title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/eggs-weight-loss-food/
Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ…
Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ… ဘာတွေ ဖြစ်နိုင်လဲ။ ဘယ်လို ဖြေရှင်းလို့ ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။လူတိုင်းစိတ်ဖိစီးမှုတွေနဲ့တွေ့ကြုံရနိုင်ပါတယ်။ ဒါပေမယ့် အခုပြောသွားမယ့် Burn out ဖြစ်ခြင်းဆိုတာကတော့ သာမန် စိတ်ဖိစီးမှု ကြုံတွေ့ရခြင်း နှင့် ကွာခြားပါတယ်။ ပိုမို ပြင်းထန်တာကြောင့် ပြင်းထန်လွန်းတဲ့ စိတ်ဖိစီးမှုတစ်မျိုးလို့လည်း ပြောလို့ရနိုင်ပါတယ်။ဥပမာ – လူတစ်ယောက်အလုပ်ကြိုးစားတာဟာ ကောင်းတဲ့ကိစ္စပါ။ သို့သော် အလုပ်ချိန်ပြင်ပဖြစ်တဲ့ မိုးလင်းတာနဲ့အလုပ်၊ မိုးချုပ်တဲ့အထိလည်း အလုပ်၊ ပိတ်ရက်တွေမှာလည်း အလုပ်… ဒီလိုဆောင်ရွက်တာတွေ ရေရှည်ဖြစ်လာတဲ့အခါမှာတော့ Social Life မရှိတော့သလိုဖြစ်သွားရင်း Burn Out ဆိုတဲ့အရာက ဝင်ရောက်လာနိုင်ပါတယ်။Burn Out ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာများကို ဖြေရှင်းဖို့ လိုအပ်တဲ့ resources အရင်းအမြစ်စွမ်းအင် ပမာဏ ကိုယ့်မှာ ပြည့်ပြည့်ဝဝ၊ လုံလုံလောက်လောက် မရှိနိုင်တော့လို့ပါပဲ။ ဥပမာ –စိတ်ဓာတ်ခွန်အားလိုအပ်နေချိန် စိတ်ဓာတ်ခွန်အား မရှိတော့တာမျိုး၊ ကာယခွန်အားလိုအပ်နေချိန် ကာယခွန်အား နည်းပါးနေတာမျိုးပေါ့။ဒီလိုတွေတွေ့ကြုံလာရတဲ့အခါမှာတော့ စိတ်ဝင်စားမှုတွေ လျော့ကျလာတယ်၊ အလုပ်မှာဆိုလည်း စွမ်းဆောင်ရည်တွေ သိသိသာသာ ကျဆင်းလာတယ်။တစ်ခါတစ်ရံ Burn Out ဖြစ်နေပြီလားဆိုတာကို အချိန်ကာလနှစ်ခုကို နှိုင်းယှဉ်ကြည့်မှ သိသာတာမျိုးလည်းရှိတတ်ပါတယ်။ ယခင်က အလုပ်မှာ ကိုယ်မည်မျှစွမ်းဆောင်ခဲ့နိုင်တယ်၊ ယခုအခါ မည်မျှစွမ်းဆောင်နိုင်နေတယ်ကို ကြည့်ရှုအကဲဖြတ်သင့်ပါတယ်။ဒီနေရာမှာ လူတစ်ယောက် အကြိုက်တစ်မျိုးစီဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် အနားယူကြတဲ့ နည်းလမ်းတွေလည်း  မတူနိုင်ကြပါဘူး။ အဲ့ဒီအတွက် ပထမ ဉီးဆုံးအနေနဲ့ အချိန်လေးပေးပြီး စဉ်းစားဖို့ အကြံပြုချင်ပါတယ်။ ဒီစာလေးကတစ်ဆင့်တော့ အကြံပြုချက်လေးတချို့ ထည့်ပေးလိုက်မှာဖြစ်ပေမယ့် ကိုယ်လုပ်ချင်တဲ့၊ ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းလေးကို သေချာလေး ရွေးချယ်စေချင်ပါတယ်။ဒါတွေကတော့ ပုံမှန် လူအများ လုပ်လေ့လုပ်ထ ရှိတဲ့အရာလေးတွေပေါ့။ ရက်ရှည်ခရီးသွားခြင်းကနေလည်း စိတ်ခွန်အားတွေ အများကြီးပြန်ရနိုင်လို့ အချိန်ရှိခဲ့မယ်ဆိုရင် ခရီးသွားရင်း အပန်းဖြေဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ ပြောမပြတတ်အောင် မောပန်းနေတာ၊ ဘယ်ကနေ စ,ရမှန်းကို မသိတော့တာဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံးဆွေးနွေးကြည့်ခြင်းမျိုးကိုလည်း လုပ်သင့်ပါတယ်။ကျေးဇူးတင်ပါတယ်။ရေးသားသူ – May Kham Eain။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/burn-out-causes-and-explained/
လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ
လိင်သံဝါသပြုတယ်ဆိုတာ နာကျင်ခံစားရဖို့ မဟုတ်ပါဘူး။ ကျေနပ်ပျော်ရွှင်ဖို့ ကောင်းမွန်တဲ့ ခံစားချက်မျိုးကို ကျေနပ်ပိုင်ဆိုင်နိုင်ဖို့ပါ။ ဒါပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်ကန်နေလိမ့်မယ်လို့ ယုံကြည်မထားပါနဲ့။ လိင်ဆက်ဆံ တိုင်း ပျော်ရွှင်စရာတွေပဲတော့ မဟုတ်ပါဘူး။ကိစ္စတိုင်းမှာ ချွင်းချက်ရှိတာမို့ လိင်ကိစ္စမှာလည်း ဒီလိုပါပဲ။ လိင်မှုကိစ္စတွေဟာ နူးညံ့ပြီး သိမ်သိမ်မွေ့မွေ့ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့ ကိစ္စမျိုးပါ။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်ဆိုပြီး သိမ်မွေ့ဖို့ လိုအပ်တယ်မဟုတ်လား။လိင်ဆက်ဆံခြင်းဟာ ဘယ်လောက် စိတ်ကျေနပ်နှစ်သက်စရာ ခံစားချက်ကိုပေးစွမ်းနိုင်တယ်ဆိုပါစေဦး။ တစ်ခါတစ်ရံမှာတော့ ထင်မှတ်မထားတဲ့ ဝေဒနာတွေကိုလည်း ဆောင်ယူလာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ မိန်းမကိုယ်နာကျင်တဲ့ ပြဿနာမျိုးပါ။တချို့တွေက ဒီလိုမိန်းမကိုယ်နာကျင်တာက သာမန်ကိစ္စလို့ ထင်မြင်ယူဆတတ်ကြပြီး အများစုက ဘာကြောင့် ခုလိုနာကျင်မှန်းမသိကြပါဘူး။ အကြောင်းအရင်းကတော့ အမျိုးသမီးအများစုဟာ ဒီလိုနာကျင်မှုဟာထိုးသွင်းဆက်ဆံမှုကြောင့်ကျန်ရစ်ခဲ့တဲ့ နာကျင်မှုလို့ သာမန်ကာလျှံကာ တွေးဆမိသွားကြတာကြောင့်ပါ။လိင်ဆက်ဆံပြီးချိန်မှာ မိန်းမကိုယ်နာကျင်တာက ဂရုစိုက်ဖို့လိုအပ်တဲ့ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကိစ္စပြီးမြောက်ချိန်မှာ မိန်းမကိုယ်နာကျင်နေတာဟာ အောက်ပါအချက်တွေထဲက တစ်ခုခုနဲ့ ပတ်သက်နွယ်နေတာကြောင့်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။၁။ မိန်းမကိုယ် ပိုးဝင်ခြင်း။လိင်ဆက်ဆံနေချိန် ဒါမှမဟုတ် လိင်ဆက်ဆံပြီးချိန်တိုင်း မိန်းမကိုယ် တဝိုက်မှာ နာကျင်နေတယ်ဆိုရင် လိင်ကြောင့်ရောဂါပိုးကူးစက်ခြင်း (STI) ဖြစ်နိုင်ပါတယ်။Chlamydia၊Gonorrhoeaဒါမှမဟုတ်Genital herpesတို့ဖြစ်နိုင်ပါတယ်။၂။ ဟိုမုန်းအပြောင်းအလဲ။ခန္ဓာကိုယ်ထဲမှာ ဟိုမုန်းလယ်ဗယ် ပြောင်းလဲနေရင်လည်းမိန်းမကိုယ်နာကျင်တတ်ပါတယ်။ ဒီလိုဟိုမုန်းပမာဏပြောင်းလဲစေတဲ့အချက်တွေကတော့ သွေးဆုံးခါနီးနေတာ၊ သွေးဆုံးနေတာ နဲ့ ကိုယ်ဝန်ဆောင်ထားရတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့် မိန်းမကိုယ်ခြောက်သွေ့ပြီး နာကျင်တာဖြစ်ပါတယ်။၃။ စိတ်မပါလို့။သံဝါသပြုနေပေမယ့် ဆက်ဆံမှုအပေါ်  စိတ်ပါခြင်းမရှိဘူးဆိုရင်လည်း နာကျင်ခံစားရနိုင်ပါတယ်။ စိတ်မပါတာကြောင့် ခန္ဓာကိုယ်က သဘာဝချောဆီ လုံလောက်စွာထုတ်မပေးနိုင်တာ ဒါမှမဟုတ် မထုတ်လုပ်ပေးတာမျိုးကြောင့် ခုလိုနာကျင်ရတာပါ။၄။ဆီးလမ်းကြောင်းပိုးဝင်ခြင်း။လိင်ဆက်ဆံပြီးချိန် မိန်းမကိုယ်နာကျင်နေရတဲ့ နောက်ထပ်တစ်ချက်က ဆီးလမ်းကြောင်း ပိုးဝင်နေတာကြောင့်ပါ။ ဒီလိုဖြစ်တယ်ဆိုရင်တော့ ဖျားနာတာနဲ့ တွဲတွေ့ရတတ်ပါတယ်။၅။ဓာတ်မတည့်လို့။သုက်ရည်၊ ကွန်ဒုံးမှာအသုံးပြုတဲ့ ရာဘာ၊ ပလတ်စတစ်စတာတွေနဲ့ ချောဆီစတာတွေထဲက တစ်ခုခုနဲ့ ဓာတ်မတည့်ဘူးဆိုရင်လည်း သင့်ရဲ့ မိန်းမကိုယ် နာကျင်သွားနိုင်ပါတယ်။ ကိုယ့်မှာ ဘယ်လိုအရာတွေနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာကို ကြိုတင်သိရှိအောင် ကြိုးစားထားသင့်ပါတယ်။၆။ ကျန်းမာရေးမကောင်းလို့။တကယ်လို့ ကိုယ်က ဖျားတာနာတာအပါအဝင် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေမယ်ဆိုရင်လည်း လိင်ဆက်ဆံချိန်နဲ့ ဆက်ဆံပြီးချိန်တွေမှာ မိန်းမကိုယ်နာကျင်နေတတ်ပါတယ်။ ဒီနာကျင်မှုက ပုံမှန်မဟုတ်တဲ့နာကျင်မှုမျိုးဖြစ်ပြီး သွေးထွက်တာမျိုးလည်းဖြစ်တတ်ပါတယ်။၇။ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိလို့။ကိုယ်ကပဲဖြစ်ဖြစ် ကိုယ့်ဆက်ဆံဖော်ကပဲဖြစ်ဖြစ် စိတ်ကြမ်းကိုယ်ကြမ်းနဲ့ ဆက်ဆံခဲ့တယ်ဆိုရင် ထိခိုက်နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဆက်ဆံနေချိန်မှာ သိပ်မသိသာပေမယ့် ဆက်ဆံပြီးချိန်မှာတော့ နာကျင်မှုဝေဒနာကိုခံစားရနိုင်ပါတယ်။အပေါ်မှာ လိင်ဆက်ဆံမှုကြောင့် မိန်းမကိုယ် နာကျင်မှုအကြောင်းအရင်းတွေကို ဖော်ပြခဲ့ပြီးပြီဆိုတော့ အောက်မှာ အိမ်တွင်းကုထုံးလေးတွေအကြောင်းကို ဆက်ပြီး ဖော်ပြပေးချင်ပါတယ်။လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အခါ သက်သာစေနိုင်တဲ့ နည်းလမ်း ၄ သွယ်ရှိပါတယ်။ ဒါတွေကတော့။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/sore-vagina-after-sex-causes/
လူနာများ၏ တာဝန်ဝတ္တရားများ
လူအများ ခေတ်မီတိုးတက်လာခြင်း၊ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားလာခြင်း၊ သတင်းအချက်အလက်များစီးဆင်းမှု မြန်ဆန်လာခြင်းနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာလည်း အများကြီးပြောင်းလဲလာပါတယ်။ လူနာများဟာ ယခင်ကလို ဆရာဝန်ရဲ့ ကုသမှုတွေကို မျက်စိမှိတ်လက်ခံခြင်း မပြုတော့ဘဲ မကျေလည်တဲ့အချက်တွေရှိရင် အပြန်အလှန်ဆွေးနွေးခြင်း၊ လက်ခံခြင်း/ငြင်းပယ်ခြင်းတွေ ပြုလုပ်လာကြပါတယ်။ ဆရာဝန်များ၊ ဆေးရုံများရဲ့ ပေါ့ဆမှုအတွက် တရာစွဲဆိုမှုတွေလည်း နောက်ပိုင်းမှာ များပြားလာပါတယ်။ကမ္ဘာ့ဆေးပညာအသင်းကြီးကနေ လူနာတွေရဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး လစ္စဘွန်းကြေငြာစာတမ်းဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ သတင်းအချက်အလက်ခေတ်မှာ လူနာများရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး အတော်လေး နိုးကြားလာပါတယ်။ဒီနေရာမှာ သတိချပ်သင့်တာက အခွင့်အရေးနဲ့ရပိုင်ခွင့် (Right) ရဲ့တဖက်မှာ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း (Responsibility) ဆိုတာ ရှိနေပါတယ်။ လူနာများဟာ ဆေးကုသမှုခံယူချိန်မှာ ဘယ်လိုအခွင့်အရေးတွေ ရသင့်သလဲဆိုတာ သိထားသင့်သလို တာဝန်ယူရတဲ့အပိုင်းတွေကိုလည်း နားလည်ထားဖို့လိုပါတယ်။လူနာတစ်ဦးရဲ့ တာဝန်များနဲ့ ပတ်သက်ပြီး အမျိုးမျိုးသတ်မှတ်ထားကြတာရှိပေမယ့် အဓိကသဘောတရားတွေကတော့ အတူတူပဲဖြစ်ပါတယ်။ဒီဆောင်းပါးမှာဖော်ပြလိုတဲ့ အကြောင်းအရာတွေကတော့ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ်/ဆေးရုံမှာ သတ်မှတ်ထားတဲ့ လူနာများရဲ့ တာဝန်ဝတ္တရားအကြောင်းများပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဂျွန်ဟော့ပ်ကင်းဆေးရုံကို ရွေးချယ်ဖော်ပြရသလဲဆိုရင် လောလောဆယ်မှာ ကမ္ဘာ့အကောင်းဆုံးဆေးရုံလို့ သတ်မှတ်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။လူနာများရဲ့ တာဝန်ဝတ္တရားနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့အနက်က အချက်အလက်အချို့ကို အောက်ပါအတိုင်း ရွေးချယ်ဖော်ပြလိုပါတယ်။၁။ လူနာများသည် မိမိတို့၏ ကျန်းမာရေးအခြေအနေနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို တိကျစွာဖော်ပြရမည်။ဒီနေရာမှာ ကျန်းမာရေးအခြေအနေကို ပြည့်ပြည့်စုံစုံဖွင့်ပြောဖို့အပြင် နေရပ်လိပ်စာ၊ တယ်လီဖုန်း၊ မွေးသက္ကရာဇ်စတဲ့ အချက်အလက်တွေပါ မှန်ကန်တိကျစွာ အသိပေးထားဖို့ လိုပါတယ်။ (ဒီသတင်းအချက်အလက်တွေကိုလည်း တခြားမပေါက်ကြားဖို့ ဆေးရုံက တာဝန်ခံရပါတယ်။)။၂။ မိမိကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား လေးစားသမှုရှိရမည်။ဒီနေရာမှာ ဆရာဝန်၊ သူနာပြုတွေကစပြီး သန့်ရှင်းရေးဝန်ထမ်းတွေအထိ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုပါတယ်။ လူနာမှာ ငြင်းပယ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ရှိပေမယ့် အဲဒီ ငြင်းပယ်ခြင်း/ရွေးချယ်ခြင်းရဲ့ အကျိုးဆက်ကတော့ လူနာမှာ တာဝန်ရှိပါတယ်။၃။နားမလည်မှုရှိလျှင် ပြန်လည်မေးမြန်းပါ။ကျန်းမာရေးအခြေအနေ၊ ဆေးဝါးများသုံးစွဲပုံနဲ့ ပတ်သက်ပြီး ဆရာဝန်၊ သူနာပြုများက ရှင်းလင်းညွှန်ပြဖို့ တာဝန်ရှိသလို ကျေကျေလည်လည်မရှိတဲ့အချက်တွေဆိုရင် သဘောပေါက်သည်အထိ မေးမြန်းဖို့ လူနာများဘက်ကလည်း အားစိုက်ထုတ်ရပါတယ်။၄။ မိမိကျန်းမာရေးအခြေအနေ၏ ပြောင်းလဲမှုမှန်သမျှကို ဖွင့်ပြောရမည်။ကိစ္စတချို့ဟာ လူနာကိုယ်တိုင်ဖွင့်ပြောမှ ဆရာဝန်၊ သူနာပြုများ သိမြင်နိုင်မှာဖြစ်ပါတယ်။ ဥပမာ ဆီးအရောင်/ဝမ်းအရာင်ပြောင်းခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း စတဲ့ကိစ္စမျိုးတွေ ဖြစ်ပါတယ်။၅။ မိမိရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်း တာဝန်ယူပါ။ဒီအချက်ကို ရုတ်တရက်ကြည့်ရင် မျက်စိလည်နိုင်ပါတယ်။ တကယ်တော့ ဆရာဝန်၊ သူနာပြုများမှာ တာဝန်ယူရတဲ့အပိုင်းရှိသလို လူနာကိုယ်တိုင်တာဝန်ယူရတဲ့အပိုင်းလည်း ရှိပါတယ်။ ဥပမာ အစာအိမ်လူနာတစ်ယောက်ကို အပူအစပ်များရှောင်ဖို့ ဆရာဝန်က တိုက်တွန်းချိန်မှာ လူနာဟာ မတည့်တာတွေ ရှောင်ကြဉ်ဖို့ တာဝန်ရှိပါတယ်။ ချုပ်ထားတဲ့အနာကို ရေမစိုရလို့ မှာကြားရင် ရေမစိုအောင် ဂရုစိုက်ရပါတယ်။ ပေးထားတဲ့ဆေးကုန်အောင်သောက်ဖို့၊ ဆရာဝန်ညွှန်တဲ့ လေ့ကျင့်ခန်းတစ်ခုခု ပုံမှန်လုပ်ဖို့ စတာတွေလည်း ပါဝင်ပါတယ်။၆။ ဆေးရုံဝန်ထမ်းများရဲ့ ခွင့်ပြုချက်မရှိဘဲ ဖုန်း (သို့) အခြားကိရိယာများဖြင့် ဓါတ်ပုံ၊ ဗီဒီယိုရိုက်ခြင်း၊ မှတ်တမ်းတင်ခြင်းမပြုရ။လူ့အခွင့်အရေးကို တန်ဖိုးအထားဆုံးလို့ သတ်မှတ်ထားတဲ့ အမေရိကရဲ့ အကောင်းဆုံးဆေးရုံကြီးမှာ ဒီလိုသတ်မှတ်ချက်ရှိပါတယ်။ တကယ်တော့ လူ့အခွင့်အရေးဆိုရာမှာ မိမိအခွင့်အရေးကို ကာကွယ်သလို သူတစ်ပါးရဲ့အခွင့်အရေးကို လေးစားတန်ဖိုးထားခြင်းလည်း ပါဝင်နေပါတယ်။ ဆေးရုံ/ဆေးခန်းတွေမှာ ဓါတ်ပုံ/ဗီဒီယိုတွေရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်ပြီး ပြစ်တင်ဝေဖန်ခြင်းဟာ မှန်ကန်တဲ့ဖြေရှင်းမှု မဟုတ်ပါဘူး။၇။ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားလူနာများ၏ အတွင်းရေးများကို ထိန်းသိမ်းထားပါ။ဆေးရုံဆေးခန်းများဟာ လူနာရဲ့အတွင်းရေးကို ထိန်းသိမ်းထားဖို့ တာဝန်ရှိသလို လူနာများဟာလည်း မိမိကိုပြုစုကုသနေသူများ၊ အခြားလူနာများရဲ့ အတွင်းရေးများကို ထိန်းသိမ်းပေးထားဖို့ တာဝန်ရှိနေပါတယ်။ (အတွင်းရေးကိစ္စတွေကို ဘယ်လိုအခြေအနေတွေမှာပဲ ဖွင့်ဟခွင့်ရှိသလဲဆိုတာ နောင်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်)။အထက်ပါအချက်အလက်များကတော့ ဂျွန်ဟော့ပ်ကင်းဆေးရုံက ယုံကြည်လက်ခံထားတဲ့ လူနာများရဲ့ တာဝန်ဝတ္တရားများအကြောင်းပဲ ဖြစ်ပါတယ်။ လူနာများအတွက် ထုတ်ပြန်တဲ့ တာဝန်ဝတ္တရားဆိုတာလည်း တကယ်တော့ လူနာတွေရဲ့ အကျိုးအတွက်လည်း ပါဝင်ပါတယ်။ဘယ်နေရာမှာမဆို ရပိုင်ခွင့်တွေရှိနေသလို ပြန်လည်စောင့်ထိန်းရတဲ့ တာဝန်ဝတ္တရားတွေလည်း ရှိနေပါတယ်။ ဆေးရုံဆေးခန်း (သို့) ဆရာဝန်များနဲ့ လူနာများဟာ မိမိတို့ကိုယ်စီကိုယ်ငှ ရပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားတွေကို သေချာသဘောပေါက်နားလည်ပြီး လုပ်ဆောင်သွားရင် ကုသမှုလုပ်ငန်းစဉ်မှာ ပိုမိုချောမွေ့နိုင်မှာ ဖြစ်ပါတယ်။..။Dr. Thant။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%81%8f-%e1%80%90%e1%80%ac%e1%80%9d%e1%80%94%e1%80%ba%e1%80%9d%e1%80%90%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%99/
သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ
Conception(ကိုယ်ဝန်ရရှိခြင်း) ဆိုတာက သားဥ (egg) နဲ့သုက်ပိုး (sperm) တို့တွေ့ဆုံချိန်ကို ခေါ်တာပါ။ သုက်ပိုးတစ်ကောင် သားဥပြွန် (conception ဖြစ်သည့်နေရာ) သို့ ချဉ်းကပ်လာနိုင်ရန် ၄၅ မိနစ်မှ ၁၂ နာရီထိ ကြာနိုင်ပါသည်။ ဒါကြောင့်သားဥကြွေခြင်း (ovulation) ဖြစ်မည်ဆိုလျှင် လိင်ဆက်ဆံပြီး တစ်ပတ်အထိ ကိုယ်ဝန်ရနိုင်ပါသည်။ အခုတစ်ခေါက်တော့ သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ စိတ်ဝင်စားဖွယ် ဤလမ်းကြောင်းနှင့် ဘဝတစ်ခု ဘယ်လိုစတယ်ဆိုတာ ဆက်လေ့လာကြည့်ကြရအောင်။သင်ဘယ်လို ကိုယ်ဝန်ရရှိသလဲ ဆိုတော့ အခုလို ဖြစ်စဉ်တွေကို ကျော်ဖြတ်ပြီးမှ ရရှိတာပါ။ဟာသအနေဖြင့် ပြောရလျှင် သင့်မျှော်လင့်ချက်များသည် (orgasm) ကာမအထွတ်အထိပ်ရောက်ချိန်တွင် အားလုံး ပျောက်ကွယ်သွားကြသည်။ ကာမအထွတ်အထိပ် ရောက်ခြင်းတွင် မရှိမဖြစ် လိုအပ်သော ဇီဝကမ္မဖြစ်စဉ် လုပ်ငန်းများ ရှိပါသည်။အမျိုးသားများ ကာမအထွတ်အထိပ်ရောက်ချိန်တွင် အမျိုးသမီး၏ မိန်းမကိုယ်အတွင်းသို့ သုက်ပိုးများပါဝင်သော သုက်ရည်ကြည်များကို တွန်းထည့်ပေးလိုက်၍ သားအိမ်ခေါင်း ဆီသို့ တစ်နာရီ ၁၆ ကီလိုမီတာနှုန်းဖြင့် သွားစေပါသည်။သုက်လွှတ်ခြင်းသည် သုက်ပိုးများကို သားဥဆီသို့ သွားရာ လမ်းကြောင်းကို ဦးတည်ပေးလိုက်ခြင်း ဖြစ်သည်။ ကိုယ်ဝန်ရရှိရန် အမျိုးသမီးသည် ကာမ အထွတ်အထိပ် ရောက်ရန်မလိုပါ။ သားအိမ်အနည်းငယ် ညှစ်ခြင်းသည် ကာမအထွတ်အထိပ် မရောက်လည်း ဖြစ်နိုင်၍ သုက်ပိုး သွားရာလမ်းကြောင်းကို ကူညီပေးပါသည်။စုံတွဲများသည် ကိုယ်ဝန်ရနိုင်ရန်အတွက် ကောင်းမွန်သောလိင်ဆက်ဆံမှုပုံစံမျိုးကို သဘောကျကြသည်။ ကိုယ်ဝန်ရ၊ မရကို မည်သူမျှ သေချာစွာ မပြောနိုင်ပါ။ ကိုယ်ဝန်ရရန်အတွက် အရေးအကြီးဆုံးမှာ နှစ်ဦးလုံးအတွက် သာယာကောင်းမွန်၍ အကြိမ်များစွာ ပြုလုပ်နေရပေမည်။ကိုယ်ဝန်ရရန်အတွက် အသက်ရှင်နေသော သုက်ပိုးများသည် အမျိုးသမီး၏ မျိုးပွားလမ်းကြောင်းထဲတွင် ရှိနေရန်လိုအပ်ပါသည်။ ရာသီ၏ အလယ်ရက်၌ သားဥကြွေခြင်းသည် အမျိုးသမီးတိုင်း၌ ဖြစ်ပွားသည် မဟုတ်ပါ။ ကိုယ်ဝန်ရလိုလျှင် အခြားနေ့များတွင်ပါ လိင်ဆက်ဆံမှု ပြုလုပ်သင့်သည်။ထိုအချိန်၌ သင့်တွင် ကိုယ်ဝန်ရရှိရန် မျှော်လင့်နိုင်သည်။ အများစုသည် လိင်ဆက်ဆံပြီး အနားယူချိန်၌ အမျိုးသား၏ အင်္ဂါကို အမျိုးသမီး၏ မိန်းမကိုယ်အတွင်း ထားတတ်ကြသည်။ သန်းပေါင်းများစွာသော သုက်ပိုးများသည် သားဥကို စ၍ ရှာဖွေကြပါသည်။ထိုသို့ရှာဖွေခြင်းသည်လည်း လွယ်ကူသော လမ်းကြောင်းတစ်ခု မဟုတ်ပါ။ ပထမဆုံး အတားအဆီးသည် သားအိမ်ခေါင်းအဝရှိ အကျိအချွဲ (mucus) များဖြစ်သည်။အမျိုးသမီးတစ်ဦး သန္ဓေမအောင်နိုင်သော အချိန်များတွင် ထိုအကျိအချွဲများသည် မဖောက်ထွက်နိုင်သော ပိုက်ကွန်များသဖွယ် ရှိနေပါသည်။ သန္ဓေအောင်နိုင်သော အချိန်တွင် ပိုက်ကွန်သဖွယ် ထိုအကျိအချွဲများသည် ပျော့ပျောင်းလျော့ရဲလာ၍ အကူးခတ်နိုင်ဆုံး သုက်ပိုးများသည် ဖြတ်သန်းနိုင်သည်။အသက်ရှင်နေသေးသော သုက်ပိုးများသည် ရှေ့သို့ ခရီးရှည်ကြီး ဆက်ရပေဦးမည်။ သားအိမ်ခေါင်းဝမှ သားအိမ်ကို ဖြတ်ကာ သားဥပြွန်များဆီသို့ ၁၈ စင်တီမီတာ ခရီးကို သွားရပေမည်။အမြန်ဆုံးကူးခတ်နိုင်သော သုက်ပိုးများအတွက် သားဥဆီသို့ရောက်ရန် ၄၅ မိနစ်သာ ကြာသော်လည်း နှေးသော သုက်ပိုးများအတွက် ၁၂ နာရီမျှ ကြာနိုင်သည်။သုက်ပိုးများသည်သားဥပြွန်အတွင်း၌ သားဥကို မတွေ့ခဲ့လျှင် ၇ရက်ကြာ အသက်ရှင်နေနိုင်သည်။ ဆိုလိုသည်မှာ ထို ၇ရက်အတွင်း သားဥကြွေလျှင် ကိုယ်ဝန်ရနိုင်သေးသည်။သုက်ပိုးများ သေနှုန်းသည် အလွန်မြင့်၍ ဒါဇင်အနည်းငယ်မျှသာ သားဥထံသို့ ရောက်ရှိကြသည်။ သားဥအနီးသို့ ရောက်ရှိလာသော ကံကောင်းသည့် ထိုသုက်ပိုးများအတွက် ဆက်လက်၍ ပြိုင်ပွဲရှိနေသေးသည်။သုက်ပိုးတစ်ကောင်ချင်း စီသည် သားဥ၏ အပြင်ခွံကို ဖောက်၍ အတွင်းသို့ အခြားအကောင်များ မဝင်နိုင်ခင် ဝင်ရောက်နိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်ရသေးသည်။သားဥသည် ကြွေကျလာပြီးချိန်မှ ၂၄ နာရီအတွင်း သန္ဓေအောင်ရန် လိုအပ်သည်။ အတော်ဆုံး သုက်ပိုးတစ်ကောင် ဝင်ရောက် လာနိုင်သောအခါ သားဥသည် အခြားသုက်ပိုးများ မဝင်ရောက်နိုင်အောင် ရုတ်တရက် ပြောင်းလဲလိုက်တော့သည်။ပထမဆုံး သုက်ပိုးတစ်ကောင် ဘေးကင်းစွာ ဝင်ရောက်ပြီးချိန်တွင် သားဥအပေါ်၌ ဒိုင်းအကာသဖွယ် ကာကွယ်တားဆီးလိုက်ကြသည်။မျိုးပွားခြင်းဖြစ်စဉ်တလျှောက် သုက်ပိုး နှင့် သားဥ အတွင်းမှ မျိုးရိုးဗီဇဆိုင်ရာ ပစ္စည်းများသည် ဆဲလ်အသစ်တစ်ခု အဖြစ်သို့ ပေါင်းဆည်းကြ၍ ထိုဆဲလ်အသစ်လေးသည် အလျင်အမြန် နှစ်ခြမ်းခွဲလိုက်သည်။ ထိုဆဲလ်အသစ်လေးများ အစုအဝေးကို blastocyst ဟုခေါ်ပါသည်။ထို blastocyst သည်သားဥပြွန်ကို ဖြတ်၍သားအိမ်ဆီသို့ ဆင်းသွားပါသည်။ ထိုခရီးသည် ၃ရက်အထိ ကြာနိုင်ပါသည်။ ထို blastocyst သည် သားအိမ်နံရံသို့ မတွယ်ကပ်မချင်း ကိုယ်ဝန်ရှိပြီဟု အတိအကျပြော၍ မရပါ။ ထိုတွယ်ကပ်သောနေရာတွင် embryo နှင့် အချင်း (placenta) အဖြစ်သို့ ဖွံ့ဖြိုးလာသည်။တစ်ခါတစ်ရံ ထို blastocyst သည် သားအိမ်ထဲတွင် မဟုတ်ဘဲ သားဥပြွန်ကဲ့သို့သော ပုံမှန်မဟုတ်သည့် နေရာများတွင် တွယ်ကပ်တတ်ပါသည်။ ထို့သို့တွယ်ကပ်လျှင်နေရာမှားယွင်း သန္ဓေတွယ်ခြင်း (ectopic pregnancy) ဟု ခေါ်၍ အရေးပေါ် ဆေးကုသမှု ခံယူသင့်ပါသည်။သန္ဓေအောင်ပြီးသား သားဥသည် သားအိမ်ပြင်ပတွင် အသက်မရှင်နိုင်သောကြောင့် သားဥပြွန်ကို မထိခိုက်စေရန် သားဥပြွန်အတွင်း၌ မကျန်တော့သည်အထိ ဖယ်ထုတ်ပစ်ရန်လိုအပ်သည်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/about-getting-pregnant/
အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ
Menstrual Cup လို့ခေါ်တဲ့ ရာသီခံခွက်လေးတွေအကြောင်း မကြာမကြာ ပြောခဲ့ပြီးပါပြီ။ ဒီခွက်အကြောင်းပြောရင် မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့ မေးခွန်းတွေက မိန်းမကိုယ်နဲ့ ဆန့်ပါ့မလား။ အထဲထည့်ထားပြီး ကျယ်သွားရင် ဘယ်လိုလုပ်မလဲ။ ဆိုတဲ့ မေးခွန်းတွေအပြင် “ဒီခွက်ကြီး အထဲမှာ ထည့်တာလိင်စိတ်ဆန္ဒပြင်းပြတဲ့ မိန်းမတွေပဲ ထည့်တာ။ နေလို့ကောင်းလို့ နေမှာပေါ့။” ဆိုတဲ့ နှိမ့်ချပြောတာတွေတောင် ရှိပါသေးတယ်။ ဒါတွေကို အစက ရှင်းရမယ်ဆိုရင်…။အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ ကတော့။၁။မိန်းမကိုယ်နဲ့ တော်ပါ့မလား။ခွက်ကလည်း နဂိုက သေးသေးလေးပါ။ Sizeလည်းရှိပါတယ်။ ပြီးတော့ ထည့်တဲ့အခါမှာလည်း ခွက်လိုက် ထည့်ရတာ မဟုတ်ဘဲ ခေါက်နည်းမျိုးစုံနဲ့ ခေါက်ပြီး သွင်းရတာဖြစ်ပြီး ခေါက်ထားတဲ့ အရွယ်အစားကTamponလောက်ပဲ ရှိတာမို့ ဆန့်ကို ဆန့်ပါတယ်။ မိန်းမကိုယ် ကြွက်သားဆိုတဲ့အမျိုးကလည်း ကျုံ့နိုင်၊ ဆန့်နိုင်တဲ့ ကြွက်သားမို့ ကလေးတစ်ယောက်ကိုတောင် မွေးထုတ်လို့ ရသေးတာပဲ ကြည့်လေနော်။ ခွက်ကလေး ပိစိလေးကို မဝင်နိုင်စရာ အကြောင်း မရှိပါဘူး။၂။ ထည့်တာများရင် ကျယ်သွားမှာလား။ဒီမေးခွန်းကို မေးကြတာဟာ မိန်းမကိုယ် ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်အကြောင်း မသိလို့ပါ။ မိန်းမကိုယ် ကြွက်သားတွေဟာ အပေါ်မှာ ပြောခဲ့သလို ကျုံ့နိုင်၊ ဆန့်နိုင်အား သိပ်ကောင်းတဲ့ ကြွက်သားတွေပါ။ ခွက်ထည့်တဲ့အချိန် ပွင့်ပေးရမှာမို့ ဖွင့်ပေး၊ ဖြေလျော့ပေးလိုက်တယ်။ ခွက်ပြန်ထုတ်ရင် နဂိုအနေအထား ပြန်ရောက်သွားပါတယ်။ ဒါကြောင့် ကျယ်သွားမှာလားဆိုတာ မလိုအပ်တဲ့ မေးခွန်းပါပဲ။တစ်ခုရှိတာက ဒီလို ထုတ်တာ၊ ထည့်တာများလို့ ကျယ်သွားမှာကို စိုးရိမ်တယ်၊ မိန်းမကိုယ်ကြွက်သား ကျုံ့ဆန့်နိုင်စွမ်း လျော့သွားမှာကို စိုးရိမ်တယ်ဆိုရင်တော့ မိန်းမကိုယ်ကြွက်သား လေ့ကျင့်ခန်း Kegel Exercise တွေကို လုပ်ပေးနိုင်ပါတယ်။Kegel Exerciseနဲ့ဆိုရင်တော့ အကျဉ်း၊ အကျယ် ပြဿနာ ရှင်းပြီးသား ဖြစ်သွားသလို အသက်ကြီးလာလို့ ဆီးမထိန်းနိုင်တဲ့ ပြဿနာတွေလည်း အဟုတ်ကို ရှင်းသွားမှာပါ။၃။ အထဲထည့်ထားရင် ခိုးလိုးခုလု ဖြစ်မနေဘူးလား။ လိင်ဆန္ဒရော ဖြစ်လာလား။မဖြစ်လာပါဘူး။ ထည့်နေတုန်း ခဏ ဝင်သွားတာနဲ့ အထဲမှာ ခွက်ပွင့်တာကို သိလိုက်ပြီးရင် တစ်နေကုန် (၈-၁၂ နာရီ) အတွင်း ထည့်လို့ ထည့်ထားမှန်းတောင် မသိရတာပါ။ လိင်စိတ်ဆန္ဒ တက်ကြွဖို့ဆိုတာ ဝေးလို့ ရာသီလာနေမှန်းတောင် မသိရလောက်တဲ့ထိ ပေါ့ပါးပါတယ်။ နေရာတကျ ထည့်တတ်ဖို့ပဲ လိုတာပါ။၄။ ထုတ်မရရင် ဘယ်လိုလုပ်မလဲ။ထုတ်လို့ ရပါတယ်။ မိန်းမကိုယ် ကြွက်သားကို နည်းနည်းလေး ညှစ်လိုက်တာနဲ့ သူ့ အလိုလို အဝကို ထွက်လာပြီးသားပါပဲ။ ဘယ်မှ ပျောက်သွားစရာ မရှိပါဘူး။ မိန်းမကိုယ် ကြွက်သားကို ဘယ်လို ညှစ်ရမလဲဆိုတာကို အတွေးထဲ မြင်အောင် ပြောပြရမယ်ဆိုရင်တော့ အပေါ့သွားရင်းနဲ့ ညှစ်ပြီး ရပ်လိုက်သလိုမျိုး၊ အပေါ့မကျန်အောင် အတင်းညှစ်ထုတ်သလိုမျိုး စိတ်သွင်းပြီး ညှစ်လိုက်ရင် သူ့ဟာသူ ထွက်လာတာပါပဲ။၅။ အနံ့မနံဘူးလား။ပုံမှန်အားဖြင့်ရာသီသွေးတွေကို အနံ့နံတယ်လို့ စွဲနေတတ်ကြပါတယ်။ တကယ်တော့ ရာသီသွေးမှာ ဒီလောက် အနံ့ရှိတာ မဟုတ်ပါဘူး။ သွေးနံ့ဟာ ပြင်ပလေ၊ တစ်နည်းအားဖြင့် အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီးမှ ထွက်လာတာပါ။ဒါကြောင့်Padသုံးရင် အနံ့ရှိတာပေါ့။ ရာသီခွက်နဲ့ဆိုရင်တော့ သွေးက အပြင်လည်း ထွက်မလာတာကြောင့် အနံ့ထွက်စရာလည်း မရှိပါဘူး။၆။ ခွက်ကို အသွင်းအထုတ်လုပ်ရင် နာမှာလား။အခြောက်တိုက်သွင်းရင်တော့ နာမှာပါ။ သုံးနေကျတဲ့သူတွေ၊ ရာသီလာတဲ့အချိန်မှ ထည့်မယ်ဆိုရင်တော့ ရာသီအချွဲတွေက ချောဆီလို ဖြစ်နေတာမို့ မနာပါဘူး။ ဒါကြောင့် ရာသီခွက်တွေကို စသုံးမယ်ဆိုရင် ချောဆီရဲ့ အကူအညီယူပါ။မနာဘူးဆိုရင် မသုံးလည်းရပါတယ်။ မိန်းမကိုယ်လမ်းကြောင်းမှာ နဂိုတည်းက အချွဲတွေ ရှိပြီးသားမို့လို့ လျောလျောလျူလျူဝင်ပါတယ်။မဟုတ်တဲ့ သံလွင်ဆီတွေ၊ အုန်းဆီတွေ လျှောက်မသုံးပါနဲ့။ ရေကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီတွေ ရှိပါတယ်။ အဲဒါလေးတွေ သုံးပါ။ ထုတ်တဲ့အခါမှာလည်း အမြီးလေးထွက်လာတဲ့အခါ လက်မနဲ့ လက်ညှိုးကို မိန်းမကိုယ်ထဲ နည်းနည်း ထည့်ပြီး ခွက်ဖင်ကို ညှစ်၊ ခေါက်ပြီး ထုတ်လိုက်ပါ။ ဒါဆို မနာပါဘူး။၇။ အပေါ့သွားလို့ရော ရလား။ရာသီလာတဲ့ နေရာ နဲ့ အပေါ့သွားတဲ့နေရာဟာ တစ်နည်းအားဖြင့် ထွက်လာရာ လမ်းကြောင်းချင်း မတူကြပါဘူး။ ဒါကြောင့် အပေါ့သွားတဲ့အခါ ရာသီခွက်ထဲ ဆီးတွေ ဝင်နေမှာကို စိုးရိမ်စရာမလိုသလို အောင့်ထားရလွန်းလို့ ဆီးအောင့်မှာ/ ဆီးပူမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။ထည့်ရတာ သက်သောင့်သက်သာမဖြစ်ဘူးဆိုရင်လည်း မသုံးလို့ရပါတယ်။ နောက် ထည့်ပြီးမှ အလက်ဂျီထတဲ့သူတွေပေါ့။ ပြီးတော့ အရေပြားပွန်းတယ်လို့ ခံစားရရင်လည်း မသုံးဘဲနေနိုင်ပါတယ်။မိန်းမကိုယ်အတွင်းထဲ ဘာမှ ထည့်မရအောင် နာကျင်တတ်တဲ့သူတွေနဲ့ တင်ပါးဆုံကွင်း (Pelvic Floor) ပြဿနာရှိသူတွေ မသုံးသင့်ပါဘူး။ ဆီးလမ်းကြောင်း ပြဿနာရှိသူတွေလည်း မသုံးသင့်ပါဘူးနော်။မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အဆင်ပြေချောမွေ့နိုင်ကြပါစေ။Wathun Myet Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/menstrual-cup-myths/
စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ် စားပါ
ဥအနှစ် (Egg yolk) ဆိုတာကကြက်ဥ၊ ဘဲဥစတဲ့ ဥတွေရဲ့ အလယ်ဗဟိုက အဝါရောင်အနှစ် အစုအဝေးလေးကို ဆိုလိုတာပါ။ ဥတစ်လုံးရဲ့ အတွင်းပိုင်းမှာ အဝါရောင်အနှစ်နဲ့ ကြည်လင်တဲ့အကာရည်ဆိုပြီး အစိတ်အပိုင်း ၂ ခုပါဝင်ပါတယ်။ အရသာရှိသလို အာဟာရလည်းပြည့်ဝလွန်းတဲ့ အစိတ်အပိုင်းတွေပေါ့။ဒီအစိတ်အပိုင်း ၂ ခုထဲကမှ အနှစ်ကတော့ ကိုလက်စထရောပါဝင်မှု မြင့်မားပေမယ့် ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတဲ့နေရာပါ။ ဒါကြောင့်လည်း ဘဲဥ၊ ကြက်ဥအနှစ် တွေဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ကျန်းမာစေတဲ့ အစားအစာတွေလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ကြက်ဥ၊ ဘဲဥဆိုတဲ့အစားအစာတွေက ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး နေရာစုံမှာအသုံးချနိုင်သလို ကိုယ်အလိုရှိတဲ့ ကျန်းမာရေး အကျိုးရလဒ်ရရှိအောင် စီမံရာမှာလည်း မခက်ခဲပါဘူး။ ဒီထဲကမှ အာဟာရဓာတ်အကြွယ်အဝဆုံးအပိုင်းကတော့ အဝါရောင်အနှစ်နေရာပါပဲ။ ဒီအချက်က ကြက်ဥ ဘဲဥတွေကို မှီဝဲစားသောက်ရင် အကာထက် အနှစ်ကိုပိုနှစ်ခြိုက်သူတွေအတွက်တော့ သတင်းကောင်းလို့ဆိုရမှာပါပဲ။ဒီလိုညွှန်းဆိုရလောက်အောင် ကြက်ဥအနှစ် တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ။ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများအထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ဥအနှစ်ဟာ ဥတွေရဲ့ အတွင်းဘက်က အာဟာရဓာတ်အကြွယ်ဝဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဥအနှစ်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျိုးစိတ်၊ ဥထုတ်လုပ်မှုပုံစံနဲ့ အရွယ်အစားတွေပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်ပေမယ့် ယျေဘုယျအားဖြင့်တော့ ပရိုတိန်း၊ အဆီနဲ့ ကယ်လိုရီကြွယ်ဝတာခြင်း တူကြပါတယ်။ဥအနှစ်တွေထဲမှာ အဓိကအားဖြင့် အောက်ပါ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ဒါ့အပြင် ဥအနှစ်တွေထဲမှာ ဗီတာမင်ဓာတ်တွေ အမြောက်အများလည်းပါဝင်ပြီး အများစုကတော့ ရေနဲ့ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားတွေပါ။ လေ့လာချက်တွေအရတော့ ဘဲဥ၊ငုံးဥ၊ မန်ဒါလီဥနဲ့ ကြက်ဆင်ဥတွေဟာ ကြက်ဥထက် အာဟာရဓာတ်တွေပိုကြွယ်ဝတယ်လို့ ဆိုထားပါတယ်။နောက်ပြီး ဥအနှစ်ကို မှန်ကန်စွာ အသုံးချမယ်ဆိုရင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ ဒါတွေကတော့။ဥတွေနဲ့ ဥအနှစ်တွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမှန်ပေမယ့် တခါတစ်ရံမှာတော့အစာအဆိပ်သင့်စေတာမျိုးဖြစ်တတ်ပါတယ်။ အဖြစ်နည်းပေမယ့် မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီအချက်က သတိထားရမယ့် အချက်ဖြစ်ပါတယ်။ဥအစာအဆိပ်သင့်မှုဟာ ကလေးငယ်တွေနဲ့ကိုယ်ခံအားစနစ်ကျဆင်းနေပြီဖြစ်တဲ့ အသက် ၆၅ နှစ်အထက်လူကြီးတွေမှာ အဖြစ်များပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ဥတွေဟာ ဘက်တီးရီးယားတွယ်ညှိနိုင်ခြေမြင့်မားတာကြောင့်လို့ ဆိုပါတယ်။ဥအနှစ်တွေမှာ အာဟာရဓာတ် ပြည့်ဝစွာပါဝင်လာအောင်နဲ့ အစာအဆိပ်သင့်တာမျိုးမဖြစ်ရလေအောင် အောက်ပါအချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်။စတဲ့ နည်းလမ်းတွေကို လိုက်နာပြီး မှီဝဲစားသုံးမယ်ဆိုရင် ဥအမျိုးမျိုးနဲ့ အနှစ်တွေကို စိတ်ချလက်ချမှီဝဲစားသောက်နိုင်မှာဖြစ်ပါတယ်။အနှစ်ကို စားချင်ပေမယ့် ကိုလက်စထရောကြောင့် စားသင့် မစားသင့်ချိန်ဆနေသူတွေလည်း ရှိမှာပါ။ အစားများတဲ့ ကြက်ဥအနှစ်မှာဆိုရင် တစ်လုံးကို ကိုလက်စထရော ၁၈၀ မီလီဂရမ်ဝန်းကျင်ပါပါတယ်။ ကိုယ့်ရဲ့ ကျန်းမာအခြေအနေကို လိုက်ပြီး တစ်နေ့ ဘယ်နှလုံးထိစားနိုင်သလဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်မှာဖော်ပြခဲ့သလိုပဲ ဥအနှစ်ဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေနိုင်တဲ့ အကျိုးကိုရစေနိုင်တာမို့ နေ့စဉ်မှီဝဲစားသောက်ပေးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မှန်ကန်စွာ အသုံးချပြီး စနစ်တကျမှီဝဲနိုင်မယ်ဆိုရင် နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့ ဥအနှစ်တွေက အကောင်းဆုံး အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/the-egg-yolk-here-are-benefits/
Text Neck Syndrome ဆိုတာဘာလဲ
Text Neck Syndrome ဆိုတာက ခုနောက်ပိုင်းခေတ်တွေမှာ အဖြစ်များလာတဲ့ ဝေဒနာ အသစ်အဆန်းတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်တုန်းကဆိုရင် ဒီလိုရောဂါမျိုးကို ဘယ်သူမှ မကြားဖူးခဲ့ကြပါဘူး။စမတ်ဖုန်းတွေနဲ့ဆိုရှယ်မီဒီယာတွေခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာမှ အဖြစ်များလာတဲ့ ရောဂါတစ်ခုလို့ ဆိုလို့ရပါတယ်။မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ ခန္တာကိုယ်ကို ကိုင်းညွှတ်ပြီး စမတ်ဖုန်းမျက်နှာပြင်တွေကို အချိန်ကြာညောင်းစွာ စူးစိုက်ကြည့်ရှုတာကြောင့် ဖြစ်ပေါ်လာတတ်တဲ့ လည်ပင်းရိုးနာကျင်တဲ့ ဝေဒနာတစ်မျိုးကို Text Neck Syndrome လို့ ခေါ်ဆိုတာဖြစ်ပါတယ်။လည်ပင်းကို ရှေ့ဘက်ကို လိုအပ်တာထက် ပိုပြီး ငိုက်လိုက်မယ်ဆိုရင် ကျောဘက်မှာရှိတဲ့လည်ပင်းရိုးပတ်လည်က ကြွက်သားတွေတင်းကျပ်လာတတ်ပြီး နာ့ဗ်ကြောတွေလည်း ထိခိုက်ပျက်ဆီးသွားတတ်ပါတယ်။ ဒီလို လည်ပင်းရိုးကို မူမမှန်တဲ့ အနေအထားနဲ့ အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါမျိုးမှာ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာခံစားရမှာဖြစ်ပြီး ပိုမိုဆိုးရွားလာတဲ့အခြေအနေမျိုးမှာ Text Neck Syndrome ဖြစ်လာမှာဖြစ်ပါတယ်။ရောဂါလက္ခဏာအနေနဲ့ဆိုရင် နာကျင်မှုတစ်ခုတည်းမဟုတ်ပါဘူး။ အကြောဆွဲတာမျိုး၊ လည်ပင်းကြွက်သားတွေ တင်းကျပ်ပြီး နေရထိုင်ရခက်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ ဒီဝေဒနာဟာ အသက်အရွယ်ပေါ်မူတည်ပြီးဖြစ်တတ်တဲ့ ရောဂါဝေဒနာတစ်ခုဖြစ်ပြီး စမတ်ဖုန်းအလွန်အကျွံသုံးစွဲလေ့ရှိတဲ့လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေမှာ ဖြစ်နိုင်ချေများပြားပါတယ်။လည်ဂုတ်အနီးတစ်ဝိုက်မှာရှိတဲ့ နာ့ဗ်ကြောတွေ ထုံထိုင်းနာကျင်မှုကြောင့် တစ်ဆက်စပ်တည်းအနေနဲ့ နောက်ကျော၊ ပခုံးနဲ့ လက်မောင်းတွေအထိ ဝေဒနာခံစားရနိုင်ပါတယ်။Text Neck Syndrome မဖြစ်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းမျိုးတွေနဲ့ နေထိုင်ပြုမူဖို့ အဓိက လိုအပ်ပါတယ်။• ဒီဝေဒနာမျိုးတွေဖြစ်ပေါ်မလာဖို့အတွက် စမတ်ဖုန်း မိနစ် ၂၀ ခန့် အသုံးပြုပြီးတိုင်း ခနအနားပေးပြီး လက်မောင်းနဲ့ ပခုံးတွေကိုလေ့ကျင့်ခန်း ခနလုပ်ပေးတဲ့အကျင့်မျိုး ထားရှိသင့်ပါတယ်။• ခေါင်းကို မတ်မတ်ထားပြီး ဖုန်းအသံးပြုတာကလည်း သင့်လျော်မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဦးခေါင်းကို ၄၅ ဒီဂရီလောက် ရှေ့ကို ကိုင်းညွှတ်လိုက်ရင် လည်ပင်းက မူလဦးခေါင်းရဲ့ အလေးချိန် (၁၀ ပေါင်မှ ၁၂ ပေါင်) ထက် ပေါင် ၄၀ လောက် ပိုပြီးသယ်ဆောင်ထားရတတ်ပြီး ၆၀ ဒီဂရီလောက် ရှေ့ကို ကိုင်းညွှတ်လိုက်မယ်ဆိုရင် ပေါင် ၅၀ လောက်အထိ ဝိတ်ကတိုးလာပါလိမ့်မယ်။ ဒီအချက်တွေဟာ Text Neck Syndrome ဖြစ်ဖို့ တွန်းအားပေးတဲ့ အချက်တွေဖြစ်ပါတယ်။• ဖုန်းသုံးနေချိန်မှာလည်း ကိုယ်ကို အလွန်အမင်းကိုင်းပြီး ဖုန်းနဲ့မျက်နှာနဲ့ အလွန်အမင်းကပ်ပြီး မသုံးသင့်ပါဘူး။ Text Message ပို့ချိန်တွေ Social Media က Noti တွေကို ဖတ်ရှုတာမျိုးတွေပြုလုပ်ချိန်တွေမှာ ဖုန်းကို သင့်လျော်တဲ့ အကွာအဝေးတစ်ခုမှာ ထားပြီး ဖတ်ရှုသင့်ပါတယ်။ လူတစ်ယောက်ဟာခါးကို မတ်မတ်ထားပြီး ဖုန်းကို မျက်နှာနဲ့ အနည်းဆုံး ၁၆ လက်မအကွာမှာ ထားဖို့သင့်ပါတယ်။ လူအများအပြားရဲ့ ပျမ်းမျှ မျက်နှာနဲ့ ဖုန်းအကြားထားရှိတဲ့ အကွာအဝေးဟာ ၈ လက်မဖြစ်ပြီး ဒါဟာ အလွန်အန္တရာယ်များတဲ့ အပြုအမူမျိုးဖြစ်ကာ Text Neck Syndrome ဖြစ်နိုင်ချေမြင့်မားစေပါတယ်။•ယောဂလို လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပေးတာကလည်း လည်ပင်ရိုးနာကျင်မှုဝေဒနာ မခံစားရဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/text-neck-syndrome-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
ဝိတ်တက်ဖို့ ကယ်လိုရီကို ဘယ်လိုတွက်ချက်ပြီး စားသောက်ကြမလဲ။
ကိုယ်အလေးချိန်ဆိုတာ ကျလွန်းရင်လည်း မကောင်း၊ တက်လွန်းရင်လည်း မကောင်း။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားနိုင်ပြီး ကျန်းမာအောင် နေတာက အကောင်းဆုံးပါ။ကိုယ်အလေးချိန်နည်းလွန်းရင်လည်း မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်လာအောင် ဘယ်လိုတွက်ချက်ပြီး စားသောက်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ဝိတ်ကျစေတဲ့ diet plan တွေလောက်တော့ သိပ်မရှုပ်ထွေးပါဘူး။ အခြေခံသဘောတရားကတော့ စားတဲ့ကယ်လိုရီကို တိုးလိုက်တာပါပဲ။ တစ်နေ့တာစားတဲ့ ကယ်လိုရီအပြင် ဝိတ်တက်ဖို့ လိုအပ်တဲ့ ကယ်လိုရီကိုပါ ပေါင်းပြီး စားလိုက်တာပါ။ ဒါကိုမှ ကျန်းကျန်းမာမာ ဝိတ်တက်ချင်တယ်၊ကြွက်သားတက်ချင်တယ်ဆိုရင် အသီးအရွက်တွေစားတာ၊ ပရိုတင်းတွေ တွက်ပြီးစားတာ၊ လေ့ကျင့်ခန်းတွေ လုပ်တာ စတာတွေ ထပ်ပေါင်းထည့်ပေးရမှာပါ။တစ်နေ့ကို ကယ်လိုရီဘယ်လောက်စားရမလဲဆိုတ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ နဂို ကိုယ်အလေးချိန်၊ ကျားမ၊ အသက်၊ တစ်နေ့တာ လှုပ်ရှားမှု ပုံစံကို မူတည်ပြီး တွက်ရတာပါ။ ဒါတွေကို ခေါင်းစား မခံချင်ဘူးဆိုရင်အခြေခံတစ်နေ့တာ ကယ်လိုရီလိုအပ်ချက် တွက်ချက်ခြင်း (BMR)မှာ ဝင်ရောက် တွက်ချက်လိုက်ပါ။ လွယ်လွယ်ကူကူပဲ အဖြေထွက်လာပါလိမ့်မယ်။BMRမှာ ရတဲ့အဖြေက တစ်နေ့တာ လိုအပ်ချက်ပါ။ ဆိုလိုတာက တစ်နေ့ကို ဒီလောက် ကယ်လိုရီစားပြီး ဒီလောက်လှုပ်ရှားမယ်ဆိုရင် ဝိတ်က တန့်နေမှာပါ။ ကိုယ်က တက်ချင်တာဆိုတော့ တိုးစားရပါမယ်။ ဝိတ်ချသလိုပဲ တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင်လောက်ပဲ တက်အောင် စားသင့်ပါတယ်။ အချိန်တိုအတွင်းများ ဝိတ်အများကြီး တက်လာအောင် တင်းထိုးပြီး စားတာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ဒီလို တက်ဖို့ဆိုရင် BMRမှာ ရတဲ့ ကယ်လိုရီရဲ့ ၅-၁၀ ရာခိုင်နှုန်း တိုးစားသင့်ပါတယ်။ ဥပမာ BMRမှာ ၂၁၆၀ ကယ်လိုရီထွက်တယ်ဆိုရင် ၅ရာခိုင်နှုန်း တိုး၊ တစ်နေ့ကို ၂၂၆၈ ကယ်လိုရီ စားရမှာပါ။စားရမယ့် ကယ်လိုရီပမာဏလည်း သိပြီဆိုတော့ ဘာတွေစားကြမလဲဆိုတာ ဆက်ကြည့်ရအောင်။ ကယ်လိုရီများတာကို ဦးစားပေးစားရမယ်ဆိုပေမယ့် အာဟာရပြည့်ဝဖို့ကိုလည်း မေ့မထားသင့်ပါဘူး။ ဥပမာ ထမင်းတွေပဲ စားမယ်ဆိုရင် ကယ်လိုရီတက်တာမှန်ပေမယ့်ကာဘိုဟိုက်ဒရိတ်ကလွဲပြီး တခြားအာဟာရတွေ ရဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် ကယ်လိုရီလည်းများပြီး အာဟာရပြည့်တာတွေကို ရွေးချယ်စားပေးရမှာပါ။ဥပမာ ပုံမှန်ထမင်းနဲ့ ဟင်းနဲ့ စားတာအပြင် ပဲတို့၊ အသီးထဲမှာဆို ထောပတ်သီးတို့၊ အစေ့အဆန်တို့ စတာတွေ ပါအောင် စားပေးမယ်ဆိုရင် ဝိတ်လည်းတက်ပြီး အာဟာရလည်း ပြည့်ပါတယ်။သတိထားရမှာက ကယ်လိုရီတက်အောင် ဆိုပြီး junk foodတွေ စွတ်မစားဖို့ပါပဲ။ ကိတ်မုန့်တို့၊ အာလူးကြော်တို့၊ အချိုရည်တို့က ကယ်လိုရီများတာ မှန်ပေမယ့် ကျန်းမာရေးနဲ့ မညီပါဘူး။ ကယ်လိုရီကလွဲပြီး တခြားအာဟာရတွေ လောက်လောက်လားလား မပါလို့ ဝိတ်တက်ချင်ရင်တောင် မစားသင့်ပါဘူး။ပုံမှန်စားနေသလိုပဲ ၃နပ် စားလို့ရပါတယ်။ ကယ်လိုရီများပြီး အာဟာရပြည့်တာတွေကို ရွေးစားဖို့တော့ လိုတာပေါ့။ အရင်စားနေကြထက် များကောင်း များလာပါလိမ့်မယ်။ တစ်ထိုင်တည်းနဲ့ အများကြီး မစားနိုင်ရင် ၃နပ်စားမယ့်အစား တစ်နေ့ကို ၆နပ်ကနေ ၈နပ်လောက်ထိ ခွဲစားပါ။ နည်းနည်းနဲ့ ခဏခဏ ခွဲစားပါ။ စားတိုင်းမှာ ကယ်လိုရီပါပြီး အာဟာရပြည့်ပါစေ။ဝိတ်ချသလိုပဲ ဝိတ်တက်ဖို့လည်း diet planတွေ  အများကြီး ရှိနိုင်ပါတယ်။ ကိုယ်နဲ့သင့်တော်တာကို ရွေးပြီး စားရမှာပါ။ ရွေးတဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကတော့။ကယ်လိုရီများပြီး တခြားလိုအပ်တဲ့ အာဟာရတွေ မပါရင် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ကယ်လိုရီကိုပိုစားပေမယ့် တခြားတစ်နေ့တာ လိုအပ်တဲ့ အာဟာရတွေလည်း ပြည့်ဝနေရပါမယ်။အနည်းဆုံးတော့ လနဲ့ချီပြီး စားလို့ရတဲ့ planမျိုး ဖြစ်ရပါမယ်။ ဒီလို ဇွဲကောင်းကောင်းနဲ့ စားနိုင်ဖို့ဆိုရင် planထဲမှာ ကိုယ်ကြိုက်တာလေးလည်း ပါရပါမယ်။ ငွေရေးကြေရေးအရလည်း တတ်နိုင်ပြီး ကိုယ့်အနီးအနားမှာ ဝယ်ရလွယ်တာမျိုး၊ ကိုယ့်ပါးစပ်နဲ့ ကိုက်တာမျိုးတွေ ဖြစ်ရပါမယ်။ မဟုတ်လို့ကတော့ ဘယ်လောက်ပဲ အပျံစား planနဲ့ စားစား ကြာကြာမစားနိုင်ပါဘူး။ဝိတ်တက်ဖို့ဆိုတာလည်း ဝိတ်ချသလိုပဲ ဇွဲကောင်းကောင်းနဲ့ ကြိုးစားအားထုတ်ရတာပါ။ ရေရှည်တိုက်ပွဲ ဖြစ်တဲ့အတွက် ကြာကြာစားနိုင်တဲ့ planမျိုး ရွေးဖို့လိုပါတယ်။ မရွေးတတ်ရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ့်ကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီပြီး ကျန်းကျန်းမာမာဝိတ်တက်စေမယ့် planကို စီစဉ်ပေးပါလိမ့်မယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/weight-gain-diet/
ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား
လူရယ်လို့ ဖြစ်လာပြီဆိုရင် အသက်အရွယ်မရွေး ချစ်ခြင်းမေတ္တာ နဲ့ ကြုံတွေ့လာရမှာပါ။ ကလေးဘဝမှာ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ အရွယ်ရောက်လာတဲ့အခါမှာ သူစိမ်းတစ်ယောက်ပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေအပေါ် မေတ္တာထားတာ အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား ဆိုတာကို ဆန်းစစ်လိုက်ပါ။ဒါဆိုရင် ချစ်ခြင်းမေတ္တာ ဆိုတာဘာလဲ။အစွဲအလမ်းကြီးတယ်ဆိုတာက ရော ဘယ်လိုခံစားမှုမျိုးလဲ။ ကိုယ်က လူတစ်ယောက်ကို ချစ်နေတာလား၊ စွဲလမ်းနေတာလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ဖူးပါသလား။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား အတူတူ ဆန်းစစ်ရအောင်နော်။ဒါဟာ ချစ်နေရတဲ့၊ အချစ်ခံနေရတဲ့ လူတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသွားတဲ့ ခံစားချက်တွေပါပဲ။ ဒီလိုအရာတွေထက် ပိုပြီး လွန်ကဲသွားမယ်။ စွဲလမ်းတဲ့ စိတ်တွေ ဖြစ်ပေါ်လာတယ်ဆိုတာ ဒါဟာ ချစ်ခြင်းမေတ္တာ တရား မဟုတ်တော့ပါဘူး။ အချစ်နဲ့ ပတ်သက်ပြီး အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါ (Obsessive Love Disorder – OLD) အခြေအနေ ဖြစ်သွားပါပြီ။အစွဲအလမ်းကြီးတဲ့စိတ်ရောဂါတွေထဲမှာ ပါဝင်တဲ့ အမျိုးအစား တစ်ခုပါပဲ။ ကိုယ့်စိတ်ထဲမှာတော့ ချစ်တယ်လို့ ထင်နေတယ်။ ဒါပေမယ့် ရင်ထဲမှာတော့ စွဲလမ်းစိတ်တွေ ပြည့်နှက်နေတယ်။ အချိန်ပြည့် သူ့အကြောင်းပဲ တွေးနေတယ်။ ကိုယ်ပိုင်တဲ့ ပစ္စည်းလေး တစ်ခုလို ထိန်းချုပ်ထားချင်တယ်။ ရယူပိုင်ဆိုင်ချင်တယ်။ ဒါဆိုရင် ချစ်ခြင်းမေတ္တာ ထက် အစွဲအလမ်းကြီးတဲ့ အခြေအနေကို ရောက်သွားပြီလို့ ဆိုနိုင်ပါတယ်။OLD ရှိနေတဲ့ သူတစ်ယောက်မှာ ဒီစိတ်ဝေဒနာအပြင် တခြားသော စိတ်ရောဂါတွေလည်း ရှိနိုင်ခြေများပါတယ်။ ကိုယ်တိုင်မှာ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့ သူတစ်ယောက်မှာ OLD လို အချစ်နဲ့ ပတ်သက်ပြီး အစွဲအလမ်းကြီးတဲ့ စိတ်ဝေဒနာမျိုး ရှိရင် ကျွမ်းကျင်တဲ့ စိတ်ပညာရှင်တွေနဲ့ သေချာပြသပြီး စိတ်ကုထုံး ခံယူသင့်ပါတယ်။ ဒါမှပဲ ဒီလက္ခဏာတွေကို ကောင်းကောင်းထိန်းချုပ်နိုင်မယ့်အပြင် မေတ္တာရေးမှာ ရှုပ်ထွေးလာနိုင်တဲ့ ပြဿနာတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။OLD ရဲ့ လက္ခဏာတွေက ဘာတွေလဲ။OLD ရှိတဲ့ သူတွေဟာ အငြင်းခံရတာ၊ စွန့်ပစ်ခံရတဲ့အခါမျိုးမှာ စိတ်မှာ ပိုပြီး ထိခိုက်မှုကို ခံစားရနိုင်တဲ့အပြင် နဂိုရှိနေတဲ့ လက္ခဏာတွေဟာ ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။ OLD ရောဂါအခြေအနေ ပိုဆိုးလာတဲ့အခါမှာ။အချစ်နဲ့ ပတ်သက်ပြီး အစွဲအလမ်းကြီးတဲ့ သူတွေမှာ ဒီရောဂါဝင်လာစေဖို့ အကြောင်းရင်း များစွာ ရှိပါတယ်။ တစ်မျိုးတည်းမဟုတ်တဲ့ စိတ်ဝေဒနာတွေ စုလိုက်တဲ့အခါမျိုးမှာ OLD စိတ်ရောဂါအခြေအနေ ဖြစ်လာဖို့ မွေးလိုက်တာပါပဲ။၁။ မေတ္တာရေး ပြဿနာ။ကလေးဘဝမှာ မိဘ၊ အုပ်ထိန်းသူတွေရဲ့ ဂရုစိုက်ကြင်နာမှုကို မရရှိခဲ့တာ၊ စိတ်ပိုင်းဆိုင်ရာကို ကြီးကြီးမားမား ထိခိုက်စေတဲ့ အခြေအနေမျိုး ကြုံခဲ့ရတဲ့သူတွေမှာ ဒီစိတ်ရောဂါမျိုး ဖြစ်နိုင်ပါတယ်။ ကလေးဘဝမှာ ရောဂါအစပျိုးပြီး သူစိမ်းတွေအပေါ် အရမ်းတွယ်တာခင်မင်တဲ့ စိတ်အခြေအနေ (DSED – Disinhibited social engagement disorder) နဲ့ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့သူနဲ့ အဆင်မပြေတာ၊ လူတွေအနားမှာ ရှိရင် စိတ်ထဲ နေရခက်တဲ့ စိတ်အခြေအနေ (RAD – Reactive attachment disorder) ဆိုပြီး အမျိုးအစား ၂မျိုး ကွဲသွားနိုင်ပါတယ်။၂။ ပင်ကိုယ်စရိုက် အပြောင်းအလဲ မြန်တာ။စိတ်အတက်အကျမြန် ရောဂါနဲ့ မတူပဲ မိနစ်ပိုင်း၊ နာရီပိုင်းလေးအတွင်းမှာ ဒေါသအလွန်ထွက်လာတာ၊ အရမ်းပျော်ရွှင်နေတာ၊ အရမ်းဝမ်းနည်းနေတာ ဒီလိုမျိုး ပင်ကိုယ်စရိုက်အပြောင်းအလဲမြန်တဲ့ စိတ်ရောဂါကြောင့်လည်း ဒီလက္ခဏာ ဖြစ်နိုင်ပါတယ်။ ဝမ်းနည်းပူပန်လွယ်တယ်။ စိတ်ဓါတ်ကျလွယ်တယ်။အချစ်နဲ့ ပတ်သက်ပြီး အစွဲအလမ်းကြီး စိတ်ဝေဒနာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လူတစ်ယောက်ကို ချစ်နေရင်လည်း အရမ်းချစ်တယ်။ မုန်းတော့လည်း အသည်းခိုက်အောင် မုန်းတဲ့ အခြေအနေထိ ဖြစ်တတ်ပါတယ်။၃။ ထင်ယောင်ထင်မှား သံသယတွေနဲ့ မနာလို သဝန်တိုတာ။မရှိတဲ့အရာတစ်ခု၊ မဖြစ်တဲ့ အခြေအနေတစ်ခုကို ကိုယ့်စိတ်ထဲမှာ မှန်နေတယ်လို့ တရားသေယူဆတွက်ချက်ထားတဲ့ စိတ်အခြေအနေမျိုးပါ။ တစ်ဖက်သားလူတစ်ယောက်က ကိုယ့်ကို သဘောမကျဘူးလို့ ယတိပြတ် ငြင်းလိုက်သည့်တိုင်အောင် ကိုယ့်စိတ်ထဲမှာ ဒီလူဟာ ကိုယ့်အပေါ် မေတ္တာ၊ သံယောဇဉ်ရှိတယ်လို့ တထစ်ချ ယုံကြည်ခံယူလိုက်တဲ့ သူတွေမှာလည်း ဒီစိတ်ရောဂါလက္ခဏာကို တွေ့ရပါတယ်။၄။ Erotomania စိတ်ရောဂါ။Erotomania ဟာ နာမည်ကြီးတဲ့ သူတစ်ယောက်၊ ကိုယ့်ထက် သာလွန်ချမ်းသာတဲ့ သူက ကိုယ့်အပေါ်မှာ သဘောကျနေတယ်ဆိုပြီး စွဲလမ်းတတ်တဲ့ စိတ်ရောဂါတစ်မျိုးပါ။ အလွယ်ပြောရမယ်ဆိုရင်တော့ ကိုယ် သဘောကျတဲ့ အနုပညာရှင်တစ်ယောက်နဲ့ အပြင်မှာ ပတ်သက်ဖူးတယ်။ သူလည်းပဲ ကိုယ့်အပေါ် သဘောကျနေလိမ့်မယ်လို့ တထစ်ချ ယုံကြည်ထားတဲ့ ထင်ယောင်ထင်မှား ချစ်စိတ်မွှန် စိတ်ရောဂါမျိုးပါ။ဒီစိတ်အခြေအနေမျိုး ရှိတဲ့သူတွေမှာ ခင်မင်ရင်းနှီးတဲ့သူ နည်းတယ်။ ကိုယ်ပိုင်အလုပ်လည်း မရှိပဲ ကိုယ်သဘောကျတဲ့ သူရဲ့ အလုပ်ခွင်၊ နေအိမ်နားမှာ အချိန်ပြည့် နေပြီး စုံစမ်းထောက်လှန်းနေတတ်ပါတယ်။၅။ အစိုးရိမ်လွန် စွဲလမ်းတတ်တဲ့ စိတ်ရောဂါ (OCD)။လူတော်တော်များများမှာ တွေ့ကြုံရတတ်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ဒီအရာတစ်ခုကို စွဲလမ်းနေတယ်။ ဒါကိုပဲ အကြိမ်ဖန်များစွာ လုပ်တတ်တယ်။ လူတွေရဲ့ နေ့စဉ်ဘဝကို နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်နေတတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ဒီစိတ်ရောဂါ ရှိသူတွေဟာ သူတို့စိတ်ထဲမှာ ဖုံးလွှမ်းနေတဲ့ အကြောက်တရားတွေ၊ စိုးရိမ်ပူပန်နေရတာတွေကို တခြားသူတွေကို ဖယ်ထုတ်ပေးဖို့ မျှော်လင့်အားကိုးတတ်ကြပါတယ်။ ဒီအချက်ကြောင့်လည်း မေတ္တာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။၆။ မနာလို၊ သဝန်တိုစိတ်စွဲတာ။ထင်ယောင်ထင်မှား ဖြစ်တာမျိုး မဟုတ်ပဲ ကိုယ်လေ့လာတွက်ဆထားသလို ကိုယ့်ချစ်သူက ဖောက်ပြန်နေတယ်၊ သစ္စာမဲ့နေတယ်လို့ ယုံကြည်လက်ခံထားတဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အခါ သူ ကိုယ့်အပေါ်မှာ ထပ်ပြီး ဖောက်ပြန်နေမလားဆိုတဲ့ တွေးပူစိတ်တွေဟာ စိတ်ထဲမှာ ပြည့်နှက်နေပြီးတော့ အတွေးထဲ သူ့အကြောင်းပဲ အမြဲဝင်လာတာမျိုးပါ။စိတ်ကျန်းမာရေး ဆရာဝန်တွေဆီမှာ စိတ်ကုထုံး ခံယူကြည့်တာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ရှိနေတဲ့ ရောဂါလက္ခဏာတွေ၊ အချစ်ရေး၊ မေတ္တာရေးအခြေအနေတွေ၊မိသားစုပြဿနာ၊ တခြားသော စိတ်ဝေဒနာ ရှိ၊ မရှိကို စစ်ဆေးမေးမြန်းပြီး ကိုယ့်ရဲ့ ရောဂါအခြေအနေကို ကောက်ချက်ချပေးမှာပါ။စိတ်ရောဂါဆိုတာ ပေါ့ဆသင့်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။စိတ်ကျန်းမာမှ ကိုယ်ခန္ဓာလည်း ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဒီလို ဝေဒနာတွေ ကြုံလာရပြီဆိုရင် အကောင်းဆုံးကတော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/love-or-obsession/
အမျိုးသမီးများနှင့် အဖြူဆင်းခြင်း
အဖြူဆင်း တယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။ ရောဂါတစ်ခုခုများ ဖြစ်နေလို့လား။ အရင်ကတော့ မသိသာဘူး၊ ဒီရက်ပိုင်းမှ အဖြူတွေ တအားဆင်းနေတယ်၊ ပြဿနာ တစ်ခုခုများရှိနေလား မသိဘူးဆိုတဲ့စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဆရာဝန် သွားပြသင့်၊ မပြသင့်ကို ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်ရအောင်။အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အကြောင်းလေး လေ့လာကြည့်လိုက်ရအောင်နော်။ အဖြူဆင်းတဲ့အခါ ဆင်းလာတဲ့ အရည်ရဲ့ အပျစ်၊ အကျဲ နဲ့ အရောင်တွေပေါ် မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို အကြမ်းဖျင်း ခွဲခြားလို့ ရပါတယ်။အဖြူရောင်ပါတဲ့ အဖြူဆင်းခြင်းဟာရာသီစက်ဝန်းအစ နဲ့ ရာသီစက်ဝန်းပြီးဆုံးချိန် တစ်နည်းအားဖြင့်ရာသီ မလာခင်နဲ့ လာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပြီး ဒါဟာ လုံးဝ ရာနှုန်းပြည့် ပုံမှန်ပါပဲ။ဒါလည်း ပုံမှန်ပါပဲ။ ဘယ်အချိန်မှာမဆို ဖြစ်တတ်ပေမဲ့ တစ်ခါတလေလေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့အခါမှာတော့ရာသီသွေးဆင်းသလို ဝေါခနဲ ဆင်းတတ်တာမျိုးတွေလည်း ရှိပါတယ်။အကျိအချွဲတွေ ပါတဲ့ အရည်အကြည်တွေဆင်းတယ်၊ ရေထက်နည်းနည်း ပျစ်တယ်ဆိုရင်တော့ သားဥကြွေချိန် (ovulating) ရောက်နေတာကြောင့် ဖြစ်တတ်ပါတယ်။မျိုးဥထွက်ချိန်မှာ ဒါမှမဟုတ်မျိုးဥကြွေချိန်အစမှာ ခပ်ကြည်ကြည်ဆင်းတတ်ပြီး မျိုးဥကြွေနေဆဲ အချိန်တွေမှာတော့ အကျိအချွဲတွေပါလာပြီး ခပ်ပျစ်ပျစ် ဆင်းလာတတ်ပါတယ်။ ဒီလိုဆင်းလာခြင်းဟာမျိုးအောင်နိုင်ခြေကို ညွှန်ပြနေတာမို့ ကလေးရယူဖို့ ရည်ရွယ်ထားတယ်ဆိုရင် ဒီအချိန်ဟာ ကြိုးစားကြည့်သင့်တဲ့ အချိန်ပါပဲ။ရာသီလာတဲ့ ပထမဆုံးနေ့မှာ ကြက်ဥအကာလို ချွဲကျိနေပြီး နို့နှစ်ရောင် အဖြူဆင်းခြင်းမျိုး ကြုံရတတ်ပါတယ်။ ဒါဟာလည်း ပုံမှန်ပါပဲ။ အရည်ကျဲကျဲဆိုရင် မျိုးဥကြွေချိန်အတွက် ပြင်ဆင်နေတာဖြစ်ပြီး ရာသီရက်ကို နီးလာတာနဲ့ ပိုပျစ်လာတတ်တာ ပုံမှန်ပါပဲ။ တစ်ခါတလေမှာ ဒီလို နို့နှစ်ရောင်တွေ ဆင်းခြင်းကကိုယ်ဝန်ရှိနေကြောင်းပြတဲ့ လက္ခဏာတွေလည်း ဖြစ်နေတတ်ပါတယ်။ဒါကတော့ မှိုကြောင့် (yeast infection) ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပြင်ပက ဝင်လာတဲ့ ပိုးတွေကို ကာကွယ်နိုင်ဖို့ ကောင်းတဲ့ ဘက်တီးရီးယားနဲ့ မှိုတွေ ရှိနေတတ်ပြီး မိန်းမကိုယ်တွင်းpH ပမာဏကို ထိန်းညှိပေးထားပါတယ်။ တစ်ခါတလေ ဒီ pH ပမာဏ မျှခြေ မညီတဲ့အခါမှာ မကောင်းတဲ့ ဘက်တီးရီးယားနဲ့ မှိုတွေ ဝင်လာပြီး ဒီလို လက္ခဏာတွေ ပြတော့တာပါပဲ။များသောအားဖြင့်တော့ ပုံမှန်ပါပဲ။ အထူးသဖြင့် ရာသီလာပြီးစ အချိန်တွေမှာပေါ့။ ရာသီလာပြီးစ အချိန်မှာ ဆင်းလာတဲ့အရာတွေက ခါတိုင်းလို အနီရောင်ထက် အညိုရောင်ပေါက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့သော ရှားပါးဖြစ်ရပ်တွေမှာတော့ အညိုရောင် ဒါမှမဟုတ် သွေးရောင် ဆင်းခြင်းက သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နေတတ်တာမို့ တစ်နှစ်တစ်ခါ သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးခြင်းတွေ ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်နော်။ပုံမှန်အားဖြင့်တော့ အဖြူဆင်းခြင်းဟာ စိတ်ပူစရာမရှိတဲ့ ပုံမှန် သဘာဝဖြစ်စဉ်ပါ။ ဒါပေမဲ့ အဖြူဆင်းတာတွေက။ရေးသားသူ- Wathun Myet Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/white-discharge-colours-and-meanings/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/malnutrition/
Colostomy ဖောက်ထားတဲ့သူတိုင်း ဒါတွေ သိထားသင့်တယ်နော်။
အူမကြီးကင်ဆာဖြစ်နေတဲ့သူတိုင်း Colostomy ( အူအပေါက်ဖောက်) တဲ့ကုသခြင်းကို သိကြမှာပါ ။အူမကြီးကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဆိုရင် စအိုပေါက်ကိုပိတ်၊ ဗိုက်မှာ အပေါက်လေးဖောက်ပြီး အိတ်လေးနဲ့ အူကို အပြင်ထုတ်ထားတဲ့colostomyကုသနည်းဟာ အူမကြီးကင်ဆာနောက်ဆုံး အဆင့်သမားတွေအတွက် တကယ်ကို အရေးပါတဲ့ကုသနည်းပါ။နောက်ဆုံးအဆင့်ရောက်နေတဲ့ အူမကြီးကင်ဆာဆိုရင် အချိန်သိပ်မဆွဲတော့ဘဲ ခွဲစိတ်မှု ချက်ချင်းလုပ်တာများပါတယ်။ ခွဲစိတ်မှုမလုပ်ခင်အူသန့်ရှင်းအောင် ဆရာဝန်တွေက ဆောင်ရွက်ပေးမှာဖြစ်ပြီး ခွဲစိတ်ပြီးနောက်ပိုင်း အနာသက်သာအောင်လည်း ဆေးတွေသောက်ရမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ရက်အနည်းငယ်လောက် အနားယူရမှာဖြစ်ပြီး နောက်ပိုင်းမှာ လမ်းကို ဖြည်းဖြည်းချင်းပြန်ထလျှောက်ပေးရမှာဖြစ်ပါတယ်။အသုံးများတဲ့ Colostomy ကတော့ 2-pouch system (အပေါက်၂ ခု) နဲ့ Colostomy ဖြစ်ပါတယ်။ ဒီ Colostomy မှာဆိုရင် ရာဘာကွင်းတစ်ခုပါမှာဖြစ်ပြီး ရာဘာကွင်းကို ဗိုက်အပြင်ဘက်ကနေ ပလတ်စတစ်လိုမျိုးအိတ်လေးနဲ့ တွယ်ချိတ်ထားမှာဖြစ်ပါတယ်။ အိတ်ထဲကနေမြင်နိုင်မှာတွေကတော့ ဖောက်ထားတဲ့ ဗိုက်ကအပေါက်လေးရယ်၊ ထွက်နေတဲ့ အူအပိုင်းလေးတွေရယ် နဲ့ ဝမ်းတွေပဲ ဖြစ်ပါတယ်။ Colostomy ရဲ့ အဓိကရည်ရွယ်ချက်တော့ နောက်ဆုံးအဆင့်ကင်ဆာသမားတွေမှာစအိုပေါက်ကို ပိတ်လိုက်ရတဲ့အတွက် ထွက်ရမယ့် ဝမ်းတွေကို ဗိုက်ကတစ်ဆင့် ပြန်ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒီအိတ်ကို တစ်နေ့တစ်ကြိမ်မှန်မှန်လဲပေးဖို့နဲ့ သန့်ရှင်းစွာ ထားဖို့ကလည်း သိသင့်တွေ အချက်တွေပါပဲ။Colostomyအိတ်ကို မလဲခင် ပထမဦးဆုံးအနေနဲ့ လိုအပ်တဲ့ အရာတွေအားလုံး ကိုယ့်အနားမှာရှိနေဖို့ပဲ ဖြစ်ပါတယ်။ လက်ကိုသေချာသန့်စင်အောင်ဆေးပါ။ အိတ်ကို လဲနေတဲ့အချိန် လက်တစ်ဖက်က ဗိုက်အရေပြားကို ထိန်းထားပေးပါ။ သုံးပြီးသားအိတ်ကို စနစ်တကျလွှင့်ပစ်ပါ။ အိတ်အသစ်လဲဖို့ဆိုရင် ဖောက်ထားတဲ့အူပေါက်နားတစ်ဝိုက်ကို ရေနွေးနဲ့ ဂွမ်းသန့်သန့်လေးသုံးပြီးသန့်ရှင်းရေး လုပ်ပေးပါ။ ခြောက်အောင် ခဏလောက်ထားပြီးမှ Colostomy Bag မှာပါတဲ့ ရာဘာကွင်းက ပလတ်စတစ်လေးကိုဖယ်လိုက်ပါ။ ဖောက်ထားတဲ့အပေါက်နဲ့ အိတ်က ကွင်းလေးကို သေချာချိန်ထည့်ပါ။ နေရာလွတ် မကျန်ပါစေနဲ့။ နေရာလွတ်ကျန်ခဲ့ရင် ဝမ်းတွေစီးကျလာနိုင်လို့ပါ။ဘာမှ မလုပ်ခင်အရင်ဆုံး လက်ကို သေချာသန့်စင်အောင်ဆေးပါ။ ဂွမ်းသန့်သန့်လေးကို ရေနွေးစွတ်ပြီး ဖောက်ထားတဲ့အူပေါက်နားတစ်ဝိုက်ကို သန့်စင်ပေးပါ။ သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ပွတ်မဆွဲပါနဲ့။ ညင်သာစွာ တို့ထိသန့်ရှင်းရေးလုပ်ပြီး အဝတ်သန့်သန့်လေး တစ်ရှူးသန့်သန့်လေးနဲ့ ခြောက်အောင်ပြန်သုတ်ပေးပါ။ သုတ်တဲ့နေရာမှာလည်း ပွတ်မဆွဲဘဲ တို့တို့ပြီး အခြောက်ခံပေးပါ။ ပြီးတာနဲ့ သုံးပြီးသား ဂွမ်းတွေကို သေချာလွှင့်ပစ်ပြီး လက်ကို သေချာပြန်ဆေးပါ။လေပွစေတဲ့အစားအစာတွေ၊ ဝမ်းလျှော၊ ဝမ်းချုပ်စေမယ့် အစားအစာတွေကို ရှောင်ပါ။ Colostomy ဖောက်ထားတဲ့သူတိုင်း ရှောင်သင့်တဲ့အစားအစာတွေကတော့။ဝမ်းကပုံမှန်ပဲလား ဝမ်းရောမှန်မှန်သွားရဲ့လား ဝမ်းချုပ်ဝမ်းလျှောနေလားဆိုတာကို အမြဲစောင့်ကြည့်နေသင့်ပါတယ်။ သွားတဲ့ဝမ်းတွေ မာမနေအောင်လို့ ရေများများသောက်ပေးရမှာဖြစ်ပြီးဝမ်းချုပ်တဲ့အခါတိုင်းမှာလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဝမ်းနှုတ်ဆေးသုံးသင့်ပါတယ်။ဗိုက်မှာ အပေါက်ဖောက်ပြီး အူကိုထုတ်ထားတယ်၊ ဝမ်းတွေနဲ့ ပြည့်နေတဲ့အိတ်ကြီးကလည်းရှိသေးတယ်ဆိုတော့ သာမာန်လူတစ်ယောက်လို နေရထိုင်ရတာ သက်တောင့်သက်သာရှိမှာ မဟုတ်တာကျိန်းသေပါတယ်။ အလေးအပင်တွေမမဖို့၊ ချောင်ချိတဲ့အင်္ကျီတွေဝတ်ဖို့ကလည်း သိသင့်တဲ့ အချက်တွေထဲကတစ်ခုပါ။ နောက်ပြီး Colostomy ဖောက်ထားတဲ့နေရာကို ဘာထိခိုက်မှုမှ မဖြစ်အောင် အတတ်နိုင်ဆုံး ကာကွယ်ပါ။ ကိုယ့်လိုပဲ Colostomy ဖောက်ထားတဲ့ သူတွေအချင်းချင်းနဲ့ တွေ့ပြီး စကားတွေပြောပေးပါ။ ဒါမှ ကိုယ့်ဘဝတူ အချင်းချင်း အတွေ့အကြုံတွေ မျှဝေလို့ရတာကြောင့် စိတ်သက်သာရာရမှာ ဖြစ်ပါတယ် ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/colorectal-cancer-cancer/what-to-know-about-colostomy/
အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း ကောင်းကျိုး ၅ချက်
အမျိုးသားတွေ လိင်စိတ်ခံစားမှု ရှိသလို အမျိုးသမီးတွေဟာလည်း သွေးသားဆန္ဒ ရှိကြပါတယ်။ ဒါပေမဲ့ အမျိုးသားတွေကသာ ငယ်ကတည်းက (မှားသည်/မှန်သည် အသာထား) လိင်ပိုင်းဆိုင်ရာ အသိပညာတွေနဲ့ နီးစပ်ကြပြီး အမျိုးသမီးဟာ လိင်စိတ်ဆန္ဒတွေကို ချိုးနှိမ်ထားဖို့နဲ့ လိင်ဆက်ဆံခြင်းဟာ ကြောက်စရာ၊ ရှက်စရာ၊ ရွံစရာကောင်းတယ်ဆိုတဲ့ အသိတွေနဲ့ ကြီးပြင်းလာကြရတာပါ။ ဒါကြောင့်လည်း အမျိုးသမီးနဲ့တစ်ကိုယ်ရေ အာသာဖြေခြင်းဆိုလိုက်ရင် အပြစ်တွေ လုပ်နေသလို ဟင်ခနဲ နှာခေါင်းရှုံ့သွားကြမယ့်သူတွေထဲ အမျိုးသမီးတွေ ထိပ်ဆုံးက ပါနေတာပေါ့။ဒါပေမဲ့မိန်းကလေးတွေဟာလည်း တစ်ကိုယ်ရေ အာသာဖြေခြင်းကို လုပ်သင့်ပါတယ်။ ဘာကြောင့် လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေကတော့…။၁။ခန္ဓာကိုယ်ကို ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။အာသာဖြေခြင်းက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီးEndorphinsလို့ခေါ်တဲ့ နေထိုင်ကောင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ဦးနှောက်က ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့များ အာသာဖြေခြင်းကနေတစ်ဆင့် ဆန္ဒပြီးမြောက်ခြင်း ဖြစ်စေခဲ့မယ်ဆိုရင် စိတ်ကြည်လင်လန်းဆန်းခြင်းကိုပါ အမြတ်အနေနဲ့ ရရှိဦးမှာ ဖြစ်သလို ယောက်ျားလေးအတွက်ရော မိန်းကလေးအတွက်ပါ အာသာဖြေခြင်းကစိတ်ဖိစီးမှုတွေ ကင်းဝေးစေပါတယ်။၂။အိပ်မပျော်ခြင်း ဝေဒနာ(insomnia) ကို ကုစားပေးနိုင်ပါတယ်။ညဘက်မှာ တစ်ကိုယ်ရေ အာသာဖြေခြင်းက လူကို ပင်ပန်းစေပါတယ်။ ပြီးတော့ လူကို သက်သောင့်သက်သာဖြစ်စေတဲ့ ဟော်မုန်းတွေကိုလည်း ထုတ်ပေးနိုင်သလိုဆန္ဒပြီးမြောက်သွားတဲ့အခါတွေမှာ စိတ်ကို ငြိမ်းချမ်းစေတဲ့ Oxytocin နဲ့ Endorphins တွေကို ထုတ်ပေးတာကြောင့်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။၃။ တင်ပါးဆုံကွင်း (Pelvic Floor)၊ တင်ပါး နဲ့ ပေါင်တွေကို လေ့ကျင့်ခန်း လုပ်ပေးသလို ဖြစ်စေပါတယ်။တစ်ကိုယ်ရေ အာသာဖြေခြင်းက သီးသန့် လေ့ကျင့်ခန်း လုပ်သလို အကျိုးဆက်တွေကို ပေးနိုင်တယ်ဆိုရင် အံ့ဩမသွားပါနဲ့။ ဒီလို လှုံ့ဆော်ပေးလိုက်ခြင်းက ကြွက်သားတွေကို လှုပ်ရှားစေပြီး တင်းအားတစ်ခုပေးတာကြောင့် ပေါင်အတွင်းပိုင်းတွေ၊ တင်ပါးတွေကို လေ့ကျင့်ခန်းသေးသေးလေး လုပ်ပေးလိုက်သလို အကျိုးဆက်တွေ ရရှိစေနိုင်မှာပါ။ပြီးတော့မိန်းမကိုယ်ကြွက်သားတွေကို ကျုံ့လိုက်၊ ဆန့်လိုက် လုပ်ပေးတဲ့ Kegels လေ့ကျင့်ခန်းတွေက တင်ပါးဆုံကွင်းတွေကို သန်မာစေတယ်မဟုတ်လား။ ဒီလိုပဲ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ ကြွက်သားတွေကို တစ်ခါတည်း လေ့ကျင့်ပေးနိုင်ပါတယ်။ဒီကြွက်သားတွေကို လေ့ကျင့်ပေးခြင်းက မိန်းမကိုယ် ကျုံ့ဆန့်အားကို ပိုကောင်းစေတာမို့ ဆီးမထိန်းနိုင်တဲ့ ပြဿနာတွေကို ပြေလည်သွားစေနိုင်တဲ့အပြင် အိမ်ထောင်ရေး သုခကိုလည်း ပိုပြီး ပြည့်ပြည့်ဝဝ ခံစားရစေနိုင်ပါတယ်။ ကြွက်သား လေ့ကျင့်ခန်းတွေအပြင် နှလုံးခုန်နှုန်း နဲ့ အသက်ရှူတာလည်း မြန်စေတဲ့အတွက် သွေးလည်ပတ်မှုကို ပိုကောင်းမွန်စေတာကတော့ ပြောစရာကို မလိုတော့ဘူးပေါ့။၄။ မိန်းမကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။မိန်းမကိုယ်မှာ ကောင်းတဲ့ ဘက်တီးရီးယားတွေရှိသလို မိန်းမကိုယ်ထဲက ထွက်တဲ့ အရည်၊ အချွဲတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ဆဲလ်သေတွေကို ရှင်းထုတ်ပေးတယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ပြီးသားပါ။တစ်ကိုယ်ရေ အာသာဖြေတဲ့အခါ ထွက်လာတဲ့ အရည်တွေက မိန်းမကိုယ် အတွင်းပိုင်းတွေကို သန့်စင်စေပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေကို စွန့်ထုတ်ပစ်ပါတယ်။ပြီးတော့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ အမျိုးသမီးတွေကို မေးမြန်းထားတဲ့ စစ်တမ်းတွေအရ တစ်ကိုယ်ရေအာသာဖြေခြင်း ပြုလုပ်တဲ့အခါ နာကျင်မှုတွေ လျော့သွားပြီး ပိုသက်သောင့်သက်သာ ဖြစ်လာတယ်လို့ တွေ့ရပါတယ်။ မိန်းမကိုယ်က အချွဲတွေနဲ့အတူ မွေးလမ်းကြောင်းက ဘက်တီးရီးယားတွေလည်း ရှင်းသွားပါတယ်။၅။ လက်တွဲဖော်၊ အိမ်ထောင်ဖက် နဲ့ ပိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။ကိုယ့်ခန္ဓာကိုယ်အကြောင်းကို ကိုယ်အသိဆုံးပါပဲ။ တစ်ကိုယ်ရေ အာသာဖြေတဲ့အခါ ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုသိလာတာမို့ လက်တွဲဖော်ကို လမ်းညွှန်ပေးနိုင်သလို နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အနေအထားတွေကို ညှိယူနိုင်တာကြောင့် အိမ်ထောင်ရေးသုခ ပိုပြီး ပြည့်ဝစေမှာပါ။Wathun Myet Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/5-benefits-of-masturbation-in-women/
သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ်
သွားတွေကိုက်မယ်၊ သွားဖုံးကနေ သွေးထွက်မယ်၊ခံတွင်းနံ့ဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှု အားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။ ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာဘက်တီးရီးယားတွေအလွယ်တကူပေါက်ဖွားလာပြီး သွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် ကိုယ်တွင်းမှာရောဂါတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာစေဖို့ သွားနဲ့ခံတွင်းကို သေချာလေးဂရုစိုက်ဖို့ လိုပါမယ်။သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုမစိုက်တာကြောင့် ဒါတွေဖြစ်လာနိုင်ပါတယ်။ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုအရ ခံတွင်း ကျန်းမာရေးအားနည်းသူတွေကသွားဖုံးတွေ ရောင်တာ၊သွားဆုံးရှုံးတာတွေအပြင်အသည်းကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ၇၅ ရာခိုင်နှုန်းပိုများနေပါတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အစောပိုင်းကလေ့လာမှုတွေအရတော့ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်စေနိုင်တယ်လို့ပဲ တွေ့ရှိခဲ့ရတာပါ။အရင်က လေ့လာမှုရဲ့ ရလဒ်။အစောပိုင်းက လေ့လာမှုရလဒ်တွေအရတော့ ခံတွင်း ကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းကျော်ပိုများနေတယ်လို့ တွေ့ရှိခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး။ သွားနဲ့ခံတွင်းကို ဂရုမစိုက်တာကြောင့် အခြားသော ကင်ဆာရောဂါတွေ ခံစားနိုင်ခြေကလည်း တော်တော်လေးများနေပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/dental-health-can-prevent-liver-cancer/
အဆစ်အမြစ်ရောင်ရမ်းတာ ကို ကာကွယ်ကြမယ်
အဆစ်အမြစ်ရောင်ရမ်းတာ ကို ဆေးပညာ ဝေါဟာရနဲ့osteoarthritisလို့ခေါ်ပြီး အရိုးတစ်ခုနဲ့တစ်ခုကြားက အရိုးနုတွေပွတ်တိုက်ပါများပြီး ပျက်စီးကုန်တဲ့အခါ ခံစားရတဲ့ ဝေဒနာဖြစ်ပါတယ်။ အရိုးနုတွေက အရိုးတစ်ခုခုနဲ့တစ်ခုကြား မှာ အခုအခံ ကူရှင်သဘောမျိုးလုပ်ပေးထားတာကြောင့် သူတို့ပျက်စီးသွားတဲ့အခါ လှုပ်ရှားရင်အဆစ်တွေနာကျင်လာတယ်၊ ရောင်လာတယ်၊ နောက်ပြီး အချိန်ကြာလေ လှုပ်ရှားရတာလည်း မကောင်းတော့ပါဘူး။ ဒါ့ကြောင့် ဒီလိုပြဿနာတွေပေးနိုင်တဲ့အဆစ်အမြစ်ရောင်ဝေဒနာကို ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။အဆစ်အမြစ်ရောင်ရမ်းတာ ကို လုံးဝပျောက်ကင်းအောင်ကုသလို့မရဘဲ ခံစားရတဲ့လက္ခဏာတွေသက်သာအောင်နဲ့ မဖြစ်အောင်အနေအထိုင်ဆင်ခြင်လို့ပဲရပါတယ်။ ကံကောင်းစွာပဲ ဝေဒနာဖြစ်ပွားမှုနည်းအောင် လိုက်နာနိုင်တဲ့နည်းလမ်းတချို့ရှိနေပါတယ်။ဒါတွေကတော့။၁.အဆစ်အမြစ်ရောင်ရမ်းတာ ကို ဂရုစိုက်ပါ။ကိုယ်နေ့စဉ်လုပ်နေရတဲ့အလုပ်တွေကိုပြန်ဆန်းစစ်ကြည့်ပ။ ခဏခဏဒူးထောက်ရတာ၊ အလေးအပင်မတာ၊ လမ်းအကြာကြီးလျှောက်တာ စတာတွေကို အသက်ကြီးလာတာနဲ့ တတ်နိုင်သလောက်လျှော့လုပ်ပါ။ အဆစ်အမြစ်တွေကို အသုံးပြုမှုများလေ ပိုပျက်စီးနိုင်လေပါပဲ။၂. လေ့ကျင့်အားအစွမ်းကို လျှော့မတွက်ပါနဲ့။ခန္ဓာကိုယ်အတွက် အရမ်းဒဏ်ဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုးတွေမဟုတ်ဘဲ အဆစ်အမြစ်တွေသန်စွမ်း စေမယ့် လေ့ကျင့်ခန်းတွေကို ရွေးလုပ်ကြည့်ပါ။ မျက်စိထဲမြင်အောင်ပြောရရင် အေရိုးဗစ်လေ့ကျင့်ခန်းတွေပေါ့။ လေ့ကျင့်ခန်းလုပ်တာက အဆစ်အမြစ်ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ စိတ်ဖိစီးမှုလျော့နည်းစေသလို ကြွက်သားနာကျင်မှုကိုလည်း သက်သာစေတာတွေ့ရပါတယ်။ နောက်ပြီး အသက်ကြီးသူတွေခံစားရလေ့ရှိတဲ့ အရိုးကြွက်သားပမာဏလျော့နည်းသွားတာကိုလည်း ကာကွယ်နိုင်ပါတယ်။၃. ရှိသင့်တဲ့ကိုယ်အလေးချိန်ပဲထားပါ။လေ့ကျင့်ခန်းတော့ လုပ်ချင်ပါရဲ့၊ ခန္ဓာကိုယ်ကအရမ်းဝနေပြန်ရင်လည်း အဆင်မပြေပါဘူး။ နောက်ပြီး ကိုယ်အလေးချိန်အရမ်းများလာရင် အဆစ်အမြစ်တွေပေါ်ဝန်ပိပြီး အရိုးနုတွေမြန်မြန်ပျက်စီးစေနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းတာ ဟာ အဝလွန်တာ၊ သွေးတိုး၊ ဆီးချိုရောဂါတွေနဲ့လည်း ဆက်စပ်နေတာကြောင့် ကိုယ်အလေးချိန်ထိန်းထားဖို့က အရေးကြီးလှပါတယ်။၄. အနားယူပါ။လေ့ကျင့်ခန်းလုပ်ရင် အရိုးနဲ့အဆစ်အမြစ်တွေ သန်မာစေတာမှန်ပေမယ့် တန်ဆေးလွန်ဘေးဆိုတာလည်း မမေ့နဲ့နော်။ အသုံးပြုတာများရင်လည်း အဆစ်အမြစ်ရောင်တတ်တာပါပဲ။ အဲ့ဒါကြောင့် လေ့ကျင့်ခန်းလုပ်လိုက်၊ အနားယူလိုက်ပဲလုပ်ပါ။ အဆစ်အမြစ်တွေရောင်ကိုင်းလာတဲ့အထိလည်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့၊ ဖြစ်ပြီးမှကုသတာထက် မဖြစ်ခင်ကတည်းက ဆင်ခြင်တာပိုကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း ကြွက်သားတွေ ပြည့်ပြည့်၀၀ပြန်ကြီးထွားနိုင်ဖို့ အိပ်ရေး၀၀အိပ်ဖို့လိုအပ်ပါတယ်။၅. သွေးတွင်းသကြားဓာတ်မျှတအောင်ထိန်းထားပါ။သွေးတွင်းသကြားဓာတ်များလာရင် ဆီးချိုရောဂါဖြစ်ပွားနိုင်ပြီး ဆီးချိုရောဂါက အဆစ်အမြစ်ရောင်ရမ်းစေတဲ့အချက်တွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်တာကို သတိပြုရပါမယ်။ သွေးတွင်းမှာများလာတဲ့အဆီဓာတ်တွေကဖွဲ့စည်းပေးလိုက်တဲ့ မော်လီကျူးတွေက အရိုးနုတွေကို မာတောင့်လာစေပြီး ပိုမြန်မြန်ပျက်စီးသွားစေပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းခြင်းက အဆစ်အမြစ်ရောင်ရောဂါကိုပါ တစ်ခါတည်းကာကွယ်ရာရောက်ပါတယ်။အဆစ်အမြစ်ရောင်ဝေဒနာက ကုသလို့မရနိုင်သေးပေမယ့် အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကိုလိုက်နာပြီးကျန်းမာတဲ့ စားသောက်နေထိုင်ပုံကို ထိန်းသိမ်းထားရင် ရောဂါဖြစ်နှုန်းကို သိသိသာသာလျှော့ချကာကွယ်နိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်အောင် ယနေ့ပဲ လိုက်နာကျင့်သုံးလိုက်ကြရအောင်နော်။ရေးသားသူ – Dr. Htoo Tint Ko Ko။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/%e1%80%a1%e1%80%86%e1%80%85%e1%80%ba%e1%80%a1%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%99%e1%80%ba%e1%80%b8%e1%80%90%e1%80%ac%e1%80%80%e1%80%ad/
အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်
အဝမလွန်စေနဲ့…ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော် ….. ဒီလို ပြောလို့ ဟုတ်ပါ့မလားလို့ တွေးနေပြီလား လေဒီတို့ရေ။ ဝလို့ လှတာ မှန်ပေမယ့် ဝတဲ့ နောက်ကွယ်မှာ ချစ်စရာ ကောင်းတာ တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူးနော်။ ဝနေခြင်းရဲ့ နောက်ကွယ်မှာ ရောဂါ အန္တရာယ်တွေ ပေါင်းစုံ ရှိနေပါတယ်။ လူကို ဒုက္ခပေးနိုင်တဲ့ အဖြစ်များဆုံး အန္တရာယ်ကြီးတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေဆို ဝတဲ့သူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီတစ်ခါလည်း အဖြစ်များတဲ့ ရင်သားကင်ဆာ နဲ့ပတ်သက်ပြီး သတိပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦး။ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ တချို့က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လို ကိုယ့်ရဲ့ အမူအကျင့်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ပုံမှန် လှုပ်ရှားမှု မရှိတဲ့ သူတွေ၊ အထိုင်များတဲ့ သူတွေမှာ ရင်သားကင်ဆာ အန္တရာယ် ရှိနိုင်တယ်လို့ သုတေသန အထောက်အထားတွေက ဖော်ပြထားပါတယ်။ ဆက်နွှယ်မှုကို အတိအကျ အဖြေ မထုတ်နိုင်ပေမယ့် ကိုယ်အလေးချိန်၊ ရောင်ရမ်းမှုတွေ၊ ဟော်မုန်းနဲ့ ခွန်အား ထိန်းညှိမှုတွေရဲ့သက်ရောက်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။The American Cancer Society ရဲ့အကြံပြုချက်အရ တစ်ပတ်ကို အတော်အသင့်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မိနစ် ၁၅၀ သို့မဟုတ် အားစိုက်ရတဲ့ လေ့ကျင့်ခန်း ၇၅ မိနစ်လောက် လုပ်သင့်ပါတယ်။ မလှုပ်ရင် ဝလာမယ်၊ ဝလာလို့ လေးလံပြီး ပိုမလှုပ်ဖြစ်တော့ဘူး။ ဒါနဲ့ပဲ သံသရာလည်ရင်း ရောဂါတွေ တိုးလာနိုင်ပါတယ်။ကိုယ့်ရဲ့  BMI မှာoverweight( ကိုယ်အလေးချိန် များနေ) ဖြစ်နေပြီ၊ အဝလွန်ဘက် ရောက်နေပြီ ဒါမှမဟုတ် ခန္ဓာကိုယ်အလယ်ပိုင်း ဝမ်းဗိုက်မှာ အဆီတွေ စုနေပြီဆိုရင် အဝလွန်နေပြီလို့ အကြမ်းဖျင်းသတ်မှတ်လို့ ရပါတယ်။သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ အဝလွန်လာရင် ရင်သားကင်ဆာအန္တရာယ်ရှိပါတယ်။ သွေးမဆုံးခင်က အီစထရိုဂျင်ဟော်မုန်းအများစုကို သားဥအိမ်ကနေ ထုတ်ပေးတာဖြစ်ပြီး အဆီတစ်ရှူးကတော့ အီစထရိုဂျင်ပမာဏအနည်းငယ်သာထုတ်လုပ်ပါတယ်။သွေးဆုံးပြီးတဲ့နောက် (သားဥအိမ်က အီစထရိုဂျင်မထုတ်တော့တဲ့အခါ) ဒီဟော်မုန်းကို အဆီတစ်ရှူးဆီက အများဆုံးရရှိပါတယ်။ သွေးဆုံးပြီးနောက်ပိုင်း အဆီတစ်ရှူးတွေများလာခြင်းက အီစထရိုဂျင်ပမာဏကိုမြင့်တက်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကိုပိုများစေပါတယ်။အကောင်းဆုံးကတော့ အစားအသောက်ကို ညီညွတ်မျှတအောင် စားသုံးပြီး လှုပ်လှုပ်ရှားရှားနေထိုင်ဖို့၊ ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့ပါပဲ။ဒါ့အပြင်ရင်သားကင်ဆာအန္တရာယ်ရှိစေနိုင်တဲ့ တခြားအချက်တွေက ဘာတွေရှိသေးလဲဆိုတော့ –။လေဒီတို့ကအရက်မသောက်ပါဘူး၊ ဝိုင်လေး၊ ဘီယာလေး၊ ကောက်တေးလေးသောက်တာပါဆိုလို့ မရဘူးနော်။ အယ်လ်ကိုဟောပါတာအကုန် ဒီထဲမှာအကျုံးဝင်ပါတယ်။ ကိုယ်သောက်တဲ့ပမာဏကိုလိုက်ပြီး ရင်သားကင်ဆာအန္တရာယ်ကပိုပြီးတိုးလာတာပါ။လေ့လာမှုတွေအရ ဝိုင်၊ ဘီယာ ဒါမှမဟုတ် အရက်တစ်ခုခုကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ အယ်လ်ကိုဟောမသောက်တဲ့သူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများပါတယ်။လုံးဝမရှောင်နိုင်ရင်တောင် တစ်နေ့ကို တစ်ခွက်ထက်ပိုမသောက်သင့်ပါဘူးလို့ ပညာရှင်တွေကသတိပေးပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါလိမ့်မယ်။ကလေးမမွေးဖွားဖူးတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် အသက် ၃၀ ကျော်ပြီးမှ ပထမဆုံးကလေးမွေးဖူးသူတွေမှာ တခြားသူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ပိုများပါတယ်။ အသက်ငယ်ငယ်မှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖူးလေ ရင်သားကင်ဆာအန္တရာယ်ပိုနည်းလေဖြစ်ပါတယ်။ဒါကတော့ ကလေးမွေးဖူးတဲ့မိခင်တွေနဲ့ပဲ ဆိုင်မှာပေါ့။ မိခင်နို့တိုက်ကျွေးခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ရင်သားကင်ဆာဆိုတာ မျိုးဗီဇကြောင့်ဖြစ်ရတာကလွဲလို့ ဖြစ်နိုင်ခြေကို လျှော့ချလို့ရတဲ့ရောဂါဖြစ်ပါတယ်။ ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် အပြုအမူ၊ နေထိုင်မှုပုံစံတွေကို ဂရုစိုက်ပြီး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ညီတာတွေပဲ စားပါ၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ၊ ကိုယ်အလေးချိန်ထိန်းပါ ဆိုတဲ့အချက်သုံးချက်နဲ့တင် ရောဂါအတော်များများကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/obesity-can-cause-breast-cancer/
အချိန်အကန့်အသတ်နဲ့ အစာစားတာက ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်
လူတစ်ယောက်အနေနဲ့ အမြဲကျန်းမာနေစေဖို့ဆိုရင်တစ်နေ့တာမှာ အစားအသောက်ကို အချိန်အတိုင်းအတာတစ်ခုသတ်မှတ်လို့ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာပဲ စားပေးသင့်ပါတယ်။ ဥပမာ မနက် ၆ နာရီကနေ ညနေ၆ နာရီအတွင်းပဲ အစားစားတာမျိုးပေါ့။ ဒီလိုစားသုံးမှုက ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်အပေါ်မှာကောင်းကျိုးပိုသက်ရောက်စေနိုင်သလို ကယ်လ်လိုရီလျှော့စား ထက်ပိုပြီးထိရောက်မှုရှိပါတယ်၊ လို့ သုတေသီတွေကဆိုပါတယ်။“အစားစားတဲ့အခါ အချိန်အကန့်အသတ်အတိအကျနဲ့ စားသုံးမှုက ကယ်လ်လိုရီပမာဏကို ထိန်းချုပ်စားသုံးမှုထက် အဝလွန်တာကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ထိန်းချုပ်နိုင်ပါတယ်၊” လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%a1%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%a1%e1%80%9e%e1%80%90%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8/
Nosocomial infections (hospital-acquired nosocomial infections) (နိုဆိုကိုမီရယ် ရောဂါ)
နိုဆိုကိုမီရယ် ရောဂါတွေဟာ ဆေးရုံလိုမျိုးပတ်ဝန်းကျင်တွေကနေ ရရှိလာတာဖြစ်ပါတယ်။ ယခုအခါ နိုဆိုကိုမီရယ် ရောဂါကို ဆေးရုံမှရရှိသောရောဂါ/ကျန်းမာရေးစောင့်ရှောက်မှုမှရှိသောရောဂါ (HAI)လို့ ခေါ်ဝေါ်နေကြပါပြီ။ HAI လို့ခေါ်ဖို့ဆိုရင် ကျန်းမာရေးစောင့်ရှောင်မှုမခံယူခင် ထိုရောဂါမဖြစ်နေဖို့ လိုအပ်ပါတယ်။HAI အတွေ့ရများဆုံး လူနာဆောင်ကတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ပဲဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ဆေးရုံတက်သူ၁၀ယောက်မှာ ၁ယောက်နှုန်း HAI ဖြစ်ပွားလျှက်ရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။HAI ခေါ်ဖို့အတွက် အောက်ပါတို့ဖြစ်ရပါမယ်။HAI ရဲ့ ရောဂါလက္ခဏာတွေက အမျိုးအစားအလိုက်ကွဲပြားပါတယ်။ အဖြစ်များဆုံး HAI အမျိုးအစားတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။ထိုပိုးဝင်ခြင်းတို့အတွက်ရောဂါလက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။ဆေးရုံတက်နေစဉ် ရောဂါပိုးကူးစက်ခံရသူတွေဆိုရင် ပိုးဝင်တဲ့နေရာတွေမှာ နာကျင်ခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်းတို့ခံစားရနိုင်ပါတယ်။ တော်တော်များများက မြင်တွေ့နိုင်တဲ့ရောဂါလက္ခဏာတွေ ခံစားကြရမှာပါ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်စ်တို့က HAI ဖြစ်စေနိုင်ပါတယ်။ ၉၀ရာခိုင်နှုန်းလောက်က ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ဆေးရုံတက်သူအများစုကလည်း ကိုယ်ခံအားနည်းနေတာကြောင့် ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ အောက်ပါတို့ကတော့ HAI ကို အများဆုံးဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေပဲဖြစ်ပါတယ်။HIA ၁၁ ရာခိုင်နှုန်းလောက်က P.aeruginosa ကြောင့်ဖြစ်ပြီး ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက မြင့်မားပါတယ်။ဘက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်စ်တို့က လူတစ်ယောက်နဲ့ တစ်ယောက်ကူးစက်ကြတာပါ။ ဆီးပိုက်ထည့်ခြင်း၊ အသက်ရှုစက်တပ်ခြင်းနဲ့ အခြားသောဆေးရုံးပစ္စည်းကိရိယာတို့လိုမျိုးအရာတွေနဲ့ မသန့်ရှင်းတဲ့လက်တွေကနေတစ်ဆင့် ကူးစက်ကြတာပါ။ ပဋိဇီဝပစ္စည်းတွေကို အလွန်အကျွန်နဲ့ မှားယွင်းစွာသုံးစွဲမယ်ဆိုရင်လည်း HAI ဖြစ်ပွားနှုန်း မြင့်မားလာနိုင်ပါတယ်။ ဆေးယဉ်ပါး ဘက်တီးရီးယားတွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။ဆေးရုံတက်တဲ့သူတိုင်း HAI ဖြစ်ပွားနိုင်ပါတယ်။ ဘက်တီရီးယားအချို့ရဲ့ ကူးစက်နိုင်ခြေက အောက်ပါတို့အပေါ်မှာ မူတည်နေမှာပါ။ICU မှာ တက်လိုက်တာနဲ့ ရောဂါဖြစ်နိုင်ခြေများသွားပါပြီ။ ကလေးကြပ်မတ်ကုသဆောင်တစ်ခုရဲ့ HAI ဖြစ်ပွားနိုင်ခြေက ၆.၁ကနေ ၂၉.၆ရာခိုင်နှုန်းရှိပါတယ်။ အော်ပရေရှင်းလုပ်ခဲ့တဲ့ လူအယောက်၃၀၀မှာ ၁၁ရာခိုင်နှုန်းက HAI ဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။HAI ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ ဥရောပနဲ့ မြောက်အမေရိကားမှာ ဆေးရုံတက်သူတို့ရဲ့ ၅-၁၀ရာခိုင်နှုန်းဖြစ်ပွားပါတယ်။ တောင်ဆာဟာရ အာဖရိကနဲ့ အာရှတို့မှာတော့ ဖြစ်ပွားနှုန်း ၄၀ရာခိုင်နှုန်းပါ။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။HAI ကို ဆရာဝန်တော်တော်များများက ရောဂါလက္ခဏာတွေ၊ မြင်တွေ့ပုံတွေနဲ့ ဆုံးဖြတ်ကြပါတယ်။ ရောင်ရမ်းခြင်း၊ အဖုအပိမ့်များထွက်ခြင်းတို့က ထိုနေရမှာ ပိုဝင်နေတာကိုပြတာ ဖြစ်နိုင်ပါတယ်။ ဆေးရုံမတက်ခင်ကတည်းက ဖြစ်လာတဲ့ ပိုးဝင်ခြင်းကိုတော့ HAI လို့ မသတ်မှတ်နိုင်ပါဘူး။ ဆေးရုံတက်နေစဉ်အတွင်းမှာ ရောဂါလက္ခဏာအသစ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ဆရာဝန်အားပြောပြရပါမယ်။ဆီးစစ်၊ သွေးစစ်တို့လည်း ပြုလုပ်နိုင်ပါတယ်။ကုသမှုတွေက ရောဂါပိုးအမျိုးအစားပေါ်မူတည်ပါတယ်။ ဆရာဝန်က ပဋိဇီဝဆေးတွေတိုက်ပြီး အိပ်ရာထဲနားနေခိုင်းပါလိမ့်မယ်။ သင့်တော်တဲ့အချိန်ရောက်တာနဲ့ ဆီးပိုက်လိုမျိုး ပစ္စည်းကိရိယာတွေကို အမြန်ဆုံးဖြုတ်ပေးပါလိမ့်မယ်။ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်နေထိုင်မှုပုံစံ၊ အရည်လုံလောက်စွာသောက်သုံးခြင်းနဲ့ အနားယူခြင်းတို့က အလိုအလျောက်ပြန်ကုစားနိုင်စွမ်းကို မြန်စေပြီး ရေဓါတ်ခန်းခြောက်မှုကို ကာကွယ်ပေးပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/nosocomial-infections-hospital-acquired-nosocomial-infections-%e1%82%8f%e1%80%ad%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%80%e1%80%ad%e1%80%af%e1%80%99%e1%80%ae%e1%80%9b%e1%80%9a%e1%80%b9-%e1%80%b1/
ညဘက် အိပ်နေရင်း ထထမောနေပြီလား
ညဘက် အိပ်နေရင်းနဲ့ မောလို့ ထထိုင်ရတာမျိုးတွေ ဖြစ်နေပြီလား။ ထပြီး ပြတင်းပေါက်ထဖွင့် အသက်ဝဝရှူလိုက်မှအမောသက်သာတာမျိုး ဖြစ်နေပြီလား။ ဒါကို ဆေးပညာအရ  Paroxysmal nocturnal dyspnea (PND) လို့ ခေါ်ပါတယ်။ ညဘက်မှာ ဖြစ်တဲ့ အမောပေါ့။ သူက အိပ်ပြီး နာရီပိုင်းလောက်ကြာတာနဲ့ ထထမောတတ်ပါတယ်။ မောတာက ဘယ်အချိန်မှာမဆို မောနိုင်ပါတယ်၊ မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ်ပေါ့။ မောခြင်းရဲ့ နောက်ကွယ်မှာ နှလုံးမကောင်းတာ၊ အဆုတ်မကောင်းတာလိုမျိုး ရောဂါကြီး တစ်ခုခုလည်း ရှိနေနိုင်ပါတယ်။ PNDကို ဖြစ်စေတဲ့ အကြောင်းရင်း၊ ကုသနည်းတွေကို လေ့လာကြည့်ရအောင်။PNDက အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဖြစ်တတ်ပါတယ်။ PND မှာ မောပြီး နိုးလာမယ်။ ထထိုင်ပြီး ပြတင်းပေါက်တွေ ဘာတွေဖွင့်အသက်ဝဝရှူလိုက်မှ နေလို့ သက်သာတာမျိုးပါ။ တစ်ခါတစ်လေ နာရီဝက်လောက်နဲ့ သက်သာပေမယ့် ဒီထက်ပိုကြာတာမျိုးလည်း ရှိနိုင်ပါတယ်။ PND တစ်ခေါက်ရပြီးရင် တော်တော်များများက ပြန်အိပ်ဖို့ လန့်သွားကြပါတယ်။ ဒါကြောင့် တစ်ခေါက် နှစ်ခေါက်လောက် ကြုံဖူးရင်ကိုစိတ်ဖိစီးမှုတွေများတာ၊အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။PNDအပြင် ကိုယ့်မှာ တခြား ရောဂါ အခံရှိနေရင် အဲ့ရောဂါရဲ့ လာက္ခဏာတွေကိုပါ ခံစားရမှာပါ။PND တဖြည်းဖြည်း ပိုဆိုးလာပြီး မောလို့ ထထိုင်တာတောင် မသက်သာဘူးဆိုရင် ဆေးရုံသွားဖို့လိုနေပါပြီ။အထူးသဖြင့်နှလုံးကြွက်သားတွေ ပျက်စီးနေတာကြောင့် နှလုံးက သွေးကို ကောင်းကောင်း မညှစ်နိုင်တဲ့ ရောဂါမှာ ပိုတွေ့ရပါတယ်။ သွေးကောင်းကောင်း မညှစ်နိုင်တဲ့အခါ နောက်ပြန်ပြီး အဆုတ်ထဲမှာ အရည်တွေ စုလာတဲ့အတွက် မောလာတာပါ။ နှလုံးမကောင်းတဲ့သူတွေက ညဘက်မှာ အမောဖောက်တာအပြင် လှုပ်ရှားတာနဲ့ မောတာ၊ လှဲလိုက်တာနဲ့ မောတာမျိုးတွေပါ ဖြစ်တတ်ပါတယ်။အဆုတ်နဲ့ ဆိုင်တဲ့ ရောဂါတွေမှာ ဆိုရင်တော့။–ပန်းနာရင်ကြပ်။–နာတာရှည် အဆုတ်ရောင်ရောဂါ။–ထိပ်ကပ်နာ။– အဆုတ်ထဲ ရေစုတာ။–အိပ်ဟောက်ရှူရပ်ရောဂါ။– အဆုတ်သွေးကြောပိတ်တာ။– အဆုတ်ကောင်းကောင်း မကျုံ့နိုင် မဆန့်နိုင်တာ။–စားချဉ့်ရည်ပြန်တာ။– ကျောက်ကပ်မကောင်းတာ။– စိတ်ဖိစီးမှုများတာ၊ ကြောက်လန့်တာ စတာတွေပဲ ဖြစ်ပါတယ်။PNDဆိုတာ ကျတော့ အဆုတ်မကောင်းလို့ ဒါမှမဟုတ် နှလုံးမကောင်းလို့ ဖြစ်တဲ့ လက္ခဏာပေါ့။ အိပ်ဟောက်ရှူရပ်ကကျတော့ သူကိုယ်တိုင်က ရောဂါတစ်မျိုးပါ။ အိပ်ဟောက်ရှူရပ်ကြောင့်လည်း PND ဖြစ်တာမျိုး ရှိနိုင်ပါတယ်။အိပ်ဟောက်ရှူရပ်ရောဂါရှိတဲ့သူကကျတော့ အိပ်နေရင်းနဲ့ တစ်ချက်တစ်ချက် အသက်ရှူနှေးသွားတာမျိုး၊ ရပ်သွားတာမျိုး ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ အသက်ရှူရပ်သွားတာကြာလို့ အသက်ရှူကြပ်ပြီး PNDလိုမျိုး လန့်နိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။PND ဆိုတာ ရောဂါလက္ခဏာ သက်သက်သာ ဖြစ်တာမို့လို့ သူ့နောက်ကွယ်က အကြောင်းရင်းကို ရှာပြီး ကုသရမှာပါ။ ကုသနည်းတွေက ရောဂါပေါ်မူတည်ပြီး မတူပါဘူး။ဒီထဲမှာ နှလုံးပျက်စီးတာက အဆိုးဆုံးပါပဲ။ နှလုံးကြောင့်ဆိုရင်တော့ ဘာကြောင့် နှလုံးပျက်စီးတာလဲဆိုတာကို ရှာပြီး ကုသရမှာပါ။ (ဥပမာ သွေးတိုးမထိန်းနိုင်လို့လားပေါ့။) တခြား ပန်းနာရင်ကြပ်တို့၊ အိပ်ဟောက်ရှူရပ်တို့၊ စားချဉ့်ရည်ပြန်တာတို့ဆို အန္တရာယ်လည်း သိပ်မရှိသလို ကုရတာလည်း ရလဒ်ကောင်းပါတယ်။အဆုံးသတ်အနေနဲ့ အကြံပြုလိုတာက ညဘက်မှာ အမောဖောက်နေရင် မပေါ့ပါနဲ့။ ကိုယ့်မှာ ရောဂါအခံရှိရင် ပိုဆိုးပါတယ်။ ဆေးရုံ ဆေးခန်း သွားဖြစ်အောင် သွားပါလို့ ပြောချင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/paroxysmal-nocturnal-dyspnea/
သန္ဓေအောင်ခြင်း၏ လက္ခဏာ ၅ ချက်
သန္ဓေအောင်ခြင်း၏ လက္ခဏာ တွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ သားဥကြွေခြင်းသည် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်၏ ပုံမှန် ရာသီစက်ဝန်း နှင့် ဆက်စပ်သည်။ အမျိုးသမီးတစ်ဦး သားဥကြွေလျှင် ဖြစ်ပွားသော ဟော်မုန်းပိုင်းဆိုင်ရာ အပြောင်းအလဲများသည် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများနှင့် ယှဉ်တွဲနေသည်။ ရှုပ်ထွေးသော နည်းလမ်းများနှင့် ဈေးကြီးသော ပစ္စည်းကိရိယာများအစား ခန္ဓါကိုယ်၏ အချက်ပြမှုများကို သတိထားခြင်းဖြင့် သားဥကြွေမည့် အချိန် နှင့် သန္ဓေအောင်မည့် အချိန်ကို ကြိုတင် ခန့်မှန်းနိုင်သည်။ ဒီဆောင်းပါးတွင် သန္ဓေအောင်ခြင်း၏ အသိသာဆုံးသော လက္ခဏာ (၅) ခုကို ဖော်ပြထားသည်။သန္ဓေအောင်ခြင်း၏ လက္ခဏာ ၅ ချက် ကတော့။၁။ ဓမ္မတာလာချိန်၏ ထူးခြားသော လက္ခဏာ။ပုံမှန်မဟုတ်သော ဟော်မုန်းပြောင်းလဲခြင်း၏ လက္ခဏာတစ်ခုမှာ ဓမ္မတာမလာခြင်းဖြစ်သည်။ သားဆက်ခြားဆေးများ အသုံးပြုခြင်း ရပ်တန့်ပြီးလျှင် ခန္ဓါကိုယ်သည် ပုံမှန်ဓမ္မတာလာရန် လအနည်းငယ် စောင့်ဆိုင်းရတတ်သည်။ ထို့ကြောင့် ဓမ္မတာမလာသေးခြင်းသည် ကိုယ်မရှိသေးခြင်းလဲ ဖြစ်နိုင်သေးသည်။ သုံးလကြာပြီးနောက် ဓမ္မတာမလာမှသာလျှင် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ဓမ္မတာမလာခြင်းအပြင် ဓမ္မတာပုံမှန်မလာခြင်းသည် သန္ဓေအောင်ရန် ခက်ခဲခြင်းကို ပြသော လက္ခဏာတစ်ခုဖြစ်သည်။ပုံမှန်မဟုတ်သော ရာသီစက်ဝန်းသည် သားဥအလုပ်မလုပ်တော့ခြင်း (သို့) Endometiosis ဟုခေါ်သော သားအိမ်နှင့် ပတ်သတ်သည့် ရောဂါကြောင့် သားဥမကြွေနိုင်သော လက္ခဏာကို ပြသည်။၂။ သားအိမ်ခေါင်းအကျိအချွဲ၏ တည်မြဲသော ပြောင်းလဲမှု။ကျိချွဲ၊ ပျစ်ထူပြီး သတိမထားမိသော အရည်ဆင်းခြင်းသည် သားဥကြွေချိန်မဟုတ်သော အချိန်များတွင် အဖြစ်များသော လက္ခဏာများ ဖြစ်သည်။ သို့သော် သားဥကြွေချိန်နီးလာလျှင် ခန္ဓါကိုယ်သည် အီစတရိုဂျင်(Estrogen) ဟုခေါ်သော ဟော်မုန်းကို သဘာဝအတိုင်းထုတ်လွှတ်သည်။ Estrogen များစွာ ရှိလာလျှင် သားအိမ်ခေါင်း၏ အကျိအချွဲများကို ကြက်ဥအကာကဲ့သို့ ပျစ်ချွဲစေသည်။ အကယ်၍ ဒီလက္ခဏာများကို တွေ့လျှင် ဆက်လက်စောင့်ကြည့်စစ်ဆေးသင့်သည်။ မပြောင်းလဲပဲ ဆက်လက်ရှိနေလျှင် ဒီလက္ခဏာသည် သန္ဓေအောင်ခြင်း၏ တိကျသော လက္ခဏာဖြစ်သည်။၃။ ရင်သားပို၍နာကျင်လာခြင်း။သားဥကြွေချိန်တွင် ရင်သားသည် ပို၍လေးလံခြင်း၊ ကိုက်ခဲခြင်း နှင့် နာကျင်ခြင်းတို့ ဖြစ်တတ်သည်။ အဘယ့်ကြောင့်ဆိုသော် ပရိုဂျက်စတရုန်း (Progestrone) ဟုခေါ်သော ဟော်မုန်းထွက်ပေါ်ခြင်းသည် ရင်သားနာကျင်ခြင်းကို ဖြစ်စေသောကြောင့်ဖြစ်သည်။ အချို့သော အမျိုးသမီးများသည် သားဥကြွေချိန်တွင် ရင်သားနာကျင်ခြင်းကို သတိထားမိတတ်ကြသည်။ သို့သော် အချို့သည် သားဥကြွေပြီးမှသာ အာရုံခံစားမှုကို သိရှိကြသည်။၄။ သားအိမ်ခေါင်း၏ ပြောင်းလဲချက်။သန္ဓေအောင်သော အမျိုးသမီးတစ်ယောက်တွင်သားအိမ်ခေါင်း၏ ပြောင်းလဲခြင်းသည် များစွာသိသာသည်။ ဓမ္မတာလာပြီးချိန်တွင် သားအိမ်ခေါင်းသည် မာ၍ ပိတ်နေပြီး အောက်ဘက်တွင် ရှိနေသည်။ သားဥကြွေချိန်တွင် သားအိမ်ခေါင်းသည် ပုံမှန်ထက် ပွင့်နေတတ်ပြီး အပေါ်ဘက်သို့ ပိုရောက်နေကာ နူးနူးညံ့ညံ့ရှိနေတတ်သည်။၅။ ကိုယ့်ကိုယ်ကို ပို၍ဆွဲဆောင်မှုရှိလာခြင်း။ခန္ဓါကိုယ်၏ အလှ နှင့်လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို မြင်တွေ့နိုင်ရန်မှာ မိတ်ကပ်များကို မလိုအပ်ပါ။ သားဥကြွေနေချိန်တွင် ပြည့်ဝသော နှုတ်ခမ်း၊ ကျယ်ဝန်းသော သူငယ်အိမ်၊ ချောမွေ့နူးညံ့သော အသားရည်၊ estrogen ဟော်မုန်းများနေခြင်းကြောင့် ပြောင်းလဲနေသော အသံ စသည့် ရုပ်ပိုင်းဆိုင်ရာ ပိုမိုလှပမှုများကို တွေ့ရှိနိုင်သည်။လေ့လာချက်များအရ တစ်လတစ်ခါ ရာသီစက်ဝန်းတွင် ထိုသို့ကောင်းမွန်သော ပြောင်းလဲချက်များသည် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုရှိစေရုံမက လက်တွဲဖော်ကိုလဲ ပို၍ ဆွဲဆောင်နိုင်စွမ်းရှိသည်ကို တွေ့ရှိရသည်။ကလေးရရှိစေရန်လည်း ကောင်းမွန်သောစိတ်ခံယူချက်ကို ရရှိစေသည်။မိခင်ဘဝတွင် ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာများ (သို့) သန္ဓေအောင်ခြင်း၏ လက္ခဏာများကို စောင့်ဆိုင်းနေရခြင်းသည် အကောင်းဆုံးသော ခံစားချက်ဖြစ်သည်ဟုဆိုကြသည်။ ရင်သွေးရရှိခြင်း၏ အကြောင်းအချက်များကို ဂရုစိုက်နေခြင်းဖြင့် သန္ဓေအောင်မည့် သားဥကြွေချိကို အစောဆုံးသိနိုင်မည်ဖြစ်သည်။ထိုသို့သိရှိခြင်းသည် အမျိုးသမီးတစ်ယောက်အတွက် ရှိသင့်သိသင့်သော အရည်အချင်းများထဲမှ တစ်ခုလဲဖြစ်သည်။အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/signs-of-fertility/
ပထမကလေးမွေးပြီးနောက်တစ်ကြိမ် ကိုယ်ဝန်ရရန် သင် ဘာကြောင့် ခက်ခဲနေတာလဲ
စုံတွဲများသည် မိသားစုတွင် ကလေးတစ်ယောက်ထက် ပိုလိုချင်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင် သူတို့၏ ဆုတောင်းသည် အလွယ်တကူ မပြည့်ဝတတ်ပါ။ အဘယ်ကြောင့်ဆိုသော် ပထမကလေး မွေးပြီးနောက်ပိုင်း ကိုယ်ဝန်ထပ်ဆောင်ရန် အခက်အခဲကြုံရသောကြောင့် ဖြစ်သည်။ ထိုအခြေအနေကို ယခင် ကလေးမွေးဖူးသော်လည်း နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်စွမ်းမရှိခြင်း (Secondary infertility) ဟု ခေါ်ပါသည်။ ၎င်းသည် တစ်ခါမျှ ကိုယ်ဝန်မဆောင်နိုင်ခြင်း၊မြုံခြင်းထက် ပိုအဖြစ်များပါသည်။ ထိုကိစ္စဖြစ်ရခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းများစွာ ရှိပါသည်။ယေဘုယျအားဖြင့် သင်၏ ကိုယ်ဝန်ရနိုင်စွမ်းသည် အသက်အရွယ်အလိုက် ကျဆင်းသွားသည်။ အထူးသဖြင့် အသက် ၃၅ နှစ်နှင့် အထက်မှာပေါ့။ တစ်ဖက်တွင်လည်း သင်ကလေးမမွေးခင် (သို့) မွေးပြီးတွင် သင့် မျိုးပွားစနစ်၌ အခြားသော ပြဿနာများရှိကောင်းရှိနိုင်ပြီး ထိုပြဿနာက တဖြည်းဖြည်းပိုဆိုးလာတာဖြစ်နိုင်သည်။ သင့်ကိုယ်ဝန်ဆောင်နိုင်စွမ်းကို နှောင့်ယှက်နေသော ဖြစ်နိုင်ချေ အခြေအနေများအားလုံးကို သိရှိဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါသည်။ မမျိုးဥပြဿနာ၊ သားအိမ် (သို့) သားဥပြွန် ပျက်စီးမှု၊ မျိုးပွားအင်္ဂါရောင်ရမ်းမှု၊ သားအိမ်အလုံး ပိတ်ဆို့မှု စသည့်ပြဿနာများအပါအဝင်ပေ့ါ။ ထို့ပြင် အသက်အရွယ်နှင့် ဆီးချိုသွေးချိုရောဂါပေါ်လိုက်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ချေ များတတ်သည်။အသက် ၃၅ နှစ်ဆိုသောအရွယ်သည် အမျိုးသား ၊ အမျိုးသမီး နှစ်ဦးလုံးအတွက် မျိုးအောင်နိုင်ချေ ကျဆင်းသွားသော အရွယ်ဖြစ်သည်။ အကယ်၍ သင့်အိမ်ထောင်ဖက်သည် အသက် ၃၅ နှစ် နှင့် အထက်ဖြစ်လျှင် သူ၏ ဟော်မုန်း၊ ပြွန်လမ်းကြောင်း နှင့် သုက်ပိုးတို့သည် ပိုမိုအားနည်းလာသည်။ သို့မဟုတ်ပါက သူ့တွင် ကျန်းမာသော သုက်ပိုးအရေအတွက်နည်းခြင်း (သို့) အရည်အသွေးမမီသော သုက်ပိုးများရှိနေခြင်း တို့ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အရည်အသွေးညံ့သော သုက်ပိုးဆိုသည်မှာ မမျိုးဥဆီရောက်ဖို့ ခရီးဝေးကို သွားရန် လုံလောက်သော သန်စွမ်းမှုမရှိသည့် သုက်ပိုးကို ဆိုလိုသည်။ဘဝနေထိုင်မှုပုံစံသည် ကိုယ်ဝန်ရရှိစေရန် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။ ယခင်ကလေးရပြီးနောက်ပိုင်း ကိုယ်ဝန်ထပ်မဆောင်နိုင်ခြင်း၏ ပြဿနာသည် နေထိုင်မှုပုံစံပြောင်းလဲသွားခြင်းကနေလည်း စတင်ဖြစ်နိုင်သည်။ အဝလွန်ခြင်း၊ ပိန်ကပ်ခြင်း နှစ်မျိုးစလုံးသည် မျိုးအောင်နိုင်စွမ်းကို ထိခိုက်သောကြောင့် သင့်အတွက် အသင့်တော်ဆုံး ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့ အရေးကြီးသည်။ ထို့ပြင် အရက် နှင့် ဆေးလိပ်သည်လည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေသော အချက်များဖြစ်ပါသည်။အထက်တွင် ဖော်ပြခဲ့သော အချက်များအပြင် စုံတွဲအများစုသည် အကြောင်းရင်းမရှိဘဲ ကိုယ်ဝန်ထပ်မရနိုင်သော ပြဿနာကို ကြုံနေရဆဲဖြစ်သည်။ သို့ရာတွင် ထိုလူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် တစ်နှစ်နောက်ပိုင်းတွင် ကိုယ်ဝန်ရရှိအောင်မြင်ပြီး ၃၅ ရာခိုင်နှုန်းက နှစ်နှစ်နောက်ပိုင်းတွင် ကိုယ်ဝန်ထပ်ရသွားကြသည်။ အသက် ၃၀ အောက် စုံတွဲများသည် အသက် ၃၀ အထက် စုံတွဲများထက် ပိုပြီး အခွင့်အလမ်းများသည်။ အကယ်၍ အချိန်တစ်ခုကြာသည်အထိ သင့်အားစိုက်မှုများ အရာမထင်ခဲ့လျှင် ဝမ်းနည်းစွာပင် ထိုအချိန်သည် သင်လိုချင်သော မိသားစုအရေအတွက်ကို လက်လျှော့သင့်သော အချိန်ဖြစ်ပါသည်။ယခင်ကလေးမွေးဖူးသော်လည်း နောက်ပိုင်းကိုယ်ဝန်ထပ်မရခြင်း (Secondary infertility) ကို ဖြစ်စေသော အကြောင်းများစွာရှိပါသည်။ သို့သော် သင့်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် နှင့် မှန်ကန်သော ဖြေရှင်းနည်းအတွက် မျိုးပွားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ပြသတိုင်ပင်ဖို့ အရေးကြီးပါသည်။Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/%e1%80%95%e1%80%91%e1%80%99%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%90%e1%80%85/
Rebonding လုပ်ထားတဲ့ ဆံသားအတွက် ဒီအချက်တွေမလုပ်မိဖို့ သတိထားပါ
ဆံကေသာအလှဟာ ပျိုမေတိုင်းအတွက် အရေးပါလှပါတယ်။ ဆံပင်ပုံစံလေးပြောင်းလိုက်တာနဲ့ တအားဆွဲဆောင်မှုရှိသွားတာမျိုး၊ ဆံပင်တွေ ကပိုကရိုနဲ့လှတဲ့သူတွေရှိပေမယ့် တချို့မှာတော့ ဆံပင်မသပ်ရပ်လို့ အလှတွေမြုပ်သွားတာမျိုး။ ဒီလိုအရေးပါတဲ့ ဆံကေသာရဲ့ ကျန်းမာရေးအတွက် သေချာဂရုစိုက်သင့်တာ လက်ခံတယ်မလား။ဆံသားပြဿနာအမျိုးမျိုးကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့နည်းအဖြစ်hair rebondingtreatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင် ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင်တောက်ပစေတယ်၊ လေတိုက်ရင်တောင်ဆံပင်မရှုပ်စေတဲ့အထိ ထိန်းသိမ်းရလွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ ဆံသားခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။အရေးကြီးတာကrebondingလုပ်ပြီးတဲ့အခါ –။ဒါ အရေးကြီးဆုံးအချက်ပါ။ rebonding လုပ်ထားတဲ့ ဆံပင်ကို ပုံသွင်းထားတာမပျက်စေဖို့  ၃ ရက်အတွင်း ရေမထိအောင် သတိထားရပါမယ်။ဆံပင်စည်းတာ၊ ကလစ်တွေနဲ့ညှပ်တာ၊ ထုံးတာတွေ မလုပ်ပါနဲ့။ rebonding က တာရှည်ခံတာမို့ အခုလိုလုပ်လိုက်ရင် ပုံစံသွင်းထားပြီးသား ဆံသားကို ကျိုးကြေတာတွေ ဖြစ်စေနိုင်ပါတယ်။နောက်ပိုင်းခေါင်းလျှော်ပြီးတဲ့အခါ အခြောက်ခံစက် အပူပြင်းပြင်းနဲ့ မသုံးဖို့ သတိထားပါ။ ဆံသား ပိုပျက်စီးစေနိုင်ပါတယ်။နောက် ၆ လအတွင်း ဓာတုပစ္စည်းပါတဲ့ ဆံပင်ပြုုပြင်မှုတွေကို ရှောင်သင့်ပါတယ်။ ဆံပင်ဆေးဆိုးတာ၊ အရောင်ချွတ်တာတွေအပါအဝင်ပေါ့။ဆံပင်မှာ အစိုဓာတ်လေးထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဆံသားကျန်းမာချင်တယ်ဆိုရင် ဆံသားရဲ့ အဆီတွေခမ်းခြောက်မသွားစေဖို့ ခေါင်းမကြာခဏလျှော်တာတွေလျှော့ဖို့လိုပါတယ်။ တစ်ပတ်ကို အလွန်ဆုံးသုံးကြိမ်သာလျှော်ပါ။ညီညွတ်မျှတတဲ့ အစာအာဟာရကို စားပါ၊ အစေ့အဆန်တွေ စားပါ။ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုးနဲ့ ပရိုတင်းအစားအစာတွေအပါအဝင် ဆံသားကျန်းမာရေးအတွက် အထောက်အကူပြုမယ့် အစားအသောက်တွေကို ရွေးချယ်စားပါ။ ပရိုတင်းက ဆံပင်ရဲ့အဓိကအခြေဖြစ်တဲ့အတွက် အရေးကြီးဆုံးနဲ့ မရှိမဖြစ်အာဟာရ ဖြစ်ပြီး ဇင့်၊ ဆာလဖာ၊ ဖက်တီးအက်စစ်၊ သံဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဒြပ်ပေါင်းတို့လည်း အရေးပါပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/rebonding-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%86%e1%80%b6%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba/
အားကစားလုပ်ပြီးနောက် ကိုက်ခဲနေတဲ့ခြေထောက်ကို ဘယ်လိုကုသမလဲ
မာရသွန်အပြေးသမားတွေ၊ ပြင်းပြင်းထန်ထန် အားကစား၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ကိုယ့်ရဲ့အလုပ်ပြီးသွားတာနဲ့ ခြေထောက်က မသယ်ချင်လိုက်အောင် ထိုးပြီးကိုက်ခဲနေတာ တော်တော်များများဖြစ်ဖူးကြမှာပါ။ များသောအားဖြင့်တော့ စိုးရိမ်စရာမလိုတဲ့ လက္ခဏာပဲဆိုပေမယ့် နောက်နေ့အားကစားလုပ်ဖို့အတွက် ခြေထောက်က နာတာမသက်သာသေးတဲ့အခါကျတော့ စိတ်ညစ်ရတာပေါ့။ ဒီပြဿနာကနေ ကင်းဝေးစေဖို့ ခြေထောက်နာကျင်ကိုက်ခဲတာကို အမြန်သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ကြရအောင်လား။အားကစားအပြင်းအထန်လုပ်ပြီးသွားတဲ့အခါမျိုးမှာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေကို အပြင်းအထန်လှုပ်ရှားအသုံးပြုလိုက်ရတဲ့အတွက် အနည်းနဲ့ အများတော့ ကိုက်ခဲတဲ့ဒဏ်ဖြစ်ပေါ်တတ်ပါတယ်။ တချို့ကျတော့လည်း ပြေးနေတဲ့အချိန်မှာ စီးထားတဲ့ အားကစားစီးဖိနပ်က ကိုယ့်ခြေထောက်ကို ကောင်းကောင်းအထောက်အပံ့မပေးနိုင်တာ၊ ကျပ်လွန်းတာ ဒါမှမဟုတ် ကိုယ်ခန္ဓာလှုပ်ရှားတဲ့ ပုံစံ၊ အနေအထား မမှန်ကန်တဲ့အခါ၊ဒူးခေါင်းကို အလွန်အကျွံ အသုံးပြုလိုက်တဲ့အခါ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်က ခြေထောက်နဲ့ ခြေဖနောင့်ကို သွားပြီး အားသက်ရောက်သလိုဖြစ်တဲ့အတွက် နာကျင်ကိုက်ခဲရတာပါ။ ဒါကတော့ စိတ်ပူစရာမဟုတ်ပါဘူး။တချို့တွေက နာကျင်ကိုက်ခဲနေတာကို သူ့ဘာသာပျောက်သွားမှာပါလို့ ထင်တတ်ကြပါတယ်။ ဒဏ်က သိပ်မပြင်းဘူးဆိုရင်တော့ သူ့အလိုလိုပျောက်သွားနိုင်တယ်ဆိုပေမယ့် ကိုယ်က အားအရမ်းစိုက်လိုက်တဲ့အခါမျိုးမှာ ဘာကုထုံးနဲ့မှမလုပ်ဘဲ သူ့အလိုလိုပျောက်သွားဖို့ဆိုတာ အချိန်အကြာကြီးစောင့်နေရတတ်ပါတယ်။ ဒီလိုအချိန်မျိုးအတွက် ကုထုံးတွေကတော့။အားကစားပဲလုပ်လုပ်၊ လေ့ကျင့်ခန်းပဲလုပ်လုပ် ကိုယ့်ခြေထောက်က နာကျင်ကိုက်ခဲနေပြီလို့ ခံစားနေရရင် အရင်ဆုံး ခဏနားလိုက်ပါ။ နာနေတဲ့ ခြေထောက်ကြီးကို ထပ်ဒဏ်ဖြစ်အောင် မလုပ်ပါနဲ့။ နားနေတဲ့အချိန်မှာ ခြေထောက်ကို တန်းတန်းဆန့်ထားပြီး ရေသောက်အမောဖြေလိုက်ပါ။ ပြီးရင် ဒူးခေါင်းကို ဖြည်းဖြည်းချင်း ကွေးလိုက်၊ ဆန့်လိုက်လုပ်ပေးပါ။နာကျင်ကိုက်ခဲတဲ့ဒဏ်ရာအတွက် အကောင်းဆုံးကုထုံးက ရေခဲဝတ်ကပ်တာပါပဲ။ရေခဲဝတ်မရှိဘူးဆိုရင်လည်း အဝတ်သန့်သန့်ကို ရေခဲ ၂တုံးလောက် ထည့်ပြီးစည်းလိုက်တာ၊ ရေအေးအေးနဲ့ စိမ်ထားတဲ့ အဝတ်ကို ကပ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ ကိုက်ခဲနေတဲ့ နေရာတစ်လျှောက်ကို ရေခဲဝတ်နဲ့ မိနစ် ၂၀လောက် ဖိကပ်ထားပေးပါ။ဒါကတော့ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲနေပြီဆိုမှ အကိုက်အခဲပျောက်ဆေး သောက်ဖို့ စဉ်းစားသင့်ပါတယ်။ မသောက်ခင်မှာလည်း ဆရာဝန်နဲ့ အရင်ပြပါ။ ဆရာဝန်ညွှန်ကြားပေးတဲ့ ဆေးကိုပဲ သေချာသောက်ပါ။ ဆေးကို နေ့စဉ်ရက်ဆက်သောက်တာမျိုးတော့ မလုပ်ပါနဲ့။အကိုက်အခဲပျောက်ဆေးတွေထဲမှာ ibuprofen, naproxen, aspirin ပါတဲ့ ဆေးတွေဆို အဆင်ပြေပါတယ်။မြန်မာနိုင်ငံမှာတော့ တော်တော်များများ အိမ်မှာဆိုရင် ဖိနပ်မစီးကြတာ များပါတယ်။ အထူးသဖြင့် ကိုက်ခဲနေတဲ့အချိန်ဆိုရင် ခြေထောက်ကို ဒီအတိုင်းပဲထားထားပါ။ ဟိုလျှောက်သွား၊ ဒီလျှောက်သွားလုပ်ပြီးဖနောင့်ကို ထပ်ပြီးဒဏ်မဖြစ်ပါစေနဲ့။ အိပ်ခါနီးမှာ ခြေထောက်ကို သံလွင်ဆီ၊ အုန်းဆီ ဒါမှမဟုတ် lotion တစ်မျိုးမျိုးလိမ်းပြီး လက်မနဲ့ ဖြည်းဖြည်းချင်းဖိပြီးနှိပ်ပေးပါ။ အိပ်တဲ့အချိန်တော့ ခြေအိပ်စွပ်ချင် စွပ်လို့ရပါတယ်။အားကစားသမားတွေအတွက် အရေးကြီးဆုံးက အိပ်ချိန်နဲ့ အစာအာဟာရပါပဲ။ တစ်နေ့အိပ်ချိန်ကို အနည်းဆုံး ၇နာရီကနေ ၈နာရီထိ ရအောင်အိပ်ပါ။ ကြွက်သားနာကျင်တာကို အလျင်အမြန်သက်သာစေနိုင်ဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ ပဲ၊ ဥ၊ နွားနို့ အဓိကစားသုံးပေးပါ။အရင်ဆုံး ကိုယ်စီးနေတဲ့ အားကစားစီးဖိနပ်က ကိုယ့်ခြေထောက်ကို ဒဏ်ဖြစ်စေနေလား၊ နေရထိုင်ရ ခက်စေလားဆိုတာ သေချာပြန်စဉ်းစားကြည့်ပါ။ ဖိနပ်ကြောင့်လည်း များသောအားဖြင့် ခြေထောက်ဒဏ်ဖြစ်တတ်တာတွေရှိပါတယ်။ ဘာကြောင့်ပဲ ဒဏ်ဖြစ်ပါစေ အိမ်တွင်းကုထုံးတွေနဲ့ အလွယ်တကူကုသလို့တော့ ရပါတယ်။ အဲ့လိုကုလို့ မသက်သာဘူးဆိုရင်တော့ အရိုးအကြော ဆရာဝန်နဲ့ သေချာပြသပြီး ခြေထောက်ကို ဓာတ်မှန်ရိုက်ကြည့်ပြီးတော့ တခြားမူမမှန်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလားဆိုတာ စစ်ဆေးမှာဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9-%e1%80%80%e1%80%ad/
ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု
သင်မှာ ကိုယ်ဝန်ရှိနေတယ်လို့ ထင်ပါသလား။ တကယ်က အမျိုးသမီး‌တွေမှာ ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာက တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပါ။ တစ်ယောက်တည်းမှာတောင်မှ ပထမကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန်မှာတောင် ဟော်မုန်းပြောင်းလဲခြင်းကြောင့် မတူညီနိုင်ပါ။ ဒါကြောင့် ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာ (၉)ခု ကို ပြောပြပေးချင်ပါတယ်။ရင်သားများ ကိုက်ခဲနာကျင်ခြင်းက ကိုယ်ဝန်ရဲ့ ရှေ့ဦးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ရင်သားပိုကြီးလာခြင်း၊ နို့သီးခေါင်းကွင်း ပိုမည်းလာခြင်းနဲ့ ပိုလေးလံလာခြင်းတို့ကို ခံစားရတတ်ပါတယ်။ ဒီလို ဖြစ်ရတာက ပရိုဂျက်စရုန်းဟော်မုန်းပမာဏ ပိုများလာတာကြောင့် ဖြစ်ပါတယ်။အခြားအကြောင်းရင်းတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ကို ပိုမိုသိမ်းဆည်းထားတတ်တာကြောင့် ဖြစ်ပါတယ်။ ဒါက ရင်သားကိုတင်းပြီး နာကျင်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားကို ကောင်းကောင်း ထောက်ပံ့နိုင်တဲ့ အတွင်းခံကို ဝတ်ဆင်သင့်ပါတယ်။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ အရင်တုန်းက ဝတ်ခဲ့တဲ့ အတွင်းခံတွေ မတော်တော့တာကြောင့် ဆိုဒ်ကြီး ပြောင်းဝတ်သင့်ပါတယ်။Progestrone ဟော်မုန်းပမာဏများတာက ရင်သားများကို နာကျင်စေရုံသာမကပါဘူး။ အချို့သော အမျိုးသမီးများတွေမှာ ကိုယ်ဝန်စရှိပြီး ပထမ ၃ လပတ်အတွင်း အားမရှိသလို၊ နုံးသလို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် သန္ဓေအောင်ပြီး တစ်ပတ်အကြာကစပြီး အရင်ကထက် ပိုပင်ပန်းတာကို ခံစားရတတ်ပါတယ်။ဒီလို အားမရှိ  နုံးချိခြင်းက ကိုယ်ဝန်ရှိခြင်းနဲ့ ဆက်စပ်နေလေ့ရှိပြီး ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ အသားဓာတ်နဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက မောပန်းခြင်းကို သက်သာစေနိုင်ပါတယ်။ကိုယ်ဝန်အစောပိုင်းမှာ စိတ်ခံစားချက်တွေ ပြောင်းလဲတတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများခြင်း (သို့) အလွန်အကျွံ စိတ်ခံစားတတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဟော်မုန်းပမာဏ သိသာစွာပြောင်းလဲတာကြောင့် စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့ အာရုံကြောပိုင်းဆိုင်ရာ ဆက်သွယ်ချက်ပစ္စည်းပမာဏ ကျဆင်းသွားတာကြောင့် ဖြစ်ပါတယ်။စိတ်အပြောင်းအလဲဖြစ်ခြင်းများက ကိုယ်ဝန်ဆောင်ပထမ ၃ လပတ်နဲ့ မီးဖွားဖို့ နီးလာတဲ့ တတိယ ၃ လပတ်တို့မှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ စိတ်ကျတဲ့ ဝေဒနာ ပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။အချို့သော အမျိုးသမီးများက ကိုယ်ဝန်အစောပိုင်းမှာ ခေါင်းမူးခြင်း (သို့) ရီဝေဝေဖြစ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ အချို့မှာ ဖြူဖျော့ဖျော့ ဖြစ်သွားတတ်ပါတယ်။ဒီလိုဖြစ်ရတာက ဟော်မုန်းအပြောင်းအလဲ (သို့) သွေးပေါင်ကျခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သွေးတွင်း သကြားဓာတ်လျော့နည်းတာကြောင့်ဆိုရင်တော့ တစ်နေ့တာအတွင်း အစာကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ။ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းက ဘယ်အချိန်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မနက် အစောပိုင်းမှာ ပိုအဖြစ်များပါတယ်။ အမျိုးသမီးတိုင်းတော့ မဖြစ်တတ်ပါဘူး။ ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုလည်း မသိကြသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်တွင်း ထွက်ပေါ်တဲ့ ဟော်မုန်းများကြောင့်လို့ ယူဆထားကြပါတယ်။ဒီလက္ခဏာတွေက ကိုယ်ဝန် ၁၂ ပတ်မှ ၁၆ ပတ်ကြာရင် ပျောက်ကွယ်သွားတတ်ပါတယ်။ ပျို့အန်တာ သက်သာစေဖို့ အစာကို နည်းနည်းနဲ့ ခဏခဏစားပေးတာ၊ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားပေးပါ။ ရေဓာတ်ပြည့်ဝအောင် သောက်တာကလည်း သက်သာစေပါတယ်။အချို့သောအမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့အာရုံကို ပြင်းထန်စွာ ခံစားတတ်လာကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်မှာ အချို့သော အစားအစာများကို မစားနိုင်ကြခြင်း၊ (သို့) အချို့က ထူးဆန်းသော အရသာများကို ရရှိတတ်ကြပါတယ်။ ဥပမာ- ပါးစပ်အတွင်း ဘာစားစား သတ္တုအရသာ ရနေခြင်း။ကျန်းမာတဲ့ ရင်သွေးလေး မွေးလာစေဖို့ အစားအစာကို အလုံအလောက်စားဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်လိုအပ်တဲ့ ဗီတာမင်များကို သောက်သုံးတာကလည်း မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်နိုင်ပြီး အာဟာရလည်း ပြည့်ဝစေပါတယ်။သန္ဓေအောင်ပြီး ၆ ပတ် (သို့) ၈ ပတ်ဝန်းကျင်မှာ ဆီးခဏခဏ သွားတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်က ဆီးပိုပြီး ဖြစ်စေပါတယ်။ တဖြည်းဖြည်း ကြီးလာတဲ့ သားအိမ်က ဆီးအိမ်ကို ဖိလာတာကြောင့် ဆီးခဏခဏ သွားရတတ်ပါတယ်။ဒီလို အိမ်သာခဏခဏသွားရတာကို ဆီးပိုးရှိတယ်လို့ ယူဆပြီး ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးများ မသောက်သင့်ပါ။ပုံမှန်ရာသီလာရက်ထက် အနည်းငယ်စောပြီး ဓမ္မတာကိုက်ခဲခြင်းနဲ့ သွေးအနည်းငယ်ဆင်းခြင်းတို့ ဖြစ်ခြင်းက သန္ဓေအောင်မျိုးဥလေး သားအိမ်နံရံကို ကပ်တွယ်တာကြောင့် ဖြစ်နိုင်ပါတယ်။ (သန္ဓေအောင်ပြီး ၆ ရက်မှ ၁၂ ရက်အတွင်း) သွေးဆင်းခြင်းအပြင် မိန်းမကိုယ်မှ အဖြူဆင်းခြင်းသည်လည်း ဖြစ်တတ်ပါတယ်။အဖြူဆင်းခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး ဖြစ်နိုင်ပါတယ်။ ဘေးအန္တရာယ်မဖြစ်ပါ၊ ကုသရန်လည်း မလိုအပ်ပါ။ ဒါပေမယ့် အနံ့အသက်မကောင်းတာ၊ ယားယံတာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။ရာသီသွေးမပေါ်ခြင်းက ကိုယ်ဝန်ရဲ့ သိသာထင်ရှားသော အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီသွေးမပေါ်တိုင်း ကိုယ်ဝန်ရှိတာကြောင့် ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ်အလေးချိန်တက်လာတာ (သို့) ကျသွားတာ၊ ဟော်မုန်းပြဿနာများ၊ မောပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဖိစီးမှုများတာလိုမျိုး ပြဿနာများကလည်း ရာသီသွေးမပေါ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က ခုပြောခဲ့တဲ့ လက္ခဏာများအားလုံးဖြစ်စေ၊ တစ်ခု၊ နှစ်ခုကိုဖြစ်စေ ခံစားရတတ်ပါတယ်။ ဒီလက္ခဏာတွေက ကိုယ်ဝန်ဆောင်မဟုတ်တဲ့သူတွေမှာလည်း ဖြစ်တတ်တာကြောင့် လက္ခဏာတွေကို ကြည့်ပြီး ကိုယ်ဝန်ရှိမရှိ လုံးဝမဆုံးဖြတ်သင့်ပါ။  သေချာတဲ့ နည်းလမ်းကတော့ ကိုယ်ဝန်ရှိမရှိဆီးစစ်ခြင်းနဲ့ အယ်ထွာဆောင်း (Ultrasound) ရိုက်ခြင်းပဲ ဖြစ်ပါတယ်။တကယ်လို့ အခြားသိလိုတဲ့ မေးခွန်းတွေရှိရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/pregnancy-symptoms/
အဆစ်အစားထိုးကုသဖို့ စဉ်းစားနေတယ်ဆိုရင်
စိတ်သွားတိုင်း ကိုယ်ပါနေတုန်းမှာတော့ခန္ဓါကိုယ်ရဲ့ လှုပ်ရှားနိုင်မှုက တန်ဖိုးရှိတယ်ထင်မိမှာမဟုတ်ပါဘူး။ မလှုပ်ရှားနိုင်တဲ့အခါမှာအရိုးအဆစ်တွေရဲ့ တန်ဖိုးကို ကောင်းကောင်းကြီးနားလည်လာတတ်ကြစမြဲပါ။ ဒီလိုပြောလို့ ဟုတ်ပါ့မလားလို့ မတွေးလိုက်နဲ့နော်။ ခြေထောက်လေးပဲနာကြည့်လိုက်။ သွားရလာရတော်တော်လေးခက်တာနော်။ ခန္ဓါကိုယ်ကို လှုပ်ရှားလို့အဆင်ပြေအောင် အဓိကထောက်ကန်ပေးထားတာက အရိုးအဆစ်တွေပေါ့။ ဒီတော့ ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းကို စိတ်သွားတိုင်းကိုယ်ပါဖို့က အရိုးအဆစ်တွေကောင်းမှဖြစ်မှာနော်။အရိုးအဆစ်ကောင်းအောင်ဘာလုပ်ရမလဲဆိုတော့ ဂရုစိုက်ရမှာပေါ့။အဆစ်အစားထိုးကုသမှုဆိုတာကမတော်တဆမှုတစ်ခုကြောင့်ဖြစ်ဖြစ်၊ အသက်ကြီးလာတာကြောင့်ဖြစ်ဖြစ်၊ရောဂါအခံတစ်ခုခုကြောင့်ဖြစ်ဖြစ် ထိခိုက်သွားတဲ့ နေရာတွေကိုဖယ်ထုတ်ပြီး လူသားတွေကဖန်တီးထားတဲ့အရာတွေနဲ့ အစားထိုးကုသမှုတစ်ရပ်ပါ။ အဆစ်တွေထိခိုက်သွားတဲ့အခါ အစားထိုးကုသမှုခံယူလိုက်တာက နေ့စဉ်ဘဝရဲ့လုပ်ဆောင်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။တကယ်လို့များ အဆစ်တွေထိခိုက်ထားတာကြောင့် အသုံးပြုရလုံးဝအဆင်မပြေတော့တဲ့အထိ နာကျင်နေမယ်ဆိုရင်တော့ အဆစ်တွေကိုအစားထိုးကုသမှုခံယူလိုက်တာကအဆင်ပြေဆုံးဖြစ်မှာပါ။အဆစ်တွေကို အစားထိုးကုသမှုခံယူတဲ့အခါ သေချာတတ်သိနားလည်သူတွေနဲ့ ပြသတာက အဆင်အပြေဆုံးဖြစ်မှာပါ။ မှန်ကန်တဲ့စစ်ဆေးမှုရလဒ်ရရှိဖို့နဲ့ ကောင်းမွန်တဲ့ ကုသမှုကိုခံယူရရှိဖို့ကလည်း တော်တော်လေးလိုအပ်တာပါ။ဆိုကြပါစို့ဒူးခေါင်းက အသုံးပြုလို့မရအောင်နာကျင်နေတာကြောင့် ဒူးဆစ်အစားထိုးကုသမှုခံယူမယ်ဆိုရင် အရိုးအဆစ်ကို တတ်ကျွမ်းနားလည်သူတွေနဲ့အကောင်းဆုံးကုသပေးနေပြီး အရိုးအဆစ်ကုသမှုမှာအကောင်းဆုံးဖြစ်တာကြောင့် King of Bone လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ဝေ့ဌာနီ (Vejthani Hospital) ရှိပါတယ်။ ဒူးဆစ်အစားထိုးကုသမှုအတွက်ဆိုရင် ဒူးခေါင်းတစ်ခုလုံးအစားထိုးကုသမှုအပြင် ဒူးဆစ်တစ်ခြမ်းအစားထိုးကုသမှုတွေကိုပါခံယူလို့ရပါတယ်။ ပြင်းထန်မှုအခြေအနေကိုလိုက်ပြီး ကုသမှုခံယူရတာက ကွာခြားနိုင်ပါတယ်။အရိုးအဆစ်နဲ့ပတ်သက်ပြီး အစားထိုးကုသမှုလုပ်ကြတာကတော့ ဒူးခေါင်း၊ပခုံးရိုးနဲ့တင်ပဆုံရိုးအစားထိုး ကုသမှုခံယူတာပါ။ ဒီလိုကုသမှုခံယူတော့မယ်ဆိုရင်။ဒီအချက်တွေအပြင်။ကိုယ့်ဘက်အပိုင်းကတော့ပြင်ဆင်စရာတွေပြင်ပြီးပြီ ဆေးရုံအပိုင်းကရော စိတ်ချရပါ့မလားဆိုပြီး စိတ်ပူနေတယ်ဆိုရင်တော့ ထိုင်းနိုင်ငံအခြေစိုက် ဝေ့ဌာနီ(Vejthani Hospital) ဆေးရုံကို ညွှန်းဆိုချင်ပါတယ်။ ဒီဆေးရုံဟာ အရိုးအဆစ်ကုသမှုမှာ အကောင်းဆုံးဖြစ်တာကြောင့် King of Bone လို့ အသိအမှတ်ပြုခံထားရတာပါ။ ကုတင် ၅၀၀ ဆန့်ဝေ့ဌာနီဆေးရုံကြီးမှာ ဆရာဝန်အင်အား အယောက် ၃၀၀ နီးပါး သူနာပြုအင်အား အယောက် ၂၀၀ ခန့်နဲ့ နိုင်ငံတကာက လူနာတွေကို အကောင်းဆုံးကုသမှုတွေပေးနေပါတယ်။ ဒီဆေးရုံရဲ့နောက်ထပ်အားသာချက်တစ်ခုက လူနာတွေကိုလေယာဉ်နဲ့ ပို့ဆောင်ပေးနိုင်မှုတစ်ရပ်ပါ။နှလုံးရောဂါ၊လိပ်ခေါင်း၊ အရိုးအကြော၊ ကင်ဆာနဲ့ အမျိုးသမီးရောဂါတွေအပါအဝင်ရောဂါတော်တော်များများကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေကိုယ်တိုင် အထိရောက်ဆုံး ကုသမှုတွေပေးနေတာပါ။ ဘာသာစကားအခက်အခဲ မရှိအောင်လည်း မြန်မာဘာသာပြန် အပါအဝင် တခြားဘာသာစကား ဘာသာပြန်တွေနဲ့လည်း စီစဉ်ပေးထားလို့ ဘာသာစကားအခက်အခဲကြောင့် ပြဿနာမရှိနိုင်ပါဘူး။ မြန်မာကျပ်ငွေအပါအဝင် ဘယ်လိုငွေကြေးမျိုးပဲ ကိုင်ဆောင်လာသည်ဖြစ်စေ ဆေးရုံမှာတင်ရှိတဲ့ ငွေကြေးလဲလှယ်ရေးကောင်တာမှာ အလွယ်တကူလဲလှယ်လို့ရတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာဆေးသွားကုသဖို့ ပြင်ဆင်ရှာဖွေနေတယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရရှိထားပြီး မြန်မာနိုင်ငံသားတွေအတွက်လည်း အစစအရာရာ အဆင်ပြေချောမွေ့တဲ့ဝေ့ဌာနီဆေးရုံကြီးကို ရွေးချယ်နိုင်ပါတယ်။ကဲ…အဆစ်နာတာကြောင့်ပဲ စိတ်ညစ်တော့နော်။ ဒါကလည်း ကောင်းမွန်တဲ့ ကုသမှုတွေကြောင့် မကြာခင်ပျောက်ကင်းတော့မယ်ဆိုတာ မမေ့နဲ့နော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%94%e1%80%b2%e1%82%94%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%82%94/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/dos-and-donts-for-underwear/
သင့် အရိုးများ ကျန်းမာကြံ့ခိုင်စေဖို့
အရိုးများဟာ သင့်ခန္ဓာကိုယ်ရဲ့ ဒေါက်တိုင်များပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရိုးများ သန်မာစေဖို့ဟာ သင့်ဘဝတစ်သက်တာအတွက် အရေးကြီးလှပါတယ်။ သင်ကလေးဘဝကတည်းက သင့်အရိုးထဲကို ရောက်ရှိလာတဲ့သတ္တုဓာတ်များဟာ သင့် အရိုးများ ကို တည်ဆောက်ပေးပြီး အသက် ၃၀ လောက် ရောက်လာချိန်မှာ အရိုးရဲ့ထုထည်ဟာ အမြင့်ဆုံးကို ရောက်ရှိပါတယ်။ အကယ်၍ ဒီအချိန်အတိုင်းအတာအတွင်းမှာသာ အရိုးဟာ ထုထည်အခိုင်မာဆုံးမရှိသေးဘူးဆိုရင် နောင်မှာ ကျိုးပဲ့လွယ်ထိခိုက်လွယ်ပါလိမ့်မယ်။ကောင်းတဲ့အချက်ကတော့အာဟာရဓာတ်အများအပြားနဲ့နေထိုင်မှုပုံစံမျိုးစုံဟာ သင့်အရိုးတွေကို ပိုမိုကျန်းမာ ကြံ့ခိုင်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။အောက်ပါနည်းလမ်းများကတော့ ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေဖြစ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာပါပဲ။အရိုးတွေ ကျန်းမာကြံ့ခိုင်စေဖို့ဆိုရင်။၁။အသီးအရွက်များစားသုံးခြင်း။အသီးအရွက်များဟာ အရိုးများသန်မာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ အသီးအရွက်များမှာ ဗီတာမင် C ကြွယ်ဝပြီး အရိုးများအသစ်ဖြစ်ပေါ်ခြင်းအတွက် လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C ဟာအရိုးဆဲလ်များ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့ အဝါရောင် အသီးအရွက်များကို များပြားစွာ စားသုံးခြင်းဟာ ကလေးဘဝကတည်းက အရိုးများအတွင်း သတ္တုဓာတ်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အားပေးကူညီတာမို့ အရွယ်ရောက်လာရင် ကြံ့ခိုင်တောင့်တင်းစေပါတယ်။၂။ပရိုတင်းလုံလောက်စွာ စားသုံးခြင်း။အရိုးများရဲ့ ၅၀%ကို ပရိုတင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ ပရိုတင်းစားသုံးမှုနည်းပါးရင် ကယ်လ်ဆီယမ်စုပ်ယူမှု လျော့ကျစေပြီး အရိုးများဖြစ်ပေါ်နှုန်း ဖြိုခွဲနှုန်းအပေါ် သက်ရောက်မှု ရှိပါတယ်။ လူတစ်ဦးဟာ တစ်နေ့ကို ပရိုတင်း ၁၀၀ ဂရမ်ခန့် စားသုံးသင့်တယ်လို့ ဆိုပါတယ်။ သွေးဆုံးပြီးသွားတဲ့ အမျိုးသမီးများအနက် ပရိုတင်းစားသုံးမှုမြင့်မားသူများဟာ အရိုးပွခြင်းကြောင့်ဖြစ်တတ်တဲ့ အရိုးကျိုးနိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။၃။ ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း။ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးများ ကျန်းမာကြံ့ခိုင်ရေးအတွက် အရေးအကြီးဆုံး သတ္တုဓာတ်ဖြစ်ပါတယ်။ အရိုးဆဲလ်များဟာ ပြန်လည်ဖြိုခွဲခြင်း၊ အသစ်တစ်ဖန်ဖွဲ့စည်းခြင်း စတာတွေ တစ်ချိန်လုံး ဖြစ်ပေါ်နေတာကြောင့် ကယ်လ်ဆီယမ်ဓာတ်ကို နေ့စဉ် စားသုံးပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ် ကယ်လ်ဆီယမ် စားသုံးသင့်တဲ့ ပမာဏကတော့ ၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်ဆိုရင် ၁၃၀၀ မီလီဂရမ်လိုအပ်ပြီး အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေဆိုရင် ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ကယ်လ်ဆီယမ်ကို ဖြည့်စွက်စာများမှလည်း ရရှိနိုင်ပေမယ့် သဘာဝအတိုင်း အစားအသောက်တွေက ရရှိတာ ပိုကောင်းပါတယ်။၄။ ဗီတာမင်D ဗီတာမင် K များ စားသုံးခြင်း။ဗီတာမင် D နဲ့ ဗီတာမင် K တို့ဟာလည်း အရိုးများ ဖွဲ့စည်းတည်ဆောက်ရာမှာ အရေးကြီးပါတယ်။ ဗီတာမင် D ဟာ ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်စုပ်ယူဖို့အတွက် အားပေးကူညီပါတယ်။ သွေးတွင်းဗီတာမင် D ဟာ အနည်းဆုံး 30 ng/ml ရှိနေမယ်ဆိုရင်အရိုးပွခြင်းနဲ့ တခြားအရိုးရောဂါတွေ ဖြစ်ပွားခြင်းကနေ ကာကွယ်နိုင်ပါတယ်။သုတေသနအချို့အရ ဗီတာမင် D ချို့တဲ့သူများဟာ အရိုးသိပ်သည်းဆနည်းပါးပြီး အရိုးကျိုးနိုင်ခြေများပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းဟာ တွေ့ရများပြီး ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလီယံလောက်မှာ ဖြစ်ပွားလျက် ရှိပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်မှ ရရှိနိုင်သလို ငါး၊ အသည်း၊ ချိစ် စတာတွေကလည်း ရရှိနိုင်ပါတယ်။ဗီတာမင် K ကတော့ အရိုးများဖွဲ့စည်းရာမှာပါဝင်တဲ့ အော်စတီယိုကယ်လ်ဆင်ဆိုတဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပေါ်ဖို့ အားပေးကူညီပါတယ်။ အဆိုပါပရိုတင်းဟာ အရိုးထဲမှာရှိတဲ့ သတ္တုဓာတ်တွေနဲ့ ပေါင်းစပ်သွားပြီး ကယ်လ်ဆီယမ်ဓာတ်တွေ အရိုးများထဲကနေ ဆုံးရှုံးခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် Kကို အသည်း၊ ဥအမျိုးမျိုး၊ အသား စတာတွေကနေ ရရှိနိုင်ပါတယ်။ အချဉ်ဖောက်ထားတဲ့ ဒိန်ခဲ၊ ဂေါ်ဖီချဉ်၊ ပဲပိစပ် စတာတွေမှာလည်း တွေ့နိုင်ပါတယ်။၅။ကော်လာဂျင်ဖြည့်စွက်စာများ စားသုံးခြင်း။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သုတေသနအများအပြား မရှိခဲ့ပေမယ့် ကော်လာဂျင်ဖြည့်စွက်စာများ စားသုံးခြင်းဟာ အရိုးတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။ ကော်လာဂျင်ဆိုတာ အရိုးထဲမှာ တွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ကော်လာဂျင်မှာ ဂလိုင်ဆင်း၊ ပရိုလင်းနဲ့ လိုင်စင်းစတဲ့ အမိုင်နိုအက်ဆစ်များ ပါဝင်ပြီး အရိုး၊ကြွက်သား၊ အရွတ်နဲ့ တခြားတစ်ရှူးတွေကို အားဖြည့်တည်ဆောက်ဖို့ ကူညီပေးပါတယ်။၆။မဂ္ဂနီဆီယမ်နှင့် ဇင့်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း။အရိုးအတွက် အရေးကြီးတဲ့ သတ္တုဓာတ်ဟာ ကယ်ဆီယမ်တစ်မျိုးတည်း မဟုတ်ပါဘူး။ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဟာလည်း အရေးကြီးတဲ့ အခန်းက ပါဝင်ပါတယ်။မဂ္ဂနီဆီယမ်ဟာဗီတာမင် Dကို ပုံစံပြောင်းပေးပြီး ကယ်လ်ဆီယမ်စုပ်ယူမှုကို အားကောင်းအောင် ကူညီပါတယ်။ သုတေသနတစ်ခုအရ မဂ္ဂနီဆီယမ်ကို တနေ့ ၄၀၀ မီလီဂရမ်စားသုံးသူများဟာအရိုးသိပ်သည်းဆပိုမိုအားကောင်းစေတယ်လို့ ဆိုပါတယ်။မဂ္ဂနီဆီယမ်ဟာ အစားအစာတိုင်းမှာ နည်းနည်းစီပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ စားစရာတွေကတော့အနက်ရောင်ချောကလက်၊ သစ်ကြားသီး၊ ထောပတ်သီး၊ ပဲအမျိုးမျိုး၊ တို့ဖူး၊ ငှက်ပျောသီး စတာတွေ ဖြစ်ပါတယ်။ဇင့်ဟာ အရိုးများဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အားပေးပါတယ်။ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာများကတော့ အမဲသား၊ ဟင်းနုနွယ်၊ ပုဇွန်၊ နှမ်းကြတ်စေ့၊ ကမာ၊ ဖရုံစေ့ စတာတွေ ဖြစ်ပါတယ်။၇။Omega-3 fatty acidများပြားသော အစားအစာများ စားသုံးခြင်း။Omega-3 fatty acid ဟာ ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်ရှိတယ်လို့ သိထားကြပါတယ်။ အသက်အရွယ်ကြီးရင့်လာသူတွေမှာ အရိုးဆဲလ်များ လွယ်လင့်တကူ ပျက်စီးခြင်းက ကာကွယ်ပေးပါတယ်။ အဆီများတဲ့ငါးတွေက ရရှိသလိုပင်ပွားစေ့၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့ စတဲ့ အစေ့အဆန်များကလည်း ရရှိနိုင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/natural-ways-to-build-healthy-bones/
အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် အကျိုးရှိတဲ့ ကာယလေ့ကျင့်ခန်းများ
အသက်၅၀ကျော် လူကြီးတွေမှာ အဆစ်အမြစ်တွေကိုက်ခဲရောင်ရမ်းတာမျိုး တအားကို ဖြစ်လွယ်လာကြပါတယ်။ အကြောင်းအရင်း အရကတော့ အမျိုးမျိုးပေါ့လေ။ အဆစ်အမြစ်ရောင်ရမ်းခြင်း အမျိုးအစား ၁၀၀ကျော် ရှိတဲ့ထဲကမှ ဥပမာတချို့ ဖော်ပြရရင် သွေးလေးဖက်နာ (rheumatoid arthritis)၊ အရိုးအဆစ်ယိုယွင်းရောင်ရမ်းခြင်း (osteoarthritis)၊ ကလေးသူငယ် လေးဖက်နာ (juvenile arthritis) နဲ့ ရောဂါပိုးကြောင့် ဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း (infectious arthritis)၊ ဗိုက်တာမင် ဒီ နဲ့ ထုံးဓာတ် ( calcium ) ဓာတ် ချို့တဲ့ လို့ ဖြစ်တဲ့ အရိုးပါးအရိုးပွ ( osteroporosis) ၊ အရွတ်ကအဆီတွေ ခမ်းလို့ ဖြစ်တဲ့ အဆစ်အမြစ်နာကျင်မှုမျိုးတွေ ၊ ကိုယ်နေဟန်ထားမမှန်တာ ထုံးဓာတ်များတာ ကြောင့်ဖြစ်နိုင်တဲ့ ကျီးပေါင်း (spondylosis) နဲ့ uric acid များလိုဖြစ်တဲ့ အဆစ်မြစ်ရောင် ဂေါက်ရောဂါ ( Goutty arthritis ) စတာတွေကတော့ အားလုံး ရင်းရင်းနှီးနှီးကြားဖူးနေကြရောဂါတွေပေါ့။သည်ရောဂါတွေ အကြောင်း တစ်ခု စီ အသေးစိတ်ရှင်းပြဦးမှာပါ။ မရှင်းပြခင် ဒီလို။အဆစ်အမြစ်ရောင်ရမ်းတဲ့ လူနာတွေမှာ ရှိနေတတ်တဲ့ အငြင်းပွါးစရာ အယူအဆ အမှား တစ်ခုအကြောင်း အရင် ပြောပြချင်ပါတယ်။ အဲဒါကတော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ပိုဆိုးလာမယ်ဆိုတဲ့ အယူအဆပါ။ သည်ရောဂါရှိရင်ကို လေ့ကျင့်ခန်း လုပ်မရတော့ဘူး ဆိုတာက တကယ်တော့ အစွန်းရောက်တဲ့ အတွေးအခေါ်ပါပဲ။ ရောဂါ အခြေအနေသိပ်ဆိုးနေရင်တော့ ဆရာဝန်က နားကောင်းနားခိုင်းမှာပေါ့လေ။ တကယ်တော့ လေ့ကျင့်ခန်း မလုပ်ခြင်းက အဆစ်ရောင်တာကို ပိုဆိုးစေပြီး အဆစ်အမြစ်ပုံပျက်ကာ ရောဂါအခြေအနေကို ပိုပြီး ဆိုးလာစေနိုင်ပါတယ်။ ဆိုတော့ သည်နေရာမှာ အရေးကြီးတာက ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ဖို့ သင့်တော်သလဲဆိုတာပါပဲ။၁။ အကွေးအဆန့်လေ့ကျင့်ခန်းတွေ။ဟန်ချက်ညီဖို့နဲ့ ကိုက်ခဲနာကျင်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိလာစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ။ ကုလားထိုင်မှာ ထိုင်နေရင်းနဲ့ကိုပဲ ဒူးကိုအကွေးအဆန့်လုပ်ပေးတာမျိုး၊ အိပ်နေရင်းနဲ့ ဒူးကို အကွေးအဆန့် ကစားပေးတာမျိုး ကနေစလို့  လက်ချောင်းတွေ၊ ခြေချောင်းတွေကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ပေးတာ၊ လက်ကောက်ဝတ်အဆစ်လှည့်ပေးတာမျိုး အထိ ပါဝင်မှာပါ။၂။ သွေးပူလေ့ကျင့်ခန်းတွေ။အကောင်းဆုံးလေ့ကျင့်ခန်းကတော့  လမ်းလျှောက်ပေးတာပါပဲ။နေ့တိုင်း ခပ် ဖြည်းဖြည်းလမ်းလျှောက်ပေးတာဟာ အဆစ်အမြစ်ရောင်ရမ်းမှုအတွက် အလွန်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အနည်းဆုံး တစ်ပတ်မှာ သုံးကြိမ်၊ မိနစ် ၃၀ခန့် ခပ်ဖြည်းဖြည်း လမ်းလျှောက်ပေးခြင်းက ခြေလက်များကို သန်မြန်အောင် ကူညီပေးနိုင်ပြီး ဒူးနဲ့ တင်ပါးအရိုးအဆစ်တွေမှာ ဖူးရောင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ တခြားသွေးပူလေ့ကျင့်ခန်းတွေ အနေနဲ့တော့ ရိုးရိုး ခြေထောက်မြှောက်ခြင်း၊  ပေါ့ပေါ့ပါးပါး ခါးကိုင်းပြီး လက်နဲ့ ခြေချောင်းကို ထိခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ သည်လေ့ကျင့်ခန်းတွေက ဟန်ချက်ပိုထိန်းနိုင်လာစေပြီး အဆစ်လွဲစေမယ့် ဖြစ်နိုင်ခြေတွေကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်မယ့် မြေနေရာက မြေပြင်ညီဖြစ်နေဖို့လိုပါတယ်။၃။   ရေကန်ထဲမှာ ကစားပါ။ရေကူးကန် ခပ်တိမ်တိမ်ထဲမှဆို ထိခိုက်ဒဏ်ဖြစ်နိုင်ချေ နည်းတာကြောင့် ရေထဲ လေ့ကျင့်ခန်းလုပ်ခြင်းက အဆစ်အမြစ်ရောင်လူနာများအတွက် ကောင်းပါတယ်။ နာတာရှည် အဆစ်အမြစ်ရောင်ရမ်းတဲ့ လူနာတွေအတွက် အလွယ်ကူဆုံးကတော့ ရေထဲလမ်းလျှောက်လိုက်ရုံ  ဒါမှမဟုတ် မိနစ် ၂၀ – ၃၀ ခန့် ရေထဲဆော့ကစားလိုက်ရုံပါပဲ။ ခြေလက်တွေအတွက် ခွန်အားနဲ့ ခံနိုင်ရည် တည်ဆောက်ဖို့ အရမ်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဟန်ချက်ညီညီလှုပ်ရှားထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် ကိုယ်ခန္ဓာကို မျောနေစေပြီး သက်တောင့်သက်သာနေလိုက်ရုံပါပဲ။၄။   ယောဂကျင့်စဉ်။ယောဂ မှာ အဓိက က ဖြည်းဖြည်းမှန်မှန်လှုပ်ရှားရပြီး တစ်ကိုယ်လုံးကို ဆွဲဆန့်အကြောလျှော့တာမို့ နာကျင်မှုတွေ ဒဏ်တွေ သက်သာစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ မတ်တပ်ရပ်ရင်း ခြေထောက်မြောက်ခြင်း၊ ပုခုံးအပေါ်မြေှာက်ခြင်း တို့ဟာ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြပြီး ကိုယ်ခန္ဓာ ပျော့ပျောင်းအောင် ထိန်းရာမှာ ကူညီပေးနိုင်ပါတယ်။ ယောဂကျင့်စဉ်တွေဟာ ကိုယ်ခန္ဓာလှုပ်ရှားမှုကို ချော​မွေ့စေတဲ့အပြင်ကို ယ်တွင်းအင်္ဂါများ ပုံမှန် အလုပ်လုပ်နိုင်စေဖို့  အထောက်အကူပေးပါတယ်။မခံနိုင်အောင်နာတဲ့ကြားက အတင်းဖိအားပေးပြီး ဇွတ်မလုပ်ပါနဲ့။ သိပ်နာရင် ကြားမှာ တစ်ရက်လောက် အနားယူလိုက်တာက ပိုအဆင်ပြေပါတယ်။လေ့ကျင့်ခန်းလုပ်တာကနေ ပြန်ကောင်းလာဖို့ အထိက အချိန်ယူရပါတယ်။ ချက်ချင်း သိသာလာမှာ မဟုတ်လို့ ဖြည်းဖြည်းချင်း ဇွဲရှိရှိ ဆက်တိုက်လုပ်ပေးသွားဖို့ အကြံပေးပါရစေ။ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – နှင်းနုအေး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/exercises-for-arthritis/
ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရင်း
ကိုယ်ဝန်လိုချင်နေတဲ့ စုံတွဲတွေအတွက်တော့ ကိုယ်ဝန်ရှိပြီဆိုတဲ့ သတင်းဟာ သတင်းကောင်းပေါ့။ ကိုယ်ဝန်ရှိကြောင်းကို ဆီးစစ်တာ၊ အယ်ထွာဆောင်းရိုက်တာတွေ မလုပ်ခင်မှာဘဲ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကနေတဆင့် မှန်းဆလို့ရပါတယ်။ ဒါပေမယ့် လက္ခဏာတွေ ရှိရုံနဲ့ ကိုယ်ဝန်ရှိတယ်လို့ တပ်အပ်ပြောလို့ မရသေးပါဘူး။ ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အခြေအနေဆိုတာလည်း ရှိလို့ပါ။ဒါကို False pregnancy သို့မဟုတ်pseudocyesisလို့ခေါ်ပါတယ်။ ကိုယ်ဝန်မရှိပါဘဲနဲ့ ကိုယ်ဝန်ဆောင်တွေ ခံစားရတဲ့ လက္ခဏာတွေ ရှိနေတာမျိုးပေါ့။ ကိုယ်ဝန်ရှိသလိုထင်ရ စေတဲ့ ရာသီထိမ်တာ၊ ပျို့အန်တာ၊ အစားအသောက်ပျက်တာ၊ ချင်ခြင်းတပ်တာ စတာတွေ သူ့မှာ ရှိနေနိုင်ပါတယ်။ တချို့ဆို ဗိုက်တောင် ဖောင်းလာပါသေးတယ်။ဒီပြသနာဟာ အမျိုးသမီးတွေတင်မက အံ့သြစရာကောင်းအောင်ပဲ အမျိုးသားတွေမှာပါ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အကြောင်းအရင်း အတိအကျကိုတော့ မသိရပါဘူး။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ကိုယ်တွင်းဓာတုစ္စည်းတွေ ဟန်ချက်မညီခြင်းကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။ကလေးရဖို့ ခက်ခဲခြင်း၊ မကြာခဏကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးကို ဆုံးရှုံးရခြင်း၊ သွေးဆုံးချိန်နီးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း စတဲ့ ပြဿနာတွေကြောင့် ကလေးကို အရမ်းလိုနေချိန်မှာ ကိုယ်ဝန်ရှိလာသယောင် ထင်ယောင်ထင်မှား ဖြစ်လာတတ်ပါတယ်။ တခါတရံ ရင်သားများ ကြီးထွားလာခြင်း၊ ဝမ်းဗိုက်ပူလာခြင်း စတာတွေ ဖြစ်လာပြီး ဦးနှောက်ကနေ ကိုယ်ဝန်ရှိလာတယ်လို့ မှတ်ယူလိုက်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ ထွက်ပေါ်တတ်တဲ့ ဟော်မုန်းတွေ ထွက်လာပြီး ကိုယ်ဝန်လက္ခဏာများ ပေါ်လာပါတယ်။မျိုးဥအိမ်ကင်ဆာ၊ ကိုယ်တွင်းဓာတုပစ္စည်းများ ဟန်ချက်မညီခြင်း စတဲ့ ကျန်းမာရေး အခြေအနေတွေကလည်း ကိုယ်ဝန်ရှိသလိုထင်ရ စေပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေမှာလည်း စိတ်ကျခြင်း လက္ခဏာတွေ ပေါ်လာပြီး ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေ ပါတယ်။သိပ္ပံပညာရှင်တချို့ကတော့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ ဆင်းရဲခြင်း၊ ပညာချို့တဲ့ခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေးပြဿနာများကလည်း ဒီအခြေအနေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။အမှန်တကယ် ကိုယ်ဝန်ရှိချိန်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတော့ မရှိပါဘူး။ အများဆုံး တွေ့ရတာကတော့။အဲဒီလက္ခဏာတွေဟာ ရက်သတ္တပတ် အနည်းငယ်ကနေ လအနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။ ရှားရှားပါးပါး အမျိုးသမီးတချို့မှာ ကလေးမွေးခါနီး ဗိုက်နာသလို ကြုံရပါတယ်။ အထူးသဖြင့်တော့ ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ကိုယ်ဝန်ရှိသလိုထင်၊ ကိုယ်ဝန်သည်လို နေထိုင်စားသောက်ပြီး ဗိုက်နာလို့ ကလေးမွေးမယ်ဆိုမှ ကလေးမရှိမှန်း သိရတာမျိုးပါ။ကိုယ်ဝန်က တကယ်လား၊ ထင်ယောင်ထင်မှား ဖြစ်နေတာလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အယ်ထွာဆောင်းရိုက်သင့်ပါတယ်။ တကယ်လို့ ကိုယ်ဝန်တကယ်ရှိနေတာမဟုတ်ဘူးဆိုရင် အယ်ထွာဆောင်းထဲမှာ ကလေးကိုမြင်နိုင်မှာမဟုတ်ပါဘူး။ဆီးစစ်တာကလည်း ဒီနေရာမှာ လွဲနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရှိသလိုမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်နေတာကြောင့် တချို့တွေမှာ နှစ်ကြောင်းပေါ်နေမှာမို့လို့ပါ။ ဒါကြောင့် အယ်ထွာဆောင်းရိုက်တာကတော့ ပိုပြီးသေချာတဲ့ နည်းလမ်းဖြစ်ပါတယ်။အရင်ဆုံးတော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးတာတွေ လုပ်ရပါတယ်။ အမျိုးသမီးတော်တော်များများက ဒီအခြေအနေကို လက်ခံဖို့ ခက်ကြပါတယ်။ ငြင်းဆန်တာ၊ ဆေးစစ်ချက်မှားနေတယ်လို့ စွပ်စွဲတာတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ရဖို့ တော်တော်မျှော်လင့်နေတဲ့ စုံတွဲတွေမှာ ဒါက စိတ်ဒဏ်ရာလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ပြီးမှပဲ ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေကုသရပါတယ်။ ဥပမာရာသီထိမ်တယ်ဆိုရင်လည်း ဘာကြောင့်ထိမ်တာလည်း ဆိုတာကို ရှာဖွေကုသတာမျိုးပါ။ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်ခြင်းက ရှားပါးတဲ့ အခြေအနေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ကြုံရချိန်မှာ အဖြစ်မှန်ကို လက်ခံဖို့၊ မပြိုလဲသွားဖို့ ဒီရောဂါရှိပါလားဆိုတာကို သိထားသင့်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/pseudocyesis/
မိန်းမကိုယ်ပိုးဝင်ခြင်း အကြောင်း
အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်း ကြောင့် မိန်းမကိုယ်နဲ့မွေးလမ်းကြောင်းရောင်ရမ်းခြင်းဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ မိန်းမကိုယ်လမ်းကြောင်း ရောဂါပိုးဝင်ခြင်းအကြောင်းတွေပဲ ဖြစ်ပါတယ်။မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တိုင်း လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြတတ်တဲ့ အချိန်မှာတော့ အောက်ပါအတိုင်း ကြုံရတတ်ပါတယ်။မိန်းမကိုယ်ပိုးဝင်ခြင်းက ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်စေတဲ့ အကြောင်းများစွာ ရှိပါတယ်။ အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။မိန်းမကိုယ်ပိုးဝင်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်ပြသင့်ပါတယ်။မိန်းမကိုယ်ပိုးဝင်ခြင်းကို သောက်ဆေး၊ လိမ်းဆေးများနဲ့ ကုသနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ဘာကြောင့်ဖြစ်တာလဲ။ ဘာတွေဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးသင့်ပါတယ်။မိန်းမကိုယ်ပိုးဝင်ခြင်းကို ကုသရာမှာ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသနည်းမျိုးစုံ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့်။အကောင်းဆုံးကတော့ မိမိဖာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။မိန်းမကိုယ်သန့်ရှင်းရေးကို အလေးထားရပါမယ်။အတွင်းခံများကို ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်ဝယ်ယူရပါမယ်။ ကျပ်လွန်း လှောင်လွန်းတဲ့ အတွင်းခံများဟာ ရောဂါပိုးများကို ပိုမိုပေါက်ပွားကူးစက်စေနိုင်ပါတယ်။လိင်မှတဆင့်ကူးစက်ခြင်းမဖြစ်အောင် ဘေးကင်းစိတ်ချရတဲ့ နည်းစနစ်တွေ အသုံးပြုရပါမယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/vaginal-infection-at-a-glance/
ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ
ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ဆောင်းရာသီက အေးမြပြီး နေရထိုင်ရ အဆင်ပြေပေမယ့် ဆောင်းရာသီမှာအရေပြား၊ဆံသားနဲ့ဦးရေပြားတွေကိုတော့ ဂရုစိုက်ရပါမယ်။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာ ဖြစ်နိုင်သလို၊ ဆံသား ခြောက်သွေ့ကြမ်းတမ်းတာနဲ့ ဦးရေပြားမှာ ဗောက်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ဗောက်ဆိုတာက ဦးရေပြားမှာ အဖြူရောင် အဖတ်အဖတ်လေးတွေဖြစ်ပေါ်တာပါ။ဗောက်ဖြစ်တာက အလှပျက်စေသလို ဦးရေပြားမှာယားယံမှုကိုဖြစ်စေနိုင်ပါတယ်။ဗောက်က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ကုသဖို့လည်း မလွယ်ကူပါဘူး။ ဆောင်းရာသီလိုမျိုး အေးမြတဲ့ရာသီမှာ ပုံမှန်ထက် ဗောက်တွေပိုဖြစ်နိုင်ပါတယ်။ ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရပေမယ့် ဗောက်မဖြစ်အောင်ကာကွယ်လို့တော့ရပါတယ်။ဆံပင်ကို ဖြီးသင်မှု သိပ်မရှိတာ– ဆံပင်ကို မှန်မှန်လေးဖြီးပေးတာကဗောက်တွေကို သက်သာစေနိုင်ပါတယ်။မှိုပိုးတွေကြောင့်– မှိုပိုးတွေကြောင့်ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာဗောက်ဖြစ်လွယ်ပါတယ်။ ဗောက်တွေက ဆောင်းရာသီမှာပိုဆိုးပြီး နွေရာသီလိုမျိုးရာသီမှာတော့ နည်းနည်းသက်သာပါတယ်။နေရောင်ခြည်မှာပါတဲ့UVAက မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။အရေပြားခြောက်သွေ့တာ– အရေပြားခြောက်သွေ့တာ ဦးရေပြားမှာ ဗောက်ပိုထစေတဲ့အကြောင်းအရာပါ။ ဆောင်းရာသီရဲ့ အေးမြတဲ့လေထုနဲ့ အခန်းတွင်းအပူချိန်တွေက ဦးရေပြားမှာ ဗောက်ပိုဖြစ်စေနိုင်သလိုယားယံမှုတွေကို ပါဖြစ်စေနိုင်ပါတယ်။ခေါင်းလျှော်ရည်တွေကြောင့်-ခေါင်းလျှော်ရည်တွေကြောင့်လည်း ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထနိုင်ပါတယ်။ မကြာခဏခေါင်းလျှော်ရည်အမျိုးမျိုးသုံးပြီး ခေါင်းလျှော်တာကလည်းဗောက်ထစေနိုင်ပါတယ်။ရောဂါအခံတစ်ခုခုရှိတာကြောင့်– အာရုံကြောဆိုင်ရာရောဂါတစ်ခုခု ခံစားနေရသူတွေမှာလည်းဗောက်ထနိုင်တဲ့ အခြေအနေက အခြားသူတွေထက်ပိုများပါတယ်။ ပါကင်ဆန်ဝေဒနာခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေက အခြားသူတွေထက် ဗောက်ပိုထနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်သွားတာ၊ လေဖြတ်တာမျိုးခံစားရဖူးတဲ့သူတွေမှာ ဗောက်ထနိုင်ခြေက တော်တော်လေးများပါတယ်။စားသောက်မှုပုံစံ-နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဇင့်၊ ဗီတာမင် B နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီတွေမပါဝင်တာကြောင့်လည်း ဗောက်ထနိုင်ပါတယ်။စိတ်ဖိစီးတာ–စိတ်ဖိစီးတာက ဗောက်ထတာအပြင် အရေပြားပြဿနာအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။အသက်အရွယ်– ဆယ်ကျော်သက်တွေနဲ့ သက်လတ်ပိုင်းအရွယ်တွေက အသက်ကြီးတဲ့သူတွေထက်ဗောက်ပိုဖြစ်နိုင်ပါတယ်။ဟော်မုန်းပြောင်းလဲမှုကြောင့် အခုလိုမျိုးဖြစ်ရတာပါ။ဒီနည်းလမ်းတွေက ဗောက်ဖြစ်တာကို ရပ်တန့်သွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဗောက်ပျောက်အောင် လုပ်ဆောင်တဲ့နေရာမှာ အသက်အရွယ်နဲ့ ဗောက်ဖြစ်တဲ့ အခြေအနေပြင်းထန်မှုအပေါ်မူတည်ပြီး ဗောက်ပျောက်အောင်လုပ်ဆောင်ရတာက ကွာခြားနိုင်ပါတယ်။ ဒီနည်းလေးတွေလုပ်ကြည့်ပြီးဗောက်သက်သာအောင်လုပ်ဆောင်ပေးကြည့်ပါ။စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ– စိတ်ဖိစီးမှုကြောင့် ဦးရေပြားမှာ ဗောက်ထနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းလေးတွေရှာကြည့်ပါ။ပုံမှန် ခေါင်းလျှော်ပေးပါ– ဦးရေပြားအဆီပြန်တတ်တဲ့သူတွေအနေနဲ့တော့ ခေါင်းကို ပုံမှန်လေးလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း တွေ့ကရာခေါင်းလျှော်ရည်နဲ့ လျှော်တာမျိုးမလုပ်ဘဲ ဗောက်သက်သာတဲ့ခေါင်းလျှော်ရည်မျိုးနဲ့ လျှော်ဖို့ပြောပါရစေ။ ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ ဆံသားနဲ့ကိုက်ညီမယ့် အမျိုးအစားကို သတိထားရွေးချယ်ဖို့က မမေ့သင့်ပါဘူး။ ဗောက်ထနေတာအတွက် ထုတ်ထားတဲ့ခေါင်းလျှော်ရည်တွေထဲမှာမှ အမျိုးသားသုံးနဲ့ အမျိုးသမီးသုံးဆိုပြီး ကွာပါသေးတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ကို ဂရုတစိုက်ရွေးချယ်ဖို့ လိုပါလိမ့်မယ်။နေရောင်ခြည်နဲ့ထိတွေ့ပါ– ဦးရေပြားကို နေရောင်ခြည်ထိတွေ့ပေးတာကလည်း ဗောက်သက်သာစေတဲ့ နည်းလမ်းတွေထဲကတစ်ခုပါ။လက်ဖက်ဆီ–လက်ဖက်ဆီက ဗောက်ပျောက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဦးရေပြားကို လက်ဖက်ဆီလူးပြီး နှိပ်နယ်ပေးပါ။ဒိန်ချဉ်နဲ့ သံပရိုသီး– ဒိန်ချဉ်ထဲကိုသံပရိုသီးနည်းနည်းလောက်ညှစ်ထည့်ပြီး ဆံပင်ကို ပေါင်းတင်ပေးမယ်ဆိုရင်ဆောင်းရာသီအအေးဒဏ်ကြောင့် ဗောက်ထတာကိုရော ဆံပင်ကျွတ်တာကိုပါ သက်သာစေနိုင်ပါတယ်။ဆီအပူပေးပြီး နှိပ်နယ်ပါ–သံလွင်ဆီဒါမှမဟုတ်အုန်းဆီကို အပူပေးပြီး ခဏအအေးခံလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံသားမှာလူးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဆံပင်ကို အရင်းကနေ အဖျားအထိ အာဟာရပြည့်ဝစေပြီး ဆောင်းရာသီအအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာကို သက်သာစေနိုင်ပါတယ်။တမာရွက်နဲ့ အုန်းဆီ–တမာရွက်က မှိုပိုးတွေကိုသေစေနိုင်ပြီး ဦးရေပြားယားယံတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီထဲကို တမာရွက်ထည့်စိမ်ပြီး လူးပေးလို့ရပါတယ်။အခုပြောခဲ့တဲ့ နည်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပြီး အေးမြတဲ့ ဆောင်းရာသီမှာ ဗောက်ကင်းစင်ပြီး တောက်ပြောင်တဲ့ ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/home-remedies-for-dandruff-and-hair-fall-in-winter/
အသည်းကျန်းမာဖို့စားသင့်သောအစားအစာများ
အသည်းသည် ခန္ဓာကိုယ်ရှိ အကြီးဆုံးအင်္ဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကျွန်ုပ်တို့ စားသုံးသောအစားအစာများမှ အန္တရာယ်ရှိသောအရာများ၊ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ထို့ကြောင့် အသည်းရောဂါဖြစ်ပါက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းအတွက်အားဖြည့်သောအစားအစာများ စားသင့်သည့်အပြင် အရက်နှင့်ဆေးလိပ်ကိုလည်း ရှောင်ကြဉ်သင့်ပါ တယ်။အသည်းမကောင်းပါက အချို့သောအစားအစာများ (ဥပမာ-အငန်)ကို လျှော့စားသင့်ပါတယ်။ အသည်းအတွက် ကောင်း မွန်သောအစားအစာများမှာ။ကြက်သွန်ဖြူသည် အသည်းမှ အဆိပ်အတောက်ဖယ်ရှားနိုင်ဖို့ အားဖြည့်ပေးပါတယ်။ ကြက်သွန်ဖြူသည် allicin နှင့် selenium စသောဒြပ်ပေါင်းများကြွယ်ဝသောကြောင့် ခန္ဓာကိုယ်တွင်းကို သန့်စင်စေပြီး အားအင်ပြည့်ဝစေပါတယ်။ ကြက်သွန်ဖြူကို အမွှာလိုက် သို့ အလုံးလိုက်စားသုံးခြင်းက ပို၍ကောင်းမွန်ပါတယ်။ကြက်သွန်နီသည် ကြက်သွန်ဖြူကဲ့သို့ပင် allicin ပါဝင်သောကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် flavonoids စသည့်ဒြပ်ပေါင်းများလည်း ပါဝင်ပါတယ်။ ကြက်သွန်နီသည် အစိမ်းလိုက်စားပါက အစာမကြေဖြစ်တတ်သောကြောင့် ချက်ပြုတ်စားသင့်ပါတယ်။ဂရိတ်ဖရုသီးသည် ဗီတာမင် စီနှင့် antioxidant ဒြပ်ပေါင်း များပါဝင်ပါတယ်။ ဂရိတ်ဖရုသီး စားသုံးခြင်းဖြင့် အသည်းကို အဆိပ်အတောက်များ ဖယ်ရှားရာတွင်အားဖြည့်ပေးပါတယ်။အစိမ်းရောင်ရှိသောအရွက်များ (ဥပမာ – ဟင်းနုနယ်ရွက်) သည် အစားအစာတွင် ပါဝင်သော ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့်သဘာဝအတိုင်း စိုက်ပျိုးထားသောအရွက်များကို ရွေးချယ်ဝယ်ယူစားသုံးပါ။ လက်ဖက်စိမ်းသည်လည်း catechins နှင့် antioxidant ပါဝင်သောကြောင့်အသည်း၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေပါတယ်။အသည်းကို ကျန်းမာစေသော အသီးများစွာရှိပါတယ်။ အသီးများတွင် Glutathione ဟုခေါ်သောအန္တရာယ်ရှိသော ပစ္စည်းများကိုဖယ်ရှားနိုင်သော ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ယင်းဓာတ်သည် ထောပတ်သီးနှင့် walnutတွင် ကြွယ်ဝစွာ ပါဝင်ပါတယ်။ လီမွန်သီးသည်လည်း antioxidant၊ ဓာတ်ဆား နှင့် vitamin C ကြွယ်ဝသောကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ ဟင်းခတ်အမွေးအကြိုင်အဖြစ်သုံးသော နနွင်းသည် အဆီချေဖျက်မှုနှင့် သည်းခြေရည်ထုတ်လုပ်မှုကို အထောက်အကူပြုပါတယ်။ သို့သော်လည်း အချို့သော အစားအသောက်များသည် အသည်းကိုထိခိုက်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပါတယ်။တစ်နေ့ကို အရက် ၂ ခွက်ထက်ပို၍ မသောက်သုံးသင့်ပါဘူး။ ထို့ပြင် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရန်အားကစားလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာစားခြင်းအလေ့ကိုပြုလုပ်သင့်ပါတယ်။ နာတာရှည်ရောဂါအတွက် သောက်သုံးရသောဆေးအချို့သည် အသည်းကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ဆေး မသောက်မီဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နိဂုံးချုပ်အားဖြင့်ဆိုရသော် အသည်းကျန်းမာစေဖို့ ကျန်းမာသောစားသောက်မှုနှင့် နေထိုင်မှုပုံစံလိုအပ်တာကြောင့် သင့်တင့်မျှတသောအစားအစာနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။ရေးသားသူ – Dr Sandar Lin။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/foods-for-healthy-liver/
ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။
ခန္ဓာကိုယ်မှာရာသီဥတုဒဏ်ကို အများဆုံးခံရတာ အရေပြားပါ။ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးသောအစိတ်အပိုင်းဖြစ်တဲ့အရေပြားကျန်းမာဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ဆောင်းရာသီလိုအခါမျိုးမှာဆိုရင် အရေပြားကနေရောင်ခြည်ဒဏ်အပြင် ရာသီဥတုအေးတဲ့ဒဏ်နဲ့ လေဒဏ်ကိုပါ အပိုဆောင်းခံရပါတယ်။ ဒီလိုအချိန်မျိုးမှာ အရေပြားကိုအစိုဓာတ်ရှိအောင် ထိန်းသိမ်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဆောင်းတွင်းမှာ အသားလေးတွေ စိုပြည်လှပနေစေဖို့ ဘာတွေလုပ်ကြမလဲ။ဆောင်းရာသီမှာ အေးမြတဲ့ ရာသီဥတုအနေအထားကြောင့် ရေသိပ်မသောက်ဖြစ်တဲ့အတွက် အရေပြားမှာ လုံလောက်တဲ့ရေဓာတ်မရတာကြောင့် အသားအရေတွေ ခြောက်သွေ့လာရတာပါ။ အရေပြားက လိုအပ်တဲ့အာဟာရကို မရရှိတဲ့အခါ အလွယ်တကူခြောက်သွေ့ကွဲအက်လာပါတယ်။အရမ်းပြင်းထန်တဲ့အခါမျိုးဆိုရင် အရေပြားကွဲအက်မှုတွေက သွေးစို့တာမျိုးလေးတွေတောင် ဖြစ်လာနိုင်ပါတယ်။ အရေပြားအပေါ်ယံလွှာ ထိခိုက်တဲ့အခါ အရေပြားပြဿနာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ အလွယ်တကူဖြစ်လာနိုင်ပါတယ်။အရေပြားခြောက်သွေ့တာကို မဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့လည်း ရပါတယ်။ အရေပြားခြောက်သွေ့တာကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် အရေပြားခြောက်သွေ့မှုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုပါမယ်။အရေပြားခြောက်သွေ့မှုကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေက –။ဆောင်းရာသီလိုအေးတဲ့သဘာဝပတ်ဝန်းကျင် အနေအထားမှာ တော်တော်များများက ရေသောက်ဖို့ မေ့နေတတ်ကြပြီး ကော်ဖီ၊ ရေနွေးကြမ်းနဲ့ လက်ဖက်ရည်လိုမျိုး နွေးထွေးမှုကို ရစေမယ့် အရာတွေကို ပိုသောက်ဖြစ်ကြပါတယ်။ ဒီသောက်စရာတွေက လိုအပ်တဲ့ရေဓာတ်ကိုဖြည့်မပေးနိုင်ပါဘူး။ ဒါကြောင့် အရေပြားကျန်းမာဖို့ လိုအပ်တဲ့ရေကို သောက်ဖို့ မမေ့ပါနဲ့။ဆောင်းရာသီရဲ့ ရာသီဥတုအနေအထားနဲ့ အနွေးဓာတ်ရရှိအောင် လုပ်ဆောင်မှုတွေကြောင့် ခြောက်သွေ့သွားတဲ့ အသားအရေကို အစိုဓာတ်ရရှိစေဖို့ နေအိမ်မှာ Humidifier တပ်ဆင်ထားပါ။ ဒီလိုလုပ်ပေးတာက အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပါ။ဒီလိုချိုးပေးတာက အရေပြားကို အစိုဓာတ်ထိန်းပေးဖို့ အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။ ရေချိုးတဲ့အခါ စံပယ်ပန်း၊ ချာမိုမိုင်း၊သံပရိုသီး၊ rosemary နဲ့ပူစီနံတို့ကနေထုတ်ထားတဲ့ အဆီတစ်မျိုးမျိုးကို ချိုးမယ့်ရေထဲ ထည့်ချိုးပေးပါ။နွေရာသီမှာ အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားဖို့က မဖြစ်မနေလုပ်သင့်တဲ့အရာဆိုပေမယ့်ဆောင်းရာသီမှာတော့ ခဏခဏ Exfoliation မလုပ်ဖို့သတိပေးပါရစေ။ တစ်ပတ် တစ်ခါ ဒါမှမဟုတ် နှစ်ခါလောက်ပဲ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါ။ ခဏခဏလုပ်တဲ့အခါ အရေပြားကိုချောမွေ့စေတာထက် ထိခိုက်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။ရေချိုးပြီးတဲ့အခါတိုင်း အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ ခရင်မ်တစ်မျိုးမျိုး လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာက အအေးဒဏ်ကြောင့် အရေပြားခြောက်သွေ့နိုင်ခြေကို သိသိသာသာနည်းပါးသွားစေမှာပါ။ ဒါကြောင့် Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။နွေရာသီမှာပဲနေလောင်ကာခရင်မ်လိုအပ်တာမဟုတ်ပါဘူး။ ဆောင်းရာသီမှာလည်းနေရောင်ခြည်ကရှိနေမှာဖြစ်တာကြောင့် အရေပြားထိခိုက်ပျက်စီးမှုမဖြစ်စေဖို့အတွက် နေလောင်ကာခရင်မ်လူးပေးဖို့ လိုပါမယ်။ အပြင်မထွက်ခင် ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်ခန့်ကြိုပြီးနေလောင်ကာခရင်မ်လူးပေးပါ။ အပြင်ထွက်တဲ့အချိန်က ကြာမြင့်မယ်ဆိုရင် လိုအပ်တဲ့အခါ ထပ်လူးဖို့ နေလောင်ကာခရင်မ်ကို တစ်ပါတည်းယူသွားပေးပါ။ဘော်ဒီလိုးရှင်းလိမ်းပေးတာက ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့မှုဖြစ်တာနဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်နိုင်တယ်။ တကယ်လို့ သဘာဝထွက်ပစ္စည်းကိုပဲ ဘော်ဒီလိုးရှင်းအနေနဲ့ဖြစ်ဖြစ်၊ အသားရေထိန်းသိမ်းတဲ့ပစ္စည်းလိုပဲဖြစ်ဖြစ် သုံးချင်တယ်ဆိုရင်တော့ သံလွင်ဆီကို လူးပေးလို့ရတယ်။ သံလွင်ဆီက အသားအရေ၊ နှုတ်ခမ်းနဲ့ ဆံသားတွေကို ခြောက်သွေ့မှုကနေ ကာကွယ်ပေးပြီး စိုပြည်လှပနေစေပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/winter-skin-care-tips/
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားရဖို့ဆိုတာ ရွေးချယ်တဲ့ အစားအသောက်ပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ ချက်နည်း၊ ပြုတ်နည်း၊ ပြင်ဆင်နည်း ပေါ်မှာလည်း မူတည်ပါသေးတယ်။ သင့်အနေနဲ့ ဒီလို ချက်ပြုတ်တတ်ဖို့ စားဖိုမှူးတစ်ယောက်လို ကျွမ်းကျင်စရာ မလိုပါဘူး။ အဆုံးသတ်မှာ လိုရင်းက အရသာ ရှိပြီး ကျန်းမာရေးနဲ့ ညီအောင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက် ဖြစ်နေဖို့ပါပဲ။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ဆိုတော့။ဘယ်သူကတော့ ညစ်ပတ်တာတွေကို စားမှာလဲ။ အဲ့ဒီလို ပြောချင်တာ မဟုတ်ပါဘူး။ သေချာပေါက် ကိုယ်စားတဲ့ အစားအစာက သန့်သန့်ရှင်းရှင်း ပြင်ဆင် ချက်ပြုတ်ထားတာ ဖြစ်ရမှာပေါ့။ ဒါပေမယ့် ခုပြောချင်တာကclean eatingလို့ ခေါ်တဲ့ စားသောက်မှု ပုံစံပါ။Clean eatingဆိုတာ dietတစ်မျိုးပါပဲ။ ဒါပေမယ့် ဝိတ်ကျခြင်း၊ ဝိတ်တက်ခြင်းထက် အာဟာရပြည့်မှီအောင် စားသောက်ပြီး ကျန်းမာတဲ့ဘက်ကို ဦးတည်ပါတယ်။ သူ့ရဲ့ အခြေခံစည်းမျဉ်းတွေကတော့။ဆိုလိုတာက လတ်လတ်ဆတ်ဆတ် အသားတွေ၊ ငါးတွေ၊အသီးအရွက်တွေကို ဦးစားပေးစားပါလို့ ပြောတာပါ။အသင့်စား အစားအစာတွေ၊တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေ၊ စည်သွပ်ဘူးတွေ စတာတွေကို လျှော့/ရှောင်ပါလို့ ပြောတာပဲ ဖြစ်ပါတယ်။ အော်ဂဲနစ်တွေကို စားစေချင်တာပါ။တစ်နေ့ တစ်နေ့ ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါရဲ့လားလို့ စစ်ဆေးပါ။ ဆိုလိုတာက မြန်မာ့ထမင်းဝိုင်းမှာဆိုရင် ထမင်းပါမယ်။ အသား သို့ ပဲ ပါရမယ်။ ဆီနဲ့ချက်ထားတာများတယ်ဆိုတော့ အဆီကတော့ အထူးတလည် ပြောစရာ မရှိပါဘူး။ အသီးအရွက်တွေ ပါရဲ့လား စသဖြင့် စစ်ဆေးဖို့ လိုပါတယ်။ အရသာထက်၊ စျေးကြီးတာ၊ စျေးသက်သာတာကို စားတာထက် အာဟာရပြည့်ဖို့က အရေးကြီးပါတယ်။ဒါ့ပြင် တတ်နိုင်သလောက် အိမ်မှာပဲ ချက်စားပါ။ ကျောင်းတွေ၊ ရုံးတွေ သွားတဲ့အခါ ထမင်းဘူးထည့်သွားပါ။ အပြင်စာ စားရမယ်ဆိုရင်လည်း ခုနလိုပဲ အာဟာရဓာတ်စုံအောင် စားပါ။အပင်ကရတာဆိုတာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ဆိုလိုတာပါ။ ပဲတွေလည်း ပါတာပေါ့။ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ သက်စောင့်ဓာတ်တွေဖြစ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကို ပြည့်ဝစေပါတယ်။ ပဲဆိုရင်ပရိုတင်းကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။ဒီမှာလည်း ရေချိုးခိုင်းတာ မဟုတ်ပါဘူး။ Clean actလို့ခေါ်တဲ့ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံကို ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြောင်းလဲခိုင်းတာပါ။ လေ့ကျင့်ခန်းတွေ လုပ်မယ်၊ အိပ်ရေးဝဝအိပ်မယ်၊ တတ်နိုင်သလောက် စိတ်ဖိစီးမှု မရှိအောင် နေမယ်၊ ကိုယ်ချစ်တဲ့ သူတွေနဲ့ အချိန်ဖြုန်းမယ် စသဖြင့်ပေါ့။ကိုယ်စားနေတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာကို သိတယ်။ ဒါပေမယ့်လည်း စားလာတာကြာနေပြီဆိုတော့ အကျင့်ဖြစ်နေပြီ။ ပြောင်းလဲဖို့ခက်တယ်။ ဒီလိုနဲ့ပဲ မထူးပါဘူးဆိုပြီး ဆက်စားမိနေပြီလား။ဒီလိုလွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့။ အပြောင်းအလဲဆိုတာ ဖြည်းဖြည်းချင်း လုပ်ယူရတာပါ။ သေးသေးလေးကနေ စပြီး အတူတူပြောင်းကြည့်ရအောင်လား။ဒီနည်းလမ်းကို Healthy swapsလို့ ခေါ်ပါတယ်။ အစားအစာတွေကို ဖလှယ်စားသောက်တာပေါ့။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဖြစ်လာအောင် ဖြည်းဖြည်းချင်း ပြောင်းတဲ့ နည်းလမ်းပါ။ ဥပမာလေးတွေ ဆက်ကြည့်ရအောင်။အရင်စားသောက်မှု ပုံစံကို လက်မလျှော့နိုင်ဘူးဆိုရင်တောင် အကြိမ်ရေကို လျှော့ကြည့်ပါ။ ဥပမာ တစ်ပတ်ကို အအေး ၅ဘူးလောက် သောက်တတ်ရင် နောက်တစ်ပတ်ကျရင် တစ်ဘူးလောက် လျှော့သောက်မယ်ဆိုတာမျိုးပေါ့။ ပြီးရင် ကိုယ်ပြောင်းလဲခဲ့တာတွေကို ချရေးထားပါ။ နည်းနည်းစီပြောင်းရတဲ့အတွက် စိတ်မပင်ပန်းတဲ့အပြင် ဒိုင်ယာရီလေး ထုတ်ဖတ်တိုင်းမှာ ကိုယ့်ရဲ့ တိုးတက်မှု မှတ်တမ်းတွေကြောင့် ဆက်ပြီး လုပ်ချင်စိတ်ဖြစ်လာမှာပါ။ချက်တာက ကြော်တယ်၊ လှော်တယ်၊ ပြုတ်တယ်၊ ပေါင်းတယ်၊ ကင်တယ် အစုံပါပဲ။ ခုဆိုair fryerခေတ်ဆိုတော့ ကြော်တာလေးတွေ ပိုများလာသား။ ဘယ်နည်းနဲ့ပဲ ချက်ချက် ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ဖို့လိုပါတယ်။ ဥပမာ ဆီပြန်ချက်တယ်ဆိုရင်လည်း တတ်နိုင်သလောက် ဆီလျှော့သုံးပါ။ ကင်တယ်ဆိုရင်လည်း တူးအောင် မကင်ပါနဲ့။ အပူချိန်ပြင်းပြင်းနဲ့ ချက်တာကလည်း အထဲက အာဟာရဓာတ်တွေ ပျက်စီးပြီး ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထွက်တတ်လို့ သတိထားပါ။ဒါ့ပြင် အစားအသောက်ကို မချက်ခင် ပြင်ဆင်တဲ့ နေရာမှာလည်း အာဟာရဓာတ်တွေ မဆုံးရှုံးအောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတွေ ချက်ရတာ ထင်သလောက် အလုပ်မရှုပ်ပါဘူး။ နေ့စဉ်စားနေကြ အစားအစာတွေကိုပဲ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြောင်းလဲ ဝယ်မယ်၊ သေးသေးလေးကနေ စပြောင်းမယ်၊ ချက်ပြုတ်တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မယ်ဆိုရင် အရသာရှိပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ ဟင်းတစ်ခွက် ဖြစ်လာမှာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/healthy-recepies/
ယာဉ်မောင်းခြင်းနှင့် ကျန်းမာရေး
“ဦးလေးက တက်လို့လာတဲ့ဦးမြင့်(အမည်လွှဲ) နော်”။“ဟုတ်ပါတယ်ဆရာ”။“အခုသက်သာနေပြီဆိုတော့ဦးလေးကို နည်းနည်းရှင်းပြစရာရှိလို့ပါ။”။ဒေါက်တာကျော်ဆက်ရှင်းပြနေသည်။“ဦးလေးအလုပ်အကိုင်က အဝေးပြေး ကားမောင်းတာလို့သိရပါတယ်။ အခုဦးလေးမှာ ဖြစ်တဲ့ရောဂါက အတက်ရောဂါပါ။ အတက်ကျဆေးပုံမှန်စွဲသောက်ရပါမယ်။ အတက်ရောဂါက ပြန်ပြန်တက်နိုင်ခြေရှိလို့ ဦးလေးကားဆက်မောင်းဖို့သိပ်အဆင်မပြေလောက်ဘူး။”။“ဟာဆရာကလည်း၊ ကျွန်တော်က ငယ်ငယ်ကလေးထဲက ကားမောင်းလာတာပါ။ အခုမှကားမမောင်းလို့ ကျွန်တော်ဘာနဲ့သွားစားမလဲ။”။“အဲ့သလိုဆိုပေမယ့်ဦးလေးရောဂါအရ တက်တာက ပြန်ဖြစ်နိုင်ခြေများတော့ကားမောင်းရင်းတက်ရင် ဦးလေးရော ဦးလေးကားပေါ်က လူတွေ အကုန်လုံးရော ဒုက္ခရောက်သွားမှာ စိုးလို့ပါ။ ပြီးတော့ ဦးလေးမောင်းနေတာက အဝေးပြေးကားဆိုတော့ပိုတောင်ဆိုးသေးတယ်။ တခြားအလုပ်တစ်ခုခုပြောင်းဖို့ လိုမယ်။ “။“ဒုက္ခပါပဲ ဆရာရယ်၊ ကျွန်တော်ဘာလုပ်ရမလဲတောင်စဉ်းစားရဦးမယ်။”။“စိတ်တော့မကောင်းပါဘူးဦးလေးရယ်၊ အသက်အန္တရာယ်ဖြစ်နိုင်တဲ့အနေအထားမို့ပြောနေရတာပါ။”။“ကျွန်တော်တစ်သက်လုံးကားမမောင်းရတော့ဘူးလားဆရာ”။“အဲ့လိုတော့မဟုတ်သေးဘူး၊ ဦးလေးထပ်တက်သေးလား မတက်လားရယ်၊ ဦးလေးမောင်းမယ့် ကားအမျိုးအစားပေါ်တော့မူတည်မယ်။ ကိုယ်ပိုင်ကားဆိုရင်တော့ဦးလေးတက်တာ လုံးဝထပ်မဖြစ်တော့တာသေချာပြီဆိုရင် ၆လ ဆို ပြန်မောင်းလို့ရပြီ။ ကားကြီးတွေ ဘတ်စ်တွေကျတော့မတက်တာ ၁၀ နှစ်လောက်ပေါ့။ဒေါက်တာကျော်တစ်ယောက်လူနာကို ရှင်းပြခဲ့သော်လည်း ရင်ထဲ မရှင်းဘဲကျန်ခဲ့သည်။ လူနာက တကယ်လိုက်နာပါ့မလား။ လတ်တလောမမောင်းသေးလျှင်တောင် နောက်ပိုင်းပြန်မောင်းလျှင် မည်သို့လုပ်မည်နည်း။ မောင်း၍ မောင်းနေစဉ်ပြန်တက်တာမျိုးဖြစ်ခဲ့လျှင်လူနာရော သူ့ကားစီးသည့်။သူအားလုံး၊ လမ်းပေါ်မှလူများ ကားများ အတွက် အန္တရာယ်က ကြီးလွန်းလှသည်။ ထို့အတွက်ကလည်း ဥပဒေပြဌာန်းချက်တိတိကျကျ မရှိသေး။ လူနာဘက်ကပြန်စဉ်းစားပြန်တော့လည်း ကားမောင်းခြင်းမှ တခြားအလုပ်ပြောင်းလုပ်ရမည်မှာ သိပ်အဆင်ပြေမည်မဟုတ်ချေ။ သို့သော်လူနာရော တခြားသူအများပါထိခိုက်နိုင်မည့်ပြဿနာဖြစ်နေသဖြင့်အလုပ်ပြောင်းရန်တိုက်တွန်းရမည်သာဖြစ်သည်။အတက်ရောဂါရှိသူများအနေဖြင့်အထက်တွင်ဖော်ပြခဲ့လိုကားမောင်းခြင်းကိုဆင်ခြင် ရှောင်ကြဉ်ကြရပါမည်။ ကိုယ်ပိုင်ကားလေး၊ ဆိုင်ကယ်မောင်းသူများအနေဖြင့်ဆေးသောက်နေရင်း ၆ လလုံးဝမတက်တော့မှကားပြန်မောင်းသင့်ပြီး ခရီးသည်တင်ကား၊ တက္ကစီ၊ ကုန်ကား စသည့် အများသုံးကားမောင်းသူများအနေဖြင့်အာရုံကြောရောဂါ အခံအနေအထားပေါ်မူတည်ပြီး ၅နှစ်မှ၁၀ နှစ်အထိ လုံးဝမတက်တော့မှကားပြန်မောင်းရပါမည်။ အတက်ရောဂါတစ်ခုတည်း ယာဉ်မောင်းခြင်းမှနားရသည်တော့ မဟုတ်ချေ။ တခြားရောဂါများစွာ ရှိပါသေးသည်။ ၎င်းတို့အထဲမှအဖြစ်များ အပြောများသည့်ရောဂါတချို့ကို ဖော်ပြလိုက်ပါသည်။လေဖြန်းခြင်း၊ လေဖြတ်ခြင်းဖြစ်ပြီး လူနာများအနေဖြင့်လည်း ပြန်ကောင်းလာလျှင်လည်း ကားကိုချက်ချင်းပြန်မမောင်းသင့်သေးပါချေ။ လေဖြန်းလေဖြတ်ခြင်းသည်ပြန်ဖြစ်တတ်သောကြောင့်ဆေးဖြင့် သေချာထိန်းသိမ်းကာကွယ်ရန်လိုအပ်သေးသည်။ ကားမောင်းနေစဉ်လေဖြတ်သွားသောကြောင့်ဖြစ်သော ကားတိုက်မှုများလည်း ရှိတတ်သည်။ ထို့ကြောင့်လေဖြန်းလေဖြတ်ပြီး လူနာအနေဖြင့်ကိုယ်ပိုင်ကား၊ ဆိုင်ကယ်ကိုအနည်းဆုံး တစ်လ၊ အများသုံးကားများကိုအနည်းဆုံးတစ်နှစ်အတွင်း မမောင်းသင့်ပါချေ။နှလုံးသွေးကြောပိတ်ခြင်းသည်လည်း အဖြစ်များလာသော ရောဂါဖြစ်သည်။ နှလုံးသွေးကြောပိတ်ပြီး ဆေးကုသမှုခံယူထားသူများအနေဖြင့်လည်း ကားမောင်းခြင်း အပါအဝင်ကိုယ်စိတ်အတွက်ဖိစီးမှုများမည့် အရာများကိုသတိထား ဆင်ခြင်ကြရပါမည်။ ကားမောင်းခြင်းအတွက်ပြောရလျှင်ကိုယ်ပိုင်ကား ဆိုင်ကယ်ကို Stent ခေါ် ပြွန်ဖြင့်သွေးကြောပြန်ချဲ့ခြင်းလုပ်ထားသောသူဆိုလျှင်တစ်ပတ်၊ မလုပ်ထားဘဲ ဆေးဖြင့်သာ သွေးကြောပြန်ပွင့်အောင်ကုထားသူဆိုလျှင်တစ်လ မမောင်းဘဲ ရှောင်ကြဉ်ရမည်ဖြစ်ပြီး အများသုံးယာဉ်ဆိုလျှင် သွေးကြောပိတ်ပြီး တစ်လ ခွဲထိမမောင်းသင့်ပါချေ။နှလုံးသွေးကြောကျဉ်းသူများအနေဖြင့်လည်း ယာဉ်မောင်းနေစဉ်နှလုံးသွေးကြောကျဉ်း လက္ခဏာများဖြစ်သည့် ရင်ဘတ်အောင့်ခြင်း၊ မောခြင်းများ ဖြစ်လေ့ရှိပါက ယာဉ်မမောင်းသင့်ပါချေ။ နှလုံးခုန်မမှန်ခြင်းကြောင့်နှလုံးထိန်းစက်(ICD)ထည့်ထားသူများအနေဖြင့် အများသုံးယာဉ်မောင်းခြင်းကိုတစ်သက်လုံးရှောင်ကြဉ်သင့်သည်။ ကိုယ်ပိုင်ယာဉ်ကိုမူနှလုံးဆရာဝန်နှင့် ပြန်မောင်းသင့်၊မသင့်တိုင်ပင်ပြီး လိုက်နာဆောင်ရွက်သင့်သည်။ နှလုံးခုန်နှေးတတ်သူများအတွက်နှလုံးခုန်စက် (Pacemaker) တပ်ထားလျှင်မူအနည်းဆုံး တစ်လခန့်ကားမောင်းခြင်းကို ရှောင်ကြဉ်ရပါမည်။နှလုံးကြွက်သားထူသည့်ရောဂါ (HOCM) ရှိသူများအနေဖြင့်လည်း ကိုယ်ပိုင်ယာဉ်ကို နှလုံးဆရာဝန်နှင့်တိုင်ပင်ပြီး မောင်း၍ ရနိုင်သော်လည်း အများသုံးယာဉ်မောင်းနှင်ခြင်းကိုတော့ ထာဝရရှောင်ကြဉ်သင့်သည်။ ထိုရောဂါသည်အခန့်မသင့်လျှင်ရုတ်တရက်နှလုံးခုန်မမှန်ဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ဆီးချိုရောဂါရှိသူများအနေဖြင့်အင်ဆူလင်ထိုးဆေးထိုးနေရပြီဆိုပါက ယာဉ်မောင်းခြင်းကိုပိုမို သတိထားကြရန်လိုပါသည်။ အင်ဆူလင်ထိုးဆေးသည်ဆေးထိုးပြီး အစားမစားဖြစ်ပါက သွေးတွင်းအချိုဓာတ်ကိုကျစေနိုင်သဖြင့်ကားမောင်းသူများအနေဖြင့်ဆေးထိုးချိန်အစားစားချိန်ကိုသေချာ သတိထားစားကြရန်လိုပါသည်။ သွေးချိုဓာတ်ကျသွားသည့်လက္ခဏာများဖြစ်သည့်ရင်တုန်လာခြင်း၊ ချွေးစီးများပြန်ခြင်း၊ ဗိုက်ဆာလာခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းများကိုသတိပြုကြရန်လိုပါသည်။ ထိုသို့ဖြစ်လာပြီးဆိုလျှင်အစားတစ်ခုခု ချက်ချင်းစားရန်လိုအပ်ပါသည်။ ဆီးချိုဖြစ်သည့် ကာလကြာလာပြီဆိုလျှင်အာရုံကြောများထိခိုက်လာပြီး သွေးတွင်းအချိုဓါတ်ကျဆင်းခြင်း လက္ခဏာများ မပေါ်တော့ဘဲဖြစ်တတ်ပါသည်။ ထိုအခါမျိုးတွင်ယာဉ်မောင်းခြင်းမှအနားယူသင့်သည်။ဆီးချိုသည်မျက်စိကို ထိခိုက်တတ်၍ ကားမောင်းသူအနေဖြင့်မျက်လုံးကောင်းမှသာ မောင်းသင့်ပါသည်။ ထို့ကြောင့်လည်း ဆီးချိုရှိပြီး အင်ဆူလင်ထိုးနေရသူများအနေဖြင့်ယာဉ်မောင်းတော့မည်ဆိုပါက ယာဉ် မောင်းသူများအနေဖြင့်တစ်နှစ်တစ်ခါ ဆရာဝန်နှင့်တိုင်ပင်ပြီး မျက်စိအနေအထားနှင့် သွေးတွင်းအချိုဓါတ်ကျမှုလက္ခဏာများ ပေါ်နိုင်မပေါ်နိုင်၊ ဆီးချိုထိန်းနိုင်မည့်အနေအထား တို့ကို စစ်ဆေးပြီး ယာဉ်ဆက်မောင်းသင့်မမောင်းသင့်စစ်ဆေးသင့်ပါသည်။ယာဉ်မောင်းလျှင်အန္တရာယ်ဖြစ်နိုင်မည့်ရောဂါများမှာ အထက်ပါရောဂါများသာမကပါချေ။ ထို့ကြောင့်လည်း မိမိတွင်ရောဂါတစ်ခုခုရှိပြီး ယာဉ်မောင်းမည့်သူဆိုပါက မိမိရောဂါနှင့်ယာဉ်မောင်းခြင်း အဆင်ပြေနိုင်၊ မပြေနိုင်ကိုသက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။ တချို့နိုင်ငံများတွင်ယာဉ်မောင်းသူများ၏ကျန်းမာရေး အနေအထားကို စနစ်တကျ စစ်ဆေးပြီး ယာဉ်ဆက်မောင်းသင့်၊ မမောင်းသင့်ဆုံးဖြတ်ပေးသည့်အဖွဲ့အစည်းနှင့်တိကျသော ဥပဒေပြဌာန်းချက်များရှိပါသည်။ ဤနိုင်ငံတွင်မူထိုသို့တိကျသော ဥပဒေပြဌာန်းချက်မရှိသေးချေ။ သို့သော် ရောဂါဝေဒနာခံစားနေသူတစ်ယောက်ယာဉ်မောင်းပါက ဖြစ်နိုင်သော အန္တရာယ်ကတော့ ရှိနေမည်သာဖြစ်သည်။ ထို့ကြောင့်လည်း ရောဂါရှိသူများအနေဖြင့်ကျွမ်းကျင်သူဆရာဝန်များ၏ ညွှန်ကြားချက်ကိုစနစ်တကျ လိုက်နာကြမှသာ အန္တရာယ်ကင်းစင်ကြမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ဒေါက်တာကျော်(ဆေး ၂)။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/driving-health/
ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ...
ဖနောင့်ကွဲတာက ပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် လူတိုင်းနီးပါးခံစားနေရတဲ့ခြေထောက်အရေပြား ပြဿနာတစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ခံစားနေရတဲ့ ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ ဖနောင့်ကွဲတာက သိပ်မပြင်းထန်ရင် နာကျင်တာမျိုး မရှိဘူးဆိုရင်တောင် အလှပျက်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ… ဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ… ဖနောင့်ကွဲတာက အပေါ်ယံလောက်ပဲဆိုရင် ပြဿနာမရှိပေမယ့် အတွင်းထိအရမ်းနက်မယ်ဆိုရင်တော့ နာကျင်မှုကလည်း ပိုဆိုးနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေလည်း ခံစားရနိုင်ပါတယ်။ဖနောင့်ကွဲတာက လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လူကြီးတွေလိုမျိုးပဲ နာကျင်တာ၊ အခန့်မသင့်ရင် ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ဖနောင့်ကွဲတာက အမျိုးသားရော အမျိုးသမီးမှာပါဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များကြပါတယ်။ဖနောင့်ကွဲရတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။ဒီအချက်ကတော့ ဖနောင့်ကွဲခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ များသောအားဖြင့် ခြေထောက်အောက်ဘက်က အသားတွေက အစိုဓာတ်နည်းကြပြီး ခြောက်သွေ့ကွဲအက်လွယ်ကြပါတယ်။ အကြောင်းကတော့ ဖနောင့်တဝိုက်ကအသားအရေမှာချွေးဂလင်းလေးတွေသိပ်မရှိလို့ပါပဲ။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဇင့်ဓာတ်တွေ ပြည့်စုံလုံလောက်အောင် မပါဝင်တာကြောင့်လည်း ဖနောင့်ကွဲနိုင်ပါတယ်။အချိန်ကြာမြင့်စွာ မတ်တတ်ရပ်နေရမှုက ခြေဖနောင့်အသားတွေပေါ်မှာ ဖိအားသက်ရောက်မှုများတာကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသားအရေက ထူထဲ၊ ခြောက်သွေ့ပြီး ဆွဲဆန့်နိုင်အားနည်းလာတာကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။ခြေထောက်မှာ မှိုပိုးဝင်တာ၊သဲဝဲစားတာ၊ နှင်းခူဖြစ်တာ၊သိုင်းရွိုက်ပြဿနာရှိတာလိုမျိုး၊ဆီးချိုရှိတာ၊ အရေပြားပြဿနာတစ်ခုခုရှိနေတာတွေကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။ခန္ဓာကိုယ်က ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုများနေတာကြောင့်လည်း ဖနောင့်မှာ ဝန်ပိပြီး ဖနောင့်တွေကွဲအက်နိုင်ပါတယ်။နေ့စဉ်စီးနေတဲ့ ဖိနပ်က အဆင်မပြေတာကြောင့်လည်း ထိခိုက်မှုတစ်ရပ်အနေနဲ့ ဖနောင့်ကွဲတာကို ခံစားရနိုင်ပါတယ်။ခြေထောက်ကို သန့်ရှင်းရေး လုပ်ဆောင်ပေးမှု အားနည်းတာ၊ ပုံမှန် ကြေးချွတ်ဆေးကြောသန့်စင်တာမျိုး မလုပ်တာကြောင့်လည်း ခြေဖနောင့်တွေ ကွဲအက်နိုင်ပါတယ်။မတ်တတ် ကြာကြာရပ်တာကြောင့်လည်း ခန္ဓာကိုယ် ဖိအားတွေက ခြေဖနောင့်ပေါ်မှာ သက်ရောက်နေတာကြောင့် ခြေဖနောင့်ကွဲ တတ်ပါတယ်။ အသားခြောက်တဲ့သူဆို ပိုဖြစ်နိုင်ခြေ များပါတယ်။ဖိနပ်ကို လှချင်ဇောနဲ့ ကိုယ့်ထက်ဆိုဒ်သေးတဲ့ ဖိနပ်ကျပ်ကျပ်တွေကို စီးတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။မျိုးရိုး ရှိနေတာကြောင့်လည်း ခြေဖနောင့် တဝိုက်မှာ အသားအရေ ခြောက်သွေ့တာ၊ အရေပြား ထူတာတွေကြောင့်လည်း ဖနောင့်တွေ ကွဲအက်နိုင်ပါတယ်။ဖနောင့်ကွဲတာကို မဖြစ်ခင်က ကြိုတင် ကာကွယ်လို့ ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/causes-of-cracked-heel/
ဘယ်သူတွေမှာ သွေးကြောထုံးရောဂါ ပိုဖြစ်တတ်သလဲ
သွေးပြန်ကြောနံရံတွေနဲ့ သွေးကြောအဆို့ရှင်တွေအားနည်းရင် ခံစားရမယ့်သွေးကြောထုံးရောဂါပိုဖြစ်နိုင်သူတွေ က ဘယ်သူတွေလဲဆိုတာ လေ့လာကြည့်ရအောင်နော်။ခန္ဓာကိုယ်ထဲကနေရာအနှံ့ကို လိုအပ်တဲ့သွေးတွေပို့ဆောင်ပေးဖို့အတွက် သွေးကြောစနစ်ပါဝင်ပါတယ်။ ဒီစနစ် ကို သွေးလွှတ်ကြောတွေ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ သွေးပြန်ကြော(veins) တွေထဲမှာ တစ်ဖက်ပွင့်အဆို့ရှင်ငယ်လေးတွေပါပြီး သွေးပြန်ကြောကို ဖြတ်သန်းသွားတဲ့သွေးတွေ နောက်ပြန် ပြန်မဝင်လာနိုင်အောင် ပိတ်ဆို့ ပေးပါတယ်။ သွေးပြန်ကြောနံရံတွေပုံမှန်ထက်ကျယ်ပြန့်လာတဲ့အခါမှာ ဒီအဆို့ရှင်လေးတွေလည်းအားနည်းလာပြီး သွေးကိုသေချာလုံအောင် မပိတ်နိုင်တော့ဘဲ သွေးယိုစိမ့်တာ ၊ သွေးနောက်ပြန်စီးတာတွေ ဖြစ်လာစေပါတယ်။ အချိန်ကြာလေ သွေးပြန်ကြောထဲမှာ သွေးတွေပိုစုပုံလာလေ ဖြစ်ပြီး သွေးပြန်ကြောတွေ ပုံမှန်ထက် ဖောင်းကားရောင်ကိုင်းလာပါတော့တယ်။ ဒါကို သွေးကြောထုံးရောဂါ (varicose veins) လို့ခေါ်ဆိုပါတယ်။ဘယ်အချက်တွေက သွေးပြန်ကြောနံရံတွေကို ကျယ်ပြန့်လာစေသလဲ၊ ဘာကြောင့် သွေးကြောထဲက အဆို့ရှင် တွေကိုအားနည်းလာစေသလဲဆိုတာ အခုချိန်ထိ လေ့လာနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သော သူတွေက တခြားသူတွေထက် သွေးကြောထုံးရောဂါ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။ ဘယ်သူတွေလဲဆိုရင်။အမျိုးသမီးတွေ– သွေးကြောထုံးရောဂါခံစားရသူတွေကို လေ့လာကြည့်တဲ့အခါမှာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်ပွားနိုင်တာကိုတွေ့ရပါတယ်။ အမျိုးသမီးတွေကိုယ်က ထွက်တဲ့ဟော်မုန်းတချို့က သွေးပြန်ကြောနံရံတွေကို အားနည်းစေတာကြောင့် ဒီလိုဖြစ်ရတယ်လို့ ယူဆထားကြပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာချိန်နဲ့ သွေးဆုံးချိန်မှာ ထွက်တဲ့ဟော်မုန်းတွေက အဓိကအခန်းကဏ္ဍမှာ ပါဝင်နေနိုင်ပါတယ်။မျိုးရိုးရှိသူတွေ– တခြားရောဂါအများစုလိုပဲ သွေးကြောထုံးရောဂါက မျိုးရိုးလိုက်တတ်တဲ့သဘောရှိတာ တွေ့ရပါတယ်။ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်မှာ သွေးကြောထုံးရောဂါခံစားရဖူးရင် ကိုယ့်မှာလည်း တခြားသူတွေထက် သွေးကြောထုံးရောဂါဖြစ်နိုင်ချေ ပိုများတာကို သတိရသင့်ပါတယ်။အသက်ကြီးသူတွေ– အသက်ကြီးလေ ရောဂါဘယတွေပိုဝင်နိုင်လေပါပဲ။ အသက်ကြီးလာတဲ့အတွက် သွေးကြောနံရံတွေ ပိုအားနည်းလာပြီး ပိုကျယ်ပြန့်လာပါတယ်။ ဒါ့ကြောင့် သွေးကြောထုံးရောဂါပိုခံစားရနိုင်ပါတယ်။အဝလွန်သူတွေ– ကိုယ်အလေးချိန်တက်လာလေ ကိုယ်တွင်းက သွေးပြန်ကြောတွေအပေါ် ဖိအားပိုသက်ရောက်လာလေဖြစ်တဲ့အတွက်  နှလုံးဆီသွေးပြန်ပို့နိုင်အောင် သွေးကြောတွေပိုအလုပ်လုပ်ရပါတယ်။ သွေးကြောတွေနဲ့အတူ အဆို့ရှင်တွေပါ အလုပ်ပိုလုပ်ရပြီး အချိန်ကြာလာတဲ့အခါ ၂ ခုစလုံး အားနည်းလာပါတော့တယ်။ ဒါ့ကြောင့် အဝလွန်သူတွေမှာ သွေးကြောထုံးရောဂါ ပိုတွေ့ရတာဖြစ်ပါတယ်။အချိန်ကြာမြင့်စွာ မတ်တတ်ရပ် အလုပ်လုပ်ရသူတွေ– အချိန်ကြာကြာမတ်တတ်ရပ်ရလေ သွေးကြောတွေကနေ နှလုံးဆီသွေးပြန်ပို့ပေးဖို့ ခက်ခဲလာပြီး အလုပ်ပိုလုပ်ရပါတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ သွေးပြန်ကြောရော၊ အဆို့ရှင်တွေပါ အားနည်းလာပါတော့တယ်။ကိုယ်ဝန်ဆောင်တွေ– ကိုယ်ဝန်ရှိချိန်မှာ မိခင်အတွက်ရော ကလေးအတွက်ပါ သွေးလုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ဖို့ သွေးပြန်ကြောတွေပိုအလုပ်လုပ်ရပါတယ်။ နောက်ပြီး အပေါ်မှာပြောခဲ့သလို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကိုယ်ကထွက်တဲ့ဟော်မုန်းတွေကြောင့် သွေးပြန်ကြောနံရံတွေ ပိုပျော့ပျောင်းလာ စေတဲ့အတွက် သွေးကြောထုံးရောဂါဖြစ်နိုင်ချေ ပိုမြင့်တက်လာပါတယ်။ နောက်ပြီး ကြီးမားကျယ်ပြန်လာတဲ့ သားအိမ်က တင်ပါးဆုံကွင်းနေရာပေါ်ဖိအားသက်ရောက်တဲ့အတွက်လည်း သွေးကြောထုံးဝေဒနာပိုဖြစ်နိုင် ပါတယ်။ သွေးကြောထုံးဝေဒနာက ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များပေမဲ့ မိခင်အများစုကတော့ ကလေးမွေးပြီးတဲ့အခါမှာ ဝေဒနာသက်သာသွားလေ့ရှိပါတယ်။ဒီလိုအုပ်စုထဲပါဝင်သူတွေအပြင် သွေးကြောထုံးရောဂါဖြစ်နိုင်တဲ့ ရှားရှားပါးပါးသူတချို့လည်း ရှိပါသေးတယ်။ သွေးကြောထဲမှာ သွေးခဲပိတ်ဝေဒနာခံစားရဖူးသူတွေ၊ တင်ပါးဆုံကွင်းအစိတ်အပိုင်းတွေမှာ အလုံးအကျိတ်တည်ဖူးသူတွေနဲ့ သွေးကြောတည်ဆောက်ပုံမမှန်သူတွေ ဆိုလည်း တခြားသူတွေထက် သွေးကြောထုံးဝေဒနာပိုခံစားရတတ်တာကို တွေ့ရှိရပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/%e1%80%98%e1%80%9a%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%91%e1%80%af%e1%80%b6/
Proteus syndrome
Proteus syndrome ဆိုတာ သင့်ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုမှာ ပိုမိုပြီးကြီးထွားနေတဲ့လက္ခဏာကို ဆိုလိုပါတယ်။ ဒီလို ကြီးထွားမှုဟာ များသောအားဖြင့် မညီညာပါဘူး။ ဆိုလိုတာက ဘယ်ဘက်နဲ့ညာဘက် မှာ ဖြစ်တာခြင်းက ကွဲပြားပါတယ်။Proteus syndrome ဆိုတာ အရမ်းကို ရှားတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဆေးပညာ စာပေတွေအရ ဒီရောဂါဟာ လူနာပေါင်း အယောက်၂၀၀လောက်မှာဖြစ်ဖူးတယ်လို့ ဖော်ပြထားပြီး လူမျိုးမရွေးဖြစ်ကြတယ်လို့ ဆိုထားပါတယ်။ သို့သော်လည်း လေ့လာသူတွေကတော့ proteus syndrome ရှိတဲ့လူနာတွေမှာ သေချာ စမ်းသပ်မှုတွေပြုလုပ်တဲ့အခါမှာ လူအယောက်၁၀၀လောက်ကသာ ဒီရောဂါနဲ့ကိုက်ညီတယ်လို့ဆိုကြပါတယ်။ Proteus syndrome ရဲ့ ရောဂါကို နာမည်တပ်ဖို့ရာအတွက် ခက်ခဲတာကြောင့် တစ်ချို့သောလူတွေမှာ ရောဂါရှာဖို့ အမည်တပ်ဖို့ အရမ်းခက်ခဲနိုင်ပါတယ်။ ဒီ ရောဂါမရှိပဲနဲ့လည်း ဒီရောဂါဆိုပြီး မှားပြီး နာမည်တပ်မိတာလည်း ရှိပါတယ်။ ထို့ကြောင့် ပုံမှန် လူတွေထဲမှာ ဒီရောဂါဟာ ဘယ်လောက်ထိရှိနေလဲ ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အရမ်းခက်ခဲသွားတတ်ပါတယ်။ Proteus syndrome က အမျိုးသမီးတွေထက် အမျိုးသားတွေကို ပိုပြီး ထိခိုက်စေပါတယ်။ ဆေးပညာအရဖော်ပြထားတာတွေမှာတော့ ပထမဆုံးအနေနဲ့ 1979မှာ စပြီးတွေ့ရှိထားတာဖြစ်ပါတယ်။ အခြားသောအချက်အလက်များကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။Proteus syndrome ရှိတဲ့မွေးကင်းစကလေးတွေမှာ ဒီရောဂါရဲ့ လက္ခဏာတွေက လုံးဝမရှိတာ သို့မဟုတ် နည်းနည်းပဲရှိတာကိုတွေ့ရမှာပါ။ ဒီရောဂါရဲ့ ကြီးထွားမှုပုံစံက အသက်၆လနဲ့ ၁၈လကြားထဲမှာ သိသာထင်ရှားလာတတ်ပြီး အသက်ကြီးလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။ ကြီးထွားမှုရဲ့ ပုံစံက အချိန်နဲ့အမျှ ပြောင်းလဲလာပြီး သွေးခဲခြင်း၊ အကြိတ်များဖြစ်ခြင်း အန္တရာယ်တွေပိုများလာနိုင်ပါတယ်။ Proteus syndrome ရှိတဲ့လူတစ်ချို့ဟာ အာရုံကြောဆိုင်ရာမူမမှန်မှုများ စာသင်ကြားခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာများအပါအဝင်၊ တက်ခြင်း၊ မျက်စိမမြင်ခြင်း၊ နောက်ပြီး ထူးခြားတဲ့မျက်နှာသွင်ပြင်လက္ခဏာများရှိခြင်းတို့ နဲ့တွေ့ရနိုင်ပါတယ်။ များသောအားဖြင့် proteus syndrome ရဲ့အဓိက ထိခိုက်တဲ့နေရာတွေကတော့ အာရုံကြောမစနစ်၊ အရိုးများ၊ အဆီတစ်ရှုးများ၊ အရွတ်အကြောများနှင့် အရေပြားတို့ ဖြစ်ကြပါတယ်။ မတူညီတဲ့ခန္ဓါကိုယ်တွင်းအင်္ဂါတွေကို လည်း ထိခိုက်နိုင်ပါတယ်။ Proteus syndrome ရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ကြီးထွားမှု-အကြိတ်များ၊ အနာများနှင့် ပုံမှန်မဟုတ်တဲ့ ခန္ဓါကိုယ်တစ်ခြမ်းထဲမှာသာ ကြီးထွားမှုတစ်ခုခု ဖြစ်ခြင်းတို့ဟာ Proteus syndrome မှာ ပိုပြီး တွေ့ရတတ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတွေမှာ ပါဝင်တာတွေကတော့။-လက်ချောင်းများ၊ ခြေချောင်းများ၊ ခြေထောက်များ နှစ်ဖက်မညီစွာ၊အချိုးမညီစွာကြီးထွားခြင်း။-ခါးကုန်းတဲ့အခါမှာ ကျောရိုးက ပုံမှန်မဟုတ်ပဲကြီးထွားနေခြင်း။-လည်ပင်းနဲ့ဂုတ်မှ ကြွက်သားများက ပုံမမှန် အချိုးမညီစွာကြီးထွားမှုကြောင့် ကုန်းကုန်းကြီးနဲ့ ငုံ့ကြည့်နေရသလိုဖြစ်ခြင်း။-အရေပြားများကြမ်းခြင်း။-အရေပြားမှအဆီများ ပိုမိုကြီးထွားခြင်း။-မျက်ခွံများ ပြုတ်ကျနေခြင်း။-နှာခေါင်းပေါက် အောက်ကျခြင်း။အနည်းငယ်နာကျင်ခြင်း။ ဒီ ကြီးထွားမှုတွေဟာ ခန္ဓါကိုယ်ဧရိယာကို ဆွဲချဲ့လိုက်သလိုဖြစ်တာရယ်၊ ပုံစံမမှန်တဲ့ ကြီးထွားမှုတွေကြောင့် အရေပြားက ခြောက်သလိုဖြစ်သွားတာမို့ Proteus syndrome မှာ ဒီလိုအနည်းငယ်နာတာက အမြဲဖြစ်နေကျဖြစ်ပြီးတော့ အတွေ့ရများပါတယ်။ ပုံပျက်ခြင်းများ။ တစ်ရှုးတွေနဲ့အကြိတ်တွေက နေရာမမှန်ပဲဖြစ်နေတာတွေ တွေ့နိုင်ပါတယ်။ ပုံစံပျက်ခြင်းများက မူမမှန်ပဲစပြီးကြီးထွားတဲ့နေရာတွေမှာ စပြီးပေါ်တတ်ပါတယ်။ လူနာတွေဟာ ပုံစံမမှန်ခြင်းတွေကို သွေးကြောတွေမှာပါ ဖြစ်တတ်တာကြောင့် သွေးကြောထုံးခြင်းနဲ့ pulmonary embolismတို့ဖြစ်နိုင်ပါတယ်။ မသန်မစွမ်းဖြစ်ခြင်း။ ဒီလိုကြီးထွားခြင်းများနဲ့ ပုံပျက်ခြင်းတို့ကတစ်ရှုးနဲ့ အရိုးတွေမှာ သွားပြီးဖြစ်တတ်တာကြောင့် မသန်မစွမ်းဖြစ်ခြင်းတို့နဲ့ဆက်စပ်နေတတ်ပါတယ်။ ဒီ မသန်မစွမ်းခြင်းက လူတစ်ယောက်ကို လှုပ်လို့မရအောင်ဖြစ်စေတတ်ပါတယ်။ မသန်မစွမ်းဖြစ်ခြင်းက တစ်ယောက်နဲ့တစ်ယောက် မတူပဲ အချိန်ကာလ အပိုင်းအခြားလည်းမတူတတ်ပါဘူး။ တစ်ချို့သော အခြေအနေတွေမှာတော့ လူတစ်ချို့က ပိုပြီးစွမ်းဆောင်နိုင်လာသလိုခံစားရတတ်ပါတယ်။ ခြေထောက်တွေမှာ အလေးချိန်ပိုလာခြင်းနဲ့ ခြေထောက်တွေပိုရှည်လာခြင်းကြောင့် ကြွက်သားများနာခြင်းနဲ့ အဆစ်အမြစ်များရောင်ခြင်းတို့ ကိုပိုဖြစ်စေပါတယ်။ Cognitive function မှာ အနှောင့်အယှက်ပေးခြင်း။ Proteus Syndrome ရှိတဲ့လူနာတွေမှာ အရိုးတွေက ဦးနှောက်ထဲကို သွားပြီးကြီးထွားနေမယ်ဆိုပါက ဦးနှောက်ကဖိအားကို ခံစားရမှာဖြစ်ပါတယ်။ အဲ့ဖိအားကြောင့် cognitiveFunction တွေ အနှောင့်အယှက်ဖြစ်ကာ အရမ်းဆိုးတဲ့ဖိစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အကြိတ်ဖြစ်ပေါ်ခြင်း ပိုများလာခြင်း။ Proteus syndromeရှိတဲ့လူတွေဟာ အကြိတ်တွေပိုများများဖြစ်လာတာကို ကြုံတွေ့ရနိုင်ပါတယ်။ အကြိတ်တွေက အန္တရာယ် ရှိလှစွာ ခပ်မြန်မြန်ကြီးထွားလာနိုင်ပါတယ်။ အပေါ်မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။Proteus syndrome ဟာ AKT1 gene မူမမှန်မှုကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဒီ မူမမှန်မှုကို မိဘတွေဆီက အမွေရရှိတာမျိုးမဟုတ်ပဲ ကလေးကို မမွေးခင် စတင်ကြီးထွားဖွံဖြိုးနေတဲ့ အဆင့်အတွင်းမှာ ဆဲလ်တစ်လုံးကနေ မှားတာကြောင့် စပြီးဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ ဆဲလ်တွေက စပြီး ကြီးထွားဖွံဖြိုးပြီး ဆဲလ်ကွဲပွားနေတဲ့အချိန်မှာ တစ်ချို့သော ဆဲလ်တွေက ပုံမမှန်ဖြစ်သွားပြီးတစ်ခြားဆဲလ်တွေကတော့ မဖြစ်ပါဘူး။ ထို့ကြောင့် Proteus syndromeရှိတဲ့လူနာတွေမှာ AKT1 gene တစ်ချို့ကပဲ သူတို့ဆဲလ်တွေထဲမှာပြောင်းလဲနေတာကိုတွေ့ရပါတယ်။ မျိုးရိုးဗီဇ ပြောင်းလဲခြင်း ရှိရှိမရှိရှိ ဆဲလ်များ ရောနှောပြောင်းလဲခြင်းကို mosaicism လု့ိခေါ်ပါတယ်။AKT1 gene က ဆဲများကြီးထွားခြင်းနဲ့ ကွဲပွားခြင်းနဲ့ ဆဲလ်များသေခြင်းအတွက် တာဝန်ရှိတဲ့ ပရိုတင်းကို code လုပ်ပေးတဲ့ မျိုးရိုးဗီဇတစ်ခုဖြစ်ပါတယ်။ ဒီမျိုးရိုးဗီဇမှာ ပြောင်းလဲမှုဖြစ်တာကြောင့် ဆဲလ်တစ်ခုရဲ့ ပုံမှန်စွာကြီးထွားမှု၊ သူ့ဘာသာကြီးထွားမှု၊ တို့ကို ထိခိုက်ပြီး ဆဲလ်တွေက ပုံမမှန်စွာကွဲပွားဖု့ိဖြစ်စေပါတော့တယ်။ မူမမှန်တဲ့ မျိုးရုးဗီဇတွေဟာ ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကို ပြုလုပ်ပါတယ်။ AKT1 gene မှာပုံမမှန်နေတဲ့ geneကို c. 49G>A , p.Glu 17Lys လို့ခေါ်ပြီး ၎င်းက activating mutationလို့ခေါ်ပါတယ်။ ဆိုလိုတာက AKT1 geneမှာ spelling error ရှိနေပြီး ခန္ဓါကိုယ်အတွက် ထုတ်ပေးတဲ့ ပရိုတင်းတွေကို ပုံမမှန်ခြင်းဖြစ်စေပါတယ်။ ဒီ ပရိုတင်းတွေက ဆဲလ်တွေကြီးထွားမှုနှုန်းကို တိုးစေပြီးတော့ ဆဲလ်တွေက သဘာဝအတိုင်း သေရမယ့်အချိန်မှာမသေအောင်တားထားပါတယ်။ တစ်ရှုး အမျိုးမျိုး၊ အင်္ဂါတို့မှာ ဆဲလ်ပွားခြင်းတွေက ဆက်တိုက်ဖြစ်ပြီးတော့ ဆဲလ်တွေ မူမမှန်ပဲကြီးထွားခြင်းနဲ့ အလုံးအကြိတ်ဖြစ်ခြင်းအန္တရာယ်ကို ပိုဆိုးလာစေပါတယ်။နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ပုံမမှန်တဲ့ ကြီးထွားမှုကို သတိထားမိဖို့ဆိုတာကတော့လွယ်ကူပါတယ်။ သို့သော်လည်း ဒီအခြေအနေကို နောက်မကျပဲ ဆရာဝန်က ရောဂါရှာအဖြေထုတ်နိုင်ဖို့အတွက် ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ထင်ရှားတဲ့အချက်၃ချက်ကတော့-sporadic occurrence-လူနာရဲ့အမျိုးအဆွေတွေထဲမှာ မိသားစုဝင်တွေထဲမှာ ဒီလိုအခြေအနေရှိသူတွေမရှိပါဘူး။-Mosaic distribution-လူနာရဲ့ ကိုယ်ခန္ဓါ တစ်စိတ်တစ်ပိုင်းကပဲ ဒီလိုမူမမှန်မှု ရှိနေပြီးကျန်တဲ့နေရာတွေက အကုန်ပုံမှန်ဖြစ်နေပါမယ်။-Progressive course-အသစ်အသစ်သော ကြီးထွားမှုတွေကပိုပြီးပေါ်လာမယ် ဖြစ်လာမယ် ပြီးတော့ အဟောင်းဖြစ်သွားတဲ့ အကြိတ်ကြီးထွားမှုတွေက ခန္ဓါကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်စေနိုင်ပါတယ်။Proteus syndrome ကိုရောဂါရှာနာမည်တပ်ဖို့အတွက် molecular diagnosis လုပ်ခြင်းနဲ့ AKT1 geneမှာပြောင်းလဲမှုကို ရှာဖွေရပါတယ်။ မျိုးရိုးဗီဇများပြောင်းလဲခြင်းများကသွေးထဲမှာ သိပ်ပြီးမတွေ့ရတာကြောင့် DNA စမ်းသပ်မှုများကို ဖြစ်နေတဲ့တစ်ရှုးများရဲ့ အသားစတွေမှာပဲ စမ်းသပ်ကြပါတယ်။ ဓါတ်မှန်ရိုက်ခြင်း၊ CT ရိုက်ခြင်းနဲ့ ဦးခေါင်းခွံမှာ အကြိတ်များအနာများ ရှိလာကြည့်ခြင်း၊ အဆုတ်ထဲမှာအရည်အိတ်များရှိလားကြည့်ခြင်း၊ ဦးနှောက်အတွက် MRI ရိုက်ခြင်း၊ တင်ပါးအရိုးခွင်၊ ဗိုက်၊ခြေထောက်များအတွက်ကတော့သူတို့နဲ့ဆိုင်တဲ့ စစ်ဆေးခြင်းတွေကို စစ်ဆေးပြီး အဖြေထုတ်ကြရပါတယ်။Proteus ရဲ့ကုသမှုကတော့ လူတစ်ယောက်ချင်းစီမူတည်ပြီးသူတို့လက္ခဏာတွေပေါ်လိုက်ပြီးကုသမှုပေးရပါတယ်။Proteus syndrome နဲ့ဆက်စပ်တဲ့ အလျင်အမြန်ကြီးမားလာတဲ့အကြိတ်တွေကို ကြိုးစားပြီး ထိန်းချုပ်နိုင်ဖို့အတွက်အရိုးနဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေများစွာကို လုပ်ဖို့ လိုအပ်တတ်ကြပါတယ်။ ခါးကုန်းခြင်း၊ အဆစ်အမြစ်နဲ့ဆိုင်တဲ့ပြသနာများဖြစ်ခြင်း၊ အရိုးပုံစံမမှန်တာတွေဖြစ်ခြင်း အစရှိသည်တို့မှာ အဆင်မပြေပါက ခွဲစိတ်မှုကို ပြုလုပ်ရပါတယ်။ ခွဲစိတ်ခြင်းနဲ့ ကြီးထွားနေတဲ့ တစ်ရှူးတွေ ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို ကြီးထွားမှုလျော့အောင်ပြုလုပ်ရပါတယ်။ Epiphysiodesis ( အရိုးမှာရှိတဲ့ ကြီးထွားမှုကို ပေးတဲ့အရိုးပလိတ်နေရာကိုဖယ်ထုတ်ဖြတ်တောက်ခြင်း) ကို proteus syndrome မှာဖြစ်တဲ့ကြီးထွားလာတဲ့ အရိုးတွေကိုကာကွယ်ဖို့ကုသဖို့အတွက်ပြုလုပ်ကြပါတယ်။Proteus syndromeရှိတဲ့လူနာတွေဟာ ခွဲစိတ်မှု လုပ်နည်းတွေလုပ်ပြီးပါက သွေးကြောမှာသွေးစီးဆင်းတာပိတ်မှာစိုးရတာကြောင့်သေချာစွာ စောင့်ကြည့်ရပါမယ်။ ခွဲစိတ်တဲ့အချိန်မှာ ဖြစ်နေတဲ့လူနာတွေဟာ သွေးခဲခြင်းကို ကာကွယ်ဖို့အတွက် သို့မဟုတ် သွေးခဲဖြစ်ပေါ်တာနဲ့ချက်ခြင်း ကုဖို့ လိုပါတယ်။ မျိုးရိုးဗီဇ ဆိုင်ရာ မျိုးရိုးလိုက်ပြီးဖြစ်ခြင်းကို ဖြစ်နေတဲ့လူနာနဲ့ မိသားဝင်တွေကို ရှင်းပြပြောပြထားရပါမယ်။ တစ်ခြားသောကုသမှုတွေကတော့ လက္ခဏာတွေအပေါ်လိုက်ပြီးကုခြင်းနဲ့ လူနာ နေသာအောင်ကုပေးခြင်းပဲဖြစ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/proteus-syndrome/
မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ
တကယ်လို့သင်က လက်ရှိမှာ ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် သင့်ရဲ့မျိုးဥတွေ အသုံးပြုဖို့ အရည်အသွေးကောင်းနေသေးတဲ့အချိန်မှာ အေးခဲထားဖို့ စိတ်ကူးကြည့်သင့်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေမလုပ်ခင်မှာ သင်သိဖို့လိုတာတွေကို အောက်မှာဖော်ပြထားပါတယ်။မျိုးဥအေးခဲနည်းမလုပ်ဆောင်မီ သင်သိဖို့လိုတဲ့အချက်များ က ဘာတွေများ ဖြစ်မလဲ…..။သင့်ရဲ့သားဥအိမ်ကို လှုံ့ဆော်မှုတွေပေးဖို့ ဆေးတွေကို ထိုးဆေးအနေနဲ့ နေ့စဉ်ထိုးနေဖို့လိုပါလိမ့်မယ်။ ကံကောင်းတာကတော့ အပ်က (ကလေးတွေ အင်ဆူလင်ထိုးသလိုအပ်) သေးငယ်ပြီး အရေပြားပေါ်မှာ အပေါက်သေးသေးသာဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် သူနာပြုကလည်း ဆေးထိုးစဉ် သင်သက်တောင့်သက်သာရှိဖို့ ကူညီပေးပါလိမ့်မယ်။သင်သိဖို့လိုတာက မျိုးဥတွေ အေးခဲထားစေတယ်ဆိုတာ အနာဂတ်မှာ သင်ကလေးတစ်ယောက်ကျိန်းသေရနိုင်ပါလိမ့်မယ်လို့ အာမမခံတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူကစိတ်ချရတဲ့ အာမခံတွေတော့ပေးပါတယ်။ သင်ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ ဒီအေးခဲထားတဲ့ မျိုးဥတွေ ကို သုံးပါလိမ့်မယ်။ ပြီးတော့ ဒီအဆင့်မရောက်ခင်လည်း အဆင့်တွေအများကြီးရှိပါသေးတယ်။ အခဲပြန်ဖျော်တာ မျိုးအောင်အောင်လုပ်တာနဲ့ ကိုယ်ထဲပြန်ထည့်သွင်းတာတွေကို ရှင်သန်နိုင်မှကလေးရမှာဖြစ်ပါတယ်။ ဒီလမ်းကြောင်းမှာ အဆင့်တစ်ခုခုကလည်း ပုံမှန်မဖြစ်တာ ဖြစ်နိုင်ပါတယ်။ မျိုးဥကသန္ဓေမအောင်မချင်း သမားတော်တွေက ရလဒ်ကို မခန့်မှန်းနိုင်ပါ။တကယ်တမ်းတော့ အာမခံတွေဆိုတာက ဒီလို မျိုးဥတွေ ကိုအေးခဲဖို့အတွက် လိုအပ်တဲ့ကုန်ကျစရိတိကို ကာမိအောင်ကူညီပေးသလို တစ်ချို့က အခြားသက်ဆိုင်တဲ့ ကုသမှုတွေအတွက်ပါ ကျခံပေးကြပါတယ်။ တစ်ခေါက်စာအတွက် ဆေးဝါးနဲ့ကုသစရိတ်က ဒေါ်လာ ၁၀၀၀၀ ကနေ ၁၂၀၀၀ ထိရှိပြီး မျိုးဥကို ထိန်းသိမ်းရတာက တစ်နှစ်ကို ဒေါ်လာ ၈၀၀ လောက်ကုန်ကျစေနိင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မျိုးဥတွေ အေးခဲနည်းက သင်နောက်ပိုင်းမှာကြုံတွေ့လာရမယ့် သန္ဓေမအောင်လို့တစ်နှစ်ကို ဒေါ်လာထောင်ချီကုန်နေရတာထက်စာရင် ခေါင်းအေးရပါသေးတယ်။Anti-Mullerian Hormone test ဆိုတာက အဆင်ပြောပြီး အသုံးဝင်တဲ့test ဖြစ်ပါတယ်။ဥအိမ်ရဲ့ မျိုးအောင်မှု ရှိမရှိကို သိနိုင်ပါတယ်။ ဒါ့အပြင် သင့်မှာကျန်ရှိနေတဲ့ မျိုးဥတွေ အရေအတွက် အနည်းအများအတော်လောက်ကို သတင်းပေးနိုင်ပါတယ်။ ဒီစမ်းသပ်မှုပြီးတာနဲ့ သင်က မျိုးအောင်နိုင်စွမ်းရှိမရှိဆိုတာ တန်းသိနိုင်ပါတယ်။မိန်းမသားအများစုကတော့ ပိုလွတ်လပ် ပေါ့ပါးလာသလိုခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သန္ဓေအောင်မှုရှိ၊ မရှိဆိုတာ ပူပန်စရာမလိုတော့သလို လစဉ် ရာသီသွေးကိစ္စကလည်း လွတ်မြောက်သွားကြလို့ဖြစ်ပါတယ်။ ဒီတော့ လောကထဲကို အကောင်းမြင်စိတ် တက်ကြွစိတ်တွေနဲ့ တဖန်ပြန်ဝင်လာခွင့်ရှိပြီပေါ့။တကယ်လို့သင်က လက်တွဲဖော် အစစ်အမှန်ကို ရရှိထားပြီ ၊ပြီးတော့ ကလေးလည်းမယူချင်သေးဘူးဆိုရင် သန္ဓေသားကို ခေတ္တအေးခဲထားတာဟာ ပိုအောင်မြင်မှုရနိုင်မှာပါ။ မျိုးဥတွေ ဟာသန္ဓေသားထက်စာရင် ပိုပျက်စီးလွယ်လို့ဖြစ်ပါတယ်။ ပြီးတော့ အခဲဖျော်တဲ့အဆင့်မှာ အသက်မရှင်နိုင်ကြပါဘူး။ သင့်လက်တွဲဖော်ရဲ့ သုတ်ကောင်နဲ့ သားဥကို ရောပြီး ရလာတဲ့ သန္ဓေသားကို အေးခဲတာဟာ အဆင့်တစ်ဆင့်ကိုလျော့စေပါတယ်။တကယ်လို့ သင့်မှာ ဒီလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အခက်အခဲတွေ မေးစရာတွေရှိနေရင် ဆရာဝန်တွေ ဝန်ဆောင်မှုပေးသူတွေကို မေးဖို့ တွန့်ဆုတ်မနေပါနဲ့။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/freezing-your-eggs/
အစာမကြေခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာများ
အရသာစိမ့်နေတဲ့ ချိစ်ဘာဂါရယ်၊ ရွှေအိုရောင်သမ်းနေတဲ့ အာလူးကြော်တွေရယ်ကို နှစ်ခြိုက်နေခဲ့တယ်မို့လား။ စိတ်ထဲကျေနပ်နှစ်သက်နေပေမယ့် စားအပြီးမှာ ရင်ထဲကပူလောင်တဲ့ခံစားချက်မျိုးရလာတယ်လား။ဒါဟာအစာမကြေခြင်းလက္ခဏာပါပဲ။ အစာမကြေခြင်းကို ကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းကတော့ လက္ခဏာတွေကိုအရင်ဆုံးသိထားဖို့ပါပဲ။အစာမကြေခြင်းဆိုတာ ရင်ဘက်အောက်နား၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလိုပူလောင်တဲ့ခံစားချက်ရခြင်းဖြစ်တယ်။ တခါတလေ၊ ဒါမှမဟုတ် မကြာခဏခံစားဖူးလောက်ပါတယ်။ တခါတလေနာကျင်မှုပါပါလာတတ်တယ်။ အစာမကြေခြင်းဟာ တခါတလေမှာ GERD လို့ခေါ်တဲ့အစာများပြန်ဆန်တတ်ခြင်းရောဂါ၊ အစာအိမ်အူအနာ သို့ သည်းခြေရောဂါ စတဲ့ ရောဂါတချို့ရဲ့ လက္ခဏာတွေလည်းဖြစ်နေတတ်တယ်။ ရင်ပူခြင်းနဲ့မရောသင့်ပါဘူး။ ရင်ပူခြင်းကပျို့ပြီး၊ လေပွတတ်တယ်။ဆိုးရွားတဲ့အစာမကြေခြင်းတွေကတော့ အစာခြေစနစ်နဲ့ပတ်သတ်ပြီး အစာမျိုပြွန်အမာရွတ်ကျန်ခြင်းကဲ့သို့ ဒဏ်ကျန်သွားစေနိုင်ပါတယ်။ အစာမကြေခြင်းဟာအရွယ်မရွေး လူမရွေးဖြစ်နိုင်ပြီး ဖြစ်နိုင်ချေများတာကတော့-။အစာမကြေခြင်းလက္ခဏာတွေက အစာစားပြီးချိန် သို့ တစ်ခုခုသောက်ပြီးချိန်မှာပေါ်လာတတ်တယ်။ စိတ်ဖိစီးမှုကြောင့်လည်း လက္ခဏာတွေပိုဆိုးတတ်ပါတယ်။ တကယ်လို့အစာမကြေဘူးဆိုရင်အောက်ပါလက္ခဏာတွေပြနိုင်တယ်-။ရိုးရှင်းတဲ့ဆေးနည်းလေးတွေရှိတယ်။ ဒါပေမယ့် အစာမကြေခြင်းဟာ တခြားအရေးကြီးတဲ့ရောဂါတွေကို ညွှန်ပြနေတာလည်းဖြစ်နိုင်တာကြောင့် တကယ်လို့ အောက်ပါတို့ဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ်။ပုံမှန်အားဖြင့်သင်စားလိုက်တဲ့အရာတွေကိုချေဖျက်ဖို့ အစာအိမ်မှ အက်စစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် တခါတရံမှ ထိုအက်ကစစ်က အူနံရံကိုထိခိုက်ပျက်စီးနာကျင်စေနိုင်တယ်။ အစာမကြေခြင်းဟာ တခြားအချက်တွေကြောင့်လည်းဖြစ်နိုင်တယ်။ အဖြစ်အများဆုံးကတော့ မြန်မြန်၊ များများစားတဲ့အခါ၊ အဆီများစာစားတဲ့အခါ သို့ စိတ်ဖိစီးမှုများနေချိန်စားတဲ့အခါတွေမှာဖြစ်တယ်။ အရက် ဆေးလိပ်အလွန်သောက်ခြင်းကြောင့်လည်း အစာမကြေဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးခြင်း၊ နွမ်းနယ်ခြင်းတွေကြောင့်လည်း အစာမကြေခြင်းပိုဆိုးလာနိုင်တယ်။အဝလွန်တဲ့အခါမှာလည်း ဝမ်းဗိုက်မှာဖိအားများတာကြောင့် အစာမကြေဖြစ်နိုင်ပါတယ။်။အစာမျိုပြွန်အဝမလုံခြင်းကြောင့် အစာအိမ်မှအက်စစ်များ အစာမျိုပြွန်သို့ပြန်တက်ခြင်းများဖြစ်စေတတ်တဲ့ ရောဂါတွေကြောင့်လည်း အစာမကြေခြင်းဖြစ်တတ်တယ်-။တချို့သောဆေးတွေကြောင့်လည်းအစာမကြေဖြစ်ရတယ်။ သွေးကြောကျယ်စေသောဆေးမျိုးဟာ အစာမျိုပြွန်ကြွက်သားတွေကိုလျော့စေတာကြောင့် အက်စစ်တွေပြန်ဆန်တက်စေတယ်။အစာအိမ်မှာပြနာရှိရင် အကိုက်အခဲပျောက်ဆေးများမသောက်သင့်ပါဘူး။ ထိုဆေးတွေဟာ အစာခြေစနစ်ကိုထိခိုက်ပြီး အစာမကြေဖြစ်စေနိုင်တယ်။ အသက် ၁၆ နှစ်အောက်ငယ်တဲ့ကလေးတွေဟာ aspirin မသောက်သင့်ဘူး။ တချို့မသောက်သင့်တဲ့ဆေးတွေကတော့-။တခါတလေအစာမကြေခြင်းဟာ ဆေးသောက်စရာမလိုဘဲ နာရီပိုင်းအတွင်းမှာကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် တကယ်လို့ လက္ခဏာတွေပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်တယ်။ အစာမကြေခြင်းဖြစ်စေသော စားစရာ၊ လှုပ်ရှားမှုတွေကိုရှောင်သင့်တယ်။ –။ထိုပြောင်းလဲမှုများလုပ်သည့်တိုင်လက္ခဏာတွေမသက်သာသေးပါက ဆရာဝန်မှဆေးပေးပါလိမ့်မယ်။ ဒါပေမယ့် အစာမကြေခြင်းဆိုတာ ရောဂါထက်လက္ခဏာတွေဖြစ်တာကြောင့် ကုသမှုက ဖြစ်စေတဲ့အကြောင်းအရင်းတွေပေါ်မူတည်နိုင်ပါတယ။ ်။တခြားသောရောဂါကြောင့်အစာမကြေခြင်းဖြစ်ရပါက ထိုရောဂါကိုကိုင်တွယ်ဖို့နည်းလမ်းရှာသင့်တယ်။ ဒါမှအစာမကြေနိုင်ချေလျှော့နိုင်မှာဖြစ်တယ်။ အစာမကြေခြင်းဟာ နေထိုင်မှုပုံစံပြောင်းလဲခြင်းအားဖြင့်လည်းသက်သာလာနိုင်ပါတယ်။အဝလွန်ခြင်းဟာအက်စစ်တွေအစာမျိုပြွန်ထဲကို ပြန်တက်စေနိုင်တာကြောင့် ပုံမှန်လေ့ကျင့်ခန်း၊ မျှတသောစားသောက်မှုနဲ့ ခန္ဓါကိုယ်အလေးချိန်ထိန်းထားပါ။ အဆီများသောအစာ၊ စပ်သောအစာ၊ ကဖိန်းပါသောသောက်စရာများလျှော့ချပါ။ဆေးလိပ်၊ အရက်တွေမှာပါတဲ့ကယ်မီကယ်တွေက အစာမျိုပြွန်အဝမှ ရှုံ့ကြွက်သားကိုလျော့စေတဲ့အတွက် အက်စစ်များပြန်ဆန်တက်စေပါတယ်။မအိပ်ခင် ၃-၄ နာရီခန့်မှစ၍စားသောက်ခြင်းရှောင်ပါ။ လှဲလျောင်းနေစဉ်မှာ အစာမျိုပြွန်ကြွက်သားများ ပိုပြီးလျော့တတ်တာကြောင့် မအိပ်ခင်အစာစားပါက အက်စစ်ထုတ်စေပြီး အက်စစ်များပြန်ဆန်တက်စေနိုင်ပါတယ။်။ခေါင်းနှင့်ပုခုံးကိုခေါင်းအုံးမြင့်မြင့်အုံးခြင်းဖြင့် အိပ်နေစဉ်အက်စစ်ပြန်ဆန်တက်ခြင်းကို တားဆီးနိုင်ပါလိမ့်မယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%80%e1%80%bc%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99/
ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ............
ဟင်းချက်တဲ့အခါတိုင်း အရောင်လေး လှအောင်၊ အရသာလေး ကောင်းအောင်ဆိုပြီးငရုတ်သီးမှုန့်လေး ထည့်ထည့်ချက်ကြတယ်ဟုတ်။ အရောင်တင်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့် စသဖြင့် အမျိုးမျိုး ခေါ်ကြတယ်လေ။ဒီငရုတ်သီးမှုန့်လေးက ဟင်းတွေကို အရောင်လှ အရသာတိုးစေတာ မှန်ပေမယ့် သေချာ သိမ်းဆည်းမှု မရှိရင်မှိုတက်တာ၊အစိုပြန်တာတွေ ဖြစ်ပြီးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒီတော့ အရသာတိုးစေမယ့် ငရုတ်သီးမှုန့်လေး​ကြောင့်ရောဂါ မတိုးစေဖို့ဘယ်လိုများ သိမ်းဆည်းကြမလဲ။ငရုတ်သီးမှုန့်က အခြောက်အခြမ်းပဲ ပျက်စီးမှာ မဟုတ်သလို ပုပ်သိုးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် ငရုတ်သီးမှုန့်က သက်တမ်းရှိသလို ပုပ်သိုး ပျက်စီးနိုင်ပါတယ်။သေချာ မသိမ်းဆည်းဘူးဆိုရင်ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။ ဒီတော့ အိမ်မှာ ငရုတ်သီးမှုန့် သိမ်းထားတာကရော နည်းစနစ်မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်လား…….။ငရုတ်သီးမှုန့်ကို အထုပ်နဲ့ ထုပ်ထားရင်ဖြစ်ဖြစ်၊ ဗူး၊ ပုလင်းတွေနဲ့ ထည့်ထားရင် ဖြစ်ဖြစ် လေလုံအောင်သေချာလေး ထုပ်ပိုးထားပါ။ ဒါမှ အစိုပြန်တာနဲ့ငရုတ်သီးမှုန့် မှိုပြဿနာကို ကာကွယ်ပြီး ဖြစ်မှာပါ။ငရုတ်သီးမှုန့် ခတ်တဲ့အခါ ဇွန်းကို ရေမစိုနေစေဖို့ သတိပြုပါ။ ဒီလို ရေစိုတာက အစိုပြန်စေပြီး မှိုတက်နိုင်ပါတယ်။ ဇွန်းကို သီးသန့် ထည့်ထားတာမျိုး လုပ်ပေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါ။နောက်တစ်ချက် သတိထားရမှာက ငရုတ်သီး ခတ်တဲ့ ဇွန်းကို လက်ရေစိုကြီးနဲ့ မကိုင်မိစေဖို့ပါ။ ရေစိုနေတဲ့ လက်နဲ့ ဇွန်းကို ကိုင်တာကလည်း အစိုပြန်စေနိုင်ပါတယ်။ငရုတ်သီးမှုန့်ကိုနေရောင်နဲ့ တိုက်ရိုက်မထိနိုင်တဲ့နေရာဖြစ်တဲ့ ကြောင်အိမ်၊ ဗီဒိုစတာတွေထဲမှာ ထည့်သိမ်းပါ။ ဒါပေမယ့် ငရုတ်သီးမှုန့်ကလတ်ဆတ်ရဲ့လား။ စားသုံးဖို့ သင့်တော်ရဲ့လားဆိုတာကို သိနိုင်ဖို့ ဖြစ်နိုင်ရင် ပုလင်း အကြည်လေးနဲ့ ထည့်ပါ။အေးမြခြောက်သွေ့တဲ့နေရာကအစားအစာတွေရဲ့ အာဟာရတန်ဖိုးကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါကြောင့် ငရုတ်သီးကိုလည်း လေလုံတဲ့ ပုလင်းထဲမှာ ထည့်ပြီး အေးမြခြောက်သွေ့တဲ့ နေရာမှာ သိမ်းဆည်းပါ။ငရုတ်သီးမှုန့်ကိုမီးအပူနား ထားတာကအာဟာရတန်ဖိုးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ထိုက်သင့်သလောက်အခြောက်ခံအမှုန့်လုပ်ထားတဲ့ ငရုတ်သီးမှုန့်ကို မီးဖို အပူနားမှာ ထားတာမျိုး မလုပ်ပါနဲ့။ငရုတ်သီးမှုန့်တွေက ခဲနေမယ်၊ အဖြူအဖတ်လေးတွေ ရှိနေမယ်ဆိုရင် ဆက်မစားပါနဲ့။ လွှင့်ပစ်လိုက်ဖို့ ပြောပါရစေ။ကဲ………… အိမ်မှာရော ဒီနည်းအတိုင်း ငရုတ်သီးမှုန့်ကို သိမ်းမိရဲ့လား……….။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/how-to-store-chili-powder/
ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။
ဒီမေးခွန်းက အရမ်းအမေးများလို့ တစ်ယောက်ချင်းစီ မဖြေတော့ဘဲ တစ်ခါတည်းပေါင်းဖြေပါ့မယ်။ရာသီလာတဲ့ရက်နောက်ကျတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကိုယ်က အကာအကွယ်မယူ၊တားဆေးမသောက်ဘဲ လိင်ဆက်ဆံမှုတွေပြုလုပ်ထားတယ်ဆိုရင် ရာသီနောက်ကျတာ၊ မလာတာမှာ အဖြစ်နိုင်ဆုံးက ကိုယ်ဝန်ရှိတာပဲ။ဆီးစစ်ကြည့်တာနဲ့ ကိုယ်ဝန်ရှိမရှိက သိနိုင်တယ်။ ကိုယ်က လိင်ဆက်ဆံမှုပြုထားတယ်ဆိုရင် ရာသီမလာတော့တဲ့အခါ ဆီးစစ်ကြည့်ပါ။ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ရာသီလာအောင်ဆိုပြီး ဘယ်လိုမှ လုပ်လို့မရဘူး။ ရာသီလာဆေးဆိုပြီးသောက်တာတွေလည်း နောက်ဆက်တွဲပြဿနာတွေများတာပဲရှိမယ်။ရာသီလာတယ်ဆိုတာရဲ့သဘောက ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ မလိုအပ်လို့ ပြန်စွန့်ပစ်ရတဲ့ပုံစံပဲ။ ကိုယ်ဝန်ရှိနေပြီဆိုရင် ထပ်စွန့်ပစ်စရာမလိုတော့လို့ ရာသီမလာတော့တာ။ ကိုယ်ဝန်ရှိနေလို့ ရာသီမလာတော့တာကို ပြန်လာအောင်လုပ်ဖို့ဆိုရင် ကိုယ်ဝန်ဖျက်ချတဲ့နည်းလမ်းပဲရှိတယ်။ဘယ်ဆရာဝန်မှကိုယ်ဝန်ဖျက်ချဖို့အတွက် တရားဝင်လုပ်ဆောင်ပေးမှာမဟုတ်ဘူး။ ကိုယ်ဝန်လည်းမရှိဘူး ရာသီမလာတာသက်သက်ပဲ ကိုယ့်အတွက် ဘာမှ တခြားပြဿနာလည်းမရှိဘူးဆိုရင်တော့ ရာသီမလာတာက နောက်ကျတာက စိုးရိမ်စရာမလိုပါဘူး။စိတ်ဖိအားများတဲ့အချိန်တွေ အထူးသဖြင့် စာမေးပွဲဖြေရတာ၊ အလုပ်တွေပိနေတာ၊ စိတ်ရှုပ်စရာတွေများနေတာ စသဖြင့် စိတ်ဖိအားများတဲ့အချိန်တွေမှာ ရာသီနောက်ကျနိုင်ပါတယ်။ အဆင်ပြေသွားရင် ပုံမှန်ဖြစ်သွားပါလိမ့်မယ်။ ဘာမှလုပ်စရာမလိုဘူး။ကိုယ့်ရဲ့ ရှိသင့်တဲ့ BMI ထက် နည်းနေရင်လည်း ရာသီပုံမှန်မလာတာ နောက်ကျတာတွေဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်နဲ့ အစားအသောက်ကို ပြန်ထိန်းသိမ်းရင် ရာသီပြန်မှန်သွားပါလိမ့်မယ်။ကိုယ်အလေးချိန်နည်းရင် ရာသီမမှန်သလို အဝလွန်နေရင်လည်း ရာသီမမှန်တတ်ပါဘူး။ ကိုယ်အလေးချိန်ပြန်ထိန်းရင် ပြန်မှန်သွားပါလိမ့်မယ်။Polycystic Ovarian Syndrome (PcOS) သားဥအိမ်ရေအိတ်တည်တာလိုမျိုး သားဥအိမ်ရောဂါတွေရှိရင်လည်း ရာသီမမှန်တာဖြစ်တတ်ပါတယ်။ ဟော်မုန်းအစားထိုးဆေးဝါးတွေသောက်နေတာ ဟော်မုန်းကုသမှုတွေလုပ်နေတာမှာလည်း ရာသီနောက်ကျတာဖြစ်နိုင်ပါတယ်။ဟော်မုန်းနည်းလမ်းကိုယ်ဝန်တားဆေးတွေသုံးရင်လည်း ရာသီမမှန်တာ နောက်ကျတာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရေးပေါ်တားဆေးသောက်ရင် ရာသီနောက်ကျတာ စောတာ စသဖြင့် ရာသီမမှန်တာဖြစ်နိုင်ပါတယ်။ဆီးချိုရောဂါနဲ့ Celiac (အူလမ်းကြောင်းရောဂါ) တွေမှာလည်း ရာသီနောက်ကျတာဖြစ်နိုင်ပါတယ်။ပုံမှန်အားဖြင့် ၄၅ ကနေ ၅၅ အတွင်းမှာ သွေးဆုံးတတ်ကြတယ်။ ဒါပေမယ့် တချို့တွေမှာ အသက် ၄၀ ရှေ့ပိုင်းမှာတင် စောစောစီးစီးသွေးဆုံးတာမျိုးဖြစ်နိုင်ပါတယ်။သိုင်းရွိုက်ရောဂါသည်တွေမှာ ရာသီမမှန်တာ၊ နောက်ကျတာနဲ့ လုံးဝမလာတော့တာတွေဖြစ်နိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/late-period/
တချို့သွေးတိုးရောဂါသည်တွေ ဘာလို့ အငန် မရှောင်တာလဲ
သွေးတိုးရောဂါသည် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ဖြစ်နိုင်သလို မွေးရာပါ သို့မဟုတ်မိဘမျိုးရိုးအရလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာသာမက ကလေးတွေမှာပါ ငယ်ငယ်လေးနဲ့ သွေးတိုးရောဂါ အဖြစ်များလာပါတယ်။သွေးတိုးရောဂါဆိုတာနဲ့ လူတိုင်းက အငန်ကို အဓိက ရှောင်ရမယ်ဆိုတာ သိကြပါတယ်။အငန်ဓာတ်ကို အပေးနိုင်ဆုံးကတော့ ဆားပေါ့။ ဆားကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဟင်းချက်တဲ့အခါ မပါမဖြစ် အများဆုံး ထည့်ချက်ကြပါတယ်။ ဆားမှာ ပါတဲ့ ဆိုဒီယမ်ဓာတ်ကို ခန္ဓာကိုယ်က အသုံးပြုသလို လိုလည်း လိုအပ်ပါတယ်။ ပုံမှန် ကျန်းမာတဲ့ လူတစ်ယောက်ဟာဆားတွေ စားမိလိုက်တဲ့အခါ ကျောက်ကပ်ကနေ တစ်ဆင့် ဆီးအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် စားတဲ့ ဆားပမာဏက အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါကျောက်ကပ်က ဆီးအဖြစ်နဲ့ အကုန်မစွန့်ထုတ်နိုင်တော့ပါဘူး။ အဲ့ဒီအခါ အနည် အဖြစ်နဲ့ သွေးထဲမှာ ကျန်ခဲ့ပါတယ်။ သွေးထဲမှာ ဆားဓာတ်တွေ များလာလေ၊ သွေးရည်က ကျဲလာလေ၊သွေးပေါင်တိုးလေ ဖြစ်ပြီး သွေးတိုးရောဂါ အစပျိုးလာတော့တာပါပဲ။အဓိကကတော့ အငန်ဓာတ်ကို ပေးစွမ်းနိုင်တဲ့ ဆားကို နည်းနိုင်သလောက် နည်းအောင် လျှော့ရမှာပါ။ တကယ်တမ်းမှာ အပြောထက် အလုပ်က ပိုခက်တယ်ဗျ။ ဘာလို့လဲဆိုတော့ မွေးရာပါ မဟုတ်ဘဲအသက်ကြီးလာတော့မှ သွေးတိုးဖြစ်တဲ့သူ တော်တော်များများက ဆားကို မရှောင်ကြပါဘူး။ ကိုယ့်မှာ သွေးတိုးရှိနေမှန်း သိသိကြီးနဲ့လည်း စားနေကြတာပါပဲ။ လူကြီးတွေရော၊လူငယ်တွေရောပေါ့ဗျာ။ ကလေးတွေကတော့ ငယ်ငယ်တည်းက မိဘတွေက ကိုယ့်ကလေး ကျန်းမာရေး အခြေအနေကို သိထားတဲ့အတွက် စားသောက်ပုံစံကို တဖြည်းဖြည်းချင်း ပြင်ဆင်ပေးလိုက်ရာကနေ အကျင့်ဖြစ်သွားလို့ အရမ်း စိတ်မပူရတော့ပါဘူး။အကုန်လုံးတော့ မဆိုလိုပါဘူး။ တချို့သောသွေးတိုးရောဂါရှင်တွေက ဆားကို လုံးဝ မရှောင်ကြပါဘူး။ အဲ့လို မရှောင်ဘဲ စားချင်ရာ စားတော့ ဝေဒနာရှင်သာမက သူ့ကို ပြုစုနေတဲ့ မိသားစုဝင်တွေရော အားလုံး ဒုက္ခရောက်ရတာပေါ့။ ဒါ့အပြင် အဲ့လိုမျိုး စားတတ်တဲ့သူတွေက ဒီသွေးတိုးနဲ့ပဲ မြန်မြန် အသက်သေဆုံးနိုင်ပါတယ်။ ဆားကို မရှောင်နိုင်တဲ့ အကြောင်းရင်းကို ခြေရာပြန်ကောက်ကြည့်လိုက်တဲ့အခါ။၁။ မွေးအကျင့် သေမှပျောက် ဆိုသလို တစ်သက်လုံးအငန်စာပဲ စားလာတဲ့သူတွေက ရုတ်တရက်ကြီး အငန်စာ တစ်နည်းအားဖြင့် ကိုယ်စားနေတဲ့ အစားအစာမှာ ဆားမပါရင် ဘယ်လိုမှ မစားတတ်တော့တာပါ။ အဲ့တော့ မရှောင်နိုင်ဘဲ နည်းနည်းစီ ဆားထည့်တယ်။ အဲ့လိုကနေ တဖြည်းဖြည်းနဲ့ များလာပြီး နဂိုပုံမှန် စားနေကျအတိုင်း ပြန်ဖြစ်သွားပါတယ်။၂။ မြန်မာလူမျိုး အပါအဝင် အရှေ့တောင်အာရှ လူမျိုးတွေရဲ့ ရိုးရာဟင်းလျာ (ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်ဆိုရင် မြန်မာဟင်းလျာတွေပေါ့ဗျာ) တွေက အရသာ အလေးဘက်ကို အရမ်းသွားပါတယ်။ ဒီလိုမျိုး လေးတဲ့ အရသာမျိုး ရဖို့ ဆားကို တော်တော်လေး ထည့်ထားရပါတယ်။ ဒီတော့ မြန်မာလူမျိုးမှန်ရင် မြန်မာထမင်း ဟင်း မပါရင် မစားရရင် ခံတွင်းမတွေ့တော့သလို ဖြစ်ပြီး ဒါတွေပဲ စားကြတော့တာပေါ့။၃။ နောက်တစ်ခုက မလုပ်နဲ့လို့ တားရင် ပိုလုပ်ချင်တဲ့ တွန်းလှန်စိတ်ပါ။ ပုံမှန်အားဖြင့် လူငယ်တွေ၊ဆယ်ကျော်သက်လူပျို၊ အပျိုဖော်ဝင်ကာစ အရွယ်ဆိုရင် အဲ့လို အမူအကျင့်တွေ တွေ့ရတတ်ပါတယ်။ အသက်ကြီးလာလို့လည်း ငယ်မူတွေက လုံးဝပျောက်သွားတာမျိုး မဟုတ်ပါဘူး။ တိမ်ငုပ်နေတာပဲ ရှိတာပါ။ အဲ့လို တွန်းလှန်စိတ်က ဒီလိုနေရာမှာ ဆားကို လုံးဝမစားရဘူးနော်လို့ တစ်ယောက်ယောက်က မှာလိုက်ပြီဆိုတာနဲ့ မသိစိတ်က ဒီအငန်ဓာတ်က တောင့်တလာတော့တာပေါ့။ အဲ့လို တောင့်တတဲ့ စိတ်ကို မချိုးနှိမ်နိုင်ရင်တော့ စားပြီးရင်း စားရင်းကနေ အသက်ထွက်သွားတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။၄။ ခေါင်းမာတာပါ။ လူအများစု အထူးသဖြင့် ယောက်ျားတွေသည် အလွန် ခေါင်းမာသလိုကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း ဗဟုသုတ မရှိတဲ့အတွက် ကြောက်ရကောင်းမှန်း မသိပါဘူး။ မကြောက်တဲ့အခါ ဘာလုပ်သလဲဆိုတော့ ကိုယ်လုပ်ချင်ရာ လုပ်တော့တာပေါ့။ ဆရာဝန်က ဒါမစားနဲ့ မှာရင် စားတော့လည်း ဘာဖြစ်လဲဆိုပြီး ထင်သလို စားတတ်ကြပါတယ်။ ထင်သလို စားရင်တော့ ရောဂါကလည်း ဒီအတိုင်း ငြိမ်နေမှာတော့ မဟုတ်ပါဘူးဗျ။ဒီတော့မိသားစုဝင်တွေအနေနဲ့လည်း သွေးတိုးဝေဒနာရှင်တွေကို သေချာ စောင့်ကြည့်နေဖို့ လိုပါတယ်။ လူလစ်ရင် လစ်သလို၊ မထင်ရင် မထင်သလို ဟင်းခတ်မှုန့်တွေ၊ ဆားတွေ အများကြီး ပစ်ထည့်တာမျိုးတွေ လုပ်တတ်ပါတယ်။ သူကတော့ စားလိုက်ရတဲ့ ခဏလေးမှာ ဆန္ဒတွေ ပြည့်ပြီး နေလို့ ကောင်းသွားတယ် ဆိုပေမယ့် ပြီးတော့မှ ခေါင်းမူး၊ သွေးတိုးပြီး နှလုံးအမောဖောက်တာ၊ လေဖြတ်တာအထိ ဖြစ်လာရင် မိသားစုဝင်တွေပါ ဒုက္ခလှလှ တွေ့ရမှာပါ။ အဲ့ဒီအတွက်သွေးတိုးရောဂါရှင်တွေအတွက် ဘာစားရမလဲ၊ ဘာရှောင်ရမလဲဆိုတာကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာလုပ်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%90%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9e%e1%80%8a%e1%80%ba/
နှလုံးသွေးကြောကျဉ်းနဲ့ပတ်သက်သမျှ
နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ တကမ္ဘာလုံးမှာ လူတွေသေဆုံးရခြင်းအကြောင်းအရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းတစ်ခုြဖစ်ပါတယ်။ နှလုံးဟာ ခန္ဒာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့သွေးတွေရရှိအောင် ပို့ဆောင်ပေးနေတာမှန်ပေမယ့် နှလုံးကိုယ်တိုင်ကလည်း သွေးထောက်ပံ့မှုရရှိဖို့လိုပါတယ်။ နှလုံးကိုထောက်ပံ့နေတဲ့ အဓိကသွေးလွှတ်ကြောတွေထဲက တစ်ခုခု ရောဂါဖြစ်တာ ဒါမှမဟုတ်ပျက်ဆီးတဲ့အခါ နှလုံးစွမ်းဆောင်ရည်ကျဆင်းလာပြီး နောက်ဆက်တွဲဆိုးကျိူးတွေအများကြီးဖြစ်စေပါတယ်။ ကိုလက်စထရော (အဆီ) ပါဝင်တဲ့ အနည်တွေသွေးကြောမှာစုံပုံလာရာက သွေးကြောတွေ ရောင်ယမ်းလာပါတယ်။ အဲဒီနောက် သွေးကြောကို ကျဉ်းစေပါတယ်။ ဒီအခါ နှလုံးကိုထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြောတွေဟာ နှလုံးဆီကိုသွေးလုံလုံလောက်လောက်မပို့ပေးနိုင်တော့ပါဘူး။ အဲဒီအခါ ရင်ပတ်အောင့်ခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်းနဲ့ တခြားလက္ခဏာတွေအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါဟာ ရုတ်တရက်ဝုန်းကနဲထဖြစ်တဲ့ ရောဂါမျိူးမဟုတ်ဘဲ ဖြည်းဖြည်းခြင်းတည်ဆောက်ပြီးမြှဖစ်တဲ့ရောဂါမို့ ရောဂါတော်တော်ရင့်မှ ဒါမှမဟုတ် သွေးကြောလုံးလုံးပိတ်မှ သတိထားမိတာမျိူးဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေအများကြီးလဲရှိနေပါသေးတယ်။နှလုံးကိုသွေးပို့ပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းသွားတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်ကြွယ်ဝတဲ့သွေးတွေ အလုံအလောက်မပို့ပေးနိုင်တော့ပါဘူး။ အထူးသဖြင့် ပုံမှန်ထက်အောက်ဆီဂျင်ပိုလိုတဲ့ အခြေအနေမျိူး ဥပမာ လေ့ကျင့်ခန်းလုပ်နေချိန်မျိူးမှာ ပိုပြီးသိသာပါတယ်။ အဲဒီအခါ ဒီလိုလက္ခဏာတွေပေါ်တတ်ပါတယ်။(၁) ရင်ဘတ်အောင့်ခြင်း။နှလုံးသွေးကြောကျဉ်းကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တဲ့ပုံစံဟာ များသောအားဖြင့် တုံးလေးလေးကြီးနဲ့ဖိခံထားရသလို တင်းတင်းကြပ်ကြပ်အောင့်တဲ့ပုံစံမျိူးဖြစ်တတ်ပါတယ်။ ရင်ဘတ်အလယ် ဒါမှမဟုတ် ဘယ်ဖက်ခြမ်းမှာအောင့်တတ်ပါတယ်။ ခန္ဓာကိုယ်ဖိအား ဒါမှမဟုတ် စိတ်ဖိအားများတဲ့အချိန်မျိုးမှာ ပိုဖြစ်တတ်ပါတယ်။(၂)မောခြင်း၊ အသက်ရှူမဝခြင်း။နှလုံးဟာ သင့်ခန္ဒာကိုယ်က လိုအပ်တဲ့ သွေးကို လုံလုံလောက်လောက်မထောက်ပံ့နိုင်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ကျလာပြီး မောတာ၊ ကြပ်တာ၊ အသက်ရှူမဝသလိုခံစားရတာအပြင် လှုပ်လှုပ်ရှားလုပ်ရင် အားစိုက်အလုပ်လုပ်ရင် အရမ်းအားကုန်သလိုခံစားရနိုင်ပါတယ်။(၃) နှလုံးတိုက်ခိုက်ခံရခြင်း သို့မဟုတ် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း။နှလုံးသွေးကြောဟာ ကျဉ်းရုံမက လုံးလုံးပိတ်သွားပြီဆိုရင် နှလုံးတိုက်ခိုက်ခံရခြင်း ဒါမှမဟုတ် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းြဖစ်ပါတယ်။အဲဒီအခါ ပုံမှန်ထက်ပိုပြီးအလွန်အမင်းရင်ပတ်အောင့်ခြင်း၊ ပခုံးဒါမှမဟုတ် လက်မောင်းနာကျင်ခြင်း၊ မေးရိုးနာကျင်ခြင်းတွေဖြစ်နိုင်သလို တခါတရံမှာတော့ ဘာလက္ခဏာမှမပြတာမျိူးကလဲ ရှိနိုင်ပါတယ်။နှလုံးသွေးကြောရဲ့ အတွင်းဆုံးအလွှာကို ထိခိုက်မှုကနေစပြီးဖြစ်တာပါ။ တခါတရံမှာတော့ ကလေးဘဝကတည်းကတောင် စပြီး သွေးကြောအတွင်းဆုံးအလွှာ ထိခိုက်တာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအချက်တွေကတော့ နှလုံးသွေးကြောကျဉ်းရဲ့ အဓိက တရားခံပါ။အမျိုးသားဖြစ်ခြင်း။အမျိုးသားတွေဟာ အမျိူးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါတယ်။ဒါပေမယ့် သွေးဆုံးပြီးရင်တော့ အမျိုးသမီးတွေလဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေများပါတယ်။မျိူးရိုးရှိခြင်း။ကိုယ့်မျိူးရိုးထဲမှာ နှလုံးရောဂါဖြစ်တဲ့သူရှိရင် ကိုယ်တိုင်မှာလဲ ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် ဆွေမျိူးအရင်းအချာမှာ ငယ်ငယ်ကတည်းကဖြစ်တဲ့နှလုံးရောဂါရှိရင် ပိုဆိုးပါတယ်။ဖြစ်နိုင်ချေအမြင့်ဆုံးအခြေအနေတွေကတော့ သင့်အဖေ ဒါမှမဟုတ် အကိုဟာ အသက်ငါးဆယ့်ငါးမတိုင်ခင် ဒါမှမဟုတ် သင့်အမေ ဒါမှမဟုတ် အမဟာ အသက် ခြောက်ဆယ့်ငါးမတိုင်ခင်နှလုံးရောဂါရှိရင် သင့်မှာလဲ နှလုံးသွေးကြောကျဉ်းဖြစ်တန်စွမ်းအရမ်းမြင့်သွားပါပြီ။အဝလွန်ခြင်း။အဝလွန်ခြင်းဟာ နှလုံးသွေးကြောကျဉ်းဖြစ်နိုင်ေချကိုများစေသလို ရောဂါဖြစ်နေရင်လဲ ပိုဆိုးစေပါတယ်။စိတ်ဖိစီးမှုများခြင်း။လွှတ်ချမထားနိုင်တဲ့ဖိအားတွေများနေတာဟာ နှလုံးသွေးကြောကျဉ်းသာမက တခြားနှလုံးရောဂါတွေကို ဖိတ်ခေါ်နေတာနဲ့အတူတူပါပဲ။မကျန်းမာစေတဲ့ စားသောက်မှုပုံစံ။ပြည့်ဝဆီတွေ၊ ဆီတွေ၊ အငံ၊ ပြန်ကြော်ဆီတွေ၊ အချိူမှုန့် ကြက်သားမှုန့်လို ဟင်းခတ်မှုန့်တွေများများသုံးစွဲခြင်းဟာ နှလုံးသွေးကြောကျဉ်းကို ဖြစ်စေပါတယ်။အိပ်စက်ချိန်ဟောက်ပြီးအသက်ရှူရပ်ခြင်း။အရင်တုန်းကတော့ ဒါကို သိပ်ဂရုမပြုကြပေမယ့် ဒီအခြေအနေဟာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းအပြင် လေဖြတ်လေဖြန်းတွေနဲ့ အများကြီးဆက်စပ်နေတာမို့ အိပ်စက်စဉ်ဟောက်ပြီးအသက်ရှူနေတာရှိရင် ရောဂါအဖြစ်သတ်မှတ်ကုသဖို့လိုလာပါပြီ။အရက်သောက်ခြင်း။အရက်ကို နေ့စဉ်သောက်သင့်တာထက်လွန်ကဲစွာသောက်ရင်နှလုံးကြွက်သားတွေကိုထိခိုက်ေစပါတယ်။ဘဝနေထိုင်မှုပုံစံဟာ နှလုံးသွေးကြောကျဉ်းရောဂါမှာ အသက်တမျှအရေးကြီးပါတယ်။life style ပြောင်းလိုက်ရုံနဲ့  ဖြစ်နေတဲ့ရောဂါကို အများကြီးသက်သာအောင်လုပ်လို့ရသလို ရောဂါမဖြစ်အောင်လဲကာကွယ်နိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/heart-vessel/
အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ
စူပါဂလူးက အရေပြားနဲ့ထိတွေ့တဲ့အခါ ထိခိုက်မှုအာနိသင်မဖြစ်နိုင်ပေမယ့် အသားတွေထိကပ်ကုန်တာ၊ တခြားအရာဝတ္တုတွေနဲ့ အသားကပ်ကုန်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်တောင် လက်မှ ကော်တွေကပ်ကျန်နေတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒီတော့ မတော်တဆကပ်မိတဲ့အခါ အရေပြားကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာ အလွယ်ဆုံးနည်းလေးတွေပြောပြမယ်နော် –။ဆပ်ပြာဖျော်ထားတဲ့ ရေနွေးနွေးလေးမှာ ခဏစိမ်ပြီး လက်မှာကပ်နေတဲ့ကော်တွေကို ဖယ်ရှားပါ။ကော်မခြောက်ခင်မှာ စိမ်နိုင်ရင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲရေနွေးစပ်ပြီးချေးချွတ်ဆပ်ပြာ သို့မဟုတ် ဆပ်ပြာတစ်မျိုးမျိုးထည့်ပါ။ကော်ကပ်နေတဲ့လက်ကို ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်စိမ်ထားပါ။ကော်ကပျော့လာပြီဆိုရင် အသာအယာပွတ်ပါ ဒါမှမဟုတ် အသာလေးခွာကြည့်ပါ။ လုပ်ကြည့်လို့နာတယ်ဆို ဆက်မလုပ်ပါနဲ့။ အရေပြားစုတ်ပြဲသွားနိုင်ပါတယ်။ ကော်သိပ်မများဘူးဆိုရင် ဒီနည်းနဲ့တင် နည်းနည်းချင်း လျော့ပါးသွားနိုင်ပါတယ်။ မရရင်နောက်တစ်နည်းပေါ့။လက်သည်းဖျက်ဆေးအများစုမှာacetone လို့ခေါ်တဲ့ စူပါဂလူးကိုပျော်ဝင်စေတဲ့အစွမ်းထက်ပစ္စည်းတစ်ခုပါဝင်ပါတယ်။ လက်သည်းဖျက်ဆေးကို ဂွမ်းနဲ့ဆွတ်ပြီးကော်ကပ်နေတဲ့နေရာကို ခဏလောက်ဖိကပ်ပေးပါ။Acetone က အဆိပ်အတောက်ရှိနိုင်တဲ့ဓါတ်ဖြစ်ပြိး အရေပြားကိုခြောက်သွေ့စေနိုင်တယ်ဆိုတော့ သုံးပြီးတာနဲ့ လက်ကိုသေချာဆေးဖို့ အရေးကြီးပါတယ်။ အရေပြားရောဂါရှိတဲ့သူတွေနဲ့ ထိခိုက်လွယ်အသားအရေတွေတော့ မသုံးသင့်ပါဘူး။ အရေပြားပေါက်ပြဲနေရင်လည်း မသုံးသင့်ပါဘူး။အုန်းဆီ၊ သံလွင်ဆီ၊ထောပတ် ၊ မာဂျရင်း တို့လို အဆီတွေက စူပါဂလူးခွာတဲ့နေရာမှာ အသုံးဝင်ပါတယ်။ရေနွေးနွေးလေးထဲမှာ လက်ကိုအရင်စိမ်လိုက်ပြီးမှ အဲဒီအဆီတစ်ခုခုကို စိတ်ရှည်ရှည်နဲ့ပွတ်ပေးပါ။ကော်တွေမစင်မချင်း ဆီတွေထပ်သုံးလို့ရပါတယ်။အသားမာတွေ၊ အရေပြားဆဲလ်သေတွေကိုဖယ်ရှားဖို့ သုံးကြတဲ့ချေးတွန်းကျောက်ကိုခြောက်သွေ့ကပ်ကျန်နေတဲ့ကော်တွေဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ကော်ပေနေတဲ့လက်ကို ဆပ်ပြာရည်ထဲခဏစိမ်ပြီးချေးတွန်းကျောက်ကိုတော့ရေနွေးလေးထဲစိမ်ထားပါ။ပြီးမှချေးတွန်းကျောက်နဲ့ အသာအယာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးပါ။သံပရာသီးရဲ့အက်စစ်ဓါတ်က စူပါဂလူးကိုဖယ်ရှားပေးနိုင်ပါတယ်။ ခွက်တစ်ခုထဲကို သံပရာသီးညှစ်ထည့်ပြီး ကော်ပေနေတဲ့လက်ကို ၅ မိနစ်/ ၁၀ မိနစ် နှစ်ထားပေးပါ။ ဒါမှမဟုတ် သွားပွတ်တံဖြစ်ဖြစ်၊ ဂွမ်းနဲ့ဖြစ်ဖြစ် သံပရာရည်ဆွတ်ပြီးကော်ကပ်နေတဲ့နေရာကို တို့ပွတ်ပါ။အသားမှာ ကော်ကပ်မိရင်။အသားမှာကပ်နေတဲ့ကော်တွေကို ဆွဲမခွာသင့်ပါဘူး။ အရေပြားကို သို့မဟုတ်ကော်ကို ညင်သာစွာပွတ်တိုက်တာကပဲ အဆင်ပြေမှာပါ။ တချို့က ဒီတိုင်းနေရင်း၊ အဝတ်လျှော် ၊ ပန်းကန်ဆေးရင်းနဲ့ ကွာကုန်တာလည်းရှိပါတယ်။ဒါပေမယ့် အရေးကြီးတာက စူပါဂလူးသုံးရင် ပါးစပ်ထဲနဲ့ မျက်စိထဲမဝင်ဖို့ပါပဲ။ မျက်စိ သို့မဟုတ် မျက်ခွံမှာကော်တွေပေရင် အန္တရာယ်ရှိနိုင်ပါတယ်။နောက်တစ်ချက်အရေးကြီးတာက အရေပြားမှာပေါက်ပြဲမှုရှိခဲ့ရင် ဓါတုပစ္စည်းတွေသုံးပြီးကော်မဖယ်ရှားပါနဲ့။နောက်ဆုံးမရရင် ဆရာဝန်ပြသင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%99%e1%80%bd%e1%80%ac-%e1%80%85%e1%80%b0%e1%80%95%e1%80%ab%e1%80%82%e1%80%9c%e1%80%b0%e1%80%b8-%e1%80%99%e1%80%b1%e1%80%90%e1%80%ac/
Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ။
Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ။ အရင်တုန်းကတော့ skincare ဆိုရင် Cream type ( ခရင်ပုံစံ) လိုမျိုးတွေသာ ခေတ်စားခဲ့တာပါ။ ခုနောက်ပိုင်းကျတော့ gel type ( ဂျယ်လ်ပုံစံ) ၊ serum ( အဆီပုံစံ) Milk ( နို့ရည်) ဆိုပြီး အမျိုးအစားတွေ အများကြီးပေါ်လာပါတယ်။ နို့ရည်၊ ဂျယ်လ်ပုံစံ နဲ့ ခရမ်တို့ကတော့ ရှင်းပါတယ်။ Serum ကျတော့ အားလုံးနဲ့ မတူတစ်မျိုးလေးကွဲတယ်။ရေဓာတ်ဖြည့်ပေးပေမယ့်အစိုဓာတ်ထိန်းခရင်မ်လည်း မဟုတ်ပြန်ဘူး။ အဆီတွေပါတယ်ဆိုပေမယ့် အဆီတွေချည်းစုထားတဲ့ skin care လည်းမဟုတ်ပြန်ဘူး။ ရေပါဝင်မှုများတဲ့ essence လည်းမဟုတ်ပြန်ဘူး။ ဒီတော့ serum ဆိုတာ ဘာများပါလိမ့်။ အသားအရေအတွက်ဘယ်လိုကောင်းကျိုးတွေ များရှိတာပါလိမ့်။Skincare လုပ်တဲ့နေရာမှာ Serum အမျိုးအစားတွေကို ဘာ့ကြောင့် ပိုသုံးသင့်တာလဲ ဆိုတာ အတူတူ ကြည့်ရအောင်နော်။Serum ဆိုတာအားလုံးသိကြတဲ့အတိုင်း skincare အမျိုးအစားတွေထဲ ကတစ်ခုပါ။မျက်နှာသန့်စင်ပြီးပြီဆိုတာနဲ့ အစိုဓာတ်ထိန်းခရင်မ်မလိမ်းခင်လေးမှာ serum ကို လိမ်းပေးရပါတယ်။ ဒါမှ serum မှာပါဝင်တဲ့ အာနိသင်တွေက မျက်နှာအသားအရေထဲ တိုက်ရိုက်စိမ့်ဝင်မှာပါ။ နောက်ပြီး serum ဟာ သေးငယ်တဲ့မော်လီကျူးလေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ စိမ့်ဝင်မှုအားကောင်းပြီး အာနိသင်ပါဝင်မှုကလည်း အများဆုံး အနေအထားမှာဖြစ်လို့ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်မှာပါ။တူတယ်လို့ ပြောလို့ရသလို မတူဘူးလို့လည်း ပြောလို့ရပါတယ်။ ရှုပ်သွားလားမသိဘူး။ တူတဲ့အချက်ကတော့ Serumက moisturizer တွေလိုပဲအရေပြားကို အစိုဓာတ်ထိန်းပေးပါတယ်။ မတူတဲ့အချက်ကတော့ အစိုဓာတ်ထိန်းခရင်မ်တွေလိုမျိုး အရေပြားမှာရှိတဲ့ အစိုဓာတ်တွေကို Lock ပေးတာမျိုးတော့ မဟုတ်ပါဘူး။ဒါကတော့ ကိုယ်သုံးတဲ့ တံဆိပ်ပေါ် မူတည်ပြီး ကွဲပြားမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့တစ်ကြိမ်လောက် အသုံးပြုတာနဲ့တင် အသားအရေကို ထိန်းသိမ်းပေးနိုင်မှာပါ။Serum နဲ့ face oil နဲ့ ကွာခြားချက်ကတော့ serum ကရေဓာတ်ကို အခြေခံထုတ်ထားတာဖြစ်ပြီး face oil ကတော့ serum ထက် အဆီပါဝင်မှု ရာခိုင်နှုန်းပိုများပါတယ်။Serum နဲ့ essence နဲ့က အာနိသင်အရရော သုံးရတဲ့ အချိန်အရရော ကွာခြားမှု မရှိပါဘူး။ တစ်ခုရှိတာက serum က ပိုပျစ်ပြီး essence က အရည်ဘက်ပိုရောက်ပြီး ကျဲပါတယ်။Serum မှာပါတဲ့ တချို့ ပါဝင်ပစ္စည်းတွေက လေနဲ့ထိတွေ့လိုက်ရင် ခဏလေးနဲ့ ပျက်စီး လွယ်တတ်ပါတယ်။ ဥပမာဗီတာမင် စီလိုမျိုးပေါ့။ ဗီတာမင် စီ ရဲ့ Ascorbic acid က လေထုထဲက အောက်ဆီဂျင်နဲ့ ဓာတ်ပြုလွယ်ပြီး oxidize ဖြစ်သွားတတ်လို့ အမြန်ပျက်စီးလွယ်ပါတယ်။ ဒါပေမယ့် ဗီတာမင် စီက ရေထဲ ပျော်ဝင်လွယ်တဲ့ ဗီတာမင်ဖြစ်လို့ ရေဓာတ်အခြေခံထုတ်ထားတဲ့ serum ထဲမှာတော့ ပျက်စီးဖို့ ခဲယဉ်းပါတယ်။ အဓိကက နေရောင်နဲ့ တိုက်ရိုက်မထိဖို့ရယ်၊ အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားမယ်ဆိုရင် ပုလင်းဖွင့်ပြီး ၆ လကနေ ၁ နှစ်လောက်အထိ ခံပါတယ်။•ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတဲ့၊ အရေပြားပြုပြင်မှု အပိုင်းကို အားပေးပြီး ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ ဗီတာမင် C အဓိက serum။•ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်လည်းရှိတယ် ရောင်ရမ်းခြင်းတွေကိုလည်း လျှော့ချပေးတဲ့ retinol ပါဝင်မှု များတဲ့ serum။• အရေပြားဓာတ်မတည့်မှုတွေကို ထိန်းညှိပေးပြီး အဆီထွက်ခြင်းကို လျှော့ချတဲ့ zinc ပါဝင်တဲ့ serum။• ချွေးပေါက်ပိတ်ခြင်းကို လျှော့ချပေးတဲ့ salicylic acid ပါဝင်တဲ့ serum အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။• ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်လည်းရှိတယ်၊ အရေပြားကိုချောမွတ်စေတဲ့ဗီတာမင် Eအဓိကပါဝင်တဲ့ serum။• အရေပြားရဲ့ ကျုံနိုင်ဆန့်နိုင်အားကိုး ကောင်းစေပြီး အရေပြားတွင်းမှာရှိတဲ့ ceramide levels ကိုတက်စေတဲ့ niacinamide ပါဝင်တဲ့ serum။• အရေပြားရဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရောင်မညီမညာဖြစ်တာကို လျှော့ချပေးတဲ့ glycolic acid နဲ့။• အရေပြားရဲ့အစိုဓာတ်ကို ပြန်ထိန်းပေးတဲ့ hyaluronic acid ပါဝင်တဲ့ serum အမျိုးအစားကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။• ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ကြွယ်ဝ၊ခရမ်းလွန်ရောင်ခြည်တွေကနေလည်း ကာကွယ်ပေးပြီး အရေပြားရဲ့ ဆဲလ်တွေကို ပြန်ပြုပြင်ပေးတဲ့ green tea extract, resveratrol, ferulic acid တို့ ပါဝင်တာတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/serum-in-skincare/
ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ
ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ သည် သင့်ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်က သင်သည် မိခင်တစ်ယောက်ဖြစ်ရန် ကျန်းမာမှုရှိမရှိစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ပါသည်။ သင်သည် ထိုကျန်းမာရေးစစ်ဆေးမှုများခံယူရန် ရက်ချိန်များပြုလုပ်ပြီး ကိုယ်ဝန်ဆောင်နေချိန်ကာလပတ်လုံး မှန်မှန်သွားပြသင့်ပါသည်။သင့်ကျန်းမာရေး အခြေအနေ သို့မဟုတ် စားသောက်နေထိုင်မှုပုံစံများကြောင့် သင့်ကိုယ်ဝန်ကို ထိခိုက်မှုများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်နှင့် ပြသခြင်းဖြင့် သင်ကိုယ်ဝန်ဆောင်ချိန်တွင် သင်ရော သင့်ကလေးပါကျန်းမာစေမည့် အနေအထားမျိုးရောက်အောင် စောင့်ရှောက်မှုများ ၊ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။အောက်ပါတို့သည် သင်လာပြသော ရက်ချိန်းများတွင် သင့်ကို စစ်ဆေးမည့် အရာများဖြစ်ပါသည်။နောက်ဆုံးကလေး မွေးပြီးချိန်တွင် သင့်ကျန်းမာရေး အခြေအနေများ ပြောင်းလဲသွားနိုင်သောကြောင့် နောက်ကိုယ်ဝန်တွင် လည်း ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန် လိုအပ်ပါသည်။ ယခင်ကိုယ်ဝန်တွင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ဖူးပါက နောက်ကိုယ်ဝန်တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခံယူခြင်းဖြင့် ထိုဆိုးကျိုးများ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။အောက်ပါဆိုးကျိုးများကို သင့်နောက်ဆုံးကိုယ်ဝန်တွင် ခံစားရဖူးပါက နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခပ်စောစောခံယူသင့်ပါသည်။အထက်ပါ စစ်ဆေးချက်များကို ကိုယ်ဝန်ဆောင်တိုင်း လိုချင်မှ လိုမှာပါ။ မိမိ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး လိုတိုးပိုလျော့ ရှိနိုင်ပါတယ်။ စစ်ဆေးချက်များကို အမျိုးသမီးသာမက အမျိုးသားပါ စစ်ဆေးရန် လိုနိုင်ပါသည်။ထိုစစ်ဆေးချက်များကို ကိုယ်ဝန်ယူမည်ဟု ဆုံးဖြတ်ပြီးတည်းက သားဖွားမီးယပ်ဆရာဝန်နှင့် ကြိုတင်ပြသထားပြီး စစ်ဆေးသင့်ပါသည်။ သို့မှသာ ရောဂါမရှိလျှင်  ကာကွယ်ဆေးထိုး ကာကွယ်နိုင်ပြီး ရှိလျှင်လည်း လိုအပ်တဲ့ ကုသမှုများ ခံယူနိုင်မှာ ဖြစ်ပါသည်။ သို့မှသာ ကျန်းကျန်းမာမာ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်ပါသည်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/checkup-before-pregnancy/
ကိုယ်ဝန်ဆောင်ကာလအတွင်း ခရိုမိုဇုန်းဆိုင်ရာ မူမမှန်မှု ရှိမရှိ စစ်ဆေးမှုများ
ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးက အမျိုးမျိုးသော စမ်းသပ်စစ်ဆေးမှုတွေကို လုပ်ဆောင်ရပါတယ်။ ခရိုမိုဇုမ်းအရ မူမမှန်မှု ရှိမရှိ စစ်ဆေးမှုတွေ အပါအဝင်ပေါ့။ ဖွံ့ဖြိုးနေဆဲ သန္ဓေသားလောင်းမှာ ခရိုမိုဇုန်း မူမမှန်မှုတွေက ဖြစ်ခဲသော်လည်း အချို့သော ကျန်းမာရေးပြဿနာရှိနေတဲ့ မိဘတွေ ဒါမှမဟုတ် မျိုးရိုးဗီဇအရ မူမမှန်မှုတွေရှိခဲ့တဲ့ မိသားစုကျန်းမာရေး ရာဇဝင်တွေ ရှိခဲ့ရင်တော့ ပိုပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ခရိုမိုဇုန်းတွေ ဖွံ့ဖြိုးလာမှုမှာ မူမမှန်မှုတွေ ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ထဲမှာ ဗီဇ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ မျိုးရိုးဗီဇတွေ ပါဝင်လာနိုင်ပါတယ်။ ကလေးကတော့ ပုံမှန်မဟုတ်ဘဲ မွေးဖွားလာမှာ မဟုတ်ပေမယ့် မိခင်နဲ့ ဖခင်ဆီက ပုံမှန်မဟုတ်တဲ့ မျိုးဗီဇတွေကို အမွေဆက်ခံရရှိထားပါတယ်။ ပုံမှန်အားဖြင့် ကလေးမှာ ပုံမှန်မဟုတ်တဲ့ မျိုးဗီဇ (gene) တစ်ခုသာပါမယ်ဆိုရင်တော့ အခြားကောင်းမွန်တဲ့ မျိုးဗီဇတွေက ဒါကို ဖုံးလွှမ်းသွားပါလိမ့်မယ်။လေ့လာမှုတွေကတော့ ရာနှုန်းတစ်ဝက်ကျော်လောက်ဟာ ခရိုမိုဇုန်း မူမမှန်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ကာလ ပထမ ၃လမှာ ပျက်ကျတာမျိုး ဖြစ်စေတယ်လို့ဆိုပါတယ်။ သိသာထင်ရှားတဲ့ ခရိုမိုဇုန်း မူမမှန်ခြင်းဟာ အသက်ရှင်လျက် မွေးဖွားလာတဲ့ ကလေးတွေမှာတော့ ဝ.၅%ကနေ ၁%ထိပဲ ရှိပါတယ်။ခရိုမိုဇုန်းမူမမှန်ခြင်းအတွက် အဖြစ်အများဆုံး ဥပမာကတော့ Down’s syndrome ပါပဲ။ နံပါတ် ၂၁ ခရိုမိုဇုန်း နှစ်ခု ပါရှိရမယ့်အစား ဒီလိုဖြစ်နေတဲ့သူ တစ်ယောက်ချင်းစီမှာတော့ သုံးခုစီပါရှိနေတာကို တွေ့ရပါတယ်။ Down’s syndrome ဟာ IQနိမ့်တာမျိုးနဲ့ ထူးခြားတဲ့ လက္ခဏာတွေ ဥပမာ လက်တိုနေတာ၊ မျက်လုံးတစ်ဝိုက်မှာ ထင်ရှားတဲ့ အရေးအကြောင်းတွေရှိနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အခြားသော ခရိုမိုဇုန်း မူမမှန်မှုတွေကတော့ နှလုံးချို့ယွင်းမှုပါ။ ခရိုမိုဇုန်း နံပါတ် ၁၃ အပိုပါလာတဲ့ ကလေးတွေ (Patau’s syndrome) ဒါမှမဟုတ် နံပါတ် ၁၈ အပိုပါလာတဲ့ ကလေးတွေ ( Edward’s syndrome) ကတော့ မွေးပြီးတဲ့နောက် အသက်ရှင်ဖို့ ခဲယဉ်းပါတယ်။ ဒီအခြေအနေတွေကတော့ Dawn’s syndrome လို အဖြစ်မများဘူးလို့ သိကြရပါတယ်။တကယ်လို့များ သင့်ဆရာဝန်က သင့်ရဲ့ သန္ဓေသားမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုတွေ့ခဲ့မယ်ဆိုရင် amniocentesis test လို serum screening တစ်ခုခု လုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒီ test ကိုတော့ သင့်မှာ ခရိုမိုဇုန်းမူမမှန်မှု ဖြစ်နိုင်တဲ့ အခြေအနေများလွန်းမှသာ ညွှန်ကြားတာပါ။ ဒါပေမဲ့ ဖြစ်နိုင်ချေများလွန်းတယ်ဆိုတာက သင့်ကလေးမှာ ဒါဖြစ်ကိုဖြစ်နေပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါဟာ သွေးစစ်မှု ပုံစံတစ်မျိုးဖြစ်ပြီး ရက်သတ္တပတ် ၁၅ပတ်ကနေ ၂၀အတွင်းလုပ်ဆောင်ရပါတယ်။ ဒီစစ်ဆေးမှုကို ခံယူနေစဉ်မှာ သွေးထဲက ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကိုလည်း ဂရုတစိုက် တိုင်းတာရပါတယ်။ သင့်ကလေးမှာ Down’s syndrome ဖြစ်နိုင်ချေ ရှိမရှိဆိုတာကို ရှာဖွေဖို့ ပြီးရင်တော့ ရလာတဲ့ အဖြေတွေကို ဆရာဝန်က သင့်အသက်တွေပါ ထည့်တွက်လို့ တွက်ဆရပါတယ်။ဒီ ရောဂါအတည်ပြုတဲ့ စစ်ဆေးမှုကတော့ ကလေးမှာရှိတဲ့ ခရိုမိုဇုန်း အရေအတွက် အတိအကျကို ဆုံးဖြတ်ဖို့ လုပ်ဆောင်ရတာပါ။ တကယ်လို့ ၄၆ခုပဲပါတယ်ဆိုရင် ပုံမှန်ပဲလို့ ဆုံးဖြတ်ပါတယ်။ ဒီနည်းလမ်းကတော့ trisomy 18, trisomy 13, Down syndrome နဲ့ အခြားသော ပုံမှန်မဟုတ်တဲ့ မွေးရာပါချွတ်ယွင်းမှုတွေ ရှိနိုင် မရှိနိုင် ရှာဖွေတဲ့နေရာမှာ ဆရာဝန်ကို ကူညီပေးပါတယ်။ တကယ်လို့များ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ မြောက်များလှစွာသော မျိုးရိုးဗီဇအရ ကျန်းမာရေးပြဿနာတွေရှိခဲ့ဖူးတဲ့ မိသားစု ရာဇဝင် ရှိနေမယ်ဆိုရင်တော့ CVS ကို အသုံးပြုပါတယ်။ဆရာဝန်က မိခင်ရဲ့ ဝမ်းဗိုက် ဒါမှမဟုတ် သားအိမ်ခေါင်းကိုဖြတ်လို့ အချင်းထဲထိ ဆေးထိုးအပ်သွင်းရပါတယ်။ ပြီးရင်တော့ အချင်းရဲ့ အစသေးသေးလေးယူပြီး ဓါတ်ခွဲခန်းကိုပို့လို့ မျိုးဗီဇကို ကြည့်ရှုစစ်ဆေးရပါတယ်။ (Genetic scanning) ။ ဒီလုပ်ငန်းစဉ်ကတော့ ပြီးဆုံးဖို့ ၂နာရီမှ ၃နာရီထိကြာမြင့်တတ်ပြီး အဖြေထွက်လာဖို့ကတော့ ရက်သတ္တပတ် ၂ပတ်လောက် ကြာမြင့်နိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8/
အထီးကျန်တဲ့ ခံစားချက်ကို ဘယ်လိုဖြေဖျောက်ကြမလဲ
၂၁ ရာစု နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ ပိုပြီး အထီးကျန်လာကြပါတယ်။ အိမ်ထဲမှာ အချိန်ကုန်တာ များလာတယ်။ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ြပီး ဖုန်း၊ကွန်ပျူတာအသုံးပြုကြတယ်။ အရင်တုန်းကလို လူတွေနဲ့ စကားပြောဆိုဆက်ဆံနေရဖို့ အချိန်ကုန်၊ လူပင်ပန်းစရာမလိုပဲ အွန်လိုင်းကနေ အလွယ်တကူ ပြောဆိုလာနိုင်ကြတယ်။အရင်တုန်းကလောက် လူတွေနဲ့ ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံရတာမျိုး မရှိတော့ပဲ လေလှိုင်းပေါ်ကနေပဲ စကားပြောရတာ ကြာလာတဲ့အခါ စိတ်ထဲမှာ သီးသန့်ကြီးလို ဖြစ်လာတယ်။ အပြင်လည်း သိပ်မထွက်ဖြစ်တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ကိုယ်တစ်ယောက် ဖြစ်နေသလို၊ အများနဲ့ မသက်ဆိုင်တော့သလို ခံစားလာရတယ်။ တစ်ယောက်တည်း နေတာ ကြာလာတာနဲ့အမျှအထီးကျန်တဲ့ ဝေဒနာဟာ ပိုဆိုးသွားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်။အထီးကျန်တယ်ဆိုတာ သာမန်ဖြစ်စဉ် တစ်ခုဆိုပေမယ့်စိတ်ခံစားချက်၊ ဖြတ်သန်းခဲ့တဲ့ ဘဝအချိန်ပေါ်မူတည်ပြီး အချိန်ကြာလာတဲ့အခါစိတ်ကျန်းမာရေးကိုပါ ဒုက္ခဖြစ်စေပါတယ်။ ခုပြောပြပေးမယ့် နည်းလမ်းတွေကတော့ ကိုယ့်ကိုယ်ကို အထီးကျန်တယ်လို့ ခံစားနေရတဲ့ ဝေဒနာကို သက်သာစေနိုင်ပြီး အလွယ်တကူ လုပ်ယူလို့ ရတာကြောင့် အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။အိမ်ထဲမှာ အထီးကျန်ပြီး ငူငူငိုင်ငိုင်နဲ့ ထိုင်နေမယ့်အစား အပြင်ထွက်ပြီး လေကောင်းလေသန့်တွေ ရှူရှိုက်ပါ။ ဈေးဝယ်သွားတာဖြစ်စေ၊ တစ်ယောက်ထဲ မုန့်သွားစားတာဖြစ်စေ လုပ်ပေးပါ။ ကိုယ်နဲ့ မသိ၊ မရင်းနှီးသည့်တိုင်အောင် လူတွေနဲ့ နီးနီးကပ်ကပ်ရှိနေခြင်းဟာ အထီးကျန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။လူမှုကွန်ယက်ပေါ်မှာ စာတွေ အပြန်အလှန် ပို့တာထက် အပြင်မှာ တွေ့ဆုံတာဟာ ရင်းနှီးခင်မင်မှုကိုလည်း တိုးစေနိုင်သလို ကိုယ့်ရဲ့ အထီးကျန်တဲ့ စိတ်ကိုလည်း ဖြေဖျောက်ပေးနိုင်ပါတယ်။တစ်ယောက်ထဲရုပ်ရှင်ကြည့်မလား၊ အပေါင်းအသင်းတွေ ခေါ်ပြီး အတူကြည့်ကြမလား၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ အိမ်ထဲမှာပဲ အထီးကျန်တယ်လို့ ခံစားနေရတာထက် ရုပ်ရှင်ကြည့်လိုက်တာက ကိုယ့်ရဲ့ စိတ်ကို နှောင့်ယှက်နေတဲ့ အရာတွေကို ခေတ္တခဏ မေ့ထားစေနိုင်ပါတယ်။ကိုယ့်အိမ်သားတွေရဲ့ အလုပ်ကို ကူညီတာဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေမှာ လုပ်အားပေးအနေနဲ့ ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ အဆင်ပြေပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရလို့ ရင်းနှီးမှုတွေ တိုးစေတဲ့အပြင် အလုပ်လုပ်နေရတဲ့အတွက် မကောင်းတဲ့အတွေးတွေ ခေါင်းထဲ ဝင်မလာနိုင်အောင် တိုက်ထုတ်ပေးနိုင်ပါတယ်။အမွေးပွပွနဲ့ခွေးလေးတွေ၊ ကြောင်လေးတွေ အိမ်မှာ မွေးထားတဲ့အခါမှာ တစ်ယောက်ထဲ ရှိနေရင်တောင် အထီးကျန်တယ်လို့ သိပ်ပြီး ခံစားရတော့မှာ မဟုတ်ပါဘူး။တစ်ယောက်ထဲ အေးအေးဆေးဆေးနေတတ်သူတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်ပါပဲ။ ဝတ္ထုစာအုပ်ဖတ်တဲ့အခါ ဇာတ်ကောင်နဲ့ ဇာတ်အိမ်ကို စိတ်ထဲမှာ စီးမြောခံစားကြည့်တာဟာ စိတ်ကို ပျော်ရွှင်စေသလို အထီးကျန်တဲ့ အတွေးတွေလည်း မဝင်စေပါဘူး။ဘယ်သွားမယ်လို့ ဆုံးဖြတ်ထားတာမျိုးမဟုတ်ပဲ တွေ့တဲ့ ကားပေါ် တက်စီးပြီး ရောက်တဲ့ နေရာသွားတာ၊ အစီအစဉ်မရှိပဲ ခရီးသွားတာမျိုးတွေ လုပ်ကြည့်ပါ။အိမ်ထဲမှာ ကိုယ့်ကိုယ်ကို ပိတ်လှောင်နေမယ့်အစား စိတ်ကို လွှတ်ပေးတဲ့ အနေနဲ့ပြေးလွှားကြည့်ပါ။ မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ ၁၀မိနစ်လောက် ပြေးလိုက်တဲ့အခါ ချွေးတွေထွက်လာပြီး လူကို လန်းဆန်းပေါ့ပါးစေတယ်။ နောက်ကျိနေတဲ့ စိတ်ကိုလည်း ကြည်လင်သွားစေနိုင်ပါတယ်။မိသားစု၊ သူငယ်ချင်း၊ ပျော်ခဲ့ရဖူးတဲ့ အမှတ်တရဓါတ်ပုံတွေကို ပြန်ထုတ်ကြည့်ရင်း လက်ဖက်ရည်၊ ကော်ဖီပူပူလေး သောက်လေးရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ယောဂသင်တန်း၊ အကသင်တန်းလိုမျိုး စိတ်ကိုပေါ့ပါးစေပြီး ပျော်စရာကောင်းတဲ့ သင်တန်းမျိုးတွေ တက်ပေးပါ။ လူတွေနဲ့ ပျော်ပျော်ပါးပါး ကနေရတဲ့ ခံစားချက်က ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အထီးကျန်ခံစားချက်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ကိုယ့်ရဲ့ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှ အရာတွေ၊ ခံစားချက်တွေ၊ အမှတ်တရတွေကို စာအုပ်ထဲ ရေးမှတ်တဲ့အကျင့် လုပ်ထားပေးပါ။ တခါတလေမှာ ဒီအကြောင်းအရာတွေကို ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ် ဘာကြောင့် အထီးကျန်နေရလဲဆိုတဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်ပါတယ်။တစ်ယောက်ထဲဖြစ်စေ၊ အပေါင်းအသင်းတွေ၊ မိသားစုနဲ့ဖြစ်စေ ခရီးထွက်ပေးတာဟာ စိတ်ကို အပန်းဖြေစေသလို လူတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အတွက် အထီးကျန်တဲ့ ခံစားချက်ကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။တစ်ခါတလေမှာ ကိုယ့်အနား ဘယ်သူမှမရှိဘူးဆိုတဲ့ ခံစားချက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘေးနားမှာ ရှိနေတဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းတွေကို အချိန်ပေးပြီး စကားလက်ဆုံပြောကြည့်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/cure-loneliness/
ဆံသားပြန်ကျန်းမာစေမယ် လို့ဆိုကြတဲ့ Hair Rebonding
ဆံသား ပြန်ကျန်းမာစေမယ်လို့ ဆိုကြတဲ့ Hair Rebonding အကြောင်း လေ့လာလိုက်ရအောင်နော်။ ဆံပင်ပုံစံပြောင်းကြမယ်ဟေ့ဆိုတာနဲ့ မတ်မတ်တို့ရဲ့ဆံပင်ကို အရင်က ဟိုခေတ်ကဆို ကောက်ကောက်ကွေးကွေးလေး၊ နောက်တော့ ဖြောင့်စင်းစင်းလေး၊ နောက်ပိုင်းမှာ အောက်နား ကောက်တဲ့ အလိပ်လိပ်လေးနဲ့ စုံလို့ပါပဲ။ ဒါတွေ အကုန်လုံးကို တစ်ချက်တည်း ရိုက်ချလိုက်နိုင်တဲ့ နည်းကတော့ hair rebonding ပါပဲ။ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်နဲ့ အမျိုးစုံ ပြင်ဆင်ထားခဲ့ဖူးတဲ့ ဆံသားတွေဟာ တဖြည်းဖြည်းနဲ့ အဖျားတွေ နှစ်ခွ ကွဲလာမယ်၊ ခြောက်သွေ့လာမယ်၊ အရောင်အဆင်း ပျက်လာမယ်၊ ဖြီးမရ ဖြည်မရ ရှုပ်ထွေးလာမယ်၊ ပြတ်ထွက်လာမယ်၊ ဆံပင် ကျွတ်မယ် စတဲ့ ပျက်စီးမှုပေါင်းစုံ ကြုံလာရနိုင် ပါတယ်။ဒီလို အချိန်မှာ ဆံသား ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်တဲ့ နည်းအဖြစ် hair rebonding treatment ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ hair rebonding လုပ်ရင်ဆံသားကို ဖြောင့်စင်းပြီး အိသွားစေတယ်၊ အရောင် တောက်ပစေတယ်၊ လေတိုက်ရင်တောင် ဆံပင် မရှုပ်စေတဲ့ အထိ ထိန်းသိမ်းရ လွယ်စေမယ်။ ဒါ့ကြောင့် ဆံပင်က ကောက်နေလား၊ဆံသား ခြောက်ပြီး ပွနေလား၊ ရှုပ်ထွေးနေလား ဘာလာလာ ဖြေရှင်းပေးနိုင် ပါလိမ့်မယ်။Hair Rebonding လုပ်ထားတဲ့ ဆံပင်ဟာ –။ဒါပေမယ့် rebonding လုပ်တဲ့ အချိန်မှာ ဓာတုပစ္စည်းတွေ အဓိက ပါတာပါပဲ။ ဓာတုပစ္စည်းတွေနဲ့ ဆံသားကို ထိတွေ့စေမှတော့ ဆံသားကျန်းမာလာဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူးနော်။ အရင် ဆံပင် ပြုပြင်မှုတွေကြောင့် ဖြစ်လာတဲ့ဆံသား ပျက်စီးမှုတွေကို ငြိမ်ဝပ်ပြီး ဖြောင့်စင်းသွားစေတာတော့ ရှိနိုင်ပါတယ်။ ကြည့်လို့ ကောင်းလာမယ်၊ သပ်ရပ်လာမယ်၊ ပြန်ကျန်းမာသွားသလို ဖြစ်လာနိုင်တယ်။ဒီနည်းနဲ့ လုပ်ပြီးတဲ့အခါ ဆံသားဟာ ပိုအားနည်းပြီး ထိခိုက်လွယ်လာတဲ့အတွက် ပိုပြီးတောင် ဂရုစိုက်ရပါမယ်နော်။ သူက ဓာတုပစ္စည်းတွေသုံးပြီး ဆံသားရဲ့ သွင်ပြင်ပုံစံတွေကို ပြောင်းလဲစေတာဖြစ်ပါတယ်။ တစ်ခါတလေ လုပ်တာ ရပေမယ့် နောက်ပိုင်း ပုံမှန် လုပ်မယ် ဆိုရင်တော့ ဆံသား ပိုပျက်စီးနိုင်ပါတယ်။ သုံးခဲ့ရတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံပင် ပိုကျွတ်စေနိုင်ပါတယ်။Rebonding လုပ်ထားပြီးရင် ဆံပင်ပိုမထိခိုက်အောင်လို့ ဒါလေးတွေ သတိထားနော် –။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-rebonding-and-hair-health/
ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် ကိုယ်ခန္ဓါမှာ ဘာတွေဆက်ဖြစ်သေးလဲ ။ ။
သေခြင်းတရားဆိုတာ ရှောင်လွဲလို့မရတဲ့ လောကနိယာမ တစ်ခုဆိုတာ လူတိုင်းလက်ခံထားကြတဲ့အရာတစ်ခုပါ။ လူတစ်ယောက် မွေးဖွားလာပြီဆိုကတည်းက တစ်နေ့ကျရင်သေရမယ့်လူချည်းပါပဲ။ မွေးဖွားပြီး နောက်ပိုင်း ကြီးထွားလာမှု အဆင့်ဆင့်ကိုသာ လူတွေသိကြပေမယ့် သေသွားပြီး နောက်ပိုင်း ၁၂ နာရီအတွင်း ကိုယ်ခန္ဓါမှာ ဘာပြောင်းလဲမှုတွေ ဖြစ်သလဲဆိုတာ သေသွားတဲ့သူကိုယ်တိုင်လည်း မသိနိုင်တဲ့အပြင် ကျန်ရစ်ခဲ့တဲ့ မိသားစုလည်း ဘယ်သူမှ အတွင်းကျကျ မသိကြပါဘူး။ စာဖတ် ပရိသတ်ကြီးရောသိချင်ကြလား။ ။ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် အသက်ဝိညာဉ်မရှိတော့လို့ ကျန်ခဲ့တဲ့ ရုပ်အကြွင်းကြီးလည်း ချက်ချင်း သူလုပ်နေတဲ့ အလုပ်တွေကို ရပ်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ။သေအံ့ဆဲဆဲ အခိုက်အတန့်။ ။ခုန်နေကျ ဘယ်ဘက်တစ်ခြမ်းကနှလုံးလေးလည်းမခုန်တော့ဘူး၊ နှာသီးဖျားလေးက လေဝင်လေထွက်လည်း မရှိတော့တဲ့ အချိန်ဆို အသက်မရှိတော့ဘူးလို့ အားလုံးက သတ်မှတ်ထားကြပါတယ်။ သေသွားတဲ့အချိန် နှလုံးတို့၊အဆုတ်တို့သာ ချက်ချင်းရပ်သွားပေမယ့် အလုပ်ဆက်လုပ်နေရတဲ့သူတွေ အများကြီးရှိပါသေးတယ်။ သူတို့ထဲကမှ နာမည်ကြီးကို ပြောရမယ်ဆိုရင်ဦးနှောက်ေပါ့။ ဦးနှောက်တစ်ခု ဆက်ပြီး အလုပ်လုပ်နေသေးတဲ့သူကို ရုပ်ပိုင်းဆိုင်ရာအရ သေသွားပြီလို့ ပြောလို့မရသေးပါဘူး။ ဒါဆို ဘယ်အချိန်မှ ဦးနှောက်က အလုပ်လုပ်တာရပ်မှာလဲ ။ ။သေပြီးနောက် ၁ နာရီ။ ။လူတစ်ယောက်သေသွားပြီဆိုရင် လက်ကလေး ပျော့ပြီး ပြုတ်ကျသွားတာမျိုး ရုပ်ရှင်တွေထဲမှ ပြလေ့ရှိတယ်မလား။သေပြီးနောက် ၂ နာရီမှ ၆ နာရီအတွင်း။ ။သေပြီးနောက် ၇ နာရီကနေ ၁၂ နာရီ။ ။၁၂ နာရီနောက်ပိုင်း ။ ။အချုပ်ပြောရမယ်ဆိုရင် သေပြီးပြီးချင်း ကိုယ်ခန္ဓါကအလုပ်တွေ အားလုံး ရပ်တန့်သွားတာမဟုတ်ပါဘူး။ သေပြီး ၃ နာရီဝန်းကျင်လောက်မှာ ကြွက်သားတွေ စတောင့်လာမယ်။ ကြွက်သားတောင့်တာက ၁၂ နာရီလောက်အထိပဲ ရှိနေတတ်ပါတယ်။၁၂ နာရီနောက်ပိုင်းကျရင်တော့ ကြွက်သားတွေ တစ်ဖန် ပျော့သွားဦးမှာပါ ။ခန္ဓါဆီမီးချုပ်ငြိမ်းပြီးနောက် ဘာတွေဆက်ဖြစ်သေးလဲ ဆိုတာကို သေသွားတဲ့ သူကလည်း မပြောနိုင်၊ ကျန်ရစ်တဲ့သူတွေကလည်း မသိနဲ့ မရှင်းမရှင်းဖြစ်နေသူများအတွက် ရည်ရွယ်ပါတယ်။ ။Dr. Thin Yadanar။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/what-happens-to-my-body-right-after-i-die/
ငှက်ပျောဖူး ကြိုက်ကြလား..............
ငှက်ပျောဖူးကို သနပ်စုံသုပ်တွေထဲမှာ အများဆုံး စားမိနိုင်ပါတယ်။ ငှက်ပျောဖူးက သုပ်စားလို့ရသလို ငါးနဲ့ချက်စားတာ။ အရွယ်တော်လေး တုံးပြီး မုန့်နှစ်နဲ့စိမ်လို့ အကြွပ်ကြော်စားတာတွေပါ လုပ်စားလို့ ရပါသေးတယ်။ဝါးရတာ အရသာရှိလှတဲ့ ငှက်ပျောဖူးကို လေချုပ်မှာစိုးလို့ မစားတဲ့သူ များပေမယ့် ငှက်ပျောဖူးက အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေပေးစွမ်းပါတယ်။ငှက်ပျောဖူး ဆိုတာက ငှက်ပျောပင်ရဲ့ အဖူးပါ။ ငှက်ပျောသီး နုနုလေးတွေ စီနေတဲ့အရာပေါ့။ အပေါ်ခွံက နီနီရဲရဲလေးပါ။ တကယ်ကတော့ ငှက်ပျောပင်ရဲ့ ပန်းပေါ့။ငှက်ပျောဖူးကို ပြုတ်ပြီး တို့စားကြသလို သနပ်သုပ် လုပ်စားတာ၊ အချဉ်စိမ်စားတာ၊ သုပ်စားတာဆိုပြီး အမျိုးမျိုး လုပ်စားလို့ရပါတယ်။စားရတာ အရသာရှိတဲ့ ငှက်ပျောဖူးလေးက။ငှက်ပျောဖူးမှာ ethanol ပါဝင်နေတာကြောင့်ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အနာကျက်စေနိုင်သလို ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ငှက်ပျောဖူးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့်ဆီးချိုရှိသူတွေစားပေးလို့ရပါတယ်။နောက်ထပ် အကျိုးကျေးဇူး တစ်ရပ်က ဟီမိုဂလိုဘင် ပမာဏကို မြင့်တက်စေတာကြောင့်သွေးနီဥဆဲလ်ထုတ်လုပ်မှုကို တိုးစေပါတယ်။သွေးအားနည်းရောဂါမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။နို့တိုက် မေမေတွေ နို့ထွက်များစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ငှက်ပျောဖူးက သွေးတအားဆင်းတာ၊ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သားအိမ်ကိုလည်း ကျန်းမာစေပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ငှက်ပျောဖူးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင်နာတာရှ​ည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ငှက်ပျောဖူးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံစေနိုင်ပြီးကိုယ်အလေးချိန်ကျစေဖို့ထောက်ပံ့ပေးပါတယ်။ အခြောက်ခံထားတဲ့ ငှက်ပျောဖူးကို ရေနွေးထဲ စိမ်သောက်တာကလည်း ဝိတ်ကျစေဖို့ ထောက်ကူပေးမှာပါ။ငှက်ပျောဖူးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် စိတ်ပူပန်တာ၊စိတ်ဓာတ်ကျတာကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေနိုင်ပါတယ်။ငှက်ပျောဖူးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှု ကောင်းစေသလို ဝမ်းချုပ်တာလည်း ကင်းစေပါတယ်။မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကလည်း အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ဒါတွေအပြင် ငှက်ပျောဖူးက ဗီတာမင် A၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပြီး။ကဲ ငှက်ပျောဖူးကို အရသာရှိရှိလေးစားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။ငှက်ပျောဖူးက ကျန်းမာရေး အကျိုးများတယ်။ စားရတာ အရသာရှိတယ်ဆိုပေမယ့် အများကြီးစားရင် လေချုပ်တာ ဗိုက်အောင့်တာတွေ ဖြစ်နိုင်တာကြောင့် အများကြီး မစားဖို့ ပြောပါရစေ။ရောဂါ အခံရှိသူတွေ၊ ရောဂါတစ်ခုခုကြောင့် ဆေးပုံမှန် သောက်နေရသူတွေ၊ လေပြဿနာ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/banana-blossom-benefits/
မျက်နှာကို လက်နဲ့မထိပါနဲ့
တစ်နေ့မှာ ဘယ်နှကြိမ်လောက်မျက်နှာကို လက်နဲ့ထိတတ်လဲ။မျက်နှာသစ်တဲ့အချိန်မိတ်ကပ်လိမ်းတဲ့အချိန်မဟုတ်ဘဲလေ။တော်တော်များများပဲမဟုတ်လား။ လက်ကအားနေတိုင်းဖြစ်ဖြစ်၊တစ်ခုခုတွေးနေရင်းဖြစ်ဖြစ် လက်ကရောက်မှန်းမသိ မျက်နှာပေါ်ရောက်ရောက်သွားတတ်တယ်ဟုတ်။ လက်ကနေရာတိုင်းကိုထိတွေ့နေတာပါ။ တံခါးလက်ကိုင်ဘုတွေကို ကိုင်ရတာလည်း ဒီလက်ပဲ။ ဖုန်းသုံးရင်လည်း ဒီလက်ပဲ။ ဖိနပ်စီးလည်း ဒီလက်ပဲ။ ဘာလုပ်လုပ်လက်ချောင်းတွေကို အများဆုံးအသုံးပြုရတာပါ။ အရာရာကိုထိတွေ့နေရတဲ့ လက်ချေင်းတွေမှာ ဘက်တီးရီးယားတွေက ထောင်နဲ့ချီပြီးရှိနေနိုင်ပါတယ်။ ဒီလိုမျိုးအရာရာမှာ အသုံးဝင်တဲ့ဒီလက်တွေက မျက်နှာအသားအရေအတွက်တော့ရန်သူပါပဲ။မျက်နှာကို လက်နဲ့ထိတွေ့တဲ့အခါဘက်တီးရီးယားတွေကို မျက်နှာပေါ်တင်ပေးလိုက်သလိုဖြစ်ပြီးအရေပြားထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ မျက်နှာကိုလက်နပြထိရုံတင်မဟုတ်ဘဲ ကုတ်မယ်။ ဖဲ့မယ်ဆိုရင်တော့အရေပြားကရောင်ရမ်းပိုးဝင်တာမျိုးတွေအထိတောင်ဖြစ်လာနိုင်ပါတယ်နော်။ မျက်နှာကို လက်နဲ့ခဏ ခဏထိတွေ့တဲ့အခါ –။ရောဂါပိုးတွေပြန့်နိုင်တယ်။လက်ချောင်းက ကီးဘုတ်တွေကိုထိတွေ့ထားသလို၊မောက်စ်၊ ပိုက်ဆံ၊ခြေထောက်၊ဖိနပ် နဲ့ အခြားသောအရာတွေကို ထိတွေ့မိနိုင်ပါတယ်။ ဒီအရာတွေမှာဘက်တီးရီးယားတွေရှိနေနိုင်ပြီး လက်ချောင်းတွေမှာ ကပ်ငြိလာနိုင်ပါတယ်။လက်ချောင်းတွေနဲ့ မျက်နှာကိုထိတွေ့လိုက်တဲ့အခါ ဘက်တီးရီးယားတွေကို မျက်နှာပေါ်ကို အခမဲ့ပို့ဆောင်ပေးလိုက်သလိုဖြစ်သွားပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။အရေပြားပြဿနာတွေကို ပိုဆိုးစေနိုင်တယ်။ဝက်ခြံတွေကို ဆိတ်ဆွတာ၊လက်နဲ့ညှစ်တာတွေက အရေပြားကို ပိုးဝင်စေပြီးချွေးပေါက်တွေအတွင်းမှာ ဘက်တီးရီးယားပေါက်ဖွားမှုတွေဖြစ်ပြီး ရှိရင်းစွဲအရေပြားပြဿနာတွေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာမျိုးမလုပ်ပါနဲ့။မျက်အိတ်တွဲစေနိုင်တယ်။မျက်လုံးတစ်ဝိုက်ကို လက်ချောင်းတွေနဲ့ ခဏခဏထိတွေ့မှုကမျက်လုံးတစ်ဝိုက် အရေပြားတွေကို လျော့ရဲလာစေပြီး မျက်အိတ်တွဲတာတွေကို ဖြစ်လာစေပါတယ်။ မျက်လုံးတစ်ဝိုက်က မျက်နှာအရေပြားရဲ့ အပါးလွှာဆုံးသော အရေပြားပါ။ မျက်လုံးတစ်ဝိုက်က အရေပြားအောက်မှာ ထိခိုက်လွယ်တဲ့ ဆံချည်မျှင်သွေးကြောလေးတွေရှိနေပါတယ်။ ဒါကြောင့် မျက်လုံးတစ်ဝိုက်အရေပြားကို ခဏခဏထိတွေ့မယ်ဆိုရင် သွေးကြောလေးတွေပေါက်သွားပြီး မျက်အိတ်တွေတွဲလာစေနိုင်ပါတယ်။မိတ်ကပ်တွေပျက်စေနိုင်တယ်။ဒါကတော့ သိသိသာသာတွေ့ရနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။ တစ်နေကုန်လှလှပပနေချင်လို့ လူးထားတဲ့ မိတ်ကပ်ကို လက်ချောင်းတွေနဲ့ခဏခဏမျက်နှာကို ကိုင်ရင်း မျက်နှာကို ကုတ်ရင်း၊ဖဲ့ရင်းကြောင့် မိတ်ကပ်တွေပျက်သွားပြီး မလှမပဖြစ်နိုင်ပါတယ်။ ကိုယ်လုပ်နေရတဲ့လုပ်ငန်းခွင်က လှပကြော့ရှင်းစွာနေထိုင်ဖို့လိုတယ်ဆိုရင်တော့ မျက်နှာကို ခဏခဏမကိုင်ပါနဲ့။အလေ့အထတစ်ခုက မွေးမြူရတာခက်သလို ဖျောက်ဖျက်ဖို့လည်း ခက်ပါတယ်။ ကိုယ်က အချိန်တိုင်းလိုလို မျက်နှာကို ကိုင်မိနေတတ်တဲ့သူဆိုရင်တော့ ဒီအလေ့အထကို ဖျောက်ဖျက်ဖို့ တော်တော်လေးခက်မှာပါ။ ဒါပေမယ့် မျက်နှာအသားအရေလေး လှလှပပလေးဖြစ်နေချင်တယ်ဆိုရင်တော့ ဒီဖျောက်ရခက်တဲ့ အနေအထားကို မဖြစ်မနေကျော်လွှားရမှာပါ။ မျက်နှာကို လက်နဲ့ခဏခဏသွားကိုင်တာက ဖျောက်ရခက်တဲ့အမာရွတ်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးဖြစ်စေဖို့အတွက် မျက်နှာကို လက်နဲ့ခဏခဏသွားကိုင်မိတဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲပြောပြမယ်နော်။သတိထားနေရက်နဲ့ အမှုမဲ့အမှတ်မဲ့ဖြစ်သွားတိုင်း လက်ချောင်းတွေက မျက်နှာကို သွားသွားကိုင်မိနေတယ်ဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါ။ဒီလိုနည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ပြီး မျက်နှာကို လက်နဲ့ ခဏခဏမကိုင်မိအောင်ဂရုစိုက်ပေးပါ။ မျက်နှာကို လက်နဲ့မကိုင်မိလေလေရောဂါကင်းလေလေဖြစ်ပြီး အသားအရေလည်းကျန်းမာလှပလာမှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%80%e1%80%ba%e1%80%94%e1%80%b2%e1%80%b7%e1%80%99%e1%80%91%e1%80%ad%e1%80%95%e1%80%ab%e1%80%94/
အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာတဲ့အခါ
ရေသားသူ – မောင်မျိုးအောင် (ဆေး – ၁)။(Osteo Arthritis) အရိုးအဆစ်ရောင်ရောဂါဆိုတာကတော့အဆစ်ရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေ ၃၂၇သန်းရှိတဲ့အနက် ၂၇သန်းခန့်ဟာ အရိုးအဆစ်ရောင်ရောဂါကိုခံစားနေရပါတယ်။အရိုးနှစ်ခုရဲ့ ဆက်သွယ်တဲ့နေရာကြားမှာ ပွတ်တိုက်မှုတွေနည်းပြီး အဆစ်တွေက ပိုချောချောမွေ့မွေ့လှုပ်ရှားနိုင်အောင် ကူညီပေးတဲ့ အရိုးနုလေးတွေ တဖြည်းဖြည်းချင်း ပျက်စီးလာတာက ဒီရောဂါရဲ့ဝိသေသတစ်ခုပဲဖြစ်ပါတယ်။အရိုးအဆစ်ရောင်ရောဂါရဲ့ အဖြစ်များတဲ့နေရာတွေကတော့။-တင်ပါးဆုံဆစ်။-လက်ဆစ်။-ဒူးခေါင်းဆစ်။-နောက်ကျောပြင်နဲ့။-လည်ပင်းတစ်ဝှိက်နေရာတို့ပဲဖြစ်ပါတယ်။ကိုယ်အလေးချိန်လျော့ချခြင်းက အရိုးအဆစ်ရောင်ရောဂါကြောင့်ရရှိလာတဲ့ နာကျင်မှုကိုနည်းပါစေဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။ Penn State College of Medicine ကနေပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် အရိုးအဆစ်ရောင်ရောဂါအတွက် အခြားကုသမှုတွေလုံးဝမခံယူပဲ ကိုယ်အလေးချိန်လျော့ကျစေတဲ့ ကုထုံးတွေ၊ ခွဲစိတ်မှုတွေပဲပြုလုပ်ခဲ့တဲ့သူတွေဟာ အများကြီးပိုပြီး နေလို့ထိုင်လို့ကောင်းလာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ အားကစားပြုလုပ်ရာမှာလည်း ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။ဒါကြောင့် အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေပုံမှန်ပြုလုပ်ချင်းဟာ ကိုယ်အလေးချိန်လျော့ချဖို့နဲ့အရိုးပွရောဂါကြောင့်ဖြစ်လာတဲ့ နာကျင်မှုကိုလျော့ချနိုင်ဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။နာကျင်ခြင်းဝေဒနာကို ခံစားနေရတဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမယ့်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဆစ်တွေဝန်းကျင်က ကြွက်သားတွေနဲ့တစ်ရှူးတွေကိုသန်မာစေတဲ့အတွက် ရောင်ရမ်းခြင်းနဲ့နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။အော်ရီဂွန် Health and Science university က အရိုးအကြောနဲ့ပြန်လည်သန်စွမ်းရေး လက်ထောက် ပရော်ဖက်ဆာတစ်ဦးဖြစ်သူ ဒေါက်တာ Nels Carlson ကတော့။” လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ အရိုးအဆစ်ရောင်ရောဂါဝေဒနာရှင်တွေအတွက် သိပ်အရေးကြီးတဲ့ ဘဝနေထိုင်မှုပုံစုံပြောင်းလဲခြင်းပဲ၊ ကိုယ်အလေးချိန်လျော့ချဖို့အတွက်လည်း လေ့ကျင်ခန်းက အဓိကအကျဆုံးပါပဲ။ ” လို့ဆိုပါတယ်။ရေကူးတာ၊ စက်ဘီးနင်းတာနဲ့ လမ်းလျောက်ပေးတာတို့ကလည်း တစ်ကိုယ်ရေသန်စွမ်းစေတဲ့အပြင် ကယ်လိုရီတွေကိုလည်းလောင်ကျွမ်းစေပါတယ်။ရေခဲကပ်တာက ရောင်ရမ်းခြင်းနဲ့နာကျင်မှုတွေကို သက်သာစေတယ်ဆိုတာ အားလုံးသိကြပြီးနေမှာပါ။ ရေထည့်ပြီး ပြန်သုံးလို့ရတဲ့ ရေပူရေအေးအိတ်တွေက သုံးရအဆင်အရမ်းပြေပါတယ်။ ဒါပေမယ့်သူတို့ကို မိနစ် ၂၀ထက်ပိုပြီး တိုက်ရိုက် အသားအရေနဲ့ထိတွေ့စေတာမျိုးကို ရှောင်ကြဉ်ရပါမယ်။လေ့ကျင်ခန်းမလုပ်ခင် ရေပူအိတ်လေး ခေတ္တကပ်ပေးတာ၊ ရေပူနဲ့ရေချိုးပေးတာမျိုးလုပ်ပေးခြင်းကလည်း အဆစ်အမြစ်တွေကို နာကျင်မှုနည်းပါးစေပြီး လှုပ်ရှားမှုကိုပိုပြီးအဆင်ပြေစေပါတယ်။Acetaminophen ဆိုတာက အရိုးအဆစ်ရောင်ရောဂါအတွက် သက်သေစေတဲ့ဆေးတစ်မျိုးပါ၊ အကယ်၍ Acetaminophen ကမသက်သာစေဘူးဆိုရင်တော့Ibuprofenနဲ့Naproxenတို့က နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းကိုသက်သာစေပါလိမ့်မယ်။ ဒါပေမဲ့ ဒီဆေးတွေကိုအလွန်အကျွံအသုံးပြုခြင်းကတော့ အသည်းနဲ့ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဒီလိုဆေးဝါးတွေနဲ့မသက်သာတော့ဘူးဆိုရင်တော့ ဆရာဝန်တွေကTramadolလိုအနာသက်သာဆေးမျိုးကို ခဏတဖြုတ်သောက်သုံးဖို့အတွက်ညွှန်ကြားရတော့မှာပါ။” လေ့လာမှုတွေအရဆိုရရင်တော့Glucosamineနဲ့ Chondroitin Sulfate လို့ခေါ်တဲ့ ဖြည့်စွက်စာတွေကလည်း ဒဏ်ရာရနေတဲ့ အရိုးနုလေးတွေကို ပြန်လည်သက်သာလာအောင် အထောက်အကူပြုနိုင်တယ် ” လို့ဒေါက်တာကာဆင် ကဆိုပါတယ်။တစ်ခါတစ်လေမှာတော့ ရောင်ယမ်းနေတဲ့အဆစ်နေရာတွေကို မလှုပ်မရှားအောင်ပြုလုပ်ပေးခြင်းဟာလည်း နာကျင်မှုနဲရောင်ယမ်းမှုကိုသက်သာစေပါတယ်။ ဒူးပတ်တီးတွေက ဒူးပတ်ဝန်းကျင်နာကျင်မှုကို လျော့ကျစေနိုင်ပါတယ် ဒါပေမဲ့ အထူးပြုလုပ်ထားတဲ့ကြပ်စီးတွေနဲ့ ဖိနပ်လိုအရာတွေကတော့ အခြားနေရာတွေကိုပါ သက်သာစေမှာပါ။ သတိပြုရမယ့် တစ်ချက်ကတော့ ဒီကိရိယာတွေက ဒီရောဂါကြောင့်ဖြစ်လာတဲ့ နာကျင်မှုနဲ့ရောဂါလက္ခဏာတွေကိုပဲ သက်သာစေမှာဖြစ်ပြီး ရောဂါဖြစ်စေတဲ့နောက်ခံအကြောင်းအရာတွေကို ပျောက်ကင်းစေမှာတော့မဟုတ်ပါဘူး။အခြားနည်းလမ်းတွေ အသုံးပြုလို့မသက်သာဘူးဆိုရင်တော့ စတီးရွိုက်ထိုးဆေးတွေက ရောင်ယမ်းခြင်းကိုသက်သာစေပြီး နာကျင်မှုကိုလည်းလျော့စေပါလိမ့်မယ်။viscosupplementation လို့ခေါ်တဲ့ရောင်ယမ်းနေတဲ့ အဆစ်အတွင်းကို hyaluronic acid လို့ခေါ်တဲ့ ချောဆီလိုဆေးတစ်မျိုး တိုက်ရိုက်ဆေးထိုးတဲ့နည်းလမ်းက ခံစားနေရတဲ့အဆစ်နေရာလှုပ်ရှားမှုကို အချိန်တိုအတွင်းတိုးတက်စေပါလိမ့်မယ်။ ဒီနည်းလမ်းကတော့ ဒူးအရိုးအဆစ်ရောင်ရောဂါတစ်ခုထဲမှာပဲ လတ်တလောအသုံးပြုလို့ရသေးပေမယ့် တခြားနေရာမှာအသုံးပြုလို့ရမရကို ပညာရှင်တွေကလေ့လာနေကြပြီလည်း ဖြစ်ပါတယ်။အပေါ်ကနည်းလမ်းတွေအကုန်နဲ့မှ မရတော့ဘူးဆိုရင်တော့ ခွဲစိပ်ခြင်းကရွေးချယ်စရာတစ်ခုအနေနဲ့ကျန်ရှိဦးမှာပါ။အရိုးခွဲစိတ်တဲ့နည်းလမ်းတွေကတော့။-Osteotony လို့ခေါ်တဲ့ အရိုးကိုဖြတ်တောက်ပြီး နာကျင်နေတဲ့နေရာက force ကိုလမ်းလွှဲပေးတဲ့နည်းလမ်း၊။-Bone fusion လို့ခေါ်တဲ့ အနီးအနားရအရိုးနှစ်ခုကိုပူးကပ်ပြီး အဆစ်ကိုပိုပြီးခိုင်ခံအောင်လုပ်တဲ့နည်းလမ်း ( ဒီနည်းလမ်းက ခွဲစိပ်တဲ့အဆစ်ရဲ့ လှုပ်ရှားမှုကိုကန့်သတ်ပြစ်လိုက်တာမျိုးတော့ ရှိနိုင်ပါတယ်)။-Joint replacement လို့ခေါ်တဲ့အဆစ်တစ်ခုလုံးကို ပလတ်စတစ် ဒါမှမဟုတ် သတ္ထုကိရိယာနဲ့အစားထိုးတဲ့နည်းလမ်း ( ဒီနည်းလမ်းကတော့ အနှစ်၂၀လောက်အထိခံပြီး ပုံမှန်လှုပ်ရှားနိုင်တဲ့ဘဝကို ပြန်လည်ရရှိစေနိုင်ပါတယ်။ ) တို့ကိုလ။လုပ်ဆောင်ကြပါတယ်။**********************************။နောက်ဆုံးအနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ အရိုးအဆစ်ရောင်ရောဂါဟာ ကိုယ့်ရဲ့လှုပ်ရှားမှုကို ကန့်သတ်ခံရတဲ့အတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေပြုလုပ်ဖို့တောင်ခက်ခဲစေပါတယ်။ ကုသဖို့နည်းလမ်းတွေကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း အများကြီးရှိပါတယ်။ ကိုယ်အလေးချိန်လျော့ချတာနဲ့ လေ့ကျင့်ခန်းလုပ်တာကတော့ ကောင်းမွန်တဲ့ပူးတွဲလုပ်ဆောင်ချက် ၂ခုလို့ပြောလို့ရပါတယ်။ အကယ်၍ အရိုးအဆစ်ရောင်ရောဂါဖြစ်လာပြီဆိုရင်တော့ ရောဂါအခြေအနေကို ဆရာဝန်နဲ့ဆွေးနွေးပြီး ပုံမှန်ကုသမှုတွေခံယူဖို့လိုအပ်ပါတယ်။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/relieve-bone-hurt/
IBS အကြောင်းဘာတွေသိထားသင့်လဲ
အများအားဖြင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းကိုတော့ အားလုံးနီးပါးခံစားဖူးပါတယ်။ ဒါပေမယ့် နာကျင်ခြင်းတစ်ခုထဲမဟုတ်ဘဲ ရူးချင်လောက်အောင် စိတ်ညစ်စရာကောင်းတဲ့ တခြားသောလကဏာတွေရှိပါသေးတယ်။ တချို့အတွက်တော့ IBS လို့ခေါ်တဲ့ ဗိုက်မကောင်းခြင်းပြဿနာတစ်ခုကို နေ့တိုင်းကိုင်တွေဖြေရှင်းနေရတတ်တယ်။IBS ဆိုတာ တွေ့ရလေ့ရှိတဲ့ နာတာရှည် အစာခြေစနစ်ပြဿနာတစ်ခုဖြစ်တယ်။ IBS မှာ များသောအားဖြင့် ဗိုက်ရစ်ရစ်ပြီးနာခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်တတ်တယ်။IBS ဟာ လူငါးယောက်မှာတစ်ယောက်အနည်းဆုံး ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။ အသက် ၂၀ နဲ့ ၃၀ အတွင်းဖြစ်တတ်ပြီး အမျိုးသမီးတွေမှာအမျိုးသားတွေထက် ၂ ဆပိုပြီးဖြစ်တတ်တယ်။IBS ဟာ အသက်အန္တရာယ်မထိခိုက်ပေမယ့် အချိန်ကြာ သေချာကိုင်တွယ်ရင်ဆိုင်ရမယ့် နာတာရှည်ရောဂါတစ်ခုဖြစ်တယ်။လက္ခဏာတွေကလူတစ်ယောက်နဲ့တစ်ယောက်မတူဘဲ တချို့မှာပိုဆိုးတတ်တယ်။ ရက်အနည်းငယ်မှ လအနည်းငယ်ထိကြာတတ်ပြီး စိတ်ဖိစီးချိန် သို့ တစ်ခုခုစားမိတဲ့အခါ ပိုကြာတတ်ပါတယ်။အူများလှုပ်ရှားပြီးလျှင် တနည်း ဝမ်းသွားပြီးချိန်မှာ လက္ခဏာတွေသက်သာသွားတတ်ပြီး နာတာရှည်ဖြစ်တတ်တယ်ဆိုသော်လည်း သေချာထိန်းသိမ်းကိုင်တွယ်တတ်ပါက နှစ်အနည်းငယ်အကြာမှာ ပျောက်သွားတတ်ပါတယ်။ ။များသောအားဖြင့် ဗိုက်နာခြင်းနှင့် နောက်ဖေးသွားခြင်းအလေ့အကျင့်ပြောင်းလဲခြင်း တို့ဖြစ်တတ်ပါတယ်။ ဥပမာ – ဝမ်းချုပ်လေ့ရှိသူများက ဝမ်းသွားခြင်းနဲ့ ဝမ်းချုပ်ခြင်းတလှည့်စီခံစားရတာမျိုးဖြစ်တယ်။ ဗိုက်နာမှုက များသောအားဖြင့် စားပြီးချိန်မှာပိုဆိုးတတ်ပြီး နောက်ဖေးသွားပြီးလျှင် သက်သာသွားတတ်ပါတယ်။ IBS လက္ခဏာတွေက တစ်ချိန်နဲ့တစ်ချိန်မတူဖြစ်တတ်ပြီး ပြောင်းလဲတတ်ပါတယ်။ တခါတလေပျောက်ပြီးမှ ပြန်ပေါ်လာတာမျိုးလည်းရှိတတ်တယ်။ အဖြစ်များဆုံးလက္ခဏာတွေကတော့-။· ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း။· ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ စသည်ဖြင့်ပြောင်းလဲခြင်း။· လေပွခြင်း၊ ဖောခြင်း။· ဝမ်းမနိုင်ခြင်း။· ဝမ်းကျန်သည်ခံစားရခြင်း။· ဝမ်းသွားလျှင်ချွဲများပါခြင်း။အများစုအတွက် IBS ဟာနာတာရှည်ဖြစ်ပြီး လက္ခဏာတွေပိုဆိုးလာတဲ့အချိန်ရှိတတ်သလို ပျောက်ကင်းသွားတဲ့အချိန်တွေလည်းရှိပါတယ်။IBS ဖြစ်ရတဲ့အကြောင်းအရင်းကိုသေချာမသိသေးပေမယ့် အူများလုပ်ဆောင်မှု၊ လှုံ့ဆော်မှုကိုလက်ခံမှုတွေမှာ မူမမှန်ဖြစ်ပြီး အစာချေခြင်းမှာပြဿနာရှိတယ်လို့ထင်ကြပါတယ်။ တချို့ကတော့ အူများလှုပ်ရှားမှုမှာ ဦးနှောက်စိတ်ပိုင်းဆိုင်ရာကဏ္ဍအနေနဲ့ပါနေတယ် လို့လည်းဆိုကြပါတယ်။ ဒါကြောင့် IBS ကို ဦနှောက်နဲ့ အူကြားမှ ရောဂါလို့ဆိုကြတယ်။ ဆိုလိုသည်က အူမှနာကျင်မှုကို ပိုခံစားလေလေ၊ ဦးနှောက်မှ ထိုနာကျင်မှုကိုဖြေရှင်းဖို့ အူကိုပိုလှုပ်ရှားစေလေလေဖြစ်တယ်။ အစာများ အူလမ်းကြောင်းကို မြန်မြန် သို့ နှေးနှေးဖြတ်သွားတဲ့ပေါ်မူတည်ပြီး ဝမ်းချုပ်တာလည်းဖြစ်နိုင်သလို၊ ဝမ်းသွားတာလည်းဖြစ်နိုင်ပါတယ်။ကုသနည်းမရှိပါဘူး။ ဒါပေမယ့် လက္ခဏာတွေကိုတော့ စားသောက်မှု၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဥပမာ-။· သင့်လက္ခဏာတွေဖြစ်လာစေတဲ့ စားစရာ၊ သောက်စရာတွေကိုသတိပြုထားပြီးရှောင်ကျဉ်ခြင်း။· သင့်အစားအစာတွင်အမျှင်ဓါတ်တိုးစားခြင်း။· ပုံမှန်လှုပ်ရှားမှုလုပ်ခြင်း။· စိတ်ဖိစီးမှုလျှော့ချခြင်း။နေထိုင်မှုပုံစံများပြောင်းလဲခြင်းက IBS လက္ခဏာများကို လုံးဝမသက်သာစေပါက တရားထိုင်ခြင်းက အကူအညီဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ သာမန်နဲ့ အလယ်အလတ်မျှသော လက္ခဏာရှိသူများအတွက်တော့ တခါတလေတရားထိုင်ခြင်းနဲ့တင်လုံလောက်ပါတယ်။· Antispasmodics [e.g., dicyclomine (Bentyl), hyoscyamine (Levsin)].။· ဝမ်းပိတ်ဆေးများ [e.g., loperamide (Imodium), diphenoxylate (Lomotil)].။· ဝမ်းပျော့ဆေးများ။· စိတ်ပူပန်မှုလျော့ကျစေသောဆေးများ။IBS ရှိသူများတွင် အနည်းမျှသောလူများမှာသာ လက္ခဏာပြင်းပြင်းထန်ထန်ရှိတတ်ပါတယ။် တချို့လူတွေက စားသောက်မှု၊ နေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုများလျှော့ချပြောင်းလဲခြင်းဖြင့် လကဏာတွေကို ကိုင်တွယ်ဖြေရင်းကြပါတယ်။ တချို့လူတွေကတော့ ဆွေးနွေးခြင်းနဲ့ ဆေးဝါးများလိုအပ်ပါတယ်။IBS ဟာမှန်းထားလို့မရပါဘူး။လက္ခဏာမပြဘဲ လပေါင်းများစွာနေပြီးမှ ရုတ်တရတ်ကြီးပေါ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ IBS မှာ သက်သာရာရနည်းက ထိုရောဂါဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးဆက်နွယ်နေတယ်ဆိုတာ သိထားဖို့ပဲဖြစ်တယ်။ အကောင်းဆုံးကုသမှုက နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြစ်တယ်။တချို့သောစားစရာတွေက လက္ခဏာတွေကို ပိုဆိုးစေတတ်တယ်ဆိုရင် ထိုအစာကိုရှောင်သင့်တယ်။စားပြီးချိန်မှ ဗိုက်အောင့်၊ ဗိုက်နာတတ်ပါက အစားစားရာမှာ နည်းနည်းနဲ့ခဏခဏစားကြည့်သင့်ပါတယ်။IBS ရှိသူတွေဟာ အမျှင်ဓါတ်များများစားသင့်တယ။်အမျှင်ဓါတ်ဟာ ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်သလို ဝမ်းလျှောခြင်းကိုလည်းသက်သာစေနိုင်တယ်။ အစာကြေလွယ်တဲ့အမျှင်ဓါတ်ပါသောအစာတွေကတော့-။· အုတ်ဂျုံနဲ့လုပ်ထားသောအစာများ။· ငှက်ပျောသီး၊ ပန်းသီးကဲ့သို့ အသီးအနှံများ။· မုန်လာဥနီ၊ အာလူးကဲ့သို့ အမြစ်စာများ။· ပေါင်မုန့်။· စီရီယယ်။· အစေ့အစံများ။အစားအစာတွေအပြင် စားသောက်မှုပုံစံပါ ပြောင်းလဲသင့်ပါတယ်။ IBS လက္ခဏာတွေသက်သာစေဖို့-။· ပုံမှန်စားပါ၊ စားရာတွင်ဖြေးဖြေးစားပါ။· အစာအလွတ်မခံပါနဲ့၊ တစ်ခါနဲ့တစ်ခါကြားအချိန်အရမ်းမကြာစေပါနဲ့။· တစ်ရက်အရည် အထူးသဖြင့်ရေ၊ လက်ဖက်ရည်ကြမ်း အနည်းဆုံး ၈ ခွက်ခန့်သောက်ပါ။· ကော်ဖီ၊ လက်ဖက်ရည်လျှော့သောက်ပါ။ အများဆုံးတစ်ရက် ၃ ခွက်ပဲသောက်ပါ။· အယ်လ်ကိုဟော်၊ ဂတ်စ်ပါသောသောက်စရာများ လျှော့ပါ။· အစာကြေခက်သော ကဆီဓါတ်ပါသောစားစရာများ လျှော့ပါ။· လတ်ဆတ်သောအသီးအနှံကိုတစ်ရက်လျှင် သုံးအုပ်စုခန့်စားပါ။ တစ်အုပ်စုမှာ ပန်းသီး သို့ ဂရိတ်ဖရုသီးတစ်ဝက်ခန့်ဖြစ်တယ်။· ဝမ်းသွားလေ့ရှိပါက သကြားမပါသော သကြားလုံး၊ သောက်စရာများ၊့ ဆီးချိုသွေးချိုနဲ့ ဝိတ်လျှော့သူများအတွက်ထုတ်ထားသော အစာများတွင်ပါတတ်သည့် ဖန်တီးထားသောအချို sorbitol ရှောင်ပါ။· လေပွတတ်ပါက အုတ်ဂျုံဖြင့်ပြုလုပ်ထားသော အစာများစားကြည့်ပါ။အူလှုပ်ရှားမှုဟာ ဦးနှောက်ကထိန်းချုပ်တာကြောင့် စိတ်ဖိစီးမှုများခြင်းဟာ IBS ကိုပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုလျှော့ချဖို့ လုံလောက်စွာအနားယူပါ။IBS ဟာနာကျင်ရသလို စိတ်ကသိကအောက်လည်းဖြစ်ရပါတယ်။ လူအများစုဟာ စိတ်တို၊ စိတ်ဓါတ်ကျရပါတယ်။ ဒါကြောင့် ထိုရောဂါနဲ့ပတ်သတ်ပြီး နားလည်အောင်လေ့လာကာ သင့်လျောသောဆရာဝန်တစ်ယောက်နဲ့ ရင်းနှီးစွာတိုင်ပင်ပြီး သင့်ကိုယ်သင်လည်း စိတ်ဖိစီးမှုလျှော့ချရာမှာ သေချာပါဝင်လုပ်ဆောင်သင့်ပါတယ်။မိမိနေ့စဉ်ဘဝကိုထိခိုက်လာသည်အထိ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်ခြင်းတွေကြုံလာပြီဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။ ထိုပြနာတွေဟာ ကုသမှုမပါဘဲ ကောင်းခဲပြီး ဆရာဝန်မှ စိတ်ဓါတ်ကျခြင်းအတွက်ဆေး၊ သို့ မိမိအပြုအမူဆိုင်ရာကုသမှု CBT ပေးပြီး IBS ကိုကိုင်တွယ်ဖြေရှင်းနိုင်အောင်ကူညီပေးပါလိမ့်မယ်။ သင့်လျော်တဲ့ ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုသမှုတွေနဲ့ IBS ရှိနေသည့်တိုင်အောင ်ပုံမှန်ဘဝကို တက်ကြွပြည့်ဝစွာနေနိုင်ပါလိမ့်မယ်။IBS ဟာသင့်ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုမဟုတ်ဘဲ ကင်ဆာဖြစ်ခြင်း၊ တခြားရောဂါများဖြစ်ခြင်းနဲ့လည်း မသက်ဆိုင်နေပါဘူး။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/irritable-bowel-syndrome/ibs-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%98%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%ba/
မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား
မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား ။ ဒီအကြောင်း မပြောခင် အရင်ဆုံး မေးချင်တာလေး ရှိပါတယ်။မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် တကယ်တမ်းမှာ ဘာ Product မှ မလိုအပ်ပါဘူး။ ဒီလိုပြောဖို့အတွက် မိန်းမကိုယ်ရဲ့ သဘာဝကို အရင်ရှင်းပြဖို့ လိုအပ်လာပါပြီ။ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေ၊ မှိုတွေရဲ့ ရန်ကို တိုက်ထုတ်ဖို့ မိန်းမကိုယ်ထဲမှာ ကောင်းတဲ့ဘက်တီးရီးယားတွေ နဲ့ မှိုတွေရှိပါတယ်။ မိန်းမကိုယ်တွင်းက ထွက်တဲ့ အချွဲတွေ၊ အရပ်စကားပြောရရင် အဖြူတွေက မိန်းမကိုယ်ကိုpH ပမဏ မျှတအောင်နဲ့ မိန်းမကိုယ် သန့်ရှင်းအောင် အလိုအလျောက် သန့်စင်ပေးပြီးသားပါ။ ဒီအရာတွေကြောင့် မိန်းမကိုယ်တိုင်းမှာ ပင်ကိုယ်သဘာဝ ရနံ့ရှိပါတယ်။ကြော်ငြာတွေကတော့ မိန်းမကိုယ်တွေဟာ ကြာညိုနံ့ပဲ သင်းရမလိုလို ဆိုကြတာပေါ့။ ဒါပေမဲ့လို့ တကယ်ကို မလိုအပ်ပါဘူး။ မိန်းမကိုယ်က ထွက်တဲ့ သဘာဝ အနံ့ဟာ ကိုယ့်ခန္ဓာကိုယ်တွင်းက ကျန်းမာရေး အခြေအနေကို ဖော်ပြနေတာမို့လို့ ဒီအနံ့တွေကို မပျောက်ပျောက်အောင် ဖျောက်လိုက်ရင် အသိနောက်ကျသွားတတ်ပါတယ်။ဥပမာအားဖြင့် ပုံမှန်အနံ့ မဟုတ်ဘဲ ဆိုးရွားတဲ့ အနံ့ ထွက်နေရင် ပိုးဝင်တာမျိုး၊ မှိုစွဲတာမျိုး ဖြစ်နေတတ်တယ် ဆိုတာမျိုးပေါ့။ ဒီအနံ့တွေကို သတိထားပြီး ကိုယ့်ကျန်းမာရေးကို မျက်ခြည်မပြတ် အကဲခတ်နေမှသာ ကိုယ်တွင်း ကျန်းမာရေးအခြေအနေတွေကို စောစော သတိပြုမိနိုင်မှာပါ။ဒီအနံ့တွေကို အနှောင့်အယှက်ဖြစ်တာနဲ့ပဲ အနံ့မွှေးအောင် ပြုပြင်ဖန်တီးထားတဲ့ Pads (ဂွမ်းထုပ်) တွေ၊ ရေမွှေးတွေ သုံးလိုက်မယ်ဆိုရင် မိန်းမကိုယ်တွင်းက ကောင်းတဲ့ ဘက်တီးရီးယားတွေနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကြား မျှခြေကို ပျက်စီးစေသလို ပါဝင်တဲ့ ဓာတုပစ္စည်းတွေကလည်း မိန်းမကိုယ်ရဲ့ pH မျှခြေကို ပျက်စီးစေနိုင်ပါတယ်။တည့်တည့်ပြောရရင်တော့ အနံ့ပါတဲ့ မိန်းမကိုယ်သုံးပစ္စည်းတွေကို အသုံးပြုတာက ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တွေကို တကူးတက သွားနှောင့်ယှက်လိုက်တာပါပဲ။အပေါ်မှာ ပြောခဲ့သလို မိန်းမကိုယ်ဟာ သူ့ဘာသာ သန့်ရှင်းနိုင်ပါတယ်။ မိန်းမကိုယ်က ထွက်တဲ့ အချွဲတွေက ပြင်ပကလာတဲ့ ပိုးမွှားတွေနဲ့ မှိုတွေကို ရှင်းထုတ်ပစ်ပြီး ဆဲလ်သစ်တွေနဲ့ microorganisms တွေ ပါဝင်ခြင်းက မိန်းမကိုယ်ရဲ့ pH မျှခြေကို ညီစေပါတယ်။မိန်းမကိုယ်မှန်ရင် သဘာဝအနံ့ ရှိတာ ပုံမှန်ပဲမို့ ဒီအနံ့ကို ပျောက်စေဖို့၊ အနံ့မွှေးဖို့ ရေမွှေးတွေ၊ အနံ့ပါတဲ့ ဆပ်ပြာတွေ မလိုပါဘူး။ ဒါတွေက မိန်းမကိုယ် ကျန်းမာရေးကို တကယ်ပဲ ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားမှု မရှိမချင်း ရိုးရိုးရေနဲ့သာ သန့်စင်ပေးနိုင်ပါတယ်။ ဆေးကြောတဲ့အခါမှာလည်း အတွင်းထဲထိ နှိုက်ဆေးစရာ မလိုအပ်ဘဲ မိန်းမကိုယ်နှုတ်ခမ်းသား နဲ့ ပြင်ပ နေရာတွေကိုသာ ဆေးကြောပေးရင် လုံလောက်ပါပြီ။ မိန်းမကိုယ်ကို အတွင်းထဲထိ သန့်စင်ဖို့ဆိုတဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲဖို့လည်း မလိုအပ်ပါဘူး။အဲဒီလို အထဲထိ ဆေးတာက ကောင်းတဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေကို ဖယ်ရှားပစ်သလို ဖြစ်စေတာမို့ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ အတွင်းသား နုနုထဲကို ဘာမှန်းမသိတဲ့ ဆေးတွေ ထည့်တာမျိုးလည်း မလုပ်သင့်ပါဘူးနော်။ရာသီလာနေချိန်မှာလည်း အထူးတလည် ဆပ်ပြာတွေသုံးပြီး ဆေးတာမျိုး မလုပ်ပါနဲ့။ ရေနဲ့ပဲ လုံလောက်ပါတယ်။အတွင်းခံတွေကို သေချာ လျှော်ဖွပ်ပြီး နေရောင်အောက်မှာ လှမ်းပါ။ အရှက်တရားတွေ ကြီးပြီး အရိပ်ထဲ လှမ်းတာ၊ ထဘီ (သို့) အခြား အဝတ်တစ်ခုခု အုပ်ပြီး လှမ်းတာမျိုးတွေ မလုပ်ပါနဲ့။ပိုးတွေ ပေါက်ဖွားပြီး မိန်းမကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ နေရောင်ထဲမှာ ခြောက်အောင်လှမ်း၊ မီးပူသေချာ တိုက်ပြီးမှ ဝတ်ပါ။ခြုံပြောရမယ်ဆိုရင် မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဝယ်ယူတဲ့အခါ။Wathun Myet Chal။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/apply-perfume-to-vagina/
မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။ ။
ဘာကြောင့်မူးယစ်ဆေးစွဲရတာလည်းလို့ မပြောခင် မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။ လူတိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူကြတဲ့အတွက် မူးယစ်ဆေးသုံးရတာ၊ ဆေးစွဲသွားတာတွေရဲ့ အရင်းခံ အကြောင်းအရင်းတွေကလည်း မတူကြပါဘူး။ ဒါကြောင့် မူးယစ်ဆေးကို စသုံးဖြစ်၊ စွဲသွားစေတဲ့ ထိပ်ဆုံး အကြောင်းအရင်း ၈ ချက်ကို ပြောပြပေးချင်ပါတယ်။ ။၁။ စူးစမ်းကြတာ။ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုတာနဲ့ စူးစမ်းချင်စိတ်ရှိကြတာ လူငယ်တိုင်းပါ။ မကောင်းဘူး၊ မလုပ်ရဘူးလို့ ပြောလေ ပိုလုပ်ချင်လေပါပဲ။ မူးယစ်ဆေးဆိုတာကလည်း ငယ်ငယ်တည်းက မသုံးကောင်းဘူး၊ ဆေးစွဲသွားလိမ့်မယ်လို့ပြောကြတော့ ဘာများပါလိမ့်၊ တစ်ခါလောက်စမ်းကြည့်တာ ဘာမှတော့ မဖြစ်လောက်ပါဘူးဆိုပြီး လက်တည့် စမ်းရာကနေဆေးစွဲသွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ ။၂။ အတုမြင် အတတ်သင်။ကလေးတွေဆိုတာအတုမြင်အတတ်သင်အရွယ်ဖြစ်တဲ့အတွက် မိသားစုထဲ ဆေးစွဲနေတဲ့သူ ရှိခဲ့ရင် သူတို့အတွက် မူးယစ်ဆေးဆိုတာ မစိမ်းတော့တဲ့ အရာ တစ်ခုဖြစ်သွားပါလိမ့်မယ်။ ဘာတွေ ကောင်းလို့ လူကြီးတွေ ဒီလောက်တောင် စွဲနေရတာလဲဆိုပြီး လိုက်လုပ်ကြည့်လို့ကတော့ ဆေးစွဲသွားမှာ အသေအချာပါ။၃ ။ ဆရာဝန်ပေးတဲ့ဆေးတွေကိုအလွဲသုံးစားလုပ်တာ။ဆေးစွဲတယ်ဆိုလို့ဘိန်းဖြူ၊ဆေးခြောက်၊ကိုကင်းတို့ကိုပဲ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရောဂါ အခြေအနေအတွက် သောက်ရတဲ့ ဆေးတွေကို အလွဲသုံးစားလုပ်မိရင်လည်း ဆေးစွဲသွားတတ်လို့ ကျန်းမာရေးကို ထိခိုက်စေမှာပါ။။အထူးသဖြင့် အနာသက်သာအောင် လုပ်ပေးတဲ့မော်ဖင်းလိုဆေးမျိုး၊ မူးယစ်ဆေးနည်းနည်းပါတဲ့ချောင်းဆိုးပျောက်ဆေးလိုမျိုး၊ မှိန်းလို့ကောင်းတဲ့အိပ်ဆေးတွေကို အများအားဖြင့် စွဲတတ်ကြပါတယ်။ ဒါကြောင့် ဆေးတွေကို ဆရာဝန်ညွန်ကြားတဲ့ အချိန်တစ်ခု အထိပဲသောက်ပါ။ ပိုသောက်မိရင် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရသလို ဆေးလည်း စွဲသွားစေတတ်ပါတယ်။၄။ အထီးကျန် ဝေဒနာခံစားရတဲ့သူတွေက ဆေးစွဲလွယ်ကြပါတယ်။အထီးကျန်တယ်ဆိုတည်းက အပေါင်းအသင်းလည်း မရှိ၊ မကောင်းတာတွေလုပ်နေရင်လည်း တားပေးမယ့်သူမရှိဆိုတော့ သူ့အတွက် အရက်တို့၊ မူးယစ်ဆေးတို့ကသာ အဖော်တွေလို ဖြစ်နေပါတော့တယ်။၅ ။ စိတ်ဖိစီးမှုများတာ။စိတ်ဖိစီးမှုများလွန်းရင် ဖြစ်လာတဲ့ စိတ်ကျဉ်းကျပ်မှုကို ထွက်ပေါက်ရှာဖို့အတွက်အရက်တို့၊ မူးယစ်ဆေးတို့ကို ပစ်မှတ်ထားလာကြပါတယ်။ ဆေးသုံးလိုက်ရင်၊ အရက်မူးသွားရင် ဖြစ်နေတဲ့ ပြဿနာတွေကို ခဏမေ့သွားတယ်လို့ ယူဆတာကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေဟာ အရက်တို့ မူးယစ်ဆေးတို့ ပိုစွဲလွယ်ကြပါတယ်။၆ ။ မူးယစ်ဆေးတို့ အရက်တို့ရဲ့ အာနိသင်ကိုကြိုက်လို့ကို စွဲကြတာ။အရက် နည်းနည်းသောက်လိုက်ရင် စိတ်ပျော်တယ်။ များများသောက်မိလို့ မူးသွားရင် ရီဝေဝေလေးနဲ့ လောကကြီးကို ခဏ မေ့သွားတယ်။စိတ်ကြွဆေးတွေကြောင့် တက်ကြွပြီး အလုပ်တွေ ပိုလုပ်လို့ကောင်းလာတယ်။ဆေးခြောက်တွေ၊ ဘိန်းတွေကကျတော့ သုံးပြီးသွားရင် ငြိမ့်ငြိမ့်လေးနဲ့ ဖီးလ်လို့ကောင်းစေတယ်။ နောက်ဆက်တွဲ ဆက်ဖြစ်တဲ့ဆိုးကျိုးတွေကသာ မကောင်းတာ။ သုံးနေတဲ့အချိန်မှာတော့ ခံစားလို့အရမ်းကောင်းတဲ့အတွက် မူးယစ်ဆေးစွဲရတယ်ဆိုတာ ဖြစ်လာကြတာပါ။၇ ။ ကိုယ်အလေးချိန်လျှော့ချချင်လို့ မူးယစ်ဆေးသုံးကြတာ။ဆေးသုံးနေတဲ့အချိန်ဆို ထမင်းလည်း မစားချင်၊ မစားဘဲနဲ့လည်း နေနိုင်တဲ့အတွက် ပိန်ချင်တဲ့ ကောင်မလေးတော်တော်များများက မူးယစ်ဆေးကိုဝိတ်ချတဲ့နေရာမှာ အလွဲသုံးစားလုပ်ပြီး ဆေးစွဲသွားတတ်ကြပါတယ်။၈ ။ အပေါင်းအသင်းမှားတာ။အပေါင်းအသင်းမရှိလို့၊ အထီးကျန်လို့ပဲ ဆေးစွဲနိုင်တာ မဟုတ်ပါဘူး။ ဆေးသမား တွေကို အပေါင်းအသင်းလုပ်မိရင်လည်း တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်ပြီး ကိုယ်လည်း ဆေးစွဲသွားနိုင်ပါတယ်။ဒါတွေကတော့ မူးယစ်ဆေးစွဲရတဲ့ အကြောင်းရင်းပါ။ လူငယ်တွေနဲ့ ဒီအချက်တွေကို ဆင်ခြင်ပြီး မူးယစ်ဆေးရဲ့ သားကောင် မဖြစ်အောင်  သတိထားဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/real-reasons-teenagers-experiment-drugs/
အစားအသောက်နဲ့ ဝိတ်ချမယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း
ဝိတ်ချမယ်ဆိုရင် အရင်ဆုံး လုပ်လေ့ရှိတာကအစားလျှော့တာပါ။ မှားတော့ မမှားပေမယ့် အလုံးစုံမှန်တာတော့လည်း မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ဝိတ်ချတဲ့ planတွေ အကြောင်းကို ဆွေးနွေးသွားမှာတေ့ာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်နည်းနဲ့ ချချ ဝိတ်ချမယ်ဆိုရင် ဘာတွေ အရင်စဉ်းစားရမလဲ၊ ဘာတွေ မှားနေတတ်သလဲ၊ အစားအသောက်နဲ့ ချမယ်ဆိုရင် အခြေခံ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။အများက ဝတယ်ဆိုတိုင်း တကယ်ဝချင်မှ ဝတာပါ။ ဒါကြောင့်BMIဆိုတာ တွက်ကြတာပေါ့။ BMIမကျော်ဘူးဆိုရင် သင် ဝနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ စဉ်းစားရမှာက ကိုယ်အလေးချိန်ချင်း တူရင်တောင် အရပ်ကွာရင် BMI မတူပါဘူး။ ပေါင် ၁၀၀၊ ၅ပေနဲ့ ပေါင် ၁၀၀၊ ၆ပေနဲ့ တခြားစီပါပဲ။ဒါကြောင့် ကိုယ်တွင်း အဆီ (ဥပမာ ဗိုက်ခေါက်)ကို ကြည့်ဖို့ လိုပါတယ်။ ဗိုက်တို့၊ လက်မောင်းတို့မှာ အဆီတွေများနေရင်လည်း ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်လို့ သင့်တော်တဲ့ နည်းလမ်းနဲ့ ချသင့်ပါတယ်။ဝိတ်ချဖို့ကီတိုdiet၊ အစာအငတ်ခံတဲ့intermittent fastingစတဲ့ နည်းလမ်း များစွာရှိတဲ့ အတွက် ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုခုကို ရွေးပြီးတာနဲ့ အရင်ဆုံး သုံးသပ်ရမှာက။-ငါဘယ်လောက် ကြာကြာ စားနိုင်မှာလဲ။ ဥပမာ ကီတိုdietလို အဆီဓာတ်ပါဝင်မှု များတာကို စားမယ်ဆိုရင် ဘယ်လောက်ကြာကြာ စားနိုင်မှာလဲ။ မြန်မြန်ကျတာ မှန်ပေမယ့် စားလိုက်တာ ရပ်လိုက်လို့ ပြန်ဝသွားမယ်ဆိုရင် ငါဒါကို စစားသင့်ပါ့မလား။-အာဟာရရှိတဲ့ အာဟာရတွေ ပါဝင်ရဲ့လား။ ကျန်းမာတဲ့ ဝက်ကြီးရှိသလို ကျန်းမာတဲ့ LCDလေးတွေ ဖြစ်လာဖို့ လိုပါတယ်။ ဝိတ်တော့ကျပါရဲ့။ အာဟာရတွေ ချို့တဲ့ပြီး ကျန်ခဲ့မယ်ဆိုရင် ဒါနည်းလမ်းမှားနေပါပြီ။-အလွယ်တကူဝယ်လို့ရတဲ့ အစားအစာမျိုးတွေ ဖြစ်ရပါမယ်။ ငွေရေး ကြေးရေး ကိုယ်နိုင်တဲ့ ပမာဏ ဖြစ်ရပါမယ်။ ကိုယ်ကြိုက်တာလေးတွေလည်း ပါရပါမယ်။ ဘာလို့ အဲ့ဒီလောက် ချေးများနေရတာလဲဆိုရင် ရေရှည်သွားရမယ့် ခရီးဖြစ်လို့ပါ။ ရေရှည် လုပ်ရမှာဖြစ်လို့ ကိုယ်ရေရှည်စားနိုင်တဲ့ အစားအစာတွေနဲ့ ဝိတ်ချနိုင်ရင် ပိုကောင်းပါတယ်။ဒီမေးခွန်းတွေအတွက် ကိုယ့်ကိုယ်ကို ကျေနပ်လောက်တဲ့ အဖြေပေးနိုင်တယ်ဆိုရင် ဝိတ်စချလို့ ရပါပြီ။တစ်သက်လုံး စားလာသမျှက တစ်ရက် နှစ်ရက်နဲ့ မကျပါဘူး။ ဒါကြောင့် စိတ်ရှည်ပြီး ဇွဲရှိဖို့ လိုပါတယ်။ ဖြစ်တတ်တာက အစပိုင်းမှာ ဟန်ကျ ပန်ကျ စားပြီး နောက်ပိုင်းကျရင် အဖျားရှူးသွားတာပါပဲ။ ဒါကလည်း ခုနက ပြောခဲ့တဲ့ မေးခွန်းတွေကို မမေးကြည့်လို့ပါ။ နေ့တိုင်း စားရမယ့် အစားအစာက ကိုယ့်အတွက် အဆင်မပြေဘူး၊ စျေးကြီးတယ်၊ ကိုယ်စားနေကြတွေ မဟုတ်ဘူးဆိုရင် ရေရှည်စားနိုင်မှာ မဟုတ်ပါဘူး။ပုံမှန်ဆို တစ်ပတ်ကို တစ်ပေါင်၊ နှစ်ပေါင်ထက် ပိုမချသင့်ပါဘူး။ ဒါပေမယ့် အတင်းတွေ အစားလျှော့ပြီး အများကြီး ချမိတတ်ပါတယ်။ လျှော့ပြီးတော့ ပြန်စားတော့လည်း ပြန်ဝလာတာပါပဲ။ ဒီလို ခန္ဓာကိုယ်မှာ ဝိတ်တွေ တရကြမ်း အပြောင်းအလဲ ဖြစ်နေတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ခန္ဓာကိုယ်မှာ တစ်ခုခု အပြောင်းအလဲ ဖြစ်ရင် ကျန်တဲ့ ကိုယ်တွင်း အင်္ဂါတွေက လိုက်ညှိနေရတာကြောင့် ဝိတ်အတက်အကျ ကြမ်းလို့ မဖြစ်ပါဘူး။ နောက်တစ်ခုက တစ်ယောက်နဲ့ တစ်ယောက် metabolism ကိုယ်တွင်းဇီဝဖြစ်စဉ် မတူတဲ့အတွက် တချို့က မြန်မြန်ကျပေမယ့် တချို့က အကျနှေးတတ်ပါတယ်။အစားလျှော့တယ်ဆိုတာကယ်လိုရီအဝင် (intake) ကို လျှော့တာပါ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကယ်လိုရီအထွက် (output)ကို မြှင့်တင်တာပါ။ Effectine weight loss ဝိတ်မြန်မြန်ကျပြီး လှလှပပ ပိန်ချင်တယ်ဆိုရင် လေ့ကျင့်ခန်း ကူမှရပါမယ်။ ဝိတ်ကျပြီး အသားတွေ လျှော့ရဲ လာတယ်ဆိုတာ လေ့ကျင့်ခန်း မလုပ်လို့ပါ။လေ့ကျင့်ခန်းပါ လုပ်မှ အသားတွေကျစ်လာမှာပါ။လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရောက်သွားပြီဆိုရင် ဒီအလေးချိန်ကို ဆက်ထိန်းထားဖို့ လိုပါတယ်။ ဆက်ထိန်းဖို့ဆိုရင် လက်ရှိစားနေတာတွေ၊ လုပ်နေတဲ့ လေ့ကျင့်ခန်းတွေကို ရပ်ပစ်လို့ မရပါဘူး။ ရပ်ပစ်ပြီး အရင်လို စားချင်တာ ပြန်စားရင် သေချာပေါက် ပြန်တက်လာမှာပါ။ပိုဆိုးတာက အရင်ကဝိတ်ကျဖို့ အစားကို အတင်း ချုပ်တည်းခဲ့ရတဲ့သူတွေဆိုရင် ဝိတ်လည်း ကျရော လွှတ်စားတော့ reboundတွေ ဖြစ်ပြီး အရင်ကထက် ပိုတောင်ဝလာပါသေးတယ်။ Gymလည်း မသွားတော့ ကယ်လိုရီလည်း မလောင်။ ပိုတက်တော့ တာပါပဲ။ ဒါကြောင့် ဝိတ်စချကတည်းက ကိုယ်ရေရှည်စားနိုင်တဲ့ dietကို ရွေးဖို့ အတန်တန်မှာနေရတာပါ။ဝိတ်မချခင် မေးရမယ့် မေးခွန်းတွေလည်း မေးပြီးပြီ၊ မှားတတ်တဲ့ အမှားတွေကိုလည်း သိပြီဆိုတော့ အခြေခံစည်းမျဉ်းကို ပြောပြပါတော့မယ်။မြန်မာ့ စားသောက်မှု ပုံစံက ထမင်းများများ ဟင်းနည်းနည်းပါ။ ပြီးတော့ တစ်နေ့ကို ထမင်းချည်းပဲ နှစ်နပ်၊ တစ်ခါတလေ သုံးနပ်လောက် ဖြစ်သွားတတ်တော့ တကယ်ဝိတ်ချမယ်ဆို portion size ထမင်းပမာဏကို လျှော့ရမှာပါ။လုံးဝဖြတ်လိုက်တာထက် လျှော့လိုက်တာက ပိုကောင်းပါတယ်။ မွေးကတည်းက ထမင်းစားလာကြတာဆိုတော့ ထမင်းဖြတ်လိုက်ရင် အဆင်မပြေပါဘူး။တခြား အချိုကဲထားတဲ့ အစားအစာတွေ၊အသင့်စားတွေကတော့ ကျန်းမာရေးအတွက်လည်း မသင့်တော်တာတာကြောင့် တတ်နိုင်ရင် ဖြတ်လိုက်ပါ။ထမင်းလျှော့လိုက်တဲ့အတွက် ဗိုက်ပြည့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသားနဲ့ အသီးအရွက်တွေကို ပိုစားပေးပါ။ ကာဘိုဟိုက်ဒရိတ်လောက် ဝိတ်မတက်တဲ့အပြင် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပါ ပြည့်ဝစေပါတယ်။ ဗိုက်မြန်မြန်ပြည့်အောင် အချိန်ဆွဲစားပါ။ ထမင်းတစ်ခါစားရင်မိနစ် ၂၀လောက် အချိန်ယူပါ။ ကြေညက်အောင် ဝါးစားပါ။အစားလျှော့တာနဲ့ ဝိတ်ချတဲ့ ဝာာဝန်မပြီးမြောက်သေးပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းကိုပါ တွဲလုပ်ပေးပါ။ အိမ်မှာပဲ လုပ်လုပ်၊ Gymပဲ သွားသွား လုပ်ဖြစ်အောင် လုပ်ပါ။ခြုံပြောရရင် ဝိတ်ချမယ်ဆိုရင် စဉ်းစားစရာတွေ စီစဉ်စရာတွေ အများကြီးပါ။ အရေးကြီးဆုံးက ရေရှည်လုပ်နိုင်မယ့် planကို ရွေးနိုင်ဖို့ လိုပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ စားသောက်မှုပုံစံကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။ လေ့ကျင့်ခန်းအတွက်လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/diet-and-weight-loss/
ဝအောင် ငိုလိုက်ပါ၊ ခဏလောက်တော့ ငိုပါ
ငိုသာငိုချလိုက်ပါ။ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ ခံပြင်းလို့ပဲဖြစ်ဖြစ်၊ အလုပ်မှာစိတ်ပင်ပန်းလာရင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့။ ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေ၊ အမြင်တွေဝေဝါးလာတာတွေ၊ မျက်ခွံတွေမို့အစ်လာတာတွေတော့ စိတ်ညစ်ရပေမယ့်အဆိုးထဲက အကောင်းဆိုသလို ငိုကြွေးခြင်းကနေ ရနိုင်တဲ့အကျိုးကျေးဇူးတွေသိရရင် ဝမ်းသာရပါလိမ့်မယ်။တကယ်တော့ စိတ်ဖိစီးနေတဲ့အချိန်၊ ပူဆွေးသောကရောက်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုချုပ်တည်းထားရတာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ ငိုချလိုက်မှသာ စိတ်ထဲပေါ့သွားပြီး သက်သာရာရသွားတာမျိုး ခံစားဖူးကြမှာပါ။ တချို့တွေက လူရှေ့မှာ မျက်ရည်ကျရမှာကို ရှက်ကြပါတယ်။ အကြောင်းမဲ့ငိုတာမဟုတ်ရင် အကြောင်းရှိလို့ငိုတာ ရှက်စရာမလိုပါဘူး။ ငိုကြွေးခြင်းဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲလို့။ကဲအောက်မှာရေးထားတဲ့အကျိုးကျေးဇူးတွေဖတ်ပြီးရင် အားရပါးရသာ ငိုချလိုက်တော့နော် …။ငိုလိုက်တဲ့အခါ စိတ်ထဲကဝေဒနာတွေပေါ့သွားရုံတင်မကဘူး၊ ခန္ဓါကိုယ်ထဲမှာလည်း သန့်စင်ပေးနိုင်ပါတယ်တဲ့။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့မျက်ရည်တွေဟာကော်တီဆောဟော်မုန်းကိုမြင့်တက်စေနိုင်တဲ့ ဓါတ်တွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။ ငိုလိုက်တဲ့မျက်ရည်တွေက အသက်ရှူထုတ်ခြင်း၊ ဆီးသွားခြင်း၊ချွေးထွက်ခြင်းအပါအဝင် တခြားစွန့်ထုတ်မှုလုပ်ငန်းစဉ်တွေလိုပဲ အဆိပ်အတောက်ဓါတ်တွေကို ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားပေးနိုင်ပါတယ်။အားရပါးရငိုလိုက်ရတဲ့အခါ ဘက်တီးရီးယားတွေသေစေနိုင်တယ်တဲ့။ မျက်ရည်ကlysozyme ဆိုတဲ့အရည်ဓါတ်ပါဝင်တယ်လေ။lysozyme ကို နို့ရည်၊သုက်ရည်၊ချွဲသလိပ်နဲ့ တံတွေးတို့မှာလည်းတွေ့ရပါတယ်။ သူက ဘက်တီးရီးယားတွေကို ၉၀ ကနေ ၉၅ ရာခိုင်နှုန်းအထိသေစေနိုင်စွမ်းရှိပါတယ်။lysozyme က ဘက်တီးရီးယားဆဲလ်တွေရဲ့နံရံကိုဖျက်ဆီးပြီး ဘက်တီးရီးယားကိုသေစေနိုင်ပါတယ်။မျက်ရည်ကြောင့် မျက်စိအမြင်အာရုံပိုကြည်လင်စေတယ်ဆို ယုံနိုင်မလား။ မယုံရင် ငိုကြည့်။ မျက်လုံးမှာ ခန်းခြောက်လာတဲ့အခါ ကြည့်ရတာ သိပ်မကောင်းတော့တာ ခံစားမိမှာပါ။ အဲလိုဖြစ်ရင် မျက်ရည်တုတောင် ဝယ်ခတ်ရသေးတယ်မလား။ မျက်ရည်က မျက်လုံးရဲ့မျက်နှာပြင်ကိုရေချိုးသန့်စင်ပေးလိုက်သလို ရှင်းလင်းစေပြီး အစိုဓါတ်ထိန်းပေးတယ်၊ ဖုန်မှုန့်တွေဘာတွေကို ဖယ်ရှားပေးတယ်။စိတ်ငြိမ်ဆေးတွေထက် မျက်ရည်က ပိုပြီးအစွမ်းထက်ပါတယ်။ အားရပါးရငိုချလိုက်ပြီး ပေါ့သွားတာပဲဆိုတဲ့ ခံစားချက် ကြုံဖူးကြမှာပေါ့။ ငိုကြွေးခြင်းက စိတ်ကိုသက်သာရာရစေပြီး ခံစားမှုတွေကို လျော့ပါးစေပါတယ်။ နည်းနည်းတော့ ခေါင်းကြည်သွားပါလိမ့်မယ်။ခုနကပြောသလိုပဲ စိတ်ပေါ့ပါးစေတဲ့အတွက် ဖိစီးနေတဲ့ခံစားချက်တွေကို အတန်အသင့် သက်သာသွားစေနိုင်ပါတယ်။ အခြေအနေက ထူးခြားမလာဘူးဆိုရင်တောင် စိတ်သက်သာရာရစေမှာပါ။ ငိုတယ်ဆိုတာ တင်းကျပ်၊ မွန်းကြပ်နေတဲ့စိတ်ခံစားချက်တွေကို ထွက်ပေါက်လေးတစ်ခုဖန်တီးပေးလိုက်တာဖြစ်လို့ ခေါင်းကိုက်လာတာ၊သွေးပေါင်တက်လာတာ လိုမျိုး ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ဥပမာကွယ် ရင်းနှီးတဲ့သူတစ်ယောက်နဲ့စိတ်ဆိုးပြီး မခေါ်မပြောဘူးထား။ ကိုယ်စိတ်ပင်ပန်းလို့ ငိုလိုက်တဲ့အခါ သူက ကရုဏာသက်ပြီး လာအားပေးမယ် ဆိုရင် ပြန်မခေါ်ဖြစ်ဘူးလား။ လူတွေအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ တင်းနေတဲ့စိတ်တွေလျှော့လာပြီး အားပေးစကားတွေပြောထွက်စေတာ ဒီနည်းပါပဲ။ ဒါ့ကြောင့် လူလည်တချို့ဆို လိုအပ်လာရင် မျက်ရည်ခံထိုးတဲ့နည်းတောင် သုံးတတ်ပါ့။ တကယ်တော့ ငိုကြွေးတယ်ဆိုတာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့အရာတွေကို ဖွင့်ဟတဲ့သဘောပါ။ တစ်ဖက်က မျက်ရည်ကျလာပြီဆို တ်ဖက်ကလည်း စိတ်ပျော့လာ၊ လျှော့လာမှာပါပဲ။ ဥပမာ စုံတွဲတွေရန်ဖြစ်တဲ့ပွဲမှာလည်း မျက်ရည်ဟာ စစ်ပြေငြိမ်းဖို့တစ်ဖက်က အလံဖြူပြတဲ့ သင်္ကေတတစ်ခုပါ။ဒါပေမယ့် မကြာခဏ ငိုတတ်လွန်းလာတာက စိတ်ကျခြင်းရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ လူက –။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9d%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9-%e1%80%84%e1%80%ad%e1%80%af%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%95%e1%80%ab/
ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေ သက်သာအောင်
အကြောပြတ်တယ်ဆိုတာ ကိုယ်ဝန်ဆောင်ဖူးထားတဲ့ အမျိူးသမီးတစ်ယောက်အတွက်တော့ ကြိုမျှော်လင့်ထားရမယ့်အရာတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပုံမှန်ထက် ရုတ်တရက်ပိုကြီးထွားဖွံ့ဖြိုးလာပါတယ်။ အဲဒီအခါ အပေါ်က ဖုံးထားတဲ့အရေပြားကို ဆွဲဆန့်လိုက်သလိုဖြစ်ပြီး အရေပြားရဲ့ အလယ်အလွှာ ဒါမှမဟုတ် အရေပြားအောက်က တစ်ရှူးတွေကို ဆွဲဖြဲလိုက်သလိုဖြစ်တဲ့အတွက် အဲဒီအပြဲတွေကို အရေပြားရဲ့အပေါ်လွှာကနေ မြင်နိုင်တာမျိူးပါ။ ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေ က သဘာဝဆိုပေမယ့် လူအတော်များများက ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ မြင်ရတာမနှစ်မြို့ကြပါဘူး။အကြောပြတ်ရာတွေက ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးချိန်တွေမှာ အဖြစ်များပေမယ့်ကိုယ်ဝန်ဆောင်မဟုတ်ဘဲလည်း အကြောပြတ်နိုင်ပါတယ်။ကိုယ်အလေးချိန်ရုတ်တရက်တိုးလာတာ၊ (လေ့ကျင့်ခန်းလုပ်လို့ ကြွက်သားထု ရုတ်တရက်တက်လာတာဖြစ်ဖြစ်၊ ရုတ်တရက် အဆီတွေနဲ့ ၀လာတာဖြစ်ဖြစ်) အကြောပြတ်နိုင်ပါတယ်။ဆယ်ကျော်သက်တွေမှာလဲ ရုတ်တရက်ကြီးထွားနှုန်းမြင့်လာတဲ့ အချိန်မျိုးတွေမှာ အကြောပြတ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတော့ အဓိကအတွေ့များပြီး ကိုယ်ဝန်ဆောင် ကိုးဆယ်ရာခိုင်နှုန်းမှာဖြစ်နိုင်ပါတယ်။ဒါ့အပြင် အကြောပြတ်ခြင်းဟာ မျိုးရိုးဗီဇနဲ့လဲ အများကြီး သက်ဆိုင်ပါတယ်။ ဒါကြောင့် မိခင်မှာအကြောပြတ်တတ်ရင် သားသမီးမှာလဲ အကြောပြတ်ဖို့ပိုအခွင့်အလမ်းများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အကြောပြတ်ရာတွေဟာ များသောအားဖြင့် ကိုယ်ဝန်ခြောက်လ ခုနစ်လကနေ စပေါ်တတ်ပြီး ဝမ်းဗိုက်၊ တင်ပါး၊ ပေါင်ခြံ၊ ပေါင်နဲ့ ရင်ဘတ်တွေမှာ အဖြစ်များပါတယ်။သင်ဟာ ကလေးမွေးပြီးသူဖြစ်မယ်ဆိုရင် အဲလိုနေရာတွေမှာ အကြောပြတ်ရာတွေကို သတိထားမိပြီးဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အောက်ဖော်ပြပါ နည်းလမ်းတွေဟာ သင့်ခန္ဓာကိုယ်ပေါ်က အကြောပြတ်ရာတွေကို သက်သာပျောက်ကေင်းစေဖို့အများကြီး အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ကိုယ်ဝန်ဆောင်မီးဖွားပြီးတဲ့နောက် ပေါ်လာတဲ့ အကြောပြတ်ရာတွေသက်သာအောင် ဒီနည်းလမ်းလေးတွေက အသုံးဝင်စေမှာပါ။(၁)အဆီလိမ်းပြီး နှိပ်နယ်ပါ။အကြောပြတ်ရာရှိတဲ့နေရာတွေကို နှိပ်နယ်ပေးတာဟာ အများကြီးအကျိုးရှိစေပါတယ်။ အသာအယာ နှိပ်နယ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းစေပြီး အကြောပြတ်ရာရှိတဲ့နေရာတွေမှာ သွေးများများစီးဆင်းဖို့ ကူညီပေးပါတယ်။ နှိပ်နယ်တဲ့နေရာမှာ သံလွင်ဆီ၊ အကြောပြတ်လိမ်းဆေးဆီ စတဲ့ဆီတစ်မျိူးမျိူးကို ထည့်လိမ်းပေးတာဟာ အရေပြားက လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို ရရှိစေနိုင်တဲ့အတွက် အရေပြားရဲ့ ပြန်လည်ပြုပြင်နိုင်စွမ်းကို အားပေးပါတယ်။နေရာတစ်ခုကို အနည်းဆုံး နှစ်မိနစ်လောက်ကြာအောင် နှိပ်နယ်ရမှာဖြစ်ပြီး လိုအပ်ရင် ဆီကို နောက်တစ်ခါထပ်ထည့်ပါ။ နှစ်မိနစ်ပြည့်တဲ့အခါ နောက်တစ်နေရာကို ထပ်နှိပ်ပါ။ အာနိသင်ပိုကောင်းစေဖို့အတွက် မနှိပ်ခင်ရေနွေးနွေးလေးနဲ့ ဆယ်မိနစ်လောက်ချိုးပေးတာဟာ အရေပြားကို ပိုပြီးပျော့ပျောင်းချောမွတ်စေပါတယ်။(၂) ရေဓာတ်ဖြည့်ပေးပါ။ရေဟာ ကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လောက်တောင်အရေးကြီးကြောင်း မကြာခဏ ဖတ်ဖူး၊ ကြားဖူးမှာပါ။ ဒါဟာ တကယ်ပါပဲ။ သင်သောက်လိုက်တဲ့ရေဟာ အရေပြားကိုပါ ရေဓာတ်ဖြည့်ပေးပြီး ကျန်းမာစေပါတယ်။ ဆဲလ်တွေဟာ ရေဓာတ်ပြည့်ဝနေတဲ့အခါ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး ပြန်လည်သန်စွမ်းမှုပိုမြန်ပါတယ်။ဒါကြောင့် အကြောပြတ်ရာဖြစ်နေသူတစ်ယောက် ရေဓာတ်ကိုသေချာဖြည့်ပေးမယ်ဆိုရင် နဂိုအခြေအနေရောက်ဖို့ ပိုမြန်ပါလိမ့်မယ်။ ဒါကြောင့် အကြောပြတ်ရာသက်သာချင်ရင် တစ်နေ့ကို ရေရှစ်ခွက်အနည်းဆုံးသောက်ဖို့လိုပါလိမ့်မယ်။(၄)အစိုဓာတ်ဖြည့်ပေးပါ။ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အခြေခံမဖြစ်မနေလုပ်ရမှာကတော့ အစိုဓာတ်ဖြည့်ပေးခြင်းပါ။ အစိုဓာတ်ဟာ သင့်အသားအရေကို ချောမွတ်တောက်ပြောင်စေရုံသာမက အရေပြားရဲ့ ဆန့်နိုင်ကျုံ့နိုင်စွမ်းကို တိုးမြှင့်ပေးပြီး အကြောပြတ်ရာတွေကို သက်သာစေပါတယ်။ ဆရာဝန်တွေအကြံပေးကြတာကတော့ အစိုဓာတ်ထိန်းခရင်တွေ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအနေနဲ့ သေချာရွေးဖို့ပါပဲ။ဘာလို့လဲဆိုတော့ တချို့သောအစိုဓာတ်လိမ်းဆေးတွေ၊ skin care ပစ္စည်းတွေဟာ နို့ထဲမှာ တွေ့နိုင်လို့ပါပဲ။ ဒါ့အပြင် Retinol ပါဝင်တဲ့ ပစ္စည်းမှန်သမျှကိုရှောင်ကြဉ်ဖို့လိုပါတယ်။ Hyaluronic acid, Vitamin C စတာတွေကတော့ စိတ်ချရပါတယ်။(၅)လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်ရတာဟာ ဝိတ်ကျစေတဲ့အပြင် ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်တဲ့ အကြောပြတ်ရာတွေကိုလဲ သက်သာစေပါတယ်။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းတွေလို ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်ရင်တောင်မှ တင်ပါး၊ ပေါင်နဲ့ ဝမ်းဗိုက်က ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး ပျော့တွဲနေတဲ့ အရေပြားပေါ်က အကြောပြတ်ရာတွေကို သက်သာစေပါတယ်။ဘယ်လိုလေ့ကျင့်ခန်းလုပ်လုပ် ထိရောက်မှာပဲမို့ ကိုယ်ဝါသနာပါပြီး လုပ်ရတာနှစ်သက်တဲ့ လေ့ကျင့်ခန်းမျိုးကို ရွေးလုပ်ဖို့ပဲလိုပါတယ်။ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ အပြေး၊ ကိုယ်အလေးချိန်ချခြင်း၊ ယောဂစတဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုးမဆို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်ပါတယ်။ လုပ်ဖြစ်ဖို့ပဲလိုတာပါ။(၆)အိမ်တွင်းသုံးပစ္စည်းတွေနဲ့ အရေပြားကို ပြန်လည် ကျန်းမာအောင်လုပ်ပေးပါ။ဆယ်မိနစ်လောက်လိမ်းကျံပြီး ရေဆေးချပေးပါ။ ပရိုတင်းဓာတ်ဟာ အရေပြားကျုံ့ဆန့်နိုင်စွမ်း၊ ပြန်လည်သန်စွမ်းနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ ပိုတက်ဆီယံဓာတ်က အရေပြားရဲ့ ရေဓာတ်ကို ဖြည့်ဆည်းပေးပြီး အငွေ့ပြန်မသွားအောင် ထိန်းသိမ်းပေးပါတယ်။ Rhiboflavin က အရေပြားပေါ်က ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။ရှားစောင်းလက်ပတ်ဟာ နေလောင်ခြင်းကို သက်သာစေလို့ လူသိများပါတယ်။ အရေပြားကို ချောမွတ်စေပြီး အရေပြားအတွက်ကောင်းကျိုးတွေအများကြီး ရပါတယ်။ပျားရည်ဟာ ပိုးသတ်ပေးနိုင်တဲ့ အစွမ်းရှိသလို အကြောပြတ်ရာတွေကိုလဲ သက်သာစေပါတယ်။ ပျားရည်ကိုလဲ အကြောပြတ်ရာရှိတဲ့နေရာမှာ လိမ်းကျံပြီး ခြောက်သွေ့သွားတဲ့အခါ ရေဆေးချပါ။ဒါတွေနဲ့မှ မသက်သာရင်တော့ Aesthetic clinicတွေမှာ လေဆာကုထုံးတွေနဲ့လည်း ကုသလို့ ရပါသေးတယ်။ သိထားရမှာက အကြောပြတ်ရာတွေက လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သေသေချာချာ ကုသမယ်ဆိုရင်တော့ မှေးမှိန်ပြီး မမြင်ရသလောက် ဖြစ်သွားမှာ ဖြစ်ပါတယ်။ရေးသားသူ− Dr Sein Moe Satt။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/tips-for-postpartum-stretch-marks/
ကလေးမွေးပြီးနောက် အိမ်တွင် ပြုလုပ်သင့်သော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း ၅ မျိုး
ကိုယ်ဝန်ဆောင်နေချိန်ဗိုက် တဖြည်းဖြည်း ကြီးလာတဲ့အခါ ဗိုက်က ကြွက်သားတွေ ပုံပျက် သွားကြရတာ ဓမ္မတာ ပါပဲ။ ဒါပေမဲ့ ကလေးမွေးပြီးနောက်မှာ ဗိုက်ပူပြီး ကျန်ခဲ့တာမျိုးကို ဘယ်သူမှ မဖြစ်ချင်ကြ ပါဘူး။ဗိုက်အရှေ့ ကြွက်သားများ တနည်း ဆိုရသော် six packs muscles တွေ ပြန်လည် တင်းရင်း ချပ်ရပ်ဖို့ အတွက် ကလေးမွေးပြီးနောက် အိမ်တွင် ပြုလုပ်သင့်သော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း ၅ မျိုး ကို ဖော်ပြပေးလိုက် ပါတယ်။ကလေးမွေးပြီးနောက် ပြုလုပ်သင့်သော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း ၅ မျိုး ကတော့။၁။ Diaphragmatic breathing။အသက်ကို ဝအောင် ရှူပါ။ ဒါပေမယ့်လေရှူသွင်းနေချိန်မှာ နံရိုးတွေပါ ကားမထွက် စေရပါ။ ဗိုက်ကြွက်သားကိုသာ အာရုံ ထားပြီး အသက်ရှူရတဲ့အသက်ရှူလေ့ကျင့်ခန်းဖြစ်ပါတယ်။၂။ Marches and toe drops။ပက်လက် အနေအထား နေပြီးခြေထောက်များကို ကွေးလျက် ထောင်ထားကာ ခြေဖဝါးကို အပြားလိုက် ကြမ်းပြင်မှာ ထိနေပါစေ။ ခြေထောက် တစ်ဖက်တည်းကို ကြမ်းပြင်ကနေ မပြီး ဖြည်းဖြည်းချင်း ပြန်ချ‌နေတဲ့အချိန်မှာ အသက်ကို ရှူထုတ်ပါ။ ပြီးရင် နောက်ခြေထောက်တစ်ဖက်ကို အလားတူ ပြောင်းလုပ်ပါ။ အသက် ပုံမှန်ရှူဖို့ မမေ့ပါနဲ့။ တစ်ကိုယ်လုံး တည်ငြိမ်နေပါစေ။ ဒီပုံစံအတိုင်း အဆင်ပြေပြီးဆိုရင် ခြေဖျားထောက် ပုံစံနဲ့ ပြောင်းလဲ ပြုလုပ်ပါ။၃။ Hip raises။ပက်လက်အနေအထားနဲ့ ဒူးကွေးထားပါ။ ပခုံးများနဲ့ ခြေထောက်များကို မလှုပ်ရှားစေဘဲ ကြမ်းပြင်မှာ ကပ်ထားပြီး ခါးကိုပဲ မြှောက်လိုက် ဖြည်းဖြည်းချင်းပြန်ချလိုက်လုပ်ပါ။ ခါးမြှောက်တဲ့အချိန်မှာ အသက်ရှူထုတ်ပြီးတင်ပါးကြွက်သားများကို ညစ်ထားပါ။၄။ Spinal balance။လေးဘက်ထောက် အနေအထားနေရမှာ ဖြစ်ပါတယ်။ ဒူးများဟာတင်ပဆုံရိုးကွင်းနဲ့ တစ်တန်းထဲရှိရမှာဖြစ်ပြီး လက်များဟာလည်း ပခုံးအောက်တည့်တည့်မှာပဲ ဆန့်လျက်ရှိနေရပါမယ်။ ဗိုက်အောက်ပိုင်း ကြွက်သားကို အားပြုပြီး အသက်ရှူပါ။စစခြင်းမှာ ခြေထောက်တစ်ဖက်စီ၊ ပြီးရင် လက်တစ်ဖက်စီကို မြှောက်ပါ။ ဟန်ချက်ညီလာပြီဆိုရင် ညာခြေဘယ်လက်၊ ဘယ်ခြေညာလက် စသဖြင့် ဆန့်ကျင်ဘက်ခြေ‌ နဲ့ လက်များကို တပြိုင်နက် မြှောက်လိုက်၊ ပြန်ချလိုက်ပြုလုပ်ပါ။၅။ Cat Cow။ဒီလေ့ကျင့်ခန်းကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း ပြုလုပ်ပေးနိုင်ပါတယ်။ လေးဘက်ထောက်အနေအထားနေရမှာ ဖြစ်ပါတယ်။ ဒူးများဟာ တင်ပဆုံရိုးကွင်းနဲ့ တစ်တန်းထဲရှိရမှာဖြစ်ပြီး လက်များဟာလည်း ပခုံးအောက်တည့်တည့်မှာပဲ ဆန့်လျက်ရှိနေရပါမယ်။ အသက်ရှူထုတ်လိုက်တဲ့အခါမှာ ဗိုက်ကိုနှိမ့်ချပြီး ခေါင်း‌မော့ ခါးကော့နေရပါမယ်။ အသက်ရှူသွင်းချိန်မှာခါးရိုးကိုပြန်မြှောက်လိုက်ပြီး ခေါင်းဟာ ရင်ဘက်ဆီကို ညွှတ်ရပါမယ်။ဒီလေ့ကျင့်ခန်းတွေက ခက်ခဲတာမျိုး မဟုတ်တာကြောင့် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ကိရိယာလည်း မလိုပါဘူး။ ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် ဝမ်းဗိုက်ကြွက်သားတွေ သန်မာလာမှာ ဖြစ်ပါတယ်။ရေးသားသူ – Dr. Z။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/5-exercises-for-post-partum-mother/
အနာဆိုတာဘာလဲ
အစာအိမ်နဲ့ အူသိမ်နံရံတွေမှာ ပေါက်တတ်တဲ့ အနာကို အက်စစ်နာ လို့လည်းခေါ်ပါတယ်။ အစာအိမ်၊ အူတွေထဲမှာရှိတဲ့ အက်စစ်တွေကြောင့် အနာဖြစ်ရတယ်ဟုလည်း ယူဆတာမို့ ထိုသို့ခေါ်ရခြင်းဖြစ်တယ်။ထိုအနာတွေဟာ အူနံရံနေရာမရွေးမှာဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ –။· အစာအိမ်အနာ –အစာအိမ်အတွင်းမှာပေါက်သော အနာဖြစ်ပြီး အဖြစ်အများဆုံးဖြစ်တယ်။· အူသိမ်ဦးပိုင်းအနာ– အူသိမ်အစပိုင်းမှာဖြစ်တတ်ပါတယ်။· အစာမျိုပြွန်အနာ– လည်ချောင်းနဲ့ အစာအိမ်ကိုဆက်ထားသော အစာမျိုပြွန်အတွင်းမှာ ပေါက်တတ်ပါတယ်။တစ်ချိန်ထဲမှာ အနာတွေ တစ်မျိုးထက်ပိုပြီးလည်း ပေါက်နိုင်တယ်။ သေချာမကုဘဲထားပါက ပိုဆိုးလာနိုင်တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ အနာတွေကကုသရလွယ်ပါတယ်။အစာအိမ်အနာဖြစ်စေနိုင်တဲ့ အချက်တွေရှိတယ်။ တကယ်လို့အောက်ပါအချက်တွေရှိမယ်ဆိုရင် အနာဖြစ်နိုင်ချေများပါတယ် –။· ဆေးလိပ်သောက်ခြင်း။· စတီးရွိုက် (အကိုက်အခဲပျောက်ဆဲ) မကြာခဏသုံးခြင်း။· ကယ်လ်စီယမ်များခြင်း။· မိသားစုတွင်းအစာအိမ်အနာဖြစ်သူရှိခြင်း။· အသက် ၅၀ ထက်ကျော်ခြင်း။· အရက်အလွန်သောက်ခြင်း။အနာနဲ့ပတ်သတ်ပြီး လက္ခဏာအမျိုးမျိုးရှိနိုင်တာကြောင့် ဒီလက္ခဏာတွေရှိတာလည်းဖြစ်နိုင်သလို၊ မရှိတာလည်းဖြစ်နိုင်ပါတယ်။ အနာပိုပြင်းလေလေ၊ လက္ခဏာတွေပိုဆိုးလေလေဖြစ်တယ်။ ကြုံရအများဆုံးလက္ခဏာကတော့ အနာရှိမယ့်နေရာပေါ်မူတည်ကာ ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်ခြင်းဖြစ်တယ်။ အစာအိမ်တွင်းအစာမရှိပါက ပိုဆိုးတတ်ပြီး၊ စားလိုက်ပါက သက်သာသွားတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့-။· ဝမ်းဗိုက်တွင်းကိုက်ခဲခြင်း။· နာကျင်မှုကြောင့်မစားလိုခြင်း။· ပျို့ခြင်း၊ အန်ခြင်း။· လေပွခြင်း။· ရင်ပူခြင်း။· အစာစား သို့ ဆေးသောက်ပါက သက်သာခြင်း။· အကြောင်းမဲ့ကိုယ်အလေးချိန်ကျဆင်းခြင်း။ဆိုးတဲ့အခြေအနေတွေမှာ သွေးယိုသည်ထိဖြစ်နိုင်ပါတယ်။ ထိုအခါ ဝမ်းမည်းမည်းသွားခြင်း၊ ကော်ဖီရောင် သွေးရောင်အန်ခြင်းတို့ဖြစ်နိုင်တယ်။ ထိုသို့သွေးယိုခြင်းက ရုတ်တရတ်ထဖြစ်နိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်လည်း ရှိနိုင်ပါတယ်။ အချိန်ကြာအောင်သွေးယိုနေတဲ့အခါ သွေးထွက်များခြင်းဖြစ်လာတတ်တယ်။ တခါတလေ သွေးအားနည်းခြင်းရသောအခါမှ အနာမှသွေးယိုနေကြောင်း သတိထားမိတတ်ကြတယ်။အစာအိမ်တွင်းအက်စစ်တွေကြောင့် အနာတွေဖြစ်ရတယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းခေတ်သစ်ဆေးပညာက အနာတွေဟာ ဘတ်တီးရီးယားတွေနဲ့ အစာအိမ်နဲ့အူမှာရှိတဲ့ အစာခြေရည်မညီမျှခြင်းတို့ကြောင့်ဖြစ်တယ်လို့ ဆိုလာကြပါတယ်။အူနံရံပါးခြင်းကြောင့်လည်း အနာတွေဖြစ်လာရတယ်။ အူနံရံမှာရှိတဲ့ အကျိအချွဲတွေဟာ နံရံကိုအက်စစ်အန္တရာယ်မှကာပေးဖို့ဖြစ်တယ်။ ဒါကြောင့်ထိုအကျိအချွဲတွေမရှိတဲ့အခါ အူနံရံတွေဟာ အက်စစ်တွေကြောင့်ပျက်စီးလာရပါတယ်။တခြားအချက်တွေလည်းဖြစ်နိုင်ပါသေးတယ်-။· Hpylori ဟုခေါ်သော ဘတ်တီးရီးယားပိုးဝင်ခြင်း။· အကိုက်အခဲပျောက်ဆေးအချိန်ကြာသောက်ခြင်း။· အစာအိမ်တွင်း အက်စစ်များခြင်း၊ မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း နဲ့ အစားအစာတချို့ကြောင့်ဖြစ်နိုင်တယ်။· Zollinger – Ellison ရောဂါ၊ အစာအိမ်ကိုအက်စစ်အများအပြားထုတ်စေတဲ့ ရှားပါးရောဂါတစ်မျိုးဖြစ်တယ်။· ဝမ်းဗိုက်နေရာကို ဓါတ်ရောင်ခြည်ကုသခြင်းဟာလည်း အနာဖြစ်စေနိုင်တယ်။ရောဂါရှာဖွေဖို့အတွက် ခံစားရတဲ့လက္ခဏာတွေအပါအဝင် သောက်နေတဲ့ဆေးတွေအကြောင်းပါမေးမြန်းပါလိမ့်မယ်။H.pylori ရောဂါဟုတ်မဟုတ်စစ်ဖို့ breath test, သွေးစစ်မှု၊ ဝမ်းစစ်မှုတွေလုပ်ရနိုင်တယ်။Breath Test မှာဆိုရင် အရည်တစ်မျိုးသောက်ပြီး အိတ်တစ်အိတ်ထဲသို့ အသက်ရှူထုတ်ရတာဖြစ်တယ်။ ရှူထုတ်လိုက်တဲ့ကာဘွန်ဒိုင်အောက်ဆိုဒ်ပမာဏကို ဆရာဝန်မှစစ်ဆေးတာဖြစ်တယ်။ H.pylori ရှိနေပါက ကာဗွန်ဒိုင်အောက်ဆိုဒ်ရှိသည့်တဲ့ပမာဏထက် ပိုများနေပါလိမ့်မယ်။တခြားစစ်ဆေးမှုတွေကတော့ –။· ဘေရီယမ် ဓါတ်မှန် –အရည်ဖြူတစ်မျိုးသောက်ပြီး အစာအိမ်နဲ့အူတို့ကို ဓါတ်မှန်ရိုက်ခြင်းဖြစ်တယ်။· မှန်ပြောင်းကြည့်ခြင်း– ပါးလွှာသေးငယ်သောပြွန်လေးကို ပါးစပ်မှတဆင့် အစာအိမ်ထဲထည့်ပြီး အနာကြည့်ခြင်းဖြစ်တယ်။· အသားစစစ်ခြင်း –အစာအိမ်တစ်သျူးတစိတ်တပိုင်းကို စစ်ဆေးခြင်းဖြစ်တယ်။အစာအိမ်အနာတွေဟာ ဆေးသောက် ဆေးထိုး၊ ခွဲစိတ်ခြင်းနဲ့ အလွယ်တကူကုသနိုင်ပါတယ်။ အများစုကတော့ ဆေးသောက်ဆေးထိုးရုံနဲ့ပျောက်ပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်တော့ ခွဲစိတ်ဖယ်ထုတ်ပစ်ဖို့ လိုတတ်ပါတယ်။ Hpylori ကြောင့်ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့လိုပါလိမ့်မယ်။ သာမန်မှအလယ်အလတ်အနာတွေအတွက် အောက်ပါတို့ကိုမှီဝဲရနိုင်ပါတယ်-။· H2 blocker, အက်စစ်ပမာဏချသောဆေး –အစာအိမ်တွင်းမှအက်စစ်ပမာဏကိုချပေးပါတယ်။· Proton pump inhibitorsအက်စစ်ထုတ်သောဆဲလ်များရဲ့ လုပ်ငန်းလုပ်ဆောင်ခြင်းကိုတားဆီးပါတယ်။· အလွယ်တကူဝယ်ယူရရှိသော antacid များ။· Pepto-bismolကဲ့သို့အစာအိမ်နဲ့ အူနံရံများကို ကာကွယ်ပေးသောဆေးများ။လက္ခဏာများပျောက်သွားသည့်တိုင်အောင် ဆေးကုန်အောင်သောက်ဖို့မမေ့ပါနဲ့။ အထူးသဖြင့် H.pylori အတွက်အလွန်အရေးကြီးပါတယ်။သွေးယိုနေသောအနာများအတွက်တော့ ဆေးရုံတက်နေဖို့လိုကောင်းလိုပါလိမ့်မယ်။ အနာကိုခွဲစိတ်ဖယ်ထုတ်ပြီး သွေးကြောချည်ခြင်း သို့ အက်စစ်အထွက်နည်းအောင် အာရုံကြောဖြတ်ခြင်းတို့ လုပ်ရနိုင်ပါတယ်။ကျန်းမာရေးကောင်းဖို့အတွက် ကျန်းမာရေးညီညွတ်သော နေထိုင်မှုပုံစံကအဓိကဖြစ်တယ်။ အရက်သောက်ခြင်းလျှော့ပြီး ဆေးလိပ်ဖြတ်ကာ စိတ်ဖိစီးမှုကိုကောင်းစွာကိုင်တွယ်နိုင်ပါက အနာဖြစ်နိုင်ချေနည်းသွားပါလိမ့်မယ်။ ဘတ်တီးရီးယားရောဂါဝင်ခြင်းကာကွယ်ဖို့ကတော့ လက်ကိုပုံမှန်ဆေးသင့်ပါတယ်။ အစားအစာများကိုလည်း သန့်ရှင်းစွာကိုင်တွယ်ချက်ပြုတ်သင့်ပါတယ်။အကိုက်အခဲပျောက်ဆေးများကိုလည်း အကန့်အသတ်နဲ့မှီဝဲပြီး ထိုဆေးများသောက်နေစဉ်မှာ အရက်မသောက်ဖို့လည်းလိုပါလိမ့်မယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/peptic-ulcer-disease/%e1%80%a1%e1%80%94%e1%80%ac%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
ခွေးရူးပြန်အန္တရာယ် သတိပြုကာကွယ်
ကုရာနတ္ထိ ဆေးမရှိ ရောဂါတွေထဲမှာ ခွေးရူးပြန်ရောဂါဟာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေဟာ အကိုက်ခံရသူရဲ့ သွေးကြောထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ အကိုက်ခံရသူမှာ ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာ စတင်ပြလာပြီး နောက်ဆုံး ကုသကယ်တင်ဖို့ မတတ်နိုင်တော့ဘဲ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ခွေးရူးပြန် ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့် ခွေးတွေမှာ အများဆုံးတွေ့ရတတ်ပြီး ကြောင်၊ ကြွက်၊ လင်းနို့၊ မြေခွေး အစရှိတဲ့ တိရစ္ဆာန်တွေကနေလည်း ကူးစက်နိုင်ပါတယ်။ ကိုယ်ကဒဏ်ရာသေးတယ်ဆိုပြီး အမှုမဲ့ အမှတ်မဲ့ နေလိုက်မယ်ဆိုရင်တော့ အသက်အန္တရာယ် ဆုံးရှုံးဖို့ အခွင့်အလမ်း တော်တော်များတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေဖို့ ဘယ်လိုကာကွယ်မလဲ၊ ဘာတွေ ပြင်ဆင်ထားသင့်လဲ၊ ရှောင်ကြဉ်သင့်တဲ့ အရာတွေ အစရှိတဲ့ အကြောင်းအရာတွေကို ပြောပြပေးသွားမှာပါ။ရောဂါပိုးရှိတဲ့ တိရစ္ဆာန်က တခြားလူကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ ကိုက်လိုက်တဲ့အခါမှာ ကူးစက်ပါတယ်။ အဓိက ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး ပါနေတဲ့ တံတွေးဟာ အကိုက်ခံရတဲ့ ဒဏ်ရာရဲ့ အတွင်းတစ်သျှူး၊ သွေးကြောထဲထိ ဝင်သွားတဲ့အခါ ကူးစက်ပါတယ်။ အကိုက်မခံရတဲ့ အခြေအနေမှာတောင် ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ဟာ ကိုယ့်အရေပြားအပေါ်ကအနာ၊ ပွန်းပဲ့ထိခိုက် ဒဏ်ရာကို လျှာနဲ့ လျက်လိုက်ရင်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါတယ်။သွေးနွေးသတ္တဝါ အများစုမှာ ကာကွယ်ဆေးမထိုးထားဘူးဆိုရင် ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး ရှိနိုင်ပါတယ်။ ခွေး၊ ကြောင်၊ နွား၊ ရှဉ့်၊ ဆိတ်၊ မြင်း အစရှိတဲ့ အိမ်မွေး သို့မဟုတ် ခြံမွေးတိရစ္ဆာန်တွေ၊ ကြွက်၊ လင်းနို့၊ မျောက်၊ မြေခွေးအစရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ စနစ်တကျ မွေးမြူထားခြင်းမရှိတဲ့ အလေအလွင့် တိရစ္ဆာန်တွေ အကိုက်၊ အကုတ်ခံရတဲ့အခါမှာလည်း ခွေးရူးပြန်ရောဂါပိုး ကူးစက်ခံရနိုင်ခြေ များပါတယ်။ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓါထဲ စတင်ဝင်ရောက်လာတဲ့အခါ တုပ်ကွေး၊ အအေးမိသလို ရောဂါလက္ခဏာတွေ တွေ့ရတတ်ပြီး ရက်အနည်းငယ် ကြာနိုင်ပါတယ်။ ကိုယ်က ကာကွယ်ဆေးလည်း လုံးဝမထိုးထားဘူးဆိုရင်တော့ အနှေးနဲ့ အမြန် ပြင်းထန်တဲ့ လက္ခဏာတွေ ပြလာပြီး ခွေးရူးပြန်ရောဂါကြောင့် အသက်ဆုံးရှုံးရနိုင်ပါတယ်။ကိုယ်နဲ့ မသိတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အကိုက်ခံရတာနဲ့ ၂၄ နာရီအတွင်း စောနိုင်သလောက် စောစောသွားပြနိုင်ရင် အကောင်းဆုံးပါပဲ။ အထူးသဖြင့်ကာကွယ်ဆေးထိုးထားတဲ့ အိမ်မွေးတိရစ္ဆာန်မဟုတ်ဘဲ တခြား အလေအလွင့်တိရစ္ဆာန်တွေ ကိုက်တာ၊ ကုတ်တာခံရရင်လည်း အမြန်ဆုံး ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ကိုယ့်ဒဏ်ရာရဲ့ အခြေအနေကို လေ့လာပြီး ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးအညွှန်းအတိုင်း သေချာလိုက်နာဖို့၊ ကာကွယ်ဆေးကို ရက်ချိန်းအတိုင်း မပျက်မကွက် မှန်မှန်ထိုးပေးဖို့ အလွန်အရေးကြီးပါတယ်။ခွေးရူးပြန်ရောဂါဆိုတာ ကုရာနတ္ထိ ဆေးမရှိပေမဲ့ အချိန်မီ ကာကွယ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။၁။ ကိုယ့်အိမ်မှာ မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးပေးရပါမယ်။ ကာကွယ်ဆေးထိုးထားတဲ့အခါမှာ တိရစ္ဆာန်လေးတွေမှာလည်း ဗိုင်းရပ်စ်ပိုး မကူးစက်ခံရနိုင်သလို လူတွေအတွက်လည်း အန္တရာယ်ကင်းရှင်းပါတယ်။၂။ အိမ်မွေးတိရစ္ဆာန်တွေကို အပြင်မထုတ်ထားပါနဲ့။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလေအလွင့် တိရစ္ဆာန်တွေ အလွန်များတဲ့အပြင် စနစ်တကျ ကာကွယ်ဆေးထိုးထားတာမျိုးလည်း မရှိတဲ့အတွက် ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ အကိုက်ခံရကနေ ကူးစက်နိုင်ပါတယ်။၃။ ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အလေအလွင့်ခွေးတွေ အရမ်းများနေရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး ကာကွယ်ဆေး ထိုးပေးဖို့နဲ့ စောင့်ရှောက်ရေး ဂေဟာတစ်ခုခုရှာဖို့ ဝိုင်းဝန်းကူညီပေးပါ။၄။ မဖြစ်ခင် ကြိုတင်ကာကွယ် ဆိုသလို ကိုယ်တိုင်လည်း ခွေးရူးပြန်ကာကွယ်ဆေး ပုံမှန်ထိုးပေးဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားတဲ့အခါ ကိုယ့်အတွက်လည်း အသက်အန္တရာယ်ကနေ ကင်းရှင်းနိုင်တာပေါ့။၅။ အလေအလွင့် တိရစ္ဆာန်တွေကို စနောက်တာမျိုး မလုပ်ပါနဲ့။ ပုံမှန်အားဖြင့် တိရစ္ဆာန်တွေဟာ လူတွေကို လန့်ကောင်းလန့်နေနိုင်ပေမယ့် ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေဆိုရင် ပြန်ပြီး ရန်လိုကာ ကိုက်တတ်ပါတယ်။၆။ ကလေးငယ်တွေကို အပြင်ခေါ်သွားတဲ့အခါ လူကြီးတစ်ယောက်က အမြဲဘေးနားမှာ ရှိပေးပါ။၇။ ခရီးသွားတော့မယ်ဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး ကြိုတင်ထိုးသွားပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%b1%e1%80%81%e1%80%bc%e1%80%b8%e1%80%9b%e1%80%b0%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%a1%e1%82%8f%e1%81%b1%e1%80%9b%e1%80%ac%e1%80%9a%e1%80%b9-%e1%80%9e%e1%80%90%e1%80%ad%e1%80%bb/
သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ
သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ ….. အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲသွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုးရှိသလိုသွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှကတော့ မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့်ခန္ဓာကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ ဒါကလည်း အသက်ဆုံးရှုံးသည်အထိပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက်အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံးကူညီပေးနိုင်စေဖို့အတွက် သွေးပေါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးပါရစေနော်။သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့သွေးပေါင်ချိန်ထက် လျော့နည်းနေတဲ့အနေအထားပါ။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပေမယ့် အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင် မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။သွေးပေါင်ကျတာက သွေးတိုးတာထက်စာရင် လက္ခဏာပြတတ်တာကြောင့် သတိထားမိလွယ်ပါတယ်။ သွေးပေါင်ကျနေတဲ့အခါ ဒီလိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။သွေးပေါင်ကျတာက သွေးတိုးတာလောက် သိပ်မပြင်းထန်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့မဟုတ်ပါဘူး။သွေးပေါင်ကျတာကလည်း အချိန်ကြာမြင့်လာတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေအနေနဲ့။သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ ဆိုတော့ သွေးပေါင်ကျနေသူကို ဆေးရုံဆေးခန်းကိုမပို့ခင်မှာ ဒီနည်လေးတွေသုံးပြီး ပြုစုပေးလို့ရပါတယ်။သက်သောင့်သက်သာလှဲခိုင်းပါ– သွေးပေါင်ကျတာကြောင့်ခေါင်းမူးနေတယ်ဒါမှမဟုတ် ရီဝေဝေဖြစ်နေတယ်၊ သတိလစ်တာတွေဖြစ်မယ်ဆိုရင် အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင်လှဲထားပေးပါ။ မျက်လုံးလေးတွေကို မှိတ်ထားခိုင်းပါ။ အသက်မှန်မှန်ရှူခိုင်းပါ။ဓာတ်ဆားရည်တိုက်ပါ– ပါးစပ်ကနေသောက်လို့ရတဲ့ အငန်ဓာတ်ပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဓာတ်ဆားရည်၊ သီးစုံဓာတ်ဆားနဲ့ အခြားသော ခန္ဓာကိုယ်အတွက် ဆားဓာတ်နဲ့ ရေဓာတ်ဖြည့်ပေးတဲ့ သောက်စရာလေးတွေကို တိုက်ပေးပါ။အုန်းစိမ်းရည်တိုက်ပေးလို့လည်း ရပါတယ်။ ကိုယ်တွင်း Electrolyte တွေမျှတသွားစေဖို့အတွက်ပါ။ တစ်ခွက်စာကုန်အောင်တိုက်ပေးပါ။ရေတိုက်ပါ– ဓာတ်ဆားအဆင်သင့်မရှိဘူးဆိုရင် ရေများများတိုက်ပေးလို့ရပါတယ်နော်။ ရေထဲကိုဆားနည်းနည်း၊သကြားနည်းနည်းထည့်တိုက်လို့ရပါတယ်။ ဒီလိုတိုက်ပေးတာက သွေးပေါင်တက်စေသလို ကိုယ်တွင်း ဂလူးကို့စ်ပမာဏကိုလည်း တိုးတက်စေနိုင်ပါတယ်။ဆားနည်းနည်းစားခိုင်းပါ– ဆားက သွေးပေါင်တက်စေဖို့ အမြန်ဆုံးလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ စာလောက်ကို စားခိုင်းပေးပါ။ဒါက အကြောင်းအရင်းခံ မယ်မယ်ရရ မရှိဘဲ သွေးပေါင်ကျတတ်သူတွေမှာပဲ အသုံးဝင်ပါတယ်။ ဒါတောင် မကြာခဏ ကျတတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။ရုတ်တရက် ဘာကြောင့်မှန်းမသိ သွေးပေါင်ကျရင်ပဲဖြစ်ဖြစ်၊ ခြေဖျားလက်ဖျားတွေ အေးစက်ပြီး သွေးပေါင်ကျရင်ပဲဖြစ်ဖြစ် ဒီနည်းလမ်းတွေကို အသာထားပြီး နီးရာဆေးရုံဆေးခန်းကို အမြန်ဆုံး သွားဖို့ လိုပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်အလွန်အကျွံ ဆုံးရှုံးတာ ဒါမှမဟုတ် ကိုယ်တွင်းသွေးယိုတာတွေကြောင့် ဖြစ်နိုင်လို့ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/first-aids-for-hypotension/
အစာမကြေခြင်းကို ဖြေရှင်းပေးမယ့် နည်းလမ်း ၇ သွယ်
တကယ်လို့အစာစားပြီးတိုင်းပြည့်အင့်သလိုဖြစ်နေမယ်ဆိုရင် အစာမကြေခြင်းခံစားနေတာဖြစ်နိုင်ပါတယ်။ အစားစားပြီးတဲ့အခါ တစ်ခုခုသောက်ပြီးတဲ့အခါမှာ လေပွခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနဲ့တကွ ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်လာတတ်တယ်။ တခါတလေမှာတော့ နာရီအနည်းငယ်အတွင်းကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် တခါတလေပိုကြာတတ်ပြီး နေရထိုင်ရမသက်မသာဖြစ်စေတယ်။ကုသနည်းတွေကိုကြည့်လိုက်ရအောင်-။အစာမကြေခြင်းဟာ အူမှအစာအိမ်ထဲသို့ပြန်ဆန်တက်လာတဲ့ အက်စစ်တွေကြောင့်ဖြစ်တယ်။ အူကိုပိုက်လုံးတစ်ခုလိုမြင်ကြည့်ပါ။ အလေးချိန်များနေတဲ့အခါ ပိုနေတဲ့အဆီတွေက အူကိုဖိပြီး ထိုအူထဲမှ အက်စစ်တွေကို အစာအိမ်ထဲကိုပြန်ဆန်တက်စေပါတယ်။ ကျန်းကျန်းမာမာ၊ ထိထိရောက်ရောက်အလေးချိန်ချတဲ့နည်းတွေအများကြီးှရိပါတယ်။ မိမိနဲ့သင့်တော်မယ့် ဝိတ်ချနည်းကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်တယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးညီညွတ်မျှတသောအစာစားခြင်းက အကောင်းဆုံးအလေးချိန်ချနည်းဖြစ်တယ်လို့ ဆိုကြပါတယ်။ဆေးလိပ်သောက်ခြင်းဟာ မရေတွက်နိုင်သော ကျန်းမာရေးပြနာတွေဖြစ်စေပြီး အစာမကြေခြင်းဟာလည်း ထိုထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်။ ဆေးလိပ်မှာပါတဲ့ ကယ်မီကယ်တွေက အစာမျိုပြွန်ကြွက်သားတွေကိုအားနည်းစေပြီး အစာအိမ်မှအက်စစ်များပြန်မတက်အောင်တားထားတဲ့ ရှုံ့ကြွက်သားကိုလည်းအားလျော့စေတယ်။ ထိုအခါအစာများ၊ အက်စစ်များအလွယ်တကူပြန်ဆန်တက်ကုန်ပါတယ်။အစာမကြေခြင်းဟာ အစားအစာတချို့ကြောင့်လည်းဖြစ်နိုင်တယ်။ အစာမကြေခြင်းပိုဆိုးစေပုံပေါ်တဲ့ အစားအစာ၊ သောက်စရာတို့ကိုမှတ်ထားပြီး တတ်နိုင်သမျှရှောင်သင့်ပါတယ်။ များသောအားဖြင့်။သင့်အူဟာပိုက်လုံးတစ်ခုလိုဖြစ်နေမယ်ဆိုရင် လှဲနေတဲ့အခါမှာ အူထဲရှိအရာများပြန်ဆန်တက်ဖို့လွယ်သွားပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်း နဲ့ တခြားအချက်တွေကြောင့် အစာမျိုပြွန်အားနည်းနေရင်ပေါ့။ ဆရာဝန်တွေက မအိပ်ခင် ၃၊ ၄ နာရီခန့်ကတည်းကမစားတော့ဖို့ အကြံပြုထားပါတယ်။လည်ပင်းမှာခေါင်းအုံးခုအိပ်ခြင်းဟာ ကြောရိုးအတွက်ကောင်းရုံမကဘဲ၊ အက်စစ်များပြန်ဆန်တက်ခြင်းကိုလည်းလျှော့ချပေးပါတယ်။ လည်ပင်းအောက်မှာ ပြေလျောတဲ့ခေါင်းအုံးတစ်လုံးထားခြင်းဟာ အိပ်နေစဉ် အစာမျိုပြွန်ထဲကိုအက်စစ်များပြန်ဆန်တက်ခြင်းကို တားဆီးပေးပါတယ်။ဦးနှောက်နဲ့အစာအိမ်ဆက်နေတယ်လို့တောင်ဆိုတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို အစာအိမ်ကအရမ်းသိလွယ်ပါတယ်။ စိတ်ဖိစီးမှု၊ ပူပန်မှုတို့ဖြစ်နေရင် အစာမကြေဖြစ်လာတတ်တယ်။ အလုပ်များကိုအိမ်သို့သယ်မသွားဘဲ၊ ချစ်ခင်ရသူတွေနဲ့ လမ်းလျှောက်တာ၊ လျှောက်သွားတာမျိုးလုပ်ပေးသင့်ပါတယ်။တခါတလေမှာ ဆေးတချို့ကြောင့် အစာမကြေရတာလည်းဖြစ်နိုင်တယ်။ ဒီလိုဆိုရင်တော့ ဆရာုဝန်က ဆေးပြောင်းဖို့အကြံပေးပါလိမ့်မယ်။ ဥပမာ aspirin, ibuprofen. ဒါပေမယ့် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။အမှာစကားတစ်ခုခုပြောခါနီးမှာ လိပ်ပြာတွေပျံနေသလို အစာအိမ်ထဲမှာခလောက်ဆန်နေတယ်ဆိုပါစို့၊ ဒီလိုအချိန်မှာ ချက်ခြင်းသက်သာစေနိုင်တဲ့နည်းရှိပါတယ်။ သင့်နေထိုင်မှုပုံစံနဲ့ လက်ရှိသောက်နေတဲ့ဆေးတွေကိုကြည့်ပြီး ဆရာဝန်ကနည်းတချို့လမ်းညွှန်ပေးပါလိမ့်မယ်။ ပုံမှန်သုံးလေ့ရှိတာကတော့ antacid နဲ့ alginate တို့ဖြစ်တယ်။Antacid ဟာအစာမကြေခြင်းအတွက် သုံးလေ့ရှိတဲ့ဆေးဖြစ်တယ်။ တချို့ antacid တွေမှာ alginate လို့ခေါ်တဲ့ဆေးတစ်မျိုးပါတယ်။ ထိုဆေးက သင့်အစာအိမ်ထဲက အက်စစ်တွေကိုထိန်းညှိပေးပြီး အစာခြေစနစ်ကိုမထိခိုက်အောင် လုပ်ပေးတယ်။ Antacid တွေရဲ့အာနိသင်က များသောအားဖြင့် နာရီအနည်းငယ်ကြာအောင်ခံတာမို့ တစ်ကြိမ်ထက်ပိုသောက်ဖို့တော့ လိုကောင်းလိုနိုင်ပါတယ်။ အများကြီးမသောက်မိဖို့ ဆေးအညွှန်းကိုသေချာဖတ်ဖို့တော့လိုပါလိမ့်မယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%80%e1%80%bc%e1%80%b1%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%96%e1%80%bc%e1%80%b1%e1%80%9b%e1%80%be%e1%80%84%e1%80%ba/
ပင်ပန်းနေတဲ့ စိတ်ကလေး ဘယ်လိုအနားပေးမလဲ
အတွေးများနဲ့ ချာချာလည်နေရတဲ့စိတ်ပင်ပန်းမှုမျိုးက တော်တော်ဆိုးပါတယ်။ ငါအလုပ်မှာအဆင်ပြေပါ့မလား၊ အပြစ်များမြင်ခံရမလားဆိုတဲ့ စိတ္တဇ၊ လူတွေက ငါ့ကိုမခင်ကြတော့ဘူးလား ဆိုတဲ့ ဝမ်းနည်းစိတ်၊ လက်ထဲမှာ ပိုက်ဆံပြတ်တော့မယ် ဘယ်ကရှာရပါ့ ဆိုတဲ့ ရတက်မအေးစိတ်၊ လုပ်စရာတွေကများနေပြီး လူကမလိုက်နိုင်တော့တဲ့အခါ ပင်ပန်းနေတဲ့ စိတ်ကလေး ….။ပြီးတော့ရှိသေးတယ်၊ ကိုယ့်ကိုယ်ကို အတင်းခိုင်းလွန်းလို့ ဦးနှောက်က ဂျမ်းဖြစ်သွားတဲ့အခါ တစ်ချက်တစ်ချက် လွတ်သွားတတ်တဲ့ အသိစိတ်…ဟိုဟာမေ့၊ ဒီဟာမေ့နဲ့ စကားတွေမှားပြောလိုပြော၊ သိနေကျအရာတွေကိုလည်း သိပ်နားမလည်တော့သလိုလို၊ စကားသံတွေလည်း ကြားတစ်ချက် မကြားတစ်ချက်၊ အလုပ်မှာလည်း အမှားတွေချည်းလုပ်မိနေတာ။ ဒါတွေဟာ ကိုယ့်အတွက် ခေတ္တအနားယူခွင့်ကို ခန္ဓာကိုယ်ကတုံ့ပြန်တောင်းဆိုနေတာဖြစ်ပါတယ်။ ခိုင်းလာတာကြာပြီ၊ ခိုင်းတာတွေလည်း များသွားခဲ့တဲ့အတွက် ဒီဦးနှောက်နဲ့ စိတ်အခြေအနေကို ပြန်လည်ကုစားပေးရပါမယ်။ ဒါကြောင့် ဒီလက္ခဏာတွေဖြစ်လာပြီဆို သိလိုက်ပါတော့။အော်..ငါ့ရဲ့ စိတ်ကလေး သိပ်ပင်ပန်းနေရှာပြီပဲလို့။ပင်ပန်းနေတဲ့ စိတ်ကလေး ဘယ်လိုအနားပေးမလဲ ဆိုတော့။အသက်ကတော့ အမြဲရှူနေရတာပဲလို့ စောဒကမတက်ပါနဲ့ဦး။ ဒါပေမယ့် ဒီတစ်ခါက အမှန်အကန်ကို ရှိုက်ပြီး ရှူသွင်းရှူထုတ် လုပ်ရမှာနော်။ သေချာလေး စိတ်ထဲအာရုံပြုပြီး ရှူသွင်းရှူထုတ်မှန်မှန်လုပ်ရပါမယ်။ နဖူးပေါ်လက်တင် စဉ်းစားကြတယ်ဆိုတာထက် ဗိုက်ပေါ်လက်တင်ပြီး ဝင်သက်ထွက်သက်ကိုအာရုံပြုပါ။အိမ်မှာ အလှမွေးငါးကန်တွေရှိကြသူတွေ အများကြီးပါ။ ကိုယ့်ငါးလေးတွေ ရေထဲမှာ ကူးလူးပျော်ရွှင်နေတာကြည့်ရင် စိတ်ထဲကြည်နူးကြတယ်မဟုတ်လား။ လေ့လာမှုတွေအရ အိမ်မှာ ငါးမွေးကန်ရှိတဲ့သူတွေဟာ စိတ်တည်ငြိမ်မှု၊ စိတ်ပေါ့ပါးမှုတွေပိုရှိပြီး စိတ်ဖိစီးမှုခံစားရတာ ပိုနည်းတယ်လို့ တွေ့ရှိထားပါတယ်။ ငါးကန်ကျယ်ကျယ်နဲ့ ရေသတ္တဝါများများရှိနေရင် ပိုပြီးစိတ်အပန်းပြေစေတယ်လို့ဆိုပါတယ်။အိမ်မှာမရှိရင် ငါးပြတိုက်သာ သွားကြည့်ပါ။ ငှက်လေးတွေပျံသန်းနေတာမြင်ရင် လွတ်လပ်မှုကိုခံစားရသလိုမျိုး ငါးလေးတွေကူးခတ်နေတာမြင်ရရင် အာရုံဝင်စားမျောပါသွားတာနဲ့တင် ကိုယ့်ဖိစီးမှုတွေ ခဏမေ့သွားမှာပေါ့။ သွေးဖိအားကျမယ်၊ နှလုံးအတွက်လည်းကောင်းတယ်တဲ့။အေရိုးဗစ်ကစားတာ၊ ခပ်မြန်မြန်လမ်းလျှောက်တာ ငါးမိနစ်လောက်လုပ်ရင်ပဲ စိတ်ကိုတည်ငြိမ်စေပါတယ်။ စိတ်ခံစားချက်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့အိပ်ပျော်ခြင်းကိုအားပေးတဲ့ endorphin ဓာတ်တွေထွက်ရှိစေတာကြောင့် လေ့ကျင့်ခန်းတစ်ခုခုတော့ လုပ်သင့်ပါတယ်။စိတ်အရမ်းညစ်လာရင် ခံစားချက်တွေကို သီချင်းနဲ့ပေါက်ကွဲကြတာ ထုံးစံပါ။ တကယ်လည်း ဦးနှောက်ထဲကလှုပ်ရှားမှုတွေကို အနည်ထိုင်စေပါတယ်။ သီချင်းနားထောင်တာ၊ သီချင်းဆိုတာတွေက ကိုယ့်စိတ်ထဲကနာကျင်မှုကို အာရုံပြောင်းစေနိုင်တဲ့ အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ပါတယ်။ အေးဆေးလေး သီချင်းကိုအာရုံစိုက်မျောပါလိုက်ရင်လည်း စိတ်ပါသွားတာနဲ့အမျှ ကိုယ့်အတွေးထဲက အပူမီးတွေ လျော့ပါးသွားတာ သိသာလာပါလိမ့်မယ်။တစ်စုံတစ်ယောက်ကို အကျိုးရှိအောင်၊ ပျော်ရွှင်သွားအောင် ကူညီပေးလိုက်နိုင်တာကြောင့် ဖြစ်လာတဲ့ ကိုယ့်စိတ်ထဲက ပီတိစိတ်က ဦးနှောက်ကို အားဆေးတိုက်လိုက်သလိုပါပဲ။ ဒီလို ပီတိစိတ်က စိတ်ဖိစီးမှုတွေကိုလျော့စေနိုင်ပြီး အထီးကျန်စိတ်ကို လျော့ပါးစေနိုင်တယ်။ နှလုံးကျန်းမာရေးလည်း ကောင်းစေပြီး ကိုယ်ခံအားကို တိုးစေပါတယ်။ အလှူအတန်းလုပ်လိုက်တာနဲ့အမျှ endorphin တွေပိုထွက်စေတာကြောင့် ကိုယ်ပြန်ရမယ့်ကျန်းမာရေးအကျိုးကျေးဇူးကလည်း မသေးဘူးဆိုတာ သိစေချင်ပါတယ်။အိမ်တွင်းအောင်းမနေဘဲ ဟိုဟိုဒီဒီသွားတာလည်း လုပ်ပါ။ ပိတ်ရက်မှာ အဖော်မရှိရင် တစ်ယောက်တည်း ဝင်းဒိုးရှော့ပင်းထွက်လည်း ရတာပဲလေ။ ဒီလိုသွားလာခြင်းကပဲ စိတ်ကြည်လင်တယ်၊ အပြောင်းအလဲလေးဖြစ်တယ်၊ လန်းဆန်းစေတယ်လေ။ ဒီနေရာနဲ့ ဒီနေရာတွေပဲ မြင်တွေ့နေရပြီး အလုပ်ခန်းထဲမှာပဲ ဦးနှောက်ကို ဘောင်ခတ်မထားသင့်ပါဘူး။ပြောရရင် အလုပ်ရှင်ဆိုတာ ကိုယ်မရှိရင်တခြားလူခန့်လို့ရပေမယ့် ကိုယ့်မှာကျ ဒီဦးနှောက်လေးမှမစောင့်ရှောက်ရင် ရူးခါသွားမှာနော်။ လည်လည်ထွက်တာက နှလုံးခုန်သံမှန်စေတယ်၊ သွေးတိုးကျစေတယ်၊ စိတ်ဖိစီးမှုလျော့စေတယ်၊ကြွက်သားအညောင်းအညာလည်း ပြေလျော့စေတယ်။စိတ်သက်သာအောင် ခန္ဓာကိုယ်နဲ့ ချိတ်ဆက်ကုသကြမယ်။ ခြေထောက်ဖြစ်ဖြစ်၊ ပါးစပ်ဖြစ်ဖြစ်၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို အရင်ရွေးချယ်ပြီး စက္ကန့်အနည်းငယ်ကြာအောင် အကြောတွေတင်းထားပါ။ ပြီးမှ ၁၀ စက္ကန့်လောက်အချိန်ယူပြီး ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပါ။ ဒီနည်းနဲ့ တခြားအစိတ်အပိုင်းတွေကို တစ်ခုချင်းရွှေ့လုပ်သွားပါ။ အတော်များများကို အကြောတင်း၊ လျှော့ လုပ်ပြီးတဲ့အခါ သိသာတဲ့ပေါ့ပါးမှုကိုခံစားရပါလိမ့်မယ်။ ဒီနည်းက အိပ်ပျော်စားဝင်စေပြီး ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာတွေကိုပါ သက်သာလျော့ပါးစေတယ်လို့ ဆိုကြပါတယ်။ယောဂကစားကွက်တွေက စိတ်ကို အေးချမ်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ နည်းနည်းပဲ ပုံမှန်လုပ်သွားရင်တောင် စိတ်ပူပန်မှုတွေသက်သာလျော့ပါးစေပြီး ဆုံးဖြတ်နိုင်စွမ်းကို ပိုကောင်းစေပါတယ်။ဟိုအလုပ် ဒီအလုပ်တွေ ခေါင်းထဲတန်းစီရှုပ်ထွေးနေပြီဆို အာရုံပြောင်းပြီး ခဏအနားပေးလိုက်ပါ။ ဥပမာ ထပြီး အညောင်းဆန့်တာ၊ လမ်းလျှောက်တာ၊ မုန့်ထစားတာ၊ သူငယ်ချင်းတစ်ယောက်ဆီ စကားသွားပြောတာ စသည်ဖြင့်။ ပြီးမှ ပြန်စဉ်းစားပါ။ ခေါင်းပိုကြည်ပြီး အလုပ်ပိုတွင်စေလိမ့်မယ်။ ပင်ပန်းနေတဲ့ဦးနှောက်ကို တရစပ်မောင်းနှင်တာဟာ ဘုံးဘုံးလဲစေနိုင်တဲ့ အန္တရာယ်သိပ်ကြီးပါတယ်။ ၂၄ နာရီမှာ မိနစ်ပိုင်းလောက်လေး အနားပေးတာ ရမယ့်အကျိုးကျေးဇူးနဲ့ယှဉ်ရင် ဘာမှဆုံးရှုံးစရာမရှိပါဘူး။အသက်ရှည်ချင်ရင် အပင်စိုက်ဖို့ ရှေးဆိုရိုးစကား ရှိပါတယ်။ ခြံကျယ်ကြီးနဲ့ စိုက်မှ မဟုတ်ပါဘူး။ အခန်းဝ သို့မဟုတ် ဝရံတာက ပန်းအိုးထဲလည်း အပင်စိုက်လို့ရပါတယ်။ အပင်လေးတွေကို ဂရုစိုက်ပျိုးထောင်ပေးခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာကောင်းကျိုးကို အပြည့်အဝရရှိနိုင်ပါတယ်။ အပင်စိုက်ဝါသနာပါသူတွေဟာ စိတ်ကျဝေဒနာခံစားရနိုင်ခြေနည်းပြီး ပူပန်သောကနည်းကာ လူအများနဲ့ဆက်ဆံရေးပိုကောင်းတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ပင်ပန်းနေတဲ့ စိတ်ကလေး အဆုံးသတ် ဘုံးဘုံးမလဲခင် ဒီနည်းတွေနဲ ပြန်ဆွဲထူကြည့်ပါဦးနော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/ways-to-relax-your-tired-mind/
လူတွေကို အကြီးမားဆုံးပြောင်းလဲစေတဲ့ အရာတွေ
လူတွေဟာ ပြောင်းလဲမှုကို ကြောက်ကြတယ်၊ ကိုယ့်ဘဝကို ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတဲ့ အကျင့်ဆိုးတစ်ခု၊ အကြောင်းအရာတစ်ခုကို ပြောင်းလဲခြင်းကို ကြောက်တဲ့စိတ်နဲ့ ဖယ်ရှားဖို့ကို ဝန်လေးကြတယ်။ အစားကိုအလွန်အကျူးစားတာ၊ အရက်၊ဆေးလိပ်ကို စွဲလမ်းတာ၊ အမြဲနောက်ကျနေတဲ့ အကျင့်ရှိတာ၊ အသုံးအဖြုန်းကြမ်းတာ စသဖြင့် ကိုယ့်ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို ထိခိုက်စေမယ့် အမူအကျင့်တွေကို စွန့်လွှတ်ဖို့၊ ပြောင်းလဲဖို့အတွက် ခက်ခဲကြတယ်။ ပြောင်းလဲခြင်းဆိုတာ မဖြစ်ခင်မှာ ပြောင်းလဲချင်တဲ့စိတ်ပေါ်လာဖို့ကို ပိုခက်တယ်။ဒါဆိုရင် လူတွေကို ဘယ်လိုအရာတွေက ပြောင်းလဲချင်စိတ်ကို ဖြစ်စေတာလဲ။တချို့ရှိတယ်။ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်၊ မကောင်းတဲ့အကျင့်တစ်ခုကို မလုပ်ဖို့ ကြိုးစားနေတာကြာပြီ၊ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်စွန့်လွှတ်လိုက်နိုင်တယ်။ ဒီလိုလူတွေကို ဘာကြောင့် လုပ်နိုင်သွားတာလဲမေးရင် သူတို့မှာအဖြေမရှိဘူး။ ဒီအတိုင်းပဲ လုပ်ချင်သွားတယ်၊ အရင်တုန်းက မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ အခုကတော့ လုပ်နိုင်သွားတယ်ဆိုပြီးပဲ ဖြေကြတယ်။အချစ်ကလူတွေကိုပြောင်းလဲစေနိုင်တယ်ဆိုတာ အမှန်လို့ပဲပြောရမယ်။ ကိုယ့်ချစ်ရမယ့်သူတွေ့လာရင် သူမကြိုက်လောက်မယ့်ကိစ္စတွေကို မလုပ်မိအောင် နေဖြစ်တာမျိုးပေါ့။တချို့ ဆေးလိပ် အရက်ပုံမှန် သောက်တတ်တဲ့ အမျိုးသမီးတွေ ကိုယ်ဝန်လွယ်ထားရပြီဆိုတာ သိတဲ့ချိန်ဆိုရင် ဆေးလိပ် အရက်တွေ အကုန်ဖြတ်ပစ်လိုက်ကြတယ်။ ဒါက ကိုယ့်ရင်သွေးလေးကို ထိခိုက်မှာစိုးတဲ့ မိခင်စိတ်ကြောင့်ပါ။ အမျိုးသမီးတွေတင်မဟုတ်ပါဘူး၊ ဖခင်လောင်းဖြစ်လာမယ့် အမျိုးသားတွေမှာလည်း ကလေးလေး ရလာတော့မယ့်အချိန်မှာ ကိုယ့်ကလေးအတွက် ပြောင်းလဲလာတတ်ကြပါတယ်။သေဆုံးခြင်းကို ကြုံတွေ့ရရင် လူတွေရဲ့စိတ်ထဲမှာ ဘဝဟာ တိုတိုလေးပါလား၊ ဘဝကို မကောင်းတာတွေကို ဖယ်ပြီး အပြည့်ဝဆုံး ဖြတ်သန်းသင့်တယ်ဆိုပြီး အတွေးအမြင်တွေဝင်လာတဲ့ခါမှာလည်း ပြောင်းလဲလာတတ်ကြပါတယ်။ကိုယ့်ဘဝမှာ တစ်ခုခုဆုံးရှုံးသွားရင် ပိုကောင်းတာတွေလာဖို့ိဆိုပြီး ဖြည့်တွေးတတ်ကြတယ်လေ။ ဒီလိုအချိန်မှာ ကိုယ်ဘာကြောင့်အလုပ်ပြုတ်ခဲ့လည်းကို ပြန်စဉ်းစားပြီးတော့ အလုပ်ပြုတ်စေလောက်တဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်ရင်း တိုးတက်ဖို့နည်းလမ်းတွေ ပြန်လည်ရှာဖွေကြပါတယ်။ဝနေတဲ့လူတစ်ယောက်ကို နင့်ခန္ဓာကိုယ်ကြီးကပုံပျက်နေလိုက်တာ၊ နင်ဘယ်တော့မှ ပိန်မှာမဟုတ်ပါဘူး ဆိုပြီး ခဏခဏပြောခံရတဲ့အခါ အားငယ်သိမ်ငယ်စိတ်ကြောင့် သူ့ကိုဝေဖန်တဲ့သူတွေကို ပြချင်ဇောနဲ့ ပြောင်းလဲဖို့ကြိုးစားတာမျိုုးပါ။ ဝေဖန်ခံရမှ တိုးတက်မယ်ဆိုတာမျိုးပေါ့နော်။အကျင့်ဆိုးတစ်ခုကြောင့် မိသားစု၊ ပတ်ဝန်းကျင်ကလည်း ဝိုင်းပြောကြတယ်။ ကိုယ့်ကျန်းမာရေးကို လည်းထိခိုက်နေပြီ။ စီးပွားရေး၊လူမှုရေး စသဖြင့် ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတိုင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အကျင့်မျိုးဆိုရင်တော့ ပြောင်းလဲရမယ့် အချိန်ဆိုတာ တစိုက်မတ်မတ်ရောက်ရှိလာမှာပါ။သင့်မှာ သင့်ကိုယ်သင် ပြောင်းလဲချင်တဲ့ အရာတစ်ခုရှိနေလား။ ဘယ်တော့ ပြောင်းလဲရင်ကောင်းမလဲဆိုပြီး စောင့်နေတာလား။ ပြောင်းလဲတာက တစ်ခါတည်း အပြီးပြောင်းလဲဖို့မလိုအပ်ပါဘူး။ တစ်ဆင့်ချင်း တစ်လှမ်းချင်း ပြောင်းလဲတာကလည်း ပြောင်းလဲတာပါပဲ။ ပြောင်းလဲဖို့အတွက် အချိန်ကောင်းကို စောင့်နေတယ်၊ တစ်ယောက်ယောက်လာပြောဖို့ကို စောင့်နေတယ်ဆိုရင်တော့ မစောင့်ပါနဲ့တော့၊ ပြောင်းလဲခြင်းဆီသို့ စတင်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ပါလို့သာ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/mindset-changes-problems/
အလျင်အမြန်ဆုံး တင်းရင်းကြည်လင်ဖို့ mesotherapy
ကဲ…. မေလေးတို့ရေ။နောက်ထပ်အသားအရေကုထုံးအဆန်းလေးတစ်မျိုးအကြောင်း နှင်းသိသလောက် sharing လုပ်ပါဦးမယ်နော်။ နှင်းက မေလေးတို့ကို လှစေချင်သူမဟုတ်လား။ကိုရီးယား မင်းသမီးလေးတွေလိုမိတ်ကပ်မပါဘဲမျက်နှာလေး ကြည်လင်ဝင်းမွတ်တင်းရင်း နေချင်တဲ့ မေလေးတွေ မရှိကြဘူးလား။ဘယ်လောက်ပဲ skincare တွေလုပ်လုပ်၊ ပေါင်းတွေ တင်တင် အသားအရေ က ညစ်ထပ်ထပ် ဖြစ်နေကြတဲ့ မေလေးတွေ ရှိကြလား။ပြီးတော့ ပွဲသွားစရာရှိလို့…မင်္ဂလာဆောင်မှာမို့…သင်္ကြန်လည်ပြီး၊ ကမ်းခြေသွားပြီး ပျက်စီးလာတဲ့ အသားအရေကို အချိန်တိုအတွင်း ကောင်းမွန်လာချင်လား။အဲလိုမေလေးတွေအတွက်mesotherapyလို့ခေါ်တဲ့ မျက်နှာ အသားအရေ ကုထုံးလေးရှိနေပါပြီနော်။ ဒီနည်းလေးရဲ့ အခြေခံကို၁၉၅၂ ခုနှစ် ပြင်သစ်နိုင်ငံမှာ Dr.Michel Piston ဆိုသူက စတင်တွေရှိခဲ့တာပါ။ကြာလှပြီနော်..အသိနောက်ကျလေခြင်း။ အခုခေတ်မှာတော့ popular ဖြစ်လာတာနဲ့ အမျှ ဆင့်ကဲပြောင်းလဲ တိုးတက် လာတာတွေလည်းရှိတာပေါ့။ သူက မျက်နှာ အရေပြားကို အာဟာရဖြစ်စေ… အသားအရေကြည်လင်စေမယ့် နှစ်သက်ရာဗီတာမင်တွေနဲ့ သဘာဝ အပင်တွေကရတဲ့ အဆီအနှစ်တွေကို အပ်သေးသေးလေးတွေသုံးပြီး လိုက်ထိုးတာပါပဲ။ ထိုးဖို့ အများဆုံးရွေးချယ်ကြတဲ့ပစ္စည်းတွေကတော့ အသားအရေတင်းရင်းဖို့collagenနဲ့ elastin မျိုးကွဲတွေ၊ amino acid တွေ၊အသားအရေကြည်လင်တောက်ပဖို့ဗီတာမင် Cနဲ့ တခြား vitamin complex တွေ ၊အသားဖြူ ဝင်းစေဖို့ glycolic acid ၊ hyaluronic acid နဲ့ L-glutathionen စတာတွေပေါ့။ ကိုယ်ဖြစ်ချင်တဲ့ result ကိုလိုက်ပြီးရွေးချယ်လို့ရပါတယ်။ ပြီးတော့ ကိုယ့် အရေပြားနဲ့ လိုအပ်ချက်ကိုလိုက်ပြီး ထိုးပုံထိုးနည်း အမျိုးမျိုး ၊ အပ် အမျိုးအစား အမျိုးမျိုး ကွဲသေးတာ။ သိတဲ့ အတိုင်းမျက်နှာအရေပြားမို့ အပ်ကလေးတွေကလည်း ၀.၂၆ က နေ ၀.၃ မီလီမီတာ လောက်ပဲ လုံးပတ်ရှိတဲ့ အပ်ပါးပါးလေးတွေ…အပ် အရှည်ကတော့ ထိုးတဲ့ technique ကိုလိုက်ပြီး  ၄ ကနေ ၁၃ မီလီမီတာအထိရှိတယ်။ မျက်နှာအရေပြား ( skin ) အောက်မှာ epidermis ခေါ် အပေါ်ယံလွှာနဲ့ dermis ခေါ် အောက်ခံ အလွှာရှိတဲ့ ထဲကမှ intra epidermal technique ခေါ် အပေါ်ယံလွှာထဲ ဆေးထိုးထည့်တာ၊  papular method ခေါ် epidermis နဲ့ dermis အလွှာနှစ်ခုကြားကို ဆေးထိုးတာ၊ nappage method လို့ ခေါ်တဲ့ အတွင်းဆုံး အလွှာရောက်အောင် အပ်ကို ၂-၄ မီလီမီတာ အနက်နဲ့ ၃၀-၆၀ ဒီဂရီစောင်းပြီး ထိုးတာ၊ dragging/ point to point technique မှာဆို အပ်သေးသေးလေးတွေ or dermapen နဲ့ ခြစ်ခြစ်ပြီး အစက်ချသွားတာ/ အပ်သေးသေးလေးတွေနဲ့ပေါက်ပေါက်ပြီး ထိုးတာ အစရှိသည်ဖြင့်ပေါ့လေ။ တချို့နည်းတွေမှာ ဆေးထိုးအပ်အိမ်ကို mesogun ခေါ် သေနတ်ပုံစံ အထိန်းကိရိယာထဲ ထည့်ထိုးဖို့ လိုပေမယ့် တချို့နည်းတွေမှာတော့ ဒီတိုင်းထိုးတာပါပဲ။ ဘယ်နေရာတွေကိုထိုးလဲဆိုတော့ facial  rejuvenation point တွေဖြစ်တဲ့ မျက်လုံးတစ်ဝိုက်တွေ၊မျက်ခုံးအပေါ် နဖူးကြော နဲ့ hairline တစ်လျှောက်၊ smile line နေရာ နဲ့ နှုတ်ခမ်းနားတစ်ဝိုက်၊ မေးစေ့နဲ့ မေးအောက် နေရာတွေ ကို အဓိကထားထားတာပေါ့။ နာလားဆိုတော့ မထိုးခင် ထုံဆေး cream သုတ်တာတို့ ရေခဲကပ်တာတို့ လုပ်ထားတာမို့ ပုရွတ်ဆိတ် ကိုက်သလောက်တော့ နာပါသတဲ့။‌ဆေးထိုးပြီးပြီးချင်း နေရာတွေကို ရေခဲကပ်တာသော် လည်းကောင်း antiinflammatory cream လိမ်းတာသော်လည်းကောင်း လုပ်လို့ရပါတယ်။ ၂ ရက်လောက်ထိ အဲ့ဒီလို ဆေးလိမ်းတာ၊ရေခဲကပ်တာ လုပ်ပေးနိုင်ပါတယ်။ side effect အနေနဲ့က မရှိသလောက်ရှားပေမယ့် ဆေးထိုးပြီး ၁၅မိနစ်မှ ၂နာရီအတွင်း နီတာ ပူတာ ကျဉ်တာ ဖြစ်တတ်ပြီး သွေးခြည်ဥတာ အညိုအမည်းစွဲတာ ရောင်ရမ်းတာတွေက ၆နာရီကနေ ၃ ရက်အတွင်း ဖြစ်တတ်ပါတယ်။Dermapen နဲ့ဆိုရင်တော့ ၁-၃ ရက်အတွင်း တစ်မျက်နှာလုံးနီရဲနေပါလိမ့်မယ်။ တချို့တွေမှာ inflammatory response တွေက ၄ပတ်လောက်ထိ ဆက်ဖြစ်နေတတ်တယ်။ ဆေးထိုးထားတဲ့နေရာမှာလည်း အနည်းငယ် နီတာ၊ အဖုလေးထတာ ဖြစ်နိုင်ပါတယ်။ အပူကြပ်ထုပ်လေး ထိုးထိုးပေးနိုင်ပါတယ်။ တချို့နေရာတွေမှာ အဖုအထစ်သေးသေးလေးတွေ အများဆုံး တစ်လ လောက်ထိ စမ်းမိနေနိုင်ပါတယ်။ ကိုယ့်အသားအရေကsensitive typeဆိုရင်တော့ ကုထုံးလုပ်ပေးမယ့် အရေပြားဆရာဝန် ကိုကြိုပြောပြထားသင့်ပါတယ်။‌ဒီနည်းက ဘာတွေကောင်းလဲ ဆိုတော့ အရေပြားအောက်က (lymphatic system )သွေးရည်ကြည်လည်ပတ်မှုစနစ်ကို ကောင်းစေတဲ့ အတွက် အသားအရေကို ကြည်လင်ပြီး ပြန်လည်စိုပြေစေတဲ့ အပြင်ချွေးပေါက်ကျယ်တာကိုလည်း သက်သာစေပါသေးတယ်။ အရေပြားအောက်မှာ စုပုံနေတဲ့ အဆီပိုတွေကို ဖြိုဖျက်ပေးတဲ့ အတွက်အသားအရေ ကို နူးညံ့ချောမွေ့ပီး တင်းရင်းစေပါတယ်။ တချို့အရေးအကြောင်းများတဲ့ သူတွေဆိုbotoxလေးပါနည်းနည်းထည့်ထိုးပေးလို့ရသေးတယ်။‌အမဲစက်၊တင်းတိပ်၊ဝက်ခြံနဲ့ melanin ခေါ် အမဲရောင်ခြယ်ပစ္စည်းတွေ အသစ်ထွက်ပေါ်လာခြင်းကိုလည်း ကာကွယ်ပေးတယ်။‌ဒီရလဒ်တွေက ကုထုံးပြီး ၃-ရ ရက် အတွင်းဖြည်းဖြည်းချင်းပေါ်လာမှာပါ။ အစပိုင်းမှာ ချွေးပေါက်တွေကျယ်သွားတာမို့ အဆီပြန်ပြီး ဆားဝက်ခြံထွက်တာမျိုး ရှိတတ်ပေမယ့်scrubအပျော့စားလေးသုံး၊ soothing gel ဒါမှမဟုတ်moisturizerသေချာလိမ်းပေးပြီး ချွေးပေါက်ပြန်ကျဉ်းမယ့် အချိန်ရောက်တဲ့အခါ သူ့ အလိုလို ပျောက်သွားပါလိမ့်မယ်။ တစ်ကြိမ်နဲ့လည်း သိသာပေမယ့် ၁ ပတ်ခြား(သို့) ၂ ပတ်ခြား တစ်ခါ နဲ့ ၅-၁၀ ကြိမ် ဆက်တိုက်လုပ်ပေးနိုင်ရင်တော့ ရလဒ်က နှစ်နဲ့ချီပြီး ခံပါတယ်တဲ့ မေလေးတို့ရေ။ ဒါက ကိုယ့်ရဲ့အစားအသောက်၊ အနေအထိုင်ပေါ်လည်း မူတည်သေးတာမို့ ကုထုံးခံယူနေတဲ့ အချိန်အတွင်း ရေများများသောက်ဖို့၊အစားအသောက်ဆင်ခြင်ဖို့၊ နေပူ ရေပူ နဲ့ ဖုန်ထူ အထိမခံဖို့၊ ပုံမှန်sun creamနဲ့ routine skincare တွေသုံးဖို့ တော့ မမေ့ကြပါနဲ့နော်။ လှသည်ထက် လှနိုင်ကြပါစေ မေလေးတို့ရေ။        ။ရေးသားသူ – နှင်းရိပ်မှုန်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9c%e1%80%bb%e1%80%84%e1%80%ba%e1%80%a1%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%86%e1%80%af%e1%80%b6%e1%80%b8-%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8/
ကင်ဆာရှိရင် သကြားဖြတ်ရမှာလား။
ခဏခဏ ကြားနေကြမေးခွန်းပါပဲ။ကင်ဆာရှိနေလို့အချိုစားလို့မရတော့ဘူး။ ကင်ဆာဆဲလ်တွေ ပိုပွားလာမှာဆိုးလို့ စသဖြင့်ပေါ့။ ဒါဟာ တကယ်လား။ ကင်ဆာရှိရင် အချိုမစားရတော့ဘူးတဲ့လား။ ဆက်ကြည့်ရအောင်။ဒီနေရာမှာ အချိုလို့ပြောလိုက်ရင်သကြားဓာတ်ကို ရည်ညွှန်းတာပါ။ သကြားဓာတ်က အိမ်သုံးသကြားမှာလည်း ပါသလို အသီးအနှံတွေ၊ ထမင်းတွေမှာလည်း ပါပါတယ်။ အသီးအနှံတွေမှာပါတဲ့ fructoseဆိုတာလည်း သကြားဓာတ်ပါပဲ။ ထမင်းမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ဆိုတာလည်း ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပဲ။ ဒီလို သိကြပြီးတဲ့နောက်မှာ အချိုရှောင်ရမယ်လည်းဆိုရော ဒါတွေကိုပါ ရှောင်တော့တာပါပဲ။ကင်ဆာဆဲလ်တွေကို ရှာဖွေတဲ့နေရာမှာ PET scan (Positron Emission Tonography) ဆိုတာကို သုံးပါတယ်။ ဒီစက်ရဲ့ အလုပ်လုပ်ပုံက radioactive ပစ္စည်း တစ်မျိူးကို ကိုယ်ထဲကို ထည့်လိုက်မယ်။ ပြီးမှ နောက်ကနေ လိုက်traceကြည့်တာပါ။ဒီအခါမှာ ဒီradioactiveပစ္စည်းကို ကင်ဆာဆဲလ်တွေက ယူသုံးထားတဲ့အတွက် ကင်ဆာဆဲလ်တွေကို အလွယ်တကူ တွေ့ရှိနိုင်ပါတယ်။ သူ့အလုပ်လုပ်ပုံက ဒီလိုပါ။ ဖြစ်ချင်တော့ ဒီradioactiveပစ္စည်းလေးက သကြားဓာတ်ဖြစ်နေခဲ့တယ်လေ။ အဲ့ဒီမှာ ကင်ဆာဆဲလ်တွေက သကြားဓာတ်ကို ကြိုက်တယ်။ ကင်ဆာရှိရင် သကြားဓာတ်ဖြတ်ရမယ်ဆိုပြီး ဖြစ်လာတာပါပဲ။ကင်ဆာဆဲလ်တွေ အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းက အလုပ်လုပ်ဖို့ သကြားဓာတ်လိုပါတယ်။ ခုထက်ထိတော့ သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ပိုပြီးပွားစေတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်မာမာ မရှိသေးပါဘူး။ ဒီလိုပဲ သကြားဓာတ်ကို ဖြတ်လိုက်လို့ ကင်ဆာဆဲလ်တွေ ကျုံ့သွားတယ်။ ဆက်မပွားတော့ဘူးဆိုတဲ့ အထောက်အထားလည်း မရှိသေးပါဘူး။ ဒါကြောင့် သကြားဓာတ်ကို ဖြတ်စရာ မလိုပါဘူး။ပြောခဲ့သလိုပဲ သကြားဓာတ်ကို ကင်ဆာဆဲလ်တွေ မကပါဘူး။ ကိုယ်ထဲက သာမန်ဆဲလ်တွေလည်း လိုပါတယ်။ ဒါကို ကင်ဆာဆဲလ်တွေ သေအောင်ဆိုပြီး သကြားဓာတ်ဖြတ်လိုက်ရင် ကိုယ်ပါ ဒုက္ခရောက်မှာပါ။ ကင်ဆာကို ဒီလို သူသေကိုယ်သေ ကုဖို့ မလိုပါဘူး။နောက်တစ်ခုက ကင်ဆာကို ကုဖို့ ရောင်ခြည်ပြ၊ဆေးတွေ သွင်းတဲ့အခါမှာ လူကပါးစပ်ပျက်လို့ အစားမဝင်ဘဲ အားမရှိဖြစ်တတ်ပါတယ်။ ရောဂါကြောင့် စိတ်ဓာတ်ကျပြီး အစားမစားနိုင်တော့တာ ဖြစ်တတ်ပါတယ်။ ဒီလို အားနည်းနေတဲ့ လူနာကို သကြားဓာတ် ဖြတ်မယ်ဟဲ့ဆိုပြီး ထမင်းလည်း မကျွေး၊ တခြား အသီးအနှံတွေလည်း မစားရဘူးဆိုရင် ကင်ဆာတော့ မသိဘူး။ လူနာကတော့ တော်တော်အထိနာမှာပါ။ကိုယ့်ဘက်မှာ ဆေးအားရော အာဟာရအားရော ရှိနေမှ ကင်ဆာကို ကြံ့ကြံ့ခံပြီး ကုသနိုင်မှာပါ။အာဟာရပြည့်နေတဲ့ လူနာက အာဟာရချို့တဲ့တဲ့ လူနာထက်ပိုပြီး ခံနိုင်ရည်ရှိတယ်ဆိုတာ ဒီတိုင်း တွေးကြည့်ရင်တောင် အဖြေပေါ်ပါတယ်။ဒီတော့ လူနာကို အချိုမဖြတ်ဘူးဆိုရင် ဘာတွေ ကျွေးလို့ရလဲ။ အားရှိတာ၊ လူနာခံတွင်းတောင်းတာ ကျွေးလို့ရပါတယ်။ ထမင်း၊ ခေါက်ဆွဲ၊ အသား၊ ငါး၊ အရွက်၊ အသီးအနှံတွေ ကျွေးလို့ရပါတယ်။ ကိုယ်က အချိုဖြတ်မယ်ဆိုပြီး ဒါတွေကို မကျွေးဘဲ ထားခဲ့ပေမယ့် တကယ်တော့ ဒီအစားအစာတွေမှာ အချိုဓာတ်အပြင် လူနာအတွက် လိုအပ်တဲ့အသားဓာတ်တွေ၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်တာကြောင့် ကင်ဆာကုသရာမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။ဒါပေမယ့် ရှောင်သင့်တဲ့ အချိုတွေတော့ ရှိပါတယ်။ ပြုပြင်ထားတဲ့ သကြားပါတဲ့ အချိုရည်တွေ၊ ဆိုဒါတွေ၊ အားဖြည့်အချိုရည်တွေ ဒါတွေကိုတော့ ရှောင်ပေးပါ။ အာဟာရတန်ဖိုး မယ်မယ်ရရ မရှိတဲ့အပြင် လူကို အဝလွန်စေနိုင်တာကြောင့် လူနာအတွက် အကျိုး မရှိပါဘူး။နောက်တစ်ခုကတော့အရွက်ပြုတ်ရည်တွေပါ။ လူနာရဲ့ ပျောက်ချင်တဲ့ ဇောကို ကိုယ်ချင်းစာပေမယ့် ဒါတွေက စနစ်တကျ လေ့လာထားတာမဟုတ်လို့ လူနာအတွက် အကျိုးမရှိပါဘူး။ တစ်နေ့ ဘယ်နှခွက်သောက်ရမှာလဲ။ ဘယ်နှနာရီခြားလဲ။ ဘယ်သူတွေ သောက်လို့ရလဲ၊ မရဘူးလဲ။ ဒါတွေကို ဘာမှမသိပါဘူး။ ဒီလိုတွေ သောက်လာပြီး ကျောက်ကပ်ပျက်စီးကုန်လို့ ဆေးဆက်သွင်းလို့ မရတဲ့လူနာတွေ အများကြီး ရှိပါတယ်။ကင်ဆာက ကုမရတာမဟုတ်ဘဲ ကိုယ့်ရဲ့ မသိတတ်မှုတွေကြောင့် အခြေအနေပိုဆိုးပြီး ကုမရတာပါ။ ဒါကြောင့် ရှောင်ခြင်းရှောင် သကြားရှောင်မနေဘဲ ဒီလို မသေချာ မရေရာတဲ့ အရွက်ပြုတ်ရည်တွေ အမြစ်ပြုတ်ရည်တွေကိုသာ ရှောင်ပေးပါ။ကင်ဆာလူနာတစ်ယောက်အနေနဲ့ ကုမယ်လို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အာဟာရပြည့်အောင် စားပါ။ လှုပ်လှုပ်ရှားရှားနေပါ။ ရက်ချိန်း ပုံမှန်သွားပြပါ။ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။ ဆေးမြီးတိုတွေနဲ့ မကုပါနဲ့။ အကောင်းထက် အဆိုး ပိုဖြစ်နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/should-sugar-cut-off-if-you-have-cancer/
အစာမကြေရင်ပူခြင်းနှင့် နှလုံးထိခိုက်ခြင်း ဘာကွာခြားသလဲ
အစာမကြေရင်ပူခြင်း(Heartburn) နဲ့နှလုံးထိခိုက်ခြင်း(heart attack) ဟာ ကွဲပြားတဲ့ အခြေအနေတွေ ဖြစ်ပေမယ့် ကြုံတွေ့ရတဲ့ လက္ခဏာဟာ အတော်လေးဆင်တူပါတယ်။ နှစ်မျိုးစလုံးမှာ ရင်ဘတ်အောင့်တတ်ပါတယ်။ အဲဒီအခြေအနေကြုံလာရင် နှလုံးရောဂါကြောင့်ဆိုပြီး အရေးပေါ်ဆေးဝါးကုသမှု ခံယူရမလား အစာအိမ်လေဆေးလောက် သောက်ရုံနဲ့ ပြီးသွားမလားဆိုပြီး ဆုံးဖြတ်ရခက်ပါတယ်။အဆိုပါအခြေအနေနှစ်မျိုးစလုံးမှာ ရင်ဘတ်အောင့်ခြင်း ဘာကြောင့်ဖြစ်လာရသလဲ နားလည်ရအောင် နှစ်မျိုးစလုံးရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။နှလုံးထိခိုက်ခြင်းဆိုတာကတော့ နှလုံးမှာရှိတဲ့ အဓိကနှလုံးသွေးကြောတွေမှာသွေးလည်ပတ်မှုလျော့ကျသွားလို့ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ နှလုံးမှာ သွေးနဲ့အောက်ဆီဂျင် ရရှိမှု နည်းသွားပါတယ်။ ဒီအခြေအနေကို နှလုံးသွေးငတ်ခြင်းလို့ ခေါ်ပါတယ်။နှလုံးထိခိုက်မှုဖြစ်ချိန်မှာနှလုံးကြွက်သားတွေမှာ သွေးရရှိမှုနည်းသွားပြီးရင်ဘတ်အောင့်ခြင်းအပါအဝင် တခြားဝေဒနာတွေ ကြုံနိုင်ပါတယ်။အစာမကြေရင်ပူခြင်းဆိုတာကတော့ အစာအိမ်ထဲက အက်ဆစ်များဟာ အစာရေမျိုထဲကို (တခါတရံမှာ ပါးစပ်ထဲအထိ) ရောက်လာချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်များဟာ အစာကို မချေနိုင်တော့တဲ့အတွက် ဖြစ်ပါတယ်။အစာအိမ်နံရံတွေဟာတော့ အက်ဆစ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့အတွက် ထိရောက်မှုမရှိပေမယ့် အစာရေမျိုနံရံကတော့ အက်ဆစ်ဒဏ်ကို မခံနိုင်ပါဘူး။ ဒါကြောင့် ပူလောင်တဲ့ ခံစားချက်ဖြစ်ပေါ်စေပြီး ရင်ဘတ်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းများ ဖြစ်ပေါ်စေပါတယ်။နှလုံးထိခိုက်ခြင်း။ရင်ဘတ်အောင့်ခြင်းဟာ နှလုံးထိခိုက်ခြင်းရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ တခြားတွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့။• မူးဝေခြင်း။• သတိလစ်ချင်သလိုဖြစ်ခြင်း။• ပျို့အန်ခြင်း။• လည်ပင်း၊ မေးရိုး၊ နောက်ကျောသို့ နာကျင်မှုပျံ့သွားခြင်း။• အသက်ရှူကြပ်ခြင်း။•ချွေးထွက်ခြင်း။• ပင်ပန်းနွမ်းနယ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။အစာမကြေရင်ပူခြင်း။အစာမကြေရင်ပူခြင်းဟာ အတော်လေးကို မအီမသာဖြစ်ရတဲ့ အခြေအနေဖြစ်ပြီး ရင်ခေါင်းနေရာမှာ ပူလောင်နေပြီး ရင်ဘတ်ဆီပါ ပျံ့သွားစေပါတယ်။ တခြားလက္ခဏာတွေကတော့။• ပက်လက်လှန်လှဲချိန်တွင် ရင်ဘတ်ထဲပူလာခြင်း။• အစာစားပြီးချိန်အောင့်ခြင်း။• နာကျင်ခြင်းကြောင့်ကောင်းကောင်းအိပ်မပျော်ခြင်း(အထူးသဖြင့် အိပ်ရာမဝင်ခင် စားသောက်ခြင်း)။• ပါးစပ်အတွင်းချဉ်ခြင်း (သို့) အက်ဆစ်အရသာ ခံစားရခြင်း။အစာမကြေရင်ပူခြင်းဟာ များသောအားဖြင့် အစာအိမ်လေဆေးသောက်ပြီးချိန်မှာ သက်သာသွားတတ်ပါတယ်။၁။ ဘယ်လိုနေရင် သက်သာလဲ။အက်ဆစ်တွေပြန်ဆန်တက်လာရင် ထိုင်နေပြီး လေဆေးသောက်ခြင်းဟာ နာကျင်မှုကို သက်သာစေပါတယ်။ ပက်လက်လှဲခြင်း၊ အရှေ့ကိုခါးကိုင်းထားခြင်း စတာတွေဟာ ပိုဆိုးစေပါတယ်။ နှလုံးထိခိုက်ခြင်းကတော့ ထိုင်ပြီး လေဆေးသောက်ရုံနဲ့ မသက်သာပါဘူး။ လှုပ်ရှားရင် ပိုဆိုးပါတယ်။၂။ စားတာနဲ့ဆိုင်လား။ရင်ပူခြင်းဟာ စားသောက်ပြီး တနာရီနှစ်နာရီလောက်နေရင် ဖြစ်ပေါ်လာတတ်ပါတယ်။ နှလုံးရောဂါမှာတော့ လက္ခဏာများပေါ်လာခြင်းဟာ အစားအသောက်နဲ့ သက်ဆိုင်ခြင်း မရှိတတ်ပါဘူး။၃။နာကျင်မှုဟာ နေရာရွေ့သလား။အစာမကြေရင်ပူခြင်းမှာ နာကျင်ခြင်းဟာ လည်ချောင်းအထိ ရောက်ပါတယ်။ နှလုံးထိခိုက်ခြင်းမှာတော့ နာကျင်မုှဟာ မေးရိုး၊ နောက်ကျော၊ လက်မောင်းတဖက်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးကို ပျံ့သွားနိုင်ပါတယ်။၄။အသက်ရှူကြပ်သလား၊ ချွေးပြန်သလား။အစာမကြေရင်ပူခြင်းမှာတော့ ဒီပုံစံတွေ သိပ်မတွေ့ရပါဘူး။ နှလုံးပြဿနာမှာတော့ ဒီလက္ခဏာတွေ ဆိုးရွားပြင်းထန်စွာ ကြုံရတတ်ပါတယ်။ နှလုံးသွေးငတ်ခြင်းကြောင့်ဖြစ်ပြီး အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။မိမိအခြေအနေဟာ နှလုံးအောင့်တာလား၊ အစာမကြေရင်ပူတာလား မသေချာရင် အချိန်ဆွဲမနေဘဲ ဆေးရုံဆေးခန်းပြသသင့်ပါတယ်။ နှလုံးထိခိုက်ခြင်းကို သက်သာလိုသက်သာငြား လစ်လျူရှုထားရင် ကြာလာတာနဲ့အမျှ နှလုံးကြွက်သားတွေ ပျက်စီးသွားနိုင်ပါတယ်။ အသက်အန္တရာယ် ရှိပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/heartburn-or-heart-attack/
Stem cell အသုံးပြု ကုသခြင်းနဲ့ ပတ်သက်လို့ သိထားသင့်သမျှ
Stem cell အသုံးပြုပြီး ကုသခြင်းဟာ ထူးထူးခြားခြားကြီးကို အကျိုးရှိကောင်းမွန်တယ်လို့ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် Stem cell နဲ့ ပတ်သက်လို့ သင်သိထားသမျှတွေက မှန်ကန်ရဲ့လား။Stem cell အသုံးပြု ကုသခြင်းနဲ့ ပတ်သက်လို့ သိထားသင့်သမျှကို မျှဝေပေးလိုက်ရပါတယ်။Stem cell အသုံးပြုပြီး ကုသခြင်းဟာ ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ အရေးပါသော နယ်ပယ်ခြေလှမ်းတရပ် ဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ ဒီနည်းလမ်းကို အသုံးပြုပြီး ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေကို ကုသပေးနေနိုင်ပါပြီ။ ဒါပေမယ့် Stem cell အသုံးပြု ကုသခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ပြဿနာလေးတွေ၊အတည်မပြုရသေးတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး လူနာတွေ အကြားမှာရော၊ပြည်သူတွေအကြားမှာပါ သို့လောသို့လော ဖြစ်စရာလေးတွေ ရှိနေပါသေးတယ်။ ဒါကြောင့် Stem cell အသုံးပြုပြီး ကုသမှု မခံယူခင်မှာ ကြိုတင်သိရှိထားသင့်တဲ့ အချက်အလက်လေးတွေ၊လက်ရှိ ကုသပေးနေတဲ့ ရောဂါတွေ၊အနာဂါတ်မှာ ကုသပေးနိုင်ဖွယ်ရာရှိတဲ့ ရောဂါတွေ၊ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်အန္တရာယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ဆဲလ်တွေဟာ လူ့ခန္ဓါကိုယ်ရဲ့ အခြေခံ အုတ်မြစ် ဖြစ်ပြီး အဆိုပါ ဆဲလ်တွေရဲ့ ပင်မရင်းမြစ်ကတော့ Stem cell တွေပဲ ဖြစ်ကြပါတယ်။Stem cell တွေဟာ မတူကွဲပြားတဲ့ ဆဲလ်အမျိုးမျိုးအဖြစ် ကြီးထွားလာနိုင်စွမ်း ရှိပါတယ် (ဥပမာ အာရုံကြောဆဲလ်များ၊အရိုးဆဲလ်များ၊သွေးဆဲလ်များ စသည်)။ ကျွန်တော်တို့ ခန္ဓါကိုယ်နေရာအမျိုးမျိုးကနေ ဖြစ်ပေါ်လာတဲ့ ဒါမှမဟုတ် ကျွန်တော်တို့ ဘဝသက်တမ်းတလျှောက် မတူညီတဲ့ အချိန်အပိုင်းအခြားတွေမှာ ဖြစ်ပေါ်လာတဲ့ Stem cell အမျိုးအစားပေါင်း များစွာ ရှိပါတယ်။ ယေဘုယျအားဖြင့် Stem cell ကို နှစ်မျိုးခွဲပါတယ်။ သန္ဓေသား Stem cell နဲ့ အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ Stem cell ဆိုပြီးတော့ နှစ်မျိုးပါ။သန္ဓေသား stem cell တွေဟာ (စတင်ကြီးထွားဖွံ့ဖြိုးတဲ့ အဆင့်တွေမှာသာ) အချိန်ကာလ ခဏတာ တည်ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ stem cell တွေကတော့ သန္ဓေသား ကြီးထွားဖွံ့ဖြိုးချိန်မှာ စတင်ပေါ်ပေါက်လာပြီး ဘဝတသက်တာလုံး ဆက်လက်တည်ရှိနေပါတယ်။Stem cell တွေရဲ့ အဓိက စွမ်းဆောင်နိုင်ရည်နှစ်ခုက ဘာလဲဆိုတော့ ကြိုတင်သတ်မှတ်ထားတဲ့ ဆဲလ်ပုံစံအဖြစ် ကြီးထွားဖွံ့ဖြိုးလာနိုင်စွမ်းနဲ့ ပုံစံတူဆဲလ်ကို မိတ္တူပွားနိုင်စွမ်းတို့ပဲ ဖြစ်ကြပါတယ်။ ဒီစွမ်းဆောင်ရည်တွေကို အသုံးပြုပြီး ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ဖို့ ဒါမှမဟုတ် အစားထိုးဖို့အတွက် Stem cell တွေကို အသုံးပြုနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဒီလိုကုသရာမှာ သန္ဓေသား Stem cell တွေကို အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Stem cell အမျိုးအစားဟာ ရှာဖွေရလွယ်ကူပြီး ခန္ဓါကိုယ်အတွင်းမှာရှိတဲ့ ဘယ်ဆဲလ်ပုံစံကို မဆို ပြောင်းလဲပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ Stem cell ဟာ ရောဂါကုသရာမှာ ပိုအသုံးဝင်ကြောင်း သုတေသနတွေအရ သိရှိရပေမယ့် ကြီးထွားဖွံ့ဖြိုးနိုင်စွမ်းမှာတော့ သန္ဓေသား Stem cell တွေကို မမှီတဲ့အတွက် လက်တွေ့အသုံးချရာမှာ ကန့်သတ်မှုတွေ ရှိနေပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ရှိတဲ့ Stem cell တွေဟာ အလိုရှိရာ ဆဲလ်အမျိုးအစား အသွင်ကို ပြောင်းလဲကြီးထွားနိုင်စွမ်း မရှိပါဘူး။ တနည်းပြောရရင် ဒီ Stem cell အမျိုးအစားကို အသုံးပြုတဲ့အခါ အချို့သော ရောဂါတွေကိုသာ ကုသနိုင်ပါလိမ့်မယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ သန္ဓေသား Stem cell တွေကို ဓါတ်ခွဲခန်းထဲမှာ ကြီးထွားဖွံ့ဖြိုးလာအောင် ဖန်တီးလုပ်ဆောင်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် သန္ဓေသား Stem cell တွေဟာ အလိုရှိရာ ဆဲလ်ပုံစံ (ဥပမာ။နှလုံးကြွက်သားဆဲလ်၊သွေးဆဲလ် စသဖြင့်)အဖြစ် ကြီးထွားဖွံ့ဖြိုးလာပါလိမ့်မယ်။ ဖြစ်ပေါ်လာတဲ့ ဆဲလ်တွေကို လူနာရဲ့ ခန္ဓါကိုယ်ထဲ ထည့်သွင်းပေးခြင်း (ထိုးသွင်းပေးခြင်း)အားဖြင့် ပျက်စီးနေတဲ့ တစ်ရှူးတွေ၊အင်္ဂါတွေကို ပြုပြင်နိုင်ပါလိမ့်မယ်။ဥပမာ လူတယောက်ရဲ့ နှလုံးကောင်းစွာ အလုပ်မလုပ်တော့ဘူးဆိုရင် ဒီဆဲလ်တွေကို နှလုံးကြွက်သားတွေထဲ ထိုးထည့်လိုက်ပါတယ်။ ဒါဆိုရင် ထိုးသွင်းခြင်းခံလိုက်ရတဲ့ ဆဲလ်တွေဟာ ပျက်စီးနေတဲ့ နှလုံးကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးပါလိမ့်မယ်။အနာဂါတ်မှာ Stem cell ကို အသုံးပြုပြီး ဘယ်ရောဂါတွေကို ကုသပေးနိုင်မလဲ။သီအိုရီအားဖြင့်တော့ Stem cell တွေဟာ ရောဂါအားလုံးကို ကုသပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အသက်အရွယ် အိုမင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံ ယိုယွင်းခြင်းဟာ ကုသနိုင်ချေ အမြင့်မားဆုံး ရောဂါတွေထဲက တခုဖြစ်ပါတယ်။”မျက်လုံးတွေဟာ ဗဟိုအာရုံကြော အဖွဲ့အစည်းရဲ့ လက်လှမ်းအမှီနိုင်ဆုံး နေရာဖြစ်ပြီး ဒီနေရာကနေတဆင့် အားလုံးကို သိမြင်နိုင်ခြင်းဟာ အကြောင်းပြချက်ကောင်းတခု ဖြစ်တယ်”လို့ ရန်ဆဲလား၊နယူးယော့ခ်မှာရှိတဲ့ Stem cell အင်စတီကျူရဲ့ ပူးတွဲထူထောင်သူ ဆယ်လီတန်ပယ်က ဆိုပါတယ်။Stem cell အသုံးပြု ကုသခြင်းနဲ့ ပတ်သက်ပြီး သုတေသီတွေ၊သိပ္ပံပညာတွေဟာ နှစ်ပေါင်းများစွာ လေ့လာသုတေသန လုပ်ခဲ့ရပါတယ်။(၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ အထိ) FDA က ခွင့်ပြုထားတဲ့ Stem cell အသုံးပြု ကုသမှု ဆယ်မျိုးထဲမှာ လက်ရှိအချိန်ထိ ထိပ်ဆုံးက ပြေးနေတာ၊အများဆုံး အသုံးနေကြတာကတော့ ချက်ကြိုးသွေးထဲမှာ ပါရှိတဲ့ Stem cell တွေကို အသုံးပြုကုသခြင်းပဲ ဖြစ်ပါတယ်။ အချို့သော ကင်ဆာတွေနဲ့ သွေးဆိုင်ရာ ရောဂါတွေအပါအဝင် ရောဂါပေါင်း ရှစ်ဆယ်နီးနီးမှာ ဒီကုသမှုကို အသုံးပြုနေပါပြီ။Stem cell အသုံးပြု ကုသခြင်းဟာ အလွန်ကောင်းမွန်တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် …..။Stem cell အသုံးပြု ကုသခြင်းဟာ အလွန်အသုံးဝင်ပြီး ခေတ်စားလာမယ့် ဆေးပညာနယ်ပယ် တခုဖြစ်တာကြောင့် ကမ္ဘာအရပ်ရပ်မှာ အားကြိုးမာန်တက် လေ့လာသုတေသန ပြုနေကြပါတယ်။ နှလုံးကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ဦးနှောက်ကင်ဆာ ဖြစ်ပွားခြင်းနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေအပါအဝင် ပြဿနာအတော်များများကို Stem cell အသုံးပြု ကုသခြင်းက ဖြေရှင်းပေးနိုင်မယ်လို့ သုတေသီတွေက ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ လက်တွေ့ကုသအောင်မြင်မှု အနည်းငယ်ပဲ ရှိပါသေးတယ်။ ခန္ဓါကိုယ်ထဲ ထိုးသွင်းလိုက်တဲ့ Stem cell တွေဟာ သွေးထဲမှာ ခြေဆန့်သွားလာပြီး ပျက်စီးနေတဲ့ တစ်ရှူးတွေ၊အင်္ဂါအစိတ်အပိုင်းတွေကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရှာတွေ့ကာ အဆိုပါ တစ်ရှူးတွေကို အောင်မြင်စွာ ပြုပြင်ပေးနိုင်ခြင်း ရှိမရှိဆိုတဲ့ အချက်ကို ဘယ်သူမှ သေသေချာချာ မသိသေးပါဘူး။ ခေတ်သစ်ဆေးသိပ္ပံပညာရဲ့ ထွန်းကားတိုးတက်မှုကြောင့် Stem cell အသုံးပြုကုသခြင်းရဲ့ အလားအလာကောင်းတွေ အများအပြားကို တွေ့နေရပြီဆိုပေမယ့် စိန်ခေါ်မှုပြဿနာတွေလည်း များစွာ ရှိနေပါသေးတယ်။Stem cell အမျိုးအစား၊ဆဲလ်ကွဲပွားပြောင်းလဲသွားနိုင်မှု အခြေအနေ၊ရောက်ရှိစေချင်တဲ့အစိတ်အပိုင်းနေရာ၊ဘယ်လိုထိုးသွင်းမလဲ အစရှိတဲ့ အချက်တွေဟာ စိန်ခေါ်မှုတွေပါ။လက်တွေ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊(တိရစ္ဆာန်တွေမှာ စမ်းသပ်ထားတဲ့) သီအိုရီပိုင်းဆိုင်ရာ ပြဿနာတွေကတော့ ကင်ဆာကြိတ်ဖြစ်ပေါ်ခြင်း၊ခုခံအားစနစ်ကနေ မလိုလားအပ်တဲ့ တုံ့ပြန်မှုတွေ ပေါ်ပေါက်လာခြင်း၊ရောဂါပိုးမွှားများ ကူးစက်နိုင်ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။ ထိုးသွင်းလိုက်တဲ့ Stem cell တွေဟာ ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲသွားနိုင်ခြင်း အပါအဝင် အခြားသော ပြဿနာတွေ အများအပြား ဖြစ်ပေါ်လာနိုင်ချေ ရှိနေတာကြောင့် Stem cell အသုံးပြုကုသခြင်းကို သူတို့ကိုယ်တိုင် မခံယူရဲသေးဘူးလို့ Stem cell နဲ့ ကင်ဆာရောဂါတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက ဝန်ခံပြောကြားပါတယ်။အတည်မပြုရသေးတဲ့ Stem cell ကုသမှုတွေကို ပြုလုပ်ပေးနေတဲ့ ဆေးရုံ၊ဆေးခန်းတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက လူနာတွေကို သတိပေးထားပါတယ်။”သုတေသန စမ်းသပ်မှုထဲမှာ ပါရမယ်လို့ ပြောပြီး ခင်ဗျားဆီက ပိုက်ဆံတောင်းရင် သတိသာ ထားပေတော့ဗျို့”လို့ အမေရိကန်ကင်ဆာအကယ်ဒမီကျောင်းက အုပ်ချုပ်သူ ဒေးဗစ်ပက်က ဆိုပါတယ်။ ဒီလို ကုသမှုမျိုးတွေ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်သလို လုံခြုံစိတ်ချရမှုလည်း မရှိပါဘူး။ တောင်ဖလော်ရီဒါ၊အမေရိကမှာ ရှိတဲ့ တရားမဝင် ဆေးခန်းတွေကနေ ကုသပေးလိုက်တဲ့အတွက် မျက်စိကွယ်သွားတဲ့ လူနာသုံးယောက်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။Stem cell တွေကို ဦးနှောက်၊မျက်စိနဲ့ အာရုံကြောအဖွဲ့အစည်းထဲကို ထိုးသွင်းပေးခြင်း ကဲ့သို့သော အန္တရာယ်များလှတဲ့ ကုသမှုတွေကို လုပ်ဆောင်ပေးနေတဲ့ ဆေးရုံဆေးခန်းတွေကို အရေးယူကြပ်မတ်နိုင်ဖို့အတွက် အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ – FDA က ဆိုပါတယ်။Stem cell တွေကိုး လူ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေထဲ ထိုးသွင်းပြီး ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြုပြင်ကုသစေတာဟာ လက်ရှိအခြေအနေမှာတော့ အင်မတန် အန္တရာယ်များနေပါသေးတယ်။ ကျွမ်းကျင်သူ သုတေသီပညာရှင်တွေအနေနဲ့ Stem cell တွေရဲ့ လုပ်ဆောင်ပုံတွေ၊သဘောသဘာဝတွေကို အခုထက် ပိုမိုသိရှိလာမယ့် အချိန်ထိ ကျွန်တော်တို့ စောင့်ဆိုင်းသင့်ပါတယ်။ ဒီလို Stem cell အသုံးပြု ကုသမှု တစုံတရာ မခံယူခင်မှာ Stem cell ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်ကောင်းတွေ ရယူသင့်တယ်လို့ FDA က အကြံပြုထားပါတယ်။နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ Stem cell အသုံးပြုကုသခြင်းဟာ လူနာတွေအတွက်ရော၊ဆေးလောကအတွက်ပါ အမှန်တကယ် အရေးပါအကျိုးရှိမယ့် နည်းလမ်းတခု ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီကုသမှုဟာ လူ့ခန္ဓါကိုယ်ရဲ့ အခြေခံအကျဆုံး ယူနစ်တွေအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေတာမို့ အမှန်တကယ် တွင်တွင်ကျယ်ကျယ် အသုံးမပြုခင်မှာ သိပ္ပံပညာရှင်တွေအနေနဲ့ အချိန်ပေးပြီး ဆက်လက်လေ့လာစရာတွေ အများကြီး ရှိနေသေးတဲ့အကြောင်း မျှဝေပေးလိုက်ရပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/stem-cell-%e1%80%a1%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%bb%e1%80%95%e1%80%b3-%e1%80%80%e1%80%af%e1%80%9e%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%95-%e1%80%95/
အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း
ပုရိသယောက်ျားသားတွေအတွက် ချွေးထွက်များနေတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ခုလို ပူလွန်းအိုက်လွန်းတဲ့ ရာသီဥတုမှာ အပြင်ထွက်ပြီး သွားလာနေရတာ၊လေ့ကျင့်ခန်း၊ အားကစား ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန်ဆို ပေါင်ခြံတစ်ဝိုက်မှာ ချွေးတွေ ရွှဲနေတော့တာပေါ့။ ဒီတစ်ခေါက်တော့ အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။အပြင်က အပူချိန်ကို ကိုယ်ခန္ဓာက တုံ့ပြန်တဲ့အနေနဲ့ ချွေးပေါက်တွေကနေ ချွေးတွေ အများအပြားထွက်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေက လိင်အင်္ဂါ၊ ပေါင်ခြံ၊တင်ပါး၊ ချိုင်းနေရာတွေမှာ ချွေးပိုပြီး ထွက်နိုင်ပါတယ်။ ချွေးထွက်တာဟာ စိုးရိမ်စရာကိစ္စမဟုတ်ပေမဲ့ သူ့နောက်ကနေ ယားယံတာ၊ ပွန်းရှတာ၊ နေရထိုင်ရခက်တာ၊ အောက်သိုးသိုး ညှီတဲ့အနံ့တွေ ထွက်လာပြီဆိုရင်တော့ နည်းနည်းလေး စဉ်းစားစရာ ဖြစ်လာပါပြီ။ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်တဲ့ ပမာဏများပါတယ်။ ပုံမှန်ထက် ချွေးထွက်များနေပြီဆိုရင်တော့ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။၁။ သွေးတွင်းသကြားဓာတ် နည်းနေတာ (Hypoglycemia)။၂။ဆီးချိုရှိတာ။၃။ သိုင်းရွိုက်ဂလန်း ပြင်းပြင်းထန်ထန် အလုပ်လုပ်တာ (Hyperthyroidism) – ဒီရောဂါမျိုး ရှိတဲ့သူတွေမှာ ချွေးထွက်လွန်တာအပြင် ကိုယ်အလေးချိန် အရမ်းကျသွားခြင်း၊ စိုးရိမ်စိတ်များခြင်း၊ မောပန်းခြင်း၊ နှလုံးခုန် မြန်လာခြင်းတွေပါ တွေ့ရနိုင်ပါတယ်။၄။ တချို့သော ဆေးဝါးတွေကြောင့်။၅။ဟော်မုန်း မျှခြေ ကမောက်ကမဖြစ်ခြင်း (ဥပမာ – ကျားဟော်မုန်းထက် မဟော်မုန်း က ပိုများနေတာ)။၆။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်လွန် စိတ်ရောဂါ။၇။ အဝလွန်တာ။၈။ မျိုးရိုးလိုက်တာကြောင့် အမျိုးသားတွေရဲ့ ပေါင်ခြံပတ်လည်မှာ ချွေးထွက်လွန်နိုင်ပါတယ်။အိမ်မှာ အလွယ်တကူလုပ်လို့ ရတဲ့ နည်းလမ်းကောင်းတွေကတော့။၁။ ချည်သား သို့မဟုတ် ချွေးစုပ်ပြီး အသားအေးတဲ့ အတွင်းခံတွေ ဝတ်ဆင်တာ။၂။အတွင်းခံချောင်ချောင်ချိချိ ဝတ်ဆင်တာ။၃။ တစ်နေ့ကို ရေ ၂ကြိမ် ချိုးပေးတာ။၄။ ရေမွှေးမဟုတ်တဲ့ ချွေးတိတ်ဖြန်းဆေးကို ပေါင်ခြံတစ်ဝိုက် ဖျန်းပေးတာ။၅။ ချွေးထွက်စေနိုင်တဲ့ ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ ရှောင်တာ။၆။ ရေဓာတ်ခမ်းခြောက်စေတဲ့ကဖင်းဓါတ်ပါဝင်တဲ့ ကော်ဖီ၊ ဖျော်ရည်၊ အရက်သေစာတွေကို ရှောင်ကြဉ်တာ။၇။ ယောဂကျင့်စဉ် သို့မဟုတ် တရားထိုင်ခြင်းဖြင့်စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးတာ။၈။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် အလေးချိန်ချပေးတာ အစရှိတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။အမျိုးသားတွေအတွက် ချွေးထွက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုပဲ ဆိုပေမဲ့လည်း ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ချွေးတွေ ထွက်နေတဲ့နေရာကို ရေချိုးရင် ကြေးသေချာမတွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီတွေ ဝတ်ဆင်တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး အနံ့အသက်ဆိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေနဲ့ ပွေး၊ ဝဲ၊ ညှင်း အစရှိတဲ့ အရေပြားမှိုရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချွေးထွက်လွန်နေတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်တာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/heavy-sweating-in-groins/
Weismann-Netter-Stuhl syndrome (ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း)
ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဆိုတာ အရိုးတွင် မူမမှန်မှုများစွာဖြစ်သော အလွန်ရှားပါးသည့် မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ခြေသလုံးရိုး၂ခုမှာ လေးကိုင်းသဏ္ဍန်ဖြစ်နေပါမယ်။ တချို့လူတွေမှာ နံရိုး၊ တင်ပဆုံရိုး၊ ကျောရိုးနဲ့ လက်ရိုးတို့လိုမျိုး အခြားအရိုးတွေလည်း ဖြစ်နိုင်ပါတယ်။ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဟာ တော်တော်ရှားတဲ့ အရိုးရောဂါတစ်မျိုးဖြစ်ပြီး ယောက်ျားလေးနဲ့ မိန်းကလေးဖြစ်ပွားနှုန်းတူညီကြပါတယ်။ ၁၉၅၄မှာစတင်တွေ့ရှိပြီး လူအယောက်၇၀လောက် ဖြစ်ပွားပြီးပြီလို့ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့်လည်း ထိုရောဂါမျိုးဟာ ရှာဖွေရခက်ခဲတာကြောင့် လူထုထဲမှာဘယ်လောက်နှုန်းနဲ့ ဖြစ်ပွားနေတယ်ဆိုတာကို ဆုံးဖြတ်ရအဆင်မပြေပါဘူး။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ကိုယ်ကာယစွမ်းရည်ကို သိပ်မထိခိုက်တာကြောင့် ကလေးအရွယ်ရောက်တာတောင် မသိဘဲရှိနေတတ်ပါတယ်။ အရိုးကွေးတာတွေက ၂ဖက်လုံးမှာဖြစ်တတ်ပြီး တစ်ဖက်တည်းဖြစ်တာတော့ ရှားပါတယ်။ခြေသလုံးရိုး တီဘီယာမှာ အတက်ထွက်နိုင်ပြီး ဓါတ်မှန်ဖြင့် တွေ့ရှိနိုင်ပါတယ်။ တင်ပဆုံအရိုးနဲ့ နံရိုးတွေမှာလည်း ခံစားရနိုင်ပါတယ်။ Coxa Vera လို့ခေါ်တဲ့ ပေါင်ရိုးက တင်ပဆုံးရိုးအနောက်နဲ့အလယ်ပိုင်းကို ဦးတည်နေသောအခြေအနေမျိုးကို ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းမှာ တွေ့ရလေ့ရှိပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းရဲ့ တရားခံက မျိုးရိုးဗီဇပြောင်းလဲခြင်းပါပဲ။ ထိုမျိုးရိုးဗီဇအတိအကျကိုတော့ ရှာဖွေတုန်းပါပဲ။ ထင်ရတာကတော့ ယင်းမျိုးရိုးဗီဇက ခန္ဓါကိုယ်အင်္ဂါအမျိုးမျိုးအတွက် ပရိုတင်းထုတ်လုပ်မှုကို တာဝန်ယူထားပါတယ်။ မျိုးရိုးဗီဇပြောင်းလဲသွားတဲ့အခါ ပရိုတင်းကောင်းကောင်းမထုတ်နိုင်တော့ဘဲ ကိုယ်အင်္ဂါတွေ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါ ရောဂါများစွာဖြစ်ပေါ်လာပါတယ်။ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းမှာ အရိုးဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ပရိုတင်းထုတ်လုပ်မှုကို တာဝန်ယူသော မျိုးရိုးဗီဇချို့ယွင်းမှုက တရားခံလို့ ပြောနိုင်ပါတယ်။တချို့အခြေအနေတွေက မျိုးရိုးလိုက်ခြင်းနဲ့ဆက်စပ်နေပါတယ်။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းဟာ လွှမ်းမိုးမျိုးရိုးဗီဇအမျိုးအစားဖြစ်တာကြောင့် ရောဂါရရှိဖို့ မိဘတစ်ပါးထံမှ ချို့ယွင်းမျိုးရိုးဗီဇတစ်ခုတည်းသာ လိုပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းကို ခြေသလုံးအရိုးကွေးခြင်း၊ ပေါင်ရိုးကွေးခြင်း၊ အရိုးအပြင်လွှာထူခြင်းနှင့် ရိုးတွင်းခြင်ဆီကြယ်ခြင်းတို့အား ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် တွေ့ရှိနိုင်ပါတယ်။ လက်ရိုးကွေးခြင်း၊ တင်ပဆုံရိုးမူမမှန်ခြင်း၊ ကျောရိုးပုံသဏ္ဍန်မှန်မှန်မဖွံ့ဖြိုးခြင်း၊ ဦးနှောက်နှင့်အာရုံကြောမကြီးကို ဝန်းရံထားသော အမြှေးပါးမာတောင့်ခြင်းတို့ကိုလည်း ဓါတ်မှန်ရိုက်ကြည့်နိုင်ပါတယ်။ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းကို အဖြေရှာအတည်ပြုဖို့က ခက်ခဲနိုင်သလို၊ ကြာလည်းကြာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုရောဂါအကြောင်းကို ကောင်းကောင်းမသိရသေးတဲ့အပြင် ရောဂါဇစ်မြစ်ကိုလည်း မဖော်ထုတ်ရသေးပါဘူး။ အခြားရောဂါတွေနဲ့ မှားယွင်းအတည်ပြုလိုက်နိုင်ပါတယ်။ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းအတွက် ကုသမှုကတော့ လူနာတစ်ဦးတစ်ယောက်ချင်းစီမှာ ကြုံတွေ့ရမယ့်ရောဂါလက္ခဏာတွေကို ဦးတည်မှာဖြစ်ပါတယ်။ ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းရောဂါသည်ကလေးအတွက် ကူညီထောက်ပံပေးမယ့် အဖွဲ့လေးဖွဲ့လိုက်တာက တောတော်ကူညီရာရောက်ပါတယ်။ ထိုအဖွဲ့က ဗဟိဒ္ဓကုထုံးတွေနဲ့ အခြား ဆေးပညာဆိုင်ရာ၊ လူမှုရေးဆိုင်ရာနဲ့ အလုပ်အကိုင်ဆိုင်ရာကူညီထောက်ပံ့မှုတွေ ပေးနိုင်ပါတယ်။လူနာအများစုမှာ အရိုးပြဿနာတွေက ကိုယ်ကာယလုပ်ဆောင်နိုင်စွမ်းကို မထိခိုက်နိုင်ပါဘူး သို့မဟုတ် အနည်းငယ်သာထိခိုက်ပါတယ်။ ဂျာနယ်တစ်ခုမှ ဆောင်းပါးတစ်ခုက ဝိုက်စ်မန်းနက်တာစတယ် စင်ဒရုန်းကို ခွဲစိတ်ခြင်းပြုလုပ်ဖို့ အကြံပြုထားပါတယ်။ ဒါပေမယ့်လည်း ပုံသဏ္ဍန်မမှန်မှုတွေက ဘာပြဿနာမှ မပေးဘူးဆိုရင် ခွဲစိတ်စရာမလိုပါဘူး။ အသက်ရွယ်၊ အရိုးပုံသဏ္ဍန်ပျက်ခြင်း၏ပြင်းထန်မှုအတိုင်းအတာ၊ အရိုးအနေအထားမမှန်ခြင်း၊ ယေဘုယျကျန်းမာရေးအခြေအနေ၊ လူနာအကြိုက်နဲ့ အခြားသင့်တော်တဲ့အရာတွေလိုမျိုး အချက်တွေအပေါ်မူတည်ပြီး ကုသမှုရွေးချယ်ခြင်းက ပြောင်းလဲသွားမှာပါ။ ရောဂါခံစားရသူနဲ့ သူ၏မိသားစုဝင်တွေအတွက် မျိုးရိုးဗီဇပြဿနာဆိုင်ရာ အကြံပေးတိုင်ပင်မှုတွေက အကျိုးရရှိစေမှာပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/weismann-netter-stuhl-syndrome-%e1%81%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%85%e1%80%b9%e1%80%99%e1%80%94%e1%80%b9%e1%80%b8%e1%80%94%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%85%e1%80%90/
အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု
အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး တွက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။အာလူးဆိုတာ အလွယ်တကူဝယ်ယူလို့ရသလို လူကြိုက်လည်းများတဲ့ အစားအစာတစ်ခုပါ။ ပေါပေါလောလော လွယ်လွယ်ကူကူရနိုင်တော့ တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။တကယ်တော့ အာလူးဟာအာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အာလူးက ဆိုလာနေစီအီးမျိုးရင်းဝင်ဖြစ်ပြီးတော့ ရုက္ခဗေဒအလိုအားဖြင့် အာလူးပင်ကို ဆိုလေနမ် တျူဗာရိုဆမ် (Solanum Tuberosum) လို့ ခေါ်ပါတယ်။အကြမ်းဖျဉ်းအားဖြင့် အာလူးတစ်လုံးရဲ့ ၄ ပုံ ၃ ပုံလောက်ကရေဓာတ်ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေကကစီဓာတ်တွေပါ။ ဒါကြောင့်လည်း အာလူးက ကျန်းမာရေးကို ကောင်းကောင်းအထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ အာလူးမှာ အသားဓာတ်နည်းနည်းနဲ့ အဆီဓာတ်နည်းနည်းလည်းပါရှိပါတယ်။သတိထားရမယ့်အချက်တစ်ချက်ကတော့ အာလူးတစ်လုံးရဲ့ အာဟာရအဖြစ်ထွန်းဆုံးအစိတ်အပိုင်းတွေက အခွံရဲ့ အောက်ခြေကပ်လျက်နေရာမှာရှိနေတာမို့ အာလူးခွံသင်ရင် ခပ်ပါးပါးလှီးသင်ပေးဖို့ လိုအပ်တာပါပဲ။တကယ်တော့ အာလူးဟာ စွယ်စုံရတဲ့ ဘက်စုံသုံး အစားအစာတစ်မျိုးပါ။ အာဟာရပြည့်အောင် စီမံစားသောက်လို့ရသလို သမိုင်းအဆက်ဆက်မှာလည်း အသက်ရှင်ရပ်တည်ရေးအတွက် အရေးပေါ်အစားအစာအနေနဲ့လည်း အသုံးပြုခဲ့ကြဖူးပါတယ်။ အာလူးရဲ့ အာဟာရဓာတ်ပါဝင်မှုနဲ့ ကျန်းမာရေးအထောက်အကူပြုမှုက ကမ္ဘာ့စစ်မက်ကပ်ဘေးကာလတွေတိုင်းမှာ လူပေါင်းမြောက်များစွာရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတာပါ။ဒီလိုဂုဏ်ပုဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ အာလူးမှာ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ပိုင်ဆိုင်နေလဲဆိုတာကို သိချင်ကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် အာလူးရဲ့ အကောင်းဆုံး အကျိုးကျေးဇူး ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး တွေကတော့ –။၁။ အာဟာရဓာတ်ကြွယ်ဝစွာ မှီတင်းနေတာ။အာလူးမှာ ရေဓာတ်နဲ့ ကစီဓာတ်အပြင် ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေလည်း ပါဝင်နေပါတယ်။ အလယ်အလတ်အရွယ်အစား အာလူးတစ်လုံးမှာကယ်လိုရီ၊ ပရိုတိန်း၊ အဆီဓာတ်၊ ကာဘိုဟိုက်ဒြိတ်၊ ဖိုက်ဘာ၊ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဖော့စ်ဖောရပ်စ်၊ နီယာဆင်နဲ့ ဖောလိတ်တွေလည်းပါဝင်နေပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက အာလူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် နည်းမှန်လမ်းမှန်နဲ့ ပြင်ဆင်ချက်ပြုတ်ဖို့ လိုအပ်မယ်ဆိုတာပါပဲ။၂။ Antioxidants တွေလည်း ပါဝင်နေတယ်။အာလူးမှာFlavonoids ၊Carotenoids နဲ့ Phenolic acids ဆိုတဲ့ Antioxidants တွေပါဝင်နေပါတယ်။ ဒီကွန်ပေါင်းဓာတ်လေးတွေက ခန္ဓာကိုယ်ထဲကFree Radicalsလို့ခေါ်တဲ့ မကောင်းတဲ့ မော်လီကျူးလေးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံး၊ ဆီးချိုနဲ့ ကင်ဆာဝေဒနာတွေ မဖြစ်အောင်ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။၃။သွေးတွင်းသကြားဓာတ်ကို ထိမ်းချုပ်ပေးနိုင်တယ်။အာလူးမှာ ပင်ကိုယ်အားဖြင့် Resistant Starch လို့ခေါ်တဲ့ အထူးကစီဓာတ်တစ်မျိုး ပါဝင်နေတာမို့ သွေးတွင်းသကြားဓာတ်ကို ထိမ်းချုပ်ရာမှာ အထူးအထောက်အကူဖြစ်စေပါတယ်။ ဒီဓာတ်ဟာ အစာအိမ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကိုလည်း အထောက်အကူပြုပေးပါတယ်။၄။အစာခြေစနစ်ကို အကျိုးပြုတယ်။အထက်မှာပြောခဲ့သလိုပဲ Resistant Starch က အစာအိမ်ကိုလည်း အထောက်အကူပြုပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းအတွင်းက ဘက်တီးရီးယားလေးတွေဟာ အစာအိမ်ကျန်းမာစေဖို့ အထောက်အကူဖြစ်စေတဲ့ short-chain fatty acids butyrate တွေကို ဖန်တီးပေးပါတယ်။ အဆိုပါ butyrate တွေက အူမကြီးကို ကျန်းမာစေသလို အူမကြီးကင်ဆာနဲ့ ဗိုက်အောင့် ဗိုက်နာတာတွေမဖြစ်အောင်လည်း ကူညီပေးပါတယ်။၅။ သဘာဝ Gluten-Free diet။Gluten-free diet ဆိုတာ ဝိတ်ချနေသူတွေနဲ့ ကျန်းမာစွာမှီဝဲစားသောက်သူတွေအကြားမှာ အလွန်ရေပန်းစားတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ပရိုတိန်းနွယ်ဝင် ဂလူတန်မှီဝဲမှုကို လျှော့ချခြင်းအားဖြင့် ကိုယ်အလေးချိန်မြင့်တက်မှုကို လျော့ကျစေတဲ့နည်းပါ။ တကယ်လို့ Gluten-free diet နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတယ်ဆိုရင် ဒါမှမဟုတ် Gluten Sensitivity ဝေဒနာမျိုးရှိနေတယ်ဆိုရင် အာလူးစားဖို့ကိုသာ အရင်ဆုံးစဉ်းစားဖို့ တိုက်တွန်းပါရစေ။၆။ဗိုက်ပြည့်စေတယ်။အာလူးဟာ ကမ္ဘာ့သမိုင်း အထူးသဖြင့် ဥရောတိုက်ရဲ့သမိုင်းမှာ အရေးအပါဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် နှစ် ၃၀ စစ်ပွဲကာလ စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုဒါဏ်ခံခဲ့ရတဲ့ ဂျာမနီမှာ အာလူးဟာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ အစားအစာဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးက စစ်မက်ကပ်ဘေးတွေတိုင်းမှာ အာလူးဟာ လူသန်းပေါင်းများစွာကို အသက်ဆက်စေတဲ့ နတ်သုဒ္ဓါဖြစ်ခဲ့တာပါ။ အာလူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဗိုက်ပြည့်စေတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာကြောင့် အဆာခံစေတဲ့ သဘောသဘာဝရှိပါတယ်။ တစ်ချို့လေ့လာချက်တွေမှာတော့ အာလူးဟာ ဗိုက်ပြည့်တယ်လို့ ခံစားမိစေဆုံး အစားအစာလို့တောင်ဆိုကြပါတယ်။၇။ ဘက်စုံသုံး အစားအစာ။အာလူးကို Extremely Versatile (အဆုံးအစွန် ဘက်စုံသုံး) အစားအစာလို့ တင်စားကြပါတယ်။ အရသာနဲ့ အာဟာရဓာတ်ပြည့်ဝရုံတင်မကပါဘူး။ အာလူးကို နည်းလမ်းအမျိုးမျိုးနဲ့ ချက်ပြုတ်ကြော်လှော်မှီဝဲလို့ရနိုင်တာကြောင့်ပါ။ ဒါ့အပြင် အာလူးဟာ အစားအစာအမျိုးမျိုးနဲ့လည်း ပေါင်းစပ်လို့ရနိုင်တဲ့အပြင် တွဲဖက်စားသုံးမှုအမျိုးမျိုးကိုလည်း စီမံနိုင်ပါတယ်။ အနောက်တိုင်းမှာဆိုရင် အာလူးနဲ့တွဲဖက်စားလို့မရတဲ့အရာ မရှိဘူးလို့တောင် ဆိုကြတာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/amazing-benefits-of-potatoes/
ခရီးသွားရင်းလမ်းမှာစားဖို့ လွယ်ကူရိုးရှင်းတဲ့ မုန့်ဘူး​လေးပြင်ဆင်ကြမယ်
ဒီဆောင်းပါးလေးကခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ပြည်ပမဟုတ်တဲ့ပြည်တွင်းခရီးစဉ်တွေဆိုရင် ကိုယ်ပိုင်ကားနဲ့ သွားရင်သွား၊ မဟုတ်ရင်လည်း Express ကားတွေ၊ အဝေးပြေးကားတွေနဲ့ပဲ သွားရတာမလား။ခရီးသိပ်မဝေးရင်တော့ အကြောင်းမဟုတ်ပေမဲ့ အချိန်အတော်ကြာ ကားစီးရမယ့် ခရီးစဉ်တွေဆိုရင် ကားပေါ်မှာ ဗိုက်အရမ်းဆာလာတဲ့ ကိစ္စက ခရီးသွားဖူးသူ တော်တော်များများ ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ဒါဆိုရင် တော်တော်များများကတော့ မုန့်ဆောင်သွားရင် ရတာပေါ့လို့ ပြန်ပြောပါလိမ့်မယ်။ ဒါပေမယ့် မုန့်သယ်သွားသူတွေရဲ့ ၉၅ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေပဲ သယ်သွားတတ်ကြပါတယ်။ အထူးသဖြင့် အာလူးကြော်၊ ဆီကြော်မုန့်ထုပ်၊ ကွတ်ကီး၊ သကြားလုံး၊ အအေးဘူး စတာမျိုးတွေပေါ့။ ဒါဆို ဒါမျိုးတွေမစားဘဲကျန်းမာရေးနဲ့ ညီညွတ်မယ့် မုန့်ပဲသရေစာဘူးလေး ကိုယ့်အိမ်ကနေ ကိုယ်တိုင်လုပ်သွားရင်ရော ပိုမကောင်းဘူးလား။ အချိန်မကုန်၊ လူလည်းမပင်ပန်း၊ လွယ်ကူရိုးရှင်းမှာလေးတွေပဲ လုပ်သွားနိုင်တယ်ဆိုရင်ရော အဆင်မပြေဘူးလား။အားလုံးသိချင်နေကြမယ့် အဓိကအချက်တွေကို ခုပြောပြပေးမယ်နော်။ အဓိက ဘာတွေထည့်ပေးကြမလဲဆိုရင်။အသီးအနှံတွေဆိုတာ အိမ်မှာနေရင်း အလွယ်တကူ စားလို့ရတဲ့မုန့်ပဲသရေစာဖြစ်သလို ခရီးသွားတဲ့အချိန်တွေအတွက်လည်း စားရတာ အဆင်ပြေစေသလို လုပ်ဖို့အတွက်လည်း အချိန်ဘယ်လောက်မှ မပေးရပါဘူး။ သူ့ရဲ့ ကောင်းကျိုးတွေက။အစေ့အဆန်တွေကတော့ မြန်မာလူမျိုးတွေ တော်တော်များများ ခရီးထွက်ရင် သယ်သွားနေကျဖြစ်လို့ သိပ်ပြီးတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အစေ့အဆန်တွေမှာ ဗီတာမင် အီး ပါဝင်လို့ အသားအရေအတွက်လည်းအာဟာရဖြစ်စေတယ်။မျက်စိကောင်းစေတယ်။ ဆံသားကို သန်စွမ်းစေတယ်။ အထုပ်လေးတွေနဲ့ ဘယ်သွားသွား ဆောင်ယူထည့်သွားလို့ ရတော့ အဆင်ပြေပါတယ်။သတိထားရမှာကနေကြာစေ့စားပြီးရင်တော့ အမှိုက်မပွစေအောင် အခွံတွေကို အိတ်နဲ့ သေချာထည့်ပြီး အမှိုက်ပုံးထဲပစ်ဖို့ (အမှိုက်ပုံးမတွေ့ရင် အိတ်ထဲသယ်သွားပြီး ကိုယ်လိုရာခရီးစဉ်ရောက်မှ ပစ်ပါ၊ ကားပြတင်းပေါက်ကနေ ပစ်ချတာ၊ ကားပေါ်ထားခဲ့တာတော့ မလုပ်ပါနဲ့)။ နောက်ပြီးလို့အစေ့အဆန်တွေများများစားပြီးရင် လည်ခြောက်သွားတတ်လို့ ရေသောက်ဖို့လည်း မမေ့ပါနဲ့။ပေါင်မုန့်ညှပ် (Sandwich) တွေက လွယ်ကူရိုးရှင်းတဲ့မနက်စာအတွက်လည်း အဆင်ပြေသလို ခရီးသွားတဲ့အခါမှာလည်း အဆာပြေစားလို့၊ ထုပ်ပိုးသယ်သွားဖို့လွယ်တယ်။ ပြင်ဖို့လည်း အချိန်သိပ်မပေးရပါဘူး။ ပေါင်မုန့်အချပ် ၂ ချပ်ကိုခရမ်းချဉ်သီး၊ ဆလတ်ရွက်၊သခွားသီးနဲ့ ညှပ်ပြီး အလယ်ကနေ တစောင်း ဓားနဲ့လှီးလိုက်ရင် ၂ယောက်စာ ကောင်းကောင်းစားလို့ရတယ်နော်။ အသားကြိုက်တဲ့သူတွေဆိုရင် အသားလွှာ (Bacon) ၂ပြားကို ဆီနဲ့ ကြော်ပြီး တစ်သျှူးနဲ့ဆီစစ်ပြီး အလယ်မှာ ညှပ်လိုက်ရုံပါပဲ။နွားနို့လည်း အစားထိုးလို့ရတယ်ဆိုပေမယ့် ဒိန်ချဉ်ကတော့ ဆောင်ယူသွားရတာ ပိုအဆင်ပြေပါတယ်။ အဓိကအကြောင်းရင်းက ဒိန်ချဉ်မှာအူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယားတွေ ပါလို့ ခရီးသွားရင်း မသန့်တဲ့အစားအစာတွေ စားမိတဲ့အခါ ဗိုက်အောင့်ဗိုက်နာတာကို သက်သာစေတယ်။ လေပွလေထတာ၊ ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။သကြားမပါတဲ့ဒိန်ချဉ်ဘူးတွေ ဆောင်သွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ လုံးဝရှာမရဘူးဆိုရင်လည်း သစ်သီးအရသာ ဒိန်ချဉ်ဘူးတွေကို စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်သွားလို့ရပါတယ်။ကဲ အချိန်လည်းသိပ်မကုန်၊ လူလည်းမပင်ပန်း၊ သယ်ပိုးရတာလည်း လွယ်ကူတဲ့ ဒီနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ ခရီးစဉ်လေး သာယာဖြောင့်ဖြူးနေအောင် စီစဉ်လိုက်ကြစို့နော်။Covid-19ကာလကလည်း မပြီးသေးလို့ ဘယ်သွားသွား Mask တပ်သွားဖို့လည်း မမေ့နဲ့ဦးနော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac%e1%80%85%e1%80%ac%e1%80%b8/
အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း
အရွတ်များဟာ ကြွက်သားများနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ခိုင်မာတောင့်တင်းတဲ့ တစ်ရှူးတွေပဲ ဖြစ်ပါတယ်။ကြွက်သားများကျုံ့သွားတဲ့အခါ အရွတ်များဟာ အရိုးများကိုပါ ဆွဲယူပြီး အဆစ်တွေရဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အရွတ်များဟာ အကြောင်းအမျိုးမျိုးကြောင့် စုတ်ပြဲခြင်း၊ ပျက်စီးခြင်း ဖြစ်တတ်ပါတယ်။ကိုယ်ကာယပိုင်းဆိုင်ရာပြင်းပြင်းထန်ထန် လှုပ်ရှားရရင်ဖြစ်စေ၊ ခြေလက်များက အလုပ်ပုံစံတမျိုးကိုပဲ ထပ်ကာထပ်ကာလှုပ်ရှားနေရရင်ဖြစ်စေ အရွတ်များကို ထိခိုက်လာစေပါတယ်။ အရွတ်များ ပျက်စီးလာတဲ့အခါ လှုပ်ရှားမှုတွေ ကောင်းစွာ မပြုလုပ်နိုင်တော့ပါဘူး။ထိခိုက်ထားတဲ့နေရာမှာလည်း အားနည်းသွားပြီးနာကျင်ကိုက်ခဲလာတတ်ပါတယ်။အရွတ်များထိခိုက်ပျက်စီးခြင်းကြောင့် နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာဖို့ ခက်ခဲနေရင်၊ နာကျင်ကိုက်ခဲမှုကို အမြဲခံစားနေရရင် ခွဲစိတ်ပြုပြင်ခြင်း ပြုလုပ်နိုင်ပါတယ်။အဆစ်များ ပုံမှန်လှုပ်ရှားမှုပြန်လုပ်နိုင်အောင် ခွဲစိတ်ပြုပြင်သင့်ပါတယ်။ အရွတ်များ ထိခိုက်ပျက်စီးခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ထိခိုက်မှုအများဆုံးနေရာတွေကတော့ ပခုံး၊ တံတောင်ဆစ်၊ ခြေကျင်းဝတ်၊ ဒူးဆစ်၊ လက်ချောင်းအဆစ်လေးတွေ ဖြစ်ပါတယ်။ အပေါ်ယံအရေပြားမှာ စုတ်ပြဲဒဏ်ရာရပြီး အောက်ခံအရွတ်ကိုပါ ထိခိုက်စုတ်ပြဲနိုင်ပါတယ်။ဘောလုံး၊ နပန်း စတဲ့ အားကစားတွေ ပြုလုပ်ရာကနေလည်း အရွတ်များကို ထိခိုက်နိုင်ပါတယ်။ အားကစားပွဲတွေမှာ တွေ့ရများတဲ့ အရွတ်ထိခိုက်တဲ့ အခြေအနေကတော့ ဂျာစီဖင်းဂါး (Jersey Finger) ဆိုတာပါပဲ။ တွန်းတိုက်ပြေးလွှားရင် ပြိုင်ဖက်ကစားသမားရဲ့ အကျီၤကို လှမ်းဆွဲရာကနေ လက်ချောင်းကလေးများရဲ့ အရွတ်များကို ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပါတယ်။အရွတ်များဟာ အရိုးကနေ ပြုတ်ထွက်တဲ့အထိ ဖြစ်တတ်ပါတယ်။ လေးဘက်နာအဆစ်ရောင်ခြင်းကြောင့်လည်း အရွတ်များထိခိုက်နိုင်ပါတယ်။ တခါတရံ အရွတ်များ စုတ်ပြဲတဲ့အထိ ဖြစ်စေပါတယ်။အဆိုပါ ပြဿနာများ ကြုံရချိန်မှာ အရွတ်ကို ခွဲစိတ်ပြုပြင်မှု ပြုလုပ်သင့်ပါတယ်။လူနာကို မေ့ဆေးထုံဆေးတမျိုးမျိုး ပေးပါတယ်။ ပျက်စီးနေတဲ့ အရွတ်နေရာရဲ့ အပေါ်ယံအရေပြားကို ခွဲစိတ်ပြီး ဖွင့်ပါတယ်။ အရွတ်ကို တွေ့ရချိန်မှာ စုတ်ပြဲနေတဲ့နေရာကို ပြန်ချုပ်ပါတယ်။ ပတ်ဝန်းကျင်တစ်ရှူးများ၊ သွေးကြောများ အာရုံကြောများ ထိခိုက်ပျက်စီးမှု ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ ပြီးရင် ခွဲထားတဲ့ အပေါ်ယံအရေပြားကို ပြန်ပိတ်ပါလိမ့်မယ်။ အနာကို ပိုးသတ်ထားတဲ့ ပတ်တီးစများနဲ့ ဖုံးအုပ်ပြီး အဆစ်ကို မလှုပ်ရှားနိုင်ဖို့ ကြပ်စီးပါလိမ့်မယ်။အကယ်၍ အရွတ်များဟာ ပြန်လည်တွယ်ဆက်နိုင်ဖို့အထိ အခြေအနေမကောင်းရင် ကိုယ်ခန္ဓာရဲ့ အခြားတနေရာရာက အရွတ်ကို အစားထိုးတွဲဆက်ပါတယ်။ များသောအားဖြင့် တခြားနေရာကအရွတ်ကို ပြန်လည်အစားထိုးကုသခြင်းဟာ အဆစ်တွေရဲ့ လှုပ်ရှားမှုကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။အရွတ်ကို ခွဲစိတ်ကုသရာမှာ ကြုံတွေ့နိုင်ခြေ အန္တရာယ်တွေကတော့။– အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်ခြင်း။ နောက်ပိုင်းမှာ အဆစ်တွေ ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။– အဆစ်များကို မူလအတိုင်း ပြန်လည်အသုံးမပြုနိုင်ခြင်း။–အဆစ်များတောင့်တင်းနေခြင်း။– အရွတ်များ ပြန်လည်စုတ်ပြဲခြင်း စတာတွေ ဖြစ်ပါတယ်။မေ့ဆေးထုံဆေးနဲ့ ခွဲစိတ်ရတာမို့လည်း မေ့ဆေးထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ ကြုံနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ရောဂါပိုးဝင်ခြင်းလည်း ကြုံနိုင်ပါတယ်။များသောအားဖြင့် ပြင်ပလူနာအနေနဲ့ပဲ ခွဲစိတ်ခြင်းဖြစ်တာမို့ ခွဲစိတ်မှုပြုလုပ်ပြီးချိန်မှာ အိမ်ပြန်နိုင်ပါတယ်။ ဆေးရုံမှာ နေရမယ်ဆိုရင်လည်း ရက်အနည်းငယ်ပါပဲ။ အနာကျက်ဖို့ဆိုရင်တော့ ၁၂ပတ်ခန့် ကြာနိုင်ပါတယ်။ပြုပြင်ထားတဲ့အရွတ်ကို မလှုပ်ရှားနိုင်အောင် ကြပ်စီးထားရတတ်ပါတယ်။ပြန်လည်သန်စွမ်းရေးဆေးပညာအရ ကာယကုသမှုလေ့ကျင့်ခန်းအချို့ ပြုလုပ်ဖို့ လိုနိုင်ပါတယ်။ ဆရာဝန်ချိန်းဆိုတဲ့ နေ့ရက်တွေအတိုင်း ပြန်လည်ပြသပြီး ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/tendon-repair/
ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဘာတွေစားလို့ ဘာတွေရှောင်ကြမလဲ
ရင်သားကင်ဆာ က အခုနောက်ပိုင်းအမျိုးသမီးတော်တော်များများမှာ ခံစားလာရတဲ့ဝေဒနာတစ်ခုပါ။ ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တော်လေးများပါတယ်။ရောဂါတော်တော်များများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ဒီအချက်တွေထဲမှာမှ နေ့စဉ် စားသောက်နေထိုင်မှုက ရင်သားကင်ဆာ ခံစားရနိုင်ခြေအပေါ် သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိနေတယ်လို့လေ့လာမှုတွေအရသိရှိရပါတယ်။ရင်သားကင်ဆာက မတူညီတဲ့နေရာတွေကနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ကနေထိုင်စားသောက်မှုကို ဂရုစိုက်တာပါပဲ။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုက ရင်သားကင်ဆာကို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ ထိရောက်မှုရှိပါတယ်။ရင်သားကင်ဆာကာကွယ်ချင်တယ်ဆိုရင်တော့ နေ့စဉ်စားသောက်မှုထဲမှာ။အယ်လ်ကိုဟော။အယ်လ်ကိုဟော ပုံမှန်လိုလို သောက်သုံးနေမယ်ဆိုရင်တော့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေတိုးလာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အယ်လ်ကိုဟောသောက်သုံးမှုကအက်စထရိုဂျင်ပမာဏကို တိုးစေနိုင်သလို ဆဲလ်DNA တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။ လေဒီလေးတို့အနေနဲ့ တစ်ပတ်ကို ၃ ယူနစ်လောက်အထိ အယ်လ်ကိုဟောကို သောက်သုံးနေမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေက ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းလောက် တိုးစေမှာပါ။သကြား။သကြားစားသုံးမှုများတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေတဲ့ အချက်တစ်ခုပေါ့။ အဓိက အချိုတွေက ရေရှည်မှာ အဝလွန်စေလို့ပါ။ ဒါကြောင့် အချိုရည်တွေ သောက်သုံးတာ၊ သကြားအများကြီးစားတာမျိုးမလုပ်သင့်ပါဘူး။နေ့စဉ် သကြားစားသုံးမှုကို လျှော့တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရာရောက်ပါတယ်။ပြုပြင်ထားတဲ့ အစားအသောက်။ပြုပြင်ထားတဲ့ အစားအသောက်တွေမှာပါတဲ့ အဆီတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။ ဆီကြော်စာတွေကိုလည်း အများကြီးမစားမိဖို့ သတိပြုပါ။အနီရောင်အသားတွေ။အနီရောင်အသားတွေကလည်း ရင်သားကင်ဆာဖြစ်စေဖို့ အများကြီးတွန်းအားပေးနေပါတယ်။ ဒါကြောင့် ရင်သားကင်ဆာ ကာကွယ်ချင်တယ်ဆိုရင်တော့ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ အနီရောင်အသားကို စားပေးပါ။ဒါတွေစားလို့ ရင်သားကင်ဆာမဖြစ်ဘူးလို့ ၁၀၀%တော့ အာမခံလို့ မရပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံက ရင်သားကင်ဆာအပါအဝင် တခြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။အခုကစလို့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို မွေးမြူပြီး ရင်သားကင်ဆာ မဖြစ်အောင် ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ပါ လေဒီလေးတို့ရေ……..။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/how-to-prevent-breast-cancer/
အသက် ၃၀ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်ခြင်း
လူအများစုကတော့ အသက်၃၀အရွယ်ဟာ မိခင်ဘဝကိုစတင်ဖို့ သင့်လျော်တဲ့အချိန်လို့ ယူဆကြပါတယ်။ ဒီအသက်အရွယ်မှာ သင်က သင့်ရဲ့လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးတွေမှာလည်း အောင်မြင်မှုတွေရနေပြီးလောက်ပါပြီ။ ဒါတွေက သင့်ရဲ့မိသားစုဘဝကို စတင်ပျိုးထောင်ဖို့အတွက် ခိုင်မာတဲ့အုတ်မြစ်ကို ပေးစွမ်းနိုင်တယ်မဟုတ်လား။ သင်နဲ့ သင့်ရဲ့ကြင်ဖော်က တစ်ယောက်နဲ့တစ်ယောက် အကြောင်းသိတွေလည်း ဖြစ်နေလောက်ပါပြီ။ ပြီးတော့ သင်တို့ကိုယ်တိုင်လည်း မိဘဆိုတဲ့ နေရာမှာနေဖို့ ပြင်ဆင်ပြီးနေလောက်ပါပြီ။အသက်၃၀၀န်းကျင်အမျိုးသမီးတွေဟာ သက်လုံနဲ့ ခံနိုင်ရည်အား အရမ်းကောင်းကြပါတယ်။ ဒါဟာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ မရှိမဖြစ်လိုတဲ့အရာပါ။ သူတို့မှာ တည်ငြိမ်တဲ့ စီးပွားရေးအခြေအနေတွေလည်း ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့အလုပ်မှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်မောင်းနှင်နိုင်နေပြီလေ။ ဒီလိုအခြေအနေမှမရှိခဲ့ရင် သူတို့က ဒီအခြေအနေကြီးကို လက်လွှတ်ပြီး ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့တော့ အဆင်သင့်မဖြစ်သေးဘူးမဟုတ်လား။ သင်နဲ့ကလေးရဲ့ အနာဂတ်တွေ ခိုင်မာဖို့အတွက် သင့်ကလေးကို အချိန်ပေးနိုင်ဖို့ အလုပ်ကဘယ်လောက်အနားယူရမလဲဆိုတာ သေချာချင့်ချိန်တွက်ဆပါ။ ပြီးတော့ ဈေးကွက်ကိုမျက်ခြေမပြတ်စေဘဲ သင့်အရည်အသွေးကိုလည်း အမြဲတမ်းထက်နေအောင်သွေးပါ။ ဒါမှ သင်အလုပ်ပြန်ဝင်တဲ့အခါ အရင်ကထက် ပိုပြီး အဆင်ပြေချောမွေ့နေမှာပေါ့။အရာရာတိုင်းဟာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါပဲ။ အသက် ၃၀ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်တာဟာလည်း ဒီလိုပါပဲ။ အသက် ၃၅နောက်ပိုင်းမှာ ကလေးရနိုင်တယ်ဆိုရင်တောင် မျိုးရိုးဗီဇပြဿနာတွေဖြစ်ပွားနိုင်ချေမြင့်လာပါပြီ။ ဒါကြောင့် ဒီအသက်အရွက်အမျိုးသမီးတွေဟာ ၃၅နှစ်ကျော်လာပြီဆိုတာနဲ့ အမြဲမပြတ် အသေးစိတ်စစ်ဆေးနေသင့်ပါပြီ။ အမျိုးသမ်းရဲ့ အသက်အရွယ်ကိုလိုက်ပြီး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာတွေက ဖြည်းဖြည်းမှန်မှန်မြင့်တက်လာတော့မှာပါ။ တကယ်လို့ သင်က ၃၅နှစ်ထဲမှာဖြစ်ပြီး ကလေးလိုချင်နေသေးတယ်ဆိုရင် သင့်အခွင့်အရေးတွေက နည်းသထက် နည်းလာပြီဖို့ အတော်ကို ကြိုးစားပြီး သေချာ ဂရုစိုက်မှ ရမှာပါ။အသက်၃၀၀န်းကျင်မှာ အမျိုးသမ်းတွေဟာ ရာသီစက်ဝန်းတစ်ကြိမ်တိုင်းမှာ ကိုယ်ဝန်ရနိုင်ချေ ၁၅%ရှိပါတယ်။ တစ်နှစ်တာအတွင်း အောင်မြင်နိုင်ချေဟာ ၇၅%ရှိမှာဖြစ်ပြီး တကယ်လို့သင်က ၃၀ရဲ့ ဟိုးနောက်ပိုင်းနှစ်တွေမှာဆိုရင်တော့ ၆၅%ပဲရှိတော့မှာပါ။ ကိုယ်ဝန်ပျက်ကျနိုင်ချေဟာ အသက်၃၀၀န်းကျင် (၃၀ မှ ၃၅ကြား) တွေမှာ ဖြည်းဖြည်းချင်းမြင့်တက်လာမှာပါ။ ၃၅နှစ်အထက် အမျိုးအသီးတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ချေဟာ ၁၈%ရှိပြီး ၄၀ပတ်ဝန်းကျင်တွေအတွက်တော့ ၃၄%ထိ မြင့်တက်သွားပါပြီ။တကယ်လို့သင်က ၃၀၀န်းကျင်ဖြစ်နေပြီး တစ်နှစ်တာအတွင်း အကာအကွယ်မပါဘဲ သံဝါသပြုတာတောင်မှ ကိုယ်ဝန်မရနိုင်သေးဘူးဆိုရင် Fertility expert (သန္ဓေသားဆိုင်ရာ ကျွမ်းကျင်သူ)နဲ့ ဆွေးနွေးသင့်ပါပြီ။ သင်က ၃၅အထက်ဖြစ်ပြီး အနည်းဆုံး ၆လကြာကြိုးစားခဲ့တာတောင် မအောင်မြင်သေးဘူးဆိုရင်တော့ specialist ဆီသာ သွားပါ။သဘာဝအတိုင်း ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဝန်အတွက် အချိန်ယူပြီး ပြင်ဆင်ပါ။ တကယ်လို့သင့်မှာ လိင်ကနေကူးစက်တဲ့ရောဂါတစ်ခုခုဖြစ်ပွားခဲ့ဖူးတဲ့ ရာဇဝင်ရှိမယ်ဆိုရင် ဒါမှမဟုတ် ရာသီစက်ဝန်းတွေမမှန်တာမျိုးရှိခဲ့မယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်ဖို့ခက်ခဲပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ ဆရာဝန်ဆီ တတ်နိုင်သမျှ အမြန်ဆုံးသွားပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9-%e1%81%83%e1%81%80-%e1%80%95%e1%80%90%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%99%e1%80%bd%e1%80%ac-%e1%80%80/
လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ
အမျိုးသားတွေရဲ့လိင်တံကနေ ဆီးနဲ့သုက်ရည်ထွက်တာ ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် တခြားသော အရည်တွေ ထွက်လာတာ၊ အရည်တွေရဲ့ အရောင်က ပုံမှန်မဟုတ်ဘူးဆိုရင်တော့ စိတ်ပူစရာ ကိစ္စ ဖြစ်လာပါပြီ။ ဒီနေ့ဆောင်းပါးမှာတော့အမျိုးသားတွေ အမေးများတဲ့ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတော့။လိင်တံနဲ့ ဆီးအိမ်ကို ဆက်စပ်ထားတဲ့ ဆီးစွန့်ပြွန် နီရဲရောင်ရမ်းတာ၊ ပိုးဝင်တဲ့ ရောဂါ ဖြစ်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့။ဆီးစွန့်ပြွန် ပိုးဝင်တယ်ဆိုတာ ရောဂါပိုးရှိသူနဲ့ အကာအကွယ်ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံမိရာမှ ဘက်တီးရီးယားပိုးဟာ ကိုယ့်လိင်တံထဲကနေတဆင့် ဆီးစွန့်ပြွန်ထဲကို ဝင်ရောက်တာဖြစ်ပါတယ်။ တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ ခလက်မီးဒီးယားရောဂါ (Chlamydia) ၊ လိင်အင်္ဂါရေယုန်ဗိုင်းရပ်စ်၊ ဂနို ဆီးပူညောင်းကျရောဂါတွေကြောင့်လည်း ဆီးစွန့်ပြွန် ပိုးဝင်နိုင်ပါတယ်။လိင်တံထိပ်အရေပြား မဖြတ်ထားသူတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာဖြစ်ပြီး ထိပ်အရေပြားဖြတ်ထားသူ တချို့မှာလည်း ထိပ်ဖူးရောင်တာမျိုးတွေ ရှိနိုင်ပါတယ်။လိင်တံထိပ်အရေပြား ဖြတ်မထားတဲ့အခါ ရေချိုးတဲ့အခါတိုင်း ထိပ်အရေပြားအောက်မှာ ရှိနေတဲ့ အဖြူရောင်အကျိအချွဲတွေကို အမြဲသန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ ဒီအကျိအချွဲတွေကို မသန့်ရှင်းဘဲ ပစ်ထားလိုက်တဲ့အခါ တဖြည်းဖြည်းနဲ့ မာလာမယ်။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ စုဝေးပြီး လိင်တံထိပ် ပတ်လည်က ယားယံကာ ရောင်လာပါတယ်။တစ်ကိုယ်ရေ သန့်ရှင်းမှုအပြင် ကိုယ်သုံးနေတဲ့ ဆပ်ပြာ၊ အလှကုန်ပစ္စည်း၊ချောဆီ၊ ကွန်ဒုံးနဲ့ အရေပြား ဓာတ်မတည့်တဲ့အခါ ထိပ်ဖူးရောင်ရမ်းနိုင်သလို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အမျိုးသမီးမှာ ပိုပြီး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဆိုပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါမှာ။အကာအကွယ်မပါဘဲ ထိုးသွင်းဆက်ဆံမှုပြုတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒီလို လိင်မှတစ်ဆင့် ကူးစက်လာတဲ့ ရောဂါအများစုဟာ လိင်တံမှ ပုံမှန်မဟုတ်တဲ့ ပြည်ယိုစိမ့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ ဒီလိုရောဂါတွေ ကူးစက်ခံရတဲ့အခါမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။၁။ ခလက်မီးဒီးယားရောဂါဆိုရင်။၂။ ဂနို ဆီးပူညောင်းကျရောဂါဆိုရင်။ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံရှိ၊ မရှိ၊ လိင်မှုကိစ္စပိုင်းဆိုင်ရာ၊ ရောဂါလက္ခဏာတွေကို မေးမြန်းပြီး လိင်တံကို စစ်ဆေးကြည့်မှာ ဖြစ်ပါတယ်။ ထွက်လာတဲ့ ပြည်အရည်တွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ပြီးလည်း ရောဂါရှာဖွေနိုင်ပါတယ်။ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ပေးဖို့ လိုအပ်တဲ့ ဆေးဝါးတွေကို ဆရာဝန်ကိုယ်တိုင် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဆေးအညွှန်းအတိုင်း မပျက်မကွက်သောက်ဖို့နဲ့ ဆရာဝန်ရက်ချိန်းတဲ့အတိုင်း မှန်မှန်ပြသပေးမယ်ဆိုရင် လုံးဝပျောက်သွားနိုင်ပါတယ်။ကာကွယ်တဲ့အနေနဲ့ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးပေးဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိရှိနေဖို့ လိုအပ်ပါတယ်နော်။ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါကြောင့်ဆိုရင်တော့ မိမိအဖော်ကိုပါ စစ်ဆေးကုသဖို့ လိုပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/causes-of-penis-discharge/
ခံတွင်းရှင်းပြီး ကျန်းမာစေမယ့် သက်သတ်လွတ် စားဖွယ် ပြင်ဆင်နည်း (၃) သွယ်
စာဖတ်သူဟာသက်သတ်လွတ်ဆို ဟင်ခနဲ နှာခေါင်းရှုံ့တတ်တဲ့သူလား။ ဒါလေးတွေ မစားကြည့်ရသေးလို့ နေမှာပါ။စားတော်ပဲ အစိမ်းလုံးလေးတွေ နဲ့ ပဲထမင်း စိမ်းစိမ်းလေးဟာ တခြားဘာဟင်းလျာမှ မလိုဘဲ စားရတာ အရသာ သိပ်ရှိတာပါ။ ချက်ရတာကလည်း ထမင်းချက်သလို သိပ်လွယ်တာပါပဲ။ဒီ ပစ္စည်းတွေ အားလုံးကို ထမင်းချက်မယ့်အိုးထဲမှာ သမအောင် နယ်လိုက်ပါ။ ပြီးတော့ ခါတိုင်း ထမင်းချက်သလိုပဲ ပေါင်းအိုးနဲ့ တည်လိုက်ရင် ရပါပြီ။ ဘယ်လောက်တောင် လွယ်လိုက်သလဲ။ စားခါနီးမှာ ငရုတ်ကောင်းလေး နည်းနည်း ဖြူးပေးလိုက်ရင်လည်း အရသာ တစ်မျိုးကောင်းတာပါပဲ။ကိုရီးယား ထမင်းလိပ်၊ ဗီယက်နမ် ထမင်းလိပ် (Spring rolls) လုပ်တဲ့ဟန်က အတူတူပါပဲ။တကယ်လို့များ ကိုရီးယား ထမင်းလိပ် လုပ်မယ်ဆိုရင်တော့ ထမင်းကို ဆီ၊ဆား၊ အရသာ မှုန့်တို့ထည့်ပြီး အရသာ ဝင်အောင် လုပ်ပါ။ ပြီးတော့ ရေညှိပြားပေါ် ထမင်းဖြန့်ခင်းပြီး စောစောက လုပ်ထားတဲ့ အဆာပလာတွေကို ဘေးကနေ အရှည်လိုက်လေးတွေထည့်ပြီး အဲဒီထည့်ထားတဲ့ နေရာကနေ စ လိပ်လိုက်ရင် ရပါပြီ။ကြက်ဥထည့်ချင်တယ်ဆိုရင်တော့ ကြက်ဥ ခေါက်ကြော်ပြီး ဒေါင်လိုက်လေးတွေ လွှာထည့်လို့ ရပါတယ်။တကယ်လို့များ ဗီယက်နမ် ကော်ပြန့်စိမ်းလိပ် (Spring Roll) လုပ်မယ်ဆိုရင်တော့ စောစောက အသီးအရွက်တွေအပြင်။ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီးတာနဲ့ ရေဆွတ်ထားတဲ့ Rice Paper ထဲ ထည့်ပြီး လေးဖက်လေးတန် အစတွေ သိမ်းလို့ အထုပ်လေး ထုပ်လိုက်ရင် ရပါပြီ။ Rice Paper တွေကို ရေဆွတ်တဲ့အခါ အရမ်းကြီး မဆွတ်မိအောင်လည်း သတိထားဖို့ လိုဦးမယ်နော်။ ရေကို လိုတာထက်ပိုပြီး စိမ်မိသွားရင် အရွက်တွေက ပေါက်ပြဲကုန်တတ်လို့ပါ။နည်းနည်းတော့ မြင်ရခဲတဲ့ စားစရာပေါ့လေ။ လိုအပ်တာတွေကတော့။ဒါတွေကို ဇလုံတစ်လုံးထဲ အကုန်ထည့်ပြီး သမအောင် မွှေလိုက်ပါ။ ပြီးတော့ ဖက်ထုပ်ရွက်ရဲ့ အလယ်မှာထားပြီး နှစ်သက်တဲ့ ပုံစံထွက်အောင် ပိတ်လိုက်ပါ။ ပြီးရင်တော့ ပုံမှန် ဖက်ထုပ် ပေါင်းသလို ပေါင်းလို့ ရပါပြီ။ အိုးကပ် ချက်မယ်ဆိုရင်လည်း ဆီ ထမင်းစားဇွန်း (၁) ဇွန်းလောက်ကို မီးအေးအေးနဲ့ အပူပေးပြီး ဖက်ထုပ်လေးတွေ ရွှေညိုရောင် သမ်းလာတဲ့ထိ ၁-၂ မိနစ်လောက် ကြော်ပေးပါ။ပြီးရင်တော့ ရေ ခွက်တစ်ဝက်လောက်ထည့်ပြီး ၆-၁၀ မိနစ်လောက်ထိ အဖုံးအုပ်ထားပေးပါ။ ပြီးရင်တော့ တစ်မိနစ်လောက် အဖုံးဖွင့်ထားပြီး ရေခန်းအောင် တည်လိုက်မယ်ဆိုရင် အောက်ခြေတင်းတင်းလေးနဲ့ ကန်စွန်းဥ ဖက်ထုပ်အိအိလေး ရပါပြီ။ ပြင်နေတုန်း ဖက်ထုပ်တွေ ခြောက်မသွားအောင် ရေစိုဝတ်သန့်သန့်လေးနဲ့ အုပ်ထားပေးဖို့လည်း မမေ့နဲ့နော်။Wathun Myet Chal။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99/
အသက်အရွယ်အလိုက်ရှိသင့်သော ကိုလက်စထရောပမာဏ
ကိုလက်စထရောဆိုတာ အဆီဓာတ်တမျိုးဖြစ်ပြီး အသည်းကနေ ထုတ်လုပ်ပါတယ်။အစားအစာတချို့မှလည်း ရရှိနိုင်ပါတယ်။ ကိုလက်စထရောကို အမျိုးအစားအားဖြင့်။– low-density lipoproteins (LDL) (ခေါ်) ကျန်းမာရေးနဲ့မညီညွတ်တဲ့ ကိုလက်စထရော။– high-density lipoproteins (HDL) (ခေါ်) ကျန်းမာရေးအတွက် ကောင်းတဲ့ကိုလက်စထရော စသဖြင့် တွေ့နိုင်ပါတယ်။ကိုလက်စထရောပမာဏဆိုတာ အဆိုပါနှစ်မျိုးလုံးကို ခြုံငုံခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတချို့ လည်ပတ်နိုင်ဖို့အတွက် ကိုလက်စထရောကို လိုအပ်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ ကိုလက်စထရောတွေ သွေးကြောတွေထဲမှာ စုပုံလာရင်တော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေ ဖြစ်ပွားနိုင်ပါတယ်။သွေးကြောတွေကျဉ်းမြောင်းပိတ်ဆို့တဲ့အခါ နှလုံးဆီကို သွေးစီးဆင်းတာ နည်းသွားပြီး နှလုံးထိခိုက်ခြင်း (Heart attack) ဖြစ်နိုင်သလို ဦးနှောက်ထဲကို သွေးရောက်တာနည်းသွားရင် လေဖြတ်နိုင်ပါတယ်။ဒါကြောင့် ကိုလက်စထရောပမာဏကို ပုံမှန်စစ်ဆေးပေးခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒီနေရာမှာ ကိုလက်စထရောပမာဏဟာ အသက်အရွယ်ပေါ် မူတည်ပြီး အမျိုးမျိုးလည်း ကွာခြားနိုင်ပါတယ်။အသက်အရွယ်အလိုက်ရှိသင့်တဲ့ ကိုလက်စထရောပမာဏကို ထိန်းထားဖို့အတွက်ဆိုရင်နေထိုင်မှုပုံစံကို အထူးဂရုပြုရပါမယ်။ မိမိရဲ့နေထိုင်မှုပုံစံဟာ ကိုလက်စထရောမြင့်တက်နိုင်ခြေများနေရင် ပြောင်းလဲသင့်ပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကိုယ်အလေးချိန်ကိုကျစေပြီး HDL ကိုလက်စထရောကို မြင့်တက်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ခပ်မှန်မှန်ပြေးခြင်း၊ စက်ဘီးစီးခြင်း စတဲ့လေ့ကျင့်ခန်းတွေကို တရက်မှာ အနည်းဆုံး နာရီဝက်ခန့်နဲ့ တပတ်ကို ၅ရက်ခန့် ပြုလုပ်သင့်ပါတယ်။အစားအသောက်နဲ့ ပတ်သက်ရင်အမျှင်ဓာတ်များတဲ့အစားအစာတွေစားပြီး အဆင့်ဆင့်ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်စားသရေစာတွေကို ရှောင်ကြဉ်ရပါမယ်။ ပြည့်ဝဆီ၊ ပုံပြောင်းဆီ၊ ဆိုဒီယမ်နဲ့ သကြားဓာတ်ကဲတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ဆေးလိပ်န့ အရက်ကို ရှောင်ကြဉ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/high-cholesterol-levels-by-age/
နှလုံးကြွက်သားပုပ်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ
နှလုံးကြွက်သားပုပ်ခြင်းဆိုတာဟာ နှလုံးသွေးကြောထဲမှာ သွေးပြတ်သွားခြင်းကြောင့် ကြွက်သားများ ပုပ်သွားတဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းမြောင်းခြင်း၊ သွေးကြောပိတ်ခြင်းကြောင့် သွေးပြတ်တောက်ရခြင်း ဖြစ်ပါတယ်။ နှလုံးဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပါတဲ့ သွေးတွေပို့ဆောင်ပေးနေသလိုပဲ သူကိုယ်တိုင်အတွက်လည်း သွေးလိုအပ်ပါတယ်။ နှလုံးကြွက်သားအတွက်လိုအပ်တဲ့ သွေးတွေကိုနှလုံးသွေးကြောမကြီးသုံးချောင်းကနေ ပို့ဆောင်ပေးပါတယ်။ အဆိုပါ သွေးကြောတွေ ပိတ်ဆို့ကျဉ်းမြောင်းတဲ့အခါ သွေးပြတ်တောက်ပြီး နှလုံးကြွက်သားကို ထိခိုက်စေပါတယ်။အခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ နှလုံးသွေးကြောကို ပိတ်ဆို့ကျဉ်းမြောင်းစေတဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။LDL လို့ခေါ်တဲ့ ကိုလက်စရောဟာ လူကို ဘေးဥပဒ်ဖြစ်စေပါတယ်။ သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။ ကိုလက်စထရောကို အစားအသောက်ကနေ ရနိုင်သလို ကိုယ်ခန္ဓာတွင်းမှာလည်း သဘာဝအလျောက် ထုတ်လုပ်ပါတယ်။ LDL ကိုလက်စထရောဟာ သွေးကြောနံရံတွေမှာ ကပ်ငြိသွားပြီး နံရံတွေကို ထူထဲလာစေပါတယ်။ အဲဒီအခါ သွေးကြောထဲ သွေးစီးဆင်းမှု မကောင်းတော့ဘဲ သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးလုံလောက်စွာ မပို့ဆောင်နိုင်ခြင်း ဖြစ်တတ်ပါတယ်။ နှလုံးသွေးကြောတွေကို ကျဉ်းမြောင်းစေခဲ့ရင် နှလုံးကြွက်သားများဟာ သွေးရရှိမှု လျော့နည်းသွားမှာ ဖြစ်ပါတယ်။ပြည့်ဝဆီဟာ နှလုံးသွေးကြောနံရံတွေထဲမှာ အနည်ဖတ်တွေ ကပ်ငြိလာစေပါတယ်။ ပြည့်ဝဆီကို အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတတ်ပါတယ်။ အမဲသား၊ ထောပတ်၊ ဒိန်ခဲ စတာတွေမှာ ဖြစ်ပါတယ်။ ပြည့်ဝဆီများဟာ သွေးထဲမှာ မကောင်းတဲ့ LDL ကိုလက်စထရောကို မြင့်တက်စေပြီး ကောင်းမွန်တဲ့ HDL ကိုလက်စထရောကို နည်းပါးစေပါတယ်။ ဒါကြောင့် နှလုံးသွေးကြောတွေကို ထူထဲကျဉ်းမြောင်းလာစေပါတယ်။သွေးကြောတွေကို ပိတ်ဆို့စေတဲ့ အဆီဓာတ် နောက်တမျိုးကတော့ ပုံပြောင်းဆီ ဖြစ်ပါတယ်။ သူ့ကို သဘာဝအတိုင်းမဟုတ်ဘဲ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပါဝင်ပါတယ်။ အစားအသောက်များ ရွေးချယ်ဝယ်ယူရာမှာ ပုံပြောင်းဆီပါမပါ အညွှန်းစာမှာ ဖတ်ရှုသင့်ပါတယ်။သွေးတိုးရောဂါရှိရင် နှလုံးထိခိုက်ြခ်ငး (heart attack) ဖြစ်နိုင်ခြေ များပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ပုံမှန်သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ ဖြစ်ပြီး အသက်အရွယ်အလိုက် ကွာခြားမှုရှိပါတယ်။ သွေးပေါင်ချိန်တက်လာရင်တော့ နှလုံးရောဂါများ ဖြစ်နိုင်ခြေများလာပြီး သွေးကြောတွေကိုလည်း ပျက်စီးစေတတ်ပါတယ်။ သွးကြောနံရံတွေကို ထူထဲစေတာမို့ နှလုံးသွေးကြောပိတ်ဆို့နိုင်ခြေ မြင့်လာပါတယ်။Triglyceride ဆိုတာဟာလည်း အဆီဓာတ်တမျိုးဖြစ်ပြီး နှလုံးသွေးကြောတွေကို ပိတ်ဆို့စေတတ်ပါတယ်။ အစားအစာများကနေ ရရှိနိုင်ပြီး ကိုယ်ခန္ဓာထဲမှာ သိုလှောင်ထားတတ်ပါတယ်။ အထူးသဖြင့် အဆီဆဲလ်တွေထဲမှာ ဖြစ်ပါတယ်။သွေးတွင်းသကြားဓာတ်မြင့်တက်တတ်တဲ့ ဆီးချိုရောဂါဟာ သွေးကြောတွေကို ပျက်စီးစေပါတယ်။ နှလု့းသွေးကြောရောဂါများ ဖြစ်စေနိုင်ပြီး နှလုံးထိခိုက်ခြင်း (heart attack) ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။အဝလွန်ခြင်း။သင့်အနေနဲ့ ကိုယ်အလေးချိန်များနေရင်၊ အဝလွန်နေရင် နှလုံးထိခိုက်နိုင်ခြေ မြင့်မားပါတယ်။ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကတော့။– ဆီးချိုတက်ခြင်း။– သွေးတိုးခြင်း။– ကိုလက်စထရောများခြင်း။– triglyceride များခြင်း စတာတွေ ဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောတွေကို မာကြောစေပါတယ်။ သွေးပေါင်ချိန်ကိုလည်း တက်လာစေတတ်ပါတယ်။ ဒါကြောင့် နှလုံးသွေးအရောက်နည်းခြင်း အပါအဝင် တခြားပြဿနာတွေ ဖြစ်ပေါ်စေတတ်ပါတယ်။နှလုံးသွေးအရောက်နည်းပြီး ထိခိုက်နိုင်ခြေဟာ အသက်အရွယ်နဲ့အတူ မြင့်မားလာတတ်ပါတယ်။ အမျိုးသားများအနေနဲ့ အသက် ၄၅ နှစ်ကျော်လာရင် နှလုံးထိခိုက်နိုင်ခြေများလာပြီး အမျိုးသမီးများကတော့ ၅၅ နှစ်ကျော်ရင် ထိခိုက်လာနိုင်ပါတယ်။အကယ်၍ သင့် မိသားစုထဲမှာ နှလုံးရောဂါဖြစ်ဖူးသူရှိရင် သင့်အနေနဲ့လည်း ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။တခြားဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေကတော့ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ကိုကင်း အင်ဖက်တမင်း စသော မူးယစ်ဆေးများ သုံးစွဲခြင်း စတာတွေပဲ ဖြစ်ပါတယ်။အဆိုပါ အချက်အလက်များကို သိရှိထားခြင်းအားဖြင့် နှလုံးသွေးကြောပိတ်ဆို့ပြီး နှလုံးကြွက်သားပုပ်ခြင်း (သို့မဟုတ်) နှလုံးထိခိုက်ခြင်း အခြေအနေဖြစ်နိုင်ခြေ လျော့အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/coronary-artery-disease/acute-myocardial-infarction/
နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း
နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ဆိုတာ နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ကုသရာမှာအသုံးပြုတဲ့ ခွဲစိတ်ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ (CAD) ဆိုတာကတော့ နှလုံးကြွက်သားတွေကို အောက်ဆီဂျင်နဲ့အာဟာရ ပံ့ပိုးပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းတဲ့ရောဂါဖြစ်ပါတယ်။ တနည်းအားဖြင့် နှလုံးသွေးလွှတ်ကြောနံရံတွေထဲ အဆီတွေစုပုံပြီး သွေးကြောကျဉ်းမြောင်းလာရာကနေ နှလုံးကြွက်သားတွေဆီ အောက်ဆီဂျင်သယ်ဆောင်တဲ့သွေး လုံလုံလောက်လောက် မရောက်ရှိနိုင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ပြင်းထန်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် နှလုံးထိခိုက်နိုင်ချေရှိတဲ့ လူနာတွေကို နှလုံးသွေးလွှတ်ကြော အစားထိုးကုသဖို့ လိုအပ်ပါတယ်။ နှလုံးထိခိုက်ချိန် (heart attack ရနေချိန်)နဲ့ ထိခိုက်ပြီးအချိန်တွေမှာလည်း ဒီကုထုံးကိုအသုံးပြုပြီး ပိတ်ဆို့သွားတဲ့ သွေးလွှတ်ကြောတွေကို ပြန်လည်ပြုပြင်ဖို့ လိုအပ်နိုင်ပါတယ်။အကယ်၍ လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ ဆေးဝါးကုထုံးတွေက သင့်ရောဂါသက်သာအောင် ကူညီမပေးနိုင်ရင် ဒါမှမဟုတ် အဓိကနှလုံးသွေးကြောကြီးတွေပိတ်ဆို့ပြီး နှလုံးညှစ်အား သိသိသာသာကျဆင်းလာခဲ့ရင် နှလုံးသွေးလွှတ်ကြော အစားထိုးကုသဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။ဒါ့အပြင် နှလုံးသွေးကြောပိတ်ဆို့မှုကို PCI ခေါ် ပေါင် သို့မဟုတ် လက်မောင်းကတဆင့် ကိရိယာတစ်ခုထည့်ပြီး သွေးကြောချဲ့တဲ့နည်းလမ်းနဲ့ ကုသလို့မအောင်မြင်ခဲ့ရင် နှလုံးသွေးလွှတ်ကြော အစားထိုးကုသဖို့ လိုအပ်နိုင်ပါတယ်။သင့်ဆရာဝန်က အောက်ဖော်ပြပါ အကြောင်းအချက်တွေအပေါ် မူတည်ပြီး CABG surgery ခံယူဖို့သင့်မသင့် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးအာမခံ မထားတဲ့လူတစ်ယောက် CABG surgery ပြုလုပ်မယ်ဆိုရင် ပုံမှန်အားဖြင့် ဒေါ်လာ ၇သောင်းကနေ ၂သိန်းအထိ ကုန်ကျနိုင်ပါတယ်။ ဆေးရုံဆေးခန်းအလိုက် ကုသစရိတ်ကွဲပြားနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာမရှိရင် ဒေါ်လာ ၇သောင်းဝန်းကျင်သာ ကုန်ကျမှာဖြစ်ပြီး နောက်ဆက်တွဲပြဿနာ ရှိခဲ့ရင်တော့ ဒေါ်လာ ၂သိန်းဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ ခွဲစိတ်မှုခံယူတဲ့ လူနာအားလုံး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လှုပ်ရှားသွားလာနိုင်ဖို့၊ ခွဲစိတ်မှုကနေ ပြန်လည်နလံထလာအောင် လေ့ကျင့်ခန်းလုပ်ဖို့ ကာယကုထုံးပညာရှင်နဲ့ အနည်းဆုံး ၁ကြိမ် တွေ့ဆုံဖို့လိုအပ်ပြီး တစ်ကြိမ်လျှင် ကုသစရိတ် ဒေါ်လာ ၅၀ကနေ ၃၅၀အထိ ကုန်ကျနိုင်ပါတယ်။ခွဲစိတ်မှုခံယူပြီးတဲ့အခါ သွေးမခဲအောင်ကာကွယ်ဖို့ သွေးကျဲဆေး (ဥပမာ warfarin, Plavix)၊ နှလုံးခုန်မမြန်စေဖို့ beta blocker အုပ်စုဝင်ဆေးဝါး၊ သွေးတွင်းကိုလက်စထရောဓါတ် ကျဆင်းစေဖို့ statin အုပ်စုဝင်ဆေးဝါးနဲ့ သွေးဖိအားပုံမှန်ဖြစ်ပြီး နှလုံးညှစ်အားမကောင်းတဲ့ပြဿနာကို ထိန်းချုပ်နိုင်ဖို့ ACE inhibitor အုပ်စုဝင်ဆေးဝါးတွေ သောက်သုံးရမှာဖြစ်ပါတယ်။ ဒီဆေးဝါးတွေကို Drugstore.com ကနေ ဝယ်ယူမယ်ဆိုရင် သီးသန့် warfarin (အမှတ်တံဆိပ်မပါတဲ့ warfarin) တစ်လစာအတွက် ၁၅ ဒေါ်လာကနေ ၂၅ ဒေါ်လာ၊ အမှတ်တံဆိပ်ပါ warfarin (ဥပမာ Coumadin) တစ်လစာအတွက် ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၇၀၊ Plavix တစ်လစာအတွက် ဒေါ်လာ ၂၀၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ ဒါ့အပြင် Beta-blocker အုပ်စုနဲ့ Statin အုပ်စု နှစ်မျိုးပေါင်းစာအတွက် ဆေးအမျိုးအစားပေါ်မူတည်ပြီး တစ်လကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၂၀၀ အထိ၊ ACE inhibitor အုပ်စုဝင်ဆေးဝါးတွေအတွက် တစ်လကို ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အထိ ကုန်ကျနိုင်ပါတယ်။CABG surgery မပြုလုပ်ခင် သွေးစစ်ဆေးမှု၊ ECG၊ Echocardiography၊ ရင်ဘတ်ဓါတ်မှန်၊ နှလုံးသွေးကြောထဲ ပြွန်ငယ်တစ်ချောင်းထည့်ပြီး သွေးကြောပိတ်ဆို့မှု အခြေအနေကို ပုံဖော်စစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ခွဲစိတ်မှုမခံယူခင် ဘာတွေပြင်ဆင်ထားရမလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်က အသေးစိတ်ညွှန်ကြားပါလိ့်မယ်။ ဒီလိုညွှန်ကြားတဲ့နေရာမှာ သင်နဲ့တည့်တဲ့ အစားအသောက်၊ သောက်သုံးရမယ့်ဆေးဝါး၊ ရှောင်ကြဉ်ရမယ့်အပြုအမူ (ဥပမာ ဆေးလိပ်သောက်ခြင်း) စတာတွေကို တစ်ခုချင်းပြောပြသွားမှာ ဖြစ်ပါတယ်။ သင့်အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်မယ့်နေ့ရောက်မှ ဆေးရုံတက်ရနိုင်သလို ခွဲစိတ်မယ့်နေ့ မတိုင်ခင်ကတည်းက ဆေးရုံကြိုတက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။နှလုံးသွေးကြောပိတ်ဆို့မှုပြင်းထန်တဲ့ လူနာတွေကိုတော့ ချက်ချင်းဆေးရုံတင်မှာဖြစ်ပြီး လူနာအခြေအနေအရ အဲဒီနေ့ ဒါမှမဟုတ် နောက်တစ်နေ့မှာ ခွဲစိတ်ကုသပေးမှာ ဖြစ်ပါတယ်။ဆေးရုံကဆင်းလို့ အိမ်ပြန်ရောက်တဲ့အခါ ခွဲစိတ်ထားတဲ့ နေရာတဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားဖို့ အလွန်အရေးကြီးပါတယ်။ ရေချိုးရမယ့် နည်းစနစ်တွေကို သင့်ဆရာဝန်က ပြောပြပေးမှာဖြစ်ပြီး ချုပ်ရိုးမဖြည်ခင် ဆေးရုံဆင်းလာတယ်ဆိုရင်တော့ follow-up ပြန်ပြတဲ့အခါ ချုပ်ရိုးဖြည်ပေးမှာ ဖြစ်ပါတယ်။ရောဂါပြန်လည်သက်သာနေတဲ့ ကာလတလျှောက် ဆရာဝန်ခွင့်မပြုဘဲ ယာဉ်မမောင်းသင့်သလို အခြားကန့်သတ်ထားတဲ့ လှုပ်ရှားမှုတွေကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ခွဲစိတ်မှုအပြီး အောက်ဖော်ပြပါ လက္ခဏာတစ်ခုခု ပေါ်လာခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။သင့်အခြေအနေပေါ်မူတည်ပြီး အခြား လိုက်နာသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကိုလည်း သင့်ဆရာဝန်က အလျင်းသင့်သလို ညွှန်ကြားနိုင်ပါတယ်။၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှု (CABG surgery) တစ်ခုက ဘယ်လောက်ကြာမြင့်နိုင်သလဲ။လမ်းကြောင်းဖွင့်ပေးရတဲ့ သွေးလွှတ်ကြောအရေအတွက်ပေါ် မူတည်ပြီး သမားရိုးကျ CABG surgery တစ်ခုဟာ အနည်းဆုံး ၃နာရီကနေ ၆နာရီအထိ ကြာမြင့်နိုင်ပါတယ်။၂။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသမှု (CABG surgery) ပြုလုပ်တဲ့နေရာမှာ ဘယ်လိုအဆင့်တွေ ပါဝင်သလဲ။CABG surgery တစ်ခုမှာ နှလုံးခွဲစိတ်အထူးကုဆရာဝန်၊ မေ့ဆေးဆရာဝန်၊ နှလုံး-အဆုတ် အစားထိုးစက်ကရိယာ ကျွမ်းကျင်သူပညာရှင်၊ အခြားခွဲစိတ်ဆရာဝန်တွေနဲ့ သူနာပြုတွေ အဖွဲ့လိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။CABG surgery အမျိုးအစားပေါင်းများစွာ ရှိတဲ့အနက် (၃)မျိုးအကြောင်းကို အောက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။သမားရိုးကျ CABG Surgery။ခွဲစိတ်မှုမစခင် သင့်ကို မေ့ဆေးဆရာဝန်က မေ့ဆေးပေးမှာဖြစ်ပါတယ်။ မေ့ဆေးပေးရတဲ့ ရည်ရွယ်ချက်ကတော့ ခွဲစိတ်နေစဉ်အတောအတွင်း လူနာ သတိရှိမနေဖို့နဲ့ ခံစားမှုမရှိစေဖို့ပါပဲ။ခွဲစိတ်မှု အစ-အလယ်-အဆုံး သင့်နှလုံးခုန်နှုန်း၊ သွေးဖိအား၊ အောက်ဆီဂျင်ရရှိမှုနဲ့ အသက်ရှူမှုတွေကို မေ့ဆေးဆရာဝန်ကပဲ စောင့်ကြည့်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ သင့်လည်ချောင်းကနေတဆင့် အဆုတ်ထဲကို အသက်ရှူပြွန်တစ်ချောင်း ထည့်ပေးထားပြီး အဲဒီအသက်ရှူပြွန်ကို အသက်ရှူစက်နဲ့ ချိတ်ဆက်ထားမှာပါ။မေ့ဆေးပေးပြီးတဲ့အခါ ခွဲစိတ်ဆရာဝန်က သင့်ရင်ဘတ်ပေါ် ခွဲကြောင်းပေးလိုက်ပြီး နှလုံးဆီရောက်တဲ့အထိ နံရိုးတွေကို ဖြတ်ဖွင့်လိုက်မှာဖြစ်ပါတယ်။ဒီအဆင့်ရောက်လာရင် ခွဲစိတ်မှုဆက်လုပ်နိုင်ဖို့ နှလုံးခုန်ရပ်တန့်အောင် ဆေးပေးလိုက်မှာပါ။ တစ်ချိန်ထဲမှာပဲ နှလုံးမခုန်တော့ပေမယ့် ၎င်းရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အခြားဆေးဝါးတွေလည်း ပေးထားဦးမှာပါ။ခွဲစိတ်နေစဉ်အတောအတွင်း အောက်ဆီဂျင် သယ်ဆောင်လာတဲ့သွေးကို ခန္ဓါကိုယ်အနှံ့ ပို့ဆောင်ပေးဖို့ကိုတော့ နှလုံး-အဆုတ် အစားထိုး စက်ကိရိယာက တာဝန်ယူမှာဖြစ်ပါတယ်။ပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောတွေကို ပြန်လည်ပြုပြင်တဲ့နေရာမှာ သင့်ခန္ဓါကိုယ် တစ်နေရာရာက (ဥပမာ ရင်ဘတ် သို့မဟုတ် ခြေထောက်က) သွေးလွှတ်ကြော ဒါမှမဟုတ် သွေးပြန်ကြောတစ်ခုခုကို အစားထိုးအသုံးပြုမှာဖြစ်ပါတယ်။ လမ်းကြောင်းဖွင့်ရမယ့် သွေးကြောများနေခဲ့ရင် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော နှစ်မျိုးစလုံး အသုံးပြုရတတ်ပါတယ်။သွေးပြန်ကြောနဲ့ အစားထိုးတာထက်စာရင် သွေးလွှတ်ကြောနဲ့ အစားထိုးတာက နောက်တစ်ချိန်မှာ သွေးကြောပြန်လည်ပိတ်ဆို့နိုင်ချေ ပိုနည်းပါတယ်။ အများဆုံးအသုံးပြုလေ့ရှိတဲ့ သွေးလွှတ်ကြောကတော့ နှလုံးအနီးမှာတည်ရှိတဲ့ ဘယ်ဘက်ရင်အုံ အတွင်းသွေးလွှတ်ကြော (left internal mammary atery) ပဲ ဖြစ်ပါတယ်။ လက်မောင်းနဲ့ အခြားနေရာတွေက သွေးလွှတ်ကြောတွေကိုလည်း အသုံးပြုနိုင်ပါတယ်။CABG surgery မှာ သွေးပြန်ကြောအသုံးများပေမယ့် သွေးလွှတ်ကြောသုံးတာနဲ့ နှိုင်းယှဉ်ရင် ပြန်လည်ပိတ်ဆို့ဖို့ အလားအလာပိုများပါတယ်။ ပုံမှန်အသုံးပြုလေ့ရှိတဲ့ သွေးပြန်ကြောကတော့ ခြေထောက်အတွင်းပိုင်းက saphenouos သွေးပြန်ကြောပဲ ဖြစ်ပါတယ်။သွေးလွှတ်ကြောအစားထိုးပြီးတဲ့အခါ ခွဲစိတ်ဆရာဝန်က နှလုံးဆီ သွေးလှည့်ပတ်မှုပြန်လည်ရရှိအောင် ပြုလုပ်ပေးမှာပါ။ များသောအားဖြင့် သူ့အလိုလို နှလုံးပြန်ခုန်လာလေ့ရှိပေမယ့် တစ်ခါတစ်ရံမှာ အပျော့စားလျှပ်စစ်ရှော့ခ်တွေပေးဖို့ လိုအပ်နိုင်ပါတယ်။နှလုံးပြန်ခုန်လာရင် သင့်ကို နှလုံး-အဆုတ် အစားထိုးကိရိယာနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီး ရင်ဘတ်ထဲကအရည်တွေ အပြင်ထွက်လာနိုင်အောင် ပိုက်ထည့်ပေးမှာပါ။အဲဒီနောက် နံရိုးနဲ့ရင်ရိုးတွေကို ဝါယာနဲ့ပြန်လည်ချည်နှောင်ပြီး သင့်ခန္ဓါကိုယ်ထဲ အပြီးချန်ခဲ့မှာဖြစ်ပါတယ်။ အရိုးပြန်ဆက်သွားရင် ခွဲစိတ်မှုမလုပ်ခင် အခြေအနေအတိုင်း ပြန်လည်သန်မာသွားမှာဖြစ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။နောက်ဆုံးအဆင့်မှာ အရေပြားကို ချုပ်ကြိုး ဒါမှမဟုတ် ချုပ်စက်နဲ့ ပြန်ပိတ်ပြီး ခွဲစိတ်မှုလုံးဝပြီးစီးလို့ သင့်ဘာသာ အသက်ရှူနိုင်တဲ့အခါ အသက်ရှူပြွန်ကို ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။သမားရိုးကျမဟုတ်တဲ့ CABG surgery မှာ off-pump CABG နဲ့ အသေးစားခွဲကြောင်းဖြင့် နှလုံးသွေးလွှတ်ကြော အစားထိုးကုသခြင်းတို့ ပါဝင်ပါတယ်။ဒီခွဲစိတ်ကုထုံးကို ဘယ်နှလုံးသွေးလွှတ်ကြောအတွက်မဆို အသုံးပြုနိုင်ပါတယ်။ Off-pump surgery လုပ်တဲ့အခါ သမားရိုးကျ CABG လိုပဲ နံရိုးနဲ့ရင်ရိုးတွေကို ဖွင့်ပစ်ရမှာဖြစ်ပါတယ်။ဒါပေမယ့် သမားရိုးကျ CABG နဲ့ မတူညီတဲ့အချက်က ဒီခွဲစိတ်မှုမှာ နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ အသုံးပြုစရာမလိုဘဲ အခြားစက်ကိရိယာတစ်မျိုးနဲ့ နှလုံးကိုထိန်းချုပ်မှာ ဖြစ်ပါတယ်။Off-pump CABG ကို နှလုံးခုန်နေစဉ် သွေးကြောအစားထိုးကုသခြင်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။MIDCAB အမျိုအစား များစွာရှိပါတယ်။ သမားရိုးကျ ခွဲစိတ်ကုထုံးနဲ့ မတူညီတဲ့အချက်က နံရိုးနဲ့ရင်ရိုးတွေကိုဖွင့်ပြီး နှလုံးကို တိုက်ရိုက်ခွဲစိတ်ဖို့ မလိုတဲ့အပြင် နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ အသုံးပြုဖို့လည်း မလိုပါဘူး။MIDCAB ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က နှလုံးအရှေ့ဘက်ခြမ်းမှာရှိတဲ့ သွေးကြောတွေကို လမ်းကြောင်းဖွင့်ပေးဖို့ဖြစ်ပါတယ်။ ဘယ်ဘက်ရင်အုံ၊ နံရိုးနှစ်ခုကြား၊ လမ်းကြောင်းဖွင့်ရမယ့် သွေးလွှတ်ကြောအပေါ်တည့်တည့်မှာ ခွဲကြောင်းအသေးလေးတွေပေးပြီး ဆက်လက်လုပ်ဆောင်ရတဲ့ နည်းစနစ်ဖြစ်ပါတယ်။ခွဲကြောင်းတစ်ခုစီဟာ ပုံမှန်အားဖြင့် အရှည် ၃လက်မခန့်သာ ရှိပါတယ်။ (သမားရိုးကျ CABG surgery မှာ ခွဲကြောင်းအရှည် ၆လက်မကနေ ၈လက်မအထိ ပေးဖို့လိုအပ်ပါတယ်။) အစားထိုးကုသမှုအတွက် အသုံးအများဆုံးသွေးလွှတ်ကြောက ဘယ်ဘက်ရင်အုံ အတွင်းသွေးလွှတ်ကြောဖြစ်ပြီး နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ သုံးဖို့မလိုအပ်ပါဘူး။အပေါက်ငယ်များမှတဆင့် နှလုံးသွေးလွှတ်ကြော အစားထိုးကုသခြင်း။ဒီနည်းစနစ်ကတော့ လူနာရဲ့ရင်ဘတ်မှာ အသေးစားခွဲကြောင်းတွေပေးပြီး ပိတ်ဆို့နေတဲ့ နှလုံးသွေးလွှတ်ကြောတွေကို အခြားသွေးလွှတ်ကြော ဒါမှမဟုတ် သွေးပြန်ကြောတွေနဲ့ အစားထိုးကုသတဲ့ နည်းစနစ်ဖြစ်ပါတယ်။ နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ အသုံးပြုဖို့ လိုအပ်ပါတယ်။စက်ရုပ်အကူအညီဖြင့် နှလုံးသွေးလွှတ်ကြော အစားထိုးကုသခြင်း။ဒီနည်းစနစ်ရဲ့အားသာချက်က ခွဲကြောင်းကြီးကြီး ပေးစရာမလိုဘဲ သော့ပေါက်အရွယ်အစားလောက်ရှိတဲ့ ခွဲကြောင်းလေးတွေနဲ့တင် သွေးကြောအစားထိုး ကုသနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်က ခွဲကြောင်းအပေါက်ထဲ ထည့်သွင်းထားတဲ့ ဗီဒီယိုကင်မရာကနေတဆင့် နှလုံးကို တိုက်ရိုက်ကြည့်ရှုနိုင်သလို remote နဲ့ထိန်းချုပ်တဲ့ ခွဲစိတ်ကိရိယာတွေအသုံးပြုပြီး သွေးကြောအစားထိုး ကုသသွားမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ နှလုံး-အဆုတ် အစားထိုးစက်ကိရိယာ အသုံးပြုဖို့ လိုအပ်နိုင်ပါတယ်။၃။ ခွဲစိတ်မှုခံယူပြီး ဘာဆက်ဖြစ်နိုင်သလဲ။ပုံမှန်အားဖြင့် ခွဲစိတ်မှုခံယူပြီးတဲ့အခါ အထူးကြပ်မတ်ကုသဆောင်(ICU)မှာ ၁ရက် သို့မဟုတ် ၂ရက် နေရမှာဖြစ်ပါတယ်။ ICU မှာရှိနေတဲ့ ကာလတစ်လျှောက် သင့်နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ အောက်ဆီဂျင်ရရှိမှုတို့ကို ပုံမှန်စစ်ဆေးတိုင်းတာသွားမှာပါ။သင့်ရဲ့ လက်သွေးပြန်ကြောမှာထိုးထားတဲ့ ပိုက်ငယ်တစ်ခုကတဆင့် သွေးလှည့်ပတ်မှုအခြေအနေနဲ့ သွေးဖိအားကိုထိန်းညှိပေးမယ့်ဆေးဝါးတွေ ထိုးပေးမှာဖြစ်ပြီး အလွယ်တကူ ဆီးထွက်နိုင်အောင်၊ ရင်ဘတ်ထဲကအရည်တွေ အပြင်ထွက်နိုင်အောင် ဆီးပိုက်နဲ့ရင်ပိုက်တွေလည်း တပ်ပေးထားမှာဖြစ်ပါတယ်။ဒါ့အပြင် ICU မှာရှိနေသရွေ့ ကာလပတ်လုံး နှာခေါင်းပိုက် ဒါမှမဟုတ် mask ကတဆင့် အောက်ဆီဂျင်ပေးထားပြီး နှလုံးခုန်စည်းချက်မှန်အောင် ရင်ဘတ် သို့မဟုတ် ဗိုက်မှာ ယာယီနှလုံးခုန်စက် (temporary pacemaker) တပ်ပေးထားမှာပါ။ခွဲစိတ်ပြီးစအချိန်မှာ ခန္ဓါကိုယ်လှုပ်ရှားမှု သိပ်မလုပ်နိုင်တဲ့အတွက် ခြေထောက်မှာ သွေးခဲခြင်း၊ သွေးအိုင်ခြင်းမဖြစ်ရအောင် တင်းအားအနည်းငယ်ပေးနိုင်တဲ့ အသားကပ်ခြေအိတ် ဝတ်ထားဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။နောက်ထပ် သတိထားမိစရာ အချက်တစ်ချက်က ရင်ဘတ်ခွဲကြောင်းနေရာနဲ့ အစားထိုးအသုံးပြုဖို့ သွေးကြောယူထားတဲ့နေရာတွေကို ပတ်တီးစည်းလျက်သား တွေ့မြင်ရမှာပါ။ခွဲစိတ်မှုကြောင့် နောက်ဆက်တွဲပြဿနာ တစ်စုံတစ်ရာမရှိခဲ့ရင် ICU က ထွက်လာပြီး ၃ရက်ကနေ ၅ရက်အတွင်း အိမ်ပြန်ခွင့်ရမှာဖြစ်ပါတယ်။၁။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ကြောင့် ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်သလဲ။CABG surgery ကြောင့် ဖြစ်လာနိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့။၂။ နှလုံးသွေးလွှတ်ကြော အစားထိုးခွဲစိတ်ကုသခြင်း (CABG surgery) ကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။CABG surgery ကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%9c%e1%82%8a%e1%80%90%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac-%e1%80%a1%e1%80%85%e1%80%ac%e1%80%b8/
လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့ မရတာ ဘာကြောင့်လဲ
လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ လက္ခဏာ တစ်ခုပါ။ ဒီအခြေအနေကို Phimosis –လိင်တံအရေပြား နောက်လှန်ဆွဲမရခြင်းဖြစ်စဉ်လို့ လူသိများကြပါတယ်။ အသက် ၃နှစ်အရွယ် ကလေးတွေမှာ အရေပြားကျပ်နေတာမျိုး ဖြစ်တတ်ပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ ပြန်ပြီး ချောင်ချောင်ချိချိ ဖြစ်သွားတတ်ပါတယ်။ဆီးသွားရတာ နာကျင်မှု၊ ရောင်ရမ်းမှု၊ သက်သောင့်သက်သာ မဖြစ်မှု၊ ဆီးသွားဖို့ အဆင်မပြေတာတွေ ရှိလာပြီဆိုမှ ကုသမှုခံယူသင့်တယ်လို့ ယူဆထားပါတယ်။အသက် ၃နှစ်နဲ့ နောက်ပိုင်းမှာ လိင်တံအရေပြားက ချောင်ချိသွားပြီး နောက်ပြန်လှန်ဆွဲလို့ ရပါတယ်။ တချို့သော အမျိုးသားတွေမှာတော့ နောက်လှန်ဆွဲနိုင်ဖို့ အချိန်တော်တော်လေး ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲတဲ့နေရာမှာ ဘယ်လိုအခက်အခဲမှ ရှိမနေသင့်တော့ပါဘူး။ နောက်လှန်ဆွဲလို့ မရတဲ့ အပြင် နောက်ထပ်တွေ့နိုင်တဲ့ လက္ခဏာကတော့ ဆီးသွားနေစဉ်မှာ ထိပ်အရေပြားက ရောင်လာတာပဲ ဖြစ်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းဟာ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေအနေနဲ့ရေချိုးတဲ့အခါမှာ ပိုပြီး သန့်စင်ပေးဖို့၊ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ထိပ်အရေပြားက ဖုံးနေတဲ့အခါမှာ ဆီ၊ ချွေး၊ အရေပြားဆဲလ်အသေတွေ စုမိပြီး အဖြူရောင်အကျိအချွဲတွေ ဖြစ်လာပါတယ်။ အချိန်ကြာလာရင် အရိအချွဲတွေက မာလာပြီး အနံ့အသက်ဆိုးတဲ့ အဖြူဖတ် (Smegma) တွေ ဖြစ်လာပါတယ်။ ဒီအဖြူဖတ်တွေက အရေပြားအောက်က အချိန်ကြာရှည်စွာရှိနေရင် ဘက်တီးရီးယားပေါက်ဖွားဖို့ ပိုလွယ်ကူပြီး အနံ့အသက်ဆိုးတွေ ထွက်လာမယ်။ ဒါ့အပြင် အရေပြားနဲ့ထိကပ်နေတာဖြစ်တဲ့အတွက် ကြာလာရင် နောက်လှန်ဆွဲမရတော့တဲ့အထိ ကပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ တခြားသော အခြေအနေတွေအနေနဲ့။ဒီအခြေအနေမျိုးမှာ ထိပ်အရေပြားကျပ်တာ၊ဆီးသွားစဉ် နာကျင်တာ၊ အရေပြားအောက်မှာ အဖြူရောင် အညစ်အကြေးဖတ်တွေ၊ အကျိအချွဲတွေ တွေ့ရနိုင်ပါတယ်။လိင်တံထိပ်ရော ထိပ်မှာ ဖုံးနေတဲ့အရေပြားကပါ ရောင်ရမ်းနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီပြဿနာရှိသူတွေမှာ ထိပ်အရေပြား နောက်လှန်ဆွဲဖို့ ခက်ခဲတာအပြင်မှိုစွဲရောဂါ၊ လိင်ဆက်ဆံစဉ် ပွန်းပဲ့ထိခိုက်မိတာ၊ အမာရွတ်ကျန်ခဲ့တာတွေပါ ဖြစ်နိုင်ပါတယ်။လိင်အင်္ဂါရေယုန်(Genital Herpes) ၊ဂနိုဆီးပူညောင်းကျရောဂါ (Gonorrhea) ၊ကာလသားရောဂါ(Syphilis) အစရှိတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကြောင့် လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရတာတွေလည်း ဖြစ်နိုင်ပါတယ်။အရေပြားနှင်းခူ(Eczema) ၊ အရေပြားရောင်ရမ်းပြီး အနီကွက်ထတဲ့ ရောဂါ (Lichen Planus) ၊လိင်အင်္ဂါနဲ့ စအိုပတ်လည်မှာ အဖြူရောင်အကွက်တွေ ဖြစ်တာ (Lichen Sclerosus) ၊ မာပြီးခြောက်နေတဲ့ အကွက်တွေ ဖြစ်စေတဲ့ ဆိုရီရေးစစ် အရေပြားရောဂါ (Psoriasis) တွေကြောင့်လည်း လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရတဲ့ လက္ခဏာ တွေ့ရနိုင်ပါတယ်။ငယ်ရွယ်သေးတဲ့ ကလေးတွေအတွက်တော့ ပြဖို့ မလိုသေးပါဘူး။ အသက် ၁၇ဆယ်ကျော်သက်အရွယ်လောက်မှာ သူ့အလိုလို လှန်ဆွဲနိုင်မလားဆိုတာကို အရင်စောင့်ကြည့်သင့်ပါတယ်။ ထိပ်အရေပြား လှန်ဆွဲမရခြင်းကြောင့် လိင်တံထောင်မတ်ခြင်း၊ ဆီးသွားခြင်းတွေမှာ အခက်အခဲ ပြဿနာတွေ ကြုံလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။၁။ ရေချိုးတဲ့အခါတိုင်း လိင်တံနဲ့ ထိပ်အရေပြားအောက်ကို ရေနွေး၊ ဆပ်ပြာနဲ့ နေ့စဉ်ဆေးကြောပေးသင့်ပါတယ်။ အထူးသဖြင့် အပြင်ကနေပြန်လာပြီးချွေးတွေအရမ်းထွက်နေတယ်ဆိုရင် အဝတ်အစားတွေလဲ၊ချွေးတိတ်အောင်စောင့်ပြီးရင်ရေချိုးသန့်စင်ပေးဖို့ အရေးကြီးပါတယ်။၂။ ထိပ်အရေပြားကို နောက်လှန်ဆွဲပြီး အောက်မှာ ရှိနေတဲ့ အကျိအချွဲတွေကို သေချာပြောင်စင်အောင် ဆေးကြောပေးပါ။၃။ အရွယ်ငယ်သေးတဲ့ ကလေးတွေကိုတော့ အရေပြားနောက်လှန်ဆွဲပြီး သန့်ရှင်းရေးမလုပ်သင့်ပါဘူး။လူပျိုဖြစ်ပြီးနောက်ပိုင်းမှ နောက်လှန်ဆွဲပြီး သန့်ရှင်းဖို့ သတိပေးပါ။၄။ ရေချိုးပြီးတဲ့အခါမှာ လိင်တံတစ်ဝိုက်နဲ့ ထိပ်အရေပြားအောက်ကို ခြောက်နေအောင် သုတ်ပေးပါ။၅။ ရေမွှေး အစရှိတဲ့ ယားယံစေမယ့် ဓာတုပစ္စည်းတွေ ပါဝင်တဲ့ အမွှေးနံ့သာတွေကို မဖျန်းပါနဲ့။၆။ တစ်ကိုယ်ရေအာသာဖြေတာမျိုးမဟုတ်ဘဲ အရေပြားကို အောက်သို့ ဖြည်းဖြည်းချင်းဆွဲချတဲ့ လေ့ကျင့်ခန်းမျိုး နေ့စဉ် ပြုလုပ်ပေးပါ။၇။ တစ်ကိုယ်ရေအာသာဖြေချိန်မှာ အရေပြားကို ပွန်းပဲ့ထိခိုက်ခြင်း မဖြစ်စေဖို့ သေချာဂရုစိုက်ပေးပါ။ လက်စွပ်၊ နာရီ အစရှိတဲ့ ထိခိုက်လွယ်နိုင်တဲ့ ပစ္စည်းတွေကို ချွတ်ထားပါ။၈။ လိင်ဆက်ဆံနေစဉ်မှာ ကွန်ဒုံးနဲ့ ရေဓာတ်အခြေပြုချောဆီတွေကို များများသုံးပေးပါ။၉။ အမျိုးသား လိင်ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် လိင်တံထိပ်အရေပြားကိုဖြတ်သင့်၊ မဖြတ်သင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%90%e1%80%b6%e1%80%91%e1%80%ad%e1%80%95%e1%80%b9%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8-%e1%80%b1%e1%80%94%e1%80%ac%e1%80%80-2/
ကိုယ်ဝန်ဆောင်နို့တိုက်မေမေတိုင်း သိထားဖို့လိုမယ့် အချက်တွေက ဘာတွေများလဲ........
ပထမရင်သွေးလေးက တစ်နှစ်ပြည့်ပြီ။ မေမေရဲ့ မိသားစု အစီအစဉ်က သားသားမီးမီးလေး ၂ ယောက်ယူဖို့ ဆုံးဖြတ်ထားတာမို့ နောက်ကလေးတစ်ယောက်ယူဖို့ဆုံးဖြတ်ထားတယ်။ ဒီလိုနဲ့ ဘေဘီလေး တစ်နှစ်ခွဲ လောက်မှာ နောက်ထပ် ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတယ်။ ရှေ့က ကလေးကိုလည်း ၂ နှစ် အထိမိခင်နို့ ဆက်တိုက်ချင်တယ်။ဗိုက်ထဲက ဘေဘီလေးကိုလည်း မထိခိုက် စေချင်တဲ့ မေမေတွေရှိလား………. ဒါဆိုရင် ဒီဆောင်းပါးလေးက မေမေတို့အတွက် ပါနော်။ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နို့ဆက်တိုက်တာက စိတ်ချရလားဆိုရင်တော့ စိတ်ချရပါတယ်။ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နို့က အရောင်နဲ့ အရသာပြောင်းလဲလာတာမျိုးတော့ရှိနိုင်ပါတယ်။အာဟာရ ပါဝင်မှုကတော့ မပြောင်းလဲပါဘူး။ကိုယ်ဝန် ၄ လက၊ ၅လလောက်ရောက်လာတဲ့အခါ နို့အရသာက သိသိသာပြောင်းလာနိုင်ပါတယ်။ နောက်တစ်ချက်က ကိုယ်တွင်းမှာအောက်ဆီတိုစင်ဟော်မုန်းထွက်ရှိတာကြောင့် နို့ထွက်နည်းတာနဲ့ သားအိမ်ကျုံ့ဆန့်မှု အနည်းငယ်ရှိနိုင်ပေမယ့် ဗိုက်ထဲက ဘေဘီလေးကို မထိခိုက်စေနိုင်ပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ နို့တိုက်မယ်ဆိုရင်။အရင်ဆုံး ဆရာဝန်နဲ့တိုင်ပင်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ နို့တိုက်တာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်တာမျိုး မဖြစ်နိုင်ဘူးဆိုပေမယ့် သေချာစေဖို့အတွက် ဆရာဝန်နဲ့ သေချာလေးတိုင်ပင်ကြည့်ဖို့ လိုပါမယ်။ တကယ်လို့ ဒီအခြေအနေမျိုးဆိုရင်တော့ နို့ဆက်မတိုက်သင့်ပါဘူး။နို့တိုက်တဲ့အခါထိုင်ပြီး ဒါမှမဟုတ် လှဲပြီးတိုက်ပါ။နို့တိုက်တဲ့အခါ ပေါ့ပေါ့ပါးပါးအခြေအနေက ကိစ္စမရှိပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေမယ်ဆိုရင် ကလေးကိုချီပြီး တိုက်ဖို့က ခက်ခဲပါတယ်။ ကသိကအောက် ဖြစ်သလို ဗိုက်ကို ဖိမိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဗိုက်ထဲက ဘေဘီလေးရော မေမေနဲ့ အပြင်ကဘေဘီလေးပါ အဆင်ပြေစေဖို့ဆိုရင် လှဲပြီးတိုက်တာ ဒါမှမဟုတ် ထိုင်ပြီး တိုက်တာက အဆင်အပြေဆုံးပါ။နို့ထွက်တဲ့ပမာဏကို ဆန်းစစ်ပါ။ကိုယ်ဝန် ၄ လ၊ ၅လလောက်ရောက်တဲ့အခါ မိခင်နို့ရည်ပမဏက နည်းသွားပါပြီး ဒီအချိန်မှာ ကလေးကိုဖြည့်စွက်အာဟာရနို့တွေတိုက်ကျွေးပေးတာမျိုးလုပ်ပေးဖို့လိုပါမယ်။ ဒါမှ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုထိခိုက်တာမျိုး မရှိမှာပါ။ ကလေးကို မိခင်နို့တိုက်တာ နည်းသွားတဲ့အခါ အခြားအာဟာရတွေ ပြည့်ဝလုံလောက်စွာ ကျွေးမိဖို့ မဖြစ်မနေလိုအပ်ပါမယ်။အာဟာရပြည့်ဝအောင်စားသုံးပါ။အာဟာရပြည့်ဝအောင် စားသုံးဖို့က တော်တော်လေး အရေးပါပါတယ်။ မေမေရော ဘေဘီလေးတွေပါ ကျန်းမာဖို့က မေမေ အာဟာရပြည့်ဝလုံလောက်အောင် စားသုံးရမှာပါ။ ကိုယ်ဝန်လည်း ဆောင်ထားရတယ်။ နို့ကလည်း တိုက်နေသေးတယ်ဆိုရင် ပုံမှန်ထက် ပိုစားဖို့က မဖြစ်မနေလိုအပ်ပါပြီ။ တစ်နေ့ကိုကယ်လ်လိုရီပမာဏ ၅၀၀ လောက် ပိုစားဖို့လိုပါမယ်။ ဒါမှ မေမေရော ဘေဘီလေးတွေပါ ကျန်းမာမှာပါ။ရေဆာတဲ့အခါတိုင်းမှာလည်း ရေသောက်ဖို့လိုပါမယ်။ နောက်တစ်ချက်ကအိပ်ရေးဝအောင် အိပ်ဖို့ပါ။ရင်သား စစ်ဆေးမှုလုပ်ပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားထိပ်တွေ နာတာ၊ ရင်သား နာကျင် တောင့်တင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ရင်သားကိုလက်ချောင်းထိပ်လေးတွေသုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်တာ၊ရေနွေးဝတ်ကပ်တာမျိုးတွေ လုပ်ပေးပါ။ရင်သားတွေက တင်းပြီး တအားနာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။စိတ်ရော ကိုယ်ပါ ကျန်းမာအောင်နေပါ။ကိုယ်ဝန်လည်းဆောင်ထားရတယ် ကလေးကိုလည်း နို့ဆက်တိုက်နေတဲ့ မေမေက ပင်ပန်းမယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ဒီအချိန်မှာ စိတ်ဖိစီးစေမယ့် ကိစ္စတွေကို တတ်နိုင်သမျှ မတွေးပါနဲ့။ နေ့ရက်တိုင်းမှာစိတ်ရောကိုယ်ပါ လန်းဆန်းနေစေဖို့ဂရုစိုက်ပါ။စိတ်ဖိစီးစရာတွေရှိလာရင် မိခင် ဒါမှမဟုတ် ယုံကြည်ရသူကို ရင်ဖွင့်တာမျိုး လုပ်ပါ။အာဟာရပြည့်ဝအောင် စားပြီး အိပ်ရေးဝအောင် အိပ်ပါ။ ဆေးခန်းကိုလည်း ပုံမှန်သွားရောက်ပြသလို့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရယူပါ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/important-tips-for-breastfeeding-while-pregnant/
အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါ ဆိုတာ ဘာလဲ
အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါသည် အူလမ်းကြောင်း တစ်လျှောက်တွင် မူမမှန်မှုများဖြစ်ပြီး ရောင်ရမ်းခြင်းဖြစ်ပါသည်။ အူလမ်းကြောင်းဆိုရာတွင် ပါးစပ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်နှင့် အူမကြီး တစ်လျှောက်လုံးပါဝင်ပါသည်။ အူလမ်းကြောင်း၏ တာဝန်မှာ အစာချေဖျက်ခြင်း၊ အာဟာရများကို စုပ်ယူခြင်းနှင့် အညစ်အကြေးများ စွန့်ထုတ်ခြင်းတို့ဖြစ်ပါသည်။အဖြစ်အများဆုံး အမျိုးအစား ၂ ခုမှာ အူမကြီး အနာဖြစ်ပြီး ရောင်ရမ်းခြင်းနှင့် ခရုန်းအူရောင်ရောဂါ တို့ဖြစ်ပါသည်။အူမကြီး အနာဖြစ်ပြီး ရောင်ရမ်းခြင်းကို ဖြစ်သော နေရာနှင့် ရောဂါ အခြေအနေအပေါ်မူတည်ပြီး အမျိုးအစားများထပ်ခွဲထားပါသေးသည်။·စအိုရောင်ခြင်း။ထိုရောင်ရမ်းမှုသည် ရောဂါ၏ အနုဆုံး အမျိုးအစားဖြစ်ပါသည်။·အူကောက်ပိုင်းနှင့် စအိုရောင်ခြင်း။ယင်းသည် အူမကြီး နောက်ဆုံးအပိုင်းနှင့် စအိုနေရာတို့ ရောင်ခြင်းဖြစ်ပါသည်။·ဘယ်ဘက် အူမကြီးရောင်ခြင်း။ယင်းသည် အစာဟောင်းအိမ်မှ အူမကြီး ဘယ်ဘက်အပိုင်း ရောင်ခြင်းဖြစ်ပါသည်။·အူမကြီးတစ်ခုလုံးရောင်ခြင်း။·အူမကြီးတစ်ခုလုံး ပြင်းထန်စွာ ရုတ်တရက်ရောင်ခြင်း။ယင်းသည် အူမကြီးတစ်ခုလုံး ပြင်းထန်စွာရောင်ခြင်းဖြစ်ပြီး ဖြစ်ခဲပါသည်။ခရုန်း အူရောင်ရောဂါသည် အူသိမ်နှောင်းပိုင်းနှင့် အူမကြီးတွင် အဓိကရောင်ရမ်းခြင်း ဖြစ်ပါသည်။အူရောင်ခြင်းနှင့် အူလှုပ်ရှားမှုများ မမှန်ခြင်း ရောဂါနှစ်မျိုး မတူညီပါ။ အူလှုပ်ရှားမှုများ မမှန်ခြင်းသည် အူလမ်းကြောင်းတွင် အူလှိုင်းတွန့်မှုများ မမှန်သောရောဂါဖြစ်ပြီး အူရောင်ခြင်းမပါဝင်ပါ။အူမကြီး အနာဖြစ်ပြီး ရောင်ရမ်းခြင်းနှင့် ခရုန်းအူရောင်ရောဂါ တို့၏ လက္ခဏာများမှာ။· ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း။· ပျို့ခြင်း၊ အန်ခြင်း။· ဝမ်းလျှောခြင်း။· စအိုမှ သွေးထွက်ခြင်း။· ကြွက်တက်ခြင်း။· ကိုယ်အလေးချိန် ကျဆင်းခြင်း။· ဖျားခြင်း၊ နွမ်းနယ်ခြင်း။· ခံတွင်းပျက်ခြင်း တို့ဖြစ်ပါသည်။အူနံရံများရောင်ပြီး အချိန်ကြာလာသည်နှင့်မျှ အနာဖြစ်လာပါသည်။ အူလမ်းကြောင်းသည် ယင်း၏ တာဝန်များဖြစ်သော အစာချေခြင်း၊ ရေနှင့် အဟာရများကို စုပ်ယူခြင်းတို့ မပြုလုပ်နိုင်တော့ဘဲ ဝမ်းလျှောရပါသည်။ အူလမ်းကြောင်းအနာများကြောင့် ဗိုက်နာခြင်း၊ သွေးဝမ်းသွားခြင်းတို့ဖြစ်လာရပါသည်။ယင်းသည် မျက်လုံးများ၊ အရေပြား၊ အဆစ်များ စသည့် ကိုယ်ခန္ဓာ၏ အခြားသော အစိတ်အပိုင်းများကိုပါ ထိခိုက်စေပြီး မျက်လုံးရောင်ခြင်း၊ အရေပြား အနာဖြစ်ခြင်း၊ အဆစ်ရောင်ခြင်းတို့ကို ဖြစ်စေပါသည်။ရောဂါလက္ခဏာများ ကြွလာသည့်အချိန်လည်း ရှိသလို မပြသော အခါများလည်း ရှိပါသည်။ ခရုန်းရောဂါသည်များ၏ ၃၅ %သည် ၅ နှစ်အတွင်းတွင် ၁ ကြိမ် ၂ကြိမ် ပြန်ဖြစ်နိုင်ပါသည်။ အူမကြီးရောင်သူများ၏ ၃၀% သည် နောက်တစ်နှစ်အတွင်း ပြန်ဖြစ်ကြောင်း တွေ့ရပါသည်။အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါကို ဖြစ်စေသော အကြောင်းရင်းကို တိတိကျကျ မသိသေးသော်လည်း ကိုယ်ခံအားစနစ် မူမမှန်ခြင်းနှင့် မျိုးရိုးလိုက်ခြင်းဟူသော အချက်နှစ်ချက် ကအဓိကကျပါသည်။·ကိုယ်ခံအားစနစ် မူမမှန်ခြင်း။ကိုယ်ခံအားစနစ်များ မူမမှန်ဖြစ်ကာ ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို တိုက်ခိုက်ခံရမည့် အစား အူလမ်းကြောင်းနံရံများက တိုက်ခိုက်ခံရခြင်းကြောင့် အူရောင်ခြင်း ဖြစ်ရသည်။·မျိုးရိုးလိုက်ခြင်း။မိဘမျိုးရိုးထဲတွင် အလားတူရောဂါ ဖြစ်ဖူးလျှင် မိမိတွင်လည်း ဖြစ်နိုင်ချေရှိပါသည်။·အသက်။ထိုရောဂါသည် အသက် ၃၅ နှစ်အောက်များတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။·လိင်။အူရောင်ခြင်းရောဂါသည ်ကျားမ မရွေးတွင်ဖြစ်နိုင်သော်လည်း အူမကြီးရောင်ခြင်းသည် အမျိုးသားများတွင် အဖြစ်များပြီး ခရုန်းရောဂါသည် အမျိုးသမီးများတွင် ပို အဖြစ်များကြောင်း တွေ့ရပါသည်။·ဆေးလိပ်သောက်ခြင်း။ဆေးလိပ်သောက်ခြင်းကြောင့် ခရုန်းရောဂါပိုဆိုးလာနိုင်သော်လည်း ဆေးလိပ်သောက်သူများတွင် မသောက်သူများနှင့် ဆေးလိပ်ဖြတ်ထားသူများနှင့် စာလျှင် အူမကြီးရောင်ခြင်းဖြစ်နိုင်ချေ နည်းကြောင်း တွေ့ရပါသည်။·Isotretinoin (Amnesteem®, Claravis®, Sotret®; formerly Accutane®)။အူရောင်ခြင်းရောဂါ နှင့်Isotretinoinအသုံးပြုမှုကြားမှ အချိတ်အဆက်ကို ကောင်းစွာ မသိသေးပါ။Isotretinoinကို ဝက်ခြံကုသရန် အများဆုံး အသုံးပြုပါသည်။·NSAID အကိုက်အခဲပျောက်ဆေးများ။ibuprofen (Advil®, Motrin IB®, others), naproxen sodium (Aleve®, Anaprox®), diclofenac sodium (Voltaren®, Solaraze®) စသည့် NSAID အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ကျဆေးများသည် အူရောင်ခြင်းရောဂါကို ဖြစ်နိုင်ချေများစေပြီး ရောဂါကို ပိုပြင်းထန်စေပါသည်။ဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ မိသားစုရာဇဝင်ကို မေးမြန်းခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။ ထိုနောက် ရောဂါကို တိကျစွာသိရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။သွေးစစ်ခြင်း။·သွေးဥ အရေအတွက် စစ်ခြင်း။·အာဟာရဓါတ်များ စစ်ခြင်း။ဗီတာမင် B12, သံဓါတ်, ဖောလိတ်ဓါတ် နှင့် အခြားသော ဓါတ်များ စစ်ခြင်း။·ESR နှင့် CRP စစ်ခြင်း။·ဝမ်းထဲတွင် Calprotein စစ်ခြင်း။·အခြားသွေးအဖြေများစစ်ခြင်း။Perinuclear antineutrophil cytoplasmic antibodies, anti-Saccharomyces cerevisiaeantibodies.။·ဝမ်းစစ်ခြင်း။ဝမ်းထဲတွင် ကပ်ပါးပိုးကောင်များ၊ ဥများ၊ ဘက်တီးရီးယားပိုးများ၊ Clostridium difficile ပိုးများစစ်ခြင်း။ပုံရိပ်ဖော် စစ်ဆေးမှုများ။· ရင်ဘတ်နှင့် ဝမ်းဗိုက်ဓါတ်မှန်ရိုက်ခြင်း။· ပုံရိပ်ပြတ်သားစေရန် ဘေရီယမ် ဓါတ်မှန်ရိုက်ခြင်း။· ဗိုက်ကို အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း။· ဗိုက်နှင့် ခါးအောက် ဝမ်းဗိုက်ပိုင်းကို ကွန်ပျူတာဓါတ်မှန်နှင့် သံလိုက်ဓါတ်မှန်များ ရိုက်ခြင်း။· အူလမ်းကြောင်းကို ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်း။အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း။· အူမကြီးကို မှန်ပြောင်းကြည့်ပြီး အသားစယူခြင်း။· အူသိမ်ထဲသို့ အကွေးအဆန့်ပြုလုပ်နိုင်သော မှန်ပြောင်းကြည့်ခြင်း။· အူသိမ် အပေါ်ပိုင်းကို မှန်ပြောင်းကြည့်ခြင်း။· ဘောလုံး ၂ ထပ်ဖြင့် မှန်ပြောင်းကြည့်ခြင်း။အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါကို ကုသနည်းများစွာရှိပါသည်။ ဆေးဖြင့် ကုသပြီး မသက်သာမှ ခွဲစိတ်ကုမှုများကို ပြု လုပ်ကြပါသည်။အူရောင်ခြင်းကြောင့်ဖြစ်သော ဝေဒနာများကို သက်သာစေရန် အောက်ပါဆေးများဖြင့် ကုသပါသည်။အဆင့် ၁။Aminosalicylates သည် ရောဂါကို ပြန်မဖြစ်စေရန် အထောက်အကူ ပြုပါသည်။ ယင်းသည် ခရုန်းရောဂါထက် အူရောင်ခြင်းတွင် ပိုအသုံးဝင်ပါသည်။ Aminosalicylates ကို သောက်ဆေး၊ စအိုထဲ့ဆေးတောင့် အနေဖြင့် ရရှိနိုင်ပါသည်။Aminosalicylates အနွယ်ဝင်ဆေးများမှာ sulfasalazine, mesalamine, balsalazide, olsalazine တို့ဖြစ်ပါသည်။အဆင့် ၁ အေ။metronidazole, ciprofloxacin, rifaximin ပိုးသတ်ဆေးများကို အူရောင်ခြင်းအတွက် အသုံပြုသော်လည်း ဘေးထွက်ဆိုးကျိုးများကို သတိပြုရပါမည်။Monoclonal antibodies (eg, natalizumab) ကိုလည်း အသုံးပြုနိုင်ပါသည်။အဆင့် ၂။hydrocortisone, prednisone, methylprednisolone, prednisolone, budesonide, dexamethasone စသည့် စတီးရွိုက်အရောင်ကျဆေးများကို ရောဂါပြန်ဖြစ်လာလျှင် အသုံးပြုနိုင်ပါသည်။ ထိုဆေးများကို သောက်ဆေး၊ လိမ်းဆေး၊ စအိုထဲ့ဆေးများ အနေဖြင့် ရရှိနိုင်ပါသည်။အဆင့် ၃။ရောဂါပြန်ဖြစ်လာလျှင်စတီးရွိုက်အရောင်ကျဆေးများအစား azathioprine, 6-mercaptopurine, methotrexate, cyclosporine စသည့် ကိုယ်ခံအားစနစ်ကို ညှိပေးသောဆေးများကို သုံးနိုင်ပါသည်။ ထိုဆေးများသည် ဂရင်ဂျီနာများအတွက် အဓိက သုံးပြီး aminosalicylates နှင့် ဆေးမတိုးသူများ၊ မခံနိုင်သူများတွင် သုံးပါသည်။အဆင့် ၄။အူရောင်ခြင်းနှင့် ခရုန်းရောဂါများအတွက် ဆေးဝါးစမ်းသပ်မှုများ ပြုလုပ်နေဆဲ ဖြစ်ပါသည်။ထို့ပြင် ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို အောက်ပါဆေးများဖြင့် ကုသနိုင်ပါသည်။· H2 ဆန့်ကျင်ဆေးများ (eg, cimetidine, ranitidine, famotidine, nizatidine)။· ပရိုတွန် ပန့် ဆန့်ကျင်ဆေးများ(eg, omeprazole, lansoprazole, esomeprazole magnesium, rabeprazole sodium, pantoprazole)။· ဝမ်းတိတ်ဆေးများ(eg, diphenoxylate and atropine, loperamide, cholestyramine)။· ဗိုက်ရစ်ပျောက်ဆေးများ(eg, dicyclomine, hyoscyamine)။ခွဲစိတ်ခြင်းကို အူမကြီးရောင်ခြင်းတွင် အသုံးပြုနိုင်သောလည်း ခရုန်းရောဂါတွင်မူ ခွဲစိတ်သော်ငြား ရောဂါ ပြန်ဖြစ်နေမည်ဖြစ်ပါသည်။အူမကြီးရောင်ခြင်းတွင် အူမကြီးတစ်ခုလုံးနှင့် အစာဟောင်းအိမ် တစ်ခုလုံးကို ဖယ်ထုတ်လိုက်ခြင်းဖြစ်ပြီး အညစ်အကြေးများကို စွန့်ထုတ်ရန် အူသိမ်အဆုံးပိုင်းနှင့် စအိုကို ဆက်လိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန် အခြေအနေ မပေးပါက ခွဲစိတ်ဆရာဝန်သည် ဗိုက်တွင် အပေါက်ဖောက်ပြီး ဝမ်းသွားစေပါလိမ့်မည်။ ထို့နောက် ဗိုက်တွင် ဝမ်းအိတ်ကို တပ်ထားပေးပါသည်။ခရုန်းရောဂါတွင်မူ ခွဲစိတ်သော်ငြား ရောဂါ ပြန်ဖြစ်နေမည်ဖြစ်ပါသည်။ အများစုသော ဝေဒနာရှင်များသည် ခွဲစိတ်မှုကို တစ်ခါထက်ပို ပြီး ခံယူရလေ့ရှိပါသည်။ ခွဲစိတ်မှုတွင် ပျက်စီးနေသော အူအပိုင်းများကို ဖယ်ထုတ်ပြီး ကျန်းမာသော အပိုင်းများကို ဆက်ခြင်းဖြစ်ပါသည်။အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါသည် မည်သူမဆိုဖြစ်နိုင်ပါသည်။ ကံမကောင်းစွာပင် ထိုရောဂါကို မည်သည့်နည်းနှင့် မျှ အမြစ်ပြတ်မကုနိုင်သေးပါ။ သို့သော် ရောဂါ ပြန်မဖြစ်အောင် ကုသရန်နှင့် ဝေဒနာများကို သက်သာစေရန် ကုသနိုင်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်ကာ ကာကွယ်ရမည့်နည်းများနှင့် အစားအသောက်များကို မေးမြန်းသင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/inflammatroy-bowel-disease/%e1%80%a1%e1%80%b0%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%82%80%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%99%e1%80%b9%e1%80%b8/
ချင်းများဖြင့် သင့်ရဲ့မနက်ခင်းလေး လှပနေပါစေ
“ချင်း” ဆိုတာဆေးဖက်ဝင်အိမ်သုံးဆေးဝါးတစ်ခုမှန်း ကျန်းမာရေးလိုက်စားသူ အများစုက သိထားကြမယ်ထင်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ မြန်မာနိုင်ငံက အိမ်တိုင်းလိုလိုမှာ ချင်းကို ဟင်းချက်ရာမှာလည်း သုံးသလို အအေးမိတုပ်ကွေး၊ ဖျားနာ၊ နှာစေးနှာပိတ်၊ ခေါင်းကိုက်တာ စတဲ့ ပြဿနာတွေအတွက်လည်း သုံးကြပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ အသက်ရှည်ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်ပါတယ်။ဗီတာမင်ဓာတ်တွေလည်း အစုံအလင် ပါဝင်လို့ သင့်ရဲ့ မနက်ခင်းလေးမှာချင်းကို နည်းနည်းစီ စားပေးခြင်းဖြင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝနေစေမှာပါ။ပုံမှန် မြန်မာဟင်းလျာတွေ ချက်တဲ့အခါ အမွှေးရနံ့အဖြစ် ချင်းကို ထည့်တတ်ကြပါတယ်။ ခုပြောပြမှာကတော့မနက်စာပုံစံဖြစ်တဲ့အတွက် အဆီများပြီး လေးပင်တဲ့ အရသာရှိတဲ့ချက်ပြုတ်နည်းတွေထက် လွယ်ကူရိုးရှင်းပြီး အချိန်မကုန်တဲ့ နည်းလမ်းတွေဖြစ်လို့ နေ့တိုင်း မနက်စာအတွက် အလုပ်ရှုပ်နေရတဲ့ အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အဆင်ပြေစေမှာပါ။ဆူပွက်နေတဲ့ ရေနွေးပူတစ်ခွက်ထဲကို အခွံခြစ်ပြီးသား ချင်း ၂ပြားလောက်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးလိုက်ပါ။ မြန်မြန်မအေးသွားအောင်လို့ ရေနွေးခွက်ကို အဖုံးတစ်ခုခုနဲ့ လုံအောင် ဖုံးပေးဖို့တော့ လိုပါမယ်။ချင်းပြုတ်ရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး။သဘာဝသစ်သီးကို သကြား၊ နို့ဆီမထည့်ဘဲ အိမ်မှာတင် သေချာကြိတ်ပြီး ရတဲ့ သစ်သီးဖျော်ရည်တွေဟာ သင့်ရဲ့ မနက်ခင်းအတွက် အကောင်းဆုံးသော မနက်စာ တစ်ခုပါ။ ဒီသစ်သီးဖျော်ရည်ထဲကိုမှ ချင်းဖတ်လေးတွေ ပါးပါးလှီးပြီး ထည့်ပေးတာ၊ အဲ့လို မကြိုက်ရင်လည်း ချင်းပေါင်ဒါမှုန့် သို့မဟုတ် ချင်းကို သေးသေးလေးဖြစ်အောင် နုတ်နုတ်စဉ်းပြီး ထည့်ပေးလို့လည်း ရပါတယ်။သစ်သီးဖျော်ရည်ထဲကို ချင်းထည့်ပြီး ရောကြိတ်ချင်တာဆိုရင် မုန်လာဥနီ သို့မဟုတ် မြင်းခွာရွက်တွေကို ကြိတ်တဲ့အခါ ချင်းအပြား ၅ပြားလောက် ထည့်ပြီး ကြိတ်လို့ရပါတယ်။ ထပ်ဆောင်းအနေနဲ့ ရလာတဲ့ ဖျော်ရည်ပေါ်မှာ ချင်းအဖတ်လေး နည်းနည်းဖြူးပြီး မော့သောက်လိုက်ရင်တော့ ရှယ်ပဲပေါ့။ဒီလိုမဟုတ်ဘူးဆိုရင်လည်း သစ်သီးတွေနဲ့အတူ အပေါ်မှာ ပြောထားခဲ့တဲ့ ချင်းပြုတ်ရည်များကို ရောပြီး ကြိတ်ပေးလို့လည်း ရပါတယ်။ အရသာအနည်းငယ် ကွဲလွဲနိုင်ပေမယ့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အတူတူပဲ ဖြစ်မှာပါ။ သစ်သီးကနေ နဂိုရနိုင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေသာမက ချင်းကနေပါ အပိုအာဟာရဓာတ်တွေ ထပ်ဆောင်းရစေလို့ ကျန်းမာတဲ့ မနက်စာလေး ဖြစ်စေမှာ အသေအချာပါပဲ။မြန်မာလူမျိုးမှန်ရင်မနက်စာမှာ ထမင်းနဲ့ ဟင်းကတော့ မပါမဖြစ် အားဆေးတစ်ခွက်ပါပဲ။ ဒီတော့ ကိုယ်စားမယ့် မနက်စာ အသားဟင်း၊ အရွက်ဟင်း၊ ဟင်းရည်တွေထဲမှာ ချင်းကို ထည့်ချက်ပေးနိုင်ရင်လည်း ပိုကောင်းသလို တို့စရာအနေနဲ့ စားပေးလို့လည်း ရပါတယ်။ တို့စရာဆိုပေမယ့် ငပိရည်တို့နဲ့ တို့ဖို့ မလိုပါဘူးနော်။ထမင်းဟင်း စားပြီးလို့ အီလာတယ်လို့ ခံစားရရင် ချင်းအပြားလေး တစ်ကိုက်ကိုက်ပေးခြင်းဖြင့် စားလိုက်တဲ့ အဆီ၊ အီလည်လည်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါလို့ မနက်စောစော ပြည့်ပြည့်ဝဝ စားလိုက်တဲ့အတွက် ရင်ပြည့်မှာ၊ ဗိုက်အောင့်ဗိုက်နာတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ကဲ ဒါဆို သင်ကိုယ်တိုင်ရော ချင်းကြိုက်တဲ့သူလား။ မကြိုက်ဘူးဆိုရင်လည်း ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အချိန်မကုန် လူလည်း မပင်ပန်းတဲ့ ချင်းလေးကို မနက်စာထဲ နည်းနည်းစီ စားပေးရုံနဲ့ ရပြီနော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/ginger-breakfast-benefits/
ချွေးထုတ်ခန်းထဲ ဝင်လို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ
ချွေးထုတ်ခန်း ဆိုတာ ယနေ့ခေတ်လူငယ်တွေနဲ့ သိပ်စိမ်းမယ်တော့ မထင်ပါဘူး။စိတ်ဖိစီးမှုကို ပြေလျော့စေဖို့နဲ့ စိတ်အပန်းဖြေစေဖို့ ပတ်ဝန်းကျင်တစ်ခု အဖြစ် ချွေးထုတ်ခန်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သုတေသီတွေရဲ့ လေ့လာချက်အရ ချွေးထုတ်ခန်းကို ပုံမှန်ဝင်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။များသောအားဖြင့် အားကစားကို ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန် တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့ ချွေးထုတ်ခန်းထဲ ဝင်တတ်ကြတာ ရှိသလို လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များနေတဲ့အခါမှာလည်း ချွေးထုတ်ခန်းကို ဝင်တတ်ကြပါတယ်။ ခန္ဓါကိုယ်ထဲမှာ အောင်းနေတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် ထွက်လာစေတာကြောင့်ကိုယ်အလေးချိန်ထိန်းသူတွေ၊ အလှအပလိုက်စားသူတွေလည်း ပုံမှန် ချွေးထုတ်ခန်း သွားတတ်ကြပါတယ်။ချွေးထုတ်ခန်း အမျိုးအစားနဲ့ ကိုယ်ခံနိုင်တဲ့ အပူချိန်အတိုင်းအတာပေါ်မူတည်ပြီး ၁၅မိနစ် ကနေ မိနစ် ၃၀ ထိ နေသင့်ပါတယ်။ အပြင်ထွက်လာတဲ့အချိန်မှာစိတ်ဖိစီးမှုတွေပြေလျော့သွားပြီး အညောင်းအညာတွေ ပြေလျော့သွားမှာပါ။ အပူခန်းထဲမှာ ချွေးပုပ်တွေ ထုတ်ပြီး အပြင်က လေကောင်းလေသန့်လေး ရှူရှိုက်လိုက်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမှာ ချွေးထွက်သလိုပဲ ချွေးထုတ်ခန်းထဲ ဝင်လိုက်တဲ့အခါ ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ ချွေးပုပ်တွေကို အပြင်ထွက်သွားစေပြီး လူကိုလန်းဆန်းပေါ့ပါးစေတယ်။စိတ်ကို ကြည်လင်စေတယ်။ ပိုမိုကောင်းမွန်တဲ့ အာနိသင်ကို ရနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပြီး ခဏအနားယူပြီးတဲ့အခါ ချွေးထုတ်ခန်းဝင်တာ အကောင်းဆုံးပါပဲ။ချွေးထုတ်ခန်း တွင်းက အပူရှိန်ဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးကြောတွေကို ကျယ်သွားစေတယ်။ သွေးလည်ပတ်မှုနှုန်း မြန်လာပြီး ခန္ဓါကိုယ်အနှံ့ သွေးကို လွယ်ကူလျင်မြန်စွာ ရောက်စေဖို့ ကူညီပေးနိုင်တယ်။အားကစားသမားတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ချွေးထုတ်ခန်း ဝင်လိုက်တဲ့အခါ ကြွက်သားတွေကို ပြေလျော့စေတယ်။ နာကျင်ကိုက်ခဲတာတွေ သက်သာစေတယ်။ အရိုးအဆစ်တွေကို ကောင်းစွာ လှုပ်ရှားနိုင်စေပြီး လူကို ပိုပြီးလန်းဆန်းသွက်လက်စေတယ်။အဆစ်ရောင်ရောဂါရှိသူတွေအတွက်လည်း နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ် ချွေးထုတ်ခန်းသွားတဲ့ အမျိုးသားတွေမှာနှလုံးရောဂါ၊ နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေလျော့နည်းစေပြီး နှလုံးရုတ်တရက် ရပ်ပြီး သေဆုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါရှိသူတွေအတွက်လည်း ဝေဒနာကို သက်သာစေနိုင်တယ်။ချွေးထုတ်ခြင်းဖြင့်လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ နှလုံးခုန်နှုန်းမြန်တာ၊ သွေးလည်ပတ်မှုကောင်းစေလို့ နှလုံးရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ကို တွေ့ရပါတယ်။ချွေးထုတ်ခန်းတွင်း အပူချိန်ကြောင့် နှလုံးခုန်နှုန်း မြန်လာတယ်။ ဇီဝကမ္မဖြစ်ပျက်ပြောင်းလဲမှုကို ပိုမိုမြန်စေပြီး ကိုယ်တွင်း အင်္ဂါတွေကို လျင်မြန်စွာ အလုပ်လုပ်စေတယ်။ ခန္ဓါကိုယ်တွင်းကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေပြီးကျန်းမာတဲ့ကိုယ်အလေးချိန်တစ်ခုရောက်အောင် ထိန်းညှိပေးနိုင်တယ်။ဆီးနဲ့ ဝမ်းကို ကိုယ်ခန္ဓါက ပုံမှန်စွန့်ထုတ်သလိုပါပဲ။ ချွေးထုတ်ခန်းက အပူချိန်ကြောင့် ခန္ဓါကိုယ်နဲ့ အရေပြားထဲမှာ ငုပ်နေတဲ့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို ချွေးအဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးနိုင်ပါတယ်။ချွေးထုတ်ခန်းရဲ့ အဓိက အားသာချက်ကတော့ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကိုကြည်လင်စေနိုင်တာပါ။ ဘာမှမလုပ်ပဲ အခန်းထဲမှာ သက်တောင့်သက်သာနဲ့ ငြိမ်သက်စွာထိုင်နေပေးရုံနဲ့ ချွေးပုပ်တွေကို ထွက်လာစေပြီး လူကိုလန်းဆန်းတက်ကြွလာစေပါတယ်။ပြင်းလွန်းတဲ့ အပူချိန်ကြောင့် ချွေးတွေ ထွက်လာတဲ့အခါ ခန္ဓါကိုယ်က ရေဓါတ်ဆုံးရှုံးပါတယ်။ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ဖို့ လိုအပ်ပါတယ်။ အားကစားလုပ်ပြီးတဲ့အခါမှာ ချွေးတိတ်အောင် စောင့်ပြီးမှ ချွေးထုတ်ခန်းထဲ ဝင်ပေးပါ။ ချွေးထုတ်ခန်းထဲ မဝင်ခင်၊ ဝင်ပြီးတဲ့အခါ အရည်များများသောက်ပေးဖို့ မမေ့ပါနဲ့။ချွေးထုတ်ခန်းထဲ အကြာကြီးနေမိလို့ ရေဓါတ်ခမ်းခြောက်သွားတဲ့အခါ ပါးစပ်ခြောက်တာ၊ ရေအလွန်ဆာတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ဆီးသိပ်မသွားတော့တာ ဖြစ်နိုင်ပါတယ်။ဆီးချိုနဲ့ ကျောက်ကပ်ရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေအနေနဲ့ ချွေးထုတ်ခန်းထဲ အကြာကြီး ဝင်ဖို့ မသင့်တော်ပါဘူး။ ကိုယ်ဝန်ရှိသူတွေအနေနဲ့လည်း ပြင်းထန်လွန်းတဲ့ အပူချိန်ဟာ သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/benefits-of-sauna-after-workout/
လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား
လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား …… အမျိုးသားတစ်ယောက်အတွက်လိင်တံပေါ်မှာ သွေးပြန်ကြောတွေ ထင်ထင်ရှားရှား မြင်နေရတဲ့ ဖြစ်စဉ်ဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ အထူးသဖြင့် လိင်တံ ကောင်းစွာ ထောင်မတ်နိုင်ဖို့အတွက် ဒီသွေးပြန်ကြောတွေထဲကို သွေးကောင်းစွာ စီးဆင်းသွားပြီး အဲ့ဒီသွေးတွေကိုနှလုံးဆီသို့ ပြန်လည်ပို့ဆောင်ပေးတာကြောင့် ဒီအကြောတွေရှိနေဖို့ လိုအပ်ပါတယ်။တချို့အမျိုးသားတွေမှာ လိင်တံ သွေးကြောက မျှင်မျှင်လေးသာ မြင်တတ်ပြီး တချို့တွေမှာတော့ အပြင်ဘက်မှာ တော်တော်လေးကို ကြီးကြီးမားမား ထောင်ထွက်နေနိုင်ပါတယ်။ ဒီသွေးပြန်ကြောတွေနဲ့ ပုံစံအရွယ်အစား အချိန်နဲ့အမျှ ပြောင်းသွားတတ်ပြီးလိင်ဆက်ဆံေနစဉ်မှာ ထိခိုက်မိတာ၊ သွေးကြောပေါက်ပြဲတဲ့ အခြေအနေမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒီနေ့ဆောင်းပါးမှာတော့ လိင်တံ သွေးကြောတွေဟာ ဘာကြောင့် အမျိုးသားတွေရဲ့လိင်မှုဘဝအတွက် အရေးပါလဲ၊ ဘယ်လိုအချိန်မှာ ပုံစံပြောင်းလဲသွားနိုင်လဲ၊ ဘယ်အခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။အရေပြားဟာ ထူထပ်မှု၊ သွေးကြောရဲ့ အရွယ်အစား၊ လတ်တလော ကိုယ့်ရဲ့လိင်မှုကိစ္စဆက်ဆံခြင်း အခြေအနေပေါ်မှာ မူတည်ပြီး လိင်တံသွေးကြောတွေဟာ အပြင်ဘက်မှာ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။လိင်တံထောင်မတ်ခြင်း စတင်ဖို့အတွက် နှလုံးကနေ အောက်စီဂျင်ပါဝင်တဲ့ သွေးတွေဟာ နှလုံးသွေးလွှတ်ကြောကနေတစ်ဆင့် လိင်တံဆီသို့ ရောက်ရှိပါတယ်။ လိင်တံကနေမှ ပတ်ပတ်လည် သွေးကြောတွေထဲကို သွေးဖြတ်သန်းစီးဆင်းသွားပြီး သွေးကြောက ပုံမှန်ထက် ပိုကြီးလာကာ လိင်တံထောင်မတ်လာပါတယ်။ လုံးဝမထောင်မတ်ဘဲ ပျော့ကျသွားတဲ့အချိန်အထိ သွေးတွေဟာ လိင်တံအတွင်းက သွေးကြောတွေထဲမှာ တည်ရှိနေပါတယ်။ ပျော့ကျသွားချိန်မှာတော့ သွေးစီးဆင်းမှုနည်းသွားတဲ့အတွက် လိင်တံသွေးကြောကို မမြင်ရတာမျိုး ရှိနိုင်ပါတယ်။လိင်တံကို ကြာရှည်စွာ ထောင်မတ်ခြင်းဖြစ်စေဖို့ သွေးကြောအရွယ်အစားက သက်ဆိုင်မှု မရှိသလို သုက်လွှတ်ပမာဏ ပြင်းထန်ဖို့၊ သုက်ပိုးကောင်ရဲ့ ကျန်းမာရေးနဲ့လည်း မသက်ဆိုင်ပါဘူး။ တစ်ချို့အခြေအနေမှာတော့ သွေးကြောအတွင်း သွေးခဲပြီး ပိတ်ဆို့နေတဲ့အတွက် သွေးကြောက ကြီးလာတယ်လို့ ထင်ရပြီးလိင်တံေကာင်းစွာ မထောင်မတ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။၁။ လတ်တလော ဖြစ်ခဲ့တဲ့ လိင်မှုကိစ္စကြောင့်။လိင်တံ ထောင်မတ်နေချိန်မှာ ပျမ်းမျှအားဖြင့် သွေး ၁၃၀ မီလီလီတာလောက်က လိင်တံအတွင်း သွေးကြောတွေနဲ့ နူးညံ့တဲ့ တစ်သျှူးအလွှာတွေထဲမှာ စီးဆင်းနေပါတယ်။ သုက်ထွက်ပြီးသွားချိန်၊ လိင်တံ ပျော့သွားချိန်မှသာ ဒီသွေးတွေက နှလုံးသွေးလွှတ်ကြောဆီ ပြန်လည် စီးဆင်းသွားတာပါ။ ဒါကြောင့် လိင်တံအတွင်းမှာ ကျန်နေခဲ့တဲ့ တစ်သျှူးတွေနဲ့ သွေးကြောတွေဟာ ပုံမှန်ထက် အရွယ်အစား ပိုကြီးနေတယ်လို့ ထင်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။၂။ ကပ္ပါယ်အိတ်ပေါ်က သွေးကြောတွေ။ဆယ်ကျော်သက်အရွယ် လူငယ်တချို့မှာ ကပ္ပါယ်အိတ်ပေါ်မှာ အရွယ်အစားကြီးမားနေတဲ့ သွေးကြောတွေ (Varicocele) တွေ ပေါ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အန္တရာယ်ဖြစ်စေတဲ့ ကိစ္စတစ်ခု မဟုတ်ပေမဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ ခံစားရတာ၊ ကြာလာလေ ပိုပြီး ဝေဒနာဆိုးလာတာ၊ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီး စူးပြီးအောင့်သလို ခံစားရတာ၊ ပက်လက်လှဲအိပ်တော့မှ နာကျင်မှု အနည်းငယ်သက်သာသွားတယ်လို့ ခံစားနေရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ ခွဲစိတ်ကုသမှုမခံယူဘဲ ပစ်ထားလိုက်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ သုက်ပိုးထုတ်လွှတ်နိုင်စွမ်းနည်းသွားတာအပြင်မျိုးမအောင်တာ၊ ဝှေးစေ့သေးပြီး ကျုံ့သွားတဲ့အခြေအနေထိပါ ဖြစ်လာနိုင်ပါတယ်။၃။ သွေးကြောအတွင်း သွေးခဲနေခြင်း။လိင်တံ ကောင်းစွာ ထောင်မတ်နိုင်ဖို့ သွေးကြောအတွင်း သွေးကောင်းစွာ စီးဆင်းနိုင်ဖို့ လိုပါတယ်။ ဒီလိုမျိုးနေရာမှာ သွေးကခဲပြီး ပိတ်နေရင် သွေးဝင်ဖို့ အဟန့်အတားဖြစ်သွားပြီး လိင်တံ ကောင်းစွာ မထောင်မတ်နိုင်တော့ပါဘူး။ သွေးခဲနေတဲ့အခြေအနေမှာ သွေးကြောက ခါတိုင်းထက် ပိုကြီးနေတယ်လို့ ထင်ရနိုင်ပြီး ပျော့နေစဉ်မှာတောင် သွေးကြောက မာနေတာ၊ ပျော့အိအိဖြစ်နေသလို ခံစားရနိုင်ပါတယ်။ သွေးခဲစေနိုင်တဲ့ အကြောင်းရင်း အများကြီးရှိနိုင်တဲ့အတွက် လိင်တံထောင်မတ်နေစဉ် နာကျင်မှုဝေဒနာ ခံစားရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ပြဿနာအရင်းအမြစ်ကို ရှာသင့်ပါတယ်။၄။ တချို့သော ခွဲစိတ်ကုသမှု အပြီး။လိင်တံ၊ ဝှေးစေ့၊ကပ္ပါယ်အိတ်နဲ့ ခြေထောက်အတွင်းမှာ ရှိတဲ့ သွေးကြောတွေကို ခွဲစိတ်မှု အပြီးမှာ သွေးကြောက ပုံမှန်ထက်ပိုကြီးနေတတ်ပြီး သွေးစီးဆင်းမှုနှုန်းကို အနည်းဆုံး ပိတ်ဆို့နေနိုင်ပါတယ်။ အထူးသဖြင့် ကပ္ပါယ်အိတ်အတွင်း ကြီးနေတဲ့ သွေးပြန်ကြော (Varicocele) ကို ခွဲစိတ်ဖယ်ရှားခြင်း (Varicocelectomy) ၊ သွေးကြောအတွင်း နီရဲရောင်ရမ်းတာကို သက်သာစေဖို့ ခွဲစိတ်ကုသခြင်း (Vasculitis) ၊ သွေးပြန်ကြော ဖယ်ထုတ်ခြင်း (Vein Removal) လိုမျိုး ခွဲစိတ်ကုသမှုအပြီးမှာ သွေးကြောအရွယ်အစားက ပုံမှန်ထက် ကြီးနေနိုင်ပါတယ်။ ဒီလိုမျိုး အခြေအနေနဲ့ ကြုံလာပြီဆိုရင် ခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန်နဲ့ ပြန်ပြီး တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်ပါတယ်။ဒါကို ပုံမှန်ဖြစ်တတ်တဲ့ အခြေအနေလို့ သတ်မှတ်လို့ ရတဲ့အတွက် ဆရာဝန်နဲ့ ပြသရလောက်တဲ့အထိ စိုးရိမ်စရာမလိုပါဘူး။ ထောင်မတ်နေစဉ်နဲ့ သုက်လွှတ်နေစဉ် နာကျင်ခြင်း၊ လိင်အင်္ဂါ၊ဝှေးစေ့တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးက ရောင်နေတာ၊ သွေးကြောတွေက ထိမိစဉ် အရမ်းမာနေတာ၊ ပျော့အိအိဖြစ်နေတာ၊ လိင်တံနဲ့ ကပ္ပါယ်အိတ်မှာ အဖုအလုံးလေး ရှိနေတယ်လို့ ခံစားမိရင်တော့ ဆရာဝန်နဲ့ စောစော ပြသထားတာ ပိုကောင်းပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/veiny-penis/
အပူရှပ်တာအတွက် ရှေးဦးသူနာပြုစုခြင်း
အပူရှပ်တယ်ဆိုတာက ခန္ဓါကိုယ်အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်တဲ့အခါမျိုးမှာတွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓါကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။နွေရာသီရဲ့လတွေအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယ်ဆိုရင် အပူရှပ်တာကြောင့်ဦးနှောက်၊နှလုံး၊ကျောက်ကပ်နဲ့ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။အပူရှပ်တဲ့အခါ –။အပူရှပ်တာက အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်မှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက် အပူရှပ်တဲ့အခါ ဒီနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ဖို့ပြောပါရစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%95%e1%80%b0%e1%80%9b%e1%80%bd%e1%80%95%e1%80%b9%e1%80%90%e1%80%ac%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%b1%e1%80%9b%e1%80%bd%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8%e1%80%9e/
ကလေးမွေးပြီးနောက် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ
ကလေးမွေးပြီးနောက် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။မိခင် လောင်းဘဝ ရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကဟော်မုန်းတွေအများကြီးထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းတွေက ခန္ဓာကိုယ်ကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်မှုရှိတာမို့ စိတ်ထဲမှာ ပင်ပန်းနွမ်းနယ်တာ၊ မေ့လျော့တတ်လာတာ၊ စိတ်အတက်အကျမြန်တာတွေဖြစ်တတ်ပါတယ်။ကိုယ်ဝန်ရလာတဲ့အခါ ကိုယ်ခန္ဓာမှာဖြစ်လာတဲ့ အပြောင်းအလဲတွေ၊ လက္ခဏာတွေ၊ ငွေရေးကြေးရေးစိုးရိမ်ပူပန်စရာတွေလိုမျိုး အရာတွေမှာ အာရုံစိုက်နေမိ နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားပြီးနောက်ပိုင်း စိတ်အပြောင်းအလဲဖြစ်တယ် ဆိုတာ မိခင်တော်တော်များများ ကြုံတွေ့ရတဲ့ကိစ္စတစ်ခုပါ။ ဒီအခြေအနေမျိုးဆိုတာ သေချာမကုသရင် မိသားစုတစ်ခုလုံးရဲ့ သာယာပျော်ရွှင်မှုကို ထိခိုက်လာစေနိုင်တဲ့ ဆိုးရွားတဲ့ စိတ်ကျဝေဒနာအထိ ဖြစ်လာနိုင်ပါတယ်။ စိတ်အပြောင်းအလဲတွေကြောင့် ဒီလိုရလဒ် မဖြစ်ရအောင် သင့်အတွက် အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။မိခင် လောင်းတစ်ယောက် ဖြစ်လာရတဲ့ အတွေ့အကြုံက အကောင်းဘက်ရော အဆိုးဘက်မှာပါ စိတ်ခံစားချက်တွေ ပြင်းထန်လာစေပါတယ်။ တချို့က စိတ်ဓာတ်ကျလာတယ်၊ စိုးရိမ်စိတ်လွန်ကဲလာတယ်။ အမျိုးသမီး အတော်များများမှာကိုယ်ဝန်၆ ပတ်ကနေ ၁၀ ပတ်လောက် အတွင်း စိတ်အတက်အကျမြန်တာ တွေခံစားရတတ်ပြီး ကိုယ်ဝန်ဒုတိယပတ်မှ သက်သာသွားပေမယ့် မွေးရက်နီးလာရင် ပြန်ဖြစ်လာတတ်ပါတယ်။Baby Blueကာလ။ကလေး မွေးဖွားပြီးကာစ ရက်ပိုင်းအတွင်းမှာလည်း မေမေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ပေါ်လာနိုင်ပါသေးတယ်။ အိပ်မရတာ၊ စိတ်ဆတ်လာတာ၊ မျက်ရည်လွယ်တာ၊ အခု ပျော်ရွှင် ခဏနေ ဝမ်းနည်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လူ့လောကထဲ ရောက်ကာစ ကလေးငယ်အတွက် လိုအပ်သမျှတွေရယ်၊ ဆွေမျိုးတွေက ကလေးကြည့်ဖို့ အလည်လာကြချိန် နဲ့ မိသားစုရဲ့ တခြားလိုအပ်ချက် တွေက မိခင်တစ်ယောက်ရဲ့ စိတ်သောကတွေထဲ ပါဝင်ပါတယ်။ ဒါ့ကြောင့် မွေးပြီး လေးရက်မြောက် နေ့လောက်မှာ”baby blues” လို့ခေါ်တဲ့ ကလေးမွေးပြီးဖြစ်တတ်တဲ့ စိတ်ဓာတ်ကျဝေဒနာ အရှိန်တက်လာလေ့ရှိပြီး ၂ ပတ်မပြည့်ခင် အတွင်း ပြန်သက်သာသွားလေ့ ရှိပါတယ်။အိပ်လို့ မရတဲ့ ညတွေ၊ ကလေးကို စောင့်ရှောက်ဖို့ စိတ်ပူပန်မှုတွေ၊ အနီးကပ်တာဝန် အားလုံး ကိုယ့်ပခုံးပေါ် ရောက်လာတာ စတဲ့ စိန်ခေါ်မှုတွေ ရှိလာမှာ ကတော့ သဘာဝပါပဲ။ ဒါ့ကြောင့်ပဲ ကလေးမွေးကာစ မေမေတွေ ၈၀ ရာခိုင်နှုန်းလောက်က”baby blues” ကို ကြုံတွေ့ဖူးပါတယ်။ ဒီလိုကြုံလာရင် မိခင်ဘဝရဲ့ ရှောင်လွှဲမရတဲ့ စိန်ခေါ်မှုတွေကိုမိခင်မေတ္တာပြည့်ဝစွာနဲ့ ဉာဏ်ရှိရှိ ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ဘာလက္ခဏာတွေ ရှိမလဲ။မေမေတို့မှာ  –။ဒီလိုbaby blues ဖြစ်စေနိုင်တဲ့ ဟော်မုန်းပြောင်းလဲမှု တွေကို မတားဆီးနိုင်ပေမယ့် ဒီကနေမှ နောက်ပိုင်းဖြစ်လာနိုင်တဲ့ မီးဖွားပြီးစိတ်ကျဝေဒနာ (postpartum depression -PPD) ဖြစ်နိုင်ခြေကိုတော့ လျှော့ချနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားထားတဲ့ မိခင်တွေကိုပြုစုစောင့်ရှောက်ရမယ့် အကောင်းဆုံးနည်းလမ်းက စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲပြဿနာတွေကို လျော့ပါးသက်သာစေဖို့ပဲ ဖြစ်ပါတယ်။ကလေးမွေးပြီးနောက် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ ဆိုတော့။ခင်ပွန်း သို့မဟုတ် ကိုယ့်အတွက်၊ မိသားစုအတွက် ရည်ရွယ်ပြီး တစ်ခုခုကို ပြီးမြောက်အောင် လုပ်ပါ (ဥပမာ- သိုးမွေးထိုးတာမျိုး)။ တရေးအိပ်တာ၊ လမ်းလျှောက်ထွက်တာ၊ သူငယ်ချင်းနဲ့ ရုပ်ရှင်သွားကြည့်တာ မျိုးလည်းလုပ်ပေးပါ။ကလေးကို နို့တိုက်ရမှာမို့လို့ အစားအသောက်ရှောင်တာ၊ ဝိတ်ပြန်ချမှာမို့လို့ အစားအသောက်ရှောင်တာတွေကို မလုပ်ရပါဘူး။ အာဟာရပြည့်ဝအောင် စားပေးဖို့ လိုပါတယ်။ စစချင်းမှာ ကလေးတစ်ဖက်နဲ့ အချိန်မှန်စားဖို့ ခက်ပေမယ့် ကြိုးစားပြီး စားပါ။ နည်းနည်းနဲ့ ခဏခဏ စားပေးပါ။ကလေးမွေးပြီးနောက်ပိုင်း မေမေတို့စကားဝိုင်း၊ မေမေတို့တွေ့ဆုံပွဲတွေမှာ ပါဝင်နိုင်အောင်ကြိုးစားပါ။ မွေးကင်းစကလေးငယ်ကို ပြုစုစောင့်ရှောက်ရတဲ့စိန်ခေါ်မှုတွေကို ဘဝတူမိခင်တွေလောက် ဘယ်သူမှမသိ နားမလည်နိုင်ပါဘူး။ကလေးအနှီးတွေ၊ အသုံးအဆောင်တွေ ဝိုင်းဝိုင်းလည်နေတဲ့ ပတ်ဝန်းကျင်ကနေ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူပေးပါ။ တစ်ခါတလေကျတော့ ခဏလောက်ပဲဖြစ်ဖြစ် ပုံမှန်ဘဝနဲ့ ကွဲထွက်နေတဲ့မြင်ကွင်းက အတော်လေးစိတ်ပေါ့ပါးစေနိုင်ပါတယ်။ဒီလိုပြောပြခြင်းအားဖြင့် အနည်းဆုံး ခဏလောက်တော့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ နားလည်မှုရယူထားဖို့ လိုအပ်သလို အချင်းချင်းဘယ်လိုအားပေးဖေးမနိုင်သလဲဆိုတာ အဖြေရှာပါ။ တခါတလေမှာ မိသားစုထဲကမဟုတ်တဲ့ ပြင်ပမိတ်ဆွေတွေနဲ့ စကားစမြည်ပြောဆိုတာက ပိုကောင်းပါတယ်။ကိုယ်က စိတ်ဖိစီးနေမယ်၊ ပင်ပန်းနေမယ်၊အချင်းချင်း အချိန်သိပ်မပေးနိုင်ဘူးဆိုရင် ဇနီးမောင်နှံကြားကဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ ကလေးပြုစုစောင့်ရှောက်ရာမှာ သင်တို့နှစ်ဦး အတူတာဝန်ယူကြမယ်ဆိုရင် စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေ လျော့ပါးသွားမှာပါ။ကိုယ်ခံစားနေရတဲ့အရာမှန်သမျှကို တစ်ယောက်တည်း ကြိတ်မခံစားဖို့ အရေးကြီးပါတယ်။ ကလေးမွေးပြီးဖြစ်လာတဲ့ စိတ်ဓာတ်ကျဝေဒနာတွေက ၁၄ ရက်ထက်ပိုကြာလာတယ်ဆိုရင်တော့မီးဖွားပြီးစိတ်ကျဝေဒနာ(postpartum depression -PPD) လိုမျိုး ပိုပြင်းထန်တဲ့ရောဂါအခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/how-to-deal-with-postpartum-mood-change/
ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင်
ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် ဘာတွေ လုပ်ရမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။လက်တွေခြောက်သွေ့ကွဲအက်တာကဆောင်းရာသီလိုမျိုးအေးမြခြောက်သွေ့တဲ့ရာသီဥတုအခြေအနေမှာဖြစ်နေကျပြဿနာတစ်ခုပါ။မိုးရာသီမှာလက်ကလေးတွေက စိုပြည်လှပပေမယ့်ဆောင်းရာသီမှာတော့ လက်ကလေးတွေခြောက်သွေ့ကြမ်းတမ်းလို့ပေါ့။ဆောင်းရာသီမှာ လက်ကလေးတွေခြောက်သွေ့ကွဲအက်တာကိုဖြစ်စေတဲ့ အဓိကလက်သည်က ပတ်ဝန်းကျင်မှာအစိုဓါတ်နည်းသွားတာကြောင့်ပါ။ဆောင်းရာသီမှာပြင်ပကလေထုတင်ခြောက်သွေ့နေတာမဟုတ်ပါဘူး။ အိမ်တွင်းလေထုလည်းခြောက်သွေ့လို့နေပါတယ်။ဆောင်းရာသီမှာအအေးမိတုပ်ကွေးြဖစ်စေတဲ့ဗိုင်းရပ်စ်တွေရှိနေတာကြောင့်ဖျားနာမှုမရှိစေဖို့အတွက် တစ်ခုခုကို ကိုင်တွယ်မိလိုက်တိုင်း လက်ကိုဆေးကြောနေတာကလည်း လက်အရေပြားကိုခြောက်သွေ့ကွဲအက်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ဆောင်းအအေးဒဏ်ကြောင့် လက်တွေခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် ဘာတွေလုပ်ရမလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ အအေးဒဏ်ကြောင့် လက်အရေပြားတွေခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်စေဖို့အတွက် အခုပြောပြမယ့်နည်းလေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။လက်အရေပြားကရေတွေဆပ်ပြာတွေနဲ့ အများဆုံးထိတွေ့ရတဲ့ အစိတ်အပိုင်းပါ။ အိမ်မှုကိစ္စကို ကိုယ်တိုင်လုပ်ကိုင်သူတွေမှာဆိုရင် တစ်နေ့တာမှာရေတွေ၊ဆပ်ပြာတွေနဲ့ အခြားအိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေကို ထိတွေ့နေရတာပါ။ ဒါကြောင့် လက်အရေပြားကိုလည်း မျက်နှာနဲ့အခြားသောခန္ဓါကိုယ်က အစိတ်အပိုင်းတွေရဲ့ အရေပြားတွေလိုမျိုး အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။လက်ကို အစိုဓါတ်ထိန်းခရင်မ်လူးတဲ့အခါလက်သည်းလေးတွေကိုမေ့မထားပါနဲ့။ဆောင်းအအေးဒဏ်က လက်အသားအရေတင်မဟုတ်ဘဲ လက်သည်းလေးတွေကိုပါခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ဆောင်းရာသီလိုမျိုး အအေးဒဏ်များတဲ့ရာသီဥတုအခြေအနေမှာ လက်ကိုဆေးပြီးတိုင်း ခရင်မ်တစ်ခုခုလူးပေးပါ။ ဒါမှ ဆပ်ပြာမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် အသားအရေမပျက်စီးမှာပါ။ အလုပ်သွားတဲ့ အခါအိတ်ထဲကို အစိုဓါတ်ထိန်းတဲ့ခရင်တစ်ခုခုထည့်သွားဖို့ မပျင်းနဲ့နော်။ စိုဓါတ်ထိန်းခရင်မ်က ၅ မိနစ်အထိပဲ အစိုဓါတ်ထိန်းပေးနိုင်တာပါ။လက်မှာရောဂါပိုးတွေကပ်ညှိလာမှာကို စိုးရိမ်ပြီး လက်ခဏခဏဆေးကြောမိနိုင်ပါတယ်။ လက်ကိုခဏခဏဆေးတဲ့အခါ လက်အရေပြား ကိုပိုမိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကလက်အရေပြားကိုခြောက်သွေ့ကွဲအက်စေဖို့ အများဆုံးလုပ်မိနေတဲ့အချက်လေးတစ်ခုပေါ့။ ဒါကြောင့် လက်ကို ခဏခဏဆေးတာမျိုးမလုပ်ပါနဲ့။လက်ဆေးရင်ဖြစ်ဖြစ်ရေချိုးရင်ဖြစ်ဖြစ်ရေနွေးအစား ခပ်နွေးနွေးရေ ဒါမှမဟုတ်ရေအေးကိုပဲ အသုံးပြုပါ။ ဒီလိုလုပ်တာက အရေပြားရဲ့ အဆီကို ထိန်းသိမ်းပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ဆောင်းတွင်းမှာရေနွေးအသုံးပြုတာမျိုးမလုပ်ပါနဲ့။လက်ကိုဆေးပြီးတဲ့အခါတိုင်းရေခြောက်အောင်သုတ်ဖို့ သတိထားပါ။ လက်ကိုသုတ်တဲ့အခါမှာလည်း တဘက်စ၊လက်သုတ်ဝတ်တို့နဲ့ ခပ်ကြမ်းကြမ်းမသုတ်ဘဲ တစ်ရှုးစလေးနဲ့ ခပ်ဖွဖွလေးပဲသုတ်ပေးပါ။လက်ကိုသန့်စင်ဆေးကြောတဲ့အခါအယ်လ်ကိုဟောပါဝင်ထုတ်လုပ်ထားတဲ့ရေမလိုလက်သန့်ဆေးရည်ေတွအစားရေနဲ့ဆပ်ပြာကိုပဲ အသုံးပြုပြီးဆေးကြောပေးပါ။ တကယ်လို့လက်သန့်ဆေးရည်အသုံးပြုမယ်ဆိုရင်လည်း အစိုဓါတ်ထိန်းပေးတဲ့ လက်သန့်ဆေးရည်မျိုးကိုရွေးချယ်ပါ။ဆောင်းအအေးဒဏ်ကြောင့် လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်ရလေအောင် အထိရောက်ဆုံး ဖြစ်မယ့် နည်းလမ်းလေး တစ်ခုက Hand Cream သုံးတာပါ။ Hand Cream က လက်တွေ ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့် ဆောင်းရာသီ အအေးဒဏ်ကြောင့် လက်လေးတွေခြောက်သွေ့ကွဲအက်တာမျိုးအတွက်ဖြစ်ဖြစ် ဆပ်ပြာနဲ့ အခြားသော အရေပြားကို ခြောက်သွေ့စေနိုင်တဲ့ ပစ္စည်းတွေကိုင်တွယ်မိတာကြောင့် လက်တွေခြောက်ကပ်ကွဲအက်နေတာအတွက်ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ဆေင်းရာသီမှာ လှပတဲ့လက်လေးတွေကို ဆက်လက်ပိုင်ဆိုင်ဖို့ Hand Creamလေးကို အားကိုးလိုက်ပါ။တကယ်လို့ အခုပြောတဲ့အတိုင်း ဂရုစိုက်ပါရက်နဲ့ လက်ကခြောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းပါရစေ။ တစ်ခါတစ်လေမှာ လက်တွေခြောက်တာက အရေပြားပြဿနာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်လို့ပါ။ လက်ကနီရဲနေမယ်၊ ခပ်နွေးနွေးဖြစ်နေမယ်၊ ယားယံနေမယ်၊ ကွဲအက်မယ်၊သွေးထွက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ ကုသမှုကို ခံယူပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/prevent-and-soothe-chapped-winter-hands/
D-Xylose Absorption Test (ဒီ-ဆိုင်လို့စ် စုပ်ယူနိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက်)
D- xylose စုပ်နိုင်ခြင်းကို တိုင်းတားတဲ့ စစ်ဆေးချက်ဟာ သကြားတစ်မျိုးဖြစ်တဲ့ D-xylose ပမာဏကို သွေး (သို့) ဆီးနမူနာ ထဲမှာ တိုင်းတာပေးနိုင်ပါတယ်။ ဒီစစ်ဆေးချက်ဟာ အူနံရံတွေကနေ အစားအစာ ထဲမှာ ပါလာတဲ့ အာဟာရတွေစုပ်နိုင်တာကို တားမြစ်နိုင်တဲ့ ပြသနာ၊ ရောဂါတွေကို ရောဂါအမည်တပ်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။D-xylose ကို ပုံမှန်အားဖြင့် အူနံရံတွေကနေ အလွယ်တကူ စုပ်နိုင်ပါတယ်။ ဒါပေမယ့် စုပ်ယူခြင်းမှာ ပြသနာဖြစ်လာတဲ့အခါ D-xylose ကို အူနံရံတွေက မစုပ်တော့ဘဲ သွေးထဲမှာ (သို့) ဆီးထဲမှာ D-xylose ပမာဏနည်းနေခြင်းတွေ ဖြစ်နိုင်ပါတယ်။တကယ်လို့ သင့်အူတွေက D-xylose ကို ကောင်းကောင်းမစုပ်တော့ဘူးဆိုရင် ဆရာဝန်က သင့်မှာ Malabsorption Syndrome(မစုပ်ယူနိုင်တဲ့ ရောဂါ)ဖြစ်နေ၊ မနေ ဆုံးဖြတ်နိုင်ဖို့ သင့်ကို ဒီစစ်ဆေးချက်လုပ်ဆောင်ဖို့ ပြောပါလိမ့်မယ်။မစုပ်ယူနိုင်တဲ့ရောဂါဟာ သင့်ရဲ့ စားလိုက်တဲ့ အစားအစာအများစုကို ခြေဖျက်ဖို့ တာဝန်ရှိတဲ့ အူတွေက သင့်နေ့စဉ် အစားအစာတွေကနေ လုံလောက်တဲ့ အာဟာရတွေကို မစုပ်ယူနိုင်တော့တာကြောင့် ဖြစ်ပါတယ်။အဲလို မစုပ်နိုင်တဲ့ ရောဂါဖြစ်ပြီဆိုရင်တော့ ကိုယ်အလေးချိန်ကျခြင်း၊ ကြာရှည် ဝမ်းသွားခြင်း၊ အလွန် အားနည်းနေခြင်း၊ နဲ့ မောပန်းလွယ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။D- xylose စုပ်ယူနိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက် မလုပ်ဆောင်ခင် ဘာတွေကြိုသိထားသင့်သလဲ?။သင့်အူထဲမှာ ပုံမှန်မဟုတ်တဲ့ များပြီးတဲ့ ဘက်တီးယီးယား တွေရှိနေပြီ ဆိုရင်တော့ စစ်ဆေးချက်မလုပ်ဆောင်ခင် ၁ ရက်၊ ၂ရက်လောက်မှာ ပိုးသတ်ဆေးကို သောက်ထားဖို့ လိုအပ်ပါတယ်။ဒီစစ်ဆေးချက်ဟာ ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်တဲ့ အတွက် ဒီစစ်ဆေးချက် အပြီးမှာ ဆုံးရှုံးသွားနိုင်တဲ့ အရည်တွေကို အစားပြန်ထိုးဖို့ အရည်များများ သောက်သုံးထားဖို့ လိုအပ်ပါတယ်။ D-xylose အရည်သောက်ပြီးနောက် ဝမ်းသွားတဲ့ ပြသနာတွေဖြစ်လာတယ်ဆိုရင် ဆရာဝန်ကို ပြောပြရပါမယ်။အသက် ၁၂ နှစ်အောက်ရှိတဲ့ ကလေးတွေမှာ သွေးထဲမှာရှိတဲ့ D-xylose ပမာဏကိုတိုင်းတာပြီး ရတဲ့ ရလဒ်ဟာ ဆီးထဲက ပမာဏကို တိုင်းတာတာထက် ပိုပြီး ယုံကြည်ဖွယ်ရာရှိပါတယ်။Crohn’s ရောဂါ (သို့) အခြား မစုပ်ယူနိုင်တဲ့ ရောဂါတွေကို သံသယရှိပါက အူနံရံတွေကို ကြည့်နိုင်တဲ့ စစ်ဆေးချက် တစ်ခုလုပ်ဆောင်နိုင်ပါတယ်။ဒီစစ်ဆေးချက်မလုပ်ဆောင်ခင် ၂၄ နာရီ အတွင်းမှာ pentose ပါတဲ့ အစာတွေကို မစားသင့်ပါဘူး။ Pentose ဆိုတာဟာ D-xylose နဲ့ ဆင်တူတဲ့ သကြားတစ်မျိုးပါ။ pentose အများကြီးပါဝင်တဲ့ အစာတွေက ဂျယ်လီ၊ ယို၊ နဲ့ အသီးတွေ ဖြစ်ပါတယ်။စစ်ဆေးချက် အဖြေကို နှောက်ယှက်နိုင်တဲ့ indomethacin နဲ့ aspirin ကဲ့သို့သော ဆေးတွေကို ဒီစစ်ဆေးချက် မလုပ်ဆောင်ခင် မသောက်ဖို့ ဆရာဝန်က အကြံပေးပါလိမ့်မယ်။သွေးမဖောက်ခင် ၈နာရီ မှ ၁၂ နာရီအတွင်းမှာ ရေ ကလွဲပြီး ဘာအစားအသောက်မှ မစား၊ မသောက်သင့်ပါဘူး။ ကလေးတွေကတော့ ဒီစစ်ဆေးချက် မတိုင်ခင် ၄နာရီမှာ ရေကလွဲပြီး ဘာမှ မစားသင့်၊ မသောက်သင့်ပါဘူး။D-xylose အရည် မသောက်ခင် နဲ့ သောက်ပြီး ချိန်မှာ ဆီးနဲ့ သွေးနမူနာတွေထဲမှာရှိတဲ့ D-xylose ပမာဏကို တိုင်းတာရပါတယ်။ ဒီစစ်ဆေးချက်ကို စလုပ်ဖို့ အတွက် သင့်ရဲ့ တစ်နေ့တာရဲ့ ပထမဆုံးဆီး နမူနာနဲ့ သွေးနမူနာတွေကို အရင် ရယူရပါမယ်။အဲဒီနောက်မှာ D-xylose အရည်ကို သောက်ရပါမယ်။ လူကြီးတွေအတွက် D-xylose သောက်ပြီး ၂နာရီအကြာမှာ သွေးနမူနာ ယူလေ့ရှိပါတယ်။ ကလေးတွေ အတွက်ကတော့ သောက်ပြီး ၁နာရီ မှာ သွေးနမူနာ ယူနိုင်ပါတယ်။ နောက်ထပ် သွေးနမူနာကို d- xylose သောက်ပြီး ၅နာရီမှာ ယူနိုင်ပါတယ်။D-xylose အရည်သောက်ပြီး ၅နာရီ အကြာအတွင်းမှာ ထွက်သမျှဆီးနမူနာတွေ အားလုံးကို ယူဖို့လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာ ဆီးနမူနာကို သောက်ပြီး ၂၄နာရီ အကြာမှာ ယူလေ့ရှိပါတယ်။ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ :။နံနက်အချိန်မှာ ဆီးကို စပြီးနမူနာယူရပါမယ်။ အိပ်ယာထပြီးတာနဲ့ ဆီးအိတ်ထဲမှာ ရှိနေတဲ့ဆီးတွေကို ကုန်အောင်ထုတ်ရပါမယ်။ ဒါပေမယ့် အဲဒီလို ကုန်အောင်ထုတ်လိုက်တဲ့ ဆီးတွေကို နမူနာ အဖြစ် သိမ်းထားလို့ မရပါဘူး။ ၅ နာရီ ဆီးစုဆောင်း တဲ့ စမှတ်ကို သိနိုင်အောင် သင်စပြီး ဆီးသွား ပြီး ယူတဲ့ အချိန်ကို မှတ်ထားရပါမယ်။စမှတ်ပြီး နောက်ထပ် ၅နာရီ လုံးမှာ သွားသမျှဆီးတွေကို စုထားရပါမယ်။ ဆရာဝန်(သို့) ဓါတ်ခွဲခန်းက သင့်ကို ၄ လီတာ လောက်ဆန့်တဲ့ ထည့်နိုင်တဲ့ container(ထည့်ခွက်) တစ်ခုကို ပေးပါလိမ့်မယ်။ အဲဒီထည့်ခွက်ကြီ်းမှာ ပါတဲ့ သေးငယ်၊ သန့်ရှင်းတဲ့ ထည့်ခွက်ထဲကို အရင် ဆီးသွားထည့်ပြီး ဆီးတွေကို ထည့်ခွက် အကြီးထဲကို လောင်းထည့်ရပါမယ်။ သင့်လက်တွေနဲ့ ထည့်ခွက်ရဲ့ အတွင်းဘက်တွေကို မထိရပါဘူး။စုဆောင်းနေတဲ့ ကာလအတွင်းမှာ ထည့်ခွက်ကြီးကို ရောခဲ သေတ္တာထဲ တည့်ထားရပါမယ်။၅နာရီ ပြည့်ချိန်(သို့) မပြည့်ခင်လေးမှာ နောက်ဆုံးအကြိမ်အနေနဲ့ ဆီးအိတ်ထဲကဆီးတွေကို ကုန်စင်အောင် ထုတ်ရပါမယ်။ အဲဒီဆီးတွေကို ထည့်ခွက်ကြီးထဲ ထည့်ပြီး အချိန်ကိုလည်း မှတ်သားထားရပါမယ်။ဆီးနမူနာထဲမှာ သန့်စင်ခန်းသုံးစက္ကူ၊ အမွေး၊ မစင်တွေ၊ ရာသီလာတဲ့ သွေးတွေ၊ (သို့) အခြား ပြင်ပ ပစ္စည်းတွေ မပါရပါဘူး။ဒီစစ်ဆေးချက် မပြီးခင်အထိ ဘာမှ မစားရပါဘူး။ဆရာဝန်က သင့်မှာ မစုပ်နိုင်တဲ့ ရောဂါရှိနေတယ်လို့ သံသယရှိနေရင် သင့် အူတွေရဲ့ နံရံကို စစ်ဆေးဖို့ စစ်ဆေးချက် တစ်ခု လုပ်ဆောင်ဖို့ အကြံပေးနိုင်ပါတယ်။သင့်အူမှာ ကပ်ပါးကောင် ရှိနေရင်တော့ ဆရာဝန်က ဒီကပ်ပါးကောင်က ဘာလဲ၊ ဘယ်လိုကုသလို့ရနိုင်မလဲ ဆိုတာတွေကို သိနိုင်ဖို့ အခြား စစ်ဆေးချက်တွေ လုပ်ဆောင်နိုင်ပါတယ်။ဆရာဝန်က သင့်မှာ short bowel syndrome ( အူ အလျား တို သွားခြင်း )ရှိနေတယ်လို့ ယုံကြည်ပါက သင့်ရဲ့အစားအသောက်ပုံစံ ပြောင်းလဲ ဖို့ (သို့) ဆေးညွှန်ကြားပြီး ကုသဖို့ အကြံပေးနိုင်ပါတယ်။D- xylose စုပ်ယူနိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက်အတွက် မေးလိုတဲ့ အချက်တွေ ရှိနေသေးပါက ဆရာဝန်နဲ့တွေ့ဆုံ၊ ဆွေးနွေးပြီး ညွှန်ကြားချက်တွေ ရယူနိုင်ပါတယ်။D- xylose အရည်သောက်ပြီး ၂နာရီ အကြာမှာ သွေးထဲမှာ ရှိတဲ့ D- xylose ပမာဏဟာ အများဆုံးဖြစ်ပါတယ်။ D- xylose အားလုံးနီးပါးကို ၅နာရီအတွင်း ဆီးထဲကနေ အပြင်ကို စွန့်ထုတ်နိုင်လေ့ရှိပါတယ်။ တကယ်လို့ အူနံရံတွေသာ D- xylose ကို ကောင်းကောင်းမစုပ်နိုင်ဘူးဆိုရင် သွေး၊ ဆီးတွေထဲမှာ ရှိတဲ့ D-xylose ပမာဏ ဟာ အလွန်နည်းနေပါလိမ့်မယ်။အခြေအနေတော်တော် များများက D-xylose ပမာဏကို ပြောင်းလဲ စေနိုင်ပါတယ်။ သင့်ရဲ့ ရောဂါ လက္ခဏာ၊ ယခင် ကျန်းမာရေး အခြေအနေ နဲ့စပ်လျဉ်းပြီး ပုံမမှန်တဲ့ ထူးခြားတဲ့ အဖြေရလဒ်တွေကို ဆရာဝန်က ဆွေးနွေးပြောပြနိုင်ပါတယ်။အောက်မှာ ဖော်ပြမယ့် ပုံမှန်တန်ဖိုးတွေက။ဒီတန်ဖိုးတွေက နမူနာ ပြထားတဲ့ အတိုင်းအတာ တစ်ခုသာ ဖြစ်ပြီး ဓါတု စစ်ဆေးခန်း တစ်ခုနှင့် တစ်ခုကြားမှာ ကွာခြားချက်ရှိနိုင်ပါတယ်။ သင် စစ်ဆေးထားတဲ့ ဓါတုစစ်ဆေးခန်းက ပုံမှန် ရလဒ်အဖြေထဲမှာ သင့်စစ်ဆေးချက် အဖြေကရှိနေသင့်ပါတယ်။ဒါ့အပြင် သင့်ဆရာဝန်ကလည်း သင့်ကျန်းမာရေး အခြေအနေနဲ့ အခြား အချက်အလက်တွေပေါ် မူတည်ပြီး သင့်စစ်ဆေးချက် အဖြေကို တွက်ချက်ပေးပါလိမ့်မယ်။ဆိုလိုတာက ဒီမှာ ဖော်ပြထားတဲ့ ပုံမှန် ရလဒ်တန်ဖိုးနဲ့ အနည်းငယ်ကွာဟနေပေမယ့်လည်း သင့်အတွက် နဲ့ သင်စစ်ဆေးထားတဲ့ ဓါတုစစ်ဆေးခန်း အတွက်တော့ ပုံမှန်ဖြစ်နေနိုင်ပါတယ်။သွေးထဲမှာ ရှိတဲ့။မွေးကင်းစ( ၅ ဂရမ် ပမာဏ)၁၅ မီလီဂရမ်/ဒက်ဆီလီတာ (mg/dl)(သို့) ၁ မီလီ မိုး / လီတာ( mmol/L)ထက်များသည်။ ကလေးများ( ၅ ဂရမ် ပမာဏ)၂၀ မီလီဂရမ်/ဒက်ဆီလီတာ (mg/dl)(သို့) ၁.၃ မီလီ မိုး / လီတာ( mmol/ L)ထက်များသည်။ လူကြီးများ( ၅ ဂရမ် ပမာဏ)၂၀ မီလီဂရမ်/ဒက်ဆီလီတာ (mg/dl) (၂နာရီအတွင်းမှာ)(သို့) ၁.၃ မီလီ မိုး / လီတာ( mmol/ L) ထက်များသည်။လူကြီးများ ( ၂၅ ဂရမ် ပမာဏ)။၂၅ မီလီဂရမ်/ဒက်ဆီလီတာ (mg/dl)၂ နာရီအတွင်းမှာ (သို့) ၁.၆ မီလီ မိုး / လီတာ( mmol/ L) ထက်များသည်။ဆီးထဲမှာ ရှိတဲ့ D-xylose ( ၅ နာရီ ဆီးနမူနာ)။ကလေးများနမူနာတွင် D-xylose ၁၆ % မှ ၃၃% ပမာဏ တွေ့ရသည်။ လူကြီးများနမူနာတွင် D-xylose ၁၆ % ထက်များသော ပမာဏ (သို့) ၄ ဂရမ်ထက်များသော ပမာဏ တွေ့ရသည်။ လူကြီးများ ( အသက် ၆၅ နှင့် အထက်)နမူနာတွင် D-xylose ၁၄ % ထက်များသော ပမာဏ (သို့) ၃.၅ ဂရမ်ထက်များသော ပမာဏ တွေ့ရသည်။ပုံမှန်အောက် နည်းသော တန်ဖိုးတွေက အောက်ပါ အကြောင်းအရင်းတွေ ရှိခြင်း ကြောင့်ဖြစ်နိုင်ပါတယ်။ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး D- xylose စုပ်ယူနိုင်ခြင်းကို တိုင်းတားသော စစ်ဆေးချက် အဖြေအတွက် ပုံမှန်ပမာဏ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/d-xylose-absorption-test-%e1%80%92%e1%80%ae-%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%82%94%e1%80%85%e1%80%b9-%e1%80%85%e1%80%af%e1%80%95%e1%80%b9%e1%80%9a%e1%80%b0/
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်လာစေဖို့
သူများတွေ စိတ်ဓါတ်ကြံ့ခိုင်သူ အဖြစ် ရပ်တည်နေတာကိုကြည့်ပြီး အားကျနေတာလား။ ကိုယ်တိုင်ကော စိတ်ဓါတ်ကြံ့ခိုင်သူ မဖြစ်ချင်ဘူးလား။စိတ်ဓါတ်ကြံ့ခိုင်မှုကမွေးရာပါအရည်အချင်းမဟုတ်ပါဘူး။မွေးမြူရတာပါ။ စိတ်ဓါတ်ကြံ့ခိုင်သူအဖြစ်ရပ်တည်ဖို့ စိတ်အားထက်သန်နေပေမယ့် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် အထောက်အကူဖြစ်မှာပါ။တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာနေပေးပါ –ကိုယ်တကယ်ဖြစ်ချင်နေတဲ့ဆန္ဒတွေကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ဆိုရင် အရင်ဆုံးအကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုစဉ်းစားရမှာပါ။တိတ်ဆိတ်မှုက အကြံဉာဏ်ကောင်းတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာ အချိန်ကုန်ဆုံးပေးပါ။တစ်ပတ်မှာ ကိုယ့်အတွေးတစ်ခုလောက်တော့ အကောင်အထည်ဖော်ပေးပါ– တစ်ပတ်မှာ ကိုယ်ဆန္ဒရှိတဲ့ကိစ္စရပ်တစ်ခုလောက်ကို အကောင်အထည်ဖော်ပေးပါ။ ဒါမှလည်း ကိုယ်ရဲ့ စိတ်ရှိတာကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်ဆိုပြီးစိတ်ခွန်အားရလာမှာပါ။ကိုယ်လက်လှုပ်ရှားမှုရှိပါစေ-နေ့စဉ် ၁၅ မိနစ်လောက်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓါတ်ကြံ့ခိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ရော စိတ်ပါကျန်းမာကြံ့ခိုင်စေဖို့နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။စာအုပ်တွေဖတ်ပါ– ဗဟုသုတတွေ အများဆုံးရနိုင်မယ့် အရင်းအမြစ်ပေါ့။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတိုးတက်စေမယ့်အရာပါ။ ဒါကြောင့်နေ့တိုင်းစာဖတ်ဖြစ်အောင်ကြိုးစားပါ။အခြားသူတွေရဲ့အကြံပေးချက်ကို နားထောင်ပါ– ကိုယ်တိုင်မကြုံဖူးပေမယ့် အခြားသူတွေရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူလို့ရပါတယ်။ ဒါကြောင့် အခြားသူတွေက သူတို့ရဲ့ အတွေ့အကြု့ဗတွကိုပြောပြလာတဲ့အခါ နားထောင်ပေးလိုက်ပါ။မိသားစုဝင်တွေနဲ့သူငယ်ချင်းမိတ်ဆွေတွေကို အချိန်ပေးပါ– နေ့စဉ်အလုပ်များနေတာကြောင့် အလုပ်တွေပြီးအောင်ကြိုးစားလုပ်မှတိုးတက်မယ်ဆိုတဲ့စိတ်နဲ့ မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေကို အချိန်မေပးမိတာမျိုးရှိနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ခင်မင်ချစ်ခင်ရသူတွေနဲ့ အချိန်တွေကိုအတူကုန်ဆုံးတာ ရင်ဖွင့်တိုင်ပင်တာတွေကလည်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီးအောင်မြင်မှုတွေရရှိစေတဲ့အချက်တစ်ခုလို့သိရပါတယ်။တရားထိုင်ပါ-နေ့စဉ်ပုံမှန် အနည်းဆုံး ၁၅ မိနစ်လောက်တရားထိုင်ပေးတာက စိတ်ကိုတည်ငြိမ်စေပြီး စိတ်စွမ်းအင်ကိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်မသက်မသာဖြစ်တာ၊ကြောက်စိတ်နဲ့ စိတ်ဆတ်တာတွေကိုလျော့ပါးသက်သာလာစေပြီးတွေ့ကြုံလာရတဲ့ အခြေအနေတွေကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။ပြဿနာတွေကိုဖြေရှင်းပါ–ပြဿနာဆိုတာမျိုးက ကြာလေလေကြီးထွားလာလေလေပါ။ ဒါကြောင့်ပြဿနာတစ်ခုဖြစ်လာတဲ့အခါမြန်မြန်လေးဖြေရှင်းပါ။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ ပြဿနာေ့ဖြရှင်းနိုင်စွမ်းကိုတိုးလာစေပြီးနေ့စဉ်ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းတိုးလာမှာပါ။ဒေါသကိုထိန်းချုပ်တတ်ဖို့ကြိုးစားပါ– ယနေ့ခေတ်မှာ လူတော်တော်များများက တိုးတက်မှုရရှိစေဖို့အတွက် အလုပ်တွေကိုကြိုးစားလုပ်ကိုင်ရင်းစိတ်ပျက်စရာ၊ စိတ်အခန့်မသင့်စရာတွေနဲ့ကြုံလာရတဲ့အခါ အလွယ်တကူပဲဒေါသတွေထွက်ကြတာမျိုးရှိပါတယ်။ တကယ်တော့ဒေါသကိုထိန်းချုပ်ပြီး စိတ်အေးအေးနပြတွေးတောဆုံးဖြတ်မှာ အဖြေမှန်ကထွက်တာပါ။ဒေါသကိုထိန်းချုပ်နိုင်မှုကလည်းနောင်တတရားကင်းစေပြီး စိတ်ဓါတ်ခိုင်မာစေဖို့ လိုအပ်တဲ့အဆင့်တစ်ခုပါ။စိတ်ကို အအားမပေးပါနဲ့– စိတ်ဆိုတာမျိုးက အအားရရင် အပျက်သဘောအတွေးတွေကိုတွေးပြီး စိတ်ဓါတ်ပျော့ညံ့မှုကိုဖြစ်စေဖို့လမ်းစရှာတတ်ပါတယ်။ ဒါကြောင့် စိတ်ကို အအားမထားပါနဲ့။ အားလပ်ချိန်တွေကို စာအုပ်ဖတ်တာ၊ ဗဟုသုတရစေမယ့် အရာတွေကိုရှာမှီးတာနဲ့ ဝါသနာပါရာတစ်ခုခုကိုလုပ်နေပါ။အပျက်သဘောဆောင်တဲ့လူတွေကိုရှောင်ပါ– ပတ်ဝန်းကျင်ကလူတွေကလည်း စိတ်အခြေအနေပေါ်မှာတော်တော်လေးလွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်ပြီး အကောင်းမြင်တတ်သူတွေကိုပဲထားပါ။သူငယ်ချင်းနည်းရင်နည်းပါစေ။ အပျက်သဘောဆောင်တဲ့သူတွေကို အနီးမှာမထားပါနဲ့။ စိတ်သဘောထားကောင်းမွန်ခိုင်မာတဲ့သူတွေအနားမှာရှိနေတာက သူတို့ဆီက သင်ယူစရာတွေကို သင်ယူပြီး ကိုယ့်ကိုကိုယ်အကောင်းဆုံးဖန်တီးနိုင်မှာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac-%e1%80%80%e1%80%bc%e1%80%b6%e1%80%b7%e1%80%81/
စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်
ကျွန်တော်တို့ ရုံးပိတ်ရက် အားလပ်ချိန်လေးတွေမှာ နယ်ဘက်တွေခရီးထွက်ရင် အရမ်းစိတ်ချမ်းသာရတယ်နော်။ ကျေးလက်သဘာဝရဲ့ ရိုးရှင်းမှုတွေ၊ တောတောင်ရေမြေရဲ့ အေးချမ်းမှုတွေ၊ သဘာဝသစ်ပင်ပန်းမန်တွေရဲ့ စိမ်းစိုနေမှုတွေ မြင်လိုက်ရင် ရင်ထဲမှာ ဖြစ်နေတဲ့ ပူလောင်တာ၊ စိတ်ညစ်စရာ၊စိတ်ဖိစီးမှုတွေ တော်တော်လေး သက်သာသွားမလို ခံစားဖူးကြမှာပါ။ဒါဆို ကိုယ့်အိမ်မှာ ကိုယ့်လက်ကိုယ့်ခြေနဲ့ သေချာ ပန်းပင်လေးတွေ စိုက်ပျိုးတာဆိုရင်ရော ပိုမကောင်းဘူးလား။ အနည်းဆုံးတော့ဗျာ ကိုယ့် မနက်ခင်းနိုးထလာတဲ့အချိန်တွေ၊ ကိုယ်အရမ်းစိတ်ညစ်နေတဲ့အချိန်မျိုးမှာ ကိုယ်သေချာ စိုက်ထားတဲ့ ပန်းပင်လေးတွေ စိမ်းစိုနေတာ မြင်ရရင် တော်တော်လေးကို စိတ်ချမ်းသာမိမှာ အသေအချာပါပဲ။၁။ နေ့စဉ်စိတ်ဖိစီးမှုကို ခံစားနေရသူတွေအတွက် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်စိတ်ကျန်းမာရေးပြဿနာကို မေ့ပျောက်သွားစေဖို့ ထွက်ပေါက်တစ်ခု ဖြစ်စေပါတယ်။၂။ တစ်ယောက်တည်း နေရတဲ့သူ တော်တော်များများက သူများထက် ပိုပြီး အထီးကျန်တတ်ပါတယ်။အထီးကျန်ခြင်းဟာ သိပ်ပြီး စိုးရိမ်စရာ မရှိတဲ့တိုင်အောင် တခြားစိတ်ကျန်းမာရေး ပြဿနာများ ဝင်လာနိုင်ဖို့ တံခါးဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီပြဿနာအတွက်လည်း ပုံမှန်အပင်စိုက်နေခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို စုစည်းနိုင်စေတယ်။ အထီးကျန်နေတဲ့ ခံစားချက်ကို ပျောက်ကင်းစေပါတယ်။၃။ လူတွေက စိတ်ညစ်ပြီဆိုရင် အခန်းအောင်းပြီး အရာရာကို အမှောင်ဖုံးထားတတ်ကြတယ်။ သစ်ပင်ပန်းမန်လေးတွေကို ပုံမှန်စိုက်ပျိုးနေရတဲ့အခါ အိပ်ရာကနေ ထပြီးနေရောင်ခြည်နဲ့ ထိတွေ့ခြင်းဖြင့် စိတ်ကို လန်းလန်းဆန်းဆန်း ဖြစ်စေတယ်။၄။ လေ့လာတွေ့ရှိချက်တွေအရ အစိမ်းရောင်အပြင် တခြား တောက်ပပြီး စိုလက်နေတဲ့ အရောင်တွေဟာ လူတွေရဲ့ စိတ်ကိုအေးချမ်းစေသလို တက်ကြွလန်းဆန်းစေနိုင်တယ်လို့ ဆိုထားပါတယ်။၅။ သစ်ပင်ပန်းမန်တွေကနေ ရတဲ့ သဘာဝမွှေးရနံ့များက ကိုယ့်ရဲ့ အိမ်ခန်းပတ်ဝန်းကျင်ကို ပျံ့နှံ့သွားစေပြီး အိမ်ထဲမှာ နေနေသူတိုင်းရဲ့ စိတ်ကို ပျံ့လွင့်မသွားစေဘဲ အာရုံစုစည်းမှု ကောင်းစေအောင်လည်း ပံ့ပိုးပေးနိုင်တယ်။ လူကို သက်သောင့်သက်သာ ဖြစ်စေပြီးစိတ်ဖိစီးမှုကြောင့် တောင့်တင်းနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။၆။ စိတ်ကျန်းမာရေး ပြဿနာရှိနေပြီး ဆေးသောက်ဖို့အတွက် မယုံကြည်သူ၊ မဝံ့မရဲဖြစ်နေသူတွေအတွက် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်း စိတ်ကုထုံးဟာ လူတစ်ယောက်ရဲ့စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမှု၊ အာရုံဝေဝါးထွေပြားမှု၊ လွန်နေတဲ့ အတွေးတွေကို အဝေးလွင့်ဖယ်စေကာ ဒီအလုပ်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်စေပါတယ်။၇။သတိမေ့တတ်သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေအတွက်လည်း ဒီအလေ့အကျင့်ဟာ ကိုယ့်ဦးနှောက်အာရုံကြောစနစ်ကို ပုံမှန်အတိုင်း အလုပ်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။၈။ သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းဟာ သက်ရှိသတ္တဝါကို ပြုစုပျိုးထောင်ပေးနေရတာ ဖြစ်လို့ တာဝန်ယူစိတ်၊ မေတ္တာ၊ ဂရုဏာတွေကိုလည်း တိုးပွားစေနိုင်တယ်။ ကိုယ့်လက် ကိုယ့်ခြေနဲ့ ပျိုးထောင်ပေးနေတဲ့ အပင်၊ ကိုယ့်မျက်စိမှာပဲ ကြီးပြင်းလာရတာကို မြင်ရတဲ့အခါ ဂုဏ်ယူပီတိဖြစ်မှု၊ မိမိကိုယ်ကိုယ်ရော တခြားသူကိုပါ တန်ဖိုးထားစိတ်တွေ ဖြစ်စေနိုင်ပါတယ်။၉။ စိတ်ဆိုးဒေါသထွက်နေတဲ့ သူတစ်ယောက်အတွက်လည်း စိတ်အာရုံ အပြောင်းအလဲ ဖြစ်စေဖို့ ကူညီပေးနိုင်သလို ကိုယ့်တာဝန်တွေ ပြီးဆုံးသွားတဲ့အခါ ညစ်နေတဲ့စိတ်တွေ အနည်းငယ် ပေါ့ပါးသွားတာကို ခံစားမိမှာပါ။ဒါဆို မကြာခဏ စိတ်ညစ်နေသူတွေ၊ စိတ်ဖိစီးမှုကို ခံစားနေရတယ်ဆိုရင် ကိုယ့်အိမ်ခန်းလေးထဲမှာ သစ်ပင်ပန်းမန်းလေးတွေ စိုက်တဲ့ အလေ့အကျင့်လေး စမ်းလုပ်ကြည့်ပါလို့ အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%b1%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac-%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%bd%e1%80%be/
မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ
ကျန်းမာရေးကောင်းတဲ့ ပုရိသတွေအနေနဲ့ ဖွားဖက်တော် ထောင်မတ်နေတာ သိပ်ဆန်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အထိအတွေ့ကြောင့်၊ စိတ်ခံစားချက်ကြောင့် တင်မကဘဲ တစ်ခါတလေမှာ အကြောင်းပြချက်မရှိဘဲနဲ့လည်း လိင်တံ ထောင်မတ်နိုင်ပါတယ်။ အထူးသဖြင့်လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ် ကောင်လေးတွေနဲ့ အရွယ်ငယ်သေးတဲ့ လူငယ်ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီဖြစ်စဉ်ကို Nocturnal Penile Tumescence (NPT) မနက်ခင်းမှာ လိင်တံထောင်မတ်နေခြင်း ဖြစ်စဉ်လို့လည်း ခေါ်ပါတယ်။ဒီဆောင်းပါးလေးထဲမှာ မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။အမျိုးသားအများစုဟာ မနက်နိုးလာတဲ့အခါ ဖွားဖက်တော် ထိုးထိုးထောင်ထောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့။မျက်လုံးက မှိတ်နေပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာက အသားချင်း အထိအတွေ့အပေါ်မှာ ကောင်းကောင်း ခံစားသိရှိနိုင်ပါတယ်။ ကိုယ်တိုင်က အိပ်နေရင်းနဲ့လိင်တံကို လက်နဲ့ကိုင်မိတာ၊ ဒါမှမဟုတ် ချစ်သူ၊ ဇနီးက မတော်တဆ လိင်တံကို ထိမိ၊ ကိုင်မိလိုက်တဲ့အခါ ထောင်မတ်ခြင်း ဖြစ်စေပါတယ်။ ဒီလို အထိအတွေ့ကြောင့် ကိုယ်ခန္ဓာက လိင်တံကို ထောင်မတ်စေခြင်းဖြင့် လှုံ့ဆော်ပေးပါတယ်။ကိုယ်ခန္ဓာကကျားဟော်မုန်း(Testosterone) ကို အမြဲထုတ်လုပ်ပေးနေတတ်ပါတယ်။ အထူးသဖြင့် မနက်ခင်း နိုးထတဲ့အချိန်မှာ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းဟာ အမြင့်ဆုံး အခြေအနေလို့ သတ်မှတ်လို့ ရပါတယ်။ ဒီလိုကျားဟော်မုန်းတွေအဆမတန် များလာတဲ့အခါ လိင်တံဟာ ဘယ်လိုလှုံ့ဆော်မှုမှ မလိုဘဲ သူ့အလိုလို ထောင်မတ်လာနိုင်ပါတယ်။ အသက် ၄၀ နဲ့ ၅၀ ကြား အရွယ်မှာ ကျားဟော်မုန်း ထုတ်လုပ်မှုနှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် တချို့ရက်တွေမှာ လိင်တံမထောင်မတ်တာတွေ ဖြစ်နိုင်ပါတယ်။လူက နိုးထနေတဲ့အချိန်မှာလိင်တံ ထောင်မတ်ခြင်းကို မဖြစ်စေဖို့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်ပေးပါတယ်။ အိပ်နေတဲ့အချိန် ဦးနှောက်က အနားယူနေတဲ့အတွက် ဟော်မုန်းအနည်းငယ်သာ ထုတ်လွှတ်ပေးနိုင်တာကြောင့် လိင်တံက ပိုမိုထောင်မတ်ပါတယ်။ အမျိုးသား အများစု ညအိပ်ချိန်မှာ ၃ကြိမ်မှ ၅ကြိမ်ထိ လိင်တံကောင်းစွာ ထောင်မတ်နိုင်ပြီး တစ်ကြိမ်လျှင် နာရီဝက်အထိ ကြာမြင့်နိုင်ပါတယ်။အမျိုးသားတိုင်း အသက်အရွယ်မရွေး မနက်ပိုင်း နိုးလာတဲ့အခါ လိင်တံထောင်မတ်နိုင်ပါတယ်။ ဒါဟာ လိင်တံအတွင်း သွေးကြောနဲ့ ဦးနှောက်အာရုံကြော စနစ်က ပုံမှန်အလုပ်လုပ်ပြီး ကိုယ်ခန္ဓာက ကျန်းမာနေတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာဖြစ်ပါတယ်။၆နှစ်မှ ၈နှစ်အရွယ် ကလေးတွေကနေ အသက် ၆၀ ၇၀ ကျော်-အထိ မနက်ခင်း လိင်တံထောင်မတ်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီလိုဖြစ်စဉ်တွေဟာ အကြိမ်ရေ နည်းသွားတာမျိုးတော့ ရှိပါတယ်။ လူတွေထင်ထားသလို လိင်ပိုင်းဆိုင်ရာ အိပ်မက်တွေနဲ့ သက်ဆိုင်မှုမရှိဘဲ လိင်တံက သူ့အလိုလို ထောင်မတ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မနက်ခင်း နိုးထစဉ် လိင်တံထောင်မတ်ချိန်ဟာ မိနစ် ၃၀ ထိ ကြာတတ်ပြီး တချို့အမျိုးသားတွေမှာ မိနစ် ၃၀ ထက် ပိုကြာရှည်စွာ ထောင်မတ်နိုင်ပါတယ်။ အိပ်နေစဉ်မှာတော့ မိနစ် ၃၀ မှ ၂နာရီထိ လိင်တံထောင်မတ်နိုင်ပါတယ်။ပုံမှန်အားဖြင့်တော့ လိင်တံ ထောင်မတ်တယ်ဆိုတာ အာရုံကြောစနစ်နဲ့ သွေးကြောက ကောင်းစွာ လည်ပတ်အလုပ်လုပ်တာကို ပြနေတာပါ။ နဂိုတည်းက မနက်ပိုင်းမှာ လိင်တံမထောင်မတ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ သူတို့ကတော့ နဂိုတည်းက မထောင်တာဆိုတော့ သိပ်ပြဿနာ မရှိပါဘူး။ဒါပေမယ့် မနက်ပိုင်းမှာ ထောင်မတ်တတ်တဲ့သူတွေက မထောင်တော့ဘူးဆိုရင်၊ တခြားအချိန်တွေမှာပါ ထောင်မတ်ဖို့ ခက်ခဲနေတယ်ဆိုရင်သွေးတိုး၊ ကိုလက်စထရော၊ဆီးချို၊စိတ်ကျရောဂါနဲ့ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အသက်အရွယ်ကြီးလာလို့ ထောင်မတ်ခြင်း နည်းသွားတာမျိုးတော့ ဖြစ်နိုင်ပေမဲ့ ငယ်ရွယ်စဉ်မှာ ဒီလိုအခြေအနေမတွေ့ရဘူး။ စိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ ပုရိသအားလုံးလည်း ကျန်းမာပျော်ရွှင်ဖွယ် လိင်မှုဘဝ ပိုင်ဆိုင်ရပါစေ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/morning-wood-and-male-sexual-health/
သင့်ကမ္ဘာလေးကို ဘယ်လိုအရောင်တွေနဲ့ လွှမ်းခြုံမလဲ
အရောင်တွေဟာ လူတိုင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့အရာတွေပါ။ အရောင်အဆင်း တောက်ပမှု၊ ကြည်လင်မှုနဲ့ ဆွဲဆောင်မှုတွေက သင့်ရဲ့ စိတ်အပေါ် သက်ရောက်မှုရှိနေပါတယ်။သိပ္ပံနည်းကျလေ့လာမှုတွေအရဆိုရင် သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အရောင်တွေက သင့်ရဲ့စိတ်ခံစားချက်နဲ့ ကျန်းမာရေးအပေါ်အထိသက်ရောက်နိုင်တာတွေ ရှိပါတယ်တဲ့။ ဘယ်လောက်တောင် ထူးခြားလိုက်သလဲ။တကယ်တော့ အရောင်တွေဟာ သင်ထင်ထားတာထက်ပိုပြီး သင့်အပေါ်ကို သက်ရောက်နေတာပါ။ သင်မသိလိုက်ခင်မှာပဲ သင့်ရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူတွေကို ပြောင်းလဲပစ်နိုင်ပါတယ်။ဥပမာပြောရရင် ရုတ်တရက် တစ်ခုခုကို စူးစမ်းရှာဖွေလိုစိတ် ဝင်လာတာမျိုး၊ ဒါမှမဟုတ် ဝိတ်ချချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဒီလိုစိတ်ခံစားချက်အပြောင်းအလဲတွေရဲ့ နောက်ကွယ်မှာ ပတ်ဝန်းကျင်က အရောင်တွေက ပတ်သက်မှုရှိနေတတ်ပါတယ်။အရောင်တွေဟာ လူတွေရဲ့မှတ်ဉာဏ်ပေါ်ကို အဓိက သက်ရောက်လေ့ရှိပါတယ်။ ဥပမာပြောရရင် တကယ်လို့များ သင့်ပတ်ဝန်းကျင်မှာ အနီရောင်တွေလွှမ်းခြုံနေမယ်ဆိုရင် မကောင်းတဲ့စကားတွေကို ပြန်သတိရနေတတ်ပါတယ်။ ဒါပေမယ့် အစိမ်းရောင်ကတော့ သင့်ကို ပျော်ရွှင်စေမယ့် အတွေးတွေကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ဒါကြောင့် သင့်ပတ်ဝန်းကျင်က အရောင်တွေကို ပေါ့သေးသေးမထင်လိုက်ပါနဲ့။ သူတို့မှာ ထူးခြားချက်တွေနဲ့ပါ။ ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင် …။အမျိုးသမီးတွေဟာ အနီရောင်ဝတ်တဲ့ ယောင်္ကျားတွေအပေါ် လိင်စိတ်ပိုပြီး တိမ်းညွှတ်တတ်ပါတယ်။ သူတို့ မျက်လုံးထဲမှာ ဒီအရောင်က လိင်ဆွဲဆောင်မှုတစ်မျိုးပါ။ အမျိုးသားတွေလည်း ဒီအတိုင်းပါပဲ။ “Lady in red” က သူတို့ အနှစ်သက်ဆုံးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ထူးခြားတာက ဘယ်အရောင်ကမှ လူတွေကို နှစ်လိုဖွယ်၊ ချစ်ခင်ဖွယ်ဖြစ်လာအောင် မလုပ်နိုင်ပါဘူး။သာယာပြီး ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးမျိုး အလိုရှိရင် နံရံကို ပန်းရောင်သုတ်ချယ်ပေးသင့်ပါတယ်။ ဒါမှမဟုတ်လည်း အဖြူရောင်ပေါ့။ ဒီအရောင်တွေက စိတ်ခံစားချက်ကောင်းမွန်အောင် ကူညီနိုင်ပါတယ်။ နောက်ပြီး အလွယ်တကူပျော်ရွှင်စေဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင် အပြာရောင်က ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးပေးတယ်လို့ ဆိုပါတယ်။ စိတ်ရော လူရော ကျန်းမာလန်းဆန်းနေစေဖို့ အပြာရောင်က ကူညီနိုင်ပါတယ်။အစိမ်းက အပြုသဘောတွေးမိအောင် ကူညီတယ်လို့ အထက်မှာပြောခဲ့ပါတယ်။ နောက်ပြီး စိတ်ညစ်စရာအတွေးတွေကို လျော့ပါးစေပါတယ်။ ပန်းရောင်ကလည်း ဒီအတိုင်းပါပဲ။ အနီရောင်ကတော့ ဒီနှစ်ခုလုံးနဲ့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျရှုံးမှုနဲ့ အန္တရာယ်သဘောကို ဆောင်ပါတယ်။Creativity ကိုမြင့်မားစေချင်တယ်ဆိုရင်တော့ အစိမ်းခပ်နုနုကို ကြည့်တာ၊ ပတ်ဝန်းကျင်မှာထားတာမျိုးလုပ်ပါ။ အစိမ်းနုဟာ အဖြူ၊ အမည်း၊ မီးခိုး၊ အနီနဲ့ အပြာတို့ထက် စိတ်ကူးဉာဏ်ကို ပိုပြီး ကွန့်မြူးစေနိုင်ပါတယ်။ရဲရဲတောက်နေတဲ့ အနီရောင်မျိုးကို စူးစိုက်ကြည့်မိခဲ့တယ်ဆိုပါစို့။ သင့်ရဲ့ တုန့်ပြန်မှုတွေ လျှင်မြန်လာနိုင်တယ်။ မာကျောလာနိုင်တယ်။ သင့်ဦးနှောက်က အန္တရာယ်ဆိုတဲ့ အတွေးကို တွေးတောမိလာတတ်ပါတယ်။ အနီက နေရာတကာ မကောင်းတာတော့ မဟုတ်ပါဘူး။ အားကစားသမားတွေအတွက်ဆိုရင်တော့ သင့်လျော်တဲ့အရောင်ပါ။သင်ပင်ပန်းနေရင် အစိမ်းရောင်ရှုခင်းမျိုး၊ အစိမ်းရောင်ရှိတဲ့ အရာတစ်ခုခုစတာတွေကို ကြည့်ပြီး အားပြန်ဖြည့်လို့ရပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ့်သူတွေ အစိမ်းရောင်ကို ကြည့်ဖို့လိုအပ်တာပါ။ စိတ်ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ကွဲပြားတဲ့ ဆန့်ကျင်ဘက်အရောင်တွေကို တွဲစပ်အသုံးပြုရင် အစစားချင်စိတ်ကို လျော့ပါးစေတတ်ပါတယ်။ ဥပမာ အဖြူအမည်းလိုမျိုးပေါ့။ ပန်းကန်ပြားတွေ၊ စားပွဲခင်းတွေ၊ ထမင်းစားခန်းနံရံတွေကို အဲ့လို အရောင်မျိုးတွေနဲ့ စပ်ဟပ်ဖန်တီးထားရင် သင်နည်းနည်းပဲ စားဖြစ်ပါလိမ့်မယ်။ကလေးတွေဆိုရင် အစာများများစားဖြစ်ဖို့ လိုအပ်တယ်လေ။ ဒီလိုဆိုရင် အရောင်တောက်တောက်တွေကို သုံးပေးပါ။ အစာစားချင်စိတ်ပိုဖြစ်လာစေပါလိမ့်မယ်။တကယ်လို့ သင်ခေါင်းကိုက်နေတယ်ဆိုရင် အလင်းစူးစူးကို ရှောင်ဖို့ လိုပါတယ်။ နောက်ပြီး အနီ၊ အပြာစတာတွေကိုရောပါပဲ။ အစိမ်းရောင်ကတော့ သင့်ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/colors-affect-you/
ဝိတ်မတက်ချင်ရင် ကော့တေးလ် ကို ဝေးဝေးရှောင်ဟေ့
ကော့တေးလ် ဆိုတာ အယ်လ်ကိုဟောလေးလည်း မှီဝဲချင်၊ကျန်းမာရေးလည်း လိုက်စားချင်၊ အထာလည်းကျချင်သူတွေအတွက် ထွက်ပေါက်လို့ ဆိုလို့ရပါတယ်။အယ်ကိုဟောလေး ပမာဏတစ်ခုလောက်ပါဝင်ပေမယ့် အသီးအနှံတွေ၊ ကော်ဖီတွေနဲ့ ရောစပ်ဖန်တီးထားတဲ့ အဖျော်ယမကာလေ။ ဒီတော့ အပြင်ပန်းအားဖြင့်ကြည့်ရင်တော့ ကိုယ်အလေးချိန်တက်စေနိုင်လောက်တယ်လို့ ထင်ချင်စရာသိပ်မရှိလှဘူးမဟုတ်လား။အရောင်အဆင်းလှလှ၊ အထာကျကျလေးမို့ အလှအပကြိုက်တတ်တဲ့မိန်းကလေးတွေလည်း မှီဝဲတတ်ကြပါသေးတယ်။တကယ့်လက်တွေ့ အခြေအနေမှာရော ကော့တေးလ်က ကိုယ်အလေးချိန်မြင့်မားတာမျိုးမဖြစ်စေဘူးဆိုတာ သေချာရဲ့လား။ ကမ္ဘာကျော်ကော့တေးလ်တချို့ကို လေ့လာကြည့်ရအောင်။အုန်းရည်၊ အုန်းနို့အနှစ်တွေနဲ့ဖန်တီးထားတဲ့ ဒီကော့တေးလ်ကဘီယာတစ်ခွက်မှာပါဝင်တဲ့ အရက်ပမာဏထက် ၂ ဆ ပါဝင်နေတာပါ။ ၁၀ အောင်စအလေးချိန်ရှိတဲ့ တစ်ခွက်မှာ ကယ်လိုရီ ၅၅၀ ပါရှိနေပါတယ်။ Double-cheeseburger အကြီးကြီးတစ်လုံး စားလိုက်တာနဲ့ အတူတူပါပဲ။ဝိုင် ၂ မျိုးနဲ့ရောစပ်ဖန်တီးထားတဲ့ မိုင်ထိုင်းက တစ်ခွက်ဆိုရင် ကယ်လိုရီ ၃၄၀ လောက်ပါရှိတတ်ပါတယ်။ လှတာမက်ရင်တော့ ဝတာပဲ အဖတ်တင်ပါလိမ့်မယ်။တက်ကီလာ၊ သံပုရာရည်၊ လိမ္မော်ရည်တွေနဲ့ဖန်တီးထားတဲ့ မာဂရိတာဟာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ လူအတော်များများက ဆိုကြပါတယ်။ လူကြိုက်လည်းများလှပါတယ်။ ဒါပေမယ့်ကယ်လိုရီပါဝင်မှုက ၅၅၀ ပါနော်။ကော်ဖီလည်း နှစ်သက်၊ ခရမ်င်အပြည့်နဲ့ ပျစ်ပျစ်နှစ်နှစ်သောက်ရတာလည်း သဘောကျသူတွေက ဝှိုက်ရပ်ရှန်ကိုမှီဝဲတတ်ကြပါတယ်။ ဗော့ဒကာတွေ၊ ကော်ဖီခရင်မ်တွေနဲ့ ဒီကော့တေးလ်ဟာ ကယ်လိုရီပါဝင်မှု ၃၃၀ တောင်မှပါ။ဘရန်ဒီကို အဓိကထားဖန်တီးထားပြီး creamy ဖြစ်လှတဲ့ ဒီကော့တေးလ်ကတော့ အယ်လ်ကိုဟော ပမာဏများလှသလို ကယ်လိုရီကလည်း ၃၄၀ လောက်ပါဝင်ပါတယ်။ ဒါပေမယ့် သူ့ထဲမှာ ခုနောက်ပိုင်း ဘရန်ဒီအစစ်မထည့်ကြတော့ပါဘူး။ ဂျင်နဲ့ ဖျော်စပ်ကြတာများပါတယ်။သိပ်ကိုနာမည်ကျော်တဲ့ ကော့တေးလ်ပေါ့။သံပုရာရည်၊ ကိုလာနဲ့ နှစ်သက်ရာအရက်ကို ရောစပ်ပြီး ဖန်တီးကြတာပါ။ ဆိုစကားရှိတယ်လေ။ တစ်ခွက်တည်းနဲ့ ခေါင်းကိုက်စေရမယ်ဆိုတာ Long Island Iced Tea ကို ပြောတာပါ။ ကိုလာရဲ့ အစွမ်းနဲ့ ကယ်လိုရီ ၅၀၀ ကျော်တောင်ပါနေတတ်ပါတယ်။သကြားတွေ၊ နို့တွေ၊ ကြက်ဥတွေ၊ ခရင်မ်တွေကို ဘာဘွန်းနဲ့ ရောစပ်ထားတဲ့ ဒီပျစ်ပျစ်နှစ်နှစ်ကော့တေးလ်ကြီးဟာ ထင်သလောက်တော့ ကယ်လိုရီမများပါဘူး။ ဒါပေမယ့် ၃၃၀ ဆိုတာ နည်းလှတယ်တေ့မဟုတ်ပါဘူး။Irish Coffee က နေရာဒေသပေါ်မူတည်ပြီး ပုံသဏ္ဍာန်ကွဲတတ်ပါတယ်။ ၁၉၄၀ လောက်ကတည်းက စဖန်တီးခဲ့တာမို့ သက်တမ်းရှည် ကော့တေးလ်တစ်မျိုးပါ။ ဝီစကီကို သကြား၊ကော်ဖီစတာတွေနဲ့ ရောစပ်ထားတာပါ။ တစ်ခွက်ကို ကယ်လိုရီ ၂၂၀ လောက်ပါဝင်နေပါတယ်။ကိုယ်က ကိုယ်အလေးချိန် လျှော့ချနေတာမျိုး ဒါမှမဟုတ် ဝိတ်ကိုထိန်းသိမ်းနေသူတစ်ယောက်ဆိုရင် ကော့တေးလ်က မဖြစ်မနေ ရှောင်ကြဉ်ရမယ့် အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ပုံမှန် အသောက်အစားကို နှစ်သက်တယ်ဆိုရင် ဝိုင်ကို တစ်ပတ်ကို ၂ ခွက်ကနေ ၄ ခွက်အထိ မှီဝဲနိုင်ပါတယ်။ဒီလိုမှမဟုတ်ပဲ ပိုပြီးကျန်းမာချင်ရင်တော့ အယ်လ်ကိုဟောကို လုံးဝရှောင်ကြဉ်ပြီး အောက်ပါ အဖျော်ရည်တွေကို အစားထိုးမှီဝဲနိုင်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/cocktail-confusion/
သတိပြုဖွယ်ရာ Heart Attack ၏ အချက်ပေးခေါင်းလောင်းသံများ
Heart attack(ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာ နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားများဟာ သွေးကို လုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ ခံစားရတဲ့ ဝေဒနာဟာ ရုတ်ချည်းပြင်းထန်စွာ ခံစားရတာမို့ heart attack (သို့) နှလုံးထိုက်ခြင်းလို့ ခေါ်နိုင်ပါတယ်။နှလုံးထိခိုက်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ထိရောက်စွာ မကုသနိုင်ရင်နှလုံးကြွက်သားပျက်စီးပြီး အသက်ဆုံးရှုံးနိုင်လို့ မပေါ့မဆ သတိပြုသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။နှလုံးထိခိုက်ခြင်းဖြစ်နိုင်ခြေများစေတဲ့ အခြေအနေတွေကတော့။– အသက်အရွယ်။– မျိုးရိုးရှိခြင်း။– သွေးတိုးခြင်း။– ကိုလက်စထရောများခြင်း။– အဝလွန်ခြင်း။– အာဟာရမပြည့်ဝခြင်း။– အရက်အလွန်အကျွံသောက်ခြင်း။– စိတ်ဖိစီးခြင်း။– ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေ ဖြစ်ပါတယ်။အဆိုပါ အချက်တွေထဲမှာ ပါဝင်နေရင်တော့ နေထိုင်မှုပုံစံကို ပြောင်းလဲသင့်တဲ့အပြင် နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေကို ကြိုတင်နားလည် သိရှိထားသင့်ပါတယ်။Heart attack ကြုံရသူ လူအများစုဟာ ရင်ဘတ်အောင့်ခြင်းကို ခံစားရတတ်ပါတယ်။ သတိပြုရမယ့် အချက်ကတော့ နှလုံးထိခိုက်မှုဖြစ်တိုင်းလည်း ရင်ဘတ်အောင့်ခြင်း မဖြစ်တတ်ပါဘူး။နှလုံးသွေးငတ်ခြင်း ဖြစ်ပေါ်ပြီး ရင်ဘတ်အောင့်ခြင်းကို ခံစားဖူးသူများဟာ ဒီဝေဒနာကို ရင်ခေါင်းကို ဆင်တက်နင်းသလိုပဲဆိုတဲ့ ဥပမာမျိုး ပေးတတ်ကြပါတယ်။ ဒါပေမယ့် လူတချို့ဟာတော့ ရင်ဘတ်အောင့်ခြင်းကို ကွဲကွဲပြားပြား မခံစားရပါဘူး။ ရင်ဘတ်ထဲ တင်းကြပ်နေတယ် ဆုပ်ညှစ်ထားသလို ခံစားရတယ်လို့ ဆိုကြပါတယ်။ ဒီဝေဒနာမျီုးကို မိနစ်အနည်းငယ် ခံစားရပြီး ပျောက်သွားတတ်ပါတယ်။တခါတရံ နာရီအနည်းငယ်ကြာရင် ဒါမှမဟုတ် တရက်လောက်ကြာရင် ပြန်ပြီး ခံစားရတတ်ပါတယ်။ ဒါဟာ နှလုံးကြွက်သားကနေ အောက်ဆီဂျင်ကို လုံလောက်စွာ မရတဲ့ အခြေအနေဖြစ်ပါတယ်။ ရင်ဘတ်ကစူးအောင့်ခဲ့ရင်၊ ညှစ်ဆုပ်ထားသလို တင်းကြပ်ကြပ်ဖြစ်နေရင် အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။ထူးခြားချက်တခုကတော့ ရင်ဘတ်က နာကျင်မှုဝေဒနာနဲ့ တင်းကြပ်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေဆီပါ ရောက်ရှိသွာတတ်ပါတယ်။ နှလုံးထိခိုက်မုှဖြစ်သူအများစုမှာတော့ နှလုံးနေရာတဝိုက်သာမကဘဲ ဘယ်ဘက်လက်မောင်းဆီကို နာကျင်မှုဟာ ရွေ့လျားသွားနိုင်ပါတယ်။ အဆိုပါနေရာအပြင် တခြားရွေ့သွားနိုင်တဲ့ နေရာတွေကတော့။– ဝမ်းဗိုက်အထက်ပိုင်း။– ပခုံး။– ကျောကုန်း။– လည်ပင်း။– သွားများ (သို့) မေးရိုး။နှလုံးထိခိုက်မှုဖြစ်ရင် လှုပ်ရှုားမှုမများလျင်လည်း ချွေး့ပြန်နေတတ်ပါတယ်။ ဒါဟာ နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ကျဉ်းနေတဲ့သွေးကြောတွေကို ဖြတ်သန်းပြီး သွေးများကို ညှစ်ထုတ်ထုတ်နိုင်ဖို့ နှလုံးဟာ ပိုအားစိုက်ရပါတယ်။ ဒါကြောင့် ချွေးများထွက်လာပြီး ကိုယ်ခန္ဓာလည်း အေးစက်လာတတ်ပါတယ်။ ခြေဖျားလက်ဖျားများ အေးစက်ပြီး ချွေးပြန်နေမယ်ဆိုရင်တော့ ဆရာဝန်ပြသသင့်ပါတယ်။ပင်ပန်းပြီးနုန်းခွေခြင်းဟာလည်း နှလုံးထိခိုက်ခြင်းရဲ့ လူသိပ်မသိတဲ့ လက္ခဏာတခု ဖြစ်ပါတယ်။ နှလုံးသွေးကြောတနေရာရာမှာ ပိတ်ဆို့ရင် သွေးများကို ပိုမိုညှစ်ထုတ်ရဖို့ အားစိုက်တဲ့အတွက် နှလုံးဟာ ပိုမိုပင်ပန်းပါတယ်။ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ မောပန်းနေမယ်ဆိုရင် ဒီအချက်ကို သတိပြုသင့်ပါတယ်။အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းကို ပိုမိုခံစားရတတ်ပါတယ်။ နှလုံးထိခိုက်ခြင်းမဖြစ်ခင် လအနည်းငယ်ကတည်းက အဲဒီလက္ခဏာတွေ ကြုံရတတ်ပါတယ်။အသက်ရှူခြင်းနဲ့ နှလုံးကနေ သွေးကိုညှစ်ထုတ်ခြင်းဟာ ဆက်စပ်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နှလုံးကနေ သွေးကိုညှစ်ထုတ်တဲ့အတွက် သွေးများဟာ တစ်သျှူးများဆီရောက်သလို အဆုတ်ကနေ အောက်ဆီဂျင်ကိုလည်း ရယူလာနိုင်ပါတယ်။ နှလုံးထိခိုက်မှုကြောင့် သွေးများကို လုံလောက်စွာ ညှစ်ထုတ်ခြင်းမပြုနိုင်ရင် အောက်ဆီဂျင်ပြတ်တောက်ပြီး အသက်ရှူမဝခြင်း ဖြစ်တတ်ပါတယ်။မူးဝေခြင်း၊ သတိလစ်ခြင်းဟာလည်း နှလုံးထိခိုက်ခြင်းရဲ့ လက္ခဏာပါပဲ။ အထူးသဖြင့် မတ်တပ်ရပ်ဖို့ ကြိုးစားချိန်၊ အားစိုက်ထုတ်လုပ်ကိုင်ချိန်တွေမှာ ဖြစ်တတ်ပါတယ်။နှလုံးခုန်နှုန်းမြန်ပြီး တခါတရံ စည်းချက်ပါ လွဲနိုင်ပါတယ်။ သင့်ရဲ့နှလုံးခုန်စည်းချက်ဟာ ပုံမှန်စည်းချက်တခုနဲ့ ခုန်နေပြီး သွေးများကို လည်ပတ်စေတာ ဖြစ်ပါတယ်။ တကယ်လို့ နှလုံးခုန်တဲ့ စည်းချက်လွဲနေပြီဆိုရင် နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပါတယ်။သင့်အနေနဲ့ နှလုံးထိခိုက်ခြင်းလက္ခဏာတွေပေါ်နေပြီဆိုရင် နီးစပ်ရာ အရေးပေါ်ကျန်းမာရေးဌာနမှာ ပြသရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကားမောင်းသွားခြင်းထက် လူနာတင်ကာားနဲ့ပဲ သွားသင့်ပါတယ်။ ကားမောင်းဖို့ အားစိုက်ထုတ်ချိန်မှာ ပိုမိုဆိုးရွားသွားနိုင်တာကြောင့် ဖြစ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/warning-signs-heart-attack/