title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေနိုင်သလား
လက်ကိုင်ဖုန်းတွေသုံးရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာက ယနေ့ခေတ်မှာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုဖြစ်နေပါတယ်။လက်ကိုင်ဖုန်းသုံးတာက ကင်ဆာ ဒါမှမဟုတ် တခြားကျန်းမာရေးအတွက် ထိခိုက်စေနိုင်သလား။အဓိကအချက်သုံးခုရှိပါတယ်။(၁) လက်ကိုင်ဖုန်းတွေက ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်ပါတယ်။ ဒါက သံလိုက်ပါတဲ့ လှိုင်းတွေဖြစ်တဲ့အတွက် ခန္ဓါကိုယ်မှာ ရှိတဲ့ အနီးဆုံး တစ်သျှူးကနေ ဒီစွမ်းအင်ကို စုပ်ယူနိုင်ပါတယ်။(၂) လက်ကိုင်ဖုန်းသုံးတဲ့ဦးရေက တစ်မဟုန်ချင်း တိုးပွားလာနေပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင် သန်းငါးဆယ် ဝန်းကျင်ရှိပါတယ်။(၃) တနေ့ချင်းဆီခေါ်ဆိုမှုနဲ့ သုံးစွဲသူတွေက များလာပါတယ်။ နှစ်နှစ်ဆယ်အတွင်း အသုံးပြုသူဦးရေ ၄၂၀,၀၀၀ တိုးပွားလာပါတယ်။သုတေသနအများစုကတော့ လက်ကိုင်ဖုန်းသုံးတာက ကင်ဆာမဖြစ်စေဘူးလို့ ဆိုပါတယ်။ လက်ကိုင်ဖုန်းကနေထွက်တဲ့ ရေဒီယိုလှိုင်းတွေက ခန္ဓါကိုယ်မှာရှိတဲ့ မျိုးဗီဇ (DNA) ကို သက်ရောက်မှု မရှိနိုင်ဘူလို့ ဆိုတာပါ။ဒါနဲ့ပတ်သက်လို့ The National Institute of Environmental Health Sciences (NIEHS) က သုတေသနအများကြီး လုပ်ခဲ့ပြီး တွေ့ရှိချက်တွေကတော့လက်ကိုင်ဖုန်းအသုံးပြုသူ ၄၂၀၀၀၀ ကျော်က ဦးနှောက်အမြှေးရောင်တာနဲ့ ပတ်သက်လို့ ဆက်စပ်မနေဘူးဆိုတာ တွေ့ခဲ့ပါတယ်။နောက်လေ့လာချက်တစ်ခုကတော့ လက်ကိုင်ဖုန်းသုံးတာက တံတွေးဂလင်းကင်ဆာ ဖြစ်နိုင်ချေရှိပြီး ဒါက အလွန်နည်းပါးတဲ့ အခွင့်အလမ်းသာ ရှိတယ်လို့ ဆိုထားပါတယ်။ဒီလိုလေ့လာချက်တွေ သုတေသနတွေ အားလုံးကို စုစည်းချက်များအရ လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေတယ်လို့ အတိအကျ ပြောမရနိုင်ဘူး ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သဘောတူလက်ခံထားပါတယ်။လေ့လာချက်အတွက် လိုအပ်တဲ့ ကင်ဆာဖြစ်ပွားနှုန်းစောင့်ကြည့်ခြင်းနဲ့ လက်ကိုင်ဖုန်းသုံးခဲ့တဲ့ နှစ်တွေအားလုံး တွက်ချက်ဖို့ လိုအပ်သေးတာကြောင့် ဒါတွေအားလုံး ဖော်ပြဖို့ ခက်နေပါသေးတယ်။အခုချိန်မှာတော့ ကလေးတွေနဲ့ အရွယ်ရောက်ပြီး သူတွေ လက်ကိုင်ဖုန်းသုံးတာက ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေသလဲဆိုတဲ့ မေးခွန်းတွေက ကျယ်ကျယ်လောင်လောင် ရှိနေပါသေးတယ်။ ရှင်းလင်းတိကျတဲ့ အဖြေကတော့ မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သိပ္ပံပညာရှင်တွေနဲ့ တချို့အစိုးရအဖွဲ့အစည်းတွေကတော့ လက်ကိုင်ဖုန်းတွေကို ကလေးတွေနဲ့ ဝေးရာမှာ ထားဖို့ အကြံပြုထားကြပါတယ်။လက်ရှိအချိန်ထိတော့ ဆဲလ်ဖုန်းတွေဟာ ကင်ဆာဖြစ်စေတယ်လို့ ဘယ်သူမှမပြောနိုင်သေးပါဘူး။ လေ့လာမှုတွေ အများကြီး လုပ်ရဦးမယ်ဆိုပေမယ့် ဒီလိုဖြစ်စေနိုင်တဲ့ အထောက်အထား ယနေ့အထိ မတွေ့ရသေးတာ အမှန်ပါ။ တကယ်လို့ သင့်အနေနဲ့ ဒါကို စိတ်ပူတယ်ဆိုရင်တော့ ဆဲလ်ဖုန်းအသုံးပြုမှုကို ကန့်သတ်တာ၊ ၊ ဒါမှမဟုတ် စပီကာ၊ နားကြပ်အသုံးပြုတာ၊ စသဖြင့် ဖုန်းနဲ့ သင့်ဦးခေါင်းကို နီးကပ်မနေအောင် လုပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%9c%e1%80%80%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%90%e1%80%ac%e1%80%80-%e1%80%80%e1%80%84/
ကင်ဆာနှင့် အိပ်စက်ခြင်း ပြသနာများ
ကင်ဆာရောဂါဖြစ်နေတဲ့ လူနာတွေရဲ့ ၅၀ ရာခိုင်နှုန်းက အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အခက်အခဲရှိနေတယ်လို့ National Cancer Institute ကဆိုပါတယ်။ တကယ်လို့ သင်က အိပ်စက်ရတာ ခက်ခဲနေမယ်ဆိုရင်တော့ သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ ကင်ဆာနဲ့အိပ်စက်ခြင်းဆက်နွယ်နေပုံကို ရှင်းပြသွားမှာပါ။အိပ်စက်ရခက်ခဲခြင်းနဲ့ အိပ်စက်ရတာအနှောင့်အယှက်ဖြစ်ခြင်းက သင့်မှာ insomnia(အိပ်မပျော်ခြင်း)၊ restless legs syndrome(ခြေထောက်ဂနာမငြိမ်ရောဂါ)နဲ့ fragmented sleep(အအိပ်စက်ခြင်း)ရှိနေပြီလို့ ဆိုလိုတာပါ။ Insomnia(အိပ်မပျော်ခြင်း)ကတော့ အဖြစ်အများဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ကင်ဆာလူနာတွေရဲ့၈၀ ရာခိုင်နှုန်းလောက်က အိပ်စက်ရခက်ခဲနေလို့ပါ။ ကင်ဆာလူနာတွေက သာမန်လိုတွေထက် insomnia(အိပ်မပျော်ခြင်း)ဖြစ်နိုင်ချေ နှစ်ဆပိုများပါတယ်။ကင်ဆာဝေဒနာရှင်တစ်ယောက်ဟာ အိပ်ရခက်ခြင်း၊ ညဘက်ခဏခဏနိုးခြင်း၊ မနက်အစောကြီးနိုးပြီး ပြန်အိပ်မရခြင်းတွေဖြစ်ကြပါတယ်။ သင်ဟာ ဒီအခြေအနေတွေကို အနည်းဆုံးတစ်ပတ် ၃ ရက်တော့ကြုံရပါလိမ့်မယ်။ ပြီးတော့ ဆက်တိုက်ဆိုသလို နေ့ခင်းဘက်မှာလည်း သင့်ကိုယ်လုပ်ငန်းစဉ်တွေကို ယိုယွင်းစေခြင်း ဒါမှမဟုတ် ပူပင်သောကရောက်ခြင်း ဖြစ်နေပါလိမ့်မယ်။လေ့လာသူတွေက Insomnia(အိပ်မပျော်ခြင်း)က သင့်ကိုပင်ပန်းစေခြင်း၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုအားနည်းစေခြင်း၊ စိတ်ခံစားမှုအနှောင့်အယှက်ဖြစ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းတို့ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ရေရှည်မှာ ဒါကသင့်ရဲ့ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်စေပြီး အသက်တိုစေခြင်းနဲ့ ခုခံအားကျဆင်းခြင်းတို့ဖြစ်စေပါတယ်။ ဒါကြောင့်သင့်အနေနဲ့ insomnia အပါအဝင် အိပ်စက်ခြင်းပြသနာတွေကို ကုသဖို့လိုအပ်ပါတယ်။သင့်မှာကင်ဆာရှိကြောင်း သိလိုက်ရတာနဲ့ သင့်ကိုစိတ်ဖိစီးစေပါပြီ။ ဒီအချက်ကိုက သင့်ကို ကောင်းကောင်းအိပ်လို့မရစေတော့ပါဘူး။ ကင်ဆာကပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်တဲ့အတွက် ဒါကြီးက ငါ့ဘဝကိုဖျက်ဆီးနိုင်ပါလားဆိုတဲ့ သင့်အတွေးကို နားလည်ပေးလို့ရပါတယ်။ ဒီလိုအတွေးတွေက သင့်ကိုညဘက်အိပ်မရအောင် လုပ်ပါလိမ့်မယ်။စိုးရိမ်ပူပန်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ဖိစီးခြင်းစတာတွေကလည်း သင့်ကို ပိုပြီးစိတ်ဖိစီးစေပါတယ်။ ဒါ့အပြင် သင့်မှာကင်ဆာရှိတာသိလိုက်ရတာနဲ့ သင့်မှာမသေချာမရေရာမှုတွေနဲ့ သင့်မိသားစုအတွက် စိတ်ပူပြီး ကြောက်လန့်တာတွေလည်း ဖြစ်နိုင်ပါတယ်။ သင်အကျွမ်းတဝင်မရှိတဲ့ ကုသမှုတွေအတွက်လည်း သင်ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ ရလဒ်အနေနဲ့ သင်ဟာ စိတ်ဖိစီးမှုမျိုးစုံအောက်မှာ နစ်မြုပ်ပြီး ဒါတွေက သင့်အိပ်စက်မှုကို နှောင့်ယှက်ပါလိမ့်မယ်။စိတ်ပိုင်းဆိုင်ရာ ပူပင်သောကအပြင် ကင်ဆာရဲ့ဆိုးကျိုးတွေနဲ့ ကုသမှုတွေရဲ့ဆိုးကျိုးတွေကလည်းပြသနာပါ။ ဒါတွေက သင့်ကိုစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေပေးပြီး ပုံမှန်အိပ်ချိန်ကို နှောင့်ယှက်ပါလိမ့်မယ်။ ကင်ဆာနဲ့ကုသမှုတွေရဲ့ဆိုးကျိုးတွေကတော့ နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်းနဲ့ အရေပြားပူလောင်ခြင်းတို့ဖြစ်ပါတယ်။ ဒါတွေက သင့်ကိုအိပ်စက်မရအောင်လုပ်ပါလိမ့်မယ်။ ကင်ဆာကိုကုသတဲ့ကုသနည်းတွေနဲ့ အဓိကဆိုးကျိုးကိုက Insomnia(အိပ်မပျော်ခြင်း) ဖြစ်စေခြင်းပါဘဲ။ ကင်ဆာနဲ့ကုသမှုတွေကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကလည်း သင့်ကိုအိပ်မရဖြစ်စေပါတယ်။ ဓါတ်ကင်ခြင်းကုသခြင်းက သင့်အိပ်စက်မှုစက်ဝိုင်းကို ကမောက်ကမဖြစ်စေပြီး နိုးထခြင်းနဲ့အိပ်ငိုက်ခြင်းကို ရှုပ်ထွေးစေပါတယ်။သင့်အိပ်စက်ခြင်းပြသနာတွေကအကြာကြီးဖြစ်နေတာမကောင်းပါဘူး။ တကယ်လို့ဒီအိပ်စက်ခြင်းပြသနာတွေကိုသင်အိမ်မှာတစ်ယောက်တည်းထိန်းချုပ်လို့အဆင်မပြေရင်သင့်ဆရာဝန်ကဖြစ်စေတဲ့အဓိကအကြောင်းအရင်းနဲ့ ဆေးနည်းကုသနည်းတွေကိုမေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%85%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း )
ချက်တစ်ဝိုက်အူကျွံခြင်းသည် ဝမ်းဗိုက်ကြွက်သားများရှိ ချက်အပေါက်အတွင်းသို့ အူအစိတ်အပိုင်း ထိုးဝင်လာခြင်းဖြစ်သည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် အဖြစ်များပြီး ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။မွေးကင်းစမှတစ်နှစ်သားများတွင် အဖြစ်မျာသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစမှတစ်နှစ်သားများတွင် ချက်တစ်ဝိုက်အူကျွံခြင်းသည် အထူးသဖြင့် မွေးကင်းစ ငိုရာမှ ချက်စူထွက်လာပြီး ကျွံခြင်းဖြစ်သည်။ချက်တစ်ဝိုက်အူကျွံခြင်းသည် ချက်တစ်ဝိုက်တွင် မနာကျင်သော အဖုအနေဖြင့် ပေါ်လာပါသည်။ ရယ်ခြင်း ချောင်းဆိုးခြင်း ငိုခြင်း ဝမ်းညှစ်ခြင်း စသည့်အချိန်များတွင် ပိုဖောင်းလာပြီး လှဲလိုက်လျှင် စိတ်လျော့လိုက်လျှင် လျော့သွားတတ်ပါသည်။ဖြစ်ရပ်အများအပြားတွင် ချက်တစ်ဝိုက်အူကျွံခြင်း ပြန်ဝင်သွားပြီး ကလေးတစ်နှစ်မပြည့်ခင် ကြွက်သားများ ပြန်ပိတ်သွားတတ်၏။ ချက်တစ်ဝိုက်အူကျွံခြင်းသည် လူကြီးများတွင်လဲ ဖြစ်ပွားနိုင်သည်။ ကုသမှုမခံယူပါက အချိန်ကြာသည်နှင့် ပိုဆိုးလာနိုင်၏။ချက်တစ်ဝိုက်အူကျွံခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ချက်တစ်ဝိုက်အူကျွံခြင်းသည် ချက်အနီးတွင် ပျော့သည့် အဖုအဖောင်းတစ်ခုကို ပေါ်လာစေသည်။ ကလေးတွင် ချက်တစ်ဝိုက်အူကျွံပါက ကလေးငိုသည့်အခါ ချောင်းဆိုးသည့်အခါ ညှစ်သည့်အခါတွင်မှ အဖုအဖောင်းကို သတိထားမိနိုင်သည်။ ကလေးငြိမ်သွားသည်နှင့်။သို့မဟုတ် လှဲသည်နှင့် အဖုသည် ပျောက်သွားနိုင်သည်။ကလေးများတွင်ဖြစ်သော ချက်တစ်ဝိုက်အူကျွံခြင်းသည် များသောအားဖြင့် မနာကျင်တတ်ပါ။ လူကြီးများတွင်လည်း ချက်တစ်ဝိုက်အူကျွံခြင်း ဖြစ်နိုင်သည်။ လက္ခဏာများကမူ အတူတူပင်ဖြစ်သည်။ – ချက်အနီးတစ်ဝိုက်တွင် အဖုအဖောင်းပေါ်လာပြီး တစ်ခါတစ်ရံ အလွန်နာတတ်ပါသည်။ အရွယ်ရောက်ပြီးမှ ချက်တစ်ဝိုက်အူကျွံပါက ဗိုက်တွင် သက်တောင့်သက်သာ မရှိတတ်ပါ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ကိုယ်ဝန်ဆောင်စဉ်တွင် ချက်ကြိုးသည် ကလေးဗိုက်ကြွက်သားများရှိ အပေါက်မှတစ်ဆင့် ဖြတ်ဝင်ရသည်ဖြစ်သည်။ ထိုအပေါက်သည် မီးဖွားပြီးနောက် ပိတ်သွား၏။ ဝမ်းဗိုက်အလယ်တွင် ကြွက်သားများ အပြည့်အ၀ မပိတ်ဘူးဆိုပါက ဝမ်းဗိုက်နံရံမှ ထိုအားနည်းသောနေရာသည် မွေးဖွားနေစဉ် သို့ နောက်ပိုင်းတွင် ချက်တစ်ဝိုက်အူကျွံခြင်း ကိုဖြစ်နိုင်သည်။ အဆီတစ်ရှူးများ သို့မဟုတ် အူအစိတ်အပိုင်းများ ချက်တစ်ဝိုက် နေရာလေးတွင် ကျွံပါက ချက်တစ်ဝိုက်အူကျွံခြင်းကိုဖြစ်စေပါသည်။အရွယ်ရောက်ပြီးသူများတွင် ဝမ်းဗိုက်အတွင်း ဖိအားများခြင်းသည် ချက်တစ်ဝိုက်အူကျွံခြင်းကို ဖြစ်စေနိုင်သည်။ အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားစေနိုင်သည့် အကြောင်းရင်းများမှာ-။ချက်တစ်ဝိုက်အူကျွံခြင်းသည် ကလေးများတွင် အဖြစ်များ၏။ အထူးသဖြင့် လမစေ့သောကလေးများနှင့် ပေါင်ချိန်မပြည့်သော ကလေးများတွင် အဖြစ်များသည်။ လူမည်းကလေးများတွင် ချက်တစ်ဝိုက်အူကျွံခြင်း ဖြစ်နိုင်ချေ အနည်းငယ် ပိုမြင့်နိုင်ပါသည်။ ယောက်ျားလေး မိန်းကလေး ဖြစ်နှုန်းအတူတူပင် ဖြစ်သည်။အရွယ်ရောက်ပြီးသူများအတွက် ဖြစ်ပွားနိုင်ချေမြင့်စေသည့်အချက်များမှာ –။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ချက်တစ်ဝိုက်အူကျွံခြင်းရှိမရှိ ကလေး သို့ အရွယ်ရောက်ပြီးသူကို ဆရာဝန်မှ စမ်းသပ် စစ်ဆေးပါလိမ့်မည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် ဗိုက်ထဲပြန်သွင်း၍ရမရ ဆရာဝန်မှ စမ်းပါလိမ့်မည်။ ကလေး သို့ အရွယ်ရောက်ပြီးသူတွင် အူပိတ်မိနေခြင်း သို့ ခေါက်နေခြင်း ရှိမရှိ စမ်းသပ်ပါမည်။ ပိတ်မိနေသော အူသည် သွေးထောက်ပံ့မှုမရဖြစ်သွားခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲပြဿနာဖြစ်သည်။ဗိုက်အား ဓါတ်မှန်ရိုက်ခြင်း အာထရာစောင်းရိုက်ခြင်း ပြုလုပ်ပြီး နောက်ဆက်တွဲပြဿနာများ ရှိမရှိ ဆုံးဖြတ်နိုင်ပါသည်။ ရောဂါပိုး ဝင်ခြင်းရှိမရှိ အထူးသဖြင့် အူပိတ်ခြင်း သို့ ခေါက်ခြင်းရှိလျှင် သွေးစစ်ခိုင်းနိုင်ပါသည်။ကလေးများတွင်ဖြစ်သော ချက်တစ်ဝိုက်အူကျွံခြင်းအများစုသည် အသက် ၁-၂နှစ်တွင် အလိုလို ပိတ်သွားနိုင်ပါသည်။ ဆရာဝန်မှ စမ်းသပ်နေစဉ် ဗိုက်ထဲသို့ ပြန်ထည့်ရနိုင်သည်။သို့သော်လည်း ကိုယ်ကိုယ်တိုင် လုပ်မကြည့်ပါနှင့်။ တစ်ချို့လူများမှ အူကျွံနေသည့် အဖုပေါ် အကြွေစေ့တင်ထားပြီး ကုသနိုင်သည်ဟု ဆိုသော်လည်း မမှန်သည့်အပြင် ပိုးကူးစက်နိုင်ချေ ပိုများပါသည်။ကလေးများအတွက် ခွဲစိတ်ခြင်းကို အောက်ပါတို့ဖြစ်မှသာ လုပ်နိုင်ပါသည်။၁.၅ စင်တီထက် ပိုကြီးလာခြင်း (လက်မဝက်ထက် အနည်းငယ်ပိုကြီးခြင်း)။အသက် ၂ နှစ်အတွက်း အရွယ်အစားသေးမသွားပဲ ပိုကြီးလာခြင်း။အသက် ၄ နှစ်ရောက်သည်အထိ ပျောက်မသွားခြင်း။အူများ ပိတ်ခြင်း ခေါက်ခြင်း ဖြစ်သည့်အခါ။အူသို့သွေးမလျှောက်တော့ခြင်း။အရွယ်ရောက်ပြီးသူများတွင် ဖြစ်နိုင်ချေရှိသည့် နောက်ဆက်တွဲများကို ရှောင်ရန်အတွက် ခွဲစိတ်ရန် အကြံပြုထားသည်။ အထူးသဖြင့် ချက်တစ်ဝိုက်အူကျွံခြင်းသည် ပိုကြီးပြီး ပိုနာလာသည့်အခါမျိုးတွင် ပိုလိုသည်။ခွဲစိတ်နေစဉ် ချက်အောက်ခြေတွင် သေးငယ်သော ခွဲစိတ်မှုလေး လုပ်မည်ဖြစ်သည်။ ကျွံနေသော တစ်ရှူးများကို ဝမ်းဗိုက်ခေါင်းထဲ ပြန်ထည့်ပြီး ဝမ်းဗိုက်နံရံအပေါက်အား ချုပ်ပိတ်မည်ဖြစ်သည်။ အရွယ်ရောက်ပြီးသူများတွင် ဝမ်းဗိုက်နံရံ သန်မာစေရန် စကာပေါက်ကို မကြာခဏ အသုံးပြုတတ်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကချက်တစ်ဝိုက်အူကျွံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ချက်တစ်ဝိုက်အူကျွံခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အဝလွန်နေလျှင် ဝိတ်လျော့ပါ။လေးပင်သည့်အရာများအာ မဖို့ ရွေ့ဖို့ မကြိုးစားပါနှင့်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/umbilical-hernia-%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%9d%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%a1%e1%80%b0%e1%80%80%e1%80%bb%e1%80%bd%e1%80%b6%e1%80%81%e1%80%bc/
ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း
ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာကautoimmune disorderတစ်မျိုးပါ။ မြင်သာတဲ့လက္ခဏာအနေနဲ့အရေပြားမှာ နီမြန်းတာ၊ အဖက်တွေ လန်တာမျိုး တွေ့ရနိုင်ပါတယ်။အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ရောဂါမဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။အရေပြားကို နီမြန်းယားယံစေပြီး အရေပြားအဖက်တွေ လန်တဲ့ ဆိုရီရေးစစ် အရေပြားပြဿနာ ခံစားနေရပြီဆိုရင်။အရေပြား ခြောက်သွေ့မှုက ဆိုရီးရေးစစ် အရေပြား ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် အရေပြားကိုအစိုဓာတ်ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အစိုဓာတ်ထိန်းစက် ဖွင့်ထားတာမျိုး လုပ်ပေးပါ။ဆပ်ပြာတွေ အများစုမှာ အမွှေးနံ့တွေ ပါသလို ဆိုးဆေးတွေလည်း ပါပါတယ်။ ဒါတွေက အရေပြားကို မသက်မသာဖြစ်စေပါတယ်။ ဒီဆပ်ပြာတွေက အနံ့ကောင်းတာ မှန်ပေမယ့် ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့် ဆပ်ပြာ ရွေးချယ်တဲ့အခါ အမွှေးနံ့ ပြင်းလွန်းတာ၊ ဓာတုပစ္စည်းများလွန်းတာတွေကို ရှောင်ပါ။ “sensitive skin”  အတွက်လို့ ထုတ်ထားတာကို ရွေးပေးပါ။အစားအသောက်ကလည်း ဆိုရီရေးစစ်ကို ထိန်းချုပ်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် အစားအစာ ရွေးချယ်တဲ့အခါ အနီရောင် အသား၊ ပြည့်ဝဆီ၊ သန့်စင်ထားတဲ့ သကြား၊ ကာဗိုဟိုက်ဒရိတ်၊ အယ်လ်ကိုဟော စတာတွေကို ရှောင်ပါ။ ဒီအစားအစာတွေက အရေပြားပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ငါး၊ အစေ့အဆန်၊ အခွံမာသီး၊omega-3 fatty acidsကြွယ်ဝတာတွေကို စားပေးပါ။ ဒီအစားအစာတွေက ဆိုရီရေးစစ်ကို သက်သာစေနိုင်ပါတယ်။သံလွင်ဆီက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ သံလွင်ဆီကို အရေပြားပေါ်မှာ လိမ်းပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက အရေပြားကို ကျန်းမာစေပြီး ဆိုရီရေးစစ် ပြဿနာကို သက်သာစေနိုင်ပါတယ်။ဆိုရီရေးစစ် အပါအဝင် ကျန်းမာရေး ပြဿနာ အများစုရဲ့ အရင်းခံက စိတ်ဖိစီးတာပါ။ စိတ်ဖိစီးတဲ့အခါ အရေပြားပြဿနာက ပိုဆိုးလာပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ယောဂလေ့ကျင့်တာမျိုး ပုံမှန် လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။အရက်ကလည်း ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် ပြဿနာ ရှိမယ်ဆိုရင် အရက်မသောက်ပါနဲ့။ အယ်လ်ကိုဟောပါတဲ့ သောက်စရာကို ရှောင်ပါ။နနွင်းက ရောဂါတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်နေ့ကို နနွင်း ၁.၅ ဂရမ် ဒါမှမဟုတ် ၃.၀ ဂရမ် စားပေးတာက ဆိုရီရေးစစ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဆေးလိပ် သောက်တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က ဆိုရီရေးစစ် ပြဿနာကို ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် အရေပြားပြဿနာကို သက်သာစေဖို့ဆိုရင် ဆေးလိပ် မသောက်ပါနဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/psoriasis/healthy-tips-for-psoriasis/
ဧရာဝတီတိုင်းဒေသကြီး
Ph: 045-31126။မြို့လည်ပရိယတ္တိစာသင် တိုက်ဝန်း၊အမှတ်(၄) ရပ်ကွက်,မအူပင်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။Ph: 09250734200။မအူပင်မြို့/12ရပ်ကွက်/မြို့သစ်2လမ်း၊မအူပင် ဧရာဝတီတိုင်းဒေသကြီး။Ph: 09422503759 ,0936264431,0925023592,0925301471။ချောင်းသာကမ်းခြေ/ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်ခွဲရုံး၊ရွှေသောင်ယံခွဲ၊ချောင်းသာကမ်းခြေ ရွှေသောင်ယံခွဲ ဧရာဝတီတိုင်းဒေသကြီး။Ph: 09422553399။မြို့နယ်ပြည်သူ့ဆေးရုံ၊ ပန်းတနော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။Ph :09250232141 ,09250232142။ပန်းတနော်မြို့ ဧရာဝတီတိုင်း။၊ပန်းတနော်မြို့ ဧရာဝတီတိုင်းဒေသကြီး။Ph: 09250121929။ရတနာပုံ(၁)လမ်း၊အ နောက်ပိုင်းရပ်ကွက်၊ပန်းတနော်မြို့ ဧရာဝတီတိုင်းဒေသကြီး။Ph: 09784362185။ဘန်ဘွေးကုန်း၊မြန်အောင် ဧရာဝတီတိုင်းဒေသကြီး။Ph: 0931531444။ဗောဓိပင်လမ်း သောကြာပတ်ဆွမ်းသင်း အနီး အမှတ် (၃)ရပ်ကွက်၊မြန်အောင် ဧရာဝတီတိုင်းဒေသကြီး။Ph: 09422477789။မဟာဗန္ဓုလလမ်းမကြီး ၅လမ်းထိပ်၊မော်လမြိုင်ကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီး။Ph: 098550754, 04232216။တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ရအက(၃)နယ်မြေ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။Ph: 09 49727071 , 0949757550။အမှတ် ၅၁ ပြည်တော်သာတိုက် ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။9422477766။ဒါးကရွာ ကန်ကြီးထောင့်မြို့နယ် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ဧရာဝတီတိုင်းဒေသကြီး။09 31159444 ,09422492485။အမှတ် ၁ ရပ်ကွက် ဘောလုံးကွင်းလမ်း ကန်ကြီးထောင့်မြို့ ဧရာဝတီတိုင်းဒေသကြီး။0931159444 ,09422492485။အမှတ်{၁}ရပ်ကွပ်ဘောလုံးကွင်းလမ်း ကန်ကြီးထောင့်မြီု့၊ ဧရာဝတီတိုင်းဒေသကြီး။Ph: 0931154452။ခွင်ကောက် အင်ဂပူမြို့နယ်၊ ဧရာဝတီတိုင်း၊အင်္ဂပူမြို့နယ် ဧရာဝတီတိုင်းဒေသကြီး။Ph: 09422527881။ထူးကြီး၊အင်္ဂပူမြို့နယ်၊ဧရာဝတီတိုင်းဒေသကြီး၊အင်္ဂပူမြို့နယ် ဧရာဝတီတိုင်းဒေသကြီး။Ph: 098560149, 098560151။တိလောကမာရဇိန်ဘုရားကြီးဝန်း၊အမှတ်(၃)ရပ်ကွက်၊ကျိုက်လတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီ:။Ph: 098580204, 04422333, 0931143591, 098580384။ဓမ္မဗိမာန်ကျောင်းတိုက်၊ ပန်းပဲတန်းရပ်။ ဟင်္သာတမြို့ ဧရာဝတီတိုင်းဒေသကြီး။Ph: 098580384.,0931143591။ဓမ္မဗိမာန်ကျောင်းတိုက်။ ပန်းပဲတန်းရပ်။ ဟင်္သာတမြို့။၊ဟင်္သာတမြို့ ဟင်္သာတမြို့ ဧရာဝတီတိုင်းဒေသကြီး။Ph: 04422666,0949766977, 0936315538,0936315537။ဓမ္မဗိမာန်ကျောင်းတိုက်။ ပန်းပဲတန်းရပ်။ ဟင်္သာတမြို့ ဧရာဝတီတိုင်းဒေသကြီး။Ph: 09451241486, 0936317778, 31792398။ဓမ္မဗိမာန်ကျောင်းတိုက်၊ပန်းပဲတန်းရပ်။ ဟင်္သာတမြို့၊ဟင်္သာတမြို့ ဟင်္သာတမြို့ ဧရာဝတီတိုင်းဒေသကြီး။Ph: 09 31220555။ညောင်တုန်းမြို့၊32လမ်းထိပ်၊ညောင်တုန်းမြို့ ဧရာဝတီတိုင်းဒေသကြီး။Ph: 09450058240။မြို့မ (၂) ရပ်ကွက် ၊အရံမီးသတ် တပ်ဖွဲ့ရှေ့၊ကန်သာယာလမ်းထိပ်၊ပြွန်တန်ဆာမြို့၊ညောင်လေးပင် ဧရာဝတီတိုင်းဒေသကြီး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%a7%e1%80%9b%e1%80%ac%e1%80%9d%e1%80%90%e1%80%ae%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%92%e1%80%9e%e1%82%80%e1%80%80%e1%80%ae%e1%80%b8/
အသည်းကင်ဆာမှာအသုံးပြုတဲ့ ဓါတုကုထုံး
ဓါတုကုထုံးကို အထူးသဖြင့် ကင်ဆာကုရာမှာရောဂါစွဲကပ်နေတဲ့ ဆဲလ်တွေကို ဖျက်ဆီးဖို့အသုံးပြုပါတယ်။ဓါတုကုထုံးကို တစ်ကိုယ်လုံးမှာ အသုံးပြုပါတယ်။ ဒီကုသမှုမှာ ကင်ဆာဆန့်ကျင်တဲ့ဆေးတွေကို ထိုးသွင်းပြီးတော့ပဲဖြစ်ဖြစ် သောက်သုံးပြီးတော့ပဲဖြစ်ဖြစ် အသုံးပြုပါတယ်။ ဒီဓါတုဆေးတွေက သွေးကြောတွေကတစ်ဆင့် တကိုယ်လုံးကိုရောက်မှာပါ။ ဓါတုကုထုံးကို မူလအသည်းကင်ဆာအတွက် အသုံးမပြုပါဘူး။ အကြောင်းကတော့ ကံမကောင်းစွာနဲ့ဘဲ အသည်းကင်ဆာက ဓါတုဆေးဝါးတော်တော်များများကို ခံနိုင်လို့ပါ။ သည်ကင်ဆာမှာအ သုံးအဝင်ဆုံးအထိရောက်ဆုံး ဓါတုဆေးတွေကတော့ doxorubicin (Adriamycin), 5 fluorouracil နဲ့ cisplatin တို့ဘဲဖြစ်ပါတယ်။ဓါတုဆေးတွေက ကင်ဆာအကျိတ်ရဲ့အစိတ်အပိုင်းအနည်းငယ်ကိုပဲ ကျုံ့ပေးနိုင်ပြီး အကြာကြီးမခံနိုင်ပါဘူး။ ဓါတုဆေးတွေကို အထူးသဖြင့် ထပ်ပွားတဲ့ကင်ဆာ သို့မဟုတ် အသည်းကင်ဆာခွဲစိတ်မှု မစခင် ကင်ဆာဖြစ်နေတဲ့ပမာဏသေးသွားအောင်လုပ်တဲ့နေရာမှာသုံးပါတယ်။ သူတို့ကို ခွဲစိတ်မှုအပြီးမှာ ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ဖို့သုံးပါတယ်။ အကြောင်းက ဓါတုဆေးတွေက နေရာတော်တော်တော်များများဆီရောက်နိုင်ပြီး တခြားအင်္ဂါဆီကူးသွားတဲ့ ကင်ဆာကိုလည်း ကုနိုင်ပါတယ်။ သူတို့ကို ကင်ဆာပြန့်နှုန်းနှေးစေဖို့နဲ့ နာကျင်မှုလျှော့ချဖို့အတွက်လည်း သုံးပါတယ်။ဒီဓါတုဆေးတွေက ဘေးထွက်ဆိုးကျိုးရှိပြီး တစ်ကိုယ်လုံးပြန့်တဲ့အတွက် ကျန်းမာတဲ့ဆဲလ်တွေကိုပါ သက်ရောက်မှုရှိပါတယ်။ ဓါတုဆေးတွေက သင့်အပေါ်ဘယ်လိုသက်ရောက်မလဲဆိုတာက သင့်ကျန်းမာရေး၊ အသည်းအလုပ်လုပ်မှု၊ အသည်းအမာရွတ်စွဲရှိမရှိပေါ်မှာ မူတည်ပါတယ်။Chemoembolisation ဒါမှမဟုတ် TACE က ဓါတုကုထုံးနဲ့embolisation ပေါင်းစပ်ထားတဲ့ ကုထုံးပါ။ ဒီကုသမှုမှာ ဓါတုဆေးတွေက ကင်ဆာဆီကို အပို့ခံရပြီး embolisation နဲ့ ပိတ်ဆို့ခံထိသွားပါတယ်။ ဒီကုသမှုနဲ့ ဆရာဝန်တွေက ကင်ဆာအကျိတ်ကိုဘဲ အဓိကပစ်မှတ်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးအများကြီးမရှိဘဲ ဆေးအပြင်းတွေသုံးလို့ရပါတယ်။TACE က ထပ်ပွားတဲ့ ကင်ဆာအတွက် သုံးတာနည်းပါတယ်။ကုသမှုမစခင်မှာ သင့်ကိုထုံဆေး သို့မဟုတ် စိတ်ငြိမ်ဆေးပေးပါမယ်။ ကုသမှုအတွင်းမှာ ဓါတုဆေးတွေကို ပြွန်နဲ့ သင့်ကိုယ်ထဲသွင်းပြီး အဲဒီပြွန်ထဲမှာပဲပြွန်အသေးလေးတစ်ခုကို အသည်းသွေးလွှတ်ကြောထဲ ထည့်လိုက်ပါတယ်။ ပြီးတာနဲ့ ဓါတုဆေးတွေကို ထည့်ပါပြီ။ အဲဒီဆေးတွေက သွေးလွှတ်ကြောကနေတစ်ဆင့် အကျိတ်ဆီကို ရောက်မှာပါ။ အကျိတ်ဆီကိုသွားတဲ့ သွေးလွှတ်ကြောအသေးတွေမှာ သေးငယ်ပြီးနူးညံ့တဲ့ ရေမြှုပ်လေးတွေနဲ့ ပိတ်ပါမယ်။ ဒါက သွေးလွှတ်ကြောတွေကိုပိတ်လိုက်ပြီး ဓါတုဆေးတွေကို အကျိတ်မှာဘဲရှိနေစေပြီး ကင်ဆာကို အောက်ဆီဂျင်နဲ့ အာဟာရတွေပြတ်စေပါတယ်။ဒီကုသမှုကပုံမှန်အားဖြင့်တစ်ကြိမ်ဒါမှမဟုတ်လအနည်းငယ်တစ်ကြိမ်ဘဲ ပေးပါတယ်။TACE ကုသမှုပြီးတိုင်းသင် လေးနာရီလောက်လှဲနေရပါမယ်။ ဆေးရုံမှာလည်းရက်အနည်းငယ်နေရပါမယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%99%e1%80%be%e1%80%ac%e1%80%a1%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%bc%e1%80%af%e1%80%90/
နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား
နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား ဆိုတာ ပြောပြချင်ပါတယ်။နေပူထဲ သွားရင်အသားမည်းမယ် ဆိုတာက နောက်၊ရေဓာတ် ဆုံးရှုံးတာက အရင်ပါ။ ရေဓာတ် ဆုံးရှုံးမှုကို ပြန်ဖြည့်ဖို့ ရေကို သောက်ရတာထက် လန်းဆန်းသွားအောင်ဆိုပြီးenergy drinkသောက်တာ ရှိသလိုဓာတ်ဆားရည်တွေလိုမျိုး သောက်စရာတွေကို သောက်ကြပါတယ်။ဒီသောက်စရာတွေထဲမှာ ဘယ်အရာက အသင့်တော်ဆုံး ဖြစ်မယ် ထင်လဲ။ ကိုယ်ထင်ထားတဲ့ အဖြေ မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ရအောင်နော်။ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ။ ကိုယ်တွင်း အပူချိန်ကို ထိန်းချုပ်တာက စလို့ တစ်ရှူးတွေ၊ အဆစ်တွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ခန္ဓာကိုယ်က ဆဲလ်တိုင်း၊ တစ်ရှူးတိုင်းနဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ရေကို မဖြစ်မနေအပ်ပါတယ်။ခန္ဓာကိုယ်က လုံလောက်တဲ့ ရေပမာဏကို မရရှိတဲ့အခါ ရေဓာတ်ခမ်းခြောက်မှု ဖြစ်ပြီး။ရေဓာတ် နည်းပါးတာက သောက်သုံးတဲ့ ရေပမာဏပေါ်မှာတင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကနေ ရေဓာတ်တွေ ထွက်သွားစေတဲ့။နေပူထဲ တစ်နေကုန်နေရသူ က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ဖို့ဆိုရင်ရေသောက်ပြီး ဖြည့်လို့ရသလိုဓာတ်ဆားရည်ကိုလည်း သောက်လို့ရပါတယ်။ energy drink တွေကတော့ မကြာခဏမသောက်သင့်ပါဘူး။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို တူတူဖတ်ကြည့်ရအောင်နော်။ဓာတ်ဆားရည်က နေပူထဲ တစ်နေကုန် နေရတာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အထိရောက်ဆုံး ဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်တို့လိုမျိုးElectrolytesတွေကို ဖြည့်ပေးပါတယ်။ ကိုယ်တွင်းက Electrolytes ပမာဏကို ထိန်းညှိပေးပါတယ်။ဓာတ်ဆားရည်မှာ ပါဝင်တဲ့ နောက်တစ်ခုကကာဗိုဟိုက်ဒရိတ်ပါ။ ဓာတ်ဆားရည်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ကသကြားကနေ ရရှိတာပါ။ ခန္ဓာကိုယ်ကို အင်အားဖြည့်ပေးပြီး ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။နောက်ဆုံး တစ်မျိုးကတော့အမိုင်နိုအက်ဆစ်ပါ။ ကိုယ်တွင်းမှာပရိုတင်းပြည့်ဝစေဖို့ လိုအပ်တဲ့အရာပါ။ ဒီလို ပရိုတင်း ပါဝင်မှုက ခန္ဓာကိုယ်ကို အင်အား ပြည့်ဝစေပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ စွမ်းအင်တွေကို အမြန်ဆုံး ပြန်ဖြည့်ပေးနိုင်မှာပါ။Energy drink တွေက လျှာထဲမှာအရသာရှိတာ မှန်ပေမယ့် ခန္ဓာကိုယ်အတွက် အာဟာရတော့ မဖြစ်စေပါဘူး။ နောက်တစ်ချက်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ဖို့ ဆိုတာထက်အားဖြည့်အချိုရည်တွေမှာကဖင်းပါဝင်နေတာက ရေဓာတ်ကို ပိုဆုံးရှုံးစေနိုင်ပါတယ်။ သောက်လိုက်တဲ့ ခဏတာမှာ လန်းဆန်း သလို ခံစားရပေမယ့် ခန္ဓာကိုယ်ထဲက ရေဓာတ် များစွာ ဆုံးရှုံးသွားတာပါ။နောက်တစ်ချက်က အားဖြည့်အချိုရည်တွေမှာ သကြားဓာတ်ပါဝင်မှုက များလွန်းပါတယ်။ ဒါကသွေးချိုကို မြင့်စေပြီး ခန္ဓာကိုယ်မှာ ထိခိုက်မှု များစွာ ဖြစ်စေနိုင်ပါတယ်။ Energy drink တွေကို အမြဲလိုလို သောက်တာက အဝလွန်တာတွေကို ဖြစ်စေနိုင်သလိုနှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်စေပြီး ပင်ပန်းမှုကို ပိုခံစားရနိုင်ပါတယ်။ဒါ​ကြောင့် နေပူထဲ တစ်နေကုန်နေရသူ တွေ အနေနဲ့ အကောင်းဆုံးသော သောက်စရာကတော့ energy drink မဟုတ်ပါဘူး။ ဓာတ်ဆားရည်ပါ။ ဓာတ်ဆားရည်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြည့်ဝစေအောင် ဖြည့်ပြီးစိတ်ရောကိုယ်ပါအမှန်တကယ် လန်းဆန်းစေမှာပါ။အထူးသဖြင့်တော့ မကြာခဏသောက်တာကို ရှောင်သင့်ပါတယ်။ ရံဖန်ရံခါဆို ပြဿနာမကြီးပေမယ့် ခဏခဏ သောက်မယ်ဆိုရင်တော့ အပေါ်က ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/energy-drink-vs-ors/
ကျောင်းပိတ်ရက်မှာ သားသားမီးမီးနဲ့ မေမေတို့ ဘာတွေအတူတူလုပ်ကြမယ် စိတ်ကူးလဲ.....
မကြာခင်မှာအိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ကျောင်းပိတ်ရက်ရောက်လာတော့မယ်နော်။ ဒီအချိန်က မေမေရော သားသားမီးမီးတွေပါ စိတ်အလှုပ်ရှားဆုံးအချိန်ဆိုလည်း ဟုတ်ပါတယ်။ ပိတ်ရက်မှာ အိမ်မှာနေမယ့်သားသားမီးမီးတို့ကို တစ်ချိန်လုံး အော်မနေရစေဖို့ မေမေတို့အနေနဲ့ အခုကတည်းက ဘာတွေလုပ်မလဲဆိုတာကို အစီအစဉ်ချထားနိုင်မှ တော်ကာကျမှာနော်။ ဒီတော့ပိတ်ရက်ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်မရှိသေးဘူးဆိုရင် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ကျောင်းပိတ်ရက်မှာမေမေတို့အနေနဲ့ သားသားမီးတို့ရဲ့ တိုးတက်မှုအတွက်ဖြစ်ဖြစ် ချစ်ခင်မှုတွေတိုးလာစေဖို့ဖြစ်ဖြစ် ဒီလုပ်ဆောင်မှုလေးတွေကို အတူတူလုပ်ဆောင်လို့ရပါတယ်။အတူတူဈေးဝယ်ထွက်မယ်။ဈေးဝယ်ထွက်တဲ့အခါသားသားမီးမီးတွေကို အတူခေါ်သွားပေးပါ။ ဒီလိုခေါ်သွားတာက သူတို့လေးတွေကို အတွေ့အကြုံရစေပြီး အစားကောင်းကောင်းစားစေဖို့လည်း အထောက်အပံ့ဖြစ်စေမှာပါ။ ဒီလိုလုပ်တာက မေမေနဲ့ ကလေးတို့ကြားမှာသံယောဇဉ်လည်း ပိုတိုးစေနိုင်ပါတယ်။သစ်ပင်လေးတွေအတူတူစိုက်ကြမယ်။ဒါကပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို ကလေးကိုသဘာဝတရားနဲ့ထိတွေ့ခွင့်ပေးတာကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမှာပါ။အတူတူဟင်းချက်မယ်။ကလေးက ငယ်သေးတယ်ဆိုရင် ဟင်းဝိုင်းမြည်းခိုင်းတာမျိုး ဘာဟင်းစားမယ်ဆိုတာကို အစီအစဉ်ဆွဲခိုင်းတာမျိုးလောက် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုအစားစားချင်စိတ်ဖြစ်စေနိုင်သလို မေမေနဲ့ သူတို့လေးတွေကြားမှာ ယုံကြည်နားလည်မှုတွေတိုးလာစေမှာပါ။လေ့ကျင့်ခန်းအတူတူလုပ်မယ်။ကလေးတွေနဲ့ အတူတူကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက မေမေရော ကလေးကိုပါကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ဒါက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပြီး မေမေနဲ့ ကလေးကိုချစ်ခြင်းမေတ္တာတိုးစေနိုင်မှာပါ။ခရီးအတူတူသွားမယ်။မရောက်ဖူးသေးတဲ့နေရာကို ခရီးအတူတူသွားပြီး အတွေ့အကြုံသစ်တွေကို အတူရယူပါ။ ဒါက ကလေးကို အတွေ့အကြုံသစ်တွေရစေနိုင်သလို စိတ်ပျော်ရွှင်မှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။ ခရီးရှည် မသွားဖြစ်ရင်တောင် နေ့ချင်းပြန်ခရီးတိုလေးဖြစ်ဖြစ် သွားပါ။ပုံပြင်တွေပြောပြမယ်။ကလေးတွေကို ပုံပြောပြတာက စကားလုံးတွေကြွယ်ဝစေနိုင်သလို အတွေးအမြင်သစ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးကို အိပ်ရာဝင်ချိန်မှာ ပုံပြောပြတာက သူတို့လေးတွေကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ပန်းချီ အတူတူဆွဲမယ်။ပန်းချီဆွဲတာက ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းကို တိုးစေနိုင်သလိုအာရုံစူးစိုက်နိုင်စွမ်းကောင်းစေပြီး လက်ချောင်းလေးတွေကို သန်စွမ်းစေနိုင်ပါတယ်။ ဒါကြောင့် အပျင်းလည်းပြေ ခံစားချက်တွေလည်းမျှဝေလို့ရပြီး ကလေးကိုလည်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးဖွံ့ဖြိုးစေချင်တယ်ဆိုရင် ပန်းချီဆွဲပါ။ဂီတတူရိယာတစ်ခုခု အတူတူတီးခတ်ပါ။ကလေးကိုဉာဏ်ရည်ဖွံ့ဖြိုးစွာ ကြီးပြင်းလာစေဖို့ဆိုရင် ငယ်စဉ်အချိန်မှာကတည်းက ဂီတ တူရိယာတစ်ခုခု တီးခတ်တတ်အောင်သင်ပေးပါ။ ကလေးကို သင်ပေးရင်း မေမေလည်း အတူတူသင်တဲ့အခါ နှစ်ဦးကြား ရင်းနှီးမှုပိုရမှာဖြစ်သလို ကလေးကိုလည်း အကောင်းဆုံး ဉာဏ်ရည်ဖွံ့ဖြိုးစေနိုင်မှာပါ။ပဟေဠိအတူတူဖြေပါ။ဒါက အပန်းပြေစေနိုင်သလို စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း တိုးစေနိုင်ပါတယ်။ စကားလုံးလေးတွေ ဆက်တာဖြစ်ဖြစ်၊ ရုပ်ပုံလေးတွေ ဆက်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက အပျင်းလည်းပြေစေပြီး ရင်းနှီးမှုလည်း ပိုရစေမှာပါ။ဒါတွေအပြင် ကလေးနဲ့အတူ ပြေးလွှားဆော့တာ၊ သူပြောပြတာလေးတွေကိုနားထောင်ပေးတာ။ သူသိချင်နေတဲ့ အရာလေးတွေကိုပြောပြပေးတာတွေလုပ်ရင်းကလေးတွေနဲ့ သူတို့ရဲ့နွေရာသီကျောင်းပိတ်ရက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလိုက်ပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/holiday-activities-for-kids/
အမွှေစိန်လေးတွေရဲ့ ကျောင်းပိတ်ရက်ရှည် ရောက်လာတော့မယ်နော်
နွေဦးရာသီရောက်လာပြီဆိုရင်တော့ ကလေးတို့မျှော်နေတဲ့ ကျောင်းပိတ်ရက်ရှည် ကြီး နီးကပ်လာပါပြီ။ အမွှေစိန်လေးတွေ အိမ်မှာမြဲပြီး ကဲကြမှာကို စိုးရိမ်နေတဲ့ မိဘတွေ ရှိကြပါတယ်။ ဒါပေမယ့် အလုပ်တွေ၊ ကျောင်းတွေနဲ့ လည်ပတ်နေရတဲ့ မိသားစုတွေ လူစုံတက်စုံရှိကြတဲ့အချိန်မို့ ပျော်စရာကောင်းမှာပါနော်။မိသားစုရဲ့ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးနိုင်မယ့်အချိန်လည်းဖြစ်လို့ ကလေးတွေကို စည်းကမ်းတွေအတင်းမချပါနဲ့၊ ပိတ်ရက်လေးတောင် ကျူရှင်ကိုပဲအတင်းမပို့ပါနဲ့။ ကလေးတို့လည်းအကျိုးရှိ၊ ပျော်ဖို့လည်းကောင်းတဲ့ အရာတွေလည်း ဖန်တီးရအောင်ပါ။အခွင့်အရေးရတုန်းလေး အမှတ်တရအဖြစ်ရောအပန်းဖြေခရီးအနေနဲ့ပါ ကျောင်းပိတ်ရက်ရှည် မှာမိသားစုလိုက်ခရီးတစ်ခုခုထွက်သင့်ပါတယ်။ ဘုရားဖူး သို့မဟုတ်ကမ်းခြေ ခရီးသွားတာမျိုးမှာ ပျော်ရွှင်စရာအမှတ်တရတွေဖန်တီးပါ။ ခရီးမှာတွေ့ရတဲ့ အသစ်အဆန်းတွေကို စူးစမ်းလေ့လာတဲ့ကလေးအတွက် သမိုင်းကြောင်းတွေ၊ ဗဟုသုတဖြစ်စရာလေးတွေ ပြောပြပေးပါ။အားလပ်ရက်မှာ ကလေးကို စန္ဒရား၊ တယော သို့မဟုတ် တူရိယာပစ္စည်းတစ်ခုခုကို တီးခတ်နည်းသင်ပေးလိုက်ပါ။ သားယောက်ျားလေးဆိုရင် ဂီတာတီးသင်ပေးတာလည်းကောင်းပါတယ်။ ဂီတဆိုတာ စိတ်ကိုသိမ်မွေ့စေတဲ့အရာမို့ ကလေးကိုစိတ်ထားနူးညံ့စေပြီး သွန်သင်ထိန်းသိမ်းရလွယ်စေနိုင်ပါတယ်။ရေလမ်းခရီးသွားတဲ့အခါ ဒါမှမဟုတ်ရေနဲ့နီးစပ်တဲ့နေရာမှာ ကစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ကလေးကိုရေကူးသင်ပေးပါ။ ကလေးတွေခေါ်ပြီး ဖေဖေမေမေတို့အတူရေကူးကန်သွားပါ၊ ကမ်းခြေမှာရေကစားရင်းရေကူးသင်ပေးလို့လည်းရပါတယ်။ ဒါမှရေမကြောက်ဘဲရေကူးကျွမ်းကျင်လာမှာဖြစ်ပါတယ်။ရေနဲ့ပတ်သက်တဲ့အသက်အန္တရာယ် စိုးရိမ်စရာမလိုအောင်အသက် ၅ နှစ်ကနေ ၁၃ နှစ်အရွယ်မှာရေကူးသင်လို့အကောင်းဆုံးဖြစ်ပါတယ်။ရေကူးခြင်းက ကလေးတွေကို အရပ်ပိုရှည်စေပြီး ခန္ဓါကိုယ်ကျစ်လျစ်ဖွံ့ဖြိုးစေတဲ့အားကစားလည်းဖြစ်ပါတယ်။ကလေးတွေကို တင်းနစ် အားကစားသင်ပေးပါ၊ တင်းနစ်ကစားရင်း အမြင်အာရုံ နဲ့လက်လှုပ်ရှားမှု အချိတ်အဆက်ပိုကောင်းစေပြီး လျင်မြန်သွက်လက်မှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုစွမ်းရည်တွေ ရရှိစေနိုင်ပါတယ်။ ကလေးက ငယ်သေးရင် ရွယ်တူချင်း ကြက်တောင်ရိုက် ကစားလို့ရပါတယ်။ပျော်စရာကစားနည်းဖြစ်လို့ မကစားတတ်လည်း သင်ယူရင်း လှုပ်လှုပ်ရှားရှားကစားရတာမို့ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ကိုယ်လက်လှုပ်ရှားမှုအဖြစ်၊ အားကစားအဖြစ်နဲ့ တိုက်ကွမ်ဒို၊ သိုင်းသင်တန်းလေးတွေ တက်ခိုင်းတာလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာတစ်ခုခု အခြေခံရထားတဲ့ကလေးဟာ ကိုယ်လက်လှုပ်ရှားမှုကြောင့် ကျန်းမာကြံ့ခိုင်တဲ့အပြင် အတိုင်းအတာတစ်ခုထိ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်။ကားရှင်း၊လူရှင်းတဲ့နေရာတွေ၊ ဒါမှမဟုတ် ညဘက်အချိန်တွေမှာ ကလေးကို စက်ဘီးစီးသင်ပေးနိုင်ပါတယ်။ စက်ဘီးစီးခြင်းက ကလေးရဲ့စိတ်မှာပေါ့ပါးလွတ်လပ်မှုကိုခံစားရစေရုံတင်မကသွေးလည်ပတ်မှုကောင်းစေခြင်း၊ ကြွက်သားတွေသန်မာစေခြင်းနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိပိုင်ဆိုင်စေပါတယ်။ကျောင်းပိတ်ရက်ရှည် အနားယူချိန်မှာ ဗဟုသုတရစရာ documentary တွေ၊ ပရိုဂရမ်တွေ အတူကြည့်ကြရင်း အကျိုးရှိစေနိုင်သလို သူတို့ကြိုက်တဲ့ ရုပ်ရှင်၊ အစီအစဉ်တွေကတဆင့် နိုင်ငံခြားဘာသာစကားကို ထိတွေ့ရင်းနှီးလာစေနိုင်ပါတယ်။ ကြည့်ရှုဖို့ကို အချိန်အကန့်အသတ်တော့ ထားပေးပါ။စာဖတ်ဖြစ်အောင်၊ စာဖတ်ချင်လာအောင် ပညာရပ်တအားမဆန်တဲ့ စိတ်ဝင်စားစရာစာအုပ်တချို့ဝယ်ထားပေးပါ၊ စာကြည့်ခန်း သို့မဟုတ် စားပွဲကိုနေချင့်စဖွယ်အပြင်အဆင်လေးလုပ်ထားပေးပါ။ ကာတွန်းဖတ်ချင်တယ်ဆိုရင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာပါတဲ့ ကာတွန်းစာအုပ်ကို ဝယ်ပေးပါ။ ဗဟုသုတဖြစ်စေမယ့် စာအုပ်အဆန်းလေးတွေ ရှာဝယ်ပေးပါ။ ဒိုင်ယာရီရေးခိုင်းတာလည်း စာရေးဖြစ်စေမယ့် ပံ့ပိုးမှုတစ်ခုဖြစ်ပါတယ်။ဒီလောက်ဆို ကလေးတွေရဲ့ကျောင်းပိတ်ရက်ပလန်အတွက် ဖေဖေမေမေတို့ အတွေးတစ်ချက်ရလောက်ပြီလို့ထင်ပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေတဲ့ ကလေးရဲ့ဦးနှောက်ကို အရွယ်နဲ့မလိုက်အောင် အတင်းမမောင်းပါနဲ့လို့ အကြံပြုချင်ပါတယ်။ မေမေတို့ စဉ်းစားဖို့က ပျော်ရွှင်မှုနဲ့ အနားယူမှုမရှိတဲ့ ဦးနှောက်လေးတွေက ဘယ်လောက်အတိုင်းအတာထိထက်မြက်လာနိုင်မယ်ထင်ပါသလဲ။ ဒီနည်းလေးတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%9b%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%8a%e1%80%ba/
မျက်လုံးက ပြောနေတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။
ကိုယ်ခန္ဓာ ဆိုတာကလည်း တစ်ကယ်ကို ထူးဆန်းတဲ့အရာတစ်ခုပါ။ တစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းတွေအားလုံးက ဆက်စပ်နေပြီး တစ်နေရာမှာ ရောဂါဖြစ်နေပြီ ဆိုတာနဲ့ ဖြစ်နေတဲ့ ရောဂါနဲ့ ပက်သက်တာတွေက ကိုယ်ခန္ဓာအစိတ်အပိုင်းတော်တော်များများ ပေါ်နေလေ့ရှိပါတယ်။ ဥပမာလက်သည်းတို့၊ဆီးတို့၊ဝမ်းတို့ အသားအရောင်တို့ပေါ့ ။ ဒီလိုပဲ မျက်လုံးကနေ သင့်ကျန်းမာရေးအကြောင်း သိနိုင်တာတွေရှိပါတယ်။ ဘာတွေလဲ။ ။Graves’ Diseaseလို့ခေါ်တဲ့လည်ပင်းကြီးရောဂါမှာသိုင်းရွိုက်ဟော်မုန်းတွေ အများကြီးထွက်လို့ မျက်လုံးက တစ်ရှူးတွေ ရောင်လာပြီး မျက်လုံးပုံမှန်ထက် ပိုပြူးလာရခြင်းဖြစ်ပါတယ်။ဒါကြောင့် ကိုယ့်မျက်လုံး ပုံမှန်ထက် အပြင်ကို ပြူးထွက်လာပြီဆိုရင် သိုင်းရွိုက် ဟုတ်၊ မဟုတ် ဆရာဝန်ဆီ သွားပြီး စစ်ဆေးသင့်ပါတယ်။ ကိုယ့်မျက်လုံး ပြူးနေလားဆိုတာကို သိချင်ရင်တော့ တစ်ယောက်ယောက်ကို ကိုယ့်ခေါင်းအပေါ်ကနေခိုင်းပြီး ငုံ့ကြည့်ခိုင်းလိုက်ပါ။ ပုံမှန်ဆို မျက်လုံးက မျက်ခွံအတွင်းမှာပဲ ရှိနေသင့်တာပါ။အမြင်အာရုံ ဝေဝါးခြင်း ။ ။ ( Blurred Vision)။ဘယ်လိုပဲ ဒီဂရီတွေ ချိန်ပြီး မျက်မှန်တွေ တပ်တပ် ကြည့်လိုက်တဲ့ မြင်ကွင်းတိုင်းက မသဲကွဲဘဲ မှုန်ဝါးနေမယ် ဆိုရင်တော့ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ မျက်လုံးထိသွားတာ ဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်တွေကို ကောင်းကောင်းမထိန်းနိုင်တော့ မျက်လုံးထဲမှာရှိတဲ့မြင်လွှာတွေနဲ့ သွေးကြောလေးတွေ ထိခိုက်သွားပြီးအမြင်အာရုံဝေဝါးသွားရတာဖြစ်ပါတယ်။ သူက အလယ်တည့်တည့် မြင်လွှာကို မဟုတ်ဘဲ ဘေးဘက်မြင်လွှာကို ထိခိုက်စေတာပါ။ဆေးပညာအရ corneal arcus လို့ခေါ်တဲ့ ဒီ ပြဿနာဟာ မျက်လုံးရဲ့ မျက်ဆံအနက်ရောင် ပတ်ပတ်လည်မှာ မီးခိုးရောင် ကွင်းပေါ်နေတာဖြစ်ပါတယ်။ ဒါဟာ ကိုယ်တွင်းကများနေတဲ့ကိုလက်စရောတွေ မျက်လုံးမှာ လာစုပုံနေတာကြောင့်ဖြစ်ရတာပါ။ အသက်ကြီးလာရင် ဖြစ်နေကျဖြစ်ပေမယ့် အသက် ၄၀ အောက်မှာ ဒါမျိုးတွေ့နေပြီဆိုရင်တော့ သင့်သွေးတွင်းမှာကိုလက်စရောအရမ်းများနေပြီ ဆိုတဲ့အကြောင်း မျက်လုံးက အသိပေးနေတာပါ။မျက်ခွံတွေ အပေါ်ကိုပြန်လှန်တင်လို့ မရအောင် အောက်ကိုတွဲပြီးကျနေတာmyasthenia gravisလို့ခေါ်တဲ့ ကြွက်သားတွေ အားလျော့ခြင်း ရောဂါကြောင့်ဖြစ်ရတာပါ။ မျက်လုံး၊ မျက်နှာ နဲ့ လည်ချောင်းက ကြွက်သားတွေကို အဓိကထိပြီး ညနေရောက်ပြီဆိုတာနဲ့ ကြွက်သားတွေအာနည်းလာရတဲ့ ရောဂါဖြစ်ပါတယ်။မျက်သားအဖြူရောင်ဆိုတာ ပုံမှန်ဆို ကြည်ကြည်လေးနဲ့ အဖြူရောင်ပဲဖြစ်နေရပါမယ်။ ဒါကိုမှ မျက်လုံးရော၊ အသားတွေမှာရော ဝါနေပြီဆိုရင်တော့ သင့်မှာအသည်းရောင် အသားဝါဖြစ်နေပြီလို့ ယူဆရပါတယ်။အသည်းနဲ့သည်းခြေလမ်းကြောင်းမှာ ပြဿာနာဖြစ်နေတဲ့အတွက် စုလာတဲ့ bilirubin တွေကြောင့် အသားတွေ မျက်လုံးတွေ ဝါလာရခြင်းဖြစ်ပါတယ်။အိပ်ရေးမဝတာ၊ အာရုံကြောအားနည်းတာ၊ မျက်လုံးကို အသုံးများတာတွေ၊စိတ်ဖိစီးမှုများတာတွေကြောင့် မျက်ခမ်းလှုပ်တတ်ပါတယ်။ ပုံမှန်ဖြစ်တတ်တာမို့ မစိုးရိမ်ရပေမယ့်လည်း မျက်ခမ်းလှုပ်တာဟာ multiple sclerosis လို့ခေါ်တဲ့ အာရုံကြောဆဲလ်တွေ ကျုံတာကြောင့် လည်း ဖြစ်တတ်သေးတာမို့ ပိုပိုပြီး ဆိုးလာခဲ့ရင် ဆရာဝန် နဲ့ သေချာပြစေချင်ပါတယ်။ကြက်မျက်သင့်ရောဂါ ခံစားနေရတဲ့ သူတွေဟာ ညအမှောင်ထဲမှာဆို ဘာကိုမှ မမြင်ကြတော့ပါဘူး။ ဒါဟာဗီတာမင် Aချို့တဲ့တဲ့ထိပ်ဆုံး လက္ခဏာတစ်ခုပါ။ဒါတွေကတော့ ကိုယ်တွင်းမှာဖြစ်နေတဲ့ ရောဂါ တစ်စုံတစ်ရာ ကြောင့် ပြောင်းလဲလာတဲ့ မျက်လုံးအခြေအနေတွေပဲ ဖြစ်ပါတယ်။ ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/eyes-and-health/
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့
သက်လုံ လို့ ဆိုလိုက်ရင်အားကစားသမားတွေနဲ့ပဲ ဆိုင်တဲ့အရာလို့ အများက ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ အားကစားတွေကို ကောင်းကောင်းလုပ်နိုင်မှာ ဆိုပေမယ့်နေ့စဉ်ဘဝမှာလည်း တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် သက်လုံကောင်းဖို့ လိုပါမယ်။သက်လုံဆိုတာ သင့်မှာ ပိုင်ဆိုင်ထားတဲ့ စွမ်းအင် နဲ့ သန်မာမှုတွေပါ။ သက်လုံက သင့်ကိုစိတ်ရော ကိုယ်ပါအကောင်းဆုံး လှုပ်ရှားစွမ်းဆောင်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သက်လုံကောင်းလေလေ အချိန် ကြာ​ကြာစိတ်လက်ကျန်းမာသန်စွမ်းလေလေပါ။ယနေ့ခေတ်လို အပြိုင်အဆိုင် အခက်အခဲတွေ ကြားမှာ အကောင်းဆုံး ဖြစ်အောင် လှုပ်ရှားနေတဲ့အချိန်မှာ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက်သက်လုံကောင်းခြင်းက အများကြီး သက်ရောက်မှု ရှိနေပါတယ်။တစ်နေ့တာကို သက်လုံကောင်းကောင်းနဲ့ အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့ဆိုရင်အစားအသောက်တွေကိုလည်း မှန်မှန်ကန်ကန် စားသုံးမိဖို့ လိုပါမယ်။ ဒါကြောင့် သက်လုံကောင်းစေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။ငှက်ပျောသီးက သက်လုံကောင်းစေသလို ခန္ဓာကိုယ် အတွက်လည်း အကျိုးများ ပါတယ်။ စွမ်းအင် ပြည့်ဝစေပြီးဗီတာမင် B6၊ ပိုတက်စီယမ်၊ ကာဗိုဟိုက်ဒရိတ်၊အမျှင်ဓာတ်၊ အဆီဓာတ်၊ပရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ဒါကြောင့် သက်လုံ ကောင်းစေဖို့ဆိုရင် တစ်နေ့ကို ငှက်ပျောသီး တစ်လုံး စားပေးပါ။စားနေကျထမင်းဖြူထက် ဆန်လုံးညိုက ပိုပြီး အာဟာရ ပြည့်ဝစေပြီး သက်လုံ ကောင်းစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဆန်လုံးညိုမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က သက်လုံကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ဆန်လုံးညိုက အင်အားပြည့်ဝစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဆန်လုံးညိုမှာ မဂ္ဂနီဆီယမ်၊ ပရိုတင်း၊အဆီဓာတ်၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ဖော့စဖရိတ်၊သံဓာတ်၊ မဂ္ဂနိ့၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။မနက်ခင်းကို ကော်ဖီ တစ်ခွက်သောက်ပြီးမှ တစ်နေ့တာကို စတင်တတ်သူ တစ်ယောက် ဆိုရင်တော့ သင်ဟာ အလေ့အကျင့်ကောင်း တစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့ သူ တစ်ယောက်ပါ။ကော်ဖီကကဖင်းပါဝင်မှု များတာကြောင့် စွမ်းအင် မြင့်တက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကော်ဖီကဦးနှောက်ကိုရော ခန္ဓာကိုယ်ကိုပါ လှုံ့ဆော်ပေးပါတယ်။ အာရုံ စူးစိုက်မှုလည်း ကောင်းစေပါတယ်။ဥအမျိုးမျိုးက စွမ်းအင်ကိုရော သက်လုံကိုပါ အကောင်းဆုံး ဖြည့်ပေးနိုင်မယ့် အစားအစာတွေထဲက တစ်ခုပါ။ ဥအမျိုးမျိုးမှာ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ leucine၊ဗီတာမင် Bတို့ ပါဝင်နေတာကြောင့် သက်လုံ ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ငါးကလည်း သက်လုံကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးတဲ့ အစားအစာ တစ်မျိုးပါ။ ငါးမှာ ဦးနှောက် နဲ့ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်တဲ့ omega-3 fatty acids ပါဝင်နေပါတယ်။ တူနာငါးမှာဆိုရင်fatty acidsနှစ်မျိုး ဖြစ်တဲ့ DHA နဲ့ EPA တို့ ပါဝင်နေ ပါတယ်။ နောက်တစ်ချက်က ငါးမှာ ဗီတာမင် B12 နဲ့ ပရိုတင်းတွေ ပါဝင်နေပါတယ်။ဒီ အစားအစာတွေ ထဲက အားလုံး မဟုတ်ရင်တောင် ၂ မျိုး ဒါမှမဟုတ် ၃ မျိုး လောက်ပုံမှန် စားသုံးမယ်ဆိုရင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို သက်လုံ ကောင်းကောင်းနဲ့ အကောင်းဆုံး လုပ်ဆောင် နိုင်စေမှာပါ။သက်လုံကောင်းစေဖို့ ဒီ အစားအစာတွေကို စားသုံးတာ နဲ့အတူ အရက်၊ဆီကြော်စာတွေ၊ အဆီများတဲ့နို့တွေကို ရှောင်ဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-for-stamina/
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......
တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင်ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြားသော လိုအပ်တဲ့ အခြေအနေ တစ်ရပ်ကြောင့်ဖြစ်ဖြစ် တစ်နေကုန် နေပူထဲ လမ်းလျှောက် သွားလာပြီးပြီဆိုရင်တော့ ညနေဘက်အနားမယူခင်မှာခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝအောင် ဖြည့်ဖို့ လိုပါမယ်။ဒါမှလည်း နောက်တစ်နေ့မှာစိတ်ရောကိုယ်ပါ ကျန်းမာပြီး လုပ်ဆောင်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် တစ်နေကုန်သွားလာနေရတဲ့သူဆိုရင်ရေဓာတ် ပြည့်ဖို့ရေသောက်ဖို့ မလွယ်တာ၊ ရေသောက်ဖို့ မေ့တာတွေ ဖြစ်တတ်ပါတယ်။ရေသောက်တာက ရေဓာတ်ကို အမြန်ပြည့်စေနိုင်ပေမယ့် အခြားရေဓာတ်ဖြည့်ပေးနိုင်တဲ့ စားစရာလေးတွေ ရှိပါသေးတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။တစ်နေကုန် နေပူထဲ သွားလာပြီးတဲ့အခါရေဓာတ် ပြည့်စေဖို့ဆိုရင်ညနေစာ စားတဲ့အခါ ဒါလေးတွေ ပါဝင်အောင် ပြင်ဆင်ဖို့ လိုပါမယ်။သခွားသီက ရေဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးဆိုတ လူတိုင်း သိထားပြီး ဖြစ်မှာပါ။ သခွားသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်စေသလိုအသားအရေကိုလည်း နေဒဏ် လေဒဏ်ကြောင့်ထိခိုက် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။တရုန်နံနံကလည်း ဟင်းခတ် အမွှေးအကြိုင်အဖြစ် သုံးကြပေမယ့် ရေဓာတ် ပါဝင်မှုက မနည်းပါဘူး။ တရုတ်နံနံမှာ ရေဓာတ်က ၉၅ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။တရုတ်နံနံက ရေဓာတ်ဖြည့်ပေးသလို ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင် K၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ​ဖော့စဖရိတ်၊ ဆိုဒီယမ်၊ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် Kတို့ ပါဝင်နေပါတယ်။ဟင်းတွေ ချက်တဲ့အခါ၊ အသုပ်တွေ သုပ်စားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ခရမ်းချဉ်သီးလေးက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အထိရောက်ဆုံး ဖြည့်ပေးနိုင်ပါတယ်။ခရမ်းချဉ်သီးကလည်း ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့ အသီး တစ်မျိုးပါ။ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ဖြည့်တင်းဖို့ တစ်နေ့ကို ခရမ်းချဉ်သီး တစ်ပွဲပြင်စာလောက် စားပေးဖို့ လိုပါမယ်။ဖရဲသီးက ရေဓာတ် ကြွယ်ဝတယ် ဆိုတာကတော့ ပြောစရာ မလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ဖရဲသီးမှာ ရေဓာတ် က ၉၁ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ဖရဲသီးက ရေဓာတ်ဖြည့်ပေးသလို ဆဲလ်တွေကိုလည်း နေရောင်ကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်းနေရောင်ကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ချိုချိုချဉ်ချဉ်လေးနဲ့ စားရတာ အရသာရှိတဲ့ စတော်ဘယ်ရီသီးလေးတွေမှာ ရေဓာတ်က ၉၁ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ စတော်ဘယ်ရီက ရေဓာတ် ကြွယ်ဝသလို ဖလေဗာနွိုက်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် ရေဓာတ် ပြည့်စေဖို့ ညနေဘက် ရောက်တဲ့အခါ စတော်ဘယ်ရီ တစ်ခွက်စာလောက် စားပေးပါ။ပန်းဂေါ်ဖီကလည်း တစ်နေကုန် နေပူမိထားတာကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို အထိရောက်ဆုံး ဖြည့်ပေးနိုင်မှာပါ။ ပန်းဂေါ်ဖီက ဗီတာမင် C၊ ဗီတာမင် K နဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေသလို ရေဓာတ်ကလည်း ၉၂ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ပန်းဂေါ်ဖီက ရေဓာတ် ဖြည့်ပေးသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ကဲ… တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် နောက်တစ်နေ့တာမှာ တက်ကြွလန်းဆန်းစွာ နိုးထနိုင်စေဖို့အတွက် ညနေပိုင်းမှာ ဒီအစားအစာလေးတွေ စားပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-will-satisfy-your-thirst-and-hunger/
ဘာလဲဟဲ့ ဒီပရက်ရှင်(Depression)
ယခုနောက်ပိုင်း လူငယ်အချို့ ဒီပရက်ရှင်ဝင်သည် ဟုဆိုကာ အွန်လိုင်းပေါ်တွင် ပုံနှင့်စာတင်ခြင်းများ မကြာမကြာတွေ့လာရသည်။ တကယ်ပဲ ဒီပရက်ရှင် ဝင်ကုန်ကြပါသလား။ မိတ်ဆွေရော ဒီပရက်ရှင် ရောဂါ ရှိနေပါသလား။ ဆန်းစစ်ကြည့်ကြရအောင်။ဘာလဲဟဲ့ ဒီပရက်ရှင်(Depression) ဒီပရက်ရှင် (Depression) သို့မဟုတ် စိတ်ကျရောဂါ ဆိုသည်မှာအဖြစ်များသောစိတ်ခံစားမှုဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းသည် ရောဂါဖြစ်သူ၏ စိတ်ခံစားမှု၊တွေးတောဆင်ခြင်မှု နှင့် နေ့စဉ်လုပ်ဆောင်မှုများအပေါ် မကောင်းသောသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏အဆိုအရ ကမ္ဘာပေါ်တွင် စိတ်ကျရောဂါခံစားနေရသူပေါင်း၂၆၄သန်းခန့်ရှိပါသည်။ အမျိူးသမီးများသည် အမျိုးသားများထက် စိတ်ကျရောဂါ ပို၍အဖြစ်များပါသည်။၁။ ဝမ်းနည်းနေခြင်း/စိတ်ဓာတ်ကျနေခြင်း။၂။ ယခင်က စိတ်ဝင်စား/ပျော်ရွှင်ခဲ့သော အလုပ်များတွင် စိတ်ဝင်စားမှု/ပျော်ရွှင်မှုမရှိတော့ခြင်း။၃။ အစာစားချင်စိတ် အပြောင်းလဲဖြစ်ခြင်း (များသောအားဖြင့် အစာစားချင်စိတ်မရှိခြင်း) နှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း သို့မဟုတ် ကိုယ်အလေးချိန်တက်ခြင်း။၄။ အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အမင်း အိပ်ခြင်း။၅။ ရည်ရွယ်ချက်တိတိကျကျမရှိသော လုပ်ရှားမှုများလုပ်ဆောင်ခြင်း (ဥပမာ-လက်ချောင်းများဖျစ်ညှစ်ခြင်း)၊ လှုပ်ရှားမှု ၊ စကားပြောဆိုမှုများ နှေးကွေးသွားခြင်း။၆။ ဘာမှအသုံးမကျဟု ခံစားရခြင်း/အပြစ်ရှိသည်ဟု ခံစားရခြင်း။၇။ အားအင်များကုန်ခန်းခြင်း/နုံးချည့်နေခြင်း။၈။ စဉ်းစားတွေးတောရန်၊ အာရုံစိုက်ရန်၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း။၉။ သေခြင်းတရားအကြောင်း တွေးတောခြင်း၊ သေကြောင်းကြံရန် တွေးတောခြင်း။ဘာလဲဟဲ့ ဒီပရက်ရှင်(Depression) အထက်ဖော်ပြပါ ရောဂါလက္ခဏာများနှင့် ဖြစ်ပေါ်သည့် အချိန်ပေါ်မူတည်၍ စိတ်ကျရောဂါအား (၁)အသေးစားစိတ်ကျရောဂါ နှင့် (၂)အကြီးစားစိတ်ကျရောဂါ ဟု နှစ်မျိုးခွဲခြားထားပါသည်။(၁)အသေးစားစိတ်ကျရောဂါ– အထက်ပါ ရောဂါလက္ခဏာများထဲမှ ၂ – ၄ချက် အထိရှိပါက(အမှတ် ၁ နှင့် ၂ အဓိကပါဝင်ရပါမည်) အသေးစားစိတ်ကျရောဂါဟု ယေဘုယျ သတ်မှတ်နိုင်ပါသည်။(၂)အကြီးစားစိတ်ကျရောဂါ – အထက်ပါရောဂါလက္ခဏာများထဲမှ အနည်းဆုံး ၅ချက် (အမှတ် ၁ နှင့် ၂ အဓိကပါဝင်ရပါမည်) ရှိပြီး ရောဂါလက္ခဏာများဖြစ်ပေါ်ချိန် နှစ်ပတ် အထက်ရှိပါက အကြီးစားစိတ်ရောဂါဟု ယေဘုယျ သတ်မှတ်နိုင်ပါသည်။အထက်ပါ နှစ်မျိုးအပြင် အခြားသောစိတ်ကျရောဂါ အမျိုးအစားများလည်း ရှိပါသေးသည်(Persistent depressive disorder,Postpartum depression,Psychotic depression,Seasonal affective disorder,Bipolar disorder စသဖြင့်)။အထူးသတိပြုရန်မှာ အချို့သောရောဂါများ (သိုင်းရွိုက်ရောဂါ၊ဉီးနှောက်ကင်ဆာနှင့် ဗီတာမင်ချို့တဲ့ခြင်း စသဖြင့်)သည်လည်း စိတ်ကျရောဂါနှင့်ဆင်သော လက္ခဏာအချို့ကို ဖြစ်စေတတ်သဖြင့် စိတ်ကျရောဂါဟု မိမိဖာသာ သတ်မှတ် အတည်ပြုခြင်း မပြုလုပ်ရန်ဖြစ်ပါသည်။မိမိကိုယ်ကို စိတ်ကျရောဂါရှိသည်ဟု သံသယဝင်ပါက ကျွှမ်းကျင်သောဆရာဝန်များနှင့် သွားရောက်တွေ့ဆုံရန် အကြံပြုအပ်ပါသည်။၁။ကလေးဘဝ ဖြစ်ရပ်များ (ကလေးဘဝတွင် လျစ်လျူရှုခံရခြင်း၊ စိတ်ပိုင်း၊ရုပ်ပိုင်း၊လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်း၊မိဘများမှ မိမိနှင့်မောင်နှမများကြားတွင် မမျှတစွာ ဆက်ဆံခြင်း)၊  ကြီးမားသော ဘဝအပြောင်းအလဲများ(ငွေကြေးဆိုင်ရာအခက်ခဲများကြုံရခြင်း၊ အလုပ်ပြုတ်ခြင်း၊ ရောဂါဖြစ်ခြင်း – ကင်ဆာ၊AIDS စသဖြင့်၊ မိမိချစ်ခင်ရသူအားဆုံးရှံးရခြင်း)။၂။မိသားစုထဲတွင် စိတ်ကျရောဂါဖြစ်သူရှိခြင်း။၃။ဆေးဝါးများ– အချို့သော ဆေးများသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်ကျရောဂါလက္ခဏာများ ဖြစ်စေတတ်ပါသည်။  ( interferon therapy, beta-blockers, cardiac agents, anticonvulsants, anti migraine drugs, antipsychotics  စသဖြင့် )။၄။မူးယစ်ဆေးဝါးသုံးစွဲခြင်း-မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် စိတ်ကျရောဂါ ဖြစ်စေတတ်သလို စိတ်ကျရောဂါ လက္ခဏာများကိုလည်း ပိုဆိုးစေနိုင်ပါသည်။ (အရက်၊ဘိန်း၊အိပ်ဆေးများ၊ကိုကင်း၊စိတ်ကြွဆေးများ စသဖြင့်)။မိတ်ဆွေအတွက် သတင်းကောင်းမှာ စိတ်ကျရောဂါသည် ကုသ၍ ရသော ရောဂါဖြစ်ပါသည်။စိတ်ကျရောဂါဖြစ်သူ ၈၀ – ၉၀ ရာခိုင်နှုန်းသည် စိတ်ကျရောဂါကုထုံးကို ကောင်းမွန်စွာတုံ့ပြန်ပါသည်။၁။ သောက်ဆေးများ – Antidepressant (စိတ်ကျ‌ရောဂါကုဆေး)များဖြင့် အဓိက ကုသပါသည်။ဆေးစသောက်ပြီး နှစ်ပတ် မှ လေးပတ် အကြာတွင် ဆေးအာနိသင်စပြပါသည်။၂။စိတ်ကျရောဂါကုထုံးများ-  Talk therapy, cognitive-behavioral therapy (CBT), interpersonal therapy (IPT),problem-solving therapy စသောကုထုံးများ ပါဝင်ပါသည်။၃။ လျှပ်စစ်ကုထုံး  – ဆိုးရွားသော အကြီးစားစိတ်ကျရောဂါ နှင့် Bipolar disorder တို့အား ကုသရာတွင် လျှပ်စစ်ကုထုံးကို အသုံးပြုပါသည်။ အခြားသော ကုထုံးများကို မတုံ့ပြန်မှသာ အသုံးပြုပါသည်။ကျွန်ုပ်တို့တွင် ရုပ် နှင့် နာမ်၊ စိတ် နှင့် ကိုယ် ဟူ၍ ရှိသော်လည်း ကျွန်ုပ်တို့သည်ခန္ဓာကိုယ်၌ ဖြစ်သော ရောဂါများကိုသာ ကုသလေ့၊ သတိပြုမိလေ့ရှိပြီး စိတ်၌ဖြစ်သောရောဂါများကို သတိပြုမိလေ့မရှိပါ။သတိပြုမိပါကလည်း ရှက်စရာဟုယူဆ၍ တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်ပြသလေ့မရှိပါ။ခန္ဓာကိုယ်တွင် ရောဂါဖြစ်ခြင်းသည် သဘာဝ ဖြစ်သကဲ့သို့ စိတ်တွင် ရောဂါဖြစ်ခြင်းသည်လည်း သဘာဝပင်ဖြစ်ပါသည်။ စိတ်ရောဂါဖြစ်ခြင်းသည် ရှက်စရာမဟုတ်ပါ။ မည်သူမဆို စိတ်ရောဂါဖြစ်နိုင်ပါသည်။ယခုလောက်ဆိုလျှင် များစွာသောစိတ်ရောဂါများထဲမှ တစ်ခုဖြစ်သော Depression ‌/စိတ်ကျရောဂါအကြောင်းအား အခြေခံမျှ ကျန်းမာရေးအသိပညာ သိရှိပြီဟုယူဆပါသည်။ သို့ပါ၍ အွန်လိုင်းပေါ်တွင်ဒီပရက်ရှင် (Depression)ဟုတင်နေသူများတွေ့ပါက အထက်ပါ လက္ခဏာများနှင့် မီးမောင်းချိန်ထိုးသုံးသပ်၍ လိုအပ်ပါက တတ်သိကျွမ်းကျင် ပညာရှင်များနှင့် ဆွေးနွေးစေသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။ရေးသားသူ- Dr ဝန်ရာ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/what-is-depression/
နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ
နှုတ်ခမ်းခြောက်၊နှုတ်ခမ်းကွဲရင် နှုတ်ခမ်းနီအဆီဆိုးရမှန်းတော့သိကြပါတယ်။ သို့သော်တချို့သောနှုတ်ခမ်းနီတွေမှာ။ပူရှိန်းဟာအေးမြမှုကိုပေးပေမဲ့ နှုတ်ခမ်းကို ပိုမိုခြောက်သွေ့ကွဲအက်စေပါတယ်။ အနံ့၊ အရသာတွေ ထည့်သွင်းထားတဲ့ နှုတ်ခမ်းဆိုးဆေးဟာ နှုတ်ခမ်းကိုပိုမိုခြောက်သွေ့စေတတ်ပါတယ်။ ကောင်းမွန်တဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။အောက်ပါပစ္စည်းများပါဝင်တဲ့ နှုတ်ခမ်းနီအဆီကိုရွေးချယ်ဝယ်ယူပါ။ဒီဒြပ်ပေါင်းတွေဟာ နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။အက်ကွဲနေတဲ့ နှုတ်ခမ်းတွေဟာ ဆဲလ်သေတွေနဲ့ ကာကွယ်နေတာကြောင့် နှုတ်ခမ်းနီအဆီ ဆိုးလိုက်တဲ့ အခါအတွင်းအလွှာကိုမရောက်ဘဲ လိုအပ်တဲ့ပြုပြင်မှုမရနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဆဲလ်သေတွေကိုခွာချဖို့ Scrub ပြုလုပ်ဖို့လိုပါတယ်။ သကြားနဲ့ မုန့်ဖုတ်ဆိုဒါပါဝင်တဲ့ Lip Scrub မျိုးရွေးချယ်ဝယ်ယူပါ။ရေဓာတ်မပြည့်ဝခြင်းဟာ နှုတ်ခမ်းအက်ကွဲခြင်းဖြစ်စေတဲ့ အဓိကတရားခံပါ။ ရေသောက်ခြင်း အလေ့အထကိုမွေးမြူသင့်ပါတယ်။ တစ်နေ့ကိုရေ (၂) လီတာမှ (၃) လီတာ အထိသောက်သုံးခြင်းဖြင့် ရေဓာတ်ခမ်းခြောက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။နှုတ်ခမ်းခြောက်ခြင်းအပြင် အောက်ပါလက္ခဏာတွေကြောင့်လည်း သင့်ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်နေပြီဆိုတာသိနိုင်ပါတယ်။အေးချမ်းလွန်းတဲ့ဆောင်းရာသီ မှာ နှုတ်ခမ်းတွေ အသားအရေတွေအခြောက်သွေ့ဆုံးပါ။ အဲလ်ကွန်းခန်းထဲ အနေများရင်လည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲလ်ကွန်းခန်းထဲအချိန်ပြည့်မနေဘဲ ပြတင်းပေါက်ဖွင့်ကာပူနွေးစိုစွတ်တဲ့ လေခံပေးပါ။ ဆောင်းရာသီမှာလည်း Heater(အပူပေးကိရိယာ)၊ Humidifier(စိုထိုင်းမှုထိန်းစက်) တွေ အသုံးပြုနိုင်ပါတယ်။ဆေးလိပ်ငွေ့ဟာ နှုတ်ခမ်းသားလေးတွေကို ထိခိုက်ခြောက်သွေ့စေတာမို့ ကွဲအက်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ဆေးလိပ်သောက်ခြင်းဟာ ပါးစပ်အနာ၊သွားဖုံးရောင်ရမ်းနာကျင်ခြင်းတွေ အပြင် ခံတွင်းကင်ဆာကိုလည်းဖြစ်စေနိုင်တာမို့ အထူးရှောင်ရှားသင့်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပါ။ ပိုလှတဲ့ နှုတ်ခမ်းတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲနော်။နှုတ်ခမ်းခြောက်တဲ့အခါ အစိုဓာတ်ရလိုရငြား နှုတ်ခမ်းကို လျှာနဲ့သပ်ကာ တံတွေးစွတ်တတ်ကြ ပါတယ်။ ခဏတာ စိုစွတ်သွားပေမယ့်လည်းတံတွေးဟာ အငွေ့ပျံသွားတဲ့ အခါ နှုတ်ခမ်းပေါ်ကအစိုဓာတ်ကိုဆွဲယူသွားတာမို့ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကို တံတွေးမစွတ်မိပါစေနဲ့။ရေးသားသူ- ဒေါက်တာမှူးခင်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/lips-are-chapped/
သင့်အသည်းကို တိတ်တိတ်လေး ဖျက်ဆီးနေတဲ့ အရာ ၉ ခု
အသည်းဆိုတာ လူ့ခန္တာကိုယ်မှာ အရေးပါအရာရောက်တဲ့ ကိုယ်တွင်း အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသည်းဟာ စားလိုက်သမျှ အစားအစာတွေ၊ သောက်လိုက်သမျှ အရည်တွေကို ဓာတ်ပြုဖြိုခဲ့ပြီး အာဟာရဓာတ်တွေကို သွေးကြောထဲပို့ပေးတဲ့အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ကိုယ်တွင်းထဲက မကောင်းတဲ့ အကျိုးမပြုတဲ့ ဓာတ်တွေကိုစွန့်ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကိုလည်း အသည်းကပဲ လုပ်ဆောင်ပေးတာပါ။ ဒီလောက် အရေးပါအရာရောက်တဲ့အသည်းဟာ လူတွေရဲ့ မဆင်မချင်ပြုမှုနေထိုင်မှုတွေကြောင့် အမြဲတစေ ထိခိုက်ပျက်စီးရတတ်ပါတယ်။တစ်ချို့သေ အပြုအမူတွေနဲ့ စားသောက်နေထိုင်မှုပုံစံတွေဟာ အသည်းကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများက သတိမူမိခြင်းမရှိတတ်ပါဘူး။အရက်သောက်ခြင်းဟာ အသည်းကိုထိခိုက်စေနိုင်တယ်လို့ လူအတော်များများက သိထားကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အသည်းကို ထိခိုက်စေနိုင်တဲ့ တခြားအချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒီအချက်တွေကို ပြောပြချင်ပါတယ်။အပေါ်မှာ ဖော်ပြထားတဲ့အရာတွေဟာ သင့်ရဲ့ ကျန်းမာသန်စွမ်းနေတဲ့အသည်းကို နာမကျန်းဖြစ်စေတဲ့အထိ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ ဒီအရာတွေကို သုံးစွဲ၊ ပြုမူမှုတွေကို ထိမ်းချုပ်ဖို့ မဖြစ်မနေ ကြိုးပမ်းသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/9-signs-your-liver-may-be-damaged/
အသည်း ရောဂါ ရှိရင် မဖြစ်မ‌နေ ရှောင်သင့်တဲ့ (၅) ချက်
အသည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိသလို အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကလည်း အမျိုးကို စုံလို့ပါပဲ။ အသည်း နဲ့ ပတ်သက်ပြီး မကျန်းမာတဲ့သူတွေ အနေနဲ့ ရှောင်ရမယ့် အရာက အရက်တစ်မျိုးတည်း မဟုတ်ပါဘူးနော်။မဖြစ်မနေ ရှောင်သင့်တဲ့ အရာလေး (၅) ခုအကြောင်း Hello ဆရာဝန် ပရိသတ်တွေကို ဒီဆောင်းပါးလေးနဲ့ သတိပေးလိုက်ပါတယ်။အသည်းရောင် စီ ပိုး ရှိသူ တွေမှာ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်က အသည်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ အဆုတ်ကိုလည်း ထိခိုက်စေပါတယ်။ အသည်းအစားထိုးကုသနိုင်ဖို့လည်း အောင်မြင်ဖို့ အခွင့်အလမ်းနည်းစေပါတယ်နော်။ အဲဒီကနေ အသည်းခြောက်ခြင်း၊ နောက်ဆုံး အသည်း အလုပ်မလုပ်ခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်  ဖြတ်ဖို့ ဆိုတာ မလွယ်ကူတဲ့ ကိစ္စ ဖြစ်ပေမယ့် ဆရာဝန်၊ မိသားစုနဲ့ ကိုယ်ချစ်ရတဲ့သူတွေရဲ့  အကူအညီနဲ့ ကြိုးစားပြီးတော့ ဖြတ်သင့်ပါတယ်။ဒါကတော့ လူတိုင်းလိုလို သိထားပြီးသား ဖြစ်မှာပါ။ အရက်သောက်ရင် အသည်းထိတာ သိကြမှာပေါ့။ ကျန်းမာနေသူ တွေတောင် အရက်ကို စွဲမသောက်သင့်တာ။ အသည်းရောဂါ ရှိသူ သောက်ရင် ကိုယ့်ကိုယ်ကို လုပ်ကြံနေသလို ဖြစ်နေမှာ သေချာပါတယ်။ အသည်းရောဂါရှိသူတွေမှာ အရက် အပါအဝင် အခြားသော အဆိပ်အတောက် တွေကို အသည်းက ကောင်းကောင်း မသန့်စင်နိုင်ပါ။ ဒါ့ကြောင့် အရက်ကြောင့် အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။မူးယစ်ဆေး၊ စိတ်ကြွဆေး၊ အပန်းဖြေဆေး တွေ သုံးတာကို ဆိုလိုပါတယ်။ ဒီဆေးတွေကို ရှုခြင်း၊ထိုးခြင်း၊ ဆေးလိပ်ထဲ ထည့်သောက်ခြင်းတို့ကြောင့် AIDS ရောဂါလို တခြား ကူးစက်ရောဂါများ ဝင်လာနိုင်ခြေများပါတယ်။ ဒါ့အပြင် လက်ရှိအသည်းရောဂါအပြင် အခြားသော အသည်းရောင် ဘီပိုး၊ စီပိုးတွေပါ ကူးစက်ဝင်ရောက်လာနိုင်ပါသေးတယ်။ အဲဒီအခါကျ ရောဂါကို ကုသဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။အသည်းရောဂါရှိရင်  စိတ်ဖိစီးမှုများကို လျော့နည်းအောင် နေထိုင်ပါ။ စိတ်ဖိစီးမှုများရင် လူကို ပိုပင်ပန်းစေပြီး မကောင်းတဲ့ အတွေးတွေ ဝင်လာစေပါတယ်။ဒါ့ကြောင့်စိတ်ဖိစီးမှုတွေ ကြုံလာရင် ကိုယ်နှစ်သက်တဲ့ အရာတွေကို ချစ်ခင်ရသူ၊ အပေါင်းအသင်းတွေနဲ့ အတူတူလုပ်ပြီး ဖြေဖျောက်လိုက်ပါ။ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ယုံကြည်ရသူ တစ်ယောက်ယောက်ဆီမှာ ပြောပြခြင်း၊ ကိုယ့်ရဲ့ ဆရာဝန် သို့မဟုတ် အကူအညီပေးတဲ့ လူမှုအဖွဲ့အစည်းတွေ ဆီ ဆက်သွယ် တိုင်ပင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ကိုယ်တိုင်က ပျင်းရိ ထိုင်းမှိုင်းနေမယ် ဆိုရင်  ကိုယ်ခန္ဓာ ကလည်း ကျန်းမာတော့မှာ မဟုတ်ပါ။ အဲဒီအခါ စိတ်ဖိစီးမှု ဖြစ်လာခြင်း၊ ပင်ပန်းခြင်း၊ စိတ်ဓါတ်ကျခြင်း တို့ပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်အလုပ် လုပ်ခြင်း လိုမျိုး တက်ကြွလှုပ်ရှားမှုများ ပြုလုပ်ရင်း တက်ကြွအောင် နေထိုင်ပါ။ ဘယ်အလုပ်ကို မဆို ဖြေးဖြေးနဲ့ မှန်မှန် နေ့စဉ်လှုပ်ရှားမှု တစ်ခုအနေနဲ့ လုပ်သွားပါ။တကယ်တော့ ကိုယ့်မှာ အသည်းရောဂါ ရှိနေရင်လည်းဆောင်ရန် ရှောင်ရန်တွေကို လိုက်နာမယ်ဆိုရင် ကျန်းမာစွာ နေထိုင်သွားနိုင်ပါတယ် ဆိုတာလေး မမေ့ပါနဲ့နော်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%9b%e1%80%be%e1%80%ad%e1%80%9b%e1%80%84%e1%80%ba-%e1%80%99%e1%80%96%e1%80%bc%e1%80%85%e1%80%ba/
ဘေဘီလေး တွေမှာဖြစ်တဲ့ လည်ချောင်းနာ သက်သာစေဖို့
ဘေဘီလေး တွေက လည်ချောင်းနာတတ်လို့လားလို့ မေးစရာရှိနေမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ နာတတ်တာပေါ့လို့ပဲ ပြန်ဖြေရမှာပါပဲ။ အကြောင်းကတော့လည်ချောင်းနာတာက အရွယ်မရွေးဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်နေတာမို့ပါ။ ဒီတော့ ခံစားနေရတဲ့ဝေဒနာကိုသေချာမပြောပြတတ်သေးတဲ့ ဘေဘီလေး ကို လည်ချောင်းနာ သက်သာစေဖို့ဘာတွေလုပ်ပေးလို့ရမလဲ…… ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဘေဘီလေး တွေက လူကြီးတွေလို ခံစားနေရတဲ့ ဝေဒနာကို မပြောပြတတ်ကြပါဘူး။ ဒီတော့ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို လူကြီးကို လက္ခဏာတွေ၊ သူတို့လေးတွေရဲ့အပြုအမူလေးတွေကို ကြည့်ပြီး ဆုံးဖြတ်ကြရပါတယ်။ ဘေဘီလေးက လည်ချောင်းနာနေမယ်ဆိုရင်။ဘေဘီလေး ကို လည်ချောင်းနာစေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။ ဒါတွေကတော့။လည်ချောင်းနာတာက မဖြစ်မနေ ဆရာဝန်ပြရမယ့်ရောဂါတော့ မဟုတ်ပါဘူး။ လည်ချောင်းနာတာကို သက်သာစေဖို့အိမ်တွင်းကုထုံးနည်းလေးတွေနဲ့ သက်သာအောင် လုပ်ပေးလို့ရပါတယ်။ အသက်၆လအထက် ဖြည့်စွက်စားတဲ့အရွယ်ဆိုမှ ဒီနည်းလမ်းတွေ သုံးပေးပါ။ကြက်သွန်ဖြူ။ကြက်သွန်ဖြူကို မထူမပါးလေးလှီးပြီး ရေနွေးဆူဆူထဲကို ထည့်ပါ။ ပြီးရင် ခဏလောက်စိမ်ထားပြီး ရေနွေးက အေးသွားပြီဆိုရင် ဘေဘီလေးကို လက်ဖက်ရည် ဇွန်း တဝက်စာလောက် တိုက်ပေးပါ။ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး လည်ချောင်းနာ တာကို အမြန်ဆုံး သက်သာစေနိုင်မှာပါ။အပူပေးထားတဲ့ မုန်ညှင်းဆီထဲကို ကြက်သွန်ဖြူကြိတ်ခြေထားတာ အနည်းငယ်ပဲနံ့သာစေ့အနည်းငယ်ထည့်ပြီး မွှေပါ။ ရလာတဲ့ဆီကို အအေးခံပါ။ ပြီးရင် ဘေဘီလေးရဲ့ လည်ပင်းမှာလိမ်းပေးပါ။ ဒါကလည်း လည်ချောင်းနာတာကိုသက်သာစေနိုင်ပါတယ်။ရေနွေးငွေ့ခံပါ။ပုံးတစ်လုံးထဲကို ရေနွေးတွေထည့်ပါ။ ပြီးရင် ကလေးကို ချီထားပေးရင်း ရေနွေးငွေ့ရအောင်လုပ်ပေးပါ။ ဒါကလည်း လည်ချောင်းနာတာကို သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ရေနွေးနွေးလေးနဲ့ ရေချိုးပေးလို့လည်းရပါတယ်။မိခင်နို့။မိခင်နို့က ကလေးငယ်တွေကိုကိုယ်ခံအားတိုးစေနိုင်တဲ့ အကောင်းဆုံးသောအရာပါ။ မိခင်နို့ထဲမှာပါတဲ့ antibodies တွေက ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးက လည်ချောင်းနာနေမယ်ဆိုရင် မိခင်နို့သာ များများတိုက်ပေးပါ။ဘေဘီလေး လည်ချောင်းနာ တာကို ဒီနည်းလမ်းလေးတွေသုံးပြီး သက်သာအောင်လုပ်ပေးလိုက်ပါ မေမေတို့ရေ………..။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/what-to-do-when-your-baby-has-a-sore-throat/
ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ
ပန်းသေပန်းညှိုးတယ်ဆိုတာကအမျိုးသားလိင်တံဆီကို သွေးကောင်းကောင်း မရောက်ရှိတာမျိုးပါ။ ဒီအခြေအနေက အမျိုးသားတွေကို လိင်ဆက်ဆံရာမှာ အခက်အခဲ ဖြစ်စေသလို ကိုယ်ရဲ့လက်တွဲဖော်ကိုလည်း ဆန္ဒပြီးမြောက်စေဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့အစားအသောက်လေးကို ဂရုစိုက်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ ဒီတော့ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးလို့ ရပါတယ်။အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ဖို့ဆိုရင်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ တရုတ်နံနံ၊ ဟင်းနုနွယ် စတာတွေက နိုက်ထရိတ် ပါဝင်မှု များပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နိုက်ထရိတ်က သွေးကြောတွေကို ပွင့်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။နောက်ထပ် စားလို့ရတဲ့ အသီးအနှံ တစ်ခုကတော့ beet root ပါ။ beet root မှာလည်း နိုက်ထရိတ် ပါဝင်မှု များတာကြောင့် သွေးကြောလေးတွေ ကျန်းမာစေဖို့ရော သွေးစီးဆင်းမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။မကြာသေးခင်က လေ့လာမှုအရ သိရတာကအနက်ရောင် ချောကလက်ထဲမှာပါတဲ့ ဖလေဗာနွိုက်က သွေးစီးဆင်းမှု ကောင်းစေပြီး အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်နဲ့ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဆဲလ်တွေပျက်စီးတာကို ပြုပြင်ပေးဖို့လည်း လုပ်ဆောင်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးပါတယ်။သွေးတိုးတာနဲ့သွေးတွင်း အဆီများတာမဖြစ်အောင် ကာကွယ်ပေးတာက အမျိုးသားတွေကို ပန်းသေပန်းညှိုးတာကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။အမျိုးသားတွေအနေနဲ့ နေ့စဉ် pistachio စားပေးမယ်ဆိုရင် ၃ ပတ် အကြာမှာ လိင်မှု စွမ်းဆောင်ရည် တိုးတက်မှု ရှိတာကို တွေ့ရှိရတယ်လို့ မကြာသေးခင်က လေ့လာခဲ့တဲ့ လေ့လာမှုအရ သိရှိရပါတယ်။ Pistachio မှာပါတဲ့ ပရိုတင်းက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို ပန်းသေပန်းညှိုးတာကို ကာကွယ်ပေးပါတယ်။ သွေးတိုးတာမျိုး မဖြစ်စေဖို့လည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ကမာတွေက အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးစေနိုင်တယ်ဆိုတာ တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ အကြောင်းကတော့ ကမာမှာ ဇင့်ဓာတ်တွေ ပါဝင်နေလို့ပါပဲ။ ဇင့်က အမျိုးသားဟော်မုန်းဖြစ်တဲ့ တက်စထရိုစတုန်း ထွက်ရှိစေရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အခွံမာရေနေသတ္တဝါတွေက အမျိုးသားတွေကိုရော အမျိုးသားတွေကိုပါ လိင်မှုစွမ်းဆောင်ရည် တိုးတက်စေနိုင်ပါတယ်။ဒါကြောင့် အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ပင်လယ်စာတွေ စားပေးလို့ ရပါတယ်။လေ့လာမှု အချို့အရ သိရတာကဖရဲသီးမှာ phytonutrients လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဓာတ်တိုးပစ္စည်းတွေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို ပန်းသေပန်းညှိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းနဲ့ နှလုံးကျန်းမာစေပြီး အမျိုးသားတွေကို ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အခြားသော ၈ ရာခိုင်နှုန်းသော အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။Lycopene က သွေးသီးဆင်းမှု ကောင်းစေပြီး လိင်မှုစွမ်းဆောင်ရည် ကောင်းမွန်စေဖို့ ထောက်ကူပေးတဲ့  phytonutrients တစ်မျိုးပါ။ ဒီဓာတ်ကို နီနီရဲရဲ ခရမ်းချဉ်သီးလေးတွေနဲ့ ပန်းရောင်သန်းနေတဲ့ ဂရိတ်ဖရုစ်တွေမှာ တွေ့ရပါတယ်။ဒီဓာတ်ကို ထောပတ်သီး၊ သံလွင်ဆီတွေမှာလည်း တွေ့ရနိုင်ပြီး အမျိုးသားတွေကို ပန်းသေပန်းညှိုး မဖြစ်စေဖို့ရော ဆီးကျိတ်ကင်တာ မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ပန်းရောင် ဂရိတ်ဖရု၊ သံလွင်ဆီ စတာတွေကို စားပေးလို့ ရပါတယ်။လက်ဖက်ရည်၊ ကော်ဖီတွေမှာ ဖလေဗာနွိုက် ပါဝင်နေပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကော်ဖီကို ရေရှည် စွဲသောက်တာ အလွန်အကျွံ သောက်တာတွေက ပန်းသေပန်းညှိုး ဖြစ်စေနိုင်တယ်ဆိုပေမယ့် ကော်ဖီနဲ့ လက်ဖက်ရည်တို့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေင အရောင်ကျစေသလို သွေးစီးဆင်းမှု ကောင်းစေပြီး ပန်းသေပန်းညှိုးတာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကဲ …… အခုပြောခဲ့တဲ့ အစားအစာလေးတွေကို ပန်းသေပန်းညှိုး ကာကွယ်ဖို့ စားပေးလို့ ရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/foods-to-prevent-erectile-dysfunction/
စိတ်ရောကိုယ်ပါ ကျန်းမာဖို့ တရားထိုင်ကြစို့
တရားထိုင်တယ် ဆိုတာက ဘာသာရေး အလုပ်ဆိုတာထက် လူတိုင်း လုပ်သင့်တဲ့အလေ့အထလေးတစ်ခုလို့ ပြောချင်ပါတယ်။ တကယ်ကတော့ လူတိုင်းဟာ တစ်နေ့တာမှာ ၁၅ မိနစ်ကနေ နာရီဝက် ၄၅ မိနစ်လောက်အထိ ကိုယ်နိုင်သလောက် တရားထိုင်သင့်ပါတယ်။ ဒီလို တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်၊ လို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရပါတယ်။တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ပုံမှန် တရားထိုင်ပေးခြင်းက။လေ့လာမှုတွေအရ နေ့စဉ် တရားထိုင်တာကသွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံး ခုန်နှုန်းကို မှန်စေလို့ နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။တရားထိုင်တာက သွေးကြောတွေကို မာကြောစေတဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ lipid peroxide ကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ပုံမှန်တရားထိုင်တာက သွေးတိုးကင်းစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။ကျန်းမာဖို့ အရေးအကြီးဆုံးအချက်က ကိုယ်ခံအား ကောင်းဖို့ပါ။ ကိုယ်ခံအားက ရောဂါတွေကို တိုက်ထုတ်ပေးပြီး ခန္ဓာကိုယ်ကို ပြင်ပက အရာတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။၂၀၀၃ ခုနှစ်က Wisconsin-Madison က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ တရားထိုင်တာကအကောင်းမြင်စိတ်ကို ဖြစ်စေပြီးဦးနှောက်အတွင်း ကောင်းသော ပြောင်းလဲခြင်းတွေကို ဖြစ်စေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ညဘက်တိုင်းမှာ အိပ်ရေးဝဝနဲ့ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ဆိုရင် တရားထိုင်ပါ။ တရားထိုင်တာက အလုပ်ကြောင့် ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် ရတဲ့စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကြောင့် အိပ်မပျော်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဒါကြောင့် အိပ်ရေးဝဝ အိပ်ပျော်ချင်တယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် တရားထိုင်ဖို့ မမေ့ပါနဲ့။တရားထိုင်တာက ခန္ဓာကိုယ်မှာ ခံစားရတဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ National Center for Complementary and Integrative Health (NCCIH) ရဲ့ လေ့လာမှုအရ တရားထိုင်တာကအဆစ်ရောင်နာ၊ လေးဖက်နာ၊ခေါင်းကိုက်တာနဲ့ အခြား နာတာရှည် ရောဂါတွေ​ကြောင့် ခန္ဓာကိုယ်မှာ ခံစားရတဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တယ်၊ လို့ သိရပါတယ်။လေဒီလေးတွေအနေနဲ့ နေ့စဉ် တရားထိုင်ပေးတာက ရာသီအကြို ကာလမှာ ခံစားရတဲ့ စိတ်အတက်အကျမြန်တာ၊ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် လွန်ကဲတာ၊ ဗိုက်အောင့်တာ၊ ခါးနာတာ၊နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။တရားထိုင်တာက စိုးရိမ်စိတ်ဖြစ်တာ၊ စိတ်ဖိစီးမှု များတာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ စိတ်အေးချမ်းသာစေပြီး ဘာမှမတွေးဘဲ တရားထိုင်တာက စိုးရိမ်ပူပန်မှုကို ဖြစ်စေတဲ့ ကောတီစော ဟော်မုန်းတွေ ထွက်ရှိမှုကို သက်သာစေနိုင်ပါတယ်။ဒီလိုစိတ်ဖိစီးမှုလျော့ကျတာက သွေးတိုးနိုင်ခြေနည်းသွားစေသလို ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေမှာပါ။အသက်အရွယ်ရလတဲ့အခါ မှတ်မိနိုင်စွမ်းက အလိုလို ကျဆင်းလာပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ရင်ဆိုင်ဖို့က တရားထိုင်ပါ။ တရားထိုင်တာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးစေပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ် ချို့ယွင်းမှု ပြဿနာတွေကို ကာကွယ်ရာ ရောက်ပါတယ်။ပုံမှန် တရားထိုင်ခြင်းက မှတ်မိနိုင်စွမ်း တိုးစေသလို သိမြင်မှု စွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/health-benefits-of-daily-meditation-according-to-science/
Hodgkin's Disease (ဟော့ကင်းပြန်ရည်ကြောသွေးကင်ဆာ)
Hodgkin’s ရောဂါသည် ပြန်ရည်ကြောစနစ်တွင် ဖြစ်ပွားသော သွေးကင်ဆာတစ်မျိုးဖြစ်သည်။ ပြန်ရည်ကြောသည် ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး အညစ်အကြေးများကို ဖယ်ရှားပေးပြီး ရောဂါပိုးများကို တိုက်ခိုက်ပေးသည်။ Hodgkin’s ရောဂါကို Hodgkin’s ပြန်ရည်အကျိတ်ရောဂါဟုလည်းခေါ်သည်။ ထိုရောဂါသည် ရောဂါပိုးများကို တိုက်ခိုက်နိုင်သော lymphocyte ဟုခေါ်သော သွေးဖြူဥများမှစတင်ဖြစ်ပွားသည်။ Hodgkin’s ရောဂါဖြစ်နေသောသူများတွင် ထိုဆဲလ်များပုံမှန်မဟုတ်ပဲ ပွားလာပြီး ပြန်ရည်ကြောတစ်လျောက် ပျံ့နှံ့သွားသည်။ ရောဂါဆိုးလာသည်နှင့် အမျှ သင့်ခန္ဓါကိုယ်သည် ရောဂါများကိုတိုက်ထုတ်ရန် ခက်ခဲလာသည်။Hodgkin’s ရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ သို့သော် အသက် ၁၅ နှစ်မှ ၄၀ အတွင်းနှင့် အသက် ၅၅ နှစ်ကျော်လျှင် ပိုဖြစ်နိုင်သည်။ သို့သော် ၎င်းရောဂါကို ဖြစ်နိုင်ချေကို လျော့ချနိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hodgkin’s ရောဂါ၏ လက္ခဏာများတွင် အောက်ပါတို့ပါဝင်နိုင်သည်။• မနာသောပြန်ရည်ကျိတ်များကို လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ တို့တွင် တွေ့ရခြင်း။• မောပန်းနွမ်းနယ်ခြင်း။• ဖျားခြင်း၊ ချမ်းတုန်ခြင်း။• ညဘက်ချွေးပြန်ခြင်း။• ကိုယ်အလေးချိန်ကျလာခြင်း (သင့်ခန္ဓါကိုယ်၏ ၁၀ ရာခိုင်နှုန်းခန့် အလေးချိန်ကျသွားခြင်း)။• အစားအသောက်ပျက်ခြင်း။• ယားယံခြင်း။• အရက်သောက်ပြီးလျှင် ပြန်ရည်ကျိတ်များနာကျင်ခြင်း။အထက်ပါ လက္ခဏာများ ရှိခဲ့လျှင် သို့မဟုတ် မေးခွန်းများရှိလျှင် သင့်ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုမတူညီပေ။ သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဟော့ကင်းပြန်ရည်ကြောသွေးကင်ဆာရောဂါသည် အဘယ်ကြောင့်ဖြစ်ရသည်ကို သေချာစွာမသိရပေ။ ဆရာဝန်များသည် ရောဂါပိုးများကိုတိုက်ခိုက်သော ဘီဆဲလ်များတွင် DNA ပြောင်းလဲသောအခါ ထိုရောဂါကို ဖြစ်စေသည်ဟု သိထားသည်။ ပြောင်းလဲသွားသော ဆဲလ်များသည် လျင်မြန်စွာ ပွားလာပြီး အခြားဆဲလ်များသေဆုံးနိုင်သည့်အချိန်တွင် ဆက်လက်ရှင်သန်နိုင်ကြသည်။ ထိုသို့ပြောင်းလဲခြင်းကြောင့် ဆဲလ်များသည် အရွယ်အစားကြီးလာခြင်း၊ အရေအတွက်များလာခြင်းများဖြစ်ကြသည်။ ပုံမှန်မဟုတ်သော ဘီ ဆဲလ်များသည် ပြန်ရည်ကြောစနစ်တွင် ကျန်မာသောပုံမှန်ဆဲလ်များနှင့် အတူစုဝေးနေကြပြီး ဟော့ကင်းပြန်ရည်ကြောသွေးကင်ဆာ ရောဂါ၏ လက္ခဏာများကို ဖြစ်စေသည်။ဟော့ကင်းပြန်ရည်ကြော သွေးကင်ဆာ ရောဂါအမျိုးအစားများစွာရှိသည်။ အမျိုးအစားသည် ရောဂါတွင်ပါဝင်သော ဆဲလ်များပေါ်တွင်မူတည်ပြီး၊ ကုသပုံများလည်း ကွဲပြားသည်။ဒီရောဂါကို ဖြစ်စေနိုင်သော အကြောင်းများတွင် အောက်ပါတို့ပါဝင်သည်။အသက် ။ ။ ဤရောဂါသည် အသက် ၁၅နှစ်မှ ၃၀ ကြား၊ နှင့် အသက် ၅၅ နှစ်အထက်တွင် အဖြစ်များသည်။ပြန်ရည်အကျိတ်ရောဂါဖြစ်သော မိသားစုရာဇဝင်ရှိခြင်း။ ။ မိသားစုဝင်များတွင် ဤရောဂါဖြစ်ဖူးလျှင် သင့်တွင်လည်း ရောဂါဖြစ်နိုင်ချေကို များစေသည်။လိင်အမျိုးအစား။ ။ ယောက်ျားများတွင် အနည်းငယ် ပိုဖြစ်နိုင်သည်။ယခင်က Epstein-Barr ရောဂါပိုးဝင်ဖူးလျှင် ။ ။ ထိုဗိုင်းရပ်စ်ပိုးကြောင့် ယခင်က နေမကောင်းဖြစ်ဖူးလျှင် ရောဂါပိုဖြစ်နိုင်သည်။ကိုယ်ခံအားစနစ်မကောင်းခြင်း။ ။ HIV/AIDS ကဲ့သို့သော ကိုယ်ခံအားကျဆင်းသောရောဂါရှိလျှင်၊ ကိုယ်တွင်းအဂါၤများ လဲလှယ်ထားသောကြောင့် ကိုယ်ခံအားဖိနှိပ်သော ဆေးများသောက်နေရလျှင် ရောဂါပိုဖြစ်စေနိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါကို အမည်တပ်နိုင်ရန် သင့်ဆရာဝန်သည် ကိုယ်ခန္ဓါကို စမ်းသပ်စစ်ဆေးပြီး၊ သင့်ကို ရောဂါရာဇဝင်မေးမြန်းပါလိမ့်မည်။ သေချာစွာ ရောဂါရှာဖွေနိုင်ရန် စစ်ဆေးချက်အချို့ကိုလည်း ပြုလုပ်ရပါလိမ့်မည်။ အောက်ပါ စစ်ဆေးချက်များကို ပြုလုပ်ရနိုင်ပါသည်။• ပုံရိပ်များဖြင့် စစ်ဆေးခြင်း ။ ဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓါတ်မှန် (CT) ရိုက်ခြင်း။• ပြန်ရည်ကျိတ်မှ အသားစယူစစ်ဆေးခြင်း ။ ပုံမှန်မဟုတ်သော ဆဲလ်များရှိနေခြင်းကို စစ်ဆေးရန် ပြန်ရည်ကျိတ်မှ အသားစယူပြီး စစ်ဆေးနိုင်သည်။• သွေးဆဲလ်များကို အရေအတွက်စစ်ဆေးခြင်း ကဲ့သို့သော သွေးစစ်ချက်ပြုလုပ်ခြင်း။• ပြန်ရည်ကျိတ်ကင်ဆာကို ဖြစ်စေသော ဆဲလ်ကို သိစေရန် Immunophenotyping ပြုလုပ်ခြင်း။• အဆုတ်ကောင်းမကောင်းသိရန် အဆုတ်အလုပ်လုပ်ပုံကို စစ်ဆေးခြင်း။• နှလုံးကောင်းမကောင်း သိရှိရန် နှလုံးကို ဓါတ်မှန်ရိုက်ခြင်း။• ကင်ဆာဆဲလ်များ ပျံနှံ့ခြင်းကို သိနိုင်ရန် ရိုးတွင်းခြင်ဆီယူကာစစ်ဆေးခြင်း။ဟော့ကင်းသွေးကင်ဆာရောဂါဟု သေချာစွာသိပြီးလျှင် ကင်ဆာ၏ အဆင့်ကို သတ်မှတ်သည်။ အဆင့်သတ်မှတ်ခြင်းသည် ကင်ဆာ၏ ပြင်းထန်မှုနှင့် အခြေအနေကို သိနိုင်ရန် ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် သင့်ဆရာဝန်ကို ကုသမှုများပြုလုပ်ရန် ရွေးချယ်ဆုံးဖြတ်ရန် ကူညီပါသည်။Hodgkin’s ရောဂါ၏ အဆင့် လေးဆင့်ရှိသည်။အဆင့် ၁။ ကင်ဆာသည် ပြန်ရည်ကျိတ်တစ်မျိုးတွင်သာဖြစ်သည်။အဆင့် ၂။ ကင်ဆာဆဲလ်များသည် ပြန်ရည်ကျိတ် နှစ်နေရာတွင် တွေ့ရသည်။ သို့သော် ရင်ဝမ်းခြားကြွက်သား ၏ တစ်ဖက်ခြမ်းထဲမှာသာ တွေ့ရသည်။ ပြန်ရည်ကျိတ်တစ်နေရာနှင့် နီးစပ်ရာ အဂါ်တစ်ခုတွင် ကင်ဆာဖြစ်နိုင်ကြောင်း ညွှန်ပြနိုင်သည်။အဆင့် ၃။ ကင်ဆာဆဲလ်များကို ရင်ဝမ်းခြားကြွက်သား၏ အပေါ်နှင့် အောက် နေရာများအနှံ့ ပျံနှံ့နေသည်ကို တွေ့ရပြီး၊ ပြန်ရည်ကျိတ်တစ်နေရာနှင့် ရင်ဝမ်းခြားကြွက်သား ၏ ဆန့်ကျင်ဖက်အခြမ်းရှိ အဂါၤတစ်ခုခုတွင် ကင်ဆာဖြစ်နိုင်သည်ကို ညွှန်ပြသည်။အဆင့် ၄။ ကင်ဆာဆဲလ်များသည် ပြန်ရည်ကျိတ်များမှ အပြင်သို့ ပျံ့နှံ့သွားပြီး ခန္ဓါကိုယ်၏ အခြားသော အစိတ်အပိုင်းများဖြစ်သော ရိုးတွင်းခြင်ဆီ၊ အဆုတ်၊ အသည်း စသော နေရာများသို့ ရောက်ရှိသည်ကို တွေရသည်။ကုသမှုသည် ရောဂါ၏ အဆင့်ပေါ်တွင် မူတည်သည်။ အဓိကအားဖြင့် ဓါတုဆေးဝါးများသွင်းပြီးကုသခြင်းနှင့် ဓါတ်ရောင်ခြည်ပေး၍ကုသခြင်းတို့ကို ပြုလုပ်သည်။ ဓါတ်ရောင်ခြည် ကုသမှုသည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အားကောင်းသော ဓါတ်ရောင်ခြည်ကို အသုံးပြုခြင်းဖြစ်သည်။ ဓါတုဆေးဝါးများသည်လည်း ကင်ဆာဆဲလ်များကို သေစေရန် အသုံးပြုသော ဆေးများဖြစ်သည်။ ပါးစပ်မှသောက်ခြင်း သို့မဟုတ် ဆေးထိုးခြင်းအားဖြင့် ကုသသည်။ဓါတ်ရောင်ခြည်ကုသမှု တစ်မျိုးတည်းသည် အဆင့်နိမ့်သေးသောကင်ဆာရောဂါကို ကုသနိုင်သည်။ ပြန်ရည်ကျိတ်များတွင်သာ ဖြစ်သော ကင်ဆာသည် ပြင်းထန်သော အဆင့်များထက် ပျံနှံ့မှုနှေးသည်။ ပြင်းထန်သော အဆင့်များတွင် ဆေးဝါးဖြင့် ကုသခြင်းကိုလည်း ပေါင်း၍ကုသရသည်။ပင်မဆဲလ်များ အစားထိုးကုသမှုကို ဆေးဝါးနှင့် ဓါတ်ရောင်ခြည်ကုသမှုများကို မတုံ့ပြန်သောအခါ သုံးနိုင်သည်။ ပင်မဆဲလ်များ အစားထိုးကုသမှုသည် ကျန်းမာသော ဆဲလ်များကို သင်၏ ကင်ဆာဆဲလ်များနှင့် လဲကာ အစားထိုးကုသခြင်းဖြစ်သည်။ကုသပြီးသည့်နောက် သင့်ကို ပုံမှန်ပြန်လာပြရန် သင့်ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။Hodgkin’s ရောဂါကို ကာကွယ်နိုင်သည့် နည်းလမ်းမရှိပါ။ သို့သော် HIV ကဲ့သို့သော ဖြစ်နိုင်ချေများစေသော အချက်များကို ကာကွယ်နိုင်သည်။ သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lymphoma/hodgkins-disease-%e1%80%b1%e1%80%9f%e1%80%ac%e1%80%b7%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1/
Tumor (အကျိတ်)
အထဲမှာအရည် သို့မဟုတ်အစိုင်အခဲတွေရှိနေနိုင်တဲ့ပုံမှန်မဟုတ်တဲ့တစ်ရှူးအစိုင်အခဲကြီးကိုအကျိတ်လို့ ခေါ်ပါတယ်။ အကျိတ်ဆိုသည်မှာ ပျောက်ကင်းအောင်ကုသနိုင်တဲ့ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ၊်ကင်ဆာဖြစ်သွားနိုင်တဲ့အကျိတ၊်ကင်ဆာအကျိတ်စတာတွေကိုရည်ညွှန်းပါတယ်။အကျိတ်အမျိုးအစားအများကြီးရှိပါတယ်။ ပုံစံနဲ့သူတို့ ဖြစ်နေတဲ့တစ်ရှူးအမျိုးအစားပေါ်မူတည်ပြီးအမည်ပေးပါတယ်။နှစ်တစ်နှစ်တိုင်းမှာအကျိတ်ပုံစံအမျိုးမျိုးကို သန်းနဲ့ချီတဲ့လူတွေမှာတွေ့နေရပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေက်ုရှောင်ကြဉ်ခြင်းဖြင့်မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုတယ်ဆိုရင်ဆရာဝနိနဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။တွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့။လက္ခဏာတွေဟာအကျိတ်အမျိုးအစား၊အရွယ်အစား၊နေရာနဲ့ကုသမှူုတွေပေါ်မူတည်နေပါတယ်။ ခွဲစိတ်ကုသခြင်း၊ဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုကုထုံးတွေနဲ့ အခြားသောကုထုံးတွေကြောင့် လက္ခဏာအသစ်တွေလည်း ပေါ်လာနိုင်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့အခြားလက္ခဏာတွေလည်းရှိနေနိုင်ပါသေးတယ်။ သင့်မှာရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီးစိုးရိမ်နေတယ်ဆိုရင်ဆရာဝန်နဲ့သွားပြဆွေးနွေးသင့်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတစ်ခုခုရှိခဲ့မယ်ဆိုရင်သို့မပါုတ်မေးခွန်းတွေရှိမယ်ဆိုရင်သွားပြသင့်ပါတယ်။ လူတစ်ဦးချင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုချင်းမတူနိုင်ပါဘူး။ သင့်အခြေအနေအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာအကောင်းဆုံးပါပဲ။များသောအားဖြင့်တော့တစ်ရှူးတွေ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲပွားများခြင်းကြောင့်ဖြစ်ပါတယ်။ သာမန်မှာဆိုရငခန္ဓါကိုယ်ဟာဆဲလ်ကြီးထွားမှုတွေကွဲပွားမှုတွေကိထိန်းညှိပေးနိုင်ပါတယ်။ အိုမင်းပျက်စီးသွားတဲ့ဆဲလ်တွေဟာသေသွားရပါတယ်။ သေသွားတဲ့ဆဲလ်တွေနေရာမှာကောင်းမွန်တဲ့ဆဲလ်အသစ်တွေ အစားထိုးရပါတယ်။ အိုမင်းသွားတဲ့ဆဲလ်တွေကမသေဘဲ။ဆဲလ်အသစ်တွေထပ်ထပ်ပွားနေခြင်းကြောင့်အကျိတ်ဖြစ်ရပါတယ်။ ကင်ဆာဆဲလ်တွေဟာလည်းအလားတူပဲကြီးထွားပွားများလာပါတယ်။ သာမန်အကျိတ်တွေနဲ့ မတူတာကတော့ကင်ဆာကျိတ်တွေဟာအနီးအနားမှာရှိတဲ့တစ်ရှူးတွေ၊အခြားအစိတ်အပိုင်းတွေကိုပျံ့နှံ့ သွားနိုင်ခြင်း ဖြစ်ပါတယ်။ဖစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့နေရခြင်းကြောင့်။ဦးနှောက်အကျိတ်ဖြစ်နိုင်ခြေများပါတယ်ကိုယ်ဝန်ဆောင်မိခင်တွေအသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ စားသုံးခြင်း၊ကလေးတွေအသီးအနှံ ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်း၊ကလေးတွေရေကျောက်ပေါက်ဖူးခြင်းတွေက ဦးနှောက်အကျိတ်ဖြစ်နိုင်ချေနည်းစေပါတယ်။တချို့မျိုးရိုးဗီဇအန္တရာယ်များသည် မွေးကတည်းကပါလာသော မွေးရာပါများမဟုတ် ကျွန်ုပ်တို့ အသက်ကြီးလာတဲ့အခါမှ ဖြစ်လာတာမျိုးရှိသည်။ ထိုပုံမမှန်ပြောင်းလဲမှုသည် ဆဲလ်ကြီးပွားမှုပုံစံကို ပြောင်းလဲပစ်ကာ အကျိတ်ဖြစ်ပေါ်လာနိုင်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပထမအကျိတ်ဖြစ်ကြောင်း အတည်ပြုနိုင်ဖို့နဲ့နောက်ပိုင်း။အကျိတ်ပျောက်သွားလားကျုံ့သွားလားအရွယ်အစားမပြောင်းဘဲရှိနေလားဆိုတဲ့တိုးတက်လာမှုအခြေအနေတွေကို။ကြည့်နိုင်ဖို့ စမ်းသပ်စစ်ဆေးခြင်းတွေဆောင်ရွက်ရပါတယ်။ဦးနှောက်အကျိတ်နဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာ(သို့)သက်တမ်းတစ်လျှောက်လုံးအောက်ပါစစ်ဆေးမှုတွေနဲ့ စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။နေရာနဲ့ အမျိုးအစားပေါ်မူတည်ပြီးကုသမှုတွေကွာသွားနိုင်ပါတယ်။ သာမန်အကျိတ်တွေဆိုရင်အရွယ်အစားသေးသွားအောင် (သို့)ခွဲစိတ်ပြီးလုံးဝဖယ်ထုတ်လိုက်နိုင်ပါတယ်။ကင်ဆာအကျိတ်တွေဆိုရင်တော့ဓါတုကုထုံး၊ခုခံအားကိုလှုံဆော်ပေးခြင်းဖြင့်ရောဂါကိုကာကွယ်ခြင်းကုထုံး၊ဓါတ်ရောင်ခြည်ကုထုံးတွေနဲ့ခွဲစိတ်ကုသခြင်းတွေလိုအပ်ပါလိမ့်မယ်။ဓါတုကုထုံးဆိုတာဆေးတွေနဲ့ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါတယ်။ ကင်ဆာဆေးအမျိုးမျိုးရှိပြီးကင်ဆာအထူးကုရဲ့ညွန်ကြားချက်ရှိမှသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဦးတည်ချက်ထားကုသခြင်း (Targeted therapy) ဆိုတာကတော့အကျိတ်ကုသမှုနည်းသစ်တစ်မျိုးဖြစ်ပီးသာမန်ပုံမှန်ဆဲလ်တွေကိုထိခိုက်မှုနည်းစေပြီးဆေး (သို့) အခြားပစ္စည်းတွေ အကူအညီနဲ့ အကျိတ်ကိုသာအဓိကထားချေမှုန်ုးခြင်းဖြစ်ပါတယ်။ခုခံအားကိုလှုံ့ဆော်ပေးခြင်းဖြင့်ရောဂါကိုကာကွယ်ခြင်းကုထုံးကတော့အကျိတ်ကိုခုခံအားစနစ်အကူအညီနဲ့ တိုက်ဖျက်ခြင်းဖြစ်ပါတယ်။ဓါတ်ရောင်ခြည်ကုထုံးကတော့အလင်းတန်းတွေနဲ့ကင်ဆာဆဲလ်ကို ဖျက်ဆီးခြင်းဖြစ်တယ်။ သကိမှတ်ထားတဲ့ကာလတစ်ခုမှာသတ်မှတ်ထားတဲ့ကုသမှုအကြိမ်အရေအတွက်ပြည့်ရပါမယ်။ အခြားကုသမှုတွေနဲ့တွဲပြီးပေးနိုင်ပါတယ်။ခွဲစိတ်ခြင်းနည်းကတော့အကျိတ်နဲ့အတူဘေးပတ်လည်မှာရှိတဲ့တစ်ရှူးအကောင်းများ (တစ်ချိန်ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲမသွားနိုင် အောင် ၊ ကင်ဆာအမြစ်ပြတ်အောင်) ကိုပါဖယ်ထုတ်လိုက်ရခြင်းဖြစ်တယ်။အောက်ဖော်ပြပါလူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးတွေကအကျိတ်ကိုကုသရာမှာနဲ့လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေမှာအကူအညီပေးပါတယ်။သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင်သင့်အတွက်အကောင်းဆုံးအဖြေရဖို့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာကအကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/tumor-%e1%80%a1%e1%80%80%e1%80%ba%e1%80%ad%e1%80%90%e1%80%b9/
အရေပြားကင်ဆာ အကြောင်း
အရေပြားဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားပွားများခြင်းဟာ အရေပြားကင်ဆာ ရဲ့ ဝိသေသလက္ခဏာတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မကြာခဏထိတွေ့ရတဲ့ အရေပြားနေရာတွေမှာကင်ဆာဖြစ်နိုင်ခြေပိုများလေ့ရှိပေမယ့် နေရောင်ခြည်နဲ့ မထိတွေ့ရတဲ့ နေရာတွေမှာလည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာ အကြောင်း အသေးစိတ် လေ့လာကြည့်ရအောင်။အရေပြားကင်ဆာ အမျိုးအစား ၃မျိုးရှိတဲ့အလျောက် ရောဂါလက္ခဏာတွေလည်း တစ်မျိုးနဲ့တစ်မျိုး ကွဲပြားနိုင်ပါတယ်။မျက်နှာ၊ လည်ပင်း စတဲ့ နေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့ရတဲ့ နေရာတွေမှာ အများဆုံးဖြစ်လေ့ရှိပြီး အသားရောင် သို့မဟုတ် အညိုရောင်အမာရွတ်သဏ္ဍာန် ပြောင်လက်လက် အဖုအထစ်များအသွင် တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီကင်ဆာအမျိုးအစားဟာလည်း နေရောင်ခြည်နဲ့ ထိတွေ့ဖန်များတဲ့နေရာတွေမှာ ဖြစ်တတ်တဲ့ အရေပြားကင်ဆာ တစ်မျိုး ဖြစ်ပေမယ့် အသားအရောင်ရင့်သူတွေမှာတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့နေရာတွေမှာ ပိုဖြစ်တတ်ပါတယ်။ အနီရောင်အဖုမာမာနဲ့ မျက်နှာပြင်မှာ ဗြုတ်ထနေတဲ့ အနာကွက်သဏ္ဍာန် တွေ့မြင်နိုင်ပါတယ်။နေရောင်ခြည်နဲ့ ထိတွေ့မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေရာမရွေး ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာ အရောင်ရင့်ရင့် အစက်အပြောက်တွေနဲ့ အညိုရောင်အမှတ်ကြီးကြီး ရှိနေရင်ဖြစ်စေ၊ အရောင်ပြောင်းနေတဲ့ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ မှဲ့ရှိနေရင်ဖြစ်စေ၊ အနားသတ်မညီမညာနဲ့ ထူးထူးဆန်းဆန်း အနာကွက်ရှိနေရင်ဖြစ်စေ၊ အရောင်ရင့်ရင့် အနာကွက်ရှိနေရင်ဖြစ်စေ မှဲ့ကင်ဆာဖြစ်ဖို့ အလားအလာရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။အရေပြား ပြောင်းလဲမှုတိုင်းက ကင်ဆာလက္ခဏာ မဟုတ်ပေမယ့် သင့်ကို စိုးရိမ်ပူပင်စေတဲ့ ပြောင်းလဲမှု တစ်ခုခု ဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အရေပြားဆဲလ်တွေရဲ့ ဒီအန်အေ ဖောက်ပြန်မှုကြောင့် ကင်ဆာဆဲလ် အစုအဝေးအဖြစ် ပြောင်းလဲပြီး အရေပြားကင်ဆာ ဖြစ်လာရပါတယ်။ များသောအားဖြင့် အရေပြားကင်ဆာရဲ့ အဓိကတရားခံဟာ နေရောင်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အနောက်တိုင်းကလူတွေ အသားရောင်ရင့်အောင် အသုံးပြုတဲ့ tanning bedsတွေပဲ ဖြစ်ပါတယ်။ဒါ့ပြင် နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့ နေရာတွေမှာလည်း ကင်ဆာဖြစ်တတ်တာကို ကြည့်ခြင်းအားဖြင့် အဆိပ်အတောက်များနဲ့ ထိတွေ့မိခြင်း၊ ခုခံအားကျဆင်းခြင်း စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ကင်ဆာရောဂါရဲ့ ပြင်းထန်မှုအဆင့်၊ အမျိုးအစား၊ ကင်ဆာအကျိတ်ရဲ့ အရွယ်အစားနဲ့ လူနာရဲ့ ယေဘုယျကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ကုသမှုနည်းလမ်းတွေလည်း ကွဲပြားနိုင်ပါတယ်။ စံသတ်မှတ်ထားတဲ့ အရေပြားကင်ဆာကုထုံး ၆မျိုးရှိပါတယ်။ဒီကုထုံးကတော့ ဓာတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံးတို့လောက် ဘေးထွက်ဆိုးကျိုးမများတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။ယနေ့ခေတ်အခါမှာကင်ဆာသုတေသန လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေမယ့် စမ်းသပ်မှုများ ပြုလုပ်နေကြသလို ဒီစမ်းသပ်မှုတွေမှာ ထူးခြားဆန်းသစ်တဲ့ ကုသမှုနည်းလမ်းတွေကို အသုံးပြုတာ ဖြစ်တဲ့အလျောက် အချို့သော ကင်ဆာ ဝေဒနာရှင်တွေအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။Takeaways။အရေပြားကင်ဆာဟာ အဖြစ်များတာ မှန်ပေမယ့် ကုထုံးတွေက ပိုပြီး ခေတ်မီလာတာကြောင့် လူနာတွေ အနေနဲ့ ရွေးချယ်စရာ ပိုများလာသလို ရောဂါကုသရာမှာလည်း အများကြီး အကျိုးရှိလာပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/skin-cancer-expalined/
မေမေတို့သိချင်တဲ့ ဝက်သက် ရောဂါ
ဝက်သက် ရောဂါဟာmeaslesဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ကလေးတွေမှာ အတွေ့ရများပါတယ်။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် ၅နှစ်အောက်ကလေးတွေ သေရတဲ့အကြောင်းထဲမှာသူလည်းပါခဲ့ပါတယ်။ အခုတော့ကာကွယ်ဆေးတွေကြောင့် ကလေးတွေ ဝက်သက်ရောဂါဖြစ်နှုန်း၊ ဝက်သက်ရောဂါကြောင့်သေနှုန်း သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ဝက်သက်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ကာကွယ်ဆေးကို ဘယ်လိုထိုးကြမှာလဲ။ ကာကွယ်ဆေးထိုးပြီးရင်ရော ဝက်သက်ပေါက်ဦးမှာလား စသဖြင့် စိတ်ဝင်စားစရာ မေးခွန်းတွေကို ဖြေပေးသွားပါမယ်။ဒါကို ဖြေဖို့ အောက်ကလက္ခဏာတွေကို သိထားရပါမယ်။ ဝက်သက်ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး ၁၀ရက် ၁၄ရက်နောက်နေရင် ရောဂါလက္ခဏာစပြပါပြီ။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။နောက်ထပ် ဝက်သက်ရဲ့ ထူးခြားချက်တစ်ခုက ၂ပက် ၃ပက်အတွင်းမှာ ရောဂါက အဆင့်ဆင့်ပြောင်းလဲလာတာပါပဲ။ဗိုင်းရပ်စ်ဝင်ပြီး ၁၀ရက်က ၁၄ရက်ထိ ရောဂါပျိုးချိန်ဖြစ်ပြီး အဲ့အချိန်မှာ ဘာလက္ခဏာမှမပြတက်ပါဘူး။ပြီးရင်တော့ ဖျားမယ်၊ ချောင်းဆိုးမယ်၊ နှာရည်ယိုမယ်၊ မျက်စိနာမယ်၊ လည်ပင်းနာပါမယ်။ ဒါကလည်း ၂ရက် ၃ရက်လောက်ပဲကြာတာပါ။အနီစက်ဆိုပေမယ့် ခြင်ကိုက်ဖုလို အနီကွက်တွေထွက်လာပါမယ်။ ဒီအဆင့်ရောက်မှ မေမေတွေ ဝက်သက်လားဆိုပြီး စပြီးသတိထားမိတာပါ။ သူ့ရဲ့ထွက်ပုံက မျက်နှာက စပါတယ်။ ပြီးမှလက်၊ ကိုယ်၊ ခြေထောက်ကို ပျံ့သွားတာပါ။ အပေါ်ကနေ အောက်ကို ပျံ့တာပါ။ အဲ့ဒီအချိန်မှာ အဖျားက ၁၀၄၊ ၁၀၅ထိတက်ပါတယ်။ ပြီးရင်တော့ အစဥ်အတိုင်း မျက်နှာကနေ ခြေထောက်အထိ သူ့အလိုလိုပျောက်သွားပါတယ်။ဝက်သက်ပေါက်တဲ့သူကအနီစက်မပေါ်ခင် ၄ရက် ပျောက်ပြီး၄ရက် စုစုပေါင်း၈ရက်အတွင်းသူများကိုကူးနိုင်ပါတယ်။ဝက်သက်က measlesဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ နှာချေ၊ ချောင်းဆိုးရာက ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိတာဖြစ်ဖြစ်၊ အမှုန်အမွှားတွေကို ထိထားတဲ့လက်နဲ့ မျက်လုံး၊နှာခေါင်း၊ ပါးစပ်ကို ပွတ်မိရင်ပဲဖြစ်ဖြစ် ကူးတက်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတဲ့ လူ၁၀၀မှာ ၉၀လောက်က ဝက်သက်ပေါက်ပါတယ်။ ဒီလောက်ထိကို ကူးစက်မြန်တာပါ။ ဒါကြောင့် မဖြစ်မနေ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနေရတာပါ။ဝက်သက်က ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့လို့ တိကျတဲ့ကုသနည်းမရှိပါဘူး။ အချိန်တန်ရင် အလိုလိုပျောက်သွားပါတယ်။ ရောဂါဖြစ်နေတဲ့ အချိန်အတွင်းမှာ ကိုယ်ခံအားကောင်းအောင် နေဖို့လိုပါတယ်။ ခံစားရတဲ့ လက္ခဏာသက်သာအောင် ဖျားရင် အဖျားကျဆေး၊ ဗီတာမင်အေနည်းရင် ဗီတာမင်အေဖြည့်စွက်စာ ပေးရပါမယ်။ပိုးသတ်ဆေးကတော့ နောက်ဆက်တွဲပိုးဝင်မှပဲ ပေးရတာပါ။အခုလက်ရှိမြန်မာနိင်ငံမှာ ကလေးအသက်၉လမှာတစ်ကြိမ်၊ ၁နှစ်ခွဲမှာတစ်ကြိမ် ၂ကြိမ်ထိုးပေးနေပါတယ်။ ဝက်သက်-ဂျိုက်သိုးအတွဲလိုက်ထိုးပေးတာပါ။ကလေးအသက် ၉လမတိုင်ခင် အမေ့ဆီကရတဲ့ ခုခံအားနဲ့တင်ကာကွယ်နိုင်ပါတယ်။ နောက်ပိုင်းမှ ခုခံအားက တဖြည်းဖြည်းနည်းလာတာကြောင့် ကလေးအသက်၉လလောက်ဆို ကာကွယ်ဆေးထိုးရပါတယ်။လုံလောက်ပါတယ်။ ပထမတစ်ခါထိုးရင် ၉၃ရာခိုင်နှုန်းကာကွယ်နိုင်ပြီး ဒုတိယတစ်ခါထိုးရင်၉၇ရာခိုင်နှုန်းအထိကာကွယ်နိုင်ပါတယ်။ဖြစ်နိုင်ပေမယ့် ဖြစ်ခဲပါတယ်။ ၉၇ရာခိုင်နှုန်းပဲ ကာကွယ်တဲ့အတွက် ကျန်တဲ့ ၃ရာခိုင်နှုန်းမှာ ဖြစ်နိုင်ခြေရှိပါသေးတယ်။ ဒါပေမယ့် ဒါဟာ တော်တော်ရှားတဲ့ အခြေအနေပါ။လုံးဝမဟုတ်ပါဘူး။ အမေရိကအပါအဝင် နိုင်ငံတကာက ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဝက်သတ်ကာကွယ်ဆေးနဲ့ အော်တစ်ဇင် ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။ဝက်သက်ကာကွယ်ဆေးကို ကလေးတိုင်းထိုးပေးရပါမယ်။ ဒါက ကိုယ့်ကိုယ်ကိုရော သူများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တချိူ့သော လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ မထိုးရတဲ့ ကလေးတွေ၊ ဆေးမတည့်လို့ မထိုးရတဲ့ ကလေးတွေရှိပါတယ်။ သူတို့လေးတွေ မကူးဖို့ဆို ပတ်ဝန်းကျင်မှာ ဝက်သက်မရှိမှဖြစ်မှာပါ။ ဝက်သက်မရှိအောင် ပတ်ဝန်းကျင်က ထိုးနိုင်တဲ့ကလေးတွေအားလုံးကာကွယ်ဆေးထိုးထားရမှာပါ။ ဒါမှ နောင်အနာဂတ်မှာ ဝက်သက်ရောဂါကင်းတဲ့ ကမ္ဘာမှာ ကလေးတွေရှင်သန်နိုင်မှာပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%ad%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%9d%e1%80%80%e1%80%ba%e1%80%9e%e1%80%80/
Ambivert တွေရဲ့ ထူးခြားတဲ့ ဝိသေသ
ပေါင်းသင်းဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုး အထွေထွေရှိနိုင်ပါတယ်။ ဒီလို လူပေါင်းစုံကို အကောင်းဆုံး ပေါင်းသင်းဆက်ဆံနိုင်ဖို့ဆိုရင် သူတို့က ဘယ်လိုလူ အမျိုးအစားလဲ ဆိုတာကို သိထားဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေထဲက Ambivert လေးတွေရဲ့ သူမတူတဲ့ ဝိသေသလေးတွေကို ပြောပြပေးချင်ပါတယ်။Ambivert ဆိုတာက လူတစ်ယောက်မှာ ရှိနေတဲ့ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ခုပါ။ သူတို့က introversion ရော extroversion ကိုပါ မျှတစွာ ပိုင်ဆိုင်ထားတာပါ။ အခြေအနေ၊အကြောင်းအရာ၊ အဖြစ်အပျက် နဲ့ရည်မှန်းချက်တွေကွာခြားမှုအပေါ် မူတည်ပြီး သူတို့ရဲ့ ပုံစံကို ပြောင်းလဲ တတ်ကြသူတွေပါ။အခြေအနေအချိန်အခါအလိုက် ပြုမူနေထိုင်တတ်သူတွေပေါ့။ ပွင့်လင်းဖို့လိုရင် ပွင့်လင်းမယ်။ ဆိတ်ဆိတ်နေဖို့ လိုရင် ဆိတ်ဆိတ်နေမယ်။ ရောက်ရှိသွားတဲ့ အသိုင်းအဝိုင်းနဲ့ အသားတကျ ဖြစ်အောင် နေထိုင်တတ်ကြသူတွေကို Ambivert  တွေလို့ ခေါ်ပါတယ်။ ဗားရှင်း နှစ်မျိုး ရောမွှေထားသူတွေပေါ့။လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုသလိုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်းစိတ်ထားချင်းမတူကြပါဘူး။ ဒီလို ကွဲပြားမှုလေးတွေထဲမှာမှ Ambivert  တွေရဲ့ သူမတူတဲ့ လက္ခဏာတွေက။Extrovertsတွေက ပြောရတာကို ကြိုက်ပြီးintrovertsတွေက နားထောင်ရတာကို ကြိုက်ပါတယ်။ ဒါပေမယ့် ambiverts  တွေကတော့ ဘယ်လို အခြေအနေမှာ အပြောကောင်းသူ ဖြစ်ရမလဲ။ ဘယ်လို အခြေအနေမှာ နားထောင်ကောင်းသူတစ်ဦး အဖြစ်နေရမလဲဆိုတာကို ကောင်းကောင်းသိတယ်။အစည်းအဝေးတစ်ခုမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို စိတ်အားထက်သန်စွာ စပြောပြတတ်ပြီး ပါဝင်ဆွေးနွေးမယ့်သူတွေရဲ့ အယူအဆတွေ၊ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ စိုးရိမ်စရာတွေကို ပြောပြခွင့်ပေးလေ့ရှိတတ်သူတွေပါ။ရောက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေကို လိုက်ပြီး အပြုအမူကို လိုသလို ပြောင်းလဲတတ်ကြတယ်။ မြင်သာအောင် ပြောပြရရင် သူစိမ်းတွေနဲ့ ဓာတ်လှေကားစီးတဲ့အခါ။Ambiverts တွေကသူငယ်ချင်းတွေနဲ့ ပြောပြောဆိုဆို ပျော်ပျော်ရွှင်ရွှင်လည်း နေတတ်ကြပေမယ့် ရုံးကအပြန် အိမ်မှာတစ်ယောက်တည်း အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်နေဖို့ကိုလည်း မပျင်း တတ်ကြပါဘူး။မြင်သာအောင် ပြောပြရရင် သောကြာနေ့မို့ သူငယ်ချင်းက အပြင်ထွက်လျှောက်လည်ဖို့ ခေါ်တယ်ဆိုပါတော့ extrovert တွေက တွန့်ဆုတ်နေမှု အလျဉ်း မရှိဘဲ လက်ခံလိုက်လိမ့်မယ်။ introvert တွေကတော့ အပြင်မသွားဘဲ အိမ်ပြန်နားတာပဲ ကောင်းပါတယ်၊လို့  ပြောလိမ့်မယ်။ ambivert ကတော့ အကောင်းအဆိုးကို ချင့်ချိန်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ အပြင်ထွက်လည်ပါလိမ့်မယ်။Ambiverts တွေက လူတွေရဲ့ပြဿနာတွေ၊ အခက်အခဲတွေကို နားလည်ပေးနိုင်သလို နားထောင်ပေးဖို့လည်း စိတ်ရှည်ကြပါတယ်။သူငယ်ချင်းတစ်ယောက်ယောက်က ပြဿနာတစ်ခုခု ကြုံနေပြီဆိုပါစို့။ extrovert က ထားလိုက်ပါကွာ။ တွေးမနေနဲ့လို့ ပြောလိမ့်မယ်။ ပြဿနာတွေနဲ့ ခပ်ဝေးဝေးနေချင်တဲ့ သဘောပါ။ introvert  တွေက အသေးစိတ်ကအစ နားထောင်ပေးလိမ့်မယ်။ဖြေရှင်းနည်းတော့ ပေးမှာမဟုတ်ဘူး။ သူက နားထောင်သမား သက်သက်ပါ။ ambivert ကတော့ နားထောင်မယ်။ မေးခွန်းတွေကို မေးမယ်။ ဝိုင်းတွေးမယ်။ ဖြေရှင်းပေးဖို့ ကူညီလိမ့်မယ်။အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်တဲ့အခါ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ရရှိစေဖို့ ambiverts တွေကို မဖြစ်မနေ လိုအပ်ပါတယ်။ အကြောင်းကတော့ သူတို့က တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေလို့ နှုတ်ဆိတ်နေမှုကို ပျက်ပြယ်စေဖို့ စကားစပေးတတ်တယ်။ ခံစားချက်တွေ၊ သဘောထားအမြင်တွေကို ထုတ်ဖော်ဖို့ ဝန်လေးတတ်တဲ့ introvert တွေကို သက်တောင့်သက်သာနဲ့ စကားစပြောနိုင်စေဖို့ အစပျိုးပေးတတ်တယ်။ကိုယ့်ပတ်ဝန်းကျင်မှာ အခုလိုအလေ့အထလေးတွေကို ပိုင်ဆိုင်ထားတဲ့သူလေးတွေ ရှိနေရင်တော့ သူတို့လေးတွေက extrovert နဲ့ introvert ဗားရှင်းကို အချိုးကျ ပေါင်းစပ်ထားတဲ့ Ambiverts လေးတွေပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/signs-that-may-be-an-ambivert/
ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား
ဂေါ်ရခါးသီးကို ကြက်ဥလေးနဲ့ ကြော်စားတာက ချိုချိုဆိမ့်ဆိမ့်လေးနဲ့ စားလို့ တော်တော်လေးကောင်းပါတယ်။ ထမင်းပူပူလေးနဲ့ တွဲစားလိုက်ရင် အတော်လေး အရသာရှိလှတာပါ။ ဒီလို စားလို့ ကောင်းတဲ့ ချိုဆိမ့်ဆိမ့် ဂေါ်ရခါးသီးကြော်လေးကဘေဘီလေးတွေကြိုက်နှစ်သက်လောက်မယ့် ဟင်းတစ်ခွက်ပါ။ ဒါဆို မေးစရာရှိတာက ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား လို့ပေါ့။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်နော်။အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ရေဓာတ်ပါဝင်မှုများတာကြောင့်ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။ဂေါ်ရခါးသီးမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား ….. ဆိုတော့ ရပါတယ်။ ဘေဘီလေးတွေ ခံတွင်းတွေ့လောက်မယ့် ဂေါ်ရခါးသီး ချိုချိုလေးကို ဘေဘီလေးက အသက် ၆ လပြည့်ပြီsolid foodလည်း စစားတတ်ပြီဆိုရင် ကျွေးပေးလို့ ရပါပြီ။ သေချာလေး နူးအိနေအောင် ချက်ပြီး ကြေနေအောင် ခြေပြီးကျွေးပေးဖို့ လိုပါမယ်။ဒါမှ ဘေဘီလေးကအစာနင်တာမျိုး မဖြစ်မှာပါ။ နောက်တစ်ချက် သတိထားရမှာက လတ်ဆတ်ပြီးအော်ဂဲနစ်ဖြစ်တာကို ကျွေးပေးဖို့ပါ။ ကလေးကို ပြင်ဆင်ပေးတဲ့အခါ ဂေါ်ရခါးသီး အခွံကို သေချာနွှာပြီး ရေစင်အောင်ဆေးဖို့ပါ။ဘေဘီလေးကို တစ်နေ့တာအတွက် ဂေါ်ရခါးသီး အရွယ်တော် ၂ တုံးကနေ ၃ တုံးလောက်အထိ ကျွေးပေးလို့ ရပါတယ်။ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးပေးတဲ့အခါ အခုလိုအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ဂေါ်ရခါးသီးမှာ ကယ်လ်လိုရီ ကြွယ်ဝစွာပါဝင်နေသလို ပိုတက်ဆီယမ်၊ ဆိုဒီယမ် နဲ့ အဆီဓာတ်တွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဂေါ်ရခါးသီးက သွေးပေါင်ချိန် နဲ့ သွေးတွင်းကိုလက်စရောကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ဂေါ်ရခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းးတွေဖြစ်တဲ့ ဗီတာမင် C၊ quercetin၊ myricetin၊ morin နဲ့ kaempferol တို့ပါဝင်နေတာကြောင့် ကင်ဆာ နဲ့ ဆီးချိုကို ကာကွယ်ပေးနိုင်သလို အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာက ဘေဘီလေးကို ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဂေါ်ရခါးသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးကို ဝမ်းချုပ်မှု ကင်းစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘေဘီလေးကို အစာခြေစနစ် ပြဿနာ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ရေဓာတ်ပြည့်ဝမှုကလည်း ဘေဘီလေးရဲ့ အစာခြေစနစ် ကျန်းမာပြီး အူတွေကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ဂေါ်ရခါးသီးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ကြွက်သားတွေ သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။ဂေါ်ရခါးသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် B9 (ဖောလိတ်) ပါဝင်နေတာကြောင့် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို ဘေဘီလေးရဲ့ အာရုံကြောတွေကို ကျန်းမာစေဖို့ အားဖြည့်ပေးပြီး အာရုံစူးစိုက်မှုကောင်းစေဖို့ ထောက်ကူပေးပါတယ်။ဇင့်၊ copper၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်တို့ ပါဝင်နေတာကလည်း ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေဖို့ရော ဦးနှောက် ဖွံ့ဖြိုးစေဖို့ပါ ထိထိရောက်ရောက် ထောက်ကူပေးပါတယ်။ကြွက်သားတွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ဂေါ်ရခါးသီးရဲ့ နောက်ထပ် ကျန်းမာရေး အကျိုးတစ်ခုကတော့ ဘေဘီလေးတွေရဲ့ ဆီးလမ်းကြောင်းကို ကျန်းမာစေပြီး ဆီးလမ်းကြောင်း ပိုးဝင်တာ မဖြစ်အောင် ကာကွယ်ပေးတာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/chayote-for-baby/
သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ
ဈေးမှာ သဘာဝထွက်အသီးအနှံဝယ်ရင်း ရွေးရခက်တာမျိုး သင်ကြုံဖူးပါသလား။ သဘာဝသီးနှံတွေက သဘာဝအတိုင်း မဟုတ်တဲ့ဟာတွေထက် ဈေးပိုကြီးပါတယ်။ အခုခေတ်မှာတော့ ပိုမိုကျန်းမာတဲ့ နေထိုင်မှုစနစ်ကို လူတွေက ရှာဖွေလာကြတဲ့အတွက် သဘာဝထွက်တွေက ဈေးပိုတက်လာနေပါတယ်။ လူတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံတွေ ဂျုံနဲ့ အသားဓာတ်ပါတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးလာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝထွက် အသီးအနှံအကြောင်း သင်သိသင့်တာလေးတွေ ရှိနေပါသေးတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။သဘာဝမြေသြဇာသုံးအစားအစာနှင့်ပတ်သက်သည့် အချက်များ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။သဘာဝထွက်လို့ ဆိုလိုက်တာက အသီးအနှံ၊ အစေ့အဆံ၊ နို့ထွက်ပစ္စည်းနဲ့ အသားတွေ ပါဝင်ပြီး ဒါတွေအားလုံးကို စိုက်ပျိုးမွေးမြူတဲ့နေရာမှာ မြေသြဇာကောင်းဖို့သော်လည်းကောင်း အထွက်တိုးဖို့သော်လည်းကောင်း လူတွေ တီထွင်ဖန်တီးထားတဲ့ ဓာတုပစ္စည်းတွေ မသုံးဘဲ၊ ဂေဟစနစ်ကို မျှတစေပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေဘဲ ထုတ်လုပ်ထားတဲ့ စားသောက်ကုန်တွေကို ခေါ်ပါတယ်။သီးဆက်စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာသုံးခြင်း စတာတွေက လယ်သမားတွေ သဘာဝ စိုက်တဲ့လယ်သမားတွေရဲ့ ဥပမာတွေဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်အတွက်လည်း အလွန် အထောက်အကူ ဖြစ်ပါတယ်။သဘာဝ အသီးအနှံတွေဖြစ်ကြောင်း ထောက်ခံချက်ကို အထုပ်မှာ ရှာဖွေသင့်ပါတယ်။ သဘာဝအသီးအနှံတွေမှာ ပြည့်မီရမယ့် အချက်တွေကို အမေရိကန်စိုက်ပျိုးရေးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် လူတွေ အသိပညာ ပိုရလာတာနဲ့အမျှ သဘာဝထုတ်ကုန်တွေ စားသုံးဖို့ ပိုမိုနှိုးဆော်လာပါတယ်။ ဒီလိုသတ်မှတ်ချက်တွေ ယူဆချက်တွေက မှားတော့မမှားပါဘူး။ ဒါဆို ဘာတွေက မှားယွင်းနေနိုင်ပါသလဲ။(၁) သဘာဝထုတ်အသီးအနှံမှာ ပိုးသတ်ဆေးအနည်းငယ်ပါဝင်ပါတယ်။မှန်ပါတယ်။ အပင်ဖျက်ပိုးတွေကို နှိမ်းနင်းဖို့အတွက် ပိုးသတ်ဆေးသုံးဖို့ လိုပါတယ်။ ဒီဆေးတွေက စားသုံးသူတွေထံရောက်တဲ့အထိ ပါလာနိုင်ပါတယ်။(၂) သဘာဝထွက်စားသောက်ကုန်မှာ တီထွင်ဖန်တီးထားတဲ့ပစ္စည်းတွေမပါဝင်ပါဘူး။မှန်ပါတယ်။ဒါပေမယ့် ဆိုးဆေးတွေ၊ အချိုဓာတ်တွေသုံးရင် သဘာဝထုတ်မဟုတ်နိုင်တော့ပါဘူး။(၃) အော်ဂန်းနစ်သဘာဝအစားအသောက်တွေက သဘာဝပတ်ဝန်းကျင်ကို ကူညီတယ်။မှန်ပါတယ်။ အော်ဂန်းနစ်သဘာဝနည်းနဲ့ စိုက်ပျိုးတဲ့အပင်တွေက သဘာဝပတ်ဝန်းကျင်ကို အများကြီး အကျိုးပြုပါတယ်။ ဥပမာအားဖြင့် ရေအရင်းအမြစ်ပြုန်းတီးမှုနည်းတာ၊ မြေဆီမြေလွှာရဲ့ ဓာတ်တွေမဆုံးရှုံးတာ၊ စွမ်းအင်အများကြီးမလိုတာ စတာတွေက သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေပါတယ်။ ပိုးသတ်ဆေးတွေလျှော့သုံးတာက ငှက်တွေနဲ့ တခြားတိရိစ္ဆာန်ငယ်လေးတွေကို ထိခိုက်မှုနည်းစေပါတယ်။ နောက်ပြီး စိုက်ပျိုးမြေတွေနဲ့ လက်ပွန်းတတီးနေရတဲ့ လူတွေအတွက် ဆိုးကျိုးနည်းစေပါတယ်။(၄) အော်ဂန်းနစ်သဘာဝစာသောက်ကုန်က အားအင်ပိုဖြစ်စေတယ်။ဒါကတော့ မဟုတ်ပါဘူး။အော်ဂန်းနစ်သဘာဝ စိုက်ပျိုးထားတဲ့အသီးအနှံတွေက တခြားနည်းနဲ့စိုက်ပျိုးထားတာတွေထက် ပိုမိုတဲ့အာဟာရပါဝင်မှု မရှိပါဘူး။ လက်ရှိသုတေသနသမားတွေကတော့ အော်ဂန်းနစ်နဲ့ အော်ဂန်းနစ်မဟုတ်တဲ့နှစ်ခုအကြား ကွဲပြားသိသာစေတဲ့ အချက်တွေ မရှာဖွေနိုင်သေးပါဘူး။(၅) အော်ဂန်းနစ်သဘာဝနည်းက သဘာဝပတ်ဝန်းကျင်ကို အမြဲတမ်း ထောက်ကူပေးတယ်။ဒါလည်း မဟုတ်ပါဘူး။ အပင်စိုက်တာက လေထုညစ်ညမ်းမှုကို လျှော့ချနိုင်တယ်ဆိုတာမှန်ပါတယ်။ ဟူဆန်တက္ကသိုလ်က ပါမောက္ခ ဒန်းနစ်အဲဗရီးရဲ့ ပြောဆိုချက်အရ အော်ဂန်းနစ် သဘာဝစိုက်ပျိုးနည်းက တခြားနည်းတွေနဲ့ စိုက်ပျိုးတာနဲ့ယှဉ်ရင် မြေနေရာ ပိုမိုလိုအပ်ပါတယ်။ လူတွေက အော်ဂန်းနစ်သဘာဝနည်းနဲ့စိုက်ပျိုးဖို့အတွက် မိုင်ချီတဲ့သစ်တောမြေတွေကို ခုတ်ထွင်ပြီး အော်ဂန်းနစ် မဟုတ်တာတွေနဲ့ ညီမျှမှုရှိအောင် စိုက်ပျိုးနေကြလို့ပဲ ဖြစ်ပါတယ်။(၆) အော်ဂန်းနစ်သဘာဝအသီးအနှံက ရေဆေးဖို့မလိုအပ်ဘူး။မှားပါတယ်။ ဈေးမှာဝယ်ကတည်းက ဒါတွေကို ရေစင်အောင်ဆေးပြီးမှ စားသုံးကြဖို့ တိုက်တွန်းကြတာပါ။ ဝယ်မယ်ဆိုရင်တော့ အော်ဂန်းနစ်သဘာဝဖြစ်ကြောင်းထောက်ခံချက်တံဆိပ်ရှိတာမျိုးကို ရွေးဝယ်ဖို့သင့်ပါတယ်။ နောက်တစ်ခုအနေနဲ့ရာသီအလိုက်ထွက်တဲ့ အသီးအနှံကို ရွေးဝယ်ပါ။ ကံကောင်းရင်တော့ ဈေးပေါပြီး လတ်ဆတ်တာတွေ ရပါလိမ့်မယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/facts-to-know-about-organic-foods/
အာရုံစူးစိုက်မှု မပြုနိုင်ခြင်းအကြောင်း
လူတိုင်းလိုလို ကျောင်းမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေအာရုံစူးစိုက်မှုလိုအပ်တဲ့ ကိစ္စရပ်တွေ နေ့စဉ် ကြုံဆုံရပါတယ်။ အာရုံစူးစိုက်မှု အားကောင်းရင် ရှင်းလင်းစွာ တွေးတောနိုင်ခြင်း၊ လုပ်ငန်းတာဝန်အပေါ် ပြတ်သားစွာ မြင်လွယ်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိပါတယ်။အာရုံစူးစိုက်မှုကျဆင်းရင်တော့ မိမိရဲ့လုပ်ငန်းတွေမှာ လစ်ဟင်းလာပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ဖို့တောင် ခက်ခဲလာပါလိမ့်မယ်။အာရုံစူးစိုက်မှုအားမကောင်းရင် ကြုံတွေ့နိုင်တဲ့ လက္ခဏာများကတော့။– သိပ်မကြာသေးခင်က ဖြစ်ပျက်တာတွေကို မမှတ်မိနိုင်ခြင်း။– ငြိမ်ငြိမ်ထိုင်နေရန်ခက်ခဲခြင်း။– ရှင်းလင်းစွာ တွေးတောရန် ခက်ခဲခြင်း။– ပစ္စည်းများ မကြာခဏပျောက်ခြင်း၊ မည်သည့်နေရာတွင် ထားသိုသည်ကို မမှတ်မိခြင်း။– ဆုံးဖြတ်ချက်တစ်ခုကိုချရန် ခက်ခဲခြင်း။– ခက်ခဲသည့်လုပ်ငန်းတာဝန်များ မဆောင်ရွက်နိုင်ခြင်း။–ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာစွမ်းအင်နည်းပါးနေခြင်း။– အာရုံများခြင်း၊ အာရုံထွေပြားခြင်း။– အလျင်စလိုပြုမူပြီး အမှားများခြင်း စတာတွေ ဖြစ်ပါတယ်။အာရုံစုစည်းနိုင်ခြင်းကို ထိခိုက်စေတဲ့ အကြောင်းအရာများကတော့။– အရက်အလွန်အကျွံသောက်ခြင်း။– အာရုံစိုက်နည်းပြီး တက်ကြွလွန်သော ရောဂါ (ADHD) ဖြစ်ခြင်း။– ကာလကြာရှည် ပင်ပန်းနွမ်းနယ်ခြင်း။– ကူးရှင်းရောဂါလက္ခဏာစုဖြစ်ခြင်း။– သတိမေ့ခြင်း၊မှတ်ဉာဏ်ချို့ယွင်းခြင်း။– အတက်ရောဂါဖြစ်ခြင်း။– အိပ်မပျော်ခြင်း။– အကြီးအကျယ်စိတ်ဓာတ်ကျဆင်းခြင်း။– စိတ်ကျန်းမာရေးဝေဒနာတမျိုးမျိုး ခံစားရခြင်း (ဥပမာ စိတ်ကစဉ့်ကလျားရောဂါ)။– စိတ်ဖိစီးခြင်း။– ဆာလောင်ခြင်း။– စိတ်ပူပန်ခြင်း စတာတွေ ဖြစ်ပါတယ်။ဒါ့အပြင် ဆေးဝါးအချို့သောက်သုံးရချိန်မှာလည်း အာရုံမစိုက်နိုင်တာမျိုး ကြုံရတတ်ပါတယ်။ ဆေးဝါးအချို့ကို စတင်သောက်သုံးတော့မယ်ဆိုရင် အညွှန်းစာသေချာဖတ်ပါ။ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။များသောအားဖြင့် အာရုံစူးစိုက်မှုအားနည်းရခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်တတ်ပါဘူး။ ဒါပေမယ့် အာရုံစူးစိုက်မှု မပြုနိုင်တဲ့အပြင် အောက်ပါရောဂါလက္ခဏာတွေကိုပါ ကြုံလာရတယ်ဆိုရင် အရေးပေါ် ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။– သတိလစ်ခြင်း။– ကိုယ်ခန္ဓာတစ်ခြမ်းတွင် ထုံခြင်း/ကျင်ခြင်း။– ရင်ဘတ် ပြင်းထန်စွာ အောင့်ခြင်း။–ခေါင်းအလွန်ကိုက်ခြင်း။– မှတ်ဉာဏ်များ ရုတ်တရက်ချို့ယွင်းကုန်ခြင်း။– မိမိ ဘယ်နေရာ ရောက်နေသည်ကို မသိခြင်း စတာတွေ ဖြစ်ပါတယ်။သင့်ရဲ့နေထိုင်မှုပုံစံဟာ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ အာရုံစူးစိုက်မှုအား ကောင်းစေဖို့။– အာဟာရမျှတစွာ စားသုံးခြင်း (အစေ့အဆန်များ၊ အသီးအနှံများ၊ပရိုတင်းဓာတ်စသဖြင့်)။– တစ်ကြိမ်တည်း တနင့်တပိုးမစားဘဲ အကြိမ်ရေများများခွဲပြီး စားသုံးခြင်း။–အိပ်ရေးဝအောင်အိပ်ခြင်း။– ကဖင်း လျှော့ချခြင်း။– စိတ်ဖိစီးမှုကို လျှော့ချခြင်း (တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း) စတဲ့ နည်းလမ်းတွေနဲ့ နေထိုင်သင့်ပါတယ်။အာရုံစူးစိုက်မှုအားနည်းခြင်းဆိုတာ ကိုယ်/စိတ်ပင်ပန်းချိန်မှာ ကြုံတွေ့နိုင်တဲ့ အခြေအနေတခုဖြစ်ပါတယ်။ ဒါပေမယ့် တခြားရောဂါလက္ခဏာတွေနဲ့ တွဲပြီး ကြုံတွေ့ရရင် အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်သွားနိုင်တာမို့ သတိပြုသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/unable-to-concentrate/
ပျို့အန်ချင်စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းများ
ပျို့အန်ချင်စိတ်ဟာ အစာအိမ်ကနေ အော်ဂလီဆန်စွာ ပေါ်ထွက်လာတတ်ပြီး အန်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ရောဂါပိုးဝင်ခြင်း၊အစာအိမ်အူလမ်းကြောင်းပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်း၊ နှစ်သက်ဖွယ်မရှိသော အနံ့အသက် စတာတွေကနေ အစပျိုးတတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ပျို့အန်ချင်စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းများ ဖြစ်ပါတယ်။ ယာယီသက်သာစေမယ့် နည်းလမ်းတွေကနေ ရေရှည်အတွက် ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေအထိ ပါဝင်ပါတယ်။ပျို့အန်ချင်စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းများ ကတော့။၁။ မတ်မတ်ထိုင်ပါ၊အစာအိမ်ကို ဖိမထားပါနဲ့။အစာစားပြီးချိန်မှာ လှဲမနေဖို့ ငယ်ငယ်ကတည်းက လူကြီးတွေပြောဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ လှဲနေတဲ့အချိန်မှာအစာခြေရည်များဟာ အစာရေမျိုကနေ ထွက်လာပြီး ပျို့အန်ချင်စိတ်နဲ့ မအီမသာဖြစ်စေပါတယ်။ဗိုက်ကို ဖိပြီးနေခြင်းဟာလည်း သက်သောင့်သက်သာမဖြစ်စေဘဲ ပျို့အန်ချင်စိတ်ကို ပိုဆိုးစေပါတယ်။ တကယ်လို့ အန်ချင်စိတ်ဖြစ်နေရင် ခန္ဓာကိုယ်ကို မတ်မတ်နေရပါမယ်။ အထက်ပိုင်းကို နောက်ဖက်မှီထားသင့်ပါတယ်။ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားလည်း နေသင့်ပါတယ်။၂။ ပြတင်းပေါက်တွေဖွင့်ပါ၊ပန်ကာရှေ့ထိုင်ပါ။ကားမူးတဲ့သူတွေဟာ ကားမှန်ချပြီး ခေါင်းတွေကို အပြင်ထုတ်တတ်တာလည်း ဒီသဘောပါပဲ။ လတ်ဆတ်တဲ့လေဟာ လူအများစုရဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေနိုင်ပါတယ်။ မကောင်းတဲ့ အနံ့အသက်တွေကို ထွက်သွားစေပြီး တခြားတခုခုကိုလည်း အာရုံပြောင်းသွားစေနိုင်ပါတယ်။ပျို့အန်ချင်စိတ် ပေါ်လာတာနဲ့ ပန်ကာရှေ့၊ ပြတင်းပေါက်ရှေ့ အရောက်သွားခြင်းဟာ သင့်ကို သက်သာစေနိုင်ပါတယ်။၃။ အအေးပတ်ကပ်ပါ။လည်ပင်းနောက်မှာ အေးမြတဲ့အရာတခုခု ကပ်ပေးခြင်းဟာ ပျို့အန်ချင်စိတ်ကို လျော့ပါးစေပါတယ်။ ပျို့အန်ချင်တဲ့အခါ ခန္ဓာကိုယ်အပူချိန်လည်း မြင့်တက်နေတတ်ပါတယ်။ လည်ပင်းနောက်မှာ အေးမြတဲ့အရာကပ်ထားရင်ခန္ဓာကိုယ်အပူချိန်လည်း ကျဆင်းတဲ့အပြင် ပျို့အန်ချင်စိတ်လည်း သက်သာစေပါတယ်။၄။ ဖိထားပါ။ဒါကတော့ အပ်စိုက်ကုနည်း သဘောတရားကို အခြေခံပါတယ်။ လက်ကောက်ဝတ်အတွင်းပိုင်းကနေ ၂.၅ လက်မခန့်အကွာမှာ ပျို့အန်ခြင်းပြဿနာကို ကုသပေးနိုင်တဲ့ အကြောရှိပါတယ်။ အဲဒီနေရာမှာ ကြွက်သားချောင်းကြီးနှစ်ခု တည်ရှိပြီး အဆိုပါနေရာကို မိနစ်အနည်းငယ်နှိပ်ပေးခြင်းဟာ ပျို့အန်ခြင်းကို သက်သာစေပါတယ်။၅။တရားထိုင်ပါဒါမှမဟုတ် အသက်၀၀ရှူပါ။တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်အေးချမ်းစေတာမို့ ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကြောင့် ဖြစ်လာတဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။အသက်ကို ၀၀မှန်မှန် ရှူပေးခြင်းဟာလည်း တရားထိုင်သလိုပါပဲ။ အသက်ကို ဖြည်းဖြည်းရှူသွင်းပြီး သုံးစက္ကန့်လောက် အောင့်ထားရပါမယ်။ ပြီးရင် ဖြည်းညင်းစွာ ရှူထုတ်ရပါမယ်။ ပျို့အန်ချင်စိတ်ပျောက်တဲ့ထိ ထပ်ခါထပ်ခါ လုပ်ဆောင်နိုင်ပါတယ်။၆။ အာရုံပြောင်းပါ။တခါတရံမှာ ပျို့အန်ခြင်းဟာ စိတ်အခြေအနေသက်သက်ဖြစ်ပါတယ်။ ပျို့အန်ချင်စိတ်ကို အာရုံထားလေလေ ပိုပြီးပျို့အန်ချင်လေ ဖြစ်ပါတယ်။ ပျို့အန်ချင်စိတ်ပေါ်လာရင် စာဖတ်ခြင်း၊ တီဗီကြည့်ခြင်း စတာတွေနဲ့ အာရုံပြောင်းပါ။ လှုပ်ရှားတဲ့အခါ ပိုဆိုးမလာဘူးဆိုရင် အပေါ့စားအိမ်အလုပ်တွေ လုပ်ရင်း၊ ကလေးတွေနဲ့ ဆော့ကစားရင်း စိတ်ကိုပြောင်းပါ။၇။ ရေဓာတ်ဖြည့်တင်းပါ။ပျို့အန်ချင်စိတ်ကြောင့် မစားမသောက်ဘူးဆိုရင် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်လာနိုင်ပါတယ်။ ပျို့အန်ခြင်းဟာ ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာလည်း ဖြစ်နေတတ်ပါတယ်။ ရေကိုသောက်တာများသွားပြီးမှ ဗိုက်ပြည့်သွားလွန်းရင်လည်း ပျို့အန်ချင်စိတ်ကို ပိုဆိုးသွားစေနိုင်ပါတယ်။ဒါကြောင့် ပျို့အန်ချင်နေပြီဆိုရင် ရေကို တဝမသောက်ဘဲ နည်းနည်းချင်းစီ တစွတ်စွတ် သောက်နေသင့်ပါတယ်။ ဒါမှမဟုတ် ကဖိန်းလျှော့ထားတဲ့ ကော်ဖီ၊ လတ်ဆတ်တဲ့ အသီးဖျော်ရည် စတာတွေ သောက်သင့်ပါတယ်။၈။သံပုရာရည်သောက်ပါ။သံပုရာမှာပါတဲ့ စီထရစ်အက်ဆစ်ဟာ အစာခြေစနစ်ကို အားပေးပြီး အစာအိမ်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ သုံပုရာရည်ကို လတ်လတ်ဆတ်ဆတ်ဖျော်ပြီး နည်းနည်းချင်းစီ သောက်သုံးပေးရင် ပျို့အန်ချင်စိတ်ကို ထိန်းပေးနိုင်ပါတယ်။ဝမ်းချုပ်ခြင်းကြောင့် ပျို့အန်ချင်စိတ်ဖြစ်ရင်လည်း သံပုရာရည်ကို ရေနွေးနွေးနဲ့ ဖျော်သောက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ သံပုရာသီးကို ဖျော်မသောက်ဖြစ်ရင်တောင် ထက်ခြမ်းလှီးပြီး ရနံ့ကို ရှိုက်သွင်းရင် ပျို့အန်ချင်စိတ်ကို လျော့ပါးစေမှာ ဖြစ်ပါတယ်။၉။ ဗီတာမင် B6 သုံးစွဲခြင်း။ဗီတာမင် B6 ဟာ သာမန်ပျို့အန်ချင်စိတ်ကို သက်သာစေရုံသာမက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ပျို့အန်ခြင်းတွေကိုပါ သက်သာစေပါတယ်။ တနေ့ကို ၃၀ မီလီဂရမ်ကနေ ၁၀၀ မီလီဂရမ်ထိ သုံးစွဲနိုင်ပါတယ်။ ဒါပေမယ့် ဗီတာမင် B6 ကို အလွန်အကျွံသုံးစွဲမိရင်လည်း နှလုံးခုန်မမှန်ခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားတင်းအားလျော့ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ကောင်းတာကတော့ ဆေးဝါးတွေကို သုံးစွဲတိုင်းမှာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ပျို့အန်ချင်စိတ်အပြင် တခြားလက္ခဏာတွေပါ တွေ့ရှိနေရင် ဆရာဝန်ပြသင့်ပါတယ်။ ဥပမာ ပျို့အန်ချင်စိတ်အပြင် ရင်ဘတ်ပါအောင့်နေရင် Heart Attack လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ဆိုးရွားစွာ ခေါင်းမူးခြင်းများနဲ့ပါ တွဲဖက်နေရင်အာရုံကြောလက္ခဏာဖြစ်နေနိုင်ပါတယ်။ပျို့အန်ချင်စိတ်အပြင်။စတဲ့လက္ခဏာတွေရှိနေရင် အရေးပေါ်ဆေးဝါးကုသမှု လိုအပ်နိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/how-to-get-rid-of-nausea/
သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........
သွေးတွေ လည်ပတ်စီးဆင်းနေဖို့ကခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ဆောင်မှုတွေထဲက တစ်ခုပါ။ သွေးက ပုံမှန်အတိုင်း လည်ပတ်စီးဆင်းတာမျိုး မရှိဘဲ သွေးပျစ်မယ် ဆိုရင် လေဖြန်းတာ၊လေဖြတ်တာနဲ့ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်သွေးမပျစ်စေဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။သွေးလည်ပတ်မှုကောင်းတာက နှလုံး ကျန်းမာစေဖို့ ကာကွယ်ရာ ရောက်ပါတယ်။ သွေးက တအားကျဲနေရင်လည်း သွေးမတိတ်တာ သွေးထွက်လွန်တာမျိုး ဖြစ်နိုင်ပေမယ့် သွေးခဲသွေးပျစ်တာကလည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတွေမဖြစ်စေဖို့အတွက် သွေးမပျစ်အောင် ဘယ်လို စားသုံးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။သွေးပျစ်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။ချင်း(ဂျင်း) ရေနွေးကြမ်းကို မနက်ခင်းမှာ သောက်သုံးပေးတာက ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးသလို သွေးမပျစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ အရောင်ကျစေပြီးကြွက်သားတွေကို ပြေလျော့စေပါတယ်။ ဒါကြောင့် သွေးခဲမှုကင်းစေဖို့နဲ့ သွေးမပျစ်စေဖို့ဆိုရင်တော့ တစ်နေ့ကို ချင်းလက်ဖက်ရည် တစ်ခွက် သောက်ပေးပါ။ဆယ်လ်မွန်ငါးမှာomega-3 fatty acidsပါဝင်နေတာကြောင့် သွေးမပျစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။ သွေးမပျစ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ဝိုင်နီ တစ်နေ့တစ်ခွက် သောက်တာက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးမပျစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတာမျိုး မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဟင်းတွေကို အရသာတိုးအောင် ထည့်ပေးတဲ့ သစ်ကြံပိုးခေါက်က ခါးသက်သက် အရသာရှိပြီးကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်ပါတယ်။ ရေနွေးကြမ်းထဲ ထည့်သောက်ပေးတာက သွေးပေါင်ကို ကျစေပြီး အရောင်ကျစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ သွေးပျစ်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ဒါတွေအပြင် ကြက်သွန်ဖြူ၊ ဂျင်ဆင်း၊ နာနတ်သီး၊ ရေညှိညို၊ သံလွင်ဆီစတာတွေကလည်း သွေးမပျစ်အောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။သွေးပျစ်တာကြောင့် ထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် အခုပြောခဲ့တာတွေထဲက တစ်မျိုး ဒါမှမဟုတ် ၂ မျိုးလောက်ကို တစ်နေ့တာ စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးဖို့ အကြံပြုပါရစေ။ ရေလည်း များများသောက်ပေးဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/natural-blood-thinning-foods/
အဆီခဲကို ဘယ်လိုကုသနိုင်မလဲ
အဆီပိုဆိုသည်မှာ ကျန်းမာရေး အခြေအနေကို ခေါ်ဆိုခြင်း မဟုတ်ပါ။ အရေပြားအောက်မှ အဆီခဲကို ခေါ်ပါသည်။ အရေပြားအောက်မှ အဆီများ တိုးထွက်လာခြင်းကို အဆီခဲဟု ခေါ်ပါသည်။ အန္တရာယ် မဖြစ်စေနိုင်သော်လည်း စိတ်မသက်မသာ ခံစားရနိုင်ပါသည်။ ခြေထောက်၊ ပေါင်၊ တင်ပါး၊ ဗိုက် စသည့်နေရာများတွင် အဆီခဲဖြစ်နိုင်ခြေ များပြားပါသည်။အဆီခဲသည် အဝလွန်သော လူများတွင်သာ ဖြစ်ပွားခြင်း မဟုတ်ပါ။ အဆီခဲသည် အသက်အရွယ်မျိုးစုံ ကျား၊ မ မရွေး ဖြစ်ပေါ်တတ်ပါသည်။ သို့သော် မိန်းကလေးများသည် ယောက်ျားလေးများထက် ဖြစ်ပွားနှုန်းများသည်ကို မြင်တွေ့ရပါသည်။အဆီခဲဖြစ်ပေါ်နိုင်သော အချက်အလက် များစွာရှိပါသည်။အစားအသောက် မမှန်ခြင်း။အားကစား မလုပ်ခြင်း။ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း။အသားအရေ အမျိုးအစား။ဓါတုဖြစ်စဉ် မတည်ငြိမ်မှုတို့ ဖြစ်ပါတယ်။အဆီခဲအကြောင်း သိထားခြင်းဖြင့် ကုသရေးတွင် အကျိုးထူးစေပါသည်။ယခု နည်းလမ်းသည် အစားအသောက် မမှန်သောလူများနှင့် လေ့ကျင့်ခန်းမှန်မှန် မလုပ်သော လူများတွင် အကျိုးသက်ရောက်မှု ရှိပါသည်။ မိမိ၏ အစားအသောက် ပုံစံသည် နည်းလမ်း မမှန်ပါက နောက်နည်းလမ်းတစ်မျိုးကို ပြောင်လဲသင့်ပါသည်။ ကာဗိုဟိုက်ဒရိတ် ပါဝင်သော အစားအစာများသည် အဆီပိုများကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဗီတာမင်နှင့် သက်စောင့်ဓါတ် ပါဝင်သသော အစားအစာများကို စားသုံးရပါမည်။ အစားအသောက် ထိန်းသိမ်းခြင်း နှင့်အတူ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်သင့်ပါသည်။ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် မိမိ၏ ကြွက်သားများကို တောင့်တင်းစေသည့်အပြင် အဆီခဲများကိုလည်း လျော့ကျစေပါသည်။လိမ်းဆေးများသည် အဆီခဲ ပျောက်ကင်းအောင် ကုသရန် မရပါ။ မိမိ အသားအရေကိုသာ ချောမွေ့ရန် အသုံးပြုပါသည်။ ထိခိုက်လွယ်သော အသားအရေ များအတွက် လိမ်းဆေးသုံးခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ လိမ်းဆေးမသုံးမီ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ထိုနည်းလမ်းသည် ခွဲစိတ်စရာမလိုဘဲ အဆီခဲကို ကုသနည်း ဖြစ်ပါသည်။ အနောက်နိုင်ငံများတွင် အလွန်ခေတ်စားသော ကုထုံးဖြစ်ပါသည်။ အဆီခဲ ချေဖျက်ပေးနိုင်သော ဗီတာမင် သက်စောင့်ဓါတ် အမိုင်နိုအက်ဆစ် အင်ဇိုင်းများ ထည့်ပေး၍ ကုသသော ကုထုံးဖြစ်ပါသည်။ ထိုကုထုံးသည် အလွန်လျင်မြန်၍ နာကျဉ်ခြင်းမရှိ၊ ဘေးထွက်ဆိုးကျိုး နည်းသော ကုထုံးဖြစ်ပါသည်။လေဆာနှင့် ကုသခြင်းသည် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးဌာနမှ ထောက်ခံထားသော ကုသနည်း ဖြစ်ပါသည်။ လေဆာနှင့် ကုသခြင်းဖြင့် အရေပြားအောက်မှ အဆီခဲများကို အရည်ပျော်၊ အမျှင်ဓါတ်များကို ချေဖျက်ပြီး ကော်လဂျင်ဓါတ်ကို လှုံ့ဆော်ပေးပါသည်။ ယခုနည်းသည် အဆီခဲကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေသော နေရာများကို သက်သာစေပြီး ထိုကုသမှုသည် ၆ လ ခံပါသည်။Z Wave သည် အဆီခဲ ကုသခြင်းအတွက် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးဌာနမှ ထောက်ခံထားသော နည်းလမ်းသစ်တစ်ခု ဖြစ်ပါသည်။ မညီမညာသော နေရာများကို ရောင်ခြည်ဖြင့် ချေဖျက်သောနည်းဖြစ်ပါသည်။ ထိုကုသမှုမှာ လူနာ၏ အခြေအနေပေါ် မူတည်၍ အနည်းဆုံး ၁၀ ကြိမ် ပြုလုပ်ရန် လိုပါသည်။ယခုခေတ်ပေါ် နည်းလမ်းများသည် အဆီခဲများကြောင့် ဖြစ်ပေါ်သော ပုံပျက်မှုများကို တိုးတက်စေပါသည်။ အရေပြား ဆရာဝန်နှင့် တိုင်ပင်၍ အကောင်းဆုံး နည်းလမ်း ရွေးချယ်နိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%86%e1%80%ae%e1%80%81%e1%80%b2%e1%80%80%e1%80%af%e1%80%ad-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%af%e1%80%ad%e1%80%80%e1%80%af%e1%80%9e%e1%82%8f%e1%80%af%e1%80%ad%e1%80%84%e1%80%b9/
ကိုယ်ဝန်ဆောင်ချိန် အရမ်းဝလာရင် ဘယ်လိုလုပ်ရမလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ ဝလာတယ်ဆိုတာ ထူးခြားတဲ့အရာတခုတော့ မဟုတ်ပါဖူး။ ဒါပေမယ့် သင့်အနေနဲ့ နှစ်ယောက်စာစားတယ်ဆိုပြီး အရမ်းကြီးမကြိတ်ဖို့တော့လိုပါလိမ့်မယ်။ ပေါင်ချိန်တွေ အရမ်းတက်လာခဲ့အခါ သင့်ရောသင့်ကလေးပါ ဆိုးရွားပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေပြဿနာတွေနဲ့ ရင်ဆိုင်ရစေနိုင်ပါတယ်။ ဥပမာ လမစေ့ဘဲမွေးတာ၊ ဆီးချိုတက်တာ၊ သွေးတိုးတာနဲ့ မွေးလာတဲ့ကလေးမှာ ကိုယ်အင်္ဂါချို့ယွင်းတာ စတာတွေပေါ့။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန် အရမ်းဝလာရင် ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးတွေကို အောက်မှာဖော်ပြထားပါတယ်။ ဖတ်ကြည့်ပါဦး။သင့်တင့်လျောက်ပတ်သလောက် စားပါ။ကယ်လိုရီတွေ လုံးဝဖြတ်တောက်ရမယ်လည်း မဟုတ်ပါဘူး။ သင့်ဗိုက်ထဲက ရင်သွေးလေး ကောင်းကောင်းကြီးထွားဖို့အတွက်လည်း ကယ်လိုရီလိုသေးတာကိုး။အဓိကမှတ်ထားရမှာက ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကိုယ်အလေးချိန်ကျတာဟာ အန္တရာယ်ရှိတာမို့ ဝတယ်ဝတယ်ဆိုပြီး ဝိတ်တွေ အရမ်းချမပစ်ဖို့ပါ။ ကိုယ်အလေးချိန် အရမ်းမြန်မြန်ကြီး တက်မလာဘဲ နည်းနည်းချင်းဆီနဲ့ လိုအပ်သသလောက်ပဲ တက်တယ်ဆို ရပါပြီ။ဒါ့ကြောင့် သင့်အနေနဲ့လက်ရှိစားနေတဲ့ အစားအသောက်တွေနေရာမှာ ကျန်းမာရေးနဲ့ပိုပြီးသင့်တော်တဲ့အစားအစာတွေကို အစားထိုးပြီး စားပေးပါ။ ဥပမာ။မှန်ကန်သင့်တော်တဲ့ အစားအစာတွေကို ဝဝစားပါ။ဒီနေ့ ဘာချက်ရမလဲ စဉ်းစားတဲ့အခါ သင့်ကို အဆာလည်းခံစေပြီး ကယ်လိုရီလည်းမတက်စေတဲ့ အစားအစာတွေကို ရွေးချယ်ပါ။ ဥပမာ။လိုအပ်တဲ့ပမာဏ ပြည့်မီအောင်စားပါ။ကျန်းမာရေးတဲ့ ညီညွတ်တဲ့ အစားအစာတွေကို လျှော့စားဖို့ မတွေးပါနဲ့။ ဥပမာ အသားတွေ၊ ငါးတွေ၊ အသီးအရွက်တွေကို ပုံမှန်စားနေကြ ပမာဏ ဒါမှမဟုတ် တိုးပြီး စားပေးရမှာပါ။ ဒါမှ လိုအပ်တဲ့ ပမာဏ ပြည့်မီမှာပဲ ဖြစ်ပါတယ်။အဆီတွေကို သတိထားပြီးစားပါ။လုံးဝမစားနဲ့လို့ မဆိုလိုပါဖူး။ တချို့သော အဆီအမျိုးအစားတွေက သင့်ရင်သွေးလေး ကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာရေးကို ထိခိုက်စေပြီး အဝလွန်စေနိုင်တဲ့ ဆီကြော်တွေ မစားပါနဲ့။တိရိစ္ဆာန်ကရတဲ့ အဆီတွေမစားပါနဲ့။ ဟင်းအနှစ်တွေ စားတဲ့အခါ အလွန်အကျွံမဖြစ်ဖို့ သတိပြုပါ။လှုပ်လှုပ်ရှားရှားနေပါ။ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်လှုပ်ရှားရှားနေလို့ရတဲ့ နည်းလမ်းတွေ အများကြီးပဲ ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အထူးဖွင့်ထားတဲ့ယောဂသင်တန်းတွေ တက်လို့ရသလို နေ့စဉ်ပုံမှန်လမ်းလျှောက်တာမျိုး လုပ်လို့လည်းရပါတယ်။တကယ်လို့ သင်ဟာ အလုပ်များလွန်းလို့ အားကစားပုံမှန်လုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် ရုံး၊ အလုပ်သွားရင်၊ တနေရာရာကို သွားရင် သွားရမယ့်နေရာနဲ့ ဝေးဝေးမှာ ကားကိုရပ်ခဲ့ပြီး လမ်းလျှောက်တာမျိုး၊ ဓာတ်လှေကားမသုံးဘဲ ရိုးရိုးလှေကားနဲ့ တက်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ကိုယ်ဝန်ဆောင်ချိန် အဝလွန်လာတဲ့ ပြဿနာကို ရင်ဆိုင်နေရတာ သင်တယောက်တည်း မဟုတ်တဲ့အတွက် အရမ်းကြီးမစိုးရိမ်ပါနဲ့။ သင့်နေထိုင်စားသောက်မှုပုံစံကို ပြင်ဆင်နေထိုင်မယ်၊ ဆင်ဆင်ခြင်ခြင်နေမယ်ဆိုရင် အားလုံးအဆင်ပြေမှာပါ။ အရေးကြီးဆုံးက ပိန်ဖို့မဟုတ်ဘဲ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်မိခင်တယောက်မှာ ရှိသင့်တဲ့ကိုယ်အလေးချိန်အတိုင်း ရှိနေဖို့ပဲလိုပါကြောင်း။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/how-to-deal-with-overweight-during-pregnancy/
ထူးထူးဆန်းဆန်း အိပ်မက်တွေ ရဲ့ နောက်ကွယ်က အကြောင်းရင်း
ကျွန်တော်တို့ တစ်ခါတလေ မနက်အိပ်ရာထလိုက်တဲ့အခါ ကိုယ်အိပ်နေစဉ် မက်တဲ့ အိပ်မက်တွေအကြောင်း ပြန်တွေးမိတတ်ပါတယ်။ ဒီအိပ်မက်တွေက ပျော်စရာ ကောင်းတဲ့အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်အနောက်ကနေ သရဲတစ္ဆေ သို့မဟုတ် ကိုယ်ကြောက်တဲ့ အကောင် တစ်ကောင်ကောင်က လိုက်လို့ ထွက်ပြေးရတာလည်း ဖြစ်နိုင်တယ်။ ဘာအဓိပ္ပာယ်မှန်း စဉ်းစားလို့မရလောက်အောင် ထူးထူးဆန်းဆန်း အိပ်မက်တွေ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ဥပမာ – ကိုယ်မသွားဖူးတဲ့ နေရာတစ်နေရာရာကို ရောက်သွားတာ၊ဘဝမှာ မတွေ့ဖူးတဲ့ သူတချို့နဲ့ တွေ့ပြီး ထူးဆန်းတဲ့ စကားတွေ ပြောနေတာ၊အိပ်မက်ထဲမှာ ဇောက်ထိုးမိုးမျှော် လမ်းလျှောက်နေတာ၊ ရုပ်ရှင်တွေထဲမှာ တွေ့ခဲ့တဲ့ သဘာဝလွန် လောကထဲ ရောက်သွားတာမျိုးပေါ့။ဒီလိုမျိုး အကြောင်းရင်း တိတိကျကျ ဖော်ပြလို့ မရတဲ့ ထူးဆန်းတဲ့ အိပ်မက်မျိုးတွေဆိုတာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်စိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့ မသိစိတ်က ဖန်တီးလိုက်တဲ့ အိပ်မက်လို့ ယူဆလို့ ရပါတယ်။ ဗေဒင် နက္ခတ် ယုံကြည်သူအနေနဲ့လည်း ကိုယ် ယုံကြည်ရာကို လက်ခံလို့ ရပါတယ်။ ကျွန်တော်ကတော့ ဒီဆောင်းပါးမှာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ရှုထောင့်ကနေပဲ ပြောပြပေးချင်ပါတယ်။လူတွေဟာ စိတ်ညစ်စရာ၊ ကြောက်ရွံ့စရာ၊စိုးရိမ်ထိတ်လန့်မှုကို ရင်ဆိုင်လာရတဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကြောင့်ပဲ လူတွေက မျက်လုံးနှစ်လုံး ပွင့်ပြီး အသိစိတ်ပုံမှန် ရှိနေတဲ့ အချိန်မှာလည်း ကိုယ့်ရဲ့ စိတ်ကတည်ငြိမ်ခြင်းမရှိဘဲ လှုပ်ရှားနေတယ်။အိပ်ပျော်သွားတဲ့ အချိန်မှာတောင် ကိုယ့်ရဲ့ မသိစိတ်အထိပါ ဒီစိတ်ဖိစီးမှုတွေက သွားပြီး သက်ရောက်မှုဖြစ်စေတဲ့အတွက် ဦးနှောက်ကနေ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ထွက်လာပါတယ်။ အိပ်ပျော်နေတဲ့ အချိန်မှာတော့ ဘာမှန်း အမည်ဖော်မရတဲ့ အိပ်မက်မျိုးတွေပေါ့။၁။ အိပ်မက်ဆိုတာ ကိုယ့်အနေနဲ့ အလွယ်တကူထိန်းချုပ်မရတဲ့ အရာဖြစ်တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးတလည် တွေးနေစရာတော့ မလိုပါဘူး။၂။ မနက်ပိုင်း နိုးလာပြီဆိုရင် မျက်လုံးလေးကို စုံမှိတ်၊ ကိုယ့်စိတ်ကိုအေးချမ်းစေမယ့် အတွေးလေးတွေ တွေးကြည့်ပါ။ ဝင်လေ၊ ထွက်လေကို အာရုံစိုက်မှတ်ပြီး သေချာရှူသွင်း၊ ရှူထုတ် လုပ်ကြည့်ပါ။၃။ အမြဲတမ်း အိမ်မှာပဲ အောင်းနေရတဲ့သူတွေအတွက် တင်းနေတဲ့ ခြေထောက်၊ လက်အကြောလေးတွေကို ဖြည်းဖြည်းချင်း ကွေးညွန့်ပြီး ဖြေဆန့်ကြည့်ပါ။၄။ အလုပ်ကိစ္စ၊ မိသားစုပြဿနာတွေကြောင့် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ကလေးကို တတ်နိုင်သလောက် ဖြေလျှော့ထားကြည့်ပါ။၅။ ဖြစ်နေတဲ့ ပြဿနာက ဘာလဲ၊ ဘယ်လို အဖြေရှာနိုင်မလဲ၊ ဘာတွေ ညှိနှိုင်းလုပ်ယူလို့ ရမလဲ စတာတွေကို ခေါင်းအေးအေး ထားပြီး တွေးကြည့်ပါ။၆။ တစ်နေ့တာလုံးကို ပုံမှန်အတိုင်းလေးပဲ ဖြတ်သန်းပါ။၇။ ကိုယ့်အတွက် သတ်မှတ်ထားတဲ့ သီးသန့်အချိန်လေးမှာ ကိုယ့်စိတ်ကိုပျော်ရွှင်စေမယ့် အရာမှန်သမျှ လုပ်ပါ။၈။ အားလပ်ချိန်မှာ တရားထိုင်ပါ၊ ယောဂကျင့်ပါ၊ ဝင်လေထွက်လေ မှတ်ပါ၊ စာဖတ်ပါ။၉။ စိတ်ညစ်တာကိုပဲ ထိုင်တွေးပြီး ကိုယ့်စိတ်ကို ဒုက္ခပေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်ပါ။ အစာအာဟာရကို သေချာဂရုစိုက်ပါ။ ရေများများ သောက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အခြေအနေ မပေးရင်တောင် ကိုယ့်အိမ်ထဲမှာဖြစ်ဖြစ် ၁၀ မိနစ်လောက် လမ်းပတ်လျှောက်ပေးလို့ ရပါတယ်။ နောက်ဆုံး အသားအရေ ထိန်းသိမ်းတာကအစ၊အိမ်သန့်ရှင်းရေးလုပ်တာ အစုံလုပ်လို့ ရပါတယ်။ အဓိကက ကိုယ့်စိတ်ကို ညစ်စေမယ့်အတွေးတွေ မဝင်အောင် တားဆီးဖို့ပါပဲ။၁၀။ ညဘက်ကို ဖုန်းမသုံးပါနဲ့။ ည ၁၂ နာရီ မထိုးခင် စောစောအိပ်ရာဝင်ပါ။ တစ်နေ့တာ ကြုံတွေ့ခဲ့သမျှစိတ်ဖိစီးမှုတွေကို အိပ်ခန်းအပြင်မှာ ထားခဲ့ပါ။ ဘာဆို ဘာမှမတွေးပါနဲ့။ ခေါင်းကစလို့ ခြေဖျားအထိ တစ်ကိုယ်လုံးမှာ တောင့်တင်းနေတဲ့ ကြွက်သားတွေ၊ စိတ်တွေကို ဝင်လေ ထွက်လေနဲ့အတူ ဖြေလျှော့လိုက်ပါ။၁၁။ နောက်ဆုံး မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်တွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ပြုံးပြုံးလေး အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။၁၂။ အိပ်ရေးဝဝ အိပ်ပါ။ အိပ်ချိန်မှန်မှန်အိပ်ပါ။ဒီပုံစံအတိုင်းလေး ကိုယ့်ရဲ့ စိတ်ဖိစီးမှုနဲ့အိပ်စက်မှုပုံစံကို ပြင်ဆင်သွားမယ်ဆိုရင် ထူးဆန်းတဲ့ အိပ်မက်တွေ သိပ်ပြီး မမက်အောင် ကိုယ့်စိတ်ကို ထိန်းချုပ်ပြီးသား ဖြစ်သွားမှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/the-reasons-behind-strange-dreams/
ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်း
လေပြွန်ရောင်ရမ်းတာက အရွယ်ရောက်ပြီးသူတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ဘေဘီလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။လေပြွန်ရောင်ရမ်းခြင်းဆိုတာ လေပြွန်လို့ခေါ်တဲ့အသက်ရှူလမ်းကြောင်းမှာပါဝင်နေတဲ့ လေပြွန်ရောင်ရမ်းတာပါ။ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတာက ပြင်းထန်တဲ့အမျိုးအစားပါ။ပြင်းထန်တဲ့ လေပြွန်ရောင်ရမ်းခြင်းကဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ များသောအားဖြင့်ကတော့အဖျားဝင်ပြီးနောက်မှဖြစ်တာပါ။ ကလေးတွေကို လေပြွန်ရောင်စေနိုင်တဲ့အရာတွေကတော့။လေပြွန်ရောင်တဲ့လက္ခဏာက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့်ကတော့။ချောင်းဆိုးရင်းက အချိန်ကြာလာတဲ့အခါ ဘေဘီလေးက အသံတွေ အက်ကွဲနေမယ်၊ အသံတွေဝင်မယ်ဖြစ်လာပြီဆိုရင်တော့ လေပြွန်ရောင်ရမ်းနေပြီဖြစ်တာကြောင့် ဒီနည်းလမ်းလေးတွေကို လုပ်ပေးကြည့်စေချင်ပါတယ်။အရည်များများတိုက်ပါ– ရေအပါအဝင် အရည်များများသောက်တာက လည်ချောင်းနာတာကို သက်သာစေနိုင်ပြီး ချွဲတွေပျော်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးကို ရေနွေးနွေးလေး တိုက်ပေးတာက အဆင်ပြေစေမှာပါ။ကလေးကို မတ်မတ်လေးထားပေးပါ– ကလေးကို အနားယူစေတာက ခံစားနေရတဲ့ ဝေဒနာကို မြန်မြန်သက်သာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။နှာခေါင်းပိတ်နေတဲ့အခါ ကလေးက အိပ်ဖို့ခက်ခဲတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကလေးကို သိပ်တဲ့အခါ ခေါင်းကို ခပ်မြင့်မြင့်လေးထားပေးပါ။ရေနွေးဝတ်ကပ်ပေးပါ– လေပြွန်ရောင်တဲ့အခါ ကလေးကို ရင်ဘတ်ထဲမှာ ခပ်ကျပ်ကျပ်ကြီးခံစားရစေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ချောင်းဆိုးလိုက်တိုင်း ရင်ဘတ်အောင့်တာမျိုးခံစားရစေနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကလေးကိုသက်တောင့်သက်သာဖြစ်စေဖို့ ရင်ဘတ်ကို ရေနွေးဝတ်လေးကပ်ပေးလို့ရပါတယ်။အစိုဓာတ်ထိန်းစက်ဖွင့်ထားပေးပါ– ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာ ရေနွေးငွေ့ခံပေးတာ၊ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်ဖွင့်ထားပေးတာက ကလေးကို လေပြွန်ရောင်ရမ်းတာ သက်သာစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ဓာတ်မတည့်စေတဲ့အရာတွေကို ရှောင်ပါ– လေပြွန်ရောင်နေတဲ့ ကလေးနားမှာ ဆေးလိပ်သောက်တာမျိုး လုံးဝမဖြစ်သင့်ပါဘူး။ ဒါတွေက ကလေးရဲ့အဆုတ်ကို ဝန်ပိစေပြီး သက်သာဖို့ အချိန်ကြာသွားနိုင်ပါတယ်။ ကလေးနေမယ့်အခန်းမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေ မရှိစေဖို့ ဂရုစိုက်ပါ။ထိုက်သင့်တဲ့ ကုသမှုခံယူပါ– ကလေးက လေပြွန်ရောင်နေပြီဆိုရင် ဆရာဝန်နဲ့သွားပြပြီး ထိုက်သင့်တဲ့ကုသမှုခံယူဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့်ကလေးက အဖျားက ၂ ရက်လောက်ကြာတဲ့အထိမပျောက်ဘူးဖြစ်နေမယ်။ အသက်ရှူသံပြင်းနေမယ်ဆိုရင် ဆေးခန်းပြကြည့်ဖို့ ပြောပါရစေ။ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ ဒီတော့ ဘေဘီလေးမှာ လေပြွန်ရောင်တာမျိုးမဖြစ်စေဖို့ဆိုရင်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/bronchitis-in-children/
Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း)
ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းဆိုတာ အက်စစ် ဒါမှမဟုတ် ဘေ့စ်တို့က အရေပြားစားသွားခြင်းကို ခေါ်တာပါ။ ဘေ့စ်တွေကို အယ်ကာလိုင်းဟု ခေါ်ဝေါ်သမုတ်ကြပါတယ်။ ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းကို ကော့စတစ်ဘန်းလို့လည်း သိနိုင်ပါတယ်။ ထိုအရာတွေက သင့်အရေပြားပေါ် ဒါမှမဟုတ် ကိုယ်ခန္ဓါအတွင်းမှာ ဓါတ်ပြုမှုတွေ ဖြစ်ကြပါတယ်။ ယင်းဓါတုပစ္စည်းတွေကို မျိုချမိမယ်ဆိုရင် အတွင်းကလီစာတွေကို ထိခိုက်နိုင်ပါတယ်။တကယ်လို့ မျိုချလိုက်မိမယ်ဆိုရင်လည်း ဆေးရုံ၊ဆေးခန်းတို့ကို အမြန်ဆုံးသွားရောက်ကုသမှု ခံယူပေးပါ။အသက်အရွယ်မရွေးတော်တော့်ကို အဖြစ်များပါတယ်။ ယောက်ျားတွေထက် မိန်းမတွေမှာ ပိုတွေ့ရတတ်ပြီး အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ကာ ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ရောဂါလက္ခါတွေဟာ ဖြစ်ပေါ်ပုံမှာ မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ အရေပြားပေါ်မှာ ဖြစ်တာနဲ့ မျိုချမိလို့ဖြစ်တာ တူမှာမဟုတ်ပါဘူး။ ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း၏ လက္ခဏာတွေဟာ အောက်ပါအချက်အလက်များအပေါ်မှာမူတည်နေပါတယ်။ဥပမာပြောရမယ်ဆိုပါက အယ်ကာလိုင်းဓါတုပစ္စည်းကို မျိုချလိုက်မယ်ဆိုရင် အရေပြားလောင်မှာမဟုတ်ပဲ အစာအိမ်လောင်မှာဖြစ်ပါတယ်။ယေဘုယျအားဖြင့် ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းပတ်သတ်ပြီး အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ဓါတုပစ္စည်းတွေကို မျိုချမိမယ်ဆိုရင် အောက်ပါတို့ဖြစ်လာနိုင်ပါတယ်။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီးမေးစရာတွေ ရှိလာမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင် ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလည်းဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါ။အများစုကတော့ အက်စစ်နဲ့ ဘေ့စ်တို့ကြောင့် ဖြစ်ရတာပါ။ ကျောင်း၊ အလုပ်နဲ့ ဓါတုပစ္စည်းထိတွေ့ကိုင်တွယ်လေ့ရှိတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။ လောင်စေတဲ့ လူသိများသော ဓါတုပစ္စည်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။အန္တရယ်ဖြစ်စေစေသော အရာပေါင်းများစွာရှိပါတယ်။ အောက်ပါတို့မှာ အချို့အရာတွေဖြစ်ပါတယ်။အန္တရယ်အမြင့်မားဆုံးမှာရှိနေတဲ့လူတွေကတော့ ကလေးများ၊ အသက်ကြီးသူများနဲ့ မလှုပ်ရှားနိုင်သူတွေပဲဖြစ်ပါတယ်။ ထိုသူများဟာ ဓါတုပစ္စည်းတွေကို မှန်မှန်ကန်ကန်မကိုင်တတ်ကြပါဘူး။ ဓါတုပစ္စည်းတွေကို ကျွမ်းကျင်သူတို့ရဲ့ အကူအညီမပါဘဲကိုင်တွယ်မယ်၊ လှုပ်ရှားမှုတွေမှာ ချို့ယွင်းချက်ရှိနေမယ်ဆိုရင်လည်း အန္တရယ်များနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အချက်အလက်ပေါင်းများစွာပေါ်မှာမူတည်ပြီး စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ်။ အောက်ပါတို့ပါဝင်နိုင်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် ရှေးဦးသူနာပြုနည်းဖြင့် တတ်နိုင်သမျှမြန်မြန် ကုသပေးသင့်ပါတယ်။ ယင်းရှေးဦးသူနာပြုနည်းလမ်းမှာတော့ လောင်စေတဲ့ ဓါတုပစ္စည်းတွေ ဖယ်ရှားပြစ်ခြင်းနှင့် ရေဖြင့် ၁၀မိနစ်ကနေ မိနစ်၂၀ခန့်ဆေးပေးခြင်းတို့ပါဝင်ပါတယ်။ မျက်လုံးထဲဝင်သွားပြီဆိုရင် ဆေးရုံး၊ဆေးခန်းတို့မသွားခင်မှာ ရေဖြင့် အနည်းဆုံးမိနစ်၂၀ခန့် ဆက်တိုက်ဆေးပေးရပါမယ်။ဓါတုပစ္စည်းထိမိတဲ့ အဝတ်တွေ၊ လက်ဝတ်ရတနာတွေကို ချွတ်ပစ်ပါ။ ဖြစ်နိုင်မယ်ဆိုရင် လောင်သွားတဲ့နေရာကို ပိုးသတ်ထားတဲ့ ပတ်တီး ဒါမှမဟုတ် အဝတ်သန့်သန့်ဖြင့် ဖွဖွလေးစည်းပေးထားပါ။ အပေါ်ယံလောင်တာဆိုရင် အက်စပင်လိုမျိုး ဆေးဆိုင်တွေမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်မယ့် ဆေးတွေနဲ့ အနာသက်သာနိုင်ပါတယ်။ လောင်တာက အရမ်းပြင်းထန်နေတယ်ဆိုရင် အရေးပေါ်ဌာနကို ချက်ချင်းသွားပြသင့်ပါတယ်။အောက်ပါတို့ဖြစ်နေပါက ဆေးရုံကိုချက်ချင်းသွားသင့်ပါတယ်။အခြေအနေရဲ့ ဆိုးရွားမှုအပေါ်မူတည်ပြီး ဆရာဝန်က အောက်ပါနည်းလမ်းများကို အသုံးပြုပါလိမ့်မယ်။ပြင်းထန်သော အရေပြားလောင်ခြင်းများအတွက်။အရမ်းပြင်းထန်မယ်ဆိုရင် ပြန်လည်ထူထောင်မှုကုသနည်းတွေလိုအပ်ပါလိမ့်မယ်။ ပြန်လည်ထူထောင်ခြင်းမှာ အောက်ပါနည်းလမ်းများပါဝင်ပါတယ်။ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ထိုအခြေအနေကို ဓါတုပစ္စည်းများအား ဂရုစိုက်ကိုင်တွယ်ခြင်းဖြင့်လည်းကောင်း၊ အောက်ပါသတိပြုရန်အချက်များကို လိုက်နာခြင်းဖြင့်လည်းကောင်း ကာကွယ်နိုင်ပါတယ်။မေးစရာများရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/chemical-burns-%e1%80%93%e1%80%ac%e1%80%90%e1%80%af%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9/
ဆေးခန်းပြရာဝယ် (၂)
၄။ ဆေးခန်းသွားရင် ဘာတွေ ယူသွားရမလဲ။လူနာတယောက်ကို ကုသတဲ့အခါ ရောဂါရာဇဝင်က အရေးကြီးသလို ဓါတ်ခွဲစမ်းသပ်မှုအဖြေတွေဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ဆေးခန်းသွားတဲ့အခါ အရင်အခေါက်တွေက ပြဖူးတဲ့ ဆေးစာအုပ်တွေ၊ဓါတ်မှန်ရိုက်ထားတာ၊သွေးစစ်ထားတာ၊Ultrasound (အရပ်အခေါ် တယ်လီဗေးရှင်းဓါတ်မှန်)ရိုက်ထားတာတွေကို ပြည့်ပြည့်စုံစုံ ယူသွားဖို့ လိုပါတယ်။ ဒါမှ ဆရာဝန်တောင်းတဲ့အခါ အဆင်သင့် အလွယ်တကူ ပြနိုင်မှာဖြစ်တဲ့အပြင် ကုသပေးသူ ဆရာဝန်အနေနဲ့လည်း ရောဂါအကြောင်းကို ပိုမိုပြီး လွယ်လင့်တကူ အကဲခတ်နိုင်မှာပဲ ဖြစ်ပါတယ်။၅။ ဆရာဝန်ကို ဘာတွေမေးရမလဲ၊ဘာတွေပြောပြရမလဲ။ဒီနေရာမှာ သိထားသင့်တဲ့အချက်က ကိုယ့်အတွက်တော့ ဆရာဝန်တယောက်တည်းနဲ့ အလုပ်လုပ်နေရတာ ဖြစ်ပေမယ့် ဆရာဝန်ကတော့ လူနာအများနဲ့ အလုပ်လုပ်နေရတာပါ။ ဒါကြောင့် မိမိ(လူနာ)အတွက်လည်း အရေးကြီး၊ဆရာဝန်အတွက်လည်း (ရောဂါဖော်ထုတ်ကုသရာမှာ) အရေးပါတဲ့ အချက်လေးတွေကိုပဲ လိုတိုရှင်း ပြောဆိုမေးမြန်းဆွေးနွေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရေးမကြီးတဲ့အချက်တွေကို ပြောပြီး အချိန်ဖြုန်းမယ်ဆိုရင် အပြင်မှာ ကိုယ့်လိုပဲ စောင့်နေရတဲ့ လူနာတွေအတွက် စောင့်ဆိုင်းချိန်ပိုကြာပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း အကြာကြီးမစောင့်ချင်သလို တခြားလူတွေလည်း စောင့်ချင်မှာ မဟုတ်ပါဘူး။ လူတယောက်ကို တမိနစ်စီ အရေးမကြီးတဲ့ စကားတွေ ပြောမယ်ဆိုရင် တိုကင်နံပါတ်၃၁က လူနာခမျာ နာရီဝက်တိတိ အပိုစောင့်ရပါလိမ့်မယ်။ဒါကြောင့် ပထမဆုံးကိုယ်ချင်းစာသင့်တဲ့အချက်က မလိုအပ်တဲ့ စကားတွေကို မပြောသင့်ပါဘူး။ယေဘုယျအားဖြင့် မတည့်တဲ့ဆေး၊စွဲသောက်နေရတဲ့ ဆေးတွေကို အထူးတလည် မေးမြန်းဖို့ ဆေးကျောင်းမှာ သင်ကြားကတည်းက လေ့ကျင့်ပြီးသား ဖြစ်တာမို့ ဒီမေးခွန်းဟာ ဆေးခန်းသွားပြီဆိုတာနဲ့ သင်ကြားရမယ့် မေးခွန်းပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်က မမေးဖူးဆိုရင် သင့်အနေနဲ့ ပြောပြသင့်ပါတယ်။ ကိုယ်ဟာ ဘယ်လို သောက်ဆေး၊ထိုးဆေးတွေနဲ့ မတည့်ဘူး၊ဘယ်လို ဓါတ်မတည့်တာတွေဖြစ်ဖူးတယ်၊စွဲသောက်နေတဲ့ မြန်မာဆေး၊အင်္ဂလိပ်ဆေးတွေကတော့ဖြင့် ဘာတွေရှိတယ် စသဖြင့် ပြောပြပါ။ ဒါတွေ ပြောပြလို့မှ လျှာရှည်တယ်၊အရစ်ရှည်တယ်ဆိုပြီး ဆရာဝန်က သင့်ကိုဟောက်ရင်တော့ ဒီဆရာဝန်နဲ့ ဘယ်တော့မှ ထပ်မပြပါနဲ့တော့။ ဒီအချက်ဟာ အရေးတကြီး မေးကိုမေးရမယ့်အချက်ဖြစ်ပါတယ်။ ကံမကောင်းရင် အသက်ပါ ပါသွားနိုင်တဲ့ ကိစ္စမို့ပါပဲ။သင့်အိမ်က မိသားစုတွေထဲမှာတောင် သွက်တဲ့သူရှိတယ်၊အေးတိအေးစက်နဲ့ စကားနည်းတဲ့သူရှိတယ်၊စကားပြောရင် မှုန်ကုပ်ကုပ်နဲ့ ခပ်ပြတ်ပြတ်ပြောတတ်သူရှိတယ် စသဖြင့် လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်ပါတယ်။ ဆရာဝန်တွေမှာလည်း ဒီလိုပါပဲ။ တချို့ ဆရာဝန်တွေဟာ အပြောအဆိုငြိမ့်ညောင်းသက်သာပြီး သူ့စကားလေးတွေနဲ့တင် ရောဂါတဝက် သက်သာသွားသလား ထင်ရလောက်အောင် အမေတန်အမေ၊ဦးလေးတန်ဦးလေး၊သားသားတန် သားသား စသဖြင့် ပျူပျူငှာငှာ ဆက်ဆံတတ်သူတွေရှိသလို စကားနည်းတဲ့၊အပေါက်ဆိုးတဲ့ ဆရာဝန်တွေလည်း ရှိမှာ အသေအချာပါပဲ။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် ကိုယ့်ရောဂါနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ထောင့်စေ့စေ့ သိရှိအောင်မေးပါ။ အခု ခံစားနေရတဲ့ ရောဂါဟာ ဘာလို့ဖြစ်ရတာလဲ၊ဘာတွေများ လုပ်မိလို့လဲ၊အရှင်းရောပျောက်မှာလား၊နာတာရှည်ဆေးစွဲသောက်သွားရမှာလား၊ဒီရောဂါမျိုး နောက်ထပ်မဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ကျင့်ကြံရမလဲ၊တခြားသူတွေကိုရော ကူးနိုင်လား၊ကူးနိုင်တယ်ဆိုရင် အဲ့ဒီလို မကူးအောင် ဘယ်လိုနေထိုင်ပြုမူရမလဲ၊ဆေးသောက်တဲ့အခါ အစာရှိမှ သောက်ရမှာလား၊အစာမစားခင် သောက်ရမှာလား၊အစာနဲ့ ဘယ်နှနာရီခြားပြီးသောက်ရမှာလဲ၊နွားနို့တို့၊ကော်ဖီတို့နဲ့ရော ဆေးသောက်လို့ရလား၊ညအိပ်ယာဝင်ခါနီးမှ သောက်ရမှာလား၊ဒီဆေးတွေသောက်နေတုန်းမှာ ဘယ်လို ဆေးတွေ၊ဖြည့်စွက်အားဆေးတွေကို မသုံးစွဲသင့်ဘူးလဲ စသဖြင့် အရေးကြီးတဲ့ အချက်တွေကို အားမနာစတမ်း မေးမြန်းပါ။ အားမနာစတမ်းဆိုပေမယ့် လူမှုဆက်ဆံရေးမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် စကားလုံး အသုံးအနှုန်းတွေ၊ဟန်ပန်အမူအရာတွေနဲ့ မေးမြန်းဖို့တော့ လိုအပ်ပါတယ်။အမျိုးသမီးများ – မိန်းကလေးငယ်တွေဆိုရင် အပျိုဖော်ဝင်မဝင်၊အရွယ်ရောက်ပြီးသူတွေဆိုရင် ရာသီထိန်ခြင်း၊နည်းခြင်း၊များခြင်း၊ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ရှိမရှိ စတဲ့အချက်တွေ၊အိမ်ထောင်သည်တွေမှာဆိုရင် တားဆေးသုံးမသုံး၊သုံးရင်လည်း ဘယ်လိုအမျိုးအစားတားဆေးကို သုံးတယ် စသဖြင့် ဆရာဝန်ကို မရှက်မကြောက် ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုပါလိမ့်မယ်။၆။ ဆေးအတင်းမထိုးခိုင်းပါနဲ့။ဆေးထိုးတယ်ဆိုတာ မိမိရဲ့ ခန္ဓါကိုယ်ထဲကို သွေးပြန်ကြောတွေမှတဆင့် ဒါမှမဟုတ် ကြွက်သားတွေအတွင်းမှတဆင့် ဓါတုဗေဒဆေးရည်တွေကို ထိုးထည့်တာပါ။ ဒီဆေးတွေဟာ သောက်ဆေးထက် အာနိသင် ပိုမိုလျင်မြန်စွာ ရရှိနိုင်တာမို့ အမှန်တကယ် လိုအပ်တဲ့အချိန်မှာ အသုံးပြုမယ်ဆိုရင် အထူး အကျိုးရှိသလို မလိုအပ်ဘဲ ထိုးမယ်ဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ဓါတ်မတည့်ခြင်း စသည် ဖြစ်ပေါ်မယ်ဆိုရင် အသက်အန္တရာယ်ကို ချက်ချင်း ထိခိုက်စေနိုင်ပါတယ်။ တချို့ဆိုရင် တလနှစ်ခါလောက် အကြောဆေးလေးထိုးလိုက်ရမှ လန်းသွားတယ်၊ပေါ့ပြီး နေသာထိုင်သာရှိသွားတယ် စသဖြင့် ယူဆပြီး ဆရာဝန်ကို အကြောဆေး အတင်းထိုးခိုင်းတတ်ကြပါတယ်။ ဖျားတယ်နာတယ်ဆိုရင်လည်း ဆေးထိုးမှ မြန်မြန်ပျောက်မယ်လို့ ယူဆပြီး ဆေးထိုးပေးဖို့ ဆရာဝန်ကို အပူကပ်တတ်ကြပါတယ်။ ဒါပေမယ့် အကြောဆေးပဲထိုးထိုး၊အသားဆေးပဲထိုးထိုး အန္တရာယ်က အနည်းနဲ့အများရှိတာမို့ မလိုအပ်ဘဲ ဆေးမထိုးသင့်ပါဘူး။အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေကတော့ စာဖတ်ပရိသတ်များ ဆေးခန်းသွားတဲ့အခါ အားလုံးအဆင်ပြေပြေ ချောချောမောမောနဲ့ အထစ်အငေါ့ကင်းစေဖို့၊ကျန်းမာပျော်ရွှင်စေဖို့အတွက် လိုက်နာကျင့်သုံးသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်တွေပဲ ဖြစ်ပါတယ်။ ဆောင်းပါးအမှတ် တစ်မှာ ပြောခဲ့တဲ့အတိုင်း ဆရာဝန်၊လူနာ ဘယ်ဖက်ကမှ မလိုက်ဘဲ အလယ်တည့်တည့်ကနေ တတ်နိုင်သမျှ ဓမ္မဓိဋ္ဌာန်ကျအောင် ကြိုးစားပြီး ရေးသားမျှဝေပေးထားတဲ့အတွက် ဒီဆောင်းပါးလေးကနေ မိတ်ဆွေစာဖတ်ပရိသတ်တွေအတွက် တစုံတရာသော ကောင်းကျိုးကို ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/hospital-and-doctor-reviews/%e1%80%b1%e1%80%86%e1%80%b8%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%9b%e1%80%ac%e1%80%9d%e1%80%9a%e1%80%b9-%e1%81%82/
မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။
မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။ဦးနှောက်ကခန္ဓာကိုယ်မှာ အရေးပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ ခန္ဓာကိုယ်ကြီးရဲ့ ပင်မထိန်းချုပ် စနစ်တစ်ရပ်ပါ။နှလုံးခုန်စေဖို့လုပ်ဆောင်ပေးသလို အဆုတ်က အသက်ရှူစေဖို့လည်း ကူညီပေးပါတယ်။ လှုပ်ရှားမှု၊ ခံစားမှု၊ တွေးတောမှု အားလုံးကိုလည်း ဦးနှောက်က လုပ်ဆောင်တာပါ။ဒီလို တာဝန် အများကြီး ထမ်းဆောင်တဲ့ ဦးနှောက်လေးက အရာရာကို မှတ်မိစေတဲ့မှတ်ဉာဏ်လေး အဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ဒီတစ်ခေါက်တော့မှတ်ဉာဏ်ကောင်းစေဖို့ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။မှတ်ဉာဏ် ကောင်းစေဖို့ ဒါလေးတွေ စားပေးပါ။အဆီများတဲ့ ငါးတွေမှာဦးနှောက်နဲ့ မှတ်ဉာဏ်ကို အထောက်အကူ ပြုပေးနိုင်တဲ့Omega-3 fatty acidပါဝင်နေပါတယ်။ ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အဆီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီ အဆီတွေထဲက ထက်ဝက်က Omega-3 fatty acid  အမျိုးအစားပါ။ဦးနှောက်က ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေ တည်ဆောက်ဖို့အတွက် Omega-3 fatty acid  ကို အသုံးပြုပါတယ်။ ဒီအဆီက သင်ယူမှုနဲ့ မှတ်မိနိုင်စွမ်းအတွက် အရေးပါပါတယ်။ဒါ​ကြောင့်မှတ်ဉာဏ် ကောင်းစေဖို့ဆာဒင်း၊ဆယ်လ်မွန်၊ ထရောက်ငါး၊ မက်ကာရယ် စတဲ့ ငါးတွေကို စားပေးပါ။ကော်ဖီမှာပါတဲ့ အဓိက ပါဝင်ပစ္စည်း (၂) မျိုး ဖြစ်တဲ့ ကဖင်း နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကော်ဖီက လန်းဆန်း တက်ကြွစေပြီး၊ စိတ်ခံစားမှုကို ကောင်းစေလို မှတ်ဉာဏ်ကောင်းစေပြီးအာရုံ စူးစိုက်နိုင်စွမ်းလည်း တိုးစေနိုင်ပါတယ်။ဘလူးဘယ်ရီက ကျန်းမာရေးအတွက် အကျိုး များသလို ဦးနှောက် နဲ့ မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကဦးနှောက်ဆဲလ်တွေအကြားမှာ ချိတ်ဆက်မှု ကောင်းစေပြီး ဦးနှောက်နဲ့ မှတ်ဉာဏ် ကောင်းမွန်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ဟင်းချက်တိုင်းလိုလိုမှာ သုံးလေ့ရှိတဲ့ နနွင်းက ဦးနှောက် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ Curcumin က ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဦးနှောက်ဆဲလ်တွေကိုသွေးနဲ့ အောက်ဆီဂျင်ပြည့်ဝစေတာကြောင့် မှတ်ဉာဏ် ကောင်းမွန်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။နနွင်းက မှတ်ဉာဏ် ကောင်းစေသလို စိတ်ဓာတ်ကျမှုကို သက်သာစေပြီး ဦးနှောက်ဆဲလ်တွေ ကြီးထွားစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ပန်းဂေါ်ဖီစိမ်း။ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေသလိုဗီတာမင် Kလည်းပါဝင်နေပါတယ်။ ဒီ အာဟာရဓာတ်တွေက ဦးနှောက်ဆဲလ်တွေကို အကောင်းဆုံး အာဟာရ ပြည့်စေပြီး မှတ်ဉာဏ် ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ဖရုံစေ့မှာ ခန္ဓာကိုယ် နဲ့ ဦးနှောက်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါတွေအပြင် ဖရုံစေ့မှာ ဦးနှောက် နဲ့ မှတ်ဉာဏ် ကောင်းမွန်စေမယ့် ဇင့်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ သံဓာတ်တွေလည်း ပါဝင်နေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-foods-to-boost-your-brain-and-memory/
ဝက်ခြံအမာရွတ် သက်သာပျောက်ကင်းစေတဲ့ ဓါတုပစ္စည်းများ
ဝက်ခြံကြောင့် သင့်အရေပြားမှာ အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ ချောမွေ့တဲ့အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ဖြစ်ပေါ်လာပြီဆိုရင် သင့်အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းသွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော ဓါတုဗေဒပစ္စည်းတွေဟာ ဝက်ခြံအမာရွတ်တွေကို သက်သာပျောက်ကင်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ဝက်ခြံအမာရွတ်တွေ နီရဲရောင်ရမ်းတာကို သက်သာစေဖို့အတွက် ကော်တီဆုန်း (Cortisone) ကို အသုံးပြုနိုင်ပါတယ်။ ကော်တီဆုန်းပါဝင်တဲ့ ခရင်မ်တွေကို နီးစပ်ရာ ဆေးဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ Kojic acid၊ arbutin နဲ့ ဗီတာမင်စီတို့ပါဝင်တဲ့ အမာရွတ်ပျောက်ခရင်မ်တွေဟာလည်း သင့်အသားအရေကို မူလအရောင် ပြန်ဖြစ်စေပါတယ်(အထူးသဖြင့် ဝက်ခြံကြောင့် မည်းနေတဲ့ နေရာတွေကိုပေါ့)။ဒီနည်းဟာ ဝက်ခြံကို အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်တဲ့အတွက် သူတို့ကို ဝက်ခြံကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ဒီကုသမှုပုံစံမှာဆိုရင် ဓါတုပစ္စည်းအရည်လေးတွေကို သင့်အရေပြားပေါ် လိမ်းပေးမှာ ဖြစ်ပြီး အချိန်တစ်ခုကြာတဲ့အခါ သင့်မျက်နှာပေါ်ကနေ ခွာချလိုက်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကပ်ခွာအသုံးပြုတာကို ကြိမ်ဖန်များစွာ လုပ်ပြီးတဲ့အခါ သင့်အမာရွတ်တွေ တစထက်တစ သက်သာလာမှာ ဖြစ်ပါတယ်။ ပြုလုပ်ပြီးခါစမှာ သင့်အရေပြားဟာ နီရဲရောင်ရမ်းနေမှာ ဖြစ်ပြီး နှစ်ပတ်အကြာမှာ အရေပြားအသစ် ထွက်လာမှာပဲ ဖြစ်ပါတယ်။ ဒီဝက်ခြံအမာရွတ်ကုကပ်ခွာအရည်မှာ salicylic acid၊ glycolic acid၊ Jessner’s solutions၊ resorcinol နဲ့ trichloroacetic acid အစရှိတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။Salicylic acid ဟာ beta-hydroxy acid အမျိုးအစား အက်ဆစ်ဖြစ်ပြီး ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။Salicylic acid ကို ဝက်ခြံကြောင့်မည်းသွားတဲ့ နေရာတွေကို ကုသဖို့အတွက်လည်း အန္တရာယ်ကင်းကင်း အသုံးပြုနိုင်ပါတယ်။Glycolic acid ဟာ alpha-hydroxy acid အမျိုးအစား အက်ဆစ်ဖြစ်ပြီး ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အပြင် မွေးညှင်းပေါက်တွေ ပိတ်ဆို့တာကိုလည်း လျှော့ချပေးပါတယ်။Jessener’s solution ဟာ 14% resorcinol ၊ 14% salicylic acid ၊ 14% lactic acid နဲ့ ethyl alcohol(သောက်တဲ့ အရက်) တို့ပါဝင်တဲ့ ဆေးတမျိုးဖြစ်ပါတယ်။ သူ့မှာ salicylic acid ရော resorcinol ပါ ပါဝင်တဲ့အတွက် ဝက်ခြံကုသရာမှာ အသုံးဝင်တဲ့ ကပ်ခွာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။Trichloroacetic acid ဟာ collagen နဲ့ elastin တို့ရဲ့ ပမာဏကို များစေပါတယ်။ သူတို့ဟာ သင့်အရေပြားကို ပိုမိုကောင်းမွန်စေပြီး ဝက်ခြံအမာရွတ်တွေကို မှေးမှိန်သက်သာစေပါတယ်။ ဒီအက်ဆစ်ဟာ ယေဘုယျအားဖြင့် အဆိပ်အတောက် မဖြစ်စေတဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ နာကျင်မှုရှိခဲ့မယ်ဆိုရင်လည်း အနည်းငယ်သာ ဖြစ်ပါလိမ့်မယ်။Phenol peel ဟာ အတွင်းပိုင်းနက်နက်ထိ အကျိုးသက်ရောက်မှု ရှိစေတာမို့ ဆရာဝန်ရှေ့မှောက်မှာပဲ ပြုလုပ်သင့်ပါတယ်။Phenol peel ကို တစ်နာရီ ၊နှစ်နာရီ လောက် ကပ်ထားဖို့ လိုပြီး သင့်မျက်နှာပေါ်မှာရှိတဲ့ အမာရွတ်တွေကို သက်သာစေပါလိမ့်မယ်။ ဒါပေမယ့် ပိုးဝင်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဖြစ်စေနိုင်ပါတယ်။ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းသက်သာစေဖို့ ဓါတုပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။ သူတို့ဟာ ထိရောက်အကျိုးရှိတဲ့အပြင် အန္တရာယ်လည်း ကင်းပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ အကျိုးရလာဒ်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ သင့်အသားအရေဟာ ပိုမိုနူးညံ့ချောမွေ့သွားတဲ့အတွက် ငယ်ရွယ်နုပျိုသွားစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဘေးထွက်ဆိုးကျိုးလေးတွေ အနည်းငယ်ရှိနေနိုင်တဲ့အတွက် အသုံးမပြုခင်မှာ ဆရာဝန်နဲ့ အရင်ဆွေးနွေးသင့်ပြီး ပုံမမှန်တာတခုခု ဖြစ်လာခဲ့ရင် ဘာတွေလုပ်ရမလဲဆိုတာကိုပါ သိထားသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bc%e1%80%90%e1%80%b9-%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b1%e1%80%95%e1%80%ba%e1%80%ac/
အနာ မရင်းအောင် ဘယ်လိုကာကွယ်ကြမလဲ
ဒဏ်ရာအနာတရြဖစ်တယ်ဆိုတာ လူတိုင်း ကြုံတွေ့ဖူးကြတဲ့ ကိစ္စပါ။ အိမ်မှာဟင်းချက်ရင်းနဲ့ ဓါးထိမိတာရှိမယ်၊ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိုးမိတာ၊ ခြစ်မိတာရှိမယ်၊ ပြေးရင်း လွှားရင်း ချော်လိမ့်ကျမိမယ်၊အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သွားနဲ့ ကိုက်မိတာ၊ လက်သည်းနဲ့ ခြစ်မိတာ၊မီးပူလောင်တာ စသဖြင့် ဒဏ်ရာ အနာတရ ဖြစ်စရာ အကြောင်းရင်းကတော့ အများကြီးပါပဲ။ကိုယ့်မှာဒဏ်ရာ၊ အနာတရဖြစ်ပြီဆိုရင် မိဘ၊ အုပ်ထိန်းသူကို အသိပေးဖို့ လိုပါတယ်။ အထူးသဖြင့်အနြာဖစ်ရတဲ့ အကြောင်းရင်းကို ပြောပြပေးဖို့ အရေးကြီးပါတယ်။ အနာကို ရေနဲ့ သေချာဆေးပြီး မသန့်ရှင်းတာ၊ ရေစိုနေတဲ့ ပလာစတာကို အချိန်အကြာကြီး ကပ်ထားမိတဲ့အခါ၊ ဒဏ်ရာကို မသန့်ရှင်းတဲ့ လက်နဲ့ မကြာခဏ ထိမိတာကြောင့် ပိုးဝင်နိုင်ပါတယ်။တိရစ္ဆာန်တွေနဲ့ ဆော့ကစားရင်း ထိခိုက်မိတဲ့အခါမှာလည်း လက်သည်း၊ ခြေသည်း၊ သွားရည်ကနေခွေးရူးပြန်ရောဂါ၊မေးခိုင်ရောဂါတွေကို ဖြစ်စေတဲ့ ရောဂါပိုးဝင်နိုင်တဲ့အတွက် ဖြစ်ဖြစ်ချင်း ၂၄ နာရီအတွင်း နီးစပ်ရာ ဆေးခန်းမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ကုတ်မိတာ၊ ခြစ်မိတာ၊ ထိခိုက်ရှတာကြောင့် ဖြစ်တဲ့ ဒဏ်ရာအများစုဟာ သေးငယ်ရင်တော့ ပြဿနာ သိပ်မရှိပေမဲ့ သေချာဂရုမစိုက်ရင်တော့ ပိုးဝင်သွားနိုင်ပါတယ်။ ပိုးဝင်တဲ့အခါမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့။ဒဏ်ရာကြီးလွန်းတာ၊ သွေးမတိတ်တာ၊ အနာကနေ သွေးတွေ ပန်းထွက်လာပြီဆိုရင် အုပ်ထိန်းသူ ဒါမှမဟုတ် ဆရာဝန်နဲ့ သွားပြရပါမယ်။ အနာကို အရင်ဆုံး ပိုးသတ်ထားတဲ့ အဝတ် ဒါမှမဟုတ် ဂွမ်းနဲ့ အုပ်ထားပေးပါ။ ဒဏ်ရာနက်လွန်းရင်တော့ အပ်နဲ့ ချုပ်ပေးဖို့ လိုပါလိမ့်မယ်။ နောက် ၅ ရက်ကနေ ၁၀ရက်အတွင်းမှာ ဆရာဝန်ဆီ ပြန်သွားပြီး ချုပ်ရိုး ဖြည်ခိုင်းရပါမယ်။အနာထဲ ပိုးဝင်ပြီး အချိန်အတော်ကြာသည်အထိ မပျောက်တာ၊ ပိုဆိုးလာတဲ့အခါမှာ ဆရာဝန်နဲ့ သေချာပြသပြီး antibiotic တွေ သောက်ဖို့ လိုအပ်ပါတယ်။ တော်ရုံတန်ရုံ ဒဏ်ရာအများစုဟာ သေးငယ်တဲ့အတွက် ဆရာဝန်နဲ့ ပြဖို့ မလိုပဲ သူ့အလိုလို ပျောက်သွားမှာပါ။Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/wound-infect/
ကျောက်ပတ်တီးစည်းထားရချိန် ဆင်ခြင်သင့်တဲ့ (၈) ချက်
နည်းနည်းပါးပါးထိခိုက်တာလောက်က ကိစ္စမရှိပေမယ့်အရိုးကျိုးပြီဆိုရင်တော့ ဒဏ်ရာကို ကာကွယ်ဖို့ကျောက်ပတ်တီးစည်းရနိုင်ပါတယ်။ ဒါပေမယ့် ရိုးရိုးပလာစတာ၊ပတ်တီးတွေလို ချက်ချင်းအသစ်လဲလို့မရ၊ ချွတ်လို့မရဘဲ အချိန်ကြာကြာပတ်စည်းထားရမယ့်အရာမို့ ပိုဂရုစိုက်ရပါတယ်။ကျောက်ပတ်တီးဆိုတာ ထိခိုက်ထားတဲ့ခြေထောက်သို့မဟုတ် လက်ကို မလှုပ်ရှားဖြစ်အောင် အထိန်းအနေနဲ့ ကျပ်စည်းရတာဖြစ်ပါတယ်။Plaster casts နဲ့Fiberglass castsဆိုပြီးကျောက်ပတ်တီးနှစ်မျိုးရှိပါတယ်။Plaster castsတွေကFiberglass castsတွေနဲ့ ယှဉ်ရင်ဈေးပိုသက်သာပေမယ့်Fiberglass casts က ပိုပေါ့ပါးပြီး တာရှည်ပိုခံတယ်။ဓါတ်မှန်ရိုက်မယ်ဆိုလည်းဖောက်ထွင်းမြင်ရတာပိုကောင်းတယ်။(၁) ကျောက်ပတ်တီးပေါ်မှာ မဖိမိအောင်၊ မလေးလံစေအောင် သတိထားပါ။(၂) ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ကျောက်ပတ်တီးကိုရေစိုလို့မရပါဘူး။ ဒါပေမယ့်ရေချိုးတဲ့အခါကျ ပလတ်စတစ်နဲ့သေချာဖုံးအုပ်စည်းနှောင်တာ ဒါမှမဟုတ် ဒဏ်ရာရှိတဲ့ခြေ/လက်ကို ခပ်မြင့်မြင့်တစ်နေရာမှာလှမ်းတင်ထားတာမျိုး ကြိုးစားကြည့်ပါ။(၃) ကျောက်ပတ်တီးအောက်က အရေပြားမှာယားယံတာေတွဖြစ်လာနိုင်ပါတယ်။ အယားပြေအောင် တစ်ခုခုနဲ့အလွယ်ထိုးကုတ်တာမျိုး(ဥပမာ ချွန်ထက်တဲ့အရာတစ်ခုခု) မလုပ်ပါနဲ့။ မနေနိုင်အောင်ဖြစ်လာရင် ဆရာဝန်ကိုတိုင်ပင်ပြီး အကြံဉာဏ်တောင်းပါ။(၄) ပတ်တီးစည်းထားတဲ့ခြေ သို့မဟုတ် လက်ရဲ့ခြေချောင်း၊လက်ချောင်းတွေကို လှုပ်ရှားစေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးပါ။သွေးလည်ပတ်မှုကောင်းစေဖို့ ဒါလည်းအရေးကြီးပါတယ်။(၅) ရောင်ရမ်းနေတယ်ဆိုကျောက်ပတ်တီးအပေါ်ကနေ ၁၅ မိနစ်၊ မိနစ် ၂၀လောက်ရေခဲကပ်လို့ရပါတယ်။ပတ်တီးကိုမစိုအောင်တော့ရေခဲကို ပလတ်စတစ်အိတ်နဲ့ထည့်ဖို့မမေ့ပါနဲ့။(၆) ဒဏ်ရာကနေ အနံ့တစ်ခုခုထွက်လာရင် ဒါမှမဟုတ် ထူးခြားတဲ့လက္ခဏာတစ်ခုခုရှိလာရင်ဆေးရုံပြန်ပြပါ။ ပတ်တီးအောက်မှာချွေး သို့မဟုတ် စိုစွတ်မှုကြောင့် မှို သို့မဟုတ် စိုထိုင်းမှုတွေဖြစ်နေနိုင်ပါတယ်။ အရေပြားက စိုနေတာ ကြာလာရင်ပေါက်ပြဲတာ၊ပိုးဝင်တာေတွဖြစ်လာနိုင်ပါတယ်။(၇) ပတ်တီးရဲ့အစွန်းတွေကို ကိုယ့်သဘောနဲ့ကိုယ်ဖြတ်ထုတ်တာ၊ တိတာတွေမလုပ်ပါနဲ့။ ပုံစံပျက်ယွင်းသွားနိုင်ပါတယ်။(၈) ကျောက်ပတ်တီးကို ကိုယ့်သဘောနဲ့ကိုယ် မဖြည်ပါနဲ့။ ဆရာဝန်ရက်ချိန်း သွားပြတဲ့အခါ အချိန်ရောက်မှ ဖြည်ပေးပါလိမ့်မယ်။တကယ်လို့။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/splinters-treatment/
လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်
လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ် ……ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ လူတစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။ တချို့က ပျော်ပျော်နေတတ်ကြသလို တချို့ကျပြန်တော့လည်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ မပျော်ချင်တဲ့သူတော့ ရှိမယ်မထင်ပါဘူး။ ပိုမိုပျော်ရွှင်ရဖို့အတွက် အကျင့်ကောင်းတွေ မွေးမြူ ကြည့်ရအောင်။နေ့ရက်တိုင်းမှာ ပျော်ရွှင်စေဖို့ဆိုရင်။(၁)ပြုံးပါ။ပျော်ရွှင်တဲ့အခါ ပြုံးရယ်တတ်တာအကျင့်ပါ။ ပြောင်းပြန်အနေနဲ့ ပြုံးတဲ့အခါ ဦးနှောက်ကနေ ဒိုပါမင်းဆိုတဲ့ ဟော်မုန်းထွက်ပြီး ပိုမိုပျော်ရွှင်စေပါတယ်။ အတုအယောင် အပြုံးမျိုးကို မဆိုလိုပါ။ မနက် မိုးလင်းတဲ့အခါ မိမိကိုယ်ကို မှန်ကြည့်ပြီး ပြုံးပါ။ နေ့စဉ် လူနေမှုဘဝမှာလည်း ပြုံးပြုံးရွှင်ရွှင်နေပါ။(၂)လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။လမ်းလျှောက်တာမျိုး၊ ယောဂသင်တန်း တက်တာမျိုးနဲ့ အကြောလျှော့တာမျိုးတွေ ပြုလုပ်ပေးပါ။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကိုသာ လုပ်ဆောင်ပေးပါ။ ဒါဆိုရင် စိတ်ကျခြင်းတွေ ကင်းဝေးပြီး မိမိကိုယ်ကို တန်ဖိုးထား ပျော်ရွှင်လာမှာပါ။(၃)အိပ်ရေးဝဝအိပ်ဖြစ်အောင် အိပ်ပါ။တစ်နေ့ (၈)နာရီ (၉)နာရီခန့် အိပ်စက်အနားယူပါ။ အိပ်ရေးမဝတဲ့အခါ စိတ်မကြည်လင်တတ်ပါဘူး။(၄)      ဉာဏ်ယှဉ်၍ စားသောက်ပါ။အသီးအနှံ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ် စားသုံးပါ။ အသား၊ ပဲ အမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာလည်း ပရိုတိန်းဓာတ်ပြည့်ဝတာကြောင့် စွမ်းအင်ရစေပါတယ်။ အသင့်စား အစားအစာတွေက စိတ်ညှိုးနွမ်းစေနိုင်တာမို့ ရှောင်ပေးပါ။(၅)      ပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် စိတ်ကျေနပ်အားရပါ။တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းကို ရရှိစေတာမျိုး၊ ယုတ်စွအဆုံး သင့်အလုပ်က သင့်ရဲ့လက်ထောက်လေးက ကော်ဖီဖျော်ပေးတာမျိုး၊ အိမ်နီးချင်းတစ်ဦးက လက်ပြနှုတ်ဆက်တာမျိုး၊နေရောင်ခြည်ခံစားရတာမျိုးတွေ အတွက်တောင် ကျေနပ်အားရတတ်ပါစေ။(၆)အသက်ဝဝရှူပါ။အသက်ဝဝရှူခြင်းဟာ ပုခုံးကြောတွေကို ဖြေလျှော့ပေးနိုင်ပြီး စိတ်ကြည် လင်စေနိုင်ပါတယ်။ အသက်ဝဝရှူနေစဉ် မျက်လုံးမှိတ်ထားပြီး ကိုယ်တွေ့ချင် မြင်ချင်တဲ့ အရာမျိုး၊ ရှုခင်းမျိုးကိုလည်း ပုံဖော်နေနိုင်ပါသေးတယ်။(၈)      မပျော်ရွှင်ခဲ့ရ၊ နာကျင်ခဲ့ရတဲ့ အတိတ်ဆိုးတွေကို သယ်မထားပါနဲ့။ အလွယ်တကူမေ့ပစ်ပါ။အတိတ်ဆိုးတွေကို အတိတ်မှာ ချန်ထားခဲ့ပြီး လက်ရှိကာလမှာ ပျော်ပျော်ရွှင်ရွှင်လေး နေပါ။(၉)      ဖြစ်လာတဲ့စိတ်ဖိစီးစရာတွေကို ပြုံးပြုံးလေး လက်ခံပါ။လူတိုင်းဟာ စိတ်ဖိစီးမှု ရှိနိုင်တယ် ဆိုတာကကို တွေးတောဆင်ခြင်ပါ။ သင်ခန်းစာ ယူပါ။(၁၀)    သူငယ်ချင်းတွေနဲ့ သွားရောက်တွေ့ဆုံပါ။အထီးကျန်မှုတွေ ပျောက်ဆုံးပြီး ပျော်ရွှင်ရပါမယ်။ စေတနာ့လုပ်အားရှင် အသင်းတွေမှာလည်း ပါဝင်နိုင်ပါတယ်။ တိရစ္ဆာန်ချစ်တတ်သူ ဆိုလည်း အိမ်မွေးတိရစ္ဆာန်လေးတွေမွေးပြီး သူတို့ရဲ့ ဝေယျာဝစ္စတွေကို အပတ်စဉ်ပြုလုပ် ပေးခြင်းအားဖြင့် ပျော်ရွှင်မှုကို ဖန်တီးနိုင်ပါတယ်။(၁၁)    အစီအစဉ်ချပါ။ တစ်ပတ်စာအစီအစဉ်ဆွဲပါ။တစ်ခါတစ်ရံမှာ ပန်းတိုင်ပျောက်ဆုံးနေတတ်ပြီး အဓိပ္ပာယ်မဲ့နေတတ်ပါတယ်။ အချိန်ဇယားဆွဲပြီး လုပ်စရာတွေကို ပြီးပြတ်အောင် လုပ်ခြင်းအားဖြင့် စိတ်ပျော်လာနိုင်ပါတယ်။(၁၂)    ဖုန်းကို ဝေးဝေးမှာထားပါ။အီလတ်ထရောနစ်ပစ္စည်းတွေကို အနည်းဆုံးတစ်ပတ်ကို တစ်နာရီလောက် ပစ်ပယ်ထားပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပါ။ နားကြပ်လည်း ပါပါတယ်။ မသုံးပါနဲ့။ အိမ်နီးနားချင်းတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေပါ။(၁၃)    သဘာဝထဲ ပစ်ဝင်ပါ။တစ်ပတ်ကို တစ်ခါလောက်တော့ စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကို သွားပါ (ပန်းခြံ၊ အိမ်ခြံဝန်း၊ အပင်တွေစိုက်ထားတဲ့ လေသာဝရံတာစသည်)။ ဒီလိုပြုလုပ်ခြင်း ဟာ စိတ်ကျရောဂါကို သက်သာစေကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။(၁၄)တရားထိုင်ပါ။တစ်ပတ်တစ်ခါလောက် ဝင်လေထွက်လေရှူရှိုက်တဲ့ တရားထိုင်ခြင်းမျိုးကို ပြုလုပ်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်ပြီး ကြည်လင်ပျော်ရွှင်လာနိုင်ပါတယ်။(၁၅)ရေနွေးနွေးလေးနဲ့ရေချိုးပါ။အသားအရေထိန်းသိမ်းတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။ရေနွေးနွေးလေးနဲ့ ရေချိုးတာ စကင်းကဲလ်တာကလည်း စိတ်ပျော်ရွှင်စေနိုင်ပါတယ်။(၁၆)    မိမိကိုယ်ကို အလိုလိုက်ပါ။ဘယ်သူမှ မလိုက်လည်း ကိုယ်သွားချင်တဲ့နေရာကို တစ်ယောက်တည်း သွားပါ။ စားချင်တာတွေစားပါ။ ရုပ်ရှင်ကြည့်ပါ။ သွားချင်တဲ့ နေရာကို တစ်ယောက်တည်း ခရီး ထွက်ကြည့်ပါ။(၁၇)မနာလိုဝန်တိုစိတ်တွေ မထားပါနဲ့။မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မိမိနည်းလမ်း၊ မိမိ အချိန်အတိုင်းအတာနဲ့သာ လျောက်လှမ်းပါ။ သူတစ်ပါးနဲ့ မယှဉ်ပါနဲ့။(၁၈)    မိမိခန္ဓာကိုယ်ကို တန်ဖိုးထားပါ။တစ်နှစ်တစ်ခါတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု (Medical check-up) ​ ပြုလုပ်ပေးပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/how-to-be-happy-2/
အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉) ခု
နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ ပတ်ဝန်းကျင်မှာ အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာတွေ ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေကလည်း အများသားနော်။ ဒီလိုမျိုး ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေ များနေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်လှုပ်ရှားနေရသူတွေ အနေနဲ့ ဖျားတာနာတာကို ကြုံတွေ့ရမှာကတော့ အသေအချာပါပဲ။ ဒီတော့ ဖျားနာတဲ့အခါမှာ အဖျား မြန်မြန်ပျောက်စေဖို့ လုပ်ကိုင်နိုင်မယ့် နည်းလမ်း (၉)ခုကို ဖော်ပြလိုက်ပါတယ်။သိပ်မဆိုးလာခင်မှာ ကြိုတင်ကာကွယ်ပါ။ခန္ဓာကိုယ်မှာ ဖျားနာတဲ့ ဝေဒနာကို စတင်ခံစားရပြီလို့ ထင်တာနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ပါ။ ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေ စားပါ။ ဗီတာမင် စီ သောက်ပါ။ ရေများများသောက်ပါ။ နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ကိုယ်ခံအား ကောင်းစေဖို့အတွက် ကောင်းကောင်း အနားယူပေးပါ။ ဒီလိုတွေလုပ်ပေးတာက အဖျား ကို ပိုမဆိုးလာအောင် လုပ်ပေးနိုင်တဲ့အပြင် မြန်မြန်လည်း သက်သာစေပါတယ်။နေထိုင်ရာပတ်ဝန်းကျင်က သန့်ရှင်းနေပါစေ။နေမကောင်းတဲ့အခါတစ်ကိုယ်ရေသန့်ရှင်းက အရေးကြီးသလို နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အသုံးအဆောင်တွေကလည်း အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားခြင်းဖြင့် ဘက်တီးရီးယားတွေကို နှိမ်နှင်းကာကွယ်ပြီး ဖြစ်စေမယ့်အပြင် စိတ်ကြည်လင်လန်းဆန်းစေတာကြောင့် အဖျား မြန်မြန်သက်သာစေမှာ အသေအချာပါ။ရေနွေးနဲ့ ဆားခပ်နွေးနွေးလေးသုံးပြီး အာလုတ်ကျင်းပေးပါ။အဖျားပိုးကြောင့် လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာတွေ ဖြစ်တာက နောက်ဆက်တွဲ ဘက်တီးရီးယားတွေကြောင့် ဖြစ်ရတာပါ။ ဒီလိုဖြစ်တဲ့အခါ ရေနွေးပူပူထဲကို ဆားထည့်ပြီး ခပ်နွေးနွေးလေး ဖြစ်လာတဲ့အခါ ဆားရည်နဲ့ အာလုတ်ကျင်းပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းနဲ့ လည်ချောင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးရာ ရောက်ပါတယ်။ပြည့်ပြည့်ဝဝအနားယူပါ။နေမကောင်းဖြစ်တဲ့အခါ အရင်ဆုံး လုပ်ရမှာ တစ်ခုက ပြည့်ပြည့်ဝဝ အနားယူပေးဖို့ပါ။ ဒီလို လုပ်ပေးတာကကိုယ်ခံအားစနစ်က အအေးမိတုပ်ကွေးရောဂါပိုးတွေကို တိုက်ဖျက်ရာမှာ အများကြီး အထောက်အကူရစေပြီး အဖျားကို မြန်မြန်သက်သာစေပါတယ်။ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။အအေးမိ ဖျားနာ ဖြစ်တဲ့အခါ တော်တော်များများက ရေမချိုးနဲ့ ရေမထိနဲ့ အဖျားတာရှည်မယ်လို့ ပြောကြတာ ကြားဖူးကြမှာပါ။ ဒီအယူအဆက အပြည့်အဝ မမှန်ပါဘူး။ နေမကောင်းတဲ့အခါ နှာခေါင်းပိတ်တာမျိုး၊တုပ်ကွေးကြောင့် ငြီးစီစီ ဖြစ်တာမျိုး ခံစားရမယ်ဆိုရင် ရေခပ်နွေးနွေးလေးနဲ့ ရေချိုးလိုက်ပါ။ ရေနွေးငွေ့ကြောင့် ခန္ဓာကိုယ်က သွေးလှည့်ပတ်မှု ကောင်းသွားပြီး လန်းဆန်းသွားစေမှာပါ။ချည်သားအဝတ်အစားလေးတွေ ဝတ်ဆင်ပေးပါ။နေမကောင်းတဲ့အခါ အင်္ကျီအထူကြီးတွေ ဝတ်မိတာမျိုး ရှိနိုင်ပါတယ်။ ဒီလို မလုပ်သင့်ပါဘူး။ ချွေးထွက်လွန်ပြီး အားအင်ကုန်ခမ်းတာ၊ ချွေးထွက်များပြီး ချွေးနဲ့အအေးပတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေမကောင်းတဲ့အခါနွေးနွေးထွေးထွေး နေရမယ်ဆိုပေမယ့် အရမ်းထူတဲ့ အဝတ်အစားတွေမဝတ်ဆင်ဘဲ သက်တောင့်သက်သာရှိတဲ့ ချည်သား အင်္ကျီလက်ရှည်လေးတွေကိုပဲ ဝတ်ဆင်ပေးသင့်ပါတယ်။အာဟာရပြည့်ဝအောင် စားသုံးပေးပါ။နေမကောင်းဖြစ်တဲ့အခါအစာမကြေမှာကို စိုးရိမ်ပြီး မစားတာမျိုး မလုပ်ပါနဲ့။ အာဟာရပြည့်ဝအောင် စားသုံးပေးမှ ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ဖျားနာမှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်မှာပါ။ ဒါကြောင့် အဖျား မြန်မြန်သက်သာချင်တယ် ဆိုရင်တော့ အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့လည်း မမေ့ပါနဲ့။ရေဓာတ်ပြည့်ဝအောင်နေပါ။အအေးမိ ဖျားနာ နေတဲ့အချိန်မှာ မြန်မြန်သက်သာအောင် လုပ်ဆောင်နိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခုက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝနေစေဖို့ပါ။ ခန္ဓာကိုယ်မှာ အဖျား ဝင်လာတဲ့အခါ ရေဓာတ်ခမ်းခြောက်မှုက အလွယ်တကူ ဖြစ်လာပါတယ်။ နေထိုင်မကောင်းတဲ့အခါ အစား သိပ်မစားဖြစ်တော့သလို ရေတွေသိပ်မသောက်ဖြစ်တော့ပါဘူး။ တကယ်တော့ ဖျားတဲ့အခါ ရေများများသောက်ပေးမှ ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်မှာဖြစ်သလို ဝမ်းမချုပ်အောင်ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက ရောဂါတွေ၊ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နေမကောင်းတဲ့အခါ အခြားဘာမှမသောက်နိုင်ရင်တောင် ရေများများသောက်ပေးပါ။တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။နေမကောင်းပေမယ့်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် ဘက်တီးရီးယားတွေ ပြန့်နှံ့ပြီး အဖျားတာရှည်စေနိုင်ပါတယ်။ ဒါကြောင့် နေထိုင်မကောင်းတဲ့အခါ ဘက်တီးရီးယားတွေ ပြန့်ပွားကူးစက်တာ မဖြစ်စေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ အနည်းဆုံးတော့ ခြေလက်တွေကို သန့်စင်အောင်ထားပါ။ဒီလိုတွေ လုပ်နေပေမယ့် အဖျားက မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။ နောက်တစ်ခုက ခန္ဓာကိုယ်မှာ ကိုယ်ခံအား ကောင်းနေဖို့ပါ။ ကိုယ်ခံအား ကောင်းနေမယ်ဆိုရင် အဖျား အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ကိုယ်ခံအား ကောင်းနေဖို့က အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုသလို အိပ်ချိန်ပြည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/9-tips-to-reduce-fever-quickly/
အိပ်ရေးမပျက်စေနဲ့ အမျိုးသားတို့
အိပ်စက်ခြင်း လူတိုင်းအတွက် အရေးကြီးတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ လူတစ်ယောက်မှာ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် မရှိဘူးဆိုရင် ကိုယ်ခံအား နည်းတာ၊ ခေါင်းမကြည်တာ၊ အာရုံစူးစိုက်ဖို့ ခက်တာက စလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခါတော့ အိပ်ရေးပျက်တာကြောင့် ကျန်းမာရေး ထိခိုက်တာက အမျိုုးသားတွေမှာ ဘယ်လိုမျိုး သက်ရောက်နေသလဲ၊ ဘာကြောင့် အိပ်ရေးမပျက်စေနဲ့ အမျိုးသားတို့ လို့ ပြောရသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ဦးနော်။အမျိုးသား တစ်ဦးအနေနဲ့ တစ်ညကို အိပ်ချိန် အနည်းဆုံး ၇ နာရီ ကနေ ၈ နာရီ ရှိရပါမယ်။ ဒါမှ လုံလောက်တဲ့ အိပ်စက်ချိန် ရှိတယ်လို့ ဆိုရမှာပါ။ အမျိုးသားတွေမှာ အိပ်ရေးပျက်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုရော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ခံစားရနိုင်ပါတယ်။အိပ်ရေးမပျက်စေနဲ့ အမျိုးသားတို့ လို့ ပြောရတဲ့ အကြောင်းအရင်းက အိပ်ရေးပျက်တဲ့အခါ အမျိုးသားတွေမှာ အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လို့ပါ။အိပ်ရေးပျက်သွားပြီဆိုရင် ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီညီ လှုပ်ရှားလုပ်ဆောင်နိုင်ဖို့ ခက်သွားပါပြီ။ ဒီလို ခက်သွားခြင်းရဲ့ ရလဒ်အနေနဲ့ အမျိုးသားတွေမှာ။ညဘက်တွေမှာ အိပ်ရေးပျက်ခံပြီး ဂိမ်းဆော့တာ၊ fb သုံးတာတွေ လုပ်ရင်း ညဘက်တွေမှာ အိပ်ရေးပျက် ခံတာက သက်လတ်ပိုင်း အမျိုးသားတွေမှာနှလုံးရောဂါ ဖြစ်နိုင်​ခြေတိုးစေနိုင်ပါတယ်။ ညဘက်မှာ ၅ နာရီပဲ အိပ်စက်ချိန် ရှိတာက ပုံမှန်ထက် နှလုံးရောဂါ ခံစားရနိုင်ခြေ ၂ ဆကျော် ပိုများနေပါတယ်။ အမျိုးသားတွေ အနေနဲ့ တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီ ရှိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။အမျိုးသားတွေကို ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက ညဘက်တွေမှာ အိပ်ရေးပျက်တာ၊ အိပ်ချိန် နည်းတာတွေပါ။ ညဘက်ကို ၅ နာရီ နဲ့ ၅ နာရီထက် နည်းတဲ့ အိပ်ချိန် ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေမှာရုတ်တရက် နှလုံးရပ်တာကို ခံစားရနိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။အိပ်ရေးပျက်တဲ့ ညတွေများလာတဲ့အခါ နှလုံးပေါ်မှာ ဝန်ပိုတွေ ပိလာပါတယ်။ ဒီလိုကနေ သိသာတဲ့ လက္ခဏာအနေနဲ့ နှလုံးခုန်နှုန်း စည်းချက် မမှန်တာတွေကို ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် လူက အသက်ရှူမဝတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်ပါတယ်။အိပ်ရေးပျက်တာက ရေရှည်မှာ နာတာရှည် ကျန်းမာရေးပြဿနာအနေနဲ့ သွေးတိုးတာကို ခံစားရစေနိုင်ပါတယ်။ အမျိုးသားတွေကို သွေးတိုးစေတဲ့ အရက်သောက်တာ၊ စိတ်ဖိစီးတာ၊ အစားအသောက် ဂရုစိုက်မှု အားနည်းတာတွေအပြင် နောက်တစ်ချက်ကတော့ ညဘက် အိပ်ချိန်နည်းတာပါ။အိပ်ရေးပျက်တာကနှလုံးကိုဝန်ပိစေတာ၊ သွေးတိုးစေတာတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု နည်းစေပြီး ဦးနှောက်ဆီ သွေးရောက်ရှိမှု နည်းတာကြောင့် လေဖြတ်တာကို ခံစားရနိုင်ပါသေးတယ်။အိပ်ရေးပျက်တဲ့ အမျိုးသားတွေမှာအမျိုးအစား (၂) ဆီးချိုဖြစ်နိုင်ခြေက တော်တော်လေး များနေပါတယ်။ အိပ်ရေးပျက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို ရေရှည်မှာ ဆီးချိုရောဂါကို ခံစားရစေနိုင်ပါတယ်။အိပ်ရေးပျက်တာ များလေလေ အမျိုးသားတွေမှာ လိင်စိတ် ကျဆင်းလေလေပါ။ ဒီလိုနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။အိပ်ရေးပျက်တာကြောင့် အမျိုးသားတွေမှာ ထိခိုက်နိုင်တဲ့ နောက်ထပ် တစ်ခုကတော့လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းလာတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ အခြား ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘူးဆိုရင်တော့ အိပ်ရေးဝဝသာ အိပ်ပစ်လိုက်ပါလို့ အကြံပြုချင်ပါတယ်။နဂိုတည်းကလည်း အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် မတော်တဆမှုတွေ ပိုဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် reaction timeလို့ခေါ်တဲ့ မတော်တဆဖြစ်လာရင် တုံပြန်တာက ပိုနှေးသွားပါတယ်။ ဒါကြောင့် မတော်တဆ ဖြစ်နိုင်ခြေပိုများလာပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/sleeplessness-how-to-affect-men-health/
ပန်းသေပန်းညှိုးနဲ့ပတ်သက်ပြီး သောက်ရတဲ့ ဆေးတွေနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းအချို့
ပန်းသေပန်းညှိုးအတွက် သောက်ရတဲ့ဆေးတွေက အမျိုးသားတော်တော်များများမှာ ပန်းသေပန်းညှိုးတာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ဆေးဝါးတွေကတော့။ပန်းသေပန်းညှိုးနဲ့ပတ်သက်ပြီး သောက်ရတဲ့ ဆေးတွေနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းအချို့ အတွက် အဖြေတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ဒီဆေးအမျိုးအစား ၄ ခုစလုံးက လိင်တံက ကြွက်သားတွေကို ပြေလျော့စေဖို့ လုပ်ဆောင်ပေးတဲ့ သဘာဝ ဓာတုဓာတ်တစ်မျိုးဖြစ်တဲ့ nitric oxide ရဲ့ သက်ရောက်မှုကို မြှင့်တင်ပေးပါတယ်။ ဒီတော့ သွေးစီးဆင်းမှု ကောင်းစေပြီးလိင်တံထောင်မတ်နိုင်စေဖို့ထောက်ကူပေးပါတယ်။ဆေးတစ်လုံးကို တစ်ကြိမ်သောက်ရုံနဲ့တော့ ချက်ချင်း အာနိသင်ပြမှာ မဟုတ်ပါဘူး။ ဆေးသောက်ပြီးချိန်မှာလည်း လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုကို လုပ်ပေးမှ လိင်တံမှာရှိတဲ့ အာရုံကြောတွေက နိုက်ထရိတ်အောက်ဆိုဒ်ကို ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ဒါကတော့ သတိထားရမယ့် အချက်ပါ။ ED pills တွေက ပန်းသေပန်းညှိုးတာကို သက်သာစေဖို့ပဲ ထုတ်ထားတာပါ။ကာမအားတိုးဆေးတွေမဟုတ်ပါဘူး။ ဒါကြောင့် ပန်းသေပန်းညှိုးဖြစ်နေသူတွေပဲ ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုသင့်ပါတာယ်။ ပုံမှန်သူတွေအနေနဲ့ အသုံးမပြုပါနဲ့လို့ ပြောချင်ပါတယ်။ED pills တွေက အမျိုးအစား ကွာခြားသလို အာနိသင်တွေလည်း ကွာခြားနိုင်ပါတယ်။ ဆေးအများစုကတော့ ပျမ်းမျှအားဖြင့် သောက်ပြီး ၁၅ မိနစ် ကနေ ၄၅ မိနစ်မှာ အာနိသင် စရနိုင်ပါတယ်။ အချို့ဆေးတွေက မိနစ် ၃၀ လောက်အတွင်းမှာ အလုပ်လုပ်ပြီး အချို့ဆေးတွေက ၁ နာရီ ကနေ ၄နာရီအတွင်းမှာ အလုပ်လုပ်ပါတယ်။ ဆေးတွေကို နေ့တိုင်း အချိန်မှန် ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပေးဖို့ လိုပါမယ်။ဆေးက အတူတူပဲဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက်မှာ ကျန်းမာရေး အခြေအနေ နဲ့ အခြားသော အကြောင်းတရားတွေကို အခြေခံပြီး ဆေးအာနိသင် သက်ရောက်မှု ကွာခြားတာမျိုး ရှိနိုင်ပါတယ်။ED pills တွေက လူတိုင်းနဲ့ မတည့်ပါဘူး။ ဥပမာ – အသည်းရောဂါ ရှိတာ၊ ကျောက်ကပ်ရောဂါရှိတာ၊ သွေးပေါင်ကျတတ်တာ၊ သွေးတိုးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ ရှိမယ်။ ပုံမှန်လည်း ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရတာမျိုး ရှိမယ်ဆိုရင် မသောက်သင့်ပါဘူး။ မဖြစ်မနေသောက်ချင်တယ်ဆိုရင်တောင် ဆရာဝန်ကို အရင်တိုင်ပင်ပြီးမှ သောက်တာမျိုး လုပ်သင့်ပါတယ်။ဆေးတိုင်းလိုလိုမှာကတော့ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိကြပါတယ်။Ed pillsတွေက ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာလိုမျိုး အသေးစား ဘေးထွက်ဆိုးကျိုးတွေကနေစလို့ ရင်ဘတ်၊ ဇက်ကြော နဲ့ မျက်နှာတဝိုက်မှာ ခပ်နွေးနွေး ဖြစ်တာ၊ နှာစေးတာမျိုးတွေလိုမျိုး အရမ်း မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ကတော့ ခါးနာတာ၊ အကြားအာရုံ ဆုံးရှုံးတာ၊ နားအူတာ၊ ဗိုက်အောင့်တာ၊ ပူစပ်ပူလာင်ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အစိမ်းရောင်နဲ့ အပြာရောင်ကို သဲသဲကွဲကွဲ မမြင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ကိုယ်နဲ့အသင့်တော်ဆုံးဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သေချာလေး ရွေးချယ်ပေးလို့ ရပါတယ်။မရပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့မှ ဝယ်သောက်သင့်ပါတယ်။ မိမိအခြေအနေက ဆေးလိုမလို၊ ဆေးပမာဏ၊ ဘေးထွက်ဆိုးကျိုး၊ မိမိနဲ့ တည့်မတည့် စတာတွေကို ချိန်ဆဖို့ လိုပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဝယ်သောက်ပြီးမှ သွေးပေါင်တွေ ထိုးကျပြီး အသက်အန္တရာယ်ဖြစ်တဲ့သူတွေ အများကြီးရှိတာကြောင့် ကိုယ့်သဘောကိုယ် ဝယ်မသောက်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/frequently-asked-questions-about-ed-medications/
အစာအိမ်အချဉ်ပေါက်ချိန်မှာ ရှောင်ကြဉ်သင့်သော အစားအစာများ
အစာအိမ်အချဉ်ပေါက်ခြင်းဆိုတာ အစာအိမ်ထဲမှာရှိတဲ့ အစားအစာများ၊ အစာချေရည်များဟာ အစာမျိုပြွန်ထဲကို ပြန်လျှံတက်လာခြင်းကို ဆိုလိုပါတယ်။ အစာမျိုပြွန်အောက်ခြေ ကြွက်သားလျော့ရဲသွားပြီး အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေ အစာမျိုပြွန်ထဲ ရောက်ကုန်ရင် ဖြစ်တတ်ပါတယ်။ တကယ်လို့ အဲဒီအခြေအနေတွေ တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုဖြစ်နေမယ်ဆိုရင် ဆေးပညာအရGERD(Gastroesophageal disease) လို့ ရောဂါအမည်တပ်ပါတယ်။အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။– စားသောက်ပြီးနောက် သင့်ကိုယ်ခန္ဓာ၏ ပုံစံအနေအထား။– စားသောက်သည့်ပမာဏ။– အစားအသောက်အမျိုးအစား စတာတွေ ဖြစ်ပါတယ်။သင့်အနေနဲ့ အစာအိမ် အူလမ်းကြောင်းပြဿနာတခုခုဖြစ်ပြီဆိုရင် ဘယ်လောက်စားမယ်၊ ဘာစားမယ်ဆိုတာ သတိပြုသင့်ပါတယ်။ စားသောက်ပြီးချိန်မှာ မတ်မတ်ထိုင်နေခြင်း၊ အစားကို နည်းနည်းစီ အချိန်ခွဲစားခြင်း စတာတွေဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာကိုရှောင်ရမလဲ၊ ဘာကိုစားရမလဲဆိုတာဟာ စဉ်းစားဖို့ လိုပါမယ်။အစာအိမ်အချဉ်ပေါက်ခြင်းကို ဘယ်အစားအစာတွေက အမှန်တကယ်ဖြစ်စေသလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေပါတယ်။ ဒါပေမယ့် အစာမကြေခြင်း၊ ရင်ပူခြင်း၊ အချဉ်ပေါက်ခြင်း စတာတွေကို ကာကွယ်နိုင်ဖို့အတွက် သုတေသီအများစု လက်ခံထားတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့တော့ လိုအပ်ပါတယ်။အဆီများတဲ့ အစားအစာများဟာ အစာရေမျိုအောက်ခြေ ကြွက်သားအပေါ် ဖိအားပေးပြီး အစာအိမ်ထဲကို အစာများကို ကုန်စင်အောင်ချေဖျက်နိုင်ခြင်းကို နှောင့်နှေးစေပါတယ်။ အဲဒီအချိန်မှာ အစာအိမ်အချဉ်ပေါက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီစားသုံးမှုကို လျှော့ချရပါမယ်။ အဆီများတဲ့ အောက်ပါအစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။– အာလူးချောင်းကြော်။– ကြက်သွန်ကွင်းကြော်။– ထောပတ်။– နွားနို့။– ဒိန်ခဲ။– ရေခဲမုန့်။– အဆီများသော အသားများ စတာတွေ ဖြစ်ပါတယ်။အပူအစပ်များတဲ့ စားစရာတွေဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ဝမ်းခေါင်းပူခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ သုတေသနတချို့မှာတော့ ငရုတ်သီးလို အစပ်အရသာမျိုးဟာ မကြာခဏထိတွေ့မှုရှိရင် တခါတလေမှာ စားသောက်တဲ့အခါ ဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်း၊ ပူစပ်ခြင်း စတဲ့ဝေဒနာမျိုး မဖြစ်စေဘူးလို့ ဆိုလိုပါတယ်။နေ့စဉ်စားသောက်ဖွယ်ရာတွေမှာ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များဟာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ ဒါပေမယ့် အသီးအရွက်တချို့ဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အောက်ဖော်ပြပါ အသီးအရွက်များဟာ အဖြစ်များပါတယ်။– နာနတ်သီး။– လိမ္မော်သီး၊ ဂရိတ်ဖရု၊ လီမွန်၊ သံပုရာ စသည့် အချဉ်ဓာတ်ပါသော စားစရာများ။– ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးဖြင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ ခရမ်းချဉ်သီးဆော့စ်၊ ပီဇာဆော့)။– ကြက်သွန်ဖြူနှင့် ကြက်သွန်နီ။အဖျော်ယမကာမျိုးစုံဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ပိုဆိုးစေတတ်ပါတယ်။ အထူးသဖြင့်။– အယ်လ်ကိုဟော။– ကော်ဖီ၊ လက်ဖက်ရည်။– ကာဗွန်ဖြည့်ထားသော အချိုရည်များ။– ချဉ်သောအရသာရှိသော အသီးဖျော်ရည်များ စတာတွေ ဖြစ်ပါတယ်။အစားအစာနဲ့ဆေးဝါးမျိုးစုံဟာ အစာရေမျိုအောက်ခြေကြွက်သားကို အားလျော့စေပါတယ်။ အဲဒီအချိန်မှာအစာအိမ်အချဉ်ပေါက်ခြင်းလက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာအားဖြင့် အောက်ပါအစားအစာတွေ စားသောက်ပြီးရင် ဖြစ်ပေါ်လာတတ်ပါတယ်။– ချောကလက်။– ပူရှိန်း။– သံဓာတ် (သို့) ပိုတက်ဆီယမ် အားဖြည့်ဓာတ်စာများ။– ပဋိဇီဝဆေးများ။– အက်စ်ပရင် အပါအဝင်အကိုက်အခဲပျောက်ဆေးများ။– နိုက်ထရိတ်။– alpha-blocker ဆေးများ။– calcium channel blocker ဆေးများ။– theophylline။– tricyclics။– အဆင့်ဆင့်ပြုပြင်ထားသော အစားအစာများ စတာတွေကြောင့် အစာအိမ်အချဉ်ပေါက်ဝေဒနာ ပိုဆိုးနိုင်ပါတယ်။ဆေးပုံမှန်သောက်ရဲ့သားနဲ့အစာအိမ်အချဉ်ဓာတ် များနေဦးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။အစားအသောက်စားသုံးတဲ့ ပုံစံကို ပြောင်းလဲခြင်း၊ အစားအသောက် ဆင်ခြင်သတိထားခြင်း စတာတွေဟာ အစာအိမ်အချဉ်ဓာတ်လျော့ပါးစေဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ အစာအိမ်ဆေးများကို ရေရှည်စွဲသုံးဖို့လည်း မကောင်းတာကြောင့် အစားအသောက်ပုံစံ၊ နေထိုင်မှုပုံစံတွေနဲ့ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ အစားကို နည်းနည်းစီခွဲစားပြီး စားပြီးချိန်မှာလည်း မတ်မတ်ထိုငနေသင့်ပါတယ်။ အပူအစပ်များ၊ အချဉ်များသော အစာများကို သတိပြုစားသုံးရပါမယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/gerd-foods-to-avoid/
အရပ် ပုတာ အားနည်းချက် လား
ဂျပု တဲ့။ လောရှည် တဲ့။ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်နဲ့ အသွင်အပြင်၊ အချိုးအစား တို့ကို ပြစ်တင်ဝေဖန်လေ့ရှိတဲ့ သူတွေရဲ့ Body Shaming အလေ့အထ ကို ဒီအခေါ်အဝေါ်တွေမှာ မြင်နိုင်ပါတယ်။တချို့က ချစ်စနိုးနဲ့ စနောက် ခေါ်ဝေါ်ကြတာ ရှိပေမယ့် အများစုကတော့ ဦးတည်ချက် အဓိပ္ပာယ် နည်းနည်းပါနေတတ်ပါတယ်။ ဥပမာ အတည်အခန့် နေရတဲ့ ပတ်ဝန်းကျင်ရောက်မှ လူကြားထဲ လှမ်းခေါ်တာမျိုး။မဟုတ်ပါဘူး။အရပ် ပုတော့ ပေမမီ ဒေါက်မမီ ၊ အရပ် မြင့်ပြန်တော့ ဓာတ်တိုင်ကြီး၊ ထန်းပင်ကြီးလိုပဲ ဆိုတဲ့ စကားတွေက လူ့ဘဝဖြစ်တည်မှုမှာ ဘာများ အရေးပါနေပါသလဲ။အရပ်ရှည်ခြင်း၊ ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုး နဲ့ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင် နဲ့ဆိုင်ပါတယ်။ ကိုယ်ရရှိခဲ့တဲ့ အာဟာရနဲ့ ဆိုင်ပါတယ်။ ကျန်းမာရေး အခြေအနေ နဲ့ဆိုင်ပါတယ်။ ဒါက တခြားသူတွေအတွက် ဘာများ အနှောင့်အယှက် ဖြစ်စေလို့ပါလဲ။အရပ်ကြောင့် လူတွေက သင့်ကိုမထီမဲ့မြင်ဆက်ဆံကြလို့၊ လှောင်ပြောင်ကြလို့ ကိုယ့်အရပ်အမောင်းကိုယ် မုန်းနေသလား။ အဖြေကတော့ မဖြစ်သင့်ပါဘူး လို့ ပဲဆိုပါရစေ။ ကိုယ့်ရဲ့ အတွေးအမြင်ကပဲ လူမှုရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထင်ဟပ်ပုံဖော်ပေး တာဖြစ်ပါတယ်။အရပ် ရှည်နေရင်ပဲဖြစ်ဖြစ် ပုနေရင်ပဲ ဖြစ်ဖြစ် ဝေဖန်နေရတာကို ကြိုက်တဲ့သူတွေက တစ်ခုမဟုတ် တစ်ခုပြောဖို့ အကြောင်း ရှာနေပါလိမ့်မယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက် အတိုင်း လိုက်လုပ်နေစရာတော့ မလိုပါဘူး။ယုံကြည်ချက်ရှိရှိ ရှေ့ဆက်ပါ။ ကိုယ့်ရဲ့ အရှိအနေအထား အတွက် ရှောင်လွှဲစရာ၊ရှက်ရွံ့စရာအကြောင်း မရှိပါဘူး။အရပ်ပုရင် ဘယ်လိုကျန်းမာရေး အားနည်းချက် ရှိတယ် ပြောလည်း အရပ်ရှည်သူတွေမှာ ဖြစ်နိုင်ခြေများတဲ့ ကျန်းမာရေးပြဿနာတွေလည်း ရှိနေတာမို့ ထူးမခြားနားနေပါဘူး။ ကျန်းမာရေးကို သက်ရောက်စေတဲ့ တခြားပတ်ဝန်းကျင် အကြောင်းရင်းတွေ အများကြီးရှိနေပါသေးတယ်။ဒါ့ကြောင့်ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတွေကိုသာ ပုံမှန်ဂရုစိုက်နေထိုင်သွားပါ။ ကိုယ်ပြောင်းလဲပစ်လို့ မလွယ်ကူတဲ့ အရပ်အမောင်းနဲ့ ပတ်သက်ပြီး ခံစားနေဖို့ မလိုပါဘူး။ကိုယ်က ခန္ဓာကိုယ် အသုံးပြုရတဲ့အလုပ်အကိုင်မဟုတ်ဘူးဆိုရင် အရပ် ပုတာ ကိုယ့်အတွက် ဘာမှ အနှောင့်အယှက် မဖြစ်နိုင်ပါဘူး။အားကစားသမားက လွဲလို့ ကိုယ့်ဘဝရဲ့အောင်မြင်မှုတွေက အရပ်နဲ့ မဆိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။လူ့သက်တမ်းက တိုတိုလေးရယ် ဆိုတော့ အရပ် အမောင်း အတွက် ခံစားနေဖို့ အချိန်မရှိပါဘူး။ ကိုယ်သာ ထိပ်တန်းအဆင့် အောင်မြင်လာကြည့်ပါ၊ သင့်ရဲ့ အရပ်အမောင်း အတွက် ဝေဖန်နေနိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ့်အနေအထား ကိုသာ မြင်ကြ၊ အာရုံစိုက်ကြတော့မှာပါ။ကိုယ့်ကိုယ်ကို စိတ်ပျက်နေဖို့ မလိုပါဘူး။ အရပ်အမောင်း ကြောင့် ရှက်ရွံ့အားငယ်စရာ မလိုသလို ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။ကိုယ့်ကိုယ်ကို အချိန်ပေးလိုက်ပါ။ ဘဝ မှာ ဘာတွေက အရေးကြီးသလဲ ဆိုတာ အနှေး နဲ့ အမြန် ဆိုသလို အဖြေ ထွက်လာပါလိမ့်မယ်။ ဘယ်သူဘာပြောပြော အရေးမပါတာ တွေကို အရေးမလုပ်တာသာ အကောင်းဆုံးပါ။ အရပ်ပုသည် ဖြစ်စေ၊ မြင့်သည် ဖြစ်စေ သင်ဟာ အားနည်းချက် ရှိမနေပါဘူး။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%9b%e1%80%95%e1%80%ba-%e1%80%95%e1%80%af%e1%80%90%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%80%e1%80%ba-%e1%80%9c%e1%80%ac/
နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး
ကျွန်တော်တို့ အားလုံး နေမကောင်းဖြစ်ဖူးပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားရင် နေမကောင်းဖြစ်ရင် အလေ့အထတစ်ခုအဖြစ် ကျွန်တော်တို့လုပ်မိနေတဲ့အမှားတွေရှိပါတယ်။၁။ စောင်အထူကြီးခြုံတာ၊ အက်ျီအနွေးထည် ထူထူဝတ်တာ။ နွေးနွေးထွေးထွေးနေမှရမယ်လို့ယူဆတာ။ဒီအယူအဆက ဖျားတယ်ဆိုတာ ရာသီဥတုအေးလို့ဖြစ်ရတာဆိုတာကနေ လာပါတယ်။ တကယ်တော့ဖျားတယ်ဆိုတာ အများအားဖြင့်က ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့်ဖြစ်တာဖြစ်ပြီး အေးတာနဲ့ တိုက်ရိုက်ကြီးမသက်ဆိုင်ပါဘူး။ တကယ်လို့ ဖျားနေတဲ့အချိန်မှာ ချမ်းနေလို့ဆိုရင်တော့ နွေးထွေးတဲ့အဝတ်အစားတွေဝတ်တာအဆင်ပြေပါတယ်။ ကျန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် ဝတ်စားရင်ရပါပြီ။ ချွေးထွက်အောင်ဆိုပြီးအဝတ်အစားအထူကြီးတွေဝတ်တာက နဂိုမြင့်နေတဲ့ကိုယ်တွင်းအပူချိန်ကိုထပ်မြင့်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတတ်ပါတယ်။ ဒါကြောင့် ဖျားပြီဆိုရင် သက်တောင့်သက်သာဖြစ်ရုံလောက်အဝတ်အစားဆိုရပါတယ်။၂။ ရေမချိုးတာ သန့်ရှင်းရေးမလုပ်တော့တာ။ဖျားပြီဆိုတာနဲ့ မလုပ်ကြတော့တဲ့အရာတစ်ခုက ရေချိုးတာပါ။ အဖျားက အေးတာကြောင့်ဖြစ်တယ်လို့ ယူဆထားတော့ ရေချိုးတာက ပိုဆိုးစေနိုင်တယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ တကယ်က သက်ဆိုင်မှုမရှိပါဘူး။ ရေချိုးချင်စိတ်ရှိရင် ချိုးနိုင်ပါတယ်။ မထနိုင်လောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ မချိုးသင့်ဘူးပေါ့။ နေမကောင်းတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ လန်းလန်းဆန်းဆန်းဖြစ်နေအောင် ရေချိုးတာက အဖျားတာတိုစေနိုင်ပါတယ်။၃။ အစားမစားတော့တာ။နေမကောင်းဘူးဆိုရင် အစားရှောင်တော့တာပါပဲ။ အစားရှောင်တယ်ဆိုတဲ့နေရာမှာ အာဟာရဓါတ်မပြည့်ဝတဲ့ ပိုးမွှားတွေပါနေနိုင်တဲ့ လမ်းဘေးအစားအစာလိုမျိုးတွေက ပိုဆိုးစေနိုင်လို့ ရှောင်တာကောင်းပါတယ်။ နေမကောင်းတဲ့အချိန်မှာ ခန္ဓါကိုယ်က အာဟာရဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ အာဟာရဓါတ်ပြည့်ဝတဲ့အစားအသောက်တွေကို ရှောင်တာက ရောဂါပိုးကိုပြန်တိုက်ထုတ်ဖို့အတွက် ခန္ဓါကိုယ်အတွက် အားအင်မရှိဖြစ်သွားစေပါတယ်။၄။ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေလျှောက်သောက်တာ။နေမကောင်းတာ၊ ဖျားတာအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ဆေးဝါးတွေကိုသောက်နိုင်ပါတယ်။ ဥပမာ နာကျင်ကိုက်ခဲမှုတွေအတွက် ပါရာစီတမောသောက်တာမျိုးပေါ့။ ဒါပေမယ့် ပိုးသတ်ဆေးလို ဆေးပြင်းတွေကိုတော့ ကိုယ့်သဘောနဲ့ကိုယ်လုံးဝမသောက်သင့်ပါဘူး။ ဝမ်းကိုက်ရင် မက်ထရို၊ နော်ဗက်တင်သောက်တာမျိုးပေါ့။ ဒီပိုးသတ်ဆေးတွေက သူ့အချိုးအစားကို ပြည့်အောင်သောက်ရပါတယ်။ မသောက်ရင် ဆေးမတိုးတော့တာ ဆေးယဉ်ပါးတာတွေဖြစ်တဲ့အတွက် ကြီးမားတဲ့ရောဂါပိုးတွေဝင်ဖို့ အားပေးသလိုဖြစ်သွားပါလိမ့်မယ်။၅။ အနားမယူတာ။နေမကောင်းတဲ့အချိန်မှာ အနားမယူဘဲ ဒီလောက်ကတော့ ခံနိုင်ပါတယ်ဆိုပြီး အလုပ်တွေဆက်လုပ်တာ၊ အပင်ပန်းခံတာတွေလုပ်ဖူးတယ်ဆိုရင်တော့ ပြန်စဉ်းစားဖို့သင့်ပါပြီ။ နေမကောင်းတဲ့အချိန် အနားမယူတာက အဖျားတာကို ပိုရှည်သွားစေနိုင်တဲ့အပြင် ကိုယ့်ဆီကနေ တခြားသူတွေဆီလည်း ကူးစက်ဖို့များပါတယ်။ ခန္ဓါကိုယ်က ရောဂါပိုးတွေကိုတိုက်ထုတ်နိုင်ဖို့အတွက် ပြည့်ဝတဲ့အနားယူမှုနဲ့ အားအင်တွေလိုအပ်ပါတယ်။နောက်တစ်ခါ နေမကောင်းဖြစ်တယ်ဆိုရင် ဒီအမှားတွေကို မလုပ်မိဖို့ သတိထားရှောင်ကြဉ်ဖို့လိုအပ်ပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%94%e1%80%b1%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%ad%e1%80%90/
G6PD ရှိရင် ဘာတွေရှောင်ရမလဲ........
G6PD အင်ဇိုင်း ချို့တဲ့တဲ့ ပြဿနာကမျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးပါ။ အာရှ၊ အာဖရိက နဲ့ မြေထဲပင်လယ်ဒေသတွေက အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်က  သွေးနီဥဆဲလ်တွေကို ကျန်းမာစေဖို့ ထောက်ပံ့ပေးတဲ့glucose-6-phosphate dehydrogenase(G6PD)အင်ဇိုင်းကို လုံလောက်အောင် မထုတ်လုပ်နိုင်တာပါ။G6PDအင်ဇိုင်း ချို့တဲ့တဲ့ ပြဿနာကို ခံစားနေရသူ အများစုက ကျန်းမာကြပါတယ်။ တစ်ခါတရံမှဖျားနာတာ၊ ဆေးဝါးအချို့နဲ့ အစားအသောက်အချို့ကြောင့် သွေးနီဥဆဲလ်တွေ ပြိုကွဲပြီးသွေးအားနည်းတာကို ခံစားရတာပါ။ ဒီအခြေအနေကိုသွေးနီဥဆဲလ်များအလျင်အမြန် ပြိုကွဲခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ တစ်မျိုး haemolytic anaemia လို့ ခေါ်ပါတယ်။ဒီတစ်ခေါက်တော့ G6PDခံစားနေရသူတွေအနေနဲ့ ဘယ်လိုအစားအစာတွေကို မစားသင့်ဘူးလဲ၊ ဘာတွေနဲ့ ခပ်ဝေးဝေးနေဖို့ လိုမလဲဆိုတာကို ပြောပြပေးလိုပါတယ်။G6PDအင်ဇိုင်း ချို့တဲ့တဲ့ ပြဿနာကို ခံစားနေရမယ်ဆိုရင် ဒါလေးတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုပါမယ်။G6PDရှိတယ်ဆိုရင် အဖြစ်မနေရှောင်ရမှာက တောင်ကြီးပဲလှော်ပါ။ တောင်ကြီးပဲလှော်က G6PD ခံစားနေရသူမှာသွေးနီဥတွေ လျင်လျင်မြန်မြန် ပြိုကွဲစေပြီး သွေးအားနည်းစေနိုင်လို့ပါ။မတော်တဆ စားမိမယ်ဆိုရင်ပြင်းထန်တဲ့ လက္ခဏာတွေ အနေနဲ့ခေါင်းကိုက်တာ၊ မူးဝေတာ၊ အော့အန်တာ၊မအီမသာဖြစ်တာ၊ ဆီးမည်းတာ၊ ဖြူဖျော့လာတာမျိုး ခံစားရနိုင်ပါတယ်။ဆံပင် အရောင်ဆိုးဖို့နဲ့ လက်မှာ အလှဖော်ဖို့အတွက် ပုံဖော်တဲ့အခါ အသုံးပြုကြတဲ့ ဒန်းကလည်း G6PD ခံစားနေရသူတွေ ရှောင်သင့်တဲ့ အရာတစ်မျိုးပါ။ ဒန်းက G6PDခံစားနေရသူတွေမှာ hemolytic crises (သွေးနီဥဆဲလ်တွေ အချိန်တိုအတွင်းမှာ အလျင်အမြန် ပျက်စီးခြင်း)ကို ဖြစ်စေနိုင်ပါတယ်။ မွေးကင်းစ ဘေဘီးလေးတွေနဲ့ အသက် ၂ နှစ်အောက် ကလေးလေးတွေဆို ပိုပြီးသတိထားသင့်ပါတယ်။နာကျင်ကိုက်ခဲတာတွေ နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့ Aspirin ကလည်း G6PDရှိသူတွေ ရှောင်ရမယ့် ဆေးဝါး တစ်မျိုးပါ။ တကယ်လို့ G6PD ခံစားနေရမယ်ဆိုရင်တော့ Aspirin က အကိုက်အခဲ သက်သာစေဖို့နဲ့ အရောင်ကျစေဖို့ နည်းလမ်းကောင်းတစ်ရပ် မဟုတ်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အကိုက်အခဲပျောက်ဆေးကို သောက်ပါ။သွေးကျဲဆေးအနေနဲ့ သောက်ရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ကြိုတိုင်ပင်ဖို့၊ G6PDရှိကြောင်း ပြောဖို့ လိုပါတယ်။G6PDရှိမယ်ဆိုရင် ပရုတ်အေးပါတဲ့ အရာတွေ၊ တွေကို ရှောင်ဖို့ လိုပါမယ်။ ပရုတ်လုံးပါတဲ့ naphthaleneက G6PDချို့တဲ့သူတွေမှာ သွေးနီဥဆဲလ်တွေကို ကွဲစေပါတယ်။ ပရုတ်လုံးနံ့ကို ရှူမိတာ ဖြစ်ဖြစ်၊ ပါးစပ်ထဲရောက်သွားတာ ဖြစ်ဖြစ် သတိထားရပါမယ်။ G6PDချို့တဲ့ပြီး မွေးလာတဲ့ ကလေးတွေမှာ အနှီးတွေ၊ အင်္ကျီတွေကို ပရုတ်လုံး မထည့်ဖို့ လိုပါတယ်။ဒါတွေအပြင် ဆိုးဆေးတွေ၊ တာရှည်ခံ ဓာတုပစ္စည်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ အရာတွေကိုလည်း သတိထားဖို့ လိုပါမယ်။ အခုပြောခဲ့တာလေးတွေကို နေ့စဉ်ဘဝမှာ သေချာလေး ရှောင်ကြဉ်မယ်ဆိုရင် G6PDရှိပေမယ့်လည်း အဆင်ပြေပြေ နေနိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/what-foods-should-g6pd-avoid/
လေပွလေထစေသော အစားအစာများ
လူ့ကိုယ်ခန္ဓာဟာ ပြင်ပလေကို မျိုချမိရာကနေဖြစ်စေ၊ စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရာကဖြစ်စေအူလမ်းကြောင်းထဲမှာ လေပွခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအခါ လေချဉ်တက်ခြင်း၊ လေပွခြင်း၊ လေလည်ခြင်း စတာတွေဖြစ်ပေါ်ပါတယ်။ ပျမ်းမျှအားဖြင့် လူတယောက်ဟာ တနေ့မှာ အနည်းဆုံး ၁၄ကြိမ်ခန့် လေလည်လေ့ရှိပါတယ်။ လူတချို့ကတော့ တခြားသူတွေနဲ့စာရင် လေပွခြင်း လေလည်ခြင်း ဖြစ်တတ်ပါတယ်။တကယ်လို့ သင်ဟာ လေပွတတ်သူဆိုရင် သင့်ရဲ့စားသောက်မှုပုံစံတွေကို ပြောင်းလဲခြင်းအားဖြင့် အထောက်အကူ ပြုနိုင်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ လေပွခြင်းကို အများဆုံးဖြစ်ပေါ်စေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သတိပြုခြင်းအားဖြင့် လူအများအလယ်မှာ မကြာခဏ လေတက်ခြင်း၊ လေလည်ခြင်းတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။၁။ပဲအမျိုးမျိုး။လေပွစေတတ်တဲ့ အစားအစာတွေကို စဉ်းစားရင် ပဲအမျိုးမျိုးဟာ ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်။ ပဲတွေမှာ raffinose ဆိုတဲ့ သကြားတမျိုး ပါဝင်ပါတယ်။ အဲဒီသကြားဟာ ချေဖျက်ရခက်ပါတယ်။ Raffinose သကြားဟာ အူသိမ်ပိုင်းကတဆင့် အူမထဲကို ရောက်သွားပြီး ဘက်တီးရီးယားများနဲ့ ချေဖျက်တဲ့အခါ ဟိုက်ဒရိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း စတဲ့ ဓာတ်ငွေ့တွေ ဖြစ်ပေါ်လာစေပြီး စအိုမှ ထွက်သွားပါတယ်။ပဲများကို ညလုံးပေါက်ရေစိမ်ထားခြင်းဟာလည်း လေပွခြင်းကို သက်သာစေနိုင်ပါတယ်။၂။ နို့ထွက်ပစ္စည်းများ။လက်တို့စ်ဆိုတဲ့ သကြားတမျိုးကို နွားနို့နဲ့ ဒိန်ခဲ၊ ရေခဲမုန့် စတဲ့နို့ထွက်ပစ္စည်းအများစုမှာ တွေ့နိုင်ပါတယ်။ လက်တေ့စ်ဆိုတဲ့ အင်ဇိုင်းကို ကောင်းကောင်းမထုတ်လုပ်နိုင်သူဆိုရင် လက်တို့စ်ကို ချေဖျက်ရာမှာ အခက်အခဲ ရှိပါတယ်။ ဒီအခြေအနေကို လက်တို့စ်မတည့်ခြင်းလို့ ခေါ်ပါတယ်။လေပွခြင်းဟာ လက်တို့စ် မတည့်ခြင်းရဲ့ လက္ခဏာတခုဖြစ်ပါတယ်။ ဒီပြဿနာရှိတယ်လို့ သံသယရှိရင် နွားနို့အစား မက်မွန်နို့၊ ပဲနို့ စတာမျိုးတွေ ပြောင်းလဲသုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ် လက်တေ့စ်အင်ဇိုင်းပါတဲ့ ဆေးတွေ သုံးစွဲနိုင်ပါတယ်။၃။အသီးအရွက်များ။Brussels sprouts ခေါ် ဂေါ်ဖီထုပ်အသေးစား၊ ပန်းပွင့်စိမ်း၊ ဂေါ်ဖီထုပ်၊ ကညွတ်၊ ပန်းဂေါ်ဖီ စတာတွေဟာ လေပွစေတတ်ပါတယ်။ ပဲတွေမှာလိုပဲ ဒီအသီးအရွက်တွေမှာလည်း raffinose သကြား ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအစားအစာတွေဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးဖြစ်စေတာကြောင့် လုံးဝမစားသုံးဘဲတော့ မနေသင့်ပါဘူး။၄။ဆိုဒါ။ဆိုဒါအပါအဝင် ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည်တွေဟာ သင့်အူလမ်းကြောင်းထဲကို လေအများအပြား ဝင်ရောက်သွားစေပါတယ်။ အူလမ်းကြောင်းထဲ ဝင်ရောက်သွားတဲ့လေတွေဟာလည်း အပြင်ကို တနည်းနည်းနဲ့ ပြန်ထွက်ပါတယ်။ အဲဒီအခါ လေချဉ်တက်ခြင်း၊ လေပိုတက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကာဗွန်ဖြည့်သွင်းမထားတဲ့ ရိုးရိုးအချိုရည်တွေ၊ ဖျော်ရည်တွေ အစားထိုး သောက်သုံးနိုင်ပါတယ်။၅။အသီးများ။ပန်းသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ဆီးသီးခြောက် စတာတွေမှာ သဘာဝသကြားယမကာဖြစ်တဲ့ sorbitol ပါဝင်ပါတယ်။ အဆိုပါ sorbitol ဟာ ခန္ဓာကိုယ်ထဲမှာ ချေဖျက်ရခက်ပါတယ်။ အသီးအတော်များများမှာ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ် ရှိပါတယ်။ Sorbitol နဲ့ ရေမှာပျော်တဲ့ အမျှင်ဓာတ်တို့ အူမကြီးကို ဖြတ်သန်းချိန်မှာ ဘက်တီးရီးယားများနဲ့ ထိတွေ့ပြီး ဟိုက်ဒရိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း စတဲ့ ဓာတ်ငွေ့တွေ ဖြစ်ပေါ်လာပြီး လေပွစေပါတယ်။၆။ချိုချဉ်သကြားလုံးများ။ကာဗွန်ဖြည့်ထားတဲ့ အဖျော်ယမကာတွေလိုပဲ သကြားလုံးစားခြင်းဟာ အူလမ်းကြောင်းထဲကို လေပိုမိုဝင်ရောက်စေပါတယ်။ သကြားလုံးအများစုမှာ sorbitol ကို အချိုအရသာအဖြစ် ထည့်သွင်းထားပါတယ်။ ဒီနှစ်ချက်ကြောင့် လေပိုပွစေပါတယ်။၇။ကြက်သွန်နီ။ကြက်သွန်နီမှာ သဘာဝသကြားတမျိုးဖြစ်တဲ့ fructose ပါဝင်ပါတယ်။ raffinose နဲ့ sorbitol လိုပဲ fructose ဟာလည်း ဘက်တီးရီးယားတွေနဲ့တွေ့ချိန်မှာ ဓာတ်ငွေ့တွေဖြစ်ပေါ်ပြီး လေပွလာစေပါတယ်။၈။ပီကေများ။ပီကေဝါးခြင်းဟာ လေပွစေတတ်ပါတယ်။ သကြားမပါတဲ့ ပီကေတွေမှာ သကြားယမကာနဲ့ အချိုဓာတ်ဖန်တီးထားပါတယ်။ ဥပမာ sorbitol, mannitol နဲ့ xylitol စတာတွေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ချေဖျက်ရခက်စေပြီး လေပွလေထလာစေပါတယ်။၉။ အဆင့်ဆင့်ပြုပြင်ထားသောအစားအသောက်များ။ထုပ်ပိုးပြင်ဆင်ထားတဲ့ အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ မုန့်ပဲသရေစာ စတာတွေမှာ fructose နဲ့ lactose ပါဝင်တတ်ပါတယ်။ ဒီနှစ်မျိုးကြောင့် လေပွစေတတ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/foods-that-cause-gas/
သင့်ဝက်ခြံကို ပိုဆိုးလာစေမယ့် အမူအကျင့် ၇ မျိုး
ဝက်ခြံကို ကုသဖို့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာရဲ့လား။ ဝက်ခြံပျောက်အောင် အားလုံးလုပ်ပြီးပြီလို့သင်ယူဆပါသလား။ ဒါပေ မယ့် အချို့သော အမူအကျင့်တွေဟာ သင်ကြိုးစားထားသမျှကို သဲထဲရေသွန် ဖြစ်သွားစေနိုင်ပါတယ်။ ကဲ သင့်ဝက်ခြံတွေကို ပိုဆိုးသွား စေနိုင်မယ့် အကျင့်ဆိုး ၇ မျိုးကို ကြည့်လိုက်ရအောင်။သင့်မျက်နှာကို လက်ညစ်ပတ်ကြီးနဲ့ ကိုင်ရင် မျက်နှာအရေပြားပေါ်ကို ဘက်တီးရီးယားတွေ ရောက်ရှိလာပါလိမ့်မယ်။ လက်နဲ့မကိုင်ဘူး၊ မထိဘူးဆိုရင်လည်း တခြားအရာတွေကို သတိထားရပါဦးမယ်။ လက်ကိုင်ဖုန်း၊မိတ်ကပ်ဘရပ်ရှ် အစရှိတဲ့ အရာတွေကို မျက်နှာနဲ့ ကပ်တဲ့အခါ မျက်နှာက အဆီနဲ့ ချွေးတွေဟာ အဆိုပါ အရာဝတ္ထုပေါ်ကို ရောက်ရှိသွားမှာ ဖြစ်ပြီး မသန့်စင်ဘဲ ဒီတိုင်းထားမယ်ဆိုရင်နောက်တစ်ကြိမ်ဒီအရာတွေနဲ့ သင့်မျက်နှာထိတွေ့တဲ့အခါ ဘက်တီးရီးယားတွေ သင့်မျက်နှာအရေပြားပေါ်မှာ ပေါက်ပွားလာမှာဖြစ်တဲ့အတွက် ဝက်ခြံအများအပြားထွက်စေပါလိမ့်မယ်။ ဒါကြောင့် မျက်နှာနဲ့ ထိတွေ့နေရတဲ့ အရာဝတ္ထုတွေကို သင့်တော်သလို ဆေးကြောသန့်စင်ပေးရပါမယ်။ လိုအပ်ရင် သန့်စင်တဲ့ရေ ဒါမှမဟုတ် နားကြပ်တံလေးတွေကို အသုံးပြုနိုင်ပါတယ်။သင့်ဆံပင် ညစ်ပတ်နေရင် ဘက်တီးရီးယားတွေဟာ ဆံပင်ကတဆင့် မျက်နှာပေါ်ကို ရောက်ရှိလာနိုင်ပါတယ် (ဆံပင်နဲ့ မျက်နှာအရေပြားက ကပ်ရပ်ရှိနေတာကိုး)။ ဒါကြောင့် ဘက်တီးရီးယားတွေရဲ့ ရန်ကို ကာကွယ်နိုင်ဖို့ သင့်အနေနဲ့ ခေါင်းမှန်မှန်လျှော်ရပါမယ်။ ဒါ့အပြင် တချို့ သော ခေါင်းလျှော်ရည်တွေဟာ ဝက်ခြံကို ပိုဆိုးစေတဲ့အတွက် နဖူးနဲ့ မထိတွေ့မိစေဖို့ သတိထားပါ။ဘယ်အရာပဲဖြစ်ဖြစ် အခုလုပ်၊အခုမရပါဘူး။ ဝက်ခြံကုတဲ့ ကိစ္စမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ အကျိုးရလဒ်ကိုရရှိနိုင်ဖို့အတွက် အချိန်အတိုင်းအတာ တခုထိ စောင့်ကြည့်ရပါမယ်။ ဝက်ခြံကို နေ့ချင်းပြီး ကုသလို့မရသလို တစ်ပတ်အတွင်း ပျောက်ကင်းသွား အောင်လည်း လုပ်ပေးလို့မရပါဘူး။ အနည်းဆုံးတစ်လလောက်တော့ စောင့်ရမှာဖြစ်သလို ဒီထက်လည်း ပိုကြာနိုင်ပါတယ်။ဒါကြောင့်စိတ်ရှည်ပါ။ သင့်အရေပြားဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း အတိအကျလိုက်နာပါ။ အကျိုးထူးပါလိမ့်မယ်။သင့်အရေပြားမှာရှိတဲ့ အဆီတွေအားလုံးဟာ လူဆိုးတွေချည်းမဟုတ်ပါဘူး။ သင့်အရေပြားကို ကာကွယ်ဖို့နဲ့ အစိုဓါတ်ထိန်းပေးဖို့အတွက် မွေးညှင်းပေါက်တွေကနေ အဆီကို ထုတ်လုပ်ပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်တာဟာ ညစ်ပတ်လို့ ပေါက်တာမဟုတ်တဲ့အတွက် မျက်နှာကို တချိန်လုံးအလွန်အကျွံ သစ်နေခြင်းဟာ ဝက်ခြံတွေကို ထူးပြီး သက်သာသွားစေမှာမဟုတ်တဲ့အပြင် သင့်အရေပြားကို ပိုလို့ထိခိုက် လွယ်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာသစ်ဆေးအပျော့စားနဲ့ ရေသန့်သန့်ကို သုံးပြီး မျက်နှာကို တစ်နေ့နှစ်ကြိမ်လောက်။အသာအယာသစ်ပါ။သင့်အနေနဲ့ မျက်နှာသစ်ဖို့အတွက် မျက်နှာသစ်အဝတ်လေးကို သုံးစွဲကောင်းသုံးစွဲပါလိမ့်မယ်။ ညစ်ပတ်နေတဲ့ မျက်နှာသစ်အဝတ်ကို အသုံးမပြုပါနဲ့။ ဘာလို့လဲဆိုတော့ ဒီအဝတ်မှာ ဘက်တီးရီးယားတွေအများကြီးရှိနေနိုင်ပြီး မျက်နှာသစ်တဲ့အချိန်မှာ အဆိုပါ ဘက်တီးရီးယား တွေဟာ သင့်မျက်နှာပေါ်ကို ကူးပြောင်းရောက်ရှိသွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။ မျက်နှာကို ခပ်ကြမ်းကြမ်းဂျီးချွတ်တာ ဒါမှမဟုတ် မျက်နှာသစ်တဲ့ စက်ကလေးတွေကို အသုံးပြုတာဟာလည်းလိုတာထက်ပိုလာရင် မျက်နှာအရေပြားကို ထိခိုက်စေနိုင်ပြီး ရောင်ရမ်းလာပါလိမ့်မယ်။ဝက်ခြံညှစ်တာဟာ အကျိုးမရှိပါဘူး။ ဒီလိုညှစ်လိုက်ခြင်းအားဖြင့် ဝက်ခြံတွေကို ပျောက်မသွားစေတဲ့အပြင် အရေပြားအောက်နက်နက်ထိပါ ဒါဏ်ဖြစ်စေပြီး အမာရွတ်တွေကိုပါ ဖြစ်ပေါ်စေပါတယ်။ မှန်ကန်တဲ့ ကုသမှုနည်းလမ်းတွေကိုသာ အသုံးပြုမယ်ဆိုရင် ဝက်ခြံတွေသက်သာသွားမှာ ဖြစ်ပါတယ်။ပေါင်မုန့်ဖြူ၊ သကြားလုံး၊ ကိတ်မုန့် ၊ အာလူးတို့လို အချိုဓါတ်များများ ပါဝင်တဲ့ အစားအစာတွေကို စားခြင်းဟာ ဝက်ခြံပေါက်ခြင်း နဲ့ ဆက်စပ်နေတယ်ဆိုတာကို လေ့လာချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်နေတဲ့အချိန်မှာ အဆိုပါအစားအစာတွေကိုသတိထားပြီး စားရမှာ ဖြစ်ပါတယ်။သင့်အနေနဲ့ အရေပြားဆရာဝန် ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာပေမယ့် အထက်ဖော်ပြပါ အမူအကျင့်လေးတွေကို မပြင်ဘူး၊ သတိမမူမိဘူးဆိုရင် ကုသမှုတွေအကုန်လုံးဟာ အဟောသိကံဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အမူအကျင့်ဆိုးတွေကိုရှာဖွေပြင်ဆင်မယ်ဆိုရင် ဝက်ခြံကုသတဲ့ စစ်ဆင်ရေးကြီး အောင်မြင်စွာ ပြီးဆုံးသွားမှာပဲ ဖြစ်ပါကြောင်း။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%80%e1%80%ad%e1%80%af-%e1%80%95%e1%80%ad%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%ac/
ဆေးခန်းပြရာဝယ် (၁)
ဒီဖက်နှစ်တွေထဲမှာ လူမှုကွန်ယက်အပါအဝင် နေရာအတော်များများမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတခုက ဘာလဲဆိုတော့ ဆရာဝန်-လူနာ ဆက်ဆံရေးပြဿနာပါ။ တဖက်နဲ့ တဖက် နားလည်မှုလွဲလို့ ဖြစ်ကြတဲ့အပြင် တဖက်ဖက်က ချို့ယွင်းချက်လေးတွေရှိလို့ တက်ကြတဲ့ ပြဿနာလေးတွေလည်း ရှိနေပါတယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင်တောင် နေထိုင်မကောင်းလို့ ဆေးခန်းသွားတဲ့အခါ ကိုယ့်ရောဂါအခြေအနေအကြောင်းကို လူတိုင်းသိချင်မှာ အသေအချာပဲမို့ ဒီဆောင်းပါးမှာ မျှဝေဆွေးနွေးသွားမယ့် အချက်လေးတွေကို ဖတ်ရှုပေးကြပါဦး။ တွေးစရာလေးတွေ၊အသိသစ်လေးတွေ ရသွားမှာပါ။တချို့ဆေးခန်းကြီးတွေ၊ဆရာဝန်ကြီးတွေဟာ လူနာအလွန်များတာမို့ လူနာတဦးချင်းစီကို သေချာဂရုတစိုက် မေးမြန်းတာမျိုး မလုပ်နိုင်ကြပါဘူး။ ဒီလိုအခြေအနေမှာ အငြင်းပွားဖွယ် ပြဿနာတွေ အများဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် ကလေးဆရာဝန်တွေမှာ အဓိကတွေ့ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိဘတိုင်းဟာ မိမိရဲ့ ရင်နှစ်သည်းချာရင်သွေးလေးကို ဆရာဝန်က ဂရုတစိုက် ကြည့်ရှုစစ်ဆေး ကုသပေးစေချင်တာမို့ (လူနာဖက်က အမြင်မှာ) ဆရာဝန်က ဖြစ်ကတတ်ဆန်း ကြည့်ပေးတယ်၊သေချာမကြည့်ဘူး စသဖြင့် မကျေနပ်ချက်တွေ ပေါ်ပေါက်လာလေ့ရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဆေးခန်းသွားမပြခင်မှာ ကိုယ်ပြမယ့် ဆရာဝန်အကြောင်းကို ဦးစွာ ဂရုတစိုက်လေ့လာပါ။ ပြဖူးတဲ့သူတွေဆီမှာ မေးစမ်းကြည့်ပါ။ ဆေးခန်းမှာ အချိန်ဘယ်လောက်ကြာကြာ စောင့်ဆိုင်းရတတ်သလဲ၊လူနာရဲ့ သိလိုစိတ်မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေပေးရဲ့လား၊ဆေးကုသမှုကရော ထိရောက်ရဲ့လား အစရှိတဲ့ အကြောင်းအရာတွေကို သေချာစွာ မေးမြန်းပြီးမှ မိမိနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ဆရာဝန်ဆီမှာ ပြသရင် ပြဿနာဖြစ်ပွားလာနိုင်ချေ အနည်းဆုံးဖြစ်ပါလိမ့်မယ်။ဒီနေရာမှာ ပြောစရာရှိတာက မသိလို့သွားပြပါတယ်ဆိုမှ ကိုယ်က ကြိုဖတ်ထားရမှာလားလို့ စောဒကတက်စရာရှိပါတယ်။ မှန်ပါတယ်၊အလုံးစုံသိစရာ မလိုပါဘူး။ မသိလို့လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဒီကနေ့ခေတ်ကြီးလို သတင်းအချက်အလက်စီးဆင်းမှု အင်မတန်မြန်ဆန်ပြီး သိလိုရာအားလုံးက ကိုယ့်လက်ဖဝါးလေးထဲမှာပဲ ရှိနေတဲ့ခေတ်ကြီးမှာ မိမိရဲ့ရောဂါအကြောင်း၊မိမိရင်သွေးလေးနဲ့ သက်ဆိုင်တဲ့ ဆေးပညာဗဟုသုတလေးတွေအကြောင်းကို သိထားလိုက်ရင် ဘယ်နည်းနဲ့မှ အကျိုးမယုတ်နိုင်ပါဘူး။ဥပမာ မိခင်နို့မှာပါဝင်တဲ့ ဓါတ်ပစ္စည်းတွေအကြောင်း၊ပဋိပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံ၊သိပ္ပံအခေါ်အဝေါ်တွေ အကြောင်းကို အသေးစိတ်သိစရာ မလိုပေမယ့် ကလေးငယ် အသက်ခြောက်လအထိ မိခင်နို့တမျိုးပဲ တိုက်သင့်တယ်၊တိုက်ရမယ်ဆိုတဲ့ ဗဟုသုတမျိုးကိုတော့ သိထားသင့်ပါတယ်။ ဒါမျိုးကို ဆိုလိုတာပါ။ ဒီလိုလေးတွေ သိထားခြင်းအားဖြင့် ဆေးခန်းမှာ ဆရာဝန်နဲ့ ဆွေးနွေးတဲ့အခါ ပိုမိုပြီး အဆင်ပြေပြေ ဆွေးနွေးနိုင်မှာဖြစ်သလို ဆရာဝန်ကလည်း ပိုပြီးတက်တက်ကြွကြွနဲ့ ရှင်းပြပါလိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ ပြည်သူတွေအားလုံး သိသင့်သိထိုက်တဲ့ ဆေးပညာဗဟုသုတတွေကို လက်ရှိ မိတ်ဆွေရောက်ရှိနေတဲ့ ဆေးပညာဝက်ဘ်ဆိုက်ဖြစ်တဲ့ Hello ဆရာဝန်မှာ ဗဟုသုတဟင်းလေးအိုးကြီးပမာ အစုံအလင် ဖတ်ရှုနိုင်ပါတယ်။ငွေကြေးဖူလုံကြွယ်ဝသူတွေနဲ့ သားသမီးကို ဂရုစိုက်မှု အနည်းငယ်ပြင်းထန်တဲ့ မိဘတွေမှာ တွေ့ရတတ်တဲ့ အချက်တခုက ဘာလေးပဲဖြစ်ဖြစ် အထူးကုကြီးတွေ၊ပုဂ္ဂလိက ဆေးရုံအကြီးကြီးတွေမှာ ချက်ချင်းသွားပြတာပဲဖြစ်ပါတယ်။ ဒါဟာ မှားလားဆိုတော့ မမှားပါဘူး။ ကိုယ့်ကျန်းမာရေး၊ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက် ကိုယ်လည်း တတ်နိုင်တဲ့အနေအထားမှာ အကောင်းဆုံး၊အတော်ဆုံးဆိုတဲ့ သမားတော်ကြီးတွေနဲ့ ပြသချင်တာ လူ့သဘာဝပါ။ ဒါပေမယ့် သာမန်နှာစေး၊ချောင်းဆိုးတာမျိုး၊ဖျားနာတာမျိုးလောက်ကို အထူးကုသမားတော်ကြီးတွေနဲ့ ပြမယ်ဆိုရင် ဒီဆရာဝန်ကြီးတွေမှာ ဝန်ပိပါတယ်။ လူနာများပါတယ်။ ဒီအတွက် စောင့်ရတဲ့အချိန်ပိုကြာပါတယ်။ အမှန်တကယ် အထူးကုနဲ့ ပြသဖို့ လိုအပ်တဲ့ လူနာတွေအတွက် စောင့်ဆိုင်းချိန်တွေ ပိုကြာလာပါတယ်။ ဒါကြောင့် သာမန်အပရိက ဖျားနာတာမျိုးလောက်ကိုတော့ အထူးကုဆရာဝန်ကြီးတွေဆီမှာမှမဟုတ်ဘဲ တခြားသောရိုးရိုးအထွေထွေရောဂါကုဆရာဝန်တွေဆီမှာလည်း ကုသနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကတော့ မိမိရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပြီး ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် မှားတယ်လို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။ဒါဟာ ဆေးခန်းမပြခင် ကြိုတင်စဉ်းစားထားသင့်တဲ့ အချက်တွေဖြစ်ပြီး နောက်ဆောင်းပါးမှာတော့ ဆေးခန်းသွားပြတဲ့အခါ ယူဆောင်သွားသင့်တဲ့ ပစ္စည်းတွေရယ်၊မေးသင့်တဲ့မေးခွန်းတွေရယ် အပါအဝင် ဆောင်ရန်ရှောင်ရန်တွေကို ဆက်လက်တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးတွေကို ရေးသားတဲ့အခါ ဆရာဝန်၊လူနာ ဘယ်ဖက်ကမှ မလိုက်ဘဲ နှစ်ဦးနှစ်ဖက်လုံးအတွက် အတတ်နိုင်ဆုံး ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးသွားမှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%b1%e1%80%86%e1%80%b8%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%9b%e1%80%ac%e1%80%9d%e1%80%9a%e1%80%b9-%e1%81%81/
အာရှလူမျိုးများရဲ့ အသားအရေမှာ ဝက်ခြံပေါက်တဲ့အခါ ဘယ်လိုကုသမလဲ
ရာသီဥတုကွဲပြားမှု၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် အခြားသောအရာများ၏ ကွဲပြားမှုများကြောင့် ကျွန်ုပ်တို့ အာရှလူမျိုးများ၏ အသားအရေဟာ အခြားနေရာမှ လူမျိုးများနှင့် ကွဲပြားရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံနှင့် ပတ်သက်ပြီး နောက်ထပ်ပြုလုပ်ရမယ့် အရာတွေအများကြီး ရှိပါတယ်။ အခြားလူမျိုးများရဲ့ အသားအရေ များအတွက် ထုတ်လုပ်ပေးထားသော အလှကုန်တွေဟာ အာရှလူမျိုးများရဲ့ အသားအရေတွက် အသုံးဝင်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ အာရှအသားအရေပေါ်မှာ ဝက်ခြံပေါက်တဲ့အခါ ကုသနိုင်မယ့် နည်းလမ်းအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။အရေပြားဟာ ပတ်ဝန်းကျင် ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နေထိုင်ရပြီး အရေပြားထဲမှ ရောင်ခြယ်ဖွဲ့စည်းပုံများကြောင့်။အာရှလူမျိုးများရဲ့ အသားအရေဟာ အခြားလူမျိုးများထက်စာရင် အဆီပိုပြန်ပြီး ရောင်ခြယ်ပါဝင်နှုန်းမြင့်ပါတယ်။အာရှအသားအရေဟာ သဘာဝမှာကိုက အဆီပိုထုတ်တဲ့ အတွက်ဝက်ခြံ ပိုဖြစ်လွယ်ပါတယ်။ အများစုကိုကြည့်ရင် အာရှလူမျိုးများ ဝက်ခြံပေါက်တဲ့အခါ နီရဲပြီး မာထန်တဲ့အဖုအထစ်တွေ ဖြစ်လာပါတယ်။ တကယ်လို့ ၎င်းဝက်ခြံတွေကို အချိန်မီ သေချာမကုရင် ကုသလို့မရနိုင်တဲ့ အမာရွတ်တွေ ဖြစ်သွားနိုင်ပါတယ်။သင့်ရဲ့အသားအရေကိုခြောက်သွေ့မှု မဖြစ်စေတဲ့အပြင် ဆပ်ပြာလည်း မဟုတ်သော အပျော့စားသန့်စင်ပစ္စည်း ကို တစ်နေ့လျှင် ၁ကြိမ် သို့မဟုတ် ၂ကြိမ်သာ သုံးပေးပါ။ အလွန်အမင်း သန့်စင်ဆေးကြောခြင်းက သင့်မျက်နှာပေါ်မှာ အဆီတွေ ပိုထွက်လာနိုင်ပြီး သင့်ရဲ့ထိခိုက်လွယ်တဲ့ အရေပြားကို လှုံ့ဆော်ပါတယ်။ ဒါ့အပြင် အဆီဂလင်းတွေကို ပိုများလာစေပါတယ်။ အာရှအသားအရေဟာ အခြားအသားအရေတွေထက် အဆီပိုပြန်ပြီး ချွေးပေါက်ပိုကျယ်တာကြောင့် သင့်ရဲ့အရေပြားကို တစ်ပတ်လျှင် ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် ချေးချွတ်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အရေပြားအနာအဆာတွေနဲ့ ဝက်ခြံ တွေကိုဖြစ်စေတဲ့ ချွေးပေါက်ကျယ်ကြီး တွေထဲက အဆီ ပိုထွက်လာခြင်းကို ကာကွယ်စေရန် ဖြစ်ပါတယ်။ချေးချွတ်ခြင်းဟာ ချွေးပေါက်ကို ပိတ်စေတဲ့ အညစ်အကြေးများ၊ အဆီများနှင့် အရေပြားဆဲလ် အသေများအားလုံးကို ဖယ်ရှားပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်နိုင်တဲ့နေရာတွေကို benzoyl peroxide ပါဝင်တဲ့ ဝက်ခြံ လိမ်းခရင်မ်အချို့ကို လိမ်းပေးပါ။ benzoylperoxide ဟာ ဝက်ခြံအကြီးအကျယ် ဖြစ်ပွားမှုတွေမှာ အသုံးဝင်ပါတယ်။ ၎င်းဟာ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးတွေနဲ့ တစေးမှိုကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ဒီလိုကုသမှုကို တစ်နေ့မှာ ၁ကြိမ် သို့မဟုတ် ၂ကြိမ်စသဖြင့် သင်ဘယ်နှစ်ကြိမ် အသုံးပြုသင့်သလဲ ဆိုတာကတော့ benzoyl peroxide ကိုသင့်အရေပြားက ခံနိုင်ရည်ဘယ်လောက်ရှိသလဲဆိုတာအပေါ် မူတည်ပါတယ်။ နေရောင်ခံ ပစ္စည်းပါဝင်တဲ့ အလှဆီ အပျော့စားကို တစ်နေ့လျှင် ၁ကြိမ်အသုံးပြုပါ။ တကယ်လို့ သင်ဟာအလှဆီကြောင့် အရေပြား အဆီပြန်မှာ စိုးရိမ်လျှင် ဝက်ခြံမပေါက်စေတဲ့ အခြားတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ၎င်းဟာ သင့်ရဲ့ချွေးပေါက်တွေကို သန့်စင်ပေးမှာဖြစ်ပြီး သင့်ရဲ့ အရေပြားကို ရေဓါတ်ဖြည့်ပေးကာ အဆီပိုထွက်ခြင်းကို လျှော့ချပေးပါလိမ့်မယ်။ နေရောင်ခံပစ္စည်းကတော့ အရေပြားခြောက်သွေ့ ခြင်းမှကာကွယ်ပေးနိုင်ပြီး နေရောင်ကြောင့် အသားအရေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေး နိုင်ပါတယ်။သင့်ရဲ့ ဝက်ခြံကိုဖောက်ခြင်း သို့မဟုတ် ကုတ်ခြင်း မပြုလုပ်ပါနဲ့။ သင့်ရဲ့ အာရှအသားအရေဟာ ဝက်ခြံပေါက်တဲ့အခါ အမာရွတ်ပိုဖြစ်လွယ်ပါတယ်။ ဘတ်တီးရီးယားပိုးများရှိနေသောလက် နှင့် ဝက်ခြံကို ကိုင်တွယ်မိခြင်း သို့မဟုတ် ဝက်ခြံများကို ဖောက်ခြင်း စတာတွေက ကုသမှုကို ပိုပြီးနှေးစေတဲ့အပြင် အမာရွတ်တွေ ကျန်ခဲ့နိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့အရေပြားဟာ အခြေအနေပိုဆိုးလာကာ မျက်နှာပေါ်မှာ ဝက်ခြံနှင့် အမဲစက်တွေအများကြီး ထွက်လာပြီဆိုရင်တော့ အရေပြားကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်တာအကောင်းဆုံးဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်ကသာ သင့်နဲ့အဆင်ပြေမယ့် နည်းလမ်းအသစ်ကို ချပြပေးနိုင်မှာဖြစ်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဝက်ခြံဖြစ်မှ ကုသခြင်းထက် မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းဟာ အဓိကဖြစ်ပါတယ်။ သင့်တော်တဲ့ အရေပြားစောင့်ရှောက်မှု တစ်ခုခုကို ပြုလုပ်ပြီး ထိန်းသိမ်းသင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ့အရေပြားကို အန္တရာယ်ဖြစ်စေမယ့် အရာတွေမှ ကာကွယ်နိုင်အောင် သန့်ရှင်းသောအစားအသောက် စားပေးခြင်း၊ ရေများများသောက်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွှတ်စွာနေထိုင်ခြင်း စတာတွေကို ထိန်းသိမ်းပေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%a1%e1%80%ac%e1%80%9b%e1%80%bd%e1%80%9c%e1%80%b0%e1%80%99%e1%80%ba%e1%80%b3%e1%80%ad%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9b%e1%80%b2%e1%82%95-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8/
စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား.......
အာရှ မျိုးရင်း အပင် တစ်မျိုးဖြစ်တဲ့ စောင်းလျားသီး ဟာ အရွယ်အားဖြင့် ၅ စင်တီမီတာကနေ ၁၈ စင်တီမီတာထိ ရှိပါတယ်။ စောင်းလျားသီးကို အကွင်းလိုက်လေးတွေ လှီးလိုက်မယ်ဆိုရင် အချွန်း (၅) ခုပါတဲ့ ကြယ်လေးလို ဖြစ်သွားပါတယ်။စောင်းလျားသီးက မမှည့်သေးခင်မှာ အစိမ်းရောင်ရှိပြီး ခပ်တင်းတင်းနဲ့ ချဉ်ဖန်ဖန် အရသာရှိပါတယ်။ မှည့်သွားပြီဆိုရင်တော့ အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါတယ်။ စောင်းလျားသီးရဲ့ အရသာက ချဉ်တာရှိသလို ချိုတာလည်း ရှိပါတယ်။ဒါဆို စားကောင်းတဲ့ စောင်းလျားသီးကကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။စောင်းလျားသီးက ကျန်းမာရေးအတွက် ကောင်းသလားဆိုတော့ ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ စောင်းလျားသီးက။စောင်းလျားသီးမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C က နေ့စဉ် ဗီတာမင် C လိုအပ်ချက်ရဲ့ ၅၇ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။အအေးမိတာနဲ့တုပ်ကွေးဖြစ်တာတွေကနေ အမြန်သက်သာစေဖို့အတွက်လည်း စားပေးသင့်ပါတယ်။ ဗီတာမင် C ကအရေပြား၊ဆံသားနဲ့ လက်သည်းခြေသည်းတွေအတွက် လိုအပ်တဲ့ကော်လာဂျင်ကိုလည်း လုပ်ဆောင်ပေးပါသေးတယ်။ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ကို မထိခိုက်အောင် ကာကွယ်ပေးသလိုရောဂါတွေအန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။လူတစ်ယောက်ကတစ်နေ့ကို အမျှင်ဓာတ် ၂၅−၃၀ ဂရမ် လိုအပ်ပါတယ်။ စောင်းလျားသီးက ဒီ လိုအပ်ချက်ကို ကောင်းကောင်းဖြည့်ပေးနိုင်ပါတယ်။ စောင်းလျားသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့်အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။သံဓာတ် အားနည်းမှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါကကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။သံဓာတ်က သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီးခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပို့ဆောင်ပေးပါတယ်။စောင်းလျားသီးက ဗီတာမင် C ပါဝင်တာကြောင့် သံဓာတ် စုပ်ယူမှု ကောင်းစေပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကြိုတင် ကာကွယ်ပေးပါတယ်။စောင်းလျားသီးက ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ စောင်းလျားသီး အမှည့်ထက် အစိမ်းက ပိုပြီး အာနိသင်များပါတယ်။ ဒါ့အပြင် စောင်းလျားသီးမှာ phytochemicals တွေဖြစ်ကြတဲ့ ဖလေဗာနွိုက်၊ alkaloids၊ saponins၊ steroids နဲ့ carambola တို့ပါဝင်တာကြောင့် ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။စောင်းလျားသီးမှာ quercetin၊ epicatechin နဲ့ gallic acid တို့လိုမျိုး ဖလေဗာနွိုက်တွေ ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေတာက ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။စောင်းလျားသီးမှာ ဗီတာမင် C ပါဝင်နေမှုကလည်း  အရောင်ကျစေနိုင်ပြီး အဆစ်တွေ ရောင်တာကို သက်သာစေနိုင်ပါတယ်။စောင်းလျားသီးမှာ အိပ်ပျော်စေနိုင်တဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့်အာရုံကြောတွေကို ပြေလျော့စေပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးပါတယ်။စောင်းလျားသီး အသားမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွင်းကအကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။လူတွေဟာ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့ နဲ့ အသက်ရှူဖို့၊ တွေးတောနိုင်ဖို့၊ အစာခြေဖို့၊ ကိုယ်အပူချိန် ထိန်းညှိဖို့အတွက် ဇီဝကမ္မဖြစ်စဉ်ပေါ်မှာ မှီတည်နေတာပါ။  ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းကောင်း လုပ်ဆောင်နေမှလည်း ခန္ဓာကိုယ်က ကျန်းမာမှာပါ။စောင်းလျားသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ခန္ဓာကိုယ်ကို အဆီ မတက်စေနိုင်ပါဘူး။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေမှုကလည်း ဇီဝကမ္မဖြစ်စဉ်ကို ထောက်ကူပေးနိုင်တာကြောင့် ကျန်းကျန်းမာမာနဲ့ ဝိတ်ကျစေနိုင်မှာပါ။ဒါတွေအပြင် စောင်းလျားသီးက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အလှအပအတွက်ကတော့ အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေ သန်စွမ်းစေနိုင်ပါတယ်။ ကယ်လ်ဆီယမ် ပါဝင်မှုကြောင့် အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/balimbing-fruit-benefits/
ရေညှိညို စားရင်းရမယ့် ကျန်းမာရေး
ရေညှိဟင်းချို ချက်သောက်လို့ရသလိုခေါက်ဆွဲပြုတ်ထဲ ထည့်စားကြတဲ့ ရေညှိညို က ပင်လယ်ရေညှိ အမျိုးအစား တစ်မျိုးပါပဲ။ ပင်လယ်ငါးတွေရဲ့ အဓိက စားစရာတစ်မျိုးပေါ့။ အာဟာရဓာတ်တွေ ကြွယ်ဝသလိုကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ရေညှိညိုက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ရေညှိညိုက စားလိုက်ရင် အိအိလေးနဲ့ စားကောင်းသလို အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ရေညှိညိုက သွေးမခဲအောင် ကာကွယ်ပေးသလိုအရိုးတွေသန်မာစေဖို့ အားဖြည့်ပေးပါတယ်။အမြင်အာရုံကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေး ပါသေးတယ်။ တစ်ချိန်တည်းမှာနှလုံး၊ အဆုတ်၊ ကျောက်ကပ် အပါအဝင် ကိုယ်တွင်း အင်္ဂါတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ရေညှိညို စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ရေညှိညိုမှာအိုင်အိုဒင်းကြွယ်ဝစွာ ပါဝင်နေတာကြောင့်သိုင်းရွိုက် ဟော်မုန်းထွက်ရှိအောင် လှုံ့ဆော်ပေးပြီး သိုင်းရွိုက်ဂလင်း ရောင်တာ၊ လည်ပင်ကြီးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေပါတယ်။ရေညှိညိုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ် ပါဝင်နေမှုက အရိုးတွေကို ကြံ့ခိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ရေညှိညိုမှာအမျှင်ဓာတ်ပါဝင်နေတာကြောင့် အူနံရံတွေကို ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဝမ်းမှန်စေပြီး အူမကြီးကိုလည်း သန့်စင်စေပါတယ်။ရေညှိညိုမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင် စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကျန်းကျန်းမာမာ နဲ့ ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆီကိုလည်း ကျစေနိုင်ပါတယ်။ရေညှိညိုရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ အသက်ရှည် စေတာပါ။ ရေညှိ ကို အများအပြား စားသုံးတဲ့ ဂျပန် လူမျိုးတွေက အသက်ရှည်ကြပါတယ်။ ဒါကြောင့် ကျန်းမာပြီး အသက်ရှည်ချင်တယ် ဆိုရင်တော့ ရေညှိညိုကို စားသုံးပေးသင့် ပါတယ်။အရသာ ရှိတဲ့ ရေညှိညိုက အခုလို ကျန်းမာရေး အကျိုးကျေးဇူး များပါတယ်။ ဒါကြောင့် ရေညှိ ကြိုက်တယ်ဆိုရင် စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/kelp-health-benefits/
မမျှော်လင့်ထားသောကိုယ်ဝန်က သင့်ကိုအံ့သြသွားစေမလား
အမျိုူသမီးအများစုသည် ကိုယ်ဝန်ဆောင်မည်ကို လများစွာကြိုတင်ပြီး စီစဉ်ထားလေ့ရှိကြပါသည်။ သို့သော် တစ်ချို့တွင် လိင်သဘာဝနှင့် သားဆက်ခြားဆိုင်ရာ အခြေခံအသိများ နားလည်လွဲသွားခြင်းကြောင့် မလိုအပ်သည့် ကိုယ်ဝန်မျိုး ရလာနိုင်ပါသည်။ ထို့ကြောင့် တစ်ရက်ရက်မှာ မမျှော်လင့်သောကိုယ်ဝန်မျိုး သင်ရလာနိုင်မလားဆိုတာကို တွေးတောဖူးပါသလား သို့မဟုတ် သင်လိုချင်သည့်အချိန်မှပဲ ရလိမ့်မည်ဟု ယုံကြည်ချက်ရှိပါသလား။ကွန်ဒုံး၊ တားဆေး၊ သားအိမ်တွင်းပစ္စည်းထည့်ခြင်း စသည်ဖြင့် သားဆက်ခြားနည်း အမျိုးမျိုးရှိပါသည်။ ၎င်းတို့သည် ၉၀% နီးပါးထိ အောင်မြင်နိုင်သောနည်းများ ဖြစ်ပါသည်။ ထို့အတူ အမျိုးသမီးသားကြောဖြတ်ခြင်း သို့မဟုတ် အမျိုးသားသာကြောဖြတ်ခြင်းတို့ မအောင်မြင်သည်လည်း ရှားပါသည်။ သို့သော် သားဆက်ခြားနည်းများကိုသုံးနေရင်းပင် မတော်တဆဆိုတာ ဖြစ်လာနိုင်ပါသည်။ ဒါဆို ဘာကြောင့် ဖြစ်ရမလဲ။သားဆက်ခြားဆေးများကို မှားယွင်းစွာသုံးနေပါက ကလေးရနိုင်ချေ များပါသည်။ ဥပမာအားဖြင့် သင်ပါ့တနာမှ ကွန်ဒုံးသုံးသည်ဆိုပါစို့။ ကွန်ဒုံးတွင် အပေါက်သေးသေးလေး ပေါက်နေသည်ကို သင်ရောသင့်ပါတနာပါ သတိမထားလိုက်တာမျိုး သို့မဟုတ် ချစ်တင်းနှောနေစဉ် ကွန်ဒုံးပေါက်သွားသောကြောင့် အရေးပေါ်ဆေး ဝယ်သောက်လိုက်ရတာမျိုးတို့ ဖြစ်တတ်ပါသည်။ထိုဆေးမျိုးသည် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၅ ရက်အတွင်းသာ ကာကွယ်ပေးနိုင်ပါသည်။ သို့သော် တစ်ခါတစ်ရံ နေ့စဉ်သောက်ရမည့်ဆေး တစ်ရက်လွတ်သွားတတ်ပြီး ကိုယ်ဝန်ရလာနိုင်ပါသေးသည်။ မမျှော်လင့်သည့်ကိုယ်ဝန် ရလာခြင်း၏အဓိက အကြောင်းရင်းသည် သားဆက်ခြားနည်း မသုံးသောကြောင့်ပင်ဖြစ်သည်။ တစ်ချို့သည် နေ့စဉ်သောက်ရမည်ကို မေ့သွားတာမျိုး သို့မဟုတ် ပါတနာမှ မသုံးစေချင်တာမျိုးတို့ ဖြစ်နိုင်ပါသည်။တစ်ချို့အမျိုးသမီးများက ရာသီမထိန်ခင်အထိ ကိုယ်ဝန်ရှိနေကြောင်း မသိတတ်ကြပါ။ အရင်တုန်းက မျိုးပွားနိုင်စွမ်းနှင့်ပါတ်သတ်၍ ရုန်းကန်ခဲ့ရဖူးလျှင် ရာသီပုံမှန်မလာတတ်ခြင်း သို့မဟုတ် သွေးဆုံးခါနီး ရာသီထိန်နေတာမျိုးဆိုလျှင်တော့ မမျှော်လင့်ပဲကိုယ်ဝန်ရှိလာနိုင်ပါသည်။ထို့အပြင် တစ်ချို့အမျိုးသမီးများကျ ရာသီပုံမှန်မလာသောကြောင့် သားဥပုံမှန်မကြွေတတ်ပါ။ သို့မဟုတ် သူတို့ရာသီချိန်ကို ကောင်းကောင်းသိကြောင်း ယုံကြည်ထားကြ၏။ ထို့ကြောင့် သားဆက်ခြားခြင်းကို မသိကျိုးကျွံပြုထားရမှ ကလေးရလာနိုင်ပါသည်။ သားဆက်ခြားနည်းများကိုမသုံးပါက ဘာကမှ သင်ကိုယ်ဝန်မရနိုင်ကြောင်း အာမမခံနိုင်ပါ။ထို့ကြောင့် သင့်မှာကလေးရှိပြီးသားဆိုလျှင် သင့်ရော သင့်ပါတနာပါ အနာဂတ်အတွက် အစီအစဉ်ချပြီး မှန်မှန်ကန်ကန်သားဆက်ခြားသင့်ပါသည်။ အသင့်မဖြစ်ခင် ကိုယ်ဝန်ရလာခြင်းက နှစ်ဦးစလုံးအတွက် စိန်ခေါ်မှုကြီး ဖြစ်လာနိုင်ပါသည်။ ကလေးကို ဆက်မွေးမည် မမွေးမည်ကတော့ သင်တို့နှစ်ယောက်လုံး၏ ပုဂ္ဂလိကဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%99%e1%80%99%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%ba%e1%80%9c%e1%80%84%e1%80%b7%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba/
အစာစားပြီးမကြာခင် ဝမ်းပျက်ခြင်းကို ဘယ်လိုကာကွယ်မလဲ
အစားတခုခုစားပြီးချိန် ဝမ်းပျက်ခြင်းကို အင်္ဂလိပ်လို postprandial diarrhea (PD) လို့ ခေါ်ပါတယ်။ အစားစားပြီး သိပ်မကြာခင်မှာ ဝမ်းသွားချင်လာပြီး အိမ်သာနေရာကို အလျင်စလို ရှာဖွေရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီပြဿနာရှိတဲ့ လူတချို့ဟာ ဝမ်းသွားခါနီး ဗိုက်အောင့်လာတတ်ပါတယ်။ များသောအားဖြင့် ဝမ်းသွားပြီးချိန်မှာ သက်သာသွားတတ်ပါတယ်။အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ကပ်ပါးပိုးများ။ အစားအစာကနေတဆင့် ကိုယ်ခန္ဓာထဲ ဝင်ရောက်တဲ့ ကပ်ပါးပိုးများကြောင့်လည်း စားပြီးမကြာခင် ဝမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံး ကပ်ပါးကောင်ကတော့ သန်ကောင်ဖြစ်ပါတယ်။ အစားစားပြီး ဝမ်းပျက်ခြင်းပြဿနာဟာသန်ကောင်များကို အူလမ်းကြောင်းကနေ မဖယ်ရှားနိုင်သရွေ့ ဖြစ်နေတတ်ပါတယ်။မဂ္ဂနီဆီယမ်ပမာဏ များပြားရင်လည်း ဝမ်းပျက်တတ်ပါတယ်။ ဒါပေမယ့်ဖြည့်စွက်စာကို မစားသုံးရင်တော့ မဂ္ဂနီဆီယမ်ဓာတ် လွန်ကဲခြင်းဖြစ်ဖို့ ခဲယဉ်းပါတယ်။အောက်ပါအခြေအနေတွေဖြစ်ပြီး ထိရောက်တဲ့ ကုသမှု လိုအပ်ပါတယ်။အစာစားပြီး ဝမ်းပျက်ခြင်းကို ဆေးဝါးကုသဖို့ လိုပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့လည်း အထောက်အကူ ပြုပါတယ်။ အောက်ပါအချက်တွေ ဖြစ်ပါတယ်။သုံးရက်လောက်ဆက်တိုက် ဝမ်းပျက်နေရင်၊ တပတ်အတွင်း အကြိမ်ပေါင်းများစွာ ဝမ်းပျက်နေတတ်ရင်၊ ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ကျော်ပြီး ဖျားနေရင်၊ ဗိုက်နာဗိုက်အောင့်ရင် ဆရာဝန်ပြသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/diarrhea-after-eating/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%9b%e1%80%bd%e1%80%b4-%e1%80%99%e1%80%bc%e1%80%94/
Blackheads (ဆားဝက်ခြံ)
ဆားဝက်ခြံတွေဆိုတာဟာ open comedo လို့ခေါ်တဲ့ အရေပြားပေါ်မှ မွေးညင်းပေါက်တွေ ပိတ်နေသောကြောင့် ဆူထွက်နေသော အဖုလေးတွေပါ။ ဘက်တီးရီးယားတွေ ဆဲလ်သေတွေ အဆီတွေနဲ့ ပိတ်နေတဲ့ အခါမှာ ဖြစ်ပွားတတ်ပါတယ်။ဖုန်မှုန့်တွေနဲ့ ပိတ်နေတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ အဆီနဲ့ ဘက်တီးရီးယားတွေနဲ့ ပိတ်ပြီး လေနဲ့ထိတဲ့အခါမှာ အနက်ရောင်ပြောင်းသွားတာပါ။ Closed comedo လို့ခေါ်တဲ့ ပြည်တည်ဖုတွေနဲ့ ကွဲပြားခြားနားပါတယ်။ဆားဝက်ခြံတွေဟာ ဝက်ခြံတွေရဲ့ အဖြစ်များတဲ့ လက္ခဏာဖြစ်ပြီး များသောအားဖြင့် မျက်နှာပေါ်မှာ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံ ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်း၊ လက်နဲ့ ပခုံးပေါ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ဆားဝက်ခြံတွေက ဝက်ခြံပေါက်တဲ့လူတွေမှာ အဖြစ်များတတ်ပါတယ်။ မိန်းမတွေက ယောက်ျားတွေထက်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်း ဝက်ခြံအပေါက်များတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆားဝက်ခြံတွေကို ဝက်ခြံတွေရင်ဆိုင်တဲ့နည်းလမ်းနဲ့ အတူ ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ဆားဝက်ခြံတွေကို အရေပြားပေါ်မှာတင် တွေ့နိုင်ပါတယ်။ သေးသေး၊ မဲမဲနဲ့ အရေပြားပေါ်မှာ ဆူထွက်နေတဲ့ အရာလေးတွေပါ။ အဆီတွေ၊ အရေပြားဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေဟာ လေနဲ့ ဓါတ်ပြုကြပြီး အပေါက်တွေမှာ အမဲရောင်တွေ ဖြစ်ပေါ်လာစေပါတယ်။ဝက်ခြံတွေလိုတော့ ပူလောင်နာကျင်ခြင်းမရှိပါဘူး။ ပြည်ဖု၊ ပြည်နာနဲ့ အဖုအပိမ့်တွေလို ဝက်ခြံရဲ့ လက္ခဏာတွေနဲ့တော့ဆက်စပ်မှုတော့ ရှိပါတယ်။အောက်ပါတို့ဖြစ်နေပါက ဆရာဝန်ပြသင့်ပါတယ်။ဆားဝက်ခြံတွေဖြစ်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်သလို ဟော်မုန်းတွေ မညီမျှလို့လဲ ဖြစ်နိုင်ပါတယ်။ ဆားဝက်ခြံများဟာ အောက်ပါတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။အောက်ပါတို့က ဆားဝက်ခြံဖြစ်နိုင်ခြေကို များစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင်ဘယ်လို အရေပြားမျိုးရှိလဲဆိုတာကို ဆရာဝန်က စစ်ဆေးပါလိမ့်မယ်။ စတီးရွိုက်တွေလိုမျိုး မှည့်ခြောက်များဖြစ်စေတဲ့ ဆေးဝါးတွေသောက်သုံးနေလား ဆိုတာကိုလည်း စစ်ဆေးပါလိမ့်မယ်။စစ်ဆေးမှုတွေမှာ ပြင်းထန်လား၊မပြင်းထန်လားဆိုတာများ ပါပါလိမ့်မယ်။ ယင်းစစ်ဆေးမှုတွေက စိတ်ပိုင်းဆိုင်းရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ သက်ရောက်မှုများရှိလား၊ ကုသမှုတွေလိုလားမလိုဘူးလားဆိုတာ ဆုံးဖြတ်ဖို့ကူညီမှာပါ။ဆားဝက်ခြံကုသနည်းတွေ များစွာရှိပါတယ်။ Over The Counter (OTC) လို့ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်မယ့်ဆေးတွေ ရှိပါတယ်။ ယင်းတို့မှာ salicylic acid နှင့် benzoyl peroxide တို့ပါဝင်ပြီး ခရင်၊ အဆီ၊ ဆပ်ပြာတောင့် အနေဖြင့် ပြုလုပ်ထားပါတယ်။ ယင်း OTC ဆေးဝါးတွေ အလုပ်မလုပ်ဘူးဆိုရင်တော့ ဆရာဝန်က ပိုမို အားပြင်းတဲ့ ညွှန်ကြားပါလိမ့်မယ်။ ယင်းဆေးဝါးတွေမှာ tretinoin, tazarotene နှင့် adapalene ကဲသို့သော Vitamin A ပုံစံအမျိုးမျိုးပါဝင်ပါတယ်။ ပြီတော့ အဆီခဲတွေ မဖြစ်အောင် တားဆီးပြီး အရေပြားဆဲလ်များ ပျက်ဆီးအသုံးပြုခြင်းကို ပိုမြန်စေပါတယ်။အရေပြားကျွမ်းကျင်သူတွေနဲ့ အထူးကုတွေကတော့ အကွင်းပုံစံ အထူးပြုလုပ်ထားသော ကိရိယာကို အသုံးပြုပြီး ဆားဝက်ခြံတွေကို ဖယ်ထုတ်ပေးပါလိမ့်မယ်။ တချို့ကတော့ မျက်နှာပြင်ကြမ်းတဲ့ အထူးကိရိယာလေးကိုသုံးပြီး အရေပြားအပေါ်ဆုံးအလွှာကို ကော်ပတ်စားသလို ပွတ်တိုက်ပေးပါလိမ့်မယ်။ ယင်းကဲသို့ ကော်ပတ်စားခြင်းက မှည့်ခြောက်တွေ ဖြစ်စေတဲ့ အဖတ်တွေကို ဖယ်ရှားပေးပါတယ်။ဆားဝက်ခြံတွေကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။အောက်ပါ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဆားဝက်ခြံတွေကို ကိုရင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။မေးမြန်းလိုသည်များအတွက် ပိုမိုနားလည်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/blackheads-%e1%80%86%e1%80%ac%e1%80%b8%e1%80%9d%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6/
ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ပီလောပီနံက ပေါင်းစားလို့ကောင်းသလို ပြုတ်စားလည်း အရသာရှိပါတယ်။ ပီလောပီနံပြန်ပေါင်းဆိုရင်လည်း ဆိမ့်ဆိမ့် စေးစေးလေးနဲ့ စားလို့ ကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ ပီလောပီနံက ဘယ်လိုကျန်းမာရေး အာနိသင်တွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ပီလောပီနံ ဆိုတာကန်စွန်းဥ၊အာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။ပီလောပီနံမှာပြည့်ဝဆီပါဝင်မှု နည်းသလို ကိုလက်စထရော နဲ့ ဆိုဒီယမ် ပါဝင်မှုလည်း နည်းပါတယ်။အမျှင်ဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာ ပါဝင်နေသလိုအကျိုးပြု ကိုလက်စထရောနဲ့ပရိုတင်းတို့လည်း ပါဝင်ပါတယ်။အခြား အာဟာရဓာတ်တွေအနေနဲ့ ဗီတာမင် B အုပ်စု၊ ဖောလိတ်၊ ဗီတာမင် B6၊ သံဓာတ်၊ မဂ္ဂနိ့၊ကယ်လ်ဆီယမ်၊ ကော့ပါး၊ ဆီလီနီယမ်တို့ ပါဝင်ပါတယ်။ပီလောပီနံကို စားပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေဖို့ ဆိုရင်ပီလောပီနံစားပေးလို့ ရပါတယ်။ ပီလောပီနံမှာ နေ့စဉ် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏရဲ့ ၄၅ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ဒါကြောင့် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေချင်တယ်ဆိုရင် ပီလောပီနံ စားပေးလို့ ရပါတယ်။လေ့လာမှုတွေအရ ပီလောပီနံမှာ ဖောလစ်အက်ဆစ် အပါအဝင် ဗီတာမင် B အုပ်စု ပါဝင်တာကြောင့်ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းမှု မပါစေဖို့ ကာကွယ်ပေးနိုင်မှာပါ။ပီလောပီနံမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေတာကအစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေပါတယ်။လေပွတာ၊ အစာအိမ် နာတာမျိုး မဖြစ်စေဖို့လည်း ကူညီပေးပါတယ်။နောက်ထပ် အားသာချက် တစ်ခုက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်သွေးကြောနံရံတွေက အဆီတွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။ရုတ်တရက် နှလုံးရပ်တာနဲ့လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ပရိုတင်းက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရပါ။ ပီလောပီနံမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ် ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေကို ဖွံ့ဖြိုးစေသလို ကြီးထွားစေပါတယ်။အနာကျက်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။ပီလောပီနံမှာအရိုးတွေသန်မာစေဖို့ လိုအပ်တဲ့ ဗီတာမင် K၊ ကယ်လ်ဆီယမ်၊ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရိုးတွေက အသက်အရွယ်ရတာနဲ့အမျှ အရိုးပါးတာ၊ အရိုးပွတာတွေကို ခံစားရပါတယ်။ အကြောင်းကတော့ အသက်ရလာတာနဲ့ အမျှ အရိုးထဲက သတ္တုဓာတ်တွေ ကျဆင်းလာတာကြောင့်ပါ။ဒါကြောင့် အသက်အရွယ်ရလာလည်း အရိုးသန်မာစေဖို့ဆိုရင် ပီလောပီနံ စားပေးလို့ ရပါတယ်။ဗီတာမင် K ပါဝင်နေတာက အရိုးတွေကိုတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ စိတ်ကိုပါ ကျန်းမာစေပါတယ်။ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေတာကြောင့် အယ်လ်ဇိုင်းမား မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ဆဲလ်တွေ မပျက်စီးစေဖို့ ထောက်ကူပေးပါတယ်။ပီလောပီနံမှာပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ပီလောပီနံမှာ ပိုတက်ဆီယမ် နဲ့ အခြားပါဝင်နေတဲ့ သတ္တုဓာတ်တွေက သွေးကြောတွေရဲ့ တင်းအားကို လျော့ကျစေပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ပီလောပီနံကို သံပုရာသီး အပါအဝင် အချဉ်ကဲတာတွေနဲ့ တွဲဖက်စားတာမျိုး မလုပ်ပါနဲ့။ ဆေးသောက်နေရသူတွေ၊ ကျန်းမာရေးပြဿနာ အခံရှိသူတွေ ဆရာဝန်နဲ့ အရ်တိုင်ပင်ဖို့ လိုပါမယ်။ အခွံကို သေချာ ဖယ်ပြီးမှ စားသုံးသင့်ပါတယ်။ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မခင်တွေ၊ ကလေငယ်လေးတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေ၊ ရောဂါအခံရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/tapioca-benefits/
null
null
health
health
https://hellosayarwon.com/health/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-sciatica-%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%af%e1%80%9e%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7/
Callous (အသားမာများ)
အသားမာဆွေဆိုတာ သင့်ရဲ့အရေပြားဟာ ပွတ်တိုက်မှုတွေ ၊ ဖိအားတွေကိုကာကွယ်ရင်း အရေပြားဟာ မာပြီး ထူလာခြင်းဖြစ်ပါတယ် ။ အများအားဖြင့် ခြေထောက်တွေ၊ ခြေချောင်းတွေနဲ့လက်ချောင်းတွေမှာအဖြစ်များပါတယ် ။ဒီလိုအသားမာတွေဟာ အဖြစ်များကြပါတယ် ။ အသက်အရွယ်တိုင်းလည်းဖြစ်နိုင်ပါတယ် ။ အန္တာရာယ်ရှိသည်များကို လျှော့ချရင်း အသားမာများကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ်ထပ်ပြီး သိရဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အသားမာတွေဟာ ထိရုံ ၊မြင်ရုံနဲ့သိနိုင်ပါတယ် ။ အောက်ဖော်ပြပါ လက္ခဏာတွေနဲ့စမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ အဖြစ်အများဆုံးလက္ခဏာတွေကတော့…..။– အရေပြားဟာ ထူပြီး ကြမ်းနေခြင်း ၊။– မာပြီးတော့ ခုံးနေခြင်း ၊။– အရေပြားရဲ့အောက်မှာတင်းမာမှု သို့ နာကျင်မှုခံစားရခြင်း ၊။– အရေပြားဟာ အပေါက်ကလေးများဖြစ်နေ၍ ခြောက်သွေ့နေခြင်း ။အသားမာတွေဟာ များသောအားဖြင့် မနာကျင်ကြပါဘူး ။ အသားမာတွေဟာ သင့်ရဲ့ခြေဖဝါး (အထူးသဖြင့် ခြေဖနှောင့်) နှင့်လက်ဖဝါးများ သို့ ဒူးနေရာတို့တွင်အဖြစ်များကြပါသည် ။ အသားမာတွေဟာ အရွယ်အစား ၊ ပုံစံ တွေမတူညီကြ၍ တခါတစ်ရံမှာပြောင်းဖူးစေ့များထက်ပင်ကြီးနေတတ်ပါသည် ။အထက်ဖော်ပြပါစာရင်းထဲတွင်မပါသည့် လက္ခဏာများလည်း ရှိနိုင်ပါသေးသည် ။ လက္ခဏာတွေနဲ့ပတ်သတ်ပြီး သိချင်သေးရင်တော့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။အသားမာတွေဟာ ကုသဖို့မလိုအပ်ပါဘူး ။ ဒါပေမယ့် သင်ဟာ အနှစ်မြို့ဖွယ်ခံစားနေရရင်တော့ အရေပြားဆရာဝန်နဲ့ ပြသနိုင်ပါတယ် ။ ပုံမှန်အားဖြင့်တော့ အသားမာတွေဟာ လွယ်လွယ်ကူကူဖယ်ရှားလို့ရကြပါတယ် ။– ရှူးဖိနပ်ကျပ်ကျပ်များဝတ်ဆင်ခြင်း။ရှူးဖိနပ်အကျပ်များဝတ်ဆင်ခြင်းနဲ့ဒေါက်ဖိနပ်များစီးခြင်းဟာ သင့်ရဲ့ခြေထောက်ကိုဒဏ်သက်ရောက်စေပါတယ်။သင့်ရဲ့ဖိနပ်ဟာ အရမ်းချောင်နေတဲ့အခါမှာလည်း ခြေထောက်ဟာ ခဏခဏလျှောနေပြီး ဖိနပ်နဲ့ပွတ်တိုက်ခြင်းတွေကိုဖြစ်စေပါတယ်။ သင့်ရဲ့ခြေထောက်ဟာ ရှူးဖိနပ်အောက်မှာရှိတဲ့အောက်ခံပြားနဲ့လည်းပွတ်တိုက်နေနိုင်ပါတယ်။– ခြေအိတ်မပါဘဲဝတ်ဆင်ခြင်း။ရှူးဖိနပ်တွေကိုခြေအိတ်မပါဘဲဝတ်ဆင်ခြင်းဟာလည်း သင့်ရဲခြေထောက်တွင် ပွတ်တိုက်မှုများဖြစ်စေပြီး အသားမာများဖြစ်ပေါ်စေပါတယ်။ အားကစားပစ္စည်းများ သို့ လက်ဖြင့်ကစားရသော ပစ္စည်းများဖြင့် ကစားခြင်း နှင့် စာရေးခြင်းများဟာလည်း အကြိမ်ကြိမ်ပွတ်တိုက်မှုများဖြစ်ပေါ်စေပြီး အသားမာများဖြစ်ပေါ်စေပါတယ် ။ခြေထောက်ရောင်ခြင်း – ခြေထောက်ရောင်ခြင်းဆိုသည်မှာသင့်ရဲ့ခြေမအရင်းအဆစ်တွင်ပုံမှန်မဟုတ်ပဲမာမာခုံးခုံးဖြစ်နေတာမျိုးဖြစ်ပါတယ်။ခြေမသည်အမြဲအောက်သို့ကျိုးကျနေခြင်း – သင့်ရဲ့ခြေချောင်းတွေဟာ တိရိစ္ဆာန်တို့ရဲ့လက်သည်းတွေလို ပုံမှန်မဟုတ်ပဲကွေးနေခြင်း ဖြစ်ပါတယ်။အခြားခြေထောက်ပြသနာများ – အရိုးထွက်နေသည့်ကိစ္စမျိုးတွေလည်း သင့်ရဲ့ရှူးဖိနပ်နဲ့ပွတ်တိုက်မှုတွေဖြစ်စေပါတယ် ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာ သင့်ရဲ့ခြေထောက်ကိုစစ်ဆေး၍ ကြွက်နို့ ၊ အဖုအကြိတ်များ စသဖြင့် အရေပြားထူနေသည့်အကြောင်းရင်းများကို ရှာဖွေစမ်းသပ်ပါလိမ့်မည် ။ ထပ်ပြီးစမ်းသပ်ရန် ဓါတ်မှန်ရိုက်ရပါမည် ။သို့မှာသာ အသားမာဖြစ်စေသည့် တစ်ခြားပုံမှန်မဟုတ်သည်များကို သိရမှာဖြစ်ပါတယ်။အကယ်၍သင့်တွင် ဆီးချိုသွေးချို သို့ သွေးလှည့်ပတ်ခြင်သနည်းလျှင် မိမိဘာသာ အသားမာကိုမကုသခင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဒဏ်ရာသေးသေးလေးကနေပြီး ပိုးဝင်ရောက်တဲ့အနာအထိဖြစ်သွားနိုင်လို့ပါ ။အသားမာအတွက်အများဆုံးကုသတဲ့နည်းလမ်းတွေကတော့…။– ပိုနေသောအရေပြားများကို ထုတ်ပစ်ခြင်း ။ဆရာဝန်ဟာ ထူနေတဲ့မျက်နှာပြင်များကိုညှိခြင်း သို့ အသားမာချွန်များကို ခွဲစိတ်ဓါးဖြင့် လှီးထုတ်ပစ်ခြင်း ။– အသားမာဖယ်ရှားသောကုသမှုများ ။အသားမာဖယ်တဲ့ဆေးပညာတွင် salicylic acid ကိုအများဆုံးတွေ့ရမှာဖြစ်ပါတယ် ။ ဒါကိုသင်ဟာ ညွှန်ကြားချက်မရှိဘဲ လုပ်နိုင်ပါတယ် ။ ကြီးမားသော အသားမာနေရာများအတွက် salicylic acid gel ကိုသုံးရန် ခွင့်ပြုချက်ရယူနိုင်ပါတယ် ။– ကူးစက်မှုများကိုသက်သာစေသော ကုသမှုများ ။သင့်ဆရာဝန်ညွှန်ကြားတဲ့ပိုးသတ်ဆေးလိမ်းဆေးကို ပိုးဝင်ခြင်းမှာကာကွယ်ရန်လိမ်းရပါမည် ။– ခြေထောက်တွင် အထောက်အကူပြု ဖိနပ်များဝတ်ဆင်ခြင်း ။အကယ်၍သင့်မှာခြေထောက်ပုံစံမမှန်ခြင်းတွေရှိလျှင် ဆရာဝန်ညွှန်ကြားထားတဲ့အသင့်စီးရှူးဖိနပ်များကို အသားမာများ ပြန်မဖြစ်စေရန်အသုံးပြုရပါမည်ဘ။– ခွဲစိတ်မှုခံယူခြင်း။အချို့ရှားပါးကိစ္စများတွင် ပွတ်တိုက်မှုများဖြစ်ပေါ်နေစေသော အရိုးလွဲနေခြင်းများကိုတည့်ဖို့အတွက် ခွဲစိတ်ရန်လိုအပ်ပါတယ် ။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ ။ဘယ်လိုနေထိုင်မှုပူံစံတွေနဲ့ အိမ်တွင်းကုသမှုတွေက အသားမာတွေကို သက်သာစေသလဲ။– အသားမာတက်သောနေရာကို ကာကွယ်ရန် OTC pad များအသုံးပြုခြင်း ၊ သင်သည်ထိုအရာကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းလည်း အသုံးပြုနိုင်ပါတယ် ။– သင့်ရဲ့လက်တွေ၊ခြေထောက်တွေကိုပူနွေးတဲ့ဆပ်ပြာရေထဲမှာစိမ်ခြင်းဟာလည်း အသားမာတွေကိုပျော့ပြောင်းစေပါတယ် ။ ဒါဟာသင့်ရဲ့ထူနေတဲ့အရေပြားကိုဖယ်ရှားဖို့ပိုမိုလွယ်ကူပါလိမ့်မယ်။– ရေချိုးစဉ်တွင်ကြမ်းတမ်းသည့်အရေပြားကို ဖယ်ရှားရန်အတွက် ရေမြှုပ်ကျောက်၊ လက်သည်းတိုက်တံစဉ်း ၊ ရေပတ်ဝတ်တွေနဲ့အရေပြားကိုပွတ်တိုက်ရပါမယ်။ သို့သော်လည်း သင့်အရေပြားကိုပြုပြင်ရန် ချွန်သောအရာများမသုံးမိစေရန် အရေးကြီးပါတယ်။အကယ်၍ သင့်မှာ ဆီးချိုသွေးချိုရှိလျှင်တော့သင့်ရဲ့အရေပြားဟာရောဂါပိုးဝင်လွယ်တဲ့အတွက်ရေမြှုပ်ကျောက်ကိုအသုံးပြုရပါမည်။– သင့်ရဲ့အရေပြားတွေကို အသားမာတက်ခြင်းမှာကာကွယ်ရန် moisturizer သုံး၍ အရေပြားကိုစိုစွတ်ပျော့ပြောင်းနေအောင် ထိန်းသိမ်းထားရန်လိုအပ်ပါတယ် ။– သက်တောင့်သက်သာရှိစေမယ့် ရှူးဖိနပ်တွေ၊ခြေအိတ်တွေကိုပဲဝတ်ဆင်ရပါမယ် ။ ရှူးဖိနပ်ကျပ်ကျပ်များ ၊ဒေါက်ဖိနပ်မြင့်မြင့်စီးခြင်းများကိုရှောင်ရှားရပါမည် ။အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အသေးစိတ်သိရဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပတယ် ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/callous-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%b1%e1%80%96%e1%80%ac%e1%80%80%e1%80%b9%e1%80%91%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%a1%e1%80%9c%e1%80%bd%e1%80%86%e1%80%84/
null
null
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/%e1%80%80%e1%80%af%e1%80%ad%e1%80%9a%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%9b%e1%80%b1%e1%80%85%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%b1%e1%80%86%e1%80%b8/
null
null
health
health
https://hellosayarwon.com/health/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba-%e1%81%82%e1%81%80-%e1%80%9d%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%84%e1%80%ba-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%b9/
ရေမြွှာရည်နဲ့ ပတ်သက်တဲ့ ပြဿနာများ
မမွေးဖွားလာစဉ်တည်းက amniotic fluid လို့ခေါ်တဲ့ ရေမြွှာအိတ်ကလေးက သင့်ကလေးငယ်အတွက် အိမ်ကလေးပါပ။ သင့်ကလေးရဲ့ အသက်ကိုထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေမြွှာရည်တွေဟာ သားအိမ်ထဲက သန္ဓေသားကို ဖုံးလွှမ်းထားပါတယ်။ ရေမြွှာအိတ်ဟာ တစ်ခါတလေမှာ အရည်နည်းလွန်းတာတွေ၊ များလွန်းတာတွေဖြစ်တတ်ပြီး ဒါတွေက အချင်းကို ပိုးဝင်စေပါတယ။် ရေမြွှာရည်နဲ့ပတ်သက်တဲ့ ပြဿနာတွေကြုံလာတဲ့အခါ မှန်ကန်တဲ့ ကုသမှုကို ရရှိစေနိုင်ဖို့အတွက် အဖြစ်များတဲ့ ရေမြွှာပြဿနာတွေအကြောင်း ဖတ်ရှုကြရအောင်နော်…။ရေမြွှာအိတ်ထဲက အရည်တွေဟာ ကိုယ်ဝန်ပထမ ၁၄ပတ်အတွင်းမှာ သင့်ရဲ့ သွေးလည်ပတ်မှုစနစ်ကနေ ရောက်ရှိလာတာပါ။ ကိုယ်ဝန်ကာလ ဒုတိယ ၃လရဲ့အမှာတော့ ကလေးငယ်ဟာ ဒီရေမြွှာရည်တွေကို မြိုချပြီး ဆီးတွေအဖြစ် ထုတ်ပေးပါတယ်။ ဒါတွေကို ပြန်မြိုချပြီး ဒီလိုပဲ ဆက်သွားတဲ့အခါ နာရီတိုင်းမှာ ရေမြွှာရည်တွေက ဒီလိုပုံစံနဲ့ သံသရာလည်နေပါတယ်။ ရေမြွှာရည်အများစုက သင့်ကလေးရဲ့ ဆီးတွေကနေဖြစ်လာတယ်လို့ ဆိုချင်လည်း ရပါတယ။် ဒါကြောင့် ကလေးငယ်အတွက် သင့်ရဲ့ ရေမြွှာအိတ်ထဲမှာ မှန်ကန်တဲ့ ရေမြွှာရည် ပမာဏရှိနေဖို့ အရေးကြီးလှပါတယ်။ တကယ်လို့များ ဒီစက်ဝန်းက မမှန်နေဘူးဆိုရင် ရေအိတ်ထဲမှာ ရေနည်းလွန်းတာ များလွန်းတာတွေဖြစ်နိုင်ပြီး အခြားပြဿနာတွေ ဖြစ်လာစေပါတယ်။ပုံမှန်အားဖြင့်တော့ သင့်ရဲ့ ရေမြွှာရည်ပမာဏဟာ ကိုယ်ဝန်ဆောင်ကာလ တတိယ၃ပတ်အစမှာတည်းက သိသိသာသာတိုးလာရမှာပါ။ ၃၄ပတ်နဲ့ ၃၆ပတ်ကြားမှာဆိုရင်တော့ သင်က ရေမြွှာရည်အများကြီးကို သယ်ဆောင်ထားရမှာပါ။ ၃၆ပတ်မြောက်ကို ကျော်လွန်ပြိးချိန်မှာတော့ ကလေးမွေးဖွားတဲ့အချိန်အထိ ဖြည်းဖြည်းချင်း လျော့ကျသွားမှာဖြစ်ပါတယ်။ တကယို့များ သင်က ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အရည်တွေအများကြီးရှိနေတာကို တွေ့ခဲ့ရတယ်ဆိုရင်တော့ ဒါကို polyhydramnios လို့ခေါ်ပါတယ်။ တစ်ဘက်မှာလည်း ရေမြွှာအိတ်ထဲက အရည်တွေ အရမ်းနည်းနေရင် oligohydramnios လို့ခေါ်ပါတယ်။ ဒီအခြေအနေတွေကလည်း ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်တွေထဲမှာမှ ခန့်မှန်းချေ ၁%လောက်သာ ခံစားရတာပါ။၁။ ရေမြွှာရည် များလွန်းခြင်း (Polyhydramnios)။ဒီအခြေအနေကတော့ သင့်ရဲ့ သားအိမ်ကို ဆွဲဆန့်လိုက်သလို ဖြစ်စေပြီး diaphragm (အမြှေးပါး)ပေါ်ကို ဖိအားတွေအများကြိး သက်ရောက်စေပါတယ်။ ရေမြွှာရည်များခြင်းဟာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်ရှူလမ်းကြောင်းအတွက် ပြင်းထန်တဲ့ ပြဿနာတွေကို ဦးတည်စေပြီး လမစေ့ခင် မွေးဖွားခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ အရည်တွေများလွန်းခြင်းက အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ရေမြွှာရည်နည်းလွန်းတာက ကလေးအတွက် ပြဿနာပေါင်းများစွာကို ယူဆောင်လာပေးနိုင်ပါတယ်။ အရည်ပမာဏတွေဟာ ရုတ်ချည်းလျော့ကျသွားတယ်ဆိုရင ်ပုံပျက်သါားပါတယ်။ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေဖြစ်ပေါ်မယ်ဆိုရင် သင့်ကလေးရဲ့ အဆုတ်က အပြည့်အဝဖွံ့ဖြိုးတော့မှာမဟုတ်ပါဘူး။ ရေမြွှာရည်နည်းလွန်းခြင်းကလည်း အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။သင့်ကလေးရဲ့ လုံခြုံစစိတ်ချရမှုအတွက် ် ကလေးရဲ့ ကြွက်သားတွေ၊ လက်တွေ၊အဆုတ်တွေနဲ့ အစာချေစနစ် ကျန်းမာစွာနဲ့ ဖွံ့ဖြိုးလာစေဖို့ ရေမြွှာအိတ်ကကာကွယ်ပေးထားပါတယ်။ တကယိလု့ိများ သင့်မှာ အထက်ဖော်ပြပါ အခြေအနေနှစ်ခု ဖြစ်နေတယ်လို့ သံသယရှိရင် ဆရာဝန်က သင့်ကို Ultrasound ရိုက်ဖို့ ပို့ပေးမှာဖြစ်ပြီး ဒါမှသာ မှန်ကန်တဲ့ ကုသမှုနည်းလမ်းကို ခံယူနိုင်မှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%9b%e1%80%b1%e1%80%99%e1%80%bc%e1%80%bd%e1%80%be%e1%80%ac%e1%80%9b%e1%80%8a%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7/
ဘာလို့ ဗိုက်အောင့်တာလဲ၊ အစာအိမ်ကြောင့်လား ဘယ်လိုသိနိုင်မလဲ
ဗိုက်အောင့်နေရင် အလုပ်လုပ်ဖို့မပြောနဲ့ တစ်ခါတလေ ထိုင်နေလို့တောင်အဆင်မပြေဘူး။ လှဲအိပ်နေရတာမျိုး။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊အူမကြီးနဲ့သည်းခြေအိတ် တို့လို ကိုယ်တွင်းအင်္ဂါတွေ အများကြီးရှိတာမို့ ဘာကြောင့်ဗိုက်အောင့်တယ် တန်းမသိနိုင်ပါဘူး။ဗိုက်အောင့်စေတဲ့ အကြောင်းအရင်းက အများကြီးရှိနိုင်ပါတယ်။ ဥပမာ ပိုးဝင်ကူးစက်တာ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုရောင်ရမ်းတာ၊ အစာခြေစနစ်နဲ့အူလမ်းကြောင်းမှာ ပြဿနာတွေရှိနေတာတွေ ဖြစ်နိုင်ပါတယ်။ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက –။ဒါဆို အစာအိမ်ကြောင့်ဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့မေးခွန်းကို အစာအိမ်သမားတွေ ကောင်းကောင်းသိပါတယ်။ ခံစားရနေကျကိုး။ ဗိုက်အောင့်ဝေဒနာနဲ့အတူ –။အစာအိမ်ကြောင့်ဗိုက်အောင့်ပြီဆိုရင်တော့ အပူအစပ်တွေရှောင်၊ အစာအိမ်အက်စစ်ပိုထွက်စေမယ့် အစားအသောက်တွေကိုလျှော့စား၊ အစားကို အချိန်မှန်အောင်စားပါ။ နောက်ထပ် ဗိုက်မအောင့်ရအောင် ဒီအချက်တွေကို ဂရုစိုက်ပါ –။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%ac%e1%80%9c%e1%80%b2%e1%81%8a/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%bb%e1%80%95%e1%80%b3%e1%80%90%e1%80%b9%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%b0%e1%80%90%e1%80%85%e1%80%b9/
ဝမ်းလျှောဝမ်းပျက်စေသော အစားအသောက်များ
ဝမ်းလျှောဝမ်းပျက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်း ပြဿနာပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူအများစုဟာ နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောခြင်းကို ကြုံတွေ့ရပါတယ်။ များသောအားဖြင့် မကောင်းတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတာတွေကိုကိုယ်ခန္ဓာကနေ ဖယ်ရှားဖို့ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဝမ်းလျှောဝမ်းပျက်ခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။အများအားဖြင့် အဆိုပါအစားအစာတွေမှာ သဘာဝအတိုင်းမဟုတ်ဘဲ လူတို့ဖန်တီးထားတဲ့ ဆိုးဆေး၊ ဟင်းခတ်ပစ္စည်း စတာမျိုးတွေ ပါဝင်ပြီး စားမိသူတွေကို အစာအိမမ်အူလမ်းကြောင်းကို ထိခိုက်စေတတ်ပါတယ်။အစပ်အရသာဟာ လူတွေရဲ့ ခံတွင်းကို နှိုးဆွနိုင်ပေမယ့် အစာကြောင့် ဝမ်းပျက်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ အထူးသဖြင့် စားဖူးနေကြသိပ်မဟုတ်တဲ့ အစပ်ပြင်းတဲ့ အရသာမျိုးဖြစ်ပါတယ်။ ပူစပ်ေသာအရသာဟာ အစာအိမ်နံရံကိုပါ နာစေပါတယ်။ လေပွခြင်း၊ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းတွေအပြင် ဝမ်းပျက်ခြင်းကိုပါ ဖြစ်စေတတ်ပါတယ်။ ငရုတ်သီးမှုန့်တွေ ငရုတ်ဆီတွေဟာ ဖြစ်စေပါတယ်။ခံတွင်းမြိန်စေဖို့ သုံးချင်တယ်ဆိုရင် အပူအစပ် သိပ်မပြင်းတဲ့ ဟင်းခတ်ပစ္စည်းတွေကို သုံးနိုင်ပါတယ်။သဘာဝပစ္စည်းများကနေမဟုတ်ဘဲ ဓာတုဗေဒနည်းနဲ့ ထုတ်လုပ်ထားတဲ့ aspartame၊ saccharine စတဲ့ ဆေးသကြားများဟာ အူလမ်းကြောင်းရဲ့ ဇီဝဖြစ်စဉ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဆေးသကြားတွေဟာ အူလမ်းကြောင်းကို ထိခိုက်စေကြောင်း သိပ်ပြီးသတိမထားမိကြပါဘူး။ဗိုက်သိပ်မကောင်းချိန်မှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းဟာ ဝမ်းပျက်စေနိုင်ပါတယ်။ အထူးသဖြင့် လက်တို့စ်မတည့် (Lactose intolerance) သူများမှာ ပိုဆိုးတတ်ပါတယ်။ လက်တို့စ်ဆိုတာ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ချေဖျက်တဲ့အင်ဇိုင်းဖြစ်ပြီး အဆိုပါအင်ဇိုင်းချို့တဲ့အခါ နို့ထွက်ပစ္စည်းတွေကို ချေဖျက်နိုင်ခြင်း မရှိတော့ပါဘူး။ အဲဒီအခါမှာ ဝမ်းပျက်ခြင်းဖြစ်စေပါတယ်။ယနေ့အခါမှာ နွားနို့အစားထိုး စားသောက်ဖွယ်ရာတွေ ရှိနေပြီဖြစ်ပါတယ်။ လက်တို့စ်မလိုတဲ့ နို့တွေ ဈေးကွက်မှာ ရှိနေပါတယ်။ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ စိတ်အာရုံကို နိုးကြားစေသလို အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း လှုံ့ဆော်မှု ပေးပါတယ်။ တခါတရံမှာ ဝမ်းပျက်ခြင်းထိပါ ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် ဆေးသကြားနဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်ချိန်မှာ ဖြစ်ပါတယ်။ကော်ဖီအတွက် အစားထိုးပစ္စည်းတော့ သီးသန့်မရှိပါဘူး။ ကဖိန်းဓာတ်ကို လျှောပထားတဲ့ ကော်ဖီတွေတော့ ရှိပါတယ်။ ချိုစေချင်ရင်တော့ ရိုးရိုးသကြားကိုပဲ အနည်းငယ်ထည့်သုံးတာ ကောင်းပါတယ်။ နို့အစား နို့အစားထိုး တခြားပစ္စည်းတွေ ထည့်သုံးတာ ပိုကောင်းပါတယ်။ကြက်သွန်အဖြူရော အနီမှာပါ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်ဓာတ်နဲ့တွေ့ရင် လေပွလာစေတတ်ပါတယ်။ အစာခြေရခက်တဲ့ ကာဘိုဟိုက်ဒရိတ်ဒြပ်ပေါင်းတမျိုးလည်း ပါဝင်ပါတယ်။ ဒါကြောင့် အခန့်မသင့်ရင် ဗိုက်အောင့်တတ်ပါတယ်။ကြက်သွန်ဖြူ/နီ အရသာ မပျောက်စေချင်ရင် ကြက်သွန်နီဥသေး ဒါမှမဟုတ် ကြက်သွန်မြိတ်ကို အစားထိုးသုံးစွဲသင့်ပါတယ်။ ကြက်သွန်အုပ်စုကို လုံးဝရှောင်ချင်ရင်တော့ စမုန်နက်၊ တရုတ်နံနံ စတာတွေကို ပြောင်းသုံးသင့်ပါတယ်။ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီမှာ အမျှင်ဓာတ်ကြွယ်ဝပြီးအာဟာရဓာတ်လည်း များစွာပါဝင်ပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ဖြစ်ပေမယ့် တဖက်ကပြန်ကြည့်ရင် အမျှင်ဓာတ်များလွန်းခြင်းဟာ အူလမ်းကြောင်းရဲ့ ချေဖျက်နိုင်မှုကို အပြောင်းအလဲဖြစ်စေပါတယ်။ ပုံမှန်စားနေကြမဟုတ်ဘဲ များများစားမိရင် ဝမ်းချုပ်ခြင်း၊ တခါတရံ ဝမ်းပျက်ခြင်း၊ လေပွခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီကို ရှောင်ကြဉ်ရမယ်လို့ မဆိုလိုပါဘူး။ ပမာဏကို ချင့်ချိန်စားသုံးရုံပါပဲ။အသင့်စားသရေစာတွေမှာ ပြည့်ဝဆီတွေ အများကြီးပါဝင်ပါတယ်။ ၎င်းတို့ကို ကိုယ်ခန္ဓာထဲမှာ အလွယ်တကူ မဖြိုခွဲနိုင်သလို အစာချေရခက်ပါတယ်။ အာဟာရဓာတ်လည်း နည်းပါးပါတယ်။အူလမ်းကြောင်းထဲ မြန်မြန်ရောက်ပြီး မြန်မြန်ပဲ ပြန်ထွက်ပါတယ်။ ဒီလိုသရေစာတွေကို စားချင်စိတ်ရှိရင်တော့ အလွန်အကျွံကြော်ထားတဲ့ စားစရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ဝမ်းပျက်ခြင်းဟာ ရက်ပေါင်းများစွာ ကြာနေရင်၊ အောက်ပါလက္ခဏာတွေလည်း ရှိနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။– ဝမ်းထဲတွင် သွေး၊ ပြည် ပါနေခြင်း။– ဗိုက်အလွန်အောင့်ခြင်း၊ ရစ်နာခြင်း။– ရေဓာတ်ခန်းခြောက်ခြင်း။– မကြာခဏဝမ်းပျက်ခြင်း။မကြာခဏ ဝမ်းပျက်တတ်သူဆိုရင် အစားအစာတွေကို သတိပြုစားသုံးသင့်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေမယ့် အစားအစာတွေ ရှောင်ကြဉ်ရပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/%e1%81%80%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%b1%e1%80%9e%e1%80%b1%e1%80%ac/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/hemorrhoids/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9c%e1%80%bd%e1%80%95%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b7%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%9c%e1%80%8a%e1%80%b9%e1%80%90%e1%80%af%e1%80%ad/
သာကူ စားတာ ကျန်းမာစေသလား.........
ထန်းလျက်အညိုလေး၊ကန်စွန်းဥတို့နဲ့ ကျိုထားတဲ့ သာကူလေးကို အုန်းနို့လေး ဆမ်းပြီး စားလိုက်ရတဲ့ ခပ်ဆိမ့်ဆိမ့် အရသာလေးက ထိထိမိမိ ရှိလှပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ နွားနို့၊ နို့စိမ်း၊ပြောင်းဖူးစေ့ဝါဝါလေးထည့်ပြီး ချိုဆိမ့်လေး ကျိုထားတဲ့သာကူကလည်း အရသာ တစ်မျိုးနဲ့ စားကောင်းပါတယ်။နောက်ထပ် စားနည်း တစ်မျိုးကတော့ သာကူပြင်ပါ။ အုန်းနို့ပြင် တစ်ထပ်၊ သာကူပြင် တစ်ထပ်နဲ့ ဆိမ့်ဆိမ့်မွှေးမွှေး သာကူပြင်ကို အုန်းဆီချက်လေးနဲ့ တွဲဖက်ပြီးကော်ဖီပူလေးတစ်ခွက်နဲ့ စားရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်အောင် ကောင်းလှပါတယ်။ ဒါဆို သာကူက စားကောင်းရုံပဲလားဆိုတော့ မဟုတ်ပါဘူးနော်။ သာကူက အခုလိုလည်းကျန်းမာရေး အကျိုးကျေးဇူးတွေပေးပါတယ်။ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ဟုတ်ပါတယ်။ သာကူစားတာက ကျန်းမာစေနိုင်ပါတယ်။ သာကူ စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။သာကူမှာပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။သွေးစီးဆင်းမှုကောင်းစေတာက နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။သာကူမှာ ဗီတာမင် B6၊ ဖောလိတ်တို့လိုမျိုး ဗိုက်ထဲက ဘေဘီလေး ကြီးထွားဖွံ့ဖြိုးစေဖို့ မရှိမဖြစ် လိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးမယ်ဆိုရင် ဘေဘီလေးကို အကောင်းဆုံး ကြီးထွားစေမှာပါ။ဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။မေမေကဆီးချိုရှိရင်တော့ သာကူက သွေးချိုမြင့်စေနိုင်တာကြောင့် မစားသင့်ပါဘူး။သာကူက ကာဗိုဟိုက်ဒရိတ် ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ပြည့်စေနိုင်ပါတယ်။ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် နည်းနည်းပဲ စားချင်တယ်။ ဒါပေမယ့် ဝိတ်လည်း တက်ချင်တယ်ဆိုတဲ့သူတွေ စဉ်းစားသင့်တဲ့ စားစရာ တစ်ခုပါ။သာကူက အစာကြေစေနိုင်တာကြောင့် လေပွတာ၊ ဝမ်းချုပ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သာကူမှာ အမျှင်ဓာတ် များစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။သာကူမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးတွေကို ကျန်းမာစေပါတယ်။ အရိုးပွတာမျိုး၊ အဆစ်ရောင်တာမျိုး မဖြစ်စေဖို့  ကာကွယ်ပေးနိုင်ပါတယ်။သံဓာတ် ချို့တဲ့လာတဲ့အခါ သွေးအားနည်းလာတတ်ပါတယ်။ သွေးအားနည်းတာက အမျိုးသမီးတွေ နဲ့ ကလေးငယ် များစွာမှာ ခံစားရလေ့ ရှိတဲ့ ကျန်းမာရေး ပြဿနာပါ။သွေးအားနည်းတဲ့အခါ ပင်ပန်းလွယ်တာ၊ အာရုံမစိုက်နိုင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သံဓာတ်နည်းပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ သာကူ စားပေးလို့ ရပါတယ်။ သာကူက သံဓာတ်ပြည့်ဝတဲ့ စားစရာ တစ်ခုပါ။သာကူက စိုးရိမ်ပူပန်တာကို သက်သာစေပြီး အိပ်မပျော်တာကိုလည်း သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းစေပြီး ဦးနှောက်ကို အနားရစေပါတယ်။အ​ကြောင်းကတော့ သာကူမှာ ဦးနှောက်နဲ့ စိတ်ကို အနားရအောင် လုပ်ဆောင်ပေးတဲ့ ဆီရိုတိုနင် ဟော်မုန်း ထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့ tryptophan လို့ ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပါဝင်နေလို့ပါ။ညဘက်လည်း ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။သာကူက ကိုလက်စထရော လုံးဝ မပါဝင်တဲ့ အစားအစာ တစ်မျိုးပါ။ နောက်တစ်ချက်က သာကူမှာ အမျှင်ဓာတ်၊ ဗီတာမင် B တို့ ပါဝင်နေတာကြောင့် နှလုံး ကြွက်သားတွေကို ပြေလျော့စေပြီး နှလုံးကို ကျန်းမာစေပါတယ်။သာကူက ကျန်းမာရေးအတွက် အကျိုးများပေမယ့် ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များသလို glycemic index အလွန် မြင့်တာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်စေနိုင်တဲ့အတွက် ဆီးချိုရှိသူတွေ စားသုံးဖို့တော့ မသင့်တော့ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-sabudana/
မလိုအပ်ဘဲ ဆေးထိုးတာကောင်းလား
အားဆေးအဖြစ်သွင်းတဲ့ အကြောဆေးဆိုတာ။ကျွန်တော်တို့နိုင်ငံက လူနာတော်တော်များများ ဆေးရုံဆေးခန်းသွားတဲ့အခါ…. မကြာမကြာပြောလေ့ရှိတာကတော့…. “ဆရာ.. ကျွန်တော်ခေါင်းမူးလို့ အကြောဆေးသွင်းချင်လို့” “ကျွန်မအားနည်းနေလို့ ဆလိုင်းချိတ်ပေးပါ” “ကျွန်တော်က တစ်လတစ်ခါ အကြောဆေးသွင်းနေကျ… မသွင်းရင် နေမကောင်းဘူး… ခု ဆေးသွင်းဖို့ ရက်ပြည့်နေပြီ ဆိုတော့ လုပ်ပေးပါဦးဆရာ” …. ဒီလိုတွေ ပြောပြီး အကြောဆေးသွင်းပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တောင်းဆိုလေ့ရှိကြပါတယ်…။ဆေးအနီလေးတွေ… အဝါလေးတွေ အကြောထဲဝင်သွားတာ… ပုလင်းကြီးထဲကဆေးရည်တွေ တစက်စက်ကျတာကို မြင်နေ ရရင်ပဲ သဘောကျကြသူအများသား။ ကိုယ်လက်ကိုက်ခဲရင် အကြောဆေးထိုး… ခေါင်းမူးခေါင်းကိုက်ရင် အကြောဆေးထိုး ကြ… အိပ်ရေးပျက်ရင်လည်း အကြောဆေးထိုးကြတယ်။ ထိုးပေးဖို့လည်း တောင်းဆိုကြတယ်။ အကြောဆေးမထိုးရင်ဘဲ ရောဂါမပျောက်သလို ထင်ကြတာလဲရှိ…အကြောဆေးထိုးတာကို စွဲနေသူတွေတောင်ရှိကြပါတယ်..။တကယ်တော့ အကြောဆေးထဲမှာ ဂလူးကို့စ်အရည်နဲ့ ဗီတာမင် ဘီ ဒါမှမဟုတ် ဗီတာမင်စီနည်းနည်းပဲပါတာပါ..။ ပုလင်း ကြီးချိတ်တယ်ဆိုတဲ့ drip ပုလင်းထဲမှာဆိုရင်တော့…. ဆေလိုင်းလို့ခေါ်တဲ့ ဆားငန်ရည်…. ဒါမှမဟုတ် ဆားနဲ့အချိုရော ထားတဲ့ အရည်…. ဒါမှမဟုတ် အချိုရည်ပဲပါတာပါ။ ဒီလိုဆေးသွင်းလိုက် ချိတ်လိုက်ရုံနဲ့ အားတွေရှိသွားရောလားဆိုတော့ မဟုတ်ပါဘူး။ ခုဏကပြောသလို အချိုရည် ဒါမှမဟုတ် ဆားငန်ရည်နဲ့ ဗီတာမင်နည်းနည်းပဲပါတဲ့အတွက် ပါ။ ပိုတဲ့ဆားငန်ရည် ဒါမှမဟုတ် အချိုရည်တွေကို သိပ်မကြာခင်မှာပဲ ….. ဆီးလမ်းကြောင်းကနေ ဆီးအဖြစ် စွန့်ထုတ်ရင်း ကုန်သွားမှာပါ။အဲဒီအစား အားဆေးသောက်ဆေးတစ်နေ့တစ်လုံးပုံမှန်သောက်တာ၊ သင့်တင့်ပြီးအာဟာရဖြစ်တဲ့အစားအသောက်တွေစားတာက ပိုအကျိုးများစေမှာပါ။ဘယ်လိုအချိန်တွေမှာ အကြောဆေးထိုးသင့်တာလဲ။အကြောဆေးဟာ လုံး၀ မဖြစ်မနေ မထိုးသင့်တာမျိုးတော့ မဟုတ်ပါဘူး။ သွေးတွင်းအချိုဓါတ်ကျတာ၊ ဝမ်းလျှောဝမ်းပျက်တာ ဒါမှမဟုတ် အန်တာများတဲ့အခါ ရေဓါတ်ခမ်းခြောက်မှူဖြစ်တဲ့အခါ၊ မီးလောင်ခံရတာမျိုးမှာ၊ ပါးစပ်ကနေဘယ်လိုမှ စားမရနိုင်တဲ့ရောဂါအခြေအနေမျိုး ဥပမာ ပါအာသီးဆိုးဆိုးဝါးဝါးယောင်ပြီးပြည်တည်နေတာမျိုး၊ အစာရေမျိုကင်ဆာမျိုး နဲ့ တချို့သောအခြေအနေတွေမှာ အကြောဆေး ကို မဖြစ်မနေသွင်းရပါတယ်။ဒီလိုမှမဟုတ်ဘဲ ပုံမှန်အစားအသောက်နေ့စဉ်စားနိုင်နေတဲ့သူမျိုးအတွက်ကတော့ အကြောဆေးဟာ တကယ်ကို မလိုအပ်ပါဘူး။ အသားနာတာရယ်၊ ပိုက်ဆံကုန်တာရယ်၊ အချိန်ကုန်တာရယ်ပဲ ရှိပြီး ဆီးအဖြစ်နဲ့ ပြန်ထွက်သွားမှာပဲ ဖြစ်ပါတယ်။တချို့က ခေါင်းမူးခေါင်းကိုက်တယ်ဆိုပြီး အကြောဆေးထိုးကြပါတယ်..။ တကယ်တမ်း ခေါင်းမူးခေါင်းကိုက်တယ်ဆိုရင်ဘာကြောင့်ခေါင်းမူးခေါင်းကိုက်ရသလဲဆိုတဲ့ အကြောင်းအရင်းကို ရှာရမှာပါ။ သွေးပေါင်ချိန်တက်နေသလား၊ ကျနေသလား၊ သွေးတွင်းအချိုဓါတ်ပုံမှန်ရှိရဲ့လား၊ မျက်စိရောဂါကြောင့်လား၊ မိုင်ဂရိန်းလိုခေါင်းတခြမ်းကိုက်ရောဂါလား၊ စိတ်ဖိစီးမှူတွေများလို့ဖြစ်တဲ့ tension headacheလား၊ ဦးခေါင်းထဲမှာ အကြိတ် ဒါမှမဟုတ် သွေးခဲရှိနေနိုင်သလား၊ နားရောဂါကြောင့်လား၊ အာရုံကြောကြောင့်လား၊ သွေးအားနည်းသလား …. စသဖြင့် အကြောင်းအရင်းကိုရှာပြီးမှ ကုရတာပါ။ ရောဂါအလိုက် သီးခြားကုသမှူတွေရှိပါတယ်…။ ဘာဖြစ်ဖြစ် အကြောဆေးထိုးလိုက်မယ်ဆိုတာက အဖြေမဟုတ်ပါဘူး။တခါတရံမှာ ပိုဆိုးသွားတဲ့အခြေအနေမျိုးတောင် ကြုံရနိုင်ပါတယ်။ ဥပမာ heart failure လို့ခေါ်တဲ့ နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့လူနာမျိုးမှာ ၊ အဆုတ်မကောင်းတဲ့လူနာမျိုးနဲ့ကျောက်ကပ်ရောဂါရှိသူတွေမှာ ပုလင်းကြီးကို ခပ်မြန်မြန်ချိတ်မိတဲ့အခါ အသက်အန္တရာယ်တောင်မှ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာဆိုရင်လည်းပိုလို့တောင် သတိထားသင့်ပါတယ်။တချို့လူနာေတွေကျတော့လည်း… ဒီလို အကြောဆေးသွင်းတာ၊ ထိုးတာဟာ ဘာမှထူးပြီးအကျိုးမရှိတဲ့အကြောင်း သေချာဂဃနဏရှင်းပြရင်တောင် သိပ်လက်မခံချင်ကြတာမျိုးရှိပါတယ်။ တကယ်ကတော့ ခဏနေရင် ဆီးထဲကနေအကုန်ပါသွားမှာသေချာနေတဲ့ အကြောဆေး သွင်းတာ ချိတ်တာဟာ မလိုအပ်ကြောင်း အားလုံးသိနားလည်လိုက်နာသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%99%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%95%e1%80%b9%e1%80%98%e1%80%b2-%e1%80%b1%e1%80%86%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%ac%e1%80%b1%e1%80%80%e1%80%ac%e1%80%84/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-chromolaena-odorata/
null
null
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/myths-about-mans-hair/
null
null
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/why-some-men-can-grow-a-mustache-beard-and-others-cant/
null
null
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/facial-hair-and-mens-health/
စိုးရိမ်ပူပန်ခြင်းနောက်ကွယ်က ကပ်ပါလာတဲ့ ဒေါသသံစဉ်
ခံစားချက်တွေဆိုတာ လူတစ်ဦးတစ်ယောက်စီကနေ နောက်တစ်ယောက်ကို ဆင့်ပွားကူးပြောင်းဖို့ အရမ်းလွယ်တဲ့အရာပါ။ ပျော်ရွှင်နေတဲ့ သူတစ်ယောက်ကို ကြည့်လိုက်တဲ့အခါ ကိုယ့်စိတ်ထဲမှာပါ ပျော်ရွှင်တဲ့ခံစားချက် ဖြစ်လာတာမျိုး၊ လူနှစ်ယောက် မေတ္တာစစ်နဲ့ ချစ်တာကို မြင်ရတဲ့အခါမှာ မြင်ကြည့်နေရတဲ့သူပါ ရင်ထဲကြည်နူးပီတိ ဖြစ်မိတာမျိုးလိုပါပဲ။ မကောင်းတဲ့ စိတ်ခံစားချက်တွေဟာလည်း တစ်ယောက်ကို တစ်ယောက် ကူးပြောင်းတတ်သလို နဂိုရှိနေတဲ့ ခံစားချက်ကနေ နောက်ထပ် ခံစားချက်တစ်ခုကိုပါ အသွင်ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။စိုးရိမ်ပူပန်ခြင်းဆိုတာ ကိုယ့်ရဲ့သိစိတ်ကို အရာတစ်ခုခုက ခြိမ်းခြောက်နေခြင်းကြောင့် ဖြစ်လာတဲ့ ပူလောင်ခြင်း၊စိုးရိမ်မှုခံစားချက်ပါ။ဒေါသဆိုတာလည်း ဒီအရာကို သိစိတ်နဲ့ မသိစိတ်က တုံ့ပြန်လိုက်တဲ့ မကောင်းတဲ့ ခံစားချက်တစ်မျိုးပါ။ အဓိက မကောင်းတဲ့ခံစားချက်တွေ ဖြစ်နေချိန်မှာစိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစော်ဟော်မုန်း (Cortisol) တွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေဟာ ကျွန်တော်တို့ရဲ့ဦးနှောက်အာရုံကြောစနစ်ကို ကမောက်ကမဖြစ်စေပြီး စိုးရိမ်ပူပန်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်း၊စွဲလမ်းစိတ်စတဲ့ မကောင်းတဲ့ခံစားချက်တွေကို ပွားများလာစေဖို့ လောင်စာဖြစ်စေပါတယ်။စိုးရိမ်ပူပန်လွန်ကဲတဲ့သူတစ်ယောက်ဟာ နောက်ဆက်တွဲအနေနဲ့ ဒေါသကပ်ပါလာတာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ လူတစ်ယောက် စိုးရိမ်ပူပန်လွန်ကဲခြင်းကို ဖြစ်စေဖို့ အကြောင်းအရာ တစ်ခုခုအပေါ်ဦးနှောက်နဲ့ မသိစိတ်က အလိုအလျောက် တုံ့ပြန်တတ်တဲ့ အပြုအမူဆိုလည်း မမှားပါဘူး။ လူတွေ စိုးရိမ်ပူပန်နေတဲ့အခါ မကောင်းတဲ့ ဟော်မုန်းတွေ အဆက်မပြတ် ထုတ်လွှတ်နေတဲ့အပြင် ခံစားသိရှိနေတဲ့စိတ်ဟာ တင်းကြပ်နေပြီးစိတ်ဖိစီးနေတတ်တယ်။ ဒီလို တင်းကျပ်မှုကို ဖြေလျှော့ပေးဖို့အတွက် ဒေါသအဖြစ်နဲ့ အပြင်ကို လွှတ်ထုတ်ပေးလိုက်တာဆိုလည်း မမှားပါဘူး။နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ မကောင်းတဲ့ ခံစားချက်မျိုး ဝင်နေချိန်မှာ လူတစ်ယောက်ရဲ့ သိစိတ်က အထိန်းအကွပ်မဲ့နေတဲ့ အခြေအနေမှာ ရောက်နေပါပြီ။ အထူးသဖြင့် အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်လွန်လာတဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီးစိတ်အာရုံစုစည်းမရ၊ ဘာကိုမှ တွေးမရတော့ဘဲ ခေါင်းတွေ မူးလာသလို တစ်ချိန်တည်းမှာပဲဒေါသအနေနဲ့ ပတ်ပတ်လည်ကို တုံ့ပြန်မိလိုက်တတ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်စိုးရိမ်ပူပန်ခြင်းဟာ စိတ်အတွင်းမှာ ဖြစ်တဲ့ မကောင်းတဲ့ခံစားချက် ပုံစံမျိုးဖြစ်ပြီး ဒေါသဆိုတာ ဒီခံစားချက်ကို အမူအရာအဖြစ်နဲ့ အသွင်ပြောင်းလဲလိုက်တာလို့ ဆိုနိုင်ပါတယ်။မကောင်းတဲ့ ခံစားချက်တော်တော်များများ ဝင်လာတဲ့အခါ စိတ်နဲ့ ခန္ဓာမှာ ပြောင်းလဲလာတဲ့ ပုံစံက အတူတူနီးပါး ထပ်တူကျတာကို တွေ့ရပါတယ်။ ဒီလက္ခဏာတွေထဲမှာ။•နှလုံးခုန်မြန်လာခြင်း။• ရင်ဘတ်ထဲမှာ မွန်းကျပ်လာခြင်း။• ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ကြွက်သားများ တင်းလာခြင်း။• သွေးစီးဆင်းမှုမြန်လာသလို အပူလှိုင်းများ ပိုဖြတ်လာသလို ခံစားရခြင်း။•ဗိုက်အောင့်ဗိုက်နာလာခြင်း။• ပြင်းထန်စွာခေါင်းကိုက်ခြင်းစတာတွေ ဖြစ်လာနိုင်ပါတယ်။များသောအားဖြင့် ဒီလက္ခဏာတွေဟာ ဒေါသ၊ စိုးရိမ်ပူပန်နေတာ အနည်းငယ် သက်သာသွားပြီဆိုတာနဲ့ ပြေလျော့သွားနိုင်ပါတယ်။လူမှန်ရင်တော့ ဘယ်သူမှ အချိန်ပြည့် စိတ်ချမ်းသာ ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။ လောကဓံ အခက်အခဲတွေကို ရင်ဆိုင်ရတာချင်းအတူတူ စိုးရိမ်၊ ဒေါသ ဖြစ်ရတဲ့အချိန်တွေဆိုတာလည်း ရှိနိုင်ပါတယ်။ ဒါက လောကရဲ့ ဓမ္မတာပါ။ တစ်ခါတလေ ဖြစ်တဲ့ ပြဿနာဆိုရင်တော့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ကောင်းသော ပုံစံဖြင့် ပြောင်းလဲလိုက်လို့ ရပါတယ်။ အမြဲတမ်းလိုလို မကောင်းတဲ့ခံစားချက်မျိုး ကြုံတွေ့ခံစားနေရတာဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်နဲ့ သေချာပြသပြီး စိတ်ကုထုံးဖြင့် ကုသမှုခံယူတာမျိုး လုပ်ကြည့်သင့်ပါတယ်။စိုးရိမ်ပူပန်တာ၊ ဒေါသဖြစ်နေတာမှ မဟုတ်ပါဘူး။ ရံဖန်ရံခါ ဖြစ်တတ်တဲ့ မကောင်းတဲ့ခံစားချက်တွေ ဝင်လာချိန်မှာ။၁။ အရင်ဆုံးအိပ်ပျော်သွားအောင် အိပ်လိုက်ပါ။ မအိပ်ချင်ဘူးဆိုရင်လည်း မျက်လုံးကို မှိတ်ပြီး ကိုယ့်စိတ်ကို အနားပေးကြည့်ပါ။၂။ ၁ ကနေ ၁၀၀ အထိ နံပါတ်စဉ်ကို ဖြည်းဖြည်းချင်း စိတ်ထဲမှာ ရွတ်လို့ရသလိုအသက်ရှူလေ့ကျင့်ခန်းကိုလည်း လုပ်ပေးလို့ ရပါတယ်။၃။ ဒေါသဖြစ်စရာ၊ စိုးရိမ်စရာ အကြောင်းအရာတစ်ခုခုကို ခေါင်းထဲက ထုတ်မရဘူးဆိုရင် အလုပ်တစ်ခုခု ပြောင်းလုပ်ပါ။ ဘာမဆို လုပ်လို့ ရပါတယ်။၄။ အစာတစ်ခုခု ထစားလိုက်ပါ။ ရေဝအောင် သောက်လိုက်ပါ။ အစာစားခြင်းဟာ ကိုယ့်ရဲ့ စိတ်ကို အပြောင်းအလဲဖြစ်စေရုံသာမက ဒေါသထွက်နေတဲ့စိတ်ကို အနည်းငယ် ပြေလျော့စေနိုင်ပါတယ်။၅။ ကိုယ့်ရဲ့ လောင်နေတဲ့စိတ်ကလေး ငြိမ်းသွားပြီဆိုရင် ပြဿနာကို ခေါင်းအေးအေး ထားပြီး စဉ်းစားပါ။ အဖြေတစ်ခုရအောင် စဉ်းစားပါ။ လူတွေနဲ့ ညှိနှိုင်းပါ။ဒီနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ တဒင်္ဂ လောင်နေတဲ့စိတ်ကလေးကို ထိန်းချုပ်ကြည့်လို့ ရပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-anxiety-causes-anger/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/%e1%80%a1%e1%80%99%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%91%e1%80%b2%e1%80%99%e1%80%be%e1%80%ac-%e1%80%94%e1%80%b1%e1%80%9b%e1%80%84%e1%80%ba%e1%80%b8-%e1%80%85%e1%80%ad%e1%80%af%e1%80%b8/
null
null
cancer
cancer
https://hellosayarwon.com/cancer/other-cancers/rectal-polyps-%e1%80%a1%e1%80%85%e1%80%ac%e1%80%9f%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af/
လမ်းမှာ ရင်ဘတ်အောင့်တဲ့ သူတစ်ယောက်တွေ့ပြီဆို ဘယ်လို အရေးပေါ်ကူညီပေးမလဲ။ ။
လူတိုင်းသိကြမှာပါ။ ရင်ဘတ်အောင့်တယ်ဆိုတာ ပေါ့ဆလို့မရတဲ့ ဝေဒနာတစ်ခုဆိုတာ။ တစ်ချို့ရင်ဘတ်အောင့်တာတွေက သာမန်ရိုးရိုးသာဖြစ်ပေမယ့် တစ်ချို့ကျတော့ အသက်သေဆုံးတဲ့ အထိပြင်းထန်တတ်တာမျိုးပါ။ ဆုံးဖြတ်ချက်လေးမှားသွားတာနဲ့ အပိုအလုပ်ရှုပ်တာတွေ ဖြစ်သွားတတ်သလို အခြားတစ်ဘက်က ပြန်ကြည့်ရင်လည်း မဖြစ်သင့်ဘဲ အသက်သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆွေမျိုးတွေထဲကပဲဖြစ်ဖြစ်၊ ရင်ဘတ်အောင့်နေတဲ့ သူစိမ်းတစ်ယောက်ကို အပြင်မှာတွေ့ရင်ဘဲဖြစ်ဖြစ် လုပ်သင့်တဲ့ အရေးပေါ်ပြုစုနည်းတွေ အကြောင်း ဝေမျှချင်ပါတယ်။ နည်းလမ်းမှန်မှန်သိထားတော့ ဆုံးဖြတ်ချက်တွေလည်း မှန်ပြီး အပိုအလုပ်ရှုပ်တာတွေ၊ အသက်သေဆုံးတာတွေမဖြစ်တော့ဘူးပေါ့။ ။ရင်ဘတ်အောင့်တတ်ကြတဲ့ သူတွေထဲမှာမှ ဘယ်လိုလူတွေနဲ့ ဘယ်လိုရင်ဘတ်အောင့်တာမျိုးက အရေးပေါ်ကုသမှု ခံယူဖို့ ပိုပြီးလိုအပ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်။ရင်ဘတ်အောင့်ရင် အရေးပေါ်ကုသမှု မြန်မြန်ခံယူသင့်တဲ့သူတွေကတော့။ခု ပြောထားတဲ့အချက်တွေကို ဖတ်ပြီးရင် ဆရာဝန်တွေလောက်တော့ မသိပေမယ့် သာမန်လူတစ်ယောက်အနေနဲ့တော့ ဘယ်လိုရင်ဘတ်အောင့်တာမျိုးက စိုးရိမ်ရလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ဘယ်လိုရင်ဘတ်အောင့်တာတွေက စိုးရိမ်ဖို့လိုလဲဆိုတာ သိပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ ရင်ဘတ်အောင့်ပြီးလဲကျနေတဲ့သူကို ဘယ်လိုကူညီရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ရင်ဘတ်အောင့်နေတဲ့သူတစ်ယောက် လမ်းမှာလဲကျနေရင် ဆရာဝန်မှ ကူညီလို့ရတာမဟုတ်ပါဘူး။ သာမန်လူတွေလည်း ခုပြောပြပေးတဲ့ အကြောင်းလေးကို ဖတ်ထားရင် ကူညီပေးလို့ရပါတယ်။ ဘယ်လိုကူညီပေးလို့ရလဲဆိုတာ ဆက်ကြည့်ရအောင်။ ။ရင်ဘတ်အောင့်ပြီးလဲကျသွားတဲ့သူတစ်ယောက်ကို လမ်းမှာတွေ့ပြီဆို သင်ဘာလုပ်မလဲ။ ။လူနာသတိရှိမရှိ အရင်ဆုံး စစ်ဆေးပါ။ဒါတွေကတော့ လမ်းမှာရင်ဘတ်အောင့်လဲကျနေတဲ့ လူတစ်ယောက်တွေ့ရင် ဘယ်လိုကူညီပေးလို့ ရလဲဆိုတာ ပြောပြပေးထားတွေဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အသက်က ကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတာကြောင့် ဆုံးဖြတ်ချက်မမှားဖို့ အရေးကြီးပါတယ်။ ရင်ဘတ်အောင့် လဲကျသွားတဲ့သူတိုင်းကို ဆရာဝန်ဖြစ်မှသာ ကူညီပေးလို့ ရတာမဟုတ်ပါဘူး။ သာမန်လူတစ်ယောက်ကလည်းကူညီပေးလို့ရတယ်ဆိုတာ ပြောပြရင်း လူတစ်ယောက်ရဲ့ အသက်ကို တွေဝေမနေပဲ ကယ်တင်လိုက်ကြပါစို့။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/e-m-chest-p/
ကိုယ်ဝန်ဆောင်နှင့်အလုပ်အကိုင် - ဆောင်ရန်၊ ရှောင်ရန်များ
အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေရခြင်းဟာ အလုပ်မှာစိန်ခေါ်မှုအမျိုးမျိုးနဲ့ တွေ့ကြုံရစေတတ်တယ်။ ဒါတွေကတော့ အလုပ်လုပ်နေရတဲ့ မေမေတွေသိရှိဖို့ ဆောင်ရန်၊ ရှောင်ရန် တွေပါ။ပျို့အန်ခြင်းတွေဟာ တစ်နေ့တာလုံးမှာ အချိန်မရွေးဖြစ်နိုင်ပါတယ်။ အလုပ်မှာ နေရထိုင်ရသက်သာစေရန် သင့်ကို ပျို့အန်လိုစိတ်ဖြစ်စေတာတွေကို ရှောင်ရှားပြီး နှစ်သက်တဲ့မုန့်အချို့ကို ဆောင်ထားသင့်ပါတယ်။ ဂျင်းလက်ဖက်ရည်ဟာလည်း ကယ်တင်ရှင်တစ်ခုဖြစ်နိုင်ပါတယ်။ပင်ပန်းနွမ်းနယ်ခြင်းဟာ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စားသောက်မှုပုံစံကို ပြင်ဆင်လိုက်ပါက အကူအညီဖြစ်နိုင်ပါတယ်။ အနီရောင်အသား၊ ဥ၊ အိမ်ကြက်၊ ပင်လယ်စာ၊ အစိမ်းရောင်အရွက်များ၊ ပဲအမျိုးမျိုးတို့ကို စားသုံးပါ။အလုပ်ချိန်မှာ ခဏမှေးဖို့က ခက်ခဲမှာပါ။ ဒါပေမယ့် ခဏတဖြုတ်လောက်တော့ လမ်းနည်းနည်းလျှောက်ခြင်း၊ လှုပ်ရှားခြင်းပြုနိုင်မှာပါ။ ဒါဟာလည်း သင့်ကိုပြန်လန်းဆန်းစေပါလိမ့်မယ်။ရေများများသောက်ဖို့ကလည်း အရေးကြီးပါတယ်။ အနားမှာ ရေပုလင်းအမြဲထားပြီး တစ်နေကုန်သောက်နေပါ။တစ်နေကုန် အလုပ်တွေလုပ်အပြီးမှာ အိမ်အလုပ်တွေလုပ်ဖို့ ရှိနေတာကလည်း စိတ်ညစ်စရာပါ၊ ဈေးဝယ်တာကို အွန်လိုင်းကလုပ်တာမျိုး၊ အိမ်သန့်ရှင်းရေးအတွက် အကူတစ်ယောက်ယောက် ငှားတာမျိုး စဉ်းစားကြည့်သင့်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ စောစောအိပ်ရာဝင်ခြင်းတို့ဟာလည်း သင့်ကိုအားပြန်ပြည့်စေမှာပါ။ အိပ်တဲ့အခါမှာ ဘယ်ဖက်ကို စောင်းအိပ်ကြည့်ပါ၊ ဒါဟာကလေးဆီကို သွေးပိုရောက်စေပြီး၊ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ သက်တောင့်သက်သာမရှိပါက ခြေထောက်နှစ်ချောင်းကြားကို ခေါင်းအုံးညှပ်ကာ သင့်ဗိုက်အောက်ကိုလည်း ခေါင်းအုံးခံအိပ်ပါ။ ဒါက စောင်းအိပ်ခြင်းကို ပိုသက်တောင့်သက်သာဖြစ်စေမှာပါ။တစ်နေ့တာ သင်လုပ်ရမှာတွေကို စာရင်းလုပ်ပြီး ဦးစားပေးလုပ်ရမှာတွေကို ကြည့်ပါ။ တချို့အလုပ်တွေကို မလုပ်တာမျိုး ဒါမှမဟုတ် တခြားလူကိုခိုင်းတာမျိုး လုပ်လို့ရမလား စဉ်းစားပါ။ မိသားစုဝင်တစ်ဦးဦး ဒါမှမဟုတ် ယုံကြည်ရသော သူငယ်ချင်းတစ်ယောက်ကို သင်စိတ်ပူနေရတာတွေကိုပြောပြပါ။ ကိုယ်ဝန်သည် ယောဂကျင့်စဉ်အချို့ကိုလည်း စမ်းကြည့်နိုင်ပါတယ်။ ဒါပေမယ့်ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှလုပ်ပါ။တချို့အလုပ်တွေက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘေးမကင်းပါဘူး ဥပမာ-။• အဆိပ်ရှိ ဓါတုပစ္စည်းများနှင့် ထိတွေ့ကိုင်တွယ်ရခြင်း။• အချိန်ကြာ မတ်တပ်ရပ်ရခြင်း။• အလွန်အမင်း ဆူညံသောနေရာဖြစ်ခြင်း။• အလေးအပင် ‘မ’ ရခြင်း၊ လှေကားများ တက်ရခြင်း။• စက်ယန ္တရားကြီးများကဲ့သို့ တုန်ခါမှုများသော နေရာတွင် အလုပ်လုပ်ရခြင်း။• အပူအအေးလွန်ကဲသော နေရာများတွင်လုပ်ရခြင်း။တကယ်လို့ လုပ်ရတဲ့အခြေအနေက အဆင်မပြေရင် ဆရာဝန်နှင့်တိုင်ပင်ပါ။ အထူးကြိုတင်ကာကွယ်မှုတွေလိုသလား အလုပ်တာဝန်ပြောင်းလဲဖို့လိုသလားဆိုတာကို အတူတူတိုင်ပင်နိုင်ပါတယ်။ တကယ်လို့ အလုပ်လုပ်ရတဲ့အခြေအနေက ပြောင်းလဲလို့မရနိုင်တဲ့ အခြေအနေဆိုရင် သင့်ရင်သွေးလေးအတွက် အလုပ်ထွက်ဖို့ စဉ်းစားသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9c%e1%80%af%e1%80%95/
သင်္ဘောသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ
သင်္ဘောသီးဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးအနှံဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ရောင်ရမ်းမှုကို ကျဆင်းစေခြင်း၊ ရောဂါများကို နှိမ်နင်းနိုင်ခြင်း၊ အရွယ်တင်နုပျိုနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင်္ဘောသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။သင်္ဘောသီး ဟာ အနံ့အရသာနဲ့ပြည့်စုံတဲ့အပြင် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ သင်္ဘောသီး ၁၅၂ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့။ဒီအာဟာရဓာတ်များအပြင် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B1 B3 B5၊ ဗီတာမင် E၊ ဗီတာမင် K စတာတွေလည်း သင့်တင့်မျှတစွာ ပါဝင်ပါတယ်။ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုတွေကြောင့် ဖရီးရယ်ဒီကယ်လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေ ထွက်ပေါ်ပါတယ်။ အဆိုပါပစ္စည်းများဟာ လူ့ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ပျက်စီးစေပြီး ရောဂါဘယထူပြောစေပါတယ်။ကရိုတီးနွိုက်အပါအဝင် သင်္ဘောသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပါတယ်။ သက်ကြီးပိုင်းတွေ၊ ဆီးချိုဖြစ်နိုင်ခြေများသူတွေ၊ သိုင်းရွိုက် အလုပ်လုပ်တာ အားနည်းသူတွေမှာ တွေ့ရတတ်တဲ့ ဓာတ်တိုးပျက်စီးခြင်းတွေကို သက်သာစေပါတယ်။သုတေသနများအရ သင်္ဘောသီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်က ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ကင်ဆာရောဂါကုသမှု ခံယူနေရသူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ ကင်ဆာဖြစ်ဖို့အားပေးတဲ့ ဖရီးရယ်ဒီကယ်တွေကို လျော့ကျစေပါတယ်။ ရင်သားကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီအချက်ကို ခိုင်မာစေဖို့ သုတေသနတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။သုတေသနအချို့အရ သင်္ဘောသီးမှာပါဝင်တဲ့ လိုင်ကိုပင်းနဲ့ ဗီတာမင် C ဟာ နှလုံးရောဂါကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများစုဟာ နှလုံးကို အထောက်အကူပြုတဲ့အပြင် HDL ကိုလက်စထရောရဲ့ အာနိသင်ကိုလည်း ပိုမိုတိုးတက်စေပါတယ်။သင်္ဘောသီးမှာပါဝင်တဲ့ papain အင်ဇိုင်းဟာ ပရိုတိန်းကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ သင်္ဘောသီးကို ဝမ်းမှန်စေဖို့၊ဝမ်းချုပ်ခြင်းက ကာကွယ်ဖို့ စားသုံးကြပါတယ်။ လေပွလေထခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။သင်္ဘောသီးစားခြင်းဟာ အသားအရေကို တင်းရင်းစေပြိး အရွယ်တင်နုပျိုစေပါတယ်။ အသားအရေ ပျော့တွဲခြင်းကနေ ကာကွယ်နိုင်ပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။သင်္ဘောသီးမှာ ပါဝင်တဲ့ papain အင်ဇိုင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် မသင့်တော်ပါဘူး။ သားအိမ်ကျုံ့ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ကလေးပျက်ကျတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါက သင်္ဘောသီးအစိမ်း စားသုံးခြင်းကြောင့်သာ ဖြစ်နိုင်ပါတယ်။ သင်္ဘောသီးအမှည့်မှာ ဒီအင်ဇိုင်းပါဝင်မှုနည်းသွားပြီး တခြားအာဟာရဓာတ်တွေ ပိုမိုကြွယ်ဝလာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက သင်္ဘောသီးအစိမ်းကို ရှောင်ပြီး အမှည့်ကို စားပေးနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/proven-papaya-benefits/
ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား
ပန်းသေပန်းညှိုးတာက အမျိုးသားတွေမှာ အသက်ရလာချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ အမျိုးသားတော်တော်များများမှာ ခံစားရနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ အမျိုးသားတိုင်း အသက်ရလာချိန်မှာ ပန်းသေပန်းညှိုးတာကို မဖြစ်မနေ ခံစားရမယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုဆို မေးစရာရှိနိုင်တာက ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား လို့ပေါ့။ အဖြေလေးကိုတော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားလို့ အပြီးထိ ဖတ်ကြည့်လိုက်တော့နော်။ပန်းသေပန်းညှိုးခြင်း ဆိုတာက အမျိုးသားတွေအနေနဲ့ လိင်မှုကိစ္စ လုပ်ဆောင်ရာမှာ ဆန္ဒပြီးမြောက်စေဖို့အတွက် လိုအပ်တဲ့ လိင်တံထောင်မတ်မှုကို မလုပ်ဆောင်နိုင်တဲ့ အခြေအနေပါ။ အသက်အရွယ်ရလာချိန်မှာ ကိုယ်တွင်းကတက်စထရိုစတုန်း ဟော်မုန်းတွေ ကျဆင်းလာတာကြောင့်လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်လာတာပါ။ တချို့အမျိုးသားတွေမှာကျ အသက်လည်း မကြီးသေးဘဲနဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ငယ်ငယ်လေးနဲ့ ပန်းသေပန်းညှိုးရောဂါ ခံစားရတာတွေ ရှိပါတယ်။ ဒီအခြေအနေ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်လို့ရမလား ဆိုတော့ ဖြစ်နိုင်ခြေကို လျှော့ချလို့ရပါတယ်။ ဘယ်လို လျှော့ချရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ဆေးလိပ်သောက်တာက နှလုံးကို ထိခိုက်တာ၊ သွေးကြောတွေကို ထိခိုက်တာတွေ ဖြစ်စေပြီး ပန်းသေပန်းညှိုးဖြစ်စေဖို့ အားပေးနေပါတယ်။ အရင်ကတည်းက နှလုံး ကျန်းမာရေး မကောင်းဘူး။ သွေးကြောတွေရဲ့ ကျန်းမာရေးကလည်း သိပ်မကောင်းဘူးဆိုရင် သတိထားရမှာပါ။ ဒီအခြေအနေမှာ ဆေးလိပ်ပါ သောက်ဦးမယ်ဆိုရင်တော့ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေက အတော်လေး များသွားမှာပါ။ ဒါကြောင့် ကာကွယ်ချင်တယ်ဆိုရင်ဆေးလိပ်ဖြတ်ပါ။ပန်းသေပန်းညှိုးတာမျိုး မဖြစ်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ နှံစားသီးနှံတွေ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ အဆီနည်းတဲ့ အသားတွေ စားပေးပါ။ အဆီများတာတွေ၊ ပြည့်ဝဆီနဲ့ ဆိုဒီယမ်ပါဝင်မှု များတဲ့ အငန်ကဲတဲ့ စားစရာတွေက ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးသလို သွေးမတိုးစေဖို့ရော ဆီးချို မဖြစ်စေဖို့ပါ ကာကွယ်ပေးတာကြောင့် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။အရက်တွေအရမ်းသောက်တာက ပန်းသေပန်းညှိုးဖြစ်စေဖို့ အားပေးနေတာပါပဲ။ ဒါကြောင့် ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ အရက်ဖြတ်ပါလို့ အကြံပြုချင်ပါတယ်။ကိုယ်အလေးချိန် များတာက အဝလွန်တာ၊ သွေးတိုး၊ ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်စေဖို့ အားပေးနေသလို သွေးကြောလေးတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတွေက ပန်းသေပန်းညှိုးဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို သင့်တင့်တဲ့ အနေအထားမှာ ရှိအောင် ထိန်းထားပေးပါ။ ဒီလို လုပ်ပေးတာက ပန်းသေပန်းညှိုးကိုတင် မဟုတ်ဘဲ အချို့သော နာတာရှည် ရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်စေမှာပါ။တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် တစ်နေ့ကို ၁၅ မိနစ်လောက်တော့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/how-to-prevent-erectile-dysfunction/
အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ
ရာသီဥတုက ပူလာပြီနော်။ ခုနောက်ပိုင်း ရာသီဥတုက အပူဓာတ်ပဲ လွန်ကဲလာတာဆိုတော့ နွေရာသီ အတိုင်းကို ပူပြင်းလို့ နေပြီလေ။ အပူရှိန် ပြင်းပြင်းနဲ့ တောက်လောင်နေတဲ့ရာသီဥတုကအသက်အရွယ် မရွေးကို အပူလျှပ် စေနိုင်တဲ့ အန္တရာယ် ရှိစေနိုင်ပါတယ်။ အပူလျှပ်တာက အရေးမကြီးဘူးလို့ မထင်ပါနဲ့။ အရေးပေါ် အသက်ကယ်ဆယ်မှုတွေ မပြုလုပ်နိုင်ဘူး ဆိုရင် အသက် ဆုံးရှုံးသွားနိုင်တဲ့ အထိ ပြင်းထန်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လို ပြုစုကုသရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။အပူလျှပ်ပြီဆိုရင်။၁။ခန္ဓာကိုယ်ရဲ့ အပူချိန်က ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် မြင့်မားနေမယ်။၂။ နှလုံးခုန်နှုန်း အရမ်း မြန်နေမယ်။၃။ ချွေး မထွက်တော့ဘဲ ခြောက်သွေ့နေမယ်။၄။သတိလစ်နေမယ်ဒါမှမဟုတ် သတိ မကောင်းဘဲ ကြောင်တောင်တောင် ဖြစ်နေမယ်။၅။ တက်မယ်။၆။ အရေပြားတွေက နီရဲ ခြောက်သွေ့ပြီး ပူနေမယ်။အဲဒီလို လက္ခဏာတွေ ရှိနေပြီဆိုရင်အပူဒဏ်ကြောင့်အပူလျှပ်တာ ဖြစ်နိုင်ပါတယ်။အရေးပေါ် အခြေအနေဖြစ်တာကြောင့် အမြန်ဆန် ပြုစုကုသမှုတွေ ပြုလုပ်ရပါမယ်။အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ ဆိုတော့။၁။ ဆေးရုံကား ခေါ်ပါ။ ဒါမှမဟုတ် တတ်ကျွမ်းနားလည်တဲ့ အကူအညီ ပေးနိုင်သူကို အကူအညီ တောင်းပါ။၂။ လူနာကို လေအေးစက် တပ်ထားတဲ့နေရာ ဒါမှမဟုတ် အရိပ် ရတဲ့ နေရာကို ခေါ်ဆောင်ပါ။၃။ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတွေကို ရေအေးဝတ် ကပ်ပါ။ တစ်ကိုယ်လုံး အပူချိန် လျော့သွားအောင် ပန်ကာနဲ့ဖြစ်ဖြစ် နေရာ အနှံ့ မှုတ်ပေးပါ။၄။ အန်နေရင် ဒါမှမဟုတ် သတိလစ် နေတယ်ဆိုရင် အရည် မတိုက်ပါနဲ့ဦး။၅။ တက်နေတာမျိုး ရှိတယ်ဆိုရင် သူ့ကို ထိခိုက်စေနိုင်တာတွေကနေ ဖယ်ရှားပေးပါ။ အန်နေတယ် ဆိုရင်အသက်ရှူလမ်းကြောင်း မပိတ်ဆို့အောင် ဘေးတစ်ဖက်ကို စောင်းထားပေးပါ။အပူလျှပ်တာကအသက်အရွယ် ကြီးရင့်တဲ့ သူတွေနဲ့ ကလေးငယ်တွေ၊ လေဝင်လေထွက် မကောင်းတဲ့ နေရာမှာ နေထိုင်တဲ့ သူတွေ၊ နဂိုရောဂါအခံ ရှိသူတွေနဲ့အရက် အလွန်အကျွံသောက်တတ်သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အပူမလျှပ်အောင် ကာကွယ်နိုင်ဖို့အတွက်။၁။ အရောင်ဖျော့ပြီး ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ဦးထုပ် ဆောင်းပါ။၂။ နေလောင်ကာခရင်မ် လိမ်းပါ။၃။ ရေများများ သောက်ပါ။ ဖျော်ရည်တွေ သောက်လည်း ရပါတယ်။ ဒါပေမယ့် အရက်ဘီယာ ကတော့ ရေဓာတ် ဆုံးရှုံးစေနိုင်လို့ မသောက်သင့်ပါဘူး။၄။ ရာသီဥတု ပူပြင်းနေတဲ့ အချိန်မှာပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာ၊ နေပူထဲမှာ အလုပ်လုပ်ရတာမျိုးတွေကို ရှောင်ပါ။၅။ ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင် ရင့်ခြင်းက ရေဓာတ် လိုအပ်နေပြီ ဆိုတာကို ပြသပါတယ်။ပူပြင်းလာတဲ့ ရာသီဥတုမှာ အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြစေဖို့ ဒီအချက်အလက်လေးတွေကို လိုက်နာပေးကြပါနော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aid-for-heat-stroke/
ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေး ရှိသင့်တဲ့အကြောင်းအရင်း
အိမ်ဆိုတာကရာသီဥတုဒဏ်တွေကနေ ကာကွယ်ပေးတယ်ဆိုတာထက်ပိုတဲ့ မိသားစုအသိုက်အမြုံလေးပါ။ တစ်နေ့တာ ပင်ပန်းလာသမျှ အိမ်ရောက်မှပဲ အမောပြေသွားတယ်လို့ရေရွတ်မိဖူးလား။ ဒါဆိုရင်တော့ သင်ကအိမ်ချစ်တတ်သူတစ်ဦးပါ။ အပြင်ကပြန်လာရင် ချစ်ရတဲ့မိသားစုတွေမျက်နှာကိုမြင်ရတာ စိတ်ချမ်းသာစရာနော်။ ဒီကြားထဲ အသည်းကျော်လေးတွေကများ အမြီးလေးနှံ့လို့ ဆီးကြိုရင် ပင်ပန်းတာက ကြက်ပျောက် ငှက်ပျောက်ပါပဲ။ဒီလိုချစ်စရာကောင်းတဲ့ မိသားစုအသိုက်အမြုံလေးကို ပိုင်ဆိုင်ထားသူတွေက အခြားသူတွေထက် ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါ ပိုကျန်းမာကြပါတယ်နော်။ အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးနယ်ပယ်မှာဖြစ်ဖြစ်အောင်မြင်နေကြသူတွေကပျော်ရွှင်စရာကောင်းတဲ့ မိသားစု အသိုက်အမြုံလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါနော်။ပျော်ရွှင်စရာအသိုက်အမြုံလေးပိုင်ဆိုင်ထားသူတွေက ကံကောင်းသူတွေလို့ဆိုရမှာပါ။မိသားစုရှိနေတော့ တီးတိုးတိုင်ပင်ဖော်ရသလို ရင်ဖွင့်ခွင့်လည်း အပြည့်အဝရနိုင်ပါတယ်။ကောင်းတာ ဆိုးတာတွေကို မျှဝေခံစားပေးသူတွေရှိနေတဲ့အတွက် စိတ်ညစ်စရာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခွင့်ရကြသူတွေပေါ့။အလုပ်ခွင်မှာ စွမ်းဆောင်နိုင်စွမ်းကောင်းကြတယ်။အလုပ်ခွင်မှာလန်းဆန်းတက်ကြွပြီးပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းဆောင်တာတိုင်းကိုအောင်မြင်နေအောင်လုပ်ဆောင်နိုင်စေဖို့ အကြည်ဓါတ်လေးတွေပေးနေတာက ချစ်ရတဲ့ မိသားစုဝင်တွေပါ။ပေါင်းသင်းဆက်ဆံရေးကောင်းကြတယ်။ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေကို ဆန်းစစ်ကြည့်လိုက်ရင် သူတို့မှာ အရမ်းချစ်ရတဲ့မိသားစုဝင်တွေရှိသလို သူတို့ကို အရမ်းချစ်တဲ့ မိသားစုဝင်တွေပိုင်ဆိုင်ထားတယ်ဆိုတာကိုလည်း တွေ့ရမှာပါ။ မိသားစုဝင်တွေနဲ့ ပြေလည်အဆင်ပြေတဲ့ ဆက်ဆံရေးပိုင်ဆိုင်ထားမှတော့ အခြားသူတွေနဲ့လည်းပြေပြေလည်လည်ဆက်ဆံတတ်မယ်ဆိုတာ အသေအချာပါ။စိတ်ဖိစီးမှုကင်းကြတယ်။ပျော်စရာကောင်းတဲ့ မိသားစုလေးကို အချိန်ပေးနေရတာနဲ့တင် အခြားစိတ်ညစ်စရာတွေကိုတွေးဖို့ အချိန်မရတော့ဘူးလေ။ ရင်ဖွင့်မျှဝေစရာရှိနေမှတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကို နှိမ်နှင်းပြီးသားဖြစ်ပြီလေ။ဖျားနာမှုကင်းတယ်။နေ့ရက်တိုင်းကို ချစ်ခင်ရသူတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေရတာကြောင့်ကိုယ်ခံအားစနစ်က အခြားသူတွေထက် ပိုကောင်းနေမှာအသေအချာပါ။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေ လျော့နည်းပြီး ပြည့်ဝတဲ့အာဟာရ စိတ်ချမ်းသာစရာကောင်းတဲ့နေထိုင်မှုပုံစံတွေကြောင့် ဖျားနာမှုတွေကိုလည်းခေါက်ထားနိုင်မှာပါ။နှလုံးကျန်းမာတယ်။မိသားစုစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့ အားသာချက်တစ်ခုနဲ့တင် နှလုံးကျန်းမာရေးအတွက်က တော်တော်လေးကောင်းနေပါပြီ။ နေ့ရက်တိုင်းမှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်မယ်၊ အာဟာရမျှတအောင်စားဖြစ်မယ်၊ အိပ်ရေးဝဝအိပ်ဖြစ်မယ် စတဲ့ အလေ့အကျင့်ကောင်းတွေကို မိသားစုနဲ့အတူလိုက်နာကျင့်သုံးမှုကနေတဆင့် နှလုံးကျန်းမာစေနိုင်မှာပါ။ ဒါတင်မကပါဘူး။ အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့သွေးတိုး၊လေဖြတ်တာနဲ့ နာတာရှည်ရောဂါတော်တော်များများကိုလည်း ကာကွယ်နိုင်မှာပါ။အသက်ရှည်စေနိုင်တယ်။စိတ်ဆောင်ရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ကြားဖူးတယ်ဟုတ်။ အခုပြောချင်တာကလည်း ဒီအချက်ပါ။ လူတွေက သူတို့ချစ်ရသူတွေနဲ့ အချိန်အကြာကြီးနေချင်ကြတယ်လေ။ ဒါကြောင့် ကျန်းမာအောင် အမြဲနေထိုင်နေကြမှာပါ။ ဒါမှ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနေနိုင်မှာကိုး။ ဒီတော့ပျော်ရွှင်စရာအသိုက်အမြုံရှိသူတွေက အမြဲကျန်းမာနေအောင် ကြိုးစားနေကြတယ်လေ။ ဒီတော့ သူတို့က အခြားအထီးကျန်နေသူတွေထက် အသက်ပိုရှည်မယ်ဆိုတာမေးနေစရာမလိုတဲ့ အမှန်တရားပါ။အောင်မြင်ကြတယ်။ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကနေပေါက်ဖွားဆင်းသက်လာတဲ့ ကလေးငယ်တွေကဉာဏ်ရည်ဉာဏ်သွေးကောင်းကြသလို အရွယ်ရောက်နေသူတွေက ထက်မြက်အောင်မြင်ကြတယ်။ အကြောင်းကတော့ ပျော်စရာပတ်ဝန်းကျင်လေးက သူတို့ကို ကြိုးစားချင်လာအောင် motivationပေးထားလို့ပါပဲ။ ဒီတော့ အလုပ်ခွင်ထဲမှာ လူမှုရေးနယ်ပယ်ထဲမှာအောင်မြင်နေတယ်ဆိုရင် သိပ်အများကြီးမတွေးနဲ့ သူတို့ကပျော်ရွှင်စရာအသိုက်အမြုံလေးကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူတွေပဲဆိုတာ သိလိုက်တော့နော်။ပျော်ရွှင်စရာအသိုက်အမြုံဆိုလို့ RS ရှိဖို့လိုမယ်လို့မတွေးပါနဲ့နော်။ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုနဲ့တင် ဖန်တီးလို့လုံလောက်ပါတယ်။နေ့ရက်တိုင်းမှာမေမေဖေဖေနဲ့မောင်နှမတွေကို ပိုချစ်ပေးရင်းပျော်ရွှင်စရာအသိုက်အမြုံလေးကို ကိုယ်တိုင်ဖန်တီးကြည့်လိုက်ဖို့ တိုက်တွန်းပါရစေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%9e%e1%80%94%e1%80%b9%e1%82%94%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8%e1%80%80/
မောပန်းနွမ်းနယ်မှုကို ဘယ်လို တွန်းလှန်မလဲ
ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ဖိစီးမှုဆိုတာ ဘယ်သူနဲ့မဆို သက်ဆိုင်ပြီး လူကြီးတွေနဲ့ ကျောင်းသားအရွယ်တွေမှာလည်း ရှိတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်း ကျလာတတ်ပါတယ်။ ဒါကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာ သင့်အနေနဲ့ စဉ်းစားရကြပ်နေနိုင်ပါတယ်။ ယခုဆောင်းပါးမှာတော့ တိကျတဲ့အဖြေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။• အရက်နှင့် မူးရစ်ဆေးဝါးသုံးစွဲခြင်း။• လေယာဉ်စီးလာပြီး နေရာဒေသအပြောင်းအလဲကြောင့် နေ့နဲ့ညမှားခြင်း။• ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း။• အိမ်ချိန်လုံလောက်စွာမရှိခြင်း။• ကျန်းမာရေးအတွက်သင့်တော်တဲ့အစားအသောက်မရှိခြင်း။• စိုးရမ်ပူပန်နေရခြင်း။• ဆီးချို။• အဝလွန်ခြင်း။• စိတ်ဖိစည်းခြင်း။• နှလုံးရောဂါ။• စိတ်ကျရောဂါ။• ဟိုက်ပါသိုင်းရွိက် (သိုင်းရွိက်ဟော်မုန်းများခြင်း)။• ဟိုက်ပိုသိုင်းရွိက် (သိုင်းရွိက်ဟော်မုန်းနည်းခြင်း)။၁။ လှုပ်လှုပ်ရှားရှားနေပါ – သင့်အနေနဲ့ ပင်ပန်းနေတယ် အိပ်ချင်နေတယ်လို့ ခံစားနေရရင်တောင် လေ့ကျင်ခန်းလုပ်ပါ။ ဒီနည်းက သင့်ရဲ့ ကိုယ်ခန္ဓါစွမ်းရည်ကို ပြန်လည်မြင့်တက်စေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခန္ဓါကြံခိုင်သန်စွမ်းစေပြီး နှလုံး၊ အဆုတ်၊ ကြွက်သားတို့ရဲ့ စွမ်းရည်တိုးစေပါတယ်လို့ ပါမောက္ခ ကယ်ရီဂျေစတီးဝဂ် (ဆေးဝါးနှင့်ကိုယ်ကာယ လှုပ်ရှားမှုသုတေသန) က ဆိုထားပါတယ်။၂။ စောစောအိပ်ယာဝင်ပါ – အိမ်ရေးပျက်တာက မလိုလားအပ်တဲ့ မတော်တဆမှုတွေကို ဖြစ်စေသလို၊ စိတ်အာရုံစူးစိုက်မှုကိုလည်း လျှော့နည်းစေပြီး ပင်ပန်းနွယ်နယ်မှု ဖြစ်စေပါတယ်။ ဒီတော့ အိပ်ယာစောစောဝင်ပါ။ အိပ်ရေးဝဝ အိပ်ပါ။၃။ ခန္ဓါကိုယ်က စွမ်းရည်အမြင့်ဆုံးအချိန်နဲ့ ကိုက်ညီအောင်လုပ်ပါ။ – ညဘက်မှာ အလုပ်ကောင်းကောင်းလုပ်နိုင်သူနဲ့ အလုပ်ချိန်အဆုံးပိုင်းမှာ စွမ်းရည်အမြင့်ဆုံး ဖြစ်နေသူကြားက ခြားနားချက်ဆိုတာ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံနဲ့ မျိုးရိုးဆိုင်ရာ သတ်မှတ်ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ဒါကို လွယ်လွယ်နဲ့တော့ ပြောင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် အလုပ်အချိန်ကို အစီအစဉ်ပြန်ဆွဲပါ။ သင့်ရဲ့ စွမ်းရည်အမြင့်ဆုံးအချိန်နဲ့ ကိုက်ညီပါစေ။၄။ ကိုယ်အလေးချိန်ထိန်းသိမ်းပါ – အဝလွန်တာက လူငယ်ရောလူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် လွန်ကဲနေတာက ခန္ဓါကိုယ်အတွက် မကောင်းနိုင်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှုကျစေပါတယ်။ အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်နိုင်တာကြောင့် စွမ်းအင်အပြည့်အဝ ရနိုင်မှာမဟုတ်ပါဘူး။၅။ ကျန်းမာရေးနဲ့ညီညွတ်တာစားပါ – လိုအပ်တဲ့အစာအဟာရ ရှိနေမှသာ သင့်ရဲ့တစ်နေ့တာမှာ စွမ်းအင်ပြည့်နေမှာ ဖြစ်ပါတယ်။ ဝိတ်မတက်စေဘဲ အားအင်ဖြစ်စေတဲ့ အစာတွေအဖြစ် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အဆီထုတ်ထားတဲ့နို့၊ အသားတွေကို တချို့က ညွှန်းဆိုပါတယ်။ဆရာဝန်နဲ့တိုင်ပင်ပါ – ကာလရှည်ကြာစွာ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပြီး လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ရယူပါ။မောပန်းနွယ်နယ်မှုတွေက ကျန်းမာရေးနဲ့ အလုပ်အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုတွေမဖြစ်ဘဲ အကောင်းဆုံးအခြေအနေကို ရဖို့ဆိုရင်တော့ သင့်အနေနဲ့ ဇွဲကောင်းစိတ်ရှည်ဖို့ လိုပါတယ်။Hello Health Group သည် မည်သည့် ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည် ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%b1%e1%80%99%e1%80%ac%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%82%8f%e1%80%bc%e1%80%99%e1%80%b9%e1%80%b8%e1%80%94%e1%80%9a%e1%80%b9%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a/
စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား
ရာသီထိမ် ပြီဆိုရင် စစဉ်းစားတာကိုယ်ဝန်ရှိနေတာလားဆိုတာပါ။ အထူးသဖြင့် အိမ်ထောင်သည်တွေ၊ လိင်ဆက်ဆံမှု ရှိတဲ့သူတွေဆိုရင် ပိုပြီး စိုးရိမ်တတ်ပါတယ်။ လိင်ဆက်ဆံမှု မရှိတဲ့သူတွေကျတော့လည်း တခြားရောဂါတစ်ခုခုများလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် အဖြစ်များပြီး အားလုံးမေ့နေတတ်တဲ့ ကိစ္စတစ်ခုကစိတ်ဖိစီးမှုပါ။ စိတ်ဖိစီးလွန်းလို့ ရာသီထိမ် တာဖြစ်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။စိတ်ဖိစီးရင် ခန္ဓာကိုယ်မှာရှိတဲ့  hypothalamic-pituitary-adrenal (HPA) axisဆိုတဲ့ ဟော်မုန်းလမ်းကြောင်းလေး လှုပ်ရှားလာပါတယ်။ ဒါကြောင့် သွေးထဲမှာ cortisolနဲ့ corticotropin-releasing hormone (CRH) ဆိုတဲ့ ဟော်မုန်း နှစ်ခု များလာပါတယ်။ ဒီဟော်မုန်း လမ်းကြောင်းနဲ့ ဟော်မုန်းနှစ်ခုက ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတာပါ။ထွက်လာတဲ့ ဟော်မုန်းတွေက ရာသီလာတာကို ထိန်းချုပ်ထားတဲ့အီစထရိုဂျင်၊ပရိုဂျက်စတုန်း စတဲ့ ဟော်မုန်းတွေကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့သားဥမကြွေပါဘူး။ ရာသီမလာပါဘူး။စိတ်ဖိစီးမှုတွေ အလွန်အမင်းခံစားရတဲ့အခါ ရာသီထိမ်တာ သဘာဝပါပဲ။ လူတိုင်း စိတ်ဖိစီးတတ်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက် ပိုဖိစီးလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပြီး ရာသီထိမ်သွားတာပါ။ ချစ်ခင်ရတဲ့သူ တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတာ၊ လင်မယားကွဲတာ၊ သဘာဝဘေးအန္တရာယ် ခံစားရတာ၊ စီးပွားပျက်တာ၊ နိုင်ငံရေး အခြေအနေ မကောင်းတာ၊ ပြင်းပြင်းထန်ထန် မကျန်းမာတာ စတဲ့ အခြေအနေနဲ့ တွေ့ကြုံရတဲ့အခါ စိတ်ဖိစီးပြီး ရာသီထိမ်တာ ဖြစ်တတ်ပါတယ်။စိတ်ဖိစီးမှုကြောင့် ရာသီထိမ်သွားတာကတော့ စိုးရိမ်စရာ မရှိပါဘူး။ စိတ်ဖိစီးတာတွေ သက်သာလာရင် ပြန်လာမှာပါ။ ပြဿနာ စိတ်ဖိစီးတဲ့ ဝေဒနာပါ။ စိတ်ဖိစီးတာကို သက်သာအောင် မလုပ်ဘူးဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမှာပါ။စိတ်ဖိစီးတာကြောင့်လား၊ တခြားကြောင့်လား မသေချာဘူးဆိုရင် ဒီနည်းလမ်းကို သုံးလို့ရပါတယ်။ အိမ်ထောင်ရှိတဲ့သူ၊ လိင်ဆက်ဆံထားတဲ့သူက ရာသီထိမ်သွားတယ်။ ကိုယ်ဝန်ရှိတယ်လို့ ယူဆတယ်ဆိုရင်ဆီးစစ်ကြည့်လိုက်ပါ။ တားဆေး သုံးသည် ဖြစ်စေ၊ မသုံးသည် ဖြစ်စေ စစ်လို့ရပါတယ်။တားဆေးတွေက ကိုယ်ဝန်ကာကွယ်နိုင်စွမ်း မြင့်မားပေမယ့် သူ့မှာလည်း failure rateဆိုတာ ရှိတာကိုး။ စစ်ကြည့်လိုက်လို့ မရှိဘူးဆိုလည်း ပြီးတာပါပဲ။လိင်ဆက်ဆံထားခြင်း မရှိသူ၊ ကိုယ်ဝန်ရတာ မဖြစ်နိုင်ဘူးဆိုသူတွေကတော့ ဘာမှမလုပ်ပါနဲ့။ ခဏစောင့်လိုက်ပါ။ စိတ်ဖိစီးမှုတွေ သက်သာသွားရင် ပြန်လာမှာပါ။ နောက်လလည်း မလာဘူးဆိုမှ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။မြန်မာနိုင်ငံအနေနဲ့ လုပ်လေ့ရှိတာကတော့ ဆေးတွေ သောက်တာပါ။ သောက်ရုံတင်မက ဆရာဝန်တွေကို ဆေးသွားထိုးခိုင်းပါသေးတယ်။ စိတ်ဖိစီးရင် သားဥမကြွေတဲ့အတွက် ဆင်းစရာ ရာသီသွေးလည်း မရှိပါဘူး။ ဒါကြောင့် အတင်း ရာသီလာအောင် မလုပ်ပါနဲ့။ ရာသီထိမ်နေရင်သွေးပုပ်တွေ အောင်းနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဆင်းစရာ သွေးမရှိရင် အောင်းစရာ သွေးလည်း မရှိပါဘူး။ ဘာမှမလုပ်တာက အကောင်းဆုံးပါ။စိတ်ဖိစီးမှုကြောင့် ဖြစ်တာဆိုတော့ စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။ လိုက်နာသင့်တဲ့ နည်းလမ်းတွေကတော့။စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာနိုင်လို့ စိတ်ဖိစီးမှုတွေ သိမ်းမထားဖို့ အကြံပေးလိုပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/stress-induced-amenorrhoea/
အချစ်ဟောင်းကို ထိုင်ဆွေးနေရင် ဝိတ်ကျလာနိုင်
အသည်းကွဲတယ်၊ အမြဲဖီးလ်နေရတယ်၊ မမေ့နိုင်သေးဘူး ဆိုတာတွေက စိတ်ဖိစီးမှုပဲဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်စေတယ်လို့ လက်ခံထားကြပါတယ်။ စိတ်ဖိစီးရင် အစားပိုစားမိတယ်၊ ပိုဝလာတယ်ဆိုပြီးတော့လည်း သိထားကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါတွေ့ရှိချက်မှာတော့ အသည်းကွဲတာ၊ အချစ်ဟောင်းကို တမ်းတပြီးဆွေးနေတာက အဆိုးထဲကအကောင်းတစ်ခုဖြစ်လာနိုင်တာ သင်သိပါသလား။အချစ်ဟောင်းကို မမေ့နိုင်ဘဲ မျက်ရည်ကျနေဆဲ ဆိုရင်တော့ ဝိတ်ချချင်တဲ့သူတွေအတွက် အဆင်ပြေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြထားပါတယ်။စိတ်ခံစားချက်ကြောင့် ငိုကြွေးခြင်းက ကိုယ်အလေးချိန်ျေလျာ့ကျစေနိုင်တယ်လို့ စိတ်ဖိစီးမှုဆိုင်ရာသုတေသီDr Pete Sulack ကပြောပါတယ်။အသည်းကွဲဝေဒနာကြောင့်ဖြစ်လာတဲ့ မျက်ရည်တွေမှာprolactin၊adrenocorticotropicဟော်မုန်းနဲ့leucineenkephalin တို့လိုဟော်မုန်းတွေပါဝင်ပြီး ဒါတွေအားလုံးဟာ ကြီးမားတဲ့စိတ်ဖိစီးမှုကိုခံစားနေရတဲ့အချိန်မှာ လူခန္ဓါကိုယ်ကနေထွက်လာတတ်တဲ့ဟော်မုန်းတွေဖြစ်ပါတယ်။စိတ်ဖိစီးမှုအတိုင်းအတာနဲ့သက်ဆိုင်တဲ့Cortisolဟော်မုန်းကလည်း ခန္ဓါကိုယ်မှာ အဆီတက်မတက်ကို ထိန်းညှိရာမှာဆက်နွှယ်နေပါတယ်။“adrenocorticotropicဟော်မုန်းတွေနည်းသွားရင် ခန္ဓါကိုယ်ရဲ့cortisol ပမာဏကိုလျော့နည်းစေနိုင်တယ်”လို့Sulack ကပြောပါတယ်။ဒါ့ကြောင့် အားရပါးရ ငိုချလိုက်တာက ငိုပြီးတဲ့အခါ စိတ်ကိုတည်ငြိမ်စေပြီး စိတ်သက်သာစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။ငိုကြွေးခြင်းက ချွေးထွက်ခြင်းနဲ့ ဆီးသွားခြင်းတို့လို အရည်စွန့်ထုတ်မှုဖြစ်စဉ်တွေလိုပဲ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ဖယ်ရှားစွန့်ထုတ်ပေးနိုင်တယ်လို့ St. Paul-Ramsey Medical centre ရဲ့သုတေသနကဖော်ပြပါတယ်။ ဒီသတင်းကိုNew York Times မှာဖော်ပြထားတာပါ။မျက်စိမှာတစ်ခုခုဖြစ်လို့ မျက်ရည်ကျတာ၊ ကြက်သွန်မွှန်လို့မျက်ရည်ကျတာတွေနဲ့စာရင် စိတ်ခံစားချက်ကြောင့် ထွက်လာတဲ့ မျက်ရည်တွေကမှstress hormonesတွေကို ဖယ်ရှားပေးနိုင်တာဖြစ်တယ်လို့ သုတေသနကပြောပါတယ်။ဒါ့ကြောင့် ဝိတ်ကျချင်တယ်ဆို အရင်ကအမှတ်တရတွေ တွေးတွေးပြီး ထိုင်သာဖီးလ်ပေတော့။ အစားတွေတော့ စွတ်မစားမိဖို့ ထိန်းပေါ့နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%a1%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%b1%e1%80%9f%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%86%e1%80%bc/
အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။
တစ်ခုခု ထိခိုက်မိပြီး အနာဖြစ်ဖူးတဲ့သူ၊ ဒဏ်ရာရဖူးတဲ့သူတွေ ရှိကြပါသလား။ လူတိုင်းဖြစ်ဖူးကြမှာပါ။ မတော်တဆထိခိုက်မိလို့ပဲဖြစ်ဖစ်၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်တာပဲဖြစ်ဖြစ် အကုန်လုံးက ထိခိုက်ဒဏ်ရာကနေ ပြေးမလွတ်ပါဘူး။ ဒီလို ထိခိုက်တဲ့အခါ အနာကပ်ပလာစတာ ကပ်ကြတယ်ဟုတ်။ ဒါဆိုရင်တော့ အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ သိထားဖို့ လိုမယ်နော်။ဒဏ်ရာသေးရင်တော့ အနာကပ်ပလာစတာသာ ကပ်ကြပြီး ၊ ဒဏ်ရာကြီးရင်တော့ပတ်တီးစည်းတတ်ကြပါတယ်။ ပတ်တီးစည်းရတဲ့ အဆင့်လောက်ဆို အနာက တော်တော်လေးကြီးနေပြီမို့ ဆေးခန်းသွားပြီး ကုမှရတာပါ။ အဲဒီအခါကျရင် ဆရာဝန်က ပတ်တီးစည်းရင်လုပ်သင့်တဲ့ရှောင်ရန်ဆောင်ရန်တွေ တစ်ခါတည်းပြောလိုက်မှာပါ။အနာကပ်ပလာစတာ က ကျတော့ ကိုယ့်ဘာသာ အိမ်မှာပဲ လွယ်လွယ်ဝယ် သုံးနေကြတဲ့ အတွက် သူနဲ့ ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကျတော့ မသိတာ ဖြစ်တတ်ကြပါတယ်။ဒဏ်ရာမြန်မြန်ကျက်ချင်လို့၊ ပိုးမဝင်စေချင်လို့ အနာကပ်ပလာစတာ သုံးခါမှ အသုံးမတတ်လို့ ပိုဆိုးသွားတဲ့ အနာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အနာကပ်ပလာစတာ သုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။ ။ခုပြောပြခဲ့တာတွေကတော့ အနာကပ်ပလာစတာ သုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေ ဖြစ်ပါတယ်။ လူတိုင်းက အနာတွေ၊ ဒဏ်ရာတွေနဲ့ မကင်းနိုင်တဲ့အတွက် ခုပြောပြတဲ့ အချက်လေးတွေက တစ်နေရာရာမှာ အသုံးဝင်မယ်လို့ ထင်ပါတယ်။ ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/dos-and-donts-in-using-plaster/
နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်း
မျက်နှာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား။မျက်နှာရဲ့ နေရာတိုင်းမှာ ဝက်ခြံ ပေါက်နိုင်ပြီး ဝက်ခြံ ပေါက်ရတဲ့ အကြောင်းအရင်းတွေကလည်း နေရာပေါ်ကို လိုက်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျက်နှာမှာ ပေါက်ရတဲ့ဝက်ခြံတွေက ဘာကြောင့် ပေါက်ရတာလဲ ဆိုတာ နဲ့ နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်းကို ဆွေးနွေးကြည့်ရအောင်လား။မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေက ပေါက်တဲ့ နေရာကို လိုက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းတွေလည်း ကွာခြား နိုင်ပါတယ်။ အကြောင်းအရင်း ကွာခြားမှုနဲ့အတူ နေရာ အလိုက် ပေါက်တဲ့ ဝက်ခြံတွေ အတွက် ဖြေရှင်းနည်းတွေ ကလည်း အမျိုးမျိုး ပါပဲ။နားထင် နဲ့ ဆံစပ် တလျှောက်မှာ ဝက်ခြံ ပေါက်ရတာကဆံသားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ဖြစ်နိုင်သလိုဆံပင်တွေကို ပုံမှန် သန့်ရှင်းပေးမှုအားနည်းတာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဆီ ပါဝင်နေတဲ့ ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေကချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး ဝက်ခြံဖြစ်စေ နိုင်ပါတယ်။ ဒါ့ကြောင့်ခေါင်းလျှော်ရည်နဲ့ ဆံသားအတွက် အသုံးပြုရတဲ့ ပစ္စည်းတွေကို သတိထား ရွေးချယ်ဖို့ လိုပါမယ်။ hairspray သုံးတဲ့အခါ နဖူးကို အဝတ်သန့်သန့်လေး တစ်ခုနဲ့ ကာထားပေးပါ။ ခေါင်းလျှော်ပြီးတိုင်း မျက်နှာကို သေချာ သန့်စင်ပေးပါ။ဒါကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာ နဲ့ အူလေးတွေ ကျန်းမာရေး မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ရာသီ လာရမယ့် အချိန် နီးနေတာ၊ စိတ်ဖိစီးမှု များနေတာ၊ ပေါင်မုန့် အဖြူ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ အစားများတာ၊ အချိုစာတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးမိတာတွေကြောင့် မေးရိုး နဲ့ မေးစေ့တို့မှာ ဝက်ခြံတွေ ဖြစ်လာ ရတာပါ။ သောက်သုံးနေရတဲ့ ဆေးဝါး တစ်ခုခုကြောင့်လည်း ဒီလို ဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။နဖူး နဲ့ နှာခေါင်း အထူးသဖြင့်T-zoneareaတွေမှာ ဝက်ခြံ ပေါက်နေရတာက အဆီတွေ များနေလို့ ဖြစ်နိုင်သလို စိတ်ဖိစီး နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီ ဝက်ခြံတွေကို သက်သာစေဖို့ ဆိုရင်တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ည အိပ်ရာ မဝင်ခင်မှာ တရားထိုင်တာ၊သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်တဲ့ အရာတွေကို လုပ်ဆောင်ပေးပါ။ ဒီလို လုပ်ဆောင်ပေးတာက နဖူးနဲ့နှာခေါင်းမှာပေါက်တဲ့ ဝက်ခြံတွေကို သိသိသာသာ သက်သာစေနိုင်မှာပါ။ဒါတွေ အပြင် ဝက်ခြံ သက်သာစေဖို့ အတွက် အခု ပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာသင့် ပါတယ်။ကဲ….. ဝက်ခြံတွေကို စိတ်ညစ်မနေ နဲ့တော့နော်။ နေရာအလိုက် ပေါက်တဲ့ ဝက်ခြံတွေကို နည်းစနစ် မှန်မှန်နဲ့ ဖြေရှင်းလိုက် ရအောင်လား…………။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne-locations-and-their-causes/
သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ
စုံတွဲတွေထဲမှာ တချို့ကလည်း ကိုယ်ဝန်အလွယ်တကူရကြသလို တချို့ကလည်း ကြန့်ကြာနေတတ်ပါတယ်။ ဒီတော့ ကိုယ်ဝန်မြန်မြန်ရနိုင် မယ့် နည်းလမ်းကောင်းလေးများ မရှိဘူးလား။ အသက်ကလည်း တဖြည်းဖြည်း ကြီးလာပြီလို့ ဆိုသူများအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။ စုံတွဲတိုင်း လိုက်လုပ်နိုင်မယ့် သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ ကတော့။ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ ဆို သေချာပေါက် လိင်မှုကိစ္စက ပါလာပါပြီ။ သာမန်အားဖြင့်တော့ တားဆေးလည်း မသုံးဘူး၊ ပုံမှန်လည်း နေတယ် (၂ရက် ၃ရက်ခြားတစ်ခါလောက်)ဆိုရင် ၈၀ရာခိုင်နှုန်းက တစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရပါတယ်။ ကျန်တာရဲ့ တစ်ဝက်က ဒုတိယနှစ်မှာ ကိုယ်ဝန်ရပါတယ်။ဒါပေမယ့် ဂရုစိုက်ရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဒါတွေကတော့။တလလုံးတောက်လျှောက် လိင်ဆက်ဆံနိုင်တယ်ဆိုပေမယ့် သင့်ရာသီစက်ဝန်းကိုလည်း သိထားသင့်ပါတယ်။ မမျိုးဥနဲ့ အဖိုသုက်ပိုးတို့ ပေါင်းစုံပြီး မျိုးအောင်မှသာ ကိုယ်ဝန်ရရှိမှာဖြစ်ကာ ဒီအခြေအနေဟာ ရာသီစက်ဝန်းရဲ့ ၁၄ရက်ပတ်လည်လောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။တစ်လလုံး စိတ်ပါသလို လိင်ဆက်ဆံနိုင်ပေမယ့် ကိုယ်ဝန်ရနိုင်ခြေ အများဆုံးအချိန်ကိုလည်း မမေ့ပါနဲ့။ တကယ်လို့ သင့်အနေနဲ့ ရာသီစက်ဝန်းကို အတိအကျမသိဖူးဖြစ်နေရင် သားဥကြွေချိန်ကို သိဖို့ ဆေးစစ်တံလေး အသုံးပြုနိုင်ပါတယ်။ဒါပေမယ့် သင့်ရာသီစက်ဝန်းနဲ့ သားဥကြွေချိန်ကိုပဲ စိတ်ထဲအရမ်းကြီးစွဲမနေပါနဲ့။ ဒီလိုမျိုးစွဲနေရင် သင်နဲ့ သင့်အဖော်အတွက် ဖိစီးမှုတွေ များပြားလာနိုင်လို့ ဖြစ်ပါတယ်။[embed-health-tool-ovulation]။ဖေဖေမေမေ ဖြစ်ချင်သူတွေအနေနဲ့ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ ဗီတာမင် စီနဲ့ ဒီ ပါဝင်တဲ့ အစာအစာတွေကို ဦးစားပေး စားသုံးရမှာဖြစ်ပါတယ်။ ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာဖြစ်ပြီး လတ်ဆတ်တဲ့ အော်ဂဲနစ်အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ် စားသုံးခြင်းက မျိုးဥတွေကို ကျန်းမာစေတဲ့လို့ လေ့လာမှုတွေက ဆိုထားပါတယ်။နောက်တစ်ချက်က ရေဓာတ်ဟာ သုက်ကောင်တွေကို မျိုးဥဆီရောက်အောင် အကူအညီပေးတဲ့အတွက် ရေများများသောက်ဖို့လည်း လိုပါလိမ့်မယ်။အမျိုးသားကအဝလွန်နေတယ်ဆိုရင် သုက်ကောင်လေးတွေ ထွက်နှုန်းနဲ့ အရည်အသွေးကို ထိခိုက်နိုင်ပါတယ်။ BMI ၃၀အထက်ဆို အမျိုးသားတွေရဲ့ မျိုးပွားနှုန်းကို ထိခိုက်နိုင်ပါတယ်။အမျိုးသမီးတွေကျတော့ အဝမလွန်မလွန်ဖို့ရော၊ ကိုယ်အလေးချိန် အလွန်အမင်း မကျစေဖို့ရော သတိထားရပါမယ်။ ပုံမှန်ကတော့ BMI ၂၀-၂၅ကြားမှာ ရှိနေရမှာပါ။ ၃၀အထက် ဒါမှမဟုတ် ၁၉အောက်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းသွားပါပြီ။ပိန်လွန်းတာဒါမှမဟုတ် ဝလွန်းတာက ဟော်မုန်းပမာဏနဲ့ သားဥကြွေခြင်းကို ထိခိုက်စေမှာဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါလိမ့်မယ်။[embed-health-tool-bmi]။ကိုယ်ဝန်မရသေးလို့ ကြိုးစားအားထုတ်တဲ့အချိန်က စုံတွဲအတိုင်း စိတ်ပင်ပန်းစရာ အကောင်းဆုံး အချိန်ပါ။ သားသမီးဆိုတာလည်း ရတနာမို့လို့ ထိုက်မှရတာပါ။ အကောင်းဆုံးကြိုးစားပြီး ရလဒ်ကောင်းကိုသာ စောင့်မျှော်လိုက်ပါ။ စိတ်ဖိစီးတာက ကိုယ်ဝန်မြန်မြန်ရနိုင်ခြေကို ထိခိုက်စေပါတယ်။စိတ်ဖိစီးမှုတွေဟာ သားဥကြွေခြင်းကို နှောင့်နှေးစေပြီး ရာသီစက်ဝန်းကို ကြာရှည်စေပါတယ်။ အမျိုးသားတွေမှာဆိုရင်တော့စိတ်ဖိစီးမှုဟာ သုက်ရည်ထုတ်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ဒါနဲ့ ပြောင်းပြန် စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းက ကိုယ်ဝန်အမြန်ရအောင် အားပေးကူညီနိုင်ပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ယောဂကျင့်ခြင်း၊ ရေကူးခြင်း၊ အနှိပ်ခံခြင်း ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားစမြည်ပြောပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ဆေးလိပ်နဲ့ အရက်တွေက အင်မတန်ဆိုးရွားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တဲ့အပြင် မျိုးအောင်ခြင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေက ဆေးလိပ်ငွေ့တွေနဲ့ အဝေးဆုံးမှာ နေဖို့လိုပါတယ်။ ကိုယ်တိုင်လည်း မသောက်သင့်သလို သူများဆီက ထွက်လာတဲ့ အငွေ့ကိုပါ ရှောင်ရမှာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အနီးကပ်စောင့်ရှောက်ရမယ့် အမျိုးသားအနေနဲ့လည်း ဒီကာလမှာ ဆေးလိပ်ဖြတ်ထားဖို့ လိုပါတယ်။ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးကတော့ လုံးဝအရက်မသောက်သင့်ပါဘူး။ မတော်တဆ ကိုယ်မသိဘဲ ကိုယ်ဝန်ရှိသွားမယ်ဆိုရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။ အမျိုးသားအနေနဲ့လည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့အတွက် အရက်အလွန်အကျွံ သောက်တာကို ရှောင်သင့်ပါတယ်။ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးကတည်းက သင့်တော်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ အပ်ထားပြီး ကျန်းမာရေး အကြံပေးချက်တွေကို တိတိကျကျ လိုက်နာပါ။ ကိုယ်ဝန်ဆောင် အားဆေးကြိုသောက်ထားပါ။ အထူးသဖြင့်ဖောလစ်အက်စစ်ကို ၄၀၀ မိုက်ခရိုဂရမ်လောက် ကြိုသောက်ထားပါ။ ကိုယ်ဝန်မြန်မြန်ရနိုင် တာမျိုး မဟုတ်ပေမယ့် ကလေးလေးကို မွေးရာပါ ချို့ယွင်းချက်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/simple-steps-to-boost-your-fertility/
ထိခိုက်ဒဏ်ရာအမျိုးမျိုးနဲ့ပြုစုစောင့်ရှောက်နည်းလမ်းညွှန်
အနာဆိုတာကခန္ဓါကိုယ်ရဲ့ အပြင်ပိုင်းကတစ်ရှုးတွေ ဒါမှမဟုတ် အတွင်းဘက်ကတစ်ရှုးထိခိုက်ပျက်စီးသွားတာပါ။မြင်သာအောင်ပြောပြရရင်တော့အပေါ်ယံအရေပြားပေါက်ပြဲပျက်စီးသွားတာပေါ့။ လူတိုင်းလိုလိုဟာ တစ်သက်တာမှာ တစ်ကြိမ်ထက်မနည်းကို ထိခိုက်ဒဏ်ရာရဖူးကြမှာပါ။ ဒါပေမယ့်ထိခိုက်ဒဏ်ရာေတာ်တော်များများကနေအိမ်မှာပဲ အလွယ်တကူပြုစုစောင့်ရှောက်ပေးရုံနဲ့ သက်သာနိုင်ပါတယ်။ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ ချွန်ထက်တဲ့အရာတွေနဲ့ မတော်တဆထိခိုက်မိတာကြောင့်ဖြစ်ဖြစ်၊ ယာဉ်မတော်တဆမှုဖြစ်တာကြောင့်ဖြစ်ဖြစ် အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်ဒဏ်ရာတွေရနိုင်ပါတယ်။ ထိခိုက်မိတဲ့အခါ အပေါ်ယံအရေပြားထိခိုက်သွားတဲ့အတွက်ကြောင့်သွေးကတော့ထွက်မှာအသေအချာပါ။ အနာကသေးရင်သွေးစို့ရုံလောက်ပဲဆိုပေမယ့် အနာအရမ်းကြီးရင်တော့သွေးတွေအများကြီးထွက်နိုင်ပါတယ်။ထိခိုက်မိတဲ့အခြေအနေပေါ်မူတည်ပြီး အနာအမျိုးအစားတွေ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။အရေပြားမှာရှိတဲ့ အပေါ်ယံတစ်ရှုးလွှာပေါက်ပြဲဆုံးရှုံးသွားတာကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာပါ။ အနာကအရမ်းမနက်ဘူးဆိုရင်တော့ အိမ်မှာတင် ကုသစောင့်ရှောက်လို့ရပါတယ်။ အနာထဲကိုပြင်ပအရာဝတ္ထုတွေနဲ့ မသန့်ရှင်းတဲ့အရာတွေ မဝင်ရောက်အောင်တော့ သတိထားဖို့လိုအပ်ပါမယ်။အနာပေါက်မပွင့်တဲ့အနာ။အပေါ်ယံအရေပြားမှာမဟုတ်ဘဲ အတွင်းပိုင်းအရေပြားအလွှာမှာထိခိုက်မိတဲ့ ထိခိုက်ဒဏ်ရာမျိုးပါ။ ဒီဒဏ်ရာမျိုးကအနာကျက်၊မကျက်နဲ့ အနာအနေအထားကိုသိရှိနိုင်ဖို့ နည်းနည်းတော့ အခက်တွေ့နိုင်ပါတယ်။ တစ်ခုကောင်းတာက ဒီအနာမျိုးက ပိုးဝင်ကူးစက်ခံရနိုင်ခြေတော့တော်တော်လေးနည်းပါတယ်။အပေါ်ယံအရေပြားစုတ်ပြဲဒဏ်ရာ။အပေါ်ယံအရေပြားလွှာမှာရှိတဲ့ တစ်ရှုးတွေထိခိုက်မိတာကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။ ဒီလိုဖြစ်တဲ့အခါတွယ်ဆက်တစ်ရှုးတွေကို ထိခိုက်မိတာမျိုးရှိနိုင်ပါတယ်။ ထိခိုက်သွားတာကြောင့်ပျက်စီးသွားတဲ့ အပေါ်ယံတစ်ရှုးမှာသွေးတွေစုနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အနာပိုဆိုးမသွားစေဖို့အတွက် အနာထဲကို ပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးဖို့လိုအပ်ပါမယ်။ ဒီအနာမျိုးက အနာကျက်တယ်ဆိုပေမယ့် အနာကျက်နှုန်းကအခြားအနာတွေထက်စာရင် နည်းနည်းတော့နှေးနိုင်ပါတယ်။ဒီအနာကတော့ အနာပေါက်ပွင့်တဲ့အနာအမျိုးအစားတစ်ခုဖြစ်ပြီးတော်တော်များများဖြစ်တတ်တဲ့ ထိခိုက်မှုတစ်မျိုးပေါ့။ အပေါ်ယံအရေပြားပွန်းပဲ့သွားတာလောက်ပါ။ ရုတ်တရက်ချော်လဲတာ၊ စက်ဘီးမှောက်တာလိုမျိုး မတော်တဆအခြေအနေတစ်ရပ်ကြောင့် မာကျောတဲ့မျက်နှာပြင်တစ်ခုခုနဲ့အရေပြားပွတ်တိုက်မိတာကြောင့် အပေါ်ယံအရေပြားစုတ်ပြဲသွားတဲ့ထိခိုက်မှုမျိုးပါ။ ဒီအနာမျိုးက အနာကျက်မြန်ပါတယ်။ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိုးစိုက်မိတာကြောင့် အရေပြားမှာ အပေါက်ဖြစ်သွားတဲ့ ထိခိုက်ဒဏ်ရာ။ဓါးချွန်ချွန်လေး၊ အပ်နဲ့ အခြားသော အရေပြားကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့ ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတာကြောင့်ဖြစ်လာတဲ့ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။ အရေပြားအလွှာတော်တော်များများကို ထိခိုက်မိသွားနိုင်ပါတယ်။ အပေါ်ယံအရေပြားစုတ်ပြဲဒဏ်ရာထက် ပိုနက်နိုင်ပါတယ်။ကြွက်သားနဲ့အရွတ်တွေကိုထိခိုက်မိတဲ့ ထိခိုက်ဒဏ်ရာ။ဒီထိခိုက်ဒဏ်ရာကတော့တော်တော်လေးပြင်းထန်ပါတယ်။ အပေါ်ယံအရေပြားမှာတင်မဟုတ်ဘဲအရိုးနဲ့ ကပ်လျက်ရှိနေတဲ့ ကြွက်သားတွေနဲ့အရွတ်တွေထိပါထိခိုက်မိတဲ့ဒဏ်ရာပေါ့။ အနာကိုလိုအပ်တဲ့ အခြေခံအဆင့်လေးတွေလုပ်ဆောင်ပေးပြီးတာနဲ့ နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသတာ အကောင်းဆုံးပါ။အနာကအရမ်းမပြင်းထန်ရင် အိမ်မှာပဲကုသပေးလို့ရပါတယ်။ အနာတစ်ခုခုဖြစ်လာပြီဆိုရင် အနာကကြီးသည်ဖြစ်စေသေးသည်ဖြစ်စေ ဒီအဆင့်လေးတွေအတိုင်း လိုက်လုပ်ကြည့်ဖို့ပြောပါရစေ။ဒီအချက်တွေအပြင် ထိခိုက်ဒဏ်ရာရထားတဲ့အခါ အနာကို တစ်နေ့နှစ်ကြိမ်ဆေးထည့်တာ၊ အနာအခြေအနေကိုစစ်ဆေးတာ၊ ပလာစတာ ဒါမှမဟုတ် ပတ်တီးလဲတာမျိုးလုပ်ပေးပါ။ပြည့်ပြည့်ဝဝအနားယူပြီးအာဟာရြပည့်ဝအောင်စားသုံးပေးတာကလည်း အနာကျက်စေဖို့အတွက် အထောက်အကူပြုဖြစ်စေမှာပါ။အနာတော်တော်များများကိုနေအိမ်မှာတင် ကုသစောင့်ရှောက်မှုလုပ်နိုင်တယ်ဆိုပေမယ့် အနာက အခုလိုမျိုးအခြေအနေဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့လိုပါမယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/different-types-of-wounds-and-treatments/
အမျိုးသားတွေက သန်မာရမယ် လို့ ဘယ်သူတံဆိပ်ကပ်ခဲ့တာလဲ။
အမျိုးသားတွေက သန်မာရမယ် ။ ပျော့ညံ့ညံ့ မဖြစ်ရဘူး။ မငိုရဘူး။ ယောက်ျားကြီးတန်မဲ့၊ မိန်းမလို မိန်းမရနဲ့ စတဲ့ အပြောအဆိုတွေ အကုန်လုံးက ကျား၊ မတွေကို တံဆိပ်ကပ်နေခဲ့တာ ကြာပါပြီ။ တံဆိပ်ကပ်ရုံတင်မဟုတ်ဘဲ စည်းမျဉ်းတစ်ခုလို စွဲကိုင်လာတဲ့အခါ ဒီစည်းမျဉ်းက သွေဖီရင် သူက ပျော့ညံ့တဲ့ ယောက်ျား၊ ဘာမှသုံးမရဘူးဆိုပြီး ခွဲခြားဆက်ဆံမှုတွေပါ ပါလာပါတယ်။ထုံးတမ်းစဉ်လာတွေ၊ မိဘအစဉ်အဆက် လက်ဆင့်ကမ်းခဲ့တဲ့ အယူအဆတွေကတော့ အဓိကပါပဲ။ ဒါတင်ပဲလားဆိုတော့ ရုပ်ရှင်နဲ့ မီဒီယာတွေမှာအမျိုးသားတွေကို အဘက်ဘက်က ပြည့်စုံပြီး အားကြီးတဲ့ပုံစံ ဖော်ပြတာ၊ အမျိုးသမီးတွေအပေါ်မှာ အနိုင်ကျင့်တာကို ပုံမှန်ကိစ္စတစ်ခုအနေနဲ့ ပြတာ ဒါတွေကလည်း ပူးတွဲ တရားခံတွေပါပဲ။အမျိုးသားဆိုတာနဲ့ ဒီလိုတံဆိပ်တွေ ကပ်ခံထားရပါတယ်။အမျိုးသားဆိုတာ ဘာပဲဖြစ်ဖြစ် သည်းခံရမယ်။ မငြီးငြူရဘူး။ ရင်မဖွင့်ရဘူးလို့ ဆုံးမခံရပြီး ကြီးပြင်းလာတဲ့အခါ ဒီအမျိုးသားတွေက ကျိတ်မှိတ်ခံစားတတ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အမျိုးသမီးတွေမှာ ပိုတွေ့နေရတယ်ဆိုတာက အမျိုးသားတွေက စိတ်မညစ်တတ်လို့ မဟုတ်ပါဘူး။ သူတို့ကို မပြောရဘူးလို့ တံဆိပ်ကပ်ထားလို့ပါ။ရပ်ကွက်ထဲမှာ ယောကျာ်းလေးတွေ ရန်ဖြစ်ပြီဆိုရင် ‘ယောကျာ်းလေးတွေပဲ ဒီလောက်တော့ ရှိမှာပေါ့’ ‘ယောကျာ်းလေးပဲ ရန်ဖြစ်တတ်ရမှာပေါ့’ ‘ထိုးတတ်ကြိတ်တတ်ရမှာပေါ့’ စတဲ့ တံဆိပ်တွေ ကပ်ခံရပါတယ်။ ဒါနဲ့ ပြောင်းပြန် ရန်မဖြစ်တတ်တဲ့ ခပ်အေးအေး နေတဲ့ ယောကျာ်းလေးတွေကျ ယောကျာ်းမှ စစ်ရဲ့လား မသိဘူးဆိုပြီ စကားနာထိုးခံရပါတယ်။အမျိုးသားတွေက ပါးသိုင်းမွေးနဲ့ နှုတ်ခမ်းမွေးနဲ့မှ ကြည့်ကောင်းတယ်ဆိုတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါတယ်။ အသားဆိုလည်း ညိုမှပေါ့။ ဟိုးအရင်တုန်းကဆို ခုခေတ်လို အမျိုးသားတွေ မိတ်ကပ်လိမ်းတာ၊skin careတာ၊ ဖြူဖတ်ဖတ်လေးတွေ ဖြစ်နေတာမြင်ရင် တစ်မျိုးတစ်မည် အထင်ခံရပါတယ်။ဒီတော့ အမျိုးသမီးတွေက အလိုလိုနေရင်း အိမ်ထောင်သားမွေး၊ အိမ်ထောင်ထိန်းဆိုတာတွေ ဖြစ်ကုန်ရော။ အစွဲကြီးတဲ့ လူကြီးတွေဆို ယောကျာ်းလေးဆိုတာ တံမြက်စည်း မကိုင်ရဘူးတို့၊ မီးဖိုချောင်ထဲ ဘာလာလုပ်တာလဲတို့အထိ တားမြစ်ဖူးပါတယ်။ယောကျာ်းစစ်စစ်ဆိုတာ Gayတွေနဲ့ မပေါင်းရဘူး။ သူတို့လိုပဲ Gayဖြစ်သွားလိမ့်မယ်ဆိုတဲ အယူအဆတွေလည်း ရှိခဲ့ပါတယ်။ ဒီလို ဆုံးမခံခဲ့ရတဲ့ အမျိုးသားတွေက Gayအပါအဝင်LGBTတွေကို ရွံရှာသလို ဆက်ဆံကြပါတော့တယ်။ဘူးရင်ဘူး၊ မဘူးရင် (ဂန်)ဒူး ဆိုတာကို ကြားဖူးမှာပေါ့။  အမျိုးသားတွေက အမြဲလိင်စိတ်တက်ကြွနေရမယ်။ စိတ်မပါဘူးဆိုရင် ဒီအမျိုးသားက တစ်ခုခုချို့ယွင်းနေပြီလို့ ယူဆကြပါတယ်။ ဒါတင်မကဘဲ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်တဲ့ အမျိုးသားတွေကို အသုံးမကျတဲ့ အမျိုးသားအဖြစ်တံဆိပ်ကပ်ကြပါတယ်။အိမ်ထောင်ဖက်ကိုပဲဖြစ်ဖြစ်၊ သားသမီးကိုပဲ ဖြစ်ဖြစ် လက်ပါတဲ့ အမျိုးသားက ပုံမှန်ပဲ။ ဒါသူ့လုပ်ပိုင်ခွင့်လို့ပဲ သတ်မှတ်ကြပါတယ်။ ဒါကြောင့်အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်နေ၊ အမျိုးသားက အမျိုးသမီးကို ရိုက်နေတာတောင် ဒါသူတို့ အိမ်ထောင်ရေးကိစ္စ သူများတွေ ဝင်မပါရဘူးဆိုတဲ့ အယူအဆတွေ ရှိလာတာပေါ့။ နောက်ပြီး တစ်ခုခုဆို အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေက ဆုံးဖြတ်ချက်ရမယ်။ ကောင်းသည် ဆိုးသည် ပြန်ပြောခွင့်မရှိဆိုတာလည်း ဖြစ်လာပါတယ်။မငိုရဘူး။ ရင်မဖွင့်ရဘူးဆိုမှတော့ ဒီခံစားချက်တွေကို ကျိတ်ပြီး ခံစားရုံပဲ ရှိမှာပေါ့။ ဒီတော့စိတ်ပိုင်းပြဿနာတွေ၊ နောက်ဆုံး ထွက်ပေါက်တွေကို ရှာလာကြပါတယ်။ နောက်ဆုံးထွက်ပေါက်ရှာခဲ့ရင်တောင် အခန့်မသင့်ရင် ယောကျာ်းကြီးတန်မဲ့ စိတ်ပျော့လိုက်တာလို့ အပြစ်တင်ခံရဦးမှာပါ။အမျိုးသားတွေအနေနဲ့ လှရင်လည်း လှချင်မယ်။ အိမ်မှာပဲ နေပြီး ကလေးထိန်းချင်လည်း ထိန်းမယ်။ အိမ်အလုပ်တွေ လုပ်တာ၊ ဟင်းချက်တာတွေ လုပ်ရင်လည်း လုပ်မယ်။ ဒါက သဘာဝပါပဲ။ ဒါပေမယ့် အများအမြင်မှာ သူ့ကို မိန်းမကြောက်၊ အသုံးမကျဘူး စတဲ့ တံဆိပ်တွေကပ်ပြီး ပစ်ပယ်လိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။အိမ်ထောင်ရေးမှာ ငါပဲရှုပ်မယ်။ နင်မရှုပ်နဲ့ ဆိုတာမျိုး၊ ငါပေးတာယူ ကျွေးတာစားဆိုပြီး ငါအာဏာပြလာတတ်ပါတယ်။ ဒါကြောင့် မိသားစုတွေနဲ့ အဆင်မပြေဖြစ်ခဲ့ရင်တောင် သူတို့အပြစ်၊ ငါ့အပြစ်မဟုတ်ဘူးဆိုတဲ့ ငါတကောကောစိတ်တွေ ဖြစ်လာနိုင်ပါတယ်။ တော်တဲ့၊ ငွေရှာတတ်တဲ့ အမျိုးသမီးတွေဆိုရင်လည်း သူတို့ကို ခြေရာတိုင်းတယ်လို့ မြင်တတ်ကြပါတယ်။ယောကျာ်းတစ်ယောက်  အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆေးသုံးတာတွေကို ပုံမှန်လို့ ပတ်ဝန်းကျင်က ယူဆထားတတ်ပါတယ်။ မသောက်တတ်လို့ပါ ဆိုရင်တောင် အထူးအဆန်းသတ္တဝါလို ကြည့်တတ်ကြပါတယ်။ နောက်ဆုံး အပျော်အပါးလိုက်စားရင်တောင် ဒါက ပုံမှန်ပဲ။ မိန်းကလေးတွေလို ဗိုက်ထွက်လာမှာမှမဟုတ်တာဆိုပြီး မသိချင်ယောင်ဆောင်ထားကြပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေဆိုရင် အမျိုးသားတွေမှာ ခံစားရတာ များပါတယ်။တစ်ခုခုဆို ကျိတ်မှိတ်ခံစားတတ်တဲ့ အကျင့်က ကျန်းမာရေးကိစ္စအထိပါ ပါလာပါတယ်။ နေမကောင်းရင်လည်း ငါသန်မာတာပဲ။ ဆေးခန်းသွားရလောက်အောင် မပျော့ညံ့သေးပါဘူးဆိုပြီး နေရာကနေ ရောဂါတွေရင့်ပြီး ပိုပိုဆိုးလာပါတယ်။အမျိုးသားတွေက တံဆိပ်ကပ်ခံရတာ ငယ်ငယ်တည်းကပါ။ ကလေးဘဝတည်းက ယောကျ်ားလေးဆိုတာ အပြာရောင်  ကြိုက်ရမှာပေါ့။ ပန်းရောင်ကြိုက်စရာလားက စခဲ့တာပါ။ ဒီလိုတံဆိပ်ကပ်ခံရတဲ့ ကလေးတွေက ကြီးလာတော့လည်း သူတို့ရဲ့ တံဆိပ်ကို သူတို့မျိုးဆက်တွေကို လက်ဆင့်ကမ်းလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာဆို အပိုဆောင်းအနေနဲ့ ယောကျာ်းက မိန်းမထက် မြတ်တယ်ဆိုပြီး အသင်ခံရတာ၊ သားကိုသခင် လင်ကိုဘုရားဆိုတာတွေတောင် ရှိပါတယ်။တကယ်တော့ ယောကျာ်းပီသတာထက် လူပီသတာက အရေးကြီးတာပါ။ သူတို့မှာလည်း ခံစားချက်ရှိတာကြောင့် ငိုလို့ရတယ်။ ရင်ဖွင့်လို့ရပါတယ်။ ဒါက အဆန်းတာ မဟုတ်ပါဘူး။ လူထဲက လူဖြစ်နေလို့ပါ။ အမျိုးသားတွေက သန်မာရမယ် ဆိုတဲ့ အတွေးတွေကို ထားခဲ့လိုက်ပါတော့။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/male-stereotypes-and-toxic-musculinity/
မိတ်ကပ် ဘယ်လို မှန်ကန်စွာဖျက်မလဲ
skin care လုပ်ရာမှာ တိုနာတို့ အစိုဓါတ်ထိန်းခရင်မ်တို့ နေလောင်ခံလိမ်းဆေးတို့ သုံးတာအပြင် မိတ်ကပ်သေချာဖျက်ဖို့လည်း အရေးကြီးပါတယ်။ မိတ်ကပ်ကို အကြာကြီးလိမ်းထားရင် အသားအရည်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် cosmetic တွေ မျက်နှာပေါ်ကရှင်းလင်းနေမှ သက်တောင့်သက်သာရှိစေပြီး စိတ်ဖိအားတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။မိတ်ကပ်ဖျက်ရာမှာ အကျိုးရှိပြီး စိတ်ချရတဲ့နည်းလမ်းတွေရှိပါတယ်။ မိတ်ကပ်ကို သဘာဝကျကျ ဖယ်ရှားပေးဖို့အကောင်းဆုံးနည်းလမ်းတစ်ချို့ရှိပါတယ်။ပုံမှန်မိတ်ကပ်ဖျက်ဆေးအများစုဟာ အသားအရည်ကို ခြောက်သွေ့စေပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက်ထုတ်ထားတဲ့ baby wipe လေးတွေကို ရွေးချယ်အသုံးပြုပါ။ သူက အသားအရည်နူးညံ့စေပါတယ်။အုန်းဆီကလည်း မိတ်ကပ်ဖျက်ဖို့ အကောင်းဆုံးအကြံတစ်ခုပါ။ ဖျက်ရခက်တဲ့ မိတ်ကပ်တွေနဲ့ ရေစိုခံမိတ်ကပ်တွေကိုတောင်မှ လွယ်လွယ်ကူကူဖျက်နိုင်ပါတယ်။ အစိုဓါတ်ကိုလည်းကောင်းစွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ အုန်းဆီကို ဝါဂွမ်းနဲ့ပဲဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် အသုံးပြုနိုင်ပြီး မျက်နှာကို ဆပ်ပြာ သို့မဟုတ် မျက်နှာသစ်ဆေးနဲ့ ထပ်မံဆေးကြောလိုက်ပါ။ မျက်နှာကို အာဟာရပြည့်ဝစေဖို့ တစ်ညလုံး အုန်းဆီပြန်လိမ်းထားနိုင်ပါတယ်။ရေငွေ့ကလည်း မိတ်ကပ်ဖျက်ရာမှာ အကောင်းဆုံးတစ်ခုပါပဲ။ ရေနွေးငွေ့တွေဟာ မိတ်ကပ်ကို အရည်ပျော်ကျစေပြီး ချွေးပေါက်တွေပွင့်စေပါတယ်။ မိတ်ကပ်ဖျက်ရပိုလွယ်သွားပြီး ညင်ညင်သာသာပုံမှန်ဆပ်ပြာနဲ့ဆေးကြောလိုက်ပါ။ ပြီးရင် cotton pad ကို ရေနွေးထဲနှစ်လိုက်ပြီး ခဏလောက်အအေးခံထားပါ။ cotton padအေးလာရင် မျက်နှာပေါ်တင်လိုက်ရင် မိတ်ကပ်ဖျက်ရလွယ်သွားပါပြီ။သူကလည်း အုန်းဆီလိုပါပဲ။ အချိန်အတော်ကြာအောင် baby oilဟာ အသားအရည်ကို အံ့သြစရာကောင်းလောက်အောင် ကူညီပံ့ပိုးပေးပါတယ်။နွားနို့ကို ဗာဒံဆီနဲ့ရောပြီး မျက်နှာပေါ်ကို ဝါဂွမ်းလုံးနဲ့နေရာအနှံ့လိမ်ပေးပါ။ မျက်နှာကို ညင်ညင်သာသာသစ်ပြီး ရလဒ်ကိုစောင့်ကြည့်ပါ။သခွားသီးကို ညက်အောင်ထောင်းပြိး ဆီနည်းနည်းနဲ့ရောမွှေပါ။ ဒါဆို အကောင်းစားcleanerတစ်ခု ရပါပြီး သခွားသီးမှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိပါဝင်လို့ ယားယံတာတွေကို လျော့ချပေးပြီး ဝက်ခြံမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။မုန့်ဖုတ်ဆော်ဒါနဲ့ပျားရည်ကို ရောလိုက်ရင် cleaner အဖြစ်သုံးနိုင်သလို မိတ်ကပ်တွေကို အလွှာလိုက်ကွာကျစေပါတယ်။ မိတ်ကပ်ဖျက်ဖို့အတွက် အပြင်းစား scrub လုပ်စရာမလိုပါဘူး။ ဒါတွေလုပ်ပြီးရင်တော့ အသားအရည်ကြည်လင်ပြီး အသစ်ဖြစ်သွားသလိုဖြစ်နေစေမှာပါ။မှားယွင်းတဲ့နည်းလမ်းနဲ့ မိတ်ကပ်ဖျက်တာဟာ အသားအရည်ဆိုင်ရာပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အထက်ပါနည်းလမ်းတွေအတိုင်း အသားအရည်ကို ဂရုစိုက်လိုက်ပါ။ ရိုးရှင်းလွယ်ကူပြီး အကျိုးသက်ရောက်မှုရှိပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%95%e1%80%b9-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af-%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%80%e1%80%94%e1%80%b9%e1%80%85%e1%80%bc/
ဇင့်ဓာတ် ပြည့်ဝစေဖို့ ဘာတွေစားကြမလဲ............
ဇင့်ဓာတ် ဆိုတာ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်ပါ။ ဇင့်ကခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တွေအတွက် အဓိက ဇာတ်လိုက် တစ်ဦးပေါ့။ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့ စွမ်းဆောင်ပေးသလိုကိုယ်ခံအားစနစ်ကောင်းမွန်စေပြီးခန္ဓာကိုယ်က တစ်သျှူးတွေ ဖြစ်ပေါ်စေဖို့နဲ့ ကြီးထွားစေဖို့ ထောက်ပံ့ပေးပါတယ်။ခန္ဓာကိုယ်က ဇင့်ဓာတ်ကို မထိန်းသိမ်းနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဇင့်ဓာတ်ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ တစ်နေ့တာ ဇင့် လိုအပ်ချက် ပြည့်ဝအောင် ပါဝင်နေဖို့ လိုအပ်ပါတယ်။အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီး ကွဲပြားမှုကို လိုက်ပြီး တစ်နေ့တာ ဇင့်လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့တာမှာ ဇင့် ၁၁ မီလီဂရမ်၊ အမျိုးသမီး တစ်ဦးအနေနဲ့ ၈ မီလီဂရမ်၊နို့တိုက်မိခင်ဖြစ်မယ်ဆိုရင် တစ်နေ့ကို ဇင့် ပမာဏ ၁၁ မီလီဂရမ် ကနေ ၁၂ မီလီဂရမ် အထိ လိုအပ်မှာ ဖြစ်ပါတယ်။ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နို့တိုက်မိခင်တွေ၊ကိုယ်ဝန်ဆောင်တွေကတော့ ဇင့်ဓာတ် ချို့တဲ့နိုင်ခြေ များပါတယ်။ဇင့်ဓာတ် ကြွယ်ဝစေဖို့ စားပေးသင့်တဲ့အစားအစာတွေကတော့။ဥအမျိုးမျိုး။နို့ထွက်ပစ္စည်း။နို့ထွက်ပစ္စည်းတွေ ဖြစ်ကြတဲ့ ချိစ်၊ ဒိန်ချဉ်တို့မှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ဇင့်အပြင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ပဲနီလေး။ပဲနီလေးက ဇင့်ဓာတ်ကြွယ်ဝတဲ့ အာဟာရ အရင်းအမြစ် တစ်ရပ်ပါ။ ပဲနီလေးမှာ တစ်နေ့တာ ဇင့်လိုအပ်ချက်ရဲ့ ၂၃ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ပဲနီလေးမှာအမျှင်ဓာတ်လည်း ၅၆ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ကုလားပဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ ပရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်နေသလိုကိုယ်ခံအား ကောင်းစေဖို့အားဖြည့်ပေးတဲ့ ဇင့်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။အရသာ ပြည့်ဝလှတဲ့ ရှီတာကီမှိုမှာ တစ်နေ့တာ ဇင့်လိုအပ်ချက်ရဲ့ ၁၈ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ရှီတာကီမှိုမှာ ဇင့်အပြင်ဗီတာမင် Dနဲ့ ပိုတက်ဆီယမ်လည်း ပါဝင်နေပါတယ်။အမဲသားမှာ ပရိုတင်း၊ သံဓာတ်၊ ဗီတာမင် B12 တို့ ပြည့်ဝစွာ ပါဝင်နေသလို ဇင့်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇင့်လိုအပ်ချက် ပြည့်ဝစေဖို့ဆိုရင် တစ်ပတ်ကို အမဲသား ၁၈ အောင်စ စားဖို့ လိုပါမယ်။ပဲပြား။ပဲပြားက ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ပဲပြားမှာ ဇင့်အပြင် ပရိုတင်း နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နို အက်ဆစ် ၉ မျိုး ပါဝင်နေပါတယ်။ ပဲပြား တစ်ပန်းကန်စာမှာ ဇင့် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၃၆ ရာခိုင်နှုန်းပါဝင်နေသလို အမျှင်ဓာတ်၊ကယ်လ်ဆီယမ်နဲ့ သံဓာတ်တို့လည်း ပါဝင်နေပါတယ်။နေ့စဉ်စားသုံးမှုမှာ အခုပြောခဲ့တဲ့ အစားအစာ တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးလောက် ပါဝင်အောင် စားသုံးပေးတာက ကိုယ်ခံအား ကျန်းမာစေမယ့် ဇင့်ဓာတ်ကို ပြည့်ဝစွာ ရရှိစေမှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/foods-high-in-zinc-for-a-stronger-immune-system/
တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ
ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။ဟုတ်ပါတယ်။ ပန်းသီးဟာ နေ့စဉ်မှီဝဲစားသုံးပေးသင့်တဲ့ သစ်သီးဝလံ ၁၀ မျိုးထဲမှာပါဝင်တဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးကို နေ့စဉ်မှီဝဲတဲ့အခါမှာ မထင်မှတ်ထားလောက်အောင်ကို သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ပန်းသီးမှာ အရွယ်တင်နုပျိုစေပြီးကင်ဆာရောဂါ၊ နှလုံး၊သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့Antioxidantတွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓါကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ဒါတင်မကပါဘူး။ နေ့စဉ်ပန်းသီးမှီဝဲစားသုံးပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ပန်းသီးစားခိုင်းတာတော့ ဟုတ်ပါပြီ။ အနီစားရမှာလား၊ အစိမ်းစားရမှာလားဆိုတဲ့ မေးခွန်းကရှိလာပါတယ်။ ပန်းသီးဆိုတာကလည်း မျိုးစိတ်က ခပ်များများမဟုတ်လား။ ဒါပေမယ့် စိတ်မရှုပ်ထွေးပါနဲ့ ဘယ်ပန်းသီးဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကို အကျိုးပြုတာချည်းပါပဲ။ အနီကတော့ Antioxidant ပါဝင်မှု အနည်းငယ်ပိုများပါတယ်တဲ့။ဘယ်လိုပဲဖြစ်ဖြစ် ပန်းသီးစားပေးတာက နေ့စဉ်ကျန်းမာရေးကို ကောင်းကောင်း အကျိုးဖြစ်ထွန်းစေမှာဖြစ်သလို ရေရှည်အနာဂတ်အတွက်ပါ အကျိုးရှိစေမှာဖြစ်တာမို့ နေ့စဉ်ပန်းသီးတစ်လုံးစီ မှီဝဲကြည့်ကြပါလို့ တိုက်တွန်းပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/what-actually-happens-when-you-eat-an-apple-every-day/
ခါးခွဲစိတ်ဖို့ လိုနေပြီလို့ ပြောပြနေတဲ့လက္ခဏာများ
ခါးနာတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ခါးနာရတဲ့ အကြောင်းရင်းကလည်း အများကြီးရှိပါတယ်။ သာမန် အလေးအပင်မလို့ ခါးနာတာကစပြီး ကျောရိုးဆစ်ကြားအပြားလေးတွေ ညပ်တာအလယ် အရိုးပွလို့ အရိုးတွေပ်မိတာအဆုံး အားလုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခါးနာတိုင်း ခွဲစိတ်စရာ မလိုပါဘူး။ ခါးနာတာနဲ့ တန်းပြီး ခွဲစိတ်ရမယ်ဆိုတဲ့ ရောဂါက ခပ်ရှားရှားရယ်ပါ။များသောအားဖြင့် ကျောရိုးနဲ့ ပတ်သတ်တဲ့ လက္ခဏာတစ်ခုခု ပေါ်လာပြီဆိုရင် (ဥပမာ ခါးနာတာဖြစ်ချင်ဖြစ်မယ်၊ ဇက်ကြောတက်တာဖြစ်ချင်ဖြစ်မယ်၊ အာရုံကြောညပ်လို့ တင်ပါးကစပြီးအောက်ထိ အာရုံကြောတွေ ထုံနေတာဖြစ်ချင်ဖြစ်မယ်) အရင်ဆုံး မခွဲစိတ်ပါဘူး။ ပထမဆုံး လူနာကို စောင့်ကြည့်ပါတယ်။ သောက်ဆေးတွေ ပေးမယ်၊ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းမယ်၊ အနားကောင်းကောင်းယူခိုင်းမယ် စတဲ့ နည်းလမ်းတွေနဲ့ အရင်ကုသပါတယ်။ တစ်ခါတလေ ခါးဆစ်ရိုးကြားထဲ ဆေးထိုးပြီး ကုရကောင်း ကုရနိုင်ပါတယ်။ဒါတွေနဲ့ မသက်သာဘူး၊ ရောဂါကလည်း ခွဲစိတ်တဲ့နည်းလမ်းအပြင် တခြားရွေးချယ်စရာ မရှိဘူးဆိုမှ ခွဲစိတ်ဖို့ကို ဆုံးဖြတ်ပါတယ်။အသက်ကြီးလာလို့ အရိုးပွတာ ဒါမှမဟုတ် အဆစ်တွေကိုယ်တိုင်က မကောင်းတော့တဲ့အခါ နာတာရှည်ခါးနာတတ်ပါတယ်။ သောက်ဆေးတွေ၊ လေ့ကျင့်ခန်းတွေနဲ့ မသက်သာတဲ့အခါ ခွဲစိတ်ဖို့ကို စဉ်းစားရပါတယ်။ခါးဆစ်ရိုး ကျဉ်းတဲ့အတွက် ခါးဆစ်ကြားထဲကနေ ဖြတ်ပြီးသွားနေတဲ့ အာရုံကြောမကြီးကို ဖိမိတတ်ပါတယ်။ ဒီအခါ ခြေထောက်တစ်လျှောက် ထုံတာ၊ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ ခွဲစိတ်လိုက်မှပဲ အာရုံကြောကို မဖိမိဘဲ လက္ခဏာတွေ သက်သာလာမှာပါ။ကျောရိုးဆစ်တစ်ခုနဲ့ တစ်ခုကြားမှာ ပွတ်တိုက်မှု သက်သာအောင် ကူရှင်သဘောမျိုး အပြားလေးတွေ ရှိပါတယ်။ ဒီအပြားလေးတွေက အသက်ကြီးတာကြောင့်ပဲ ဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ် ပျက်စီးတာ၊ ကျွံတာ ဖြစ်တတ်ပါတယ်။ ဒီအခါ ကျောရိုးဆစ်အချင်းချင်း ပွတ်တိုက်မိပြီး နာတာ၊ ကောင်းကောင်း လှုပ်ရှားလို့ မရတာ ဖြစ်တတ်လို့ ခွဲစိတ်ပြီး ပြန်ပြုပြင်ရပါမယ်။ကျောရိုးဆစ်က ချော်ထွက်သွားရင်လည်း အာရုံတွေ ထိခိုက်တာ၊ ပြင်းပြင်းထန်ထန် နာကျင်တာ၊ လှုပ်ရှားလို့ မကောင်းတာ၊ ကျောရိုးပုံပျက်တာ ဖြစ်နိုင်တာကြောင့် ခွဲစိတ်ကုသရပါမယ်။ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ဖြစ်၊ အရိုးပွလို့ ဖြစ်ဖြစ် ကျောရိုးဆစ်တွေ ကျိုးသွားတဲ့အခါ ခွဲစိတ်ပြီး ပြန်လည်ပြုပြင်ဖို့ လိုပါတယ်။ခါးဆစ်ရိုးစောင်းတာက ကလေးတွေမှာ ၄၀ဒီဂရီနဲ့အထက်၊ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ၅၀ဒီဂရီနဲ့အထက်ဆို ခွဲစိတ်သင့်ပါတယ်။ ဒါမှ ပိုမစောင်းအောင် ကာကွယ်နိုင်မှာဖြစ်သလို ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရမှာပါ။ဒီပြဿနာတွေက ရှားပါးပေမယ့် တတ်နိုင်သမျှ မြန်မြန်ခွဲစိတ်သင့်တဲ့ ရောဂါတွေပါ။ ဥပမာ အကျိတ်ဆိုရင် ကြာလေ ပိုကြီးလေ အာရုံကြောကို ဖိမိလေဖြစ်ပြီး အောက်ပိုင်းသေသွားတတ်ပါတယ်။ ပိုးဝင်တယ်ဆိုလည်း မြန်မြန်ခွဲစိတ်ပြီး ပိုးဝင်တဲ့အပိုင်းကို ဖယ်ထုတ်လိုက်မှ ပိုးတွေ ဆက်မပြန့်တော့ဘဲ အပျက်အစီး သက်သာမှာပါ။ cauda equina syndromeဆိုရင်လည်း အာရုံကြောဖိမိတာကြောင့် လူနာက မလှုပ်ရှားနိုင်တာ၊ အာရုံခံစားမှု မရှိတော့တာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်တတ်တာကြောင့် အရေးပေါ်ခွဲစိတ်မှု ခံယူဖို့ လိုပါမယ်။ကျောရိုးပြဿနာတွေကို ကုသတဲ့နေရာမှာ ခွဲစိတ်ပြီး ကုသရတဲ့ အခြေအနေဆိုတာ ရှားပါတယ်။ ဒါပေမယ့် ခုပြောခဲ့တဲ့ ရောဂါတွေအတွက်တော့ ခွဲစိတ်ကုသမှုက ပိုကောင်းတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။ခါးခွဲစိတ်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ခွဲစိတ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံMount Elizabethဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဆက်သွယ်ရန် –။Mount Elizabeth Hospitals Singapore, Myanmar Office။ရန်ကုန် Helpline : 09-430 66666, 09-430 66663။မန္တလေး Helpline: 09-430 66667, 09-7930 66667။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/symptoms-showing-that-you-are-going-to-need-a-spine-surgery/
null
null
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/what-happens-men-take-femalecontraceptive-pill/
သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း
လူတိုင်းကတော့ မွေးလာပြီးတာနဲ့ အို၊ နာ၊ သေ သံသရာစက်ဝန်းအောက်မှာ ကျင်လည်နေကြတာပါ။ လောကဒဏ်ဆိုတာလည်း ဘယ်လောက်ပဲစိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ လူတစ်ယောက်ကိုတောင်မှ ပြိုလဲသွားနိုင်အောင် တိုက်စားနိုင်တာကိုး။ ဒီလိုဒဏ်တွေကို မခံနိုင်တော့တဲ့အဆုံး လူ့ဘဝထဲက ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ လူတွေဆိုတာလည်း တဖြည်းဖြည်းနဲ့ များလာနေပါတယ်။ လူတွေကိုသတ်မသေဖို့ ပြောနေပေမယ့် သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း က ထင်သလောက် မလွယ်ပါဘူး။ဘာသာတရားနဲ့ သက်ဆိုင်မှုမရှိဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာမျိုးစုံ ကြုံတွေ့နေရတဲ့သူတွေ၊ အဘက်ဘက်ကနေ တိုက်ခိုက်မှု၊ ဖိနှိပ်မှုကို ခံနေကြရတာ၊ ပတ်ဝန်းကျင်၊ တချို့သောမိဘဆွေမျိုး အသိုင်းအဝိုင်းမှာ ကြုံလာခဲ့ရသမျှ စိတ်ဒုက္ခတွေ။ဒါတွေအားလုံးက အတွေးထဲမှာ ပိတ်မိသွားတဲ့အခါ လူတွေက ထွက်ပြေးဖို့ကို ကြံစည်လာကြပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေဆိုတာ ထွက်ပြေးလို့ ရတဲ့အရာမှမဟုတ်တာ။အဲ့တော့ သည်းခံပြီး ဆက်လုပ်ရင်း အောင်မြင်လာမလား၊ အဆင်ပြေသွားမလားလို့ မျှော်လင့်၊ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အပြင် အခြေအနေတွေက ပိုဆိုးသွားပြီဆိုရင်စိတ်ဖိစီးမှုတွေ၊စိတ်ကျရောဂါတွေက အရိပ်မည်းကြီးလို ကိုယ့်အနောက်က လိုက်လာပြီး အိပ်မပျော်၊ စားမဝင်ဖြစ်၊ အရာရာက မီးခိုးမှိုင်းကျနေသလို မှောင်မိုက်နေတော့တာပါပဲ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိုက်ကြတော့တာပေါ့။လူတော်တော်များများက စိတ်ညစ်ရင် သေချင်လိုက်တာလို့ ညည်းတတ်ကြပါတယ်။ တကယ်သေချင်တာမျိုး မဟုတ်ဘဲ သူတို့စိတ်ညစ်နေတဲ့ အရာကနေ ဝေးဝေးထွက်သွားချင်တဲ့ စိတ်နဲ့ ပြောတတ်ကြတာပါ။အမှန်တကယ်သေကြောင်းကြံစည်တဲ့ သူတွေမှာ အရင်ကတည်းက ဒီလိုစိတ်တွေ ရှိနေတတ်တဲ့အပြင် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊အထီးကျန်ဆန်မှု၊ သိမ်ငယ်စိတ်တွေနဲ့ တစ်ယောက်တည်း ရင်ဆိုင်နေရတာ ကြာလာတဲ့အခါ ဒီလိုအတွေးတွေ မကြာခဏဆိုသလို ဝင်လာတတ်ပါတယ်။လူတွေ ထင်ထားသလို သေကြောင်းကြံစည်ခြင်းဟာ ပျော့ညံ့တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ပြဿနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်တာ အရမ်းကြာသွားတဲ့အခါ စိတ်ရော၊ လူပါ လုံးပါးပါးသွားပြီး ဘယ်လိုမှ တိုက်ခိုက်ဖို့ အင်အားမရှိတော့ဘူးဆိုပြီး လက်လျှော့လိုက်တာပါ။ ကိုယ့်စိတ်ကို ဖြည်းဖြည်းချင်း သတ်နေတဲ့ အရာအားလုံးကနေ အပြီးအပိုင်လွတ်မြောက်သွားချင်တဲ့ စိတ်ကြောင့်သာ လုပ်တတ်ကြတာပါ။သင့်မှာရော ဒီလိုအတွေးတွေ ဝင်လာဖူးလား။ ဝင်လာရင်ရော ဘာဆက်လုပ်သင့်လဲ။ စိတ်ညစ်နေတုန်း ခဏပဲ ပေါ်လာတာမျိုးမဟုတ်ဘဲ ဒီအတွေးတွေ အမြဲလိုလို ဝင်နေပြီဆိုရင်တော့ အမြန်ဖျောက်တာ အကောင်းဆုံးပါပဲ။ကိုယ့်ရဲ့ စိတ်ထဲမှာ ဒီအတွေးတွေနဲ့ ပြည့်နေမယ်ဆိုရင် စိတ်အခြေအနေက ပိုဆိုးသွားဖို့ပဲ ရှိတော့မှာပါ။ ဘယ်လိုလုပ်သင့်လဲဆိုတာ မသိသေးရင်တော့ ဒီနည်းလမ်း (၄) ချက်ကို လုပ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ ကဲ … သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။၁။ ကိုယ့်ရဲ့ စိတ်ကို တခြားဘက်ကို အာရုံလှည့်ပြောင်းပါ။လူတွေဆိုတာ ကိုယ့်ရဲ့ နာကျင်မှုသည်သာ အကြီးမားဆုံးလို့ ထင်တတ်ကြတာ သဘာဝပါပဲ။ အဲ့တော့ တော်တော်လေးကို စိတ်က ဆိုးဆိုးရွားရွား ညစ်နေပြီဆိုရင်တော့ နာကျင်စေတဲ့ အကြောင်းအရာတွေ၊ ကိစ္စတွေမှန်သမျှကို ခဏမေ့ထားပြီး အလုပ်တစ်ခုခု ထလုပ်ပါ။တအားစိတ်ညစ်နေလား။ အိမ်ရှင်းတာဖြစ်ဖြစ်၊ခရီးသွားတာဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားပြောပါ။ ရုပ်ရှင်ကြည့်ပါ။ ဘာပဲလုပ်ရလုပ်ရ အဆင်ပြေပါတယ်။ စိတ်ညစ်နေပါတယ်ဆိုကာမှ ဒီစိတ်ညစ်စရာတွေပဲ ဆက်တွေးနေရင်တော့ ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး။၂။ ကိုယ်မရှိရင် တခြားသူတွေ ပိုပြီးပျော်ရွှင်ရမှာပါလို့ တွေးနေပြီလား။ အဲ့အတွေးတွေ ဖျောက်ပါ။ဒါကတော့စိတ်ကျရောဂါရှင်တွေ တွေးလေ့တွေးထရှိတဲ့ ပုံစံမျိုးပါ။ ငါသာမရှိရင် ငါ့ဘေးနားက လူတွေ အေးချမ်းသွားမှာပါ၊ အဆင်ပြေသွားမှာပါ၊ ငါဆိုတဲ့ လူတစ်ယောက်မရှိလို့လည်း ကမ္ဘာကြီးက ပိုပြီးနေလို့ ကောင်းသွားမှာပါ။ အဲ့လိုအတွေးတွေကို စတင်ဖျောက်ဖို့ လိုပါတယ်။ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတွေးကြည့်ပါ။ ဘဝမှာ ကောင်းတဲ့အရာတွေ ဘယ်နှစ်ခုလုပ်ဖူးလဲ၊ ကိုယ့်ကြောင့် ဘယ်သူတွေ ပျော်ရွှင်ခဲ့ရဖူးလဲ၊ ကိုယ်ချစ်ရတဲ့သူတွေမျက်နှာမှာ ကိုယ့်ကြောင့် အပြုံးပန်းလေးတစ်ပွင့် ဖန်ဆင်းပေးနိုင်ခဲ့လား၊ ငါမရှိတဲ့အခါ ငါ့ကိုချစ်ရတဲ့သူတွေ ဘယ်လောက်ထိ ပူဆွေးဝမ်းနည်းလိုက်မလဲ အစရှိသဖြင့် ပြန်ပြီးတွေးကြည့်ပါ။၃။ စိတ်ကုထုံးနဲ့ ကုသမှုခံယူပါ။စိတ်ကျန်းမာရေးအတွက် ကုသမှုခံယူရာမှာစိတ်ရောဂါကုထုံးပညာရှင်တွေဟာ အသင့်တော်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် စိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေကို မှန်သည်၊ မှားသည်၊ ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်ဘဲ ကိုယ့်ရဲ့ ဆွေးနွေးဖော် တိုင်ပင်ဖက် အဖြစ် ရှိနေပေးတာကြောင့်ပါပဲ။ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေ၊ ကြုံလာခဲ့သမျှ မိသားစု၊ အလုပ်အကိုင်၊ လူမှုရေးရာ ပြဿနာအရှုပ်အထွေးတွေ အကုန် ပြောပြီးတဲ့နောက်မှာ ကိုယ်ခံစားနေရတဲ့ ဝေဒနာပေါ်မူတည်ပြီး စိတ်ကုထုံးနဲ့ ကုသပေးတာ၊ စိတ်ရောဂါကု ဆရာဝန်နဲ့ တိုင်ပင်ပြီး စိတ်ကျရောဂါ သောက်ဆေး၊ စိတ်ငြိမ်ဆေး အစရှိသဖြင့် ဆေးအညွှန်းတွေလည်း ပေးမှာပါ။၄။ တစ်ယောက်တည်း ဘယ်တော့မှ မနေပါနဲ့။လူတွေက တစ်ယောက်တည်း ရှိနေတဲ့အချိန်ဆိုရင် ပိုပြီး အထီးကျန် ဆန်တတ်တာ သဘာဝပါ။ ဒီလိုကိုယ့်စိတ်ကို ဒုက္ခဖြစ်စေတဲ့ အတွေးတွေ အမြဲပြည့်နေတဲ့ လူတစ်ယောက်က ပိုပြီး တစ်ယောက်တည်း နေဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် စိတ်ညစ်နေတဲ့အချိန် ကိုယ်ချစ်ရတဲ့မိသားစုတွေနဲ့ စကားပြောပါ။ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြင်ထွက်လျှောက်သွားပါ။ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ညစ်စရာတွေ၊ ပြဿနာအရှုပ်တွေ ဖွင့်ပြောပြပါ။ အနည်းဆုံး သူတို့အနေနဲ့ မကူညီပေးနိုင်ရင်တောင် သင့်ကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ပေးနိုင်မှာပါ။ ဒါ့အပြင် ဒီလိုကိစ္စတွေကို တစ်ယောက်တည်း ရင်ထဲသိမ်းဆည်းမထားဘဲ ဖွင့်ထုတ်ပြောပြလိုက်ရင် ကိုယ့်အတွက်လည်း အနည်းဆုံးတော့ ပေါ့သွားတယ်လို့ ခံစားရစေမှာပါ။မကောင်းတဲ့ အတွေးတွေဆိုတာ ကိုယ့်စိတ်ကို သတ်နေတဲ့ အဆိပ်ပါပဲ။ ဒါကြောင့် ဘယ်အရာမဆို ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ်ပြီး မခံစားပါနဲ့။ စိတ်ကျန်းမာရေးအတွက် ကုသမှုခံယူဖို့ မရှက်ပါနဲ့။ပြဿနာပေါင်းများစွာ ကြုံတွေ့နေရချိန်မှာ ထွက်ပြေးလွတ်မြောက်ချင်စိတ်တွေ ဖြစ်လာနိုင်တယ်ဆိုပေမယ့် မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက် လင်းရောင်ခြည်ဆိုတာ အမြဲရှိပါတယ်။ အမြဲတမ်းအကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေသ၍၊ ဘဝပန်းတိုင်တွေဆီ ရောက်အောင် တက်လှမ်းနေသ၍၊ ကိုယ်မျှော်လင့်ထားသမျှ အကောင်အထည်ဖော်နိုင်မှာပါ။ လူသားတိုင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်ကျော်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/getting-away-from-suicidal-thoughts/
ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းအန္တရာယ် အရေးပေါ်ဘယ်လိုကူညီနိုင်မလဲ
ကာဗွန်မိုနောက်ဆိုက်ဆိုတာ အနံ့မရှိ၊ အရသာမရှိတဲ့ အဆိပ်ဓါတ်ငွေ့ဖြစ်ပါတယ်။ သူ့ကိုရှူရှိုက်မိရင် အဆိပ်သင့်စေနိုင်ပြီး ပမာဏနည်းရင်တော့သတိမထားမိဘဲ လူကဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်တာ ရှိတတ်ပါတယ်။လေထုထဲမှာ ဒီဓါတ်ငွေ့များနေပြီဆိုရင်တော့သွေးနီဥဆဲလ်တွေထဲကအောက်ဆီဂျင်ေနရာမှာ ကာဗွန်မိုနောက်ဆိုက်တွေအစားထိုးဝင်ရောက်သွားနိုင်တာမို့ ခန္ဓါကိုယ်ထဲမှာ ဆိုးရွားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်တယ်၊ အသက်ဆုံးရှုံးရတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။ဥပမာ အလုံပိတ်ကားပါကင်ထဲမှာ ကားစက်နှိုးလို့ အင်ဂျင်ကထွက်လာတဲ့ဓါတ်ငွေ့တွေ လွန်ကဲလာရင်လေထုညစ်ညမ်းပြီး အသက်ရှူကျပ်လာတာ၊ မီးခိုးမွှန်လို့ အသက်ရှူကျပ်လာတာ၊လေအေးပေးစက်ကြောင့် ဘာနံ့မှမရဘဲအသက်ရှူကျပ်လာတာ၊ စတာတွေကို အလုံပိတ်နေရာတစ်ခုခုအတွင်း ခံစားဖူးကြမှာပါ။ အခိုးအငွေ့မမြင်ရတဲ့အသံတိတ်လူသတ်သမားပါပဲ။ ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်းက ဓါတ်ငွေ့အနည်းအများနဲ့ ရှူရှိုက်မှုအတိုင်းအတာကိုမူတည်ပြီးဦးနှောက်သေခြင်း၊ နှလုံးထိခိုက်ပျက်စီးခြင်း၊ကိုယ်ဝန်ပျက်ကျခြင်း၊သေဆုံးခြင်းတို့အထိဖြစ်နိုင်လောက်အောင် အန္တရာယ်ကြီးပါတယ်။ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့တွေ ထွက်ရှိမှုကို သတိထားသင့်တဲ့ အရင်းအမြစ်တွေကတော့ –။ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်နေတဲ့ လူတစ်ယောက်မှာ ဒီလက္ခဏာတွေ ဖြစ်တတ်ပါတယ် –။ဒါ့ကြောင့် ဒီဓါတ်ငွေ့အဆိပ်သင့်နေတယ်လို့ ယူဆရတဲ့လူတစ်ဦးတစ်ယောက်ကိုတွေ့ရင် ဆေးရုံဆေးခန်းမရောက်ခင် အရေးပေါ်ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ သိထားရင် အခြေအနေမပြင်းထန်ခင်မှာ အသက်ကယ်နိုင်ပါလိမ့်မယ်။ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်းအတွက် အရေးပေါ်ကူညီကယ်ဆယ်ပေးနိုင်ဖို့အတွက် ဒီအချက်တွေကို သိထားသင့်ပါတယ်။ကျန်တာကိုတော့ ဆရာဝန်နဲ့ဆေးပညာဝန်ထမ်းတွေ ကုသပေးမှာဖြစ်တဲ့အတွက်ဆေးရုံဆေးခန်းမပို့နိုင်သေးခင် ဒီအချက်တွေနဲ့ပဲ အရေးပေါ်ကယ်တင်နိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%80%e1%80%ac%e1%80%97%e1%80%bc%e1%80%94%e1%80%b9%e1%80%99%e1%80%ad%e1%80%af%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%80%80%e1%80%b9-%e1%80%a1%e1%80%86%e1%80%ad/
၂၁ရာစု လူငယ်များနှင့် စိတ်ကျန်းမာရေးပြဿနာတွေ
တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးထဲမှာ လူငယ်တွေ တော်တော်များများစိတ်ကျန်းမာရေးပြဿနာတွေနဲ့ ပိုပြီး ကြုံတွေ့လာရပါတယ်။ မိသားစုကိစ္စ၊ ကျောင်းကိစ္စ၊အလုပ်ခွင်၊ လူမှုရေးရာ၊ အဖက်ဖက်က ဖိအားပေးခံရတာ၊ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အချစ်ရေးအဆင်မပြေတာအပြင် တွင်ကျယ်စွာ အသုံးပြုလာကြတဲ့ လူမှုကွန်ယက် (social media) တွေဟာ အဓိကတရားခံတွေလို့ ဆိုနိုင်ပါတယ်။ဒီလိုဆိုတော့ အရင်ခေတ်က လူတွေတုန်းကရောစိတ်ကျရောဂါအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ မရှိခဲ့ဘူးလားလို့ မေးစရာရှိလာပါတယ်။ တကယ်တော့ မရှိဘူးဆိုတာထက် ရှိမှန်းမသိခဲ့တာဆိုရင် ပိုမှန်မှာပါ။ အခုခေတ်လူငယ်တွေမှာ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာတာရော၊ ပြောင်းလဲလာတဲ့ လူနေမှုပုံစံအောက်မှာ နေသားကျလာတဲ့အခါ ကိုယ့်မှာ ဖြစ်နေတဲ့ အခက်အခဲ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီး ထင်သာမြင်သာရှိလာကြပါတယ်။ဒီလိုမျိုး ထင်သာမြင်သာ ရှိနေသည့်တိုင်အောင် စိတ်ကျရောဂါ အစပျိုးလာတဲ့ လူဦးရေဟာ တဖြည်းဖြည်းနဲ့ များသထက် များလာကြပါတယ်။ ဒီနေ့ ကျွန်တော် ပြောပြပေးမယ့် အကြောင်းအရာကတော့ ဘဝကိုစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့၊ မလိုအပ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ရမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ငြင်းတယ်ဆိုတာ အမှားလုပ်တာလည်း မဟုတ်သလို ရာဇဝတ်မှု ကျူးလွန်တာလည်း မဟုတ်ပါဘူး။ ဘာသာရေး အယူဝါဒတွေနဲ့ ပြည့်နှက်နေတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အခါ အကူအညီတောင်းရင် ကိုယ့်ဘက်က လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ ကူညီပေးဖို့ အဆင်သင့်ရှိရမယ်၊ ဘယ်တော့မှ မငြင်းကောင်းဘူး အစရှိသဖြင့် လူကြီးတွေရဲ့ စကားသံတွေကို အမြဲကြားနေရမှာပါ။ဒီတော့ ကိုယ်က မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင်တောင် ပတ်ဝန်းကျင်က တစ်မျိုးမြင်သွားမလားဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးတွေဖြစ်၊ စိတ်အပူလောင်ခံပြီး လုပ်ပေးနေရပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က ကူညီပေးဖို့ အဆင်မပြေတဲ့အခါမှာ၊ အချိန်မပေးနိုင်တဲ့အခါ မလုပ်ပေးနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြီး ငြင်းလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်စိတ်ကို ဒုက္ခပေးရာ မရောက်တော့ဘူးပေါ့။ဒီဘက်ခေတ်မှာတော့လူငယ်ေတွ တော်တော်များများ ဒိုင်ယာရီရေးမှတ်တဲ့ အကျင့်မရှိတော့ပါဘူး။ ဒီလိုမျိုး ကိုယ့်ရဲ့ တစ်နေ့တာကို စာတိုနဲ့ ရေးမှတ်ထားလိုက်တဲ့အခါ ကိုယ့်ရဲ့ တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲ၊ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အစရှိတာတွေကို ပြန်ပြီး စဉ်းစားသုံးသပ်လို့ ရတယ်။ ကိုယ့်အတိတ်မှာ ဘာတွေမှားခဲ့လဲ၊ အနာဂတ်မှာ ဘယ်လိုကောင်းအောင် ပြုပြင်လိုက်မလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ကြည့်လို့ ရတယ်။ ဒါ့အပြင် တခြားစိတ်ကျန်းမာရေးလက္ခဏာတွေ ရှိလာရင်လည်း ဒီမှတ်တမ်းကို ပြန်ကြည့်ရင်း ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို အနည်းငယ် အကဲခတ်လို့ ရတယ်။ ပြဿနာကို စောစောစီးစီး သိထားနိုင်ရင် ကာကွယ်တားဆီးဖို့လည်း ပိုပြီးအချိန်ပေးနိုင်တာပေါ့။နေ့တိုင်း ကျောင်းစာ၊ အိမ်စာ၊ အလုပ်၊ ငွေရေးကြေးရေးတွေနဲ့ ပိနေတော့ ကြာလာရင် ကိုယ့်ရဲ့ စိတ်က ဒေါင်းသွားတော့မှာပေါ့။ ဒါကြောင့်မို့ တစ်ပတ်မှာ အနည်းဆုံး တစ်ရက်လောက် ကိုယ့်အတွက် သီးသန့် အနားယူချိန် ထားထားပေးသင့်ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ ကိုယ့်အတွက် ပျော်ရွှင်မှုပေးနိုင်မယ့် အရာတွေကိုပဲ အဓိကထားလုပ်ပါ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လျှောက်လည်တာ၊ မိသားစုနဲ့ အတူမုန့်လုပ်တာမျိုးလုပ်ပေးပါ။ကိုယ့်ရဲ့ စိတ်ကို ပူလောင်စေတဲ့ ဘက်လုံးဝရောက်မသွားစေဖို့ အတွေးတွေ ဝင်မလာအောင် သေချာထိန်းထားပါ။ ပျော်ရွှင်စရာ ကိစ္စတွေ အကုန်လုပ်ပြီးသွားရင်အားကစားလုပ်တာဖြစ်စေ၊ယောဂကျင့်တာ၊ ငြိမ်ငြိမ်လေးနေပြီး တေးဂီတလေး နားထောင်တာ၊ စာအုပ်ဖတ်တာမျိုး လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို အေးချမ်းအောင် ပြန်လည်တည်ဆောက်ပေးပါ။လူတွေက စိတ်ညစ်နေတဲ့အချိန်ဆိုရင် အတိတ်က လုပ်ခဲ့တဲ့ အမှားတွေ၊ နောင်တရစရာတွေ၊ စိတ်ညစ်စရာတွေကို အရမ်းတွေးတတ်တာ သဘာဝပါပဲ။ အဲ့ဒီလိုမျိုး စိတ်ညစ်လာပြီဆိုရင် ကိုယ့်ရဲ့ ဘဝကို အကောင်းမြင်ရှုထောင့်ကနေ ပြောင်းပြီး မြင်ကြည့်ပါ။ ကိုယ်ဒီနေ့တော့ ဘယ်သူ့ကို ကူညီလိုက်နိုင်လဲ၊ ဒါမှမဟုတ် ကိုယ်ဒီနေ့တော့ ရှုပ်ပွနေတဲ့ ကိုယ့်ရဲ့ အခန်းကို ရှင်းလိုက်နိုင်ပြီ၊ အရမ်းခက်တဲ့ သင်္ချာပုစ္ဆာရဲ့ သဘောတရားကို နားလည်သွားပြီ အစရှိသဖြင့် ကိုယ့်ရဲ့ အားသာချက်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကြောင့် ဘေးပတ်ဝန်းကျင်ကို ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေလဲဆိုတာကို ပြန်တွေးကြည့်ပြီး ညစ်နေတဲ့စိတ်တွေကို ဖျောက်ဖျက်ရင်း အကောင်းဆုံးဖြစ်အောင် ထပ်ပြီး ကြိုးစားပါ။တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လူငယ်တွေ ကြည့်လိုက်ရင် ဖုန်းတစ်လုံးနဲ့ အမြဲအလုပ်ရှုပ်နေတာပါပဲ။ မိတ်ဆွေအချင်းချင်း အပြင်မှာ လက်ဆုံစကားပြောရင်း ရယ်မောတာမျိုးတွေ မရှိတော့ဘဲ ဖုန်းစကရင်ကိုပဲ မနက်ကနေ ညမိုးချုပ်ကြည့်လာကြတယ်။ ဒီလိုကနေ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုနည်းလာတဲ့အခါ လူငယ်တွေ စိတ်ကျရောဂါ၊အထီးကျန်ဆန် စိတ်ဝေဒနာ ပိုပြီး ဖြစ်လာကြပါတယ်။ ဒါကြောင့် တစ်ချိန်လုံးဖုန်းသုံးနေတာထက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူရှိနေတဲ့အချိန်မှာ ရယ်ရယ်မောမော စကားပြောပါ။ သူတို့အကြောင်း၊ ကိုယ့်အကြောင်းကို အပြန်အလှန် စကားပြောရင်း အမှတ်တရလေးတွေ ပြန်လည်တည်ဆောက်ကြည့်ပါ။ လူမှုကွန်ယက်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ဒေသတော့ ဖြစ်သင့်ပေမဲ့ ဘဝတစ်ခုလုံးတော့ လုံးဝမဟုတ်ပါဘူး။ကိုယ့်ရဲ့ ဘဝမှာ နေပုံထိုင်ပုံက စိတ်ကျန်းမာရေးနဲ့ အနာဂတ်ပေါ် အကျိုးသက်ရောက်မှု များစွာ ဖြစ်စေနိုင်တယ်ဆိုတာကို လူငယ်တွေအနေနဲ့ သေချာသိထားသင့်ပါတယ်။ မကောင်းတဲ့ အရာတွေ၊ စိတ်ဖိစီးမှုတွေဆိုတာ ဘဝမှာ အမြဲကြုံနေရတဲ့ အရာတွေပါပဲ။ ဒီအရာတွေကြောင့် စိတ်ညစ်နေမယ့်အစား ကောင်းစွာ နားလည်ပြီး ကိုယ့်ဘဝအတွက် တွန်းအားတစ်ခုဖြစ်စေဖို့ ပြောင်းလဲလိုက်တာ ပိုကောင်းပါတယ်။ ဆယ်ကျော်သက်နဲ့ လူငယ်တွေလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်ဖွယ် ဘဝလေးတွေ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/mental-health-tips-for-millennials/