title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ
မအီမသာဖြစ်ခြင်းက ကင်ဆာနဲ့ တိုက်ပွဲ ဝင်နေရသူတွေ၊ အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာ ရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။ တချို့ ကုသနည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဒါမှမဟုတ် ကင်ဆာ ကိုယ်တိုင်ကြောင့်လည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးတွေကို အသုံးပြုပြီး မအီမသာဖြစ်ခြင်းကို သက်သာအောင် ပြုလုပ်နိုင်သလို သဘာဝ နည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ကဲ ….. ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ ကတော့။ဂျင်း။ဂျင်းက မအီမသာဖြစ်ခြင်းကို သက်သာအောင် လုပ်ရာမှာ ပထမအဆင့်ဝင် ဆိုတာ အံ့သြစရာ မရှိပါဘူး။ ဂျင်းက ဗိုက်ထဲမှာ အစာခြေရည် မျိုးစုံ၊ အင်ဇိုင်းမျိုးစုံကို စစ်ထုတ်အောင် လှုံ့ဆော်ပေးပြီး အစာအိမ်အက်ဆစ်ကို ဓါတ်ပြုစေပါတယ်။ ဂျင်းမှာပါတဲ့ phenols တွေက အစာအိမ် တစ်သျှူးတွေ ထကြွမှုကို သက်သာစေတဲ့ ငြိမ်ဆေးလို့ပြောလို့ရပါတယ်။ဒီ phenols တွေက အစာခြေမှုကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ထဲက အဆိပ်တွေကိုလည်း မြန်မြန်စွန့်တတ်စေတဲ့အတွက် သင့်ကို နေလို့ကောင်းစေပါတယ်။ သင့်အနေနဲ့ ဂျင်းကို ဘယ်လိုပုံစံဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ဆေးလုံးနဲ့ပဲ ဖြစ်ဖြစ်၊ အစိမ်းအတိုင်းပဲ ဖြစ်ဖြစ်၊ အစားအစာတွေမှာ ဟင်းခတ်မှုန့် အဖြစ်ပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ဂျင်း လက်ဖက်ရည် သောက်ခြင်း၊ ဂျင်းသကြားလုံး စားခြင်းတို့ကလည်း မအီမသာဖြစ်မှုကို သက်သာစေပါမယ်။Acupressure (နှိပ်နယ်ခြင်း တစ်မျိုး)။Acupressure က ရိုးရာဆေးပညာ နည်းလမ်းတစ်မျိုး ဖြစ်ပြီး လူ့ကိုယ်ရဲ့ နေရာတချို့ကို နှိပ်နယ်ပေးတဲ့ ပညာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ရောဂါလက္ခဏာ တော်တော်များများကို သက်သာစေပြီး မအီမသာ ဖြစ်ခြင်းလည်း ပါဝင်ပါတယ်။ လေ့လာမှုတွေအရာ သင့်ကိုယ်က ဖိအားနေရာတွေကို ဖိနှိပ်ပေးခြင်းက neurotransmitters တွေကို ထုတ်လွှတ်ပေးမှာပါ။ သူတို့က ဘေးဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို ပိတ်ဆို့ပေးတဲ့ serotonin ဒါမှမဟုတ် endorphins တွေပဲ ဖြစ်ပါတယ်။အစားအသောက်။အစားအသောက် ကျွမ်းကျင်သူတွေက သင့်အနေနဲ့ အစားအစာတွေကို နည်းနည်းချင်း ခွဲပြီး အကြိမ်များများ စားခြင်းက အစာအိမ် အလုပ်လုပ်တာ ပိုကောင်းစေသလို မအီမသာ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ အစာအိမ်ထဲမှာ ဘာမှ မရှိတာက မအီမသာ ဖြစ်စေပါတယ်။ တံတွေးနဲ့ အစာအိမ်ရည်တွေ ထုတ်လုပ်မှု တိုးစေတဲ့ တချို့ အဆာပြေ အစားအစာတွေ၊ ဥပမာ – သကြားလုံး၊ ရှောက်ရည် ပါဝင်တဲ့ အစက်ချဆေးတွေက မအီမသာ ဖြစ်ခြင်းကို သက်သာစေပါတယ်။ပူစီနံ (Peppermint)။ပူစီနံ (Peppermint) ကမအီမသာဖြစ်ခြင်းကို ကုသဖို့ ဟိုးအရင်အချိန်တွေတုန်းက အသုံးပြုခဲ့တဲ့ ရိုးရာဆေးနည်းပါ။ ပူစီနံအရွက်နဲ့ အဆီတွေက အစာမကြေခြင်းနဲ့ ဗိုက်ပွခြင်းကို ကုသပေးပါတယ်။ သူက အစာတွေကို အစာအိမ်ဆီ မြန်မြန်ရောက်အောင် ပို့ပေးပြီး သင့် အစာအိမ်ကို ပြေလျော့စေပါတယ်။ပူစီနံကို ဆေးလုံး၊ အဆီ ကြိုက်တဲ့ပုံစံနဲ့ သုံးနိုင်ပါတယ်။ ပူစီနံက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် လူအများစုနဲ့ တည့်ပါတယ်။ တကယ်လို့ သင့်မှာ gastroesophageal reflux disease (GERD) ရှိနေရင်တော့ သင် peppermint မသုံးသင့်ပါဘူး။ကိုယ်လက်လှုပ်ရှားမှု အနေအထားများ။ခေါင်းမူးခြင်းနဲ့မိုက်ခနဲဖြစ်ခြင်းက မအီမသာ ဖြစ်စေပါတယ်။ ဒါတွေကသွေးလည်ပတ်မှုကြောင့်ပါ။ တချို့ အနေအထားတွေက မအီမသာဖြစ်ခြင်းကို သက်သာစေတဲ့အကြောင်းက သွေးကို လိုအပ်တဲ့နေရာဆီ ရောက်အောင် ပို့ပေးနိုင်လို့ပါ။ တစ်ချိန်တည်းမှာပဲ သွေးလည်ပတ်မှုကို ထိန်းချုပ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ထိန်းညှိပေးပါတယ်။အောက်မှာက သင့်အတွက် အကြံပေးချက်လေးတွေပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/natural-remedies-for-nausea/
null
null
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/health-effects-of-working-from-home/
နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ
အမျိုးသမီးတစ်ယောက်အတွက် အရေးအကြီးဆုံးအချက်ဟာ နုပျိုလှပနေဖို့ပါပဲ။ အချိန်တွေကုန်လာတာနဲ့အမျှ အသက်တွေကြီးလာပြီး အသားအရေတွေဟာလည်း လျော့ရဲလာပါတယ်။ အရေးအကြောင်းတွေကလည်း စတင်ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဒီဓာတ်စာတွေက နောက်နှစ်အနည်းငယ်လောက်အထိ ပြန်လည်နုပျိုစေဖို့ အကူအညီပေးနိုင်မှာပါ။ နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ က ဘာတွေများလဲဆိုတာ ကြည့်လိုက်ရအောင်နော်။နုပျိုစေတဲ့ အစားအစာများ ကတော့။၁။ထောပတ်သီး။ထောပတ်သီးဟာ ကျန်းမာရေးကို အကျိုးပြုရုံသာမက အသားအရေ လှပဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မလိုင် အရသာရှိတဲ့ ထောပတ်သီးမှာ ဗီတာမင် အီးနဲ့ B complex တို့ပါဝင်ပြီး သူတို့က အသားအရေကို အားဖြည့်ရာမှာ အကူအညီ ပေးပါတယ်။ ဒါ့အပြင် အသားအရေကို စိုပြေဝင်းလက်စေတဲ့ ဖက်တီးအက်စစ် ပါဝင်ပြီး ချောမွေ့နူးညံ့စေနိုင်ပါတယ်။ ဒါတင်မက သေးပါဘူး။ ဗီတာမင် စီလည်း ပါဝင်ပါသေးတယ်။ထောပတ်သီးကို နည်းအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ အစိမ်းပဲဖြစ်ဖြစ်၊ ဖျော်ရည် လုပ်သောက်ပြီးဖြစ်ဖြစ်၊ အသုပ်ထဲ ထည့်စားတာပဲဖြစ်ဖြစ်ပေါ့။ ဒါကတော့ အသားအရေ နုပျိုလှပနေစေဖို့ စားသင့်တဲ့ အသီး တစ်မျိုးပဲ ဖြစ်ပါတယ်။၂။ဆော်လမွန်ငါး။ရာစုနှစ် ပေါင်းများစွာ ကတည်းက ဆော်လမွန်ငါးဟာ ငယ်ရွယ်နုပျိုမှုကို ဆွဲဆန့်ချင်သူတွေအတွက်နဲ့ အရေးအကြောင်း ကင်းတဲ့ အသားအရေကို လိုချင်သူတွေကြားမှာ လူသိများပါတယ်။ ဒီငါးမှာ အိုမီဂါသရီး နဲ့ ဖက်တီးအက်စစ် ပါဝင်ပြီး အိုမီဂါဟာ အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်သလို ခရမ်းလွန်ရောင်ခြည်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင် ဆော်လမွန်ငါးဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်း ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆော်လမွန်ငါးမှာ ပါဝင်တဲ့ အိုမီဂါသရီးဟာ အက်စ်ရက်ဇန်သင်း လို့ခေါ်တဲ့ အရေးအကြောင်းကို ဆန့်ကျင်ပေးတဲ့ အားဖြည့်ဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။ ဒီဓာတ်ဟာ ငါးကို ပန်းနုရောင်သန်းနေစေပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တဲ့ အသားအရေ ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။၃။ဘလူးဘယ်ရီသီး။ဘလူးဘယ်ရီသီးဟာ ကျန်းမာရေးအတွက် အကောင်းဆုံး အသီးဖြစ်ပြီး အရေးအကြောင်းကို စိုးရိမ်နေသူတွေအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်ပါတယ်။ အန်သိုဆိုင်နင်ဓာတ် ပါဝင်မှု မြင့်မားတဲ့ ဘလူးဘယ်ရီသီးဟာ အသားအရေကို ငယ်ရွယ်နုပျိုပြီး ဝင်းပစေပါတယ်။ အန်ဇိုင်းတွေဟာလည်း ဖရီးရယ်ဒီကယ်တွေကြောင့် ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြန်ကောင်းစေပါတယ်။ဒါ့အပြင် အန်သိုဆိုင်နင်ဓာတ်အား ဖြည့်ပေးထားတဲ့ ဗီတာမင် စီ နဲ့ အီးလည်း ပါဝင်ပါတယ်။ ဆော်လမွန်ငါးလိုပဲ ဘလူးဘယ်ရီသီးဟာ သင့်တော်တဲ့ သဘာဝဓာတ်စာ ဖြစ်ပါတယ်။၄။လက်ဖက်စိမ်း။လေ့လာချက်တွေအရ လက်ဖက်စိမ်းဟာ အရေးအကြောင်းတွေကို တိုက်ဖျက်ရာမှာ အရမ်းကောင်းတယ်လို့ သက်သေ ပြခဲ့ပြီးပါပြီ။ လက်ဖက်စိမ်းမှာပါတဲ့ ကွန်ပေါင်းဓာတ်ဟာ အသားအရေကို ပြန်လည်နုပျိုစေပြီးခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပါတယ်။Chitinဓာတ်တွေ လျော့လာတာကို ရပ်တန့်စေဖို့ လက်ဖက်ရွက်နဲ့ လုပ်ထားတဲ့ လက်ဖက်ရည်ကို သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် လက်ဖက်ရည်ကို တော်ရုံလောက်ပဲ နှပ်ပြီး သောက်သုံးဖို့ သတိပေးပါရစေ။ အားလုံးသိတဲ့အတိုင်း ကျန်းမာပျော်ရွှင်ဖို့က အရာရာ ညီမျှနေဖို့ အရေးကြီး ပါတယ်။ဒီဓာတ်စာတွေနဲ့ နုပျိုလှပနေကြပါစေ။ရေးသားသူ- Wuthun Myat Chal။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-to-prevent-aging/
အသည်းကင်ဆာရှိပါက ရှောင်ရမည့် အစာများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရအသည်းကင်ဆာသည် အမျိုးသားများတွင် ငါးခုမြောက် အဖြစ်အများဆုံးကင် ဆာဖြစ်သည်။ အသည်းကင်ဆာကဲ့သို့ ဆိုးရွားသောကျန်းမာရေး ပြဿနာများ ဖြစ်ပါကအသည်း ပြန်လည်ကောင်းမွန် စေမှုကိုကူညီရန် အာဟာရ ကြွယ်ဝသောကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားရန် လိုအပ်သည်။ အသည်းကင်ဆာဖြစ်ပါကရှောင်ကြဉ်သင့်သောအစားအစာအချို့ကိုအောက်တွင် ဖော်ပြထားသည်။အရသာရှိရန် ဆားထည့်ရသည် ဆိုသည်ကိုအချို့ စားဖိုမှူးများပြောခြင်းသို့မဟုတ် ချက်ပြုတ်မှု အညွှန်းတွင် ရေးထားခြင်းကိုသင် မြင်ဖူးကြားဖူးလိမ့်မည်။ ဆားကိုအရသာရှိရန် သုံးသည်။ ဆားသည် အခါးဓါတ်ကိုလျော့ချပေးသည်။စိတ်မကောင်းစွာဖြင့်ပင် အသည်းကင်ဆာဖြစ်ပါကဆားအသုံးပြုခြင်းကို ဖြတ်တောက်ရလိမ့်မည်။ အသည်းကင်ဆာ၏ ရောဂါလက္ခဏာများသည် ဆားနှင့် ဆားများများပါသောအစားအစာများစားပါကပိုဆိုးလာနိုင်သည်။ ဆားသည် အသည်းရှိ ရောင်ရမ်းမှု လက္ခဏာများကို နှိုးဆော်ပြီးပိုဆိုးစေနိုင်ပါသေးသည်။ ဆားသည် အသည်းတွင် ရေစုပြုံခြင်းကို ဖြစ်စေပြီးဖောရောင်စေသည်။ ဆားသည် ခန္ဓါကိုယ်ကိုရေပိုစုပ်စေပြီးရေများထိန်းသိမ်းထားစေသည်။ အစားအစာတွင် ဆားသုံးခြင်းကိုရှောင်ရုံသာမကအခြားဆားရင်းမြစ်များကိုလည်း ကြည့်သင့်သည်။ ထုပ်ပိုးထားသောအသင့်စားထုတ်ကုန်များ၊ စွပ်ပြုတ်ဘူး၊ အအေးခံထားသောညစာများ နှင့် ရောင်းတန်းကွက်ကီး၊ ကိတ်မုန့်နှင့် ပိုင်မုန့် များစသည်တို့ဖြစ်သည်။အသည်းကင်ဆာသည် ခန္ဓါကိုယ်မှ ပရိုတိန်းစုပ်ယူမှုကိုထိခိုက်စေသည်။ ပရိုတိန်းသည် လိုအပ်သောအာဟာရများသို့ ရောက်အောင် ဖြိုခွဲချေဖျက်ရန် အဆင့်များစွာလိုအပ် သည်။ သို့သော်လည်းအသည်းပျက်စီးပါကထိုလုပ်။ငန်းစဉ် သည် ခက်ခဲသည်။ ပရိုတိန်းအလွန်စားခြင်းသည် အသည်းနှင့် ခန္ဓါကိုယ်တွင် အဆိပ်ဖြစ်သော အညစ်။အကြေးပစ္စည်းများစု ပြုံခြင်းတစ်စိတ်တစ်ပိုင်းအားဖြင့် ဖြစ်စေသည်။ ၎င်းသည် အသည်းအားပို၍ အန္တရာယ်ဖြစ်စေပြီးလက္ခဏာများကိုထင် ရှားစေသည်။ ပရိုတိန်းပါသောအစားအစာများကိုလျော့စား ခြင်းဖြင့် ရောဂါကိုသက်သာစေနိုင်သည်။အစာချေဖျက်ရခက်သောပရိုတိန်းများများပါသော နို့ထွက် ပစ္စည်းများ၊ အသား၊ ကြက်၊ဝက်၊ ငါးနှင့် ဥများစားမည့်အစားအပင်ပရိုတိန်းများဖြစ်သောပဲပိစပ် ထုတ်ကုန်များ၊ ပဲတောင့် နှင့် ပဲသီးတို့ကိုရွေးချယ်စားသင့်သည်။ ထိုပရိုတိန်းများသည် ချေဖျက်ရလွယ်ကူပြီးအသည်းအားအနားပေးသည်။ အစားအသောက်ထဲတွင် ပရိုတိန်းများကိုလုံးဝမပယ်ရှားသင့်ပါ။ယေဘုယျအားဖြင့် အသင့်စားအသားများကိုကန့်သတ် ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကင်ဆာအေဂျင်ဆီဖြစ်သောကင်ဆာသုတေသန နိုင်ငံတကာအေဂျင်စီ၏ အဆိုအရအသင့်စားအသားများများစွာစားခြင်းသည် အချို့ ကင်ဆာအမျိုးအစားများ ဖြစ်နိုင်ချေကို မြင့်စေနိုင်သည်ဟုဆိုသည်။အဝလွန်ခြင်းကိုကာကွယ်ရန် တိရစ္ဆာန်မှ ရသောအဆီ နှင့် သန့်စင်ထားသောသကြားစသောကယ်လိုရီ မြင့်စွာပါသောအစာများကိုလျော့စားပါ။ အဆီများကိုလျော့စားရန် ထောက်ခံပါသည်။ အဆီများစားခြင်းသည် အသည်းအဆီဖုံး ခြင်းကို ဖြစ်စေနိုင်သည်။ အဆီများသောအစားအစာများအလွန်စားခြင်းသည် ကင်ဆာကုသမှုများ၊ အသင့်စားအစားများကြောင့် ဝန်ပိနေသောအသည်းကိုပို၍ ဝန်ပိစေသည်။ ရောင်းတန်း ပြင်ဆင်ထားသောကိတ်မုန့်များ၊ ကွက်ကီးများ၊ ပိုင်မုန့်များ၊ ကြက်သွန်ကြော် အကွင်းများ၊ အာလူချောင်းကြော်များစသောအဆီများသောအစာများစားသုံးခြင်းကိုကန့်သတ်ပါ။ဆေးပြင်းလိပ်နှင့် အရက်ကိုရှောင်ကြဉ်ခြင်းသည် သင် လုပ်နိုင်သောအရေးအကြီးဆုံးကျန်းမာရေးဆုံးဖြတ်ခြင်းများထဲမှ တစ်ခုဖြစ်သည်။ သင်အရက် သောက်ကိုသောက်ရမည် ဆိုပါကအနည်းငယ်သာလျှင် သောက်ပါ။ ရင်သား၊ အူမကြီး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းစသောကင်ဆာအမျိုးမျိုးဖြစ်နိုင်ချေအန္တရာယ်သည်အရက်သောက်သည့်ပမာဏနှင့် ကြာချိန်ပေါ်မူတည်ပြီး မြင့်တက်ပါသည်။ဆေးပြင်းလိပ်သောက်ခြင်းသည်ကင်ဆာ ဖြစ်နိုင်ချေကို မြင့်စေသောအရေးအကြီးဆုံးအချက်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းကင်ဆာ ဖြင့် သေဆုံးမှုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ဖြစ်စေသည်။ မည်သည့် ဆေးပြင်းလိပ်ကိုမဆိုအသုံးပြုခြင်းသည် ကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေသည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာအမျိုးမျိုးနှင့် ဆက်နွယ် လျက်ရှိပြီးအခြားအခြေအနေများကိုမပြောလိုသေးပါ။ ဆေး ပြင်းလိပ်မသုံးလျှင်ပင် တစ်ပါးသူ၏ ဆေးလိပ်ငွေ့ဖြင့် ထိတွေ့ခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို မြင့်စေနိုင် သည်။အသည်းကင်ဆာသည် မလိုလားအပ်သောဘေးထွက် ဆိုးကျိုးများစွာကို ဖြစ်စေသည်။ ဥပမာ- ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ပျို့တက်ခြင်း၊ အစာစားချင်စိတ် မရှိခြင်းစသည်တို့ဖြစ်သည်။ အချို့ အစားအစာများကိုရှောင်ကြဉ်ခြင်းသည် အသည်းကို ပြန်လည်ကောင်းမွန်စေရန် ကူညီနိုင်သည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9b%e1%80%be%e1%80%ad%e1%80%95%e1%80%ab%e1%80%80-%e1%80%9b%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
သင့်ကလေး မျက်လုံးကောင်းဖို့ ဘာတွေစားရမလဲ
မုန်လာဥနီဟာမျက်စိကျန်းမာရေးအတွက်အဓိကအရေးပါတဲ့ အစားအစာဖြစ်တယ်လို့ကျွန်တော်တို့သိထားကြပါတယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ beta-carotene ဓါတ်ဟာ မြင်လွှာအပါအဝင်အခြားသော မျက်စိအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးတာကြောင့် မုန်လာဥနီဟာ မျက်စိရောဂါတွေအတွက် ကောင်းတယ်ဆိုတာ အရမ်းမှန်ပါတယ်။ ဒါပေမယ့် သင့်ကလေး မျက်လုံးကောင်းဖို့ အတွက် လိုအပ်တဲ့ တခြားဗီတာမင်ဓါတ်တွေလည်း ရှိပါသေးတယ်။ သင့်ရင်သွေးလေး အမြင်အာရုံစူးရှမှသာ ပတ်ဝန်းကျင်က စိတ်ဝင်စားစရာအရာတွေကို ပျော်ပျော်ပါးပါးလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေ မျက်စိအားကောင်းအောင် ကူညီပေးနိုင်တဲ့အစားအစာတွေအကြောင်း ဖတ်ကြည့်လိုက်ရအောင်။ဒီအသီးအရွက်တွေဟာ သင့်ခန္ဓါကိုယ်အိုမင်းရင့်ရော်မှုကို တားဆီးကာကွယ်ပေးနိုင်တဲ့ antioxidants တွေများစွာ ပါဝင်တဲ့အပြင် lutein, zeaxanthin, beta-carotene, vitamin A, vitamin C, vitamin E,vitamin K, ကယ်လ်ဆီယမ်, ဇင့်ဓါတ်, သံဓါတ်နဲ့အမျှင်ဓါတ်တွေလည်းပါဝင်နေပါသေးတယ်။lutein နဲ့zeaxanthinတို့ဟာ သင့်ကလေးရဲ့ မျက်စိကိုခရမ်းလွန်ရောင်ခြည်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ သူတို့ဟာ မြင်လွှာထိခိုက်တာ၊ ရေတိမ်၊ အတွင်းတိမ်တွေအတွက် အထူးကောင်းမွန်ပြီး မျက်စိကိုလည်း ပိုပြီးတောက်ပစေပါတယ်။ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွသီးနဲ့သခွားသီးတို့ဟာ အလွယ်တကူရနိုင်ပြီး သင့်ကလေးရဲ့ မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ အသီးအရွက်တွေပဲ ဖြစ်ပါတယ်။vitamin A carotenoid, vitamin C, folate နဲ့တခြားantioxidantတွေရဲ့ အဓိကအရောင်ဟာ အဝါနဲ့လိမ္မော်ရောင်တွေဖြစ်ကြပါတယ်။ လေ့လာချက်တွေအရ ဟင်းသီးဟင်းရွက်တွေမှာ ပမာဏမြင့်မားစွာပါဝင်တဲ့ carotenoid ဓါတ်ဟာ မျက်စိပြဿနာတွေ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်လို့သိရပါတယ်။ vitamin C ပမာဏ လုံလောက်စွာ စားသုံးပေးရင်လည်း ကလေးမှာ ဖြစ်တတ်တဲ့ အတွင်းတိမ်ရောဂါကို သက်သာစေမှာ ဖြစ်ပါတယ်။မုန်လာဥနီတွေကို အလွန်အကျွံစားသုံးတဲ့အခါ ဗီတာမင်အေတွေ လိုတာထက်ပိုလျှံလာပြီး သင့်ကလေးကို အသားဝါစေတယ်လို့ကျွန်တော်တို့သိထားကြပါတယ်။ဒီပြဿနာကို ကာကွယ်နိုင်ဖို့အတွက် မုန်လာဥနီအစား တခြားလိမ္မော်ရောင်ရှိတဲ့အစားအစာတွေ (ဥပမာ- မက်မွန်သီး၊ သံပုရာသီး၊ သင်္ဘောသီး၊ တရုတ်ဇီးသီး၊ မက်မန်းသီး၊ရွှေဖရုံသီးနဲ့ကန်စွန်းဥစသည်)ကိုလည်း စားပေးနိုင်ပါတယ်။မုန်လာဥနီအစား ဗီတာမင်အေဓါတ် ကြွယ်ဝတဲ့ တခြားအစားအစာတွေကို အခါအားလျော်စွာ စားပေးမယ်ဆိုရင် သင့်ကလေးအနေနဲ့အစားမျိုးစုံစားခွင့်ရတဲ့အပြင် အစာစားဖို့ ငြီးငွေ့တာ၊ ဂျီကျတာတွေလည်း ဖြစ်မှာမဟုတ်တော့ပါဖူး။အနီရောင်ရှိတဲ့အစားအစာတွေမှာ ရောဂါများစွာကို သက်သာပျောက်ကင်းစေနိုင်ပြီး သင့်ခလေးရဲ့ မျက်စိနဲ့ခန္ဓါကိုယ်အတွက် များစွာအကျိုးထူးစေတဲ့ Vitamin C၊ lycopene နဲ့အခြားသော antioxidants တွေပါဝင်ပါတယ်။ University of Wisconsin က ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ Vitamin C နဲ့ lycopene ဓါတ်အနည်းငယ်သာ ရရှိတဲ့သူတွေဟာ အခြားသူတွေထက် မျက်စိဝေဒနာတွေ ခံစားရနိုင်ခြေ နှစ်ဆပိုများတယ်လို့ဆိုပါတယ်။ခရမ်းချဉ်သီးမှာ lycopene တွေ အများအပြားပါဝင်တဲ့အတွက် သူ့ကိုဦးစားပေးပြီးစားသင့်ပါတယ်။ တခြားစားသင့်တဲ့ အနီရောင်အစားအစာတွေကတော့ ပန်းသီး၊ ချယ်ရီသီးနဲ့စတော်ဘယ်ရီသီးတို့ ဖြစ်ကြပါတယ်။အဖြူရောင်ရှိတဲ့ အစားအစာတွေမှာ beta-glucans ဓါတ် များစွာပါဝင်ပါတယ်။ ငှက်ပျောသီး၊ မှို၊ ကြက်သွန်ဖြူ၊ whole grains စတာတွေဟာ အဖြူရောင်ရှိတဲ့အသီးအနှံနဲ့အရွက်တွေဖြစ်ပါတယ်။ အဖြူရောင်ရှိတဲ့အသားတွေကတော့ ကြက်ဥ/ဘဲဥအကာနဲ့ငါးတွေ (ဥပမာဆယ်လ်မွန်ငါး၊ တူနာငါး) ဖြစ်ပါတယ်။အထူးသဖြင့် မျက်စိရောဂါအမြောက်အများကိုကာကွယ်ပေးနိုင်တဲ့ DHA ၊EPA၊ omega-3 fatty acid တို့ကို ငါးတွေကနေ အဓိကရရှိပါတယ်။ ဒါကြောင့်သင့်အနေနဲ့ရင်သွေးလေးအတွက် တစ်ပတ်ကိုနှစ်ခါလောက်တော့ ငါးဟင်းချက်ကျွေးသင့်ပါတယ်။သင့်ကလေး မျက်လုံးကောင်းဖို့ ဘာတွေစားရမလဲ ဆိုတော့ သင့်ကလေး မျက်စိအားကောင်းစေဖို့အတွက် အစာကိုမှန်မှန်ကန်ကန်စားရုံသာမက လေ့ကျင့်ခန်းလုပ်တာ၊ နေထိုင်ရာပတ်ဝန်းကျင်နဲ့လူနေမှုဘဝပုံစံတွေဟာလည်း အထူးကိုအရေးကြီးပါကြောင်း။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b1%e1%80%9c%e1%80%b8-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8/
Methanol poisoning (မီသနောအဆိပ်သင့်ခြင်း)
မီသနောဆိုတာ စက်မှုလုပ်ငန်းနဲ့ မော်တော်ယာဉ်တွေမှာ သုံးတဲ့ မသောက်ရတဲ့ အရက်တစ်မျိုး ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ မီသနော အလွန်အကျွံအသုံးပြုခြင်းကြောင့် အဆိပ်သင့်ခြင်းအကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မီသနောအဆိပ်သင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။ဆရာဝန်က သင့်ရဲ့ ကိုယ်အပူချိန်၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ သွေးပေါင်ချိန်ကို စောင့်ကြည့်တိုင်းတာပါမယ်။လူနာကို ကျောက်ကပ်ဆေးခြင်း၊ မီသနောရဲ့ အဆိပ်ကို ပြေစေမယ့် ဖြေဆေး (fomepizole, methanol) ပေးခြင်း၊ ရောဂါလက္ခဏာများ သက်သာစေမယ့်ဆေးများပေးခြင်း ဖြင့်ကုသနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/methanol-poisoning-%e1%80%99%e1%80%ae%e1%80%9e%e1%80%b1%e1%80%94%e1%80%ac%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%9e%e1%80%84%e1%80%b7%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Open Incisional Hernia Repair (ခွဲစိတ်ဒဏ်ရာမှတစ်ဆင့်အူကျွံခြင်း ပြပြင်ခွဲစိတ်မှု)
ခွဲစိတ်ဒဏ်ရာမှာအူကျွံခြင်းကသင့်ရဲ့ဝမ်းဗိုက်အားနည်းမှုကြောင့်အရင်ခွဲထားတဲ့ဒဏ်ရာကအနာမကျက်တဲ့အခါဖြစ်ပါတယ်။ တကယ်လို့မကုသဘဲထားခဲ့ရင်ဒီပြဿနာကပြင်းထန်တဲ့ကျန်းမာရေး နောက်ဆက်တွဲ အခြေအနေတွေဖြစ်စေပါတယ်။သင့်ရဲ့ဝမ်းဗိုက်မှာလုပ်တဲ့ခွဲစိတ်မှုတိုင်းကခွဲပြီးအပ်နဲ့ပြန်ချုပ်ရပါတယ်။ တစ်ခါတစ်လေအဲဒီဒဏ်ရာက တော်ရုံမကျက်ပါဘူး။ အဲအခါကျရင်သင့်ဗိုက်ထဲကအရာတွေကအပြင်ကိုတိုးထွက်လာပါတယ်။ အဲဒါကအူကျွံစေပါတယ်။အူကျွံတာကအနရာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့သင့်ရဲ့အူနဲ့တခြားအစိတ်အပိုင်းတွေကညှပ်ပိတ်နေပြီးသူတို့အတွက် သွေးအထောက်အပံ့လမ်းကြောင်းကိုပိတ်မိသွားသလိုဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်ပါက ကျွံနေသော အူအပိုင်းသည် ပုပ်သွားနိုင်ပါတယ်။သင့်မှာအူကျွံရောဂါမရှိတော့ပါဘူး။ ဒီခွဲစိတ်မှုကတခြားဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကိုလည်းမဖြစ်စေတော့ပါဘူး။တကယ်လို့သင့်ရဲ့အူကပိတ်မိနေတာပဲဖြစ်ဖြစ်ပိတ်မိနေတဲ့အူတွေကလိမ်နေပြီး သွေးအထောက်အပံ့မရတော့တာဘဲဖြစ်ဖြစ်ဗိုက်ဖွင့်ပြီးခွဲစိတ်မှုကိုလုပ်ဖို့လိုပါလိမ့်မယ်။အလွန်အမင်းအဝလွန်နေတဲ့သူတွေလည်းဗိုက်ဖွင့်ပြီးခွဲဖို့ကိုပြုလုပ်ပြီးဗိုက်သားနံရံကနေအဆီတစ်ရှူးတွေကိုဖယ်ထုတ်ဖို့လိုပါတယ်။ မှန်ပြောင်းခွဲစိတ်မှုပဲဖြစ်ဖြစ်၊ ဗိုက်ဖွင့်ပြီးခွဲစိတ်မှုပဲဖြစ်ဖြစ် နှစ်ခုလုံးမှာအူထပ်မကျွံအောင် ဇကာကွက် (mesh)ကိုအသုံးပြုချင်ပြုပါလိမ့်မယ်။အူကျွံတာသည် ပြန်ဖြစ်နိုင်သည်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ဗိုက်ဖွင့် ခွဲစိတ်မှုမှာက ဆေးရုံမှာအကြာကြီးနေရလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ခွဲစိတ်ပြီးနာကျင်မှု၊ဒဏ်ရာနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာများ နဲ့ ပျောက်ကင်းချိန်ကြာခြင်းတွေကြောင့်ဘဲဖြစ်ပါတယ်။သင့်အနေနဲ့အူကျွံခြင်းကိုတစ်ခါတစ်လေထိန် း ထားနိုင်ပေမယ့်ခွဲစိတ်မှုမလုပ်ဘဲပြန်ကောင်းလာဖို့တော့မရှိပါဘူး။သင့်အနေနဲ့သင်သိပ်မကြာခင်က သောက်နေတဲ့ဆေးတွေ၊ဓါတ်မတည့်တာတွေနဲ့တခြားကျန်းမာရေးအခြေအနေတွေကိုဆရာဝန်ဆီပြောပြထားရပါမယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်နဲ့လည်းတွေ့ပြီးအစီအစဉ်ချရပါမယ်။ ခွဲစိတ်မှုမတိုင်ခင်ဘယ်အချိန်မှာစားတာသောက်တာရပ်ရမလဲစတဲ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့အရေးကြီးပါတယ်။သင့်ကိုဆရာဝန်ကခွဲစိတ်မှုအတွက်ပြင်ဆင်ဖို့နဲ့ပတ်သက်ပြီးရှင်းလင်းတဲ့ညွှန်ကြားချက်တွေပေးပါလိမ့်မယ်။ဥပမာ – ခွဲစိတ်မှုမစခင်အစာစားလို့ရမရဆိုတာမျိုးပေါ့။ အများအားဖြင့်ခွဲစိတ်မှုမစခင်ခြောက်နာရီမှာသင်ဘာမှမစားရတော့ပါဘူး။ နာရီအနည်းငယ်အလိုထိတော့ ကော်ဖီလိုအရည်တွေတော့ သောက်လို့ရပါသေးတယ်။မေ့ဆေးပေးပြီးပြုလုပ်မှာဖြစ်ပြီးမိနစ်၉၀ လောက်ကြာပါတယ်။ခွဲစိတ်ဆရာဝန်ကအရင်ခွဲရာအဟောင်းမှာထပ်ခွဲမှာဖြစ်ပါတယ်။ သူတို့ကအားနည်းနေတဲ့တစ်ရှူးတွေကိုချုပ်ရိုးတွေနဲ့ဘဲဖြစ်ဖြစ်ခွဲစိတ်ခန်းသုံးဇကာကွက် (mesh)ကိုသုံးပြီးကြွက်သားတွေနဲ့တွဲချုပ်လိုက်တာဘဲဖြစ်ဖြစ်လုပ်ဆောင်ပါမယ်။ခွဲစိတ်ပြီးတစ်ရက်ကနေလေးရက်အတွင်းသင်အိမ်ပြန်နိုင်ပါပြီ။ ပထမရက်အနည်းငယ်အတွင်းလမ်းတဖြည်းဖြည်းတိုးပြီးလျှောက်သွားပါ။သင့်ဆရာဝန်ကသင်ဘယ်အချိန်အလုပ်ပြန်သွားနိုင်မလဲ ဆိုတာကိုပြောပါလိမ့်မယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်တာကသင့်ကိုမြန်နိုင်သမျှအမြန်ဆုံးပုံမှန်ပြန်ဖြစ်ဖို့ကူညီပါလိမ့်မယ်။ လေ့ကျင့်ခန်းစမလုပ်ခင်ဆရာဝန်ဆီကအကြံတောင်းပါ။ခွဲစိတ်ဒဏ်ရာမှအူကျွံခြင်းပြုပြင်ခွဲစိတ်မှုပြုလုပ်ပြီးရင်နာတာရှည် နောက်ဆက်တွဲ ပြဿနာတွေဖြစ်ခဲပါတယ်။ ရေတိုနောက်ဆက်တွဲ ပြဿနာတွေကတော့ အရင်ကခွဲစိတ်မှုတွေလုပ်ထားဖူးတဲ့၊အရင်ကခွဲစိတ်ခန်းသုံးဇကာကွက် (mesh) ထည့်ထားဖူးတဲ့အဝလွန်သူတွေမှာပိုအဖြစ်များပါတယ်။ခွဲစိတ်မှုအပြီးဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့။သင့်အနေနဲ့ဒီရှုပ်ထွေးမှုတွေဖြစ်နိုင်ခြေကိုခွဲစိတ်မှုပြင်ဆင်ဖို့ဆရာဝန်ညွှန်ကြားချက်တွေကိုလိုက်နာပြီးလျှော့ချနိုင်ပါတယ်။ဥပမာ – ဘယ်အချိန်အစားအသောက်ရပ်ရမယ်၊ဘယ်ဆေးတွေသောက်တာရပ်ရမယ်ဆိုတာမျိုးပေါ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/open-incisional-hernia-repair-%e1%80%81%e1%80%bc%e1%80%b2%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%99%e1%80%bd%e1%80%90%e1%80%85%e1%80%b9%e1%80%86/
သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ
သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတာ သိပြီးပြီလား! သောက်တာ များတယ် ဆိုတာ ရေကို ဆိုလိုတာ မဟုတ်မှန်းတော့ သိကြမှာပါနော့။ တစ်ခွက်ပြီး တစ်ခွက် မော့နေတုန်းတော့ ပျော်နေပေမယ့် နောက်ရက် ကျရင် သောက်ထားတဲ့အရှိန်နဲ့ ခေါင်းကိုက်လိုက်၊ ဗိုက်အောင့်လိုက်နဲ့ မှောက်တော့မှာ မလား။အပီကဲပြီး နောက်နေ့မှာ အရက်နာ ကျတာက သပ်သပ်၊ အရက်ကြောင့် ပူလောင်ပြီး ဗိုက်အောင့်တာက သပ်သပ် ခံစားရမှာသေချာတာပေါ့။ ခံရ သက်သာချင်ရင်တော့ ဒီလို မဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေ သိထားဖို့တော့ လိုပါတယ်။သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတော့။(၁) ရေသောက်ပါ။အရက် ဘီယာ သောက်တဲ့အခါ ရေဓာတ် မခမ်းခြောက်ဖို့ အရေးကြီးပါတယ်။ ဆိုလိုတာက ဟိုဟာတွေ သောက်လည်း သောက်၊ ရေလည်းသောက်ပေးဖို့ ပါပဲ။ ရေတွေ သောက်ပြီး ဆီးသွားပစ်လေ မကောင်းတဲ့ အဆိပ်အတောက်တွေ ပါသွားလေပါ။(၂) တခြားအရည်တွေသောက်ပါ။ရေနဲ့တင် မလုံလောက်ဘူး ခံစားနေရရင် အရက် မဟုတ်တဲ့ တခြား အရည်တွေနဲ့ ရေဓာတ် ဖြည့်ပါ။ ဓာတ်ဆား ဖြည့်ပေးမယ့် သောက်စရာ(ရေဓာတ်ဖြည့် အချိုရည် လိုမျိုး) တစ်ခုခု ထပ်သောက်ပါ။ ကိုယ့်မှာ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ ပိုတက်စီယမ်ကို ပြန်ဖြည့်ဆည်းပေးပါလိမ့်မယ်။(၃) အဆီလေးစားပေးဦး။ဟိုးရှေးတည်းက သုံးခဲ့ကြတဲ့ နည်းတစ်ခုက မူးပြဲမကွဲအောင်လို့ ပါတီ မတက်ခင် သံလွင်ဆီ တစ်ဇွန်း ကြိုသောက်ရတယ်တဲ့။ ပီဇာ ဒါမှမဟုတ် အဆီများတဲ့ စားစရာ တစ်ခုခုကလည်း အာနိသင် တူနိုင်ပါတယ်။ ဒါတွေက အူထဲမှာ ဆီဆွတ်ထားသလို ဖြစ်စေပြီးအယ်လ်ကိုဟောကို စုပ်ယူမှု မမြန်စေတော့ပါဘူး။ ဒါပေမယ့် အလွန်အကျွံ စားတာကိုတော့ အားမပေးပါဘူးနော်။(၄) သောက်နေတဲ့အချိန် သကြားစားပေးပါ။လေ့လာမှုတွေအရ fructose က အယ်လ်ကိုဟောရဲ့ဇီဝဖြစ်ပျက်မှုကို မြန်စေတဲ့အတွက် အရက်နာကျနိုင်တဲ့ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။ အရက်သောက် နေတဲ့ အချိန်မှာ (မသောက်ခင် မဟုတ်ဘူးနော်၊ fructose က ချေဖျက် စုပ်ယူရ လွယ်တယ်) သကြားကို စားပေးဖို့ပဲ လိုပါတယ်။ သကြားစေ့ ဝါးစားဖို့ မဟုတ် အရက် သောက်ရင်း အချိုရည်လေး နည်းနည်း ညှပ်ညှပ် သောက်လည်း ရတာပဲ။(၅) နောက်နေ့မှာ မနက်စာကိုစားဖြစ်အောင်စားပါ။အစားအစာ မှာပါတဲ့Electrolytesတွေကြောင့် ရေဓာတ် ဆုံးရှုံးနေတဲ့ စနစ်ကို ဖြည့်ဆည်းပေးပြီး ခန္ဓာကိုယ်ကို ကယ်လိုရီ ပြန်ဖြည့် ပေးနိုင်ပါတယ်။ အရက်နာကျတဲ့ မနက်ခင်းမှာ စားတဲ့ အစာက ချေဖျက်ရ လွယ်တဲ့ အရာတော့ ဖြစ်သင့် ပါတယ်။အရက်ကို ကြိုက်တယ် မြင်ရင် ရပ်မရတမ်း သောက်ချင်တယ်။ အရက်နာ ကျမှာကို ကျပြန်တော့လည်း မကြိုက် ပြန်ဘူး။ အရက်ကြောင့် ရင်ပူရင်ဆာကလည်း မဖြစ်ချင်ပြန်ဘူးဆိုရင်တော့ အလွယ်ကူဆုံးက အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာတာပါပဲ။ အဆင်ပြေဆုံး နည်းလမ်းကို ကိုယ်တိုင် ရွေးချယ်လိုက်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastritis-digestive-health/steps-to-cure-your-hangover/
Brown recluse spider bite (အဆိပ်ပြင်းပင့်ကူကိုက်ခြင်း)
အဆိပ်ပြင်းပင့်ကူကိုက်ခြင်းဆိုသည်မှာ။အဆိပ်ပြင်းပင့်ကူကို အမေရိကန်နိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းတွင် တွေ့ရလေ့ရှိသည်။ အကိုက်ခံရလျှင် တခါတရံ အသက်ပင်သေစေနိုင်သည်။ထိုပင့်ကူများသည် အဆိပ်ပြင်းသော်လည်း လူကိုကိုက်ခြင်းမှာ ရှားပါးဖြစ်စဉ်ဖြစ်သည်။သင်သည် အဆိပ်ပြင်းပင့်ကူကိုက်ခံရပါက မည်သို့မျှခံစားရလေ့မရှိပါ။ သင့်ခန္ဓါကိုယ်ပေါ်တွင် ပင့်ကူကိုမမြင်လိုက်ပါက အကိုက်ခံရကြောင်းပင် သိမည်မဟုတ်ပါ။ သင်သိလိုက်သည်ဆိုပါက အကိုက်ခံရလျှင်ရချင်း စူးကနဲခံစားရမည်။အဆိပ်ကြောင့်ဖြစ်သော လက္ခဏာများမှာ နာရီအနည်းငယ်အတွင်း ပေါ်မလာနိုင်သေးပါ။ ထို့နောက် အကိုက်ခံရသည့်နေရာတဝိုက်တွင် နာကျင်ခြင်း၊ ပူလောင်ခြင်း သို့မဟုတ် ယားယံခြင်းကို ခံစားရမည်။ ထိုနေရာတွင် နီရဲလာနိုင်သည်။ သေးငယ်သော အရည်ကြည်ဖုအဖြူလည်း ဖြစ်နိုင်သည်။အကိုက်ခံရပြီးဖြစ်နိုင်သော အခြားလက္ခဏာများမှာ ဖျားခြင်း၊ ပျို.ခြင်း၊ ကိုက်ခံရသောနေရာတွင် အလွန်ယားယံလာခြင်း၊ အနီပြင်ထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ မအီမသာဖြစ်ခြင်း နှင့် ချွေးထွက်ခြင်းတို့ဖြစ်သည်။အကိုက်ခံရပြီး၁၂နာရီမှ ၃၆နာရီအတွင်း အဆိပ်ပြင်းပင့်ကူကိုက်ခံရခြင်း၏ ထူးခြားဝိသေသ လက္ခဏာဖြစ်သည့် အရောင်ပြောင်းခြင်းဖြစ်ပေါ်လာမည်။ အကိုက်ခံရသည့်နေရာတွင် ခရမ်းရင့်သို့မဟုတ် အပြာရောင်ပြောင်းပြီး ဖြူဖျော့ဖျော့အရောင်အကွင်းနှင့် ပိုကြီးသော အနီရောင်ဧရိယာတို့ဖြင့် ဝန်းရံထားသည်။ အရောင်ရင့်သော အရည်ကြည်ဖု သို့မဟုတ် အနာလည်းရှိနေနိုင်သည်။ အချို.လူနာများတွင် အကိုက်ခံရသောအနာသည် ရက်သတ္တပတ်နှင့်ချီ၍ ရှိနေပြီး အရွယ်အစားလည်းကြီးလာနိုင်သည်။အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။အဆိပ်ပြင်းပင့်ကူများသည် ရန်လိုသောပင့်ကူများမဟုတ်၍ လူ၏အရေပြားနှင့် ထိကပ်မိမှသာ ကိုက်ပါလိမ့်မည်။ ၎င်းတို့သည် နေ့ဘက်တွင်ပုန်းအောင်းနေပြီး ညဘက်မှသာထွက်လာ၍ အင်းဆက်ပိုးမွှားများကို ဖမ်းယူစားသောက်ကြသည်။အဆိပ်ပြင်းပင့်ကူ ကိုက်ခံရပြီဟုထင်ပါက အရေးပေါ်ခန်းသို့သွားခြင်း သို့မဟုတ် ဆရာဝန်ကိုခေါ်ခြင်းကို ချက်ခြင်းလုပ်ဆောင်ပါ။ ဖြစ်နိုင်လျှင် ကိုက်သည့်ပင့်ကူကို ဖမ်း၍ အလုံပိတ်ဘူးထဲထည့်ယူခဲ့ပါ။ သို့မှသာ ဆရာဝန်က ပင့်ကူကိုစစ်ဆေးကြည့်ပြီး ရောဂါကို အတည်ပြုနိုင်မည်။ အရေးပေါ်ဌာနတွင် ဆရာဝန်က သင့်ကို မေးခိုင်ရောဂါကာကွယ်ဆေး ထပ်မံထိုးပေးလိမ့်မည်။အဆိပ်ပြင်းပင့်ကူကိုက်ခြင်းအတွက် အဆိပ်ဖြေဆေးမရှိပါ။ အနားယူခြင်း၊ ရေခဲကပ်ခြင်း၊ အကိုက်ခံရသည့် ခြေလက်တို့ကို မြှောက်ထားခြင်းဖြင့် သက်သာသွားလေ့ရှိသည်။အခြားဆေးဝါးများကို ပင့်ကူကိုက်ခံရပြီး နောက်ဆက်တွဲအရေပြားထိခိုက်ခြင်းကို ကုသရန်သုံးနိုင်သည်။ လေ့လာမှုများအရ မည်သည့်ဆေးဝါးမှ အမြဲတစေ ထိရောက်ခြင်း ယုံကြည်စိတ်ချရခြင်း မရှိပါ။ ထိုဆေးဝါးများမှာ။ဂေါက်ရောဂါတွင်သုံးသောဆေး ခသူခ့ငခငညန။အရောင်ကျရန် ခသမအငခသျအနမသငျိ။အနာကြီးရောဂါတွင်သုံးသော ပဋိဇီဝဆေး ိဈေသညန။ိငစ့နည့ပိမောငညန။ဖိအားများသော အောက်ဆီဂျင်။နှလုံးရောဂါဆေး ညငအမသူါပခနမငညန။ှုဘကစမသ်နည ကဲ့သို့အကိုက်အခဲပျောက်ဆေး တို့ဖြစ်သည်။အကိုက်ခံရသည့်နေရာတွင် ရောဂါပိုးဝင်ပါက ဆရာဝန်မှပဋိဇီဝဆေးလည်း ပေးနိုင်သည်။အဆိပ်ပြင်းပင့်ကူကိုက်ခံရပြီး ဆရာဝန်ထံသွားနေစဉ် အောက်ပါရှေးဦးပြုစုနည်းများကို ဆောင်ရွက်ရမည်။အကိုက်ခံရသည့် ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် အမြန်ဆုံးဆေးပါ။အကိုက်ခံရသည့် ခြေလက်တို့ကို မြှောက်ထားခြင်းပါ။နာကျင်ခြင်း ရောင်ရမ်းခြင်းတို့သက်သာစေရန် ရေခဲ သို့မဟုတ် ရေအေးဝတ်ဖြင့် ဆယ်မိနစ်ခြားကပ်ပေးပါ၊။အဆိပ်ပြင်းပင့်ကူကိုက်ခံရခြင်းမှာ ထိတ်လန့်ဖွယ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အများအားဖြင့် အန္တရာယ်မရှိပါ။ အများစုတွင် နောက်ဆက်တွဲဆိုးကျိုးများမရှိဘဲ သူ့အလိုလိုပျောက်ကင်းသွားတတ်သည်။သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ ံ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/brown-recluse-spider-bite-%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%b0%e1%80%80%e1%80%ad%e1%80%af/
အစာမကြေဖြစ်တာ ဘာလို့လဲ
အဓိကကတော့ ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံ မမှန်ကန်တာကြောင့် အဖြစ်များပြီး အစာခြေစနစ်နဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်မလုပ်တာ၊ ချို့ယွင်းတာကြောင့်ဖြစ်ရတာပါ။အစာမကြေတာ အရမ်းပြင်းထန်လွန်းတဲ့အခါ အရမ်းအန်တာ၊ အန်လိုက်တဲ့အစာတွေက ကော်ဖီရောင်တွေဖြစ်နေတာ၊ ဝမ်းက အမည်းရောင်ဖြစ်နေတာ၊ အစာမမျိုချနိုင်တာတွေပါ ဖြစ်နိုင်ပါတယ်။များသောအားဖြင့် အစာကို အများကြီးစားလိုက်တာ၊ လောကြီးပြီးတော့ အစာကို တစ်လုပ်ပြီး တစ်လုပ်စားတာ၊ သေချာမဝါးတာကြောင့် အစာမကြေဖြစ်ရတာပါ။ စပ်လွန်းတဲ့၊ ဆီများတဲ့ အစားအစာတွေစားတတ်တဲ့သူတွေ၊ စားပြီးတာနဲ့ လှဲတတ်တဲ့ အကျင့်ရှိသူတွေမှာလည်း မကြာခဏဆိုသလို အစာမကြေတာဖြစ်နိုင်ပါတယ်။ တခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့။•ဆေးလိပ်သောက်ခြင်း။• အရက်အလွန်အကျွံသောက်ခြင်း။• အကိုက်အခဲပျောက်ဆေး (Aspirin, ibuprofen, naproxen အစရှိတဲ့ဆေးတွေ) သောက်ခြင်း။• အစားချင့်ရည်ပြန်ဆန်တက်ခြင်း (Acid Reflux Disease/ GERD)။• အစာအိမ်ကင်ဆာ (Gastric Cancer)။• ပန်ကရိယ၊ သည်းခြေပြွန် ပုံမှန်အလုပ်မလုပ်တာ။• အစာအိမ်မှာ အနာဖြစ်ခြင်း (Peptic Ulcers) တွေပဲ ဖြစ်ပါတယ်။မကြာခဏ အစာမကြေဖြစ်တတ်တဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ဆွေးနွေးဖို့လိုပါတယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ စားသောက်နေထိုင်မှုပုံစံတွေကို မေးမြန်းပြီးနောက်မှာ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ပြီး အစာခြေလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိနေနိုင်လားဆိုတာ စစ်ဆေးမှာဖြစ်ပါတယ်။ အစာမကြေဖြစ်စေတဲ့ အဓိကအကြောင်းရင်းမှန်ကို စစ်ဆေးပြီးမှသာ လိုအပ်တဲ့ ဆေးဝါးကုသမှုစတင်ခံယူဖို့ ညွှန်ပေးမှာဖြစ်ပါတယ်။ဆေးဝါးကုသမှုခံယူနေစဉ်မှာ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲပစ်လိုက်ဖို့ လိုပါတယ်။ အဓိကအနေနဲ့။• အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။•အစပ်၊ အဆီများတဲ့အစားအစာတွေကို ရှောင်ပါ။• ဖြည်းဖြည်းချင်း အစာစားပါ။• အစာစားပြီးတာနဲ့ အိပ်ရာ၊ ကြမ်းခင်းပေါ် မလှဲလိုက်ပါနဲ့။• ဆေးလိပ်၊ အရက်ဖြတ်ပါ။•ကော်ဖီ၊ အရက်၊ ဆိုဒါပါတဲ့ အအေးတွေ သိပ်မသောက်ပါနဲ့။• ကောင်းစွာ အိပ်စက်အနားယူပါ။• အစာမကြေဖြစ်စေတဲ့ ဆေးဝါးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆေးရပ်တာ၊ ဆေးပြောင်းတာမျိုး လုပ်ပေးပါ။• စိတ်ဖိစီးမှုကို ပြေလျော့အောင် ဂရုစိုက်ပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%80%e1%80%bc%e1%80%b1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7%e1%80%9c%e1%80%b2/
Otoplasty In Adults (လူကြီးများတွင် နားပြုပြင်ခွဲစိတ်မှု)
Otoplasty ဆိုတာကသင့်နားရွက်တွေရဲ့ပုံပန်းသွင်ပြင်ကိုလှပလာအောင်ပြုပြင်ပေးတဲ့ခွဲစိတ်မှုတစ်ခုပါ။ ရည်ရွယ်ချက်ကတော့သင့်ရဲ့ပုံပန်းသွင်ပြင်ကိုသင်စိတ်ကျေနပ်မှုရှိစေပြီးယုံကြည်မှုပိုရှိလာစေဖို့ပါ။ သင့်အနေနဲ့ရွေးချယ်စရာတွေနဲ့လက်တွေ့ကျတဲ့မျှော်လင့်ချက်တွေကို သေချာစဉ်းစားသင့်ပါတယ်။သင့်အနေနဲ့သင့်နားရွက်နဲ့ပတ်သက်ပြီးအစနောက်ခံနေရရင်၊သင့်နားရွက်တွေ ပုံဆိုးပန်းဆိုးဖြစ်နေရင်နားရွက်ပြုပြင်ခွဲစိတ်မှုကသင့်ကိုစိတ်ကျေနပ်စေမှာပါ။Otoplasty ရဲ့ဖြစ်လာနိုင်ချေရှိတဲ့ဆိုးကျိုးတွေကဘာတွေလဲ ။အရွယ်ရောက်ပြီးတဲ့ Otoplasty လုပ်မယ့်သူတွေသိထားရမှာကဖွံ့ဖြိုးပြီးသားနားရွက်မှာရှိတဲ့အရိုးနုတွေကကလေးငယ်တွေနားရွက်လိုမျိုးပျော့ပျောင်းမှုမရှိတော့ဘူးဆိုတာပါဘဲ။အရွယ်ရောက်ပြီးသူတွေအတွက်ကခွဲစိတ်တာကသာနားရွက်ပုံစံပြောင်းပေးနိုင်မှာပါ။သင့်အနေနဲ့ဒီခွဲစိတ်မှုရဲ့ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေရှုပ်ထွေးမှုတွေကိုနားလည်ထားဖို့လိုပါတယ်။ အသေးစိတ်ကိုတော့သင့်ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးပါ။ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးလုပ်မှာဖြစ်ပါတယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်ကပြင်ဆင်ရမှာတွေကို ပြောပြပါမယ်။ သင့်အနေနဲ့ဘာဆေးတွေသောက်နေလဲပြောပြဖို့အရေးကြီးပါတယ်အထူးသဖြင့် သွေးကျဲဆေးတွေပါ။ခွဲစိတ်မှုမစခင် ခြောက်နာရီအလိုမှာသင်ဘာမှမစားမသောက်ရတော့ပါဘူး။ သင့်မေ့ဆေးဆရာဝန်စကားကိုနားထောင်ဖို့အရေးကြီးပါတယ်။ မေ့ဆေးမပေးခင်၂၄နာရီအလိုမှာသင်အရက်သောက်ထားလ့ ိုမဖြစ်ပါဘူး။ခွဲစိတ်မှုကတစ်နာရီလောက်ကြာပါတယ်။ ခွဲစိတ်ဆရာဝန်ကသင့်နားရွက်အနောက်မှာခွဲပြီးအရိုးနုဆီကအရေပြားတချို့ကိုဖယ်ထုတ်လိုက်ပါမယ်။ သူတို့ကသင့်နားရွက်ရဲ့အရိုးနုပုံစံကိုပြောင်းလဲပြီးနားရွက်ကိုပြုပြင်ပေးပါမယ်။ သင့်ခွဲစိတ်ဆရာဝန်ကနားရွက်ကိုပုံစံအသစ်မှာထိန်းထားနိုင်ဖို့နဲ့ အတွန့်အခေါက်ပုံဖော်ဖို့ အတွက်ချုပ်ရိုးတွေလုပ်ဖို့လိုပါတယ်။သင့်ခွဲစိတ်ဆရာဝန်ကနားရွက်အရှေ့ဘက်ကိုခွဲပြီးအရေပြားကိုခွဲပါလိမ့်မယ်။ ဒါမှသာအရိုးနုကိုသေချာပုံသွင်းနိုင်မှာပါ။ ဒီနည်းလမ်းကအရိုးနုကိုဦးခေါင်းဘက်ကွေးညွှတ်စေပုံရပါတယ်။ပြီးရင်ခွဲစိတ်ဆရာဝန်ကသင့်နားရွက်ကိုအထောက်အကူပြုဖို့အတွက်ဦးခေါင်းမှာပတ်တီးလိုမျိုးတစ်ခုခုစည်းပေးပါမယ်။ခွဲစိတ်မှုပြီးတဲ့တစ်နေ့တည်းမှာဘဲသင်အိမ်ပြန်လို့ရပါပြီ။ အပတ်အနည်းငယ်တော့အနာရောင်ရမ်းတာကျတဲ့အချိန်တွေမှာအနားယူပြီးအင်အားသုံးရတဲ့လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ခေါင်းကပတ်တီးဖြေပြီးတဲ့အခါသင်အလုပ်ပြန်သွားနိုင်ပါပြီ။ခွဲစိတ်ပြီးခြောက်ပတ်အကြာထိသင်အားကစားမလုပ်သင့်ပါဘူး။ဒါပေမယ့်လည်းတခြားခွဲစိတ်မှုတွေလိုဘဲသူ့မှာလည်းဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးတွေရှိပါတယ်။• ချုပ်ရိုးနဲ့ပတ်သက်ပြီးပြဿနာရှိခြင်း။ ဒါပေမဲ့ ချုပ်ရိုးတွေကို ဆေးခန်း၊ ဆေးရုံမှာတင် နာကျင်မှုမရှိလဲ လွယ်လွယ်ကူကူ ချုပ်ရိုးဖြည်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/otoplasty-in-adults-%e1%80%9c%e1%80%b0%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%94%e1%80%ac%e1%80%b8%e1%80%bb%e1%80%95/
ကီတို Diet လုပ်နေစဉ် အတွေ့များတဲ့ လက္ခဏာများ
ကီတို Diet ဆိုတာကိုယ်အလေးချိန်ကျစေဖို့နဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးကောင်းစေဖို့ ရည်ရွယ်ပြီး လုပ်တဲ့ Diet တစ်မျိုးပါ။ အထူးသဖြင့် လူငယ် အမျိုးသမီးတွေ ကီတို Diet လုပ်တာ ပိုများပါတယ်။ကာဗိုဟိုက်ဒြိတ်ကို နည်းနိုင်သမျှ နည်းအောင် စားသုံးပြီး ကျန်းမာရေး အကျိုးပြု အဆီဓာတ်နဲ့အသားဓာတ်ကိုသာ အဓိက စားသုံးပေးရပါတယ်။ပုံမှန် အစာစားလိုက်တဲ့အခါ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်သည် ကစီဓာတ်လို့ ခေါ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို အရင်ဖြိုခွဲပေးရပါတယ်။ ပြီးတော့မှ အဆီဓာတ်နဲ့ကယ်လိုရီတွေကို ဖြိုခွဲပါတယ်။ ကီတို Diet စတင်တဲ့အခါမှာ ကစီဓာတ် စားသုံးမှုနည်းသွားတဲ့အတွက် ကိုယ်ခန္ဓာက အဆီတွေကို တိုက်ရိုက်ဖြိုခွဲဖို့ ပိုလွယ်ကူသွားပါတယ်။ အဆီတွေကို ကီတုန်း (Ketone) အဖြစ်နဲ့ ဖြိုခွဲပြီးနောက်အသည်းထဲမှာ သိုလှောင်ကာ ဦးနှောက်အတွက် အားအင်အဖြစ် ပို့ဆောင်ပေးပါတယ်။ ဒီဖြစ်စဉ်ကိုတော့ Ketosis လို့ ခေါ်ပြီး ကိုယ့်ရဲ့ ကီတို Diet လုပ်တာ အကျိုးအာနိသင်ရှိတယ်ဆိုတာကို ပြနေပါတယ်။ကိုယ်ခန္ဓာထဲမှာ Ketosis ဖြစ်နေတယ်ဆိုတာ အလွယ်တကူ သိနိုင်ဖို့ တချို့သော လက္ခဏာနဲ့ ပြောင်းလဲမှုတွေကို ကိုယ်ခန္ဓာကနေ လှုံ့ဆော်ပေးပါတယ်။ ဒီလှုံ့ဆော်မှုတွေကို ကြည့်ခြင်းဖြင့်လည်း ကိုယ်ကကီတိုDiet စားသုံးမှု မှန်ကန်နေတယ်ဆိုတာကို သိနိုင်ပါတယ်။အတွေ့များတဲ့ လက္ခဏာတွေထဲမှာ ပါပါတယ်။အနံ့ဆိုးဆိုတာထက် စိမ်းရွှင်ရွှင် သစ်သီးအနံ့လိုမျိုးဆို ပိုမှန်ပါတယ်။ အသည်းထဲမှာ ကီတုန်း ပမာဏ များလာတဲ့အခါ ဒီလိုအနံ့အသက်မျိုး ဖြစ်လာပြီး ခံတွင်းအနံ့၊ဆီးအနံ့အဖြစ်နဲ့ အပြင်ဘက်ကို ပြန်ကန်ထွက်လာပါတယ်။ တစ်ဖက်လူ မခံမရပ်ဖြစ်ရလောက်အောင် ဆိုးရွားနေတာ မဟုတ်တဲ့တိုင်အောင် ကိုယ့်အတွက် အဆင်မပြေဘူးလို့ ယူဆရရင် မနက်တစ်ကြိမ် ညတစ်ကြိမ် သွားသေချာတိုက်တာ၊ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းတာ၊ သကြားလုံးဝ မပါတဲ့ပီကေဝါးတာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆီးအနံ့ အနေနဲ့ ရေကို တစ်နေ့ ၃လီတာခန့် အနည်းဆုံး သောက်ပေးခြင်း၊ မကြာခဏ ဆီးထသွားပေးခြင်းဖြင့် လျော့နည်းသွားစေနိုင်ပါတယ်။ကီတို Diet လုပ်နေသူ အများစု ကိုယ်စားသောက်နေတဲ့ ပုံစံ မှန် မမှန်ကို ဒီအချက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ကစီဓာတ်စားသုံးမှုနည်းလေ၊ ကိုယ်ခန္ဓာက အဆီကို လျင်မြန်စွာ ဖြိုခွင်းနိုင်တာကြောင့် မလိုလားအပ်တဲ့ အဆီနဲ့ကယ်လိုရီတွေ ခန္ဓာကိုယ်ထဲ စုပြုံမနေတော့ဘဲ လျင်မြန်စွာ လောင်ကျွမ်းသွားတာကြောင့် ကိုယ်အလေးချိန်ကို သိသိသာသာ ကျသွားတာကို တွေ့ရမှာပါ။လူတွေမှာ ဗိုက်မဆာဘဲနဲ့ တစ်ခုခုကို စားချင်နေတဲ့ စိတ် အနည်းနဲ့ အများ ရှိတတ်ပါတယ်။ ဒီအကျင့်ရှိသူ အများစုက ထမင်းစားပြီး ဗိုက်ပြည့်နေတဲ့တိုင်အောင် မျက်စိထဲ တွေ့ရာမြင်ရာအာဟာရမဖြစ်တဲ့ အစားအစာတွေကို ယူစားတတ်တဲ့အတွက် ကိုယ်အလေးချိန်က မလိုအပ်ဘဲ တက်နေရတာပါပဲ။ ကီတို Diet လုပ်သူတွေမှာ ကစီဓာတ် စားသုံးမှု နည်းသွားတဲ့အတွက် ခန္ဓာကိုယ်က မလိုအပ်ဘဲ အစာစားချင်တဲ့စိတ်ကို ထိန်းချုပ်ပြီးသားလည်း ဖြစ်သွားပါတယ်။ကီတို Diet စတင် လုပ်ကာစမှာ ခန္ဓာကိုယ်က ပြောင်းလဲမှုပုံစံ အသစ်ကို သဟဇာတဖြစ်အောင် ညှိယူနေရတဲ့အတွက်ပင်ပန်းတာ၊ အားမရှိသလို ဖြစ်တဲ့ လက္ခဏာ တွေ့ရတတ်ပါတယ်။ Ketosis အဆင့်ကို ရောက်သွားပြီဆိုရင်တော့ ခန္ဓာကိုယ်အတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေအပြင် အသစ်တွေကို ပြန်ဖြည့်ပေးဖို့ ကီတုန်းကို အစားထိုး အသုံးပြုရတဲ့အတွက် အလုပ်ပင်ပန်းနေရင်တောင် လူက ပေါ့ပါးလန်းဆန်းနေပြီး အားအင်ပြည့်ဝနေတာကို ခံစားရမှာပါ။နံပါတ် (၄) အချက်မှာ ပြောခဲ့သလိုမျိုးပါပဲ။ ကီတိုDietစတင်ကာစမှာ လူက ပင်ပန်းပြီး အားမရှိတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ လေ့ကျင့်ခန်း လုပ်သူတွေအနေနဲ့တော့ အားအင် ပိုမိုစိုက်ထုတ်ရတဲ့အတွက် စွမ်းဆောင်ရည်က အရင်ကထက် ကျဆင်းသွားတာကို တွေ့ရတတ်ပါတယ်။ အဓိကကတော့အားအင်ကို ကစီဓာတ်က ဖြည့်တင်းပေးတဲ့အတွက် ကစီဓာတ် နည်းသွားတဲ့အခါ ကောင်းကောင်း အားမစိုက်ထုတ်နိုင်သလို ခံစားရတာပါ။ ဒီပြဿနာအတွက် ကိုယ်စားသောက်နေတဲ့ ကီတို Diet ကို ပုံစံပြောင်းလဲတာ၊ ဒါမှမဟုတ် ခါတိုင်းထက် ပိုစားပေးတာမျိုးဖြင့် ကုသနိုင်ပါတယ်။အဆီဓာတ်နဲ့အသားဓာတ်ကိုပဲ များများ စားလိုက်တဲ့အခါမှာ အစာခြေစနစ်က အလုပ်လုပ်မှု နှေးကွေးသွားတဲ့အတွက် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ အစာမကြေတာတွေ ဖြစ်တတ်ပါတယ်။ စားသောက်ပုံပေါ် မူတည်ပြီး နောက်ပိုင်းမှာ သက်သာသွားသူတွေလည်း ရှိပါတယ်။ ဒီပြဿနာအတွက် အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေကို ပမာဏ နည်းနည်း ပိုစားပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ စားသောက်မှုပုံစံဟာ သိသိသာသာ ပြောင်းလဲသွားသလိုပဲ ကိုယ်ခန္ဓာတွင်း လုပ်ဆောင်မှုတွေဟာလည်း အနည်းငယ် ကမောက်ကမ ဖြစ်သွားတတ်ပါတယ်။ အသိသာဆုံး လက္ခဏာတစ်ခုကတော့ ညအိပ်မပျော်တာပါပဲ။ ကောင်းတဲ့အချက်ကတော့ ကိုယ်က ကီတို diet ကို နေ့စဉ် သေချာစားသောက်ပေးမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဒီလက္ခဏာဟာလည်း ပျောက်ကင်းသက်သာသွားနိုင်လို့ အရမ်းတော့ စိတ်ပူစရာမလိုပါဘူးနော်။ဒီလက္ခဏာတွေဟာ စိတ်ပူစရာ မဟုတ်ပေမဲ့လည်း ကီတိုသမားတိုင်း သိထားသင့်တဲ့ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲပါပဲ။ ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ့်အနေနဲ့ Diet လုပ်တော့မယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ ဇွဲမလျှော့ဘဲ သေချာကြိုးစားပြီး စားသောက်ဖို့၊ အခက်အခဲ ဖြစ်လာတဲ့အခါမှာလည်း အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည်ဖို့ကို ထပ်ပြီး မှာကြားချင်ပါတယ်ခင်ဗျ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/keto-diet/
အသည်းကင်ဆာဖြစ်ပြီးနောက် နေထိုင်မှုပုံစံပြောင်းလဲမှုများ
ကင်ဆာဖြစ်ပြီးနောက် လူနာများသည် စိတ်ဓါတ်ကျမှု ခံစားရသည်။ လူအများစုသည် ကင်ဆာပြန်ဖြစ်မည်ကိုစိုးရိမ် ရင်းနေထိုင်ကြရသည်။ လူနာများ၏ တစ်ဝက်မှ သုံးပုံနှစ်ပုံသည် ခွဲစိတ်ပြီး ၅ နှစ်အကြာတွင် ကင်ဆာပြန်ဖြစ်ခြင်း၊ ပထမကင်ဆာမှ ပျံ့ပွားခြင်းသို့မဟုတ် လက်ကျန်ကင်ဆာမှ အ သည်းကင်ဆာအသစ် ဖြစ်ပွားခြင်းစသည်တို့ ကြုံတွေ့ရ သည်။ မေးလိုသည်မှာလူနာများသည် ကင်ဆာဖြစ်ပြီးနောက် ပိုကောင်းမွန်သောဘဝရရန် စိတ်ဓါတ်ကိုဘယ်လိုမြင့်တင် ရမလဲပင်ဖြစ်သည်။ကင်ဆာလူနာများသည် အလွန်အမင်းမောပန်းခြင်းကိုခံစားရသည်။ ပုံမှန် မောပန်းခြင်းမျိုးမဟုတ်ဘဲအနားယူခြင်း ဖြင့် မသက်သာနိုင်သောစိတ်ရောကိုယ်ပါ မောပန်းခြင်း ဖြစ် သည်။ ကုသမှုအပြီးအချိန်ကြာစွာ ဖြစ်ပေါ်ပြီးနေ့စဉ် လှုပ်ရှားမှုများမလုပ်နိုင်အောင် တားဆီးပါသည်။ သို့သော်လည်းလေ့ ကျင့်ခန်းလုပ်ခြင်းဖြင့် ထိုအခြေအနေကိုတိုးတက်ကောင်းမွန် အောင် လုပ်နိုင်သည်။ သက်သေအနေဖြင့် လိုအပ်ချက်များ နှင့် ဆက်နွယ်သောလေ့ကျင့်ခန်းအစီအစဉ်များလုပ်သောလူများသည် ပိုကောင်းသောရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခြေအနေများကိုရကြသည်။အရေးကြီးသောအချက်မှာရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု အားလုံးသည် သင်၏ ကျန်းမာရေးအခြေအနေနှင့် သင့်လျော်ရန် လိုသည်။ အရင်ကလေ့ကျင့်ခန်းမလုပ်ဖူးပါကအခြားလူများပုံမှန်လုပ်နိုင်သောလေ့ကျင့်ခန်းပမာဏလောက် သင်လုပ်နိုင်မည် မဟုတ်ပါ။ ထိုအခါ သင့်ခန္ဓါကိုယ် နှင့် သိကျွမ်းအောင် ဖြည်းဖြည်းချင်းစတင်သင့်သည်။ လမ်းတိုလျှောက်ခြင်းစသည်တို့ စလုပ်သင့်သည်။ ထို့အပြင် ရောဂါ ဖြစ်ဖူးသူများ၊ ဆရာဝန်များထံမှ အကြံညဏ်များရယူ ခြင်းသည်လည်းအလွန်ကောင်းသည်။ မိသားစုဝင်များနှင့် သူငယ်ချင်းများကလည်းရှေ့ဆက်ရန် တွန်းအားပေးရမည်။အသည်းကင်ဆာကုသမှု ကာလပြီးပါကအချို့လူများအတွက် ပုံမှန်ဘဝကို ပြန်ရရန် မလွယ်ကူနိုင်ပါ။ စိတ်ခံစားမှု၊ ခန္ဓါကိုယ်ပုံရိပ်၊ မောပန်းနွမ်းနယ်ခြင်း၊ နေထိုင်မှုပုံစံစသည်တို့နှင့် ပတ်သက်သောမေးခွန်းပေါင်းများစွာသည် သင့်အားဝန်းရံနေပေမည်။ ထိုအခြေအနေတွင် သင့်မိသားစု၊ သင့်သူငယ်ချင်းများနှင့် ဆရာဝန်များသည် အကူအညီပေးပါလိမ့်မည်။အသည်းကင်ဆာ၏ နောက်ဆက်တွဲအဖြစ် မောပန်းခြင်း၊ အမှန်တကယ် မောပန်းခြင်း ဖြစ်စေသည်။ ထို့ကြောင့် လှုပ်ရှားမှု နှင့် အနားယူခြင်းသည် မျှခြေတွင် ရှိရန် လိုအပ် သည်။ ပင်ပင်ပန်းပန်းလုပ်ရသောအချို့လူများ၊ အိမ်မူကိစ္စ များလုပ်ရန် တာဝန်ရှိသူများသည် အနားယူရန် ခက်ခဲပါသည်။ သို့သော် ခန္ဓါကိုယ်မှ လိုအပ်ချိန်တွင် အနားယူခြင်းသည် အလွန်ကြိုးစားနေခြင်းထက် ပိုကောင်းပါသည်။ ကင်ဆာ ဖြစ်ပြီးသောလူနာတစ်ယောက်သည် ရုပ်ပိုင်းဆိုင် ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းရန် အကောင်းဆုံးနည်းမှာလေ့ကျင့်ခန်းလုပ်ရန် ဖြစ်သည်ကိုစိတ်ထဲတွင် မှတ်ထားပါ။လူအများစုသည် မှန်ကန်စွာစားသုံးရန် အခက်အခဲတွေ့ ပါသည်။ ကင်ဆာကုသမှုပြီးနောက်တွင် ပို၍ ခက်ခဲပါသည်။ လူနာအများစုသည် ကုသမှုကာလကြောင့် အရသာခံစားမှု များသိသာစွာပြောင်းလဲသွားသည်ဟုပြောကြသည်။ အစာစားချင်စိတ် မရှိခြင်း၊ ထိန်းမရဘဲကိုယ်အလေးချိန်ကျခြင်း၊ တစ်ခါတစ်ရံကိုယ်အလေးချိန်တက်ခြင်းတို့ဖြစ်နိုင်သည်။ ရလဒ် အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးမှု အလေ့အကျင့် အစပျိုးခြင်းသည် သင်လုပ်နိုင်သောအကောင်းဆုံးအရာဖြစ်သည်။ ၎င်းမှရရှိမည်ဖြစ်သောအကျိုးဆက်သည် သင့်အားအံ့သြစေနိုင်သည်။ပို၍ ကျန်းမာစေသောအစာများမှာဗီတာမင် စီ၊ ဗီတာမင် အီး၊ carptenoids နှင့် အပင်မှရသောဓါတုပစ္စည်းများပါသောအစာများဖြစ်သည်။ ထို့အပြင် အဆီပမာဏနည်းသောအစာများသည် အသက်ရှင်နိုင်မှုကို မြင့်စေပြီးရောဂါ ပြန်ဖြစ်မှု၊ ပြန့်ပွားမှုကိုနည်းစေသည်။အသည်းကင်ဆာဖြစ်ပြီးနောက် သင်လုပ်သောအကောင်းဆုံးအရာထဲမှ တစ်ခုမှာဆေးလိပ်သောက်ခြင်းကိုစွန့်လွှတ်ပြီးအရက်ဖြတ်ရန်ဖြစ်သည်။ ၎င်းတို့သည် အလွန် ရိုးရှင်းသောပြောင်းလဲမှုများ ဖြစ်ပုံပေါ်သော်လည်းသင်၏ လက်ကျန် ဘဝတစ်လျှောက် ခန္ဓါကိုယ်အပေါ် များစွာအကျိုးသက်ရောက်မှု ရှိသည်။ ထိုရွေးချယ်မှုများသည် အသည်းကင်ဆာလူနာများကိုရောဂါ ပြန်ဖြစ်မှု၊ ပျံ့ပွားမှု မှ တားဆီးပေးရုံသာမကအဆုတ်ကင်ဆာကိုကာကွယ်ခြင်းစသောအခြားကျန်းမာရေးအကျိုးများပါ ရရှိစေသည်။ထိုထိန်းချုပ်မှု နည်းလမ်းများသည် သင်လိုက်နာမှသာအလုပ်ဖြစ်မည် ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သင် နှင့် မသင့်တော်ဟုထင်ပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ပါ။ ထို့အပြင် မိသားစုနှင့် သူငယ်ချင်းများထံမှ အကူညီတောင်းခြင်း နှင့် ပို၍ ကျန်းမာစေသောအလေ့အကျင့်များရှိ ခြင်းသည် သင့်အားကင်ဆာဖြစ်ပြီးနောက် ပြန်ကောင်းစေရန် အရေးကြီးပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by ZinWai Yan Linn။Hello Health Group does not provide medical advice, diagnosis or treatment.။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80/
ဆေးကုသမှုခံယူပြီးနောက် ဘယ်လိုစားသောက်သင့်လဲ
ကျန်းမာစွာစားသောက်ခြင်းက ဆိုးကျိုးတချို့ရှိတဲ့ ကင်ဆာကုသမှုကနေပြန်ကောင်းဖို့ အနားယူရာမှာအရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် တက်ခြင်းက ကုသမှုတွေရဲ့ဆိုးကျိုးတွေပါ။ ဒါက သင့်ရဲ့နာလန်ထမှုကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် တခြားကျန်းမာရေးပြသနာတွေကိုလည်းဖြစ်စေပါတယ်။ သင့်ကျန်းမာရေးကို ထိန်းနိုင်ဖို့အတွက် ဒီလိုနာလန်ထချိန်မှာ ကျန်းမာအောင် ဘယ်လိုစားသောက်ရမလဲ သိထားသင့်ပါတယ်။ဘေးကင်းတဲ့စားသောက်မှုက ကင်ဆာရောဂါကုသနေတဲ့သူတွေအတွက် အရေးကြီးပါတယ်။ ကင်ဆာဆဲလ်တွေကိုသတ်တဲ့ ဘယ်ကုသမှုမဆို သင့်ရဲ့ကိုယ်ရဲ့ခုခံအားစနစ်ကို အားနည်းစေပြီး ရောဂါပိုးဝင်စေနိုင်ပါတယ်။ ကုသမှုပြုလုပ်ပြီးတဲ့သင့်ရဲ့ကိုယ်ဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုရောဂါတွေဝင်ဖို့ လွယ်စေပါတယ်။ ဒါပေမယ့် သင့်ကိုယ်ခံအားက အဲဒီအရာတွေက အရင်ကလောက် မတိုက်ခိုက်နိုင်သေးပါဘူး။ ရလဒ်အနေနဲ့ ရောဂါပိုးဝင်ပြီး သင့်ကျန်းမာရေးကိုခြိမ်းခြောက်လာပါလိမ့်မယ်။ ဒီလိုရောဂါပိုးဝင်နိုင်ချေကိုလျှော့ချဖို့အတွက် သင်ကျန်းမာဘေးကင်းစွာ စားသောက်ဖို့လိုပါမယ်။ သင့်လက်ကို အစာမစားခင်နဲ့ အစာကိုပြင်ဆင်နေချိန်မှာဆေးထားဖို့ သတိရပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကိုမစားခင် သူတို့ကိုသေချာဆေးဖို့မမေ့ပါနဲ့။ဒါ့အပြင် အစားအစာတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တွယ်တတ်ဖို့သိမ်းဆည်းတတ်ဖို့ လိုပါတယ်။ ဥပမာ – ချက်ပြုတ်တဲ့အခါ အသားစိမ်းကို တခြားအစာတွေရဲ့အဝေးမှာထားရပါမယ်။ သင့်အစားအစာတွေကိုလည်း ကျက်အောင်ချက်ဖို့သတိရပါ။ကုသမှုအပြီး ကိုယ်အလေးချိန်တက်ခြင်းက သင့်ကိုအဝလွန်စေနိုင်ပြီး တခြားကျန်းမာရေးပြသနာတွေဖြစ်လာစေနိုင်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ်အလေးချိန်ကျတာ အရမ်းမြန်ခြင်းက သင့်နာလန်ထူမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကယ်လိုရီကို ထိန်းညှိဖို့လိုပါတယ်။ သဘောက အစားအသောက်တွေဆီက သင်စုပ်ယူလိုက်တဲ့စွမ်းအင်ကို ထိန်းညှိတာပါ။ ဒါက အစားအစာတွေကရတဲ့ ကယ်လိုရီတွေကိုတွက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ပြန်ထွက်သွားတဲ့ ကယ်လိုရီတွက်ခြင်းတို့ ပါဝင်ပါတယ်။သင့်အနေနဲ့ အစာကောင်းကောင်းစားလို့ရတယ်ဆိုပေမယ့် အများကြီးမစားမိအောင်တော့ ဂရုစိုက်ပါ။ သင်အစာစားနေချိန် အာရုံမလွင့်စေပါနဲ့။ သင်ဘယ်လောက် စားနေသောက်နေတယ်ဆိုတာ သတိထားနေရပါ့မယ်။ ဒါ့အပြင် သင့်အနေနဲ့ အနည်းငယ်သာ စားသင့်ပြီး ကယ်လိုရီနည်းတာတွေကိုရွေးစားသင့်ပါတယ်။ ဒုတိယအနေနဲ့ သင်ကယ်လိုရီဘယ်လောက်လိုနေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။သင့်ဆရာဝန် သို့မဟုတ် အစားအသောက်ကျွမ်းကျင်သူတွေဆီမှာ သင်နဲ့သင့်တော်မယ့် အစားအသောက်ပုံစံကို အကြံတောင်းနိုင်ပါတယ်။အသီးအရွက်တွေနဲ့ ဂျုံတွေဆန်တွေက သင့်ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ သင်စားနေကျအစာရဲ့ ၅ ရာခိုင်နှုန်းကို ဟင်းသီးဟင်းရွက်တွေ အစားထိုးပါ။ သင့်အစာအစာထဲမှာပါတဲ့ အသီးအရွက်တွေ အမျိုးအစားကွဲလေကောင်းလေပါဘဲ၊ ဥပမာ – အစိမ်းနက်နက်၊ အနီ၊ လိမ္မော်ရောင်ဟင်းသီးဟင်းရွက်များ၊ ပဲတောင့်နဲ့ ပဲစေ့တို့ဖြစ်ပါတယ်။အနီရောင်အသားတွေဖြစ်တဲ့အမဲ၊ဝက်တွေအစားပင်လယ်စာ၊ကြက်၊ဘဲနဲ့ဂရိဒိန်ချဉ်၊ဥများ၊ပဲတောင့်များ၊ ပဲမှထွက်သည့်ထုတ်ကုန်များ၊ဆားမပါတဲ့အစေ့အဆံများတဲ့အစာတွေကိုရွေးချယ်သင့်ပါတယ်။ ပင်လယ်စာတွေကအာဟာရဓါတ်မျိုးစုံရဲ့အရင်းအမြစ်ပါ။ သူတို့ကနှလုံးရောဂါကို ကာကွယ်ပေးတဲ့အပြင် အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ တပတ်ကိုပင်လယ်စာ ၈ အောင်စထက် ပိုစားသင့်ပါတယ်။ အသင့်စားအသားတွေ အစားအစာတွေကို ကန့်သတ်ထားပါ။ ဥပမာ – ကြက်ဝက်အူချောင်း၊ အသားဘူးများ၊ ဟော့ဒေါ့များ၊ ဒါတွေက ကင်ဆာဖြစ်နှုန်းမြင့်စေပါတယ်။သင်ခံစားရတာ သက်သာလာတဲ့အခါ သင့်ရဲ့ကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကို ကျန်းမာစွာစားသောက်ခြင်းဖြင့်ဖြည့်ဆည်းပါ။ ကောင်းမွန်စွာစားသောက်ခြင်းက သင့်ရဲ့ခွန်အားကိုပြန်ပြည့်စေပြီ၊ တစ်ရှူးတွေကိုပြန်တည်ဆောက်ပေးတဲ့အပြင် သင့်ကိုနေလို့ပိုကောင်းလာစေပါတယ်။ သင့်နာလန်ထမှုကို အထောက်အကူပေးပြီး ကုသမှုရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း သက်သာစေပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%b1%e1%80%86%e1%80%b8%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%bd%e1%80%b3%e1%80%81%e1%80%b6%e1%80%9a%e1%80%b0%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9/
မျက်ကပ်မှန်အသုံးပြုနည်း လမ်းညွှန်
မျက်ကပ်မှန်တွေဟာ သင့်ကို ကြည့်လို့လှစေပြီးအမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။ မျက်ကပ်မှန်ကို အခုမှ အသုံးပြုမယ့်သူဆိုရင်တော့ သူတို့ကို ကိုင်တွယ်ခြင်းနဲ့ တပ်ဆင်ခြင်းမှာ ဒုက္ခရောက်နိုင်ပါတယ်။ သင့်မျက်လုံးတွေကို အကျင့်ရစေဖို့ အချိန်အနည်းငယ်လိုအပ်မှာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ တပ်ထားတယ်ဆိုတာတောင် သတိရမှာ မဟုတ်တော့ပါဘူး။ ဒီဆောင်းပါးမှာတော့ မျက်ကပ်မှန် စတပ်သူတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။စစချင်းမှာတော့ မျက်ကပ်မှန် တပ်ခြင်း၊ ချွတ်ခြင်းဟာ ရှုပ်ထွေးသယောင် ထင်ရမှာ ဖြစ်ပါတယ်။ မျက်လုံးကို ထိရာမှာ အနည်းငယ်ကြမ်းတမ်းနေနိုင်ပါသေးတယ်။ နောက်ပိုင်းမှာတော့ မျက်ကပ်မှန်တပ်ခြင်းဟာ သွားတိုက်ရတာလိုမျိုး လွယ်ကူလာမှာ ဖြစ်ပါတယ်။လွယ်ကူစွာ တပ်ဆင်နိုင်စေဖို့ တစ်ဆင့်ပြီးတစ်ဆင့် ဖေါ်ပြထားတဲ့ လမ်းညွှန်တွေကို ဖတ်သင့်ပါတယ်။သင့်မျက်စိကို နေ့စဉ် စစ်ဆေးသင့်ပြီး အောက်ပါအချက်တွေကို မေးမြန်းသင့်ပါတယ်။မျက်ကပ်မှန်ဟာ မမှန်ကန်တဲ့ နေရာမှာ ရှိမနေဘူးဆိုရင် တပ်ထားကြောင်း သိသာစွာခံစားမနေရပါဘူး။ ထပ်ပြီးစစ်ဆေးဖို့ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။၁) မျက်ကပ်မှန်ကို မှန်ကန်စွာ တပ်ထားရဲ့လား၊ ပြောင်းပြန်တပ်ထားတာမျိုးဆိုရင် ပုံမှန်မဟုတ်သလို ခံစားရနိုင်ပါတယ်။ ဒါကို သိရှိစေဖို့ မျက်ကပ်မှန်ကို လက်ထိပ်ပေါ်တင်ပြီး အလင်းရောင်ကို ခံကြည့်သင့်ပါတယ်။ တကယ်လို့ ချောမွေ့တဲ့ အနားသတ်ပါတဲ့ ခွက်လိုမျိုး ပုံစံကို မြင်ရမယ်ဆိုရင် တပ်ဖို့ အဆင်သင့် ဖြစ်ပြီ ဖြစ်ပါတယ်။၂) မျက်တောင်၊ အမှိုက်တွေ မျက်ကပ်မှန်ပေါ်မှာ ရှိပါသလား။ သန့်ရှင်း၊ ခြောက်သွေ့တဲ့ လက်နဲ့ ဖွင့်ထားတဲ့ မျက်စိအလယ်ကို မျက်ကပ်မှန်ကို တပ်သင့်ပြီး အပေါ်နဲ့အောက်ပိုင်းကို ဖိကာ လက်ချောင်းနဲ့ မျက်ကပ်မှန်ကို ပြန်လည် ထုတ်ယူနိုင်ပါတယ်။၃) မျက်ကပ်မှန်ဟာ ပျက်စီးနေပါသလား။ မျက်ကပ်မှန် ကွဲနေခြင်း၊ ပြဲနေခြင်းတွေဟာ သင့်မျက်လုံးကို ရောင်ရမ်းစေပါတယ်။ တကယ်လို့ မျက်ကပ်မှန် ပြဲနေတယ်လို့ထင်ရင် လက်ဆေး၊ အခြောက်ခံပြီး အသစ်တစ်ခုနဲ့ လဲလှယ်သင့်ပါတယ်။၄ ) မျက်လုံးတွေဟာ ခြောက်သွေ့နေပါသလား။လူအများစုက အအေးပေးစက်၊ ဖုန်၊ မီးခိုး (သို့) ကွန်ပျူတာ အလွန်ကြည့်ခြင်းကြောင့် မျက်လုံးတွေ ခြောက်သွေ့နေတယ်လို့ ထင်ကြပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ မျက်ကပ်မှန်တပ်နေသူတွေကို ကူညီပေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%80%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%a1%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%bc%e1%80%af%e1%80%94%e1%80%8a%e1%80%ba/
အစာမကြေမဖြစ်ချင်ရင် ရှောင်သင့်တဲ့အချက်များ
ဟိုဟာစားလည်း အစာမကြေ၊ ဒီဟာစားလည်းအစာမကြေဖြစ်နေတယ်ဆို စိတ်ညစ်စရာပေါ့နော်။ အစားတလိုင်းလေးတွေဆို ပိုခံစားရတာပေါ့။ အစာစားလိုက်၊ မအီမသာဖြစ်လိုက်၊ လေထိုးလေအောင့်ဖြစ်လိုက်နဲ့ ပတ်ချာလည်ကိုရိုက်နေရော။အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဝေဒနာသက်သာတဲ့အထိ ရှောင်သင့်တာရှောင်နိုင်ဖို့ပဲ။ ဘယ်အစားအစာတွေက အစာမကြေဖြစ်စေနိုင်သလဲ၊ ဘယ်အပြုအမူ၊ ဘယ်အခြေအနေတွေက အစာမကြေခြင်းကိုပိုဆိုးစေနိုင်သလဲဆိုတာ သိထားဖို့တော့လိုမယ်နော်။ အလွယ်ဆုံးနည်းကတော့ စားကြည့်လို့ ဒီတခါဖြစ်ရင် နောက်တခါမစားနဲ့ပေါ့။ နောက်တာပါ။ တကယ်တော့ အစားအစာတစ်ခုကို ကိုယ်စားလိုက်လို့ အစာမကြေဖြစ်ထားဖူးတယ်ဆို မှတ်သာထားလိုက်ပါ။ နောက် ချင့်ချိန်လို့ရတာပေါ့။ကဲ အစာမကြေဖြစ်တတ်သူတွေ ရှောင်ရမှာတွေပြောပြမယ် –။အလှူမှာကြိတ်တာ၊ အဝစားဘူဖေးမှာ အချိန်မပြည့်မချင်းနင်းကန်စားတာတွေနော်၊ သတိထားပါ။ အစာအိမ်ကို ဝန်မပိစေဖို့ ပမာဏနည်းနည်းချင်း အကြိမ်ရေခွဲစားတာကောင်းပါတယ်။သိပ်မဝါးဘဲ ကျားလိုက်သလို မျိုချတာက အစာမကြေဖြစ်စေတဲ့အပြင် ဗိုက်ဝမှန်းမသိ၊ မဝမှန်းမသိ တရစပ်စားမိတတ်တာကြောင့် ဝိတ်တောင်ပိုတက်စေလိမ့်မယ် နော်။အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ ခရမ်းချဉ်သီးတွေလို အက်စစ်ဓာတ်ပါဝင်မှုများတာတွေ သိပ်မစားနဲ့။ (လုံးဝရှောင်ခိုင်းတာမဟုတ်)။ကော်ဖီ၊ လက်ဖက်ရည် အပြင် ကိုကာကိုလာ၊ အားဖြည့်အချိုရည်၊ ချောကလက် တို့လို ကဖင်းပါတဲ့ စားစရာ၊သောက်စရာတွေ လျှော့ပါ။ဘယ်လိုနည်းနဲ့ လျော့အောင်လုပ်မလဲ ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းရှာပါ။ ဒီတိုင်းတော့ စိတ်ဓာတ်ကျမခံပါနဲ့။ တစ်နည်းနည်းနဲ့ ဖြေလျှော့ဖို့ကြိုးစားပါ။မဖြတ်နိုင်ရင် လျှော့ပါ။ အစာမစားခင်နဲ့ စားပြီးချိန်မှာ သောက်ရင် အစာခြေဖျက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။အရက်၊ ဘီယာ၊ ဝိုင် သိပ်မသောက်ပါနဲ့။ ကိုယ်ကအစာမကြေဖြစ်တတ်တယ်ဆို မသောက်တာကောင်းပါတယ်။ နည်းနည်းလေးပါဆိုလည်း ဖြစ်လာတဲ့အကျိုးဆက်ကို အဲပမာဏအလျောက်တော့ ခံစားရပါလိမ့်မယ်။လှချင်ဇောနဲ့ ပဲများခြင်းက အစာအိမ်ကို ဖိအားဖြစ်စေပြီး စားထားတဲ့အစာတွေ အစာရေမျိုကို ပြန်ဆန်တက်လာစေနိုင်ပါတယ်။ ဥပမာ ဗိုက်ချပ်ဘာညာ ဝတ်ထားရင် ပြန်အန်တတ်ပါတယ်။အိပ်ခါနီးညစာမစားနဲ့၊ ညစာစားပြီးပြီးချင်း မအိပ်နဲ့။ အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကို အနည်းဆုံး ၃ နာရီတော့ခြားပါစေ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%80%e1%80%bc%e1%80%b1%e1%80%99%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9b%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%92%e1%80%ab%e1%80%90%e1%80%bd/
မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ
မာလကာသီးဟာ အပူပိုင်းသီးနှံတစ်မျိုးဖြစ်ပြီး အမေရိကအလယ်ပိုင်းမှာ စတင်ပေါက်ရောက်ခဲ့ပါတယ်။ မာလကာသီးမှာဗီတာမင် C၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒေသတချို့မှာမာလကာရွက်ကို အခြောက်ခံပြီး ရေနွေးအနေနဲ့ ဆေးဖြစ်ဝါးဖြစ် သောက်သုံးကြပါတယ်။ယခုဆက်လက်ဖော်ပြမှကြတော့ မာလကာသီးနဲ့ မာလကာရွက်ကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ ဆိုတာပါပဲ။မာလကာရွက်မှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့ အာနိသင်ရှိပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားချက်အရ အစာစားပြီး မာလကာရွက်ခြောက်ကို ရေနွေးနဲ့ပုံမှန်သောက်ပေးခြင်းဟာ သွေးတွင်းသကြားဓာတ် တက်မလာအောင် ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ အခြားသုတေသနတစ်ခုရဲ့ အဆိုအရ မာလကာရွက်ခြောက် ရေနွေးကို သောက်သုံးပေးတဲ့ အမျိုးအစား ၂ ဆီးချိုဝေဒနာသည်တွေဟာ သွေးတွင်းသကြားဓာတ်ကို ၁၀ ရာခိုင်နှုန်းကျော်ကျော် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။သုတေသီတွေရဲ့ အဆိုအရ မာလကာသီးနဲ့ မာလကာရွက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗီတာမင်များဟာ ဖရီးရယ်ဒီကယ်များကြောင့် နှလုံးကို ထိခိုက်နိုင်တဲ့ အခြေအနေက ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ဓာတ်ကလည်း နှလုံးကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် မာလကာရွက်ကနေ ထုတ်လုပ်ထားတဲ့ အဆီအနှစ်များဟာ မကောင်းတဲ့ LDL ကိုလက်စထရေကို ကျစေပြီး အကျိုးပြု HDL ကိုလက်စထရောကို တက်စေပါတယ်။ ဒါကြောင့် သွေးတိုးကိုလည်း ကျဆင်းစေပါတယ်။မာလကာရွက်ဟာ ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ အမျိုးသမီးများနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ မာလကာရွက်မှ ထုတ်လုပ်ထားတဲ့ အဆီအနှစ်ဆေးဝါး ၆ မီလီဂရမ်ကို ဓမ္မတာရက်များမှာ နေ့စဉ်သောက်သုံးပေးရင် ကိုက်ခဲတဲ့ဝေဒနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ သားအိမ်ကျုံ့ချိန်မှာ အောင့်တတ်တဲ့ဝေဒနာကိုလည်း သက်သာစေပါတယ်။မာလကာသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ မာလကာသီးတစ်လုံးမှာ သင်တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ မာလကာရွက်ဟာလည်း အစာအိမ်အူလမ်းကြောင်းမှာ ရောဂါပိုးဝင်ပြီး ဝမ်းပျက်ခြင်းကို သက်သာစေတယ်လို့ သိရပါတယ်။မာလကာသီးတစ်လုံးမှာ ၃၇ ကယ်လိုရီခန့်သာ ပါဝင်ပြီး အမျှင်ဓာတ်ပါဝင်မှု များပါတယ်။ စားသုံးပြီးရင် ဗိုက်ပြည့်တဲ့ ခံစားမှုကိုပေးပြီး ကယ်လိုရီများတဲ့ အစားအသောက်တွေ ထပ်မံမစားသောက်မိစေဖို့ ကာကွယ်ပေးပါတယ်။မာလကာရွက်မှာ ကင်ဆာဆဲလ်များ ကြီးထွားပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ ဒါဟာ မာလကာရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဖြစ်ပါတယ်။မာလကာသီးမှာ ဗီတာမင် C ကြွယ်ဝခြင်းကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ မာလကာသီးမှာ သင်တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C နှစ်ဆပါဝင်တယ်လို့ သိရပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။မာလကာသီးမှာ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များပြားစွာ ပါဝင်တာကြောင့် အသားအရေ လှပဖို့လည်း အထောက်အကူပြုပါတယ်။ မာလကာသီးမှာပါဝင်တဲ့ ဓာတ်တိုဆန့်ကျင်ပစ္စည်းများဟာ အသားအရေပျက်စီးမှုကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် မာလကာရွက်မှာ ဝက်ခြံများကို ပျောက်ကင်းစေတဲ့ အာနိသင်ရှိပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-guavas/
40 ပတ်
40 ပတ် မှာ ကလေးလေးက ဖရဲသီးလောက်ရှိပြီး မွေးဖွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အလေးချိန်က ၃.၄ ကီလို ခေါင်းအစ ခြေအဆုံး ၅၁ စင်တီမီတာ ရှိပါပြီ။မကြာမီအချိန်အတွင်းမှာ သားသားမီးမီးတွေကို တွေ့ရပါတော့မယ်။ မေမေတွေရဲ့ ၅% လောက်ကပဲ ရက်ချိန်းအတိုင်း အတိအကျ မွေးတာပါ။ ပထမဆုံးမွေးမယ့် မေမေတွေ အများစုကတော့ရက်ချိန်းကျော်မှ မွေးပါတယ်။ကလေးလေးကို လှလှပပလေးမွေးလာမယ့်လို့ မမျှော်လင့်ထားပါနဲ့နော်။ မွေးကင်းစလေးတွေက ခေါင်းကမဝိုင်းဘဲ ပုံပျက်နေတာ အရေပြားအရောင်မညီတာ အရေပြားမှာကွက်ပြီး ခြောက်နေတာ၊ ယောင်ပြီး နီနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက ပျောက်သွားမှာပါ။မေမေ့မှာရှိတဲ့ ဟော်မုန်းတွေက ကလေးရဲ့ လိင်အင်္ဂါတွေ ကြီးလာအောင် ကူညီပေးပါတယ်။ သားသားလေးဖြစ်ဖြစ် မီးမီးလေးဖြစ်ဖြစ် မွေးလာရင် ပထမတစ်ရက်၊ နှစ်ရက်မှာ နို့သီးခေါင်းတွေက နို့ထွက်ပါလိမ့်မယ်။ ဒါကပုံမှန်ပါပဲ။မွေးမွေးချင်းမှာ ဆရာဝန်က ကလေးလေးရဲ့ ပါးစပ်၊ နှာခေါင်းကနေ အချွဲတွေ စုပ်ထုတ်အပြီးမှာ မေမေတို့ ပထမဆုံးကြားချင်နေတဲ့ ငိုသံလေး ကြားရပါပြီ။ အဲဒီနောက်မှာ ကလေးလေးကို မေမေ့ဗိုက်ပေါ်တင်ပြီးအချင်းဖြတ်ပါတယ်။ တကယ်လို့ ဖေဖေကအမှတ်တရ ဖြတ်ချင်တယ်ဆိုလည်း ရပါတယ်။ ကလေးလေးတုံ့ပြန်ပုံ၊ အရေးကြီးတဲ့အချက်တွေကို စစ်ဆေးပြီးရင် ပေါင်ချိန်တိုင်းပါတယ်။တကယ်လို့ ကိုယ်ဝန်က အန္တရာယ်ရှိနိုင်ရင်၊ ဗိုက်ခွဲမွေးရရင် ကလေးအထူးကုပါ မွေးခန်းထဲလာစောင့်ပါတယ်။ ကလေးကို ချက်ချင်းဂရုစိုက်ပေးဖို့ပါ။ ပြီးရင်တော့ မေမေ့လက်မောင်းမှာ ချီလို့ရပါပြီ။ကလေးမွေးချိန်တန်ပေမယ့် မမွေးသေးတဲ့အခါရေမြွာအိတ်ဖောက်တာ၊ ဗိုက်နာအောင် ဆေးသွင်းတာနဲ့ တခြားကုသမှုတွေ ခံယူရပါတယ်။ မွေးဖို့ အခက်အခဲရှိနေရင်၊ တခြား ကျန်းမာရေးပြဿနာလေးတွေရှိနေရင် ခွဲမွေးရပါတယ်။ခွဲမွေးရင် လိုချင်တဲ့ ရက်မှာရွေးပြီး မွေးလို့ရပါတယ်။ ရက်ရွေးဖို့ ခွဲမွေးမယ်ဆို စိတ်ရောကိုယ်ပါ ကြံ့ခိုင်အောင် ပြင်ဆင်ထားပါ။ ရိုးရိုးမမွေးရလို့ သောကရောက်နေမှာစိုးလို့ပါ။ မပြင်ဆင်ထားဘဲနဲ့ ရုတ်တရက် ခွဲမွေးရတယ်ဆိုရင်လည်း သိပ်စိတ်မပူပါနဲ့။ဘယ်နည်းနဲ့ မွေးမလဲဆိုတာ မျှော်လင့်ထားသလို မဖြစ်နေနိုင်ပေမယ့် မေမေတို့ရဲ့ သားသားမီးမီးလေးက လောကထဲကို ကျန်းကျန်းမာမာနဲ့ ရောက်လာဖို့ ဆရာဝန်တွေက ကြိုးစားပေးမှာပါ။ဒီအပတ်မှာတော့ မေမေတို့ စောင့်ကြိုနေတဲ့ သားသားမီးမီးလေးက မီးဖွားပြီး တွေ့ရတော့မှာပါ။ မမွေးခင် ကိုယ်ဝန်ဆောင်သင်တန်းမှာ မွေးဖွားဖို့ အဆင့် ၃ ဆင့် သင့်ခဲ့မှာပေါ့နော်။ ပထမအဆင့်မှာ သားအိမ်က မှန်မှန်လေးကျုံ့ပြီးတော့ သားအိမ်ခေါင်းကို ပါးအောင်ဆွဲဆန့်လိုက်ပါတယ်။ ဒုတိယအဆင့်ကတော့ ညှစ်ပြီးကလေးကို အပြင်ထွက်အောင်လုပ်တဲ့ အဆင့်ပါ။ တတိယကတော့ အချင်းထွက်လာတာပါ။မွေးတာက သူဘာသူမထွက်လာရင် နည်းစနစ် အကူအညီတွေလိုပါတယ်။ သားအိမ်ခေါင်း ပျော့ပြီးကျယ်လာအောင် ဆေးတွေကူရပါတယ်။ ဆရာဝန်က ရေမြွာရည်တွေကျအောင် ရေမြွာအိတ်ဖောက်ဖို့ လိုနိုင်ပါတယ်။ ဒါက မနာပါဘူးနော်။ ရေပူဖောင်းကို ဖောက်သလိုပါပဲ။ ပေါက်သွားရင် အရည်နွေးနွေးလေး စီးကျသွားတာခံစားမိမှာပါ။ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ။သားအိမ်ကျုံ့အောင် ဆေးသောက်ဖို့၊ ထိုးဖို့ လိုနိုင်လားဆိုတာ ဆရာဝန်ကို မေးပါ။ ကျုံ့ဖို့ အကြိမ်ရေကိုလိုက်ပြီး ဆေးပမာဏလည်း အပြောင်းအလဲရှိပါတယ်။ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်။မွေးဖို့ ရက်ချိန်းတစ်ပတ်ကျော်လို့မှ မမွေးရင် ဆရာဝန်က ကလေးအောက်ဆီဂျင် အလုံအလောက်ရမရ၊ အာရုံကြောကောင်းကောင်းအလုပ်လုပ်မလုပ် သိဖို့ ကလေးရဲ့ နှလုံးခုန်နှုန်းလှုပ်ရှားမှုတွေ စစ်ဆေးခိုင်းပါလိမ့်မယ်။ အဖြေနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ သေချာဆွေးနွေးပါ။ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ။၃၆ပတ်မတိုင်ခင်ဆိုရင်တော့ ခရီးတိုတွေအတွက်လေယာဉ်စီးလို့ ရပါသေးတယ်။ ခရီးသွားဖို့ အစီအစဉ်ကိုတော့ ဆရာဝန်ကို သေချာပြောပြပါ။ ကိုယ့်မှာအန္တရာယ်ရှိနိုင်ရင် ဆရာဝန်က အိမ်မှာပဲ နားနားနေနေနေဖို့ ပြောမှာပါ။ဒီအချက်တွေရှိရင် ခရီးမထွက်တာ ပိုကောင်းပါတယ်။နောက်ဆုံးလမှာက မွေးဖို့ ဖြစ်နိုင်ခြေရှိလို့ တတ်နိုင်ရင် လေယာဉ် မစီးသင့်ပါဘူး။ဆေးရုံသွားဖို့ အိတ်ပြင်ထားပါ။ ကလေးလေးက အချိန်မရွေးမွေးနိုင်လို့ပါ။ အပြောင်းအလဲတစ်ခုခု ဖြစ်တာနဲ့ ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ပထမတစ်နှစ်မှာ အကူအညီပေးနိုင်ဖို့ စောင့်နေမယ်နော်။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/third-trimester-being-pregnant/week-40/
Glaucoma (မျက်စိ ရေတိမ်)
Glaucoma (မျက်စိ ရေတိမ်) အကြောင်းလေးကို လေ့လာလိုက်ရအောင်နော်။ရေတိမ်ဆိုသည်မှာ အမြင်အာရုံကြော ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော မျက်စိရောဂါဖြစ်ပြီးအမြင်အာရုံ ချို့ယွင်းခြင်း၊ အမြင်ကွယ်။ခြင်းများကို ဖြစ်စေနိုင်ပါသည်။ ပုံမှန်အားဖြင့် မျက်စိတွင်းဖိအား များခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။အမြင်အာရုံကြောသည် အာရုံကြောအမျှင်များစုထားသည့် အစုအစည်းတစ်ခုဖြစ်ပြီးမျက်ကြည်လွှာနှင့် ဦးနှောက်ကိုဆက်သွယ်ထား၏။ အမြင်အာရုံကြောပျက်စီးသည့်အခါ ဦးနှောက်ကိုပို့နေသည့်အမြင်အချက်အလက်များအနှောင့်အယှက်ဖြစ်စေသည်။ဒီအခြေအနေမှတစ်ဆင့်တဖြည်းဖြည်းနှင့်အမြင်ကွယ်ခြင်းကိုဖြစ်စေနိုင်ပါသည်။ရေတိမ်အမျိုးအစား အမျိုးမျိုး ရှိပါသည်။ ထောင့်ပွင့်ရေတိမ်၊ ထောင့်ပိတ်ရေတိမ်၊ ပုံမှန်ဖိအားရှိရေတိမ်၊ရောင်ခြယ်ရေတိမ်၊ မွေးရာပါ ရေတိမ်၊ တစ်ဆင့်ခံရေတိမ်တို့ ဖြစ်သည်။ အတွေ့ရများဆုံးသည် ထောင့်ပွင့်ရေတိမ်ဖြစ်သည်။ရေတိမ်သည် တွေ့နေကျမျက်စိရောဂါဖြစ်သည်။ ၎င်းသည်အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီးအသက် ၆၀ ကျော်များတွင် အတွေ့ရအများဆုံးဖြစ်သည်။ ရေတိမ်သည် အမြင်ကွယ်ခြင်းကိုဖြစ်စေသောအကြောင်းတစ်ခုလည်းဖြစ်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ရေဂါလက္ခဏာများသည် ဖြစ်ပွားနေသောရေတိမ်အမျိုးအစားပေါ်မူတည်ပါသည်။ အောက်ပါတို့သည် လက္ခဏာအချို့ဖြစ်၏။• ထောင့်ပွင့်ရေတိမ် –။အစပိုင်းတွင် များသောအားဖြင့် လက္ခဏာမပြတတ်ပါ။ လက္ခဏာများ ပေါ်လာသည့်အခါ ဘေးဖက်သို့ အလည်ဖက်တွင် အမြင်ကွယ်သည့်အပိုင်းများရှိနေနိုင်ပါသည်။• ထောင့်ပိတ်ရေတိမ် –။လက္ခဏာများတွင် ခေါင်းကိုက်ခြင်း၊ မျက်စေ့နာခြင်း၊ ပျို့အန်ခြင်း၊ အမြင်ဝါးခြင်း၊ အကွင်းများမြင်ရခြင်း၊ မျက်လုံးနီခြင်း။• မွေးရာပါရေတိမ် –။မွေးကင်းစကလေးများတွင် တွေ့ရပါသည်။ ကလေးမွေးပြီးတစ်နှစ်အတွင်းလက္ခဏာများကိုသတိထားမိနိုင်သည်။ ကလေးအထူးကူနှင့်မှန်မှန်ပြရန် အရေးကြီး၏။• တစ်ဆင့်ခံရေတိမ်–။ဒီရေတိမ်အမျိုးအစားသည် အခြေခံရောဂါတစ်ခုခုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ လက္ခဏာများသည် အထက်ပါရေတိမ်များနှင့် တူနိုင်ပါသည်။အထက်တွင် ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ရေတိမ်၏ရောဂါလက္ခဏာများကိုရှိလာပါက ဆရာဝန်နှင့်ဆက်သွယ်သင့်သည်။ မကုဘဲထားပါကအမြင်အာရချို့ယွင်းခြင်းနှင့် အမြင်ကွယ်ခြင်းများဖြစ်နိုင်ပါသည်။ အသက် ၄၀ အထက်အရွယ်များကိုရေတိမ်လက္ခဏာများရှိမရှိရှာဖွေရန် မျက်စိစမ်းသပ်မှုလုပ်ရန်လမ်းညွှန်ထားပါသည်။ ကိုယ့်အခြေအနေအတွက် အကောင်းဆုံးဖြစ်ရန် ဆရာဝန်နှင့်ဆွေးနွေးခြင်းသည် အသင့်တော်ဆုံးပင်ဖြစ်သည်။ရေတိမ်ဖြစ်စေသည့် အဓိကအကြောင်းရင်းသည် အမြင်အာရုံကြော ပျက်စီးခြင်းကြောင့် ဖြစ်သည်။ ဖြစ်ရပ်အများစုတွင် အမြင်အာရုံ ကြောသည် မျက်လုံးတွင်းဖိအားများမှုကြောင့် ပျက်စီးခြင်းဖြစ်သည်။ မျက်လုံးတွင်းဖိအားများခြင်းသည် မျက်လုံးတွင်းအရည်များစုပုံလာခြင်းကြောင့် ဖြစ်သည်။ပုံမှန်အားဖြင့် အရည်များကို မျက်လုံးအောက်ခြေရှိ trabecular meshwork (အရည်စွန့်ထုတ်ပေးသည့် နေရာ)မှ စွန့်ထုတ်စေသည်။ အရည်စုပုံခြင်းသည် အရည်ထုတ်လုပ်မှုများခြင်းကြောင့် သို့မဟုတ် ကောင်းကောင်း မစွန့်ထုတ်နိုင်။သောကြောင့်ဖြစ်နိုင်သည်။အကြောင်းရင်းသည် ရေတိမ်အမျိုးအစားပေါ်မူတည်သေးသည်။ အကြောင်းရင်းအမျိုးမျိုးကိုအောက်တွင်ဖော်ပြထားသည်။• ထောင့်ပွင့်ရေတိမ် –အတွေ့ရများဆုံးရေတိမ်ဖြစ်သည်။ ဒီအမျိုးအစားတွင် မျက်ကြည်လွှာနှင့် သူငယ်အိမ်ကြွက်သား(iris) တို့မှ ဖြစ်တည်နေသောအရည် စွန့်ထုတ်သည့်လမ်းကြောင်းထောင့်သည် ပွင့်နေပါသည်။ အကြောင်းရင်းကတော့trabecular meshwork တွင် တစ်စိတ်တစ်ပိုင်းပိတ်ဆို့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်အရည်များစုပုံလာပြီး မျက်လုံးဖိအားများလာခြင်း ဖြစ်သည်။ ဒီအခြင်းအရာသည် တဖြည်းဖြည်းပေါ်လာခြင်းဖြစ်သည်။• ထောင့်ပိတ်ရေတိမ် –ဒီအမျိုးအစားတွင် ပိတ်ဆို့မှုသည် အရည်စွန့်ထုတ်လမ်းကြောင်းထောင့် ပိတ်ခြင်းကြောင့် သို့မဟုတ်သူငယ်အိမ်ကြွက်သား ဖောင်းကြွခြင်းကြောင့် အရည်စွန့်ထုတ်မှု လမ်းကြောင်းပိတ်ဆို့ခြင်း ဖြစ်ပေါ်ပါသည်။ တဖြည်းဖြည်းချင်းပေါ်လာတတ်သလိုရုတ်တရက်လဲဖြစ်ပွားတတ်သည်။• ပုံမှန်ဖိအားရှိရေတိမ် –မျက်လုံးတွင်းဖိအားသည် အကြောင်းရင်းမဟုတ်ပါ။ အမြင်အာရုံကြောသည် ပုံမှန်အားဖြင့် သွေးစီး ဆင်းမှုနည်းခြင်း သို့မဟုတ် ဓါတ်မတည့်ခြင်းကြောင့် ပျက်စီးတတ်သည်။ သွေးစီးဆင်းမှုနည်းခြင်းသည် အဆီများစုပုံခြင်း (သွေးကြောကျဉ်းခြင်း) ကြောင့်ဖြစ်သည်။• တစ်ဆင့်ခံရေတိမ် –ဒီအမျိုးအစားတွင် ရေတိမ်သည် အခြားသောရောဂါ သို့ ဆေးဝါးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဆီးချိုမထိန်းနိုင်ခြင်းသို့ သွေးတိုးမထိန်းနိုင်ခြင်းကဲ့သို့သောအခြေအနေများက ရေတိမ်ကို ဖြစ်စေသည်။ ကော်တီကို စတီးရွိုက်လိုဆေးများကလဲ ဖြစ်စေနိုင်သည်။• မွေးရာပါရေတိမ် –ကလေးမွေးကင်းစကတည်းက မွေးရာပါချို့ယွင်းမှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ချို့ယွင်းမှုသည် မျက်စိတွင်းအရည် စွန့်ထုတ်ခြင်းဖြစ်စဉ်ကို နှောင့်ယှက်နိုင်ပြီးအမြင်အာရုံကြောကိုပိုပြီးထိခိုက်လွယ်စေနိုင်သည်။• ရောင်ခြယ်ရေတိမ် –သူငယ်အိမ်ကြွက်သား (iris)မှ ရောင်ခြယ်အမှုန်များ စုပုံလာပြီး trabecular meshwork ရှိ အရည်စွန့် ထုတ်မှုကိုပိတ်စေသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ဖြစ်ပွားနိုင်ချေကို မြင့်စေသောအကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။• အသက် ၆၀ ကျော်လျှင် ဖြစ်ပွားနိုင်ခြေမြင့်စေပါသည်။• မျက်လုံးတွင်းဖိအားများခြင်း။• မိသားစုအတွင်းရေတိမ်မျိုးရိုးရှိခြင်း။• ရေတိမ်ဖြစ်စေသည့်ဆေးဝါးများကို ကာလကြာရှည်သုံးစွဲခြင်း။ ထိုဆေးများတွင် ကော်တီကိုစတီးရွိုက် မျက်စဉ်းဆေးများပါသည်။• ဆီးချို၊ နှလုံးပြဿနာ၊ သွေးတိုးနှင့် တံဇဉ်ဆဲလ်ရောဂါများရှိခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် အောက်ပါစမ်းသပ်ချက်များကို ပြုလုပ်နိုင်သည်။• Tonometry – မျက်လုံးတွင်းဖိအားတိုင်းတာရန်စစ်ဆေးမှုတစ်ခု။• မြင်ကွင်းစမ်းသပ်မှုသည် အမြင်အာရုံပျက်နေသည့် အပိုင်းများကိုစစ်ဆေးကြည့်နိုင်သည်။• အမြင်အာရုံကြောထိခိုက်မှုကိုစမ်းသပ်ခြင်း။• Pachymetry -မျက်ကြည်လွှာအထူကိုတိုင်းတာခြင်း။• Gnioscopy–အရည်စွန့်ထုတ်သောထောင့်ကိုစစ်ဆေးခြင်း။ကုသမှုပုံစံသည် ရေတိမ်အမျိုးအစားပေါ်မူတည်ပါသည်။• မျက်စဉ်း –ထိုဆေးများတွင် Prostaglandins (latanoprost, bimatoprost)၊ Beta-blocker (timolol, betaxolol)၊ alpha adrenergic agonists (apraclonidine, brimonidine)၊ carbonic anhydrase inhibitors (dorzolamide, brinzolamide) နဲ့miotic agents (pilocarpine) တို့ပါဝင်သည်။ ဒီဆေးများသည် မျက်လုံးတွင်းဖိအားကိုအဓိကလျော့ချပေးသည်။• သောက်ဆေးများ –ဆရာဝန်သည် မျက်စဉ်းနှင့်အတူသောက်ဆေးများကိုပါတွဲပေးနိုင်သည်။ ဒီဆေးများတွင် carbonic anhydrase inhibitor ဖြစ်သော acetazolamide ပါဝင်ပါသည်။• လေဆာtrabeculoplasty –အရည်များစွန့်ထုတ်ရန်ကူညီပေးသော ကုထုံးဖြစ်သည်။ ဒီကုထုံးကို မျက်စိဆရာဝန်ဆေးခန်းတွင် အလွန်ပြင်းသည့် အလင်းတန်းဖြင့် ကုသခြင်းဖြစ်သည်။ လေဆာကို trabecular meshwork ကိုချိန်ထိုးပြီး အရည်စွန့်ထုတ် လမ်းကြောင်းကို ပွင့်သွားစေပါသည်။• Trabeculectomy –ဒီခွဲစိတ်ကုသမှုကိုတခြားကုထုံးများနှင့်အဆင်မပြေတော့သည့်အခါ အကြံပြုလေ့ရှိပါသည်။ ခွဲစိတ်နေစဉ်တွင် ဆရာဝန်သည် အရည်စွန့်ထုတ်ရန်အပေါက်သစ်များကို ပြုလုပ်မည်ဖြစ်သည်။ များသောအားဖြင့် ခွဲစိတ်မှုကိုတစ်ခါလျှင်မျက်လုံးတစ်လုံးကိုသာ ပြုလုပ်ပါသည်။ ဒုတိယမျက်လုံးအားခွဲစိတ်ရန် များသောအားဖြင့် ၄ ပတ်မှ ၆ ပတ်ထိအချိန်ယူရပါသည်။အောင်နေသော နေရာများတွင် အကူအညီပေးနိုင်ပါသည်။• စမ်းသပ်မှုများကိုမှန်မှန်လုပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားမှုကိုလိုက်နာခြင်း။• ဆေးများသောက်နေတာရှိလျှင် ဆရာဝန်ကိုပြောပါ။• တခြားရောဂါများ (ပန်းနာရင်ကျပ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ) သို့မဟုတ် ရေတိမ်ဆေးများနှင့် ဓါတ်မတည့်မှုရှိလျှင် ဆရာဝန်ကိုပြောပါ။• မျက်လုံးထိခိုက်မှုကိုရှောင်နိုင်ရန် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်လျှင် အကာအကွယ်မျက်မှန်များအမြဲတပ်ပါ။• လက္ခဏာများပိုဆိုးလာလျှင် ဆရာဝန်နှင့်ဆွေးနွေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/glaucoma/about-glaucoma/
အသည်းကင်ဆာသုတေသန နှင့် ကုသမှု နည်းလမ်းသစ်များ
အသည်းကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါတယ်။ အခုအချိန်အထိ အသည်းကင်ဆာကို ကာကွယ်ဖို့ ကုသဖို့ ထိရောက်တဲ့ နည်းအနည်းငယ်သာ ရှိပါသေးတယ်။ ဒါပေမယ့် အသည်းကင်ဆာကို ကာကွယ်ကုသဖို့ သုတေသန ပြုလုပ်ပြီး ရှာဖွေနေကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ အသည်းကင်ဆာ ကို ပိုမိုကာကွယ်နိုင်ဖို့ ဖြစ်စေတဲ့ အချက်တွေကို မဆုံးနိုင်အောင် ရှာဖွေနေကြသလို ဆရာဝန်တွေကလည်း ကုသမှုကို တိုးတက်လာစေဖို့ ကြိုးစားနေကြပါတယ်။ အသည်းကင်ဆာ သုတေသနမှာ တိုးတက်မှုတွေ အများကြီး ရှိပါတယ်။အခုအချိန်မှာတော့ အသည်းကင်ဆာကို ကုသဖို့ နည်းလမ်းများစွာ ရှိပါတယ်။ဆရာဝန်တွေဟာ ခွဲစိတ်မှု မပြုလုပ်ခင်မှာ အကျိတ်တွေကို သေးသွားပြီး ခွဲထုတ်ရလွယ်စေမယ့် နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ ခွဲစိတ်မှု မပြုလုပ်ခင် အသုံးပြုတဲ့နည်းလမ်းတွေဖြစ်တဲ့ targeted therapy၊ ကင်ဆာဆေးကုထုံး၊ ablation, embolization၊ ဓါတ်ရောင်ခြင်ကုထုံး အစရှိတဲ့နည်းတွေကို လေ့လာထားတဲ့ လေ့လာမှုတွေ ရှိပါတယ်။ အလားအလာရှိတဲ့ အဖြေတွေကို တွေ့ခဲ့ရပေမယ့် ဒါဟာ လူနည်းစုကိုသာ လေ့လာထားတဲ့ လေ့လာမှုတွေ ဖြစ်နေပါသေးတယ်။ကင်ဆာကုသမှုဟာ ကင်ဆာကို ခွဲစိတ်မှုအပြီး ပြန်ဖြစ်ခြင်းမှ ကာကွယ်ခြင်းလည်း ပါဝင်ပါတယ်။ အခုအချိန်အထိ ကင်ဆာဆေးသွင်းကုသခြင်း ကို ခွဲစိတ်မှုအပြီး အသုံးပြုခဲ့တဲ့ လေ့လာမှုအများစုမှာ ထိရောက်မှု ရှိခြင်းကို မတွေ့ရပါဘူး။ ဒါပေမယ့် ပိုမိုကောင်းမွန်ထိရောက်တဲ့ ဆေးတွေတော့ ရှိပါတယ်။ လေ့လာထားတဲ့ဆေးတွေကတော့ sorafenib (Nexavar)၊ Vitamin K နဲ့ ဓါတုသဘောအရ အလားတူတဲ့ menatetrenone ပဲ ဖြစ်ပါတယ်။ radioembolization ပြုလုပ်ခြင်းမှာ ကောင်းမွန်တဲ့ အဖြေတွေကို တွေ့ရပေမယ့် ဒါကို လူများများသုံးပြီး သုသေသန ပြုလုပ်ကာ အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။အသည်းကင်ဆာအတွက် ခွဲစိတ်မှုဟာ အဓိက ကုသမှု ဖြစ်ပြီး ခွဲစိတ်မှုအသစ်တွေ ဖြစ်တဲ့ partial hepatectomy (အသည်း တစ်စိတ်တစ်ပိုင်းကို ထုတ်ခြင်း) နဲ့ အသည်းအစားထိုးခြင်းတွေဟာ လုံခြုံစိတ်ချရပြီး ပိုမိုထိရောက်မှု ရှိပါတယ်။မှန်ပြောင်းနဲ့ ခွဲစိတ်ခြင်း မှာ ဗိုက်မှာ အပေါက်ပြုလုပ်ပြီး ထိုအပေါက်များမှတစ်ဆင့်ဆရာဝန်တွေဟာ အထူးပြုလုပ်ထားတဲ့ ပါးပြီး ရှည်လျားတဲ့ ပြွန်ကို ထည့်ပြီး ကင်ဆာဖြစ်နေတဲ့ အပိုင်းကို ကြည့်ရှုကာ ဖြတ်ထုတ်မှာ ဖြစ်ပါတယ်။ ဒါဟာ ဝမ်းဗိုက်မှာ ဓါးရာ အကြီးကြီး ပေးဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် သွေးဆုံးရှုံးမှုနည်းပါးပြီး ခွဲစိတ်မှုအပြီး နာကျင်မှုနည်းပါးကာ နာလန်ထ မြန်စေပါတယ်။အခုအချိန်အထိမှာတော့ မှန်ပြောင်းနှင့် ခွဲစိတ်ခြင်း ကို စမ်းသပ်ဆဲဖြစ်ပြီး သူ့ကို မှန်ပြောင်း အလွယ်တကူရောက်နိုင်တဲ့ အသည်းရဲ့ သေးငယ်တဲ့အကျိတ်တွေကို ခွဲထုတ်ဖို့ အတွက် အသုံးပြုကြပါတယ်။အသည်းအစားထိုးကုသတဲ့ လူနာတွေဟာ တိကျတဲ့ စည်းကမ်းချက်တွေကို ပြည့်မီဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လူအချို့ကပဲ အသည်းအစားထိုးဖို့ သင့်လျော်ပါတယ်။ ဆရာဝန်တွေဟာ ဒီအချက်တွေကို ချဲ့ထွင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေပါယတ်။ သုတေသန တစ်ခုက အသည်းကို သူ့ထက်ပိုမိုကြီးမားတဲ့ ဒါပေမယ့် ကျန်းမာတဲ့အသည်းနဲ့ အစားထိုးဖို့ စမ်းသပ်နေပါတယ်။အသည်းအစားထိုးခြင်းဟာ အဓိက ကြီးမားတဲ့ ခွဲစိတ်မှုဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ အသည်းအစားထိုးတဲ့ လူအယောက် ၃၀ တိုင်းမှာ ၁ ယောက်ဟာ ခွဲစိတ်နေစဉ် သေဆုံးပြီး ခွဲစိတ်အပြီးမှာတော့ လူ ၁၀ ယောက်မှာ ၁ ယောက် သေဆုံးနှုန်း ရှိပါတယ်။သင့်မှာအောက်ပါအချက်တွေရှိရင် အသည်းအစားထိုးခြင်းကို ပြုလုပ်နိုင်ပါတယ်။ဓါတ်ရောင်ခြည်ကုသမှုရဲ့ အကြီးမားဆုံး စိုးရိမ်ရမှုကတော့ ကျန်းမာတဲ့ တစ်ရှူးတွေကို ထိခိုက်မိခြင်း ဖြစ်ပါတယ်။ သုတေသီတွေက အကျိတ်ကိုသာ အဓိကထားပြီး ဘေးက ကျန်းမာတဲ့ တစ်ရှူးတွေကို ထိခိုက်မှု မရှိစေဖို့ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ ဒီနည်းလမ်းတစ်ခုကတော့ brachytherapy ပဲ ဖြစ်ပါတယ်။ ဒီကုသမှုမှာ catheter လို့ ခေါ်တဲ့ ပြွန်လေးတွေကို အကျိတ်အတွင်းထည့်ပြီး အချိန်အနည်းငယ် ဓါတ်ရောင်ခြည်ပေးနိုင်တဲ့ pellets တွေကို ပြွန်အတွင်းထည့်မှာ ဖြစ်ပါတယ်။ ကုသမှုအပြီးမှာတော့ pellets ရော ပြွန်တွေမှာပါ ဖယ်ရှားလိုက်မှာ ဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အသည်းကို ထိခိုက်မှု နည်းစေပြီး ကင်ဆာကို အဓိကထားတဲ့ ကုသမှု တစ်ခု ဖြစ်ပါတယ်။ပုံမှန် ဓါတ်ရောင်ခြည်ကုသမှုနဲ့ ကွာခြားစွာ အလုပ်လုပ်တဲ့ ဆေးတွေကို တီထွင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆေးအသစ်တွေဟာ ကင်ဆာဆဲလ်တွေရဲ့ အစိတ်အပိုင်းအချို့နဲ့ ပတ်ပတ်လည်က တစ်ရှူးတွေကို ဦးတည်တာ ဖြစ်ပါတယ်။သူတို့ဟာ အကျိတ်ကို ထောက်ပံ့ပေးတဲ့ သွေးကြောတွေကို အဓိကထားတာဖြစ်ပါတယ်။ ဒီသွေးကြောတွေကြောင့် အကျိတ်ဟာ ကြီးထွားလာတာ ဖြစ်ပါတယ်။ ဆေးအသစ်တစ်မျိုး ဖြစ်တဲ့ sorafenib (Nexavar) ကို ခွဲစိတ်ပြီး မထုတ်နိုင်တဲ့ အသည်းကင်ဆာတွေအတွက် အသုံးပြုပါတယ်။ ဒီဆေးတွေကို အကျိတ်အတွင်းမှာ သွေးကြောအသစ်ဖြစ်တည်ခြင်းကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ ဒီဆေးကို ရောဂါအစောပိုင်းမှာ (ဥပမာ ခွဲစိတ်မှု (သို့) trans-arterial chemoembolization (TACE) အပြီးမှာ ) အသုံးပြုဖို့ လေ့လာနေကြပါတယ်။ သုတေသီတွေက ဒီနည်းလမ်းကို ကင်ဆာဆေးသွင်းကုသနည်းနဲ့ ပေါင်းစပ်အသုံးပြုခြင်းဟာ ပိုမို ထိရောက်ခြင်း ရှိမရှိ လေ့လာနေကြပါတယ်။Regorafenib (Stivarga®) ဟာ အသည်းကင်ဆာကို ကုသရာမှာ အလားအလာရှိတဲ့ အခြား တိုက်ရိုက်ကုသသောဆေးတစ်မျိုး ဖြစ်ပါတယ်။ကင်ဆာဆေးသွင်းကုသခြင်းကို အခြားကုသမှုတွေနဲ့ ပေါင်းပြီး လေ့လာမှုတွေမှာ စမ်းသပ်ခဲ့ကြပါတယ်။ အကျိတ်အချို့က ကုသမှုကို တုန့်ပြန်ကြပါတယ်။ ဒါပေမယ့် ဒါဟာ လူနာရဲ့ သက်တမ်းကို ပိုရှည်ပြုလုပ်နိုင်စွမ်း မရှိပါဘူး။ကင်ဆာဆေးသွင်းကုသတဲ့ဆေးတွေဖြစ်တဲ့ oxaliplatin၊ capecitabine၊ gemcitabine, နဲ့ docetaxel တွေကို စမ်းသပ်ခဲ့ကြပါတယ်။ Oxaliplatin ကို doxorubincin နဲ့ ပေါင်းပြီး အသုံးပြုတဲ့အခါမှာ အကျိုးရှိတာကို တွေ့ရပါတယ်။ Oxaliplatin ကို gemcitabine နဲ့ တိုက်ရိုက်ကုသသောဆေးဝါး targeted drug cetuximab (Erbitux®) နဲ့ ပေါင်းစပ်အသုံးပြုတဲ့အခါမှာလည်း ထိရောက်မှု ရှိတာတွေ့ရပါတယ်။ဗိုင်းရပ်စ်ကို အသုံးပြုတဲ့ကုသမှုအသစ်ကိုတော့ JX-594 လို့ခေါ်ပါတယ်။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို ပြုလုပ်ဖို့ အသုံးပြုခဲ့တဲ့ဗိုင်းရပ်စ် နဲ့ တူညီပြီး သူ့ကို ကင်ဆာဆဲလ်တွေကို သာ တိုက်ခိုက်ဖို့ ပြုပြင်ပြောင်းလဲထားတာ ဖြစ်ပါတယ်။ ဒီကုသမှုမှာ ဗိုင်းရပ်စ်ပါတဲ့အရည်ကို အသည်းကင်ဆာအတွင်းကို ထိုးသွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေဟာ ကင်ဆာဆဲလ်တွေအတွင်းကို ဝင်သွားပြီး သေစေကာ ကိုယ်ခန္ဓါရဲ့ ကိုယ်ခံအားစနစ်ကို ဒီ ဆဲလ်တွေကို တိုက်ခိုက်ဖို့ အားပေးပါတယ်။ ဒီကုသမှုကို အခြားကုသမှုတွေတုန့်ပြန်ပြီး အလားအလာကောင်းတဲ့လူနာတွေမှာ စမ်းသပ်အသုံးပြုခဲ့ကြပါတယ်။ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းမွန်ပါတယ်။ သူဟာ ကင်ဆာဆဲလ်တွေကို မဖြစ်ပွားခင်က စတင်တာကြောင့် ကင်ဆာ ရပ်တန့်ဖို့ ပိုမိုထိရောက်ပါတယ်။ ကာကွယ်ဆေးတွေနဲ့ တိုးတက်လာတဲ့အသည်းကင်ဆာ ကုသနည်းတွေဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ အသည်းကင်ဆာ တစ်ဝက်လောက်ကို ကာကွယ်နိုင်ပါတယ်။ သုသေသီတွေဟာ အသည်းရောင်စီပိုးကို ကာကွယ်ဖို့ (သို့) အသည်းရောင်ခြင်းကို ကင်ဆာမဖြစ်ခင်ကုသဖို့ နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ နာတာရှည် အသည်းရောင် ကုသမှုနည်းလမ်းတွေမှာလည်း တိုးတက်မှုတွေ ရှိလာပါတယ်။AFP သို့ အာထရာဆောင်း ကို အသုံးပြုခြင်းထက် အခြားသွေးစစ်နည်းတွေကို အသုံးပြုကာ အသည်းကင်ဆာကို စောစီးတဲ့အဆင့်တွေမှာ ရှာဖွေဖို့ အကြံပြုထားပါတယ်။ သူတို့ထဲက တစ်ခုကတော့ DKK1 ပဲဖြစ်ပါတယ်။အသည်းခွဲစိတ်မှုအပြီးမှာ အစိုးရိမ်ရဆုံးကတော့ ကင်ဆာ ပြန်ဖြစ်ခြင်းပဲဖြစ်ပါတယ်။ ပြန်ဖြစ်နှုန်းကို သိထားခြင်းဟာ ဆရာဝန်ကို ပိုမို ပြသမှု (သို့) အခြားကုသမှုတစ်မျိုးကို ကင်ဆာပြန်ဖြစ်ခြင်းကို လျှော့ချဖို့ လိုမလားဆိုတာကို ဆုံးဖြတ်ရာမှာ ကူညီပေးပါတယ်။သုတေသီတွေက ခွဲစိတ်စဉ်မှာ တွေ့ရတဲ့ ဆဲလ်တွေကိုလေ့လာနေကြပါတယ်။ သူတို့ဟာ အကျိတ်နားက ဆဲလ်တွေရဲ့ မျိုးရိုးဗီဇ ပုံစံကို ကြည့်ရှုပြီး ဘယ်သူ့မှာ ပြန်ဖြစ်နှုန်းများသလဲဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ဒီနည်းကိုတော့ တွင်ကျယ်စွာအသုံးမပြုခင် အတည်ပြုဖို့ လိုအပ်ပါတယ်။ခြုံပြောရရင်တော့ ဒါဟာ အသည်းကင်ဆာ ကုသမှုမှာ ကြီးမားတဲ့တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ အလားအလာကတော့ အသည်းအစာထိုးကုသမှုလုပ်တဲ့လူတွေမှာ အကောင်းဆုံးဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီခွဲစိတ်မှု လုပ်ထားသူတွေမှာ ၁၀၀မှာ ၇၅ ယောက်ဟာ ၅နှစ် (သို့) ဒီထက်ပိုပြီး အသက်ရှင်ကြပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by Phyu Mon Latt။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9e%e1%80%af%e1%80%90%e1%80%b1%e1%80%9e%e1%80%94-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba/
မျက်လုံးကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ
သင်၏မျက်စိ တစ်စုံကို သတိမပြုဂရုမစိုက်ဘဲ ဘယ်တော့မှ မထားသင့်ပါ။ မျက်ဈိန်းမာရေးအတွက် ချစ်မေတ္တာနှင့် ဂရုစိုက်မှု။လိုအပ်ပါသည်။ အောက်ပါတို့သည် သင့်မျက်စိကျန်းမာရေးအတွက် လိုက်နာသင့်သည်များ ဖြစ်ပါသည်။မျက်စိကျန်းမာရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကစတင်ရမည်။ အသက်အရွယ်ကြီးမြင့်လာ။သောကြောင့် ဖြစ်သော မျက်စိရောဂါများ(ဥပမာ-မြင်လွှာနောက်ခံအင်္ဂါပျက်စီးခြင်း၊အတွင်းတိမ်)စသည်တို့မှ။ကာကွယ်ရန် အိုမီဂါ၃ အက်ဆစ်၊ဇင့်ဓါတ်၊လူတီယင်ဓါတ်၊ဗီတာမင် စီနှင့် အီး တို့ပြည့်ဝနေရန်လိုအပ်သည်။ ထို အာဟာရ။ဓါတ်များ ရရှိရန် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ပင်လယ်ငါး၊ကြက်ဥ၊အစေ့အဆန်၊ပဲ အမျိုးမျိုး၊ချဉ်သောအသီးများ၊ကင်းမွန်၊ နှင့် ဝက်သားတို့ကို စားပေးရမည်။ ကျန်းမာစေသော အာဟာရသည် မျက်စိကွယ်ခြင်း၏ အကြောင်းအရင်းများ ဖြစ်သည့် အဝလွန်ခြင်း နှင့် ဆီးချိုရောဂါ ကို ကင်းဝေးစေသည်။ဆေးလိပ်သောက်ခြင်းသည်အတွင်းတိမ်ရောဂါ၊အမြင်အာရုံကြောပျက်ဆီးသည့်ရောဂါ နှင့် မြင်လွှာနောက်ခံသားပျက်စီးသည့် ရောဂါတို့ ဖြစ်နိုင်ချေကို တိုးမြင့်စေသည်။ ဆေးလိပ်ဖြတ်ရန် ခက်ခဲသည့် အတွက် ဆေးလိပ်စွဲသူ အများစု။သည် ပထမအကြိမ်ကြိုးစားရုံဖြင့်မအောင်မြင်တတ်ပေ။ သို့သော်လည်း လွယ်လွယ် အရှူံးမပေးသင့်ပေ။ သင်၏အားထုတ်မှုကောင်းလေ အောင်မြင်ဖို့နီးလေ ဖြစ်ပါသည်။ လိုအပ်ပါက ဆရာဝန်၏ အကူအညီကို ရယူပါ။နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့ရဖန်များလျှင် အတွင်းတိမ်နှင့် မြင်လွှာနောက်ခံသား ပျက်စီးသည့် ရောဂါတို့ဖြစ်နိုင်ချေ မြင့်မားလာသည်။ မျက်စိကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ယခုပင် နေကာမျက်မှန်တပ်သည့် အကျင့်ကို ကျင့်သုံးပါ။ အကယ်၍ သင်သည် မျက်ကပ်မှန် တပ်သူဖြစ်ပြီး မျက်ကပ်မှန်တွင်နေရောင်ကာကွယ်သည့် အာနိသင် ပါစေပြီးစေကာမူ နေကာမျက်မှန် တပ်ဆင်ခြင်းဖြင့် အကျိုးကျေးဇူး အချို့ ထပ်မံရရှိနိုင်ပါသေးသည်။သင်သည် အန္တရာယ်ရှိသော အရာဝတ္ထုများ၊လေထဲတွင်လွင့်နေသော အမှုန်အမွှားများနှင့် ထိတွေ့ လုပ်ကိုင်နေရသူဖြစ်ပါက မျက်စိ အကာအကွယ် အသုံးပြုရန် ဘယ်တော့မှ မမေ့သင့်ပါ။ ထို့ပြင် ခန္ဓါကိုယ်ချင်း လုံးထွေး သတ်ပုတ်ရသောအားကစား မျိုးကို ကစားတတ်ပါက သင့်မျက်စိကို ကာကွယ်ရန် မျက်နှာလုံးပြည့်လုံသော အကာအကွယ်ဦးထုပ်မျိုးဆောင်းပါ။သင်သည် ကွန်ပြူတာနှင့် အချိန်ကြာ ထိတွေ့လုပ်ကိုင်ရသူဖြစ်ပါက မကြာခဏအနားယူပေးဖို့လိုပါသည်။ သင်တပ်ဆင်သော မျက်မှန်သည် ပါဝါအတိုးအလျော့ အမြဲ ကိုက်ညီမှုရှိပါစေ။ ကွန်ပြူတာသုံးချိန်တွင် သင့်တော်မည့် မျက်မှန်မျိုးကို ဆရာဝန်နှင့် တိုင်ပင်၍ တပ်ဆင်ပါ။ ကွန်ပြူတာ မျက်နှာပြင် ကို မျက်စိကအနည်းငယ် ငုံ့ကြည့်ရသောအနေအထားတွင်ထားပါ။ အလင်းရောင်စူးစူးများကို စိုက်မကြည့်ဖြစ်အောင် နေပါ။ မိနစ် ၂၀ ခန့် ကွန်ပြူတာသုံးပြီး။တိုင်း မျက်စိကို အနားပေးသင့်ပြီး ၂ နာရီခြားတစ်ခါ ကွန်ပြူတာသုံးပြီးတိုင်း ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးပါ။ မျက်စိအစိုဓါတ်အတွက် မကြာခဏ မျက်တောင်ခတ်ပေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98/
ချောကလက်က သင့်စိတ်ခံစားမှုကို ဘယ်လိုကောင်းမွန်စေနိုင်သလဲ
ချောကလက်က ခေါင်းတခြမ်းကိုက်တာ ဒါမှမဟုတ် ရိုးရိုးခေါင်းကိုက်တာကို ဖြစ်စေနိုင်တယ်လို့လူအချို့က ယူဆထားကြပေမယ့် အများအားဖြင့်တော့ ချောကလက်ဟာ သင့်ရဲ့စိတ်ခံစားမှုအနေအထားကို တိုးတက်ကောင်းမွန်စေတယ်လို့သတ်မှတ်ထားကြပါတယ်။ ချောကလက်ဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြပေမယ့် ဒါကိုအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒွိဟပွား ငြင်းခုန်နေကြတုန်းပါပဲ။ ဒီတော့ အခုဆောင်းပါးမှာ ချောကလက်ဟာ ကျွန်တော်တို့တွေရဲ့စိတ်ခံစားမှု၊ စိတ်အခြေအနေပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လက်ရှိအများစုလက်ခံထားကြတဲ့အချက်အလက်နဲ့ယုံကြည်မှုတွေအပေါ်မူတည်ပြီး ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ချောကလက်က ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူးလို့ပြောရမှာပါပဲ။ တချို့လူတွေဟာ ဝမ်းနည်းတဲ့အခါ၊ စိတ်ဓါတ်ကျတဲ့အခါ ချောကလက်ကို တမ်းတကြပြီး ချောကလက်လေးစားလိုက်တော့မှ စိတ်အခြေအနေပိုကောင်းလာတယ်၊ နေလို့ထိုင်လို့ကောင်းသွားတယ်လို့ပြောကြပါတယ်။ ဒါပေမယ့် ဒီလိုစိတ်တက်ကြွစေတဲ့ အာနိသင်ဟာ ခဏသာဖြစ်ပြီး အာနိသင်ကုန်ရင်တော့ ခုနကစိတ်ဖိစီး၊ စိတ်ဓါတ်ကျတဲ့အခြေအနေကို ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ချောကလက်မှာ ကာဘိုဟိုက်ဒရိတ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် tryptophan ဓါတ်တွေ ဦးနှောက်ထဲဝင်ရောက်နိုင်တဲ့နှုန်းကို ပိုများစေ၊ မြန်စေပါတယ်။ အကျိုးဆက်အနေနဲ့ စိတ်ခံစားမှုကိုကောင်းစေ၊ အကောင်းမြင်စိတ်တွေကို ဖြစ်ပေါ်စေတဲ့ အာရုံကြောဆိုင်ရာ ပစ္စည်းတမျိုးဖြစ်သော serotonin ပမာဏကို များလာစေပါတယ်။ ဒါ့အပြင် နာကျင်မှုနဲ့စိတ်ဓါတ်ကျမှုတွေကို ယာယီတားဆီးပိတ်ဆို့ပေးနိုင်တဲ့ anandamide ဆိုတဲ့ ပစ္စည်းကိုလည်း ဦးနှောက်က ထုတ်လုပ်ပေးပါသေးတယ်။ anandamide ဆိုတာ သက္ကတဘာသာစကားနဲ့ “အနန္တ” ကို ဆိုလိုတာဖြစ်ပြီး အဆုံးမရှိသောပျော်ရွှင်မှုလို့အဓိပ္ပါယ်ရပါတယ်။ချောကလက်ရဲ့ ကောင်းတဲ့အချက်က anandamide ကို ထွက်စေရုံသာမက သူရဲ့အာနိသင်ကို ကြာရှည်ခံစေတဲ့ပစ္စည်းတွေပါ ပါဝင်တာပဲ ဖြစ်ပါတယ်။ချောကလက်မှာ ပါဝင်တဲ့ phenylethylamine နဲ့theobromine တို့ဟာ စိတ်ခံစားမှုအနေအထားကို ပြောင်းလဲစေတယ်လို့တချို့သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။Phenylethylamine ဟာ သွေးပေါင်ချိန်နဲ့သွေးတွင်းသကြားဓါတ်ကို တက်စေတဲ့အပြင် “နိုးကြား” တဲ့ ခံစားချက်နဲ့ “ကျေနပ်နှစ်သိမ့်”တဲ့ ခံစားချက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် လူဟာနေလို့ထိုင်လို့ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ခဏတာစိတ်တက်ကြွမှုအပြီးမှာ စိတ်ဓါတ်ကျဆင်းတဲ့ကာလကို ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။ Theobromine ဟာ ကိုကာသီးမှာ သဘာဝအလျောက်တွေ့ရှိရပြီး စိတ်ဓါတ်ကျတာကို သက်သာစေပေမယ့် တိရိစ္ဆာန်တွေနဲ့တော့ မတည့်ဘူးလို့ဆိုပါတယ်။ချောကလက်စားတာဟာ စိုးရိမ်ပူပန်တဲ့ခံစားချက်ကိုလည်း ဖြစ်စေနိုင်ပါတယ်။ Phenylethylamine ဟာ ဦးနှောက်သွေးကြောတွေကို ကျယ်စေတဲ့အတွက် ခေါင်းကိုက်စေတယ်ဆိုပေမယ့် Phenylethylamine အနေနဲ့ ဦးနှောက်ကိုရောက်မရောက်ကတော့ ငြင်းခုန်နေကြဆဲပဲ ဖြစ်ပါတယ်။• ချောကလက်က ကင်ဆာရောဂါအထိတိုင် ကာကွယ်ပေးနိုင်တယ်။ချောကလက်ကနေရရှိတဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ချောကလက်ဟာ နှလုံးအတွက်ကောင်းပါတယ်။ ချောကလက်ဟာ သွေးကြောတွေရဲ့တုံ့ပြန်နိုင်စွမ်းကို ပိုမိုအားကောင်းစေတဲ့အတွက် နှလုံးရောဂါကို ကာကွယ်ရာမှာအသုံးဝင်ပါတယ်။ ဒါ့အပြင် ချောကလက်ဟာ ခန္ဓါကိုယ်ရဲ့ဂလူးကို့စ်ဓါတ်စုပ်ယူမှုကိုလည်း များလာစေပါတယ်။ ဒါတင်မကသေးပါဘူး၊။ချောကလက်ဟာ အိုမင်းရင့်ရော်တာကို ကာကွယ်ပေးနိုင်တဲ့သတ္တိရှိတဲ့အပြင် ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါသေးတယ်။ဒါပေမယ့် ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲနေတတ်တဲ့သဘောအရ ချောကလက်ဟာခေါင်းကိုက်တာ၊ အဝလွန်တာ၊ စအိုယားတာ၊ ရင်ပူတာနဲ့ (ဂနာမငြိမ်တာ၊ စိတ်ရှုပ်ထွေးတာ၊ ဒေါသကြီးတာ၊ စိတ်ကျတာအစရှိတဲ့) စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။• သွေးလေလည်ပတ်မှုကို ကောင်းစေတယ်။ချောကလက်အမည်းဟာ သွေးလည်ပတ်မှုကိုကောင်းစေတဲ့အတွက် နှလုံးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ချောကလက်များများစားလေ သင့်ဦးနှောက်ကို သွေးများများရောက်လေပါပဲလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သွေးအသွားအလာကောင်းလာတာနဲ့အမျှ သင့်အနေနဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တဲ့နေရာမှာ အရင်ကထက်ပိုပြီး ထိထိရောက်ရောက် လုပ်လာနိုင်ပါလိမ့်မယ်။ ချောကလက်ဟာ ဒီလောက်တောင်အကျိုးများပါလားလို့ဘယ်သူကများတွေးမိမှာလဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး မကောင်းတာဘာများရှိမလဲလို့ကျွန်တော်တို့ အဓိကစိုးရိမ်ပူပန်ကြတာဖြစ်ပြီး ချောကလက်မှာအဓိကပါဝင်ပြီး စိတ်ခံစားမှုအခြေအနေကောင်းအောင် လုပ်ပေးနိုင်တဲ့ ကိုကာအနေနဲ့ထူးထူးခြားခြား မကောင်းတာမျိုးတော့ ဘာမှမရှိပါဘူး။• ကိုယ်အလေးချိန်ကျခြင်း။ချောကလက်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုစဉ်းစားတဲ့အခါ ဝိတ်ကျစေတဲ့အကြောင်းကို အမျိုးသမီးတွေအနေနဲ့သိပ်တွေးလေ့မရှိပါဘူး။ ဒါပေမယ့် ချောကလက်အမည်းဟာ တကယ်ပဲ ကိုယ်အလေးချိန်ကျစေနိုင်ပြီး သင်ထင်ထားတာထက်တောင် ပိုပြီးလွယ်ပါသေးတယ်။လေ့လာချက်တွေအရ ချောကလက်အမည်းဟာ နို့ချောကလက်ထက်ပိုပြီး ဗိုက်ပြည့်စေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ချောကလက်အမည်းကိုစားခြင်းကြောင့် အဆီအဆိမ့်တွေ၊ အချိုတွေနဲ့အငန်တွေကို စားလိုစိတ်နည်းစေတယ်လို့လည်းဆိုပါတယ်။ ဆိုလိုတာက သင်ဟာချောကလက်အမည်းကို သတ်မှတ်ထားတဲ့ပမာဏလောက်တော့ စားလို့ရပြီး ဒီလိုစားပေးခြင်းအားဖြင့် သင်လက်ရှိကျင့်သုံးနေတဲ့ ဝိတ်ချတဲ့အစီအစဉ်ကို လိုက်နာဖို့ ပိုပြီးလွယ်ကူစေတယ်ဆိုတာပါပဲ။• ဆီးချိုကို ကာကွယ်ပေးတယ်။ဆီးချိုဟာ လူတိုင်းကြောက်ကြတဲ့ရောဂါတခုဆိုတာ အငြင်းပွားစရာမလိုပါဘူး။ စိတ်ဝင်စားဖို့ကောင်းတာက ချောကလက်ရဲ့အကျိုးကျေးဇူးတွေထဲမှာ ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်တာလည်းတစ်ခုအပါအဝင် ဖြစ်တယ်ဆိုတာပါပဲ။ လေ့လာမှုတစ်ခုမှာဆိုရင် ပါဝင်သူတွေဟာ ချောကလက်အမည်းတစ်ခုကို ၁၅ ရက်တိတိနေ့စဉ်စားရပါတယ်။၁၅ရက်ကြာပြီးတဲ့အခါသူတို့တွေရဲ့ အင်ဆူလင်ဓါတ်ကိုတုံ့ပြန်မှုဟာ ငါးဆယ်ရာခိုင်နှုန်းတက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့flavonols ဟာ nitric oxide ထုတ်လုပ်မှုပမာဏကို များစေတဲ့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။nitric oxide ဟာ ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ဓါတ်အပေါ်တုံ့ပြန်မှုကို ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။• နေရောင်ခြည်ဒဏ်က ကာကွယ်တယ်။ချောကလက်စားပေးခြင်းအားဖြင့် သင့်အရေပြားကို ရေဓါတ်လုံလောက်စွာ ဖြည့်တင်းပေးထားမယ်ဆိုရင် သင့်အနေနဲ့ချွေးထွက်ပေါက်တွေပိတ်မှာကို ပူပန်စရာမလိုတော့ပါဖူး။ သင့်အနေနဲ့ဒါနဲ့ ပြောင်းပြန်တွေးထားကောင်းတွေးထားပါလိမ့်မယ်။ ဒါပေမယ့် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေထွက်လာစေတာဟာ ချောကလက်အများစုမှာပါတဲ့ အဆီတွေကြောင့်ဖြစ်ပါတယ်။ ချောကလက်မှာပါတဲ့ ကိုကာအစစ်နဲ့ နိုတွေက သင့်အရေပြားအတွက် ကောင်းဖို့သာရှိပါတယ်၊ အထူးသဖြင့် ချောကလက်အမည်းပေါ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%9c%e1%80%80%e1%80%ba%e1%80%80-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8/
ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ!
ရာသီလာခါနီး အချိန်တွေနဲ့ ရာသီလာချိန်တွေမှာ နာကျင်ကိုက်ခဲတာကို ခံစားရတာက ပုံမှန်ပဲ ဆိုပေမယ့် ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အခြေအနေက ပုံမှန် မဟုတ်ဘူးဆိုတာကို လေဒီလေးတွေ စဉ်းစားမိမယ် ထင်ပါတယ်။ အခုတစ်ခေါက်မှာတော့ လေဒီလေးတွေ သိထားသင့်တဲ့ ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! ဆိုတာကို လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲတာ ဖြစ်တတ်တဲ့ အရာလား!။ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲတာက အရမ်း မပြင်းထန်ဘူး။ ဆေးသောက်စရာ မလိုဘဲ သူ့အလိုလို သက်သာသွားနိုင်တဲ့ အခြေအနေမျိုးဆိုရင် ဒါက ပုံမှန် အခြေအနေ တစ်ခုလို့ ဆိုရမှာပါ။ ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မကြာခဏဆိုသလို ဖြစ်နေတာမျိုး မဟုတ်ရပါဘူး။ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ!။ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။အချို့သော အမျိုးသမီးတွေမှာ သားဥကြွေချိန်မှာနာကျင်တာကိုက်ခဲတာကို အနည်းအကျဉ်း ခံစားရနိုင်ပါတယ်။ မျိုးဥအိမ်က သားဥကို ထုတ်လွှတ်လိုက်ပြီး သားဥလေးကသားအိမ်ဆီကို ခရီးစဉ် စတင်ချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ ဒီလို နာကျင်ကိုက်ခဲမှုကို ရာသီသွေးဆင်းပြီးတဲ့ ရက်ကနေ ၅ ရက် ကနေ ၁ ပတ်တာအတွင်းမှာ ခံစားရနိုင်ပါတယ်။ဒီအခြေအနေကို လူတိုင်းခံစားရတာ မဟုတ်ပါဘူး။ ရာသီရက်ရှည်ပြီး ရာသီစက်ဝန်းတိုတဲ့သူ ဥပမာ ရာသီလာတာ ၇ရက်လောက်ကြာပြီး ၂၁ ရက်ရာသီစက်ဝန်း ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေက ပိုခံစားရနိုင်ပါတယ်။ပိုးဝင်ကူးစက်တာ အထူးသဖြင့် နာတာရှည် တင်ပဆုံပိုင်းဆိုင်ရာ ရောင်ရမ်းခြင်း(pelvic inflammatory disease) နဲ့ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STIs) တွေကလည်း ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာကို ဖြစ်စေနိုင်ပါတယ်။ ရာသီလာပြီးချိန်မှာတင် မဟုတ်ပါဘူး။ တခြားအချိန်တွေမှာလည်း ခံစားရနိုင်ပါတယ်။ဒီလို နာကျင်ကိုက်ခဲမှုနဲ့အတူ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာလိုမျိုး လက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။ နောက်ထပ် လက္ခဏာ တစ်ရပ်အနေနဲ့ကတော့ ကိုယ်လက်နှီးနှောချိန်မှာ နာကျင်မှုကို ခံစားရနိုင်တာပါ။သားအိမ်အတွင်းက တစ်ရှူးတွေ သားအိမ်ပြင်ပဆီကို ရောက်ရှိကြီးထွားခြင်းကလည်း ရာသီလာနေချိန်မှာသာမက ရာသီလာပြီးချိန်မှာပါ နာကျင်ကိုက်ခဲမှုကို ခံစားရစေနိုင်ပါတယ်။ ဒီလို အခြေအနေကို ခံစားရတဲ့အခါ နာကျင်ကိုက်ခဲမှုနဲ့ အတူ တင်ပဆုံပိုင်းက နာကျင်တာ၊ကိုယ်လက်နှီးနှောချိန်မှာ နာကျင်တာ၊ ပုံမှန်မဟုတ်ဘဲသွေးဆင်းတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။သားအိမ်မှာ သွေးလုံးတည််ာကလည်း ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရစေနိုင်တဲ့ အကြောင်းအရင်းပါ။ ဒီပြဿနာကြောင့် ရာသီလာနေချိန်မှာရော လာပြီးချိန်မှာပါ နာကျင်ကိုက်ခဲတာ၊ သွေးဆင်းများတာ၊ ပုံမှန် မဟုတ်တဲ့ရာသီသွေးဆင်းတာ၊ လေပွတာ၊ တင်ပဆုံပိုင်းမှာ မအီမသာဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။ဒါကလည်း အဖြစ်များပါတယ်။ ဒီလို အခြေအနေကို ခံစားရမယ်ဆိုရင်လည်း ရာသီလာနေချိန်မှာရော ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ အခြား လက္ခဏာတွေ အနေနဲ့ကတော့ သွေးဆင်းများတာ၊ တင်ပဆုံတွင်းမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတာ၊ တဆစ်ဆစ်ကိုက်တာ၊ ဆီးအိမ်ပေါ်မှာ၊ အစာဟောင်းအိမ်ပေါ်မှာ ဖိအား သက်ရောက်နေတာ၊ အတူနေချိန်မှာ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ရာသီရက်ကျော်နေမယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံထားတာလည်း ရှိမယ်ဆိုရင် ကိုယ်ဝန် စစ်ကြည့်ပါ။ဗိုက်ကလည်း အောင့်သလိုလို ဖြစ်မယ် ရာသီလာချိန် နာကျင်ကိုက်ခဲသလိုမျိုးလည်း နာကျင်ကိုက်ခဲတာကို ခံစားရမယ်ဆိုရင်ကိုယ်ဝန်ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်တာကလည်း ကိုက်ခဲနာကျင်မှုကို ခံစားရနိုင်ပါတယ်။ ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာနဲ့အတူ ဆီးသွားရင်နာကျင်တာကိုပါ ခံစားနေရမယ်။ ဆီးက အရောင်ပြောင်းနေမယ်။ ဆီးထဲ သွေးပါမယ်ဆိုရင်တော့ဆီးလမ်းကြောင်းပိုးဝင်နေတာပါ။ ရာသီလာပြီးချိန်အပါအဝင် ဘယ်အချိန်မှာမဆို ခံစားရနိုင်ပါတယ်။အစာခြေစနစ် ပိုးဝင်ကူးစက်တာကလည်း ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ အူရောင်တာ၊ အူမကြီးမှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိတာကလည်း ရာသီလာပြီးချိန်အပါအဝင် တခြားအချိန်တွေမှာပါ နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမှာ နာကျင်ကိုက်ခဲတာနဲ့အတူ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းပျက်တာတွေကို ခံစားရနိုင်ပါတယ်။ဘယ်လို အခြေအနေမှာ ကုသမှု ခံယူရမလဲ!။ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲမှုကို ခံစားရတာက မကြာခဏဆိုသလို ဖြစ်နေမယ်။ ပြင်းပြင်းထန်ထန်ကို ခံစားရမယ်။ အိမ်တွင်းကုထုံးတွေ လုပ်ပေမယ့်လည်း မသက်သာဘူး။ အကိုက်အခဲ ပျောက်ဆေးတွေ သောက်ပေမယ့်လည်း မသက်သာဘဲ ဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေး ကုသမှုတွေ ခံယူဖို့ အကြံပြု ချင်ပါတယ်။ဘယ်လို နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်မလဲ!။ရာသီလာပြီးချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ဆိုရင်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/reasons-for-cramps-after-your-period/
နေ့စဉ် ခေါင်းမလျှော်သင့်တဲ့ အကြောင်းအရင်းများ
ခေါင်းလျှော်တယ်ဆိုတာက တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆံသားလေးတွေ လှပဖို့ သန့်စင်ဖို့နဲ့ ဦးခေါင်းသန့်စင် လန်းဆန်းနေဖို့ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။လူတွေက ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ်၊ ဆပ်ပြာနဲ့ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်နဲ့ပဲဖြစ်ဖြစ်၊ တရော်ကင်ပွန်းလို သဘာဝနည်းလမ်းတွေနဲပဲဖြစ်ဖြစ် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။နည်းလမ်းစုံကြသလို အလေ့အထတွေလည်း မတူတတ်ကြပါဘူး။ လူတချို့က ခေါင်းခဏခဏ လျှော်ရတာကို မနှစ်သက်တတ်ကြပေမယ့် လူအများစုကတော့ ခေါင်းမကြာခဏလျှော်ရတာကို သဘောကျတတ်ကြပါတယ်။ဒီလူတွေထဲကမှ တချို့က နေ့စဉ်ခေါင်းလျှော်ရတာကို သဘောကျတတ်ကြပြီး၊ တကယ်လည်း နေ့စဉ် ခေါင်းလျှော်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ အလေ့အထတော့မဟုတ်ပါဘူး။နေ့စဉ် ခေါင်းလျှော်မယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်သလို တခြားသော ဆိုးကျိုးတွေလည်း ကြုံရစေနိုင်ပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်။ဦးရေပြားမှာ အဆီပြန်နေတာမျိုးက ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့်ဆံသားကိုအားဖြစ်စေတဲ့ သဘာဝအဆီဓာတ်တွေ လျော့ပါးပျောက်ကွယ်သွားတာကလည်း အလားတူပဲဆိုတာကို သိနားလည်ထားဖို့လိုအပ်ပါတယ်။ ခေါင်းနေ့စဉ် လျှော်ရင် သဘာဝအဆီတွေ လျော့ပါးစေပါလိမ့်မယ်။နေ့စဉ် ခေါင်းလျှော်နေမယ်ဆိုရင် ဆံသားတောက်ပြောင်မှု၊ စိုပြေမှုနဲ့ဆံသားအရောင်တွေအလျင်အမြန် ပြောင်းလဲ ဖျော့တော့သွားစေပါလိမ့်မယ်။နေ့တိုင်း ခေါင်းလျှော်တဲ့အခါ သဘာဝအဆီတွေ ခမ်းခြောက်ပြီး ဆံပင်တွေပါ လိုက်ပါခြောက်သွေ့လာတာမို့ ကြာမြင့်လာတဲ့အခါ ဆံပင်နှစ်ခွဖြစ်တာတွေ ပြတ်တောက်တာတွေ ဖြစ်စေမှာပါ။ဟုတ်ပါတယ်။ နေ့တိုင်းခေါင်းလျှော်လို့ဖြစ်လာတဲ့ ဆံကေသာဆိုင်ရာ ပြဿနာတွေကို ကုစားရတာက ကုန်ကျစရိတ်များပါတယ်။ ဒါကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ နောက်ပြီး နေ့စဉ် ရေနဲ့ခေါင်းလျှော်ရည်အသုံးပြုနေရတဲ့ စားရိတ်ကလည်း မသက်သာလှပါဘူး။ခဏခဏ ခေါင်းလျှော်ရင်တောင်မှပဲ ဆံသားဟာ ခြောက်သွေ့မွဲခြောက်လွယ်တာမို့ ပုံသွင်းဖို့ ခက်ခဲစေတတ်ပါတယ်။ နေ့စဉ်သာ ခေါင်းလျှော်နေမယ်ဆိုရင် စဉ်းစားသာကြည့်ပါတော့။ခေါင်းတစ်ခါလျှော်ဖို့ အချိန်ဘယ်လောက်ပေးရသလဲ လူတိုင်းနီးပါး သိကြပါတယ်။ ရေချိုးဖို့ ခေါင်းလျှော်ဖို့ နေ့စဉ်ပေးရတဲ့အချိန်ကလည်း မနည်းလှပါဘူး။ ဆံပင်ရှည်တဲ့သူတွေဆို ဒီဒုက္ခကို ပိုနားလည်ကြမယ်ထင်ပါတယ်။တချို့က ခဏခဏ ဗောက်ထလို့ ခေါင်းမကြာခဏ လျှော်ကြတယ်။ ခေါင်းလျှော်လိုက်ရင် သက်သာသွားမယ်၊ ပျောက်သွားမယ်ဆိုတဲ့ သဘောနဲ့ပေါ့။ ဒါပေမယ့် ဆံသားကျန်းမာရေးပညာရှင်တွေကတော့ ဗောက်ပြဿနာ သက်သာချင်တယ်ဆိုရင် နေ့စဉ်ခေါင်းလျှော်တာမျိုး မလုပ်သင့်ပါဘူးတဲ့။ မှန်ကန်တဲ့ ကုထုံးတွေနဲ့ ကုသဖို့သာ တိုက်တွန်းထားကြပါတယ်။ဆံပင်ကို ပုံမှန် ဘယ်လို လျှော်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေမရှိပါဘူး။ ဆံသားအမျိုးအစားနဲ့ ဦးရေပြား ကျန်းမာရေး အခြေအနေပေါ် မူတည်မှာဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် ဆံပင်အမျိုးအစားအလိုက် ခေါင်းဘယ်နှစ်ကြိမ်လျှော်သင့်လဲဆိုတာကို အောက်ပါအတိုင်း မှတ်ယူထားလို့ရပါတယ်။ခေါင်းလျှော်ရာမှာ ကိုယ့်ရဲ့ ဆံသားနဲ့ သင့်လျော်တဲ့ ခေါင်းလျှော်ရည်မျိုးကို စနစ်တကျရွေးချယ်သုံးစွဲဖို့ကလည်း အရေးကြီးတယ်ဆိုတာကိုလည်း တစ်ပါတည်း သတိပေးချင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/why-you-should-stop-washing-your-hair-everyday/
Cataracts (အတွင်းတိမ်)
အတွင်းတိမ်ဆိုသည်မှာ မျက်စိအတွင်းရှိ မှန်ဘီလူး(Lens)ကို တိမ်ဖုံးစေသော မျက်စိရောဂါ တစ်မျိုးဖြစ်ပါတယ်။ အတွင်းတိမ်ဖြစ်နေသော သူသည် မြူနှင်းကျနေသော ပြတင်းပေါက်မှာ တစ်ဆင့် ကြည့်နေရသကဲ့သို့ ခံစားရတယ်။ အတွင်းတိမ် အများစုက တဖြည်းဖြည်း စဖြစ်လာပြီး အစပိုင်းအခြေ အနေတွင် ဒုက္ခမပေးပါ။ သို့သော် အချိန်ကြာလာတာနဲ့အမျှ အတွင်းတိမ်သည် မြင်ကွင်းကို နှောင့်ယှက်လာနိုင်ပါတယ်။ ကားမောင်း၊ စာဖတ်နဲ့ နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာ စေတယ်။ဒီရောဂါဟာ အဖြစ်များပါတယ်။ များသာအားဖြင့် အသက်(၈၀)ကျော် အမျိုးသားရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်တယ်။ ဖြစ်ပွားနိုင်ချေကို မြင့်စေသော အကြောင်းရင်းများကို ရှောင်ခြင်း ဖြင့် ရောဂါဖြစ်နိုင်ချေနှုန်းကို လျှော့ချနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အတွင်းတိမ်ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။အတွင်းတိမ်သည် မျက်လုံးတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မျက်လုံး တစ်ဖက်ကနေ အခြားတစ်ဖက်ကိုတော့ မကူးနိုင်ပါ။ လက္ခဏာအချို့ကို အောက်မှာဖော်ပြထားပါတယ်။အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေး တယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါ အချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။လူတိုင်းရဲ့ခန္ဓါကိုယ် တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံး လဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အတွင်းတိမ် အများစု၏ ဖြစ်ပွားမှုအကြောင်းရင်းမှာ အသက်ကြီးလာခြင်း သို့မဟုတ် မျက်လုံးတစ်ရှူးများ ပြောင်းလဲမှုကိုဖြစ်သော ထိခိုက်ဒဏ်ရာရခြင်း တို့ကြောင့်ဖြစ်ပါတယ်။ အသက်ကြီးလို့ဖြစ်တဲ့ အတွင်းတိမ်(၂)မျိုး ရှိပါတယ်။မျက်လုံးမှန်ဘီလူးသည် ရေ၊ ပရိုတင်းနဲ့ အများဆုံး ပြုလုပ်ထားတယ်။ အသက်အရွယ်နဲ့ လိုက်ပြီး မှန်ဘီလူးက ပိုမိုထူလာကာ ပျော့ပျောင်းမှု အားနည်းလာတယ်။ ထိုကနေ ပရိုတင်းအစုအဝေးဖြစ် လာပြီး မျက်လုံးအတွင်း နောက်ဖက်မှာရှိတဲ့ အလင်းအာရုံခံအလွှာ Retina ဆီကို အလင်းရောက်တာ ကိုကြားဝင်တားဆီးတယ်။ ဒါကြောင့် အမြင်အာရုံဝေဝါးပြီး မှုန်လာတယ်။မှန်ဘီလူးအရောင်ပြောင်းခြင်းဟာ ဝါညိုရောင်ဖျော့ ကနေစပြီး တဖြည်းဖြည်းနဲ့ ပိုဆိုးလာမယ်။ နောက်ပိုင်း အပြာရောင် သို့မဟုတ် ခရမ်းရောင်ကို ခွဲခြားနိုင်စွမ်းမရှိတော့တဲ့အထိ ဖြစ်လာနိုင်ဖွယ် ရှိတယ်။ဘယ်အရာတွေကအတွင်းတိမ်ဖြစ်ပွားနိုင်ချေကို မြင့်စေပါသလဲ။အတွင်းတိမ် ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအတည်ပြုနိုင်ဖို့ သင့်ဆရာဝန်က သင့်ရောဂါရာဇဝင်ကိုမေးပြီး မျက်စိစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။ မျက်စိအထူးကုဆရာဝန်ဆီလွှဲပေးပြီး သူကအတွင်းတိမ် ဟုတ်၊ မဟုတ် သေချာအောင် စမ်းသပ်မှုများ ထပ်လုပ်ပါလိမ့်မယ်။အမြင်အာရုံ မထိခိုက်လျှင် ဆေးကုစရာမလိုပါ။ သင့်အမြင်အာရုံ ဆိုးဝါးလာပြီး နေ့စဉ်လုပ်ငန်းများ မလုပ်နိုင်တော့လျှင် တစ်ခုတည်းသော ကုသနည်းမှာ ခွဲစိတ်မှုပင်ဖြစ်တယ်။အတွင်းတိမ် ခွဲစိတ်မှုဟာ ယေဘူယျအားဖြင့် စိတ်ချရပြီး ဆေးရုံတက်စရာမလိုပါ။ ခွဲစိတ်နည်း (၂)မျိုးရှိပါတယ်။ခွဲစိတ်နည်း(၂)မျိုးစလုံးတွင် သဘာဝမှန်ဘီလူးနေရာမှာ လူထုတ်လုပ်ထားသော မှန်ဘီလူး Artificial lens နဲ့ အစားထိုးပါတယ်။ ခွဲစိတ်မှုဟာ တစ်နာရီကြာမြင့်ပြီး နာကျင်မှုမရှိပါ။ ဆရာဝန်က မျက်စိကို ထုံသွားအောင် မျက်စဉ်းခတ်ပေးပါတယ်။ ခွဲစိတ်မှု တောက်လျှောက်မှာ သင်ဟာနိုးနေမှာဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အတွင်းတိမ်ကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန် နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/cataracts/cataracts-%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%99%e1%80%ba/
ခဏခဏလေတက်နေတာ ဘယ်လိုလုပ်ရမလဲ
တအေ့အေ့နဲ့ လေတက်တယ်ဆိုတာ တနည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစားအမြန်စားမိတာ၊ အစာစားရင်းစကားပြောတာ၊ ပီကေဝါးတာ၊ ဂက်စ်ပါတဲ့အချိုရည်တွေသောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့်။လေတွေမျိုချမိစေနိုင်ပါတယ်။အစာခြေရည်ပြန်ဆန်တက်ခြင်းနဲ့ရင်ပူနာ ဝေဒနာတွေကြောင့်လည်း လေတက်တဲ့လက္ခဏာဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေထွက်နေရတယ်ဆိုရင်တော့Helicobacter pyloriဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အစာအိမ်နံရံရောင်ရမ်းခြင်းကြောင့်။ဖြစ်နိုင်ပါတယ်။လေတက်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်းတွေက –။ဖြည်းဖြည်းစားသောက်မယ်ဆို လေတွေသိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီးနေရင် လေမျိုချမိတာပိုများစေနိုင်လို့။အစားစားချိန်မှာ စိတ်ကိုဖြေလျှော့ထားပါ။လေနဲ့ပတ်သက်တဲ့ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေဖြစ်စေတဲ့ ဒီသောက်စရာတွေကိုရှောင်သင့်ပါတယ်။ဒါတွေစားတဲ့အခါ ပုံမှန်ထက်ပိုပြီး ခဏခဏမျိုချရတာများတာမို့ လေတွေပိုဝင်နိုင်စေတာပေါ့။မသောက်ပါနဲ့လို့တားလို့ရမှာမဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကိုရှိုက်တဲ့အခါ လေကို နှာခေါင်းကရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်းလမ်းလျှောက်လိုက်ပါ။အစာခြေရည်ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်းမထားဘဲ ကုသလိုက်ပါ။ ဆရာဝန်နဲ့မပြသေးခင် ရုတ်တရက်ဖြစ်လာတဲ့ဝေဒနာဆို အစာအိမ်လေနာပျောက်ဆေးတွေနဲ့တင် သက်သာစေနိုင်ပါတယ်။အဆီတွေက အစာချေဖျက်မှုကို နှေးစေတာကြောင့် အစာတွေကိုပိုပြီး အချိန်ကြာကြာ အချဉ်ပေါက်စေနိုင်ပါတယ်။အစာအိမ်အချဉ်ဓာတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ (Antacids)နဲ့ အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးနိုင်ပြီး အစာရေမျိုကို ပြန်လည်ကောင်းမွန်လာစေတဲ့ ဆေးတွေသောက်ရင် လျင်မြန်စွာ သက်သာလာစေနိုင်ပါတယ်။ ဆေးဆိုင်တွေမှာ အစာအိမ်လေဆေးအဖြစ် ဆရာဝန်ဆေးညွှန်းမလိုတဲ့ ဆေးတွေကို ဝယ်သောက်နိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%81%e1%80%8f%e1%80%81%e1%80%8f%e1%80%9c%e1%80%b1%e1%80%90%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%ac-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%9c%e1%80%af%e1%80%95/
စောစီးစွာ ကြီးကောင်ဝင်တာနဲ့ အဝလွန်တာ ဆက်စပ်မှု ရှိသလား
လေ့လာချက်တွေအရ သားသမီးတွေကြီးကောင်ဝင်ချိန်ဟာမိဘတွေတုန်းကထက်စောလာနေတယ်လို့သိရပါတယ်။ ဒါ့အပြင်ဒီဘက်နှစ်တွေထဲမှာအဝလွန်တဲ့ကလေးတွေလည်းပိုပိုများလာပါတယ်။ ဒါကြောင့် အဝလွန်တာနဲ့လူပျိုဖော်/အပျိုဖော်အဝင်စောတာဆက်စပ်မှုရှိသလားလို့တွေးချင်စရာ ဖြစ်လာပါတယ်။ သင့်သားသမီးတွေရောဒီလိုဖြစ်နိုင်ချေရှိနေသလား။ ကြည့်ကြရအောင်။မိန်းကလေးငယ်တွေမှာ အပျိုဖော်စောဝင်တာဟာ အဝလွန်တာကြောင့် အဓိကဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ယောက်ျားလေးတွေမှာတော့ ဒီလိုမျိုးဆက်စပ်မှုရှိတယ်လို့ ပြောနိုင်တဲ့ သက်သေသာဓကတွေမရှိပါဖူး။ အဆီဆဲလ်တွေကနေ leptinဆိုတဲ့ဓာတ်တစ်မျိုးကို ထုတ်ပေးပါတယ်။ ကြီးကောင်ဝင်ဖို့အတွက် ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ leptinဓာတ် လုံလောက်စွာ ရှိဖို့လိုပါမယ်။ ဒါကြောင့် အဝလွန်တဲ့မိန်းကလေးတွေ (leptinဓာတ်ပမာဏများနေမယ့်မိန်းကလေးတွေ)ဟာ အပျိုဖော်ဝင်တာ စောဖို့ အခွင့်အလမ်းများနေပါတယ်။ ဒါတင် မကသေးပါဖူး။ အဆီဆဲလ်တွေက estrogen ဆိုတဲ့ မဟော်မုန်းကိုလည်းထုတ်ပေးနိုင်ပါသေးတယ်။ ဒီဟော်မုန်းက ရင်သားကြီးထွားတာနဲ့ကြီးကောင်ဝင်တာကို ဖြစ်စေနိုင်တဲ့အတွက်အဝလွန်တဲ့မိန်းကလေးတွေဟာစောစီးစွာရင်သားကြီးလာပြီးဓမ္မတာစလာတဲ့အချိန်ကလည်းပုံမှန်ထက်ပိုစောနေပါလိမ့်မယ်။လေ့လာမှု တချို့က ဘယ်လိုဆိုပြန်လည်းဆိုတော့ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုးကို ကာလကြာရှည်ထိတွေ့ကိုင်တွယ်နေရရင်လည်းစောစီးစွာကြီးကောင်ဝင်တာကို ဖြစ်စေတယ်လို့ဆိုပါတယ်။ ဒီနေရာမှာသိထားသင့်တဲ့အချက်ကအဆီဆဲလ်တွေဟာဓာတုဗေဒပစ္စည်းအချို့ကိုသိုလှောင်နိုင်စွမ်းရှိတဲ့အတွက်အဝလွန်တဲ့မိန်းကလေးတွေဟာစောစီးစွာကြီးကောင်ဝင်ဖို့အခြေအနေပိုတိုးလို့လာရပြန်ပါတယ်။တချို့ အဝလွန်တဲ့ ကလေးတွေရဲ့ ရင်သားမှာ အဆီတွေနဲ့ ကြီးထွားဖွံ့ဖြိုးလာတဲ့အတွက် ဆရာဝန်တွေအနေနဲ့ စောစီးစွာကြီးကောင်ဝင်တာနဲ့မှားတတ်ကြပါသေးတယ်။အပျိုဖော်ဝင်တာ စောတဲ့မိန်းကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ကင်ဆာမဖြစ်စေချင်ကြပါဖူး၊ ဟုတ်တယ်မလား။ ကြီးကောင်ဝင်တာ စောတဲ့ကလေးတွေဟာ လိင်ကိစ္စတွေနဲ့လည်းစောစောစီးစီးထိတွေ့မှုတွေရှိလာနိုင်ပါတယ်။ ဒါတင်မကသေးပါဖူး။ အဝလွန်ခြင်းက ဆီးချို၊သွေးတိုး၊နှလုံးရောဂါစတဲ့ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။အဝလွန်တာဟာ စောစီးစွာကြီးကောင်ဝင်ခြင်းဆီ ဦးတည်လာနိုင်တဲ့အတွက် သင့်ကလေးကိုကိုယ်အလေးချိန်ထိန်းပေးဖို့အရေးကြီးပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/%e1%80%85%e1%80%b1%e1%80%ac%e1%80%85%e1%80%ae%e1%80%b8%e1%80%85%e1%80%bd%e1%80%ac-%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9d%e1%80%84%e1%80%ba%e1%80%90/
Bites And Stings (ပိုးမွှားကိုက်ခြင်း)
အင်းဆက်ကိုက်ခြင်းဟာ အပေါက်များ၊ စုတ်ပြုဒဏ်ရာများ ဖြစ်စေပါတယ်။ အင်းဆက်ကိုက်လိုက်တဲ့အခါ အင်းဆက်ရဲ့ တံတွေးတမျိုးကြောင့် နာကျင်မှုနဲ့အတူ အရေပြားလက္ခဏာများ ချက်ချင်းပေါ်လာပါတယ်။မီးပုရွက်ဆိတ်နဲ့ ပျားတုပ်ခြင်း၊ နကျယ်ကောင်၊ ပဆုပ်ပနီကောင်ကိုက်ခြင်း စတာတွေဟာ အမျးအားဖြင့် နာကျင်တတ်ပါတယ်။ ခြင်၊ သန်း၊ မွှား စတာတွေကိုက်ရင် နာကျင်မှုထက် ယားယံခြင်း ဖြစ်စေပါတယ်။ အင်းဆက်နဲ့ ပင့်ကူကိုက်ခြင်းတွေဟာ အဆိပ်ကြောင့်သေနိုင်ပြီး မြွေကိုက်ခြင်းမှာထက် ပိုပြီးသေဆုံးနှုန်းများပါတယ်။အကောင်ကိုက်ခြင်း၊ တုပ်ခြင်းများအားလုံးဟာ မတူပါဘူး။ ကိုက်လိုက်တဲ့အကောင်အမျိုးအစားအပေါ် မူတည်ပြီး ရှေးဦးသူနာပြုနည်းနဲ့ ကုသမှုတွေ ကွဲပြားပါတယ်။ တချို့အမျိုးအစားတွေဟာ တခြားအကောင်တွေထက် ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ လူတချို့ဟာ ဓါတ်မတည့်မှုကြောင့် ပိုပြီးဆိုးရွားစွာ ကြုံရတတ်ပါတယ်။အဖြစ်များပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အကိုက်ခံရတဲ့ အမျိုးအစားပေါ် မူတည်ပြီး အောက်ပါ လက္ခဏာတွေ ကြုံရပါတယ်။လူတချို့မှာ ပျားတုပ်ခြင်း၊ အင်းဆက်အကိုက်ခံရခြင်း တို့ကြောင့် ဆိုးရွားတဲ့ အသက်အန္တရာယ်တွေ ကြုံရနိုင်ပါတယ်။ ဒါကို ဆိုးရွားသော ဓါတ်မတည့်မှုကြောင့် သွေးလန့်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီအခြေအနေဟာ လျင်မြန်စွာဖြစ်ပွားနိုင်ပြီး အချိန်မီ မကုသရင် သေဆုံးနိုင်ပါတယ်။ဆိုးရွားစွာ ဓါတ်မတည့်ခြင်းမှာ အောက်ပါအခြေအနေများ ပါဝင်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။အောက်ပါအကောင်တွေ ကိုက်တတ်ပါတယ်။အောက်ပါအကောင်များဟာ ကိုက်ပြီး သွေးစုပ်နိုင်ပါတယ်။ပြင်ပမှာ အလုပ်လုပ်ကိုင်ခြင်း၊ စခန်းချခြင်း တောင်တက်ခြင်း စတဲ့ ပြင်ပလှုပ်ရှားမှုများ ပြုလုပ်ခြင်း စတဲ့အခါမှာ အကိုက်ခံရနိုင်ခြေ များပါတယ်။လက်၊ ခြေထောက် စတဲ့ ပေါ်လွင်နေတဲ့နေရာတွေမှာ အကိုက်ခံရများပါတယ်။ ဖြစ်ပွားနိုင်ခြေရှိတဲ့အရာတွေကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရာဇဝင်မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်ခြင်းတွေ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် အင်းဆက်ကိုက်ခြင်းကို အတည်ပြုဖို့ စစ်ဆေးချက်တွေ မပါဝင်ပါဘူး။ အရေပြားပေါ်မှာ အင်းဆက်ပိုးကောင် တွေ့ရပြီး သူတို့ကြောင့် ရောဂါဖြစ်သလား မဖြစ်သလား သိရအောင် စစ်ဆေးဖို့ပဲ ရည်ရွယ်ပါတယ်။ တခြားဖြစ်နိုင်ခြေပြသနာတွေကို ဖယ်ထုတ်ပြီးရင် ကုသမှုကို ဆုံးဖြတ်ပါတယ်။ပိုးမွှားကိုက်ခြင်းဟာ များသောအားဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရုံသာရှိပြီး ဆိုးရွားကြာရှည်တဲ့ ပြသနာတွေ မရှိပါဘူး။ ဒါပေမယ့် တခါတရံ ရောဂါပိုးဝင်ပြီး ကုသမှုလိုအပ်ပါတယ်။ ဓါတ်မတည့်ခြင်းတွေ ဖြစ်ပွားပြီး သေစေနိုင်ပါတယ်။ အရေးပေါ်ကုသခြင်းတွေ လိုအပ်ပါတယ်။ပိုးမွှားကိုက်ခံရခြင်းဟာ ပုံမှန်တွေ့နေကြဖြစ်ပြီး အသေးအဖွဲတခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိပ်ရှိရင်၊ ရောဂါပိုးကူးနိုင်ရင်၊ ဓါတ်မတည့်ရင် အရေးပေါ်ကုသမှု လိုအပ်ပါတယ်။အဲဒီလိုအခြေအနေတွေမှာ တိကျတဲ့ရောဂါရှာဖွေမှု၊ အချိန်မီ ကုသမှုတွေဟာ အလွန်အရေးကြီးပါတယ်။အင်းဆက်ကိုက်ခြင်း အများစုမှာ အလွယ်တကူ ကုသနိုင်ပါတယ်။ အတော်အတန် ပြသနာလောက်ဆို အိမ်မှာပဲ ကုသနိုင်ပါတယ်။ပိုးမွှားကိုက်ခြင်းကို ဓါတ်မတည့်ဖြစ်တတ်ရင် ကိုယ်ခံအား ကုသမှု (အာရုံတုံ့ပြန်မှုကိုလျော့ပါးစေခြင်း)ကို ရွေးချယ်နိုင်ပါတယ်။ အင်းဆက်ပိုးမွှား အကိုက်ခံရခြင်းအတွက် ဓါတ်မတည့် တုံ့ပြန်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပိုးမွှားကိုက်ခြင်း အတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/bites-and-stings-%e1%80%95%e1%80%af%e1%80%ad%e1%80%b8%e1%80%99%e1%82%8a%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Bunion Surgery (ဘူနီယွန် ခြေမရိုးခွဲစိတ်မှု )
Bunion Surgery ဆိုတာ Bunion ကြောင့် ဖိအားတွေ၊ နာကျင်မှုတွေဖြစ်တဲ့အခါ ဖယ်ပစ်ဖို့လုပ်တဲ့ ခွဲစိတ်မှုတစ်ခုပါ။ Bunion ဆိုတာ ခြေထောက်အပေါ်ဘက်၊ ခြေမအောက်ခြေမှာ ခြေမရိုးပုံယိုယွင်းသွားပြီး ရောင်ရမ်းနာကျင်နေခြင်းကိုခေါ်ပါတယ်။ ထိုခွဲစိတ်မှုက ခြေမကိုပြန်ဆန့်ပေးပြီး ခြေချောင်းတွေကိုသာမန် ရှူးဖိနပ်တွေနဲ့တော်အောင် ပြန်လုပ်ပေးနိုင်ပါတယ်။Bunions များဖြစ်ရခြင်းအဓိကအကြောင်းကတော့ ရှူးဖိနပ်တွေက ခြေမအတွက်လုံလောက်အောင် မကျယ်တာကြောင့်ဖြစ်တယ်။ ဒါကြောင့်ခြေမကပုံမှန်နေရာမှာမနေနိုင်တော့ဘဲ ရောင်ရမ်းလာခြင်းဖြစ်တယ်။ တခါတရံမှာ ထိုရောဂါက ခြေမအခြေမှာ အရိုးအဆစ်ရောင်ခြင်းနဲ့ပါတွဲဖြစ်တတ်ပါတယ်။ထို Bunion ခြေမရိုးပုံယွင်းခြင်းအများစုဟာ ခွဲစိတ်စရာမလိုပဲ ကုသလို့ရပါတယ်။ ဒါပေမယ့် မခွဲစိတ်ဘဲမသက်သာဘူးဆိုရင်တော့ နာကျင်မှုပျောက်ဖို့နဲ့ ခြေထောက်ပုံယွင်းနေမှုကိုပြင်ဖို့ ခွဲစိတ်ရပါလိမ့်မယ်။ ခွဲစိတ်မှုကိုများသောအားဖြင့်-။လုပ်လေ့ရှိပါတယ်။ထိုခြေထောက်ခွဲစိတ်မှုလုပ်ဖို့လေ့လာရင် ရိုးရှင်းတဲ့ခွဲစိတ်မှုနဲ့ ခြေထောက်ကိုလုံးဝအကောင်းပကတိဖြစ်အောင် ခွဲပေးနိုင်တယ်ဆိုတဲ့ ကြော်ငြာတွေကိုသတိထားပါ။ ဒါတွေကမှားပါတယ်။ ခွဲစိတ်မှုရဲ့အဓိကရည်ရွယ်ချက်က နာကျင်မှုသက်သာပြီး အရိုးပုံစံယွင်းနေမှုကိုအတတ်နိုင်ဆုံး ပြင်ပေးဖို့ပါ။ လုံးဝအကောင်းအတိုင်းပြင်လို့မရနိုင်ပါဘူး၊ ဒါကလှဖို့ပဖို့အတွက်ပြင်တဲ့ ခွဲစိတ်မှုမျိုးမဟုတ်ဘူးလေ။ခွဲစိတ်ပြီးတဲ့အခါကျပ်တဲ့ရှူးဖိနပ်တွေစီးလို့မရပါဘူး၊ တကယ်က တသက်လုံးမစီးသင့်တဲ့ ရှူးဖိနပ်တွေရှိပါတယ်။ ကောင်းကောင်းတော်မယ့်ဖိနပ်မျိုးသာရွေးပါ။ထို Bunion အခြေအနေတွေက ကြပ်လွန်းတဲ့ဖိနပ်တွေစီးလို့ဆိုတာ မမေ့ပါနဲ့။ တကယ်လို့ထိုကဲ့သို့ဖိနပ်တွေဆက်စီးနေရင် ပြန်ဖြစ်ဦးမှာပါပဲ။ခွဲစိတ်မှုကနေဖြစ်နိုင်ချေရှိတာတွေကတော့-။နောက်ထပ် သတ်သတ်မှတ်မှတ်ဖြစ်တဲ့ ပြဿနာတွေက-။မခွဲစိတ်ခင်ဖြစ်နိုင်ချေရှိတဲ့အရာတွေသိထားသင့်ပါတယ်။ တကယ်လို့သိချင်တာရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်သင့်တယ်။မခွဲစိတ်ခင်မှာ မှီဝဲနေတဲ့ဆေးတွေရှိပါက ဆရာဝန်ကိုပြောပြပါ။ ဘယ်ဆေးတွေရပ်သင့်တယ် မရပ်သင့်ဘူးပြောပါလိမ့်မယ်။သွေးစစ်ဆေးမှု၊ ဆီးစစ်မှု၊ ECG ၊ ဓါတ်မှန်၊ ခြေထောက်အထူးပြုဓါတ်မှန် တွေလုပ်ခိုင်းနိုင်ပါတယ်။မေ့ဆေးအမျိုးမျိုးရှိပါတယ်။ခွဲစိတ်မှုဟာ မိနစ် ၃၀ လောက်ကြာတတ်ပါတယ်။ခွဲစိတ်နည်းပုံစံအမျိုးမျိုးရှိပြီး ရောဂါအခြေအနေနဲ့ ယုံစံယိုယွင်းမှုပေါ်မူတည်ပြီး ရွေးချယ်ပါတယ်။ခွဲစိတ်ဆရာဝန်က ဝိုင်ယာကြိုး၊ စကူ၊ အပ်၊ သံချောင်းများသုံးကာ အရိုးကိုနေရာတကျဖြစ်အောင် ထိန်းပါလိမ့်မယ်။ ခွဲစိတ်မှုပေါ်မူတည်ပြီး ခြေထောက်မှာဆက်ထားရမလား၊ ပြီးရင်ဖယ်ပစ်ရမလား ဆရာဝန်ဆုံးဖြတ်ပါလိမ့်မယ်။တွေ့ရများတတ်တဲ့ခွဲစိတ်မှုတချို့ကတော့-။တကယ်လို့သိချင်တာ၊ စိတ်ပူတာရှိရင် ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။ခွဲစိတ်တဲ့နေ့ ဒါမှမဟုတ် နောက်တစ်နေ့မှာပဲ အိမ်ပြန်နိုင်မှာပါ။ခွဲစိတ်ပြီးပထမပတ်မှာ ရောင်ရမ်းမှုကိုသက်သာစေဖို့ ခြေထောက်တွေကိုမြှောက်တင်လေ့ကျင့်သင့်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ပုံမှန်လှုပ်ရှားမှုတွေလုပ်နိုင်ဖို့ကူညီပေးပါလိမ့်မယ်။ မလုပ်ခင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။ရောင်ရမ်းမှုသက်သာပြီး ရှူးဖိနပ်အပျော့လေးတွေစီးနိုင်ဖို့က ခြောက်ပတ်နဲ့အထက်ကြာနိုင်ပါတယ်။များသောအားဖြင့်တော့ ခွဲစိတ်ပြီးခြောက်လလောက်ထိ ရှူးဖိနပ်တွေမစီးနိုင်လောက်ပါဘူး။ ခွဲစိတ်ရာကိုမထိခိုက်ဘဲ သွားလာရအဆင်ပြေအောင် ပတ်တီးဖြစ်ဖြစ် အထူးဖိနပ်ပုံစံတစ်မျိုးဖြစ်ဖြစ်စည်းပေးထားပါလိမ့်မယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/bunion-surgery-%e1%80%98%e1%80%b0%e1%80%94%e1%80%ae%e1%80%9a%e1%80%bc%e1%80%94%e1%80%b9-%e1%80%b1%e1%80%bb%e1%80%81%e1%80%99%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%b2%e1%80%85/
ရင်ပူခြင်း အကြောင်း သိကောင်းစရာများ
အစာအိမ်အက်ဆစ်တွေကြောင့် သင့်ရင်ဘတ်ထဲမှာ ပူလောင်နာကျင်တာကိုရင်ပူခြင်းလို့ ခေါ်ပါတယ်။အက်ဆစ်ပြန်ကန်တက်ခြင်းလို့လည်း ခေါ်လေ့ရှိကြပါတယ်။ ဒီလို ပူလောင်နာကျင်တာဟာ ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ညွန့်နေရာလောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။နေထိုင်မှုပုံစံကို ပြောင်းလဲခြင်း၊ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးလေးတွေကို သောက်ပေးခြင်းအားဖြင့် ရင်ပူတာကို သက်သာစေပါလိမ့်မယ်။ တကယ်လို့ ရင်ပူတာဟာ အကြိမ်ရေစိတ်လာတယ် ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင် ဒါဟာ ပိုပြီးပြင်းထန်တဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။အကြောင်းရင်းခံတွေ အများကြီးရှိတယ်လို့ ပြောလို့ရပေမယ့် ရင်ပူရခြင်းရဲ့ အဓိကတရားခံကအစာရေမျိုအောက်ခြေပိုင်းက ဆန့်ကျုံ့ကြွက်သားကြောင့်ပဲ ဖြစ်ပါတယ်။ ဆန့်ကျုံ့ကြွက်သားရဲ့ အလုပ်က မျိုချလိုက်တဲ့ အစာနဲ့ ရေတွေကို အစာအိမ်ထဲ ရောက်သွားအောင် ကြွက်သားကို ဖြေလျှော့ပြီး ဖြတ်သန်းခွင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။အစာတွေဖြတ်သွားပြီးတဲ့အခါ ဒီကြွက်သားဟာ ပြန်ညှစ်ပြီး တင်းထားလိုက်ပါတယ်။ ဒါမှ အစာနဲ့ အက်ဆစ်တွေ ပြန်မတက်မှာပါ။ ဒါပေမယ့် အစာရေမျိုအောက်ခြေပိုင်းက ဆန့်ကျုံ့ကြွက်သားအနေနဲ့ ပုံမှန်အတိုင်း ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ (အားနည်းနေတဲ့အခါ) အစာအိမ်ထဲက အက်ဆစ်တွေဟာ အစာရေမျိုထဲကို ပြန်ဆန်တက်လာပြီး ရင်ပူခြင်းကို ဖြစ်ပေါ်စေပါတော့တယ်။ဒါ့အပြင် အစားအသောက်အလွန်အကျွံစားခြင်း ဒါမှမဟုတ် အစာအိမ်ပေါ် ဖိအားအလွန်များခြင်း (အဝလွန်တာ၊ ကိုယ်ဝန်ရှိတာ ဒါမှမဟုတ် ဝမ်းချုပ်တာ) ကြောင့်လည်း ရင်ပူခြင်း ဖြစ်လာနိုင်ပါတယ်။စိတ်ဖိစီးမှုတွေနဲ့အိပ်ရေးပျက်ခြင်းတွေက အက်ဆစ်ထုတ်လုပ်မှုကို များစေတဲ့အတွက် ဒီအချက်တွေဟာ ရင်ပူခြင်း ဖြစ်စေဖို့ အဓိက ပံ့ပိုးပေးသူတွေ ဖြစ်နိုင်ပါတယ်။ဆေးလိပ်သောက်တဲ့သူတွေမှာ အစာရေမျိုအောက်ပိုင်းရှိ ဆန့်ကျုံ့ကြွက်သားဟာ ပြေလျော့လာနိုင်ပြီး အက်ဆစ်ထုတ်လုပ်မှုကိုလည်း ဆွပေးနိုင်တာမို့ သူတို့တွေမှာ ရင်ပူတာ အဖြစ်များပါတယ်။အပူအစပ်တွေ၊ အချဉ်တွေ၊ အဆီအဆိမ့်တွေ ဒါမှမဟုတ် ဆီကြော်တွေ၊ ကြက်သွန်နီ၊ ငရုတ်ဆီ၊ ချောကလက်၊ အရက်ဘီယာ ၊ပူဒီနာ အစရှိတဲ့ အစားအသောက်တွေဟာ အချို့သော လူတွေမှာ ရင်ပူတာကို ဖြစ်စေနိုင်ပါတယ်။ အစားအလွန်အကျွံစားတာ၊ အဝလွန်တာနဲ့ ကိုယ်ဝန်ရှိတာတွေကလည်း ရင်ပူတာကို အဖြစ်များစေနိုင်ပါတယ်။ရောဂါလက္ခဏာတွေဟာ ပြင်းထန်ခြင်းမရှိတဲ့အတွက် သင့်ကို ပြဿနာကြီးကြီးမားမား မပေးနိုင်ပေမယ့် နေ့စဉ်လှုပ်ရှားသွားလာမှုကိုတော့ အနည်းအကျဉ်းထိခိုက်စေပါလိမ့်မယ်။ ဥပမာ။ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်းနဲ့အတူ မေးရိုးနာတာ ဒါမှမဟုတ် အသက်ရှူရခက်တာ၊ အစာမျိုရခက်တာ၊ ပျို့အန်ပြီးမအီမသာဖြစ်တာ အစရှိတဲ့ လက္ခဏာတွေကိုပါ ခံစားလာရပြီဆိုရင်တော့ သင့်ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါပြီ။သင့်ရောဂါလက္ခဏာတွေကို တိကျစွာ ရှာဖွေဖော်ထုတ်ဖို့အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။လွယ်လင့်တကူ ဝယ်ယူလို့ရတဲ့ ဆေးတွေကို အသုံးပြုပြီး ရင်ပူခြင်းကို အိမ်မှာပဲ ကုသနိုင်ပါတယ်။ သင့်ရောဂါအခြေအနေကို သက်သာစေဖို့ အောက်ပါ ဆေးလေးတွေကို သုံးစွဲကြည့်နိုင်ပါတယ်။တကယ်လို့ ဒီဆေးတွေနဲ့ မသက်သာဘူးဆိုရင် သင့်အတွက် အကောင်းဆုံးသော ကုသမှုနည်းလမ်းကို သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။သင့်ရဲ့နေထိုင်စားသောက်မှုပုံစံတွေကို သင့်တင့်လျောက်ပတ်အောင် ပြောင်းလဲပေးရပါမယ်။ ဥပမာ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/heartburn/about-heart-burn/
ကြက်မောက်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံ
အရသာချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ ကြက်မောက်သီး စားရတာကို ကြိုက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။ကြက်မောက်သီးရဲ့ ရုက္ခဗေဒနာမည်ကတော့ Nephelium lappaceum ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ အဓိကပေါက်ရောက်ပါတယ်။ အရှေ့တောင်အာရှမှာ စတင်တွေ့ရှိခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ အကြီးအကျယ်စိုက်ပျိုးပါတယ်။ကြက်မောက်သီးဟာအာဟာရကြွယ်ဝပြီး ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့အသီးအနှံဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကြက်မောက်သီးရဲ့ကျန်းမာရေးအကျိုးပြုပုံ ဖြစ်ပါတယ်။ကြက်မောက်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂ ဂရမ်ထိ ပါဝင်ပါတယ်။ဗီတာမင် C ကြွယ်ဝတာမို့ အစာကတဆင့် ရရှိတဲ့ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်အောင် အထောက်အကူပြုပါတယ်။ ကိုယ်ခံစွမ်းအားလည်း မြှင့်တင်ပေးပြီး ရောဂါဘယများကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C ဟာဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။ ကြက်မောက်သီး ၅ လုံးခန့်စားသုံးရင် ဗီတာမင် C တစ်နေ့တာလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်။ဒါ့အပြင် ကြက်မောက်သီးမှာ မန်ဂနိစ်၊ ဖော့စဖရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့် စတဲ့သတ္တုဓာတ်တွေလည်း လိုအပ်ပါတယ်။ကြက်မောက်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံ ကို အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။အစာကြေစေခြင်း။ကြက်မောက်သီးက အမျှင်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်ကို အကျိုးပြုပါတယ်။ ကြက်မောက်သီးမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်နဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် နှစ်မျိုးစလုံး မျှတစွာ ပါဝင်ပါတယ်။ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်များဟာ ကြေပျက်ခြင်းမရှိဘဲ အစာအိမ်အူလမ်းကြောင်းတလျှောက် ဖြတ်သန်းသွားပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ အစာဟောင်းများကို အူလမ်းကြောင်းအတွင်း လွယ်ကူချောမွေ့စွာ ရွေ့လျားနိုင်စေလို့ ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များကတော့ အူလမ်းကြောင်းက အကျိုးပြု ဘက်တီးရီးယားများအတွက် အာဟာရဖြစ်စေပါတယ်။ အူလမ်းကြောင်းမှာဖြစ်ပေါ်နိုင်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ကိုယ်အလေးချိန်လျှော့ချရန် အထောက်အကူပြုခြင်း။ကြက်မောက်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာချေနှုန်းကို နှေးစေပါတယ်။ ဗိုက်ပြည့်စေတဲ့ ခံစားချက်ကိုပေးပြီး ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေကို စားသုံးမှုနည်းပါးစေလို့ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ အကူအညီပေးပါတယ်။ကြက်မောက်သီးမှာ ရေဓာတ်ကောင်းစွာ ပါဝင်တာကြောင့် အစားအလွန်အကျွံ စားမိခြင်းကနေလာ်း ကာကွယ်ပေးနိုင်ပါတယ်။ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးခြင်း။ကြက်မောက်သီးမှာ ဗီတာမင် C ကြွယ်ဝပြီး သွေးဖြူဥများ ထုတ်လုပ်ခြင်းကို အားပေးပါတယ်။ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပြီး ရောဂါပိုများ ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရှေးယခင်ကတည်းက ကြက်မောက်သီးအခွံကို ရောဂါပိုးကူးစက်ခြင်းများကို ကာကွယ်တဲ့ ဆေးဝါးအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။အခြားအကျိုးကျေးဇူးများ။ကြက်မောက်သီးမှာ ပါဝင်တဲ့ပစ္စည်းများဟာ ကင်ဆာဆဲလ်များ ကြီးထွားမှု၊ ပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။ သုတေသနအချို့အရ ကိုလက်စထရောနဲ့ triglyceride ကို ကျဆင်းစေပြီးနှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ အင်ဆူလင်အာရုံခံနိုင်စွမ်းကိုလည်း မြင့်တက်စေပြီး ဆီးချိုကို ထိန်းနိုင်အောင်လည်း အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် အဆိုပါအချက်တွေကို အတည်ပြုနိုင်ဖို့ သုတေသနတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။ကြက်မောက်သီးအစေ့ဟာ အဆိပ်သင့်နိုင်ခြေရှိတယ်လို့ သုတေသီတချို့က ဆိုပါတယ်။ ဒါကြောင့် အစေ့ကို စားသုံးခြင်းတော့ မပြုသင့်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/rambutan/
မျက်လုံးတွေ ဘာ့ကြောင့် နီနေရတာလဲ ။ ။
ဖြူကြည်နေရမယ့်မျက်လုံး လေး ရုတ်တရက်နီလာတာ၊ ပွတ်လိုက်လို့ နီလာတာ စတဲ့ အဖြစ်မျိုး အ ားလုံးကြုံတွေ့ဖူးကြမှာပါ။ တစ်ချို့ဆို သူ့ဘာသာ ပြန်ပျောက်သွားပေမယ့် တစ်ချို့ကျ သေချာစမ်းသပ်စစ်ဆေးပြီး ဆေးကုသဖို့လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒီတော့ ဘယ်လို အကြောင်းတွေကြောင့်မျက်လုံးနီရဲတာတွေ ဖြစ်ရတာလဲ ။မျက်သားဖြူမှာ ပွတ်လိုက်တာဖြစ်ဖြစ်၊ သွေးတွေထွက်လာတာဖြစ်ဖြစ် နီရဲလာတာကိုမျက်လုံးနီတယ်လို့ ပြောကြပါတယ်။ မျက်လုံးတစ်ခုလုံး နီနေတာလည်း ဖြစ်နိုင်သလို မျက်လုံးတစ်နေရာတည်း ကွက်ပြီး နီနေတာလည်းဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး တစ်ခါတစ်လေ နီရဲနေသလို တစ်ခါတစ်ခါ ပန်းရောင်သန်းတာလောက်ပဲ ဖြစ်တတ်ပါတယ်။မျက်သားဖြူနဲ့မျက်ကြည်လွှာကြားရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေ ဖောင်းလာတာကနေ သွေးရောက်တာများသွားပြီး မျက်လုံးနီတာ ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့် ကိုယ့်ကြောင့် နဲ့ အခြား မျက်လုံးပြဿနာတွေကြောင့် အရင်မသိသာတဲ့ မျက်လုံးသွေးကြောလေးတွေ ဖောင်းလာရတာပါ။ ကဲ ဘယ်လိုအကြောင်းအရာ တွေကြောင့်လဲဆိုတော့။မျက်သားမှာ ဖြစ်တာမျိုး မဟုတ်ဘဲ မျက်လုံးက သွေးကြောတွေထောင်လာပြီး မျက်လုံးနီလာရတဲ့ ပြဿနာလည်းရှိပါသေးတယ်။ ဒါကို ဆေးပညာမှာဆို bloodshot eyes လို့ခေါ်ပါတယ်။ bloodshot eyes ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါ။ပုံမှန်ဖြစ်တတ်တာမျိုးဖြစ်ပြီး ခဏလေးနဲ့ ပြန်ပျောက်သွားမယ့် မျက်လုံးနီတာမျိုးဆို ဆေးခန်းချက်ချင်း သွားစရာမလိုပေမယ့် မျက်လုံးနီတာ ကြာနေပြီ၊ နီတာနဲအတူ မျက်ရည်ပူတွေကျတာ၊ မျက်လုံးအောင့်တာ၊မျက်လုံးယားတာနဲ့ အမြင်အာရုံ မကြည်လင်တာမျိုးတွေပါ ပါလာရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြပြီး အကြောင်းအရင်းကိုရှာ ကုသရမှာ ဖြစ်ပါတယ်။ ဘေးလူတွေရဲ့ စကားနဲ့ ဟိုမျက်စဉ်းကောင်းတယ် ဒီမျက်စဉ်းဆေးလေး ကောင်းတယ်ဆိုပြီးတော့ လျှောက်မထည့်လိုက်ပါနဲ့။ ကိုယ့်ဖြစ်နေတဲ့ ပြဿနာနဲ့ မကိုက်ဘဲ ပိုဆိုးသွားတတ်လို့ပါ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/red-eyes/
ရွှေဖရုံသီးစေ့ စားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ
ရွှေဖရုံသီးစေ့ဟာ အရွယ်အစားအရသာ သေးငယ်ပေမယ့်အာဟာရဓာတ်တွေ များစွာပါဝင်တဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ အနည်းငယ်စားရုံမျှနဲ့တင် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေ ရရှိနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ ရွှေဖရုံသီးစေ့ရဲ့အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ရွှေဖရုံသီးစေ့ဟာ အရွယ်အစားသေးငယ်လှပေမယ့် ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အတော်များပါတယ်။ ရွှေဖရုံသီးစေ့တစ်အောင်စ (၂၈ ဂရမ်) မှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့။– ကယ်လိုရီ။ ၁၅၁။– ကာဘိုဟိုက်ဒရိတ်။ ၅ ဂရမ်။– ပရိုတိန်း။ ၇ ဂရမ်။– အဆီဓာတ်။ ၁၃ ဂရမ်။– ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်း။– ဖော့စဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း။– မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၄၂ ရာခိုင်နှုန်း။– မဂ္ဂနီဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၃၇ ရာခိုင်နှုန်း။– သံဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၃ ရာခိုင်နှုန်း။– ဇင့်။ တစ်နေ့တာလိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်း။– ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၁၉ ရာခိုင်နှုန်း စသဖြင့် ဖြစ်ပါတယ်။ရွှေဖရုံသီးစေ့မှာ ကရိုတီးနွိုက်နဲ့ ဗီတာမင် E လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ရောင်ရမ်းမှုကို ကျစေပါတယ်။ရွှေဖရုံသီးစေ့ပုံမှန် စားသုံးခြင်းအားဖြင့် အစာအိမ်၊ ရင်သား၊ အဆုတ်၊ ဆီးကျိတ်နဲ့အူမကြီးကင်ဆာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ရွှေဖရုံသီးစေ့မှာပါဝင်တဲ့ lignin ဆိုတဲ့ ဓာတ်ပစ္စည်းဟာ ရင်သားကင်ဆာကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်။ရွှေဖရုံသီးစေ့စားခြင်းဟာ ဆီးကျိတ်ရောင်ခြင်းကို သက်သာစေပါတယ်။ ဆီးအိမ်အလွန်အကျွံအလုပ်လုပ်ပြီး မကြာခဏ ဆီးသွားချင်တဲ့ ပြဿနာကိုလည်း သက်သာစေပါတယ်။ ဆီးအိမ်ပြဿနာရှိသူတွေမှာ တစ်နေ့ကို ရွှေဖရုံသီးစေ့ ၁၀ ဂရမ်စားပေးခြင်းအားဖြင့် ဆီးအိမ် အလွန်အကျွံအလုပ်လုပ်ခြင်းကို လျော့ပါးသက်သာစေတယ်လို့ ဆိုပါတယ်။မဂ္ဂနီဆီယမ်ဓာတ်ဟာကိုယ်ခန္ဓာထဲက ဓာတုဓာတ်ပြုမှုပေါင်း ခြောက်ရာကျော်အတွက် မဖြစ်မနေ လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးပေါင်ချိန်ထိန်းပေးခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ ကျဆင်းစေခြင်း၊ အရိုးများသန်မာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း စတဲ့လုပ်ငန်းစဉ်တွေအတွက် အရေးကြီးပါတယ်။ ရွှေဖရုံသီးစေ့မှာ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝပြီး ရွှေဖရုံသီးစေ့ ၂၈ ဂရမ်မှာ တနေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ် ၃၇ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ရွှေဖရုံသီးစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ မဂ္ဂနီဆီယမ်၊ ဇင့်နဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်များဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် သုတေသနတွေအရ ရွှေဖရုံသီးစေ့စားခြင်းဟာ နှလုံးရောဂါရဲ့ အကြောင်းအရင်းခံနှစ်ချက်ဖြစ်တဲ့ သွေးတိုးခြင်းနဲ့ ကိုလက်စထရောမြင့်မားခြင်းကို သက်သာစေတယ်လို့ သိရပါတယ်။ဇင့်ဓာတ်နည်းပါးခြင်းနဲ့ သုက်ပိုးအရည်အသွေး ကျဆင်းခြင်းအကြား ဆက်စပ်နေပါတယ်။ ရွှေဖရုံသီးစေ့မှာ ဇင့်ဓာတ်ကြွယ်ဝတာကြောင့် သုက်ပိုးများကို အားဖြည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရွှေဖရုံသီးစေ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အာဟာရဓာတ်များဟာ တက်စတိုစထရုန်းဟော်မုန်းပမာဏကို မြင့်တက်စေနိုင်ပါတယ်။ရွှေဖရုံသီးစေ့မှာ ထရစ်တိုဖန် (tryptophan) လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တမျိုး ပါဝင်ပါတယ်။ အဆိုပါပစ္စည်းဟာ နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အားပေးပါတယ်။ ရွှေဖရုံသီးစေ့ ၂၀၀ ဂရမ်စားရင် တစ်နေ့တာလိုအပ်တဲ့ ထရစ်တိုဖန် အမိုင်နိုအက်ဆစ်ကို လုံလောက်စွာ ရစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ကူညီပါလိမ့်မယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-pumpkin-seeds/
Lead poisoning (ခဲဆိပ်သင့်ခြင်း)
ခဲဆိပ်သင့်ခြင်းဆိုတာ ခန္ဓါကိုယ်ထဲမှာ ခဲဓါတ်တွေစုနေတာ တွေ့ရတာကိုခေါ်ပြီး ၎င်းက လတို့ နှစ်တို့ချီအောင်ကြာပြီးမှဖြစ်တတ်ပါတယ်။ခဲဓါတ်ပမာဏ အနည်းငယ်ကနေလည်း တအားဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် ၆နှစ်အောက်ငယ်တဲ့ကလေးတွေမှာ ခဲဆိပ်သင့်ခြင်းကို ခံနိုင်ရည်မရှိကြပါဘူး။ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှု နဲ့ ကိုယ်ပိုင်းဆိုင်ရာဖွံဖြိုးမှုတို့မှာ ဆိုးရွားစွာထိခိုက်နိုင်လို့ဖြစ်ပါတယ်။အရမ်းကိုများတဲ့ခဲပမာဏနဲ့သာဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။ခဲဆိပ်သင့်ခြင်းက အတွေ့ရများပါတယ်။ အသက် ၁နှစ်ကနေ ၅နှစ်အတွင်း ကလေး ၄၀မှာ ၁ယောက်က သွေးထဲမှာ ခဲဓါတ်ပမာဏ 5 µg/dl လောက်ရှိလို့ အန္တရာယ် မကင်းတဲ့ပမာဏလောက်ရောက်နေတယ်လို့ဆိုနိုင်ပါတယ်။(အခြားအချက်အလက်တွေသိရှိရဖို့အတွက် သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အတွေ့ရများတဲ့ခဲဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေကတော့-။-လူ့ခန္ဓါကိုယ်ထဲမှာ တော်တော်မြင့်တဲ့ခဲဓါတ်ပမာဏရှိနေပေမယ့် စစချင်းမှာတော့ ခဲဆိပ်သင့်တယ်လို့ ဖော်ထုတ်ဖို့ခက်ခဲတတ်ပါတယ်။ ရောဂါလက္ခဏာတွေ ခံစားရတာတွေက အန္တရာယ်များတဲ့ခဲဓါတ်ပမာဏလောက်ထိစုနေတာတောင် များသောအားဖြင့်မပေါ်လာတတ်တာတွေရှိပါတယ်။ကလေးတွေမှာတွေ့ရတတ်တဲ့ ခဲဆိပ်သင့်ခြင်း လက္ခဏာများ။ကလေးတွေမှာတွေ့ရတတ်တဲ့ ခဲဆိပ်သင့်ခြင်း လက္ခဏာတွေမှာပါဝင်တာတွေကတော့-။မွေးကင်းစကလေးတွေမှာတွေ့ရတတ်တဲ့ ခဲဆိပ်သင့်ခြင်းလက္ခဏာများ။မမွေးခင်ကတည်းက ခဲဓါတ်နဲ့ထိတွေ့ပြီး မွေးလာခဲ့ရင်။လူကြီးတွေမှာတွေ့ရတတ်တဲ့ ခဲဆိပ်သင့်ခြင်းလက္ခဏာများ။ကလေးတွေက လူကြီးတွေထက် ပိုအန္တရာယ်များများခဲဆိပ်သင့်တတ်ပေမယ့် လူကြီးတွေမှာလည်း အန္တရာယ်ရှိပါတယ်။ လူကြီးတွေမှာ တွေ့ရတဲ့ ခဲဆိပ်သင့်ခြင်းရဲ့ရောဂါလက္ခဏာတွေကတော့-။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အပေါ်မှာ ပြောတဲ့ လက္ခဏာတွေ သင့်ဆီရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းမေးစရာတွေရှိခဲ့တယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်က ပုံစံမတူစွာတုံ့ပြန်တတ်ပါတယ်။ အဲ့ဒါကြောင့် သင်နဲ့ ဘယ်အရာက အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။ခဲဆိပ်သင့်ခြင်းဆိုတာ ခဲကိုမျိုချတဲ့အခါ မျိုးမှာဖြစ်ပွားတတ်ပါတယ်။ ခဲအမှုန်ပါတာတွေရှုမိတဲ့အခါမှာလည်း ခဲဆိပ်သင့်ခြင်းဖြစ်ပါတယ်။ ခဲဓါတ်ကို အနံ့ရှုကြည့်ခြင်း ဒါမှမဟုတ် အရသာခံရင်း နဲ့မပြောနိုင်ပါဘူး ပြီးတော့ သာမန်မျက်စိနဲ့လည်း ခဲဓါတ်ကိုမမြင်ရပါဘူး။United States မှာတော့ ခဲဓါတ်ကို အိမ်သုတ်ဆေးတွေနဲ့ ဓါတ်ဆီတွေမှာ အတွေ့ရများခဲ့ပါတယ်။ အခုတော့ဒီပစ္စည်းတွေကိုခဲဓါတ်နဲ့ ဆက်လက်မထုတ်လုပ်တော့ပါဘူး။ သို့သော်လည်းခဲဓါတ်ကို နေရာတကာမှာ ပါနေတွေ့နေရပါသေးတယ်။ အထူးသဖြင့် အိမ်ဟောင်းအိမ်အိုတွေမှာ တွေ့ရတတ်ပါတယ်။ခဲရဲ့အဓိကအရင်းအမြစ်မှာပါဝင်တာတွေကတော့။ခဲဆိပ်သင့်ခြင်းကို ဖြစ်စေမယ့် အန္တရာယ်ရှိတဲ့အချက်တွေအများကြီးရှိပါတယ်။၎င်းတို့မှာ-။အသက်အရွယ်၊မွေးကင်းစကလေးငယ်နဲ့ ငယ်တဲ့ကလေးတွေက ပိုပြီးကြီးတဲ့ကလေးတွေထက် ခဲဆိပ်သင့်ခြင်းပိုဖြစ်နိုင်ပါတယ်။ နံရံတွေ သစ်သားတွေကကွာကျတဲ့ဆေးတွေကို ဝါးစားခြင်းနဲ့ သူတို့ရဲ့လက်တွေက ခဲမှုန့်တွေနဲ့ကူးစက်စေပြီး ပိုပြီးခဲဆိပ်သင့်စေပါတယ်။ငယ်ရွယ်တဲ့ကလေးတွေကတော့ ခဲဓါတ်ကို လွယ်လွယ်စုပ်ယူတာမို့ သူတို့ပိုကြီးတဲ့ကလေးတွေနဲ့ လူကြီးတွေထက်စာရင်ပိုအန္တရာယ်ရှိပါတယ်။ အိမ်အိုအိမ်ဟောင်းမှာနေထိုင်ခြင်း။ အိမ်သုတ်ဆေးတွေမှာခဲဓါတ်ထည့်ခြင်းကို ၁၉၇၀ကတည်းက တားမြစ်ထားသော်လည်း အိမ်အဟောင်းတွေ အဆောက်အဦးအဟောင်းတွေမှာ ဒီဆေးတွေရဲ့လက်ကျန်တွေရှိနေနိုင်ပါသေးတယ်။အိမ်အဟောင်းတွေကိုပြန်ပြ ုပြင်ပြီး နေထိုင်တဲ့လူတွေမှာ ပိုပြီးတော့ အန္တရာယ်များပါတယ်။ တစ်ချို့သော ဝါသနာများ။ လက်ဝတ်လက်စားများပြ ုလုပ်ခြင်း၊ဖန်ပစ္စည်းများပြ ုလုပ်တဲ့အခါမှာ ခဲကိုအသုံးပြ ုဖို့လိုအပ်နိုင်ပါတယ်။ ပရိဘောဂအဟောင်းတွေကိုပြန်လည် မွမ်းမံခြင်းကနေလည်း ခဲဓါတ်ပါတဲ့သုတ်ဆေးတွေကိုထိမိပြီး ဖြစ်စေနိုင်ပါတယ်။ ဖွံဖြိုးဆဲနိုင်ငံများမှာနေထိုင်ခြင်း။ဖွံဖြိုးဆဲနိုင်ငံတွေက ဖွံဖြိုးပြီးသားနိုင်ငံတွေထက် ခဲဓါတ်အသုံးပြ ုမှုကို အရမ်းတင်းကျပ်ထားတဲ့ ဥပဒေနည်းလို့ပါ။ အမေရိကားက မိသားစုတွေက တစ်ခြားနိုင်ငံတွေက ကလေးတစ်ယောက်ကိုမွေးစားမယ်ဆိုရင် အဲ့ကလေးရဲ့သွေးထဲကခဲဓါတ်ကိုစစ်ဖို့သင့်ပါတယ်။ ရွှေ့ပြောင်းသူများနဲ့ အကယ်ဆယ်ခံသူများ ကလေးတွေကိုလည်းစစ်သင့်ပါတယ်။ခဲဓါတ်က မမွေးသေးတဲ့ကလေးတွေကိုလည်း အန္တရာယ်ဖြစ်စေနိုင်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်တော့မယ့်အမျိုးသမီးတွေဟာ ခဲဓါတ်ထိတွေ့မှုကိုအထူးဂရုပြ ုသတိထားရပါမယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ခဲဆိပ်သင့်ခြင်းကို သွေးထဲကခဲဓါတ်ကိုစစ်ဆေးကြည့်ခြင်းနဲ့အဖြေရှာလို့ရပါတယ်။ ပုံမှန်သွေးဖောက်စစ်သလို သွေးနမူနာယူပြီးစမ်းရုံနဲ့ရပါတယ်။ ခဲဓါတ်ဆိုတာ ပတ်ဝန်းကျုင်မှာတင်အတွေ့ရများပါတယ်။National Institute of Environmental Health Sciences ကတော့ သွေးထဲမှာ ခဲဓါတ်ရှိတာကိုက ဘေးမကင်းဘူးလို့ပြောပါတယ်။ ခဲဓါတ် ၅မိုင်ခရိုဂရမ် လောက်ဆိုရင်ကိုကလေးတွေမှာ တွေ့ခဲ့ရင်ကျန်းမာရေးပြသနာတွေရှိလာတယ်လို့ဆိုပါတယ်။တစ်ခြားစမ်းသပ်မှုတွေအနေနဲ့ သွေးစစ်တဲ့အခါမှာ သွေးထဲမှာ သံဓါတ်ကိုထိန်းသိမ်းတဲ့ဆဲလ်ပမာဏကိုပါစစ်သင့်ပါတယ်။ လိုအပ်ရင် ဓါတ်မှန်ရိုက်ခြင်းနဲ့ ရိုးတွင်းခြင်ဆီအသားစယူ စစ်ကြည့်တာတွေလုပ်ရပါမယ်။ပထမဆုံးအဆင့်အနေနဲ့ကတော့ ခဲဓါတ်တွေဘယ်နားမှာ စုနေသလဲဆိုတာကို ရှာပြီးတောမှုကုသမှုပေးဖို့ပါ။ တကယ်လို့ ဖယ်ထုတ်ပစ်လို့မရဘူးဆိုရင် ပိတ်ဆို့ထားရပါမယ်။ သင့်ဒေသမှာရှိတဲ့ ကျန်းမာရေးဌာနတွေကို ခေါ်ပြီး ခဲဓါတ်တွေကိုဘယ်လိုဖယ်ထုတ်ရမလဲဆိုတာကို ပြောပါ။ သူတို့တွေက သင့်ကို ခဲဓါတ်တွေနဲ့ထိတွေ့မှုတွေကိုပါလျှော့ချပေးနိုင်မှာပါ။အရမ်းဆိုးတဲ့အခြေအနေတွေမှာ chelation လို့ခေါ်တဲ့ကုထုံးကိုအသုံးပြ ုလို့ရပါတယ်။၎င်းကတော့သင့်ခန္ဓါကိုယ်မှာစုနေတဲ့ခဲဓါတ်တွေကို chelationလုပ်ခြင်းကနေ သွားပေါင်းပြီး ခဲဓါတ်တွေကို သင့်ဆီးထဲကနေ စွန့်ထုတ်ပေးပါတယ်။အစာအိမ်နဲ့အူလမ်းကြောင်းမှာရှိနေတဲ့ခဲဓါတ်တွေကို ပြ ုပြင်ထားတဲ့မီးသွေးဓါတ်တစ်မျိုးက သွားပေါင်းပြီး ဝမ်းသွားတဲ့အခါမှာ ခန္ဓါကိုယ်က ထွက်သွားအောင်အကူအညီပေးပါတယ်။ EDTAလို့ခေါ်တဲ့ဓါတ်တုဓါတ်တစ်မျိုးကိုလည်း အသုံးပြ ုလို့ရပါတယ်။ဒီလိုတွေကုသမှုပေးခဲ့ရင်တောင် ခဲဓါတ်နဲ့ကြာရှည်ထိတွေ့မှုရှိခဲ့ပြီးသားဆိုရင် ပြန်ထုတ်ဖို့ တော်တော်ခက်ခဲနိုင်ပါတယ်။အောက်မှာပြောပြမယ့်လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့သင့်ရဲ့ခဲဆိပ်သင့်ခြင်းကို ကူညီပေးနိုင်မယ့်နည်းတွေပါ။ကစားစရာအရုပ်တွေရယ် လက်တွေကိုရယ်ရေဆေးပါ။ လက်ကနေတစ်ဆင့်ပါးစပ်ထဲကို ခဲဓါတ်ပါတဲ့ ဖုန်တွေ မြေကြီးတွေ ဝင်ရောက်တာကိုလျှော့ချနိုင်ဖို့အတွက် သင့်ကလေးတွေက အပြင်မှာဆော့ပြီးပြန်လာရင် အိပ်ယာမဝင်ခင်အချိန်တွေမှာ လက်ကလေးတွေကိုသေချာဆေးပေးဖို့လိုပါတယ်။သူတို့ဆော့ကစားတဲ့အရုပ်လေးတွေကိုသေချာဆေးပါ။ ဖုန်တက်နေတဲ့နေရာတွေကိုသေချာသန့်စင်ပါ။ ကြမ်းခင်တွေကိုကြမ်းတိုက်ဝတ်နဲ့တိုက်ခြင်း ပရိဘောဂတွေ ပြတင်းပေါက်ဘောင်တွေနဲ့ တစ်ခြားဖုန်တက်တဲ့နေရာတွေကိုအဝတ်စိုနဲ့သေချာတိုက်ပြီးဆေးပါ။အိမ်ထဲကိုမဝင်ခင်မှာ ဖိနပ်ချွတ်ပါ။ အဲ့လိုမှပဲခဲဓါတ်ပါရှိမယ့်မြေကြီးတွေကိုအပြင်မှာချန်ခဲ့နိုင်မှာပါ။ရေအေးအေးကိုဖွင့်ထားပါ။ တကယ်လို့သင့်အိမ်မှာက ခဲဓါတ်ပါတဲ့ရေပိုက်တွေ ဘေစင်အဟောင်းတွေသုံးနေပါက အဲ့ထဲကရေကိုမသုံးခင်မျာရေကို အနည်းဆုံး၁မိနစ်လောက်ဖွင့်ထားပြီးတဲ့နောက်မှသုံးပါ။ ရေပိုက်ကလာတဲ့ရေပူကို ကလေးနို့ဖျော်ဖို့တို့ဒါမှမဟုတ် ချက်ပြ ုတ်စားသုံးဖို့အတွက်အသုံးမပြ ုပါနဲ့။ ကလေးတွေကိုမြေကြီးတွေပေါ်မှာမဆော့ပါစေနဲ့။ ကလေးတွေအတွက်သဲတွေထည့်ထားပြီးသား နေရာလေး လုပ်ပြီးဆော့စေပါ။မြေကြီးကိုကွက်လပ်မထားပဲ မြက်ပင်တို့အခြားအပင်တို့စိုက်ပါ။ ကျန်းမာမျှတတဲ့ အစားအစာမျုားကိုစားပါ။ ပုံမှန်အစားစားခြင်းနဲ့ ကောင်းတဲ့အာဟာရတွေက ခဲဓါတ်တွေစုပ်ယူခြင်းကိုလျှော့ချဖို့အားပေးပါတယ်။ ကလေးတွေအတွက်ကတော့လုံလောက်တဲ့ ကယ်စီယမ်ဓါတ် ဗီတာမင်စီနဲ့ သံဓါတ်တွေကို သူတို့အစားအသောက်ထဲမှာထည့်ကျွေးခြင်းနဲ့ ခဲဓါတ်စုပ်ယူမှုကိုလျှော့ချနိုင်ပါတယ်။သင့်ရဲ့အိမ်ကို စနစ်တကျ ပြ ုပြင်ထိန်းသိမ်းပါ။ တကယ်လို့သင့်အိမ်က ခဲဓါတ်ပါတဲ့အိမ်သုတ်ဆေးသုံးထားတာမျိုးဖြစ်ရင် ပုံမှန်သုတ်ဆေးတွေကိုခွာချပေးခြင်း ပြသနာတစ်ခုခုရှိရင်သေချာပြ ုပြင်ပေးခြင်းတို့ကို ချက်ခြင်းလုပ်ပါ။ သဲတွေနဲ့မလုပ်ပါနဲ့ ၎င်းက ခဲဓါတ်ပါတဲ့အမှုန်တွေကိုထုတ်ပေးလို့ပါ။(တကယ်လို့သင့်မှာမေးစရာမေးခွန်းတွေရှိပါက သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ သင့်အတွက်ဘယ်အဖြေကအကောင်းဆုံးဖြစ်မလဲဆိုတာကိုသိနားလည်ဖို့အတွက်ပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/lead-poisoning-%e1%80%81%e1%80%b2%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
စွမ်းအားမြှင့်တင်ပေးသော အစားအသောက်များ
လူတွေကအများသောအားဖြင့်သူတို့ရဲ့ကုန်ဆုံးသွားတဲ့စွမ်းအင်ကိုပြန်ဖြည့်ဖို့ကော်ဖီတစ်ခွက်ဒါမှမဟုတ်သကြားလုံးတွေကိုစားကြပါတယ်။ ဒီနည်းလမ်းတွေကထိရောက်ပေမယ့်အချိန်တိုပဲဖြစ်ပါတယ်။ သင့်အနေနဲ့နောက်ပိုင်းမှာစွမ်းအင်ကုန်ခန်းမှာအသေအချာပါဘဲ။ ဒါကိုရှောင်ဖို့အတွက်သင့်အနေနဲ့ပရိုတိန်း၊အမျှင်ဓါတ်နဲ့ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကိုစားသင့်ပါတယ်။ ဒါတွေကသာစွမ်းအင်ကိုကြာကြာထိန်းထားနိုင်မှာပါ။ အောက်မှာပေးထားတဲ့အချက်တွေကိုစမ်းကြည့်ရအောင်။ကာဘိုဟိုက်ဒရိတ်တွေကသင့်ရဲ့ကိုယ်အတွက် လောင်စာဆီလို့တင်စားလို့ရပါတယ်။ အစားအစာတိုင်းမှာမတူညီတဲ့ကာဘိုဟိုက်ဒရိတ်တွေပါဝင်ပါတယ်။ ပေါင်မုန့်ဖြူနဲ့အစေ့အဆံအစာအစာတွေဥပမာ – အုတ်ဂျုံမှုန့်နဲ့အစေ့အဆံပေါင်မုန့်တို့ကိုစားခြင်းကသင့်ကိုယ်အတွက်ချက်ချင်းလုံလောက်တဲ့စွမ်းအင်ရစေမှာပါ။လေ့လာသူတွေက quinoa လို့ခေါ်တဲ့စွမ်းအားမြင့်အစေ့အဆံတစ်မျိုးကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီ quinoa မှာအမျှင်ဓါတ်အများအပြားပါဝင်တဲ့အပြင်ဗီတာမင်ဘီနဲ့ပရိုတိန်းလေးအမြောက်အမြားလည်းပါဝင်ပါတယ်။ သူ့ကိုဆန်လိုဘဲလွယ်ကူစွာချက်ပြုတ်နိုင်ပြီးပျားရည်တွေ၊တခြားအဆံတွေ၊ဘယ်ရီသီးတွေနဲ့လည်းရောပြီးအရသာရှိတဲ့မနက်စာရရှိနိုင်ပါတယ်။အယ်လ်မွန်စေ့တွေကအဆာပြေစားဖို့အကောင်းဆုံးရွေးချယ်မှုတွေပါ။ သူတို့ကသင့်ရဲ့ကိုယ်ကိုစွမ်းအင်ပေးရုံသာမကသူတို့မှာမဂ္ဂနီဆီယမ် နဲ့ဗီတာမင်ဘီလိုမျိုးအာဟာရဓါတ်တွေလည်းပါဝင်ပါသေးတယ်။ မဂ္ဂနီဆီယမ်က လူကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုထိန်းညှိပေးပြီးဗီတာမင်ဘီကတော့ပင်ပန်းနွမ်းနယ်ခြင်းနဲ့အာရုံမစူးစိုက်နိုင်ခြင်းကိုကာကွယ်ပေးပါတယ်။ တစ်ခါစားရင်၂၈ဂရမ်ဒါမှမဟုတ်၂၃ စေ့စားပေးခြင်းကသင့်ရဲ့ကိုယ်ခန္ဓါကိုလန်းဆန်းစေဖို့လုံလောက်ပါတယ်။ပြောင်းဖူးပေါက်ပေါက်ကသင်ထောပတ်၊ဆားတွေနဲ့ရောမစားသရွေ့သင့်ရဲ့စွမ်းအင်ကိုမြှင့်တင်ပေးဖို့အကောင်းဆုံးဆုံးဖြတ်ချက်ပါ။ အကြောင်းက ပြောင်းဖူးဆိုတာလည်းအစေ့အဆံတစ်မျိုးပါ။ သူကအမျှင်ဓါတ်ကြွယ်ဝတဲ့အပြင်စားရလည်းလွယ်ပါတယ်။ ပြောင်းဖူးပေါက်ပေါက်တွေကတခြားမုန့်တွေအာလူးကြော်တွေထက်အဆာပြေစေမှာပါ။ မှတ်သားထားရမှာတစ်ခုကရုပ်ရှင်ရုံမှာရတဲ့ ထောပတ်ပြောင်းဖူးပေါက်ပေါက်တွေထက်ကိုအဆီပါဝင်မှုနည်းတဲ့ ပြောင်းဖူးပေါက်ပေါက်တွေကိုပဲတခြားဟင်းခတ်တွေအဆာပလာတွေနဲ့စားပါ။သင့်ရဲ့ခန္ဓါကိုယ်ကိုစွမ်းအင်ပြည့်နေစေဖို့က ရေတွေသောက်ရမယ့်အပြင်လတ်ဆတ်တဲ့သစ်သီးနဲ့အရွက်တွေစားပြီး ရေဓါတ်ထိန်းထားဖို့လည်းလိုပါတယ်။သစ်သီးတွေကကာဘိုဟိုက်ဒရိတ်သာမကဗီတာမင်အေနဲ့ စီကိုပါ ထောက်ပံ့ပေးပါတယ်။ သင်အချိုစားချင်တဲ့အခါသစ်သီးစားခြင်းကသင့်ကိုကျန်းမာစေပါတယ်။ အရွယ်ရောက်သူတစ်ယောက်အနေနဲ့တစ်နေ့ကိုသစ်သီးဖျော်ရည်နှစ်ခွက်နဲ့တစ်ဝက်သောက်ပေးသင့်တယ်လို့အမေရိကန် သုတေသနတစ်ခုက ဆိုပါတယ်။ ဒါ့အပြင်သင့်အစားအစာထဲကိုအသီးနဲ့ဟင်းရွက်တွေထည့်စားတဲ့အကျင့်ကိုလုပ်ပါ။အာဟာရကျွမ်းကျင်သူတွေကကျွန်တော်တို့အနေနဲ့တစ်ပတ်ကိုငါးနဲ့အခွံမာကောင်နှစ်ကြိမ်စားဖို့တိုက်တွန်းပါတယ်။ ငါးတွေကချက်ဖို့လွယ်တဲ့အပြင်အရသာရှိပါတယ်။ ပင်လယ်စာတွေကသံဓါတ်ပေါများပါတယ်။ သံဓါတ်တွေကလူကိုယ်အနှ့အောက်ဆီဂျင်တွေသယ်ပို့ရာမှာကူညီပါတယ်။ဥပမာကမာကောင်နဲ့ဂုံးကောင်တစ်ပန်းကန်စားခြင်းကသင့်တစ်နေ့သံဓါတ်လိုအပ်မှုရဲ့၃၀ကနေ၅၀ရာခိုင်နှုန်းကိုရစေပါတယ်။ ဒါ့အပြင်ဆယ်လမွန်ငါးမှာပါတဲ့ပရိုတိန်းနဲ့အိုမီဂါ သရီးဖက်တီးအက်ဆစ် တွေကနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။သင့်ရဲ့စားသောက်မှုပုံစံကသင့်ဇီဝကမ္မဖြစ်စဉ်တွေနဲ့ဦးနှောက်လုပ်ငန်းစဉ်တွေကိုပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့စွမ်းအင်နဲ့စိတ်ခံစားမှုအပေါ်လည်းသက်ရောက်မှုရှိပါတယ်။“တစ်နေ့ပန်းသီးတစ်လုံးစားခြင်းကဆရာဝန်ကိုအဝေးရောက်စေတယ်” ဆိုတဲ့ဆိုရိုးကအလကားပြောထားတာတော့မဟုတ်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%b1%e1%80%b8%e1%80%9e%e1%80%b1/
6 ပတ်
အခုဆို သားသားမီးမီးလေးက ပဲစေ့အရွယ် ၆ မီလီမီတာလောက် ရှိနေပြီနော်။ဒီ 6 ပတ် မြောက်မှာဆိုဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းလေးတွေ ဖွံ့ဖြိုးတာ အရမ်းမြန်လာပါပြီ။ သန္ဓေသားလေးရဲ့ မျက်လုံးဖြစ်လာမယ့် အိတ်လေး၂ခုဆိုလည်း ဒီအပတ်မှာ စဖွံ့ဖြိုးတော့မှာပါ။ လှိုင်းတွန့်လေးလိုဖြစ်နေတဲ့ လမ်းကြောင်းလေးကလည်း နားရွက်လေးတွေဖြစ်လာဖို့ စဖွံ့ဖြိုးပါပြီ။နှလုံးလေးက အခုဆို စခုန်နေပါပြီ။အာထရာဆောင်းနဲ့ နားထောင်ကြည့်လို့ ရပါတယ်။ အစာခြေအဖွဲ့အစည်းနဲ့အသက်ရှူလမ်းကြောင်းတွေလည်း စပေါ်လာပါပြီ။ အဖုလေးတွေကနေ လက်လေးခြေလေးတွေအဖြစ် ပြောင်းလာပါပြီ။ လနဲ့ချီပြီး ခြေထောက်လေးတွေက ကိုယ်ကိုပတ်ပြီး လိမ်နေလို့ ကလေးလေးအရှည် ဘယ်လောက်ရှိမလဲကိုတော့ သိဖို့ခက်ပါတယ်။ အဲဒါကြောင့်မို့ သန္ဓေသားလေးကို ထိပ်ပိုင်းကနေ အဆုံးပိုင်းဆိုပြီးတော့ပဲ တိုင်းပါတယ်။ ခေါင်းကနေခြေဆိုပြီး မတိုင်းပါဘူး။ ထိပ်ပိုင်းကနေ အဆုံးပိုင်းက ဒီအပတ်မှာ ၂-၅ မီလီမီတာလောက်ရှိမှာပါ။ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်။ပြီးခဲ့တဲ့အပတ်ကထက်ကိုယ်ဝန်ရှိတဲ့ လက္ခဏာက ပိုသေချာလာမှာပါ။ မေမေတို့ရဲ့ ခန္ဓာကိုယ်ကဆိုရင် သားသားမီးမီးတွေကို အာဟာရပေးနိုင်ဖို့ ကြိုးစားပြင်ဆင်နေပါပြီ။ ပုံမှန်ထက် အလုပ်ပိုလုပ်ရင် အရမ်းပင်ပန်းနွမ်းနယ်စေပါတယ်။ ဒီအခြေအနေတွေကို ဖြတ်ကျော်ရလွယ်စေမယ့် နည်းလမ်းလေးတွေ ဆက်ပြောပြပါရစေနော်။ဒါတွေလုပ်နေလျက်နဲ့ ပင်ပန်းနွမ်းနယ်နေတာတွေ ပိုဆိုးလာတယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ကြပါ။ တခြားအကြောင်းအရာတွေကြောင့်လည်းဖြစ်တတ်လို့ ဆရာဝန်တွေကပဲ ဘာလုပ်ရမလဲဆိုတာ ညွှန်ကြားနိုင်တာပါ။ဆီးခဏခဏသွားတာက ပုံမှန်ပါပဲ။ ကိုယ်ဝန်ဟော်မုန်းကဆီးခဏခဏသွားစေလို့ပါ။ သူက ကလေးရော အမေရောမှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောပေးဖို့ ကျောက်ကပ်ဆီသွားတဲ့ သွေးအားကောင်းစေပါတယ်။ အခုဆီးသွားတာ မေမေတစ်ယောက်တည်း မဟုတ်တော့ဘူးနော်၊၊ သားသားမီးမီးလေးတွေပါ ပါပါတယ်။ သက်သာစေတဲ့နည်းလမ်းလေးတွေအကြောင်း ဆက်ပြမယ်နော်။ခဏခဏဆီးသွားတာက စိတ်ကသိကအောင့်ဖြစ်စေပေမယ့် သန္ဓေသားရော မိခင်ဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ။ကိုယ်ဝန် ၂လရှိလာပြီဆို ကိုယ်ဝန်ရလို့ စိတ်လှုပ်ရှားတဲ့အပျော်တွေ ပျောက်ပြီး စပြီးစိတ်ပူလာပါတော့မယ်။ ကိုယ်ဝန်ရှိတာ မသိခင်က ကလေးလေးကို ဘေးဖြစ်စေမယ့် ဘာတွေလုပ်ခဲ့မိမလဲ။ မတော်တဆ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးသောက်မိမှဖြင့်၊ ညစာစားပြီးလို့ ဝိုင်လေးတစ်ခွက်လောက်သောက်မိမှဖြင့် ခက်ရချည်ရဲ့။ ဖျားရင်ရော ဘယ်လိုလုပ်ရပါ့။ဒါတွေက သာမန်ဖြစ်လေ့ဖြစ်ထရှိတာတွေပါ။ သိပ်စိတ်ပူမနေပါနဲ့။ ဆရာဝန်က သံသယတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒါကြောင့်ဆရာဝန်တွေကိုပြောပြဖို့ကသာ မေမေတွေရဲ့တာဝန်ပါနော်။ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်။ပထမဆုံးဆေးစစ်တာက ဆရာဝန်ဆီသွားမပြမချင်း စစ်ရဦးမှာမဟုတ်ပါဘူး။ တချို့က ၈-၉ပတ်လောက်မှ ဆရာဝန်ဆီသွားပြကြပါတယ်။ စိုးရိမ်နေရင်တော့ ဒီအပတ်မှာ သွားပြလည်းရပါတယ်။ ပထမဆုံးသွားပြရင် သွေးစစ်တာတွေလုပ်ပါတယ်။ သွေးအမျိုးအစား၊Rh အုပ်စုပါမပါ၊ ဂျိုက်သိုး၊ ဘီပိုးကာကွယ်ဆေးထိုးထားသလား၊၊ ရောဂါတွေကို ခံနိုင်ရည်ရှိသေးလား သိအောင်လို့ပါ။ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ။ပြီးခဲ့တဲ့အပတ်တွေတုန်းက စိတ်ဖိစီးမှုက ကလေးလေးဖွံ့ဖြိုးမှုအတွက် မကောင်းဘူးလို့ပြောခဲ့တယ်နော်။ စိတ်ဖိစီးမှုက ကိုယ်ဝန်ပျက်ကျတာနဲ့ ဘယ်လိုဆိုင်လဲ။ ဒီအချက်ကို စတွေ့တာကြာပါပြီ။ သက်သေပြထားတာတွေလည်း ရှိပါတယ်။သုတေသနတစ်ခုက ခန့်မှန်းထားတာတော့ ၁၀-၂၀%လောက်ကို ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်တဲ့။ ကိုယ်ဝန်ပျက်ကျစေတဲ့ အဓိကအချက်ကတော့ ခရိုမိုဇုမ်းပုံမှန်မဟုတ်လို့ရယ်၊ သန္ဓေသားကြီးပြင်းရာမှာ ပြဿနာရှိနေလို့ပါ။ တခြားအကြောင်းတွေ သိချင်တယ်ဆို အောက်မှာပါနော်။ဒါ့ပြင် ပျက်ကျမှာ၊ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာမှာ စိုးရိမ်တယ်ဆို ကိုယ်ကိုယ်တိုင်ရော ကလေးလေးအတွက် အန္တရာယ်ရှိနိုင်မယ့် ဆေးလိပ်၊ အရက်ရှောင်ပြီး ဂရုစိုက်ကြပါနော်။နောက်အပတ်ရော သားသားမီးမီးလေးက ဘယ်လိုကြီးလာမှာပါလိမ့်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/week-6/
Diagnostic Laparoscopy (ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသခြင်း)
ဝမ်းဗိုက်အတွင်းမှန်ပြောင်းဖြင့်ရောဂါရှာဖွေကုသခြင်းဆိုတာဟာဝမ်းဗိုက်နဲ့တင်ပါးဆုံရိုးအတွင်းပိုင်းကကိုယ်တွင်းအင်္ဂါတွေကိုမှန်ပြောင်းနဲ့စစ်။ဆေးပြီးရောဂါကုသတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။မှန်ပြောင်းကြည့်ချိန်မှာပြဿနာတစုံတရာတွေ့ရင် တချိန်တည်းမှာပဲအသေးစားခွဲစိတ်မှုတွေ ပြုလုပ်ပါတယ်။ဒီနည်းဟာ ဝမ်းဗိုက်နဲ့ တင်ပါးဆုံရိုးအတွင်းပိုင်းကနာကျင်ခြင်းနဲ့ အမျိုးသမီးများဓမ္မတာလာစဉ် ပြဿနာများ၊ မြုံခြင်းကိစ္စတွေမှာအကြောင်းရင်းများရှာဖွေရန် အသုံးဝင်ပါတယ်။ဒါ့အပြင်သားအိမ်တစ်ရှူးသားအိမ်ပြင်ပရောက်ခြင်း (Endometriosis)ရောဂါ၊ ရောဂါပိုးဝင်ခြင်း၊ မျိုးပွားအင်္ဂါများတစ်ခုခုနှင့် တစ်ခုတွဲကပ်သွားခြင်း၊ မျိုးဥပြွန်ထိခိုက်ခြင်း၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ မျိုးဥအိမ်အရည်အိတ်တည်ခြင်းစတဲ့ပြသနာတွေကိုရှာဖွေအတည်ပြုရာမှာလည်း အသုံးဝင်ပါတယ်။တခြားစစ်ဆေးမှုတွေနဲ့ ရောဂါရှာဖွေရာမှာမထိရောက်တဲ့အခါ ဆရာဝန်ဟာ ဒီနည်းကိုအသုံးပြုပါတယ်။ ဒီနည်းနဲ့ အသားစရယူပါတယ်။သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ကိုယ်တွင်းအင်္ဂါတွေကိုစစ်ဆေးဖို့မှန်ပြောင်းကြည့်တဲ့နည်းကိုညွှန်ပါလိမ့်မယ်။အထက်ပါနေရာတွေကိုမှန်ပြောင်းကြည့် စစ်ဆေးပြီးချိန်မှာ ဆရာဝန်ဟာ အောက်ပါပြဿနာတွေရဲ့ အကြောင်းရင်းကိုရှာဖွေနိုင်ပါတယ်။ရောဂါပိုးဝင်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါကို ပဋိဇီဝဆေးနဲ့ ကာကွယ်နိုင်ပါတယ်။ အူရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ ယခင်က ဝမ်းဗိုက်ခွဲစိတ်ဖူးခြင်းများရှိရင် မှန်ပြောင်းကြည့်ခြင်းမပြုလုပ်နိုင်ပါဘူး။အတွေ့ရအများဆုံးနောက်ဆက်တွဲ ပြသနာကတော့ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲပြသနာတွေ ဖြစ်တာရှားပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုနဲ့ဆိုင်တဲ့ အောက်ပါပြသနာတွေ ဖြစ်နိုင်ပါတယ်။ကိုယ်တွင်းအင်္ဂါတခုခုကိုထိုးဖောက်မိတဲ့ ဖြစ်နိုင်ခြေ ပြသနာတော့ ရှိပါတယ်။ အူကိုပေါက်ထွက်စေနိုင် ပါတယ်။ ဝမ်းဗိုက်ခေါင်းထဲကို သွေးယိုနိုင်ပါတယ်။ အဲဒီပြဿနာတွေ ကြုံရင် ဝမ်းဗိုက်ကို ချက်ချင်းဖွင့်ပြီးခွဲစိတ်ကုသဖို့ လိုပါတယ်။ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။မှန်ပြောင်းမကြည့်ခင် ၈နာရီအတွင်းအစားအစာမစားရပါ။ အရည်မသောက်ရပါ။လက်ရှိသောက်နေတဲ့ဆေးတွေ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေကိုရပ်ဆိုင်းထားဖို့ လိုနိုင်ပါတယ်။ ဆရာဝန်ကို မတိုင်ပင်ပဲဆေးပမာဏပြောင်းလဲခြင်း၊ ရပ်တန့်ခြင်းမလုပ်သင့်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မေ့ဆေးပေးလုပ်ဆောင်ပြီး၁၅မိနစ်ခန့် ကြာနိုင်ပါတယ်။ဝမ်းဗိုက်မှာ ခပ်သေးသေးခွဲစိတ်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ခွဲစိတ်ပြီးမေ့ဆေးအရှိန်ကြောင့် သက်တောင့်သက်သာမရှိဘဲ မူးဝေနိုင်ပါတယ်။ ဆေးရုံကနေပြန်သွားပြီးအနာကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ခွဲစိတ်ပြီးရက်ပေါင်းအနည်းငယ် ကြာတဲ့အထိခွဲထားတဲ့နေရာမှာနာကျင်နိုင်ပါတယ်။ ခွဲစိတ်စဉ်မှာအစာအိမ်ထဲကိုလေအနည်းငယ် ထည့်သွင်းထားတာမို့ အစာအိမ်လေပွပြိးအောင့်နိုင်ပါတယ်။ တခါတရံအစာအိမ်မှ လေများ နှိုးဆွမှုကြောင့် ပခုံးထိပ်မှာပါ နာကျင်နိုင်ပါတယ်။ တစ်ရက်လောက်နေရင် သက်သာသွားမှာမို့ စိုးရိမ်စရာမလိုပါဘူး။ခွဲစိတ်အပြီးပြန်လည်သက်သာခြင်းဟာတယောက်နဲ့ တယောက် မတူနိုင်ပါဘူး။ ဘာလက္ခဏာနဲ့ ဘာအကြောင်းတွေကြောင့် ခွဲစိတ်ခဲ့သလဲဆိုတာရယ်၊ ဘယ်လိုကျန်းမာရေးအခြေအနေရှိသလဲဆိုတာတွေ အပေါ် မူတည်ပါတယ်။ အများအားဖြင့် ၅ရက်ခန့် ကြာပြီးရင် ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။မိမိကိုယ်ကို သတိထားစောင့်ကြည့်ပြီး အဖျား ၃၈ ဒီဂရီ စင်တီဂရိတ်ထက်ကျော်ခြင်း၊ ချမ်းတုန်ခြင်း၊ အစာအိမ်နာ ပိုဆိုးလာခြင်း၊ ခြေထောက်ဖောရောင်ခြင်း စတာတွေ ကြုံလာရင် ဆေးရုံကို ချက်ချင်း ပြရပါမယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/diagnostic-laparoscopy-%e1%81%80%e1%80%99%e1%80%b9%e1%80%b8%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%99%e1%80%bd%e1%80%94%e1%80%b9/
Animal Bites (တိရစ္ဆာန်ကိုက်ခြင်း)
တိရစ္ဆာန်များဟာ သူတို့ကို ခြိမ်းခြောက်တဲ့အခါ သူတို့ကလေးတွေနဲ့ သူတို့နေရာကို ကာကွယ်ဖို့ လူတွေကို တိုက်ခိုက်တတ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကနေ တိုက်ခိုက်တာ တွေ့ရပိုများပါတယ်။ တိရစ္ဆာန်ကိုက်ခြင်းဟာ အသက်အန္တရာယ်ထိခိုက်စေခြင်း ရှားပါးပါတယ်။ ဒါပေမယ့် ရောဂါပိုးကူးစက်ရင် ဆိုးရွားတဲ့ ကငျန်းမာရေး ပြသနာတွေ ဖြစ်တတ်ပါတယ်။တိရစ္ဆာန်အမျိုးများစွာဟာ အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးတွေကို တိုက်ခိုက်နိုင်ပါတယ်။ တိရစ္ဆာန်ကိုက်ခြင်း အများစုဟာ အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အောက်ပါတိရစ္ဆာန်ကိုက်ခြင်းတွေကိုလည်း တွေ့နိုင်ပါတယ်။တွေ့များပြီး အသက်အရွယ်မရွေး တွေ့နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အကိုက်ခံရပြိဆိုရင် ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ရှုဖို့ လိုအပ်ပါတယ်။ဒဏ်ရာမှာ အောက်ပါလက္ခဏာတွေ ရှိမရှိ စစ်ဆေးရပါမယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။တိရစ္ဆာန်များရဲ့ဒေါသကို သွားဆွမိရင် ကိုက်နိုင်ပါတယ်။ ဥပမာ ခွေးဟာ အစာစားနေတုန်း အစာခွက်ကို သွားဖယ်တာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကို သွားစရင် ဖြစ်နိုင်ပါတယ်။တိရစ္ဆာန်များကို သွားမဆွရင်လည်း ဖြစ်နိုင်ပါတယ်။ ခြံထဲမှာ ရက်ကွန်းဝက်ဝံ၊ ရှဉ့် စတာတွေကိုက်ခြင်း ကြုံရနိုင်ပါတယ်။ ဒီလိုဖြစ်ရင် တိုက်ခိုက်တဲ့ တိရစ္ဆာန်ဟာ တော်တော်လေး နေမကောင်းတာကို တွေ့နိုင်ပါတယ်။လူအများစုဟာ လမ်းဘေးက တိရစ္ဆာန်တွေကိုက်မှာ ကြောက်တတ်ကြပါတယ်။ တကယ်တော့ ဘယ်တိရစ္ဆာန်မဆို ကိုက်နိုင်ခြေ ရှိပါတယ်။အကိုက်ခံရခြင်းအများစုဟာ ကိုယ်ပိုင် အိမ်မွေးတိရစ္ဆာန်၊ ဒါမှမဟုတ် သူငယ်ချင်း၊ အိမ်နီးနားချင်းတို့ရဲ့ ခွေး ဖြစ်နေတတ်ပါတယ်။ဘယ်အချိန်မှာ ကိုက်နိုင်တယ်လို့တော့ အတပ်မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့ကို နှောင်၊့ယှက်ရင်၊ လန့်သွားအောင်လုပ်ရင် ကိုက်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အပြင်ပန်းစစ်ဆေးခြင်း။ဒဏ်ရာမှာ ညစ်ပေနေတာတွေရှိလား အသေးစိတ်စစ်ဆေးရပါမယ်။ ဆရာဝန်မစစ်ဆေးခင်မှာ နာကျင်မှုသက်သာတဲ့ ဆေးတွေ သုံးထားနိုင်ပါတယ်။ဆရာဝန်ဟာ အကိုက်ခံရတယ်လို့ထင်ရင် တိရစ္ဆာန်ကိုက်ခံရခြင်းနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ တခြား စစ်ဆေးခြင်းတွေလည်း ပြုလုပ်နိုင်ပါတယ်။ဓါတ်မှန်။အရိုးကျိုးခြင်း ရှိမရှိ ဓါတ်မှန်ရိုက်နိုင်ပါတယ်။ သာမန်စစ်ဆေးစဉ် မမြင်လိုက်တဲ့ ညစ်ပေပစ္စည်းတွေ ဒဏ်ရာအတွင်းမှ ရှိမရှိ ဓါတ်မှန်မှာ တွေ့နိုင်ပါတယ်။ အမှိုက်၊ မှန်စ စတဲ့ပြင်ပပစ္စည်းတွေကိုလည်း တွေ့နိုင်ပါတယ်။ဆေးကြောခြင်း။ဒဏ်ရာကို သန့်ရှင်းအောင် ကောင်းစွာ ဆေးကြောပါလိမ့်မယ်။ ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဆေးကြောခြင်းဟာ ရောဂါပိုးဝင်ခြင်းကို မကာကွယ်နိုင်ပေမယ့် ပိုးဝင်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ထုံဆေးနဲ့ အနာသက်သာအောင် လုပ်နိုင်ပါတယ်။မကောင်းသည့်အသားများ ဖယ်ထုတ်ခြင်း။တိရစ္ဆာန်ကိုက်ခြင်းကြောင့် အရေပြားစုတ်ပြဲနိုင်ပါတယ်။ မကောင်းတော့တဲ့၊ ပိုးဝင်နေတဲ့ အရေပြားနဲ့ တစ်သျှူးတွေကို ဖယ်ထုတ်ရပါတယ်။ ဒီလိုလုပ်တဲ့အခါ နာကျင်တတ်ပါတယ်။ ထုံဆေးနဲ့လုပ်ဖို့ လိုအပ်ပါတယ်။အနာကိုချုပ်ခြင်း။ပေါက်ပြဲနေတဲ့အနာကို များသောအားဖြင့် ချုပ်ကြိုးနဲ့မချုပ်ရပါဘူး။ ဒါပေမယ့် တချို့ဒဏ်ရာတွေကိုတော့ အကိုက်ခံရပြီး ချက်ချင်းပဲ ချုပ်ရပါတယ်။အနာကိုဂရုစိုက်ခြင်း။ရရှိတဲ့ဒင်္ဏရာပေါ် မူတည်ပြီး ပြုစုကုသဖို့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ဆေးဝါးများ။ရောဂါပိုးဝင်ခြင်းကို ကာကွယ်ဖို့ ပဋိဇီဝဆေးတွေ ပေးပါတယ်။ အောက်ပါအခြေအနေတွေမှာ လိုအပ်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက တိရစ္ဆာန်ကိုက်ခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/animal-bites-%e1%80%90%e1%80%ad%e1%80%9b%e1%80%85%e1%81%a6%e1%80%ac%e1%80%94%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
5 ပတ်
5 ပတ် မြောက် သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်။အခုဆို ကလေးလေးက နှမ်းစေ့လောက်ပဲ ရှိပါတယ်။ ကလေးပုံထက် ဖားလောင်းသေးသေးလေးနဲ့ ပိုတူနေပါတယ်။ ဒီအခြေနေရောက်ရင် သန္ဓေသားလေးက ဆဲလ်အရေအတွက် တော်တော်များလာပါပြီ။ အာရုံကြောမြောင်းမကြီးက သန္ဓေသားအာရုံကြောမကြီးတစ်လျှောက် ပေါ်လာပါတယ်။ အဲဒီကနေဦးနှောက်ဖြစ်လာပါတယ်။ သန္ဓေသားရဲ့အလယ်မှာရှိတဲ့ ဖောင်းနေတဲ့နေရာကနေ နှလုံးဖြစ်လာပါတယ်။ တစ်ချိန်ထဲမှာ အချင်းနဲ့လက်ချောင်းပုံ တခြားအမြှေးပါးတွေလည်း စပြီးဖွံ့ဖြိုးလာပါတယ်။ မေမေ့ဆီက အာဟာရတွေအချင်းနဲ့အာဟာရပေးမယ့် အမြှေးပါးဆီကနေ သန္ဓေသားလေးဆီရောက်ပါပြီ။ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်။အရမ်းကို ပျော်ရွှင်နေပြီးတော့မှ ရုတ်တရက်စိတ်ဖိစီးမှုတွေများလာတာမျိုး ဖြစ်ဖူးကြလားမသိဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒီလိုခံစားချက်အပြောင်းအလဲအရမ်းဖြစ်လွယ်ပါတယ်။ ပျော်လိုက်၊ စိတ်ဓာတ်ကျလိုက်၊ ဒေါသထွက်လိုက်၊ အားငယ်သလို ခံစားရလိုက်နဲ့ အမြဲပြောင်းလဲနေတတ်ပါတယ်။ တစ်နာရီအတွင်းကို ဒီခံစားချက်တွေ အကုန်ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။အခုချိန်ကဟော်မုန်းတွေ သိသိသာသာ မြင့်တက်နေတော့ စိတ်ခံစားချက်က အမြဲပြောင်းနေမှာပါ။ သိပ်ပြီးစိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဘဝမှာကြီးမားတဲ့ အချိုးအကွေ့တစ်ခုပဲဟာ၊၊ ဘယ်သူက စိတ်မလှုပ်ရှားဘဲနေမှာလဲ။မူမမှန်တဲ့ ခံစားချက်တွေက ဒုတိယလမှာ အဆိုးဆုံးပါပဲ။ တစ်ခါတစ်လေ နောက်ဆုံးလမှာ ပြန်ပေါ်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး ၁၀-၁၂%က စိတ်ဖိစီးမှုကို ခံစားနေရပါတယ်။ ဒီဖိစီးမှုပမာဏက မီးဖွားပြီး စိတ်ဖိစီးမှုကို ခံစားနေရတဲ့သူ ပမာဏနဲ့ တူတူနီးပါးရှိပါတယ်။ ကိုယ်ဝန်ဆောင်နေတုန်း ဘယ်ချိန်မဆို စိတ်ဖိစီးမှုကို ၂ပတ်ထက် ပိုခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဆီက အကြံဉာဏ်တောင်းပြီး ကုသမှုခံယူသင့်ပါတယ်။အားကစားရော လုပ်လို့ရလား။ပေါ့ပေ့ါပါးပါးအားကစားနည်းတွေက ကြွက်သားတွေ ခံနိုင်အားတိုးစေပါတယ်။အားကစားလုပ်တာ ကောင်းကျိုးတွေ အများကြီးရပါတယ်။ပေါ့ပေါ့ပါးပါးအားကစားတွေဆိုတာ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာတွေကို ဆိုလိုတာပါ။ ကိုယ်နဲ့အဆင်ပြေတာကိုရွေးပြီး နေ့တိုင်းပုံမှန်လုပ်လို့ ရပါတယ်။ အားကစားနည်းအသစ်တွေလုပ်တိုင်း ဆရာဝန်နဲ့တိုင်ပင်ပြီး လုပ်ကြဖို့မမေ့နဲ့နော်။ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ။မီးမဖွားမီကိုယ်ဝန်အပ်တာ စောစောလုပ်တာ ကောင်းပါတယ်။ ကျန်းမာရေးစစ်ဆေးတာကို ပုံမှန်လုပ်ဖို့လည်း မမေ့နဲ့နော်။ ကလေးရော အမေရာ ကျန်းမာဖို့ ကိုယ်ဝန်အပ်တာက အရေကြီးပါတယ်။ပထမဆုံးသွားပြတဲ့အခါ (ကိုယ်ဝန်၈ပတ်လောက်မှ သေချာသတိထားမိပြီး ပြဖြစ်ကြပါတယ်၊၊) ရောဂါထွေထွေထူးထူးမဖြစ်အောင် ကာကွယ်ဖို့ စမ်းသပ်စစ်ဆေးတာတွေ လုပ်ပါလိမ့်မယ်။ အရေးကြီးဆုံးအချက်က ရက်ရွေးပြီး ရက်ချိန်းယူထားဖို့ပါ။ စွဲသောက်နေတဲ့ဆေးတွေကို ဆရာဝန်သိအောင် ပြောပြဖို့လိုပါတယ်။ဆရာဝန် မညွှန်းထားတဲ့ ဆေးတွေက စိတ်မချရပါဘူး။ နာတာရှည်ရောဂါတစ်ခုခုကြောင့် ဆေးသောက်နေရတယ်ဆိုရင်တော့ ချက်ချင်းမရပ်လိုက်သင့်ပါဘူး။ ဒါကြောင့် ဘယ်ဆေး၊ အစားအစာ၊ ဆေးဖက်ဝင်အပင်တွေက အန္တရာယ်ရှိလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်။ဆရာဝန်ဆီသွားပြရင် ခန္ဓာကိုယ်ကို စစ်ဆေးမှုလုပ်ပါလိမ့်မယ်နော်။ အရပ်၊ အလေးချိန်၊ သွေးဖိအားကအစ မေမေလောင်းလေးတွေရဲ့တစ်ကိုယ်လုံးခြုံပြီး စစ်ဆေးမှုတွေလုပ်မှာပါ။တင်ပါးဆုံရိုးစစ်ဆေးတာ အရေးကြီးပါတယ်။ မိန်းမကိုယ်စစ်ဆေးတဲ့အခါ သားအိမ်လည်တံ၊ သားအိမ်ဝတွေကိုပါ စစ်ဆေးဖို့ လိုပါတယ်၊၊။ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ။ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ခံအားကျနေပါတယ်။ ရောဂါတွေ ဝင်လွယ်ပါတယ်။ တချို့အစာတွေကို ရှောင်တာမျိုးတွေ လုပ်ဖို့လိုပါမယ်နော်။ ဘက်တီးရီးယား၊ ကပ်ပါးကောင်တွေကြောင့်ဖြစ်တဲ့ အစားမှားလို့ဖြစ်တဲ့ရောဂါတွေက မွေးရာပါ ချို့ယွင်းချက်ပါတာတို့၊ ပျက်ကျတာတို့ပါ ဖြစ်စေနိုင်ပါတယ်။ ရှောင်သင့်တဲ့အစာတွေကို အောက်မှာပြပေးပါမယ်နော်။ကပ်ပါးကောင်ကဖြစ်တဲ့တော့ဆိုပလတ်စမိုးစစ်ရောဂါက ကြောင်အပေါ့အလေးစွန့်တဲ့ဗန်းကနေ ကူးနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ယောက်ယောက်ကို သိမ်းခိုင်းတာပိုကောင်းပါတယ်။ဒီအပတ်အတွက် အဆင်ပြေပါစေ။ နောက်အပတ် ၆ပတ်မြောက်အတွက်ကို ဆက်ပြောပြပေးထားပါတယ်နော်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/week-5/
ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ
အသားအရေကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ်အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။အသားအရေက ရုပ်ရည်သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်နေတယ်ဆိုတော့ အလှတရားကို သဘောကျတဲ့ဆယ်ကျော်သက်အရွယ် မှာ အသားအရေလေး လှပစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲကနေ ပြောပြပေးမယ်နော်။ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်တဲ့ ဆယ်ကျော်သက် တစ်ယောက် ဖြစ်စေဖို့ ဒါတွေစားပါ။ချင်း (ဂျင်း) မှာဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်တာကြောင့် အသားအရေကို ရောင်ရမ်းမှု ကင်းစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ အသားအရေကိုဘက်တီးရီးယားတွေအန္တရာယ်ကနေ ကာကွယ်ပေးသလိုအိုမင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ချင်း(ဂျင်း)ရေနွေးကြမ်းသောက်ပေးတာက အသားအရေအတွက် အထောက်အကူပြုစေတဲ့စားသောက်မှုတစ်ခုပါ။ဒိန်ချဉ်ကprobioticsကြွယ်ဝစွာ ပါဝင်နေပါတယ်။အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေပါတယ်။ ဝမ်းကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်စေပါတယ်။ ဝက်ခြံတွေကို ကာကွယ်ပေးသလိုဝက်ခြံရှိသူတွေကိုလည်း ဝက်ခြံ သက်သာစေဖို့ အားဖြည့်ပေးပါတယ်။ သဘာဝ ဒိန်ချဉ်ဖြစ်ပါစေ။ရှားစောင်းလက်ပပ်ဖျော်ရည်။ရှားစောင်းလက်ပပ်ကို အသားအရေမှာ တိုက်ရိုက် အသုံးပြုလို့ရသလို ဖျော်ရည်အနေနဲ့လည်း သောက်သုံးပေးလို့ ရပါတယ်။ရှားစောင်းလက်ပပ် ဖျော်ရည်က အစာခြေစနစ် ကျန်းမာစေပြီး ဝက်ခြံ ကင်းစေဖို့ အထောက်အပံ့ပေးမှာပါ။လိမ္မော်သီး စစ်စစ်ကို ကြိတ်ထားတဲ့ လိမ္မော်ဖျော်ရည်ကဗီတာမင် Cကြွယ်ဝတာကြောင့် အသားအရေကို ကြည်လင် လှပစေမှာပါ။အမျှင်ဓာတ်ပါဝင်မှုကလည်း ဝမ်းမှန်စေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ဝက်ခြံ ကင်းစေမှာပါ။အရေပြားကို မှိုပိုးတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။အနက်ရောင် ချောကလက်က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့်စိတ်ခံစားမှုကောင်းစေသလို အသားအရေကိုလည်း ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အချိုနည်းနိုင်သမျှ နည်းတာကိုရွေးဖို့တော့ သတိပြုနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-foods-for-teenager/
Frostbite (နှင်းကိုက်ခြင်း)
နှင်းကိုက်တယ်ဆိုတာ အရည်ပြားနဲ့ အောက်မှာရှိတဲ့ တစ်ရှုးတွေအေးခဲသွားတာပဲဖြစ်တယ်။ ပထမဆုံးသင့်အရေပြားဟာ အေးခဲပြီး နီလာမယ်၊ ပြီးရင်ထုံလာမယ်။ ပြီးရင် ဖြူဖျော့လာမယ်။ လက်ချောင်း၊ ခြေချောင်း၊ နှာခေါင်း၊ မေးစေ့နဲ့ ပါးပြင်တွေဟာ အများအားဖြင့် နှင်းကိုက်ခံရတဲ့ နေရာတွေပဲဖြစ်ပါတယ်။ အရေပြားကို အေးခဲပြီး လေတိုက်တဲ့ ရာသီဥတုနှင့် ထိတွေ့ခြင်းဟာ နှင်းကိုက်ခံရခြင်းကို ဖြစ်စေတတ်ပါတယ်။ဒါပေမဲ့လည်း နှင်းကိုက်ခြင်းဟာ အဝတ်အစားဝတ်ထားခြေအိတ်လက်အိတ်စွပ်ထားတဲ့ အရေပြားမှာလည်းဖြစ်တတ်ပါတယ်။ Frostnip လို့ခေါ်တဲ့ နှင်းကိုက်ခြင်းကြောင့် အေးခဲထုံကျင်ခြင်း (ကျွန်တော်ကတော့ မြန်မာလို နှင်းအေးခဲခြင်းလို့နာမည်ပေးလိုက်တယ်) ဟာ အရေပြားကို အပြီးပျက်စီးသွားခြင်းကို မဖြစ်စေပါဘူး။ အနည်းငယ် ပဲနှင်းကိုက်ခဲ့မယ်ဆိုရင်တော့ ရှေးဦးသူနာပြုနည်းအပါအဝင် အရေပြားကို ပြန်လည်နွေးထွေးလာအောင် ပြုလုပ်ပေးခြင်းနဲ့တင်ကုသနိုင်ပါတယ်။ တခြားသော နှင်းကိုက်မှုအဆင့်တွေကတော့ အရေပြား၊တစ်ရှုး၊ကြွက်သားနဲ့ အရိုးတွေကိုထိခိုက်စေတာကြောင့် တိကျသောကုသမှုတွေလိုအပ်ပါတယ်။ ပိုးဝင်ခြင်းနဲ့ အာရုံကြောများထိခိုက်ခြင်းတို့ကို နှင်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲပြသနာအနေနဲ့ တွေ့ရတတ်ပါတယ်။အေးခဲတဲ့ ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာ အသက်အရွယ်မရွေး နှင်းကိုက်ခံရတတ်ပါတယ်။အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် နှင်းကိုက်ခြင်း ကာကွယ်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။နှင်းကိုက်ခြင်းရဲ့လက္ခဏာတွေအမြောက်အများရှိတဲ့ထဲက အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။လက်ချောင်း၊ခြေချောင်း၊နှာခေါင်း၊ပါးနှင့် မေးစေ့တို့ အများအားဖြင့် နှင်းကိုက်လေ့ရှိပါတယ်။ အရေပြားထုံကျဉ်နေတာကြောင့် သင့်ကို နှင်းကိုက်နေပြီဆိုတာကို တခြားတစ်ယောက်က မပြောမချင်းသတိပြုမိနိုင်ချေနည်းပါတယ်။နှင်းကိုက်ခြင်းရဲ့ ပထမအဆင့်ကတော့ နှင်းအေးခဲခြင်းပဲဖြစ်ပါတယ်။ အရေပြားက ဖြူဖျော့ရာက နီရဲလာပြီး အေးခဲလာမယ်။ ဒီတိုင်းဆက်ပြီးတော့ အအေးထဲထားမယ်ဆိုရင် စူးစူးခံစားရပြီး ထုံလာပါလိမ့်မယ်။ ပြန်နွေးအောင်လုပ်တော့မှသာ ကိုက်ခဲပြီး ကျင်တတ်လာပါလိမ့်မယ်။ နှင်းအေးခဲတဲ့ အဆင့်ကတော့ အရေပြားကို အပြီးတိုင်ပျက်စီးခြင်းမျိုးမဖြစ်စေပါဘူး။နှင်းကိုက်ခြင်းရဲ့ ဒုတိယအဆင့်ကတော့ နီရဲလာတဲ့ အရေပြားကနေ ဖြူဖျော့သွားခြင်းပဲဖြစ်ပါတယ်။ အရေပြားကတော့ ပျော့ပျောင်းနေပေမဲ့ တစ်ရှုးအသားတွေထဲမှာတော့ အရေဓါတ်တွေစတင်ခဲနေပါပြီ။ အရေပြားနွေးလာတယ်လို့သင်ခံစားနေရပြီဆို အရေပြားနဲ့ပတ်သက်ပြီးတော်တော်ထိထားပြီဆိုတဲ့ လက္ခဏာပြနေပြီလို့သိရပါမယ်။ နှင်းကိုက်ခြင်းရဲ့ ဒီအဆင့်လောက်မှာ အရေပြားကို ပြန်ပြီး အနွေးဓါတ်ပေးမယ်ဆိုရင် အရေပြားက ပျော့တွဲတွဲနဲ့ ခရမ်းပြာရောင်မျိုး ပြောင်းပြီးတော့ ပူလောင်ကိုက်ခဲပြီး ရောင်ကိုင်းလာပါမယ်။ အနွေးဓါတ်ပေးပြီး ၂၄ နာရီက ၃၆ နာရီအတွင်းမှာ အရည်ကြည်ဖုတွေပေါ်လာပါလိမ့်မယ်။နှင်းကိုက်မှုက အချိန်ကြာလာတာနဲ့အမျှ အရေပြားအလွာအားလုံးနဲ့ အောက်က တစ်ရှုးတွေကပါ ထိလာပါမယ်။ အေးခြင်း၊နာခြင်းနဲ့ မအီမသာဖြစ်တာတွေကို မခံစားရတော့ပဲနဲ့ ထုံတာတစ်ခုတည်းပဲသိပါတော့မယ်။ ကြွက်သားနဲ့အဆစ်တွေလည်း ကောင်းကောင်းလှုပ်မရသုံးမရဖြစ်လာပါမယ်။ ပြန်ပြီးအနွေးဓါတ်ပေးလိုက်မယ်ဆိုရင်တော့ ၁ ရက် ၂ ရက်အတွင်းမှာ အရည်ကြည်ဖုအကြီးကြီးတွေထလာပါလိမ့်မယ်။ ပြီးရင်တော့ နှင်းကိုက်ခြင်းခံရတဲ့ နေရာတွေဟာ တစ်ရှုးတွေ သေသွားပြီ ဖြစ်တာကြောင့်မည်းလာမယ်၊ မာလာမယ် ။အောက်ပါများထဲမှ တစ်ခုခုဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်ပါ။အပူချိန်လျော့ကျခြင်း(သင့်ကိုယ်မှ အပူထုတ်လုပ်နိုင်စွမ်းထက် အပူဆုံးရှုံးမှုကပိုမိုမြန်ဆန်နေသော အခြေအနေ)ကို မင်္သကာဖြစ်ပါက အရေးပေါ်ဆေးဝါးအကူအညီ အမြန်ရယူပါ။ အပူချိန်လျော့ကျခြင်းရဲ့ လက္ခဏာတွေကတော့။အရေပြားနဲ့ အောက်မှ တစ်ရှုးများအေးခဲသွားပြီဆိုရင်တော့ နှင်းကိုက်ခြင်းဖြစ်ပြီလို့ပြောလို့ရပါတယ်။ အေးခဲတဲ့ ရာသီဥတုနဲ့ ထိတွေ့မှုများခြင်းဟာ နှင်းကိုက်ခြင်းကို အများဆုံးဖြစ်စေတတ်တဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ အရမ်းအေးခဲနေတဲ့ အရည်တွေ၊ အေးခဲနေတဲ့ သတ္တုတွေ နဲ့ ရေခဲနဲ့ တိုက်ရိုက် အချိန်တစ်ခုထိ ထိတွေ့နေခြင်းတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။နှင်းကိုက်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အချို့အခြေအနေတွေကတော။အောက်ဖော်ပြပါအခြေအနေတွေနှင့် ကြုံတွေ့ရပြီဆိုရင်တော့ သင်ဟ အန္တရာယ်တော်တော်ရှိနေပြီလို့ ပြောလို့ရပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင်နှင်းကိုက်ခံနေရပြီလို့ ဆရာဝန်က ထင်ခဲ့လျှင်၊ ဆရာဝန်မှ စမ်းသပ်ပြီး လိုအပ်သော စစ်ဆေးမှုများကို ဆက်လုပ်ပါလိမ့်မယ်။ အသုံးများတဲ့ စစ်ဆေးမှုတွေကတော့။ရှေးဦးသူနာပြုနည်းဖြင့် ကုသခြင်းအတွက် အောက်ပါတို့ကိုလုပ်ဆောင်ပါ။နှင်းကိုက်ခံရတဲ့နေရာတွေကို ရေနွေးနဲ့စိမ်ပေးခြင်းနဲ့ ထိထိရောက်ရောက်ကုသနိုင်ပါတယ်။ ဆရာဝန်က နှင်းကိုက်ခံရတဲ့ အရေပြားကို ပိုးသတ်ပေးပြီးတော့ Dressing (ပတ်တီးစသဖြင့်) နဲ့ အုပ်ပေးပါလိမ်မယ်။ လောလောလတ်လတ် နှင်းကိုက်ခံထားရတဲ့ အရေပြားဟာ ပိုးဝင်တတ်ပါတယ်။ ပိုးဝင်သွားပြီဆိုရင်တော့ ဆရာဝန်က ပိုးသတ်ဆေးတွေပေးပါလိမ့်မယ်။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက နှင်းကိုက်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/frostbite-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ထောပတ်သီးစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား
ထောပတ်သီးကို ကမ္ဘာတလွှားမှာ နည်းမျိုးစုံနဲ့ စားသုံးကြပါတယ်။ ထောပတ်ပင်ဟာ မက္ကဆီကိုတောင်ပိုင်းမှာ အဓိကပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ပေါင်း ရှစ်ထောင်လောက်ကတည်းက စိုက်ပျိုးခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ မြန်မာပြည်မှာလည်း ဖျော်ရည်အနေနဲ့ နို့ဆီ၊ သကြားတွေနဲ့ရောပြီး စားသုံးကြပါတယ်။ လူတချို့က ထောပတ်သီးမှာ ကယ်လိုရီနဲ့အဆီဓာတ်များတယ်ဆိုပြီး ရှောင်ကြပါတယ်။ ထောပတ်သီးဟာ အဆီဓာတ်များလို့ ထောပတ်သီးစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား ဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ဝိတ်ချနေတဲ့သူတွေ စားတဲ့ အစားအစာတွေကို ကြည့်ရင် ထောပတ်သီးက ထိပ်ဆုံးက ပါနေပြန်တယ် မဟုတ်လား။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ထောပတ်သီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ထောပတ်သီးမှာ ဖိုင်တိုစတီရောနဲ့ ကရိုတီးနွိုက်လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးအစားတွေလည်း ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့။• ဗီတာမင် A။• ဗီတာမင် K။• ဗီတာမင် C။• ဗီတာမင် E။• သံဓာတ်။•ပိုတက်ဆီယမ်။• ဇင့်။• မန်ဂနိစ်။• ဗီတာမင် B အုပ်စု (B-12 မှလွဲ၍)။• ကိုလင်း။•ကယ်လ်ဆီယမ်။• မဂ္ဂနီဆီယမ်။• ဖော့စဖရပ်စ်။• ကြေးနီ။• ဖောလိတ် စတာတွေ ဖြစ်ပါတယ်။ပုံမှန်ထောပတ်သီးတလုံးမှာ အဆီဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမယ့် ထောပတ်သီးမှာပါတဲ့အဆီဓာတ်အများစုဟာ မပြည့်ဝဆီဖြစ်ပါတယ်။ ကျန်းမာရေးအတွက် မကောင်းတဲ့ ပြည့်ဝဆီတွေက အနည်းငယ်ပဲ ပါတာပါ။ ထောပတ်သီးရဲ့ မပြည့်ဝဆီဟာ အမျိုးအစားအားဖြင့် monounsaturated fatty acid ဖြစ်ပြီး MUFA လို့ အတိုကောက်ခေါ်ဝေါ်ပါတယ်။ MUFA ဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပြီး အကျိုးပြု HDL ကိုလက်စထရောကို မြင့်တက်စေတယ်လို့ ဆိုကြပါတယ်။ထောပတ်သီးစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား ဆိုတော့ မကြီးမသေး ထောပတ်သီးတစ်လုံးမှာ ၂၅၀ ကယ်လိုရီပါဝင်ပါတယ်။ ထောပတ်သီးမှာ အမျှင်ဓာတ် ကောင်းကောင်းပါဝင်ပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ထောပတ်သီးတစ်ခွက်မှာ အမျှင်ဓာတ် ၂ ဂရမ်လောက် ပါဝင်ပါတယ်။အမျှင်ဓာတ်ဟာ ဗိုက်ပြည့်နေသလို ခံစားရစေပြီး အလွန်အကျွံစားမိခြင်းကို ကာကွယ်ပေးပါတယ်။ဒါ့အပြင် ထောပတ်သီးဟာ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာဆဲလ်များ စတင်ဖြစ်ပေါ်လာတဲ့ အခြေအနေကို တားဆီးနိုင်ပြီး ကင်ဆာဆဲလ်တွေ ပြန့်ပွားနိုင်ခြေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ကိုယ်အလေးချိန်များသူတွေ၊ အဝလွန်သူတွေနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနမှာနေ့လယ်စာစားပြီးချိန် ထောပတ်သီးတစ်ဝက်ကို စားပေးခြင်းဟာ ၃ နာရီကနေ ၅ နာရီလောက်ထိ အဆာခံနိုင်တယ်လို့ သိရပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ငြိမ်အောင် ထိန်းပေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန်လျှော့ချလိုပေမယ့် ဗိုက်လည်းမကြာခဏ ဆာတတ်ရင် ထောပတ်သီးကို စားသင့်ပါတယ်။ထောပတ်သီးမှာ ပိုတက်ဆီယမ်ဓာတ်လည်း အလွန်ကြွယ်ဝပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများတယ်လို့ အများသိကြတဲ့ ငှက်ပျောသီးထက် ထောပတ်သီးမှာ ပိုမိုပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးပါတယ်။ထောပတ်သီးက သင့်တင့်တဲ့ ပမာာဏစားမယ်ဆိုရင် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် Latex ဓာတ်မတည့်သူများက ထောပတ်သီးကို ရှောင်သင့်ပါတယ်။ Latex ဓာတ်မတည့်သူတွေဟာ ထောပတ်သီးအပြင် ငှက်ပျောသီး၊ ကီဝီသီးများနဲ့ပါ ဓာတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း မကောင်းသူတွေမှာလည်း လေပွလေထဖြစ်စေတတ်လို့ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။…………………….။အထက်ဖော်ပြပါ အချက်တွေကို ဖတ်ရှုရင် ထောပတ်သီးစားခြင်းကနေ အာဟာရဓာတ်များစွာ ရနိုင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုသာ သတိပြု ရှောင်ရှားသွားဖို့ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/calories-in-avocado/
အစာအိမ်အက်ဆစ်တွေ လျှံတက်ခြင်းကြောင့် ရင်ပူခြင်းကို သက်သာစေမယ့် နည်းလမ်းခြောက်သွယ်
သင့်မှာ ရင်ပူတဲ့ဝေဒနာ ခံစားနေရပါသလား။ ဘာအစာပဲ စားလိုက်စားလိုက် အက်ဆစ်တွေ ပြန်ဆန်တက်လာပြီး ရင်ပူမှာကို ကြောက်နေပါသလား။ တချို့အစားအစာတွေဟာ အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှုကို ပိုများစေတဲ့အတွက် ရင်ပူတဲ့ဝေဒနာကို ပိုမိုခံစားရစေနိုင်တယ်ဆိုတာ မှန်ပါတယ်။ အစားအသောက်ကို နည်းနည်းချင်းစီစားတာ၊ အစာစားပြီးပြီးချင်းမှာ အကုန်းအကွပြုလုပ်တာ ဒါမှမဟုတ် လဲလျောင်းတာတို့ကို ရှောင်ကျဉ်တာတွေအပြင် ရင်ပူခြင်းကို သက်သာစေမယ့် နည်းလမ်းခြောက်သွယ်ကို ဖော်ပြပေးထားပါတယ်။(၁) အချိုနဲ့ ကာဘိုဟိုက်ဒရိတ်များတဲ့ အရည်တွေကို အများကြီးမသောက်ပါနဲ့။အချိုနဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏ များပြားစွာ ပါဝင်တဲ့ အချိုရည်တွေဟာ ရင်ပူရခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် သင်ရေဆာပြေသောက်နေတဲ့ အချိုရည်တွေမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် ရင်ပူတဲ့ ဝေဒနာကို အလွယ်တကူ သက်သာစေမှာ ဖြစ်ပါတယ်။ကာဘိုဟိုက်ဒရိတ်တွေဟာအစာအိမ်ထဲမှာ အချဉ်ပေါက်ပြီး ဓာတ်ငွေ့တွေ ဖြစ်လာကာ အစာအိမ်တွင်းဖိအားကို များစေတဲ့အပြင် လေပွလေထတာ၊ ခံတွင်းနံ့နံတာနဲ့ အစာမကြေတာတွေကို ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် အူလမ်းကြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ အခြားအစာခြေစနစ်ပြဿနာတွေကိုလည်း ပိုဆိုးစေပါတယ်။ ဟုတ်ပြီ၊ ဒါဆိုရင် သူတို့တွေအစား ဘာသောက်ရမလဲ။ ရိုးရိုးရေ၊ သစ်သီးဖျော်ရည် (အထူးသဖြင့် မချဉ်တဲ့အသီးတွေကနေ လုပ်ထားတဲ့ ဖျော်ရည်) တွေကို သောက်နိုင်ပါတယ်။(၂) အကျိုးရှိတဲ့ အဆီဓာတ်တွေနဲ့ ပရိုတင်းဓာတ်တွေကို ပိုစားပေးပါ။အဆိုပါ အစားအစာတွေဟာ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့အပြင် အချိုဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်တွေ စားလိုစိတ်ကိုလည်း နည်းပါးစေပါတယ်။ အဆီတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းနံရံတွေ ရောင်ရမ်းမှုကို အံ့ဩလောက်အောင် သက်သာပျောက်ကင်းစေပြီး ပရိုတင်းကတော့ အစာချေဖျက်မှုကို အားပေးပါတယ်။ပရိုတင်းကို ချေဖျက်တဲ့ အင်ဇိုင်းမ်တွေအလုပ်လုပ်နိုင်အောင် ဟိုက်ဒရိုကလိုရစ်အက်ဆစ်က ပြုလုပ်ပေးပါတယ်။ ဒါကြောင့် ပရိုတင်းများများစားပေးမယ်ဆိုရင် သင့်အစာအိမ်ထဲမှာရှိတဲ့ ပိုလျှံအက်ဆစ်တွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်မယ့်အစား ပရိုတင်းဓာတ်တွေကို ချေဖျက်ရာမှာ အသုံးပြုလိုက်ရပါတော့တယ်။ ဘာတွေကို စားရမလဲဆို‌တော့။(၃) သင့်အစားအစာထဲမှာ ပါတဲ့ gluten ပမာဏကို ကန့်သတ်ပါ။အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေနဲ့ မသက်သာသေးဖူးဆိုရင်glutenမပါတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ရပါမယ်။ Gluten ဆိုတာ ဂျုံအမျိုးမျိုးမှာ တွေ့ရတတ်တဲ့ အခြေခံပရိုတင်းတမျိုး ဖြစ်ပါတယ်။Gluten မှာပါဝင်တဲ့ ပရိုတင်းအချို့ဟာ ရှုပ်ထွေးလွန်းတာမို့ သင့်ခန္ဓာကိုယ်အနေနဲ့ အစာခြေဖို့ အခက်တွေ့ရပါတယ်။ Gluten ပါဝင်တဲ့ အစားအစာပုံစံတွေ အမျိုးမျိုးရှိပြီး သူတို့ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။သင့်အနေနဲ့ Gluten လုံးဝမပါဝင်တဲ့ အစားအသောက်တွေကို ရက်သတ္တပတ် နှစ်ပတ်လောက် စမ်းပြီး စားသုံးကြည့်နိုင်ပါတယ်။ဆိုလိုတာက အီကြာကွေး၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ခေါက်ဆွဲ၊ ပီဇာ၊ ယိုသွပ်မုန့်လေးတွေ၊ ဒိုးနတ်၊ ဘီစကစ်နဲ့ ကွတ်ကီး စတဲ့ အစားအစာတွေကို မစားရဖူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ သူတို့အစား ဘာစားရမလဲ။  Oatmeal (ကွေကာအုတ်) ဟာ သင့်အစာအိမ်အတွက် ပိုမို သင့်တော်ပါတယ်။ Oatmeal ဟာ Gluten ပါဝင်တဲ့ အစားအစာတွေနဲ့ ခပ်ဆင်ဆင်တူပြီး ဗိုက်လည်းဝစေပါတယ်။ဒီလို ရှောင်လိုက်လို့ သက်သာတယ်ဆိုရင် နောက်ပိုင်းမှာ Gluten ပါဝင်တဲ့ အစားအစာတွေကို ရှောင်ဖို့ ဒါမှမဟုတ် တတ်နိုင်သမျှ လျှော့စားဖို့ လိုပါတယ်။(၄) အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေရဲ့ အကူအညီကို ယူပါ။အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေ များများစားပေးမယ်ဆိုရင် သင့်အနေနဲ့ ပိုပြီး အစာကြေပါလိမ့်မယ်။ အစာချေခြင်းလုပ်ငန်းစဉ်ကို ကူညီပေးနိုင်တဲ့ ဘက်တီးရီးယားတွေ (Probiotics) ကျွန်တော်တို့ အစာအိမ်ထဲမှာ အများအပြားရှိနေပါတယ်။အဆိုပါ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေဟာ အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ ဘီလျံနဲ့ချီပြီး ပါဝင်တာမို့ ကျွန်တော်တို့အစာအိမ်ထဲမှာ ရှိတဲ့ အစာတွေကို လွယ်ကူစွာ ချေပေးနိုင်ပါတယ်။ ဒါကြောင့် ဒီဘက်တီးရီးယားတွေဟာ ရင်ပူတဲ့ဝေဒနာအပါအဝင် အခြားသော အစာချေခြင်းဆိုင်ရာ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ဘယ်လိုအစာမျိုးတွေမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ပါဝင်သလဲ။(၅) အရိုးပြုတ်ရည်တွေကို သောက်ပါ။အစာအိမ်နဲ့ အူလမ်းကြောင်းနံရံတွေကို အကျိုးပြုတဲ့ အရိုးပြုတ်ရည်တွေကို အိမ်မှာပဲ အလွယ်တကူ လုပ်သောက်နိုင်ပါတယ်။ အရိုးတွေမှာ သတ္တုဓာတ်၊ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ amino နဲ့ gelatin တို့ပါဝင်ပြီး ပရိုတင်းဓာတ်တွေလည်း ကြွယ်ဝပါတယ်။တကယ်လို့ သင့်အနေနဲ့ အဆီနဲ့ ပရိုတင်းတွေကို စားတဲ့အခါ အစာချေဖို့ အခက်အခဲရှိတယ်ဆိုရင် အရိုးပြုတ်ရည်တွေက ဒီပြဿနာကို ဖြေရှင်းပေးပါလိမ့်မယ်။ အရိုးတစ်ခုလုံး နူးနေအောင်  ပြုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှ အရိုးထဲက အာဟာရတွေပါ ရမှာပါ။ ပိုပြီး အာဟာရပြည့်အောင် အရိုးပြုတ်ရည်နဲ့အတူ အသားကိုပါ စားပေးသင့်ပါတယ်။(၆) ပန်းသီးရည်ဗနီဂါ ကို စမ်းသောက်ကြည့်ပါ။အစာအိမ်အက်စစ်ပြယ်ဆေးနဲ့ ဓာတ်ပြုနိုင်တဲ့ ဆေးတွေကို သုံးစွဲနေရတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဆေးမသောက်ချင်လို့ပဲ ဖြစ်ဖြစ် ပန်းသီးရည်ဗနီဂါ မြည်းစမ်းကြည့်နိုင်ပါတယ်။ ဗနီဂါဟာ အက်ဆစ်ဓာတ်ဖြစ်တဲ့အတွက် အစာအိမ်ထဲကို ဘာလို့များ အက်ဆစ်ထပ်ထည့်ခိုင်းရတာလဲလို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ မှန်ပါတယ်၊။ဗနီဂါဟာ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ပမာဏကို လျှော့ချမပေးနိုင်ပေမယ့် အစာအိမ်ညှစ်တာကို နည်းပါးစေတဲ့အတွက် အက်ဆစ်ဓာတ်တွေ အပေါ်ကို ပြန်ဆန်မတက်အောင် ထိန်းထားပေးနိုင်ပါတယ်။ ဗနီဂါလက်ဖက်ရည်ဇွန်း တဇွန်း ဒါမှမဟုတ် နှစ်ဇွန်းကို ရေနဲ့ ဆတူရောပြီး ထမင်းစားခါနီးတိုင်း သောက်ပါ။ တစ်ခုရှိတာက ဒီနည်းလမ်းက လူတိုင်းမှာ အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ချင်း၊ ငှက်ပျောသီးနဲ့ ရေနွေးကြမ်း စတာတွေပဲ ဖြစ်ပါတယ်။ ရင်ပူတဲ့ ဝေဒနာ ခံစားနေရတဲ့အခါ အဆီအဆိမ့်တွေ၊ သကြား နဲ့ ကဖင်းတို့ကို ရှောင်ရှားရပါမယ်။အဆိုပါ အစားအစာတွေအစား အစာအိမ်တွင်း အက်ဆစ်စုပ်ယူမှု အားကောင်းစေပြီး အဆီပါဝင်မှု နည်းပါးကာအမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးရပါမယ်။ အထက်ပါ အစားအစာတွေကို ဆေးဝါးတွေနဲ့ ပေါင်းစပ်သုံးစွဲတဲ့အခါ ရင်ပူခြင်းကို သိသာစွာ လျှော့ချသက်သာစေနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/6-tips-to-relieve-heartburn-in-gerd/
Cranial Ct Scan (ဦးခေါင်းကွန်ပျူတာဓါတ်မှန်)
CT scan ရိုက်တဲ့ စစ်ဆေးချက်ဟာ X rays ဓါတ်ရောင်ခြည်တွေကို အသုံးပြုပြီး ဦးခေါင်းနဲ့ မျက်နှာတွေရဲ့ ပုံတွေကိုရိုက်ယူခြင်း ဖြစ်ပါတယ်။ဒီစစ်ဆေးချက်လုပ်နေစဉ်မှာ သင်ဟာ CT scanner လို့ခေါ်တဲ့ ဒိုးနတ်မုန့်ပုံစံရှိတဲ့ စက်နဲ့ ဆက်သွယ်ထားတဲ့ ကုတင်တစ်ခုပေါ်မှာ လှဲနေရပါမယ်။ CT scanner စက်ထဲမှာ သင့်ဦးခေါင်းကို နေရာချထားပါမယ်။ CT scanner စက်ကနေ ဦးခေါင်းထဲကို X rays (ဓါတ်ရောင်ခြည်) တွေ ထုတ်လွှတ်လိုက်ပါမယ်။ စက်က တစ်ခါလည်တိုင်းမှာ ဦးခေါင်းနဲ့ မျက်နှာကို အလွှာပါးပါးလေးတွေ အနေနဲ့ ပုံရိပ်တစ်ခါထုတ်ပေးပါတယ်။ အနေအထားမျိုးစုံမှ ပုံရိပ်တွေရယူနိုင်ဖို့ အတွက် စက်ရဲ့ အစိတ်အပိုင်းတစ်ခုကစောင်းလာနိုင်ပါတယ်။ ရိုက်ယူလိုက်သမျှပုံရိပ်တွေ အားလုံးကို ကွန်ပြူတာထဲမှာ သိမ်းဆည်းထားပါတယ်။ အဲဒီ ပုံရိပ်တွေကို ထုတ်ယူလို့လည်းရပါတယ်။တစ်ချို့သော အခြေအနေတွေမှာ contrast material လို့ခေါ်တဲ့ ဆိုးဆေးတစ်မျိုးကို လက်မောင်းရှိသွေးပြန်ကြော (သို့)ထဲထိုး ကျောရိုးဆစ်ထဲကို ထိုးရပါတယ်။ အဲဒီ ဆေးက ခန္ဓါကိုယ် အစိတ်အပိုင်းတွေ၊ တည်ဆောက်ပုံတွေကို CT ပုံရိပ်မှာ ပိုပြီးမြင်သာအောင် လုပ်ဆောင်ပေးပါတယ်။ အဲဒီဆိုးဆေးကို သွေးစီးဆင်းမှုကို စစ်ဆေးဖို့၊ အကျိတ်၊ ယောင်ယမ်းနေတဲ့ နေရာတွေ၊ (သို့) အာရုံကြော ပျက်စီးမှုတွေကို ရှာဖွေဖို့ အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ဦးခေါင်းကို CT(ဓါတ်မှန်) ရိုက်ခြင်းဟာ မျက်လုံး၊ မျက်နှာရှိ အရိုးများ၊ နှာခေါင်းနားရှိ အရိုးများအတွင်း လေပြည့်နေသော အပေါက်များ နှင့် အတွင်းနား စတဲ့ နေရာတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ ဖြစ်တဲ့နေရာသိရပြီဆိုရင်တော့ ဖြစ်တဲ့နေရာကို အသေးစိတ် CT ဓါတ်မှန် ပြန်ရိုက်နိုင်ပါတယ်။ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်းဟာ ဆရာဝန်တွေကို ရောဂါအမည်သတ်မှတ်နိုင်ဖို့ နဲ့ အောက်ပါ အခြေအနေတွေကို စစ်ဆေးနိုင်ဖို့ အကူအညီပေးပါတယ်။ဦးနှောက် ဓါတ်မှန်ကို အောက်ပါအခြေအနေတွေဖြစ်ရ တဲ့ အကြောင်းအရင်းကို ရှာဖွေရန်အတွက်လည်း အသုံးပြုပါတယ်။တစ်ခါတစ်လေ CT စစ်ဆေးချက်ရဲ့ အဖြေတွေက အခြား X-rays (ဓါတ်မှန်) စစ်ဆေးချက်တွေ၊ MRI ၊ Ultrasound scans (အာထရာဆောင်း) အဖြေ တွေနဲ့ ကွာခြားနိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ CT ရိုက်တာဟာ မတူညီတဲ့ အနေအထား ကိုပြထားလို့ပါ။CT ရိုက်ဖို့ လိုတဲ့ ကလေးတွေအတွက် ဒီစစ်ဆေးချက် မလုပ်ခင် အထူးမှာကြားချက်တွေလိုအပ်ပါတယ်။ ကလေးငယ်နေရင်(သို့) အရမ်းကြောက်နေရင် ဆရာဝန်က စိတ်သက်သာသွားအောင် စိတ်ငြိမ်ဆေးတစ်ခုခု ပေးပါလိမ့်မယ်။သင့်ကလေးက CT ရိုက်ပြီး စစ်ဆေးရတော့မယ်ဆိုရင် ဒီစစ်ဆေးချက်အတွက် လိုအပ်နိုင်တာတွေ နဲ့ ကလေးအပေါ် ဓါတ်ရောင်ခြည်တွေက ဘယ်လို သတ်ရောက်မှုပေးနိုင်တယ်ဆိုတာကို ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေးတိုင် ဖို့လိုအပ်ပါတယ်။ဦးနှောက်နှင့် မျက်နှာအတွက် CT (ဓါတ်မှန်) ရိုက်ပြီး MRI ရိုက်ခြင်းက သတင်းအချက်အလက်တွေ ထပ်ပြီးပေးနိုင်ပါလိမ့်မယ်။ဓါတ်မှန် ဘယ်အမျိုးအစား မဆို ကိုယ်ဝန်သည်တွေ မရိုက်သင့်တဲ့ အတွက် သင့်မှာ ကိုယ်ဝန်ရှိနေရင် ဆရာဝန်ကို ကြိုတင်ပြောပြထားဖို့ အရေးကြီးပါတယ်။သင့်အလေးချိန်ဟာ ပေါင် ၃၀၀ ထက်ကျော်နေခဲ့ရင် CT ရိုက်တဲ့စက်မှာ အလေးချိန်ကန့်သတ်ချက်ရှိ၊ မရှိ လေ့လာရပါမယ်။ အချို့သောစက်တွေမှာ အလေးချိန်ကန့်သတ်ထားတာရှိပါတယ်။စစ်ဆေးဖို့ အတွက် ဝတ်ဆင်ထားတဲ့ ကျောက်မျက်ရတနာတွေကို ဖယ်ရပါမယ်။ စစ်ဆေးချက်လုပ်ဆောင်နေစဉ် ဆေးရုံ ဝတ်စုံကိုဝတ်ဆင်ရပါတယ်။ဆိုးဆေး တစ်ခုခု အသုံးပြုရတယ် ဆိုရင်တော့ သတိထားရမည့် အချက်တွေ ပိုပြီးရှိနိုင်ပါတယ်။ ဥပမာ- Metformin ကဲ့သို့သော ဆီးချိုဆေးတွေသောက်နေရတဲ့ သူတွေမှာအထူးစစ်ဆေးတိုင်းတာ ချက်တွေ လုပ်ရနိုင်ပါတယ်။ ဒါ့ကြောင့် အဲလိုဆေးတွေ သောက်နေရတယ်ဆိုရင်တော့ ဆရာဝန်ကို ကြိုပြောပြထားဖို့ လိုအပ်ပါတယ်။ အဲဒီလို ဆိုးဆေးတွေနဲ့ ပတ်သတ်ပြီး မတည့်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်ခဲ့ဖူးတယ်ဆိုရင်လည်း ဆရာဝန်ကို ပြောပြရပါမယ်။ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်း ကို ဓါတ်မှန်နည်းပညာရှင်တစ်ယောက် ကလုပ်ပေးနိုင်ပါတယ်။ ထွက်လာတဲ့ ဓါတ်မှန်အဖြေတွေကို ဓါတ်မှန်ကျွမ်းကျင်ဆရာဝန် က ကြည့်ပြီး ရလဒ်အဖြေကို ပြောပါလိမ့်မယ်။ အခြားဆရာဝန်များကလည်း ဒီစစ်ဆေးချက် အဖြေကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ကျောက်မျက်ရတနာတွေ၊ မျက်မှန်တွေ၊ နားမကြာရင်တပ်တဲ့ အကူကိရိယာတွေကို မရိုက်ခင်မှာ ဖယ်ရှားဖို့ လိုအပ်ပါတယ်။ သက်တောင့်သက်သာ ဖြစ်စေမယ့်၊ ချောင်ချောင် ချိချိ ဖြစ်စေမယ့် အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။စစ်ဆေးနေချိန်မှာ CT ရိုက်တဲ့ စက်နဲ့ ဆက်ထားတဲ့ ကုတင်ကြီး တစ်ခု အပေါ်မှာလှဲလျောင်းနေရပါမယ်။ ဦးခေါင်းကို မြဲမြံအောင် ထိန်းထားခြင်းကိုခံရပါမယ်။ မျက်နှာကိုတော့ အုပ်မထားပါဘူး။အဲဒီ သင်လှဲနေတဲ့ ကုတင်ဟာ စက်ရဲ့ ဝိုင်းဝန်းတဲ့ အပေါက်ထဲကို ရွေ့သွားပြီး စက်က သင့်တစ်ကိုယ်လုံးကို စစ်ဆေးပါလိမ့်မယ်။ ပုံရိပ်တွေ ရဖို့အတွက် သင်လှဲနေတဲ့နေရာက အနည်းငယ်ရွေ့ရှားပါလိမ့်မယ်။ ရွေ့ရှားချိန်မှာ အရမ်းမကျယ်တဲ့ အသံ တစ်ခုခု ကြားရနိုင်ပါတယ်။ စစ်ဆေးနေစဉ်မှာ လဲလျောင်းပြီးဆက်နေဖို့က အရေးကြီးပါတယ်။စစ်ဆေးချက်လုပ်ဆောင်နေစဉ်မှာ စစ်ဆေးတဲ့ အခန်းထဲမှာ တစ်ယောက်ထဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် နည်းပညာရှင်တစ်ယောက်က သင့်ကို ပြတင်းပေါက်(အပေါက်) တစ်ပေါက်ကနေစောင့် ကြည့်နေပါလိမ့်မယ်။ ဓါတ်မှန် နည်းပညာရှင်ကိုတော့စကားပြောလို့ရပါတယ်။ဒီ စစ်ဆေးချက်ကို လုပ်ဆောင်ဖို့ မိနစ် ၃၀ မှ ၆၀ ခန့်လောက်ကြာနိုင်ပါတယ်။ အချိန်တော်တော်များများက ဒီဓါတ်မှန် အဆင်သင့်ဖြစ်ဖို့ အတွင်ပြင်ဆင်နေချိန်ပါ။ တကယ်တမ်းရိုက်တာက စက္ကန့် အနည်းငယ်သာကြာမြင့်ပါတယ်။ပုံမှန် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်း လိုအပ်ရင် လိုအပ်ပါလိမ့်မယ်။ ဆရာဝန်က ဘာကြောင့်နောက်ထပ်စစ်ဆေးချက်တွေလုပ်ရတယ် ဆိုတာရှင်းပြပါလိမ့်မယ်။ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်းနဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ရလဒ် အဖြေအပြည့်အစုံက ၁ရက် ၂ရက် အတွင်းမှာ အဆင်သင့်ဖြစ်နိုင်ပါတယ်။ဦးခေါင်း နှင့်မျက်နှာ ဓါတ်မှန်ရိုက်ခြင်း။ပုံမှန် ရလဒ်။ပုံမှန်မဟုတ်သော အဖြေများ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/cranial-ct-scan-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%bc%e1%80%94%e1%80%b9%e1%80%95%e1%80%ba%e1%80%b4%e1%80%90%e1%80%ac%e1%80%93%e1%80%ab/
အသွင်ပြောင်းဆီများကို ရှောင်ရှားခြင်း
Trans Fat (အသွင်ပြောင်းဆီ) ဆိုတာ အဆိုးဝါးဆုံးအဆီတစ်မျိုး လို့လေ့လာတွေ့ရှိရပါတယ်။ Trans fatty acidလို့လဲ ခေါ်နိုင်ပါသေးတယ်။ အဲဒါက ကောင်းတဲ့ကိုလက်စထရော(HDL)ကို နည်းစေပြီ းမကောင်းတဲ့ ကိုလက်စထရော(LDL)ကို သွေးထဲမှာ များလာစေပါတယ်။ HDLနည်းပြီး LDLများနေတဲ့လူဟာ ကြောက်စရာကောင်းတဲ့ နှလုံးရောဂါကို ခံစားနိုင်ခြေ ပိုများလာပါမယ်။တချို့အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာ၀ Trans Fat အနည်းငယ် ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့လည်း Trans Fatကို စက်ရုံတွေမှာ ဟိုက်ဒရိုဂျင်ကို ဟင်းရွက်ဆီတွေနဲ့ ပေါင်းစပ်ကာ အခန်းအပူချိန်တွင်တောင် အခဲအဖြစ်ရှိနေနိုင်အောင် ထုတ်လုပ်ပါတယ်။ အချို့အစားအစာတွေမှာ အဲဒီအဆီတွေ သက်တမ်းကြာကြာခံအောင် အဲဒီဆီကို ထည့်သွင်းအသုံးပြုကြပါတယ်။ စားသောက်ဆိုင်တွေမှာ အဆီတွေကို ခဏခဏပြန်လဲစရာ မလိုအောင် Trans Fatတွေကို ပြန်ကြော်ဆီအဖြစ် သုံးပါတယ်။က။ မုန့်ဖုတ်ရသော အစားအစာများ။ကိတ်မုန့်၊ကွတ်ကီး၊ပိုင်မုန့်နဲ့ခရက်ကာ အများစုမှာ Trans Fatတွေ ပါပါတယ်။ ခရင်တွေမှာလည်း ပါပါသေးတယ်။ခ။ သရေစာများ။အာလူး၊ပြောင်းဖူးနဲ့ချာပါတီမုန့်တွေဟာ Trans Fatတွေ တော်တော်ပါပါတယ်။ ပြောင်းဖူးပေါက်ပေါက်သည်းလည်းပဲ Trans Fatမပါမှသာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ပြောနိုင်ပါမယ်။ဂ။ အကြော်များ။ကြော်တယ်ဆိုကတည်းက အသွင်းပြောင်းဆီတွေထည့်ပြီး ကြော်တယ်လို့ ပြောစရာတောင် မလိုဘူးထင်ပါတယ်။Trans Fat မပါတာတွေ ဝယ်ဖို့ ပါဝင်ပစ္စည်းကြည့်ဝယ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ အမေရိကန်မှာဆိုရင် 0.5grams အောက် Trans Fat ပါခြင်းကို Trans Fatမပါဝင်ဘူးလို့ ယူဆကြပါတယ်။ Trans Fatတစ်ခုဖြစ်တဲ့ Partially Hydorgenated Vegetable Oil ပါမပါကိုလည်းစစ်ရပါမယ်။Trans Fatများ အထူးသဖြင့် ဟင်းရွက်ဆီတွေမှာပါတဲ့ စက်ရုံထုတ်အဆီမျိုးတွေဟာ ကျန်းမာရေးအတွက် ဘာအကျိုးမှမရှိပါဘူး။ Trans Fatကို တတ်နိုင်သမျှ နည်းအောင်စားဖို့ အကြံပေးထားပါတယ်။ FDAကတော့ အဒီအဆီမျိုးတွေကို အန္တရာယ်ကင်းတယ်လို့ကို အသိအမှတ်မပြုတော့ပါဘူး။ အစားအသောက်တွေမှာ Trans Fatတွေ ထည့်ချက်ခြင်းကို နောင်နှစ်အနည်းငယ်အတွင်း လုံးဝတားမြစ်ပိတ်ပင် သင့်ပါပြီ။မိမိကျန်းမာရေးမထိခိုက်အောင် Trans Fatနဲ့ အခြားမကောင်းသောအဆီများကို သတိပြုစားသုံး သင့်ပါပြီ။ Trans Fatအစားထိုးပစ္စည်းကတော့ ပြည့်ဝဆီတွေပါ။ အဲဒါတွေကလည်း LDLကိုလက်စ်ထရောကို တက်စေပါတယ်။ ကျန်းမာတဲ့အစာစားခြင်းဆိုတာ အဆီ၃၅% အထက်ပိုမစားသင့်ပါဘူး။ အထူးသဖြင့် ပြည့်ဝဆီ ၁၀%ကို မကျော်သင့်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%bd%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ae%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%b1/
ကလေးငယ်တွေကို သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး ဘယ်လိုရှင်းပြမလဲ
ကလေးငယ်တွေကို ကင်ဆာအကြောင်းပြောပြရတာက ဘယ်တော့မှမလွယ်ကူပါဘူး။ မိဘတွေက ကလေးတွေကို ( အထူးသဖြင့် ဆယ်ကျော်သက်တွေ ) ကို ကင်ဆာအကြောင်းပြောပြဖို့ ဘယ်အချိန်သင့်တော်လဲ မသိကြတာပါ။သူတို့ကိုဘယ်လောက်ပြောပြရမလဲဆိုတာနဲ့ သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။သင့်ကလေးတွေကို ကင်ဆာအကြောင်းပြောပြပြီး သူတို့စိတ်မဖိစီးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အချက်လေးတွေ အောက်မှာပေးထားပါတယ်။တချို့ကလေးတွေအတွက် ကင်ဆာကကြောက်စရာပါ။ သင်သိထားရမယ့် အရေးကြီးဆုံးတစ်ချက်က အရိုးရှင်းဆုံးပြောဖို့ပါဘဲ။ ရှုပ်ထွေးတာတွေမပေါမိစေဘဲ ဘာတွေဖြစ်နေလဲဆိုတာပုံမှန်ဘဲ ပြောပြပါ။ ပထမဆုံး သင်တို့ကင်ဆာနဲ့ပတ်သက်ပြီး ဘာနားလည်လဲဆိုတာအရင်မေးပြီး မသိတာရှင်းပြပါ။ကလေးငယ်တွေကိုပြောပြရမှာဖြစ်တဲ့အတွက် သူတို့နားလည်မယ့်အနေအထားနဲ့ပြောပြဖို့လိုပါလိမ့်မယ်။ ဘာအချက်အလက်ကိုမှ ကွယ်ဝှက်ပြီးပြောဖို့မစဉ်းစားပါနဲ့။ ကင်ဆာဆိုတဲ့စကားလုံးက စိတ်ဖိစီးစရာကောင်းနေပေမယ့် ကိုယ်ထဲက ဆဲလ်တချို့က တခြားဆဲလ်တွေထက် ပိုကြီးထွားမြန်လာလို့ဆိုပြီးရှင်းပြပါ။ သင်တိတိကျကျရှာင်းပြလေ သင့်ကလေးစိတ်မရှုပ်လေပါဘဲ။သင့်တော်တဲ့ နေရာနဲ့အချိန်ကိုရွေးပြီး ရှင်းပြတာက အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သူတို့ လှိုက်လှိုက်လျောလျော နားထောင်ပေးနိုင်မယ့်အချိန် သူတို့သက်တောင့်သက်သာဖြစ်နေမယ့်အချိန်ကိုရွေးပြီး သင်ကိုယ်တိုင်လည်း အာရုံမပြန့်လွင့်မယ့်နေရာကိုရွေးပါ။ကောင်းကောင်းပြင်ဆင်ပြီးမှပြောတာက သင့်ကလေးကို လန့်ဖြန့်ခြင်း စိတ်ဓါတ်ကျခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် သူတို့က ဝမ်းနည်းနေရင်၊ မကျေမနပ်ဖြစ်နေရင်သင်သိထားရမှာက သင်ဟာ သူတို့ပြောတာတွေကိုနားထောင်ပြီး ကျော်ဖြတ်ဖို့ကူညီပေးဖို့လိုတယ်ဆိုတာပါဘဲ။ကလေးတွေက လူကြီးတွေရဲ့ စိတ်ခံစားမှုတွေကြောင့် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် သူတို့ကိုအကောင်းမြင်ပေးပြီး၊ အရာရာအဆင်ပြေသွားမှာဖြစ်ကြောင်း သင်ကသူတို့ဘေးမှာရှိကြောင်း သူတို့သိပါစေ။ဒါပေမယ့် သင်မထိန်းနိုင်တဲ့ကတိတွေကိုတော့မပေးပါနဲ့။ ကလေးငယ်တွေက သူတို့ချစ်တဲသူတွေက အရာအားလုံးအဆင်ပြေဖို့ အတတ်နိုင်ဆုံးကြိုးစားပေးနေကြတာမြင်ဖို့လိုပါတယ်။အသက်ခြောက်နှစ်အောက်ကလေးတွေက ဘာတွေဖြစ်နေလဲဆိုတာသိပ်နားမလည်ကြပါဘူး။ သူတို့ကိုသက်တောင့်သက်သာထားပြီး မကောင်းတာဘာမှမဖြစ်နေဘူး မပြောင်းလဲသွားဘူးဆိုတာပြောပြထားပါ။အသက် ၆ နှစ်ကနေ ၁၂ နှစ်ထိကလေးတွေကတော့ ကင်ဆာအကြောင်းသိနားလည်နေပြီဖြစ်ပါတယ်။ သူတို့ကိုရိုးရိုးရှင်းရှင်းနဲ့ တည့်တည့်မတ်မတ်ရှင်းပြပါ။ သူတို့ကို သင်ပြောတဲ့အချက်အလက်တွေနဲ့ ခေါင်းမရှုပ်စေပါနဲ့။ဆယ်ကျော်သက်တွေနဲ့ကတော့ ပြောရဆိုရခက်နိုင်ပါတယ်။ သူတို့က သူတို့ဘယ်လိုခံစားရလဲဆိုတာနဲ့ သူတို့အမူအကျင့်တွေကို ကောင်းကောင်းမဖော်ပြတတ်ပါဘူး။ သင့်အနေနဲ့ သူတို့ဘယ်လိုခံစားနေရလဲဆိုတာ အကောင်းဘက်ကပြောအောင်ကူညီပေးပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာရင့်ကျက်တဲ့နည်းနဲ့သင်ပေးပါ။ သူတိုကို အကူအညီလိုရင် တစ်စုံတစ်ယောက်ကိုပြောလို့ရတယ်ဆိုတဲ့အကြောင်းအားပေးပါ။Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cervical-cancer-cancer/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%81/
Acute Leukemia ( ပြင်းထန်လူကီးမီးယား )
လူကီးမီးယားဆိုသည်မှာ ခန္ဓါကိုယ်ရှိ သွေးဖြစ်မည့် ပစ္စည်းများ – ရိုးတွင်းချဉ်ဆီနှင့် ပြန်ရည်ကြောစနစ်များ တွင်ဖြစ်သော ကင်ဆာရောဂါဖြစ်သည်။ သင့်၌ လူကီးမီးယားရှိသည့်အါ ရိုးတွင်းချဉ်ဆီသည် ပုံမှန်မဟုတ်သည့် သွေးဖြူဥများကို ထုတ်၏။ ထိုသွေးဖြူဥများကို လူကီးမီးယားဆဲလ်များဟု ခေါ်သည်။သူတို့သည် ပုံမှန်သွေးဖြူဥများကဲ့သို့ အလုပ်မလုပ်နိုင်ပါ။ ပုံမှန်ဆဲလ်များထက် အပွားပြန်ပြီး ရပ်သင့်သည့်အချိန်တွင်လည်း ဆက်ပွား၏။လူကီးမီးယားအမျိုးမျိုးရှိပါသည်။ ယေဘုယျအားဖြင့် လူကီးမီးယားအား အခြေအနေမြန်မြန်ဆိုးပုံ၊ ထိခိုက်နေသော သွေးဖြူဥဆဲလ်အမျိုးအစားပေါ် မူတည်ပြီး အုပ်စုခွဲ၏။ရုတ်တရတ်ပြင်းထန်နိုင်သလို နာတာရှည်ရောဂါလဲဖြစ်သည်။ ပြင်းထန်လူကီးမီးယားသည် လျင်လျင်မြန်မြန်ဆိုးဝါးပြီး သင့်အားချက်ချင်း နေမကောင်းစေနိုင်၏။ နာတာရှည်လူကီးမီးယားတွင်တော့ ဆိုးဝါးမှုသည် ဖြည်းဖြည်းချင်းဖြစ်လာပြီး နှစ်များစွာကြာအောင် လက္ခဏာမပြတတ်ပါ။၎င်းသည် လင်ဖက်တစ် သို့ မိုင်လိုဂျီးနပ်ဆိုပြီး ဖြစ်နိုင်၏။ လင်ဖက်တစ် (သို့ ပြန်ရည်ဆဲလ်ဆိုင်ရာ) လူကီးမီးယားသည် ပြန်ရည်ဆဲလ် – လင်ဖိုဆိုက် သွေးဖြူဥအမျိုးအစားကို ထိခိုက်စေခြင်းဖြစ်သည်။ မိုင်လိုဂျီးနပ် လူကီးယားမီးတွင်တော့ တခြားဆဲလ်အမျိုးအစားဖြစ်သည့် ဂရန်နျူလိုဆိုက်မျာဒ၊ သွေးနီဥများ နှင့် သွေးမွှားဥများကို ဖြစ်ပေါ်လာစေမည့် ဆဲလ်အမျိုးအစားကို ထိခိုက်ခြင်းဖြစ်သည်။ြပင်းထန်ပြန်ရည်ဆဲလ်ဆိုင်ရာလူကီးမီးယား (ALL)။ပြင်းထန်ပြန်ရည်ဆဲလ်ဆိုင်ရာလူကီးမီးယားသည် ကလေးများတွင် အဖြစ်များ၏။ပြင်ထန်းမိုင်လိုဂျီးနပ်လူကီးမီးယား (AML) ။တွေ့ရအများဆုံး လူကီးမီးယားဖြစ်သည်။နာတာရှည်ပြန်ရည်ဆဲလ်ဆိုင်ရာလူကီးမီးယား (CLL)။နာတာရှည်မိုင်လိုဂျီးနပ်လူကီးမီးယား(CML)။ပင်းထန်မိုင်လိုဂျီးနပ်လူကီးမီးယား (AML) သည် ကလေးနှင့် အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားနိုင်သည်။ အမျိုးသားကင်ဆာတက္ကသိုလ် (NCI) အရ အမေရိကန်၌ နှစ်စဉ် AML 21,000 ခန့် အသစ်တွေ့ရှိရသည်ဟုဆိုသည်။ပြင်းထန်ပြန်ရည်ဆဲလ်လူကီးမီးယား 6,000 ခန့်ကို နှစ်စဉ် အသစ်တွေ့ရှိနေရပါသည်။သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ပြင်းထန်လူကီးမီးယား ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။လူကီးမီးယားသည် ကင်ဆာဆဲလ်များ သက်ရောက်နေသည့်ကိုယ်အင်္ဂါ လက္ခဏာများကိုလဲ ပြတတ်ပါသည်။ ဥပမာ ဗဟိုအာရုံကြောစနစ်သို့ ကင်ဆာဆဲလ်များ ပျံ့သွားလျှင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ကြွက်သားများကို မထိန်းချုပ်နိုင်တော့ခြင်းနှင့် တက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ပင်းထန်လူကီးမီးယားလက္ခဏာများသည် သိပ်မသဲမကွဲနှင့် တိတိကျကျမရှိတတ်ပါ။ လူကီးမီးယား၏ အစောပိုင်းလက္ခဏာများသည် တုပ်ကွေးနှင့်တခြားသော ဖြစ်နေကျရောဂါများနှင့် တူနေတတ်သောကြောင့် ပေါ့ပေါ့တန်တန်နေမိနိုင်သည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပင်းထန်လူကီးမီးယားကို ဘာကဖြစ်စေကြောင်း ကျွမ်းကျင်းသူများ မသိရသေးပါ။ သို့သော် ယေဘုယျအားဖြင့် ပြင်းထန်လူကီးမီးယားသည် တစ်ချို့သွေးဆဲလ်များ ၎င်းတို့၏ ဒီအန်အေ၌ ဗီဇပြောင်းလဲခြင်းများကြောင့်ဟု ထင်ရသည်။ဒီအန်အေကို ဆဲလ်တစ်ခုစီတွင်ပါသော ဆဲလ်ဆိုင်ရာလုပ်ငန်းလုပ်ရန်အတွက် ညွှန်ကြားချက်မျိုးဟု ခေါ်နိုင်သည်။ ဆဲလ်များအတွင်း တခြားပြောင်းလဲမှုများ (၎င်းတို့ကို သေချာနားမလည်နိုင်သေးပါ)ကြောင့်လည်း လူကီးမီးယားဖြစ်ရပါသည်။တစ်ချို့သော မူမမှန်မှုများသည် ဆဲလ်များကို ကွဲပွားကြီးထွားစေပြီး ပုံမှန်ဆဲလ်သေရမည့်အချိန်တွင်လည်း ဆက်လက်ရှင်သန်နိုင်သည်။ အချိန်ကြာလာသည်နှင့် ထိုမူမမှန်သည့်ဆဲလ်များ များလာပြီး ရိုးတွင်းချဉ်ဆီ၌ ကျန်းများသည့်သွေးဆဲလ်များကို တွန်းဖယ်ပစ်သည်။ထိုအခါ ကျန်းမားသောသွေးဖြူဥများ သွေးနီဥများနှင့် သွေးမွှားဥများ နည်းလာကာ လူကီးမီးယား၏ လက္ခဏာများ ပေါ်ပေါက်လာမည်ဖြစ်သည်။ပင်းထန်လူကီးမီးယား ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများမှာ –။မိသားစုမျိုးရိုးရှိခြင်း။တစ်ချို့ဖြစ်ရပ်များတွင် CLL သည် မျိုးရိုးလိုက်တတ်၏။သက်လတ်ပိုင်း သက်ကြီးပိုင်း အမျိုးသား လူဖြူ ဖြစ်နေခြင်း။ဖီလဲဒီးဖီးယားခရိုမိုဇုမ်းဟုခေါ်သော ဗီဇပြောင်းလဲမှု ဖြစ်နေခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါ ရောဂါအမည်တပ်နိုင်မည့်စစ်ဆေးမှုများကို ပြုလုပ်ရနိုင်ပါသည်။စမ်းသပ်ကြည့်ရှု့ခြင်း။ဆရာဝန်သည် လူကီးမီးယား၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်သော သွေးအားနည်းခြင်းကြောင့် ဖြူဖျော့သောအသားအရေ၊ ပြန်ရည်ကျိတ်များနှင့် အသည်း သို့ ဘေလုံးကြီးခြင်းတို့ကို ရှာပါလိမ့်မည်။သွေးစစ်ခြင်း။သွေးနမူနာကိုယူကာ သင့်၌ သွေးဖြူဥ သို့ သွေးမွှားဥများ ပုံမှန်လယ်ဗယ်ရှိမရှိကို ကြည့်နိုင်ပါသည်။ ထိုမှ လူကီးမီးယားရှိမရှိ စဉ်းစားနိုင်သည်။ရိုးတွင်းချဉ်ဆီစစ်ခြင်း။သင်၏တင်ပဆုံရိုးမှ ရိုးတွင်းချဉ်ဆီယူရမည့် လုပ်ငန်းစဉ်တစ်ခုအား လမ်းညွှန်နိုင်သည်။ ချဉ်ဆီအား ပိန်သွယ်ရှည်လျားသည့်အပ်ကိုသုံးကာ စုပ်ယူပါမည်။ နမူနာအား ဓါတ်ခွဲခန်းသို့ပို့ကာ လူကီးမီးယားဆဲလ်များ ရှိမရှိ ရှာနိုင်ပါသည်။လူကီးမီးယားဆဲလ်များအတွက် အထူးပြုစစ်ဆေးချက်များတွင် ကုထုံးရွေးချယ်မှုအား ဆုံးဖြတ်နိုင်သည့် တစ်ချို့သော ဝိသေသများကို ရှာတွေ့နိုင်သည်။ရောဂါအားအတည်ပြုရန်၊ လူကီးမီးယားအမျိုးအစားအား ဆုံးဖြတ်နိုင်ရန်နှင့် ခန္ဓါကိုယ်တွင် ပျံ့နေသောပမာဏကိုသိနိုင်ရန် ထပ်ဆောင်စစ်ဆေးမှုများကို လုပ်ရပါမည်။ တစ်ချို့သော လူကီးမီးယားအမျိုးအစားများတွင် အဆင့်ခွဲပြီး ရောဂါပြင်းထန်နှုန်းကို ပြရကြပါသည်။ သင့်လူကီးမီးယားအဆင့်သည် ဆရာဝန်အား ကုထုံးဆုံးဖြတ်ရာတွင် အထောက်အကူပြုပါသည်။လူကီးမီးယားကို တိုက်ရာတွင်အသုံးများသော ကုထုံးများ –။ကင်ဆာဆေးသွင်းခြင်း။ကင်ဆာဆေးသွင်းခြင်းသည် လူကီးမီးယားကုသခြင်း၏ အဓိကပုံစံဖြစ်သည်။ ဒီဆေးကုထုံးသည် ဓါတုပစ္စည်းများကိုသုံးပြီး လူကီးမီးယားဆဲလ်များကို သတ်ခြင်းဖြစ်သည်။ဇီဝဗေဒကုထုံး။ဇီဝဗေဒကုထုံးသည် သင့်ကိုယ်ခံအားစနစ်အား လူကီးမီးယားဆဲလ်များကို သတိထားမိစေပြီး တိုက်ခိုက်စေရန် ပြုလုပ်နည်းများကို သုံးသောကုထုံးဖြစ်သည်။တားဂတ်ထားကုသောကုထုံး။တားဂတ်ထားကုထုံးသည် ကင်ဆာဆဲလ်များမှ အားနည်းသည့်အပိုင်းများကို ပစ်မှတ်ထားတိုက်သည့် ဆေးများကိုသုံး၏။ဓါတ်ရောင်ခြည်ကုထုံး။ဓါတ်ရောင်ခြည်ကုထုံးတွင် အိတ်ရေးရောင်ခြည် သို့ တခြားသောစွမ်းအင်ပြင်းရောင်ခြည်းများကိုသုံးကာ လူကီးမီးယားဆဲလ်များကိုသတ်ခြင်း ကြီးထွားမှုရပ်တန့်စေခြင်းများကို ပြုလုပ်ခြင်းဖြစ်သည်။ဓါတ်ရောင်ခြည်ကုသရာတွင် သင်သည် စက်ကြီးများ ပတ်ပတ်လည်၌ရွေ့လျားနိုင်သည့် စားပွဲတွင်လှဲနေရမည်။ သင့်ခန္ဓါကိုယ်ရှိ ရောင်ခြည်ပြချင်သောနေရာများကို တိတိကျကျချိန်နိုင်ပါသည်။ လူကီးမီးယားဆဲလ်များ စုပုံနေသည့် ခန္ဓါကိုယ်တစ်နေရာသို့ ဓါတ်ရောင်ခြည်ပြရသည်။ သို့မဟုတ် တစ်ကိုယ်လုံးကို ပြရသည်လည်း ဖြစ်နိုင်သည်။ဓါတ်ရောင်ခြည်ကုထုံးသည် ပင်မဆဲလ်အစားထိုးကုသမှုမတိုင်ခင် ပြုလုပ်ထားရသည်မျိုးလဲရှိ၏။ပင်မဆဲလ်အစားထိုးခြင်း။ပင်မဆဲလ်အစားထိုးခြင်းဆိုသည်မှာ ရောဂါဖြစ်နေသော သင့်ချဉ်ဆီများအား ကျန်းမာသော ရိုးတွင်ချဉ်ဆီများနှင့် အစားထိုးခြင်းဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပြင်းထန်လူကီးမီးယား ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံ အထူးသဖြင့် သင့်နိုင်ဖြစ်နိုင်ချေရှိနေလျှင် အရေးကြီး၏။ ထိုသိုနေထိုင်ခြင်းဆိုသည်မှာ –။ဓါတ်ရောင်ခြည်အများအပြားထိတွေ့ခြင်းကိုရှောင်ပါ သို့မဟုတ် ဖြစ်နိုင်သောအန္တရာယ်ကို လျော့ချနိုင်ရန် အကာကွယ်ပေးနိုင်သည့်အလုပ်အင်္ကျီကိုဝတ်ပါ။ဓါတုဘန်ဇင်းများနှင့် ထိတွေ့ရခြင်းကို ရှောင်ပါ။ဆေးရွက်ကြီးအသုံးရပ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/leukemia/acute-leukemia-%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%94%e1%80%b9%e1%80%9c%e1%80%b0%e1%80%80%e1%80%ae%e1%80%b8%e1%80%99%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8/
မျက်စိအားနည်းသူတွေ စားသင့်တဲ့ ဓါတ်စာ (၁၀) မျိုး
အမြင်အာရုံတွေသိပ်မကောင်းဘူး၊ ကြည့်ရတာလည်းမကြည်လင်ဘူး၊ မျက်ခမ်းတွေလှုပ်တယ်၊ မျက်လုံးခြောက်တယ်ဆိုတာတွေက မျက်စိအားနည်းတဲ့လက္ခဏာတွေပါ။ မျက်စိဆိုတာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းမှန်သမျှမှာ အရမ်းကိုအရေးပါတဲ့အပြင် အနုဆုံးအစိတ်အပိုင်းထဲမှာလည်းပါဝင်တာကြောင့် ပိုပြီးဂရုစိုက်ရပါမယ်။ စာဖတ်လည်း ဒီမျက်စိနဲ့ပဲ၊ အလုပ်ခွင်မှာအာရုံစိုက်လည်း ဒီမျက်စိ၊ အိမ်မှာအနားယူလည်း ရုပ်ရှင်ကြည့်တာဒီမျက်စိ၊ မျက်စိကိုအနားပေးတဲ့အချိန်က အိပ်ချိန်လေးပဲရှိပါတယ်။ ဒါ့ကြောင့် အရမ်းအလုပ်လုပ်နေရတဲ့ သူ့ကိုအားပြည့်အောင်ဖြည့်တင်းပေးဖို့က ကိုယ့်တာဝန်မဟုတ်လား။မျက်စိအားကောင်းစေဖို့က ဇင့်ဓါတ်၊ ဗီတာမင် A ၊ဗီတာမင် C၊ ဗီတာမင် E ၊ Omega-3 fatty acid စတဲ့ အာဟာရဓါတ်တွေ ညီညွတ်မျှတအောင်စားဖို့လိုပါတယ်။ ဒီဓါတ်တွေက ကိုယ်စားနေကျအစားအစာတွေထဲပါဝင်တာမို့ မျက်စိအားနည်းတဲ့သူတွေ စားသင့်တဲ့ ဓါတ်စာ (၁၀) မျိုးကိုဖော်ပြပေးလိုက်တယ်နော်။ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓါတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။အခွံမာသီးနဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓါကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။နေကြာစေ့၊ ဖရုံစေ့၊ ပင်ပွားစေ့၊ ပီစတာချီရိုစေ့၊ ဗာဒံစေ့ တို့လို အစေ့အဆန်တွေမှာ ကြွယ်ဝတဲ့ဗီတာမင် E ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့မမှုန်ပါဘူးတဲ့။သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓါတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓါကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓါတ် ပါဝင်တာကြောင့် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓါကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ဘီတာကယ်ရိုတင်းကြွယ်ဝပြီး ဗီတာမင် E ဓါတ်အပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ကြက်ဥမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓါတ်တွေအပြင် တခြားသော အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးမှ ခန္ဓါကိုယ်တွင်း ရေဓါတ်ခမ်းခြောက်တာ၊ မျက်စိအမြင်အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။မျက်လုံးအတွက်လိုအပ်တဲ့ ဗီတာမင်တွေကို အစားအစာကနေအလုံအလောက်မရတဲ့သူတွေ၊ မျက်စိအားနည်းနေပြီး အမြန်သက်သာဖို့လိုအပ်နေသူတွေအတွက်က မျက်စိအားဆေးသောက်ဖို့လိုပါတယ်။ မျက်စိအားဆေးသောက်ပြီး မျက်လုံးကျန်းမာရေးကိုဂရုစိုက်နေထိုင်မယ်ဆို ဆေးခန်းသွားဖို့၊ မျက်မှန်သွားလုပ်ဖို့တောင်မလိုဘဲတော်ရုံဝေဒနာလောက်ကိုအေးဆေးသက်သာစေနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/foods-for-eye-health/
Sinus Cancer ((ဆိုင်းနပ်စ်) ကင်ဆာ ဆိုတာဘာလဲ)
သင့်ရဲ့ paranasal sinus တွေဆိုတာဟာ သင့်နှာခေါင်း ပတ်လည်မှာရှိတဲ့ သေးငယ်တဲ့ အခေါင်းပေါက်လေးတွေပါ။ အဲဒီ အပေါက်လေးတွေကို သင့်နှာခေါင်းခြောက်သွေ့တာမျိုးမဖြစ်အောင် ထိန်းထားပေးနိုင်တဲ့ အချွဲတွေထုတ်တဲ့ ဆဲလ်တွေက ကာရံထားပါတယ်။နှာခေါင်းအတွင်းအပေါက်ဟာ သင့်ရဲ့ နှာခေါင်းအနောက်မှာရှိတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ သင်အသက်ရှုတဲ့အခါမှာ လေတွေက အဲဒီအပေါက်ထဲကို ဖြတ်ဝင်ပြီး လည်ချောင်းဆီသွားရပါတယ်။Sinus ကင်ဆာဆိုတာဟာ သင့်ရဲ့ နှာခေါင်းအတွင်းမှာရှိတဲ့ နှာခေါင်းပေါက်လမ်းကြောင်း အတွင်း(သို့) အနီးနားမှာ ရှိတဲ ဆဲလ်တွေ ပုံမမှန်တာကြောင့် ဖြစ်ပါတယ်။Sinus(ဆိုင်းနပ်စ်) ကင်ဆာဖြစ်တာဟာ အတော်ရှားပါတယ်။ Sinus(ဆိုင်းနပ်စ်) ကင်ဆာ ဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါ ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ်ပိုကောင်းတဲ့ အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Sinus(ဆိုင်းနပ်စ်) ကင်ဆာဖြစ်ပြီဆိုရင် အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့-။အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။နှာခေါင်းအတွင်း မှာ (သို့) အတွင်းရှိ အပေါက်တွေမှာ ဖြစ်နိုင်တဲ့ အကျိတ်အမျိုးအစားတွေ အများကြီးရှိပါတယ်။ အောက်မှာ အချို့သော အမျိုးအစားတွေကို ဆက်လက်ဖော်ပြပါမယ်။တစ်ခါတစ်လေမှာ နှာခေါင်းအတွင်း ကင်ဆာ(သို့) sinus ကင်ဆာ ဖြစ်နေတဲ့သူတွေမှာ ရောဂါလက္ခဏာ မပြကြပါဘူး။ တစ်ကယ်တော့ ဒီလို ကင်ဆာ အမျိုးအစားတွေဟာ အစောပိုင်း အဆင့်မှာ ရောဂါ လက္ခဏာ မပြတဲ့အတွက် များသောအားဖြင့် ကင်ဆာ အဆင့်မြင့်လာမှ သိကြ ၊ ရောဂါ အမည်တပ်နိုင်ကြပါတယ်။ကင်ဆာ မဟုတ်ဘူးလို့ထင်ရတဲ့ sinus ( နှာခေါင်းအတွင်းရှိ အခေါင်းပေါက်လေးတွေ) ရောင်ယမ်းတာမျိုးကို ကုသရင်း ကင်ဆာကို တွေ့ရှိတတ်ကြပါတယ်။ဒီရောဂါ ဖြစ်ဖို့ အလွန် အားပေးနေတဲ့ အချက်၂ချက်ရှိပါတယ်။ဆေးရွက်ကြီး သုံးစွဲတာက ခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေ ဖြစ်ဖို့ အားပေးနေတဲ့ တစ်ခုတည်းသော အကြီးမားဆုံးအချက်ပဲဖြစ်ပါတယ်။ ဆေးရွက်ကြီး ထုတ်ကုန်တွေ မှာ စီးဂရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ဆေးရွက်ကြီးဝါးခြင်း၊ နဲ့ ရှုလို့ရအောင် ပြုပြင်ထားတဲ့ဆေးရွက်ကြီးတွေပါဝင်ပါတယ်။၈၅% သော ခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေဟာ ဆေးရွက်ကြီး အသုံးပြုမှုနဲ့ ဆက်စပ်မှုရှိနေပါတယ်။ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကိုရှုမိတာကလည်းခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေ ဖြစ်နိုင်ချေကို ပိုများစေနိုင်ပါတယ်။ပမာဏအများကြီးနဲ့ ခဏခဏ သောက်သုံးခြင်းက ခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းကင်ဆာတွေ ကို ပိုဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ။ အရက် ရော၊ ဆေးရွက်ကြီးပါ နှစ်ခုစလုံး အသုံးပြု မယ်ဆိုရင်တော့ ဖြစ်နိုင်ချေကို ပိုလို့တောင် များစေနိုင်ပါတယ်။နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ပိုဖြစ်စေနိုင်မယ့်၊ ဖြစ်ဖို့ ပိုအားပေးနေတဲ့အခြား အချက်အလက်တွေရှိပါသေးတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအမည်သတ်မှတ်ခြင်းကို ရောဂါနောက်ကြောင်း မေးမြန်းခြင်းနဲ့ ကိုယ်ခန္ဓါစစ်ဆေးခြင်းဖြင့် စတင်လုပ်ဆောင်ရပါမယ်။ ပုံရိပ်ရယူခြင်းနည်းလမ်းတွေဖြစ်တဲ့ CT ရိုက်ခြင်းနဲ့ MRI ရိုက်ခြင်းတို့ကို တစ်နေရာရာမှာရှိနေတဲ့ အကျိတ်ကို အဆင့်သတ်မှတ်ဖို့ နဲ့ အဲဒီအကျိတ်ကနေ ပျံ့သွားခြင်းရှိ၊ မရှိစစ်ဆေးနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။sinus နှင့် ဦးခေါင်းခွံ အောက်ခြေကဲ့သို့သော အရိုးဖြင့် တည်ဆောက်ထားတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းတွေကို စစ်ဆေးတဲ့နေရာမှာ CT ရိုက်ခြင်းက ပိုပြီးကောင်းမွန်ပါတယ်။ဦးနှောက်ကို ကာရံထားတဲ့နေရာ (Dura) ၊ မျက်လုံး (သို့) ဦးနှောက်ကိုယ်တိုင်ကဲ့သို့ ပျော့ပျောင်းတဲ့ တစ်ရှုးတွေနဲ့ပတ်သတ်တဲ့ အစိတ်အပိုင်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို သိဖို့ကတော့ MRI က ပိုကောင်းပါတယ်။နောက်ဆုံးရောဂါအမည်တပ်ဖို့အတွက်ကတော့ အကျိတ်ကို အသားစယူဖို့လိုအပ်ပါတယ်။ အသားစယူတာကိုတော့ ဆေးခန်းတွေမှာ လိမ်းဆေး(သို့) ထုံဆေးတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ၊ အထူးသဖြင့် သွေးထွက်နိုင်ချေများတဲ့ အခြေအနေတွေမှာ အသားစယူဖို့အတွက် ခွဲစိတ်ခန်းကဲ့သို့သော ပြင်ဆင်မှုမျိုးလိုအပ်နိုင်ပါတယ်။အဲဒီလိုကင်ဆာ အများစုအတွက် အဓိက ကုသနည်းကတော့ ခွဲစိတ်ကုသနည်းပဲဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုသနည်းကိုလည်း အသုံးပြုနိုင်ပါတယ်။တကယ်လို့ အကျိတ်ကို ခွဲစိတ်ပြီး ထုတ်ယူလို့မရဘူးဆိုရင် (သို့) လူနာက ခွဲစိတ်မှုဒဏ်ကို မခံနိုင်ဘူးဆိုရင် ဓါတ်ရောင်ခြည်ကုထုံးတစ်ခုတည်းနဲ့ ကုသရနိုင်ပါတယ်။ တစ်ချို့ အခြေအနေတွေမှာ ကင်ဆာ ကုထုံး ပါပါ၊ မပါပါ ဓါတ်ရောင်ခြည်ကုသနည်းနဲ့ ခွဲစိတ်ကုသနည်း နှစ်မျိုးပေါင်းစပ်ပြီး ကုသလေ့ရှိကြပါတယ်။ခွဲစိတ်ကုသနည်းလမ်း အမျိုးအစားကတော့ အကျိတ်ရဲ့ အရွယ်အစားနဲ့ ပျံ့နှံ့မှုအပေါ်မူတည်ပါတယ်။ ခွဲစိတ်မှုမှာ ပြင်ပမှဖြစ်နိုင်သလို အတွင်းမှန်ပြောင်းထည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒီလို နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်တဲ့ ကင်ဆာ( sinus cancer)ရဲ့ အကျိတ်ကို ခွဲစိတ်ဖယ်ထုတ်လိုက်ပြီးတဲ့အခါ လူနာရဲ့ မျက်နှာမှာ ပုံပျက်သွားတာမျိုး၊ စကားပြောခြင်း၊ မြိုချခြင်း စတာတွေမှာ အခက်အခဲဖြစ်သွားတာမျိုး စတာတွေ ဖြစ်သွားစေနိုင်ပါတယ်။ဒီလို ဆက်ပြီး ဖြစ်လာမယ့် ပြသနာတွေကို ကူညီပေးနိုင်ဖို့ ခန္ဓါကိုယ် အခြားနေရာက တစ်ရှုး တစ်ချို့ကို အသုံးပြုပြီး ပျက်စီးသွားတဲနေရာတွေကို ပြန်လည်တည်ဆောက်ပြုပြင်ခြင်း ခွဲစိတ်မှုကို လုပ်ဆောင်နိုင်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?။ကိုယ်ကျန်းမာရေး ထိခိုက်မှုတွေ၊ ဆိုးကျိုးတွေ ကိုကောင်းမွန်လာအောင် လုပ်ဆောင်ခြင်း။ဒီလို နှာခေါင်းအတွင်းရှိ အခေါင်းပေါက် များတွင် ဖြစ်သော ကင်ဆာကို ကုသမှုကြောင့်ခန္ဓါကိုယ်မှာ ဖြစ်သွားနိုင်တဲ့ အဖြစ်များတဲ့ဆိုးကျိုးတွေကို အပေါ်က ကုသခြင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။အဲလို ဆိုးကျိုးတွေကို ကာကွယ်ဖို့နဲ့ ထိန်းချုပ်ဖို့ နည်းလမ်းတွေနဲ့ အတူ ဒီကင်ဆာရဲ့ ဆိုးကျိုးတွေကိုပါ ဆက်လက်လေ့လာကြည့်ကြပါစို့။ သင့်ရဲ့ ကိုယ်ခန္ဓါကျန်းမာရေး ထိခိုက်ပြောင်းလဲသွားခြင်းတွေက အချက်အတော်များများအပေါ်နေမူတည်ပါတယ်။အဲဒီအချက်တွေကတော့ ကင်ဆာရဲ့ အဆင့်၊ ကုသမှု ရဲ့ ကာလ ကြာချိန်နဲ့ ပမာဏ၊ သင့်ရဲ့ နဂို ကျန်းမာရေးအခြေအနေ စတာတွေပဲဖြစ်ပါတယ်။တစ်ခါတစ်လေမှာ ကုသမှုပြီးဆုံးသွားတာတောင်မှပဲ ဆိုးကျိုးတွေက ကျန်ရှိနေနိုင်ပါသေးတယ်။ ဆရာဝန်တွေက အဲဒါတွေကို နာတာရှည် ဆိုးကျိုးများလို့ခေါ်ပါတယ်။ ကုသမှုပြီးသွားပြီးနောက် လပေါင်းများစွာ၊ နှစ်များစွာကြာမှ ဖြစ်တဲ့ ဆိုးကျိုးတွေကိုတော့ နောက်ကျမှ ဖြစ်တဲ့ဆိုးကျိုးတွေလို့ခေါ်ပါတယ်။ဒီလို နောက်ကျမှ ဖြစ်တဲ့ဆိုးကျိုးတွေကိုရော၊ နာတာရှည်ဖြစ်တဲ့ ဆိုးကျိုးတွေကိုရော ကုသခြင်းဟာ အသက်ရှင်ဖို့ အတွက် အရေးကြီးတဲ့စောင့်ရှောက်မှု ဖြစ်ပါတယ်။ ပိုပြီးသိလာအောင် ဒီလမ်းညွှန်မှုမှာ ပါဝင်တဲ့ “ရောဂါကုသပြီးနောက်စောင့်ရှောက်စစ်ဆေးပေးတဲ့ အပိုင်း” ကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။ (သို့) ဆရာဝန်နဲ့တွေ့ဆုံပြီး ဆွေးနွေးနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်း။သင့်မှာ အထက်ဖော်ပြပါခန္ဓါကိုယ် ပိုင်းဆိုင်ရာ ဆိုးကျိုးထိခိုက်မှုတွေ ဖြစ်လာနိုင်ရုံသာမက ကင်ဆာလို့ ရောဂါအမည်သတ်မှတ်ပြီးတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။စိတ်လှုပ်ရှားခြင်း(သို့) စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းစတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အခက်အခဲတွေ၊ သင့် စိတ်ဖိစည်းမှုကို ထိန်းချုပ်ရာမှာ အခက်အခဲလေးတွ နဲ့ရင်ဆိုင်ရနိုင်ပါတယ်။တစ်ခါတစ်လေမှာ လူနာတွေဟာ သူတို့ ချစ်တဲ့သူတွေကို သူတို့ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုဖော်ပြရမယ်ဆိုတာ အတွက် အခက်အခဲဖြစ်နေနိုင်ပြီး တစ်ခါတစ်လေမှာ သူများပြောတာ တစ်ခုခုကို ဘာပြန်ပြောရမယ်ဆိုတာ နဲ့ ပတ်သတ်ပြီး ပြသနာတွေ ဖြစ်နေတတ်ကြပါတယ်။လူနာနဲ့ သူ့မိသားစုတွေကို သူတို့ရဲ့ ခံစားချက်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အသင်းဝင် တစ်ယောက်ယောက်နဲ့ မျှဝေပေးဖို့ အားပေးရပါမယ်။ ဒီ website( ဝဘ်ဆိုဒ်) ရဲ့ အခြားခေါင်းစဉ် တစ်ခု အနေနဲ့ ဒီလို ကင်ဆာ ရောဂါ ကုသမှုတွေကြောင့် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကို ဘယ်လို အချက်တွေနဲ့ ကောင်းလာအောင် လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်တွေကို ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ အဲဒီမှာ သင်လိုအပ်တာတွေအတွက် အချက်အလက်တွေနဲ့ အထောက်အပံ့ပေးနိုင်တဲ့ အချက်တွေ အများကြီးပါဝင်ပါတယ်။သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/sinus-cancer-%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%95%e1%80%ba%e1%80%85%e1%80%ba-%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%86%e1%80%ad%e1%80%af%e1%80%90/
စောစောအိပ်ရာဝင်စေခြင်းဖြင့် ကလေးအဝလွန်ခြင်းကို ရှောင်ကြဉ်ကြပါစို့
ကလေးတွေကို ကောင်းမွန်စွာ အိပ်စက်တတ်တဲ့ အကျင့်လုပ်ပေးခြင်းမှာ နောက်ကျတယ်ဆိုတာမရှိပါဘူး။ ဒီအကျင့်တွေဟာ ကလေးတွေဟာ သူတို့ဘဝနောက်ပိုင်းမှာ အဝလွန်ခြင်းကိုတောင် ကာကွယ်ပေးနိုင်ပါတယ်လို့ မကြာသေးမီက ပြုလုပ်ထားတဲ့ အမေရိကန်သုတေသန တစ်ခုက ဆိုပါတယ်။ကလေးဘဝ အဝလွန်ခြင်းဟာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်အတွင်း ကလေးငယ်တွေမှာ နှစ်ဆနဲ့ ကြီးကောင်ဝင်ချိန်တွေမှာ လေးဆ ပိုများလာပြီဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ ကျန်းမာရေးကို လောလောဆယ်မထိခိုက်သေးပေမယ့် အသက်ကြီးလာရင်တော့ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ကလေး အသက် ၅-၁၇ နှစ်တွေကို လေ့လာခဲ့ရမှာ ၆၀ ရာခိုင်နှုန်း လောက်သော ကိုယ်အလေးချိန်များတဲ့ကလေးတွေမှာ အနည်းဆုံး နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ အချက်တစ်ခု ရှိကြပြီး ၂၅ ရာခိုင်နှုန်း သော ကိုယ်အလေးချိန်များတဲ့ ကလေးတွေမှာတော့ ဒီလိုအချက် နှစ်ခု (သို့) နှစ်ခုထက်ပိုပြီး ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အဝလွန်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ လူကြီးဖြစ်လာချိန်မှာ အဝလွန်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုအပြင် အဝလွန်တဲ့ ကိုယ်အလေးချိန်များတဲ့ကလေးတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန်ကြောင့် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံခြင်းကိုလည်း ခံရနိုင်ပါတယ်။ ဒါဟာ သူတို့ရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းကို လျော့ကျစေနိုင်ပြီး လူကြီးဖြစ်သွားတဲ့အချိန်မှာတောင် ပညာရေး၊ လူမှုရေး လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေပါတယ်။ည ၈ နာရီမှာ အိပ်ရာထဲဝင်တဲ့ ကျောင်းမတက်ရသေးတဲ့ ကလေးငယ်တွေဟာ နောက်ကျမှ အိပ်တဲ့ ကလေးတွေနဲ့ ယှဉ်ရင် ဆယ်ကျော်သက်အရွယ်မှာ အဝလွန်နိုင်ခြေနည်းတယ်လို့ အိုဟိုင်းရိုးတက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာန က ဆိုပါတယ်။ငယ်စဉ်ကတည်းက စောစောအိပ်ခြင်းဟာ မှာ သင့်ကလေးအတွက် အကျင့်ကောင်းတစ်ခုကို ဖန်တီးပေးပါတယ်။ ဒါဟာ သင့်ကလေးရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ သင်လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပြီး အပြုအမူပိုင်း၊ လူမှုရေးပိုင်း၊ ခံစားမှုပိုင်းနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ဒီ သီအိုရီ ကို ကလေးကျန်းမာရေးဂျာနယ် က သုတေသနတစ်ခုမှာ ကလေးပြုစုစောင့်ရှောက်ရေးနှင့် ကလေးဖွံ့ဖြိုးမှု လေ့လာမှု ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ကလေးငယ် ၉၇၇ ယောက်ရဲ့ အချက်အလက်တွေကို အသုံးပြုပြီး မှန်မမှန် စစ်ဆေးခဲ့ကြပါတယ်။သူတို့ဟာ ကျောင်းမနေသေးတဲ့ကလေးငယ်တွေ အိပ်ချိန်ပေါ်မူတည်ပြီး သုံးအုပ်စု ခွဲလိုက်ပါတယ်။ ၈ နာရီ (သို့) စောစော၊ ၈ နာရီနဲ့ ၉ နာရီကြား၊ ၉ နာရီနောက်ပိုင်း ဆိုပြီး ဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ ကလေးငယ်တွေကို အသက်လေးနှစ်ခွဲမှနေပြီး ဆယ်ကျော်သက် အရွယ်ဖြစ်တဲ့ အထိ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒီအခါမှာ သူတို့ဟာ သိသာထင်ရှားတဲ့ ကွာခြားချက်တွေကို တွေ့ရှိခဲ့ကြပါတယ်။ဒီသုတေသနဟာ ကလေးငယ်ရဲ့ အိပ်ချိန်ကို သက်ရောက်မှုရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထည့်သွင်းစဉ်းစားပါတယ်။ အခြားအချက်တွေ ဖြစ်တဲ့ ကိုယ်အလေးချိန်၊ ဆင်းရဲချမ်းသာခြင်း၊ လူမျိုးဘာသာ နဲ့ မိခင်ရဲ့ ကိုယ်အလေးချိန် အချက်အလက်တွေအားလုံးကို တူညီမှုရှိစေပြီး စမ်းသပ်သုတေသနပြုရာမှာ ၉ နာရီနောက်ပိုင်းမှ အိပ်ရာဝင်တဲ့ ကျောင်းမတက်ရသေးတဲ့ ကလေးငယ်တွေဟာ စောစီးစွာအိပ်ရာဝင်တဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် နှစ်ဆပိုပြီး ဆယ်ကျော်သက်အရွယ်မှာ အဝလွန်ရောဂါဖြစ်နိုင်သေးတာကို တွေ့ရပါတယ်။အဝလွန်ခြင်းဟာ အမေရိကန်က ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေအတွက် အဓိက ပြဿနာတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုအတော်များများမှာ အိပ်စက်ခြင်းရဲ့ အရည်အသွေးနဲ့ ကြာမြင့်ချိန်တွေဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ အိုဟိုင်းရိုး တက္ကသိုလ်က Sarah Anderson က ဆိုပါတယ်။ ဒါပေမယ့် အိပ်ချိန်ကို လေ့လာထားတဲ့ လေ့လာမှုတွေ အများအပြား မရှိသေးဘူးလို့ သူမက ဆိုပါတယ်။ချီကာဂို ဆေးတက္ကသိုလ်က Lisa Medalie ကတော့ ကလေးငယ်တွေဟာ ကျောင်းသွား၊ သင်တန်းသွားရမှာကြောင့် ထချိန်တစ်ခု သတ်သတ်မှတ်မှတ် ရှိပေမယ့် ကလေးငယ်တွေရဲ့ အိပ်ချိန်ကတော့ မိဘတွေ ထိန်းချုပ်နိုင်တဲ့ အချက်တစ်ခု ဖြစ်တာကြောင့် အိပ်ရာဝင်ချိန်ဟာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/%e1%80%85%e1%80%b1%e1%80%ac%e1%80%85%e1%80%b1%e1%80%ac%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%9b%e1%80%ac%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%bc/
Pap Test (သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း)
သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကို သားအိမ်ခေါင်းရဲ့ ဆဲလ်ပြောင်းလဲမှုတွေကို ရှာဖွေဖို့အတွက် အသုံးပြုပါတယ်။ ထိုစစ်ဆေးမှုအတွက် သားအိမ်ခေါင်းမျက်နှာပြင်မှ ဆဲလ်တွေကို ဆရာဝန်က ယူမှာ ဖြစ်ပါတယ်။ ဒီနမူနာ ကို ဖန်ပြားတစ်ခုပေါ်တင်ပြီး အရည်တစ်မျိုးနဲ့ရောဂါာ မိုက်ခရိုစကုပ်အောက်မှာ ကြည့်ဖို့ ဓါတ်ခွဲခန်းကို ပို့မှာ ဖြစ်ပါတယ်။ ဒီဆဲလ်တွေရဲ့ ပုံမမှန်မှုတွေဟာ ဆဲလ်ပြောင်းလဲမှုတွေ ဖြစ်တဲ့ ပုံမှန်မဟုတ်သောဆဲလ် သို့ သားအိမ်ခေါင်းကင်ဆာကို ဖေါ်ပြပါတယ်။အကြံပြုထားတဲ့ သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးဖို့အချိန်ကတော့ အသက်အရွယ်နဲ့ ရောဂါဖြစ်ပွားနှုန်းမြင့်နိုင်တဲ့ အချက်တွေပေါ်မူတည်ပါတယ်။ ဒီစစ်ဆေးမှုကို ဘယ်လောက်တစ်ကြိမ် ပြုလုပ်ရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။HPV ဗိုင်းရပ်စ်ပိုး ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ အသက် ၃၀ ထက်ကြီးတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လုပ်နေစဉ် တစ်ချိန်တည်းမှာ HPV ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်း ကိုလည်း လုပ်ကြပါတယ်။ တကယ်လို့ အသက် ၂၆ နှစ် (သို့) ဒီထက်ငယ်မယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာအဖြစ်များတဲ့ HPV ကာကွယ်ဖို့ ကာကွယ်ဆေးထိုးနိုင်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကို သားအိမ်ခေါင်းကင်ဆာ ကို ရှာဖွေဖို့ စစ်ဆေးတာဖြစ်ပါတယ်။ ဒီစစ်ဆေးနည်းကို တင်ပါးဆုံအောက်ပိုင်းစစ်ဆေးခြင်း နဲ့ တွဲလုပ်လေ့ရှိပါတယ်။ အသက် ၃၀ ထက်ကြီးတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို HPV စစ်ဆေးမှုနဲ့ တွဲပြီး ပြုလုပ်လေ့ရှိပါတယ်။ HPV ဟာ လိင်မှ တစ်ဆင့်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး အချို့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားနိုင်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို ဘယ်အချိန်မှ စပြီး ပြုလုပ်ရမလဲဆိုတာနဲ့ ဘယ်လောက်တစ်ကြိမ် ပြုလုပ်ရမလဲဆိုတာကို သင်နဲ့ သင့်ဆရာဝန်က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်တွေဟာ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို အသက် ၂၁ နှစ်မှာ စတင်စစ်ဆေးစေပြီး နှစ်နှစ်ခြား (သို့) သုံးနှစ်ခြား (သို့) ငါးနှစ်ခြားတစ်ကြိမ် စစ်ဆေးစေတတ်ပါတယ်။သင့်မှာ ရောဂါဖြစ်နှုန်းများစေတဲ့ အချက်တွေ ရှိမယ်ဆိုရင်တော့ သင့်ဆရာဝန်က သင့်ဘယ်အသက်အရွယ်ပဲ ဖြစ်ပါစေ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို မကြာခဏ လုပ်ခိုင်းနိုင်ပါတယ်။ ဒီအချက်တွေကတော့။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ သင့်မှာ ရှိတဲ့ အချက်တွေပေါ်မူတည်ပြီး ဘယ်အရာကအကောင်းဆုံးလဲဆိုတာ သိရှိဖို့ သင်နဲ့ သင့်ဆရာဝန်ဟာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ယေဘုယျအားဖြင့် အဖွဲ့အစည်းတွေက ပထမဆုံး သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို အသက် ၂၁ နှစ်အရွယ်မှာ ပြုလုပ်ဖို့ သဘောတူညီထားကြပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ပုံမှန်အဖြေရခြင်းဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ် သို့ သားအိမ်ခေါင်းကင်ဆာ မဖြစ်ဘူးလို့ လုံးဝ ပြောနိုင်ခြင်း မရှိပါဘူး။ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ရှိနေရက်နဲ့ စစ်ဆေးမှုက မတွေ့ရှိတာ ဖြစ်နိုင်ပါတယ်။ ဆက်တိုက် ပုံမှန် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း အဖြေမှာ မရှိဘူးလို့ သုံးကြိမ်ရရှိခြင်းဟာ အဖြေမှားယွင်းနှုန်း (မှားယွင်းပြီး မရှိဘူးလို့ အဖြေထွက်နိုင်တဲ့နှုန်း)ကို လျော့ကျစေနိုင်ပါတယ်။ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေမရှိပဲနဲ့လည်း စစ်ဆေးမှုက ရှိတယ်လို့ (မှားယွင်းပြီး ရှိတယ်လို့) အဖြေထွက်နိုင်ပါတယ်။ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း အဖြေရဲ့ ရလဒ်ကိုသိရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း အဖြေ ပုံမှန်ပုံမှန်မဟုတ်တဲ့သူတွေ (သို့) အသက် ၃၀ ထက်ကြီးတဲ့အမျိုးသမီးတွေမှာ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေတတ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ HPV ကိုပါ စစ်ဆေးလေ့ရှိပါတယ်။ HPV အချို့အမျိုးအစားတွေဟာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်ပါတယ်။ HPV စစ်ဆေးမှုကို သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း နဲ့ တစ်ကြိမ်တည်း (သို့) တစ်ခုပြီးမှ တစ်ခု ပြုလုပ်တာမျိုး ဖြစ်နိုင်ပါတယ်။ HPV စစ်ဆေးမှု အဖြေဟာ သင့်မှာ အခြားစစ်ဆေးမှုတွေ၊ ကုသမှုတွေ လိုအပ်နေသေးလားဆိုတာ ဆရာဝန်တွေက ဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုတစ်ခုတည်းကို dysplasia (သို့) သားအိမ်ခေါင်းကင်ဆာကို အတည်ပြုဖို့ အသုံးမပြုပါဘူး။ အခြားစစ်ဆေးမှုတွေဖြစ်တဲ့ သားအိမ်ခေါင်းမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း လိုအပ်နိုင်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ဟာ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ (သို့) သားအိမ်ခေါင်းကင်ဆာမဟုတ်တဲ့ အခြားကင်ဆာတွေကို အတည်ပြုဖို့ အသုံးမပြုနိုင်ပါဘူး။ တကယ်လို့ လိင်မှတစ်ဆင့်ကူးစက်ရောဂါ တစ်ခုခုလို့ သံသယရှိတယ်ဆိုရင် ရောဂါအတည်ပြုဖို့ အခြားတိကျသေချာတဲ့ စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။မိန်းမကိုယ်ကို မိမိကိုယ်တိုင် စစ်ဆေးခြင်း ဟာ မိမိ ကိုယ်ခန္ဓါ အကြောင်း တိကျသေချာစွာ သိရှိစေဖို့ ကူညီပေးပြီး ပုံမှန်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ သိစေကာ ကူးစက်ရောဂါတွေရဲ့ စောစီးတဲ့ လက္ခဏာတွေ (သို့) အခြားပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို သိရှိစေတာမို့ ဆရာဝန်နဲ့ ပြသမှု လိုအပ်ခြင်းကို ဖေါ်ပြပေးနိုင်ပါတယ်။ ဒီလိုကိုယ်တိုင်စစ်ဆေးခြင်းကို ပုံမှန် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ၊ တင်ပါးဆုံအောက်ပိုင်း စစ်ဆေးခြင်းတို့နဲ့ အတူ ပြုလုပ်နိုင်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းကို အထိရောက်ဆုံးဖြစ်စေဖို့ စစ်ဆေးမှုမပြုလုပ်ခင် အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို ရာသီလာနေစဉ် ပြုလုပ်ခြင်း မလုပ်သင့်ပါဘူး။ စစ်ဆေးမှု ပြုလုပ်နိုင်ပေမယ့် တတ်နိုင်ရင် ရာသီလာချိန်ကို ရှောင်ကြဉ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်းဟာ ရိုးရှင်းပြီး လျင်မြန်တဲ့ စစ်ဆေးမှု ဖြစ်ကာ ဆရာဝန် သို့ သားဖွားမီးယပ်ဆရာဝန်က ပြုလုပ်လေ့ရှိပါတယ်။စစ်ဆေးနေစဉ်မှာ ဆရာဝန် (သို့) ဆရာမဟာ speculum လို့ ခေါ်တဲ့ ဘဲနှုတ်သီးပုံစံ ကိရိယာကို မိန်းမကိုယ်အတွင်းကို ညင်သာစွာ ထိုးသွင်းပြီးကြည့်ရှုမှာဖြစ်ပြီး ဒါမှသာ သားအိမ်ခေါင်းကို သေချာစွာမြင်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ သေးငယ်တဲ့ spatula (သို့) ဘရက်ရှ် တစ်ခုကို သားအိမ်ခေါင်းက ဆဲလ်တွေ ပါလာအောင် ယူမှာဖြစ်ပါတယ်။ ဒီဆဲလ်တွေကို ဖန်ပြားပေါ်တင်ပြီး ဓါတ်ခွဲခန်းကို ပို့မှာ ဖြစ်ပါတယ်။ အဖြေတွေကို တစ်ပတ်အတွင်း ရနိုင်ပါတယ်။သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ဟာ သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်နိုင်ပေမယ့် နာကျင်ခြင်းတော့ မရှိပါဘူး။ တကယ်လို့ နာကျင်တယ်ဆိုရင် ဆရာဝန်၊ ဆရာမ၊ သားဖွားမီးယပ်ဆရာဝန်ကို ပြောပြသင့်ပါတယ်။တခါတရံမှာ ဓါတ်ခွဲခန်းက ဆဲလ်တွေဟာ ကျေနပ်ဖွယ်မရှိပဲ နောက်ထပ် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ထပ်စစ်ခိုင်းနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ စစ်ဆေးမှုအဖြေက ပုံမှန်မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ ဆဲလ်အနည်းငယ်သာ ပါရှိခြင်း (သို့) ဆဲလ်တွေကို သွေး (သို့) အကျိအချွဲတွေနဲ့ ကာနေတာ ဖြစ်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/pap-test-%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%81%e1%81%bd%e1%80%bc%e1%80%b2%e1%80%b1%e1%80%bb%e1%80%99/
အသည်းကင်ဆာ ကုသမှုအတွင်း အာဟာရဆိုင်ရာ ကုထုံးများ
အသည်းကင်ဆာကုသမှုများတွင် မလိုလားအပ်သောဆိုးကျိုးများစွာရှိသည်။ မအီမသာဖြစ်ခြင်း၊ အစားအစာများအရင်ကကဲ့သို့ အရသာမရှိတော့ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းသည် ကျန်းမာသောစားသောက်မှုကိုထိန်းသိမ်းရန် ခက် ခဲစေသည်။ လက်မြောက်အရှုံးမပေးသင့်ပါ။ စိတ်ဓါတ် တက် ကြွအောင်နေပြီးအသည်းကိုထောက်ပံ့ပေးသောကျန်းမာသောအစားအစာများကိုစားသုံးရန် အရေးကြီးသည်။ ကျန်းမာသောအစားအစာများစားသုံးရန် နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါသည်။အသည်းအတွက် စားသောက်မှုပုံစံကိုမကျင့်သုံးမီအသည်းအကြောင်းပိုမိုနားလည်အောင် ပြုလုပ်ရအောင်။ အသည်းသည် ခန္ဓါကိုယ်မှ အစာခြေခြင်း၊ သွေးတွင်း အန္တရာယ်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားခြင်း နှင့် စွမ်းအင်ကိုနောက်ပိုင်းတွင် ပြန်လည် သုံးစွဲနိုင်ရန် သကြားအဖြစ် သိမ်းဆည်းခြင်းစသည်တို့တွင် ကူညီပေးသောအရေးပါသောကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည်အစာခြေသောလုပ်ငန်းတွင် ကူညီပေးသောသည်းခြေရည်ကိုထုတ်ပေးပါသည်။အသည်ကင်ဆာဖြစ်ပါကအသည်း၏ လုပ်ငန်းများပျက် ပြားပါသည်။ ခန္ဓါကိုယ်တစ်လျှောက် အန္တရာယ်ရှိသောသက်ရောက်မှုများကိုဖြစ်စေသည်။ ရောဂါ ပျံ့ပွားမှု အခြေအနေကို နှေးစေသောအကောင်းဆုံးနည်းလမ်းမှာအသည်းကိုကျန်းမာစေသောအစားအစာများစားသုံးခြင်း ဖြစ်သည်။အစားအစာပိရမစ်ပုံကိုကြည့်ပါကကျန်းမာရေးအတွက် လိုအပ်သောအာဟာရ ၅မျိုးရှိကြောင်း သိနိုင်သည်။ ဗီတာမင်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ပရိုတိန်း နှင့် အဆီပါသောအစားအစာတို့ဖြစ်သည်။ ထပ်ပေါင်း၍ သင်သည် ရှင် သန်ရန် အရည်များသောက်ရန် လိုအပ်သည်။ အောက်ပါ ဥပမာများကိုလိုက်နာခြင်းအား၍ အသည်းကင်ဆာဖြင့် ကျန်းမာစွာနေထိုင်နိုင်သည်။အသည်း၏ လုပ်ငန်းသည် ခန္ဓါကိုယ်အတွက် အဆိပ် အတောက်ဖြေရန် ဖြစ်သည်။ အသည်းကင်ဆာဖြစ်ပါကအစားအစာမှ ဓါတုပစ္စည်းများ၊ အဆိပ်အတောက်များဖယ်ရှားရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် အသည်းကင်ဆာရှိ ပါကဓါတုပစ္စည်းများများစွာပါဝင်သောအစားအစာများ၊ အသင့်ပြုလုပ်ပြီးသောအစားအစာများကိုရှောင်ရှားသင့် သည်။ ပိုးသတ်ဆေးများ၊ အချို့ ဓါတ်မြေသြဇာများအသုံးမပြုထားသော၊ မျိုးဗီဇကို ပြုပြင် ပြောင်းလဲမထားသောစိတ်ချရသောသဘာဝအစာများကိုရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များတွင် phytonutrients ဟုခေါ်သောသဘာဝပစ္စည်းများရှိသည်။ ထိုပစ္စည်းများသည် နည်းလမ်းများစွာဖြင့် သင်၏ ကိုယ်ခံအားစနစ်ကိုသန်မာစေသည်။ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များသည် ဓါတ်တိုးဆန့်ကျင်အာနိသင်များပါဝင်သည်။ ၎င်းတို့သည် ရောင်ရမ်းမှုကိုကျစေသောလမ်းကြောင်းများဖန်တီးခြင်း၊ အကျိတ်များသို့ သွေးထောက်ပံ့မှု ပိတ်ခြင်း၊ ကင်ဆာဆဲလ် များကိုပျက်စီးစေခြင်း၊ ခန္ဓါကိုယ်အားအဆိပ်အတောက် ပြယ်စေခြင်းစသည်တို့အတွက် လိုအပ်သောအရေးကြီးသောပစ္စည်းများဖြစ်သည်။ ဖြစ်နိုင်ပါကရာသီအတွင်းထွက် သော၊ ဒေသထွက် ထုတ်ကုန်များကိုရွေးချယ်ပါ။သင်သည် တစ်ပတ်အတွင်းမတူညီသောအသီးအနှံ များနှင့် ဟင်းသီးဟင်းရွက်များကိုအလှည့်ကျ စားသုံး နိုင်သည်။ တစ်နေ့တွင် ဘာတွေစားနိုင်သည်ကိုအကြံပြုချက် အချို့မှာအောက်ပါအတိုင်းဖြစ်သည်။အသင့်ပြုလုပ်ပြီးအစာများစားမိပါကသက်သာသာသာမရှိဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်းသို့မဟုတ် အစာအိမ်အောင့် ခြင်းတို့ ဖြစ်နိုင်သည်။ အစာအိမ်နာပါကဂျင်းသည် အစာအိမ် ကိုသက်သာစေသည်။ကောက်ပဲသီးနှံ အစေ့များတွင် အမျှင်ဓါတ်၊ phytonutrients နှင့် အခြားဗီတာမင်များ၊ သတ္ထုဓါတ်များပါဝင်သည်။ ထိုအာဟာရများဖြင့် သင့်ခန္ဓါကိုယ်သည် ကင်ဆာကုသမှုခံယူနေစဉ်နှင့် ခံယူအပြီးအသည်းကင်ဆာကိုတိုက်ထုတ်နိုင်ရန် သန်မာသောကိုယ်ခံအားစနစ်ကိုတည်ဆောက်နိုင်သည်။ဈေးဆိုင်သို့သွားပါကကောက်ပဲသီးနှံအစေ့များ၊ ဆန် ညိုများ၊ ဂျုံခေါက်ဆွဲခြောက်၊ ပေါင်မုန့်၊ မုန့်ကြွပ် နှင့် ဂျုံပါသောဒိန်ချဉ်တို့ကိုရွေးချယ်ဝယ်ယူပါ။ မုယောစပါးကဲံ့သို့သောအစေ့များကိုဝယ်စားပါ။ သင်စားသောအစားအစာသည် ဂျုံပါမပါကိုအစာ၏ တံဆိပ်ကိုစစ် ဆေးခြင်းဖြင့် သိနိုင်သည်။ တံဆိပ်တွင် “၁၀၀ ရာခိုင်နှုန်းဂျုံ ဖြင့် လုပ်သည်’’ နှင့် အနည်းဆုံးအမျှင် ၅ဂရမ်ပါသည်ဟု ရေးထားသည်။ပရိုတိန်းဟုဆိုပါကအသားကိုစဉ်းစားမိလိမ့်မည်။ အသည်းကင်ဆာရှိပါကမှန်ကန်သောအသားကိုရွေးချယ် ခြင်းသည် သင့်အားပို၍ သက်သာစေသည်။ ပရိုတိန်းသည် ခန္ဓါကိုယ်ရှိ ဆဲလ်များအားလုံး၏ ဖွံ့ဖြိုးမှုနှင့် ပြန်လည် တည် ဆောက်မှုတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်။ သွေးနီဥများ၊ သွေးဖြူဥများ၊ ကြွက်သားများနှင့် ဟော်မုန်းများစသည်တို့အားလုံးပါဝင်သည်။ပရိုတိန်းကိုရွေးချယ်ရာတွင် ကျစ်လစ်သောအရည် အသွေးကောင်းသောရင်းမြစ်ကိုရွေးချယ်ပါ။ ဖြစ်နိုင်ပါကအမဲသား၊ သိုးသား၊ ဝက်သားစသောအဆီများသောအသားများကိုရှောင်ကြဉ်၍ ငါး၊ ပဲသို့မဟုတ် ကြက်၊ ဘဲစသည်တို့ ကိုရွေးချယ်ပါ။အခြားကျန်းမာရေးနှင့်ညီညွတ်သောပရိုတိန်းရင်းမြစ် များမှာကျစ်လစ်သောနီသောအသား၊ အဆီနည်းသောသို့မဟုတ် မပါသော နို့ထွက်ပစ္စည်းများ (နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ)၊ ဥများ၊ ပဲနို့၊ အခွံမာသီး နှင့် ထောပတ်၊ ပဲ နှင့် ပဲတောင့်သီးတို့ဖြစ်သည်။ ထပ်ပေါင်း၍ပြောရသော် ထိုအစာများကိုဘယ်လို ပြင်ဆင်ရာရမည်ကိုဂရုစိုက်ပါ။ ကြော်ခြင်းထက် ဖုတ်ခြင်း၊ မီးကင်ခြင်းကပို၍ ကျန်းမာရေးနှင့် ညီညွှတ် သည်။ဆရာဝန်များသည် ပြည့်ဝဆီ နှင့် ကူပြောင်းဆီနည်းပြီးအိုမီဂါသရီး နှင့် မပြည့်ဝဆီပါသောအစားအစာများစားခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်သည်ဟုထောက်ခံကြသည်။ ထိုအဆီများသည် အထူးသဖြင့် ကင်ဆာလူနာများတွင် အရေးကြီးသည်။ ခန္ဓါကိုယ်သည် စွမ်းအင်ထုတ်ရန် အဆီရရှိရန် ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွှတ်သောမပြည့်ဝဆီ နှင့် အိုမီဂါသရီး၊ မပြည့်ဝဆီပါဝင်သောအစေ့ နှင့် အပင်မှရသောဆီများစသည်တို့ ကြွယ်ဝစွာပါသောအစားအစာများကိုစားသုံးပါ။ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီပါဝင်သောအစားအစာများကိုလျော့စားပါ။ ၎င်းတို့သည် ကျန်းမာရေးနှင့် မညီညွှွတ်ဘဲ နှလုံးနှင့် သွေးလှည့်ပတ်ခြင်းကိုဝန်လေးစေသည်။ကျန်းမာရေးနှင့်ညီညွှတ်သောအဆီများကိုအောက်ပါ တို့မှ ရနိုင်သည်။အောက်ပါတို့ကိုရှောင်ပါ။အရွယ်ရောက်သူတစ်ယောက်၏ ခန္ဓါကိုယ်တွင် ရေလေးပုံသုံးပုံပါဝင်သည်။ ထို့ကြောင့် အရည်များသည် သင်၏ အထွေထွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ အရည်များမရှိပါကသင်သည် ရေဓါတ်ခန်းခြောက်လာကာသင်၏ ဇီဝကမ္မဖြစ်စဉ်များယိုယွင်းပြီး ခန္ဓါကိုယ်မှ အဆိပ် အတောက်မှ စွန့်ထုတ်မှုကိုလျော့ကျစေသည်။ အရည်များလိုအပ်မှုသည် နေ့စဉ် သင့်လှုပ်ရှားမှုအပေါ်မူတည်၍ ကွဲပြားပါသည်။ ရေ ၂၅၀ မီလီလီတာရှိသောရေ ၈ခွက် သောက်ရန် လိုအပ်ပါသည်။အရည်ဆိုသည်မှာကဖင်းဓါတ်ပါဝင်သောအရည်၊ အရက် ပါဝင် သောသောက်စရာများမှလွဲ၍ အရည်ပုံစံရှိသောအရာအားလုံးကိုခေါ်ပါသည်။ သင့်တွင် ရွေးချယ်စရာများစွာရှိသည်။အသည်းသည် အလုပ်လုပ်ရန် ဗီတာမင်များစွာလိုအပ်ပါ သည်။ အသည်းကင်ဆာ ဖြစ်ပါကသင် ကျန်းမာအောင် ဗီတာမင် လုံလောက်စွာထောက်ပံ့ပေးရန် လိုအပ်ပါသည်။ဗီတာမင် ဖြည့်စွက်စာများမစားခင် ဆရာဝန်နှင့် တွေ့ဆုံ ပြီးဗီတာမင်၊ ဆေးဖက်ဝင် နှင့် အခြား ဖြည့်စွက်စာအကြောင်းတိကျသောအချက်များကိုရယူပါ။ သင်၏ လက်ရှိ ဆေးကုသမှုအစီအစဉ်ဖြင့် ကိုက်ညီသောအစားအသောက်များအကြောင်းသိရှိရန် လိုအပ်ပါသည်။သင်၏ အစားအသောက် ပုံစံကိုနေ့စဉ် သုံးကြိမ် ကြီးကြီးမားမားစားမည့်အစားနည်းနည်းဖြင့် ၆-၈ ကြိမ်အထိစားသင့်သည်။ ထို့အပြင်သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများ၊ အရည်များကိုသင့်ဆရာဝန် ညွှန်ကြားချက်အတိုင်းထည့်၍ စားသုံးသင့်သည်။Translated by ZinWai Yan Linn။Hello Health Group does not provide medical advice, diagnosis or treatment.။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%be%e1%80%af%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8/
Bronchoscopy (လေပြွန် မှန်ပြောင်းစစ်ဆေးခြင်း)
အသက်ရှူလမ်းကြောင်းအတွင်းမှန်ပြောင်းဖြင့် စစ်ဆေးခြင်းဆိုတာဟာအသက်ရှူလမ်းကြောင်းအတွင်းပိုင်းကိုစစ်ဆေးဖို့ ကင်မရာနဲ့ အလင်းရောင်ပါတဲ့ ပြွန်ငယ်ကိုအသက်ရှူလမ်းကြောင်းကနေထည့်သွင်းပြီးစစ်ဆေးရတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ လည်ချောင်း၊ အသံအိုး၊ လေပြွန်ဝ၊ လေပြွန် စတာတွေကိုစစ်ဆေးပါတယ်။ဆရာဝန်ဟာ သင့်မှာအဆုတ်နဲ့ လေပြွန်ဆိုင်ရာရောဂါတခုခုရှိမယ်ထင်ရင်၊ ရင်ခေါင်းထဲမှာ ပြန်ရေကြောနဲ့ ပတ်သက်တဲ့ ပြသနာတခုခုရှိမယ်ထင်ရင် ဒီနည်းနဲ့စစ်ဆေးဖို့ ညွှန်ကြားပါလိမ့်မယ်။ တခါတရံမှာရောဂါတချို့ကို (ဥပမာ ပြင်ပပစ္စည်းတခုခု ရှိုက်သွင်းမိတာ) ကုသဖို့ ဒီနည်းကိုအသုံးပြုပါတယ်။သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ပြဿနာတွေမှာမှန်ပြောင်းထည့်သွင်းကုသဖို့ ညွှန်ပါလိမ့်မယ်။များသောအားဖြင့် ဘေးကင်းတဲ့ စစ်ဆေးခြင်း ဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာရှားပေမယ့် ဆရာဝန်ဟာ ဖြစ်နိုင်ခြေတွေအတွက် သင်နဲ့ ဆွေးနွေး ပါလိမ့်မယ်။ဒီစစ်ဆေးခြင်းကိုမခံယူနိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဥပမာသက်သာပျောက်ကင်းနိုင်တဲ့ အခြေအနေမရှိတော့တဲ့အခါနဲ့ တခါတရံစစ်ဆေးမှု မအောင်မြင်ဘဲရောဂါရှာဖွေမှုအတွက် အထောက်အကူမပြုတော့တဲ့အခါ ဖြစ်ပါတယ်။ အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲပြသနာတွေ ရှားပေမယ့် စစ်ဆေးခြင်းနောက်ပိုင်းအောက်ပါ ပြသနာတွေ ဖြစ်ပွားနိုင်ပါသေးတယ်။ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။ဒီစစ်ဆေးမှုကိုမခံယူခင် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။မှန်ပြောင်းမကြည့်ခင် ၆-၁၂ နာရီအတွင်းအစားအစာမစားရပါ။ အရည်မသောက်ရပါ။Asprin၊ Ibuprofen နဲ့ တခြားသွေးကျဲဆေးတွေ မသောက်ရပါ။ ဒီဆေးတွေကိုဘယ်အချိန်မှာရပ်ရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ဆေးရုံအသွား၊ အိမ်အပြန်ကိုကားမောင်းပို့ပေးဖို့ တယောက်ယောက်ကိုအကူအညီတောင်းပါ။သင့်အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေအတွက် တယောက်ယောက်ကိုအကူအညီတောင်းပါ။ မှန်ပြောင်းကြည့်ပြီးတဲ့နောက် ရက်အနည်းငယ် အနားယူရမှာကြောင့် ဖြစ်ပါတယ်။လိုအပ်ရင် ဆရာဝန်ဟာ သင့်ကိုသက်တောင့်သက်သာ ဖြစ်အောင် အိပ်ဆေးပေးကောင်းပေးနိုင်ပါတယ်။မှန်ပြောင်းကြည့်တာဟာ၁၅မိနစ်ခန့် ကြာနိုင်ပါတယ်။ဆရာဝန်ဟာ နူးညံ့တဲ့ပြွန်ချောင်းလေးကို နှာခေါင်းပေါက်ကတဆင့် ထည့်သွင်းပါလိမ့်မယ်။ မှန်ပြောင်းကိုသု့းပြီးအသက်ရှူလမ်းကြောင်းကိုစစ်ဆေးပါလိမ့်မယ်။ ရောဂါရှာဖွေရာမှာပိုပြီးတိကျအောင် မသင်္ကာတဲ့နေရာကနေအသားစယူပါလိမ့်မယ်။ ဒါ့အပြင် အဆုတ်ထဲကို အရည်တချို့ ထည့်သွင်းကာ ပြန်လည်စုပ်ယူပြီးအဆုတ်အတွင်းကစစ်ဆေးလိုတဲ့ ဆဲလ်တွေကိုအတူပါလာစေပါလိမ့်မယ်။သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။အိပ်ဆေးအရှိန်ဟာ ၂နာရီလောက်ကြာရင် ပြယ်လာပါလိမ့်မယ်။မှန်ပြောင်းကြည့်စဉ် ဘာတွေတွေ့တယ်၊ ဘယ်လိုကုသရမယ်ဆိုတာသင့်ကိုပြောပြဆွေးနွေးပါလိမ့်မယ်။အောက်ပါအချက်တွေကိုသတိရပါ။တခြားညွှန်ကြားထားတာ မရှိရင် နောက်တရက်မှာ အလုပ်ပြန်သွားနိုင်ပါတယ်။ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/bronchoscopy-%e1%80%b1%e1%80%9c%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9-%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%85/
ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ
အသားအရေကျန်းမာလှပမှုက အရွယ်တိုင်းအတွက် အရေးပါပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းအရင်းက အသားအရေကရုပ်သွင်ပြင်ကို အလှတိုးစေသလို ကိုယ်တွင်းကိုရောဂါပိုးတွေဝင်ရောက်မလာစေဖို့ တားဆီးပေးထားတဲ့ ခံတပ်ကြီးတစ်ခုမို့ပါ။ဒီလို အသားအရေ ကျန်းမာလှပစေဖို့ဆိုတဲ့နေရာမှာ လိုက်နာရမယ့် အချက်တွေကလည်း ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ဆယ်ကျော်သက်အရွယ်သားသားမီးမီးတို့ အသားအရေ လှပစေဖို့အတွက် ဘယ်လိုအလေ့အထလေးတွေကို လိုက်နာသင့်လဲဆိုတာကို ပြောပြပေးမယ်နော်။နုရွယ်ပျိုမြစ်တဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး အရွယ်ရသည်အထိ အသားအရေ လှပစေဖို့ဆိုရင် အခုလို အလေ့အထလေးတွေကို ပျိုးထောင်ဖို့ လိုပါမယ်။မျက်နှာသစ်တာက အသားအရေ ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်ပါ။မျက်နှာကို သေချာသန့်စင်ပေးတာက အသားအရေကို ကျန်းမာစေပြီး အရွယ်မတိုင် အိုမင်းတာနဲ့အသားအရေ ထိခိုက် ပျက်စီးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဒီတော့ မျက်နှာကို အသားအရေ နဲ့ လိုက်ဖက်တဲ့မျက်နှာသစ်ဆေးကို ရွေးချယ်လို့ သေချာလေး သန့်စင်ပေးပါ။ မျက်နှာသစ်တာကမနက်ခင်းကိစ္စတင် မဟုတ်ပါဘူး။ ညဘက် အိပ်ရာမဝင်ခင်မှာလည်း မျက်နှာကို အသေအချာ သန့်စင်ဖို့ လိုပါမယ်။ ဒါမှအိပ်စက်နေချိန်မှာ အသားအရေက အကောင်းဆုံး ပြုပြင်မှုတွေ လုပ်ဆောင်နိုင်မှာပါ။ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ ညဘက် အိပ်ရာမဝင်ခင်မှာ မိတ်ကပ်တွေကို သေချာ သန့်စင်ပါ။ ဒါမှ အသားအရေကဝက်ခြံကင်းပြီး ကျန်းမာမှာပါ။အရွယ်မတိုင်ခင် အိုမင်းတာကိုလည်း ကာကွယ်ရာရောက်ပါတယ်။အသားအရေကို သန့်စင်ပြီးတိုင်းမှာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးတဲ့အနေနဲ့ အစိုဓာတ် ပြန်ဖြည့်ပေးဖို့ လိုပါမယ်။ ဒီတော့ သဘာဝပစ္စည်းကနေ ထုတ်ထားတဲ့အစိုဓာတ်ထိန်းခရင်မ်ကို ခပ်ပါးပါးလေး လိမ်းပေးဖို့ မမေ့ပါနဲ့။ရေသောက်တာက အသားအရေကို ကျန်းမာလှပစေဖို့ အတော်လေး အထောက်အပံ့ပေးနိုင်တာပါ။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အသားအရေကခြောက်သွေ့မှုကင်းပြီး ဝက်ခြံထွက်နိုင်ခြေလည်း နည်းပါတယ်။ အသားအရေ တင်းတင်းရင်းရင်းလေးနဲ့ ကျန်းမာ လှပနေမှာပါ။ဒီတော့ အသားအရေ ကျန်းမာလှပစေဖို့ တစ်နေ့ကို ရေ ၈ ခွက်သောက်ပါ။အသားအရေ ကျန်းမာလှပဖို့ဆိုတဲ့နေရာမှာ အိပ်ရေးဝဖို့ကလည်း လိုအပ်တဲ့ အချက်တစ်ခုပေါ့။ ဒီတော့ အသားအရေကို ဂရုစိုက်တဲ့ အနေနဲ့ ညဘက်တွေမှာ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လျှော့လို့ အိပ်ချိန် ၈ နာရီ ပြည့်အောင် အိပ်စက်ပါ။လေ့ကျင့်ခန်း လုပ်တာကသွေးလည်ပတ်မှုကောင်းစေပြီး စိတ်ရော ကိုယ်ပါ ကျန်းမာစေသလို အသားအရေ ကျန်းမာလှပစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ဒီတော့ တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက်ကနေစပြီး ၄၅ မိနစ်လောက်အထိ လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးပါ။ဆယ်ကျော်သက်တွေရဲ့ အသားအရေကို အဓိက ထိခိုက်စေတာက နေရောင်ပါ။ ဒါကြောင့် နေ့ခင်း အပူချိန် မြင့်တဲ့အချိန်မှာ အရိပ်ထဲမှာပဲနေပါ။ မဖြစ်မနေ အပြင်သွားချင်တယ်ဆိုရင်နေလောင်ကာခရင်မ်လိမ်းပါ။ ထီးဆောင်းပါ။ နေရောင်ဒဏ်ကနေ သေချာ ကာကွယ်သွားပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-healthy-habits-for-teenager/
ရင်ပူတာကို သက်သာစေဖို့ အစားအသောက်၊အနေအထိုင်တွေ ဘယ်လိုပြောင်းလဲမလဲ
ရင်ညွန့်နေရာလောက်မှာ မီးစနဲ့ ထိုးထားသလို ပူနေတာမျိုး ဖြစ်ဖူးပါသလား။ အများအားဖြင့် ထမင်းတွေအများကြီး စားပြီးချိန်မှာ ဒါမျိုးဖြစ်လေ့ရှိပြီး တော်တော်နဲ့လည်း မပျောက်သွားပါဘူး။ ဒီလိုမျိုး ပူနေတာကို အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတာ လို့ ခေါ်ပါတယ်။ရင်ပူတာဟာ အစာစားပြီးနောက်ဖြစ်တတ်ပါတယ်။ အစာအိမ်ထဲက အစာတွေ အပေါ်ကို ဆန်တက်ပြီး အစာရေမြိုထဲရောက်ရှိကာ ရင်ညွန့်ရိုးအနောက်နားလောက်မှာ ပူနေတာပဲ ဖြစ်ပါတယ်။သင်အစာမြိုချတဲ့အခါ အစာရေမြိုကြွက်သားတွေဟာ ဖြေလျှော့ပေးပြီး အစာတွေကို အစာအိမ်ထဲ ဆင်းသွားစေပါတယ်။ ပြီးရင်တော့ အစာတွေ အပေါ်ကို ဆန်တက်လာမှာကို ကာကွယ်ဖို့အတွက် ကြွက်သားတွေကို ပြန်ညှစ်ပြီး တင်းထားလိုက်ပါတယ်။အဆိုပါ ကြွက်သားတွေ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပြီး ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ အစာချေရည်တွေ ဆန်တက်တာ အလွယ်တကူ ဖြစ်ပေါ်လာပါတော့တယ်။ရင်ပူတာဟာ ဘယ်သူမဆို ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုပေမယ့် ဆေးကုသဖို့ လိုအပ်တဲ့ ပြင်းထန်ဆိုးရွားသော ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရင်ပူတာဟာလည်း မကုဘဲ ပစ်ထားလို့ရတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။ကာလရှည်ကြာစွာ ခံစားနေရပြီး မကုသဘဲ ထားမယ်ဆိုရင် အစာအိမ်ထဲက အက်ဆစ်ရည်တွေဟာ အူနံရံလမ်းကြောင်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ သင့်ရဲ့ စားသောက်နေထိုင်မှုပုံစံတွေကို ပြောင်းလဲခြင်းဟာ ရင်ပူတာကို ထိန်းချုပ်နိုင်မယ့် အလွယ်ဆုံးသော နည်းလမ်းဖြစ်ပါတယ်။ဆိုလိုတာကတော့ သင့်ရောဂါလက္ခဏာတွေကို ပိုဆိုးစေတဲ့ အရာတွေ၊အစားအစာတွေနဲ့ အပြုအမူတွေကို ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။ရင်ပူတယ်ဆိုတာဟာ အစာအိမ်ကနေ စတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ရင်ပူတာကို ရှောင်ကျဉ်နိုင်ဖို့ဆိုရင် သင့်အစားအသောက်တွေကို ပြောင်းလဲရပါမယ်။ အဓိကသော့ချက်က အစာအိမ်နဲ့ အူလမ်းကြောင်းပေါ်ကို ဖိအားတွေ များမလာစေဖို့ဖြစ်ပြီး ရောဂါပိုဆိုးစေတဲ့ အစားအသောက် နဲ့ အပြုအမူတွေကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။·ထမင်းအများကြီး မစားပါနဲ့။ မြန်မြန် မစားပါနဲ့။ တခါစားရင် နည်းနည်းချင်းစီပဲ စားပါ။ ဒါမှသာ အစာစားပြီးတဲ့အခါ အစာအိမ်ထဲမှာ အစာအနည်းငယ်သာ ရှိနေမှာဖြစ်ပြီး အက်ဆစ်တွေ ပြန်ဆန်တက်တာကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။·အက်ဆစ်ပြန်ဆန်တက်တာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေကို စာရင်းလုပ်ထားပါ။ ဒါမှသာ သူတို့ကို ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အစားအစာတွေကတော့ ကြက်သွန်နီ၊ပူဒီနာ၊ချောကလက်၊ကော်ဖီ၊ချဉ်တဲ့အသီးတွေ၊အသီးဖျော်ရည်တွေ၊ခရမ်းချဉ်သီး၊အဆီအဆိမ့်တွေ နဲ့ အပူအစပ်တွေပဲ ဖြစ်ပါတယ်။·ဆေးလိပ်ဖြတ်ပါ။ အရက်ကို အနည်းငယ်ပဲ သောက်ပါ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးမှာ ပါဝင်တဲ့ နီကိုတင်းဓါတ်ဟာ အစာရေမြိုကို ထိခိုက်စေတဲ့အတွက် အစာအိမ်ထဲက အက်ဆစ်တွေအနေနဲ့ အစာရေမြိုထဲကို လွယ်ကူစွာ ဆန်တက်ပြီး ဝင်သွားစေနိုင်ပါတယ်။·ဗိုက်ကို အရမ်းကြီးဖိမထားမိပါစေနဲ့။ ဆိုလိုတာက သင့်အနေနဲ့ အဝတ်ကြပ်ကြပ်တွေကို ရှောင်ကျဉ်ပြီး ပွပွချောင်ချောင် အဝတ်အစားတွေကိုပဲ ဝတ်သင့်တယ်လို့ ဆိုတာပါ။ ဒါ့အပြင် ကိုယ်အလေးချိန်ချဖို့လည်း ကြိုးစားသင့်ပါတယ်။ဒါမှသာ အစာအိမ်ပေါ် ဖိထားတဲ့ ဖိအားတွေ နည်းသွားမှာ ဖြစ်ပါတယ်။ သင်ဝလာလေလေ အစာအိမ်နဲ့ အူတွေပေါ် ဖိထားတဲ့ ဖိအားများလေလေ ဖြစ်ပါလိမ့်မယ်။·အစာစားပြီးပြီးချင်း လှဲအိပ်တာကို ရှောင်ပါ။သင့်အစာအိမ်ဟာ ရေဗူးဖြစ်တယ်လို့ သဘောထားလိုက်ရင် ရေဗူးကို လှဲထားလိုက်တဲ့အခါ ရေတွေထွက်ကုန်မယ်ဆိုတဲ့သဘောကို မြင်ကြည့်လို့ရပါတယ်။ ခေါင်းအုံးမြင့်မြင့်ကို အုံးပြီး သင့်ခေါင်းကို ခန္ဓါကိုယ်ထက် အနည်းငယ် မြင့်တဲ့ အနေအထားမှာ ရှိနေပါစေ။ ဒါမှသာ အက်ဆစ်တွေ ဆန်တက်တာကို ကာကွယ်နိုင်မှာပါ။ ခေါင်းပိုင်းကို မြှင့်ထားတာ အလုပ်မဖြစ်ဖူးဆိုရင် ခါးနေရာလောက်ကစပြီး မြင့်မြင့်ထားကြည့်ပါ။·လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဟာ အစာကြေလွယ်စေပါတယ်။ အလှုပ်အရှားနည်းရင်တော့ အစာချေရတာ ကြာမြင့်တဲ့အတွက် ရင်ပူတာကို ပိုဆိုးစေပါလိမ့်မယ်။ လမ်းလျှောက်တာ၊ရေကူးတာ၊ယောဂကျင့်တာ စတဲ့ သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေကို စမ်းကြည့်နိုင်ပါတယ်။·ဝလာတဲ့အခါ သင့်အစာအိမ်နားတဝိုက်ကို ဖိအားတွေ ပိုများလာစေတဲ့အတွက် သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။ ဖိအားတွေများလာရင် အစာချေရခက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဝနေပြီဆိုရင် ဝိတ်ချဖို့ အစီအစဉ်ဆွဲပါတော့။·ထမင်းစားပြီးတိုင်း ရေတခွက်အနည်းဆုံးသောက်ပါ။ ဒါမှ အစာရေမြိုထဲမှာရှိတဲ့ အက်ဆစ်တွေကို ဆေးချပစ်လိုက်နိုင်မှာ ဖြစ်ပါတယ်။·အရက်နဲ့ ဆေးလိပ်ကို ရှောင်ပါ။ အစာမစားခင်၊စားနေတုန်း နဲ့ စားပြီးချိန်တွေမှာ အရက်နဲ့ ဆေးလိပ်တွေကိုရှောင်ရမှာပါ။ ဘာလို့လဲဆိုတော့ အစာအိမ်ထဲက အစာနဲ့ အက်ဆစ်တွေ အပေါ်ကိုပြန်ဆန်တက်မလာအောင် ထိန်းချုပ်ပေးထားတဲ့ အစာရေမြိုဆန့်ကျုံ့ကြွက်သားကို ဆေးလိပ်နဲ့ အရက်တွေက အားနည်းစေတဲ့အတွက် ဖြစ်ပါတယ်။·ပီကေဝါးပါ။ပီကေဝါးခြင်းဟာ အစာချေခြင်းကို အားပေးပါတယ်။(ပူဒီနာ အနံ့အရသာမပါတဲ့) ပီကေတွေကို ဝါးပေးမယ်ဆိုရင် တံတွေးထုတ်လုပ်မှုကို များစေတဲ့အတွက် အစာအိမ်ထဲက အစာတွေ အူသိမ်ထဲမြန်မြန်ဆင်းသွားအောင် အားပေးကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်တံတွေးမှာ အက်ဆစ်တွေကို ဓါတ်ပြယ်ဖယ်ရှားပေးနိုင်တဲ့ အယ်လ်ကာလီဓါတ်တမျိုး (bicarbonate)လည်း ပါဝင်ပါသေးတယ်။ရင်ပူတဲ့ဝေဒနာဟာ ယေဘုယျအားဖြင့် အန္တရာယ်မရှိဖူးဆိုပေမယ့် အခြေအနေဆိုးလာရင် သင့်နေ့စဉ်လှုပ်ရှားသွားလာမှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဆရာဝန်ဆေးစာမပါဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဆေးတွေနဲ့ ကုသလို့ မသက်သာဖူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါပြီ။ သင့်ဆရာဝန်အနေနဲ့ သေချာစွာစစ်ဆေးစမ်းသပ်ပြီး သင့်အတွက် အကောင်းဆုံးဖြစ်စေမယ့် ကုသမှုကို ပေးပါလိမ့်မယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/heartburn/%e1%80%9b%e1%80%84%e1%80%b9%e1%80%95%e1%80%b0%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b1%e1%80%85%e1%80%96%e1%80%ad%e1%80%af%e1%82%95-%e1%80%a1/
9 ပတ်
9  ပတ် အရွယ်သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်။9 ပတ် တောင်ရှိလာပြီနော်။ ကလေးလေးရဲ့ ကြီးထွားနှုန်းက ပိုမြန်လာပါပြီ။ အခုဆို ချယ်ရီသီးအရွယ် ၂.၂ စင်တီမီတာလောက် ရှိနေပါပြီ။နှလုံးလေးကလည်း ဖွံ့ဖြိုးတာ ပြီးခါနီးနေပါပြီ။ နှလုံးအခန်း၄ခန်း ပြည့်သွားပါပြီ။ အဆို့ရှင်လေးတွေလည်း ပေါ်လာလို့ စပြီး ခုန်နေပါပြီ။ မေမေတွေ ဒီတိုင်းနားထောင်လို့ မကြားနိုင်ပေမယ့် Dopplerလို့ ခေါ်တဲ့ စက်တစ်မျိုးနဲ့ဆို ကြားနိုင်ပါတယ်။ဆရာဝန်က ကလေးရဲ့ နှလုံးခုန်သံကြားဖို့ဒီစက်ကို သုံးပါတယ်။ အဲဒီစက်နဲ့ နှလုံးခုန်သံကိုကြားရတဲ့အခါ မေမေတို့ရဲ့ကလေးလေးတစ်နေ့တစ်ခြား ကြီးပြင်းလာပြီဆိုတဲ့ စိတ်နဲ့ ပျော်နေမိကြမှာပါ။ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်။သူငယ်ချင်းတော်တော်များများက ကိုယ့်ကိုကိုယ်ဝန်ရှိမှ ပိုချောလာတယ်လို့ ပြောကြပါလိမ့်မယ်။ ဖြစ်နိုင်ပါတယ်။ ကလေးလေးကို အထောက်အပံ့ပေးဖို့ ခန္ဓာကိုယ်က သွေးစီးဆင်းမှု ပိုကောင်းလာလို့ပါ။ အဲဒါကြောင့် သွေးတွေက အရေပြားဆီရောက်လာပြီး နီနီရဲရဲလေး ဖြစ်နေတတ်ပါတယ်။ဒါပေမယ့်ခေါင်းမူးတာ၊ အားနည်းပြီး မူးချင်သလိုဖြစ်တာ၊ အရမ်းပူလာတာ၊ ချွေးထွက်များတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးက ဖြစ်တတ်တာတွေပါ။ လေ့လာတွေရှိချက်တွေအရ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေမှာဆို သားအိမ်ဆီသွားတဲ့ သွေးလွှတ်ကြောမှာ သွေး ၁၀၀ မီလီလီတာရှိပါတယ်။ ကိုယ်ဝန်ဆောင်စချိန်ဆို တစ်မိနစ်ကို ၁၂၀ မီလီမီတာရှိပြီး မွေးခါနီးဆို တစ်မိနစ်ကို ၃၅၀ မီလီမီတာလောက်ထိ များလာပါတယ်။မူးလာသလိုဖြစ်ရင် လှဲပြီးနားနေလိုက်ပါ။ ဂရုစိုက်ပေးကြပါနော်။ကိုယ်ဝန်ရှိနေပြီဆိုတာ သူများတွေကို စအသိပေးဖို့ ဘယ်အချိန်က အသင့်တော်ဆုံးဖြစ်မလဲ။ လေးလလောက်ထိစောင့်တာ ကောင်းပါတယ်နော် ။ အဲချိန်ဆိုကလေးလည်း ပျက်ကျနိုင်ချေနည်းပြီး မြဲပါပြီ။ အောက်က မေးခွန်းတွေကိုတော့ ပြင်ဆင်ထားသင့်ပါတယ်။ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြသင့်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို သတိထားပြီး လုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်ဝန်ရှိတဲ့အကြောင်း ကြိုပြောထားတာ ပိုကောင်းပါတယ်။ပျို့အန်တာက ပုံမှန်နီးပါးကိုဖြစ်နေရင်တော့ အလုပ်က အထက်အရာရှိကို ကြိုပြောထားတာ ပိုကောင်းပါတယ်နော်။ကိုယ်ကိုယ်တိုင်ရော ကလေးအတွက်ရော အဆင်ပြေအောင် မကြာခင် အနားယူရတော့မှာဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေကို အခုပြောပြလိုက်ကြရအောင်။ အဲဒါဆို မန်နေဂျာကလည်း ကိုယ့်အလုပ်တွေကို တခြားလူတွေကို လွှဲပေးလိုက်တော့ အန္တရာယ်ကင်းပြီး ကုမ္မဏီကိုလည်း အလုပ်မပျက်တော့ဘူးပေါ့။ဒါက အလုပ်အခြေနေပေါ်မူတည်ပါတယ်။ ကိုယ်ဝန်ရှိတာက အခန့်မသင့်ရင် အလုပ်ရော၊ အထက်အရာရှိနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ သူဌေးက ကိုယ်ဝန်ရှိတာကို လက်ခံပြီး အလုပ်အတွက် ညှိုနှိုင်းပေးမယ်လို့ထင်ရရင် စောစောပြောပြီး အလုပ်နားနိုင်တဲ့အခွင့်အရေးကို အရယူလိုက်ပါ။ ဒါကပိုပြီး ကျန်းကျန်းမာမာနဲ့ စိတ်ဖိစီးမှုနည်းနည်းနဲ့ မွေးဖွားလာဖို့ပါ။စိတ်မကောင်းစရာတစ်ခုကတော့ တချို့ဝန်ထမ်းတွေက ကိုယ်ဝန်ရှိတာကိုသိလည်း မသက်ညှာကြပါဘူး။ အထက်အရာရှိက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ပူရင်တော့ သတိထားပြီး စိတ်ရှည်ရှည်နဲ့ စောင့်ပေးပေါ့နော်။ကိုယ်ဝန်ရှိမှန်းသိသာလာတော့မှ ပြောကြတာပေါ့။ ကိုယ်ဝန်ဆောင်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အထက်အရာရှိရဲ့တုံ့ပြန်ပုံကို သိအောင်မေးမြန်းတာမျိုးလည်း လုပ်ကြည့်ကြပါနော်။ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ။ခေါင်းအရမ်းကိုက်နေရင်တော့ ကိုယ်ဝန်ရဲ့လက္ခဏာတွေကို အလူးအလိမ့် ခံစားနေရတာပါ။ သွေးထဲမှာကိုယ်ဝန်ဆောင်ဟော်မုန်းတွေ သိပ်များနေလို့ပါ။ အဲဒါက ခေါင်းကိုက်တာကို ပိုဆိုးစေပြီး နာကျင်မှုကိုလည်း ပိုစေပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ကုသမှုကို ခံယူနိုင်ဖို့ ဆရာဝန်ကို အသိပေးကြပါနော်။ခေါင်းကိုက်တာသက်သာအောင်လို့ ခေါင်းကိုက်စေတဲ့ အကြောင်းရင်းကို သိဖို့လိုပါတယ်။ ဒါမှ ရှောင်လို့ရမှာပေါ့ မဟုတ်ဘူးလား။ စိတ်ဖိစီးမှု၊ ချောကလက်တွေ၊ ချိစ်၊ ကော်ဖီတွေက ပိုဆိုးစေနိုင်ပါတယ်။ ဆူညံသံ၊ အလင်းရောင်စူးစူး၊ အနံ့ပြင်းပြင်းတွေကို ရှောင်ဖို့ တိတ်ဆိတ်ပြီး အလင်းရောင်မရှိတဲ့အခန်းမှာ နာရီအနည်းငယ်လောက် လှဲနေကြည့်ပါနော်။ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်။ကိုယ်ဝန်ဆောင်နိုင်တဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာ မိန်းမကိုယ်အနံ့ဆိုးထွက်တဲ့ရောဂါက အဖြစ်များပါတယ်။မိန်းမကိုယ်ထဲ ဘက်တီးရီးယားပိုးတွေ ဝင်လို့ဖြစ်ရတာပါ။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီး ၅ယောက်မှာဆို ၁ယောက်က ဒီရောဂါကိုခံစားရပါတယ်။ဒီရောဂါလက္ခဏာတွေကို မခံစားဖူးတာလည်း ဖြစ်နိုင်ပေမယ့် ခံစားနေရပြီဆိုရင်တော့ငါးညှီနံ့နံတဲ့ အဖြူ ဒါမှမဟုတ် ခဲရောင်အချွဲတွေ ဆင်းပါလိမ့်မယ်။ လိင်ဆက်ဆံပြီးရင် ဒီအနံ့က ပိုသိသာပါတယ်။ မိန်းမကိုယ်ယားတာတွေလည်း ဖြစ်တတ်ပါတယ်။ဒီရောဂါကကလေးပျက်ကျတာ၊ သန္ဓေသားကို ဝန်းရံထားတဲ့ အမြှေးပါပြဲတာတွေကို ဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်မှာရောဂါရှိနိုင်တဲ့ လက္ခဏာတွေဖြစ်နေရင် ဆရာဝန်ကို ချက်ချင်းပြောပြကြပါ။ ပဋိဇီဝဆေးတွေနဲ့ လွယ်လွယ်ကူကူ ကုလို့ရပါတယ်။ စောစောစီးစီးသိတာက ပျက်ကျနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ။ကိုယ်ဝန်ရှိနေတုန်း စိတ်ပူရမှာတွေ အများကြီးရှိမှာပေါ့။ အဲဒီထဲမှာ ဒါတွေလည်း ပါမှာပေါ့။ဖြန်းဆေးတွေမှာ အဓိကပါတာက ပိုးသတ်ဆေးတွေ၊ ဓာတုပစ္စည်းတွေဆိုတော့ ကိုယ်ဝန်ကို ဘေးဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေကို တိရစ္ဆာန်လေးတွေမှာပဲလုပ်ထားတာဆိုတော့ လူတွေမှာလည်း အဆိပ်ဖြစ်စေနိုင်တယ်လို့ ပြောဖို့ခက်ပါတယ်။ဒီအချက်ကိုလည်း သိပ္ပံပညာရှင်တွေ သက်သေပြထားတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ကာကွယ်ထားတာက အကောင်းဆုံးမို့ အိမ်မှာ အသားကင်တဲ့အခါကျရင် ခဏလောက် ရှောင်နေတာ ပိုကောင်းပါတယ်။ဒီလက်ဖက်ရည်တွေက ဘေးဖြစ်စေနိုင်တယ်လို့တော့ တွေ့ထားတာမျိုးမရှိပေမယ့် ဆေးအာနိသင်ရှိတဲ့ပစ္စည်းတွေပါတဲ့ လက်ဖက်ရည်ကို ရှောင်ပေးသင့်ပါတယ်။သားအိမ်ကျုံ့စေတာ၊ ရာသီလာစေနိုင်တဲ့ အာနိသင်ပါတဲ့ အပင်ကထုတ်တဲ့ လက်ဖက်ရည်တွေကို ရှောင်ပေးတာ ကောင်းပါတယ်နော်။၁၀ပတ်မှာ ကလေးနဲ့ မေမေရဲ့အပြောင်းအလဲတွေကို ဆက်ကြည့်ရအောင်။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/week-9/
ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်း
ကျန်းမာလှပတဲ့ဆံသားပိုင်ဆိုင်ထားခြင်းက  အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတော့ ဆံသားလှပစေဖို့အတွက်ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့။ခေါင်းလျှော်တာကဆံသား ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်တစ်ရပ်ပါ။ ဒီလိုဆိုတာနဲ့ ခဏခဏခေါင်းလျှော်နေဖို့တော့ မလိုပါဘူး။ ခေါင်းမလျှော်တာက ဆံသားကို ထိခိုက်စေသလို ခဏခဏ ခေါင်းလျှော်တာကလည်း ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ဒါကြောင့် ဆံသား အမျိုးအစားကို လိုက်ပြီး တစ်ပတ်ကို ၂ ကြိမ် ဒါမှမဟုတ် ၂ ရက်ခြား တစ်ကြိမ်လောက် လျှော်ပေးဖို့ လိုပါမယ်။ အားကစား လုပ်တဲ့သူဆိုရင်တော့အားကစားလုပ်ပြီးတိုင်း ခေါင်းလျှော်ပေးဖို့ လိုပါမယ်။ခေါင်းလျှော်တိုင်းမှာခေါင်းလျှော်ရည်တွေကို ပြောင်စင်အောင် ဆေးကြောပစ်ဖို့ မမေ့ပါနဲ့။ခေါင်းလျှော်တာက ဆံသား ကျန်းမာစေဖို့ လုပ်ဆောင်ရမယ့် ပထမအဆင့်ဆိုရင် conditioner သုံးတာကဆံသား ကျန်းမာစေဖို့လိုက်နာရမယ့် ဒုတိယ အဆင့်ပါ။ ဆံပင်ကို conditioner  သုံးမှ ဆံပင်က ခြောက်သွေ့ ပွရောင်းတာ၊ ပျက်စီးတာမျိုး မရှိစေမှာပါ။ဒါကြောင့် ဆံပင်ကို ခေါင်းလျှော်ပြီးတိုင်း conditioner  သုံးပေးပါ။ခေါင်းလျှော်ပြီးတိုင်းဆံပင်ကို တဘက်နဲ့ ခပ်ဖွဖွလေး သုတ်ပါ။ ပြီးရင် လေးအေးအေးနဲ့ အခြောက်ခံပါ။Dryerကို အပူချိန် မြင့်မြင့်သုံးပြီး အခြောက်ခံတာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဆံသားကို ပျက်စီးစေနိုင်လို့ပါ။ခေါင်းလျှော်ပြီးလို့ ဆံပင်သုတ်တဲ့အခါ ခပ်ဖွဖွလေးပဲ သုတ်ပါ။ ကြမ်းကြမ်းတမ်းတမ်း ဖိပွတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဆံသားကို ထိခိုက်စေနိုင်လို့ပါ။ဆံပင်ကို လိုအပ်တဲ့ အာဟာရ ဖြည့်နိုင်ဖို့သံလွင်ဆီ၊အုန်းဆီစတာတွေကို တစ်ပတ်တစ်ကြိမ်လောက် ပုံမှန် လိမ်းပေးပါ။ ခပ်ပါးပါးလေး လိမ်းလို့ရသလို ခေါင်းမလျှော်ခင်မှာဦးရေပြားအထိ ရောက်အောင် လိမ်းပေးပြီး နာရီဝက်လောက်ထားလို့ ခေါင်းလျှော်ချလိုက်လို့လည်း ရပါတယ်။ဆံသားကို ကျန်းမာစေပြီး လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးမှာပါ။ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုသလို ဆံသား ကျန်းမာစေဖို့အတွက်လည်း အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ ဒါ​ကြောင့် ကျန်းမာ သန်စွမ်းတဲ့ ဆံသား ပိုင်ဆိုင်စေဖို့ဆိုရင် အာဟာရ ပြည့်ဝမျှတအောင် စားပေးပါ။ဗောက်ကဆယ်ကျော်သက်တိုင်းလိုလို ခံစားရတဲ့ ဆံသား ပြဿနာပေါ့။ ဒီတော့ ခေါင်းလျှော်တဲ့အခါ သင့်တော်တဲ့ခေါင်းလျှော်ရည်ကို ရွေးချယ်တာ၊ ဦးရေပြားကိုနှိပ်နယ်တာမျိုး၊ ဆီလိမ်းတာမျိုး လုပ်ပြီး ဗောက်ပြဿနာကို ကာကွယ်ပါ။အရမ်းပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-care-tips-for-teenager/
ဖုန်း၊ကွန်ပျူတာ အကြည့်များလွန်းလို့ မျက်လုံးအောင့်နေပြီလား ။ ။
ဖုန်းတို့ ကွန်ပျူတာတို့အကြည့်များပြီးမျက်လုံး အောင့်တာ မျက်လုံးညောင်းတာမျိုးတွေ မဖြစ်ဖူးတဲ့သူဆိုလို့ ခုခေတ်ကြီးမှာ ခပ်ရှားရှားပါ။ အရင်တုန်းကတော့မျက်လုံးအားနည်းတာ၊ မျက်လုံးအားမစိုက်နိုင်တာမျက်လုံးညောင်းတာမျိုးတွေက အသက်ကြီးလာမှ ဖြစ်တယ်ဆိုပေမယ့် ခုခေတ်ကြီးမှာတော့မျက်လုံးပြဿနာဟာ အသက်အရွယ်မရွေးတော့ပါဘူး။ တစ်နေ့လုံးကွန်ပျူတာရှေ့ အလုပ်လုပ်နေရတဲ့သူတွေ၊ အင်တာနက်သုံး ဖုန်းပွတ် ဂိမ်းဆော့နေတဲ့သူတွေအတွက် စိတ်အညစ်ရဆုံး မျက်လုံးပြဿနာကတော့ မျက်လုံးအောင့်တာပဲ ဖြစ်ပါတယ်။ ဖုန်းမပွတ်သာနေလို့ရမယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေအတွက်ကတော့ ဘယ်လိုမှ ရှောင်လွဲမရတာကြောင့် ဖြစ်နေတဲ့ မျက်လုံးအောင့်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ကသာ အဓိကဖြစ်နေတာပေ့ါ။ဖုန်းသုံးလွန်းသူတွေရော၊ ဂိမ်းဆော့သူတွေရော ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတဲ့သူတွေရော အားလုံး မျက်လုံးအောင့်တဲ့ ပြဿနာတွေ ခံစားရနိုင်ဆုံးမို့ ဒါလေး ဖတ်ထား သင့်တယ်နော်။ အလုပ်မှာ ပဲ ဖြစ်ဖြစ် ၊ အိမ်မှာပဲ ဖြစ်ဖြစ် မျက်လုံးအသုံးများလို့ အောင့်လာတဲ့အခါ အသုံးတည့်တာပေါ့ ။။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/eye-strain/
အစာခြေရည်ဆန်တက်တဲ့ရောဂါ (GERD) နဲ့ပတ်သက်ပြီး ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ
သင့်အနေနဲ့ ဆရာဝန်ရှေ့ရောက်တဲ့အခါ ဘာပြောရမှန်းမသိတာမျိုး ဖြစ်ဖူးပါသလား။ လူအများစုဟာ ဆရာဝန်နဲ့ စကားပြောတဲ့အခါ ရှက်နေတာမျိုး ဒါမှမဟုတ် ပြောမထွက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ဆရာဝန်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် ရုတ်တည်ကြီးတွေနဲ့မို့ တမျိုးကြီးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သူတို့ဟာ သင့်ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းအောင် ကူညီပေးမယ့်သူတွေ ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ရက်သတ္တပတ် တပတ် အတွင်းမှာပဲ ရင်ပူတာကို နှစ်ခါနဲ့အထက် ခံစားရခြင်း။ရင်ပူတာ ပိုဆိုးလာခြင်း။ညဖက်တွေမှာပါ ရင်ပူတာကို ခံစားရတဲ့အတွက် အိပ်ယာကနေ လန့်နိုးခြင်း။ရင်ပူတဲ့ ဝေဒနာကို ခံစားနေရတာ နှစ်အတန်ကြာနေပြီဖြစ်ခြင်း။အစာမြိုရခက်ခြင်း သို့မဟုတ် အစာမြိုချလျင် နာခြင်း။ရင်ပူတာ ဒါမှမဟုတ် နာကျင်တာတွေက သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာခြင်း။GERD ရောဂါဟာ ခံတွင်းနံ့နံတာ၊အသံဩတာ၊ရှတတဖြစ်နေလို့ စကားပြောရခက်တာ အစရှိတဲ့ စိတ်ကသိကအောင့်ဖြစ်စရာ ရောဂါလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဆရာဝန်အနေနဲ့ သင့်ရောဂါကို ကုသတဲ့အခါ အသေးဆုံး၊မထင်ရှားဆုံးသော လက္ခဏာလေးတွေက အစ သိဖို့လိုအပ်တာမို့ ရောဂါလက္ခဏာအားလုံးကို မရှက်မရွံ့ ပြောပြသင့်ပါတယ်။တခါတရံ သင်ခံစားနေရတဲ့ အချို့သော လက္ခဏာတွေဟာ GERD ကြောင့် မဟုတ်ပါဘူး။ ဒီလိုမျိုး လက္ခဏာတွေကိုလည်း ဆရာဝန်ကို သေချာပြောပြပါ။ ဒါမှသာ GERD အပြင် အခြားရောဂါတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အောက်ပါအချက်တွေကို ပြောပြဖို့လည်း မမေ့ပါနဲ့။· သင့်ရောဂါရာဇဝင်။ရုတ်တရက် စဉ်းစားရခက်နေမှာစိုးရင် အိမ်မှာထဲက စာရွက်လေးတရွက်မှာ ကြိုတင်ရေးထားပြီး ဆရာဝန်နဲ့ ပြသဆွေးနွေးတဲ့အခါ ဆောင်သွားပါ။ သင့်ကိုယ်ရေးအချက်အလက်လေးတွေ၊ စိတ်ဖိစီးမှုခံစားနေရတာ ရှိမရှိ ဒါမှမဟုတ် လက်ရှိသင့်နေထိုင်မှု အခြေအနေ စတာတွေပေါ့။· လက်ရှိသောက်နေတဲ့ ဆေးတွေအကြောင်း။သင်လက်ရှိသောက်နေတဲ့ ဆေးတွေကို စာရင်းလုပ်ထားပါ (ဖြစ်နိုင်ရင် တပါတည်း ယူလာပါ)။ တနေ့ဘယ်နှစ်ခါသောက်ရတယ်၊သောက်တာဘယ်လောက်ကြာပြီ စတာတွေကို ပြောပြပါ။ ဆေးက ဘယ်လောက် “အား” သောက်တာလဲ (ဥပမာ ၅၀မီလီဂရမ်လား၊၁၀၀မီလီဂရမ်လား စသည်) ဆိုတာကိုပါ ချရေးထားပါ။· အဆိုပါဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ မှတ်သားပြီး ပြောပြပါ (အထူးသဖြင့် သင့်ကို အော့အန်စေတဲ့ဆေးတွေ နဲ့ ဓါတ်မတည့်ဖူးလို့ ထင်ရတဲ့ ဆေးတွေ)။· လက်ရှိသောက်သုံးနေတဲ့ ဗီတာမင်နဲ့ အခြားသော ဖြည့်စွက်အားဆေးတွေ။· ဓါတ်မှန်ရိုက်ထားတာ၊သွေးစစ်ဆီးစစ်ထားတာ ဒါမှမဟုတ် အခြားသော ဆေးမှတ်တမ်းတွေကိုလည်း တပါတည်း ယူဆောင်လာသင့်ပါတယ်။ပထမဆုံးပြသတာမဟုတ်ဘဲ ရက်ချိန်းသွားပြတာဆိုရင် သင့်ရောဂါလက္ခဏာတွေ သက်သာလာခြင်းရှိမရှိ နဲ့ ဆေးမတည့်တာတွေ ရှိမရှိ ဆရာဝန်ကို ပြောပြရပါမယ်။တကယ်လို့ သင်ဆေးမှန်မှန်မသောက်မိဖူး ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားတာတွေကို မလိုက်နာမိဖူးဆိုရင် အမှန်အတိုင်း ဝန်ခံပါ။ ဆေးသောက်ရမယ့် အချိန်တွေကို မမှတ်မိနိုင်တာမျိုး ဒါမှမဟုတ် သောက်ဖို့ အခက်အခဲရှိနေတာမျိုးဆိုရင် သင့်ဆရာဝန်အနေနဲ့ ဆေးပြောင်းပေးနိုင်ပါတယ်။ဆရာဝန်အနေနဲ့ သင်ပြောတာတွေကို အာရုံမစိုက်ဖူး ဒါမှမဟုတ် သင့်ကိုဂရုမစိုက်ဖူးလို့ထင်ရင် “ဒေါက်တာ ကျွန်တော်/ကျွန်မ ပြောနေပါတယ်” လို့ ရိုးရိုးလေး သတိပေးလိုက်နိုင်ပါတယ်။ဆရာဝန်နဲ့ မတွေ့ခင် အောက်ပါမေးခွန်းလေးတွေကို ကြိုတင်ပြီး ချရေးထားနိုင်ပါတယ်။· ဘာလို့ ဒီလက္ခဏာတွေ ဖြစ်တာလဲ။ တခြား ဘယ်ရောဂါတွေကရော ဒီလက္ခဏာတွေကို ဖြစ်စေနိုင်သလဲ။· ဘယ်လိုမျိုး စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ လိုမလဲ။ ဒီစစ်ဆေးမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေရှိနိုင်သလဲ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုသလဲ။· အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်ဖို့ လိုမလား။· အခု ခံစားနေရတဲ့ GERD ရောဂါက ခဏပဲလား၊နာတာရှည်လို ဖြစ်မှာလား။· အချိန်ကြာလာရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။GERD ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။ ဘယ်လိုမျိုး ကုသရမလဲ။· ဒေါက်တာညွှန်ကြားတဲ့ နည်းလမ်းအပြင် တခြားဘာနည်းလမ်းတွေရော ရှိသေးလဲ။· ကျွန်တော်/ကျွန်မမှာ တခြားရောဂါတွေလည်း ရှိပါသေးတယ်။GERD ကို ကုသနေတဲ့အချိန်မှာ အဆိုပါ ရှိရင်းစွဲ ရောဂါတွေကိုရော ဘယ်လိုကိုင်တွယ်မလဲ။· အခု ဒေါက်တာပြောတဲ့ ဆေးဝါးကုသမှုတွေအပြင် ဘယ်လိုမျိုး အစားအသောက်အနေအထိုင် ပြောင်းလဲမှုတွေ လုပ်ရင် ပိုပြီး အကျိုးရှိနိုင်သလဲ။ ဘယ်လိုအရာတွေကို ရှောင်ရှားဖို့ရော လိုအပ်သလဲ။· အထူးကုနဲ့ ပြဖို့လိုသလား။ ငွေကုန်ကြေးကျ ဘယ်လောက်လောက် ရှိနိုင်သလဲ။(ကျန်းမာရေးအာမခံမှာရော အကျုံးဝင်ပါသလား)။· ဒေါက်တာညွှန်ကြားတဲ့ ဆေးတွေနဲ့ ကျွန်တော်/ကျွန်မ လက်ရှိသောက်နေတဲ့ ဆေးတွေ (ဒါမှမဟုတ် သောက်ဖို့အစီအစဉ်ရှိတဲ့ ဆေးတွေ) အကြားမှာ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်နိုင်သလား။· ကျွန်တော်/ကျွန်မ ရောဂါနဲ့ ဆိုင်တဲ့ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်လေးတွေ ဒါမှမဟုတ် စာအုပ်လေးတွေများ ရှိသလား။ အိမ်ယူသွားလို့ ရလား။ ဒါမှမဟုတ် ဘယ်ဝဘ်ဆိုက်တွေမှာ ရှာဖတ်ရမလဲ။· ဒေါက်တာဘယ်နေ့ ရက်ချိန်းခေါ်ဦးမှာလဲ။ ဒေါက်တာ့ကို ပြန်ပြောဖို့အတွက် ဘယ်လို လက္ခဏာတွေကို သတိထားပြီး မှတ်သားထားရမလဲ။ဘယ်အရာမဆို ကြိုတင်ပြင်ဆင်မှုက အရေးကြီးပါတယ်။ ဆရာဝန်ပြတဲ့အခါမှာလည်း သင်မေးချင်တဲ့၊ပြောပြချင်တဲ့ အချက်လေးတွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကုသမှုခံယူနေစဉ်အတောတွင်းမှာလည်း ပြဿနာတစုံတရာ ပေါ်ပေါက်ခဲ့မယ်ဆိုရင် နောက်တခါ ရက်ချိန်းအထိ စောင့်မနေဘဲ ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/what-you-should-ask-about-gerd/
ဂျီကျ တတ်တဲ့ကလေး ကိုယ့်စကား နားထောင်အောင် ဘယ်လိုထိန်းမလဲ
ကလေးတွေကို တချို့က အလိုလိုက်တယ်၊ တချို့က အကြမ်းနည်းနဲ့စည်းကမ်းပေးတယ်၊ တချို့က ဉာဏ်ရှိရှိနဲ့ ကလေးကို စည်းရုံးပြီး သွန်သင်ထိန်းသိမ်းကြပါတယ်။ ဘာနည်းပဲသုံးသုံး ကလေးငြိမ်သွားဖို့၊ ကိုယ့်စကားနားထောင်ဖို့ချည်းပဲ အဓိကထားလို့မရပါဘူး။ ဥပမာ ကလေးက ဂျီကျ ပြီး ချော့မရတဲ့အချိန် “ အခုတိတ်နော်…မတိတ်ရင် အရိုက်ခံရမယ်” ဆိုပြီး ကလေးကို ခပ်ကြမ်းကြမ်းဆက်ဆံတာမျိုးက ခဏတာတော့ ကလေးက လန့်ပြီး တိတ်သွားမှာပေမယ့် ရေရှည်အတွက် အဆင်မပြေနိုင်ပါဘူး။မိဘလုပ်သူကို ကြောက်စိတ်ဝင်သွားပြီး ဆက်ဆံရေးမှာ ထိခိုက်လာတာ၊ ဒါမှမဟုတ် နောက်ပိုင်းမကြိုက်တဲ့ အပြုအမူတွေ ခိုးလုပ်တတ်လာတာ၊ အရွဲ့တိုက်လာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် စကားနားမထောင်တဲ့ ကလေးလေးတွေကို ဘယ်လိုထိန်းကြမလဲဆိုတာ အခက်ကြုံနေတဲ့ မိဘတွေအတွက် ဒီအချက်လေးတွေက အထောက်အကူပေးပါလိမ့်မယ်။(၁) အခြေအနေကို ထိန်းညှိပါ။စာလုပ်ခိုင်းရင် မလုပ်ချင်တဲ့ ကလေးကို အိမ်စာလုပ်ခိုင်းနေတဲ့အချိန်မှာဆိုရင် ဖုန်း၊ တက်ဘလက်နဲ့ ကစားစရာအရုပ်တွေလိုမျိုး အာရုံပျံ့လွင့်စေနိုင်တဲ့အရာတွေကို ဖယ်ထားတာ၊ သရေစာမုန့်လေးတွေ လုပ်ပေးတာ၊ ကလေးကို စာလုပ်ဖို့ သီးသန့်နေရာတစ်ခုစီစဉ်ပေးထားတာမျိုး လုပ်ပေးနိုင်ပါတယ်။(၂) နူးနူးညံ့ညံ့ဆက်ဆံပြီး ချဉ်းကပ်ပါ။ကလေးက ချော့မရ၊ ထိန်းမရအော်ဟစ်၊ ငိုယိုနေတာဆိုရင် သူ့အသံကို အုပ်အောင်တော့ မငိုဖို့ အသံကျယ်ကျယ်အရင်စပြောပါ။ ပြီးမှ အသံကိုလျှော့ပြီး ကလေးကို ချော့ပြောပါ။ ကလေးက ဆူခံရမယ်ထင်ထားရာက ရုတ်တရက်စိတ်ဝင်စားပြီး ငိုသံတိုးလာပါလိမ့်မယ်။ ဥပမာ – သားသား ဒီလိုအော်ငိုနေရင် မေမေဘာမှဆက်ပြောလို့ ရမှာမဟုတ်ဘူး။ သားဘာဖြစ်လဲဆိုတာကို ဘားပြောမှ မေမေသိမှာဆိုတာမျိုး။ ဆူညံပြင်းထန်နေတဲ့ အခြေအနေတွေကို အေးဆေးသွားစေဖို့က သင်ရော၊ ကလေးပါ တည်ငြိမ်စေဖို့ အရေးကြီးပါတယ်။(၃) ဘာကိုလိုချင်တာလဲ၊ ဘာကိုဖြစ်ချင်တာလဲ သေချာသိအောင်လုပ်ပါ။ကလေးက ဘာကိုဖြစ်ချင်တာလဲဆိုတာ ကလေးနဲ့ မိဘကြား သေချာသိအောင်လုပ်ပါ။ ကလေးရဲ့အနားမှာ အေးအေးဆေးဆေးထိုင်ပြီး ချော့မေးကြည့်ပါ။ ကလေးက ဘာကိုဖြစ်ချင်နေတာလဲ၊ ဘာကြောင့် ကန့်လန့်လုပ်နေတာလဲ သေချာမသိတဲ့အခါ ကလေးကိုစည်းရုံးဖို့ ကိုင်တွယ်ဖြေရှင်းရခက်စေပါတယ်။(၄) အချိန်ခဏပေးပါ။ဖြစ်နိုင်ရင် ငိုနေ၊ ဂျီကျနေတဲ့ကလေးကို သူ့ကိုယ်သူထိန်းသိမ်းဖို့ အချိန်နည်းနည်းပေးလိုက်ပါ။ တစ်ကနေ တစ်ဆယ်အထိရေမယ်၊ တိတ်နော်၊ မတိတ်ရင် ကစားကွင်းမပို့တော့ဘူး (သို့မဟုတ် သူတောင်းဆိုနေတဲ့အရာတစ်ခုခုကို မလုပ်ပေးတော့ဘူး) လို့ သတိပေးပြီး ခဏစောင့်ပေးပါ။(၅) ဖြစ်နေတဲ့အခြေအနေ၊ အကြောင်းအရာတွေ ထည့်တွေးပါ။ကလေးက ဗိုက်ဆာနေတာလား၊ ပင်ပန်းနေလို့လား၊ စိတ်ပူပန်နေတာလား စတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို ထည့်စဉ်းစားပါ။ ဒီအချက်တွေကြောင့်ပဲ ကလေးရဲ့အပြုအမူတွေကို ထိန်းချုပ်ဖို့ ခက်ခဲစေနိုင်လို့ပါ။ တစ်ခုခုကြောင့် ဂျီကျ နေတဲ့ ကလေးကို သင့်စကားနားထောင်စေဖို့ သူဖြစ်နေတဲ့အကြောင်းအရာကို မူတည်ပြီး သင်ထိန်းဖို့ နည်းလမ်းရှာရမှာပါ။(၆) ကလေးကို ရွေးချယ်စရာပေးပါ။ကလေးလေးတွေ သိတတ်နားလည်လာတာနဲ့အမျှ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ဥပမာစကားနားထောင်မှာလား၊ နားမထောင်ရင် အပြင်သွားတဲ့အခါ မလိုက်ရဘူးနော် ဆိုပြီး တစ်ခုခုကိုရွေးချယ်ခိုင်းပါ။ ကိုယ်တိုင်ဆုံးဖြတ်ခွင့်လည်းရသလို ကိုယ်လုပ်လိုက်တဲ့ရလဒ်ကို ကိုယ်ခံစားရတယ်ဆိုတာ နားလည်စေပါတယ်။(၇) အကျိုးဆက်ကို နားလည်အောင် ရှင်းပြပါ။ရိုးရိုးပြောပြနေလို့ လိုက်နာမှာမဟုတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတွက် ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ အကျိုးဆက်တွေအကြောင်း ကလေးနားလည်အောင် ထည့်ရှင်းပြလိုက်ပါ။ တကယ့်အမှန်လည်းဖြစ်ရမယ် (ကလေးမလုပ်ရဲတော့အောင် ဆိုပြီးလိမ်ညာ၊ ဖြဲခြောက်တာမျိုး မလုပ်သင့်ပါ)၊ ပညာပေး၊ သွန်သင်ဆုံးမရာလည်းရောက်မယ့် အကျိုးဆက်တွေဖြစ်ရပါမယ်။(၈) မိဘချင်းလည်း ညှိထားရမယ်။မိခင်နဲ့ဖခင် နှစ်ဦးစလုံးက ကလေးကိုဆုံးမရာမှာ တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံးနည်းလမ်းသုံးပြီး ဖြေရှင်းရမှာပါ။ ဘယ်လိုစည်းကမ်းတွေ သတ်မှတ်မလဲဆိုတာ အချင်းချင်းညှိထားသင့်ပါတယ်။ အဖေက ဆုံးမ၊ အမေက ချော့ပြီးအလိုလိုက်တာမျိုး တစ်ယောက်တစ်မျိုးဖြစ်နေခဲ့ရင် ကလေးကို ဘယ်လိုမှထိန်းမရတော့ပါဘူး။ ညှိညှိနှိုင်းနှိုင်းနဲ့ သွန်သင်ဆုံးမပါ။ကဲ ဖေဖေမေမေတို့ရေ နည်းလမ်းမှန်ကန်စွာနဲ့ ကလေးထိန်းမယ်၊ ပျိုးထောင်ကြမယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/how-to-deal-with-unruly-child/
ရာသီသွေးအညိုရောင် ဆင်းတာ ဘာကြောင့်လဲ
ရာသီသွေးဆိုရင် အနီရောင်လို့ပဲ သိကြတယ်ဟုတ်။ အများစုကတော့ အနီရောင်ဆိုပေမဲ့ တစ်ခါတလေ တခြားအရောင်လည်း ဆင်းတတ်ပါတယ်။ ဥပမာ အညိုရောင်ပေါ့။ တချို့ကလည်း ရာသီသွေးအမည်းရောင်တွေ ဆင်းတတ်ပါတယ်။ ရာသီသွေးအညိုရောင် ဆင်းတာက ပုံမှန်ရာသီလာတာလည်း ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။တချို့အမျိုးသမီးတွေမှာ ရာသီမလာခင် ရှေ့ရက်ပိုင်းလောက်မှာ အညိုပါတဲ့ အဖြူတွေဆင်းတာ ဒါမှမဟုတ် ရာသီလာစရက်မှာ အညိုရောင်ဆင်းတာ၊ ပြီးခါနီးရင် အညိုရောင်ဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက ပုံမှန်ပါပဲ။ရာသီသွေးတွေက ဆင်းပြီး အပြင်ကို ထွက်လာဖို့ အချိန်ယူတဲ့အတွက် လမ်းမှာတင် ဓာတ်တိုးပြီး အညိုရောင်ဖြစ်သွားတာပါ။ သွေးဟောင်းတွေလို့ ပြောလည်း ရပါတယ်။ ပြီးခဲ့တဲ့လက ရာသီသွေးတွေ ဆင်းဖို့ ကျန်နေရင် အခုပေါင်းဆင်းတဲ့ သဘောပါ။ ဒါကြောင့် စစချင်းလာတဲ့အခါ ရာသီသွေးအညိုရောင် တွေ ဖြစ်နေတာပါ။ပြီးခါနီးရင်လည်း အဲ့လိုပါပဲ။ သွေးဆင်းတာနည်းသွားတဲ့အတွက် အပြင်ကို ရောက်ဖို့ အချိန်ယူရတော့ အညိုရောင်ဖြစ်သွားတာာပဲ ဖြစ်ပါတယ်။ဒါက ဘာမှစိုးရိမ်စရာ မရှိပါဘူး။ ရာသီသွေးတွေကျန်လို့ဆိုပြီး ဆေးတွေလည်း လျှောက်မသောက်ပါနဲ့။ အဲ့ဒါအလုပ်မဖြစ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပြီး ရောဂါလည်း မဟုတ်ပါဘူး။ သူ့ဟာသူ ဆင်းစရာရှိတာ ဆင်းသွားပါလိမ့်မယ်။ စိုးရိမ်စရာ မလိုပါ။ဖြစ်နိုင်ပါတယ်။ ရောဂါကြောင့်ဆိုရင်တော့ ရာသီသွေးအညိုရောင် ဆင်းတာအပြင် တခြားလက္ခဏာတွေပါ တွဲတွေ့ရမှာပါ။ ဖြစ်နိုင်တဲ့ ရောဂါတွေကတော့။အဖြစ်အများဆုံးကတော့ tamponပါ။ အထူးသဖြင့် ရာသီရက်နောက်ပိုင်းတွေမှာ သွေးဆင်းတာလည်း နည်းတော့ လဲဖို့မေ့သွားပြီး တစ်နေကုန် မထုတ်ဘဲ ဆက်ထည့်ထားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးသုံး ကွန်ဒုံးလိုမျိုး သန္ဓေတားပစ္စည်းတွေဖြစ်တဲ့ capတို့၊ diaphragmတို့လည်း ကျန်တတ်ပါတယ်။ နောက်ဆုံးကတော့ sex toysတွေပါ။ မြန်မာနိုင်ငံမှာတော့ tamponကျန်တာ များပါတယ်။ဘာပဲကျန်ကျန် ကြာလာရင် မိန်းမကိုယ်ထဲကို ပိုးတွေ ဝင်ပြီး ‌ရောင်ရမ်းလာပါလိမ့်မယ်။ ဒါကြောင့် ရာသီသွေးအညိုရောင် ဆင်းတာအပြင်။-အနံ့ဆိုးတဲ့ အညိုရောင်တွေ ဆင်းတာ။-မိန်းမကိုယ်ယားတာ။-မိန်းမကိုယ်ရောင်ရမ်းတာ။-ဆီးသွားရခက်တာ။-ဖျားတာ စတာတွေပါ ဖြစ်လာပါလိမ့်မယ်။Pelvic inflammatory disease(PID)လို့ ခေါ်ပါတယ်။ များသောအားဖြင့် ဂနို ဆီးပူညောင်းကျတို့၊ ကလက်မိုင်းဒီးယားတို့လို့ လိင်ကတဆင့်ကူးစက်ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီ‌သွေးအညိုရောင် ဆင်းတာအပြင်။-အတူနေပြီးတဲ့အခါ ဒါမှမဟုတ် အတူနေနေတဲ့အချိန်မှာ သွေးဆင်းတာ။-ဆီးကျင်တာ။-တင်ပဆုံနဲ့ ဆီးစပ်တွေ တင်းနေတာ။-မိန်းမကိုယ်ယားတာ။-ရာသီလာရမဲ့ရက်မရောက်ခင် သွေးကြိုဆင်းတာ စတာတွေပါ ဖြစ်တတ်ပါတယ်။PIDက အရေးကြီးပါတယ်။ အခန့်မသင့်ရင် မျိုးပွားအင်္ဂါတစ်ခုလုံး ပျက်စီးသွားပြီး ကလေးမရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့အခါမှာလည်း အညိုရောင်တွေ ဆင်းတတ်ပါတယ်။ ဒါ့ပြင် ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ၊ အနံ့ဆိုးတာ၊ တခြားကင်ဆာ လက္ခဏာတွေဖြစ်တဲ့ ပိန်ကျသွားတာ၊ ခြေထောက်တွေ ဖောတာ၊ ဆီးသွားရ၊ ဝမ်းသွားရခက်တာတွေ ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ရှိပြီး သန္ဓေသားလေးက သားအိမ်ထဲကို တိုးဝင်တဲ့အခါ သွေးနည်းနည်းဆင်းတတ်ပါတယ်။ တချို့တွေမှာဆိုရင် နည်းလွန်းတော့ သွေးအနေနဲ့ မဆင်းဘဲ အညိုရောင်ရှိတဲ့ အဖြူဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ဒါဆိုရင်တော့ တခြားကိုယ်ဝန်ရှိတဲ လက္ခဏာတွေပါ ခံစားရမှာပါ။ ဥပမာ။-ရာသီမလာတာ ဒါမှမဟုတ် သွေးလေးမဆိုစလောက်ပဲ ဆင်းတာ။-ခဏခဏ ဆီးသွားချင်တာ။-နုံးတာ။-ပျို့အန်တာ။-ရင်သားတွေတင်းတာ စတာတွေလည်း ဖြစ်တတ်ပါတယ်။ဒီလက္ခဏာတွေက မသေချာတာကြောင့် လက္ခဏာနဲ့ ကိုယ်ဝန်ရှိမရှိကို မဆုံးဖြတ်ပါနဲ့။ သေချာချင်ရင် ဆီးသာစစ်ကြည့်လိုက်ပါ။တစ်ခါတလေမှာ ရာသီသွေးအညိုရောင် ဆင်းတာကကိုယ်ဝန်ပျက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်က ပျက်သွားပြီ။ ဒါပေမဲ့ အပြင်ကို ထွက်မလာတဲ့အတွက် သွေးဟောင်းလို ဖြစ်သွားပြီး အညိုတွေ ဆင်းတာပါ။ များသောအားဖြင့် ကိုယ်ဝန်၁၀ပတ်ဝန်းကျင်လောက်မှာ ဖြစ်တတ်ပါတယ်။ဒီလို ပျက်ကျတာမျိုးက ရုပ်ရှင်ထဲမှာ တွေ့ဖူးသလို သွေးတွေ ဒလဟောကြီး ဆင်းပြီး ပျက်ကျတာ မဟုတ်ပါဘူး။ ကိုယ်ဝန်၁၀ပတ်လောက်ပဲ ဖြစ်တဲ့အတွက် အမျိုးသမီးက ရှိတာလည်း မသိလိုက်၊ ပျက်ကျတာလည်း မသိလိုက်တာမျိုး ဖြစ်တတ်ပါတယ်။အညိုရောင်ဆင်းတာနဲ့အတူ ဗိုက်ထဲကနေ ညှစ်ထားသလို နာနေတာ၊ အားနည်းနေတာ ပြောရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေ ခံစားနေရမယ်ဆိုရင် သတိထားပါ။ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။ရာသီလာခါနီးရက်တွေ၊ လာစရက်တွေနဲ့ ပြီးခါနီးရက်တွေမှာ ရာသီသွေးအညိုရောင် တွေ ဆင်းရင် မစိုးရိမ်ပါနဲ့။ အညိုဆင်းတာကလွဲပြီး တခြားထူးခြားတဲ့လက္ခဏာတွေ မရှိရင်၊ ပုံမှန်ရာသီလာသလိုပဲ လာနေရင် စိုးရိမ်စရာ မရှိပါဘူး။ ဒီလိုမဟုတ်ဘဲ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/causes-of-brown-menstruation/
8 ပတ်
8 ပတ် အရွယ် သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်။ဒီအပတ်ကတော့ ရက်စ်ဘယ်ရီသီးအရွယ် ၁.၆ စင်တီမီတာအထိ ကြီးလာပါပြီနော်။ ကလေးလေးက ဗိုက်ထဲမှာ ဆက်တိုက် အပြောင်းအလဲတွေဖြစ်နေပါတယ်။ခြေချောင်းလက်ချောင်လေးတွေ ထွက်လာပါပြီ။ ကလေးလေးနဲ့ ပိုတူလာပါပြီ။ အရင်က ကပ်နေတဲ့ ခြေလက်တွေ အခုဆို ကွဲလာပါပြီ။အပေါ်နှုတ်ခမ်း၊ နှာခေါင်း၊ မျက်ခွံလေးတွေလည်း စပေါ်လာပါပြီ။ အပြောင်းအလဲတွေက စိတ်လှုပ်ရှားစရာနော်။ ဒီပြောင်းလဲမှုတွေ အကုန်လုံးဝင်ဆံ့အောင်ရေမြွာရည်တွေက တစ်ပတ်ကို ၃၀ မီလီလီတာနှုန်းနဲ့တိုးလာပါတယ်။ခန္ဓာကိုယ်မှာရော ဘာတွေ ဆက်ပြောင်းလဲဦးမှာပါလိမ့်။ပြီးခဲ့တဲအပတ်က ပြောခဲ့သလိုပဲ ရင်သားတင်းတာ၊ ရောင်တာတွေဖြစ်မှာပါ။ နာလာတာလည်း ဖြစ်တတ်ပါတယ်။ အတွင်းခံတွေကျပ်ပြီး သက်သောင့်သက်သာ မဖြစ်တော့ပါဘူး။ ပိုကြီးတဲ့ဆိုဒ် ဝယ်သင့်ပါပြီ။ကိုယ်ဝန်ဆောင်ဟော်မုန်းတွေက ကလေးလေးကို နို့တိုက်ဖို့ ရင်သားကို ကြိုတင်ပြင်ဆင်နေတာပါ။ နောက်အပတ်ကျရင် သက်သာလာပါလိမ့်မယ်။ပိုပြီးပင်ပန်းသလို ခံစားနေရလား။ အရင်တုန်းမဖြစ်ဖူးရင် အခုဖြစ်လာပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းတွေမှာ ခေါင်းမူးစေတဲ့ပရိုဂျက်စတုန်းပါပါတယ်။ ပင်ပန်းတယ်ထင်ရင် နားလိုက်ပါ။ တစ်မှေးလောက် အိပ်လိုက်တာက တစ်နေ့တာအတွက် အားပြန်ပြည့်လာစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုတွန်းအား သိပ်မပေးပါနဲ့။ ခန္ဓာကိုယ်က အချက်ပြတဲ့လက္ခဏာကို နာခံပါ။ ခန္ဓာကိုယ်က ကိုယ်ကိုယ်တိုင်အပြင် ကလေးလေးအတွက်ပါ ကြိုးစားနေရတာကို သတိရပါ။အန်ချင်စိတ်က လူကို မောပမ်းနွမ်းနယ်စေပါတယ်။ အထောက်အကူဖြစ်လောက်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ။ခေါင်းကိုက်နေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။ကိုယ်ဝန်ရှိချိန် ခေါင်းကိုက်တာက ပုံမှန်ပဲဆိုပေမယ့် သက်သောင့်သက်သာမရှိစေပါဘူး။ ဘယ်လိုကုထုံးတွေနဲ့ဆို အဆင်ပြေမလဲဆိုတာဆရာဝန်တွေကို မေးကြည့်လို့ရပါတယ်။ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်။လိင်ကနေကူးနိုင်တဲ့ ရောဂါ ရှိမရှိသိအောင် စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းကို စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။ လိင်ကနေကူးစက်တဲ့ရောဂါတွေ အများစုက ပဋိဇီဝဆေးတွေနဲ့ ကုသလို့ရပါတယ်၊၊ စောစာကုသမှုခံယူနိုင်လေ ကလေးကို ထိခိုက်နိုင်ခြေနည်းလေပါပဲ။ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ။ကိုယ်ဝန်ရှိရင် အရာရာတိုင်းကို လိုက်စိတ်ပူနေတတ်တာ သဘာဝပါပဲ။ အဲဒါက မိခင်စိတ်ဓာတ်စပြီး ပေါက်ဖွားလာလို့ပါ။ ဒီလိုစိုးရိမ်နေတာက ကလေးလေးကို တစ်ခုခုမဖြစ်ရအောင် ကာကွယ်ပေးချင်လို့ပါ။ ခန္ဓာကိုယ်က တက်ကြွနေသေးရင် အားကစားတစ်ခုခုလုပ်ချင်လာတတ်ပါတယ်။ အားကစားလုပ်တာက ကျန်းမာစေတာမှန်ပေမယ့် တချို့ဟာတွေက ကလေးလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ရှောင်ရမှာလေးတွေကို အောက်မှာပြောပြပေးထားပါတယ်။ကိုယ်ဝန်မရှိခင်က အားကစားလုပ်ရတာ ကြိုက်တယ်ဆိုရင်တောင် ကိုယ်ဝန်ရှိလာရင် ကလေးကို ထိခိုက်စေမယ့် ကစားနည်းတွေကို ရှောင်သင့်ပါတယ်၊၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ကိုတော့ ဆရာဝန်က ညွှန်ကြားပေးမှာပါ။နောက်အပတ်မှာ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ဆက်ဖတ်ကြည့်ပါဦး။ရေးသားသူ- Hmwe Sann Eain။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/week-8/
ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ
ကလေးရဲ့မွေးရာပါချို့ယွင်းချက်ဆိုတာ ကလေးလေးမွေးတဲ့အချိန်ထဲကတွေ့ရတဲ့ ခန္ဓါကိုယ်တည်ဆောက်ပုံ (သို့) ခန္ဓါကိုယ်လုပ်ငန်းဆောင်တာတွေမှာ ပုံမှန်မဟုတ်တာဘဲ ချို့ယွင်းနေတာတွေကို ဆိုလိုပါတယ်။ အားလုံးသောချို့ယွင်းချက်တွေက အန္တရယ်ရှိတာ မဟုတ်ပါဘူး။ တချို့က သာမာန်သိပ်မပြင်းထန်တဲ့ အခြေအနေဖြစ်နိုင်ပြီးတချို့ကတော့ ပြင်းထန်ပြီး ဒုက္ခပေးနိုင်တာတွေလည်းရှိပါတယ်။ အဲဒီလို မွေးရာပါ ချို့ယွင်းချက်တွေရှိခြင်းက ကလေးရဲ့ ရုပ်အသွင်အပြင်အတွက်ရော ခန္ဓါကိုယ်အတွင်းအစိတ်အပိုင်းတွေအတွက်ပါ မကောင်းတဲ့သက်ရောက်မှုမျိုးပေးနိုင်တဲ့အတွက် ကလေးရဲ့ ခန္ဓါကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီးသေလောက်တဲ့ အထိလည်းဖြစ်စေနိုင်ပါတယ်။ ကံမကောင်းခဲ့ရင် အဲဒီလိုကလေးတွေဟာသူတို့ရဲ့ ချို့ယွင်းချက်အခြေအနေပေါ်မူတည်ပြီး အချိန်အကြာကြီး ဆေးကုသမှု ခံယူရတာမျိုးဖြစ်နိုင်ပါတယ်။ အချို့ ချို့ယွင်းချက်တွေကတော့ ဒုက္ခမပေးနိုင်တဲ့အတွက် ကလေးရဲ့ ကိုယ်နဲ့ စိတ်ကျန်းမာရေးက ပုံမှန်အတိုင်းပဲရှိနိုင်ပါတယ်။ သို့ပေမယ့် လက်ရှိအခြေအနေမှာ ဒီလိုမွေးရာပါချို့ယွင်းချက်တွေရှိတာဟာ တစ်နှစ်အောက်ကလေးတွေသေရတဲ့ အဓိကအကြောင်းအရင်း အနေနဲ့ ပါဝင်နေတာကို တွေ့ရပါတယ်။ဆရာဝန်တွေအနေနဲ့ တချို့သောမွေးရာပါချို့ယွင်းချက်တွေကို ဖြစ်စေတဲ့ အကြောင်းအရင်းအတိအကျကိုမပြောနိုင်ပါဘူး။ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံ ၊ အပြုအမူ၊ကိုယ်ဝန်ဆောင်စဉ် အချို့သော ဆေးဝါး ၊ဓါတုပစ္စည်း၊ စသည်တို့နှင့်သုံးစွဲထိတွေ့ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် အချိန်အတွင်းရောဂါ ပိုးဝင်ခြင်း၊ အစရှိတဲ့ အချက်တွေအားလုံး ပူးပေါင်းပါဝင်တာကြောင့် ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာတာဖြစ်ပါတယ်။မျိုးရိုးဗီဇ။အဓိကအားဖြင့် မျိုးရိုးဗီဇကြောင့်သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီလိုမွေးရာပါချို့ယွင်းချက်တွေကို ကာကွယ်ဖို့ ဘာမှလုပ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုပုံမမှန်တဲ့ ချို့ယွင်းချက်တွေဟာ သန္ဓေသားစဖြစ်ချိန်ကတည်းက မိခင် နဲ့ ဖခင်ရဲ့ မျိုးရိုးဗီဇတွေကတဆင့် ကလေးဆီကို လက်ဆင့်ကမ်းပြီးခဲ့ပြီမို့လို့ပဲဖြစ်ပါတယ်။ တချို့ကလေးတွေမှာဆိုရင် မျိုးရိုးဗီဇလက္ခဏာတစ်ခု (သို့) အစိတ်အပိုင်းတစ်ချို့ ပျောက်ဆုံးနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေကရှောင်လွှဲလို့မရတာတွေပါ။မျိုးရိုးဗီဇကြောင့် မဟုတ်သော အကြောင်းအရင်းများ။ဒီလိုမွေးရာပါ ချို့ယွင်းနေတာတွေကိုဖြစ်စေတဲ့ အကြောင်းအရင်းမှာ မျိုးရိုးဗီဇနဲ့ မဆိုင်ဘူးဆိုရင် ဆရာဝန်တစ်ယောက်အတွက် ဘာကြောင့်ဖြစ်တယ်ဆိုတာ သတ်မှတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တခြားပြင်ပအကြောင်းအရာတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ မကောင်းတဲ့ အလေ့အကျင့် တွေရှိခြင်းက ကလေးအတွက် မွေးရာပါ ချို့ယွင်းချက်တွေကိုဖြစ်စေဖို့ အခွင့်အလမ်းပိုများစေနိုင်လို့ပါ။တချို့သောအခြေအနေတွေက ကိုယ်ဝန်ဆောင်မိခင်တွေမှာ မိမိကလေးလေးအတွက် မွေးရာပါချို့ယွင်းချက်ဖြစ်ဖို့ အားပေးနေပါတယ်။ အဲဒါတွေကတော့။• မိသားစုဝင်ထဲမှာ မွေးရာပါချို့ယွင်းချက်ရှိဖူးခြင်း။ (သို့) အခြားမျိုးရိုးလိုက်ရောဂါများရှိဖူးခြင်း။• ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်၊ အရက်၊ ဆေးစသည်တို့သုံးစွဲခြင်း။• ကိုယ်ဝန်ဆောင် စဉ် မိခင်အသက် ၃၅ နှစ်နှင့်အထက် ရှိခြင်း။• ကိုယ်ဝန်ဆောင်စဉ်(ကလေးမမွေးခင်) သေချာစောင့်ရှောက် စစ်ဆေးမှုနည်းပါးခြင်း။• လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်နိုင်သောရောဂါပိုးများတွေ့ရှိပြီး မကုသဘဲထားခြင်းအစရှိသည်နှင့် ဗိုင်းရပ်(စ်)၊ ဘက်တီးယီးယားပိုးများဝင်ခြင်း။• Isotretinoin နှင့် lithium ပါဝင်သောဆေးဝါးများ သုံးစွဲခြင်း။• ကိုယ်ဝန်ဆောင်မိခင်တွင် အရင်ကတည်းက ဆီးချိုရောဂါကဲ့သို့သောရောဂါ အခံရှိခြင်း။အမည်သိသောမွေးရာပါ ချို့ယွင်းချက် အမျိုးအစား ၄၀၀၀ ကျော်ကို ဆရာဝန်များက အုပ်စုကြီးနှစ်ခု (တည်ဆောက်ပုံစံပုံမမှန်တဲ့ ချို့ယွင်းချက် များနဲ့ လုပ်ငန်းဆောင်တာပုံမမှန်တဲ့ ချို့ယွင်းချက်များ) ဆိုပြီးခွဲခြားပြထားပါတယ်။တည်ဆောက်ပုံမမှန်သောချို့ယွင်းချက်များ။ဒီအုပ်စုမှာဆိုရင် ချို့ယွင်းချက်အနေနဲ့ ကိုယ်အစိတ်အပိုင်းတစ်ခုခုမရှိတာ (သို့) ပုံမမှန်တာ ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် ကလေးရဲ့ နှလုံးမှာပုံမှန်မဟုတ်တာ၊ နှုတ်ခမ်း (သို့) အာခေါင်မှာအက်ကွဲကြောင်းဖြစ်နေတာ၊ spina bifida( အာရုံကြောနှင့်ပတ်သက်သောရောဂါ- မီးညှောင့်ရိုးနားတွင် အဖုကဲ့သို့ တွေ့ရတတ်သည်။)တင်းပုတ်ခြေမလိုဖြစ်နေသောမွေးရာပါ ချို့ယွင်းချက်များဖြစ်တတ်ပါတယ်။လုပ်ဆောင်ချက်(သို့) ဖွံ့ဖြိုးပုံမူမမှန်သောမွေးရာပါ ချို့ယွင်းချက်များ။ဒီအုပ်စုမှာဆိုရင်တော့ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု (သို့)ခန္ဓါကိုယ်အဖွဲ့အစည်းစနစ်တစ်ခုခုက အလုပ်ကောင်းကောင်းမလုပ်နိုင်တာတွေ ပါဝင်ပါတယ်။ အဲဒီအတွက် ဉာဏ်ရည် နဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေမှာ ချို့ယွင်းမှုတွေကိုဖြစ်လာစေပါတယ်။ အခြားဇီဝဖြစ်စဉ် ချို့ယွင်းချက်တွေ၊ အာရုံခံစားမှု နဲ့ဆိုင်တဲ့ ပြဿနာတွေ၊ အာရုံကြောပြဿနာတွေ လည်းပါဝင်ပါတယ်။သေချာပြောရမယ်ဆိုရင်တော့ လုပ်ဆောင်ချက်(သို့) ဖွံ့ဖြိုးမှု ပုံမမှန်တဲ့ မွေးရာပါချို့ယွင်းချက်တွေကို ဒေါင်းဆင်းရုန်း၊ သွေးနီဥများပုံစံမမှန်သော ရောဂါ(တံစဉ်းပုံကဲ့သို့ဖြစ်နေခြင်း)နှင့် cystic fibrosis(အဆုတ်နှင့် အခြားကိုယ်တွင်းအစိတ်အပိုင်းများကို ထိခိုက်စေနိုင်သော မျိုးရိုးလိုက်သည့်ရောဂါ) စတဲ့ ရောဂါတွေမှာတွေ့နိုင်ပါတယ်။မွေးရာပါချို့ယွင်းချက် ရောဂါအခြေအနေနှင့် အဆင့်ပေါ်မူတည်ပြီး ကုသမှုမှာ ဆေးဝါးနှင့်ကုသမှုမှ ခွဲစိတ်ကုသမှုအထိဖြစ်နိုင်ပါတယ်။ ဒီလိုကလေးတွေမှာ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်ပွားနိုင်ချေကို ကာကွယ်ဖို့ အမျိုးသမီးတိုင်း ဖောလစ်အက်ဆစ်နဲ့ဗီတာမင်တွေသောက်သုံးသင့်ပြီး၊ အရက်၊ မူးယစ်ဆေး၊ ဆေးလိပ် စသည်တို့ကို ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် မမွေးခင် ပုံမှန်စစ်ဆေးမှုလည်းခံယူသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8/
Stool Analysis (ဝမ်းစစ်ခြင်း)
ဝမ်းစစ်ခြင်းဟာ မစင်တွေကို နမူနာ ယူပြီး အစာခြေလမ်းကြောင်းရောဂါတွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ ဒီရောဂါတွေမှာ ရောဂါပိုးဝင်ခြင်း (ကပ်ပါး၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား)၊ အာဟာရ စုပ်ယူမှု နည်းပါးခြင်း၊ ကင်ဆာ အစရှိတာတွေ ပါဝင်ပါတယ်။ဝမ်းစစ်ခြင်း လုပ်ဖို့ မစင် နမူနာ ကို သန့်စင်တဲ့ ဘူးတစ်ခုထဲထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရမှာဖြစ်ပါတယ်။ ဓါတ်ခွဲခန်းစစ်ဆေးမှုမှာတော့ မှန်ပြောင်းနဲ့ စစ်ဆေးခြင်း၊ ဓါတုစစ်ဆေးနည်း နဲ့ အဏုဇီဝစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။ မစင်ကို အရောင်၊ အပျော့အမာ၊ ပမာဏ၊ ပုံသဏ္ဍာန်၊ အနံ့ အကျိအချွဲတွေ ပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။ မစင်ကို သွေးထဲပါတဲ့ သွေး၊ အဆီ၊ အသားမျှင်၊ သည်းခြေရည် ၊ သွေးဖြူဥနဲ့ သကြား ပါမပါလည်း စစ်ဆေးမှာဖြစ်ပြီး pH ကိုလည်း တိုင်းတာမှာဖြစ်ပါတယ်။ ဝမ်းပိုးမွေးခြင်း ကို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။ဝမ်းစစ်ခြင်း ကို အောက်ပါ အချက်တွေအတွက် ပြုလုပ်နိုင်ပါတယ်။အစာအိမ်လမ်းကြောင်းက အာဟာရဓါတ်ကောင်းစွာ မစုပ်ယူနိုင်ခြင်း (အာဟာရမစုပ်ယူနိုင်သော ရောဂါ) ကို စစ်ဆေးရန်။ ဒီစစ်ဆေးမှုအတွက် မစင်ကို ၇၂ နာရီ စုဆောင်းရမှာဖြစ်ပြီး အဆီပါဝင်မှုကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို ၇၂ နာရီ ဝမ်းစစ်ခြင်း သို့ ဝမ်းတွင်းအဆီပါဝင်မှုစစ်ဆေးခြင်း လို့ ခေါ်ပါတယ်။ဝမ်းစစ်ခြင်း ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။ဝမ်း (မစင်) ပိုးမွေးခြင်း ကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးကောင် ရောဂါပိုးဝင်ခြင်းကို ရှာဖွေဖို့ ပြုလုပ်နိုင်ပါတယ်။မျိုးရိုးလိုက်သော အကျိအချွဲ၊အရည်ထုတ်သော ဂလင်းပျက်စီးသော ရောဂါ (Cystic fibrosis) ကို စစ်ဆေးဖို့ ဝမ်းတွင်း trypsin သို့ elastase အင်ဇိုင်းတွေကို တိုင်းတာခြင်းဟာ ချွေးတွင်ပါသော ကလိုရိုက် ပြင်းအားကို စစ်ဆေးသော sweat test လောက် အသုံးမဝင်ပါဘူး။ဆေးအတော်များများဟာ စစ်ဆေးမှု အဖြေကို ပြောင်းလဲစေနိုင်ပါတယ်။ သင်ဘယ်လို စစ်ဆေးမှုအမျိုးအစားပြုလုပ်မလဲဆိုတာပေါ်မူတည်ပြီး အချို့ဆေးတွေကို ရှောင်ကျဉ်ဖို့လိုပါတယ်။ အစာအိမ်ဆေး၊ ဝမ်းပိတ်ဆေး၊ ကပ်ပါးကောင်သေစေသော ဆေး၊ ပိုးသတ်ဆေး၊ ဝမ်းပျော့ဆေး၊ အကိုက်အခဲပျောက်ဆေးတွေ သောက်နေတယ်ဆိုရင် စစ်ဆေးမှုမပြုခင် တစ်ပတ်နှစ်ပတ် ကြိုတင်ပြီး စစ်ဆေးသင့်ပါတယ်။ သင်သောက်နေတဲ့ ဆေးအကုန်အကြောင်းကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။သင့်မှာအောက်ပါအခြေအနေတွေ ရှိတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ဝမ်းတွင်းသွေးပါမပါကို ရှာဖွေမယ်ဆိုရင် စစ်ဆေးမှုမပြုလုပ်ခင် ၂-၃ ရက်ကြိုပြီး အချို့အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါဟာ ဘယ်လို ဝမ်းစစ်ခြင်း စစ်ဆေးမှုတွေကို ပြုလုပ်မယ်ဆိုတာပေါ် မူတည်ပါတယ်။ ရာသီလာနေစဉ် (သို့) သွေးထွက်နေတဲ့ လိပ်ခေါင်းရှိရင် ဒီစစ်ဆေးမှုကို မပြုလုပ်သင့်ပါဘူး။ ဘယ်လိုပြင်ဆင်ရမလဲ မသိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။မစင်နမူနာယူဖို့ နည်းလမ်းများစွာ ရှိပါတယ်။နမူနာ ကို ဆီး၊ ရေ၊ အိမ်သာသုံးစက္ကူတွေ မပါစေသင့်ပါဘူး။သေးခံ ဝတ်ထားတဲ့ ကလေးငယ်တွေအတွက်။ပလပ်စတစ်ကို ဆီးနဲ့ ဝမ်းမရောသွားအောင်နေရာချပါ။နမူနာကို ပြီးသွားတာနဲ့ ဓါတ်ခွဲခန်းကို ပို့ပါ။ နမူနာထဲမှာ အိမ်သာသုံးစက္ကူနဲ့ ဆီးတွေ မပါသင့်ပါဘူး။အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။ဒီစစ်ဆေးမှုအဖြေကို ရဖို့ ၁ရက်ကနေ ၃ ရက်အထိ ကြာတတ်ပါတယ်။အခြေအနေအတော်များများဟာ စစ်ဆေးမှုအဖြေကို ပြောင်းလဲနိုင်ပါတယ်။ သင့်ဆရာဝန်က သင့်ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေတွေ ပေါ် မူတည်ပြီး သင့်ရဲ့ ပုံမှန်မဟုတ်တဲ့ အဖြေတွေအကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။ဝမ်းအတွင်းမှာ အဆီပမာဏများပြားစွာပါဝင်ခြင်းဟာ မုန့်ချိုအိတ်ရောင်ခြင်း၊ အူသိမ်မှ ဂလူတန်ကိုလက်မခံသော၊ ဓါတ်မတည့်သောရောဂါ၊cystic fibrosis နဲ့ အခြား အဆီစုပ်ယူမှုကို ထိခိုက်စေတဲ့ ရောဂါတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။အစာမခြေရသေးတဲ့ အသားမျှင်တွေပါဝင်ခြင်းဟာ မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။pH နည်းခြင်းဟာ ကာဗိုဟိုက်ဒရိတ် သို့ အဆီစုပ်ယူမှု နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ pH များခြင်းဟာ အူရောင်ခြင်း၊ ကင်ဆာနဲ့ ပိုးသတ်ဆေး အသုံးပြုမှုကြောင့် ဖြစ်နိုင်ပါတယ်။ဝမ်းအတွင်းသွေးပါခြင်းဟာ အစာခြေလမ်းကြောင်း သွေးထွက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။သွေးဖြူဥပါခြင်းကတော့ အူရောင်ခြင်းတွေဖြစ်တဲ့ အူရောင်နာ သို့ ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။Rota ဗိုင်းရပ်စ်ဟာ ကလေးငယ်တွေမှာ ဝမ်းလျှောခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းဖြစ်ပါတယ်။ ဝမ်းလျှောခြင်းရှိတယ်ဆိုရင် ဝမ်းအတွင်းမှာ rota ဗိုင်းရပ်စ် တွေကို စစ်ဆေးသင့်ပါတယ်။အစာအိမ်အူလမ်ကြောင်းမှ မစုပ်ယူနိုင်ဘဲ ဝမ်းတွင်းသကြားဓါတ် များပြားစွာ ပါဝင်ခြင်းဟာ သကြားဓါတ်ခြေဖျက်မှု ပြဿနာတွေကို ညွှန်ပြပါတယ်။ဝမ်းတွင်းသကြားဓါတ် နည်းခြင်းဟာ အူသိမ်မှဂလူတန်ကို ဓါတ်မတည့်သောရောဂါ၊ cystic fibrosis သို့ အစာအာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဂေါက်ရောဂါအတွက် အသုံးပြုတဲ့ colchicine နဲ့ ကိုယ်ဝန်တားဆေးတွေဟာလည်း ဒီအခြေအနေကို ဖြစ်ပေါ်စေပါတယ်။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး ဝမ်းစစ်ခြင်း ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဝမ်းစစ်ခြင်း နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/stool-analysis/
လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက်
လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် အကြောင်း လေ့လာလိုက်ရအောင်နော်။ နွားနို့ကို လတ်ဆတ်သော နို့ရည်ပုံစံမှစပြီး အခြောက်ခံထားတဲ့ (သို့) အမှုန့် ပြုလုပ်ထားတဲ့ အသင့်သောက် နို့မှုန့်ပုံစံ အထိ ပုံစံ အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ဒါကြောင့် ရိုးရိုးနွားနို့က ပိုကောင်းသလား၊ နို့မှုန့်က ပိုကောင်းသလား ဆိုတာနဲ့ ပတ်သတ်ပြီး မဝေခွဲနိုင် ဖြစ်နေကြပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။လတ်ဆတ်သော နွားနို့ နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက် တွေကတော့။နွားနို့ နှင့် နို့မှုန့် နှစ်ခုလုံးမှာ လူသားတွေ လိုအပ်ချက် အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရများ ပါဝင်ကြပါတယ်။ အာဟာရ ပါဝင်မှုကလည်း အတူတူနီးပါး ဖြစ်ပါတယ်။နွားနို့ တစ်ခွက် သောက်ရင် (သို့) နို့မှုန့် တစ်ခွက် သောက်ရင် ၈၀ ကယ်လ်လိုရီ ၊အသားဓာတ် ၈ ဂရမ်၊ နေ့စဉ် လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏရဲ့ သုံးဆယ်ရာခိုင်နှုန်းတို့ကို ရရှိနိုင်ပါတယ်။နို့ရည်မှာ နို့မှုန့်ထက် ဗီတာမင် ဘီ အုပ်စု အနည်းငယ် ပိုပြီး ပါဝင်ပါသတယ်။ လတ်လတ်ဆတ်ဆတ် နို့တစ်ခွက်စာမှာ ဗီတာမင် B12 ၁.၂ မိုက်ခရိုဂရမ် နဲ့ ဗီတာမင် B5 ဝ.၉ မီလီဂရမ် ပါဝင်ပါတယ်။နို့မှုန့် တစ်ခွက်မှာတော့ ဗီတာမင် B12 ဝ.၉ မိုက်ခရိုဂရမ် နဲ့ ဗီတာမင်B5 ဝ.၈ မီလီဂရမ် ပါဝင်ပါတယ်။ ဗီတာမင်B5က ဆဲလ်အမြှေးပါးများ ကျန်းမာစေရန် ကူညီပေးပါတယ်။ ဗီတာမင်B12က အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းအတွက် အလွန် အရေးပါပါတယ်။လတ်ဆတ်တဲ့ နွားနို့မှာ နို့မှုန့်ထက် ဖော့စ်ဖောရပ်စ်နဲ့ ဆီလီနီယမ်လည်း ပိုမို ပါဝင်ပါတယ်။ ဖော့စ်ဖောရပ်စ်နဲ့ ဆီလီနီယမ် သတ္တုဓာတ်များက ဆဲလ်အမြှေးပါး၊ ဇီဝရုပ်ဖြစ်ပျက်ခြင်း၊ အင်ဇိုင်းလုပ်ဆောင်မှုများအတွက် အကျိုးပြုပါတယ်။လတ်ဆတ်တဲ့ နို့တစ်ခွက်မှာ ဆီလီနီယမ် ၇.၆ မိုက်ခရိုဂရမ်နဲ့ ဖော့စ်ဖောရပ်စ် ၄၇ မီလီဂရမ် ပါဝင်ပါတယ်။ နို့မှုန့် တစ်ခွက်မှာ ဆီလီနီယမ် ၆.၃ မိုက်ခရိုဂရမ်နဲ့ ဖော့စ်ဖောရပ်စ် ၂၇ မီလီဂရမ် ပါဝင်ပါတယ်။လူအများစုက လတ်ဆတ်တဲ့ နို့ရည်ကို ပိုမို အရသာတွေ့ကြပါတယ်။လတ်ဆတ်တဲ့နို့ရည်ကိုအချိန်ကြာကြာ သိမ်းဆည်းမထားနိုင်ပေမယ့် နို့မှုန့်ကိုတော့ ကြာရှည်စွာ သိမ်းဆည်းထားနိုင်ပါတယ်။နို့မှုန့်ကို ရေခဲသေတ္တာထဲတွင် ထိန်းသိမ်းထားရန် မလိုအပ်သလို သူ့ရဲ့ အာဟာရ တန်ဖိုးကိုလည်း အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ပါတယ်။နို့မှုန့်တွေက လတ်ဆတ်တဲ့ နို့ရည်လောက်လဲ ဈေးမကြီးပါဘူး။နှစ်မျိုးစလုံးကတော့ အာဟာရ ပါဝင်မှုချင်း အတူတူ နီးပါး ဖြစ်ပါတယ်။ တကယ်လို့ သင်က သဘာဝ အစားအစာတွေကို ပိုမို နှစ်သက်သူဆိုရင် လတ်ဆတ်တဲ့ နို့ရည်ကို ရွေးချယ်သင့်ပါတယ်။ နွားနို့မှာ ကြာရှည်ခံ ပစ္စည်းများနဲ့ ပိုးသတ်ဆေးများ မပါဝင်တာကြောင့် ဖြစ်ပါတယ်။ မီးဖိုချောင်သုံးအတွက် ဆိုရင်လည်း လတ်ဆတ်တဲ့ နွားနို့ကို အသုံးပြုရင် ပိုမိုကောင်းမွန်တဲ့ အနံ့အရသာကို ရရှိနိုင်ပါတယ်။အလွယ်တကူ ရရှိနိုင်မှုနဲ့ အချိန် ကြာရှည်ခံမှုကို ထည့်သွင်းစဉ်းစားမယ် ဆိုရင်တော့ နို့မှုန့်က ပိုပြီး သင့်တော်ပါတယ်။ Smoothies (ဖျော်ရည်ပျစ်ပျစ်) လိုမျိုး အချို့ သောက်စရာများမှာလည်း နို့မှုန့်က ပိုပြီး အသုံးဝင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/nutrition-differences-between-milk-and-milk-powder/
Upper Gastrointestinal Endoscopy (အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း)
ဒီစစ်ဆေးနည်းဟာ အူရဲ့ အပေါ်ပိုင်း အစိတ်အပိုင်းတွေဖြစ်တဲ့ အစာမျိုပြွန်၊ အစာအိမ်နဲ့ အူရဲ့ အစပိုင်း တွေကို စစ်ဆေးတဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးမှုပြုလုပ်စဉ်မှာ သေးငယ်ပျော့ပျောင်းတဲ့ မှန်ပြောင်း ကိရိယာကို ပါးစပ်မှတစ်ဆင့် လည်ချောင်းကို ဖြည်းညင်းစွာထည့်ပြီး အစာအိမ်လမ်းကြောင်းအတွင်း ကြည့်ခြင်း ဖြစ်ပါတယ်။ဒီစစ်ဆေးမှုကို အစာရေမျိုပြွန်၊အစာအိမ်နှင့် အူသိမ်အပေါ်ပိုင်းစစ်ဆေးနည်း(EGD) လို့လည်းခေါ်ပါတယ်။ သူဟာ အစာခြေလမ်းကြောင်းရဲ့ အပေါ်ပိုင်းတစ်ခုလုံးကို စစ်ဆေးနိုင်ပါတယ်။X-rays အဖြေတွေနဲ့ နှိုင်းယှဉ်ရင် မှန်ပြောင်းကြည့်ထားတဲ့အဖြေ ဟာ X-rays မှာ ဖေါ်ပြနိုင်ခြင်းမရှိတဲ့ ရောဂါတွေကို ဖေါ်ပြနိုင်ပါတယ်။ ဥပမာ မှန်ပြောင်းကိုကို အသုံးပြုရင် ခွဲစိတ်ပြီး ရောဂါရှာဖွေဖို့ မလိုပါဘူး။ ဒါ့ပြင် ဒီစစ်ဆေးမှုဟာ ဆရာဝန်တွေကို အနာ၊ ရောင်ရမ်းခြင်း၊ အကျိတ်၊ ရောဂါပိုးဝင်ခြင်းနဲ့ သွေးထွက်ခြင်းတွေကို ရှာဖွေဖို့၊ တစ်ရှူးအသားစယူဖို့၊ အသားပိုတွေ ဖယ်ရှားဖို့နဲ့ သွေးထွက်ခြင်းကိုကုသဖို့တွေအတွက် ကူညီပေးနိုင်ပါတယ်။ဒီစစ်ဆေးနည်းကိုအောက်ပါ အချက်တွေအတွက် ပြုလုပ်ကြတာဖြစ်ပါတယ်။သွေးထွက်ခြင်းကို ရပ်တန့်ဖို့ သွေးထွက်နေတဲ့ သွေးကြောကို အပူပေးခြင်း၊ ကျဉ်းနေတဲ့ အစာမျိုပြွန်ကို ကျယ်စေခြင်း၊ အသားပိုကို ဖြတ်ထုတ်ခြင်းနဲ့ ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ခြင်း အတွက်လည်း အသုံးပြုနိုင်ပါတယ်။မှန်ပြောင်းကြည့်စစ်ဆေးနည်းကို အာထရာဆောင်း နဲ့ အစာမျိုပြွန် (သို့) အစာအိမ် နံရံရဲ့ တိကျသေချာတဲ့ ပုံရိပ်တွေကို ဖေါ်ပြဖို့နဲ့ လက်လှမ်းမီဖို့ ခက်ခဲတဲ့ အင်္ဂါတွေရဲ့ ပုံရိပ်ကို ဖန်တီးဖို့ (ဥပမာ မုန့်ချိုအိတ်) အသုံးပြုပါတယ်။လူအတော်များများက သူတို့ဆရာဝန်ကို ပုံရိပ်ဖော်နည်းကို အသုံးပြုပြီး ကင်ဆာမဖြစ်ခင် အခြေအနေတစ်ခု ဖြစ်တဲ့ အစာမျိုပြွန်ဆဲလ် ပုံမမှန်ပြောင်းလဲမှုအခြေအနေ (Barret’s esophagus) ကို သိရှိဖို့ တောင်းဆိုတတ်ကြပါတယ်။အချို့အခြေအနေတွေမှာ အစာခြေလမ်းကြောင်းဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ လူနာတွေကို ပြဿနာကို တိကျစွာသိရှိဖို့ မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်ဖို့ စေခိုင်းနိုင်ပါတယ်။တကယ်လို့ ဆရာဝန်က သည်းခြေပြွန်န် သို့ မုန့်ချိုအိတ်ပြွန် ပိတ်ခြင်း၊ အခြားစစ်ဆေးမှုတွေ (အာထရာဆောင်း၊ အသည်းဓါတ်မှန်၊ X ray ဓါတ်မှန်) တွေဟာ တိကျတဲ့ အဖြေကို မပေးနိုင်ခြင်းတွေ ဖြစ်ရင် Endoscopic retrograde cholangiopancreatogram (ERCP) test လို့ခေါ်တဲ့ မုန့်ချိုအိတ်နှင့်သည်းခြေပြွန်မှတစ်ဆင့် ပြောင်းပြန်သွားပြီး အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်သော စစ်ဆေးနည်းကို အသားဝါခြင်းရဲ့ အကြောင်းရင်းကို ဖေါ်ထုတ်ဖို့ ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုဟာ အသည်း၊ သည်းခြေအိတ် နဲ့ မုန့်ချိုအိတ်ကနေ စီးဆင်းတဲ့ပြွန်တွေကိုပါ စစ်ဆေးမှာ ဖြစ်ပါတယ်။သင့်ဆရာဝန်ကို သင့်မှာ ရှိတဲ့ ရောဂါအခြေအနေတွေ၊ သောက်နေတဲ့ဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ အကုန်ပြောပြသင့်ပါတယ်။ အောက်ပါ ဆေးတွေ ပါဝင်ပါတယ်။စစ်ဆေးမှုမပြုလုပ်ခင် တိကျတဲ့အဖြေထွက်စေဖို့ လေးနာရီကနေ ရှစ်နာရီအတွင်း စားသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဝါးခြင်းတွေ မပြုလုပ်သင့်ပါဘူး။ဆရာဝန်တွေက သင့်ကို စစ်ဆေးမှု ပြုစဉ်မှာ အပန်းပြေ၊ သက်တောင့်သက်သာရှိဖို့ (သို့) အိပ်ပျော်စေဖို့ ဆေးပေးနိုင်ပါတယ်။ ရှားပါးတဲ့အခြေအနေတွေမှာ စိတ်ငြိမ်ဆေးတွေကို စစ်ဆေးမှုပြုစဉ် အသုံးမပြုကြပါဘူး။ ထုံဆေးပါတဲ့ ပါးလုပ်ကျင်းရည် (သို့) ထုံဆေးပါတဲ့ ဖျန်းဆေးကို အသုံးပြုနိုင်ပါတယ်။ ထုံဆေးဟာ လည်ချောင်းကို ထုံသွားစေပြီး အာခေါင်ကိုထိသောအခါ ပျို့အန်ချင်သော တုံ့ပြန်မှုကို တည်ငြိမ်စေပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက အရေးကြီးသော လက္ခဏာတွေကို စောင့်ကြည့်မှာဖြစ်ပြီး သင့်ကို တတ်နိုင်သမျှ သက်တောင့်သက်သာရှိအောင် ကူညီပေးမှာဖြစ်ပါတယ်။သင်စားပွဲပေါ်မှာ လဲလျောင်းနေစဉ်မှာ ကင်မရာပါတဲ့ မှန်ပြောင်းကို အစာပြွန်ထဲမှတစ်ဆင့် အစာအိမ်နဲ့ အူသိမ်အပေါ်ပိုင်းအတွင်းကို ထည့်မှာ ဖြစ်ပါတယ်။ ဒီကင်မရာကနေ မော်နီတာကို ဓါတ်ပုံတွေပို့ပေးမှာဖြစ်ပြီး အစာခြေလမ်းကြောင်းအပေါ်ပိုင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာ မှန်ပြောင်းဟာ အစာအိမ်နဲ့ အူသိမ်အတွင်းကို လေမှုတ်ထုတ်မှာဖြစ်ပြီး သေချာမြင်ရအောင်ကူညီပေးမှာဖြစ်ပါတယ်။ဒီစစ်ဆေးမှုပြုလုပ်နေစဉ်မှာ ဆရာဝန်ဟာ အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။ဒီစစ်ဆေးမှုဟာ ၁၅-၃၀ မိနစ် ကြာမြင့်နိုင်ပါတယ်။ ဒီစစ်ဆေးမှု ပြုလုပ်စဉ်မှာ မှန်ပြောင်းဟာ အသက်ရှူခြင်းကို အနှောင့်အယှက်မပေးနိုင်တာကြောင့် အိပ်နေနိုင်ပါတယ်။အချို့ရောဂါပိုးဝင်ခြင်းကို စစ်ဆေးခြင်းဟာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပေမယ့် အခြားအဖြေတွေကိုတော့ ၂-၄ က်အတွင်း ရရှိနိုင်ပါတယ်။ အချို့အဖြေတွေကို စစ်ဆေးမှုပြီးပြီးချင်း ရရှိမှာဖြစ်ပါတယ်။အသားစယူခြင်းကို။အခြေအနေ အတော်များများဟာ ဒီစစ်ဆေးမှုရဲ့ အခြေအနေကို လွှမ်းမိုးနိုင်ပါတယ်။ သင့်ဆရာဝန်က ပုံမှန်မဟုတ်တဲ့ အခြေအနေတွေအတွက် သင့်ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးနိုင်ပါတယ်။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး မှန်ပြောင်းကြည့်ခြင်း အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီစစ်ဆေးနည်းနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/upper-gastrointestinal-endoscopy-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%b9%e1%80%99%e1%80%b9%e1%80%a1%e1%80%b0%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac/
မျက်လုံးလေးကို ကြင်နာပါ
တိုးတက်လာတဲ့ခေတ်မှာ စာရေးရင်တောင် လက်ပ်တော့နဲ့ဖြစ်နေပြီ ကားစီးရင်း အချိန်ကြာရင်တောင် တစ်ယောက်နဲ့တစ်ယောက် စကားပြောမယ့်အစား ဖုန်းလေးပွတ်နေမိတယ်ဟုတ်။ ဒီလိုအပြုအမူတွေ အလေ့အထတွေကြောင့်ခန္ဓါကိုယ်မှာ အထိခိုက်ဆုံးအစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒါကတော့ ဘာလုပ်လုပ်မပါမဖြစ်ပါနေရတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့မျက်လုံးပါ။အရင်ခေတ်က စာရေးရင် ကျောက်သင်ပုန်းနဲ့ကျောက်တံသုံးပြီးရေးတယ်။ နောက်တော့ စာရွက်နဲ့ဘောပင်၊ မင်တံသုံးရေးတယ်၊ရှေးရှေးတုန်းကတော့ကျောက်စာထွင်းတယ်၊ မင်စာရေးတယ်၊ ပေ၊ပုရပိုက်စာရေးတယ်။နောက်ပိုင်းကျ လက်နှိပ်စက်သုံးပြီးစာရေးတယ်။ အခုတော့ကွန်ပျူတာသုံးပြီးရေးတယ်။ ဒီတော့ မျက်လုံးက လိုတာထက်ပိုအာရုံစိုက်ရပြီလေ။နောက်တစ်ခုရှိသေးတယ်။ တိုးတက်လာတာနဲ့အမျှ ဖုန်းတွေကို တစ်ချိန်လုံးသုံးနေတာကလည်း မျက်လုံးကို ထိခိုက်စေနိုင်တာပါပဲ။ မျက်လုံးက ဘဝတလျှောက်လုံးမှာကောင်းစွာရှင်သန်နိုင်ဖို့လိုအပ်ပါတယ်။ပြောင်းလဲမှုကြောင့် မျက်လုံးကို ထိခိုက်မှုတွေမဖြစ်အောင် ဂရုစိုက်ပေးဖို့လိုမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါပဲ။မျက်လုံးလေးကို ကိုယ့်ရဲ့နေ့စဉ်အပြုအမူကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ။ကွန်ပျူတာကို အချိန်အကန့်အသတ်နဲ့သုံးပါ။အလုပ်ခွင်ထဲမှာ တစ်ချိန်လုံးကွန်ပျူတာသုံးရတယ်ဆိုရင်ပြန်လာတဲ့အချိန်လေးတော့ မျက်လုံးကို အနားပေးဖို့ မမေ့ပါနဲ့။ ညအိပ်ခါနီးအထိ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တာ၊ ရုပ်ရှင်ကြည့်တာမျိုးကို ဆင်ခြင်ပါ။ဖုန်းသုံးတာလျှော့ပါ။ဖေ့ဘုတ်ခ်လည်းသုံး၊ ဂိမ်းလည်းဆော့ဆိုမှတော့ မျက်လုံးက ဝန်ပိုထမ်းနေရတာသေချာနေပြီပေါ့။ ဒီတော့ မျက်လုံးကထိခိုက်တော့မယ်ဆိုတာ အသေအချာပေါ့။ ဒါကြောင့် ဖုန်းတစ်ချိန်လုံးကြည့်မနေပါနဲ့။ရှုခင်းတွေကို ကြည့်ပေးပါ။စိမ်းစိုနေတဲ့အရာတွေကို ကြည့်ပြီး မျက်လုံးကို အနားပေးပါ။ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေက မျက်လုံးကို အနားရစေနိုင်ပါတယ်။ အလုပ်စားပွဲကနေ ခပ်ဝေးဝေးမှာရှိတဲ့ အရာတွေကိုလှမ်းကြည့်တာကလည်း မျက်လုံးကို အနားပေးရာရောက်ပါတယ်။မကြာခဏ မျက်တောင်ခတ်ပေးပါ။မကြာခဏမျက်တောင်ခတ်ပေးတာက မျက်လုံးကို သက်သာရာရစေနိုင်ပါတယ်။ ဒါကြောင့် သတိလေးထားပြီး မျက်တောင်ခတ်ပေးပါ။ကွန်ပျူတာ သုံးရင်းဖြစ်ဖြစ်၊ ဖုန်းသုံးရင်းဖြစ်ဖြစ် မျက်လုံးက အခုလိုလက္ခဏာတွေပြလာပြီဆိုရင် မျက်လုံးက အနားပေးဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြနေတာပါ။မျက်လုံးကျန်းမာစေဖို့ အစားအသောက်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/how-to-keep-your-eyes-healthy/
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်
ပူပူစပ်စပ် အရသာကိုမှ ခံတွင်းတွေ့သူတွေ ရှိလား… ဒါဆိုရင်တော့ အခုပြောပြမယ့် အရွက်ကလေးက စာဖတ်သူတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါကတော့ ပူစပ်စပ် ဟင်းလျာတိုင်းမှာ ထည့်ချက်လေ့ ရှိတဲ့ အာပူရွက် ပါ။အာပူရွက် ကို ရှေးယခင်ကာလတွေကတည်းကသဘာဝ ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။အာပူရွက်ကို ခန္ဓာကိုယ် နွေးထွေးစေဖို့ အသုံးပြုကြသလို အဆစ်ရောင်တာ၊ခါးနာတာတွေ သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။အာပူရွက်ကိုUrtica dioicaလို့ ခေါ်ပြီး လက်တင်စကားလုံးuroကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းကတော့ အာပူရွက်က ထိရင်၊ စားမိရင် ခေတ္တခဏလောက် ပူနွေးစေတဲ့ ခံစားမှုကို ရရှိလို့ပါပဲ။အာပူရွက်မှာ အမွေးပါးလေးတွေ ပါပြီး ထိမိရင်ယားယံသလို ခံစားရနိုင်ပါတယ်။အရေပြားမှာ နီမြန်းတာ၊ ရောင်ရမ်းတာကိုလည်း ခံစားရနိုင်ပါတယ်။ အာပူရွက်ကို အခြောက်ခံတာ၊ အရိပ်အောက်မှာ လေအေးအေးနဲ့ အခြောက်ခံတာ၊ချက်စားတာတွေက ဘေးကင်းပါတယ်။အာပူရွက်မှာရော အမြစ်မှာပါ အာဟာရဓာတ်တွေ ပါဝင်နေတာပါ။ဆေးဖြစ်ဝါးဖြစ် စားလေ့ရှိတဲ့ အာပူရွက်က အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ပေးစွမ်းပါတယ်။ရောင်ရမ်းမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင် အနာကျက်စေတဲ့ နည်းလမ်း ဖြစ်သလို ကူးစက်ရောဂါတွေကို တိုက်ခိုက်မှုရဲ့ သင်္ကေတပါ။ ဒါပေမယ့်နာတာရှည် ရောင်ရမ်းမှုတွေကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒီပြဿနာကို အာပူရွက်မှာပါတဲ့ ဒြပ်ပေါင်းတွေက အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ အာပူရွက်က ရောင်ရမ်းမှုကို ဖြစ်စေတဲ့ဟော်မုန်းတွေထုတ်လုပ်မှုကို လျှော့ချပေးနိုင်ပါတယ်။အဆစ်ရောင်တာတွေကို သက်သာစေနိုင်သလို လေးဖက်နာကို သက်သာစေနိုင်ပါတယ်။နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။အမျိုးသားတွေက အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ပြဿနာကို ခံစားကြရပါတယ်။ အသက် ၅၀ အထက် အမျိုးသားတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ဆီးကျိတ်ကြီးတဲ့ ပြဿနာကို ခံစားနေရပါတယ်။ဆီးကျိတ်ကြီးတာကို သက်သာစေဖို့အတွက်လည်း အာပူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။အာပူရွက်က ဆီးကျိတ်ကို ကျန်းမာစေပြီး ဆီးကျိတ် မကြီးအောင် ကာကွယ်ပေးသလို ဆီးကျိတ် ကြီးနေခဲ့ရင်လည်း ထပ်ကြီးမလာစေဖို့ ကာကွယ်ပေးပါတယ်။အခု နောက်ပိုင်း ပြောင်းလဲလာတဲ့နေထိုင် စားသောက်မှု ပုံစံတွေကြောင့် သက်လတ်ပိုင်း အရွယ်တွေကစပြီး သွေးတိုးရောဂါကို ခံစားလာရ​ကြပါတယ်။ သွေးတိုးတာက စိုးရိမ်ရတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ကုသပျောက်ကင်းဖို့ ခက်တဲ့ နာတာရှည်ရောဂါ တစ်ခုဆိုလည်း မမှားပါဘူး။သွေးတိုးတာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့ လေဖြတ်တာ၊နှလုံးရောဂါလိုမျိုး ရောဂါတွေကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။အာပူရွက်က nitric oxide ထွက်ရှိအောင် လှုံ့ဆော်ပေးပြီးသွေးကြောနံရံတွေကို ပြေလျော့စေပြီး သွေးကြောတွေကို ပွင့်စေဖို့ ကူညီပေးနိုင်ပါတယ်။ နှလုံး ကြွက်သားတွေကို ပြေလျော့စေပြီး နှလုံးဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။အာပူရွက်ရဲ့ ကျန်းမာရေး အာနိသင် နောက်တစ်ခုက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာပါ။ အာပူရွက်မှာအင်ဆူလင်ဒြပ်ပေါင်း အနည်းငယ် ပါဝင်နေတာက သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပါတယ်။အာပူရွက်က ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် တန်ဆေး လွန်ဘေး ဆိုတာကို မမေ့စေချင်ပါဘူး။ ကျန်းမာရေး ပြဿနာ အခံ တစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသုံးစေချင်ပါတယ်။အာပူရွက်က ကျန်းမာစေတယ်ဆိုပေမဲ့ သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးနဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာဖို့ လိုသေးတာကြောင့် အထက်ပါ ရောဂါတွေ ရှိရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-stinging-nettle/
ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ
ကိုယ်တွင်းမှာဟော်မုန်းပြောင်းလဲမှုနဲ့အတူဆယ်ကျော်သက်အရွယ်သားသားမီးမီးတို့မှာ ပြောင်းလဲမှုတွေ များစွာ တွေ့ကြုံရနိုင်ပါတယ်။ခန္ဓာကိုယ်ပြောင်းလဲတာ၊ အသံ ပြောင်းလဲတာအပြင် အခြားသာ ပြောင်းလဲမှု အမျိုးမျိုးကို ခံစားရနိုင်ပါတယ်။ဒီပြောင်းလဲမှုတွေထဲမှာအရေပြား ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပေါ့။အသားအရေစတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရအောင် ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွားပါမယ်။ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတဲ့ ဆယ်ကျော်သက်လေးတွေမှာ အခုလို အရေပြား ပြဿနာတွေ ခံစားရနိုင်ပါတယ်။အရေပြားပေါ်ကချွေးပေါက်တွေပိတ်ဆို့မှုကနေ ဖြစ်လာတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ အဖြစ်များတဲ့ အရေပြား ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။အကြောင်းကတော့ဆယ်ကျော်သက်ကာလမှာ အဆီထွက်တာများသလိုဆဲလ်သေနှုန်းကလည်း မြင့်ပါတယ်။ ဒီကာလမှ အရေပြားကို သေချာ မထိန်းသိမ်းမိတဲ့အခါ ချွေးပေါက်တွေ ပိတ်ပြီး ဝက်ခြံတွေ ဖြစ်လာပါတော့တယ်။နောက်တစ်ချက်က အရေပြားပေါ်ကဘက်တီးရီးယားတွေပါ။ ချွေးပေါက်တွေထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်ရာကနေလည်း ဝက်ခြံ ပိုဆိုးလာနိုင်ပါတယ်။ဒါကလည်း ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာတစ်ခုပေါ့။ မျက်နှာ၊ လက်၊ ခြေထောက်၊ တံတောင်ဆစ် စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုက နှင်းခူ ဖြစ်ရခြင်းရဲ့ တရားခံပေါ့။မျိုးရိုးလိုက်တာ ဖြစ်နိုင်သလိုအစားအသောက်နဲ့ အနေအထိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဗောက် ဆိုတာာကဦးရေပြား ခြောက်သွေ့မှုရဲ့ အကျိုးဆက် အရေပြား ပြဿနာပါ။ အသက်အရွယ်မရွေး ခံစားရနိုင်သလိုဆယ်ကျော်သက် အများစု ဖြေရှင်းနေရတဲ့ ပြဿနာပေါ့။ခေါင်း သေချာ မလျှော်တာ၊ ခေါင်းကို သေချာ စင်ကြယ်အောင် မဆေးကြောတာ၊ ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းမှု အားနည်းတာကြောင့် အဖြစ်များပါတယ်။ အရမ်းစိုးရိမ်ရမယ့် ပြဿနာတော့ မဟုတ်ပါဘူး။သဲဝဲက ပိုးဝင် ကူးစက်မှု တစ်မျိုးပါ။ များသောအားဖြင့် ခြေချောင်းလေးတေါ၊ ခြေဖဝါး၊ ခြေချင်းဝတ် စတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ မှိုပိုးကူးစက်မှုကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာပါ။ချွေးတစ်ချိန်လုံး စိုစွတ်နေရာကနေ မှို ပေါက်ဖွားပြီး သဲဝဲ ဖြစ်လာရတာပါ။နာတာရှည်အရေပြား ပြဿနာတစ်မျိုး ဖြစ်ပြီး မကြာခဏ ပြန်ပြန် ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။နေလောင်တာက နေရောင်ကို အလွန်အမင်း ထိတွေ့မိတာကြောင့်ပါ။ အသက်အရွယ် အုပ်စုတွေထဲမှာမှ ဆယ်ကျော်သက်အရွယ်တွေက နေလောင်ခံရနိုင်ခြေ အမြင့်ဆုံးပါ။ဒီလို ပြောရတာက ဆယ်ကျော်သက်တွေက အပြင်ကို သွားလာတဲ့အခါနေလောင်ကာခရင်မ်မလိမ်းကြသလို ထီးဆောင်းတာ၊ ဦးထုပ် ဆောင်းတာမျိုးလည်း မရှိပါဘူး။နေအိမ်ပြင်ပမှ လုပ်ရတဲ့အားကစားတွေကို သဘောတကျ လုပ်တတ်ကြသူတွေကလည်း ဆယ်ကျော်သက်တွေပါပဲ။ နေလောင်တာက အလွန်အကျွံဆို မကောင်းပါဘူး။အရေပြားကင်ဆာလိုမျိုး ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာကို ခံစားရစေနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/skin-problems-in-teenager/
ဇူချီနီ နဲ့ muffin ပြုလုပ်နည်း
ဒါက သွားရင်းလာရင်း မနက်စာအတွက် အဆင်ပြေပါတယ်။ သင့်အနေနဲ့ ဒီချက်နည်းအညွှန်းကို သင်ဆန္ဒရှိလျှင် zucchini (ဘူးသီးနွယ်ဝင် အသီးငယ်တစ်မျိုးဇူချီနီ) ပေါင်မုန့်အလုံးလုပ်လည်းရပါတယ်။ ချက်တဲ့အချိန်ကိုသာ မိနစ် ၅၀-၆၀ အထိသာ တိုးပေးပါ။အစားအစာအမျိုးအစား။ ။ အဆာပြေမုန့်။ပြင်ဆင်ချိန်။ ။၁၅မိနစ်။ပါဝင်သောပစ္ခည်းများ။• muffin ဖျန်းဆေးဘူး spray။• muffin (မက်ဖင်)ခွက်၁၂ခု။• Splendaသကြားညိုခွက်ရဲ့သုံးပုံတစ်ပုံ။• အချိုမပါတဲ့ပန်းသီးဆော့စ်ခွက်တစ်ဝက်။• Canola ဆီခွက်ရဲ့ လေးပုံတစ်ပုံ။• ကြက်ဥလေးလုံး။• ဗနီလာလက်ဘက်ရည်ဇွန်းတစ်ဇွန်း။• ဂျုံတစ်ခွက်။• Old fashioned rolled oats တစ်ခွက်။• မုန့်ဖုတ်ပေါင်ဒါလက်ဖက်ရည်ဇွန်းနှစ်ဇွန်း။• မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း။• ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်။• သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း။• စွံပလွန်သီးလှီးပြီးသားခွက်ရဲ့ လေးပံတစ်ပုံ။• Zucchini (ဇူချီနီ) နုတ်နုတ်စင်းပြီးသား ခွက်နှစ်လုံး။အာဟာရ အချက်အလက်များ။Muffin (မက်ဖင်၊ ပေါင်မုန့်ငယ်) တစ်လုံးမှာ။• ၁၄၅ကယ်လိုရီ။• ကာဗွန်ဟိုက်ဒရိတ်၂၁ဂရမ်။• ပရိုတိန်း၄ဂရမ်။• အဆီ၅ဂရမ်။• ပြည့်ဝဆီဝ.၅ဂရမ်။• သကြား၆ဂရမ်။• အမျှင်ဓါတ်၃ဂရမ်။• ကိုလက်စထရောဝဂရမ်။• ဆိုဒီရမ်၂၈၅မီလီဂရမ်။• ပိုတက်ဆီရမ်၁၇၅မီလီဂရမ်။ပြင်ဆင်ခြင်း။1. မုန့်ဖုတ်စက်ကို၃၅၀ ဒီဂရီဖာရင်ဟိုက်အထိအပူပေးထားပါ။Cooking muffin spray ကိုဖြန်းဒါမှမဟုတ်muffin ခွက်လေးတွေစီထားပါ။2. ပန်းကန်လုံးအနေတော်ထဲမှာ Splenda သကြားညိုရည်၊ အချိုမပါတဲ့ ပန်သီးဆော့စ်၊ ကြက်ဥအကာနဲ့ ဗနီလာတို့ကို ပေါင်းထည့်ပြီး သေချာမွှေပါ။ ပြီးရင် ဘေးဖယ်ထားပါ။3. ပန်းကန်လုံးအကြီးထဲမှာ ဂျုံရယ် Oats ရယ် မုန့်ဖုတ်ပေါင်ဒါရယ် မုန့်ဖုတ်ဆိုဒါရယ် ဆားရယ် သစ်ကြံးပိုးမှုန့်ရယ်ကို ရောထားပါ။4. ပထမပန်းကန်လုံးထဲကို ဒုတိယပန်းကန်လုံးထဲက သကြားရည်အရောကို တစ်ခါတည်း လောင်းထည့်ပြီးမွှေပါ။5. Zucchini (ဇူချီနီ)ကို ရောမွှေပါ။ အနှစ်တွေကို၁၂ခွက်စာ ခွဲထားပါ။6. မိနစ်သုံးဆယ်ဖုတ်ပါ။ (သို့) သွားကြားထိုးတံလေးနဲ့ထိုး ကြည့်ပြီး ကျက်မကျက် သိနိုင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%87%e1%80%b0%e1%80%81%e1%80%bb%e1%80%ae%e1%80%94%e1%80%ae-%e1%80%94%e1%80%b2-%e1%80%b7-muffin-%e1%80%95%e1%80%bc%e1%80%af%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8/
ကော်လာဂျင်နဲ့ မေးခွန်းများစွာ
ကော်လာဂျင်နဲ့ မေးခွန်းများစွာ။ကော်လာဂျင်ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ ကြားရများတဲ့ စကားလုံး တစ်လုံးဖြစ်လို့ လူတိုင်းနဲ့ သိပ်မစိမ်းတော့ပါဘူး။ ကော်လာဂျင်ကကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကိုအသားအရေအတွက် အဓိက သောက်ကြပါတယ်။ဒီလို အသားအရေ ကျန်းမာလှပစေဖို့ သောက်တဲ့အခါ ကော်လာဂျင်ကို မနက် သောက်တာ ကောင်းတယ်။ ည အိပ်ရာ မဝင်ခင် သောက်တာ အထိရောက်ဆုံး ဆိုပြီး အမျိုးမျိုး ပြောဆိုကြတာတွေ ရှိပါတယ်။ ဒီ မက်ဆေ့ချ်တွေကြောင့် ကော်လာဂျင်ကို ဘယ်လို သောက်ရမလဲ ဆိုပြီး ခေါင်းခြောက်နေကြပြီလား။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးမှာ  ကော်လာဂျင် သောက်တာနဲ့ ပတ်သက်လို့ သိချင်နေမယ့် အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။ကော်လာဂျင်နဲ့ ပတ်သက်ပြီး သိချင်နေမယ့် မေးခွန်း များစွာ ရှိနေနိုင်ပါတယ်။တကယ်ကတော့ ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူ။ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင်အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ပြောပြချင်တဲ့ အချက်တစ်ခုကကော်လာဂျင်က အသားအရေလှရုံ၊ဆံသားတွေသန်စွမ်းရုံ နဲ့လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။ကော်လာဂျင်ကိုမနက်စာမစားခင် သောက်တာ ကောင်းတယ်။ ည အိပ်ရာမဝင်ခင် သောက်တာ ကောင်းတယ်လို့ ထင်ကြပါတယ်။ တကယ်ကတော့ ကော်လာဂျင်ကို ဘယ်အချိန်မှာ သောက်သောက် ကော်လာဂျင်ရဲ့ အာနိသင်ကတော့ မပြောင်းလဲပါဘူး။ ဒါကြောင့် ကော်လာဂျင်ကိုမနက်ခင်းမနက်စာ မစားခင်မှာ သောက်လို့ ရသလို ညအိပ်ရာ မဝင်ခင်လည်း သောက်လို့ ရပါတယ်။ကော်လာဂျင်ကို သောက်ပြီးတဲ့အခါ အာနိသင် ပိုထိရောက်စေဖို့ရေတစ်ခွက်ထပ်သောက်ပေးကြပါတယ်။ ဒါကြောင့် ကော်လာဂျင် သောက်ပြီးတဲ့အခါ ရေသောက်တာက အသားအရေအတွက် ပိုကောင်းသလို ခန္ဓာကိုယ်ကိုလည်း ပိုကျန်းမာစေပါတယ်။ကော်လာဂျင်ကို ကော်ဖီနဲ့ တွဲသောက်လို့ ရပါတယ်။ ဒါပေမယ့်ကဖင်းများတာကဆဲလ်တွေကော်လာဂျင် စုပ်ယူနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ကော်လာဂျင်ကို သောက်ရင် အကောင်းဆုံးက ရေအေး ဒါမှမဟုတ်ဗီတာမင် Cကြွယ်ဝတဲ့ သစ်သီး ဖျော်ရည်တွေနဲ့ သောက်တာက ထိရောက်မှု အားကောင်းပါတယ်။ကော်လာဂျင်ကို နေ့တိုင်း သောက်လို့ ရသလို တစ်ရက်ခြား တစ်ထုပ် ဒါမှမဟုတ် ဖြစ်နေတဲ့ အရေပြား ပြဿနာတွေ အပေါ် မူတည်ပြီး သောက်ရမှာပါ။ ဥပမာ ဝက်ခြံ ထွက်တယ်ဆိုရင် တစ်နေ့ တစ်ထုပ် သောက်ရမယ်။ဝက်ခြံ အမာရွတ်သက်သာစေချင်တယ်ဆိုရင် တစ်ရက်ခြား တစ်ထုပ် သောက်ရမယ် စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ကော်လာဂျင်ကိုအရေပြား ပြဿနာတွေတင်မကဘဲ အစာခြေစနစ် ကျန်းမာစေဖို့ရောအရိုးအဆစ်တွေကျန်းမာစေဖို့ပါ အသုံးပြုလို့ ရပါတယ်။ ဒီတော့ အသားအရေ ကျန်းမာစေဖို့ ကော်လာဂျင်ကို သောက်သုံးတဲ့ အမျိုးအစားအလိုက် အညွှန်းအတိုင်း သောက်သုံးသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/collagen-powder-ques/
မျက်ကပ်မှန်ကပိုကောင်းလား။ မျက်မှန်က ပိုကောင်းလား ။ ။
အမြင်အာရုံအားနည်းတဲ့သူတွေအတွက်မျက်မှန်တို့ မျက်ကပ်မှန်တို့ဆိုတာ တကယ်မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ တစ်ခုရှိတာကမျက်လုံးအားနည်းနေလို့ မျက်မှန်တပ်မလား မျက်ကပ်မှန်တပ်မလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှု အပေါ်မှာ မူတည်တာများပါတယ်။ မျက်မှန်ကျတော့ တပ်ထားရင် ရုပ်ရင့်စေလို့ မျက်ကပ်မှန်ကျတော့ တပ်ထားမှန်းမသိဘဲ နဂိုပုံစံအတိုင်းလေးပဲဆိုတော့ ပိုကောင်းစေလို့ဆိုပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်တတ်ကြပါတယ်။ နှစ်ခုလုံးက အမြင်အာရုံကို ပြန်ပြီး တည့်မတ်ပေးတယ်ဆိုပေမယ့် သူတို့နှစ်ခု ဘယ်သူကပိုကောင်းလဲဆိုတာ အငြင်းပွားလာကြတာခုထိပါ။ဒါတွေကတော့ အမြင်အာရုံကို ပြန်ပြီး တည့်မတ်ပေးတဲ့နေရာမှာ လူသုံးများ နာမည် အကြီးဆုံး ၂ ခုဖြစ်တဲ့ မျက်မှန်နဲ့ မျက်ကပ်မှန်တို့ရဲ့ အားသာချက် အားနည်းချက်တွေပဲ ဖြစ်ပါတယ်။ သူတို့ ၂ ခုမှာ ဘယ်ဟာကပိုကောင်းပါတယ် ဆိုတာမျိုးတော့ မရှိပါဘူး။ ကိုယ်နဲ့ အဆင်ပြေရင် အားလုံးက အကောင်းချည်းပဲမို့ သူတို့နှစ်မှာ ဘယ်သူက ပိုကောင်းတယ်ဆိုတာ တပ်ဆင်ထားတဲ့သူရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်တာပါ ။ ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/glasses-and-contact/
သင့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတရားများ
ဆိုကြပါစို့။ သင့်ရုံးစားပွဲမှာ ဖုန်းကလည်း ထမြည်လာမယ်။ စာရွက်တွေကလည်း ပြန့်ကျဲနေမယ်။ သင် လုပ်စရာရှိတဲ့အလုပ်ကလည်း သတ်မှတ်ချိန်ထက် နာရီဝက်နောက်ကျနေပြီ။ သင့်ဘော့စ်ကလည်း သင့်အလုပ်အခြေအနေကိုသိရအောင် မေးဖို့ သင့်စားပွဲနားကို ရောက်လာပြီ။ သင် ဘယ်လိုခံစားရပါသလဲ။ဒါဟာ နေ့စဉ်ကြုံတွေ့နေကြ စိတ်ဖိစီးမှုအခြေအနေများရဲ့ နမူနာတစ်ခုဖြစ်ပါတယ်။ရေတိုကိစ္စမှာတော့ အချိန်ကာလတစ်ခုကျော်လွန်သွားရင် ပြီးပြီးပျောက်ပျောက်ဖြစ်သွားနိုင်ပါတယ်။ နေ့စဉ်ဘဝအတွက် ဖိစီးမှုဟာလည်း အတိုင်းအတာ တခုထိ လိုအပ်ပါတယ်။ ဒါပေမယ့်စိတ်ဖိစီးစရာအခြေအနေကို နေ့စဉ်ရက်ဆက်ကြုံတွေ့ရရင်တော့စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေဟာလည်း မျိုးစုံရှိနိုင်ပါတယ်။ အသေးအဖွဲကိစ္စကနေ ကြီးမားတဲ့ပြဿနာတွေထိ ရှိနိုင်ပါတယ်။ အဆိုပါကိစ္စတွေကို တစ်ခုချင်းနားလည်သိရှိမယ်ဆိုရင် ဖြေရှင်းတဲ့နေရာမှာ၊စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။အိုမင်းမစွမ်းဖြစ်ခြင်း၊ ရောဂါတစ်ခုခု အသစ်ဖြစ်ခြင်း၊ ရောဂါနောက်ဆက်တွဲပြဿနာများ ကြုံရခြင်း စတာတွေဟာ သင့်ကို စိတ်ဖိစီးစေတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က ကျန်းမာရင်တောင် အနီးအနားကလူတစ်ယောက် ကျန်းမာရေးချို့ယွင်းရင် သင့်အတွက် ဖိစီးမှုတခု ဖြစ်လာနိုင်ပါတယ်။သင့်ရဲ့လက်တွဲဖော်၊ မိဘ၊ ကလေး စသူတွေနဲ့ သဘောထားမတိုက်ဆိုင်ဘဲ ငြင်းခုန်ရချိန်မှာ ဖိစီးမှုတိုးလာပါတယ်။ အတူရှိနေချိန်ဆို ပိုဆိုးပါတယ်။ မိမိနဲ့ တိုက်ရိုက်မဖြစ်ရင်တောင် မိသားစုတွင်းမှာ တခြားသူတွေ ပြဿနာဖြစ်နေရင် စိတ်ဖိစီးမှာ ဖြစ်ပါတယ်။မိမိပုဂ္ဂလိကရေးရာ၊ဘာသာရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ယုံကြည်ချက် ခံယူချက်များနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေဖြစ်ပေါ်ခြင်းဟာလည်း စိတ်ဖိစီးမှုဖြစ်စေပါတယ်။ အထူးသဖြင့် ပြဿနာကို ရှောင်လွှဲမနိုင်ဘဲ ချောင်ပိတ်မိနေရင် ပိုဆိုးပါတယ်။ သင့်ယုံကြည်ချက်များနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အရာတွေ ဆန့်ကျင်ဖက်ဖြစ်နေရင် စိတ်ဖိစီးခြင်း ကြီးမားနိုင်ပါတယ်။ အနီးအနားက လူများနဲ့ ကွဲပြားနေရင် ပိုဆိုးပါတယ်။တစ်စုံတစ်ယောက်နဲ့ မပတ်သက်ချင်တဲ့အချိန်မှာ မလွှဲမရှောင်သာ ဆက်ဆံနေရချိန်၊ မိမိခံစားချက်ကို ထုတ်ပြောဖို့ အခွင့်အရေးမရတဲ့အခါ ဖိစီးမှုတိုးလာနိုင်ပါတယ်။ စိတ်ကျခြင်း၊စိတ်ပူပန်ခြင်းစတာတွေကြောင့် ခံစားချက် ပိုဆိုးလာနိုင်ပါတယ်။ စိတ်ခံစားမှုပိုင်းမှာ ဖြေလျှော့ပေးဖို့၊ စိတ်ကျန်းမာရေးပြဿနာတွေကို ထိရောက်စွာ ကုသဖို့ လိုအပ်ပါတယ်။မိမိချစ်ခင်ရသူတစ်ဦးဦး သေဆုံးချိန်၊ လုပ်ငန်းခွင် ပြောင်းလဲချိန်၊ နေအိမ်ပြောင်းချိန်၊ မိမိကလေးများကို တစ်နယ်တစ်ကျေးမှာ ကျောင်းစထားချိန် စတဲ့ ပြောင်းလဲမှုတွေဟာ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အကောင်းဖက်ပြောင်းလဲခြင်းဆန်တဲ့ ပင်စင်ယူခြင်း၊ လက်ထပ်ခြင်း စတဲ့ကိစ္စတွေမှာတောင် စိတ်ဖိစီးမှုရှိပါတယ်။ငွေရေးကြေးရေးပြဿနာဟာ စိတ်ဖိစီးစရာဆိုတာကတော့ အငြင်းပွားစရာ မရှိပါဘူး။ ဆင်းရဲချမ်းသာမရွေး စိတ်ဖိစီးရတဲ့အရာဖြစ်ပါတယ်။မိမိပတ်ဝန်းကျင်မှာ မိမိဟာ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားလာရရင် စိတ်ဖိစီးမှုဖြစ်ပါတယ်။ လူမျိုး၊ အသားအရောင်၊ ကျား/မ ကွဲပြားခြင်း၊ လိင်တိမ်းညွတ်စိတ် စတာတွေပေါ်မူတည်ပြီး ခွဲခြားခံရနိုင်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရရင် စိတ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။စိတ်မချရသည့် အိမ်နီးနားချင်းများနှင့် နေထိုင်ရခြင်း၊ ရာဇဝတ်မှုထူပြောသော မြို့ရွာတွင် နေထိုင်ခြင်း စတာတွေဟာ စိတ်ဖိစီးမှုများစေရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။လုယက်မှု၊ မုဒိမ်းမှု၊ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲ စတာတွေနဲ့ ကြုံတွေ့ထားရဖူးရင် ရေရှည်စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် စစ်ပြန်တွေဆိုရင် ဒီပြဿနာတွေကို နှစ်ရှည်လများ ထိခိုက်ခံစားရပါတယ်။ရေတိုစိတ်ဖိစီးမှုဟာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ တွန်းအားပေးနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ ကြုံလာရရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ဖော်ပြခဲ့ပြီးတဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာ အတော်များများကို သင်ကြုံတွေ့နေရမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီကိစ္စရပ်တွေကြောင့်ဆိုတာ သင့်စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မသဲကွဲဘဲ ရှိတတ်ပါတယ်။ ဒီနေ့ ငါ ဘာကြောင့် စိတ်မကြည်ပါလိမ့်၊ ဘာကြောင့် ငါ့စိတ်တွေ လေးလံနေပါလိမ့် စဉ်းစားမိပါလိမ့်မယ်။တကယ်တော့ မိမိကို စိတ်ဖိစီးမှုပေးမယ့် အကြောင်းတရားတွေဟာ ပတ်ဝန်းကျင် လက်တကမ်းမှာပဲ ရှိနေပါတယ်။ ဒီအရာတွေကို တတ်နိုင်သလောက် ဖြေရှင်းခြင်း၊ လုံးဝမဖြေရှင်းနိုင်လျှင် လျော့ချခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်သင့်ပါတယ်။ လိုအပ်ရင် စိတ်ကျန်းမာရေးဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူ စသူတွေနဲ့ တိုင်ပင်ရပါမယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/stress-causes/
ပြင်းပြီး စူးရှတဲ့နေရောင်ကြောင့် အသားအရေတင်မဟုတ် မျက်လုံးလည်းထိခိုက်နိုင်ပါသေးတယ် ။ ။
နေပူထဲ သွားတဲ့အခါ အသားအရေကိုသာ စိတ်ပူကြတာများပါတယ်။နေပူထဲကခရမ်းလွန်ရောင်ခြည်တွေက အသားအရေတင်မဟုတ် မျက်လုံးကိုပါ ပြဿာနာတွေဖြစ်စေတယ်ဆိုတာ သင်သိပါသလား။နေရောင်ထဲမှာခရမ်းလွန်ရောင်ခြည်UVA UVB နဲ့ UVC ဆိုပြီး ၃ မျိုးပါတယ်ဆိုတာ အားလုံးသိကြမှာပါ။ အဲဒီ သုံးမျိုးထဲမှာ အပြင်းထန်ဆုံးက UVC ပါ။ ကံကောင်းတာတစ်ခုက UVC ကို လူသားတွေ အပေါ်မကျရောက်အောင်အိုဇုန်းလွှာက ကာကွယ်ပေးတားတယ်ဆိုတာပါပဲ။ ဒါပေမယ့် ခုနောက်ပိုင်း အိုဇုန်းလွှာပါးလွှာလာမှုကြောင့်ခရမ်းလွန်ရောင်ခြည်တွေကို မတားဆီးပေးနိုင်တော့ဘဲ နေရောင်ထဲမှာ UVA နဲ့ UVB ပါဝင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီတော့ ဒီ ခရမ်းလွန်ရောင်ခြည် နှစ်မျိုးကပဲ မျက်လုံး၊ အသားအရေနဲ့ ဆံပင်တို့ကို ပြဿနာတက်စေတာပါ ။ ။ဒါ့ကြောင့် ပူပြင်းတဲ့ နွေနေ့လည်ခင်းတွေမှာ မဖြစ်မနေကိစ္စရှိမှ အပြင်ထွက်တာ အကောင်းဆုံးပါ။ ထွက်ဖြစ်ခဲ့ရင်လည်း နေကာမျက်မှန်လိုမျိုး အကာအကွယ်ဝတ်ဆင်ပြီးမှ အပြင်ထွက်ဖို့ မမေပါနဲ့ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/sun-and-eyes/
Penile Cancer (ဖိုအင်္ဂါကင်ဆာ )
ဖိုအင်္ဂါကင်ဆာသည် ရောဂါဆိုးနိုင်ချေနှင့် အသက်အန္တရာယ်မြင့်သော လိင်တံကင်ဆာဖြစ်ပြီး ဖွံဖြိုးမှုနောက်ကျသော တိုင်းပြည်များတွင် အသက်အရွယ်ကြီးရင့်သူ အမျိုးသားများ၌ အဖြစ်များ၏။ဖိုအင်္ဂါကင်ဆာသည် လိင်တံအရေးပြားထိပ် ကြပ်ခြင်း (Phimosis) အား မကုသပဲထားခြင်း သို့မဟုတ် အသက်ကြီးမှ ထိပ်ဖြတ်ခြင်း ပြုလုပ်သူများ (၃၈-၂၀ ကြား)တွင် ဖြစ်တတ်ပါသည်။ထိပ်ဖြတ်ခြင်းဆိုသည်မှာ လိင်တံမှထိပ်ဖျားအရေပြားအား ဖယ်ရှာပစ်ခြင်း ဖြစ်သည်။ ထိပ်ဖြတ်ခြင်းအခမ်းအနား (brit milah) သည် ဂျူးဘာသာ၏ ရှေးကျသော အလေ့အကျင့်တစ်ခု ဖြစ်ပြီး မွေးကင်စ ကင်းပွန်းတပ်ခြင်းနှင့် တွဲလုပ်လေ့ ရှိသည်။ ထို့ကြောင့် အစ္စရေးလူမျိုးများတွင် ကမ္ဘာပေါ်၌ ဖိုအင်္ဂါကင်ဆာဖြစ်ပွားမှု အနည်းဆုံး (ဝ.၁/၁၀၀,၀၀၀) ဖြစ်သည်။ဖိုအင်္ဂါကင်ဆာအား အောက်ပါအတိုင်း အမျိုးအစားခွဲ၏။ စကွေးမတ်ဆဲလ်ကင်ဆာ (SCC) သည် အဖြစ်များဆုံးသော ဖိုအင်္ဂါကင်ဆာအမျိုးအစား ဖြစ်ပြီး ဖြစ်ရပ်များ၏ ၉၅%ထိ ရှိ၏။စကွေးမတ်ဆဲလ်မှ မဟုတ်ပဲ ကင်ဆာဖြစ်စေသော တခြားအရာများတွင် မလနိုးမား၊ အခြေခံဆဲလ်ကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာနှင့် ဆာကိုးမားတို့ ဖြစ်သည်။ဒီရောဂါသည် အလွန်အဖြစ်များသော်လည်း ဖိုအင်္ဂါကင်ဆာလေ့လာမှုများကို ကမ္ဘာအနှံ့ ကောင်းမွန်စွာ မလုပ်ရသေးပါ။ လူမျိုးမရွေး ရောဂါဖြစ်နိုင်ပါသည်။သို့သော် အမေရိကန်၊ ဥရောပနှင့် တခြားသော စက်မှုနိုင်ငံများတွင် ရှားပါးပြီး အာဖရိက၊ အာရှနှင့် တောင်အမေရိကများတွင် ၁၉၉၉ မတိုင်းမီကာလက ဖိုအင်္ဂါကင်ဆာဖြစ်ပွားနှုန်းသည် အမျိုးသားဦးရေ၏ ၁၀ -၂၀ % ထိ ဖြစ်ပွားခဲ့ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။Phimosis လူနာများတွင် အဖြစ်များသော လက္ခဏာများမှာ –။လိင်ချေးဖတ်များ (ကလေးရက်သားအရွယ်၌ လိင်အရေပြားထိပ်အတွင်းတွင် စတင်ဖြစ်ပေါ်လာသည်)။ယားယံခြင်း (အကွက်ထခြင်း)။စမ်းရနိုင်သော ဒဏ်ရာ (နာသော သို့မဟုတ် မနာပဲ မအီမသာဖြစ်စေသော အလုံး လိင်အရေပြားတွင် ပေါ်ခြင်း)။အသက်ကြီးသောလူနာများတွင် ဆရာဝန်ကိုမပြရာမှ အကျိတ်သည် အတွင်းထိပျံ့နှံ့သွားပြီး အနာပုံစံ သို့မဟုတ် လုံးဝန်းသော အသားပိုနှင့်တူသည့် အကျိတ် (ခေါင်းလောင်းပုံနှင့်တူသည်) ပုံစံ ခံစားရနိုင်သည်။သင့်လျော်စွာ မကုသပါက (ဆိုလိုသည်မှ ပဋိဇီဝဆေးများ မပေးခြင်း သို့မဟုတ် ထိပ်ဖြတ်ရန် မညွှန်ခြင်း)သည် အန္တရာယ်ရှိသည်များ ဆက်ဖြစ်နိုင်ပါသည်။ကင်ဆာဖြစ်ကြောင်း အတည်ပြုပြီးနောက် သင့်တော်စွာ မကိုင်တွယ်ပါက အနာပဆုပ် သို့မဟုတ် ဒေါင့်တန်းရောဂါ (လိင်ခေါင်းပိုင်းရောင်ခြင်း သို့မဟုတ် အသားပုပ်သောအနာ)များ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြစ်လာနိုင်ပါသည်။ထိုကဲ့သို့သော အခြေအနေများကို စိတ်မချရသော လိင်ဆက်ဆံမှုရှိသူများတွင်လည်း တွေ့ရ၏။ကင်ဆာပျံ့ခြင်းသည် မြန်ဆန်ကြောင်း မှတ်တမ်းများရှိသည်။Phimosis မရှိသောလူနာများတွင် Phimosis ရှိသကဲ့သို့ လက္ခဏာများခံစားရသည့်အပြင် သွေးထွက်ခြင်းအား မနက်ခင်းနိုးခါစ လိင်အင်္ဂါမတ်ချိန် သို့မဟုတ် လိင်ဆက်ဆံနေစဉ် ဖြစ်ပွားနိုင်ပါသည်။ဆီးလိင်ပြွန်ကင်ဆာမှ ပျံ့လာသောကင်ဆာမျိုးသည် အမျိုးသားများတွင် ရှား၏။ ကင်ဆာစပေါ်ခြင်းနှင့် ပျံ့ခြင်းသည် ဆီးလိင်ပြွန်တစ်လျှောက် ဖြစ်ချင်သည့်နေရာမှ ဖြစ်လာနိုင်ပြီး ဆီးလမ်းကြောင်းပိတ်ခြင်း၊ ဆီးသွားလျှင် သွေးပါခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးစိမ့်ထွက်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။ပရောဖက်ဆာများမှ ထပ်ရှာနိုင်မည့် တခြားသော လက္ခဏာများမှာ-။ပိုးကူးစက်ခံထားရသော အသားပုပ်သည့် ဖိုလိင်တံအနာ။ဖိုလိင်တံတွင် ဒဏ်ရာများရှိခြင်း။ပြန်ရည်အကျိတ်များတွင်ရောဂါဖြစ်ခြင်း။စမ်းသပ်လျှင်တွေ့ရှိရမည်များ(ဥပမာ အသည်းကြီးခြင်း) သို့မဟုတ် လက္ခဏာများ (ဥပမာ ကင်ဆာကြောင့် ချုံးချုံးကျသွားခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း) စသည်တို့သည် ရောဂါပျံ့နေကြောင်း သို့မဟုတ် သွေးတွင်းကဲလ်စီယမ် များနေခြင်းတို့လို ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ရောဂါများနှင့် တွဲဖြစ်နေကြောင်းကို ပြသနေခြင်းဖြစ်သည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။မလိုလားအပ်ပဲ ရောဂါအမည်တပ်နောက်ကျသည်မျိုး မဖြစ်စေရန် လူနာများအားလုံး မှန်မှန်ပြန်ပြရန် လိုအပ်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ ဖိုအင်္ဂါနှင့်ဆက်စပ်ပြီး ဖိုအင်္ဂါကင်ဆာ ဖြစ်နိုင်ချေမြင့်သည်များ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။လိင်အင်္ဂါကြွက်နို့ပေါက်ဖူးခြင်း။ဆီးလမ်းကြောင်းပိုးဝင်ဖူးခြင်း။ထိပ်မဖြတ်ရသေးပဲ Phimosis ရှိနေလျှင်။ဖိုအင်္ဂါအား ထိခိုက်ဒဏ်ရာရဖူးလျှင်။ဆီးလိင်ပြွန်ကျဉ်းလျှင်။လူတိုင်း၏ ခန္ဓါကိုယ်တုန့်ပြန်မှုသည် မတူနိုင်ပါ။သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖိုအင်္ဂါကင်ဆာဖြစ်ရခြင်း အကြောင်းရင်းသည် အမျိုးမျိုးဖြစ်နိုင်သည်။ အောက်ပါအချက်တို့သည် ဖိုအင်္ဂါကင်ဆာဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်မှုရှိ၏။Phimosis –ဖိုအင်္ဂါကင်ဆာကို စောလျင်စွာ ထိပ်ဖြတ်ထားခြင်းဖြင့် ကာကွယ်မှုသည် အကောင်းဆုံးဖြစ်သည်။ (မွေးကင်းစ ကင်းပွန်းတပ်) လိင်အင်္ဂါသန့်ရှင်းရေးသည် အခြေခံအကျဆုံးဖြစ်သည်။ Phimosis လူနာများတွင် လိင်အရေပြားအတွင်းပိုင်းသို့ သန့်ရှင်းရေးလုပ်ရန် ခက်ခဲတတ်၏။ထို့ကြောင့် လိင်ချေးဖတ်များဖြစ်လာပြီး ကုသရေးဆိုင်ရာ လေ့လာမှုများတွင် ၎င်းသည် ကင်ဆာပွားရန်အတွက် အန္တရာယ်ရှိသောအချက်ဖြစ်ကြောင်း သက်သေပြထားပြီး ဖြစ်ပါသည်။Lichen sclerosis (Balanitis xerotica obliterans ဟုလဲခေါ်သည်)။Bowen’s disease (Queyrat), Leukoplakia, Paget disease, Buschke-Lowenstein disease စသည်တို့လို ကင်ဆာကနဦးရောဂါများ။ဖိုအင်္ဂါကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော သို့မစဟုတ် ဖြစ်ရန်အစတည်သော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။အသက်အရွယ်နှင့်ဆိုင်သော –ဖိုအင်္ဂါကင်ဆာကို အသက် ၄၀ အောက်များတွင် တွေ့ရပြီး ဖြစ်နှုန်းသည် အသက်ကြီးလာသည်နှင့် တဖြည်းဖြည်းမြင့်တက်လာသော်လည်း ရောဂါအမည်တပ်နိုင်သော အရွယ်သည် ၆၀ တွင်ဖြစ်၏။အသက် ၅၀ အောက် အမျိုးသားများတွင် ဖြစ်ပွားနှုန်းသည် ၁၀၀,၀၀၀ တွင် တစ်ယောက်နှုန်းဖြစ်သည်။ အသက် ၈၀ တွင်တော့ ၉ ဆ ပိုများသွားမည်ဖြစ်သည်။ဖြစ်ပွားနှုန်းသည် လူမျိုးပေါ်လိုက်၍ ပြောင်းလဲနိုင်သည်။၁၉၉၉ မတိုင်မီက အာရှလူမျိုးများတွင် ကမ္ဘာတစ်လွှား အမြင့်ဆုံးဖြစ်ပွားနှုန်းရှိ၏။၁၉၉၈ နှင့် ၂၀၀၃ ကြားတွင် လေ့လာမှုများအရ လူဖြူများနှင့်ယှဉ်လျှင် အာရှ/ပစိဖိတ်ကျွန်းလူသားများတွင် ၅၅%နှုန်း ထိ ဖြစ်နှုန်းကျဆင်းသွားပါသည်။မြို့ပြတည်ခြင်းပြဿနာ –စီးပွားရေးအခြေအနေကြောင့် ဖိုအင်္ဂါကင်ဆာသည် ကျန်းမာရေးဝန်ဆောင်မှု မရရှိနိုင်သောလူထုတွင် အဖြစ်များ၏။ HIV/HPV အဖြစ်များသော ဧရိယာများတွင် ဖိုအင်္ဂါကင်ဆာဖြစ်ပွားမှုများကြောင်းလဲ သက်သေပြထားပါသည်။သို့သော် ဒီလိုဖြစ်ရခြင်း၏ အောက်ခံအကြောင်းရင်းအား သေချာမသိရပါ။ အန္တရာယ်မကင်းသော လိင်ဆက်ဆံခြင်းနှင့် လိင်ဆက်ဆံဖက် များခြင်းတို့တွင် ထိုဗိုင်းရပ်စ်များ ရှိနေသောသူမှ လူအများကို ပျံ့နိုင်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။တခြားအချက်များ –ဆေးရွက်ကြီး သုံးခြင်း (ဆိုလိုသည်မှ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်း)၊ Phototchemotherapy (ခရမ်းလွန် အေရောင်ခြည်၊Psoralen)၊ တိရိစ္ဆာန်များနှင့်ပူးပူးကပ်ကပ်နေခြင်း။ဖိုအင်္ဂါကင်ဆာနှင့် လိင်စိတ်ခံယူမှုကြား ဆက်စပ်မှုမရှိပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စမ်းသပ်ကြည့်ရှု့စဉ်တွေ့ရသော ဖိုအင်္ဂါအနာမှ အသားစယူကာ စစ်ဆေးခြင်းနှင့် တခြားသော ရောဂါများကို စစ်ဆေးပိုင်းခြားနိုင်သည့် ရောင်ရမ်းခြင်းတွင် သွေးဖြူဥပမာဏစစ်ခြင်း၊ အသည်းကြီးခြင်း သို့ ဆီးကျိတ်ကင်ဆာများကို သိနိုင်ရန် ရိုးရိုးဓါတ်မှန်နှင့် ကွန်ပျူတာဓါတ်မှန် စသည်တို့ကို အခြေခံကာ ဖိုအင်္ဂါကင်ဆာကို အတည်ပြုနိုင်ပါသည်။အကျိတ်ဖုများပျံ့ခြင်း(TNM) အဆင့်ခွဲစနစ်၊ ကနဦးတွက်ချက်မှုအမျိုးမျိုး၊ အဆင့်ခွဲခြင်းတို့ကိုသုံးကာ ကုသမှုကို ပြုလုပ်မည်ဖြစ်သည်။ ထုံးစံအားဖြင့် ဖိုအင်္ဂါကင်ဆာကုသများတွင် အောက်ပါတို့ပါဝင်သည်။ခွဲစိတ်ခြင်း(ထိပ်ဖြတ်ခြင်း၊ ဖိုလိင်တံအား တစ်ပိုင်းသော်လည်းကောင်း အကုန်သော်လည်းကောင်း ဖြတ်ထုတ်ခြင်း၊ ပေါင်ခြံမှ ပြန်ရည်ကျိတ်များနှင့် တင်ပဆုံပြန်ရည်ကျိတ်များ ဖြတ်ထုတ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။)။ဓါတ်ရောင်ခြည်ကုထုံး။ဆေးသွင်းကုထုံး။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဖိုအင်္ဂါကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဖိုအင်္ဂါကင်ဆာ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။လိင်အင်္ဂါဆိုင်ရာ ရောဂါများကို သင့်တော်စွာ ပျောက်ကင်းသည်အထိ ကုသရပါမည်။လိင်အင်္ဂါကို သန့်ရှင်းအောင်ထားပါ –တော်ရုံဂရုစိုက်မှုမျိုး သို့ သန့်ရှင်းမှုမျိုးလုပ်ရုံနှင့် ကင်ဆာပွားခြင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် အထေက်အကူပြုနိုင်ပါသည်။ ဖိုအင်္ဂါကင်ဆာအတွက် ကာကွယ်မှုသည် အကောင်းဆုံးပင်ဖြစ်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/penile-cancer-%e1%80%96%e1%80%ad%e1%80%af%e1%80%a1%e1%80%82%e1%81%a4%e1%80%ab%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်
Sugar Waxဆိုတာ (သူ့နာမည်အတိုင်းပါပဲ) သကြားနဲ့ လုပ်ထားတဲ့ အမွေးချွတ်ဖယောင်းလို့ ပြောရမှာပေါ့။ ဆိုင်တွေမှာWaxingတစ်ခါတစ်ခါ လုပ်ရင် ငွေကုန်ကြေးကျ များတယ်။ အိမ်မှာပဲ လုပ်မယ်။ အလုပ်ရှုပ်ခံနိုင်တယ်ဆိုတဲ့သူတွေအတွက် အိမ်မှာ Sugar Wax ကို ဘယ်လို ကျိုရမယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ Sugar Wax မှာလည်း Hard Wax, Soft Wax ဆိုတာ ရှိပေမဲ့ ဒီပို့စ်မှာတော့ Soft Wax ကို အလွယ်ဆုံးနည်းလမ်းနဲ့ ဘယ်လို လုပ်ရလဲဆိုတာပဲ ပြောပြပေးမယ်နော်။လိုအပ်သော ပစ္စည်းများ။ပထမဆုံး Saucepan (အိမ်မှာရှိတဲ့ အိုးတွေနဲ့လည်း ရပါတယ်) ထဲ သကြားတွေ ထည့်လိုက်ပါ။ တခြား ဘာမှ မထည့်နဲ့နော်။အိုးကို Medium-high အပူချိန်နဲ့ ဖြည်းဖြည်း အပူပေးပါ။ (အပူချိန်အရမ်းမများပါစေနဲ့။)။သကြားအရည်ပျော်လာပြီဆိုရင် သံပုရာရည်နဲ့ ရေကို သကြားအားလုံးစိုသွားအောင် လောင်းထည့်လိုက်ပါ။ သမပြီး အားလုံးပျော်အောင် မွှေရင်း မပျစ်မကျဲ အနေတော်လေးဆိုရင် ရပါပြီ။ သိပ်ပျစ်သွားရင်လည်း ခွာလို့ မကောင်းတာမျိုး ဖြစ်တတ်သလို ကျဲလွန်းရင်လည်း မကပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။သတိပြုရမှာက အမွေးတွေက တိုလွန်းရှည်လွန်းရင် Wax လုပ်ရတာ အဆင်မပြေပါဘူး။ ဆိုတော့ လက်မဝက်၊ တစ်နည်းအားဖြင့် ၃-၄ စင်တီမီတာလောက်ရှိမှ အဆင်ပြေမှာပါ။အရင်ဆုံး Wax မလုပ်ခင်မှာ ရေချိုးတာ (သို့) ကိုယ်လက်သန့်စင်တာမျိုး လုပ်ပါ။သန့်စင်တဲ့အခါမှာ Scrub ကို ဖွဖွလေး တိုက်ပြီးဆဲလ်သေတွေဖယ်ရှားပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ အကြမ်းပတမ်းလည်း မတိုက်နဲ့နော်။ အရေပြားမှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။Waxing မလုပ်ခင်မှာ လုပ်မယ့်နေရာတွေကို ခြောက်နေအောင် သုတ်ပါ။ ပေါင်ဒါသုံးရင်လည်း ရပါတယ်။ (လိင်အင်္ဂါနားတစ်ဝိုက်မှာတော့ ပေါင်ဒါတွေ မသုံးနဲ့နော်။)။နွေးနွေးလေး ဖြစ်နေတဲ့ Wax ကိုအမွေးပေါက်ရာ လမ်းကြောင်းအတိုင်း သုတ်လိမ်းပါ။ (Wax က အရမ်းပူနေတတ်တာမို့ အဲဒါလေး တစ်ချက် သတိထားပါ။)။ပြီးတော့ အပေါ်ကနေ အဝတ်ပါးလေးနဲ့ ကပ်ပြီး အမွေးပေါက်ရာ လမ်းကြောင်းနဲ့ ပြောင်းပြန် ဆတ်ခနဲ ဆွဲခွာပါ။ ဒီ Sugar Wax, Soft Wax ကိုတော့ ခြေထောက်၊ လက်မောင်းနဲ့ အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ သုံးလို့ ရပါတယ်။ (Bikini Waxနဲ့ Brazillian Wax တော့ သွားမလုပ်နဲ့နော်။)။လှနိုင်ကြပါစေ။Wathun Myet Chal။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/waxing-at-home/
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။စိတ်ထဲမှာ အသံ နည်းနည်းကျယ်လေး ကြားရင်တောင်ထိတ်လန့်တာမျိုး၊ နှလုံး ခုန်တွေ မြန်လာပြီး ရင်တုန်တာမျိုး၊ အာရုံစူးစိုက်ရခက်တာမျိုးတွေ ခံစားနေရပြီလား။ ကိုယ့်အရိပ် ကိုယ်မြင်တာကိုတောင် ထိတ်ခနဲလန့်နေပြီဆိုရင် စိတ်ထဲမှာ ပုံမှန်ထက်ကြောက်စိတ်ပိုများနေဲ့ အခြေအနေပါ။ဒီအခြေအနေကို သက်သာအောင်အစားအစာတွေနဲ့ ဖြေဖျောက်လို့ ရသလို အချို့သော အစားအစာတွေက ဒီအခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို စိုးထိတ်မှုတွေ များနေတဲ့အခြေအနေမှာ ကြောက်စိတ်တွေ ပိုဆိုး မသွားစေဖို့ ဘယ်လို အစားအစာတွေကို မစားသင့်ဘူးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။တစ်ခါတလေမှာ ငါက မကြောက်တတ်ပါဘူးလို့ တွင်တွင် ရေရွတ်နေပေမယ့် စိတ်ထဲမှာ ကြောက်ရွံ့မှုကို ခံစားနေရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကြောက်စိတ်ဝင်နေတာပါ။အပေါ်က ပြောခဲ့သလို လက္ခဏာတွေ ခံစားနေရပြီး ကြောက်စိတ်တွေ များနေပြီဆိုရင် ဒီအစားအစာတွေကစိတ်အခြေအနေကို ပိုဆိုးစေနိုင်တာကြောင့် မစားဖို့ ပြောပါရစေ။စိတ်ညစ်ရင် အရက်နဲ့ ဖြေတယ် ဆိုတာ မှားယွင်းနေတဲ့ အယူအဆပါ။ အရက်၊ဘီယာ၊ ဝိုင်စတဲ့ အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေပါတယ်။ကြောက်လို့ သတ္တိရှိအောင်ဆိုပြီး အရက်သောက်တဲ့အခါ မူးနေတုန်း ခဏမှာ ကြောက်စိတ် ပျောက်သွားပေမယ့်အိပ်စက်မှုကို ထိခိုက်စေပြီး နောက်တစ်နေ့မှ ကြောက်စိတ်ကို ပိုဆိုးလာစေနိုင်ပါတယ်။ကဖင်း ပါတဲ့ ကော်ဖီ၊လက်ဖက်ရည်၊ လက်ဖက် စတာတွေကိုလည်း ကြောက်စိတ် များနေချိန်မှာ မစားသင့်ပါဘူး။ ကဖင်းက ပမာဏ နည်းနည်းမှာ စိတ်ခံစားမှုကို ကောင်းစေတယ်ဆိုပေမယ့် ပမာဏ အရမ်းများသွားပြီဆိုရင်တော့စိတ်ခံစားမှုကို ထိခိုက်စေပါတယ်။ကြောက်နေချိန်မှာ ကဖင်းပါတဲ့ အစားအစာတွေကို စားတာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ကြောက်စိတ်တွေကို ပိုဆိုးစေနိုင်ပါတယ်။အချိုရည်တွေက အေးအေးလေးနဲ့ လန်းဆန်းပြီး နေရထိုင်ရ သက်သာသွားသလို ထင်ရပေမယ့် ကျန်းမာရေး ဆိုးကျိုး များသလို ကြောက်စိတ်ကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ကြောက်ရွံ့မှုတွေ ခံစားနေရပြီဆိုရင် အချိုရည်တွေ၊ဆိုဒါတွေသောက်တာမျိုး မလုပ်ပါနဲ့။ပေါင်မုန့်အဖြူလိုမျိုး သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ လုပ်ထားတဲ့ အစားအစာတွေက ကြောက်နေချိန်မှာ စားသုံးဖို့ မသင့်ပါဘူး။ ပုံမှန် အားဖြင့်လည်း သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက စားရတာ အရသာ ရှိတယ်။ အမြင် လှတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ ကောင်းကျိုး နည်းပါတယ်။စိတ်ထဲမျာ ပူပန်မှုတွေ များတဲ့အခါ ကြောက်စိတ်တွေ များတဲ့အခါ အချိုကို ပိုတောင့်တတတ်ပါတယ်။ စိတ်လှုပ်ရှားတာလောက်အတွက်တော့ အချိုစားတာက သက်သာစေပေမယ့် ​ကြောက်စိတ် များတာ၊ စိုးရိမ်ပူပန်တာတွေအတွက်တော့ အချို စားတာက အလုပ်မဖြစ်ပါဘူး။ခန္ဓာကိုယ်ကို ဝန်ပိစေပြီး စိတ်ခံစားမှုကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ပြုပြင်ထားတဲ့ အစားအစာတွေက ပြင်ဆင်ရတာ လွယ်ကူတယ်။ စားရတာ အရသာရှိတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် အကျိုး မဖြစ်တာတော့ အမှန်ပါ။ အသင့်စားတွေ၊ ပြုပြင်ထားတဲ့ အစားအစားတွေမှာ ဓာတုပစ္စည်းတွေနဲ့ အချို အငန် လွန်ကဲစွာ ပါဝင်နေမှုက စိတ်ခံစားမှုကိုရောဇီဝကမ္မဖြစ်စဉ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ကြောက်စိတ် ဖြစ်နေချိန်မှာ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ လတ်လတ်ဆတ်ဆတ် ပြင်ဆင် ချက်ပြုတ်ထားတဲ့အသီးအရွက်တွေ၊ အသားငါးတွေကို စားပေးပါ။ဒီတော့ ကြောက်စိတ်ကြောင့် အိပ်ရေးပျက်နေတာ စိုးရိမ်မှုတွေ များပြီးအာရုံစိုက်ရခက်နေတာတွေကို ပိုဆိုး မသွားစေဖို့ ဒီ အစားအစာတွေကို မစားမိဖို့ အကြံ သတိထားစေချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-should-avoid-during-fear/
မေမေတို့ကြောက်တဲ့ ဘေဘီတို့ရဲ့ ခေါင်းလျှော် ချိန်
ကလေးဝေယျာဝစ္စတွေထဲမှာ အနှီးလေးပတ်ထားရတဲ့အရွယ်တုန်းက လုပ်ပေးရလွယ်ကူသလောက် ကြီးလာလေ ခက်ခဲလာလေ ဖြစ်ရတာက ရေချိုးပေးတဲ့အချိန်ပါပဲ။ ရေချိုးတဲ့အချိန် ရေဆော့ချင်တဲ့ဘေဘီတို့အတွက် ပျော်စရာဖြစ်ပေမယ့် ခေါင်းလျှော် တဲ့အချိန်တော့ မေမေတို့ပြဿနာတက်ရတဲ့ ကလေးတွေရှိပါတယ်။ကလေးက ခေါင်းလျှော်ဖို့ကို ဒီလောက်ကြောက်နေရအောင် ဘာအကြောင်းရင်းတွေကြောင့်လဲဆိုတာ အရင်ဆုံးတွေးရပါမယ်။ ဒါမှရေချိုးချိန်၊ ခေါင်းလျှော်ချိန်တွေမှာ သူပျော်လာအောင် ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာ စဉ်းစားလို့ရမှာပေါ့။ ဥပမာ –။ပြီးမှ သူ့မှာ ဒီလိုကြောက်စိတ်တွေ ဖြစ်လာစေအောင် ကိုယ်ရေချိုးပေးတဲ့၊ ခေါင်းလျှော်ပေးတဲ့နည်းလမ်းတွေက ဘာတွေများမှားနေသလဲ၊ ဘာလိုအပ်ချက်တွေရှိနေလဲဆိုတာ ပြန်ဆန်းစစ်သင့်ပါတယ်။ချိုးပေးတဲ့ရေက အေးနေတာများလား၊ ကလေးရဲ့ နှာခေါင်းတွေ၊ နားတွေထဲ ရေဝင်အောင် လုပ်မိနေသလား၊ ရေလောင်းပေးတဲ့ပုံစံကို ကလေးက မကြိုက်တာများလား (ရေပန်းလေးနဲ့ လျှော်တာ သို့မဟုတ် ရေခွက်နဲ့လောင်းတာ/ရေများများလောင်းမိတာ)၊ ရှန်ပူသုံးတာများနေလား ဆိုတာမျိုးတွေပါ။ ပြီးရင်တော့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားကြည့်မလဲဆိုတဲ့ အဆင့်ကို ရောက်ပါပြီ။ရေချိုးချိန်မှာကလေးပျော်အောင်၊ ခေါင်းလျှော် ရလွယ်အောင် ဘယ်လိုလုပ်ပေးမလဲ၊ ဘယ်လိုပြင်ဆင်ပေးမလဲ။ ဘာတွေမလုပ်သင့်၊ ဘာတွေလုပ်သင့်တာလဲ အကြံပြုချက်တချို့ လေ့လာကြည့်ရအောင်။(၁) ကလေးချိုးမယ့် ရေကို အပူအအေးထိန်းညှိပေးရပါမယ်။ပူလွန်း အေးလွန်းတဲ့ ရေကို ရှောင်ပြီးကြက်သီးနွေးရေလေးနဲ့ ချိုးပေးပါ။ အေးလွန်းရင် ကလေးက လန့်နိုင်သလို ပူလွန်းရင်လည်း ဆံပင်နဲ့ အသားအရေတွေ ပျက်စီးတတ်ပါတယ်။အအေးမမိစေဖို့လေကွယ်အောင် ကာထားတာ ကောင်းပါတယ်။(၂) မျက်စိမစပ်စေမယ့် tear-free ကလေးရှန်ပူအမျိုးအစားကို ရွေးဝယ်ပါ။ကလေးအတွက် ရှန်ပူကို လူကြီးသုံး ရှန်ပူ မဟုတ်ဘဲ ကလေးအတွက် သီးသန့်ထုတ်ထားတာမျိုး ရွေးဝယ်ပါ။(၃) ကလေးကို သူနှစ်သက်တဲ့ ကစားစရာအရုပ်လေးတွေ ပေးထားပြီး ရေချိုးပါ။ဥပမာ ရေဇလုံထဲကို ဘဲရုပ်‌လေးတွေ ထည့်ထားပေးတာ၊ သူ့ကို ခဏလောက် ရေဆော့ခွင့်ပေးထားထာမျိုးကလည်း ရေနဲ့ ရင်းနှီးပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။(၄) ကလေးကို ရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ကလေးဆံသားကသိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့် ခေါင်းလျှော် ရတဲ့စိတ်ဒုက္ခကို ကလေးက မေ့သွားလောက်ပါတယ်။(၅) ရေချိုးခန်း အပေါ်မျက်နှာကြက်မှာ ရယ်စရာကောင်းတဲ့ ရုပ်ပုံ သို့မဟုတ် လှုပ်တုပ်တုပ် အရုပ်တစ်ခုခုချိတ်ဆွဲထားပါ။ခေါင်းလျှော်နေတဲ့ ကိစ္စကနေ သူအာရုံပြောင်းသွားစေမယ့် အရာတစ်ခုခုပေါ့။(၆) သီချင်းတစ်ခုခုကို ကျယ်ကျယ်ဆိုနေတာမျိုးကလည်း အာရုံပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။လက်ကလေး၊ ခြေထောက်လေးတွေကိုရေချိုးပေးရင်းလည်း တစ်ခုချင်းအသံထွက်ပြီး စကားပြောပေးမယ်ဆိုရင် တစ်ကိုယ်လုံးရေချိုးပြီးတဲ့အခါ သင်သာလက်မြန်ခဲ့ရင် ခေါင်းတခါတည်း လျှော်လိုက်လို့ ရပါတယ်။(၇) ကလေးရဲ့ကြောက်စိတ်တွေကို ကူဖျောက်ပေးပါ။ဘာမှကြောက်စရာမရှိတဲ့အကြောင်းပြောရင်း ကလေးရဲ့ လက်ကိုပါရှန်ပူထည့်ပေးပြီး သူကိုယ်တိုင်လည်း ဝင်လျှော်ခိုင်းပါ။ သူ့လက်နဲ့သူ လုပ်ရတာဖြစ်လို့ ယုံကြည်မှု ပိုရှိလာနိုင်ပြီး ကြောက်စိတ် လျော့လာမှာပါ။ နောက်အကြိမ်တွေမှာ အခုလောက် မခက်ခဲတော့လောက်ပါဘူး။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/tips-for-toddler-hair-washing/
Abdominal Surgery For Crohn's Disease (အစာအိမ်၊အူနံရံရောင်သောရောဂါခွဲစိတ်ကုသမှု)
အစာအိမ်အူလမ်းကြောင်းနံရံရောင်ရမ်းသော Crohn ရောဂါအတွက် ခွဲစိတ်ကုသမှု ကို ရောဂါလက္ခဏာတွေသက်သာစေဖို့ ပြုလုပ်ကြတာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာတော့ အစာခြေလမ်းကြောင်းရဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားခြင်း၊ ပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။ ခွဲစိတ်မှုကို ဆေးကုသမှုနဲ့ အခြားကုသမှုတွေ မအောင်မြင်ရင် အသုံးပြုနိုင်ပါတယ်။Crohn ရောဂါ အစာအိမ်အူလမ်းကြောင်းနံရံရောင်ရမ်းခြင်း ဖြစ်ပါတယ်။ သူဟာ အူနံရံကို ထူလာစေပြီး အစာဖြတ်သန်းသွားလာခြင်းကို ပိတ်ဆို့စေနိုင်ပါတယ်။ အူရဲ့ ထိခိုက်သွားတဲ့နေရာမှာ အစာတွေကိုစုပ်ယူနိုင်မှုကျဆင်းနိုင်ပါတယ်။ များသောအားဖြင့် အူသေးကို ထိခိုက်တတ်ပြီး အူဘယ်နေရာမှာ မဆို ရောင်ရမ်းနိုင်ပါတယ်။ လက္ခဏာ အချို့ကတော့။ဆေးကုသမှုမရှိရင် လက္ခဏာတွေဟာ ပိုဆိုးလာပြီး ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်အတွက် မှန်ကန်တဲ့ ကုသမှုကို ရရှိဖို့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။အူတစ်စိတ်တစ်ပိုင်းဟာ ပိတ်ဆို့နိုင်တာကြောင့် ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါတယ်။ Crohn ရောဂါ မှာ အူရဲ့ အစိတ်အပိုင်းတွေဟာ ရောင်ရမ်းလိုက် ပြန်ကောင်းလိုက်နဲ့ ဖြစ်နေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါမှာ ဒီအူအစိတ်အပိုင်းတွေဟာ မာလာပါတယ်။ အူပိတ်နေတဲ့သူတွေဟာ ပျို့အန်ခြင်း၊ ဗိုက်တင်းခြင်း၊ အစာစားချိန်မှာ အန်ခြင်း တွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ပိတ်ဆို့ခြင်းဟာ ရုတ်တရက်ဆိုးလာခဲ့ရင် ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါတယ်။သင့်မှာအောက်ပါအချက်တွေ ရှိရင် ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။စအိုအနီးတဝိုက် (သို့) အခြားနေရာမှာ ပြန်တည်နာဖြစ်ခြင်း။Crohn ရောဂါ အတွက် ခွဲစိတ်မှုမယူခင်မှာ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။ခွဲစိတ်ကုသမှုဟာ Crohn ရောဂါ ကိုပျောက်ကင်းအောင် မကုသနိုင်ဘူးဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ရောဂါဖြစ်နေတဲ့ အူအစိတ်အပိုင်းကို ဖယ်ထုတ်လိုက်ပေမယ့် Crohn ရောဂါ ဟာ အူရဲ့အခြားနေရာမှာ ပြန်ဖြစ်လာနိုင်ပါတယ်။Crohn’s disease အတွက်ခွဲစိတ်မှုပြုအပြီးမှာ နောက်ဆက်တွဲဆိုးကျိုးတွေကတော့။ဒီခွဲစိတ်ကုသမှုမပြုလုပ်ခင်မှာ ကောင်းကျိုးဆိုးကျိုးတွေကို သိထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ မေးခွန်းတွေ ရှိခဲ့ရင် ဆရာဝန်နဲ့ ခွဲစိတ်ဆရာဝန်ကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။Abdominal surgery for Crohn’s disease တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။ဒီခွဲစိတ်မှုကို မေ့ဆေးနဲ့ ပြုလုပ်မှာဖြစ်ပါတယ်။ မေ့ဆေးဟာ အစာခြေလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းကို တင်းကျပ်မှုလျော့စေပြီး အစာတွေနဲ့အက်စစ်တွေကို အစာအိမ်အတွင်းနဲ့ အဆုတ်အပြင်မှာ နေစေပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမပြုခင်မှာ ဘယ်အချိန်မှာ စားသောက်မှု ရပ်သင့်တယ်ဆိုတဲ့ ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာဖို့အရေးကြီးပါတယ်။အခြေအနေအတော်များများမှာတော့ ခွဲစိတ်မှုမစတင်မီ ၆ နာရီလောက်စောပြီး အစာစားခြင်းကို ရပ်သင့်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်မီ နာရီအနည်းငယ်အထိ အရည်ကို သောက်နိုင်ပါတယ်။အစာမစားရတဲ့အချိန်အတွင်းမှာ အချို့ဆေးတွေကို ရေအနည်းငယ်နဲ့သောက်ဖို့ ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ ဆေးတွေအကြောင်းကို ဆွေးနွေးနိုင်ပါတယ်။နေ့စဉ်သောက်နေကျ ဆေးတွေ၊ ဖြည့်စွက်စာတွေ၊ သင့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေတွေအကြောင်းကို ခွဲစိတ်မှုမပြုလုပ်ခင် သေချာစွာ ဆွေးနွေးသင့်ပါတယ်။ခွဲစိတ်မှုဟာ တည်နေရာနဲ့ ရောဂါပြင်းထန်မှုပေါ်မူတည်ပါတယ်။ ခွဲစိတ်မှုအမျိုးအစားပေါင်း များစွာ ရှိပါတယ်။ သူတို့တွေကတော့။သင့်မှာမေးခွန်းတွေ စိုးရိမ်ပူပန်မှုတွေရှိရင် ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ခွဲစိတ်မှုအပြီး ၅-၁၀ရက်လောက်ကြာရင် အိမ်ပြန်နိုင်ပါတယ်။ လုံးဝနေပြန်ကောင်းဖို့ကတော့ သုံးလလောက်ကြာမြင့်နိုင်ပါတယ်။ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတ်ယ။ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီး သိလိုတာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/abdominal-surgery-for-crohns-disease-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%81%8a%e1%80%a1%e1%80%b0%e1%80%94%e1%80%b6%e1%80%9b%e1%80%b6%e1%80%b1%e1%80%9b%e1%80%ac%e1%80%84/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-of-drinking-warm-water-for-skin/
ကလေးတို့အတွက် အားကစား ရဲ့ အကျိုးကျေးဇူးတွေ
ကလေးတွေကို စာပဲကျက်ခိုင်း၊ စာအုပ်နဲ့မျက်နှာကပ်ထားစေချင်တာ၊ အမှတ်များဖို့၊ အဆင့်တစ်ရဖို့၊ ဂုဏ်ထူးတွေပါဖို့ပဲ ဖိအားပေးမိနေသလား။ အားကစား ကိုတော့ မေ့ထားမိသလား။ တော်စေ၊ထက်မြက်စေချင်တဲ့ဖေဖေမေမေတို့ရဲ့ စိတ်ဆန္ဒတွေက ဒီလိုတွန်းအားပေးတဲ့နည်းနဲ့ ထိရောက်စေပါ့မလား။  တကယ်တော်စေ၊ တတ်စေချင်ရင် စည်းစနစ်ရှိတဲ့ လွတ်လပ်ခြင်းကို ခံစားခွင့်ပေးလိုက်ပါ။ကလေးတွေရဲ့ဘက်စုံဖွံ့ဖြိုးမှုကို အားကစားက အထောက်အကူပေးနိုင်တယ်၊ဉာဏ်ရည်ထက်မြက်စေတယ်လို့ပြောရင် မေမေတို့ယုံကြမှာလား။ ဘယ်လိုတွေ အကျိုးကျေးဇူးရှိလဲ ဆက်ကြည့်ရအောင်။အားကစားလုပ်တဲ့အခါ လှုပ်ရှားသမျှ၊ ဆုံးဖြတ်သမျှ ကိုယ်တိုင်ပဲ လုပ်ရတာမို့ ကလေးအတွက် ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အလေ့အကျင့်ရစေပါတယ်။ အတူကစားသူချင်း ပေါင်းသင်းဆက်ဆံရေးမှာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေတယ်။ အားကစားလုပ်ရင်း သူငယ်ချင်းတွေ အများကြီးရနိုင်တယ်လေ။အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားတတ်တဲ့ ဇွဲအပြင် ကျရှုံးတာရှိလည်း တုန်လှုပ်မသွားဖို့ အလေ့အကျင့်ရစေပါတယ်။ အရှုံးဆိုတာ အနိုင်ရဖို့ လှေကားထစ်တွေဖြစ်တဲ့အကြောင်းကို လက်ခံပြီး ဇွဲမလျှော့တဲ့ ထက်သန်စိတ်ကို မွေးမြူနိုင်လာပါလိမ့်မယ်။ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်လုပ်မိနေတဲ့အတွက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုမှာ ကြီးမားတဲ့အထောက်အပံ့တွေ ရစေပါတယ်။ အားကစားလုပ်တဲ့ကလေးတွေဟာ ပိုကျန်းမာတယ်၊ ပိုကြံ့ခိုင်တယ်၊ ပိုသန်မာကြတယ်၊ကြီးထွားဖွံ့ဖြိုးမှုလည်း ပိုမြန်တယ်။အားကစားလုပ်တဲ့ကလေးကသက်လုံကောင်းမယ်၊ အမောခံနိုင်တယ်၊ ပိုကျန်းမာတယ်လို့ ပြောကြတယ်။ အမှန်ပါပဲ။ ဘာအားကစားပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးတွင်းအဆီကျမယ်၊နှလုံးကျန်းမာရေးပိုကောင်းမယ်၊ ကိုယ်အလေးချိန်ထိန်းပြီးသားဖြစ်မယ်။ ကဲ အားဆေးတွေလှိမ့်တိုက်တာထက် ပိုကောင်းတဲ့အကျိုးကျေးဇူးတွေရနိုင်တယ်မဟုတ်လား။ကလေးဆိုတာ ကိုယ်လိုချင်တာရဖို့လွဲပြီး ကျန်တာမတွေးတတ်တဲ့အရွယ်ပါ။ ဒါပေမယ့် ဒီအရွယ်မှာတည်းက အများနဲ့အတူအလုပ်လုပ်ဖူးပြီး အသင်းအဖွဲ့လိုက်လှုပ်ရှားတတ်တဲ့ အလေ့အကျင့်ကို အားကစားကနေ ရနိုင်ပါတယ်။ဥပမာ ဘောလုံးကန်တယ်ဆိုရင် အဖွဲ့ဝင်အချင်းချင်း အပေးအယူမျှပြီး အချိတ်အဆက်ကောင်းမှသာ အနိုင်ရဖို့ ဖြစ်လာမှာပါ။ ဒီလိုဦးတည်ချက်မှာ ကြိုးစားရင်းနဲ့ ကလေးက တမင်တကာအားစိုက်ဖို့မလိုဘဲပေါင်းသင်းဆက်ဆံရေးပိုကောင်းလာမယ်၊ သူများတွေကို နားလည်တတ်လာမယ်၊ ဒီအတွေ့အကြုံတွေကနေ သူကြီးပြင်းရင့်ကျက်လာတဲ့အရွယ်ထိ အကျိုးကျေးဇူးအများကြီးရနိုင်ပါတယ်။ကလေးတွေကို အစားကောင်းတွေပဲ ကျွေး၊ လိုချင်တာအကုန်ဝယ်ပေး၊ ထိခိုက်မှာစိုးပြီး မျက်စိအောက်ကအပျောက်မခံ အိမ်ထဲမှာပဲနေခိုင်းတာက ကြာလာရင် လှုပ်ရှားမှုနည်းပြီး ကလေးကိုအဝလွန်စေနိုင်ပါတယ်။ကလေးကြိုက်အစားအစာတွေက အချိုများတာမို့ မလိုလားအပ်တဲ့ ကိုယ်အလေးချိန်မြင့်တက်မှုကို ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ကျော်လာပြီဆိုတာနဲ့ ကလေးတွေမှာလည်းဆီးချိုသွေးချိုအန္တရာယ်ရှိလာနိုင်ပါတယ်နော်။ဒါ့ကြောင့် ကလေးတွေကို ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ပဲမထားပါနဲ့၊ ထိုက်သင့်တဲ့ အားကစား နဲ့ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ခွင့်ပေးပါ။ အဆော့မက်တဲ့ကလေး အပြစ်မတင်လိုက်ပါနဲ့လို့ မေမေတို့ကို သတိပေးလိုက်ချင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8/
ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်
အသားအရေထိန်းသိမ်းဖို့က အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။အလှအပကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိခိုက်မှု ကင်းစေဖို့ နည်းစနစ် မှန်မှန်နဲ့ အသားအရေ ဘယ်လို စောင့်ရှောက်ရမလဲ သိပြီးရဲ့လား………..။မသိသေးဘူးဆိုရင်ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့အသားအရေ ထိန်းသိမ်းနည်းကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ဆယ်ကျော်သက် အရွယ်မှာအသားအရေ ပြဿနာကင်းစေဖို့ဆိုရင်။ဆယ်ကျော်သက် အရွယ်မှာ အရေပြားက အခြား အသက်အပိုင်းအခြားထက် ပိုပြီး အဆီပြန်နိုင်ပါတယ်။ အဆီပြန်တာရဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် အသားအရေကို သေချာ သန့်စင်ဖို့ လိုပါမယ်။အရေပြားကို သေချာ သန့်စင်မှချွေးပေါက်ပိတ်ဆို့မှု ကင်းပြီး ဝက်ခြံဖြစ်တာကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့်မျက်နှာကို ပုံမှန် သေချာလေး သန့်စင်ပေးပါ။ အသားအရေနဲ့ လိုက်ဖက်တဲ့မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး တစ်နေ့ကို မနက် တစ်ကြိမ် ညတစ်ကြိမ် သေချာ သန့်စင်ပါ။မိတ်ကပ်တွေကို သေချာ သန့်စင်ဖို့လည်း မမေ့ပါနဲ့။အသားအရေ ခြောက်သွေ့မှု ကင်းစေဖို့ အရေပြားကို သန့်စင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရင်မ် ပုံမှန် လိမ်းပေးဖို့ လိုပါမယ်။ အစိုဓာတ်ထိန်းခရင်မ်ဆိုတဲ့နေရာမှာ သဘာဝ ပစ္စည်းတွေက ထုတ်ထားတာဆိုရင် ပိုကောင်းပါတယ်။ နုနယ်တဲ့ အသားအရေကို ဓာတုပစ္စည်းတွေကြောင့် ထိခိုက်မှုကနေ  ကင်းစေဖို့ပါ။အသားအရေအတွက် အသုံးပြုတဲ့အခါဓာတုပစ္စည်းပါတာတွေကို ရှောင်ပါ။ အဆီ ပါဝင်မှုနည်းပြီး သဘာဝဆန်တာကိုပဲ ရွေးချယ်ပေးပါ။ ဒါမှ မလိုအပ်ပဲအသားအရေ ထိခိုက်တာမျိုး မရှိမှာပါ။မိတ်ကပ်အများစုက အသားအရေကို အရွယ်မတိုင်ခင် အိုမင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလှကြိုက်တယ်ဆိုရင်တောင် မိတ်ကပ်အစား အသားအရေကို အားဖြည့်ပေးမယ့်skincareမျိုးနဲ့ လှအောင် ပြင်ဆင်ဖို့ ပြောပါရစေ။ဆယ်ကျော်သက်အရွယ်ဆိုတာ အလှဆုံး အချိန်ပါ။ ဒီကာလမှာ အလှကို မိတ်ကပ် ထပ်ပိုးစရာကို မလိုတာပါ။အသားအရေ ကျန်းမာစေဖို့ဆိုရင် ဆဲလ်သေတွေ ဖယ်ရှားဖို့ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် ဆဲလ်သေတွေ ဖယ်ရှားပေးပါ။ ဒါမှ ချွေးပေါက်တွေ ပွင့်ပြီး အသားအရေက လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်မှာပါ။ဆဲလ်သေတွ ဖယ်ရှားတာကဆားဝက်ခြံနဲ့ ဝက်ခြံတွေ ဖြစ်ပေါ်မှုကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်း တစ်ရပ်ပေါ့။ဆယ်ကျော်သက်အရွယ်မှာ အဆီပြန်တာက အဖြစ်များပါတယ်။ အဆီပြန်တာကြောင့်ပဲ ချွေးပေါက်တွေ ပိတ်ဆို့တာ၊ ဘက်တီးရီးယားတွေ ပေါက်ဖွားတာ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ကပ်ညှိတာဖြစ်ပြီးဝက်​ခြံအပါအဝင် အရေပြား ပြဿနာ အမျိုးမျိုး ဖြစ်လာပါတေ့တယ်။ဒီတော့ အရေပြား ပြဿနာ ကင်းဖို့ဆိုရင်အဆီပြန်တာကို ထိန်းဖို့ လိုပါမယ်။ အဆီစုပ်တစ်သျှူး အသုံးပြုပေးတာမျိုး လုပ်ပေးပါ။မိတ်ကပ်က မလိမ်းတာ အကောင်းဆုံးပါ။ ဒါပေမယ့် သဘောကျလို့ လိမ်းမယ်ဆိုရင်လည်း မိတ်ကပ်ပစ္စည်းတွေ မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။ ဒီလို မျှဝေသုံးစွဲတာက ဘက်တီးရီးယား ကူးစက်ခံရတာနဲ့ အရေပြားပြဿနာ ဖြစ်စေနိုင်တဲ့မှိုပိုးကူးစက်ခံရတာတွေ ရှိလာနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-care-tips-for-teenager/
Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း)
ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အူမကြီးထဲတွင် Clostridium difficile ဟုခေါ်သော ပိုးကောင်များကြီးထွားလာမှုကြောင့် အူမကြီးတွင် ရောင်ရမ်းခြင်းဖြစ်ပြီး ဝမ်းလျှောရောဂါအတွက် ထိုပိုးသတ်ဆေးများသုံးစွဲမှု သည် ဝမ်းလျှောစေသော အဓိကအကြောင်းရင်းဖြစ်သည်။ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။တွေ့ရများသော ရောဂါလက္ခဏာများမှာ။ထိုရောဂါ လက္ခဏာများသည် ပိုးသတ်ဆေးသောက်ပြီး ၁ ရက် ၂ ရက်ခန့်တွင် စဖြစ်တတ်ပြီး ပိုးသတ်ဆေးပတ်လည်ပြီး ရက်သတ္တပတ်အတန်ကြာခန့်အထိ ကြာမြင့်တတ်သည်။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။သင်သည် လက်ရှိ သို့မဟုတ် မကြာသေးမီ အချိန်က ပိုးသတ်ဆေးများသောက်ပြီး ဝမ်းလျှောလျှင် ရောဂါမပြင်းထန်သေးသော်လည်း ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ထို့ပြင် ဝမ်းသွားမရပ်ခြင်း၊ ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်တင်းခြင်း၊ဖျားခြင်း၊။ဝမ်းထဲတွင် ပြည်များ၊ သွေးများပါခြင်းများဖြစ်လျှင် ဆရာဝန်ထံချက်ချင်းသွားပြသင့်သည်။ပုံမှန်အားဖြင့် ကျန်းမာသော လူတယောက်၏ အူမကြီးထဲတွင် အကျိုးပြု ဘက်တီးရီးယားများစွာရှိပါသည်။ သို့သော် ပိုးသတ်ဆေးနှင့် အခြားသောဆေးများက ထိုအကျိုးပြု ဘက်တီးရီးယားများကိုသေစေပြီး C. dfficile ဟုခေါ်သော အူရောင်စေသော ဘက်တီးရီးယားများကို လျှင်မြန်စွာပွားများစေပါသည်။C. dfficile ထုတ်သော အဆိပ်အတောက်များ များပြားလာသောအခါ အူမကြီးကိုရောင်ရမ်းစေပါသည်။ပိုးသတ်ဆေးများအနက်မှ အူမကြီးရောင်ရမ်းမှုကို ဖြစ်စေသော ပိုးသတ်ဆေးများမှာ အောက်ပါတို့ဖြစ်သည်။ဥပမာ -ciprofloxacin (Cipro) ,levofloxacin (Levaquin)။ဥပမာ -amoxicillin and ampicillin။ဥပမာ- cefixime (Suprax)။ပိုးသတ်ဆေးမဟုတ်သော အခြားဆေးများကလည်း အူမကြီးရောင်ရမ်းမှုကို ဖြစ်စေပါသည်။ဥပမာ ကင်ဆာဆေးများသည် အူထဲရှိ အကျိုးပြုပိုးကောင်များကို သေစေပြီး အူရောင်စေပါသည်။အူတွင်အနာဖြစ်သော ရောဂါ ၊ ခရုန်းအူရောင်ရောဂါများသည်လည်း အူမကြီးရောင်ရမ်းမှုကို ဖြစ်စေပါသည်။C.dfficile ပိုးကောင်သည် ပိုးသေဆေးများနှင့် အလွန်ယဉ်ပါးနေပြီးဖြစ်သော ကြောင့် ကျန်းမာရေးဝန်ထမ်းများထံမှ လူနာများသို့ကူးစက်နိုင်ချေများပါသည်။ထို့ပြင် ရောဂါဖြစ်နိုင်ချေမရှိသောသူများ၊ ပိုးသတ်ဆေးမသုံးသူများတွင်လည်း ဖြစ်တတ်သောကြောင့် လူထုပတ်ဝန်းကျင်မှတဆင့်ကူးစက်စေသော C. dfficileပိုးကောင်များကြောင့်လည်း အူရောင်ခြင်းကို ဖြစ်စေနိုင်ကြောင်းတွေ့ရသည်။ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများမှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပိုးသတ်ဆေးကြောင့်အူရောင်ခြင်းကိုဘယ်လိုသိနိုင်မလဲ။ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း ကိုသိနိုင်သော စစ်ဆေးမှုများနှင့် နောက်ဆက်တွဲဆိုးကျိုးများကိုရှာဖွေနိုင်သော စစ်ဆေးမှုများမှာ။အူမကြီးထဲရှိ C. difficile ပိုးကောင်ကို ဝမ်းနမူနာယူပြီး စစ်ဆေးနိုင်သော နည်းလမ်းများစွာရှိပါသည်။သွေးထဲတွင် သွေးဖြူဥများနေခြင်းဖြင့် အူရောင်ရောဂါဖြစ်နေကြောင်း သိနိုင်သည်။ထိပ်တွင် ကင်မရာငယ်တပ်ဆင်ထားသော မှန်ပြောင်းကို အူမကြီးအတွင်းသို့ကြည့်ခြင်းဖြင့် ရောင်ရမ်းမှုများနှင့် အဝါရောင်အဖတ်များ ကြွတက်နေခြင်းကို တွေ့လျှင် အူရောင်ရောဂါဖြစ်နေကြောင်း သိနိုင်သည်။ရောဂါလက္ခဏာပြင်းထန်သော သူများတွင် ဗိုက်ကို ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းတို့ဖြင့် အူမကြီးတွင်း အဆိပ်အတောက်များကြောင့် ဖောင်းပွနေခြင်း၊ ပေါက်နေခြင်းတို့ရှိမရှိ သိနိုင်သည်။အောက်ပါတို့သည် ကုသနိုင်သော နည်းလမ်းများဖြစ်ပါသည်။သင်သည် ကုသမှုများကို စတင်ခံယူသည့်အချိန်မှ စပြီး ရက်အနည်းငယ်အတွင်းတွင် ရောဂါလက္ခဏာများ သက်သာလာသည်ကို တွေ့ရမည်။ သုတေသနပညာရှင်များက အဆိုပါရောဂါကို ကုသရန် အခြားသော ပိုးသတ်ဆေးများနှင့် ကာကွယ်ဆေးများကို တီထွင်လျက်ရှိပါသည်။အသစ်ပွားလာသော C.diffile ဇိဝမျိုးကွဲများသည် ဆေးယဉ်ပါးမှုကို ပိုဖြစ်လာစေပြီး ရောဂါကို ပြန်ဖြစ်နိုင်ချေများလာကာ ရောဂါကိုလည်းကုရာတွင် ပိုထိန်းချုပ်ရခက်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင့်တွင် အူရောင်ရောဂါပြန်ဖြစ်လာပါက အောက်ပါနည်းလမ်းများဖြင့် ကုသရမည်ဖြစ်သည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်ပိုးသတ်ဆေးကြောင့်အူရောင်ခြင်းဖြစ်သူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/pseudomembranous-colitis-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%90%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%b0/
Hepatic Cyst (အသည်းအရည်အိတ်တည်ခြင်း)
အသည်းအရည်အိတ်တည်ခြင်းသည် လူဦးရေ၏ ၅%တွင် ဖြစ်တတ်သော အသည်းတွင် အရည်ပြည့်နေသည့်အိတ်တည်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် လက္ခဏာမပြတတ်ပဲ ကွန်ပျူတာဓါတ်မှန် သို့ သံလိုက်ဓါတ်မှန်တို့ကဲ့သို့ ဗိုက်အားပုံရိပ်ဖော်စစ်ဆေးခြင်းများ ပြုလုပ်ရန်အကြောင်းစုံလာပါမှ မကြာခဏဆိုသလို တွေ့ရှိရသည်ဖြစ်သည်။အသည်းအရည်အိတ် တစ်ခုနှစ်ခုသည် ပြဿနာမဖြစ်နိုင်ပဲ ကုသရန်လဲ မလိုအပ်ပါ။ သို့သော် တစ်ခါတစ်ရံ အရည်အိတ်များ များလာခြင်း သို့မဟုတ် အလွန်ကြီးလာခြင်းများဖြစ်ပါက ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။တစ်ခုထက်ပိုသော အရည်အိတ်များ ကြီးလာလျှင် ဗိုက်ညာဖက်အပေါ်ခြမ်းတွင် မအီမသာ သို့မဟုတ် နာကျင်မှုကို ခံစားရနိုင်ပါသည်။ သိသိသာသာ မအီမသာဖြစ်လာပါက အရည်အိတ်များကို စုပ်ထုတ်ခြင်း သို့ ခွဲထုတ်ခြင်းများ ဆေးရုံတွင် ပြုလုပ်နိုင်သည်။ ဒီလောက်ထိ မဆိုးဝါးခင် သိထားခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။အသည်းအရည်အိတ်တည်ခြင်းအမျိုးမျိုးရှိ၏။ရိုးရှင်းသောအရည်အိတ်များ။အရည်အိတ်များသော အသည်းရောဂါ (မျိုးရိုးလိုက်သောရောဂါ)။ကပ်ပါးပိုးကြောင့်အရည်အိတ်တည်ခြင်း (hydatid ရောဂါမျိုးဝ။အသည်းကင်ဆာနှင့်တွဲသော အရည်အိတ်များ။အသည်းအရည်အိတ်တည်ခြင်း အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အသည်းအရည်အိတ်တည်ခြင်းသည် များသောအားဖြင့် လက္ခဏာမပြတတ်ပါ။ သို့သော် အိတ်သည်ကြီးလာပါက ဗိုက်အပေါ်ညာဖက်ခြမ်းတွင် ဖောနေခြင်း၊ နာနေခြင်းများကို ဖြစ်စေနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဗိုက်မှစမ်းလို့ရနိုင်သည်အထိ အရည်အိတ်သည် ကြီးလာနိုင်၏။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။အသည်းဆဲလ်အနည်းသေခြင်း သို့မဟုတ် ပျက်စီးခြင်းဖြစ်ပေါ်သည့် ထိုအရည်အိတ်များ တည်ရခြင်းဖြစ်သည်။ အဖြစ်များဆုံးအကြောင်းရင်းသည် အသက်ကြီးခြင်း၊ အစားအသောက်မကောင်းခြင်းနှင့် ဘဝနေထိုင်ပုံတို့ကြောင့်ပင်ဖြစ်သည်။တစ်ခါတစ်ရံ အသည်းအဆီဖုံးနေသူများတွင် ထိုအရည်အိတ်များသည် “အဆီပစ္စည်းများ” နှင့် ပြည့်နေတတ်သည်။ အသည်းမှာ ပမာဏကြီးသောကြောင့် အသည်းလုပ်ငန်းကို ဟန်မပျက်ဆောင်ရွက်နိုင်သည့် အကောင်းနေရာများ ကျန်သေးသည်။ ထို့ကြောင့် ဒီအရည်အိတ်များအား အသည်းရောဂါဟု မသတ်မှတ်ပါ။အသည်းအရည်အိတ်တည်ခြင်းအများစု၏ အကြောင်းရင်းကို မသိရပါ။ မွေးကတည်းက ပါလာနိုင်သလို အသက်ကြီးမှ ပေါ်လာသည်လည်း ရှိသည်။ များသောအားဖြင့် သူတို့သည် ဖြေးဖြေးချင်း ကြီးထွားကာ အရွယ်ရောက်သည်အထိ ရှာတွေ့နိုင်မည် မဟုတ်ပါ။တစ်ချို့အရည်အိတ်များကတော့echinicoccusဟုခေါ်သော ကမ္ဘာအနှံ့ရှိ သိုးများတွင်တွေ့ရသည့် ကပ်ပါးပိုးကြောင့် ဖြစ်ရခြင်းပင်။အသည်းအရည်အိတ်တည်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်နိုင်သည်။ ၁.၅ : ၁ အမျိုးသမီး အမျိုးသားအချိုး ရှိနိုင်သည်။ လူများ အသက်ကြီးလာသည်နှင့် ရောဂါတွေ့ရှိရနှုန်းသည် အမျိုးသမီးများတွင် အမျိုးသားများထက် ပိုတွေ့ရနှုန်း မြင့်လာပါသည်။ဗိုင်းရပ်စ်ကြောင့် အသည်းရောင်ခြင်း တို့လို တခြားအသည်းရောဂါများကြောင့် ဖြစ်ရသည့် Fibrosis နှင့် အသည်းခြောက်ခြင်းတို့သည် အသည်းအရည်အိတ်တည်ရန် သို့ အရည်အိတ်များသောရောဂါများ ဖြစ်နိုင်ချေ ပိုများစေသည်မဟုတ်ပါ။မွေးရာပါ အသည်း fibrosis ဝင်ခြင်းကတော့ အရည်အိတ်များနှင့် ဆက်နွယ်နိုင်ပြီး ဗိုင်းရပ်စ်ကြောင့် အသည်းခြောက်ခြင်းနှင့်လည်း ဆင်ဆင်တူသည်။ သို့သော် ယေဘုယျအားဖြင့် အသည်းခြောက်ခြင်းကတော့ အရည်အိတ်ဖြစ်နိုင်ချေ မြင့်ခြင်းနှင့် မသက်ဆိုင်ပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အသည်းအရည်အိတ်တည်ခြင်းသည် ကွန်ပြူတာဓါတ်မှန်၊ တီဗီဓါတ်မှန် သို့ သံလိုက်ဓါတ်မှန်များလို ပုံရိပ်ဖော်စနစ်များကိုသုံးပြီး ရောဂါအမည်တပ်နိုင်သည်။ (မကြာခဏဆိုသလို မတော်တဆတွေ့ရခြင်းလည်း ဖြစ်နိုင်သည်) သမားတော်မှ အရည်အိတ်စမ်းမိခြင်းရှိမရှိ ဗိုက်ကို စမ်းသပ်ပါလိမ့်မည်။echinococcosis ကြောင့် အရည်အိတ်တည်ခြင်းကိုတော့ immunodiagnostic စစ်ဆေးမှုများ – ၎င်းတွင် Echinococcus ပဋိပစ္စည်းများကို သွေးထဲတွင် တွေ့ရမည် – ကို အသုံးပြုနိုင်သည်။အရည်အိတ်အတွက် ကုသရန်မလိုအပ်တတ်ပါ။ အလိုလိုပျောက်နိုင်ပါသည်။ ကြီးလာသောကြောင့် သို့မဟုတ် ကင်ဆာနှင့်ဆိုင်သော အိတ်များကိုတော့ ခွဲစိတ်ဖယ်ရှားပစ်ရသည်။ အရည်စုပ်ထုပ်ခြင်းလဲ လုပ်နိုင်သည်။ သို့သော် ခဏတာသာ သက်သာမည်ဖြစ်သည်။ တစ်ချို့သော အရည်အိတ်များသည့်အသည်းရောဂါများတွင်တော့ အသည်းအစားထိုးခြင်း လိုအပ်ပါလိမ့်မည်။ခွဲစိတ်ကုသခြင်း – အသည်းအရည်အိတ်များကို လုံးဝဖယ်ရှားရန်အတွက် အကောင်းဆုံးနည်းပင်။ အထူးသဖြင့် cystadenoma နှင့် cystadenocarcinoma တို့တွင် ပိုကောင်း၏။ ဝမ်းတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်နိုင်သည်။ အန္တရာယ်နည်းသော ခွဲစိတ်မှုဖြစ်ပြီး ပစ္စည်းများအား ပြွန်သေးသေးများတွင်ထည့်ကာ ဗိုက်ထဲသို့ထည့်ပြီး ခွဲခြင်းဖြစ်သည်။ဆေးကုထုံး – echinococcosis ကြောင့်ဖြစ်သော ကပ်ပါးအရည်အိတ်များကိုတော့ ခွဲစိတ်မှုနှင့်အတူ လက္ခဏာများနည်းစေရန် ဆေးသောက်ပြီး နှစ်နှစ်လောက်ထိ ကုရပါသည်။ ကပ်ပါးကောင်များကိုကုသရန်အတွက် ဆေးသောက်ရန် ညွှန်ပါလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအသည်းအရည်အိတ်တည်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အသည်းအရည်အိတ်တည်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။ဆရာဝန်မှ သင့်၌ အသည်းဆဲလ်ပျက်စီးသောကြောင့် ဖြစ်တတ်သည့် အရည်အိတ် (ရိုးရှင်းသော အရည်အိတ်) တစ်ခု သို့ အများအပြားတွေ့ရသည်ဟု ပြောလျှင် လန့်မသွားပါနှင့်။ ဒီအိတ်များ ထပ်မတိုးလာလိုဘူးဆိုပါက ပွားမလာဖို့ရာ တားဖို့ လွယ်ကူပါသည်။ ဖြစ်ရပ်အများစုတွင် ဓါတ်စာကုထုံးဖြင့် တဖြည်းဖြည်းရှုံသွားစေနိုင်ပါသည်။သင့်စားသုံးနေသည်များမှ နို့ထွက်ပစ္စည်းများကို ရှောင်လိုက်ပါ။ နို့ထွက်ပစ္စည်းများတွင်ပါသော ဟော်မုန်းများသည် အရည်အိတ်များနှင့် ခန္ဓါကိုယ်တွင် အကျိအချွဲများခြင်းကို ဖြစ်စေနိုင်သည်။အရက်၊ ဆေးဝါးတစ်ချို့၊ ပတ်ဝန်းကျင်မှ ဓါတုပစ္စည်းများနှင့် သကြားအလွန်အကျွံ စားခြင်း စသည့် အသည်းထိခိုက်စေသည့်အရာများကို ရှောင်ပါ။ဆီလီနီယမ်အားဆေး သောက်ပါ။ သင့်အသည်းမှ ဓါတ်တိုးဆန့်ကျင့်ပစ္စည်းဖြစ်သည့် ဂလူတာသိုင်အုမ်း ထွက်စေရန် ဆီလီနီယမ်လိုအပ်ပါသည်။ဆီလီနီယမ်သည် အသည်းဆဲလ်များ ထိခိုက်ခြင်းကို အထောက်အကူပြုပါသည်။ဟင်းသီးဟင်းရွက်အစိမ်းဖျော်ရည်များ ပုံမှန်သောက်ပါ။ အသည်းအတွက်ကောင်းသော ဟင်းသီးဟင်းရွက်များတွင် ကိုက်လန်၊ ပန်းမုန်လာစိမ်း၊ မုန်လာဥနီနှင့် ကြက်သွန်။ မုန်လာဥနီနှင့် ပန်းသီးကို ဖျော်သောက်ခြင်းသည် အရသာအလွန်ရှိပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hepatic-cyst-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%9b%e1%80%8a%e1%80%ba%e1%80%a1%e1%80%ad%e1%80%90%e1%80%ba%e1%80%90%e1%80%8a%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ
ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ ဘူးနော်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ သေသေချာချာလေး လေ့လာလိုက်ပါဦးနော်။ဆေးလိပ် မသောက်နဲ့ အဆုတ် ထိခိုက်မယ်။ ဆေးလိပ်ငွေ့တွေ မရှူမိစေနဲ့အဆုတ် ပျက်စီးမယ် ဆိုတာ အရင်တည်းက သိကြပြီးသား အကြောင်းအရာပါ။ ဒီတစ်ခါတော့ ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ ရကြောင်း သုတေသန အသစ်က သက်သေပြခဲ့ပါတယ်။ဆေးလိပ် အရမ်းသောက်တဲ့ သူတွေဟာ အရောင် ခွဲခြားနိုင်စွမ်း ပြဿနာ ရှိနိုင်ပြီး အလင်းရောင် မှိန်ရင် သိပ်မမြင်နိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။သုတေသနမှာ ဆေးလိပ် မသောက်တတ်သူ ၇၁ ဦးနဲ့ တစ်နေ့ကို အလိပ် ၂၀ ထက်မက သောက်တတ်တဲ့သူ ၆၃ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ သူတို့ထဲမှာ အမြင်အာရုံ ပုံမှန် ရှိသူတွေနဲ့ မျက်မှန် တပ်ရသူတွေ ပါဝင်ပြီး အသက် ၂၅ နှစ်ကနေ ၄၅ နှစ် အတွင်း ရှိသူတွေ ဖြစ်ပါတယ်။ဆေးလိပ်ငွေ့တွေ ကြားမှာ ပျော်မွေ့တဲ့ ဆေးလိပ် အရမ်း သောက်သူတွေဟာ အရောင် ခွဲခြားနိုင်စွမ်းမှာ သိသိသာသာ ပြောင်းလဲလာတာတွေ့ရပြီး အလင်းမှိန်တဲ့ နေရာမှာ ပြတ်သားစွာ မြင်နိုင်စွမ်း အခက်အခဲ ပိုရှိနေတာ တွေ့ရပါတယ်။ဘာကြောင့်လဲ။“စီးကရက် သောက်လွန်းတာဒါမှမဟုတ် ဆေးလိပ်မှာ ပါတဲ့ ဒြပ်ပေါင်းတွေနဲ့ ကြာရှည် ထိတွေ့မှု များနေတာက အမြင်အာရုံ ထင်ရှားပြတ်သားနိုင်စွမ်းမှာ ထိခိုက်စေတယ်လို့ လေ့လာမှု ရလဒ်တွေက ညွှန်ပြ နေပါတယ်။ စီးကရက်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ဒြပ်ပေါင်းတွေ အများကြီး ပါတယ်။ ဦးနှောက်ရဲ့ အလွှာတွေကို ထူထဲမှု လျော့စေတယ်၊ ဦးနှောက် ထိခိုက်မှုတွေနဲ့ ဆက်နွယ်နေပါတယ်။ ” လို့ Rutgers University Behavioral Health Care မှ ဒါရိုက်တာ ဖြစ်တဲ့ တွဲဖက် သုတေသီ Steven Silverstein က ပြောပါတယ်။အရင် သုတေသနတွေ မှာတော့ ကာလကြာရှည် ဆေးလိပ် သောက်ခြင်းက အသက်အရွယ်ကြောင့် ဖြစ်တဲ့ မျက်စိမှုန်ခြင်းကို ဖြစ်နိုင်ခြေ ပိုများ၊ ပိုမြန်စေပြီး မျက်စိ ရောင်ရမ်းခြင်းတွေ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့တာပါ။နီကိုတင်း နဲ့ ဆေးလိပ် သောက်ခြင်းက သွေးလည်ပတ်မှု စနစ်ကို ထိခိုက်စေပြီး မြင်လွှာမှာ ရှိတဲ့ သွေးကြောနဲ့ အာရုံကြောဆဲလ်တွေကိုထိခိုက်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ဒီသုတေသနကိုPsychiatry Researchဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ဒါ့ကြောင့် ဆေးလိပ် သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တာ အဆုတ်ကိုပဲ မဟုတ်ပါဘူး။ ကောင်းကျိုး မပေးတဲ့ ဆေးလိပ်ကို ဖြတ်နိုင်အောင် မကြိုးစားနိုင်တောင် လျှော့သောက်ဖို့ သတိထားသင့် ပါတယ်။ဆေးလိပ်သောက်တာက အဆုတ်ကို ထိခိုက်စေသလို အမြင်အာရုံ ကိုလည်း ထိခိုက်စေပါတယ်။ နောက်တစ်ခုက အသည်းကို ထိခိုက်စေနိုင်သလို အခြားသော ကျန်းမာရေး ဆိုးကျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် သတိထားဖို့ ပြောချင်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/heavy-smoking-may-damage-vision/
သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်
ကိုယ့်ခန္ဓာကိုယ်ပေမဲ့ ကိုယ့်ရဲ့အရေပြားအကြောင်း၊အသားအရေအကြောင်း သင်ဒါတွေ သိပြီးသွားပြီလား။အသက် ၄၀၊ ၅၀ လောက်မှ တို့က Anti-aging တွေ သုံးမယ်လို့ လုပ်ထားရင်တော့ ဆောရီးပါနော်။ အချိန်လွန်သွားပါပြီ။ အသက် ၂၅ ပြည့်ပြီဆိုတာနဲ့ ကော်လာဂျင် ထုတ်နှုန်းက လျော့နည်းလာပါပြီ။ အဲဒီမှာ အသားအရေကလည်း အရေးအကြောင်းတွေ စထင်လာတော့တာပါပဲ။ ဗီတာမင် စီ ကတော့ ငယ်ရွယ်နုပျိုတဲ့ အသားအရေ ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။အရေပြားတွေက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အတွက် အရေးပါရုံတင်မကဘဲ ခန္ဓာကိုယ် အပူချိန်အတွက်လည်း အရေးပါပါတယ်။ ပြင်ပ အပူချိန်ပေါ် မူတည်ပြီး အရေပြားရဲ့ အလုပ်လုပ်ပုံကို အကျဉ်းချုံး ပြောရမယ်ဆိုရင်တော့ အပြင်မှာ အရမ်းပူလွန်းရင် အရေပြားက သွေးကြောတွေနဲ့ ပူးပေါင်းပြီး ခန္ဓာကိုယ်ကို အေးမြအောင် လုပ်ပေးပြီး အပြင်မှာ အေးတဲ့အချိန်ကျရင်တော့ အရေပြားဟာ ပူနွေးအောင် ဖန်တီးပေးပါတယ်။ငယ်ငယ်က မခြောက်သွေ့လွန်း၊ အဆီမပြန်လွန်းတဲ့ အသားအရေပေမဲ့ ကြီးလာတဲ့အခါမှာ ခြောက်သွေ့တဲ့ အသားအရေ ဖြစ်သွားတာမျိုး၊ အဆီပြန်တဲ့ အသားအရေ ဖြစ်သွားတာမျိုး ရှိနိုင်ပါတယ်။တစ်သက်လုံး လုံးဝ မပြောင်းဖူးဘူးဆိုရင်တောင်မှ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဟော်မုန်း မညီမျှခြင်း၊ ရာသီဥတု အပြောင်းအလဲ နဲ့ အသက်အရွယ်က သင့်အသားအရေကို ပြောင်းလဲပစ်နိုင်ပါတယ်။ဆောင်းတွင်းမှာ အသားခြောက်တာ ပုံမှန်ပါ။ ဒါပေမဲ့ အသားခြောက်ပြီး အသားပပ်၊ အသားတွေ အက်ကွဲလာတဲ့အခါမှာတော့ ပေါ့ပေါ့လေး စဉ်းစားလို့ မရတော့ပါဘူး။ဘာလို့ဆို ခန္ဓာကိုယ်ထဲ ပိုးတွေ မဝင်အောင် အရေပြားက ဒိုင်းအကာအကွယ်တစ်ခုအဖြစ် ကာကွယ်ထားတာ ဖြစ်ပြီး ဒီ အရေပြား ကွဲအက်တာတွေကတော့ အပေါ်က  ဒိုင်းကြီး ပဲ့သွားသလိုပါပဲ။ ဒါကြောင့် ဗိုင်းရပ်စ်၊ဘက်တီးရီးယားနဲ့ မှိုတွေ ကူးစက်နိုင်ခြေ ပိုများပါတယ်။စိတ်ဖိစီးမှုက အရေပြားပေါ်မှာ ထင်ဟပ်သလို အနီကွက်ထင်ခြင်း၊ အဖုထခြင်း၊ နီမြန်းရောင်ရမ်းခြင်းတွေကလည်း ကိုယ်တွင်း ကျန်းမာရေးတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချို၊ အသည်း၊ အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်းတွေအပါအဝင် အခြား ပြဿနာတွေနဲ့ ဆက်စပ်နေတာမို့ အသားအရေ အပြောင်းအလဲကို ဂရုထား စောင့်ကြည့်သင့်ပါတယ်။Wathun Myet Chal။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/you-didnt-know-about-your-skin/
Tonsil Cancer (အာသီးကင်ဆာရောဂါ)
အာသီးကင်ဆာဟာ အာသီးမှာရှိတဲ့ဆဲလ်တွေမှာ စတင်တဲ့ ကင်ဆာဖြစ်ပါတယ်။ သင့်အာသီးဟာ ရောဂါပိုးတွေကိုတိုက်ထုတ်တဲ့ ကိုယ်ခံအားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပါးစပ်ရဲ့ အနောက်မှာ ရှိတဲ့ ဘဲဥပုံ Pads နှစ်ခုဖြစ်ပါတယ်။အာသီးကင်ဆာဟာ အစာမြိုချရ ခက်ခဲခြင်း၊ လည်ချောင်းတွေထဲမှာ ပိတ်မိခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အာသီးကင်ဆာကို များသောအားဖြင့် ရောဂါရင့်ပြီး အခြားနေရာတွေဖြစ်တဲ့ လျှာနဲ့ ပြန်ရည်ကျိတ်တွေကို ပြန့်နေတဲ့ အချိန်မှ သိရှိတတ်ပါတယ်။အာသီးကင်ဆာရဲ့ ကုသမှုကတော့ ကင်ဆာကို ဖယ်ထုတ်ဖို့ ခွဲစိတ်မှုပါဝင်ပါတယ်။ အချို့အခြေအနေတွေမှာတော့ ဓါတ်ရောင်ခြည်ပေးကုသမှုနဲ့ ကင်ဆာဆေးသွင်းကုသမှုတွေ ပါဝင်ပါတယ်။Tonsil Cancer ဟာအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Tonsil Cancer ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အခြားလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဆရာဝန်တွေက ဘာကြောင့် အာသီးကင်ဆာဖြစ်လဲဆိုတာကို မပြောနိုင်ကြပါဘူး။ သူဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်မှ ဖြစ်စေတဲ့ အချက်တွေပေါင်းစည်း ဖြစ်ပေါ်တာ ဖြစ်ပါတယ်။Tonsil Cancer ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဆရာဝန်တွေက အာသီးကင်ဆာကို သိရှိစေဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ဒီဖြစ်စဉ်ရဲ့ ပထမအဆင့်ကတော့ သင့်ကို ကျန်းမာရေးရာဇဝင် မေးမြန်းခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ ဆရာဝန်က စစ်ဆေးမှာ ဖြစ်ပြီး လိုအပ်ရင် အောက်ပါ စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။PET scan။ဆရာဝန်က အာသီးကင်ဆာကို အောက်ပါနည်းတွေနဲ့ ကုသနိုင်ပါတယ်။အာသီးကင်ဆာ အစောပိုင်းကို ကုသဖို့အတွက် ခွဲစိတ်မှု၊ ဓါတ်ရောင်ခြည် ကုသမှုကို ခံယူရနိုင်ပါတယ်။ စောစီးတဲ့ ကင်ဆာဆိုတာဟာ အာသီးအတွင်းမှာသာ ရှိနေသေးတဲ့ ကင်ဆာကို ဆိုလိုပါတယ်။ တကယ်လို့ ကင်ဆာက ကြီးလာပြီး အာသီးအပြင်ကို ရောက်လာပြီဆိုရင် ခွဲစိတ်ပြီး ဓါတ်ရောင်ခြည်ပေးရနိုင်ပါတယ်။ပြင်းထန်ပြီး အဆင့်များတဲ့ ကင်ဆာတွေကို ခွဲစိတ်မထုတ်ခင် ကံျု့အောင်ပြုလုပ်နိုင်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည် ကုသခြင်းတွေ ပြုလုပ်ပြီး ကင်ဆာကို ကျုံ့အောင် ပြုလုပ်နိုင်ပါတယ်။ ဒါကို down staging လို့ ခေါ်ပါတယ်။ ကင်ဆာက ကျုံ့သွားတဲ့အခါမှာ ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။အဆင့်များတဲ့ကင်ဆာတွေဟာ နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ မျိုရခက်ခဲခြင်း အစရှိတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ ဒီလက္ခဏာတွေကို ထိန်းချုပ်ဖို့ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ပြုလုပ်နိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Tonsil Cancer ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/tonsil-cancer-%e1%80%a1%e1%80%ac%e1%80%9e%e1%80%ae%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
ပဲခူးတိုင်းဒေသကြီး
Ph. 931787062။လှည်းကူးအင်းတိုင်၊ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး။Ph.933355591။သုံးဆယ်မြို့၊သာယာဝတီ ၊ပဲခူးတိုင်းဒေသကြီး ။၁။ သုခကာရီ(အရေးပေါ်လူနာတင်ယဉ်)။Ph.095072212 ,0949451657။မြို့ပတ်လမ်း၊ဒိုက်ဦးမြို့ ၊ပဲခူးတိုင်းဒေသကြီး ။Ph 9428036098, 09784000000။အမှတ် ၇၀၂ ရွှေသာလျောင်းလမ်းမတန်း အာနန္ဒါဘုရားအရှေ့ ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး။Ph.930154518, 0930150000။ဝမ်းဘဲအင်းကျေးရွာ၊ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး။Ph.09250111883 ,09428193627။ဇိုင်းတောင် မင်္ဂလာလမ်း ချမ်းမြေ့ ဇေယျာ သာမဏေကျော်တက္ကသိုလ်၊ ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး။Ph. 0949500260, 09260570009။ရတနာမာန်အောင် ဘုန်တော်ကြီးကျောင်းဝန်း၊ ခေတ္တရာမြို့သစ်၊ပြည်မြို့ ပဲခူးတိုင်းဒေသကြီး။Ph.09423744104။စည်တော်မင်္ဂလာ ရွာဘဲနယ်မြေ. ၊ ပြည်မြို့ ပဲခူးတိုင်းဒေသကြီး။Ph.05326200, 0949500989. 09250555404။ကန်ဖျားပရိယတ္တိစာသင်တိုက် ရွာဘဲနယ်မြေ ၊ပြည်မြို့ ၊ ပဲခူးတိုင်းဒေသကြီး။Ph.095351337-0949234880-095350454-096300114-095350539-0949430179။(၁၃)ရပ်ကွက်။ ဈေးလမ်း။ ရွှေဆံတော်ဘုရားအနီး။၊တောင်ငူမြို့နယ် ပဲခူးတိုင်းဒေသကြီး ။Ph. 9254031102။ကျွန်းကုန်းကျေးရွာ၊တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီး ။Ph.9254640067။တောင်ငူ (ကေတုမတီ မြို့သစ်)၊ပဲခူးတိုင်းဒေသကြီး။Ph. 9255937773။အုတ်ကျွတ်တန်း(၁၀)ရပ်ကွက်(၁၀)လမ်း တံတားထိပ်၊ တောင်ငူ ပဲခူးတိုင်းဒေသကြီး။Ph. ၀၉ ၄၉၄၄၆၀၄၈။ဒက္ခိဏ ရာမ ကျောင် းတိုက် ၊တောင်ငူမြို့နယ် တောင်ငူမြို့နယ် ပဲခူးတိုင်းဒေသကြီး။Ph. 09402713567။ညောင်ခါးရှည်စံပြကျေးရွာ၊ဝေါ မြို့ ၊ ပဲခူးတိုင်းဒေသကြီး ။၁။ ဘဝသစ်သွေးအကူအညီပေးရေးအဖွဲ့။Ph. 9428181377, 0942800000။ကွင်းရှေ့(၁)ရပ်ကွက်၊ကညွှတ်ကွင်းမြို့၊ ပဲခူးတိုင်းဒေသကြီး ။၁။ ပရဟိတ အင်းမ။Ph.5358369။ပဲခူးတိုင်း အနောက်၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပဲခူးတိုင်းဒေသကြီး ။Ph.5355624, 0931602900။ရွာသာယာလမ်း၊ရွှေတောင်မြို့ ပဲခူးတိုင်းဒေသကြီး။Ph.5355623။ကူကြီးလမ်း၊ကြာနီကနန်ရပ်ကွက်၊ရွှေတောင်မြို၊ ပဲခူးတိုင်းဒေသကြီး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%95%e1%80%b2%e1%80%81%e1%80%b0%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%92%e1%80%9e%e1%81%be%e1%80%80%e1%80%ae%e1%80%b8/
ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း
အိမ်မှာဘေဘီလေးက စာရွက်အလွတ်မြင်တိုင်း ခဲတံကိုင်ပြီး ပန်းချီဆွဲတယ်။ ရောင်စုံခဲတံကိုင်ပြီး အရောင်ခြယ်တဲ့အခါတိုင်း အရေးကြီးတဲ့ စာရွက်မဟုတ်ဘူးဆိုရင် မဆွဲနဲ့လေလို့ ဟန့်တားဆူပူတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ပန်းချီဆွဲတာက ဘေဘီလေး တိုင်းကို ပေးလုပ်သင့်တဲ့ လုပ်ဆောင်မှုလေးတစ်ခုဖြစ်တာကြောင့်ပါ။ ဒါဆို ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း က ဘာများလဲ ဆိုပြီး သိချင်နေပြီလား ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း က ဘာများလဲ ! ပန်းချီဆွဲတာက ဘေဘီလေး ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်လား………..။ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ဟုတ်ပါတယ်လို့ပဲပြောရမှာပါ။ အကြောင်းကတော့ ဘေဘီလေး အနေနဲ့ ပန်းချီဆွဲတာကြောင့်။ခံစားချက်ကို ပွင့်လင်းစွာဖော်ထုတ်တတ်စေတယ်။ဘေဘီလေး ကို ပွင့်ပွင့်လင်းလင်းပြောတတ်သူ တစ်ယောက်အဖြစ် အရွယ်ရောက်လာစေချင်တယ်ဆိုရင်တော့ ပန်းချီပေးဆွဲပါ။ ပန်းချီဆွဲတာက ဆက်ဆံရေးကောင်းမွန်စေဖို့ အထောက်အကူပြုပေးနိုင်သလို စိတ်ခံစားချက်တွေကို လွတ်လပ်စွာဖော်ပြတတ်စေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ခံစားချက်ကို ပွင့်လင်းမြင်သာစွာ ဖော်ပြတတ်မှုက ဘေဘီလေးကိုသိမြင်မှုစွမ်းရည်ကောင်းမွန်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ဒါကြောင့် ဘေဘီလေးက တစ်နှစ်ကျော်လောက်ရောက်လာပြီဆိုရင် ဖယောင်းရောင်စုံခဲတံနဲ့ ပုံဆွဲစာအုပ်လေး ထားပေးပါ။ သူစိတ်ကြိုက်ပုံတွေကို စိတ်တိုင်းကျ ရေးဆွဲခွင့်ပေးလိုက်ပါ။ကလေးကို ပုံဆွဲစေတာက သူတို့ရဲ့လက်ချောင်းလေးတွေကို သန်မာစေပြီး လှုပ်ရှားမှု စွမ်းရည်ကို ကောင်းမွန်စေဖို့အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ငယ်စဉ်အရွယ်မှာ ဘေဘီလေးတစ်ယောက်အနေနဲ့ လက်ချောင်းကြွက်သားလေးတွေ အကောင်းဆုံးဖွံ့ဖြိုးဖို့ကလည်း လိုအပ်ချက်တစ်ခုပါ။ ဒါကြောင့် စိတ်ကူးဉာဏ်တွေကိုရင့်သန်စေပြီး လက်ချောင်းကြွက်သားလေးတွေ သန်မာစေဖို့ဆိုရင် ပန်းချီဆွဲတာကို အားပေးပါ။ လွယ်ကူတဲ့ ရေးဆွဲမှုတွေကနေ ဖြည်းဖြည်းချင်း စတင်ပေးပါ။အမြင်အာရုံဆန်းစစ်နိုင်စွမ်း တိုးစေတယ်။ဘေဘီလေးတွေကို ပန်းချီဆွဲခွင့်ပေးလိုက်တာက အကွာအဝေး၊ အရွယ်အစား၊ ပုံသဏ္ဍာန်ကွာခြားမှုတွေကို အမြင်အာရုံနဲပ အကောင်းဆုံး ဆန်းစစ်နိုင်စေဖို့ အားပေးရာရောက်ပါတယ်။ ဘယ်အရာကကြီးတယ်၊ ဘယ်အရာက သေးတယ်။ ဘယ်အရာက နီးတယ်၊ ဘယ်အရာက ဝေးတယ်။ ဘယ်အရာက ကြမ်းတမ်းတယ်၊ ဘယ်အရာက ချောမွေ့တယ်ဆိုတာကစလို့မျက်လုံးအမြင်နဲ့ တွေ့မြင်တဲ့ အရာတွေကို အကောင်းဆုံး ဆန်းစစ်အကဲဖြတ်နိုင်မှာပါ။အာရုံစူးစိုက်နိုင်စွမ်းကောင်းစေတယ်။ပန်းချီဆွဲနေတဲ့အခါဘေဘီလေးတော်တော်များများက ဆွဲနေတဲ့ ရုပ်ပုံမှာပဲ အာရုံစိုက်ထားကြတာများပါတယ်။ အသေးစိတ်ကိုကအစ ဂရုတစိုက်လုပ်ဆောင်ရင်း အာရုံအပြည့်အဝစိုက်တတ်တာက ငယ်စဉ်ကနေ ကြီးတဲ့အထိအကျင့်ပါသွားပြီး အာရုံစူးစိုက်နိုင်စွမ်းကောင်းသူလေးအဖြစ် ကြီးပြင်းလာမှာပါ။မျက်လုံးနဲ့ လက်ရဲ့လှုပ်ရှားမှုဟန်ချက်ညီနိုင်စွမ်းတိုးလာစေတယ်။ပန်းချီဆွဲတာက လက်ကြွက်သားလေးတွေကို သန်မာစေနိုင်သလို မျက်လုံးနဲ့လက်ရဲ့လှုပ်ရှားမှုကို ဟန်ချက်ညီစေနိုင်ပါတယ်။ ဒါကလည်းကလေးတစ်ယောက် အကောင်းဆုံး အကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တစ်ခုပါ။ယုံကြည်မှုတိုးစေနိုင်တယ်။ဘေဘီလေးက ပန်းချီဆွဲပြီး မိဘတွေကိုပြတဲ့အခါမှာ ချီးကျူးပေးဖို့ မမေ့ပါနဲ့။ ပန်းချီဆွဲတာက ကလေးရဲ့စိတ်ကူးဉာဏ်ကို ရင့်သန်စေနိုင်သလို အတွေးအမြင်သစ်တွေ၊ အတွေ့အကြုံသစ်တွေကို ရရှိစေနိုင်ပြီး သူကိုယ့်သူလည်း ယုံကြည်မှုတိုးလာစေမှာပါ။ ယုံကြည်မှုပြည့်ဝတာကလည်းထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ပန်းချီဆွဲတာက ကလေးကိုဆုံးဖြတ်ချက်တွေအမျိုးမျိုးချရတဲ့ အတွေ့အကြုံကိုရစေနိုင်ပါတယ်။ ဘယ်အရောင်ခြယ်ရင်ကောင်းမလဲ။ ဘယ်လိုလေးဆွဲလိုက်ရင်ကောင်းမလဲ စတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှုက အသေးအမွှားလေးတွေဆိုပေမယ့် ဒီဆုံးဖြတ်ချက်တွေကို ချမှတ်မှုကဘေဘီလေးကို ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းကောင်းလာစေဖို့ အားပေးနိုင်မှာပါ။ မတူတဲ့အခြေအနေတွေကို အကောင်းဆုံးဖြစ်လာစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်မှုက ဘေဘီလေးကို အရွယ် ရောက်လာတဲ့အခါ ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းသူအဖြစ် ကြီးပြင်းလာစေမှာပါ။ဒီလောက်တောင် ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေနိုင်မှတော့ ပန်းချီပေးဆွဲသင့်တယ်လို့ မထင်မိဘူးလား……….. မေမေဖေဖေတို့ရေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/benefits-of-drawing-time-for-children/
Skincare နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲတွေ
Skincareကို ဝါသနာပါကြတဲ့ ပျိုမေတွေကြား ဘာက အမှန်၊ ဘာကအမှား ပြောရခက်တဲ့ တချို့ အယူအဆလေးတွေ ရှိနေတတ်ပါတယ်။ ဥပမာ တချို့က မျက်နှာကို မကြာမကြာသစ်လို့ ပြောပေမဲ့ တချို့ကတော့ တစ်ရက်ကို နှစ်ကြိမ်ပဲမျက်နှာသစ်လို့ ပြောကြတာမျိုးတွေပေါ့။ တွေ့ရများတဲ့ အယူအဆမှားတွေကို ဒီမှာ ဆွေးနွေးကြည့်ကြရအောင်ပါ။SPF ဟာ ကမ်းခြေသွားတော့မှ လိုတာ၊ နေပူတဲ့နေ့ အပြင်ထွက်မှ လိုတာ။ မိုးအုံ့နေရင် မလိုဘူးလို့ တွေးနေတုန်းလား။ အဲဒါဆိုရင်တော့ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို တာ့တာ လှမ်းပြလိုက်ပါတော့။ နေမပူရင်တောင်ခရမ်းလွန်ရောင်ခြည်တွေက နေရာအနှံ့မှာ ရှိနေတာမို့ ဘာမှ မကာကွယ်ဘဲ သွားမယ်ဆိုရင် အမည်းစက်တွေ ထင်လာပြီး အရေပြားက အိုမင်းရင့်ရော်လွယ်လာမှာပါ။ ခရမ်းလွန်ရောင်ခြည်ဟာအရေပြားကင်ဆာဖြစ်နိုင်တဲ့ထိ အန္တရာယ်ပေးနိုင်တာကြောင့် ဘယ်သွားသွား အနည်းဆုံး SPF 30+ ပါတဲ့ Sunscreen ကို သုံးပါ။ အင်း SPF ကို နှုတ်ခမ်းပေါ်မှာ သုံးဖို့လည်း မမေ့နဲ့နော်။နိုး.. ချွေးပေါက်တွေဟာ နေပူပူ၊ မိုးရွာရွာ ဒီဆိုက်ပါပဲနော်။ မပြောင်းပါဘူး။ မျက်နှာကို ရေနွေးငွေ့ပေးပြီး ရွှံ့စေးဆပ်ပြာသုံးတာက ချွေးပေါက်ထဲ ပိတ်နေတဲ့ ကြေးတွေ၊ အညစ်အကြေးတွေ၊ ဖုန်တွေ သန့်စင်စေတာမို့ ချွေးပေါက် မရှိတော့သယောင် ထင်ရတာပါ။ တကယ်တမ်း ချွေးပေါက်က ကျဉ်းသွားတာ မဟုတ်ပါဘူးနော်။ ရေနွေးနဲ့ ရေချိုး၊ မျက်နှာသစ်လည်း ချွေးပေါက်တွေ ကျယ်မလာပါဘူး။ ရေပူပူက အရေပြားကို ရောင်ရမ်းလာစေနိုင်သေးတာမို့ သတိထားသင့်ပါတယ်။ ဒါကြောင့် မျက်နှာသစ်မယ်ဆိုရင် ကြက်သီးနွေးရေလောက်နဲ့ သစ်ရင် ရပါပြီ။တကယ်တော့လေ ပင်ပန်းနေတဲ့အချိန်မှာ ရေနွေးလေး စိမ်ချိုးလိုက်ရရင် အပန်းပြေသွားတာ အမှန်ပါ။ ဒါပေမဲ့ရေနွေးဟာ ခန္ဓာကိုယ်ပေါ်က သဘာဝအဆီတွေကိုပါ ဖယ်ရှားပစ်တာကြောင့် အသားကို ခြောက်စေပါတယ်။ ဒီတော့ ရေနွေးပူပူနဲ့ ချိုးမယ့်အစား ကြက်သီးနွေးရေလေးနဲ့ ပြောင်းချိုးကြည့်ပါ။ အာ မချိုးနိုင်ဘူး ရေနွေးနဲ့ပဲ ချိုးမှာ။ ဒါနဲ့ပဲ ချိုးနေကျဟာကို ဆိုရင်တော့ ရေနွေးစိမ်ချိုးတဲ့ အချိန်ကို လျှော့လိုက်ပါ။ ပြီးရင်တော့ Moisturizer တွေ နိုင်နိုင်သုံးဖို့ မမေ့ပါနဲ့။ဆက်ပြီး မျက်ကွင်းတွေ ညိုနေလိုက်ပေါ့။ တကယ်တော့ နေ့စဉ်နဲ့အမျှ အလုပ်လုပ်နေကြ၊ လေ့လာသင်ယူနေကြရတဲ့အခါ အပင်ပန်းဆုံးက မျက်လုံးပါပဲ။ တစ်ကိုယ်လုံးက အလုပ်လုပ်ရဆုံး ကြွက်သားတွေထဲမှာ မျက်လုံးကြွက်သားက ထိပ်နားမှာ ပြေးနေတာပါ။ ဆိုတော့ ပင်ပန်းတဲ့ မျက်လုံးကြွက်သားနဲ့ မျက်လုံးတစ်ဝိုက်က အသားအရေတွေ အနားရစေဖို့ ၊ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေ ပေါ်မလာဖို့၊ မျက်လုံး ဖောင်းမနေဖို့၊ မျက်ကွင်းညိုမနေဖို့Eye Creamကို စောစောစီးစီး သုံးပါ။ မနက်နဲ့ ညတိုင်းမှာ စနစ်တကျ သုံးပါ။ဒါက သိပ်ပြောပြချင်တဲ့အကြောင်း။ ရေဓာတ်ဖြည့်တာက ရေဓာတ်ဖြည့်တာ။ အဆီဓာတ်နဲ့ လားလားမှ မဆိုင်နော်။ အဆီပဲပြန်ပြန်၊ အသားပဲ ခြောက်ခြောက်၊ ထိရှပဲ လွယ်လွယ်၊ ရေဓာတ်က ဖြည့်ကို ဖြည့်ရပါတယ်။ Moisturizer ဆိုတာ အစိုဓာတ်ကို ဖြည့်တင်းပေးတာပါ။ အစိုဓာတ် မလုံလောက်တဲ့အခါ အရေပြားဆဲလ်တွေက အဆီတွေ ပိုထုတ်ပေးတာမို့ အဆီပိုပြန်ပါတယ်။ ဆိုတော့ ဘယ်အသားအရေမဆို ရေများများသောက်ပါ။ အစိုဓာတ် ဖြည့်ပါ။ ဒါတွေက မဖြစ်မနေ လိုအပ်တဲ့ အချက်တွေပါ။အယူအဆ အလွဲတွေ ကင်းပြီး လှပနိုင်ကြပါစေနော်။Wathun Myet Chal။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/biggest-skincare-myths/
နွေနေပူပူ မှာ ဒါတွေဆောင်ထားပါ
နွေနေပူပူ မှာ နေပူလွန်းလို့ ချွေးတွေလည်းထွက်လို့ စိတ်တွေလည်း ညစ်ရမှာပါ။နေပူနေချိန်မှာ အပြင်လည်း ထွက်ချင်မှာ မဟုတ်ပါဘူး။ မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင်တော့ နေပူရှိန်ကြောင့် အလှမပျက်၊ ကျန်းမာရေး မထိခိုက်ရအောင် ဆောင်ထားရမယ့် ပစ္စည်းလေးတွေ ရှိပါတယ်။(၁) ထီး၊ ဦးထုပ်။ထီး၊ ဦးထုပ်ကတော့ နွေရာသီမှာ လူတိုင်းဆောင်ထားကြမှာပါ။ နွေနေပူတာကြောင့် ခေါင်းကိုက်ခြင်း၊ရေဓာတ်ခမ်းခြောက်လွယ်ခြင်း၊ ခေါင်းမူးခြင်းတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် အရိပ်ရအောင် ထီး၊ ဦးထုပ်ဆောင်ရပါမယ်။(၂) ရေဗူး။အပြင်ထွက်တဲ့အခါတိုင်းမှာ ရေဗူးသေးသေးလေး ဆောင်သွားပါ။ နေရာသီမှာ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်နိုင်ပြီးမျက်စိမှုန်ဝေဝါးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ရေဆာတာတွေ၊ ရေငတ်တာတွေ မဖြစ်စေဖို့ ရေဗူးလေးတွေ ဆောင်ထားပါ။(၃) ပေါင်ဒါမှုန့်။ချွေးထွက်သန်တဲ့သူတွေအတွက်တော့ နွေရာသီဟာ အရမ်းကို စိတ်ပျက်စရာ ကောင်းနေမှာပါ။ နေပူလေ ချွေးပိုထွက်လေပါပဲနော်။ ကိုယ့်ရဲ့ချွေးနံ့ကြောင့် သူတပါးစိတ်ညစ်ရမှာ စိုးတယ်ဆိုရင်တော့ ပေါင်ဒါမှုန့်ဗူး သေးသေးလေး ဒါမှမဟုတ် ချိုင်းချွေးနံ့ ပျောက်ဆေးတွေ ဆောင်ထားဖို့ လိုပါတယ်။(၄) အဆီစုပ်စက္ကူ။နွေရာသီမှာ ချွေးတွေထွက်ပြီး မျက်နှာမှာအဆီပြန်တတ်ပါတယ်။ အဓိက အားဖြင့်တော့T zone(နှာခေါင်းတဝိုက်ပေါ့)။ ဒီလိုဆိုရင် မိတ်ကပ်တွေကွက်၊ ပျက်ပြီး အဆီတဝင်းဝင်းနဲ့ ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် အဆီစုပ်စက္ကူလေးတွေ သွားလေရာမှာ ဆောင်သွားပါနော်။(၅) Waterproof။နွေရာသီမှာ အလှမပျက်စေဖို့ Waterproof ဖြစ်တဲ့ အလှကုန်ပစ္စည်းတွေ သုံးဖို့ လိုပါတယ်။ မျက်တောင်ကော့ဆေး၊ eye liner တွေကို ရေစိုခံ ချွေးစိုခံတာတွေ သုံးပေးရမှာပါ။ မဟုတ်ရင် နွေရာသီ နေပူဒဏ်ကြောင့် ချွေးထွက်ပြီး မျက်တောင်ကော့ဆေး၊ eye liner ပျက်ကာ အလှတွေ လျှော့သွားစေနိုင်ပါတယ်။(၆)နေလောင်ကာခရင်မ်။နေပူဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေ မဖြစ်စေဖို့အတွက် အပြင်ထွက်တဲ့အခါမှာ နေလောင်ကာခရင်မ်တွေ လိမ်းသွားဖို့ လိုပါတယ်။ နေရောင်ကာခရင်မ်လေးတွေလည်း ဆောင်ထားပါနော်။ ဒါဆိုရင်တော့နေလောင်တာတွေ သက်သာသွားမှာပါ။(၇) နှုတ်ခမ်းနီ။နွေရာသီမှာ matte နှုတ်ခမ်းနီတွေ မဆိုးတာ ကောင်းပါတယ်။ Matte တွေက ကြာကြာခံတယ်ဆိုပေမယ့်နှုတ်ခမ်းသားခြောက်တာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာlip balmလိုမျိုး အဆီလေးတွေ ဆိုးတာ ကောင်းပါတယ်။ နှုတ်ခမ်းနီ ခဏခဏ ထုတ်ဆိုးတတ်တယ်ဆိုတော့ Lip balmလေး ဆောင်ထားပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/what-you-should-take-when-you-go-outside-in-summer/
Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း )
ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းဆိုသည်မှာ ဝမ်းဗိုက်ညာဖက်ခြမ်းရှိ အူမကြီးမှ ခွဲထွက်လာသည့် လက်ချောင်းပုံသဏ္ဍာန်ရှိ သေးငယ်သော အူအတက် ရောင်ရမ်းခြင်းကို ဆိုလိုပါသည်။အူအတက်သည် Vestigial အင်္ဂါ (ဆင့်ကဲဖြစ်စဉ်မှ ကျန်ခဲ့သော အင်္ဂါ) ဖြစ်ပြီး သိရသလောက် ဘာလုပ်ငန်းမှ လုပ်သည်မရှိသော်လည်း ရောဂါတော့ ဖြစ်နိုင်ပါသည်။ ဆိုရလျှင် ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းကြောင့် ဗိုက်ခွဲရခြင်းသည် ကမ္ဘာပေါ်တွင် ဗိုက်ခွဲရဆုံး အကြောင်းအရင်းပင်ဖြစ်သည်။ချက်ချင်းမကုသလျှင် ရောင်နေသော အူအတက်မှ ပေါက်ထွက်သွားပြီး မစင်များ ဝမ်းဗိုက်ခေါင်းအတွင်းသို့ လျှံကျသွားစေနိုင်သည်။ ရလဒ်အနေဖြင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော်လည်း (ဝမ်းဗိုက်အကာရောင်ခြင်းကြောင့်) ပိုးကူးစက်မှုသည် အပြင်မပြန့်နိုင်အောင် ပိတ်မိသွားကာ ပြည်တည်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-။အူအတက် ပေါက်ခြင်း၏ တခြားသောလက္ခဏာများပေါ်လာလျှင် နာကျင်မှုသည် ရုတ်တရတ်ရပ်သွားနိုင်ပြီး ထိုသို့ဆိုလျှင် အရေးပေါ်အခြေအနေဖြစ်သွားပါသည်။ထိုလက္ခဏာများမှာ –။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။အူအတက်ရောင်ခြင်းသည် များသောအားဖြင့် ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့်ဖြစ်ရပြီး ဘာကြောင့် အူအတက်အား ပိုးကူးရသည်ဆိုသည့် အကြောင်းရင်းကိုတော့ မသိရပါ။အူအတက်သည် မစင်များ၊ ကယ်လ်စီယမ်ဆားများနှင့် စမြင်းတုံးများ သို့မဟုတ် အကျိတ်များ (အလွန်ရှားသည်)နှင့် ပိတ်မိသွားနိုင်ပြီး ရောင်ရမ်းလာကာ ပိုးဝင်သွားနိုင်ပါသည်။ဖောင်းကြွကာ ရောင်းရမ်းလာလျှင် ပိုးကူးစက်ခြင်း၊ သွေးခဲခြင်း သို့ အူအတက်ပေါက်ခြင်းတို့ ဖြစ်သွားနိုင်ပါသည်။ပြန်ရည်ကျိတ်များပွားခြင်းသည် ရောင်ရမ်းကူးစက်ရောဂါများဖြစ်သော Crohn ရောဂါ၊ ဝက်သက်၊ ဝမ်းကိုက်ပိုးကူးခြင်း၊ အစာအိမ်နှင့်အူရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနှင့် မိုနိုနယူကလီရိုးဆစ်တို့နှင့် ဆက်စပ်မှု ရှိပါသည်။ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ဥပမာအားဖြင့်-။သုတေသနများအရ စံပြ “အနောက်အတိုင်းအစားစာ” (၎င်းတွင် ကာဗိုဟိုက်ဒြိုက်များပြီး အမျှင်ဓာတ်နည်းသည်) သည် အူအတက်ရောင်နိုင်ချေအား မြင့်မားစေသည်ဟု ဆိုသည်။ သင့်အစားအစာတွင် လုံလောက်သည့် အမျှင်ဓာတ် မပါပါက အူများလှုပ်ရှားမှု လျော့ကျသွားနိုင်ပြီး အူအတက်တွင် ပိတ်နိုင်ချေ များစေနိုင်၏။လေထုညစ်ညမ်းမှု အထူးသဖြင့် အိုဇုန်းအလွန်များသောနေရာများတွင် အူအတက်ရောင်ခြင်းနှင့် ဆက်စပ်မှု ရှိပါသည်။ သိပ္ပံပညာရှင်များသည် လေထုညစ်ညမ်းခြင်းနှင့် အူအတက်ရောင်ခြင်း ဆက်စပ်ပုံကို သေချာမသိသေးပါ။ သို့သော် အိုဇုန်းများလျှင် အူများရောင်ခြင်း သို့မဟုတ် အူအတွင်းရှိ မိုက်ခရုပ်ပိုးများ ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်။လေ့လာမှုများအရ အူအတက်ရောင်ခြင်းသည် တခြားသောရာသီများထက် နွေရာသီတွင် အဖြစ်များသည်မှာ အမှန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေထုညစ်ညမ်းခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းပိုး ပိုဝင်နိုင်ခြင်းနှင့် အမြန်စာများ စားသုံးမှုမြင့်ခြင်း နှင့် တခြာသေား ကာဗိုဟိုက်ဒြိုက်အစားများခြင်း၊ အမျှင်ဓာတ်နည်းသည်များ စားခြင်းတို့ကြောင့် ဖြစ်နိုင်ချေရှိပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။စမ်းသပ်ကြည့်ခြင်းသည် အူအတက်ရောင်ခြင်းနှင့် လက္ခဏာတူနိုင်သော တခြားရောဂါများ မဟုတ်တာ သေချာစေရန် လိုအပ်ပါသည်။ ဆရာဝန်သည် စမ်းသပ်ကြည့်ရှူပါလိမ့်မည်။ အူအတက်ရောင်ခြင်းစမ်းရန်အတွက် သင်၏ဝမ်းဗိုက်အောက်ပိုင်းညာဖက်အခြမ်းကို စမ်းပါမည်။ ကိုယ်ဝန်ရှိနေလျှင် နာကျင်မှုက ပိုပြင်းထန်နိုင်ပါသည်။ အူပေါက်ခြင်းရှိပါက ဗိုက်သည် မာခဲပြီး ဖောင်းနေနိုင်ပါသည်။ဖောင်ကား မာတင်းနေသော ဗိုက်သည် ဆရာဝန်နှင့် ချက်ချင်းကို ဆွေးနွေးသင့်သည့် လက္ခဏာဖြစ်သည်။နာကျင်မှုအားစမ်းသည့်အပြင် သင့်ဆရာဝန်သည် အူအတက်အတွက် စစ်ဆေးမှုအမျိုးမျိုးကို ပြုလုပ်ပါလိမ့်မည်။ဆီးစစ်ခြင်းသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီးကျောက်တည်ခြင်းကြောင့်မဟုတ်ကြောင်း သေချာစေနိုင်သည်။သားအိမ်ခေါင်းအားစစ်ဆေးခြင်းဖြင့် အမျိုးသမီးများတွင် မီးယပ်ဆိုင်ရာအခြေအနေများ ရှိမရှိ သိနိုင်သည်။ ထိုသို့စစ်ဆေးပါက သားအိမ်ခေါင်းအတွင်း ပိုးဝင်ခြင်းကြောင့် မဟုတ်ကြောင်း သေချာစေနိုင်သည်။နေရာလွှဲမှားသန္ဓေတည်ခြင်းမဟုတ်ကြောင်း သေချာစေရန် ကိုယ်ဝန်ရှိမရှိ စစ်ဆေးနိုင်သည်။ဝမ်းဗိုက်အား ပုံရိပ်ဖော်စစ်ဆေးခြင်းသည်လည်း သင့်၌ ပြည်တည်နေခြင်း သို့မဟုတ် တခြားသော နောက်ဆက်တွဲပြဿနာများ ရှိမရှိကိုလဲ ဆုံးဖြတ်နိုင်သည်။ ထိုစစ်ဆေးမှုများတွင် ဓာတ်မှန်၊ တီဗီဓာတ်မှန် သို့ စီတီစကန်များ ပါဝင်ပါသည်။ရင်ဘတ်ဓာတ်မှန်မှ အဆုတ်ညာဖက်အောက်ခြမ်း နမိုးနီးယားမဟုတ်ကြောင့် သေချာစေနိုင်သည်။ အထက်ပါရောဂါတို့သည် တစ်ခါတစ်ရံ အူအတက်ရောင်ခြင်း လက္ခဏာများ ဆင်တူတတ်သည်။အူအတက်ရောင်ခြင်းအား ကုသမှု အမျိုးမျိုးရှိ၏။ရှားပါးသောဖြစ်ရပ်များတွင် ခွဲစိတ်ရန်မလိုဘဲ ပျောက်ကင်းနိုင်သည်။ ကုသမှုတွင် ပဋိဇီဝဆေးများနှင့် အရည်သောက်ရန်တို့သာ ပါဝင်သည်။ဖြစ်ရပ်အများစုတွင် ခွဲစိတ်ကုသရန် လိုအပ်၏။ ခွဲစိတ်မှုအမျိုးအစားသည် သင့်ရောဂါ၏ အသေးစိတ်အချက်များပေါ် မူတည်ပါသည်။မပေါက်သေးသည့် ပြည်များ ရှိနေလျှင် သင် ပဋိဇီဝဆေးများကို အရင်သုံးရမည်ဖြစ်သည်။ ထို့နောက် ဆရာဝန်သည် အရေပြားမှဖောက်ကာ ပြည်များကို စုပ်ထုတ်လိမ့်မည်။ ပိုးကူးစက်မှုအတွက် အရင်ကုသပြီးနောက်မှ အူအတက်အား ခွဲစိတ်ဖယ်ရှားမည်ဖြစ်သည်။ပြည်များ ပေါက်သွားလျှင် သို့မဟုတ် အူအတက်ပေါက်လျှင် ခွဲစိတ်ကုသရန် လိုကိုလိုအပ်ပါသည်။ အူအတက်ဖယ်သော ခွဲစိတ်ကုသမှုအား Appendectomy ဟုခေါ်သည်။ဆရာဝန်သည် ထိုခွဲစိတ်မှုအား ဗိုက်ဖွင့်ပြီးသော်လည်းကောင်း ဝမ်းတွင်းမှန်ပြောင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ဝမ်းတွင်းမှန်ပြောင်းနှင့် ခွဲစိတ်ခြင်းသည် အန္တရယ်ပိုနည်းပြီး ပြန်ကောင်းရန် ယူရသောအချိန် ပိုနည်းစေပါသည်။ သို့သော်လည်း ပြည်များရှိလျှင် သို့ မဟုတ် ဝမ်းဗိုက်အကာရောင်လျှင် ဗိုက်ဖွင့်ဖို့ လိုအပ်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။ပြင်းထန်သောလှုပ်ရှားမှုများကို အရင်ဆုံးရှောင်ပါ။ Appendectomy အား ဝမ်းတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ထားပါက ပထမ ၃-၅ရက်အတွက် လှုပ်ရှားမှုကို ကန့်သတ်ရမည်ဖြစ်သည်။ဗိုက်ဖွင့်ခွဲထားသည်ဆိုပါက ၁၀-၁၄ ရက်ထိ လှုပ်ရှားမှုကို ကန့်သတ်ရပါမည်။ ခွဲစိတ်ပြီးနောက် ဘယ်လောက်အကြာတွင် ပုံမှန်လှုပ်ရှားနိုင်မလဲ လှုပ်ရှားမှုကို ဘယ်လိုကန့်သတ်ရမလဲ ဆိုသည်များကို ဆရာဝန်အားမေးပါ။ချောင်းဆိုးလျှင် ဗိုက်ကိုထိန်းပါ။ ချောင်းမဆိုးခင် မရယ်ခင် နာကျင်မှုသက်သာစေရန် မလှုပ်ရှားခင် ဗိုက်ပေါ်တွင် ခေါင်းအုံးနှင့် အရင်ဖိထားပါ။အကိုက်အခဲပျောက်ဆေးများမတိုးလျှင် ဆရာဝန်အားခေါ်ပါ။ နာကျင်နေခြင်းသည် သင့်ခန္ဓာကိုယ်အား ဖိစီးမှုပိုဖြစ်စေပြီး အနာကျက်နှေးစေနိုင်သည်။ အကိုက်အခဲပျောက်ဆေးများ သောက်နေလျှင်တောင်မှ နာကျင်မှုမသက်သာလျှင် ဆရာဝန်ကိုပြောပါ။အဆင်သင့်ဖြစ်ခါမှ ထပြီး ရွေ့လျားတာမျိုးလုပ်ပါ။ နှေးနှေးစတင်ပါ။ ကောင်းကောင်းသက်သာသွားမှ သင့်လှုပ်ရှားမှုကိုတိုးမြှင့်ပါ။ လမ်းနည်းနည်းလျှောက်ခြင်းဖြင့် စတင်နိုင်သည်။ပင်ပန်းလျှင် အိပ်ပါ။ ခန္ဓာကိုယ်မှ အနာပြန်ကျက်နေစဉ် ခါတိုင်းထက် ပိုအိပ်ချင်နိုင်ပါသည်။ အေးအေးဆေးဆေးနှင့် လိုအပ်သလို အနားယူပါ။အလုပ်ပြန်လုပ်ရန် ကျောင်းပြန်တက်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ ကလေးများတွင် ခွဲစိတ်ပြီးနောက် တစ်ပတ်အတွင်း ကျောင်းပြန်တက်နိုင်ပါသည်။ အားကစားနှင့် Gym ကစားရန်အတွက်မှု ၂ -၄ ပတ်ထိ စောင့်ဖို့ လိုအပ်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/acute-appendicitis-%e1%80%9b%e1%80%af%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%94%e1%80%b9%e1%80%a1%e1%80%b0%e1%80%a1%e1%80%90/
ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ
ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ အစားအသောက်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေပါတယ်။ကြောက်တယ်၊ စိုးထိတ်တယ်၊ ထိတ်လန့်တယ်ဆိုတာက လူတိုင်းနီးပါး ဖြစ်ဖူးမယ့်စိတ် အခြေအနေပါ။  ဒီစိတ်အခြေအနေက ဖြစ်ရပ်တွေ၊ ကြုံတွေ့နေရတဲ့ အခြေအနေတွေကနေ အရင်းခံလာတာပါ။ လူတိုင်းမှာကြောက်ရွံ့မှုကို ဖြစ်စေတဲ့ အချက်တွေက မတူကြပါဘူး။တစ်ခါတလေမှာ ကြောက်ရွံ့မှုတွေက ရက်ပိုင်းအတွင်း သက်သာသွားနိုင်ပေမယ့် တစ်ခါတလေမှာတော့ ၆ လလောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီ ကြောက်ရွံ့မှုတွေကို သက်သာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ကြောက်ရွံ့မှုကို ခံစားရပြီဆိုရင်။ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်ခံစားလာရပြီဆိုရင်သက်သာစေဖို့ဒါလေးတွေ စားပေးလို့ ရပါတယ်။အဆီပါဝင်မှု များတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ထရောက်ငါး၊ မက်ကာရယ်ငါး စတဲ့ငါးတွေကOmega-3  fatty acidကြွယ်ဝစွာ ပါဝင်ပြီး စိတ်ကျန်းမာရေးကို အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့် ကြောက်စိတ်တွေ များလို့ စိတ်ထဲ နေရထိုင်ရ အဆင်မပြေတဲ့အခါ ဒီလို အဆီများတဲ့ ငါးတွေကို စားပေးသင့်ပါတယ်။ ဆယ်လ်မွန်ငါးနဲ့ ဆာဒင်းငါးတွေမှာဆိုရင် စိတ်ကျန်းမာစေမယ့် ဗီတာမင် တစ်မျိုးဖြစ်တဲ့ဗီတာမင် Dပါ ပြည့်ဝစွာ ပါဝင်နေပါတယ်။ကြက်ဥ၊ ဘဲဥ။ ငုံးဥ စတဲ့ ဥတွေရဲ့ အနှစ်တေါမှာ စိတ်ကျန်းမာရေးကို ထောက်ကူပေးတဲ့ ဗီတာမင် D ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ် ကြွယ်ဝသလို စိတ်ခံစားမှုကို အကောင်းဆုံး ထိန်းညှိပေးတဲ့ ဆီရိုတိုနင် ထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ tryptophan လည်း ပါဝင်ပါတယ်။ဖရုံစေံမှာ ပိုတက်ဆီယမ် ပါဝင်တာကြောင့် သွေးပေါင်ချိန်ကို ထိန်းပေးပြီး ကြောက်စိတ်ကြောင့် ဖြစ်လာမယ့် သွေးတိုးတာကို ကာကွယ်ပေးပါတယ်။ ဇင့် ပါဝင်နေမှုကလည်းစိတ်ခံစားမှုကို ကောင်းစေပြီး စိုးရိမ်ထိတ်လန့်မှုတွေကို ပြေလျော့စေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်မှာပါ။အနက်ရောင် ချောကလက်က စိတ်အတွက် အစာတစ်မျိုးပါ။ စိတ်ခံစားမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ဖလေဗာနွိုက် ပါဝင်နေမှုကဦးနှောက်ဆဲလ်တွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြောက်ရွံ့မှုကို လျော့ပါး သက်သာစေနိုင်ပါတယ်။နနွင်းက ဟင်းခတ်တစ်မျိုးဆိုပေမယ့် ဆေးဖက်လည်း ဝင်ပါတယ်။ နနွင်းမှာပါတဲ့curcuminက ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ စိတ်ပူပန်မှုကို လျော့ကျစေသလို ကြောက်စိတ် ဖြစ်ပေါ်မှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ​နေ့စဉ် စားသုံးမှုမှာ နနွင်း ထည့်စားတာက စိတ်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားလေးတွေ ပါဝင်နေတဲ့ အစားအစာ တစ်မျိုးပါ။ အစာခြေစန်စကို ကျန်းမာစေသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ထိတ်လန့်တာ၊ စိတ်ပူပန်တာတွေကို သက်သာစေနိုင်ပါတယ်။လက်ဖက်စိမ်း ရေနွေးကြမ်းမှာ theanine လို့ ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပါဝင် နေတာကြောင့် စိတ်ခံစားှုတွေကို ကောင်ဒမွန်စေပြီး စိတ်ပူပန်တာ၊ စိုးရိမ်ထိတ်လန့်တာတွေကို သက်သာစေနိုင်ပါတယ်။တစ်နေ့ကို လက်ဖက်စိမ်း ရေနွေးကြမ်း တစ်ခွက် ပုံမှန် သောက်သုံးမှုက ကြောက်စိတ်တွေကို ပြေလျော့စေမှာပါ။ကပ်ဘေးကြောင့် စိုးရိမ် ထိတ်လန့်မှုတွေ၊ ကြောက်စိတ်တွေကြောင့် အိပ်ရေးပျက်ပြီး စားချင်သောက်ချင်စိတ် ပျောက်လို့ အချိန်တိုင်းမှာ ကြောက်စိတ်တွေ များနေတယ်ဆိုရင် ဒီ အစားအစာလေးတွေကို နေ့စဉ် စားသုံးမှုမှာ ထည့်သွင်း စားသုံးပေးဖို့ အကြံပြုပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-help-fear/
မုဒိမ်းမှုတစ်ခုရဲ့ သားကောင်ကို နောက်ဆက်တွဲ ဂယက်တွေထဲက ဆွဲထုတ်တဲ့အခါ
မုဒိမ်းကျင့်ခံရတယ်လို့ ကြားသိရပြီးတဲ့နောက်မှာ လူတော်တော်များများဟာ ရဲတိုင်မယ်၊ အမှုဖွင့်မယ်၊ တရားရင်ဆိုင်မယ်ဆိုတာကိုပဲ အရင်ဆုံးတွေးမိပြီး ဒီ မုဒိမ်းမှုရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ မုဒိမ်းမှုက အခြေတည်ပြီး ပေါ်လာတဲ့ကိုယ်ဝန်၊ ဒီ မုဒိမ်းမှုကြောင့် ကူးစက်ခံရနိုင်ခြေရှိတဲ့လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ ရောဂါစတာတွေကိုတော့ မေ့လျော့ ကျော်လွှားသွားတတ်ကြပါတယ်။ ဒါကြောင့် ဒီလို ဂယက်တွေ ဖြစ်မလာဖို့ ဘာတွေလုပ်သင့်လဲ၊ ဘာတွေ စီစဉ်ထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ရဲနဲ့ တာဝန်ရှိသူတွေဆီမှာ အမှုဖွင့်ပြီး ဆေးရုံ၊ဆေးခန်းမှာ ဆရာဝန်နဲ့ အရေးပေါ်ပြသပါ။၁။ပေါက်ပြဲဒဏ်ရာရှိ၊မရှိ စစ်ဆေးကုသပါ။၂။ STDs လို့ခေါ်တဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ၊ HIV နဲ့ အသည်းရောင် အသားဝါ ဘီ စတာတွေကို ချက်ချင်း စစ်ဆေး ကုသပါ။၃။ ဒီဖြစ်ရပ်မတိုင်မီကအဓမ္မကျင့်ခံရသူမှာ ကိုယ်ဝန်ရှိမနေခဲ့ဘူးဆိုရင်အရေးပေါ်သန္ဓေတားဆေးသောက်ပါ။STDs (လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများ) ကုသမှုတွေနဲ့ အရေးပေါ် သန္ဓေတားဆေးသောက်တာကို ၇၂ နာရီအတွင်း မဖြစ်မနေ လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင် မုဒိမ်းမှုကြောင့် ရလာတဲ့ ကိုယ်ဝန်ကြောင့် Victim (သားကောင်) ဟာစိတ်ဓာတ်အကြိမ်ကြိမ် ပြိုလဲရပါတယ်။ ဒီကလေးကို မမွေးရအခက်၊ မွေးရအခက် မဟုတ်လား။ တစ်ခါလေးပဲဆိုပြီး ပေါ့ဆလို့လည်း မဖြစ်ပါဘူး။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ဒါတွေအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုကလည်း အရေးကြီးပါသေးတယ်။ ဒီလို ဖြစ်ရတာ သူတို့ အပြစ်ကြောင့် မဟုတ်ဘူးဆိုတာ နားလည်အောင် ပြောပြပါ။ အဓမ္မကျင့်ခံရသူ အများစုဟာစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊စိတ်ဒဏ်ရာတွေ ရသွားလေ့ရှိပြီး ဒါတွေကို ကျော်လွှားနိုင်စွမ်းရှိဖို့ အားပေးကူညီပါ။Victim Blaming (ပြစ်မှုကျူးလွန်ခံရသူကို အပြစ်တင်ခြင်း အလေ့အထ) ဟာ လူတွေရဲ့ အသက်၊ စိတ်နဲ့ ဘဝကို အခါခါ သေအောင် သတ်နိုင်စွမ်းရှိတာမို့ အပြစ်ကျူးလွန်သူကိုသာ အပြစ်တင်ပြီး ကျူးလွန်ခံရသူကို အားပေးကူညီပါ။ စကားလုံးတွေနဲ့ အပြစ်ဖို့နေမဲ့အစား လောကကြီးကို အမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့ လိုပါတယ်။ကျူးလွန်ခံရသူဟာလည်း ဒါဟာ ကိုယ့်အပြစ် မဟုတ်ဘူးဆိုတာကို သိထားပြီးပတ်ဝန်းကျင်ရဲ့ အမြင်တွေကို အာရုံမစိုက်ဘဲ ကိုယ်သွားရမယ့် လမ်းကိုပဲ အားတင်းပြီး ဆက်လျှောက်ပါ။ အန္တရာယ်ကင်းပြီး သာယာလှပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။Wathun Myat Chal။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%99%e1%80%af%e1%80%92%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%af%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9e%e1%80%ac%e1%80%b8%e1%80%80/
အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်းနဲ့ စိတ်ကျန်းမာရေး
အိမ်မှာတိရစ္ဆာန်လေးတွေ မွေးတဲ့သူတိုင်း မခံစားချင်ဆုံးနဲ့ အနာကျင်ရဆုံး ဝေဒနာကို ပြောပါဆိုရင် သူတို့အရမ်းချစ်ရတဲ့တိရစ္ဆာန်လေးတွေ သေဆုံးတဲ့အချိန်တွေပါပဲ။ တချို့လူတွေဆိုရင် ကိုယ့်ဆွေမျိုးသားချင်း ဆုံးတာထက် ခွေး၊ ကြောင်လေးတွေ ဆုံးသွားတာ ပိုကြေကွဲဝမ်းနည်းရတယ်လို့တောင် ပြောလာကြပါတယ်။တကယ်တော့ခွေးလေး၊ ကြောင်လေးတွေဆိုတာ အိမ်တစ်အိမ်ရဲ့ မိသားစုဝင်ဖြစ်ရုံသာမကမိသားစုဝင် တစ်ဦးချင်းစီတိုင်းအတွက် အနီးကပ်မိတ်ဆွေ၊ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်၊ ပူလောင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားချက်တွေကို ဝေမျှပေးလို့ရတဲ့ သူတွေပါပဲ။ ကိုယ့်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုက ကိုယ့်ဘဝထဲကနေ အပြီးအပိုင် ထွက်သွားပြီဆိုတဲ့ အသိဟာမိသားစုဝင်တိုင်းကို ရင်ကွဲနာကျစေလောက်တဲ့အထိ သက်ရောက်မှု ပြင်းထန်နိုင်ပါတယ်။ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူကြီးပြင်းလာရတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်း အရွယ်တွေက ပိုပြီးတောင် စိတ်ထိခိုက် ခံစားရနိုင်ပါတယ်။အသက်ကြီးသွားလို့ ပုံမှန်အချိန်မှာ ဝမ်းမနည်းတတ်တဲ့သူတွေတောင်မှ ကိုယ်ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ သေဆုံးသွားရင် ဝမ်းနည်းတဲ့ခံစားချက်က ပြန်ဝင်လာတာပါပဲ။အဓိက ခွေး၊ ကြောင်တွေဟာ လူတွေကို နွေးထွေးမှု တစ်စုံတစ်ရာ ပေးစွမ်းနိုင်တယ်။ လူတွေရဲ့စိတ်ခံစားချက်ကို လုံးဝနီးပါး နားမလည်ရင်တောင် နှလုံးသားရှိတဲ့ သွေးနွေးသတ္တဝါ ဖြစ်တဲ့အလျောက် ကိုယ်တိုင်ဝင်ခံစားပေးသလို အားပေးဖို့ကိုလည်း ကြိုးစားတတ်ကြပါတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်နဲ့ကလေးတွေရဲ့ အခင်ရဆုံး၊ အချစ်ရဆုံး မိတ်ဆွေတွေဟာ ခွေး၊ ကြောင်လေးတွေ ဖြစ်လာရတာပါပဲ။၁။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် ဘဝထဲ မရှိတော့ဘူး၊ သေဆုံးသွားပြီဆိုတဲ့ ကိစ္စက ကျန်ရစ်ခဲ့တဲ့သူတွေအတွက် ပြန်တွေးလိုက်တိုင်း အလွန်ဝမ်းနည်းစရာကောင်းတဲ့စိတ်ဒဏ်ရာတစ်ခုလို ကျန်ရစ်ခဲ့ပြီး နှစ်အတော်ကြာ ခံစားရနိုင်ပါတယ်။၂။နှလုံးကျန်းမာရေးမကောင်းသူ၊ အာရုံကြောအားနည်းသူတွေအတွက် ဒီဖြစ်ရပ်ဟာအမောဖောက်ခြင်း၊ သတိလစ် မေ့မြောခြင်း၊ သွေးတိုးခြင်းတွေအပြင် အိပ်ရာထဲ လဲသွားတဲ့အထိပါ အခြေအနေ ဆိုးနိုင်ပါတယ်။၃။ ကျန်းမာရေးပြဿနာကြောင့် ခွေး၊ ကြောင် မွေးထားသူတွေအတွက် သူတို့ ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးများ ဆုံးပါးသွားတဲ့အခါ အရင်ကရှိနေတဲ့ ရောဂါအခံ ပြန်ထလာခြင်း၊ ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း၊စိတ်နဲ့ ခန္ဓာကျန်းမာရေး ဖောက်ပြားတာမျိုး ဖြစ်နိုင်ပါတယ်။တကယ်တော့ ခွေး၊ ကြောင်လေးများ သေဆုံးသွားတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ဆုံးပါးသွားသလိုပါပဲ။ သွားလေသူက သွားပြီဖြစ်ပေမယ့် ကျန်ရစ်ခဲ့တဲ့သူတွေအတွက် တသသ ပြန်တွေးပြီး ငိုကြွေးရ၊ ဝမ်းနည်းရ၊ ကျန်ခဲ့တဲ့ အမှတ်တရလေးတွေကိုပဲ လွမ်းဆွတ်တမ်းတရင်း နေခဲ့ရမှာပါ။ဘယ်လိုပဲဖြစ်နေပါစေ၊ ကျန်ရစ်ခဲ့တဲ့သူတွေအတွက်အသက်ရှင်နေတဲ့ နေ့ရက်တိုင်းကို အကောင်းဆုံး ရှင်သန်သွားဖို့ အတတ်နိုင်ဆုံး ကြိုးစားရမှာပါ။ စိတ်ဒဏ်ရာဆိုတာ နာကျင်မှုမရှိတော့တဲ့တိုင်အောင် ရင်ထဲမှာ အမာရွတ်အဖြစ်နဲ့ ကျန်ခဲ့ပြီး အကြောင်းတိုက်ဆိုင်လာရင်လည်း ပြန်တွေးပြီး ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းရသအစုံကို ပြန်ခံစားရမှာပါပဲ။ ဒါပေမယ့် ဒါကိုတွေးကြောက်နေပြီး အိမ်မွေးတိရစ္ဆာန် မမွေးရဲတော့တာမျိုးတော့ မလုပ်ပါနဲ့။သူတို့လေးတွေဟာ လူသားတွေဘဝအတွက် တန်ဖိုးမဖြတ်ထားနိုင်တဲ့ အဖော်ကောင်းပါ။ သက်ရှိသတ္တဝါတိုင်းဟာ မွေးတစ်နေ့၊ သေတစ်နေ့ပါပဲ။ ဒီအတွက် ကြိုပြီးတွေးကြောက်နေတာထက်စာရင် အသက်ရှင်နေတဲ့အချိန်တိုင်းမှာ ကိုယ်ချစ်တဲ့၊ ကိုယ့်ကို ချစ်တဲ့သူတွေကို အကောင်းဆုံးဆက်ဆံပြီး နွေးထွေးမှုမေတ္တာပေးခြင်းဖြင့် နေ့ရက်တိုင်းကို အကောင်းဆုံးသာ ဖြတ်ကျော်လိုက်ကြပါစို့နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%9b%e1%80%85%e1%80%b9%e1%80%86%e1%80%ac%e1%80%94%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%9e/
မျက်လုံး ပြဿနာပေါင်း သောင်းခြောက်ထောင် ။ ။
လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့မျက်လုံးနဲ့ပက်သက်တဲ့ ပြဿနာတွေ ဖြစ်ဖူးကြမှာပါ။ တချို့မျက်လုံး ပြဿနာတွေက သူ့ဘာသာ ပျောက်သွားပေမယ့် တချို့ပြဿာနာတွေကတော့ မျက်လုံးဆရာဝန်ဆီမှာ သေချာသွားကုမှ ပျောက်တာမျိုးတွေရှိပါတယ်။ ရှိတာမှ ဒီမျက်လုံးလေးတစ်စုံမလား။ ဒီမျက်လုံးလေးမှာ ဖြစ်လိုက်တဲ့ ပြဿနာတွေကလည်း စုံလို့။ ကဲ အဖြစ်အများဆုံး မျက်လုံး ပြဿာနာပေါင်း သောင်းခြောက်ထောင် က ဘာတွေလဲ ။ ။မျက်လုံး ပြဿနာပေါင်း သောင်းခြောက်ထောင် ကတော့။စာအကြာကြီးဖတ်သူ၊ကွန်ပျူတာကြည့်ပြီးအကြာကြီး အလုပ်လုပ်ရသူ၊ ကားအကြာကြီးမောင်းရသူတိုင်း ခံစားဖူးတဲ့အရာပါ။ အခြားကိုယ်ပေါ်က အရာတွေလိုပါပဲ။မျက်လုံးကလည်း အကြာကြီးအလုပ်လုပ်ရရင် ပင်ပန်းတတ်ပြီး သူ့ကို အနားပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် မျက်လုံးကို ၁၀ မိနစ်ခန့် ပိတ်ထားပါ ( ဒါမှမဟုတ်) ၂၀ပေ အကွာအဝေးလောက်မှာရှိတဲ့ အရာတစ်ခုကို ၂၀ စက္ကန့်လောက်ကြည့်ပါ။ စိမ်းနေတဲ့ အပင်တွေဆို ပိုကောင်းပါတယ်။မျက်လုံးရဲ့ မျက်နှာပြင်ဆိုတာ သွေးကြောမျှင်လေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ သွေးကြောမျှင်လေးတွေဖောင်းလာစေတဲ့ မျက်လုံးထဲပိုးဝင်တာ၊ မျက်ကြည်လွှာရောင်တာ၊ဓာတ်မတည့်မှုတွေ ဖြစ်တဲ့အခါမျိုးမှာ မျက်လုံးနီနေတတ်ပါတယ်။ ဒါ့အပြင် မျက်လုံးညောင်းတာ၊ ညဘက်အိပ်ရေးပျက်တာ တွေကလည်း မျက်လုံးနီရဲစေတဲ့အကြောင်းတွေပါ။ တော်တော်နဲ့ မပျောက်ရင်တော့ ဆေးခန်းသွားပြဖို့လိုပါတယ်။ရုပ်ရှင်ရုံလိုမျိုး မှောင်နေတဲ့ နေရာကို ဝင်ဝင်ချင်းမှာ ဘာမှ မမြင်ရဘဲ တဖြည်းဖြည်းမှ အမှောင်ကိုကျင့်သားရပြီး ပတ်ဝန်းကျင်ကို မြင်လာရတာမျိုး လူတိုင်းဖြစ်ဖူးကြမှာပါ။ကြက်မျက်သင့်ဝေဒနာခံစားနေရတဲ့ သူတွေကျတော့ ညဘက်မှောင်နေတဲ့အခါမျိုး၊ အလင်းမှိန်တဲ့ နေရာတွေ ရောက်တဲ့အခါမျိုးဆို သူတို့ မြင်ရတဲ့ ပတ်ဝန်းကျင်က လုံးဝကို အမှောင်အတိပါ။ ကြက်မျက်သင့်တာဆိုတာ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ဗီတာမင် Aချို့တဲ့တာရဲ့ အဓိက လက္ခဏာတစ်ခုပါ။ မွေးရာပါကြက်မျက်သင့်ဝေဒနာ ခံစားရတဲ့သူတွေလည်း ရှိပါတယ်။မျက်ကြောသေရောဂါဆိုတာ သန္ဓေသား ဘဝတည်းက မျက်လုံးကောင်းကောင်း မဖွံဖြိုးတဲ့အတွက်ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ မျက်ကြောသေတယ်ဆိုတာမျက်လုံး၂ ဘက်လုံးမှာ ဖြစ်တယ်ဆိုတာရှားပါတယ်။ မျက်လုံး တစ်ဘက်ကိုပဲ ထိတာများပြီး ငယ်ငယ်တည်းက ကုသဖို့လိုအပ်ပါတယ်။မျက်စိစွေတဲ့ ဝေဒနာကို လူတိုင်းသိကြမှာပါ။ သူကတော့ ကိုယ့်ကိုကြည့်ပြီး စကားပြောနေပေမယ့် သူမျက်လုံးက အခြားနေရာကို ရောက်နေမျိုးပေါ့။ မျက်လုံး ဆရာဝန်ဆီမှာ သေချာသွားပြမှာ ပျောက်တဲ့ ရောဂါမျိုးပါ။ ။colorblind လို့လူတွေသိကြတဲ့ အရောင်တွေကို မခွဲခြားနိုင်တဲ့ ရောဂါဟာ မျက်လုံးအတွင်းမှာရှိတဲ့ အရောင်တွေကို အာရုံခံတဲ့ colour cone cell တွေ ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ဖြစ်ရတာပါ။ တချို့ဆိုးဆိုးဝါးဝါးဖြစ်တဲ့သူတွေမှာဆို ကြည့်လေရာ မီးခိုးရောင်ကြီးပဲ မြင်နေတတ်ပါတယ်။ မွေးရာပါဖြစ်တာများပါတယ်။ အမျိုးသားတွေကပိုအဖြစ်များပြီး သူ့ကို ပျောက်အောင် ကုသနိုင်တာမျိုးတော မရှိသေးပေမယ့် ခုနောက်ပိုင်းcolorblindကို ကောင်းအောင် ပြန်တည့်မတ်ပေးနိုင်တဲ့ မျက်မှန်ပေါ်လာပါပြီ။မျက်လုံးအလယ်ပိုင်းမှာရှိတဲ့ သွေးကြောတွေ အများကြီးရှိတဲ့ uvea အလွှာရောင်တာကို ခေါ်တာဖြစ်ပါတယ်။ မျက်လုံး တစ်ရှူးကိုထိခိုက်စေပြီး မျက်လုံးဆုံးရှုံးတဲ့အထိပြင်းထန်တဲ့ ဝေဒနာတစ်ခုပါ။ သူ့ရဲ့ လက္ခဏာတွေကတော့အမြင်အာရုံဝေဝါးလာတာ၊မျက်လုံးအောင့်လာတာ၊ မျက်လုံးတွေနီရဲပြီး အလင်းရောင်ကို မခံနိုင်တော့တာတွေဖြစ်ပါတယ်။အသက် ၄၀ နောက်ပိုင်းမှာ ဖြစ်လာတဲ့ အနီးမှာရှိတဲ့ အရာတွေကို သေချာ မမြင်ရဘဲ အဝေးမှာရှိနေတဲ့ အရာတွေကို သေချာရှငိးလင်းပြတ်သားစွာ မြင်ရတာကို ပြောတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အနီးမြင်ရတဲ့ မျက်မှန်တွေတပ်တာမျိုး၊ ဆရာဝန်ဆီသွားပြပြီး ဆေးကုသမှု သေချာခံယူတာမျိုးတွေ လုပ်လို့ရပါတယ်။ကြည့်လေရာနေရာတိုင်း အထူးသဖြင့် အဖြူရောင်နံရံတွေကို ကြည့်လိုက်တိုင်း မြင်ကွင်းထဲမှာ အမျှင်လေးတွေ ပြေးနေတာကို ပြောတာဖြစ်ပါတယ်။ Floaters တွေမြင်ရရင်သိပ်တော့စိုးရိမ်စရာ မရှိပေမယ့် ရုတ်တရက်ကြီး မြင်နေရတဲ့ အမျှင်အရေ အတွက်တွေများလာတာ၊ ကြည့်လိုက်တဲ့နေရာတိုင်းမှာ ကန့်လန့်ကာ ကာထားသလိုမျိုးဖြစ်နေပြီဆိုရင်တော့retinaကွာကျတဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ သေချာသွားပြစေချင်ပါတယ်။ကွန်ပျူတာ အသုံးများတဲ့သူတွေ၊ အဲယားကွန်းခန်းထဲမှာအနေများတဲ့ သူတွေ ကြုံတွေ့ရတဲ့ အဖြစ်အများဆုံး ပြဿနာတစ်ခုပါ။ ခြောက်နေတဲ့ မျက်လုံးအတွက် မျက်စဉ်းဆေးတွေခတ်ပေးလို့ရပါတယ်။အလင်းရောင်စူးစူးကို ကြည့်လိုက်တဲ့အခါမျိုး၊ လေပြင်းတိုက်တဲ့အခါမျိုးမှာဆို မျက်လုံးတွေစပ်ပြီး မျက်ရည်ပူတွေကျလာတာမျိုး ခံစားကြဖူးကြမှာပါ။ ဒါတွေဟာ မျက်လုံးက သာမန်တုံ့ပြန်တာမျိုးဖြစ်ပေမယ့် မျက်ရည်ကြောင်းပိတ်တဲ့သူတွေနဲ့ မျက်လုံးထဲ ပိုးဝင်တဲ့သူတွေမှာလည်း မျက်ရည်တစ်ချိန်လုံး ကျနေတတ်ပါတယ်။ကြည့်လေရာနေရာတိုင်းမှာ တိမ်တွေဖုံးနေသလို အုံ့ဆိုင်းဆိုင်းဖြစ်နေပြီဆိုရင်တော့ မျက်လုံးတိမ်စွဲနေပြီလို့ ပြောလို့ရပါတယ်။ မျက်လုံးရဲ့ မှန်ဘီလူးမှာ ဖြစ်တတ်တဲ့အတွင်းတိမ်ပါ။ မျက်လုံးကို နာကျင်စေတာ၊ မျက်လုံးနီရဲစေတာ၊ မျက်ရည်ပူကျစေတာမျိုးတွေ မရှိ ဘဲ အသံတတ်နဲ့ တဖြည်းဖြည်းချင်းရောက်လာတတ်မျိုးပါ။မျက်လုံးကို တစ်ခုခုထိခိုက်မိတာ၊ မျက်လုံးသွေးကြောတွေ ပိတ်တာ၊ မျက်လုံးရောင်တာတို့ကြောင့် ဖြစ်တတ်တဲ့ရေတိမ်ပါ။ မျက်လုံးထဲ ဖိအားတွေများလာပြီး နောက်ဆုံး မျက်လုံးအကြောကို သွားထိတတ်လို့သေချာကုသသင့်တဲ့ ရောဂါတစ်ခုပါ။အဓိကကတော့ ဆီးချိုနဲ့ သွေးတိုး လူနာရှင်တွေမှာ အတွေ့ရများပါတယ်။ ဆီးချို၊ သွေးတိုး သေချာ မထိန်းတဲ့အခါ မျက်လုံးမှာ ရှိတဲ့ သွေးကြောတွေ ပျက်စီးလာတာကြောင့် အမြင်အာရုံ ထိခိုက်တတ်ပါတယ်။ ဒီလိုလူနာတွေက တစ်နှစ်တစ်ခါလောက် မျက်လုံးပုံမှန် စစ်ဆေးသင့်ပါတယ်။ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်လုံးနဲ့ ပက်သက်တဲ့ရောဂါတွေ ပဲဖြစ်ပါတယ်။ မျက်လုံးဆိုတာလည်း ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေထဲမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တာကြောင့် ကိုယ့်မျက်လုံးလေးကို သေချာ ဂရုစိုက်ပေးဖို့လိုတယ်နော် ။ ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/eyes-problems/
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ
သွေးတိုးသမားဆိုတာ အစားအသောက် မှီဝဲရာမှာ သိပ်ကို အခက်တွေ့တတ်ပါတယ်။ ဟိုဟာမတည့် ဒီဟာမတည့် ဟိုဟာရှောင် ဒီဟာရှောင်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတိအင်မတန်ခက်ခဲတယ်ပဲ ဆိုပါတော့။ ဒီလို တစ်ခုခုစားမယ်ဆိုရင် စိတ်ပင်ပန်းနေရတတ်တဲ့ သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။သွေးတိုးကို ထိမ်းချုပ်ပေးနိုင်ပြီး ရောဂါဆိုးရွာမလာအောင် ထိမ်းညှိပေးနိုင်မယ့်အပြင် အရသာလည်းရှိ အာဟာရလည်းပြည့်ဝတဲ့ အစားအစာမျိုးတွေပေါ့။ သွေးတိုးဆိုတာက ဖြစ်ပြီးရင် ပျောက်အောင်ကုသလို့မရဘူးလေ။ ဒီတော့ သတိထားရတာပေါ့။ခုဖော်ပြပေးမယ့် အစားအစာတွေဟာ သွေးတိုးသမားတွေ ရောဂါထိမ်းချုပ်ရေးအတွက်ရော စိတ်လက်ပေါ့ပါးစွာ စားဖို့အတွက်ရော အထောက်အကူပြုမယ့် အထူးအစားအစာတွေဖြစ်ပါတယ်။သွေးတိုးသမားတွေတော့ သဘောကျကြမယ်ထင်ပါတယ်။ကမ္ဘာပေါ်မှာ လူဦးရေ ၁ ဘီလီယံလောက်ကသွေးတိုးဝေဒနာကို ခံစားနေကြရတာပါ။ ဒီလူတွေအားလုံးဟာ စားရေးသောက်ရေးမှာ အတော်လေး ကသီလင်တနိုင်လှပါတယ်။ သွေးတိုးဝေဒနာ ပြင်းထန်လာရင်နှလုံးရောဂါနဲ့ပါဆက်နွယ်နေတာကိုး။ဒီလိုအခြေအနေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် မှန်ကန်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ သွေးတိုးလာရင်တော့ သွေးကျဆေးလိုအရာတွေ မှီဝဲပြီး ထိမ်းချုပ်ကြရပါတယ်။ အထူးသဖြင့်တော့ ပိုတက်ဆီယံနဲ့ မဂ္ဂနီဆီယံပါဝင်မှုများတဲ့ အစားအစာတွေကို မှီဝဲပေးရင် သွေးတိုးကို လျှော့ချပေးနိုင်မှာပါ။ဒါကြောင့် သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာတွေကို စုစည်းပြီး ဖော်ပြပေးချင်ပါရဲ့။ ဒီအစားအစာတွေက သွေးမတိုးအောင် ထိမ်းချုပ်ဖို့ အကူအညီပေးနိုင်တဲ့အပြင် အာဟာရဓာတ်လည်း ကြွယ်ဝတော့ တခြားကျန်းမာရေးပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးမှာပါ။သွေးတိုးဆိုတာ အသံတိတ်လူသတ်သမားပါ။ ပုံမှန်အားဖြင့် မေ့လျော့ပေါ့ဆမှုကို အခံရဆုံး ရောဂါဖြစ်ပြီးတော့ တိုးလာချိန်မှသာ ဆေးထသောက်ပြီး တားဆီးလိုက်တာမျိုးက များပါတယ်။ ဒါကြောင့်လည်း မထိမ်းချုပ်နိုင်ချိန်မှာ အသက်ပါရတာပါ။ဒါကြောင့် သွေးတိုးကိုယ့်မှာရှိနေပြီဆိုရင် ဆေးဝါးတွေကို ပုံမှန် မှီဝဲဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အစားအသောက်မှီဝဲစားသောက်ရာမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ စူပါအစားအသောက်တွေကို ပိုမိုမှီဝဲပြီး ကိုယ့်ရဲ့ သွေးတိုးပြဿနာကို ထိမ်းချုပ်သင့်ပါတယ်။မတည့်တာတွေကို အမြဲစားသောက်မိနေမယ်ဆိုရင် သွေးတိုးက ရေရှည်မှာ အသက်အန္တရာယ်ကို ဒုက္ခပေးလာနိုင်တာမို့ သတိထားသင့်တဲ့ ပြဿနာပါ။ သွေးတိုးပြီဆိုရင်လေလေဖြတ်တာ၊ ဦးနှောက်သွေးကြော ပြတ်တာ၊ နှလုံးဖောက်ပြန်တာနဲ့ ဆီးချိုထတာတွေပါဖြစ်လာနိုင်တာမို့ သတိထားနေထိုင် စားသောက်ဖို့ တိုက်တွန်းပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-good-for-high-blood-pressure/
Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း )
အစာရေမျိုပြွန်ရောင်ခြင်းသည် အစာရေမျိုပြွန်ရှိ နံရံများ ရောင်ခြင်းဖြစ်ပြီး အစာရေမျိုပြွန်ဆိုသည်မှာ အစာများကို လည်ချောင်းမှ အစာအိမ်ဆီပို့ပေးသော ပြွန်ဖြစ်ပါသည်။မကုသပဲထားပါက ဒီအခြေအနေသည် မအီမသာဖြစ်လာနိုင်ပြီး မျိုရခက်ခြင်း၊ အနာဖြစ်ခြင်းနှင့် အစာရေမျိုပြွန်အမာရွတ်ထင်ခြင်းများ ဖြစ်စေနိုင်ပါသည်။ နာကျင်ခြင်း၊ မျိုရခက်ခြင်းတို့အပြင် တစ်ခါတစ်ရံ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်စေနိုင်ပါသည်။တစ်ချို့တွင် ဘာရပ်အစာရေမျိုပြွန်ရောဂါ ဖြစ်လာနိုင်ပြီး အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်ချေမြင့်စေသည့် အချက်တစ်ချက်ဖြစ်၏။အစာရေမျိုပြွန်ရောင်ခြင်းကို အရွယ်ရောက်ပြီးသူများတွင် တွေ့ရများပြိး ကလေးများတွင် သိပ်မဖြစ်တတ်ပါ။ အဖြစ်များဆုံးသော အစာရေမျိုပြွန်ရောင်ခြင်းအမျိုးအစားမှာ အစာခြေရန် ပြန်တက်ခြင်း (GERD) နှင့်ဆက်စပ်သော အမျိုးအစားဖြစ်သည်။အစာခြေရည်ပြန်တက်ခြင်းလက္ခဏာများသည် လစဉ် လူဦးရေ၏ ၃၃-၄၄% ခန့် ဖြစ်ပွားနေပြီး ၇-၁၀% သည် နေ့စဉ် လက္ခဏာများကို ခံစားနေရပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အစာရေမျိုပြွန်ရောင်ခြင်း၏ ရောဂါလက္ခဏာများစွားရှိ၏။ သို့သော် အဖြစ်အများဆုံး လက္ခဏာများမှာ-။အကယ်၍ သင့်၌ အောက်ပါတို့ဖြစ်လာလျှင် ချက်ချင်း ဆေးကုသမှု ခံယူရမည်။သင့်၌ သို့မဟုတ် သင့်ကလေးငယ်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖစ်ပွားရသည့်အကြောင်းရင်းပေါ်မူတည်၍ အစာရေမျိုပြွန်ရောင်ခြင်း ၄ မျိုးရှိပါသည်။ အီရိုစီနိုဖိလစ် အစာရေမျိုပြွန်ရောင်ခြင်း၊ အက်စစ်နောက်ပြန်တက်ခြင်းကြောင့် အစာရေမျိုပြွန်ရောင်ခြင်း၊ ဆေးကြောင့် အစာရေမျိုပြွန်ရောင်ခြင်းနှင့် ပိုးဝင်သောကြောင့် အစာရေမျိုပြွန်ရောင်ခြင်း တို့ဖြစ်သည်။ တစ်ချို့ဖြစ်ရပ်များတွင် ဖြစ်ပွားရသည့်အချက် တစ်ချက်ထက်ပိုပြီး ရှိနေနိုင်ပါသည်။အစာရေမျိုအောက်ပိုင်းမှ စပင်တာ အစို့ရှင်သည် အစာအိမ်ထဲမှ အက်စစ်များ အစာရေမျိုပြွန်သို့မရောက်စေရန် တားဆီးပေး၏။ ထိုအစို့ရှင် ပွင့်သင့်သည့်အချိန်မဟုတ်ပဲပွင့်လျှင် သို့မဟုတ် သေချာ မပိတ်နိုင်လျှင် အစာအိမ်ထဲမှာ အရာများ အစာရေမျိုပြွန်ထဲသို့ ပြန်တက်လာနိုင်သည်။(အစာအိမ်နှင့်အစာရေမျိုပြွန် နောက်ပြန်တက်ခြင်း) GERD သည် အက်စစ်များနောက်ပြန်စီးရာတွင် ခဏခဏဖြစ်ခြင်း သို့ ဆက်တိုက်ဖြစ်နေသော အခြေအနေမျိုးဖြစ်ပါသည်။ GERD ၏နောက်ဆက်တွဲသည် အစာရေမျိုပြွန်တွင် နာတာရှည်ရောင်ရမ်းခြင်းနှင့် တစ်ရှူးပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။အီရိုစီနိုဖေးများသည် အလက်ဂျစ်ဓါတ်ပြုမှုတွင် အရေးပါသော သွေးဖြူဥအမျိုးအစားများဖြစ်သည်။ အီရိုစီနိုဖိလစ် အစာရေမျိုပြွန်ရောင်ခြင်းသည် ထိုသွေးဖြူဥများ အစာရေမျိုပြွန်တွင် အလက်ဂျီဖြစ်စေသည့် ပစ္စည်းသို့ အက်စစ်ပြန်တက်ခြင်း သို့ နှစ်ခုလုံးအား တုန့်ပြန်သည့်အခါတွင် စုပုံလာနိုင်ပါသည်။ထို အစာရေမျိုပြွန်ရောင်ခြင်းအမျိုးအစားရှိသူများတွင် အစားအစာများနှင့် ဓါတ်မတည့်မှု ရှိပါသည်။ တစ်ချို့ေသောအစာများဖြစ်သည့် နွားနို့၊ ကြက်ဥ၊ ဂျုံဖြူ၊ ပဲပိစပ်၊ မြေပဲ၊ ပဲကြီး၊ ရိုင်းစပါးနှင့် အမဲသားတို့သည့် အီရိုစီနိုဖိလစ် အစာရေမျိုပြွန်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။သို့သော် သမားရိုးကျ အလက်ဂျီစစ်ဆေးမှုများသည် ဘယ်အစားအစာကြောင့် အလက်ဂျီဖြစ်ရသည်ဆိုခြင်းကို မသတ်မှတ်နိုင်ပါ။အီရိုစီနိုဖိလစ် အစာရေမျိုပြွန်ရောင်ခြင်း ရှိသူများတွင် အစာမဟုတ်သည်များနှင့်လည်း အလက်ဂျီရှိနိုင်ပါသည်။ ဥပမာအားဖြင့် ရှုရှိုက်မိသော အလက်ဂျင်များဖြစ်သည့် ပန်းဝတ်မှုန်တို့လိုအရာများသည်လည်း ဖြစ်စေနိုင်ပါသည်။များစွာသော သောက်ဆေးများသည် အစာရေမျိုပြွန်၏ နံရံများနှင့် ထိတွေ့ချိန်အတော်ကြလာပါက တစ်ရှူးပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။ ဥပမာအားဖြင့် ဆေးတောင့်များအား ရေနည်းနည်း သို့မဟုတ် ရေမပါပဲမျိုချပါက ဆေးလုံးချည်းသော်လည်းကောင်း ဆေးလုံးမှအကြွင်းအကျန်များသော်လည်းကောင်း အစာရေမျိုပြွန်တွင် ကျန်ရှိနိုင်ပါသည်။အစာရေမျိုပြွန်ရောင်ခြင်းနှင့် ဆက်စပ်နိုင်သော ဆေးများမှာ-။အကိုက်အခဲပျောက်ဆေးများ ဥပမာ အက်စ်ပရင်၊ ibuprofen နှင့် naproxen sodium။ပဋိဇီဝဆေးများ ဥပမာ Tetracycline နှင့် doxycycline။ပိုတက်စီယမ် ချို့တဲ့ရာတွင်သုံးသော Potassium Chloride။alendronate (Fosamax) အပါအဝင် Bisphosphonates များ – ကြွပ်ဆပ်အားနည်းသော အရိုး (အရိုးပွ)တွင် သုံးသောဆေး။နှလုံးပြဿနာများအတွက် သုံးသော Quinidine။ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုများ အစာရေမျိုပြွန်၏တစ်ရှူးများသို့ ကူးစက်လျှင် အစာရေမျိုပြွန်ရောင်ခြင်းဖြစ်နိုင်ပါသည်။ ပိုးကူးစက်ခြင်းကြောင့်အစာရေမျိုပြွန်ရောင်ခြင်းသည် တခြားဟာများနှင့်ယှဉ်လျှင် ရှားပါသည်။ ကိုယ်ခံအားမကောင်းသောလူများ ဥပမာ HIV/AIDS သို့မဟုတ် ကင်ဆာရှိသူများတွင် တွေ့ရလေ့ရှိပါသည်။ပါးစပ်တွင် ရှိနေတတ်သော မှိုတစ်မျိုး Candida albicans သည် အစာရေမျိုပြွန်ရောင်မှုဖြစ်စေသော အဖြစ်များသည့်အကြောင်းရင်းပင်ဖြစ်သည်။ထိုကဲ့သို့ ပိုးကူးစက်မှုများသည် ကိုယ်ခံအားမကောင်းခြင်း၊ ဆီးချို၊ ကင်ဆာနှင့် ပဋိဇီဝဆေးသုံးခြင်းတို့နှင့် ဆက်စပ်ပါသည်။အစာရေမျိုပြွန်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများမှာ –။HIV AIDS၊ ဆီးချို၊ လူကီးမီးယား၊ လင်ဖိုးမားနှင့် တခြားသော ကိုယ်ခံအားမှပြန်တိုက်သည့် ရေဂါများကြောင့် ကိုယ်ခံအား နည်းခြင်း။အစာအိမ်ကျွံခြင်း (အစာအိမ်သည် အစာပြွန်နှင့် အစာအိမ်ကြားရှိ ရင်ဝမ်းခြားကြွက်သားပေါက်မှ အထက်သို့ကျွံဝင်ခြင်း)။ကင်ဆာဆေးသွင်းခြင်း။ရင်ဘတ်အား ဓါတ်ရောင်ခြည်နှင့်ကုခြင်း။ရင်ဘတ်တစ်ဝိုက် ခွဲစိတ်ခြင်း။ကိုယ်အင်္ဂါအစားထိုးရာတွင် ခန္ဓါကိုယ်မှ လက်မခံခြင်းအား ကာကွယ်ပေးသော ဆေးများ။အက်စ်ပရင်နှင့် အရောင်ကျဆေးများ။နာတာရှည် အန်ခြင်း။အဝလွန်ခြင်း။အရက်နှင့်ဆေးလိပ်။သင့်၌ ကျန်းမာသော ကိုယ်ခံအားစနစ်ရှိနေလျှင် အစာရေမျိုပြွန်ပိုးဝင်ရန် အခွင့်အရေးနည်းပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ သင့်အား ရောဂါရာဇဝင်မေးခြင်းနှင့် စမ်းသပ်ခြင်းများ ပြုလုပ်ပါမည်။ အစာရေမျိုပြွန်ရောင်ခြင်းကို အမည်တပ်နိုင်ရန် စစ်ဆေးမှုများစွာ လုပ်ရနိုင်ပါသည်။သေးငယ် ရှည်လျား ကွေးညွှတ်နိုင်သော အလင်းပြွန် အန်ဒိုစကုပ်ကို သုံးပြီး အစာရေမျိုပြွန်ကို ကြည့်နိုင်ပါသည်။စစ်ဆေးရာတွင် အစာရေမျိုပြွန်၏ တစ်ရှူးနမူနာကို ယူကာ အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ရန် ဓါတ်ခွဲခန်းကို ပို့ရပါမည်။စစ်ဆေးရာတွင် ဘေရီယမ်ပျော်ရည်ကိုသောက်ပြီး အစာရေမျိုပြွန်ကို ဓါတ်မှန်ရိုက်မည်ဖြစ်သည်။ ဘေရီယမ်သည် အစာရေမျိုပြွန်နံရံတွင် သုတ်လိမ်းသလိုဖြစ်ပြီး ဓါတ်မှန်တွင် အဖြူရောင်အဖြစ်မြင်ရပါမည်။သင့်လက္ခဏာများကိုဖြစ်သော တိကျသည့်အကြောင်းရင်းပေါ် မူတည်ပြီး တစ်ချို့ကုထုံးများရှိပါသည်။ ဆေးများမှာ –။ဗိုင်းရပ်စ်သတ်ဆေးများ။မှိုသတ်ဆေးများ။အန်တဆစ်များ။အကိုက်အခဲပျောက်ဆေးများ။စတီးရွိက်သောက်ဆေးများ။ပရိုတွန်ပန့်ပိတ်ဆေးများ (အစာအိမ် အက်စစ်မထွက်အောင်လုပ်သည်)။ဖြစ်စေသည့်အစာကို မှတ်သားကား နောက်မစားမိရန်နေရပါမည်။ ဖြစ်နေကျ အစာများတွင် ခရမ်းချဉ်သီး၊ ချဉ်သောအသီးများ၊ စပ်သောအစာများ၊ အရက်၊ ကဖိန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပူစီနံ၊နှင့် ချောကလက် တို့ပါဝင်သည်။စပ်သောအစာများ၊ ချဉ်သောအစာများနှင့် သောက်စရာများ၊ အစိမ်းများ မာသောအစာများကို ရှောင်ခြင်းဖြင့် သင်၏လက္ခဏာများကို သက်သာစေနိုင်ပါသည်။ နည်းနည်းစီကိုက်ကာ ကောင်းကောင်းဝါးစားပါ။ ဆေးရွက်ကြီး၊ အရက်တို့လို ရောင်ရမ်းခြင်းကိုဖြစ်စေပြီး ကိုယ်ခံအားကို ဖိနှိပ်သောအရာများကို ရှောင်ပါ။ ဆရာဝန်အား မိမိစားသောက်ရမည့်ပုံစံကို မေးပါ။အစာရေမျိုပြွန် ကျဉ်းလွန်းပြီး အစာများနင်လာသည့်အခါမျိုးတွင် အစာရေမျိုပြွန်ကိုချဲ့ရန်အတွက် ခွဲစိတ်ရန်လိုပါလိမ့်မည်။ရေများများသောက်ရန်လိုပါလိမ့်မည်။ ဆေးအရည်များကို သောက်သုံးရပါမည်။ သို့မဟုတ် တခြားဆေးများကိုပြောင်းပါ။ ဆေးသောက်ပြီးနောက် မိနစ် ၃၀ ခန့် မလှဲလျောင်းရပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအစာရေမျိုပြွန်ရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစာရေမျိုပြွန်ရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။ငရုပ်သီး၊ ငရုပ်သီးမှုန့်၊ ဟင်းအနှစ်နှင့် ဇာတိပ္ဖိုလ်သီးများလို စပ်သည်များကိုရှောင်ပါ။မာသောအစာများဖြစ်သည့် ခွံမာသီးများ၊ ဘီစကွပ်ခြောက်များနှင့် ဟင်းသီးဟင်းရွက်စိမ်းများကိုရှောင်ပါ။ချဉ်သောအစာများဖြစ်သည့် ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ စပျစ်သီးနှင့် ၎င်းဖျော်ရည်များကိုရှောင်ပါ။ ထိုအစား ဗီတာမင်စီကြွယ်ဝသည့် အစားအစာအတုများကို စားပါ။ပန်းသီးဆော့၊ ချက်ထားသည့် နှံစားသီးနှံများ၊ အားလူးချေ၊ ကြက်ဥပူတင်း၊ ပူတင်ဒနှင့် ပရိုတင်းရှိတ်များလို ပျော့သည့်အစာများကို အစားထိုးပါ။နည်းနည်းကိုက်ပြီး ကြေညက်အောင်ဝါးပါ။မျိုချရလွယ်စေရန်အတွက် အရည်များကို ပိုက်နှင့်သောက်ပါ။အရက်နှင့်ဆေးရွက်ကြီးရှောင်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/esophagitis-%e1%80%a1%e1%80%85%e1%80%ac%e1%80%9b%e1%80%b1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%bc/
စိတ်ဖိစီးနေပြီလား
ကဲ ခုတလောစိတ်ဖိစီးမှုတွေ ရင်ဆိုင်နေရပြီးမိမိကိုယ်ကိုယုံကြည်မှုတွေ လျော့နေတယ်ဆိုရင်တော့ ဒါလေးကိုဖတ်ကြည့်လိုက်ရအောင်နော်….။ခုတလောကူးစက်ရောဂါတွေကလည်းဖြစ်၊ အလုပ်တွေကလည်း အရင်လိုမလည်ပတ်နဲ့ဆိုတော့ ဝန်ထမ်းဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ် အနည်းနဲ့အများ မရေရာမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရမှာ အသေအချာပဲနော်။ အဲလိုဖြစ်နေပြီဆိုရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်နော်။ဆိုလိုတာက အရင်က မိမိအောင်မြင်ခဲ့သည်ဖြစ်စေ၊ ရှုံးနိမ့်ခဲ့သည်ဖြစ်စေ အတိတ်အကြောင်းတွေအကုန်မေ့ပြီး ဘဝသစ် (New Normal Life) ကိုစတင်ဖို့ အကောင်းဆုံးအချိန်ပါ။ တစ်ကမ္ဘာလုံး အသစ်တဖန်ပြန်ဖြစ်ပေါ်လာသလို အားလုံးအစက ပြန်စနေတာပါ။တကယ်တော့ ဒီလိုယုံကြည်လို့လည်း ဒီပို့စ်ကို ဖတ်ကြတာပါ။ မိမိကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းက အကောင်းဆုံးစိတ်ခွန်အားတစ်ခုပါပဲ။ မိမိရဲ့စိတ်ဆန္ဒကို မသိဘဲ ရပ်တည်နေရရင် ကိုယ်နဲ့အံမဝင်တဲ့ပတ်ဝန်းကျင်မှာ အမှားတွေဆက်တိုက်လုပ်မိနေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် အများလည်း မိမိကိုလေးစားမှုရှိမှာ မဟုတ်ပါဘူး။ဒါကတော့ လူအတော်များများ သိပြီးသားဖြစ်မှာပါ။ လူတိုင်းက ပျော်ရွှင်ချင်ကြတယ်၊ အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့  မကြိုးစားမိဘူး ဖြစ်နေတတ်ကြတယ်။ မိမိကိုယ်ကိုချစ်တယ်ဆိုတာ ကိုယ်ကြိုက်တာ လုပ်လိုက်တာ၊ ကိုယ်ကြိုက်တာလေး စားလိုက်တာ၊ ကိုယ်ကြိုက်တဲ့ အဝတ်အစား၊skin careလေးဝယ်လိုက်တာတင် မဟုတ်ပါဘူး။ တကယ် ကိုယ်ကဘာကြိုက်တတ်သလဲရဲ့နောက်မှာ အဲဒါကငါ့အတွက် သင့်တော်ပါ့မလား၊ အကျိုးရှိပါ့မလား ဆိုတဲ့ အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ဆင်ခြင်မှ မိမိလိုအင်ကို ဖြည့်ဆည်းပြီး မိမိကိုယ်ကိုချစ်ရာရောက်ပါတယ်။ ဘာလို့ဆိုတော့ ကျိုးကြောင်းဆင်ခြင်မှုမရှိတဲ့ မိမိကိုယ်ကို အလိုလိုက်ခြင်းက ချစ်ရာမရောက် နှစ်ရာရောက်ပါတယ်။ ဒါကြောင့် တစ်ခါတရံ ကိုယ်လုပ်ချင်တာ လုပ်လိုက်ပေမဲ့ မပျော်ရပါဘူးဆိုပြီး ဖြစ်တတ်ကြပါတယ်။အဖြေက အားလုံးသိတဲ့အတိုင်း သူတစ်ပါးအထင်ကြီးစေဖို့ ကိုယ့်ပျော်ရွှင်မှု၊ ယုံကြည်မှုကိုစတေးလိုက်ရတယ်ဆိုတာ အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ရဲ့ အရည်ချင်းတွေဟာ ကိုယ်ယုံကြည်ရာ၊ စိတ်အားထက်သန်ရာကနေ ပေါက်ဖွားလာတာပါ။ သူတစ်ပါးဝေဖန်ကဲ့ရဲ့ မှုကြောင့် မိမိရဲ့အရည်အသွေးတွေ အများကြီးဆုံးရှုံးတတ်ပါတယ်။ မိသားစုအချင်းချင်းတောင် အမြင်မတူနိုင်ကြတဲ့အတွက် တစ်ပါးသူရဲ့အမြင်မှာ ကိုယ်ဟာ စူပါဟီးရိုးတစ်ယောက် ဖြစ်နေဖို့မလိုပါ။ မိမိကိုယ်တိုင်အတွက် မိမိသာလျှင်ဟီးရိုးဖြစ်ပါစေ။တချို့လူတွေ စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်း နောက်တစ်ခုက မြန်မြန်တွေး မြန်မြန်အဖြေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ အရာရာတိုင်းကို အချိန်ယူတွေးစရာ မလိုအပ်ဘူးဆိုပေမဲ့။အရေးကြီးတဲ့ မေးခွန်းတွေ ၊ဆုံးဖြတ်ချက်တွေကိုတော့ ဖြည်းဖြည်းချင်း ကျိုးကြောင်းဆက်စပ်တွေးပြီးမှ တုံ့ပြန်ရင် လမ်းမှန်ရောက်ပြီး စိတ်ဖိစီးမှုလည်း လျော့နည်းစေပါတယ်။ အဖြေမြန်မြန်ပေးပြီး ပြန်ပြင်မရတဲ့အနေထားမျိုး ဖြစ်ရင် စိတ်ဖိစီးမှုများတတ်ပြီး self-control တောင်မရပဲ အမှားတွေပဲ ဆက်ကာ ဆက်ကာပြုလုပ်နေမိတတ်ပါတယ် ။ ဒါပေမဲ့ ဘာမှအရေးမကြီးတဲ့ကိစ္စကိုတော့ အချိန်ယူ၊ စိတ်ညစ်ခံကာတွေးတောမနေပဲ မြန်မြန်တွေး ၊မြန်မြန်ဖြေရှင်းမှ ပေါ့ပေါ့ပါးပါးနဲ့ အရေးကြီးတာတွေဆက်လုပ်နိုင်မယ်လေနော်။စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်းတွေထဲက အဖြစ်များတာတစ်ခုက မနိုင်ဝန်ထမ်းလို့ပါ။ မနိုင်ဝန်ထမ်းတယ်ဆိုတာ မိမိမလုပ်နိုင်တဲ့အလုပ်ကို No လို့ပြောဖို့ခက်ခဲခြင်းက စတာပါ။ မိမိမှာ လုပ်စရာပြည့်နှက်နေတဲ့အချိန် တစ်စုံတစ်ယောက်က အကူညီတောင်းတာဖြစ်ဖြစ်၊ မိမိအတွက်ဝန်ပိစေမယ့်အလုပ်မျိုးဖြစ်ဖြစ် ပေါ်လာတဲ့အခါမျိုးမှာ စိတ်ထဲကငြင်းဆိုနေပေမဲ့ အပြင်မှာကျ No လို့ပြောဖို့ ခက်ခဲနေတတ်ကြပါတယ်။ အဲလိုအခါမျိုးမှာ ၅စက္ကန့် နိယာမကိုအသုံးပြုကြည့်ပါ။ ကိုယ်က မတုံ့ပြန်မီမှာ 5, 4, 3, 2,1, Go လို့ရေတွက်ပြီး စိတ်ထဲကရှိတဲ့အတိုင်းပြောနိုင်အောင်ကြိုးစားကြည့်ပါ။ Yes လို့ပြောမိပြီးသားက စိတ်ဖိစီးမှုဖြစ်စေခဲ့တယ်ဆိုလည်း ပြန်ငြင်းလိုက်ရင် သိသိသာသာစိတ်ဖိစီးမှုလျော့ကျပြီး ကိုယ်လုပ်ရမယ့်အလုပ်ကိုစွမ်းဆောင်ရည်အပြည့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။မိမိရဲ့ပျော်ရွှင်မှုက မိမိအတွက်သာမက မိမိ မိသားစု၊ ပတ်ဝန်းကျင်အသိုင်းဝိုင်းကိုပါ အများကြီးသက်ရောက်မှုရှိပြီး မိမိကအစပြုလိုက်တဲ့ အကောင်းမြင်ဝါဒတစ်ခုဟာလည်း အများစု ၊အဖွဲ့အစည်းအတွက် တွန်းအားတွေ ဖြစ်သွားတတ်တာမို့ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ယုံကြည်ရာဘဝအသစ်တစ်ခုကို လျှောက်လှမ်းနိုင်ကြပါစေ။ရေးသားသူ – အမရာကျော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/are-u-depression/
အကြောဆေးသွင်းခြင်းနှင့် သတိပြုဖွယ်များ
ကိုထ ွန်းကျော်။ ကုန်ထမ်းရတာများသွားလို့ထင်သည်။ ညောင်းကိုက်သည်။ ပိုဆိုးသည်မှာ ကိုယ်လက်တွေ မသယ်ချင်လောက်အောင်ဖြစ်နေသည်။ လှုပ်ရှားရတာ အားနည်းသလို ဖြစ်နေတာ ၃-၄ ရက်ရှိပြီ။ အရင်က အလုပ်ပြန်လျှင်ပုံမှန်သောက်နေကျ အရက်လေး ၁ ပုလင်းလောက်သောက်လျှင် ပင်ပန်းတာ သက်သာသလို ဖြစ်သော်လည်း အားနည်းတာက အခုရက်ပိုင်း မသက်သာ။ ညနေတော့ အရက်မသောက်သေးဘဲ သူငယ်ချင်းညွှန်းသလိုလမ်းထိပ်ကဆေးခန်းမှာ အကြောဆေးဝင်သ ွင်းဦးမည်။အိမ်ရောက်တာနဲ့ကိုထ ွန်းကျော်ဝင်အိပ်ဖြစ်သည်။ အကြောအားဆေးဝင်သ ွင်းလိုက်သော်လည်း သူများတေ ွပြောသလိုလန်းမသ ွား။ နောက်နေ့မနက်ထတော့ကိုထ ွန်းကျော်ခြေထောက်တေ ွ မလှုပ်နိုင်တော့။ လက်ကိုအားပြု ထမည်ကျန်တော့လည်း လက်ပါ ကောင်းကောင်းမလှုပ်နိုင်တော့။ သို့နှင့် ကိုထ ွန်းကျော်တစ်ယောက်အင်းစိန်ဆေးရုံရောက်လာသည်။ ဆရာဝန်တွေကတော့ ပိုတက်စီယမ် (potassium) ခေါ် သက်စောင့်ဓါတ်နည်းတာလို့ပြောသည်။ ဒီထက်နည်းလာရင်အသက်ရှူမရဖြစ်လာ၊ နှလုံးရပ်ပြီးသေတဲ့အထိဖြစ်လာနိုင်မည်ဟုပြောသည်။ ပြီးတော့အကြောဆေးသ ွင်းလိုက်သေးလားဟု ပါရဂူကြီးကမေးသေးသည်။ သ ွင်းမိသည်လို့ဖြေတော့နောက်ဆိုဆင်ခြင်ဖို့ပြောသည်။ ပိုတက်စီယမ် နည်းနေချိန် အကြောဆေးသ ွင်းမိရင်ပိုနည်းသ ွားတတ်သည်တဲ့။ဒေါ်အေးမူတစ်ယောက်နေရထိုင်ရ မကောင်းဖြစ်နေသည်မှာ လနှင့်ချီနေပြီဖြစ်သည်။ နုံးလွယ် ပင်ပန်းလွယ်သည်။ ရေမကြာမကြာငတ်သည်။ ခြေထောက်တေ ွ ထုံသလိုကျင်သလိုဖြစ်နေသည်။ လမ်းထိပ်က ဆေးခန်းမှာ တော့အကြောဆေးသွား သ ွားသွင်းဖြစ်သည်။ ဝေဒနာကတော့သိပ်မသက်သာလှ။တစ်ရက်ဒေါ်အေးမူရုတ်တရက်မူးလဲသည်။ ချွေးစေးတွေလည်းပြန်လာသည်။ သတိတော့အကြာကြီးလစ်မသ ွား။ မောသည်မောသည်ဆို၍ မြောက်ဥက္ကလာပဆေးရုံပို့လိုက်ကြသည်။ နှလုံးသွေးကြောပိတ်သည်ဟု ပြောသည်။ ဆီးချိုလည်း အရမ်းတက်နေသည်။ ဆရာဝန်မေးသော ဆီးချို လက္ခဏာတေ ွက ဒေါ်အေးမူအရင်ဖြစ်နေသည့်အတိုင်း ဆင်တူနေသည်။ ဆီးချိုတက်လို့ ဖြစ်နေသည့်လက္ခဏာတေ ွကို ဂလူးကို့စ်အကြောဆေးတွေ ထိုးနေတော့ပိုဆိုးသွားကြောင်း ပါရဂူကြီးကရှင်းပြသည်။ဆေးခန်းတ ွင်အကြောဆေးသ ွင်းချင်လို့ပါဆိုပြီး လာသောလူနာမျိုးကို ဆေးခန်းထိုင်သော ဆရာဝန်တိုင်း တွေ့ဖူးကြပါသည်။ အကြောအားဆေးတွင်များသောအားဖြင့်ဂလူးကို့စ်(glucose) နှင့် ဗီတာမင်ဓါတ်များ (vitamin B2, B6, B12 etc.) ထည့်သ ွင်းထိုးလေ့ရှိသည်။ ဂလူးကို့စ်သည်အချိုဓါတ်ဖြစ်သည်။ အချိုဓါတ်သွေးထဲရောက်လာလျှင်ဦးနှောက်နှင့်တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ဆက်ရောက်သ ွားသည်။ ထိုအခါ လူကလန်းဆန်းသွားသလို ခံစားရသည်။ ပါဝင်သော ဗီတာမင်ဓါတ်များ ကြောင့်လည်း အားပိုရှိသွားသည်ဟုထင်ကြသည်။ ထို့ကြောင့်လည်း အကြောအားဆေးသွင်းလျှင် အားရှိသွားသည်နေလို့ကောင်းသွားသည်ဟု ခံစားသွားကြရခြင်းဖြစ်သည်။သို့သော်တကယ်တမ်း သိပ္ပံနည်းကျ တ ွက်ကြည့်လျှင်ရေရှည်အတွက် အာနိသင်သိပ်မထူးလှသည်ကိုတေတွ့ရှိကြရမည်။ အကြောဆေးတစ်ခါသွင်းစာ ဂလူးကို့စ်တစ်လုံးတွင်၅ သို့ ၁၀ ဂရမ်သာ ပါလေ့ရှိသည်။ ကီလိုကယ်လိုရီဆိုသော ယူနစ်နှင့်တ ွက်လျှင်၁၀ ဂရမ်တ ွင်မှ၄၀ ကီလိုကယ်လိုရီသာ ရပါသည်။ ထမင်းတစ်ခါစားပြင်သလောက်သည်၃၀၀ ကီလိုကယ်လိုရီခန့်ရသည်။ လူတစ်ယောက်အတွက်တစ်နေ့တာလိုအပ်ချက်သည် အကြမ်းအားဖြင့်၂၀၀၀ ကီလိုကယ်လိုရီလိုသည်။ ထိုပမာဏကိုထမင်းအပြင် အဆီဓါတ်နှင့်အသားတို့မှရသည်။ ထိုကြောင့်အကြောထိုးဆေးမှရသော ကီလိုကယ်လိုရီသည်တစ်နေ့တာ လိုအပ်ချက်နှင့်ယှဉ်လျှင်ဘာမှမဟုတ်သည်ကို တွေ့နိုင်ပါသည်။ ပုလင်းကြီးတစ်လုံး (၁၀ % ဂလူးကို့) တွင်ပင် ဂလူးကို့စ်၅၀ ဂရမ်သာ ပါရာ ၂၀၀ ကီလိုကယ်လိုရီသာ ရပေလိမ့်မည်။ အကြောဆေး ဂလူးကို့စ်သည်အဓိကအားဖြင့်သေ ွးတွင်း အချိုဓါတ်ကျနေသောလူများတ ွင် အဓိကသုံးကြခြင်းဖြစ်သည်။အကြောဆေးတွင်ပါသော ဗီတာမင်ဓါတ်များသည်လည်း သွေးကြောထဲ တိုက်ရိုက်ရောက်သ ွားသည့် အတွက်မြန်မြန်အာနိသင်ရှိနိုင်သည်မှာ မှန်သော်လည်း ပုံမှန်စားသောက်နိုင်သူတစ်ယောက်အတွက် ထိုးရလောက်အောင်မလိုပါ။ အစားအသောက်တွင်ပါသလောက်နှင့်လုံလောက်နိုင်သလို လိုအပ်ပါက အားဆေးသောက်လျှင်လည်း လုံလောက်နိုင်ပါသည်။ ထို့ပြင် သေ ွးပေါင်ကျနေလျှင်လည်း ဂလူးကို့စ် အကြောဆေးသွင်းရုံနှင့်သွေးပေါင်ပြန်မတက်နိုင်ပါ။ထို့ကြောင့်ပုံမှန်စားနိုင်သောက်နိုင်သူတစ်ယောက်အတ ွက် သီးသန့်အကြောဆေးသ ွင်းရန် မလိုအပ်ပါ။ အကြောဆေးသွင်းရန်လိုနေပြီဟုထင်နေကြသော နုံးခြင်း၊ အားမရှိခြင်းစသည့်လက္ခဏာ များသည်လည်း အပေါ်တ ွင်ပြောခဲ့သလို ပိုတက်စီယမ်နည်းခြင်း၊ ဆီးချိုဖြစ်ခြင်း စသည့်ရောဂါတစ်ခုခု၏ လက္ခဏာများဖြစ်နေတတ်သည်။ ထိုအခါမျိုးတွင်ဂလူးကို့စ်အကြောဆေးသွင်းလိုက်မှ ပိုဆိုးသွားတတ်သည်။ တခြားဘာရောဂါမျှမရှိလျှင်လည်း အကြောဆေးတွင်ပါသော ဓါတ်တစ်ခုခုကိုမတည့်ခြင်း ဖြစ်နိုင်ပါသေးသည်။ဆေးခန်းထိုင်ကြသော ဆရာဝန်များကြုံတွေ့နေကြရသော အခက်အခဲမှာ အကြောဆေးသွင်းလို၍ လာသောလူနာများတ ွင်ဖော်ပြပါရောဂါလက္ခဏာတစ်စုံတစ်ခု သံသယရှိ၍ ထပ်မံစစ်ဆေးလိုသည့်အခါ လူနာဘက်က အကြောဆေးသွင်းဖို့သာ အာရုံထားကြပြီး ဘာမှထပ်မစစ်ချင်ကြခြင်းပင်။ ဆရာဝန်က အကြောဆေးမသွင်းသင့်ဟု ရှင်းပြလိုက်လျှင်ပင်အကြောဆေးသွင်းပေးသော ရမ်းကုထံ ရောက်သွားတတ်သည်။ အကြောဆေးသွင်းခြင်းကို များစွာအကျိုးရှိသည်ဟုထင်ကြခြင်းကြောင့်ပင်ဖြစ်သည်။ ထိုကြောင့်လည်း ယခုစာစုကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။မလိုအပ်ဘဲ အကြောဆေးမသွင်းကြရန်နှင့် ဆရာဝန်မှအကြောဆေးသွင်းရန် မသင့်တော်ကြောင်းရှင်းပြသည့်အခါ လက်ခံပြီး တခြားရောဂါများကို ဆက်ရှာရန် လိုအပ်လာပါက ဆက်လက်စစ်ဆေးမှုခံယူရန် အထူးအရေးကြီးကြောင်း တင်ပြလိုက်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1%e1%80%86%e1%80%b8%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9/