။•နှလုံးအစားထိုးကုသမှုခံယူထားသူ (Cardiac Transplant)။• ပါကင်ဆန်ရောဂါရှိခြင်း။• အရေပြားရောဂါအခံရှိခြင်းတွေ။• Rosacea အရေပြားပြဿနာတွေရှိတယ်ဆိုရင် ပိုဂရုစိုက်ဖို့လိုပါမယ်။ဒီအရေပြားပြဿနာကို ဘေဘီလေးကနေစပြီး ဖိုးဖိုးဖွားဖွားတွေအထိခံစားရနိုင်ပါတယ်။• ဦးရေပြားမှာ အဆီတွေထွက်ပြီး အဝါရောင်အဖက်လေးတွေဖြစ်မယ်။အညိုရောင်အဖက်လေးတွေလန်မယ်။• အနီရောင်အကွက်တွေဖြစ်မယ်။• ယားယံမယ်။• အရေပြားမှာ အဖက်တွေလန်မယ်။• အသားတွေခြောက်သွေ့မယ် စတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာဆိုရင်တော့ အပျိုဖော်ဝင်စ လူပျိုဖော်ဝင်ချိန်မှာ ဒီအရေပြားပြဿနာက သက်သာသွားတတ်ပါတယ်။ဘေဘီလေးတွေက။• ဦးရေပြား နဲ့။•သေးခံလောင်တဲ့နေရာတွေမှာဖြစ်တတ်ပါတယ်။အရွယ်ရောက်ပြီးသူတွေမှာ။မျက်နှာ အထူးသဖြင့် နှာခေါင်းတဝိုက်၊ မျက်ခုံးထဲ၊ မျက်ခွံပေါ်မှာနဲ့ နားရွက်နောက်ဖက်တွေမှာအဖြစ်များပါတယ်။ခန္ဓာကိုယ်မှာဆိုရင်တော့။• ရင်ဘတ်အလယ်ပိုင်း။• ချက်တဝိုက်။•တင်ပါး။• ချိုင်းကြား။• ပေါင်ခြံ။• ရင်သားအောက်တွေမှာ အဖြစ်များပါတယ်။အရေပြားမှာ ပူစပ်ပူလောင်ဖြစ်မယ်။ ယားယံမယ်၊ အဆီတွေပြန်တာနဲ့အတူ အရေပြားမှာ အဖြူဖတ်လေးတွေ၊ အဝါဖတ်လေးတွေလန်မယ်။ စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။အမြဲကြားနေကျစကားတစ်ခွန်းလိုပေါ့။ အနာသိရင် ဆေးရှိပါတယ်။ ဒီအရေပြားပြဿနာအတွက်လည်း ပျောက်ကင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဘာတွေများဖြစ်မလဲဆက်ကြည့်လိုက်ရအောင်လား……။ဦးရေပြားမှာဖြစ်တာဆိုရင်။ဦးရေပြားကိုသံလွင်ဆီ၊ ဒါမှမဟုတ် အုန်းဆီလိုမျိုး သဘာဝအဆီတစ်မျိုးမျိုးကိုလူးပေးပါ။ တစ်နာရီလောက်ထားပေးပြီး ခေါင်းဖြီးတဲ့ ဘီးကိုသုံးလို့ ညင်ညင်သာသာလေးဖြီးချပေးရုံပါ။ ပြီးရင်တော့ ခပ်ပျော့ပျော့ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပေးပါ။ဆံသားအလှအပပစ္စည်းတွေ မသုံးပါနဲ့ – ဆံသားအတွက်ထုတ်ထားတဲ့ hair spray၊ gel၊conditionerတွေလုံးဝမသုံးပါနဲ့။ နောက်သတိထားရမယ့်တစ်ချက်က အယ်လ်ကိုဟောပါတဲ့ပစ္စည်းတွေကို မသုံးဖို့ပါ။အရေပြားမှာဖြစ်တာဆိုရင်။အရေပြားကို ပုံမှန်သန့်စင်ပေးပါ– အရေပြားကို ဆပ်ပြာခပ်ပျော့ပျော့ လေးနဲ့ ပုံမှန်သန့်စင်ပေးပါ။ ဆပ်ပြာအပြင်းစားတွေမသုံးပါနဲ့။အစိုဓာတ်ထိန်းပါ– အရေပြားကို သန့်စင်ပြီးတဲ့အခါ ခြောက်သွေ့အောင်သုတ်လို့ အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။ သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ဆိုရင်ပိုအဆင်ပြေပါတယ်။ဆေးလိမ်းပါ– ဒီအရေပြားပြဿနာအတွက် သီးသန့်ထုတ်ထားတဲ့မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆေးတစ်မျိုးမျိုးကိုလူးပေးလို့ရပါတယ်။ ဆေးဝါးထောက်ခံချက်ရထားတာမျိုးဖြစ်ဖို့လိုပါမယ်။မိတ်ကပ်မလူးပါနဲ့– မိတ်ကပ်အပါအဝင် မျက်နှာမှာ ပြင်ဆင်ခြယ်သရတဲ့ အလှကုန်တွေကို လုံးဝမသုံးပါနဲ့။အယ်လ်ကိုဟောပါတဲ့ အလှကုန်တွေကိုရှောင်ပါ– အယ်လ်ကိုဟောပါဝင်နေတဲ့ အသားအရေအတွက်အသုံးပြုတဲ့ ပစ္စည်းတွေက အရေပြားကို ပူစပ်ပူလောင်ဖြစ်စေပြီး အသားအရေကို ထိခိုက်စေနိုင်တာကြောင့် မသုံးသင့်ပါဘူး။ချည်သားတွေကို ဝတ်ဆင်ပါ– အဝတ်အစားဝတ်တဲ့အခါမှာလည်း လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်သားလေးတွေကိုပဲ ရွေးချယ်ဝတ်ဆင်စေချင်ပါတယ်။အရေပြားပြဿနာက မပြင်းထန်ဘူးဆိုရင် အခုလိုဂရုစိုက်ပေးရုံနဲ့ သက်သာနိုင်ပေမယ့် အရေပြားပြဿနာက ပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေလည်း ဈေးကွက်ထဲမှာရှိနေပါတယ်။ ဒါကတော့ ဆရာဝန်တွေရဲ့ ထောက်ခံချက်ကို အပြည့်အဝရထားတဲ့BIODERMAရဲ့ Sensibio Serie ပါ။ Seborrheic Dermatitis (အရေပြားပြဿနာတစ်မျိုး) ကို ခံစားနေရသူတွေအတွက်ဆိုရင်တော့ အယ်လ်ကိုဟောပါဝင်မှုမရှိဘဲ အရေပြားပေါ်က အသားအရေကိုဒုက္ခပေးနိုင်တဲ့ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး အသားအရေကို ထိန်းသိမ်းပေးတဲ့Sensibio GelMoussant Foaming Gel ရှိပါတယ်။ အသားအရေကို ထိခိုက်မှုကင်းကင်းနဲ့ အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။ ပြီးရင်တော့ အသားအရေကို ရေဓာတ်ဖြည့်ပေးမယ့် Sensibio Ds+ အစိုဓာတ်ထိန်းခရင်မ်လေးလိမ်းပေးပါ။ အသားအရေကို ယားယံမှုကင်းပြီး တစ်နေ့လုံး အစိုဓာတ်ဖြည့်ပေးနိုင်မှာပါ။ အရေပြားမှာ ရေဓာတ်ပြည့်ဝနေမှုကအရေပြားခြောက်သွေ့ခြင်းကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်လို့  Seborrheic Dermatitis (အရေပြားပြဿနာတစ်မျိုး) ကို အထိရောက်ဆုံး ကုသကာကွယ်နိုင်မှာပါ။Seborrheic Dermatitis (အရေပြားပြဿနာတစ်မျိုး) မျက်နှာမှာဖြစ်တတ်တဲ့ မှိုရောဂါအတွက်တော့ Sensibio Ds+ အစိုဓာတ်ထိန်းခရင်မ်အသုံးပြုပေးလို့ရပါတယ်။ ဒီအရေပြားပြဿနာမျိုးက ဆရာဝန်အကြံပြုချက်နဲ့သာ အသုံးပြုသင့်တာကြောင့် အရေပြားဆရာဝန်ရဲ့ ညွှန်ကြားချက်ကို ရယူပြီးမှ သုံးစွဲဖို့တော့ လိုအပ်ပါမယ်။နေ့ရက်တိုင်းကို အရေပြားပြဿနာကင်းပြီးကျန်းမာလှပတဲ့အသားအရေပိုင်ရှင်လေးအဖြစ် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး ကျော်ဖြတ်လိုက်ဖို့ အသင့်ပဲလား……။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/dermatitis/seborrheic-dermatitis/
အမြင်အာရုံ ထိခိုက်စေနိုင်တဲ့အချက်တစ်ခု၊ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံ
ကျန်းမာပျော်ရွှင်စွာအသက်ကြီးချင်လား…. အသက်ကြီးတဲ့အထိမျက်လုံးကောင်းကောင်းလေးနဲ့ အလှအပတရားတွေကို ခံစားချင်တယ်ဟုတ်။ ဒါဆိုရင်တော့ အခုကတည်းက အစားကို ဂရုစိုက်လို့ အမြင်အာရုံ ကို ဂရုစိုက်ဖို့ ပြောပါရစေနော်။ ဒီလိုပြောရတဲ့အကြောင်းလေးကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဆယ်စုနှစ် ၂ စုကြာလေ့လာမှုတစ်ရပ်ရဲ့ ရလဒ်အရသိလိုက်ရတာက ငယ်စဉ်မှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံကို ပိုင်ဆိုင်ထားသူတွေက အသက်ကြီးလာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။  ဒါဆို မျက်လုံးလေး ကျန်းမာစေဖို့ဘာတွေများစားလို့ ဘာတွေများရှောင်ရမလဲလို့ မေးစရာရှိလာပြီလား……။လေ့လာမှုတော်တော်များများမှာတွေ့ရှိခဲ့ရတာကအနီရောင်အသားအစားများတာ၊ဆီကြော်မုန့်တွေစားတာ၊ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေစားသုံးတာ၊ သန့်စင်ထားတဲ့ ​ကောက်နှံတွေကို စားသုံးတာက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကင်ဆာဖြစ်နိုင်ခြေများစေတယ်၊ လို့ပဲ တွေ့ရှိခဲ့တာပါ။ တော်တော်များများ သတိမထားမိလိုက်တာက ကျန်းမာရေးနဲ့ မညီတဲ့ စားသုံးမှုကနှလုံးရောဂါနဲ့ကင်ဆာကိုတင်မဟုတ်ဘဲ အမြင်အာရုံထိခိုက်ဆုံးရှုံးမှုကိုဖြစ်စေနိုင်တယ်ဆိုတာပါ။အသက်အရွယ်ကြီးရင့်လာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးမှုကဖြစ်လာမှာပဲဆိုပေမယ့် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေကနည်းသွားမှာပါ။ လေ့လာမှုတွေအရသိလာရတာက ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ စားသောက်မှုပုံစံတွေကအသက်အရွယ်ရလာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးနိုင်ခြေကို ပူံမှန်ထကိ ၃ ဆပိုများစေမယ်ဆိုတဲ့အချက်ပါ။အသက်ငယ်တုန်းမှာပြုပြင်ထားတဲ့အစားတွေ၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်သားဆားနယ်၊ ဝက်ပေါင်ခြောက်၊ အနီရောင်အသားတွေ၊ ဆီကြော်စားတွေ၊ အချိုကဲတဲ့အစားအစာတွေ၊ဥအမျိုးမျိုး(အနှစ်)၊ သန့်စင်ထားတဲ့ ကောက်နှံ၊ အဆီများတဲ့နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ သကြား၊ ဂျယ်လီ၊ အချိုရည်စတာတွေကို အမြဲလိုလို စားသုံးနေမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အမြင်အာရုံ ဆုံးရှုံးနိုင်ခြေက သာမန်ထက် ၃ ဆလောက်ပိုများနေနိုင်ပါတယ်။မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးသောနည်းလမ်းဆိုတဲ့ စကားအတိုင်းပါပဲ။ ငယ်စဉ်ကတည်းကစလို့ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးမယ် ဆိုရင် အသက်ကြီးတဲ့အထိ အလှအပတရားတွေကို ခံစားနိုင်မှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာအသီးအရွက်တွေ၊ သစ်သီးတွေ ပါဝင်အောင်စားသုံးပေးပါ။ အနီရောင်အသားတွေ၊ ပြုပြင်ထားတဲ့ အသားတွေကိုလျှော့စားပါ။ အချိုများတာတွေကိုရှောင်မယ်။ပေါင်မုန့်အဖြူထက် ပေါင်မုန့်ကြမ်းကို ပိုစားမယ် ဆိုရင် အမြင်အာရုံ ကျန်းမာရေးကို ဂရုစိုက်ပြီးသားဖြစ်မှာပါ။ဒါတွေအပြင်မျက်လုံးကို ပုံမှန်စစ်ဆေးမယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အလွန်အကျွံမသုံးဘူး။ ထိုက်သင့်တဲ့ ဂရုစိုက်မှုတွေလုပ်ပေးမယ်ဆိုရင် အသက်အရွယ် ကြီးလာတဲ့အထိ အမြင်အာရုံ ကို အကောင်းဆုံးထိန်းသိမ်းနိုင်မှာပါ။ ဒါကြောင့် အခုကစပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေကို စားသုံးပေးရင်း အမြင်အာရုံလေး ကို ထိန်းသိမ်းစောင့်ရှောက်ပါလို့ ပြောပါရစေနော်။မျက်လုံးကျန်းမာစေဖို့ အစားအသောက်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/unhealthful-diet-linked-with-vision-loss-later-in-life/
အထာကျကျ Vape သောက်ကြမှာလား
E – စီးကရက် လို့ခေါ်သလို Vape လို့လည်း အမည်ရတဲ့ စီးကရက် အစားထိုး ပစ္စည်းကလေးဟာ ပေါ်တာကြာလှပြီဖြစ်သလို မြန်မာပြည်မှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသလို ရောင်းတဲ့ ဆိုင်တွေကိုလည်း လက်ညှိုးထိုးမလွဲ မြင်နေရပါပြီ။Vape ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဆေးလိပ်ဖြတ်ချင်သူတွေအတွက် ရသေ့စိတ်ဖြေ သုံးစွဲနိုင်ဖို့ ဖြစ်ပေမယ့် ဒီခေတ်မှာတော့ ယောက်ျားလေး၊မိန်းကလေး အရွယ်မရွေး စတိုင်ထုတ်တဲ့ ဖက်ရှင်ပစ္စည်းတခု အဖြစ်ကိုပါ ကူးပြောင်းရောက်ရှိလို့ လာပါတယ်။Vape တွေဟာ အဆုတ်ကို အန္တရာယ်ပေး၊ မပေး ဆိုတဲ့ အချက်ကို ယနေ့ထိ ငြင်းခုန်နေကြဆဲဖြစ်သည့်တိုင် သုံးစွဲနေသူတွေရဲ့ စိတ်ထဲမှာတော့ ဒါဟာ ဆေးလိပ်၊စီးကရက်နဲ့ ယှဉ်ရင် ဘာအန္တရာယ်မှ မရှိဘူးလို့ ထင်မြင်နေကြသူက အများစု ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Vape နဲ့ အဆုတ်ကင်ဆာကြား ဆက်စပ်မှုတွေကို ဗဟုသုတဖြစ်ဖွယ် သိရှိနိုင်စေဖို့ မျှဝေပေးသွားမှာပါ။Vape (ဝါ) E – စီးကရက်တွေထဲကို ဆေးရည်လေးတွေ ဖြည့်ပေးရပါတယ်။ အလွယ်ပြောရင် မီးခြစ်ဂက်စ်ဖြည့်သလိုပေါ့လေ။Vape သောက်ချင်တဲ့အခါ သူ့မှာပါတဲ့ ခလုတ်ကလေးကို နှိပ်ပေးခြင်းအားဖြင့် လျှပ်စစ်ဓါတ်ကို လွှတ်ပေးကာ ခုနင်က ဖြည့်တင်းထားတဲ့ ဆေးရည်တွေကို အငွေ့ဖြစ်သွားအောင် ပြုလုပ်ပြီး နစ်ကိုတင်း၊ဓါတုဗေဒပစ္စည်းတွေနဲ့ သင်နှစ်သက်ရာ ရွေးချယ်ထားသော အနံ့လေးတွေ ပါဝင်နေတဲ့ အငွေ့ကို ရှူရှိုက်ရခြင်း ဖြစ်ပါတယ်။Vape ဆေးရည်ရဲ့ နစ်ကိုတင်း ပါဝင်မှုပမာဏ အချိုးအဆ အမျိုးမျိုး ရှိသလို လျှပ်စစ်ဗို့အား ပမာဏလည်း အနည်းအများ အဖုံဖုံမို့ သင်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ကို ကင်ဆာရောဂါ ဖြစ်ပွားစေမယ့် အဓိက လက်သည်ကတော့ ဒီအငွေ့ပဲ ဖြစ်ပါတယ်။Formaldehyde,heavy metals တွေနဲ့ အခြားသော အမှုန်အမွှားတွေဟာ သင့်အဆုတ်ရဲ့ အနက်ရှိုင်းဆုံးသော နေရာတွေမှာ အနည်ထိုင်လာနိုင်လို့ပါ။ဒီနေရာမှာ မေးစရာ ပေါ်လာတာက စီးကရက်နဲ့စာရင် ဒီအငွေ့ထဲမှာ ပါဝင်လာတဲ့ ဓါတုဗေဒပစ္စည်းတွေ၊ အမှုန်တွေက ဘယ်လောက် ပိုနည်းသလဲ ဆိုတာပါပဲ။ ဒီအချက်က ပြောရခက်ပါတယ်။ တခုတည်းသော ပြောနိုင်တဲ့အချက်က Vape အငွေ့မှာပါတဲ့ အန္တရာယ်ရှိ ဓါတ်ပစ္စည်းတွေဟာ ပုံမှန်စီးကရက်ထက် ပမာဏအများကြီး ပိုနည်းတယ်ဆိုတဲ့ အချက်ပါပဲ။ဒါ့အပြင် အငွေ့ဖြစ်အောင် မီးရှို့ဖို့အတွက် သာမန်မီးကို မသုံးဘဲ ဘက်ထရီကထွက်တဲ့ လျှပ်စစ်ကို အသုံးပြုထားတာကြောင့် မီးခိုးငွေ့မထွက်တဲ့အပြင် Vape မှာ ကတ္တရာလည်း မပါဝင်ပါဘူး။ ဒါပေမယ့် အရွယ်အစားပိုမိုကြီးမားတဲ့ Vapeတွေ၊အနံ့အရသာပါဝင်တဲ့ E – စီးကရက်တွေဟာ ရိုးရိုး Vape တွေထက် Formaldehyde နဲ့ အဆိပ်အတောက်တွေ ပါဝင်ထွက်ရှိမှု ပိုများတယ်လို့လည်း လေ့လာမှုအချို့က ဆိုပါတယ်။ အဆိုပါ ဓါတ်ပစ္စည်းတွေဟာ အဆုတ်ဆဲလ်တွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူပေါ့လေ Vape ဟာ သင့်ကျန်းမာရေးအပေါ် ရေရှည်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ ဂဃနဏ သိရှိနိုင်ဖို့အတွက် သုတေသနလေ့လာမှုတွေ အများကြီး ဆက်လုပ်ရဦးမှာပါ။အချို့သော Vapeတွေမှာ အနံ့အရသာအတွက် အသုံးပြုတဲ့ ဓါတုပစ္စည်းတမျိုး ပါဝင်ပြီး diacetyl ဓါတုပစ္စည်းလို့ ခေါ်ပါတယ်။ အဆိုပါ ဓါတုပစ္စည်းဟာ ဆေးပညာအခေါ်အဝေါ်နဲ့ ဆိုရင် bronchiolitis obliterans လို့ အမည်ရတဲ့ ပြင်းထန်ဆိုးရွားသော အဆုတ်ရောဂါတမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါကို ပေါက်ပေါက်ဆုပ်အဆုတ်လို့လည်း ခေါ်ပါသေးတယ်။ပေါက်ပေါက်ဆုပ် အဆုတ်ဆိုပြီး ဘာလို့ခေါ်ရသလဲဆိုတဲ့ ရာဇဝင်လည်း ရှိပါသေးတယ်။ တကယ်တော့ diacetyl ဟာ ပေါက်ပေါက်ဆုပ် ထုတ်လုပ်ရာမှာ အနံ့အရသာအတွက် ထည့်သွင်းအသုံးပြုရတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ပေါက်ပေါက်ဆုပ် စက်ရုံက အလုပ်သမားတွေဟာ ၎င်းဓါတုပစ္စည်းတွေကို ရှူသွင်းနေရတဲ့အတွက် bronchiolitis obliterans ရောဂါ ရတတ်လေ့ရှိတာကို အစွဲပြုပြီး ဒီရောဂါကို ပေါက်ပေါက်ဆုတ်အဆုတ်လို့ ခေါ်တွင်တာပါ။ လူငယ်လူရွယ်တွေ၊ဆယ်ကျော်သက်လေးတွေ ကြိုက်နှစ်သက်တတ်တဲ့ သကြားလုံးအနံ့အရသာ၊ယမကာ အနံ့အရသာ၊သစ်သီးအနံ့အရသာ စတာတွေပါဝင်တဲ့ E – စီးကရက်တွေမှာ diacetyl ကို ထည့်သွင်းပြုလုပ်ထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ ပေါက်ပေါက်ဆုပ်စက်ရုံ အလုပ်သမားတွေနည်းတူ ဒီရောဂါရရှိခံစားလာရနိုင်ချေ များပြားတာပဲ ဖြစ်ပါတယ်။Diacetyl ဟာ သင့်အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေကို ရောင်ရမ်းစေ၊အမာရွတ်ထင်စေတာကြောင့် အသက်ရှုလမ်းကြောင်းဟာ တဖြည်းဖြည်းနဲ့ ထူထဲ ကျဉ်းမြောင်းလာပါတော့တယ်။ နောက်ဆက်တွဲ လက္ခဏာတွေအနေနဲ့ နာတာရှည်ချောင်းဆိုးခြင်း၊အသက်ရှုမဝခြင်း၊အသက်ရှုလျှင် တရွှီရွှီအသံမြည်ခြင်း၊ခေါင်းကိုက်ခြင်းအပါအဝင် အခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။Diacetyl နဲ့ အဆုတ်ရောဂါတို့အကြား ဆက်စပ်မှုကို တွေ့ရှိပြီးနောက်မှာ ပေါက်ပေါက်ဆုပ်ကုမ္ပဏီတွေအနေနဲ့ Diacetyl ကို ဆက်လက်သုံးစွဲခြင်း မပြုတော့ပေမယ့် Vapeဆေးရည်တွေမှာတော့ သုံးနေတုန်းပဲ ဖြစ်ပါတယ်။ပေါက်ပေါက်ဆုပ်အဆုတ်ရောဂါဟာ ကုရာနတ္ထိဆေးမရှိဖြစ်ပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရုံသာ ထိန်းချုပ်ထားနိုင်မှာပါ။ဖက်ရှင်အနေနဲ့ပဲ ဖြစ်ဖြစ်၊ဆေးလိပ်ဖြတ်ချင်လို့ပဲဖြစ်ဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်တဲ့ E – စီးကရက်တွေ (ဝါ) Vapeတွေဟာ ဆေးလိပ်စစ်စစ်လောက် ကျန်းမာရေးကို ထိခိုက်မှုမရှိတာ သေချာပေမယ့် ဆိုးကျိုးလုံးဝမရှိဘူးလို့ တထစ်ချမပြောနိုင်တဲ့အတွက် အသက်ကို ဉာဏ်စောင့်ဆိုသလို ချင့်ချင့်ချိန်ချိန် သုံးစွဲကြရင် အကောင်းဆုံးပဲ ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/about-vape/
ကယ်လ်စီယမ် စုပ်ယူမှုကို ဘယ်လိုများအောင် လုပ်မလဲ
Calcium ဟာ အရိုးတွေကို သန်စွမ်းစေတဲ့ သတ္တုဓာတ်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ Calcium မလုံလောက်ရင် ကိုယ်ခန္ဓာက လိုအပ်တဲ့ Calcium ကို အရိုးတွေထံမှ ယူနိုင်တာကြောင့် အရိုးအားနည်းခြင်း၊ ကြွတ်ဆတ်ခြင်း၊ ပျော့ခြင်းတွေ ဖြစ်နိုင်ပါတယ်။Calcium များတဲ့ အစာတွေ စားသုံးခြင်းဟာ Calcium စုပ်ယူမှုကို အားပေးပြီး Calcium ပမာဏကို ထိန်းသိမ်းဖို့ ဗီတာမင်ဒီ လုံလောက်စွာ ရရှိအောင် လုပ်သင့်ပါတယ်။သင့်ကိုယ်ခန္ဓာဟာ ဖြည့်စွက်စာတွေထက် အစားအစာတွေက Calcium တွေကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။ Calcium ပါတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးခြင်းအားဖြင့် Calcium စားသုံးမှုကို မြှင့်တင်နိုင်ပါတယ်။အဆီဓာတ်နည်းတဲ့၊ အဆီမပါတဲ့ နွားနို့တွေကို သောက်သုံးခြင်းအားဖြင့် အဆီမပါဘဲ Calcium စုပ်ယူမှုကို များပြားစေပါတယ်။ အခြား Calcium ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဒိန်ချဉ်၊ ချိစ်၊ ငါးသေတ္တာနဲ့ ဆယ်လ်မွန်ငါးတို့ပဲ ဖြစ်ပါတယ်။အချို့အစားအစာတွေဟာ Calcium စုပ်ယူမှုကို တားမြစ်ပါတယ်။ ဥပမာ ချောကလက်မှာ oxalates တွေ ပါဝင်ပြီး Calcium ကို ပေါင်းလိုက်ကာ ကိုယ်ခန္ဓာမှ Calcium စုပ်ယူမှုကို တားမြစ်ပါတယ်။ Oxalates များတဲ့ အစားအသောက်တွေကတော့ ဘယ်ရီသီး၊ စပျစ်သီး၊ ကန်စွန်းဥ၊ ခရမ်းသီးတွေပဲဖြစ်ပါတယ်။တကယ်လို့ သင့်မှာ Calcium နည်းတယ်ဆိုရင် သင်စားသုံးနေတဲ့ oxalates ပါဝင်တဲ့ အစားအသောက်တွေအကြောင်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဒါ့ပြင် အရက်၊ ကဖင်းသောက်ခြင်းဟာ Calcium စုပ်ယူမှုကို တားမြစ်တာကြောင့် သူတို့ကို ဖြတ်သင့်ပါတယ်။ဗီတာမင်ဒီဟာ ကိုယ်ခန္ဓာမှ Calcium ပို စုပ်ယူစေပါတယ်။ ဗီတာမင်ဒီ လုံလောက်စွာ မရရှိခြင်းဟာ ကလေးတွေကို Calcium ပမာဏ မလုံလောက်ခြင်းကို ဖြစ်စေပြီး အရိုးပျော့သူငယ်နာ (rickets) ဖြစ်စေနိုင်ပါတယ်။ သဘာဝအတိုင်း ဗီတာမင်ဒီ ပမာဏကို မြှင့်တင်ဖို့ကတော့ တစ်နေ့ကို ၁၅ မိနစ် နေရောင်နဲ့ ထိတွေ့ဖို့ပဲဖြစ်ပါတယ်။တကယ်လို့ ကလေးတွေကို အရေပြားကင်ဆာ ဖြစ်နိုင်ခြေမများစေချင်ဘူးဆိုရင်တော့ ဒီပမာဏထက် မကျော်လွန်သင့်ပါဘူး။ သင့်ဆရာဝန်ကို ကလေးက ဗီတာမင်ဒီ ဖြည့်စွက်စာ စားဖို့ လိုလားဆိုတာ မေးမြန်းသင့်ပါတယ်။ Fortified နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ဗီတာမင်ဒီပမာဏကို ဖြည့်စွက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးရဲ့ အစားအသောက်တွေထဲကို ဖြည့်စွက်စာ ထည့်သွင်းမကျွေးခင် ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ သူဟာ ကိုယ်ခန္ဓာက Calcium စုပ်ယူမှုကို အားပေးပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဟာ ဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေထက် ကိုယ်ခန္ဓာက ပိုပြီး မြန်မြန် ထွက်သွားနိုင်တာကြောင့် သင့်ကလေးဟာ သူတို့ရဲ့ အစားအသောက်ထဲမှာ လုံလောက်စွာ စားသုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင်စီဟာ အသီးအရွက်တွေ အကုန်လုံးမှာ ပါဝင်ပါတယ်။ဗီတာမင်စီ များပြားတဲ့ အစားအသောက်တွေကတော့ green peppers၊ စတော်ဘယ်ရီသီးနဲ့ ခရမ်းချဉ်သီးတွေပဲဖြစ်ပါတယ်။Phosphoric acid ပါဝင်တဲ့ အချိုရည်တွေဟာ  Calcium စုပ်ယူမှုကို လျော့ကျစေနိုင်ပါတယ်။ သင့်ကလေးကို အချိုရည် အမြောက်အမြား မသောက်စေသင့်ပါဘူး။လေ့ကျင့်ခန်းမလုပ်ခြင်းဟာ Calcium နည်းပါးခြင်းသာမက အရိုးပွခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေဟာ ကြွက်သားတွေကို တည်ဆောက်ပေးရုံသာမက အရိုးတွေကိုလည်း သန်စွမ်းစေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ Calcium ပမာဏကို တိုးတက်စေပါတယ်။ကလေးကြီးထွားဖွံ့ဖြိုးဖို့ ကယ်လ်ဆီယမ်ကို လိုအပ်သလို ဦးနှောက်နဲ့အမြင်အာရုံဖွံဖြိုးစေဖို့ DHA နဲ့ ကိုယ်ခန္ဓာကျန်းမာ ကြီးထွားစေဖို့အတွက် အာဟာရဓာတ်တွေကို အပြည့်အဝစုပ်ယူနိုင်စေဖို့ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ lcFOS တို့ကိုလည်း လိုအပ်ပါတယ်။ ဒီဓာတ်တွေကို ကလေးနေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပါဝင်အောင်ကျွေးမွေးလို့ရပါတယ်။ဥပမာ DHA ရရှိနိုင်အောင် ကလေးကို ဥအမျိုးမျိုးကျွေးတာ၊ကိုက်လန်၊ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းလိုမျိုး အသီးအရွက်တွေကျွေးတာ၊ ပဲအမျိုးမျိုးနဲ့ ငါးတွေကျွေးတာမျိုးလုပ်ပေးလို့ရပါတယ်။ lcFOS ရရှိဖို့အတွက်ကတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေကျွေးမွေးပေးလို့ရပါတယ်။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓတ်တွေကိုပြည့်စုံစွာရရှိပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာနိုင်ကြပါစေကြောင်း။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%80%e1%80%9a%e1%80%ba%e1%80%9c%e1%80%ba%e1%80%85%e1%80%ae%e1%80%9a%e1%80%99%e1%80%ba-%e1%80%85%e1%80%af%e1%80%95%e1%80%ba%e1%80%9a%e1%80%b0%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%ad%e1%80%af/
စိတ်ကူးယဉ်တာဟာ ဖန်တီးနိုင်စွမ်းအားကောင်းတာရဲ့ လက္ခဏာတခု
စိတ်ကူးယဉ်တာတွေဟာ ကျွန်တော်တို့ အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်းနဲ့ လျော့နည်းလို့ လာပါတယ်။ စိတ်ကူးယဉ်တဲ့ အရာတွေကို တကယ်လိုက်လုပ်ဖို့ အချိန်ရှားပါးလေ စိတ်ကူးယဉ်တာ နည်းလေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကူးယဉ်တတ်ခြင်းဟာ သင့်ကို ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းစတဲ့ စွမ်းရည်တွေ တိုးတက်လာစေတယ်လို့ နောက်ပိုင်း လေ့လာစမ်းစစ်ချက်တွေအရ သိရပါတယ်။•တချို့အခြေအနေတွေမှာတော့ စိတ်ကူးယဉ်တာဟာ အကျိုးမရှိတဲ့အပြင် အန္တရာယ်တောင် ရှိနိုင်ပါသေးတယ်။ဥပမာ လွယ်လွယ်ပြရရင် ကျောင်းသားတွေ အရေးကြီးလက်ချာချိန်မှာ စိတ်ကူးယဉ်နေတာမျိုးပေါ့။ ဖန်တီးနိုင်စွမ်း ကောင်းမကောင်းတော့ မသိဖူး၊စာမေးပွဲ ကျဖို့တော့ များနေပါပြီ။ လုပ်ငန်းခွင်မှာ စိတ်ကူးယဉ်ရင်တော့ စာမေးပွဲ ကျတာထက်ဆိုးသွားပါလိမ့်မယ်။ အသက်အန္တရာယ်တွေပါ တသီတတန်းကြီးရှိလာမှာပါ။ လေယာဉ်တွေပျံသန်းတာကို ထိန်းချုပ်တဲ့ အလုပ်မျိုး၊ဆရာဝန်တွေ ခွဲစိတ်တဲ့ အလုပ်မျိုးတွေမှာ အာရုံစူးစိုက်မှုက တစ်ရာ ရာခိုင်နှုန်း အရေးကြီးလှပါတယ်။•အရှေ့မှာ ပြောခဲ့သလိုပဲ စိတ်ကူးယဉ်ခြင်းဟာ လူတွေကို ပြဿနာတွေ ဖြေရှင်းနိုင်အောင် နဲ့ ပိုမိုအောင်မြင်အောင် ကူညီပေးနိုင်တယ်လို့ လတ်တလော သုတေသနပြုလေ့လာချက်တွေအရ သိရပါတယ်။ စိတ်ကူးယဉ်တာဟာ ကျွန်တော်တို့ ညဘက် အိပ်မက် မက်သလိုပါပဲ။ ညဖက်မက်တဲ့ အိပ်မက်တွေကို လက်တွေ့ဖြစ်အောင်လုပ်ဖို့ မလွယ်ပေမယ့် နေ့ဖက်စိတ်ကူးယဉ်တာကိုတော့ တကယ်ဖြစ်လာအောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေပါတယ်။ ဖန်တီးမှုအားကောင်းဖို့လိုတဲ့ အလုပ်တွေဖြစ်တဲ့ သီချင်းရေးဆရာ၊ဒါရိုက်တာဒါမှမဟုတ် စာရေးဆရာတွေဟာ သူတို့ရဲ့ ဖန်တီးမှုအသစ်တွေကို စိတ်ကူးယဉ်တာကနေ အစပြု ဖော်ထုတ်လေ့ရှိကြပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်တွေ အသစ်အဆန်းတွေ ဖန်တီးတီထွင်ဖို့လည်း စိတ်ကူးယဉ်တာကပဲ အစပျိုးခဲ့ကြလေ့ ရှိပါတယ်။ လူတယောက် ဖန်တီးနိုင်စွမ်း မြင့်မားလာလေလေ သူတို့ရဲ့ ဦးနှောက်မှာရှိတဲ့ default – mode network လို့ခေါ်တဲ့ လမ်းကြောင်းတွေ ပိုလို့ အလုပ်လုပ်လေပါပဲ။ ဖန်တီးနိုင်စွမ်း မြင့်မားသူတွေဟာ အလုပ်လုပ်နေချိန် ဒါမှမဟုတ် တခုခုကို အာရုံစိုက်နေချိန်မှာ သူတို့ရဲ့ စိတ်ကူးဉာဏ်တွေကို အစွမ်းကုန် ကွန့်မြူးနေလေ့ရှိတယ်လို့ စိတ်ပညာရှင်အများအပြားက ယုံကြည်ထားကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ စိတ်ကူးဉာဏ်ကွန့်မြူးတာ၊စိတ်ကူးယဉ်တာနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ၊သုတေသနတွေကို အများအပြား ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုတွေကနေ လူတွေဟာ သူတို့လုပ်လက်စ အလုပ်တာဝန်တခုကနေ မသိလိုက်မသိဖာသာ ဆိုသလို အာရုံလွင့်ပြီး စိတ်ကူးယဉ်တာ ဒါမှမဟုတ် စိတ်ကူးဉာဏ် ကွန့်မြူးတာတွေကို အမှတ်မထင် ပြုလုပ်လေ့ ရှိကြတာပါလို့ ကောက်ချက်ဆွဲနိုင်ခဲ့ပါတယ်။•စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စွမ်းမြင့်မားတာဟာ အတွေးအကြံသစ်တွေ၊စွမ်းအင်သစ်တွေ နဲ့ အဖြေသစ်တွေကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် တွန်းအားတခုပဲ ဖြစ်ပါတယ်။ စိတ်ကူးယဉ်တာဟာ သင့်ရဲ့ စိတ်ထဲမှာ တီထွင်ဖန်တီးမှုတွေကို အစမ်းဖန်တီးနေတာ ဖြစ်ပြီး ဒီစိတ်ကူးတွေကို သင့်ဘဝအတွက် ဒါမှမဟုတ် သင့်လုပ်ငန်းအတွက် ဘယ်လို ကောင်းမွန်တိုးတက်အောင် ထည့်သွင်းမလဲဆိုတာကို လေ့လာစူးစမ်းဖန်တီးရမှာ ဖြစ်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်မြူးမှုအားကောင်းတဲ့ သူတွေနဲ့ သာမန်လူတွေ အကြားမှာ ဘယ်အရာက ကွာဟချက် ကြီးမားစေတာလဲ။၁၉၆၀ ပြည့်နှစ်မှာ Barron လို့ခေါ်တဲ့ စိတ်ပညာရှင်နဲ့ သုတေသန ပညာရှင်က ဒီအကြောင်းကို လေ့လာဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ အဲ့ဒီခေတ်အခါတုန်းက ကျော်ကြားလူသိအများဆုံး အတွေးအခေါ်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး စမ်းသပ်မှုတွေ အမြောက်အများ ပြုလုပ်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်က “ဉာဏ်ကြီးရှင်” တွေကို ဘယ်လိုအရာမျိုးက ဖန်တီးပေးလဲဆိုတာ သိဖို့ပါ။ ဘယ်လို နယ်ပယ်မျိုးမှာပဲ ဖြစ်ဖြစ် ဖန်တီးနိုင်စွမ်း အားကောင်းမြင့်မားတယ်ဆိုတဲ့ သူတွေဟာ ယေဘုယျအားဖြင့် တူညီတဲ့ အချက်တချက်ရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါကဘာလဲဆိုရင် သူတို့ရဲ့ အတွင်းစိတ်ကို လုံးဝလွှတ်ထုတ်နိုင်စွမ်းရှိတာပါ။ ဘာကိုပြောချင်တာလဲ ဆိုတော့ သူတို့ဟာ ရှုပ်ထွေးမှု၊မရေရာမှုတွေကို သဘောကျပြီး စူးစမ်းချင်တယ်၊ ဗရုတ်သုတ်ခ ကစဉ့်ကလျားအခြေအနေတွေကို သူမတူအောင် လက်ခံနိုင်စွမ်းရှိပြီး ဒီလို အခြေအနေတွေကနေ မှန်ကန်ကောင်းမွန်တဲ့ အရာတွေကို ဆွဲထုတ်နိုင်စွမ်းရှိတယ်၊အစီအစဉ်တကျ နေသားတကျဖြစ်အောင် ပြန်လုပ်နိုင်စွမ်းရှိတယ်၊ တခြားအရာ/လူပုဂ္ဂိုလ်တို့အပေါ် မှီခိုလိုစိတ်လုံးဝ မရှိဖူး၊ဖောက်ထွက်တွေးတော လုပ်ဆောင်နိုင်စွမ်းရှိတယ်၊ပြီးတော့ စွန့်စားရဲတယ်၊မှားမှာကို မကြောက်ဖူးစတဲ့ စိတ်စွမ်းရည်တွေ ရှိနေကြတယ်လို့ ပြောချင်တာပါ။•ဖန်တီးနိုင်စွမ်းဟာ အကြောင်းရင်းခံတွေ အများကြီးရှိတယ်လို့ မျက်မှောက်ကာလမှာ စိတ်ပညာရှင်တွေ လက်ခံထားကြပါတယ်။ဦးနှောက်ရဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး စဉ်းစားမယ်ဆိုရင်လည်း ဖန်တီးနိုင်စွမ်းဆိုတဲ့ ကိစ္စကြီးကို စဉ်းစားရတာဟာ သပွတ်အူလိုပဲ ရှုပ်ထွေးလှပါတယ်။cerebrum system နဲ့ ဆက်စပ်နေတဲ့ ဖောက်ထွက်တွေးနိုင်စွမ်းနဲ့ အသစ်အဆန်းတွေကို ဖန်တီးနိုင်စွမ်းတို့ဟာ စာနာတတ်တဲ့စိတ်၊မိမိကိုယ်ကို နားလည်သဘောပေါက်နိုင်စွမ်းနဲ့ အရှိကို အရှိအတိုင်း မြင်နိုင်စွမ်းတွေရှိလာဖို့အတွက် အခြေခံကျတဲ့ အချက်တွေလို့ ဆိုပါတယ်။latent inhibition လို့ခေါ်တဲ့ တွေ့နေမြင်နေကျ အရာတွေ၊လှုံ့ဆော်မှုတွေကို တုန့်ပြန်နိုင်စွမ်း နောက်ကျတာနဲ့ intellectual cognitive လို့ခေါ်တဲ့ အတွေ့အကြုံကရလာတဲ့ သိမှုစိတ်တို့ဟာ တခုနဲ့တခု မဆိုင်ပါဖူး။ မတူညီတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။latent inhibition နည်းတဲ့သူတွေဟာ သူတို့ရဲ့ တဒင်္ဂအတွင်း သိမြင်နိုင်စွမ်း၊သဘောပေါက်နိုင်စွမ်းကို ပိုပြီး ယုံကြည်မှုရှိပါတယ်။ ဒါဟာဘာလို့လဲဆိုတော့ သူတို့ရဲ့ တဒင်္ဂအတွင်း သိမြင်နိုင်စွမ်း၊သဘောပေါက်နိုင်စွမ်းက ပိုပြီးတိကျမှန်ကန်လို့ ဖြစ်ပါတယ်။မှတ်ဉာဏ်စွမ်းအားမြင့်မားလာဖို့ ဒါမှမဟုတ် စိတ်ကူးစိတ်သန်းကောင်းမွန်ဖို့ နှစ်ခုလုံးကို ကျွန်တော်တို့ ကြိုးစားပြီး မြှင့်တင်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီနှစ်ခုလုံးဟာ အင်မတန်မှ တန်ဖိုးရှိပြီး အသုံးဝင်တဲ့ ဖန်တီးနိုင်စွမ်းဆိုတဲ့ အရာဆီကို ဦးတည်နေလို့ပဲ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%b0%e1%80%b8%e1%80%9a%e1%80%89%e1%80%ba%e1%80%90%e1%80%ac%e1%80%9f%e1%80%ac-%e1%80%96%e1%80%94%e1%80%ba%e1%80%90%e1%80%ae%e1%80%b8%e1%80%94%e1%80%ad/
ရောင်ရမ်းခြင်းကို လျော့ကျစေသော အစားအသောက် ၇မျိုး
ရောင်ရမ်းခြင်းဆိုတာ အရိုးအဆစ်နဲ့ ကြွက်သားဆိုင်ရာ ရောဂါဝေဒနာအများစုမှာ ဖြစ်လေ့ရှိပါတယ်။ စောစီးစွာ ကုသမှုမခံယူရင် နာတာရှည် ရောင်ရမ်းခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ သို့သော် ရောင်ရမ်းမှုအဆင့်ကို လျော့ကျသွားအောင် ကူညီပေးနိုင်တဲ့ လက်တွေ့နည်းလမ်းအချို့ရှိပါတယ်။ ဒါကတော့ သင့်ရဲ့ အစားအသောက်ကို ပြောင်းလဲ စားသောက်ပေးခြင်းမှ စတင်မှာ ဖြစ်ပါတယ်။ အာဟာရကျွမ်းကျင် ပညာရှင်များက လမ်းညွှန်ထားတဲ့ ရောင်ရမ်းမှုဝေဒနာကို လျော့ကျသက်သာအောင် ကူညီပေးနိုင်သော အစားအသောက် ၇မျိုးအကြောင်းကို ယခုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ခန္ဓါကိုယ်ထဲမှ ကျန်းမာနေတဲ့ ဆဲလ်တွေ ပျက်စီးသောအခါ ကိုယ်ခံအားစနစ်မှ တုံ့ပြန်သောကြောင့် ဖြစ်လာတဲ့ အခြေအနေကို ရောင်ရမ်းခြင်းလို့ ခေါ်ပါတယ်။ ရောင်ရမ်းခြင်း ဖြစ်လာတဲ့အခါမှာ အဆစ်တွေဟာ နီခြင်း၊ ဖောင်းခြင်း ၊ တောင့်တင်းခြင်း၊ နာကျင်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျသက်သာစေတဲ့ ဓါတုပစ္စည်းတွေများစွာ ရှိပါတယ်။ ၎င်းတို့ကို အရောင်ကျစေတဲ့ ဓါတုပစ္စည်း တွေလို့ခေါ်ပါတယ်။ ဒီဓါတုပစ္စည်းတွေထဲက အချို့ကို အစားအသောက်တွေထဲမှာ တွေ့ရပါတယ်။ငါး။ငါးတွေဟာ ရောင်ရမ်းမှုဝေဒနာအတွက် မမျှော်လင့်ထားတဲ့ ကောင်းကျိုးတွေ ပေးနိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ဖော်ပြထားပါတယ်။ ဆော်လမွန်ငါးကို ရွေးချယ်စားသောက်ခြင်းဟာ အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဆော်လမွန်ငါးကို အရသာရှိတဲ့ အမျိုးမျိုးသော ဟင်းလျာတွေနဲ့ရောစား ပေးခြင်းအားဖြင့် အိုမီဂါ သရီး ကိုပိုမိုရရှိ စေပါတယ်။ တကယ်လို့ သင်ဟာ ငါးမကြိုက်တဲ့သူ ဆိုရင်တော့ ငါးကြီးဆီ ဖြည့်စွက်ဆေးကို အစားထိုး သောက်သုံးပေးနိုင်ပါတယ်။ သင်စားပေးသင့်တဲ့ ပမာဏကို ပိုပြီး သိရှိစေရန် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်နိုင်ပါတယ်။အသီးအနှံများ။Anthocyanin ဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေဖြစ်တဲ့ ချဉ်သော ချယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး တွေဟာဆိုရင် ရောင်ရမ်းမှုဝေဒနာကို လျော့ကျ သက်သာစေပါတယ်။ ဒါ့အပြင် ပိုးဝင်ခြင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် polyphenol လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အဖွဲ့အစည်းများစွာ ပါဝင်ပါတယ်။ချဉ်သော အရသာရှိတဲ့ ချယ်ရီသီးဟာဆိုရင် ရောင်ရမ်းမှု ဝေဒနာကို ၅၀ရာခိုင်နှုန်းထိ လျော့ကျ သက်သာစေပြီး အားကစားသမားများတွင် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးများစွာ သောက်သုံးရန် မလိုပဲ စွမ်းဆောင်ရည် ပိုမြင့်လာစေတယ်လို့ သုတေသန ပြုလေ့လာသူများက ဆိုကြပါတယ်။အစေ့အဆံများ။အစေ့အဆံတွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓါတ်တွေ များစွာပါဝင်ပြီး ရောင်ရမ်းမှုကို သိသိသာသာ တိုက်ထုတ်နိုင်ပါတယ်။ မက်မွန်သီးအစေ့ဟာ ဗီတာမင် အီး၊ ထုံးဓါတ်နဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သစ်ကြားသီး အစေ့ဟာဆိုရင် အပင်အခြေခံသော အိုမီဂါ သရီးများစွာပါဝင်ပါတယ်။ နေကြာစေ့နဲ့ သစ်အယ်စေ့ကဲ့သို့ အခြားအစေ့တွေမှာလည်း အိုမီဂါ သရီး ဓါတ်များစွာပါဝင် ပါသေးတယ်။ နေ့စဉ်စားသောက်တဲ့ အစာတွေထဲမှာ အစေ့အဆံများ၊ ငါး၊ အစိမ်းရောင် အရွက်များနဲ့ ကောက်ပဲသီးနှံတွေကို ထည့်ပေါင်း၍ စားပေးခြင်းကို မြေထဲပင်လယ်ဒေသမှ လူအများ ပြုလုပ် လေ့ရှိကြပါတယ်။ဒီလို စားသောက်ပေးခြင်းဟာ အနည်းဆုံး ၆ပတ် အတွင်းမှာ ရောင်ရမ်းခြင်းဝေဒနာကို ရှောင်ရှားပေးနိုင်တယ်လို့ ဆိုကြပါတယ်။လက်ဖက်ရည်။လက်ဖက်စိမ်းရည် (သို့) လက်ဖက်နက်ရည် ကို ဖန်ခွက်သေး တစ်ဖန်ခွက် သောက်ပေးခြင်း ဟာလည်းပဲ သင့်ခန္ဓါကိုယ်ထဲမှာ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းကို ပေါင်းထည့်ပေး သကဲ့သို့ ဖြစ်စေတဲ့အတွက် ရောင်ရမ်းခြင်းကို လျော့ကျသက်သာစေပါတယ်။ လက်ဖက်စိမ်းရည်ကတော့ သင့်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ မေ၂၀၁၅ တွင် ထုတ်ဝေခဲ့သော အပြည်ပြည်ဆိုင်ရာ အရိုးအဆစ် ရောဂါများ ဂျာနယ်၌ လက်ဖက်စိမ်းရည်နဲ့ လက်ဖက်နက်ရည်တို့ကို နှိုင်းယှဉ်ပြီး ရောင်ရမ်းမှုဝေဒနာသက်သာစေပုံ အကြောင်းကို ဖော်ပြခဲ့ပါတယ်။ ၎င်းရဲ့ လေ့လာမှုတစ်ခု၌ လက်ဖက်စိမ်းရည်ဟာ အရိုးအဆစ်ရောင်ရမ်း နာကျင်ခြင်းကို သက်သာစေရုံမျှမက နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ကြက်သွန်ဖြူ။ကြက်သွန်ဖြူဟာ အနံ့အားဖြင့် ဆိုးသော်လည်း ဆေးကုသမှုဆိုင်ရာမှာ သူ့ရဲ့ ကောင်းကျိုးတွေကတော့ များစွာရှိပါတယ်။ ရောင်ရမ်းမှုဝေဒနာကို လျော့ကျသက်သာ စေတဲ့ အပြင် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း ပိုမို အားကောင်းစေပါတယ်။ ၎င်းဟာ ibuprofen ကဲ့သို့ စတီးရွိက်မဟုတ်တဲ့ အကိုက်အခဲပျောက် အရောင်ကျဆေးများနဲ့ ဂုဏ်သတ္တိချင်း တူညီတဲ့ အတွက် ဖြည့်စွက်အစာအနေနဲ့ စားသုံးနိုင်ပါတယ်။ဂျင်း။ဂျင်းကို ဆေးဖော်စပ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။ ၎င်းဟာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေတဲ့ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဂျင်းရဲ့ ရောင်ရမ်းမှုဝေဒနာကို သက်သာ ပျောက်ကင်းစေတဲ့ ကြီးမားသော အာနိသင်ကြောင့် နာတာရှည် အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ လေးဖက်နာရောဂါကြောင့် အဆစ်အမြစ် ရောင်ရမ်းခြင်းကဲ့သို့ နာတာရှည် ဝေဒနာတွေကို လျော့ကျသက်သာစေပါတယ်။ အားကစားသမားတွေမှာလည်း ဂျင်းရဲ့ အရောင်ကျစေတဲ့ အာနိသင်ကို အသုံးပြုပြီး လေ့ကျင့်မှုပြီးတဲ့အခါ ရောင်ရမ်းခြင်း မဖြစ်ပေါ်အောင် ပြုလုပ်ကြပါတယ်။အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ။လေ့လာတွေ့ရှိမှုများစွာအရ ဗီတာမင်အီးဟာ cytokines လို့ခေါ်တဲ့ ရောင်ရမ်းမှုဖြစ်စေတဲ့ ဓါတ်လေးတွေကို ဆန့်ကျင်ကာကွယ်ရာမှာ အရေးကြီးတဲ့ နေရာက ပါဝင်တယ်လို့ ဆိုပါတယ်။ ဗီတာမင်အီးကို ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂျပန် သင်္ဘောဒန့်သလွန်ရွက်နဲ့ ဂေါ်ဖီထုပ် စတာတွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် ကိုက်လန်ရွက်ဟာဆိုရင် ရောင်ရမ်းမှုကို ဖယ်ရှားပေးနိုင်တဲ့ ဆာလဖာဓါတ်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အရောင်ရင့်တဲ့ အသီးအရွက်တွေဟာ ထုံးဓါတ်၊ သံဓါတ် နဲ့ ရောဂါခုခံနိုင်တဲ့ ဓါတု ဓါတ်အချို့စတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7/
မရမ်းသီး ကြိုက်ကြလား..........
ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ မရမ်းသီး ကို ကြိုက်လား…..ဆောင်းရဲ့ အအေးဓာတ်လေးမကုန်ခင်မှာ အရသာရှိလှတဲ့ မရမ်းသီးလေးစားရတာကလည်း ခံတွင်းတွေ့ပြီး စိတ်ကျေနပ်စရာ​ကောင်းတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်တစ်ခုပေါ့။ မရမ်းသီးစိမ်းကို ဆားရည်ပဲစိမ်စားစား၊ ဆေးသကြားလေးနဲ့ အချိုစိမ်ပြီးပဲစားစား၊ ပါးပါးလှီးပြီး သုပ်ပဲစားစား၊ ငပိလေးနဲ့ရောထောင်းပြီးပဲစားစား၊လက်ဖက်လေးနဲ့ ရောထောင်းစာစား စားလို့ကောင်းတဲ့ မရမ်းသီးလေးက စားကောင်းတယ်ဆိုတာထက် ပိုပါတယ်။မရမ်းသီးဆိုတာက အပင်ကြီးမျိုးတစ်မျိုးဖြစ်ပြီး ၄ စင်တီမီတာကနေ ၇ စင်တီမီတာလောက် ရှိတဲ့ အသီးလေးတွေ သီးတတ်ပါတယ်။ အစိမ်းရောင်ခပ်ဖျော့ဖျော့ရှိပြီး အရသာကချဉ်ပါ။ အလယ်မှာ ခရမ်းရောင် အစေ့လေးပါ ပါတယ်။ မှည့်လာတဲ့အခါ အဝါရောင် ပြောင်းလာပါတယ်။ အဝါရောင် ပြောင်းလာမှု နဲ့အတူ အရသာကလည်း အချဉ် ပေါ့လာ ပါတယ်။မရမ်းသီးကသရက်ပင်၊ သီဟိုဠ်ပင်တို့နဲ့ မျိုးရင်းတူပေမယ့် ထူးခြားတာ တစ်ခုက သူက အခွံခွာစရာ မလိုဘဲ စားလို့ရတာပါ။ မရမ်းပင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ ပေါက်ရောက်ကြ ပါတယ်။မရမ်းသီးက အရသာလေးတင် ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အခုလိုအကျိုးကျေးဇူးလေးတွေပေးပါသေးတယ်။အရေပြားကျန်းမာစေတယ်။မရမ်းသီးမှာဗီတာမင် Cကြွယ်ဝစွာပါဝင်တာကြောင့် ကော်လာဂျင်တစ်ရှူးတွေကို အာဟာရဖြည့်ပေးပါတယ်။ ဒါ့အပြင်ဘီတာကယ်လ်ရိုတင်းပါဝင်နေတာကြောင့်  အသားအရေကို ကြည်လင်ကျန်းမာစေနိုင်ပါတယ်။နောက်တစ်ချက်က အသားအရေစိုပြေနေစေဖို့ရေဓာတ်ဖြည့်ပေးတာပါ။ ကြည်လင်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မရမ်းသီးလေး စားပေးလို့ရပါတယ်။အနာကျက်စေနိုင်တယ်။မရမ်းသီးမှာ ပရိုတင်းနဲ့ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့်အရေပြားဆဲလ်တွေအသစ်ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ကော်လာဂျင်ထွက်ရှိအောင် အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒိလိုလုပ်ဆောင်ပေးမှုကပဲ အနာကျက်မြန်စေဖို့ အကောင်းဆုံး ထောက်ကူပေးတာပါ။သွေးလည်ပတ်မှုကောင်းစေနိုင်တယ်။ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုကောင်းစေဖို့အတွက် ရေဓာတ်ကြွယ်ဝဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာသွေးစီးဆင်းမှုကောင်းဖို့ဆိုရင် ရေဓာတ်ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် ကိုယ်တွင်းမှာ သွေးလည်ပတ်မှုကောင်းစေဖို့ဆိုရင် ရေများများသောက်ဖို့လိုပါမယ်။ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေတယ်။ဦးနှောက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေနဲ့ဖွဲ့စည်းထားတာပါ။ ဦးနှောက်က သူ့ရဲ့လုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့က မဖြစ်မနေလိုအပ်ပါမယ်။ ဒီပြဿနာပြေလည်ဖို့ဆိုရင် ရေဓာတ်ပြည့်ဝတဲ့ မရမ်းသီးလေးစားပေးလို့ရပါတယ်။ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ရေဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ရေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို အကောင်းဆုံးစွန့်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက နှလုံးရောဂါ၊ ကင်ဆာ၊ဆီးချို၊ လေဖြတ်တာ နဲ့ အခြားကျန်းမာရေးပြဿနာတွေ မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။နှလုံးကျန်းမာစေနိုင်တယ်။မရမ်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝမှုကပဲ နှလုံးလေးကို အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ပါတယ်။ တစ်နေ့တာမှာ အမျှင်ဓာတ် ၂၆ ဂရမ်စားသုံးပေးတာက နှလုံး ရောဂါဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင်အမျှင်ဓာတ်များများစားဖို့ လိုပါမယ်။အဆုတ်ကျန်းမာစေနိုင်တယ်။အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေနည်းတူ  အဆုတ်တွေကလည်း ရေလုံလောက်စွာရရှိဖိုပလိုပါမယ်။ အကြောင်းကတော့ အဆုတ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ မရမ်းသီးမှာပါတဲ့ အာဟာရဓာတ်တွေက အဆုတ်တွေကို ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် အဆုတ်ကျန်းမာချင်တယ်ဆိုရင် မရမ်းသီးစားပေးပါ။အမြင်အာရုံကျန်းမာစေနိုင်တယ်။ဘီတာကယ်လ်ရိုတင်းပါဝင်နေမှုက မျက်လုံး နဲ့ အမြင်အာရုံကျန်းမာစေဖို့ မရမ်းသီးကို စားပေးသင့်တယ်ဆိုတဲ့ အကြောင်းအရင်းပါ။ ဒါကြောင့် အမြင်အာရုံကျန်းမာစေဖို့ဆိုရင် မရမ်းသီးစားပေးလို့ရပါတယ်။ဝိတ်ကျစေနိုင်တယ်။အမျှင်ဓာတ်ပါတယ်ဆိုမှ​တော့ အဆာခံနိုင်စေပြီး ဝိတ်ကျစေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာမလိုအောင်ပါ။ ဒါကြောင့် ဝိတ်ကျချင်တယ်ဆိုရင် မရမ်းသီးလေး စားပေးလို့ရပါတယ်။သံဓာတ်စုပ်ယူမှုကောင်းစေတယ်။သံဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ သံဓာတ်ချို့တဲ့မယ်ဆိုရင် သွေးအားနည်းရောဂါဖြစ်စေနိုင်သလို အာရုံစူးစိုက်ရခက်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ သံဓာတ်ကသွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ကိုယ်တွင်းမှာ သွေးပမာဏတိုးစေနိုင်တာကြောင့် ကျန်းမာနေစေမှာပါ။ မရမ်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုကပဲ သံဓာတ်စုပ်ယူမှုကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ရေဓာတ်ပြည့်ဝစေနိုင်တယ်။ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့က ရေဓာတ်ပြည့်ဝဖို့ပါ။ မရမ်းသီးက ရေဓာတ်ပြည့်ဝတဲ့ အသီးတစ်မျိုးဆိုတော့ ဘာလို ဦးမလဲ။ဝမ်းမှန်စေနိုင်တယ်။မရမ်းသီးက အစာခြေစနစ်အတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ ရေဓာတ်ရော အမျှင်ဓာတ်ပါ ကြွယ်ဝနေမှတော့ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့ လိုမယ်မထင်ပါဘူး။မရမ်းသီးက ကျန်းမာရေးအကျိုးကျေးဇူးရှိတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးမို့လို့ သင့်တော်သလောက်ပဲ စားကြဖို့ အကြံပေးချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/gandaria-fruit/
ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု
အစားအသောက်နဲ့ လူ့ကျန်းမာရေးက အချိုးကျကျ ဆက်နွှယ်နေတယ်လို့ပြောရင် ယုံနိုင်မလား။ မှန်မှန်ကန်ကန်စားရင် ကျန်းမာအားပြည့်စေတယ်၊ ခန္ဓာကိုယ်ကြီးကို သက်တမ်းရှည်ကြာအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်လိမ့်မယ်။ စားသောက်ပုံ နည်းလမ်းမှားရင်တော့ ဘယ်လိုအကောင်းစားတွေပဲ စားနေပါစေ၊ လူကရောဂါထူလာပါလိမ့်မယ်နော်။ ဒီတော့ သတိထားနိုင်စေဖို့ ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား တွေက ဘာတွေ ဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု ကတော့ အောက်ပါအတိုင်းပါ။ ဒါကြောင့် ကျန်းမာချင်တယ်ဆိုရင် ဒီလိုတွေ မလုပ်မိအောင် ရှောင်သင့်ပါတယ်နော် –။(၁)စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း။Cornell University သုတေသီ ပါမောက္ခ Brian Wansink ရဲ့လေ့လာမှုအရ ကိုယ်အစားအသောက် ထည့်စားတဲ့ ပန်းကန်အရွယ်အစားကြီးလေ၊အတိုင်းအဆမသိဘဲစားမိလေ ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဥပမာ ရုပ်ရှင်သွားကြည့်တဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက် ဘူးကြီးအရွယ်အစားကို စားတဲ့အခါ ဘူးအသေးနဲ့ပဲ ခွဲဝယ်ခဲ့တဲ့(ပေါက်ပေါက်ပမာဏချင်းတူတူ)သူတွေထက် ၄၅ ရာခိုင်နှုန်းလောက် ပိုစားမိကြတာတွေ့ရပါတယ်။ဒါ့ကြောင့် ပန်းကန်ကြီးကြီးနဲ့ထည့်မစားပါနဲ့။ ကိုယ့်ထည့်စားမယ့်ပန်းကန်အရွယ်အစားကို ပုံမှန်လောက်ပဲရွေးသင့်သလို ဘူးတွေ၊ခွက်တွေထဲကနေ အလွယ်တကူယူတိုက်ရိုက်ယူမစားသင့်ပါဘူး။(၂) ညဘက် အစား ထစားခြင်း။ကိုယ်အလေးချိန်ထိန်းသိမ်းချင်တယ်ဆိုရင်ညဘက်အစာစားတာဟာ မကောင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် စားသောက်ပုံ မှန်ကန်ဖို့ ဂရုစိုက်သင့်ပါတယ်။ဒါ့ကြောင့် ညစာစားပြီးပြီဆိုတာနဲ့ မီးဖိုချောင်ပိတ်သွားပြီလို့ ကိုယ့်ဘာသာတွေးထားလိုက်ပါ။ ညစာစားပြီးသွားတိုက်ပါ။ ဒါမှသန့်စင်ပြီးသား ခံတွင်းမှာ ထပ်စားချင်စိတ်နည်းစေပါလိမ့်မယ်။ ညလယ်အစာစားချင်လာရင် ၁၀ မိနစ် စောင့်ကြည့်ပါ။ ဒါတောင်ထပ်ဆာနေသေးရင် ချိစ်ချောင်းလေးဖြစ်ဖြစ်၊ သစ်သီးတစ်စိတ်လောက်ဖြစ်ဖြစ် ပမာဏနည်းတာလေးစားလိုက်ပါ။(၃)သရေစာအဆက်မပြတ်စားခြင်း။တချိန်လုံး သရေစာတွေစားနေတာ၊ ကယ်လိုရီများတဲ့အစာတွေမကြာခဏစားမိနေတာလည်းမကောင်းပါဘူး။ အငန်များတဲ့အာလူးကြော်တွေ၊ ဆိုဒါနဲ့သကြားလုံးတို့အပါအဝင် ကျန်းမာရေးအတွက်မကောင်းတဲ့သရေစာမုန့်တွေကို စားတတ်ကြသူတွေများပါတယ်။ ဒါ့ကြောင့် ဒီလိုစားတဲ့အခါမှာ ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာတွေကိုပဲရွေးသင့်ပါတယ်။ဥပမာ- မုန်လာဥနီနဲ့သခွားသီး၊ ဒိန်ချဉ်၊ဗာဒံစေ့စတာတွေဖြစ်ပါတယ်။ ကိုယ်စိတ်မနိုင်ဘူးဆိုရင်အာလူးကြော်တွေ၊ ကွတ်ကီးတွေကို အနီးအနားမှာမထားပါနဲ့။မနက်စာက တစ်နေ့တာမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတာသိကြပေမယ့် တခြားကိစ္စတွေအာရုံများလာတဲ့အခါ စားဖို့အချိန်မရှိဘူးလို့တွေးမိလိုက်နိုင်ပါတယ်။ ဒါပေမယ့်မနက်စာမစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်က စတင်နှေးကွေးလာပါတယ်။ မနက်စာက သင့်အတွက်တစ်နေ့စာလိုအပ်တဲ့စွမ်းအင်ပမာဏကိုမြှင့်တင်ပေးတာ ဖြစ်ပြီး မနက်စာမစားရင် နောက်ပိုင်းမှာ ပိုစားမိတတ်ပါတယ်။ဒါ့ကြောင့် ကိုယ့်မှာအချိန်မရရင်အသီးအနှံ၊ဒိန်ချဉ်လိုမျိုး ပြေးရင်းလွှားရင်းနဲ့စားလို့ရမယ့် ကျန်းမာရေးအတွက်ကောင်းတဲ့ မနက်စာကို ကြိုပြင်ထားနိုင်ပါတယ်။(၅) စိတ်ခံစားချက်အရ စားမိခြင်း။အလုပ်မှာအဆင်မပြေတာကြုံလာတဲ့အခါ အိမ်ပြန်ရောက်တာနဲ့ ရေခဲသေတ္တာဖွင့်ပြီးတွေ့ရာထိုင်စားမိတာမျိုးက နည်းလမ်းကောင်းမဟုတ်ပါဘူး။ စိတ်ညစ်တာပဲဖြစ်ဖြစ် စိတ်ပျော်တာပဲဖြစ်ဖြစ် စိတ်ခံစားချက်တွေကြောင့် ပုံမှန်ထက်ပိုပြီး စားသောက်မိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်စိတ်ဖိစီးလာရင်ထိုင်စားမယ့်အစား လမ်းလျှောက်ထွက်တာ၊ဒါမှမဟုတ်အားပေးတတ်တဲ့သူငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်တာတွေ လုပ်နိုင်ပါ တယ်။(၆) အလောတကြီး အမြန်စားခြင်း။သရေစာပဲဖြစ်ဖြစ် ထမင်းစားတာပဲဖြစ်ဖြစ် အနောက်ကကျားလိုက်သလို အလောတကြီးစားတာမျိုးက အစာအိမ်နဲ့ ဦးနှောက်ကိုချိတ်ဆက်ဖို့အချိန်မပေးသလိုဖြစ်စေပါတယ်။ အမြန်စားတာကြောင့် ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကမသိဘဲ လိုတာထက်ပိုစားမိတတ်ပါတယ်။ ဒါ့ကြောင့် အစာစားရင်သေချာဝါးပြီး ဖြည်းဖြည်းစားပါ။ စားနေရင်း ရေသောက်ပေးတာကလည်း အစာစားနှုန်းကိုနှေးသွားအောင်ကူညီပေးနိုင်ပြီး ဗိုက်ပြည့်မပြည့် သိနိုင်မှာဖြစ်ပါတယ်။(၇) အသင့်အလွယ်စား သရေစာတွေ စားခြင်း။ဒီအစားအစာတွေက ထင်ထားတာထက်ပိုပြီးခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ သုတေသနတွေအရ အဆီများ အချိုများတဲ့အစားအစာတွေဟာ ကိုကင်းနဲ့ဘိန်းလိုပဲ မစားရမနေနိုင် စားချင်လာအောင် စွဲလမ်းစေတတ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နေ့တိုင်းတော့မဟုတ်ပေမယ့် ကိုယ်တကယ်ကြိုက်တဲ့အစားအစာကိုရွေးချယ်ထားပြီး အတော်အသင့်သာ ချင့်ချိန်စားပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/unhealthy-eating-habits-that-cause-diseases/
မွေးလမ်းကြောင်းကင်ဆာ
မွေးလမ်းကြောင်းကင်ဆာ ဆိုတာ သင့်ရဲ့ပြင်ပ လိင်အင်္ဂါ (မိန်းမကိုယ်) နဲ့သားအိမ်ကို ဆက်ထားပေးတဲ့ မွေးလမ်းကြောင်းမှာ ဖြစ်တဲ့ကင်ဆာကို ဆိုလိုတာပါ။ အများအားဖြင့် မွေးလမ်းကြောင်းမျက်နှာပြင်က ဆဲလ်တွေမှာ ဖြစ်တတ်ပါတယ်။တခြားနေရာတွေမှာ ဖြစ်တဲ့ ကင်ဆာတွေက မွေးလမ်းကြောင်းဆီ ပျံ့နှံ့လာတာက များပြီး ဒီနေရာမှာစဖြစ်တဲ့ ကင်ဆာပုံစံကတော့ တအားရှားပါတယ်။ ကင်ဆာရှိနေတယ်လို့ စောစောစီးစီးသိရင် ကုသရလွယ်ကူပြီး မွေးလမ်းကြောင်းပြင်ပကိုပါ ပျံ့နှံ့ပြီးမှဆိုရင်တော့ ကုရခက်တတ်ပါတယ်။အသက်အရွယ်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေလည်း ပိုများလာပါတယ်။ အများအားဖြင့် အသက် ၆၀ ကျော် အရွယ်တွေမှာ တွေ့ရတတ်တယ်။ဒါပေမယ့်လည်း ဖြစ်နိုင်ခြေပိုများစေတဲ့အချက်တွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ဒီအတွက် သင့်ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်နိုင်ပါတယ်။ကင်ဆာအစပိုင်းမှာ ဘယ်လိုလက္ခဏာမျိုးမှ မပြတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီလိုလက္ခဏာတွေ ပြလာတတ်ပါတယ်။စောစောစီးစီးသိနိုင်ရင် ကုသမှုအောင်မြင်နိုင်တာမို့ ဆရာဝန်ဆီ အမြန်ဆုံးသွားပြတာတော့ အကောင်းဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူကြတော့ ကျွမ်းကျင်သူနဲ့တိုင်ပင်တာ မမှားပါဘူး။ဒီကင်ဆာဖြစ်ရတဲ့အကြောင်းရင်းကို တိတိကျကျ မသိသေးပါဘူး။ ယေဘုယျအားဖြင့် ဆဲလ်တွေဟာ ပုံမမှန်ပွားလာပြီးကင်ဆာပုံစံကို ပြောင်းသွားတာပါ။ ပုံမှန်ဆိုရင် ဆဲလ်တွေက အသစ်ဖြစ်လာတယ်။ အချိန်တစ်ခု ကြာတဲ့အခါမှာ သေဆုံးတယ်။ ကင်ဆာဆဲလ်တွေကတော့ အထိန်းအကွပ်မရှိ ပွားတယ်။ ပြီးရင် သေဆုံးမှုလည်း မရှိဘဲ အကျိတ်ပုံစံမျိုး ဖြစ်လာပါတယ်။အဲဒီကင်ဆာဆဲလ်တွေက အနီးနားက တစ်ရှူးတွေထဲ ဝင်ရောက်သွားပြီး တခြားနေရာတွေကိုပါ ပျံ့နှံ့သွားပါတယ်။ဒီလိုအခြေအနေမျိုးတွေ ရှိရင်တော့ ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ခုပြောမယ့် အကြောင်းအရာတွေဟာ သိထားသင့်တဲ့ အကြောင်းအရာတချို့သာ ဖြစ်ပြီး သင့်အနေနဲ့ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ဖို့လိုပါမယ်။ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲဆိုရင် သင့်ဆရာဝန်က သင့်ကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါမယ်။ အချွဲယူပြီး စစ်ဆေးမှုတွေအပါအဝင် မွေးလမ်းကြောင်းကင်ဆာ ဖြစ်စေတယ်လို့ သိနိုင်တဲ့ ပုံမမှန်မှုတွေကို ရှာဖွေပါတယ်။ အဲဒါတွေပေါ် မူတည်ပြီးမှ လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ပါမယ်။ ဥပမာ။ကင်ဆာအဆင့်ကို သိနိုင်ဖို့အတွက် ဆိုရင်တော့ ဓာတ်မှန်၊CT scanနဲ့MRIစတဲ့နည်းတွေနဲ့ ကင်ဆာရဲ့ပျံ့နှံ့မှုကို ရှာဖွေခြင်းအားဖြင့် လုပ်နိုင်ပါတယ်။အဲဒီအဆင့်ပေါ်မူတည်ပြီးမှ သင့်တော်တဲ့ကုသမှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။ခွဲစိတ်ကုသခြင်း။ဒီနည်းကတော့ ကင်ဆာဆဲလ်တွေဟာ မွေးလမ်းကြောင်းမှာတင်မကတော့ဘဲ တခြားနေရာတွေထိ ပျံ့နှံ့သွားတဲ့အခါမျိုးမှာ လုပ်ပါတယ်။တကယ်လို့ သင့်မွေးလမ်းကြောင်းကို အပြီးအပိုင် ဖယ်ရှားလိုက်ပြီးရင်တော့ မွေးလမ်းကြောင်းအသစ် ဖန်တီးဖို့ ခွဲစိတ်မှုလုပ်နိုင်ပါတယ်။ တခြားနေရာက အသားစတွေကိုယူပြီး လုပ်နိုင်ပါတယ်။ဓာတ်ရောင်ခြည်နဲ့ ကုသခြင်း။ကင်ဆာဆဲလ်တွေကို သတ်ဖို့အတွက် ပြင်ပမှ ဓာတ်ရောင်ခြည်ပေးခြင်း၊ အတွင်းကို ဓာတ်ရောင်ခြည်ပေးခြင်းတို့ လုပ်နိုင်ပါတယ်။ဒီနည်းလမ်းက ကင်ဆာဆဲလ်တွေကို အလျင်မြန်ဆုံး သေစေနိုင်သလို ဘေးနားက တခြားကောင်းမွန်တဲ့ဆဲလ်တွေကိုပါ ထိခိုက်စေတာမျိုး ရှိပါတယ်။ဆေးသွင်းကုသခြင်း။ကင်ဆာဆဲလ်တွေကို သတ်ဖို့ ဓာတုဆေးဝါးများ အသုံးပြုတဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းက မွေးလမ်းကြောင်းကင်ဆာအတွက် အသုံးဝင်မဝင်တော့ မသိနိုင်သေးပါဘူး။ ဒါကြောင့်မို့ မွေးလမ်းကြောင်းကင်ဆာကို ကုသဖို့အတွက် ဒီနည်းတစ်ခုတော့ သုံးတာမျိုးတော့ မလုပ်ကြပါဘူး။ ဓာတ်ရောင်ခြည်နဲ့ ကုသပြီးလို့ အဲဒီဓာတ်ရောင်ခြည်ရဲ့ ထိရောက်မှုကို ပိုအားကောင်းစေချင်တဲ့အခါမှာ ဒီနည်းကို သုံးကြပါတယ်။ဒီအချက်တွေကတော့ မွေးလမ်းကြောင်းကင်ဆာ မဖြစ်ဖို့ အထောက်အကူ ပြုနိုင်ပါတယ်။မွေးလမ်းကြောင်းကင်ဆာ ဖြစ်မဖြစ်ကို စမ်းသပ်မှုနဲ့ အချွဲယူစစ်ဆေးမှုတို့ ပြုလုပ်ပြီး စောစောသိနိုင်ပါတယ်။ တကယ်လို့ စောစောစီးစီးသိခဲ့ရင် ရောဂါကုရ လွယ်တာမို့ သင့်ဆရာဝန်နဲ့ ဘယ်အချိန်ကစပြီး စစ်ဆေးသင့်တယ်၊ ဘယ်လောက်တစ်ခါ ပုံမှန် စစ်ဆေးသင့်တယ် ဆိုတာကို တိုင်ပင်သင့်ပါတယ်။HPV ပိုးကူးစက်မခံရအောင် ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ဒီကာကွယ်ဆေး ဘယ်လိုထိုးရမလဲဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ဆေးလိပ်သောက်နေရင် ဖြတ်လိုက်ပါ။ မသောက်တဲ့သူဆိုရင်လည်း ဘယ်တော့မှ အစမလုပ်ပါနဲ့။ ဆေးလိပ်သောက်ခြင်းက မွေးလမ်းကြောင်းကင်ဆာ ဖြစ်နိုင်ချေကို ပိုများစေပါတယ်။သင့်အနေနဲ့ ထပ်သိချင်တာတစ်ခုခုရှိတယ်ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်လိုက်တာက သင့်အတွက် အကောင်းဆုံးဖြစ်မယ့်အဖြေကို ရစေပါလိမ့်မယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/vaginal-cancer/
ကိုယ်ခန္ဓါမှာ အရည်တွေစုပြီး ဖောရောင်ခြင်း ဘာတွေကြောင့်ဖြစ်ရတာလဲ ။ ။
ကိုယ်ခန္ဓါမှာ အရည်တွေစုပြီးဖောရောင်တာမျိုး လူတိုင် မကြုံဖူးကြရင်တောင် ကြားဖူးကြမှာပါ။ ဒီလို ဖောရောင်တယ်ဆိုတာ ကိုယ်တွင်းက အရည်တွေ တစ်ရှူးတွေထဲ ပိတ်မိရာကနေ ဖြစ်လာရတာဖြစ်ပါတယ်။ တဖြည်းဖြည်းကြာမှ အရည်တွေ စုလာတတ်သလို ချက်ချင်း ရုတ်တရက်လည်း ကိုယ်တွင်းမှာအရည်စုလာတတ်ပါတယ်။ ပုံမှန်ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုဆိုပေမယ့် တစ်ချို့ ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတွေ ကြောင့်ဖောရောင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေကြောင်း ဖောရောင်ခြင်းဖြစ်ရသလဲဆိုတာကို ကြည့်ရအောင် ။ ။ဖောရောင်တယ်ဆိုမှတော့သိသာပါတယ်။ ကိုယ်ခန္ဓါ တစ်နေရာရာမှာ အရည်တွေစုပြီး အဲဒီနေရာက အခြားနေရာနဲ့ ယှဉ်ရင် ပိုကြီးနေတတ်တာ ၊ ဖောင်းနေတတ်တာကို ဆိုလိုတာပါ။ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်း အများကြီးရှိပါတယ်။ဆရာဝန်တွေကတော့ hypoalbuminemia လို့ခေါ်လေ့ရှိတဲ့ ဒီပြဿနာဟာ သွေးကြောထဲမှာရှိတဲ့ အရည်တွေကို ဖော့လိုမျိုး စုပ်ယူထိန်းပေးထားတဲ့ albumin ပရိုတင်းနည်းနေတာကြောင့် သွေးကြောထဲ အရည်တွေ များလားရတာဖြစ်ပါတယ်။ albumin နည်းရင် ဖောရောင်တာဖြစ်ပေမယ့် သူ့နောက်မှာ ပိုပြီး ကြီးမားတဲ့ ပြဿနာရှိနေနိုင်ပါတယ်။ဓါတ်မတည့်ခြင်းကလည်း ဖောရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ကိုယ်တွင်းကို ဝင်လာတဲ့ ဓါတ်မတည့်ပစ္စည်းကို ပြန်တုန့်ပြန်ဖို့အတွက် နီးစပ်ရာ သွေးကြောလေးတွေကနေ အရည်တွေထွက်လာရတာ ဖြစ်ပါတယ်။ကိုယ်တွင်းမှာ ပြန်ရည်ကြောစီးဆင်းတဲ့စနစ်ဆိုတာ ရှိပါတယ်။ သူ့လမ်းကြောင်းနဲ့သူ ချောချောမွေ့မွေ့စီးဆင်းနေရမှာကို တစ်နေရာရာမှာ ပိတ်သွား ကျဉ်းသွားတာမျိုး ဖြစ်ခဲ့ရင် အရည်တွေ စုပြီး ပုံလာတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ကင်ဆာကြောင့် ပြန်ရေကြော လမ်းကြောင်းတွေ ပိတ်သွားတာမျိုးပေါ့။ကိုယ်ခန္ဓါမီးလောင်ခံထားရတာ၊ ရောဂါပိုးပြင်းပြင်းထန်ထန် ကူးစက်ခံရတာနဲ့ အခြား သေစေနိုင်လောက်တဲ့ ကျန်းမာရေး ပြဿာနာတွေကြောင့် တစ်ရှူးတွေထဲ အရည်တွေ စိမ့်ထွက်လာပြီး ဖောရောင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဖောရောင်ခြင်းကတော့ တစ်ကိုယ်လုံး အနှံ့အပြားမှာ ဖြစ်မှာပါ။နှလုံး အားနည်းပြီး အမောဖောက်တဲ့အခါ သွေးတွေကို ကောင်းကောင်းမညှစ်နိုင်တော့တာကြောင့် ခြေထောက်နဲ့ အဆုတ်လိုနေရာမျိုးမှာ အရည်တွေစုပြီး ဖောရောင်လာတတ်ပါတယ်။ တကယ်လို့ နှလုံးအားနည်းတာ ညာဘက်အခြမ်းကဖြစ်ခဲ့မယ်ဆိုရင်တော့ ဗိုက်မှာ အရည်တွေစုပြီး ရေဖျင်းဆွဲသလို ပုံစံမျိုး ဖြစ်တတ်ပါတယ်။အသည်းခြောက်တာလိုမျိုး အသည်းရောဂါ ပြင်းထန်တဲ့ ပြဿနာမျိုးမှာ ဖောရောင်ခြင်း အများဆုံးဖြစ်တတ်ပါတယ်။ အသည်းခြောက်သွားတာကြောင့် အသည်းကနေ albumin ပရိုတင်း ထုတ်လုပ်မှု နည်းသွားရာကနေ ဖောရောင်ရတာဖြစ်ပါတယ်။ ဒီလို အသည်းခြောက်တဲ့ ပြဿနာမှာတော့ ဗိုက်မှာ ရေဖျင်းဆွဲတာနဲ့ ခြေထောက်မှာ ဖောလာတာက အထင်ရှားဆုံးပါ။( ၇ )ကျောက်ကပ်ြပဿနာ ။ကျောက်ကပ်ရဲ့ အဓိက တာဝန်က ကိုယ်တွင်းက အရည်တွေကို စွန့်ထုတ်ရတာဆိုတော့ ကျောက်ကပ်မကောင်းတဲ့အခါ အရည်တွေ စုပြီး ဖောရောင်လာဖို့ကသေချာပါတယ်။ အဓိက နေရာကတော့ ခြေထောက်နဲ့ မျက်နှာမှာ ဖြစ်ပြီး တစ်ရံတစ်ခါ တစ်ကိုယ်လုံး ဖောရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။( ၈ ) ကိုယ်ဝန်။ကိုယ်ဝန်ကလည်း ဖောရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ကြီးလာတဲ့ သားအိမ်က ပေါင်ခြံကသွေးကြောတွေ အပေါ် ဖိမိရာကနေ ပြန်ရည်ကြော စီးဆင်းမှု မကောင်းတော့တာကြောင့် အရည်တွေ စုပြီး ဖောလာရတာပါ။ အထူးသဖြင့် ခြေထောက်မှာ ဒီလိုဖောရောင်တာဖြစ်တတ်ပါတယ်။ တစ်ခုသတိထားရမှာကကိုယ်ဝန်ဆိပ်တက်တာ၊ သွေးပြန်ကြော ထုံးတာတွေ လည်း ဖြစ်နိုင်တာကြောင့် ဆိုးဆိုးဝါးဝါးဖောလာရင်တော့ သတိထားသင့်တဲ့ အရာတစ်ခုပါ။ဦးခေါင်းထိခိုက်တာ၊ ဦးနှောက်မှာကင်ဆာ အကျိတ်တည်တာ ၊ hydrocephalus လိုမျိုး ဦးနှောက်ထဲ အရည်တွေ စုပြီး ခေါင်းကြီးနေတာ၊ သွေးတွင်း ဆိုဒီယမ်ဓါတ်နည်းတာတွေကြောင့် ဦးနှောက်တွင်း အရည်တွေစုတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ သတိလစ်တာနဲ့ ကိုမာဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/odema/
ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ
ပန်ခရိယကို မုန့်ချိုအိတ်လို့လည်း ခေါ်ပါတယ်။ ပန်ခရိယဟာသွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ ပါဝင်ပါတယ်။ အင်ဇိုင်းများထုတ်လုပ်ပေးပြီး အစာချေရာမှာလည်း ပါဝင်ကူညီပါတယ်။ ပန်ခရိယဟာ ရောင်ရမ်းနေချိန်မှာတော့ သူ့ရဲ့ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ ဒီတစ်ခေါက်တော့ ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ပန်ခရိယဟာ အစာခြေလုပ်ငန်းစဉ်မှာ အဓိကပါဝင်တာကြောင့် သင်ဘာတွေစားလိုက်သလဲဆိုတာ ပန်ခရိယ အပေါ် သက်ရောက်မှု ရှိပါတယ်။ ပန်ခရိယ ရုတ်တရက်ရောင်ရမ်းခြင်းဖြစ်တာဟာ များသောအားဖြင့် သည်းခြေကျောက်များနဲ့ အရက်သောက်တာကြောင့် ဖြစ်တတ်ပါတယ်။ ခဏခဏရောင်ရမ်းတာကို သေချာမကုတဲ့အခါ ကာလရှည်ကြာ ရောင်ရမ်းခြင်း ဖြစ်တတ်ပါတယ်။ သုတေသီတွေအနေနဲ့ ပန်ခရိယ မကောင်းချိန်မှာ ဘယ်လို အစားအသောက်တွေကို စားသုံးသင့်ကြောင်း လေ့လာနေကြပါတယ်။ယခု ဆက်လက်ဖော်ပြမှာကတော့ပန်ခရိယရောင်ရမ်းချိန်မှာ ဘယ်အစားအသောက်တွေရှောင်ကြဉ်သင့်တယ်၊ ဘယ်အစားအသောက်တွေကို စားသုံးသင့်သလဲ ဆိုတာပါပဲ။ပန်ခရိယ ကျန်းမာရေး ကောင်းအောင် ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာများနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများကို ရွေးချယ် စားသုံးသင့်ပါတယ်။ တိရစ္ဆာန်များက ရတဲ့ အဆီဓာတ်ကို လျှော့ချ စားသုံးရပါမယ်။အဆီဓာတ် နည်းတဲ့ အသားများ၊ ပဲအမျိုးမျိုး၊ စွပ်ပြုတ်၊ နွားနို့အစားထိုးဖို့ အစေ့အဆန်များက ထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများ (ဥပမာ နှမ်းကြတ်စေ့မှ ထုတ်သောနို့) စတာတွေကို သုံးစွဲနိုင်ပါတယ်။ ပန်ခရိယဟာ အဆိုပါ အစားအသောက်တွေကို ချေဖျက်ဖို့ သိပ်ပြီး အားမစိုက်ရပါဘူး။ဟင်းနုနွယ်၊ ဘလူးဘယ်ရီ၊ ချယ်ရီ စတဲ့ အသီးအနှံတွေဟာ အစာချေအား ကောင်းပြီး ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေတဲ့ ဖရီးရက်ဒီကယ်တွေကို ချေဖျက်ပေးပါတယ်။ အချိုကြိုက်တတ်ရင်တော့ သကြားအစား အရသာချိုတဲ့ အသီးအနှံတွေကိုပဲ စားသုံးသင့်ပါတယ်။ပန်ခရိယ အလုပ်ကောင်းကောင်းမလုပ်နိုင်ခင်မှာ သွေးတွင်းသကြားဓာတ် တက်မလာစေဖို့ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ သခွားသီး၊ ပဲထောင်း စတဲ့အစားအစာများဟာလည်း ပန်ခရိယအတွက် အဆင်ပြေပါတယ်။ပန်ခရိယရောင်ရမ်းနေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့။ပန်ခရိယ ရောင်နေချိန်မှာပုံပြောင်းဆီတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အာလူးချောင်းကြော်၊ ဟမ်ဘာဂါ စတာတွေဟာလည်း ပန်ခရိယ မကောင်းချိန်မှာ အဆင်မပြေနိုင်ပါဘူး။ အလွန်အကျွံကြော်ထားတဲ့ အစားအစာတွေဟာ ပန်ခရိယကို ဒုက္ခပေးပါတယ်။ပန်ခရိယ ရုတ်တရက် ထပြီး ရောင်ရမ်းတာမျိုးဖြစ်စေ၊ နာတာရှည် ရောင်ရမ်းနေတာမျိုး ဖြစ်စေ အရက်ကို လုံးဝ ရှောင်ရပါမယ်။ဆေးလိပ်လည်း ဖြတ်သင့်ပါတယ်။ အဆီနည်းတဲ့ အစားအစာတွေကိုပဲ စားသောက်ပေးပြီး ရေများများ သောက်သင့်ပါတယ်။တစ်ခါစားရင် အစာ နည်းနည်းနဲ့ တစ်နေ့တာလုံးမှာ မကြာခဏ (၆ကြိမ်ကနေ ၈ကြိမ်အထိ) စားသင့်ပါတယ်။ တစ်နေ့မှာ နှစ်ကြိမ် သုံးကြိမ်တည်းနဲ့ အစားများများ စားခြင်းထက်စာရင် အစာခြေစနစ်ကို ပိုပြီး သက်သာစေပါတယ်။အမျှင်ဓာတ်များကို တစ်ကြိမ်တည်းနဲ့ အများအပြား စားခြင်းမျိုးကို ရှောင်သင့်ပါတယ်။ ဒါဟာ အစာခြေခြင်းကို နှေးစေတဲ့အပြင် အာဟာရဓာတ်စုပ်ယူမှုတွေကို လျော့နည်းသွားစေနိုင်လို့ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/pancreatitis-diet/
ထိခိုက်ဒဏ်ရာရတဲ့အခါ ဆောင်ရန် ရှောင်ရန်များ
အငြိမ်မနေလှုပ်ရှားနေရသူတွေအနေနဲ့ထိခိုက်ရှနာဖြစ်တာကရှောင်လွှဲလို့မရတဲ့အရာတစ်ခုပါ။ထိခိုက်ဒဏ်ရာတစ်ခု ရလာတာက သိပ်အရေးကြီးတဲ့ ကျန်းမာရေးထိခိုက်မှုတော့မဟုတ်ပေမယ့်သေချာမစောင့်ရှောက်ရင်တော့ပေးဆပ်ရမယ့် အရင်းအနှီးကကြီးပါတယ်။ အနာကနေတဆင့်မေးခိုင်ပိုးဝင်တာမျိုးများဖြစ်သွားရင်ဖြစ်လာမယ့်နောက်ဆက်တွဲပြဿနာကတော်တော်လေးကြီးပြီလေ။ဒါကြောင့် အခုတစ်ခေါက်မှာတော့ အနာတစ်ခုဖြစ်လာရင် ဘာတွေကို လုပ်ဆောင်ပြီး ဘာတွေကိုရှောင်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ အနာတစ်ခုဖြစ်လာရင်သေချာဂရုစိုက်မှနောက်ဆက်တွဲရောဂါတွေကင်းမှာဖြစ်ပါတယ်။လက်ကိုသန့်စင်ပါ –အနာဖြစ်တဲ့အခါ အရင်ဆုံးမဖြစ်မနေလုပ်ရမှာတစ်ခုက အနာကိုကိုင်တွယ်မယ့်လက်ကို သန့်ရှင်းအောင်ဆေးကြောဖို့ပါ။ အနာကို မကိုင်တွယ်ခင်မှာ လက်ကိုသန့်ရှင်းအောင်ဆေးကြောတာကအနာရင်းတာနဲ့အနာပိုးဝင်တာတွေဖြစ်နိုင်ခြေနည်းသွားစေနိုင်ပါတယ်။အနာကိုသန့်စင်ပါ –အနာဖြစ်လာတဲ့အခါနောက်ထပ်လုပ်ရမယ့်နောက်တစ်ချက်က အနာကိုသန့်စင်ပါ။ အနာဖြစ်တဲ့အခါထွက်လာတဲ့သွေးတွေကိုညှစ်ထုတ်လိုက်ပါ။ပြီးရင်တော့ အနာကိုရေသန့်သန့်နဲ့ဆပ်ပြာသုံးပြီး သန့်စင်ဆေးကြောပေးရပါမယ်။ဆေးတစ်ခုခုလိမ်းပေးပါ –အနာကိုသန့်စင်ဆေးကြောတာတွေလုပ်ပြီးသွားပြီဆိုရင်တော့ အနာကိုရောဂါပိုးမွှားတွေ၊ ဖုန်မှုန့်တွေမဝင်ရောက်နိုင်စေဖို့အတွက် အနာပေါ်ကနေဆေးတစ်ခုခုလိမ်းပေးပါ။ဗီတာမင် C စားသုံးပေးပါ –ဗီတာမင် Cကကိုယ်ခံအားကိုကောင်းမွန်စေသလို အနာကျက်မြန်စေပါတယ်။ ဒါကြောင့်ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါလိမ္မော်သီး၊ရှောက်ချိုသီး၊ဂရိတ်ဖရုနဲ့ အခြားအချဉ်ဓါတ်ပါတဲ့ အသီးတွေကို စားသုံးပေးပါ။အာဟာရပြည့်ဝအောင်စားသုံးပေးပါ –ခန္ဓါကိုယ်ကျန်းမာဖို့ကအာဟာရပြည့်ဝအောင်စားသုံးဖို့လိုအပ်ပါတယ်။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာပရိုတင်း၊ဇင့်နဲ့ဗီတာမင်C တို့လိုမျိုးခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေလုံလောက်ပြည့်ဝစွာပါဝင်အောင်စားသုံးပေးပါ။အနာကို ပတ်တီး ဒါမှမဟုတ် ပလာစတာကပ်ပေးပါ –ထိခိုက်ဒဏ်ရာရလာရင်လုပ်သင့်တဲ့နောက်တစ်ခုက အနာကိုပလာစတာကပ်တာ ဒါမှမဟုတ်ပတ်တီးစည်းတာမျိုးလုပ်ထားပေးသင့်ပါတယ်။အနာတဝိုက်ကိုနှိပ်နယ်ပေးပါ –ထိခိုက်ဒဏ်ရာရတဲ့အခါနောက်ထပ်လုပ်သင့်တာတစ်ခုကအနာကျက်မြန်စေဖို့အတွက် အနာတဝိုက်သွေးလည်ပတ်မှုကောင်းမွန်စေအောင် အနာတဝိုက်ကိုနှိပ်နယ်ပေးပါ။အနာကို တစ်နေ့တစ်ကြိမ်စစ်ဆေးပါ –ဒီအချက်ကလည်း ထိခိုက်ဒဏ်ရာရတဲ့အခါမေ့ထားလို့မဖြစ်တဲ့အကြောင်းတစ်ချက်ပါ။ အနာကိုတစ်နေ့တစ်ကြိမ်လောက်ဆေးထည့်တာ၊ အနာအခြေအနေကို ကြည့်ရှု့တာနဲ့ ပလာစတာအသစ်လဲပေးတာမျိုးက မဖြစ်မနေလုပ်သင့်တဲ့အချက်ပါ။အနာကိုHydrogen Peroxide သုံးပြီးသန့်စင်ဆေးကြောတာ –အနာတိုင်းကိုhydrogen peroxideသုံးပြီး သန့်စင်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက အနာတဝိုက်ကတစ်ရှုးတွေကို ထိခိုက်ပျက်စီးစေပြီး အနာကျက်တာကိုနှေးစေပါတယ်။ အနာဖြစ်ရင်အကောင်းဆုံးကရေသန့်သန့်နဲ့ ဆပ်ပြာအပျော့စားသုံးပြီး သန့်စင်ဆေးကြောတာပါ။အနာကိုကာကွယ်ထားတာမျိုးမရှိတာ –အနာဖြစ်တဲ့အခါ အနာပိုးမဝင်စေဖို့နဲ့အနာကိုကုတ်မိတာမျိုးမဖြစ်စေဖို့အတွက် အနာကို ပတ်တီးစည်းတာ ဒါမှမဟုတ် အနာကို ပလာစာကပ်ထားတာမျိုးလုပ်ပေးဖို့လိုပါမယ်။ အနာကို ကာကွယ်ထားတာမျိုးမရှိဘူးဆိုရင် အနာပိုးဝင်တာ။ အနာရင်းတာတွေဖြစ်လာနိုင်တာကြောင့်ပါ။နောက်တစ်ချက်က အနာကျက်သွားတဲ့အခါအမာရွတ်ထင်ကျန်တာမျိုးဖြစ်နိုင်ပါတယ်။ဆေးလိပ်သောက်တာ –ဆေးလိပ်သောက်သုံးမှုက အနာကျက်နှုန်းကိုနှေးစေနိုင်သလို အနာနဲ့ပတ်သက်တဲ့နောက်ဆက်တွဲရောဂါတွေကိုဖြစ်နိုင်ခြေတိုးစေနိုင်ပါတယ်။အရက်သောက်တာ –အရက်သောက်တာနဲ့ အယ်လ်ကိုဟောပါတာတွေသောက်သုံးမှုကလည်းအနာကျက်နှုန်းကိုထိခိုက်စေပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။အနာကိုခြောက်သွေ့အောင်ထားတာ-အနာကျက်စေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့အချက်က အနာကိုအစိုဓါတ်ရှိအောင်ထားပေးဖို့ပါ။ အနာကျက်ဖို့အတွက်ကအရေပြားဆဲလ်သာမကကိုယ်ခံအားစနစ်ဆဲလ်တွေကပါလုပ်ဆောင်ပေးရတာဖြစ်ပြီး အနာကောင်းကောင်းမွန်မွန်ကျက်သွားစေဖို့အတွက်က အစိုဓါတ်ရှိတဲ့အနေအထားတစ်ရပ်မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့်အနာတဝိုက်မှာအစိုဓါတ်ကင်းမဲ့နေတာမျိုးမဖြစ်စေဖို့ ဂရုစိုက်သင့်ပါတယ်။အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ပြီး အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုရှောင်ရှားနိုင်မယ်လို့ထင်ပါတယ်။ လူတိုင်း အနာကင်းပြီးအသက်ရှည်ကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%9b%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%b1%e1%80%86%e1%80%ac/
မျက်လုံးကျန်းမာရေးအတွက် ဒါတွေသိထားသင့်တယ်နော်
လူအတော်များများက ရောဂါလို့ဆိုလိုက်ရင်နှလုံးတို့၊သွေးတိုးတို့လို တကယ့်အကြီးကြီးတွေကို အရင်ပြေးမြင်မိတတ်ကြမှာပါ။တကယ်တော့တစ်ကိုယ်လုံးမှာရောဂါမဖြစ်တဲ့အစိတ်အပိုင်းဆိုတာမရှိပါဘူး။  ဒီလိုပဲ နေ့တိုင်းမရှိမဖြစ်အသုံးပြုနေရတဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်း လိုအစိတ်အပိုင်းတွေလည်း ပြဿနာပေါ်တတ်တာမေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ ကျွန်တော်တို့ အမြဲတမ်းသုံးနေရပြီး ဂရုစိုက်ဖို့မေ့နေတတ်တဲ့မျက်လုံးတစ်စုံအတွက် ဂရုစိုက်ရမှာလေးတွေ ပြောပြပေးချင်ပါတယ်။‘ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏’ ဆိုတာ ဘယ်ရောဂါအတွက်မဆိုမှန်ပါတယ်။ အသက် ၄၀ ကျော်သူတိုင်း ကိုယ့်မျက်လုံးကို တစ်နှစ်တစ်ခါတော့ မှန်မှန်စစ်ဆေးသင့်ပါတယ်။ ဒါမှရေတိမ်စွဲတာလို အန္တရာယ်များတဲ့မျက်လုံး ရောဂါတချို့ကို အချိန်မီတားဆီးနိုင်မှာပေါ့။ မိသားစုမျိုးရိုးမှာ မျက်လုံးပြဿနာရှိသူတွေဆို ပိုတောင်ဂရုစိုက်စစ်ဆေးသင့်ပါသေးတယ်။မျက်လုံးကဘာကြောင့်မှန်းမသိဘဲ ခဏခဏယားနေတာ၊ နီရဲလာတာ၊ ပူစပ်ပူလောင်ခံစားရတာတွေကမျက်လုံးပြဿနာတစ်မျိုးမျိုးရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်နိုင်ပါတယ်။ နောက်ပြီး မျက်လုံးက အလင်းရောင်ဒဏ်မခံနိုင်တာ၊ မျက်တောင်ခတ်ရင် ခိုးလို့ခုလုဖြစ်နေတာ၊ မျက်ဝတ်ခဏခဏထွက်တာတွေကလည်း မျက်စိဆရာဝန်နဲ့ သေချာပြသပြီးလိုအပ်သလို ကုသမှုခံယူသင့်တဲ့အခြေအနေတွေပါ။မျက်လုံးထိခိုက်မိရင် ဘယ်လောက်သေးတဲ့ထိခိုက်မှုပဲဖြစ်ဖြစ် မပေါ့ဆဖို့ မှာပါရစေ။ ဘာမှမဖြစ်လောက်ပါဘူးကွာဆိုပြီး ပေါ့သေးသေးထားလိုက်ရင် အချိန်လွန်မှအမြင်အာရုံဆုံးရှုံးသွားတဲ့အထိ ခံစားသွားရနိုင်လို့ပါ။ အထူးသဖြင့် ထိမိခိုက်မိပြီး မျက်လုံးကကြည့်ရတာသိပ်မကောင်းဘူးဖြစ်နေမယ်၊ မျက်လုံးကောင်းကောင်းဖွင့်လို့မရဘူး၊ မျက်လုံးရဲ့အဖြူကွက်တွေထဲမှာ သွေးစလေးတွေမြင်နေရမယ်၊ မျက်လုံးကလှုပ်ရှားလို့သိပ်မကောင်းဘူး၊ မျက်စိသားငယ်အိမ်က တစ်ဖက်နဲ့တစ်ဖက် မညီဘူးဖြစ်နေမယ် စတာတွေထဲက တစ်မျိုးမျိုးခံစားရမယ်ဆို မျက်စိဆရာဝန်နဲ့ ပြကိုပြသရပါမယ်။မျက်လုံးကိုခပ်ကြမ်းကြမ်းပွတ်လိုက်တာက မျက်လုံးပြဿနာကို ပိုဆိုးစေဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ လက်တွေက အရာဝတ္ထုမျိုးစုံကို တစ်ချိန်လုံး ကိုင်တွယ်အသုံးပြုနေတာဖြစ်လို့ပိုးမွှားမျိုးစုံကပ်တွယ်နေပါတယ်။ ဒါ့ကြောင့် လက်နဲ့ပွတ်ရင်မျက်လုံးထဲကို ပိုးမွှားမျိုးစုံဝင်သွားနိုင်ရုံတင်မကပဲ မျက်လုံးသွေးကြောမျှင်လေးတွေ ကိုလည်းပျက်စီးစေနိုင်ပါသေးတယ်။ ဒါ့ကြောင့် မျက်လုံးကို မဖြစ်မနေ ထိတွေ့ဖို့လိုလာရင်တောင် လက်ကိုသေသေချာချာအရင်ဆေးကြောဖို့ သတိရပါ။ကျွန်တော်တို့တွေနေ့တိုင်းကွန်ပျူတာ၊ ဖုန်း၊တီဗီမျက်နှာပြင်တွေရှေ့မှာ အချိန်ဘယ်လောက်တောင်ကုန်ဆုံးနေရပါလဲ။ တကယ်တော့ ဒီအချက်ကို ကိုယ့်ဖာသာဆန်းစစ်ကြည့်ဖို့ကောင်းပါတယ်။ အီလက်ထရောနစ်မျက်နှာပြင်တွေကို အချိန်ကြာကြာကြည့်တာက မျက်လုံးကိုအားနည်းလာစေပြီး ခေါင်းကိုက်ဝေဒနာတွေကိုတောင် ဖြစ်စေနိုင်ပါတယ်။ အလုပ်ကြောင့် မဖြစ်မနေသုံးနေရတယ်ဆိုရင်တောင် ၂၀/၂၀/၂၀ ဆိုတဲ့စာလုံးလေးကိုသတိရပါ။ အဓိပ္ပါယ်ကတော့ တီဗီမျက်နှာပြင်တွေကို မိနစ် ၂၀ ကြာအောင်ကြည့်ပြီးတိုင်း ပေ ၂၀ အကွာက မြင်ကွင်းတွေကို စက္ကန့် ၂၀ ကြာအောင် ကြည့်ပေးဖို့ပါ။ဒါလည်း ကြိုတင်ကာကွယ်မှုတစ်ခုပါပဲ။ အိမ်သန့်ရှင်းရေးလုပ်ရင်ပဲဖြစ်ဖြစ် အားသွန်ခွန်စိုက်ကစားရတဲ့အားကစားတွေလုပ်ရင်ပဲဖြစ်ဖြစ် မျက်လုံးထိခိုက်မိနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါ့ကြောင့် အခြေအနေပေါ်မူတည်ပြီး safety glass၊ safety shield၊ eye guards တွေ ဝတ်ဆင်ပေးပါ။ မျက်လုံးဆိုတာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တအားလည်းနူးညံ့တာမို့ အမြဲသတိနဲ့ ကာကွယ်ဖို့မမေ့ပါနဲ့။ဆေးလိပ်က ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှမပေးပါဘူး။ မျက်လုံးအတွက်လည်း အလားတူပါပဲ။ ဆေးလိပ်သောက်လေ့ရှိသူတွေမှာ မျက်လုံးတိမ်စွဲခြင်း၊ မျက်လုံးအာရုံကြောများ ပျက်စီးခြင်း၊ အမြင်အာရုံတဖြည်းဖြည်းယိုယွင်းပျက်စီးခြင်းတွေ ကြုံရပြီး အချိန်ကြာလာတာနဲ့အမျှမျက်စိကွယ်သွားနိုင်ပါတယ်။ဒါလည်း မျက်လုံးကျန်းမာရေးကို ထိခိုက်စေတဲ့အချက်တွေထဲမှာပါဝင်ပါတယ်။ အနီးမှုန်ဖြစ်ဖြစ် အဝေးမှုန်ဖြစ်ဖြစ်မျက်စိပါဝါရှိလာရင် မျက်မှန်တပ်သင့်ပါတယ်။ ပါဝါရှိတာကို မျက်မှန်မတပ်ဘဲ နေလိုက်ရင် အချိန်နဲ့အမျှ မျက်စိမှုန်တာပိုဆိုးလာတော့မှာပါ။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
ပါဝါနဲ့ ဆလင်ဒါကို လျှော့နိုင်မယ့် မျက်စိကျန်းမာရေး အကြံပြုချက်(၆) ချက်
မျက်စိပါဝါနဲ့ ဆလင်ဒါ ဆိုတာ မျက်စိစမ်းသပ်တဲ့အခါတိုင်း မျက်စိဆရာဝန်ဆီက ကြားရလေ့ရှိတဲ့ အသုံးအနှုန်းတွေပါ။ ပါဝါ ဘယ်လောက်ရှိတယ်၊ ဆလင်ဒါရှိတယ် ဆိုတာတွေကို မျက်မှန်လုပ်ဖို့အတွက်လောက်ပဲ သိထားကြပါတယ်။ တချို့ဆို စစ်ဆေးချက်ကိုတောင် မကြည့်ဘဲ မျက်မှန်ဆိုင်ကို စာရွက်ထိုးပြပြီး အပ်လိုက်တာပဲ။မျက်စိပါဝါဆိုတာ အနီးမှုန်နဲ့ အဝေးမှုန်ကို တိုင်းတာတဲ့ရလဒ်ဖြစ်ပြီး မျက်စိစမ်းသပ်တဲ့အခါ Sphereလို့ဖော်ပြပါတယ်။မျက်စိပါဝါကို diopters (D) unit နဲ့တိုင်းပါတယ်။ Sphere မှာ (+) လက္ခဏာ သို့မဟုတ် ဘာလက္ခဏာမှမပါဘဲ ဆိုရင်အနီးမှုန်(farsighted)ပါဝါကိုဖော်ပြပြီး (-) နဲ့ဆိုရင်အဝေးမှုန်(nearsighted)ပါဝါဖြစ်ပါတယ်။Hyperopia လို့ ခေါ်ကြတဲ့Farsighted (အနီးမှုန်ခြင်း) ဆိုတာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ အနီးမှုန်ခြင်းက အာရုံစူးစိုက်မှုကို ထိခိုက်နိုင်ပါတယ်။Myopiaလို့ခေါ်တဲ့Nearsighted(အဝေးမှုန်ခြင်း) ဆိုတာ အနီးနားက ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။Cylinder(CYL) ကတော့ မျက်စိဆလင်ဒါပါဝါဖြစ်ပါတယ်။Astigmatism(မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) လို့လည်းခေါ်ပါတယ်။ သူ့ကိုလည်းdiopters နဲ့ပဲတိုင်းတာတာဖြစ်ပြီး အနီးမှုန်၊အဝေးမှုန်တိုင်းတာခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။အဆီအဆိမ့်တွေလျှော့ပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများစားတာက မျက်စိကျန်းမာရေးထိန်းသိမ်းကာကွယ်ဖို့အတွက် တကယ်ကို အကျိုးထူးပါတယ်။ ဒါ့ကြောင့် မျက်စိကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝအောင် စားသုံးပေးဖို့အရေးကြီးပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း (ဥပမာ – မုန်လာဥနီမှာပါဝင်တာမျိုး)တွေက မျက်စိကျန်းမာရေးအတွက် အာဟာရဓာတ်တွေရရှိနိုင်တဲ့အရင်းအမြစ်တွေဖြစ်ပါတယ်။မုန်လာဥနီ၊ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းဥ၊ဟင်းနုနွယ်၊ဘလူးဘယ်ရီ၊ပြောင်းဖူး၊ကိုက်လန်၊ အဆီများတဲ့ငါး၊ အစေ့အဆန်တွေနဲ့ ဥအမျိုးမျိုး ကို စားပေးသင့်ပါတယ်။မျက်စိကျန်းမာရေးအတွက်က အိပ်ရေးဝအောင်အိပ်ဖို့၊ မျက်စိအာရုံစိုက်တာများတဲ့အခါ ကြားမှာ ခဏနားပေးဖို့ လိုပါတယ်။ တစ်နေကုန် ကွန်ပျူတာနဲ့အလုပ်လုပ်နေရတဲ့အခါ မျက်စိညောင်းလာတတ်ပါတယ်။ နာရီဝက်တစ်ခါလောက် ၅ မိနစ်၊ ၁၀ မိနစ်ကြာ မျက်လုံးကို ဖုန်း/ကွန်ပျူတာ screen သို့မဟုတ် စာရွက်၊စာအုပ်တွေကနေခွာပြီး အဝေးကိုကြည့်တာ၊ မျက်စိခဏမှိတ်ထားတာ မျိုးလုပ်ပေးပါ။မျက်စိကျန်းမာရေးအတွက် ညဘက်ကို ၈ နာရီအိပ်ချိန်ရှိဖို့လိုပါတယ်။ မျက်လုံးတွေကောင်းကောင်းအနားယူထားမှနေ့ဘက်မှာ အမြင်အာရုံကောင်းနိုင်မှာပါ။တီဗီ၊ဖုန်းနဲ့ ကွန်ပျူတာမျက်နှာပြင် (screen)တွေကို အကြာကြီးကြည့်မနေပါနဲ့။ အလုပ်ကြောင့်၊ကျောင်းကြောင့် သည်းသည်းမည်းမည်း အာရုံစိုက်နေရတယ်ဆိုရင်တောင် ကြားမှာ မကြာခဏ မျက်စိကို အနားပေးဖို့ အရေးကြီးပါတယ်။ ၁၀ မိနစ်လောက်ဖြစ်ဖြစ် မျက်စိ မှိတ်ပြီး နားပေးပါ။မျက်စိညောင်းတာသက်သာအောင် မျက်တောင်ခဏခဏခတ်ပေးပါ။အသင့်စား အစားအစာတွေနဲ့ အချိုများလွန်းတဲ့သရေစာတွေက အမြင်အာရုံအတွက်အဆိုးဆုံးပါ။ မျက်စိမှန်ဘီလူးကို ပိုခုံးစေပြီး အဝေးမှုန်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ အစာအာဟာရစားသောက်ပုံမမှန်ရင် အသက်အရွယ်ကြောင့်မျက်စိမှုန်ခြင်း၊ရေတိမ်နဲ့အတွင်းတိမ်ရောဂါတွေအထိဖြစ်လာစေနိုင်ပါတယ်။ အငန်ကို တတ်နိုင်သလောက်လျှော့စားပါ။ မျက်စိပါဝါများသူတွေ ကော်ဖီနဲ့ကဖင်းပါတဲ့သောက်စရာတွေကိုရှောင်ပါ။ကွန်ပျူတာကြည့်တဲ့အခါမှာ မီးအလင်းရောင်အနည်းငယ်မှိန်ထားရတာကလွဲလို့ စာဖတ်ရင် မီးအလင်းရောင်မမှိန်ပါစေနဲ့။ ပါဝါလျော့စေတဲ့နည်းမဟုတ်ပေမယ့် ပါဝါထပ်မတိုးအောင်တော့ ကူညီပေးနိုင်ပါတယ်။ မီးရောင်မှိန်မှိန်အောက်မှာ မျက်စိကိုအရမ်းအားစိုက်ပြီးကြည့်ရတဲ့အလုပ်တွေမလုပ်ပါနဲ့။ ဥပမာ အပ်ချုပ်တာ၊ စာဖတ်တာ၊ လိုမျိုး အသေးစိတ်တဲ့လက်မှုအလုပ်တွေကို မီးအလင်းရောင်ကောင်းကောင်းနဲ့လုပ်သင့်ပါတယ်။နေ့တိုင်း မျက်စိလေ့ကျင့်ခန်းလေးလုပ်ပေးပြီး လိုအပ်တဲ့ဗီတာမင်အားဆေးတွေသောက်မယ်၊ အစားအသောက်ရွေးချယ်မယ်ဆိုရင် မျက်စိပါဝါလျော့မယ်၊ အနီးမှုန်အဝေးမှုန်တွေ၊ ဆလင်ဒါတွေ သက်သာလျော့ပါးသွားမယ့်အကောင်းဆုံးကာကွယ်နည်းပါပဲ။ ဗီတာမင် A ၊ ဗီတာမင် B အုပ်စု၊ lutein၊နဲ့ zeaxanthin တို့ပါဝင်တဲ့ မျက်စိအားဆေးတွေကို ဆရာဝန်အကြံပြုချက်အတိုင်း သောက်သုံးပေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%95%e1%80%ab%e1%80%9d%e1%80%ab%e1%80%94%e1%80%b2%e1%82%94-%e1%80%85%e1%80%9c%e1%80%84%e1%80%b9%e1%80%92%e1%80%ab-%e1%80%b1%e1%80%9c%e1%80%ba/
အသည်းအစားထိုးကုသမှုအကြောင်း သိကောင်းစရာ
သင့်အသည်းမှာ ပြင်းထန်တဲ့ အမာရွတ်ထင်ကျန်ခြင်းကြောင့် အသည်းလုပ်ငန်းဆောင်တာ ကောင်းစွာ မလုပ်နိုင်ဘူးဆိုရင် သင့်ဆရာဝန်က သင့်ကို အသည်းအစားထိုးဖို့ အကြံပြုနိုင်ပါတယ်။အသည်းအစားထိုးခြင်းဟာ သင့်ကို အသည်း ကျန်းမာတဲ့ အသည်းအသစ် (အလှူရှင်အသည်း)ကို အစားထိုးပေးခြင်း ဖြစ်ပါတယ်။အသည်းအစားထိုးခြင်းမှာ ခွဲစိတ်မှု သုံးခု ပါဝင်ပါတယ်။ အလှူရှင် ခွဲစိတ်ခြင်း၊ အစားထိုးအသည်းကို ပြင်ဆင်ခြင်းနဲ့ လက်ခံသူ ခွဲစိတ်ခြင်းတွေပဲ ဖြစ်ပါတယ်။ အစားထိုးကုသမှုအတွက် ပူးပေါင်းဆောင်ရွက်သူတွေဟာ ဒီခွဲစိတ်မှုတွေကို ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။အလှူရှင် ခွဲစိတ်ခြင်းဟာ အလှူရှင် အသည်းကို ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုဟာ အလှူရှင်အသည်းကို အရင်းအမြစ် သုံးခုကနေ ရရှိမှာ ဖြစ်ပါတယ်။• အလှူရှင်ဟာ မကြာသေးမီကမှ သေဆုံးသွားသူဖြစ်ပြီး အသည်းကို ကျန်ရစ်သူမိသားစုရဲ့ သဘောတူညီချက် (သို့) သေဆုံးသူ အသက်ရှင်စဉ် လှူဒါန်းထားချက်တွေကြောင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါကို သေဆုံးသူ ကိုယ်အင်္ဂါလှူဒါန်းခြင်းလို့ ခေါ်ပါတယ်။ဒီအခြေအနေမှာ ကိုယ်အင်္ဂါတွေကို ဖယ်ထုတ်ခြင်းမပြုမီ သူတို့ရဲ့ လုပ်ငန်းဆောင်တာကို ထိန်းသိမ်းသင့်ပါတယ်။ အလှူရှင်ကို အသက်ရှင်မှုကို လှုံ့ဆော်ပေးဖို့ အသက်ရှူစက် တပ်ပေးထားမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုဟာ ကျောက်ကပ်၊ နှလုံး၊ အဆုတ်၊ တစ်ခါတရံ မုန့်ချိုအိတ်၊ အူသိမ်၊ မျက်ကြည်လွှာ၊ အရေပြား၊ အရိုးအစရှိတဲ့ ကိုယ်အင်္ဂါအမြောက်အမြားကို ဖယ်ထုတ်တဲ့ ခွဲစိတ်မှု ဖြစ်နိုင်ပါတယ်။• အခြား အမျိုးအစားတစ်မျိုးကတော့ အသက်ရှင်နေသူရဲ့ ကိုယ်အင်္ဂါ အစားထိုးခြင်းပဲ ဖြစ်ပြီး အသက်ရှိသူ အလှူရှင်ရဲ့ အသည်းတစ်စိတ်တစ်ပိုင်းကို လူနာကို အစားထိုးပေးမှာ ဖြစ်ပါတယ်။ အသည်းဟာ လှူဒါန်းသူရဲ့ ကျန်ခဲ့တဲ့ အသည်းအစိတ်အပိုင်းမှာရော၊ လက်ခံသူရရှိတဲ့ တစ်စိတ်တစ်ပိုင်းမှာပါ ပုံမှန် အရွယ်အစား ပြန်ရောက်အောင် ပွားနိုင်ပါတယ်။• တတိယ အမျိုးအစားကတော့ ခွဲခြမ်းမျှဝေလှူဒါန်းခြင်း ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာတော့ အသည်းကို မကြာသေးမီက သေဆုံးသူထံမှ ယူမှာဖြစ်ပြီး နှစ်ခြမ်းပိုင်းမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ အပိုင်းနဲ့ သေးငယ်တဲ့ အပိုင်း ခွဲမှာ ဖြစ်ပြီး ဒီနှစ်ပိုင်းကို လူနှစ်ယောက်ထံ အစားထိုးကုသပေးမှာ ဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းနှစ်ခုလုံးဟာ အချိန်ကြာလာတာနဲ့ အမျှ ပုံမှန် အသည်းအရွယ်အစားကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။အစားထိုးအသည်းကို ပြင်ဆင်ခြင်းဆိုသည်မှာ အလှူရှင်အသည်းကို ပြုပြင်ဖို့ ဖြစ်ပြီး သန့်ရှင်းခြင်း၊ လိုအပ်ရင် အသည်း ဖြတ်ထုတ်ခြင်းတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ဒီခွဲစိတ်မှုမှာ အလှူရှင်ရဲ့ အသည်းကို အစားထိုးမှာ ဖြစ်ပါတယ်။ သင့်ကို နာကျင်မှုအတွက် မေ့ဆေးပေးမှာဖြစ်ပြီး သွေးဆုံးရှုံးမှုကို လျော့နည်းစေဖို့ ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ အသည်းကို အစားထိုးဖို့ ဝမ်းဗိုက်အတွင်းမှာ ဓါးရာ ပေးမှာ ဖြစ်ပါတယ်။ သူတို့ဟာ ခွဲစိတ်ကုသမှုအပြီးမှာ ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်စေဖို့ ပြွန်အချို့ကိုလည်း ထည့်ထားပေးမှာဖြစ်ပါတယ်။အသည်းအစားထိုး ခွဲစိတ်မှုကို အသည်းပျက်စီးနေသူ မည်သူမဆို ကလေးမှ လူကြီးအထိမှာ ပြုလုပ်နိုင်ပါတယ်။ အသည်းဟာ ရောဂါပိုးဝင်ခြင်း၊ ရောဂါရှိခြင်း၊ အရက် အစရှိတာတွေကြောင့် ပျက်စီးနိုင်ပါတယ်။ နာတာရှည် ရောဂါတွေဖြစ်တဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းရောင်ရောဂါပိုးဘီပိုး ၊ စီပိုး နဲ့ အရက်ကြောင့် အသည်းခြောက်ခြင်းတို့ဟာ အသဲအစားထိုးခြင်းရဲ့ အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်တည်းက အသည်းအစားထိုးမှုလိုအပ်သူတွေဟာ ၉၀ရာခိုင်နှုန်း ပိုများလာခဲ့ပေမယ့် လှူဒါန်းသူ အရေအတွက်ကတော့ ပြောင်းလဲခြင်း မရှိပါဘူး။ ဒါကြောင့် အသည်းရောဂါနောက်ဆုံးအဆင့်ကြောင့် သေဆုံးသူ အရေအတွက် များပြားလာတာကို တွေ့ရပါတယ်။အခြားကိုယ်အင်္ဂါအစားထိုးခြင်းတွေလိုပဲ လိုအပ်ချက်ဟာ ရရှိနိုင်မှုထက် များပြားနေပါတယ်။ အသည်းအစားထိုးခြင်းရဲ့ လိုအပ်ချက်တွေကို ပြည့်ဝနိုင်ဖို့ လိုအပ်ပါတယ်။ အောက်ပါအချက်တွေကတော့ သင်မျှော်လင့်ထားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။• ဘဝအရည်အသွေးကို ထိခိုက်နိုင်မယ့် လက္ခဏာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။• အစားထိုးခွဲစိတ်မှုအပြီးမှာ အသက်ရှင်နှုန်း စစ်တမ်းကို ပြုလုပ်ရနိုင်ပါတယ်။• စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို ကျော်လွှားနိုင်ဖို့ လိုပါတယ်။• အစားထိုးကုသမှုအတွက် ငွေကြေး အဆင်သင့် ဖြစ်ဖို့ လိုအပ်ပါတယ်။• သင့်လျော်တဲ့ ဆရာဝန်ရှိဖို့လည်း လိုအပ်ပါတယ်။အသည်းအစားထိုးကုသမှု မပြုလုပ်ခင် သင်ဟာ စိတ်ရော ကိုယ်ပါ ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အစားထိုးခွဲစိတ်ရမယ့်စိတ် ထည့်ထားပြီးတော့ အစားထိုးခွဲစိတ်ပြီးရင် ဘာကိုမျှော်လင့်ထားရမလဲဆိုတာ သင်ယူထားသင့်ပါတယ်။ အစားထိုးခွဲစိတ်မှုမပြုခင် သင့်ဘဝအခြေအနေကို စဉ်းစားပြီး အစားထိုးပြီးရင် ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကို တွေးတော ထားသင့်ပါတယ်။သင်ဟာ စောင့်ဆိုင်းစာရင်းမှာ ရှိနေရင် အစားထိုးခွဲစိတ်မှုမလုပ်ခင် လိုအပ်တဲ့ ငွေကြေးနဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကျန်းမာတဲ့အစားအသောက်တွေ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း အစရှိတဲ့ ကျန်းမာစေတဲ့ နေထိုင်ပုံတွေ ပြုလုပ်သင့်ပါတယ်။သင်ခွဲစိတ်မှုပြုလုပ်မယ့်အချိန်ကို သင့်မိသားစုကို သိစေသင့်ပြီး ဒါမှသာ အစားထိုးခွဲစိတ်မှုပြီးသွားချိန်မှာ သင့်ကို ဂရုစိုက်နိုင်မှာဖြစ်ပါတယ်။ခွဲစိတ်မှုအပြီးမှာ လူနာ အယောက် ၁၀၀မှာ ၈၅ ယောက်ဟာ အနည်းဆုံးတစ်နှစ် နေထိုင်နိုင်ပြီး ၁၀၀မှာ ၆၅ ယောက်ကတော့ ငါးနှစ် (သို့) ငါးနှစ်နဲ့အထက် နေထိုင်နိုင်တာတွေ့ရပါတယ်။အသည်းအစားထိုးအပြီးမှာ ကိုယ်ခန္ဓါဟာ ပြင်ပတစ်ရှူးဖြစ်တဲ့ အသည်းအသစ်ကို တိုက်ခိုက်မှာ ဖြစ်ပါတယ်။ ဒါကို အစားထိုးအင်္ဂါကို ကိုယ်ခန္ဓါက လက်မခံခြင်းလို့ ခေါ်ပြီး အစားထိုးထားတဲ့အသည်းအသစ်ဟာ လုံးဝ ပျက်စီးသွားနိုင်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားကို ဖိနှိပ်ထားတဲ့ ဆေးတွေ အမြောက်အမြား ရှိပါတယ်။ အသည်းအစားထိုးထားတဲ့ လူနာဟာ ဒီဆေးတွေကို ကိုယ်ခန္ဓါက အသည်းအသစ် ငြင်းပယ်ခြင်းကို ကာကွယ်ဖု့ိ တစ်သက်လုံးသောက်သင့်ပါတယ်။ငြင်းဆန်မှုအပြင် အသည်းအစားထိုးခြင်းနောက်မှာ သိသင့်တဲ့ အခြားပြဿနာတွေလဲ ရှိပါသေးတယ်။• ရောဂါပိုးဝင်ခြင်း – အခြားခွဲစိတ်မှုတွေလိုပဲ အသည်းအစားထိုး ခွဲစိတ်အပြီးမှာ ရောဂါပိုးဝင်နှုန်း မြင့်မားနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို ရောဂါပိုးကူးစက်မှုကို ကာကွယ်ဖို့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို ပေးမှာ ဖြစ်ပါတယ်။• သည်းခြေပြွန်အခြေအနေ – သည်းခြေပြွန် ပိတ်ဆို့ခြင်း၊ သည်းခြေရည် စိမ့်ထွက်ခြင်း အစရှိတဲ့ သည်းခြေပြွန် ပြဿနာတွေ ဖြစ်တတ်ပါတယ်။• ကျောက်ကပ်ပျက်စီးခြင်း – ကိုယ်ခံအားကျဆင်းစေတဲ့ဆေးတွေဟာ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။ ခွဲစိတ်မှုအပြီးမှာ သင့်ဆရာဝန်က ကျောက်ကပ် လုပ်ငန်းဆောင်တာကို သေချာ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။• အစားထိုးကုသမှု ကျရှုံးခြင်း – အသည်းအသစ်ဟာ အစားထိုးကုသမှုအပြီးမှာ သေချာ အလုပ်လုပ်ခြင်း မရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ တတ်နိုင်သမျှစောစော အသည်းအသစ်ကို ရရှိဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ သင့်ဆရာဝန်က ဒီပြဿနာကို ထိန်းချုပ်ဖို့ ဆေးပေးမှာ ဖြစ်ပါတယ်။• ကင်ဆာ – အသည်းရောဂါရှိသူတွေဟာ ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါဟာ အသည်းကင်ဆာ မဟုတ်ပဲ အရေပြားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာလိုမျိုး ကင်ဆာ ရောဂါတွေ ဖြစ်ပါတယ်။ဒါ့ပြင် အသည်းအစားထိုးခွဲစိတ်မှုပြီးတဲ့ အခါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးရောဂါ ဖြစ်နှုန်းများပါတယ်။ ကျန်းမာတဲ့ စားသောက်ပုံနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ အသည်းအစားထိုး ခွဲစိတ်မှုအပြီးမှာ သင့်ကို ပုံမှန်ပြန်ဖြစ်စေမှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%be%e1%80%af%e1%80%a1%e1%80%80%e1%80%bc/
မျိုးရိုးလိုက်သောအသည်းရောဂါ ။ Alpha-1 antitrypsin ချို့ယွင်းခြင်း
Alpha-1 antitrypsin ချို့ယွင်းမှု အတွက် အချက်အလက်တွေကို ရှာဖွေနေပါသလား။ အသုံးဝင်တဲ့ အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။Alpha-1 antitrypsin ချို့ယွင်းမှုဟာ အဆုတ်နဲ့ အသည်းကို ထိခိုက်စေတဲ့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေနဲ့ ဒီရောဂါဖြစ်တတ်တဲ့ အသက်အရွယ်တွေဟာ လူပေါ်လိုက်ပြီး ကွာခြားမှု ရှိပါတယ်။တကယ်တော့ Alpha-1 antitrypsin ဟာ အသည်းမှာ ပြုလုပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပြီး ကိုယ်အင်္ဂါ အတော်များများမှာ အင်ဇိုင်းတွေကို ချေဖျက်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ Alpha-1 antitrypsin ချို့ ယွင်းမှု ဟာ သင့်မှာ ဒီပရိုတင်းကို ထုတ်လုပ်ဖို့ တားမြစ်နေတဲ့ မွေးရာပါ ရောဂါတစ်ခု ရှိနေတယ်လို့ ဆိုလိုပါတယ်။ သင့်မိဘတွေထံမှ မျိုးရိုးလိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။Alpha-1 antitrypsin ချို့ယွင်းမှု ရဲ့ လက္ခဏာတွေကတော့-။• အနည်းငယ်လှုပ်ရှားမှု ပြုပြီးသည်နှင့် မောခြင်း၊ လေ့ကျင့်ခန်း မလုပ်နိုင်ခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်း။• ကိုယ်အလေးချိန် မရည်ရွယ်ပဲ ကျဆင်းခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပြန်ဖြစ်ခြင်း၊ ပင်ပန်းခြင်း၊ မတ်တပ်ရပ်စဉ် နှလုံးခုန်မြန်ခြင်း။• သင့်မှာ Alpha-1 antitrypsin ချို့ယွင်းမှု ပြဿနာ ရှိနေရင် သင့်ကိုယ်ခန္ဓါမှာ အဆုတ်လေအိတ်ပျက်စီးသောရောဂါ ဖြစ်နိုင်ပါတယ်။ ဒီရောဂါရဲ့လက္ခဏာတွေကတော့ အသက်ရှူ ကျပ်ခြင်း၊ ချောင်းဟပ်ဆိုးခြင်း၊ ရင်ခေါင်းက ဘေးတိုက်ကြည့်ရင် စည်ပိုင်းပုံစံဖောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။• အသည်းခြောက်ခြင်းလိုမျိုး အသည်းရောဂါတွေကို ရရှိနိုင်ပါတယ်။ သင့်ကလေးမှာ Alpha-1 antitrypsin ချို့ယွင်းမှု ရှိရင် ကလေးဟာ အသားဝါခြင်းနဲ့ မျက်လုံးမှာ အဖြူရောင်ဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အသည်းခြောက်ခြင်း ရှိတယ်ဆိုရင် ခြေထောက် ဖေါရောင်နိုင်ပါတယ်။ ဒါ့ပြင် သူဟာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ခြေလည်း ရှိပါတယ်။• ရှားပေးတဲ့အခြေအနေတွေမှာ Alpha-1 antitrypsin ချို့ယွင်းမှု ဟာ panniculitis လို့ခေါ်တဲ့ အရေပြား အောက် အဆီတစ်ရှူးရောင်ရမ်းသော အခြေအနေကို ဖြစ်စေနိုင်ပြီးတော့ အရေပြားမှာ နာသော အကျိတ်တွေ၊ အကွက်တွေဖြစ်ပြီး အရေပြား မာကျောနိုင်ပါတယ်။ ဒီအရေပြားရောဂါ ဟာ ပြင်းထန်မှု ပုံစံ ကွာခြားမှုရှိပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။Alpha-1 antitrypsin ပမာဏ ကို စစ်ဆေးတဲ့ သွေးစစ်ဆေးမှုနဲ့ အသည်း လုပ်ငန်းဆောင်တာ တွေကို စစ်ဆေးတဲ့ သွေးစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှု အဖြေတွေကနေ သင့်ဆရာဝန်က ဒီအခြေအနေကို သိရှိနိုင်ပါတယ်။ ဒါ့ပြင် အခြားစစ်ဆေးမှုတွေ ဖြစ်တဲ့ အာထရာဆောင်း နဲ့ အထူး X-rays စစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကတော့ အသည်းပျက်စီးမှုကို သိရှိစေဖို့ အသည်းအသားစ ယူနိုင်ပါတယ်။ချို့ယွင်းနေတဲ့ Alpha-1 antitrypsin ပရိုတင်းကို အစားထိုးမှာ ဖြစ်ပါတယ်။ ဒီပရိုတင်းကို အပတ်တိုင်း သွေးပြန်ကြောအတွင်းကို ထိုးသွင်းပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အသည်းရောဂါဆိုးဆိုးဝါးဝါးမမရှိသူတွေမှာ အသည်းပျက်စီးမှု ပိုဖြစ်ခြင်းကို ကာကွယ်ရာမှာတော့ အနည်းငယ်သာ ထိရောက်မှု ရှိပါတယ်။တကယ်လို့ သင့်မှာ Alpha-1 antitrypsin ချို့ယွင်းမှု ရှိနေပြီဆိုရင် အောက်ဖေါ်ပြပါ အသည်းရောဂါတွေ ဖြစ်နိုင်ပါတယ်။• လေပြွန်များ မူမမှန်ကျယ်နေခြင်း။• အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း။• အဆုတ်လေအိတ်ပျက်စီးခြင်း။• အသည်းကင်ဆာ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8/
ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး
အရေပြားက ချွေးလေးစိုလာတိုင်းယားတယ်။ရာသီဥတုလေး ပူလာတိုင်း ယားလာတယ်။ အရေပြားပေါ်မှာလည်း အဖြူအစက်လေးတွေ၊ အသားအရောင်ထပ် ရင့်နေတဲ့ အကွက်လေးတွေအသားအရောင်ထက်ဖျော့နေတဲ့ အကွက်လေးတွေဖြစ်နေတယ်ဆိုရင် သေချာတာကအရေပြားပြဿနာတစ်မျိုးဖြစ်တဲ့  ညှင်း  ပြဿနာကို ခံစားနေရတာပါ။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့်အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးပါရစေ။အရေပြားမှာဖြစ်တဲ့ ညှင်း သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။ ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး များကတော့။မီးဖိုချောင်တော်တော်များများမှာ အလွယ်တကူရနိုင်တဲ့ အိမ်တွင်းဂမုန်းလို့ တင်စားကြတဲ့ ကြက်သွန်နီက အရေပြားပြဿနာ တော်တော်များများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်သွန်နီမှာမှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ sulfur ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါကြောင့် ကြက်သွန်နီက ညှင်းကို ဖြစ်စေနိုင်တဲ့ malassezia မှိုပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပါ။ဒါကြောင့် ကြက်သွန်နီအရွယ်တော် တစ်လုံးကို ညက်နေအောင်ကြိတ်လို့ ရလာတဲ့အနှစ်ကို ညှင်းဖြစ်နေတဲ့နေရာမှာ လိမ်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လောက်အထိ အသုံးပြုပေးလို့ရပါတယ်။အနံ့စူးရှတဲ့ ကြက်သွန်ဖြူက လည်း ကြက်သွန်နီနဲ့ မျိုးရင်းတူတာကြောင့် သူ့မှာလည်း sulfur ဒြပ်ပေါင်း ပါဝင်ပါတယ်။ ကြက်သွန်ဖြူက ဟင်းလျာတွေကို အနံ့အရသာ ပြည့်စုံစေပြီးခန္ဓာကိုယ်ကိုတင် ကျန်းမာစေနိုင်တာ မဟုတ်ပါဘူး။ ညှင်းဖြစ်စေတဲ့ malassezia မှိုပိုးတွေ အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါသေးတယ်။ကြက်သွန်ဖြူ ခပ်ရွယ်ရွယ် ၂ မွှာလောက်ကို နုတ်နုတ်လေးစဉ်းပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်လောက်အထိ အသုံးပြုပေးလို့ရပါတယ်။သင်ကတုံ့ပြန်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ ဒီနည်းလမ်းက သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် ဒီပစ္စည်း ၂ မျိုးစလုံးက ညှင်းဖြစ်စေနိုင်တဲ့ malassezia မှိုပိုးတွေကို အမှန်အကန် တိုက်ဖျက်ပေးနိုင်တာပါ။နနွင်းမှုန့်အနည်းငယ်ကို ကြိတ်ခြေထားတဲ့ ချင်းအနှစ်နည်းနည်း၊ ရေနည်းနည်းတို့ကို ရောစပ်လို့ အနှစ်လေးဖြစ်အောင် မွှေပါ။ ရလာတဲ့ အနှစ်လေးကို အရေပြားပေါ်မှာ တစ်နေ့ကို၂ ကြိမ်လောက်အထိ လိမ်းပေးလို့ရပါတယ်။ယူကလစ်ဆီမှာပါတဲ့ Terpenoids နဲ့ phenylpropanoids တို့က အရေပြားကို ထိခိုက်စေတဲ့ မှိုပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အမြဲစိမ်း အပင်တစ်မျိုးဖြစ်တဲ့ ယူကလစ်ပင်က ဆေးဖက်ဝင်တဲ့ အပင်အဖြစ် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ကတည်းက လက်ခံခဲ့ကြတာပါ။ ယူကလစ်အဆီမှာပါတဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ Cineol က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပြီး ညှင်းဖြစ်စေတဲ့ malassezia မှိုပိုးကိုလည်း အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။တမာရွက်မှာလည်း မှိုပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ညှင်းအပါအဝင် မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ သက်သာစေဖို့ တမာရွက်ကို အသုံးပြုပေးလို့ရပါတယ်။ရေစင်အောင်ဆေးထားတဲ့ တမာရွက်ကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ကို  အရေပြားပေါ်မှာ လိမ်းပေးလို့ရပါတယ်။ ဒါမှမဟုတ် တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပေးလို့လည်းရပါတယ်။Tea Tree Oil ကလည်း မှိုပိုးတွေကို အထိရောက်ဆုံးတိုက်ဖျက်နိုင်ပါတယ်။ ညှင်းဖြစ်တဲ့နေရာကို ရေနဲ့သေချာဆေးကြောပြီး သန့်စင်ခြောက်သွေ့အောင်သုတ်လို့ တစ်နေ့ နှစ်ကြိမ် လိမ်းပေးရုံပါ။လေ့လာမှုတွေအရပျားရည်၊ သံလွင်ဆီ နဲ့ပျားဖယောင်းတို့ကို ဆတူရောစပ်ပြီး ရလာတဲ့အရောကို ညှင်းဖြစ်နေတဲ့ အရေပြားပေါ်ကို လိမ်းပေးရုံပါ။ တစ်နေ့ကို ၃ ကြိမ်လောက် လိမ်းပေးတာက ညှင်းကို သိသိသာသာ သက်သာစေမှာပါ။သင်္ဘောမယ်ဇလီအရွက်မှာလည်း မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ အရေပြား ပြဿနာတော်တော်များများကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။အရွက်ကို ရေစင်အောင်ဆေးပြီး ပြုတ်လို့ရလာတဲ့ အရည်နဲ့ရေချိုးပေးလို့ ရသလို ရေစင်အောင်ဆေးထားတဲ့ အရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကို အရေပြားပေါ်မှာ လိမ်းပေးလို့လည်း ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/natural-remedies-for-tinea-versicolor/
ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ
အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက် ကျန်းမာရေးရှုထောင့်၊ အလှအပနဲ့ ကိုယ်အလေးချိန်ရှုထောင့်ကနေ သင့်တော်မယ့် လေ့ကျင့်ခန်းတွေကို ပြောပြပြီးပြီဆိုတော့ ဒီဆောင်းပါးမှာ ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ အလှအပအတွက် အဓိကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ပြောပြပေးမှာဖြစ်ပြီး အရမ်းလည်းမပင်ပန်းဘဲ ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကိုသာ ဦးစားပေးပြောသွားမှာပါ။ဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့ လူကြီးမိဘတွေကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေစေချင်တယ်ဆိုရင် ခုပြောပြမယ့်လေ့ကျင့်ခန်းတွေကို လုပ်ခိုင်းဖို့ သေချာလေး တိုက်တွန်းကြည့်ပါနော်။ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ ကတော့။အားလည်းမကုန်သလို အချိန်လည်းသိပ်ပေးစရာမလိုဘဲ အသက်အရွယ်တိုင်းအတွက် အဆင်ပြေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေ မနက်ပိုင်း စောစောထတတ်ရင် ရေသောက်၊ မျက်နှာသစ်ပြီးတာနဲ့ ကိုယ့်အိမ်နားမှာ ၁၀မိနစ်ကနေ မိနစ် ၂၀လောက်ထိ ဖြည်းဖြည်းချင်းလမ်းလျှောက်လို့ရပါတယ်။လမ်းလျှောက်ရင်းနဲ့အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် ပိုကောင်းတာပေါ့။လူငယ်တွေလို မဟုတ်ဘဲ အသက်အရွယ်ကြောင့် တစ်နေ့တာမှာ ထိုင်နေရတဲ့ အချိန်တွေက ပိုများတတ်ပါတယ်။ ဒီအခါမှာ အရိုးတွေက အားပျော့ပြီး ခြေဆစ်လက်ဆစ်တွေလည်း အားနည်းလာတော့တာပေါ့။အဲ့ဒါကြောင့် လှဲအိပ်နေတဲ့အချိန်၊ ရုပ်ရှင်ကြည့်နေရင်း၊ ထိုင်နေရင်းပဲဖြစ်စေ ကိုယ့်ရဲ့ ခြေချောင်း၊လက်ချောင်းတွေကို အမြဲလှုပ်ရှားနေပေးပါ။ တတ်နိုင်တယ်ဆိုရင် ခြေထောက်၊ လက်တွေကို ဘေးဘက်၊ အရှေ့၊ အပေါ်ဘက် ဆန့်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ယောဂသည် အလှအပအတွက် သီးသန့်မဟုတ်ဘဲ ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးအတွက်ပါ များစွာအကျိုးရှိနိုင်ပါတယ်။ အပြင်းအထန်လုပ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ လုပ်လို့ရသလို လူကြီးတွေအတွက် အရိုးအကြောတွေ ပြေလျော့စေတယ်၊ သွက်လက်ပေါ့ပါးစေတယ်၊ စိတ်ပျော်ရွှင်စေတယ်၊ သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေ၊ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်၊နှလုံးကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။အေရိုးဗစ်ဆိုတာ အလေးအပင်မရတာမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေကို လေ့ကျင့်ပေးတဲ့ လှုပ်ရှားအားကစားတစ်မျိုးပါ။ အဓိကကတော့ ဘိုးဘိုးဘွားဘွားတို့ရဲ့ သက်လုံကို ကောင်းစေပြီး အမောခံနိုင်စေတယ်၊အစာစားချင်စိတ်ကို မြှင့်တင်ပေးနိုင်တယ်၊ သွေးလည်ပတ်မှုနှုန်းကို ကောင်းစေပြီး နှလုံး၊ အဆုတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က အရင်ကလောက် မလှုပ်ရှားနိုင်တော့တာကြောင့်ကြွက်သားတွေက ပျော့တွဲလာပြီး အရိုးအဆစ်တွေ အားနည်းလာတာ သဘာဝပါပဲ။ ဒါကို ကာကွယ်ဖို့အတွက် လေ့ကျင့်ခန်းများ လုပ်ပေးဖို့ လိုအပ်သလို တစ်ဖက်ကနေလည်း နေထိုင်စားသောက်မှုပုံစံတွေ ပြင်ပေးဖို့၊ မိသားစုဝင်တွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အရေးကြီးပါတယ်။ဒီအတွက် နည်းလမ်းတွေကတော့။၁။ အစာအာဟာရကို သေချာဂရုစိုက်ပြီး ပြင်ဆင်ပေးပါ။ အစာကြေစေဖို့အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေများများ ကျွေးပါ။ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်အတွက် အသား၊ ငါးတွေကိုလည်း ကျွေးပေးပါ။ အသားစားရတာ အဆင်မပြေဘူးဆိုရင် ပဲ၊ ဥတွေကို ကျွေးပေးလို့ရပါတယ်။ အဆီလျော့ထားတဲ့ နွားနို့ကို တစ်နေ့တစ်ခွက်တော့ ပုံမှန်တိုက်ပါ။၂။ အိပ်ချိန်ကို များနိုင်သလောက်များအောင် စောစောအိပ်၊ စောစောထအကျင့် လုပ်ခိုင်းပါ။ များသောအားဖြင့် ဘိုးဘွားအရွယ် လူကြီးတွေက စောစောအိပ်တတ်တဲ့အကျင့်ရှိတာကြောင့် သိပ်တော့ စိတ်ပူစရာမရှိပါဘူး။ တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၈နာရီ ပြည့်ပါစေ။၃။ လေ့ကျင့်ခန်းလုပ်တဲ့အခါ မိသားစုဝင်က ဘေးနားမှာ အမြဲရှိနေပေးပါ။ တစ်ခုခုနဲ့ ထိမိခိုက်မိတာမျိုး မဖြစ်စေဖို့ ဘိုးဘွားတွေ ထိုင်တဲ့ခုံ၊ အိပ်တဲ့ အိပ်ရာကုတင်နားမှာ ပစ္စည်းအမာတွေ၊ အချွန်အတက်တွေ မရှိပါစေနဲ့။ အကယ်လို့ Gym မှာသွားပြီး လေ့ကျင့်တာဆိုရင်လည်း နည်းပြဆရာကို သေချာဂရုစိုက်ဖို့ မှာထားပေးပါ။၄။ ရေများများ သောက်ခိုင်းပါ။ ထသွားထလာလုပ်လို့ ရတဲ့အခြေအနေဆိုရင် သိပ်ပြဿနာမရှိပေမယ့် ခြေထောက်အရိုးအဆစ် သိပ်မကောင်းဘူးဆိုရင်တော့ ဆီးဝမ်း အလွယ်တကူသွားလို့ရအောင် ဆီးအိုးကို အနားမှာထားထားပါ။ ဆီးသွားချင်ဘူးဆိုတာနဲ့ ဘိုးဘွားတွေကို အသံပေးခိုင်းတာဖြစ်စေ၊ အိမ်သားတွေ ကြားအောင် ခေါင်းလောင်းတီးခိုင်းတာမျိုးဖြစ်စေ လုပ်ဖို့ ပြောထားပါ။၅။ ဆရာဝန်နဲ့ ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် သွားပြပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။၆။ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဖြည့်စွက်စာတွေ၊ အားဆေးတွေကို ညွှန်းတဲ့အတိုင်း သေချာဝယ်တိုက်ပါ။၇။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း အရမ်းအားစိုက်ပြီး မလုပ်ဖို့ သေချာပြောထားပေးပါ။ မိသားစုဝင်တွေပါ အတူလေ့ကျင့်ခန်း လိုက်လုပ်တာမျိုး၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ဘေးနားကနေ ဘိုးဘွားတို့ရဲ့ ကိုယ်ခန္ဓာ၊ ခြေလက်ကို ထိန်းပေးတာမျိုး လုပ်ပေးပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး ကိုယ်ချစ်ခင်တဲ့ မိသားစုနဲ့ သက်ဆုံးတိုင် အချိန်အကြာကြီး နေနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/active-aging/best-exercises-for-elderly/
မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ
မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။အိပ်မပျော်ခြင်း၊ စားသောက်မှု မမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အသက်ကြီးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းတို့သည် မောပန်းနွမ်းနယ်ခြင်း၏ အဓိက အကြောင်းရင်းများဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းသည် ရောဂါပေါင်းများစွာ၏ အရင်းခံ လက္ခဏာတစ်ခု ဖြစ်သည်။မောပန်းနွမ်းနယ်ခြင်း သည် ဆိုးရွားသော ရလဒ်များ မဖြစ်စေလျှင်ပင် စွမ်းအင်မြန်စွာ ကုန်ခြင်း၊ နေ့စဉ် လှုပ်ရှားမှုများကို အနှောင့်အယှက် ပေးခြင်းတို့ ဖြစ်နိုင်သည်။ မောပန်းနွမ်းနယ်ခြင်း အကြောင်းကို နားလည်ပြီး ထိရောက်စွာ ထိန်းချုပ်နိုင်ပါက သင့်စွမ်းအင်ကို ပြန်လည် သိမ်းဆည်းနိုင်ပြီးဘဝနေထိုင်မှုပိုကောင်းလာမည် ဖြစ်သည်။မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ ကတော့။၁။ မကြာခဏ စားပါ။အချို့ ဆရာဝန်များက မကြာခဏ စားသောက်ခြင်းသည် ပင်ပန်းခြင်းကို သက်သာစေသည်ဟု ဆိုသည်။ တစ်နေ့တာလုံး ပမာဏ နည်းနည်းနှင့် ပုံမှန်စားခြင်းသည် အကြိမ်ရေနည်းနည်းနှင့် ပမာဏ များများစားခြင်းထက် ပိုကောင်းသည်ဟု ဆိုသည်။ အာဟာရပြည့်ဝအောင် စားခြင်းသည် တစ်နေ့တာ လှုပ်ရှားမှုများအတွက် စွမ်းအင်ကို မြင့်တင်ပေးသည်။၂။ ရေများများသောက်ပါ။ရေဓာတ် ခမ်းခြောက်ခြင်းသည် စွမ်းအင်ကို နည်းစေပြီး ခန္ဓာကိုယ်အား ပုံမှန် အလုပ်လုပ်ရန် ခက်ခဲစေသည်။ ထို့ ကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းသည် အလွယ်တကူ မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသည်။ အထူးသဖြင့် အလုပ်ကြမ်းလုပ်ရသူများ သို့မဟုတ် လေ့ကျင့်ခန်းလုပ်သူများတွင် ဖြစ်သည်။ရေဓာတ်ခမ်းခြောက်ခြင်းသည် အာရုံစိုက်နိုင်မှုနှင့် နိုးကြားမှုကို လျော့ကျစေသည်။ တစ်နေ့ ရေ နှစ်လီတာ သောက်ခြင်းသည် မောပန်းနွမ်းနယ်ခြင်းကို လျော့ချပေးပြီး စွမ်းအင်ကို ပြန်လည် သိမ်းဆည်းစေသည်။၃။ အိပ်ရာ စောစောဝင်ပါ။အိပ်ရေးပျက်ခြင်းသည်အထူးသဖြင့် အသက်ကြီးသူများ တွင် မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ လူတိုင်းသည် နောက်တစ်ရက်တွင် ကောင်းစွာ အလုပ်လုပ်နိုင်ရန် တစ်နေ့လျှင် အနည်းဆုံး ၇ နာရီ အိပ်ရန် လိုသည်။ဆရာဝန်များက သင့်အား ညတွင် အပြည့်အိပ်နိုင်ရန် အိပ်ရာစောစောဝင်ရန် အကြံပြု ထောက်ခံသည်။ ထို့အပြင် နေ့အချိန်တွင် တမှေးမှေးခြင်းသည် သွက်လက်ဖျတ်လတ်စေပြီး ဆောင်ရွက်မှုများကို ပိုကောင်းစေသည်။ တစ်မှေးမှေးခြင်းသည် မိနစ် ၃၀ ထက် မပိုရန် အရေးကြီးသည်။ ပိုပါက ညဘက်တွင် အိပ်ခြင်းကို ခက်ခဲစေနိုင်သည်။၄။ စွမ်းအင်ရရှိရန် ကိုယ်အလေးချိန် ချပါ။သင်ပိုဝလေ လှုပ်ရှားမှုအတွက် စွမ်းအင်ပိုသုံးရလေ ဖြစ် သည်။ ကိုယ်အလေးချိန်သည် နှလုံးကို အပိုဖိအား ဖြစ်စေပြီး မောပန်းစေပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန် လျော့ချ ပြီး ကျန်းမာသော ခန္ဓာကိုယ်ကို ထိန်းသိမ်းခြင်းသည် ပို၍ လှုပ် ရှားတက်ကြွစေသည်။ကိုယ်အလေးချိန်ကျစေရန် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် စားခြင်း၊ တက်ကြွစွာ နေခြင်း၊ လေ့ကျင့်ခန်းများများလုပ်ခြင်းတို့ ပြုလုပ်ပါ။၅။ အရက်၊ ကဖင်းနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ထိုအရာများသည် သင်၏ အလုံးစုံ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်မှု ရှိသည်။ အရက်၊ ကဖင်းနှင့် စီးကရက်သည် မောပန်းခြင်းကို လျင်မြန်စွာ ဖြစ်စေပြီး ခေါင်းကိုက်ခြင်း သို့မဟုတ် နေ့စဉ် စွမ်းအင်ကုန်ခမ်းသော ရုပ်ပိုင်းဆိုင်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများကို ဖြစ်စေ သည်။အရက်၊ ကဖင်းနှင့် ဆေးလိပ်သောက်ခြင်းကို အထူးသဖြင့် အစာမစားမီနှင့် အိပ်ရာမဝင်မီတွင် ဖြတ်တောက်သင့်သည်။ ရလဒ်အနေဖြင့် သင်သည် မောပန်းမှု နည်းလာပြီး အာရုံစူးစိုက်နိုင်မှု ပို၍မြင့်စေသည်။၆။ စွမ်းအင် မြင့်စေရန် စိတ်ဖိစီးမှုများကို လျော့ပါ။စိတ်ဖိစီးမှုသည် သင့်တစ်နေ့တာ၏ စွမ်းအင်အများစုကို ကုန်ဆုံးစေပါသည်။ စိတ်ဖိစီးမှု လျော့ကျရန် စိတ်ဖြေလျော့မှုနှင့် အသက်ရှူကုသမှုတို့ကို စတင်ပြုလုပ်ပါ။ ယောဂ ကျင့်စဉ်ကျင့်ခြင်း၊ အားကစားရုံ၌ လေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း စသည်တို့ ပြုလုပ်ပါ။စိတ်ဖိစီးမှု များပြီး စွမ်းအင်ကုန်စေသော အဖြစ်အပျက်များကို ရှောင်ကြဉ်ပါ။၇။ ကုထုံး ယူပါ။ဆွေးနွေးလမ်းညွှန်ခြင်း သို့မဟုတ် အပြုအမှု သိမြင်ခြင်း ကုထုံး စသော ကုထုံးအချို့ရှိသည်။ ၎င်းတို့သည် မောပန်း နွမ်းနယ်ခြင်းကို ထိရောက်စွာ သက်သာစေသည်။ မောပန်း နွမ်းနယ်ခြင်းသည် သင်၏ နေ့စဉ်ဘဝကို ဆိုးရွားစွာ နှောင့်ယှက်ပါက အကောင်းဆုံးကုသမှုရရန် ဆေးဖက်ဆိုင်ရာ အကူအညီရှာဖွေသင့်သည်။၈။ ပို၍ ကျန်းမာရေးနှင့် ညီညွတ်စွာ စားပါ။ငါးကြီးဆီတွင်omega-3များစွာပါပြီး နိုးကြားမှုကို မြင့်တက်စေသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများတွင် ဗီတာမင်များစွာ ပါဝင်ပြီး သင့်ခန္ဓာကိုယ်အတွက် စွမ်းအင် ပေးသည်။ ပို၍ ကျန်းမာရေးနှင့် ညီညွတ်စွာ စားခြင်းသည် အာဟာရများစွာ ရပြီး မောပန်းခြင်းကြောင့် ကုန်ဆုံးသွားသော စွမ်းအင်ကို ပြန်လည်ရရှိစေသည်။ ထို့ကြောင့် မောပန်းနွမ်းနယ်ခြင်းကို လျော့ကျစေသည်။ရေးသားသူ- Dr Zin Wai Yan Lin။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/tips-to-relieve-tiredness/
ဘေဘီလေး စိုက်ထူခဲ့တဲ့ milestone များ
ဘေဘီလေးတစ်ယောက်မွေးလာရင်ဖေဖေမေမေတိုင်း သိချင်မှာ ကိုယ့်ရဲ့ ဘေဘီလေးက ပုံမှန်ဖွံ့ဖြိုးမှုရှိရဲ့လားဆိုတဲ့ အချက်ဖြစ်မယ်ထင်ပါတယ်။ မွေးကာစမှာ အရမ်းငယ်သေးတော့ ချီရပွေ့ရ ပြုစုရတာတောင်ခက်ခဲနေတဲ့ အနေအထားမှာ ဘေဘီလေးကကျန်းမာရဲ့လားဆိုတာကို သိဖို့ခက်မှာပါ။ ဒီအခက်အခဲအတွက် အတူတူဖြေရှင်းရအောင်လား…….။မွေးစအရွယ်ဘေဘီလေးတစ်ယောက် ကျန်းမာရဲ့လား၊ ပုံမှန်တိုးတက်မှုရှိရဲ့လား ဒီအချက်လေးတွေကို ကြည့်ပြီးသိနိုင်ပါတယ်။မွေးစမှာ ပေါင်ချိန်ပြည့်လား။ မွေးစမှာပေါင်ချိန်ပြည့်တာကလည်း ဘေဘီလေး ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။ ပြီးရင်တော့ ဆက်တိုက် ဖွံ့ဖြိုးဖို့လိုပါမယ်။ မွေးပြီးပြီးချင်း ပထမ ၂ ရက်ကနေ ၃ ရက်လောက်မှာတော့ကိုယ်အလေးချိန်က မွေးစကိုယ်အလေးချိန်ထက် ၁၀ ရာခိုင်နှုန်းလောက် ကျသွားနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ရပ်ပေါ့။ မွေးပြီး ၂ ပတ်အကြာမှာ မွေးကာစ ကိုယ်အလေးချိန်အတိုင်းပြန်ဖြစ်လာပါမယ်။ဒီနောက်ပိုင်းမှာတော့ ဘေဘီလေးတစ်ယောက်ချင်းစီ ကိုယ်အလေးချိန်တိုးတက်မှုပုံစံကွာခြားတာမျိုးရှိနိုင်ပါတယ်။မွေးကာစ။ကိုယ်အလေးချိန်– မွေးပြီးစကနေ ပထမ ၂ ပတ်တာကာလမှာ တစ်ရက်ကို ၁ အောင်စတိုးရပါမယ်။အရပ်– သားသားလေး ဆိုရင် လက်မ ၂၀။ မီးမီးလေးဆိုရင် ၁၉ လက်မကျော်ကျော် ရှိရပါမယ်။မွေးပြီး တစ်လအကြာမှာ။အရပ်အမြင့်က သားသားလေးဆိုရင် ၂၁.၅ လက်မ။ မီးမီးလေးဆိုရင် ၂၁ လက်မရှိရပါမယ်။ဦးခေါင်းလုံးပတ်အရွယ်အစားက တစ်လအရွယ်ရောက်တဲ့အခါ မွေးကာစက ဦးခေါင်းအရွယ်အစားထက် ၁လက်မလောက် ကြီးလာရပါမယ်။မွေးကာစ ဘေဘီလေးတွေဟာ တစ်နေ့တာမှာ အနည်းဆုံး ၁၆ နာရီလောက်အိပ်စက်ကြပါတယ်။ မွေးကာစ ကလေးတွေက ရည်ရွယ်ချက်ရှိရှိလှုပ်ရှားတာမျိုးမရှိပါဘူး။ သူတို့က ရည်ရွယ်ချက်မရှိတဲ့ လှုပ်ရှားမှုမျိုးကိုပဲလုပ်တတ်ကြပါတယ်။ ဒီကာလမှာ ဘေဘီလေးရဲ့ အာရုံကြောစနစ်က စဖွံ့ဖြိုးနေပြီ။ ဒီတုံ့ပြန်မှုလေးတွေကနေပဲ ဆန္ဒအတိုင်း လှုပ်ရှားနိုင်စေဖို့ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာပါ။• မေမေ့နို့ကို မမြင်ရဘဲ ရှာနိုင်တယ်။ မေမေရှိတဲ့ဘက်ကို မျက်နှာလှည့်ပြီး ပါးစပ်ကို မေမေ့နို့ နဲ့ အပ်ဖို့လုပ်တတ်တယ်။ မွေးရာပါအသိအရပါ။• နို့ကို သင်ပေးစရာမလိုဘဲ ဘယ်လိုစို့ရမလဲသိတယ်။လမစေ့ဘဲ မွေးတဲ့ ဘေဘီလေးတွေကတော့ ကိုယ့်ဘာသာနို့မစို့ တတ်ကြပါဘူး။• ရက်လေး နည်းနည်းရလာပြီဆိုရင် အသံလေး ပိုကျယ်လာမယ်။ မေမေ့အနားမှာမရှိရင် အော်ငိုတတ်ပြီ။ လူးလူးလွန့်လွန့်လှုပ်ရှားတတ်မယ်။• ခေါင်းကို ဘယ်၊ညာလှည့်တတ်လာမယ်။ လက်တွေကို ကွေးတတ်ဆန့်တတ်ပြီ။• လက်သီးလေးဆုပ်တတ်လာပြီ။ လမစေ့တဲ့ ကလေးတွေကတော့ မလုပ်နိုင်တာမျိုးရှိနိုင်ပါတယ်။• ခြေချောင်းလေးတွေကို ကွေးတတ်လာပြီ။• ခြေထောက်လေးကို ကြမ်းပြင်နဲ့ ထိတာမျိုးလုပ်နိုင်ပြီ။ဒီလိုကနေ တဖြည်းဖြည်းအရွယ်ရလာချိန်မှာ ဘေဘီလေးက။• ခေါင်းထောင်ချင်လာမယ်။ မေမေဖေဖေတို့က ကလေးကို ထိန်းမတ်ပေးဖို့ လိုပါမယ်။• မှောက်ထားရင် ခေါင်းကို ဘယ်ညာလှည့်တတ်ပြီ။•မျက်လုံးတော့ ဆုံမကြည့်တတ်သေးဘူး။ မြင်တော့မြင်နေရပါပြီ။• မျက်နှာတွေကိုလိုက်ကြည့်မယ်။ အလင်းရောင်ရှိတဲ့နေရာတွေ မျက်နှာပြင်တွေကို လိုက်ကြည့်တတ်ပါပြီ။•မှောက်ရက်အနေအထားမှာ ခေါင်းထောင်ဖို့ စကြိုးစားမယ်။•လှုပ်ရှားမှုလေးတွေနည်းနည်းမြန်လာပြီ။• လက်တွေကို ပါးစပ်ထဲထည့်တတ်ပြီ။အစောပိုင်းကာလတွေမှာ ဘေဘီလေးက ငိုတာကိုပဲ ဆက်သွယ်မှုနည်းလမ်းတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။ မွေးကာစ ဘေဘီလေးတွေရဲ့ ငိုသံတွေက အားလုံးနီးပါးအတူတူပါပဲ။ မေမေဖေဖေတို့က ဒီငိုသံတွေကိုနားထောင်ပြီး ကလေးဖြစ်ချင် နေတဲ့ အရာတွေကို အဖြေထုတ်လုပ်ဆောင်ပေးကြရတာပါ။ နို့ဆာတဲ့အခါ၊ သေးခံတွေစိုနေတဲ့အခါမျိုးတွေမှာ ဘေဘီလေး က ငိုတတ်ကြပါတယ်။ ဒီအခြေအနေမှာ ကလေးကို အငိုတိတ်စေဖို့ သူ့ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးမှုကပဲ မေမေနဲ့ ဘေဘီလေးတို့အကြားမှာ ချစ်ခြင်းမေတ္တာနဲ့ယုံကြည်စိတ်ချရမှု၊ လုံခြုံမှုတွေကို တည်ဆောက်ပေးတာပါ။ဘေဘီလေးက နည်းလမ်းအမျိုးမျိုးနဲ့ တုံ့ပြန်မှုတွေလုပ်ပြီး သူ့ရဲ့ နားလည်မှုတွေကို ပြသနိုင်ပါတယ်။• အသံကျယ်ကျယ်တွေကို သတိထားမိပြီ။• မျက်နှာတွေကိုစိုက်ကြည့်တတ်ပြီ။ အဖြူအမဲ ရုပ်ပုံတွေကို ကြည့်တတ်ပြီ။• အသံတွေကို အာရုံစိုက်တတ်ပြီ။ အသံလာရာကို လှည့်ကြည့်တတ်ပြီ။•အိပ်နေရင်းပြုံးတတ်ပြီ။မွေးကာစ ဘေဘီလေးတစ်ယေက်အဖို့ အလုံခြုံဆုံးနေရာက မေမေနဲ့ဖေဖေတို့ရဲ့ ရင်ခွင်ပါ။ မိဘတွေရဲ့ အသံကိုကြားရ တာက ဘေဘီလေးတို့ကို စိတ်ထဲသက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုလည်း ပေးစွမ်း နိုင်ပါတယ်။ ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေဖို့ဆိုရင်။• မျက်လုံးချင်းဆုံကြည့်ပေးပါ။• ကြင်နာစွာနဲ့ စကားပြောဆိုပေးပါ။• ဘေဘီလေးကိုသီချင်းဆိုပြပါ။• ဘေဘီလေးကို ပွေ့ချီပါ။• ဘေဘီလေးကို နူးညံ့တဲ့ အနှီးလေးနဲ့ ထွေးပွေ့ပေးပါ။• ဘေဘီလေးကို ပုတ်သိပ်ပေးပါ။• ဘေဘီလေးငိုရင် ချက်ချင်းချော့ပေးပါ။• ဘေဘီလေးကိုစကားပြောပေးပါ။ဒီလိုလုပ်ပေးတာက ကလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေပြီးစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သူအဖြစ်နဲ့ပါကြီးပြင်းလာစေမှာပါ။ အခုပြောခဲ့တာကတော့ ဘေဘီလေးတစ်ယောက်ရဲ့ မွေးကာစကနေ ၁ လအတွင်းမှာ မေမေဖေဖေတို့ မြင်တွေ့ရမယ့် ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်ပါ။ ကျန်းမာတဲ့ ဘေဘီလေးအဖြစ် ပျိုးထောင်နိုင်ပါစေကြောင်း…….။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/milestones-by-baby/
ကိုယ်ဝန်ရနိုင်ခြေ မြင့်စေတဲ့ အစားအစာတွေ က ဘာတွေလဲ
ကိုယ်ဝန်ရနိုင်ဖို့ဆိုရင် ကိုယ်ရဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲရပါမယ်။ ကိုယ်ဝန်ရစေမယ့် ဖြည့်စွက်စာ၊ အစားအသောက်ရယ်လို့ မရှိပေမယ့် မှန်ကန်တဲ့ စားသောက်မှုပုံစံက ကိုယ်ဝန်ရအောင် ကူညီပေးနိုင်မှာပါ။ အထူးသဖြင့် ကိုယ်ဝန်ယူမယ်ဆို တချို့အာဟာရဓာတ်တွေကို နေ့စဉ်စားတဲ့ထဲမှာ ပါဝင်အောင်စားပေးဖို့ လိုပါတယ်။ ကိုယ်ဝန်ရနိုင်ခြေ မြင့်စေတဲ့ အစားအစာတွေ ကို ဦးစားပေး စားပေးရမှာ ဖြစ်ပါတယ်။ကိုယ်ဝန်ရရှိဖို့ အရေးကြီးတဲ့ မဟော်မုန်းကို မျိုးဥအိမ်နဲ့ အဆီဆဲလ်တွေက ထိန်းချုပ်ထားပါတယ်။ အရမ်းပိန်နေတဲ့အချိန်မှာ လုံလောက်တဲ့ မဟော်မုန်းပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ အဝလွန်ပြန်ရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ မျိုးဆက်ပွားစနစ် ကောင်းကောင်းအလုပ်လုပ်ဖို့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိတာအကောင်းဆုံးပါ။ အကြမ်းဖျင်းတော့ Body Mass Index (BMI) အဆင့် ၁၉ ကနေ ၂၄ အတွင်းရှိရပါမယ်။[embed-health-tool-bmi]။တကယ်လို့သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိပြီးသားဆိုရင်တော့ အစားအသောက်ပုံစံကို ထိန်းညှိပေးခြင်းက ကိုယ်ဝန်ရနိုင်ခြေကို မြှင့်တင်ပေးနိုင်မှာပါ။လေ့လာထားချက်တွေအရ trans fat၊ တိရစ္ဆာန်တွေကရတဲ့ အသားဓာတ်၊ ကစီဓာတ် ပမာဏများများ စားသုံးတဲ့ အမျိုးသမီးတွေမှာ မျိုးဥအိမ်မူမမှန်တာ ဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေ မြုံရတဲ့ အကြောင်းအရင်းထဲမှာ ၂၀% လောက်က မျိုးဥအိမ်ပြဿနာကြောင့်ပါ။ ဒီတော့ ကိုယ်ဝန်ယူမယ်ဆို ဒီလိုအစားအစာတွေကို သတိထားသင့်ပါတယ်။ဖောလစ်အက်စစ်ကို ဖောလိတ် (Folate )လို့လည်း သိကြပြီး ဗီတာမင် ဘီ အုပ်စုထဲမှာ ပါဝင်ပါတယ်။ ဖောလစ်အက်စစ်က Neural Tube Defect လို့ခေါ်တဲ့  ဦးနှောက်နဲ့ အာရုံကြောမကြီးမှာ ဖြစ်တတ်တဲ့ မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်ပေးပါတယ်နိုင်သည်။ ဒီချို့ယွင်းချက်က သန္ဓေအောင်ပြီး ၂၈ရက်အတွင်းဖြစ်တတ်ပါတယ်။ ဒီရက်တွေမှာ မိခင်က ကိုယ်ဝန်ရှိမှန်းတောင် မသိသေးပါဘူး။ ဒါကြောင့်။ဒါကြောင့် ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတစ်ယောက်က သန္ဓေမအောင်ခင် အချိန်ကစပြီး တစ်နေ့ကို Folic Acid 400mcg သောက်သုံးရပါမယ်။ အရင်ကNeural Tube Defectပါသည့် ကလေးမွေးဖူးတယ်ဆိုရင်တော့ 4mgထိ သောက်သင့်ပါတယ်။ရနိုင်တဲ့ အစားအစာများ- အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ ပဲများ၊ ချဉ်သော အသီးများ၊ နှံစားပြောင်းများ။အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဇင့်ဓာတ်ချို့ယွင်းခြင်းဟာ မျိုးဥသန္ဓေအောင်နိုင်စွမ်းအပေါ် ထိခိုက်နိုင်ခြေရှိကြောင်း သိရပါတယ်။ မကြာသေးမီက တွေ့ရှိခဲ့တဲ့ သုတေသနတွေအရလည်း ဇင့်ဓာတ်ဟာ သန္ဓေအောင်ဖို့ အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။မျိုးဥများ ဆဲလ်ကွဲပွားခြင်း၊ ဒီအန်အေဖွဲ့စည်းဖြစ်ပေါ်ခြင်း၊ သားလောင်းများ ဖွံ့ဖြိုးခြင်း စတာတွေအတွက် ဇင့်က အရေးပါပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအတွက် တစ်နေ့တာ ဇင့်ဓာတ်လိုအပ်ချက်ကတော့ ၈ မီလီဂရမ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့တိုက်ချိန်နေမှာတော့ ၁၂ မီလီဂရမ် ဖြစ်ပါတယ်။ရနိုင်တဲ့ အစားအစာများ− ပဲ၊ အစေ့အဆန်၊ အနီရောင်အသား၊ ကမာ၊ ပင်လယ်စာ။သံဓာတ်ဟာ အောက်ဆီဂျင်သယ်ယူပို့ဆောင်ပေးတဲ့ သွေးနီဥတွေဖြစ်ပေါ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်လိုတယ်ဆိုရင်သံဓာတ်ချို့တဲ့ခြင်းမဖြစ်ဖို့ လိုပါတယ်။ သံဓာတ်နည်းခြင်းဟာ မျိုးဥကြွေခြင်းအပေါ် ထိခိုက်နိုင်ပြီး ကိုယ်ဝန်ရနိုင်ခြေကို လျော့နည်းစေပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအနေနဲ့ တစ်ရက်တာမှာ သံဓာတ် ၁၈ မီလီဂရမ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၂၇ မီလီဂရမ် လိုအပ်ပါတယ်။ရနိုင်တဲ့ အစားအစာများ− အနီရောင်အသား၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ တို့ဖူး။ကယ်ဆီယမ်က ကလေးရဲ့ အရိုးနဲ့ သွားတွေကို ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးက ကယ်ဆီယမ်ချို့တဲ့နေရင် ကလေးအတွက် လိုအပ်တဲ့ ကယ်ဆီယမ်ကို အမေရဲ့ အရိုးကနေ ပေးရမှာဖြစ်ပါတယ်။ ဒီတော့ အမေမှာ အရိုးပြဿနာတွေ ဖြစ်လာမှာပါ။တကယ်လို့ အမေမှာပါ မရှိရင်တော့ ကလေးရဲ့ အရိုးနဲ့ သွားတွေ ကောင်းကောင်းဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ရနိုင်တဲ့ အစားအစာများ− နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။အိုင်အိုဒင်းဓာတ်က သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ဖို့ လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက အမျိုးသမီးများရဲ့ မျိုးပွားစနစ်ကို ထိန်းချုပ်ပေးနေတဲ့ ဟော်မုန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းဓာတ် ချို့တဲ့ရင် ကလေးမှာ ကြီးထွားမှု ရပ်တန့်ခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်း၊ ဆွံ့အနားမကြားခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်က တစ်နေ့ကို အိုင်အိုဒင်း 220 မိုက်ခရိုဂရမ် လိုအပ်ပါတယ်။ရနိုင်တဲ့ အစားအစာများ- ဥများ၊ ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာ၊ ဂေါ်ဖီထုပ်၊၊။ကိုလင်းဟာ ဘယ်အသက်အရွယ်မှာမဆို လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ သန္ဓေသားတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကိုလင်းဓာတ်အတွက် တစ်နေ့တာလိုအပ်ချက်ကတော့ ၅၅၀ မီလီဂရမ် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးတိုင်းမှာ ကိုလင်းမပါဝင်တာမို့ အားဆေးများ၊ ဖြည့်စွက်စာများ ဝယ်ယူသုံးစွဲတဲ့အခါ အညွှန်းစာကို ဖတ်ရှုသင့်ပါတယ်။ရနိုင်တဲ့ အစားအစာများ− ဆယ်မွန်ငါး၊ ဥအမျိုးမျိုး၊ ပန်းပွင့်စိမ်း၊ ပဲထောပတ်၊ အမဲအသည်း၊ ကြက်အသည်း။Omega-3ကို Docosahexaenoic acid (အတိုကောက်အားဖြင့် DHA) လို့ခေါ်ပြီး ကလေးငယ်များ ဦးနှောက်နဲ့ မျက်စိပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သားဖွားမီးယပ်ဆိုင်ရာ သုတေသနအရ Omega-3 သုံးစွဲခြင်းကြောင့် လမစေ့ဘဲ မီးဖွားနိုင်ခြေကို လျော့နည်းစေတယ်လို့ သိရပါတယ်။အခြားသုတေသနတစ်ခုမှာ ဖော်ပြထားတာကတော့ ကိုယ်ဝန်ဆောင် တတိယသုံးလပတ်မှာ Omega-3 သုံးစွဲခြင်းဟာ မွေးဖွားလာမယ့် ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ စတာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ် ဆိုတာပါပဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် တစ်နေ့တာDHAလိုအပ်ချက်ကတော့ ၃၀၀ မီလီဂရမ် ဖြစ်ပါတယ်။ရနိုင်တဲ့ အစားအစာ- ငါးကြီးဆီ၊ အစေ့အဆန်၊ အသီးအရွက်။
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/healthy-foods-to-boost-fertility-women/
ရေနစ်သူကို အရေးပေါ်ရှေးဦးသူနာပြုစုခြင်း
မိသားစုလိုက်ဖြစ်ဖြစ်လူငယ်တွေချည်းဖြစ်ဖြစ် ရေလမ်းခရီးသွားတဲ့အခါ၊ ရေကူးကြတဲ့အခါရေနစ်မယ့်အန္တရာယ်သတိထားဖို့အရေးကြီးပါတယ်။ရေမကူးတတ်တဲ့သူမှရေနစ်နိုင်တာမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ရေနစ်နိုင်တဲ့အန္တရာယ်ရှိနိုင်သလို ရေနစ်နိုင်တဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဥပမာ –။ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာရေနစ်နေတာ၊ အသက်အန္တရာယ်ကြုံနေတာတွေ့ရရင် မကယ်ဘဲမနေနိုင်လောက်ပါဘူး။ ဒါပေမယ့် ဘယ်လိုကယ်မလဲ။ရေထဲဆင်းပြီး ကြိုးစားပမ်းစားကယ်ဆယ်လာခဲ့ရုံနဲ့ မလုံလောက်ပါဘူး။ ဒါ့ကြောင့် ရေနစ်သူကိုအရေးပေါ်ဘယ်လိုကယ်မလဲဆိုတာ သိထားသင့်ပါတယ်။အသက်ရှူနေသေးလား အရင်စစ်ဆေးပါ။အသက်မရှူတော့ဘူးဆိုရင် သွေးခုန်နှုန်းကို စမ်းကြည့်ပါ။သွေးခုန်နှုန်းစမ်းမရရင် CPR နဲ့ကယ်ပါ။ပြန်လည်ဆန်းစစ်ပေးရပါမယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%b1%e1%80%9b%e1%80%94%e1%80%85%e1%80%b9%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%b1%e1%80%9b%e1%80%bd%e1%80%b8%e1%80%a5/
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ ….. ပင်စင်စားတစ်ဦးဖြစ်သည့် ကိုမြင့်အောင်က လွန်ခဲ့သည့် ၄ နှစ်ခန့်က သူခံစားခဲ့ရသော ကျန်းမာရေးပြဿနာအကြောင်းပြောပြနေသည်။ လူငယ်ဘဝတုန်းကတော့ အလုပ်ကောင်းကောင်းလုပ်နိုင်သလို အနားယူချိန်မှာလည်း အားရပါးရအိပ်စက်ခဲ့သော်လည်း အသက် ၆၀ နားကပ်လာချိန်ဝယ် အရင်လို လှဲလိုက်တာနဲ့ တုံးခနဲအိပ်မပျော်တော့။ ညစဉ်ညစဉ်အိပ်ပျော်ဖို့ ခက်ခဲစွာကြိုးစားရသလို အိပ်ရာမှနိုးလာလျှင်လည်း ခေါင်းကငြီးစီစီဖြစ်သည့် ဝေဒနာကို လနဲ့ချီ၍ ခံစားခဲ့ရသည်။ သို့နှင့် နောက်ဆုံးမခံစားနိုင်တော့ ဆရာဝန်ဆီသွားရောက် ပြသဖြစ်ခဲ့သည်။“ကျွန်တော်က အရင်တကည်းက အနည်းဆုံးတစ်ရက် ၈ နာရီလောက်အိပ်တဲ့သူဗျ။ နေ့လယ်နေ့ခင်းဆိုလည်း တစ်မှေးလောက်မှေးသေးတာ၊ အဲ့ဒီလိုကောင်းကောင်းအိပ်မပျော်တဲ့ဝေဒနာကတော့ အတော်ဆိုးပါတယ်ဗျာ” ဟု ကိုမြင့်အောင်ပြန်လည်ပြောပြသည်။“ဆရာဝန်ဆီရောက်တော့ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ရတယ်၊ နောက်ပြီး ကျွန်တော်က အိပ်ရင်ဟောက်သံအရမ်းကျယ်တာကိုလည်း ပြောပြတော့ အိပ်နေတုန်းအသက်ရှုပိတ်သွားတတ်တဲ့ ရောဂါလို့ ယူဆပြီး ကျွန်တော့်ကို CPAP ဆိုလား…အဲ့ဒီ့စက်တပ်ပြီး အိပ်ခိုင်းတယ်”။Sleep apnea ဟုခေါ်ဆိုသည့် အိပ်ပျော်နေစဉ်အသက်ရှုရပ်သွားသည့်ရောဂါကပေါ့သေးသေးသတ်မှတ်သင့်သောကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပါ။ အိပ်စက်ခြင်းနှင့်သက်ဆိုင်သောဝေဒနာဖြစ်ပွားသူများတွင် ၂၀%ခန့်သည်ထိုကဲ့သို့ sleep apnea ရောဂါကြောင့်ဖြစ်ကြောင်းတွေ့ရှိရသည်။သို့သော် ကိုမြင့်အောင်ကတော့ CPAP စက်တပ်လည်း အိပ်မပျော်သည့် ဝေဒနာမသက်သာလာခဲ့ပေ။ ဆရာဝန်တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲပြသရင်း နောက်ဆုံးတော့ ပြဿနာအရင်းခံကို နှလုံးမှာသွားတွေ့သည်။ နှလုံးခုန်မမှန်သည့် ဝေဒနာရှိနေသည်ကို မသိရှိခဲ့ရာမှ ကိုမြင့်အောင်တစ်ယောက်ယခုကဲ့သို့ အိပ်မပျော်သည့် ဝေဒနာပါခံစားရလာခြင်းဖြစ်သည်။ နှလုံးခုန်မှန်စေသည့်စက် (pacemaker) တပ်ဆင်ပြီး CPAP စက်ပါအသုံးပြုလိုက်သောအခါမှသာ ကိုမြင့်အောင်တစ်ယောက်အရင်လို ညဖက် ရှောရှောရှူရှူအိပ်စက်နိုင်တော့သည်။—————————————————————————————————-။တကယ်တော့ ကိုမြင့်အောင်ခံစားခဲ့ရသော အိပ်မပျော်သည့်ဝေဒနာကို ပင်စင်ယူပြီးအရွယ်၊ ပျမ်းမျှအားဖြင့် အသက် ၆၀ တဝိုက်လူကြီးအတော်များများ ခံစားရလေ့ရှိပါသည်။ များသောအားဖြင့် နောက်ခံ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်ဖြစ်လေ့ရှိပြီး အဝလွန်မှု၊ အသက်ကြီးချိန်တွင်ခံစားရသော စိတ်ပူပန်စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုတို့နှင့်သာမက သောက်သုံးသော ဆေးဝါးများနှင့်လည်း သက်ဆိုင်လျက်ရှိပါသည်။ ထို့အပြင် ညဘက်မကြာခဏဆီးထသွား၍ အိပ်ရေးပျက်ခြင်း၊ အဆစ်အမြစ်များနာကျင်သောကြောင့် တော်တော်နှင့်အိပ်မပျော်ခြင်း စသည်တို့မှာ လူကြီးများတွင်အတွေ့များသော ကျန်းမာရေးပြဿနာများဖြစ်သည်။အသက်ကြီးသူများ အိပ်ပျော်ရခက်ခဲစေသည့် နောက်ပြဿနာတစ်ခုက အိပ်စက်သည့်ပုံစံနှင့်လည်း သက်ဆိုင်နေသည်။ ငယ်ငယ်က အိပ်ချိန်မှန်မှန်မရှိသူ၊ ညဖက်နောက်ကျမှအိပ်တတ်သူများသည် အသက်ကြီးလာလျှင် အိပ်ရေးမဝသည့်ပြဿနာပိုကြုံရနိုင်သူများဖြစ်ကြောင်းကိုလည်း တွေ့ရသည်။ထို့ကြောင့်အိပ်မပျော်သည့်ဝေဒနာခံစားရပါက ဖြစ်ရသည့်အကြောင်းရင်းကိုသိရန်အင်မတန်အရေးကြီးကြောင်းသိစေလိုပါသည်။ ဖြစ်သည့်အကြောင်းကိုသိမှလည်း ကုသရလွယ်ကူမည်မဟုတ်လော။ ညဖက်တော်တော်နှင့်အိပ်မပျော်သလို အိပ်ရာမှနိုးလျှင်လည်း ကြည်ကြည်လင်လင်ဖြစ်မနေသည့် ရက်တွေများလာလျှင် ဆရာဝန်နှင့်ပြသကြည့်ရန်လိုအပ်ကြောင်း တိုက်တွန်းလိုပါသည်။ ကိုမြင့်အောင်တို့လို အသက် ၆၀ ကျော် လူကြီးတွေသာမက အိပ်ချိန်မှန်မှန်မရှိသည့် လူငယ်များလည်း ထိုပြဿနာကို ဂရုစိုက်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော ကျန်းမာရေးနှင့်ညီညွတ်သည့်အိပ်ချိန်မရရှိခြင်းမှ နောက်ဆက်တွဲပြဿနာများစွာခံစားရနိုင်သောကြောင့်ဖြစ်သည်။အကယ်၍ ညဖက်အိပ်ပျော်ရန် အခက်အခဲရှိနေသူများလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန် အောက်ပါနည်းလမ်းလေးများကို ကျင့်သုံးကြည့်နိုင်ကြောင်း တလက်စတည်း ဖော်ပြပေးလိုက်ရပါသည်။အချိန်မှန်မှန်အိပ်နိုင်အောင်ကြိုးစားပါ– အိပ်ချိန်၊ အိပ်ရာထချိန် သတ်သတ်မှတ်မှတ်ထားပြီးအိပ်ခြင်းက ညဘက်ပို၍နှစ်ခြိုက်စွာအိပ်ပျော်နိုင်အောင်အားပေးပါသည်။အိပ်ခန်းကိုမီးရောင်မှိန်မှိန်ထားပါ– လျှပ်စစ်မီးချောင်း၊တီဗီ စသည်တို့ကို အိပ်ခါနီးမှာပိတ်ထားပါ။အိပ်ခါနီးစိတ်ပြေလျှော့စရာတစ်ခုခုလုပ်ပေးပါ– ရေနွေးနဲ့ရေချိုးခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် ကြိုက်နှစ်သက်ရာ စာအုပ်ဖတ်နေခြင်း စသည်အလုပ်တစ်ခုခုလုပ်လိုက်ပါက စိတ်ကိုပိုကြည်လင်စေပြီး အိပ်စက်နိုင်အောင်ကူညီပေးပါသည်။အိပ်ခါနီးဖုန်းမသုံးပါနဲ့– ဖုန်း၊ တီဗီတို့မှ ထွက်သောအလင်းရောင်သည် အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါသည်။ပုံမှန်သောက်နေကျဆေးတွေကို ပြန်ဆန်းစစ်ပါ– ရံဖန်ရံခါရောဂါကြောင့်မဟုတ်ဘဲမိမိသောက်နေကျ ဆေးတစ်မျိုးမျိုး၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း အိပ်စက်ရခက်ခဲနေခြင်းဖြစ်တတ်ပါသည်။ သောက်ဆေးတစ်မျိုးမျိုးကြောင့်ဆိုလျှင် ဆရာဝန် နှင့် တိုင်ပင်ပြီး ဆေးပမာဏချိန်ညှိခြင်း သို့မဟုတ် ဆေးပြောင်းသောက်ခြင်း ပြုလုပ်နိုင်ပါသည်။ရေးသားသူ – Dr. Htoo Tint Ko Ko။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/why-hard-to-sleep-when-old/
အသည်းအစားထိုးပြီးတဲ့အခါ ဘာတွေဖြစ်သလဲ။
အသည်းအစားထိုးခြင်းပြီးရင် ခွဲစိတ်မှုဟာ အဓိက ခွဲစိတ်မှု ဖြစ်တာကြောင့် လူနာကို အထူးပြုစုခန်းမှာ ထားမှာ ဖြစ်ပါတယ်။ အချို့လူနာတွေဟာ အသက်ရှူခြင်းကို အထောက်အကူ ဖြစ်စေဖို့ ventilator အသက်ရှူစက် လိုနိုင်ပါတယ်။ သွေးကြောတွင်းသွင်းရတဲ့ အရည်တွေ၊ ပိုသတ်ဆေးတွေနဲ့ အာဟာရဆိုင်ရာ ဖြည့်စွက်စာတွေဟာ အချို့လူနာတွေမှာ လိုအပ်နိုင်ပါတယ်။လူနာတွေကို အထူးကြပ်မတ်ကုသဆောင်မှာ ရက်အနည်းငယ်ထားပြီး ဆေးရုံမှာ အိမ်မပြန်ခင် နောက်ထပ် နှစ်ပတ်ကနေ သုံးပတ်အထိ ထားမှာ ဖြစ်ပါတယ်။အိမ်မှာ နာလန်ထတဲ့ ဖြစ်စဉ်ဟာ များသောအားဖြင့် ကြာမြင့်ပြီး ရှည်လျားပါတယ်။ လူတစ်ယောက်ဟာ ပုံမှန်လုပ်နေကျ အလုပ်တွေ၊ လှုပ်ရှားမှုတွေကို ပြန်မလုပ်ခင် သုံးလကနေ ခြောက်လအထိ ကြာမြင့်နိုင်ပါတယ်။Graft rejection။အသည်းအလှူရှင်ထံမှ အသည်းကို လက်ခံသူဆီကို ပြောင်းပြီးတဲ့အခါ ကိုယ်ခန္ဓါက ပြင်ပ အရာဝတ္ထုအဖြစ် မြင်နေပြီး သူ့ကို တိုက်ခိုက်မယ့် ကိုယ်ခံအားစနစ် ဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ အသည်းအသစ်ကို ပျက်စီးစေပြီး Graft rejection လို့ ခေါ်ပါတယ်။ဒါကို ကာကွယ်ဖို့ ကိုယ်ခံအားစနစ်ကို ဖိနှိပ်ထားမယ့် ဆေးတွေ လိုအပ်နိုင်ပါတယ်။ ဒီဆေးတွေဟာ ကိုယ်ခံအားကို ဖိနှိပ်ထားပြီး အသည်းအသစ်ကို တိုက်ခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုအသည်းအသစ်ကို တိုက်ခိုက်ခြင်းဟာ အသည်းအစားထိုးပြီး ပထမသုံးလအတွင်းမှာ အများဆုံး ဖြစ်ပါတယ်။ကိုယ်ခံအားဖိနှိပ်တဲ့ဆေးတွေကို အစပိုင်းမှာ အများအပြားအသုံးပြုမှာ ဖြစ်ပါတယ်။ ဆိုးကျိုးတွေ ကာကွယ်ဖို့ ပမာဏကို တဖြည်းဖြည်း လျှော့မှာ ဖြစ်ပေမယ့် ကိုယ်ခံအားစနစ်ကို ဖိနှိပ်နိုင်လောက်တဲ့ ပမာဏတော့ အသုံးပြုမှာ ဖြစ်ပါတယ်။ကိုယ်ခံအားဖိနှိပ်ထားနိုင်တဲ့ ဆေးများ။ကိုယ်ခံအားဖိနှိပ်ထားနိုင်တဲ့ ဆေးနှစ်မျိုး ရှိပါတယ်။ အသုံးအများဆုံးကတော့ corticosteroids နဲ့ အခြားကတော့ calcineurin ပဲ ဖြစ်ပါတယ်။Corticosteroids တွေဟာ ပြင်ပအရာဝတ္ထုတွေကို တိုက်ခိုက်မယ့် ဓါတုပစ္စည်းတွေကို ထုတ်လုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။အသည်းအစားထိုးခြင်းမှာ အများဆုံးအသုံးပြုတဲ့ Corticosteroids ကတော့ Prednisolone ဖြစ်ပါတယ်။ သူ့ကို သောက်ဆေးအနေနဲ့ အသုံးပြုပြီး အချိန်အကြာကြီးအသုံးပြုရင် ဆိုးကျိုး များစွာ ဖြစ်နိုင်ပါတယ်။ဆိုးကျိုးတွေကတော့။• အနာကျက်ချိန်ကြာခြင်း။• ပါးစပ် အနာပေါက်ခြင်း။• စိတ်ပြောင်းလဲမှုများ။• ကြွက်သားအားနည်းခြင်း။• ဆီးချို ပိုဆိုးခြင်း။• သွေးပေါင်တက်ခြင်း။• အရည် စုခြင်း။• ကိုယ်အလေးချိန် များလာခြင်း။• အရေပြား အမှတ်ဖြစ်ခြင်း။• အရိုးပွခြင်း။• မျက်စိတိမ် ဖြစ်ခြင်း တွေပဲ ဖြစ်ပါတယ်။Calcineurin inhibitors တွေဟာ Calcineurin လို့ ခေါ်တဲ့ ပရိုတင်းရဲ့ အစွမ်းကို ပိတ်ဆို့ခြင်းအားဖြင့် အလုပ်လုပ်ပါတယ်။ Calcineurin ဟာ သွေးဖြူဥ တစ်မျိုးဖြစ်တဲ့ T cells တွေကို လှုံ့ဆော်ပြီး ပြင်ပအရာဝတ္ထုတွေကို တိုက်ခိုက်ပါတယ်။ အများဆုံးအသုံးပြုတဲ့ ဆေးအမျိုးအစားကတော့ Ciclosporin နဲ့ tacrolimus တို့ပဲ ဖြစ်ပါတယ်။ သောက်ဆေးအဖြစ်အသုံးပြုပါတယ်။ Ciclosporin မှာတော့ အောက်ပါ ဆိုးကျိုးတွေ ရှိပါတယ်။• ထုံကျင်ခြင်း။• ပျို့အန်ခြင်း။• အစာစားချင်စိတ် မရှိခြင်း။• သွေးပေါင်တက်ခြင်း။• ခေါင်းမူးခြင်း။• ခေါင်းကိုက်ခြင်း။• လက်တုန်ခြင်း။• ကြွက်သားနာကျင်ခြင်း။• အရေပြားပေါ် ဆံပင်ပြန်ပေါက်နှုန်းများခြင်း။Tacrolimus ဟာ အောက်ပါ အချက်တွေကို ဖြစ်စေနိုင်ပါတယ်။• အိပ်မပျော်ခြင်း။• သွေးပေါင်တက်ခြင်း။• လက်တုန်ခြင်း။• ဝမ်းလျှောခြင်း။• စိတ်ရှုပ်ခြင်း။• စိတ်ပူခြင်း။• တက်ခြင်း။• ဆံပင်ကျွတ်ခြင်း။• အရေပြား အကွက်ထခြင်း၊ ယားယံခြင်း။ဒီဆေးတွေအပြင် အခြားဆေးတွေ၊ ဆေးဘက်ဝင်အပင်တွေနဲ့ တွဲဖက်အသုံးပြုရင် သတိထားသင့်ပါတယ်။ ဆိုးကျိုးတွေ ရှိပေမယ့် ဆေးပမာဏကို လျှော့ခြင်း၊ ဆေးရပ်ခြင်းတွေကို ဆရာဝန်ညွှန်ကြားချက်မရှိပဲ မလုပ်သင့်ပါဘူး။ ကိုယ်ခံအားဖိနှိပ်တဲ့ ဆေးတွေဟာ ရောဂါတိုက်ခိုက်နိုင်စွမ်းကို လျှော့ချပေးတာကြောင့် အသက်အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ပုံမှန် စစ်ဆေးခြင်း၊ ကာကွယ်ခြင်း။အစားထိုးကုသအပြီးမှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နှုန်း၊ နှလုံးရောဂါဖြစ်နှုန်းတွေကို မြင့်တက်စေနိုင်ပါတယ်။ ခွဲစိတ်မှုအပြီးမှာ အသည်းအသစ်ဟာ ကောင်းစွာ အလုပ်လုပ်နေခြင်း ရှိမရှိသိရှိဖို့ ပုံမှန်သွေးစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။အသည်း အစားထိုး ခံရသူတွေဟာ အစားထိုးမှုမတိုင်ခင်၊ နာတာရှည်အသည်းရောဂါတွေနဲ့ ကြာရှည်စွာ steroids သောက်ခြင်းကြောင့် အာဟာရ ချို့တဲ့ကာ အရိုးကျိုးမှုတွေ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ ဒါကို စစ်ဆေးဖို့ အရိုးသိပ်သည်းဆ စစ်ဆေးခြင်း ပြုလုပ်နိုင်ပါတယ်။အစားအသောက်။လူနာတွေကို ကျန်းမာစေတဲ့ အစားအသောက်တွေ စားသောက်စေပြီး ခွဲစိတ်အပြီးမှာ အရက်၊ ဆေးလိပ်တွေ ရှောင်ကျဉ်စေမှာ ဖြစ်ပါတယ်။ အာဟာရဓါတ်ဟာ အနာကျက်ဖို့နဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ဆောင်နိုင်စေဖို့ အရေးကြီးပါတယ်။ ကိုယ်အလေးချိန် တက်ခြင်း၊ သွေးသကြားဓါတ်များခြင်း၊ ကိုလက်စထရော များခြင်းတွေကို ရှောင်ကျဉ်သင့်ပြီး ဖြစ်လာရင်လည်း အတတ်နိုင်ဆုံး ပြန်လည် ပြင်ဆင်သင့်ပါတယ်။ အစားအသောက် ကျွမ်းကျင်သူဟာ သင်စားသင့်တဲ့ အစာတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးနိုင်ပါတယ်။လုံခြုံစိတ်ချရစွာ အစာကိုင်တွယ်ခြင်းဟာ အသည်းအစားထိုး လူနာတွေအတွက် အရေးကြီးပါတယ်။ ဒီလူနာတွေဟာ အစားအသောက်က ကူးစက်တတ်တဲ့ ရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ အစားအသောက်တွေအကုန်လုံးကို မစားခင် သေချာစွာ ဆေးကြော ချက်ပြုတ်သင့်ပါတယ်။ လူနာတွေကို သေချာချက်ပြုတ်ထားခြင်း မရှိတဲ့ (သို့) အစိမ်းဖြစ်တဲ့ အသားစိမ်းတွေ၊ ငါးတွေ၊ ကြက်ဥတွေကိုလည်း ရှောင်ကျဉ်စေသင့်ပါတယ်။စည်သွတ်ဘူးတွေကိုလည်း ရက်မလွန်ခင် စားသောက်သင့်ပါတယ်။ နို့၊ ချီးစ်၊ အသီးဖျော်ရည်တွေကို ပိုးသတ်ပြီးမှသာ သောက်သုံးသင့်ပါတယ်။ အစားအစာတွေကို အပူချိန် လိုအပ်ချက်အတိုင်း သိုလှောင်ထားသင့်ပြီး အစာမစားခင်၊ အစာကိုင်တွယ် ပြင်ဆင်အပြီးတွေမှာ လက်ဆေးသင့်ပါတယ်။လေ့ကျင့်ခန်း။အဓိက ခွဲစိတ်မှုအပြီးမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပုံမှန် လှုပ်ရှားမှုတွေ ပြန်ရဖို့ ကူညီပေးနိုင်ပါတယ်။ စစချင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းကို ကြည့်ပေးသင့်ပြီး ချုပ်ရိုးပြေခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းတွေကို ကျွမ်းကျင်သူ အကူအညီနဲ့ စတင်သင့်ပါတယ်။လူအများစုဟာ ခွဲစိတ်ပြီး ၂ လ ကနေ ၃လ အတွင်း ပုံမှန်လှုပ်ရှားမှုတွေကို ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ အလုပ်ကို အားအင်ပြန်လည်ပြည့်ဝလာရင် အချိန်ပိုင်းအလုပ်ကနေ စတင်သင့်ပြီး အလုပ်လုပ်ချိန်တွေကို တဖြည်းဖြည်း တိုးမြှင့်သင့်ပါတယ်။ လူနာအများစုဟာ အစားထိုးကုသမှုအပြီး ၄ ပတ်ကနေ ၆ ပတ်အတွင်း ကားမောင်းနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လူနာရဲ့ ယေဘုယျကျန်းမာရေးပေါ် မူတည်ပါတယ်။အသည်းအစားထိုးပြီးသူ လူနာ အများစုဟာ ခွဲစိတ်မှုအပြီးမှာ ပုံမှန် လိင်ဆက်ဆံမှု ဘဝကို ပြန်ရောက်နိုင်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေပေါ် ဖိအားကို သက်ရောက်စေတာကြောင့် လိင်ဆက်ဆံရန် ၆-၈ ပတ်အထိ စောင့်ဆိုင်းသင့်ပါတယ်။ ဒီလူနာတွေဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်တာမို့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးသင့်ပြီး ကွန်ဒုံးတွေကိုလည်း အသုံးပြုသင့်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာ ခွဲစိတ်မှုအပြီး ပထမ နှစ်မှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ ကိုယ်ဝန်တားတဲ့ နည်းလမ်းတွေဖြစ်တဲ့ ကွန်ဒုံးသုံးခြင်း၊ သုက်ပိုးသတ်တဲ့ ဂျယ်၊ ခရင်မ် အစရှိသည်တို့ကို အသုံးပြုနိုင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေနဲ့ အခြားဟော်မုန်း နည်းတွေဟာ အသည်းကို ထိခိုက်စေနိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဝေးတဲ့နေရာကို ခရီးသွားခြင်းကို ခွဲစိတ်မှုအပြီး ၆-၁၂ လ အထိ ရှောင်ကျဉ်သင့်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း၊ ဆေးသောက်ခြင်းတွေကို ခရီးသွားခြင်း မပြုခင် စဉ်းစားသင့်ပါတယ်။ တကယ်လို့ အရေးပေါ် အခြေအနေဖြစ်ရင်၊ မတော်တဆမှု ဖြစ်ရင် အစားထိုးမှု လက်ခံသူမှန်းသိစေမယ့် Medic-alert necklace သို့ bracelet တွေကို ဝတ်ဆင်ဖို့ ကျန်းမာရေးဌာနတွေက အကြံပြုထားပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81/
ညပိုင်းတစ်ရေးနိုးတဲ့အခါ ချွေးစေးတွေပြန်နေတာမျိုး ဖြစ်ဖူးလား။ ဒါတွေကြောင့် ဖြစ်ရတာပါ ။ ။
တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ဖြစ်ဖူးကြမှာပါ။ ညတစ်ရေးနိုးတော့ တစ်ကိုယ်လုံးချွေးတွေ ရွဲနစ်နေတာမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ချိန်ဆိုတာ ကိုယ်ခန္ဓာအနားယူနေတဲ့ အချိန်ဖြစ်တာကြောင့် ချွေးထွက်စရာအကြောင်းမရှိဘူးလေ။ အဲဒါကို ကိုယ့်ကျမှ ဒီလို ညပိုင်းချွေးတွေရွဲနစ်နေပြီဆိုရင်တော့ ခုပြောပြမယ့်ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ ။ချွေးထွက်တယ်ဆိုတာ ပုံမှန်ဆိုရင် ကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးထိခိုက်နိုင်တာတွေ ရှိပါတယ်။ရာသီဥတုပူလို့ ဒီလိုဖြစ်ရတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နွေရာသီလည်း မဟုတ်ဘဲ ညည ချွေးတွေရွဲနစ်နေတယ်ဆိုရင်တော့ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။သင့်အခန်း အပူချိန်က ညဘက်မှာ ၂၀ ဒီဂရီထက်ကျော်နေပြီဆိုရင်တော့ ဒါအခန်းအပူချိန်မြင့်နေတယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်အခန်းကအဲယားကွန်းလည်းတပ်မထား၊ ပန်ကာလည်းမရှိ၊ လေကလည်း ငြိမ်နေတယ်၊ ပြတင်းပေါက်ဖွင့်ထားဖို့ သူခိုးလည်းကြောက်ကြတယ်ဆိုတော့ ပူပူကြီးနဲ့ အိပ်တတ်ကြတယ်လေ။ ဒီလို အခြေအနေနဲ့ ကြုံတွေ့ရတဲ့သူတိုင်း တစ်ရေးနိုးချွေးတွေရွဲနစ်နေမှာကတော့ သေချာပါတယ်။ ရာသီဥတုပူခြင်းကလည်း အိပ်မပျော်တဲ့ ညတွေ များစေတဲ့ အကြောင်းအရင်းထဲက တစ်ခုပါ။ ဒ့ါကြောင့် အိပ်တဲ့အခါ ချည်သားလိုမျိုး လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီကို ရွေးဝတ်ပြီး အိပ်ပါ။Hyperhidrosis လို့ခေါ်တဲ့ချွေးထွက်သန်တဲ့ ဝေဒနာကို ခံစားနေရတဲ့သူတွေဟာ အခြားသူတွေထက် ပိုချွေးထွက်များပြီး အိပ်နေတဲ့အချိန်မှာတောင် ချွေးထွက်တတ်ကြပါတယ်။ Hyperhidrosis ရဲ့ ထူးခြားချက်ကတော့ သူက လက်ဖျား၊ ခြေဖျား၊ ချိုင်းကြားနဲ့ ခေါင်းချွေးပိုထွက်တတ်တာဖြစ်ပါတယ်။အိပ်မက်ထဲမှာ သူများလိုက်ဖမ်းလို့ပြေးနေတာမျိုး၊ ကြောက်စရာကောင်းတဲ့ အိပ်မက်တွေ မက်ပြီး လန့်နိုးလာရင် ချွေးစေးတွေပြန်ပြီး စိတ်မောနေတတ်တယ်ဟုတ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေတဲ့သူဖြစ်ဖြစ် တစ်ရံတစ်ခါ အိပ်မက်ကြောင့် စိတ်မောပြီး ချွေးစေးတွေနဲ့ နိုးလာတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ fight-or-flight response လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ တုန့်ပြန်မှု ဖြစ်စဉ်က ချွေးထွက်များခြင်းကို ဖြစ်စေတတ်လို့ပါ။ဒါက အမျိုးသမီးတွေ တွေ့ကြုံရ အများဆုံးပါ။သွေးဆုံးခါနီးတဲ့အချိန်ဆို မီးယပ်ပူ မီးယပ်ချမ်းထတယ်ဆိုတဲ့ စကားကို ကြားဖူးကြတယ်မလား။ ဒါတွေအားလုံးရဲ့ တရားခံက သွေးဆုံးချိန်ဖြစ်တတ်တဲ့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်ပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ေတွရဲ့ ဟော်မုန်းကလည်း အတက်အကျဖြစ်ပြီး မငြိမ်တာကြောင့် ကိုယ်ဝန်ဆောင်တွေလည်း ညည ချွေးပိုထွက်တတ်ပါတယ်။စိတ်ငြိမ်ဆေးသောက်နေရတဲ့ လူနာတွေနဲ့ ညပိုင်း ချွေးစေပြန်တာနဲ့က ခွဲခြားလို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ငြိမ်ဆေးတွေရဲ့ adrenergic reaction က ကိုယ်တွင်း adrenaline ဟော်မုန်း ပမာဏကို မြင့်တက်စေပြီးချွေးစေးပြန်စေလို့ပါ။ ဒ့ါကြောင့်ကိုယ် သောက်နေတဲ့ စိတ်ငြိမ်ဆေးက ချွေးအရမ်းထွက်စေလို့ရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အခြားဆေးကို ပြောင်းသောက်လို့ရပါတယ်။တုပ်ကွေးနဲ့ ရောဂါပိုးတော်တော်များများက ကိုယ်ပူစေတတ်တာကြောင့် မြင့်တက်လာတဲ့ ကိုယ်အပူချိန်ကို ပြန်ကျအောင်လို့ ကိုယ်ခန္ဓာကချွေးတွေ ထွက်ပေးရပါတယ်။ ညပိုင်းချွေးစေးပြန်တာနဲ့ ဆက်စပ်နေတဲ့ နာမည်ကြီး ရောဂါတစ်ခုကတော့တီဘီရောဂါပဲ ဖြစ်ပါတယ်။ ညပိုင်းချွေးစေးတွေပြန်မယ်၊ အဖျားကလည်း ညနေဆိုငွေ့ငွေ့လေးတက်နေမယ်၊ချောင်းဆိုးတာရက်ရှည်မယ်၊ လူကလည်း ပိန်ကျပြီး အစားအသောက်လည်း ပျက်နေမယ်ဆိုရင် တီဘီရောဂါဖြစ်နိုင်ပါတယ်။Lymphoma ဆိုတာ ခုခံအားအတွက် အရေးပါတဲ့သွေးဖြူဥနဲ့ ပြန်ရေကြောသွေးကင်ဆာ တစ်မျိုးပါ။ ခုခံအားအတွက် အရေးကြီးတဲ့သွေးဖြူဥတွေကို ထိတာဆိုတော့ ရောဂါပိုးတွေကို မတားဆီးနိုင်၊ အပူတွေတက်၊ ညပိုင်း ချွေးစေးတွေပြန် ပြီး ကင်ဆာတို့ထုံးစံအတိုင်း ကိုယ်အလေးချိန်ကျတာတွေက သူ့ရဲ့ လက္ခဏာတွေပါ။ဒါတွေကတော့ အိပ်စက် အနားယူတဲ့ ညဘက်အချိန်မှာတောင် ချွေးစေးတွေပြန်ပြီး လန့်နိုးလာရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အချိန်ကြာကြာဖြစ်တာ၊ တော်တော်နဲ့ မပျောက်တာမျိုးတွေက မပေါ့ဆသင့်တာမို့ သံသယ တစ်ခုခုရှိတာနဲ့ ဆေးပညာက လက်ဦးမှု ရယူနိုင်အောင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့ ။ ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/night-sweats/
စိတ်ဖိစီးနေတယ်၊အိပ်ရေးပျက်တာလည်းများတယ်ဆို သွေးတိုးကြောင့်အသက်တိုနိုင်ခြေ သုံးဆပိုများပါတယ်
သုတေသနမှာ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်းရှိတဲ့ဝန်ထမ်းဦးရေ ၂၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို ဆန်းစစ်ခဲ့ရာမှာသွေးတိုးရှိသူတွေဟာလေ့လာမှုစတင်ချိန်မှာ နှလုံးသွေးကြောရောဂါ သို့မဟုတ် ဆီးချိုရောဂါမရှိခဲ့ကြပါဘူး။အလုပ်နဲ့သက်ဆိုင်တဲ့စိတ်ဖိစီးမှုပဲဖြစ်ဖြစ် အိပ်မပျော်တဲ့ပြဿနာရှိနေသူပဲဖြစ်ဖြစ် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုပေမယ့် ဒီနှစ်ချက်လုံးရှိနေတဲ့သူမှာတော့ အန္တရာယ်ပိုများနေပါပြီ။ ဒီသုတေသနကိုEuropean Journal of Preventive Cardiologyဂျာနယ်မှာဖော်ပြထားတာပါ။“သတိမထားမိတဲ့ အန္တရာယ်ပါ။ တစ်ရက်နှစ်ရက်လောက် စိတ်ဖိစီးပြီး အိပ်မပျော်တာ ပြဿနာမဟုတ်ဘူး။ စိတ်ဖိစီးနေရတဲ့အလုပ်နဲ့ အိပ်ရေးမမှန်တာ နှစ်ချီနေပြီဆို ခွန်အားအရင်းအမြစ်တွေမလုံလောက်တော့ဘဲ အသက်တိုနိုင်တာပေါ့”လို့Technical University of Munich ကProf. Karl-Heinz Ladwig ကပြောပါတယ်။သွေးဖိအားမြင့်တက်လာတဲ့အခါ နှလုံးက ခန္ဓါကိုယ်တစ်ခုလုံးကိုသွေးပို့လွှတ်ရတာ ပိုပင်ပန်းရတဲ့အတွက် နှလုံးရောဂါအန္တရာယ်ပိုများတာသေချာပါတယ်။ ဒီလိုအလုပ်ပိုလုပ်ရတဲ့အခါ နှလုံးကြွက်သားတွေပိုထူလာပြီးသွေးကြောနံရံတွေမာလာ၊ ပျက်စီးလာနိုင်ပါတယ်။နောက်ဆုံးမှာ ကိုယ်တွင်းအင်္ဂါတွေဆီအောက်ဆီဂျင်ရောက်ရှိမှုနည်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ နှလုံးပျက်စီးလာနိုင်ပါတယ်။ဒီသုတေသနမှာ စိတ်ဖိစီးတဲ့အလုပ်ဆိုတာ တစ်နေ့ဘယ်လောက်ပြီးရမယ်၊ လုပ်ရမယ်ဆိုတဲ့ တပါးသူရဲ့ထိန်းချုပ်မှုမပါဘဲ ကိုယ်တိုင်အတွက်ဇောတွေများစေတဲ့အလုပ်တစ်ခုခုကို ရည်ညွှန်းပါတယ်။တချို့က အိပ်မပျော်တာ၊ အိပ်မရတာနဲ့ ဒုက္ခရောက်နေရပေမယ့် အိပ်စက်မှုပြဿနာရှိတဲ့သူ အများစုဟာ အိပ်ပျော်လျက်နဲ့ အိပ်ရေးမဝတာ၊ကောင်းကောင်းမအိပ်လိုက်ရတာတွေရှိတယ်လို့ သုတေသီတွေကပြောပါတယ်။“အိပ်ရေးဝနေအောင် ကြိုးစားရတာ အလုပ်နဲ့ဆိုင်တဲ့စိတ်ဖိစီးမှုတွေရှိနေတဲ့သူတွေရဲ့ အဖြစ်များဆုံးပြဿနာပါပဲ။ ဥပမာ တချို့က မနက်ဆို ၄ နာရီထတယ်၊ အိမ်သာသွားတယ်၊ အိပ်ရာထဲပြန်လှဲပြီး အလုပ်ကိစ္စတွေအကြောင်း ဟိုတွေးဒီတွေးနဲ့ မပျော်တပျော်ပြန်အိပ်ကြတယ်” လို့Prof. Ladwig ကပြောပါတယ်။သွေးတိုးရောဂါဟာ သူ့တစ်မျိုးတည်းနဲ့တင် နှလုံးရောဂါအတွက် အန္တရာယ်များနေပြီဖြစ်တာကို အိပ်မပျော်တာ၊ စိတ်ဖိစီးတာတွေထပ်ပေါင်းလိုက်ရင်ပြဿနာပိုကြီးသွားနိုင်တာပါ။ဒါ့ကြောင့် ကိုယ့်မှာရှိနေတဲ့ဖိစီးမှုတွေကိုပြေလျော့စေမယ့်နည်းလမ်းတွေရှာကြဖို့၊ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ကြိုးစားသင့်တယ်လို့ သုတေသီတွေက တိုက်တွန်းထားပါတယ်။ ဒီအတိုင်းဆိုသွေးတိုးဖြစ်လာနိုင်တယ်၊သွေးတိုးရှိပြီးသားဆို ပိုဆိုးနိုင်တယ်၊ အန္တရာယ်များပါတယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%9c%e1%80%8a%e1%80%b9%e1%80%b8%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%90%e1%80%9a%e1%80%b9%e1%81%8a%e1%80%a1%e1%80%ad/
မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓာတ်များ
မျက်စိဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲမှာ ပါဝင်ပါတယ်။အမြင်အာရုံမကောင်းရင် လူရဲ့လုပ်ဆောင်နိုင်စွမ်းကျဆင်းရသလို ထိခိုက်မှုအန္တရာယ်တွေလည်း မကာကွယ်နိုင်တော့ပါဘူး။ဒါ့ကြောင့် အမြင်အာရုံအတွက် လိုအပ်တဲ့ဗီတာမင်တွေအလုံအလောက်ရဖို့က ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ မျက်စိနဲ့အမြင်အာရုံအတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့အာဟာရဓာတ်တွေကတော့ –။ဗီတာမင် C ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အရေးပါတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။လိမ္မော်သီး၊ကီဝီ၊စတော်ဘယ်ရီလို သီးနှံတွေနဲ့ပန်းဂေါ်ဖီစိမ်း၊ငရုတ်သီးစတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါဝင်လေ့ရှိပါတယ်။ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေအပြင် မျက်စိအတွင်းတိမ်မဖြစ်စေဖို့ကာကွယ်ပေးနိုင်တယ်၊အသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ဗီတာမင် E ကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလို လုပ်ဆောင်ပေးပြီးမျက်စိအတွင်းတိမ်ဖြစ်ခြင်းနဲ့ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ကို ဗာဒံစေ့၊ မြေပဲ၊နေကြာစေ့တို့လို အစေ့အဆန်တွေကနေ ရရှိနိုင်ပါတယ်။ဗီတာမင် A ဟာ ညဘက်မြင်နိုင်စွမ်း၊ အနာကျက်ခြင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဗီတာမင် A ကအသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်ခြင်းဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ခရမ်းချဉ်သီးတို့မှာပါဝင်တတ်တဲ့ ဗီတာမင် A ကို မျက်စိအားဆေးပုံစံနဲ့လည်း သောက်သုံးကြပါတယ်။Burplex လို့သိထားကြတဲ့ ဗီတာမင် B complex ဆိုတာ ဗီတာမင်B1၊ B2၊ B3၊ B5၊ B6၊ B12 ၊ folic acid, biotin နဲ့ choline တို့ပါဝင်တာဖြစ်ပါတယ်။B complex အုပ်စုဝင် ဗီတာမင်တွေဟာ နာတာရှည်ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေပြီး သွေးတွင်း homocysteine ပမာဏများခြင်းကို ကာကွယ်ပေးပါတယ်။ homocysteine က မျက်ကြည်လွှာကို ထိခိုက်စေတဲ့ သွေးကြောဆိုင်ရာပြဿနာတွေကို ဖြစ်စေပါတယ်။ ဗီတာမင် Bတွေက မျက်စိမှုန်ခြင်းနဲ့မျက်စိရောဂါတွေကို အန္တရာယ်လျော့နည်းစေဖို့ ကူညီပေးပါတယ်။Lutein က ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ မျက်ကြည်လွှာအတွက် အကျိုးပြုတဲ့ ဒီဓာတ်က အမြင်အာရုံအတွက်တော်တော်ကို အရေးပါပါတယ်။ lutein နဲ့ zeaxanthin တို့လို ဓာတ်တွေဆီကဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရရှိနိုင်ပြီးအတွင်းတိမ်နဲ့ အမြင်မှုန်ဝါးခြင်းလိုမျိုး ရောဂါပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။Zeaxanthin။Carotenoids ဓာတ်အမျိုးအစားပေါင်း ၆၀၀ကျော်ရှိပေမယ့် ၂၀ ခန့်ကပဲ မျက်စိကျန်းမာရေးအတွက် အကျိုးပြုနိုင်ပါတယ်။ Lutein နဲ့ zeaxanthin က မြင်လွှာရဲ့ အလယ်ကmacula အစိတ်အပိုင်းကို နူးညံ့စေပြီး မျက်စိတစ်ရှူး၊ မှန်ဘီလူးနဲ့ macula အပိုင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မြင်ကွင်းရှင်းလင်းစေပြီး ရုတ်တရက်မှုန်ဝါးခြင်း၊ အလင်းရောင်မခံနိုင်ခြင်းနဲ့ အတွင်းတိမ်လိုမျိုး မျက်စိရောဂါတွေကို ကာကွယ်ပေးပါတယ်။Omega-3 Fatty Acids ဟာ ခန္ဓာကိုယ်အနှံ့က တစ်ရှူးတွေအတွက် ကောင်းမွန်တဲ့အကျိုးပြုအဆီတွေဖြစ်ပါတယ်။ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ အမြင်အာရုံထိခိုက်မှုကို ကာကွယ်ပေးပါတယ်။မျက်စိအားကောင်းစေတဲ့ ဒီလိုဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ဘယ်ကအများဆုံးရနိုင်မလဲ –။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/vitamins-for-eye-health/
ပရိုတင်းမှုန့် သောက်လို့ ခန္ဓာကိုယ်အတွက် ရနိုင်တဲ့ ကောင်းကျိုးတွေ
ပရိုတင်းမှုန့် (Protein Powder) တွေကိုGymကစားတဲ့သူတွေ အထူးသဖြင့် အမျိုးသားတွေ အသောက်များကြပါတယ်။ အဓိက ကိုယ်ခန္ဓာကြွက်သားထု မြန်မြန်တက်ဖို့နဲ့ Gym ကစားတဲ့ နေရာမှာ ပိုအားစိုက်ထုတ်နိုင်ဖို့ပေါ့။ တကယ်တော့ ပရိုတင်းမှုန့်က ကျွန်တော်တို့ လူခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။ပရိုတင်းမှုန့်တွေမှာ အဓိက ကိုယ်ခန္ဓာကို ကြီးထွားမြန်စေဖို့ ကယ်လိုရီ၊ ကစီဓာတ်၊ အဆီဓာတ်နဲ့ ပရိုတင်းဓာတ်တို့ အများဆုံး ပါဝင်ပြီး ကျန်းမာစေဖို့နဲ့ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ အသောက်များတဲ့ ပရိုတင်းမှုန့် အမျိုးအစားတွေက။• အဆီနဲ့ ကြွက်သားတက်မြန်စေဖို့ Mass Gainer အမျိုးအစား ပရိုတင်းမှုန့်နဲ့။• အဆီကျစေပြီး ကြွက်သားကျစ်လျစ်သန်မာစေဖို့ Whey Protein အမျိုးအစား ပရိုတင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ပရိုတင်းနဲ့အတူ ကြွက်သားတက်စေမယ့် လေ့ကျင့်ခန်းတွေက ကြွက်သားအတက် မြန်စေပါတယ်။ အထူးသဖြင့် ကယ်လိုရီလျှော့စားနေတဲ့ သူတွေမှာ အဆီအပြင် ကြွက်သားပါ ဆုံးရှုံးလာပါတယ်။ ပရိုတင်းမှုန့် ဒါမှမဟုတ် ပရိုတင်းတွေ လုံလောက်အောင် စားပေးပြီး အလေးမတဲ့ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင်ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးပြီး ကြွက်သားတက်စေမှာပါ။ပရိုတင်းမှုန့်ဟာ ကိုယ်အလေးချိန်တက်ဖို့သာမက ကျစေတဲ့ နေရာမှာလည်း ကူညီပေးပါတယ်။ ပရိုတင်းမှုန့်သောက်ပြီးတာနဲ့ ဗိုက်ပြည့်သွားတတ်လို့ လူတစ်ယောက်ရဲ့အစာစားချင်စိတ်ကို ထိန်းညှိပေးသလို အဆီများတဲ့ မုန့်ပဲသရေစာတွေလည်း သိပ်မစားနိုင်တော့ဘူး။ ဒီအခါ လေ့ကျင့်ခန်းကို ဖိလုပ်ဖို့ ခွန်အားပိုရစေတဲ့အတွက် ကိုယ်အလေးချိန်ကျဖို့ ပိုမြန်စေပါတယ်။ဇီဝကမ္မဖြစ်စဉ် (Metabolism) ဆိုတာ ကျွန်တော်တို့ နေ့စဉ်လှုပ်ရှားသွားလာရုန်းကန် စားသောက် အသက်ရှင်နေရတဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းစဉ်တွေကို ဆိုလိုပါတယ်။ ကယ်လိုရီလျှော့စားတဲ့သူတွေမှာ အဆီအပြင်  ကြွက်သားတွေပါ ဆုံးရှုံးလာတဲ့အတွက် ဇီဝကမ္မဖြစ်စဉ် နှေးလာပါတယ်။ ဒါကြောင့် ပြန်စားတဲ့အခါ ဝိတ်တက်လွယ်တာပါ။ပရိုတင်းကို လုံလောက်အောင်စားပြီး ကြွက်သားတက်လာတဲ့သူတွေမှာတော့ ဇီဝကမ္မဖြစ်စဉ်တွေက ငြိမ်လာပါတယ်။ ဒါ့ပြင် ကစီဓာတ်ထက်စာရင် ပရိုတင်းကို ချေဖျက်တဲ့အခါ ကယ်လိုရီပိုသုံးရတဲ့အတွက် ဇီဝဖြစ်စဉ်ကို အနည်းငယ်တောင် မြန်စေနိုင်ပါသေးတယ်။ဝမ်းမှာ အဆီဖုံးခြင်းဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး အရက်၊ ဘီယာသောက်သုံးမှုများခြင်း၊အထိုင်များပြီး လှုပ်ရှားမှုနည်းခြင်း၊ အာဟာရမဖြစ်ဘဲ အဆီတက်စေမယ့် အစားအစာတွေ အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တချို့လေ့လာချက်တွေမှာ ပရိုတင်းမှုန့်က ကယ်လိုရီလျှော့စားတဲ့သူတွေမှာ ဝမ်းဗိုက်အဆီကျဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။ဗိုက်အဆီတွေ ကျလာတာနဲ့အမျှ လူက ပိုပြီးလန်းဆန်းတက်ကြွပြီး အားအင်ရှိလာမယ်။ နောက်ဆက်တွဲ နှလုံး၊သွေးတိုး၊ ဆီးချိုရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်လာပါမယ်။ဒါဆို ပရိုတင်းမှုန့်ရဲ့ ကောင်းကျိုးတွေကို အနည်းအကျဉ်းတော့ သိလောက်ပြီလို့ ထင်ပါတယ်။ ယောက်ျားလေးပဲဖြစ်စေ မိန်းကလေးပဲ ဖြစ်စေ ခန္ဓာကိုယ်က တစ်နေ့တာသတ်မှတ်ထားတဲ့ အတိုင်းအတာအလိုက်ပရိုတင်းဓာတ်ကို လိုအပ်ပါတယ်။ ပရိုတင်းမှုန့်အပြင် တခြား ပရိုတင်းဓာတ်၊ ကစီဓာတ်နဲ့ အဆီဓာတ်တွေ ရနိုင်တဲ့ အစားအစာတွေကတော့ ဆန်၊ ဂျုံ၊ အာလူး၊ကန်စွန်းဥ၊ အသား၊ ငါး၊ ဥ၊ နွားနို့၊ ပဲအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ သတိထားရမှာက အစားအစာသည် ပထမ၊ လေ့ကျင့်ခန်းသည် ဒုတိယ၊ ဖြည့်စွက်စာသည် တတိယ၊ ဒီအချိုးအစားအတိုင်း သွားဖို့တော့ လိုပါတယ်။ဒါကြောင့် ကြွက်သားတက်ဖို့ပဲဖြစ်ဖြစ်၊ အဆီကျချင်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာစေဖို့ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ တစ်နေ့တာ စားသုံးတဲ့ အစာအာဟာရကို အရင်ဆုံး ဂရုစိုက်ပေးရမယ်။ ပြီးမှပဲ ဖြည့်စွက်စာအနေနဲ့ ပရိုတင်းမှုန့်ကို သောက်ပေးပါ။  အဆီတွေကို ချေဖျက်ဖို့ လေ့ကျင့်ခန်း၊ အားကစားကို ပိုလုပ်ပေးပါ။ အိပ်ချိန်မှန်အောင်လည်း ဂရုစိုက်ပေးပါ။ ရေကိုလည်း များများသောက်ပေးပါ။ ဒါဆိုရင်တော့ အချိန်တိုအတွင်းမှာ ကိုယ့်ရဲ့ ကျန်းမာရေးရော ခန္ဓာကိုယ်အချိုးအစားပါ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ သတိထားမိမှာပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/benefits-of-protein-powder/
ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ
အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ် ပိုတိုးလာနိုင်စေတဲ့ အချက်တွေထဲမှာ အသက်အရွယ်ကလည်း အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါ။ အသက်ငယ်ရွယ်စဉ်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ ဘဝမှာ စိန်ခေါ်မှုတွေမြောက်များစွာကို ကြုံတွေ့နိုင်ရပြီး ဒါဟာ မရည်ရွယ်ဘဲ ဖြစ်လာနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ က အများကြီး ရှိပါတယ်။ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်းကြောင့် သူတို့ရဲ့ ဘဝလမ်းကြောင်းကို အများကြီးပြောင်းလဲသွားစေနိုင်တာပေါ့။ ပညာရေး၊ စီးပွားရေးတွေမှာ အခက်အခဲတွေ ရှိလာနိုင်တာအပြင် ဆယ်ကျော်သက်အရွယ်မှာကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်အတွက်ရော ကလေးအတွက်ပါ ပိုပြီးပြင်းထန် အန္တရာယ်များတဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း ကြုံတွေ့ရစေနိုင်ပါတယ်။ဆယ်ကျော်သက်မိခင်တွေက မွေးဖွားခဲ့တဲ့ကလေးတွေဟာ ဒါမျိုးတွေဖြစ်နိုင်ခြေပိုများပါတယ်။ဆယ်ကျော်သက်မိခင်တွေဟာ ပေါင်မပြည့်တဲ့ ကလေးငယ်တွေမွေးဖွားနိုင်ချေ မြင့်မားလှပါတယ်။ ပေါင်မပြည့်တဲ့ကလေးငယ်တွေဟာ သူတို့ရဲ့ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်ကို ထိခိုက်နိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ဒါဟာ ပေါ့ပေါ့ထားလို့ရတာမျိုးမဟုတ်သလိုဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအတွက် အရေးအကြီးဆုံး အန္တရာယ်တစ်ခုပါပဲ။ ဒါ့အပြင် ဉာဏ်ရည်ချို့တဲ့တာ (mental retardation)၊ cerebral palsy၊ အမြင်အာရုံဆုံးရှုံးခြင်းနဲ့ အကြားအာရုံဆုံးရှုံးခြင်း စတဲ့ ကာလကြာရှည်ခံစားရမယ့် ဝေဒနာဖြစ်နိုင်ချေ ပိုတိုးလာစေနိုင်ပါတယ်။ကိုယ်ဝန် ၃၇ပတ်မတိုင်မီ မွေးဖွားတာတွေကို လမစေ့ဘဲမွေးဖွားတယ်လို့ သတ်မှတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလဟာ ကိုယ်ဝန်ဆောင်ထားတဲ့ ကလေးအရေအတွက်ပေါ်မူတည်ပြီး လျော့လေ့ရှိပါတယ်။ကလေးတစ်ယောက်တည်းကို လွယ်ထားရတာဆိုရင် ၃၉ပတ်ကြာမြင့်ပြီး အမြွာကိုယ်ဝန်ဆိုရင် ၃၆ပတ်ကြာမြင့်ပါတယ်။ သုံးမြွာဆိုရင် ၃၂ပတ်ဖြစ်ပြီး ၄မြွာဆိုရင် ရက်သတ္တပတ် ၃၀ပါ။ ငါးမြွှာဆိုရင် ၂၉ပတ်ပါ။တကယ်လို့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ်မှာ မွေးဖွားမယ်ဆိုရင် သူတို့မှာ ကလေးစောစောမွေးဖွားနိုင်ချေ တွေ ဒါမှမဟုတ် လမစေ့ဘဲမွေးဖွားနိုင်ချေ မြင့်မားပါတယ်။ လမစေ့ဘဲမွေးဖွားတာဟာ မွေးကင်းစကလေးငယ်တွေနဲ့ ကလေးငယ်တွေ သေဆုံးမှုကိုတောင်ဖြစ်စေနိုင်ပါတယ်။ဆယ်ကျော်သက်မိခင်တွေမှာလည်း ဒီအန္တရာယ်တွေဖြစ်နိုင်ပါသေးတယ်။ငယ်ရွယ်တဲ့ မိခင်လေးတွေဟာသွေးအားနည်းရောဂါဖြစ်နိုင်ခြေ များပြီး ဒီရောဂါဟာ သံဓါတ်ချို့တဲ့တာနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးအားနည်းခြင်းဟာ မိခင်ရောကလေးအတွက်ပါ ပြဿနာပေါင်းများစွာ ဖြစ်စေနိုင်ပါတယ်။ဥပမာ လမစေ့ဘဲမွေးဖွားနိုင်တာမျိုးတွေ၊ မွေးဖွားရခက်ခဲတာမျိုးတွေ စသဖြင့် ဖြစ်နိုင်ခြေတွေကို တိုးမြင့်စေပါတယ်။ ပြင်းထန်တဲ့သွေးအားနည်းခြင်းကတော့ မမွေးဖွားမီတည်းက ကလေးရဲ့ကြီးထွားနှုန်းကိုပါ အကျိုးသက်ရောက်စေပါတယ်။အသက်ငယ်ရွယ်စဉ်မှာ ကလေးမွေးဖွားခြင်းဟာ Postpartum depression ဖြစ်နိုင်တဲ့အခွင့်အရေးတွေ တိုးလာစေပါတယ်။ လက္ခဏာတွေကတော့ ဝမ်းနည်းခြင်း၊ အိပ်မပျော်ခြင်း၊ ဒေါသထွက်ခြင်းတွေပါ။အချို့သော ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် မိခင်ဟာ သူမကိုယ်တိုင်ကို သို့မဟုတ် ကလေးငယ်ကိုပါ နာကျင်စေလိုတဲ့ ဒုက္ခပေးလိုတဲ့ အတွေးတွေတောင် ရှိနေနိုင်ပါတယ်။ဒါတွေအပြင် ငယ်ရွယ်တုန်း ကလေးယူခြင်းနဲ့ပတ်သက်နေတဲ့ အန္တရာယ်အချက်တွေထဲမှာ အောက်ပါအချက်တွေလည်း ပါဝင်နေပါတယ်။တင်ပါးဆုံ မဖွံ့ဖြိုးခြင်း : အမျိုးသမီးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ဟာ ဖွံ့ဖြိုးပြောင်းလဲနေဆဲပါ။ မဖွံ့ဖြိုးသေးတဲ့ တင်ပါးဆုံဟာ ကလေးမွေးဖွားစဉ်မှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။အာဟာရချို့တဲ့ခြင်း : ဆယ်ကျော်သက်တွေဟာ အများအားဖြင့်တော့ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ခြင်းအလေ့အထတွေကို ပိုင်ဆိုင်ထားတတ်ပါတယ်။ အာဟာရချို့တဲ့ခြင်းဟာ ခန္ဓာကိုယ်ကို ပိုပြီးအားနည်းစေပြီး မိခင်အတွက်ရော ကလေးအတွက်ပါ ပိုပြီးအန္တရာယ်များတဲ့အခြေအနေကို ဦးတည်စေပါတယ်။သွေးဖိအားမြင့်ခြင်း : သွေးဖိအားမြင့်ခြင်းဟာ လမစေ့ဘဲမွေးဖွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ အသက်ရှင်ဖို့အတွက် အထူးဂရုစိုက်ပြုစုကုသမှုလိုအပ်တဲ့ ပေါင်မပြည့်တဲ့ကလေးငယ်တွေမွေးဖွားနိုင်ဖို့ ဦးတည်နေတတ်ပါတယ်။မမွေးဖွားမီ ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်မှုခံယူခြင်းဟာ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်တွေနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာစောနိုင်သမျှစောစောဆရာဝန်ကို ပြဖို့နဲ့ မိခင်နဲ့ကလေး၂ဦးလုံး ကျန်းမာစေအောင် ဂရုစိုက်ပြုစုနေဖို့က အရေးကြီးလှပါတယ်။ရေးသားသူ- Ye Kyaw Hlaing။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/health-risks-of-teenage-pregnancy/
အသည်းရောဂါ အကြောင်း အခြေခံ
သင် (သို့) သင့်မိသားစုဝင်တစ်ယောက်ယောက်က အသည်းရောဂါနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခု ကြုံဖူးတယ်ဆိုရင် ခုပြောမဲ့အချက်တွေကို သိထားတာက အသုံးဝင်ပါလိမ့်မယ်။ တကယ်လို့ အဲလိုပြဿနာတွေ မကြုံဖူးဘူးဆိုရင်တောင် သင့်အနေနဲ့ ဘယ်လိုအသည်းရောဂါတွေရှိလဲ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အခြေခံအချက်တွေကို သိထားတာ အကျိုးရှိပါတယ်။ ကဲ …… အသည်းရောဂါ အကြောင်း အခြေခံ အကြောင်းအရာလေးတွေကို လေ့လာလိုက်ရအောင်နော်။အသည်းရောဂါ အကြောင်း အခြေခံ အချက်တွေကတော့။အသည်းက သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အကြီးဆုံး ကိုယ်တွင်းအင်္ဂါပါ။ သင့်ရဲ့ ညာဘက်ဝမ်းဗိုက် နံရံရိုးအိမ်ရဲ့ အောက်မှာတည်ရှိတဲ့ ဘောလုံးတစ်လုံးနဲ့ တူပါတယ်။ အသည်းက သင့်အစာခြေဖျက်မှုနဲ့ သင့်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကိုဖယ်ရှားပေးဖို့အတွက် အရေးပါပါတယ်။အသည်းရောဂါဟာ မျိုးရိုးလိုက်ရောဂါ၊ virus ပိုး၊ အရက်သောက်တာတွေနဲ့ ပက်သက်နေပါတယ်။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အသည်းရောဂါဟာ အချိန်ကြာလာရင် နောက်ဆက်တွဲအနေနဲ့ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတို့ကနေ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။အောက်ပါအချက်တွေက အသည်းရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ကပ်ပါးပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေဟာ အသည်းကို ရောင်ရမ်းစေပြီး အသည်းလုပ်ငန်းဆောင်တာ ကျဆင်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အသည်းပျက်စီးခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ သွေး၊ သုက်ပိုး၊ ညစ်ညမ်းတဲ့ ရေ၊ အစားအစာတွေနဲ့ ရောဂါပိုးရှိသူမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့ အသည်းရောင်ပိုးအမျိုးအစားတွေကတော့။-အသည်းရောင်ပိုး အေ။-အသည်းရောင်ပိုး ဘီ။-အသည်းရောင်ပိုး စီ။-အသည်းရောင်ပိုး အီး တို့ပဲ ဖြစ်ပါတယ်။ကိုယ်ခံအားစနစ်ပုံမှန်မဟုတ်တဲ့အခါ သင့်ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မှားယွင်းတိုက်ခိုက်ပြီး အသည်းကို ပျက်စီးစေနိုင်ပါတယ်။ ကိုယ်ခံအားကြောင့် အသည်းပျက်စီးတဲ့ ရောဂါတွေကတော့။-Autoimmune hepatitis။-Primary biliary cirrhosis။-Primary sclerosing cholangitis တို့ပဲ ဖြစ်ပါတယ်။သင့်မိဘ တစ်ယောက် (သို့) နှစ်ယောက်လုံး ထံမှ ဆင်းသက်လာတဲ့ ပုံမှန်မဟုတ်တဲ့ genes တွေဟာ သင့်အသည်းအတွင်းမှာ အရာဝတ္ထု အမျိုးမျိုးကို စုပြုံစေပြီး အသည်းကို ပျက်စီးစေနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ အသည်းရောဂါတွေကတော့။-Hemochromatosis (အသည်းမှာ သံဓာတ်စုပုံတာ)။-Hyperoxaluria and oxalosis (အသည်းမှာ အောက်ဆဲလ်လိတ် စုပုံတာ)။-Wilson’s disease (အသည်းမှာ ကော့ပါးစုပုံတာ) စတွေပဲ ဖြစ်ပါတယ်။အသည်းရောဂါဖြစ်ပွားစေတဲ့ အခြားအကြောင်းရင်းတွေကတော့။-အရက်သောက်ခြင်း။-အဝလွန်ခြင်း။-ဆေးဝါးများနဲ့ အဆိပ်အတောက်များကြောင့် ဖြစ်ပါတယ်။အောက်ပါအချက်တွေ ရှိသူတွေဟာ အသည်းရောဂါ ပိုဖြစ်နိုင်ပါတယ်။အသည်းရောဂါ လက္ခဏာတွေ ကတော့။အထက်ပါ ရောဂါလက္ခဏာတွေဟာ ပျောက်မသွားဘဲ ရေရှည် ကြာမြင့်နေမယ်ဆိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ ဒါ့ပြင် တခြားလက္ခဏာတွေ ခံစားနေရမယ်၊ အသည်းရောဂါရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အသည်းရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းတွေနဲ့ အသည်းရောဂါပျက်စီးမှု ပမာဏကို သိထားခြင်းက ကုသမှုအတွက် အရေးကြီးပါတယ်။ ဒါတွေကို သိရှိဖို့ ရောဂါရာဇဝင် မေးမြန်းတာ၊ စစ်ဆေးတာ၊ ဆေးစစ်တာတွေ လုပ်ရနိုင်ပါတယ်။အကြမ်းအားဖြင့် အောက်ပါ ဆေးစစ်နည်းတွေ လိုတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မှာတော့ အနည်းငယ်ကွာခြားနိုင်ပါတယ်။အသည်းရောဂါ ကုသမှုတွေဟာ အသည်းပျက်စီးမှု ပမာဏနဲ့ ဖြစ်ရတဲ့ အကြောင်းရင်း ပေါ် မူတည်ပါတယ်။ အချို့ အသည်းရောဂါတွေဟာ လူမှုဘဝနေထိုင်ပုံ ပြောင်းလဲခြင်း ဥပမာ အရက်ဖြတ်ခြင်း၊ ဝိတ်ချခြင်း အစရှိသည်တို့ကို ကုသမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အခြားအသည်းရောဂါတွေကိုတော့ ဆေးတွေ (သို့) ခွဲစိတ်ကုသမှုနဲ့ ကုသရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အသည်းပျက်စီးလာရင်တော့ အသည်းအစားထိုးခြင်းကို လိုအပ်နိုင်ပါတယ်။အသည်းရောဂါက မကုသဘူးဆိုရင် ဝမ်းဗိုက်တွင်း သွေးပေါင်ချိန် မြင့်တက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ ဦးနှောက်ထိခိုက်တာ၊ ဝမ်းခေါင်းအတွင်း ပိုးဝင်တာ၊ နောက်ဆုံး အသည်းကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။သင့်မှာ အသည်းရောဂါ ရှိတယ်ဆိုရင် တစ်ဖက်ကလည်း ဆေးကုဖို့ လိုသလို တစ်ဖက်ကလည်း အသည်းကို ပိုပြီး မပျက်စီးအောင်၊ ကုသမှုကို အထောက်အကူ ဖြစ်အောင် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။ လိုက်နာသင့်တဲ့ အချက်တွေကတော့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/about-liver-diseases/
သင့်ကို ကင်ဆာဖြစ်အောင် တွန်းပို့ပေးနေတဲ့ အနီးဆုံးရန်သူများ ။ ။
ကင်ဆာရောဂါဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာကို ခြောက်လှန့်နေတဲ့ရောဂါဆိုးကြီးတစ်ခုပါ။ ကိုယ့်ပတ်ဝန်းကျင်အခြေအနေ၊ ကိုယ်ရဲ့ နေထိုင်စားသောက်မှု ပုံစံ နဲ့ မိဘမျိုးရိုးတွေ ပေါ်မူတည်းပြီးကင်ဆာရောဂါဆိုတာ ဖြစ်ဖို့ အင်မတန်မှ လွယ်ပြီး ကုသလို့ အရှင်း မပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီ ရောဂါဆိုးကြီး ဖြစ်ပြီးမှထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်တွေက ကင်ဆာရောဂါဖြစ်စေတဲ့ ထိပ်ဆုံး အကြောင်းအရာတွေထဲ ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်ချင်ဘူးဆိုရင် ဘယ်အစားအသောက်တွေက ကင်ဆာရောဂါ ဖြစ်စေတာလဲဆိုတာ သိထားဖို့တော့ လိုလိမ့်မယ်နော်။ ။ဆိုဒါ– ကင်ဆာဖြစ်ခြင်းကို အားပေးတဲ့သကြားတွေ အများကြီးပါရုံမက လိမ္မော်ရောင်နဲ့ အညိုရောင်ကြားက အရောင်ရအောင်ဆိုးထားတဲ့ ဆိုးဆေးတွေ ကြောင့် ဆိုဒါမှာ ကင်ဆာဖြစ်စေတဲ့ chemical 4-MEIပါဝင်ပါတယ်။အသားကင်–ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ကင်ထားတဲ့ အသားကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေ သတိထားသင့်တဲ့ အရာပါ။ အနီရောင်အသားတွေ မီးပြင်းပြင်းနဲ့ထိလေလေ ကင်ဆာဖြစ်စေတဲ့ hydrocarbons တွေ ပိုထွက်လေလေဖြစ်တာကြောင့် အသားကင်တွေဆိုတာ တကယ်ကို မစားသင့်တဲ့ အရာတွေပါ။ပေါက်ပေါက်ဆုပ်–ရုပ်ရှင်ရုံ သွားတိုင်း မပါမဖြစ် ယူသွားရတဲ့ ဒီ ပေါက်ပေါက်ဆုပ်တွေမှာ ကင်ဆာဖြစ်စေတဲ့ perfluorooctanoic acid တွေ ပါတဲ့အပြင် ထောပတ်နဲ့လုပ်ထားတဲ့ ပေါက်ပေါက်ဆုပ်တွေမှာဆို diacetyl လို့ခေါ်တဲ့ အဆိပ်တစ်မျိုးပါဝင်တာကြောင့် သူတို့တွေဟာ သင့်ရဲ့ ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်တဲ့ အရာတစ်ခုပါ။စည်သွပ်ဘူးတွေ –လတ်လတ်ဆတ်မဟုတ်ဘဲ တာရှည်ခံအောင် လုပ်ထားတဲ့စည်သွပ်ဘူးထဲက အစားအစာတွေမှာ BPA လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုး ပါဝင်တာကြော့င် သူက မစားသင့်ဆုံး အစားအစာတွေ ထဲက တစ်ခုပါ။ဟင်းရွက်ဆီများ –ဟင်းရွက်ဆီတွေဆိုတာ သင်ထင်သလိုမျိုး သူတို့ကို ကြိတ်လိုက်ရင် ဆီတွေ ထွက်လာမျိုး မဟုတ်ပါဘူး။ လှပတဲ့ အသွင်အပြင်ကြည်ကြည်လေးရအောင်၊ အေးရင် မခဲအောင် ဓါတုနည်းအမျိုးမျိုးနဲ့လုပ်ထားတာဖြစ်လို့ သူတို့မှာပါတဲ့အိုမီဂါ 6တွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အိုမီဂါ 6 တွေ အဖြစ်ပြောင်းလဲသွားပါတယ်။မွေးမြုရေးငါးတွေ –ပင်လယ်ထဲက လတ်လတ်ဆတ်ဆတ်ရတာ မဟုတ်ဘဲ စားသောက်ဖို့အတွက် သီးသန့် မွေးထားတဲ့ မွေးမြူုရေးငါးတွေမှာ အသားတိုးဆေးတွေ၊ အခြား ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး ငါးရာထူးကနေ ကင်ဆာဖြစ်စေတဲ့ ငါးတွေ အဖြစ် ပြောင်းလဲကုန်ပါတယ်။ဖြူအောင် အရောင်ချွတ်ထားတဲ့ ဂျုံကြမ်း –စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ဖန်တီးထားတဲ့ ဂျုံဖြူဖြူ အမှုန့်လေးတွေကို ကလိုရင်းနဲ့ အရောင်ချွတ်ထားတယ်ဆိုတာ သင်သိပါသလား။ ဂျုံကို ဖြူအောင် အရောင်ချွတ်လေလေ သူ့မှာပါတဲ့ကစီဓါတ်တွေက သကြားဓါတ်အဖြစ်ကို ပြောင်းနိုင်လေလေ ကင်ဆာ ဖြစ်လေလေပါပဲ။အသီးအနှံတွေ –အသီးအနှံတွေဆိုတာ သဘာဝအတိုင်းဆို တကယ်ကို ကျန်းမာရေးအတွ့က် ကောင်းမွန်လှတဲ့ အစားအသောက်တွေပါ။ ဒါပေမယ့် ဒီအသီးအနှံတွေ အထွက်တိုးအောင် ကြီးထွားအောင်လို့ သုံးထားတဲ့ ဓါတ်မြေသြဇာတွေ ပေါင်းသတ်ဆေးတွေ ကို စားမိလိုက်တဲ့အခါမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အသီးတွေ မဟုတ်တော့ဘဲ ကင်ဆာကို အစပျိုးဖြစ်စေတဲ့ အရာတွေ အဖြစ်ပြောင်းလဲ သွားပါတော့တယ်။တာရှည်ခံအောင်လုပ်ထားတဲ့အစားအစာတွေ –ကြက်အူချောင်း၊ ဝက်အူချောင်းမှ စားလို့ကောင်း အရသာတွေ့လှပါတဲ့ဆိုတဲ့သူတွေ သတိထားသင့်တာက သူတို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ nitrate နဲ့ nitriteတွေ အများကြီးပါတယ်ဆိုတာပါပဲ။အားလူးကြော်–မြင်လိုက်ပြီဆိုတာနဲ့ မစားဘဲ မနေနိုင်အောင် ဆွဲဆောင်လွန်းတဲ့ အာလူးကြော်မှာပြည့်ဝဆီတွေ အများကြီးပါတဲ့အပြင် ဆိုးဆေးတွေ၊ ဆားတွေလည်း အများကြီးပါတာကြောင့် ကျန်းမာရေးအတွက် တကယ်ကို မသင့်တော်လှတဲ့ အစားအသောက်တစ်ခုပါ။အရက်–အသည်းကင်ဆာ၊ရင်သားကင်ဆာ၊ အစာရေမြွန်ပျို ကင်ဆာတို့ကို ဆက်စပ်ဖြစ်စေနိုင်တဲ့အရာတစ်ခုပါ။ကဲ ဒါတွေကတော့ သင်နဲ့ နေ့စဉ်ထိတွေ့နေရတဲ့ သင့်အနီးဆုံးမှာရှိတဲ့ ကင်ဆာကိုဖြစ်စေနိုင်တဲ့ အနီးဆုံး ရန်သူတွေပဲ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတာမို့ကင်ဆာ မဖြစ်ချင်ရင် ဒီအစားအသောက်တွေကို ဆင်ခြင်စားဖို့တော့ လိုလိမ့်မယ်နော်။ ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/food-that-can-cause-cancer/
Osteoid Osteoma
Osteoid osteoma ဆိုတာက ကင်ဆာမဟုတ်တဲ့ အကျိတ်ငယ်တွေဖြစ်ပြီး လူတစ်ယောက်ရဲ့အောက်ပိုင်းက အရိုးရှည်တွေမှာ ဖြစ်လေ့ရှိပါတယ်။ လက်ရိုးမှာလည်း ဖြစ်တတ်ပေမယ့် ပေါင်ရိုးကတော့ အဖြစ်အများဆုံးပဲ။ တစ်ခါတစ်လေမှာ ကျောရိုးအောက်ပိုင်းတွေမှာပါ ပေါ်လာတတ်ပါတယ်။ Osteoid osteoma တစ်ခုရဲ့အရွယ်အစားက ၁.၅ စင်တီလောက်ပဲရှိတတ်ပါတယ်။အကျိတ်ကြောင့် နာကျင်တာတွေဖြစ်တတ်ပေမယ့် ပျံ့တာမျိုးမရှိပါဘူး။ Osteoid osteoma ဖြစ်လာတာနဲ့ သူတို့ပတ်လည်မှာ ဓါတ်ပြုလွယ်တဲ့အရိုးတွေဖြစ်လာပြီး အရိုးအသစ်တွေထွက်လာတာကို osteoid အရိုးလို့ ခေါ်ပါတယ်။ ဒီ Osteoid အရိုးနဲ့ အကျိတ်က အကျိတ်တစ်ခုလုံးရဲ့ အလယ်ဗဟိုဖြစ်ပြီးတော့ ဓါတ်မှန်တွေမှာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။Osteoid osteoma ကို ကလေးတွေနဲ့ မြီးကောင်ပေါက်တွေမှာ မကြာခဏတွေ့ရပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ကောင်မလေးတွေထက် ကောင်လေးတွေမှာ ပိုအမဖြစ်များပုံရပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။လက္ခဏာတွေက ကလေးတစ်ဦးနဲ့တစ်ဦး မတူပေမယ့်လို့ အဖြစ်အများဆုံးလက္ခဏာတွေကတော့။အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။တစ်ချို့ဆဲလ်တွေကွဲပွားတာကို ထိန်းချုပ်မရတဲ့အခါ အရိုးထုနဲ့တခြားတစ်ရှူးတွေပါတဲ့ အကျိတ်လေးတွေ ဖြစ်လာတာကို Osteoid osteoma လို့ခေါ်ပါတယ်။ ဒီလိုကြီးလာတဲ့အကျိတ်တွေက ကျန်းမာတဲ့အရိုးတစ်ရှူးတွေနေရာမှာ အစားထိုးသွားပြီး မာတဲ့ မူမမှန်တဲ့အရိုးတစ်ရှူးတွေဖြစ်လာပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျမသိပါဘူး။ထပ်မံသိလိုတဲ့အချက်အလက်တွေရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။Osteoid osteoma အတွက် အတည်ပြုတဲ့လုပ်ထုံးတွေကို သင့်ကလေးမှာရှိတဲ့ အကျိတ်အမျိုးအစား၊ ပျံ့နေမှုရှိမရှိအတိအကျ သိအောင် ဆုံးဖြတ်တဲ့နေရာမှာ သုံးပါတယ်။ဒါတွေကတော့…။သည်လိုအကျိတ်တွေကို အောင်အောင်မြင်မြင်နဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ပြန်လည်းဖြစ်လာနိုင်တယ်။ Prognosis ကောင်းဖို့အတွက် ချက်ချင်းသိရှိမှု ပြင်းပြင်းထန်ထန်ကုသမှုတွေ လိုအပ်ပါတယ်။ ပုံမှန်ပြန်ပြခြင်းကလည်း သင့်ကလေးအတွက် အလွန်အရေးကြီးပါတယ်။ကုသမှုတွေမှာ။Percutaneous radiofrequency ablation။အသားကိုခွဲရမှုအနည်းဆုံးနဲ့ တစ်နေ့တည်းပြီးတဲ့ လုပ်ထုံးဖြစ်ပြီး အရေပြားအောက်ကနေ ရေဒီယိုကြိမ်နှုန်းနဲ့ တိုက်စားတဲ့နည်းဖြစ်တယ်။ အရေပြားကို အပ်လေးနဲ့ထိုးပြီး ရေဒီယိုကြိမ်နှုန်းတွေ လွှတ်ပေးလိုက်ခြင်းဖြင့် အကျိတ်ဆဲလ်တွေကို အပူပြင်းအားနဲ့ သတ်ပစ်တာပါပဲ။အရိုးခြစ်ခြင်းနှင့်အစားထိုးခြင်း။သည်ခွဲစိတ်မှုမှာ အကျိတ်ကို အထူးကိရိယာတစ်ခုနဲ့ အရိုးကနေခြစ်ထုတ်ပစ်ပါတယ်။ ထုတ်လို့ကျန်နေတဲ့ အခေါင်းပေါက်ကိုတော့ လှူထားသူရဲ့အရိုးတစ်ရှူး (အေလိုဂရပ်)၊ ကိုယ့်ရဲ့တခြားအရိုးကနေယူထားတဲ့ အရိုးစ (အော်တိုဂရပ်) သို့မဟုတ် တခြားပစ္စည်းတွေနဲ့ ပိတ်ပစ်ရပါတယ်။En bloc resection။တစ်ကယ်လို့သာ အကျိတ်က တင်ပါးဆုံရိုးလို တစ်ချို့နေရာတွေမျာရှိနေတဲ့အခါ အကျိတ်ရှိတဲ့အရိုးကို ဖယ်ထုတ်ပစ်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ အရိုးရဲ့ဖွဲ့စည်းပုံ မပျက်စေရအောင် အတွင်းပိုင်းမှာပင်အပ်တွေနဲ့ ပြုပြင်တာမျိုး လုပ်ရပါတယ်။ ဒီလိုလုပ်ထုံးကို osteoid osteoma လူနာတွေမှာ လုပ်ခဲတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံတွေနဲ့အိမ်သုံးကုထုံးတွေက သင့်အနေနဲ့ Osteoid osteoma ကိုကုသတဲ့နေရာ၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။ပြန်ဖြစ်နိုင်ချေက ၁၀% အောက် နည်းပေးမယ့် ကောင်းကောင်းအနာကျက်ပြီး လက္ခဏာအရှင်းပျောက်တဲ့အထိ မှန်မှန်ပြန်ပြဖို့ အကြံပြုလိုပါတယ်။တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/bone-cancer-cancer/osteoid-osteoma/
ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ
ရာသီမလာတော့ဘူးဆိုရင် သင့်ကိုယ်သင် ကိုယ်ဝန် ရှိနေပြီလို့ သံသယဝင်နေပြီး ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ လို့ သင်သိချင်နေပါလိမ့်မယ်။ ဒီအတွက် ကိုယ်ဝန်ဆောင်ခြင်းရဲ့  အစောပိုင်းလက္ခဏာများကို သတိထားကြည့်နိုင်သလို ကိုယ်တိုင် ကိုယ်ဝန်စစ်ဆေးမှုလည်း ပြုလုပ်နိုင်ပါတယ်။ကိုယ်ဝန်ရှိ၊ မရှိ ကို သိဖို့ နည်းလမ်း နှစ်ခုရှိပါတယ်။ လက္ခဏာကို စစ်ဆေးတာရယ်၊ ဆေးစစ်တာရယ်ပါ။ရာသီမလာဘူးဆိုရင် တန်းပြီး ဆေးစစ်နိုင်သလိုကိုယ်ဝန်အစောပိုင်း လက္ခဏာများကိုလည်း သတိထား ကြည့်နိုင်ပါတယ်။ ဒါတွေကတော့။သင် အလွန်အမင်း ပင်ပန်းနေသလို ခံစားရနိုင်ပါတယ်။ အားမရှိသလို၊ နုံးသလိုလည်း ခံစားရနိုင်ပါတယ်။ ဘာမှလုပ်ချင် ကိုင်ချင်စိတ်လည်း ရှိမှာမဟုတ်ပါ။ အိပ်ပဲအိပ်ချင်နေပါလိမ့်မယ်။သင့်ရင်သားများ အရင်ကထက်ပိုပြီး ပြည့်နေသလိုလို၊ တင်းနေသလိုလို ခံစားရပါလိမ့်မည်။ သင့် သားမြတ်ခေါင်းပတ်လည်က အညိုရောင်ဧရိယာလည်း ပိုကြီးနေပါလိမ့်မယ်။ ဒီရင်သား အပြောင်းအလဲတွေက ပရိုဂျက်စတီရုန်း ဟော်မုန်း သွေးထဲမှာ များလာတာကြောင့်ပါ။ဒါက လူတိုင်းသိပြီးသားလက္ခဏာပါ။ ကိုယ်ဝန်ရှိတဲ့အခါပျို့တာ၊ အန်တာတွေ ခံစားရတတ်ပါတယ်။ ပရိုတင်းဓာတ် များတဲ့ အစားအစာတွေနဲ့ ချင်းက ကူညီပေးနိုင်ပါတယ်။သာမန်ထက် အနံ့ခံအာရုံ ကောင်းနေသလို အနံ့တွေကြောင့် မအီမသာ ဖြစ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။ဒီလက္ခဏာတွေက ကိုယ်ဝန်ရှိစအချိန်မှာ တွေ့ရတတ်တယ်ဆိုပေမယ့် ကိုယ်ဝန်မရှိဘဲလည်း ဖြစ်တတ်ပါတယ်။ ဒီထဲမှာ မပါတဲ့ တခြားလက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပိုသေချာချင်ရင် ဆေးစစ်ပါ။ကိုယ်ဝန်ရှိ၊ မရှိ ကို ဆေးစစ်တဲ့နည်း ၂နည်းရှိပါတယ်။ သွေးစစ်တာရယ်၊ ဆီးစစ်တာရယ်ပါ။စစ်ဆေးမှု နှစ်ခုလုံးက ကိုယ်ထဲမှာကိုယ်ဝန်ဆောင်ဟော်မုန်း hCGရှိမရှိကို စစ်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိရင် သန္ဓေသားလေးက သားအိမ်ကို တွယ်တာနဲ့ hCGဟော်မုန်းကို  စထုတ်ပေးပြီး အလျင်အမြန် များလာတာကြောင့်ပါ။(၁) သွေးစစ်ခြင်း။သွေးထဲက ကိုယ်ဝန်ဆောင် ဟော်မုန်း ဘီတာ hCG ကို စစ်တာ ဖြစ်ပါတယ်။ သွေးစစ်ဆေးမှုရလဒ်က ဆီးစစ်တာထက် ပိုတိကျပါတယ်။ ပိုပြီးတော့လည်း စောစောသိနိုင်ပါတယ်။ သွေးစစ်ခြင်းကို သားဥကြွေပြီး ၆-၈ ရက်မှ စစစ်နိုင်ပါတယ်။ ဆိုလိုတာက ရာသီမလာတဲ့အထိ စောင့်စရာ မလိုပါဘူး။ သားဥကြွေပြီး တစ်ပတ်လောက်နေရင်  စစ်လို့ ရပါပြီ။သွေးစစ်မှုမှာလည်း နှစ်မျိုးရှိပါတယ်။(၂) ဆီးစစ်ခြင်း။hCGက ဆီးထဲကို ရောက်တာ အနည်းငယ် နောက်ကျပါတယ်။ သားဥကြွေပြီး ၁၂ရက်ကနေ ၁၅ရက်လောက်နေမှဆီးထဲမှာ စစ်လို့ ပေါ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ် ရာသီလာရမယ့်ရက်မှာ မလာသေးရင် ဆီးစစ်ကြည့်လို့ ပြောတာ ဖြစ်ပါတယ်။ တကယ်လို့ ရာသီလာမယ့်ရက်က ဘယ်ရက်မှန်းမသေချာရင်တော့အတူနေပြီး ၃ပတ်ကြာတဲ့အခါစစ်နိုင်ပါတယ်။ရလဒ်မှန်မမှန်က စစ်တဲ့ နည်းမှန်ရဲ့လားဆိုတာနဲ့ ခန္ဓာကိုယ်ကနေ hCG ဟော်မုန်း ထုတ်တဲ့ ပမာဏပေါ် မူတည်ပါတယ်။ မနက်ပိုင်းမှာ အိပ်ရာနိုးနိုးချင်း သွားတဲ့ဆီးနဲ့ စစ်ကြည့်ရင်ပိုမှန်နိုင်ပါတယ်။ကိုယ်ဝန်ရှိ၊ မရှိ ကိုယ်တိုင်စစ်တဲ့နည်းတွေက အမြဲမှန်ချင်မှ မှန်မှာပါ။ ဒါကြောင့် အတည်ပြုဖို့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ နောက်ပြီး လက္ခဏာတွေကို ကြည့်ပြီး ကိုယ်ဝန်ရှိမရှိ မသတ်မှတ်ရပါ။ ဆီးစစ်တာ ဒါမှမဟုတ်  သွေးစစ်တာကသာ ပိုသေချာတဲ့ နည်းလမ်း ဖြစ်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/knowing-if-you-are-pregnant/
လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု
လူတစ်ယောက်ရဲ့ အသွင်အပြင်က အဲ့လူရဲ့ ကျန်းမာရေးကို ထင်ဟပ်သလို သွင်ပြင်ပေါ်မှာလည်း အများကြီး သက်ရောက်လို့နေပါတယ်။ ဗိုက်ကအဆီများနေတာက ဗိုက်ကိုပူလို့ အလှတင် ပျက်စေတာ မဟုတ်ဘဲကျန်းမာရေးကိုပါ ထိခိုက်စေတာပါ။ ဒီလိုမျိုး ဗိုက်အဆီများနေပြီဆိုရင်တော့ ဘာဝတ်ဝတ် မလှသလို နေရတာလေး လေးကန်ကန် နိုင်လှပါတယ်။ ဒါကြောင့် ဗိုက်ပူနေလို့ဆိုပြီး စိတ်ညစ်နေတဲ့ လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခုကို ပြောပြပေးလိုက်ပါတယ်။လေ့လာမှုတွေအရ ဗိုက်မှာ အဆီများတာက နှလုံးရောဂါ ဖြစ်နိုင်ခြေ များသလိုအမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း များပါတယ်။ အဝလွန်တာနဲ့ နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေလည်း များစေသလို သည်းခြေအိတ်ကျောက်တည်တာ၊အသည်းအဆီဖုံးတာတွေလည်း ခံစားရနိုင်ခြေ များပါတယ်။အချုပ်အားဖြင့် ပြောရရင်တော့ ဗိုက်အဆီများတာက အသက်တိုစေနိုင်ပါတယ်။ ဒါကြောင့်ဗိုက်အဆီများနေပြီဆိုရင်တော့ ဗိုက်အဆီကျစေဖို့ လုပ်ဆောင်ပါ။လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု ကတော့ –။၁ – လမ်းလျှောက်တာ။လမ်းလျှောက်တာတစ်နေ့ကို အနည်းဆုံး ၁၅ မိနစ် ကနေ နာရီဝက်လောက်အထိ ပုံမှန်လေး လမ်းလျှောက်ပေး တာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ဗိုက်ကအဆီတွေကို ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ဗိုက်အဆီကျစေဖို့ဆိုရင်တော့ လမ်းကို ခပ်သွက်သွက်လေး လျှောက်ပေးဖို့တော့ မမေ့ပါနဲ့။၂ – ပြေးတာ။တစ်နေ့ကို ၁ မိုင်ခွဲလောက် ပြေးတာကစိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို ဗိုက်အဆီကျစေဖို့ရော ကြွက်သားတွေ သန်မာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အဆီကျစေချင်တယ်ဆိုရင်တော့ ပုံမှန်လေး ပြေးပေးပါ။၃ – Plank ထောက်ပါ။Plank ထောက်တာက ခန္ဓာကိုယ် အချိုးအစားကို ဟန်ချက်ညီစေသလို ဗိုက်ချပ်စေဖို့လည်း ထောက်ကူ ပေးပါတယ်။Plank  ထောက်တာက လက်ပျဉ်ကိုင်းတာကို သက်သာစေသလို ရင်သားတွေနဲ့ တင်သားတွေကိုလည်း သူ့နေရာနဲ့သူ ကောင်းစွာ ဖွံ့ဖြိုးစေပြီး ဗိုက်ချပ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။၄ – Cobra ပို့စ် လုပ်ပါ။Cobraပို့စ်ဆိုတာကယောဂပို့စ်တစ်ခုပေါ့။ ဒီပို့စ်လုပ်ဖို့ ကြမ်းပြင်မှာ မှောက်ရက်အနေအထား နေပြီး ခါးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ လက်ကို ထောက်လို့ ခါးအထက် အပေါ်ပိုင်းကို တောင့်နိုင်သမျှတောင့်ပြီး အပေါ်ပိုင်းကို ကြမ်းပြင်ကနေ လွတ်အောင် ကြွပြီး ခေါင်းကို မော့ထားပါ။ပို့စ်ကို စမလုပ်ခင်မှာ အသက်ကို ဝအောင်ရှူပြီး ပို့စ်ကို စလုပ်ချိန်မှာ အသက်အောင့်ထားလို့ ပြန်ပြီး ပြေလျော့လိုက်ချိန်မှ အသက်ကို ရှူပါ။ ၇ ကျော့ – ၈ ကျော့လောက် လုပ်ပြီး ပုံမှန်လေး လုပ်ပေးပါ။၅ – Bicycle crunch လုပ်ပါ။Bicycle crunchလုပ်တာကဗိုက်ကြွက်သားတွေကို ကျစ်လျစ်စေပြီး ပေါင်နဲ့ တင်ပဆုံ ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်တော့မယ်ဆိုရင်တော့ အရင်ဆုံး ပက်လက်လှဲလိုက်ပါ။ ပြီးရင် ခေါင်းနောက်ဖက်ကို လက်နှစ်ဖက်ထည့်ပါ။ ပြီးရင် ဗိုက်အားကို သုံး၊ ကိုယ်ကို ကြွပြီး ဘယ်တံတောင်နဲ့ ညာဘက်ဒူး၊ ညာတံတောင်နဲ့ ဘယ်ဘက်ဒူးကို ထိပေးပြီး တစ်လှည့်စီ လုပ်ပေးပါ။ အကြိမ် ၂၀ ကနေ ၃၀ လောက် လုပ်ပေးပါ။ဒီလေ့ကျင့်ခန်းလေးတွေကို ပုံမှန်လေး လုပ်ပေးတာက လေဒီလေးတွေကို ဗိုက်အဆီကျစေပြီး အဆီပိုကင်းပြီး ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေမှာပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/best-workouts-to-melt-belly-fat/
မျက်စိနှစ်ကွင်း အလင်းမရသူတစ်ယောက်ရဲ့ အတွေး၊ အမြင်တွေထဲမှာ ဘာတွေရှိနေမလဲ
အမြင်အာရုံဆုံးရှုံးနေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အရာရာ ခက်ခဲလှပါတယ်။ သာမန်လူတွေအကြားမှာ ဘဝကို လမ်းကြောင်းမှန်ပေါ်ကနေ မချော်ထွက်သွားအောင် ရပ်တည်ရှင်သန်နေထိုင်နေကြတဲ့ မျက်စိနှစ်ကွင်း အလင်းမရသူတွေဟာ အထင်ကြီးလေးစားဖွယ် ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။မျက်စိနှစ်ကွင်း အလင်းမရတဲ့ လူတစ်ယောက်ရဲ့ အတွေးတွေထဲမှာ ဘာတွေရှိနေမလဲ? ဒီလိုအတွေးမျိုး သင်တွေးမိဖူးရဲ့လား? သူတို့ ဘယ်လိုခံစားနေကြရသလဲ? သူတို့က လုံးဝ အမြင်အာရုံ ကွယ်ပျောက်သွားတာလား? တချို့တလေသော အရာတွေကို မြင်တွေ့ရနိုင်သလား? သူတို့ရဲ့ ဘဝကို တွေးဝင်ခံစားကြည့်ကြရအောင်။ဒီကိစ္စက ယေဘုယျဆန်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန် အမြင်အာရုံပြည့်စုံနေသူတစ်ယောက်အနေနဲ့ အမြင်အာရုံချို့တဲ့နေသူတစ်ဦးရဲ့ ရှုမြင်ပုံ၊ ခံစားပုံ၊ သိရှိနိုင်ပုံတွေကို နားလည်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အမြင်အာရုံချို့တဲ့နေသူအများစုဟာ ရောဂါအခြေအနေ အနုအရင့်နဲ့ နက်ရှိုင်းမှုအပေါ်မူတည်ပြီး အာရုံခံနိုင်စွမ်း သိရှိနိုင်စွမ်းလည်း ကွာခြားလေ့ရှိပါတယ်။ ဒါပေမယ့် သာမန်လူတွေနဲ့ တူညီတဲ့အချက်ကတော့ ဦးနှောက်ဟာ အချက်အလက်တွေကို သိနိုင်စွမ်းတဲ့အချက်ပဲဖြစ်ပြီး သာမန်လူတွေ အမြင်အာရုံအခြေခံ မှတ်သားထားတာလိုမျိုး သူတို့ရဲ့ ဦးနှောက်ကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှတ်သားပေးထားနိုင်ပါတယ်။ဒီနေရာမှာ ရောဂါအမျိုးအစားအပေါ် မူတည်ပြီး ကွဲပြားမှုတစ်ချို့ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။မွေးရာပါအမြင်အာရုံချို့တဲ့ဝေဒနာမျိုး ခံစားနေရသူတွေအနေနဲ့ ဘာကိုမှ မြင်နိုင်စွမ်းမရှိသလို ဘာကိုမှလည်း အမြင်အာရုံ အခြေခံအတွေးမျိုးနဲ့ ခံစား သိရှိနိုင်မှာမဟုတ်ပါဘူး။ အရာအားလုံးဟာ ဟာလာဟင်းလင်းကြီးလိုဖြစ်နေမှာပါ။ ကိုယ့်ရဲ့ မျက်လုံးကို မှိတ်ကြည့်ပါ။ ပြီးရင် ကိုယ်ဘာတွေ မြင်ရလဲ ခံစားကြည့်ပါ။ ဒီသဘောမျိုးပါပဲ။ဒါကတော့ မွေးရာပါ အမြင်အာရုံချို့တဲ့တာမျိုးမဟုတ်ဘဲ အသက်အရွယ် တစ်ခုရောက်ချိန်မှာ ပြင်ပပယောဂတစ်မျိုးမျိုးကြောင့် မျက်စိနှစ်ကွင်း အလင်းမရဖြစ်ခဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အမြင်အာရုံဟာ မှောင်မဲနေတဲ့ ဂူကြီးတစ်ခုထဲ ရောက်နေသလိုမျိုးဖြစ်နေမှာဖြစ်ပါတယ်။ တကယ်လို့များ တစ်စုံတစ်ယောက်က အလင်းရောင်တစ်မျိုးမျိုးပေးလိုက်ရင် အရိပ်တွေ၊ ဝေဝေဝါးဝါး ပုံရိပ်တွေ၊ အရောင်တချို့တလေတွေနဲ့ မီးရောင်တွေကို အတန်ငယ် မြင်ရနိုင်ပါတယ်။Legally Blind ဖြစ်နေသူတွေဟာ အပြည့်အဝ အမြင်အာရုံ ဆုံးရှုံးနေကြသူတွေ မဟုတ်ကြပါဘူး။ သူတို့တွေဟာအာရုံစူးစိုက်မှုအပေါ် လိုက်ပြီး သတ်မှတ်ထားတဲ့ အကွာအဝေးတစ်ခုအတွင်းကို မြင်နိုင်ကြသလို အရောင်တွေကိုလည်း မြင်နိုင်ကြပါတယ်။ဒီဝေဒနာကို ခံစားနေကြရသူတွေဟာ နေအလင်းရောင်၊ ကင်မရာ ဖလက်ရှ်မီးရောင် စတာတွေလိုမျိုး အလင်းရောင်တွေကိုသာ မြင်တွေ့နိုင်ကြပါတယ်။ သူတို့တွေဟာ ပုံရိပ်တွေက ဘာတွေဆိုတာကို သိရှိနိုင်ကြခြင်းမရှိကြပေမယ့် မီးအလင်းရောင် ဘယ်နားမှာရှိတယ်၊ ဖွင့်ထားတယ်၊ ပိတ်ထားတယ်ဆိုတာမျိုးတွေကိုတော့ သိနိုင်ကြပါတယ်။ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့် ဒါမှမဟုတ် လေဖြတ်တာကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံချို့တဲ့မှုဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီဝေဒနာရှင်တွေဟာ သတ်မှတ် အကျယ်အဝန်းတစ်ခုစာ အခြေအနေလေးကိုသာ သီးသန့်မြင်နိုင်သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ မြင်နိုင်စွမ်းအားဟာ ၁၀ ဒီဂရီထက် ပိုမိုနည်းပါးပါတယ်။ တူးမြောင်းတစ်ခုထဲမှာ ရောက်နေသလို သတ်မှတ်မြင်ကွင်းကိုသာ သီးသန့်မြင်နိုင်တာမျိုးဖြစ်ပါတယ်။မွေးရာပါ အမြင်အာရုံချို့ယွင်းနေသူတွေဟာ အိပ်မက်မက်လေ့ရှိပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ပုံရိပ်တွေကို မြင်တွေ့ရခြင်းတော့ မရှိပါဘူး။ သူတို့ရဲ့ အိပ်မက်တွေထဲမှာ ထိတွေ့ခံစားသိစိတ်တွေ၊ အနံ့၊ အရသာနဲ့ စိတ်ခံစားချက်တွေသာ ပါဝင်နေတတ်ပါတယ်။ အသက်အရွယ် ကြီးမြင့်မှ အမြင်အာရုံချို့ယွင်းသူတွေရဲ့ အိပ်မက်တွေထဲမှာတော့ ပုံရိပ်တွေ ပါဝင်လေ့ရှိပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ တချို့သော အမြင်အာရုံချို့ယွင်းသူတွေဟာ အိပ်မက်မက်နေစဉ်မှာ အလင်းရောင်ကို မြင်နိုင်တယ်လို့ ဆိုထားပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/what-is-in-the-mind-of-visual-impair-person/
လိင်စိတ်စွဲလမ်းခြင်း - ဖြစ်ပွားမှု အကြောင်းအရင်းများနှင့် ကုသမှု
လူတစ်ယောက်ဟာ များပြားလှတဲ့လိင်မှုဆိုင်ရာ အပြုအမူများကို ခဏခဏ ပြုလုပ်နေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ လိင်စိတ်စွဲလမ်းခြင်း က ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများအပေါ်  အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။လိင်စိတ်စွဲလမ်းခြင်း ကလူတစ်ယောက်ရဲ့ ဘဝအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ထင်ထင်ရှားရှားပဲ ရှိနေပါတယ်။အဲဒါအပြင် ကာမစိတ်စွဲလမ်းမှု ကြုံတွေ့နေရတဲ့ လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။ တိတိကျကျ ပြောရင် စိတ်အလိုမကျတာ၊ ရှက်တာ၊ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတာမျိုး ရှိနိုင်တယ်။ အဲဒီကတစ်ဆင့် စိတ်ကျရောဂါ၊ စိတ်ပူပန်တာ၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ စိတ်ခံစားချက်တွေ မထိန်းချုပ်နိုင်တော့တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ စိတ်ရောဂါဝေဒနာတွေအထိ ကြုံတွေ့လာရတတ်ပါတယ်။အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ပါပဲ။ ဒါပေမယ့် အဲဒီလို စမ်းသပ်အကဲဖြတ်ခံဖို့ ဆေးရုံမသွားခင်မှာ Society for the Advancement of Sexual Health က သတ်မှတ်ထားတဲ့ ကာမစိတ်စွဲလမ်းမှုရဲ့ လက္ခဏာတွေ ကိုယ့်မှာ ရှိ၊ မရှိ ဆန်းစစ်ကြည့်စေချင်ပါတယ်။မကြာသေးမီအချိန်ကအထိ လိင်စိတ်စွဲလမ်းခြင်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိပ္ပံနည်းကျ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် Medical News Today ရဲ့ အဆိုအရတော့ ဒီစွဲလမ်းမှုတွေဟာ ဦးနှောက်ထဲမှာ ဓာတုဗေဒသဘောအရ ပြောင်းလဲမှုတွေ ဖြစ်လာတာကြောင့်လို့ ဆိုထားပါတယ်။လိင်စိတ်စွဲလမ်းခြင်းအတွက် ကုသနည်းတွေကတော့ လူတွေကိုလိင်မှုကိစ္စတွေလုပ်ချင်လာအောင် လှုံ့ဆော်ပေးတဲ့ အာရုံကြော လှုံ့ဆော်မှုများကို ထိန်းချုပ်နိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံခြင်းဟာ လူတစ်ယောက်အတွက် မရှိမဖြစ် အရေးပါတဲ့ကိစ္စမို့ ဒါဟာ အနည်းငယ်တော့ ခက်ခဲပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လိင်ဆက်ဆံစဉ်မှာ ခံစားရတဲ့ ခံစားမှုတွေကို ထိန်းချုပ်ပေးခြင်းအားဖြင့်လိင်ဆက်ဆံလိုစိတ်ဟာ သူ့ဘဝရဲ့ အချိန်တိုင်းမှာ ဖြစ်မနေစေတော့ဖို့ပါပဲ။လိင်စိတ်စွဲလမ်းခြင်း ဟာ ဒီနေ့ခေတ် လူမှုအဖွဲ့အစည်းမှာ သိပ်ရှားပါးတဲ့ ပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီလို ခံစားနေရတဲ့သူတွေဟာ ဖြစ်နေပါတယ်လို့ သူတို့ကိုယ်သူတို့ လက်ခံဖို့၊ သူများကို ဖွင့်ပြောဖို့ ရှက်ရွံ့နေနိုင်ပါတယ်။ ဒီပြဿနာအတွက် ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေထံမှာ အကူအညီများ ရယူနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/causes-and-treatment-of-sex-addiction/
ရှောက်ဘီလူးရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်
ထိုင်းဟင်းလျာတော်တော်များများမှာ အနံ့အရသာပြည့်စုံအောင်ဆိုပြီး ထည့်ချက်ပြုတ်တတ်ကြတဲ့ရှောက်ဘီလူးရွက် က ဟင်းကိုတင် အနံ့အရသာပြည့်စုံစေတာမဟုတ်ပါဘူး။ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးတော်တော်များများပေး နိုင်ပါသေးတယ်။အာရှနိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့မှာဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ အနံ့အရသာပြင်းသလို ဆေးဖက်လည်းဝင်ပါတယ်။  ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အော်ဂင်းနစ်ဒြပ်ပေါင်းများစွာပါဝင် နေပါတယ်။ ရှောက်ရွက်နဲ့ ခပ်ဆင်ဆင်တူပေမယ့် အနံ့အရသာပိုပြင်းပါတယ်။ရှောက်ဘီလူးရွက် ကခန္ဓာကိုယ်အတွက် အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေပေးစွမ်းနိုင်ပါတယ်။ခံတွင်းကျန်းမာစေနိုင်တဲ့အာနိသင်ရှိပြီး ခံတွင်းအနာနဲ့ သွားဖုံးတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။  ဒါကြောင့် ခံတွင်းထဲမှာဖြစ်တဲ့အနာတွေ သွားဖုံးမှာဖြစ်တဲ့အနာတွေကို သက်သာစေဖို့အတွက် ရေစင်အောင်ဆေးထားတဲ့ ရှောက်ဘီလူးရွက် နဲ့ ပွတ်တိုက်ပေးလို့ရပါတယ်။ အရည်ညှစ်ပြီး စွတ်ပေးလို့လည်းရသလို ရေနွေးနဲ့စိမ်ပြီး ပလုတ်ကျင်းပေးရင်လည်း အဆင်ပြေပါတယ်။သွေးနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေဖို့အတွက် ရှောက်ဘီလူးရွက်ကို သုံးပေးလို့ရပါတယ်။ နာတာရှည်သွေးနဲ့ပတ်သက် တဲ့ရောဂါတွေသက်သာစေဖို့ စားသုံးပေးလို့ရပါတယ်။ သွေးထဲက ထိခိုက်စေနိုင်တဲ့အရာတွေကို သန့်စင်ပေးနိုင်တာကြောင့်အသည်းကို သန့်စင်စေပါတယ်။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။ရှောက်ဘီလူးရွက်မှာနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြိး  အစာခြေစနစ်ကို အကောင်းဆုံးလှုံ့ဆော်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ အစာမကြေတာ၊ ဝမ်းချုပ်တာတွေကို သက်သာစေနိုင်ပြီး အူမကြီးကင်ဆာ၊ လိပ်ခေါင်း နဲ့အစာအိမ်မှာ အနာဖြစ်တာတွေကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။အင်းဆက်တွေကြောင့်ဖြစ်တဲ့ရောဂါကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာသေဆုံးနေရပါတယ်။ အင်းဆက်တွေ ကိုက်ခံရတာကို ကာကွယ်ပေးနိုင်သလို အင်းဆက်ကိုက်တာကြောင့်ဖြစ်တဲ့ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အင်းဆက်ကိုက်ခံရတဲ့အခါ ရှောက်ဘီလူးရွက်ကို ရေသန့်အောင်ဆေးပြီး အရည်စွတ်ပေးပါ။အသားအရေလှပကျန်းမာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ ရှောက်ဘီလူးရွက်မှာပါတဲ့ အက်ဆစ်အချို့က အသားအရေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးပါတယ်။ အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်သလိုအသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ၊ အမာရွတ်တွေ၊ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ကျန်းမာပြီးလန်းဆန်းတဲ့အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရှောက်ဘီလူးရွက်ကိုကြိတ်ပြီး အရေပြားပေါ်မှလူးပေးပါ။စိုးရိမ်ပူပန်မှုတွေများတာ၊ စိတ်ဖိစီးတာတွေကို ခံစားရတဲ့အခါ ရှောက်ဘီလူးရွက်ကို ခြေပြီးရှုပေးပါ။ ဒါမှမဟုတ် ရှောက်ဘီလူးရွက်အဆီကိုအစိုဓာတ်ထိန်းစက်လေးထဲမှာ ထည့်ပြီးရေငွေ့ရှုပေးတာမျိုးလုပ်ပေးပါ။ စိတ်ကြည်လင် လန်းဆန်းစေမှာပါ။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ရောဂါပိုးတွေ ကူးစက်ဝင်ရောက်မှုမရှိအောင် အကောင်းဆုံးကာကွယ်ပေးပါတယ်။ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေကပ်ငြိနေတာမျိုး မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပြီးအစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းအောင်လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဦးရေပြားနဲ့ဆံသားက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး ဆံသားကိုကျန်းမာသန်စွမ်းစေပါတယ်။ ဆံပင်ပေါက်စေနိုင်သလို ဆံသားကို တောက်ပြောင်ချောမွေ့စေပါတယ်။ဦးရေပြားကိုကျန်းမာစေပြီးဗောက်ကင်းစေနိုင်ပါ တယ်။ရှောက်ဘီလူးရွက်က ဟင်းကိုတင်အရသာတိုးစေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက်လည်း အခုလိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါသေးတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/surprising-benefits-of-kaffir-lime/
အပူလောင်နာကို အိမ်မှာပြုစုကုသနည်း
ချက်ရင်းပြုတ်ရင်းဖြစ်ဖြစ် သွားရင်းလာရင်းဖြစ်ဖြစ် မတော်တဆ အပူလောင်တာမျိုးဖြစ်နိုင်ပါတယ်။ မီးဖိုချောင်ဝင်မှ အပူလောင်နိုင်တာ မဟုတ်ပါဘူး။ မီးပူတိုက်ရင်း အပူကပ်မိနိုင်သလိုကော်ဖီသောက်ရင်းမှောက်ကျရာကနေလည်းရေနွေးပူလောင်တာမျိုးလည်းရှိနိုင်ပါတယ်။ အပူလောင်တာက အဖြစ်များတဲ့ ထိခိုက်မိမှုတစ်ခုလို့ပြောရပါမယ်။ ဒီလိုမျိုးအဖြစ်များတဲ့ အပူလောင်ဒဏ်ရာကိုနေအိမ်မှာပဲ ဘယ်လိုကုသရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ထိခိုက်ဒဏ်ရာတွေကပြင်းထန်တဲ့အတိုင်းအတာကိုလိုက်ပြီး အပူလောင်ဒဏ်ရာတွေကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ အပူလောင်နာကို။အပူလောင်သွားတဲ့အခါ အရမ်းမပြင်းထန်ဘူးဆိုရင်နေအိမ်မှာပဲ ကုသစောင့်ရှောက်လို့ရပါတယ်။ အပူလောင်ဒဏ်ရာတွေထဲမှာမှ first degree burn နဲ့ second-degree burn ကိုနေအိမ်မှာပဲ ကုသရုံနဲ့ပျောက်ကင်းနိုင်ပါတယ်။သေချာစောင့်ရှောက်ဖို့တော့လိုအပ်ပါမယ်။ရေအေးနဲ့ဆေးချပေးပါ။အပူလောင်သွားတဲ့နေရာကိုရေအေးအေးလေးနဲ့ဆေးချပေးပါ။ အပူလောင်တဲ့အခါတိုင်းရေအေးအေးလေးနဲ့ဆေးချရတာကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။အနာကို သန့်စင်ဆေးကြောပါ။အနာကိုရေအေးအေးလေးနဲ့ဆေးချပြီးသွားတဲ့အခါမှာတော့ အနာကိုသေသေချာချာဆေးကြောဖို့လိုပါမယ်။ အပျော့စားantibacterial soap နဲ့ဆေးကြောပေးပါ ကြမ်းကြမ်းတမ်းတမ်းမပွတ်တိုက်ပါနဲ့။အနာကိုဆေးကြောတာက ကူးစက်ရောဂါပိုးမဖြစ်အောင်ကာကွယ်ပေးနိုင်သလိုနောက်ဆက်တွဲရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင် ပါတယ်။ပတ်တီးအသုံးပြုပေးပါ။အသေးစား အပူလောင်နာကို ပတ်တီးအသုံးပြုဖို့မလိုပါဘူး။ တကယ်လို့ ထိခိုက်မိတဲ့ အပူလောင်နာကsecond-degree burn က အရေကြည်ဖုလေးတွေဖြစ်နေမယ်ဆိုရင်တော့ ပတ်တီးမလိုပါဘူး။ တကယ်လို့ အနာက အပေါ်ယံအရေပြားထိခိုက်ပွန်းပဲ့ထားတာမျိုးဖြစ်မယ်ဆိုရင်တော့ အနာထဲကို ပိုးမွှားတွေနဲ့ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေမဝင်စေဖို့အတွက် အနာပေါ်ကို ပတ်တီးအုပ်ထားပေးတာ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးကို အသုံးပြုပြီး အုပ်ပေးတာမျိုးလုပ်ပေးပါ။ အနာကို ပလာစတာကပ်တာမျိုး မလုပ်ပါနဲ့။ ပတ်တီးလေးတစ်ခုခုကို အနာပေါ်ကနေ ကပ်ပေးပြီးမှာ ပလာစတာကပ်ပေးပါ။Antibiotics တစ်ခုခုသုံးပေးပါ။အနာပေါ်ကရေကြည်ဖုတွေပေါက်သွားပြီဆိုရင်တော့ အပေါ်ယံအရေပြားလွှာမရှိတော့တဲ့ အနေအထားဖြစ်သွားပြီဖြစ်တာကြောင့် အနာထဲကိုရောဂါပိုးတွေအလွယ်တကူဝင်ရောက်နိုင်တာကြောင့် အနာပေါ်ကနေAntibiotic cream တစ်ခုခုလူးပေးလိုက်ပါ။ ဒီလိုလူးပေးတာက အနာထဲကို ပိုးမဝင်အောင် ကာကွယ်ပေးနိုင်သလို အနာကျက်တာကိုမြန်စေမှာဖြစ်ပါတယ်။နေရောင်နဲ့ မထိတွေ့အောင်ထားပေးပါ။အပူလောင်နာကိုနေရောင်တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ အနာကို ပိုဆိုးစေနိုင်တာကြောင့်ပါ။ တကယ်လို့နေရောင်ထဲထွက်မယ်ဆိုရင်လည်း အနာကို ပတ်တီးစလေးနဲ့ဖြစ်ဖြစ် အုပ်သွားပေးပါ။ရှားစောင်းလက်ပပ်။မီးပူလောင်၊ ဆီပူလောင်၊ရေနွေးပူလောင်တဲ့အနာတွေပေါ်မှာ အစိုဓါတ်ထိန်းပေးတဲ့အနေနဲ့ ရှားစောင်းလက်ပပ်အနှစ်ကို ကပ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်အတွင်းသားက အပူလောင်တာတွေကို သက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလိုသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်အောင် ကာကွယ်ပေးပါတယ်။ပျားရည်။လေ့လာမှုတွေအရ ပျားရည်ကရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပြီးရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အပူလောင်တဲ့နေရာကို ပျားရည်ခပ်ပါးပါးလေးလူးပေးမယ်ဆိုရင် အနာထဲပိုးမဝင်အောင်ကာကွယ်ပေးနိုင်မှာဖြစ်သလို နာကျင်မှုကိုလျော့ပါးသက်သာစေနိုင်မှာဖြစ်ပါတယ်။အပူလောင်နာက အရမ်းဆိုးရင်တော့ အိမ်မှာကုသတာမျိုးမလုပ်ဘဲ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%95%e1%80%b0%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%94%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%80%bd%e1%80%ac%e1%80%bb%e1%80%95/
ဟော်မုန်းဆိုတာဘာလဲ။ သူတို့တွေ ဘယ်ကနေထွက်လာကြတာလဲ ။ ။
လူကစိတ်ကထိန်းချုပ်တယ်၊ စိတ်ကို ဟော်မုန်းကထိန်းချုပ်တယ်တဲ့။ကိုယ်ခန္ဓါရဲ့ လုပ်ငန်းစဉ်တွေ မှာ ပါဝင်နေတဲ့ ဟော်မုန်းပေါင်းများစွာရှိပါတယ်။ သူတို့ တစ်ခုချင်းဆီက ကိုယ်ခန္ဓါအတွက် အရေးပါလှပြီး သူတို့နည်းချင်း များခြင်းဟာ ပုံမှန် မဟုတ်တဲ့ ပြဿနာတွေကိုဖြစ်စေပါတယ်။ ဒီဆောင်းပါးထဲမှာတော့ဟော်မုန်းတွေနဲ့ ပက်သက်တဲ့အကြောင်းလေးတွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာဖြစ်လို့ ကိုယ့်ကိုယ်ခန္ဓါအကြောင်း စိတ်ဝင်စားတဲ့သူတိုင်း ဖတ်သင့်တယ်နော် ။ ။ဟော်မုန်းဆိုတာ chemical messengers လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ဓါတုအချက်ပြစနစ်လေးတွေဖြစ်ပြီး သူတို့ကို endocrine glands တွေကနေ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီအချက်ပြစနစ်လေးတွေကကိုယ်ခန္ဓါဘက်ညီစွာ လှုပ်ရှားနိုင်ဖို့၊ အခြား အခြေခံအချက်တွေဖြစ်တဲ့ ဗိုက်ဆာတာ၊ အိပ်စက်တာ ကနေ ရှုပ်ထွေးတဲ့အဆင့်တွေဖြစ်တဲ့ မျိုးပွားခြင်း လုပ်ငန်းစဉ်တွေ အထိ သူတို မပါလို့ မဖြစ်ပါဘူး။ နောက်ပြီး စိတ်ပျော်တာ၊ စိတ်တိုလွယ် ဒေါသထွက်လွယ်တဲ့ ဖြစ်စဉ်တွေမှာလည်း သူတို့ပါပါတယ်။ ဒါ့ကြောင့်ဟော်မုန်း တွေက ကိုယ်ခန္ဓါရဲ့ ခေါင်ချုပ်ကြီး ဖြစ်နေတာပေါ့ ။ဒီတော့ ဟော်မုန်းတွေ အကြောင်းနားလည်ထားရင် ကိုယ့်ကိုယ်ခန္ဓါရဲ့ ကျန်းမာရေး အခြေအနေကို ဆရာဝန် ဆီမရောက်ခင်တည်းက သိနိုင်မှာ ဖြစ်ပါတယ်။ ကဲ ကြည့်ရအောင် ။ ။အပေါ်မှာ ဟော်မုန်းတွေကို endocrine glands ကနေထုတ်တယ်လို့ ပြောထားခဲ့တယ်ဆိုတော့ ဟော်မုန်း နည်းခြင်း များခြင်းဟာ ဒီ endocrine glands တွေအပေါ် အများကြီး မူတည်နေပါတယ်။ ဒီတော့ ဟော်မုန်းထုတ်ပေးနေတဲ့ အဓိက endocrine glands တွေအကြောင်း သိဖို့လိုလာပြီလေနော်။ ဟော်မုန်း အဓိက ထုတ်ပေးနေတဲ့ endocrine glands တွေကတော့။· Hypothalamus:ကိုယ်ခန္ဓါရဲ့ အပူချိန်၊ဆာလောင်ြခင်း နဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေထုတ်ပေးတဲ့ gland တစ်ခုဖြစ်ပြီး့ ရေဆာတာ၊ အိပ်စက်တာ နဲ့ လိင်ကိစ္စတွေမှာ စိတ်ဝင်စားတာစတဲ့ ဟော်မုန်းတွေကို အခြား ဂလင်းကထုတ်တဲ့အပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။· Thyroid: လည်ပင်းမှာရှိနေတဲ့ လိပ်ပြာပုံသိုင်းရွိုက်ဂလင်းလေးကနေ ကိုယ်ခန္ဓါရဲ့ကယ်လိုရီနဲ့ နှလုံးခုန်နှုန်းအပေါ် သက်ရောက်တဲ့ ဟော်မုန်းတွေထုတ်ပေးပါတယ်။· Parathyroid: လည်ပင်းက လိပ်ပြာပုံ သိုင်းရွိုက်ဂလင်းလေးနားမှာရှိတဲ့ Parathyroid ဂလင်းက ကိုယ်တွင်းကယ်လ်ဆီယမ်ပမာဏကို ထိန်းချုပ်ပေးနေတဲ့ နေရာတစ်ခုပါ။· Thymus : ရင်ညွန့်ရိုးအောက် တည့်တည့်မှာရှိတဲ့ ဒီ ဂလင်းလေးကတော့ခုခံအားစနစ်အတွက် အရေးပါတဲ့ T cells တွေကို ထုတ်ပေးတဲ့ ဂလင်းတစ်ခုပါ။· Pancreas : အားလုံး သိကြတဲ့အတိုင်း ဒီ ဂလင်းလေးကတော့သွေးတွင်းသကြားဓါတ်ထိန်းပေးရာမှာ အရေးပါတဲ့ အင်ဆူလင်ဟော်မုန်းထွက်ရာနေရာပဲ ဖြစ်ပါတယ်။· Adrenal : ကျောက်ကပ်အပေါ်နားလေးမှာရှိတဲ့ ဒီ ဂလင်းလေးတွေကစိတ်ဖိစီးစေတဲ့ ဟော်မုန်း ဖြစ်တဲ့ cortisol ဟော်မုန်းထွက်ရာနေရာတစ်ခုဖြစ်ပြီး လိင်မှုကိစ္စတွေ အပေါ် သက်ရောက်မှုရှိတဲ့ ဟော်မုန်းတွေ ထုတ်ပေးတဲ့ ဂလင်းလေးတစ်ခုလည်း ဖြစ်ပါတယ်။· Pituitary: ဂလင်းအပေါင်းတို့ရဲ့ ခေ ါင်ချုပ်ကြီးပါ။ သူကနေ အခြား ဂလင်းတွေကို ထိန်းချုပ်တဲ့ ဟော်မုန်းထွက်ရာနေရာတစ်ခုပါ။ ကိုယ်ခန္ဓါကြီးထွားမှုကို ချုပ်ကိုင်တဲ့ ဟော်မုန်းကို ထုတ်ပေးရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။· Pineal: thalamus လို့လည်းခေါ်တဲ့ ဒီဂလင်းလေးဟာအိပ်စက်ခြင်း စက်ဝန်းအတွက် အရေးပါတဲ့ melatonin ထုတ်ပေးရာ နေရာတစ်ခုပါ။· Ovaries : မမျိုးဥအိမ်လို့ လူသိများတဲ့ ဒီ ဂလင်းလေးဟာ estrogen, testosterone နဲ့ progesterone တို့ကို ထုတ်ပေးတဲ့ နေရာတစ်ခုပါ။· Testes: ဒါကတော့ အမျိုးသားတွေမှာသာရှိတဲ့ ဂလင်းတစ်ခုဖြစ်ပြီး အမျိုးသား sex hormone၊ testosterone နဲ့သုက်ပိုး ကောင်လေးတွေ ထုတ်ပေးတဲ့ နေရာတစ်ခုပါ။ဒီ ဂလင်းတွေ အတူတကွ အလုပ်လုပ်ကြပြီး ဘက်ညီနေမှာ ကိုယ်တွင်း ဟော်မုန်းစနစ်လည်း မျှတပြီး ကျန်းမာရေး ကောင်းနေမှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/hormones-2/
ထိခိုက်ပွန်းပဲ့ဒဏ်ရာကြောင့် အညိုအမဲစွဲတဲ့အရာတွေရခဲ့ရင်
အမှားကင်းတဲ့သူရယ်လို့မရှိသလို ထိခိုက်ဒဏ်ရာနဲ့ကင်းသူရယ်လို့လည်းမရှိပါဘူး။ လူရယ်လို့ဖြစ်လာရင် ငယ်ငယ်ကတည်းကဆော့ရင်းပြေးရင်း လွှားရင်းနဲ့ချော်လဲလို့ဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာမျိုးတွေကြုံရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာတွေထဲကမှ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦးမှာဖြစ်ဖြစ် ပွန်းပဲ့ဒဏ်ရာရတဲ့အခါ ဘယ်လိုမျိုးသက်သာအောင်လုပ်ပေမးလဲဆိုတာကိုပြောပြပေးပါရစေ။ပွန်းပဲ့ဒဏ်ရာဆိုတာကနေ့စဉ်လှုပ်ရှားသွားလာရင်း အများဆုံးဖြစ်နိုင်ခြေရှိနေတဲ့ ထိခိုက်ဒဏ်ရာအမျိုးအစားတစ်ခုပါ။ အရေပြားအောက်ဘက်မှာရှိနေတဲ့သွေးကြောလေးတွေက ထိခိုက်မိတဲ့အားကြောင့် ပျက်စီးသွားပြီး အဆိုပါသွေးကြောလေးတွေကနေပေါက်ထွက်သွားတဲ့သွေးတွေကအရေပြားအောက်ဘက်မှာ စုကျန်နေခဲ့တာပါ။ဒီသွေးတွေကို အနာကျက်ဖြစ်စဉ်တလျှောက် ခန္ဓါကိုယ်ကသွေးတွေကို စုပ်ယူလိုက်ပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်ကသွေးတွေကို အပြည့်အဝမစုပ်ယူခင် (အနာမကျက်ခင်တလျှောက်) မှာတော့အရေပြားမှာ အညိုအမဲစွဲတဲ့ အရာတွေနဲ့ အထိမခံနိုင်အောင်နာတာမျိုးတွေဖြစ်ကျန်ခဲ့နိုင်ပါတယ်။ဒီလိုဒဏ်ရာမျိုးမှာ ထိခိုက်မိတာက အရေပြားအောက်ကိုနက်လေလေ စိုးရိမ်ရလေလေပါ။ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေကိုနေအိမ်မှာပဲမြန်မြန်သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ပွန်းပဲ့ဒဏ်ရာတွေက သူ့အလိုလိုပျောက်သွားနိုင်ပေမယ့် နာကျင်မှုနဲ့ထိခိုက်ဒဏ်ရာတဝိုက်မှာ အညိုအမဲစွဲတာတွေတော့ရှိနိုင်ပါတယ်။ ဒီလိုမျိုး နာကျင်တာနဲ့သွေးခြည်ဥတာတွေကိုသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိနေပါတယ်။ ဘယ်လိုလုပ်မလဲ။(၁) ထိခိုက်ဒဏ်ရာနဲ့ထိခိုက်ဒဏ်ရာတဝိုက်ကို ညင်ညင်သာသာနှိပ်နယ်ပါ။ပွန်းပဲ့ဒဏ်ရာကို သတိရတိုင်း အနာပေါ်နဲ့အနာတဝိုက်ကို နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက ခန္ဓါကိုယ်ရဲ့ပြန်ရည်ကြောစနစ်ပုံမှန်ပြန်ဖြစ်လာအောင်ကူညီပေးနိုင်ပါတယ်။ အနာ နာကျင်တာမျိုးမဖြစ်စေဖို့အတွက် နှိပ်နယ်တဲ့အခါ အရမ်းအားမသုံးမိဖို့သတိထားပါ။(၂) ရေခဲကပ်ပါ။ထိခိုက်ဒဏ်ရာရသွားတဲ့အခါ အနာတဝိုက်ကိုသွေးစီးဆင်းမှုနည်းသွားစေဖို့အတွက်ရေခဲကပ်ပေးပါ။သွေးကြောတွေကိုအေးနေအောင်လုပ်ထားတာက ထိခိုက်မိတဲ့ဒဏ်ရာတဝိုက်ကတစ်သျှူးတွေဆီကိုသွေးယိုစီးမှုမှုလျော့နည်းစေပါတယ်။ ဒီလိုလုပ်တာက အနာရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ရေခဲအိတ်ကပ်ပေးလို့ရသလိုရေခဲတုံးလေးတွေကို အဝတ်စ (တဘက်) သန့်သန့်လေးနဲ့ထုတ်ပြီး ကပ်ပေးလို့လည်းရပါတယ်။ တစ်ခါကပ်ရင် ၁၀ မိနစ်ကြာကပ်ပေးပြီး မိနစ် ၂၀ခြားတစ်ခါ ကပ်ပေးပါ။(၃) ရေနွေးအိတ်ကပ်ပေးပါ။အပူဓါတ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေပြီးသွေးလည်ပတ်မှုကိုလည်းတိုးတက်စေနိုင်ပါတယ်။ ထိခိုက်မိတဲ့အခါရေနွေးအိတ်ကပ်ပေးတာက ထိခိုက်ဒဏ်ရာတဝိုက်မှာဖြစ်နေတဲ့သွေးတွေကို ခဲနေတာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ရေနွေးအိတ်ကပ်ပေးတာက ကြွက်သားတွေတောင့်တင်းတာကိုပြေလျော့စေနိုင်ပြီး နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။ရေနွေးဝတ်ကပ်ပေးတာ၊ရေနွေးပုလင်းကပ်ပေးတာမျိုးတွေလည်းလုပ်ပေးလို့ရပါတယ်။နောက်တစ်မျိုးကတော့ရေနွေးနဲ့ ရေချိုးတာပါ။(၄) ပတ်တီးစည်းပေးပါ။ထိခိုက်မိတဲ့နေရာကို ဆွဲဆန့်နိုင်တဲ့ ပတ်တီးမျိုးနဲ့စည်းနှော်င်ထားပေးပါ။ ဒီလိုလုပ်ပေးတာက တစ်ရှုးတွေကို တင်းတင်းကျပ်ကျပ်စည်းနှောင်ထားပေးနိုင်သလိုသွေးကြောတွေထဲကသွေးယိုစိမ့်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီလိုမျိုး ထိခိုက်ဒဏ်ရာဖြစ်တဲ့နေရာကို စည်းနှောင်ပေးထားတာက ထိခိုက်ဒဏ်ရာကို သက်သာစေနိုင်သလို နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။(၅) နေရောင်ထိတွေ့ပေးပါ။ခရမ်းလွန်ရောင်ခြည်က အသားအရေကိုထိခိုက်ပျက်စီးစေနိုင်တယ်ဆိုပေမယ့် အနာတွေ ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါမှာတော့ သင့်တင့်တဲ့နေရောင်ခြည်ပမာဏ ထိတွေ့ပေးဖို့လိုပါလိမ့်မယ်။နေရောင်ခြည်မှာပါတဲ့ ဗီတာမင် D က အနာကျက်စေနိုင်သလို ပွန်းပဲ့ဒဏ်ရာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။တစ်နေ့ကို ထိခိုက်မိတဲ့နေရာကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်နေရောင်နဲ့ထိတွေ့ပေးပါ။နေရောင်ကို သင့်တင့်တဲ့ပမာဏလောက်ဘဲ ထိတွေ့ပေးပါ။နေလောင်တဲ့အထိတော့နေရောင်မခံပါနဲ့။(၆) ဗီနီကာစွတ်ပေးပါ။ဗီနီကာကိုရေနွေးနွေးလေးနဲ့ရောစပ်ပြီး ထိခိုက်မိထားတဲ့နေရာကို ဂွမ်းစလေးနဲ့တို့ပြီး စွတ်ပေးပါ။ ဗီနီကာက ထိခိုက်မိထားတဲ့နေရာတဝိုက်က အရေပြားတွေမှာ သွေးစီးဆင်းမှုကောင်းအောင်လုပ်ဆောင်ပေးနိုင်သလို ထိခိုက်မိတဲ့တဝိုက်မှာသွေးခြည်ဥတာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးပါတယ်။(၇) အနာကျက်မြန်စေနိုင်မယ့် အစားအသောက်တွေစားပေးပါ။အနာကျက်မြန်စေဖို့နဲ့ အနာသက်သာစေဖို့အတွက် အနေအထိုင်တွင်မကပါဘူး။ အစားအသောက်ကိုပါ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ စားသောက်မှုပုံစံက ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်နေပါတယ်။ အချို့အစားအစာတွေက သွေးကြောတွေကိုအနာကျက်မြန်စေဖို့အတွက် အခုပြောပြမယ့်အစားအသောက်လေးတွေကို စားသုံးပေးလို့ရပါတယ်။လူတိုင်းမှာ ပွန်းပဲ့ဒဏ်ရာကြောင့်သွေးခြည်ဥတာဖြစ်နိုင်တယ်ဆိုပေမယ့်ရောဂါအခံတစ်ခုခုရှိနေတာကြောင့်ဖြစ်ဖြစ်၊ အာဟာရချို့တဲ့တာကြောင့်ဖြစ်ဖြစ် အနာကျက်နှေးတာနဲ့ အနာက အချိန်အတော်ကြာတဲ့အထိ အညိုအမဲစွဲတာကမသက်သာတာမျိုးရှိနေနိုင်ပါတယ်။ ဒီလိုလက္ခဏာမျိုးတွေဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာအကောင်းဆုံးပါ။သတိပြုစရာအချက်အချို့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%b2%e1%80%b7%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%9b%e1%80%81/
ပျောက်ကင်းနိုင်ခြေအများဆုံး ကင်ဆာများ
အရင်တုန်းကတော့ ကင်ဆာလို့ပြောလိုက်တာနဲ့ ကျိန်းသေပေါက် သေရတော့မယ့် ရောဂါကြီးတစ်ခုအဖြစ် ယူဆကြပါတယ်။ ဒီဖက်ခေတ်မှာတော့ ဆေးသိပ္ပံအဆင့်အတန်း မြင့်မားလာတာရော၊ကင်ဆာအမျိုးမျိုးရဲ့ သဘောသဘာဝ အဖုံဖုံကြောင့်ရော ကုသလို့ ပျောက်ကင်းနိုင်၊သက်တမ်းစေ့နေသွားနိုင်တဲ့ အနေအထားတွေ ရှိနေပါပြီ။ တချို့ဆရာဝန်တွေကတော့ ကုသလို့ပျောက်ကင်းတယ်ဆိုတဲ့ စာလုံးကို သိပ်မသုံးချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ကင်ဆာရောဂါဟာ အချိန်အတော်ကြာ ပျောက်နေပြီးမှ တစ်ခါ ပြန်ဖြစ်လာနိုင်လို့ပါ။ ဒါပေမယ့် ဒီဆောင်းပါးလေးမှာတော့ ပျောက်ကင်းနိုင်ခြေ အများဆုံး ကင်ဆာတွေအကြောင်း မျှဝေပေးသွားပါမယ်။(၁) ဆီးကျိတ်ကင်ဆာ။ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: ၉၉ ရာခိုင်နှုန်းခန့်။ဆီးကျိတ်ကင်ဆာအများစုဟာ ကြီးထွားနှုန်း အင်မတန်နှေးကွေးပြီး လုံးဝကြီးမလာတော့တဲ့ ကင်ဆာကျိတ်တွေလည်း ရှိပါတယ်။ အချို့ ကင်ဆာကျိတ်တွေဆိုရင် အထူးတလည် ကုသမှုခံယူဖို့တောင် မလိုတတ်ပေမယ့် ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေကို ပျံ့နှံ့နေပြီဆိုရင်တော့ ကုသရခက်သွားတတ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့၊အဲ့ဒီလို အနေအထားမရောက်ခင်မှာပဲ သင့်မှာ ဆီးကျိတ်ကင်ဆာရှိနေကြောင်း ဆရာဝန်က တွေ့ရှိသွားတာများပါတယ်။ဒါဖြင့်ရင် ဆီးကျိတ်ကင်ဆာကို စောစီးစွာသိဖို့က အထူးအရေးပါလာပါတယ်။ ဆီးကျိတ်ကင်ဆာကို ထောက်လှမ်းသိရှိနိုင်မယ့် နည်းလမ်းနှစ်မျိုး ရှိပါတယ်။ ပထမတစ်နည်းက သင့်စအိုထဲကို ဆရာဝန်က လက်ထည့်စမ်းမယ့်နည်းဖြစ်ပြီး နောက်တစ်နည်းကတော့ PSA test လို့ခေါ်တဲ့ သွေးစစ်တဲ့ နည်းလမ်းပါ။ ဆီးကျိတ်ကင်ဆာ ရှိနေရင် သွေးထဲမှာ များပြားလာတတ်တဲ့ ပရိုတင်းတစ်မျိုးရဲ့ ပမာဏကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆီးကျိတ်ကင်ဆာမရှိသူတွေမှာလည်း အခြားအကြောင်းအမျိုးမျိုးကြောင့် ဒီပရိုတင်းပမာဏ တက်နေတတ်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်မှသာ စစ်ဆေးသင့်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဆီးသွားရခက်ခဲခြင်း၊ဆီးထဲသွေးပါခြင်း စတဲ့ ပြဿနာတွေကို ခံစားလာရပြီဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ ဒါတွေဟာ ဆီးကျိတ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။(၂) သိုင်းရွိုက်ကင်ဆာ။ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ : ၉၈ ရာခိုင်နှုန်းခန့် (တစ်ရှူးအမျိုးအစားပေါ် မူတည်ပါတယ်)။သိုင်းရွိုက်ဆိုတာဟာ သင့်လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းတခုဖြစ်ပြီး သင့်ခန္ဓါကိုယ်ထဲက ကယ်လ်လိုရီတွေကို လောင်ကျွမ်းပေးဖို့၊နှလုံးခုန်နှုန်းကို ထိန်းချုပ်ဖို့ အစရှိတဲ့ လုပ်ငန်းတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးပါတယ်။Papillary လို့ခေါ်တဲ့ အဖြစ်အများဆုံး သိုင်းရွိုက်ကင်ဆာအမျိုးအစားဟာ ကြီးထွားနှုန်း အင်မတန်နှေးကွေးပါတယ်။ ကင်ဆာကျိတ်ကြီးလာရင် ဒါမှမဟုတ် ဘေးနားက တစ်ရှူးတွေကို စပျံ့နေပြီဆိုရင် ဆရာဝန်တွေအနေနဲ့ ဂလင်းတစ်ခုလုံးကို ဖြတ်ထုတ်ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ကင်ဆာတွေဟာ စောစီးစွာ သိရှိတတ်တာကြောင့် အလွယ်တကူပဲ ကုသနိုင်ပါတယ်။ သိုင်းရွိုက်ကင်ဆာကို စောလျင်စွာ သိရှိနိုင်ဖို့အတွက် စစ်ဆေးပြုလုပ်ရတဲ့ screening test တော့ မရှိသေးပါဘူး။ ဒါပေမယ့် သင့်လည်ပင်းမှာ အလုံးအကျိတ်တစ်စုံတရာ စမ်းမိပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ တခြားအကြောင်းရင်းတစ်ခုခုနဲ့ လည်ပင်းကို အာထရာဆောင်းရိုက်ရင်း ခရီးသွားဟန်လွှဲ သိလိုက်ရတာမျိုးလည်း ရှိပါတယ်။(၃) ဝှေးစေ့ကင်ဆာ။ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ : ၉၅.၁ ရာခိုင်နှုန်း။ကင်ဆာကျိတ်ကို စောစောစီးစီး သိပြီ၊တခြားနေရာတွေဆီ မပျံ့ခင် သိပြီဆိုရင် ဝှေးစေ့တစ်လုံး ဒါမှမဟုတ် နှစ်လုံးစလုံးကို ဖယ်ရှားပစ်ခြင်းဖြင့် ဝှေးစေ့ကင်ဆာကို ကုသနိုင်ပါတယ်။ အများအားဖြင့်တော့ ဝှေးစေ့တစ်လုံးကိုပဲ ဖြတ်ထုတ်ရလေ့ရှိပြီး ပုံမှန်လိင်မှုဘဝရရှိဖို့၊ကလေးရနိုင်ဖို့အတွက် လိုအပ်တဲ့ ကျားဟော်မုန်းတွေကို ကျန်တဲ့ ဝှေးစေ့တစ်လုံးက လုံလုံလောက်လောက် ထုတ်ပေးနိုင်ပါတယ်။ အဆင့်မြင့်လာတဲ့ ကင်ဆာအတွက်ကိုတော့ ခွဲစိတ်ကုသခြင်းအပြင် ဓါတ်ကင်ခြင်း ဒါမှမဟုတ် ဆေးသွင်းခြင်းနဲ့ပါ တွဲဖက်ကုသရပါတယ်။၁၉၇၀ ပြည့်နှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ cisplatin ဆေးဟာ ဝှေးစေ့ကင်ဆာ ဝေဒနာရှင်တွေရဲ့ အသက်ရှင်နှုန်းကို သိသိသာသာကြီး မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ဝှေးစေ့ကင်ဆာအတွက်လည်း စောလျင်စွာ သိရှိစေနိုင်တဲ့ screening test မရှိသေးပါဘူး။(၄) Melanoma အရေပြားကင်ဆာ။ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ : ၉၁.၇ ရာခိုင်နှုန်း။ဒီကင်ဆာဟာ သာမန်မျက်စိနဲ့တောင် အလွယ်တကူ မြင်တွေ့နိုင်တာမို့ စောစီးစွာ သိရှိစေပါတယ်။ အရေပြားမျက်နှာပြင်ပေါ်ကနေ အခြားနေရာတွေထိ မပျံ့သေးဘူးဆိုရင် ခွဲစိတ်ကုသတဲ့နည်းနဲ့ အလွယ်တကူ ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် စောစောစီးစီး မသိဘူးဆိုရင်တော့ Melanoma အရေပြားကင်ဆာဟာ အခြားအရေပြားကင်ဆာတွေထက် ပျံ့နှံ့နှုန်းမြန်တယ်ဆိုတာကို သတိပြုရပါမယ်။ ကံကောင်းတဲ့အချက်က ဒီရောဂါကို စောလျင်စွာ တွေ့ရှိနိုင်ဖို့အတွက် screening test တွေ ရှိနေတာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ကျောကုန်းဖက်၊ဦးရေပြား၊ကပ္ပါယ်အိတ်နဲ့ ခြေချောင်းလေးတွေကြားထဲကို စစ်ဆေးဖို့ အထူးတလည် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဆိုပါနေရာတွေဟာ ပုံမှန်အတိုင်းဆိုရင် ကြည့်ရှုစစ်ဆေးခဲတဲ့ နေရာတွေဖြစ်လို့ပါ။ သင့်အရေပြားမှာ မူမမှန်တဲ့ အမည်းကွက်တွေ တွေ့ရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ အရင်က ဖြစ်ဖူးရင် ဒါမှမဟုတ် မျိုးရိုးရှိရင် ပိုသတိထားပါ။(၅) ရင်သားကင်ဆာ အစောပိုင်းအဆင့်။ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: အစောပိုင်းအဆင့် ၀ နဲ့ ၁အတွက် – ၉၉ – ၁၀၀ ရာခိုင်နှုန်း။အဓိကအချက်ကတော့ ဆေးသိပ္ပံပညာ ပိုမိုထွန်းကားလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ ရင်သားကင်ဆာ ရှိ၊မရှိ ဘယ်လိုရှာဖွေရမယ်၊ဘယ်လို ကုသရမယ်ဆိုတာကို ပိုမို ကျွမ်းကျင်သဘောပေါက်လာကြပါပြီ။ ရင်သားကင်ဆာဟာ ပုံစံအမျိုးမျိုး ရှိတတ်တဲ့အတွက် ဖြစ်တဲ့အမျိုးအစားပေါ်လိုက်ပြီး မတူညီတဲ့ ဆေးတွေပေးရမယ်ဆိုတာကိုလည်း ပိုမိုနားလည်လာကြပြီဖြစ်ပါတယ်။ ခန္ဓါကိုယ်အခြားနေရာတွေဆီ မပျံ့နှံ့ခင် ကြိုတင်ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။Mammogram လို့ခေါ်တဲ့ ရင်သားဓါတ်မှန်ကို ပုံမှန်ရိုက်ပေးခြင်းအားဖြင့် သင့်မှာ မူမမှန်တဲ့ အရာတစ်ခုခု ရှိနေပြီဆိုရင် စောလျင်စွာ သိရှိနိုင်ပါတယ်။ ဒါပေမယ့် ‘ပုံမှန်’စစ်ဆေးတယ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ လမ်းညွှန်ချက် အမျိုးမျိုးတော့ ရှိနေပါတယ်။ တချို့တွေက အသက်၅၀ကျော်မှ ရင်သားဓါတ်မှန် တနှစ်တခါ ရိုက်သင့်တယ်လို့ ဆိုကြသလို တချို့က ကျပြန်တော့လည်း ၄၅နှစ်လောက်ကတည်းက တစ်နှစ်တစ်ခါ ရိုက်သင့်တယ်လို့ ဆိုကြပြန်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%a1%e1%80%99%e1%80%bb%e1%80%ac/
body dysmorphic disorder အကြောင်း သိကောင်းစရာ
body dysmorphic disorder ဟာ အရမ်းအန္တရာယ်ကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ဒီရောဂါဟာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်လို့ပါပဲ။ ဒါ့အပြင် ဒီရောဂါဟာ လူအများအပြားရဲ့ ဘဝကို အနှောင့်အယှက်ပေးနေတာကြောင့် body dysmorphic disorder ရောဂါကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဖူး။Body dysmorphic disorder ဆိုတာဘာလဲ။Body dysmorphic disorder ဆိုတာဟာ လူတယောက်အနေနဲ့ သူ့မှာရှိတဲ့ တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာတွေကို တချိန်လုံးစိတ်ထဲမှာ တွေးတွေးပြီး သောကရောက်နေတဲ့ စိတ်ရောဂါ တမျိုးပဲ ဖြစ်ပါတယ်။ ပြဿနာက သူကသာ အကြီးအကျယ် စိတ်ထိခိုက်နေပေမယ့် အဲ့ဒီ အပြစ်အနာအဆာတွေဆိုတာဟာ တခြားသူတွေအတွက် သတိတောင်မထားလိုက်မိမယ့် အသေးအမွှား အပြစ်အနာအဆာမျိုးလေးတွေသာ ဖြစ်နေလေ့ရှိတာပါ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဒါကိုသာ စွဲနေတဲ့အတွက် အင်မတန်ရှက်ရွံ့နေသလို စိုးရိမ်ပူပန်သောကစိတ်တွေ များလာပြီး လူတွေကို ရှောင်လာကာ အပြင်လည်း မထွက်တော့ဘဲ တဖြည်းဖြည်းနဲ့ လူတောမတိုးဖြစ်လာပါတော့တယ်။Body dysmorphic disorder ဟာ ဆယ်ကျော်သက်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ကျားမ မရွေး ဖြစ်နိုင်ပါတယ်။ ဆေး ဒါမှမဟုတ် အမူအကျင့်ပိုင်းဆိုင်ရာ ပြောင်းလဲရေး စိတ်ပိုင်းဆိုင်ရာ ကုသမှုနဲ့ ဒီရောဂါကို ကုသနိုင်ပါတယ်။ရောဂါလက္ခဏာတွေ။-ပုံမှန်အားဖြင့်လူတွေအမြင်မှာ အရေးမပါတဲ့ အင်မတန်သေးငယ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာလေးအတွက် အလွန်အကျွံ စိတ်ဖိစီးဆင်းရဲ ပူပန်သောက ရောက်နေတာ။-သင့်ကို ရုပ်ဆိုးသွားစေတဲ့ ဒါမှမဟုတ် လူတောမတိုးလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ အပြစ်အနာအဆာမျိုးရှိတယ်လို့ တထစ်ချ ယုံကြည်နေတာ။-သင့်ရဲ့ ဆိုးရွားလှတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် လူတွေက သင့်ကို အထူးအလည် သတိပြုမိမယ်၊ ဆေးဖော်ကြောဖက် လုပ်မှာမဟုတ်ဖူး ဒါမှမဟုတ် အနိုင်ကျင့်လှောင်ပြောင်ကြမယ်လို့ အခိုင်အမာ ယုံကြည်နေတာ။-ရုပ်ရည်အပြစ်အနာအဆာကို ဖုံးဖိဖို့ ဒါမှမဟုတ် ပြုပြင်ဖို့ တချိန်လုံးကြိုးစားနေတာ၊မလုပ်ဘဲ မနေနိုင်တာ(ဥပမာ မှန်တချိန်လုံးကြည့်နေတာ၊ခေါင်းဖီးနေတာ ဒါမှမဟုတ် အရေပြားကို ဆွဲဆွဲနေတာမျိုး)။-မိတ်ကပ်တွေ၊ဆံပင်တုတွေ၊ဦးထုပ်တွေ၊အဝတ်အစားတွေ၊ခန္ဓါကိုယ် အနေအထား စတာတွေနဲ့ အပြစ်အနာအဆာ(လို့သူတို့ထင်နေတဲ့ အရာတွေ)ကို ဖုံးကွယ်ဖို့ ကြိုးစားတာ။-ကိုယ့်ရုပ်ရည်သွင်ပြင်ကို တခြားလူတွေနဲ့ မနှိုင်းယှဉ်ဘဲ မနေနိုင်တာ။-ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီး တခြားသူတွေက နှစ်သိမ့်အားပေးတာကို အမြဲလိုလို ခံချင်တာ။-ပြီးပြည့်စုံတဲ့သူ ဖြစ်ချင်တာ။-လူတွေနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရမယ့် အခြေအနေတွေကို ရှောင်ရှားတာ။-မှန်လုံးဝမကြည့်တာ၊ခွဲစိတ်မှု ပြုလုပ်ဖို့ ကြိုးစားတာ၊ကိုယ်ကာယလေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ။-ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့ပဲ တချိန်လုံးစိတ်ထဲစွဲနေတာကြောင့် ပေါင်းသင်းဆက်ဆံရေး၊အလုပ်၊ကျောင်း ဒါမှမဟုတ် တခြားနေရာတွေမှာ ထိခိုက်မှု ပြဿနာတွေ ကြီးကြီးမားမား ရှိလာတာ။•ဒီစိတ်ရောဂါ ဘာလို့ ဖြစ်ရတာလဲ။ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပါဖူး။ ဒါပေမယ့် တခြားသော စိတ်ဝေဒနာတွေလိုပဲ ဒီရောဂါဟာလည်း အကြောင်းတရားတွေ အများကြီးပေါင်းစုံပြီး ဖြစ်လာရတာလို့ အကြမ်းဖျဉ်းယူဆလို့ ရပါတယ်။ဥပမာ။-မျိုးဗီဇ : လေ့လာမှုတွေအရ body dysmorphic disorder ဟာ အမျိုးထဲမှာ ဒါမျိုးရောဂါရှိတဲ့သူ ဒါမှမဟုတ် obsessive-compulsive disorder လို့ခေါ်တဲ့ စိတ္တဇဝေဒနာတမျိုးရှိသူတွေရှိရင် ပိုပြီး အဖြစ်များတယ်လို့ သိရပါတယ်။-ဦးနှောက်ဆိုင်ရာ ပြဿနာတွေ : ဦးနှောက်ဖွဲ့စည်းပုံ ဒါမှမဟုတ် အလုပ်လုပ်ပုံ မူမမှန်ရင်လည်း ဒီစိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။-ပတ်ဝန်းကျင် : ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ဘဝမှာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ ဒါမှမဟုတ် ဓလေ့ထုံးတမ်းတွေကလည်း body dysmorphic disorder ကိုဖြစ်စေတဲ့ အဓိက တရားခံတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရည်။ဒါမှမဟုတ် ခန္ဓါကကိုယ် ပုံစံအနေအထားကို ဆိုးဆိုးရွားရွား ပြောဆိုဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ကြုံတွေ့ ခဲ့ရရင် ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးဘဝက လျစ်လျူရှုခံခဲ့ရတာ ဒါမှမဟုတ် အနိုင်ကျင့်စော်ကားခံခဲ့ရာတာမျိုးတွေကြောင့်လည်း body dysmorphic disorder ဖြစ်လာနိုင်ပါတယ်။•ဘယ်လို အခြေအနေမျိုးဖြစ်လာရင် ဆရာဝန်နဲ့ ပြသရမလဲ။body dysmorphic disorder ကို ခံစားနေရသူဟာ ရှက်တာကြောင့် ဆရာဝန်နဲ့ ပြဖို့ကို အာသီသ ရှိမှာ မဟုတ်ပါဖူး။ ဒါပေမယ့် body dysmorphic disorder ရဲ့ လက္ခဏာတွေကို တွေ့နေရပြီဆိုတာနဲ့ ဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးကျွမ်းကျင်သူဆီ အမြန်ဆုံးသာ ပြသပါတော့။body dysmorphic disorder ဟာ သူ့အလိုလို ပျောက်သွားနိုင်တဲ့ ရောဂါမဟုတ်တဲ့အပြင် ဒီအတိုင်းပစ်ထားမယ်ဆိုရင် စိတ်ကျတာ၊စိုးရိမ်ပူပန်သောကရောက်တာ၊ဆေးကုသစရိတ်ကြီးမြင့်တာ၊မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားတာ၊တွေးတော ကြံစည်တာ အစရှိတဲ့ ဆိုးရွားပြီး အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေဆီ ဦးတည်လာနိုင်ပါတယ်။ဒါကြောင့် အကယ်၍များ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ရဲ့ ချစ်သူခင်သူ တယောက်ယောက် အနေနဲ့ body dysmorphic disorder ခံစားနေရပြီလို့ ယူဆတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး အကူအညီ၊လမ်းညွှန်မှုတို့ကို ရယူပြီး ကုသမှုကို ခံယူခြင်းက အကောင်းဆုံးဖြစ်ပါကြောင်း။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/body-dysmorphic-disorder-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%ad%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%9b%e1%80%ac/
ရင်သွေးတွေ ကောင်းမွန်စွာဖွံ့ဖြိုးလာအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်ဆည်းပေးကြမလဲ
သင်ဟာရင်သွေးတွေကို ပျိုးထောင်ပေးနေရတဲ့ မိခင်တစ်ဦးဆိုပါစို့။ သားသားမီးမီးတွေရဲ့ အစားအသောက် စားသောက်ပုံနည်းလမ်းတွေအပေါ် သင့်ရဲ့ လွှမ်းမိုးမှုက သင်ထင်ထားတာထက် ပိုပါတယ်။ ရင်သွေးတွေကို သင့်ရဲ့ ကျွေးမွေးပြုစုပုံနည်းလမ်းဟာ ကလေးတို့ ကောင်းမွန်စွာ ဖွံ့ဖြိုးလာရေးမှာ ဘယ်လောက်တောင် အရေးပါလှသလဲဆိုတာကို သင် တွေးကြည့်မိဖူးရဲ့လား။တကယ်တော့ သားသားမီးမီးတွေအတွက်အာဟာရဓာတ် (Nutrient)ဟာ မိဘတွေပေးတဲ့ အကောင်းဆုံး ခွန်အားဖြစ်ပါတယ်။ အာဟာရဓာတ်ဟာ ရင်သွေးတွေ ဖွံ့ဖြိုးလာဖို့အတွက် ရုပ်ပိုင်းဆိုင်ရာမှာသာမက စိတ်ပိုင်းဆိုင်ရာအရလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ကလေးတွေဟာ အာဟာရပြည့်ဝတဲ့အစားအစာတွေထက် ပုံပန်းသဏ္ဍာန်အားဖြင့် နှစ်လိုဖွယ်အဆင်းရှိတဲ့ မုန့်တွေ၊ အဆာပြေအစားအစာတွေကို ပိုမိုနှစ်သက်တတ်ကြပါတယ်။ မိဘတွေအတွက်တော့ တစ်ခါတရံမှာ မိမိတို့ရဲ့ သားသားမီးမီးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာမျိုးတွေ ကျွေးမွေးရတာဟာ လေဆန်မှာ တောင်တက်ရသလိုပါပဲ။ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့ ဒါဟာ သားသားမီးမီးတွေရဲ့ အနာဂတ်မှာ ရေရှည်ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အုတ်မြစ်တစ်ခုဖြစ်လို့ပါပဲ။အာဟာရဓာတ်ဆိုတာက ဘယ်လိုအသက်အရွယ်မျိုးအတွက်မဆို အရေးပါတဲ့သက်စောင့်ဓာတ်ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက်ဆိုရင် ကိုယ်လက်ကြံ့ခိုင်စေဖို့၊ ကျန်းမာသန်စွမ်းစေဖို့နဲ့ ဖွံ့ဖြိုးကြီးထွားစေဖို့ အာဟာရဓာတ်တွေ မှန်ကန်စွာဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကလေးတွေကို ငယ်ရွယ်စဉ်မှာပဲ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ ကျွေးမွေးစောင့်ရှောက်ပြီး အာဟာရဆိုင်ရာ ဗဟုသုတတွေ နားလည်လာအောင် မျှဝေပေးတာဟာ ရင်သွေးရဲ့ ဘဝတစ်သက်တာအတွက် အကောင်းဆုံး အခြေခံအုတ်မြစ်ကို ချပေးလိုက်တာဖြစ်ပါတယ်။ပြည့်စုံကြွယ်ဝတဲ့ အာဟာရဓာတ်နဲ့ မိခင်တစ်ယောက်ရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုတွေကသာ ရင်သွေးတွေရဲ့ ဘဝတစ်လျှောက်လုံးစာအတွက် စစ်မှန်တဲ့ ခွန်အားနဲ့ ကောင်းမွန်တဲ့ အနာဂတ်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။သားသားမီးမီးတွေအနေနဲ့ သူတို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို မိခင်တွေက နေ့စဉ်ကျွေးမွေးတဲ့ အစားအစာတွေကနေ အဓိကရရှိပါတယ်။ မိခင်က မှန်ကန်သင့်လျော်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစားတွေကို ရွေးချယ်ကျွေးမွေးနိုင်မှသာ ရင်သွေးတွေဟာ လုံလောက်တဲ့ အာဟာရဓာတ်ပြည့်ဝစွာရရှိမှာဖြစ်ပါတယ်။အမေရိကန် ကျန်းမာရေးဌာနက လမ်းညွှန်ထားတဲ့DietaryGuidelines အရဆိုရင် မိဘတွေအနေနဲ့ ရင်သွေးတွေကို အောက်ပါ အစားအစာ ၅ မျိုး မျှတစာပါဝင်အောင် နေ့စဉ် စီမံကျွေးမွေးသင့်တယ်လို့ ဆိုထားပါတယ်။ ဒီတော့ ရင်သွေးတွေ ကောင်းမွန်စွာဖွံ့ဖြိုးလာအောင် ဒါလေးတွေ ပြင်ဆင်ပေးဖို့ လိုပါမယ်။ဒါ့အပြင် တစ်ဖက်မှာလည်း သကြား၊ ဆိုဒီယမ်၊ အဆီဓာတ်နဲ့ Saturated Fats တွေပါဝင်တဲ့ အစားအစာမျိုးတွေနဲ့ အသင့်စား အစားအစာတွေကိုတော့ တတ်နိုင်သမျှ ဂရုတစိုက် ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုပါတယ်။မိခင်ဆိုတာ ရင်သွေးရဲ့ အာဟာရဓာတ်တွေကို စီမံခန့်ခွဲတဲ့ မန်နေဂျာတစ်ယောက်လိုပါပဲ။ စီမံခန့်ခွဲမှုကောင်းမွန်မှသာ ရင်သွေးက ကျန်းမာပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ကိုယ်တိုင် နည်းမှန်လမ်းမှန်တဲ့ ကျွေးမွေးစောင့်ရှောက်ရမှာဖြစ်သလို ရင်သွေးကိုလည်း ကြီးပြင်းလာစဉ်တစ်လျှောက်လုံးမှာ အာဟာရဓာတ်ရဲ့ အရေးပါပုံကို နားလည်အောင် သင်ကြားပေးသင့်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသောက်တာဟာ သူ့အတွက် ဘယ်လောက်တောင် အကျိုးရှိတယ်ဆိုတာမျိုးပေါ့။ စစ်တမ်းတွေအရဆိုရင်သားသားမီးမီး၇၀% လောက်က သူတို့ရဲ့ မိခင် ဖခင်တွေနဲ့ အာဟာရဓာတ်နဲ့ အစားအစာတွေအကြောင်းကို ပြောဆိုဖို့ စိတ်ပါဝင်စားကြပေမယ့် အုပ်ထိန်းသူတွေကတော့ ဒီကိစ္စတွေကို ပြောဆိုဖို့ မေ့နေကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရင်သွေးတို့နဲ့ သူတို့ စားသောက်နေတဲ့ အစားအစာတွေအကြောင်း ပြောကြည့်ဖို့ တိုက်တွန်းလိုပါတယ်။နောက်ပြီး မိခင်တွေအနေနဲ့ ရင်သွေးတွေကို အာဟာရဓာတ်ပြည့်ဝအောင် ပြုစုကျွေးမွေးရာမှာ အောက်ပါအချက်တွေကိုလည်း သိထားသင့်ပါသေးတယ်။ရင်သွေးတွေ ကောင်းမွန်စွာဖွံ့ဖြိုးလာအောင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်လိုက်ရအောင်လား။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/supporting-your-kids-best-development/
စားချဉ့်ပြန်ရောဂါ (Gastroesophageal Reflux Disease)
စားချဉ့်ပြန်ရောဂါGastroesophageal Reflux Disease (GERD) ဆိုတာ အစာအိမ်နဲ့ အစာရေမျိုကြားက ဆက်ထားတဲ့ ကြွက်သားလေး ပျက်စီးလျော့ရဲလာခြင်းကြောင့်ဖြစ်တဲ့ အစာခြေခြင်းစနစ်နဲ့ သက်ဆိုင်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေမှာပါ တွေ့ရတတ်ပါတယ်။အစာခြေရည်တွေ အစာအိမ်မှတစ်ဆင့် အစာရေမျိုပြွန်ထဲကို ပြန်တက်လာခြင်းကြောင့် အစာရေမျိုအပေါ်ယံလွှာ ပေါက်ပြဲသွားနိုင်ပြီး မသက်မသာခံစားရနိုင်ပါတယ်။အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဂရုစိုက်နေထိုင်ခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ခံတွင်းချဉ်ခြင်းနှင့်တွဲလျက်ရင်ပူခြင်းတစ်ခါတစ်ရံလည်ချောင်းပူခြင်းပါ တွေ့ရနိုင်ပါတယ်။ ဒါ့ပြင်။တစ်ပတ်နှစ်ကြိမ်အနည်းဆုံး ဒီလက္ခဏာတွေ တွေ့နေရပြီဆိုရင် (သို့) နေ့စဉ်အလုပ်တွေကိုပါ ထိခိုက်လာပြီဆိုရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ အများစုက အစားအသောက်၊ အနေအထိုင်ပြောင်းလဲခြင်းနဲ့ ဆေးဆိုင်က ဝယ်သောက်တဲ့ဆေးတွေနဲ့တင် သက်သာနိုင်ပါတယ်။ တစ်ခါတရံမှာတော့ ထိရောက်တဲ့ ဆေးကုသမှုတွေနဲ့ ခွဲစိတ်ကုသမှုတွေ လိုပါလိမ့်မယ်။အစာရေမျိုထဲကို အက်ဆစ်တွေ ဆန်တက်ခြင်းကြောင့် အဓိကဖြစ်နိုင်ပါတယ်။ ပုံမှန်ဆိုရင် အစာနဲ့ အရည်တွေဟာ အောက်ဘက်အစာအိမ်ထဲကိုသာ ဆင်းသွားရမှာဖြစ်ပါတယ်။ အစာကို မျိုချလိုက်ချိန်မှာအစာရေမျိုအောက်ခြေကြွက်သားအဆက်လေးက ပွင့်သွားပြီး အစာတွေက အစာအိမ်ထဲကိုဝင်သွားရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ပြန်ပိတ်သွားရမှာ ဖြစ်ပါတယ်။ ဒီကြွက်သားလျော့ရဲပြီး ကောင်းကောင်းမလုပ်နိုင်လာတဲ့အခါမှာတော့ အစာအိမ်ထဲက အစာခြေရည်တွေ ပြန်ဆန်တက်စေနိုင်ပါတယ်။အောက်ပါအချက်တွေကြောင့် ပိုဖြစ်နိုင်ပါတယ်။သင့်ရဲ့လက္ခဏာတွေပေါ်အခြေခံပြီး ရောဂါအမည်တပ်နိုင်ပေမဲ့ သေချာအောင်တော့ အောက်ပါစမ်းသပ်မှုတွေ ထပ်လုပ်ရပါလိမ့်မယ်။လူအများစုကတော့ ဖြစ်လာရင် သောက်ဆေးလောက်နဲ့ သက်သာသွားတတ်ကြပါတယ်။ဒါတွေက လက္ခဏာကိုပဲ သက်သာစေတာဖြစ်လို့ အခြေအနေပိုဆိုးလာတယ်ဆိုရင် (သို့) ဆေးသောက်ပြီး အကျိုးမထူးဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးတွေက စားချဉ့်ပြန်ရောဂါကို ကုသရာမှာနဲ့ လက္ခဏာတွေ သက်သာအောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။စားချဉ့်ပြန်ရောဂါ က အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ အများစုက မပြင်းထန်တာကြောင့် ဆေးဝါးတွေ၊ စားသောက်နေထိုင်ပုံ ပြောင်းးလဲတာတွေနဲ့ သက်သာနိုင်ပါတယ်။ ခဏခဏ ခံစားနေရရင်၊ ဆေးသောက်တာတောင် မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး သေချာကုသသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/gastroesophageal-reflux-disease-explained/
အရေပြားပေါ်မှာဖြစ်တဲ့ ရေကြည်ဖုတွေကို ဖောက်သင့်လား
ထိခိုက်မိတာကြောင့်ဖြစ်ဖြစ် အပူလောင်တာ နဲ့ အရေပြားမှာရောဂါပိုးတစ်ခုခုကူးစက်တဲ့အခါ အရေပြားမှာရေကြည်ဖုလေးတွေဖြစ်နိုင် ပါတယ်။ ဒီလိုရေကြည်ဖုလေးတွေဖြစ်လာတဲ့အခါ အသည်းယားလို့ဖြစ်ဖြစ်နေရထိုင်ရ ကသိကအောင့်ဖြစ်လို့ပဲဖြစ်ဖြစ်ဖောက်ပစ်ချင်တာမျိုးရှိနိုင်ပါတယ်။ရေကြည်ဖုတွေကို တကယ်ရောဖောက်ပစ်သင့်ရဲ့လား။ရေကြည်ဖုတွေကိုဖောက်ပစ်တာက ထိခိုက်ဒဏ်ရာပြဿနာတွေအတွက် အဖြေကောင်းတစ်ရပ် အမြဲတော့မဖြစ်နိုင်ပါဘူး။ရေကြည်ဖုဆိုတာက ထိခိုက်မိတာ အပူလောင်တာတွေကြောင့် အရေပြားအပေါ်ဆုံးလွှာထိခိုက်ပျက်စီးသွားတဲ့အခါတွေ့ရနိုင်တဲ့ လက္ခဏာတစ်ရပ်ပါ။ ကိုယ်တိုင်က သတိမထားမိရင်တောင် အရေပြားမှာထိခိုက်မိထားတယ်ဆိုတာကို ရေကြည်ဖုလေးတွေကဖော်ပြပေးနေပါတယ်။ လမ်းအရမ်းလျှောက်ရတဲ့အခါမျိုး စီးထားတဲ့ ဖိနပ်နဲ့ အဆင်မပြေတဲ့အခါမျိုးမှာလည်းခြေထောက်မှာရေကြည်ဖုလေးတွေဖြစ်နိုင်ပါတယ်။အရေပြားမှာရေကြည်ဖုလေးတွေဖြစ်တာက ခန္ဓါကိုယ်ရဲ့ အနာကျက်ဖြစ်စဉ်တွေထဲကတစ်ခုပါ။ အပူလောင်နာတော်တော်များများကရေကြည်ဖုလေးတွေဖြစ်တတ်ကြပါတယ်။ အရေပြားအပေါ်ယံလွှာက အနာထဲကိုရောဂါပိုးတွေနဲ့ပြင်ပက အခြားအရာတွေမဝင်ရောက်နိုင်အောင်ကာကွယ်ပေးထားတာပါ။ ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပျက်စီးသွားတဲ့အခါမှာတော့ ထိခိုက်မိတာကြောင့်ဖြစ်လာတဲ့ ရေကြည်ဖုလေးထဲက အရည်တွေက ထိခိုက်ထားတဲ့အရေပြားကို အာဟာရပြည့်ဝအောင်လုပ်ဆောင်ပေးပြီး အနာကျက်မြန်အောင်လုပ်ဆောင်ပေးပါတယ်။အနာကြောင့်ဖြစ်တဲ့ရေကြည်ဖုကနေ့စဉ်လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်တာမျိုးမရှိဘူးဆိုရင်တော့ မဖောက်ထုတ်သင့်ပါဘူး။ရောကည်ဖုကြောင့် နာကျင်နေတာ လမ်းလျှောက်ရခက်တာ လုပ်ကိုင်ရခက်တာမျိုးမရှိဘူးဆိုရင် မဖောက်ထုတ်ဖို့ပြောပါရစေ။ရေကြည်ဖုတဝိုက်ကို သန့်ရှင်းအောင်ထားပြီး ပတ်တီးစသန့်သန့်လေးနဲ့အုပ်ထားပေးလိုက်ပါ။ တကယ်လို့ ဆီးချိုရောဂါရှိနေခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။အရေပြားပေါ်မှာရေကြည်ဖုလေးတွေဖြစ်နေတယ်ဆိုရင် ကုတ်ဖဲ့တာ၊ဖောက်ထုတ်တာ ဆိတ်ဆွတာမျိုးမလုပ်သင့်ပါဘူး။ အနာကအပေါက်ဖြစ်သွားတဲ့အခါ အနာကျက်နှေးသွားနိုင်သလို အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေလည်းများသွားပါတယ်။ အပေါ်ယံအရေပြားလွှာကရောဂါပိုးတွေကို ကာကွယ်ပေးထားတဲ့ အရံအတားတစ်ခုပါ။ရေကြည်ဖုက မပေါက်တတ်တဲ့အရာတော့ မဟုတ်ပါဘူး။ရေကြည်ဖုက သူ့အလိုလိုပေါက်ထွက်တတ်ပါတယ်။ရေကြည်ဖုပေါက်သွားတဲ့အခါ အနာထဲကိုရောဂါပိုးတွေ မဝင်ရောက်အောင်မတားဆီးနိုင်တော့ပါဘူး။သေးငယ်တဲ့ အရေပြားပေါက်ပြဲရာကနေတဆင့်ရောဂါပိုးတွေက အလွယ်တကူဝင်ရောက်လာပြီး အနာကျက်နှေးတာနဲ့ မလိုလားအပ်တဲ့ အနာပိုးဝင်မှုပြဿနာတွေဖြစ်လာနိုင်ပါတယ်။တကယ်လို့ရေကြည်ဖုကပေါက်သွားပြီဆိုရင်တော့အပေါ်ယံအရေပြားကို ပိုးသတ်ထားတဲ့ ကတ်ကြေး၊ လက်သည်းညှပ် ဒါမှမဟုတ် အပ်တစ်ခုခုကို အသုံးပြုပြီးအနာပေါက်ကိုဖောက်ပေးပါ။ အရည်တွေကုတ်သွားအောင်ထုတ်လိုက်ပါ။ပြီးရင် သန့်ရှင်းရေးလုပ်ပြီး အဆီတစ်မျိုးမျိုးလူးပေးပါ။ အနာပေါ်ကို ပတ်တီးစသန့်သန့်လေးအုပ်ပေးပြီး စက္ကူတိတ်နဲ့ကပ်ပေးပါ။အနာပေါက်ဖြစ်အောင်ရေကြည်ဖုကိုဖယ်ရှားတဲ့အခါမှာလည်း အရေပြားအားလုံးကိုဖယ်ထုတ်ပစ်ဖို့တော့မလိုပါဘူး။ရေကြည်ဖုရဲ့ အရေပြားက အရေပြားအောက်ဘက်ကအလွှာတွေကို ကာကွယ်ပေးနေဆဲဖြစ်တာကြောင့် အလုံးစုံကို မဖဖယ်ထုတ်ဖို့ပြောပါရစေ။ သတထားရမှာတစ်ခုကရေကြည်ဖုကိုဖယ်ရှားတဲ့အခါ အသုံးပြုမယ့် အပ်၊ ကပ်ကြေး၊ လက်သည်းညှပ်တွေကို အရက်ပြန်ထဲမှာ မိနစ် ၂၀ ကြာစိမ်ထားပြီး ပိုးသတ်တာမျိုးလုပ်ပေးဖို့ပါ။ အရက်ပြန်အလွယ်တကူမရှိဘူးဆိုရင်Betadineဆေးရည်နဲ့ပိုးသတ်ပေးလို့လည်းရပါတယ်။တစ်ခါတလေမှာရေကြည်ဖုတွေကမပေါက်ဘဲဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာတော့ –။သွားလာလှုပ်ရှားရင်းနဲ့ဖြစ်ဖြစ်ရေကြည်ဖုပေါက်သွားခဲ့ရင် –။အနာဖြစ်ပြီးတဲ့နောက် အရေပြားမှာရေကြည်ဖုလေးတွေဖြစ်လာတ်တာက အနာကျက်မှုဖြစ်စဉ်ရဲ့တစ်စိတ်တစ်ပိုင်းပါ။ အပူလောင်ထားတဲ့ ဒဏ်ရာတွေမှာရေကြည်ဖုတွေဖြစ်တာကို ပိုတွေ့ရတတ်ပါတယ်။ရေကြည်ဖုတွေကို မဖောက်ဘဲထားတာကောင်းပေမယ့်ရေကြည်ဖုကပေါက်သွားတဲ့အခါမှာတော့ မဖြစ်မနေဖောက်ထုတပစ်ဖို့လိုလာမှာပါ။ရေကြည်ဖုတွေကိုဖောက်ထုတ်တော့မယ်ဆိုရင် –။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%99%e1%80%bd%e1%80%ac%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%b1%e1%80%9b/
နှလုံးကင်ဆာဆိုတာ ရှိလား။ မရှိဘူးလား။
သြော်…ကင်ဆာ…ကင်ဆာ။ကင်ဆာဆိုတဲ့အရာက ကိုယ့်မှာရှိသမျှ အစိတ်အပိုင်းတွေအားလုံးမှာ ဖြစ်နိုင်တဲ့အရာ။ စဉ်းစားကြည့်လေ…အပေါ်ဆုံးကနေ စကြည့်ကြည့်မယ်ဆိုရင် ဦးနှောက်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ ၊ ပန်ကရိယကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ၊ စအိုကင်ဆာ၊အရေပြားကင်ဆာ။အို.. အစုံပါပဲ.. နာမည်ကြီးကင်ဆာတွေ။ အရေးကြီးတဲ့ ဘယ်အစိတ်အပိုင်းမဆို ကင်ဆာမဖြစ်တာမရှိ။ ပြောထားတဲ့ ကင်ဆာတွေအားလုံးကလည်း သူတို့ ကင်ဆာ အသိုင်းအဝိုင်းမှာ နာမည်ကြီးတွေ။ မသိသူသိပ်မရှိ။ ကိုယ်ခန္ဓါမှာရှိတဲ့ အရာအားလုံး ကင်ဆာဖြစ်နိုင်တယ်ဆိုတော့ တစ်ချက်စဉ်းစားကြည့်။ နှလုံးကင်ဆာဆိုတာရှိလား။ ကြားဖူးလား။ သိပ်မကြားဖူးတော့ မရှိဘူးလို့ ထင်ချင်စရာပဲ။ နှလုံးကင်ဆာဆိုတာ လောကကြီးမှာရှိလား မရှိလားကြည့်ရအောင်။နှလုံးကင်ဆာဆိုတာရှိပါတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။ ဖြစ်ရင်လည်း တစ်ခါထဲ အသေပဲ။ အဲလိုပြောလိုက်လို့ လန့်သွားကြဦးမယ်။ နှလုံးကင်ဆာဟာ ဖြစ်တတ်ပေမယ့် အများစုဟာ ကင်ဆာမပြောင်းနိုင်ဘူး။ ဝမ်းသာစရာပဲနော်။ နှလုံးကင်ဆာဖြစ်တာ နည်းရခြင်းအကြောင်းက နှလုံးက ဆဲလ်တွေဟာ တခြား ကလီစာက ဆဲလ်တွေလို ဆဲလ်တွေသေပြီး အသစ်ပြန်ပြန်ဖြစ်လာတာမျိုး မရှိဘူးတဲ့။ သူ့ဘာသာတောင် မွေးကတည်းက သေဆုံးတဲ့ အထိ တစ်ချက်ကလေးမနားဘဲ အလုပ်တွေလုပ်နေရတာဆိုတော့ဆဲလ်တွေပွားချိန်လည်းမရှိဘူးတဲ့။ အဲတော့နှလုံးကိုယ်တိုင်ကနေ ကင်ဆာဖြစ်တာ အင်မတန်မှ ရှားပါတယ်။ နှလုံးကင်ဆာဆိုပြီး ကြားဖူးတဲ့ သူလည်းနည်းတာပေါ့။နှလုံးထဲမှာမှ နှလုံးဘယ်ဘက်အခြမ်း၊ နှလုံးအခန်းတွေကိုခွဲခြားပေးထားတဲ့ ကြွက်သား နဲ့နှလုံးအဆို့ရှင်လေးတွေမှာ ကင်ဆာဖြစ်တတ်တယ်။ နှလုံးမှာဖြစ်တဲ့ ကင်ဆာကို ဆေးပညာအရMyxomaလို့ခေါ်တယ်။ နှလုံးကစဖြစ်ရင်တော့Primary Tumorပေါ့။ အမျိုးသမီးတွေက ပိုဖြစ်နိုင်တယ်။ သိပ်လည်း ဝမ်းနည်း မသွားနဲ့ဦး။ လူအယောက် တစ်သိန်းမှာမှ တစ်ယောက်ပဲဖြစ်နိုင်တာဆိုတော့ အင်မတန်ရှားတယ်လေနော်။Secondary Tumor က Primay Tumor ထက်ပို အဖြစ်များပါတယ်။ သူကနှလုံးကနေကင်ဆာစဖြစ်တာမဟုတ်ဘဲ အခြားမှာဖြစ်တဲ့ ကင်ဆာတွေကနေ ပျံ့လာတာဖြစ်ပါတယ်။ များသောအားဖြင့် အဆုတ်၊ ရင်သား၊ အစာအိမ်၊ အသည်း၊ အူမကြီးကင်ဆာတွေကနေ ပျံ့လာတာဖြစ်ပါတယ်။ သူလည်း ဖြစ်တော့ဖြစ်နိုင်ပေမယ့် အဖြစ်နည်းပါတယ်တဲ့။နှလုံးကင်ဆာရဲ့ လက္ခဏာတွေက များသောအားဖြင့် မသိတာများတယ်တဲ့။ သူဖြစ်တဲ့နေရာပေါ်လိုက်ပြီး ရောဂါလက္ခဏာပြတတ်တယ်။ ဘယ်ဘက်နှလုံးခန်းမှာဖြစ်ရင် တော့ သွေးစီးဆင်းမှုပိတ်သွားပြီး နှလုံးထဲ သွေးပြန်အိုင်လာတဲ့အခါမှာ လူနာ အနေနဲ့ အသက်ရှူရခက်တာ၊ မောတာ၊ လှဲမအိပ်နိုင်တာတို့ ဖြစ်တတ်ပါတယ်။နှလုံးကင်ဆာကို ဆရာဝန်တွေအနေနဲ့ echocardiogram လို့ခေါ်တဲ့နှလုံးကို ပုံရိပ်ဖမ်းတဲ့ စက်ကနေသိနိုင်ပါတယ်။ CT scan ဖတ်တာ၊ MRI ရိုက်တာတွေလုပ်ပြီးတော့လည်း နှလုံးကင်ဆာကို သိနိုင်ပါတယ်။ ကင်ဆာက အခဲဖြစ်သွားရင်တော့ ရင်ဘတ်ဓါတ်မှန်ကနေ တွေ့နိုင်ပါတယ်။ တခြားကတော့ လုပ်နေကျတွေဖြစ်တဲ့ သွေးထဲ ကင်ဆာကထုတ်တဲ့ Tumor Marker လေးတွေ တက်မတက်စစ်တာပေါ့။ကုသမှု။ကုသမှုအနေနဲ့ကတော့ ကင်ဆာအလုံးကိုဖယ်ထုတ်လိုက်တာပေါ့။ ခွဲစိတ်မှုကအရမ်းရှုပ်ထွေးပါတယ်။နှလုံးကိုခွဲရတာဆိုတော့ ခွဲနေချိန်မှာ နှလုံးအလုပ်လုပ်ဖို့ အပြင်ကနေ စက်တွေနဲ့ နှလုံးကို ခုန်အောင် လုပ်ပေးနေရမှာပါ။ ခွဲစိတ်တာအောင်မြင်သွားရင်တော့ ဆေးရုံမှာ ၆ ပတ်လောက်နေပြီး ပုံမှန်ဖြစ်သွားရင် အိမ်ပြန်လို့ရတယ်။ ကင်ဆာဖြစ်တဲ့ဆဲလ်ကို ဖယ်ထုတ်လိုက်ပေမယ့် စိတ်မချရသေးတာကြောင့် လူနာတွေ အနေနဲ့ တစ်နှစ်တစ်ခါ Echocardiogram ရိုက်ပြီး ကင်ဆာဆဲလ် အသစ်ရှိမရှိစစ်ပေးဖို့ လိုပါတယ်။ဒါတွေကတော့ ရှိတော့ရှိတယ်၊ အင်မတန်မှရှားတယ် ဆိုတဲ့ နှလုံးကင်ဆာအကြောင်းပဲဖြစ်ပါတယ်။ ဖြစ်တဲ့သူ အင်မတန်မှ ရှားတာဆိုတော့ သိပ်လည်းကြောက်ဖို့ မလိုဘူးနော်။ ပြီးတော့ သေချာစဉ်းစားကြည့်တော့ ချစ်တယ်ဆိုတာလည်းသူကဖြစ်တာ။ မုန်းတဲ့ ကိစ္စမှာလည်း သူပါတာပဲ။ သွေးတွေကိုလည်း တစ်ကိုယ်လုံးရအောင် သူကဖြန့်ပေးရသေးတယ်။ အဲ့လောက် အလုပ်များပြီး အရေးပါတဲ့ နှလုံးသားလေးကို လူအများကြီးမှာ ကင်ဆာပေးဖြစ်ရအောင်လည်း သဘာဝတရားကြီးက အဲ့လောက်တော့ မရက်စက်သေးပါဘူး။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%9b%e1%80%bd%e1%80%ad%e1%80%9c%e1%80%ac%e1%80%b8/
အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးရအောင်
ရာသီဥတုက အအေးပိုလာတဲ့အခါ ကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်လာပါတယ်။ စိုထိုင်းအေးစိမ့်တဲ့ရာသီမှာ ရောဂါပိုးတွေ ပိုပျော်ကြတယ်မဟုတ်လား။ရာသီဥတုပိုအေးလာတယ်ဆို လူငယ်တွေတောင် နှာလေးတရွှတ်ရွှတ်၊ ချောင်းလေးတဟွတ်ဟွတ် ဖြစ်တတ်ကြတာ၊ အသက်ကြီးတဲ့သူတွေဆို ပိုပြီးထိခိုက်လွယ်ပါတယ်။ ဒါကြောင့် အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးရအောင် နည်းလမ်းကောင်းလေးတွေကို အတူတူ ကြည့်လိုက်စို့နော်။လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကလေးလေးတွေလိုပဲ ကိုယ်ခံအားနည်းလာသလို ရာသီဥတုပြောင်းလဲမှုဒဏ်ကိုလည်း ခံနိုင်ရည်နည်းလာပါတယ်။ အမြဲကျန်းမာနေဖို့က အစာအာဟာရပြည့်ဝအောင်စား၊ သန်မာအောင် လှုပ်ရှားပေးပြီး ကျန်းမာရေး လိုက်စားနေဖို့လိုပါတယ်။ ဒါပေမယ့် သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်မှုက အဓိကအရေးကြီးတယ်ဆိုတာ သတိမမေ့သင့်ပါဘူး။အသက်ကြီးသူတွေမှာအအေးဒဏ်ကို မခံနိုင်ဘဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ အများအားဖြင့် –။လူကြီးမိဘတွေ ကိုယ်တိုင်က သတိမေ့လွယ်၊ အမှုမဲ့အမှတ်မဲ့ဖြစ်လွယ်တတ်တဲ့ အရွယ်တွေမို့ ဒီတိုင်းလွှတ်မထားသင့်ပါဘူး။ ကျန်းမာရေး ဂရုစိုက်ဖို့ ကိုယ်တွေက သတိပေး၊ ပြုစုပေး၊ အကြံပေးသင့်ပါတယ်။ ဒါကြောင့်။ဒီအခြေအနေဖြစ်လာရင် အမြန်ဆုံးနွေးထွေးအောင်လုပ်ပေးပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ ဒီလိုနည်းတွေနဲ့ အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေး ကို ပိုဂရုစိုက်ပေးရအောင် ပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/how-to-take-care-of-elderly-in-winter/
ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း
အမျိုးသားတွေဆိုပေမဲ့လည်းထိပ်ပြောင်တဲ့အခါကျတော့ “ငါ အိုလာပြီလား။ အရင်လို မလန်းတော့ဘူးလား” ဆိုပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒီခေတ်မှာ ထိပ်ပြောင်တာက ကုမရတာတော့ မဟုတ်ပါဘူး။ ထိပ်ပြောင်တဲ့ အမျိုးသားများအတွက် ဆေးနည်း ရှိနေပြီလေ။အမျိုးသားတွေအနေနဲ့ အသက်ရလာရင် ဆံပင်တွေက တဖြည်းဖြည်းပါးလာပြီး ပြောင်လာတာက သဘာဝပါ။ အသက်ရလာတာကြောင့်လည်း ဖြစ်နိုင်သလို ဟော်မုန်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။အမျိုးသားတွေရော အမျိုးသမီးတွေပါ အရွယ်ရလာရင် ထိပ်ပြောင်တတ်ပါတယ်။ အမျိုးသားတွေ ထိပ်ပြောင်တဲ့ ပုံစံက နားထင်နားကနေ အနောက်ဘက်ကို ဆံပင်တွေ ပါးပါးပြီး ပြောင်လာတာ ဖြစ်နိုင်သလို ထိပ်ကနေ ကွက်ပြီး ပြောင်လာတာလည်း ဖြစ်နိုင်ပါတယ်။အသက် ၃၀လောက်ဆိုရင် အမျိုးသားတွေမှာ ဆံပင်စပြီး ပါးလာပါပြီ။ တချို့ဆို ၂၀ကျော်လောက်တည်းက ပါးလာတာတွေတောင် ရှိပါတယ်။ ဒီအရွယ်က အရွယ်ကောင်းတွေ ဖြစ်တာကြောင့် ဆံပင်ပါးလာတာ၊ ထိပ်ပြောင်လာတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတာ၊ စိုးရိမ်စိတ်ဝင်တာတွေ ဖြစ်လာပါတယ်။ဒီလို သဘာဝကြောင့် ဖြစ်တဲ့ ထိပ်ပြောင်တာမျိုးက အပြီးပျောက်အောင်  ကုလို့ မရပါဘူး။ ခဏတာ သက်သာရုံလောက်ပဲ တတ်နိုင်ပါတယ်။ ခုပြောမဲ့ ဆေးတွေကလည်း ဒီလိုမျိုးပါပဲ။ ဒါပေမဲ့ ဒါတွေက အကြိမ်ကြိမ်အခါခါ လေ့လာမှုတွေ လုပ်ပြီး တရားဝင်ခွင့်ပြုချက်ရပြီးသား ဆေးတွေပါ။ စျေးကွက်ထဲမှာ ရှိနေတဲ့ ဘာမှန်းမသိတဲ့ ဆေးတွေ သုံးတာထက်စာရင် စိတ်ချရတဲ့ ဆေးတွေကို သုံးတာက ပိုကောင်းပါတယ်။ဆေးဝါးတွေ ရှိသလို procedure လို့ခေါ်တဲ့ ကုထုံးတွေလည်း ရှိပါတယ်။ဆေးရည်ပုံစံနဲ့ လာပြီး အသုံးလည်းများပါတယ်။ လေ့လာချက်တွေအရတော့Minoxidilက ဆံပင်ကျွတ်တာကို သက်သာစေပြီး ဆံပင်ပြန်ပေါက်‌အောင် လှုံ့ဆော်ပေးတယ်။ ရှိပြီးသား ဆံပင်တွေကိုလည်း သန်စွမ်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အရင်ဆံပင်အတိုင်း ပြန်ဖြစ်ချင်မှ ဖြစ်မှာပါ။ဆေးရည်ကို ဦး‌ရေပြားမှာ လိမ်းပေးရတာပဲဖြစ်ပါတယ်။ အာနိသင်ပြတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွာပါတယ်။ ၆လကနေ ၁နှစ်လောက်ထိ ကြာတာမျိုး ရှိတတ်ပါတယ်။ တချို့တွေကလည်း ၂လ၊ ၄လ လောက်နဲ့ အာနိသင်ရတတ်ပါတယ်။ ပထမဆုံးအကြိမ် စသုံးမယ်ဆိုရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစေချင်ပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ ဦးရေပြားစပ်ဖျင်းဖျင်းဖြစ်တာ၊ ဦးရေယားတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ဆံပင်ကျွတ်တာပါ။ စသုံးသုံးချင်းဆို ၂ပတ်လောက် ဆံပင်တွေ ကျွတ်တတ်ပါတယ်။ ၂ပတ်ထက်ကျော်အောင် ကျွတ်ရင်တော့ ဆရာဝန်နဲ့ ပြန်ပြပါ။ဆေးပမာဏတွေ၊ သုံးရမဲ့အကြိမ်တွေကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါမှမဟုတ် ဆေးအညွှန်းအတိုင်း သုံးပါ။ ဆရာဝန်ညွှန်တဲ့ ပမာဏ၊ အကြိမ်ရေထက် ပိုသုံးတာမျိုး မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ မလိမ်းရပါဘူး။Minoxidilက သုံးတာရပ်လိုက်ရင် အရင်လိုပဲ ဆံပင်တွေ ပြန်ပါးလာနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်တွေ ပိုကျွတ်လာတာ၊ ပါးလာတာတွေ ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ဆေးအာနိသင်မရှိတော့တဲ့အတွက် အရင်လိုပဲ ပြန်ပြောင်လာမှာ ဖြစ်ပါတယ်။ဒါကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သုံးသင့်တဲ့ ဆေးပါ။ လေ့လာချက်တွေအရ အသုံးပြုသူတွေရဲ့ 80-90%လောက်က ဆံပင်ကျွတ်တာ သက်သာလာတယ်လို့ ဆိုပါတယ်။ တချို့တွေဆို ဆံပင်လေးတွေ ပြန်ပေါက်လာတယ်လို့တောင် ပြောပါတယ်။သူက သောက်ဆေး အမျိုးအစား ဖြစ်ပြီး ၃လကနေ ၆လလောက်ကြာမှ အာနိသင်ပြတတ်ပါတယ်။ ဒီဆေးက အမျိုးသမီးတွေ မသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ထိတွေ့တာ၊ အမျိုးသားသောက်ဖို့ဆေးချိုးပေးတာတွေတောင် မလုပ်ရပါဘူး။ အရေပြားကနေ ကိုယ်ထဲဝင်ပြီး ကလေးကို ဘေးဖြစ်စေတတ်လို့ပါ။ဘေးထွက်ဆိုးကျိုးအနေနဲ့ အမျိုးသားတွေမှာ လိင်စိတ်ပျောက်သွားတာ၊လိင်တံမထောင်မတ်နိုင်တာ၊ ရင်သားတွေ ကြီးလာတာ၊ ဝှေးစေ့အောင့်တာ၊ စိတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆေးသောက်တာ ရပ်လိုက်ရင် ဒီဘေးထွက်ဆိုးကျိုးတွေ သက်သာသွားပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှပဲ သုံးလို့ရတယ်လို့ ပြောတာပါ။Minoxidilလိုပဲ သူကလည်း ဆေးသောက်တာ ရပ်လိုက်ရင် ဆေးအာနိသင်မရတော့တာကြောင့် အရင်လိုပဲ ပြန်ပြောင်နိုင်ပါတယ်။Hair transplant။နောက်နားက ဆံပင်တွေကို ယူပြီး ရှေ့က ဦးရေပြားမှာ ပြန်စိုက်ပေးတာပဲ ဖြစ်ပါတယ်။ အများစုကတော့ ၆လနဲ့ ၉လလောက်ဆို ရလဒ်မြင်ရပါပြီ။ တချို့ကလည်း ၁နှစ်လောက်ကြာပါတယ်။ ဒီကြားထဲမှာ ကွက်နေတဲ့နေရာလေးတွေ ရှိရင် ပြန်စိုက်ပေးရပါတယ်။ဒီprocedureက စျေးကြီးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဦးရေပြားတွေ ကျိန်းစပ်တာ၊ ပျို့အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။Platelet-rich plasma (PRP)။PRPကို သူ့ချည်းသုံးတာ ရှိသလို hair transplantနဲ့ တွဲသုံးတာလည်း ရှိပါတယ်။ PRPဆိုတာက ကိုယ့်သွေးကို ယူ၊ စက်နဲ့လှည့်ပြီး အပေါ်ယံသွေးရည်ကြည်ကို ဦးရေပြားထဲ ပြန်ထိုးပေးတာ ဖြစ်ပါတယ်။ ဒီကနေမှ ဆံပင်တွေ ပြန်ပေါက်ဖို့ လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ လုပ်တာက အချိန်လည်း သိပ်မကြာပါဘူး။စစချင်းမှာတော့ ၃လပြည့်ရင် ပြန်လာပြီး ထပ်ထိုးရပါမယ်။ နောက်ပိုင်းကျရင်တော့ ၆လလောက်နေမှ သွားသွားထိုးရပါတော့မယ်။ PRPက ၃ပတ်လောက်ဆို အာနိသင်စပြပါပြီ။ နောက်ပိုင်းကျရင် ဆံပင်ကျွတ်တာ သက်သာပြီး ဆံပင်တွေ ပြန်ထွက်လာတာကို မြင်ရမှာပါ။ဒါကတော့ ဆေးဘက်ဆိုင်ရာ နည်းလမ်းတွေပါ။ တခြားနည်းလမ်းတွေအနေနဲ့ကတော့ ဆံပင်ကို ပြောင်တယ်လို့ မထင်ရအောင် ပုံသွင်းတာ၊ ဆံပင်အတုတပ်တာတွေ လုပ်လို့ ရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/treatment-for-male-baldness/
အဆီကျိတ်တစ်ခု ထွက်လာပြီဆို ရိုးရိုး အဆီကျိတ်နဲ့ ကင်ဆာ အကျိတ်ဘယ်လိုခွဲကြမလဲ။ ။
ကိုယ်ပေါ်မှာအဖုအကျိတ်တစ်ခုထွက်လာတယ်၊ အသက်ကလေးကလည်း ၅၀ နားကပ်နေပြီဆို လူတိုင်းကြောက်ပြီး ပြေးမြင်ကြတာ ကင်ဆာရောဂါပါ။ကင်ဆာအကျိတ်လားပေါ့ ။ နာလည်းမနာဘူးဆို ပိုဆိုးသွားပြီး။ ကင်ဆာဆို မနာဘူးလို့ပြောတာတွေကြားဖူးကြတာကိုး။တကယ်တော့ အရေပြားပေါ်မှာထွက်လာတဲ့ အလုံးတွေက အများအားဖြင့် အဆီကျိတ်တွေဖြစ်တာများပါတယ်။အဆီကျိတ်အများစုဟာ ကင်ဆာကျိတ်မဟုတ်ပါဘူး။ ခွဲထုတ်လိုက်ရင်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာ ကင်ဆာအဆီကျိတ် ဆိုတာလည်းရှိပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာ အဆီကျိတ်တစ်ခုပေါ်လာရင် ကင်ဆာ ဟုတ်၊ မဟုတ် ဘယ်လိုခွဲမလဲ ။ ။Lipoma ဆိုတာဘာလဲ။ ။Lipoma ဆိုတာ ကိုယ်ပေါ်မှာ အရွယ်မရွေးပေါ်လာတတ်တဲ့ အဆီကျိတ်တစ်လုံးဖြစ်ပြီး ကင်ဆာအကျိတ် မဟုတ်ပါ။ ။ ကင်ဆာကိုပြောင်းနိုင်ခြေလည်း မရှိသလောက်နည်းပါတယ်။ဘယ်သူတွေမှာ ပိုဖြစ်လဲ ။ ။အသက် ၄၀ ကနေ ၅၀ ရောက်နေတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ဘာကြောင့်ဖြစ်ရတာလဲ။ ။အဆီကျိတ်ဖြစ်ရတဲ့ အကြောင်းကို သေချာမသိကြတာများပါတယ်။ ဖြစ်နိုင်တာကတော့ မျိုးရိုးထဲမှာ အဆီကျိတ်ဖြစ်တဲ့သူရှိရင် ကိုယ်လည်း အဆီကျိတ်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့တဲ့အလုပ်ကိုလုပ်နေရတဲ့သူတွေ နဲ့ ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိတဲ့သူတွေမှာ အဆီကျိတ်က ပိုဖြစ်နိုင်ပါတယ်။ဘယ်နေရာတွေမှာ အဖြစ်များလဲ ။ ။အများဆုံး တွေ့ရတဲ့နေရာတွေကတော့ ကျောအပေါ်ဘက်၊ ပခုံး၊ လက်မောင်းနဲ့၊ တင်ပါးနဲ့ ပေါင်အပေါ်ပိုင်းမှာ တွေ့ရပါတယ်။ခြေထောက်တို့ ခြေသလုံးတို့မှာ တော့ အတွေ့ရနည်းပါတယ်။ဘယ်လို လက္ခဏာတွေရှိလဲ ။။စမ်းလိုက်ရင် အလုံးလေးက ပျော့ပျော့လေးဖြစ်နေမယ်။ အရေပြားအောက်လေးတင်ဖြစ်လို့ နေရာရွေ့လို့လည်းရတယ်။ နာလည်းမနာဘူး။တစ်ချို့တစ်ရှူးအောက်တွေထဲရောက်နေတဲ့ အဆီကျိတ်တွေကတော့ အောက်ထဲရောက်နေတဲ့အတွက်ကြောင့် မသိသာဘဲ အရမ်းကြီးလာမှ သတိထားမိတတ်ကြပါတယ်။ တစ်ရှူးအောက်ထဲရောက်နေတာကြောင့် နေရာရွေ့လို့ သိပ်မရဘဲကင်ဆာအဆီကျိတ်နဲ့ မှားတတ်ကြပါတယ်။ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး သိနိုင်သလဲ ။ကုသပုံ။ ။အလုံးသေးရင် ဒီတိုင်းထားလိုက်ပြီး အလုံးကြီးရင်တော့ ခွဲထုတ်လိုက်ရုံပါပဲ။Liposarcoma ဆိုတာဘာလဲ။ ။Liposarcoma ဆိုတာ ကင်ဆာ အဆီကျိတ်တစ်မျိုးဖြစ်ပါတယ်။ဘယ်သူတွေမှာ ပိုဖြစ်လဲ ။ ။အရွယ်မရွေးဖြစ်လေ့ရှိတဲ့ ကင်ဆာ အဆီကျိတ်တစ်ခုပါ။ဘာကြောင့်ဖြစ်ရတာလဲ။ ။ကင်ဆာ အဆီကျိတ်ကတော့ အဆီဆဲလ်တွေရဲ့ မျိုးရိုးဗီဇမှာ ချို့ယွင်းချက်တစ်ခုခုရှိပြီး ဆဲလ်တွေ အများကြီး ပွားကုန်လို့ ကင်ဆာဖြစ်ရတာဖြစ်ပါတယ်။တစ်ချို့ အဆီကျိတ်တွေက ကြီးထွားမှုနှေးပြီး တစ်နေရာတည်းမှာပဲဖြစ်သလို တစ်ချို့အကျိတ်တွေကကျတော့ မြန်မြန် ပြန့်လွယ်တတ်ကြပါတယ်။ဘယ်နေရာတွေမှာ အဖြစ်များလဲ ။ ။ကိုယ်ခန္ဓာ နေရာတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့်ခြေသလုံးနဲ့ဗိုက်တို့မှာ အဖြစ်များပါတယ်။ဘယ်လို လက္ခဏာတွေရှိလဲ ။။ပေါ်တဲ့နေရာပေါ် မူတည်ပြီး လက္ခဏာတွေက ကွဲပြားပါတယ်။လက်မောင်းနဲ့ ခြေထောက်မှာဖြစ်တဲ့ ကင်ဆာ အဆီကျိတ်ကြောင့် ခြေထောက်နာမယ်၊ ဖြစ်နေတဲ့ ခြေထောက်က အားမသန်ဘဲ အားနည်းနေမယ်။ဗိုက်မှာပေါ်တဲ့ ကင်ဆာအဆီကျိတ်ကြောင့် ဗိုက်နာမယ်၊ ဗိုက်မှာ အလုံးစမ်းမိပြီး အစားစားရင်လည်း မြန်မြန်ပြည့်လွယ်တယ်၊ ဝမ်းလည်းချုပ်ပြီးသွေးစတွေကို ဝမ်းထဲမှာတွေ့ရတတ်တယ်။တစ်ခြားကင်ဆာ ရဲ့ လက္ခဏာတွေဖြစ်တဲ့ လူကနုန်းနေမယ်။ အစားစားချင်စိတ်ပျောက်နေပြီး ကိုယ်အလေးချိန်လည်း ကျဆင်းနေလိမ့်မယ် ။ကင်ဆာဆဲလ်ေတွကို တတ်နိုင်သလောက် ခွဲစိတ်ပြီး ဖယ်ရှားမယ်။ ကင်ဆာဆေးသွင်းမယ်။ ဓါတ်ကင်မယ်။ဒါတွေကတော့ ကိုယ်ပေါ်မှာ အလုံးပေါ်လာတိုင်း ရိုးရိုးအဆီကျိတ်လေးလာ၊ ကင်ဆာ အဆီကျိတ်လားခွဲနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ရေးထားတာဖြစ်ပါတယ်။ ပေါ်လာတဲ့ အလုံးတိုင်းလည်း ကင်ဆာ မဟုတ်သလို မနာတဲ့ အလုံးအကျိတ်တိုင်းလည်း ကင်ဆာ မဟုတ်ပါဘူး။ ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/lipoma-and-liposarcoma/