title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Breast Augmentation (ရင်သားကြီးမားရန် ပြုပြင်ခွဲစိတ်ခြင်း)
ရင်သားကြီးမားရန် ခွဲစိတ်ပြုပြင်ခြင်းဆိုတာ ရင်သားတွေကို ပိုမိုကြီးထွားပြီး ကြည့်ကောင်းလာအောင် ပြုပြင်တဲ့ အလှအပရေးရာ ခွဲစိတ်မှု ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေအတွက်ပဲ သင့်တော်ပါတယ်။ ရွေးချယ်စရာတွေနဲ့ပတ်သက်လို့ သေချာစဉ်းစားပြီး လက်တွေ့ကျကျပဲ မျှော်လင့်ထားသင့်ပါတယ်။ဆီလီကွန် ဒါမှမဟုတ် ဆလိုင်းအရည်ကိုထည့်ပြီး ရင်သားကို ကြီးထွားလာအောင် ကြည့်အောင်းလာအောင် ပြုပြင်တဲ့ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ရင်းသားဟာ ကြီးထွားပြီး ကြည့်ကောင်းလာပါလိမ့်မယ်။အဓိကရည်ရွယ်ချက် ၂ခုရှိပါတယ်။အားလုံးရဲ့ အပြင်လွှာဟာ ဆီလီကွန်နဲ့ပဲ ပြုလုပ်ထားပါတယ်။ အထဲမှာတော့ ဆီလီကွန်ဖြစ်ဖြစ် အရည်ဖြစ်ဖြစ် ဖြည့်ထားပါတယ်။ဆီလီကွန်ဟာ အရည်ပုံစံ ဒါမှမဟုတ် ဂျဲလ်ပုံစံ ဖြစ်နိုင်ပါတယ်။ ဆီလီကွန်အရည်နဲ့ ဆလိုင်းအရည်ဟာ ပိုပြီးနူးညံ့ပြီး သဘာဝအထိအတွေ့အတိုင်း ဖြစ်စေပါတယ်။ ဂျဲလ်ပုံစံနဲ့ ဆီလီကွန်ကတော့ ပိုပြီးတင်းမာတဲ့ အထိအတွေ့ကိုရပြီး ပုံစံပိုပေါ်လွင်ပါတယ်။ပုံဖော်ထားတဲ့ အရည်ထည့်သွင်းပစ္စည်းကို ရိုးရိုးလုံးဝန်းတဲ့ပုံစံနဲ့ ပေါင်းစပ်တဲ့အခါ ဂျဲလ်အမျိုးအစားကို ပုံဖော်ထားသလိုပဲ ရလာဒ်ကောင်းလေ့ရှိပါတယ်။ပေါ်လီယူရီသိန်း အုပ်ထားတဲ့ ထည့်သွင်းပစ္စည်းဟာ ပိုပြီး တင်းမာပါတယ်။ ဒီပစ္စည်းဟာ အမာရွတ်ထူခြင်းကို လျော့နည်းစေပြီး ထည့်သွင်းထားတဲ့နေရာတဝိုက်မှာ တင်းကျပ်မှုဖြစ်ပေါ်ခြင်းကို လျော့ပါးစေပါတယ်။သုတေသနပြုချက်တွေအရ ရင်သားမှာ ဆီလီကွန် ထည့်သွင်းခြင်းဟာ ဘေးကင်းပါတယ်။ ဆီလီကွန်ကို ရင်သားထဲ ထည့်သွင်းထားတဲ့ အမျိုးသမီးတွေ ကိုယ်ခံအားတုံ့ပြန်တဲ့ပြသနာ၊ ကင်ဆာ၊ အဆစ်အမြစ် ရောင်ခြင်း စတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေရှိတယ်လို့ အထောက်အထား မတွေ့ရပါဘူး။ရင်သားထဲ ထည့်သွင်းပစ္စည်းနဲ့ ပြန်ရည်ကြောကင်ဆာတမျိုး ဆက်စပ်မှုရှိတယ်လို့ ဆိုပေမယ့် ဖြစ်ပွားနိုင်ခြေတော့ နည်းပါတယ်။ရင်သားခွဲစိတ်မှုဆိုတာဟာ ဖြစ်နိုင်ခြေ ပြသနာများရော ကုန်ကျစရိတ်ပါ အသိပေးထားပြီးမှ သဘောတူပြီး ချမှတ်တဲ့ ဆုံးဖြတ်ချက် ဖြစ်ရပါမယ်။ တကယ်လို့ အလှအပဆိုင်ရာကိစ္စအတွက်ပဲ စဉ်းစားမယ်ဆိုရင်တော့ ခွဲစိတ်မှုအပြင် တခြားရွေးချယ်စရာတွေ ရှိပါတယ်။ အခုအခံပါတဲ့ ဘရာစီယာကိုဝတ်ခြင်း၊ လက်ရှိ အနေအထားကိုပဲ လက်ခံခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။အခုအခံပါတဲ့ ဘရာစီယာဝတ်ဆင်ခြင်း၊ ရင်တုသုံးခြင်း စတာတွေနဲ့လည်း ကြည့်ကောင်းအောင် ပြင်ဆင်နိုင်ပါတယ်။ သဘာဝအတိုင်းရင်သားကို ကြီးထွားစေမယ့် ဆေးတွေလည်း သု့းစွဲနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီဆေးတွေဟာ စနစ်တကျ စမ်းသပ်ထားတာတော့ မဟုတ်ပါဘူး။Brava® system ဆိုတဲ့ အထူးဘရာစီယာမျိုးနဲ့ ရင်သားကို ညင်သာတဲ့ စုပ်ယူမှုဖြစ်စေပြီး ပုံဖော်နိုင်ပါတယ်။ ရေရှည်စွဲသုံးသင့် မသင့်ကိုတော့ မသိရသေးပါဘူး။ ခွဲစိတ် ဆရာဝန်တချို့ ကတော့ Brava® system နဲ့အတူ ကိုယ်ပိုင်အဆီကို ရင်သားထဲပြန်ထည့်သွင်းခြင်းကို ထောက်ခံကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ ရောဂါပိုးဝင်နိုင်ပါတယ်။ဖန်တီးယူထားတဲ့ အရာတခုခုကို ရင်သားထဲ ထည့်သွင်းတာဟာ ယာယီအကျိုးဖြစ်ထွန်းစေပါတယ်။ ဒီနည်းလမ်းဟာလည်း ရောဂါပိုးဝင်နိုင်ခြေတော့ရှိပြီး ခွဲစိတ်မှု ခံယူရနိုင်ပါတယ်။ခွဲစိတ်မှုကို မေ့ဆေးနဲ့လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ခွဲခန်းမဝင်ခင် ဘယ်အချိန်ထိ အစာစားသင့် မစားသင့် စတဲ့အချက်တွေ အပါအဝင် သင့်ကို တိတိကျကျ ညွှန်ကြားပါလိမ့်မယ်။ များသောအားဖြင့် ခွဲစိတ်မှုမတိုင်မီ ၆နာရီအလိုကစပြီး အစာမစားင့်ပါဘူး။ နာရီအနည်းငယ်အလိုထိတော့ အရည်တမျိုးမျိုး သောက်နိုင်ပါတယ်။ခွဲစိတ်မှုဟာ မိနစ် ၉၀ခန့် ကြာနိုင်ပါတယ်။ခွဲစိတ်ဆရာဝန်ဟာ ထည့်သွင်းပစ္စည်းကို ရင်သားရဲ့နောက်မှာ သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်အောင် ထည့်သွင်းပါလိမ့်မယ်။ ဒါပေမယ့် ထည့်သွင်းပစ္စည်းကို ဖုံးအုပ်နိုင်လောက်အောင် အရေပြားနဲ့အသားမရှိရင် ကြွက်သားရဲ့ နောက်ပိုင်းကို ထည့်သွင်းပါလိမ့်မယ်။များသောအားဖြင့် ရင်သားရဲ့အရင်း အတွန့်အခေါက် ဖြစ်နေတဲ့နေရာမှာ ခွဲပြီး နေရာပြုလုပ်ပြီး ပစ္စည်းကို ထည့်သွင်းတတ်ပါတယ်။ခွဲတဲ့နေ့ဖြစ်ဖြစ် နောက်နေ့ဖြစ်ဖြစ် အိမ်ပြန်နိုင်ပါတယ်။နှစ်ပတ်သုံးပတ်နေပြီးရင် ပုံမှန်လှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်ပါတယ်။ အလုပ်အမျိုးအစားပေါ်မူတည်ပြီး တပတ်လောက်နေရင် လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါတယ်။နှစ်ပတ်လောက်အထိတော့ ကလေးချီတာမျိုး မလုပ်သင့်သေးပါဘူး။ရင်သားတွေ သဘာဝနဲ့တူလာဖို့ကတော့ ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါတယ်။ တခါတရံ အချိန်အတော်ယူရပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင်ခြင်းဟာ ပုံမှန်လှုပ်ရှားသွားလာပုံကို မြန်မြန် ပြန်ရောက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း မစခင် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။၁။ အထွေထွေနောက်ဆက်တွဲပြသနာ။၂။ သီးသန့်ပြသနာများ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/breast-augmentation-%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%99%e1%80%ac%e1%80%b8%e1%80%9b%e1%80%94%e1%80%b9-%e1%80%bb%e1%80%95%e1%80%b3/
မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း
အရင်ဆုံးပြောချင်တာက ‘ဂုဏ်ပြုပါတယ်’။ ၁၀လလောက်တောင့်ခံပြီးတဲ့နောက်မှာ သင်ဟာမိခင်တစ်ဦးဖြစ်သွားခဲ့ပါပြီ။ ကလေးမွေးပြီးတဲ့နောက်မှာ ဆရာမက မိခင်ရော ကလေးပါကျန်းမာပါတယ်လို့ပြောတဲ့အချိန်က အမေတွေအတွက်အပျော်ဆုံးအချိန်ပါပဲ။ ကိုယ်ဝန်ဆောင်တုန်းက အပြောင်းအလဲတွေတွေ့ခဲ့ရသလိုမျိုး ခု မီးနေသည် ဘဝမှာလည်း အပြောင်းအလဲတွေတွေ့ရဦးမှာပါ။ မီးနေသည် ဆိုတာ ကလေးမွေးပြီး နာလန်ပြန်ထူတာပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်နည်းတူစောင့်ရှောက်ဖို့လိုပါတယ်။ ဘယ်လိုအပြောင်းအလဲတွေတွေ့မှာလဲ။ ဘယ်လိုပြုစုစောင့်ရှောက်မှာလဲဆိုတာ  ဆက်ကြည့်ရအောင်။ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး မွေးပြီး၄၅ရက် (၆ပတ်)ကမီးတွင်းပါ။ မွေးဖွားရလွယ်ကူရင်တောင် သင့်သားအိမ်က အဆုံးစွန်ထိချဲ့ထားတဲ့အတွက် နဂိုအတိုင်းပြန်ဖြစ်ဖို့ အချိန်ယူရမှာပါ။ မီးတွင်းဒုက္ခတွေကိုခံစားရတာ မီးနေသည် တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ တချို့ကတစ်ပတ်လောက်နဲ့ နေသားကျသွားသလို တချို့ကကလေးတော်တော်ကြီးတဲ့အထိ မသက်သာပါဘူး။ရိုးရိုးမွေးထားတဲ့သူတွေက ဘယ်လောက်ကြာမှ မွေးလမ်းကြောင်းပုံမှန်အတိုင်းပြန်ဖြစ်မလဲဆိုတော့ မွေးလမ်းကြောင်းမချဲ့ရရင် ၃ပတ်၊မွေးလမ်းကြောင်းချဲ့ရင် ၆ပတ်လောက်ကြာတတ်ပါတယ်။ မွေးပြီးရင် မွေးလမ်းကြောင်းက အရင်လိုမဟုတ်တာတော့ သေချာပါတယ်။ခွဲမွေးထားတယ်ဆိုရင်တော့ ဆေးရုံမှာ ၃ ၄ရက်လောက် နေရမှာပါ။ ပုံ၊ ဘယ်လိုမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် ၁လ ၁လခွဲလောက်စောင့်ရမှာပါ။ မမွေးခင် ညှစ်ထားဦးမယ်ဆိုရင်တော့ မိန်းမကိုယ်ကပါ နည်းနည်းနာနေမှာပါ။ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး ၄၅ရက်လောက်ထိ မီးနေသွေးဆင်းတတ်ပါတယ်။ ရာသီသွေးဆင်းတာနဲ့ တူပါတယ်။ တဖြည်းဖြည်းအရောင်ဖျော့သွားပါတယ်။ မွေးပြီး ၃ရက်ကနေ ၁၀ရက်အထိ သွေးဆင်းများတတ်ပါတယ်။ သွေးဆင်းတာအရမ်းများရင်၊ ၁နာရီကို pad၁ခုလောက်လဲနေရရင် ဆရာဝန်ကို ပြောပြပါ။ မွေးပြီးသွေးသွန်တာများတာလည်းဖြစ်နိုင်ပါတယ်။ မီးနေသွေးဆင်းတဲ့ အချိန်မှာ padပဲသုံးသင့်ပါတယ်။Tamponမသုံးသင့်ပါဘူး။ရိုးရိုးမွေးတဲ့သူတွေကမွေးလမ်းကြောင်းချဲ့သည်ဖြစ်စေ၊ မချဲ့သည်ဖြစ်စေ ကလေးတစ်ယောက်လုံးထွက်ထားတဲ့အတွက် မွေးလမ်းကြောင်းစုတ်ပြဲတာ အနည်းနဲ့ အများတော့ရှိပါတယ်။ဒါတွေသက်သာဖို့ အောက်က အခင်းထူထူခင်းထိုင်ပါ။ Padခံထားပြီ အပေါ်ကနေ ရေခဲလေးအုံပေးပါ။ ဆီးသွားပြီးတိုင်း ရေကြက်သီးနွေးနဲ့ ဆေးပေးပါ။ အနာသက်သာအောင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးသောက်ပါ။ ဝမ်းချုပ်မခံပါနဲ့။ခွဲမွေးထားရင်တော့ ချုပ်ရိုးကို သေချာသန့်ရှင်းရေးလုပ်ပါ။ အနာကို ပြည်မတည်ပါစေနဲ့။ အနာကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ဆရာဝန်ကို မေးမြန်းပါ။ အနာကောင်းကောင်းမကျက်ခင် အလေးအပင်မတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။မွေးပြီးပြီးချင်းမှာ ဝမ်းပြန်သွားဖို့အခက်အခဲရှိမှာပါ။ ဒါပေမယ့် ဝမ်းသွားဖို့အတင်းမကြိုးစားပါနဲ့။ ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ လမ်းလျှောက်ပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဝမ်းပျော့ဆေးသောက်ပါ။ ဝမ်းမညစ်ပါနဲ့။ ဒါက မွေးလမ်းကြောင်းချဲ့ထားတဲ့အနာအတွက်ရော၊ ခွဲမွေးထားတဲ့သူအတွက်ရောမကောင်းပါဘူး။မိန်းမကိုယ်ပုံမှန်ပြန်ဖြစ်အောင်၊ အမျိုးသားနဲ့ အတူနေတဲ့အခါ အဆင်ပြေအောင်၊ မွေးပြီးဆီးမထိန်းနိုင်တာမဖြစ်အောင် ‘Kegelလေ့ကျင့်ခန်း’ကို လုပ်ပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲမွေးမွေး ဒီလေ့ကျင့်ခန်းကို လုပ်ပေးလို့ရပါတယ်။ ကိုယ်သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရတာနဲ့ ဒီလေ့ကျင့်ခန်းကို စလုပ်နိုင်ပါပြီ။မွေးပြီး သိပ်မကြာခင်မှာ ရင်သားတွေက တင်းပြီး နာလာတတ်ပါတယ်။ ဒါသက်သာအောင် ကလေးကို နို့မကြာခဏ တိုက်ပေးလို့ရပါတယ်။ ဒါ့ပြင် နို့မတိုက်ခင်မှာ ရင်သားကို ရေနွေးဝတ်ကပ်ပေးတာ၊ ရေနွေးနဲ့ ရေချိုးတာကည်း နို့ကို ပိုထွက်စေသလို ရင်သားနာတာကိုလည်း ပိုသက်သာစေပါတယ်။နို့တိုက်ပြီးရင်လည်း ရေနွေးဝတ်လေး ပြန်ကပ်ပေးပါ။ အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးလေးတွေ သောက်လို့ရပါတယ်။ နို့မတိုက်တဲ့ အချိန်ဆို ဘရာဇီယာဝတ်ပါ။ နို့တွေကို မညှစ်ထုတ်ပါနဲ့။ ဒါက နို့ပိုထွက်စေပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး နို့ခမ်းဆေးသောက်လို့ရပါတယ်။ကိုယ်ဝန်ဆောင်တုန်းကလိုပဲ တစ်နေ့သုံးနပ် အဝစားမယ့်အစား နည်းနည်းနဲ့ ၅ခါလောက်စားရပါမယ်။ စားတဲ့အခါမှာလည်း စုံလင်အောင် စားရမှာပါ။ ထမင်းနဲ့ ငါးခြောက်၊ ဟင်းခါးလောက်နဲ့တင် မရပါဘူး။ အမေအစားရှောင်ရင် ကလေးမှာသူငယ်နာရောဂါဖြစ်တတ်ပါတယ်။ အမေမှာ ဗီတာမင်ချို့တဲ့ပြီး ခြေထုံ၊ လက်ထုံ၊ ပါးစပ်အနာတွေ ပေါက်တတ်ပါတယ်။ ထမင်းအပြင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စုံလင်အောင်စားပါ။ ရေများများသောက်ပါ။ အရက်၊ ကော်ဖီရှောင်ပါ။ဘယ်လိုပဲမွေးမွေး လေ့ကျင့်ခန်းပြန်လုပ်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သေချာတာတော့ မီးနေသည်တွေက လမ်းတော့လျှောက်ပေးရပါမယ်။ မီးတွင်းတစ်တွင်းလုံး အိမ်တွင်းအောင်းနေစရာ မလိုပါဘူး။ နည်းနည်းသက်သာလာတာနဲ့ လမ်းလျှောက်တာ၊ ပေါ့ပေါ့ပါးပါးအလုပ်တွေ စလုပ်လို့ရပါပြီ။ ဒါက သွေးလှည့်ပတ်မှု ကောင်းစေသလို ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။မွေးပြီးပြီးချင်းမှာ အမေတွေက ဟော်မုန်းအပြောင်းအလဲ၊ အိပ်ရေးပျက်တာ၊ ကလေးလေးကို ပြုစုရလို့ပင်ပန်းတာတွေပေါင်းပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မီးနေသည် ၄ယောက်မှာ ၁ယောက်က ဖြစ်တတ်ပါတယ်။ အသားကျသွားရင် ပြန်ကောင်းသွားမှာပါ။ ၂ပတ်ထက်ကြာအောင် ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသပါ။ကလေးမွေးတယ်ဆိုတာ မိခင်တွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီလိုအချိန်မှာ မိခင်တွေ အခက်အခဲမရှိဘဲ ဖြတ်သန်းနိုင်အောင် အပေါ်က နည်းလမ်းတွေကို လိုက်နာပါ။ မိသားစုရဲ့ ဖေးမစောင့်ရှောက်မှုကလည်း မိခင်ကို အားဖြစ်စေမှာပါ။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-period/how-to-take-care-of-mother-after-birth/
Gallstones (သည်းခြေကျောက်တည်ခြင်း)
သည်းခြေဆိုတာက အသည်းအောက်ဘက်ပိုင်းမှာရှိတဲ့ အင်္ဂါအသေးစားလေးပါ။ အိတ်သေးသေးလေးပုံသဏ္ဍာန်ရှိပြီး အစိမ်းရောင်ရှိတဲ့ သည်းခြေရည်တွေကို သိမ်းဆည်းထားပါတယ်။ သည်းခြေရည်က အစာတွေကို ချေဖျက်ပေးတဲ့ အစာခြေရည်အဖြစ်လုပ်ဆောင်ပေးပါတယ်။ သည်းခြေကျောက်တော်တော်များများက သည်းခြေရည်ထဲမှာ ကိုလက်စထရောများလွန်းတာကြောင့်ဖြစ်ရတာပါ။သည်းခြေကျောက်က သဲမှုန်လောက်သေးသေးလေးကစလို့ဂေါက်သီးအရွယ်အစားထိရှိတတ်ပါတယ်။ အချို့လူတွေမှာ သည်းခြေကျောက်က တစ်လုံးတည်းရှိတတ်ပေမယ့် အချို့မှာတော့ သည်းခြေကျောက်တွေအများကြီးတည်နေတာမျိုးရှိတတ်ပါတယ်။သည်းခြေကျောက်တည်တဲ့အခါ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းကအောင့်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဆီကြော်တွေလိုမျိုး အဆီများတဲ့အစားအစာတွေကိုစားသုံးတဲ့ အချိန်မှာ သည်းခြေအောင့်တာကိုခံစားရနိုင်ပါတယ်။ အရမ်းအကြာကြီးနာတာမျိုးတော့မဟုတ်ပါဘူး။သည်းခြေကျောက်တည်တာကို အချိန်ကြာတဲ့အထိမကုသဘဲ ထားမယ်ဆိုရင် –။သည်းခြေကျောက်မတည်အောင်ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့ –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gallbladder-disease/%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%8a%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-gallstone/
အမျိုးသားတွေအတွက်ရော အရေပြားထိန်းသိမ်းမှုလိုအပ်သလား
လူမှုစံနှုန်းတွေအရ အမျိုးသားတွေကို ခပ်ကြမ်းကြမ်းခပ်ပေပေနေတတ်ကြတဲ့သူတွေအဖြစ် ရှုမြင်တတ်ကြပါတယ်။ယောက်ျားတွေဟာ အသားရေထိန်းသိမ်းဖို့မလိုအပ်ဘူး ဒီအတိုင်းပဲနေလို့ရတယ်ဆိုတဲ့အမြင်ကနေ တဖြည်းဖြည်းပြောင်းလဲလာတာက သိပ်မကြာသေးဘူး။ ဒါဆိုရင်မေးစရာရှိတာက အမျိုးသားတွေရော အသားရေထိန်းသိမ်းမှုလိုအပ်သလားဆိုတဲ့မေးခွန်းပါ။ အဖြေကတော့ အင်မတန် သိသာထင်ရှားပါတယ်။ လိုအပ်ပါတယ်။တော်တော်များများ နားလည်ထားတာက အမျိုးသားတွေက အသားအရေကိုထွေထွေးထူးထူးထိန်းသိမ်းတာမျိုးမလိုဘူးလို့ပေါ့။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း အသားအရေကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ အမျိုးသားတွေကို ကြည့်ကောင်းစေတဲ့ အချက်တွေထဲမှာ အသားအရေကောင်းမွန်ခြင်းကလည်း တစ်ခုအပါအဝင်ပါ။ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီး လှုပ်လှုပ်ရှားရှားလုပ်ကိုင်နေထိုင်တတ်တဲ့အလေ့အထရှိသလို အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ရတာ၊ အရက်သေစာသောက်စားတာတွေ နဲ့ဆေးလိပ်သောက်သုံးတာတွေကိုလည်း လုပ်လေ့ရှိကြပါတယ်။အားကစားလုပ်တဲ့အမျိုးသားများမှာလည်း အားကစားလုပ်တဲ့အခါ မျက်နှာပြင်မှာ အဆီနဲ့ချွေးတွေထွက်လာတတ်ပြီးသေချာသန့်ရှင်းမှုမလုပ်ဘူးဆိုရင် အသားအရေကို ထိခိုက်ပျက်စီးတာမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။နေရောင် နဲ့ ဆေးလိပ်သောက်သုံးမှုက အသားအရေအတွက် အဓိကရန်သူတွေပါ။ ဒီနှစ်ချက်က မျက်နှာမှာ အရေအကြောင်းတွေဖြစ်စေပြီး မျက်နှာအရေပြားကို ထိခိုက်စေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ အသားအရေထိန်းသိမ်းဖို့ဆိုရင် စွန့်လွှတ်သင့်တဲ့ အကျင့်တစ်ခုကဆေးလိပ်သောက်တဲ့အကျင့်ပါ။ ဒါ့အပြင် မျက်နှာအသားအရေ ကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ဖို့လုပ်ဆောင်နိုင်တဲ့နောက်တစ်နည်းက အစိုဓါတ်ထိန်းအလှကုန်တွေအသုံးပြုပေးတာပါ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အသားအရေဖွဲ့စည်းပုံချင်းကမတူဘဲ အမျိုးသားတွေရဲ့ အရေပြားက ပိုမိုထူထဲပြီး အဆီပြန်တတ်တဲ့ သဘာဝရှိတာကြောင့် အသုံးပြုရတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေက လည်းကွဲပြားပါတယ်။ကြည့်ကောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်စေဖို့ဆိုရင် အဝတ်အစားတွေကို သပ်ရပ်လိုက်ဖက်အောင် ဝတ်စားတတ်ရုံသာမက အရေပြားကိုလည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီအောင် ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ကောင်းမွန်တဲ့ အသားအရေပိုင်ဆိုင်နိုင်ဖို့အတွက် လုပ်ဆောင်ရာမှာ အသုံးတည့်စေမယ့် အချက်တချို့ကိုဖော်ပြပေးလိုပါတယ်။မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် မျက်နှာသစ်ပေးပါ။ အရေပြားခြောက်သွေ့သူတွေအနေနဲ့ကတော့ မနက်တိုင်းမျက်နှာကိုရေအေးအေးလေးသုံးပြီး သန့်စင်ပေးပါ။ အပြင်းစားဆပ်ပြာမျိုးတွေကို မသုံးမိဖို့လည်း သတိထားပါ။ ကိုယ်တိုက်ဆပ်ပြာအပြင်းစားတွေကို အသုံးပြုပြီးမျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာက အသားအရေအတွက်ကောင်းကျိုးမဖြစ်တဲ့ အပြင် အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဝက်ခြံရှိတဲ့အသားအရေမျိုးဖြစ်နေမယ် ဆိုရင် ဝက်ခြံတွေကိုတောင်ပိုဆိုးလာစေပါလိမ့်မယ်။တစ်ပတ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့်လုပ်ပေးလို့ရပါတယ်။ အရေပြားမှာ ကျိန်းစပ်တာမျိုးတွေ ခံစားလာရရင်တော့ အရေပြားက ခံနိုင်ရည်ရှိသလောက်ပဲလုပ်ပေးပါ။ အမျိုးသားအများစုက အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဖြစ်တာကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတာမျိုးလုပ်ဆောင်ပေးသင့်ပါတယ်။ အရေပြားခြောက်သွေ့သူတွေအနေနဲ့ကတော့ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးရင်ကိုလုံလောက်ပါပြီ။အရေပြားပေါ်ကဆဲလ်သေတွေကွာကျအောင်လုပ်ဆောင်လိုက်တဲ့အခါ အရေပြားဆဲလ်တွေကို ပုံမှန်အတိုင်းပြန်ဖြစ်ပေါ်လာစေတာကြောင့် အသားအရေခြောက်သွေ့မှုကို သက်သာစေမှာဖြစ်ပါတယ်။ မျက်နှာပေါ်ကချွေးပေါက်တွေကို ပွင့်စေပြီး မုတ်ဆိတ်ရိတ်ရတာလည်း ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။ဝက်ခြံတွေကို ညှစ်ထုတ်တာကတော့ နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ ဝက်ခြံတွေကို ညှစ်ထုတ်လိုက်တဲ့ အခါ မျက်နှာပေါ်က ဆံချည်မျှင်သွေးကြောလေးတွေပေါက်ထွက်သွားပြီး မျက်နှာမှာ ညိုတိုတို အမာရွတ်တွေထင်ကျန်ခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဓါတုပစ္စည်းတွေပါဝင်မှုများတဲ့ မျက်နှာတိုက် Scrubတွေကမျက်နှာအရေပြားမှာ အရေးအကြောင်းတွေဖြစ်ပေါ်စေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။ မျက်နှာကို scrub လုပ်တဲ့အခါမှာ အဝတ်စကြမ်းကြမ်းတွေမသုံးမိဖို့လည်းလိုပါတယ်။ Scrubတွေမှာပါတတ်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့salicylic acid ကတော့ချွေးပေါက်တွေထဲမှာပိတ်ဆို့နေတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကိုပါဖယ်ရှားပေးနိုင်ပြီး ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။မျက်နှာသစ်ပြီးတိုင်းလူးပေးနိုင်ပါတယ်။ရေချိုးပြီးတဲ့အခါတိုင်းလည်းလိမ်းပေးနိုင်ပါတယ်။ မျက်နှာအသားအရေခြောက်သွေ့ညိုမဲတာမျိုးမဖြစ်အောင် အစိုဓါတ်ထိန်းခရမ်တစ်မျိုးမျိုးလူးပေးသင့်ပါတယ်။ မျက်နှာသစ်လိုက်တဲ့အခါတိုင်း မျက်နှာအရေပြားပေါ်မှာရှိနေတဲ့ အဆီတွေရာ အစိုဓါတ်ထိန်းပေးတဲ့အရာတွေကိုပါ သစ်ချလိုက်သလိုဖြစ်တာကြောင့် မျက်နှာသစ်ပြီးတဲ့အခါတိုင်း အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့လိုပါတယ်။ အစိုဓါတ်ထိန်းပေးတဲ့ အလှကုန်တွေက အသားအရေအတွက် လိုအပ်တဲ့ရေဓါတ်ကိုဖြည့်ပေးပြီး အရေပြားခြောက်သွေ့တာ၊ရေဓါတ်ခမ်းခြောက်တာနဲ့ အရေပြားညိုမွဲတာတွေကိုသက်သာစေနိုင်ပါတယ်။နေလောင်ကာခရင်မ်လူးပေးပါ။ ဘယ်အချိန်ချိန်ဖြစ်ဖြစ်လူးပေးလို့ရပါတယ်။ ရာသီသုံးပါးစလုံးလူးပေးလို့ရပါတယ်။ မျက်နှာ လည်ပင်းတွေနဲ့နေရောင်ထိနိုင်တဲ့နေရာတွေကို လူးပေးလို့ရပါတယ်။ အနည်းဆုံး SPF 15 ပါတဲ့ နေလောင်ကာခရင်မ်မျိုးကိုရွေးချယ်အသုံးပြုပေးပါ။ အရေပြားခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်တာ၊ အသားအရေအရောင်မညီတာမျိုးတွေကို ကာကွယ်ချင်ရင်တော့နေလောင်ကာခရင်မ်လိမ်းကိုလိမ်းရပါလိမ့်မယ်။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မိတဲ့အခါမျိုးမှသာနေလောင်ကာခရင်မ်ကိုလူးဖို့လိုတာမဟုတ်ပါဘူး။နေရောင်ဝင်ရောက်နိုင်တဲ့နေရာတွေဖြစ်တဲ့အလုပ်စားပွဲမှာထိုင်နေရင်းပဲဖြစ်ဖြစ် ကားမောင်းနေချိန်မှာပဲဖြစ်ဖြစ်နေလောင်ကာခရင်မ်လူးဖို့လိုအပ်ပါတယ်။နေလောင်ကာခရင်မ်ကရေစိုဒဏ်မခံနိုင်တာကြောင့်ချွေးထွက်သွားတဲ့အခါပျက်သွားတတ်တဲ့အတွက် ထပ်လူးပေးဖို့လိုပါလိမ့်မယ်။အမျိုးသားတော်တော် သူတို့မျက်နှာ အသားအရေအတွက် တိုနာသုံးဖို့ လို၊မလိုနဲ့ပတ်သက်ပြီး ဇဝေဇဝါဖြစ်တတ်ပါတယ်။ အမှန်ကတော့ လိုပါတယ်။ မျက်နှာပေါ်က မျက်စိနဲ့မမြင်ရတဲ့ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေဖို့အတွက်ဆိုရင် မျက်နှာသစ်ပြီးတဲ့အခါ တိုနာသုံးပေးဖို့လိုပါတယ်။ အရည်ပုံစံ အလှကုန်ဖြစ်တာကြောင့် သုံးရတာလည်းအဆင်ပြေပါတယ်။ တိုနာကို အရေပြားအစိုဓါတ်ထိန်းပေးနိုင်စေဖို့ glycerin နဲ့ hyaluronic acid ၊ အရေပြားအပေါ်ယံလွှာမှာရှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက်AHA နဲ့ BHA တို့ကို အသုံးပြုထုတ်လုပ်ထားလေ့ရှိပါတယ်။ BHA ကချွေးပေါက်တွေထဲမှာပိတ်ဆို့နေနိုင်တဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။အမျိုးသားတွေရဲ့ အသားအရေဖွဲ့စည်းမှုက အမျိုးသမီးတွေနဲ့ မတူတာကြောင့် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့အခါမှာလည်း အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူဖို့က အရေးကြီးဆုံးအချက်တစ်ခုပါ။ ယနေ့ခေတ်မှာ အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အမျိုးသမီးတွေအတွက် သာမက အမျိုးသားတွေအတွက်ပါ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထုတ်လုပ်လာတာကြောင့်ရွေးချယ်စရာတွေကများပြားလှပါတယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တာကိုဝယ်ယူမိဖို့ကလည်း အမျိုးသားတိုင်း သတိထားသင့်တဲ့အချက်တွေထဲကတစ်ခုပါ။ မသေချာပါက အရေပြားဆရာဝန်နဲ့တိုင်ပင်တာမျိုးတွေလည်း လုပ်ဆောင်လို့ရပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac-%e1%80%a1%e1%80%b1/
Poland syndrome
Poland syndrome ကို 19ရာစုက British anatomist Sir Alfred Poland က ပထမဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။ Poland syndrome ဆိုတာ မွေးကတည်းက ကိုယ်ခန္ဓါတစ်ဖက်ခြမ်းတည်းပဲမှာပဲ ထူးခြားစွာပုံစံမမှန်မှုအနေနဲ့ မွေးဖွားလာခြင်းဖြစ်ပါတယ်။ Poland syndrome ကို ခန္ဓါကိုယ်ရဲ့တစ်ဖက်ခြမ်းတည်းမှာရင်ဘတ်က ကြွက်သားဖြစ်တဲ့ pectoralis ကြွက်သားမပါခြင်း၊ နောက်ပြီး အဲ့တစ်ဖက်တည်းမှာပဲလက်ချောင်းလေးတွေက ဆက်နေခြင်းကို တွေ့ရပါတယ်။ဆေးပညာစာပေများအရ တင်ပြချက်များအရ Poland Syndrome ဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် သုံးဆပိုပြီးဖြစ်တယ်တွေ့ရတယ်လို့ဆိုပါတယ်။ ခန့်မှန်းချက်အရကတော့ အနီးစပ်ဆုံးကတော့ အယောက်တစ်သောင်းမှာ တစ်ယောက်နဲ့ အယောက်တစ်သိန်းမှာ တစ်ယောက်လို့အသစ်အသစ်တွေ့တဲ့ အခြေအနေအရတင်ပြထားပါတယ်။ Poland syndrome ဟာ ၇၅% လောက်က ခန္ဓါကိုယ်ရဲ့ညာဘက်အခြမ်းကို ပိုပြီးဖြစ်စေပါတယ်။ ၁၉၉၈ခုနှစ်မှာလေ့လာသူတွေရဲ့သတင်းပို့ချက်အရ မိန်းကလေးတစ်ယောက်ဟာ ခန္ဓါကိုယ်ရဲ့ နှစ်ဖက်လုံးမှာ ဒီရောဂါပုံစံနဲ့လာတယ်လို့တင်ပြထားပါတယ်။ အဲ့မိန်းကလေးဟာ ရင်ဘတ်ကြွက်သား pectoralis ကြွက်သားနှစ်ဖက်လုံးမပါခြင်း၊ဘယ်ဘက်နဲ့ညာဘက် နှစ်ဖက်လုံးရင်ဘတ်က ညီညာစွာပုံပျက်နေခြင်းနဲ့ လက်ချောင်းတွေကလည်းနှစ်ဖက်လုံး ပူးနေခြင်းကိုတွေ့ရတယ်လို့ဆိုပါတယ်။ အခြားသောအချက်အလက်များကိုသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။Poland syndrome ရဲ့ ရောဂါလက္ခဏာတွေဟာ မဆိုးတာကနေ ဆိုးတဲ့အထိဖြစ်နိုင်ပါတယ်။ Poland syndromeရှိတဲ့လူတွေမှာ တစ်ချို့မှာ ရင်သားတစ်ရှုးတစ်စိတ်တစ်ပိုင်းလောက်သာ မပါတာမျိုး၊ တစ်ချို့ကတော့ ရင်ဘတ်ကြွက်သားတစ်စိတ်တစ်ပိုင်းနဲ့ နံရိုးတစ်ချို့မပါခြင်းတို့ ရှိတတ်ပါတယ်။ လက္ခဏာတွေဟာ ခန္ဓါကိုယ်ရဲ့ တစ်ဘက်ခြမ်းထဲမှာသာ ဖြစ်နေနိုင်ပါတယ်။ Poland syndrome မှာ အတွေ့ရများတဲ့ လက္ခဏာတွေကတော့။-ရင်ဘတ်ကြွက်သားများ မပါရှိခြင်း။-ရင်သားနဲ့တွဲနေတဲ့အဓိက ရင်ဘတ်ကြွက်သားအဆုံးနေရာလေးမပါရှိခြင်း။-အမျိုးသမီးတွေမှာနို့သီးခေါင်း၊ နဲ့ သူနဲ့တစ်ဝိုက် အမဲနေရာလေးက မပါရှိခြင်း၊ အဲ့ဒီကနေမှ ရင်သားများနဲ့သူ့အောက်ခံ တစ်ရှုးများမပါရှိခြင်းတို့ ဖြစ်နိုင်ပါတယ်။-လက်ချောင်းတွေဟာ များသောအားဖြင့် တိုပြီးတော့ ပူးနေကြပါတယ်။-ချိုင်းမွေးတွေဟာ မပါကြပါဘူး။-အဲ့လိုနေရာနားတွေမှာ အရေပြားက ပါးနေပါတယ်။-အပေါ်ပိုင်းနံရိုးအခွံဟာ မပါရှိခြင်း သို့မဟုတ် မဖွံဖြိုးခြင်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ပခုံးရိုး သို့မဟုတ် လက်မောင်းရိုးတို့ပါ မပါတာဖြစ်နိုင်ပါတယ်။ ရှားပါးစွာနဲ့ပဲ။နောက်ကျောရိုးများ သို့မဟုတ် ကျောက်ကပ်ပြသနာများပါရှိနိုင်ပါတယ်။ Poland syndrome ဟာ အခြားသော syndrome များဖြစ်တဲ့ Moebius syndrome(မွေးရာပါ မျက်နှာပျော့ခွေအကြောသေခြင်းနဲ့ မျက်လုံးကို အပြင်ဘက်ကိုကြည့်လို့မရသောရောဂါ) နှင့် Klippel-Feil syndrome တို့နဲ့ဆက်စပ်နေပါတယ်။ သွေးနဲ့ဆိုင်တဲ့ ကင်ဆာရောဂါတွေဖြစ်တဲ့ လူကီမီးယားသွေး ကင်ဆာနဲ့ non-Hodgkin lymphoma တို့ဟာလည်း Poland syndrome ရှိတဲ့လူနာတွေမှာတွေ့ရပါတယ်။ အပေါ်မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။Poland syndrome ကိုဖြစ်စေတဲ့အကြောင်းအရာကိုမသိကြပါဘူး။ သက်သေတော်တော်များများကတော့ ကလေးသန္ဓေသားဖွံဖြိုးနေတဲ့ ခြောက်ပတ်လောက်အတွင်းမှာ သွေးကြောပြသနာကြောင့်ဖြစ်ရတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒီအဖြစ်အပျက်တွေက သွေးကြော(သွေးနဲ့ ပြန်ရည်ကြော)စနစ်တွေမှာ ပါဝင်ဖြစ်ပျက်တာများပါတယ်။ ပါဝင်တာတွေ။ကတော့။– သန္ဓေသားလောင်းရဲ့ ညှပ်ရိုးအောက်ကနေသွားတဲ့ သွေးလွှတ်ကြော(subclavian arteries) ကို သွေးထောက်ပံ့မှုမှာနှောင့်ယှက်ခြင်း။ အဲ့ဒီကနေမှ သွေးစီးဆင်းတာနည်းခြင်းကြောင့် နံရိုးတွေဆက်ပြီး ကြီးထွားမှုကိုတားပါတယ်။-ညှပ်ရိုးအောက်က သွေးလွှတ်ကြောတွေ( subclavianArteries) တွေမှာပုံမမှန်တာဖြစ်ခြင်းကြောင့် ခန္ဓါကိုယ်တစ်ဘက်ခြမ်းထဲက ကြီးထွားဆဲ တစ်ရှုးတွေမှာ သွေးစီးဆင်းမှုနည်းခြင်းတွေဖြစ်ပါတယ်။Poland syndrome ဟာ မျိုးရိုးလိုက်တယ်ဆိုတာ အလွန်ရှားပါတယ် ပြီးတော့ sporadic ဖြစ်တတ်ပါတယ်။ ဆိုလိုတာကတော့ မျိုးရိုးလိုက်ပြီးဖြစ်တာမျိုး မဟုတ်ခြင်း၊ ပုံမမှန်တာမျိုးမဟုတ်ခြင်းနဲ့ မိသားစုဝင်တွေထဲမှာလည်း အဲ့လိုမျိုးပြန်ဖြစ်တတ်တယ်လို့ မဆိုလိုတာကို ပြောချင်တာပါ။မိသားစုဝင်တွေပါဖြစ်တဲ့တစ်ချို့သောအခြေအနေတွေမှာလေ့လာသူတွေတင်ပြချက်အရ ဒီအခြေအနေဟာ မျိုးရိုးလိုက်ခြင်းက အဲ့လူနာရဲ့သွေးဆီးဆင်းမှုမှာ ပုံမမှန်တာဖြစ်ပြီးတော့ ပိုဖြစ်စေနိုင်ပါတယ်။ အခြားသောအချက်အလက်များကိုသိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။Poland syndrome ရဲ့ရောဂါအခြေအနေဆိုးမဆိုးဟာ လူတစ်ယောက်နဲ့တစ်ယောက်ကွဲပြားပါတယ်။ အဲ့ဒါကြောင့်Case တိုင်းကိုတော့ သတင်းပို့မလာကြပါဘူး။ တစ်ခါတစ်လေမှာတော့ တစ်ချို့လူတွေဟာ သူတို့မှာ ဒီရောဂါရှိမှန်းအသက်ကြီးမှ ခန္ဓါကိုယ်တစ်ဖက်ခြမ်းထဲမှာ ကြီးထွားမှုရှိလာမှ သတိထားမိတတ်ကြပါတယ်။ စမ်းသပ်စစ်ဆေးတဲ့အခါမှာ ရင်သားများဖွံဖြိုးမှုနဲ့ latissimusDorsi ကြွက်သား ဖွံဖြိုးမှု ကိုသေချာစွာမှတ်သားထားရပါမယ်။ အခြားသောစမ်းသပ်မှုများကိုတော့ အခြားသော ပြသနာများဖြစ်တဲ့ ဥပမာ Moebius syndrome လိုမျိုးကိုခွဲခြားထုတ်ဖို့အတွက် လိုအပ်သလိုစမ်းသပ်ပါတယ်။Poland syndrome ကို ကုသမှုလုပ်တဲ့အခါ ရင်ဘတ်ကပုံပျက်နေတာကို ခွဲစိတ်ခြင်းနဲ့ပြန်ပြီး မှန်ကန်အောင်လုပ်ရပါတယ်။ ခွဲစိတ်မှုလုပ်တယ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်လုံးမှာ ကြည့်လို့အဆင်ပြေစေရန်အတွက်လုပ်ခြင်းဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ရင်သားကို ပြန်လည်ပြုပြင်မယ်ဆိုပါက ရင်သားတွေ အဖွံ့ဖြိုးဆုံးအချိန်မှာ ပြုလုပ်ရမှာဖြစ်ပြီး ရင်သားနံရံတွေပါလိုအပ်ရင်ပြန်ပြုပြင်ရပါတယ်။ အမျိုးသားတွေမှာတော့ ရင်သားနံရံတွေပါဝင်ခြင်းမရှိပါကရင်သားတွေကို ပြန်ပြုပြင်ဖို့မလိုအပ်တတ်ပါတယ်။ ဘယ်လိုမျိုးနည်းလမ်းနဲ့ခွဲစိတ်ရမလဲဆိုတာကတော့ လူနာတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ Poland syndrome ရှိတဲ့လူနာတွေကို ခွဲစိတ်နေကျ ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့သေချာဆွေးနွေးပြီးတော့ ခွဲစိတ်မှုပြုလုပ်သင့်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupမှ ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများမပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/poland-syndrome/
စိတ်ရောဂါထိန်းချုပ်ဆေးနဲ့ ပတ်သက်ပြီး မှားသိထားတဲ့အရာတွေ
Antidepressant လို့ ခေါ်တဲ့စိတ်ကျရောဂါဖြစ်သူတွေရဲ့ ရောဂါလက္ခဏာကို ထိန်းချုပ်ပေးတဲ့ ဆေးနဲ့ ပတ်သက်ပြီး အခုချိန်ထိကို သောက်ရမှာ ကြောက်လန့်စိုးရိမ်နေတဲ့ သူတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။စိတ်ရောဂါနဲ့ ပတ်သက်လာလို့ စိတ်ဆရာဝန်နဲ့ ပြတဲ့အခါ စိတ်ကုထုံး (Therapy) နဲ့ ဆေးဝါးကုထုံး (Medication) ကို လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ခွဲပေးရတာ ရှိနိုင်သလို တွဲပြီးပေးရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီအခါမှာ ဆေးသောက်ရမယ့် လူနာက ကိုယ်သောက်ရမယ့် ဆေးကို ကြောက်နေရင်၊ ဒီဆေးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်တဲ့ စိတ်တွေလွန်ကဲနေရင် ရောဂါပျောက်ဖို့အရေး ပိုဆိုးအောင် လုပ်သလို ဖြစ်သွားနိုင်ပါတယ်။ဒီဆောင်းပါးမှာ စိတ်ရောဂါ သောက်ဆေး (Antidepressant) နဲ့ ပတ်သက်ပြီး လူတွေ မှားယွင်းစွာသိထားကြတဲ့ အချက်တွေကို ပြန်လည် ဖြေရှင်းပေးချင်ပါတယ်။စိတ်ကျရောဂါအတွက်သာမက တခြားသော စိတ်ရောဂါတွေ ဖြစ်တဲ့ စိတ်အတက်အကျ မြန်ခြင်း၊ စွဲလမ်းစိတ် လွန်ကဲခြင်း၊ စိုးရိမ်ပူပန်လွန်ခြင်း၊စိတ်ဖိစီးမှုစတာတွေမှာပါ အသုံးပြုကြပါတယ်။ ဆေးရဲ့ အာနိသင်ကို ကိုယ့်ရဲ့ စိတ်ကို ပုံမှန်အတိုင်းဖြစ်အောင် ငြိမ်စေဖို့ ထိန်းပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ဆေးအညွှန်းမပါဘဲနဲ့ ကိုယ့်သဘောအတိုင်း သောက်လို့တော့ မရပါဘူး။တချို့တွေးပူကြတာက ဒီလို စိတ်ရောဂါသောက်ဆေးတွေဟာအတွေးအခေါ်နဲ့ စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ပေးတာ ဖြစ်လို့ ဆေးများများသောက်လေ၊ ကိုယ့်ရဲ့ နဂိုမူရင်းပုံစံ၊ စိတ်အခြေအနေ၊ ဖြစ်တည်မှုဟာ တခြားတစ်ယောက်အသွင် ပြောင်းလဲသွားမလားဆိုတာပါ။ တကယ်တော့ ဒါက လုံးဝမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ကောင်းခြင်း၊ မကောင်းခြင်း ဆိုတဲ့အရာတွေ၊ အတွေးအခေါ်တွေမှာမှ မကောင်းတဲ့အရာတွေကို ဆက်မတွေးမိစေဖို့ဦးနှောက်အာရုံကြောစနစ်ကို ထိန်းချုပ်ပေးထားရုံ သက်သက်ပါ။ရောဂါလက္ခဏာကို ထိန်းချုပ်ပေးတဲ့ဆေးဆိုတာ မှန်ပေမယ့်စိတ်ရောဂါသက်သာလာလို့ ဆေးဖြတ်လိုက်တဲ့အခါမှာလည်း အရင်တုန်းကလို ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေကို ပြန်ရောက်သွားနိုင်မှာ မဟုတ်ပါဘူး။စိတ်ရောဂါသောက်ဆေးကို လူအများစုက အိပ်ဆေးနဲ့ မှားတတ်ကြပါတယ်။ စိတ်ညစ်လို့ အိပ်မပျော်တာကိုအိပ်ဆေးသောက်အိပ်တဲ့အခါ လူတွေက နဂိုရှိနေတဲ့ စိတ်ရောဂါအခံနဲ့ ဆေးမပါရင် အိပ်မပျော်တော့တာပါ။ စိတ်ရောဂါသောက်ဆေးသည် လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ တွေးနေတဲ့ ပုံမှန်မဟုတ်တဲ့ အတွေးအခေါ်တွေကို ထိန်းချုပ်ပေးလိုက်တဲ့ ဆေးဖြစ်လို့ ဒီဆေးသောက်ပြီး ရောဂါပျောက်သွားရင်လည်းစွဲလမ်းတဲ့စိတ် ကျန်ခဲ့မှာ မဟုတ်ပါဘူး။Antidepressant ရဲ့ အာနိသင်ကို အမှန်တကယ် ခံစားရပြီး စတင်သက်သာလာဖို့ ကြားထဲမှာ အချိန် ၄ ပတ်ကနေ ၆ ပတ်ထိ ကြာနိုင်ပါတယ်။ လူအများစုက တစ်ပတ်လောက် ဆေးသောက်ပြီး မသက်သာဘူးလို့ ကောက်ချက်ချကာ ဆေးဆက်မသောက်ဘဲ ရပ်ပစ်လိုက်တတ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း စိတ်ဆရာဝန်အများစုက စိတ်ကုထုံးနဲ့ ဆေးဝါးအကူအညီ ၂ မျိုးလုံးကို ယူနိုင်ရင် ပိုကောင်းတယ်လို့ အကြံပေးရခြင်း ဖြစ်ပါတယ်။ရိုးရိုး ရောဂါပျောက်အောင် ဆရာဝန်က ဆေးပေးလိုက်တဲ့အခါမှာလည်း ကိုယ်ခန္ဓာနဲ့ဓာတ်မတည့်တာ၊ အာနိသင်မကောင်းတာ၊ တခြားဘေးထွက်ဆိုးကျိုးဖြစ်တတ်သလိုပါပဲ၊ စိတ်ရောဂါ သောက်ဆေးမှာလည်း ဒီတံဆိပ်ကောင်းတယ်ဆိုတိုင်း ကိုယ့်အတွက် ကောင်းချင်မှ ကောင်းနိုင်မှာပါ။ ဆေးကို ပုံမှန်လေးသောက်ပေးပြီး အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အခါမှ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကြည့်ပြီး ဒီဆေး လူနာနဲ့ တည့်သည်၊ မတည့်သည်ကို ဆုံးဖြတ်ပေးနိုင်မှာပါ။ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေက အနည်းနဲ့ အများရှိသလို စိတ်ရောဂါ သောက်ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေက ရှိနိုင်ပါတယ်။ ဥပမာ –ဗိုက်အောင့်ဗိုက်နာတာ၊ ခေါင်းမူးခေါင်းကိုက်တာမျိုးတွေ၊ လိင်တံ မထောင်မတ်နိုင်တာ၊ လိင်စိတ်နည်းသွားတာမျိုးတွေပေါ့။ ဒါပေမယ့် အရမ်းစိုးရိမ်ရလောက်အောင် ပြင်းထန်တာမျိုး မဟုတ်ပါဘူး။ ဆေးအမျိုးအစား ပြောင်းပေးတာ၊ သောက်ရန် ပမာဏ လျှော့ပေးတာ၊ လက္ခဏာကို သက်သာစေမယ့် ဆေးတွေ ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။Antidepressant တွေဟာ ရေတိုအတွက်စိတ်ခံစားချက်ကို ထိန်းချုပ်ပေးတာဖြစ်ပြီး တစ်သက်လုံး စွဲပြီး သောက်သွားဖို့တော့ မလိုပါဘူး။ ရောဂါထိန်းချုပ်နိုင်ပြီးတဲ့အချိန်မှာ ဆေးအကူအညီမလိုဘဲနဲ့ စိတ်ကုထုံးနဲ့သာ ကိုယ့်စိတ်ကို ပုံမှန်အတိုင်းပဲ ဖြစ်နေအောင် ထိန်းထားလို့၊ ပုံသွင်းပေးလို့ ရပါတယ်။စိတ်ဆိုတာလည်း ခန္ဓာကိုယ်ကို ရှေ့ဆက်တိုးစေဖို့ ပဲ့ကိုင်ပေးနေတဲ့ အထိန်းဖြစ်တာကြောင့် အမှုမဲ့ အမှတ်မဲ့မနေဘဲ တစ်ခုခု ပြဿနာရှိလာပြီဆိုတာနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသကြည့်စေချင်ပါတယ်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%86%e1%80%b1%e1%80%b8/
Micellar Water ရဲ့ အသားအရေအတွက် အကျိုးသက်ရောက်မှုများ
အသားအရေကျန်းမာလှပတာကလည်း လူတစ်ယောက်ကိုအလှတိုးစေနိုင်တဲ့အချက်တစ်ခုပါ။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်ထားမယ်ဆိုရင် လူအများကြားမှာ ထင်ပေါ်နေမှာဖြစ်ပါတယ်။ အသားအရေလှပဖို့ ဆိုတဲ့ နေရာ မှာလည်း ကိုယ်တိုင်ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ အသားအရေထိန်းသိမ်းနည်းတွေကို အင်တာနက်၊ Facebook တို့ကနေတဆင့် အလွယ်တကူဖတ်ရှု့နိုင်နေပြီဖြစ်သလို အသားအရေထိန်းသိမ်းတဲ့ပစ္စည်းအမျိုးမျိုးကိုလည်းဈေးကွက်ထဲမှာ အလွယ်တကူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။အသားအရေကို ကျန်းမာလှပစေဖို့ဆိုရင် အရင်ဆုံးလုပ်သင့်တာတစ်ခုက မျက်နှာကိုသန့်စင်ပေးဖို့ပါ။ မိမိအသားအရေနဲ့လိုက်ဖက်မယ့် အပျော့စား Facial Foam ကိုအသုံးပြုပြီးမျက်နှာကို လက်ချောင်းလေးတွေနဲ့ဖြည်းညင်းစွာနှိပ်နယ်ပေးပြီး မျက်နှာတစ်ပြင်လုံး သန့်စင် သွားအောင် လုပ်ပေးခြင်းက မျက်နှာကိုသန့်စင်စေရုံမကသွေးလှည့်ပတ်မှုကိုလည်းကောင်းမွန်စေတာကြောင့် မျက်နှာ အသားအရေကို စိုပြည်စေပါတယ်။ မျက်နှာသန့်စင်တဲ့နေရာမှာ တစ်နေ့တာလုံးလိမ်းထားတဲ့ မိတ်ကပ်တွေက မျက်နှာသစ်ရုံနဲ့ သန့်စင်သွားမှာ မဟုတ် တာကြောင့် မိတ်ကပ်ဖျက်ဆေး သုံးပေးရပါမယ်။ မိတ်ကပ်ဖျက်ဆေးသုံးပြီးတဲ့အခါချွေးပေါက်တွေထဲမှာကအစ အညစ်အကြေး တွေကို မကျန်ရစ်စေချင်ဘူးဆိုရင်တော့ အခုနောက်ပိုင်းအလှအပထိန်းသိမ်းရာမှာ အရေးပါလာတဲ့ အသားအရေ ထိန်းသိမ်း တဲ့ပစ္စည်း တစ်မျိုး ဖြစ်တဲ့ Micellar Water ဆိုတာကိုသုံးပေးလို့ရပါတယ်။ Micellar Water သုံးပြီးတဲ့အခါ မျက်နှာထပ်သစ်ဖို့ မလိုတော့ပါဘူး။ Makeup remover ကိုသုံးပြီး မျက်နှာပေါ်က မိတ်ကပ်တွေကို ဖျက်ထားတာဆိုရင်တော့ မျက်နှာကို Facial Foam သုံးပြီးသန့်စင်ပေးရပါမယ်။ မျက်နှာကိုသန့်စင်ပြီးရင်တော့ ညလိမ်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ပါ။ဖော်ပြခဲ့တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း တွေကတော်တော် လေး ရင်းနှီးပြီးသားဖြစ်မှာပါ။ Micellar Water ကတော့ နည်းနည်းစိမ်းနေမယ်ထင်ပါတယ်။ ဒီနေရာမှာ Micellar Water အကြောင်း လေး အသေအချာပြောပြချင်တယ်။ယနေ့ခေတ်အသားအရေထိန်းသိမ်းမှုအတွက်အသုံးပြုတဲ့အလှကုန်တွေထဲမှာရေတွေ၊ဆပ်ပြာတွေမလိုဘဲ မျက်နှာကို သန့်စင် ပေးနိုင်တဲ့micellar water ကလည်းတစ်ခုအပါအဝင်ဖြစ်လာနေပါတယ်။micellar water ကိုတစ်ချို့က တိုနာ အစားမှားယွင်း အသုံးပြုနေတာမျိုးတွေရှိနေပါတယ်။ အမှန်ကတော့micellar water က makeup remover အနေနဲ့သုံးစွဲရတာပါ။ micellar water ကပုံမှန်အားဖြင့်တော့ သန့်စင်တဲ့ရေထဲမှာmicelles (သို့မဟုတ်) အညစ်အကြေးတွေကိုသန့်စင်ပေးတဲ့သေးငယ်တဲ့molecule လေးတွေကို ထည့်သွင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။micellar water ကမျက်နှာပေါ်မှာmakeup remover သုံးပြီးဖျက်ပေမယ့် မစင်ဘဲကျန်ရစ်ခဲ့တဲ့ အညစ်အကြေးတွေကိုချွေးပေါက်တွေထဲမှာပါကျန်မနေအောင်သန့်စင်ပေးပါတယ်။micellar water ကို အသုံးပြုမယ်ဆိုရင် အရင်ဆုံး ပုလင်းကိုလှုပ်ပေးရမှာပါ။ပြီးမှဝါဂွမ်းစနဲ့တို့ပြီး မျက်နှာပေါ်ကမိတ်ကပ်တွေရှိနေတဲ့နေရာကို ခဏ လောက်အုပ်ထားပေးပြီး ဖျက်လိုက်ရုံပါ။ Alcohol မပါဝင်တာကြောင့် အသားအရေခြောက်သွေ့ယားယံပျက်စီး တာမျိုးတွေ လည်းမဖြစ် စေပါဘူး။micellar water နဲ့မျက်နှာကိုသန့်စင်ပြီးတဲ့အခါ မျက်နှာကိုထပ်သစ်ဖို့မလိုအပ်တာကလည်းMicellar water ရဲ့အားသာ ချက်တစ်ခုပါ။(၁) မိတ်ကပ်ဖျက်ရာမှာ အဆင်ပြေစေခြင်း။Micelle moleculesတွေကမျက်နှာအသားအရေပေါ်မှာရှိတဲ့ချွေးပေါက်တွေထဲက အဆီတွေကိုစုပ်ယူပေးနိုင်စွမ်းရှိပါတယ်။Maybelline micellar water မှာပါတဲ့Micelle moleculesတွေက သံလိုက်ဓါတ်လိုမျိုးမွှေးညှင်းပေါက်တွေထဲက အဆီတွေ၊၊ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ စုပ်ယူပေးပြီး မျက်နှာအသားအရေပေါ်က အညစ်အကြေးတွေ အားလုံးကိုသန့်စင်စေပေးနိုင်ပါတယ်။ မျက်နှာအသားအရေမှာ အဆီပြန်တာ၊ခြောက်သွေ့ယားယံတာမျိုးလည်းမဖြစ်စေပါဘူး။ လန်းဆန်းသန့်ရှင်းတဲ့ခံစားမှုကိုရရှိစေပါတယ်။(၂) အသားအရေကိုရေဓါတ် နဲ့ အာဟာရ ဖြည့်ပေးခြင်း။Maybelline micellar water မှာဆပ်ပြာ၊ အယ်လ်ကိုဟော နဲ့အခြားအပြင်းစား ဓါတုပစ္စည်းတွေမပါဝင်တာကြောင့် အရေပြားကို ခြောက်သွေ့ တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။Maybelline micellar water အသုံးပြုပြီးတဲ့အခါ မျက်နှာမှာအစိုဓါတ်ကျန်ရှိနေစေပြီး မျက်နှာ အသားအရေကိုတောက်ပစေသလို နူးညံ့စိုပြည်စေပါတယ်။(၃) အသားအရေအမျိုးအစားအားလုံးအတွက် သင့်တော်ခြင်း။Maybelline Micellar water သန့်စင်တဲ့ရေကို အခြေခံပြီးထုတ်ထားတာဖြစ်တာကြောင့် အရေပြားကိုနီမြန်း ရောင်ရမ်းတာမျိုး တွေ၊ ထိခိုက်ပျက်စီးတာမျိုးတွေမဖြစ်စေနိုင်တာကြောင့် အသားအရေအမျိုးအစား အားလုံးအတွက် အထူးသင့်တော်ပါတယ်။ မျက်နှာ တစ်ပြင် လုံးကို သန့်စင်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ချွေးပေါက်ထဲက အဆီတွေနဲ့ ဆဲလ်သေတွေကိုပါ ဖယ်ရှား ပေးနိုင်စွမ်းရှိပါတယ်။(၄) အသားအရေကိုကြည်လင်သန့်စေနိုင်ခြင်း။micellar water ကအရေပြားပေါ်က ဆဲလ်သေတွေမွှေးညှင်းပေါက်တွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို အညစ်အကြေး တွေကို သဘာဝအတိုင်းသန့်စင်ပေးတာကြောင့် ဝက်ခြံတွေမဖြစ်အောင်လည်း ကာကွယ်ပေးတဲ့အပြင် အသားအရေကိုလည်း ကြည်လင် စိုပြည်စေနိုင်ပါတယ်။micellar water ကိုသုံးတဲ့အခါ ဂွမ်းစလေးမှာစွတ်ပြီး အသာအယာသုတ်ပေးရုံနဲ့ အညစ်အကြေးတွေကို သန့်စင် ပေးနိုင်တာကြောင့် အရေပြားကိုအတင်းဖိပွတ်တာမျိုးကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။Micellar water ကိုမျက်နှာအသားအရေပေါ်က မိတ်ကပ်တွေနဲ့မွှေးညှင်းပေါက်တွေထဲက မိတ်ကပ်တွေ၊ အဆီနဲ့ဆဲလ်သေတွေအပြင် မျက်နှာတစ်ခုလုံးမှာပြင်ဆင်ခြယ်သထားတဲ့အောက်ခံမိတ်ကပ်၊ eyeliner နဲ့ နှုတ်ခမ်းနီတွေကိုပါသန့်စင်ဖို့အတွက် အသုံးပြုပေးလို့ ရပါ တယ်။Micellar water ကိုအသုံးပြုပေးတာမျက်နှာကိုဆေးကြောသန့်စင်တဲ့အခါမှာ ပိုမိုလွယ်ကူသွားစေပါတယ်။ ခရီးသွားတဲ့အခါ မှာလည်း မျက်နှာသစ်ဆေးနဲ့ မိတ်ကပ်ဖျက်ဆေးတွေအစားMaybelline Micellar Water ကိုသယ်ဆောင်သွားရုံနဲ့တင် မျက်နှာသန့်စင် ဖို့အတွက်ကလုံလောက်နေပြီ ဖြစ်ပါတယ်။Micellar Water ဝယ်ယူတဲ့အခါတစ်ခု သတိထားရမှာက အသားအရေကို ထိခိုက်မှု မဖြစ်စေ ဖို့အတွက် Alcohol မပါဝင်တဲ့Micellar Water ကိုရွေးချယ်ဝယ်မိဖို့ပါ။ Maybelline ကနေထုတ်လုပ်တဲ့Micellar Water ဟာဆို ရင် Alcohol ပါဝင်မှု၊ ရနံ့ပါဝင်မှု၊ အဆီပါဝင်မှု မရှိတဲ့ Formula နဲ့ ဖော်စပ်ထားတဲ့အပြင် မျက်လုံးနှင့် မျက်အိမ်ကိုလဲ ဘေးဥပါဒ် မဖြစ်စေတဲ့ Formula ( Dramatologist and Ophthalmologically tested) နဲ့ပါ ဖော်စပ်ထားတဲ့အတွက် Sensitive Skin ပိုင်ရှင်များ သုံးမယ်ဆိုရင်တောင် အသား အရေနဲ့ မတည့်တာ၊ ယားယံပြီး အနီပိန့်တွေထတာလိုမျိုးတွေ လုံးဝမဖြစ်နိုင်တဲ့အပြင် မတော်တဆ မျက်စိထဲ ဝင်တာတွေ ဘာတွေမှာ တောင် စပ်တာ ယားယံတာ လုံးဝမရှိနိုင်ပါဘူး။ မျက်ကပ်မှန် တပ်တဲ့သူတွေပါ စိတ်ချလက်ချ သုံးနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/micellar-water-%e1%80%80%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%80%e1%80%ad%e1%80%af%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%80%e1%80%ba/
အမြဲ တက်ကြွလန်းဆန်းနေစေဖို့
အလုပ်ခွင်ထဲမှာ၊ လူမှု ပတ်ဝန်းကျင်မှာ အမြဲလိုလိုတက်ကြွ လန်းဆန်းနေသူတွေ ရှိတတ်ပါတယ်။ ဒီလို လူတွေကို မြင်တိုင်း အားကျနေမိလား။ ကိုယ်တိုင်ရော သူတို့လို တက်ကြွ လန်းဆန်းချင်စိတ် မရှိဘူးလား။ ဒီအဖြေကို ‘အင်း’ လို့ ဖြေမယ်ဆိုရင်တော့ ဒီ ဆောင်းပါးလေးက ဖြစ်ချင်တဲ့ ဆန္ဒကို ပြည့်ဝစေဖို့ ဆောင်ကြဉ်းပေးနိုင်မှာပါ။ အမြဲ တက်ကြွလန်းဆန်းနေစေဖို့ လိုက်နာရမှာလေးတွေကိ ပြောပြပေးမယ်နော်။ဆေးဝါးအကူအညီ မယူဘဲသဘာဝအတိုင်းအမြဲ တက်ကြွလန်းဆန်းနေစေဖို့ ဆိုရင်။လှုပ်ရှားမှုကခန္ဓာကိုယ်ကသွေးစီးဆင်းမှုကို ကောင်းစေပြီး အင်အား ပြည့်ဝစေသလို လန်းဆန်း တက်ကြွစေဖို့ အားဖြည့်ပေး ပါတယ်။သကြားလုံးတွေ၊ အချိုစာတွေ စားတာကလန်းဆန်းစေပေမယ့် မိနစ်ပိုင်းလောက်ပဲ ခံတာပါ။ ၁၀ မိနစ်လောက်လမ်းလျှောက်တာက ၂ နာရီလောက် အင်အားပြည့်ဝနေစေပြီး လန်းဆန်း တက်ကြွနေစေမှာပါ။အစားစားတဲ့အခါ အချိုများတာတွေက မြန်မြန် အားပြည့်စေပေမယ့် ခပ်မြန်မြန်ပဲခြေကုန်လက်ပမ်းကျစေပါတယ်။ ဒါကြောင့် အစားအစာ ရွေးချယ်တဲ့အခါ ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေမယ့်။နေရောင်နဲ့ ထိတွေ့တာက ကောင်းကောင်း အိပ်ပျော်စေသလို စိတ်ပျော်ရွှင်စေဖို့လည်း ထောက်ပံ့ပေးပြီးစိတ်ဓာတ်ကျမှုကင်းစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာမနက်ခင်းနေရောင်ခြည်ကို မိနစ် ၃၀ လောက် ခံပေးပါ။အသက် ဝဝရှူတာက သွေးတွင်း အောက်ဆီဂျင် ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ အသက်ကို ခပ်ဝဝရှူလိုက်တိုင်းနှလုံးခုန်နှုန်းနှေးသွားတယ်။သွေးတိုးကျတယ်။ သွေးလည်ပတ်မှု ကောင်းပြီး ခန္ဓာကိုယ် အင်အား ပြည့်စေသလို စိတ်ခံစားမှု ကောင်းစေပါတယ်။ဒါကြောင့် ပုံမှန် အသက်ရှူ လေ့ကျင့်ခန်း လုပ်ပေးပါ။ တစ်နေ့ကို ၁၀ ကြိမ်လောက် လုပ်ပေးရုံနဲ့စိတ်ရော ကိုယ်ပါလန်းဆန်း တက်ကြွစေမှာပါ။တစ်ညတာကို ၈ နာရီ ပုံမှန် အိပ်ချိန် ရှိပါစေ။ ကောင်းမွန် ပြည့်ဝတဲ့ အိပ်စက်ချိန်က သင့်ကို တက်ကြွ လန်းဆန်းနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။တက်ကြွ လန်းဆန်းနေချင်ရင် အခုပြောတဲ့ အလေ့အထလေးတွေကို မွေးမြူ ပျိုးထောင် ကြည့်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/how-to-stay-awake-naturally/
ကလေးယူရန် အစီအစဉ်ရှိလျှင် ဆရာဝန်နှင့် ပြသင့်ပါသလား
သင့်ဘဝထဲကို ရင်သွေးငယ်တဦးဝင်လာရန် သင်အဆင်သင့်ဖြစ်နေပြီဆိုလျှင် မကြာမီတွင် သင်သည် ပျော်ရွှင်စရာများကို ပိုင်ဆိုင်ရတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကိုယ်ဝန်ရနိုင်ချေကိုများလာစေရန် ပြုမူနေထိုင်သင့်သည့်နည်းလမ်းများကို ဆရာဝန်နှင့် တိုင်ပင်ခြင်းဖြင့် သင့်တွင်ကြုံတွေ့ရနိုင်သော ကလေးရရန်ခက်ခဲနေသည့် ပြသနာများကိုပါ ပြေပျောက်စေနိုင်ပါသည်။သင်သည် ကလေးယူရန်အစီအစဉ် ရှိပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့် တွေ့ဆုံကာ သင်သည် မိခင်လောင်းတဦးဖြစ်ရန် အဆင်သင့်ဖြစ်မဖြစ် ပုံမှန်စစ်ဆေးမှုများပြုလုပ်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် အချိန်မရွေးပြုလုပ်နိုင်သလို ကိုယ်ဝန်ယူရန် အစီအစဉ်မဆွဲမီ တစ်နှစ်အကြိုလောက်ကတည်းက စီစဉ်သင့်ပါသည်။သို့သော် သင့်ကျန်းမာရေး အခြေအနေနှင့် သင်သောက်နေသောဆေးများ၊ သင့်နေထိုင်မှုပုံစံများက ကိုယ်ဝန်ဆောင်ရန် အဟန့်အတားတခုဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သင်နှင့် သင့်ကလေး၏ကျန်းမာရေးကို စိတ်ချရစေရန် ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့်တိုင်ပင်ပြီး ကိုယ်ဝန်မဆောင်ခင်ကတည်းက ကျန်းမာရေး စစ်ဆေးမှုများခံယူသင့်ပါသည်။သင်သည် အသက် ၃၅ နှစ်အောက် အမျိုးသမီးဖြစ်ပြီး အမျိုးသားနှင့်အတူ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို တစ်နှစ်ကျော်ပြုလုပ်သည့်တိုင် ကလေးမရပါက မျိုးဆက်ပွားကျန်းမာရေး အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။သင်သည် အသက် ၃၅နှစ်အထက်ဖြစ်ပါက။အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ၆ လခန့်ပြုလုပ်သည့်တိုင် ကလေးမရပါက မျိုးဆက်ပွားကျန်းမာရေး အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ကလေးမရခြင်းသည် အချို့သော အခြေအနေများကြောင့် ဖြစ်နိုင်သဖြင့် အောက်ပါကျန်းမာရေးအခြေအနေများရှိပါက အထူးကုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။· ခါးအရိုးကွင်းထဲတွင်ရှိသော အတွင်းပိုင်းအင်္ဂါများရောင်ရမ်းသော ရောဂါ။· သားအိမ်တွင် အသားလုံးများဖြစ်ခြင်း။· သားအိမ်နံရံရှိတစ်သျူးများ အခြားနေရာတွင်ဖြစ်တည်နေသောရောဂါ။· မျိုးဥအိမ်တွင် ရေအိတ်များဖြစ်ခြင်း။· လိင်မှတဆင့် ကူစက်သောရောဂါများ(Ganorrhoea နှင့် Chalamydia ပိုးများ )။· မျိုးဥပြွန်တွင်ရောဂါပိုးဝင်ခြင်း၊ နေရာမှားသန္ဓေတည်ခြင်း နှင့် ခွဲစိတ်မှုများခံယူခဲ့ခြင်းတို့ကြောင့် သားဥပြွန်ပိတ်သွားခြင်း။· ဗိုက်နှင့် ခါးအောက်ပိုင်းခွဲစိတ်မှုများခံယူဖူးခြင်း။· ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ သိုင်းရွိုက်ဟော်မုန်းရောဂါစသည့် နာတာရှည်ရောဂါများရှိခြင်းတို့ဖြစ်ပါသည်။အကယ်၍ သင့်ဆရာဝန်ကသင့်တွင် တိကျသောရောဂါလက္ခဏာများရှာမရဖြစ်နေပါကလည်း အချို့သောရောဂါလက္ခဏာများနှင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများက သင်ကိုယ်ဝန်ရနိုင်ချေအတွက် လျော့နည်းစေသော အကြောင်းရင်းမျာဖြစ်လာပါလိမ့်မည်။ထို့ကြောင့် သင်သည် အောက်ပါလက္ခဏာများလည်း ခံစားနေရပြီး ကိုယ်ဝန်လည်းမရဖြစ်နေပါက။ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့် ပြသသင့်ပါသည်။· နေ့စဉ်နေ့တိုင်း ခါးအောက်ပိုင်းတွင် နာကျင်နေလျှင်။· ဦးခေါင်းဆံပင်များကျွတ်နေလျှင်။· ဝက်ခြံများ ဆိုးရွားစွာပေါက်လျှင်။· မျက်နှာနှင့်ကိုယ်တွင် အမွှေးအမျှင်များ ထူထဲလာလျှင်။1. သားအိမ်ချွဲမြှေးယူပြီးစစ်ဆေးခြင်း။2. သိုင်းရွိက်ဟော်မုန်းစစ်ဆေးခြင်း။3. သုတ်ကောင်ရေစစ်ခြင်း။4. မျိုးဥကြွေချိန်တွင် ကိုယ်ပူချိန်တိုင်းတာခြင်း။5. HIV ပိုးစစ်ခြင်း။6. ရေယုန်များရှိမရှိ စစ်ဆေးခြင်း။7. အသည်းရောင် အသားဝါ A ,B ပိုးများစစ်ဆေးခြင်း။8. လိင်မှတဆင့် ကူးစက်သော ရောဂါများစစ်ဆေးခြင်း။9. မိန်းမကိုယ်တွင် Ganorrhoea နှင့် Chalamydia ပိုးများရှိမရှိစစ်ဆေးခြင်း။10. ဂျိုက်သိုးများကို စစ်ဆေးခြင်း(ဂျိုက်သိုးကို စစ်ဆေးရာတွင် ခန္ဓါကိုယ်ထဲတွင် ဂျိုက်သိုးအတွက် တုန့်ပြန်နိုင်သည့် ကိုယ်ခံအားရှိမရှိစစ်ဆေးခြင်းဖြစ်သည်။ မရှိပါက ကာကွယ်ဆေးကို ကိုယ်ဝန်မဆောင်မီ ထိုးရမြည်ဖစ်ပြီး ဆေးထိုးပြီး အချိန်အပိုင်းအခြားတခုကြာမှသာလျှင် ကိုယ်ဝန်ဆောင်ရမြည်ဖစ်သည်။)။11. ရေကျောက်စစ်ဆေးမှုများ။12. Parvo B 19 ဗိုင်းရပ်စ်ပိုးများစစ်ဆေးခြင်း။13. Cytomegalo ဗိုင်းရပ်စ်ပိုးများစစ်ဆေးခြင်း။14. Toxoplasma ဗိုင်းရပ်စ်ပိုးများစစ်ဆေးခြင်း။15. မိခင်လောင်းနှင့် ဖခင်လောင်းတို့၏ Rh (အပေါင်းအနှုတ်သွေး) အမျိုးအစားကို စစ်ဆေးခြင်း။16. သွေးနီဥများစစ်ဆေးခြင်း နှင့်သွေးအားများစစ်ဆေးခြင်း။17. ကြွက်နို့ ဗိုင်းရပ်စ်ပိုးများစစ်ဆေးခြင်း။18. မိန်းမကိုယ်တွင်ဖြစ်သော မှိုရောဂါများစစ်ဆေးခြင်း။မည်သို့ပင်ဆိုစေကာမူ သင်သည် ရင်သွေးယူရန်ပြင်ဆင်ထားပြီးဖြစ်ပါလျှင် ကြုံတွေ့လာရမည့် အခက်အခဲပြသနာများကို ဖြေရှင်းနိုင်ရန် ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူများနှင့် တိုင်ပင်ကာ သူတို့ပေးသော အကြံဉာဏ်များ၊ လမ်းညွှန်မှုများနှင့် ကုသမှုများ ခံယူသင့်ပါသည်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9a%e1%80%b0%e1%80%9b%e1%80%94%e1%80%ba-%e1%80%a1%e1%80%85%e1%80%ae%e1%80%a1%e1%80%85%e1%80%89%e1%80%ba%e1%80%9b%e1%80%be%e1%80%ad%e1%80%9c%e1%80%bb%e1%80%be/
မီးနေသွေး ဆင်းခြင်း
အမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီ သူ့ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ ပြောင်းလဲမှုတွေကို ခံစားရတာပါ။ မီးဖွားချိန်မှာရော မီးတွင်းမှာရောပဲ။ မီးတွင်းမှာဆိုရင်လည်း သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ကြုံတွေ့နေရပါသေးတယ်။ ဒီထဲမှာ မီးနေသွေး ဆင်းတာလည်းပါပါတယ်။ မွေးပြီးခါစမှာ မိခင်တွေက မိန်းမကိုယ်ကသွေးဆင်းရင် တစ်ခုခုဖြစ်တယ်ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သားဦးအမေတွေဆိုရင်ပိုဆိုးပါတယ်။ ဒါကြောင့် မီးနေသွေးဆိုတာဘာလဲ။ ဘယ်လောက်ကြာအောင်ဆင်းမှာလဲ။ အန္တရာယ်ရှိလားဆိုတာကို လေ့လာကြည့်ရအောင်။မီးနေသွေးကို ဆေးပညာအရLochiaလို့ခေါ်ပါတယ်။ မွေးပြီးတဲ့နောက်မှာရာသီသွေးဆင်းသလိုမျိုး ဆင်းတာပါ။ သွေးတွေရော အချွဲတွေရောဆင်းတာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးလေးကို အာဟာရပေးခဲ့ရတဲ့ တစ်ရှူးတွေ၊ ကလေးလေးနေဖို့ သားအိမ်နံရံထူပေးခဲ့ရတာတွေက ခုချိန်မှာ မလိုအပ်တော့တာကြောင့် သွေးတွေ အချွဲတွေအနေနဲ့ ဆင်းတာပါ။ ဒါကြောင့်ရိုးရိုးပဲမွေးမွေး၊ခွဲပဲမွေးမွေးမီးနေသွေးက ဆင်းမှာပါပဲ။မွေးပြီးပြီးချင်း ၁၀ရက်လောက်ထိတော့ သွေးဆင်းများနေမှာပါ။ နည်းနည်း နည်းနည်းဆင်းတာကတော့ ၄ပတ်ကနေ ၆ပတ်အထိကြာနိုင်ပါတယ်။ တစ်ယောက်နဲ့  တစ်ယောက်တော့ မတူနိုင်ဘူးပေါ့။မွေးပြီး ၁ရက်ကနေ ၃ရက်အထိ သွေးက ရာသီလာသလိုမျိုး အနီရောင်တွေဆင်းနေမှာပါ။ သွေးခဲလေးတွေလည်းပါတတ်ပါတယ်။ ၄ရက်မြောက်ကနေ ၇ရက်အထိ ပန်းရောင် ဒါမှမဟုတ် အညိုရောင်ဆင်းပါတယ်။ သွေးခဲတွေ ပါချင်မှပါတော့မှာပါ။ တစ်ပတ်ကျော်သွားရင်တော့ အဝါဖျော့ဖျော့ ဒါမှမဟုတ် အဖြူရောင်ဆင်းပါတယ်။ ၃ပတ်ကနေ ၆ပတ်ဆိုရင် ဆင်းတာရပ်သွားပါပြီ။စစဆင်းချင်းဆိုရင် များတဲ့အတွက် စုပ်ယူမှုအားကောင်းတဲ့padကို ခံရမှာပါ။ နောက်ပိုင်းကျရင်တော့ သာမန်padကိုပဲ ခံလို့ရပါပြီ။ ပိုးမဝင်အောင် padကို ခဏ ခဏလဲပေးပါ။Tamponမသုံးပါနဲ့။မွေးပြီး ၁ပတ်ကျော်လောက်ဆိုရင် သွေးဆင်းနည်းသွားပါပြီ။ ဒါပေမယ့် ဒီအချိန်မှာတော့ သွေးဆင်းများတတ်ပါတယ်။မီးနေသွေးဆိုတာ မိခင်တိုင်းကြုံရတာမို့လို့ ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမယ့် သွေးဆင်းတဲ့အချိန်မှာ သက်တောင့်သက်သာဖြစ်အောင်တော့နေလို့ရပါတယ်။ နည်းလမ်းတွေကတော့။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/%e1%80%99%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8-%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဗိုက်ခွဲမွေး ထားတဲ့ မေမေတွေနဲ့ နောက်ဆက်တွဲ ခါးနာခြင်းဝေဒနာ
ရိုးရိုးမွေးတာမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဗိုက်ခွဲမွေး ရတဲ့ အခြေအနေမျိုး ကြုံလာရနိုင်ပါတယ်။ ဒီလို ဗိုက်ခွဲမွေးပြီးသွားရင် နောက်ဆက်တွဲ ကြုံလာရနိုင်တဲ့ ပြဿနာတွေထဲမှာ ဗိုက်ခွဲထားတဲ့ ဒဏ်ရာ ပိုးဝင်ခြင်း၊ ကိုယ်လက်အရိုးအဆစ်များ ကိုက်ခဲခြင်းနဲ့ ခါးနာခြင်းတွေလည်း အပါအဝင်ပါပဲ။ ဒီဆောင်းပါးမှာတော့ ဗိုက်ခွဲမွေးထားတဲ့ မေမေတွေနဲ့ခါးနာခြင်း အကြောင်းရင်းနဲ့ ဘယ်လိုကုသနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးမှာဖြစ်ပါတယ်။အမျိုးသမီးတွေ အပျိုဖော်ဝင်ချိန်၊ရာသီလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားပြီးချိန်၊ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်နိုင်သလို အဲ့ဒါရဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ကလေးကို ကောင်းစွာမွေးထုတ်နိုင်စေဖို့ အရွတ်နဲ့ အရိုးအဆစ်တွေ ပျော့သွားစေရန် ခန္ဓာကိုယ်ကဟော်မုန်းတစ်မျိုး ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ကိုယ်လက်လှုပ်ရှားမှု၊ အလေးအပင်လေး နည်းနည်းမလိုက်တာမျိုး၊ ခါးနည်းနည်း ကုန်းလိုက်တာမျိုး လုပ်မိလိုက်တာနဲ့ ခါးနာခြင်း ဖြစ်စေပါတယ်။မီးဖွားပြီးတာနဲ့ အမျိုးသမီးအများစုဟာ ငယ်ရွယ်စဉ်ကလို ပိန်သွယ်တဲ့ ခန္ဓာကိုယ်မျိုး မဟုတ်တော့ဘဲကိုယ်အလေးချိန်တွေ မြင့်တက်လာနိုင်ပါတယ်။ ကိုယ်အလေးချိန် စစချင်းတက်တဲ့အချိန်မှာ ခန္ဓာကိုယ်က အရင်ကထက် ပိုများတဲ့ အလေးချိန်ကို ထိန်းညှိနေရတဲ့အတွက် ခါးနာတာမျိုး ဖြစ်နိုင်ပါတယ်။ဒါကတော့ ရိုးရိုးမွေးတဲ့ မိခင်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကလေးမွေးပြီးကာစအချိန်တွေမှာ ကလေးအတွက်ကိုပဲ အာရုံစိုက်မိပြီး နို့တိုက်ဖို့၊ သေးခံအဝတ်လဲဖို့၊ ကလေးရဲ့ ကျန်းမာရေးကို စောင့်ကြည့်ဖို့၊ ဝမ်းမှန်မမှန် စစ်ဖို့၊ ကလေးငိုရင် ချော့ဖို့ အစရှိသဖြင့် မကြာခဏဆိုသလို ထထကြည့်ရတယ်၊ ချီမနေရတယ်။ အဲ့ဒီဒဏ်တွေဟာ ကိုယ်မသိလိုက်ခင်လေးမှာပဲ ခါးကိုက်ခါးနာတဲ့ ဝေဒနာကို ခံစားရစေဖို့ ဖန်တီးပေးလိုက်ပါတယ်။ကလေးနို့စို့ရတာ အဆင်ပြေစေဖို့ဆိုပြီး ကိုယ်ခန္ဓာအနေအထားကို အတည့်အတိုင်း မနေဘဲ အနည်းငယ် ကုန်းပေးထားရပါတယ်။ နို့တိုက်ရင်းနဲ့လည်း ကလေးကောင်းကောင်း နို့စို့ရဲ့လားဆိုပြီး ကလေးရဲ့ မျက်နှာကို စိမ့်စိမ့်ငေးကြည့်ရင်း ကြည်နူးပီတိတွေ ဖြာရပါတယ်။ ဒါကတော့ ကောင်းတဲ့ အချက်ပေါ့။ မကောင်းတာကတော့ ခါးကို အမြဲကုန်းထားရသလို၊ ဇက်ကို အမြဲငုံ့ကြည့်နေရတာမျိုး ဖြစ်သွားတဲ့အတွက် မိခင်အနေနဲ့ ခါးနာတာအပြင် ဇက်ကြောတက်တာ၊ ညောင်းကိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ဗိုက်ခွဲမွေး ပြီဆိုတာနဲ့ထုံဆေးက မဖြစ်မနေကို ထိုးသွင်းဖို့ လိုလာပါပြီ။ ပုံမှန်အားဖြင့် ထုံဆေးအများစုက ပြဿနာမရှိပေမဲ့ ကိုယ်နဲ့ သိပ်ပြီး သဟဇာတမဖြစ်တဲ့ ထုံဆေးအမျိုးအစားကို သွင်းမိလိုက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ ခါးနာတာမျိုး ဖြစ်နိုင်ပါတယ်။ ထုံဆေးအရှိန်ပြယ်ပြီး ရက်သတ္တပတ်အနည်းငယ်မှ လပိုင်းအထိ ခါးနာနိုင်ပါတယ်။ခုပြောပြမယ့် အချက်တွေက မိခင်ကိုယ်တိုင် လုပ်ယူပြောင်းလဲရမယ့် နေထိုင်မှုပုံစံ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သေချာလုပ်ပေးမယ်ဆိုရင်တော့ ခါးကိုက်ခါးနာတာကို ကာကွယ်ပေးနိုင်သလို ဝေဒနာခံစားနေရရင်လည်း ရက်တိုစေပြီး ပျောက်ချိန်မြန်စေနိုင်ပါတယ်။• ကလေးကိုနို့တိုက်နေတဲ့အချိန် တတ်နိုင်သလောက် ခါးကို မတ်မတ်ဆန့်ထားပါ။• ခေါင်းကို အရမ်းငုံ့ပြီး ကလေးကို မကြည့်ပါနဲ့။• ကလေးကို ချီမတော့မယ်ဆိုရင် ခါးကို မကုန်းလိုက်ပါနဲ့၊ ခါးကို အဖြောင့်အတိုင်းပဲထား၊ ဒူးကွေးပြီး ဖြည်းဖြည်းချင်း ကလေးကို မပါ။• ရေချိုးတဲ့အခါ အရမ်းပူတာမျိုး မဟုတ်တဲ့ ရေကျက်နွေးနဲ့ ရေချိုးပေးပါ၊ ရေစိမ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။•ယောဂကျင့်တာ၊ တရားထိုင်တာ၊ အားအင် အရမ်းစိုက်ထုတ်စရာမလိုတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။• ဗိုက်ခွဲမွေး ပြီး အနာမကျက်မချင်း ကောင်းကောင်းအနားယူပါ၊ အိမ်အလုပ်တွေကို မိသားစုဝင်အားလုံး ခွဲဝေလုပ်ကိုင်ဖို့ ပြောပေးပါ။• ခင်ပွန်းဖြစ်သူကို ဇက်၊ ခါးတွေကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးဖို့ အကူအညီတောင်းပါ။• ဆရာဝန်ညွှန်ကြားချက်နဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်ပေးလို့ရပါတယ်။ဒီအချက်တွေက မိခင်ကိုယ်တိုင် လုပ်ရမှာဆိုပေမယ့် ခင်ပွန်းသည်၊ မိဘဆွေမျိုးတွေ၊ သားသမီးတွေအနေနဲ့လည်း ဘေးကနေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအားဖြင့် ဝိုင်းဝန်ကူညီပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ဗိုက်ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ ကိုယ့်ကျန်းမာရေးနဲ့ ခွဲထားတဲ့ အနာကို လုံးဝမပေါ့ဆဖို့၊ ဆရာဝန်ရက်ချိန်းအတိုင်း မပျက်မကွက် သွားပြဖို့၊ အနာကို သန့်ရှင်းအောင်ထားဖို့ သေချာဂရုစိုက်ပေးပါလို့ တိုက်တွန်းပါရစေ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-period/back-pain-after-c-section/
Mesenteric lymphadenitis (အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း)
အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်းဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဓိက အဖြစ်များတဲ့ ရောဂါတမျိုး ဖြစ်ပြီး ဝမ်းဗိုက်အတွင်းမှာရှိတဲ့ လင့်ဖ်အကြိတ်တွေကို ရောင်ရမ်းဖောင်းကားလာစေပါတယ်။ လင့်ဖ်အကြိတ်ဆိုတာဟာ ပဲစေ့အရွယ် သေးငယ်တဲ့ အင်္ဂါလေးတွေဖြစ်ပြီး လင်ဖိုဆိုက်လို့ခေါ်တဲ့ သွေးဖြူဥတမျိုး ပါဝင်ပါတယ်။ဒီအကြိတ်တွေဟာ လင့်ဖ်ပြန်ရည်ကြောစနစ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့ဟာ လင့်ဖ်ပြန်ရည်မှာ ပါဝင်လာတဲ့ ဘက်တီးရီးယားတွေနဲ့ အခြားသော ပိုးမွှားတွေကို စစ်ထုတ်ပေးတာမို့ အဆိုပါ အန္တရာယ်ရှိတဲ့ အရာတွေကို ခန္ဓါကိုယ်ကနေ ဖယ်ထုတ်ပေးနိုင်ပါတယ်။ အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း ရောဂါဟာ အူနဲ့ ဝမ်းဗိုက်နံရံကို ဆက်သွယ်ပေးထားတဲ့ တစ်ရှူးတမျိုး (mesentery)မှာပါဝင်တဲ့ လင့်ဖ်အကြိတ်တွေကို ထိခိုက်စေတာ ဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ဗိုက်ညာဖက်အောက်ခြမ်း သို့မဟုတ် အခြားသော ဝမ်းဗိုက်နေရာများမှာ နာကျင်ခြင်း။အဖျားတက်ခြင်း။ပျို့အန်၊မအီမသာဖြစ်ခြင်း။ဝမ်းလျှောခြင်း။နုံးချိပြီး နေမထိထိုင်မသာဖြစ်ခြင်း။ကိုယ်အလေးချိန်ကျဆင်းခြင်း။သင့်ကလေး အအေးမိခြင်း သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ဝေဒနာများ ခံစားရပြီးနောက်မှာ အထက်ပါလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ကလေးတွေဟာ မကြာခဏ ဗိုက်အောင့်လေ့ရှိပြီး ယေဘုယျအားဖြင့် ပြင်းထန်ဆိုးရွားလေ့ မရှိပါဘူး။အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ရုတ်တရက် ဆိုးရွားစွာ ဗိုက်အောင့်လာခြင်း။အဖျားတက်ခြင်း၊ဝမ်းလျှောခြင်း၊အန်ခြင်း၊ကိုယ်အလေးချိန်ကျဆင်းခြင်းတို့နှင့် အတူ ဗိုက်အောင့်လာခြင်း။ရောဂါလက္ခဏာများ မသက်သာခြင်း၊ပိုဆိုးလာခြင်း။သင့်ဝမ်းဗိုက်အတွင်း ကူးစက်ပိုးဝင်ခြင်းကြောင့် အူအမြှေးပါးနဲ့ တဝိုက်မှာရှိတဲ့ လင့်ဖ်အကြိတ်တွေကို ရောင်ရမ်းဖောင်းကားလာစေနိုင်ပါတယ်။ အူအမြှေးပါးဟာ အူနဲ့ ဝမ်းဗိုက်နံရံကို ဆက်ပေးထားတဲ့ တစ်ရှူးပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကူးစက်ရောဂါ ခံစားရတဲ့အခါ ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ အခြားသော ပိုးမွှားတွေဟာ လင့်ဖ်အကြိတ်တွေကို ဖြတ်သန်းပြီးဝင်ရောက်လာမှာဖြစ်တဲ့အတွက် အဆိုပါ အကြိတ်တွေကို ရောင်ရမ်းဖောင်းကားလာစေပါလိမ့်မယ်။လင့်ဖ်အကြိတ်တွေဟာ သင့်ခန္ဓါကိုယ်ခုခံအားစနစ်မှာ တစိတ်တပိုင်း ပါဝင်နေပါတယ်။ သူတို့တွေဟာ ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ အခြားသော ပိုးမွှားတွေကို ဖမ်းဆီးဖယ်ရှား ရှင်းလင်းပေးနိုင်တဲ့အတွက် သင်နေထိုင်မကောင်းဖြစ်မယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် သင်ဖျားနာတဲ့အခါ လည်ပင်း ဒါမှမဟုတ် အခြားနေရာတွေက လင့်ဖ်အကြိတ်တွေပါ ကြီးလာတယ်လို့ တခါတရံ ခံစားရတာဖြစ်ပါတယ်။ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ ကပ်ပါးကောင်တွေက ဒီအခြေအနေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဖြစ်အများဆုံး ပိုးမွှားတွေကို အောက်မှာဖော်ပြပေးထားပါတယ်။ ဗိုင်းရပ်စ်ကြောင့် အစာအိမ်နဲ့အူရောင်ခြင်း ဖြစ်ပွားအပြီးမှာလည်း အူအမြှေးပါးလင့်ဖ်အကြိတ်ရောင်ရမ်းခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ခံစားပြီးချိန်မှာလည်း ဒီရောဂါ ပေါ်ပေါက်လာနိုင်ပါတယ်။Yersinia enterocolitica ဘက်တီးရီးယားပိုး ပါဝင်နေတဲ့ (အသေအချာကျက်အောင် ချက်ပြုတ်ထားခြင်းမရှိတဲ့)ဝက်သားကို စားမယ်ဆိုရင်လည်း ကလေးတွေအနေနဲ့ အူအမြှေးပါးလင့်ဖ်အကြိတ်ရောင်ရမ်းခြင်း ဝေဒနာကို ခံစားရလာနိုင်ပါတယ်။အူအမြှေးပါးလင့်ဖ်အကြိတ်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အူအမြှေးပါးလင့်ဖ်အကြိတ်ရောင်ရမ်းခြင်းဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် ကလေးတွေမှာ အဓိက ဖြစ်ပွားလေ့ရှိပါတယ်။အောက်ဖော်ပြပါ အခြေအနေတွေနဲ့ ရင်ဆိုင်ရအပြီးမှာ ကလေးတွေအနေနဲ့ အူအမြှေးပါးလင့်ဖ်အကြိတ်ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။အစာအိမ်ကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း။အအေးမိဖျားနာစေသော ဗိုင်းရပ်စ် သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း။Y. enterocolitica ပိုးပါဝင်နေတဲ့ ဝက်သားစားမိခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ကလေး ခံစားနေရတဲ့ ရောဂါလက္ခဏာတွေအကြောင်းကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။ ဒါ့အပြင် သင့်ကလေးအနေနဲ့ လတ်တလော အအေးမိထားခြင်းရှိမရှိ၊ဗိုက်နာဗိုက်အောင့်ခြင်း ရှိမရှိ၊အခြားသော ကူးစက်ရောဂါခံစားရခြင်းများရှိမရှိကိုလည်း ဆရာဝန်က မေးမြန်းပါလိမ့်ဦးမယ်။ ကလေးရဲ့ ဗိုက်မှာ တင်းနေ၊နာနေတဲ့ နေရာ ဒါမှမဟုတ် ဖောင်းနေတဲ့နေရာ ရှိမရှိ သိနိုင်ဖို့အတွက်နဲ့ အကယ်၍ အကြိတ်ရောင်နေ၊ကြီးနေတာမျိုးရှိရင်လည်း သိရှိနိုင်ဖို့အတွက် ဆရာဝန်က သင့်ကလေးရဲ့ ဗိုက်ကို စမ်းသပ်ပါလိမ့်မယ်။ကလေးရဲ့ ခန္ဓါကိုယ်ထဲမှာ ကူးစက်ပိုးမွှားရှိမရှိ သိနိုင်ဖို့အတွက် သွေးစစ်တာမျိုးလည်း လုပ်ပါလိမ့်မယ်။ ဗိုက်ထဲက အကြိတ်တွေ ကြီးမကြီး သိရှိနိုင်ဖို့အတွက် ပုံရိပ်ဖော်စစ်ဆေးနည်းကို အသုံးပြုပြီး စစ်ဆေးတာမျိုးကိုလည်း လုပ်ဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ အူအမြှေးပါးလင့်ဖ်အကြိတ်ရောင်ရမ်းတာလား ဒါမှမဟုတ် အူအတက်ရောင်တာလား ဆိုတာကို ခွဲခြားသိရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုတွေကို သင့်ဆရာဝန်က အသုံးပြုနိုင်ပါတယ်။CT ရိုက်တယ်ဆိုတာဟာ အားကောင်းတဲ့ X-ray ဓါတ်ရောင်ခြည်ကို အသုံးပြုပြီး ဝမ်းဗိုက်အတွင်းပိုင်းရဲ့ ဓါတ်ပုံတွေကို ရိုက်ယူခြင်း ဖြစ်ပါတယ်။တယ်လီဗေးရှင်းဓါတ်မှန် (ultrasound)ကတော့ အသံလှိုင်းတွေကို အသုံးပြုပြီး ဝမ်းဗိုက်အတွင်းပိုင်းရဲ့ ဓါတ်ပုံတွေကို ရိုက်ယူခြင်း ဖြစ်ပါတယ်။အူအမြှေးပါးလင့်ဖ်အကြိတ်ရောင်ရမ်းခြင်းဟာ ဘာကုသမှုမှ မခံယူရင်လည်း ရက်အနည်းငယ်အတွင်းမှာ စတင်သက်သာလာမှာပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးကူးစက်ခံနေရတဲ့ ကလေးငယ်တွေမှာဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေ သုံးစွဲဖို့ လိုအပ်မှာပါ။ သင့်ကလေး နာကျင်မှုသက်သာစေဖို့အတွက် ဆရာဝန်ဆေးစာမလိုဘဲ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ ibuprofen (Advil, Motrin) or acetaminophen (Tylenol))ကို သုံးစွဲနိုင်ပါတယ်။ တုပ်ကွေးလက္ခဏာနဲ့ ခပ်ဆင်ဆင်တူတဲ့ လက္ခဏာတွေရှိနေတဲ့ကလေးတွေကိုတော့ အက်စ်ပရင်ဆေးပြား မပေးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ အက်စ်ပရင်ဟာ ကလေးနဲ့ ဆယ်ကျော်သက်တွေမှာ ဖြစ်ပွားတတ်ပြီး ရှားပါး ပြင်းထန်တဲ့ Reye syndrome အမည်ရ ရောဂါတမျိုးနဲ့ ဆက်စပ်နေလို့ပဲ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/mesenteric-lymphadenitis-%e1%80%a1%e1%80%b0-%e1%80%a1%e1%80%b1%e1%80%bb%e1%80%99%e1%82%87%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%9c%e1%80%84%e1%80%b9%e1%80%b7%e1%80%96%e1%80%b9%e1%80%a1%e1%81%be/
Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း)
အသည်းပျက်စီးခြင်း သို့မဟုတ် အသည်းခြောက်ခြင်း သည် အသည်း၏ အစိတ်အပိုင်း ကြီးကြီးမားမား ပျက်စီးပြီး အသည်း၏ လုပ်ဆောင်ချက်များပျက်စီးခြင်းဖြစ်သည်။ အသည်းပျက်စီးခြင်းသည် အရေးပေါ် ဆေးကုသရန်လိုအပ်သော အသက်အန္တရာယ်ရှိသည့် အနေအထားဖြစ်သည်။အသည်းပျက်စီးခြင်းသည် တဖြည်းဖြည်းနှင့် နှစ်ပေါင်းများစွာအကြာတွင် ဖြစ်လာခြင်းဖြစ်သည်။ သို့သော် တခါတရံ ခဏတာ ၄၈ နာရီအတွင်း မြန်ဆန်စွာ အသည်း၏ လုပ်ဆောင်ချက်များမရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် အစပိုင်းတွင် သိနိုင်ရန်ခက်ခဲသည်။၎င်းသည် အမျိုးသားများတွင် အမျိုးသမီးများထက်ပိုအဖြစ်များသည်။ သို့သော် ဖြစ်နိုင်ချေကို များစေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ရောဂါလက္ခဏာများသည် ရောဂါ၏ ပြင်းထန်မှုအဆင့်အရ ပြောင်းလဲနိုင်သည်။ အစပိုင်းတွင် ရောဂါလက္ခဏာမပြတတ်ပြီး ရောဂါကိုသိရှိနိုင်ရန် ခက်ခဲသည်။ရောဂါအခြေအနေဆိုးရွားလာသည့်အခါ ဖြစ်နိုင်သောရောဂါ လက္ခဏာများသည် အောက်ပါအတိုင်းဖြစ်သည်။-အင်အားမရှိပဲ နုံးချည့်ပင်ပန်းခြင်း၊။-အလွယ်တကူသွေးထွက်ခြင်း၊ သွေးခြည်ဥခြင်း၊။-အစားအသောက်ပျက်ခြင်း။-ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းခြင်း။-အသား၊ မျက်လုံးဝါခြင်း။-အရေပြားယားယံခြင်း။-ခန္ဓါကိုယ် ဖောယောင်ခြင်း၊ ခြေမျက်စိ၊ ခြေထောက်၊ ဝမ်းဗိုက်များဖောယောင်ခြင်း။-ဆီးအရောင်မည်းခြင်း၊ ဝါခြင်း၊။-ဝမ်းအရောင်ဖျော့ခြင်း။-စိတ်ရှုပ်ခြင်း၊ စိတ်ထွေပြားခြင်း၊ အမူအကျင့်ပြောင်းလဲခြင်း။ဝမ်းသွားလျင်သွေးပါခြင်း။-ပျို့အန်ခြင်း။-သွေကြောများ ပင့်ကူကဲ့သို့ ရှုပ်ထွေးခြင်း။-အမျိုးသားများတွင် ရင်သားကြီးလာခြင်း။အထက်တွင် ဖော်ပြမထားသော လက္ခဏာများလည်း ရှိနိုင်သည်။ သင့်တွင် စိတ်ပူပန်နေသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။သင့်တွင် အထက်ပါလက္ခဏာများရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် မတူညီသောတုံ့ပြန်မှုများရှိသည့်အတွက် သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အသည်းရောင် စီပိုး၊ အသည်းအဆီဖုံးခြင်း၊ နှင့် အရက်အလွန်အကျွံသောက်ခြင်း၊ များသည် အဓိကအကြောင်းရင်းများဖြစ်ကြသည်။သို့သော် အခြားသော အသည်းကို ထိခိုက်စေသောအကြောင်းရင်းများကလည်း အသည်းကို ပျက်စီးစေပါသည်။-အသည်းအဆီဖုံးခြင်း သည် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါများနှင့် သက်ဆိုင်သည်။-ရေရှည်ဗိုင်းရပ်စ်ရောဂါပိုးများဖြစ်သော အသည်းရောင် B,C နှင့် D ရောဂါပိုးများ။ အသည်းရောင် D သည် အလွန်ရှားသည်။-နှလုံးရောဂါထပ်ခါထပ်ခါ ဖြစ်ခြင်းကြောင့် အသည်းတွင် အရည်စုခြင်း။-သည်းခြေပြွန်ပိတ်ခြင်းကြောင့် အသည်းမှ အူသို့သယ်ဆောင်သော သည်းခြေရည်များသည်အသည်းတွင် စုနေခြင်း။ လူကြီးများတွင် အခြားသော အသည်းရောဂါများကြောင့်လည်း သည်းခြေပြွန်သည်ရောင်နိုင်ပြီး ပိတ်နိုင်သည်။-cystic fibrosis အသည်းတွင် ဆဲလ်များသည် ပုံမှန်မဟုတ်ပဲ မာလာခြင်းကြောင့် ပုံမှန်လုပ်ဆောင်ချက်များပျက်ခြင်းဖြစ်သည်။-glycogen storage disease သည် ခန္ဓါကိုယ်သည် သကြားဓါတ်ပုံစံတစ်မျိုးကို ခန္ဓါကိုယ်မှ စွမ်းအင်ဖြစ်ရန်လိုအပ်သော ပုံစံသို့မပြောင်းပေးနိုင်ခြင်းဖြစ်သည်။-Alpha 1 antitrypsin deficiency ဟုခေါ်သော အသည်းတွင် ရှိရမည့် အင်ဇိုင်းတစ်ခုမရှိခြင်း။-အသည်း လုပ်ဆောင်ချက်များ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်သော ရောဂါများ။ သံဓါတ်များလွန်းခြင်းကြောင့် အသည်းနှင့် အခြားအင်္ဂါများတွင် အနည်ထိုင်ခြင်း၊ (hemochromatosis)၊ အသည်းတွင် သတ္တုဓါတ်များ ပုံမှန်ထက်ပို၍ သိုလှောင်ခြင်း (Wilson’s disease)။အဖြစ်နည်းသော်လည်း အသည်းခြောက်ခြင်ကို အခြားနည်းလမ်းများဖြစ်သော ဆေးများ၊ အဆိပ်အတောက်များထိတွေ့ခြင်းနှင့် ကပ်ပါးပိုးများ ကြောင့်လည ်း ဖြစ်နိုင်သည်။အသည်းပျက်စီးခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းရင်းများတွင် အောက်ပါတို့ပါဝင်သည်။-အရက်သောက်ခြင်းကြောင့်ဖြစ်သော အသည်းရောဂါသည် အရက်ကိုအလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဖြစ်အများဆုံးသော ကာကွယ်လို့ရသည့် ရောဂါဖြစ်သည်။-အသည်းရောင်ရောဂါ B ပိုးသည် ခန္ဓါကိုယ်မှထွက်သော အရည်များမှ ကူးစက်နိုင်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။-မွေးရာပါ အသည်းရောဂါသည် မျိုးဆက်တစ်မျိုးမှ တစ်မျိုးသို့ ဆက်လက်သယ်ဆောင်နိုင်သည်။-ဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်းကြောင့် အသည်းပျက်စီးနိုင်သည်။ အသည်းဆဲလ်များကိုရောင်ရမ်းစေပြီး၊ သည်းခြေရည်စီးဆင်းမှုကို လျော့နည်းစေသောကြောင့် အသည်းတွင် သည်းခြေရည်များစုခြင်းနှင့် အဆီဓါတ်များစုခြင်းကိုဖြစ်စေနိုင်သည်။ ဓါတုပစ္စည်းများဖြစ်သော anabolic steroids, vinyl chloride and carbon tetrachloride တို့သည်အသည်းကင်ဆာကို ဖြစ်စေနိုင်သည်။-Acetaminophen ကို ပမာဏများများသုံးစွဲခြင်းသည်လည်း အသည်းကို ပျက်စီးစေသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အသည်းပျက်စီးခြင်းကို နည်းလမ်းများစွာဖြင့် ရောဂါရှာဖွေသိရှိနိုင်သည်။ဆရာဝန်မှအသည်း ကို စမ်းသပ်ခြင်းဖြင့် အသည်း၏ပမာဏနှင့် အနေအထားပြောင်းလဲမှုများကိုသိရှိနိုင်သည်။-သွေးစစ်ခြင်းအားဖြင့် အသည်းရောဂါရှိမရှိကိုလည်း သိရှိနိုင်သည်။-အခြားသော စစ်ဆေးမှုများတွင် ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း (CT)၊ Ultrasound, သို့မဟုတ် အခြားသော ဓါတ်မှန်နှင့် စစ်ဆေးခြင်းများပြုလုပ်နိုင်သည်။သင့်ဆရာဝန်သည် အသည်းရောဂါကို အတည်ပြုရန်အတွက် အသည်းမှအသားစယူခြင်းကို ပြုလုပ်ခိုင်းနိုင်သည်။အချို့တွင် ခွဲစိတ်နေစဉ်တွင် အသည်းခြောက်ခြင်းကို သိရှိရသည်။ အသည်းကို မှန်ပြောင်းဖြင့် ဝမ်းဗိုက်မှ အပေါက်ဖောက်ပြီးလည်း သိရနိုင်သည်။အသည်းပျက်စီးခြင်းကို ကုသရန် နည်းလမ်းမရှိသော်လည်း ရောဂါဆက်လက်မဆိုးလာစေရန်၊ အသည်းဆဲလ်များ ပျက်စီးခြင်းကို နည်းစေရန်၊ နောက်ဆက်တွဲ ပြသနာများနည်းစေရန် အချို့သော ကုသမှုများပြုလုပ်နိုင်သည်။အသည်းခြောက်ခြင်း၏ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုများ ကွဲပြားနိုင်သည်။-အရက်သောက်ခြင်းကြောင့်ဖြစ်သော အသည်းခြောက်ခြင်းအတွက် အရက်သောက်ခြင်းကိုရပ်ရမည်။-အသည်းရောင်ပိုးကြောင့်ဖြစ်လျင် ဗိုင်းရပ်စ်ပိုးအတွက်လိုအပ်သောဆေးများကို အသည်းပျက်စီးခြင်းနည်းစေရန် သောက်ရန်လိုအပ်သည်။-Wilson’s disease, hemochromatosis နှင့် ခုခံအားစနစ်မှ အသည်းဆဲလ်များကို တိုက်သဖြင့်ဖြစ်သော အသည်းခြောက်ခြင်းတို့အတွက် ကုသမှုသည် ကွဲပြားသည်။-အသည်းခြောက်ခြင်း၏ ရောဂါလက္ခဏာများသက်သာစေရန် ဆေးများပေးနိုင်သည်။ ဖောရောင်ခြင်းနှင့် ဝမ်းဗိုက်ရေဖျဉ်းစွဲခြင်းတို့ကိုလည်း အစားအစာထဲတွင် ဆားကို လျော့ချခြင်းဖြင့် အနည်းငယ် သက်သာစေသည်။ ဆီးဆေးများကိုလည်း အသုံးပြုနိုင်သည်။အစားအသောက်နှင့် ဆေးများသည် အသည်းခြောက်ခြင်းကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို သက်သာစေနိုင်သည်။ ဝမ်းနှုတ်ဆေးများပေးခြင်းဖြင့် အူထဲမှ အဆိပ်အတောက်များ စုပ်ယူခြင်းကို ဖယ်ရှားပေးနိုင်သည်။-အသည်းအစားထိုးကုသခြင်းသည် ပြင်းထန်သော အသည်းခြောက်ရောဂါသည်များအတွက် လိုအပ်သည်။အောက်ပါတို့သည် အသည်းရောဂါအခြေအနေကို သက်သာစေနိုင်ပါသည်။-အရက်စွဲနေခြင်းကို ဖြတ်ပါ။တစ်နေ့လျင် နှစ်ကြိမ်ထက်ပိုသောက်လျင် သင်သည် သင့်ကိုယ်ကို အန္တရာယ်ရှိအောင်လုပ်နေခြင်းဖြစ်သည်။ တစ်ခါသောက်လျှင် ဝိုင် 5 အောင်စ၊ ဘီယာ ၁၂ အောင်စ၊ အရက် ၁.၅ အောင်စ ဖြင့်တိုင်းတာခြင်းဖြစ်သည်။-အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို ရှောင်ပါ။ လိင်ဆက်ဆံဖော်များခြင်းကို ရှောင်ပါ။-ဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်းကို ရှောင်ပါ။၎င်းတို့ိုကို အသုံးပြုရမည်ဆိုလျင် အကာအကွယ်ပေးနိုင်သော အဝတ်အစားများ၊ ပစ္စည်းများကို အသုံးပြုပါ။-အသည်းရောင်ရောဂါပိုးအတွက် ကာကွယ်ဆေးထိုးပါ။-အဆီနည်းသော၊ မျှတသော အာဟာရကို စားသောက်ပါ။အသီးအရွက်များနှင့် သစ်သီးများကို စားပါ။ ဗီတာမင်သောက်ပါ။-ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ခန္ဓါကိုယ်တွင် အဆီဓါတ်များခြင်းသည် အသည်းအဆီဖုံးခြင်းကို ဖြစ်စေပြီး အသည်းရောဂါများကိုဖြစ်စေသည်။သင့်တွင် မေးလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/liver-failure-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%95%e1%80%bb/
စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမှာ ဘယ်လိုနေမလဲ
စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမှာ နေရတာဟာ စိန်ခေါ်မှုတရပ်ပါပဲ။ စိတ်အတက်အကျမြန်တဲ့သူတွေနဲ့ နေရတာ ခက်ခဲမှုရှိပါတယ်။ သူတို့ဘဝကို နားလည်ပေးနိုင်မှ အဆင်ပြေပါလိမ့်မယ်။ သူတို့ရဲ့လက္ခဏာတွေနဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေကို သတိပြုမိဖို့ လိုပါတယ်။ သူတို့ရဲ့ဝေဒနာဟာ သင့်အပေါ်မှာလည်း ထိခိုက်မလာစေဘဲ သူတို့ကို ကူညီပေးနိုင်ဖို့၊ အတူရှိနိုင်ပေးဖို့ လိုအပ်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ကြွစိတ်ကျဝေဒနာခံစားရသူတွေနဲ့ အတူနေတဲ့အခါ ဘယ်လိုအချက်တွေကို လုပ်ဆောင်သင့်သလဲဆိုတာပါပဲ။စိတ်ကြွစိတ်ကျဝေဒနာမှာ အလွန်အမင်းအထီးကျန်တဲ့ အခြေအနေကို ဦးတည်တတ်ပါတယ်။ သူတို့ဘာတွေကြုံနေရတယ်ဆိုတာကို ဘယ်သူကမှ နားလည်ဂရုစိုက်ခြင်းမရှိဘူးလို့ ထင်မြင်ကြပါတယ်။ အထူးသဖြင့် စိတ်ကျတဲ့အခြေအနေမှာ ဖြစ်ပါတယ်။ ဒီလိုစိတ်အခြေအနေတွေကို သိမြင်အောင်လေ့လာဖို့ လိုပါတယ်။ ဒါမှသာ သူတို့ဘာတွေ ရင်ဆိုင်နေရသလဲ နားလည်နိုင်ပါ့မယ်။ သူတို့ဖက်ကလည်း သူတို့ကို နားလည်ပေးနိုင်တဲ့သူ ရှိနေတယ်လို့ ခံစားနိုင်မှာ ဖြစ်ပါတယ်။သူတို့ရဲ့ အတက်အကျကို သိအောင်လုပ်ပါ။ စိတ်ကြွစိတ်ကျဝေဒနာသည်တချို့ရဲ့ အတက်အကျဆက်တိုက်ဖြစ်ခြင်းဟာ အတော်ကြာမှ တကြိမ်လောက် ဖြစ်တတ်ကြပါတယ်။ တချို့ကတော့ မကြာခဏ ပြောင်းလဲလွယ်ပါတယ်။ သူတို့ရဲ့ ပြောင်းလဲမှုပုံစံကို မှတ်သားထားရင် သူတို့ရဲ့ဖြစ်နိုင်ခြေ အနေအထားကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။စိတ်ကြွစိတ်ကျဝေဒနာသည်တွေပြောတဲ့ စကားတွေကို အာရုံစိုက်နားထောင်ပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သူတို့တွေ စိတ်ကျနေချိန်မှာ သူတို့ဘာကြောင့် အရမ်းဝမ်းနည်းနေရသလဲဆိုတာကို သင်နားလည်ဖို့ ခက်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ သူတို့ပြောတာတွေကို နားထောင်ပေးဖို့ပါပဲ။ သူတို့ရဲ့ ခံစားချက်တွေကို စိတ်ပါလက်ပါ နားထောင်ပေးခြင်းဟာ သူတို့ကို ပိုပြီး နေလို့ထိုင်လို့ ကောင်းစေပါတယ်။စိတ်ကျတဲ့အနေအထားမှာ တယောက်နဲ့တယောက် ဆင်တူကြပေမယ့် စိတ်ကြွတဲ့အနေအထားမှာတော့ ကွာခြားပါတယ်။ စိတ်ကြွချိန်မှာလည်း ပြောဆိုဆက်ဆံဖို့ အင်မတန်ခက်ခဲပါတယ်။ ကွန်ပျူတာရှေ့မှာ တချိန်လုံး အလုပ်ထိုင်လုပ်နေတာ၊ အတွေးအခေါ်တွေကို တချိန်လုံး ထုတ်ဖော်နေတာ စတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ သူတို့ကို အကဲဖြတ်ခြင်း၊ ဝေဖန်ခြင်း မပြုပါနဲ့။ သူတို့ကို ပြန်ငြိမ်သွားအောင်ဆိုရင် သူတို့ရဲ့ အမူအကျင့်တွေကို သိပ်ပြီး အာရုံမစိုက်ပါနဲ့။ သူတို့ပြုလုပ်နေတဲ့ လုပ်ရပ်တွေကနေ အာရုံလွဲသွားအောင်သာ ကူညီပေးပါ။စိတ်ကြွစိတ်ကျဝေဒနာရှင်တွေမှာ သူတို့ရဲ့ကိစ္စ အ၀၀အတွက် အခက်အခဲရှိပါတယ်။ ကလေးတွေကို မကြည့်နိုင်တာ၊ လုပ်ငန်းခွင်ကို အာရုံမစိုက်နိုင်တာ စတာမျိုးတွေ ဖြစ်ပါတယ်။ သင်ကူညီနိုင်တဲ့ အတိုင်းအတာဆိုရင် ကူညီရမလားဆိုတာ ဖွင့်မေးပါ။ တတ်နိုင်တာမျိုးကို လုပ်ပေးပါ။စိတ်ကြွစိတ်ကျဝေဒနာသည်တွေနဲ့ ဆက်ဆံရာမှာ သူတို့ကို ဖိအားမပေးပါနဲ့။ ဒီပြဿနာဟာ သင်လိုသလို ဖွင့်နိုင်ပိတ်နိုင်တဲ့ ခလုတ်တခုမဟုတ်ပါဘူး။စိတ်ကြွစိတ်ကျခြင်းဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်တာမို့ တခါတရံမှာ ဆေးသောက်ဖို့ မလိုအပ်သလို ထင်မိကြပါတယ်။ ခဏတာသက်သာနေပြိးမှာ စိတ်ကြွလာခြင်း၊ စိတ်ကျသွားခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးမှန်မှန်သောက်ဖို့ တိုက်တွန်းရပါမယ်။သူတို့ပြောတာတွေကိုပဲ နားထောင်ရုံသာမကဘဲ သင့်ခံစားချက်တွေကိုလည်း သူတို့ကို ပြောပြဖို့လိုပါတယ်။ စိတ်ကြွစိတ်ကျခြင်းဟာ သူတို့အပေါ်မှာပဲ ထိခိုက်တာမဟုတ်ဘဲ သူတို့အနားမှာရှိတဲ့ သင့်အပေါ်မှာလည်း ရိုက်ခတ်မှုရှိကြောင်း ပြောပြပါ။စိတ်ကြွစိတ်ကျနေသူများနဲ့ နေထိုင်ဆက်ဆံရတာ ခက်ခဲပါတယ်။ ရေရှည်မှာ သင့်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။ သင့်ပြဿနာတွေအတွက် တခြားတယောက်ယောက်ဆီကလည်း အကူအညီယူပါ။ သင့်အခက်အခဲတွေကို ဖွင့်ဟပါ။သင့်အနေနဲ့လည်း သူတပါးကို ကူညီပေးနေပေမယ့် အတိုင်းအတာတခုရှိတာ သတိပြုရပါမယ်။ သင်ကိုယ်တိုင် ပင်ပန်းလာချိန်မှာ သူတို့နားကနေ ခဏခွာပြီးစိတ်ပြေလက်ပျောက်အနားယူသင့်ပါတယ်။ကိုယ်ပိုင်အချိန်ရှိသင့်ပါတယ်။ ဒါမှသာ သူတို့ကို ရေရှည်အကူအညီပေးဖို့ အားပြည့်ပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/tips-for-living-with-a-bipolar-person/
မေမေတို့ မီးဖွားပြီး ဗိုက်ကလေးကို ချပ်ရပ်အောင် ဘယ်လိုပြန်လုပ်ကြမလဲ။
ခုကိုယ်ဝန်ဆောင်နေဆဲ မေမေတွေပဲဖြစ်ဖြစ်၊ မီးဖွားပြီးခါစ မေမေသစ်လေးတွေပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဗိုက်ကလေးကို ကိုယ်ဝန်မဆောင်ခင်ကအတိုင်း ပြန်ရအောင် ဘယ်လိုလုပ်လို့ရလဲ။ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မီးဖွားပြီးတာနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပုံမှန်လိုမျိုး ပြန်ဖြစ်ချင်တယ်။ အပျိုလေးတုန်းကလို မဟုတ်ရင်တောင် ကိုယ်ဝန်မဆောင်ခင်ကလိုမျိုး ကျစ်ကျစ်လျစ်လျစ်ဖြစ်ချင်ကြတာ သဘာဝပါ။မေမေတို့ မီးဖွားပြီး ဗိုက်ကလေး ဟာ သဘာဝအတိုင်း တဖြည်းဖြည်း သေးပြီး ချပ်သွားမှာပါ။ ဒါပေမဲ့ ဗိုက်ပြန်ချပ်တဲ့ချိန်မှာ မြန်ဆန်ဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်အရေပြားတင်မကဘဲ ဗိုက်ရဲ့ အတွင်းပိုင်းဆုံး ကြွက်သားတွေအထိပါ ဆွဲဆန့်ခြင်းခံရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဘေဘီလေးနေခဲ့တဲ့ သားအိမ်ကလည်း ၉ လတိုင်တိုင် အကျယ်ကြီး ဆွဲဆန့်နေခဲ့ရပါတယ်။ဒါကြောင့် မီးဖွားပြီးဗိုက်ကလေးဟာ ဘာကြောင့်ပူနေရတာလဲဆိုတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေနိုင်ပါတယ်။၁။ ဆွဲဆန့်ခံထားရတဲ့ဗိုက်အရေပြားကြောင့်။၂။ ဘေဘီလေးအတွက် အဆမတန်ကြီးပေးခဲ့ရတဲ့ သားအိမ်။၃။ ခန္ဓာကိုယ်ရဲ့အဆီပမာဏ။၄။ ခန္ဓာကိုယ်ထဲမှာ သွေး၊ ရေတွေများပြားလာတာ။၅။ အားနည်းသွားတဲ့ဝမ်းဗိုက်ကြွက်သားတွေ။ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးချိန်မှာ ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုတွေကို အများကြီးကြုံတွေ့ရပါတယ်။ ဒီပြောင်းလဲမှုတွေကိုလိုက်ပြီး ကိုယ်ဝန်မဆောင်ခင်ကလို ချပ်ရပ်တဲ့ ဗိုက်သားလေးကို ဘယ်လိုပြန်ရမလဲဆိုတာ ဒီဆောင်းပါးလေးမှာ နည်းလမ်းစုံစုံလင်လင် ရေးပေးထားပါတယ်။မီးဖွားပြီးတဲ့အချိန်မှာ ဘေဘီလေးနဲ့အတူ အချင်းရယ်၊ သွေးတွေ၊ အရည်တွေတော်တော်များများထွက်သွားတဲ့အတွက် မီးဖွားဖွားပြီးပြီးချင်းအချိန်မှာ ၆-၁၀ ပေါင်လောက်ကျသွားပါတယ်။မီးဖွားပြီး ပထမ ၄၈-၉၆ နာရီအတွင်းမှာလည်း မိန်းမကိုယ်ကနေ ကျန်ရှိနေတဲ့ သွေးတွေ၊ အရည်တွေ ဆက်ဆင်းနေမှာဖြစ်လို့ ပေါင်ချိန်တွေထပ်ကျသွားမှာဖြစ်သလို ဗိုက်ကလည်း ပိုပိုချပ်လာမှာပါ။ဒါ့အပြင်သားအိမ်ကလည်း သူ့ပုံမှန် ဆိုဒ်နဲ့ အနေအထားကို ၄-၆ ပတ်အတွင်းမှာ တဖြည်းဖြည်း ရောက်ရှိလာမှာဖြစ်ပါတယ်။ သားအိမ်ဟာ ပုံမှန်ဆိုရင် ၆ အောင်စလောက်ပဲ အလေးချိန်ရှိပါတယ်။သဘာဝအတိုင်းကို ဗိုက်ကလေးဟာ ပြန်ပြီးချပ်ရပ်လာမှာဖြစ်ပေမယ့်လည်း ပိုပြီးမြန်ချင်ရင်တော့ လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။တစ်ခုသတိထားရမှာက ဒီနည်းလမ်းတွေဟာ ရိုးရိုးမီးဖွားထားတဲ့ မေမေတွေအတွက်ပါနော်။ ဗိုက်ခွဲမွေးထားတဲ့ မေမေတို့ရဲ့ ဗိုက်ဟာ ဗိုက်ပေါ်ဓားတင်ပြီး ကြွက်သားတွေ၊ အရေပြားတွေ၊ အဆီတွေအပေါ်ကို ခွဲထားတာဖြစ်တဲ့အတွက် ရိုးရိုးမီးဖွားထားတဲ့ မေမေတွေထက် အနာကျက်တာလည်း ကြာသလို ဗိုက်ပြန်ချပ်ဖို့လည်း အချိန်ပိုယူရပါလိမ့်မယ်။ခန္ဓာကိုယ်ဟာ ကိုယ့်ရေဘယ်လောက်များများ သောက်နေလဲအပေါ်မူတည်ပြီး အများကြီး ပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့၊ မကောင်းတဲ့ သွေးတွေ၊ အရည်တွေ ခန္ဓာကိုယ်ထဲက ထွက်သွားဖို့ဆိုရင် အစားထိုးဖို့ ရေဓာတ်အလုံအလောက်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေနည်းနေရင် ပိုပြီးဖောဖောရောင်ရောင်ကြီး ဖြစ်လာနိုင်ပါတယ်။နို့တိုက်နေတဲ့ မေမေတို့ဆိုရင် ရေသောက်ဖို့ ပိုလိုအပ်ပါတယ်။လိုးရှင်းလိမ်းတာဟာ ဗိုက်အရေပြားကို နူးညံ့ပျော့ပျောင်းစေပြီး ကြုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိကို ပြန်လည်ရရှိစေနိုင်တယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေတယ်။ဗိုက်စည်းဝတ်တာဟာ ခါးနာလည်း သက်သာစေတယ်။ ဗိုက်ကြွက်သားတွေကိုလည်း ပုံမှန်နေရာရောက်အောင် ထိန်းမတ်ပေးနိုင်တယ်။ သားအိမ်ကိုလည်း ညှစ်ပေးပြီးတော့ သားအိမ်ထဲမှာ ကျန်နေသေးတဲ့ အရည်တွေကိုလည်း ထွက်စေတယ်။ဗိုက်က နှိပ်နယ်ဖို့အတွက်ကတော့ အချိန်နည်းနည်းစောင့်ပါ။ မီးဖွားပြီးပြီးချင်းဆို သားအိမ်ကလည်း တဖြည်းဖြည်းကျုံ့နေတဲ့အချိန်ဖြစ်တဲ့အတွက် နာတတ်ပါတယ်။ နှိပ်လိုက်လို့ နာနေတယ်ဆိုရင် ဒါအနှိပ်အနယ်ခံဖို့ စောသေးတယ်လို့ သတ်မှတ်လို့ရပါတယ်။နှိပ်နယ်တဲ့အခါ လိုးရှင်းလေး လိမ်းပေးပါ။ လက်ချောင်းလေးတွေကို သုံးပြီး ဖိအားနည်းနည်းနဲ့ စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။ ဝမ်းဗိုက်ရဲ့ ဘေးသားတွေကိုပါ နှိပ်ပေးဖို့ မမေ့ပါနဲ့နော်။ အရေပြားကို တင်းတင်းကြီးအရမ်းမဆွဲမိဖို့လည်း အရေးကြီးပါတယ်။တစ်နေ့ကို ၅ မိနစ်ပဲဖြစ်ဖြစ် လမ်းစလျှောက်ကြည့်ပါ။ လမ်းလျှောက်တာဟာ ဗိုက်ကြွက်သားတွေကိုလည်း ညှစ်ရတဲ့အတွက် ဗိုက်ကို အမြန်ဆုံး တင်းရင်းစေနိုင်ပါတယ်။ သားအိမ်ထဲမှာ ကျန်ရှိနေနိုင်တဲ့ အရည်တွေလည်း လမ်းလျှောက်လိုက်တဲ့အတွက် ထပ်ထွက်နိုင်ပါတယ်။မီးဖွားပြီးချင်းချင်း သက်သက်သာသာနဲ့ လုပ်လို့ရတဲ့ ဗိုက်ကြွက်သား လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ဥပမာ – cat cow လို့ခေါ်တဲ့ Yoga ပုံစံတစ်မျိုးပါ။ဘယ်လိုလုပ်ရလဲ။မေမေတိုင်းက နို့မထွက်ဘူးဆိုတာ သိပေမယ့် နို့တိုက်တာဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တယ်။ အဆီပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။နို့တိုက်တာဟာ သားအိမ်ကိုလည်း ပြန်ကျုံ့စေနိုင်တယ်။ ဒါ့အတွက်ကြောင့် နို့တိုက်တာကလည်း ဗိုက်ပြန်ချပ်ဖို့အတွက် အရေးကြီးနေပြန်ပါတယ်။အိပ်ရာပေါ်မှာ လဲနေတာကြာတော့ လမ်းပြန်လျှောက်ချင်တယ်။ လှုပ်လှုပ်ရှားရှားပြန်နေချင်တယ်။ ဒါကသဘာဝပါပဲ။ ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်ကအသိဆုံးပါ။ လေ့ကျင့်ခန်းတွေ ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ မီးဖွားပြီး ခန္ဓာကိုယ်ဟာ အားနည်းနေသေးတဲ့အတွက် မသေချာဘဲနဲ့ လေ့ကျင့်ခန်းတွေထလုပ်လိုက်ရင် ချော်လဲတာ၊ ကြွက်တက်တာ၊ ခါးနာတာစသဖြင့် ဝေဒနာတွေ ပိုဆိုးသွားနိုင်ပါတယ်။ဒီအချက်လေးတွေကတော့ မီးဖွားပြီး ပိန်ပိန်လှလှလေးပြန်ဖြစ်ဖို့ စိတ်စောနေတဲ့ မေမေသစ်လေးတွေအတွက် အကြံကောင်းတွေဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးသား ခန္ဓာကိုယ်ဟာ အပျိုဘဝတုန်းက ခန္ဓာကိုယ်လောက်တော့ မကျစ်လျစ် မတင်းရင်းတော့ပေမယ့် ကိုယ့်ရင်သွေးလေးကို သယ်ဆောင်ထားတဲ့ မီးဖွားတဲ့ ဝေဒနာကို ကြံ့ကြံ့ခံထားတဲ့ အားကောင်း ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်တာကြောင့် မလှမပဖြစ်နေတာကိုပဲ အာရုံစိုက်မနေဘဲ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဗိုက်က အကြောပျက်ရာတွေဟာလည်း မိခင်မေတ္တာရဲ့ ပြယုဂ်ဆိုပြီး မေမေတို့ ဂုဏ်ယူလိုက်ပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/postpartum-selfcare/post_partum_flat_belly/
ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက်
ကိုရီးယားဆန်ဆန် လှချင်နေတဲ့ ဒီခေတ်ထဲမှာ မုတ်ဆိတ် သပ်သပ်ရပ်ရပ်လေး ထားပြီး ယောက်ျားဆန်ဆန် ကြည့်ကောင်းချင်တဲ့ ကိုကိုတွေများ ရှိနေသေးလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါနော်။ ဒီ ဆောင်းပါးလေးထဲမှာမုတ်ဆိတ်ပေါက်စေမယ့်နည်းလမ်း တွေနဲ့ ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့ အနေနဲ့ ဘာတွေ ဂရုစိုက်သင့်လဲ ဆိုတာကို ပြောပြပေးမယ်နော်။ယောက်ျားဆန်ဆန် အလှတရားကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုတို့အတွက် မုတ်ဆိတ် ထွက်စေမယ့် နည်းလမ်းကောင်းလေးတွေ ကတော့။ရို့စ်မယ်ရီ အဆီ နဲ့အုန်းဆီကို ရောစပ်ထားတဲ့ အဆီကို ဦးရေပြားမှာ လူးပေးမယ်ဆိုရင်ဆံပင်သန်စေနိုင်သလို မုတ်ဆိတ်မွေး ထွက်တဲ့ နေရာမှာ လိမ်းပးမယ်ဆိုရင် မုတ်ဆိတ်ကို သန်စေမှာပါ။အသုံးပြုရမယ့် နည်းလမ်းကတော့ ရို့စ်မယ်ရီအဆီ တစ်ဆကို အုန်းဆီ ၁၀ ဆနဲ့ ရောပြီး မုတ်ဆိတ် ထွက်မယ့် နေရာမှာ လူးပေးရပါမယ်။ ပြီးရင် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ထားပေးပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။အရေပြားမှာဓာတ်မတည့်မှုတစ်စုံတရာ ဖြစ်မယ်ဆိုရင်မျက်နှာသစ်ဆေးသုံးပြီး ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် အသုံးပြုပေးနိုင်ပါတယ်။ အချိုးအစား မှန်ကန်ဖို့တော့ ဂရုစိုက်ပါနော်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/home-remedies-to-grow-beard/
ကျန်းမာရေးအတွက် မဟာမိတ်ဖက် ပျော်ရွင်ခြင်း စစ်တပ်။ ။
ပျော်ရွင်ခြင်းဆိုတာ လူသားတိုင်းအတွက် အကျိုးပြုတဲ့ အရာတစ်လို့ အားလုံး သတ်မှတ်ထားကြပါတယ်။ နေ့ရက်တိုင်း အချိန်တိုင်းမှာ ပျော်ရွင်နေချင်ကြတာ လူတိုင်းပါပဲ ။ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာရော ပျော်ရွှင်မှုက သက်ရောက်မှု ရှိပါတယ်။ ကျန်းမာရေး အပေါ်မှာရော ပျော်ရွင်မှုက ဘယ်လို ကောင်းကျိုးတွေ ပြုပေးလဲ ကြည့်ရအောင် ။ ။ပျော်ရွင်နေတဲ့ သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါမှာ ဘာတွေ ပြောင်းလဲနေလဲဆိုတာ ကြည့်ရအောင် ။ ။ဒီလို ကောင်းကျိုးတွေ အများကြီးပေးတဲ့ ပျော်ရွင်ခြင်းကို နေ့ရက်တိုင်း ပိုင်ဆိုင်ရင် မကောင်းဘူးလား။ ဘယ်သူမှ နေ့တိုင်းစိတ်ညစ်နေတာကိုတော့ မလိုချင်ကြဘူးလေ။ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိတဲ့အတွက် စိတ်ညစ်စရာတွေကို ရင်ထဲအကြာကြီး မထည့်ထားပါနဲ့။ နေ့ရက်တိုင်းကို အကောင်းမြင်စိတ်လေးမွေးပြီး စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းပါ။ များများရယ်ပါ။ ‘ရယ်သောသူ အသက်ရှည်၏’ဆိုတာ့ စကားစုလေး ကြားဖူးတယ်မလား ။ ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/happiness_is_good_for_your_health/
မျိုးဥကြွေခြင်း ဆိုတာဘာလဲ
ကျန်းမာသော အမျိုးသမီးတိုင်းသည် တစ်လ တစ်ခါ မျိုးဥကြွေကြပါသည်။ မျိုးဥကြွေခြင်းသည် အမျိုးသမီးများ၏ကိုယ်ထဲတွင်ဖြစ်သော သဘာဝဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ သို့သော် လူအတော်အများသည် မျိုးဥကြွေခြင်းနှင့် ပတ်သက်ပြီး မသိကြသလို ယင်းဖြစ်စဉ်သည် လူသားများကို ဘယ်လို ကူညီပေးသလဲ အများစုက သေချာစွာ မသိကြပါ။မျိုးဥကြွေခြင်း သည် အမျိုးသမီးများတွင် ဓမ္မတာလာခြင်းဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မျိုးဥကြွေနေချိန်တွင် မျိုးအိတ်ထဲမှ မ မျိုးဥကလေးသည် ထွက်ကျလာပြီး သားဥပြွန်တလျှောက်ဆင်းသွားကာ သနေ္ဓတည်ရန်အဆင်သင့်အနေအထားဖြစ်နေပါသည်။အများစုသော မိန်းကလေးများသည် အသက် ၉ နှစ်နှင့် ၁၅နှစ်ကြားတွင် ရာသီလာကြပါသည်။ ထိုအချိန်မှ စပြီး ကိုယ်ဝန်ဆောင်နိုင်လာပါသည်။ အမျိုးသမီးတစ်ဦးသည် မျိုးပွားသည့်အရွယ်အတွင် စမ္မတာပေါ်နေစဉ် ၁၀ ရက်မြောက်နေ့နှင့် ၁၉ ရက်မြောက်နေ့အတွင်းတွင် မျိုးဥကြွေပါသည်။ ဓမ္မတာလာချိန်တွင် ပထမဦးဆုံးရက်မှ စပြီး ရေတွက်ခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် အမျိုးသမီးများ၏ ရာသီစက်ဝန်းသည် ၂၈ ရက်မှာ ၃၂ ရက်အကြာတစ်ခါလည်ပါသည်။ ယင်းဖြစ်စဉ်သည် လတိုင်းလိုလိုဖြစ်နေပြီး အသက် ၅၁ နှစ်ဝန်းကျင်တွင် ရာသီမလာတော့ဘဲ သွေးဆုံးသွားပါသည်။မျိုးဥကြွေသည့်ရက်ကို ပြသသည့် ပြက္ခဒိန်တွင် သင် မျိုးဥကြွေချိန်ကို မှန်းဆနိုင်ပါသည်။ ယင်းပြက္ခဒိန်ကို အခမဲ့ ရယူနိုင်သော အင်တာနက်စာမျက်နှာများစွာ ရှိပါသည်။ သင်မျိုးဥကြွေချိန်ကို သတ်မှတ်ပေးရန် သင့်ကို အောက်ပါမေးခွန်းများ မေးပါလိမ့်မည်။· ပြီးခဲ့သော လတွင် ရာသီလာခဲ့သည့် ပထမဆုံးသောရက်ကဘာလဲ။· သင်တစ်ခါ ရာသီလာလျှင် ဘယ်နှရက်ကြာလဲ။ထိုအချက်များသည် သင်ကိုယ်တိုင်ကလည်း မှတ်ထားသင့်သော အရာများဖြစ်ပါသည်။အမျိုးမျိုးသောအကြောင်းများကြောင့် မျိုးဥကြွေခြင်း နှင့် ပတ်သက်သော မူမမှန်ဖြစ်စဉ်များဖြစ်ပြီး မျိုးမအောင်ခြင်း၊ ကလေးမရနိုင်ခြင်းတို့ ဖြစ်တတ်ပါသည်။ အဖြစ်များစေသော အကြောင်းများမှာ အောက်ပါတို့ဖြစ်ပါသည်။·မျိုးဥအိမ်တွင် ရေအိတ်များဖြစ်သောရောဂါစု။ထိုသို့ဖြစ်ခြင်းသည် မျိုးဥကြွေခြင်းကိုဖြစ်စေသော ဟော်မုန်းများ မျှခြေမညီခြင်းကြောင့် ဖြစ်နိုင်သလို အင်ဆူလင်ဓါတ်များ အလုပ်မလုပ်နိုင်ခြင်း၊ အဝလွန်ခြင်း၊ အမွေးအမျှင်များ မူမမှန်စွာကြီးထွားခြင်း၊ ဝက်ခြံများစွာပေါက်ခြင်း စသည့် ကျန်းမာရေးပြသနာများနှင့်လည်း စပ်ဆက်နေတတ်ပါသည်။·ဦးနှောက်ရှိ ဟိုက်ပိုသားလမတ် မူမမှန်ခြင်း။ယင်းဖြစ်စဉ်ကို အများအားဖြင့် အများအားဖြင့် ရာသီစက်ဝန်းမမှန်သော အမျိုးသမီးများတွင် အများဆုံးတွေ့ရပါသည်။ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် အပြောင်းအလဲမြန်ခြင်း စသည့်အကြောင်းများကြောင့်လည်း ဟိုက်ပိုသားလမတ် မူမမှန်ဖြစ်စဉ်များ ဖြစ်တတ်ပါသည်။·မျိုးဥအိမ် သည် အရွယ်မတိုင်မီ လုပ်ဆောင်ရည်ကျဆင်းခြင်း။ထိုရောဂါသည် ကိုယ်ခန္ဓာထဲတွင် ကိုယ်ခံအားစနစ်မူမမှန်ခြင်း၊ မျိုးရိုးဗီဇများ မူမမှန်ခြင်း၊ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်းကြောင့်ဖြစ်ခြင်းဖြစ်ပြီး အသက် ၄၀အောက် အမျိုးသမီးများတွင် အဖြစ်များပါသည်။မျိုးဥကြွေခြင်းကို လှုံ့ဆော်လို့ရပါသည်။ အောက်ပါတို့သည် မျိုးအိမ်မှ မျိုးဥများကိုထွက်လာစေရန် လှုံ့ဆော်ပေးသော ဆေးများဖြစ်ပါသည်။·ကလိုမီဖင်း ဆစ်ထရိတ်citrate (Clomid, Serophene)။ထိုဆေးသည် ဦးနှောက်ရှိ ပစ်ကျူထရီ ဂလင်းကို လှုံ့ဆော်ပေးပြီး မျိုးအိတ်များကို ပိုထုတ်ပေးခြင်းဖြင့် လှုံ့ဆော်ပေးခြင်းဖြစ်ပါသည်။·မတ်ဖော်မင်(Glucophage)။မျိုးဥအိမ်တွင် ရေအိတ်များဖြစ်သောရောဂါရှိသော အမျိုးသမီးမျာသည် မတ်ဖော်မင်ကိုသောက်ခြင်းဖြင့် အင်ဆူလင်ဟော်မုန်းများ အာနိသင်ကောင်းလာစေပြီး မျိုးဥကြွေခြင်းကိုလည်း ဖြစ်စေပါသည်။အချုပ်ဆိုရသော် အများစုသော အမျိုးသမီးများသည် မျိုးဥကြွေခြင်းနှင့် ပတ်သက်ပြီး အန္တရာယ်ရှိသည့် အခြေအနေများ မူမမှန်မှုများကို အမှုမဲ့အမှတ်မဲ့နေတတ်ကြပါသည်။ ထို့ကြောင့် ရာသီစက်ဝန်းလာချိန် နှင့် အခြားအချိန်များတွင် ပါ သင့်ကိုယ်တွင် ပြောင်းလဲနေသော မူမမှန်ဖြစ်စဉ်များရှိမရှိ ဂရုပြုကြည့်ရှုရပါမည်။ ရောဂါရှိနေသော်လည်း မကုသဘဲထားလျှင် ယင်းမူမမှန်ဖြစ်စဉ်ကြောင့် နောင်တွင် ကလေးမရနိုင်တော့သည်အထိ အခြေအနေဆိုးရွားသွားနိုင်ကြောင်း သိထားရပါမည်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%a5%e1%80%80%e1%80%bc%e1%80%bd%e1%80%b1%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac/
ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ လှပအောင် ဘယ်လိုပြင်ဆင်ကြမလဲ
ယနေ့ခေတ်မိန်းကလေးအများစုရဲ့ မျက်နှာပေါ်မှာ ရိုးရာဓလေ့အတိုင်း လိမ်းလာခဲ့တဲ့ သနပ်ခါးအစား မိတ်ကပ်တွေပြောင်းလဲနေရာယူလာနေကြပါတယ်။ အလှကုန်တွေက အရည်အသွေးအမျိုးမျိုး၊ အရောင်အသွေးစုံစုံလင်လင်၊ ရနံ့အမျိုးမျိုးနဲ့ဈေးကွက်ထဲမှာပြန့်နှံ့နေကြပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်မှသာ အသားအရေကိုထိခိုက်မှုနည်းစေမှာဖြစ်သလို တာရှည်ခံတဲ့ လှပမှုကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ မိတ်ကပ်ရွေးချယ်တဲ့အခါ ပထမဦးဆုံးသတိထားရမယ့် အချက်က ကိုယ့်မျက်နှာအသားအရေနဲ့လိုက်ဖက်မယ့် မိတ်ကပ်မျိုးရွေးချယ်ဖို့ပါ။ မိတ်ကပ်ချည်းပဲသီးသန့်ဖြစ်နေတာမျိုးထက် အသားအရေကိုပါထိန်းသိမ်းပေးနိုင်တဲ့ အလှကုန်ပစ္စည်းမျိုးကိုလည်းရွေးချယ်ပေးမှဘေးကင်းတဲ့အလှကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မိတ်ကပ်မရွေးခင်အရင်ဆုံးသိသင့်တာက ကိုယ်အသားအရေက ဘယ်လိုအသားအရေအမျိုးအစားလဲဆိုတာကိုသိဖို့ပါ။အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့။မိတ်ကပ်ခပ်ထူထူလူးတာက မျက်နှာသွင်ပြင်ကို ငယ်ရွယ်တယ်လို့မထင်ရစေနိုင်ပါဘူး။ အဆီပါတဲ့အောက်ခံfoundationတွေနဲ့ အသားဖြူတယ်လို့ထင်ရစေတဲ့ပေါင်ဒါတွေကမျက်နှာကို လှပသွားတယ်လို့ထင်ရစေပေမယ့် အဆီပါတဲ့ မိတ်ကပ်တွေကeyelinerတွေကို အရောင်ပြန့်စေသလိုeye shadowတွေကိုလည်း မျက်ခွံပေါ်မှာ စုပုံတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ချောမွေ့ပြီး ငယ်ရွယ်နုပျိုတယ်လို့ထင်ရစေတဲ့ လှပမှုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဆီများတဲ့ မိတ်ကပ်မျိုးကိုမရွေးချယ်မိဖို့လိုပါတယ်။ခြောက်သွေ့တဲ့ အသားအရေအတွက် အဆီပါတဲ့မိတ်ကပ်က အဖြေတစ်ခုမဟုတ်ပါဘူး။ အသားအရေခြောက်သွေ့တာကို သက်သာစေနိုင်မယ့်နည်းလမ်းကောင်းက အရေပြားကိုမှန်ကန်အောင်သန့်စင်ပေးဖို့နဲ့ အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့ပဲဖြစ်ပါတယ်။တစ်ခါတလေမှာအောက်ခံမိတ်ကပ်ကအသားအရေခြောက်သွေ့တာမျိုးနဲ့ အရေပြားကိုညိုမဲခြောက်သွေ့တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ကွဲအက်တာ ကူးစက်ရောဂါတွေကို အလွယ်တကူဝင်ရောက်စေနိုင်ပါတယ်။ခြောက်သွေ့မှုက အရေပြားကိုယားယံတာမျိုးဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ယားယံမှုကင်းချင်ရင်တော့ အစိုဓါတ်ထိန်းပေးတဲ့ခရင်မ်တစ်မျိုးမျိုးကိုအောက်ခံမိတ်ကပ်မလူးခင် ၅ မိနစ်လောက်ကြိုလူးပေးရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း အစိုဓါတ်ထိန်းပေးတဲ့အောက်ခံမိတ်ကပ်နဲ့ powder cakeတွေလူးပေးလို့လည်းရပါတယ်။မိတ်ကပ်လူးရင်ချွေးပေါက်တွေပိတ်ပြီး အရေပြားမှာဝက်ခြံဖြစ်စေနိုင်တယ်လို့ လူအများထင်နေကြပါတယ်။ အမှန်ကတော့ မိတ်ကပ်ကို မှန်ကန်အောင်မလူးလို့ဖြစ်ရတာပါ။ မျက်နှာပေါ်ကချွေးပေါက်လေးတွေထဲမှာ အဆီတွေနဲ့ ဆဲလ်အသေတွေပိတ်ဆို့ရာကနေ ဝက်ခြံတွေဖြစ်လာရတာဖြစ်ပါတယ်။ အဆီများတဲ့အောက်ခံမိတ်ကပ်တွေနဲ့ အချို့သောပေါင်ဒါမှုန့်တွေက မျက်နှာပေါ်ကချွေးပေါက်တွေမှာ ပိတ်ဆို့ရာကနေလည်း ဝက်ခြံတွေဖြစ်တတ်ပါတယ်။ အဆီပါဝင်တဲ့မိတ်ကပ်တွေပိုရှောင်ရှားမယ်ဆိုရင်တော့ မိတ်ကပ်ကြောင့်ဝက်ခြံထွက်ရတာကို သက်သာစေမှာဖြစ်ပါတယ်။ ရနံ့စူးရှတဲ့ မိတ်ကပ်တွေနဲ့ တာရှည်ခံပစ္စည်းတွေပါတဲ့မိတ်ကပ်တွေက အရေပြားဓါတ်မတည့်မှုတွေကိုဖြစ်စေနိုင်ပါတယ်။formaldehyde ပါဝင်တဲ့မိတ်ကပ်တွေက မျက်လုံးနဲ့ အရေပြားတွေကို ကျိန်းစပ်စေနိုင်ပါတယ်။ အလှကုန်တွေထဲမှာပါတဲ့ ပစ္စည်းအချို့က သားအရေအတွက်ကောင်းကျိုးပြုတယ်ဆိုပေမယ့် အချို့ကတော့ အသားအရေကိုကောင်းကျိုးမပြုနိုင်သလို အန္တရာယ်ဖြစ်တာမျိုးတွေအထိတောင်ဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်ကိုခဏခဏလူးရတာကလည်း အသားအရေကို ပင်ပန်းနွမ်းနယ်စေပါတယ်။မိတ်ကပ်လူးတဲ့ပျိုမေတွေ အများဆုံးတွေ့ကြုံရတဲ့ပြဿနာတစ်ခုက မိတ်ကပ်ဓါတ်မတည့်တာကြောင့် မျက်နှာအရေပြားမှာ အနီကွက်တွေဖြစ်တာ၊ဝက်ခြံတွေဖြစ်တာနဲ့ အရေပြားခြောက်သွေ့တာမျိုးတွေ ခံစားရတာဖြစ်ပါတယ်။ မိတ်ကပ်ကြောင့်အရေပြားဓါတ်မတည့်မှုဖြစ်တာကတော်တော်လေးမပြင်းထန်မချင်း သိပ်ပြီးမသိရနိုင်ပါဘူး။ မိတ်ကပ်လူးတဲ့အခါမှာလည်း မိတ်ကပ်အချို့ကမျက်နှာပေါ်ကချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်အရည်ကချွေးပေါက်ပိတ်ပြီးဝက်ခြံဖြစ်မှုကိုပိုဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်ကို အကြိမ်ကြိမ်အထပ်ထပ်လူးတာမျိုးနဲ့ မိတ်ကပ်အထူကြီးလူးတာမျိုးကချွေးပေါက်ထဲမှာမိတ်ကပ်တွေပိတ်ဆို့ပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်အထူကြီးလူးတာက မျက်နှာသစ်တဲ့အခါချွေးပေါက်တွေထဲက မိတ်ကပ်တွေကို မစင်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ချွေးပေါက်တွေထဲမှာ မိတ်ကပ်အကြွင်းအကျန်တွေကျန်ရစ်တာက အချိန်ကြာလာတာနဲ့အမျှ ဆားဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးအရေပြားပြဿနာတွေကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဖျက်ရလွယ်တဲ့မိတ်ကပ်အမျိုးအစားတွေကိုရွေးချယ်အသုံးပြုဖို့ပဲဖြစ်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ပါဝင်နေတဲ့ မိတ်ကပ်မျိုးကိုရွေးချယ်ပေးပါ။အခုနောက်ပိုင်း အလှကုန်ဈေးကွက်ထဲမှာ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့”natural’ (သို့မဟုတ်) “organic” မိတ်ကပ်တွေ တော်တော်လေးများလာပေမယ့် မိတ်ကပ်အချို့ကတော့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုအသုံးပြုပြီးထုတ်လုပ်နေကြဆဲပါ။ မိတ်ကပ်အချို့မှာပါတဲ့ ဓါတုပစ္စည်းတွေက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အထိပြင်းထန်တာမျိုးတွေတောင်ရှိနေပါတယ်။ မိတ်ကပ်ထုတ်လုပ်ရမှာ အသုံးပြုလေ့ရှိကြတဲ့amorphous hydrated silica လိုမျိုး ဓါတုပစ္စည်းတွေထဲမှာcrystalline quartz လိုမျိုး ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေအများအပြားပါဝင်နေတတ်ပါတယ်။ အဆိုပါဓါတု ပစ္စည်းတွေကအရေပြားအတွင်းပိုင်းအထိစိမ့်ဝင်သွားတာ၊ ရှုရှိုက်မိတာတွေကနေတဆင့် အဆုတ်အတွင်းကို အဆိပ်ဖြစ်စေတဲ့အရာတွေရောက်ရှိသွားနိုင်ပါတယ်။ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်နိင်စေဖို့အတွက် အသားအရေရောင်ရမ်းမှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ မိတ်ကပ်မျိုးကိုရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ အခုနောက်ပိုင်းထွက်ရှိလာတဲ့ အရည်အသွေးမြင့်မိတ်ကပ်တော်တော်များများမှာ အသားအရေကိုထိန်းသိမ်းပေးတဲ့ပစ္စည်းတွေကိုပါထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်ပါတဲ့ မိတ်ကပ်တွေက မျက်နှာမှာဝက်ခြံတွေမဖြစ်အောင်ကာကွယ်ပေးပြီး အရေပြားနီမြန်းရောင်ရမ်းတာကိုလည်းလျော့ပါးသက်သာစေပါတယ်။ ဗီတာမင်တွေနဲ့ အစိုဓါတ်ပါတဲ့ မိတ်ကပ်တွေက မျက်နှာပေါ်ကမိတ်ကပ်တွေပျက်သွားတဲ့အချိန်မျိုးမှာတောင် မျက်နှာကိုကြည့်ကောင်းနေစေမှာဖြစ်တယ်လို့ဆိုပါတယ်။ SPF ပါတဲ့အောက်ခံမိတ်ကပ်တွေနဲ့moisturizersတွေကလည်းနေရောင်ထိတွေ့မှုကြောင့် အရေပြားထိခိုက်ပျက်စီးတာတွေကိုလျော့ကျစေနိုင်သလို မှဲ့ကင်ဆာMelanomaဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်လို့ဆိုပါတယ်။နေရောင်ကြောင့်အရေပြားပျက်စီးမှုနည်းလေလေ အသားအရေကပိုပြီးနုပျိုလေလေပါပဲ။ နေရောင်နဲ့ထိတွေ့မှုကြောင့် အရေပြားပေါ်မှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေဖြစ်ပေါ်တာမျိုးကိုခံစားရနိုင်ပါတယ်။မိန်းကလေးတိုင်းမှာ မှန်ကန်ကောင်းမွန်တဲ့အလှကုန်ပစ္စည်းတွေကိုရွေးချယ်သုံးစွြဲပီး အန္တရာယ်ကင်းကင်းနဲ့ပြီးပြည့်စုံတဲ့အလှအပတရားကို ပိုင်ဆိုင်နိုင်တဲ့အခွင့်အရေးရှိပါတယ်။ အလှအပတရားက မိမိရဲ့ရွေးချယ်မှုအပေါ်မှာသာမူတည်နေတာကြောင့်ဈေးကွက်ထဲမှာရေပန်းစားနေတဲ့အလှကုန်တွေထဲမှာမှ ကိုယ့်အသားအရေအမျိုးအစားနဲ့လိုက်ဖက်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်ထုတ်လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကိုရွေးချယ်ဖို့လိုအပ်တယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးလိုက်ပါရစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%98%e1%80%b1%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%ab/
စွမ်းအားဖြည့် အချိုရည်တွေ ကောင်းသလား။ ဆိုးသလား
စွမ်းအားဖြည့်အချိုရည်များဟာ သင့်ကို စွမ်းအင်မြှင့်တင်ပေးပြီး နိုးကြားမှု၊အာရုံစူးစိုက်မှုရှိအောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အားအင်ကုန်ခမ်းနေချိန်မှာ သောက်သုံးတဲ့အခါ စွမ်းအင်တွေပြည့်ဝသလို ခံစားရတာကြောင့် လူကြိုက်များကြပါတယ်။ သုတေသီအချို့ကတော့ စွမ်းအားဖြည့်အချိုရည်တွေဟာ ရေရှည်မှာ လူသားတို့အတွက် ဘေးဥပဒ်ဖြစ်စေတယ်လို့ သတိပေးကြပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေဟာ ကောင်းသလား ဆိုးသလား ဆိုတာပါပဲ။စွမ်းအားဖြည့်အချိုရည်တွေကို စိတ်ရောလူပါ လန်းဆန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားပါတယ်။ သကြားဓာတ်၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် C နဲ့ ကဖိန်းဓာတ်ပါဝင်ပါတယ်။ အထူးသဖြင့်ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်နိုင်ဖို့ ကဖင်းဓာတ်ကို အဓိကထည့်သွင်းထားပါတယ်။ တံဆိပ်တစ်ခုနဲ့တစ်ခုအလိုက် ပါဝင်နှုန်းတော့ ကွာခြားပါတယ်။ကဖင်းဓာတ်အပြင် တခြားပါဝင်တဲ့ ပစ္စည်းတွေကတော့။–သကြား။ အချိုရည်မှာ ကယ်လိုရီအဓိကရရှိစေတဲ့ ရင်းမြစ်ဖြစ်ပါတယ်။– ဗီတာမင် B အုပ်စု။ စားသုံးလိုက်တဲ့ အစားအစာတွေကို ကိုယ်ခန္ဓာက လိုအပ်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးရာမှာ အဓိကကျပါတယ်။– အမိုင်နိုအက်ဆစ်အုပ်စု။ အဓိကအားဖြင့် taurine နဲ့ L-carnitine တို့ဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ် အများစုမှာ ပါဝင်ပါတယ်။–ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်ထားသော အဆီအနှစ်များ။ ဥပမာဂျင်ဆင်းဖြစ်ပါတယ်။စွမ်းအားဖြည့်အချိုရည်များဟာ ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ လူကို စိတ်ရောကိုယ်ပါ နိုးကြားစေပါတယ်။ မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ အာရုံစူးစိုက်မှုပိုင်းဆိုင်ရာမှာလည်း အကျိုးပြုပါတယ်။သုတေသနတခုမှာ ဖော်ပြချက်အရ စွမ်းအားဖြည့်အချိုရည် ၅၀၀ မီလီလီတာ သောက်သုံးပြီးချိန်မှာ မှတ်ဉာဏ်ရော အာရုံစူးစိုက်မှုပါ ၂၄ ရာခိုင်နှုန်း တက်လာစေတယ်လို့ သိရပါတယ်။ ကဖင်းနဲ့ သကြားဓာတ်ကြောင့် ယခုအာနိသင်ထွက်ပေါ်စေတာ ဖြစ်ပါတယ်။အိပ်ရေးပျက်ချိန်၊ ပင်ပန်းနွမ်းနယ်ချိန်တွေမှာ စွမ်းအားဖြည့်အချိုရည်ကို သောက်သုံးရင် လန်းဆန်းစေပါတယ်။ စစ်တမ်းတွေအရ ညဖက်မောင်းနှင်ရတဲ့ ယာဉ်မောင်းများဟာ စွမ်းအားဖြည့်အချိုရည်ကြောင့် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်း မြင့်တက်စေတယ်လို့ သိရပါတယ်။ ညအချိန် အလုပ်ဆင်းရတဲ့ အလုပ်သမား၊ ဝန်ထမ်းများအတွက်လည်း အကျိုးပြုပါတယ်။ဗီတာမင် C ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်လည်း ရှိတယ်လို့ သိရပါတယ်။စွမ်းအားဖြည့်အချိုရည်များကြောင့် ဦးနှောက်ကို လန်းဆန်းစေပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် စွမ်းအားဖြည့်အချိုရည်ကို အလွန်အကျွံသောက်သုံးသူတွေမှာ သွေးတိုးရောဂါ၊ နှလုံးခုန်မြန်ခြင်း စတဲ့ပြဿနာတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးရောဂါအခံရှိသူတွေအနေနဲ့ စွမ်းအားဖြည့်အချိုရည်တွေကို သတိပြု သုံးစွဲသင့်ပါတယ်။ဒါ့အပြင် စွမ်းအားဖြည့်အချိုရည်တွေမှာ သကြားဓာတ်ပါဝင်မှု များပြားပါတယ်။ ပုံမှန် စွမ်းအားဖြည့်အချိုရည် ၂၅၀ မီလီလီတာမှာ သကြား ၂၇ ဂရမ်ခန့် ပါဝင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုရောဂါအခံရှိသူတွေသောက်မိရင် သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်း ဖြစ်နိုင်ပါတယ်။ သုတေသနတစ်ခုရဲ့ဖော်ပြချက်အရ စွမ်းအားဖြည့်အချိုရည်ကို နေ့စဥ်နှစ်ဘူးခန့်သောက်သုံးသူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။ဒါ့အပြင် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းဟာ ဓာတ်တိုးဖိစီးခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ ဒါဟာ နာတာရှည်ရောဂါတွေ ခံစားရခြင်းနဲ့ ဆက်စပ်နေပါတယ်။စွမ်းအားဖြည့်အချိုရည်များဟာ ဦးနှောက်ကို လှုံ့ဆော်ပြီး လူကိုလန်းဆန်းစေတာမို့ ပင်ပန်းနွမ်းနယ်ချိန်၊ အိပ်ရေးပျက်ချိန်တွေမှာ သောက်သုံးရင် လူရောစိတ်ပါလန်းဆန်းစေပါတယ်။ ဒါပေမယ့် အလွန်အမင်း သောက်သုံးရင်တော့ ကျန်းမာရေးပြဿနာတွေ ရှိနိုင်တာမို့ သင့်တင့်ရုံပဲ သောက်သုံးသင့်ပါတယ်။ နေ့စဉ် သုံးစွဲမယ်ဆိုရင်လည်း ၄၀၀ မီလီလီတာထက်ကျော်ပြီး သုံးစွဲဖို့ မသင့်ပါဘူး။ ဒါ့အပြင် စွမ်းအားဖြည့် အချိုရည်တွေ သောက်သုံးချိန်မှာ ကဖိန်းများတဲ့ တခြားအရည် ဥပမာ ကော်ဖီသောက်တာမျိုးကို ရှောင်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/energy-drinks/
Cervical Spine X-Ray (လည်ပင်းကျောရိုး ဓါတ်မှန်ဆိုတာ)
လည်ပင်းဓါတ်မှန် (လည်ပင်းကျောရိုး ဓါတ်မှန် ဟုလည်းခေါ်သည်) ဆိုတာဟာ အာရုံကြော အဖွဲ့အစည်းကို ကာကွယ်ပေးထားတဲ့ ၇ ဆစ်ရှိတဲ့ လည်ပင်းမှ ကျောရိုးဆစ် တွေကို ဓါတ်ရောင်ခြည်နဲ့ ဖြတ်ပြီး ရရှိတဲ့ဓါတ်မှန် ပုံရိပ်တစ်ခု ဖြစ်ပါတယ်။လည်ပင်းကျောရိုး ဓါတ်မှန်မှာ အသံကြိုး၊ အာသီး၊ လေပြွန်၊ epiglottis (တစ်ခုခု မျိုချတဲ့အချိန်မှာ လေပြွန်ကို ကာထားပေးတဲ့ တစ်သျှူး) စတဲ့ အနီးအနားရှိ အစိတ်အပိုင်း တွေကိုလည်း ပြနိုင်ပါတယ်။X- ray (ဓါတ်မှန်) ဆိုတာ ခန္ဓါကိုယ်ထဲကို ဖြတ်ပြီး သင့် ခန္ဓါကိုယ်ရဲ့ ပုံရိပ်ကို ပြပေးနိုင်တဲ့ ဓါတ်ရောင်ခြည်တစ်မျိုးပါ။ သိပ်သည်းတဲ့ တည်ဆောက်ပုံရှိတဲ့ အစိတ်အပိုင်းတွေ (ဥပမာ – အရိုး) ဆိုရင်တော့ ဓါတ်မှန်မှာ အဖြူရောင်အနေနဲ့ ပြပါတယ်။ဘာကြောင့်လဲဆိုတော့ တခြားတစ်ဖက်မှာ ပုံရိပ်ပြနိုင်ဖို့ အလွန်သိပ်သည်းတဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့အတွက် ဓါတ်ရောင်ခြည် အနည်းငယ်သာ ဖြတ်သွားနိုင်လို့ပါ။ သွေးကြော၊ အရေပြား၊ အဆီလွှာတွေနဲ့ ကြွက်သားတွေ စတဲ့ ပျော့ပျောင်းတဲ့ တစ်သျှူးတွေဆိုရင်တော့ သိပ်သည်းဆ နည်းတဲ့အတွက် ဓါတ်ရောင်ခြည်များများ ဖြတ်သန်းသွားနိုင်ပါတယ်။ဒါကြောင့် အဲဒီလို အစိတ်အပိုင်းတွေ ဆိုရင်တော့ ဓါတ်မှန်မှာ ခဲရင့်ရောင် အနေနဲ့ မြင်ရမှာပါ။တကယ်လို့ သင်ဟာ လည်ပင်း ဒဏ်ရာ ရရှိခြင်း သို့မဟုတ် ကြာရှည် ထုံထိုင်းနေခြင်း၊ နာခြင်း၊ ခန္ဓါကိုယ် အပေါ်ပိုင်း အားနည်းနေခြင်း စတဲ့အချက်တွေ ဖြစ်နေပြီဆိုရင် ဆရာဝန်က ဓါတ်မှန်ရိုက်ကြည့်ဖို့ ပြောပါလိမ့်မယ်။ဆရာဝန်အနေနဲ့ ဓါတ်မှန်ကို စစ်ဆေးရတာဟာ အောက်ပါ အခြေအနေတွေ ရှိ၊ မရှိ သိရအောင်၊ အထောက်အထား ရအောင် ဖြစ်ပါတယ်။ဓါတ်ရောင်ခြည် အနည်းငယ်နဲ့ ထိတွေ့ရမှာပါ။ ဓါတ်မှန် (x- ray) ကတော့ ပုံရိပ်ကို ထုတ်နိုင်ဖို့ အတွက် အနည်းဆုံး ဓါတ်ရောင်ခြည်ပမာဏ ကိုသာ အသုံးပြုထားတာပါ။ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးတွေမှာ ဓါတ်မှန်ရိုက်ခြင်းရဲ့ ဆိုးကျိုးကို ပိုပြီးရနိုင်ပါတယ်။တခြားသော ပုံရိပ်ဖမ်းနိုင်တဲ့ CT (စီတီ)၊ MRI တွေကိုတော့ ပြင်းထန် ဒဏ်ရာရခြင်း၊ ဦးနှောက်အာရုံကြော ချို့ယွင်းချက်တွေ ရှိခြင်း၊ လူနာကို လုံလုံလောက်လောက် မစမ်းသပ်ရခြင်း၊ သို့မဟုတ် ဓါတ်မှန် အဖြေက မထင်ရှားခြင်း စတဲ့ အခြေအနေတွေမှာ အသုံးပြုပါတယ်။သင့်မှာ ကိုယ်ဝန်ရှိနေရင်၊ သို့မဟုတ် ကိုယ်ဝန်ရှိနေတယ်လို့ ထင်ရင် ဆရာဝန်၊ သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်သူကို ပြောသင့်ပါတယ်။ ဓါတ်မှန်မရိုက်ခင် ကိုယ်ပေါ်မှာရှိတဲ့ ကျောက်မျက်ရတနာ အားလုံးကို ဖယ်ရပါမယ်။လည်ပင်းကျောရိုး ဓါတ်မှန်ကို ဓါတ်မှန်ခန်းထဲမှာ ဓါတ်မှန်ကျွမ်းကျင်သူ တစ်ဦးနဲ့ ရိုက်ရပါမယ်။ ဓါတ်မှန် ရိုက်ရာမှာ စံအနေအထား ၃ ခုနဲ့ ရိုက်ပါတယ်။ anteroposterior view – အရှေ့မှ အနောက်သို့ ရိုက်တဲ့ အနေအထား (ကျောရိုးကို အရှေ့က ကြည့်ပါတယ်။) lateral view – ဘေးမှ ရိုက်တဲ့ အနေအထား (ကျောရိုးကို ဘေးတိုက်ကြည့်ပါတယ်။)။peg view (လည်ပင်းကျောရိုးဆစ်ရဲ့ အပေါ်ပိုင်းကို ကြည့်ပါတယ်။ အဲဒီ အနေအထားကို ရိုက်တဲ့အခါ လူနာက ပါးစပ်ဟထားဖို့ လိုအပ်ပါတယ်။) ၅ ခုရိုက်ရမယ်ဆိုရင်တော့ ကွေး၊ ဆန့်တဲ့ အနေအထားတွေပါ ပါဝင်ပါတယ်။ ဓါတ်မှန် ရိုက်တဲ့အခါ လူနာအနေနဲ့ ခေါင်းကို အပြည့်အဝ ကွေးထားပြီး ရိုက်ရပါတယ်။ လူနာရဲ့ ခေါင်းကို အရှေ့ကို တတ်နိုင်သလောက် ငုံ့ထားဖို့နဲ့ အနောက်ကို တတ်နိုင်သလောက် ဆန့်ဖို့ ပြောပါလိမ့်မယ်။ထိခိုက်မှုတစ်ခုခုကို ကြည့်ဖို့ ဓါတ်မှန်ရိုက်တဲ့အခါ လည်ပင်းကို နေရာချ ထားရတဲ့အတွက် မသက်မသာ ဖြစ်နေတာမျိုး ရှိနိုင်ပါတယ်။ နောက်ထပ် ဒဏ်ရာ ထပ်မရအောင်လည်း ဂရုစိုက်ရပါမယ်။အာရုံကြောနဲ့ ဆိုင်တာတွေ ကို MRI လိုမျိုး တခြား စစ်ဆေးချက်တွေကိုသုံးပြီး ဆက်လက် ရှာဖွေနိုင်ပါတယ်။ ဓါတ်ရောင်ခြည် ကျွမ်းကျင်ပညာရှင်က ဓါတ်မှန်ရိုက်ပြီး ရက်အနည်းငယ် အကြာမှာ သင့်ဆရာဝန်ဆီ ပို့ဆောင်ပေးပါလိမ့်မယ်။လည်ပင်းကျောရိုး ဓါတ်မှန်နဲ့ ပတ်သက်ပြီး မေးစရာ အချက်တွေရှိပါက ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။သင့်ဓါတ်မှန်မှာ အရိုးတွေ၊ ပျော့ပျောင်းတဲ့ တစ်သျှူးတွေက ပုံမှန်ပဲ ဆိုရင် သင့်မှာ အရိုးနဲ့ ပတ်သက်တဲ့ ပုံမမှန်တာတွေ၊ ကျောရိုး အာရုံကြော ချို့ယွင်းနေတာတွေ၊ လည်ပင်း ကျီးပေါင်းဖြစ်တာတွေ မရှိတာ ဖြစ်နိုင်ပါတယ်။ ပုံမမှန်တာတွေ ရှိလာပြီဆိုရင်တော့ သင့်ဆရာဝန်က သင့်ကို ကုသမှုအတွက် ဆက်လက် ပြောပြပါလိမ့်မယ်။ဓါတ်ခွဲခန်း နဲ့ ဆေးရုံ အမျိုးအစားအပေါ် မူတည်ပြီး လည်ပင်းကျောရိုး ဓါတ်မှန် အဖြေအတွက် ပုံမှန် အခြေအနေက အနည်းငယ် ကွာဟနိုင်ပါတယ်။ ဓါတ်မှန်အဖြေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိလာပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/cervical-spine-x-ray-%e1%80%9c%e1%80%8a%e1%80%b9%e1%80%95%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%82%90%e1%80%ad%e1%80%af%e1%80%b8-%e1%80%93%e1%80%ac%e1%80%90%e1%80%b9/
ကိုယ်ဝန် နှင့် ပတ်သက်ပြီး မှားယွင်းနေသည့် ဆိုရိုးစကား (၇) ချက်
လူသားတစ်ယောက်ဖြစ်ပေါ်လာခြင်းသည် လူသားတစ်ယောက်အတွက် အရှုပ်ထွေးဆုံးအရာပင်ဖြစ်သည်ကို တွေးတောနေစရာမလိုပါ။ သို့သော် ထိုအကြောင်းကို အမျိုးသမီးများအတွက်မှာ စိုးရိမ်မှုလွန်ကဲနေမည်ဟု မဆိုလိုပေ။ရယ်ရပါသည်၊ ဟုတ်တယ်မဟုတ်လား? ဟုတ်ပါတယ်၊ တကယ်ကို ရယ်ရပါသည်။ သို့သော် ရှေးရိုးစွဲ ယုံကြည်မှုအရ ခေါင်းပေါ်တွင် လက်ကို လှုပ်ရှားနေစေခြင်းသည် ရင်သွေးကို ချက်ကြိုးက ညှစ်မိစေပြီး ရင်သွေး၏ အသက်ရှုံးစေနိုင်သည်ဟု ပြောကြသည်။မှားယွင်းသော ယုံကြည်မှုတစ်ခုသာ ဖြစ်ပြီး လက်လှုပ်ရှားမှုသည် ချက်ကြိုးနှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် ပြုလုပ်ရသော လေ့ကျင့်ခန်းများသည် မိခင်ကော ကလေးကိုပါ အကျိုးကျေးဇူးရှိသည်။ ရင်သွေးငယ်များ မွေးဖွားသောအခါ သူတို့၏ လည်ပင်းတွင် ချက်ကြိုးပတ်၍ မွေးသည့် မှတ်တမ်းများရှိသော်လည်း ထိုသို့ဖြစ်ရခြင်းမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်မဟုတ်ပဲ မိခင်ဝမ်းထဲတွင် သန္ဓေသား၏ လှုပ်ရှားမှုကြောင့်ဖြစ်သည်။ဒီဆိုရိုးစကားသည် အချို့တဝက် မှန်ကန်သည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ဖိစီးမှုများသည် ခုခံအားစနစ်ကို အားလျော့စေကာ ကိုယ်ဝန်ဆောင်မိခင်ကို အချို့သော ရောဂါများဖြစ်စေတတ်ပြီး ကလေးအတွက် မကောင်းသောကြောင့်ဖြစ်သည်။ သို့သော်အသင့်အတင့်ရှိသော စိတ်ဖိစီးမှုသည် ကလေးအတွက် ကောင်းစေသည်ဟု သုတေသတများက ဆိုသည်။ စိတ်ဖိစီးမှုသည် ရင်သွေးငယ်၏ အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေသည် ဟုဆိုကြသောကြောင့်ဖြစ်သည်။စိတ်ဖိစီးမှုဒဏ်ကို အသင့်အတင့်ခံစားရသော ကိုယ်ဝန်ဆောင်မိခင်မှ မွေးသော ရင်သွေးသည် မည်သည့်စိတ်ဖိစီးမှုဒဏ်ကိုမျှ မခံစားရသော မိခင်ကမွေးသည့် ရင်သွေးထက် ပို၍ ဖွံဖြိုးသော ဦးနှောက်ရှိသည်ဟု ဆိုကြသည်။ဒီအရာသည် အမှန်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ချိန် ပင်လယ်စာအများအပြားစားခြင်းသည် ကလေးအတွက် ကောင်းကျိုးများကိုပင် ဖြစ်စေသည်။ ငါးများသည် အိုမီဂါ-၃ (Omega-3) ကြွယ်ဝသည်။ ပြဒါးဓါတ်ပါဝင်မှုနည်းသော ငါးတော့ ဖြစ်ပါစေ။ ကိုယ်ဝန်ဆောင်ချိန် ငါးစားသော မိခင်သည်ဉာဏ်ကောင်းသော ကလေးကို မွေးဖွားစေသည်။ ဂျာနယ်များတွင် ထုတ်ပြန်ထားသော တွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်ချိန် ငါးစားသော မိခင်များ၏ ကလေးသည် အိုင်ကျူပိုကောင်းကြသည်ဟုဆိုသည်။ဒီဆိုရိုးစကားသည် ခေတ်မီသော စကားဖြစ်ပြီး ဒီစကားသည် လေယာဉ်ပျံသန်နေချိန်တွင်း ကလေးမွေးချင်လာပါက အရေးပေါ်လေယာဉ်ပြန်ဆင်းရမည့် စားရိတ်များကို ကြောက်ရွံ့သော လေကြောင်းလိုင်းကုမ္ပဏီများအတွက် ဖြစ်ပေမည်။ သို့သော် သိပ္ပံနည်းအရဆိုလျှင် မည်သည့်ကိုယ်ဝန်ဆောင်ချိန်မဆို ရက်သတ္တပါတ် ၄၀ ပင်ဖြစ်စေ လေကြောင်းခရီးသွားနိုင်သည်ဟု ဆိုသည်။အမြင့်ပေ နှင့် မီးဖွားခြင်းသည် ဆက်စပ်မှုမရှိပါ။ ကိုယ်ဝန်ဆောင်နေပြီး လေကြောင်းခရီးသွားရန်ရှိပါက ဆက်လုပ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင် ရက်သတ္တပါတ် ၃၄ ပါတ်နောက်ပိုင်း လေကြောင်းခရီးသွားမည်ဆိုပါက သင်၏ အာမခံချက်ပေါ်သာ မူတည်ပေမည်။ကိုယ်ဝန်ဆောင်ချိန်တွင် လိင်ဆက်ဆံခြင်းသည် ရင်သွေးငယ် မွေးဖွားလာချိန်တွင် ညစ်ပတ်စေသည် ဟု၍ အယူစွဲ နေကြခြင်း ဖြစ်သည်။ ဒီအတွေးအခေါ်သည် မှားယွင်းသည်။ သန္ဓေသားကို ရေမွှာက ကာကွယ်ပေးထားပြီး သုတ်ပိုးများသည် သန္ဓေသားဆီသို့ မရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင် ရက်သတ္တပါတ် (၃၁) ပါတ်နောက်ပိုင်းတွင် လိင်ဆက်ဆံခြင်းသည် မွေးလမ်းကြောင်းကြွက်သားများကို ဆွဲဆန့်စေပြီး အောက်စီတိုစင်ဟော်မုန်းကို ထွက်စေကာ မီးဖွားလျှင် တင်ပဆုံရိုးခွေကို ကျယ်ဝန်စေပါသည်။ အောက်စီတိုစင်ဟော်မုန်းသည် ထိုသို့စွမ်းဆောင်ပေးပြီး မီးဖွားစဉ်နာကျင်ခြင်းများကိုလဲ သက်သာစေသည်။ကိုယ်ဝန်ဆောင်ချိန်တွင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ခန္ဓါကိုယ်ကို အကျိုးကျေးဇူးများစေပြီး သွေးလည်ပတ်မှုကောင်းစေသောကြောင့် သန္ဓေသားဆီသို့ အာဟာရပိုရစေသည်။ လေ့ကျင့်ခန်းများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ခါးနာခြင်းများကို သက်သာစေသည်။ ကိုယ်ဝန်ဆောင် ရက်သတ္တပါတ်များသည် နှင့်အမျှ လေ့ကျင့်ခန်းများသည် ကိုယ်ဝန်ဆီသို့ အာဟာရပိုရောက်စေပြီး ကိုယ်ဝန်နှင့် ပတ်သတ်သည့် နာကျင်မှုများကို သက်သာစေသည်။ဒီအကြောင်းအရာသည် ရှေးရိုးစွဲနေသည့်အယူများနှင့် ကြာမြင့်စွာ စွဲမြဲနေသော ယုံကြည်မှုဖြစ်သည်။ ၁၉၅၃ တွင် တွေ့ရှိခဲ့သော ဒီအန်အေ မှသည် လသားမျိုးရိုးဗီဇကို ပိုမိုနားလည်လာခြင်းကြောင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ခြင်းသည် မျိုးရိုးဗီဇကြောင့်ဖြစ်သည်ကို သက်သေပြနိုင်ပြီ ဖြစ်ပြီး ဒီလိုရှေးရိုးစွဲအယူများသည် အဓိပ္ပါယ်မရှိသည်ကို ဖေါ်ပြနိုင်ပြီဖြစ်သည်။ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော အကြောပြတ်ခြင်းများကို ကိုကိုးအားထောပတ်က သက်သာကာကွယ်ပေးသည်ဟု ဆိုကြသည်။ ဒီအဆိုအတွက် သက်သေပြချက်မရှိပေ။ အကြောပြတ်ခြင်းကို အရေးတယူပြုသော အချို့သော ကိုယ်ဝန်ဆောင်များသည် ထိုအချိန်တွင် ခက်ခဲတတ်ကြသည်။အခြားသော ဆိုရိုးစကားမှာ ကိုယ်ဝန်ဆောင်ချိန်တွင် ကြောင်မွေး၍ မရခြင်းဆိုသည်ပင်ဖြစ်သည်။ မှားယွင်းပါသည်၊ ကြောင်တစ်ကောင်သည် ကိုယ်ဝန်ဆောင်သည်ကို ဘာမှမပြုလုပ်နိုင်ပါ။ သို့သော် ကိုယ်ဝန်ဆောင်မိခင်သည် ကြောင်၏ အညစ်အကြေးများ ရှင်းလင်းခြင်းကို ရှောင်ကြဉ်သင့်သည်။ ကြောင်မစင်တွင်ပါသော Toxoplasmosis ဟုခေါ်သော ရောဂါ ကူးစက်နိုင်သောကြောင့်ဖြစ်သည်။အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%ae/
Barium Enema (ဘေရီယမ်ဆေးရည်သုံးစစ်ဆေးခြင်း)
barium ဆေးရည်သုံး စစ်ဆေးခြင်း ဆိုတာ barium sulfate လို့ခေါ်တဲ့ အရည်ကို သင့်အူမထဲကို ထည့်သွင်းပြီး ဓါတ်မှန်ရိုက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အဲဒီပစ္စည်းဟာ သိသိသာသာကွဲပြားပြီး မြင်တွေ့နိုင်တဲ့အရာဖြစ်တာမို့ ဓါတ်မှန်ရိုက်ကူးရာမှာ သုံးပါတယ်။ အူမရဲ့ပုံကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပြီး ပုံမှန်မဟုတ်တဲ့အရာများရှိရင်လည်း မြင်နိုင်ပါတယ်။သင့်ရဲ့ဆရာဝန်ဟာ သင့်မှာအောက်ပါ လက္ခဏာတွေရဲ့ အကြောင်းရင်းကို ရှာချင်ရင် Barium ဆေးရည်သုံးစစ်ဆေးဖို့ အကြံပြုပါလိမ့်မယ်။Barium ဆေးရည်သုံးစစ်ဆေးခြင်းကြောင့် အောက်ပါ ရောဂါအခြေအနေများ ရှိမရှိ သိနိုင်ပါတယ်။Barium ဆေးရည်သုံးစစ်ဆေးခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ။Barium ဆေးရည်သုံးခြင်းမှာ အောက်ပါ နောက်ဆက်တွဲပြသနာတွေ ရှိနိုင်ပါတယ်။Barium ဆေးရည်သုံးစစ်ဆေးခြင်းကို ကိုယ်ဝန်ဆောင်ချိန်မှာ မပြုလုပ်ရပါဘူး။ ဓါတ်မှန်ရိုက်ခြင်းဟာ သန္ဓေသားကို ထိခိုက်စေလို့ ဖြစ်ပါတယ်။ဒီနည်းလမ်းကို မပြုလုပ်ခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ဆရာဝန်နဲ့ ဆွေးနွေးပါ။ဒီအစီအစဉ်မတိုင်ခင်မှာ သင့်အူလမ်းကြောင်းကို ရှင်းလင်းသွားစေဖို့ ဆေးပြား (သို့) ဝမ်းနုတ်ဆေးကို ပေးပါလိမ့်မယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ အူမထဲမှာ တခုခုရှိနေရင် ဓါတ်မှန်ပုံရိပ်ကို အနှောင့်အယှက်ဖြစ်စေပြီး ဆရာဝန်အတွက် ပုံမှန် မဟုတ်တဲ့ ပုံရိပ်တွေလို့ ထင်သွားနိုင်ပါတယ်။အူလမ်းကြောင်းရှင်းလင်းသွားစေဖို့ အောက်ပါ အဆင့်အတိုင်း လုပ်ဆောင်ရပါတယ်။စမ်းသပ်မှုမလုပ်ခင် တပတ်လောက်အထိ ဘာဆေးတွေ သောက်ထားတယ်ဆိုတာ ဆရာဝန်ကို ပြောသင့်ပါတယ်။ ဆရာဝန်ဟာ တချို့ဆေးတွေကို ရက်အနည်းငယ် နာရီအနည်းငယ်မျှ သောက်သုံးတာ ရပ်တန့်ဖို့ အကြံပြုနိုင်ပါတယ်။ဒီအစီအစဉ်ဟာ မိနစ်၃၀ခန့်ကြာနိုင်ပါတယ်။ ဓါတ်မှန်ဆရာဝန်ဟာ အူမကြီးထဲကို ပြွတ်တခု ထည့်သွင်းပြီး barium ဆေးကို ထည့်ပါလိမ့်မယ်။ပြီးရင် ဆရာဝန်ဟာ အနေအထားမျိုးစုံနဲ့ ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ လိုအပ်တဲ့ဓါတ်မှန်တွေ ရိုက်ပြီးသွားရင် ဆေးထည့်ထားတဲ့ပြွန်ကို ဖယ်လိုက်ပါလိမ့်မယ်။သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ရလာဒ်အတွက် ရက်အနည်းငယ်စောင့်ရပြီး ပြန်ချိန်းပါလိမ့်မယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ရေရှည် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ။ သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။Barium ဆေးသုံးပြီးနောက် အောက်ပါနောက်ဆက်တွဲ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/barium-enema-%e1%80%b1%e1%80%98%e1%80%9b%e1%80%ae%e1%80%9a%e1%80%99%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%9b%e1%80%8a%e1%80%b9%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%85%e1%80%85%e1%80%b9/
Colposcopy And Cervical Biopsy (သားအိမ်မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း)
Colposcopy ဆိုတာ မိန်းမ အင်္ဂါ၊ မိန်းမကိုယ် လမ်းကြောင်း နဲ့ သားအိမ်ခေါင်းအ၀ စတဲ့နေရာတွေကို ကြည့်ဖို့အတွက် ဆရာဝန်တွေ အသုံးပြုတဲ့ အထူးချဲ့ထွင်ကြည့်သောကိရိယာ တစ်ခုဖြစ်ပါတယ်။ colposcopy ကြည့်ပြီး ပြသနာတစ်ခုခုတွေ့ရှိပါက အသားစအနည်းငယ်ကို သားအိမ်ခေါင်းအဝမှ ယူနိုင်ပါတယ်။ အဲဒီ အသားစ နမူနာကို Microscope (အနုကြည့်မှန်ပြောင်း)အောက်မှာ ကြည့်နိုင်ပါတယ်။Colposcopy ကို Pap test စစ်ဆေးချက်အဖြေက ပုံမှန်မဟုတ်ခဲ့ရင် မိန်းမကိုယ် လမ်းကြောင်းနဲ့ သားအိမ်ခေါင်းဝကို ကြည့်ရှုဖို့ လုပ်ဆောင်လေ့ရှိပါတယ်။Pap test စစ်ဆေးချက်အဖြေကို ပုံမှန်မဟုတ်စေတာ အများစုက HPV (human papillomavirus) ဗိုင်းရပ်စ် နဲ့ ဘက်တီယီးယား၊ fungi (မှို) (သို့) protozoa လို့ခေါ်တဲ့ အခြား ရောဂါပိုးတွေကြောင့်လည်း ဖြစ်ပါတယ်။ရာသီသွေးဆုံးခြင်းကြောင့် ဖြစ်တဲ့ atrophic vaginitis လို့ခေါ်တဲ့ သားအိမ် ဆဲလ်တွေပုံမှန်ဖြစ်စဉ်အရ ပြောင်းလဲသွားခြင်း ကလည်း Pap စစ်ဆေးချက်အဖြေကို ပုံမမှန်တာမျိုးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ မကုသဘဲထားတဲ့ သားအိမ်ခေါင်း ဆဲလ်တွေပြောင်းလဲမှုဖြစ်ပြီး Pap စစ်ဆေးချက်မှာ ပုံမမှန်တဲ့ အဖြေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပိုင်းမှာ ကင်ဆာ အထိဖြစ်လာနိုင်ပါတယ်။Colposcopy ကြည့်နေစဉ်မှာ ဆရာဝန်က binocular တစ်စုံနဲ့ တူတဲ့ လင်းနေတဲ့ ချဲ့ကားကြည့်နိုင်တဲ့ စက်ပစ္စည်းတစ်ခု( colposcope) ကို အသုံးပြုပါလိမ့်မယ်။ colposcope ဟာ သာမာန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပြသနာတွေကို ဆရာဝန်ကို မြင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီ colposcope ဟာ ကင်မရာတစ်ခုနဲ့ ချိတ်ဆက်ထားပြီး မိန်းမကိုယ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်းအ၀ စတဲ့ နေရာတွေရဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူထားပေးမှာ ဖြစ်ပါတယ်။ဆရာဝန်က ပြသနာတွေကို ပိုရှင်းရှင်းလင်းလင်းမြင်နိုင်အောင် acetic acid (ဗီနီဂါ) ၊ တစ်ခါတစ်လေ အိုင်အိုဒင်း (Lugol’s solution) ကို ဂွမ်းစလေးနဲ့ယူပြီး မိန်းမကိုယ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်းအ၀ တွေမှာ သုတ်လိမ်းတာမျိုး လုပ်ဆောင်နိုင်ပါတယ်။သားအိမ် မှန်ပြောင်းကြည့်ခြင်း ကို သားအိမ်ခေါင်း ကင်ဆာ နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်လာစေနိုင်တဲ့ ပြောင်းလဲချက်တွေကို စစ်ဆေးဖို့ အတွက် လုပ်ဆောင်ပါတယ်။Pap smear အဖြေပုံမှန် မဟုတ်တဲ့အခါမျိုးမှာလည်း တစ်ခါတစ်လေ လုပ်ဆောင်လေ့ရှိပါတယ်။ လိင်ဆက်ဆံပြီး ချိန်မှာ သွေးထွက်ရင်လည်း ဒီ မှန်ပြောင်းကြည့်ခြင်းကို လုပ်ဆောင်သင့်ပါတယ်။သင့်ကျန်းမာရေး စောင့်ရှာက်သူက ခန္ဓါကိုယ် အောက်ပိုင်းစမ်းသပ်တဲ့အချိန်မှာ သားအိမ်ခေါင်းနေရာမှာ ပုံမမှန်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်လည်း သားအိမ် မှန်ပြောင်းကြည့်တာကို လုပ်ရလေ့ရှိပါတယ်။ ပုံမမှန်တာတွေကတော့။HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို စစ်ဆေးဖို့ နဲ့ ကုသပြီးနောက်ပိုင်း ပြန်ဖြစ်နိုင်တဲ့ ပုံမမှန်တဲ့ ပြောင်းလဲချက်တွေ ကို ရှာဖွေဖို့ အတွက်လည်း မှန်ပြောင်းကြည့်နိုင်ပါတယ်။သားအိမ်မှန်ပြောင်းကြည့်တာကို သားအိမ်ခေါင်း ကင်ဆာဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေ အတွက် စစ်ဆေးတဲ့ စစ်ဆေးချက်အနေနဲ့ သုံးလေ့မရှိပါဘူး။ အဲဒီအတွက်က pap test ကို လုပ်ဆောင်ပါတယ်။ pap test မှာ ပုံမမှန်တာတွေ့ခဲ့ရင်တော့ သားအိမ် မှန်ပြောင်းကြည့်ခြင်း ဖြင့်သင်နဲ့ သင့်ဆရာဝန်အတွက် ပိုသေချာတဲ့ အချက်အလက်တွေရယူနိုင်ပါတယ်။သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်းအဖြေတွေက ပုံမှန်ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်လာစေနိုင်တဲ့ ဆဲလ်ပြောင်းလဲခြင်းတွေ မရှိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်က သင့်ကို အချိန် အနည်းငယ်လောက် ထပ်ပြီး pap tests တွေကို လုပ်စေချင်တာမျိုးရှိနိုင်ပါတယ်။Pap test ရော၊ သားအိမ်မှန်ပြောင်းကြည့်တာရော၊ သားအိမ်ခေါင်း အသားစယူထားတာရောက မတူညီတဲ့ အဖြေရလဒ်တွေ ပြနေမယ်ဆိုရင်တော့ နောက်ထပ် အသားစတစ်မျိုး ထပ်ယူဖို့လိုအပ်နိုင်ပါတယ်။HIV ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ဖို့ အခွင့်အရေးပိုများတာတွေ့ရပါတယ်။ ဒါ့ကြောင့် ပုံမှန်မဟုတ်တဲ့ Pap test အဖြေရပြီး HIV ရောဂါပိုးလည်းရှိနေတယ်ဆိုရင်တော့ မှန်ပြောင်းကြည့်ဖို့ လိုအပ်ပါတယ်။သင့်ရာသီလာချိန်၊ သွေးဆင်းချိန် အပြီး တစ်ပတ်လောက်မှာ အသားစယူဖို့ လုပ်ဆောင်သင့်ပါတယ်။ အဲလို လုပ်ခြင်းက သင့်ဆရာဝန်အတွက် သန့်စင်တဲ့ နမူနာရဖို့ ပိုလွယ်ကူစေပါတယ်။ သောက်နေရတဲ့ဆေးတွေနဲ့ ပတ်သတ်ပြီး မိန်းမရောဂါ အထူးကု နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။မစစ်ဆေးခင် သွေးထွက်တာကို ပိုများစေနိုင်တဲ့ ဆေးတွေသောက်နေတာကို ရပ်ခိုင်းပါလိမ့်မယ်။ အဲဒီဆေးတွေကတော့။အသားစ မယူခင် ၂၄ နာရီအတွင်းမှာ tampons တွေသုံးတာ၊မိန်းမကိုယ် လိမ်းဆေး ခရင် တွေသုံးတာကို ရှောင်ရပါမယ်။ အဲဒီ အချိန်အတော အတွင်းမှာ လိင်ဆက်ဆံတာကို လည်း ရှောင်ကြဉ်ရပါမယ်။Cone အသားစ ယူခြင်း၊ (သို့) အခြား မေ့ဆေးအသုံးပြုရန် လိုအပ်တဲ့ သားအိမ်ခေါင်း အသားစယူခြင်း အမျိုးအစား တစ်ခုခု လုပ်ဆောင်တော့မယ် ဆိုပါက ညဉ့်နက်နောက်ပိုင်း (သို့) မလုပ်ဆောင်ခင် အနည်းဆုံး ၈နာရီ မှာ အစာ မစားဘဲ နေရပါမယ်။ချိန်းဆိုထားတဲ့ရက်မှာ ဆရာဝန်က သင့်ကို စစ်ဆေးမည့်နေရာကို မလာခင်မှာ ပါရာစီတမော (သို့) အခြား အနာ သက်သာဆေး တစ်ခုခု သောက်လာဖို့ အကြံပေး နိုင်ပါတယ်။ အသားစယူပြီး သွေးအနည်းငယ်ထွက်နိုင်တဲ့ အတွက် မိန်းမသုံး pads( အခံပစ္စည်း) တစ်ချို့ယူလာသင့်ပါတယ်။ သင့်ကို အိမ်ပြန်ပို့ပေးဖို့ မိသားစုဝင် (သို့) သူငယ်ချင်း တစ်ယောက်ယောက် ခေါ်လာဖို့ လိုအပ်ပါတယ်။ခန္ဓါကိုယ်အောက်ပိုင်း၊ pap test စစ်ဆေးတုန်းက လိုပဲ ကုတင်တစ်ခု အပေါ်မှာ သင်ဟာနောက်ကျောနဲ့ လှဲနေရပါမယ်။ ခြေထောက်တွေက အထောက်အခံ တစ်ခုခုနဲ့ ထားရှိပါမယ်။ဆရာဝန်က သင့် မိန်းမကိုယ်လမ်းကြောင်းထဲကို speculum လို့ခေါ်တဲ့ အပေါက်ကိုချဲ့ကားပေးနိုင်တဲ့ သတ္တု ပစ္စည်းတစ်မျိုးကို ထည့်ပါမယ်။ speculum ဟာ မိန်းမကိုယ် နံရံတွေကို ပွင့်အောင်ခံထားပေးခြင်း ဖြင့် ဆရာဝန်က သားအိမ်ခေါင်းကို မြင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ဆရာဝန်က colposcope လို့ခေါ်တဲ့ ချဲ့ထွင်ကြည့် ကိရိယာကို မိန်းမအင်္ဂါ နဲ့ လက်မ အနည်းငယ် အကွာမှာ နေရာချပါလိမ့်မယ်။ အလင်းရောင်က မိန်းမကိုယ်လမ်းကြောင်း ထဲကို ပြသပေးပါမယ်။ ဆရာဝန်က အဲဒီ အလင်းရောင်ကို သုံးပြီး binocular မှန်ပြောင်းကတစ်ဆင့် ကြည့်နိုင်ပါတယ်။သင့် မိန်းမကိုယ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်းမှာရှိတဲ့ အချွဲတွေ ရှင်းလင်းသွားအောင် ဂွမ်းစတစ်ချို့နဲ့ သုတ်ပါလိမ့်မယ်။ ဆရာဝန်က ဗီနီဂါ (သို့) အခြား အရည်တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသေးတယ်။ အနည်းငယ်လောင်သလို၊ စူးသလိုလို ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ အဲဒီ အရည်တွေက သံသယရှိတဲ့ ဆဲလ်တွေရှိနေတဲ့နေရာတွေကို အရောင်တောက်လာအောင် ကူညီပေးနိုင်ပါတယ်။ဆရာဝန်က သံသယရှိစရာ နေရာတစ်ခုခုတွေ့ပါက အသာစ၊ တစ်ရှုး အနည်းငယ်ကို ယူပြီး ဓါတ်ခွဲခန်းကို စစ်ဆေးဖို့ ပို့ဆောင်နိုင်ပါတယ်။ အသားစယူဖို့ အတွက် ဆရာဝန်အနေနဲ့ ချွန်ထက်တဲ့ အသားစယူတဲ့နေရာမှာ သုံးတဲ့ ကိရိယာကို သုံးပြီး သေးငယ်တဲ့အသားစ ကို ဖယ်ထုတ်ယူနိုင်ပါတယ်။ သံသယရှိဖွယ်နေရာ အများအပြားရှိနေပါက အသားစ အများအပြား နမူနာယူနိုင်ပါတယ်။အသားစ ယူတဲ့နေရာကို သွေးအလွန်အကျွံမထွက်အောင် ထိန်းဖို့ ဓါတု အရည်တစ်ခု အသုံးပြုပါလိမ့်မယ်။သားအိမ်မှန်ပြောင်းကြည့်တာကို ဆရာဝန်ရဲ့ ရုံးခန်းထဲမှာ လုပ်ဆောင်လေ့ရှိပါတယ်။ ဒီစစ်ဆေးချက် တစ်ခုလုံး လုပ်ဆောင်ဖို့ ၁၀ မိနစ် မှ ၂၀ မိနစ် လောက်ထိကြာလေ့ရှိပါတယ်။အသားစ ယူရတယ်ဆိုရင်တော့ သင့် မိန်းမကိုယ်မှာ ၁ရက် ၊ ၂ရက်လောက်တော့ နာကျင်မှု အနည်းငယ် ခံစားရနိုင်ပါတယ်။ အသားစယူပြီး တစ်ပတ်လောက်ထိတော့ မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ အရည်တွေဆင်းခြင်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန် ဖြစ်လေ့ရှိတာပါ။ Monsel’s solution ကို အသုံးပြုထားတယ်ဆိုရင်တော့ ဆင်းတဲ့အရည်တွေက အရောင်ရင့်ပါလိမ့်မယ်။သွေးဆင်းခြင်းအတွက် သန့်စင်တဲ့ pad ( အခံပစ္စည်း) တွေ သုံးနိုင်ပါတယ်။ သားအိမ်ကို အနာပြန်ကျက်အောင် အချိန်ပေးဖို့ လိုတဲ့အတွက် လိင်ဆက်ဆံခြင်း၊ tampons အသုံးပြုခြင်း တို့ တစ်ပတ်လောက်မလုပ်ဖို့ လိုအပ်ပါတယ်။ မှန်ပြောင်းကြည့်ပြီး တစ်ရက်မှာ လေ့ကျင့်ခန်းမလုပ်ရပါဘူး။ဆရာဝန် ညွှန်ကြားလိုက်တဲ့ အချက်တွေကို လိုက်နာရပါမယ်။သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း နဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ရလဒ်အဖြေကို သိနားလည်ခြင်း။ဆရာဝန်က သူ မှန်ပြောင်းကြည့်ပြီး ဘာတွေတွေ့သလဲဆိုတာကို ပြောပြပါလိမ့်မယ်။ အသားစ ယူထားတဲ့ ဓါတ်ခွဲခန်းရလဒ်က တော့ ရက်အနည်းငယ် (သို့) အဲဒီ ထက်ပိုကြာနိုင်ပါတယ်။သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစ ယူခြင်း။ပုံမှန်ရလဒ် အဖြေများ။အိုင်အိုဒင်း နှင့် ဗီနီဂါ သုံးပြီးကြည့်ခြင်းမှာ ပုံမမှန်တဲ့ တစ်ရှုးတွေ မတွေ့ရခြင်း။ မိန်းမကိုယ်လမ်းကြောင်းရော၊ သားအိမ်ခေါင်းရော ပုံမှန်ဖြစ်နေခြင်း။ အသားစ နမူနာမှာ ပုံမမှန်တဲ့ ဆဲလ်တွေ မရှိနေခြင်း။ပုံမမှန်တဲ့ရလဒ် အဖြေများ။အိုင်အိုဒင်း နှင့် ဗီနီဂါ သုံးပြီးကြည့်ခြင်းမှာ ပုံမမှန်တဲ့ တစ်ရှုးတွေ ရှိနေခြင်း။ ရေယုန်(သို့) ပိုးဝင်ခြင်းကဲ့သို့ အခြား အနာများနဲ့ ပြသနာများကို မိန်းမကိုယ်၊ သားအိမ်ခေါင်း(သို့) အနီးအနားတွင်တွေ့ရခြင်း။ အသားစ နမူနာမှာ ပုံမမှန်တဲ့ ဆဲလ်တွေ ရှိနေခြင်း။ သားအိမ်ခေါင်း ကင်ဆာဖြစ်လာနိုင်ခြေရှိ၊ (သို့) ဖြစ်နေ သည်ဟု သိရှိနိုင်သည်။ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစ ယူခြင်းအတွက် ပုံမှန်ရလဒ် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/colposcopy-and-cervical-biopsy-%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%84%e1%80%b9%e1%80%b8/
ဝက်ခြံကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုဆုံးရှုံးနေပြီလား
မနက်အိပ်ရာနိုးလို့ မှန်ထဲကြည့်လိုက်မိရင်အရင်ဆုံးမျက်လုံးထဲကို ဝင်လာမှာကဝက်ခြံတွေများလိုက်တာ။ စိတ်ညစ်တယ်။ မျက်နှာလေးကြည်ပြီး သန့်နေတာမျိုးဖြစ်ချင်လိုက်တာလို့ဖြစ်နေပြီလား။ ဝက်ခြံကြောင့် ငါက သူများတွေလိုမလှဘူး။ အပြင်သွားရင်လည်း သူများတွေလိုက်ကြည့်တာက ဝက်ခြံကြောင့်ပဲနေမှာပါ၊ လို့တွေးပြီး စိတ်ဓါတ်တွေများကျနေပြီလား။ တစ်ခါတလေရှိသေးတယ် ဝက်ခြံများလို့ စိတ်ညစ်နေတာကိုပျော်အောင် မနည်းနေနေရပါတယ်ဆိုမှ ဝက်ခြံတွေများတယ်နော်။ ဘာမှမသုံးဖူးလား။ ဆိုတဲ့ အမေးမျိုးကပြုံးပြီးသာဖြေနေရတယ်။ စိတ်ထဲတော့တော်တော်လေးအောင့်သက်သက်ရယ်။ ဒီပြဿနာတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ဝက်ခြံဆိုတာက ညစ်ပတ်လို့ထွက်တယ်။ လို့ထင်နေသူတွေရှိပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ဟော်မုန်းအပြောင်းအလဲ၊စိတ်ဖိစီးမှု၊ အိပ်ရေးပျက်တာ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် ၊ အဆီပြန်တာ နဲ့ချွေးပေါက်ကျယ်တာတွေကြောင့် ဝက်ခြံဖြစ်ရတာပါ။ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ဝက်ခြံတွေဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဝက်ခြံကပျောက်မသွားတဲ့အခါ စိတ်ဖိစီး၊ စိတ်ဖိစီးမှုကြောင့် ဝက်ခြံဖြစ်နဲ့ သံသရာလည်နေရောလေ။ ဒီဝက်ခြံတွေက စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဝက်ခြံကြောင့် စိတ်ပျက်နေမယ့်အစား အပြတ်ချေမှုန်းကြမလား။ ဝက်ခြံကအရေပြားပြဿနာတစ်ရပ်ပါ။ နာတာရှည်မဟုတ်တာကြောင့်သေချာလေးဂရုစိုက်မယ်ဆိုရင်ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သိထားရမှာက ဝက်ခြံကနေ့ချင်းညချင်းပျောက်သွားမယ့်အရာမဟုတ်ဘူးဆိုတာပါ။ပထမအဆင့်…….မျက်နှာကအညစ်အကြေးတွေဖယ်ရှားပါ။တစ်နေကုန်လိမ်းခြယ်ထားသမျှနဲ့ ဖုန်မှုန့်တွေကိုသေချာသန့်စင်ဖို့လိုပါမယ်။ ဒါကြောင့် မျက်နှာကို မျက်နှာသစ်ဆေးသုံးပြီး မသန့်စင်ခင်မှာ Micellar water သုံးပြီး သန့်စင်ပေးပါ။ ဝက်ခြံရှိတယ်ဆိုရင်တော့ BIODERMA Sebium H2Oလေးရှိပါတယ်။ ဂွမ်းစလေးမှာMicellar waterလေးကိုစွတ်ပြီး မျက်နှာကို အပေါ်ကိုဆွဲယူတဲ့ပုံစံနဲ့သန့်စင်ပါ။ ဒါမှချွေးပေါက်ထဲက အဆီတွေ။ ဖုန်မှုန့်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ လည်ပင်းနဲ့ နားအနောက်ဖက်တွေကိုလည်း ချန်မထားဖို့ပြောပါရစေ။ဒုတိယအဆင့်…….မျက်နှာသစ်မယ်။ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပြီးပြီဆိုရင်တော့ မျက်နှာသစ်ရမှာပါ။ ဝက်ခြံသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကိုရွေးရပါမယ်။ မျက်နှာသစ်ဆေးဖြစ်ပြီးရောရွေးချယ်လိုက်မယ်ဆိုရင် ဝက်ခြံမသက်သာတဲ့အပြင်ချွေးပေါက်တွေကို ပိတ်မိစေပြီး ဝက်ခြံကို ပိုဆိုးသွားစေမှာပါ။ ဝက်ခြံတင်မဟုတ်ဘဲ အဆီပါပြန်တတ်သေးတယ်ဆိုရင် Double Cleansing လုပ်ဖို့လိုပြီပေါ့။ မျက်နှာသစ်ဆိုရင်လည်းဝက်ခြံရှိအသားရေတွက်ရွှေးရခက်ပါတယ်ဆပ်ပြာနဲ့မတည့်တဲ့ အသားရေဆိုအဆင်မပြေတာတွေ အဲဒါဆိုရင်တော့ ဆပ်ပြာမပါဝင်တဲ့­ဂျယ်လ်အမျိုးအစား မျက်နှာသစ်ဆေးက အဆင်ပြေဆုံးဖြစ်မှာပါ။အသားရေချောမွေ့စေတဲ့အပြင် အရေပြားအစိုဓါတ်ဖြည့်တင်းပေးတဲ့ Sensibio toner ကအဆင်ပြေဆုံးဖြစ်မှာပါ။ ဒါမှချွေးပေါက်တွေသန့်စင်ပြီး အသားအရေထိန်းသိမ်းမှု အတွက်အသင့်တော်ဆုံးဖြစ်မှာပါ။တတိယအဆင့်……. Pore Refiner သုံးမယ်။မျက်နှာကို သန့်စင်တဲ့အဆင့်ပြီးပြီဆိုတော့ချွေးပေါက်ကျယ်နေတာကြောင့် ဝက်ခြံထပ်ဖြစ်လာမှာကိုကာကွယ်တဲ့အနေနဲ့ Pore Refinerလေးကို သုံးပေးရပါမယ်။ ဒါမှချွေးပေါက်တွေကျဉ်းပြီး အရေပြားမှာ မိတ်ကပ်လူးတဲ့အခါ အဆီပြန်တာမျိုးမရှိမှာပါ။ချွေးပေါက်ထဲမှာမိတ်ကပ်တွေပိတ်ဆို့တာမျိုးမဖြစ်အောင်လည်း ကာကွယ်ရာရောက်မှာပါ။ ဒါပေမယ့် လေဒီလေးက ချွေးပေါက်ကျယ်တဲ့သူလေးမို့ တစ်နေ့တာလုံးလှနေစေဖို့BIODERMASebium Series ထဲက ချွေးပေါက်ကျဉ်းဆေး Pore Refinerကိုသုံးမယ်ဆိုရင်တော့ နေ့ဘက် Foundation အနေနဲ့အသုံးပြုနိုင်ပါတယ်။ ကျယ်နေတဲ့ချွေးပေါက်တွေ ကျဉ်းစေဖို့ဆိုရင်BIODERMASebium Series ထဲက Pore Refinerလေးရှိပါတယ်။စတုတ္ထအဆင့် ……..Moisturizerသုံးမယ်။အသားအရေအစိုဓါတ်ထိန်းဖို့ က အသားအရေထိန်းသိမ်းရာမှာမေ့ထားလို့မဖြစ်တဲ့ အဆင့်တစ်ခုပါ။ ဒီတော့အသားအရေကို အစိုဓါတ်ရှိနေစေဖို့Moisturizer လိမ်းဖို့က ချန်ထားလို့မဖြစ်ပါဘူး။ အသားအရေကို စောင့်ရှောက်ဂရုစိုက်တဲ့အနေနဲ့ဝက်ခြံတွေကိုသက်သာစေတဲ့ Moisturizer ပါဝင်တဲ့ Sebium Global လေးကို ညအိပ်ခါနီးမှာလိမ်းပေးပြီး ဝက်ခြံတွေကို ထိထိရောက်ရောက် လျော့ပါးသက်သာစေပါတယ်။ပဉ္စမအဆင့် …… Sunscreen လူးမယ်။အသားအရေကို အပြည့်အဝထိန်းသိမ်းချင်ရင် မေ့ထားလို့မရတဲ့ အဆင့်လေးတစ်ခုရှိပါသေးတယ်။ ဒါကတော့ နေလောင်ကာရင်မ်လူးတာပါ။ နေရောင်ခြည်မှာပါတဲ့ UVA နဲ့ UVB တို့က အသားအရေကိုထိခိုက်စေပြီး ဝက်ခြံကို ပိုဆိုးစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ပျောက်ဖို့ ခက်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေနဲ့လိုက်ဖက်မယ့် နေလောင်ကာခရင်မ်ကို ပုံမှန်လူးပေးဖို့ မမေ့ပါနဲ့။ ဒီနေရာမှာ သတိထားရမှာက နေလောင်ကာခရင်မ်လူးတဲ့အခါ ဝက်ခြံသက်သာစေမှာပဲဆိုပြီးBIODERMASebium Series ထဲက Photoderm AKN mat နေလောင်ကာခရင်မ်ကို သုံးတာမျိုးမလုပ်မိဖို့ပါ။ အကြောင်းကတော့ တန်ဆေး လွန်ဘေးဆိုသလိုပေါ့။ ချွေးပေါက်ကျယ်တတ်လို့ Pore Refiner သုံးထားတယ်ဆိုရင် နေလောင်ကာခရင်မ်ကို Sebium Series ထဲက မရွေးတာက အဆင်ပြေဆုံးပါ။ အက်ဆစ်ဓါတ်များသွားပြီး အသားအရေကို မတော်တဆ ထိခိုက်မိနိုင်တာကြောင့်ပါ။ ဒါကြောင့်နေ့ဘက် မဖြစ်မနေလောက်နေလောင်ကာခရင်သုံးမယ်ဆိုရင်တော့ Photoderm Aquafluid SPF 50+ ထဲရွေးချယ်ပြီးတွဲသုံးနိုင်ပါတယ်။ဆဋ္ဌမအဆင့်…….ရေဓါတ်ပြည့်အောင်နေမယ်။ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဆုံးကရေပါ။ ဒီတော့ မနက်နိုးနိုးချင်းရေတစ်ခွက်သောက်ပါ။ တစ်နေ့တာလုံးမှာရေဓါတ်ပြည့်ဝအောင်နေလို့ ညအိပ်ခါနီးမှာလည်းရေတစ်ခွက်သောက်ပြီးမှအိပ်ပါ။နောက်ဆုံးအဆင့်……..လေ့ကျင့်ခန်းလုပ်ပါ။တစ်နေ့တာမှာချွေးထွက်လောက်အောင်လေ့ကျင့်ခန်းလေးတော့လုပ်ပါ။ အချိန်မပေးနိုင်ဘူးဆိုရင်တောင် မနက်ခင်းမှာသွေးပူလေ့ကျင့်ခန်းလေးလုပ်ပေးပါ။ချွေးတွေထွက်တာကလည်း ဝက်ခြံသက်သာစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ဝက်ခြံကို ပျောက်ချင်လို့ အသားအရေထိန်းသိမ်းသူတွေအနေနဲ့ မဖြစ်မနေသိထားသင့်တာက ဝက်ခြံပျောက်စေတယ်ဆိုတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို တစ်ခုမက သုံးစွဲတာမျိုးမလုပ်ဖို့ပါ။ အကြောင်းကတော့ ဝက်ခြံပျောက်စေတယ်ဆိုတဲ့အရာတွေကို တစ်ခုမက သုံးမယ်ဆိုရင် အသားအရေကို ထိခိုက်နိုင်ခြေများနေတာကြောင့်ပါ။ ဒါကြောင့်အသားအရေထိန်းသိမ်းမှုလုပ်တော့မယ်ဆိုရင် လိမ်းရမယ့် အဆင့်ဆင့်ကို မှန်အောင်မှတ်ထားဖို့လိုသလိုသေချာဂရုစိုက်ဖို့လည်းလိုမှာပါ။ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေကို သူ့လိမ်းချယ်ရမဲ့အဆင့်အတိုင်း နေ့ဘက်လူးတာနဲ့ ညဘက်လူးတာတွေ၊ တွဲလူး၊ ခွဲလူးရမှာတွေကို သေချာလေး ဂရုစိုက်လို့ အသားအရေကို ထိန်းသိမ်းဖို့ပြောပါရစေ။ဒီအဆင့်လေးတွေကို ပုံမှန်လိုက်နာမယ်။ ညအိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်မယ်ဆိုရင် တစ်လလောက်အတွင်းမှာ မျက်နှာပေါ်က ဝက်ခြံတွေက သူ့အလိုလိုတပ်ခေါက်သွားပါလိမ့်မယ် ဝက်ခြံက စိတ်အနှောင့်အယှက်ဖြစ်စေတာမှန်ပေမယ့် ရှက်စရာတစ်ခုလို့တော့ မတွေးစေချင်ပါဘူး။ ဒါကြောင့် ဝက်ခြံကြောင့် စိတ်ဓါတ်ကျမနေပါနဲ့လ့ို အကြံပြုရင်း…………။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%80%e1%80%ad%e1%80%af/
သန်ချဖို့ လိုနေပြီလား သိနိုင်ဖို့
သန်ကျဆေး ဘယ်လောက်စွမ်းကြောင်း ၊ဘယ်လောက်ကောင်းကြောင်းကို တီဗီကြော်ငြာတွေမှာတွေ့နေရပေမယ့် ရွံစရာကြီးပါကွာ ဆိုပြီး မျက်နှာလွှဲခဲ့ကြတာများပါတယ်။ အမှန်က သန်ကောင်၊ တုတ်ကောင်ဆိုတာနဲ့ ရွံစရာအကောင်တွေအဖြစ် ပြေးမမြင်ဘဲ ကိုယ့်ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားရှင်းလင်းပစ်သင့်တဲ့ ကပ်ပါးတွေအဖြစ် တွေးလိုက်ရမှာပါ။ ခန္ဓါကိုယ်ကျန်းမာရေးနဲ့ သန့်ရှင်းရေးအတွက် အခါအားလျော်စွာ သန်ချပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ သန်ချဖို့ လိုနေပြီလား သိနိုင်ဖို့ ဗဟုသုတလေး မျှဝေပေးလိုက်ပါတယ်။သန်ကောင်တွေဟာ သက်ရှိသတ္တဝါတွေရဲ့ခန္ဓါကိုယ်တွင်းမှာ ကပ်တွယ်ရှင်သန်တဲ့ ကပ်ပါးပိုးတွေဖြစ်ပြီး လက်ခံ ခန္ဓါကိုယ်က စားသုံးသမျှအာဟာရကို မှီခိုနေကြပါတယ်။ သန်ကောင်ပိုးဝင်ရောက်နိုင်တဲ့နည်းလမ်းကအများကြီးရှိပါတယ်။ အဖြစ်များဆုံးကတော့ အစားအသောက်တဆင့် ကူးစက်ရရှိတာပဲဖြစ်ပါတယ်။ ဥပမာ ကြက်သားနဲ့ဝက်သားအစိမ်းတွေမှာ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ မကျက်တကျက်ကို စားသုံးမိရင် အဲဒီသန်ကောင်ပိုးတွေခန္ဓါကိုယ်ထဲရောက်ရှိရှင်သန်စေနိုင်ပါတယ်။ အဲဒီသားစိမ်းငါးစိမ်းတွေကို အသီးအရွက်တွေနဲ့ရောနှောထားရှိရင်လည်း ထပ်ပြန့်စေတာပေါ့။နောက်တစ်ခုကရေ။ မသန့်ရှင်းတဲ့ရေ ကိုသောက်မိရင်လည်း သန်ကောင်ကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် လက်မသန့်တာ၊ခွေး၊ကြောင် စတာတွေနဲ့ ထိတွေ့မှုများတာတွေကတဆင့် ကူးစက်ရရှိဖို့ အရမ်းလွယ်ပါတယ်။သန်ချသင့်တယ်ဆိုတာတော့ သိပြီ၊ ပုံမှန်လေး သန်ချလို့ရတယ်ဆိုတာလည်းသိပြီ၊ ဒါဆို ဘယ်အချိန်မှာ သန်ချမလဲ။ ကိုယ့်မှာ သန်ကောင်တွေရှိနေရင် ဘာလက္ခဏာတွေဖြစ်လာနိုင်မလဲ သိမှ သန်ချဆေးအချိန်မီသောက်ရမှာပါ။ သန်ချဖို့လိုနေပြီလား သိနိုင်ဖို့ ဒီလက္ခဏာလေးတွေ သိထားသင့်ပါတယ်။သန်ချဖို့ လိုနေပြီလား သိနိုင်ဖို့ ဒီအချက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ဝမ်းလျှောခြင်း။ဝမ်းလျှောခြင်းကရောဂါအတော်များများရဲ့ အဖြစ်များတဲ့လက္ခဏာတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးနဲ့မညီတဲ့အစားအသောက်တွေစားသုံးခြင်းကနေ နှလုံးနဲ့အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်းအထိ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အူထဲမှာ သန်ကောင်တွေများလွန်းလာတဲ့အခါ ဝမ်းပျက်တတ်ပါတယ်။ မစင်ထဲမှာ အကောင်တွေပါလာတာတွေ့ရတတ်ပါတယ်။ဗိုက်အောင့်ခြင်း။သန်ကောင်ကြောင့် ရံဖန်ရံခါ ဗိုက်အောင့်ဝေဒနာခံစားရပြီးပြင်းထန်တဲ့အခါမျိုးလည်းရှိတတ်ပါတယ်။ အမျိုးသမီးတွေကျတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာနဲ့ ဆင်တူတာကြောင့် သိပ်သတိမထားမိကြပါဘူး။ သန်ကောင်ကြောင့်ဖြစ်ရတဲ့ ဝေဒနာက ဝမ်းဗိုက်အောက်ပိုင်း၊ ဆီးစပ်နားလောက်မှာအောင့်စေတာပါ။ အူနံရံမှာ တိုက်ရိုက်ကပ်တွယ်စားသောက်နေတဲ့ သန်ကောင်တွေရှိနေတဲ့အခါ အာရုံကြောတွေကို ဆွသလိုဖြစ်လာပြီး နာကျင်မှုပြင်းထန်စေတာဖြစ်ပါတယ်။ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်း။ဒီလက္ခဏာကတော့ ကလေးတွေနဲ့မြီးကောင်ပေါက်လူငယ်တွေမှာ အဖြစ်များပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကပ်ပါးဖြစ်တဲ့ သန်ကောင်တွေက လက်ခံ ခန္ဓါကိုယ်ဆီက အာဟာရဓါတ်တွေကို စားသုံးရှင်သန်နေကြပါတယ်။ အဲဒီတော့ သန်ကောင်တွေက ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေနဲ့သတ္တုဓါတ်တွေကို စားသုံးပစ်တဲ့အခါ ကလေးတွေက ထွားသင့်သလောက်ထွားမလာဘဲ ရှိသင့်တာထက် အရပ်ပုနေတာ၊ ပိန်နေတာတွေဖြစ်နေတတ်ပါတယ်။ စားသလောက်အားမဖြစ်တဲ့ သဘောပါ။သင့်ကလေးက တစ်နေ့တာမှာ ပုံမှန်ထက် အိပ်ချိန်များနေပြီး နိုးလာချိန်မှာ ပင်ပန်းအားနည်းသလိုဖြစ်နေတာတွေ့ရရင်၊ အစားစားပေမယ့် ပိန်နေဆဲဖြစ်ရင် သန်ကောင်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သန်ချဖို့ စီစဉ်ပါ။မောပန်းနုံးချိခြင်း။ဒါကတော့ အာဟာရချို့တဲ့ တဲ့လက္ခဏာပါ။သန်ကောင်တွေလောက် လူ့ခန္ဓါကိုယ်က အာဟာရဓါတ်တွေမရလိုက်တဲ့အခါ လူက အားနည်းလာပြီး အိပ်ငိုက်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ အားမရှိသလို ခံစားရတဲ့အပြောင်းအလဲတွေကို သတိထားမိလာတယ်ဆိုရင် တခြားသန်ထတဲ့လက္ခဏာတွေရှိနေသလား စပြီးစောင့်ကြည့်သင့်ပါပြီ။ချောင်းခြောက်ဆိုးခြင်း။လူ့ခန္ဓါကိုယ်ထဲမှာ သန်ကောင် အမျိုးအစားပေါင်းစုံ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သန်ကောင်ဥကနေ သားလောင်းဘဝအထိ ပထမအဆင့်အတွင်းမှာ အူထဲမှာတင်မကဘဲ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေမှာလည်း ရှင်သန်နေထိုင်နိုင်ကြပါတယ်။တချို့သန်ကောင်တွေက အဆုတ်နဲ့ အစာရေမျိုမှာ တွယ်ကပ်ရှင်သန်ကြတဲ့အတွက် အာရုံသိတစ်ရှူးတွေရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ဆေးဝါးတွေထိုက်သင့်သလောက်သောက်သုံးနေတာတောင်မှ မသက်သာတဲ့ချောင်းခြောက်ဆိုးတဲ့ဝေဒနာတွေဟာ သန်ကောင်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာက အတော်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ပင်ပန်းရပါတယ်။ရင်ကျပ်ခြင်း၊ အသက်ရှူမဝခြင်း။အဆုတ်ထဲမှာ သန်ကောင်တွေရှိနေတဲ့အခါရောင်ရမ်းမှုတွေဖြစ်စေပြီးချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ ဖျားခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူသံတရွှီရွှီဖြစ်နေခြင်း စတဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။အစာစားချင်စိတ် အပြောင်းအလဲဖြစ်ခြင်း။သန်ကောင်တွေ ခန္ဓါကိုယ်ထဲများနေတဲ့အခါ သူတို့ရဲ့တည်ရှိမှုကို အသွင်သဏ္ဍာန်အားဖြင့် မသိသာပေမယ့် အူတွင်းက အာရုံခံstimuliတွေရဲ့သတင်းပေးပို့မှုကို ခန္ဓါကိုယ်က လက်ခံသိရှိနိုင်ပါတယ်။ အဲဒီstimuliတွေက ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကို သတင်းပို့လိုက်ပေမယ့်ပြည့်နေတဲ့အရာက စားသုံးလိုက်တဲ့အစာလား၊ သန်ကောင်တွေလားဆိုတာ အတိအကျ မသိလိုက်နိုင်ပါဘူး။ ဒါ့ကြောင့် အစာစားချင်စိတ်မှာ ရုတ်တရက်အပြောင်းအလဲတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အစားနည်းနည်းလေးနဲ့ ဗိုက်ပြည့်ပြီး အစားနည်းသထက်နည်းလာနိုင်ပါတယ်။တစ်ဖက်ကဆိုရင်လည်း တချို့သန်ကောင်အမျိုးအစားကအာဟာရဓါတ်တွေကိုအများကြီးစားသုံးတတ်တာကြောင့် ခန္ဓါကိုယ်ကို အာဟာရချို့တဲ့စေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် မကြာခဏဆာလောင်လာပြီး အစားပိုများလာတတ်ပါတယ်။အခုဖော်ပြခဲ့တဲ့လက္ခဏာတွေ ကိုယ့်မှာရှိနေရင် သန်ကျဆေးသောက်ဖို့ မတုံ့နှေးနေပါနဲ့တော့။ နောက်ပိုင်းမှာ သန်ချဖို့ အစွမ်းထက်တဲ့ဆေးဝါးတွေလည်းရှိနေပြီဆိုတော့ လက္ခဏာတွေပိုဆိုးမလာခင် ကုသဖို့ သတိထားပါ။ ဒီထဲက လက္ခဏာနှစ်ခုနဲ့အထက် ကိုယ့်မှာရှိနေရင် ၊ပြင်းထန်ရင် ဆရာဝန်ပြဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/symptoms-intestinal-worms/
အနာကိုသေချာဂရုမစိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ကြောက်စရာနောက်ဆက်တွဲဆိုးကျိုးများ။
အနာ၊ထိခိုက်ဒဏ်ရာ၊ပွန်းပဲ့ဒဏ်ရာ၊ကုတ်ခြစ်ဒဏ်ရာ၊ပြတ်ရှဒဏ်ရာအချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အသေးစားကျန်းမာရေးပြဿနာပါ။ သွားရင်းလာရင်းဖြစ်နိုင်သလို အိမ်မှာနေရင်းအိမ်မှုကိစ္စတွေလုပ်ရင်းနဲ့တောင်ဖြစ်နိုင်ပါတယ်။ ဒီရှောင်လွှဲဖို့ခက်တဲ့ အသေးစားကျန်းမာရေးပြဿနာလေးတွေက သတိလက်လွတ်ထားလိုက်မိတဲ့အခါမျိုးဆိုရင် အထိတ်တလန့်ဖြစ်စေမယ့်နောက်ဆက်တွဲပြဿနာတွေကို ယူဆောင်လာတတ်ပါတယ်။အနာဖြစ်တယ်၊ ထိခိုက်ရှနာဖြစ်တယ်ဆိုတာကခန္ဓါကိုယ်ရဲ့ရှေ့တန်းခံစစ်ကျိုးပျက်သွားတာပါ။အရေပြားပေါက်ပြဲသွားပြီဆိုမှတော့ ခန္ဓါကိုယ်ထဲကို ဘက်တီးရီးယားတွေက ဝင်ချင်သလိုဝင်ခွင့်ရသွားပြီပေါ့။ ဘက်တီးရီးယားတွေက ခန္ဓါကိုယ်ထဲကို ဝင်ပြီးသွားရင် ဒီအတိုင်းပြန်ထွက်မသွားပါဘူး။ ထင်တိုင်းကြဲပြီးမှ ထွက်သွားကြတာပါ။ ဒီအခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီပေါ့။ ဒီတော့အနာထဲကိုပြင်ပက ဘက်တီးရီးယားတွေဝင်မလာအောင်သေချာဂရုစိုက်ဖို့လိုပါမယ်။ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပေါက်ပြဲသွားတဲ့ ထိခိုဒဏ်ရာတွေရလာပြီဆိုရင် ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ပါနော်။အနာကိုသေချာဆေးကြောပေးပါ– ထိခိုက်ဒဏ်ရာရပြီဆိုရင် အနာကိုရေသန့်သန့်နဲ့ သန့်စင်ဆေးကြောပေးပါ။အနာကိုခြောက်အောင်သုတ်ပါ– အနာဆေးကြောပြီးရင် ဂွမ်းစသန့်သန့်လေးနဲ့ခြောက်အောင်သုတ်ပါ။သွေးတိတ်အောင်လုပ်ပါ– အနာပေါ်ကို ပတ်တီးစသန့်သန့်လေး ဒါမှမဟုတ် အဝစသန့်သန့်လေးနဲ့ခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပါ။အနာကိုပိုးသတ်ဆေးတစ်ခုခုလိမ်းပေးပါ– အနာကိုသန့်စင်ဆေးကြောပြီးရင် အနာပိုးမဝင်အောင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးရပါမယ်။ Antiseptic Solution ကဆိုရင် အနာထဲကိုပိုးမဝင်အောင်ကာကွယ်ပေးပြီး အနာကျက်မြန်အောင်လည်း အထောက်အကူပြုပေးပါတယ်။ အနာရင်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်လို့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ တစ်နိုင်ငံလုံး အသုံးပြုနေတဲ့ စိတ်ချယုံကြည်ရတဲ့တံဆိပ်တစ်မျိုးလည်းဖြစ်ပါတယ်။အနာကို ကာကွယ်ပေးပါ– အနာကိုဆေးကြောသန့်စင်၊သွေးတိတ်အောင်လုပ်ပြီးပြီ။ဆေးလည်းထည့်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်က အနာကိုပလာစတာကပ်တာ၊ ဒါမှမဟုတ်ပတ်တီးစည်းတာမျိုးလုပ်ပေးဖို့ပါ။ ဒါမှ အနာကိုအမာရွတ်ကင်းကင်းနဲ့အနာကျက်စေမှာပါ။အနာကိုနေ့စဉ်စစ်ဆေးပေးပါ– အနာကိုတစ်နေ့နှစ်ကြိမ်ပုံမှန်စစ်ဆေးပေးပါ။ ပလာစတာတွေ၊ ပတ်တီးတွေရေစိုသွားခဲ့ရင်ဖြစ်ဖြစ် ညစ်ပေနေရင်ဖြစ်ဖြစ် ချက်ချင်းလဲပေးပါ။အနာဖြစ်ရင် ကြီးကြီးသေးသေးသေချာဂရုစိုက်ဖို့လိုပါမယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ အမှိုက်ကစပြသာဒ်မီးလောင်ဆိုသလိုပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပြဿနာတွေလည်း သိပ်မကြီးလောက်တာကိုဖြဲခြောက်တယ်ထင်နေတာလား။အနာကိုသေချာဂရုမစိုက်တဲ့အခါ အနာထဲကိုမေးခိုင်ပိုးဝင်တာ။ အနာရင်းပြီး အဖျားတက်တာ၊ အဆိုးဆုံးကတော့ အနာမကျက်ဘဲ ခြေလက်ဖြတ်ရတာမျိုးအထိပြင်းထန်နိုင်ပါတယ်နော်။ ထိခိုက်ဒဏ်ရာရလာပြီဆိုရင် အနာကိုဖြစ်သလို မထားဘဲသေချာလေးဂရုစိုက်ပေးပါနော်။ အနာသန့်ရှင်းမှုအားနည်းတဲ့အခါ အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေပိုများသလို အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ခြေတော်တော်လေးများသွားနိုင်တာကြောင့်ပါ။ဆီးချိုဝေဒနာရှိသူတွေမှာဆိုရင်ခြေထောက်တွေမှာ အနာဖြစ်ခဲ့ရင်ဖြတ်တောက်ရတာမျိုးမဖြစ်စေဖို့အတွက်သေချာလေးဂရုစိုက်ဖို့လိုအပ်မှာပါ။ အနာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေထဲက တစ်ခု ပိုးဝင်ကူးစက်တဲ့အနာတွေက အနာကျက်တဲ့အခါ အမာရွတ်ကျန်ခဲ့တာများပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ထိခိုက်မိတဲ့တဝိုက်က တစ်ရှုးတွေပျက်စီးသွားတာကြောင့် အနာတဝိုက်ကသွေးကြောလေးတွေထိခိုက်ပျက်စီးပြီး အနာဆီကို သွေးစီးဆင်းရောက်ရှိမှုနည်းသွားတာကြောင့်လည်းအနာကျက်နှေးတာမျိုးဖြစ်နိုင်ပါတယ်။အနာတော်တော်များများကဆေးရုံဆေးခန်းသွားစရာမလိုဘဲနေအိမ်မှာတင် ဂရုစိုက်ရုံနဲ့ပျောက်ကင်းနိုင်တယ်ဆိုပေမယ့် ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့နောက်ဆက်တွဲပြဿနာတွေကိုရှောင်ဖို့ဆေးခန်းသွားသင့်တယ်လို့ တိုက်တွန်းပါရစေနော်။အခုပြောခဲ့တဲ့ပြဿနာတွေကနေ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့နေအိမ်မှာ Antisepticဆေးရည်၊ ဂွမ်း၊ ပလာစတာ၊ ပတ်တီးလေးတွေ အသင့်ဆောင်ထားပြီးသေချာလေးဂရုစိုက်ပေးလိုက်ပါ။ အနာကြောင့်ဖြစ်တဲ့ ကြောက်စရာနောက်ဆက်တွဲပြဿနာတွေကိုရှောင်ရှားနိုင်မှာပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/worst-complications-of-wound/
Malabsorption Syndrome (အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု)
အစားအစာတွေမှာပါဝင်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံကတဆင့် သွေးထဲရောက်အောင် စုပ်ယူနိုင်စွမ်းအားနည်းတဲ့ ရောဂါစုကို ဆေးပညာအရ Malabsorption syndrome လို့ ခေါ်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီရောဂါစုရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပုံမှန်အားဖြင့်ဆိုရင် အစာအိမ်က အတိုင်းအတာတစ်ခုထိ ချေဖျက်လိုက်တဲ့ အစာအာဟာရအများစုကို အူသိမ်နံရံကစုပ်ယူပြီး သွေးထဲရောက်ရှိစေပါတယ်။ (အူသိမ်ကမစုပ်ယူလိုက်တဲ့ အာဟာရတွေကိုတော့ အူမကြီးက စုပ်ယူပေးပါတယ်။) ကယ်လ်ဆီယမ်၊ ပရိုတင်း စတဲ့ စုပ်ယူပြီးသား အာဟာရဓါတ်တွေဟာ သက်ဆိုင်ရာ သွေးလှည့်ပတ်မှုလမ်းကြောင်းအတိုင်း အရိုး၊ ကြွက်သားနဲ့ ကိုယ်အင်္ဂါတွေဆီ ရောက်ရှိသွားမှာဖြစ်ပါတယ်။ မစုပ်ယူဘဲကျန်ခဲ့သမျှ အကြွင်းအကျန်အားလုံးကို သဗ္ဗအိမ်ကနေတဆင့် မစင်အဖြစ်စွန့်ထုတ်လိုက်မှာ ဖြစ်ပါတယ်။အဆိုပါလုပ်ငန်းစဉ်ကို ပျက်ပြားစေတဲ့ အခြေအနေတွေကတော့။တို့ဖြစ်ပါတယ်။Malabsorption syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။Malabsorption syndrome ဟုတ်မဟုတ် အဖြေရှာအတည်ပြုဖို့ သင်စားသုံးတဲ့အစားအစာတွေနဲ့ ဖြစ်ပေါ်နေတဲ့ ရောဂါလက္ခဏာတွေအကြောင်း သင့်ဆရာဝန်က အသေးစိတ်မေးမြန်းမှာဖြစ်ပြီး စစ်ဆေးမှုအများအပြား ပြုလုပ်ဖို့လည်း လိုအပ်နိုင်ပါတယ်။သင့်ဆရာဝန်အနေနဲ့ Malabsorption syndrome ကို ကုသတဲ့နေရာမှာ လတ်တလောဖြစ်ပွားနေတဲ့ ရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းရေးကို ဦးစားပေးစဉ်းစားသွားမှာ ဖြစ်ပါတယ်။ (ဥပမာ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် loperamide ပေးခြင်း)။သင့်ခန္ဓါကိုယ်က မစုပ်ယူနိုင်တဲ့ အာဟာရဓါတ်နဲ့ အရည်ဓါတ်တွေကို အစားထိုးဖြည့်တင်းပေးပြီး ရေငတ်ခြင်း၊ ဆီးနည်းခြင်း၊ အာခြောက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း စတဲ့ ရေဓါတ်ခမ်းခြောက်မှုလက္ခဏာတွေ ဖြစ်ပေါ်လာခြင်းရှိမရှိကိုလည်း စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ အာဟာရစုပ်ယူမှုပြဿနာ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကိုလိုက်ပြီး ကုသမှုပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ lactose မချေဖျက်နိုင်တဲ့ပြဿနာရှိနေရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ဖို့ ဒါမှမဟုတ် lactase အင်ဇိုင်းဆေးပြားစားဖို့ အကြံပြုနိုင်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ မျှမျှတတ စုံစုံလင်လင်ရရှိဖို့ ကုသမှုအစီအစဉ်ချပေးနိုင်တဲ့ အာဟာရပညာရှင်ဆီ လမ်းညွှန်ပေးမှာဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။Malabsorption syndrome ဟာ အမြဲတစေ ကာကွယ်လို့ရတဲ့ရောဂါစု မဟုတ်ပါဘူး။ အထူးသဖြင့် သင့်မှာ celiac ရောဂါ၊ cystic fibrosis ဒါမှမဟုတ် အခြား နာတာရှည် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေရင် ကာကွယ်လို့မရနိုင်ပါဘူး။ဒါပေမယ့် ဒီရောဂါတွေကို အကောင်းဆုံးရင်ဆိုင်ကုသနိုင်ဖို့ သင့်ဆရာဝန်နဲ့ အချိန်ပေး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဝမ်းနှုတ်ဆေးနဲ့ ပဋိဇီဝပိုးသတ်ဆေးတွေကိုလည်း အမှန်တကယ်လိုအပ်မှသာ စနစ်တကျ အသုံးပြုသင့်ပါတယ်။အာဟာရဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးရမယ်ဆိုရင်လည်း သင်အသေးစိတ်သိချင်တဲ့ အကြောင်းအရာအားလုံးကို သင့်ဆရာဝန်၊ သူနာပြု ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/malabsorption-syndrome-%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b%e1%80%93%e1%80%ac%e1%80%90%e1%80%ba-%e1%80%85%e1%80%af%e1%80%95%e1%80%ba%e1%80%9a%e1%80%b0%e1%80%99%e1%80%be%e1%80%af%e1%80%a1/
သတိလေးနဲ့ စားတတ်ပါစေ။
သတိဆိုတာ ပိုတယ်မရှိဘူးလို့ ပြောကြတယ်ဟုတ်။ ဘာပဲဖြစ်ဖြစ် သွားသတိ လာသတိ စားသတိလေးနဲ့ဆို ကောင်းတာပေါ့။ခုဒီဆောင်းပါးမှာဝိတ်လည်းကျစေမယ်၊ ဆီးချိုသမားတွေလည်း အစားအသောက်ကို ဆင်ခြင်တတ်မယ်၊ ခုခေတ်စားနေတဲ့ stress eatingကိုလည်း သက်သာစေမယ့် နည်းလမ်းလေး တစ်ခုကို ပြောပြပေးမယ်ဆို ဘယ်လိုလဲ။ဟုတ်တယ်။ နည်းလမ်းလေး တစ်ခုပါပဲ။ သင့်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားနိုင်ဖို့ သင်ပေးမယ့် နည်းလမ်းလေး တစ်ခုပါ။Mindful eatingဆိုတာကို သိတဲ့လူလည်း သိကြမှာပါ။ သတိလေးကပ်ပြီး စားသောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဗုဒ္ဓအယူဝါဒက ဆင်းသက်လာတယ်ဆိုပေမယ့် လူမျိုးဘာသာ မရွေးလုပ်နိုင်တဲ့ စိတ်လေ့ကျင့်ခန်းလေး တစ်ခုပါပဲ။ အနောက်နိုင်ငံတွေမှာတော့ တော်တော်ခေတ်စားနေပါပြီ။သူက အစာစားတဲ့အခါ စားတဲ့ကိစ္စမှာပဲ အာရုံစိုက်ပါတယ်။ ဘာတွေစားနေလဲ၊ အရသာတွေ၊ အရောင်အဆင်းတွေက ဘာတွေလဲ။ ဒါတွေကို တမြုံ့မြုံ့ကျေညက်အောင် ဝါးရင်း တွေးနေတာပါ။ အလုပ်တိုင်း အလုပ်တိုင်းကို ဒီလိုပုံစံနဲ့ စားနေတာပါ။ပြီးတော့ ကိုယ်စားတဲ့အစားအစာတွေအပေါ်မှာ ကျေးဇူးတင်စိတ်၊ ပီတိစိတ်လေးနဲ့ စားနေတာပါ။ ကိုယ်ဒီလိုစားနေတဲ့အချိန်မှာ မစားနိုင်တဲ့သူတွေ အများကြီးရှိတယ်၊ ကိုယ်ဒီလို အေးအေးဆေးဆေး စားနေနိုင်ပေမယ့် ကျီးလန့်စာစားနေရသူတွေ အများကြီး ရှိတယ်။ ဒါဟာ ကိုယ့်ရဲ့ ကံကောင်းမှုပဲဆိုပြီး ပီတိဖြစ်တယ်။ဒီလိုစားနိုင်အောင် ချက်ပြုတ်စီစဉ်ပေးတဲ့သူ၊ ရောင်းဝယ်ပေးတဲ့သူ၊ စိုက်ပျိုးထုတ်လုပ်သူတွေကိုလည်း ကျေးဇူးတင်စိတ်လေးနဲ့ စားတယ်။အကောင်းမြင်စိတ်လေးနဲ့ပေါ့။ဒါကြောင့် စားလိုက်ရတာက ထမင်းတစ်နပ်ဆိုပေမယ့် စားပြီးတဲ့အခါ ဝမ်းရော စိတ်ပါ ပြည့်ဝသွားပါတယ်။ဝိတ်ကျအောင် ထမင်းမစားဘူးတို့၊ကီတိုဝင်နေတယ်တို့ဆိုတာ ရေတိုဆို အဆင်ပြေပေမယ့် ရေရှည်လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။ မလုပ်နိုင်လို့ ရပ်လိုက်တဲ့အခါ ဝိတ်ပြန်တက်လာမှာပါ။Mindful eating ကျတော့ ပုံမှန်စားနေကြကိုပဲသတိကပ်စားတာပါ။ အေးအေးဆေးဆေး တမြုံ့မြုံ့ဝါးနေတဲ့အတွက် ခဏလည်း နေရော ဗိုက်ပြည့်တဲ့ ခံစားမှုလေး ရလာပါတယ်။ ထမင်းကြည့်တော့ ပန်းကန်တစ်ဝက်တောင် မကုန်သေးပါဘူး။ခန္ဓာကိုယ်က စားနေရင်း မိနစ်၂၀လောက်နေရင် ဦးနှောက်ကို ဗိုက်ပြည့်တဲ့ signalလေး ပို့ပါတယ်။ အဲ့လို ပို့တာကို ဆက်စားနေရင်ဗိုက်အင့်လာမှာပါ။ တချို့ကလည်း အာရုံတွေများပြီး စားနေတော့ ဗိုက်ပြည့်လို့ ပြည့်မှန်း မသိပါဘူး။ ကုန်သွားမှသာ ဗိုက်အင့်နေမှန်း သိတာပါ။Mindful eatingမှာ အေးအေးဆေးဆေး စားနေတဲ့အတွက် မိနစ် ၂၀လောက်နေရင် ထမင်း တစ်ဝက်မကျိုးသေးတာတောင် ဗိုက်ပြည့်တယ်လို့ ခံစားမိတာပါ။ ဒီအချိန်မှာ ကိုယ့်စိတ်ကိုယ်ထိန်းပြီး ရပ်လိုက်ရင် ဆက်မစားဖြစ်တော့ပါဘူး။ဒါက ရေရှည်ဆိုရင် အလိုလိုနေရင်း အစားလျှော့စရာ မလိုဘဲ လျှော့ပြီးသား ဖြစ်သွားပါတယ်။ ဝိတ်လည်း ထိန်းပြီးသား ဖြစ်သွားပါတယ်။ဆီးချိုရှိတဲ့သူတွေနဲ့ စစချင်း diet plan ပြောရရင် အင်မတန် စိတ်ညစ်ရပါတယ်။ တစ်သက်လုံး ဇလုံနဲ့ ထမင်းစားလာတဲ့သူတွေကို ခုထမင်းစားရင် ၇ဇွန်းနဲ့ ၁၀ဇွန်းကြား စားနော်ပြောရင် သူတို့လည်း မစားနိုင်ပါဘူး။ ကိုယ်လည်း စိတ်ညစ်ပါတယ်။နောက်ကျတော့ လူနာတွေကို Mindful eatingနဲ့ စားခိုင်းပါတယ်။ ပန်းကန်ထဲမှာ စားရမယ့် ပမာဏကို တစ်ခါတည်း ထည့်ထား၊ ပြီးရင် စားတာက လွဲပြီး ဘာမှမလုပ်နဲ့ဆိုပြီး Mindful eating စားနည်းကို သင်ပေးထားလိုက်တယ်။ဆိုးတော့ မဆိုးပါဘူး။ သူတို့ ထိန်းတော့ ထိန်းချုပ်တတ်လာတယ်။ စားနေတာက ဘာတွေ၊ အရသာက ဘယ်လို ဆိုတာ သိလာတော့ သူတို့စားတာ ဒီနေ့ ငန်နေလား၊ ချိုနေလား စသဖြင့် ကောင်းကောင်း သိလာတယ်။ အစာကို သေချာဝါးနေရတော့ ခဏလေးနဲ့ ဗိုက်ပြည့်သွားတယ်။မပြည့်ဘူးဆိုရင်လည်း ထမင်းမဟုတ်တဲ့ အသားတို့၊ အသီးအရွက်တို့ကိုပဲ ထပ်စားခိုင်းတယ်။ ကြာကြာဝါးရတဲ့အတွက် အစာလည်း ကြေပြီး နေလို့ ထိုင်လို့ ကောင်းတယ်။ (ဆီးချိုသမားတွေက ကြာလာရင် အူလမ်းကြောင်း လှုပ်ရှားမှု အားနည်းလာတဲ့အတွက် မကြာခဏ ရင်ပြည့်တာ၊ အစာမကြေတာ ဖြစ်တတ်ပါတယ်။ )။Emotion hungerဆိုတာ စိတ်ဖိစီးမှုကြောင့် ဗိုက်မဆာဘဲ အစာတွေ အများကြီး စားတာကို ပြောတာပါ။ သူတို့က ဗိုက်လည်း တကယ်မဆာဘဲ စိတ်ဖိစီးမှု သက်သာအောင် စားလေ့ရှိတယ်။ စားတဲ့ပုံစံကလည်း အေးအေး ဆေးဆေး စားတာထက် တစ်ခုခုကို အငမ်းမရ လောဘတကြီး စားတာမျိုးပါ။ဒါကြောင့် စားပြီးရင်တောင် စိတ်က မတင်းတိမ်နိုင်ဘူး။ ဗိုက်က အင့်နေပေမယ့် ဆက်စားနေချင်စိတ် ရှိနေသေးတယ်။ ဒီလို စားသောက်ပုံက ရေရှည်ကျတော့ ကျန်းမာရေး ထိခိုက်လာတာပေါ့။ဒါကို ဖြေရှင်းဖို့လည်း Mindful eating ကို သုံးခိုင်းပါတယ်။ အရင်ဆုံး တစ်ခုခုကို စားချင်နေပြီဆိုရင် ဗိုက်ဆာတာလား၊ စိတ်ဆာတာလား အရင်သုံးသပ်ခိုင်းပါတယ်။ ဗိုက်ဆာတာဆိုရင် စားပေါ့။ စားလည်း Mindful eating နဲ့ပဲ စားခိုင်းပါတယ်။ ဆာလောင်နေရင် ပိုစားမိတတ်လို့ပါ။စိတ်ကြောင့် ဆိုရင်တော့ တခြားနည်းလမ်းတွေနဲ့ အရင်ဖြေရှင်းခိုင်းလေ့ရှိပါတယ်။ ဥပမာ ရေတဝသောက်လိုက်တာမျိုးပေါ့။ မရဘူး၊ စားကို စားရမှဆိုရင်တော့ စားလိုက်ပါ။ Mindful eating နဲ့ စားကြည့်ပါ။တကယ်လည်း စားရော ထင်သလောက် စားလို့ မဝင်ပါဘူး။ ဗိုက်မှမဆာတာ စားလို့ ဘယ်ဝင်မလဲ။ ဒေါနဲ့ မောနဲ့ စားဖို့ လာခဲ့ပေမယ့် တကယ်လည်း အာရုံစူးစိုက်ပြီး စားလိုက်တော့ ခုနက စိတ်ဖိစီးတာတွေ သက်သာသွားပါတယ်။အစာကို သေချာဝါးနေတဲ့အတွက် အစာခြေဖို့ အစာအိမ်နဲ့ အူလမ်းကြောင်းက ဝမ်မပိတော့ပါဘူး။ ဒါကြောင့် အစာမကြေတာ၊ ဝမ်းချုပ်တာ သက်သာစေပါတယ်။ဗိုက်အင့်တာ၊ရင်ခေါင်းအောင့်တာတွေလည်း မဖြစ်တော့ဘူးပေါ့။ စားပြီးလို့ အိပ်ငိုက်တာမျိုးလည်း မဖြစ်ဘဲ ပေါ့ပေါ့ပါးပါး လှုပ်ရှားသွားလာနိုင်မှာပါ။ဒါကတော့ Mindful eatingရဲ့ အကျိုးကျေးဇူးတွေပါပဲ။ နောက်တစ်ခေါက်ကျရင်တော့ Mindful eatingကို ဘယ်လိုစားရမလဲဆိုတာ ပြောပြပေးပါ့မယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%90%e1%80%ad%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%90%e1%80%ba%e1%80%95%e1%80%ab%e1%80%85%e1%80%b1%e1%81%8b/
အလှပျက်စေတဲ့ဝက်ခြံတွေ ဘာလို့ဖြစ်လာရတာလဲ၊ဘယ်လိုကာကွယ်မလဲ
မျက်နှာလေးက လှချင်ပါလျက် ရုပ်လေးကဖျက်တယ်တဲ့။ပြောမနာဆိုမနာ သူငယ်ချင်းတွေကြား စနောက်ကြတဲ့စကား။ ဒါပေမယ့်ဝက်ခြံရှိတဲ့သူလေးတွေအတွက် တကယ်မှန်နေပါရော။ နဂိုမျက်နှာလေးက လှသားနဲ့ ဝက်ခြံတွေကရှုပ်နေတဲ့အခါ ရုပ်ရည်အသွင်အပြင်မှာ အားနည်းချက်တစ်ခုလိုခံစားရစေပါတယ်။ ဝက်ခြံကင်းပြီး ကြည်ကြည်ရှင်းရှင်းလေးဆိုရင် သိပ်မချောလည်း လှနေမှာပါပဲ။ဒီလိုအလှပျက်စေတဲ့ ဝက်ခြံတွေက ဘာလို့ဖြစ်လာရတာလဲ၊ ဘာလို့များမပျောက်ရတာလဲလို့ အမြဲကိုမေးချင်နေမှာနော်။ ဝက်ခြံပျောက်ဆေးတွေဝယ်သုံးလည်းဖြစ်နေတာပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ အကြောင်းရင်းကို အရင်ဆုံးသိထားတာကောင်းပါတယ်။ အနည်းဆုံးတော့ မပျောက်သေးရင်တောင် ပိုမဆိုးအောင် ထိန်းလို့ရတာပေါ့။ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်း (၄) ခုရှိပါတယ်။ဝက်ခြံဖြစ်လာအောင် ဒါမှမဟုတ် ပိုဆိုးအောင် ပံ့ပိုးပေးနေတဲ့အရာတွေကတော့ –။ဝက်ခြံမဖြစ်အောင်ကာကွယ်ဖို့က ခလုတ်တစ်ချက်နှိပ်သလိုတော့ တစ်ခါတည်းအဆင်မပြေနိုင်ပါဘူး။ စိတ်ရှည်ရပါမယ်၊ ပုံမှန်ဂရုစိုက်ရပါမယ်၊ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့အသားအရေထိန်းပစ္စည်းတွေကိုရွေးချယ်သုံးရပါမယ်။ ဒီသုံးချက်ကိုသဘောတူလက်ခံတယ်ဆို ကာကွယ်ဂရုစိုက်မှုလေးတွေ လုပ်ဖို့ ဆက်ပြောပြမယ်။မျက်နှာကိုသန့်စင်ပါ။ဝက်ခြံရှိရှိ၊ မရှိရှိ မျက်နှာကို ပုံမှန်သန့်စင်ရမှာအခြေခံကျဆုံးအဆင့်ပါ။ ကိုယ်တိုက်ဆပ်ပြာတွေတော့မသုံးနဲ့ပေါ့။ ကိုယ်တိုက်ဆပ်ပြာခဲ၊ ဆပ်ပြာရည်တွေနဲ့မျက်နှာသစ်တာက အသားအရေကို ထိခိုက်စေနိုင်တယ်။BIODERMAကထုတ်တဲ့ Sebium Gel Moussant မျက်နှာသစ်ဆပ်ပြာဂျယ်လ် ဒါမှမဟုတ်Sebium H2O Miscellar Water သုံးပြီး တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။ ဝက်ခြံနဲ့ဆားဝက်ခြံရှိတဲ့သူတွေမှာချွေးပေါက်ပိတ်ဆို့နေတဲ့၊ အဆီတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ဖို့BIODERMAတာဝန်ထားပါ။Pore Refinerသုံးပါ။မျက်နှာသန့်စင်ပြီးတဲ့အခါ အသားအရေကိုနူးညံ့စေပြီးချွေးပေါက်ကိုကျဉ်းစေတဲ့BIODERMAPore Refinerလေးသုံးပေးပါ။ ဆားဝက်ခြံကိုပါ သက်သာစေတဲ့ Pore Refinerလေးက အသားအရေအဆီပြန်ခြင်းကိုကာကွယ်ပေးတဲ့ Mattifying Powders နည်းပညာနဲ့ထုတ်လုပ်ထားလို့ မိတ်ကပ် foundation အဖြစ်သုံးလို့တောင်ရပါတယ်။Moisturizerသုံးပါ။ဝက်ခြံရှိသူတွေ အသားအရေထိန်းသိမ်းမှုလုပ်တဲ့အခါ မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုက အသားအရေကိုအစိုဓါတ်ထိန်းပေးဖို့ပါ။အဆီပြန်တဲ့အသားအရေနဲ့ ဝက်ခြံထွက်တတ်သူတွေမှာ အဆီထိန်းပေးပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို နှိမ်နင်းပေးနိုင်တဲ့အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးကိုလူးပေးရပါမယ်။ ဒါကြောင့်ဝက်ခြံကင်းပြီး အသားအရေကို စိုပြေကြည်လင်စေဖို့ဆိုရင် sebium global အစိုဓါတ်ထိန်းခရင်မ်ကိုညဘက်အိပ်ရာဝင်ခါနီးတိုင်းလူးပေးပါ။အပေါ်မှာပြောခဲ့တဲ့ မျက်နှာအသားအရေထိန်း အခြေခံအဆင့်သုံးဆင့်ကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ပြီးရင်တော့ ဆင်ခြင်သင့်တဲ့အချက်လေးတွေ ဆက်ကြည့်ရအောင်။ဆံပင်ကို ဂရုစိုက်ပါ။ဆံပင်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား၊ဖုန်မှုန့်၊ အညစ်အကြေးတွေ၊ ဆီတွေက မျက်နှာကိုထိတွေ့တဲ့အခါ ဝက်ခြံဖြစ်လွယ်တဲ့သူတွေမှာ ပိုဆိုးစေနိုင်ပါတယ်။ခေါင်းပုံမှန်လျှော်ပါ၊ မျက်နှာပေါ်ဆံပင်တွေအမြဲကျမနေအောင် ဂရုစိုက်ပါ။မျက်နှာကိုလက်နဲ့ခဏခဏမကိုင်ပါနဲ့။ပါး သို့မဟုတ်မေးစေ့ကို လက်နဲ့ကိုင်တွယ်တာ၊ဝက်ခြံကိုကုတ်ဖဲ့တာ၊ညှစ်တာတွေက လက်မှာကပ်နေတဲ့ဘက်တီးရီးယားတွေ မျက်နှာကိုပျံ့နှံ့စေပါတယ်။ လက်နဲ့ထိတွေ့လို့ ပိုးဝင်ပြီးဖြစ်လာတဲ့ ဝက်ခြံက ပိုဆိုးပြီး အမာရွတ်ဖြစ်ကျန်စေနိုင်ပါတယ်။နေလောင်တာကို ကာကွယ်ပါ။ဝက်ခြံသမားတွေအတွက် နေလောင်ရင် ဝက်ခြံတွေပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့်နေလောင်ကာခရင်မ်လိမ်းရပါမယ်။ ဝက်ခြံနဂိုကတည်းကရှိနေတာဆိုတော့ ချွေးပေါက်ပိတ်ဆို့မှုတွေမဖြစ်စေနိုင်တဲ့နေလောင်ကာခရင်မ်ကိုရွေးချယ်ရပါမယ်။အခုပြောခဲ့တဲ့အဆင့်လေးတွေကို သေချာလေးဂရုစိုက်လိုက်နာပေးမယ်ဆိုရင် ဝက်ခြံတွေကင်းပြီး ကြည်လင်သန့်စင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာအသေအချာပါနော်။ အသားအရေကြည်လင်ပြီး သန့်စင်လှပလိုတဲ့သူတိုင်း ဝက်ခြံကင်းတဲ့လှပခြင်းကို ပိုင်ဆိုင်နိုင်ကြပါစေနော်…။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%be%e1%80%80%e1%80%8a%e1%80%b9%e1%80%b7%e1%80%9b%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%90%e1%80%bc/
၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ
စိတ်ဖိစီးနေချိန်၊စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေချိန်မျိုးတွေမှာ စိတ်ကို လျှော့ထားလို့ လူတိုင်းပြောတတ်တယ်။ အပြောလွယ်လှပေမယ့် တကယ်တမ်း လိုက်လုပ်ကြည့်တော့ ခက်လှပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ခုပြောပြချင်တာက ၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ ပဲ ဖြစ်ပါတယ်။တကယ်လို့ သင်စိတ်ဖိစီးလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါ။ တကယ်ကို အဆင်ပြေသွားပါလိမ့်မယ်။၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ ကတော့။၁။တရားထိုင်ပါ။မိနစ်အနည်းငယ်လောက် ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ဝင်လေထွက်လေကို ရှုမှတ်နေတာက သင့်စိတ်ကို လွတ်လပ်သွားစေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး လူသားတွေအသုံးပြုလာကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ခုထိ အမှန်တကယ် အသုံးတည့်နေဆဲ နည်းနာတစ်ခုလို့ ဆိုရပါမယ်။၂။ အသက်ကို ပြင်းပြင်းရှူ။အသက်ကို မှန်မှန်ရှူ၊ အသက်ကို မှန်မှန် ရှူလို့ ပြောတတ်ကြတယ်မဟုတ်လား။ ဒီနည်းက တကယ်အလုပ်ဖြစ်တယ်နော်။ မျက်လုံးကိုမှိတ် ခါးကို မတ်မတ်ဆန့်ဆန့်ရပ်ပြီး ၅ မိနစ်လောက် အသက်ကို ပြင်းပြင်းရှူသွင်း၊ ပြင်းပြင်းပြန်ရှူထုတ်လုပ်တာက သင့်ရဲ့ စိတ်ဖိစီးမှုကို ခပ်မြန်မြန်လွင့်ပါးသွားစေနိုင်ပါတယ်။၃။ အရှိအတိုင်း လက်ခံ။အရမ်းစိတ်ရှုပ်နေတာက ရှုပ်ရှုပ်ထွေးထွေးတွေ တွေးတောနေမိလို့ပါ။ အခြေအနေကို အရှိအတိုင်းလက်ခံပြီး အေးအေးဆေးဆေး သုံးသပ်ကြည့်လိုက်ပါ။ ပြဿနာတွေက ကိုယ်ထင်ထားတာလောက် မခက်တာကို နားလည်လာပါလိမ့်မယ်။၄။ ရင်ဆိုင်ပစ်လိုက်။သင့်ရဲ့ဆိုရှယ်မီဒီယာက သင့်အတွက် စိတ်ထွက်ပေါက်ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ တခြားလူတစ်ယောက်ယောက်ကိုဖုန်းဆက်ပြီးပဲဖြစ်ဖြစ် ပို့စ်တင်ပြီးပဲဖြစ်ဖြစ် မက်ဆင်ဂျာကနေပဲဖြစ်ဖြစ် ရင်ဖွင့်လိုက်ပါ။ စိတ်ထဲ ပေါ့သွားပါလိမ့်မယ်။၅။ ကိုယ်လက်လှုပ်ရှားလိုက်။လေ့ကျင့်ခန်းလုပ်ခိုင်းတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို လွှဲရမ်းလှုပ်ရှားတာမျိုး၊ ထိုင်လိုက်ထလိုက်လုပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်စေချင်တာပါ။ ၁ မိနစ် ၂ မိနစ်လောက် ဒီလိုလုပ်လိုက်ရုံနဲ့ သိသာတဲ့ အကျိုးရပါလိမ့်မယ်။၆။ ကိုယ်တွင်း ဖိအားကို လျှော့။နွေးထွေးတဲ့ ရေနွေးအိတ်လို ဒါမှမဟုတ် နူးညံ့တဲ့ အဝတ်စလိုအရာမျိုးကို လည်တိုင်၊ မျက်နှာ၊ ရင်ဘတ်နဲ့ ဂုတ်ကြွက်သားတွေမှာ တစ်ကြိမ်စီပတ်ပြီး ၁၀ မိနစ်လောက်ကြာတဲ့အထိ နေကြည့်ပါ။ လူရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။၇။ ဟက်ဟက်ပက်ပက် ရယ်မောပါ။ရယ်မောတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ အပြုအမူတစ်မျိုးပါ။ ဒီအတိုင်း ရယ်မောတာပဲဖြစ်ဖြစ် ဟာသတွကြည့်ပြီး ရယ်မောတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ခနအတွင်း ထူးခြားပါလိမ့်မယ်။၈။ဂီတနဲ့ စီးမျောကြည့်။သီချင်းနားထောင်တာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတွေ ထဲက တစ်ခုလို့ ဆိုကြပါတယ်။ သွေးတိုးနဲ့ နှလုံးခုန်နှုန်းမြင့်မားနေတာတွေကို လျော့ကျစေသလို သောကတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။၉။ ပြေးကြည့်ပါ။ပြေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။ ပြေးတာ၊ စက်ဘီးစီးတာတွေကြောင့် ချွေးစို့လာပြီဆိုရင် လူက ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ စိတ်ဖိစီးနေရင်လည်း လျော့ပါးသွားစေပါလိမ့်မယ်။၁၀။ ကျေးဇူးသိစိတ်မွေးပါ။လေ့လာချက်တွေ အရ ကျေးဇူး သိတတ်သူတွေဟာ စိတ်ဖိစီးနေချိန်မှာ ကျေးဇူးတရားကို တွေးတောဆင်ခြင်ရုံနဲ့ စိတ်လက်ပေါ့ပါးပြေလျော့စေတယ်လို့ အဆိုရှိပါတယ်။ စမ်းသပ်သင့်တဲ့ နည်းတစ်ခုပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/10-relaxation-techniques-reduce-stress/
လူငယ်တွေမှာ ဘာလို့ ပန်းသေပန်းညှိုးအဖြစ်များလာတာလဲ
လိင်မှုကိစ္စ ထမ်းဆောင်နေချိန်မှာ ကိုယ့်ရဲ့ လိင်တံဟာ ဆန္ဒမပြီးမြောက်ခင်မှာ ပျော့ခွေသွားတာ၊ လိင်တံထဲ သွေးစီးဆင်းမှုနည်းခြင်းကြောင့် ထိုးသွင်းဆက်ဆံမှု မပြုနိုင်တဲ့အထိ လိင်တံထောင်မတ်အားနည်းသွားတာကို ပန်းသေပန်းညှိုးတယ်လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသက်ကြီးလာလို့ကျားဟော်မုန်း နည်းသွားတာ၊ အသက်အရွယ်ကြောင့် ဟော်မုန်းတွေ ပြောင်းလဲပြီးလိင်စိတ်ဆန္ဒ လျော့နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုး ဖြစ်ခြင်း (Erectile Dysfunction) ဖြစ်လာပါတယ်။ယောက်ျားလေးတော်တော်များများ ဝန်ခံရမှာ ရှက်သလို၊ ယောက်ျားမာန ထိခိုက်သလို ခံစားရနိုင်တဲ့ ဒီပြဿနာက အသက်အရွယ်မရွေး အမျိုးသားအများစုမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ အသက်ငယ်သေးတဲ့အရွယ် အထူးသဖြင့် ဆယ်ကျော်သက်နဲ့ အသက် ၂၀မှ ၃၀အထိ ကျားဟော်မုန်း(testosterone) အများဆုံးထုတ်လုပ်တဲ့ အရွယ်ဖြစ်ပါရဲ့နဲ့ နေပုံထိုင်ပုံ မှားယွင်းမှုတွေကြောင့် စောစီးစွာ ပန်းသေပန်းညှိုး ဖြစ်လာကြပါတယ်။ဒီဆောင်းပါးလေးမှာတော့ လူငယ်တွေမှာ ဘာကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အဓိက တရားခံအကြောင်းရင်း (၁၀) ချက်ကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ ဒီအချက်လေးတွေကြောင့် ကိုယ့်မှာ ပန်းသေပန်းညှိုးလက္ခဏာဖြစ်နိုင်တယ်လို့ သံသယရှိရင်တော့စောစီးစွာ ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်။လူငယ်တွေမှာ ဘာလို့ ပန်းသေပန်းညှိုးအဖြစ်များလာတာလဲ ဆိုတော့။ဒီဘက်ခေတ်မှာ စိတ်ကျရောဂါ ဝေဒနာကို ခံစားနေရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါပဲ။ မိသားစု၊ အိမ်တွင်းရေး ပြဿနာတွေ၊ လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေဖြစ်ခြင်း၊ ကလေးဘဝမှာ ရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် စိတ်ဓာတ်ကျခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရပါတယ်။လိင်တံမထောင်မတ်နိုင်ခြင်းဟာလည်း ဒီဆိုးကျိုးတွေထဲက တစ်ခုပါပဲ။ စိတ်ဓာတ်ကျနေတဲ့အခါ ဘဝမှာ နေရတာ စိတ်မပျော်မရွှင်ဖြစ်လာတယ်။ အသက်ရှင်နေရတာ အဓိပ္ပာယ်မဲ့သလို ခံစားနေရတယ်။ တဖြည်းဖြည်းနဲ့ စိတ်ဝေဒနာကို မကုသဘဲ ပစ်ထားလိုက်တဲ့အခါ အခြေအနေပိုဆိုးလာပြီး လိင်မှုကိစ္စနဲ့ စိတ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။လူငယ်တွေကတော့ အရက်ကို ချစ်တင်းမနှောခင်မှာ ရဲဆေးတစ်ခွက်အနေနဲ့ မှီဝဲတတ်ကြပေမယ့် တကယ်တော့ အရက်ဆိုတာ လိင်တံထောင်မတ်ခြင်းကို ထိခိုက်စေနိုင်တဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။အရက်မကြာခဏ သောက်တတ်တဲ့ လူငယ်တွေမှာ ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ရုံသာမက လိင်စွမ်းဆောင်ရည်ပိုင်းမှာလည်း ကျဆင်းလာမယ်။လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်ဖို့ အလွန်ကြာတာ၊ လိင်တံ ပျော့ခွေသွားတာ၊ သက်လုံမကောင်းတော့တဲ့အတွက် ကိုယ့်အတွက်ရော လိင်ဆက်ဆံဖော်ကိုပါ စိတ်ကျေနပ်မှု အပြည့်အဝမရစေနိုင်တာတွေ ဖြစ်စေနိုင်ပါတယ်။သွေးတိုးကျဆေး၊ အကိုက်အခဲပျောက်ဆေး၊စိတ်ကျရောဂါပျောက်ဆေးတချို့မှာ လိင်တံကို ကောင်းစွာ မထောင်မတ်နိုင်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ အရင်ပြသတိုင်ပင်ပြီး လိုအပ်ရင် ဆေးပြောင်းသောက်တာ၊ ဆေးရပ်နားလိုက်တာမျိုး အကြံတောင်းလို့ ရပါတယ်။ ဆေးတွေကိုလည်း ဆရာဝန်မညွှန်ဘဲ မသောက်ဖို့ လိုပါတယ်။လိင်တံထောင်မတ်ခြင်းကို အဓိကလွှမ်းမိုးနေတဲ့ အရာတွေထဲမှာ ဦးနှောက်နဲ့ စိတ်ခံစားချက်ဟာလည်း ပါဝင်နေပါတယ်။ ကိုယ့်မှာ အလုပ်ကိစ္စကြောင့်၊ ကျောင်းစာတွေကြောင့်စိတ်ဖိစီးမှုဝေဒနာတွေ ခံစားနေရပြီဆိုရင် ဘယ်လိုမှ လိင်ဆက်ဆံဖို့ စိတ်ပါတော့မှာ မဟုတ်ပါဘူး။ဒေါသထွက်နေတဲ့အချိန်မှာ မျက်နှာမှာ သွေးစီးဆင်းနှုန်း အလွန်မြန်လာတယ်ဆိုပေမယ့်လိင်တံထောင်မတ်ဖို့ အဓိကလိုအပ်တဲ့ လိင်တံအတွင်း သွေးကြောတွေထဲကို သွေးစီးဆင်းနှုန်း နည်းသွားပါတယ်။ လိင်တံထောင်မတ်ဖို့ စိတ်ခံစားချက်အပြင် လိင်တံသွေးကြောထဲ သွေးကောင်းစွာ စီးဆင်းနေဖို့ဟာလည်း အလွန်အရေးပါပါတယ်။ဒါ့အပြင် ကိုယ့်စိတ်ထဲမှာ ဒေါသတွေ၊ အမုန်းတရားတွေနဲ့ ပူလောင်နေတဲ့အခါ ကိုယ်ချစ်ရတဲ့သူနဲ့ ကြင်ကြင်နာနာအတူနေရဖို့ မလွယ်ကူနိုင်တော့ပါဘူး။အမျိုးသားတချို့မှာ လိင်မှုကိစ္စပြုလုပ်နေချိန် ကိုယ့်ဆက်ဆံဖော်ကို စိတ်ကျေနပ်မှု အပြည့်အဝရအောင် စွမ်းဆောင်နိုင်ပါ့မလားဆိုပြီး တွေးပူတတ်တဲ့ အကျင့်ရှိပါတယ်။ ဒီလိုအကျင့်ကြောင့် ရတက်မအေးဖြစ်နေတဲ့အခါ လိင်စိတ်ဆန္ဒဟာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ ပူပန်စိုးရိမ်ရတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။ဒီလိုနဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်ဟာ ဒီစိတ်ခံစားချက်တွေကြောင့် ကောင်းစွာ ထောင်မတ်နိုင်မှာ မဟုတ်တော့ပါဘူး။ အလုပ်၊ ကျောင်း၊ မိသားစု၊ အမျိုးမျိုးသော အရာတွေဆီကစိုးရိမ်ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေဟာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေပြီဆိုရင်လည်း ဘယ်လိုမှ စိတ်ကို စုစည်းထားလို့ မရနိုင်ပါဘူး။အစာအာဟာရဖြစ်တာတွေကို မစားဘဲ ဆီများတဲ့ အစားအစာတွေ၊ အသင့်စား Fast Food အကြော်အလှော်တွေ မကြာခဏစားတာ၊အထိုင်များပြီး လှုပ်ရှားမှုနည်းတာ၊ လေ့ကျင့်ခန်း မလုပ်တာတွေကြောင့် လူငယ်တွေမှာ အဝလွန်တဲ့ ပြဿနာခံစားနေရပါတယ်။အဝလွန်တာဟာ ကျန်းမာရေးထိခိုက်စေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းစေတယ်။ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ အလွယ်တကူဝင်လာစေတယ်။နောက်ဆက်တွဲအနေနဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေမြင့်တက်လာပါတယ်။ လိင်တံဆီ သွေးစီးဆင်းမှု တဖြည်းဖြည်း နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာမယ်။ လိင်မှုကိစ္စမှာလည်း စိတ်ကျေနပ်မှု အပြည့်အဝမရနိုင်တာတွေ ဖြစ်နိုင်ပါတယ်။မှန်ကြည့်တဲ့အခါ ရုပ်ကဆိုးလိုက်တာ၊ ဝလိုက်တာ၊ ကြည့်မကောင်းလိုက်တာ အစရှိသဖြင့် ကိုယ့်ကိုယ်ကိုယ်မကောင်းမြင်တဲ့ အကျင့်တွေဟာ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် သဘောမကျတာ၊ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုရော ကိုယ့်ကို ဘယ်လိုသဘောကျနိုင်မှာလဲဆိုပြီး တွေးမိတတ်ပါတယ်။အဲ့ဒီအတွေးတွေဟာ အိပ်ရာပေါ်က ချစ်စခန်းထိ ပါလာပြီး စိတ်အာရုံကို လွှမ်းမိုးလိုက်တဲ့အခါ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ လိင်စိတ်ဆန္ဒ နည်းလာတာတွေ ဖြစ်လာနိုင်ပါတယ်။အမျိုးသားဆိုတာနဲ့ပဲ အမြဲ လိင်စိတ်ထကြွနေရမယ်လို့ ထင်ထားရင်တော့မှားပါလိမ့်မယ်။ မိမိကိုယ်မိမိ တန်ဖိုးမထားတတ်တာ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်စရာတွေ၊ ဘဝ၊ အလုပ်ခွင်မှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေအပြင် သောက်နေတဲ့ ရောဂါဆေးတချို့ကြောင့်လည်း လိင်စိတ်ဆန္ဒ လျော့နည်းစေနိုင်ပါတယ်။ လိင်စိတ်ဆန္ဒနည်းပြီဆိုတာနဲ့ သူ့နောက်ကနေ ပန်းသေပန်းညှိုးပြဿနာက အမြန်လိုက်လာပြီပေါ့။အာရုံကြော၊ ကြွက်သားနဲ့ သွေးစီးဆင်းမှုနဲ့ သက်ဆိုင်နေတဲ့ ရောဂါတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းတာ၊ အရိုးအဆစ်နာကျင်ကိုက်ခဲတာ၊ ဆီးကျိတ်ရောဂါတွေဟာ လိင်တံထောင်မတ်နိုင်ခြင်းအပေါ် သက်ရောက်မှု အများကြီးရှိစေနိုင်ပါတယ်။ ရောဂါကြောင့် လိင်စိတ်ဆန္ဒဖြစ်ပေါ်ချိန်မှာ လိင်တံသွေးကြောထဲ သွေးလုံလောက်စွာ မစီးဆင်းနိုင်တဲ့အတွက် လိင်တံမထောင်မတ်နိုင်တဲ့ အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။လူငယ်တွေမှာ ဘာလို့ ပန်းသေပန်းညှိုးအဖြစ်များလာတာလဲ ဆိုတော့ ဒီအချက်တွေကြောင့်ပါ။ကံကောင်းစွာနဲ့ပဲ လူငယ်တွေမှာ နေထိုင်စားသောက်မှုပုံစံကို ပြင်ပေးရုံနဲ့ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကို အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချခြင်း၊ အဆီ၊ အငန်၊ အချိုလျှော့စားပြီး အစာအာဟာရ မျှတစွာ စားသုံးပေးခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ် မွေးခြင်း၊ စိတ်ကို ပျော်ရွှင်အေးချမ်းစွာ ထားခြင်းဖြင့် အလွယ်တကူ သက်သာစေနိုင်ပါတယ်။တခြားကျန်းမာရေးပြဿနာတွေ ရှိရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး စောစီးစွာ ကုသမှု ခံယူမယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးအတွက်ရော လိင်မှုကိစ္စအတွက်ပါ ကောင်းကျိုးများစွာ ရှိစေမှာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/why-erectile-dysfunction-common-in-youths/
လေ့ကျင့်ခန်း လုပ်လွန်းရင် လိင်တံအရွယ်အစား သေးသွားမလား
ထူးဆန်းစွာပဲ။ ဒီမေးခွန်းကိုအမျိုးသားတွေထက် အမျိုးသမီးတွေက အမေးများတာ တွေ့ရပါတယ်။ ကိုယ့်ရဲ့ ချစ်သူကောင်လေးကGymမှာလေ့ကျင့်ခန်းတွေ အရမ်းလုပ်လွန်းလို့၊ အလေးတွေ မလွန်းလို့ လိင်တံ အရွယ်အစား သေးသွားမလား၊ ယောက်ျားမပီသတော့ဘူးလား ဆိုပြီး စိုးရိမ်ပူပန်တတ်ကြတာပါ။အမျိုးသားတွေမှာလည်း လေ့ကျင့်ခန်းကြောင့် ငယ်ပါ အရွယ်အစား ပိုသေးသွားမလား၊ ကြီးလာနိုင်သေးလား ဆိုပြီး စိတ်မရှင်းဖြစ်နေတာတွေ တွေ့ရပါတယ်။ ဒီနေ့မှာတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ယောက်ျားပီသခြင်း အလွဲလေးတွေနဲ့ ပတ်သက်ပြီး စိတ်ရှင်းသွားရလေအောင် ပြောပြပေးချင်ပါတယ်။လိင်တံ အရွယ်အစားသေးခြင်း၊ ကြီးခြင်းဟာ လေ့ကျင့်ခန်း လုပ်တာနဲ့ မသက်ဆိုင်ဘဲ ကိုယ့်အမျိုးသားရဲ့ နေပုံထိုင်ပုံ၊ စားသောက်ပုံနဲ့သာ သက်ဆိုင်ပါတယ်။ ကိုယ့်အမျိုးသားက လူပျိုဘဝထဲကဆေးလိပ်၊ အရက်၊ ဘီယာတွေ အလွန်အကျွံသောက်မယ်၊ အဆီ၊ အကြော်အလှော်တွေ စားလွန်းတာကြောင့်ဘီယာဗိုက်ကြီးဖြစ်ပြီး ဝမ်းဗိုက်နဲ့ ခါးမှာ အဆီတွေ ဖုံးလာမယ်၊ ဒီလို နေထိုင်စားသောက်မှုပုံစံ မမှန်တာအပြင် မွေးရာပါ မျိုးရိုးဗီဇအလိုက် လိင်တံအရွယ်အစား ကြီးခြင်း၊ သေးခြင်း ကွာခြားသွားတာပါ။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်လို့ လိင်တံအရွယ်အစား လုံးဝသေးမသွားနိုင်ပါဘူး။တကယ်တော့ အမျိုးသမီးတွေ စိုးရိမ်ပူပန်တာနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ လေ့ကျင့်ခန်း သေချာလိုက်စားတဲ့အမျိုးသားတွေမှာ ခန္ဓါကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။ကြွက်သားေတာင့်တင်းသန်မာစေတယ်။ ဒါ့အပြင် လိင်တံထောင်မတ်နိုင်စွမ်းကိုလည်း မြင့်တက်စေတယ်။ လိင်ဆက်ဆံရာမှာ အချိန်ကြာရှည်စွာ သုက်မထွက်စေဖို့ ထိန်းထားနိုင်တယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူ၊ လိင်ဆက်ဆံဖော်ကိုလည်း အပြည့်အ၀ သာယာမှု ပေးစွမ်းနိုင်ပါတယ်။အလုပ်များလွန်းတဲ့ အမျိုးသားတွေ၊စိတ်ဖိစီးမှုတွေနဲ့ အမြဲ ပြည့်နေတဲ့ အမျိုးသားတွေ၊အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အမျိုးသားတွေမှာလိင်စိတ်ဆန္ဒ နည်းပါးလာနိုင်တဲ့အပြင် စိတ်သွားတိုင်း ကိုယ်မပါတော့တာ၊ ပန်းသေ၊ ပန်းညှိုးဖြစ်နိုင်တဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါ စိတ်ကို တက်ကြွရွှင်လန်းစေတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေတယ်။ ကိုယ်ခန္ဓါကကျားဟော်မုန်းတွေ ပိုမိုထုတ်လွှတ်ပေးတာကြောင့် လိင်စိတ်တက်ကြွလာစေပါတယ်။ထင်ထားတာထက် ပိုပြီး အဖြစ်များတဲ့ ဒီပြဿနာနဲ့ ပတ်သက်ပြီး အမျိုးသားတွေကတော့ သိပ်ပြီး ဝန်ခံချင်ကြမှာ မဟုတ်ပါဘူး။လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ကိုယ်နေ့စဉ် စားသောက်နေထိုင်မှု ပုံစံ၊ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ သောက်နေရတဲ့ ရောဂါဆေးဝါးတွေ၊ အသက်အရွယ် ကြီးရင့်လာတာ၊ဆီးချို၊ သွေးချိုနဲ့ နာတာရှည် နှလုံးရောဂါ ဖြစ်လာတာကြောင့် အစရှိသဖြင့် အကြောင်းရင်း အများကြီး ရှိနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ကိုယ့်ပြဿနာဇစ်မြစ်ကို အဖြေရှာဖို့ လိုအပ်သလို လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့်လည်း လိင်တံ မထောင်မတ်နိုင်ခြင်း ပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့ အမျိုးသားတွေမှာ စိတ်အာရုံလန်းဆန်းတက်ကြွတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။လိင်စိတ်ဆန္ဒပိုမိုတက်ကြွလာစေတယ်။ သွေးလည်ပတ်မှု ကောင်းစေလို့ လိင်တံပိုပြီး ထောင်မတ်လာနိုင်တယ်။ ကိုယ့်အတွက်ရော ကိုယ့်ရဲ့ ဆက်ဆံဖော်အတွက်ပါ လိင်ပိုင်းဆိုင်ရာ သာယာမှု အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကြောင့် အမျိုးသားတွေရဲ့ လိင်တံ အရွယ်အစားဟာ ပိုပြီး သေးသွားတာမျိုး လုံးဝမရှိစေပါဘူး။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/exercise-and-penis-size/
အန္တရာယ်ရှိသော စိတ်ကြွစိတ်ကျဝေဒနာ
စိတ်ကြွစိတ်ကျရောဂါဆိုတာ စိတ်အခြေအနေဟာ အနိမ့်ဆုံးကနေ အမြင့်ဆုံး၊ ဒါမှမဟုတ် အမြင့်ဆုံးကနေ အနိမ့်ဆုံးဆီ အတက်အကျဖြစ်တတ်တဲ့ စိတ်အခြေအနေပဲ ဖြစ်ပါတယ်။စိတ်အခြေအနေဟာ အဆုံးစွန်ထိ တက်ခြင်းကျခြင်း ဖြစ်တတ်ပါတယ်။ တခါတရံမှာ ပီတိဖြစ်ဘဝင်ခိုက်ခြင်းနဲ့ စိတ်ကျခြင်းပါ တချိန်တည်းလျောထွေး ဖြစ်နေတတ်ပါတယ်။စိတ်ကြွစိတ်ကျခြင်းလက္ခဏာတွေဟာ ဆယ်ကျော်သက်အရွယ် ကုန်ခါနီးနဲ့ အရွယ်ရောက်ခါစမှာ ပေါ်လာတတ်ပါတယ်။ တခါတလေ ကလေးဘဝမှာလည်း တွေ့နိုင်ပါတယ်။အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။အမျိုးမျိုးရှိနိုင်ပါတယ်။ ယေဘုယျအားဖြင့် စိတ်ကြွခြင်းနဲ့ စိတ်ကျခြင်းရဲ့ လက္ခဏာတွေ တွေ့ရပါတယ်။စိတ်ကြွခြင်းအခြေအနေမှာ လက္ခဏာမျိုးစုံ ကြုံတွေ့ရပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ လက္ခဏာ ၇ ရပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– သိသိသာသာ ပျော်ရွှင်တက်ကြွနေခြင်း။–အိပ်စက်ချိန်သိပ်မလိုခြင်း၊ မအိပ်ချင်ခြင်း။– စကားပြောမြန်ခြင်း၊ အတွေးပါမြန်ခြင်း။– ဆောက်တည်ရာမရခြင်း၊ ဂနာမငြိမ်ခြင်း။– လမ်းကြောင်းပြောင်းလွယ်ခြင်း။– မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်း။– အန္တရာယ်များသော အမူအကျင့်များ ပေါ်လာခြင်း (ဥပမာ လောင်းကစားတွင် အလွန်အကျွံပုံအောခြင်း)။စိတ်ကျခြင်းလက္ခဏာလည်း အများအပြားရှိပါတယ်။ အဓိကလက္ခဏာ ၇ မျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– အချိန်အတော်ကြာကြာ ဝမ်းနည်းပူဆွေးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း။– မိတ်ဆွေများ၊ မိသားစုဝင်များနှင့် ကင်းကွာလာခြင်း။– တစ်ချိန်ကပျော်ရွှင်ခဲ့သည့် အရာများကို စိတ်မဝင်စားတော့ခြင်း။– သိသိသာသာအစားပျက်ခြင်း။– ဆိုးဆိုးရွားရွား ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း။– မှတ်ဉာဏ်၊အာရုံစူးစိုက်မှု၊ ဆုံးဖြတ်ချက်ချမှု စသည်တို့တွင် အခက်အခဲဖြစ်ခြင်း။– သေခြင်းတရားကို တွေးလာခြင်း၊ မိမိကိုယ်ကိုသတ်သေရန် အားထုတ်ခြင်း။စိတ်ကြွစိတ်ကျရောဂါကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားရင် အချိန်ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ရောဂါရှာဖွေ အတည်ပြုဖို့နဲ့ ကုသဖို့ နောက်ကျတဲ့အခါ လူမှုရေး၊ စီးပွားရေးပြဿနာများ ဖြစ်ပေါ်လာတာနဲ့အမျှ ရောဂါဆိုးရွားလာပြီး ပတ်ဝန်းကျင်နဲ့ပါ အဆင်မပြေနိုင်တော့ပါဘူး။စိတ်ကြွစိတ်ကျအခြေအနေဆိုးလာရင် လုပ်ငန်းခွင် မဝင်နိုင်တော့ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သဟဇာမဖြစ်တော့ဘဲ ရုံးခန်းထဲမှာအထီးကျန်လာနိုင်ပါတယ်။ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မိသားစုတွင်းဆက်ဆံရေးအဆင်မပြေခြင်း၊ ကွာရှင်းခြင်း၊ တရားရင်ဆိုင်ရခြင်း စသဖြင့် ပြဿနာမျိုးစုံ ရှိလာနိုင်ပါတယ်။နောက်အန္တရာယ်တခုကတော့ အရက် ဒါမှမဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း ဖြစ်ပါတယ်။စိတ်ကျန်းမာရေးအခြေအနေသာမကဘဲ အရက်နဲ့ မူးယစ်ဆေးဝါးကြောင့်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေကိုပါ ထိခိုက်လာနိုင်ပါတယ်။အဆိုးဆုံးကတော့ မိမိကိုယ်ကို သေကြောင်းကြံစည်လိုစိတ်တွေ ပေါ်လာတာပါပဲ။ စိတ်ကြွစိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ သေကြောင်းကြံစည်ကြတယ်လို့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်က မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းဖြစ်စေ စိတ်ကြွစိတ်ကျ လက္ခဏာတွေ ရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများနဲ့ ရောဂါရှာဖွေကုသမှသာ ရောဂါဝေဒနာသက်သာပြီး စိတ်ကျန်းမာရေး ကောင်းမွန်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/the-dangers-of-untreated-bipolar-disorder/
ဝှေးစေ့ နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား
ဝှေးစေ့ ၊ပေါင်ခြံနဲ့ လိင်အင်္ဂါပတ်လည်မှာ ယားယံနေသလို ခံစားနေရတယ်ဆိုတာ အမျိုးသားတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ မနက်ခင်း အပြင်ထွက်လမ်းလျှောက်တဲ့အခါ၊ အားကစားလုပ်တဲ့အခါမျိုးမှာဝှေးစေ့နဲ့ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံ ထွက်တာကြောင့် တစ်ခါတစ်လေ အရေပြား ယားယံသလို ဖြစ်နိုင်ပါတယ်။ ရေပုံမှန်မချိုးတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။များသောအားဖြင့် ဒီလိုနေရာတွေမှာ ယားယံနေခြင်းဟာတစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့ အမျိုးသားတွေ၊ အဝတ်အစားတွေကို ပုံမှန်မလျှော်ဖွပ်ဘဲ ဝတ်ပြီးသားအဝတ် နောက်နေ့ပြန်ဝတ်တတ်တဲ့ အကျင့်ရှိသူတွေမှာ ဖြစ်တာ များပါတယ်။ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ ကိစ္စမဟုတ်ပေမယ့် ယားနေတာ ကြာလာပြီဆိုရင်တော့ ကျန်းမာရေးနဲ့ အရေပြားမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယဝင်နေပြီ ဒါမှမဟုတ် ရေဘယ်လောက်ချိုးချိုး ယားတဲ့ ဝေဒနာ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ဖြစ်တဲ့အကြောင်းရင်းနဲ့ ရောဂါအရင်းအမြစ်ပေါ် မူတည်ပြီး ပျောက်ကင်းသက်သာဖို့ အချိန်မြန်နိုင်သလို ကြာတာလည်း ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ လိင်အင်္ဂါတစ်ဝိုက် အရေပြားက အချိန်အကြာကြီး ယားယံနေတယ်လို့ ခံစားနေရတယ် ဒါမှမဟုတ် အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သောက်ဆေး၊ လိမ်းဆေး မှန်မှန်မှီဝဲပြီး ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်။အားကစား၊လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံ ထွက်ပါတယ်။ ဒါဟာ ပြဿနာမဟုတ်ပေမယ့် လေ့ကျင့်ခန်းလုပ်တာ ကြာလွန်းတဲ့အခါမှာ အရေပြား ယားယံတာ၊ ပွန်းပဲ့တာ၊ အသားအရေကြမ်းတမ်းတာအပြင် အသားလန်ပြီး သွေးထွက်သည်အထိ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ဝှေးစေ့ အရေပြားက နီရဲနေတာ၊ အနီကွက် ဖြစ်နေတာ၊ ပွန်းပဲ့ရာ၊ ဒဏ်ရာလို ဖြစ်နေတာ၊ ထိလိုက်တဲ့အခါ အရေပြားက ပျော့တွဲတွဲ ဖြစ်နေပြီဆိုရင် အရေပြားကို ထိခိုက်မိတယ်ဆိုတာ သိနိုင်ပါတယ်။ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေမှာ အဖြစ်များပြီးတစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် မှိုရောဂါပိုး ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ် မှိုစွဲနေတဲ့ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံရာမှလည်း ကူးစက်နိုင်ပါတယ်။နောက်ထပ်အဖြစ်များတဲ့ မှိုရောဂါတစ်မျိုးကတော့ပေါင်ခြံပွေးပေါက်တာပါပဲ။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့အခါ၊ ဝတ်ပြီးသား အတွင်းခံဘောင်းဘီတွေ၊ ချွေးတွေ စိုရွှဲနေတဲ့ အဝတ်အထည်တွေကို ပြန်ဝတ်တဲ့အခါ၊ ရောဂါပိုးရှိသူရဲ့ အဝတ်အစားကို ယူပြီး ဝတ်တဲ့အခါ ကူးစက်နိုင်ပါတယ်။ဆီးသွားတဲ့အချိန်မှာ နာကျင်မှုခံစားရတာ၊ လိင်အင်္ဂါနဲ့ ဝှေးစေ့ပတ်လည်မှာ ပူစပ်ပူလောင် ဖြစ်နေတာ၊ ရောင်နေတာ၊ အနီရောင်အကွက် ဖြစ်နေတာ၊ ပုံမှန်မဟုတ်တဲ့ အနံ့အသက်တွေ ထွက်နေတာ၊ အသားခြောက်ပြီး အဖတ်ကွာနေတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ လိုအပ်ပါပြီ။အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ၊ ရောဂါပိုးကူးစက်ခံထားရတဲ့ အရေပြားနဲ့ ထိတွေ့မိရာမှလိင်အင်္ဂါရေယုန်ကူးစက်နိုင်ပါတယ်။ ရေယုန်ပေါက်တဲ့အခါ အလွန်အမင်း ယားယံတာအပြင် နုံးပြီး ဖျားချင်သလို ဖြစ်တာ၊ ပူစပ်ပူလောင်ဖြစ်ပြီး ယားယံနေသလို ခံစားရတာ၊ လိင်အင်္ဂါ တစ်ဝိုက်မှာ ဖောင်းကြွပြီး ပေါက်သွားနိုင်တဲ့ အရည်ကြည်ဖုတွေ ထွက်လာတာ၊ ဆီးသွားနေစဉ် နာကျင်တာ ခံစားရနိုင်ပါတယ်။ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါဖြစ်ပြီး လိင်အင်္ဂါအပြင်ပါးစပ်၊ လည်ချောင်းနဲ့ စအိုဝကိုပါ ကူးစက်နိုင်ပါတယ်။ အများဆုံး ကူးစက်ရတဲ့ အကြောင်းရင်းကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာကြောင့်ပဲ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရတဲ့အခါ ဝှေးစေ့က ယားယံတာ၊ ရောင်နေတာ၊ ဆီးသွားနေစဉ် နာကျင်မှု၊ ပူလောင်မှု ဖြစ်တာ၊ လိင်အင်္ဂါကနေ ပုံမှန်မဟုတ်တဲ့ အရောင် (စိမ်းဖန့်ရောင်၊ အဝါရောင်၊ အဖြူရောင်) ပြည်တွေ ထွက်လာတာ၊ ဝှေးစေ့ တစ်လုံးတည်း နာကျင်မှု ဝေဒနာ ခံစားရတဲ့ လက္ခဏာ တွေ့ရပါတယ်။HPVဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတဲ့ ရောဂါဖြစ်ပြီး အရွယ်အစား အလွန်သေးငယ်တာကြောင့် ရှိနေမှန်းမသိတာလည်း ဖြစ်နိုင်ပါတယ်။ နဂိုအသားအရောင်အတိုင်း မဟုတ်တဲ့ အဖုတွေ ပေါက်ပြီး ယားယံနိုင်တာလည်း ရှိသလို မယားတာလည်း ဖြစ်နိုင်ပါတယ်။ အဖုတွေ တစ်စုတစ်ဝေးတည်း ပေါက်နေတဲ့အခါ ပန်းဂေါ်ဖီ ပုံသဏ္ဍာန် တွေ့ရနိုင်ပါတယ်။ ပေါင်ခြံနဲ့ ဝေးရာ နေရာ သို့မဟုတ် ဝှေးစေ့ပေါ်မှာ ပေါက်တတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ ပေါက်နေတဲ့ နေရာမှာ ရောင်ရမ်းနေတာ၊ လိင်ဆက်ဆံနေစဉ် သွေးထွက်တာမျိုး ရှိနိုင်ပါတယ်။အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ၊ ပါးစပ်၊ မိန်းမကိုယ်၊စအိုဝကို ထိုးသွင်းဆက်ဆံတဲ့အခါမှာ ဘက်တီးရီးယားပိုး ပျံ့နှံ့ပြီး ကူးစက်နိုင်ပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီးနောက် ဝှေးစေ့ဟာ ယားယံမယ်၊ ရောင်နေမယ်၊ ပုံမှန်အားဖြင့် ဝှေးစေ့ တစ်လုံးတည်းမှာ နာကျင်ပြီး ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အရောင်မဟုတ်တဲ့ ပြည်တွေ လိင်အင်္ဂါကနေ ထွက်လာတဲ့အခါ၊ ဆီးသွားနေစဉ် ပူစပ်ပူလောင် ဖြစ်တဲ့အခါ၊ စအိုဝကနေ ပြည်ယိုထွက်တဲ့အခါ၊ စအိုတစ်ဝိုက်မှာ နာကျင်နေတာ၊ သွေးထွက်နေတာဆိုရင် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။သန်းဆိုတာ ခေါင်းမှာသာ ရှိနေနိုင်တာ မဟုတ်ပါဘူး။ဆီးခုံမွေးလို အမြဲချွေးထွက်နေပြီး စိုစွတ်နေတဲ့ နေရာမှာလည်း သန်း တွယ်နိုင်ပါတယ်။ တခြားသော သန်းကောင်တွေလိုပဲ အရေပြားပေါ်မှာ ကပ်ငြိနေပြီး သွေးကို စုပ်ပါတယ်။ ပျံလို့၊ ခုန်လို့ မရတာကြောင့် ကူးစက်ဖို့ မလွယ်ကူပေမယ့် သန်းရှိတဲ့သူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိတွေ့ကိုင်တွေ့မိရာကနေ ကူးစက်နိုင်ပါတယ်။ ကျန်းမာရေးအရ ရောဂါမဟုတ်ပေမယ့် ဆီးခုံမွေးကြားမှာ အမြဲသွားလာနေတာကြောင့် အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ဝဲခြောက်ဖြစ်နေတဲ့ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မိရာကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီးနောက် လက္ခဏာပြဖို့ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ယားယံတာ၊ အနီကွက်၊ အင်ပြင်ထတဲ့ လက္ခဏာတွေ တွေ့ရတတ်ပြီး ညဘက်တွေမှာ ယားနာမှုဝေဒနာ ပိုပြင်းထန်တတ်ပါတယ်။ဒီလက္ခဏာတွေကို တွေ့ရပြီဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။ ရောဂါမပျောက်သေးခင် အချိန်ထိ လိင်အပျော်အပါးကို ခဏ ရပ်ထားပေးပါ။ မဟုတ်ရင်လည်း အကာအကွယ်သုံးပြီး လိင်ဆက်ဆံပါ။ တစ်ပါးသူရဲ့ အဝတ်အစား၊ အသုံးအဆောင်တွေ ဝတ်ဆင်တာကို ရှောင်ကြဉ်ပေးပါ။ ဆရာဝန်ပေးထားတဲ့ သောက်ဆေး၊ လိမ်းဆေးကို အမြစ်ပြတ်ပျောက်ကင်းသည်အထိ အချိန်မှန်သောက်ပေး၊ လိမ်းပေးဖို့ အရေးကြီးပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/itchy-groin-causes/
ဆွဲဆောင်မှုရှိရှိ စိုပြေတဲ့နှုတ်ခမ်းသားလေးတွေရအောင် ဘယ်လိုထိန်းသိမ်းမလဲ
မျက်နှာအလှအပအတွက် အလှကုန်ပစ္စည်းမျိုးစုံသုံးပြီး ပြင်ဆင်တဲ့အခါ နှုတ်ခမ်းနီတွေဆိုးကြသလို မျက်နှာအသားအရေ ထိန်းသိမ်းဖို့အာရုံစိုက်ကြတဲ့အချိန်မှာလည်း နှုတ်ခမ်းသားအစိုဓါတ်ထိန်းပေးဖို့ကို ချန်မထားသင့်ပါဘူး။ အပြင်သွားတဲ့အခါ၊ ရုံးသွားတဲ့အခါ၊ ပွဲတက်တဲ့အခါ နှုတ်ခမ်းနီတွေဆိုးကြသလို တာရှည်ခံပြီးအရောင်စွဲတဲ့ နှုတ်ခမ်းနီအခြောက်တွေ၊ matte typeတွေဆိုးတတ်ကြပါတယ်။ အဲဒီလို ဆိုးပါများလာတဲ့အခါ ပျက်စီးလာနိုင်တဲ့ နှုတ်ခမ်းသား ကျန်းမာရေး အတွက် အလေးအနက်ထည့်စဉ်းစားဖို့လိုလာပါတယ်။ဘယ်အလှကုန်ကိုမဆို ရေရှည်အသုံးပြုတဲ့အခါ အသားအရေကိုပြန်လည်ထိန်းသိမ်းပေးရပါတယ်၊ အထူးသဖြင့် အမြဲမိတ်ကပ်ပြင်ဆင်နေရတဲ့သူတွေဆိုရင် ပိုသတိထားရပါတယ်။ ဘယ်လိုပဲပြင်ဆင်ပါစေ နှုတ်ခမ်းနီကမပါမဖြစ်ဖြစ်နေတာကြောင့် နှုတ်ခမ်းသားကို မထိခိုက်ရအောင် ဘယ်လိုထိန်းသိမ်းကြမလဲ။နှုတ်ခမ်းကို သန့်ရှင်းအောင်ထားပါ။နှုတ်ခမ်းဟာ အစားအသောက်တွေအပြင် လေထုထဲက ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုထိတွေ့ရတာဖြစ်လို့ နှုတ်ခမ်းသန့်ရှင်းရေးကို ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းကိုသန့်စင်ပေးပါ။ နှုတ်ခမ်းသားပေါ် ပျားရည်နဲ့ပွတ်သုတ်ပေးတာက သန့်ှရှင်းစင်ကြယ်စေတဲ့အပြင် စိုပြေလန်းဆန်းစေပါတယ်။lip balm သုံးပါ။နှုတ်ခမ်းကလေနဲ့ထိတွေ့ရင်ခြောက်သွေ့လွယ်တာကြောင့်ရေဓါတ်ထိန်းသိမ်းနိုင်ဖို့lip balm ပုံမှန်သုံးပေးပါ။lip balm ကို သွားလေရာယူသွားပြီးလိုအပ်တဲ့အချိန်တိုင်း နှုတ်ခမ်းမခြောက်အောင်ဆိုးပေးပါ။ lip balm က နှုတ်ခမ်းသားကိုရေဓါတ်ထိန်းပေးပြီး စိုပြေလှပစေတဲ့အတွက် နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းကို ကာကွယ်ပေးပါတယ်။ဆောင်းရာသီ နှုတ်ခမ်းကွဲခြင်း၊ရေဓါတ်ဆုံးရှုံးခြင်းကြောင့် နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းနီဆိုးလွန်း တာကြောင့်ဖြစ်လာတဲ့ နှုတ်ခမ်းထိခိုက်မှုတွေအတွက်ပြန်လည်ကုသပေးနိုင်ပါတယ်။နေလောင်ဒဏ်ကိုကာကွယ်နိုင်ဖို့လည်း SPF ပါဝင်တဲ့ lip balm ကိုရွေးချယ်နိုင်ပါတယ်။ lip balm ကဆေးတစ်လက်ဖြစ်နေတယ်ဆိုပေမယ့်ဈေးကွက်ထဲက ဆိုင်တွေမှာရောင်းနေတဲ့ တန်ဖိုးနည်းlip balm တချို့မှာ အနံ့အတုနဲ့ဓါတုပစ္စည်းတွေပါဝင်တာကြောင့် ရောင်ရမ်းတာ၊ အနာဖြစ်တာတွေဖြစ်စေနိုင်တဲ့ ဓါတ်မတည့်မှုတွေရှိနိုင်သလို နှုတ်ခမ်းသားကိုပါပျက်စီးစေနိင်ပါတယ်။lip balmတွေက ဗီတာမင် E နဲ့Jojoba Oil တို့ပါဝင်လို့အဆီအနှစ်တို့ကြောင့် နှုတ်ခမ်းသား ခြောက်သွေ့မှုမှ ကာကွယ်ပြီး နာရီအတော်ကြာရေဓါတ်ထိန်းထားနိုင်ပါတယ်။ နေလောင်ကာကွယ်တဲ့SPF လည်းပါဝင်တဲ့အပြင် အစိုဓါတ်ထိန်းနိုင်စွမ်းနဲ့ ချောမွေ့စွာ ဆိုးရလွယ်ကူတဲ့အတွက်ကြောင့်တခြားနှုတ်ခမ်းနီတွေရဲ့ အောက်ခံအဖြစ်အသုံးပြုနိုင်ပါတယ်။နှုတ်ခမ်းlip balmတွေဆိုတာ မိန်းကလေးတွေအတွက်ချည်းတော့မဟုတ်ပါဘူး။ယောက်ျားလေးတွေလည်း နှုတ်ခမ်းသားကိုထိန်းသိမ်းဖို့အတွက် သုံးသင့်ပါတယ်။ နှုတ်ခမ်းနီဆိုးတာ ယောက်ျားမပီသဘူးလို့ ယောကျာ်းလေးတွေက ယူဆတတ်ကြပြီး နှုတ်ခမ်းနီအဆီဖြစ်တဲံ့lip balm ကို မသုံးကြပါဘူး။ ဒါပေမယ့်နေလောင်ဒဏ်ကိုကာကွယ်ဖို့နဲ့ နှုတ်ခမ်းသားထိန်းသိမ်းရေးအတွက်lip balm သုံးဖို့ လိုပါတယ်။ အေးစက်ခြောက်သွေ့တဲ့ ဆောင်းတွင်းလိုမျိုးပြင်းထန်တဲ့ရာသီဥတု အခြေအနေတွေနဲ့လေပြင်းတွေ ထိတွေ့ရတဲ့အခါ ကာကွယ်မှုမရှိထားတဲ့နှုတ်ခမ်းအသားအရေကခြောက်သွေ့ပျက်စီးလွယ်ပါတယ်။ရုံးတွင်းမှာပဲအလုပ်လုပ်ရတဲ့ဝန်ထမ်းတွေတောင်မှ အဲယားကွန်းကြောင့် အသားခြောက်၊ နှုတ်ခမ်း ခြောက်သွေ့ကြပြီးကော်ဖီများများ သောက်တတ်သူတွေဆိုရင်ရေဓါတ်ဆုံးရှုံးခြင်းကိုခံစားရလွယ်ပါတယ်။lip balmတွေမှာ အရောင်ပါတာရော၊ မပါတာရော အမျိုးအစားစုံ ထုတ်လုပ်ထားတာဖြစ်လို့ SPF ပါတဲ့၊နေလောင်ဒဏ်ကာကွယ်တဲ့အမျိုးအစားတွေကို အမျိုးသားတွေအသုံးပြုသင့်ပါတယ်။ခန္ဓါကိုယ်ကိုလည်း ရေဓါတ်မခန်းခြောက်အောင်ဂရုစိုက်ပါ။ခန္ဓါကိုယ်ကရေဓါတ်ခန်းခြောက်နေရင် အရင်ဆုံးလက္ခဏာပြမှာက နှုတ်ခမ်းပါ။ တစ်နေ့တာအတွင်းရေအလုံအလောက်သောက်ပြီး အရက်ဘီယာလည်းမသောက်ဘူးဆိုရင် နှုတ်ခမ်းတွေမှာရေဓါတ်မဆုံးရှုံးဘဲ စိုပြေနေပါလိမ့်မယ်။extra virgin သံလွင်ဆီ သို့မဟုတ် တခြားအာဟာရဖြည့်အဆီများသုံးပါ။နှုတ်ခမ်းအသားအရေဟာအရမ်းကိုနူးညံ့ပြီး ထိခိုက်လွယ်တာကြောင့်ခြောက်သွေ့ပြီးနှုတ်ခမ်းကွဲတဲ့အခါlip balm သို့မဟုတ် သံလွင်ဆီပါတဲ့ဆေးအဆီတစ်မျိုးမျိုးကို သုံးပေးပါ။ သံလွင်ဆီက နှုတ်ခမ်းသားကို နူးညံ့စေပြီး စုပ်ယူမှုမြန်ဆန်စေပါတယ်။ grape seed oil၊shea butter စတဲ့ တခြားအာဟာရအဆီတွေကိုလည်းသုံးနိုင်ပါတယ်။ဆဲလ်သေဖယ်ရှားခြင်းကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။ဆဲလ်သေဖယ်ရှားခြင်း(exfoliation) ကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။ နှုတ်ခမ်းကိုexfoliate လုပ်တာက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး နှုတ်ခမ်းသားကိုစိုပြေလှပစေပါလိမ့်မယ်။ အညင်သာဆုံးနဲ့အကောင်းဆုံးနည်းကတော့ ငှက်ပျောသီး၊သရက်သီး၊ စတော်ဘယ်ရီနဲ့ ဘယ်အသီးတစ်မျိုးမျိုးကိုဖြစ်ဖြစ် တစ်တုံး၊တစ်စိတ်လောက်ကို သကြားဖြူးပြီးနှုတ်ခမ်းမှာညင်သာစွာ ပွတ်ပေးနိုင်ပါတယ်။နှုတ်ခမ်းခြောက်နေရင် နှုတ်ခမ်းနီမဆိုးခင် lip balm ခံဆိုးပါ။နှုတ်ခမ်းသိပ်ခြောက်နေတယ်ဆိုရင် မိတ်ကပ်ပြင်တဲ့အခါ နှုတ်ခမ်းနီကို ဒီအတိုင်းမဆိုးလိုက်ပါနဲ့။lip balmလေးသုံးပြီးမှ ဆိုးပါ။ နှုတ်ခမ်းသားကိုရေဓါတ်ပြန်လည်ဖြည့်တင်းနိုင်တဲ့အပြင် ထပ်ဆိုးလိုက်တဲ့နှုတ်ခမ်းနီကိုလည်း အရောင်ပိုစိုစေပြီး တာရှည်ခံစေပါတယ်။နှုတ်ခမ်းကို နှိပ်နယ်ပေးပါ။နှုတ်ခမ်းသားစိုပြေလှပစေဖို့ ထိန်းသိမ်းပေးသင့်တဲ့နည်းလမ်းတစ်ခုကတော့ နှုတ်ခမ်းကို နေ့စဉ်နှိပ်နယ်ပေးဖို့လိုပါတယ်။ နှုတ်ခမ်းပေါ်မှာ လက်ချောင်းထိပ်နဲ့ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပေးပါ။ နှုတ်ခမ်းနဲ့ပါးစပ် သွေးလည်ပတ်မှုကောင်းစေပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%86%e1%80%bd%e1%80%b2%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%9b%e1%80%be%e1%80%ad%e1%80%9b%e1%80%be%e1%80%ad-%e1%80%85%e1%80%ad%e1%80%af%e1%80%95%e1%80%bc/
ရယ်မောခြင်းဖြင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မြှင့်တင်စို့
“ရယ်မောခြင်းသည် အသက်ရှည်စေ၏” ဆိုတဲ့ ဆောင်ပုဒ်ကို ကျွန်တော်တို့ ကလေးဘဝက မကြာခဏဆိုသလို ကြားဖူးကြမှာပါ။ တကယ်လည်း ဒီအချက်ဟာ လုံးဝမှန်ကန်ပါတယ်။ လူတွေကပျော်ရွှင်စရာ၊ ကြည်နူးစရာကိစ္စတွေရှိရင် ရယ်မောကြတယ်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနေရရင် ချစ်တဲ့ စိတ်နဲ့ ရယ်မောကြတယ်။ ဒီလို ရယ်မောလိုက်တဲ့ အခါတိုင်းမှာ ခန္ဓာကိုယ်ကပျော်ရွှင်ခြင်းရဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပြီး ဒီဟော်မုန်းတွေက စိတ်နဲ့ ခန္ဓာကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့်လည်း သက်တမ်းရှည်ကြာစွာ နေထိုင်သွားနိုင်ဖို့ များများရယ်မောပေးကြပါလို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက မိန့်ဆိုထားကြတာပါ။၁။ ရယ်မောလိုက်တဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ကြွက်သားတွေအကုန်လုံးကို ၄၅ မိနစ်ခန့် ကြာအောင် အနားပေးလိုက်တဲ့အခါ လူက သက်သောင့်သက်သာ ဖြစ်ပြီး ပေါ့ပါးလန်းဆန်းသွားပါတယ်။ တစ်နေကုန် အလုပ်လုပ်ရလို့ စိတ်ပင်ပန်းနေလား၊လေ့ကျင့်ခန်း၊အားကစားတွေ အပြင်းအထန် လုပ်ပြီးတော့ ညောင်းညာကိုက်ခဲနေလား။ အချိန် ခဏလေးပေးပြီးတော့ အားရပါးရ ရယ်မောကြည့်လိုက်ပါ။၂။ ရယ်မောနေချိန်ဟာ လူတွေဟာ ပျော်ရွှင်မှုရဲ့ အနှစ်သာရကို ခံစားရပြီး စိတ်ဖိစီးမှုဟော်မုန်းတွေ ထုတ်လုပ်ခြင်းက နှေးကွေးသွားပါတယ်။စိတ်ဖိစီးမှုဟော်မုန်းတွေဟာ လူတွေရဲ့ ဦးနှောက်အာရုံကြောစနစ်ကိုသာမကကိုယ်ခံအားစနစ်ကိုပါ ဆုတ်ယုတ်စေလို့ ဒီဟော်မုန်းတွေ နည်းလာတာနဲ့အမျှ ကိုယ်ခံအားကောင်းနေပြီး ဝင်လာမယ့် ရောဂါတွေကို ကောင်းကောင်း တိုက်ထုတ်နိုင်မှာပါ။၃။ သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်စေလို့နှလုံးကိုလည်း ကျန်းမာစေနိုင်တယ်။ နှလုံးကျန်းမာရေး မကောင်းသူ၊ သွေးတိုးရှိသူတွေဆိုရင် ပုံမှန်လေး ရယ်မောပေးခြင်းဖြင့် ကိုယ့်ရဲ့ ရောဂါအခြေအနေကို သက်သာသွားစေအောင် ကူညီပေးနိုင်ပါတယ်။၄။ တစ်နေ့မှာ ၁၀ မိနစ်ခန့် ရယ်မောခြင်းဖြင့် ကယ်လိုရီ ပမာဏအနည်းငယ်ကို လောင်ကျွမ်းစေနိုင်တယ်လို့လည်း သုတေသီတွေ လေ့လာချက်များအရ တွေ့ရပါတယ်။ ဒါဆို ပုံမှန်လေး ရယ်မောပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ အလေးချိန်ကိုလည်း ထိန်းညှိပေးရာရောက်တာပေါ့။၅။စိတ်ချမ်းသာကိုယ်ကျန်းမာနေတဲ့ သူတစ်ယောက်ဟာ တော်ရုံနဲ့ ဖျားနာတာ၊ ရောဂါဖြစ်တာလည်း မရှိသလို ဖြစ်လာခဲ့ရင်လည်း ပျောက်ကင်းသက်သာဖို့ အလွန်မြန်ပါတယ်။ ဒါကြောင့် ပုံမှန်ရယ်မောပေးခြင်းဖြင့် ကိုယ့်ရဲ့လူ့ဘဝသက်တမ်းကို ရှည်ကြာအောင် ဆွဲဆန့်ထားလို့ ရပါတယ်။၁။ စိတ်ဖိစီးမှုတွေကို လျော့ကျပေးပြီးဦးနှောက်ကို ကြည်လင်သွားစေတယ်။၂။ဒေါသထွက်နေရင်လည်း ဒီပူလောင်နေတဲ့ ဝေဒနာကို သက်သာသွားစေသလို ကိုယ့်ရဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်စေနိုင်တယ်။၃။ စိတ်ကျရောဂါ၊စိုးရိမ်ပူပန်လွန်ကဲတာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။၄။ ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထုတ်လွှတ်ပေးနေတဲ့အတွက် ပုံမှန်ရယ်ပေးနေတဲ့သူဟာ တခြားသူတွေထက် ပိုပြီး စိတ်ချမ်းသာနေတာကို တွေ့ရနိုင်တယ်။၅။ ရယ်မောနေတဲ့ သူတစ်ယောက်ဟာ မိမိကိုယ်ကိုယ် ပိုပြီးတန်ဖိုးထားတတ်သလို အများအမြင်မှာလည်း နှစ်လိုဖွယ်ကောင်းတဲ့ သူတစ်ယောက်အဖြစ် မြင်ရပြီး ပေါင်းသင်းဆက်ဆံလိုစိတ် ဖြစ်စေလို့ လူမှုပတ်ဝန်းကျင်မှာလည်း မျက်နှာပန်းလှစေနိုင်ပါတယ်။၆။ ရယ်မောနေတဲ့သူတစ်ယောက်ဟာ ချစ်သူခင်သူ ပေါကြွယ်ဝသလို ကိုယ်တိုင်ခံစားနေရတဲ့ ပျော်ရွှင်ခြင်းကို ဘေးမှာရှိနေတဲ့ တခြားသူတွေဆီမှာ ဝေမျှပေးနိုင်တဲ့အတွက် ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်က စိတ်ချမ်းသာ ပျော်ရွှင်နေမှာပါ။၇။ ဦးနှောက်နဲ့ စိတ်အာရုံကို ကြည်လင်စေပြီးအာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးလို့ အလုပ်ခွင်နဲ့ ပညာရေးဘက်မှာလည်း တခြားသူတွေထက် ပိုပြီး ထူးချွန်ကာ အမြင့်နေရာကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။ဒီတော့ အဖိုးအခလည်း မပေးရ၊ အချိန်လည်း မကုန်၊ လူလည်းမပင်ပန်း၊ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုလည်း ကျန်းမာစေဖို့ တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက်တော့ အားရပါးရ ရယ်မောကြည့်ပါနော်။ အချိန်တိုအတွင်းမှာ ကိုယ့်ရဲ့ စိတ်က ပျော်ရွှင်လန်းဆန်းပြီး ကျန်းမာရေး ပိုကောင်းလာမှာကို လက်တွေ့ မြင်ရမှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9b%e1%80%9a%e1%80%ba%e1%80%99%e1%80%b1%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%84%e1%80%b7%e1%80%ba-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%94%e1%80%b2/
မီးဖွားပြီး ကာစ ဇနီးသည်နဲ့အတူပြန်နေဖို့ အရမ်းမလောပါနဲ့
လင်မယားရယ်လို့ ဖြစ်လာရင်လိင်မှုကိစ္စက အမြဲလိုလို ပါနေတတ်ပါတယ်။ အထူးသဖြင့် ကြင်စဦး ဇနီးမောင်နှံတွေဆိုရင် ပိုလို့တောင် လိင်ဆက်ဆံဖို့ တက်ကြွနေတတ်တာပေါ့။ ဒီလိုအချိန်မှာ ဇနီးက ကိုယ်ဝန်ရှိသွားတဲ့အခါ မိခင်နဲ့ ကလေးဘေးအန္တရာယ်ကင်းဖို့ကို အချိန်ကာလတစ်ခုအထိ ထိုးသွင်းဆက်ဆံမှုပါတဲ့ လိင်မှုကိစ္စကို ရပ်တန့်ထားလိုက်ရပါတယ်။ ယောက်ျားဆိုတာကလည်း ယောက်ျားသဘာဝက ကြီးစိုးနေတော့ ဘယ်လောက်ပဲ နားလည်ပေးနိုင်တယ်ပြောပြောကာမကိစ္စနဲ့ပတ်သက်လာတဲ့အခါ လိင်စိတ်ဆန္ဒကိုပဲ ရှေ့တန်းတင်ဦးစားပေးတတ်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်ကမီးဖွားပြီး တာနဲ့ပဲ ချက်ချင်းစိတ်မထိန်းနိုင်ဘဲ လိင်ဆက်ဆံလိုက်တာ၊ ဆရာဝန်မှာကြားခဲ့တဲ့ စကားကို သေချာနားမထောင်တာမျိုးတွေ လုပ်မိတတ်ကြတာပေါ့။ပုံမှန်အားဖြင့်တော့ ရိုးရိုးမွေးထားတဲ့သူတွေကို ၄၅ ရက်အနည်းဆုံးစောင့်ပေးရမယ်လို့ ဆိုထားပေမယ့် မိခင်အဆင်ပြေတဲ့အထိ စောင့်သင့်ပါတယ်။ ဒီလိုကာလအတွင်းမှာ မေမေအနေနဲ့လည်း မီးဖွားဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေမယ်၊ ကလေးကို နို့တိုက်နေရမယ်၊ အစစအရာရာအတွက်ကိုစိုးရိမ်ပူပန်နေရတယ်၊ဟော်မုန်းအပြောင်းအလဲကြောင့်ရောစိတ်ဖိစီးမှုတွေကြောင့် လူက နုံးချိပြီး လိင်ကိစ္စအတွက် စိတ်မပါသလောက် နည်းနေမှာပါ။ အထူးသဖြင့် ခွဲမွေးထားရတဲ့ မေမေတွေဆိုရင် ဒီ့ထက်တောင် ပိုပြီး စောင့်ဖို့လိုအပ်ပါတယ်။[embed-health-tool-ovulation]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/womans-voice/when-can-i-have-sex-with-my-wife-after-she-gives-birth/
လိင်တံထိပ်အရေပြား ဖြတ်သင့်၊ မဖြတ်သင့် ဝေခွဲရခက်နေလား
တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့လိင်တံထိပ်အရေပြား ဖြတ်ခြင်း – Circumcision ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတာ အများကြီးပါပဲ။ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကြောင့် ကျန်းမာရေးအရ ဘာတွေ ပြောင်းလဲမှု ရှိသွားလဲ။ လိင်စွမ်းဆောင်ရည်ပိုင်းမှာလည်း ကိုယ့်အတွက်ရော ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်ပါ ပြောင်းလဲမှု ရှိသွားမှာလား။ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေအတွက်လိင်တံထိပ် အရေပြား ဖြတ်ခြင်း မဖြတ်ခြင်း ကောင်းကျိုးနဲ့ ပြစ်ချက်တွေကို ပြောပြပေးချင်ပါတယ်။အမျိုးသားတွေရဲ့လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ အမျိုးသားကျန်းမာရေးနဲ့တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။ကလေးအရွယ်မှာလိင်တံထိပ်အရေပြား ဖြတ်ခြင်းဟာ ၅မိနစ်ကနေ ၁၀မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ တစ်နာရီဝန်းကျင် ကြာနိုင်ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာ အနာကျက်ဖို့ ၅ရက်ကနေ ၇ရက်လောက် စောင့်ရပါတယ်။ အနာမကျက်သေးခင်အချိန်အထိ တစ်ကိုယ်ရေ အာသာဖြေခြင်း၊ လိင်ဆက်ဆံခြင်းအပြုအမူကို ရှောင်ကြဉ်ရပါမယ်။အရေပြား မဖြတ်ထားသူ – လိင်တံပျော့နေတဲ့အချိန်မှာ ထိပ်အရေပြားဖုံးနေတာကြောင့် ပိုကြီးမားတယ်လို့ ထင်ရပါတယ်။ ထောင်မတ်လာတဲ့အခါ အရေပြားက အနောက်က လန်ဆွဲသွားပြီး ပျောက်လုနီးပါး ဖြစ်သွားတဲ့အတွက် နဂိုအရွယ်အစားထက် ကြီးတယ်၊ သေးတယ်ဆိုပြီး မရှိပါဘူး။အရေပြား ဖြတ်ထားသူ – ထိပ်ကို ဖုံးနေတဲ့ အရေပြားကို ဖြတ်လိုက်တာ ဖြစ်ခြင်းကြောင့် ပိုပြီး သေးသွားတယ်၊ ကြီးသွားတယ်ဆိုတာတော့ မရှိပါဘူး။ ပျော့နေချိန်မှာတော့ အရွယ်အစား သေးငယ်တယ်လို့ ထင်ရနိုင်ခြေ ရှိပါတယ်။လိင်တံအရွယ်အစားဟာ ထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းနဲ့ မသက်ဆိုင်ပဲ မိဘမျိုးရိုး၊ နေထိုင်စားသောက်ပုံနဲ့ ကျန်းမာရေးနဲ့သာ သက်ဆိုင်မှုရှိပါတယ်။အရေပြား မဖြတ်ထားသူ-တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ ထိပ်အရေပြားကို မကြာခဏ ပွတ်ဆွဲမိသလို ဖြစ်တဲ့အတွက် ပိုပြီး လိင်စိတ်ပြီးမြောက်ဖို့ လျင်မြန်စေပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ အရေပြားကို အနောက်လှန်ဆွဲရတဲ့အတွက်ကြောင့် ပွန်းပဲ့ထိခိုက်တာ ဖြစ်နိုင်ပါတယ်။အရေပြား ဖြတ်ထားသူ – အရေပြားမရှိတဲ့အတွက် လိင်တံထိပ်ဖူးဟာ ပိုပြီး ထူထပ်လာမယ်၊ မာကျောလာမယ်၊ လိင်စွမ်းဆောင်ရည်ပိုင်းမှာတော့ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး မဖြစ်စေပေမယ့် တချို့အမျိုးသားတွေအတွက်တော့ ပိုကောင်းတဲ့ ခံစားချက်မျိုး ရရှိတယ်လို့ ဆိုကြပါတယ်။အရေပြား မဖြတ်ထားသူ – လိပ်တံထိပ်မှာ အရေပြားရှိနေတဲ့အတွက် အဖြူရောင် အကျိအချွဲတွေ၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလာနိုင်ပါတယ်။ သေချာသန့်ရှင်းမှုမပြုလုပ်တဲ့အခါ မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာနိုင်တဲ့အပြင် အရေပြား အနောက်ကို ဆွဲလှန်လို့ မရတော့တဲ့အခြေအနေထိ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လာပါပြီ။ ဒါကြောင့် အရေပြားမဖြတ်ထားသူတွေမှာ ရေချိုးတဲ့အချိန်တိုင်း လိင်တံရဲ့ အရေပြားအောက်ကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဆေးကြောဖို့ လိုအပ်ပါတယ်။အရေပြား ဖြတ်ထားသူ – အထူးတလည် သန့်ရှင်းစရာမလိုပါဘူး။ အရေပြားမဖုံးနေတဲ့အတွက် အဖြူရောင် အကျိအချွဲတွေ မကပ်ငြိနိုင်သလို သန့်ရှင်းရတာလည်း ပိုပြီး လွယ်ကူပါတယ်။ နေ့စဉ် ရေချိုးတဲ့အချိန်တိုင်း မှန်မှန်ဆေးကြောပေးရင် လုံလောက်ပါတယ်။ သတိပြုရမှာက လိင်တံထိပ်ကို ကာကွယ်ပေးမယ့် အရေပြားမရှိတော့တဲ့အတွက် ခြောက်သွေ့တာ၊ ပွန်းပဲ့တာ၊ ထိခိုက်တာ၊ ကျိန်းစပ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကျပ်လွန်းတဲ့ ဘောင်းဘီတွေအစား ချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ ဘောင်းဘီ၊ အတွင်းခံဘောင်းဘီတွေကိုပဲ ဝတ်ပေးပါ။အရေပြား မဖြတ်ထားသူ – လိင်တံထိပ်အရေပြားဟာ အမျိုးသားတွေအတွက်လိင်စိတ်ဆန္ဒအထွတ်အထိပ်ရောက်ရှိစေနိုင်တဲ့ အဓိကသော့ချက်အဖြစ် သုတေသီတွေက ဆိုထားကြပါတယ်။ တစ်ကိုယ်ရေအာသာဖြေရာမှာ ပိုကောင်းတဲ့ ခံစားချက်မျိုး ရရှိနိုင်ပေမယ့် လိင်မှုကိစ္စပိုင်းဆိုင်ရာမှာ ထူးခြားတဲ့ ပြောင်းလဲမှုမျိုး ကြုံတာမျိုး မဖြစ်စေပါဘူး။အရေပြား ဖြတ်ထားသူ – အသန့်ကြိုက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက် လိင်တံထိပ် အရေပြားဖြတ်ခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားရာရောက်တယ်လို့ ယူဆတတ်ကြတဲ့အတွက် ပိုပြီး စိတ်ချလုံခြုံရတယ်လို့ ခံစားရနိုင်ပါတယ်။အရေပြား မဖြတ်ထားသူ – လိင်ဆက်ဆံတဲ့အခါ အရေပြားဟာသဘာဝချောဆီအဖြစ် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဒါပေမယ့် အဝင်အထွက် ချောစေဖို့ ချောဆီအနည်းငယ် သုံးပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။အရေပြား ဖြတ်ထားသူ – ထိုးသွင်းဆက်ဆံခြင်းပြုတဲ့အခါ အထူးသဖြင့်စအိုဝကို ထိုးသွင်းဆက်ဆံတဲ့အခါ လိင်တံထိပ် အရေပြားမရှိသူတွေအတွက်တော့ ချောဆီ ပိုသုံးပေးရင် အဆင်ပြေပါတယ်။အရေပြား မဖြတ်ထားသူ – အရေပြား ရှိခြင်း၊ မရှိခြင်းဟာ သုက်ပိုးရဲ့ ကျန်းမာရေးနဲ့မျိုးပွားနိုင်စွမ်းကို ဘယ်လိုပြောင်းလဲမှုမှ မဖြစ်စေပါဘူး။ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ အစားအသောက်နဲ့ ကျန်းမာရေးအခြေအနေကသာ မျိုးအောင်နိုင်ခြင်းအပေါ် သက်ရောက်မှု ဖြစ်စေပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အမျိုးသားတွေမှာတော့ အရေပြား နောက်ပြန်ဆွဲမရတာ၊ လိင်တံထိပ်ဖူး ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။အရေပြား ဖြတ်ထားသူ – ဘက်တီးရီးယား ပေါက်ဖွားစရာ အရေပြားမရှိတော့တဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်သာမက အမျိုးသားတွေအတွက် လိင်တံကျန်းမာရေးအရ ကောင်းကျိုးများစွာ ရှိစေပါတယ်။အရေပြား မဖြတ်ထားသူ – အရေပြား ဖုံးနေတဲ့အတွက်ကြောင့် ဘက်တီးရီးယားပိုးမွှားတွေ အမြဲ ခိုအောင်းနိုင်တဲ့အပြင်ဆီးလမ်းကြောင်း ပိုးဝင်တာ၊ လိင်တံကင်ဆာ၊ လိင်မှ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ၊ အရေပြားနောက်လှန်ဆွဲမရတဲ့ ပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေအတွက်သာမက လိင်ဆက်ဆံဖော်ကိုပါ ကူးစက်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။အရေပြား ဖြတ်ထားသူ – ရေယုန်အပြင် တခြားသော လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ပိုပြီး ကာကွယ်ပေးနိုင်တယ်။ အရေပြား မရှိတော့တဲ့အတွက် ပွန်းပဲ့ထိခိုက်တာတွေလည်း မဖြစ်စေနိုင်ပါဘူး။အရေပြား ဖြတ်ခြင်းဟာ ဘာသာရေး၊ လူမျိုးရေးဝါဒနဲ့ သက်ဆိုင်မှုမရှိပဲ အမျိုးသားတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကိုယ်က အရေပြားဖြတ်ဖို့ စိတ်ကူးမရှိဘူး၊ ကြောက်တယ်ဆိုရင်လည်း ရေချိုးတဲ့အခါမှာ သေချာ သန့်ရှင်းရေးလုပ်ဖို့၊ ကိုယ့်ရဲ့ အဝတ်အစားတွေကို အမြဲလဲပေးဖို့ ဂရုစိုက်သင့်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/uncircumcised-or-circumcised/
ချင်း ပြုတ်ရည် နဲ့ ကိုယ်ခံအား
ချင်း ကို ဟင်းထဲ ထည့်ချက်ရတဲ့ အမွှေးအကြိုင်ပစ္စည်း တစ်မျိုးလို့ပဲ မထင်ထားပါနဲ့နော်။ အစားအသောက်တွေကို ရနံ့မွှေးကြိုင် စေနိုင်တဲ့ အစွမ်း အပြင် သူ့မှာ တခြား ဆေးဖက်ဝင် အစွမ်းအာနိသင်တွေ အများကြီးရှိနေလို့ပါပဲ။ကိုယ်ခံအားကောင်းဖို့ ချင်းပြုတ်ရည် သောက်ကြပါတယ်တဲ့။ မှန်ပါတယ်။ ချင်း မှာ ပါဝင်တဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိ တို့ကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးနိုင်ပါတယ်။လေ့လာမှုတွေအရလည်း ချင်းဟာကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ပိုထိရောက်ချင်ရင်တော့ ကိုယ်ခံအားကို ကောင်းစေတဲ့ အာနိသင်ပါဝင်ပြီးသားဖြစ်တဲ့ပျားရည်၊သံပရိုရည် စတာတွေနဲ့ ချင်းရေနွေးကြမ်းမှာ ရောနှောသောက်သုံးနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို သေစေနိုင်စွမ်းရှိတယ်လေ။ ပျားရည်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို သံပရိုသီးကလည်း ဗီတာမင် C ကြောင့် ကိုယ်ခံအားကောင်းစေပါတယ်။ချင်းနဲ့ ချင်းအဆီကို လေထိုးလေအောင့်၊ ဗိုက်အောင့််ခြင်းများအတွက် သုံးတတ်ကြပါတယ်။အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်၊ဝမ်းလျှောခြင်း၊လေပွခြင်း၊စတဲ့အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ အတွက် ဆေးတစ်လက်ဖြစ်ပါတယ်။ချင်းလက်ဖက်ရည်ကိုလည်း ဒီရောဂါတွေအတွက်သုံးလေ့ ရှိတဲ့ အပြင် အစာစားချင်စိတ်ဖြစ်လာအောင် အားပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးလိုသူတွေ၊ခံတွင်းပျက်နေ သူတွေအတွက် အကျိုးရှိစေနိုင်ပါတယ်။ချင်းဟာ ပိုးတွေကိုသေစေပြီး လေကိုကြေစေတဲ့ဓာတ်စာဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်းကို ကုသရာမှာ အသုံးပြုနိုင်ပြီး အူလမ်းကြောင်းရောဂါတွေ၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဝမ်းကိုက်ခြင်းကို ကုသနိုင်ပါတယ်။ချင်း က မအီမသာဖြစ်ခြင်း၊ ခရီးပန်းမူးဝေခြင်းနဲ့ ပျို့အန်ခြင်းတွေအတွက် ထိရောက်မှုရှိတယ်ဆိုတာ သုတေသနတွေက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်း သက်သာလျောပါးစေဖို့ အတွက်လည်း ချင်းကို သုံးကြပါတယ်။ချင်းနဲ့ချင်းအဆီက ကိုယ်ခံအားကိုကောင်းစေလို့ yellow fever နဲ့ ငှက်ဖျားတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ချင်းနဲ့ချင်းအဆီတို့ဟာ သလိပ်ပျော်ဆေးတွေလိုအစွမ်းထက်တာကြောင့် ချောင်းဆိုး၊ရင်ကျပ်၊တုပ်ကွေး၊ ပန်းနာ၊ လေပြွန်ရောင်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့လို အသက်ရှူလမ်းကြောင်းဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။ ချင်းက လည်ချောင်းနဲ့အဆုတ်ထဲက ချွဲသလိပ်တွေကိုဖယ်ရှားပေးတဲ့နေရာမှာ ထိရောက်လှတာကြောင့် အိန္ဒိယမှာ ရေနွေးကြမ်းထဲထည့်သောက်တတ်ကြပါတယ်။ ပျားရည်နဲ့ချင်း ရောစပ်လိုက်တဲ့ဆေးဖက်ဝင်အာနိသင်က အသက်ရှူလမ်းကြောင်းရောဂါတွေကုသရာမှာအစွမ်းထက်ပါတယ်။ချင်းရဲ့အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆစ်ရောင်ရောဂါ၊ လေးဖက်နာဝေဒနာများ၊ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့မှာ ရောင်ရမ်းမှုနဲ့နာကျင်ကိုက်ခဲမှုသက်သာစေနိုင်ပါတယ်။ချင်းအဆီ သို့မဟုတ် ချင်းအနှစ်ကို နာကျင်နေတဲ့ကြွက်သားပေါ်မှာ လိမ်းပေးရင် သက်သာစေနိုင်ပါတယ်။ဓမ္မတာမမှန်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်းတို့ကို ချင်းက သက်သာစေနိုင်ပါတယ်။ ချင်းရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ချင်း ခတ်ထည့်ထားတဲ့ ဟင်းရည်တို့ကို သောက်လို့ရတယ်။တရုတ်ပြည်မှာဆိုရင် ချင်းက နှလုံးကျန်းမာရေးကို အားကောင်းစေတယ်လို့ယုံကြည်ကြပါတယ်။ သုတေသနတွေအရ ချင်းဟာ သွေးတွင်းကိုလက်စထရောကိုကျစေပြီး သွေးခဲဖြစ်ပေါ်ခြင်းကိုကာကွယ်ပေး တယ်လို့ဖော်ပြကြပါတယ်။ဒီလိုကာကွယ်ပေးခြင်းအားဖြင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့ အတွက် နှလုံးရုတ်တရက်ခေတ္တရပ်ခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်တွေ နည်းသွားစေမှာ ဖြစ် ပါတယ်။ချင်းဟာ အမျိုးသားကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ချင်းက ဒီဘက်မှာလည်း သဘာဝအားတိုးဆေးအာနိသင် ရှိတာကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်းတို့အတွက် အစွမ်းထက်တယ်လို့ ဆိုပါတယ်။ချင်းဖျော်ရည်၊ ချင်းရေနွေးကြမ်းက ဆီးကျောက်ကို ကြေစေနိုင်တယ်လို့ လည်း ယူဆကြပါတယ်။ချင်းဟာ ဆံသားကျန်းမာရေး အတွက်လည်း ကောင်းပါတယ်။ ချင်းရည်က ဗောက်ပျောက်စေနိုင်ပါတယ်။American Cancer Society အရ ချင်းက ကင်ဆာကိုကုသရာမှာအသုံးဝင်နိုင်တယ်လို့ ကနဦးသုတေသနတွေက ဖော်ပြခဲ့ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8-%e1%80%95%e1%80%bc%e1%80%af%e1%80%90%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba-%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba/
Complete Blood Count (သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း )
သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးခြင်း (CBC) ဆိုတာ သွေးထဲမှာရှိတဲ့ ဆဲလ် အရေအတွက်နဲ့ အမျိုးအစားတွေ အားလုံး (အထူးသဖြင့် – သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား) နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ပေးတဲ့ စစ်ဆေးချက်တစ်ခု ဖြစ်ပါတယ်။CBC ဟာ အားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီး အညိုအမည်း စွဲခြင်း စတဲ့ ရောဂါလက္ခဏာတွေကို စစ်ဆေးဖို့ အတွက် ဆရာဝန်တွေကို အကူအညီ ပေးပါတယ်။ သွေးအားနည်းရောဂါ၊ ပိုးဝင်ခြင်းနှင့် တခြားသော ရောဂါတွေကိုလည်း ရောဂါအမည် သတ်မှတ်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။CBCစစ်ဆေးချက်မှာ ပါဝင်လေ့ ရှိတာတွေကတော့ –။သွေးဖြူဥဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်ကို ရောဂါပိုးတွေ ဝင်လာမှာကို ကာကွယ်ပေးတဲ့ ဆဲလ်ဖြစ်ပါတယ်။ ရောဂါပိုး တစ်ခုခု ဝင်လာပြီဆိုရင် သွေးဖြူဥတွေက ဘက်တီးရီးယားပိုးတွေနဲ့ ရောဂါဖြစ်စေတဲ့ တခြားအကောင်တွေကို တိုက်ခိုက်ဖျက်ဆီး ပေးပါတယ်။လူတစ်ယောက်မှာ ပိုးဝင်ပြီဆိုရင် သွေးဖြူဥ အရေအတွက်ဟာ လျှင်မြန်စွာ တက် (များ) သွားတတ်ပါတယ်။ ဒါကြောင့် သွေးဖြူဥ အရေအတွက်တွေကို ရောဂါပိုး ဝင်ခြင်းကို ရှာဖွေဖို့၊ သို့မဟုတ် ခန္ဓါကိုယ်က ကင်ဆာကုသမှုကို ဘယ်လို တုံ့ပြန်နေတယ်ဆိုတာ ကိုသိရှိဖို့ စစ်ဆေးရာမှာ အသုံးပြုပါတယ်။သွေးဖြူဥမှာ ခွဲခြားထားတဲ့ အဓိက အမျိုးအစားတွေကတော့ neutrophils, lymphocytes, monocytes, eosinophil နဲ့ basophils တို့ပဲ ဖြစ်ပါတယ်။ အမျိုးအစား တစ်ခုချင်းဆီဟာ မတူညီတဲ့ လုပ်ဆောင်ချက်တွေနဲ့ ခန္ဓါကိုယ်ကို ကာကွယ်တဲ့ နေရာမှာ ပါဝင်နေကြပါတယ်။ သွေးဖြူဥ အမျိုးအစား တစ်ခုချင်းစီရဲ့ အရေအတွက်ကို သိခြင်းက ခန္ဓါကိုယ် ခုခံအားစနစ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်အလက်တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။သင့်မှာ သွေးနီဥ အရေအတွက် နည်းနေပြီဆိုရင် (သွေးအားနည်းရောဂါ ရှိနေပြီဆိုရင်) သင့်ခန္ဓါက လိုအပ်တဲ့ အောက်စီဂျင်ကို မရနိုင်တော့ပါဘူး။ သွေးနီဥ အရေအတွက် အရမ်းများနေပြီ (polycythemia လို့ ခေါ်တဲ့ အခြေအနေ) ဆိုရင်တော့ သွေးနီဥတွေ တစ်ခုနဲ့တစ်ခု ကပ်သွားပြီး သွေးကြောမျှင်လေးတွေကို ပိတ်သွားနိုင်ပါတယ်။ဒီ စစ်ဆေးချက်ကတော့ သွေးထဲမှာ သွေးနီဥ ပမာဏ ဘယ်လောက် ရှိနေတယ်ဆိုတာ တိုင်းတာတဲ့ စစ်ဆေးချက် တစ်ခုဖြစ်ပါတယ်။ အဖြေကို သွေးထဲမှာရှိတဲ့ သွေးနီဥ ရာခိုင်နှုန်း (%) နဲ့ ဖော်ပြပါတယ်။Hemoglobin ဆိုတဲ့ ပစ္စည်းလေးဟာ သွေးနီဥထဲမှာ တည်ရှိပါတယ်။ Hb ဟာ အောက်စီဂျင်ကို သယ်ပေးပြီး သွေးနီဥရဲ့ အရောင်ကို အနီရောင် ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။Hb စစ်ဆေးချက်ဟာ သွေးထဲမှာ hemoglobin ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာ တိုင်းတာပေးပြီး ခန္ဓါကိုယ် တလျှောက်မှာ သွေးက အောက်စီဂျင်ကို ဘယ်လောက် သယ်နိုင်တယ် ဆိုတာကိုလည်း တိုင်းတာပေးနိုင်ပါတယ်။သွေးနီဥ အရေအတွက်ကို ညွှန်ပြတဲ့ ညွှန်ကိန်း ၃ ခု ရှိပါတယ်။ mean corpuscular volume(MCV), mean corpuscular hemoglobin (MCH) နှင့် mean corpuscular hemoglobin concentration (MCHC) တို့ပဲ ဖြစ်ပါတယ်။သွေးဥမွှား တွေဟာ သွေးခဲအောင် လုပ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။သွေးထွက်လာပြီဆိုရင်။သွေးဥမွှားတွေက ဖောင်းလာပြီး တစ်ခုနဲ့တစ်ခု ကပ်သွားပါတယ်။ အဲဒီနောက် စေးကပ်တဲ့ အဖတ်လေးတစ်ခု ဖြစ်သွားပြီး သွေးယိုနေတဲ့ နေရာကို သွားကပ်ပေးနိုင်တဲ့အတွက် သွေးတိတ်အောင် ကူညီပေးနိုင်ပါတယ်။ ပမာဏ နည်းနေပြီဆိုရင်တော့ သွေးမတိတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးချက်တွေ လုပ်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးချက် မပြုလုပ်မီ လိုအပ်နိုင်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အောက်မှာ အကြံပေး ဖော်ပြထားပါတယ်။စစ်ဆေးချက်လုပ်နေစဉ်မှာ။သွေးနမူနာကို လက်မှာရှိတဲ့ သွေးပြန်ကြော တစ်ခုကနေ ယူပါတယ်။ အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ထားတဲ့ အတွက် အနည်းငယ် တင်းကြပ်ပြီး မသက်မသာ ခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့အတွက် ဘာမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။သွေးဖောက်ရတဲ့ အတွက်တော့ ပြဿနာရှိနိုင်ခြေ အရမ်းနည်းပါတယ်။ပထမဆုံးအနေနဲ့ အဲဒီ ဆေးထိုးထားတဲ့ နေရာမှာ အနည်းငယ် ညိုမည်းနေတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆေးထိုးပြီးတဲ့အခါ မိနစ်အနည်းငယ်အကြာ ဖိထားပေးခြင်းအားဖြင့် အဲဒီလို အညိုအမည်း ဒဏ်ရာဖြစ်နိုင်ခြေကို လျော့နည်းအောင် လုပ်နိုင်ပါတယ်။တချို့ ရှားပါးတဲ့ အခြေအနေတွေမှာတော့ သွေးနမူနာ ယူပြီးချိန်မှာ သွေးကြောမှာ ဖောင်းတင်းပြီး ယောင်ယမ်းတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တာကို phlebitis လို့ ခေါ်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင်တော့ ရေနွေးအိတ်လိုမျိုး အနွေးဓါတ်ပေးနိုင်တာ တစ်ခုခုနဲ့ တစ်နေ့ကို အကြိမ်များစွာ ဖိထားပေးသင့်ပါတယ်။ဒါ့အပြင် သွေးရောဂါရှိတဲ့ သူတွေမှာ သွေးဖောက်ပြီးနောက် သွေးမတိတ်ဘဲ သွေးဆက်ယိုနေတာမျိုး ဖြစ်တတ်ပါတယ်။ asprin, warfarin နဲ့ တခြား သွေးကျဲစေတဲ့ ဆေးတွေကလည်း သွေးကိုပိုပြီး ထွက်စေနိုင်ပါတယ်။ဒါကြောင့် သင့်မှာ သွေးယိုတာ၊ သွေးခဲတာနဲ့ ပတ်သက်တဲ့ ရောဂါတွေ ရှိနေရင်၊ သို့မဟုတ် သွေးကျဲဆေးတွေ သောက်နေရရင် သွေးနမူနာ မဖောက်ခင်မှာ ဆရာဝန်ကို ပြောပြရပါမယ်။သွေးဆဲလ် အပြည့်အစုံ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ထပ်ပြီး မေးစရာ အချက်အလက်တွေ ရှိပါက ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။စစ်ဆေးချက် အဖြေက ဘာကို ဆိုလိုသလဲ။ရလဒ် အဖြေက ဓါတ်ခွဲခန်း တစ်ခုနဲ့တစ်ခုကြား ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့အဖြေ ထွက်လာပါက ပြဿနာ တစ်ခုခု ရှိနေပြီဆိုတာကို ဖော်ပြပါတယ်။ဒီတိုင်းတာချက်တွေ အားလုံးမှာ ပုံမှန်ရှိရမယ့် ပမာဏအောက် နည်းနေပြီဆိုရင် သွေးအားနည်းရောဂါ ရှိနေတာ ဖြစ်ပါတယ်။သွေးအားနည်းရောဂါဟာ မောပန်းလွယ်တာတွေ၊ အားနည်းတာတွေ ဖြစ်စေနိုင်ပါတယ်။ ဗိုက်တာမင်၊ သို့မဟုတ် သံဓါတ် နည်းနေခြင်း၊ သွေးထွက်ခြင်းတို့ အပါအဝင် သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ပုံမှန်ရှိရမယ့် သွေးနီဥ ပမာဏထက် များနေပါက (erythrocytosis) သို့မဟုတ် hemoglobin သို့မဟုတ် Hematocrit တိုင်းတာရာမှာ များနေရင် polycythemia (သွေးနီဥများသောရောဂါ) သို့မဟုတ် နှလုံးရောဂါ စတဲ့ ရောဂါအခြေအနေ တစ်ခုခု ရှိနေတယ်လို့ ပြောနိုင်ပါတယ်။သွေးဖြူဥ အရေအတွက် နည်းနေခြင်း (leukopenia) ဟာ ကိုယ့်ဆဲလ် ကိုယ်ပြန်တိုက်သော ခုခံအားစနစ်ရှိသော ရောဂါမှ သွေးဖြူဥတွေကို တိုက်ခိုက်ခြင်းကြောင့်၊ ရိုးတွင်းခြင်ဆီ ပြဿနာများကြောင့်၊ သို့မဟုတ် ကင်ဆာရောဂါကြောင့် စတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ တချို့သော ရောဂါတွေကလည်း သွေးဖြူဥ အရေအတွက်ကို လျော့နည်းစေနိုင်ပါတယ်။သွေးဖြူဥ အရေအတွက်ဟာ ပုံမှန်ထက် များနေပြီ ဆိုရင်တော့ သင့်မှာ ရောဂါပိုးဝင်ခြင်း၊ သို့မဟုတ် ယောင်ယမ်းခြင်းတွေ ဖြစ်နေပါပြီ။ သို့မဟုတ် အဲဒီလို များနေတာက ခုခံအားစနစ်နဲ့ ပတ်သက်တဲ့ ရောဂါ၊ သို့မဟုတ် ရိုးတွင်းခြင်ဆီရောဂါ တစ်ခုခု ဖြစ်နေနိုင်ပါတယ်။ ဆေးကုသမှုကို တုံ့ပြန်တာကြောင့်လည်း သွေးဖြူဥ အရေအတွက် များလာတာ ဖြစ်နိုင်ပါတယ်။သွေးဥမွှား အရေအတွက်ဟာ ပုံမှန်အောက် နည်းနေပြီဆိုရင် (thrombocytopenia) သို့မဟုတ် ပုံမှန် ထက်များနေရင် (thrombocytosis) ရောဂါ အခြေအနေ တစ်ခုခု၊ သို့မဟုတ် ဆေးကုသမှု တစ်ခုခုရဲ့ ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်ရှိရမယ့် ပမာဏ အတွင်းမှာ လုံးဝ မရှိတော့ရင်တော့ ဘာကြောင့် ဖြစ်တယ်ဆိုတာ သိဖို့ ထပ်ပြီး စစ်ဆေးဖို့ လိုအပ်လာပါပြီ။စစ်ဆေးချက် အဖြေနဲ့ ပတ်သက်ပြီး မေးစရာရှိပါက ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/complete-blood-count-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%a5%e1%80%86%e1%80%b2%e1%80%9c%e1%80%b9-%e1%80%a1%e1%80%b1%e1%80%9b%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%bb/
Duodenitis ( အူသိမ်အစရောင်ခြင်း)
Duodenitis ဟာ အူသိမ်ရဲ့ အစက duodenum ရောင်ခြင်း ဖြစ်ပါတယ်။ duodenum နံရံ ရောင်ခြင်းဟာ ဗိုက်နာခြင်း၊ သွေးထွက်ခြင်းနဲ့ အခြား အူလမ်းကြောင်း လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းတော့ H pylori ဘက်တီးရီးယားနဲ့ ဆက်စပ်နေတဲ့ အစာအိမ် ရောဂါပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ဒီရောဂါပိုးဟာ ပုံမှန်အတိုင်း duonenum နံရံကို အစာအိမ် အက်ဆစ်တွေကနေ ကာကွယ်ပေးတဲ့ အကျိအချွဲအလွှာကို ထိခိုက်စေနိုင်ပါတယ်။ ဒီအလွှာမရှိတော့ခြင်းဟာ နာတာရှည် ရောင်ရမ်းခြင်းနဲ့ duodenum အနာဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတွေရဲ့ ၈၀% ဟာ Helicobacter Pylori ရောဂါပိုးကူးစက်ခြင်း ရှိနေကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Duodenitis ဟာ အစာအိမ်နံရံရောင်ခြင်းကို ဖြစ်စေနိုင်ပြီးတော့ လက္ခဏာ အတော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ လူတွေကြားမှာ ပြင်းထန်မှု ကွာခြားမှုရှိပါတယ်။Duodenitis လက္ခဏာတွေကို နေ့စဉ် (သို့) တခါတရံ ခံစားရနိုင်ပါတယ်။ တခါတလေမှာတော့ ဒီလက္ခဏာတွေဟာ ဆိုးရွားနိုင်ပါတယ်။· ဝမ်းဗိုက်လေပွခြင်။· ဝမ်းဗိုက်နာကျင်ခြင်း။· လေထခြင်း။· စားချင်စိတ်မရှိခြင်း။· အန်ခြင်း၊ အန်ခြင်းမရှိပဲ ပျို့ခြင်း။ပြင်းထန်တဲ့ လက္ခဏာတွေဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။အချို့အခြေအနေတွေမှာ Duodenitis အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အောက်ဖေါ်ပြပါ လက္ခဏာတွေရှိရင် အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Duodenitis ဖြစ်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ H.pylori ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဟာ အစာအိမ်နဲ့ အူသိမ်ထဲ ဝင်ရောက်လာပြီး ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။အခြားအကြောင်းရင်းတွေကတော့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ aspirin, ibuprofen, naproxen တွေကို ကြာရှည်စွာ အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။အဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့။• Crohn’s disease (အစာအိမ် အူလမ်းကြောင်း ရောင်ခြင်း)။• An autoimmune condition။• Bile reflux (သည်းခြေရည်များ duodenum မှ အစာအိမ်အတွင်း ဝင်ခြင်း)။• အချို့ ဗိုင်းရပ်စ်ပိုးဝင်ခြင်း — ဥပမာ herpes simplex virus နဲ့ ကိုယ်ခံအားနည်းခြင်း။• အူသိမ်ကို ထိခိုက်ဒဏ်ရာ ရခြင်း။• အသက်ရှူစက်နဲ့ အသက်ရှူခြင်း။• အဓိက ခွဲစိတ်မှု၊ ပြင်းထန်တဲ့ ကိုယ်ခန္ဓါဒဏ်ရာရရှိမှုတွေနဲ့ ရှောခ့်ရခြင်း။• အဆိပ်ပါတဲ့ အရာတွေကို စားမိခြင်း။• ဆေးလိပ်လွန်ကဲစွာသောက်ခြင်း။• ကင်ဆာရောဂါအတွက် ဓါတ်ရောင်ခြည်ကုသခြင်း။• ကင်ဆာဆေးသွင်းကုသခြင်း။Duodenitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အချက်ရှိသူ အကုန်လုံးကတော့ duodenitis ဖြစ်မှာ မဟုတ်ပါဘူး။ ရောဂါဖြစ်ပွားမှု များစေတဲ့ အချက်တွေကတော့။သင့်ဆရာဝန်က Duodenitis ကို သိရှိနိုင်မယ့် စစ်ဆေးမှုများစွာကို အသုံးပြုနိုင်ပါတယ်။ H.pylori ကို သွေး၊ ဝမ်း၊ အသက်ရှူ စစ်ဆေးမှုတွေနဲ့ တွေ့ရှိနိုင်ပါတယ်။ Breath test အတွက်ကတော့ သင်ဟာ ကြည်လင်ပြီးအရသာမဲ့တဲ့ အရည်တစ်မျိုးကို သောက်ရမှာဖြစ်ပြီး အိပ်ထဲကို အသက်ရှူထုတ်ရမှာဖြစ်ပါတယ်။ဒါဟာ တကယ်လို့ သင့်မှာ ရောဂါပိုးရှိတယ်ဆိုရင် သင့်ဆရာဝန်က carbondioxide gas အပိုကို တွေ့ရှိမှာဖြစ်ပါတယ်။သင့်ဆရာဝန်က အသားစယူခြင်းနဲ့ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်စဉ်မှာ ကင်မရာ အသေးလေးတပ်ထားတဲ့ မှန်ပြောင်းကို လည်ချောင်းမှတစ်ဆင့် အစာအိမ်၊ အူသိမ်အတွင်း ကြည့်မှာဖြစ်ပါတယ်။ ဒါဟာ ရောင်ရမ်းမှုတွေကို တွေ့နိုင်စေပါတယ်။သင့်ဆရာဝန်က ရောင်ရမ်းမှုတွေကို သေချာမတွေ့ရှိရင် အသားစယူပြီး တစ်ရှူးစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။Duodenitis ကုသခြင်းဟာ သင့်ကျန်းမာရေးစောင့်ရှောက်သူထံမှ ကျန်းမာရေးကုသမှု ရယူခြင်းကနေ စတင်ပါတယ်။ Duodenitis ရှိမရှိ သိရှိဖို့ ကျန်းမာရေးစောင့်ရှောက်သူက ဓါတ်ခွဲခန်းပို့ စစ်ဆေးရန် သွေး၊ ဝမ်းနဲ့ ဆီး samples တွေကို တောင်းခံနိုင်ပါတယ်။ အူအပေါ်ပိုင်း မှန်ပြောင်းကြည့်ခြင်းဟာ duodenum ကို သေချာမြင်ရစေပြီး သေးငယ်တဲ့ အသားစယူခြင်းတွေကို ပြုလုပ်နိုင်စေပါတယ်။ အသားစယူပြီး မှန်ပြောင်းနဲ့ကြည့်ကာ H.pylori infection ရှိမရှိ သိရှိနိုင်ပါတယ်။Amoxicillin။Clarithromycin (Biaxin)။Metronidazole (Flagyl)။Tetracycline တို့ပဲဖြစ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Duodenitis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/peptic-ulcer-disease/duodenitis-%e1%80%a1%e1%80%b0%e1%80%9e%e1%80%ad%e1%80%99%e1%80%b9%e1%80%a1%e1%80%85%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။
နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။နှုတ်ခမ်းရဲ့ နဂိုမူလအရောင်ဆိုတာ ပန်းရောင် ဒါမှမဟုတ် အသားရောင်လေးအတိုင်း ရှိနေပြီး ခြောက်တာမျိုးမဟုတ်ဘဲ စိုစိုလက်လက်လေး ဖြစ်နေရမှာပါ။ တချို့လူတွေမှာတော့ နေထိုင်စားသောက်မှုပုံစံတွေ၊ ကျန်းမာရေးအခြေအနေတွေကြောင့် မယ်လနင် (Melanin) လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ အရေပြားပေါ်မှာ စုပုံလာတယ်။ ကြာလာတော့ နှုတ်ခမ်းသားက ပုံမှန်အရောင် ပျောက်သွားပြီး အရောင်မှိုင်းလာတော့တာပေါ့။မယ်လနင်ဆဲလ်တွေကို ကိုယ်ခန္ဓာက များများထုတ်ဖို့ တွန်းအားပေးဖြစ်စေတဲ့ အချက်တွေကတော့။ကင်ဆာဆေးသွင်း ကုသခံနေရသူတွေ၊ သွေးအားနည်းရောဂါရှင်တွေ၊ ဗီတာမင်အာဟာရဓာတ် ချို့တဲ့တဲ့ သူတွေမှာလည်း နှုတ်ခမ်းသား မည်းညစ်လာနိုင်ပါတယ်။နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။များသောအားဖြင့်တော့ နှုတ်ခမ်းသားမည်းလာတာက ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပိုပြီး သက်ဆိုင်နေနိုင်တာကြောင့် ဒါကိုပြင်လိုက်ရင်တော့ တော်တော်လေး အဆင်ပြေသွားမှာပါ။ ဘာတွေပြင်ဆင်ရမလဲဆိုရင်။၁။ နေရောင်ခြည်ဒဏ်ကနေ နှုတ်ခမ်းကို ကာကွယ်ဖို့ နှုတ်ခမ်းအဆီ လိမ်းပေးရပါမယ်။ မိန်းကလေးတွေဆိုရင် နှုတ်ခမ်းနီမလိမ်းခင် အောက်ကနေ နှုတ်ခမ်းအဆီ တစ်ထပ်ခံပြီးမှ နှုတ်ခမ်းနီလိမ်းတာ ပိုကောင်းပါတယ်။၂။ ကိုယ်ခန္ဓာက ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့အသီးအနှံတွေ၊ဟင်းသီးဟင်းရွက်တွေ များများစားပါ။၃။ ဆေးလိပ်ကို ဖြတ်ပါ။ ချက်ချင်းမဖြတ်နိုင်ရင်တောင် တစ်နေ့ကို နည်းနည်းစီ လျှော့ပြီး သောက်ပေးပါ။၄။ ကော်ဖီကို တစ်နေ့ တစ်ခွက်ထက် ပိုမသောက်ပါနဲ့။၅။ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်တဲ့ အကျင့်၊ နှုတ်ခမ်းအရေပြားကို လက်နဲ့မကြာခဏ ခွာတတ်တဲ့အကျင့်ကို ဖျောက်ပါ။၆။ သွားတိုက်ဆေး၊ နှုတ်ခမ်းနီတွေနဲ့ ဓာတ်မတည့်ရင် တံဆိပ်ပြောင်းသုံးပါ။ ကိုယ့်အတွက် အဆင်ပြေမယ့် သွားတိုက်ဆေးကို ရွေးဝယ်ရခက်နေရင် သွားဆရာဝန်ဆီမှာ အကြံဉာဏ်တောင်းကြည့်လို့ ရပါတယ်။ နှုတ်ခမ်းနီ အစရှိတဲ့အလှကုန်တွေကို မဝယ်ခင် အရေပြားနဲ့ ဓာတ်တည့်၊ မတည့် အရင်စမ်းပြီးမှ ဝယ်ပါ။ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောပြီးသွားပြီဆိုတော့ အိမ်မှာအလွယ်တကူ ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။၁။ ညမအိပ်ခင်မှာ သံပရာသီးကို အနေတော်လေးစိတ်ပြီး နှုတ်ခမ်းကို ပွတ်လိမ်းပေးပါ။ အရည်တွေ ကျန်နေခဲ့ရင် ဒီအတိုင်းထားထားပါ။ မနက်ကျမှ ရေအေးအေးလေးနဲ့ ပြောင်စင်အောင် ဆေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းက ညတိုင်းပုံမှန်လုပ်ပေးရမှာဖြစ်ပြီး ရက် ၃၀ လောက်ကြာရင် သိသာတဲ့ ရလဒ်ကို တွေ့ရမှာပါ။၂။ နောက်တစ်နည်းကတော့သံပရာစိတ်ပေါ်မှာ သကြားဖြူးပြီး ညမအိပ်ခင်မှာ ပွတ်လိမ်းပေးရမှာပါ။ မနက်မျက်နှာသစ်တော့မှပဲ ရေနွေးနွေးနဲ့ နှုတ်ခမ်းကို ပြန်ဆေးပေးရုံပါပဲ။၃။ ခွက်သေးသေးထဲမှာ နွားနို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။ အနှစ်လုပ်ဖို့ လိုအပ်သလောက် နနွင်းမှုန့်ပမာဏကို ထည့်ပါ။ သမအောင် မွှေပါ။ ပြီးသွားရင် လက်ချောင်းကို ရေနဲ့အရင် စိုစွတ်အောင် လုပ်ပြီး ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်မှာ နည်းနည်းစီသုတ်လိမ်းပေးပါ။ ၅မိနစ်လောက် နေရင် ရေအေးနဲ့ ပြောင်စင်အောင် ဆေးပေးရပါမယ်။ ခြောက်အောင် သုတ်ပြီးသွားရင် အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုးပြန်လိမ်းပေးပါ။၄။ အသားအရေအတွက် နတ်ဆေးတစ်ပါးလို့ ခေါ်တဲ့ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်ကို တစ်နေ့တစ်ကြိမ် နှုတ်ခမ်းပေါ်မှာ ပါးပါးလေးလိမ်းပေးရပါမယ်။ ခြောက်သွားရင်တော့ ရေနွေးနဲ့ ပြောင်သွားအောင် ပြန်ဆေးပေးပါ။၅။ အုန်းဆီ၊သံလွင်ဆီ၊ အော်လ်မွန်စေ့ဆီကို တစ်နေ့ နည်းနည်းစီ နှုတ်ခမ်းမှာ သေချာပွတ်လိမ်းပေးပါ။ အိပ်ခါနီးအချိန်မှာ သုံးလို့ရသလို နေ့ဘက်အပြင်မထွက်ခင် လိမ်းသွားမယ်ဆိုလည်း အဆင်ပြေပါတယ်။အပေါ်မှာပြထားတဲ့ နည်းလမ်းတွေကတော့ မည်းခြောက်နေတဲ့ နှုတ်ခမ်းသားကို နဂိုအသားရောင်အတိုင်း ပြန်ရစေမယ့် အိမ်တွင်းနည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် နည်းလမ်းကို နေ့စဉ် ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-lighten-dark-lips/
Night Cream လိမ်းဖို့ မမေ့သင့်တဲ့အကြောင်းအရင်း
တော်တော်များများက အသားအရေထိန်းသိမ်းမှုလုပ်ကြတယ်ဆိုပေမယ့်နေရောင်ထဲထွက်တဲ့အခါမျိုး၊နေ့အချိန်တွေမှာပဲအသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုလိမ်းသင့်တယ်လို့ မှားယွင်းနားလည်နေကြပါတယ်။ တကယ့်အမှန်ကတော့နေ့အခါမျိုးမှာပဲ အသားအရေကိုနေလောင်ကာခရင်မ်တွေလူးတာ၊ Day Creamတွေ၊Serum တွေ လူးဖို့လိုအပ်တာမဟုတ်ပါဘူး။ ညအိပ်ရာဝင်တဲ့အချိန်မှာလည်း အိပ်ရာမဝင်ခင် မျက်နှာပေါ်က မိတ်ကပ်တွေ၊နှုတ်ခမ်းနီတွေ၊ မျက်လုံး နဲ့ မျက်ခုံးမှာအသုံးပြုထားတဲ့ အရာတွေကို သန့်စင်ဖို့ မိတ်ကပ်ဖျက်ဆေးတွေကို အသုံးပြုပြီး အရင်ဖျက်တာမျိုးက အသားအရေထိန်းသိမ်းဖို့အတွက် မဖြစ်မနေလုပ်သင့်တဲ့ အဆင့်တစ်ရပ်ပါ။ပြီးတဲ့နောက်မှာ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ ညင်ညင်သာသာလေး မျက်နှာသစ်ပေးရမှာပါ။ မိတ်ကပ်လူးတဲ့သူတွေပဲ အခုလိုမျိုး အိပ်ရာမဝင်ခင် မျက်နှာသန့်စင်ဖို့လိုတာမဟုတ်ပါဘူး။ သနပ်ခါးကြိုက်တဲ့ ပျိုမေတွေလည်း ညအိပ်ရာမဝင်ခင်မှာ မနက်ခင်းကလူးထားတဲ့ သနပ်ခါးတွေကို အရေပြားပေါ်ကနေသန့်စင်ဖို့လိုပါလိမ့်မယ်။ တစ်နေ့တာလုံးလူးထားတဲ့ မျက်နှာပေါ်က ဘယ်အလှပြင်ပစ္စည်းကိုမဆို ဖယ်ရှားရမှာပါ။ မျက်နှာကို မနက်တစ်ကြိမ် ညနေတစ်ကြိမ်သစ်ပေးတာက အသားအရေထိန်းသိမ်းမှုရဲ့ အခြေခံကျတဲ့စည်းကမ်းတစ်ချက်ပါ။တိုးတက်ခေတ်မီလာတာနဲ့အတူနေ့စဉ်ထိတွေ့နေရတဲ့မြို့ပြလေထုတွေနဲ့ရေထုတွေမှာ အသားအရေကိုထိခိုက်စေနိုင်တဲ့ အရာတွေပါဝင်မှုက တော်တော်လေးများလာပါတယ်။ အသားအရေဟာ တစ်နေကုန်အောင်နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် နဲ့ အရေပြားကိုထိခိုက်ပျက်စီးစေတဲ့ free radicalsတွေနဲ့ ထိတွေ့နေရပါတယ်။ ဒီအချက်တွေကြောင့် အသားအရေမပျက်စီးစေဖို့ အရေပြားကိုထိန်းသိမ်းတာ၊ အစားအသောက်တွေကို သင့်တင့်မျှတအောင်ရွေးချယ်စားသုံးတာ၊ကောင်းကောင်းမွန်မွန်အိပ်စက်အနားယူတာ၊ ရေပြည့်ပြည့်ဝဝသောက်တာမျိုးတွေကိုလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ တစ်နေ့တာလုံးနေရောင်နဲ့လေထုတွေမှာပါတဲ့ free radicalsတွေနဲ့ထိတွေ့နေရတာကြောင့် အသားအရေက ပင်ပန်းနွမ်းနယ်တဲ့အပြင်၊ တုံ့ပြန်မှုလွယ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ အသားအရေထိခိုက်ပျက်စီးတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အသားအရေက လိုအပ်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်မှုက ညအချိန်မှာပိုပြီးအားကောင်းတယ်ဆိုတာကို သိသူနည်းပါးပါတယ်။ အိပ်စက်အနားယူနေချိန်မျာ အသားအရေက ဆဲလ်အဟောင်းတွေအစားဆဲလ်အသစ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်စက်နေချိန်မှာလည်း အသားအရေကို ပြန်လည်ပြုပြင်ကုစား ဖို့ကလိုအပ်ပါတယ်။အသားအရေကို ထိန်းသိမ်းတယ်ဆိုရာမှာ မနက်ခင်းပိုင်းမှာ အသုံးပြုသလိုမျိုး Serum၊ Toner၊ Moisturize၊ နေလောင်ကာခရင်မ် နဲ့ Day Cream လိုမျိုးအသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကို အဆင့်ဆင့်သုံးဖို့မလိုပါဘူး။ ညအိပ်ချိန်မှာ အသားအရေထိန်းသိမ်းဖို့ဆိုပြီး Day Cream ကိုလိမ်းအိပ်တာမျိုးကလည်း မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ညအိပ်စက်ချိန်မှာအသားအရေအတွက် လိုအပ်တဲ့အာဟာရဓါတ်နဲ့ ရေဓါတ်ကိုဖြည့်တင်းဖို့ဆိုရင် ညဘက်လိမ်းဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Night Cream မျိုးကိုလူးပေးရမှာဖြစ်ပါတယ်။ ညလိမ်းခရင်မ်လိမ်းတာက အသားအရေထိန်းသိမ်းမှုမှာ မပါမဖြစ်လို့တောင်ပြောလို့ရတဲ့ နည်းလမ်းတစ်ခုပါ။ Night Cream အသုံးပြုတဲ့အခါမှာလည်း အသားအရေရဲ့ကော်လာဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ceramides နဲ့ အရေပြားရဲ့ လုပ်ငန်းစဉ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်ဖို့အတွက် အထောက်အကူပြုပေးနိုင်တဲ့ ဗီတာမင် A၊ C၊ E နဲ့ B5 လိုမျိုး ဗီတာမင်တွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ Night Cream မျိုးကိုရွေးချယ်သင့်ပါတယ်။ညလိမ်းခရင်မ်လူးပေးတာကအောက်ပါအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။မိမိအသားအရေအမျိုးအစားနဲ့လိုက်ဖက်မယ့် Night Cream ကိုရွေးချယ်ဝယ်ယူဖို့ကအရေးကြီးပါတယ်။Night Cream ဝယ်တဲ့အခါ အရမ်းစေးကပ်တာမျိုးမဝယ်ယူသင့်ပါဘူး။Night Cream ကိုအထူကြီးလိမ်းတာမျိုးလည်းမလုပ်သင့်ပါဘူး။Night Cream ကိုအထူကြီးလူးတာက အရေပြားအတွက် အကျိုးမထူးတဲ့အပြင် မျက်နှာပေါ်ကချွေးပေါက်တွေကို ပိတ်ဆို့တာမျိုးဖြစ်စေနိုင်ပြီး အရေပြားအတွက် လိုအပ်တဲ့လေကိုရရှိဖို့အခက်တွေ့စေပါလိမ့်မယ်။ အနံ့စူးတဲ့Night Creamတွေကိုရှောင်ကြဉ်ပြီး hypoallergenic ပါဝင်တဲ့ Night Cream မျိုးကိုရွေးချယ်ပေးပါ။ တော်တော်များများက Night Cream ဆိုတာ သိပ်တော့မလိုအပ်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ လိုအပ်တယ်လို့ပဲပြောပါရစေ။ အစောပိုင်းကပြောခဲ့ဖူးသလိုပဲ အရေပြားက ညအချိန်မှာနေ့ဘက်ထက် အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်တာဖြစ်တဲ့အပြင် ဆဲလ်အသစ်တွေလည်းဖြစ်ပေါ်နေတာဖြစ်တဲ့အတွက် ညလိမ်းခရင်မ်လူးပေးတာက အသားအရေကို အာဟာရဖြည့်တဲ့နေရာမှာတော်တော်လေးထိရောက်တယ်ဆိုရပါမယ်။ ပျက်စီးနေတဲ့ဆဲလ်တွေကိုပြုပြင်ပေးတဲ့ အလုပ်ကိုလည်း Night Cream ကလုပ်ဆောင်ပေးပါသေးတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပြီး တစ်ရှုးတွေမပျက်စီးအောင်လည်း ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ဒီအချက်တွေအရ Night Cream ကအမျိုးသမီးတွေအတွက်သင့်တော် မတော်ကိုတော့လေဒီကိုယ်တိုင်သာဆုံးဖြတ်လိုက်ပါ။ဒီနေရာမှာ Night Cream ကိုဘယ်လိုသုံးရမလဲဆိုတာကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ အရင်ဆုံးအနေနဲ့ကတော့ မျက်နှာကို မိတ်ကပ်ဖျက်ဆေးသုံးပြီး မိတ်ကပ်တွေကို ဖျက်ပေးရပါမယ်။ အဲ့သည့်နောက် မျက်နှာသစ်ဆေးသုံးပြီးသန့်စင်ရမှာပါ။ပြီးနောက် Night Cream ကိုသင့်တင့်တဲ့ပမာဏယူပြီး မျက်နှာအနှံ့ကိုဖြည်းညင်းစွာလိမ်းပေးပါ။ မျက်နှာအသားအရေသွေးလှည့်ပတ်မှုကောင်းစေဖို့စက်ဝိုင်းသဏ္ဍန်နှိပ်နယ်ပေးလည်းရပါတယ်။ မျက်ခွံပေါ်မှာ Night Cream မသုံးမိဖို့တော့ သတိထားပါ။ Night Cream အသုံးပြုပေးတာက မျက်နှာကို ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေအပြင် အခြားသောအရေပြားပြဿနာတွေကိုလျော့ပါးသက်သာစေနိုင်သလို မျက်နှာအသားအရေကို ညီညွတ်ချောမွေ့စေမှာဖြစ်ပါတယ်။ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှုတစ်ရပ်ဖြစ်ဖို့ဆိုရင်တော့ မျက်နှာအသားအရေကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်တဲ့ Night Cream အသုံးပြုမှုကိုလည်းမေ့ထားလို့မရပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/night-cream-%e1%80%9c%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%82%94-%e1%80%99%e1%80%b1%e1%80%99%e1%80%b7%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%b2%e1%80%b7/
Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ)
Chronic Heptitis ဟာ ၆ လ ထက်ပိုပြီး အသည်းရောင်ခြင်း ဖြစ်ပါတယ်။ လူအတော်များများမာ လက္ခဏာမပြတတ်ပေမယ့် မသေချာတဲ့ လက္ခဏာတွေ ဖြစ်တဲ့ နေမကောင်းဖြစ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပင်ပန်းခြင်းတွေ ဖြစ်တတ်ပါတယ်။ နာတာရှည်အသည်းရောင်ခြင်းဟာ အသည်းခြောက်ခြင်းနဲ့ သရက်ရွက်ကြီးခြင်း၊ ဝမ်းဗိုက်အတွင်း အရည်စုပြုံခြင်း၊ ဦးနှောက် လုပ်ငန်းဆောင်တာပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။Chronic Hepatitis ဟာအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Chronic hepatitis ရဲ့ လူနာပေါင်း သုံးပုံနှစ်ပုံမှာ သူဟာ ဖြည်းဖြည်းချင်း ဖြစ်လာတတ်ပြီး အသည်းခြောက်ခြင်း မဖြစ်မချင်း လက္ခဏာ ပြခြင်း မရှိပါဘူး။ ကျန်တဲ့ သုံးပုံတစ်ပုံမှာတော့ ပြန်ဖြစ်လာတဲ့ (သို့) ဆက်ကျန်နေတဲ့ ရုတ်တရက်အသည်းရောင်ခြင်းအပြီး ဆက်ဖြစ်ခြင်း ဖြစ်ပါတယ်။နေမကောင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပင်ပန်းခြင်း အစရှိတဲ့ တိကျိမှုမရှိတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ တခါတရံမှာ ရောဂါဖြစ်နေတဲ့လူတွေမှာ အဖျားတက်ခြင်း၊ ဝမ်းဗိုက် မကောင်းဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အသားဝါခြင်းကတော့ ရှားပါးပါတယ်။တခါတရံ သေချာတဲ့ ပထမဆုံးလက္ခဏာတွေကတော့ နာတာရှည်အသည်းရောဂါ (သို့) အသည်းခြောက်ခြင်းရဲ့ လက္ခဏာတွေပဲဖြစ်ပြီး သရက်ရွက်ကြီးခြင်း၊ သေးငယ်တဲ့ ပင့်ကူပုံစံသွေးကြောတွေ အရေပြားပေါ်မှာ မြင်နိုင်ခြင်း၊ လက်ဖဝါး နီရဲခြင်း၊ ဝမ်းဗိုက်အတွင်း အရည်စုပြုံခြင်းပါဝင်ပါတယ်။အသည်းလုပ်ငန်းဆောင်တာ ပျက်စီးခြင်းဟာ ဦးနှောက်လုပ်ငန်းကိုပါ ပျက်စီးစေနိုင်ပြီး ဒါကို hepatic encephalopathy လို့ ခေါ်ပြီး သွေးခဲနိုင်တဲ့ လုပ်ငန်းကိုပါ ပျက်စီးစေကာ သွေးပိုထွက်နိုင်စေပါတယ်။ သွေးအတွင်းအဆိပ်ရှိတဲ့ အရာတွေ စုပြုံပြီး ဦးနှောက်ရောက်သွားခြင်းကြောင့် ဦးနှောက်ပျက်စီးခြင်း ဖြစ်ပါတယ်။အသည်းဟာ ပုံမှန်အားဖြင့် အဆိပ်အတောက်တွေကို ဖြိုခွဲပြီး အန္တရာယ်မရှိတဲ့ အရာတွေအဖြစ် သွေးအတွင်း၊ သည်းခြေရည်အတွင်းမှ စွန့်ထုတ်ပါတယ်။ ပျက်စီးနေတဲ့အသည်းက သူတို့ကို ဖယ်ရှားနိုင်ခြင်း မရှိတော့ပါဘူး။အချို့လူတွေမှာ အသားဝါခြင်း၊ ယားခြင်း၊ အဆီပါပြီး အနံ့နံသော ဝမ်းသွားခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အသည်းအပြင်ဘက်မှာ သည်းခြေရည် စီးဆင်းမှု ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။Autoimmune အသည်းရောင်ခြင်းဟာ ကိုယ်ခန္ဓါစနစ်အတော်များများကို ထိခိုက်စေနိုင်ပြီး လက္ခဏာတွေကတော့ ဝက်ခြံပေါက်ခြင်း၊ ရာသီမလာခြင်း၊ အရိုးနာကျင်ခြင်း၊ အဆုတ် အမာရွတ်ထင်ခြင်း၊ Thyroid gland ရောင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်းနဲ့ သွေးအားနည်းခြင်းတွေပဲဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။နာတာရှည်အသည်းရောင်ခြင်းဟာ အသည်းရောင်ဗိုင်းရပ်စ်ပိုး တွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ အသည်းရောင်ဗိုင်းရပ်စ် C ပိုးဟာ ၆၀-၇၀% သောသူတွေမှာ ဖြစ်စေပြီး ရုတ်တရက်အသည်းရောင် C ပိုးကူးစက်ခံရသူတွေရဲ့ အနည်းဆုံး ၇၅%ဟာ နာတာရှည်အသည်းရောင်ခြင်း ဖြစ်နိုင်ပါတယ်။အသည်းရောင်B ပိုးရှိသူတွေရဲ့ ၅-၁၀% နဲ့ D ပိုးနဲ့ တိုးဖြစ်တဲ့သူတွေဟာလည်း နာတာရှည်အသည်းရောင်ခြင်း ဖြစ်နိုင်ပါတယ်။အသည်းရောင် D ပိုးဟာ သူတစ်မျိုးတည်းမဖြစ်ပဲ B ပိုးနဲ့ တွဲပြီး ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး အသည်းရောင် E ဗိုင်းရပ်စ်ဟာ အာရုံကြောစနစ် အားနည်းနေသူတွေ ဖြစ်တဲ့ ကိုယ်အင်္ဂါ အစားထိုးခြင်း ပြုလုပ်ပြီးသူများ၊ ကင်ဆာဆေးသောက်နေသူများ၊ HIV ရောဂါပိုးရှိသူတွေမှာ နာတာရှည်အသည်းရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။အသည်းရောင် A ဗိုင်းရပ်စ်ပိုးဟာ နာတာရှည်အသည်းရောင်ခြင်း ဖြစ်စေခြင်း မရှိပါဘူး။အချို့ဆေးတွေဟာလည်း ကြာရှည်သောက်သုံးတဲ့အခါ နာတာရှည်အသည်းရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေကတော့ isoniazid, methyldopa နဲ့ nitrofurantoin တို့ပဲ ဖြစ်ပါတယ်။အခြား အကြောင်းရင်းတွေကတော့ အရက်ကြောင့် အသည်းရောင်ခြင်းနဲ့ အရက်ကြောင့် မဟုတ်တဲ့ အသည်းရောင်ခြင်းတွေကြောင့် ဖြစ်ပါတယ်။ အဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့ မျိုးရိုးလိုက်တဲ့ alpha1-antitrypsin deficiency, celiac disease, thyroid disease နဲ့ မျိုးရိုးလိုက်တဲ့ Wilson disease (အသည်းမှာ ကြေးနီဓါတ်များခြင်း) တွေပဲဖြစ်ပါတယ်။နာတာရှည်အသည်းရောင်ခြင်းရှိသူ အတော်များများမှာ ထင်ရှားတဲ့ ဖြစ်စေတဲ့အကြောင်းရင်း မတွေ့ရတတ်ပါဘူး။ လူအချို့မှာ နာတာရှည်အသည်းရောင်ခြင်းဟာ ကိုယ်ခန္ဓါက ကိုယ်ပိုင်တစ်ရှူးတွေကို တိုက်ခိုက်နေလို့ ဖြစ်တဲ့ ရောင်ရမ်းခြင်းနဲ့ တူပါတယ်။ ဒါကို autoimmune hepatitis လို့ခေါ်ပြီး အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။အချို့သူတွေမှာ ဘာကြောင့် ဗိုင်းရပ်စ် တစ်မျိုးမျိုး (သို့) ဆေးတွေက နာတာရှည်အသည်းရောင်ခြင်း ဖြစ်စေပြီး အခြားသူတွေမှာ မဖြစ်စေလဲ၊ ပြင်းထန်မှု ဘာကြောင့် ကွာခြားလဲဆိုတာ သိရှိခြင်းမရှိပါဘူး။Chronic Hepatitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသည်းရောင် B ပိုး။အသည်းရောင် C ပိုး။ဆရာဝန်တွေက လူနာတွေမှာ စစ်ဆေးတဲ့အခါ အသည်းအင်ဇိုင်းများခြင်း၊ အရင်က အသည်းရောင်ရောဂါ ဖြစ်ဖူးခြင်း တွေ ရှိရင် နာတာရှည် အသည်းရောင်ခြင်းကို သံသယရှိနိုင်ပါတယ်။ ၁၉၄၅ ကနေ ၁၉၆၅ အတွင်းမွေးသူတွေမှာလည်း ရောဂါလက္ခဏာပေါ် မမူတည်ပဲ သွေးစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ ဒီအသက်အရွယ်ကြားမှာ အသည်းရောင် C ပိုး အဖြစ်များပါတယ်။သွေးစစ်ဆေးမှုတွေဟာ အသည်းလုပ်ငန်းဆောင်တာ ဘယ်လောက်ကောင်းသလဲ၊ ဘယ်လောက်ပျက်စီးနေသလဲဆိုတာကို သိရှိဖို့ အသုံးပြုပါတယ်။ သူတို့ဟာ ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းကို ရှာဖွေဖို့နဲ့ အသည်းပျက်စီးမှု ပြင်းထန်မှုကို သိရှိဖို့ ကူညီပေးနိုင်ပါတယ်။သွေးစစ်ဆေးမှုက ဘယ်ဗိုင်းရပ်စ်ပိုးက ရောဂါပိုးဝင်ခြင်းကို ဖြစ်စေလဲဆိုတာကိုလည်း သိရှိစေပါတယ်။ တကယ်လို့ ဗိုင်းရပ်စ်ပိုးကို တွေ့ရှိမှုမရှိဘူးဆိုရင် အခြားအကြောင်းရင်းတွေ (ဥပမာ autoimmune hepatitis) ကို သိရှိဖို့ သွေးစစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။အသည်းအသားစ ယူခြင်းဟာ ရောင်ရမ်းခြင်း ဘယ်လောက်ဆိုးလဲဆိုတာနဲ့ အသည်းခြောက်ခြင်း ဖြစ်နေပြီလားဆိုတာကို သိရှိစေနိုင်ပါတယ်။ အသည်းအသားစယူခြင်းဟာ အသည်းရောင်ခြင်းရဲ့ အကြောင်းရင်းကိုလည်း သိစေနိုင်ပါတယ်။တကယ်လို့ အသည်းရောင် B ပိုးရှိနေတယ်ဆိုရင် Ultrasound ကို ၆လ တစ်ကြိမ်ရိုက်ပြီး အသည်းကင်ဆာ ရှိမရှိ စစ်ဆေးသင့်ပါတယ်။ ကလေးငယ်တွေမှာ အသည်းရဲ့ မရင့်ကျက်သေးတဲ့ ဆဲလ်တွေက ထုတ်တဲ့ alpha fetoprotein ပမာဏဟာ အသည်းကင်ဆာရှိရင် မြင့်တက်နိုင်တာကြောင့် စစ်ဆေးသင့်ပါတယ်။ အသည်းရောင် C ပိုးရှိသူတွေဟာလည်း အထက်ပါအတိုင်းစစ်ဆေးသင့်ပေမယ့် သူတို့မှာ အသည်းခြောက်ခြင်း ရှိမှ စစ်ဆေးသင့်ပါတယ်။Regardless of the cause or type of chronic hepatitis, complications require treatment.။တကယ်လို့ ဆေးကြောင့် ဖြစ်တာဆိုရင် ဆေးကိုရပ်သင့်ပါတယ်။ အခြားအကြောင်းရင်းကြောင့်ဆိုရင်တော့ ကုသသင့်ပါတယ်။အသည်းရောင် A ပိုးဟာ ပုံမှန်အားဖြင့်ကုသလေ့ မရှိပါဘူး။ သင့်မှာ မသက်မသာ လက္ခဏာတွေရှိတယ်ဆိုရင် အိပ်ရာပေါ်မှာ နားနေသင့်ပါတယ်။ အန်ခြင်း၊ ဝမ်းလျှောခြင်းတွေ ဖြစ်ရင်တော့ အာဟာရချို့ယွင်းခြင်း၊ ရေဓါတ်ချို့ယွင်းခြင်းတွေကို ကာကွယ်ဖို့ အထူးအစားအစာတွေကို စားသင့်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဟာလည်း ဒီအမျိုးအစားကို ကာကွယ်ပေးနိုင်တဲ့ antibodies တွေ ထုတ်ပေးတာမို့ အသည်းရောင် A ပိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးငယ်တွေဟာ အသက် ၁၂ လကနေ ၁၈လ အတွင်း ကာကွယ်ဆေးထိုးကြပါတယ်။ လူကြီးတွေလည်း ကာကွယ်ဆေးထိုးနိုင်ပါတယ်။အသည်းရောင် B ပိုးဟာလည်း ထူးခြားတဲ့ ကုသမှု မလိုအပ်ပါဘူး။ နာတာရှည် အသည်းရောင် B ပိုးဟာ ဗိုင်းရပ်စ်သတ်ဆေးတွေနဲ့ကုသနိုင်ပါတယ်။ ဒီကုသမှုဟာ ဈေးကြီးပြီး လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကုသရမှာ ဖြစ်ပါတယ်။နာတာရှည် အသည်းရောင် B ပိုးကို ကုသခြင်းဟာ ပုံမှန်စစ်ဆေးစောင့်ကြည့်ခြင်းတွေ လိုအပ်ပါတယ်။ CDC က အသည်းရောင် B ပိုးကာကွယ်ဆေးကို ကလေးငယ်တိုင်းမှာ ထိုးဖို့ အကြံပြုထားပါတယ်။ ကာကွယ်ဆေးကို ကျန်းမာရေး ဝန်ထမ်းတိုင်းလည်း ထိုးထားသင့်ပါတယ်။ဗိုင်းရပ်စ် သတ်ဆေးတွေကို ရုတ်တရက်နဲ့ နာတာရှည် အသည်းရောင်ခြင်းတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ နာတာရှည် အသည်းရောင် C ပိုးရှိသူတွေကို ဗိုင်းရပ်စ်သတ်ဆေးတွေ ပေါင်းစပ်ပြီး အသုံးပြုကြပါတယ်။ ကုသမှုအကောင်းဆုံး အမျိုးအစားကို သိရှိဖို့အတွက် အခြားစစ်ဆေးမှုတွေကိုလည်း လိုအပ်နိုင်ပါတယ်။အသည်းရောင် C ပိုးကြောင့် အသည်းခြောက်ခြင်း၊ အသည်းရောဂါဖြစ်ခြင်းတွေ ဖြစ်ခဲ့ရင် အသည်းအစားထိုးခြင်း ပြုလုပ်နိုင်ပါတယ်။အသည်းရောင် D ပိုးကို alpha interferon လို့ ခေါ်တဲ့ ဆေးနဲ့ ကုသနိုင်ပါတယ်။ Public Health Agency of Canada အရ ၆၀-၉၇%သော လူနာတွေဟာ ကုသမှုအပြီးမှာ အသည်းရောင် D ပိုး ပြန်ဖြစ်နိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။အသည်းရောင် E ပိုးကို ကုသနည်း မရှိသေးပါဘူး။ ရောဂါပိုးဟာ ခဏတာသာဖြစ်ပြီး ကိုယ်တိုင် ပြန်ကောင်းသွားတတ်ပါတယ်။ ဒီရောဂါပိုးရှိသူတွေဟာ လုံလောက်စွာ အနားယူခြင်း၊ အရည်များများသောက်ခြင်း၊ အာဟာရ မျှတစွာစားခြင်း၊ အရက်ရှောင်ကျဉ်ခြင်းတွေ လုပ်သင့်ပါတယ်။ပုံမှန်အားဖြင့် corticosteroids (prednisolone) တွေကို ကိုယ်ခံအားကို ဖိနှိပ်ဖို့ azathioprine နဲ့ တွဲပေးလေ့ရှိပါတယ်။ ဒီဆေးတွေဟာ ရောင်ရမ်းမှုနဲ့ လက္ခဏာတွေကို သက်သာစေပြီး အသက်ပိုရှည်စေနိုင်ပါတယ်။ ဒါပေမယ့် အသည်းအမာရွတ်ထင်ခြင်းဟာ ဆိုးရွားနိုင်ပါတယ်။ဒီဆေးတွေကို ရပ်လိုက်ခြင်းဟာ ရောင်ရမ်းမှုပြန်ဖြစ်လာနိုင်တာမို့ လူအများစုဟာ ဆေးတွေကို တစ်သက်လုံးသောက်သင့်ပါတယ်။နာတာရှည် အသည်းရောင်ခြင်းရဲ့ ဖြစ်စေတဲ့အကြောင်းရင်းနဲ့ အမျိုးအစားပေါ် မူတည်မှုမရှိပဲ နောက်ဆက်တွဲဆိုးကျိုးတွေဟာ ကုသမှု လိုအပ်နိုင်ပါတယ်။တကယ်လို့ ဦးနှောက် လုပ်ငန်းဆောင်တာမကောင်းဘူးဆိုရင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ ဆေးတွေ ပေးနိုင်ပါတယ်။အသည်းပျက်စီးခြင်းများတဲ့ လူနာတွေမှာ အသည်းအစားထိုးခြင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် အသည်းရောင် C ပိုးရှိသူ လူနာတွေမှာတော့ ဗိုင်းရပ်စ်ဟာ အစားထိုးထားတဲ့ အသည်းမှာ ပြန်ဖြစ်နိုင်ပြီး အခြားအကြောင်းတွေအတွက် အစားထိုးခြင်းထက် အောင်မြင်နှုန်း နည်းပါးနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Chronic Hepatitis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/chronic-hepatitis-%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1/
ဗောက်ထခြင်းနဲ့အစားအသောက်ကြား ဆက်နွယ်မှုကို သင်သိပါသလား
ဗောက်ထခြင်းဟာ သင့်ရဲ့စားသောက်မှုပုံစံနဲ့ သက်ဆိုင်နေပါသလား။ ကျွမ်းကျင်ပညာရှင်တချို့ကတော့ သက်ဆိုင်နေတယ်လို့ဆိုကြပါတယ်။ လေ့လာမှုတွေက ထိုအချက်ကို သက်သေမပြနိုင်ကြသေးပေမယ့် အရေပြား အထူးကု အများစုကတော့ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဟာ ဗောက်ထ သက်သာစေနိုင်တယ်လို့ အကြံပေးကြပါတယ်။လူအများစုဟာ သကြားနဲ့အချိုဓါတ်တွေ အလွန်အမင်း စားသုံးနေကြပါတယ်။ သကြားဓါတ်စားသုံးမှု လျှော့လိုက်ခြင်းဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ဗောက်ဖက်များ ဖြစ်ပေါ်ခြင်းကို နည်းပါးစေနိုင်ပါတယ်။ သကြား၊ ကာဗိုဟိုက်ဒရိတ်တွေဟာ ခန္ဓါကိုယ်မှာ ရောင်ရမ်းမှုတွေကိုအားပေးနိုင်တာကြောင့် သကြားဓါတ်နည်းသော၊ ဓါတ်တိုးဆန့်ကျင် ကြွယ်ဝသော စားစရာများစားသုံးပေးခြင်းဟာ ဗောက်ထခြင်းကို ထိန်းသိမ်း လျော့ကျစေနိုင်ပါလိမ့်မယ်။အကြောင်းပြချက်ကတော့ မသေချာပေမယ့် အရေပြား အထူးကု တချို့ကတော့ ဒါဟာ ဟော်မုန်းဆက်စပ်မှု ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ သကြားဓါတ်များသော၊ အဆီဓါတ်များသော အစားအစာတွေဟာ အင်ဆူလင် ထွက်မှုများစေပြီး ထိုအင်ဆူလင်မှ ခန္ဓါကိုယ်မှာ အဆီထုတ်မှု များစေနိုင်တာ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ဗောက်ထခြင်းကို လျော့နည်းစေရန် အဆီများသော စားစရာ၊ ဆီကြော် ထားသော စားစရာ၊ သကြားဓါတ် ကဆီဓါတ် များသော စားစရာများ၊ ဓါတုပစ္စည်းများဖြင့် ထိန်းသိမ်း ထုတ်ပိုးထားသော စားစရာများကို လျှော့ချစားသောက်သင့်ပါတယ်။အစားအစာနဲ့ ဗောက်ထမှုကြားက ဆက်စပ်မှုဟာ malassezia ခေါ် မှိုတစ်မျိုးကြောင့်လည်းဖြစ်တယ်။ ဗောက်ထခြင်းဟာ မှိုကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်တာကြောင့် တဆေးဖောက်ထားသော စားစရာတွေဟာ ဗောက်ထခြင်း ပိုဆိုးစေနိုင်ပါတယ်။ တဆေးဖောက်ခြင်းဟာ အစောကတည်းက ဗောက်ထခြင်းအပါအဝင် အခြေအနေ အမျိုးမျိုးမှာ ပါဝင်ပတ်သက်နေတတ်တဲ့ အငြင်းပွားစရာ တစ်ခု ဖြစ်လို့နေပါပြီ။ဘီယာ၊ ပေါင်မုန့်၊ ဝိုင် စသဖြင့် အချို နဲ့ တစေးဖောက်ထားတဲ့ စားစရာများဟာ ဗောက်ထခြင်းကို အားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗောက်ထခြင်းကို လျော့နည်းစေဖို့၊ ကာကွယ်ဖို့အတွက် ထိုအစားအသောက်များကို ရှောင်ကြဉ် လျှော့ချဖို့လိုပါတယ်။ ပေါင်မုန့်၊ အရက်သေစာတို့ကို လုံး၀ ဖြတ်ပစ်တာမဟုတ်ဘဲ လျှော့ချရုံလောက်လေး နဲ့ပင် အကူအညီဖြစ်ပါတယ်လို့ ဆိုကြပါတယ်။အာဟာရဓါတ်၊ အမျှင်ဓါတ်ကြွယ်ဝစွာပါတဲ့ အသီးအရွက်နဲ့ အသီးအနှံတွေ ပိုစားပေးခြင်းဟာ ဗောက်ထခြင်းကို လျှော့ချနိုင်မှာပါ။ သကြားဓါတ်၊ အငန်ဓါတ်၊ အဆီဓါတ်တွေသာ များနေတတ်တဲ့ ကျွန်ုပ်တို့ရဲ့ စားသောက်မှုပုံစံတွေဟာ ဗောက်ထခြင်းကဲ့သို့ အရေပြားဆိုင်ရာကိစ္စတွေ အပါအဝင် တခြားပြဿနာများကို အားပေးနေတတ်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်များ လုံလောက်စွာရရှိရန် အသီးအနှံအသီးအရွက်တို့ကို အစိမ်းဖြစ်စေ၊ ချက်ပြုတ်ပြီးဖြစ်စေ အများအပြားစားပေးသင့်ပါတယ်။အိုမီဂါ-3 အိုမီဂါ-6 ကဲ့သို့ ခန္ဓါကိုယ်အတွက်လိုအပ်သည့် အဆီဓါတ်တွေကိုတော့ ဗောက်ထခြင်းနဲ့ပတ်သက်ပြီး လေ့လာထားမှုတွေမရှိပါဘူး။ ဒါပေမယ့် အရေပြား အထူးကုအများစုကတော့ ထိုအဆီဓါတ်တွေဟာ ကျန်းမာ သန်စွမ်းတဲ့ဆံပင်နဲ့ အသားအရေအတွက် အရေးပါတယ် လို့ဆိုကြပါတယ်။လတ်တလော လေ့လာမှုတွေ ကလည်း ထိုအဆီဓါတ်တွေဟာ အရေပြား လုပ်ငန်းဆောင်တာတွေ အတွက် အရေးပါတယ်လို့ ဆိုလာပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေတဲ့သတ္တိ လည်းရှိပါတယ်။ ဆယ်လမွန်ငါး၊ တူနာငါး၊ မြေပဲယို၊ နှမ်းကြတ်စေ့၊ သံလွင်ဆီ၊ ထောပတ်သီး၊ သစ်ကြားသီး တွေဟာ ဗောက်ထသူများ စားသင့်သောစားစရာတွေဖြစ်ပါတယ်။ဦးရေပြားကို အုန်းဆီလိမ်းပေးခြင်းဟာ ဗောက်ထခြင်းအတွက် အိမ်သုံးကုထုံးတစ်ခု ဖြစ်တာကြောင့် အုန်းဆီကို စားသောက်မှုမှာပါ ထည့်သွင်းသုံးစွဲခြင်းက ဗောက်ထတာအတွက် အကျိုးရှိမလားလို့ တချို့ကအကြံပြုကြပေမယ့် အုန်းဆီဟာ ပြည့်ဝဆီဖြစ်တာကြောင့် မသုံးစွဲခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့လိုပါလိမ့်မယ်။ဘယ်အချိနကတည်းကစပြီး သင့် စားသောက်မှုပုံစံ ပြောင်းလိုက်မိသလဲ ဆိုတာကို သိနေဖု့ိက အရေးကြီးပါတယ်။ ဒါမှဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးတဲ့အခါမှာ အကူအညီဖြစ်နိုင်မှာပါ။ သင့် အစားအသောက်ပုံစံကို ဘယ်လိုပြောင်းလဲရမလဲ ဆိုတာကို အကြံပေးရ ပိုလွယ်ကူစေပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%97%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%91%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%9e%e1%80%b1%e1%80%ac/
လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးကို ဘယ်လိုအားပေးကူညီမလဲ
လေ့လာမှုတွေအရဆိုလိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ကလေးတွေရဲ့လေးပုံသုံးပုံဟာ ဘယ်သူ့ကိုမှ မပြောပြဘဲ နှုတ်ပိတ်နေရင်းပြီးဆုံးသွားတာများပါတယ်တဲ့။ ကျူးလွန်သူတွေကလည်း သိကျွမ်းရင်းနှီးသူမဟုတ်တောင် အနည်းဆုံးတော့ ကလေးနဲ့ မျက်မှန်းတန်းမိသူတွေဖြစ်နေလေ့ရှိတယ်။ တစ်ခါတလေ သူစိမ်းအန္တရာယ်ကြောက်လို့ ကလေးကို ယုံကြည်အပ်နှံမိတဲ့သူတွေတောင်ဖြစ်နေတတ်ပါတယ်။တစ်ခုခုဖြစ်ပြီဆိုကလေးတွေဆီက ပြန်ပြောပြလာဖို့ မျှော်လင့်လို့ သိပ်မလွယ်ပါဘူး။ လုံးစေ့ပတ်စေ့ပြန်မပြောတတ်တာရယ်၊ ဘာမှမသိနားမလည်သေးတာရယ်၊ ကျူးလွန်သူကိုကြောက်တာရယ်ကြောင့်လိင်အကြမ်းဖက်မှုမဟုတ်သေးဘဲ မဖွယ်မရာပြုခံရရင်တောင် ပြန်တိုင်ရမှန်းမသိကြပါဘူး။ ဒီလိုတွေမဖြစ်အောင် ကိုယ့်ကလေးရဲ့ ဘေးကင်းလုံခြုံမှုကို ကြိုတင်ကာကွယ်ဖို့အရေးကြီးသလို တကယ်တမ်းကြုံလာခဲ့ရင်တောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာလည်း သိဖို့လိုပါတယ်။ကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရတဲ့သတင်း ကြားမိတဲ့အခါ မဆိုင်တဲ့လူတွေတောင် စိတ်မကောင်းဖြစ်ကြ၊ ဒေါသထွက်ကြနဲ့ စကားအဆင့်ဆင့်ပြန့်သွားတာက အရင်ဆုံးပါ။ မိဘကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း တုန်လှုပ်ရမှာ၊ စိတ်မကောင်းဖြစ်ရမှာ အဆိုးဆုံးပေါ့။ ဒါပေမယ့် ဒီမှာ အရေးကြီးတာက ကလေးကို အမည်းစက်မဖြစ်စေဖို့နဲ့စိတ်ဒဏ်ရာမကျန်စေဖို့ ဂရုစိုက်ရမှာကို မမေ့ပါနဲ့။ ကျူးလွန်သူကို ဖော်ထုတ်အရေးယူပြီး အမှန်တရားကို ဖြေရှင်းရမယ်ဆိုပေမယ့် ကလေးကိုလည်း မထိခိုက်ဖို့ အလေးထားရပါလိမ့်မယ်။ဒီလိုကြုံခဲ့ရတဲ့ ကလေးတစ်ယောက်ကို အကောင်းဆုံးအားပေးနိုင်တာ အနီးဆုံးက ဖေဖေမေမေပါပဲ။ သူတို့လေးတွေမှာ အားပေးမှု၊ ယုံကြည်မှုနဲ့ ချစ်ခင်နွေးထွေးမှု၊ ကာကွယ်ပေးမှုတွေ လိုအပ်နေပါတယ်။ ဒီအချိန်မှာ မမေ့သင့်တဲ့အချက် (၃) ချက်က –။ကလေးရဲ့ ပြဿနာကို သိလိုက်ရတဲ့အခါ မိဘတွေအနေနဲ့ –။လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခုခုအကြောင်း အခြေအနေတွေ ကလေးက ပြောပြချင်နေတယ်လို့ စိတ်ထဲထင်နေရင် ဒါမှမဟုတ် မသင်္ကာစရာ လက္ခဏာတွေတွေ့ခဲ့ရင် ချက်ချင်းကို ဂရုတစိုက်တုံ့ပြန်ပါ။ သက်ဆိုင်ရာကျောင်း သို့မဟုတ် လူမှုရေးအသင်းအဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး စုံစမ်းပါ။ တရားဥပဒေအရ ဖြေရှင်းအရေးယူဖို့ မြန်မြန်ပြင်ဆင်ပါ။ လူမှုရေးအသင်းအဖွဲ့တွေက ကူညီအကြံပေးပါလိမ့်မယ်။ကလေးက ဖွင့်ဟပြောပြလာတဲ့ ကျူးလွန်သူဟာ ကိုယ့်သွေးသားအရင်းကြီးဖြစ်နေရင်တောင် ကလေးရဲ့ စကားကို ယုံကြည်ပေးပါ။ မယုံနိုင်စရာဖြစ်နေရင်တောင် မိသားစုချင်း၊ ရင်းနှီးသူချင်း၊ လေးစားရသူမို့ ဆိုပြီး ဒီလိုလုပ်ရပ်မျိုးကို ဖုံးအုပ်ပေးစရာမလိုပါဘူး။ အကြောင်းကြောင်းကြောင့် ကလေးကို နှုတ်ပိတ်နေဖို့ ဖိအားပေးကြတာလည်းများပါတယ်။ မိဘကိုပဲ ယုံကြည်အားကိုးထားတဲ့ ကလေးလေးဘက်က အပြည့်အဝရပ်တည်ပြီး ကာကွယ်ပေးရမှာပါ။ဒီအချိန်မှာ မိသားစုက နွေးထွေးမှုနဲ့ အားပေးတာကို ခံစားမိဖို့ အရေးကြီးပါတယ်။ သူတို့ပြောသမျှကို အလေးအနက်ထားပေးပါ၊ ကလေးကို တစ်ဦးတည်း ကြိတ်ခံစားရတဲ့အနေအထား လုံးဝမရောက်အောင် သတိထားပေးပါ။ သူနဲ့တသားတည်း အတူရှိနေတဲ့အကြောင်း ကလေးသိအောင် ဂရုစိုက်ပေးပါ။သိသိချင်းမှာ ချက်ချင်းဒေါသနဲ့ မဖြေရှင်းပါနဲ့။ နောက်ပိုင်းလည်း ဒေါသတွေ ထွက်မနေပါနဲ့။ ကလေးရဲ့ စိတ်ထဲ အပြစ်ရှိစိတ် ခံစားနေရနိုင်လို့ ပိုဆိုးသွားစေနိုင်ပါတယ်။ ကိုယ်က ကလေးအတွက် နာကျင်စိတ်၊ မခံချင်စိတ်တွေ ပြည့်နှက်နေမှာပေမယ့် ကလေးရှေ့မှာ ထိန်းပါ။ လုပ်သင့်တာကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်သွားပါ။ မိဘက ဒေါသဖြစ်နေတာမြင်ရင် ကလေးရဲ့ကြောက်စိတ်ပိုဆိုးလာမယ်၊ ပုံမှန်အတိုင်း စိတ်အားပြန်တက်ဖို့ဝေးသွားနိုင်တယ်၊ ပိုအားငယ်လာမယ်၊ သူ့စိတ်ထဲက အိပ်မက်ဆိုး သို့မဟုတ် အမည်းစက်က ပိုကြီးလာမယ်။ ကလေးကို စိတ်ဓာတ်ခွန်အားပေးဖို့ အရေးကြီးပါတယ်။မိဘက ချစ်တယ်ဆိုတာတော့ သူတို့သိထားပြီးသားပါ။ ဒါပေမယ့် ဒီလိုအချိန်မှာ ပိုချစ်ပေး၊ ဂရုစိုက်ပေးပြီး ဘေးမှာ အမြဲကာကွယ်ပေးထားကြောင်း ကလေးက ခံစားမိပါစေ။ သူ့စိတ်ထဲကမလုံခြုံမှုကို ဖြေဖျောက်ပေးနိုင်မှဖြစ်မှာမို့ပါ။ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ အခုကစပြီး ကလေးကို ဘယ်နည်းနဲ့မှ ထပ်မထိခိုက်အောင် ကာကွယ်ပေးရပါမယ်။ လူပြောများသွားလို့ပဲထား ကလေးအပေါ် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေ ရှိလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ နောက်ထပ်မဖြစ်အောင်ရော ဘယ်လိုကာကွယ်မလဲ။ ဒီလိုမျိုးမကြုံရအောင် ဘေးကင်းလုံခြုံရေး ဘယ်လိုစီမံသွားမလဲ ဆွေးနွေးပြီး အစီအစဉ်ဆွဲပါ။ကြုံခဲ့ရတဲ့ဖြစ်ရပ်ကြောင့် ကလေးမှာ ထိခိုက်ခဲ့ပေမယ့် ပြန်လည်ထူထောင်ရေး ကြိုးစားအားပေးလို့ရပါတယ်။ ကိုယ့်ကလေးလေးကို ထိခိုက်နာကျင်ခဲ့ရတာ ရင်နာစရာကောင်းပေမယ့်ပြန်လည်ထူထောင်ရေးနဲ့ အားပေးစောင့်ရှောက်မှုအဆင့်က ပိုအရေးကြီးပါတယ်။ စိတ်ညစ်နေလို့ ဘာမှမထူးဘူးဆိုတာလေး သတိရပါ။ကိုယ့်ခွန်အားနဲ့၊ အတွေးနဲ့ပဲ အဆင်မပြေဘူးဆိုရင် အတွေ့အကြုံရှိတဲ့၊ သိနားလည်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊လူပုဂ္ဂိုလ်တွေကို အကူအညီတောင်းပြီး အကြံဉာဏ်ရယူပါ။ ကူညီပေးဖို့တောင်းဆိုသင့်ပါတယ်။ဖေဖေမေမေတို့ လုံးဝမလုပ်သင့်တာက –။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac-%e1%80%85%e1%80%b1%e1%80%ac%e1%80%ba%e1%80%80/
ဘဝပျော်ရွှင်အေးချမ်းဖို့ မိမိကိုယ်ကို တန်ဖိုးထား စို့
လူတစ်ယောက်ရဲ့ ဘဝမှာ အေးချမ်းမှု၊ပျော်ရွှင်မှု၊ လုံခြုံမှု အလုံးစုံရရှိဖို့ အရေးကြီးဆုံးအရာတွေထဲမှာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်မှ တခြားသူကပါ ကိုယ့်အပေါ် မေတ္တာထားနိုင်မှာပါ။မိမိကိုယ်ကို တန်ဖိုးမထားတတ်တဲ့သူတွေဟာ စိတ်မလုံခြုံမှုတွေ ဖြစ်စေပြီးအထီးကျန်တာ၊ တက်ကြွရွှင်လန်းခြင်း မရှိတော့တာ၊ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေ များလာမယ်။ စိတ်ကျန်းမာရေးမှာ ထိခိုက်မှု များစွာ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။အရာရာကိုအကောင်းမြင်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးထား တတ်လာစေဖို့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေကြောင့် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်၊ ဘဝကိုပါ မကောင်းမြင်လာတတ်တာ သဘာဝပါပဲ။ အကောင်းဆုံးကတော့ မှန်ထဲကို ကြည့်ပြီး စကားပြောကြည့်ပါ။ မကောင်းတဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေကို တတ်နိုင်သလောက် ရှောင်ပါ။တခြားသူတွေရဲ့ ဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်တာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတာနဲ့ အတူတူပါပဲ။ လောကမှာ အရာအားလုံး ပြီးပြည့်စုံသူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ကောင်းတဲ့အရာတွေလည်း ရှိသလို မကောင်းတဲ့ ပြစ်ချက်တွေနဲ့ လူသားတိုင်း နေ့စဉ် ရှင်သန်နေရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုအကောင်းမြင်ပါ။ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါ။ တခြားသူတွေနဲ့ ယှဉ်ပြိုင်နေမယ့်အစား ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ ကြိုးစားကြည့်ပါ။ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ အလှအပအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အကျိုးဖြစ်စေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။ ကျန်းမာတဲ့ကိုယ်အလေးချိန်ေရာက်အောင် ထိန်းညှိပေးနိုင်တယ်။ကိုယ်ခန္ဓာအချိုးအစားလှပပြေပြစ်စေတယ်။လူတိုင်း အမှားလုပ်တတ်တာ သဘာဝပါပဲ။ ကိုယ်တိုင် လုပ်ခဲ့မိတဲ့ အမှားတွေအတွက် ဝမ်းနည်းပူဆွေး နောင်တရနေမယ့်အစား နောင်မမှားအောင် သင်ခန်းစာယူပါ။ လူတိုင်း အမှားနဲ့ မကင်းနိုင်ဘူးဆိုတာကို လက်ခံထားတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီအမှားနဲ့ ပတ်သက်ပြီး ဝမ်းနည်းရှက်ရွံ့နေတော့မှာ မဟုတ်ပဲ ဘဝကြီးကို အရင်ကထက်ပိုပြီး အကောင်းမြင်လာနိုင်ပါတယ်။ကိုယ့်မှာ မကောင်းတဲ့ အမူအကျင့်တွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်စေဖို့ နှောင့်ယှက်နေတဲ့ အရာတွေ ရှိရင် ပြုပြင်ပြောင်းလဲပစ်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေကို လက်ခံနားလည်ပြီး ဒီထက်ပိုကောင်းအောင် ကြိုးစားကြည့်ပါ။ အရာရာကို အကောင်းမြင်ဖို့ အရေးကြီးသလို ကိုယ့်ပတ်ဝန်းကျင်က မကောင်းတဲ့ အရာတွေကိုလည်း ကိုယ်တတ်နိုင်သလောက် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်စေဖို့ နောက်နည်းလမ်းတစ်ခုကတော့ ကိုယ့်ကို ပျော်ရွှင်မှု ဖြစ်စေတဲ့ အရာတွေကို အချိန်ပေးပြီး လုပ်ပေးဖို့ပါပဲ။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်ဟာ အရာရာကို ပိုပြီး အကောင်းမြင်တတ်လာစေတယ်။စိတ်ဖိစီးမှုတွေပြေလျော့စေတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတဲ့အတွက် ဘဝက အေးချမ်းပျော်ရွှင်နေမှာပါ။ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အကူအညီလိုအပ်နေသူတွေ၊ အားနည်းနေသူတွေကို ကိုယ်တတ်စွမ်းသလောက် ဖေးမကူညီပေးပါ။ ဒီလိုကူညီပေးခြင်းအားဖြင့် သူတို့တွေရဲ့ ဘဝကိုလည်း ပျော်ရွှင်မှုဖြစ်စေသလို ကိုယ့်ကိုယ်ကိုလည်း အကောင်းမြင်တဲ့ စိတ်တွေ တိုးလာနိုင်ပါတယ်။ကိုယ့်ဘဝ၊ ကိုယ့်စိတ်ကို ကျန်းမာအောင် နေထိုင်ရာမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေကိုယ်တိုင်လည်း အကောင်းမြင်ဝါဒီရှိဖို့ အရေးကြီးပါတယ်။ ဒီလူတွေဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ အတွေးတွေ၊ အမြင်တွေကို ဖယ်ထုတ်ပေးနိုင်တဲ့အပြင် ပျော်ရွှင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/improving-self-esteem/
ယောက်ျားလေးတွေ ဆီးခုံမွေး ပုံမှန်ရိတ်ပေးဖို့ လိုအပ်လား
ယောက်ျားလေးတွေ ဆီးခုံမွေး ပုံမှန်ရိတ်ပေးဖို့ လိုအပ်လား …… လိင်တံ ပတ်လည်မှာ ရှိတဲ့ ဆီးခုံမွေးတွေကို ရိတ်ဖို့ လိုအပ်လားဆိုတာယောက်ျားလေးတွေမကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါပဲ။ ကျန်းမာရေးအရ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး၊ ကောင်းကျိုးများစွာ မရှိပေမယ့်တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတယ်ဆိုရင်တော့ ရိတ်လို့ ရပါတယ်။အရေပြား အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့လိင်အင်္ဂါနားကို ဘလိတ်ဓားကိုင်ပြီး အမွေးရိတ်ဖို့ဆိုတာ တော်ရုံအမျိုးသားတွေအတွက်တော့ တွေးမိရုံနဲ့တင် အသည်းယားစရာ ကိစ္စ ဖြစ်မှာပါ။ နေ့စဉ် ရေပုံမှန်ချိုးပေးမယ်။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေဆိုရင် အရေပြားအတွင်းကို ဆပ်ပြာ၊ ရေနဲ့ အမြဲ ဆေးကြောသန့်ရှင်းပေးမယ်ဆိုရင်တော့ အမွေးရိတ်ဖို့ မလိုအပ်ဘူးလို့သာ ပြောချင်ပါတယ်။ဒါဆိုရင်ဆီးခုံမွေးရိတ်လို့ ဘာကောင်းကျိုး ရနိုင်လဲ။ ဘာလို့ တချို့ယောက်ျားလေးတွေက အရဲစွန့်ပြီး လိင်အင်္ဂါတစ်ဝိုက်က အမွေးအမျှင်တွေကို ရိတ်နေကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ယောက်ျားလေးတွေ ဆီးခုံမွေး ပုံမှန်ရိတ်ပေးဖို့ လိုအပ်လား …… ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။လူပျိုဖြစ်တဲ့အချိန် လိင်အင်္ဂါအပေါ်ဘက်မှာ အမွေးအမျှင်တွေ စတင်ပေါက်လာပြီး အသက်ကြီးလာတာနဲ့အမျှ အမွေးအမျှင် အုံထူလာပါတယ်။ တချို့အမျိုးသားတွေမှာဆိုရင် လိင်တံပတ်လည်၊ဝှေးစေ့၊ပေါင်ခြံတစ်ဝိုက်မှာပါ အမွေးအမျှင်တွေ ထူထဲစွာ ပေါက်တာမျိုးလည်း ရှိပါတယ်။များသောအားဖြင့် ဆီးခုံမွေးရိတ်တဲ့အခါမှာ လိင်တံရဲ့ အပေါ်စပ်နားမှာ ရှိတဲ့ အမွေးအမျှင်တွေကိုသာ အဓိကရိတ်ကြတာဖြစ်ပါတယ်။ ဝှေးစေ့ဟာ အလွန်ထိခိုက်လွယ်တဲ့အပြင် ဓါးနဲ့ ရိတ်ရတာဖြစ်တာကြောင့် ကျွမ်းကျင်မှု မရှိတဲ့အခါ ပွန်းပဲ့ဒဏ်ရာ ဖြစ်နိုင်ပါတယ်။ဆီးခုံမွေး ရိတ်ခြင်း ကနေရရှိမယ့် ကောင်းကျိုးတွေကတော့။၁။ တစ်ကိုယ်ရေ သန့်ရှင်းမှု။အမွေးအမျှင်တွေ ပါးသွားတဲ့အခါ သန့်ရှင်းရေး လုပ်ဖို့၊ ချေးချွတ်သန့်စင်ဖို့ ပိုလွယ်ကူပါတယ်။ ပုံမှန်အားဖြင့် ဘောင်းဘီ၊အတွင်းခံဘောင်းဘီနဲ့ အမြဲထိကပ်နေပြီး ချွေးအလွန်ထွက်တာကြောင့် ဘက်တီးရီးယားပိုးတွေ အမြဲ ကပ်ငြိနေနိုင်ပါတယ်။ ဆီးခုံမွေးနည်းသွားတဲ့အခါ ချွေးထွက်နည်းသွားနိုင်တဲ့အပြင် ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်လည်း အကျိုးဖြစ်စေပါတယ်။၂။ လိင်တံ ကျန်းမာရေး။အမွေးအမျှင်တွေ မရှိတော့တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေအပြင် တခြားသော အင်းဆက်ပိုးမွှားတွေပါ မကပ်တွယ်နိုင်တော့တဲ့အတွက် ပိုပြီး သန့်ရှင်းသွားတယ်။ ဒါ့အပြင်မှိုကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေ ဥပမာ – ပွေး၊ ဝဲ၊ ညှင်း၊ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်။ ဆီးကျိတ်ကင်ဆာရှိ၊ မရှိ ကိုယ့်ရဲ့ ဝှေးစေ့ကို အသေးစိတ် စစ်ဆေးကြည့်လို့ ရတယ်။၃။ ထိတွေ့ခံစားမှု။အမွေးအမျှင် နည်းသွားတဲ့အခါ တစ်ကိုယ်ရေ အာသာဖြေတာ ဖြစ်စေ၊ ကိုယ့်ရဲ့ ချစ်သူနဲ့လိင်ဆက်ဆံတဲ့အခါဖြစ်စေ ပိုပြီး ထိတွေ့ခံစားမှု ကောင်းလာပါတယ်။ အမွေးအမျှင်တွေ မရှိတော့တဲ့အတွက် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း ယားယံမှုတွေ မဖြစ်စေနိုင်တော့ပါဘူး။၄။ အရွယ်အစား။ပုံမှန် အမွေးအမျှင်တွေနဲ့ ဖုံးနေတဲ့ နေရာဟာ ပြောင်ရှင်းသွားတဲ့အခါ ကိုယ့်ရဲ့လိင်တံဟာ ပိုပြီး သန့်ရှင်းသွားတယ်။ ခါတိုင်းထက် ပိုပြီး ကြီးနေသလို စိတ်ထဲမှာ ခံစားရစေပါတယ်။၁။ ရိတ်ရလွယ်ကူစေဖို့ အရင်ဆုံး ရှည်နေတဲ့ အမွေးတွေကို ကပ်ကြေးဖြင့် တိုအောင် ညှပ်လိုက်ပါ။၂။ ပြီးရင် ရေနွေးနွေးနဲ့ လိင်တံတစ်ဝိုက်ကို လောင်းချလိုက်ပါ။၃။ ခြောက်အောင် သုတ်ပြီးသွားရင် အမွေးအမျှင်ရိတ်တဲ့ ခရင်မ်၊ ဂျယ်လ် များများ သုတ်လိမ်းထားပါ။၄။ အသစ်စက်စက် ဘလိတ်ဓားကို အသုံးပြုပြီး အမွေးအမျှင်တွေကို ဖြည်းညှင်းစွာ ရိတ်ပါ။၅။ အရေပြားကို ဆွဲဆန့်ထားပြီး ဓားကို အောက်ဘက်သို့ ဦးတည်ပြီး ရိတ်ပါ။၆။ အမွေးအမျှင်ရိတ်ပြီးသွားရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပြီး ခြောက်အောင် သုတ်ပါ။၇။ ယားယံမှုကင်စေဖို့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးရင် ပိုကောင်းပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/shaving-male-pubic-hair/
လူအမျိုးမျိုးအတွက် Special diet
Dietလုပ်နေတယ် မစားဘူး။ Diet လုပ်နေလို့ ရှောင်ထားတယ်ဆိုတာ ခေတ်သစ်ရဲ့ ဗန်းစကား ဖြစ်လာပါပြီ။ လူအမျိုးမျိုးအတွက် Special diet တွေလည်း ပေါ်လာပြီကိုး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ Diet လုပ်နေတယ်ဆို ကျန်းမာရေး လိုက်စားတယ်ပေါ့။ ခုနောက်ပိုင်းမှာ ရောဂါဖြစ်မှ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကို ပိုပြီး စိတ်ဝင်စားလာကြပါပြီ။ ဘာကြောင့်လည်းဆိုတော့ ရောဂါတွေက ဖြစ်လာပြီဆိုရင် ပျောက်ဖို့ ခဲယည်းလာပြီကိုး။ ဥပမာ ဆီးချို၊ သွေးတိုးပဲ ကြည့်ရအောင်။ ဖြစ်ပြီဟေ့ဆို တစ်သက်လုံး ကုပေရော့ပဲ။ ဒါကြောင့် အစကတည်းက မဖြစ်အောင် ကြိုကာလာကြပါပြီ။ဒါ့ပြင် ဒီလို ရောဂါတွေကို ကုသတဲ့နေရာမှာလည်း ဆေးချည်းသက်သက်ထက်အစားအသောက်၊ လေ့ကျင့်ခန်းလေး ကူတာက ပိုပြီး အထောက်အကူဖြစ်တယ်ဆိုတာကို နားလည်လာကြပါပြီ။ အရင်ကတော့ တစ်ခုခုဆို ဆေးပဲပေး၊ ဆေးပဲထိုး။ အစားတွေ မလျှော့ချင်ဘူး။ လေ့ကျင့်ခန်း မလုပ်တတ်ဘူးလို့ စောဒက တက်ကြပေမယ့် ဒါတွေကသာ ရောဂါထိန်းချုပ်တဲ့နေရာမှာ စရိတ်စကနည်းနည်းနဲ့ တကယ်ထိရောက်တာကို တွေ့ရှိလာကြပါပြီ။အစားအသောက်ဆိုရင်လည်း ဒီလိုပါပဲ။ အရင်က ဗိုက်ပြည့်ရုံ၊ အားရှိရုံစားရာကနေ ကျန်းမာရေးအတွက် စားတယ်ဆိုတဲ့ အဆင့်ကို ကူးပြောင်းလာပါပြီ။ ဒါကြောင့်လည်း စနစ်တကျတွက်ချက်ပြီး စားရတဲ့ Dietတွေ အများကြီး ပေါ်လာပါတယ်။Dietလို့ ပြောလိုက်ရင်ဝိတ်ချတယ်လောက်ပဲ မြင်ကြပါတယ်။ တကယ်တော့ Dietက ဒီထက်ကျယ်ပြန့်ပါတယ်။ ဝိတ်အတက်အကျလုပ်တာအပြင် ရောဂါကြောင့် စားနေရတဲ့ အစားအစာပုံစံတွေ၊ ယုံကြည်မှုအရ စားတဲ့ပုံစံတွေ အားလုံး Dietထဲမှာ အကျုံးဝင်ပါတယ်။ ဥပမာ ပြောရရင်။ကီတို Dietတို့၊ အချိန်နဲ့ အစားအငတ်ခံတဲ့intermittent fasting။သွေးတိုးအတွက်DASHDiet၊ ဆီးချိုအတွက် Diet၊ ကျောက်ကပ်မကောင်းတဲ့သူတွေအတွက် Diet၊။ဂလူတန်ရှောင် Diet၊ လက်တို့စ်ရှောင် Diet။Halal စားတာတွေ၊သက်သတ်လွတ်စားတာတွေ။ဒါကြောင့် Dietက ထင်ထားတာထက် အများကြီး ကျယ်ပြန့်ပါတယ်။ ဒီထဲကမှ ဥပမာတချို့ကို ပြန်ကြည့်ရအောင်။ဝိတ်ချဖို့အပြင် အတက်ရောဂါတွေကို ကုသတဲ့နေရာမှာပါ ထိရောက်တဲ့ Dietအမျိုးအစား ဖြစ်ပါတယ်။ စားတဲ့ပုံစံကတော့ ကာဘိုဟိုက်ဒရိတ်ကို လျှော့ပြီး အဆီကို တိုးစားတဲ့ ပုံစံပါ။ အဆီဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ (ဥပမာ အစေ့အဆန်တွေ၊ ထောပတ်သီး၊ အုန်းသီး)ကို စားပေးရမှာပါ။သူ့ရဲ့ အားနည်းချက်ကတော့ အဆီတွေကို ဖြိုသုံးတဲ့ နေရာမှာ ကီတုန်းတွေ ထွက်ပြီး ketosisဖြစ်တတ်ပါတယ်။Dietary Approaches to Stop Hypertensionလို့ ခေါ်တဲ့ DASH Dietဟာ သွေးတိုးသမားတွေ တစ်သက်တာ စားသင့်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သွေးတိုးစေတဲ့ ဆိုဒီယမ်ပါတဲ့ အစားအစာတွေကို လျှော့စားစေပြီး သွေးတိုးကျအောင် ကူညီပေးနိုင်တဲ့ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တွေကို ပိုစားပေးဖို့ပဲ ဖြစ်ပါတယ်။Standard DASHမှာ ဆိုရင် တစ်နေ့ကို ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ထိ ခွင့်ပြုထားပြီး Low sodium DASHမှာဆိုရင်တော့ တစ်နေ့ကို ၁၅၀၀ပဲ စားလို့ရပါတယ်။ နှစ်ခုလုံးမှာတော့ ကောက်နှံ၊ အသီးအရွက်တွေ၊ အသီးအနှံတွေ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို စားဖို့ ခွင့်ပြုထားပါတယ်။ ဒါ့ပြင် အသား၊ ငါး၊ ပဲနဲ့ အစေ့အဆန်တွေကိုလည်း တစ်ပတ်မှာ အကြိမ်အနည်းငယ် စားပေးနိုင်ပါတယ်။အနီရောင်အသား၊ အချိုနဲ့ အဆီကို အနည်းငယ်ပဲ စားလို့ရပါတယ်။ DASH Dietမှာ ပြည့်ဝဆီတွေ၊ အသွင်ပြောင်းဆီတွေကို ရှောင်ခိုင်းထားပါတယ်။Celiac diseaseလို့ ခေါ်တဲ့ အူရောဂါဟာ လူ၁၀၀မှာ ၁ယောက်လောက် ဖြစ်တတ်တဲ့ မျိုးဗီဇနဲ့ဆိုင်တဲ့ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါပါ။ ဒီလူနာတွေဟာ ဂလူတန်ကို ရှောင်စားရပါတယ်။ ဂလူတန်စားမိရင် ခုခံအားက မှားပြီးတိုက်ခိုကတာကြောင့် အူသိမ်တွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ဂလူတန်ကြွယ်ဝတဲ့ ဂျုံတွေ၊ ဘာလီတွေကို ရှောင်ထားတဲ့ diet planကို စားရပါတယ်။မြန်မာလိုတော့ သက်သတ်လွတ်စားတယ်ဆို အသားရှောင် အရွက်စားပေါ့။ တကယ်က သက်သတ်လွတ်မှာလည်း အမျိုးမျိုးရှိပါတယ်။-အသီးအရွက်၊ နို့နဲ့ ဥပါစားရင် vegetarian။တစ်ခါ အသီးအရွက်နဲ့ နို့ပဲစားပြီး ဥမစားရင် ovo vegetarians၊ အသီးအရွက်နဲ့ ဥပဲစားပြီး နို့ထွက်ပစ္စည်းတွေ ရှောင်ရင် lacto-vegetarians။-အသီးအရွက်ကလွဲပြီး တခြားတိရစ္ဆာန်ကရတဲ့ ဘာမှမစားရင် veganဆိုပြီး ထပ်ခွဲထားပါသေးတယ်။အစာကို ဆေးအဖြစ်စားနေတာကြောင့် အရသာထက် ကျန်းမာရေးနဲ့ သင့်တော်ပြီးပြီးပြည့်စုံတဲ့ အာဟာရရဖို့ လိုပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့Diet planဖြစ်ဖို့၊ ရေရှည်စားနိုင်ဖို့ လိုပါတယ်။ ဥပမာ ဝိတ်ချဖို့ဆိုရင် Diet planတွေ အများကြီး ရှိတာကြောင့် ဘယ်ဟာက ကိုယ်နဲ့ ကိုက်ညီမလဲ။ ကိုယ့်ကျန်းမာရေးအတွက် သင့်တော်မလဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။လူအမျိုးမျိုးအတွက် Special diet လို့ ပြောပေမယ့် တကယ်တော့ နေ့စဉ်စားနေကျအစားအစာတွေကိုကျန်းမာရေးနဲ့ ကိုက်ညီအောင်၊ ကိုယ့်လိုအပ်ချက်နဲ့ ပြည့်မီအောင် (ဥပမာ ဝိတ်ချချင်တာလား၊ သွေးတိုးကျချင်တာလား စသဖြင့်) အနည်းငယ် ပြုပြင်ပြောင်းလဲထားတာပဲ ဖြစ်ပါတယ်။ ကိုယ်လိုတာကို ပိုစား၊ မလိုတာကို လျှော့စားပြီး ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြုပြင်ထားတာပဲ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/special-diet/
Indigestion (အစာမကြေခြင်း)
Indigestion ကို အစာမကြေခြင်းလို့ ခေါ်ပြီး အစာအိမ် အူလမ်းကြောင်းအပေါ်ပိုင်း သက်တောင့်သက်သာမရှိခြင်း၊ နာကျင်ခြင်းကို ဆိုလိုပါတယ်။ Indigestion မှာ လေထခြင်း၊ ပျို့ခြင်း၊ လေချဉ်တက်ခြင်း အစရှိတဲ့ လက္ခဏာတွေ ပါဝင်ပြီး အခံရှိတဲ့ ပြဿနာရဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။Indigestion ဟာ ရောဂါတစ်ခုမဟုတ်ပဲ မကျန်းမာတဲ့ အခြေအနေတစ်ခုဖြစ်ကာ လူတိုင်း အချိန်တိုင်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Indigestion ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အစာမကြေခြင်းဟာ ရောဂါတစ်ခုမဟုတ်ပဲ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အောက်ပါရောဂါတွေက အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။အချို့ဆေးတွေကလည်း အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။Thyroid ဆေးများ။နေ့စဉ် အပြုအမူ အကျင့်တွေဟာ အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ရောဂါအချို့နဲ့ ဖြစ်စေတဲ့ အကြောင်းရင်းတွေကြောင့်လည်း အစာမကြေခြင်း ဖြစ်နိုင်ပြီး အချို့အရာတွေက အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးခြင်း၊ စိတ်ပူခြင်း။သင့်ဆရာဝန်က ရောဂါလက္ခဏာ မေးမြန်းခြင်း၊ ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ အစာအိမ်နဲ့ ရင်ခေါင်း စမ်းသပ်ခြင်း ပြုလုပ်နိုင်ပါတယ်။ သင့်ဆရာဝန်က အစာမကြေခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းရင်းတွေကို ဖယ်ထုတ်ပြီး သင့်အခြေအနေအကြောင်း ပိုမိုနားလည်စေဖို့ အောက်ပါ စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။X-rays, ultrasound – အစာအိမ်မှာ ပိတ်နေတာရှိလား ရှာဖွေဖို့ ဖြစ်ပါတယ်။ကုသမှုဟာ အစာမကြေဖြစ်ခြင်းရဲ့ လက္ခဏာတွေကို လျှော့ချပေးပြီး နေသာစေပါတယ်။ အခြေခံ အကြောင်းရင်းကိုလည်း ကုသရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်က အခြေခံ အကြောင်းရင်းပေါ်မူတည်ပြီး အခြား ပံ့ပိုးပေးတဲ့ ကုထုံးတွေကိုပါ ညွှန်ကြားပေးနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Indigestion ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/indigestion-%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%80%e1%80%bc%e1%80%b1%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ
မွေးလာတဲ့အချိန်မှာ ယောက်ျားလေးကလိင်တံ၂ချောင်း ခွဲထွက်နေတဲ့အခြေအနေကို Diphallia လို့ ခေါ်ပါတယ်။ ယောက်ျားလေး ၆သန်းမှာ တစ်ယောက်သာလျှင် ရှားရှားပါးပါး တွေ့ရတတ်တဲ့ အခြေအနေပါ။လိင်တံ၂ချောင်း ရှိခြင်းဟာ အန္တရာယ်များတာမျိုးတော့ မဟုတ်ပေမဲ့ သူ့မှာ နောက်ဆက်တွဲ စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် အစာချေဖျက်တဲ့ နေရာနဲ့ဆီးလမ်းကြောင်း အစရှိတဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။Diphallia ဆိုတာ မွေးပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ အခြေအနေမဟုတ်ဘဲ မွေးလာကတည်းကိုကလိင်တံ၂ခုအနေနဲ့ ကွဲထွက်ပြီး မွေးလာတာဖြစ်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ ကလေးကို အလွယ်တကူ စစ်ဆေးကြည့်လို့ ရနိုင်ပါတယ်။Diphallia ရောဂါကနေ ဒုတိယအတွေ့များတဲ့ ပြဿနာတွေကတော့။အတွေ့နည်းတဲ့ လက္ခဏာတွေကတော့။Diphallia ဆိုတာ အကြောင်းရင်းတစ်စုံတစ်ရာ မရှိဘဲ မွေးရာပါချို့ယွင်းချက်အနေနဲ့ ပါလာတဲ့ရောဂါ ဖြစ်ပါတယ်။ မိဘမျိုးရိုး လိုက်ခြင်းလည်းမဟုတ်သလိုကိုယ်ဝန်ဆောင်နေစဉ် ကြိုတင်ကာကွယ်လို့ ရတဲ့ အရာလည်း မဟုတ်ပါဘူး။ လက်ရှိအခြေအနေထိလည်း Diphallia ကို ဖြစ်စေတဲ့ အကြောင်းရင်းတရားခံကို ရှာဖွေနိုင်ခြင်း မရှိသေးဘူးလို့ ပြောလို့ ရပါတယ်။Diphallia ရဲ့ လက္ခဏာတွေကို စတင်တွေ့ရတဲ့အချိန် (ဥပမာ – လိင်တံက ၂ခု ခွဲထွက်နေတာမျိုး) ကတည်းက ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ ကျန်းမာရေးပြဿနာတွေ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ မရှိသေးသည့်တိုင်အောင် တခြားသော ကိုယ်တွင်းအင်္ဂါတွေမှာ ချို့ယွင်းချက်တွေ ရှိနေနိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ရောဂါရဲ့ အခြေအနေကို ဆရာဝန်အနေနဲ့ စစ်ဆေးပြီးတော့မှ ခွဲစိတ်ကုသမှုကို ဆက်လုပ်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။Diphalliaလိင်တံ၂ခု ပါတဲ့ ရောဂါဆိုတာ မွေးရာပါ ကိုယ်တွင်းအင်္ဂါ ချို့ယွင်းချက်ဖြစ်ပေမဲ့ တစ်သက်လုံး စိုးရိမ်ထိတ်လန့်ပြီး နေသွားစရာမလိုတဲ့ ရောဂါဖြစ်ပါတယ်။ ကိုယ့်အတွက် လိုအပ်မယ့် ကုသမှုကိုသာ သေချာပြုလုပ်ပေးမယ်ဆိုရင် ဒီရောဂါရှိနေတဲ့တိုင်အောင် သာမန်လူကောင်းတစ်ယောက်လိုပဲ အိမ်ထောင်ရေးနဲ့ လိင်မှုကိစ္စမှာ အခက်အခဲမရှိဘဲ ကျန်းကျန်းမာမာ နေသွားနိုင်မှာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/diphallia/
Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း )
ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည် ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းနှင့် တုံးသော ချွန်ထက်သောအရာများနှင့် ဝမ်းဗိုက်အတွင်းရှိအင်္ဂ ါများကို ထိခိုက်မိခြင်းတို့ပါဝင်သည်။ထိုသို့ဖြစ်လျှင် အဖြစ်များသော လက္ခဏာများမှာ- ဗိုက်နာခြင်း၊ တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ပေါ်တွင် သွေးခြေဥခြင်းတို့ဖြစ်သည်။ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရပါက သွေးထွင်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါသည်။ အသံလှိုင်းဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်များရိုက်ခြင်း၊ ဝမ်းဗိုက်အတွင်းကို ဆေးခြင်း၊ ခွဲစိတ်ခြင်း စသည့်နည်းများဖြင့် သိရှိနိုင်ပါသည်။ ရင်ဘတ်အောက်ပိုင်းကို ထိခိုက်မိလျှင် ဘေလုံးနှင့် အသည်းတို့ဒဏ်ရာရနိုင်ပါသည်။ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည်ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့မဖြစ်အောင်ကာကွယ်ခြင်းဖြင့် သေဆုံးမှုများကို လျှော့ချနိုင်ပါသည်။ ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။အစောပိုင်းတွင် ရောဂါလက္ခဏာများကို တွေ့ရလေ့မရှိပါ။ အချို့သူများတွင် ရက်အတော်ကြာမှ စပြီးနာကျင်လာတတ်သည်။ မော်တော်ယာဉ်တိုက်မှုများတွင် တိုက်မိသူ၏ဝမ်းဗိုက်တွင် ခါးပတ်ပတ်ရာ တလျှောက်သွေးခြေဥနေသည်ကိုတွေ့ရတတ်ပြီး ယင်းသည်ဝမ်းဗိုက်အတွင်းရှိအင်္ဂ ါများကို ထိခိုက်မိခြင်းနှင့် ဆက်နွယ်နေသော လက္ခဏာဖြစ်သည်။ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း၏ ကနဦးလက္ခဏာများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဆီးတွင်သွေးပါခြင်းနှင့် ဖျားခြင်းတို့ဖြစ်သည်။ ထို့ပြင် ဒဏ်ရာရခြင်းကြောင့် ဗိုက်နာခြင်း၊ တင်းခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ မာကျောလာခြင်းနှင့် ဗိုက်ထဲတွင် လေသံမကြားရခြင်းတို့ဖြစ်နိုင်သည်။ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း နှင့် စပ်လျဉ်းပြီး နံရိုးများ၊ ခါးရိုးများ၊ တင်ပါးဆုံရိုးများ ကျိုးခြင်းနှင့် ဝမ်းဗိုက်အတွင်းနံရံတွင် ဒဏ်ရာရခြင်းတို့ဖြစ်နိုင်ပါသည်။(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။မော်တော်ယာဉ်တိုက်မှုများသည် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း၏ အဖြစ်များဆုံးအကြောင်းရင်းဖြစ်သည်။ ခါးပတ် ပတ်ခြင်းသည် ခေါင်းနှင့် ရင်ဘတ်ကို ထိခိုက်နိုင်ချေကို လျော့နည်းစေသော်လည်း ဝမ်းဗိုက်အတွင်းရှိ မုန့်ချိုအိတ်နှင့်အူများသည် နောက်ကျိုးရိုးနှင့်ညှပ်မိကာ ဒဏ်ရာရနိုင်ပါသည်။ကလေးများသည် အားကစားလုပ်ခြင်း၊ ပြေးလွှားခြင်းတို့ကြောင့် ဝမ်းဗိုက်တွင် အများဆုံး ထိခိုက်ဒဏ်ရာရနိုင်ပါသည်။ အားကစားလုပ်ရာမှ အခန့်မသင့်လျှင် ဘေလုံးနှင့် ကျောက်ကပ်တို့ကို ထိခိုက်နိုင်ပါသည်။ကလေးငယ်များကို ညှင်းပန်းနှိပ်စက်ရာမှ သေကြေခြင်းဖြစ်စဉ်များတွင် ဦးနှောက်ကို ထိခိုက်မိခြင်းကြောင့် သေဆုံးမှုသည် အများဆုံးဖြစ်ပြီး ဗိုက်ကို ထိခိုက်မိခြင်းသည် ဒုတိက အဖြစ်များဆုံးအကြောင်းရင်းဖြစ်သည်။သေနတ်ဒဏ်ရာများသည် ဓါးထိုးဒဏ်ရာထက်ပိုပြီး ဝမ်းဗိုက်တွင်းအင်္ဂါများကို ထိခိုက်စေပါသည်။ သေနတ်ဒဏ်ရာများတွင် ၉၉% သည် ဝမ်းတွင်းခေါင်း အမြှေးကိုဖောက်ပြီး ဝမ်းဗိုက်တွင်းရှိ အရေးကြီးသောအင်္ဂါများကို ထိခိုက်စေကြောင်းတွေ့ရသည်။အောက်ပါတို့ဖြစ်လျှင် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရနိုင်ကြောင်း သံသယရှိပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းအတွက် စစ်ဆေးမှုများမှာ။အသံလှိုင်းဓါတ်မှန်သည် ဒဏ်ရာကြောင့်ဖြစ်သော ဗိုက်ထဲရှိအရည်များကို ပုံဖော်နိုင်သည်။ဓါတ်မှန်သည် ထိုးသွင်းဒဏ်ရာ လမ်းကြောင်းနှင့် အနာတွင်ကျန်ရှိသော ပြင်ပမှ အစိတ်အပိုင်းများကို ပုံဖော်နိင်သည်။ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းဖြင့် တစ်သျုးများထိခိုက်မိခြင်း နှင့် ဝမ်းဗိုက်ထဲတွင် နာကျင်မှုကိုဖြစ်စေသော အကြောင်းရင်းများကို ပိုမိုတိကျစွာသိနိုင်သည်။ သို့သော် ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းကို ကလေးများနှင့် ကိုယ်ဝန်ဆောင်များတွင် အသုံးမပြုသင့်ပါ။အထက်ပါစစ်ဆေးမှုများဖြင့် အဖြေရှာမတွေ့ပါက မှန်ပြောင်းကြည့်ခြင်း၊ ဗိုက်ခွဲခြင်းဖြင့် အဖြေရှာနိုင်ပါသည်။ပထဦးစွာ လူနာကို အရေးပေါ်အနေအထားမှကယ်တင်ရန် အသက်ရှုလမ်းကြောင်းများဖွင့်ပေးခြင်း၊ အသက်ရှုခြင်း နှင့် သွေးထွက်ပြီးဒဏ်ရာရနေသော နေရာတွင်သွေးတိတ်အောင်ပြုလုပ်ခြင်းတို့လုပ်ရပေမည်။ တပြိုင်နက်တည်းတွင် ဆရာဝန်က အခြားသောထိခိုက်မိသည့်နေရာများရှိမရှိ ကြည့်ရှုစစ်ဆေးရမည်။ဝမ်းဗိုက်ထဲရှိ အင်္ဂါများထိခိုက်သွားပါက ခွဲစိတ်မှုများပြုလုပ်ရနိုင်ချေရှိသည်။ အထူးသဖြင့် ချွန်သောအရာများနှင့် ထိုးမိခြင်း၊ ဝမ်းဗိုက်တွင်းရောင်ရမ်း မှုနှင့် သွေးလန့်သော လက္ခဏာများ ရှိပါက ခွဲစိတ်မှုပြုလုပ်ရန်လိုအပ်ပါသည်။ဝမ်းဗိုက်အားဖွင့်ခွဲခြင်းကို တုံးသောအရာများနှင့် ထိခိုက်မိခြင်း နှင့် ဒဏ်ရာကြီးခြင်း သေစေလောက်အောင် သွေးထွက်လွန်ခြင်း အနေအထားများတွင် ပြုလုပ်ပါသည်။ ထိုသို့ ဗိုက်ဖွင့်ခွဲခြင်း၏ ပထမရည်ရွယ်ချက်မှာ သွေးထွက်စေသောအကြောင်းကို သိကာ သွေးတိတ်စေရန်ဖြစ်ပြီး သွေးတိတ်မှ အခြားသော ဒဏ်ရာများကို လိုအပ်သည်များဆက်ကုနိုင်မည်ဖြစ်သည်။လူနာ၏ဒဏ်ရာ အတိမ်အနက်အပေါ်မူတည်ပြီး အထူးကြပ်မတ်ကုသမှုများ လိုအပ်လာနိုင်ပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများကို တတ်နိုင်သလောက်လျော့နည်းစေသင့်သည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/abdominal-injury-%e1%81%80%e1%80%99%e1%80%b9%e1%80%b8%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9/
ကလေးမှာ တုပ်ကွေးဖြစ်တဲ့အခါ ဘယ်လိုဂရုစိုက်ပေးမလဲ
နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက်ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲ အသက် ၅ နှစ်အောက် ကလေးတွေ၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။တုပ်ကွေးမိရင် ဘယ်လိုလက္ခဏာတွေပြမလဲ။တုပ်ကွေးမိတဲ့အခါမှာ ကလေးငယ်က။ကလေးက အသက်နည်းနည်းရလာပြီဆိုရင်တော့ သူခံစားနေရတာတွေကို ပြောပြနိုင်လိမ့်မယ်။ အရမ်းငယ်တဲ့ကလေးဆိုရင်တော့ အဖေအမေတွေက သတိထားပြီး စောင့်ကြည့်မှသိနိုင်လိမ့်မယ်။ အလွယ်ဆုံးနည်းလမ်းကတော့ အဖျားတိုင်းကြည့်ဖို့ပါ။ ကလေးတွေအတွက်က ဒစ်ဂျစ်တယ်သာမိုမီတာဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။စိုးရိမ်စရာကောင်းတဲ့လက္ခဏာတွေမရှိရင် တုပ်ကွေးကို အိမ်မှာပြုစုပေးလို့ရပါတယ်။၁။ အဖျားပျောက်ဆေးတိုက်ပါ။တုပ်ကွေးကြောင့်ဖြစ်တဲ့ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာတွေအတွက် acetaminophen ပါတဲ့ဆေးဝါးတွေကို တိုက်ကျွေးနိုင်ပါတယ်။ ကလေးက ငယ်ရွယ်ပြီး ဆေးအတောင့်ကို မသောက်နိုင်ဘူးဆိုရင် အရည်ကိုတိုက်ရပါမယ်။ တုပ်ကွေးရဲ့ အခြေအနေမသိရသေးချိန်မှာ သွေးယိုစိမ့်မှုအန္တရာယ်ရှိနိုင်လို့ တခြားအကိုက်အခဲပျောက်ဆေးတွေ သုံးလို့မရဘူး။ ဈေးကွက်ထဲမှာ ကလေးအဖျားပျောက်ဆေးတွေအများအပြားရှိပေမယ့် မြန်မြန်ဆန်ဆန်သက်သာပျောက်ကင်းစေတဲ့ဆေးဆိုရင်တော့ Tylenol (တိုင်လီနော)ကို ညွှန်းဆိုချင်တယ်။ အဖျားနဲ့ ကိုယ်လက်နာကျင်တာတွေကို ပျောက်ကင်းစေနိုင်တာအပြင် သူ့ရဲ့ အဓိကအားသာချက်က သောက်သင့်တဲ့ပမာဏထက်ပိုများသွားတာ၊ နည်းသွားတာတွေမဖြစ်အောင် ကောင်းကောင်းကြီး ချိန်ဆနိုင်လို့ ကလေးတွေရဲ့ နုနယ်တဲ့ အစာအိမ်နဲ့ အသည်းကို ထိခိုက်မှုအတော်နည်းတဲ့တစ်ချက်ပါ။၂။ သက်တောင့်သက်သာထားပါ။ အရမ်းကြီး ပူအိုက်မနေပါစေနဲ့။ကလေးကို ဖျားနေလို့ဆိုပြီး အနွေးထည်၊စောင်တွေ အထပ်ထပ်နဲ့ မထားသင့်ပါဘူး။လှောင်အိုက်နေရင် မကောင်းပါဘူး။လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေပဲ ဝတ်ပေးတာမျိုး၊ ကလေးကို သက်တောင့်သက်သာအနေအထားမှာပဲ ထားဖို့ သတိရပါ။၃။ ရေဝတ်တင်ပေးပါ။ကလေးရဲ့နဖူးမှာရေစိုဝတ်လေး တင်ပေး၊ လဲပေးတာက ကိုယ်ပူကျစေပါတယ်။၄။ ရေချိုးချပါ။ရေကကြက်သီးနွေးရေဖြစ်ဖို့လိုပါတယ်။ သိပ်အေးနေတဲ့ရေမဖြစ်ပါစေနဲ့။ရေချိုးတာမကြာပါစေနဲ့။ ကိုယ်ပူကျအောင်ဆိုပြီးကလေးကိုရေအေးအေးတွေနဲ့ မချိုးပေးလိုက်ပါနဲ့။၅။ နှိပ်နယ်ပေးပါ။ကလေးရဲ့ခန္ဓါကိုယ်မှာ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဦးခေါင်းနဲ့ကျောဘက်မှာ အသာအယာပွတ်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။၆။ ပူပူနွေးနွေးသောက်စရာတွေ ဖန်တီးပေးပါ။အရမ်းငယ်သေးတဲ့အရွယ်ကလွဲလို့ ကလေးတွေကိုရေနွေးကြမ်း၊ စွပ်ပြုတ်ရည်၊ အိုဗာတင်း၊မိုင်လို စတဲ့အာဟာရဖြစ်မယ့်သောက်စရာတွေ တိုက်ပေးရင် လည်ချောင်းနာနဲ့ ချွဲကြပ် သက်သာစေနိုင်ပါတယ်။၇။ အရည်များများဝင်အောင် တိုက်ပါ။တုပ်ကွေးဖြစ်ပြီဆိုရင် အဖြစ်များတာကရေဓါတ်ဆုံးရှုံးခြင်းဖြစ်ပါတယ်။ရေ သို့မဟုတ် အရည်များများဝင်အောင် ချော့ပြီးတိုက်ပါ။ နို့တိုက်အရွယ်ဆိုရင် နို့ရည် ၊ ကျန်တဲ့အရွယ်ကလေးတွေကိုရေနဲ့ အသီးဖော်ျရည် (အချိုရည်ဘူးမဟုတ်) တိုက်လို့ရပါတယ်။ဒါတွေရှိနေပြီဆိုရင်တော့ နမိုးနီးယား (အဆုတ်ရောင်)ရောဂါလို၊သွေးလွန်တုပ်ကွေးလို ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့်ဖြစ်နေနိုင်တာကြောင့် အမြန်ဆုံး ဆေးကုသမှုခံယူဖို့လိုအပ်ပါလိမ့်မယ်။ တကယ်လို့ အထက်မှာဖော်ပြထားတဲ့ရောဂါလက္ခဏာတွေမရှိခဲ့ဘူးဆိုရင်တောင် ကလေးက တစ်ခုခုထူးထူးခြားခြား ပြဿနာရှိနေပြီလို့ မိဘတွေအနေနဲ့ ခံစားမိတယ်ဆိုရင် ဆေးရုံဆေးခန်း အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-take-care-baby-flu/
အကျိုးပြု HDL ကိုလက်စထရောမြင့်စေသော အစားအစာများ
ကိုလက်စထရောအကြောင်းစဉ်းစားတဲ့အခါ အများစုဟာ မကောင်းတဲ့အချက်ကိုပဲ ပေးမြင်ကြပါတယ်။ နှလုံးနဲ့သွေးကြောတွေကို ဒုက္ခပေးတတ်တဲ့ ဓာတ်ပစ္စည်းအဖြစ် မြင်ကြပါတယ်။ဒါပေမယ့် အကျိုးပြုတဲ့ ကိုလက်စထရောရှိပါသေးတယ်။ HDL (High-density lipoprotein) ကိုလက်စထရောလို့ ခေါ်ပါတယ်။ သူဟာ မကောင်းတဲ့ ကိုလက်စထရောတွေ ဖယ်ထုတ်ဖို့ အကူအညီပေးပါတယ်။ သွေးကြောတွေထဲက မလိုလားတဲ့ အနည်အနှစ်တွေ ပိုနေတဲ့ကိုလက်စထရောတွေကို အသည်းဆီဖယ်ထုတ်ပါတယ်။ အသည်းကနေတဆင့် ကိုယ်ခန္ဓာထဲကနေ စွန့်ထုတ်ပါတယ်။ ဒါကြောင့်နှလုံးရောဂါ၊ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ကိုယ်ခန္ဓာထဲမှာ HDL ကိုလက်စထရောရှိသင့်တဲ့ ပမာဏကတော့ 60 mg/dL နဲ့အထက် ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ HDL ကိုလက်စထရောကို မြင့်မားစေဖို့ ဘယ်အစားအစာတွေကို ရွေးချယ်စားသုံးရမလဲ ဖြစ်ပါတယ်။နှလုံးကျန်းမာရေးနဲ့ သင့်တော်တဲ့ဆီ ဖြစ်ပါတယ်။ သံလွင်ဆီနဲ့ ချက်ပြုတ်မယ်ဆိုရင်တော့ အပူချိန်သိပ်မများစေဘဲ ချက်ပြုတ်ရမှာ ဖြစ်ပါတယ်။ သံလွင်ဆီဟာ HDL များစေတယ်ဆိုပေမယ့် အလွန်အကျွံမသုံးမိအောင်တော့ ဂရုစိုက်ရပါမယ်။ ကယ်လိုရီများလို့ ဖြစ်ပါတယ်။ပဲအမျိုးမျိုးမှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ပဲကြီး၊ ပဲကတ္တီပါ၊ ဘိုကိတ်ပဲ၊ ပဲနီပဲဝါ စတာတွေ အားလုံးပါဝင်ပါတယ်။ စည်သွတ်ထားတဲ့ ပဲတွေကတော့ ရိုးရိုးပဲတွေထက်စာရင် ဖောလိတ်ဓာတ် ထက်ဝက်ခန့်သာ ပါဝင်ပါတယ်။ ဖောလိတ်ဓာတ်ဟာ ဗီတာမင် B အမျိုးအစားဖြစ်ပြီး နှလုံးအတွက် ကောင်းပါတယ်။ HDL ကို တက်စေတဲ့အပြင် ပရိုတိန်းလည်း လုံလောက်စွာ ပါဝင်တာမို့ စားသု့းသင့်တဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။ဆီးသီးခြောက်၊ ပန်းသီး၊ သစ်တော်သီး စတာတွေမှာ အမျှင်ဓာတ်များပြီး LDL ကိုလက်စထရောကို ကျဆင်းစေကာ HDL ကိုလက်စထရောကို မြင့်တင်စေပါတယ်။ တခြား အာဟာရပြည့်တဲ့အစာတွေနဲ့ တွဲဖက်စားနိုင်သလို ဖျော်ရည်အနေနဲ့ပါ ပြင်ဆင်သောက်သုံးနိုင်ပါတယ်။ငါးတွေမှာတွေ့ရတဲ့ Omega-3 fatty acid ဟာ LDL ကိုလက်စထရောကို ကျစေပါတယ်။ အဓိကအားဖြင့်-။– ဆယ်လ်မွန်ငါး။– မက်ကရယ်ငါး။– တူနာငါး။– ငါးသေတ္တာ စတဲ့ငါးတွေ ဖြစ်ပါတယ်။အဆိုပါငါးတွေကို တပတ်မှာ နှစ်ကြိမ်ခန့် စားသင့်ပါတယ်။Omega 3 လိုချင်ပေမယ့် ငါးလည်းမကြိုက်ဘူးဆိုရင်တော့ ငါးကြီးဆီလိုမျိုး ဖြည့်စွက်စာတွေကို သုံးစွဲနိုင်ပါတယ်။ ဆေးတတောင့်မှာ Omega 3 ၁၀၀၀ မီလီဂရမ်ခန့် ပါဝင်ပါတယ်။နှမ်းကြတ်စေ့၊ နှမ်းကြတ်ဆီမှာလည်း omega 3 ပါဝင်ပါတယ်။ နှလုံးကျန်းမာရေးအတွက် သင့်တော်တဲ့ဆီ ဖြစ်ပါတယ်။ နှမ်းကြတ်စေ့ကို အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးနိုင်ပြီး နှမ်းကြတ်ဆီကို ဟင်းချက်ရာမှာ သုံးနိုင်ပါတယ်။မက်မွန်သီး၊ သစ်ကြားသီး၊ မြေပဲ၊ pistachio စတဲ့ အခွံမာ အစေ့အဆန်တွေမှာ နှလုံးအတွက် အကျိုးရှိတဲ့ အဆီတွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး sterol လို့ခေါ်တဲ့ ဓာတ်တမျိုး ပါဝင်ပါတယ်။ သူဟာ ကိုယ်ခန္ဓာကနေ ကိုလက်စထရောစုပ်ယူခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။တစ်ခုသတိထားရမှာကတော့ အခွံမာသီးတွေဟာလည်း ကယ်လိုရီများတာမို့ ကယ်လိုရီလျှော့ချလိုသူများအနေနဲ့ သတိပြုစားသုံးသင့်ပါတယ်။ချီယာစေ့မှာ omega 3 ရော အမျှင်ဓာတ်တွေပါ ကြွယ်ဝပါတယ်။ တခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ LDL ကိုလက်စထရောကို ကျစေပြီး သွေးပေါင်ချိန်ကျစေပါတယ်။ ချီယာစေ့ကို တခြားအစားအစာတွေမှာလည်း ထည့်သွင်းစားသုံးနိုင်ပါတယ်။ထောပတ်သီးမှာ ဖောလိတ်ဓာတ်ကြွယ်ဝပြီး monounsaturated fat လို့ခေါ်တဲ့ အဆီဓာတ်တမျိုးလည်း ပါဝင်ပါတယ်။ အဆိုပါဆီဟာ LDL ကိုလက်စထရောကို ကျစေပါတယ်။ HDL ကိုလက်စထရောကို မြင့်တက်စေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ပဲပိစပ်ကနေပြုလုပ်ထားတဲ့ အစားအသောက်တွေကို သက်သတ်လွတ်သမားတွေ စားသုံးတာများပါတယ်။ အသားစားသုံးသူတွေမှာပါ အသားစားသုံးမှုကို လျှော့ပေးနိုင်တာမို့ LDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။ဝိုင်နီသောက်သုံးခြင်းဟာ HDL ကိုလက်စထရောကို အနည်းငယ်မြင့်တက်စေပါတယ်။ ဒါပေမယ့် triglyceride အဆီဓာတ်များနေသူတွေမှာတော့ ဝိုင်နီကို မသုံးစွဲသင့်ပါဘူး။ နောက်တစ်ချက်က တန်ဆေးလွန်ဘေးဆိုသလို အယ်လ်ကိုဟောပါတဲ့ ဝိုင်ကို အလွန်အကျွံ မသောက်သင့်ပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/high-cholesterol-foods-to-increase-hdl/
လိင်တံအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံ
ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာဝက်ခြံပြဿနာဆိုတာ တော်တော်အမေးများပြီး အမြဲဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာတင်မကပါဘူး၊ ကိုယ်ခန္ဓာပေါ်က ချွေးပေါက်ရှိတဲ့ နေရာတိုင်းမှာ ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါဆိုရင် အမျိုးသားတွေရဲ့လိင်အင်္ဂါမှာလည်း ဝက်ခြံပေါက်နိုင်တာပေါ့။ လိင်တံအရေပြား ဆိုတာ ထိခိုက်လွယ်ပြီး မကြာခဏ ချွေးတွေ ခိုအောင်းတာ၊ စိုထိုင်းထိုင်းဖြစ်တာ၊တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာတွေကြောင့် ဝက်ခြံပေါက်နိုင်ခြေရှိပါတယ်။ချွေးပေါက်ထဲမှာ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ စုမိတာ၊ ပျက်စီးနေတဲ့ အရေပြားဆဲလ်အသေတွေ များနေတာ၊ လိင်အင်္ဂါတစ်ဝိုက်မှာ ချွေးနဲ့ ဘက်တီးရီးယားပိုးကြောင့် အဆီဖု၊ ဝက်ခြံနဲ့ အမည်းစက်တွေ ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံရှိတာ သိနိုင်တဲ့ လက္ခဏာတွေကတော့။လိင်ဆက်ဆံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လိင်အင်္ဂါဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။လိင်အပျော်အပါးကိစ္စ မကြာခဏ ကျူးလွန်တတ်တဲ့ အမျိုးသားတွေဆိုရင် လိင်အင်္ဂါဝက်ခြံပေါက်နေတဲ့အတွက် တခြားသော လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ ရေယုန်၊ ကာလသားရောဂါ၊ ဂနိုရောဂါတွေပါ ကူးစက်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။ဝက်ခြံကို အမြန်ဆုံး သက်သာပျောက်ကင်းချင်ရင် အကောင်းဆုံးနည်းလမ်းကတော့ ဝက်ခြံကို လက်နဲ့ မကြာခဏ မထိဖို့ပါပဲ။ လိင်တံနဲ့ ပေါင်ခြံတစ်ဝိုက်အရေပြားကို သန့်ရှင်းခြောက်သွေ့စွာ ထားမယ်ဆိုရင် အချိန်တိုအတွင်း သူ့အလိုလို ပျောက်သွားမှာပါ။ အပ်နဲ့ ထွင်းရမယ့် ကိစ္စ ပုဆိန်နဲ့ ပေါက်တဲ့အဖြစ်မျိုး မဖြစ်စေဖို့ ဝက်ခြံကို လက်သည်းနဲ့ ကုတ်တာ၊ ဖဲ့တာ၊ ညှစ်တာမျိုး မလုပ်ပါနဲ့။ ဝက်ခြံမပျောက်ခင်အချိန်အထိ တစ်ကိုယ်ရေ အာသာဖြေခြင်း မပြုလုပ်ပါနဲ့။လိင်အင်္ဂါအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေဟာ ပျောက်ဖို့ကြာနေတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ ပြဖို့လိုပါတယ်၊၊ ဆေးတွေ လျှောက်လိမ်းတာထက် တတ်ကျွမ်းသူနဲ့ ပြသလိုက်တာက ပိုပြီး အန္တရာယ်ကင်းပြီး စိတ်ချရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/acne-on-penis/
ဒေါသစိတ်ကို ထိန်းချုပ်ရန် နည်းလမ်းများ
ဒေါသဆိုတာ ပြင်းထန်တဲ့စိတ်ခံစားမှုတခုဖြစ်ပါတယ်။ မထိန်းကွပ်ဘဲထားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အကြောင်းအရာတခုကို မှန်ကန်စွာ တွေးခေါ်နိုင်ခြင်း ထိန်းချုပ်နိုင်တော့ခြင်း မရှိဘဲ အမှားအယွင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒေါသမီးဟာ မိမိကိုယ်တိုင်ကိုရော မိမိဝန်းကျင်က လူတွေကိုပါ လောင်မြိုက်စေမှာ ဖြစ်ပါတယ်။ အဲဒီအခါ လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွာခြင်း၊ကျန်းမာရေးပြဿနာများ၊ မူးယစ်ဆေးဝါး ပြဿနာများ စတာတွေ ဖြစ်လာနိုင်ပါတယ်။လူတယောက်နဲ့တယောက် ဒေါသကို ရင်ဆိုင်တွေ့ကြုံရပုံခြင်း မတူပါဘူး။ ဒေါသကို ထိန်းချုပ်နိုင်ပုံခြင်းလည်း မတူပါဘူး။ စိတ်ဖိစီးမှု အရမ်းများနေချိန်မှာဆိုရင် ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ဒေါသကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့တော့ ရှိနေပါသေးတယ်။ သုတေသီတွေရဲ့ အဆိုအရ ဒေါသထိန်းချုပ်မှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာ လက်တွေ့မှာ ထိရောက်တယ်လို့ သိရပါတယ်။ အောက်ပါနည်းလမ်းများဟာ ဒေါသထိန်းချုပ်ရာမှာ အသုံးဝင်ပါလိမ့်မယ်။၁။ အသက်ကိုထိန်းရှူပါ။ဒေါသထွက်လာချိန်မှာအသက်ရှူမြန်လာတတ်ပါတယ်။ ဒေါသစိတ်ဖြစ်လာရင် ပထမလုပ်သင့်တာကတော့ မိမိကိုယ်ကိုထိန်းပြီး အသက်ကိုဖြည်းဖြည်းနဲ့ ဝအောင်ရှူဖို့ပါပဲ။ အသက်ကို သေချာထိန်းရှူပြီးနှာခေါင်းကဝင်စေကာ ပါးစပ်ကပေးထွက်ရပါမယ်။ ရင်ဘတ်နဲ့သာမကဘဲ ဝမ်းဗိုက်ကနေပါ ရှူသွင်းရပါမယ်။ ရှူသွင်းရှူထုတ်ကို ထပ်ပြန်တလဲလဲ လုပ်ကြည့်ပါ။၂။ကြွက်သားများ ဖြေလျှော့ခြင်း။ကြွက်သားများ တောင့်တင်းလာခြင်းဟာလည်း ဒေါသထွက်လာချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ကိုယ်ခန္ဓာရဲ့ ဖိစီးမှုလက္ခဏာတခုပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို တည်ငြိမ်အောင် ကြွက်သားများကို ဖြေလျှော့ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ဦးစွာ မိမိခန္ဓာကိုယ်က ကြွက်သားအသီးသီးကို တဖြည်းဖြည်းချင်း တောင့်တင်းစေရပါမယ်။ ပြီးရင် ဖြည်းဖြည်းချင်း ပြန်လျှော့ချရပါမယ်။ ခြေ လက် စသဖြင့် ကြွက်သားတစုချင်းစီကို တကြိမ်စီ အလျှော့အတင်း ပြုလုပ်ပါ။ ခေါင်းကစပြီး ခြေထောက်အထိ အစဉ်လိုက်လုပ်ပါ။၃။ မိမိကိုယ်ကို တည်ငြိမ်အေးချမ်းသလို မြင်ယောင်ကြည့်ပါ။မိမိကိုယ်ကိုသက်တောင့်သက်သာနဲ့ တည်ငြိမ်အေးချမ်းနေတဲ့ အနေအထားနဲ့ မြင်ယောင်ကြည့်ခြင်းဟာ သင့်ဒေါသကို အတန်အသင့်လျှော့ချပေးနိုင်ပါလိမ့်မယ်။ မိမိစိတ်ကူးထဲမှာ မှတ်သားထားမိတဲ့ ဆိတ်ငြိမ်ပြီး သက်တောင့်သက်သာရှိတဲ့နေရာမှာ အေးချမ်းစွာ ထိုင်နေတယ်လို့ သဘောထားပါ။ မျက်လုံးကို မှိတ်ထားပြီး သေချာစွာ မြင်ယောင်ပါ။၄။လှုပ်ရှားပါ။ကိုယ်လက်လှုပ်ရှားခြင်းဟာ ကိုယ်ခန္ဓာကို ကျန်းမာကြံ့ခိုင်နိုင်စေတဲ့အပြင် စိတ်ဖိစီးမှုတွေကို လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ နေ့စဉ် ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုနဲ့ ဒေါသတွေကို လျှော့ချနိုင်ဖို့ လေ့ကျင့်ခန်းပုံမှန် လုပ်သင့်ပါတယ်။ လမ်းအမြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း စတာတွေဟာ ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။၅။ မိမိဒေါသကို စေ့ဆော်သောအရာများကို သိမြင်အောင်လုပ်ပါ။များသောအားဖြင့် လူအများဟာ ကိစ္စတရပ်ရပ်အပေါ်မှာပဲ စိတ်မတွေ့ဘဲ ဒေါသထွက်တတ်ကြပါတယ်။ မိမိကို ဘယ်အရာက ဒေါသဖြစ်စေသလဲဆိုတာ အချိန်ယူပြီး ဖော်ထုတ်ပါ။ အဲဒီအရာတွေကို ရှောင်ကြဉ်ပါ။ ဒါမှမဟုတ် ပြေလည်အောင် ဖြေရှင်းတဲ့နည်းလမ်းသုံးပါ။၆။ရပ်တန့်ပြီး နားထောင်ပါ။စိတ်ဆိုးဒေါသထွက်စရာ အငြင်းပွားစရာရှိလာရင် များသောအားဖြင့် အကြောင်းအရာကို ကျော်လွှားပြီး နိဂုံးချုပ်အဆုံးသတ်လေ့ ရှိကြပါတယ်။ အဲဒီအခြေအနေမှာ ဒေါသထွက်မစောပါနဲ့ဦး။ တဖက်သားရဲ့ ဆိုလိုရင်းကိုလည်း သေချာစွာနားထောင်ပြီး မိမိအတွေးအမြင်ကိုလည်း သေချာစွာ ရှင်းပြသင့်ပါတယ်။ ပွင့်လင်းစွာ ဆွေးနွေးအဖြေရှာခြင်းမရှိရင် ဒေါသထွက်စရာတွေပဲ ဖြစ်လာပါလိမ့်မယ်။ စိတ်ဆိုးဒေါသထွက်စရာ ကြုံလာရင် ခဏသတိကပ်ပြီး မိမိတွေးထင်နေတဲ့ အကြောင်းအရာမှန်မှန် သေချာအောင် အရင်လုပ်ပါ။၇။တွေးခေါ်ပုံကိုပြောင်းပါ။ဒေါသထွက်တဲ့အခါ အရာအားလုံးဟာ ရှိရင်းစွဲထက် ပိုပြီးဆိုးရွားနေတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် အဆိုးမြင်နေတဲ့ အတွေးတွေနေရာမှာ အရှိအတိုင်း အစားထိုးမြင်လာဖို့ပါပဲ။ ဘယ်တော့မှ အမြဲတမ်းပဲ စတဲ့ စကားလုံးတွေကို ရှောင်ပြီး တွေးတောပါ။ ဘယ်နေရာမှာမဆို မျှတစွာ မြင်နိုင်အောင် အားထုတ်လေ့ကျင့်ပါ။၈။ မိမိကိုယ်ခန္ဓာကို ဆန်းစစ်ပါ။သင်စိတ်ဆိုးဒေါသထွက်ချိန်မှာ သင့်ကိုယ်ခန္ဓာမှာ ပြောင်းလဲလာပါတယ်။ နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ကိုယ်အပူချိန်တက်ခြင်းစတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေလည်း ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတချို့ထွက်လာပါတယ်။ဒါကြောင့် မိမိကိုယ်ကို သတိကပ်ပြီးနေပါ။ မိမိကိုယ်ခန္ဓာကနေ ဒေါသရဲ့ သတိပေးလက္ခဏာတွေ ပေါ်လာတာကို မြင်အောင်ကြည့်ပါ။ အဆိုပါလက္ခဏာတွေ ပေါ်လာမယ်ဆိုရင် မိမိကိုယ်ကို ဖြေလျှော့ဖို့ ကြိုးစားပါ။၉။ အကူအညီရှာဖွေပါ။ဒေါသစိတ်ဟာ မိမိကိုယ်တိုင်ကိုရော မိမိဝန်းကျင်ကိုပါ လောင်မြိုက်စေတာကြောင့် အတတ်နိုင်ဆုံး ငြှိမ်းသတ်နိုင်အောင် ဖြေရှင်းရပါမယ်။ မိမိဖာသာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကျင့်သုံးကြည့်ပါ။ မိမိဒေါသကို မထိန်းချုပ်နိုင်ဘဲ လိုတာထက်ဆိုးရွားနေမယ်ဆိုရင် စိတ်ကုပညာရှင်၊ စိတ်ကျန်းမာရေးဆရာဝန် စသူများနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/anger-management-2/
ထိခိုက်ဒဏ်ရာကနေ အမာရွတ်မကျန်အောင်ဒါတွေရှောင်ပါ
အမာရွတ်ဆိုတာမုန်းစရာကောင်းပါတယ်။လက်မှာဖြစ်ဖြစ်၊ခြေထောက်မှာဖြစ်ဖြစ်အမာရွတ်ရှိနေရင်သိပ်အရုပ်ဆိုးတာနော်။အမာရွတ်မပေါ်အောင်လက်ရှည်ဝတ်ရတာနဲ့ဘောင်းဘီရှည်ပဲဝတ်ရတာနဲ့တော်တော်အဆင်မပြေဖြစ်ရပါတယ်။ငယ်ငယ်ကဘယ်မှာကစားရင်းဘာနဲ့ထိခိုက်ခဲ့တဲ့ဒဏ်ရာလေဆိုပြီးအမာရွတ်လေးတွေကိုငယ်ဘဝအမှတ်တရအဖြစ်နဲ့တော့ထည့်ပြောလေ့ရှိပေမယ့်ကျန်ရစ်ခဲ့တဲ့ရလဒ်ကတော့မလှဘူးလေ။တကယ်တော့ဒါတွေကမဖြစ်လာအောင်ကာကွယ်လို့ရနေတဲ့အရာတွေပါ။ထိခိုက်ဒဏ်ရာတိုင်းအမာရွတ်မဖြစ်ပါဘူး။အမာရွတ်မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတယ်ဆိုတော့ဒီ(၆)ချက်ကိုတော့မလုပ်နဲ့နော်။(၁)အနာကိုဒီအတိုင်းမထားပါနဲ့။အသေးစားထိရှနာလေးတွေကိုပဲဖြစ်ဖြစ်သန့်စင်ပေးပြီးမဖုံးအုပ်ဘဲဒီအတိုင်းထားလိုက်ရင်အနာကျက်သွားလိမ့်မယ်လို့ထင်ထားတယ်ဆိုရင် ပြန်စဉ်းစားပါနော်။အရေပြားမှာလေသလပ်ပြီးခြောက်သွေ့စေတာကရောဂါပိုးဝင်နိုင်ခြေပိုများတယ်လို့ဆေးပညာကဆိုပါတယ်။ထိခိုက်ဒဏ်ရာတွေကိုပလာစတာနဲ့ဖုံးအုပ်ကာကွယ်ခြင်းအားဖြင့်အစိုဓါတ်ထိန်းပေးလို့အနာကျက်ခြင်းကိုအားပေးပါတယ်။ ပြင်ပကရောဂါပိုးမွှားတွေရန်ကကာကွယ်ပေးပါတယ်။(၂)အနာပေါ်ကိုအပြင်းစားတွေမသုံးပါနဲ့။အနာကိုအရက်နဲ့ဆေးတာ၊အရက်ပြန်လောင်းချတာ၊ hydrogen peroxideနဲ့ဆေးကြောတာတွေကဒဏ်ရာရတဲ့အရေပြားအတွက်သိပ်ကိုပြင်းထန်လွန်းပါတယ်။အများယုံကြည်ထားသလိုပိုးသေစေတယ်ဆိုတာထက်အရေပြားကိုထိခိုက်စေပြီးအနာကျက်မြန်စေဖို့၊အမာရွတ်မကျန်ဖို့ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အနာကိုသန့်စင်တယ်ဆိုတာဖုန်အညစ်အကြေးတွေ၊ဘက်တီးရီးယားနဲ့အမှုန်အမွှားတွေကိုဖယ်ရှားမှာဖြစ်တဲ့အတွက်ရေနဲ့ဆေးကြောရင်ပဲလုံလောက်ပါတယ်။လိုအပ်ရင်အနာဘေးတဝိုက်ကိုဆပ်ပြာအပျော့စားနဲ့ဆေးနိုင်ပါတယ်။(၃)ဈေးသက်သာတဲ့ဘက်ဦးစားမပေးပါနဲ့။အနာကျက်ဆေးတွေ၊ပိုးသတ်ဆေးတွေဆိုဈေးကွက်မှာအမျိုးအစားစုံရှိနေတဲ့အတွက်ဈေးချိုတာကိုဝယ်မိတတ်ကြပါတယ်။ကိုယ့်ကျန်းမာရေးအတွက်နဲ့ငွေကြေးပမာဏအနည်းငယ်ကွာခြားမှုအတွက်ဘယ်ဟာကိုဦးစားပေးမလဲစဉ်းစားပါနော်။ဥပမာ-ထိခိုက်ဒဏ်ရာအတွက်ဆိုအရည်အသွေးကိုအသိအမှတ်ပြုထောက်ခံပြီးသားဖြစ်တဲ့ ဆေးရည်မျိုးကိုရွေးချယ်တာမျိုး။အရည်အသွေးမကောင်းတဲ့ဈေးပေါတာတွေသုံးမိရင်အနာကျက်သင့်တဲ့အချိန်ထက်ပိုကြာပြီးအမာရွတ်ကျန်နိုင်ခြေများပါတယ်။(၄)ရည်ြကည်ဖုတွေမဖောက်ပါနဲ့၊အနာဖေးမခွာပါနဲ့။အပူလောင်နာမှာဖြစ်လာတဲ့ရည်ကြည်ဖုသို့မဟုတ်အနာမှာတက်လာတဲ့အနာဖေးတွေကိုမဖောက်၊မခွာပါနဲ့။သွားထိလိုက်ကာမှလက်မသန့်ရင်ရောဂါပိုးဝင်ပြီးပိုဆိုးစေနိုင်ပါတယ်။(၅)အပူလောင်နာကိုဘာမှလေျှာက်မလိမ်းပါနဲ့။အပူလောင်နာကိုထောပတ်လိမ်းတာ၊အရွက်ကြိတ်ရည်တွေလိမ်းတာ၊အထူးသဖြင့်သွားတိုက်ဆေးလိမ်းတာတွေကမလုပ်သင့်တဲ့အချက်တွေပါ။သွားတိုက်ဆေးတွေကသွားကိုဖြူဖွေးတောက်ပစေဖို့နဲ့ ကြံ့ခိုင်စေဖို့ ပြင်းတဲ့ဓါတုပစ္စည်းတွေပါဝင်တတ်လို့အနာရှိတဲ့အရေပြားကိုအခြေအနေပိုဆိုးစေနိုင်ပါတယ်။အပူလောင်ခြင်းအတွက်ကဖြစ်ဖြစ်ချင်းမှာရိုးရိုးရေနဲ့လောင်းချပေးတာကအရေးပေါ်နည်းဖြစ်ပါတယ်။အနာသက်သာစေ၊အရောင်ကျစေနိုင်ပြီးနီမြန်းမှုတွေကိုသက်သာစေတဲ့ Ointment တစ်ခုခုကိုလိမ်းပေးလို့ရပါတယ်။(၆)အနာကနီမြန်းတာ၊ယားတာ၊ရောင်တာြဖစ်လာရင်မပေါ့ဆပါနဲ့။ယားလာတာကအနာကျက်လာတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပေမယ့်သတိထားဖို့လိုတဲ့အချက်လည်းဖြစ်ပါတယ်။အနာအရေပြားကနီမြန်းလာတာ၊တဒုတ်ဒုတ်သွေးခုန်တာ၊ယားတာ၊ရောင်ရမ်းတာဖြစ်လာရင်အနာပိုးဝင်တဲ့လက္ခဏြာဖစ်နေနိုင်ပါတယ်။နောက်ဆက်တွဲပြဿနာတွေမဖြစ်လာခင်အမြန်ဆုံးကုသမှုခံယူပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/do-dont-wound-care/
အသက် ၃၅ ကျော်ရင် ကလေးမယူသင့်ဘူးတဲ့လား
အိမ်ထောင်ပြုတာ နောက်ကျလို့ပဲဖြစ်ဖြစ် ဘဝအတွက် ရုန်းကန်နေရလို့ ကလေးယူချိန်နောက်ကျလို့ပဲဖြစ်ဖြစ် တချို့သော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်ချိန် နောက်ကျနေတတ်ပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ်နောက်ပိုင်းကာလတွေကို ကိုယ်ဝန်ဆောင်ဖို့ အန္တရာယ်များတဲ့အချိန် နောက်ကျတဲ့အချိန်လို့ လူအများစုက လက်ခံထားကြပါတယ်။အသက်ကြီးမှရင်သွေးယူတာဟာ ယေဘုယျအားဖြင့် မိခင်အတွက်ရော ကလေးအတွက်ပါ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ကောင်းမွန်လှတဲ့နည်းလမ်းမဟုတ်ဘူးလို့ ဆိုကြပါတယ်။ တချို့ အမျိုးသမီးတွေဟာ အစောပိုင်းကာလတွေမှာ ကလေးရယူနိုင်တဲ့အခွင့်အရေးတွေ ရှိခဲ့ပါလျက်နဲ့ ဘာကြောင့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင်မှ ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်ကြတာလဲ? ဒါနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ အဖြေမျိုးရလာဖို့တော့ မလွယ်ကူနိုင်ပါဘူး။ ဘဝအခြေအနေ တည်ငြိမ်ပြီလို့ ယူဆရတဲ့ အသက် ၃၀-၄၀ ကြားကာလမှာ ကလေးရယူဖို့ ဆုံးဖြတ်ခဲ့ကြတာပိုဖြစ်နိုင်ပါတယ်။ ငယ်ရွယ်တဲ့အချိန်တွေမှာတုန်းကဆိုရင် ဘဝအခြေတကျဖြစ်ဖို့ ကြိုးစားရုန်းကန်တည်ဆောက်နေခဲ့ရတယ်မဟုတ်လား။အသက် ၃၅ နှစ်ကျော်မှ ရင်သွေးရယူဖို့ ဆုံးဖြတ်တာဟာ အန္တရာယ်များပြီး စွန့်စားလွန်းရာကျတယ်လို့ အစဉ်အဆက် ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ သိပ္ပံလေ့လာချက်သစ်တွေ ပေါ်ထွက်လာနေပါပြီ။ The National Center for Health Statistics ရဲ့ လေ့လာချက်အရ ၁၉၇၀ ခုနှစ်နောက်ပိုင်းမှာ အသက် ၃၅-၃၉ ကြားအမျိုးသမီးတွေအကြားကိုယ်ဝန်ဆောင်နှုန်းနဲ့ ကလေးမွေးဖွားမှုနှုန်း သိသိသာသာမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး အဆိုပါအသက်အရွယ်အပိုင်းအခြားဟာကိုယ်ဝန်ဆောင်ဖို့နဲ့ကလေးမွေးဖွားဖို့ စိတ်ချရတဲ့ အသက်အရွယ်ဖြစ်တယ်လို့လလည်း NTHS က အတည်ပြုခဲ့ပါသေးတယ်။ ဝေးဝေးမကြည့်ပါနဲ့ ကယ်ရီ အန်ဒါဝုဒ်၊ ဟယ်လီ ဘယ်ရီနဲ့ နောက်ဆုံး မီဂန် မာကယ်လ်တို့ဟာ အသက် ၃၅ ကျော်မှ ကိုယ်ဝန်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဟယ်လီ ဘယ်ရီဆိုရင် သူမရဲ့ ပထမဆုံးရင်သွေးကို အသက် ၄၁ နှစ်မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။New England Cenenarian ရဲ့ သုတေသနရလဒ်အရဆိုရင် နောက်ကျမှ ရင်သွေး ရယူတဲ့မိခင်တွေဟာ ဘဝတစ်သက်တာမှာ ပျော်ရွှင်ဖို့ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ငယ်ရွယ်စဉ်မှာ ရင်သွေးရယူတာဟာ ဘဝရပ်တည်ရေးအတွက် ရုံးကန်ပူပန်နေရမှုတွေကြောင့် ရင်သွေးကို ပြုစုစောင့်ရှောက်မှုပိုင်းမှာ ပိုမိုလစ်ဟင်းတတ်တာကြောင့် ဘဝတစ်သက်တာလုံးစိတ်ဖိစီးမှုကြုံလေ့ရှိတယ်လို့ ဆိုပါတယ်။ အသက်ကြီးမှ ရယူတဲ့ ကလေးငယ်လေးတွေဟာ ဉာဏ်ပိုကောင်းပြီး မိဘတွေကို ပိုပြီး အထောက်အကူပြုနိုင်ကြတယ်လို့လည်း တခြားစစ်တမ်းတစ်ခုက ဆိုပါသေးတယ်။ဒါဆို အသက်အရွယ်ရမှ ကလေးယူတာက စိတ်ချရတယ်လို့ ဆိုလိုချင်တာလား? ဒီလိုလည်းမဟုတ်ပါဘူး။ ယေင်္ကျားဖောင်စီး၊ မိန်းမမီးနေဆိုတဲ့ စကားပုံလည်းရှိပါတယ်။ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်တယ်ဆိုတာဟာ ဘယ်အသက်အရွယ်မှာမဆို အန္တရာယ်များတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်စွာနဲ့ ဘေးကင်းရန်ကင်း မီးဖွားနိုင်ဖို့ဆိုရင် ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။တကယ်လို့များ ကိုယ်က အသက် ၃၅ ကိုကျော်လွန်လာပြီ ဒါမှမဟုတ် ချဉ်းနင်းလာပြီဆိုရင် ကိုယ်ဝန်ဆောင်ဖို့ မသင့်တော့ဘူးလို့ မယူဆလိုက်ပါနဲ့။ အထက်ပါအချက်တွေကို လိုက်နာပြီး ကျန်းမာစွာနေထိုင်မယ်ဆိုရင် အသက် ၃၅ နှစ်နဲ့အထက် အရွယ်ဖြစ်နေလည်းပဲ တခြားအသက်အရွယ် မိခင်တွေနဲ့တန်းတူ ရင်သွေးငယ်ကို ဘေးမသီရန်မခဖွားမြင်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ထားမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကသာ အဓိကဖြစ်ပါတယ်။ ဘဝရဲ့ ဆည်းလည်းသံလေးတွေကို ရယူဖို့ အသက်ကြီးတယ် ငယ်တယ်ဆိုတာ အဓိကမဟုတ်ပါဘူး။ စစ်မှန်တဲ့ မိခင်မေတ္တာကသာ အဓိကဖြစ်ပါတယ်လို့ …။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
mother-care
https://hellosayarwon.com/pregnancy/mother-care/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba-%e1%81%83%e1%81%85-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%9a%e1%80%b0/
အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ (၁၀) မျိုး
မတော်တဆထိခိုက်မိတာတွေ၊ ထိခိုက်ဒဏ်ရာတွေကြောင့် အရိုးအဆစ်တွေကို ထိခိုက်နိုင်တယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့်လည်း အရိုးထိခိုက်နိုင်တယ်ဆိုတာ Hello ဆရာဝန် ပရိသတ်တို့ သိကြရဲ့လားနော်။ ကဲ …. အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူ တွေကို ကြည့်လိုက်ရအောင်နော်။အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကတော့။အရိုးတွေကို ချိတ်ဆက်ပေးထားတဲ့ အဆစ်တွေဟာ လေးလံတဲ့ဝန် ထမ်းပိုးရတာကို သိပ်မခံနိုင်တတ်ကြပါဘူး။ ဝန်အပိဆုံးက ဒူးပါပဲ။ အရွတ်တွေကိုပျက်ယွင်းစေပြီး ခါး၊ တင်ပါးဆုံနဲ့ခြေကျင်းဝတ်တို့ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းထဲမှာ ကိုယ်အလေးချိန်များခြင်းက ရှေ့ကပါဝင်တာမို့ ထိန်းသင့်ပါတယ်။ဖုန်းလေးကိုင်ပြီး တစ်ချိန်လုံးနှိပ်နေမယ်ဆိုရင်တော့ လက်ချောင်းအဆစ်တွေ ပြဿနာတက်ပါလိမ့်မယ်။ လက်မအရွတ်တွေ ထိခိုက်နိုင်တယ်၊ ဖုန်းကိုကြည့်လွန်းလို့ လည်ပင်းဇက်ကြောနဲ့ ပခုံးအတွက်လည်း မကောင်းပါဘူး။ဒေါက်မြင့်ဖိနပ်စီးထားတာ လှပေမယ့် ခြေထောက်ကို ဖြောင့်တန်းနေစေဖို့ ပေါင်ကြွက်သားတွေက ပိုအလုပ်လုပ်ရပါတယ်။ ဒေါက်ကမြင့်လေ ဒူးမှာ ဖိအားပိုများစေတယ်။ အမြဲ သို့မဟုတ် ကြာကြာ စီးထားမယ်ဆိုရင်အဆစ်နာရောဂါဖြစ်လာနိုင်ခြေကို တိုးစေပါတယ်။ဖျောက်ဖျောက်နဲ့လက်ဆစ် ချိုးလိုက်ရတာကို သဘောကျ ကြပါတယ်။ တချို့လူကြီးတွေ သတိပေးသလို ကျိုးတာ၊ အဆစ်လွဲတာတော့ မဖြစ်စေနိုင်ပေမယ့် အကျင့်ပါလာရင် လက်ကို ရောင်ရမ်းစေတာ၊ လက်ရဲ့ ဆုပ်အား လျော့နည်းစေတာတွေ ဖြစ်လာစေနိုင်ပါတယ်။အိတ်အလေးကြီးတွေ လွယ်ထားတာ၊ ဆွဲတာတွေက ဇက်ကြောနဲ့ ပခုံးကြော၊ အဆစ်တွေ နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေပါ။ ပခုံးမှာ အလေးအပင်ဖြစ်စေရာကနေ ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်စွမ်းနဲ့ လမ်းလျှောက်ပုံကို ပျက်ယွင်းစေနိုင်ပါတယ်။ တစ်ဖက်ပဲ သန်လို့ တစ်ဖက်ပဲ တောက်လျှောက် ဝန်ပိစေမယ်ဆို အရိုးအဆစ် ဝေဒနာ တစ်ခုခု ဖြစ်လာနိုင်ပါတယ်။မှောက်အိပ်တာက ဟောက်တာတော့ သက်သာစေနိုင်ပေမယ့် ကျောရိုးကိုတော့ ဖိအား ဖြစ်စေနိုင်ပါတယ်။ ဦးခေါင်းကိုလည်း ပက်လက် အိပ်တာထက် ပိုပြီးလိမ်ခေါက်စေ၊ ဆွဲဆန့်ထားသလို ဖြစ်စေတာကြောင့် တခြားအဆစ်နဲ့ ကြွက်သားတွေအပေါ် ဖိအား ဖြစ်စေပါတယ်။လေ့ကျင့်ခန်း လုပ်လုပ် မလုပ်လုပ် အကြောလျှော့တာတော့ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင်မှာ အကြောလျှော့တာက အကြောအခြင်တွေကို ပျော့ပျောင်းစေတယ်၊ အဆစ်တွေကို လှုပ်ရှားရ လွယ်စေတယ်၊ ကြွက်သားတွေ လှုပ်ရှားမှု ပိုကောင်းစေတယ်။ တောင့်တင်းနေတဲ့ အရိုးအဆစ်တွေကို အတင်းလှုပ်ရှားစေမယ် ဆိုရင် ကိုယ်လက်လှုပ်ရှားမှု အကျိုးကို ရမယ့်အစား ထိခိုက်မှုပါ ရလာပါလိမ့်မယ်။အိပ်စက်ခြင်းက သင့်အဆစ်တွေကို ထိခိုက်နိုင်တယ် ဆိုတာ အံ့ဩကောင်း အံ့ဩပါလိမ့်မယ်။ သုတေသန အရ ညဘက် ကောင်းကောင်း မအိပ်ခဲ့ရရင် အဆစ်နာဝေဒနာ ရှိသူတွေမှာ နာကျင်မှု ပိုခံစားရတတ်တယ်လို့ ဆိုပါတယ်။မတ်တပ်ရပ်တဲ့အခါ လက်ပြင်ကုန်းပြီး ထိုင်တဲ့အခါ ခန္ဓာကိုယ်က ပုံစံ မကျတာမျိုးတွေက ကြာလာရင် ထိခိုက်စေနိုင်ပါတယ်။ ခုံမှာပဲ ထိုင်ထိုင်၊ ကားပေါ်မှာပဲ ထိုင်ထိုင် ကိုယ်နေဟန်ထား မှန်ကန်မှ ကြွက်သားနဲ့ အဆစ်တွေကို ဝန်မပိစေမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/10-habits-that-can-damage-your-bones/
ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး
မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ ​ကြော်ချက်လေးပဲလုပ်လုပ်၊ ငရုတ်ကောင်းလေးခတ်ပြီး ဟင်းခါးချက်လို့ အသုပ်လေးနဲ့ပဲ တွဲစားစား စားလို့ကောင်းလို့ဘူးသီးလေးကို ကြိုက်တဲ့ သူတွေရှိလား……….. ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင် မဖြစ်မနေ ဖတ်သင့်တဲ့ ဆောင်းပါးပါ။ ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်လား။ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို မနွှာဘဲ စားလို့လည်း ရပါတယ်။ အတွင်းမှာ အဖြူရောင် အူတိုင်နဲ့ အစေ့လေးတွေပါပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးပါ။ နုရင် တော်တော်လေး ချိုပြီး စားရတာ အရသာ ရှိလှပါတယ်။ဘူးသီးကကျန်းမာရေးနဲ့ အညီညွတ်ဆုံး အသီးတစ်မျိုးပါ။ အကြောင်းကတော့ ဘူးသီးမှာ ရေဓာတ် 92 ရာခိုင်နှုန်းအထိ ပါဝင်နေလို့ပါပဲ။ ဒါတင် မကသေးပါဘူး။ ဘူးသီးမှာ အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး တွေကတော့။အပူငြိမ်းစေတယ်။ဘူးသီးကခန္ဓာကိုယ်အပူငြိမ်းစေပြီးရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။အစာအိမ်ကို အေးစေနိုင်ပြီး ခန္ဓာကိုယ်ကအပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ချွေးတအားထွက်တဲ့ နွေရာသီမှာ စားပေးသင့်တဲ့အစားအစာတစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။နှာခေါင်း သွေးလျှံတာ၊ဝက်ခြံနဲ့ ပါးစပ်ထဲမှာ အနာဖြစ်တာလိုမျိုး ပြဿနာတွေ ကင်းစေဖို့အတွက် ဘူးသီး စားပေးလို့ရပါတယ်။ဝိတ်ကျစေတယ်။ဘူးသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေသလို ကယ်လ်လိုရီ ပါဝင်မှုလည်း နည်းပါတယ်။ ဒါ့အပြင် ဘူးသီးမှာ ထိန်းညှိပေးနိုင်တဲ့ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ ဗီတာမင် A၊ ဗီတာမင် E၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘူးသီး တစ်စိတ်စာကို အရည်ကြိတ်ပြီးသံပရာရည်နည်းနည်းနဲ့ သောက်ပေးလို့ရပါတယ်။ ဒီလိုသောက်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။အစာခြေစနစ်ပြဿနာတွေ ကင်းစေတယ်။ဘူးသီးက အမျှင်ဓာတ်ကြွယ်ဝမှုကြောင့်ဝမ်းချုပ်တာကို သက်သာစေသလို အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။ဝမ်းမှန်စေလို့ အစာခြေစနစ်တလျှောက် သန့်စင်စေပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။အူမကြီးကျန်းမာပြီး ရောဂါကင်းစေဖို့ ဘူးသီးကို စားပေးလို့ရပါတယ်။ ဝမ်းကိုက်နေတဲ့အခါ ဘူးသီးဖျော်ရည်ထဲကို ဆားနည်းနည်းထည့်ပြီး သောက်ပေးပါ။ ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ဓာတ်ဆားဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။ ဘူးသီးက အစာ​ကြေစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသေးတယ်။နှလုံးကျန်းမာစေတယ်။ဘူးသီးကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။စိတ်ဖိစီးမှုပြေလျော့စေတယ်။ဘူးသီးမှာ ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ choline ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက် စွမ်းဆာင်ရည်ကို တိုးတက်စေနိုင်သလို စိတ်ဖိစီးတာနဲ့စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။စိတ်ကျန်းမာရေးကို ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။ရေဓာတ်ဖြည့်ပေးတယ်။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ သကြားဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဘူးသီးကို စားပေးလို့ ရပါတယ်။ ပရိုတင်း နဲ့ အခြားအာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ဘူးသီးကကြွက်သားတွေကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဘာတွေ သတိထားရမလဲ။ဘူးသီးက လူတိုင်းနဲ့ တည့်တာကြောင့် ထွေထွေထူးထူး သတိထားစရာတော့ မလိုပါဘူး။ အလွန်အကျွံ မစားမိဖို့ပဲ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/incredible-benefits-of-drinking-bottle-gourd/
Gastric Antrum Inflammation (အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း)
Gastric antrum inflammation သို့ antral gastritis အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း ဟာ ခံစားရသူကို အတော်မသက်မသာဖြစ်စေတဲ့ autoimmune ပြဿနာတစ်မျိုး ဖြစ်ပါတယ်။ တခါတလေမှာ ဒီရောဂါရှိသူတွေဟာ သူနဲ့တွဲနေတဲ့ လက္ခဏာတွေကို သတိမထားမိတတ်ပါဘူး။ဖြစ်စေတဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ အက်ဆစ်ကို ကျစေတဲ့ ဆေးတွေနဲ့ အခြားဆေးတွေကို သောက်ခြင်းဖြင့် သက်သာစေနိုင်တဲ့ အစာအိမ်ရောင်ခြင်း အမျိုးမျိုးရှိပါတယ်။ အစာအိမ်ရောင်ခြင်း အမျိုးအစား အတော်များများကတော့ gastric mucosa တစ်ခုလုံးကို ရောင်စေပေမယ့် antral gastritis ကတော့ အစာအိမ်ရဲ့ အစိတ်အပိုင်းတစ်ခုကို သာ ရောင်စေတာဖြစ်ပါတယ်။သင့်ရောဂါကို မကုသရင် အခြားနေရာတွေကို ပြန့်သွားပြီး နာတာရှည်ရောဂါဖြစ်သွားနိုင်ကာ ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ပျော့တဲ့ antral gastritis တွေဟာ ဘက်တီးရီးယား ရောဂါပိုးဝင်ခြင်း (သို့) ထိခိုက်ဒဏ်ရာ ရခြင်း တွေကြောင့် ဖြစ်တတ်ပါတယ်။ပျော့တဲ့ antral gastritis မှာ နာကျင်မှု သိပ်မရှိပေမယ့် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ နာတာရှည် အစာအိမ်ရောင်ခြင်းဟာ gastric mucosa မှာ ရောင်နေ၊ ကျုံ့နေတဲ့ အနာတွေရှိခြင်းကို ဖေါ်ပြခြင်း ဖြစ်ပြီး သူတို့ဟာ မပြင်းထန်ရာမှ ပြင်းထန်တဲ့ အခြေအနေတွေ အထိ ရှိတတ်ပါတယ်။antral gastritis ဟာ လူတိုင်းမှာဖြစ်နိုင်ပေမယ့် အသက် ၆၀ ကျော်သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Gastric antrum inflammation အများစုဟာ လက္ခဏာ မပြတတ်တာကြောင့် လူတွေက သတိမထားမိကြပါဘူး။ ဒါကြောင့် ဆရာဝန်ထံမှာ သွားရောက်စစ်ဆေးတဲ့အခါမှ သိတတ်ကြပါတယ်။ ဆရာဝန်က သင့်ရဲ့ လက္ခဏာတွေကို ကြည့်ရှုခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့် သင့်မှာ antral gastritis ရှိမရှိ ဆုံးဖြတ်နိုင်ပါတယ်။ antral gastritis ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပေမယ့် လက္ခဏာတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။antral gastritis လက္ခဏာတွေထဲမှာ အဖြစ်အများဆုံးလက္ခဏာကတော့ အစာမကြေခြင်းပဲ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းဟာ အစာအိမ်ရဲ့ antrum ပိုင်းမှာဖြစ်တာကြောင့် အစာခြေ လုပ်ငန်းနဲ့ အစာတွေကို အူထဲစွန့်ထုတ်တဲ့ လုပ်ငန်းတွေ ထိခိုက်နိုင်ပါတယ်။ဒါဟာ ဝမ်းဗိုက်အပေါ်ပိုင်းမှာ အစာမကြေခြင်းနဲ့ ရင်ပူခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။အစာမကြေခြင်းနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အစာအိမ်ထဲမှာ အစာမရှိသော်လည်း အစာအိမ်နံရံရောင်တဲ့အခါ ကိုယ်ခန္ဓါရဲ့ တုန့်ပြန်မှုက ပျို့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပျို့ခြင်းဟာ ပျော့ရာကနေ ပြင်းထန်တဲ့ အခြေအနေအထိ ရှိပြီး အန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။အချိန်ကြာလာပြီး ရောဂါဆက်ရှိနေတာနဲ့ အမျှ လူနာဟာ အစာစားချင်စိတ် ပျောက်ဆုံးလာနိုင်ပါတယ်။ ရှားပါးတဲ့ အခြေအနေမှာတော့ အန်တဲ့အထဲမှာ သွေးစတွေပါ ပါလာနိုင်ပါတယ်။ရောင်ခြင်းဟာ အစာအိမ်အောက်ပိုင်းမှာသာ ဖြစ်ပေမယ့် အူအထဲကို အစာစွန့်ထုတ်တဲ့ ဖြစ်စဉ်ကို အလွန်ထိခိုက်ပါတယ်။ ဒါကြောင့် အစာမခြေရသေးတဲ့ အစာတွေဟာ အစာခြေ လမ်းကြောင်းထဲကို ဝင်လာပါတယ်။အဲဒီကိုရောက်တဲ့အချိန်မှာတော့ ferment လုပ်ပြီး လေတက်လာကာ ဗိုက်ပွခြင်း၊ လေပွခြင်း တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုရောင်ခြင်းဟာ အစာအိမ်မှာ လေအပိုရှိခြင်းကိုဖြစ်စေပြီး လေတက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။လေပွခြင်း၊ လေများခြင်းကြောင့် ဖြစ်စေတဲ့ မသက်မသာဖြစ်မှုအပြင် antral gastritis ကြောင့် ဖြစ်စေတဲ့ အခြားမသက်မသာဖြစ်မှု တစ်ခုရှိပါသေးတယ်။ ဒီခံစားမှုကတော့ များသောအားဖြင့် အစာစားချိန်တွေမှာ ဖြစ်လေ့ရှိပြီး မသာယာပဲ ဗိုက်ပြည့်ခြင်း ဖြစ်ကာ အစာကိုပြီးဆုံးအောင် စားနိုင်မှာမဟုတ်ပါဘူး။antral gastritis ရဲ့ အခြားလက္ခဏာ တစ်ခုကတော့ ဝမ်းပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာဟာ အခြားလက္ခဏာတွေလောက် အဖြစ်မများပေမယ့် ဝမ်းပြောင်းလဲမှုဟာ antral gastritis မှာဖြစ်နိုင်ပါတယ်။ ဝမ်းဟာ အရောင်ရင့်ပြီး ကတ္တရာစီးရောင် ဖြစ်နိုင်ပါတယ်။ ဒါဟာ အစာအိမ်လမ်းကြောင်းမှာ သွေးယိုစီးခြင်းကို ဖေါ်ပြပြီး အရေးပေါ်ကုသမှု လိုအပ်နိုင်ပါတယ်။ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Antrum gastritis ဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းတွေဟာ အရေးကြီးပြီး ကုသဖို့အတွက် လိုအပ်တဲ့ သတိထားမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။အခြားဆေးတွေ၊ ရောဂါပိုးဝင်ခြင်း၊ ဓါတုပစ္စည်း၊ လူမှုရေးဆိုင်ရာ အကျင့်များ၊ စိတ်ဖိစီးခြင်း နဲ့ ခွဲစိတ်မှုဆိုင်ရာ ပြဿနာတွေဟာ Antrum gastritis နဲ့ ဆက်စပ်နေပါတယ်။Antrum gastritis ဖြစ်စေတဲ့ ဆေးတွေကတော့ အကိုက်အခဲ ပျောက်ဆေးများ (NSAID- naproxen, ibuprofen), steroids, potassium supplements, သံဓါတ်အားဆေးတွေနဲ့ ကင်ဆာအတွက် သောက်နေတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။အစာအိမ်ရောင်ခြင်းဟာ အခြားအရာဝတ္ထုတွေနဲ့ အဆိပ်တွေ ဖြစ်တဲ့ corrosives (lye and acid) တွေ၊ အရက်၊ ပြင်ပအရာဝတ္ထုတွေဖြစ်တဲ့ အပ်၊ စာရွက်ညှပ်ကလစ်တွေကို မြိုချမိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။အချို့ ခွဲစိတ်မှုနဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတွေဖြစ်တဲ့ အပြင်းအထန်ဖျားနေသူ (သို့) ဒဏ်ရာရသူတွေမှာ စိတ်ဖိစီးခြင်း၊ မှန်ပြောင်းကြည့်ပြီးခြင်း တွေမှာ Antrum gastritis အဖြစ်များပါတယ်။ဒီအခြေအနေဟာ အစာအိမ် အစိတ်အပိုင်းတစ်ခုကို ထုတ်ပြီးရင်၊ ကင်ဆာ ဓါတ်ရောင်ခြည်ကုသမှု ခံယူပြီးရင်၊ autoimmune ရောဂါများ၊ pernicious anaemia၊ နာတာရှည်အန်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့ရောဂါပိုးဝင်ခြင်းတွေ ဖြစ်တဲ့ တီဘီ၊ ကာလသားရောဂါ၊ ဗိုင်းရပ်စ် ရောဂါပိုးဝင်ခြင်း၊ မှိုရောဂါ၊ ကပ်ပါးကောင်၊ ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းတွေကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။အဖြစ်အများဆုံး ရောဂါပိုးဝင်ခြင်းကတော့ H pylori ဖြစ်ပါတယ်။ အခြားဘက်တီးရီးယားတွေကတော့ ဆီးအိမ်ရောဂါပိုးဝင်ခြင်းနဲ့ အဆုတ်အအေးမိခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။Antrum gastritis ကိုဖြစ်စေတဲ့ အချို့အချက်တွေကတော့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ သဘာဝအတိုင်း ဇဝဖြစ်စဉ် ဖြစ်နှုန်းကို နှောက်ယှက်တဲ့ အရာတွေနဲ့ အာဟာရချို့ယွင်းခြင်းတွေ ဖြစ်တဲ့ ညီမျှစွာ စားသောက်မှု မရှိခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်သော အစားအသောက်တွေကို စားသုံးခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ emulsifiers, preservatives ပါတဲ့ အရာတွေကို သုံးစွဲခြင်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၇၅%သော အမျိုးသမီးတွေမှာ ဒီရောဂါ ဖြစ်နိုင်ပါတယ်။Gastric antrum inflammation ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။တကယ်လို့ ဆရာဝန်က သင့်မှာ ဒီရောဂါရှိတယ်လို့ သံသယ ရှိတယ်ဆိုရင် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊နဲ့ အခြားစစ်ဆေးမှု ဖြစ်တဲ့ သွေးစစ်ဆေးမှုလိုမျိုးကို ပြုလုပ်နိုင်ပါတယ်။ ဒါ့ပြင် ဆရာဝန်က အသားစယူခြင်းကိုလည်း လုပ်နိုင်ပါတယ်။Gastric antrum inflammation (အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း)ကို ဘယ်လိုကုသလဲ။Antrum gastritis အတွက် သင့်လျော်တဲ့ ကုသမှုကို ဆုံးဖြတ်ရာမှာ ရောဂါဖြစ်ပွားစေတဲ့ အချက်က အရေးကြီးပါတယ်။ ဥပမာ ရောဂါပိုးဝင်ခြင်းကြောင့် ဒီရောဂါ ဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့ ကုသပြီး ပိုးသတ်ဆေးပေးကာ ဒီရောဂါ ပြန်ဖြစ်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။ဆရာဝန်က ဘက်တီးရီးယားပိုးတွေ ရောင်ရမ်းမှုကို မဖြစ်စေနိုင်တော့တဲ့ အခြေအနေအထိ အစာအိမ်ဆေးတွေကို ပေးမှာဖြစ်ပါတယ်။ လူအများစုဟာ ရောဂါအခြေအနေ မဆိုးမချင်း သူတို့မှာ ဒီရောဂါ ရှိတယ်ဆိုတာ မသိကြပါဘူး။ဒါကြောင့် လူအများစုဟာ ဆေးဆိုင်က အစာအိမ်ဆေးကိုသာ အလွယ်တကူ ဝယ်သောက်လေ့ရှိပါတယ်။ သူတို့မှာ ဝမ်းမည်းမည်းသွားခြင်း၊ ဝမ်းသွားသွေးပါခြင်း၊ ပျို့အန်ခြင်း၊ ဆိုးရွားစွာ အစာမကြေဖြစ်ခြင်း တွေဖြစ်ရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ ဒီလိုဖြစ်တဲ့ လူနာတွေမှာ အခြားကျန်းမာရေးအခြေအနေတွေကို သိရှိနိုင်ဖို့ မှန်ပြောင်း ကြည့်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။Antrum gastritis ကိုကုသဖို့ အရေးအကြီးဆုံးအချက်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်းပဲဖြစ်ပါတ်ယ။ ပေါ့ပါးတဲ့ အစာတွေကို စားသင့်ပြီး အဆီများတဲ့ အစာတွေဖြစ်တဲ့ ဆီကြော် အစားအစာများ၊ ထောပတ်၊ အဆီပါတဲ့ အသားတွေဟာ အစာအိမ်က အစာထုတ်နှုန်းကို နှောင့်နှေးစေနိုင်ပါတယ်။ အသီးအရွက်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ အစိမ်းရောင်ရှိတဲ့ အရွက်တွေကို စားသုံးသင့်ပါတယ်။ Antrum gastritis ကိုကုသနိုင်တဲ့ အရာမဟုတ်ပေမယ့် ဆရာဝန်ကုသပေးနေတဲ့ တစ်လျှောက်မှာ သင့်လျော်တဲ့အစာကို စားသောက်ဖို့ အရေးကြီးပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Gastric antrum inflammation ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastritis-digestive-health/gastric-antrum-inflammation-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%b0%e1%80%9e%e1%80%ad%e1%80%99%e1%80%b9/
ကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုနဲ့ပတ်သက်တဲ့ မိဘတွေရဲ့အမြင်မှား (၇) ခု
ဒီလိုကိစ္စမျိုးဆိုတာ ဘယ်သူမှမကြုံချင်ကြပါဘူး။ သတင်းတွေမှာ ဖတ်ရတာ၊ကြားရတာနဲ့တင် ရင်နာရတဲ့ ကိစ္စမျိုးပါပဲ။ အရွယ်မရောက်သေးတဲ့ကလေးတွေကိုမှ အနိုင်ကျင့်ချင်၊စော်ကားချင်တာ လူမဆန်တဲ့လုပ်ရပ်မို့ လူတိုင်းရွံမုန်းကြပါတယ်။ ဒါပေမယ့် ဒီခံစားချက်လောက်နဲ့တင် မလုံလောက်ပါဘူး။ တကယ်တမ်းအရေးကြီးတာက ကိုယ့်သားသမီးတွေကို ဒီအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ကြိုးစားကြဖို့ပါ။ ဒီလိုဖြစ်လာမှာကြောက်တာပဲသိတယ်၊ ဘယ်လိုကာကွယ်ရမှန်းမသိဖြစ်နေတာ၊ အသိအမြင်မှားတွေရှိနေတာက တကယ်ကိုဆိုးပါတယ်။ ဒါ့ကြောင့် ခုချိန်ကစပြီး လေ့လာကြဖို့၊ စာဖတ်ကြဖို့ သတိပေးရင်းနဲ့ မိဘတွေအတွေးမှာ အဖြစ်များတဲ့ အသိအမြင်မှားတွေအကြောင်းပြောပြလိုက်ပါတယ်။ကလေးကအရွယ်မှမရောက်သေးတာ စိတ်ပူဖို့မလိုပါဘူး။ ဒီအရွယ်လေးကို ဘယ်သူကဘာလုပ်မှာလဲလို့ မတွေးလိုက်ပါနဲ့။ အဖြစ်မနည်းပါဘူးနော်။ ဒီလိုအမှုအများစုက လူသိရှင်ကြားမဖြစ်ဘဲ တိုးတိုးတိတ်တိတ်ပြီးဆုံးသွားတာများလို့ ကမ္ဘာမှာအရေအတွက်အတိအကျရေတွက်ရခက်ခဲပါတယ်။ အမေရိကန်နိုင်ငံမှာဆို တစ်နှ်စ်ကို လိင်ပိုင်းစော်ကားခံရတဲ့ကလေး ၁ သိန်းကနေ ၅ သိန်းအတွင်းရှိပါတယ်။ကလေးတွေကို သိတတ်တဲ့အရွယ်လောက်ဆို ကိုယ့်အန္တရာယ်ကာကွယ်နိုင်အောင် နည်းနည်းချင်းအသိပညာပေးထားသင့်ပါတယ်။ ကိုယ့်ကို ဒီလိုအန္တရာယ်ပြုလာနိုင်တဲ့အရိပ်အယောင်ရှိရင်ပြေးတတ်ဖို့၊ အကူအညီတောင်းတတ်ဖို့၊ပြန်ပြောပြဖို့ ကလေးအနေနဲ့ သိထားသင့်ပါတယ်။ဒီလိုအကြောင်းအရာနဲ့ပတ်သက်ပြီး ဘာမှသိမထားတာကမှ ကလေးအတွက်ပိုပြီးကြောက်လန့်စရာကောင်းတာပါ။ ငယ်သေးလို့ မပြောချင်သေးဘူးဆိုရင်တောင် ဘယ်လိုအပြုအမူမျိုးဆို လက်မခံသင့်ကြောင်း၊ တခုခုဆိုမိဘတွေကိုပြောပြသင့်ကြောင်း ရှင်းပြထားပါ။ ရိုးရိုးသားသားချစ်ခင်မှုနဲ့ ထိတွေ့၊ရင်းနှီးတာနဲ့ မရိုးသားတဲ့ သတိထားသင့်တဲ့အပြုအမူမျိုးတွေကြားမှာ ခွဲခြားသိအောင်ပြောပြထားသင့်ပါတယ်။ ဘယ်နေရာ၊ ဘယ်အစိတ်အပိုင်းကိုလာထိတွေ့ရင် ချက်ချင်းငြင်းဆန်ဖို့၊ရှောင်ထွက်လာဖို့ သင်ပေးထားပါ။အမှန်တော့ သက်ငယ်မုဒိမ်းမှုအပါအဝင် ကလေး လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေမှာ ကျူးလွန်သူတွေထဲ အနီးအနားက ရင်းနှီးသူ၊ သိကျွမ်းသူတွေနဲ့ဆွေမျိုးတွေတောင် ပါဝင်နေတာဖြစ်ပါတယ်။ ကလေးထိန်း၊ ယာဉ်မောင်း၊ အိမ်နီးချင်း စတဲ့ ကလေးနဲ့အမြင်မစိမ်းတဲ့ သိကျွမ်းသူတွေကို ပိုစိတ်ပူရပါတယ်။ သူစိမ်းဆို လူကြီးတွေမသိအောင် ကလေးအနားကပ်နိုင်တဲ့ အခွင့်အလမ်းနည်းတာကိုး။ မိဘတွေက ကလေးကို လူစိမ်းတွေရန်ကပဲစိုးရိမ်ပြီး သူစိမ်းတွေဆီက မုန့်ကျွေးရင်မစားနဲ့နော်၊ ကိုယ်မသိတဲ့လူခေါ်ရင် မလိုက်နဲ့နော် စသည်ဖြင့်မှာတတ်ကြတယ်။ လူစိမ်းကြောက်လို့ ရင်းနှီးသူတွေနဲ့ လိုက်ကာမှ အန္တရာယ်တွေ့ရတာမျိုး ပိုရင်နာရပါတယ်။ မိဘကိုယ်တိုင် ဒါမှမဟုတ် စိတ်ချရတဲ့လူတွေနဲ့သာနေဖို့ ကလေးကို ရှင်းပြထားပါ။လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူတွေဟာ အရပ်ပုတယ်၊ရှည်တယ်၊ ဆင်းရဲတယ်၊ချမ်းသာတယ်၊ နိမ့်ကျတယ်၊ အဆင့်မြင့်တယ်၊ ရုပ်ဆိုးတယ်၊ ရုပ်ချောတယ် ဆိုတာတွေနဲ့မဆိုင်ပါဘူး။ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ အပြင်ပန်းပုံသဏ္ဍာန်နဲ့ ခန့်မှန်းပြီး သံသယဝင်လို့ ၊ ယုံကြည်လို့မဖြစ်ပါဘူး။နစ်နာသူကို အပြစ်ပုံတဲ့ ဒီအတွေးမျိုးက ဆိုးဝါးပါတယ်။ အရင်းနှီးဆုံးလူတွေက ကျူးလွန်မိတဲ့အခါ ကလေးက အနေအထိုင်မတတ်လို့ဆိုပြီး အပြစ်တင်တာမျိုး၊ ကလေးရဲ့အပြစ်လို့ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ စိတ်ဓါတ်ဖောက်ပြားကျူးလွန်သူရဲ့ အပြစ်သာဖြစ်ပါတယ်။လူကြီးပြောရင် နားထောင်လေ၊ မရိုင်းရဘူး၊ လူကြီးက ချစ်လို့ကို ဆိုတဲ့စကားမျိုးနဲ့ ကလေးရဲ့ခေါင်းထဲရိုက်မသွင်းသင့်ပါဘူး။ မိဘတွေရဲ့အသိမိတ်ဆွေတွေက သမီးလေးလာပါဦးဆိုပြီးပေါင်ပေါ်တင်ထိုင်တာမျိုး ကလေးကငြင်းနေရင် အတင်းမပို့ပါနဲ့။ အကြီးတစ်ယောက်ယောက်က ကိုယ်မနှစ်သက်တဲ့ အပြုအမူတွေလုပ်လာခဲ့ရင် ကလေးကိုယ်တိုင်ငြင်းဆန်ရဲအောင်၊အော်ဟစ်ရဲအောင်၊ ထွက်ပြေးအကူအညီတောင်းတတ်အောင် ကျင့်ပေးပါ။ လူကြီးတွေပြုသမျှ ကြိတ်မခံစားပါစေနဲ့။ယဉ်ကျေးမှုအရ လက်ခံယုံကြည်ထားကြတာတချို့နဲ့ယှဉ်ရင် အနည်းငယ်ဆန့်ကျင်နေမှာဖြစ်ပေမယ့် ဒါတွေဟာ ကလေး လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့အကြံပြုချက်တွေပါနော်။ဖြူစင်လင်းလက်တဲ့ ရတနာလေးတွေကိုစောင့်ရှောက်ပျိုးထောင်နိုင်ဖို့ဖေဖေမေမေတို့ သတိမလွတ်ဖို့တော့လိုပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%ba-%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af/
Serotonin syndrome (ဆီရိုတိုနင် ရောဂါစု)
ဦးနှောက်ဆဲလ်တွေနဲ့ အခြားအာရုံကြောအဖွဲ့အစည်းဆဲလ်တွေကို အချင်းချင်းဆက်သွယ်ရာမှာ ခန္ဓါကိုယ်ကထုတ်ပေးတဲ့ကယ်မီကယ်တစ်ခုဖြစ်ပါတယ်။ ဆီရိုတိုနင်ဦးနှောက်ထဲမှာအရမ်းနည်းခြင်းက စိတ်ဓါတ်ကျခြင်းမမှာအဓိကကျပါတယ်။ အရမ်းများခြင်းက နာဗ်ဆဲလတွေအရမ်းတက်ကြွစေပြီး ဆီရိုတိုနင်ရောဂါစုလို့ခေါ်တဲ့ သေစေန်ုငလောက်တဲ့လက္ခဏာအစုအဝေးကြီးကိုဖြစ်စေပါတယ်။အချက်အလက်ထပ်မံသိရှိလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ဆီရိုတိုနင် ရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ဆီရိုတိုနင် ရောဂါစု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင်ဆေးအသစ်သောက်တဲ့အခါမျိုးမှာ ဒါမှမဟုတ်သောက်နေကျဆေးကိုပမာဏတိုးလိုက်တဲ့အခါမျိုးမျာ ဆီရိုတိုနင်ရောဂါစုရှိနေပြီလို့ သံသယရှိနေပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသပါ ဒါမှမဟုတ်အရေးပေါ်ခန်းကိုချက်ချင်းသွားပါ။ ဆိုးဆိုးရွားရွားလက္ခဏာတွေ ပြင်းထန်လာရင်ဒါမှမဟုတ် ရုတ်တရက်ပိုဆိုးလာတယ်ဆိုရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။ဆီရိုတိုနင်ပမာဏကိုသက်ရောက်စေတဲ့ အထူးသဖြင့်စိတ်ဓါတ်ကျခြင်းအတွက်ဆေးတွေလိုမျိုး ဆေးတွေမှီဝဲနေရတယ်ဆိုရင်။ုဖြစ်နိုင်ပါတယ်။ ဆီရိုတိုနင်ရောဂါစုရဲ့အကြေီးမားဆုံးအန္တရာယ်က ဆီရိုတိုနင်ကိုသက်ရောက်တဲ့ဆေးနှစ်မျိုးသို့နှစ်မျိုးထက်ပိုပြး၊ သို့မဟုတ် ဖြည့်စွက်ဆေးေ ဒါမှမဟုတ် နှစ်မျိုးလုံးတွဲပြီးမှီဝဲနေရင်တွမှီဝဲနေရင်ဖြစ်ပါတယ်။ဆီရိုတိုနင်တွေကိုများစေတဲ့စိတ်ဓါတ်ကျခြင်းအတွက် အများဆုံးညွှန်လေ့ရှိတဲ့ဆေးတွေက ဆီရိုတိုနင်ရီအပ်တိက်အင်ဟစ်ဘစ်တာဖြစ်ပါတယ်။ ဆီတာလိုပရမ်၊ အက်ဆီတာလိုပရမ်၊ ဖလူရိုဇီတင်း၊ ဖလူဗိုဇာမင်း၊ ပါရိုဇျွှီင်း၊ နဲ့ ဆာထရာလင်းဆေးတွေဖြစ်ပါတယ်။ဆီရိုတိုနင်ကိုများစေတဲ့ အခြားဆရာဝန်ညွှန်တဲ့ဆေးတွေနဲ့ ဆေးဆိုင်တွေမှာဝယ်နိုင်တဲ့ဆေးတွေချည်းသက်သာက် သို့ တွဲပေးခြင်းက ဆီရိုတိုနင်ရောဂါစုကိုဖြစ်စေပါတယ်။ဆီရိုတိုနင်နဲ့နောအပီနက်ဖရင်ဆေးတွေကိုနာဗ်ကြောတွေကပြန်သိမ်းခြင်းကိုတားတဲ့ဆေးများ အက်စအန်အာအိုင် desvenlafaxine (Khedezla), desvenlafaxine succinate (Pristiq), duloxetine (Cymbalta), levomilnacipran (Fetzima), and venlafaxine (Effexor)။စိတ်ပူပန်ကြိးခြင်းအတွက် ဗျူစ်ပီရုန်း။အိပ်မပျော်ခြင်း၊ စိတ်ဓါတ်ကျခြင်းအတွက် ဒက်စ်ဆီရယ်။almotriptan (Axert), Amerge (naratriptan), rizatriptan (Maxalt), sumatriptan (Imitrex), and zolmitriptan (Zomig)။Certain pain medications, including fentanyl (Sublimaze, Fentora), fentanyl citrate (Actiq), meperidine (Demerol), pentazocine (Talwin), and tramadol (Ultram)ကဲ့သို့သော ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက်ဆေးများ။ဆေးဆိုင်တွေမှာ ခွင့်ပြုချက်မရှိဘဲဝယ်နိုင်တဲ့ ချောင်းဆိုးပျေက်ဆေး ဒက်စ်ထရိုမီသော်ဖန်နဲ့ ခွင့်ပြုချက်ရှိမှဝယ်နိုင်တဲ့ချောင်းဆိုးပျောက်ဆေးများ အအေးမိခြင်းအတွက်ဆေးများ။granisetron (Kytril), metoclopramide (Reglan), and ondansetron (Zofran)ကဲ့သို့သော မူးဝေခြင်းအတွက်ဆေးများ။vortioxetine (Trintellix -formerly Brintellix) and vilazodone (Viibryd)ကဲံသို့သော စိတ်ဓါတ်ကျခြင်းအတက်ဆေးများ။အယ်လ်အက်စ်ဒီနဲ့ကိုကိန်းကဲံသိုေ့သာတရားမဝင်ဆေးများ၊ St. John’s wortနဲ့ဂျင်းဆင်းစတဲ့ဖြည့်စွက်စာများက ဆီရိုတိုနင်ကိုသက်ရောက်တဲ့စိတ်ဓါတ်ကျဆေးတွေနဲ့ တွဲပေးတဲ့အခါမျိုးတွေမှာ ဆီရိုတိုနင်ရောဂါစိုကု ဖြစ်စေနိုင်ပါတယ်။အက်ဖ်ဒီအေ အစားအသောက်နဲ့ဆေးဝါးဆိုင်ရာအဖွဲ့အစည်းက ဆေးထုတ်လုပ်သူတွေကို ဆေးညွှန်းမျာ ဆီရိုတိုနင်ေရောဂါစုဖြစ်နိုငချေရှိကြောင်း လူနာတွေကိုသိစေဖို့ ဆေးညွှန်းမှာထည့်ဖို့တောင်းဆိုထားပါတယ်။ သင်သောက်နေတဲ့ဆေးတွေဒါမှမဟုတ် ဆရာဝန်ညွှန်ထားတဲ့ေးဆးတွေနဲ့ပတ်သက်ပြီး မသေမချာဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးပါ ဆေးညွှန်းကိုဖတ်ပါ။ ဆရာဝန်နဲ့မဆွေးနွေးခင်မှာ ဆေးကိုမရပ်ပစ်လိုက်ပါနဲ့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။ဆီရိုတိုနင်ရောဂါစုကို ရောဂါအဖြေရှာအတည်ပြုဖို့ နည်းလမ်းမရှိပါဘူး။ သင့်ကျန်းမာရေးတာဝန်ရှသူက ဆေးများ၊ ဖြည့်စွက်ဆေးများ။ပြန်ညလ်ဖန်တိးထားတဲ့ဆေးဝါးများအသုံးပြုမှုအပါအဝငါ သင့်ကျန်းမာရေးရာဇဝင်ကိုမေမြန်းခြင်းနဲ့ ကိုယ်ခန`ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ်။ အခြားသောအခြေအနေတွောကာင့်လည်း ဆီရိုတိုနင်ရောဂါစုအလားတူလက္ခဏာတွေကိုဖြစ်စေပါတယ်။ အခြားသောအောကာင်းရင်းတွေကနေလည်း ခွဲခြားနုငိဖို့ ဓတ်ခွဲခန်းစမ်းသပ်မှုတွေလည်း ပြုလုပ်ရပါလိမ့်မယ်။လူနာတွေကို စမ်းသပ်လေ့လာဖို့နဲ့ လက္ခဏာတွေကိုကုသဖို့ ဆေးရုံတက်ခိုင်းလေ့ရှိပါတယ်။ ဘန်ဇိုဒိုင်ယာဇီပင်းတွေကို တက်ခြင်းနဲ့ စိတ်ဆတ်ခြင်းများအတွက်ပေးပါတယ်။ အကြောဆေးအရည်တွေကို ရေဓါတ်ကိုထိန်းပေးထားနိုင်ဖို့ ပေးရပါတယ်။ ဆီရိုတိုနင်ရောဂါစုကိုဖြစ်စေတဲ့ဆေးတေါကိုဖယ်ရှားပြစ်ခင်းက အဓိကကျပါတယ်။ အကြောဆေးသွင်းပြီးရေဓတ်ထိန်းပေးခြင်းကလည်း အတွေ့ရများပါတယ်။ ပြင်ထးန်တဲ့အခြအနေတွေမှာ ဆီရိုတိုနင်ဆေးထုတ်ခြင်းကိုတားတဲ့ ဆိုင်ပရိုဟပ်တာဒင်းဆေးတွေကို သုံးပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Serotonin syndrome (ဆီရိုတိုနင် ရောဂါစု)ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ဖြစ်နိုင်ချေအကြောင်းရင်းတွေနဲ့ပတ်သက်ပြီး ဆရာဝန်နဲပဆွေးနွေးပါ။ သင့်ဘာသာသင်မှီဝဲနေတဲ့ဆေးတွေကို မရပ်လိုက်ပါနဲ့။ ဆရာဝန်က ဆေးအသစ်ညွှန်းတဲ့အခါမှာ သင်မှီဝဲနေတဲ့ဆေးတွေအားလု့းကို သေချာပြောပြပါ။ အထူးသဖြင့် အခြားဆရာဝန်တွေညွှန်းထားတဲ့ဆေးတွေကို သောက်နေရတဲ့အခါမှာဖြစ်ပါတယ်။သင်နဲ့သင့်ဆရာဝန်က ဆီရိုတိုနင်ပမာဏကိုသက်ရောက်တဲ့ဆေးတွေပေါင်းပေးခြင်းရေဲ့ကောင်းကျိုးက ဆိုးကျိေုးထက်ပိုများနေတယ်လို့ဆုံးဖြတ်ရင် ဆီရိုတိုနင်ရောဂါစုဖြစ်နိုင်ချေကိုလည်း သတိထားရပါမယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/serotonin-syndrome-%e1%80%86%e1%80%ae%e1%80%9b%e1%80%af%e1%80%ad%e1%80%90%e1%80%af%e1%80%ad%e1%80%94%e1%80%84%e1%80%b9-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%85%e1%80%af/
Gastric Perforation (အစာအိမ်ပေါက်ခြင်း)
အစာအိမ်ပေါက်ခြင်းဟာ အစာအိမ်နံရံမှာ ရှိတဲ့ အပေါက်ကြောင့် အစာအိမ် ပေါက်သွားခြင်းကို ဆိုလိုပါတယ်။ အစာအိမ်နံရံမှာ အပေါက်ဖြစ်ရင် ဖြစ်နိုင်ပါတယ်။ appendicitis နဲ့ diverticultis အစရှိတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထိခိုက်မိခြင်းတွေဖြစ်နဲ့ ဓါးထိုးခြင်း၊ သေနတ်ပစ်ခံရခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ပေါက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သူဟာလည်း အစာအိမ်ပေါက်ခြင်း နဲ့ တူညီတဲ့ လက္ခဏာတွေကို ပြနိုင်ပါတယ်။Gastric perforation ဟာအမျိုးသားရော၊ အမျိုးသမီးမှာပါ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ လူမျိုးတိုင်းမှာလည်း ဖြစ်နိုင်ပါတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Gastric perforation ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အစာအိမ်ပေါက်ခြင်းနဲ့ peritonitis တွေဖြစ်မယ်ဆိုရင် ဗိုက်အလွန်နာနိုင်ပါတယ်။ နာကျင်မှုဟာ တစ်ယောက်ယောက်က ဗိုက်ကို ထိမိခြင်း၊ စမ်းကြည့်ခြင်း (သို့) လူနာ လှုပ်ရှားမှုတွေ ပြုလုပ်ရင် ပိုဆိုးနိုင်ပါတယ်။ လဲလျောင်းနေတဲ့အခါ သက်သာနိုင်ပါတယ်။ ဝမ်းဗိုက်ဟာ ပူနေနိုင်ပြီး မာနိုင်ပါတယ်။အစာအိမ်ပေါက်ခြင်းရဲ့ ယေဘုယျလက္ခဏာတွေသာမက peritonitis ရဲ့ လက္ခဏာတွေကတော့။ခေါင်းမူးခြင်း။သင့်မှာ ဒီလက္ခဏာတွေ ရှိတယ်ဆိုရင် ကျန်းမာရေးကုသမှု ခံယူသင့်ပါတယ်။ အစာအိမ်ပေါက်ခြင်းဟာ အရေးပေါ်ကုသမှုလိုအပ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီအခြေအနေဟာ အသက်အန္တရာယ် ရှိပါတယ်။ ပြန်ကောင်းနှုန်းဟာ ရောဂါစောစီးစွာတွေ့ရှိမှုနဲ့ ကုသမှုပေါ် မူတည်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အစာအိမ်ပေါက်ခြင်း ကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့။အစာအိမ်ပေါက်ခြင်းဟာ အောက်ပါအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ပြင်ပ အရာဝတ္ထုတွေ စားမိခြင်း။Gastric perforation ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဖြစ်နိုင်ခြေရှိတဲ့ အချက်တစ်ခုရှိခြင်းဟာ အစာအိမ်ပေါက်ခြင်း ဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဖြစ်နိုင်တဲ့ အချက်တွေဟာ ရောဂါဖြစ်နှုန်းကို ဒီအချက်မရှိတဲ့သူတွေထက် ပိုမြင့်တက်စေတယ်လို့ ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ အချို့အချက်တွေကတော့ ပိုအရေးကြီးပါတယ်။ဖြစ်နိုင်တဲ့အချက် မရှိခြင်းဟာလည်း ရောဂါမဖြစ်ဘူးလို့ မဆိုလိုပါဘူး။ သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ ဒီအချက်တွေကို ဆွေးနွေးဖို့ အရေးကြီးပါတယ်။အစာအိမ်ပေါက်ခြင်းကို အတည်ပြုခြင်းမှာ အောက်ပါအချက်တွေပါဝင်ပါတယ်။အချို့အခြေအနေတွေမှာ တူညီတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ သင့်ကျန်းမာရေးဆရာဝန်က မှန်ကန်တဲ့ ရောဂါတွေ့ရှိမှုအတွက် အခြားရောဂါတွေကို ဖယ်ထုတ်ဖို့ စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်နိုင်ပါတယ်။အစာအိမ်ပေါက်ခြင်းဟာ အသက်အန္တရာယ်ရှိတ့ အခြေအနေတစ်ခုဖြစ်ပြီး ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။အောင်မြင်စွာ ခွဲစိတ်နိုင်မှုဟာ ပေါက်တဲ့နေရာ၊ အရွယ်အစားနဲ့ ပေါက်တဲ့ကြာချိန်တွေပေါ် မူတည်ပါတယ်။ ရောဂါကို စောစောသိရှိပြီး ကုသနိုင်လေလေ ရလဒ်ကောင်းမွန်လေလေပဲဖြစ်ပါတယ်။အစာအိမ်ပေါက်ခြင်းဟာ ဝမ်းဗိုက်အတွင်းကို အစာတွေ စိမ့်ထွက်ခြင်းကိုကန့်သတ်ဖို့အတွက် ခွဲစိတ်မှု ချက်ခြင်း လိုအပ်ပါတယ်။ခွဲစိတ်မှုဟာ အပေါက်ကို ပြင်ဆင်ခြင်း၊ ရောဂါပိုးဝင်ခြင်းကို လျှော့ချခြင်းတွေကို ကူညီပေးနိုင်ပါတယ်။ အချို့အခြေအနေမှာတော့ မကောင်းတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ဖြတ်တောက်ရနိုင်ပါတယ်။တကယ်လို့ အူဖြတ်ရရင် အူကို ကိုယ်ခန္ဓါ ပြင်ပကို ခဏထုတ်ထားခြင်း ပြုလုပ်ပြီး ကိုယ်ခန္ဓါပြင်ပသို့ စွန့်ထုတ်ခြင်း ကောင်းအောင်ပြုလုပ်နိုင်ပါတယ်။ ဝမ်းဗိုက်နံရံကို အူထုတ်ထားတာဖြစ်ပါတယ်။ အူကနေ စွန့်ထုတ်လိုက်တဲ့ ဝမ်းတွေဟာ ဝမ်းဗိုက်ကို ဆက်ထားတဲ့ အိပ်ထဲ ဝင်သွားမှာဖြစ်ပါတယ်။ရှားပါးတဲ့ အစာအိမ်ပေါက်ခြင်းတွေမှာ အပေါက်ဟာ ပိတ်သွားပြီး ပိုးသတ်ဆေးသောက်ခြင်းနဲ့တင် လုံလောက်နိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Gastric perforation ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/stomach-ulcer/gastric-perforation-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်
ကိုယ့်ရဲ့ရင်သွေးလေးကို ဉာဏ်ကောင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းစေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဖောလစ်အက်ဆစ် တိုက်ကျွေးတာပါ။ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်နေချိန်မှာမေမေကသောက်ပေးပြီး ဘေဘီလေးက အစားစစားနိုင်ပြီဆိုရင်တော့ အစားအစာထဲမှာ အာဟာရဓာတ်တစ်ခုအနေနဲ့ ပါဝင်သင့်ပါတယ်။ဖောလစ်အက်ဆစ် ဆိုတာကဖောလိတ်လို့ ခေါ်နေကြတဲ့ ဗီတာမင် B တစ်မျိုးပါ။ လက်တင်ဘာသာစကားfoliumဆိုတာကနေ ဆင်းသက်လာတာပါ။ သဘာဝကနေရတဲ့ ဒြပ်ပေါင်းတစ်မျိုးပါ။ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ လေ့လာမှုအရကတော့ ဖောလစ်အက်ဆစ်က သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိမှုအရကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်နည်းတာက မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ဖောလစ်အက်ဆစ်က ရေမှာ ပျော်ဝင်လွယ်တဲ့ ဗီတာမင် B တစ်မျိုးပါ။ ဖောလိတ်ကတစ်သျှူးတွေနဲ့ ဆဲလ်တွေ ကြီးထွားစေဖို့ ထောက်ပံ့ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ငယ်စဉ်အချိန်နဲ့ ဆယ်ကျော်သက်အရွယ်မှာ ဖောလိတ်ပြည့်ဝဖို့လိုပါတယ်။ ကလေးငယ်တွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအခန်းကဏ္ဍကနေ ထောက်ပံ့ပေးနေတဲ့ ဇာတ်ကောင်လေးပေါ့။ကလေးရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကျန်းမာစေဖို့၊ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ပေးပါတယ်။သွေးနီဥဆဲလ်တွေ ဖြစ်စေဖို့ အကောင်းဆုံးပံ့ပိုးပေးတာပါ။ မေမေ့ဗိုက်ထဲမှာရှိကတည်းက ဆဲလ်တွေကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံးကူညီပေးခဲ့သူလေးပေါ့။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးရဲ့အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးပါသေးတယ်။ ကိုယ့်ရဲ့ရင်သွေးလေးကို ကျန်းမာစေဖို့အတွက်ရော ဉာဏ်ကောင်းစေဖို့အတွက်ပါ ဆောင်ထားသင့်တဲ့အရာလေးပေါ့။ဖောလိတ်အက်ဆစ်က နေ့စဉ်စားသောက်နေကျ အစားအသောက်တွေထဲမှာ ပါလေ့ပါထရှိတဲ့ ဗီတာမင် တစ်မျိုးပါ။ ဒါကြောင့် ဘေဘီလေးကို ဖောလိတ်ကြွယ်ဝစေချင်တယ်ဆိုရင် ဖြည့်စွက်စာစားတဲ့ အရွယ်ကစပြီး။ဘေဘီလေးတွေက အသက်အရွယ်ကိုလိုက်ပြီး ဖောလစ်အက်ဆစ် လိုအပ်တဲ့ ပမာဏလည်း ကွာခြားနိုင်ပါတယ်။ဘေဘီလေးက ၆ လအထိဆိုရင် တစ်နေ့တာမှာ ဖောလစ်အက်ဆစ်ပမာဏက ၆၅ mcg လိုအပ်မှာပါ။ ဒီလိုကနေမှာ ကလေးက ၇ လရောက်လာပြီဆိုရင် ၇လကနေ ၁၀နှစ်အထိဘေဘီလေးအနေနဲ့တစ်နေ့တာမှာ ဖောလစ်အက်ဆစ်ပမာဏ ၁၅၀ mcg လိုအပ်မှာပါ။ ဘေဘီလေးကို ကျန်းမာဉာဏ်ကောင်းနေစေဖို့ဆိုရင် ဖောလိတ်ကြွယ်ဝတဲ့ အစားအစာတွေ ကျွေးပေးနိုင်သလို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဖောလစ်အက်ဆစ်ပါဝင်တဲ့ အားဆေးလည်း တိုက်ပေးနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/baby-and-folic-acid/
အဆိုးမြင်စိတ်အစွဲက ဘယ်လိုသက်ရောက်မှုရှိလဲ
လူ့သဘောသဘာဝအရ အပြုသဘောဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ သာမန်အတွေ့အကြုံတွေထက် အနုတ်လက္ခဏာဆောင်တဲ့အတွေ့အကြုံတွေကို ပိုပြီးအလေးအနက် ထားတတ်ကြပါတယ်။ ဒါကို အဆိုးမြင်စိတ်အစွဲ (Negativity bias) လို့ ခေါ်ပါတယ်။ တခါတရံမှာ ဆိုးရွားတဲ့ အတွေ့အကြုံများဟာ သိပ်မဆိုးရွားရင်တောင် စိတ်ထဲစွဲနေပြီး အနုတ်လက္ခဏာဆောင်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်တတ်ပါတယ်။အဆိုးမြင်စိတ်အစွဲဆိုတာကို ဥပမာပေးရရင် သင်ဟာ ညနေခင်းတခုမှာ အကောင်းစားဟိုတယ်တခုမှာ တည်းခိုဖို့ ဝင်ရောက်သွားပြီ ဆိုပါစို့။ သင် ဟိုတယ်ရေချိုးခန်းကို သုံးချိန်မှာ ရေချိုးကြွေခွက်ထဲမှာ ပင့်ကူခပ်ကြီးကြီးတကောင်ကိုလည်း တွေ့လိုက်ရမယ် ဆိုပါစို့။နောင်တချိန်မှာ သင့်အနေနဲ့ ဟိုတယ်အကြောင်းကို ပြန်စဉ်းစားတဲ့အခါ ဇိမ်ခံပစ္စည်း အကောင်းစားတွေ၊ အသုံးအဆောင်တွေထက် သင်တွေ့ခဲ့ရတဲ့ ပင့်ကူကိုပဲ ပိုပြီး သတိရနေပါလိမ့်မယ်။၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာစောင်တခုအရလည်း ပင့်ကူကို ပိုပြီးသတိရနေတတ်ကြောင်း သိရပါတယ်။စိတ်ကုထုံးပညာရှင် ရစ်ဟန်ဆန်ရဲ့ အဆိုအရ လူသားများဟာ ခြိမ်းခြောက်မှုများစွာကို ကြုံတွေ့ပြီး ဆင့်ကဲပြောင်းလဲလာခြင်းနောက်မှာ အဆိုးမြင်စိတ်အစွဲများဟာဦးနှောက်ထဲမှာ စွဲမြဲလာကြတယ်လို့ သိရပါတယ်။ ယနေ့လူသားများရဲ့ ဘိုးဘေးများဟာ ခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ကြပါတယ်။ နေ့စဉ် အစားအသောက်အတွက် ရုန်းကန်ခဲ့ရပါတယ်။ သဘောတရားအရ အစားအစာရရှိချိန်မှာ ဖြစ်ပေါ်တဲ့ အပြုသဘောဆောင် စိတ်အစွဲထက် သားရဲတိရစ္ဆာန်တွေနဲ့ သဘာဝဘေးကပ်ဆိုးတွေလို အတွေ့အကြုံတွေကို ပိုစိတ်စွဲပြီး အဆိုးမြင်စိတ်အစွဲက ပိုပြီး တည်မြဲနေတတ်ပါတယ်။ အဲဒီ ခါးသီးတဲ့အတွေ့အကြုံများကို ရုန်းကန်လာရခြင်းများဟာမျိုးရိုးဗီဇနဲ့ လက်ဆင့်ကမ်းခဲ့ကြပါတယ်။အဆိုးမြင်စိတ်ဟာ ဘယ်နေရာမှာ သိသာသလဲဆိုရင် လူအများစုမှာတွေ့တတ်တဲ့ မစွန့်စားလိုတဲ့ စိတ်သဘောမှာ တွေ့နိုင်ပါတယ်။ ဆုံးရှုံးမှုအနည်းငယ်လောက်ကိုတောင် ရင်ဆိုင်ရမှာ စိုးရွံ့တတ်ကြပါတယ်။ ပိုက်ဆံ ၅၀၀ ရမယ့် အခြေအနေမှာ ဖြစ်ပေါ်တဲ့အကောင်းမြင်စိတ်ခံစားချက်ထက် ပိုက်ဆံ ၅၀၀ ဆုံးရှုံးချိန်မှာ ဖြစ်ပေါ်တဲ့ အဆိုးမြင်ခံစားချက်တွေကို ပိုမို တောင့်တင်းခိုင်မာတတ်ပါတယ်။ တကယ်တော့ လူသားတို့ဟာ ငွေ ၅၀၀ မဆုံးရှုံးရေးကို ငွေ ၅၀၀ ရရှိရေးထက် ပိုမိုအာရုံစိုက် အားထုတ်ကြပါတယ်။ ယနေ့လူသားများဟာ ရှေးဦးလူသားတွေလို ရှင်သန်ဖို့ ရုန်းကန်စရာမလိုပေမယ့် သူ့နည်းသူ့ဟန်နဲ့ ဖိအားတွေ ရှိနေပြီး နေ့စဉ် လှုပ်ရှားသွားလာ ကြံစည်တွေးခေါ်ရာမှာ အကျိုးသက်ရောက်နေတတ်ပါတယ်။အခြားသုတေသနစာစောင်တခုမှာလည်း လူအများဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချရာမှာ အကောင်းမြင်စိတ် ပကတိစိတ်ထက်စာရင် အနုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံတွေကို ပိုမိုအလေးထားကြတယ်လို့ ဆိုပါတယ်။ အဆိုပါအချက်ဟာ ဘာကိုရွေးချယ်မယ်ဆိုတာ၊ အန္တရာယ် ဖြစ်နိုင်ခြေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာအပေါ် သက်ရောက်မှုရှိပါတယ်။လူအများစုဟာ မိမိကိုယ်ကို အဆိုးမြင်စိတ်အစွဲတွေနဲ့ တဘဝလုံး ချည်နှောင်ထားကြတယ်။ ငယ်ရွယ်စဉ်တချိန်ကထိခိုက်ဒဏ်ရာရဖူးထားတဲ့အခါ အလားတူလှုပ်ရှား ဆော့ကစားချိန်မှာ ထပ်မံပြီး ထိခိုက်မှာ စိုးနေသလိုပါပဲ။ မိမိလုပ်ငန်းခွင်တနေရာရာမှာ အဆင်မပြေ အဖုအထစ်ဖြစ်ထားဖူးရင် အဲ့ဒီနေရာကို ရှောင်ကြဉ်ကျော်လွှားလိုစိတ်၊ ရင်မဆိုင်လိုစိတ် ရှိနေသလိုပါပဲ။ အဆိုးမြင်စိတ်အစွဲဟာ အနည်းငယ်မျှလောက်နဲ့ပဲ အကောင်းဖက်ကနေတွေးတော လုပ်ဆောင်နေတာတွေ အားလုံးကို ရပ်တန့်သွားစေနိုင်ပါတယ်။အဆိုးမြင်စိတ်ဟာ လူသားတွေအပေါ် ပကတိအခြေအနေမှာ လွှမ်းမိုးထားနိုင်တဲ့စိတ်အခြေအနေဖြစ်ပေမယ့် ဒီအခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။ သတိစိတ်ကို ကောင်းစွာထားပြီး အပြုသဘောဆောင်တဲ့စိတ်ကို မွေးမြူပေးရပါမယ်။ နေ့စဉ်ဘဝမှာ ဘယ်အရာကအရေးကြီးသလဲ ဘယ်အရာက အသေးအဖွဲလည်းဆိုတာ ခွဲခြားသတ်မှတ်နိုင်ရပါမယ်။ အဆိုးမြင်တတ်တဲ့ စိတ်အခံတွေကို သတိစိတ်ကပ်ပြီး တတ်နိုင်သမျှ ပယ်ဖျောက်ရပါမယ်။ အကောင်းမြင်စိတ် အပြုသဘောဆောင်တဲ့ အတွေးအကြံခံစားချက်တွေကို ခိုင်မာအောင် မွေးမြူရပါမယ်။ခြုံပြောရရင် အဆိုးမြင်စိတ်အစွဲကို ဖယ်ထုတ်နိုင်ဖို့ လောကကြီးကို အကောင်းမြင်စိတ်နဲ့ ကြည့်ရှုပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/negativity-bias/
Creatinine Clearance (ခရီအေတနင်းစစ်ဆေးခြင်း)
Creatinine စစ်ဆေးချက်ဟာ သင့်ရဲ့ကျောက်ကပ်တွေ နဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။Creatinine ဆိုတာဟာ သင့်ကြွက်သားတွေ ဇီ၀ ဓါတုလုပ်ငန်းတွေ လုပ်ဆောင်တာကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတု စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသားစာခြင်းအားဖြင့်လည်း အနည်းငယ်ဖြစ်လာနိုင်ပါတယ်။ ကောင်းမွန်တဲ့ ကျောက်ကပ်တွေက creatinine နဲ့ အခြား စွန့်ပစ်ပစ္စည်းတွေကို သွေးထဲကနေ စစ်ထုတ်လိုက်နိုင်ပါတယ်။စစ်ထုတ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ ဆီးထဲကနေ တစ်ဆင့် ခန္ဓါကိုယ်ပြင်ပကို ရောက်ရှိသွားပါတယ်။ အဲလို ကျောက်ကပ်ကနေ creatinine တွေကို စွန့်ထုတ်ပစ်နိုင်တဲ့ စွမ်းအင်ကို creatinine clearance rate လို့ခေါ်ပြီး glomerular filtration rate( GFR) လို့ခေါ်တဲ့ ကျောက်ကပ်ကို ဖြတ်ပြီး သွေးစီးနှုန်းကို ခန့်မှန်းနိုင်ဖို့ အတွက် အကူအညီပေးနိုင်ပါတယ်။တကယ်လို့ သင့်ကျောက်ကပ်တွေက ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင် creatinine ပမာဏများလာပြီး သွေးထဲမှာ စုလာနိုင်ပါတယ်။ သွေးထဲမှာရှိတဲ့ creatinine ကိုတိုင်းတာတဲ့ စစ်ဆေးချက်ဟာ သွေးထဲမှာရှိတဲ့ creatinine ပမာဏကို တိုင်းတာပေးပြီး ကျောက်ကပ်က ဘယ်လောက် ကောင်းကောင်း စစ်ထုတ်နိုင်နေတယ်ဆိုတာကိုပါ ခန့်မှန်းနိုင်အောင်ကူညီပေးပါတယ်။ creatinine urine စစ်ဆေးချက်ကတော့ ဆီးထဲမှာ creatinine ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ဆရာဝန်တွေက Creatinine test ကို အသုံးပြုပြီး ကျောက်ကပ် လုပ်ငန်းလုပ်ဆောင်နေမှုတွေကို တိုင်းတာနိုင်တဲ့ အဓိက နည်းလမ်း ၂ခု ရှိပါတယ်။လက်တွေ့မှာတော့ GFR အတွက် သွေးစစ်ဆေးချက်ကို ၂၄ နာရီဆီးစုဆောင်းထားပြီး Creatinine clearance စစ်ဆေးတဲ့ စစ်ဆေးချက်ထက် ပိုပြီး အသုံးပြုနေကြပါတယ်။A serum creatinine test- သွေးထဲမှာ ရှိနေတဲ့ creatinine ပမာဏ တိုင်းတာပေးသည့် စစ်ဆေးချက် ဟာ သင့်ကျောက်ကပ်တွေက ကောင်းကောင်းအလုပ် လုပ်၊ မလုပ် ဖော်ပြနိုင်ပါတယ်။ creatinine စစ်ဆေးချက်တွေ ဘယ်နှခါလောက် လုပ်သင့်တယ် ဆိုတာကတော့ သင့်ကျောက်ကပ်ပျက်စီးနိုင်ခြေ နဲ့ အခြား နောက်ခံ အခြေအနေတွေ ရှိ၊ မရှိ အပေါ်မူတည်ပါတယ်။ဥပမာ-။ကျန်းမာရေးစောင့်ရှောက်သူ က သင့်ကို ဒီစစ်ဆေးချက် အတွက် သတ်ရောက်မှုရှိစေနိုင်တဲ့ ဆေးတွေသောက်တာကို ခဏရပ်ထားဖို့ ပြောနိုင်ပါတယ်။ အဲဒီဆေးတွေကတော့။ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ :။အပေါ်လက်မောင်းမှာ အပတ်တစ်ခုပတ်ထားတဲ့ အတွက် အနည်းငယ် တင်းကြပ်တဲ့ ခံစားမှုမျိုးခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့ အတွက် ဘာမှမခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်းခံစားရနိုင်ပါတယ်။ထိုးပြီး မိနစ် ၂၀၊ ၃၀ အကြာမှာ ဂွမ်းစ၊ ကပ်ထားတဲ့ ပလာစတာ (tape) ကို ခွာနိုင်ပါတယ်။ စစ်ဆေးချက် အဖြေရဖို့ ရက်သတ်မှတ်ပေးလိုက်ပါလိမ့်မယ်။ အဖြေရတဲ့ အခါ ဆရာဝန်က ဒီအဖြေက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းပြပါလိမ့်မယ်။ ဆရာဝန် ပြောတဲ့ အတိုင်းလိုက်နာသင့်ပါတယ်။creatinine clearance စစ်ဆေးချက် နဲ့ပတ်သတ်ပြီး မေးစရာအချက် တွေရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပုံမှန်ရလဒ်ကတော့ အမျိုးသားတွေ အတွက်-ဝ.၇ မှ ၁.၃ မီလီဂရမ်/ ဒက်ဆီလီတာ ဖြစ်ပြီး အမျိုးသမီးတွေ အတွက်- ဝ.၆ မှ ၁.၁ မီလီဂရမ်/ဒက်ဆီလီတာ ဖြစ်ပါတယ်။ကျောက်ကပ် လုပ်ငန်းတွေနဲ့ creatinine clearance တွေဟာ အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မကောင်းလာတာ ပုံမှန် ဖြစ်ပါတယ်။ ကျောက်ကပ်မှာ အရံ အနေနဲ့ သိမ်းထားနိုင်တဲ့ စွမ်းအင် ပမာဏအများကြီးှရှိပါတယ်။ လူတော်တော်များများဟာ သူတို့ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေရဲ့ ထက်ဝက်ကျော်ကျော်ကို ဘာလက္ခဏာမှ မပြ၊ ဘာပြသနာမှ မဖြစ်လိုက်ပဲ ဆုံးရှုံးသွားကြလေ့ရှိပါတယ်။အမျိုးသမီးတွေမှာ creatinine ပမာဏဟာ အမျိုးသားတွေ ထက်နည်းလေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကြွက်သား နည်းလို့ ဖြစ်ပါတယ်။အောက်မှာ ဖော်ပြမယ့် ဥပမာတွေကတော့ ဒီစစ်ဆေးချက် အဖြေအတွက် ရနိုင်ခြေများတဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။ ပုံမှန်တန်ဖိုးတွေက ဓါတု ဓါတ်ခွဲခန်းတစ်ခု နဲ့ တစ်ခုကြားမှာ အနည်းငယ် ကွာခြားနိုင်ပါတယ်။ တစ်ချို့သော ဓါတ်ခွဲခန်းတွေမှာ မတူညီတဲ့ တိုင်းတာမှုတွေ၊ စစ်ဆေးချက်တွေ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ စစ်ဆေးချက် ရလဒ်အတွက် တိကျတဲ့ အဖြေရဖို့ ဆရာဝန် နဲ့ဆွေးနွေး တိုင်ပင်ရပါမယ်။ပုံမှန်အားဖြင့် သွေးထဲမှာ creatinine ပမာဏ များနေခြင်းဟာ သင့်ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုတာကို ဆိုလိုပါတယ်။ ဒါပေမယ့် သင့်မှာ ရေဓါတ်ခမ်းခြောက်နေခြင်း၊ သွေးပမာဏ နည်းနေခြင်း၊ အသားအလွန် အကျွံစားသုံးထားခြင်း၊ (သို့) ဆေးတစ်ချို့ သောက်သုံးထားခြင်း စတဲ့ အခြေအနေတွေရှိနေပါကလည်း ခဏတာ creatinine ပမာဏများနေနိုင်ပါတယ်။ creatinine ဖြည့်စွက်စာတွေကြောင့်လည်း တူညီတဲ့ ရလဒ် ရနိုင်ပါတယ်။သင့် သွေးထဲမှာရှိတဲ့ creatinine ပမာဏ ဟာ ပုံမှန်ထက်များနေပြီဆိုရင် ဆရာဝန်က အခြားသွေး၊ ဆီးစစ်ဆေးချက်တွေလုပ်ပြီး အတည်ပြုဖို့ ချင်ရင် ပြုနိုင်ပါတယ်။ ကျောက်ကပ်ပျက်စီးနေမှုကို သံသယရှိနေရင် ပျက်စီးမှုကို ဖြစ်စေနိုင်မယ့် အခြေအနေတွေ အားလုံးကို ထိန်းချုပ်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိထားဖို့ကလည်း အရေးကြီးပါတယ်။သွေးပေါင်ချိန်ကို ထိန်းချုပ်ဖို့ တစ်ခါတစ်လေ ဆေးလိုအပ်နိုင်ပါတယ်။ ပျက်စီးပြီးသွားတဲ့ ကျောက်ကပ်ကို ပြန်ပြီးပြုပြင် လို့မရပေမယ့် ကောင်းမွန်တဲ့ ကုသမှုတွေနဲ့ ဆိုရင်တော့ နောက်ထပ် ပျက်စီးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။သင့်မှာ GFR (သို့) Creatinine clearance ရလဒ်နည်းနေပြီဆိုရင်တော့ ဆရာဝန်က အဲဒီပြသနာကို ဖြေရှင်းဖို့ လုပ်ဆောင်ချက်တစ်ခုခုကို စတင်နိုင်ပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ သွေးတိုးခြင်း နဲ့ ဆီးချိုရှိခြင်း ဖြစ်ပါတယ်။သင့်မှာ အဲဒီ အကြောင်းတွေရှိနေပြီဆိုရင် ပထမဆုံးလုပ်ရမှာကတော့ ကောင်းမွန်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေး စတာတွေနဲ့ အဲဒီ အခြေအနေတွေကို ထိန်းချုပ်နိုင်အောင်လုပ်ရမှာပါ။ အဲလို အခြေအနေ( သွေးတိုး၊ ဆီးချို) တွေ မရှိရင်တော့ ကျောက်ကပ်ပျက်စီးရတဲ့ အကြောင်းအရင်းကို ရှာဖို့အတွက် ထပ်ပြီး စစ်ဆေးချက်တွေ လုပ်ဆောင်ရမှာပါ။လူအများစုမှာတော့ GFR နဲ့ creatinine clearance အရမ်း မနည်းဘူးဆိုရင်တော့ ကျောက်ကပ်ဆေးဖို့ မလိုပါဘူး။ ဒါပေမယ့် ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှုတွေဟာ အသက်ကြီးလာတာနဲ့ အမျှ ကျဆင်းလာတာ ဖြစ်တဲ့အတွက် ကျောက်ကပ် လုပ်ငန်းတွေ အားလုံးကို ကာကွယ်နိုင်အောင် စောစောစီးစီးမှာ စစ်ဆေးလုပ်ဆောင်ထားဖို့က အရေးကြီးပါတယ်။ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး creatinine clearance စစ်ဆေးချက် အတွက် ပုံမှန်ပမာဏ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/creatinine-clearance-%e1%80%81%e1%80%9b%e1%80%ae%e1%80%b1%e1%80%a1%e1%80%90%e1%80%94%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%bb%e1%80%81%e1%80%84/
ှReye's syndrome (ရိုင်းစ် ဆင်ဒရုန်း)
Reye’s syndrome ဆိုတာဟာ ရှားပါးပေမယ့် ပြင်းထန်တဲ့ ရောဂါတမျိုးဖြစ်ပြီး အသည်းနဲ့ ဦးနှောက်တို့ကို ရောင်ရမ်းဖောင်းကားစေပါတယ်။Reye’s syndrome ဟာ တုပ်ကွေး ဒါမှမဟုတ် ရေကျောက်ကဲ့သို့သော ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါတွေကနေ ပြန်ကောင်းလာတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး စိတ်ရှုပ်ထွေးခြင်း၊တက်ခြင်း၊သတိလစ်ခြင်း အစရှိသော ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။Reye’s syndrome ကို စောစောသိ၊စောစောကုနိုင်ရင်တော့ ကလေးငယ်ရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။Reye’s syndrome နဲ့ အက်စ်ပရင်ဆေးတို့အကြားမှာ ဆက်စပ်မှု တစုံတရာရှိနေတာကြောင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ဒီဆေးကို သတိထားပြီး သုံးစွဲသင့်ပါတယ်။ အသက်နှစ်နှစ်အထက် ကလေးတွေမှာ အက်စ်ပရင်ဆေးပြားကို အသုံးပြုနိုင်တယ်ဆိုပေမယ့် ရေကျောက် ဒါမှမဟုတ် တုပ်ကွေးလက္ခဏာတွေကနေ ပြန်ကောင်းလာတဲ့ ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေမှာတော့ အက်စ်ပရင်ကို အသုံးမပြုသင့်ပါဘူး။ တကယ်လို့ သင့်မှာ စိုးရိမ်ပူပန်မှုတစုံတရာ ရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Reye’s syndrome ဟာ ရှားပါးတဲ့ ရောဂါတမျိုးဖြစ်ပြီး ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ဖြစ်ပွားတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်၁၈နှစ်အောက် ကလေး/လူငယ်တွေမှာ အဓိကဖြစ်ပွားတတ်ပြီး ပျမ်းမျှအားဖြင့် အသက်၄နှစ်ကနေ ၁၂နှစ်အတွင်းမှာရှိတဲ့ ကလေးတွေမှာ အများဆုံး ခံစားရလေ့ရှိပါတယ်။Reye’s syndrome ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။ရေကျောက် ဒါမှမဟုတ် တုပ်ကွေးတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေကနေ ပြန်ကောင်းလာစ ကလေးတွေမှာ Reye’s syndrome စတင် ဖြစ်ပေါ်လေ့ရှိပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး သုံးရက်ကနေ ခုနှစ်ရက်ခန့်အကြာမှာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာလေ့ ရှိပါတယ်။ ဒီလက္ခဏာတွေဟာ နာရီပိုင်းအတွင်း ဒါမှမဟုတ် တရက်နှစ်ရက်အတွင်းမှာ ပေါ်ပေါက်လာမှာပါ။ကနဦးပေါ်ပေါက်လာတတ်တဲ့ လက္ခဏာတွေကတော့-။ရုတ်တရက် လေချဉ်တက်ခြင်း သို့မဟုတ် အော့အန်ခြင်း။အားအင်ကုန်ခမ်းပြီး နွမ်းနယ်နေခြင်း၊မည်သည့်အရာကိုမှ စိတ်မဝင်စားခြင်း။ထူးခြားသော အမူအကျင့်များ ပေါ်ပေါက်လာခြင်း (ဥပမာ တခုခုကို ငေးစိုက်ကြည့်နေခြင်း၊ဂျီကျခြင်း၊စိတ်တိုစိတ်ဆတ်ဂဏှာမငြိမ်ဖြစ်ခြင်း၊ကိုယ်ရည်ကိုယ်သွေးများ ပြောင်းလဲခြင်း၊အာလေးလျှာလေးနှင့် စကားမပီမသဖြစ်ခြင်း စသည်)။ငိုက်မျဉ်းခြင်း။အသည်း ဒါမှမဟုတ် ဦးနှောက်ထိခိုက်မှု ပိုမိုဆိုးရွားလာပြီဆိုရင်တော့ အောက်ဖော်ပြပါ လက္ခဏာတွေပါ ပေါ်ပေါက်လာနိုင်ပါတယ်။စိတ်ရှုပ်ထွေးခြင်း (သင့်ရင်သွေးလေးဟာ သူ့ကိုယ်သူ ဘယ်ရောက်နေမှန်း မသိတော့တာ၊မိသားစုတွေ၊သူငယ်ချင်းတွေကို မမှတ်မိတော့တာ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း မေးခွန်းလေးတွေကိုတောင် မဖြေတတ်တော့တာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်)။အသက်ရှုမြန်ခြင်း၊အသက်ပြင်းပြင်းရှုခြင်း။(အကြောင်းတစုံတရာ မရှိဘဲ အခြားသူများကို အန္တရာယ်ပြုခြင်း ကဲ့သို့သော) ကြမ်းတမ်းတဲ့ အမူအရာတွေ ပေါ်ပေါက်လာခြင်း။တက်ခြင်း၊မျောသွားခြင်း။Reye syndrome ရောဂါဟာ အလျင်အမြန် ကုသမှုမခံယူရင် အသက်အန္တရာယ်အထိ ရှိနိုင်တဲ့အတွက် သင့်ကလေးမှာ Reye syndrome ရောဂါရဲ့ လက္ခဏာတွေကို တွေ့နေရပြီဆိုတာနဲ့ (သင့်ကလေးမှာ လတ်တလော ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း မရှိဘူး၊အက်စ်ပရင်ဆေးလည်း သောက်မနေဘူးဆိုရင်တောင်) အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူရပါလိမ့်မယ်။ စောစောကုလေ အခြေအနေကောင်းလေပါပဲ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေရှိနေပြီဆိုရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူပါ။တက်ခြင်း။သတိလစ်ခြင်း။သင့်ကလေးအနေနဲ့ တုပ်ကွေး ဒါမှမဟုတ် ရေကျောက်ဝေဒနာခံစားရပြီးနောက်မှာ အောက်ဖော်ပြပါ လက္ခဏာတွေကို ခံစားရတယ်ဆိုရင် ကလေးဆရာဝန်နဲ့ အမြန်ဆုံးပြပါ။ထပ်တလဲလဲ အန်ခြင်း။အလွန်အမင်း အိပ်ငိုက်ခြင်း၊မှိန်းနေခြင်း။ကလေးရဲ့ အမူအကျင့်တွေ ရုတ်တရက် ပြောင်းလာခြင်း။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Reye’s syndrome ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရှိရသေးပေမယ့် ရေကျောက်ပေါက်ပြီးကာစ ကလေးတွေ၊တုပ်ကွေးဖြစ်ပြီးကာစ ကလေးတွေနဲ့ အက်စ်ပရင်ပါတဲ့ ဆေးဝါးမှီဝဲနေရတဲ့ ကလေးတွေမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။Reye’s syndrome ဟာ ကလေးတယောက်ကနေ နောက်တယောက်ကို မကူးစက်နိုင်ပါဘူး။Reye’s syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်အနေနဲ့ သင့်ကလေးအား စမ်းသပ်စစ်ဆေးခြင်း၊ရောဂါလက္ခဏာများအား မေးမြန်းခြင်း၊လတ်တလော အက်စ်ပရင်ဆေးပြား သုံးစွဲထားခြင်း ရှိမရှိ မေးမြန်းခြင်း၊ရောဂါရာဇဝင်မေးမြန်းခြင်း စတာတွေကို ပြုလုပ်ပါလိမ့်မယ်။ဒါ့အပြင် သွေးစစ်၊ဆီးစိုက်ခြင်း၊အသည်းမှ အသားစရယူ စစ်ဆေးခြင်း၊ဦးခေါင်းအား CT ဓါတ်မှန်ရိုက်ခြင်း၊ကျောရိုးတွင်းမှ အရည်နမူနာယူပြီး စစ်ဆေးခြင်း အစရှိတာတွေကိုလည်း ပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်ဦးမယ်။Reye’s syndrome ရောဂါခံစားရပြီဆိုရင် ကျိန်းသေပေါက် ဆေးရုံတက်ပြီး ကုသမှုခံယူရပါမယ်(အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးဖို့တောင် လိုကောင်းလိုပါလိမ့်မယ်)။ အဓိက ရည်ရွယ်ချက်ကတော့ ဦးနှောက်နဲ့ အသည်းထိခိုက်မှုကို ရပ်တန့်ပစ်ဖို့ဖြစ်ပြီး အခြားသော နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ဆေးရုံမှာ ကုသမှုခံယူနေစဉ်အတွင်း သင့်ကလေးရဲ့ ဦးနှောက်ဖောရောင်ခြင်းကို လျှော့ချဖို့အတွက် ဆေးဝါးကုသမှုခံယူရမှာဖြစ်သလို အခြားလိုအပ်တဲ့ အထောက်အကူပြု ဆေးဝါးတွေ၊ကိရိယာတွေကိုလည်း အသုံးပြုရပါမယ်။Reye’s syndrome ဟာ သင့်အတွက်ရော သင့်ကလေးအတွက်ပါ အိပ်မက်ဆိုးကြီးပါ။ ဒါပေမယ့် Reye’s syndrome ဝေဒနာကို ခံစားခဲ့ရတဲ့ ကလေးအများစုဟာ နောက်ဆက်တွဲ ဘာပြဿနာမှ မရှိဘဲ ပြန်လည်ကောင်းမွန်သွားလေ့ရှိကြတယ် ဆိုတာကိုလည်း နားလည်ထားရပါမယ်။သင်ရော သင့်ကလေးပါ စိတ်အေးသက်သာ ရှိစေဖို့၊စိတ်ပူပန်မှုတွေ လျော့ကျစေဖို့အတွက် အောက်ဖော်ပြပါ အချက်တွေကို လိုက်နာဆောင်ရွက်နိုင်ပါတယ်။သင့်ကလေးနဲ့ ပတ်သက်လို့ စိတ်ထဲမရှင်းလင်းတာ၊စိုးရိမ်ပူပန်နေရတာမျိုး ရှိတယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးရုံတာဝန်ကျဝန်ထမ်းတွေနဲ့ မေးမြန်းဆွေးနွေးပါ။ကလေးနဲ့ တတ်နိုင်သမျှ အတူတူနေပေးပါ။ တကယ်လို့ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကလေးနဲ့အတူတူ ပေးမနေဘူးဆိုရင်တောင် မကြာခဏ သွားကြည့်ပါ။သင့်ကလေးကြိုက်နှစ်သက်တဲ့ အရုပ်လေးတွေ၊ပစ္စည်းလေးတွေကို ဆေးရုံပေါ် ယူလာပေးပါ။ ဒါဆိုရင် သူလေးအနေနဲ့ စိတ်ထဲမှာ ပိုပြီးတော့ လုံခြုံမှု ရှိမှာပဲ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/reyes-syndrome-reyes-syndrome/
အမျိုးသားတွေ လိင်တံထိပ်အရေပြား ဖြတ်ဖို့ လိုအပ်သလား
လိင်တံထိပ်အရေပြား ဖြတ်ခြင်း –Circumcisionနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့အမျိုးသားတွေရှိမှာပါ။ အများစုကတော့ ဘာသာရေးအယူအဆကြောင့်၊ တချို့တွေကတော့ ကျန်းမာရေးကြောင့် ကလေးမွေးကတည်းက ဒီလိင်တံထိပ်အရေပြားဖြတ်တဲ့ အလေ့အကျင့်ကို ပြုမူတတ်ပါတယ်။ ဒီနေ့မှာတော့ လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။အမျိုးသားတွေရဲ့လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ ဂျူးလူမျိုးတွေ၊ အစ္စလာမ်ဘာသာဝင်တွေဟာ သူတို့ယုံကြည်သက်ဝင်ရာ အယူအဆတွေကြောင့် ကလေးတွေ မွေးပြီးတာနဲ့လိင်တံထိပ်အရေပြားဖြတ်ခြင်းပြုလုပ်ကြပါတယ်။ အမျိုးသားကျန်းမာရေးနဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။ကလေးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ ၅မိနစ်ကနေ ၁၀မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ တစ်နာရီဝန်းကျင် ကြာနိုင်ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာ အနာကျက်ဖို့ ၅ရက်ကနေ ၇ရက်လောက် စောင့်ရပါတယ်။၁။ အမျိုးသားတွေ လိင်တံကို သန့်ရှင်းတဲ့နေရာမှာ ပိုလွယ်ကူသွားပါတယ်။အရေပြားငုံနေတဲ့အချိန်မှာ အရေပြားအောက်မှာ အဖြူရောင်အဖတ်၊ အညစ်အကြေးတွေ ကပ်နေတတ်ပြီး အမြဲဆေးကြောသန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒီအရေပြားကို ဖယ်ရှားလိုက်တာကြောင့် အမျိုးသားတွေမှာ သန့်ရှင်းရေးလုပ်ရ ပိုလွယ်ကူသွားတယ်။ အနံ့အသက် မပြင်းထန်တော့ပါဘူး။၂။ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။အမျိုးသားတွေမှာဆီးလမ်းကြောင်းထဲသို့ ပိုးဝင်တတ်ပါတယ်။ အထူးသဖြင့်လိင်တံထိပ်အရေပြားဖြတ်မထားတဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ပြီး ကျောက်ကပ်မှာ ရောဂါဖြစ်နိုင်ခြေ ပိုပြီး မြင့်တက်နိုင်ပါတယ်။၃။ လိင်ကတစ်ဆင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချပေးတယ်။လိင်တံထိပ်အရေပြား ဖြတ်ထားတဲ့သူတွေမှာလည်း ရောဂါကူးစက်နိုင်ပေမယ့် မဖြတ်ထားသူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ အလွန်နည်းတာကို တွေ့ရပါတယ်။ လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာHIV၊ ကာလသားရောဂါ၊ရေယုန်၊ အရေပြားမှိုရောဂါ၊ ဆီးပူညောင်းကျရောဂါ တို့ ပါဝင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုပါ။၄။ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲလို့မရတဲ့ ပြဿနာကို ကာကွယ်ပေးနိုင်တယ်။တချို့အမျိုးသားတွေရဲ့လိင်တံထိပ်အရေပြားဟာ ရှည်လွန်းတာကြောင့် နောက်ကလှန်ဆွဲရခက်ပါတယ်။ ဒီအခါမှာ သန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတော့တဲ့အတွက် ရောဂါပိုးဝင်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။ ဒီပြဿနာရှိနေသူတွေအနေနဲ့ လိင်တံထိပ်အရေပြားကို ဖြတ်ထားသင့်ပါတယ်။၅။ လိင်တံကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။အဖြစ်နည်းတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်တဲ့အပြင် ထိပ်အရေပြား ဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဒါ့အပြင် လိင်တံထိပ်အရေပြားဖြတ်ပြီးသား အမျိုးသားတွေရဲ့ လိင်ဆက်ဆံဖော်အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ဘာသာရေး၊ လူမျိုးရေးအယူအဆနဲ့ မသက်ဆိုင်ဘဲ လိင်တံထိပ်အရေပြားဖြတ်ထားတာဟာ ကျန်းမာရေးအတွက်ရော အမျိုးသားတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်ပါ အကောင်းဆုံးပါပဲ။ကိုယ်က မဖြတ်ထားလို့လည်း စိတ်တော့မပူလိုက်ပါနဲ့။ လိင်တံအရေပြားအောက်ကို သေချာလေး ဆေးကြောပေးမယ်။ ရေချိုးတိုင်း သန့်ရှင်းရေးလုပ်ပေးရင် ရောဂါပိုးဝင်နိုင်ခြေကို ထိထိရောက်ရောက် လျော့နည်းစေနိုင်ပါတယ်။ လိင်တံထိပ်အရေပြားဖြတ်ခြင်း၊ မဖြတ်ခြင်းဟာ အမျိုးသားတွေရဲ့ လိင်မှုဘဝကိုတော့ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်စေတာမျိုး မရှိပါဘူး။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/is-circumcision-mandatory/
ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ ။ ။
ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ က ဘာတွေများ ဖြစ်မလဲ! ကိုယ့်ဗိုက်ထဲမှာ ရှိနေတဲ့အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ပတ်သက်ပြီး ငယ်ငယ်တည်းက မှားသိနေတဲ့ အယူအမှားတွေ ရှိပါတယ်။ ကိုယ်ကြားဖူးနေကျ နားရည်ဝနေတာတွေက တကယ်ရော မှန်ရဲ့လားဆိုတာ ကြည့်ရအောင်။ ။ကိုယ်တစ်သက်လုံး အထည့်ခံလာရတဲ့ ဂျင်း ( ချင်း) တွေ ကတော့ –။ပီကေမျိုချမိရင် အူမှာကပ်နေတတ်တယ်။ အန္တရာယ်ရှိတယ်ဆိုတာမျိုးတွေ ငယ်ငယ်က ပီကေစားရင်း လူကြီးတွေပြောတာ ကြားဖူးမှာပါ။ တကယ်တော့ ဒါဟာ မှားနေတဲ့ အယူအဆပါ။ ပါးစပ်ထဲမှာ ပီကေဝါးနေရင် မကပ်အောင်တံတွေးက ကူညီသလိုပဲ မတော်တဆမျိုချမိတဲ့ ပီကေကို အူနဲ့ အစာအိမ်မှာ ကပ်မနေအောင်လို့ ဆောင်ရွက်ပေးတဲ့အစာခြေရည်တွေရှိပါတယ်။ ဒါကြောင့် ကိုယ် မတော်တဆ ပီကေမျိုချလိုက်ပြီဆိုရင် စိုးရိမ်မနေပါနဲ့။ ရက်အနည်းငယ်ကြာရင် ဝင်သွားတဲ့ ပီကေက ဝမ်းနဲ့ အတူပြန်ပါသွားမှာပါ။ငယ်ငယ်တုန်းကဆို မာလကာသီးစားရင် အစေ့တွေကို ကြေအောင်ဝါး။ အစေ့လိုက်မျိုချမိရင်အူအတက်ထဲဝင်ပြီးအူအတက်ရောင်လိမ့်မယ် ဆိုတာမျိုးတွေ ကြားရလွန်းလို့ နားရည်ဝခဲ့မှာပါ။ တကယ်တော့ မျိုချမိတဲ့ အစေ့တွေကို ချေဖျက်ပေးဖို့ အစာအိမ်က အက်ဆစ်တွေရှိနေတဲ့အတွက် အူအတက်ထဲ မာလကာစေ့ဝင်ပြီး အူအတက်ရောင်တယ်ဆိုတာ အင်မတန်မှဖြစ်ခဲတဲ့ အရာတစ်ခုပါ။ ဒါ့အပြင် အူအတက်ရောင်တာ အများစုဟာဝမ်းချုပ်လွန်းပြီး အူထဲကျန်နေတဲ့ စမြင်းတုံး အမာလေးတွေ အူအတက်ထဲရောက်သွားတာကနေဖြစ်တတ်တာပါ။ ။အပူအစပ်တွေစားလွန်းတာကြောင့်အစာအိမ်အနာဖြစ်တတ်တယ်ဆိုတာလည်း ငယ်ငယ်တည်းက ကြားဖူးခဲ့တဲ့ ယုံတမ်းတစ်ခုပါ။ တကယ်တော့ အစာအိမ်မှာ အနာဖြစ်တယ်ဆိုတာHelicobacter pylori (H. pylori)လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ရတာပါ။ အပူအစပ်တွေစားလိုက်တာကြောင့် အနာဖြစ်ရတာမဟုတ်ဘဲHelicobacter pylori (H. pylori)ကြောင့်ဖြစ်နေပြီးသားအနာကို အပူအစပ်က ပိုဆိုးသွားစေတာပဲရှိတာပါ။ အစာအိမ်ထဲမှာ အရမ်းကိုမှ ပြင်းတဲ့ အက်ဆစ်တွေတောင် ရှိနေသေးတာ အစားအသောက်ထဲပါတဲ့ အပူအစပ်လောက်ကတော့ အစာအိမ်က အပျော့ပါ။ဒီယုံတမ်းက ဘိုးဘေး ဘီဘင်လက်ထက်တည်းက အပြောများခဲ့တဲ့ ယုံတမ်းတစ်ခုပါ။ အစားစားပြီးပြီးချင်း ရေချိုးလိုက်တာကြောင့် ဗိုက်ထဲ ရေတွေစိမ့်ဝင်သွားပြီးရေဖျင်းဆွဲတယ်ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ တကယ်တော့ အစားစားပြီးပြီးချင်း ရေချိုးရင် သွေးကြောတွေ ပွင့်သွားပြီး အစာအိမ်ဆီကို လုံလောက်တဲ့ သွေးမရောက်တော့လို့ အစာမကြေတာကိုပဲ ဖြစ်စေတာပါ။ ရေဖျင်းဆိုတာက အသည်းကောင်းကောင်းအလုပ်မလုပ်တော့တဲ့အခါ ဝမ်းတွင်းကလီစာနဲ့ နံရံတွေကြားမှာ အရည်တွေ စုလာလို့ ဖြစ်ရတာပါ။အသည်းခြောက်တာဟာ အရက်သောက်လွန်းတဲ့သူတွေမှာ အတွေ့ရများတယ်ဆိုပေမယ့်အသည်းရောင် အသားဝါ B ပိုး၊C ပိုး တွေကြောင့်လည်း အသည်းခြောက်တာဖြစ်တတ်ပါတယ်။အက်ဆစ်တွေပြန်ဆန်တက်လို့ ညဘက်လှဲအိပ်ရင် ရင်ပူတဲ့ အဖြစ်မျိုး အစာအိမ်သမားတိုင်း ဖြစ်ဖူးကြပါတယ်။ ဒီလိုအချိန်မျိူးမှာ ရင်ပူတာကို သက်သာအောင်ဆိုပြီး ထိုင်လျက်အိပ်ကြတဲ့သူတွေရှိပါတယ်။ တကယ်တမ်ကး ထိုင်အိပ်စရာမလိုပါဘူး။ ကိုယ့်ခေါင်းနဲ့ ရင်ဘတ်အောက်မှာ ခေါင်းအုံး လေးတွေခံပြီး မြင့်မြင့်မှီအိပ်လိုက်တာနဲ့တင် ရင်ပူတာသက်သာသွားမှာပါ။Irritable Bowel Syndromeလို့ခေါ်တဲ့ အူလှုပ်ရှားမှု မူမမှန်တဲ့ရောဂါကစိတ်ဖိစီးမှုများလွန်းတာကြောင့်ဖြစ်ရတာပါ။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေက ရောဂါကိုဖြစ်စေတာ မဟုတ်ဘဲ ရောဂါ လက္ခဏာကို ပိုဆိုးစေတာပါ။ကဲ ဒါတွေကတော့ လူပြောများ၊ အသိမှားနေကြတဲ့ အစာခြေစနစ်နဲ့ ပက်သက်တဲ့ ယုံတမ်းတွေပဲဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/myths/
Peritonitis (ဝမ်းတွင်းမြှေးရောင်ခြင်း)
Peritonitis ဟာ ဝမ်းတွင်းမြှေးရောင်ခြင်း ဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်နဲ့ ကိုယ်အင်္ဂါတွေကို ခွဲခြားထားတဲ့ ပါးလွှာတဲ့ အမျှင်တစ်ခုဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ ကိုယ်အင်္ဂါတွေကို ထောက်ပံ့ပေးပြီး အာရုံကြော၊ သွေးကြော၊ ပြန်ရည်ကြောတွေကို အင်္ဂါတွေကို ဖြတ်သန်းသွားဖို့ ခွင့်ပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။Peritoneum ပေါက်သွားခြင်း (သို့) အခြားကျန်းမာရေး အခြေအနေတွေက Peritonitis ကို ဖြစ်စေပါတယ်။Peritonitisဟာအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Peritonitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ယေဘူယျအသိပေးချက် – သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Peritonitis နှစ်မျိုးရှိပြီး တစ်မျိုးကိုတော့ peritoneal cavity ထဲက အရည်တွေ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီလိုရောဂါပိုးဝင်ခြင်းဟာ အသည်း (သို့) ကျောက်ကပ်ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။နောက်တစ်မျိုးကတော့ အစာခြေလမ်းကြောင်းရဲ့ အခြားအစိတ်အပိုင်းတွေကနေ peritoneum ကို ပြန့်လာတဲ့ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ အချို့အခြေအနေတွေဟာ အစာခြေလမ်းကြောင်း ရောဂါပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။Peritonitis ဟာ ထိုးသွင်းရတဲ့ စစ်ဆေးမှုတွေဖြစ်တဲ့ peritoneal dialysis (သို့) peritoneum ကို အခြားအစိတ်အပိုင်းတွေကနေ ဝင်နိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဓါတုပစ္စည်းတွေကို ခွင့်ပြုပေးတဲ့ ဒဏ်ရာရမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။Peritonitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။သင့်ဆရာဝန်က ရောဂါရာဇဝင် မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်းကိုပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါက ဝမ်းဗိုက်ကို ထိခြင်း၊ဖိကြည့်ခြင်းတွေပါဝင်ပြီး ရောဂါပိုးဝင်ခြင်းရှိရင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။Peritonitis ကို သိရှိနိုင်တဲ့ အခြားစစ်ဆေးမှုတွေကတော့။အခြား imaging tests တွေဖြစ်တဲ့ CT scans, X-rays တွေဟာ peritoneum ပေါက်မပေါက် သိရှိစေနိုင်ပါတယ်။Peritonitis ကုသမှုဟာ အခံရှိတဲ့ ရောဂါအခြေအနေပေါ် မူတည်ပါတယ်။ ဆရာဝန်က အကြောင်းရင်းကို သိရှိရင် သင့်လျော်စွာ ကုသပေးနိုင်ပါတယ်။အခြားကုသမှုများ – လက္ခဏာတွေပေါ်မူတည်ပြီး ဆေးရုံမှာ ကုသမှုဟာ ဆေးသောက်ခြင်း၊ ဆေးသွင်းခြင်း၊ အောက်စီဂျင်ပေးခြင်း၊ သွေးသွင်းခြင်းတွေ ပါဝင်နိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Peritonitis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/peritonitis-%e1%81%80%e1%80%99%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%99%e1%80%bd%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb/
ကျန်းမာဖြူဝင်းတဲ့အသားအရေပန်းတိုင်သို့ လျှောက်လှမ်းရာဝယ်
မိန်းကလေးတိုင်း ကျန်းမာဖြူဝင်းတဲ့အသားအရေကို ပိုင်ဆိုင်ချင်မယ်ဆိုတာမလွဲပါဘူး။ ။ မီမီ ကလည်းမိန်းကလေးတစ်ဦးဖြစ်တဲ့အပြင် ၂၀ ဝန်းကျင်သာသာ သာရှိသေးတာကြောင့် အလှအပကိုခုံမင်တာက အဆန်းတကြယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် မီမီက အသားအရေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုသေသေချာချာမသိတာကြောင့် အလှပြင်ပစ္စည်းတွေဖြစ်တဲ့ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေကသာအမှန်တကယ်လှပမှုကိုပေးစွမ်းနိုင်မယ်လို့ယူဆနေပါတယ်။ ယနေ့ခေတ်ရဲ့ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် အလှကုန်တွေကို ပုံစံအမျိုးမျိုး အရောင်အသွေးစုံလင်စွာနဲ့ဈေးနှုန်းအပြိုင်အဆိုင်လျှော့ချပြီးဈေးကွက်ရရှိအောင်လုပ်ဆောင်လာကြပါတယ်။ခေတ်သမီးပျိုလေး မီမီကလည်း သူငယ်ချင်းတွေနဲ့ လူငယ်တွေအကြားရေးပန်းစားတဲ့ အလှကုန်တွေကိုကောင်းတယ်ဆိုတိုင်းသုံးစွဲနေမိတော့တာပေါ့။ အလှပြင်ပစ္စည်းအမျိုးမျိုးပြောင်းလဲသုံးစွဲနေပေမယ့် အလှပြင်ပစ္စည်းတွေနဲ့ ခြယ်မှုန်းထားစဉ်မှာသာ လှပတာဖြစ်ပြီး မိတ်ကပ်တွေနဲ့ မခြယ်သထားချိန်တွေမှာတော့ အသားအရေက စိုပြည်ဝင်းမွတ်တာမျိုးမရှိတာကိုခံစားလာရပြီး အသားအရေ မညီညာတာ၊ဝက်ခြံထွက်တာနဲ့ အခြား အရေပြားပြဿနာတွေက တစ်နေ့တစ်ခြားပိုဆိုးလာတာကို ခံစားလာရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လှပမှုတွေက တိုးမလာဘဲ အရေပြားကညိုမဲလာတာကြောင့် မီမီတစ်ယောက် စစ်မှန်တဲ့ပြစ်မျိုးမှဲ့မထင်အလှမျိုးပိုင်ဆိုင်နိုင်ဖို့ ပထမဆုံးခြေလှမ်းစတင်တဲ့အနေနဲ့ အရေပြားဆရာဝန်ဆီမှာသွားရောက်ပြသလိုက်ပါတယ်။ဆရာဝန်က မီမီကို အရေပြားက လူတစ်ယောက်ရဲ့ကျန်းမာရေးကိုဖော်ပြနေတယ်ဆိုတဲ့အကြောင်းကနေစရှင်းပြပါတယ်။ အရေပြားကျန်းမာဖို့ကအရင်ဆုံး အရေပြားထိန်းသိမ်းစောင့်ရှောက်မှုလုပ်ရပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို စတင်ပျိုးထောင်ဖို့လည်းလိုသလိုနေ့စဉ်နေ့တိုင်း လိုအပ်တဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဖို့လည်း လိုအပ်ပါတယ်လို့ရှင်းပြပါတယ်။ အရေပြား ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လုပ်ဆောင်ရမယ့်နည်းလမ်းတွေထဲကတော့ မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် မျက်နှာသစ်ဖို့ပါ။ မနက်နိုးလာတာနဲ့ မျက်နှာကို အပျော့စားမျက်နှာသစ်ဆပ်ပြာတစ်မျိုးမျိုးနဲ့သစ်ပေးဖို့လိုအပ်ပြီး ညအိပ်ရာမဝင်ခင်မှာလည်း တစ်ကြိမ်မျက်နှာသစ်ဖို့လိုအပ်တယ်ဆိုတာကို ဆရာဝန်က ရှင်းပြပါတယ်။ တဆက်တည်းမှာ ဆရာက သဘာဝပစ္စည်းတွေနဲ့ အခြေခံထုတ်လုပ်ထားပြီး အသားရေပေါ်က အမဲစက်တွေကိုလျော့ပါးစေနိုင်တဲ့သတ္တိနဲ့ မျက်နှာအရေပြားကိုပြန်လည်အားဖြည့်ပေးတဲ့ သတ္တိတွေ ပါဝင်တဲ့ မျက်နှာသစ်ဆေးမျိုးက အသားရေဖြူစင်ဝင်းပပြီး ကျန်းမာဖြူဝင်းတဲ့ အသားအရေ ပုံစံမျိုးရဖို့အတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။ အဲဒီမျက်နှာသစ်ဆေးကို အသုံးပြုပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာကို စနစ်တကျသစ်တဲ့အခါမှာ ရလာတဲ့ရလဒ်က မီမီကိုယ်တိုင်တောင် အံ့သြသွားမိလောက်အောင်ဖြစ်ရပါတယ်။ ဒါပေမယ့် မျက်နှာသစ်နေရုံနဲ့တော့လည်း မပြီးသွားပါဘူး။ အရေပြားပေါ်က မျက်စိနဲ့မမြင်နိုင်တဲ့ အညစ်အကြေးတွေနဲ့ ဖုန်မှုန့်တွေကို သန့်စင်နိုင်စေဖို့အတွက် တိုနာသုံးဖို့ကအရေးပါတဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုဆိုတာကို ဆရာက မီမီနားလည်အောင် ဆက်ရှင်းပြပါတယ်။ တိုနာတွေမှာလည်း ဝက်ခြံထွက်တဲ့ အသားအရေအတွက် ၊အဆီပြန်တဲ့အသားအရေနဲ့ အသားအရေမညီညာသူတွေအတွက်ဆိုပြီး ထုတ်ထားတာတွေက အမျိုးကိုစုံနေတာပါပဲ။တိုနာသုံးပြီးရင်တော့ မျက်နှာပေါ်က အမည်းစက်တွေကိုလျော့ပါးသက်သာစေဖို့ serum ဆက်သုံးရပါတယ်။ Serum က လိုအပ်တဲ့ရေဓါတ်ကိုဖြည့်တင်းပေးပြီး အရေပြားအစိုဓါတ်ကို ထိန်းပေးနိုင်စွမ်းရှိပါတယ်။ Serum အသုံးပြုတာကသူ့နောက်ကလိမ်းမည့် အစိုဓါတ်ထိန်းခရမ်အသုံးပြုတဲ့အခါ စုပ်ယူမှုအားကောင်းအောင်လည်း အထောက်အကူပြုပါတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတဲ့ဆရာ့ကျေးဇူးကြောင့် မီမီတစ်ယောက် အသားရေထိန်းသိမ်းမှုအဆင့်တွေနဲ့ သူတို့ရဲ့ အရေးပါပုံတွေကို အသေအချာ နားလည်ခဲ့ရပါတယ်။ Serum လူးပြီးရင်ရေဓါတ်ထိန်းသိမ်းတဲ့ (moisturizer) တစ်မျိုးမျိုးသုံးဖို့ မျက်နှာတင်မကဘဲ လည်ပင်းအထိ သုံးပေးဖို့တွေကို ဆရာက အသေအချာမှာလိုက်ပါသေးတယ်။ မီမီက အဆီပြန်တတ်တဲ့အသားရေရှိတာကြောင့်ရေဓါတ်ကိုအခြေခံထားတဲ့ အစိုထိန်းခရမ်ကိုရွေးချယ်သုံးပေးဖို့တော့ သတိပေးလိုက်ပါတယ်။ မျက်နှာအရေပြားကို သန့်ရှင်းကြည်လင်ပြီး ဝင်းပဖြူစင်နေဖို့ဆိုရင်နောက်ထပ်လိုအပ်တာကတော့ အရေပြားအားဖြည့်တဲ့နေ့လိမ်းခရမ် (day cream) တစ်မျိုးမျိုးကိုရွေးချယ်အသုံးပြုဖို့ပါ။နေရာင်ခြည်က အရေပြားအတွက် အန္တရာယ်များတာဖြစ်တာကြောင့် အပြင်ပဲထွက်ထွက် အလင်းရောင်ရတဲ့နေရာ အိမ်တွင်းမှာပဲနေနေနေလောင်ကာခရမ်မ်မမေ့မလျော့လိမ်းပေးဖို့က အသားရေထိန်းသိမ်းရာမှာနောက်ထပ်အရေးပါတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ SPF အနည်းဆုံး ၃၀အထက်နေလာင်ကာခရမ်မ်အသုံးပြုခြင်းအားဖြင့် အမည်းစက်၊ တင်းတိပ်နဲ့ တခြားအရေပြားပြဿနာတွေကိုလျော့ပါးစေနိုင်တယ်လို့ ဆရာကရှင်းပြပါတယ်။ မီမီက အဲဒါတွေကိုမသိဘဲ မိတ်ကပ်ပဲလိမ်းပြီး အပြင်ထွက်နေတဲ့အခါကျတော့ အခုလိုမျိုး မျက်နှာအသားရေကို ဆိုးဆိုးရွားရွားထိခိုက်စေတော့တာပေါ့။အော် ဆရာမှာလိုက်တဲ့အထဲက အရေးကြီးဆုံးတစ်ချက်ကိုမေ့နေသေးတယ်။ မိတ်ကပ်တွေနဲ့ အပြင်သွားပြီး အိမ်ပြန်ရောက်တဲ့အခါမှာ လုံးဝမေ့လို့မရတာက တစ်နေ့လုံးလိမ်းထားတဲ့ အလှအပတွေကို စနစ်တကျဖျက်ပြီး မျက်နှာကို အားဖြည့်ပေးမယ့် ညလိမ်းခရမ်တစ်မျိုးမျိုးလိမ်းအိပ်ဖို့ပါ။ ညလိမ်းခရမ်ဟာဆိုရင် ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို တွန်းအားပေးတဲ့အတွက် အသားရေအတွက်ရေဓါတ်နဲ့ တခြားလိုအပ်တဲ့အာဟာရဓါတ်တွေကိုဖြည့်တင်းပေးနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ပျက်စီးနေတဲ့မီမီလိုအသားရေမျိုးအတွက် အရမ်းအထောက်အကူပြုနိုင်ပြီးဖြူစင်ဝင်းပလာနိုင်စေမယ်လို့ ဆရာက အသေအချာပြောပြပါတယ်။နည်းနည်း အလုပ်ရှုပ်ပေမယ့် လှချင်တာကြောင့် အသားရေထိန်းသိမ်းမှုစနစ်တွေကို မီမီလိုက်နာခဲ့တဲ့အခါ မီမီရဲ့ လက်ရှိမျက်နှာအသားရေရဲ့ဖြူစင်ဝင်းပလာမှုကို လူတိုင်းသတိထားမိလောက်အောင်တောင်ဖြစ်နေပြီလေ။ဖြူနေတာမျိုးတင်မဟုတ်ဘဲ ဝင်းဝင်းပပနဲ့ သန့်ရှင်းနေမှုကလည်းနောက်ထပ် သိသာတဲ့အချက်တစ်ချက်ပါ။မီမီလိုပဲ အလှအပကြိုက်တဲ့ မိန်းကလေးတွေအနေနဲ့သတိထားသင့်တဲ့ အချက်တစ်ခုက အသားအရေလှပချင်တယ်ဆိုရင် စိတ်ရှည်ရှည်ထားပြီး မှန်ကန်တဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။ အသားအရေထိန်းသိမ်းစောင့်ရှောက်တဲ့ အခါမှာလည်း ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့် သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို အသုံးပြုဖို့ကလည်းမေ့ထားလို့မရတဲ့အချက်တစ်ခုပါ။ လှပမှုက လူတိုင်းနီးပါးခုံမင်တဲ့အချက်တစ်ခုဖြစ်တယ်ဆိုပေမယ့် မှန်မှန်ကန်ကန်လှပအောင်လုပ်မှသာပြစ်မျိုးမှဲ့မထင် အလှမျိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လို့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%bb%e1%80%95%e1%80%85%e1%80%b9%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%99%e1%80%b2%e1%80%bd%e1%82%94%e1%80%99%e1%80%91%e1%80%84%e1%80%b9%e1%80%a1%e1%80%9c%e1%80%bd%e1%80%99%e1%80%ba/
နှလုံးသွေးလွှတ်ကြောရောဂါနှင့် ကာကွယ်ရန်နည်းလမ်းများ
နှလုံးသွေးလွှတ်ကြောရောဂါ(CAD) ဆိုတာကတော့ နှလုံးကြွက်သားတွေဆီ သွေးများ သယ်ယူပို့ဆောင်ပေးတဲ့ နှလုံးသွေးလွှတ်ကြောတွေ ကျဉ်းမြောင်းပြီး သွေးရောက်ရှိမှု လျော့နည်းသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။မကောင်းတဲ့ကိုလက်စထရော(LDL) မြင့်တက်လာရင် နှလုံးသွေးလွှတ်ကြောရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။စေးပျစ်တဲ့ ကိုလက်စထရောနဲ့ တခြားပစ္စည်းတွေ သွေးကြောထဲမှာ စုပုံလာရင် နှလုံးသွေးလွှတ်ကြောရောဂါ စတင်လာပြီ ဖြစ်ပါတယ်။ သွေးကြောနံရံမှာ အဖတ်များကပ်လာတာကြောင့် နံရံများကို မာကျစ်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးစီးဆင်းမှုလျော့နည်းသွားပါတယ်။ရောဂါဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေကတော့။– မိသားစုနှလုံးရောဂါရာဇဝင်ရှိခြင်း။– ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း။– ပြည့်ဝဆီ၊ ပုံပြောင်းဆီ၊ သကြား၊ ဆား လွန်ကဲသော အစားအစာများ စားသုံးနေခြင်း။– LDL ကိုလက်စထရောမြင့်မားပြီး HDL ကိုလက်စထရော နည်းပါးခြင်း။– ဆေးလိပ်သောက်ခြင်း။– လှုပ်ရှားမှုနည်းပါးခြင်း။– သွေးပေါင်ချိန်မထိန်းနိုင်ခြင်း။– ဆီးချိုရောဂါရှိခြင်း စတာတွေ ဖြစ်ပါတယ်။နှလုံးရဲ့ကြွက်သားတွေဟာ သွေးကို ပုံမှန်ရရှိနေဖို့ လိုအပ်ပါတယ်။ သွေးရောက်တာနည်းလွန်းရင် နှလုံးအောင့်ခြင်း (သို့) ရင်ဘတ်အောင့်ခြင်း ဖြစ်လာနိုင်ပါတယ်။ နှလုံးသွေးလွှတ်ကြော တစ်ချောင်း (ဒါမှမဟုတ်) တစ်ချောင်းထက် ပိုပြီးပိတ်ခဲ့ရင် နှလုံးထိခိုက်ခြင်း (Heart attack) ဖြစ်လာနိုင်ပါတယ်။ နှလုံးကြွက်သားတွေဟာ သွေးကို လုံလောက်စွာ မရခဲ့ရင် ပုပ်ဆွေးခြင်းဖြစ်ပြီး အသက်အန္တရာယ်ထိ ဖြစ်နိုင်ပါတယ်။နှလုံးသွေးလွှတ်ကြောရောဂါကို ကာကွယ်ဖို့အတွက် နေထိုင်မှုပုံစံ စားသောက်မှုပုံစံတွေ သတိပြု နေထိုင်ရပါမယ်။ အောက်ပါအချက်တွေ ဖြစ်ပါတယ်။အစားအစာတချို့ဟာ နှလုံးသွေးကြောကျဉ်းခြင်းကို ဖြစ်စေသလို တချို့ကတော့ နှလုံးရောဂါဖြစ်နိုင်ခြေကို ကာကွယ်ပေးပါတယ်။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ မပြုမပြင်ရသေးတဲ့ အစေ့အဆန်များ၊ သားငါး ပရိုတိန်းများ၊ အခွံမာသီးများ၊ သံလွင်ဆီ စတာတွေဟာ နှလုံးကို အထောက်အကူ ပြုပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အသားများ၊ အချိုကဲသော ဆားများသော အစားအစာများ၊ အဆီဓာတ်များသော နို့ထွက်ပစ္စည်းများကို ရှောင်ပေးရပါမယ်။အေရိုးဗစ်လေ့ကျင့်ခန်းများဟာ နှလုံးကြွက်သားကို သန်မာစေနိုင်ပါတယ်။ အဆီဓာတ်ကို နည်းသွားစေပြီး သွေးတိုးကျစေပါတယ်။ HDL ကိုလက်စထရောကို မြင့်တက်စေပါတယ်။ ကိုယ်အလေးချိန် လျှော့ချရင် LDL ကိုလက်စထရောကိုပါ လျော့ကျစေပါတယ်။ အင်အားမသုံးရတဲ့ လေ့ကျင့်ခန်းတွေကို တပတ်မှာ ၁၅၀ မိနစ်၊ အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို တပတ်မှာ ၇၅ မိနစ် စသဖြင့် ပြုလုပ်ပေးသင့်ပါတယ်။ကိုယ်အလေးချိန်များရင် နှလုံးနဲ့ သွေးကြောတွေဟာ ပိုမိုအလုပ်လုပ်ရပါတယ်။ ကိုယ်အလေးချိန်ရဲ့ ၅-၁၀ ရာခိုင်နှုန်းလောက်ကို လျှော့ချနိုင်ခြင်းဟာ သွေးတိုးခြင်းနဲ့ LDL ကိုလက်စထရောကို ကျစေပါတယ်။ ဒါကြောင့် နှလုံးသွေးလွှတ်ကြောရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။ဆေးလိပ်ကနေ ထွက်လာတဲ့ ဓာတုပစ္စည်းတွေဟာ သွေးကြောတွေကို ကျဉ်းစေပြီး နှလုံးကို ထိခိုက်နိုင်စေပါတယ်။ ဆေးလိပ်ဖြတ်နိုင်ရင်တော့ နှလုံးထိခိုက်နိုင်ခြေကို လျော့ကျစေပါတယ်။သွေးပေါင်ချိန်တက်နေရင် နှလုံးနဲ့ သွေးကြောနံရံတွေကို ဖိအားပိုသက်ရောက်စေပါတယ်။ အချိန်ကြာလာရင် သွေးလွှတ်ကြောတွေကို ပျက်စီးလာစေပါတယ်။ ပုံမှန်သွေးပေါင်ချိန်ဟာ အပေါ်သွေး ၁၁၀-၁၂၀ ခန့်၊ အောက်သွေး ၇၀-၈၀ ခန့် ရှိပါတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအလိုက် ကွားခြားမှု ရှိနိုင်ပါတယ်။ ပုံမှန်ထက်များနေရင် ဆရာဝန်နဲ့ပြသပြီး သွေးပေါင်ချိန် ထိန်းနိုင်အောင် ကြိုးစားပါ။ဝိုင်နီတခွက်ကို ညစဉ်သောက်သုံးပေးခြင်းဟာ ကိုလက်စထရောကို ကျစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရက်အလွန်အကျွံသောက်ခြင်းဟာ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ အရက်ကို လွန်ကဲစွာသောက်ရင် သွေးပေါင်ချိန်မြင့်တက်စေခြင်း၊ အဝလွန်ခြင်း၊ နှလုံးပျက်စီးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်ဘဲ လွန်ကဲနေခြင်းဟာ သွေးလွှတ်ကြောတွေကို ပျက်စီးစေပါတယ်။ နှလုံးရောဂါနဲ့ပါ တွဲဖြစ်ရင် အသက်အန္တရာယ် ပိုမိုနီးစပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။စိတ်ဖိစီးမှုဆိုတာ ဒီနေ့ကမ္ဘာမှာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုကို ထိန်းချုဖို့ မကြိုးစားရင် သွေးပေါင်ချိန်မြင့်တက်ပြီး သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု လျော့ကျအောင် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/high-cholesterol-preventing-cad/
ကျားဟော်မုန်း ချို့တဲ့နေတယ်လို့ သံသယရှိနေပြီလား
ကျားဟော်မုန်း (Testosterone) ဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အများအပြား ထွက်ရှိပြီးလိင်စိတ်ဆန္ဒဖြစ်ပေါ်စေဖို့၊ ကြွက်သားထုတည်ဆောက်ဖို့၊စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပေါ် သက်ရောက်မှု ရှိစေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းဟာ နည်းသွားတတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် လူငယ်ဘဝမှာကတည်းကကျားဟော်မုန်း ချို့တဲ့နေတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့။အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာက ကျားဟော်မုန်း ထုတ်လုပ်နိုင်မှု နည်းလာတာ သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ်က အသက် ၃၀ မပြည့်သေးခင် ကျားဟော်မုန်းနည်းတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ကျားဟော်မုန်းဆိုတာ အမျိုးသားတိုင်း အလွန်အရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒီကျားဟော်မုန်း ချို့တဲ့ပြီဆိုတာနဲ့ လိင်မှုကိစ္စမှာလည်း ကောင်းစွာ ထမ်းဆောင်နိုင်တော့မှာ မဟုတ်သလို ယောက်ျားတန်မဲ့လိင်စိတ်ဆန္ဒနည်းတဲ့ အခြေအနေမျိုးလည်း ကြုံလာနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ဇီဝကမ္မဖြစ်စဉ် ပုံမှန်မဟုတ်တော့တာ (သွေးတိုးတာ၊ သွေးတွင်း ကိုလက်စထရော၊ သကြားဓာတ်၊ အင်ဆူလင်မြင့်တက်လာတာ၊ ဝမ်းဗိုက်အဆီဖုံးလာတာ)၊ ဆီးချိုရောဂါ၊ ဆီးကျိတ်ကင်ဆာနှင့် တခြားကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ဖြစ်စဉ်အကြောင်းရင်းနဲ့ ရောဂါအခြေအနေကို သွေးစစ်ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ရောဂါဇစ်မြစ်ကို သေချာသိပြီဆိုမှ ဆရာဝန်အနေနဲ့ ကိုယ်နဲ့ အကိုက်ညီဆုံး ဆေးကုထုံးနည်းလမ်းနဲ့ ကုသပေးနိုင်မှာပါ။ ကျားဟော်မုန်း အစားထိုးကုထုံးဖြစ်တဲ့ နေ့စဉ်သုံးကပ်ခွာ အသုံးပြုခြင်း၊ အသားထဲစိမ့်ဝင်စေမယ့် ဂျယ်လ် လိမ်းပေးခြင်း၊ ပုံမှန် ကျားဟော်မုန်းဆေး ထိုးသွင်းခြင်း၊ အရေပြားအောက်မှာ ကျားဟော်မုန်း ထိန်းပေးနိုင်တဲ့ အစေ့လုံး စိုက်ခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ ကုသလို့ ရပါတယ်။သတိပြုရမှာကတော့ ဒီကုသခြင်းဟာ တစ်သက်လုံး ပုံမှန်မပျက်မကွက် လုပ်ပေးရမယ့် ကုထုံးနည်းလမ်းတွေ ဖြစ်တယ်ဆိုတာပါပဲ။ ဒီလို ကျားဟော်မုန်းကို အပြင်ကနေ ဖြည့်စွက်ပေးနေတဲ့အတွက် ကိုယ်ခန္ဓာက သဘာဝအတိုင်း ကျားဟော်မုန်းထုတ်လုပ်မှု နည်းသွားနိုင်ပါတယ်။ ဆရာဝန်နဲ့ အမြဲ ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ပုံမှန် စစ်ဆေးမှု ခံယူဖို့လည်း အရေးကြီးပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/%e1%80%80%e1%80%bd%e1%80%ac%e1%80%b8%e1%80%9f%e1%80%b1%e1%80%ac%e1%80%99%e1%80%bc%e1%80%af%e1%80%94%e1%80%bc%e1%80%b8-%e1%80%81%e1%80%bd%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%b2%e1%80%b7%e1%80%b1/
ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ ။ ။
ခုနောက်ပိုင်းမှာမူးယစ်ဆေး စွဲတဲ့ ပြဿနာတွေဟာ၊ အမှုတွေ အင်မတန်များပြားလာနေပြီး လူငယ်တို့ ဘဝတွေ ဖျက်စီးခံနေရတာ အားလုံးအသိပါ။ ဆေးအဆန်းအပြားတွေဟာလည်း နေ့ညမပြတ် ပေါ်ထွက်နေတာကြောင့် ကိုယ့်ကလေး ဘယ်တော့များ အပေါင်းအသင်းမှားပြီး ဆေးသမားဖြစ်မလဲ ရင်တမမနဲ့ စိတ်ပူနေရတဲ့ မိဘတွေအတွက် ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ စောစောသိလေ မူးယစ်နွံထဲက ရုန်းထွက်ဖို့ အချိန်မီလေ ဖြစ်မှာပါ။ ။ဆေးစွဲတယ်လို့ဆိုတဲ့နေရာမှာ မူးယစ်ဆေးတစ်ခုပဲ မဟုတ်ပါဘူး။ ေရာဂါသက်သာစေဖို့အတွက်သောက်နေရတဲ့ဆေးေတွကို မသောက်ရ မနေနိုင်ဖြစ်တာမျိုးတွေလည်း ပါပါတယ်။ ဥပမာအိပ်ဆေးတို့၊ steroid ပါတဲ့ဆေး တို့၊ ဆေးခန်းတွေမှာ အားဆေးထိုးပေးပါဆိုပြီး လာလာထိုးခိုင်းနေတဲ့ ဆေးတွေလည်းပါတာပေါ့။ သူတို့ကိုမှ မသောက်ရဘူးဆိုရင် ကိုယ့်ဆီမှာတစ်ခုခုလိုနေသလို၊ စားလို့သောက်လို့မကောင်းတော့သလို၊ နေထိုင်လို့ မကောင်းတော့သလိုမျိုး ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှု ပြဿနာတွေလည်းဆေးစွဲတဲ့အထဲမှာပါပါတယ်။ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ ကတော့ –။သင်ချစ်ခင်ရတဲ့သူတွေဆီမှာ ဒီလို ပြောင်းလဲမှုလေးတွေ စတင်ကြုံတွေ့လာပြီဆိုရင် ဆေးစွဲနေတာဖြစ်နိုင်လို့ သေချာစောင့်ကြည့်ပြီး အမြန်ဆုံးကူညီပေးပါ။ ဆေးစွဲတာ စောသိလေ၊ ဆေးပြတ်ဖို့ အခွင့်အရေး ပိုများလေလေပါပဲ။ ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/sign-of-drug-addict/
စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး
စပျစ်သီးလို့ဆိုလိုက်ရင် ခရမ်းရောင်လေးတွေကိုပဲ ပေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ စပျစ်သီးက ခရမ်းရောင်၊ အနီရောင် နဲ့ အစိမ်းရောင်ဆိုပြီး အမျိုးမျိုး ရှိတာပါ။ ဒီထဲကမှစပျစ်သီး စိမ်းစိမ်းလေးကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီး စိမ်းစိမ်းလေး ကကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးပါရစေ။စပျစ်သီး စိမ်းစိမ်း ဆိုတာ စပျစ်သီး တစ်မျိုးပါ။ ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မျောမျောလေးတွေလည်း ရှိပါတယ်။ အတွင်းသားကတော့ အဖြူပါ။ စားရတာ ချိုပါတယ်။စပျစ်သီး စိမ်းစိမ်းလေး ကို စားသုံးပေးတာက။စပျစ်သီး စိမ်းစိမ်းလေး တွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို စုပ်ယူပေးပြီး ကောင်းတဲ့ ကိုလက်စထရော ပမာဏကို တိုးစေနိုင်ပါတယ်။စပျစ်သီး အစိမ်းရောင်ကဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာ ပါဝင်နေတာကြောင့်နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ နှလုံးသွေးကြောကျဉ်းတာ အပါအဝင် နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။အစိမ်းရာင် စပျစ်သီး အခွံမှာ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ပါဝင်သလို ဓာတ်တိုးဆန့်ကျင် အနိသင်တွေလည်း ပါဝင်နေတာကြောင့် ကင်ဆာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ရင်သားကင်ဆာ၊အူမကြီးကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အစိမ်းရောင် စပျစ်သီးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊phosphorus၊ မဂ္ဂနိ့၊ ဗီတာမင် K နဲ့ အခြား အရေးပါတဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။အစိမ်းရောင် စပျစ်သီးက အဆီ ပါဝင်မှု နည်းသလို၊ ကယ်လ်လိုရီ နဲ့ ကိုလက်စထရော ပါဝင်မှုလည်း နည်းပါတယ်။ အစိမ်းရောင် စပျစ်သီး စားသုံးတာက ကိုယ်တွင်းက အဆီတွေကို ကျစေပြီး ဝိတ်ကျစေဖို့ အထောက်အကူ ပေးပါတယ်။စပျစ်သီး အစိမ်းရောင်မှာ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ မဂ္ဂနီဆီယမ် နဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။အစိမ်းရောင် စပျစ်သီးက ညစ်ညမ်းမှုတွေကြောင့် အသည်း ထိခိုက်တာ၊ ဆေးဝါးတွေ။ အရက်၊ကဖင်းစတာတွေကြောင့် အသည်းထိခိုက်တာတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။ အသည်းကျန်းမာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ဒါတွေအပြင် အစိမ်းရောင် စပျစ်သီးက။စပျစ်သီး စိမ်းစိမ်း က လူတိုင်း စားလို့ရသလို ကျန်းမာရေးကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။လူတိုင်း စားလို့ရပါတယ်။ ဆီးချိုရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%85%e1%80%95%e1%80%bb%e1%80%85%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8-%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%80/
အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်ဝေဒနာ
လူဆိုတာ ဘယ်လောက်ပဲ တစ်ယောက်ထဲ နေရတဲ့အချိန်ကို သဘောကျတယ်ပြောပြော ကိုယ့်အိမ်ထဲမှာ ရက်ပေါင်းများစွာ လှောင်ပိတ်နေရပြီး အပြင်လည်း မသွား၊ အပေါင်းအသင်းတွေနဲ့လည်း မတွေ့ဆိုရင် ကြာလာတာနဲ့ ငူငူငိုင်ငိုင်တွေ ဖြစ်ပြီး အထီးကျန်တော့မှာပေါ့။ ဒီလိုမျိုး အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲအထီးကျန်လာတဲ့ ခံစားချက်မျိုးကို Cabin Fever လို့ ခေါ်ကြပြီးစိတ်ကျန်းမာရေး ပြဿနာလို့ သတ်မှတ်ရတဲ့အထိတော့ မပြင်းထန်ပါဘူး။ဘယ်လိုပဲ ဖြစ်နေပါစေ၊အထီးကျန်နေတဲ့ ခံစားချက်ကြီးကိုတော့ ဘယ်သူကမှ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုလို ကာလမျိုးမှာ ရုပ်ခန္ဓာကို ဂရုစိုက်ဖို့ လိုသလို စိတ်ကျန်းမာရေးကိုလည်း မေ့ထားလို့တော့ မဖြစ်ပါဘူး။အိမ်တွင်းအောင်း ခြင်းက နောက်ဆက်တွဲ အနေနဲ့ လူမှုနယ်ပယ်နဲ့ ဝေးကွာလာတာနဲ့အမျှ အထီးကျန်ဆန်ခြင်းသာမက နောက်ဆက်တွဲအနေနဲ့။ကိုယ့်ဘာသာကိုယ် အပြင်သိပ်မထွက်ဘဲ အိမ်တွင်းအောင်းနေတတ်တဲ့ သူတွေ (Introvert) ကတော့ ဒီလိုကာလမျိုးဟာ သူတို့အတွက်တော့ ပုံမှန် နေ့ရက်တွေကို ကျော်ဖြတ်နေရသလိုပဲ ဖြစ်နေတတ်ပါတယ်။ အမြဲတမ်းသူငယ်ချင်းတွေနဲ့ လျှောက်သွား၊ လျှောက်စား၊ လူမှုနယ်ပယ်မှာ ပုံမှန်ကျင်လည်နေရတဲ့သူတွေမှာ အထီးကျန်တာ ပိုအဖြစ်များပါတယ်။အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်ဝေဒနာ က စိတ်ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား မဟုတ်တာကြောင့် အရမ်းကြီး စိုးရိမ်ဖို့လည်း မလိုသလို ရိုးရှင်းလွယ်ကူတဲ့ စိတ်ကုထုံးနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ အထီးကျန်ဆန်ကို ဖြေဖျောက်လို့ ရပါတယ်။ဒီနည်းလမ်းတွေကတော့။၁။ မကြာခဏ သူငယ်ချင်းတွေ၊ ကိုယ်ချစ်ရတဲ့ သူတွေကို ဖုန်းခေါ်ပါ။ အင်တာနက်ကနေ စာပို့တာ၊ လူပါလှမ်းမြင်နိုင်တဲ့ video call ခေါ်တာမျိုး လုပ်ကြည့်ပါ။ အိမ်တွင်းအောင်း နေနေဆိုပြီး သူတို့တွေနဲ့ အဆက်အသွယ် ပြတ်စရာ မလိုပါဘူး။၂။ စိတ်အရမ်း ညစ်နေတယ်၊ ဘာလုပ်ရမှန်းလဲ မသိတော့ဘူးဆိုရင်သီချင်းအော်ဆိုလိုက်ပါ၊ ဒါမှမဟုတ်လည်း ကိုယ် ကြိုက်တဲ့ သီချင်းတွေကို ရှာပြီး နားထောင်ကြည့်ပါ။၃။ အချိန် ခဏလောက်ပေးပြီးလေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ အလေးတုံးတွေ ရှိရင် ကိုယ်ပုံမှန် ဆော့နေကျအတိုင်း ခန္ဓာကိုယ် အပေါ်ပိုင်း၊ အောက်ပိုင်းတွေကို လေ့ကျင့်ပေးလို့ ရပါတယ်။ အဲ့လို မဟုတ်ရင်လည်း အလေးမလိုတဲ့ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာ၊ ထိုင်ထလုပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။၄။ယောဂကျင့်တာ ဝါသနာပါသူတွေ၊ လူကြီးအရွယ်တွေ အနေနဲ့ ဒီလိုအချိန်မျိုးမှာ စိတ်ပေါ့ပါးလန်းဆန်းစေဖို့ ယောဂကျင့်ပေးနိုင်ပါတယ်။ အိမ်မှာပဲ အမြဲနေရတဲ့ အခါမှာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တင်းနေတဲ့ အကြောအချဉ်တွေ၊ ကြွက်သားတွေကိုလည်း ဖြေလျှော့ပေးသလို ညဘက်မှာလည်း ကောင်းစွာအိပ်ပျော်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။၅။ အရင်က ရုံး၊ ကျောင်းနဲ့မို့ မကူနိုင်ခဲ့တဲ့ အိမ်အလုပ်တွေကို ကိုယ်တတ်နိုင်သလောက် ဝိုင်းကူပါ။ အိမ်က လူကြီးတွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ စကားစမြည်ပြောပါ။ ရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေကို ဖွင့်ဟပါ။၆။ အမြဲတမ်း အားအားရှိ ဖုန်းပွတ်နေမယ့်အစား ကိုယ့်ဘဝ တက်လမ်းအတွက် အကျိုးရှိစေမယ့် စာအုပ်စာပေတွေကို ဖတ်ရှုပါ။ အင်တာနက်ပေါ်ကနေ လက်မှုအတတ်ပညာ၊ ဘာသာစကား၊ အလှအပဆိုင်ရာ နည်းလမ်းတွေကို လေ့လာနေပါ။ဒီနည်းလမ်းတွေနဲ့ အထီးကျန်ဆန်တာကို လုံးဝ မဖြေဖျောက်နိုင်ရင်တောင် အတိုင်းအတာတစ်ခုထိ ခံစားနေရတဲ့ ဝေဒနာကို သက်သာသွားစေနိုင်မှာပါ။ ဒါ့ပြင် အစာအာဟာရ၊အိပ်ချိန်ကိုလည်း သေချာဂရုပြုဖို့ ထပ်မံ အကြံပြုရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/cabin-fever/
ကျားဟော်မုန်းတိုးစေမယ့် အစားအစာများ
ကျားဟော်မုန်း – testosterone ဟာ လူတွေနဲ့ တိရစ္ဆာန်တချို့မှာ တွေ့ရတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့ကနေ အများဆုံး ထုတ်လုပ်ပြီး အမျိုးသမီးတွေမှာတော့ သားအိမ်ကနေ အနည်းငယ် ထုတ်လွှတ်ပေးပါတယ်။လူပျို၊ အပျို ဖြစ်ချိန်မှာ testosterone ဟော်မုန်း အများအပြား ထုတ်လွှတ်ပေးပြီး အသက် ၃၀ နောက်ပိုင်းမှာ ကျားဟော်မုန်း ထုတ်လုပ်တာ စတင် နည်းလာပါပြီ။ကျားဟော်မုန်းဟာလိင်စိတ်ဆန္ဒ ဖြစ်ပေါ်လာစေမှုအပေါ် သက်ရောက်မှု အလွန်ရှိတဲ့အပြင် သုက်ကောင်ရည် ပမာဏကို တိုးစေပြီး မျိုးအောင်စေတယ်။ ဒါ့အပြင် အရိုးနဲ့ ကြွက်သားထုကို ကြီးမားသန်စွမ်းစေတယ်။စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့လည်း သက်ရောက်မှု ရှိပါတယ်။အမျိုးသားတို့ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအတွက်ကျားဟော်မုန်းဟာ သက်ရောက်မှုအများကြီး ရှိပါတယ်။ အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာတဲ့အခါ။၁။ လိင်စိတ်ဆန္ဒ လျော့နည်းလာမယ်။ လိင်စွမ်းဆောင်ရည် ကျဆင်းမယ်။၂။ အားအင်ကုန်ခမ်းသလို ပင်ပန်းနေမယ်။၃။ကိုယ်အလေးချိန်တက်လာမယ်။ ဝလာမယ်။၄။ စိတ်ဓာတ်ကျရောဂါ အစပြုလာမယ်။၅။ အရာရာကို စိတ်တိုင်းမကျသလို ဖြစ်နေမယ်။၆။ ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းလာမယ်။၇။ ကိုယ်ခန္ဓာက အမွေးအမျှင်တွေ လျော့နည်းလာမယ်။၈။ အရိုးပါးလာမယ်။အရိုးပွရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါမယ်။Testosterone ကျားဟော်မုန်းဟာ အသက်ကြီးလာတာနဲ့ နည်းသွားတာ သဘာဝပါပဲ။ ကင်ဆာရောဂါအတွက် ဓာတုကုထုံး ကုသမှုခံယူနေချိန်၊ ဝှေးစေ့ကို ထိခိုက်မှု ဖြစ်တဲ့အချိန်၊ နှလုံးနဲ့ ဆက်စပ်ရောဂါတွေ၊ စိတ်ဖိစီးမှု၊ အရက်သေစာ အလွန်အကျွံ သောက်တာ၊ အသည်းနဲ့ ကျောက်ကပ်မှာ ရောဂါဖြစ်တာ၊ AIDS ရောဂါတွေဟာ ကျားဟော်မုန်းကို နည်းသွားစေနိုင်ပါတယ်။ကျားဟော်မုန်းတိုးစေဖို့ နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း ဂရုတစိုက်လုပ်ပေးဖို့ လိုအပ်တဲ့အပြင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ စားပေးဖို့လည်း အလွန်အရေးကြီးပါတယ်။ ဒီအစားအစာတွေထဲမှာမှ ကျားဟော်မုန်းတိုးစေတဲ့ အာဟာရဓာတ်တွေပေါကြွယ်ဝတဲ့ စားစရာတွေကိုပြောပြပေးမယ်နော်။တူနာငါးမှာ ဗီတာမင် D ပေါကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးကို ကောင်းမွန်စေတယ်။ ကျားဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ပရိုတင်းဓါတ် ပေါများတဲ့အပြင် ကိုယ်ခန္ဓာကို ဆိုးကျိုးဖြစ်စေတဲ့ ကယ်လိုရီတွေ နည်းပါးပါတယ်။လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြီး စားပေးနိုင်ရင် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် D ပါ ရရှိနိုင်ပြီး ကျားဟော်မုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။နွားနို့မှာ အမျိုးသားတွေအတွက် အဓိကလိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေ အများအပြားပါဝင်လို့အရိုးနဲ့ သွားကို ခိုင်မာစေတယ်။ ကြွက်သားထု တက်စေတယ်။ ဒါ့အပြင် ဗီတာမင် D လည်း ပါဝင်လို့ ကျားဟော်မုန်းကို ပုံမှန်ထုတ်လွှတ်ပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းနေတဲ့ အမျိုးသားတွေအတွက် အဆီ၊ မလိုင်နည်းတဲ့ နွားနို့ကို နေ့စဉ် ပုံမှန်သောက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ဗီတာမင် D အပြင် တခြားသော အာဟာရဓာတ်များစွာကို ကြက်ဥအကာထက် ကြက်ဥအနှစ်ကနေ ရရှိပါတယ်။ အမျိုးသားတွေ ကြက်ဥ တစ်နေ့ တစ်လုံး ပုံမှန်စားပေးခြင်းဖြင့် ကျန်းမာရေးနဲ့လည်း ညီညွတ်စေသလို ကျားဟော်မုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ကရုကမာကောင်၊ ဂဏန်း၊ ပုဇွန်မှာ ပါဝင်တဲ့ ဇင့်ဓာတ်တွေဟာ ကျားဟော်မုန်းကို မြှင့်တင်ပေးဖို့ အထောက်အကူပြုပါတယ်။ အသက်ကြီးလာတဲ့အခါမှာ အမျိုးသားတွေမှာ ကျားဟော်မုန်း လျော့နည်းလာတဲ့အတွက်ပင်လယ်စာကို စားသုံးပေးခြင်းဖြင့် testosterone ကို မြင့်တက်စေနိုင်ပါတယ်။အမဲသားမှာ ကျားဟော်မုန်းကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေအပြင် ဇင့်ဓါတ်နဲ့ ဗီတာမင် D ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆီများတဲ့အတွက် အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေတာကြောင့် လိုတာထက် ပိုပြီးတော့ မစားသင့်ပါဘူး။အမျိုးသားတွေအတွက် လိုအပ်တဲ့ ကျားဟော်မုန်းကို ထုတ်လုပ်ပေးတဲ့ နေရာမှာ အထောက်အကူပြုပေးနိုင်တယ်။ အာဟာရဓာတ်၊ ပရိုတင်းဓာတ်တွေ ပါဝင်လို့ နေ့စဉ် အစာအာဟာရထဲမှာ မဖြစ်မနေ စားပေးသင့်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/foods-boosting-testosterone/
ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။
ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆေးလိပ်ကအဆုတ်ကင်ဆာဖြစ်ပွားမှုကို မြင့်တက်စေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ဆေးလိပ်က အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းဖြစ်စေတတ်တယ်ဆိုပေမယ့် အဆုတ်ကင်ဆာဖြစ်သူတိုင်းက ဆေးလိပ် သောက်တတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ ဆေးလိပ်ကြောင့် မဟုတ်ဘဲအဆုတ်ကင်ဆာဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေ အများကြီးရှိပါသေးတယ်။ ။ခုနောက်ပိုင်းမှာ ဆေးလိပ်သောက်တဲ့သူတွေအပြင် ဆေးလိပ်မသောက်တဲ့အခြားသူတွေမှာပါ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့လူ ၂၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်မသောက်တဲ့သူတွေပါ။ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်လား။Squamous cell lung cancers– လေပြွန်တွေမှာဖြစ်တဲ့ ကင်ဆာဖြစ်ပြီး အစောဆုံးတွေ့ရတဲ့ လက္ခဏာတွေကတော့ ချောင်ဆိုးတာ၊ချောင်းဆိုးသွေးပါတာ ဖြစ်ပါတယ်။Adenocarcinomas – အဆုတ်အပြင်ပိုင်းမှာဖြစ်တဲ့ကင်ဆာတစ်မျိုးဖြစ်ပြီး လက္ခဏာမပြဘဲ အကြာကြီးရှိနေတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အသက်ရှူရကျပ်တာ၊ မောပန်းတာတွေအပြင် ကင်ဆာပြန့်သွားတဲ့နေရာ( အရိုးတို့ ၊ ဦးနှောက်တို့) မှာ ဝေဒနာခံစားရတာ ဖြစ်ပါတယ်။Bronchoalveolar carcinoma – Adenocarcinoma အောက်က အုပ်စုခွဲ တစ်ခုဖြစ်ပြီး ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေမှာ အတွေ့များတဲ့ ကင်ဆာတစ်ခုပါ။ဆေးလိပ်ကို ကိုယ်တိုင်ဖွာတာမဟုတ်ပေမယ့် ဆေးလိပ်သောက်တဲ့သူနားမှာနေပြီး တစ်ဆင်ခံဆေးလိပ်ငွေ့ရှူရှိုက်တဲ့သူတွေဟာ ဆေးလိပ်ငွေ့နဲ့ မထိတွေ့တဲ့သူတွေထက် ၂၄ ရာခိုင်နှုန်းပိုပြီး ကင်ဆာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ကျောက်ဂွမ်းနဲ့ထိတွေ့ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ mesothelioma လို့ခေါ်တဲ့ အဆုတ်အပြင်လွှာ ကင်ဆာဖြစ်တတ်ပါတယ်။အကြော်ကြော်ရာကနေ ထွက်လာတဲ့ အညှော်နံ့ကလည်း အဆုတ်ကင်ဆာကိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။အဆုတ်ကင်တာ ဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် ဒီအချက်လေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/lung-cancer-in-non-smokers/
Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း)
ခန္ဓါကိုယ်တွင်းသွေးထုထည်၂၀ရာခိုင်နှုန်းထက်ပိုပြီး ဆုံးရှူးံသွားခြင်းကြာင့်ဖြစ်ပါတယ်။ ရှော့ခ်ရခြင်းကနေ အသက်အန္တရာယ်ပေးနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်အရည်ဓါတ်ဆုံးရှုံးငြခ်းကြောင့် နှလုံးကနေ သင့်ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ သွေးလုံလုံလောက်လောက်မပို့ပေးနိုင်ပါဘူး။ ရလဒ်အနေနဲ့ အင်္ဂါအစိတ်အပိုင်းတွေပျက်စီးသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရေးပေါ်ကုသမှုလိုအပပ်ါတယ်။အဖြစ်အများဆုံးရှော့ခ်ရခြင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ အရမ်းငယ်လွန်းတဲ့ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အရည်သို့သွေးဆုံးရှူံးမှုပမာဏပေါ်မူတည်ပြီး ကွဲပြာနိုင်ပါတယ်။ လက္ခဏာတွေအားလုံးက အသက်အနဍ္ဍတရယ်စိုးရိမ်ရပြီး အရေးပေါ်ကုသမှုလိုအပ်ပါတယ်။အတွင်းကလီစာတွေသေါးယိုတဲ့အခြေအနေတွေမှာ ရှော့ခ်ရခြငးလက္ခဏာမပြမချင်း ရောဂါသိနိုင်ဖို့ ခက်ပါတယ်။ ပြင်ပသွေးထွေက်ခြင်းကတော့ မြင်သားပါတယ်။သိပ်မဆိုးရွားမပြင်းထန်တဲ့လက္ခဏာတွေကတော့။ခေါင်းကိုက်ခြင်း။မောပန်းနွမ်းနယ်ခြင်း။မူဝေခြင်း။ချွေးထွက်များခြင်း။မူးဝေခြင်း။ပြင်းထန်ပြိး အရေးပေါ်ကုငသမှုချက်ချင်းကုခံယူဖို့လိုတဲ့ လက္ခဏာတွေကတော့။အသားများအေးစက်လာခြင်း။အရေပြားဖျော့တော့ခြငး။အသက်ရှူမြန်ခြင်း တိမ်ခြင်း။နှလုံးခုန်နှုန်းမြန်ခြင်း။ဆီးနည်းခြင်း ဆီးမသွားခြင်း။မရေမရာဖြစ်ခြင်း။အားနည်းခြင်း။သွေးခုန်နှုန်းမျှင်းခြင်း။နှုတ်ခမ်းနဲ့လည်သည်းများပြာင်င်း။လစ်ဟာဟာဖြစ်ခြင်း။သတိမေ့သါားခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရှော့ခ်ဖြစ်ရလောက်တဲ့အထိ သွေးပမာဏဆုံးရျူး့ခြင်းက အောက်ပါပြင်းထန်တဲ့အခြေအနေတွေကြောင့်။ဖြစ်နိုင်ပါတယ်။ပြင်းထန်တဲ့ရှရာဒဏ်ရာတွေမှ သွေးထွက်ခြင်း။မတော်တဆမှုကြောင့် ထိခိုက်မိရာမှ သွေးထွက်ခြင်း။ကလီစာများမှသွေးယိုခြင်း သို့ ပုံမှန်မဟုတ်တဲ့နေရာတွင်သန္ဓေတည်ရာမှ ပေါက်ထွက်သွားခြင်း။အစာချေလမ်းကြောင်းမှသွေးယိုခြင်း။ယောနိလမ်းောကာင်းသွေးဆင်းခြင်း။သွေးဆုံးရျူးံမှုပမာဏအပြင် ကိုယ်တွင်းအရည်များဆုံးရျူးံခြင်းကလေည်း သွေးပမာဏကိုနနည်းစခြေင်းမှာအဓိကကျပါတယ်။အလွန်အမင်းဝမ်းလျှောခြင်း အကြာကြိးဝမ်းလျှောခြင်း။ပြင်းပြင်းထန်ထန်မီးပူလောင်ခြင်း။အလွန်အမင်းအော့အန်ခြင်း။အလွန်အမင်းချွေးထွက်ခြင်း။သာမန်မှာဆိုရင် အောက်ဆီဂျင်နဲပအခြားအရေးပါတဲ့ပစ္စည်းတွေကို သွေးကနေတစ်ဆင့် အင်္ဂါအစိတ်အပိုင်းတွေဆီတစ်ရှူးတွေဆီ ပို့ပေးပါတယ်။ သေါးအများကြီးဆုံးရျူ့သွားတဲ့အခါမျာ နျလုံးကနေခန္ဓါိကိုယ်တစ်ခုလုံးဆီ လုံလုံလောကေလောက်သွေးမပို့ပေးနိုင်တော့ပါဘူး။ ခန္ဓါကိုယ်က ဒီပစ္စည်းတွေကို ပြန်ဖြည့်တင်းပေးနိုင်တာထက်ပိုပြီးဆုံးရှူါ့်သွားတဲ့အခါမျာ ခန္ဓါကျိုယ်အင်္ဂါအစိတ်အပေိုင်း လုပ်ဆောင်ရည်တွေကျသွားပြီး ရှော့ခ်လက္ခဏာတွေပေါ်လာပါတယ်။ သွေးဖိအားသွေးပါင်ချိန်ထိုးကျသွားခြင်းက။အသက်အန္တရာယ်ပေးနိုင်ပါတယ် ။သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ဖစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။တစ်နှစ်အောက်ကလေးများနှင့် ကလေးများ။ပြင်းပြင်းထန်ထန်ဝမ်းလျှောခြင်းနဲ့အော့အန်ခြင်းကို အဖြစ်နိုင်ချေများဆုံးအုပ်စုဖြစတဲ့ ကလေးငယ်တွေမှာ ရေဓါတ်ခန်းခြောက်ခြင်းကို အထူးသဖြင့်ခံနေကြရပါတယ်။အသက်ကြီးသူများ။အသက်ကြီးလာလေ ခန္ဓကိုယ်တွင်းအရည်ပမာဏ နည်းလာပြီး ရေကိုသိုလှောင်သိမ်းဆည်းနိုင်စွမ်းလျော့လာတဲ့အပြင် ရေငတ်ခြင်းကိုအာရုံခံစားနိင်စွမ်းလည်း လျော့ကျလာပါတယ်။နာတာရှည်မကျန်းမာသူများ။မကုသဘဲထားတဲ့အီးချိုရောဂါသည်ဒါမှမဟုတ် ဆီးချိုရောဂါအခြေအနေပြင်းထ်န်နေသူတွေမှာ သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းရှာ့ခ်ရနိုင်ချေများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေ ချက်ခငျးလုပ်ဆောင်ပါလိ့်မ်ယ။သွေးထွက်များခြင်းက ချက်ချင်းသိနိုင်ပြီး အတွင်းပိင်းသွေးယိုငြခ်းကတော့ တခါတလေမှာ သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းလက္ခဏာတွေမပြသေးမချင်း သိနိုင်ဖေို့ခက်ပါတယ်။ ပြငပလက္ခဏာတွေအပြင် ဆရာဝန်က။သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်းကို အတည်ပြုဖို့အတွက် များပြားလှတဲ့စစ်ဆေးမှုတွေလည် းပြုလုပ်ပါလိမ့်မယ်။သွေးစစ်ခြင်း – အီလက်ထရိုလိုက်ဟန်ချက်မမျှတမှုများ၊ ကျောက်ကပ်၊ အသည်းလုပ်ဆောင်ရညတေါကို သိရှိရန်ဖြစ်ပါတယ်။ကိုယ်တွင်းအင်္ဂါတွူကိုမြင်နိုင်ဖေို့အတွက် စီတီစကန်ဖတ်ခြင်း အယ်ထရာဆောင်းရိုက်ခြင်း။နှလုံးအယ်ထရာဆောင်း အက်ခိုးကာဒီယိုဂရမ်။နှလုံးခုန်မှန်မမှန်သိနိုင်ဖို့အတွက် အီစိဂျီရိုက်ခြင်း။အစာရေမျိုပြွန်နဲ့အူလမ်းကြေင်းအင်္ဂါတွေကို စမ်းသပ်ဖို့အတွက် မှန်ပြောင်းကြည့်ခြင်း။နှလုံးညှစ်နိုင်စာမ်းကိသိဖို့အတွက် နျလုံးညာဘက်ခြမ်းကက်သီတာထည့်ခြင်း။ဆီးအိတ်အတါင်း ဆီးပမာဏကိုတိုင်းတာဖို့အတွက် ဆီးပိုက်ကက်သီတာထည့်ခြင်း။သင့်လက္ခဏာတွေပေါ်အခြေခံပြီး အခြားစစ်ဆေးမငတွေလည်း ပြုလုပ်ပေးပါလိမ့်မယ်။ုရျော့ခ်လက္ခဏာတွေပြတာနဲ့ အရေးပေါ်နံပါတကို ချက်ချင်းခေါ်သင့်ပါတယ်။ အရေးပေါ်အကူအညီမလာသေးခင်မှာ အောက်ပါတို့ကိုပြုလုပ်ထားသင့်ပါတယ်။ခြေထောက်ကို ၁၂လက်မလောက်မြှင့်ထားပြီး လူနာကိုလဲလျောင်းနေစေခြင်း။ဦေးခါင်း၊ လည်ပင်းနောက်ကျောထိခိုက်မှုတွေ ရှိထားတယ်လို့သံသယရှိမယ်ဆိုရင် လူနာကိုမလှုပ်ရှားခိုင်းခြင်း။ကိုယ်တွင်းအပူချိန်ကျခြင်းကိုကာကွယ်ဖို့အပတွက် လူနာကိုနွေးနွေးထွေးထွေးထးခြင်း။အရည်တွေကိုမသောက်ခိုင်းပါနဲ့။ဆေးရုံရာက်တဲ့အခါမှာ လူနာကို သွေးဆုံးရှူံးမှုကိုပြန်လည်ဖြည့်တင်းဖို့နဲ့ သွေးလှည့်ပတ်မှုကောင်းစေဖို့ အရည်ဒါမှမဟုတ် သွေးတွင်းပစ္စည်းများကို သွေးပြန်ကြောကနေတစ်ဆင့်။သွင်းပေးပါလိမ့်မယ်။သွေးရည်ကြည်သွင်းခြင်း။သွေးခဲအောင်ပြုလုပ်ပေးသည့်သွေးဆဲလ်များ သွင်းပေးခြင်း။သေါးနီဥများသွင်းပေးခြင်း။ခရစ်တယ်လွိုက်များ အကြောဆေးသွင်းခြင်း။ဆရာဝန်က သွေးလည်ပတ်မှုကောင်းစေဖို့နဲ့ လိုအပ်တဲ့နေရာကိုသွေးရဖို့ နှလု့းညှစ်အားကောင်းတဲံဆေးတွေကို ညွှန်ကြားပါလိမ့်မယ်။ကူးစက်ပိုးဝင်ခြင်းကြောင့်ရှော့်ခ်ရခြင်းနဲ့ ဘတ်တီးရီးယားကူးစက်ပိုးဝင်ခြင်းကိုကာကွယ်ဖို့ ပဋိဇီဝပိုးသတ်ဆေးတွေကိုလည်း ညွှန်းပါလိမ့်မယ်။နှလုံးလုပ်ဆောင်ရည်ကိုစောင့်ကြည့်ခြင်းက ကုသမှုတွေထိရောက်မှုရျီမရှိ ဆုံးဖြတ်ပေးနိုင်ပါတယ်။သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ရခြင်းကို အများစုမှာကာကွယ်လို့မရနိုင်ပါညဘူး။ ထိခ်ုကမှုကြောင့် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်ပြီးသါားတဲ့အခါမှာ ဖြစ်လေ့ရျပါတယ်။ ရေဓတာ်ခန်းခြောက်ခြင်းက အရည်တွေလုံလုံလောက်လောက်သောက်ခြင်းဖြင့် တခါတလေမှာ ကကွုယ်ပေးနိုင်ပါတယ်။ ဓါတ်ဆေားရည်လိုမျိုး အရေးပါတဲ့ဆားဓါတ်သကြားဓါတ်တွေကို ထိန်းပေးတြ့အရေည်တွေက ပြင်းပြင်းထန်ထန်အော့အန်ခြင်းဝမ်းလျှောခြင်းတွေဖြစ်တဲ့အခါမှာ ကူညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/shock-hypovolaemic-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%91%e1%80%af%e1%80%91%e1%80%8a%e1%80%ba%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%b1%e1%80%bc/
အရိုးကျိုးသွားတဲ့အခါ မြန်မြန်ပြန်ဆက်စေဖို့
ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ မတော်တဆထိခိုက်မိတာတွေကြောင့်ဖြစ်ဖြစ် အရိုးကျိုးတာမျိုးတွေဖြစ်နိုင်ပါတယ်။အရိုးကျိုးတာက သာမန်မျက်စိနဲ့ မြင်ဖို့ခက်သလို သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ အရိုးပြန်ဆက်တဲ့အချိန်မျာ အစားအသောက်၊ အနေအထိုင်ကို သေချာလေးဂရုစိုက်ပေးမှာ အရိုးက အကောင်းဆုံးပြန်ဆက်နိုင်မှာပါ။ ဒီတော့ အကြောင်းအရင်းတစ်ခုခုကြောင့် အရိုးကျိုးသွားတဲ့အခါ အရိုးမြန်မြန်ဆန်ဆန်ပြန်ဆက်စေဖို့ ဘာတွေလိုက်နာဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ မျှဝေပါရစေ။ခန္ဓာကိုယ်ရဲ့ အခြေခံကျတဲ့ ငြမ်းတွေဖြစ်တဲ့ အရိုးတွေကိုကော်လာဂျင်လို့ ခေါ်တဲ့ (ပရိုတင်း) နဲ့ဖွဲ့စည်းထားပြီး အပေါ်ကနေမှသတ္တုဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့က ကြံ့ခိုင်မှုကို အားဖြည့်ပေးထားကြပါတယ်။ ဒါကြောင့် အရိုးတွေကျန်းမာနေစေဖို့ ထိခိုက်သွားတဲ့အခါ အမြန်ဆုံးပြန်ကျန်းမာလာစေဖို့အတွက် အာဟာရတွေကို ပြည့်ဝမျှတအောင်စားသုံးပေးဖို့ လိုပါမယ်။အရိုးတွေကျိုးသွားတဲ့အခါ ပြန်ဆက်ပြီး အမြန်ဆုံးအကောင်းပကတိပြန်ဖြစ်စေဖို့ဆိုရင် ပုံမှန်ထက် အာဟာရဓာတ်တွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါမယ်။ ဒီတော့ ဘာတွေစားမလဲ………။ကယ်လ်ဆီယမ်။အရိုးတွေနဲ့သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်မယ့်ဓာတ်တစ်မျိုးပါ။ အရိုးရဲ့ သိပ်သည်းဆကို ကောင်းစေပြီး ကျိုးနေတဲ့အရိုးတွေကို ပြန်ဆက်စေဖို့လည်း အကောင်းဆု့းအားဖြည့်ပေးနိုင်ပါတယ်။ ကျန်းမာတဲ့ အရိုးတွေဖြစ်ပေးစေဖို့လည်း အထိရောက်ဆုံးအားဖြည့်ပေးမှာပါ။ ဒီတော့ အရိုးတွေကျိုးသွားတဲ့အခါ လလ်ဆီယမ်ကြွယ်ဝတဲ့အစာတွေကိုစားပေးဖို့တော့ လိုမှာပေါ့။နို့၊ ဒိန်ချဉ်၊ ချိစ်၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ ပဲနို့၊ ပေါင်မုန့်၊ ဆီရီယယ်လ်တို့ကိုစားပေးပါ။ဗီတာမင် C။ကော်လာဂျင်တွေထွက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ အရိုးတွေကို ပြန်ဆက်စေဖို့လည်း အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေထိခိုက်မှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။ကိုယ်ခံအားကိုကောင်းစေပြီး နာကျင်ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။ချဉ်တဲ့အရသာရှိတဲ့ သံပရိုသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ ဘယ်ရီသီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။ပိုတက်ဆီယမ်။မဂ္ဂနီဆီယမ်။အရိုးတွေရဲ့ သိပ်သည်းဆကိုကောင်းမွန်စေပြီး အရိုးတွေ မြန်မြန်ပြန်ဆက်အောင် အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ မဂ္ဂနီဆီယမ်ဓာတ်ရဲ့ ၅၀ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်းလောက်က အရိုးမှာရှိနေတာပါ။ထမင်း၊ ဟင်းနုနွယ်၊ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့တို့စားပေးလို့ရပါတယ်။သံဓာတ်။ကော်လာဂျင်ဖြစ်ပေါ်စေဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါ။ သွေးတွင်းမှာ ဟီမိုဂလိုဘင်ပမာဏတိုးအောင် လုပ်ဆောင်ပေးပါတယ်။ အရိုးတွေပြန်ဆက်ဖို့အတွက် အရေးပါတဲ့ အောက်ဆီဂျင်အလုံအလောက်ရစေနိုင်ပါတယ်။ သံဓာတ်ချို့တဲ့မှုက အရိုးတွေပြန်ဆက်ရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သံဓာတ်ပြည့်အောင် စားသုံးပေးဖို့လည်း လိုပါမယ်။အနီရောင်အသားတွေ၊ ကြက်သား၊ ဟင်းနုနွယ်၊ အသည်းတို့ကို စားသုံးပေးလို့ရပါတယ်။ကော်လာဂျင်ထွက်ရှိစေဖို့နဲ့ အရိုးတွေပြန်ဆက်ဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အရိုတွေမြန်မြန်ပြန်ဆက်ဖို့ဆိုရင် ပရိုတင်းပြည့်ဝဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ပရိုတင်းပြည့်ဝမှာ အရိုးတွေကိုမြန်မြန်ပြန်ဆက်စေနိုင်ပြီး ကယ်လ်ဆီယမ်စုပ်ယူမှုကိုလည်း ကောင်းစေမှာပါ။ အရိုးတွေအသစ်ပြန်လည်ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။အနီရောင်အသား၊ ကြက်သား၊ ငါး၊ ပဲနို့၊ အခွံမာသီးတွေ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေစားသုံးပေးလို့ရပါတယ်။အရိုးတွေမြန်မြန်ပြန်ဆက်စေဖို့ဆိုရင် ဒီအစားအစာတွေကိုတော့ရှောင်ရပါမယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/fractures-broken-bones/healing-diet-after-bone-fractur/
စပ်ဆေးအန္တရာယ်သတိပြုဖွယ်
“အမေကြီးမှာ ရင်ကြပ်ရောဂါအပြင်ဆီးချိုနဲ့သွေးတိုးပါရှိနေတယ်။”။“ဆရာ အရေးကြီးလားဆရာ”။“အရေးကြီးပါတယ်။ အခုလတ်တလော ရင်ကြပ်နေတဲ့အပြင်သွေးကလည်း ၂၀၀/၁၄၀ ဖြစ်နေပြီးဆီးချိုကလည်း ၃၀၀ ကျော်နေတော့အကုန်လုံးကိုလိုက်ထိန်းပေးနေပါတယ်။ ဒါနဲ့ရင်ကြပ်အတွက်ကဘာဆေးတွေ ပုံမှန်သုံးနေတာလဲ။”။“များသောအားဖြင့်တော့အမေက ရင်ကြပ်အတွက်ဆေးဆိုင်က ဆေးစပ်သောက်တာများတယ်။ ရင်အရမ်းကြပ်ရင်တော့ဆေးသွားထိုးရတယ်ဆရာ။ သွေးတိုးဆီးချိုက အရင်ကမရှိပါဘူးဆရာ”“ဆရာ့အမြင်ကတော့ဆီးချိုနဲ့သွေးတိုးကတော့ရင်ကြပ်အတွက်သောက်တဲ့ဆေးတွေကြောင့်ဖြစ်နိုင်တယ်။ စပ်ဆေးတွေထဲမှာ Prednisolone လိုDexa လိုဆေးမျိုးတွေ ပါလို့ဖြစ်တာ။သွေးတိုးဆီးချိုက အရင်က မရှိဘူးဆိုတာ မစစ်ဖူးလို့ဖြစ်နိုင်တယ်။ အဲ့ဒါတွေကလည်း သေချာမထိန်းရင်လေဖြတ်တာ နှလုံးထိတာတွေပါဖြစ်နိုင်တယ်။”“အမေက ခါးလည်း နာ နာ နေတတ်တယ်ဆရာ”။“အဲ့ဒါဆို ခါးဆစ်ရိုးပါ ဆေးကြောင့်ထိပြီလားမသိဘူး။ အရိုးကျိုးမကျိုး ရင်ကြပ်တာသက်သာရင်ဓါတ်မှန်ရိုက်ကြည့်ပေးပါမယ်။”။ဒေါ်မြအေး (အမည်လွှဲ) တစ်ယောက်ဆေးရုံတက်ရစဉ်သူ့သမီးနှင့်ဆရာဝန်တို့ပြောနေကြခြင်းဖြစ်သည်။ ဒေါ်မြအေးတစ်ယောက်ရင်ကြပ်ရှိနေသည်မှာ ကြာပြီဖြစ်သည်။ ဆေးရုံလည်းခဏခဏတက်ဖူးသည်။ ဆေးရုံက ဆင်းဆင်းချင်းတွင်တော့ဆေးရုံမှညွှန်လိုက်သော ရှူဆေးများကိုရှူလေ့ရှိသော်လည်း ကြာလာလျှင်ဆေးဖိုးဈေးကြီးသည်၊ ဆေးထပ်မဝယ်ဖြစ်တော့ဟုဆိုကာ ရင်ကြပ်လာမှစပ်ဆေးသွားဝယ်သောက်လေ့ရှိသည်။စပ်ဆေးများတွင်အများအားဖြင့်Prednisolone, Dexamethasone စသည့်ဆေးများပါတတ်သည်။ အဆိုပါဆေးများ၏ ထူးခြားချက်မှာ သောက်လိုက်လျှင်ဝေဒနာတော်တော်များများကို။ချက်ချင်းသက်သာသွားစေနိုင်သည်။ ရင်ကြပ်ကိုသက်သာစေသည်။ အဖျားကိုကျစေသည်။ နာကျင်ကိုက်ခဲမှုကိုသက်သာသွားစေသည်။ အစားအသောက်ကိုစားစေသည်။ အလွန်ကောင်းသောဆေးဟုထင်လောက်စရာပင်ဖြစ်သည်။သို့သော်တတ်ကျွမ်းနားလည်သူဆရာဝန်များကတော့ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးကိုကြောက်ကြသည်။ ထိုဆေးများသည်လိုအပ်သည့်နေရာတွင်သာ လိုသလိုအချိန်ကာလ အတိုင်းအတာတစ်ခုအထိသာ အသုံးပြုရမည့်ဆေးများဖြစ်သည်။ တန်ဆေးလွန်ဘေးဆိုသလိုလိုအပ်သည်ထက်ပို၍ ပမာဏများများသုံးခြင်း၊ အချိန်ကြာကြာသုံးခြင်း၊ မကြာခဏသုံးခြင်းများပြုလုပ်ပါကဘေးထွက်ဆိုးကျိုးအလွန်များသောဆေးများဖြစ်သည်။ ခဏသာ ဝေဒနာများသက်သာသွားစေနိုင်သော်လည်းထိုသို့သက်သာသွားရခြင်း အကြောင်းတရားတွင်ခန္ဓါကိုယ်၏ ခုခံအားစနစ်ကျဆင်းသွား၍ထိုဝေဒနာများသက်သာသွားစေသည်ဖြစ်ရာ ကောင်းလှသည့်ကိစ္စတော့မဟုတ်ချေ။တစ်ခါတစ်ရံထိုဆေးများကြောင့်ဖျားနာခြင်း နာကျင်ခြင်းများ လျော့သွားပြီး အသက်အန္တရာယ်ရှိသည့်အကြောင်းတရားများ၏ လက္ခဏာများ မပေါ်လွင်တော့သဖြင့်အသိနောက်ကျပြီး အသက်ဆုံးရှံူးရသည်အထိဖြစ်တတ်ပါသည်။ ဥပမာ သွေးတွင်းပိုးတစ်မျိုးမျိုးပြန့်နေသည့်လူနာတွင်ဖျားရခြင်းအကြောင်းရင်းကိုသေချာမရှာခင်ထိုဆေးများသောက်လိုက်ထိုးလိုက်ခြင်းကြောင့်အဖျားကျသွားတတ်သည်။ သို့သော်ထိုဆေးများသည်ခုခံအားစနစ်ကိုကျဆင်းစေသောကြောင့်အဖျားမရှိတော့ခြင်းဖြစ်ပြီး သွေးတွင်းပြန့်နေသောပိုးကိုပိုမို ပြန့်ပွားစေနိုင်သည်။ မဖျားတော့သဖြင့်ပိုးရှိနေသေးသည်ကိုသတိမပြုမိတော့ဘဲ ကုသမှုကိုပါနောက်ကျသွားစေနိုင်ပါသည်။ ထို့ကြောင့်ထိုအနေအထားသည်အသက်အန္တရာယ်ကိုထိခိုက်သည်အထိ။ဖြစ်တတ်ပါသည်။ထို့အပြင်ထိုဆေးသည်ရေရှည်အသုံးပြုပါက ဘေးထွက်ဆိုးကျိုးအလွန်များသော ဆေးဖြစ်သည်။ ခုခံအားကိုကျစေသောကြောင့်တီဘီ၊ မှိုအပါအဝင်ရောဂါပိုးများထပ်မံဝင်ရောက်တတ်သည်။ သွေးတိုးဆီးချိုရောဂါများဖြစ်ပေါ်စေတတ်သည်။ လူကိုဝလာစေပြီး အရေပြားများပါးလာ၊သွေးထွက်လွယ်လာတတ်သည်။ အရိုးပါးလာကာ အရိုးများကျိုးလွယ်ခြင်းဖြစ်လာတတ်သည်။ ကလေးများတွင်ရေရှည်အသုံးပြုရပါက အရပ်ရှည်ခြင်းကိုထိခိုက်စေပြီး ခန္ဓါကိုယ်သေးညှက်သွားတတ်သည်။ အစာအိမ်အနာရှိပါက ပိုဆိုးလာတတ်သည်။ ရေရှည်စွဲသောက်လျှင်ဖြစ်တတ်သလိုထိုးဆေးကိုမကြာခဏသုံးလျှင်လည်းဖြစ်တတ်သည်။ ထို့အပြင်ပုံမှန်သုံးနေသောလူတစ်ယောက်သည်ထိုဆေးကိုရုတ်တရက်ရပ်လိုက်ပါက သွေးပေါင်ကျခြင်း၊ သွေးတွင်းအချိုဓါတ်အလွန်အမင်းကျခြင်း၊သတိလစ်ခြင်းများဖြစ်တတ်ပါသည်။ ရောဂါကြောင့်ထိုဆေးကို မသုံးမဖြစ်သုံးရသူများတွင်ထိုဘေးထွက်ဆိုးကျိုးများကိုမဖြစ်မနေခံကြရသော်လည်း မလိုအပ်ဘဲ ထိုဆေးများကိုသုံးမိ၍ဘေးထွက်ဆိုးကျိုးများခံစားရပါက မထိုက်တန်ဟုဆိုရမည်ဖြစ်သည်။စပ်ဆေးရောင်းသူများသည်လူနာကျေနပ်ရန်ရောဂါလက္ခဏာကိုအမြန်သက်သာစေသည့်ဆေးများအသုံးပြုတတ်ကြသည်။ သို့သော်ဆေးအကြောင်းစနစ်တကျ လေ့လာထားသူများ ဖြစ်လေ့မရှိသည့်အတွက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးနှင့်တွဲသင့်မတွဲသင့်ကို သေချာသိသူများမဟုတ်ကြချေ။ ထို့အပြင်လူနာ၏ ရောဂါအကြောင်းကိုလည်း သေချာစမ်းသပ်နိုင်လောက်အောင်ဆေးပညာလေ့လာထားသူများမဟုတ်ကြချေ။ လူနာများအနေဖြင့်သတိပြုရန်မှာရောဂါတော်တော်များများသည်လက္ခဏာတစ်ခုနှစ်ခုပြောလိုက်ရုံဖြင့်ဘာရောဂါဖြစ်နေမှန်းသိသာနိုင်လောက်အောင် မရိုးရှင်းပါချေ။ ထို့ကြောင့် လက္ခဏာတစ်ခုနှစ်ခုသာပြောပြပြီးဆရာဝန်မဟုတ်သူထံမှ စပ်ဆေးများဝယ်သောက်ပါက ရောဂါနှင့် တိုက်ရိုက်သက်ဆိုင်သောဆေးများမဟုတ်ဘဲလက္ခဏာအားလုံးလိုလိုပျောက်နိုင်သည့် ဆေးများစုပေါင်းထည့်ထားတတ်သဖြင့်ဘေးထွက်ဆိုးကျိုးများပိုမိုရရှိနိုင်ပါသည်။ ချက်ချင်းမသိသာသေးလျှင်တောင် ရေရှည်တွင်။ပြဿနာများပေါ်လာတတ်ပါသည်။စပ်ဆေးများတွင် အထက်ဖော်ပြခဲ့သည့် Prednisolone, Dexa စသည့်ဆေးများအပြင်အကိုက်အခဲပျောက်ဆေးလိုဆေးများလည်းပါတတ်ပါသည်။ တစ်ခါတစ်ရံမတွဲရမည့်။ဆေးအတွဲများကိုတွဲဖက်ထားသည်လည်း ရှိတတ်ပါသည်။ အကိုက်အခဲသောက်ဆေးများသည်လည်းအစာအိမ်ဖြစ်စေတတ်ခြင်း၊ ကျောက်ကပ်ရောဂါများဖြစ်တတ်ခြင်း၊ နှလုံးသွေးတိုးရောဂါများဖြစ်တတ်ခြင်းစသည်ဘေးထွက်ဆိုးကျိုးများစွာရှိတတ်ပါသည်။ တစ်ခါတစ်ရံစပ်ဆေးများတွင်ပိုးသတ်ဆေးများထည့်သွင်းထားသည်ကို တွေ့ရှိရတတ်ပါသည်။ပိုးသတ်ဆေးများသည်မလိုအပ်ဘဲ သောက်သုံးခြင်း၊ ဆေး ရက်ပြည့်အောင်မသောက်သုံးခြင်း၊ စနစ်တကျမသုံးစွဲခြင်း ဆေးယဉ်ပါးပိုးများ ဖြစ်ပေါ်လာတတ်ပါသည်။ တကယ်ပိုးသတ်ဆေးအသုံးပြုရမည့်အနေအထားဖြစ်လာသည့်အခါ ဆေးယဉ်ပါးမှုများနှင့်ကြုံတွေ့နိုင်တတ်ကာကုသရခက်သွားတတ်ပါသည်။ စပ်ဆေးဝယ်သောက်သည့်ဓလေ့ပေါ်ပေါက်လာရခြင်းကိုလေ့လာကြည့်ပါက ဆရာဝန်ပြရသောကုန်ကျမှုမရှိခြင်း၊ စပ်ဆေးတွင်လတ်တလော သက်သာလွယ်သည့်ဆေးများပေါင်းထည့်ထားခြင်းကြောင့်လတ်တလောအမြန်သက်သာသွားသည်ကို ရောဂါပျောက်ကင်းသွားသည်ဟုမှတ်ယူမိကြခြင်းတို့ကြောင့်အဓိကဖြစ်ပါသည်။သို့သော်ထိုသို့စပ်ဆေးများသောက်နေခြင်းဖြင့်လက္ခဏာသာလျော့နည်းသွားပြီးတကယ့်ရောဂါမှာ သေချာပျောက်ကင်းခြင်းမဟုတ်သည့်အတွက်ရောဂါပိုရင့်လာတတ်ပြီး ရောဂါရင့်ချိန်တွင်ကုသရပိုမိုခက်ခဲသွားခြင်း၊ ဆေးများသည်ရေရှည်ခဏခဏသောက်သုံးမိပါကဘေးထွက်ဆိုးကျိုးများပေါ်ပေါက်လာပြီးထိုဘေးထွက်ဆိုးကျိုးများကိုပါ လိုက်ကုသနေရခြင်းများကြောင့်။ရေရှည်တွင်ကုန်ကျစရိတ်များစွာ ပြန်လည်ကုန်ကျနိုင်ပါသည်။ ထိုသို့ကုန်ကျခြင်းသည်လတ်တလောဆရာဝန်နှင့်တိုင်ပင်သည့်စရိတ်ထက်အဆများစွာ ကုန်ကျနိုင်ပါသည်။နိုင်ငံတကာတွင်လည်း မိမိဘာသာဝယ်သောက်နိုင်သောဆေးအချို့ရှိပါသည်။ သာမန်အအေးမိ၊နာကျင်ကိုက်ခဲရုံလောက်ကိုမိမိဘာသာ ဆေးဝယ်သောက်နိုင်ပါသည်။ သို့သော်ဘေးထွက်ဆိုးကျိုးများသဖြင့်ကျွမ်းကျင်သူဆရာဝန်ကသာ ဆင့်ချိန်သုံးစွဲရမည့်ဆေးများကိုမိမိဘာသာ ဝယ်သောက်၍ မရပါချေ။ ဆရာဝန်ဆေးလက်မှတ်ပါမှသာ ဝယ်၍ရပါသည်။ မိမိတို့ နိုင်ငံတွင်ထိုသို့ မဟုတ်ဘဲ ဆေးတော်တော်များများမှာဆေးလက်မှတ်မပါလည်း ဝယ်လို့ ရနေသဖြင့် အန္တရာယ်များလှခြင်းဖြစ်ပါသည်။အချုပ်အားဖြင့်ဆိုရလျှင် စပ်ဆေးသောက်ခြင်းများသည် ခဏတဖြုတ်ဘေးထွက် လက္ခဏာကိုသက်သာသည်၊ ကုန်ကျစရိတ်သက်သာသည်မှာမှန်သော်လည်း ရောဂါနှင့် ဆေးလွဲနေခြင်း၊ လက္ခဏာကိုသာခဏတဖြုတ်သက်သာစေနိုင်ပြီး ရောဂါအရင်းအမြစ်ကို ကုသခြင်းမဟုတ်သဖြင့် ရောဂါပိုရင့်လာခြင်း၊ရေရှည်ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာတတ်ခြင်း၊ ထိုသို့ဖြစ်မှ ဆရာဝန်များနှင့် တိုင်ပင်ကုသပါကရောဂါမှာကုသရပိုမိုခက်ခဲသွားပြီး ကုသမှုစရိတ်များပါ အဆမတန်ပိုမိုကုန်ကျခြင်းများဖြစ်ပေါ်သွားတတ်ပါသည်။ ထို့ကြောင့် ခဏတဖြုတ်ကုန်ကျစရိတ် သက်သာသည်ကို မကြည့်ဘဲရောဂါတစ်ခုကို စပ်ဆေးများမကြာခဏဝယ်သောက်နေခြင်းထက် ကျွမ်းကျင်သူဆရာဝန်များနှင့်သာစနစ်တကျပြသကုသမှသာ ရောဂါသေချာပျောက်ကင်းပြီး ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ခြင်းမှရှောင်ကြဉ်နိုင်မည် ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medicine-dangers/
အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ
အစာအိမ်နဲ့ အူသိမ်နံရံတွေမှာ ပေါက်တတ်တဲ့ အနာကို အက်စစ်နာ လို့ခေါ်ပါတယ်။ ဝမ်းဗိုက်တွင်းနာကျင်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့အခါ သွေးယိုခြင်းပင်ဖြစ်စေနိုင်တယ်။ ဒီတစခေါက်တော့ အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ အကြောင်း ပြောပြပေးချင်ပါတယ်။အစာအိမ်တွင်းအက်စစ်များခြင်းကြောင့်ဖြစ်တယ်လို့ ယူဆကြတယ်။ အရင်ကကတော့ အစပ်စားလို့ အစာအိမ်တွင်းအက်စစ်ပမာဏတက်ရတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် လတ်တလောလေ့လာမှုတွေကတော့ အစပ်စားတာကြောင့် မဟုတ်ဘဲ တခြားအချက်တွေကြောင့် ဆိုတာကို သက်သေပြခဲ့ပါတယ်။အစာအိမ်ထဲမှာ အစာအိမ်နံရံကို အက်စစ်ဒဏ်ကနေ ကာကွယ်ပေးတဲ့ အကျိအချွဲအလွှာတစ်ခုရှိပါတယ်။ အဲ့ဒီအကျိအချွဲအလွှာ နည်းသွားတဲ့အခါမှာ အစာအိမ် သို့ အူနံရံဟာ အက်စစ်တွေရဲ့ ဖျက်စီးခြင်းကို ခံရဖို့များသွားတယ်။အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ ကတော့။ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်တွင်းနေထိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။ အစာအိမ်နံရံမှာ အကာအကွယ်ရှိစဉ်မှာ အနာ မဖြစ်စေနိုင်၊ လက္ခဏာတွေ မပြစေနိုင်ပေမယ့် ကာပေးထားတဲ့ အလွှာ ပျောက်သွားတဲ့အခါမှာ နံရံတွေကို ထိခိုက်ဖျက်ဆီးပြီး အနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအချက်ဟာ အဖြစ်အများဆုံးအကြောင်းအရင်းဖြစ်ပါတယ်။ တချို့သူတွေမှာ မကုသဘဲထားလိုက်ရင် ကင်ဆာအထိဖြစ်နိုင်ပါတယ်။အကိုက်အခဲပျောက်ဆေးများကို အချိန်ကြာကြာစွဲသောက်ပါကလည်း အစာအိမ်အတွင်းရှိ အကျိအချွဲအလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ လူတိုင်းမှာ COX-1 နဲ့ COX-2 ဆိုတဲ့ အင်ဇိုင်းနှစ်မျိုးရှိပြီး ဒီအင်ဇိုင်းတွေက တစ်ရှူးထိခိုက်မှုဖြစ်စဉ်တွေကနေ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက ဒီအင်ဇိုင်းတွေကို တားတာကြောင့် ခန္ဓာကိုယ်မှ နာကျင်မှုတွေ သက်သာရခြင်း ဖြစ်ပါတယ်။ဒါပေမယ့် COX-1 ဟာအစာခြေစနစ်ကို အက်စစ်ဒဏ်မှ ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးလည်း ထုတ်ပေးပါသေးတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေသောက်တဲ့အခါ ဒီဓာတုပစ္စည်းပါ မထွက်တော့တာကြောင့် အကျိအချွဲလွှာ ပါးသွားပြီး အစာအိမ်၊ အူအနာဖြစ်ခြင်းဖြစ်ပါတယ်။အစာအိမ်တွင်း အက်စစ်အထုတ်များခြင်းက မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှု၊ဆေးလိပ်သောက်ခြင်း၊ အရက်စသော အကြောင်းရင်း တချို့ကြောင့် ဖြစ်နိုင်ပါတယ်။ Zollinger-Ellison ရောဂါလို့ ခေါ်တဲ့ ရှားပါးရောဂါ တစ်မျိုးကလည်း အက်စစ်ထုတ်ခြင်းကို တက်စေပါတယ်။ကင်ဆာရောဂါအတွက် ရောင်ခြည်ပြခြင်းကလည်းအစာခြေလမ်းကြောင်းမှာ အနာတွေ ဖြစ်စေနိုင်ပါတယ်။ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါတယ်။ရောဂါ ရှာဖွေဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေ အပါအဝင် သောက်နေတဲ့ ဆေးတွေ အကြောင်းပါ မေးမြန်းပါလိမ့်မယ်။ ဒါ့ပြင် တခြားသော စစ်ဆေးမှုတွေလည်း လုပ်ရနိုင်ပါတယ်။ ဥပမာ။ကုသမှုကတော့ ဖြစ်ရတဲ့ အကြောင်းရင်းကို ကုသဖို့က အရေးကြီးပါတယ်။သာမန် အနာအတွက်တော့အက်စစ် ပမာဏ နည်းစေတဲ့ ဆေး သို့ အစာခြေစနစ် နံရံကို ကာကွယ်ပေးတဲ့ ဆေးများ မှီဝဲခြင်းဖြင့် လက္ခဏာများကို သက်သာစေနိုင်ပါတယ်။ များသောအားဖြင့်။ရေးသားသူ− Dr Aye Myat Myat Noe။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/peptic-ulcer-disease/causes-of-peptic-ulcer/
ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု
ကလေးကို အပူချိန်တိုင်းတဲ့နေရာကိုလိုက်ပြီး အပူချိန်ပြောင်းလဲနိုင်တယ်ဆိုပေမယ့် ကလေးကိုယ်အပူချိန်က။ဘေဘီလေးကဖျားနေပြီဆိုရင်အဖျားမြန်မြန်ကျစေဖို့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဘေဘီလေး အဖျားကျစေဖို့ အထိရောက်ဆုံးနည်းလမ်း း တွေကတော့။အရည်များများတိုက်ပါ။ကလေး အဖျားကျစေဖို့ အတွက် အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံး နည်းလမ်းပါ။ ဘေဘီလေးက ၆ လအောက်ဆိုရင် မေမေ့နို့ များများတိုက်ပေးပါ။ တကယ်လို့ ကလေးက ၆ လကျော်ပီဆိုရင်တော့ ကလေးကို မိခင်နို့၊ နို့ဘူး၊ရေကျက်အေး၊အုန်းစိမ်းရည်တို့ တိုက်ပေးလို့ ရပါတယ်။ ကလေးက သိပ်မသောက်ရင်တောင် မေမေတို့က သတိလေးထားပြီး ကလေးကို အရည် များများသောက်ဖြစ်အောင် တိုက်ပေးပါ။ ဒါမှကလေးက ရေဓာတ် ပြည့်ဝပြီး အဖျားလည်း မြန်မြန် ကျစေမှာပါ။နှာခေါင်းထဲကို ဆားရည်အစက်ချပေးပါ။ကလေးက ဖျားတာနဲ့အတူ နှာခေါင်းပါ ပိတ်နေမယ်ဆိုရင် ဆားအနည်းငယ်နဲ့ ရေနွေး ခပ်နွေးနွေးလေးကို ရောဖျော်ပြီး ကလေး နှာခေါင်းထဲကို အစက်ချပေးလို့ ရပါတယ်။ ကလေးကို နို့မတိုက်ခင်မှာ နှာခေါင်းထဲကို ဆားရည် နှစ်စက်လောက် အစက် ချပေးပါ။ နှာခေါင်းပိတ်တာကို သက်သာစေပြီး အဖျားကိုပါ သက်သာစေနိုင်ပါတယ်။ပြည့်ပြည့်ဝဝအနားယူနိုင်အောင် လုပ်ပေးပါ။ကလေး ငယ်ငယ်လေးမို့ ဘာမှ မလုပ်ရတော့ ကောင်းကောင်း နားဆိုတာ အထွေအထူး ပြောနေစရာ မလိုဘူးလို့ ထင်စရာ ရှိပါတယ်။ ပြောချင်တာက ကလေးက ဖျားနေတဲ့အခါ မေမေပွေ့ထားမှ အိပ်ပျော်တာ၊ ဖေဖေ ချီထားမှ အိပ်ပျော်တာ၊ အိပ်နေရင် မေမေဘေးမှ ရှိမှ ဆိုတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အချိန်မှာ မေမေဖေဖေတို့ အနေနဲ့ ကလေး အနားမှာ နေပေးလို့ ကလေး ကောင်းကောင်း အနားယူ နိုင်အောင် ဂရုစိုက်ပေးပါ။ ပြည့်ဝတဲ့အိပ်စက်အနားယူမှုက ကလေးကို အဖျား မြန်မြန် ပျောက်စေဖို့ အထောက်အကူပြုပေး နိုင်မှာပါ။ ကလေးကို တိတ်ဆိတ်ပြီး သန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာ ကောင်းကောင်း အနားယူခိုင်းပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/safe-ways-to-treat-a-fever/
သင့်မှာ နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ နိမိတ်လက္ခဏာ ၁၂ ခု
သင့်မှာ နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။နှလုံးရောဂါဟာဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ်။အဝလွန်တာတွေ၊အရက်သေစာနဲ့ ဆေးလိပ် အလွန်အကျွံ သောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို အလွန်အကျုး မှီဝဲတာတွေကြောင့် နှလုံးနဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ဒီလို ဆိုးရွားတဲ့ နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက် ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုး တစ်မျိုး ဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက် အများဆုံး ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ရောဂါ မဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။တကယ်လို့ သာမန် အခြေအနေမှာ မိမိမှာ နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ နိမိတ်လက္ခဏာတွေကို ကြိုတင် သိရှိထားမယ် ဆိုရင် နှလုံးရောဂါအဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်း သာမှာဖြစ်ပါတယ်။ဒီလို ဆိုးရွားတဲ့ နှလုံးရောဂါ စတင်လာနေပြီ၊ အစပျိုးနေပြီ ဖြစ်ကြောင်း ကြိုတင်သိရှိနိုင်တဲ့ နိမိတ်လက္ခဏာတွေ ရှိပါတယ်။ ဒါတွေကို မျှဝေပေးချင်ပါတယ်။လက္ခဏာတွေကတော့။၁။အိပ်နေစဉ် အသက်ရှူရပ်ခြင်း၊။၂။ အဝါရောင် အင်ပြင်များ ထခြင်း၊ (တကယ်တော့ ဒါတွေက ကိုလက်စထရောတွေပါ)။၃။ မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်း၊။၄။ လက်သည်းတွင် အမည်းစက်များ ပေါ်လာခြင်း၊။၅။မကြာခဏ မူးဝေခြင်း၊။၆။ လိင်မှု စွမ်းဆောင်ရည် ကျဆင်းခြင်း၊။၇။ အသားအရေ နဲ့ အသားအရောင် ပြောင်းလဲလာခြင်း၊။၈။ သွားဖုံး သွေးယိုခြင်း၊။၉။ အရေပြားပေါ်တွင် အညိုအမည်း စွဲခြင်း၊။၁၀။ အသက်ရှူရ ခက်ခဲခြင်း၊။၁၁။ ခြေထောက်များ ယောင်ကိုင်းလာခြင်း၊။၁၂။မောပန်းနွမ်းနယ်လာခြင်း၊စတာတွေဖြစ်ပါတယ်။ဒီလက္ခဏာတွေထဲက တချို့တလေ ရှိလာပြီဆိုရင် နှလုံးရောဂါ ဝေဒနာ စွဲကပ်ဖို့ အစပြုနေပြီဆိုတဲ့အကြောင်း ခန္ဓာကိုယ်ဆီက အသိပေးနေတဲ့ နိမိတ်စကားပဲဖြစ်ပါတယ်။မိမိမှာ ဒီ လက္ခဏာတွေ ရှိနေပြီဆိုရင် သတိထားဖို့ လိုအပ်မှာ ဖြစ်ပြီးတော့ ပြင်းထန်တဲ့ ရောဂါအဆင့်ကို ရောက်မလာစေဖို့ ကာကွယ် ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။နှလုံးရောဂါ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေ အများအပြား ရှိပါတယ်။ အဓိက အကြောင်းအရင်းတွေကတော့ဆေးလိပ်၊ အရက် သောက်သုံးတာ၊သွေးတိုး ရှိတာ၊ အဝလွန်တာ၊ မျိုးရိုးလိုက်တာ စတာတွေ ပါပဲ။ဒါ့အပြင် သွေးထဲမှာ အဆီဓာတ် (Cholesterol) တွေ တအားများနေရင်လည်း နှလုံးရောဂါ ပုံစံ တစ်ခု ဖြစ်တဲ့ သွေးကြောများ မာပြီး ပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေး ဆိုတာဟာ နှလုံးကိုအောက်စီဂျင်သယ်တဲ့ တာဝန်ကို လုပ်တယ် ဆိုတာ သိထားပြီးသား ဖြစ်ပါတယ်။ ထို့ကြောင့် တကယ်လို့ နှလုံးက လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ သွေးကို မရပါက ရင်ဘတ်အောင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးတာ၊ သင့်လျော်တဲ့ လေ့ကျင့်ခန်း ပြုလုပ်တာ၊ ဆေးဝါး ပုံမှန် မှီဝဲတာနဲ့ ကိုယ်အလေးချိန် လျှော့ချတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ဆေးလိပ်နဲ့ အရက်သောက်သုံးတာ၊ကွမ်းနဲ့ ဆေးရွက်ကြီး သုံးစွဲတာတွေကလည်း နှလုံးရောဂါ စွဲကပ်နိုင်ခြေ ကို တိုးစေတာမို့ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် နေထိုင်မှု ပုံစံမျိုးကို ပြောင်းလဲ နေထိုင်တာဟာ နှလုံးရောဂါ စွဲကပ်နိုင်ခြေ ကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်တယ် ဆိုတဲ့ အကြောင်းလည်း သိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/heart-diesase-clues/
Rectal Prolapse (စအိုအူနံရံကျွံခြင်း)
Rectal prolapse ကို complete rectal prolapse (external rectal prolapse) လို့ ခေါ်ပြီး စအိုနံရံတွေဟာ ကျွံကျကာ စအိုပေါက်ကနေထွက်လာပြီး ကိုယ်ခန္ဓါပြင်ပမှာ မြင်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။Rectal prolapse ဟာ လက္ခဏာ မပြပဲဖြစ်နိုင်ပေမယ့် သူ့သဘာဝပေါ်မူတည်ပြီး အကျိအချွဲထွက်ခြင်း၊ စအိုမှ သွေးဆင်းခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းနဲ့ ဝမ်းပိတ်ခြင်း လက္ခဏာတွေရှိတတ်ပါတယ်။Rectal prolapse ဟာ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားရော အမျိုးသမီးပါ အသက်မရွယ်မရွေးဖြစ်နိုင်ပါတယ်။ သူဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခု မဟုတ်ပေမယ့် မကုသရင် လက္ခဏာ ဆိုးရွားနိုင်ပါတယ်။External Rectal prolapse အတော်များများကို ခွဲစိတ်ကုသခြင်းဖြင့် အောင်မြင်အောင် ကုသနိုင်ပါတယ်။ Internal Rectal prolapse တွေကတော့ ကုသဖို့ ခက်တာကြောင့် ခွဲစိတ်ခြင်းဟာ လူနာအတော်များများအတွက် မသင့်လျော်ပါဘူး။ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Rectal prolapse ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။တကယ်လို့ Rectal prolapse ဟာ စအိုအပေါက်ဝတွေ အပြင်ဘက်မှာ ရှိနေတယ်ဆိုရင်တော့ ညှစ်ထားသလိုဖြစ်တာကြောင့် ပေါက်ထွက်နိုင်ခြေရှိပါတယ်။ ဒီလိဖြစ်ရင်တော့ ပြန်ထည့်လို့မရတဲ့အခါ အရေးပေါ် ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။ Granulated sugar တွေကို အပြင်ထွက်နေတဲ့ စအို ကြွက်သားတွေပေါ် အသုံးပြုခြင်းဟာ ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ကလေးတွေမှာ Rectal prolapse ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။လူကြီးတွေမှာ Rectal prolapse ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။သဘာဝအတိုင်း အသက်ကြီးလာလို့ တင်ပါးဆုံအောက်ခြေ ကြွက်သားအားနည်းခြင်း။အရင်တုံးက ဖြစ်ဖူးတဲ့ ကျန်းမာရေးအခြေအနေတွေ၊ ခွဲစိတ်မှုတွေအကြောင်း မေးမြန်းပြီး သင့်ဆရာဝန်က Rectal prolapse ကို အတည်ပြုမှာဖြစ်ပါတယ်။ စအိုကို လျော့နေတဲ့ တစ်ရှူးတွေရှိမရှိ၊ စအိုဝကြွက်သားတွေ သန်မာခြင်း ရှိမရှိကို စစ်ဆေးမှာ ဖြစ်ပါတယ်။အခြားအခြေအနေတွေ ဟုတ်မဟုတ်ကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ ဥပမာ sigmoidoscopy, colonoscopy, barium enema တွေကို အကျိတ်၊ အနာ၊ အူမကြီးမှာ ပုံမှန်မဟုတ်ပဲ ကျဉ်းမြောင်းတဲ့နေရာရှိမရှိကို ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။တကယ်လို့ Rectal prolapse တစ်ကြိမ်ထက်ပိုဖြစ်ပြီး ဖြစ်ရခြင်းအကြောင်းရင်း မတိကျရင် ကလေးမှာ sweat test ပြုလုပ်ပြီး cystic fibrosis ရှိမရှိ ရှာဖွေနိုင်ပါတယ်။စောစီးတဲ့အဆင့်တွေမှာ Rectal prolapse ကို ဝမ်းပျော့ဆေး၊ စအိုအတွင်းထည့်ဆေးနဲ့ အခြားဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် လူအများစုဟာ Rectal prolapse ကို ကုသဖို့ နောက်ဆုံးမှာတော့ ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။ခွဲစိတ်မှုဟာ Rectal prolapse ပြင်းထန်မှုနဲ့ အခြားကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပါတယ်။ ခွဲစိတ်ဆရာဝန်က သင့်အတွက် သင့်လျော်တဲ့ ခွဲစိတ်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။ အောက်ပါ ခွဲစိတ်မှုတစ်ခုခုကို အကြံပေးနိုင်ပါတယ်။Perineal proctectomy – Altemeier procedure နဲ့ the Delorme procedure ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးမှာ ခွဲစိတ်ဆရာဝန်က ထွက်နေတဲ့ အပိုင်းကို ဓါးရာပေးပြီး prolapsed rectum ကို ထုတ်လိုက်မှာဖြစ်ပါတယ်။ သူ့ကို တခါတရံ ဆိုးကျိုးတွေလျှော့ချဖို့နဲ့ နာလန်ထူချိန် မြန်စေဖို့ ခါးထုံဆေးနဲ့ ပြုလုပ်ပါတယ်။Sigmoid resection and rectopexy – ခွဲစိတ်ဆရာဝန်က ဝမ်းဗိုက်မှာ ဓါးရာပေးပြီး အူမကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကာ စအိုနဲ့ အနီးဆုံး sigmoid colon ကို ထုတ်လိုက်မှာဖြစ်ပါတယ်။The rectopexy ဟာ စအိုကို ခါးအောက်ပိုင်းနဲ့ pelvis (sacrum) ကို တွယ်နေတဲ့ အရိုးနဲ့ ဆက်လိုက်တာဖြစ်ပါတယ်။ အခြေအနေ အတော်များများမှာ ဒီခွဲစိတ်မှုကို ဓါးရာသေးသေးလေးနဲ့ ခွဲပြီး ဆေးရုံမှာ ခဏသာ နေရတဲ့ minimally invasive surgery နဲ့ ပြုလုပ်နိုင်ပါတယ်။Rectopexy – တခါတရံမှာ ခွဲစိတ်ဆရာဝန်ဟာ rectopexy တစ်ခုတည်းကိုသာပြုလုပ်ပြီး အူမကြီးကို ဖယ်ရှားခြင်း မပြုပါဘူး။ ဒီအခြေအနေမှာတော့ သေချာခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။ကလေးငယ်တွေမှာ rectal prolapse ကို ဝမ်းပျော့ဆေး၊ အခြားဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ခွဲစိတ်ဖို့လိုအပ်ရင် ဆရာဝန်က minimally invasive surgery ပြုလုပ်နိုင်ပါတယ်။Rectal prolapse ရှိတဲ့ကလေးငယ်တွေမှာ cystic fibrosis ကို စစ်ဆေးသင့်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Rectal prolapse ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/rectal-prolapse-%e1%80%85%e1%80%a1%e1%80%ad%e1%80%af%e1%80%a1%e1%80%b0%e1%80%94%e1%80%b6%e1%80%9b%e1%80%b6%e1%80%80%e1%80%bb%e1%80%bd%e1%80%b6%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အနာချုပ်ရိုးတွေကို ဘယ်လိုဂရုစိုက်မလဲ
ထိခိုက်ဒဏ်ရာရတိုင်း ချုပ်တာမျိုးလုပ်ဖို့မလိုပေမယ့် အနာကအရမ်းကြီးမယ်ဆိုရင်တော့အနာကို ချုပ်ဖို့လိုအပ်မှာပါ။ အရမ်းကြီးတဲ့အနာတွေက ချုပ်လိုက်မှ အနာကျက်မှာပါ။ ချုပ်ပြီးရင်လည်း မပြီးသေးပါဘူး။သေချာလေးဂရုစိုက်မှအနာကျက်ြပီးအမာရွတ်ကင်းမှာလေ။ ဒီတော့အနာချုပ်တဲ့အခါ ဘာတွေဂရုစိုက်ဖို့လိုမလဲပြောပြမယ်နော်။ချုပ်ရိုး။အရေပြားကိုချုပ်တာကလလည်း အဝတ်စတွေကိုချုပ်သလိုပဲ လို့သင်ယူဆနိုင်ပါတယ်။ အပ်ချည်ကြိုးတစ်ခုနဲ့ တစ်ခုချင်းစီဖြစ်နေတဲ့အဝတ်စတွေကိုချုပ်သလိုလိုပဲပေါ့။ ဒါပေမယ့် အဝတ်စတွေနဲ့ လူ့အရေပြားက သိပ်တော့မတူပါဘူး။ အရေပြားမှာချုပ်တဲ့အခါ ပိုပြီးအနုစိတ်သေချာဂရုစိုက်ရပါတယ်။ အတွင်းချုပ်ရိုးနဲ့ အပြင်ချုပ်ရိုးဆိုပြီးလည်း ရှိပါသေးတယ်။ အရေပြားကိုချုပ်တဲ့အခါသေချာလေးဂရုစိုက်ချုပ်မှာ အမာရွတ်ထင်ကျန်မနေခဲ့မှာပါ။ အဓိက ကတော့ အနာစေ့သွားစေဖို့နဲ့ အနာပေါက်ပိတ်သွားစေဖို့ပေါ့။ အတွင်းချုပ်ရိုးကပြန်ဖြေစရာမလိုပေမယ့် အပြင်ချုပ်ရိုးကတော့ပြန်ဖြေဖို့လိုပါမယ်။ အနာအရမ်းနက်တဲ့အခါ၊ခွဲစိတ်မှုတွေလုပ်တဲ့အခါမျိုးမှာ အနာကိုချုပ်ရပါမယ်။ ချုပ်ရိုးတိုင်းကိုပြန်ဖြေစရာလိုပေမယ့်ပါးစပ်တွင်းကချုပ်ရိုးတွေကတော့ပြန်ဖြေစရာမလိုဘဲ အနာကျက်သွားကြပါတယ်။ချုပ်ရိုးကိုသေချာဂရုစိုက်ပါ။ချုပ်ရိုးကိုသေသေချာချာလေးဂရုစိုက်မှနောက်ဆက်တွဲဖြစ်လာမယ့် အန္တရာယ်တွေနဲ့အမာရွတ်တွေကင်းဝေးမှာပါ။ ဒီတော့ အနာကောင်းကောင်းကျက်သွားဖို့ ချုပ်ရိုးကိုဘယ်လိုများဂရုစိုက်မလဲ။ချုပ်ရိုးကို မကုတ်ပါနဲ့– အနာကျက်လာတာနဲ့အမျှ ချုပ်ရိုးကပိုပြီးယားလာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ချုပ်ရိုးကို မကုတ်မိဖို့ သတိထားပေးပါ။ရေမကူးပါနဲ့– ခန္ဓါကိုယ်မှာ ချုပ်ရိုးတစ်ခုခုရှိနေခဲ့တယ်ဆိုရင်ရေကူးကန်မှာဖြစ်ဖြစ်၊ စမ်းချောင်းတွေ၊ ပင်လယ်ရေထဲမှာရေကူးတာမျိုးတွေ မလုပ်ပါနဲ့။ရောဂါပိုးတွေဝင်သွားနိုင်တာကြောင့်ပါ။ချုပ်ရိုးကိုရေမစိုပါစေနဲ့– ချုပ်ရိုးကခြေတွေ၊လက်တွေမှာဆိုရင်ရေချိုးတဲ့အခါ ချုပ်ရိုးကိုရေမထိအောင်သတိထားပေးပါ။ တကယ်လို့ချုပ်ရိုးကဗိုက်မှာဆိုရင်တော့ရေမချိုးပါနဲ့။ရေစိုဝတ်နဲ့တိုက်ပေးတာက အဆင်ပြေဆုံးပါ။ ရေစိုတာက အနာကျက်တာကိုနှေးစေနိုင်သလို အနာထဲကိုပိုးတွေဝင်စေနိုင်ပါတယ်။အားကစားမလုပ်ပါနဲ့ဦး– ချုပ်ရိုးရှိနေမယ်ဆိုရင် အရမ်းလှုပ်လှုပ်ရှားရှားမလုပ်ဖို့ ဆရာဝန်မှာလိုက်မှာ အသေအချာပါ။ ဒါကြောင့် သေချာပြန်မကောင်းသေးတဲ့အချိန်မှာ အားမကစားမလုပ်ပါနဲ့။ ချုပ်ရိုးထိခိုက်နိုင်တာကြောင့်ပြင်းထန်တဲ့လှုပ်ရှားမှုတွေမလုပ်ပါနဲ့။ချုပ်ရိုးသန့်ရှင်းရေး ဂရုစိုက်ပါ– ချုပ်ရိုးကလည်းအနာတစ်ခုလို့ပဲဆိုရပါမယ်။ ဒါကြောင့် ပုံမှန်သန့်ရှင်းရေးဂရုစိုက်ပေးဖို့လိုပါမယ်။ ချုပ်ရိုးကိုဖုန်တွေ၊သဲတွေနဲ့ ညစ်ပေတဲ့အရာတွေမထိတွေ့မိစေဖို့သေချာလေးဂရုစိုက်ပေးပါ။နေရောင်နဲ့တိုက်ရိုက်မထိတွေ့ပါစေနဲ့– အနာချုပ်ထားတဲ့အခါ ချုပ်ရိုးကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ အရေပြားထိခိုက်နိုင်တာကြောင့်ပါ။နောက်တစ်ခုကနေလောင်ကာခရင်မ်တွေမလူးဖို့ပါ။ ချုပ်ရိုးအနာကျက်သွားမှနေလောင်ကာခရင်မ်လူးပေးပါ။ဆေးထည့်ပါ– ချုပ်ရိုးကိုနေ့စဉ် စစ်ဆေးကြည့်ရှု့ပြီး Antiseptic Solution လိုမျိုး ပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး အနာကျက်မြန်စေတဲ့ဆေးထည့်ပေးပါ။ဘက်တီးရီးယားတွေအန္တရာယ်ကနေ ကာကွယ်ပေးပြီး အနာကျက်မြန်စေမှာပါ။ Antiseptic Solution ကို အနာဖြစ်တဲ့အချိန်တိုင်း ချုပ်ရိုးသန့်ရှင်းရေးလုပ်တဲ့အခါတိုင်း သုံးပေးမယ်ဆိုရင် ချုပ်ရိုးပိုးဝင်တာ၊ ပြည်တည်တာ၊ ရောင်ရမ်းနီမြန်းတာတွေကိုကာကွယ်ပေးပြီး အနာကျက်ချိန်ကို မြန်ဆန်စေနိုင်ပါလိမ့်မယ်။ဒီအချက်လေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် ချုပ်ရိုးက ထိခိုက်မှုမရှိဘဲကောင်းကောင်းမွန်မွန်အနာကျက်သွားမှာပါ။ တကယ်လို့ချုပ်ရိုးက နာမယ်။ နီမြန်းလာမယ်။ပြည်တည်မယ်၊ အရည်တွေထွက်နေမယ်ဆိုရင် ချုပ်ရိုးကပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တတ်သိနားလည်တဲ့သူကို သွားရောက်ပြသတာအကောင်းဆုံးပါ။ဘယ်အချိန်မှာ ချုပ်ရိုးဖြေမလဲ။ချုပ်ရိုးက အနာကျက်သွားတယ်ဆိုရင်တောင်ဆေးခန်းကိုသွားပြီး ချုပ်ရိုးပြန်ဖြေဖို့လိုပါမယ်။ သင့်အနေနဲ့။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/how-to-take-care-of-stiches/
ပေါင်ခြံနေရာတဝိုက် အူကျွံခြင်း
အူကျွံခြင်း (hernia) ဆိုသည်မှာခန္ဓာကိုယ်တွင်းရှိအူသို့မဟုတ် ကလီစာ တစ်ခုခုသည် ထို ကလီစာရှိနေသည့် ခန္ဓာကိုယ် နံရံ မှ တဆင့် ကျွံထွက်လာခြင်းဖြစ်သည်။အူကျွံခြင်း သည် ခန္ဓာကိုယ် ၏ အစိတ်အပိုင်း နေရာများတွင် အမျိုမျိုးဖြစ် နိုင်သော်လည်း ပေါင်ခြံ တဝိုက်နေရာတွင် အူကျွံခြင်း မှာ အဖြစ်များဆုံးဖြစ်သည်။ပေါင်ခြံတဝိုက် နေရာတွင် အူကျွံခြင်း မှာပေါင်ခြံအထက်နှင့် အောက် (Inguinal and Femoral hernia) ဟူ၍ ၂ မျိုး ရှိပေသည်။ထို ၂မျိုး လုံးတွင် ပုံတွင်ပြထားသည့်အတိုင်း ဖောင်းနေသည့်နေရာ များသို့ အူသော်လည်းကောင်းဝမ်းတွင်းအဆီပြင်(omentum) သော်လည်းကောင်း ကျွံဝင်နေနိုင်ပါသည်။ သို့ရာတွင်မြန်မာစကားအနေနှင့် မည်သည့်အမျိုးအစားကို မဆို အူကျွံခြင်း ဟုသာ ပြောဆိုကြပေသည်။အူကျွံခြင်း၏လက္ခဏာများမှာ။၁။ ပေါင်ခြံ တဝိုက် တင်းနေ ခြင်း သို့မဟုတ် လေးလံနေခြင်း။၂။ ပေါင်ခြံ တဝိုက် ဖောင်းလာခြင်း နှင့် လှဲအိပ်သည့် အခါ ထိုဖောင်းနေသည့်လျော့သွားတတ်ခြင်း။၃။ အလေးအပင်မခြင်း၊ချောင်းဆိုးခြင်းစသည့် အချိန်များ တွင် ပေါင်ခြံ နားတွင် ဖောင်းလာခြင်း သို့မဟုတ် ဖောင်းသည့် အရွယ်အစား ပိုကြီးလာခြင်း။အူကျွံခြင်း တွင် အောက်ပုံ အတိုင်း ဖောင်းနေသည့်နေရာ သို့ ဝင်နေသည့် အူများ ညပ်နေတတ်ပြီး သူ့အလိုအလျောက် ပြန်ထည့်၍ မရဖြစ်တတ် ပါသည်။ ထိုအချိန် တွင်ပြင်းထန်စွာနာ နိုင်ပါသည်။ ထို့ပြင် အူသို့သွားနေသည့်သွေးကြောများပါ ညပ်၍ ပိတ်ဆို့ သွားပါ က အူပုပ် သည်အထိဖြစ်တတ် ပြီး သွေးဆိပ် တက်ကာ အသက်သေဆုံးနိုင်ပါသည်။ထိုအခါများတွင် အရေးပေါ် ခွဲစိတ်မှု ခံရနိုင်ပြီး လိုအပ်ပါက အူများ ဖြတ်ဆက်ရခြင်းဖြစ်နိုင်သဖြင့် နောက်ဆက်တွဲ အန္တရာယ်များစွာ ဖြစ်ပေါ်နိုင်ပါသည်။သို့ကြောင့်အူကျွံခြင်း ဖြစ်ပါက ဆရာဝန်နှင့် စောလျင်စွာပြသပြီး ထိရောက်သည့်ကုသမှုကို ခံယူသင့် ပါသည်။အူကျွံခြင်းသည် ထိုနေရာရှိ ခန္ဓါကိုယ် အစိတ်အပိုင်း ယိုယွင်းမှုကြောင့် ဖြစ်သဖြင့် ခွဲစိတ်ကုသမှု ခံယူမှသာ ပျောက်ကင်းနိုင်ပေသည်။ ခွဲစိတ်မှု မှာ။၁။ သမားရိုးကျခွဲစိတ်မှု နှင့်။၂။ ကိုယ်တွင်းမှန်ပြောင်းဖြင့် ခွဲစိတ်မှု ဟူ၍ ၂မျိုး ရှိပြီး။ထို၂မျိုး လုံးတွင် Mesh ခေါ် ဇကာခံ၍ ခွဲစိတ် ကုသခြင်း အထိရောက်ဆုံး ကုသမှု ဖြစ်ပါသည်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/inguinal-and-femoral-hernia/
သံပုရာသီးစိမ်ရည်ရဲ့ ကျန်းမာရေးအကျိုးပြုပုံ
ဒီတစ်ခေါက်မှာတော့အလှအပကိုရောကျန်းမာရေးပါ အလေးထားသူတွေအတွက် သင့်လျော်မယ့် သံပုရာသီးစိမ်ရည်အကြောင်းကို ပြောပြပေးချင်ပါတယ်။ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာတော့ မင်းသမီးက မနက်နိုးလာရင်သံပုရာသီးစိမ်ထားတဲ့ ရေကို သောက်ပြီး အရမ်းလန်းဆန်းသွားတယ်ဆိုတဲ့ ရိုက်ချက်လေးတွေတော့ တွေ့ဖူးတယ်ဟုတ်။တကယ်တမ်းမှာလည်း သံပုရာသီးစိမ်ရည်က စိတ်ကို လန်းဆန်းစေရုံသာမကအသားအရေအတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ အကျိုးကျေးဇူး များစွာရှိစေနိုင်ပါတယ်။တကယ်တော့သံပုရာသီးစိမ်ထားလို့ အရသာနဲ့ အနံ့ အနည်းငယ်ပြောင်းသွားတာရယ်၊ ကောင်းကျိုးတွေ ရတာရယ်ကို ဖယ်လိုက်ရင် ဒါဟာ ရေသက်သက်ပါပဲ။ ဒီတော့ ခန္ဓာကိုယ်ရဲ့ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ဖြည့်တင်းပေးမှာ အသေအချာပဲပေါ့။သစ်သီးကို ရေမှာ စိမ်ရတဲ့ ကောင်းကျိုးတွေထဲက တစ်ခုကို ပြောပါဆိုရင် သစ်သီးထဲမှာ ရှိနေတဲ့ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါ ရေထဲကို စိမ့်ဝင်သွားတာပါ။ ဒီတော့ အသီးကို သီးသန့်စားပေးနေစရာမလိုဘဲ အဲဒီအသီးကနေ အာဟာရဓာတ်တွေ တစ်စိတ်တစ်ပိုင်းတော့ ရနိုင်တာပေါ့။ သံပုရာသီးဟာ ဗီတာမင် စီအချဉ်ဓာတ်အလွန်ကြွယ်ဝတဲ့ အသီးဖြစ်တဲ့အတွက် အသီးကို သေချာစိမ်ပေးထားတဲ့ ရေကို သောက်ရင်လည်း အသီးထဲမှာရှိတဲ့ အချဉ်ဓာတ် ဗီတာမင် စီကို သေချာပေါက် ရနိုင်ပါတယ်။လေဒီတွေ တော်တော်များများ ထင်ထားတာက အသီးတွေ စိမ်ထားတဲ့ရေကို သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ကိုပိန်သွယ်လှပစေတဲ့ အချက်ပါ။ တကယ်တော့ လုံးဝမှန်တာလည်း မဟုတ်သလို မှားတာတော့လည်း မဟုတ်ဘူးခင်ဗျ။အသီးအနှံတွေမှာ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း(Anti-oxidant) တွေ ပါလို့ ခန္ဓာကိုယ်ရဲ့ကယ်လိုရီလောင်ကျွမ်းနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် လုံးဝပိန်ကျသွားတာမျိုးထက် ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရောက်အောင် ထိန်းပေးလိုက်တဲ့သဘောမျိုးပါ။သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် စီဓာတ်က အသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ခြင်း မဖြစ်စေဖို့ ရေဓာတ်ဖြည့်ပေးတယ်။ အရေပြား တွန့်ခြင်း၊အရေးအကြောင်းထင်ခြင်းကို ကာကွယ်ပေးပြီး အသားအရေကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အစိုဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။မနက်ခင်းမှာ သံပုရာသီးစိမ်ရည် တစ်ခွက် သောက်ပေးခြင်းဖြင့် အစာအိမ်ရဲ့အစာချေဖျက်နှုန်းကို မြန်စေသလို ဝမ်းကိုလည်း ပျော့စေပြီးဝမ်းချုပ်ခြင်း၊ ဝမ်းအမာသွားခြင်း၊ သွေးဝမ်းသွားခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။သံပုရာရနံ့ဆိုတာ သဘာဝ အမွှေးရနံ့တွေထဲက တစ်ခုပါ။ ဒီတော့ သံပုရာသီးနဲ့ စိမ်ထားတဲ့ ရေကို သောက်ပေးရင်လည်း ခံတွင်းထဲမှာ ရှိတဲ့ အနံ့ဆိုးတွေကို သက်သာစေပြီး သွားကြားထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အတွက် ခံတွင်းကျန်းမာရေးအတွက်လည်း အကျိုးရှိစေနိုင်ပါတယ်။တကယ့်ကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးပါ။ အကောင်းဆုံးကတော့ သံပုရာသီး နှစ်လုံးလောက်ကို ပါးပါးလေး လှီးပြီး ရေတစ်လီတာ ဖြည့်ထားတဲ့ ကရားထဲ ထည့်စိမ်ထားလိုက်ရုံပါပဲ။ ညဘက်မှာကတည်းက ထည့်စိမ်ထားရင် မနက်နိုးလာတဲ့အခါ ရေက သံပုရာသီးအရသာရော အနံ့တွေပါ ကောင်းကောင်းစုပ်ယူထားပြီး ဖြစ်ပါပြီ။အပိုထပ်ဆောင်းအနေနဲ့ သဘာဝပျားရည် ၂ဇွန်း၊ ပူစီနံ၊ လတ်လတ်ဆတ်ဆတ် ချင်းအပြား၊ သစ်ကြံပိုးခေါက်မှုန့်၊ ဆနွင်းမှုန့်တို့ကိုလည်း ထည့်ပေးလို့ ရသလို အခြား အသီးအနှံများပါ ရောထည့်ပေးခြင်းဖြင့်Detox Waterပုံစံမျိုးလည်း လုပ်လို့ ရပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%80%b6%e1%80%95%e1%80%af%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%b8%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%80%e1%80%bb%e1%80%94/
အပြင်ကနေ အိမ်ပြန်ရောက်တဲ့အခါ မျက်နှာကို အဆင့်(၅)ဆင့်နဲ့ သန့်စင်ကြမယ်
နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့သူတွေရဲ့မျက်နှာဟာ ပြင်ပမှာ ဖုန်မှုန့်တွေ၊ အမှုန်အမွှားတွေနဲ့ထိတွေ့လာရပြီး မျက်နှာအသားအရေမှာ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေဖြစ်လာတာ၊နေလောင်တာ၊အမာရွတ်တွေဖြစ်လာတာ၊အသားမည်းလာတာတွေဖြစ်လာတတ်ပါတယ်။ အသားအရေကို ထိန်းသိမ်းနိုင်ဖို့ မျက်နှာသန့်စင်ရေးကို ပုံမှန်လုပ်ပေးဖို့တော့လိုပါတယ်။ ငွေကုန် အချိန်ကုန်ခံပြီး အလှပြင်ဆိုင်မှာမျက်နှာသွားဆေးစရာမလိုဘဲ ကိုယ့်အိမ်မှာပဲ မျက်နှာသန့်စင်ရေး အဆင့်ဆင့်လုပ်ရင်လည်း ရလဒ်ကောင်းကိုခံစားရမှာပါ။ ဒီလိုမျက်နှာဆေးခြင်းကသွေးလည်ပတ်မှုကိုကောင်းစေပြီး မျက်နှာအသားအရေအတွင်းပိုင်းအထိ အညစ်အကြေးတွေဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ညနေအလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ ခဏနားပြီးရင်ခြေလက်ဆေးအနားယူတတ်ကြပါတယ်။ တကယ်တော့ ညအိပ်ရာဝင်ခါနီးအချိန်မဟုတ်လည်း အိမ်ပြန်ရောက်ချိန်တည်းက မျက်နှာကိုဆေးကြောသန့်စင်လိုက်ရင်ပေါ့ပါးမှုကိုခံစားရပြီး လန်းဆန်းနေမယ့်အပြင် မျက်နှာအသားအရေလည်း သန့်ရှင်းကြည်လင်စေပါတယ်။ဆဲလ်သေတွေကိုဖယ်ရှားပြီး ပြစ်မျိုးမှဲ့မထင် ကြည်လင်လှပတဲ့ မျက်နှာအသားအရေကိုရရှိနိုင်အောင်လို့ အောက်ပါအဆင့်( ၅ )ဆင့်နဲ့ အိမ်မှာပဲ မျက်နှာဆေးနိုင်ပါတယ်။(၁) မိတ်ကပ်ဖျက်ပါ။ပထမဆုံးလုပ်ရမှာက မျက်နှာမှာရှိတဲ့ မိတ်ကပ်တွေကို cleansing milk လို မိတ်ကပ်ဖျက်တဲ့ နို့ရည်သုံးပြီး မျက်နှာအနှံ့ကို သန့်စင်ပါ။Eyes နဲ့ Lips မှာရှိတဲ့ မိတ်ကပ်များကိုတော့ Waterproof မိတ်ကပ်များကိုပါ ဖျက်နိုင်တဲ့ Lips & Eyes Makeup Remover သုံးပြီး သီးသန့် ထပ်ဖျက်ပါ။(၂) မျက်နှာသစ်ပါ။ပြီးရင်တော့ မျက်နှာသစ်ဆေး facial cleanser နဲ့ မျက်နှာသစ်ပြီး တဘက်နုနုလေးနဲ့ ခပ်ဖွဖွတို့သုတ်ပါ။ အသားခြောက်စေနိုင်လို့ရေနွေးနဲ့မသစ်ပါနဲ့။ ချွေးပေါက်တွေပွင့်ပြီး အညစ်အကြေး အကြွင်းအကျန်တွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။(၃)Scrub(သို့) မျက်နှာ ပေါင်းတင်ဆေး။အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကိုလင်းလက်စေနိုင်လို့face scrub ကို မိနစ်အနည်းငယ်ကြာအောင်လုပ်ပေးပါ။ ၅ မိနစ်လောက်scrub ပွတ်ပေးပြီး ၃ မိနစ်လောက်ထပ်ထားပြီးမှ ရေနဲ့မျက်နှာသစ်ပါ။ကိုယ့်အသားအရေက ဘယ်အမျိုးအစားပဲဖြစ်ဖြစ် အစိုဓါတ်ပေးတဲ့moisturising face pack တစ်မျိုးကိုသုံးပေးရင် အသားအရေနူးညံ့စေပြီး အသားကိုဖြူဝင်းလာစေနိုင်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေရှိတယ်ဆိုရင် ဝက်ခြံကင်းစေပြီးခြောက်သွေ့တဲ့အသားအရေဆိုရင် အစိုဓါတ်ထိန်းညှိနိုင်စေမှာပါ။(၄) Toner။scrub ဒါမှမဟုတ်ပေါင်းတင်ပြီးတဲ့အခါချွေးပေါက်တွေပွင့်စေတာကြောင့် အသားနီမြန်းတာ၊ဝက်ခြံထွက်တာတွေဖြစ်လွယ်တာမို့ toner သုံးပေးဖို့လိုပါတယ်။toner ကချွေးပေါက်ကိုကျဉ်းစေပြီး PH level ကိုထိန်းညှိပေးလို့ အစိုဓါတ်ကိုလည်းထိန်းပေးပါတယ်။(၅)Moisturizer။နောက်ဆုံးကျမှ မျက်နှာနဲ့လည်ပင်းကို moisturizer သုံးပေးပါ။ အိပ်ရာမဝင်ခင်moisturizer သုံးပေးဖို့မမေ့ပါနဲ့။moisturizer သုံးခြင်းက အသားအရေကိုရေဓါတ်ဖြည့်ပေးပြီး အသားခြောက်သွေ့ခြင်း၊အရေခွံကွာခြင်းတွေမဖြစ်အောင်ကာကွယ်ပေးပြီး အစိုဓါတ်ပြည့်တဲ့ အရေပြားအပေါ်ယံလွှာကိုဖြစ်ပေါ်စေပါတယ်။ကိုယ့်ရဲ့တန်ဖိုးရှိတဲ့မျက်နှာလေးကို ထိခိုက်မှုတွေကင်းဝေးပြီး လှပချောမွေ့နေဖို့ဆို အခုလိုအချိန်ပေး ထိန်းသိမ်းပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမယ့် ဒီလိုအဆင့်ဆင့်လုပ်ရတာမျိုးက အချိန်ပေးရတာဖြစ်လို့ အပြင်ကဖြစ်ဖြစ် အလုပ်ကနေဖြစ်ဖြစ် အိမ်ပြန်ရောက်လာချိန် မိသားစုကိစ္စ၊ ချက်ရပြုတ်ရ လုပ်စရာတွေများတဲ့ အမျိုးသမီးတွေ၊ စာလေ့လာရတဲ့ကျောင်းသူတွေက ပင်ပန်းနွမ်းနယ်ပြီး အချိန်မပေးနိုင်တာတွေရှိနိုင်ပါတယ်။ ဘယ်လောက်အလုပ်များများ ညအိပ်ရာဝင်တိုင်း မိတ်ကပ်ဖျက်ပေးဖို့ မမေ့ပါနဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%80%e1%80%b1%e1%80%94-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%90/
တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားဖြစ်စေဖို့
လှချင်၊ ပချင်တယ်ဆိုတာမိန်းကလေးတွေအတွက်ပဲလို့ ထင်နေရင် ကိုယ့်လူတို့ မှားသွားပါလိမ့်မယ်။ ဒီဘက်ခေတ်ကြီးထဲမှာအမျိုးသားတွေဟာလည်း ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းဖို့ အလှအပရေးရာမှာ ပိုပြီး စိတ်ဝင်စားလာကြတယ်။အားကစားကိုလည်း သေချာလိုက်နာပြီး ကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ မည်သို့ပင်ဖြစ်နေစေကာမူ ကိုယ်သဘောကျတဲ့ သူတစ်ယောက်ကို ကိုယ့်နောက်ကို ကောက်ကောက်ပါအောင် ကြွေကျသွားစေဖို့ ပြုပြင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ အသိနောက်ကျလေသည် မရှိရလေအောင် ကိုယ့်လူတို့လည်း ဒီအချက်တွေကို သေချာလိုက်နာကြည့်ဖို့တော့ လိုမယ်နော်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/attractive-men/
လိင်တံထောင်မတ်နိုင်စွမ်းနှင့် အံ့အားသင့်စရာ အချက်(၁၂)ချက်
အမျိုးသားတော်တော်များများ ဝန်မခံရဲကြတဲ့ ပြဿနာတွေထဲမှာဖွားဖက်တော်ကောင်းစွာ မထောင်မတ်နိုင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ ပုံမှန်အားဖြင့် အသက်ကြီးလာမှ လုပ်ဆောင်ရည် ကျသွားတယ်ဆိုပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖွဲတစ်ဆုပ်မနိုင်တော့တဲ့ သူတွေလည်း အများကြီးပါပဲ။ အခုဆောင်းပါးမှာ ပုရိသတို့ သိထားသင့်တဲ့ လိင်တံထောင်မတ်နိုင်ခြင်းနဲ့ ပတ်သက်တဲ့ အချက် ၁၂ ချက်ကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။အသက်အရွယ်ကြောင့် မဟုတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေကို လေ့လာကြည့်တဲ့အခါ အများစုက လိင်ဆက်ဆံမှု ပြုရာမှာ ကောင်းစွာ စွမ်းဆောင်နိုင်ပါ့မလား၊ ကိုယ့်ရဲ့ အဖော်ကို စိတ်တိုင်းကျစေပါ့မလား အစရှိသဖြင့်စိုးရိမ်ပူပန်စိတ်တွေ ရှိတတ်ပါတယ်။ ဒီစိတ်ကြောင့် ကိုယ်က သေချာအာရုံမစူးစိုက်နိုင်တော့တာကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တာပါ။လိင်ဆက်ဆံတဲ့ အနေအထား မမှန်တာ (ဥပမာအားဖြင့် ကိုယ့်ရဲ့ လိင်တံက အပေါ်ကို ထောင်မတ်နေချိန်မှာ ကိုယ့်အဖော်က အားနဲ့ ဆောင့်ဖိလိုက်တာမျိုး) ကြောင့်လိင်တံ ကျိုးနိုင်ပါတယ်။ အရိုးကျိုးတာမျိုး မဟုတ်ဘဲ လိင်တံအတွင်းက သွေးကြောတွေ ပေါက်ပြဲထွက်ပြီး အလွန်အမင်း နာကျင်တာ၊ ရောင်ရမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့သာ အမြန်ဆုံးပြသဖို့ လက်မနှေးသင့်ဘူးနော်။တချို့ကလေးတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ စောစီးစွာလူပျိုဖော်ဝင်တာအပြင် မိခင်ရဲ့ ဝမ်းထဲမှာ သန္ဓေသားအဖြစ် တည်နေတဲ့အချိန်မှာကတည်းက လိင်တံထောင်မတ်နိုင်ပါတယ်။တချို့ဆေးတွေဟာပန်းသေပန်းညှိုးဖြစ်နေတဲ့ ဝေဒနာကို သက်သာစေပြီး လိင်မှုဘဝသာယာစေဖို့ ထုတ်ပေးတာဖြစ်ပေမဲ့ တကယ့်လက်ရှိမှာ ၃ ပုံ ၂ပုံလောက်သာ ဆေးရဲ့ အာနိသင်ကို အပြည့်အဝရနိုင်တယ်လို့ ဆိုထားပါတယ်။ ဆေးကို ပိုပြီး များများသောက်လေလေ၊ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ပိုခံရနိုင်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ဘူးနော်။ပျော့နေချိန်မှာလိင်တံအရွယ်အစားသေးတယ်လို့ ထင်ရတဲ့ အမျိုးသားတွေ ထောင်မတ်လာတဲ့အခါမှ အံ့အားသင့်ရလောက်တဲ့အထိကို အရွယ်အစား ကြီးလာနိုင်တယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။ ဒါ့အပြင် လိင်တံသေးသူတွေက ပိုပြီး ထောင်မတ်နိုင်စွမ်းကောင်းတယ်လို့လည်း ဆိုထားကြပါတယ်။တစ်ကမ္ဘာလုံး အမျိုးသားထုကြီးရဲ့ လိင်တံထောင်မတ်နေချိန်မှာ အရွယ်အစားက ပျမ်းမျှ ၅.၆ လက်မ ရှိတယ်ဆိုရင် ပုံမှန်အရွယ်အစားလို့ သတ်မှတ်လို့ ရပါတယ်။လက်ရှိ တစ်ကမ္ဘာလုံးမှာ လိင်တံအရွယ်အစား အကြီးမားဆုံးလို့ သတ်မှတ်ထားတဲ့ Jonah Falcon ဆိုသူရဲ့ လိင်တံဟာ ပျော့နေချိန်မှာ ၉.၅ လက်မရှိပြီး ထောင်မတ်လာချိန်မှာ ၁ပေထက်တောင် ပိုရှည်တဲ့ ၁၃.၅ လက်မ ရှိပါတယ်။လိင်ကိစ္စမို့ စိတ်မဝင်စားဘူးဆိုပြီး ပေါ့သေးသေး မမှတ်လိုက်ပါနဲ့။ ဒီလက္ခဏာဟာ နှလုံးရောဂါ၊ ဆီးချို၊ ပါကင်ဆန်ရောဂါ၊ သွေးတွင်း ကိုလက်စထရောဓါတ် အဆမတန်များနေတာအပြင် တခြားသော စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေကို ပြသနိုင်ပါတယ်။လူတော်တော်များများက လိင်တံ လုံးဝထောင်မတ်နေမှလိင်စိတ်ဆန္ဒပြီးမြောက်မယ်လို့ ထင်ထားပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ အနည်းငယ် မာနေတယ်ဆိုရင်လည်း သုက်ရည်ထွက်နိုင်ပြီး လိင်စိတ်ပြီးမြောက်လို့ ရပါတယ်။အရက်၊ ဆေးလိပ် အလွန်အကျွံသောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ အဝလွန်တာ၊ အဆီအစိမ့်တွေ၊ အချိုတွေ စားလွန်းတာ၊ စက်ဘီးကို အချိန်အကြာကြီးစီးတာ၊ ရောဂါပျောက်ဆေးတွေကို နှစ်ရှည်လများ စွဲပြီး သောက်သုံးတာ အစရှိတာတွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်ပါတယ်။ကျွန်တော်တို့ အိပ်နေတဲ့ အချိန်မှာ ဦးနှောက်က အနားယူနေပေမဲ့ အနားမယူပဲ မာန်ထနေတာကတော့ ဖွားဖက်တော်ပါပဲ။ ကျန်းမာရေးကောင်းတဲ့ အမျိုးသားတိုင်းက ညအိပ်ချိန်မှာ ပုံမှန်အားဖြင့် ၅ကြိမ်ထိ အလိုအလျောက် လိင်တံထောင်မတ်လာနိုင်ပြီး မိနစ် ၃၀ခန့် ကြာအောင် ထောင်မတ်ပါတယ်။ကိုယ်က လိင်ဆက်ဆံတော့မယ်ဆိုမှ ညီတော်မောင်က ပျော့ကျသွားပြန်ပါပြီရဲ့။ ဒါကို စိတ်ထဲမှာ စွဲသွားရင် နောက်တစ်ခါ လိင်ဆက်ဆံတော့မယ်ဆိုရင်လည်း ငါလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်က ဝင်လာပါတယ်။ ဒီစိုးရိမ်စိတ်ကြောင့် လိင်မှုဘဝကိုသာမကစိတ်ကျန်းမာရေးကိုပါ ဒုက္ခများစွာ ပေးနိုင်ပါတယ်။ မကြာခဏ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာခံစားနေရပြီဆိုရင် လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြသကြည့်ဖို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%90%e1%80%b6%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85%e1%80%bd%e1%80%99/
အလျင်အမြန်ရနိုင်တဲ့ အစားအစာ (ဥပမာ−ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ကိုလာ) အစရှိတဲ့ အရာတွေကို ဘယ်လို စားသုံးကြမလဲ
Fast Foodဆိုတာ မြန်မြန်ဆန်ဆန်ပြင်ဆင်ပြီး လွယ်လွယ်ကူကူစားသုံးနိုင်တဲ့ အစားအစာတွေကို ဆိုလိုတာပါ။ စားသောက်ဆိုင်တွေ၊ စူပါမာ့ကတ်တွေနဲ့ Delivery (အိမ်အရောက်သယ်ယူပို့ဆောင်ပေးတဲ့ Online စားသောက်ဆိုင်) တွေကနေ ဝယ်ယူစားသုံးနိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီလိုအစားအစာတွေဟာ နာမည်ကြီး လူကြိုက်များလာကြပါတယ်။ စျေးနှုန်းသင့်တင့်တယ်၊ အဆင်ပြေလွယ်ကူတယ်၊ အရသာရှိတယ် စတဲ့အကျိုးကျေးဇူးတွေကြောင့်ပါ။ ဒါပေမယ့် ဒီလိုအသင့်စား အစားအစာတွေမှာ စျေးပေါတဲ့ ပါဝင်ပစ္စည်းတွေ ထည့်ထားတတ်ကြပါတယ်။ အဆီများတဲ့အသားတွေ၊ ပြန်လည်သန့်စင်ထားတဲ့ တစ်ပတ်ရစ်ဆီတွေနဲ့ သကြားတွေပါပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံနဲ့ အသား၊ ပဲတွေထည့်ရမယ့်အစား ဒီလိုအရာတွေကို အစားထိုးထည့်ထား တာပါ။ ဆိုဒီယမ်ဆိုတဲ့ဆားဓာတ်လည်း ပိုလျှံစွာပါဝင်ပါတယ်။ အရသာရှိအောင် ပမာဏမြောက်များစွာ ထည့်သွင်း အသုံးပြုထားတာပါ။ ဒီအစားအစာတွေကို စားနေခြင်းဟာ မကောင်းဘူးလား ။Fast Food တွေကို မကောင်းတဲ့ အစားအစာထဲတော့မထည့်ထားပါဘူး။ ဒါပေမယ့် အမြဲလိုလို စားနေခြင်းကတော့ မကောင်းပါဘူး။ ဆိုဒီယမ်၊ မကောင်းတဲ့အဆီ၊ တိရစ္ဆာန်အဆီတွေနဲ့ကိုလက်စထရောပမာဏမြင့်မားစွာပါဝင်ခြင်းကြောင့် ကာလတာရှည် စားလာရင်တော့ သွေးပေါင်ချိန်မြင့်တက်ခြင်းနဲ့ ကိုယ်အလေးချိန်မြင့်တက်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်းတို့ ဖြစ်လာမှာပါ။ လူတွေဟာ ဟမ်ဘာဂါ၊ ကြက်ကြော်၊ ပီဇာ၊ အာလူးချောင်းကြော်အစရှိတဲ့ Fast Food တွေကို စားနေချိန်မှာ ဆိုဒါပါတဲ့ အအေးတစ်ခုခုကိုလည်း တွဲဖက်သောက်သုံးကြပါသေးတယ်။ ဒါဟာလည်း မကောင်းတဲ့ အမူအကျင့်တစ်ခုပါပဲ။ဒီလိုအစားအစာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ စားသင့်ပါသလဲ။ဆိုလိုတာကတော့ Toppings  ဆိုတာ အရသာပိုရှိစေဖို့ ဆိုဒီယမ်ဆားနဲ့ အဆီတွေနဲ့ ပြည့်နှက် နေတတ်တာပါ။ ဒါကြောင့် ချိစ်လိုမျိုး၊ အဆီအစိမ့်များတဲ့ အစားအစာတွေအစား အသီးအရွက်ပိုလျှံအောင်သာ မှာပေးပါ။ (ဥပမာ-ချိစ်ဟမ်ဘာဂါအစား Vegetable/Salad အသီးအရွက်ညှပ်ထားတဲ့ဘာဂါ) လိုမျိုးကို သာ ရွေးချယ်စားသောက်သင့်ပါတယ်။)။ယနေ့ခေတ်စားသောက်ဆိုင်တွေမှာ အစားအသောက်တွေမှာယူရင် ပမာဏ များစွာထည့်ပေးတာမျိုးရှိလာပါတယ်။ ဒီတော့….။အသင့်စား အလွယ်တကူ အစားအစာဆိုတဲ့အတိုင်း လူတွေဟာ ကားပေါ်မှာဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ၊ အလုပ်လုပ်ရင်းဖြစ်စေ ပြီးစလွယ်စားတတ်ကြပါတယ်။ ဒီလိုစားတဲ့အခါမျိုးမှာ အာရုံမရတာကြောင့် ကိုယ်ဘယ်လောက်စားမိမှန်းမသိကြတော့ပါဘူး။ ပိုလျှံစွာစားမိသွားတတ်ကြပါတယ်။ ဒါကြောင့် အစားစာတဲ့အခါ ဆိုင်မှာပဲ သေချာထိုင်စားတတ်တဲ့အကျင့်ကို မွေးမြူပါ။ အချိန်မရရင်လည်း ပိုတာကို ပါဆယ်ထုတ်ပြီး အားလပ်ချိန်မှာ ထိုင်စားပေးပါ။ရေးသားသူ-ဒေါက်တာမှူးခင်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9c%e1%80%bb%e1%80%84%e1%80%ba%e1%80%a1%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%9b%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%85%e1%80%ac/
သတိ Facebook ကြောင့်မထိခိုက်ပါစေနဲ့
မိုးလင်းလို့မျက်လုံးဖွင့်လိုက်တာနဲ့ အရင်ဆုံးလုပ်မိတာကဖေ့ဘုတ်ခ် စဖွင့်တာများလား။ အခုနောက်ပိုင်းမှာလူတော်တော်များများလုပ်မိနေကြတာက မိုးလင်းလို့ မျက်လုံးဖွင့်လိုက်ရင်အရင်ဆုံးလုပ်မိတာက ဖုန်းဖွင့်ပြီးဖေ့ဘုတ်ခ်ကြည့်တာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်လို့ပြောပါရစေ။ဖေ့ဘုတ်ခ်ရှိတာကကောင်းတာရှိသလို ဆိုးတာတွေလည်းရှိပါတယ်။ အဝေးရောက်နေတဲ့ လူတွေကို အလွယ်တကူဆက်သွယ်ထိတွေ့ခွင့်ရစေနိုင်သလို သိချင်တာတွေကိုလည်း အလွယ်တကူရှာလို့ရပါတယ်။ ဒါပေမယ့် အရာရာကတန်ဆေး လွန်ဘေးဆိုသလိုပေါ့။ ကိုယ်အသုံးပြုတဲ့ပုံစံပေါ်မှာမူတည်ပြီးကောင်းတာတွေဖြစ်လာနိုင်သလို ဆိုးတာတွေလည်းဖြစ်လာနိုင်ပါတယ်နော်။လေ့လာမှုတွေအရဖေ့ဘုတ်ခ်ကိုအလွန်အကျွံအသုံးပြုသူတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေတိုးလာသလို၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရော၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပါခံစားရနိုင်ပါတယ်။ဖေ့ဘုတ်ခ်အသုံးပြုတာများလာလေလေရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေများလာလေလေပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ စွဲလမ်းလွန်းသူတွေဟာစိတ်အားထက်သန်မှုလျော့ကျလာတယ်လို့လည်းသိရပါတယ်။ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ။ဖေ့ဘုတ်သုံးတဲ့အခါအစားအသောက်တွေကို စားဖို့မေ့နေတာမျိုးတွေဖြစ်နိုင်သလို ဆီးတွေဝမ်းတွေမသွားဘဲအောင့်ထားတာမျိုးဖြစ်နိုင်ပါတယ်။ဖေ့ဘုတ်ခ်သုံးရင်း အိပ်ရာဝင်နောက်ကျတာမျိုးဖြစ်နိုင်ပါတယ်။ မျက်လုံးအားစိုက်ရလွန်းတာကြောင့် မျက်ကြောတွေထိခိုက်နိုင်သလို တစ်ချိန်လုံးအာရုံစိုက်နေရတဲ့အတွက်ဇက်ကြောတွေတာင့်တင်းတာ၊ လက်ကကြွက်သားတွေတောင့်တင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ခါးနာတာနဲ့လက်ကောက်ဝတ်နာကျင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်။ ဒါတွေကရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပေါ့။နောက်ထပ်ဖြစ်လာနိုင်တာကတော့ ပုံမှန်လုပ်နေကျလှုပ်ရှားမှုတွေ၊ကိုယ်လက်လှုပ်ရှားမှုတွေကို မလုပ်မိတာကြောင့်ကိုယ်အလေးချိန်တက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ။ဖေ့ဘုတ်ခ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလည်းရှိနိုင်ပါတယ်။ဖေ့ဘုတ်ခ်အသုံးများတဲ့သူတွေဟာ အခြားသူတွေထက်စိတ်ပူပန်မှုပိုများကြသလို စိတ်ပိုင်းဆိုင်ရာမသက်မသာဖြစ်တာကိုခံစားရနိုင်ခြေကလည်း ပိုများနေပါတယ်။ ဖေ့ဘုတ်ခ်အသုံးပြုမှုကြောင့်စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာနဲ့ စိတ်ပူပန်တာတွေခံစားရနိုင်ခြေက အတော်လေးများနေပါတယ်။ နောက်တစ်ချက်က စိတ်ထိခိုက်မှုကိုခံရနိုင်ခြေပိုများနေတာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/facebook-%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8/
ကူးစက်မြန် ခြေထောက်မှိုစွဲ ပွေးရောဂါ
ပွေးဆိုတာ အရေပြားချင်း ထိတွေ့ရာမှ ကူးစက်ဖို့ အရမ်းလွယ်ကူတဲ့ ရောဂါတွေထဲက တစ်ခုပါ။ အထူးသဖြင့် ခြေထောက်မှိုစွဲရောဂါဆိုရင် အရေပြားချင်း ထိမိရုံသာမက အများသုံး ရေချိုးခန်း၊ အိမ်သာကနေလည်း ကူးစက်နိုင်ပါတယ်။ သူ့ကို ခြေထောက်မှိုစွဲပွေးလို့လည်းခေါ်သလိုခြေထောက် သဲဝဲစားတယ်လို့လည်းခေါ်လို့ရပါတယ်။ပွေးရောဂါဆိုတာ သိပ်ပြီး စိုးရိမ်စရာ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ခံစားရတဲ့သူအတွက်တော့ ဒုက္ခက မသေးလှပါဘူး။ ယားယံတာကို မနေနိုင်ဘဲ လက်နဲ့ကုတ်မိလိုက်ရင်လည်း အသားက ပွန်းပဲ့ပြီး ပိုးဝင်သွားရင် ပိုပြီးတောင် ကုသဖို့ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ့်မှာ ခြေထောက်မှိုစွဲပွေးရောဂါရှိနေတယ်လို့ သံသယရှိနေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။ပွေးဟာ ကိုယ်ခန္ဓာနေရာအနှံ့မှာ ပေါက်နိုင်တဲ့ ယားနာတစ်မျိုးပါ။ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ကိုယ်ခန္ဓာ၊ ပေါင်ခြံ၊ လိင်အင်္ဂါတစ်ဝိုက် အစရှိသဖြင့် ပေါက်တဲ့နေရာပေါ် မူတည်ပြီး လက္ခဏာတွေက အနည်းငယ်ကွဲသွားတတ်ပါတယ်။ အဓိက Tinea လို့ခေါ်တဲ့ မှိုပိုးက ခြေထောက်အရေပြားထဲ ဝင်သွားပြီး အမြစ်တွယ်လာရာကနေ ခြေထောက်မှိုစွဲပွေး ဖြစ်လာရတာပါ။ရောဂါပိုးရှိသူနဲ့ အရေပြားချင်း ထိမိတာ၊ အသုံးအဆောင်တွေ ဝေမျှသုံးစွဲတာ၊ မှိုပိုးရှိနေတဲ့ ကြမ်းပြင်ကို ဖိနပ်မပါဘဲ ခြေဗလာနဲ့ လျှောက်ရာကနေ ကူးစက်ပါတယ်။ ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ ရှင်သန်ပေါက်ဖွားနိုင်တဲ့အတွက် အများသုံး ရေချိုးခန်း၊ သန့်စင်ခန်း၊ အဝတ်လဲခန်း၊ ရေကူးကန် ကြမ်းပြင်တွေမှာ အများဆုံး တွေ့နိုင်ပါတယ်။အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။အားကစားသမား၊ လေ့ကျင့်ခန်း လိုက်စားသူတွေ၊ အများသုံး ရေချိုးခန်းနဲ့ ရေကူးကန်တွေမှာ ခြေဗလာနဲ့ သွားလာနေတဲ့အခါ၊ ရောဂါပိုးရှိသူရဲ့ ဖိနပ်၊ ခြေအိတ်၊ မျက်နှာသုတ်ပဝါ၊ အဝတ်အစားတွေ ယူဝတ်တာ၊ အရမ်းကျပ်လွန်းတဲ့ ဖိနပ်တွေ ဝတ်ဆင်တာ၊ အချိန်အကြာကြီး ခြေထောက်ကို ရေစိုနေတဲ့အတိုင်း ပစ်ထားတာ၊ ခြေထောက်က ချွေးတွေအရမ်းထွက်တာ၊ အရေပြား သို့မဟုတ်ခြေသည်းခွံမှာ ထိခိုက်ပွန်းပဲ့နေတာတွေကြောင့် ခြေထောက်မှာ ပွေးပေါက်လာနိုင်ပါတယ်။၁။ ခြေချောင်းကြား၊ ခြေဖဝါးမှာ ယားယံနေတာ၊ ပူစပ်ပူလောင်ဖြစ်နေတာ၊ အသားထဲက ဆစ်ကနဲ စူးနေတာ။၂။ ယားပြီး နေရခက်တဲ့ အရည်ကြည်ဖုတွေ ထွက်နေတာ။၃။ ခြေချောင်းကြားနဲ့ ခြေဖဝါးမှာ အသားတွေ အက်ကွဲနေတာ၊ အဖတ်တွေ ကွာကျနေတာ။၄။ ခြေဖဝါးနဲ့ ဘေးဘက်အရေပြားတွေက မွဲခြောက်ခြောက်ဖြစ်ပြီး မာနေတာ။၅။ ခြေသည်း အရောင်မညီဖြစ်နေတာ၊ ထူပြီး ကြေမွလွယ်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။အရင်ဆုံး အရေပြားဆရာဝန်က ခြေချောင်းကြားနဲ့ ခြေသည်းရဲ့ အခြေအနေကို သေချာကြည့်ပြီးမှ မှိုပွေးပေါက်တာ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးနိုင်မှာပါ။ ပုံမှန်အားဖြင့် ယားယံခြင်းကို သက်သာစေပြီး ပွေးပျောက်စေဖို့ လိမ်းဆေးတစ်မျိုးသာ လိုအပ်ပြီး တော်တော်လေး ပြင်းထန်တဲ့ အခြေအနေမှာတော့ ပဋိဇီဝပိုးသတ်ဆေးတွေပါ တွဲသောက်ဖို့ လိုအပ်ပါတယ်။ ပွေးရောဂါဆိုတာ သေချာကုသမှုခံယူရင် အမြစ်ပြတ်ပျောက်ဖို့ လွယ်ကူတဲ့အတွက် ကိုယ့်မှာ အရေပြားပြဿနာရှိနေတယ်လို့ သံသယရှိတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပဲလို့ အကြံပေးလိုက်တယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/athletes-foot/
အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ
အမျိုးသားတွေဟာ အမြဲနေပူထဲ သွားလာပြီး အလုပ်လုပ်နေရတာ၊အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရတာကြောင့် အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်ပါတယ်။ အင်္ကျီ၊ ဘောင်းဘီတွေကတော့ တစ်ကြိမ်ထက် ပိုပြီး ဝတ်ဆင်တာ ပြဿနာ သိပ်မရှိပေမယ့်အတွင်းခံဘောင်းဘီတွေကိုတော့ အမြဲ လဲပေးဖို့ လိုအပ်ပါတယ်။ ကျန်တဲ့ နေရာတွေထက် ချိုင်းကြား၊ပေါင်ခြံနေရာတွေဟာ ပိုပြီး ချွေးထွက်များပြီး အဝတ်အစားနဲ့ အမြဲထိကပ်နေတာကြောင့် ချွေးနံ့အပြင်ဘက်တီးရီးယားပိုးများစွာ ခိုအောင်းနေတတ်ပါတယ်။ အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ ဆိုတာကို အောက်မှာ ဆက်ကြည့်ရအောင်။တစ်ကိုယ်ရေသန့်ရှင်းမှုနည်းတဲ့ အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီကို ကြိမ်ဖန်များစွာ ဝတ်ဆင်ပြီးမှ လျှော်ဖွပ်တတ်ပါတယ်။ ဒါဟာ အရေပြားနဲ့ လိင်တံကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင် အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ အဓိကတရားခံပါပဲ။ ဒါကြောင့်တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားသားတွေ ဖြစ်ဖို့ အပြင်ရုပ်ရည်တင်မကဘဲ ခန္ဓာကိုယ်မမြင်ရတဲ့ နေရာတွေကိုပါ သန့်ရှင်းအောင် ထားဖို့ လိုပါတယ်။ အထူးသဖြင့် အတွင်းခံဘောင်းဘီ ပုံမှန်လျှော်ဖွပ်တာ၊ ပုံမှန်လဲလှယ်တာတွေ လုပ်ပေးသင့်ပါတယ်။ဒီလို မဟုတ်ဘူးဆိုရင်တော့ ကြာလာတဲ့အခါ။၁။ အနံ့အသက်အလွန်ဆိုးရွားမယ်။အမျိုးသားတိုင်း သိကြမှာပါ။ အတွင်းခံဘောင်းဘီကို တစ်ရက်လောက် မလျှော်ဘဲ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အနံ့အသက်က အောင့်သက်သက်နိုင်ပါတယ်။ ဝတ်ပြီးသား အတွင်းခံဘောင်းဘီကို နောက်တစ်ကြိမ် ထပ်ဝတ်လို့ ဘာကောင်းကျိုးမှ မရနိုင်တဲ့အပြင် ကိုယ့်ရဲ့လိင်တံကိုလည်း ဒီအနံ့တွေ စွဲကပ်နိုင်ပါတယ်။၂။ အရေပြားပြဿနာဖြစ်နိုင်တယ်။ပေါင်ခြံတစ်ဝိုက်ဟာ အမျိုးသားတွေအတွက် ချွေးနဲ့ အနံ့ဆိုးတွေ အထွက်ဆုံးနေရာဖြစ်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေအတွက် ခိုအောင်းရာ နေရာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားလုပ်သူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေ၊ အမြဲလှုပ်ရှားသွားလာနေရတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဆိုးနိုင်ပါတယ်။ဒီလို ချွေးတွေနဲ့ အမြဲစိုစွတ်နေတဲ့ အတွင်းခံဘောင်းဘီကို မလျှော်ပဲ ထားထားတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပိုပွားများလာနိုင်ပြီးပွေး၊ ဝဲ အစရှိတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ဖြစ်လာမှာပါ။၃။ စေးကပ်ကပ်ဖြစ်ပြီး မှိုတက်နိုင်တယ်။တစ်ခါတစ်လေ ဘာမှမတွေးနေတဲ့အချိန်မှာတောင် လိင်တံဟာ သူ့အလိုလို ထောင်မတ်နေတတ်တာ၊ လိင်စိတ်ထကြွနေတဲ့အချိန်ဆိုရင် သုက်ရည်ကြည် (Pre-cum) လေးတွေ ထွက်တတ်တာ အမျိုးသားတိုင်းလည်း ကြုံဖူးမှာပါ။ ဆီးသွားပြီးတဲ့အချိန် လိင်တံထိပ်မှာ ကျန်နေခဲ့တဲ့ ဆီးစက်တွေကြောင့် ကြာလာတဲ့အခါ အတွင်းခံဘောင်းဘီဟာ စေးကပ်ကပ်ဖြစ်နိုင်ပါတယ်။ မလျှော်ဖွပ်ဘဲ ဒီအတိုင်းထားထားလိုက်တဲ့အခါ အတွင်းခံဘောင်းဘီမှာ ဘက်တီးရီးယားတွေ ပိုပေါက်ဖွားနိုင်တဲ့အပြင် ဖားဥတွေစွဲပြီး မှိုတက်နိုင်ပါတယ်။၄။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ပိုပေါက်လာနိုင်ပါတယ်။မျက်နှာကို သေချာမသန့်ရှင်းတဲ့အခါ အဖုအပိမ့်တွေ ထွက်လာသလိုပါပဲ။ သန့်ရှင်းမှုမရှိတဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်တဲ့အခါ လိင်တံ၊ တင်ပါးတစ်ဝိုက် အရေပြားမှာ ဝက်ခြံ၊ အဖုအပိမ့်တွေအပြင် ပွေး၊ ဝဲ၊ ညှင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။၁။ အားကစား၊ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အတွင်းခံကို လဲပါ။၂။ တစ်နေ့ ဝတ်တဲ့ အတွင်းခံဘောင်းဘီကို အပြင်ကနေ ပြန်ရောက်တာနဲ့ လဲပါ။၃။ တစ်နှစ်ပြည့်တိုင်း ဟောင်းနွမ်းပြီး ရိရွဲနေတဲ့ အတွင်းခံဘောင်းဘီအဟောင်းတွေကို စစ်ဆေးပြီး အသစ်လဲပါ။၄။ ကပ်စေးစေး ဖြစ်နေတဲ့ အတွင်းခံဘောင်းဘီတွေကို အမြဲလျှော်ဖွပ်ပါ။၅။ ကိုယ်နဲ့ လိုက်ဖက်ညီပြီး လေဝင်လေထွက်ကောင်းမယ့် အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝယ်ယူပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/changing-underwear/
ခေါင်းတစ်ခြမ်းကိုက်တာ သက်သာစေဖို့
ခေါင်းတစ်ခြမ်းကိုက်တာက တော်တော်လေးခံစားရခက်တာပါ။ အကြီးစားရောဂါမဟုတ်ပေမယ့်တစ်နေ့တာလုပ်ဆောင်မှုတွေအပေါ်မှာ တော်တော်လေးထိခိုက်စေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တဲ့ အခါ မြန်မြန်သက်သာစေမယ့် ရိုးစင်းတဲ့နည်းလမ်းလေးတွေအကြောင်း ပြောပြပေးပါရစေ။ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကျခေါင်းကိုက်တာနဲ့ မတူပါဘူး။ ခေါင်းထဲက တဆစ်ဆစ်နာနေသလိုမျိုးခံစားမှု၊ အလင်းဒဏ်ကိုမခံနိုင်တဲ့ ခံစားမှု၊ အသံတွေကို နားမခံနိုင်တဲ့ ခံစားမှု၊ မအီမသာဖြစ်မှုတွေနဲ့အတူ တွဲပြီးခံစားရလေ့ရှိတဲ့ ခေါင်းကိုက်တဲ့ဝေဒနာတစ်မျိုးပါ။ ခံစားရခက်သလို တော်တော်လေးလည်း အလုပ်ပျက်စေနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ။တိတ်ဆိတ်ပြီး၊ မှောင်တဲ့အခန်းမှာ နားနားနေနေ နေပါ။ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ အလင်းဒဏ် နဲ့ အသံဒဏ်ကို မခံနိုင်တာမျိုးရှိပါတယ်။ ဒါကြောင့် အိပ်ခန်းကို အမှောင်ချပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိအောင်ထားလို့ နားနားနေနေ နေပေးပါ။ အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်မပျော်ရင်တောင် မျက်လုံးလေးမှိတ်ပြီး သက်တောင့်သက်သာလေးနေပေးပါ။ရေနွေးဝတ်ဒါမှမဟုတ် ရေခဲဝတ်ကပ်ပေးပါ။နဖူး ဒါမှမဟုတ် လည်ဂုတ်ပေးမှာ ရေနွေးဝတ် ဒါမှမဟုတ် ရေခဲဝတ်လေးကပ်ပေးပါ။  ဒီလိုလုပ်ပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ရေနွေးနဲ့ရေချိုးပေးလို့လည်းရပါတယ်။ဝင်သက်ထွက်သက်မှတ်ပါ။ခဏလောက်မျက်လုံးလေးမှိတ်လို့ ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရှုသံပေါ်မှာ အာရုံစိုက်ထားပေးပါ။ ဒီလိုလုပ်တာကနာကျင်မှုကို သက်သာစေနိုင်ပါတယ်။ စိတ်ကို အာရုံပြောင်းတဲ့သဘောလည်းသက်ရောက်နေပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ သက်သာစေဖို့ ဝင်သက်ထွက်သက်မှတ်ပါ။လာဗင်ဒါဆီရှုပေးပါ။အစိုဓာတ်ထိန်းစက်ထဲကို လာဗင်ဒါဆီလေးနည်းနည်းလောက်ထည့်ပြီး ရေနွေးငွေ့ခံပေးပါ။ ဒီလိုမှမဟုတ်ရင်လည်း လာဗင်ဒါရေနွေးကြမ်ကို သောက်ပေးလို့လည်းရပါတယ်။ အကြောင်းကတော့ လာဗင်ဒါဆီက ခေါင်းတစ်ခြမ်းကိုက်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာကြောင့်ပါ။ရေများများသောက်ပါ။တစ်ခါတလေမှာရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ ရေများများသောက်ပေးပါ။ ရေချည်းပဲ မသောက်ချင်ဘူးဆိုရင် ရေထဲကို သံပရာသီးစိတ် ဒါမျမဟုတ် သစ်သီးလေးတေါ စိတ်ထည့်ပြီးDetox Waterလိုမျိုးသောက်ပေးပါ။နားထင်ကို ခပ်ဖွဖွလေးနှိပ်ပေးပါ။နားထင်ကို ခပ်ဖွဖွလေးနှိပ်ပေးတာက နားထင်ကကြွက်သားတွေကို ပြေလျော့စေပြီးသွေးစီးဆင်းမှုကောင်းစေသလို ခေါင်းတစ်ခြမ်းကိုက်တာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ နားထင်ကိုနှိပ်တဲ့အခါ ခပ်ဖွဖွလေးနှိပ်ပေးတာက အဆင်ပြေဆုံးပါ။လေ့ကျင့်ခန်းလုပ်ပါ။ယောဂ ဒါမှမဟုတ် ထိုက်ချိလိုမျိုး လေ့ကျင့်ခန်းတွေက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့်  ကြွက်သားတွေပြေလျော့စေပြီး သွးစီးဆင်းမှုကောင်းလို့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခံစားချက်ကောင်းစေတဲ့ဟော်မုန်းတွေထွက်ရှိအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်တာကြောင့် ခံစားရခက်နေတဲ့  ပြဿနာကို ဒီနည်းလမ်းလေးတွေသုံးပြီး အကောင်းဆုံးဖြေရှင်းလိုက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/tips-to-ease-migraine-pain/
Alzheimer's ရောဂါရဲ့ သတိထားသင့်တဲ့ အစောပိုင်း လက္ခဏာများ
တော်ရုံသတိမေ့တာလောက်ကအသက်ကြီးရင့်လာမှုရဲ့ သာမန်အစိတ်အပိုင်းတစ်ခုပေါ့။ တကယ်လို့ သင်ကတစ်ယောက်ယောက်ရဲ့ နာမည်ကိုမေ့နေမယ် ဒါပေမယ့် နည်းနည်းလောက်ကြာတော့သတိရလာမယ်ဆိုရင် ဒါကမှတ်ဉာဏ်နဲ့ပတ်သက်ပြီး ကြီးကြီးမားမားပြဿနာရှိနေတယ်၊လို့ဆိုလို့မရပါဘူး။တကယ်လို့သင့်ရဲ့ မှတ်ဉာဏ်ပြဿနာကနေ့စဉ်နေထိုင်မှုဘဝမှာတော်တော်လေးထိခိုက်လာပြီဆိုရင်တော့ ဒါတွေကAlzheimer’sရောဂါရဲ့အစောပိုင်းလက္ခဏာတွေပါ။ရောဂါလက္ခဏာတွေပိုများလေလေရောဂါအခြေအနေက ပိုပြင်းထန်လေလေပါ။သတိမေ့တတ်လာမယ်။သင်ကိုယ်တိုင်မှာပဲဖြစ်ဖြစ် သင်ရဲ့မိသားစုဝင်တစ်ဦးဦးမှာဖြစ်ဖြစ် ပုံမှန်ထက်ပိုပြီးမေ့လျော့တတ်လာမယ်။ ဥပမာ အရေးကြီးတဲ့ ကိစ္စတွေ မဖြစ်မနေသတိရနေသင့်တဲ့ အမှတ်တရနေ့တွေကိုမေ့နေပြီ။ အရေးကြီးလုပ်စရာတွေကို မကြာခဏသတိပေးနေရပြီဆိုရင်တော့ ပုံမှန်မေ့တတ်တဲ့အဆင့်ကိုကျော်လွန်နေပါပြီ။လုပ်နေကျအလုပ်တွေကို လုပ်ကိုင်ရခက်ခဲလာမယ်။တစ်ခါတစ်လေနေ့စဉ်လုပ်နေကျအလုပ်တွေကို ဘယ်လိုစလုပ်ရမှန်းမသိဖြစ်လာတာ၊ အစီအစဉ်ဆွဲရာမှာသေသေချာချာ မလုပ်ဆောင်နိုင်တော့တာ၊ လစဉ်ပေးဆောင်နေကျဖြစ်တဲ့ ဖုန်းဘေလ်၊မီတာခ၊ရေခွန်တွေကိုပေးဆောင်ဖို့မေ့လျော့လာတာ၊ တစ်ခုခုကိုအာရုံစိုက်ရာမှာအခက်အခဲတွေရှိလာတာ၊ လုပ်နေကျအလုပ်တွေကို အရင်ကထက် အချိန်ပိုပေးပြီးလုပ်လာရမျိုးတွေဖြစ်လာနိုင်ပါတယ်။နေ့စဉ်ဘဝနေထိုင်မှုမှာ အခက်အခဲရှိလာမယ်။နေ့စဉ်လုပ်နေကျ ရင်းနှီးပြီးသားအလုပ်တွေကို လုပ်ရတာ ခက်ခဲလာမယ်။ သွားနေကျနေရာတွေကိုသွားရင်းက လမ်းမမှတ်မိတော့တာ။ လုပ်နေကျအလုပ်ကို ဘယ်ကစလုပ်ရမှန်းမသိတာ၊ အကြိုက်ဆုံးအားကစားနည်းရဲ့ စည်းမျဉ်းတွေကိုမေ့သွားတာမျိုးဖြစ်လာနိုင်ပါတယ်။အချိန်တွေနေရာတွေကို မှတ်မိဖို့ ခက်ခဲလာမယ်။တစ်ခုခုလုပ်ဖို့ ချိန်းထားတဲ့ရက်တွေကိုမေ့လာမယ်။ အချိန်တွေကိုသေသေချာချာ မမှတ်မိတော့တာမျိုးဖြစ်လာမယ်။ ဘာလုပ်မယ် ဘာကိုင်မယ်ဆိုတာကို ကြိုတင်စီစဉ်ထားဖို့လုပ်တိုင်း မရေရာတာမျိုးဖြစ်လာမယ်။သေသေချာချာမှတ်ထားပေမယ့် လုပ်ဖို့စီစဉ်ထားတာ၊ ချိန်းဆိုတာတွေကိုမေ့လာတာမျိုးဖြစ်လာနိုင်ပါတယ်။အမြင်အာရုံပြဿနာတွေရှိလာမယ်။စာမျက်နှာက စာလုံးလေးတွေကို ဖတ်ရတာ ခက်ခဲလာမယ်။ အကွာအဝေးကိုမှန်းဆရခက်လာမယ်။အရောင်တွေကို ခွဲခွဲခြားခြား မသိတော့ဘူးဖြစ်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကားမောင်းတဲ့သူတွေမှာဆိုရင် အခက်အခဲအကြီးကြီးဖြစ်နိုင်ပါတယ်။စကားတွေကို တိတိကျကျပြောဖို့ ခက်ခဲလာမယ်။စကားတွေကိုပြောရင် ဘာဆက်ပြောရမှန်းမသိတော့တာ၊ ဘာအကြောင်းပြောနေလဲမေ့သွားတာမျိုး၊ စကားကိုပြောပေမယ့် အဆုံးထိမရောက်တာမျိုးတွေဖြစ်လာမယ်။ဖြစ်ပေါ်နေတဲ့ အခြေအနေ အနေအထားနဲ့ကိုက်ညီမယ့် စကားလုံးကိုပြောဖို့ ရှာမတွေ့တာမျိုးဖြစ်လာမယ်၊ စကားတစ်ခွန်းထဲကိုပဲ ထပ်ခါထပ်ခါပြောမိနေမယ်ဆိုရင်တော့Alzheimer’sရောဂါအကြိုလက္ခဏာကိုခံစားနေရတာဖြစ်နိုင်ပါတယ်။ပစ္စည်းတွေမကြာခဏ အထားမှားနေမယ်။ပစ္စည်းတွေကို ထားနေကျအတိုင်း မဟုတ်ဘဲနေရာတွေပြောင်းထားမိတာ၊ ပစ္စည်းတွေအထားမှားပြီး ခဏခဏပျောက်တာတွေဖြစ်လာပြီဆိုရင်တော့Alzheimer’sရောဂါခံစားနေရပါပြီ။ ဒီလိုပစ္စည်းတွေအထားမှားပြီး ခဏခဏပျောက်ရင်းကနောက်ဆုံး ပစ္စည်းကို အခြားသူက ယူသွားတယ်၊လို့ထင်တာမျိုး အထိဖြစ်လာနိုင်ပါတယ်။ပျက်ကွက်မှုတွေများလာမယ်။Alzheimer’s လက္ခဏာတွေဖြစ်လာတဲ့အခါ အလုပ်ခွင်မှာပဲဖြစ်ဖြစ် လူမှုရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ပျက်ကွက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အရင်ကဝါသနာပါခဲ့တဲ့လုပ်နေကျအလေ့အထတွေကိုတောင် လုပ်ဖို့မေ့လျော့ပျက်ကွက်လာပြီဆိုရင်တော့ရောဂါအခြေအနေကတော်တော်လေးပြင်းထန်လာပြီလို့ပြောချင်ပါတယ်။စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုမြန်လာမယ်။လူမှုရေးတွေမှာဖြစ်ဖြစ်နေ့စဉ် အလုပ်တွေလုပ်ကိုင်နေချိန်မှာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက အရမ်းအပြောင်းအလဲမြန်လာမယ်ဆိုရင်တော့Alzheimer’sရောဂါဖြစ်နိုင်ခြေရှိနေပါပြီ။ မကြာခဏဆိုသလို။ကိုယ်တိုင်မှာပဲဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦးမှာဖြစ်ဖြစ် အခုလို လက္ခဏာတွေတွေ့ရပြီဆိုရင် ဆရာဝန်နဲ့သေချာပြသဖို့ တိုက်တွန်းလိုက်ပါရစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/early-signs-and-symptoms-of-alzheimers/
Chest X-Ray (ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း)
Chest X-ray ဆိုတာ နှလုံး၊ အဆုတ်၊ လေပြွန်၊ သွေးကြောတွေနဲ့ lymph nodes တွေကိုပြတဲ့ ရင်ဘတ်ရဲ့ ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ ရင်ရိုးခွေ၊ နံရိုး၊ ညှပ်ရိုး နဲ့ ကျောရိုးအပေါ်ပိုင်း အပါအဝင် ကျောရိုးတွေ နဲ့ ရင်ဘတ်မှာရှိတဲ့ အရိုးတွေကိုလည်း ပြနိုင်ပါတယ်။ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း ဟာ ရင်ဘတ်အတွင်းရှိ ပြသနာတွေကို ရှာဖွေဖို့ အတွက် အသုံးများတဲ့ ဓါတ်မှန်တစ်မျိုးဖြစ်ပါတယ်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဟာ သင့်ခန္ဓါကိုယ် အတွင်းက အစိတ်အပိုင်းတွေကို ဖော်ပြနိုင်ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေကတော့။ပုံမှန်အားဖြင့် ပုံရိပ်နှစ်ခုကို ရိုက်ယူလေ့ရှိပါတယ်။ တစ်ခုက ရင်ဘတ် အနောက်ပိုင်းကနေ ဖြစ်ပြီး နောက်တစ်ခုကတော့ ဘေးဘက်ကနေရိုက်ယူပါတယ်။ အရေးပေါ်လိုအပ်လာပြီဆိုရင်တော့ အရှေ့ကနေ ဓါတ်မှန် ပုံရိပ် တစ်ခုပဲ ရိုက်ယူလေ့ရှိပါတယ်။သင့်မှာ နှလုံး (သို့) အဆုတ်နဲ့ ပတ်သတ်တဲ့ ရောဂါတွေရှိနေတယ်လို့ ဆရာဝန်က သံသယရှိတယ်ဆိုရင် တော့ ပထမဆုံး လုပ်ဆောင်ရနိုင်တဲ့ စစ်ဆေးချက်က ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း ပဲဖြစ်ပါတယ်။ ကုသမှုကို ဘယ်လိုတုန့်ပြန်နေတယ်ဆိုတာ စစ်ဆေးနိုင်ဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်။သင့်မှာ အောက်ပါ ရောဂါ လက္ခဏာတွေရှိနေပါက ဆရာဝန် အနေနဲ့ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကို လုပ်ဆောင်ခိုင်းနိုင်ပါတယ်။သင့်မှာ တီဘီ၊ အဆုတ်ကင်ဆာ၊ (သို့) အခြား အဆုတ်၊ရင်ဘတ် နဲ့ ပတ်သတ်တဲ့ ရောဂါတွေ ရဲ့ လက္ခဏာတွေရှိနေရင် လည်း ဒီ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကို လုပ်ဆောင်ရနိုင်ပါတယ်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကို မလုပ်ဆောင်ခင် ဘာတွေ သိထားသင့်သလဲ?။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကနေ ပြသနာ ဖြစ်စေတဲ့ အကြောင်းအရင်းကိုရှာဖို့ ဆရာဝန်တွေ လိုအပ်တဲ့ အချက်အလက်တွေ ကို အမြဲတမ်း မရတာ ဖြစ်နိုင်ပါတယ်။တကယ်လို့ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းရဲ့ အဖြေရလဒ်တွေက ပုံမှန်မဟုတ်ရင်၊ (သို့) ပြသနာအတွက် လုံလောက်တဲ့ အချက်အလက်တွေကို မပေးဘူး ဆိုရင် ပိုပြီးတိကျတဲ့ ဓါတ်မှန် (သို့)ကွန်ပျူတာဓါတ်မှန်၊ အာထရာဆောင်း၊ နှလုံးအက်ကိုးရိုက်ခြင်း (သို့) သံလိုက်ဓါတ်မှန် ကဲ့သို့သော အခြားစစ်ဆေးချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။သင့် ရင်ဘတ်ဓါတ်မှန်ရလဒ် အဖြေက အရင် စစ်ဆေးချက်တွေနဲ့ ကွာခြားနေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်ဟာ မတူညီတဲ့ ဆေးဌာန (သို့) မတူညီတဲ့ စစ်ဆေးချက် တွေလုပ်ဆောင် တာဖြစ်နိုင်လို့ပါ။တစ်ချို့သော အခြေအနေတွေ( ကင်ဆာ အသေး၊ အသက်ရှုလမ်းကြောင်းအတွင်းသို့ ပြုတ်ထွက်လာသောသွေးခဲ (သို့) အခြား ပုံမှန် ကိုယ်တွင်း အစိတ်အပိုင်းတွေနဲ့ ဖုံးအုပ်ထားသလို ဖြစ်နေတဲ့ ပြသနာတွေ) က ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းမှာ မပြနိုင်ပါဘူး။Asbestos(မီးခံကျောက်ပြား) တွေနဲ့ ထိတွေ့ နေရတဲ့ အချို့ အလုပ်သမားများအတွက်ကတော့ asbestos ကြောင့် ဖြစ်တတ်တဲ့ ပြသနာတွေကို စစ်ဆေးဖို့ ပုံမှန် ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ဒီစစ်ဆေးချက်အတွက် အထူးတလည်ပြင်ဆင်စရာတော့ မရှိပါဘူး။အဝတ်အစား တစ်ချို့ (သို့) အားလုံးကို ဖယ်ရှားပြီး စစ်ဆေးချိန်မှာ ဝတ်တဲ့ အဝတ်ကို ဝတ်ဆင်ဖို့ ပြောနိုင်ပါတယ်။ ဓါတ်မှန် ပုံရိပ်တွေမှာ အနှောက်ယှက်ပေးနိုင်တဲ့ ကျောက်မျက်ရတနာတွေ၊ သွာစွပ်တွေ၊ မျက်မှန်တွေ၊ သတ္တု ပစ္စည်းတွေ၊ (သို့) အဝတ်အစားတွေကို ဖယ်ဖို့ လည်းပြောနိုင်ပါတယ်။အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ရှိနိုင်တဲ့ အခြေအနေတွေရှိနေရင် သမားတော်(သို့) ဓါတ်မှန်ကျွမ်းကျင်ပညာရှင်ကို ပြောပြထားရပါမယ်။ အများစုသော ပုံရိပ်သုံးတဲ့ စစ်ဆေးချက်တွေကို ဗိုက်ထဲက ကလေးလေးဆီ ဓါတ်ရောင်ခြည်တွေ မထိရအောင် ကိုယ်ဝန်ဆောင်နေစဉ်မှာ မလုပ်ဆောင်ပါဘူး။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းလုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုရင်တောင် ကလေးဆီ ဓါတ်ရောင်ခြည်ရောက်ရှိမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရမယ့် အချက်တွေ၊ ရှောင်ရမှာတွေ လိုက်နာပြီး လုပ်ဆောင်ရပါမယ်။ပုံရိပ်တွေရဖို့ ဓါတ်မှန်ရိုက်ရာမှာသုံးတဲ့ အပြားရဲ့ အရှေ့မှာ မတ်တပ်ရပ်နေရပါမယ်။ ထိုင်ဖို့ (သို့) လဲလျောင်းဖို့ လိုအပ်လာရင် မှန်ကန်တဲ့ အနေအထား ဖြစ်ဖို့ အတွက် တစ်စုံ တစ်ဦးက ကူညီပါလိမ့်မယ်။ရင်ဘတ်ဓါတ်မှန်ရိုက်နေစဉ်မှာ ဝါးတဲ့ပုံရိပ်တွေ မဖြစ်လာရအောင် သေချာ ငြိမ်နေဖို့ လိုအပ်ပါတယ်။ ဓါတ်မှန်ပုံရိပ် ရိုက်ယူနေစဉ်မှာ အသက်ရှုတာကို စက္ကန့် အနည်းငယ်လောက် အောင့်ထားဖို့ လိုနိုင်ပါတယ်။ဆေးရုံ အများစု နဲ့ ဆေးခန်းတစ်ချို့မှာ သယ်ဆောင်သွားနိုင်သော ဓါတ်မှန်စက်တွေရှိပါတယ်။ အဲဒီ ဓါတ်မှန်စက်တွေနဲ့ ဆေးရုံကုတင်ဘေးမှာ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းကို လုပ်ဆောင်မယ်ဆိုရင်တော့ ဓါတ်မှန် နည်းပညာရှင် နဲ့ သူနာပြုက မှန်ကန်တဲ့ အနေအထားရအောင် ရွှေ့ဖို့ ကူညီနိုင်ပါတယ်။ ပုံမှန်အားဖြင့် အရှေ့ဘက်မှ ဓါတ်မှန်ပုံရိပ် တစ်ခုသာ ရယူပါတယ်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း လုပ်ဆောင်ပြီးတာနဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆက်လက် လုပ်ဆောင် နိုင်ပါတယ်။ သင့် ဆရာဝန် ကြည့်ရှုနိုင်ဖို့ အတွက် ဓါတ်မှန်ရလဒ် အဖြေတွေက သိပ်မကြာဘဲ ရရှိနိုင်ပါတယ်။ဆရာဝန်နဲ့တွေ့ဖို့ နောက်ထပ် ရက်ချိန်းလိုအပ်နိုင်ပါတယ်။ ဆရာဝန်က ဘာကြောင့် နောက်ထပ် စစ်ဆေးဖို့ ချိန်းရသလဲဆိုတာ အတိအကျ ရှင်းပြပါလိမ့်မယ်။သင့်မှာ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း နဲ့ ပတ်သတ်ပြီး မေးစရာ အချက်တွေ ပိုပြီးရှိနေပါက ဆရာဝန်နဲ့ တွေ့ဆုံပြီး ညွှန်ကြားချက်တွေ ရယူနိုင်ပါတယ်။အရေးပေါ် အခြေအနေဆိုရင်တော့ ဆရာဝန်က ပြန်လည်စစ်ဆေးနိုင်ဖို့ အတွက် ဓါတ်မှန် အဖြေက မိနစ်ပိုင်းအတွင်းမှာ ရရှိနိုင်ပါတယ်။ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းပုံမှန် ရလဒ် အဖြေများ။အဆုတ်တွေက ပုံမှန် အရွယ်အစား၊ ပုံစံ ရှိပြီး အဆုတ် တစ်ရှုးတွေကလည်း ပုံမှန်ဖြစ်နေခြင်း။ အဆုတ်အတွင်း ကြီးထွားမှုတွေ၊ အခြား အစိုင်အခဲတွေ မတွေ့ရခြင်း။ pleural space လို့ခေါ်တဲ့ အဆုတ်ကို ဝန်းရံထားတဲ့ ပတ်ပတ်လည်နေရာ ကလည်း ပုံမှန်ဖြစ်နေခြင်း။နှလုံး ကလည်း ပုံမှန် အရွယ်အစား၊ ပုံစံ၊ ဖြစ်နေပြီး နှလုံး တစ်ရှုးတွေက ပုံမှန်ဖြစ်နေခြင်း။ နှလုံးမှ (သို့) နှလုံးသို့ သွားတဲ့ သွေးကြောတွေကလည်း အရွယ်အစား၊ ပုံစံ ပုံမှန်ဖြစ်နေခြင်း။ကျောရိုး၊ နံရိုး အပါအဝင် အရိုးတွေကလည်း ပုံမှန်ဖြစ်နေခြင်း။ရင်ဝန်းခြား ကြွက်သား ကလည်း ပုံစံနဲ့ တည်ရှိရာနေရာ ပုံမှန်ဖြစ်နေခြင်း။ပုံမမှန်တဲ့ လေ(သို့) ရေစုနေခြင်းတွေ မတွေ့ရခြင်း၊ ခန္ဓါကိုယ်ပြင်ပ ပစ္စည်းတွေ မတွေ့ရခြင်း။ပြွန်အားလုံး၊ catheters (သို့) အခြား ဆေးပညာသုံးကိရိယာတွေ ကလည်း ရင်ဘတ်အတွင်း မှန်ကန်တဲ့ အနေအထားမှာ ရှိနေခြင်း။နမိုးနီးယား ၊ TB ကဲ့သို့ ရောဂါပိုးဝင်ခြင်း များရှိနေခြင်း။အကျိတ်၊ ထိခိုက် ဒဏ်ရာ ကဲ့သို့သော ပြသနာများ၊ နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း မှ ဖောယောင်သော အခြေအနေ တွေ့ရခြင်း။တစ်ချို့သော အခြေအနေတွေမှာ ပြသနာကို ရှင်းလင်းစွာ သိနိုင်ဖို့အတွက် နောက်ထပ် ဓါတ်မှန် (သို့) အခြား စစ်ဆေးချက်တွေ လိုအပ်နိုင်ပါတယ်။ နှလုံးပျက်စီးခြင်း၊ နှလုံး အဆို့ရှင် ရောဂါများ၊ (သို့) နှလုံးပတ်လည် အရည်များစုနေခြင်း စတာတွေကြောင့် ဖြစ်တတ်တဲ့ နှလုံးကြီးနေခြင်း ကဲ့သို့သောပြသနာများ ရှိနေခြင်း။ (သို့) သွေးလွှတ်ကြောမ ကြီးနေခြင်း၊ ဖောင်းနေခြင်း၊ သွေးလွှတ်ကြောတွေ မာနေခြင်း( သွေးကြောကျဉ်းခြင်း) စတဲ့ သွေးကြောပြသနာများ တွေ့ရခြင်း။အဆုတ်အတွင်း မှာ အရည်များတွေ့ရခြင်း။ (သို့) အဆုတ်ပတ်လည်မှာ အရည်များစုနေခြင်း၊ အဆုတ်ပတ်လည် နေရာများတွင် လေများ တွေ့ရခြင်း။ နံရိုးခွေ၊ ညှပ်ရိုး၊ ပုခုံးရိုး (သို့) ကျောရိုးများတွင် အရိုးများကျိုးနေခြင်းကို တွေ့ရခြင်း။Lymoh nodes (အကျိတ်)များကြီးနေခြင်း။ ခန္ဓါကိုယ်ပြင်ပ ပစ္စည်းများ ကို အစာရေမြို၊ အသက်ရှုပြွန် (သို့) အဆုတ်တွေမှာ တွေ့ရခြင်း။ ပြွန်အားလုံး၊ catheters (သို့) အခြား ဆေးပညာသုံးကိရိယာတွေ က မှန်ကန်တဲ့ နေရာမှာ မရှိဘဲ ရွေ့နေခြင်း။ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်း အတွက် ပုံမှန်ပမာဏ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/chest-x-ray-%e1%80%9b%e1%80%84%e1%80%b9%e1%80%98%e1%80%90%e1%80%b9%e1%80%93%e1%80%ab%e1%80%90%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%9b%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb/