title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား......
ကမ္ဘာပေါ်မှာရှိသမျှ လူတွေထဲမှာ ကိုယ့်ကြောင့် ကိုယ့်သားသမီးလေးထိခိုက်သွားမှာကို အစိုးရိမ်တတ်ဆုံးသူက မေမေတွေပါ။ ကိုယ်သာတစ်ခုခုဖြစ်ရင် ဘာမှမဖြစ်သလိုနေတတ်ပေမယ့်သားသားမီးမီးလေးတွေမှာ တစ်ခုခုဖြစ်ရင် အစိုးရိမ်ဆုံးနဲ့ အပူပန်ဆုံးကမေမေတွေပါပဲ။ ဒီတစ်ခေါက်လည်း ကိုယ့်မှာတီဘီရှိနေတာကြောင့် ဘေဘီလေးကို နို့တိုက်လို့ရပါ့မလား။ မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား……ကလေးမှာ တစ်ခုခုများထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့မေမေတို့အတွက် အဆင်ပြေဆုံးဖြစ်မယ့်နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပါရစေ။မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား…… ဆိုတော့ ကူးစက်နိုင်တဲ့အချိန်ဆိုရင်တော့ မတိုက်သင့်သေးပါဘူး။ ဒါဆိုရင်နို့ဘူးပဲတိုက်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကလေးကိုမိခင်နို့ရည်ကို ညှစ်ထုတ်ပြီး ဇွန်းနဲ့ထည့်ပြီး တိုက်လို့ရပါတယ်။ နို့ရည်ကနေတဆင့် တီဘီရောဂါပိုးကူးစက်တာမရှိပေမယ့် လေထဲကနေကူးစက်တတ်တဲ့ တီဘီရောဂါပိုးက ကလေးကိုပွေ့ချီပြီး နို့တိုက်ချိန်မှာ လေထဲကနေတဆင့် ကူးစက်သွားနိုင်တာကြောင့်ပါ။ဒါကြောင့် တီဘီရောဂါ ခံစားနေရတဲ့ မေမေတို့အနေနဲ့ ကလေးကို မိခင်နို့တိုက်ချင်တယ်ဆိုရင် နို့ရည်ကို ညှစ်ထုတ်ပြီး ခွက်သန့်သန့်မှာထည့် ဇွန်းနဲ့ တိုက်ပေးနိုင်ပါတယ်။ ဆေးစသောက်ပြီး ၂ပတ်လောက်နေရင် ကူးစက်မှုက လျော့သွားပြီဖြစ်တာကြောင့် အဲ့ဒီအချိန်ဆိုရင်တော့ ကလေးကို ပုံမှန်အတိုင်း နို့ပြန်တိုက်နိုင်ပါပြီ။တီဘီရောဂါရှိတဲ့ မေမေတစ်ယောက်အနေနဲ့နှာချေတာ၊ ချောင်းဆိုးတာကြောင့် လေထုထဲကနေတဆင့် ဘေဘီလေးဆီကို ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ဆေးသေချာမကုဘူးဆိုရင်ပါ။ ဆေးကုနေတဲ့ မေမေတွေကတော့ ဆေးစသောက်တဲ့အချိန်ကနေ  ၂ပတ်လောက် ကလေးနဲ့ ခပ်ခွာခွာ နေသင့်ပါတယ်။ ၂ပတ်ကျော်ရင်တော့ ကူးစက်နှုန်း နည်းသွားတာကြောင့် အတူပြန်နေလို့ရပါပြီ။တီဘီရောဂါရှိတဲ့ မေမေတစ်ယောက်အနေနနဲ့ ကလေးကို မကိုင်ခင်၊ ဘေဘီလေးရဲ့အသုံးအဆောင်တွေကို မကိုင်ခင်မှာလက်ကို သေချာသန့်စင်အောင် ဆေးကြောဖို့လိုပါတယ်။ ချောင်းဆိုးနေတယ်ဆိုရင် နှာခေါင်းစည်းတပ်ပြီးမှ ကလေးကို ကြည့်သင့်ပါတယ်။တီဘီဆေး သောက်နေရချိန်မှာ ကလေးအပေါ် ဆေးရဲ့ သက်ရောက်မှု ရှိနေမှာစိုးတာကြောင့် နို့တိုက်လို့ရပါ့မလား စိုးရိမ်နေတယ် ဆိုရင်တော့ တိုက်လို့ရပါတယ်။ ဆေးသောက်တာကြောင့် နို့ရည် ကနေတဆင့် ကလေးကို ထိခိုက်စေတာမျိုး မရှိပါဘူး။ နို့ရည်ကနေတဆင့် ဆေးအာနိသင် ပါခဲ့ရင်တောင် အရမ်းနည်းတာမို့ စိတ်မပူဖို့ ပြောပါရစေ။နို့ရည် ကနေတဆင့် တီဘီရောဂါပိုး မကူးစက်နိုင်ပါဘူး။ တီဘီရောဂါပိုးက လေထဲ ကနေတဆင့် အဓိက ကူးစက်နိုင်တာကြောင့် မေမေ့အနေနဲ့ ကလေးကို ချီထားရင်း နှာချေတာ၊ ချောင်းဆိုးတာမျိုး မလုပ်မိစေဖို့ နှာခေါင်းစည်း တပ်ထားဖို့ လိုပါမယ်။ လက်ရှိမှာ ချောင်းဆိုးနေဦးမယ် ဆိုရင် ကလေးကိုနမ်းရှုံ့တာမျိုး ခဏဆင်ခြင်ထားပါ။နေ့တိုင်း အချိန် မှန်မှန် ဆေးသောက်မယ်။အာဟာရလည်း ပြည့်ဝအောင် စားမယ်။ အိပ်ရေးလည်း ဝဝအိပ်မယ် ဆိုရင်တော့ တီဘီရောဂါက ကုသပျောက်ကင်းဖို့လွယ်ပါတယ်။ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်မယ်။ အနေအထိုင်လည်း ဆင်ခြင်မယ် ဆိုရင်တော့ ကိုယ့်ကြောင့် ဘေဘီလေးမှာ တီဘီရောဂါပိုး မဖြစ်အောင် ကာကွယ်နိုင်မှာပါမေမေတို့ရေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/is-it-safe-to-breastfeed-if-i-have-tuberculosis/
ဖျားတဲ့အခါ ဘယ်လိုအချိန်မှာ ဆေးခန်းသွားပြဖို့လိုမလဲ
လူတိုင်းကဖျားနာမှုနဲ့ကင်းဖို့ သိပ်တော့မလွယ်လှပါဘူး။ ဖျားနာတဲ့အခါမှာလည်းသေသေချာချာဂရုစိုက်ပေးမှာခန္ဓါကိုယ်က ကျန်းမာအားပြည့်လာမှာပါ။ တစ်ခါတလေမှာ ဖျားနာကကောင်းကောင်းအနားယူလိုက်ရုံ၊အာဟာရြပည့်ဝအောင်စားသုံးလိုက်ရုံနဲ့ပြန်လည်ကျန်းမာလာတာမျိုးလည်းရှိတတ်ပါတယ်။ ဖျားနာတယ်ဆိုတာက ကိုယ်ခံအားနည်းနေတဲ့အခါ ဗိုင်းရပ်စ်တွေကနှာခေါင်းလည်ချောင်းတို့ကနေတဆင့် ခန္ဓါကိုယ်ထဲဝင်ရောက်ကူးစက်တာကြောင့်ဖြစ်တာပါ။ အထူးသဖြင့်ရောဂါပိုးတွေပိုမိုရှင်သန်နိုင်တဲ့အေးမြစိုစွတ်တဲ့ရာသီဥတုအခြေအနေမျိုးမှာ ပိုမိုဖျားနာလွယ်ကြပါတယ်။နေ့စဉ် သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ရောဂါပိုးတွေတော်တော်လေးတော့များပါတယ်။ ဒါကြောင့် ဖျားနာမှုက ကင်းစင်ဖို့ဆိုရင် လိုက်နာပေးသင့်တဲ့အချက်လေးတွေရှိနေပါတယ်။ဖျားနာမှုကြောင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်သူတွေအနေနဲ့ ဒီအချက်တွေကို သတိထားပေးဖို့ပြောပါရစေ။အအေးမိဖျားနာတဲ့အခါ။များသောအားဖြင့် အအေးမိဖျားနာတာကပြည့်ပြည့်ဝဝအနားယူရုံနဲ့ သက်သာသွားတတ်ကြပါတယ်။အအေးမိဖျားနာတာကိုဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ ထိတွေ့မိပြီး တစ်ရက်ကနေ ၃ ရက်အတွင်းမှာ အခုလိုမျိုး လက္ခဏာတွေတွေ့ရတတ်ပါတယ်။အအေးမိဖျားနာတာဆိုပေမယ့်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/when-to-see-a-dr-for-fever/
လေဖြတ်တယ်ဆိုတာ
မြန်မာလို အလွယ်ပြောနေကြတဲ့ လေဖြတ်တယ်ဆိုတာ ဘယ်လိုဖြစ်လာသလဲဆိုတော့ မြန်မာအယူက ဝါယောဓာတ် အထောက်အပံ့ကြောင့် ကိုယ်တွေလက်တွေ လှုပ်ရှားနိုင်တယ် ဆိုပြီး ယူဆကြတဲ့အတွက်  မလှုပ်နိုင်တော့အခါ ဝါယောဓာတ် အထောက်အပံ့ ရပ်သွားပြီမို့ လေဖြတ်တယ်လို့ သိမ်းကြုံးပြီး ပြောကြတာပါပဲ။ ဒါကို အနောက်တိုင်းဆေးပညာမှာ ဘယ်လို သတ်မှတ်သလဲ လေ့လာကြည့်ရအောင်။အနောက်တိုင်းဆေးပညာ အယူမှာတော့ ကိုယ်လက်လှုပ်ရှားမှုကို ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းက ထိန်းချုပ်တာဖြစ်လို့ မလှုပ်နိုင်တော့တဲ့အခါ ဦးနှောက်အာရုံကြောရောဂါလက္ခဏာစု ဆိုပြီး အကြမ်းဖျင်း ယူဆကြပါတယ်။ အဲ့ဒီမှာမှ အကြောင်းအရင်းကို လိုက်ပြီး အမျိုးအစား အများကြီး ပြန်ခွဲပါတယ်။ အခုပြောပြမယ့် အကြောင်းအရာကတော့ မြန်မာတွေ လေဖြတ်တယ် ဆိုပြီး အသိများကြတဲ့  CVA (CardioVascular Accident ) အကြောင်းပါပဲ။ သူ့ရဲ့ ဆိုလိုရင်းကတော့ ဦးနှောက်ကြွက်သားတွေ ပုံမှန်လုပ်ငန်းဆောင်တာ လုပ်နေနိုင်အောင် အထောက်အပံ့ပေးနေတဲ့ သွေးကြောကြီးငယ်တွေမှာ ပြဿနာ ဖြစ်တာပါ။ ဘာပြဿနာ တွေလဲ ဆိုတော့ ဦးနှောက်သွေးကြော ပိတ်တာ နဲ့ ဦးနှောက်သွေးကြော ပေါက်တာ ဆိုတဲ့  ပြဿနာ ၂ မျိုးပါ ။ ဒီပြဿနာ ၂ မျိုးကြောင့်ဖြစ်လာမယ့် စကားမပြောနိုင်တာ၊ ပါးစပ်ရွဲ့တာ၊ ခြေလက်တွေမလှုပ်နိုင်တာ ကနေစလို့ တက်တာ၊ သတိလစ်တာ၊ မြောတာ နဲ့ အသက်ဆုံးသည် အထိ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာစုကိုပဲ မြန်မာလို လေဖြတ်တယ် ဆိုပြီး ပြောနေကြတာပါပဲ။ ဒီလို အဓိကပြဿနာ ၂ မျိုး ဖြစ်လာစေရတဲ့ အဓိက အကြောင်းအရင်းကြီး ၃ မျိုးရှိပါတယ်။  နှလုံးအခံ မကောင်းလို့ ဖြစ်တာရှိမယ်၊ သွေးကြော မကောင်းလို့ ပြဿနာဖြစ်တာရှိမယ် ၊ သွေး မကောင်းလို့ ပြဿနာဖြစ်တာရှိမယ်။ သည်အကြောင်း ၃ ခု စုံတာနဲ့ ပြသာနာတွေ စတာပါပဲ။   ကဲ … ဒီအကြောင်းကို အသေးစိတ်ပြန်လေ့လာကြည့်ရအောင်။လူအများစုမှာ ပြဿနာအစက သွေးတွင်း အဆီဓာတ်တက်နေတဲ့ အချိန်ပါပဲ။ များသောအားဖြင့် အဝလွန်သူတွေ၊ သွေးတိုးဆီးချိုသမားတွေပေါ့ ( သွေးတွင်းအဆီများနေတာကိုက သွေးတိုးဆီးချိုဖြစ်ဖို့ လမ်းစတွေထဲက တစ်ခုကိုး)။ အဆီတွေများသထက်များလာတဲ့ အခါ သွေးကြောနံရံတွေမှာ သွားပုံတော့တာပဲ။ စည်ပင်ရေဆိုးပိုက်တွေ ချေးဆို့သလိုပေါ့။ အဲ့သည်လိုကနေ ခန္ဓာကိုယ်နေရာအနှံ့မှာ သွေးကြောတွေကျဉ်းတာ ဖြစ်လာတော့တာပါပဲ။ ပြီးတော့ သွေးလည်ပတ်စီးဆင်းမှုရဲ့ သဘာဝလုပ်ငန်းစဥ်အရ သွေးဆိုတာ သွေးကြောထဲမှာ/နှလုံးထဲမှာ ကျဲနေဖို့ လိုတယ်။ သွေးကြော/နှလုံးပြင်ပရောက်တာနဲ့ သွေးက ခဲဖို့ တာစူတာပဲ ။ ဒီလိုဖြစ်နေဖို့ကို သွေးဆဲလ်တွေရဲ့ သဘာဝမှတ်ဉာဏ် က လုပ်ပေးနေတယ်လို့ အကြမ်းဖျင်းမှတ်ထားလို့ရတယ်။ အဲဒီမှာ ခုနက အဆီဖုံးနေတဲ့ သွေးကြောနံရံနေရာတွေ၊ လေးဖက်နာ ရောဂါပိုးကြောင့် နှလုံးအဆို့ရှင်ပုံပျက်နေတဲ့ နေရာတွေ( တခြားအကြောင်းအရင်းကြောင့် နှလုံးပုံမမှန်တာ၊ နှလုံးအခံ မကောင်းတာတွေလည်းအများကြီးရှိနေပါသေးတယ်)၊ ကျဉ်းနေတဲ့ နှလုံးသွေးကြောနေရာတွေ ရောက်တော့ သွေးဆဲလ်တွေရဲ့ သဘာဝမှတ်ဉာဏ်က ဒါ သွေးကြောအတွင်းလား အပြင်လား၊ နှလုံးအထဲမှာလား အပြင်လား သေချာမခွဲနိုင်တော့ဘူး။ အရင်ထိတွေ့နေကျ သွေးကြောနံရံ/ နှလုံးကြွက်သားနဲ့ မတူတော့ အပြင်ရောက်နေပြီထင်သွားပြီး သွေးခဲတဲ့ အလုပ်ကို စလုပ်ရော။ များလာတဲ့အခါမှာတော့ သွေးခဲပိတ်တယ်ဆိုတဲ့ ဖြစ်စဥ် စလာတာပါပဲ (အဆီကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့သွေးကိုက သွေးရောဂါတစ်မျိုးမျိုးကြောင့် ပျစ်ခဲနေနိုင်တဲ့ အခြအနေမျိုးလည်း ရှိပါသေးတယ်)။ သွေးခဲဟာ ခန္ဓာကိုယ် အနှံ့က သွေးကြော ကြီးငယ်ထဲမှာလည်း ဖြစ်ပေါ်နိုင်တယ်၊ နှလုံးအခန်းတွေထဲမှာလည်းဖြစ်နိုင်တယ်။ အဆိုးဆုံးကတော့  နှလုံးကို သွေးထောက်ပံ့နေတဲ့ သွေးကြောကြီးငယ်တွေမှာ သွားပိတ်တာမျိုးပေါ့ ။ နဂိုထဲက အဆီတွေကြောင့်ကျဉ်းနေပြီးသား သွေးကြောဆိုရင်တော့ သာပြီးဆိုးမှာပါပဲ။ နှလုံးကိုယ်တိုင်ကလည်း ကြွက်သားအစုအဝေး အင်္ဂါတစ်ခု ဖြစ်တာမို့ အလုပ်လုပ်နိုင်ဖို့ သွေးအထောက်အပံ့ လိုတယ်။ သွေးမလာရင် နှလုံးကြွက်သားဟာလည်း ပုပ်နိုင်တယ်။ ပုပ်တာများလာရင် အလုပ်မလုပ်နိုင်တော့ဘူး။ အဲဒီ့မှာ နှလုံး မကောင်းဘူးဆိုတဲ့ကိစ္စ ဖြစ်လာပြီ။ မညှစ်နိုင်တာ၊ ခုန်နှုန်းမမှန်တာ စတာတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတော့မှာပါပဲ။ခုနပြောတဲ့ သွေးခဲမျိုးတွေက ဦးနှောက်ရဲ့ သွေးကြောထဲမှာလည်း သွားဖြစ်နိုင်၊ ဆို့နိုင်တယ်။ နှလုံးခန်းထဲက ပြုတ်ထွက်လာတဲ့ သွေးခဲ အပိုင်းအစလေးကလည်း ဦးနှောက်သွေးကြောတစ်ခုခု ထဲမှာ လာဆို့နိုင်တယ်။ အို…. ဘယ်နေရာက သွေးခဲဖြစ်ဖြစ်ပါ… လာပိတ်တာနဲ့ ဒါကို ဦးနှောက်သွေးကြောပိတ်တယ်လို့ ပြောတာပဲ။ ဦးနှောက်က သွေးကြောတွေက ခပ်သေးသေးရယ်မို့ သွေးခဲ လာဆို့တာနဲ့ သွေးအသွားအလာရပ်သွားပြီပဲ။အဲ့ဒီ့သွေး‌‌ကြောကနေ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ ရနေတဲ့ ဦးနှောက်ကြွက်သားဧရိယာက ရနေကျအတိုင်း မရတော့ဘူး။ ပုပ်လိုက်လာပြီး ပုံမှန်လုပ်ငန်းဆောင်တာကို မလုပ်နိုင်တော့ဘူး။ လေဖြတ်ပြီပေါ့။ အဲ့လို ပိတ်နေတာက တစ်ခါတလေ ကံကောင်းပြီး သွေးခဲသေးလို့ ဆေးကြောင့်ပျော်သွားတာဖြစ်ဖြစ်၊ နေရာရွေ့သွားတာပဲ ဖြစ်ဖြစ် ပြန်ပွင့်သွားတတ်တယ်။ ၂၄ နာရီအတွင်း ပြန်ပွင့်သွားပြီး စကားပြန်ပြောနိုင်၊ ခြေလက် ပြန်လှုပ်နိုင်တာမျိုး ရှိတတ်တယ်။ ဒါကို TIA ( Transient Intravascular Accident ) လို့ခေါ်တယ်။ မြန်မာ အယူဆို လေဖြန်းတယ်ပေါ့။ သူကလည်းပေါ့လို့မရဘူး။ သွေးခဲက နေရာရွေ့သွားတာဆိုပေမဲ့ ၇ ရက်အတွင်း သွေးကြောကျဉ်းတဲ့ တစ်နေရာရာမှာ သွားပြန်ပိတ်ပြီး လေထပ်ဖြတ်နိုင်တယ်။ပိတ်သွားတဲ့ သွေးကြော အကြီးအသေး နဲ့ ပုပ်သွားတဲ့ နေရာအကြီးအသေး၊ အရေးပါမှု တို့ပေါ်မူတည်ပြီး မလှုပ်ရှားနိုင်ဖြစ်သွားမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ စွမ်းဆောင်ရည်ထိခိုက်မှုအနည်းအများ အပြင် ပြန်ကောင်းနိုင်မကောင်းနိုင်စသဖြင့် ကွာခြားမှုတွေရှိလာတာပါပဲ။အဲ့လို ဦးနှောက်သွေးကြော ပိတ်နေတဲ့ အချိန်မျိုးမှာပဲ ကိုယ်ကလည်း သွေးတိုးမထိန်းနိုင်လို့ သွေးဆောင့်တိုးတဲ့ အခါ ခုန သွေးခဲပိတ်နေတဲ့ သွေးကြောဟာ ရုတ်တရက် ပေါက်သွားပြီး ဦးနှောက်တွင်းသွေးယိုစီးမှု ဖြစ်တတ်သေးတယ်။ အရင်က ပုပ်ထားတဲ့ ဦးနှောက်ဧရိယာ ကြီးရင်ကြီးသလောက် သွေးယိုစီးမှုများတတ်တယ်။ကိုယ့်ရဲ့ သွေးတိုးအခံ ကလည်း တအားဆိုးမယ်၊ အကြောင်းကြောင်းကြောင့် ဦးနှောက်ရဲ့  သွေးကြောနံရံတွေကလည်း အားနည်းနေမယ်ဆိုရင်တော့ ကြားထဲမှာ ပိတ်တဲ့ အဆင့်မခံဘဲ တန်းပြီး ဦးနှောက်သွေးကြော ပေါက်နိုင်တယ်။ သွေးကြောပေါက်ရင် ပိတ်တာထက် အများကြီးပိုဆိုးတယ်။ လက္ခဏာ ပြတာလည်း ပိုမြန်သလို အဆိုးဘက်ကို ရွေ့သွားတာလည်း ပိုမြန်တယ်။ ဘာလို့လဲဆိုတော့ ယိုစီးလာတဲ့သွေးတွေဟာ ထွက်ပေါက်ရှာမတွေ့ဘဲ ဦးနှောက်ထဲမှာပဲ အိုင်လာတယ်။ အဲဒီ့အခါ ဦးနှောက်တွင်းဖိအား တက်လာပြီး ခေါင်းကိုက်တာ၊ ထိုးအန်တာ၊ အမြင်အာရုံဝေဝါးတာ၊ တက်တာ စတဲ့  ပြင်းထန်လက္ခဏာ တွေပေါ်လာတယ်။ ဒါ့အပြင် အဲ့ဒီသွေးတွေက ခဲသွားပြီး အောက်ကဦးနှောက်ကို ဖိတယ်။ သွားဖိမိတဲ့နေရာက အသက်ရှူတဲ့လုပ်ငန်းကို ထိန်းချုပ်တဲ့နေရာမျိုးသာဖြစ်နေခဲ့ရင် အသက်ရှုရပ်ပြီး တစ်ခါတည်း သေနိုင်ပါတယ်။ ဒီ ဦးနှောက်သွေးကြောပေါက်တဲ့ ကိစ္စမှာလည်း ပေါက်တဲ့သွေးကြော အကြီးအသေး၊ သွေးခဲဖိမိတဲ့ နေရာရဲ့ အကျယ်၊ အရေးပါမှုတို့ပေါ်မူတည်ပြီး ဖြစ်လာမယ့် အကျိုးဆက် နဲ့ ကုသလို့ရနိုင်မရနိုင် လည်း ကွာသွားတယ်။ခုလောက်ဆိုရင် လေဖြတ်တယ်ဆိုတာကို ဘာမှန်း သိသွားကြလောက်ပြီထင်ပါတယ်။ ကုသပုံ နဲ့ အယူအဆ တွေအကြောင်းကိုတော့ နောက်ဆောင်းပါးတစ်ပုဒ်မှာ သပ်သပ်ထပ်ရှင်းပြပါဦးမယ်။ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – ဒေါက်တာနှင်းနုအေး။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/all-about-stroke/
အတွေးအခေါ်အပြုအမူပိုင်းဆိုင်ရာကုသနည်း (CBT)
Cognitive behavioral therapy(CBT) ဆိုတာစိတ်ပိုင်းဆိုင်ရာ ကုသနည်းတစ်မျိုးပါ။ စိတ်ရောဂါအထူးကု ဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်နဲ့ စကားပြောဆိုပြီး ကုသရတာပါ။ CBTက သင့်မှာ ဖြစ်နေတဲ့အဆိုးမြင်စိတ်တွေ၊ စိတ်ထဲမှာ မသေချာမှုတွေ ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်၊ ကောင်းကောင်းမွန်မွန်တုံ့ပြန်တတ်အောင် ကုသပေးပါတယ်။ CBTက စိတ်ကျရောဂါ၊ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပြီးနောက် နောက်ဆက်တွဲ စိတ်ဒဏ်ရာရတာ၊ တခြား စိတ်ရောဂါတွေမှာ သူတစ်ခုတည်းဖြစ်ဖြစ်၊ တခြားကုထုံးတွေနဲ့ ဖြစ်ဖြစ် ပေါင်းပြီး ကုသတဲ့နေရာမှာ အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ဒါပေမယ့် စိတ်ရောဂါရှိသူပဲ CBT ကုသမှု ခံယူလို့ရတာ မဟုတ်ပါဘူး။ ဘယ်သူမဆိုစိတ်ဖိစီးမှုတွေ များနေရင် ဒါတွေကို ခံနိုင်ရည်ရှိအောင် အကောင်းဆုံး ဖြေရှင်းနိုင်အောင် CBT ကုသမှု ခံယူနိုင်ပါတယ်။CBTက စိတ်ရောဂါတော်တော်များများကို ကုသနိုင်ပါတယ်။ သင့်ရဲ့ ပြဿနာကို မြန်မြန်ဆန်ဆန်နဲ့ အဖြေရှာနိုင်သလို သင်ခံစားနေရတာကို အချိန်တိုအတွင်းမှာ ကုသနိုင်ပါတယ်။ တခြား ကုထုံးတွေထက်စာရင် ရက်ချိန်းလည်း ပိုနည်းပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးပြီး စကားပြောရတာ များပါတယ်။ CBTရဲ့ ကောင်းကျိုးတွေကတော့။CBT ကြောင့် သက်သာလာနိုင်တဲ့ စိတ်ရောဂါတွေကတော့။အန္တရာယ်က မရှိသလောက်ကို နည်းပါတယ်။ တစ်ခါတစ်လေ စိတ်ထဲမှာ သက်တောင့်သက်သာ မဖြစ်တာတော့ ရှိနိုင်တာပေါ့။ တစ်ခါတစ်လေ သင့်ကို ကုသဖို့ လိုအပ်လို့ မေးလိုက်တဲ့မေးခွန်းတွေကြောင့် အတိတ်ဟောင်းကို တူးဆွသလို ဖြစ်ပြီး စိတ်ထဲမှာ ဝမ်းနည်းလာတတ်ပါတယ်။ ဒါ့ပြင် စိတ်ဖွင့်ထဲမှာ ရှိတဲ့အတိုင်း ပြောပြီး ဖွင့်ချတဲ့ ကုသနည်း sessionမှာ သင့်အနေနဲ့ အားပါလာပြီး ငိုချင်တာ၊ စိတ်ပျက်တာ၊ ဒေါသထွက်တာမျိုး ရှိနိုင်ပါတယ်။ ကိုယ်မှာပါ အားအင်တွေ ကုန်ခမ်းလာသလို ခံစားရတတ်ပါတယ်။CBT ကုထုံးရဲ့ ကုသမှု တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ exposure therapyမှာ သင်ကြောက်တဲ့ဟာတွေကို ထွက်ပြေးမနေဘဲ တည့်တိုးရင်ဆိုင်ခိုင်းတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ခဏတော့ စိတ်ရှုပ်တာ၊ စိတ်ဖိစီးတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပညာရှင်နဲ့ ကုသမှုခံယူမယ်ဆိုရင် အန္တရာယ်နည်းပါတယ်။ ဒီလို တည့်တိုးရင်ဆိုင်ခိုင်းတာက နောက်ပိုင်းမှာ ကိုယ်မကြိုက်တဲ့ ခံဏားချက်တွေ၊ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်ပြိးသား ဖြစ်သွားပါတယ်။CBTကုသမှု ခံယူတဲ့ နေရာမှာ ဆရာဝန်ကိုပဲ အားကိုးလို့ မရပါဘူး။ လူနာက ကိုယ်တိုင် ကိုယ်ကျ စိတ်ဝင်တစားနဲ့ ပါဝင်မှသာ အောင်မြင်မှာပါ။ ဒါကြောင့် သင့်အနေနဲ့။CBTနဲ့ ပတ်သတ်ပြီး သိထားရမှာ တစ်ခုက သင့်မှာ ရှိနေတဲ့ ကြောက်စိတ်တွေ၊ ဒေါသဖြစ်လွယ်တဲ့ စိတ်တွေကို အပြီးပျောက်သွားအောင် ကုသပေးနေတာ မဟုတ်ပါဘူး။ ဒီစိတ်တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ ဘယ်လို ရင်ဆိုင်မလဲ။ ဒီစိတ်တွေနဲ့ လူမှုအဖွဲ့အစည်းမှာ အံဝင်ဖို့ ဘယ်လိုနေမလဲ ဆိုတာကိုသာ သင်ပေးတာပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%90%e1%80%bd%e1%80%b1%e1%80%b8%e1%80%a1%e1%80%81%e1%80%b1%e1%80%ab%e1%80%ba-%e1%80%a1%e1%80%95%e1%80%bc%e1%80%af%e1%80%a1%e1%80%99%e1%80%b0%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba/
တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်
ကိုယ်ဝန်ဆောင်တွေဆို DHA ပါတဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်သုံးလေ့ရှိကြတာ သတိထားမိမှာပါ။ omega-3 fatty acid တစ်မျိုးဖြစ်တဲ့ DHA ကို ငါးနဲ့ ရေညှိလို အပင်တွေကနေ ရရှိနိုင်တာဖြစ်ပါတယ်။ သူက ကလေးကိုယ်ဝန်ဆောင်ချိန်တည်းက သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုမှာ အရေးပါလှပါတယ်။သုတေသနတစ်ခုမှာတော့ DHA စားသုံးမှုက မှတ်ဉာဏ်မကောင်းတော့တဲ့ သက်ကြီးပိုင်းအရွယ် တွေမှာ မှတ်ဉာဏ်စွမ်းရည်တိုးတက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။Rush Institute for Health Aging နဲ့ MIND Center for Brain Health တို့ရဲ့ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Martha Clare Morris ရဲ့သုတေသနအရ တစ်ပတ်ကိုတစ်ကြိမ် ငါးစားသုံးသူတွေက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့သိရပါတယ်။ဆော်လမွန်၊တူနာ၊ မက်ကရယ်၊ ငါးသလောက်နဲ့ ဆာဒင်းတို့လို အဆီများတဲ့ငါးတွေမှာ DHA ကြွယ်ဝပါတယ်။ စားသောက်ပုံအာဟာရထဲမှာ အဆီဓာတ် အထူးသဖြင့် ပြည့်ဝဆီနဲ့ trans fats တွေထက် ဟင်းရွက်ဆီကို ပိုစားတဲ့အခါ ဦးနှောက်အာရုံကြောယိုယွင်းမှုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။အရိုးစူးမှာကြောက်လို့၊ အလုပ်ရှုပ်လို့၊ အနံ့ညှီမှာစိုးလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ငါးဟင်းမစားရရေး တို့အရေး လုပ်နေသူတွေ မရနိုင်တဲ့ အကျိုးကျေးဇူးတွေပါ။ ဉာဏ်ကောင်းအောင် ငါးစားရမယ်လို့ လူကြီးတွေပြောကြတာ အလကားမဟုတ်ပါဘူးနော်။ ဘာကြောင့်လဲ ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်။ငါးရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက ပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကိုဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓါတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုအဆင်ပြေစေဖို့လည်း ပရိုတင်းကိုလိုအပ်ပါတယ်။ငါးတွေမှာ များများပါဝင်နေတဲ့ သတ္တုဓါတ်ကတော့ အရိုးကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖော့စဖရပ်စ်ဖြစ်ပါတယ်။ဖော့စဖရပ်စ်ကို သွားနဲ့လက်သည်းကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တာပါ။ အသက်ကြီးလာတာနဲ့အမျှ အားနည်းလျော့ရဲလာတဲ့ အရိုးကျန်းမာရေးနဲ့ အရိုးပါးခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ဓါတ်လည်းဖြစ်ပါတယ်။ငါးတော်တော်များများမှာ ဆယ်လီနီယမ်ပါဝင်မှုများပါတယ်။ ဆယ်လီနီယမ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေက သိပ်များသလို ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပါတယ်။ သုတေသနတွေအရ ဆယ်လီနီယမ်က ဆီးကျိတ်ကင်ဆာအပြင် နှလုံးရောဂါပြဿနာတွေကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိထားပါတယ်။ free radicalတွေရဲ့သက်ရောက်မှုကိုလျော့နည်းစေဖို့ ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့ကာကွယ်ပေးနိုင်တာမို့ ကင်ဆာကာကွယ်နိုင်တာဖြစ်ပါတယ်။ငါးတွေမှာ အကျိုးပြုအဆီဓါတ်omega-3 fatty acids ကြွယ်ဝတဲ့အတွက် ကိုလက်စထရောနဲ့မကောင်းတဲ့အဆီဓါတ်တွေကိုလျော့နည်းစေနိုင်ပါတယ်။omega-3 fatty acids က နှလုံးသွေးကြောကျဉ်းအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်လည်းသွေးတိုးကျစေပြီး နှလုံးကျန်းမာရေးအတွက်အကျိုးပြုပါသေးတယ်။ပိုတက်စီယမ်နဲ့ Omega-3 fatty acids တို့က ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အာရုံကြောလုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်က ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပိုကောင်းစေပြီးခန္ဓာကိုယ်အနှံ့ အရည်ဓာတ်ထိန်းညှိမှုမှန်ကန်စေဖို့ မရှိမဖြစ်လိုတဲ့ဓာတ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အာရုံကြောတုံ့ပြန်မှုကိုထောက်ပံ့ပေးပြီး ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့က လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကို အာဟာရတွေပို့ပေးတာဖြစ်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆယ်လီနီယမ်က ဗီတာမင် အီး နဲ့ ဗီတာမင် စီ တို့ကို နှိုးဆွပေးပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးဟာ အသားအရေရဲ့ ကျန်းမာရေးနဲ့ အလှအပကို ပိုကောင်းစေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တွေပါ။ ငါးမှာပါဝင်တဲ့ ဆယ်လီနီယမ် ၂၀ ရာခိုင်နှုန်းကျော်ဟာ free radicalတွေကြောင့်ထိခိုက်မှုရန်က ကာကွယ်ပေးပြီး အသားအရေကိုထောက်ပံ့ပေးတဲ့အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရေးအကြောင်းတွေ၊ အသားအရေလျော့ရဲတာ၊ အစက်အပျောက်တွေ စတဲ့ ရင့်ရော်မှုလက္ခဏာတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်ပေးပါတယ်။ဆယ်လီနီယမ်က သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို အားပေးမြှင့်တင်နိုင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ထိန်းညှိရာမှာ အရေးပါတဲ့အတွက်ဟော်မုန်းလုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ ဒါ့ကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေပိုကောင်းစေတယ်၊ ခန္ဓာကိုယ်ရဲ့ ဓာတုတုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/%e1%80%90%e1%80%85%e1%80%ba%e1%80%95%e1%80%90%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba-%e1%80%84%e1%80%ab%e1%80%b8%e1%80%85%e1%80%ac/
မလိုချင်တဲ့အမွှေးအမျှင်တွေဖယ်ရှားတဲ့နေရာမှာ လေဆာကုထုံးက ဘာ့ကြောင့်နာမည်ကြီးလာတာလဲ ။ ။
ဆံပင်တို့ မျက်ခုံးမွှေးတို့ဆိုတာ လူတိုင်း နှစ်သက်ကြ၊ လှအောင်ပြင်ချင်ကြတဲ့အရာတွေပါ။ ကိုယ်ပေါ်မှာကလည်း ဆံပင် မျက်ခုံးမွှေးလောက်ပဲ လူတွေက လိုချင်ကြတာဆိုတော့ အခြားနေရာက မလိုချင်တဲ့အမွှေးအမျှင် ေတွကို ဖယ်ရှားဖို့ လုပ်ကြပါတော့တယ်။ ဒီတိုင်း ရိတ်တာတို့ နှုတ်တာတို့ဆိုရင် ပြန်ထွက်နိုင်တဲ့အတွက် ခုနောက်ပိုင်း လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားတာဟာ နာမည်ကြီးလာပါတယ်။ လူတိုင်းနဲ့ စိမ်းတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် လေဆာကုထုံးနဲ့ ပက်သက်ပြီး မေးချင်တဲ့ မေးခွန်းတွေ များနေလိမ့်မယ်လို့ထင်ပါတယ်။ ။နှုတ်ခမ်းမွှေး၊ ြေခသလုံးမွှေးချိုင်းမွှေးနဲ့ စည်းခုံမွှေးတို့ဟာ လူတိုင်း မလိုချင်တဲ့ အမွှေးအမျှင်တွေဆိုတော့ သူတို့ကို ဖယ်ရှားဖို့အတွက် ရိတ်ကြ၊ နှုတ်ကြတာတွေကို လုပ်ရပါတယ်။ ဒါပေမယ့် ဒီလို ရိတ်တာ၊ နှုတ်တာတွေက ယာယီလောက်သာ ခံတာမို့ အမွှေးတွေ ပြန်ထွက်လာလိုက် ပြန်ရိတ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါ့ကြောင့် တစ်သက်လုံး အပြီး ဘယ်တော့မှ အမွှေးအမျှင်တွေ ပြန်မထွက်နိုင်တဲ့လေဆာနဲ့ ဖယ်ရှားနည်းက နာမည်ကြီးတာပါ ။ ။ယောက်ျား မိန်းမ မရွေး အကုန်သုံးလို့ရပါတယ်။ သုံးချင်တဲ့ နေရာတွေသာ မတူကြတာပါ။ အမျိုးသမီးတွေကချိုင်းအောက်နဲ့ ဘီကီနီနေရာတို့ကို ပိုရွေးချယ်လေ့ရှိပြီး အမျိုးသားတွေကတော့ လည်ပင်းနဲ့ ကျောနောက်က အမွှေးတွေကို ဖယ်ရှားဖို့အတွက်သုံးကြပါတယ်။လေဆာ အလင်းတန်းလေးက အသားကိုဖြတ်သွားပြီးအရေပြားအောက်မှာရှိတဲ့မွှေးညင်းအိတ်လေးတွေကို ဖျက်ဆီးပစ်ပါတယ်။ အလင်းတန်းတစ်ခါလွှတ်ဖို့ စက္ကန့်ပိုင်းလောက်သာကြာတဲ့အတွက် တစ်ခါထွက်လည်း အမွှေးတော်တော်များများကို မြန်မြန်ဆန်ဆန် ဖယ်ရှားပေးနိုင်ပါတယ်။ ဖယ်ရှားနေတဲ့ အမွေးရှိရာ နေရာပေါ်မူတည်ပြီး ကုသချိန် ၁၀ မိနစ်ကနေ မိနစ် ၃၀ လောက်ကြာတတ်ပါတယ်။ကိုယ်ပေါ်က အမွှေးတွေက မတူညီတဲ့ အရှိန်နဲ့ ထွက်ကြတဲ့အတွက် အမွှေးအမျှင်အားလုံး အကုန်ကုန်သွားဖို့ဆို လေဆာနဲ့ဖယ်ရှားတဲ့ကုထုံးကို ၄ ခေါက်ကနေ ၆ ခေါက်လောက်အထိ လုပ်ပေးရပါတယ်။ ပထမဦးဆုံး တစ်ခေါက်မှာတင် အမွှေးအမျှင်တွေထွက်တာ နှေးလာမယ်၊အသားအရေကလည်း ချောမွေ့သွားတာကို တွေ့မြင်ရမှာပါ။ ကုသမှု တစ်ခေါက်ပြီး တစ်ခေါက်တိုးတက်လာတာကို တွေ့မြင်ရမှာဖြစ်ပြီး အောင်မြင်သွားတဲအခါကျရင် မလိုချင်တဲ့ နေရာမှာ အမွှေးအမျှင်တွေ လုံးဝ ပေါက်မလာတာကို တွေ့ရမှာပါ။ကုသမှု တစ်ခုနဲ့ တစ်ခုကြားမှာ ၁လ ကနေ ၁လခွဲလောက် အထိခြားထားပါတယ်။လေဆာကုထုံးအောင်မြင်ဖို့ဆို ၆ ခါလောက်လုပ်ရမှာဖြစ်ပါတယ်။အချိန်ကုန်လည်းသက်သာတယ်၊ဖယောင်းကပ်ခွာတို့ ရိတ်တာ၊ နှုတ်တာတို့လို နာကျင်မှု ဝေဒနာလည်း မခံစားရဘူး။ ကုသမှုလုံးဝ ပြီးသွားပြီဆိုတာနဲ့ အမွေးအမျှင်တွေထပ်ထွက်မလာတော့လို့ ကိုယ်လိုချင်တဲ့ ရလဒ်အတိုင်း ထွက်လာမှာ ဖြစ်ပါတယ်။ထုံးစ့အတိုင်း အဆင့်မြင့်နည်းပညာဖြစ်လို့ ကုန်ကျမှု အထိုက်အလျောက်တော့ရှိမှာပါ။ တစ်ခါလုပ်လိုက် တစ်ပတ်လောက်ကြာတော့ ပြန်ထွက်လာလိုက်ဖြစ်တဲ့ဖယောင်းကပ်ခွာ၊ရိတ်တာ နှုတ်တာတွေလောက် မသက်သာဘူးဆိုပေမယ့် ပြန်တွက်ကြည့်ရင် သူတို့က ခဏခဏ လုပ်နေရတာ၊ လေဆာနဲ့ကကျ ၆ခါလောက်လုပ်ပြီးတာနဲ့ ကိုယ့်စိတ်တိုင်းကျ ရလဒ်အတိုင်း ထွက်လာတာဆိုတော့ ကုန်ကျမှုက တူတူလောက်ပဲ သွားကျမှာပါ ။။ဒါေ့ကြာင့် အသားနာမှာလည်းကြောက်တယ်၊ ခဏခဏလည်း လုပ်နေချင်ဘူး၊ တကယ်ထိရောက်တဲ့ ရလဒ်လည်း လိုချင်တဲ့သူတွေအတွက်ကတော့ ဒီ လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားနည်းကသာ အထိရောက်ဆုံးနဲ့ အသုံးအဝင်ဆုံး ဖြစ်မှာပါ ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/laser-hair-removal/
ကျောင်းနေအရွယ် ကိုယ့်ကလေး လိင်အကြမ်းဖက်ခံခဲ့ရသလား ဘယ်လိုသိနိုင်မလဲ
ကျောင်းနေအရွယ်ကလေးတွေဟာ ဘာမှမသိသေးတဲ့ အဖြူရောင်လေးတွေပါ။ ဒီအဖြူရောင်လေးတွေကို ဘာတစ်ခုမှမစွန်းပေစေဘဲ အရွယ်ရောက်လာတဲ့အထိစောင့်ရှောက်ပျိုးထောင်ပေးရမှာဖေဖေမေမေတို့တာဝန်ပဲပေါ့။ အကောင်းဆုံးပစ္စည်းတွေဝယ်ပေး၊ အကောင်းဆုံးအာဟာရတွေကျွေးမွေး၊ အကောင်းဆုံးချစ်ခင်မြတ်နိုးပေးကြပေမယ့် ကိုယ့်မျက်ကွယ်ရာ လွှတ်ရတဲ့အခိုက်အတန့်ကိုတော့ သတိတချက်မလစ်သွားဖို့အရေးကြီးပါတယ်။ ဘယ်လိုပဲ အကောင်းဆုံးကျောင်းမှာထားတယ်ပဲဆိုဆို ကံကြမ္မာနဲ့ ခန့်မှန်းမရတဲ့အခြေအနေတချို့ရှိနိုင်တာမို့ ကလေးရဲ့အခြေအနေကို အမြဲတမ်းဂရုတစိုက်ရှိပေးကြပါနော်။ဖေဖေမေမေတို့အလုပ်ဘယ်လောက်ပဲများများ ကလေးတွေရဲ့ အပြုအမူ၊အနေအထိုင်လေးတွေကို အမှုမဲ့အမှတ်မဲ့ မထားပါနဲ့။လိင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတာ အဓမ္မကြံစည်တဲ့အကြမ်းဖက်မှုမှမဟုတ်ပါဘူး။ ညစ်ညမ်းတဲ့ပုံတွေနဲ့ဗီဒီယိုတွေပြတာ၊ ကလေးရှေ့မှာ မဖွယ်မရာလုပ်ပြတာ၊ ကလေးကို မဖွယ်မရာကိုင်တွယ်စေတာ၊ ကလေးရဲ့ဖုံးကွယ်အပ်တဲ့အစိတ်အပိုင်းတွေကို ထိတွေ့တာ၊ လိင်အင်္ဂါကို လက်နဲ့ထိုးသွင်းတာတွေအားလုံး လိင်စော်ကားမှု၊နှောင့်ယှက်မှုနဲ့အကျုံးဝင်ပါတယ်။ ဒါ့ကြောင့် ကလေးက သားယောကျာ်းလေးပဲဖြစ်နေပါစေ သမီးလေးတွေလိုပဲ ဒီအန္တရာယ်အတွက် စိုးရိမ်ရပါလိမ့်မယ်။ ကလေးအများစုက မိဘတွေနဲ့ဆရာတွေကို ဒီလိုကိစ္စတွေပြန်ပြောပြဖို့ဖြစ်နိုင်ခြေတော်တော်နည်းပါတယ်။ကြောက်ရွံ့စိတ်၊ရှက်ရွံ့စိတ်၊ ဘာဖြစ်ခဲ့မှန်းမသိတဲ့စိတ်တို့နဲ့ ဖုံးကွယ်နေပါလိမ့်မယ်။ ဒီလိုကြုံတွေ့ရတဲ့ကလေးတွေမှာတွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့အပြောင်းအလဲတွေအကြောင်းလေးမေမေတို့ကိုအကြံပြုချင်ပါတယ်။အဓိကအားဖြင့် ကလေးမှာ အရင်ကနဲ့မတူတဲ့ပြောင်းလဲမှုတွေရှိလာတာကို သတိထားကြည့်နိုင်ပါတယ်။ကလေးက ရုတ်တရက်ကြီး အရင်နဲ့မတူတော့တဲ့ပြုမူနေထိုင်မှုတွေရှိလာတယ်။ ဥပမာ အရင်က တက်ကြွသွက်လက်နေတဲ့ကလေးက စိုးရိမ်သလို၊ မလုပ်ရဲမကိုင်ရဲလိုလို၊ စိတ်ညစ်နေသလို မှိုင်လာတာမျိုး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ ကလေးတွေတောင် ဒီလိုကြုံရဖူးတယ်ဆို အပြောင်းအလဲဖြစ်နိုင်ပါတယ်။ သတိထားကြည့်ပါ။ကလေးက အရွယ်နဲ့မလိုက်တဲ့ အပြုအမူတွေရှိလာနိုင်တယ်။ ဥပမာ ရွယ်တူချင်းမှာ မသင့်တော်တဲ့အပြုအမူတွေနဲ့ဆော့ကစားတာမျိုး(သူကြုံခဲ့ဖူးသလို) လုပ်လာတတ်တယ်။ အိပ်စက်မှုပုံစံလည်းပြောင်းလဲလာနိုင်တယ်။ သွေးဆောင်ခံရတဲ့ စူးစမ်းမှုလို ကြုံခဲ့ရတဲ့ကလေးတွေထက် အကျပ်ကိုင်၊ခြိမ်းခြောက်ခံ၊အကြမ်းဖက်ခံရတဲ့ ထိတ်လန့်မှုမျိုးကြုံခဲ့ရတဲ့ ကလေးတွေမှာ အိပ်မက်ဆိုးတွေမက်ရတာ၊ ညလန့်လန့်နိုးတာလို အိပ်စက်မှုပြဿနာတွေရှိလာတတ်ပါတယ်။လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ကလေးဟာ သူကြုံခဲ့ရတဲ့နေရာ၊ ကျူးလွန်သူရှိနေတဲ့နေရာ၊ အနေအထား အပါအဝင် တချို့ပတ်ဝန်းကျင်တွေကိုကြောက်ရွံ့နေတာ၊နောက်တွန့်နေတာ၊ရှောင်နေတာတွေဖြစ်လာမှာပါ။ သူကြုံခဲ့ရတဲ့အိပ်မက်ဆိုးကိုပြန်သတိရစေမယ့် အရာမှန်သမျှ သူကြောက်နေမှာပါ။ ကလေးက အကြောက်အကန်ငြင်းနေတဲ့နေရာ၊ အနေအထား၊ လူပုဂ္ဂိုလ်တွေကို အတင်းမပို့လွှတ်ဘဲသေချာလေ့လာပါ။ဆိုးဆိုးဝါးဝါးလိင်အကြမ်းဖက်ခံရတဲ့ကလေးမှာတော့ အသက်အန္တရာယ်ရှိလာနိုင်တဲ့အထိ လက္ခဏာပြင်းထန်တယ်ဆိုပေမယ့် ကိုယ်မသိဘဲ ကာလတာရှည် လိင်နှောင့်ယှက်မှု၊စော်ကားမှုကြုံနေရပြီးပြောလည်းမပြောပြရဲတဲ့ကလေးမှာရော ဘာတွေဖြစ်နေနိုင်လဲမေမေတို့သိဖို့လိုပါတယ်။ သမီးလေးရဲ့မိန်းမကိုယ်က အရည်ထွက်နေသလား၊ ကလေး(သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ်) ရဲ့ကိုယ်အောက်ပိုင်းအင်္ဂါတဝိုက်နာကျင်မှု၊ယားယံမှုရှိနေသလား၊ ဆီးလမ်းကြောင်းပိုးဝင်မှု သို့မဟုတ် လည်ချောင်းနာခြင်း မကြာခဏဖြစ်နေသလား၊ ဆီးသွားရင် သို့မဟုတ် ဝမ်းသွားရင် ကလေးကနာကျင်နေရသလား၊ လိင်အင်္ဂါတွေမှာသွေးထွက်သလား၊ ဒဏ်ရာအနာတရဖြစ်နေသလားဆိုတာ သတိထားမိသင့်ပါတယ်။လိင်စော်ကားခံရတဲ့ကလေးတွေဟာ လုံးဝသူစိမ်းတွေထက် ရင်းနှီးတဲ့သူတွေ၊ နီးစပ်တဲ့သူတွေ၊ ယုံကြည်ရသူတွေဆီကကြောက်စရာကြုံရတာများတာမို့ ဘယ်သူ့ကိုမှ မယုံတော့တာ၊သံသယများလာတတ်တာပါ။ ရုတ်တရက်လှုပ်ရှားမှုတွေ၊ အသံကျယ်ကျယ်တွေကို အရင်ကနဲ့မတူ လန့်တတ်နေသလို တစ်ယောက်ယောက်က လာထိလိုက်၊ကိုင်လိုက်ရင်တောင်ကြောက်ရွံ့နေတတ်တာ လိင်စော်ကားခံထားရတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ကလေးက သူငယ်ချင်းတွေနဲ့ဆက်ဆံရေးမှာ ရင်းနှီးဖို့ ခက်လာတယ်၊ သူရင်းနှီးတဲ့သူတစ်ယောက်ယောက်ရဲ့ ကျူးလွန်မှုကြောင့် ဒီလိုကြုံခဲ့ရတဲ့အခါပေါင်းသင်းဆက်ဆံရေးကိုကြောက်လာတာလည်း ပါပါတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ကလေးဟာ တခြားသူတွေကိုရှောင်တော့မှာပါ။ ကလေးက လူတစ်ဦးတည်းကိုပဲရှောင်ဖို့ကြိုးစားနေပြီဆိုရင်တော့ ကိုယ့်ကလေးကိုချော့ပြီးမေးသင့်နေပါပြီ။သူတို့အရင်က တက်တက်ကြွကြွရှိခဲ့ဖူးတဲ့ အရာတွေကို လုံးလုံးစိတ်မဝင်စားတော့တာဆိုရင် ကလေးကို သတိထားဂရုစိုက်သင့်ပါတယ်။ အမှန်က ကလေးမှာ တခုခုကို အာရုံစူးစိုက်ဖို့အခက်အခဲဖြစ်နေတာပါ။ကလေးက သူ့ကိုယ်သူအပြစ်တခုခုလုပ်ထားသူလို ခံစားနေရတဲ့အရိပ်အယောင်တွေ့ရရင် ဒီတိုင်းမထားပါနဲ့။ ရင်းရင်းနှီးနှီး စကားပြောပေးရင်း ကလေးရဲ့ခံစားချက် ဖွင့်ဟလာအောင်ဖြည်းဖြည်းချင်းလုပ်ယူပါ။ သူ့ရဲ့လျှို့ဝှက်ချက်ကို လူသိမှာစိုးပြီး တစ်ဦးတည်းသီးသန့်နေတာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာရေရှည်မှာ ကလေးအတွက်မကောင်းပါဘူး။လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံထားရတဲ့ ကလေးတစ်ယောက်မှာ အသိသာဆုံးလက္ခဏာတွေက –။ဒါပေမယ့်လည်း လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ကလေးတွေမှာ ပြင်းထန်တဲ့အခြေအနေမဟုတ်ခဲ့ရင် အပြင်ပန်းထိခိုက်ဒဏ်ရာလည်းမရှိ၊ လူကြီးတွေကိုပြန်ပြောပြတာလည်းမရှိဘဲကြောက်စိတ်နဲ့ကြိတ်ခံစားတာ များတယ်ဆိုတာမေမေတို့မမေ့ပါနဲ့။ မသိမသာနဲ့ ကာလကြာရှည် ကိုယ့်ကလေးကို လိင်အမြတ်ထုတ်ခံနေရတာ ၊ခြိမ်းခြောက်ခံထားရတာ ကိုယ်မသိခဲ့ရင် ရင်နာစရာပါ။ အလုပ်တွေများလည်း ကိုယ့်ရင်သွေးရတနာလေးတွေကို အမြဲမပြတ်ဂရုစိုက်ပေးပါလို့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%80/
ကလေးမှာ အူအတက်ရောင်နေတာများလား
“မေမေရေ ဗိုက်အောင့်တယ်” ဆိုတဲ့အသံလေး ကြားလိုက်ရရင် မေမေတို့မှာ ပျာယာခတ်ရတော့တာပဲ။ စိတ်လှုပ်ရှားလို့အောင့်တာ၊ အစာမကြေလို့အောင့်တာ၊လေထိုးလေအောင့်ဖြစ်တာ ဒါမှမဟုတ်ကျောင်းမသွားချင်လို့ဘေဘီတို့ဉာဏ်ဆင်တာလည်းဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ အစာကြေဆေး၊လေဆေးလောက်နဲ့သက်သာတတ်ပေမယ့် တကယ်တမ်းအမြန်ကုသဖို့လိုတဲ့အခြေအနေသာဆို ဘယ်လိုလုပ်မလဲ။ အန္တရာယ်မရှိတဲ့ ဗိုက်အောင့်ခြင်းနဲ့ အူအတက်ရောင်တာလိုမျိုး ဗိုက်အောင့်တဲ့လက္ခဏာတွေကို ဘယ်လိုခွဲခြားမလဲ။အကောင်းဆုံးက ကလေးရဲ့နာကျင်မှုအခြေအနေကို ဆန်းစစ်ပါ။ကလေးက ဗိုက်အောင့်တယ်တော့ပြောတယ်၊ဆော့နိုင်သေးတယ်၊ ရယ်နိုင်သေးတယ်၊ အစားစားနိုင်သေးတယ်ဆိုရင် သိပ်စိုးရိမ်ဖို့မလိုပါဘူး။ ကလေးကအောင့်တယ်ပြောတယ်၊ ပုံမှန်လုပ်နေကျတွေ ဘာမှမလုပ်နိုင်တော့ဘူးဆိုရင် ဆရာဝန်အမြန်ပြသင့်ပါတယ်။ အူအတက်ရောင်တာဖြစ်ခဲ့ရင်နောက်ကျလို့ အန္တရာယ်ရှိပါတယ်။ အမြန်ခွဲစိတ်ကုသဖို့လိုတဲ့ဝေဒနာဖြစ်ပါတယ်။ကလေး ဗိုက်အောင့်တဲ့အခါ ဒီလက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပါ –။အူအတက်ရောင်တယ်ဆိုတာ အူမကြီးအစနား ဝမ်းဗိုက်ညာဘက်အောက်နားမှာရှိတဲ့ အူအတက် (appendix)ရောင်ရမ်းခြင်းဖြစ်ပါတယ်။ စစချင်းမှာ ချက်နားက စအောင့်ပေမယ့် နာရီအနည်းငယ်ကြာတဲ့အခါ နာကျင်မှုက ဝမ်းဗိုက်ညာဘက်အောက်နားကိုရွေ့လာပါတယ်။ နာကျင်မှုစတင်လာပြီးနောက်ဖြစ်လာမယ့်လက္ခဏာတွေထဲမှာ အစားပျက်ခြင်း၊အဖျားငွေ့ငွေ့ရှိခြင်း၊ မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်းတို့ပါဝင်ပါတယ်။ ၂ နှစ်အောက် ကလေးတွေမှာဆို အဓိကလက္ခဏာတွေက ပျို့အန်ခြင်းနဲ့ ဗိုက်အောင့်ခွေခေါက်နေခြင်းပဲဖြစ်ပါတယ်။ ပိုကြီးတဲ့ကလေးတွေမှာတော့ ဝမ်းပျက်တာနဲ့ ဝမ်းချုပ်တာတွေဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကလေးတွေမှာဖြစ်တဲ့လက္ခဏာက အစာအိမ်နဲ့အူလမ်းကြောင်းရောင်ရမ်းခြင်း(gastroenteritis) ၊အစာအဆိပ်သင့်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေနဲ့ ဆင်တူတတ်လို့ အူအတက်ရောင်တာ ဟုတ်မဟုတ် ခွဲခြားရခက်နိုင်ပါတယ်။အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်း ကလေးတွေမှာအဖြစ်များတဲ့gastroenteritis က အရေးပေါ်ကုသရတော့မလို ထင်ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဒီရောဂါက ချက်ချင်းကြီးဝေဒနာခံစားရတတ်ပေမယ့်မြန်မြန်ပဲသက်သာသွားလေ့ရှိပါတယ်။ အူအတက်လို ကြာနေမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘာကြောင့်ပဲဖြစ်ဖြစ် ကလေးမှာ ဒီလိုလက္ခဏာတွေတွေ့ရတာနဲ့ အမြန်ဆုံးဆရာဝန်ပြဖို့ အရေးကြီးပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%b0%e1%80%a1%e1%80%90%e1%80%80%e1%80%ba%e1%80%95%e1%80%b1%e1%80%ab/
Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း သိကောင်းစရာ
Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း က လူမေးများတဲ့ အကြောင်းအရာပါ။ Micropenis ဆိုတာ အင်မတန် သေးငယ်နေတဲ့ လိင်တံကို ခေါ်တာ ဖြစ်ပါတယ်။ Micropenis ဟာ ရှားပါးပြီးဟော်မုန်းနဲ့မျိုးရိုးဗီဇပြဿနာတွေကြောင့် ဖြစ်ရတာပါ။ များသောအားဖြင့် ဒီဖြစ်စဉ်ကို ဆရာဝန်တွေအနေနဲ့ မွေးကာစမှာ ကုသလေ့ ရှိကြပါတယ်။အမျိုးသားတချို့အနေနဲ့ကတော့ သူတွေရဲ့ ပုံမှန်အတိုင်းရှိနေတဲ့ လိင်တံကို Micropenis လို့ ထင်တတ်ကြပြီး များသောအားဖြင့် တကယ်တမ်း Micropenis မဟုတ်ကြပါဘူး။ ဒီဖြစ်စဉ်ဟာ တော်တော်ရှားပါတယ်။ Micropenis ဖြစ်နေလား၊ မဖြစ်နေသလားဆိုတာကို သိဖို့ အတွက် နည်းမှန်လမ်းမှန် တိုင်းတာဖို့လိုပါတယ်။လိင်တံထောင်မတ်နေတဲ့အချိန်တိုင်းတာရင် ကွာခြားချက်တွေ အများကြီးရှိတဲ့ အတွက် လိင်တံကို စိတ်အချရဆုံး တိုင်းတာတဲ့ နည်းလမ်းက လိင်တံ ပျော့ခွေနေတဲ့အချိန်မှာ တိုင်းတာရတဲ့ SPL — stretched penis length နည်းစနစ်ဖြစ်ပါတယ်။ တိုင်းတာတဲ့ပုံစံကတော့ လိင်တံအရင်းရှိ ဆီးခုံရိုး ပေါ်ကို ပေတံကိုတိတိကျကျ တင်ထားပြီး လိင်တံကို မနာကျင်တဲ့အထိ အဆုံး ဆန့်နိုင်သလောက်ဆန့်ကာ ဆီးခုံရိုးမှ လိင်တံရဲ့ ထိပ်ခေါင်းဆုံးတဲ့အထိ အတိုင်းအတာကို ယူရတာ ဖြစ်ပါတယ်။အကယ်၍ အမျိုးသားတစ်ယောက်ရဲ့ SPL က 9.32 စင်တီမီတာ (3.67 လက်မ) နဲ့ အောက် ရှိနေမယ်ဆိုရင် ဒီလိင်တံဟာ Micropenis ဖြစ်ပါတယ်။ သာမန် အမျိုးသားတစ်ယောက်ရဲ့ ပျှမ်းမျှလိင်တံ အရှည်က 13.24 cm (5.21လက်မ) ရှိပါတယ်။ Micropenis လိင်တံ ဖြစ်စဉ်ဟာ ရှားပါးပြီး ခန့်မှန်းချက်တွေအရ တစ်ကမ္ဘာလုံးက အမျိုးသား ဝ.၆ ရာခိုင်နှုန်းမှာသာ ဒီဝေဒနာ ရှိတယ်လို့ ဆိုပါတယ်။၁၉၉၇ ကနေ ၂၀၀၀ ခုနှစ်အတွင်းမှာတော့ အမေရိကန်နိုင်ငံက မွေးကင်းစ ယောက်ျားလေး ၁၀၀၀၀ မှာ Micropenis ဝေဒနာ ဟာ ၁.၅ ပဲ ရှိပါတယ်။ ဒီရာခိုင်နှုန်းဟာ ဝ.၀၁၅ ရာခိုင်နှုန်းသာ ရှိပါတယ်။Micropenis လိင်တံဟာ အမျိုးမျိုးသော အကြောင်းရင်းများကြောင့် သန္ဓေသားဘဝမှာ တက်စတိုစတီရုန်း ဟော်မုန်း ထုတ်လုပ်မှု နည်းတဲ့ အခါ ဖြစ်ပွားလေ့ရှိပါတယ်။ များသောအားဖြင့် ဒီလို တက်စတိုစတီရုန်း ဟော်မုန်း မထုတ်လုပ်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ Hypogonadotropic hypogonadism (HH) လို့ခေါ်တဲ့ ပီကျူထရီ ဂလင်းနဲ့ ဦးနှောက်ရဲ့ hypothalamus လို့ခေါ်တဲ့ အလိုအလျောက် နာဗ်ကြောစနစ်ကို ထိန်းချုပ်တဲ့အပိုင်းတွေ အလုပ်မလုပ်ခြင်းကြောင့်ဝှေးစေ့မှမျိုးပွားအင်္ဂါလုပ်ဆောင်ချက်တွေနဲ့ ပုံမှန်ကြီးထွားခြင်းအတွက်လုံလောက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်း မထုတ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ဒါ့အပြင် မျိုးရိုးဗီဇ ဝေဒနာများနဲ့ တစ်ခါတစ်ရံ အကြောင်းရင်း မရှိဘဲ သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဖြစ်နည်းပေမဲ့ မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း ပိုးသတ်ဆေးတွေနဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှူရှိုက်မိတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ဖြစ်သူမှ human chorionic gonadotropin (hCG) လို့ခေါ်တဲ့ သန္ဓေသားဝှေးစေ့မှ တက်စတိုစတီရုန်း ဟော်မုန်း ထွက်အောင်လှုံ့ဆော်ပေးတဲ့ ဟော်မုန်း လုံလောက်အောင် မထုတ်လုပ်ပေးတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ တက်စတိုစတီရုန်းဟော်မုန်းက ပုံမှန် ဖြစ်နေပြီး ကျန်းမာရေး အခြေအနေတွေကြောင့် ခန္ဓာကိုယ်က တက်စတိုစတီရုန်းကို မှန်မှန်ကန်ကန် မတုံ့ပြန်တဲ့ အခါမှာလည်း ဖြစ်နိုင်ပါတယ်။ တချို့သော ကျန်းမာရေး အခြေအနေတွေက ခန္ဓာကိုယ်ကနေ တက်စတို စတီရုန်းဟော်မုန်းကို မှန်မှန်ကန်ကန် တုံ့ပြန့်နေခြင်းကို ရပ်သွားစေနိုင်ပါတယ်။ ဒီအခြေအနေကို androgen insensitivity လို့ခေါ်ပါတယ်။ Androgen insensitivity syndrome (AIS) ဆိုတာဟာ အမျိုးသားလိင်အင်္ဂါနဲ့ မွေးလာသူတစ်ယောက်ဟာ အမျိုးသားဟော်မုန်း Androgen ကို မတုံ့ပြန်တဲ့ဝေဒနာဖြစ်ပါတယ်။အထက်ပါ ဟော်မုန်းဆိုင်ရာ ပြဿနာတွေ တက်လာတာနဲ့ ဖိုသန္ဓေသားရဲ့ လိင်တံက ပုံစံအတိုင်း ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ ဖိုသန္ဓေသားအနေနဲ့ မွေးဖွားပြီး ၃ လခန့်အတွင်းမှာ တက်စတိုစတီရုန်းဟော်မုန်း ပမာဏတစ်ခုကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ လိင်တံ ကြီးထွားဖို့အတွက် အရေးကြီးဆုံး အချိန်လည်း ဖြစ်ပါတယ်။အကယ်၍ ဒီအချိန်မှာ အထက်ပါ ဟော်မုန်းဆိုင်ရာ ပြဿနာတွေရှိမယ်ဆိုရင် ကလေးရဲ့ လိင်တံဟာ သေးငယ်သွားနိုင်ပါတယ်။ တစ်ခါတစ်ရံ ထူးထူးခြားခြား ဖြစ်စဉ်တွေမှာတော့။တိတိကျကျ အကြောင်းရင်းမရှိဘဲ Mircropenis ခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း ရှိပါတယ်။ Micropenis ရှိနေတဲ့ သူတွေအနေနဲ့ တခြား ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ဥပမာ။– ပီကျူထရီ ဂလင်းနဲ့ ဦးနှောက်ရဲ့ hypothalamus လို့ခေါ်တဲ့ အလိုအလျောက် နာဗ်ကြောစနစ်ကို ထိန်းချုပ်တဲ့အပိုင်းတွေ အလုပ်မလုပ်ခြင်းကြောင့် ဝှေးစေ့မှ မျိုးပွားအင်္ဂါ လုပ်ဆောင်ချက်တွေနဲ့ ပုံမှန်ကြီးထွားခြင်းအတွက်လုံလောက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်း မထုတ်တဲ့ ဝေဒနာ (Hypogonadotropic hypogonadism (HH))။– မျိုးရိုးဗီဇတွေ မွေးရာပါ ပျက်ဆီးနေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ပျက်ဆီးနေတဲ့ ဝေဒနာ (Prader-Willi syndrome)။– လိင်ပိုင်းဆိုင်ရာတိုးတက်မှု အတွက်အရေးကြီးတဲ့ ဟော်မုန်းတွေ မထုတ်လုပ်နိုင်တဲ့အတွက် လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း၊ မဝင်ခြင်းနဲ့ အနံ့မခံနိုင်ခြင်းကိုဖြစ်စေတဲ့ Kallmann syndrome ဝေဒနာ၊ ဒီဝေဒနာဟာ အထက်က hypogonadotropic hypogonadism ဝေဒနာ ပုံစံတစ်မျိုးလည်း ဖြစ်ပါတယ်။– ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ဟော်မုန်းတွေ ချို့ယွင်းနေတဲ့ ဝေဒနာ။– ဆဲလ်အတွင်းရှိ DNA မော်လီကျူးတွေ ဖြစ်တဲ့ chromosomes ပျက်စီးနေတဲ့ဝေဒနာ။-Laurence-Moon လို့ခေါ်တဲ့ မျိုးရိုးဗီဇ ချို့ယွင်းချက်တွေကြောင့် ကြွက်သားလှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်တဲ့ဝေဒနာ၊ မျက်လုံး ချို့ယွင်းချက်တွေနဲ့ တခြား ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို ထိခိုက်စေတဲ့ဝေဒနာတို့ဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ Micropenis လို ပုံစံပေါက်နေတဲ့ တခြားဝေဒနာတွေကြောင့်လည်း Micropenis ဖြစ်နေပြီလို့ လူအများစုက ထင်တတ်ကြပါတယ်။ ဥပမာ ကလေးတစ်ယောက်ဟာ မွေးရာပါကပ္ပာယ်အိတ်ရောင်ပြီး မွေးလာခဲ့ရင် အဲ့ ပုံစံကလည်း Micropenis ပုံစံပေါက်ပါတယ်။ ဒါ့အပြင် Buried penis လို့ခေါ်တဲ့ ဗိုက်မှာ အဆီများစုနေတဲ့အတွက် လိင်တံကို သိပ်မတွေ့ရတဲ့ ဖြစ်စဉ်ကိုလည်း Micropenis လို့ထင်တတ်ကြပါတယ်။ ဒီဖြစ်စဉ်ဟာ များသောအားဖြင့် အဝလွန်တဲ့ လူတွေမှာ အဖြစ်များပါတယ်။လူတော်တော်များများက သူတို့ လိင်တံ အရွယ်အစားကို အမြဲတမ်းသေးငယ်တယ်လို့ထင်တတ်ကြလေ့ရှိပါတယ်။ ဒါ့ကြောင့် အမျိုးသားတစ်ယောက်အနေနဲ့ Micropenis ရှိတယ်လို့ ထင်တဲ့ အခါကျရင် ဆရာဝန်ထံတိတိကျကျသွားရောက်တိုင်းတာပြီး ထိုအခြေအနေကို သေချာအောင် စစ်ဆေးဖို့လိုပါတယ်။ဒါပေမဲ့ များသောအားဖြင့် Mircopenis ဝေဒနာကို ဆရာဝန်တွေက မွေးကင်းစမှာကတည်းက တွေ့ရှိလေ့ရှိပါတယ်။ အကယ်၍ လူနာမှာ Mircopenis ခံစားနေရတယ်လို့ ယူဆရင် ဆရာဝန်အနေနဲ့ SPL လို့ခေါ်တဲ့ ဆန့်ထားတဲ့ လိင်တံ အရှည်ကိုတိုင်းတာမှာဖြစ်ပြီး တခြားဟော်မုန်းပုံမမှန်မှုတွေကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲ့နောက်မှာ ပုံမှန်မဟုတ်လောက်အောင် လိင်တံကသေးငယ်နေမယ်ဆိုရင် ဆရာဝန်အနေနဲ့အောက်ပါစစ်ဆေးမှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ခန္ဓာကိုယ်ကို စစ်ဆေးခြင်း။– လိင်တံအရွယ်အစားကို တိုင်းတာတဲ့ အပြင်ကို ဆရာဝန်အနေနဲ့ တစ်ခြားဝေဒနာတွေ ဖြစ်တဲ့ အဆီပိုတွေနဲ့ တစ်ခြား ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။သွေးတွင်းစစ်ဆေးမှုများ။ဒီစစ်ဆေးမှုတွေက ကလေးရဲ့ သွေးအတွင်း ဟော်မုန်းပမာဏတွေကို သိရှိစေနိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှုတွေကလည်း ကလေးရဲ့ ဇီဝလိင်အမျိုးအစားတွေကို သိရှိစေနိုင်ပါတယ်။ရှားပါးဖြစ်စဉ်တွေမှာတော့ Micropenis ဝေဒနာ ရှိတယ်လို့ ထင်ရတဲ့သူတွေဟာ တကယ်တမ်း လိင်အမျိုးအစား ၂ ခုလုံးရှိနေသူ ဖြစ်နေနိုင်သလို။ခရိုမိုဆုန်း ပုံမမှန်လို့ လည်း ဖြစ်နိုင်ပါတယ်။– ပုံရိပ်ဖော်စစ်ဆေးမှုများ။ဆရာဝန်တွေအနေနဲ့ လိင်အင်္ဂါတွေနဲ့ အနီးပတ်လည်က အစိတ်အပိုင်းတွေ တည်ဆောက်ပုံကို ကြည့်ရှုဖို့အတွက် တင်ပါးဆုံ တစ်ဝိုက် Ultra sound နဲ့ MRI scan တွေကို အသုံးပြုနိုင်ပါတယ်။ကုသမှုတွေအနေနဲ့ လူနာတွေရဲ့လိင်တံအရွယ်အစားပိုကြီးပြီး လုပ်ဆောင်မှုတွေ ပုံမှန် လုပ်ဆောင်နိုင်တဲ့ လိင်တံ ဖြစ်လာဖို့ကို အဓိက ရည်ရွယ်ထားကြပါတယ်။ Micropenis ဖြစ်စဉ်အတွက် ဆရာဝန်တွေ ကုသပေးမယ့် ကုသမှုတွေက။ဟော်မုန်းကုသမှုများ။မွေးကင်းစမှာ တက်စတိုစတီရုန်း ခရင်မ်တွေ လိမ်းပေးခြင်း၊ တက်စတိုစတီရုန်းဆေးများ ထိုးသွင်းခြင်းက လိင်တံအရွယ်အစားကို ကြီးလာစေနိုင်ပါတယ်။ ဒီလို တက်စတိုစတီရုန်း ကုသမှုတွေက လူပျိုပေါက် အရွယ်ရောက်ပြီးမှ ကုသတာထက်စာရင် မရောက်ခင်ကုသတာထက် ပိုပြီး ထိရောက်ပါတယ်။ဆရာဝန်တွေအနေနဲ့ တက်စတိုစတီရုန်း ကုသမှုပေးလိုက်တဲ့အခါ လိင်တံက ၃.၅ စင်တီမီတာ ခန့်ပိုရှည်လာရင် ဒါကုသမှုက ထိရောက်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒီလို ဟော်မုန်းကုသမှုတွေက ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကုသမှု ခံယူနိုင်ဖို့ အတွက် လူတစ်ယောက်အနေနဲ့လည်း တိကျတဲ့ စမ်းသပ်မှုအရင် ခံယူဖို့လည်း လိုပါတယ်။ခွဲစိတ်မှုများ။အကယ်၍ ဟော်မုန်း ကုသမှုတွေက အလုပ်မဖြစ်ဘူးဆိုရင် လိင်တံကို ခွဲစိတ်နိုင်ပါတယ်။ ဆရာဝန် အနေနဲ့ ခွဲစိတ်မယ်ဆိုရင် လိင်တံထဲကို Implant ထည့်သွင်းခြင်းဖြင့် လိင်တံကို မူလထက်ကြီးတဲ့ ပုံပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုခွဲစိတ်မှုတွေဟာ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေများပါတယ်။Micropenis က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သလား။Micropenis ရှိတဲ့ လူအများစုက ပုံမှန် လိင်ကိစ္စတွေကို လုပ်ဆောင်နိုင်ကြပါတယ်။ Mircopenis ရှိရုံနဲ့ ဆီးသွားနိုင်စွမ်း၊ တစ်ကိုယ်ရည်အာသာဖြေနိုင်စွမ်း၊ လိင်စိတ်အထွတ်ထိပ်ရောက်နိုင်စွမ်းကို မထိခိုက်ပါဘူး။ ဒါပေမဲ့ တချို့သူတွေအနေနဲ့ မတ်တပ်ရပ်သေးပေါက်ဖို့ ခက်ခဲနိုင်ပါတယ်။ဒါ့အပြင် လိင်အင်္ဂါအရွယ်အစားကို လိင်ဆက်ဆံချိန်နေချိန်မှာ စိုးရိမ်နေခြင်းက လိင်မှုရဲ့ကျေနပ်မှု အပြည့်အဝခံနိုင်စွမ်းကို ‌လျော့ကျစေနိုင်ပါတယ်။ Micropenis ကို ခွဲစိတ်မှု ခံယူပြီးထားတဲ့ သူတွေတောင် သူတို့ရဲ့ လိင်အင်္ဂါ အရွယ်အစားကို မကျေနပ်ကြပါဘူး။ဒါပေမဲ့ လေ့လာချက်အတွေအရ Mircopenis ရှိသူတွေဟာ ပုံမှန် လိင်ပိုင်းဆိုင်ရာ ပုံစံနဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ပါသေးတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့သူတွေအနေနဲ့တော့ အကြံပေးတိုင်ပင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကုသမှု ခံယူနိုင်ပါတယ်။Micropenis ဆိုတာ အမျိုးသားတစ်ယောက်ရဲ့ SPL က 9.32 စင်တီမီတာ (3.67 လက်မ) နဲ့ အောက် ရှိနေတဲ့ လိင်တံကိုခေါ်တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တက်စတိုစတီရုန်းချို့ယွင်းမှုကြောင့် Micropenis ဖြစ်ရတာ ဖြစ်ပြီး မျိုးရိုးဗီဇမူမမှန်မှုတွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လည်း ဒီဝေဒနာ ဖြစ်နိုင်ပါတယ်။ Micropenis ကို ကလေးငယ်ဘဝမှာ တွေ့ရှိကာ ကုသရလေ့ရှိပြီး ကလေးဘဝမှာ တက်စတိုစတီရုန်း ကုသမှု ခံယူမယ်ဆိုရင် ရလာဒ်ကောင်းလေ့ရှိပါတယ်။ Micropenis ရှိတဲ့ လူတစ်ယောက်ဟာ သာမန်လိင်တံအရွယ်အစားတော့ရှိမှာ မဟုတ်ပေမဲ့ ဒါက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို မထိခိုက်ပါဘူး။လိင်တံအရွယ်အစားဟာ ခြားနားနိုင်ပါတယ်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို နားလည်ထားမယ်ဆိုရင် ပုံမှန် ပျှမ်းမျှ လိင်တံအရွယ်အစားထက်သေးနေတဲ့ လိင်တံပိုင်ရှင်တွေတောင် ပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ အကြံယူဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကုသမှုတွေက လိင်တံအရွယ်အစားကြောင့် စိုးရိမ်မှုတွေနဲ့ လိင်ဆက်ဆံရမှာ ရှက်နေတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/to-know-about-micropenis/
မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့
မိုးလေးအေးလို့ နွေပူပူမှာလို အသားမမည်းတော့ဘူး၊ အဆီမပြန်တော့ဘူး။ဝက်ခြံတွေတော့ သက်သာသွားတော့မှာပဲလို့ တွေးပျော်နေသူလေးတွေရှိနေလား။ အပျော်ကြီးမပျော်လိုက်ပါနဲ့ဦးနော်။ မုတ်သုံက နွေလောက်မပူတာမှန်ပေမယ့်အရေပြားပြဿနာတွေကင်းသွားဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့ ဒီလိုလေးနေထိုင်ကြရအောင်လား…..။မုတ်သုံမှာ ဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာနိုင်ပါတယ်။ပတ်ဝန်းကျင်က အေးနေတာ၊ စိုထိုင်းဆတွေ များနေတာကြောင့် ဝက်ခြံအပါအဝင် အခြားအရေပြားပြဿနာတွေပါ ခံစားရနိုင်ပါသေးတယ်နော်။ မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့ ရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးဖို့လိုပါမယ်နော်။ဒါက ရာသီတိုင်းအတွက် အရေးပါပါတယ်။ မုတ်သုံဆိုပေမယ့်လည်း အရေပြားမှာဖုန်မှုန့်နဲ့ အညစ်အကြေးတွေကပ်ညှိနေနိုင်သလို ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ၊ အဆီတွေလည်းရှိနေနိုင်ပါတယ်။ ဒါတွေကချွေးပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံ တွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို double cleansing လုပ်ပြီး သေချာသန့်စင်ပေးပါ။ မျက်နှာသစ်တဲ့အခါ ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပါ၊၊ မျက်နှာသစ်တိုင်း သွေးလည်ပတ်မှုကောင်းအောင် မျက်နှာကို နှိပ်နယ်ပေးဖို့လည်း မမေ့သင့်ပါဘူး။ကျော်သွားလို့မဖြစ်တဲ့ အရေပြားထိန်းသိမ်းမှု အဆင့်တစ်ခုပါ။ မိုးရာသီမှာ လေထဲကနေတဆင့် အရေပြားကို ထိခိုက်စေနိုင်တဲ့ အရာတွေများပါတယ်။ ဒီအရာတွေက မျက်နှာသစ်လိုက်ပေမယ့် မပြောင်ဘဲ အသားမှာ ကပ်ကျန်နေတာကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာက Toner ပါ။ ဒါကြောင့် ပုံမှန် Toner သုံးပေးပါ။ အဆီပြန်တတ်တဲ့သူတွေ ဝက်ခြံထွက်တတ်သူတွေအတွက် toner ကမိတ်ဖက်ပါနော်။မိုးအေးပေမယ့်လည်း အစိုဓာတ်ထိန်းပေးဖို့က လိုအပ်ပါတယ်။ ဒါကြောင့် အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်စေဖို့ Moisturizer လိမ်းပေးပါ။ အဲယားကွန်းခန်းထဲမှာ နေရသူတွေကMoisturizer ကို ပိုလိုအပ်မှာပါ။မိုးရွာနေတာပဲ နေမထွက်ဘူးဆိုပြီး နေလောင်ကာခရင်မ်မလူးဘဲ အပြင်ထွက်ဖို့ မစဉ်းစားလိုက်ပါနဲ့။ UVA နဲ့UVBတို့က ဝိုင်းဆော်တာခံလိုက်ရပါမယ်။ ဒါကြောင့်မိုးရွာနေလည်း အပြင်မထွက်ခင် နာရီဝက်အလိုမှာ နေလောင်ကာခရင်မ်လူးပေးပါ။မိုးရေစိုသွားခဲ့ရင် ခြောက်သွားမှာပဲဆိုပြီး မထားလိုက်ပါနဲ့။ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တာကြောင့်ပါ။ ဒါကြောင့် မိုးရေတွေကို တစ်ရှူးသုံးပြီး ချက်ချင်းသုတ်ပေးပါ။ဝက်ခြံ ကို သက်သာစေနိုင်တဲ့ ရှားစောင်းလက်ပပ်၊ ငှက်ပျောသီး၊ သခွားသီး၊ပျားရည်စတဲ့ ဝက်ခြံထွက်တဲ့ အသားအရေအတွက် အကျိုးကျေးဇူးတွေပေးတဲ့ သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်တစ်ခါပေါင်းတင်ပေးပါ။ ဒါမှမဟုတ် Sheet maskကပ်ပါ။တစ်ပတ်တစ်ကြိမ်တော့ မဖြစ်မနေဆဲလ်သေတွေဖယ်ရှားပေးပါ။ ဒါမှ ချွေးပေါက်တွေ သန့်စင်ပြီး မလိုလားအပ်ဘဲ ဝက်ခြံတွေမထွက်မှာပါ။ရာသီဥတုအေးလို့ဆိုပြီး ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိလေးထားပြီး တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်လောက်ပုံမှန်သောက်ပေးပါ။ချိုလွန်းတဲ့ အစားအစာတွေ၊ အသင့်စား၊ အမြန်စား အစားအစာတွေလိုမျိုး အဆီ ပါဝင်မှု များပြီး အငန်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။ ဒါမှ ဝက်ခြံ ကင်းပြီး စိတ်ကူးယဉ်ဆန်တဲ့ မုတ်သုံကို ကြည်လင်တဲ့အသားအရေလေးနဲ့ ဖြတ်သန်းနိုင်မှာပါ…….။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/monsoon-acne/
စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်
လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကျန်းမာပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်ဖို့ဆိုရင်ကိုယ်ခံအားကောင်းဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်က စွမ်းရည်ပြည့်ဝနေမယ်ဆိုရင် ရောဂါအမျိုးမျိုးကို တွန်းလှန်ပြီးခန္ဓာကိုယ်က ကျန်းကျန်းမာမာရှိနေမယ်။ ကိုယ်ခံအားစနစ်က မကောင်းဘူးဆိုရင်တော့ ရောဂါပိုးအမျိုးမျိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး မကျန်းမမာရှိနေမယ်၊ ခဏခဏဖျားနာ နေမကောင်းဖြစ်လိမ့်မယ်။ အခုလိုရောဂါအမျိုးမျိုးပေါ်ထွက်နေတဲ့အချိန်မှာဆိုရင်ကိုယ်ခံအားစနစ်စွမ်းအားပြည့်ဝနေဖို့က မဖြစ်မနေကို လိုအပ်တာပေါ့။ဒီကိုယ်ခံအားပေါ်ကို သက်ရောက်နေတဲ့အချက်ကလည်း တစ်ခုမကပါဘူး။ ဒီတော့ အမျိုးမျိုးသော ရောဂါတွေကိုတိုက်ထုတ်ဖို့ ကာကွယ်ဖို့ လိုအပ်တဲ့ ကိုယ်ခံအားကောင်းနေစေဖို့ ကောင်းမွန်တဲ့အစားအသောက်နဲ့ အာဟာရ ပြည့်ဝဖို့လိုအပ်ပါတယ်။ ဒီတော့ စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ် တွေက ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ကိုယ်ခံအားဆိုတာက နားလည်လွယ်အောင် ပြောပြရရင်  ခန္ဓာကိုယ်အတွက်ခံတပ်တစ်ခုပါ။ ကိုယ်တွင်းကို ရောဂါတွေမဝင်ရောက်လာစေဖို့ ကာကွယ်ပေးပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ကျန်းမာနေစေဖို့ဆိုရင် ကိုယ်ခံအားဆိုတဲ့ ခံတပ်ကြီး ခိုင်မာတောင့်တင်းနေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ် ပိုင်ဆိုင်စေဖို့ အရေးအကြီးဆုံး အချက်တစ်ခုက လုံလောက်ပြည့်ဝတဲ့အာဟာရရရှိဖို့ပါ။ ဒါ့အပြင် သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှု၊ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အရက် နဲ့ ဆေးလိပ်ကင်းစင်မှုတွေ အစရှိသဖြင့်လည်း လိုအပ်ပါမယ်။အဲဒီထဲမှာမှာ အခြေခံအကျဆုံးက လုံလောက်ပြည့်ဝတဲ့အာဟာရ ရရှိဖို့ပါ။အစားစားတိုင်း အာဟာရပြည့်ဝတာ မဟုတ်ပါဘူး။ အာဟာရပြည့်ဝပြီး ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်ဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့အစာအာဟာရထဲမှာ ဒါလေးတွေ ပါဝင်စေဖို့ ဂရုစိုက်သင့်ပါတယ်။စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ် တွေကတော့။ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုပါ။ နေ့စဉ်ကောင်းစွာ လှုပ်ရှားစေနိုင်ဖို့ရောအရိုးနဲ့ ကြွက်သားတွေသန်မာစေဖို့ပါ လိုအပ်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်က တစ်ရှူးတွေကို တည်ဆောက်ရေးနဲ့ ပြုပြင်ရေးကို တာဝန်ယူထားတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့အတွက်လည်း အကောင်းဆုံးအား ဖြည့်ပေးပါသေးတယ်။ ခန္ဓာကိုယ် ရောဂါတွေဝင်မလာအောင် တားဆီးပေးနေတဲ့ antibodies တွေနဲ့ ကိုယ်ခံအားဆဲလ်တွေ ကလည်း ပရိုတင်းအပေါ်မှာ မှီခိုနေရတာပါ။ ပရိုတင်း လုံလောက်ပြည့်ဝစွာ မစားမိတဲ့အခါ ကိုယ်ခံအားက နည်းသွားမှာပါ။ပရိုတင်းတွေကို အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သား၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ နို့ နဲ့ နို့ထွက် ပစ္စည်းတွေ၊ဖြည့်စွက်အာဟာရတွေကနေ ရရှိနိုင်ပါတယ်၊။ဗီတာမင် C က ကိုယ်ခံအားကို ထောက်ကူပေးတယ်ဆိုတာ ပြောပြနေစရာမလိုအောင် သိပြီးဖြစ်မှာပါ။ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် C ပြည့်ဝလုံလောက်စွာ ပါဝင်စေဖို့ ဂရုစိုက်ရပါမယ်။အအေးမိ၊ ဖျားနာကစလို့ ရောဂါတော်တော်များများကို ကာကွယ်ဖို့ ဗီတာမင် C ကအရေးပါပါတယ်။ချဉ်တဲ့အသီးတွေဖြစ်ကြတဲ့ သံပရာသီး၊ လိမ္မော်သီး၊ မာလကာသီး အပြင် ကိုက်လန်၊ ငရုတ်ပွတို့ကနေလည်း ရရှိနိုင်ပါတယ်။ဗီတာမင် E ကလည်း ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိပါတယ်။အရေပြားပြဿနာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်မလာအောင် အထိရောက်ဆုံး တားဆီးပေးပါတယ်။အယ်လ်မွန်စေ့၊ မြေပဲ၊ နေကြာစေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်တို့ကနေ ရရှိနိုင်ပါတယ်။အရောင်အသွေးလှတဲ့အသီးအနှံလေးတွေမှာ ပါတတ်တဲ့ ဗီတာမင် A က ခန္ဓာကိုယ်က ရောဂါတွေကို တိုက်ထုတ်ပေးနိုင်စေဖို့ အကောင်းဆုံး ပံ့ပိုးပေး ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစေပြီး ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါ တယ်။မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သခွားမွှေးတို့ကို စားသုံးပေးလို့ ရပါတယ်။ဗီတာမင် D ကလည်းကိုယ်ခံအားကောင်းချင်သူတိုင်း မေ့ထားလို့ မဖြစ်တဲ့ ဗီတာမင် တစ်ခုပါ။ ဒီ ဗီတာမင်က အစားအစာကဆိုတာထက် နေရောင်ခြည်ကနေ ပိုရနိုင်ပါတယ်။ သဘာဝရဲ့ ဗီတာမင် တစ်မျိုးပေါ့။တူနာငါး၊ ကြက်ဥ အနှစ်တို့ကနေလည်း ရရှိနိုင်ပါတယ်။မနက်ခင်းနေခြည်နုနုလေးကလည်း ဗီတာမင် D အရင်းအမြစ် တစ်ခုပေါ့။ဖောလိတ် (ဖောလစ်အက်ဆစ်) က ကျန်းမာရေးအတွက် အကျိုးများသလို ကိုယ်ခံအားအတွက်လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။အမြင်အာရုံနဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်တွေကနေရရှိနိုင်သလို ဖြည့်စွက်အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။ခန္ဓာကိုယ်က ဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။သွေးအားနည်းရောဂါမဖြစ်စေဖို့ ကာကွယ်ပေးသလို ကိုယ်ခံအားကောင်းနေစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ကြက်သား၊ ကြက်ဆင်သား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့ကနေ ရရှိနိုင်ပါတယ်။ သံဓာတ်ဖြည့်စွက် ထားတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ကိုယ်ခံအားအပေါ်မှာ တော်တော်လေး သက်ရောက်မှုရှိတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ကင်ဆာအပါအဝင် ရောဂါတော်တော်များ များ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နေ့စဉ် စားသုံးပေးနိုင်လေ ကိုယ်ခံအားအတွက်ကောင်းလေလေပါ။ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ဆာဒင်း၊ တူနာငါးတွေမှာ ပါဝင်နေပါတယ်။ကိုယ်ခံအားကို အားဖြည့်ပေးသလိုနာကျင်မှု၊ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ရောဂါတွေကို ကာကွယ်တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ကမာ၊ ဂဏန်း၊ အဆီမပါတဲ့အနီရောင်အသား၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ကုလားပဲတို့ကနေ ရရှိနိုင်ပါတယ်။နေ့ရက်တိုင်းမှာ အခုလို ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝလုံလောက်အောင် စားသုံးပါမှ ကျန်းမာတဲ့ ကိုယ်ခံအားကို ပိုင်ဆိုင်လို့ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်တော့မှာပေါ့။ ဒီလိုမျိုးအစာအုပ်စုအစုံအလင်ပါဝင်အောင် စားပေးလို့ရသလို အစားရွေးတတ်တဲ့သူတွေ အစာအုပ်စုအကုန်စုံအောင် မလုပ်နိုင်တဲ့သူတွေနဲ့ အစားသိပ်မဝင်တဲ့သူတွေအနေနဲ့လည်း အဲဒီအာဟာရတွေအကုန် ပြည့်စုံလုံလောက်အောင် ပါဝင်တဲ့ဖြည့်စွက်အစားအစာနဲ့ ဖျော်ရည်တွေ သောက်သုံးပေးလို့ရပါတယ်။ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်တွေရရှိနေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်လည်း ကောင်းမွန်နေမှာဖြစ်ပြီးရောဂါပိုးတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးနိုင်တာကြောင့်ရောဂါဆိုးတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးနေမှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-to-boost-your-immune-system-with-foods/
Waxing လုပ်ပြီး အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ
မလိုတဲ့အမွေးအမျှင်တွေကို waxing လုပ်ပြီးဖယ်ရှားလိုက်တယ်ဆို ရှင်းတော့ရှင်းသွားပါရဲ့။ အသားအရေကိုထိမှာလား စိုးရိမ်ကြသူတွေရှိတယ်။ ဒီနည်းလုပ်လို့ အသားအရေတွေ ပွန်းပဲ့ပျက်စီးမှာလား၊ အသားမာတွေဖြစ်ကုန်မှာလား၊ မည်းသွားမှာလား စိတ်ပူနေဖို့ မလိုပါဘူး။ ဒီအချက်တွေသာ ဂရုစိုက်ပေးရင်ရပါပြီ။အရေပြားပေါ်ကအမွေးအမျှင်တွေကို နှုတ်တာပဲလေ၊ ခဏတော့ ဖျတ်ခနဲနာတာရှိမှာပေါ့။ အရေးကြီးတာက အဲဒီအရေပြားကို ဂရုစိုက်ထိန်းသိမ်းမှုဆက်လုပ်ပေးဖို့လိုပါတယ်။ ဘာလေးတွေဆောင်ရန်၊ရှောင်ရန်သိထားဖို့လိုလဲ ကြည့်ရအောင်။ချိုင်းကြားအသားအရေနဲ့ ပေါင်ခြံ၊ ဆီးခုံတဝိုက်မှာ waxing လုပ်တာက ဘာမှမဖြစ်လောက်ဘူးလို့ထင်ရပေမယ့် သေချာဂရုမစိုက်ရင် ဂျင်းဘောင်းဘီတို့၊ အင်္ကျီကျပ်ကျပ်တို့နဲ့ဆို အရေပြားပွန်းကုန်နိုင်တယ်။waxing လုပ်ထားကာစမှာ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေရွေးဝတ်ပါ။ကလိုရင်းနဲ့ ဆားငန်ရေတွေ မထိတွေ့ပါစေနဲ့။ waxing လုပ်ထားပြီးရေကူးတာ၊ ကမ်းခြေမှာ ကဲတာတွေ မလုပ်မိဖို့သတိထားပါ။ waxing လုပ်ထားတယ်ဆို အသားအရေက နုနေပြီး ထိခိုက်လွယ်တာကြောင့် အနည်းဆုံး ၁၂ နာရီအတွင်းတော့ ဒီရေတွေကိုရှောင်ပါ။နောက်တစ်ချက်က ရေနွေးနဲ့ချိုးတာလည်းရှောင်ပါ။(မျက်နှာ သို့မဟုတ် ခြေသလုံးတို့လို ဖုံးအုပ်မထားတဲ့နေရာတွေ) waxing လုပ်ပြီးတဲ့အခါ တတ်နိုင်သလောက် နေရောင်ခြည်နဲ့ထိတွေ့မခံပါနဲ့။ ပုံမှန်အသားအရေထက် ပိုထိခိုက်လွယ်ပါတယ်။အသားအရေက ပိုထိခိုက်လွယ်တဲ့အတွက် skin careတွေလိမ်းတဲ့အခါ အမွှေးနံ့၊ ဓာတုပစ္စည်းပြင်းတာတွေ မသုံးပါနဲ့။ ရက်ပိုင်းလောက်အတွင်းတော့ မျက်နှာသစ်ဆေး၊ လိုးရှင်း၊ အစိုဓာတ်ထိန်းပစ္စည်း စတာတွေကို အပျော့စားလေးတွေပဲသုံးပါ။အမွေးအမျှင်တွေရှင်းသွားပြီး ပြောင်ရှင်းရှင်းဖြစ်နေပြီဆိုတာနဲ့ လက်နဲ့သွားကိုင်ကြည့်နေတာမျိုးက ပိုးဝင်ဖို့လွယ်စေပါတယ်။မွေးညင်းပေါက်တွေမှာ ဒါမှမဟုတ် ပေါက်ပြဲမှုတစ်ခုခုရှိခဲ့ရင် လက်မှာကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်သွားနိုင်ခြေပိုလွယ်စေပါလိမ့်မယ်။ တစ်ခုခုလိမ်းတဲ့အခါလည်း လက်ကိုသန့်အောင်ဂရုစိုက်ပါ။ရေချိုးတာနဲ့ ရေချိုးဆပ်ပြာတွေကwaxing လုပ်ထားကာအသားအရေကို ပွန်းစေ၊ခြောက်သွေ့နိုင်စေလို့ရေသေချာချိုးပြီးမှwaxing လုပ်တာကောင်းပါတယ်။waxingပြီးရင် အဝတ်နု သို့မဟုတ် wet tissueလေးနဲ့ အသာလေးသုတ်လိုက်ရင်ရတာပဲ။waxing လုပ်ပြီးနောက်ပိုင်းအသားအရေက ပုံမှန်ထက်တော့ ပိုထိခိုက်လွယ်တဲ့အနေအထားမို့ အသားအရေထိန်းပစ္စည်းတွေနဲ့ဆပ်ပြာပြင်းပြင်းတွေသုံးလိုက်ရင် ပိုဆိုးနိုင်ပါတယ်။ အမွှေးနံ့မပြင်းတဲ့cleanserတွေ၊ moisturizerတွေသုံးပါ။waxing လုပ်ထားတဲ့ ဧရိယာတဝိုက်ကိုနောက် ၂၄ နာရီအတွင်း သန့်ရှင်းအောင်ထားပါ၊ မပူအောင်၊ မပွန်းအောင်ထားပါ။ ဆိုလိုတာက –။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/waxing-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba/
ဘယ်ဘက်လက်တခြမ်း ထုံနေတာ နှလုံးကြောင့်ပဲလား
ဘယ်ဘက်လက်ကထုံလာတယ်ဆိုရင် ငါများလေဖြတ်တော့မှာလား၊ နှလုံးရောဂါများဖြစ်နေပြီလားလို့ စိုးရိမ်ကြပါတယ်။ တကယ်တော့ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်နော်။ အိပ်စက်တဲ့ပုံစံကြောင့်(ဥပမာ -တခြမ်းတည်းစောင်းပြီး ဖိအိပ်မိလို့)လည်းဖြစ်နိုင်သလို နှလုံးရုတ်တရုတ်ရပ်ဆိုင်းမှုအန္တရာယ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေဘာတွေရှိနိုင်မလဲ ဆက်ပြီးကြည့်ရအောင်။ဘယ်ဘက်လက်တခြမ်းမှာ ထုံကျဉ်တဲ့ခံစားချက်က ခဏလောက်ဖြစ်တာဆို ပုံမှန်အားဖြင့်တော့ ဘာပြဿနာမှမရှိတတ်ပါဘူး။ သူ့အလိုလိုသက်သာသွားနိုင်တဲ့ဝေဒနာပါ။ ဒါပေမယ့် သူကမပျောက်ဘဲ ကြာရှည်နေတယ် ဒါမှမဟုတ် ရောဂါအကြောင်းရင်းတစ်ခုခုရှိနေမယ်လို့ သံသယရှိနေရင်တော့ ဆရာဝန်ပြသင့်ပါတယ်။သွေးလွှတ်ကြောနဲ့သွေးပြန်ကြောတွေမှာပြဿနာရှိနေပြီဆိုရင် လက်မောင်းအတွင်း သွေးလည်ပတ်မှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာသွေးတိုး၊ဆီးချို ဒါမှမဟုတ် ကျောက်ကပ်ရောဂါ ရှိနေရင်လည်း သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ခြေပိုများတယ်။ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အောက်ပါလက္ခဏာတွေပါ တွဲပြီးဖြစ်လာနိုင်ပါတယ်-။လက်ထုံကျဉ်ခြင်းက အရိုးကျိုးအက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ နာကျင်ပြီး ရောင်ရမ်းလာမှာသေချာပါတယ်။အင်းဆက်ကိုက်ခံရတဲ့အခါ တချို့မှာ အရေပြားပေါ်ဓါတ်မတည့်ဝေဒနာတွေဖြစ်တယ်၊ တချို့မှာ အနည်းအကျဉ်းပဲဖြစ်တယ်။ တချို့ကျတော့ အကိုက်ခံရတဲ့နေရာတဝိုက်မှာ ထုံကျဉ်တာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဖြစ်လာရင်တော့ ချက်ချင်းကုသမှုခံယူပါ –။လည်ပင်းအရိုးဆစ်ပြားကျွံတဲ့အခါ လက်တစ်ဖက်မှာ ထုံတာ၊ ကျဉ်တာ၊ အားမသန်တာတွေဖြစ်လာတတ်ပါတယ်။ လက်မောင်း၊ လည်ပင်း ဒါမှမဟုတ် ပခုံးမှာ ဖြာထွက်သွားတဲ့ နာကျင်မှုကိုလည်းခံစားရနိုင်ပါတယ်။ဒါကို သက်သာစေဖို့က အနားယူတာ၊ ရေနွေးအိတ်ကပ်တာ၊ အကိုက်အခဲပျောက်ဆေး စတာတွေနဲ့ ကုသလို့ရပါတယ်။ လက္ခဏာတွေ မသက်သာရင်တော့ ဆရာဝန်ပြရပါတယ်။ သင့်တော်တဲ့သောက်ဆေး၊ လိမ်းဆေး၊ လေ့ကျင့်ခန်းတွေနဲ့ မရတဲ့အခါ ခွဲစိတ်ဖို့လည်း လိုရင်လိုလာနိုင်ပါတယ်။လက်မောင်းအာရုံကြောတွေက လည်ပင်းမှာရှိတဲ့ ကျောရိုးမကြီးကနေ လက်ဆီကို ဖြာဆင်းနေတာပါ။ ဒီအာရုံကြောတွေကို ထိခိုက်တဲ့အခါ ဦးနှောက်ကနေ လက်ဆီကိုပေးပို့မှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အာရုံခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ဒီပြဿနာက ပခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်ဖျားတွေကိုလည်း ဝေဒနာဖြစ်စေနိုင်ပါတယ်။အသေးစားလောက်က သူ့အလိုလိုသက်သာသွားတတ်ပေမယ့် ပြင်းထန်ရင်တော့ လေ့ကျင့်ခန်းကုထုံးနဲ့ သီတင်းပတ်အတော်ကြာ၊ လအတော်ကြာ ကုသဖို့လိုအပ်နိုင်ပါတယ်။ တစ်ခါတလေတော့ ခွဲစိတ်ဖို့လိုအပ်နိုင်ပါတယ်။အစွန်အဖျားအာရုံကြောအသုံးပြုတာများလွန်းတဲ့အခါ လက်မောင်း သို့မဟုတ် လက်ဖျံမှာ ထုံကျဉ်တာ၊ နာကျင်တာတွေဖြစ်လာစေနိုင်ပါတယ်။ ဥပမာ –။တချို့တွေအတွက်တော့ လက်တစ်ဖက်ထုံကျဉ်တာက နှလုံးဖောက်တဲ့အန္တရာယ် လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းရင်းကြောင့်သာဆိုရင် ပူးတွဲပါလာတတ်တဲ့ တခြားလက္ခဏာတွေက –။လေဖြတ်တယ်ဆိုတာ ပိတ်ဆို့မှုတစ်ခုခုကြောင့် ဦးနှောက်ကိုသွေးမရောက်လို့ဖြစ်လာတာပါ။ ဦးနှောက်ဆဲလ်တွေက မိနစ်အနည်းငယ်အတွင်းမှာ စတင်သေဆုံးနိုင်ပါတယ်။ လက္ခဏာတွေက ခန္ဓါကိုယ်တခြမ်းကိုထိခိုက်လေ့ရှိပြီး လက်တစ်ဖက်၊ ခြေထောက် ဒါမှမဟုတ် မျက်နှာအောက်တခြမ်းထုံကျဉ်ခြင်းတို့ပါဝင်ပါတယ်။ ပူးတွဲဖြစ်ပေါ်တတ်တဲ့ တခြားလက္ခဏာတွေကတော့ –။လက်မှာထုံကျဉ်တာက အာရုံကြောအားနည်းတဲ့ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ အစွန်အဖျားအာရုံကြောစနစ်ထဲမှာ ထိခိုက်မှုတချို့ရှိနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ တခြားပူးတွဲလက္ခဏာတွေကတော့ –။ဗီတာမင် B 12 ချို့တဲ့နေရင်လည်း အာရုံကြောတွေ အားနည်းလာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် သွေးအားနည်းခြင်းပါ ဖြစ်လာတတ်ပါတယ်။ တခြားလက္ခဏာတွေက –။ခေါင်းတခြမ်းကိုက်ခြင်းကြောင့် ခန္ဓါကိုယ်တခြမ်းမှာ အားနည်းခြင်းကို ယာယီခံစားရနိုင်ပါတယ်။ ဒီလိုကနေ လက်ကို ထုံတာ၊ ကျဉ်တာတွေခံစားရစေနိုင်တယ်၊ ခေါင်းတခြမ်းမှာကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ အလင်းရောင်မခံနိုင်ခြင်းတို့လည်းဖြစ်လာနိုင်ပါတယ်။အပေါ်ကအကြောင်းရင်းတွေမှာ ဆေးရုံ၊ဆေးခန်းအမြန်ပြဖို့ လိုအပ်တဲ့အရေးပေါ်အခြေအနေတွေပါဝင်ပေမယ့် တော်တန်ရုံ ထုံကျဉ်မှုဝေဒနာအတွက် သက်သာစေမယ့်အကြံပြုချက်တချို့ကို ပြောပြလိုက်ပါတယ်။လက်ထုံကျဉ်တာက ကိုယ့်ရဲ့နေ့စဉ်အလုပ်တွေကို ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်ပြဖို့သင့်ပါတယ်။ ဖြစ်စေတဲ့နောက်ခံအကြောင်းရင်းကိုမူတည်ပြီး ကုသမှုနည်းလမ်းက ကွာခြားသွားနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/%e1%80%98%e1%80%9a%e1%80%ba%e1%80%98%e1%80%80%e1%80%ba%e1%80%9c%e1%80%80%e1%80%ba%e1%80%90%e1%80%81%e1%80%bc%e1%80%99%e1%80%ba%e1%80%b8-%e1%80%91%e1%80%af%e1%80%b6%e1%80%94%e1%80%b1%e1%80%90/
တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့
တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ ဆိုရင်။ရေချိုး ပျင်းတယ် ဆိုရင်တောင် တစ်နေ့ကို တစ်ခေါက်လောက်တော့ ရေချိုးဖို့ ပြောပါရစေ။ ဒါမှ ခန္ဓာကိုယ်ပေါ်က ချွေးတွေနဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းနိုင်မှာပါ။ ချွေးက သူ့အတိုင်းဆို အနံ့ မရှိပေမယ့်အရေပြားပေါ်က ဘက်တီးရီးယားတွေ နဲ့ ပေါင်းမိသွားတဲ့အခါ အနံ့ဆိုးတွေ ဖြစ်လာရပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်တော့ ရေပုံမှန် ချိုးပေးပါ။ရေချိုးတဲ့အခါ ခန္ဓာကိုယ်ပေါ်က မျက်စိနဲ့ မမြင်နိုင်တဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ဖို့အတွက် Antibacterial ဆပ်ပြာကို သုံးပြီး ရေချိုးပေးပါ။ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ပေါ်က ရေတွေကို တဘက် အသုံးပြုပြီး သေချာ ခြောက်အောင် သုတ်ပါ။ ချွေးထွက်နိုင်တဲ့ နေရာတွေကို သေချာလေး ဂရုစိုက်လို့ ရေမကျန်နေအောင် သုတ်ပေးဖို့ မမေ့ပါနဲ့။အဝတ်တွေကို လျှော်တဲ့အခါမှာ ဖြစ်ဖြစ်၊ သိမ်းဆည်းတဲ့အခါမှာ ဖြစ်ဖြစ် သေသေချာချာ သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ဂရုစိုက်ပါ။ ပြောင်စင်အောင် လျှော်ဖို့လည်း သတိရပါ။ ဒါမှ ခန္ဓာကိုယ်မှာ အနံ့ဆိုး ကင်းမှာပါ။ အဝတ်အစား သန့်ရှင်းမှု အားနည်းတဲ့အခါမှာလည်း ခန္ဓာကိုယ်က အနံ့ဆိုး ထွက်တတ်ပါတယ်နော်။ ချွေးအရမ်း ထွက်တဲ့အခါ အင်္ကျီလဲပေးပါ။ကိုယ်နံ့ကို ပြင်းစေနိုင်တဲ့ အစားအစာတွေ ဖြစ်ကြတဲ့ ကြက်သွန်နီ၊ ငရုတ်သီး၊ အစပ်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ ဆေးလိပ်နဲ့ အရက်ကိုလည်း ရှောင်ပေးပါ။ကဖင်းကိုလည်း လျှော့ပါနော်။ချိုင်းမွေးတွေ ရှိနေတာကလည်း ခန္ဓာကိုယ် အနံ့ကို ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ် တစ်ကြိမ်လောက်တော့ ချိုင်းမွေးတွေကို ရိတ်ပစ်ပေးပါ။ ချိုင်းချွေး ထွက်နည်းစေပြီး အနံ့ဆိုး ကင်းစေမှာပါ။နိုင်လွန် ပါနေတဲ့ အထည်တွေနဲ့ အဝတ်အစား ကျပ်ကျပ်တွေ ဝတ်ဆင်မှုကလည်း ချွေးထွက် များစေပြီး ကိုယ်နံ့ ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး အနံ့အသက် ကင်းကင်းနဲ့ လန်းဆန်းတက်ကြွနေချင်တယ် ဆိုရင်တော့ ချည်သား ပွပွချောင်ချောင်လေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်။ဒီနည်းလေးတွေက တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျကျလှချင်တဲ့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် အထောက်အပံ့ ဖြစ်စေနိုင်မယ် ထင်ပါတယ်နော်။ နေ့ရက်တိုင်းကို အနံအသက် ကင်းကင်းနဲ့ ဖြတ်သန်းလိုက်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/how-to-stay-fresh-all-day/
မပေါ့ဆသင့်တဲ့ဦးနှောက်တွင်းသွေးယိုခြင်း Inter cerebral hemorrahge ။ ။
ထိခိုက်ဒဏ်ရာ တစ်ခုခုရသွားလို့ ခေါင်းထိမိတာ၊ ဆိုင်ကယ်မှောက်တဲ့အချိန် ခေါင်းထိမိသွားတာ၊ စတဲ့ ခေါင်းထိမိသွားတဲ့ ပြဿနာတွေဟာ လုံးဝကို ပေ့ါဆလို့မရတဲ့ အရာတစ်ခုပါ။ အခြားနေရာတွေ ထိခိုက်မိသွားလို့ သွေးထွက်ရင် စိုးရိမ်တကြီး ကြောက်လန့်တကြားဖြစ်နေတတ်ပေမယ့် မမြင်ရတဲ့ခေါင်းထဲသွေးယိုတဲ့ပြဿနာကို လူတွေက အမှုမဲ့ အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ခေါင်းထဲ သွေးထွက်နေတာ မမြင်ရတာကတစ်ကြောင်း၊ ခေါင်းမူးပေမယ့် ထိခိုက်ဒဏ်ရာဖြစ်ထားတော့ခေါင်းမူးတာလောက်သာထင်မိတာကတစ်ကြောင်းနဲ့ ဦးနှောက်တွင်းသွေးယိုတဲ့ ပြဿနာကို လွတ်သွားတတ်ကြပါတယ်။ အဲဒီမှာ စတွေ့တာပါပဲ။ ဦးနှောက်တွင်းယိုနေတဲ့သွေးတွေကို အချိန်မှီမသိ ကုသမှု မလုပ်လိုက်ဘူဆိုရင်သွေးတွေက ဦးနှောက်ဆဲလ်လေးတွေကို သွားပိပြီး နောက်ဆုံး ဦးနှောက်တွင်းဖိအားတက်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန် သွားတတ်ပါတယ်။လူမရွေး အသက်အရွယ်မရွေး အကုန်ဖြစ်နိုင်ပြီး။နှစ်မျိုးခွဲထားလို့ရပါတယ်။ ချက်ချင်းကုသမှုနဲ့ နောက်ပိုင်း ရေရှည်ကုသမှုတို့ပဲ ဖြစ်ပါတယ်။ဒီလိုဦးနှောက်တွင်းသွေးယိုတဲ့ ပြဿနာဟာ ချက်ချင်းကုသမှု မခံယူရင် နောက်ပိုင် းအသက်ဆုံးရှုံးသွားနိုင်တာကြောင့် ဦးခေါင်းနဲ့ပက်သက်တဲ့ထိခိုက်မှု တစ်ခုခုရခဲ့ရင် လုံးဝကို ပေါ့ဆလို့ မရဘူးနော် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။.။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/inter-cerebral-hemorrahge/
မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ယူခြင်း
တစ်နေ့က ပဲfacebookမှာ video အတိုကလေး တစ်ခု ကြည့်လိုက်ရပါတယ်။ နိုင်ငံခြား မူကြိုကျောင်းကပွဲတစ်ခုက ကလေးတွေ ထင်ပါရဲ့။ နောက်ခံ ကဗျာသီချင်းလေးနဲ့ ကနေကြတာ။ အဲ့ကလေးတွေထဲမှာ သတိထားမိတာက သူများထက် ထူးပြီး သေချာစိတ်ပါလက်ပါ လိုက်ကနေတဲ့ ကလေးမလေးပါ။ သူ့ကို ကြည့်ရတာကိုက တကယ့်ဖျော်ဖြေရေးသမား အသေးစားလေးလိုပဲ။ သူနဲ့ ဘေးကပ်လျက်က ကလေးမလေးကတော့ မျက်နှာကိုလက်နဲ့အုပ် ခေါင်းလေးငုံပြီး ဖျော်ဖြေပွဲတောက်လျှောက် မလှုပ်မယှက်ရပ်နေခဲ့ပါတယ်။ အလွယ်ပြောရင် စင်ကြောက်တဲ့ရောဂါ (stage fright) ရသွားတာပါ။မွေးရာပါ ဗီဇကိုက စင်မကြောက်တတ်တဲ့ သူတွေအနေနဲ့ သည်ခံစားချက်ကို နားလည်နိုင်မှာမဟုတ်ပေမဲ့ စင်မကြောက်အောင် စိတ်ကို လေ့ကျင့်ယူထားရတဲ့ စာရေးသူအဖို့ကတော့ သည်ကလေးမလေးကို တော်တော်သနားပါတယ်။ ကမ္ဘာပျက်နေမှာပါပဲ။ကလေး ဘဝ သည်လိုဖြစ်တာ ဘယ်သူမှ အပြစ်ရယ်လို့ မြင်မှာမဟုတ်ကြပေမယ့် လူကြီးဖြစ်လာလို့ တကယ်လုပ်ငန်းခွင်ဝင်ရတဲ့ အခါ၊ လူကြီးတွေနဲ့ ဆွေးနွေးပွဲတွေ၊ တင်ဆက်မှုတွေ လုပ်ရတဲ့ အခါ၊ စီးပွါးရေးအရ လူအများနဲ့ ဆက်ဆံရတဲ့ အခါ ဘယ်လို့လုပ်ကြမလဲ။ သည်လိုပဲ စင်ကြောက်နေဦးမှာလား??။စင်ကြောက်တယ်၊ လူတောမတိုးဘူးဆိုတာက မိမိကိုယ်ကိုယုံကြည်မှုမရှိရာကနေစပါတယ်။ ကိုယ်ဟာ သူများ အမြင်မှာ ကောင်းနေမယ်လို့ မယုံတဲ့ သံသယ ကနေပြီး ကိုယ့်ကို ဂုတ်ကနေ ဆွဲနှိမ်လိုက်တာပါပဲ။ ကြားဖူးကြမှာပါ။ တခြားသူတွေ ကိုယ့်ကို ယုံကြည်လက်ခံ လာဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ စရသတဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင်ရော ဘယ်လိုတည်ဆောက်ယူမလဲ။စာရေးသူကတော့ အပိုင်းနှစ်ပိုင်းခွဲပြီးပြောပြပေးချင်တယ်။ စိတ်နေသဘောထား နဲ့ကိုယ်နေဟန်ထားကို လေ့ကျင့်ပြုပြင်ယူပြီး တည်ဆောက်ယူရပါတယ်။စိတ်က ကိုယ်ဟန်အနေအထားအပေါ် လွှမ်းမိုးမှုရှိသလိုပဲ ကိုယ်ဟန်အနေအထားကလည်း စိတ်အပေါ် လွှမ်းမိုးမှုရှိပါတယ်။ရှိသင့်ရှိထိုက်တဲ့ ကိုယ်နေဟန်ထားဆိုတာဟာ ရုပ်ချောတာ မချောတာနဲ့ မဆိုင်ပါဘူး။ စိတ်ရဲ့ ကြည်လင်ခိုင်မာတဲ့သတ္တိ က ကိုယ်နေဟန်ထားမှာ လာလင်းနေတာမျိုးပါ။စာရေးသူကတော့ အာနာပါန လုပ်ငန်းစဉ် ကို ပထမဦးဆုံးတင်ပြီး ပြောချင်ပါတယ်။ လူမျိုးမရွေးဘာသာမရွေးလုပ်လို့ရတဲ့ ကိစ္စမို့လို့ပါ။ လိုရင်းကတော့ စိတ်ရဲ့ စူးစိုက်နိုင်မှု သမာဓိကို လေ့ကျင့်ယူတာပါပဲ။ သည်သမာဓိကို ဘာလို့ ထိပ်ဆုံးကပြောရလဲဆိုတော့ သူက မှန်ဘီလူးနဲ့တူလို့ပါ။ မှန်ဘီလူးရဲ့ သဘောတရားက ချိန်လိုက်တဲ့ အရာဝတ္ထုကို ချဲ့ပေးတာပါပဲ။ သမာဓိဟာလည်း သည်လိုပါပဲ။ သူစူးစိုက်ရာအလုပ်ကို ရှင်းရှင်းလင်းလင်း အဆီးအတား မရှိပြပေးနိုင်ပါတယ်။ သမာဓိမရှိရင် ခေါင်းတွေသာကိုက်လာမယ်အာရုံစိုက်လို့ရမှာ မဟုတ်ပါဘူး။နောက်တစ်ခုက လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ စင်ပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာဘူးဆိုရင် လူက ပျာသွားပြီး ခေါင်းထဲမှာ ဘာမှမရှိတော့ဘဲ အမှောင်ကျသွားတတ်ပါတယ်။ အဲ့ဒီလို မဖြစ်ဖို့က သတိရှိဖို့ လေ့ကျင့်ယူရပါတယ်။ အဲ့လိုအချိန် ကိုယ်ဘာဖြစ်လို့ ဖြစ်မှန်း သိနိုင်တဲ့လူရှားပါတယ်။ တချို့ဆို စင်ပေါ်မှာ စကားပြောနေရင်း ရုတ်တရက် ကြောင်ပြီး အကြာကြီးရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒါ သတိမရှိလို့ဖြစ်တာပါ။ တစ်ခုခု မေ့သွားတာမျိုး၊စိတ်လှုပ်ရှားတာမျိုးက သဘာဝပါ။ အဲ့ဒါလေးကို သဘာဝပဲ ဘာမှ ထူးထူးထွေထွေ မဟုတ်ဘူးလို့ စိတ်ထဲနှလုံးသွင်းလိုက်ရင်ရပါပြီ။ စိတ်အေးသွားတာနဲ့ တစ်ပြိုင်နက် ပေါ့ပါးတဲ့စိတ်ကြောင့် ဘာလုပ်ရမယ်ဆိုတဲ့ ဉာဏ် ထွက်လာပါလိမ့်မယ်။ပြောလက်စ အကြောင်းအရာကို မှတ်မိသွားတာပဲ ဖြစ်ဖြစ်၊ အကြောင်းအရာ အသစ်ကို ပြောင်းပြောတာပဲဖြစ်ဖြစ် လုပ်နိုင်သွားပါလိမ့်မယ်။ အဲ့လိုမှ မရဘူးဆိုရင် အမှန်တရား ကို ဖွင့်ချလိုက်ပါ။ “sorry ..ကျွန်တော်/ ကျွန်မတော့ ပြောရင်းနဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူးပေါ့” ပရိတ်သတ် နဲ့ ပိုတောင် ရင်းနှီးသွားနိုင်ပါတယ်။ လုပ်ငန်းခွင်ဆိုရင်လည်း တောင်းပန်ပြီး စဥ်းစားချိန် နည်းနည်း တောင်းလိုက်ပါ။ သမာဓိကို ပြန်လည်တည်ဆောက်ယူပါ။ (ထိပ်ဆုံးမှာ ဒါကို လေ့ကျင့်ခိုင်းတာလည်း ဒါကြောင့်ပါပဲ။) လူမှုဆက်ဆံရေး မှာဒေါသဖြစ်စရာ အလိုမကျစရာ ပါလာတာ၊စိတ်ရှုပ်စရာပြဿနာ ပါလာတာမျိုးဆိုလည်း သည်နည်းအတိုင်းသွားရမှာပါပဲ။ သတိကပ်လိုက်ပြီး စိတ်အေးသွားအောင် အချိန်ယူပြီး သမာဓိပြန်မွေးယူရမှာပါပဲ။နောက်တစ်ခုက ဝီရိယစိုက်ဖို့ပါ။ အလုပ်ကိစ္စ စကားပြောစရာ တွေ့ဆုံစရာအတွက် ကြိုတင်ပြင်ဆင်သွားပါ။ တင်ဆက်မှု လုပ်ရမယ်ဆိုရင်လည်း သည်လိုပါပဲ။ ကြိုတင် ပြင်ဆင်လေ့ကျင့်ထားတာ ငါ အကောင်းဆုံးမဟုတ်ရင်တော့ အတတ်နိုင်ဆုံး လုပ်သင့်သလောက် လုပ်ထားတယ် ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးပါတယ်။ သည်စိတ်လုံခြုံမှုဟာ တကယ့် အခြေအနေကျရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် ပါဝါတင်ပေးနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့စိတ်အားထက်သန်မှုပါ။ ကိုယ်ဟာ သည်ဟာကို ဘယ်လောက်အောင်မြင်ချင် င်သလဲဆိုတဲ့ လောဘဦးစီးတဲ့ စိတ်အားထက်သန်မှုမျိုးမဟုတ်ဘဲ ကိုယ်သည်ဟာကို ဘယ်လိုအောင်မြင်အောင် မှန်မှန်ကန်ကန်လုပ်မလဲဆို ဆန္ဒ ဦးစီးတဲ့ စိတ်အားထက်သန်မှုမျိုး ရှိနေပါစေ။ လောဘပါတဲ့ စိတ်အားထက်သန်မှုက အပျက်ဘက်ကို ဦးတည်တာများပါတယ်။ လောဘကြောင့် မလုပ်သင့်တာလုပ်မိပြီး စာရိတ္တကျိုးပေါက်မှုဖြစ်လာတဲ့အခါ ကိုယ့်လိပ်ပြာကိုယ်ရှက်ပြီး ယုံကြည်မှုပျောက်ဆုံးတတ်ပါတယ်။သည်မှာ စာရေးသူပြောချင်တဲ့ ကိုယ်နေဟန်ထားက ခါး မတ်မတ်နေဖို့၊ ခေါင်းမော့ထားဖို့ ၊ လမ်းကို ဘယ်လို လျောက်ဖို့ စတဲ့ အပေါ်ယံအမူအကျင့်တွေအကြောင်း ဦးစားပေးမပြောချင်သေးပါဘူး။ ဒါတွေ အရေးမကြီးဘူးလားဆိုတော့ ကြီးပါတယ်။ တမင် အတင်းလုပ်ယူလို့ စိတ်ကျဉ်းကြပ်လာပြီဆိုတာနဲ့  ကိုယ့်ရဲ့ ကိုယ်နေဟန်ထားပါ တောင့်တောင့်ကြီးဖြစ်လာပြီး တကယ်အဆင်မပြေဖြစ်ကုန်မှာ။စာရေးသူ ဂရုစိုက်စေချင်တဲ့ ကိုယ်နေဟန်ထားနဲ့ ပတ်သတ်တဲ့ အချက်က နှစ်ချက်ပဲ ရှိပါတယ်။ မျက်နှာထားနဲ့ ကာလံဒေသံ ယဉ်ကျေးမှုပါ။ စိတ်ကို ထင်ဟပ်အပြဆုံးက မျက်နှာ မိုလို့ပါ။ မျက်နှာထား လို့ဆိုတဲ့နေရာ မှာ မျက်လုံး အကြည့်နဲ့ အပြုံးအရယ် ကိုပါ ဆိုလိုပါတယ်။  ပြုံးမနေရင်တောင် မျက်လုံးအကြည့်ကတည်ငြိမ်ပြီး  မျက်နှာထားကြည်လင်ပြေလျော့နေတာမျိုးက တစ်ဖက်လူ အနေနဲ့ ရင်းနှီးဖို့ လွယ်မှာဖြစ်သလို လေးစားမှုအဟန့်တစ်ခုပါ ရှိနေပါလိမ့်မယ်။ နောက်တစ်ခုက ကာလဒေသရဲ့ ယဉ်ကျေးမှုကို သတိပြုဖို့ပါ။ ဘယ်နေရာဆို ဘယ်လိုမဝတ်သင့်ဘူးလဲ၊ ဘယ်သူဆိုရင်တော့ ဘယ်လို မသုံးနှုန်းသင့်ဘူးလဲ စတဲ့ လူမှုရေးထုံးတမ်း (social etiquette) တွေဟာ အချိန်အခါနဲ့ နေရာ အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။အဲ့ဒါလေးကို မလွတ်သွားဘူးဆိုရပါပြီး။ အချုပ်အနေနဲ့ကတော့ ကိုယ့်ရဲ့ ကိုယ်နေဟန်ဟာ ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့ အရင်ဖြစ်ပြီး ပြီးမှ သူများအမြင်နဲ့ လိုက်ချိန်ညှိကြည့်ပါ။ ခါးတအားမတ်နေအောင်၊ ခေါင်းငုံ့မနေအောင်၊ လမ်းလျှောက်တဲ့ပုံစံ smart ကျအောင်က အတင်းကြီး ပြင်ယူထားလည်း အပေါ်က စိတ်နေစိတ်ထားနဲ့ ကိုယ်နေဟန်ထား အတွက် အဓိကကျတဲ့ အချက်တွေ ရှိမနေရင် အလကားပါပဲ။ အပေါ်ကအချက်တွေ ပြည့်စုံနေတဲ့လူ အတွက်တော့ သည်အပေါ်ယံ အမူအရာတွေက လေ့ကျင့်စရာမလို ကျွဲကူးရေပါ အလိုလို ဖြစ်ပါလာလိမ့်မယ်။မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ယူခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ရရှိနိုင်ကြပါစေ။ရေးသားသူ – နှင်းနုအေး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%9a%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%99%e1%80%be%e1%80%af/
Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း)
ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်းသည် အသည်းတွင် ရောင်ရမ်းမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဟု လူသိများသော်လည်း။တခြားသောအကြောင်းရင်းများစွာ ရှိပါသည်။ ထိုအထဲတွင် ကိုယ်ခံအားမှပြန်တိုက်သောအသည်းရောင်ခြင်းနှင့် ဆေးများ၊ အဆိပ်များနှင့် အရက်တို့ကြောင့်ဖြစ်သော တစ်ဆင့်ခံအသည်းရောင်ခြင်းတို့ ပါဝင်သည်။ကိုယ်ခံအားမှပြန်တိုက်သောအသည်းရောင်ခြင်းသည် သင့်ခန္ဓါကိုယ်မှ အသည်းအားတိုက်ရန် ပဋ္ဋိပစ္စည်းများထုတ်ခြင်းဖြစ်သည်။ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ လျင်လျင်မြန်မြန်ပင် ပေါ်လာတတ်၏။ ၎င်းတို့မှာ –။မောပန်းလွယ်ခြင်း။ပျို့ခြင်း။အစာမစားချင်ခြင်း။ဗိုက်မအီမသာဖြစ်ခြင်း (အသည်းအောင့်ခြင်း)။ဆီးရောင်မည်းခြင်းနှင့် အသားဝါခြင်း။တုပ်ကွေးနှင့်တူသောလက္ခဏာများ။ဝမ်းရောင်ဖျော့ခြင်း။အကြောင်းပြချက်မရှိပဲ ကိုယ်အလေးချိန်ကျခြင်း။ငွေ့ငွေ့နှင့်ခဏတာလောက် ဖျားနိုင်ပြီး ရောဂါစဖြစ်စတွင် ဘာမှန်းမသိသည့် အကွက်များထလာနိုင်သည်။ ယားယံခြင်းကိုမူ ကနဦးတွင်ခံစားရလေ့မရှိပါ။ သို့ အသားဝါမှုကြာလာသည်နှင့် ပေါ်လာတတ်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဤရောဂါဖြစ်စေသည့် အဓိကအကြောင်းရင်း နှစ်ရပ်ရှိသည်ဟု စဉ်းစားနိုင်သည်။ ဗိုင်းရပ်စ်ကြောင့်နှင့် ဗိုင်းရပ်စ်ကြောင့်မဟုတ်သော အသည်းရောင်ခြင်း။အရက်။အရက်သည် အသည်းကိုဖောင်းပြီး ရောင်လာစေနိုင်သည်။ တခြားသောအဆိပ်များတွင် ဆေးပမာဏလွန်ခြင်း သို့မဟုတ် အဆိပ်နှင့်ထိတွေမိခြင်းတို့ပါသည်။ကိုယ်ခံအားမှပြန်တိုက်သောရောဂါ။ကိုယ်ခံအားစနစ်သည် အသည်းအား အန္တရာယ်ရှိပစ္စည်းအဖြစ် မှတ်ယူသွားပြီး စတိုက်ခိုက်နိုင်သည်။ ထို့ကြောင့် အသည်းလုပ်ငန်းစဉ်များ နှောင့်နှေးသွားနိုင်၏။အသည်းရောင်ခြင်းကိုဖြစ်စေသည့် ဗိုင်းရပ်စ်အမျိုးအစားနှင့် ရောဂါပြင်းထန်ခြင်း ရောဂါရှည်ကြာခြင်းတို့ စပ်ဆိုင်သည်။ အဓိက ငါးမျိုးရှိ၏။ဗိုင်းရပ်စ်ပါသောအစားအသောက်များ စားသောက်မိ၍ ဖြစ်ရခြင်းဖြစ်သည်။ သူ့အလိုလို ပျောက်ကင်းနိုင်သောကြောင့် အန္တရာယ်အနည်းဆုံးအမျိုးအစား ဖြစ်သည်။ အသည်းနာတာရှည်ရောင်ရမ်းခြင်းအား မဖြစ်စေပါ။ဤအမျိုးအစားသည် နည်းအမျိုးမျိုးနှင့် ပျံ့နိုင်၏။ ရောဂါရှိသည့်သူနှင့် လိင်ဆက်ဆံမိလျှင် သို့မဟုတ် အပ်ပုန်းဆရာမှ ဆေးထိုးအပ်တစ်ချောင်းတည်းကို မျှဝေသုံးလျှင် ကူးနိုင်သည်။ဗိုင်းရပ်စ်သည် အမေမှ မွေးကင်းစသို့ မီးဖွားစဉ် သို့မဟုတ် မီးဖွားပြီးနောက် ကူးစက်နိုင်သည်။ အရွယ်ရောက်သူများတွင် ဘီပိုးကူစက်ပြီး ကျန်းမာရေးပြန်ကောင်လာသော်လည်း အနည်းငယ်သောရာခိုင်နှုန်းတွင် ရောဂါအရှင်းမပျောက်ပဲ ပိုသယ်ဆောင်သူ ဖြစ်လာနိုင်သည်။ဆိုလိုသည်မှာ သူတို့သည် လက္ခဏာများ မရှိတော့လျှင်တောင်မှ တခြားသူများဆီသို့ ကူးစက်စေနိုင်ပါသည်။ပိုးရှိသည့်သွေးများ သို့မဟုတ် ဆေးစွဲသူများ အပ်မျှသုံးခြင်း သို့မဟုတ် တက်တူးထိုးခြင်းတို့မှ ကူးစက်နိုင်သည်။အသည်းရောင်ဘီပိုးကူးစက်ခံရာပြီးမှသာ ကူးစက်နိုင်သည်။ ရောဂါအခြေအနေကို ပိုပြီးပြင်းထန်သွားစေနိုင်ပါသည်။အဓိကအားဖြင့် အာရှ၊ မက္ကစီကို၊ အိန္ဒိယနှင့် အာဖရိကတို့တွင် ပျံ့နှံ့ပါသည်။ အနည်းငယ်သော ဖြစ်ရပ်များလဲ U.S တွင် တွေ့ရ၏။ များသောဖြစ် ရောဂါအဖြစ်များသောတိုင်းပြည်များမှ ပြန်လာသူများတွင်သာ ဖြစ်ခြင်းဖြစ်သည်။သွေးသို့မဟုတ် ခန္ဓါကိုယ်မှအရည်များနှင့် ထိမိခြင်း (ဥပမာ အကြောဆေးသုံးခြင်း၊ အန္တရာယ်များသော လိင်ဆက်ဆံခြင်း၊ တက်တူးထိုးခြင်း၊ ခန္ဓါကိုယ်အားဖောက်ခြင်း၊ သွေးသွင်းခြင်း၊ တစ်ချို့သောအလုပ်အကိုင်)။သွေးသွင်းခြင်းကြောင့် ကူးစက်ခံရခြင်းသည် သတိနှင့် စစ်ဆေးတားဆီးခြင်းကြောင့် ယခုအခါရှားသွားပါပြီ။ကူးစက်ခံရသူနှင့် ထိတွေ့မိခြင်း။တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်းနှင့် ပါတ်ဝန်းကျင် မသန့်ခြင်း။နဂိုအသည်းရောဂါအခံရှိခြင်း။ နဂိုအသည်းအခံရှိသော လူနာများ (ဥပမာ – ကိုယ်ခံအားမှပြန်တိုက်သော အသည်းရောင်ခြင်း၊ hemochromatosis, Wilson’s ရောဂါနှင့် Alpha -1 antitrypsin deficiency) တွင် လက္ခဏာပြသော အသည်းရောင်ခြင်း ဖြစ်လာဖို့ အန္တရာယ်ပိုများ၏။အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ HIV ပိုးကူးစက်ခံရခြင်းနှင့် အသည်းအဆီဖုံးခြင်းတို့သည် အသည်းရောင်ဖို့အတွက် အန္တရာယ်ရှိသည့်အချက်များ ဖြစ်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အခြေအနေအား ရောဂါအမည်တပ်နိုင်ရန် ဆရာဝန်မှ အောက်ပါတို့ကိုပြုလုပ်ပါလိမ့်မည်။စမ်းသပ်ခြင်း။စမ်းသပ်နေစဉ် ဆရာဝန်သည် ဗိုက်ကိုအသာအယာဖိကာ နာကျင်မှုရှိမရှိစမ်းပါလိမ့်မည်။ အသည်းကြီးမကြီး သိနိုင်ရန်လဲ စမ်းပါမည်။ အရေပြားနှင့် မျက်လုံးများ ဝါနေလျှင် စမ်းသပ်နေစဉ် တွေ့နိုင်ပါသည်။အသည်းစယူခြင်း။အသည်းစယူခြင်းအား ဖောက်ထွင်းယူရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး အသည်းမှတစ်ရှူးနမူနာအား ဆရာဝန်မှယူမည်ဖြစ်သည်။ ၎င်းအတွက် ဗိုက်ခွဲရန်မလိုပါ။ ပြောရလျှင် အရေပြားကို အပ်နှင့်ဖောက်ရုံသာဖြစ်ပြီး ခွဲစိတ်ရန်မလိုပါ။ ဒီစစ်ဆေးမှုသည် ပိုးကူးစက်သလား ရောင်နေဆဲလား အသည်းပျက်စီးပြီးလား စသည်တို့ကို ဆရာဝန်အား ဆုံးဖြတ်နိုင်ရန်ကူညီပါသည်။အသည်းလုပ်ငန်းစဉ်စစ်ဆေးခြင်း။အသည်းလုပ်ငန်းစဉ်စစ်ဆေးရန်အတွက် သွေးနမူနာကိုသုံးပြီး အသည်းကောင်းကောင်း အလုပ်လုပ်မလုပ် ဆုံးဖြတ်နိုင်သည်။ ဒီစစ်ဆေးမှုသည် အသည်းမှသွေးထဲမှစွန့်ပစ်ပစ္စည်းများ၊ ပရိုတင်းများနှင့် အင်းဇိုင်းများကို သန့်အောင်လုပ်မလုပ် ကြည့်ရသည်ဖြစ်သည်။ အသည်းအင်ဇိုင်းများ မြင့်တက်ခြင်းသည် အသည်းတွင် ဖိစီးမှုများခြင်း သို့မဟုတ် ပျက်စီးနေခြင်းကို ညွှန်ပြခြင်းဖြစ်သည်။တီဗီဓါတ်မှန်။ဝမ်းဗိုက်တီဗီဓါတ်မှန်သည် အသံလွန်လှိုင်းများကိုသုံးပြီး ဗိုက်အတွင်းမှ အင်္ဂါများ၏ ပုံရိပ်ကိုဖော်ကြည့်ခြင်းဖြစ်သည်။ ဒီစစ်ဆေးမှုတွင် ဗိုက်အတွင်းမှအရည်များ၊ အသည်းကြီးခြင်း သို့ ပျက်စီးခြင်းတို့ကို ဖော်ပြပေးနိုင်သည်။သွေးစစ်ဆေးခြင်း။သွေးစစ်ခြင်းများတွင် အသည်းရောင်ဗိုင်းရပ်အတွက် ပဋ္ဋိပစ္စည်းများ ပဋိဇာတ်များရှိမရှိ ညွှန်ပြနိုင်သလို ဗိုင်းရပ်စ်ကြောင့် အသည်းရောင်ခြင်းဖြစ်ကြောင်း သက်သေပြနိုင်ပါသည်။ဗိုင်းရပ်စ်အတွက်ပဋိပစ္စည်းရှိမရှိစစ်ဆေးခြင်း။ဗိုင်းရပ်စ်အတွက် ပဋိပစ္စည်းရှိမရှိ ထပ်မံစစ်ဆေးခြင်းအား အသည်းရောင်ပို တိတိကျကျ သိနိုင်ရန်အတွက် စစ်ဆေးဖို့လိုအပ်နိုင်သည်။သင့်၌ဖြစ်နေသော အသည်းရောင်အမျိုးအစားပေါ်လိုက်၍ ဆရာဝန်မှ ကုသရန်ဆုံးဖြတ်မည်ဖြစ်သည်။အသည်းရောင်အေ။အသည်းရောင်အေအား များသောအားဖြင့် ကုသရန်မလိုပါ။ လက္ခဏာများ ပြင်းထန်ပါမှ အိပ်ယာတွင် အနားယူဖို့ အကြံပြုထား၏။အသည်းရောင်ဘီ။၎င်းအားကုသရန် ဈေးကြီး၏။ အဘယ့်ကြောင့်ဆိုသော ကုသမှု လများစွာမှ နှစ်ချီအေင်ကြာတတ်သည်။ အသည်းရောင်ဘီအတွက်ကုသခြင်းတွင် ဆေးပညာဆိုင်ရာ သုံးသပ်ခြင်း ဗိုင်းရပ်စ်များ ပိုဆိုးလာမလာ မှန်မှန်စစ်ဆေးရန်လိုအပ်သည်။အသည်းရောင်စီ။အသည်းရောင်စီပိုးကြောင့်ဖြစ်သော ရုတ်တရတ်ပြင်းထန်အသည်းရောင်ခြင်းတွင် ဗိုင်းရပ်စ်သတ်ဆေးများကို အသုံးပြုကြသည်။ အသည်းရောင်စီရှိသောလူများတွင် စံပြအားဖြင့် ဗိုင်းရပ်စ်သတ်ဆေးများကို ပေါင်းစပ်အသုံးပြုရပါသည်။အကောင်းဆုံး ကုသမှုပုံစံရစေရန်အတွက် နောက်ထပ်စစ်ဆေးမှုများစွာ လိုကောင်းလိုနိုင်ပါသည်။အသည်းရောင်ဒီ။အသည်းရောင်ဒီအတွက် အဲလ်ဖာအင်တာဖာရွန်ဟုခေါ်သည့် ဆေးနှင့် ကုသနိုင်သည်။အသည်းရောင်အီး။အသည်းရောင်အီးအတွက် တိကျသည့်ဆေးကုသမှုပုံစံ မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ကူးစက်မှုသည် ခဏတာသာဖြစ်ပြီး သူ့အလိုလိုပျောက်ပါသည်။ ဤကူးစက်မှုကိုခံရသောလူများအတွက် လုံလုံလောက်လောက်အနားယူရန်၊ အရည်များများသောက်ရန်၊ အာဟာရပြည့်သည်များစားရန်နှင့် အရက်ရှောင်ရန် အကြံပေးလေ့ရှိပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။တစ်ကိုယ်ရေသန့်ရှင်းမှု။တစ်ကိုယ်ရေသန့်ရှင်းအောင်နေခြင်းသည် အသည်းရောင်ခြင်းကို ရှောင်နိုင်မည့် သော့ချက်ပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ခရီးသွားမည်ဆိုပါက အောက်ပါတို့ကို ရှောင်ပါ။ထိုဒေသမှရေစိမ်းကိုသောက်ခြင်း။ရေခဲစားခြင်း။ပင်လယ်စာစားခြင်း။သစ်သီးနှင့်ဟင်းရွက်များ အစိမ်းစားခြင်း။သွေးမှကူးသော အသည်းရောင်ခြင်းအတွက် ောအက်ပါတို့မှတစ်ဆင့် ကာကွယ်နိုင်သည်။ဆေးထိုးအပ်များအား ဝေမျှမသုံးရ။မုတ်ဆိတ်ရိတ်ဓါး မျှမသုံးရ။တခြားသူ၏ သွားတိုက်တံကိုမသုံးရ။ဖိတ်စင်ကျနေသည့် သွေးများကို မထိရ။ကာကွယ်ဆေးများ။ကာကွယ်ဆေးထိုးခြင်းသည် အသည်းရောင်ခြင်းကို ကာကွယ်နိုင်သည့် ဒုတိယသော့ချက်ဖြစ်သည်။ ကာကွယ်ဆေးများအား အသည်းရောင်အေနှင့်ဘီ ကာကွယ်ရန်အတွက် ထိုးနိုင်ပါသည်။ အသည်းရောင် စီ ဒီ အီးတို့အတွက် ကျွမ်းကျင်သူများမှ ဖော်ထုတ်နေဆဲဖြစ်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/acute-hepatitis-%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%9b%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba/
အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓာတ် လိုအပ်တာလဲ
အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓာတ် လိုအပ်တာလဲ ….. အမျိုးသားတွေ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့အရိုးတွေသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ်ကို နေ့စဉ် လုံလောက်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကလေးအရွယ်ကတည်းက အာဟာရပြည့်ဝစုံလင်စွာ စားသုံးပေးမှယောက်ျားလေးတွေအရွယ်ရောက်တဲ့အခါမှာ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေလို့ ဘဝအခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓာတ် လိုအပ်တာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အရိုးတွေ သန်စွမ်းကျန်းမာစေဖို့ကယ်လ်စီယမ်ဓာတ်က အထောက်အကူပေးပါတယ်။ အားကစားလိုက်စားသူတွေ အထူးသဖြင့် သန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အရိုးအဆစ်ကို ပိုင်ဆိုင်လိုတဲ့ အမျိုးသားတွေအတွက် ကယ်လ်စီယမ်ဓာတ်ဟာ အလွန်အရေးကြီးပါတယ်။ကယ်လ်စီယမ်ဓာတ်ဟာနှလုံးကြွက်သားနဲ့ ဦးနှောက်အာရုံကြောတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ ကူညီပေးပါတယ်။ အရိုးကျန်းမာရေးအပြင် ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာလည်း ကယ်လ်စီယမ်ဓာတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။အရိုးကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ ကယ်လ်စီယမ်ဓာတ် နည်းတဲ့သူတွေမှာ အရိုးပါးလာတာ၊ အရိုးမသန်မာတာ၊ အရိုးအဆစ်တွေ ကျိုးလွယ်တာအပြင်အရိုးပွရောဂါဖြစ်နိုင်ခြေကိုပါ မြင့်တက်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးပွ၊ အရိုးပါး ရောဂါ ဖြစ်နိုင်ခြေဟာ မြင့်တက်နေမှာ ဖြစ်တဲ့အတွက် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ကယ်လ်စီယမ်ဓာတ်ကို နေ့စဉ် လုံလောက်အောင် စားပေးဖို့ လိုပါတယ်။ကယ်လ်စီယမ်ဓာတ် ချို့တဲ့နေတဲ့ ကလေးတွေ၊ မှန်ကန်တဲ့စားသောက်နေထိုင်မှုပုံစံမရှိတဲ့ ကလေးတွေ ကြီးလာတဲ့အခါ အမျိုးသားတစ်ယောက်မှာ ရှိသင့်၊ ရှိထိုက်တဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအဆစ်ကို မရနိုင်ပါဘူး။ မေမေတွေအနေနဲ့ ကိုယ့်သားလေး မထွားလာဘူး၊ အရပ်မရှည်လာဘူးလို့ သံသယ ရှိပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသသင့်ပြီး ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို ပိုကျွေးသင့်ပါတယ်။ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်တွေ မထုတ်လုပ်ပေးတဲ့အတွက် နေ့စဉ် ကယ်လ်စီယမ်ဓါတ် ပါဝင်တဲ့ အစာအာဟာရတွေကို သေချာစီမံပြီး စားသုံးပေးဖို့ လိုအပ်ပါတယ်။ကယ်လ်စီယမ်ဓာတ် အများဆုံး ပါဝင်တဲ့ အစားအစာတွေကတော့။၁။ နွားနို့၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေ၊။၂။ ပန်းဂေါ်ဖီ၊ ကိုက်လန်ရွက် အစရှိတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊။၃။ ဆာဒင်းငါး၊ ဆော်လ်မွန်ငါး၊ တူနာငါး အစရှိတဲ့ ငါးတွေ ဖြစ်ပါတယ်။ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကို ကောင်းစွာစုပ်ယူပေးနိုင်စေဖို့ ဗီတာမင် D ဓာတ်က ကူညီပေးပါတယ်။ ငါး၊ ကြက်ဥအနှစ်၊ ဟင်းသီးဟင်းရွက်ကနေတဆင့်ဗီတာမင် Dရရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအတွက် နေ့စဉ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံဟာ အရေးကြီးပါတယ်။အရွယ်ရောက်ပြီးသားသူတွေကို တစ်နေ့ကို ကယ်လ်ဆီယမ် ၇၀၀ မီလီဂရမ် လိုအပ်ပါတယ်။ နေ့စဉ် အစာအာဟာရကနေ ကယ်လ်စီယမ်ဓာတ်ကို လုံလောက်စွာ ရရှိနိုင်မယ်ဆိုရင် သာမန်လူတွေအနေနဲ့ ဖြည့်စွက်အားဆေးတွေသောက်ပေးဖို့ မလိုအပ်ပါဘူး။သက်သက်လွတ်စားသူတွေ၊ နို့ထွက်ပစ္စည်းနဲ့ ဓာတ်မတည့်သူတွေ၊ မွေးရာပါ အရိုးပါးရောဂါရှိသူတွေမှာတော့ ပုံမှန်လူတွေထက် ကယ်လ်စီယမ်ဓါတ်ကို ပိုမိုလိုအပ်မှာဖြစ်လို့ ဖြည့်စွက်အားဆေးအနေနဲ့ စားပေးသင့်ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီးမှ ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက် အားဆေးတွေကို မှီဝဲတာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/calcium-and-mens-health/
Hepatomegaly (အသည်းကြီးခြင်း)
Hepatomegaly ဟာ အသည်းကြီးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသည်းကြီးခြင်းဟာ ပြင်းထန်တဲ့ ရောဂါတွေရဲ့ လက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ဒီအခြေအနေဟာ ရှားပါးပြီး အသက်ကြီးသူတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hepatomegaly ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အသည်းကြီးခြင်းကို ဖြစ်ပေါ်စေတဲ့ အဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့။ကင်ဆာ။မျိုးရိုးလိုက်သော ရောဂါများ။နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ။ရောဂါပိုးဝင်ခြင်း။အဆိပ်ကြောင့် ပျက်စီးခြင်း။ရှုပ်ထွေးသော အသည်းနှင့် စနစ်တစ်ခုလုံးထိသော ရောဂါများ။Hepatomegaly ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ဆေး၊ ဗီတာမင်၊ သတ္တုဓါတ်တွေ အများအပြား သောက်ခြင်း။ လိုအပ်သည်ထက်ပိုပြီး။ဆေးဘက်ဝင်အပင်တွေဖြစ်တဲ့ comfrey,ma huangနဲ့ mistletoe တို့ဟာ အသည်းပျက်စီးနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဖြစ်နိုင်တဲ့ အသည်းရောဂါကို ရှာဖွေစမ်းသပ်ဖို့အတွက် ဆရာဝန်က နံရိုးရဲ့အောက် ဗိုက်အပေါ်ညာဘက်ပိုင်းမှာ အသည်းရဲ့ အစွန်းကို စမ်းသပ်မှာဖြစ်ပြီး သူ့အရွယ်အစား၊ ပုံစံ၊ နာကျင်မှု ရှိမရှိကို စစ်ဆေးမှာဖြစ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကြီးနေတဲ့အသည်းဟာ ပျော့ခြင်း၊ မာခြင်း၊ ပုံမှန်မဟုတ်ခြင်းတွေ တွေ့ရှိနိုင်ပါတယ်။ အကျိတ်တွေကိုလည်း စမ်းမိနိုင်ပါတယ်။ဒီလိုစစ်ဆေးခြင်းဟာ အသည်းအရွယ်အစားကို အကြမ်းမျဉ်းသိရှိနိုင်ပါတယ်။ သေချာအောင်သိဖို့တော့ abdominal ultrasound ကစပြီး imaging tests တွေ လိုအပ်နိုင်ပါတယ်။ ပိုမို အသေးစိတ်တဲ့ ပုံရိပ်တွေ လိုအပ်တယ်ဆိုရင် CT scan နဲ့ MRI တို့ကို လိုအပ်နိုင်ပါတယ်။အခြားစစ်ဆေးမှုများ။သင့်ဆရာဝန်က အသည်းကြီးပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် အခြားအကြောင်းရင်းတွေကိုရှာဖို့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ဒီစစ်ဆေးမှုတွေကတော့။သွေးစစ်ဆေးခြင်း – သွေးစစ်ဆေးမှုဟာ အသည်းအင်ဇိုင်းပမာဏကို တိုင်းတာခြင်း ဖြစ်ပါတယ်။ သူဟာ သင့်အသည်းကျန်းမာရေးအကြောင်းကို အရိပ်အမြွက်ပြောပြနိုင်ပါတယ်။ သွေးစစ်ဆေးမှုတွေဟာ အသည်းကြီးခြင်းကို ဖြစ်စေတဲ့ အသည်းရောင်ဗိုင်းရပ်စ်တွေကိုလည်း စစ်ဆေးနိုင်ပါတယ်။Magnetic resonance elastography ဟာ shear waves တွေကို အသုံးပြုပြီး အသည်းမာခြင်းကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ ခွဲစိတ်ဖို့မလိုအပ်တာကြောင့် အသည်းအသားစယူခြင်းအစား သုံးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။အသည်းအသားစယူခြင်း – သင့်ဆရာဝန်ဟာ ဓါတ်ခွဲခန်းမှာ စစ်ဆေးဖို့ အသည်းအသားစ ယူနိုင်ပါတယ်။ အသည်းအသားစ ယူခြင်းကို သေးငယ်တဲ့ အပ်နဲ့ အရေပြားကို ဖေါက်ကာ အသည်းအတွင်းကို စိုက်ပြီး ယူတာဖြစ်ပါတယ်။ အပ်ဟာ အသည်းရဲ့ အဓိက တစ်ရှူးကို စုပ်ယူပြီး ဓါတ်ခွဲခန်းကို ပို့တာ စစ်ဆေးတာဖြစ်ပါတယ်။ သင့်ဆရာဝန်က Ultrasound နဲ့ တွဲပြီး အသုံးပြုရတဲ့ အသားစယူခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။အသည်းကြီးခြင်းကို ကုသခြင်းဟာ ဖြစ်စေတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ အရက်ကြောင့်နဲ့ အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်းတွေမှာ အရက်ကိုရှောင်ခြင်း၊ ကျန်းမာစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကိုယ်အလေးချိန် လျှော့ခြင်းတွေ ပြုလုပ်ခြင်းအားဖြင့် သိသာစွာ သက်သာစေနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Hepatomegaly ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hepatomegaly-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဘေဘီလေးတွေမှာ တီဘီဖြစ်တတ်လား
ကလေးတစ်ယောက်ကို အကောင်းဆုံးပျိုးထောင်ပေးချင်တဲ့ စိတ်ကူးမိဘတိုင်းမှာရှိကြမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်ဖို့က လွယ်ကူလှတယ်တော့မဟုတ်ပါဘူး။ မမျှော်လင့်ထားတဲ့ အခြေအနေတွေကအများကြီးဆိုတော့ စိတ်ရှိတိုင်းဖြစ်မြောက်ဖို့က သိပ်တော့လွယ်ကူလှတဲ့ အကြောင်းအရာမဟုတ်ဘူးလေ။ နုနယ်လွန်းတဲ့ ကလေးကို ကူးစက်နိုင်တဲ့ရောဂါတွေက ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးဆိုတော့ ကိုယ့် သားသားမီးမီးလေးကိုရောဂါတွေကနေ ကာကွယ်ဖို့ ကသိပ်တော့ မလွယ်ပါဘူး။လေထဲကနေတဆင့် ကူးစက်တဲ့ရောဂါတွေဆို ပိုလို့တောင်ကာကွယ်လို့ခက်ဦးမယ်နော်။ ဒီတစ်ခေါက်တော့ ကိုယ်မသိလိုက်ဘဲလေထဲကနေတဆင့် ကလေးကိုကူးစက်နိုင်တဲ့ရောဂါအကြောင်းလေးပြောပြပေးပါရစေ။ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားအထိ လူတိုင်းမှာ တီဘီရောဂါဖြစ်နိုင်ပါတယ်။ ကလေးက ငယ်သေးတာပဲ တိဘီရောဂါမဖြစ်နိုင်ဘူးလို့ မယူဆစေချင်ပါဘူး။ဘေဘီလေးတွေလည် တီဘီရောဂါကူးစက်ခံရနိုင်ပါတယ်။တီဘီရောဂါဆိုတာကMycobacterium tuberculosisဆိုတဲ့ ဘက်တီးရီးယားကူးစက်ခံရတာကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ အဆုတ်မှာ အဓိကကူးစက်လေ့ရှိပြီး ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ နဗ်ကြောတွေ၊ကျောက်ကပ်နဲ့ ဦးနှောက်တို့မှာပါ ကူးစက်နိုင်ပါတယ်။လေထဲကနေတဆင့်ရောဂါပိုးကပြန့်နှံ့ကူးစက်တာပါ။တီဘီဖြစ်တဲ့အခါ ကိုယ်တိုင်မှာရောဂါပိုးရှိနေတာကြောင့်ဖြစ်ပွားတဲ့ တီဘီရောဂါနဲ့ အခြားသူဆီကနေ တဆင့်ခံ ကူးစက်တဲ့ တီဘီရောဂါဆိုပြီးရှိပါတယ်။ တဆင့်ခံကူးစက်ခံရတဲ့ တီဘီရောဂါကရောဂါပိုးကောင်ရေ နည်းပြီးကိုယ်ခံအားစနစ်က တုံ့ပြန်နိုင်တဲ့အနေအထားမှာရှိပါတယ်။တကယ်လို့ဘေဘီလေးမှာ တီဘီရောဂါကူးစက်ခံရမယ်ဆိုရင်။ဘေဘီလေးတွေက အရမ်းကို နုနယ်သေးတဲ့အရွယ်တွေဆိုတာ အထွေအထူးပြောနေစရာမလိုအောင် ကိုယ်ခံအားကကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့်ရောဂါတွေကို ခုခံနိုင်စွမ်းနည်းလွန်းနေတဲ့ အရွယ်ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ ကလေးကို အစစအရာရာသေချာလေး ဂရုစိုက်ပေးနိုင်ဖို့ လိုအပ်ပါမယ်။ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာတွေကြောင့် ကလေးကို တီဘီရောဂါကူးစက်နိုင်ပါတယ်။ ကလေးတွေရဲ့ ချောင်းဆိုးလိုက်တဲ့လေနဲ့ ချွဲထဲမှာ ရောဂါပိုးပါဝင်မှုနည်းတာကြောင့် ကလေးကလေးချင်းတော့ရောဂါကူးစက်နိုင်ခြေနည်းပါတယ်။တီဘီရောဂါဆိုတာက မကုသဘဲ ထားရင် နှစ်နဲ့ကြာခန္ဓါကိုယ်ကို ဖိစီးနှပ်စက်တတ်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ ဒါကြောင့် နုနယ်တဲ့ဘေဘီလေးကိုရောဂါဆိုးအန္တရာယ်ကနေ ထိထိရောက်ရောက်ကာကွယ်ဖို့လိုပါမယ်။ကလေးကို အာဟာရပြည့်ဝအောင်ကျွေးပါ။တီဘီရောဂါက မပါ့ဆသင့်တဲ့ရောဂါတစ်ခုပါ။ ကလေးကို တီဘီရောဂါကူးစက်ခံထား၇တယ်လို့ သံသယရှိတာနဲ့ ဆရာဝန်နဲ့ချက်ချင်ူသွာပြစေချင်ပါတယ်.မြန်မြန်ကုသလေ ကလေးအတွက်ကောင်းလေပါနော်။Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/tuberculosis-in-babies/
Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း)
အလွန်အဖြစ်များတယ်။ Autosomal recessive ရောဂါအမျိုးအစားဖြစ်တဲ့အတွက် ကျား၊ မ မရွေး တူညီစွာဖြစ်နိုင်တယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ ရောဂါကိုအားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်ပြီး အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။လက္ခဏာတွေကတော့ ယိုယွင်းနေတဲ့ဗီဇနဲ့ မလုံလောက်တဲ့ အင်ဇိုင်းပမာဏပေါ်မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။အဓိကအားဖြင့်နှစ်မျိုးနှစ်စားရှိတယ်-။Classical CAH။မွေးကင်းစကလေးတွေ မိန်းကလေးတွေမှာ မိန်းမင်္ဂါကြီးနေတတ်ပြီး ယောက်ျားလေးတွေမှာလည်း ယောက်များအင်္ဂါတွေကြီးနေတတ်တယ်။ တခြားသော လက္ခဏာတွေကတော့ –။Non-classical ဒါမှမဟုတ် နောက်ကျတတ်သော CAH။များသောအားဖြင့် ဒီအမျိုးအစားမှာတော့ လက္ခဏာသိပ်မပေါ်တတ်ပါဘူး။အမျိုးသမီးတွေမှာတော့ –။အမျိုးသားရော အမျိုးသမီးမှာပါရှိနိုင်တဲ့ တခြားလက္ခဏာတွေကတော့ –။တခြားသောလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။တကယ်လို့ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။၉၅ ရာခိုင်နှုန်းလောက်မှာ လိုအပ်နေတဲ့အင်ဇိုင်းက 21-hydroxylase ဖြစ်တာကြောင့် CAH ကို 21-hydroxylase လိုအပ်သောရောဂါလို့လည်းခေါ်တယ်။Autosomal recessive လို့ခေါ်တဲ့ မျိုးရိုးလိုက်ရောဂါပုံစံဖြစ်ပြီး ထိုရောဂါရှိတဲ့ကလေးတွေမှာ မိဘနှစ်ယောက်ထဲက တစ်ယောက်ကိုယ်တိုင်က CAH ရှိနိုင်သလို၊ နှစ်ယောက်စလုံးက CAH သယ်ဆောင်ထားတဲ့ ဗီဇပိုင်ရှင်တွေဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မိသားစုဝင်တွေမှာ ဒါမှမဟုတ် မောင်နှမသားချင်းမှာ တူညီတဲ့ရောဂါရှိပါက သန္ဓြေသားလောင်းကို မမွေးခင်ကတည်းက စစ်ဆေးလို့ရပါတယ်-။မွေးကင်းစကလေး၊ နှင့် ကလေးငယ်များ။မွေးကင်းစကလေးတိုင်းကို အင်ဇိုင်းစစ်ဆေးခြင်းဖြင့် စစ်နိုင်ပါတယ်။ ထိုစစ်ဆေးမှုဟာ ကိုတော့မပြနိုင်ပါဘူး။ ရောဂါရှာဖွေမှုမှာ ဒါတွေပါပါတယ် –။ဆေးဝါးကုသမှု။တေ့ွရအများဆုံးနည်းကတော့ ဟော်မုန်းအစားထိုးနည်းဖြစ်တယ်။ လျော့နည်းနေတဲ့ဟော်မုန်းကို ပုံမှန်ပမာဏရောက်အောင်၊ လကဏာတွေသက်သာအောင် ပြန်လုပ်ပေးတယ်။ခွဲစိတ်မှု။အကူအညီဖြစ်စေမယ့် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ ကတော့ –။မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါ ကိုကာကွယ်နည်းမရှိတာကြောင့် တကယ်လို့ သင့်ကလေးမှာ ဖြစ်နိုင်ချေရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ မျိုးရိုးဗီဇဆိုင်ရာနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ဖို့တော့ အကြံပေးပါလိမ့်မယ်။တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/congenital-adrenal-hyperplasia-%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab-adrenal-%e1%80%82%e1%80%9c%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%b2%e1%80%9c%e1%80%b9/
အမျိုးသားများ တစ်ကိုယ်ရည်အာသာဖြေ ခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ
တစ်ကိုယ်ရည်အာသာဖြေ တယ်ဆိုတာ ကိုယ့်ရဲ့ လိင်အင်္ဂါကို လက်နဲ့ဖြစ်စေ၊ အရာဝတ္ထုတစ်ခုနဲ့ ဖြစ်စေ နှိုးဆွပြီး လိင်စိတ်ပြီးမြောက်အောင် နှိုးဆွပေးတာ ဖြစ်ပါတယ်။လိင်စိတ်တအားထကြွနေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။တကယ်တော့ တစ်ကိုယ်ရည်အာသာဖြေ တဲ့ကိစ္စဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အပြုအမူမျိုးပါ။ အမျိုးသားအများစုဟာ ပုံမှန် တစ်ကိုယ်ရည် အာသာဖြေတတ်ကြပြီးအမျိုးသမီးတွေမှာလည်း တစ်ခါတစ်ရံ လိင်စိတ်ဖြေဖျောက်တာမျိုး လုပ်တတ်ကြပါတယ်။မိမိကိုယ်ကို အာသာဖြေလိုက်လို့ ခန္ဓာကိုယ်ကို ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးမှ မဖြစ်စေပေမဲ့ အလွန်အကျူးလုပ်မိတဲ့အခါမှာ ကိုယ့်ရဲ့  နေ့စဉ်ဘဝကို သွားပြီးထိခိုက်နိုင်ပါတယ်။မကြာခဏ အာသာဖြေတဲ့အခါမှာ လူကမောပန်းလာမယ်။ ကိုယ့်ရဲ့ အဖော်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ အဟန့်အတားဖြစ်လာနိုင်တယ်။ လိင်တံကို အားနဲ့ညှစ်ပြီး အာသာဖြေမိတဲ့အခါမှာ လိင်တံထဲမှာ ရှိတဲ့ သွေးကြောတွေကို ထိခိုက်မိတဲ့အတွက် လိင်တံက ဒဏ်ဖြစ်လာမယ်။ ဝှေးစေ့ဟာလည်း နာကျင်လာတတ်တယ်။ ခါးအောက်ပိုင်းမှာ နာကျင်ကိုက်ခဲလာမယ်။နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့အတွက် တစ်နေ့ကို အကြိမ်များစွာ အာသာဖြေမိတာမျိုး၊ ဒီကိစ္စကို လုပ်နေရလို့ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေအတွက် အချိန်သိပ်မပေးနိုင်တော့တဲ့အခါ၊ မကြာခဏ အာသာဖြေဖို့ကိုပဲ စိတ်ကရောက်နေတဲ့အခါ၊ လိင်တံမှာ နာကျင်မှုကို ခံစားလာတဲ့အခါမျိုးတွေမှာဆိုရင် အာသာဖြေတာ အရမ်းများနေပြီဆိုတာ သိနိုင်ပါပြီ။စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ဖြစ်စေ၊ ကျန်းမာရေး အကြံပေးနဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ အာသာဖြေဖို့အတွက် ဖြစ်လာတဲ့ စိတ်ကို ကိုယ့်အတွက် အကျိုးရှိမယ့် အရာကို လုပ်ကိုင်ရင်းနဲ့ ဖြေဖျောက်နိုင်ပါတယ်။ ဥပမာ – လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ အားကစားလုပ်တာ၊ အကသင်တန်းတက်တာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ကို ဖြေဖျောက်နိုင်ပါတယ်။အာသာဖြေတဲ့အတွက် testosterone လို့ ခေါ်တဲ့ ဝှေးစေ့ကနေ ထွက်တဲ့ ကျားဟော်မုန်းတွေ နည်းသွားတာမျိုးတော့ မဖြစ်စေပါဘူး။ ယာယီအနေနဲ့ ခဏနည်းသွားတာမျိုး ရှိနိုင်ပေမယ့် ရေရှည်မှာတော့ အာသာဖြေတာကြောင့်ကျားဟော်မုန်းတွေ နည်းလာတာမျိုး မရှိပါဘူး။မကြာခဏ အာသာဖြေမိတဲ့အခါမျိုးမှာတော့ သုက်ကောင်ရေ ပြန်များလာဖို့ အချိန်နည်းနည်းကြာတတ်ပါတယ်။ သုက်ကောင်ရေဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ထုတ်ပေးနေလို့ အာသာဖြေတာကြောင့်သုက်ကောင်ရေနည်းသွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး။အမှန်တကယ်က တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေသလို၊ လိင်ကျန်းမာရေးအတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။ လိင်အာသာဖြေခြင်းကို တချို့နေရာတွေမှာ ဘာသာရေး၊ ပတ်ဝန်းကျင် အယူအဆအရ ရှက်စရာကောင်းပြီး ညစ်ညမ်းတဲ့ အပြုအမူလို့ ယူဆထားကြပေမယ့် သိပ်ပြီးတော့ သက်ဆိုင်မှုတော့ မရှိပါဘူး။ကိုယ့်မှာသာ ခဏခဏ အာသာဖြေတတ်တဲ့ အကျင့်ရှိနေပြီဆိုရင်တော့ တခြားအလုပ်တစ်ခုခုလုပ်ရင်း အာရုံလွှဲပြောင်းပေးဖို့တော့ လိုပါတယ်။ အမျိုးသားတိုင်း သာယာပျော်ရွှင်ပြီး စိတ်သွားတိုင်း ကိုယ်ပါတဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ပါစေခင်ဗျား။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/pros-and-cons-of-masturbation-in-men/
လက်သည်းခြေသည်းလေးတွေကို ဂရုစိုက်ပါ
မိန်းကလေးတစ်ယောက်ကို အလှတိုးစေမယ့် စွဲဆောင်မှု တစ်မျိုးရှိပါတယ်။ ဒါကတော့ သန့်ရှင်းသပ်ရပ်နေတဲ့လက်သည်းခြေသည်းလေးတွေပါ။ မျက်နှာလှတာထက် လက်လေးတွေခြေထောက်လေးတွေလှတာကိုမှ သဘောကျတတ်သူတွေလည်း ရှိကြတယ်လေ။ ဒီတော့ လက်ညှိုးညွှန်တိုင်း တစ်ခုခုကိုထောက်ပြပြောဆိုတိုင်း လက်သည်းလေးတွေလှပြီး လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း လှပသပ်ရပ်တဲ့ ခြေသည်းလေးတွေကြောင့် စွဲဆောင်မှုရှိနေစေချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ခန္ဓါကိုယ်မှာ ရှိတဲ့ အစိတ်အပိုင်းတိုင်းက နာမကျန်းဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ။ ခြေသည်းလက်သည်းလေးတွေလည်း ကျန်းမာရေး မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ နေ့စဉ်ထိတွေ့နေတဲ့ အရာတွေ၊လက်သည်းနီတွေစတဲ့ အရာတွေကြောင့်နဲ့ ပတ်ဝန်းကျင်ကမှိုပိုးတွေ၊ဘက်တီးရီးယားတွေကြောင့်ခြေသည်းလက်သည်းလေးတွေကျန်းမာရေးထိခိုက်နိုင်ပါတယ်။လက်သည်းခြေသည်းမကျန်းမာဘူးဆိုတဲ့ လက္ခဏာတွေက။လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ အစားအသောက်နဲ့ ဂရုစိုက်လို့ ရသလို ခြေသည်းလက်သည်းလေးတွေကို အဆီ တစ်ခုခု လိမ်းပေးပြီး တိုက်ရိုက်စောင့်ရှောက်မှု လုပ်ပေးလို့လည်း ရပါတယ်။အာဟာရဖြည့်ပေးတဲ့အဆီတစ်မျိုးပါ။ လက်သည်းတွေကို ကျန်းမာတောက်ပစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။အစိုဓါတ်လည်းထိန်းပေးနိုင်ပါတယ်။လက်သည်းလေးတွေကိုသေချာလေးသန့်စင်လိုက်ပါ။ပြီးရင် အပူပေးထားတဲ့ သံလွင်ဆီခပ်နွေးနွေးလေးကို ဇလုံတစ်ခုထဲထည့်ပြီး လက်သည်းလေးတွေမြုပ်တဲ့အထိစိမ်ထားလိုက်ပါ။ ၁၅ မိနစ်လောက်စိမ်ပေးပါ။ပြီးရင် တဘက်စလေးသုံးပြီး လက်သည်းတစ်ချောင်းချင်းစီကိုသေချာလေးတိုက်ပေးပါ။အကောင်းဆုံးသော လက်သည်းသန့်ဆေး တစ်ခုပေါ့။ လက်သည်းတွေမှာ ကပ်ငြိနေတဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်မှာပါ။သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုမုန့်ဖုတ်ဆော်ဒါအနည်းငယ်၊ ရေအနည်းငယ်တို့နဲ့ ရောစပ်ပြီး ဇလုံတစ်ခုထဲမှာ မွှေလိုက်ပါ။ ပြီးရင် လက်သည်းတွေပေါ်မှာ ၁၀ မိနစ်လောက် လူးထားပေးပါ။ ပြီးရင်သွားပွတ်တံလေးနဲ့ တိုက်ပေးပါ။ ပြီးရင်တော့လက်ချောင်းလေးတွေကို သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ပင်လယ်ဆား အနည်းငယ်နဲ့ ရေနွေးတို့ ရောစပ်ထားတဲ့ ရေထဲကို ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် စိမ်ပေးပါ။Rose water။အသားအရေအတွက်တင် မဟုတ်ဘဲ လက်သည်းခြေသည်းလေးတွေ အတွက်ပါ အထောက်အကူ ပြုပေးပါတယ်။ဘက်တီးရီးယားတွေကို သေစေနိုင်သလို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ လက်သည်းလေးတွေကို သန့်စင်ပြီးတိုင်း Rose Waterလေး သေချာလူးပေးပါ။လက်သည်းတွေအတွက် သင့်တော်တဲ့ သဘာဝပစ္စည်းလေး တစ်ခုပေါ့။ သခွားသီးကို ပါးပါးလေးလှီးပြီး လက်သည်းလေးတွေပေါ်မှာ ကပ်ထားပေးပါ။ အရည်စွတ်ပေးလို့လည်း ရပါတယ်။ နှစ်ပတ်လောက်ထိ နေ့စဉ်ဆက်တိုက် လုပ်ပေးပါ။ သိသာတဲ့ ရလဒ်ကိုတွေ့ရမှာပါ။ဗီတာမင် E ကလက်သည်းတွေကျန်းမာဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ လက်သည်းတွေကိုသွေးလည်ပတ်မှု‌ကောင်းစေပြီး လက်သည်းတွေကိုအောက်ဆီဂျင် ရရှိစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် E ပါဝင်အောင်စားသုံးပေးလို့ရသလို။ လက်သည်းမှာ တိုက်ရိုက်လိမ်းပေးဖို့လည်းရပါတယ်။ သန့်စင်ထားတဲ့ လက်သည်းလေးတွေပေါ်မှာ ဗီတာမင် E ကိုပုံမှန်လိမ်းပေးပါ။ ညအိပ်ရာမဝင်ခင်လူးအိပ်ပေးတာမျိုးလည်းရပါတယ်။ထောပတ်သီး –လက်သည်းတွေအတွက် သင့်တော်တဲ့ဓါတ်စာလို့ဆိုရပါမယ်။ လက်သည်းတွေ ကြွပ်ဆတ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို လက်သည်းရဲ့ အရောင်အသွေးတောက်ပမှုအတွက်လည်း အားဖြည့်ပေးပါတယ်။ လက်သည်းခြောက်သွေ့မှုကင်းပြီး ပန်းရောင်သွေးသန်းစေဖို့ထောပတ်သီးကို စားပေးလို့ရသလို လက်သည်းပေါ်မှာ လိမ်းပေးလို့လည်းရပါတယ်။ငါး– ငါးကခြေသည်းလက်သည်းလေးတွေနဲ့ ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ငါးမှာပါဝင်တဲ့ ပရိုတင်းဓါတ်တစ်မျိုးကခြေသည်းလက်သည်းတွေကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေနိုင်တာပါ။ ဒါကြောင့် ဆယ်လ်မွန်ငါး၊တူနာငါး၊ ပုဇွန်၊ဂဏန်းလိုမျိုးပင်လယ်စာတွေကို တစ်ပတ် ၃ ကြိမ်လောက်စားပေးပါ။ အသားထက် ငါးများများစားပေးပါ။ဥအမျိုးမျိုး– ဥအမျိုးမျိုးမှာ အရိုး နဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တဲ့အာဟာရဓါတ်တွေနဲ့ဗီတာမင်တို့ပါဝင်နေပါတယ်။ ဥအမျိုးမျိုးမှာပါဝင်နေတဲ့ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ဗီတာမင် E၊ သံဓါတ် နဲ့ ဘိုင်အိုတင်လိုမျိုး ဗီတာမင်တွေကခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ခြေသည်းလက်သည်းတွေကျိုးတာ၊ အက်တာမျိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥအမျိုးမျိုးမှာပါဝင်နေတဲ့ Sulfur ကခြေသည်းလက်သည်းတွေကျန်းမာဖို့ အကျိုးရှိတဲ့ အာဟာရဓါတ်တစ်မျိုးပါ။ပဲအမျိုးမျိုး– ပဲတွေမှာလည်း ခြေသည်းလက်သည်းတွေ ကျန်းမာဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်တဲ့ ဘိုင်အိုတင် ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး ပဲကိုစားသုံးပေးမယ်ဆိုရင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင် B၊ မဂ္ဂနိစ်၊ပိုတက်ဆီယမ်၊copper၊phosphorous နဲ့ ဗီတာမင် K တို့ပါဝင်ပါတယ်။ ဒါကြောင့် လက်သည်းတွေ ကျိုးပဲ့လွယ်မှုကင်းဝေးစေဖို့ဆိုရင်နေ့စဉ်စားသုံးမှုထဲမှာ ပဲတစ်မျိုးမျိုးကို ထည့်သွင်းစားသုံးပေးပါ။ကွေကာအုတ်–ကွေကာအုတ်မှာ အရိုးနဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Copper နဲ့ ဇင့် ဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါတွေတင်မကသေးပါဘူး အုတ်ဂျုံမှာ ဗီတာမင် B၊ မဂ္ဂနိစ်၊ ဆီလီကွန်တို့ပါဝင်နေတာကြောင့် ကျန်းမာသန်စွမ်းတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်စေဖို့အတွက် စားသုံးပေးသင့်ပါတယ်။နေကြာစေ့-နေကြာစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်နေသလို သတ္တုဓါတ်တွေပါဝင်နေတာကြောင့် အရိုးနု၊တွယ်ဆက်တစ်ရှုးနဲ့ခြေသည်းလက်သည်းတွေအတွက်တော်တော်လေးအထောက်အကူပြုပေးပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့်ခြေသည်းလက်သည်းလေးတွေကို အာဟာရပြည့်ဝပြေီး ကျန်းမာလျပနေစေမှာပါ။ဖရုံစေ့– စားလို့လည်းကောင်းသလို ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ အသားအရေ၊ခြေသည်းလက်သည်း၊ ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီးကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ဝါးစားလိုက်ရင် မွမွလေးနဲ့အရသာရှိတဲ့ ဖရုံစေ့မှာ ဇင့် ပါဝင်နေတာကြောင့် အသားအရေနဲ့ နှုတ်ခမ်းသားခြောက်သွေ့တာ၊ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။နာနတ်သီး–အရသာရှိတဲ့ နာနတ်သီးမှာ ဗီတာမင် C နဲ့ အာဟာရဓါတ်တော်တော်များများပါဝင်နေတာကြောင့်အစာခြေစနစ်ကို ကျန်းမာစေပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေကို စုပ်ယူရာမှာ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ်က ပရိုတင်းများများရလေလေ လက်သည်းခြေသည်းတွေ က ကျန်းမာသန်စွမ်းလေလေပါ။ဟင်းနုနွယ်– သံဓာတ် ပါဝင်မှုများတဲ့ အစားအစာတစ်မျိုးပေါ့၊ အပင်ကနေရရှိတဲ့ ပရိုတင်းဓါတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သံဓါတ်ကခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်စဉ်တွေ အထောက်အပံ့ပေးပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက ဟင်းနုနွယ်မှာ ဗီတာမင် E၊ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့ ပါဝင်နေတာကြောင့် ကျန်းမာတဲ့ ခြေသည်းလက်သည်းလေးတွေ ပိုင်ဆိုင်လိုသူတွေ အနေနဲ့ မဖြစ်မနေ စားသုံးပေးသင့်တဲ့ စားစရာ တစ်ခုပါ။အခုပြောခဲ့တာလေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် ခြေသည်းလက်သည်းတွေ ကွဲအက်တာ၊ ကျိုးတာ၊ခြေသည်းမှိုစွဲတာလိုမျိုးပြဿနာတွေကင်းဝေးပြီး ကျန်းမာသန်စွမ်းလှပတဲ့ ခြေသည်းလက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/takecare-nails/
ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke )
လေဖြတ်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျန်းမာရေးအခြေအနေကို စိမ်းတဲ့သူမရှိလောက်ပါဘူး။ ကိုယ်တစ်ခြမ်းဖြစ်ဖြစ် အောက်ပိုင်းဖြစ်ဖြစ် အားနည်းသွားတာ လှုပ်ရှားလို့ မရတော့တဲ့ ကျန်းမာရေး ပြဿနာလောက် စိတ်ညစ်စရာကောင်းတာမရှိဘူးလေ။လူတိုင်းတော်တော်များများကလေဖြတ်တယ်လောက်သာ သိထားကြပေမယ့် လေဖြတ်တ ာဘယ်နှစ်မျိုးရှိလဲဆိုတာတော့ သိကြတဲ့သူရှားပါတယ်။ အကြမ်းပြောရမယ်ဆိုရင် လေဖြတ်တာကိ ုအဓိက ၂ မျိုးခွဲလို့ရပါတယ်။ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke ) ကို ၂ မျိုးပြန်ခွဲလို့ရပါသေးတယ်။လေဖြတ်တဲ့လက္ခဏာတွေဖြစ်တဲ့။ဦးနှောက်သွေးကြောပေါက်ပြီးလေဖြတ်တဲ့ပြဿနာဟာ ယာယီသာဖြစ်နိုင်သလို တစ်သက်လုံး ပြန်မကောင်းတော့တာ လည်း ဖြစ်သွားနိုင်ပါတယ်။ ဦးနှောက်ဆဲလ်ထဲ သွေးမရောက်တာ ဘယ်လောက်ကြာသွားသလဲနဲ့ ဦးနှောက်ရဲ့ ဘယ်အပိုင်းကိုထိသွားတာလဲပေါ်မှာ မူတည်ပါတယ်။လုပ်ကိုလုပ်သင့်တဲ စမ်းသပ်မှုတွေက။hemorrhagic stroke ဦးနှောက်သွေးကြောပေါက်လေဖြတ်တဲ့ပြဿနာ အသက်အန္တရယ်စိုးရိမ်ရပြီး ဆေးကုသမှု ချက်ချင်းခံယူဖို့လိုတဲ့ ပြဿနာတစ်ခုပါ။ ေလဖြတ်ြခင်းပြဿနာတွေထဲမှာ hemorrhagic stroke ကြောင့်ဖြစ်တာက ၁၅ ရာခိုင်နှုန်းလောက်ရှိပြီး hemorrhagic stroke ကြောင့်ပဲ အသက်ဆုံးရှုံးရတဲ့သူတွေက ၄၀ ရာခိုင်နှုန်းလောက်တောင်ရှိပါတယ်။ ဒါ့ကြောင့် ဆက်ပြီးအသက်ရှင်မလား အသက်ဆုံးရှုံးရမလားဆိုတာက ဆေးကုသမှု ချက်ချင်းခံယူတာ မခံယူတာအပေါ်မှာ မူတည်သွားပါတယ်။ထွက်နေတဲ့သွေးတွေကို ခွဲစိတ်ပြီး ပြန်စုပ်ထုတ်တာ၊ ခဲသွားတဲ့ သွေးတွေကိုခွဲစိတ်ပြီး ပြန်ထုတ်တာမျိုးတွေ ဆက်လုပ်ရမှာပါ။အရေးပေါ် အခြေအနေကို ထိန်းချုပ်နိုင်ပြီးပြီ၊ လူနာလည်း သက်သာသွားပြီးဆိုတာနဲ့ နောက်ပိုင်းစဉ်းစားရမှာကတော့rehabilitationပြန်လည်သန်စွမ်းကြံ့ခိုင်ရေးကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ နဂိုလို ပုံမှန်ပြန်ဖြစ်ပြီး သန်စွမ်းဖို့အတွက် လိုအပ်တဲ့အချိန်ကတော့ ဦးနှောက်ဘယ်အပိုင်းကိုထိခိုက်သွားတာလဲနဲ့ ဦးနှောက်တစ်ရှူးဘယ်လောက်များများ ထိခိုက်သွားလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။သွေးတိုးကြောင့်၊ သွေးတွင်းအဆီဓါတ်များနေတာကြောင့် ဆီးချိုကြောင့် နှလုံးရောဂါကြောင့် ဆေးလိပ်ကြောင့်နဲ့ အဝလွန်တာတွေကြောင့်ဖြစ်ရတာဆိုတော့။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/hemorrhagic-stroke/
ခြေသည်းလက်သည်းလေးတွေကျန်းမာစေဖို့အတွက် လိုက်နာသင့်တဲ့ အလေ့အထလေးတွေ
လက်သည်းခြေသည်းလေးတွေကလည်း အလှအပအတွက်လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီတော့ လှပတဲ့သူလေးဖြစ်ချင်တယ်ဆိုရင် လက်သည်းခြေသည်းလေးတွေကိုသေချာဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ လှပကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်ဖို့ဆိုရင် လိုက်နာရမယ့် အခြေခံအချက်လေးတွေရှိပါတယ်။ခြေသည်းလက်သည်းလေးတွေမှာလည်းရောဂါပိုးတွေကူးစက်မှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ခြေသည်းလက်သည်လေးတွေကျန်းမာလားဆိုတာကို မျက်စိနဲ့ကြည့်ရုံနဲ့ သိနိုင်ပါတယ်။လက်သည်းလေးတွေကျန်းမာစေဖို့ ဒီအချက်လေးတွေကို သတိထားပေးတာက အကောင်းဆုံးဖြစ်မှာပါ။ လက်သည်းက ပိုးဝင်နိုင်သလို လက်သန့်ရှင်းမှုမရှိရင် ခန္ဓါကိုယ်ကိုလည် ထိခိုက်လာနိုင်တာတွေက အများကြီးပါ။ ဒါကြောင့် အခုပြောပြမယ့် အချက်လေးတွေကိုလိုက်နာလို့ ခြေသည်းလက်သည်းလေးတွေကိုသေချာစောင့်ရှောက်ပေးလိုက်ပါ။လက်သည်းတွေကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ– လက်သည်းအောက်မှာဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်မှုကို ကာကွယ်ဖို့အတွက်ပါ။ ရေတွေနဲ့စိုစွတ်နေမှုကလည်းလက်သည်းတွေကို ဖွာထွက်စေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းတွေကို အမြဲတမ်းလိုလိုသတိထားပြီးခြောက်သွေ့သန့်ရှင်းအောင် ထားပေးပါ။လက်သည်းသန့်ရှင်းရေးဂရုစိုက်ပါ– လက်သည်းတွေကို ပုံမှန်ညှပ်ပေးပါ။ လက်သည်းခြေသည်းတွေကို တိပေးပါ။အစိုဓါတ်ထိန်းပါ– လက်သည်းခြေသည်းလေးတွေကျန်းမာစေဖို့အတွက်လည်း အစိုဓါတ်ထိန်းဖို့လိုပါမယ်။ ဒါကြောင့် လက်သည်းခြေသည်းလေးတွေကိုအုန်းဆီ၊သံလွင်ဆီစတဲ့ အစိုဓါတ်ထိန်းပေးတဲ့ အဆီလေးတွေ လူးပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%b1%e1%80%bb%e1%80%81%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ba/
မွေးကင်းစကလေးထွားခြင်းက တကယ်ပဲ ပိုကောင်းတာလား
ကြီးမားတဲ့ (ကိုယ်အလေးချိန်များတဲ့) ကလေးမွေးနှုန်းဟာ မကြာသေးမီ နှစ်များအတွင်းက လျင်မြန်စွာ မြင့်တက်ခဲ့ပါတယ်။ မျိုးရိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ် အသက်၊ မိခင်ကျန်းမာရေးအခြေအနေ တွေနဲ့အတူ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေက ကလေးရဲ့ကိုယ်အလေးချိန်များခြင်းက ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ထက် မပိုပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ ကလေးတွေဟာ တကယ်ပဲ ကောင်းမွန်ပါသလား။ရောဂါဖြစ်ပွားနှုန်းနိမ့်ခြင်း။မိခင်ရဲ့ သားအိမ်အခြေအနေ၊ ကလေးရဲ့ မွေးကင်းစ ကိုယ်အလေးချိန်နဲ့ နောက်ပိုင်းဖြစ်နိုင်တဲ့ နာမကျန်းမှုတွေ ဆက်စပ်မှုကို ရှာဖွေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ Cambridge Univerisity ရဲ့ သုတေသန တစ်ခုမှာတော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေနဲ့ ယှဉ်ရင် ရောဂါတိုက်ဖျက်နိုင်တဲ့ DNA patterns တွေ ပါရှိတယ်လို့ ဆိုပါတယ်။ Dr. Claire Quilter, of the University’s Department of Pathology က ဒီအသစ်ရှာဖွေ တွေ့ရှိမှုဟာ မွေးကင်းစကလေးငယ်ရဲ့ အရွယ်အစားနဲ့ နောင်တစ်ချိန်ဖြစ်လာမယ့် ရောဂါတွေရဲ့ ဆက်နွယ်မှုဟာ ငြင်းဆန်မရဘူးဆိုတာ သက်သေပြခဲ့ပါတယ်။ အတိအကျပြောရရင်တော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ကလေးတွေဟာ ကလေးငယ်ဘဝနဲ့ အရွယ်ရောက်တဲ့ အချိန်တွေမှာ ရောဂါဖြစ်ပွားနှုန်းနည်းတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုကို Federation of American Societies for Experimental Biology journal မှာ ထုတ်ဝေခဲ့ပါတယ်။ပညာရေးပိုင်းမှာ ပိုမိုထူးချွန်ကြပါတယ်။ကလေးငယ် ယောက်ျားလေးနဲ့ မိန်းကလေး ၃၉၀၀ ကို သူတို့ရဲ့ ဘဝတစ်လျှောက် အဆင့်ငါးဆင့်မှာ စမ်းစစ်ခဲ့တဲ့ British လေ့လာမှုတစ်ခုမှာ (မွေးကင်းစ၊ အသက် ၈ နှစ်၊ ၁၁ နှစ်၊ ၁၅ နှစ်၊ ၂၆ နှစ်) သုတေသီတွေက မွေးကင်းစ ကိုယ်အလေးချိန်များတဲ့ကလေးတွေဟာ မှတ်ဉာဏ်ပိုကောင်း ကြပြီး ပညာရေးမှာ အရွယ်တူတွေနဲ့ ယှဉ်ရင် အမှတ်ပိုကောင်းကြတယ်လို့ ဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ လူမှုရေးနောက်ခံအခြေအနေနဲ့ ဆက်နွယ်မှု မရှိပါဘူး။ ဥပမာ အလုပ်လုပ်တဲ့ နောက်ခံအခြေအနေရှိတဲ့ အမျိုးသားတွေမှာ မွေးကင်းစ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ အတန်းပညာထူးချွန်နှုန်း ၄၅%နဲ့ ယေဘုယျအားဖြင့် ဆက်စပ်နေပါတယ်။ ဒါဟာ မွေးကင်းစ ကိုယ်အလေးချိန်နည်းတဲ့ကလေးတွေမှာတော့ ၃၁% သာ ရှိပါတယ်။ကိုယ်ဝန်ဆောင်စဉ် အခက်အခဲဖြစ်ခြင်း။ကြီးမားတဲ့ကလေးတွေဟာ မိန်းမကိုယ်မှ ကလေးမွေးဖို့ ခက်ခဲစေပြီး မွေးဖွားစဉ် ဒဏ်ရာရရှိနိုင်ပါတယ်။ ကလေး ကိုယ်အလေးချိန် ၄ ကီလိုထက်များတဲ့ မိခင်တွေဟာ မီးဖွားရာနေရာ ပြဲခြင်း၊ သွေးအလွန် ဆုံးရှုံးခြင်း၊ မီးညောင့်ရိုး ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကလေးကြီးတွေဟာ သဘာဝအတိုင်းမွေးဖို့ ခက်ခဲတာကြောင့် ခွဲမွေးရနှုန်းလည်း မြင့်မားပါတယ်။ ညှပ်နဲ့ မွေးခြင်း၊ လေစုပ်မွေးခြင်းတွေလည်း လိုအပ်နိုင်ပါတယ်။ငယ်ရွယ်စဉ်နဲ့ အသက်ကြီးလာချိန်မှာ အဝလွန်နိုင်ခြင်း။Archives of Pediatrics and Adolescent Medicine က နိုဝင်ဘာမှာ ထုတ်လုပ်ခဲ့တဲ့ ၁၀ နှစ်စာ အမေရိကန် လေ့လာမှု တစ်ခုက အသက် နှစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ပုံမှန်ထက်များတဲ့ကလေးတွေမှာ အသက် ၅-၁၀ နှစ်အတွင်း အဝလွန်ရောဂါဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။ ကလေးဘဝမှာ ကိုယ်အလေးချိန် များလေလေ လူကြီးဘဝမှာလည်း လိုက်များလေလေဖြစ်နိုင်ပါတယ်။ ဒီလေ့လာမှုရဲ့အဖြေဟာ ၄၄၀၀၀ ကလေးတွေကို မွေးကင်းစကနေ သူတို့အသက် ၁၀နှစ်အထိ ကောက်ထားတဲ့ အချက်အလက်တွေပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အဝလွန်နေတဲ့ကလေးငယ်တွေဟာ ဒီအခြေအနေကနေ လွတ်မြောက်သွားမှာပဲ ဆိုပြီး မှားယွင်းစွာ ယုံကြည်ချက်မျိုး မရှိသင့်ကြောင်း Elsie Taveras က ပြောပါတယ်။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%91%e1%80%bd%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Factor V Leiden (ဖက်တာဖိုက်လီဒန်)
Factor V Leiden သည် Factor V ဟုခေါ်သော သွေးခဲပစ္စည်းဗီဇပြောင်းခြင်းဖြစ်ပါသည်။ ထိုဗီဇပြောင်းခြင်းသည် ပုံမှန်မဟုတ်သော သွေးခဲများ အထူးသဖြင့် သွေးပြန်ကြောများထဲတွင် ဖြစ်ပေါ်လာနိုင်ချေကိုမြင့်မားစေပါသည်။Factor V Leiden ရှိသော လူအများစုတွင် ပုံမှန်မဟုတ်သော သွေးခဲများ ဖြစ်ပေါ်လေ့ရှိ၏။ သို့သော် တစ်ချို့တစ်ချို့တွင်သာ သွေးခဲခြင်းမှ နာတာရှည်ပြဿနာများ သို့မဟုတ် အသက်အန္တရာယ် ရှိလာခြင်းများ ဖြစ်နိုင်ပါသည်။Factor V Leiden မှ Thrombophilia တွင် အဖြစ်အများဆုံး မွေးရာပါရောဂါမျိုး ဖြစ်ပါသည်။ ဥရောပအနွယ်များတွင် ၃ – ၈ % လောက်ထိက Factor V Leiden ဗီဇပြောင်းခြင်းကို ဆဲလ်တစ်ခုစီအတွင်းထိ သယ်ဆောင်ထားလျက်ရှိပြီး လူ အယောက် ၅၀၀၀ တွင် တစ်ယောက်နှုန်း ထိုဗီဇပြောင်းမှု ပုံပွား ၂ မျိုးကို လက်ခံထားရပါသည်။ တခြားမျိုးနွယ်များတွင်တော့ ထိုဗီဇပြောင်းမှုမှာ အဖြစ်နည်း၏။ အမျိုးသမီးများမှာ ကိယ်ဝန်ဆောင်စဉ် သို့မဟုတ် သားဆက်ခြား ဟော်မုန်းဆေးသောက်စဉ် သွေးခဲဖြစ်ပေါ်နိုင်ချေ ပိုမြင့်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။Factor V Leiden ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။ခြေသွေးပြန်ကြောကြီးများတွင် သွေးခဲခြင်း (DVT) သို့မဟုတ် အဆုတ်တွင်းသွေးခဲစို့ခြင်း (PE) အား အသက် ၅၀ မတိုင်မှီ စောဖြစ်ထားလျှင်။DVT သို့မဟုတ် PE ခဏခဏဖြစ်ခြင်း။ဦးနှောက် နှင့်အသည်းလို ပုံမှန်ဖြစ်လေ့မရှိသည့် နေရာများတွင် သွေးခဲခြင်း။ကိုယ်ဝန် ဒုတိယနှင့် တတိယသုံးလပတ်အတွင်း အကြောင်းပြချက်မရှိ သားလျှောဖူးလျှင်။မိသားစုတွင် DVT နှင့် PE ရှိဖူးလျှင်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။သွေးခဲဆိုသည်မှာ သွေးလွှတ်ကြော သို့ သွေးပြန်ကြော ထိခိုက်မိသည့်အခါ သွေးမထွက်ရန်အတွက် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ သွေးခဲခြင်းသည် သွေးမွှားဥများနှင့် သွေးထဲမှသွေးခဲပရိုတင်းများ ဓါတ်ပြုရာမှဖြစ်လာခြင်းဖြစ်သည်။ သွေးခဲဆန့်ကျင်ပစ္စည်းများက သွေးခဲအများကြီး မဖြစ်သွားစေရန် ကာကွယ်ပေး၏။ပုံမှန်အားဖြင့် Factor V မှာ သွေးခဲပရိုတင်းဖြစ်သည်။ သွေးခဲရန် မလိုအပ်တော့သည့်အခါ သွေးခဲဆန့်ကျင်ပရိုတင်းများက Factor V ကို ဖြိုခွဲပေးသည်။Factor V Leiden ကတော့ သွေးခဲဆန့်ကျင့်ပရိုတင်းများ Factor V ကို ဖြိုရခက်အောင် ပြုလုပ်ပေးသည်။ ထိုသို့ဖြင့် သွေးထဲတွင် Factor V များ များပြားလားပြီး သွေးခဲနိုင်ချေ ပိုမြင့်လာပါသည်။Factor V Leiden ဖြစ်နေလျှင် ပြောင်းလဲနေသော ဗီဇပစ္စည်း၌ ပုံပွားတစ်ခု (heterozygous) သို့မဟုတ် ရှားပါစွာဖြင့် ပုံပွားနှစ်ခု (homozygous) ဖြစ်နေနိုင်ပါသည်။ ပုံပွားတစ်မျိုးတည်းဆိုပါက သွေးခဲနိုင်ချေ ပိုနည်းပါသည်။ မိဘနှစ်ပါးဆီမှာ တစ်ဖက်စီပါလာသော ပုံပွား ၂ မျိုး ခံယူရသူဆိုပါက သွေးခဲနိုင်ချေ သိသိသာသာ မြင့်တက်လာမည်ဖြစ်သည်။Factor V Leiden ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မိသားစုအတွင်း သွေးခဲရောဂါမျိုးရိုးရှိလျှင် သို့မဟုတ် သင့်၌ ဖြစ်ဖူးလျှင် သင့်ကို Thrombophilia ရှိကြောင်း ဆရာဝန်မှ သံသယရှိပါလိမ့်မည်။ အတည်ပြုခြင်းကိုတော့ Screening test တစ်ခုဖြစ်သော coagulation screening test သို့မဟုတ် F5 gene ဗီဇစစ်ခြင်း (DNA စစ်ခြင်း) ဖြင့် ပြုလုပ်ပါသည်။ဆရာဝန်များသည် Warfarin (Coumadin, Jantoven) , heparin သို့မဟုတ် မော်လီကျူး အလေးချိန်နည်းသော heparin တို့လို သွေးကျဲဆေးများနှင့် သွေးခဲသူများကို ကုသကြပါသည်။အကယ်၍ factor V Leiden ဖြစ်ကြောင့် အတည်ပြုပြီးသော်လည်း သွေးခဲမှုမဖြစ်သေးလျှင် ပုံမှန်အားဖြင့်တော့ သွေးကျဲဆေးများကို ဆရာဝန်မှ သောက်ခိုင်းမည်မဟုတ်ပါ။ သို့သော် ခွဲစိတ်ရန် သို့မဟုတ် ဆေးရုံတက်ရန်လိုသည့်အချိန်များကဲ့သို့ အန္တရာယ်ဖြစ်လာနိုင်သည့်အချိန်တွင် သွေးကျဲဆေးများကို သောက်ရနိုင်ပါသည်။သင့်၌သွေးခဲရှိနေပါက ကနဦးအစ စံပြုကုထုံးများတွင် heparin နှင့် warfarin ပေါင်းစပ်ပါဝင်ပါသည်။ ဆရာဝန်သည် ကနဦးကုထုံးပြီးနောက် heparin ကို ရပ်ခိုင်းပြီး warfarin ကိုသာ ဆက်သောက်ခိုင်းပါလိမ့်မည်။ ဆေးသောက်ရမည် ကြာချိန်ကိုတော့ သင့်သွေးခဲအခြေအနေပေါ် မူတည်ပါသည်။Hepari –အဆိုပါ သွေးကျဲဆေး၏အာနိသင် သက်ရောက်မှုမှာ Warfarin ထက်ပိုမြန်၏။ သွေးကြောထဲသို့ တိုက်ရိုက်ထိုးခြင်း သို့မဟုတ် အရေပြားအောက်ထိုးခြင်းဖြင့် အသုံးပြုနိုင်ပါသည်။ တစ်ချို့သော heparin ပုံစံ ဥပမာ enoxaparin (Lovenox) နှင့် dalteparin (Fragmin) တို့ကို ကိုယ်တိုင်းထိုးနိုင်ပါသည်။ Heparin ကို ကိုယ်ဝန်ဆောင်စဉ်တွင်ပါ အသုံးပြုနိုင်ပါသည်။ဖြစ်လာနိုင်သည့် Heparin အန္တရာယ်များမှာ သွေးယိုခြင်းနှင့် အလက်ဂျီတို့ဖြစ်သည်။ Heparin တွင် စံပြဆေးပမာဏဟူ၍မရှိပါ။ ထို့ကြောင့် သွေးပုံမှန်စစ်ခြင်းဖြင့် မှန်ကန်သည့်ဆေးပမာဏကို ချိန်ရန်လိုအပ်ပါသည်။Warfarin (Coumadin, Jantoven) –ဤဆေးများမှာ ဆေးလုံးပုံစံဖြင့်လာပြီး heparin ထက်သုံးပိုလွယ်၏။ Warfarin သည် သန္ဓေသားတွင် ကိုယ်လက်အင်္ဂါချို့ယွင်းမှုဖြစ်စေသောကြောင့် ကိုယ်ဝန်ဆောင်စဉ် မသုံးသင့်ပါ။ အထူးသဖြင့် ကိုယ်ဝန် ပထမ ၃ လတွင်အဖြစ်များ၏။ သွေးထွက်ခြင်းမှာ warfarin ၏ အဓိကဘေးထွက်ဆိုးကျိုးဖြစ်သည်။ဤဆေးသည် တခြားသောဆေးများ အပင်ထွက်ပရဆေးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ ထို့ကြောင့် ဘာဆေးမဆိုသောက်မည်ဆိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ရန် လိုအပ်ပါမည်။ Heparin ကဲ့သို့ပင် သူ့တွင်လည်း စံပြဆေးပမာဏဆိုပြီးမရှိပါ။ ထို့ကြောင့် သွေးစစ်ခြင်းဖြင့် ဆေးပမာဏချိန်ရန် လိုအပ်ပါလိမ့်မည်။တစ်ချို့သူများတွင် သွေးခဲခြင်းကို ကာကွယ်နိုင်ရန်အတွက် ဆေးအသစ်သုံးမျိုးအား FDA မှ ခွင့်ပြုထားပါပြီ။ သူတို့တွင် သွေးစစ်ခြင်း ဆေးပမာဏချိန်ရခြင်းမျိုး မလိုတော့ပါ။ ထိုဆေးများ၏ အဆိုးဝါးဆုံးဘေးထွက်ဆိုးကျိုးမှာ သွေးယိုခြင်းဖြစ်သည်။ သို့သော်လည်း ထိုဆေးများနှင့် warfarin ယှဉ်ပါက အန္တရာယ်ပိုနည်းကြောင်း တွေ့ရှိထားပါသည်။Dabigatran (Pradaxa)။Rivaroxaban (Xarelto)။Apixaban (Eliquis)။ထိုဆေးများကြောင့် သွေးအများအပြားယိုခြင်းကို အလွယ်တကူကုသမရနိုင်ပါ။ တစ်ဖက်တွင် Warfarin Heparin ကြောင့်ဖြစ်သော သွေးယိုခြင်းကတော့ မြန်မြန်ကုသနိုင်ပါသည်။ထိုဆေးအသစ်များကို ကိုယ်ဝန်ဆောင်များတွင်လည်း သေချာမလေ့လာရသေးပါ။ တခြားဆေးများနှင့် ဓါတ်ပြုမှုများရှိနိုင်သော်လည်း Warfarin နှင့်ယှဉ်လျှင် အစာ ဆေး ဓါတ်ပြုမှု ပိုနည်းနေပြန်ပါသည်။သွေးကျဲဆေးအသစ်များကို သုံးမည်ဆိုပါက Warfarin နှင့်ယှဉ်ပြီး ဖြစ်နိုင်သည့် အန္တာရယ် အကျိုးကျေးဇူးတို့ကို ဆရာဝန်နှင့် သေချာဆွေးနွေးပါ။ပြန်လာပြရန်ချိန်းဆိုခြင်း။သွေးယိုနိုင်သည့်အန္တရာယ် မြင့်မားသောသွေးကျဲဆေးများသောက်နေရလျှင် ဆရာဝန်မှာ နောက်ပြန်ပြရန်ရက်ချိန်းကို နီးနီးလေးချိန်းပါလိမ့်မည်။ ထိခိုက် ပြတ်ရှနာဖြစ်လျှင် သွေးခဲဖို့ လုံလောက်မှုရှိမရှိသိနိုင်ရန် ဆရာဝန်က သွေးစစ်မှုများကို ပြုလုပ်ပေးပါလိမ့်မည်။Factor V Leiden နှင့် ကိုယ်ဝန်ဆောင်။Factor V Leiden ရှိသော အမျိုးသမီးအများစုမှာ ပုံမှန်ကိုယ်ဝန်ဆောင်နိုင်ပါသည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်စဉ်တွင် သွေးခဲဖြစ်ပေါ်ရန်မှာ အလွန်ဖြစ်နိုင်ချေများသည်။ Factor V Leiden ရှိသော ကိုယ်ဝန်ဆောင်များမှာ ကိုယ်ဝန်ဆောင်စဉ် ဆေးပညာနှင့်ကြီးကြပ်မှုကို လိုအပ်ပါလိမ့်မည်။ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် မွေးဖွားစဉ်တွင် သွေးကျဲဆေးများကို သောက်ပါက အန္တရာယ်ထက် ကာကွယ်မှုပိုကောင်းသည်ဆိုသောအချက်အတွက် တိကျသေချာသော သက်သေမရှိပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Factor V Leiden ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။သွေးလှူခြင်း။factor V Leiden ရှိနေပါက သွေးလှူခြင်းကိုရှောင်ရန်မလိုပါ။ factor V Leiden လူနာများမှာ စိတ်ဝင်စားပါက သွေးလှူနိုင်ပါသည်။သွေးကျဲဆေးများကိုသောက်နေရပါက ထိုဆေးများ သွေးထဲမှ အကုန်အစင်ကုန်သွားပြီးနောက်မှ လှူပါ။ ဆေးသောက်နေရပါက သွေးမလှူခင် ဆရာဝန်နှင့်ပြခြင်းမှာ အကောင်းဆုံးပင်။သွေးအများအပြားယိုခြင်းအား ကာကွယ်ခြင်း။factor V Leiden ကြောင့် သွေးကျဲဆေးများ သောက်ရမည်ဆိုပါက အောက်ပါတို့ကိုလိုက်နာခြင်းဖြင့် ထိခိုက်မှုနည်းစေပြီး သွေးအများအပြားယိုခြင်းကို ရှောင်ကြဉ်နိုင်ပါလိမ့်မည်။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/factor-v-leiden-%e1%80%96%e1%80%80%e1%80%b9%e1%80%90%e1%80%ac-%e1%80%96%e1%80%ad%e1%80%af%e1%80%80%e1%80%b9-%e1%80%9c%e1%80%ae%e1%80%92%e1%80%94%e1%80%b9/
တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး
တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင်ဆေးဖြစ်ဝါးဖြစ်လေး စားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူး သုပ်ကို စားဖူးတယ်ဟုတ်။ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်​ခြောက်တွေကိုထောင်းပြီး ကြက်သွန်နီ ပါးပါးလှီး၊ မယ်ဇလီဖူးကို ပါးပါးလှီးပီး သုပ်ထားတဲ့ အသုပ်လေးကရေနွေးကြမ်းလေးနဲ့ဆို အတော်လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ လပြည့်ညမှာ အိမ်ရှေ့မြေပြောင်ပြောင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စားလိုက်ရရင် အတော်လေး အရသာရှိမှာပါ။ဒီ မယ်ဇလီဖူးသုပ်လေးကို ဘာလို့ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးတာမျိုးလည်း ရှိပါတယ်။ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးလေးမှာ။တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး က။မယ်ဇလီဖူးကသွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချိုဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။မယ်ဇလီဖူးမှာပါတဲ့ saponins လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းကဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။အစာခြေလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကိုရော အရေပြားကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပေးနိုင်တာပါ။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။မယ်ဇလီဖူးရဲ့ နောက်ထပ်အာနိသင်တစ်ခုက လေဒီလေးတွေရဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာပါ။ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးပြီးကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။မယ်ဇလီဖူးကသဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် ဝမ်းချုပ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။မယ်ဇလီဖူးရဲ့ နောက်ထပ် အာနိသင်တစ်ခုက လေဒီလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေတာပါ။ရာသီသွေးကို မှန်စေပြီး သွေးတွေ အများကြီး ဆင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။မယ်ဇလီဖူးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ဝိတ်ကျချင်သူတိုင်း စားပေးသင့်ပါတယ်။ အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့လည်း ရပါတယ်။မယ်ဇလီဖူးက အရေပြားပေါ်က အမာရွတ်တွေ၊ အမညစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အခြောက်ခံ အမှုန့်လုပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်လို့ အရေပြားပေါ်မှာ လိမ်းပေးလို့ ရသလို စားပေးလို့လည်း ရပါတယ်။ကိုယ်နံ့ပြင်းတာကြောင့် စိတ်ညစ်နေတယ်ဆိုရင် သဘာဝဆေးနည်းလေးဖြစ်တဲ့ မယ်ဇလီဖူးကို စားပေးပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေမှာပါ။လူတိုင်း စားလို့ ရပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားမယ်ဆိုရင် ဝမ်းသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိနေသူတွေလည်း အများကြီး စားတာမျိုး မလုပ်ပါနဲ့။မယ်ဇလီဖူးက ဆေးဖက်ဝင်တယ်ဆိုပေမယ့်။ကဲ…ဘယ်လိုလဲ။ ဖွားဖွားအတင်းခွံတဲ့ မယ်ဇလီဖူးသုပ်ကို စားသင့်ရဲ့လား………… ကိုယ်တိုင် စဉ်းစားလိုက်တော့နော်…………..။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-avarm-senna-flower/
အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင်
အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင် တယ်ဆိုတာကို သိပြီးပြီလား! ကိုယ်လက်လှုပ်ရှား အားကစားလုပ်တယ်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုံးစုံ ကျန်းမာရေးအတွက် ကောင်းကျိုး များလွန်းတဲ့အကြောင်း အမြဲ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ကဲရင် ဘယ်အရာမှ မကောင်းပါဘူး။ခွန်အားနဲ့ ခံနိုင်ရည်၊ ကြံ့ခိုင်မှု တို့က လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကိုယ့်ခန္ဓာကိုယ်က တတ်နိုင်တာထက် လွန်ကဲသွားတဲ့အထိ လေ့ကျင့်ခန်းတွေ အကြမ်း လုပ်မယ်ဆိုရင် ကြွက်သားတွေကို အားကုန်စေတဲ့ အပြင် ဦးနှောက်ကိုပါ ထိခိုက်နိုင်တယ်လို့ သုတေသန အသစ်က ဖော်ပြလိုက်ပါတယ်။အားကစားလေ့ကျင့်ခန်းလုပ်တာလွန်ကဲရင် ဦးနှောက်ထိခိုက်စေနိုင် လို့ ပြောရတာက ဒီလို တွေ့ရှိချက်ကြောင့်ပါ။ လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ခြင်းက လူတွေရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ကျဆင်းစေနိုင်တယ်လို့ သုတေသီတွေက ကောက်ချက် ချခဲ့ပါတယ်။“Overtraining syndrome” လို့ ခေါ်တဲ့ ဒီအခြေအနေဟာ လှုပ်ရှားနေတဲ့ ခန္ဓါကိုယ် တခြား အစိတ်အပိုင်းတွေ တင်မကဘဲ ဦးနှောက်ကိုပါထိခိုက်စေနိုင်တယ်လို့ ပြင်သစ်နိုင်ငံ Hôpital de la Pitié-Salpêtrière မှ သုတေသီတွေက လေ့လာတွေ့ရှိ ခဲ့ပါတယ်။ဒါဟာ အားကစားသမားတွေရဲ့ခံနိုင်ရည် အားကောင်းစေဖို့လေ့ကျင့်မှု အတွင်း အင်အား ကုန်ဆုံးတဲ့ ပုံစံ တစ်မျိုးပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လွန်ကဲခြင်းရဲ့ ရလဒ် ဖြစ်ပါတယ်။သုတေသနမှာ ခံနိုင်ရည် လေ့ကျင့်မှု ပါဝင်နေတဲ့ အသက် ၃၅ နှစ်ဝန်းကျင် အားကစားသမား ၃၇ ဦးကို လေ့လာခဲ့ပါတယ်။ သူတို့ထဲမှာ တချို့ကို ပုံမှန် လေ့ကျင့်ခန်းကို ဆက်လုပ်စေပြီး တချို့ကိုတော့၊ ၃ ပတ်အတွင်း တစ်ကြိမ်ကို ၄၀ ရာခိုင်နှုန်း တိုးလုပ်စေပါတယ်။အားကစားသမားတွေကို ကျန်ရှိတဲ့ ရက်တွေမှာစက်ဘီးစီး လေ့ကျင့်ခန်းတွေမှာ ပါဝင်စေခဲ့ပြီး သူတို့ရဲ့ မောပန်းအားကုန်မှု အခြေအနေတွေကို မေးခွန်းစု ဖြေကြားစေတာ၊ အပြုအမူပိုင်း စမ်းသပ်စစ်ဆေးမှုနဲ့ သူတို့ရဲ့ ဦးနှောက် လုပ်ဆောင်နိုင်စွမ်းကို ဆန်းစစ်ဖို့MRI စကင်န်တွေသုံးပြီး သုတေသီတွေက လေ့လာခဲ့ပါတယ်။Current Biologyဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသန အရ လှုပ်ရှားမှုလေ့ကျင့်ခန်းလွန်ကဲခြင်းက လူကို ပိုပြီး အားကုန်ခမ်းစေပြီး ပြုမူပုံတွေပါ ပြောင်းလဲလာစေတယ်လို့ ဆိုပါတယ်။MRI စစ်ဆေးမှုတွေအရ လေ့ကျင့်ခန်း လွန်ကဲတဲ့ အားကစားသမားတွေဟာ lateral prefrontal cortex ဦးနှောက်အပိုင်း နိုးကြားမှုကိုပျက်ယွင်းစေတာ တွေ့ရပါတယ်။ဦးနှောက်ရဲ့ ဒီအပိုင်းဟာ တွေးခေါ် ဆင်ခြင်နိုင်စွမ်း ထိန်းချုပ်မှုနဲ့ ဆိုင်တာကြောင့် ဆုံးဖြတ်ချက်ချခြင်း၊ အစီအစဉ် ဆွဲခြင်း၊ အပြုအမူ အလေ့အကျင့် ရယူခြင်း၊ တက်ကြွတဲ့ လုပ်ဆောင်မှုတွေ အပေါ် လွှမ်းမိုး သက်ရောက်စေတာ ဖြစ်ပါတယ်။လှုပ်ရှားမှု လွန်ကဲဝန်ပိခြင်းကို အရင်က ခံစားဖူးတဲ့ အားကစားသမားတွေဟာ ဆုံးဖြတ်ချက် နဲ့ပတ်သက်ရင်စိတ်လိုက်မာန်ပါ ပြုမူတာပိုများလေ့ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ ပါတယ်။ဒီသုတေသနဟာ ကိုယ်လက်လှုပ်ရှားမှုကနေ ဦးနှောက် ပင်ပန်းနွမ်းနယ်ခြင်းအထိ ဖြစ်လာစေနိုင်တာကို ဖော်ပြခဲ့တဲ့ ပထမဆုံး သုတေသနလည်း ဖြစ်ပါတယ်။ဒါပေမယ့် လေ့လာမှု ပါဝင်သူ လူဦးရေ နည်းတဲ့အတွက် တွေ့ရှိချက်ကို ပိုပြီးခိုင်မာအောင် သုတေသီတွေ အနေနဲ့ ပိုကျယ်ပြန့်တဲ့ လေ့လာမှုလုပ်ဆောင်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/overdo-exercises-can-hurt-brain/
ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ
ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာရော၊ တီဗွီရုပ်သံ၊ ဂျာနယ်မဂ္ဂဇင်းတွေမှာပါ အများအပြား မြင်တွေ့နိုင်ပါတယ်။ ‘ငါးသိုင်းများ ဟင်းဟုန်’ ဆိုသလို သတင်းအချက်အလက်တွေ များလွန်းတဲ့အခါကျပြန်တော့လည်း ဘယ်ဟာက အမှန်၊ ဘယ်ဟာကတော့ အယူအဆမှားဆိုတာကို သိနိုင်ဖို့ ခဲယဉ်းလာပါတယ်။ ရောထွေးလာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆများ ကို မျှဝေပေးလိုက်ရပါတယ်။ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီးလွဲမှားတဲ့ အယူအဆများက ဘာတွေများလဲ။ပန်းသေပန်းညှိုးခြင်းရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် တူညီမှာ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့်တော့လိင်တံထောင်မတ်မှုမရှိခြင်း၊ ထောင်မတ်လာပေမယ့် လိင်ဆက်ဆံဖို့ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မှု မရှိခြင်း စတဲ့ အနေအထားတွေကို ပန်းသေပန်းညှိုးခြင်းလို့ အဓိပ္ပာယ်သတ်မှတ်ပါတယ်။တချို့ကျပြန်တော့ အစထဲက ထောင်ကို ထောင်မလာနိုင်တာ ဖြစ်တတ်သလို တချို့ကလည်း ကြာကြာမထောင်မတ်နိုင်ပြန်ပါဘူး။ တစ်ခါ လိင်တံထောင်မတ်နေပေမယ့် ယောနိထဲ ထိုးသွင်းနိုင်လောက်အောင် လုံလုံလောက်လောက် ထောင်မတ်မှုမရှိတာလည်း ဖြစ်နေနိုင်ပြန်ပါတယ်။ ဒါကြောင့် လိင်တံထောင်နိုင်သေးရင် ပန်းသေပန်းညှိုးလို့ မခေါ်နိုင်ဘူးဆိုတာ မှားပါတယ်။အသက်ကြီးလာလေ ပန်းသေပန်းညှိုးဖြစ်ဖို့ လမ်းများလာလေဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် လူငယ်၊ လူရွယ်တွေမှာ လုံးဝ မဖြစ်ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ အမေရိကန် ဆေးပညာဂျာနယ်က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ အသက် ၂၀ – ၃၉ နှစ်ကြား လူငယ်၊ လူရွယ်တွေရဲ့ ၈၅ရာခိုင်နှုန်းဟာ (အလိုရှိချိန်မှာ) ‘အမြဲတမ်း’ ဒါမှမဟုတ် ‘အမြဲတမ်းနီးနီး’ လိင်တံထောင်မတ်နိုင်စွမ်းရှိတယ်။လိင်ဆက်ဆံဖို့လုံလုံလောက်လောက် ဆက်လက်ထောင်မတ်နိုင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ဆိုလိုတာက ကျန်ရှိတဲ့ ၁၅ ရာခိုင်နှုန်းကတော့ တစ်ခါတရံ ပြဿနာတက်လေ့ရှိတယ်လို့ ဆိုလိုရင်းပါပဲ။ အသက် ၄၀ – ၅၉ နှစ်ကြား အမျိုးသားတွေကို မေးမြန်းရာမှာတော့ ၂၀ရာခိုင်နှုန်းလောက်ကသာ စိတ်ကျေနပ်လောက်တဲ့အထိ လိင်တံထောင်မတ်နိုင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးခြင်းဟာ ဘိုးဘိုးတွေပဲ ကြုံရတတ်တဲ့ ပြဿနာတစ်ခု မဟုတ်ဘဲ ကိုကိုတို့၊ ဦးဦးတို့လည်း ရင်ဆိုင်ကြုံတွေ့လာရနိုင်ပါတယ်။ဒါဟာလည်း မှားယွင်းတဲ့ အယူအဆပါ။ ပင်နယ်တီတစ်လုံး မဝင်တာနဲ့ မက်ဆီ မြောင်းထဲ ရောက်မသွားသလို တစ်ညတလေ လိင်တံမထောင်မတ်နိုင်တာနဲ့ပဲ သင့်မှာ ပန်းသေပန်းညှိုးဖြစ်နေပြီလို့ မပြောနိုင်ပါဘူး။ အဲ့ဒီည အစောပိုင်းက အရက်တွေ ဒေါင်ချာစိုင်းအောင် သောက်ခဲ့မိတာ၊ အလုပ်မှာ၊ ရုံးမှာ တစ်ပတ်လုံး စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့တာ၊ တခြား စိတ်ဖိစီးမှုတွေရှိနေတာ စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ဒါကြောင့် မစိုးရိမ်ပါနဲ့။ ဒါပေမယ့် လိင်တံ လုံးဝမထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် ထောင်မတ်ပြီးသား လိင်တံကို ကြာရှည်ထိန်းသိမ်းနိုင်စွမ်း မရှိခြင်း စတဲ့ ပြဿနာတွေဟာ သုံးလထက် ကျော်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါပြီ။မှားပါတယ်။ လိင်တံမထောင်မတ်နိုင်ခြင်းဟာ သင့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ ပြဿနာရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ နှလုံးရောဂါပေါ့။ သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ် များပြားခြင်းဟာလည်း သင့်ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ထိခိုက်ပျက်စီးစေတာမို့ လိင်တံဆီ သွေးအရောက်နည်းစေပါတယ်။ အကျိုးဆက်အားဖြင့် လိင်တံထောင်မတ်နိုင်ဖို့ ခက်ခဲလာပါလိမ့်မယ်။ပန်းသေပန်းညှိုးခြင်းဟာ ဆီးချိုရောဂါ၊ တက်စတိုစတီရုန်းဟော်မုန်းနည်းပါးခြင်း ဒါမှမဟုတ် စိတ်ကျဝေဒနာတွေရဲ့ ရှေ့ပြေးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးပြဿနာနဲ့ ရင်ဆိုင်ရပြီဆိုရင် ရှက်ရှက်နဲ့ ကြိတ်ကုမနေဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီသွားရောက် ပြသရပါမယ်။ရာနှုန်းပြည့်မမှန်ပါဘူး။ ဒါပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ အပြစ်ချည်းပဲတော့လည်း မဟုတ်ပြန်ပါဘူး။ တကယ်တော့ ပန်းသေပန်းညှိုးခြင်းရဲ့ လက်သည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါင်းစုံခြင်းကြောင့် ဖြစ်ပေါ်လာရတာ များပါတယ်။လိင်တံဆီ သွေးပို့ပေးတဲ့ သွေးကြောတွေမှာ ပြဿနာရှိရင်လိင်တံမထောင်မတ်နိုင်တာမှန်ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဖိစီးလေ၊ လိင်တံထောင်မတ်ဖို့ ခက်ခဲလေပါပဲ။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးတွေမှာ လိင်တံထောင်မတ်ဖို့ ခက်သလဲဆိုတာ မှတ်သားထားပြီး ဆရာဝန်သွားပြတဲ့အခါ သေချာပြောပြပါ။ ဒါဆိုရင် သင့်ပြဿနာရဲ့ ရင်းမြစ်ကို ဆရာဝန်က အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး ဖော်ထုတ်နိုင်မှာဖြစ်ကာ အသင့်တော်ဆုံး ကုသမှုကိုလည်း ပေးနိုင်ပါလိမ့်မယ်။အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး စတာတွေဟာ သင့်လိင်တံကိုသာမက အလုံးစုံသော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရက်၊ ဘီယာသောက်ပြီး လိင်ဆက်ဆံရင် ပိုပြီးအဆင်ပြေတယ်လို့ ကာလသားကြီးတွေရဲ့ တဆင့်စကား၊ တဆင့်နားကို မယုံပါနဲ့။ အမူးလွန်ရင် ဇက်တောင်မတ်မတ် မထောင်နိုင်တော့ပါဘူး။ ဒါ့အပြင် အရက်ဟာ သင့်ကျန်းမာရေးအတွက် ဘယ်လောက်ဆိုးရွားသလဲဆိုတာ အထူးတလည် ပြောနေဖို့တောင် မလိုပါဘူး။ဆေးလိပ်သောက်ခြင်းဟာလည်း သွေကြောတွေကို ကျဉ်းစေတာမို့ လိင်တံဆီသွေးအရောက်နည်းစေကာ ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်အပြီး တစ်နှစ်လောက်အကြာမှာ လိင်တံထောင်မတ်မှု အခြေအနေပိုကောင်းလာတယ်လို့ ဆေးလိပ်ဖြတ်ပြီးသူ ၂၅ရာခိုင်နှုန်းက ဆိုပါတယ်။ အခြားသော မူးယစ်ဆေးဝါးတွေဟာလည်း ပန်းသေပန်းညှိုးခြင်းကို ဦးတည်စေပါတယ်။သင်ကြားဖူးနားဝ ရှိနေကျ ဗိုင်ယာဂရာ၊ ဆီဒိုရာ၊ မက်စ်မိတ်၊ ကာဗာတာ စတဲ့ ဆေးတွေဟာ ယေဘုယျအားဖြင့်တော့ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်း အုပ်စုတူညီကြပါတယ်။ သူတို့တွေဟာ ကြွက်သားတွေကို ဖြေလျှော့စေပြီး လိင်တံဆီသွေးအရောက်များစေကာ လိင်တံကို ပိုမိုထောင်မတ်စေပါတယ်။ ဒါပေမယ့် ဆေးတစ်ခုခြင်းစီပေါ် မူတည်ပြီး သင့်ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုက အနည်းအကျဉ်း ကွာဟပါတယ်။ဒီအချက်ဟာ ဆေးအာနိသင် ထိရောက်မှုရှိမရှိဆိုတဲ့ အနေအထားအပေါ် အထူးသက်ရောက်မှုရှိနေပါတယ်။ ဥပမာ တချို့ဆေးတွေဟာ သုံးစွဲပြီးတစ်နာရီအကြာမှာ အာနိသင်အထက်မြက်ဆုံး ဖြစ်ပေမယ့် တချို့ဆေးတွေကတော့ နှစ်နာရီလောက်အကြာမှ အာနိသင်ပြပါတယ်။ ဆေးမသောက်ခင် အဆီအဆိမ့်များတဲ့ အစားအသောက်တွေ စားခြင်းဟာလည်း ဆေးရဲ့အာနိသင်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အစာစားပြီး ၂ – ၃နာရီလောက်နေမှ ဒီဆေးတွေကို သုံးစွဲသင့်ပါတယ်။ နောက်တစ်ခုက ဆေးသုံးရင်း ရုတ်တရက် သွေးပေါင်ထိုးကျပြီး သတိလစ်သွားတတ်တာကိုလည်း မမေ့သင့်ပါဘူး။ဒါဟာ မှားပါတယ်။ ပန်းသေပန်းညှိုးဝေဒနာ ခံစားနေရပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ တက်စတိုစတီရုန်းဟော်မုန်းပမာဏ ပုံမှန်အတိုင်း ရှိနေမယ်ဆိုရင် ဒီလို ထိုးပေးလို့ ဘာအကြောင်းမှ မထူးပါဘူး။ဒါကြောင့် တက်စတိုစတီရုန်းဟော်မုန်းပမာဏကို တိုင်းတာစစ်ဆေးဖို့လည်း လိုအပ်ပါတယ်။ ဟော်မုန်းပမာဏ ၃၀၀ ng/dl ထက်နည်းရင် ဟော်မုန်းဓာတ်နည်းနေပြီလို့ ယေဘုယျအားဖြင့် ယူဆရပါတယ်။ ဒါဆိုရင်တော့ ဟော်မုန်းဆေးထိုးဖို့ လိုအပ်နေပါပြီ။နောက်သိထားသင့်တဲ့တစ်ချက်က ဘာလဲဆိုတော့ ဟော်မုန်းပမာဏ နည်းနေသည့်တိုင် ပုံမှန်ပမာဏပြန်ရောက်အောင် ထိုးပေးလိုက်ရုံနဲ့ သင်ခံစားနေရတဲ့ ပန်းသေပန်းညှိုးပြဿနာက ချက်ချင်းပြေလည်သွားမှာ မဟုတ်ပါဘူး။ တခြားဆေးဝါးတွေကို သုံးစွဲဖို့ လိုအပ်နေတုန်းပါပဲ။အမျိုးသားတိုင်းအတွက် နံပါတ်တစ်ရန်သူဖြစ်တဲ့ ပန်းသေပန်းညှိုးခြင်း ပြဿနာဟာ တစ်ကွေ့မဟုတ် တစ်ကွေ့ကြုံလာရနိုင်တဲ့ ကိစ္စပါ။ ဒါကြောင့် ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ ကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/myths-about-ereectile-dysfunction/
အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ
သာမန် Gymဆော့တာကစလို့ ပြိုင်ပွဲဝင်အားကစားသမားတွေအထိ သင့်တော်တဲ့အာဟာရဆိုတာ လိုပါတယ်။ ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားကို ရဖို့ ကြိုးစားကြတဲ့အခါမှာ ဇွဲတို့၊ ကျွမ်းကျင်မှုတို့တင် မကပါဘူး။ သင့်တော်တဲ့ အာဟာရဆိုတာလည်း လိုအပ်ပါသေးတယ်။ ခန္ဓာကိုယ်ကို အစားအစာတွေက ရတဲ့ အာဟာရတွေနဲ့ တည်ဆောက်ထားတာကိုး။အားကစားသမားတွေ စားတဲ့အစားအသောက်ကတော့ သာမန်လူတွေထက် ပိုပြီး တိတိကျကျတွက်ချက်ထားတဲ့ ပုံစံမျိုးနဲ့ စားသောက်နေရမှာ အသေအချာပါပဲ။ ဒါဆို သူတို့ ဘာတွေများ စားနေပါလိမ့်။ အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ ဘာတွေဖြစ်မလဲ။ဘောလုံးအသင်းတို့၊ ဘတ်စကတ်ဘောအသင်းတို့၊ ရေကူးအသင်းတို့ စသဖြင့် အားကစားအဖွဲ့အစည်းတွေမှာ သက်ဆိုင်ရာ သင်တန်းနည်းပြအပြင် အားကစားကြောင့် ထိခိုက်ဒဏ်ရာရရင် ကုသပေးဖို့ ဆရာဝန်၊ အာဟာရတွေ တွက်ချက်ပေးဖို့ အာဟာရဆရာဝန်ဆိုတာတွေ ရှိပါတယ်။ အားကစားလေ့ကျင့်ရုံနဲ့ လိုရာပန်းတိုင်ကို ချောချောမွေ့မွေ့ မရောက်နိုင်ဘူးဆိုတာ နားလလည်ထားလို့ ဒီလိုတွေ ခန့်ထားတာပါ။လုပ်တဲ့အားကစားအမျိုးအစား၊ ကိုယ်အလေးချိန်၊ ကျားမ၊ ရောဂါအခံ စတာတွေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် အာဟာရလိုအပ်ချက်၊ စားရတဲ့ ပမာဏတွေ တူမှာမဟုတ်ပါဘူး။ တစ်ယောက်ချင်းဆီအတွက် အသေးစိတ်တွက်ချက်ပေးရပါတယ်။ ဒါ့ပြင် ပြောင်းလဲလာတဲ့ခန္ဓာကိုယ်ပေါ်မူတည်ပြီးလည်း အတိုးအလျှော့ လုပ်ပေးရပါသေးတယ်။ခုဆက်ပြောမှာက အားကစားသမားတွေအတွက် အကြမ်းဖျင်း လိုအပ်တဲ့ အာဟာရတွေနဲ့ ပမာဏတွေပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားမှု ရှိနိုင်ပါတယ်။ရေ။သာမန်လူတစ်ယောက်ကက တစ်နေ့ကို ရေ၆၄အောင်လောက်ဆို လုံလောက်ပေမယ့် အားကစားသမားတွေက ဒီထက်ပိုလိုပါတယ်။ လှုပ်လှုပ်ရှားရှားလုပ်လေ ခန္ဓာကိုယ်အပူချိန်တက်ပြီး ချွေးထွက်လေဖြစ်တဲ့အတွက် အားကစားမလုပ်ခင်ရော၊ လုပ်နေတုန်းရော၊ လုပ်ပြီးရင်ရော ဂရုတစိုက်သောက်ဖို့ လိုပါတယ်။ ဆုံးရှုံးသွားသမျှကို ပြန်ဖြည့်ဖို့လိုပါတယ်။လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်၊ တစ်နာရီသာသာလောက်ပဲ ကြာနိုင်တဲ့ ပွဲတွေဆိုမှာ ရိုးရိုးရေသောက်တာကတော့ အကောင်းဆုံးပေါ့။ အချိန်ကြာကြာလုပ်ရတဲ့ အားကစားတွေဆိုရင်တော့ ကာဘိုဟိုက်ဒရိတ် ၆-၁၀ ရာခိုင်နှုန်းပါတဲ့ Sports drinksတွေ သောက်နိုင်ပါတယ်။ Sports drinksတွေမှာ ရေ၅၀ရာခိုင်နှုန်းလောက်ပါဝင်အောင် ထုတ်လုပ်ထားပါတယ်။အားကစားသမားတွေက ရေကို ဆာမှ သောက်လို့မရပါဘူး။ မဆာလည်း သောက်ပေးရပါမယ်။ ရေဆာပြီလို့ ခံစားရပြီဆိုရင် ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပြီဖြစ်လို့ အားကစားလုပ်တဲ့နေရာမှာ ထိခိုက်လာနိုင်ပါတယ်။ ရေဆာပြေရုံပဲ သောက်မယ်ဆိုရင်လည်း သင်ဆုံးရှုံးသွားတာရဲ့ တစ်ဝက်လောက်ကိုပဲ ပြန်ဖြည့်ရသေးလို့ ပိုသောက်ပေးသင့်ပါတယ်။Tips။ကာဘိုဟိုက်ဒရိတ်။တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီရဲ့ ၆၀-၇၀ရာခိုင်နှုန်းကို ကာဘိုဟိုဒရိတ်က ရတာကြောင့်  ကိုယ်တစ်နေ့ ကယ်လိုရီဘယ်လောက်လိုသလဲ တွက်ချက်ပြီး စားရမှာပါ။ ကယ်လိုရီကို ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲတို့က အဓိက ရပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီပမာဏကို သိချင်ရင်တော့ဒီမှာတွက်ချက်နိုင်ပါတယ်။စားပြီးလို့ ပိုနေတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို အသည်းနဲ့ ကြွက်သားတွေမှာ ဂလိုင်ကိုဂျင်အနေနဲ့ သိမ်းထားတဲ့အတွက် အချိန်တိုတို၊ အားပြင်းပြင်း လေ့ကျင့်ခန်းတွေ လုပ်ရပြီဆိုရင် ဒါကို ဖြိုခွဲပြီး သုံးလို့ရပါတယ်။ကာဘိုဟိုဒရိတ်ကုန်သွားရင်တော့ အဆီနဲ့ ပရိုတိန်းတွေကို ဆက်ပြီး ဖြိုသုံးပါတယ်။ ဒါတွေက ကာဘိုဟိုက်ဒရိတ်လောက် ကယ်လိုရီမပေးနိုင်တဲ့အတွက် သင့်လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်း ကျလာပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးက ခန္ဓာကိုယ်ထဲမှာ ဂလိုင်ကိုဂျင်မရှိဘဲ အားကစားလုပ်မိတာ ဖြစ်ဖြစ်၊ အစားထပ်မစားဘဲ တစ်နာရီကျော်ကြာတဲ့အထိ ပြင်းပြင်းထန်ထန် လုပ်နေတာမျိုးဆို ဖြစ်နိုင်ပါတယ်။Tips။ပရိုတင်း။ပရိုတင်းက တစ်နေ့တာကယ်လိုရီရဲ့ ၁၂-၁၅ ရာခိုင်နှုန်းထိ ဖြည့်ပေးနိုင်ပါတယ်။ အသားတွေ၊ ပဲတွေနဲ့ နို့ထွက်ပစ္စည်းတွေကနေ အဓိကရပါတယ်။ ပရိုတင်းစားပေးရတဲ့ အဓိက ရည်ရွယ်ချက်က ခန္ဓာကိုယ်မှာ တစ်ရှူးအသစ်တွေ ဖြစ်လာစေချင်လို့ပါပဲ။ ပိုလျှံတဲ့ ပရိုတင်းကို ကာဘိုဟိုက်ဒရိတ်လို သိမ်းထားလို့ မရတဲ့အတွက် စွမ်းအင်အဖြစ် သုံးနိုင်ရင်သုံး မသုံးနိုင်ရင် အဆီအနေနဲ့ သိမ်းပြီး လိုတဲ့အခါ ဖြိုသုံးလို့ရပါတယ်။ ပရိုတင်း ဘယ်လောက်လိုသလဲဆိုတာကတော့။အဆီ။အဆီက တစ်နေ့တာ ကယ်လိုရီရဲ့ ၂၀-၃၀ ရာခိုင်နှုန်းထိ မပိုသင့်ပါဘူး။ ခန္ဓာကိုယ်မှာ အလုပ်တချို့လုပ်ဖို့နဲ့ ဂလူးကိုစ့်အစားထိုး စွမ်းအင်အတွက် အဆီအများကြီး မလိုပါဘူး။ အဆီတွေ စားလွန်းရင် နောက်က ရောဂါတွေ လိုက်လာနိုင်လို့ပါ။ အဆီတွေ အများကြီး စားနေရပြီဆိုရင်တော့ ကာဘိုဟိုက်ဒရိတ်စားတာ မလုံလောက်လို့ပါပဲ။ခန္ဓာကိုယ်က အဆီကို ဘယ်လိုသုံးနေသလဲဆိုတာ လေ့ကျင့်ခန်း ကြာချိန်နဲ့ ပြင်းအားပေါ်မူတည်ပါတယ်။ ဥပမာ သိပ်မပြင်းထန်ဘဲ ပေါ့ပေါ့ပါးပါး လုပ်နေတယ်ဆိုရင် အဆီတွေလောင်ကုန်ပါတယ်။ ခပ်ပြင်းပြင်းလေး လုပ်မယ်ဆိုရင်တော့ ရှိပြီးသား ကာဘိုဟိုက်ဒရိတ်တွေ ကုန်သွားလို့ဂလိုင်ကိုဂျင်တွေပါ ဖြိုသုံးရပါတယ်။ ဂလိုင်ကိုဂျင်ပါ မရှိတော့ဘူးဆိုမှ အဆီကို ဆက်သုံးတာပါ။ ဒါပေမယ့် ဒီအခြေအနေရောက်သွားရင် သင့်ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် မလုပ်နိုင်တော့ပါဘူး။ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်းနဲ့ အဆီတွေအပြင် တခြားလိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ဖြည့်တင်းပေးမယ်ဆိုရင် ပြီးပြည့်စုံတဲ့ အာဟာရကို ရရှိမှာပါ။ဒါကြောင့် Sports nutritionဆိုတာ စားရမယ့် အာဟာရတစ်မျိုးချင်းစီကို အသေးစိတ်တွက်ပြီး စားရတာမျိုးပါ။ ဒါမှ အားကစားသမားတွေ ကျန်းမာရေး မထိခိုက်ဘဲ အားနဲ့ အင်နဲ့ လေ့ကျင့်နိုင်လို့ လိုချင်တဲ့ ပန်းတိုင်ကို ချောချောမွေ့မွေ့ရောက်နိုင်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/sports-nutrition/
ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ
စိတ်ဆိုးဒေါသထွက်တယ်ဆိုတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ ပုံမှန်စိတ်ခံစားချက်တစ်ခုပါ။ ဒါပေမယ့် တချိန်လုံးစိတ်တိုဒေါသထွက်နေမယ်၊ မချုပ်ထိန်းနိုင်လောက်အောင် ပေါက်ကွဲနေမယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေး၊ကျန်းမာရေး နဲ့ သင့်စိတ်ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။လူတိုင်းစိတ်ဆိုးဒေါသထွက်တတ်ကြတာ အမှန်ပါ။ ဒါပေမယ့် မချုပ်ထိန်းနိုင်ဘဲ ဒေါသအရမ်းကြီးလွန်းတာဟာ သင့်အတွက်ရော၊သင့်ဘေးနားကလူတွေအတွက်ပါ မကောင်းပါဘူး။ဥပမာ သင့်အနေနဲ့ အရမ်းဒေါသကြီးမယ်၊စိတ်မထိန်းနိုင်ဘူးဆိုရင် ခိုက်ရန်ဖြစ်ပွားတာတွေ၊ကားကို မဆင်မခြင် အရမ်းမောင်းတာတွေ ဖြစ်တဲ့အခါ သင်ကိုယ်တိုင်အတွက်ရော၊တခြားလူတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဒေါသစိတ်ဆိုတာ လွှတ်ထုတ်ပစ်ရမယ့်အရာ မဟုတ်ပါဘူး။ ချုပ်ထိန်းရမယ့်အရာ ဖြစ်ပါတယ်။ဒေါသကို ထိန်းချုပ်တယ်ဆိုတာဟာ ခံစားချက်တွေအားလုံးကို ချိုးနှိမ်မြိုချထားဖို့ ဆိုလိုတာ မဟုတ်ဘဲ ဒေါသရဲ့ နောက်ကွယ်က အကြောင်းရာကို နားလည်အောင်ကြိုးစားပြီး မှန်ကန်သင့်တော်တဲ့နည်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖော်ပြဖို့ပဲ ဖြစ်ပါတယ်။ ဒေါသစိတ်ဟာ သင့်ခန္ဓါကိုယ်ကိုလည်း ထိခိုက်စေပါတယ်။ လေ့လာချက်တွေအရ ဒေါသစိတ်ဟာ လူတွေရဲ့ (အထူးသဖြင့် အမျိုးသားတွေရဲ့) နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို များပြားလာစေပြီး အကယ်၍ ဒီရောဂါရှိပြီးသားဆိုရင်လည်း အခြေအနေကို ပိုဆိုးစေတယ်လို့ သိရပါတယ်။ဒေါသကြီးတာဟာ စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အိပ်မပျော်တာ၊အစာမကြေတာ၊ခေါင်းကိုက်တာ အစရှိတာတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။အသက်ပြင်းပြင်းရှုတာမျိုး၊စိတ်ကြည်နူးစရာ ပုံလေးတွေကို ကြည့်တာမျိုး စတဲ့ ရိုးရှင်းတဲ့နည်းလေးတွေက သင့်ဒေါသစိတ်ကို ဖြေလျှော့ဖို့ ကူညီပေးပါလိမ့်မယ်။အောက်ပါရိုးရှင်းတဲ့ အချက်လေးတွေကို စမ်းကြည့်ပါ။ဒီနည်းလမ်းတွေကို နေ့စဉ်လေ့ကျင့်ပါ။ ကြာလာရင် သင့်အနေနဲ့ အကျင့်ဖြစ်ပြီး စိတ်ဆိုးဒေါသထွက်တော့မယ်ကြံတိုင်း ဒီနည်းတွေကို အလိုအလျောက် သုံးမိပြီးသား ဖြစ်သွားပါလိမ့်မယ်။သင့်အနေနဲ့ အခြားလူတယောက်ယောက်နဲ့ သဘောတူညီမှုရဖို့ခက်ခဲတဲ့ အချိန်တွေကို တကွေ့ကွေ့မှာ ကြုံတွေ့လာရနိုင်ပါတယ်။သင့်အနေနဲ့ တခြားလူတွေရဲ့ ထင်မြင်ယူဆချက်ကို နားလည်ပေးဖို့ခက်ခဲနေပြီး လက်ခံပေးဖို့ဆိုတာ ပိုလို့တောင် ခက်ခဲနေပါသလား။ တကယ်လို့ သင်ဟာ ဒေါသကြီးတတ်တဲ့ မိသားစုဝင်တွေကြားမှာ ကြီးပြင်းလာရတယ်ဆိုရင် ဒေါသကြီးတဲ့သူတွေဟာ အော်ဟစ်သောင်းကျန်းပြီး လိုချင်လောဘအများဆုံးဖြစ်တယ်ဆိုတာကို သင်မှတ်မိပါလိမ့်မယ်။ ခက်ခဲတဲ့အချိန်တွေမှာ သင်ဟာ တခုခုဆုံးရှုံးသွားမှာ ဒါမှမဟုတ် ထိခိုက်နစ်နာသွားမှာ ကို ကြောက်လန့်နေပါတယ်။ ဒါပေမယ့် ခက်တာက သင်ဟာ ဒေါသမှတပါး တခြားစိတ်ခံစားမှုတွေကို မဖော်ပြတတ်ဖူး ဖြစ်နေတာပါပဲ။ သင်ဟာ ကြံ့ခိုင်တယ်၊ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ဂုဏ်ယူတတ်ပါသလား။ ကြောက်လန့်တာ၊အပြစ်ရှိတာ ဒါမှမဟုတ် ရှက်ရွံ့တာ အစရှိတဲ့ သိမ်ငယ်စရာ စိတ်ခံစားချက်တွေဟာ သင်နဲ့ လားလားမှ မဆိုင်ဖူးလို့ လက်ခံထားပါသလား။ အမှန်က လူတိုင်းမှာ ဒီခံစားချက်တွေ ရှိကြတာချည်းပါပဲ။ သင့်မှာမှ ဒီခံစားချက်တွေ မရှိတာမဟုတ်ပါဘူး။ ဒေါသနဲ့ ဖုံးအုပ်ထားတာပဲ ဖြစ်ပါတယ်။ငါနဲ့မတူ ငါ့ရန်သူသင့်တွေးခေါ်ပုံ၊သင့်လုပ်ပုံကိုင်ပုံမှ အမှန်ဖြစ်ပြီး သင်နဲ့ သဘောမတူ၊အမြင်မတူတဲ့ သူတိုင်းကို စိတ်ဆိုးဒေါသထွက်နေမှာလား။ သင်ဟာ စိတ်ခံစားချက်တွေကို မချုပ်တည်းနိုင်တဲ့သူ ဒါမှမဟုတ် မာနကြီးသူဆိုရင် တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ “ဪ လူတကိုယ် အမြင်တမျိုးပါလား။ သူ့အမြင် ကိုယ့်အမြင် ရှိပါလား” လို့ ရိုးရိုးလေးမတွေးနိုင်ဘဲ ဒါဟာ သင့်ကို စိန်ခေါ်ရန်စနေတယ်၊သင့်ကို ခြေရာချင်းတိုင်းနေတယ်လို့ ယူဆပါလိမ့်မယ်။အရေးပေါ်အခြေအနေတွေမှာ ခန္ဓါကိုယ်ရဲ့ သဘာဝအလျောက် တုံ့ပြန်မှုတခု ဖြစ်တဲ့ “ထွက်ပြေးမလား၊ပြန်ချမလား”ဆိုတဲ့ အခြေအနေကို ဒေါသက မီးထိုးပေးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပေါက်ကွဲတော့မယ်လို့ ခံစားမိနေရင် ဒါဟာ သင့်ခန္ဓါကိုယ်က တုံ့ပြန်ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ ဒီလို ဒေါသမထွက်ခင် ဖြစ်ပေါ်လာတတ်တဲ့ ခံစားမှု စိတ်အခြေအနေတွေကို ကြိုသိပြီး ပေါက်ကွဲမထွက်ခင် ထိန်းချုပ်နိုင်မယ်ဆိုရင် သင့်ဒေါသကို ချွန်းသတ် နိုင်မှာပဲ ဖြစ်ပါတယ်။ဒေါသထွက်လာတော့မယ်ဆိုရင် သင့်ခန္ဓါကိုယ်ထဲမှာ ဘယ်လိုတွေ ပြောင်းလဲဖြစ်ပေါ်နေသလဲဆိုတာကို သိအောင်လုပ်ပါ။ ဗိုက်ထဲမှာ ဗြောင်းဆန်နေသလို ခံစားရတာလား၊လက်သီးတွေဆုပ်၊အံတွေကြိတ် ဖြစ်လာသလား၊ကြွက်သားတွေ တင်းလာသလား။ သင့်မျက်နှာကြီး နီရဲလာသလား၊နေရထိုင်ရတာ အလိုမကျတွေ ဖြစ်လာသလား။ နှလုံးခုန်တာ မြန်လာသလား၊အသက်ရှုတွေ ပြင်းလာမြန်လာသလား စသဖြင့် ပေါ့။သင့်ကို ဒေါသထွက်စေတဲ့ သင်မကြိုက်တဲ့ အချက်တွေကို သိအောင်လုပ်ပါ။ တခြားလူတွေ လုပ်ပုံကိုင်ပုံ အသုံးမကျလို့၊အလုပ်မဟုတ်လို့၊အချိုးမပြေလို့ သင်ဒေါသထွက်ရတာလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒေါသထွက်ရခြင်းရဲ့ ရာခိုင်နှုန်းအများစုက သင့်ရဲ့အဆိုးမြင်စိတ်ကြောင့်ပဲ ဖြစ်ပါသတဲ့။ဥပမာ ကိစ္စတခုကို ဒီလိုပဲ ဖြစ်ရမယ်လို့ လှေနံဓါးထစ်မှတ်ထားပြီး အဲဒီအတိုင်း ဖြစ်မလာခဲ့ရင် သင်ဒေါသထွက်ပါပြီ။ ဒါမှမဟုတ် သင်ဟာ ကောင်းကွက်အကြီးကြီးတွေကို မမြင်ဘဲ အပြစ်အနာအဆာသေးသေးလေးတွေကို လိုက်မြင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်အနေနဲ့ ဘဝမှာ တွေ့ကြုံခံစားနေရတဲ့ အခက်အခဲ၊ပြဿနာတွေဟာ ငါဘာများ မှားယွင်းနေလို့လဲဆိုပြီး မသုံးသပ်ဘဲ တခြားလူတွေကို လက်ညှိုးထိုး၊တရားခံရှာနေတတ်တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။စိတ်ဖိစီးမှုတွေ များလာတဲ့အခါ သူသူကိုယ်ကိုယ် ဒေါသထွက်မှာ အမှန်ပါ။ ဒါပေမယ့် ဒီလိုဒေါသထွက်တာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေမယ်ဆိုတဲ့ အချက်ကို ကောင်းကောင်း သဘောပေါက်ရင် သင့်အနေနဲ့ မလိုလားအပ်တဲ့ ဝုန်းဒိုင်းကြဲဒေါသထွက်မှုတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ သူတို့နဲ့ အပြင်ထွက်ပြီး သောက်တိုင်း ရန်ဖြစ်လေ့ရှိတဲ့ သူငယ်ချင်းတွေ ရှိပါသလား။ ဒါမှမဟုတ် ရုံးသွားရုံးပြန်ကားပိတ်တာက သင့်ကို ပေါက်ကွဲစေပါသလား။ သင့်ကို စိတ်ဆိုးဒေါသထွက်စေတတ်တဲ့ အရာတွေ၊အနေအထားတွေကို ရှောင်ရှားဖို့ နည်းလမ်းတွေကို စဉ်းစားပါ ဒါမှမဟုတ် ဒီအနေအထားတွေကို တတ်နိုင်သမျှ ဒေါသမထွက်စေဘဲ အကောင်းမြင်ပြီး တွေးပေးပါ။အလျင်စလို မဆုံးဖြတ်ပါနဲ့။ တခြားသူရဲ့ စကားကို သေချာနားထောင်ပါ။ဒေါသထွက်နေတုန်း တဒင်္ဂဆုံးဖြတ်တာတွေဟာ အမှားများတတ်တာမို့ စိတ်ကို အရင်ဆုံးလျှော့ပြီး စိတ်အေးအေးထားပါ။ တခြားသူရဲ့ ပြောစကားကို သေချာနားထောင်ပါ။ ခွန်းတုံ့မပြန်ခင် ခေါင်းအေးအေးထား စဉ်းစားပါ။ ခေါင်းထဲကို ပထမဆုံးဝင်လာတဲ့ စကားလုံးကို ထုတ်ပြောလိုက်မယ့်အစား ပြောသင့်မပြောသင့် သေချာချင့်ချိန်ပါ။သင့်ဒေါသရဲ့ နောက်ကွယ်မှာ ဘာရှိနေသလဲဆိုတာ ကိုယ့်ကိုယ်ကို သုံးသပ်ပါ။ဆိုကြပါစို့၊ သင်ကလွတ်လွတ်လပ်လပ် နေချင်တယ်၊သင့်လက်တွဲဖော်က ရင်းရင်းနှီးနှီး ဘာလျှို့ဝှက်ချက်မှ မရှိဘဲ နေချင်တယ်။ တကယ်လို့ သင့်အမူအကျင့်နဲ့ ပတ်သက်လို့ သူ့ဖက်ကစပြီး အပြစ်တင်စကားပြောလာရင် အရမ်းချုပ်ချယ်တယ်လို့ သင့်ချစ်သူကို တံဆိပ်မကပ်ပါနဲ့။ အပြစ်တင်ခံရရင် ပြန်ပက်တတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် နင်တခွန်းငါတခွန်း မတုံ့ပြန်ပါနဲ့။ အဲဒီအစား စကားထဲက စကားတွေကို ကြားအောင် နားထောင်ပါ။ သင့်ချစ်သူ တကယ်တမ်းခံစားနေရတာက ပစ်ပယ်ခံထားရတယ်၊ဂရုမစိုက်ဖူး စသဖြင့် ဖြစ်ကောင်းဖြစ်နေနိုင်လို့ပါပဲ။ စိတ်ရှည်လက်ရှည်နဲ့ စကားတွေပြော၊မေးခွန်းတွေ မေးဖို့တော့လိုပါတယ်။ ဒါပေမယ့် ဒေါသတွေ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲမထွက်ပါစေနဲ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%b1%e1%80%92%e1%80%ab%e1%80%9e%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%91%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%b3%e1%80%95/
ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ကော်လာဂျင်။ ။
ကိုယ်ခန္ဓါအတွက် မရှိမဖြစ် ကော်လာဂျင်။ ။ ကော်လာဂျင် လို့ဆိုလိုက်တာနဲ့ နုပျိုချင်ရင်၊အသားအရေတင်းရင်းချင်ရင် ကော်လာဂျင်သောက်၊ အသက်ကြီးလာရင်ကော်လာဂျင်ရှိဖို့လိုအပ်တယ်ဆိုတဲ့ စကားသံတွေ မကြာခဏ ကြားဖူးကြမှာပါ။ ဒါတွေကို ကြည့်ခြင်းအားဖြင့်ကော်လာဂျင်ဆိုတာ အသားအရေ အတွက်ကောင်းစေတဲ့ ဓါတ်စာတစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။ ဒါပေမယ့် ကော်လာဂျင်ဟာအသားအရေအတွက်တစ်ခုပဲ ကောင်းစေတာမဟုတ်ပါဘူး။ အသားအရေအပြင် ကိုယ်ခန္ဓါမှာ ကော်လာဂျင်ရဲ့ အခြား အခန်းကဏ္ဍ တွေ အများကြီးရှိပါသေးတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။Collagenကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက်ထုတ်လုပ်တဲ့ ပရိုတင်းတစ်မျိုးပါ။ သုံးပင်လိမ် သဏ္ဍာန်ရှိတဲ့ ရှည်လျားပြီး အမျှင်ပုံစံရှိတဲ့ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ကျုံနိုင် ဆန့်နိုင်အား အလွန်ကောင်းမွန်ပြီး ကိုယ်တွင်းဆဲလ်တွေနဲ့ တစ်ရှူးတွေကို ထောက်ပံ့ပေးတဲ့ ပရိုတင်းတစ်မျိုးပါ။ပရိုတင်းဆိုတော့ Amino acid တစ်မျိုးဖြစ်တဲ့ Collagen ကို Amine နဲ့ carboxylic acid တွေနဲ့ ဖွဲ့စည်းထားပြီးတော့ သူ့မှာ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်နဲ့ ကာဗွန် တို့လည်းပါဝင်ပါတယ်။ ကော်လာဂျင်ရဲ့ သုံးပင်လိမ်ပုံသဏ္ဍာန်ကိုတော့ Amino acid သုံးမျိုးဖြစ်တဲ့ glycine, proline, hydroxyproline တို့က ပုံဖော်ပေးထားတာပါ။ကိုယ်ခန္ဓါမှာ ကော်လာဂျင်အမျိုးအစားပေါင်း ၂၀ ကျော်လောက်ရှိပါတယ်။ အဲဒီအထဲကမှကော်လာဂျင် Type I ကနေ Type V အထိက ကိုယ်ခန္ဓါမှာ အများဆုံးတွေ့ရတဲ့ ကော်လာဂျင်တွေပါ။ဒီလို ကိုယ်ခန္ဓါနေရာအလိုက် ကော်လာဂျင်တွေရှိတယ်ဆိုမှတော့ ကော်လာဂျင်မှာ သူလုပ်ဆောင်ရမယ့် အခန်းကဏ္ဍ အများကြီးရှိတယ်ဆိုတာ ခန်းမှန်းသိလောက်ပြီလို့ထင်ပါတယ်။ ဘယ်လို အခန်းတွေကနေ ပါဝင်နေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ကော်လာဂျင်။ ။ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။( ၁ ) အသားအရေကိုတင်းရင်းနုပျိုစေပါတယ်။ဒါကတော့ ကော်လာဂျင်Type I ရဲ့ အာနိသင်ပါ။ အသားအရေဟာ ကော်လာဂျင်ရဲ့ အစွမ်းကို သိသာအောင် အများဆုံ ဖော်ပြပေးနိုင်တဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ကော်လာဂျင်ဟာ နောက်ထပ် အရေပြားမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုး ဖြစ်တဲ့ elastin နဲ့ ပူးပေါင်းပြီး အရေပြားကို ကျုံ့နိုင်ဆန့်နိုင်အားကောင်းအောင် ၊ တင်းရင်းအောင် အားဖြည့်ပေးကြပါတယ်။ ဒီတော့ နုပျိုတင်းရင်းတဲ့ အသားအရေ ပိုင်ဆိုင်ဖို့က ကော်လာဂျင်နဲ့ ၈၀ ရာခိုင်နှုန်း သက်ဆိုင်နေပါတယ်။( ၂ ) အရိုးတွေကို သန်မာစေပါတယ်။အဆစ်အမြစ်တွေကို ကျန်းမာစေပါတယ်။ဒါကကော်လာဂျင် Type I နဲ့ Type II ရဲ့ အခန်းကဏ္ဍပါ ။ အရိုးတစ်ခုကို လေ့လာကြည့်ရင် ကော်လာဂျင်ပရိုတင်းနဲ့ hydroxyapatite လို့ခေါ်တဲ့ သတ္တုဓါတ် နှစ်ခုကို တွေ့ရမှာပါ။ ဒီနှစ်ခု ပူးပေါင်းပြီးအရိုးသန်မာဖို့၊ လှုပ်ရှားမှု အဆင်ပြေစေဖို့နဲ့ အဆစ်အမြစ်တွေ ကျန်းမာစေဖို့ ကူညီပေးနေတာပါ။ လေ့လာချက်တွေအရတော့ အရိုးဖွဲ့စည်းပုံ ၃၀ ရာခိုင်နှုန်းမှာ ကော်လာဂျင် ၉၅ ရာခိုင်နှုန်းတောင် ပါနေတယ်လို့ဆိုပါတယ်။ ဒီတော့ အရိုးတစ်ခုအတွက် ကော်လာဂျင်ကလည်း မရှိမဖြစ်နော်။( ၃ ) မျက်လုံးအားကောင်းစေပါတယ်။ကော်လာဂျင်Type II ဟာမျက်လုံးရဲ့ ကြွက်သားတွေ ကျုံနိုင်ဆန့်နိုင်ဖို့နဲ့ မှန်ဘီလူးတွေ ခုံးနိုင် ခွက်နိုင်ဖို့ နဲ့ မျက်လုံး အသွားအလာ ချောမွတ်အောင် လုပ်ဆောင်ပေးနေတဲ့ ကော်လာဂျင် တစ်မျိုးပါ။( ၄) သွေးကြောတွေရဲ့ ကျုံနိုင်ဆန့်နိုင်ဖို့အတွက်လည်း ကော်လာဂျင်က မပါမဖြစ်ပါ။နှလုံးရဲ့ သွေးလွှတ်ခန်းတွေ ကောင်းကောင်းညှစ်နိုင်ဖို့၊ သွေးတွေ ဝင်လာရင် နေရာကျယ်အောင် ကြွက်သားတွေဆန့်ပေးနိုင်ဖို့နဲ့ သွေးတွေကိုသယ်ပို့ပေးနေတဲ့ သွေးကြောနံရံတွေ ကျုံနိုင် ဆန့်နိုင်အားကောင်းစေဖို့အတွက် ကော်လာဂျင် Type III ရှိနေဖို့လိုအပ်ပါတယ်။( ၅ )ကြွက်သားတွေကို သန်မာစေပါတယ်။ဒါကတော့ ကော်လာဂျင် Type III အဓိကလုပ်ဆောင်ပေးတဲ့ အရာတစ်ခုပါ။ ကိုယ်ခန္ဓါရဲ့ ကြွက်သားနှစ်မျိုးဖြစ်တဲ့ skeletal muscle မှာရော ဆီးအိမ်နဲ့ အခြား မျိုးပွား အဂါၤမှာတွေ့ရတဲ့ smooth muscles တို့လို နှလုံးဖွဲ့စည်းထားတဲ့ cardiac muscles လို့ ကြွက်သားတွေ လှုပ်ရှားမှုအားကောင်းအောင် ၊ ကျန်းမာအောင် စွမ်းဆောင်ပေးနေတဲ့နေရာမှာလည်း ကော်လာဂျင်ပါဝင်နေပါတယ်။( ၆ ) ကျောက်ကပ်။အရမ်းနူးညံ့တဲ့ ကိုယ်တွင်း ကလီစာ ကျောက်ကပ်ကို ဖုံးထားပေးတဲ့ အလွှာပါးလေးဟာ ကော်လာဂျင် Type IV နဲ့ အများဆုံးဖွဲ့စည်းထားတာပါ။ ဒီတော့ ကျောက်ကပ်တစ်ခု ကျန်းမာဖို့အတွက် ကော်လာဂျင်က လိုအပ်နေပြန်ရော။( ၇ ) ဆံပင်တွေကို သန်စွမ်းစေပြီး ဆံသားတွေကို နူးညံ့စေပါတယ်။ ကျန်းမာတဲ့လက်သည်းတွေကို ပိုင်ဆိုင်စေပါတယ်။ကော်လာဂျင် Type V ဟာလက်သည်း တွေ ကြွပ်ဆတ်တာ လက်သည်းအဖျားအားနည်းတာတွေကို ကာကွယ်ပေးပြီး ဆံသားကျိုးကျေ အဖျား နှစ်ခွဖြစ်တာမျိုးတွေ မရှိအောင် ကာကွယ်ပေးနေတဲ့ ကော်လာဂျင် တစ်မျိုးပါ။ ။ဒီတော့ ကော်လာဂျင်ရဲ့ အရေးကြီးပုံတွေ၊ လုပ်ငန်းဆောင်တာအကြောင်းတွေ သိသွားလောက်ပြီလို့ထင်ပါတယ်။ ဒါပေမယ့်အသက် ၂၅ နှစ်နောက်ပိုင်းဆို ကိုယ်တွင်းက ကော်လာဂျင် ထုတ်နှုန်း တဖြည်းဖြည်း ကျလာပါတဲ့အတွက် အရေးအကြောင်းတွေစပေါ်လာတာ၊ အရိုးအဆစ်တွေ နာတာ ၊နှလုံးအားနည်းတာမျိုးတွေ ဖြစ်ရတာပါ။ ဒီတော့ အသက်ကြီးလာတဲ့အခါ ထုတ်နှုန်း နည်းနေတဲ့ ကော်လာဂျင်နေရာကို ပြန်လည်ဖြည့်တင်းဖို့ ကော်လာဂျင်ဖြည့်စွက်စာအားဆေးတွေ၊ ကော်လာဂျင် ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုတယ်ဆိုလည်း မမေ့ပါနဲ့။ ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/collagen-for-body/
သံပရိုသီး နဲ့ ကျန်းမာရေး
အနံ့မွှေးမွှေးပြီး ချဉ်ပြုံးပြုံးအရသာရှိလှပြီးဖျော်ရည်ပဲ ဖျော်သောက်သောက်၊ အသုပ်ထဲ ပဲထည့်စားစား အရသာရှိသလိုခံတွင်းရှင်းတဲ့ သံပရိုသီးလေးက ကျန်းမာရေးနဲ့နေ့စဉ်ဘဝမှာ ဘယ်လိုများ အထောက်အကူပေးလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။သံပရိုသီးလို့ ပြောလိုက်ရင် အခွံဝါဝါလေးနဲ့ အရည်ရွှမ်းတဲ့ အသီး မွှေးမွှေးလေးတွေကို ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီသံပရိုသီးလေးတွေက ဖျော်ပဲသောက်သောက်၊ အသုပ်တွေ၊ မုန့်ဟင်းခါးတွေ၊ အုန်းနို့ခေါက်ဆွဲလို စားစရာတွေထဲကိုပဲ ထည့်စားစား စားလို့ကောင်းပါတယ်။ သံပရိုသီးရဲ့အကျိုးကျေးဇူးက စားလို့ကောင်းရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အခြား အသုံးဝင်တာတွေလည်း ရှိပါသေးတယ်။သံပရိုသီးမှာ။ချဉ်ပြုံးပြုံး အရသာရှိတဲ့ သံပရိုသီးလေးက။နှလုံးကျန်းမာစေတယ်။ဗီတာမင် Cကြွယ်ဝတာကြောင့် နှလုံးကျန်းမာစေပြီး နှလုံးရောဂါခံစားရတာနဲ့လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သံပရိုသီးကို ပုံမှန်စားသုံးပေးတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေမှာပါ။ သံပရိုသီးမှာပါတဲ့ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ hesperidin နဲ့ diosmin  တို့ကသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ဝိတ်ကျစေနိုင်တယ်။သံပရိုသီးက အချဉ်ဓာတ်ပါတာကြောင့် ဝိတ်ကျစေနိုင်တယ်လို့ အများက လက်ခံထားကြပါတယ်။ နောက်တစ်ခုက သံပရိုသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ပါဝင်နေတာပါ။ သံပရိုသီးသောက်တာက အဆာခံနိုင်စေတဲ့ သဘောတော့မရှိပေမယ့် သံပရိုသီးကို ရေနွေးနွေးနဲ့ စိမ်သောက်တာကကိုယ်အလေးချိန်လျှော့ချနေသူတွေကို အထောက်အကူပြု ပေးတယ်လို့ ဆိုပါတယ်။ကျောက်ကပ်ကျောက်မတည်အောင် ကာကွယ်ပေးတယ်။သံပရိုသီးမှာပါတဲ့Citric acidက ဆီးရွှင်စေနိုင်ပြီး ဆီးထဲက pH ပမာဏကို တိုးစေနိုင်တာကြောင့် ကျောက်ကပ် ကျောက်တည်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်။သံဓာတ်အားနည်းတာကြောင့် သွေးအားနည်းရောဂါ အဖြစ်များပါတယ်။ အစားအသောက်တွေထဲမှာ သံဓာတ် လုံလောက်စွာ မပါဝင်မှုကိ သွေးအားနည်းရောဂါ ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းခံပါ။ သံပရိုသီးက သံဓာတ် ပါဝင်နေသလို အစားအစာတွေမှာပါတဲ့ သံဓာတ်ကိုအူနံရံတွေက စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တာကြောင့်  သွေးအားနည်းရောဂါ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ကင်ဆာကာကွယ်ပေးတယ်။အသီးအနှံတွေက ကင်ဆာရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ သံပရိုသီးလို ချဉ်တဲ့အသီးတွေကို စားသုံးသူတွေက ကင်ဆာရောဂါ ခံစားရနိုင်ခြေ နည်းတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။သံပရိုသီးမှာပါတဲ့ ဒြပ်ပေါင်းတွေကကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိသလို ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာ ကာကွယ်ဖို့ရော ကုသဖို့ပါ သံပရိုသီးကို သုံးပေးလို့ရပါတယ်။အစာခြေစနစ်ကျန်းမာစေတယ်။သံပရိုသီးတွေက ကယ်လ်လိုရီ ပါဝင်သလို ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ နဲ့ သကြားဓာတ်တွေ ပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဒါတွေအပြင် သံပရိုသီးက သွေးတွင်းသ​ကြားဓာတ်ကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါသေးတယ်။ကိုယ်ခံအားကို အားဖြည့်ပေးသလိုအနာကျက်စေဖို့လည်း ကူညီပေးပါသေးတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/lemon-benefits/
ခွဲမွေးပြီးနောက် ဆက်လက်ခွဲမွေးခြင်းက ရိုးရိုးမွေးခြင်းထက် ပိုစိတ်ချရသလား
အချို့အမျိုးသမီးများသည် ကျန်းမာရေးကြောင့်ဖြစ်စေ၊ ရိုးရိုးမွေးခြင်းကိုကြောက်၍ဖြစ်စေ ခွဲမွေးခြင်းကိုရွေးချယ်ကြသည်။ သို့သော်ဒီနည်းဟာ ရိုးရိုးမွေးခြင်းလောက်အန္တရာယ်ကင်းနိုင်သလား? Australia လေ့လာချက်အရ ပထမအကြိမ်တွင်ခွဲမွေးပြီး နောက်အကြိမ်တွင်လည်း ခွဲမွေးခြင်းက ရိုးရိုးမွေးသူများထက်ပို၍ရလဒ်ကောင်းတတ်ပါသည်။အမေရိကန်နိုင်ငံတွင် ကလေး၃ယောက်တွင် ၁ယောက်ကခွဲမွေးကြသည်။ မွေးနည်းတိုင်းသည် သူ့အတိုင်းနဲ့သူ ဆိုးကျိုးရှိနိုင်သည်။Australiaလေ့လာချက်အရ ၂၃၄၅ ကိုယ်ဝန်ဆောင်တွင် ခွဲမွေးပြီးရိုးရိုးမွေးရန် အတွက် သင့်တော်သည့်အမျိုးသမီးများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုထဲမှ ၁၁၀၈ယောက်မှာ ခွဲမွေးရန်ပြင်ဆင်ကြပြီး ၁၂၃၇အမျိုးသမီးများမှာ ရိုးရိုးမွေးရန်ပြင်ဆင်ကြသည်။ သို့သော်လည်း ရိုးရိုးမွေးရန်ပြင်ဆင်ထားသူများအနက် တစ်ဝက်အောက်သာ ရိုးရိုးမွေးပြီး ကျန်သူများမှာ ခွဲမွေးကြရသည်။သတိပြုရန်မှာ ရိုးရိုးမွေးသောကလေးများတွင် နှစ်ယောက်မှာ အကြောင်းပြချက်အသေအချာမရှိဘဲ အသေမွေးခဲ့ပြီး ခွဲမွေးသူများတွင် သေဆုံးခြင်းမရှိသည်ကိုတွေ့ရသည်။ ရိုးရိုးမွေးသူများတွင် ကလေးသေမွေးခြင်း သို့မဟုတ် မွေးကင်းစတွင်သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သောကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်ခြင်းတို့သည် ၂.၄ရာခိုင်နှုန်းရှိပြီး ကြိုတင်စီစဉ်ခွဲမွေးသူများတွင် ဝ.၉ရာခိုင်နှုန်းသာရှိပါသည်။သုံးသပ်ချက်အနေဖြင့် ခွဲစိတ်မွေးဖွားခဲ့ကြပြီး နောက်တစ်ခေါက်ထပ်မံခွဲစိတ်မွေးဖွားခြင်းသည် မိခင်ရော ကလေးရောအတွက် အန္တရာယ်ဖြစ်နိုင်ခြေကို သိသာထင်ရှားစွာလျှော့ချနိုင်ပါသည်။ပို၍ စိတ်ချရသည်ဟုဆိုသော်လည်း မကြာခဏခွဲမွေးခြင်းသည်လည်း ဆိုးကျိုးများရှိပါသည်။အချင်းတွင်ပြဿနာဖြစ်ခြင်း – သင်သည်မကြာခဏ ခွဲစိတ်မွေးဖွားရပါက အချင်းတွင် ပြဿနာများစွာဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် အချင်းသည် သားအိမ်နံရံတွင်းသို့ နက်ရှိုင်းစွာဝင်ရောက်တွယ်ကပ်ခြင်း သို့မဟုတ် အချင်းက သားအိမ်ဝကို ပိတ်ဆို့နေခြင်းတွေဖြစ်ပွားနိုင်ပါတယ်။ လေ့လာချက်တွေအရ အချင်းကပုံမှန်မဟုတ်ဘဲ သားအိမ်နံရံထဲသို့ နက်ရှိုင်းစွာဝင်ရောက်တွယ်ကပ်ခြင်းက ပထမကိုယ်ဝန်ခွဲမွေးချိန်မှာ ဝ.၂၄ရာခိုင်နှုန်းသာရှိပြီး စတုတ္ထကိုယ်ဝန်ခွဲမွေးချိန်တွင် ၂.၁၃ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်သည်ဟုဆိုပါသည်။ ထို့ကြောင့်သင့်ကလေးကို ဒီနည်းလမ်းနဲ့ မွေးဖွားဖို့ မဆုံးဖြတ်ခင်မှာ အန္တရာယ်ဖြစ်နိုင်တဲ့အချက်တွေကိုလည်း သတိထားပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/is-it-safe-to-have-repeated-cesearean-sections/
ငိုကြွေးခြင်း နဲ့ သင့်စိတ်ကျန်းမာရေး
ငိုကြွေးခြင်းဟာ ပျော့ညံ့အားနည်းခြင်းရဲ့ လက္ခဏာလို့ လူအများစုက လက်ခံထားကြပါတယ်။ ဒါဟာ တကယ်ပဲလား။ သုတေသနပြုချက်တွေအရ ငိုကြွေးခြင်းဟာ ကျွန်တော်တို့အတွက် မထင်မှတ်ထားတဲ့ အကျိုးရလာဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပစ်လိုက်သလို ဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ ဆိုပါတယ်။ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ် ဝမ်းသာလို့ပဲ ဖြစ်ဖြစ် လူတွေ ငိုကြွေးကြပါတယ်။ ဒါကတော့ ကလေးတောင်သိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီထက် ပိုတဲ့အကြောင်းအရာလေးတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့ တင်းထားသမျှအားတွေချွတ်ခြုံကျသွားပြီး လူရောစိတ်ပါ ချုံးချုံးကျသွားတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ဥပမာ ကျွန်တော်တို့ဟာ ဝမ်းနည်းတာ၊နာကျင်ခံစားရတာကြောင့် ငိုကြွေးရလေ့ရှိပေမယ့် တခြားလှပတဲ့ အကြောင်းရာတွေကြောင့်လည်း ငိုရတာမျိုး ရှိတတ်ပါတယ်။ ခံစားချက်တွေ ပွင့်ထွက်သွားတဲ့အခါ၊မချင့်မရဲဖြစ်တဲ့အခါ ဒါမှမဟုတ် အခြားတယောက်ယောက်ရဲ့ အာရုံစိုက်တာ၊ဂရုစိုက်တာကို အရမ်းလိုချင်နေတဲ့ အခါမျိုးမှာလည်း ငိုကြွေးကြပြန်ပါတယ်။ တခြားသူတွေ သနားအောင်၊ဇာတ်နာအောင် ငိုပြရတာမျိုးတွေလည်း ရှိပါသေးတယ်။ငိုကြွေးတာကို အသုံးချလို့ရတဲ့ နေရာတွေ အစုံပါပဲ။ ဟုတ်ပြီ၊ ဒါတွေထားတော့။ ငိုရခြင်းရဲ့ အကြောင်းရင်းခံတွေ အများကြီးရှိပေမယ့် အခုကျွန်တော်တို့ပြောချင်တာက လူတွေရဲ့ စိတ်ကျန်းမာရေးကို ပိုကောင်းလာစေနိုင်တဲ့ ငိုကြွေးခြင်းအကြောင်းပဲ ဖြစ်ပါတယ်။ငိုကြွေးခြင်းဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်အပေါ် (စိတ်ပိုင်းဆိုင်ရာ အရ) အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေပါတယ်။ သိပ္ပံနည်းကျစဉ်းစားမယ်ဆိုရင် ကျွန်တော်တို့တတွေဟာ စိတ်ဖိစီးမှုတွေကြောင့် ဒါမှမဟုတ် စိတ်ခံစားချက်ကို ထိခိုက်စေတဲ့ အကြောင်းတစုံတရာကြောင့် ငိုကြွေးခဲ့မယ်ဆိုရင် ထွက်လာတဲ့ မျက်ရည်တွေဟာ ရေချည်းပဲ ဆိုတာထက် အများကြီး ပိုပါသတဲ့။ စိတ်ဖိစီးမှုကြောင့် ငိုကြွေးတဲ့အခါ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ Stress hormones လို့ခေါ်တဲ့ စိတ်ဖိစီးချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေ အပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေပါ ပါဝင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ငိုကြွေးတဲ့အခါ endorphins ဟော်မုန်းလည်း ထွက်ရှိလာပါသေးတယ်။ ဒီဟော်မုန်းဟာ ကျွန်တော်တို့တွေကို နေလို့ထိုင်လို့ ကောင်းစေတဲ့ ဟော်မုန်းဖြစ်ပြီးသဘာဝအကိုက်အခဲပျောက်ဆေးလည်း ဖြစ်ပါတယ်။ ဒီတော့ ငိုကြွေးခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေကို ကောင်းလာစေပါတယ်။ စိတ်ကျရောဂါပျောက်ဆေးတွေသောက်တာထက် ငိုကြွေးလိုက်ရတာက ပိုပြီးနေလို့ထိုင်လို့ကောင်းစေတယ်လို့ ၂၀၀၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ တောင်ဖလော်ရီဒါ တက္ကသိုလ်ရဲ့ လေ့လာချက်တခုမှာ ပါဝင်ခဲ့ကြသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက အတည်ပြုပြောဆိုခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာ အချက်တခုက ငိုကြွေးခြင်းဟာ လူသားနှစ်ဦးကို ပိုမိုနီးကပ် ရင်းနှီးစေတယ်လို့ ဆိုပါတယ်။ ငိုကြွေးတယ်ဆိုတာဟာ လူတယောက်ရဲ့ စိတ်ခံစားမှုအရ အားအငယ်ဆုံး အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ငိုနေတာကို တယောက်ယောက်က တွေ့ခဲ့တယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။ တကယ်လို့ ဒီလူကသာ သင့်ကို ဂရုတစိုက်ဖေးမနှစ်သိမ့်ခဲ့မယ်ဆိုရင် ငိုကြွေးပြီးတဲ့အခါ သင်တို့နှစ်ဦးကြားမှာရှိတဲ့ နားလည်ရင်းနှီးမှုက ပိုတိုးလာမယ်ဆိုတာ အင်မတန်မှကို သိသာထင်ရှားလှပါတယ်။ဟုတ်ကဲ့၊ အရမ်းကို အရေးကြီးပါတယ်။ ငိုချင်တာကို မြိုသိပ်အောင့်အီးထားရတာဟာ သင့်ခံစားချက်တွေကို ဖိသိပ်ချိုးနှိမ်ထားရတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အကြောင်းတခုခုကြောင့် အရမ်းဒေါသတွေ ပေါက်ကွဲပြီး နံရံကို လက်သီးနဲ့ ပိတ်ထိုးပစ်ချင်နေပေမယ့် တကယ်တမ်းကျတော့လည်း သင်မလုပ်နိုင်ပါဘူး။ ဒေါသစိတ်တွေကို ဒီလိုမြိုသိပ်ထားရတာတွေများလာတဲ့အခါ သင့်အနေနဲ့ စိတ်တိုလွယ်၊ဒေါသထွက်လွယ်တဲ့ စိတ်ဆတ်သူ ကိုဒေါသအိုးကြီး ဖြစ်လာပါတော့တယ်။ ဒီအဓိပ္ပါယ်မျိုးပါပဲ ၊ငိုချင်နေတာကို ကျိတ်မှိတ်မြိုသိပ်ထားရတာတွေ သိပ်များလွန်းလာရင် ခံစားချက်တွေစုပုံပြီး စိတ်ကျရောဂါဆီကို ဦးတည်လာပါတော့တယ်။ မှန်ပါတယ်၊ စိတ်ဓါတ်ကျတာကို သက်သာစေတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သင်ယုံကြည်အားကိုးရတဲ့သူရှေ့မှာ ရင်ဖွင့်ပြီး အားပါးတရ ငိုကြွေးလိုက်ရတာမျိုးဟာ သင့်စိတ်ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာထက်ကို အများကြီးပိုပါတယ်။ ဒါကြောင့် သင်စိတ်ဓါတ်ကျ အားငယ်တဲ့အခါ ငိုကြွေးဖို့ ရင်ခွင်တစုံ ဒါမှမဟုတ် နှစ်သိမ့်ပေးမယ့် ပုခုံးတဖက်တော့ လိုပါလိမ့်မယ်။ နောက်ဆုံးပြောချင်တဲ့အချက်ကတော့ ငိုကြွေးခြင်းဆိုတာ အားငယ်တတ်သူ၊အားနည်းသူတွေရဲ့ အလုပ်ပဲဆိုတဲ့ မမှန်ကန်တဲ့ အတွေးအခေါ်ကြီးကို မြေမြှုပ်လိုက်ပါတော့။ ငိုတယ်ဆိုတာ လူ့သဘာဝဖြစ်ပြီး ကျွန်တော်တို့ကို လူပီသစေတဲ့ အချက်တချက်ကို ဟင့်အင်းလို့ ငြင်းပယ်ဖို့ မလိုအပ်လို့ပါပဲ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%84%e1%80%ad%e1%80%af%e1%80%b1%e1%82%82%e1%80%80%e1%80%bc%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%94%e1%80%b2%e1%82%95-%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%85%e1%80%ad/
ပြန်လည်ကျန်းမာလာချိန်မှာ လိုအပ်မယ့် အာဟာရနဲ့ ရေဓာတ်ပြည့်ဝမှု
နေပြန်ကောင်းလာစအချိန်မှာခန္ဓာကိုယ်က တော်တော်လေး အားနည်း နေနိုင်ပါတယ်။ ဒီအချိန်မှာကိုယ်ခံအားအပြည့်အဝ ပြန်လည် ကျန်းမာလာစေဖို့ဆိုရင် လုံလောက်တဲ့ အာဟာရပြည့်ဝဖို့လိုအပ်ပါမယ်။ ဒီတော့ နေကောင်းပြီးစချိန်မှာ ဘယ်လိုမျိုး အာဟာရပြည့်ဝဖို့ လိုမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ဖျားနာတာ၊အအေးမိ၊ တုပ်ကွေးဖြစ်တာ၊ထိခိုက်ဒဏ်ရာပိုးဝင်တာကြောင့် နေမကောင်းဖြစ်ပြီးနောက် ပြန်လည်ကျန်းမာလာစမှာ အာဟာရပြည့်ဝဖို့ လိုသလို ရေဓာတ် ပြည့်ဝဖို့ကလည်း လိုအပ်ပါတယ်။ ဒါမှ ကိုယ်ခံအားပြည့်ဝပြီး မြန်မြန် ကျန်းမာလာမှာပါ။နေမကောင်းတဲ့အခါရေဓာတ်ဆုံးရှုံးမှု။ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ နေကောင်းနေချိန်မှာတောင် ဆီးသွား၊ ချွေးထွက်တာနဲ့ ဝမ်းသွားတာတွေကြောင့် ရဓာတ်ဆုံးရှုံးနိုင်ပါတယ်။ နေမကောင်းချိန်မှ ရေဓာတ်ဆုံးရှုံးမှုက ပိုမြန်ဆန်ပါတယ်။အဖျား၁၀၀.၂ ဒီဂရီဖာရင်ဟိုက်လောက်အထိ တက်သွားမယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုက ၃ အောင်စလောက်အထိရှိပါတယ်။ ဒါကချွေးထွက်တာတစ်ခုတည်းကြောင့်ဖြစ်တဲ့ ဆုံးရှုံးမှုပါ။ဖျားတာအပြင်အော့အန်မယ်၊ ဝမ်းသွားမယ်၊ နုံးချိပြီး စားချင်သောက်ချင်စိတ်ပါ ပျောက်မယ်ဆိုရင်တော့ ရေဓာတ်ဆုံးရှုံးမှုက ဒီထက်ပိုများနိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့က ရေဓာတ်ပြည့်ဝဖို့ လိုတာကြောင့် ဒီလိုအခြေအနေက နေပြန်ကောင်းလာစေမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ရေဓာတ်မပြည့်ဝမှုကိုယ်ခံအား အားပြန်ပြည့်ပြီး လုံးဝပကတိ ကျန်းမာလေဖို့ကို နှောင့်နှေးစေနိုင်ပါတယ်။နေကောင်းခါစမှာ အာဟာရပြည့်ဝအောင် စားသုံးမှုနဲ့ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပြီး အမြန်ဆုံးပြန်လည် ကျန်းမာလာစေမှာပါ။ ဒါကြောင့် နေကောင်းခါစမှာ မစားချင်ရင်တေင် အစကြလွယ်မယ့် ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူစွမ်ပြုတ်တွေကို စားသုံးပေးရမှာဖြစ်သလို ရေဓာတ် ပြည့်ဝစေဖို့အတွက်လည်း ရေ၊အုန်းစိမ်းရည်၊ ဓာတ်ဆားရည်၊သစ်သီးဖျော်ရည်တွေသောက်သုံးပေးရပါမယ်။ ရေမဆာရင်တောင်မှ ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ သောက်သုံးရပါမယ်။ ဒါမှအစာခြေစနစ်၊အသက်ရှူလမ်းကြောင်းတွေကျန်းမာပြီး ကိုယ်ခံအား မြန်မြန်အားပြည့်လာမှာပါ။နေကောင်းပြီးစ အာဟာရပြည့်စေဖို့ ဘာတွေစားမလဲ……..။နေကောင်းစ လူတစ်ယောက်ဟာ အာဟာရပြည့်ဖို့ လိုအပ်တယ်ဆိုပေမယ့်အစားအစာတိုင်းကို စားလို့မဖြစ်ပါဘူး။ ဒါ​ကြောင့် အာဟာရလည်းဖြစ် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေဖို့ဆိုရင်။ကြက်စွပ်ပြုတ်–ကြက်သွန်ဖြူလေးထည့်ချက်ထာတဲ့ ကြက်စွပ်ပြုတ်ကပရိုတင်းရော ဓာတ်တိုးဆန့်ကျင် အာနိသင်ပါ ကြွယ်ဝနေတဲ့ အစာအာဟာရတစ်ခုပါ။ဆန်ပြုတ်– ခပ်ပျော့ပျော့ပြုတ်ထားတဲ့ ဆန်ပြုတ်လေးက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝသလို ကိုယ်ခံအားအတွက် လိုအပ်တဲ့ အာဟာရတွေကိုပါ ပြည့်ဝစေမှာပါ။cereal–အမျှင်ဓာတ်ကြွယ်ဝတဲ့ cereal ကိုနွားနို့ပူပူလေးနဲ့တွဲစားတာကလည်း လိုအပ်တဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံး ဖြည့်တင်းနိုင်မှာပါ။ဒိန်ချဉ်–အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ရေနွေးကြမ်း– ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ ရေနွေးကြမ်းက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေ– လိမ္မော်သီး အပါအဝင် ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေက နေကောင်းစ လူတစ်ယောက်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးမှာပါ။အုန်းစိမ်းရည်– ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းပေးပြီးကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/proper-nutrition-and-hydration-for-the-recovery/
Ileus (အူမလှုပ်ခြင်း)
အူမလှုပ်ခြင်းသည် အစာအိမ်နှင့်အူလမ်းကြောင်းတွင် လှုပ်ရှားမှုလျော့ကျသွားပြီး အစာများ ပိတ်ခြင်း စုပုံလာခြင်းကို ဖြစ်ပေါ်စေသည့် ရောဂါကိုခေါ်ပါသည်။အူမလှုပ်ခြင်းသည် အူပိတ်ခြင်းကို ဖြစ်ပေါ်စေသည်။ ဆိုလိုသည်မှာ အစာများ၊ လေများ သို့ အရည်များ အူတစ်လျှောက်မစီးဆင်းနိုင်တော့ခြင်းမျိုး ဖြစ်စေခြင်းပင်။ အူမလှုပ်ခြင်းအား ဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာရှိသော်လည်း ခွဲစိတ်ကုသပြီးနောက်ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးသည် အူမလှုပ်ခြင်းကိုဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။သို့သော် လူများသည် အူထဲ၌ အစာများစုပုံလာခြင်းကို မသိနိုင်သောကြောင့် တောက်လျှောက်ဆက်စားမိနေပါမည်။ ထိုကြောင့် အူပိတ်သည့်နေရာကို အစာများ တွန်းတွန်းပိုသလိုဖြစ်သွား၏။ကုသမှုမခံယူပါက အူမလှုပ်ခြင်းမှ အူပေါက်ခြင်း သို့ အူပြဲခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် အူထဲမှအစာများ (၎င်းတို့တွင် ဘက်တီးရီးယားပေါများစွာပါ၏) ခန္ဓါကိုယ်အခေါင်းထဲသို့ စီးဝင်သွားပါလိမ့်မည်။ ဒီကနေမှ လူသေသည်အထိဖြစ်နိုင်၏။အူမလှုပ်ခြင်း ဖြစ်လာပါက တတ်နိုင်သလောက်မြန်မြန် ကုသမှုကို ခံယူရမည်။ အူမလှုပ်ခြင်းမှ ပြင်းထန်ပြီးအသက်အန္တရာယ်ရှိသော အခြေအနေများကို ဖြစ်သွားစေနိုင်သည်။ ထိုကဲ့သို့ ပြင်းထန်သော အခြေမနေ ၂ မျိုးတွင် အူပုပ်ခြင်းနှင့် ဝမ်းဗိုက်ခေါင်းအကာရောင်ခြင်းတို့ပါဝင်၏။ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေး ဖြစ်စေတတ်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အူမလှုပ်ခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။ဗိုက်ထဲတွင်ထိုးအောင့်ခြင်း။အစားအသောက်ပျက်ခြင်း။ဗိုက်ကယ်ဗိုက်ပြည့်သလိုခံစားရခြင်း။ဝမ်းချုပ်ခြင်း။လေမလည်ခြင်း။ဗိုက်ဖောင်းလာခြင်း။ပျို့ခြင်း။အန်ခြင်း အထူးသဖြင့် မစင်နှင့်တူသောအရာများပါခြင်း။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဗိုက်ခွဲခြင်း။အဆစ်သို့မဟုတ် ခါးရိုးခွဲစိတ်ခြင်း။ထိခိုက်မိခြင်း ဒဏ်ရာရခြင်း။ပြင်းထန်သော တစ်ကိုယ်လုံးကူးစက်သည့်ရောဂါ (သွေးဆိပ်သင့်ခြင်း)။နှလုံးဖောက်ခြင်း။Electolytes များ မညီမျှခြင်း။ကြွက်သားလုပ်ငန်းစဉ်များကိုထိခိုက်စေသည့် ရောဂါများ။သွေးတိုးကျဆေးများသုံးခြင်း။တစ်ချို့သောဆေးများ – hydromorphone (Dilaudid),morphine, oxycodone, tricyclic antidepressants (amitriptyline, imipramine)။အူမကြီးကင်ဆာ။Crohn’s ရောဂါ ၎င်းတွင် အူနံရံများအား ပိုထူလာစေသည်။ရင်ဝမ်းခြားကြွက်သားရောင်ခြင်း။ပါကင်ဆွန်ရောဂါ ၎င်းသည် အူများရှိ ကြွက်သားများနှင့် အာရုံကြောများကို ထိခိုက်စေသည်။အူခေါက်ခြင်း – ကလေးများတွင်ဖြစ်သော အူမလှုပ်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။အူများအား သွေးမလျှောက်ခြင်း (အူအမြှေးများ သွေးမဝခြင်း)။အူမလှုပ်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ဗိုက်ခွဲစိတ်ခြင်း၊ ကူးစက်ပိုးဝင်ခြင်း သို့ ထိခိုက်မိခြင်း။ယခင်က အူမလှုဖူးလျှင်။Electrolytes များ မညီမျှခြင်း အထူးသဖြင့် ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်။အူထိခိုက်မိခြင်း သို့ ဒဏ်ရာရခြင်း ရှိခဲ့ဖူးလျှင်။ရင်ဝမ်းခြားကန့်လန့်ကာကြွက်သားရောင်ခြင်း။သွေးဆိပ်သင့်ခြင်း။ဗိုက်နှင့် ဗိုက်တစ်ဝိုက်တွင် ဓါတ်ရောင်ခြည် ထိဖူးခြင်း။ခြေလက်များရှိသွေးလွှတ်ကြောရောဂါ။ကိုယ်အလေးချိန်အမြန်ကျခြင်း။အသက်ကြီးခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်မှ သင်၏ရောဂါလက္ခဏာများနှင့် ရောဂါရာဇဝင်များကိုမေးပြီး စမ်းသပ်ပါလိမ့်မည်။ အူမလှုပ်ခြင်းအားအမည်တပ်နိုင်ရန်အတွက် များသောအားဖြင့် လက္ခဏာများနှင့် ဓါတ်ခွဲစစ်ဆေးခြင်းများကို အခြေခံရပါသည်။ ဓါတ်ခွဲစစ်ဆေးခြင်းများတွင်-။ဓါတ်မှန် – ဓါတ်မှန်တွင် ပိတ်မိနေသောလေများနှင့် အူပိတ်ခြင်းကိုတွေ့နိုင်သည်။ သို့သော် ဓါတ်မှန်သည် အူပိတ်ခြင်းကို အတိအကျ အမည်တပ်နိုင်သည်မဟုတ်ပါ။ကွန်ပြူတာဓါတ်မှန် – ၎င်းသည် ပိုအသေးစိတ်သည့် ဓါတ်မှန်ပုံရိပ်များကို တွေ့ရပြီး အူးမလှုပ်ခြင်းဖြစ်နိုင်သည့်နေရာကို ရှာတွေ့နိုင်ရန် ဆရာဝန်များအား အကူအညီရစေ၏။တီဗီဓါတ်မှန် – ဒီပုံဖော်စစ်ဆေးမှုအား ကလေးများတွင် အူမလှုပ်ခြင်းအား သိနိုင်ရန် ပိုသုံးပါသည်။ဆိုးဆေးနှင့်ဓါတ်မှန် – အူမကြီးအား ဘေရီယမ်ဆိုးဆေများဖြည့်ပြီး ဓါတ်ရောင်ခြည်ဖြင့် အူမကြီးပုံပေါ်စေရန် ပြုလုပ်သည့် စစ်ဆေးမှုဖြစ်သည်။အူမကြီးမှန်ပြောင်း – သေးသွယ်သည့်အလင်းပါပြွန်အား စအိုမှထည့်ကာ အူမကြီး၏ နံရံများကို ကြည့်ရှူမည်ဖြစ်သည်။အူမလှုပ်ခြင်းအားကုသမှုသည် ၎င်း၏ပြင်းထန်မှုအပေါ် မူတည်သည်။အမျှင်နည်းသော အစားအစာ။ ဆရာဝန်များသည် အူးမပိတ်တပိတ်ဖြစ်ခြင်းအတွက် အမျှင်နည်းသည်များ စားရန် ညွှန်လိမ့်မည်။ ၎င်းသည် အစာဟောင်းပမာဏများခြင်းကို လျော့ချပေးပြီး အူအတွင်းဖြတ်သွားရန် လွယ်ကူစေသည်။သို့သော်လည်း အဲလိုမှအဆင်မပြေလျှင် ရောဂါဖြစ်သည့်အူအား ခွဲစိတ်ပြုပြင်ခြင်း သို့ ဖယ်ထုတ်ခြင်း လိုကောင်း လိုနိုင်ပါသည်။အူးလုံးဝပိတ်သွားလျှင် အရေးပေါ်အခြေအနေဖြစ်သွား၏။ ကုသမှုသည် သင်၏ တစ်ကိုယ်လုံးဆိုင်ရာ ကျန်းမာရေးအပေါ်မူတည်ပါလိမ့်မည်။ ဗိုက်ကိုခွဲစိတ်ပြီး ပိတ်နေသည့်အူ သို့ ထိခိုက်နေသည့်အူကို ဖယ်ထုတ်ဖို့ လိုကောင်းလိုနိုင်သည်။အူမလှုပ်ခြင်းကိုဖြစ်စေသည့် ဆေးများကိုရပ်ပါ။ ဆေးသည့် ဖြစ်ပွားရသည့်အကြောင်းရင်းဆိုပါက ဆရာဝန်သည် အူလှုပ်မှုကိုအားပေးသည့် တခြားဆေးများကို ညွှန်ပါလိမ့်မည်။ ညွှန်ကြားထားသည့် ဆေးများကို ပြောင်းတော့မည်ဆိုပါက အမြဲတမ်း ဆရာဝန်နှင့် တိုင်ပင်ပါ။ ဥပမာ – စိတ်ကျရောဂါဆေးများ။Ostomy (အူကိုဖြတ်ပြီး ဗိုက်တွင်ဖောက်ထုတ်ထားခြင်း) – အစာအိမ်များအစာဟောင်းများကို စီးဆင်းစေသည့် အိတ်ဖြစ်သည်။ ostomy အား သင်ကိုယ်တိုင် ဂရုစိုက်ရမည်ဖြစ်သည်။ အူမလှုပ်ခြင်းဖြစ်ပြီးနောက် အူများမရှိပဲနှင့်လဲ အသက်ရှင်နိုင်ပါသည်။အစာပိုက်သွင်းခြင်း – အစာအိမ်ဆီသို့ နှာခေါင်းမှ ပိုက်သွင်းပြီး အစာခြေရည်များကို ဖယ်ထုတ်သောပိုက်ဖြစ်သည်။ ၎င်းသည် ဗိုက်ကယ်ခြင်းနှင့် နာကျင်မှုကို သက်သာစေသည်။အကြောဆေးနှင့် Electrolytes – ရေဓါတ်ခမ်းခြောက်ခြင်းအား ကာကွယ်နိုင်ရန် အကြောဆေးအရည်များပေးရ၏။ Electrolytes များကိုလဲ အူမလှုပ်ခြင်းသက်သာသွားစေရန် အကြောဆေးသွင်းရသည်။အူလှုပ်ခြင်းကိုတိုးစေသည့် ဆေးများရှိပါသည်။ (neostigmine, tegaserod) ၎င်းတို့သည် အူမလှုပ်ခြင်းကိုပျောက်စေရန် ရွေးချယ်ထားသောလူနာများတွင်သာ သုံးနိုင်ပါသည်။အူမကြီးမှန်ပြောင်းဖြင့် ဖိအားလျော့ခြင်း – ကွေးနိုင်ဆန့်နိုင်သည့်ပြွန်အား အူမကြီးဆီသို့ထိုးသွင်းပြီး ဖိအားကို သက်သာစေသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အူမလှုပ်ခြင်းကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။ကျန်းမာရေးနှင့်ညီညွှတ်သည်များ စားခြင်း။ကိုယ်အလေးချိန်လျော့ချခြင်း။အနားကောင်းကောင်းယူခြင်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/ileus-%e1%80%a1%e1%80%b0%e1%80%99%e1%80%9c%e1%82%88%e1%80%95%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
မိန်းကလေးတွေ နှင်းဆီပွင့်ဖတ်နဲ့ ရေစိမ်တာကို ဘာလို့ကြိုက်ကြတာလဲ။
ရုပ်ရှင်တွေထဲမှာ ကောင်လေးက သူ့ချစ်သူအတွက် ရေထဲမှာနှင်းဆီပန်းပွင့်ေလးတွေ စိမ်ထားပြီး ရိုမန်းတစ်ဆန်ဆန် စီစဉ်ပေးတာမျိုး မြင်ဖူးကြမှာပါ။ မိန်းကလေးတွေအကြိုက် နှင်းဆီပွင့်ဖတ်လေးတွေကို ခြွေပြီး စိမ်ထားတဲ့ ရေနဲ့ချိုးလိုက်ရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ၊ ဘာကြောင့် မိန်းကလေးတွေက ဒါကို သိပ်သဘောကျကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။နှင်းဆီပန်းပွင့်ကို ရှေးယခင် နှစ်ပေါင်းများစွာကတည်းကအလှကုန်ပစ္စည်းတွေ၊ အလှအပထိန်းသိမ်းမှုဆိုင်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဓါတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ရေမွှေးအစား သင်းပျံ့တဲ့မွှေးရနံ့နဲ့ နှင်းဆီပန်းဟာ မိန်းကလေးတွေ အကြိုက်ပါပဲ။ နောက်ပိုင်း အလှကုန်တွေမှာသာမက အစားအစာနဲ့ ဖျော်ရည်ေတွမှာပါ နှင်းဆီပွင့်ဖတ်ကို ထည့်သွင်းအသုံးပြုလာကြပါတယ်။နှင်းဆီပွင့်ဖတ်ကို သေချာလေးခြွေပြီး ရေစိမ်လိုက်တဲ့အခါ သူ့ထဲမှာ ပါနေတဲ့ဗီတာမင်နဲ့ အာဟာရဓါတ်တွေက ရေထဲကိုစိမ့်ဝင်သွားပါတယ်။ အဲ့ရေနဲ့စိမ်လိုက်တဲ့အခါ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်။ကိုယ်သင်းရနံ့ကို မွှေးပျံ့စေတယ်။ အသားအရေ ဖြူစင်ဝင်းပလာစေပါတယ်။ ဒါကြောင့်လည်း မိန်းကလေးတွေက ဒီလိုမျိုး နှင်းဆီပွင့်ဖတ်နဲ့ ရေစိမ်တာကို သဘောကျနေကြတာပေါ့။ဒါ့အပြင် နှင်းဆီပွင့်ဖတ်နှင့် ရေစိမ်တဲ့အခါ လူတော်တော်များများ မသိသေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေလည်း ရနိုင်ပါသေးတယ်။ အဲ့ဒါတွေကတော့။၁။ အရေပြား နီရဲပြီးယားယံတာကို သက်သာစေပါတယ်။ နေပူထဲက ပြန်လာလို့ အရေပြားက နီရဲနေတာ၊နှင်းခူ၊ အရေပြားမှိုစွဲရောဂါတွေကြောင့် ယားယံတဲ့ ဝေဒနာကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။၂။လည်ချောင်းနာနေတာ၊ အာသီးရောင်နေတဲ့သူတွေ နှင်းဆီပွင့်ဖတ်နဲ့ စိမ်ထားတဲ့ ရေကို သောက်ပေးခြင်းဖြင့် အရောင်ကျစေပြီး ယားကျိကျိ ဖြစ်နေတာကို သက်သာသွားစေပါတယ်။၃။ မျက်နှာဖောရောင်လို့ စိတ်ညစ်နေတယ်ဆိုရင် နှင်းဆီပွင့်ဖတ်နဲ့ စိမ်ထားတဲ့ ရေနဲ့ မျက်နှာသစ်ပေးတာ၊ ရေပတ်တိုက်ပေးမယ်ဆိုရင် အရောင်ကျတာ မြန်စေတယ်နော်။၄။ နှင်းဆီပွင့်ဖတ်ရဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အာနိသင်ကြောင့်ဝက်ခြံေတွကို သက်သာပျောက်ကင်းစေတယ်။ ချွေးပေါက်တွေထဲမှာ ပိတ်မိနေတဲ့ အဆီနဲ့ ဖုန်မှုန့်တွေကိုလည်း ဖယ်ရှားပေးပြီး ဝက်ခြံထပ်မပေါက်စေဖို့ အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။၅။ မျက်ခမ်းသား ရောင်ခြင်း (Conjunctivitis) အတွက်လည်း မျက်စဉ်းအနေနဲ့ အသုံးပြုလို့ ရတယ်။ နှင်းဆီပွင့်ဖတ်မှာ ကိုက်ခဲနာကျင်တာကို သက်သာစေပြီး ရောဂါပိုးသေစေတဲ့ အာနိသင်ကြောင့် မျက်လုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေအတွက်လည်း အသုံးပြုလို့ အဆင်ပြေပါတယ်။၆။အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများစွာလည်း ပါဝင်ပါတယ်။ အရေးအကြောင်း ထင်တာ၊ မျက်လုံးမို့အစ်တာ၊ နေလောင်တာ၊ အသားအရေပျက်စီးတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။၇။ ပွန်းပဲ့ထိခိုက်ထားတဲ့ ဒဏ်ရာ၊ မီးပူလောင်၊ရေနွေးပူလောင်၊ အရေပြားမှာ အမာရွတ်ကျန်ခဲ့တယ်ဆိုရင်လည်း နှင်းဆီပွင့်ဖတ်လေးတွေနဲ့ ရေပုံမှန်စိမ်ပေးပါ။ အနာကျက်မြန်စေပြီး ပိုးသေစေလို့ အနာမရင်းအောင်လည်း ကူညီပေးပါတယ်။၈။ စိတ်ညစ်နေတဲ့အချိန်ဆိုရင် နှင်းဆီရေနဲ့ ရေချိုးပေးခြင်းဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့သွားစေပြီး လူကို အေးချမ်းသွားစေနိုင်တယ်။၉။ မကြာခဏ ခေါင်းမူးခေါင်းကိုက် ဖြစ်တဲ့သူတွေကို အမွှေးရနံ့ကုထုံး (Aromatherapy) နဲ့ ကုလို့ရတယ်ဆိုတာ ကြားဖူးမှာပါ။ နှင်းဆီးပွင့်ဖတ်ရဲ့ သင်းပျံ့ပြီး စိတ်ကိုကြည်လင်စေတဲ့ မွှေးရနံ့ကြောင့် ခေါင်းကိုက်တာကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အဝတ်သန့်သန့်လေးကို နှင်းဆီရေထဲမှာ စိမ်ထားပြီး ခေါင်းကိုက်နေတဲ့အချိန် နဖူးပေါ်မှာ ၄၅မိနစ်ခန့် အုပ်ထားပေးပါ။နှင်းဆီပွင့်ဖတ်ကို ကိုယ်လိုအပ်သလောက် ပမာဏလေး ခြွေပြီး ရေထဲမှာ ထည့်စိမ်ထားပေးရုံနဲ့ ရပါပြီ။ အကိုက်အခဲတွေ ပြေလျော့သွားစေဖို့ သံလွင်ဆီ၊ အုန်းဆီ၊ လက်ဖက်ဆီ အစရှိတဲ့ သဘာဝအဆီအနှစ်တွေနဲ့ ထည့်ရောပေးလို့လည်း အဆင်ပြေစေပါတယ်။ နှင်းဆီရေမှာ အသားအရေကို ရေဓါတ်ဖြည့်တင်းပေးပြီး ဖြူစင်ဝင်းပလာစေတယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း များစွာပါဝင်ပါတယ်။ပုံမှန်အားဖြင့် နှင်းဆီပွင့်ဖတ်နဲ့ ရေစိမ်တာ၊ စိမ်ထားတဲ့ ရေကို သောက်လို့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူး။ နှင်းဆီပန်း၊ ပန်းဝတ်မှုန်တွေနဲ့ ဓါတ်မတည့်တဲ့ သူတွေဆိုရင်တော့ အရင်ဆုံးကို လက်ဖမိုးနဲ့ အရင်စမ်းကြည့်ပြီး အဆင်ပြေတယ်ဆိုမှ ဆက်လုပ်တာပိုကောင်းပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%ae%e1%80%95%e1%80%94%e1%80%b9/
Kawasaki Disease (Kawasaki ရောဂါ)
Kawasaki ရောဂါဟာ သွေးကြောတွေကို ထိခိုက်စေတဲ့ ရောဂါတမျိုး ဖြစ်ပြီး ကလေးငယ်တွေမှာ ရှားရှားပါးပါး ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင် Kawasaki ရောဂါဟာ ပါးစပ်၊နှာခေါင်းနဲ့ လည်ချောင်းအတွင်းဖက်မှာရှိတဲ့ အမြှေးပါးအလွှာတွေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။Kawasaki ရောဂါဟာ (ဂျပန်၊ကိုရီးယားနဲ့ ထိုင်ဝမ် အပါအဝင်) အရှေ့အာရှမှာ ဆယ်ဆကနေ အဆနှစ်ဆယ်ထိ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ ငါးနှစ်အောက်ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး ပျမ်းမျှအသက်ကတော့ နှစ်နှစ်ဖြစ်ပါတယ်။ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။Kawasaki ရောဂါရဲ့ လက္ခဏာတွေဟာ အဆင့်သုံးဆင့်နဲ့ ပေါ်ပေါက်လေ့ရှိပြီး ပထမအဆင့်ရဲ့ လက္ခဏာတွေကတော့။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Kawasaki ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရှိရသေးပေမယ့် ဒီရောဂါဟာ လူတယောက်ကနေ တယောက်ကို ကူးစက်ပျံ့နှံ့ခြင်း မရှိဖူးလို့တော့ ထင်မြင်ယူဆရပါတယ်။ ဒါ့အပြင် Kawasaki ရောဂါဟာ ဆောင်းအကုန်နွေအကူးမှာ အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။Kawasaki ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Kawasaki ရောဂါ ခံစားနေရကြောင်း အတိအကျ အဖြေထုတ်ပေးနိုင်မယ့် စစ်ဆေးမှုနည်းလမ်း မရှိသေးတဲ့အတွက် အတည်ပြုဖို့ ခက်ခဲပါတယ်။ အောက်ပါ အချက်နှစ်ချက်လုံးရှိနေရင်တော့ သင့်ကလေးအနေနဲ့ Kawasaki ရောဂါ ခံစားနေရပြီလို့ သင့်ဆရာဝန်က အတည်ပြုပေးပါလိမ့်မယ်။Kawasaki ရောဂါနဲ့ ဆင်တူတဲ့ ရောဂါတွေကို ဖယ်ထုတ်ပစ်နိုင်ဖို့အတွက် အောက်ဖော်ပြပါ ဓါတ်ခွဲစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါသေးတယ်။Kawasaki ရောဂါခံစားရပြီဆိုရင် ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူရပါမယ်။အက်စ်ပရင်ဆေးပြားကိုတော့ အိမ်ရောက်တဲ့အထိ ဆက်သောက်ခိုင်းတတ်ပါတယ်။ ဒါပေမယ့် Reye လက္ခဏာပေါင်းစု ဖြစ်ပေါ်လာနိုင်တာကြောင့် ဆရာဝန်ကို အသိမပေးဘဲ သင့်ကလေးကို အက်စ်ပရင်ဆေးပြား မတိုက်ရပါဘူး။ တကယ်လို့ အက်စ်ပရင်သောက်နေတုန်းမှာ ရေကျောက်ပေါက်ခြင်း ဒါမှမဟုတ် တုပ်ကွေးဝေဒနာခံစားရခြင်း စတာတွေ ဖြစ်ပေါ်လာရင်တော့ ဆရာဝန်ကို ချက်ချင်းအသိပေးရပါမယ်။သင့်ကလေးအနေနဲ့ ဂျီကျခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊အရေပြားခြောက်သွေ့ခြင်း စတဲ့ ပြဿနာတွေကို နောက်တလနှစ်လလောက်အထိတော့ ခံစားရပါလိမ့်ဦးမယ်။ သင့်ကလေးကို အလွန်အမင်း အားကုန်မသွားစေရအောင် ကြိုးစားထိန်းသိမ်းပေးပါ။ လက်ချောင်းခြေချောင်းလေးတွေ စိုစွတ်မှုရှိနေစေဖို့အတွက် လိုးရှင်းလေးတွေ လိမ်းပေးပါ။ တကယ်လို့ နှလုံးဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်လာရင်တော့ သင့်ကလေးအနေနဲ့ နောက်ထပ်စစ်ဆေးကုသမှုတွေကို ခံယူဖို့ လိုကောင်းလိုပါဦးမယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/kawasaki-disease-kawasaki-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
Sjogren Syndrome (ရှိုးဂရန်းရောဂါစု)
ရှိူးဂရန်းရောဂါစုဆိုသည်မှာ ပါးစပ်နှင့်မျက်လုံးများတွင် စိုစွတ်မှုရှိနေရန် သွားရည်နှင့် မျက်ရည်တို့ကိုထုတ်ပေးသည့်အကျိတ်များအား မိမိ၏ခုခံအားစနစ်မှ ပြန်လည်တိုက်ခိုက်နေသော ရောဂါတစ်မျိုးဖြစ်သည်။ ထို့ကြောင့်ရှိုးဂရန်းဖြစ်နေသောသူ၏မျက်လုံးနှင့် ပါးစပ် တွင် လုံလောက်သောစိုစွတ်မှုများမရှိပေ။မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်ပွားနိုင်သော်လည်း ဆရာဝန်များ၏တွေ့ရှိချက်အရ ဖြစ်ပွားသူအများစုမှာ အသက်40ကျော်များဖြစ်ကြသည်။ ထို့ပြင် အမျိုးသမီးများတွင် ပို၍ဖြစ်ပွားတတ်သည်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရှိုးဂရန်းရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ရှိုးဂရန်းရောဂါစုရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။မျက်လုံးများခြောက်ကပ်ခြင်း။မျက်လုံးများပူစပ်ခြင်း၊ယားခြင်း(သို့) စမ်းကြည့်ပါက မာတင်းတင်းဖြစ်နေခြင်း။ပါးစပ်များခြောက်ကပ်ခြင်း။သင်၏ပါးစပ်သည် ဝါဂွမ်းများအပြည့်ငုံထားသကဲ့သို့ မျိုရခက် စကားပြောရခက်ဖြစ်နေစေသည်။ပို၍ပြောရလျှင်ထိုလက္ခဏာများအပြင် အချို့လူများတွင် အောက်ပါ လက္ခဏာတခု (သို့) တခုထက်ပို၍ရှိနေတတ်သည်။အဆစ်အမြစ်များရောင်ခြင်း၊နာခြင်း၊တောင့်ခြင်း။သွားရည်ထုတ်အကျိတ်များရောင်ရမ်းခြင်း အထူးသဖြင့် မေးရိုး၏အနောက်နှင့် နားအရှေ့ရှိ သွားရည်ထုတ်အကျိတ်များသည် ရောင်ရမ်းခြင်း။မိန်းမကိုယ်သည် ခြောက်ကပ်နေခြင်း။ကြာရှည်စွာသလိပ်မပါပဲ ချောင်းအခြောက်ဆိုးနေခြင်း။အရေပြားတွင် အနီစက်များထွက်ခြင်း (သို့) ခြောက်ကပ်နေခြင်း စသည်ဖြင့်ဖြစ်သည်။စောစီးစွာရောဂါအား ရှာဖွေ တွေ့ရှိ၍ လျင်မြန်စွာ ကုသခြင်းသည် ရောဂါအခြေအနေဆိုးဝါးလာမှုနှင့် အရေးပေါ်အခြေအနေများကို ကာကွယ်ပေးနိုင်သည်။ ထိုကဲ့သို့သော ပြင်းထန်သည့် အခြေအနေများမဖြစ်ရန် ဆရာဝန်အား အမြန်ဆုံးပြသသင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရှိုးဂရန်းရောဂါစုသည် ခုံခံအားနှင့်ဆိုင်သည့် ရောဂါတခုဖြစ်ပြီး ဆိုလိုသည်မှာ မိမိ၏ခုခံအားစနစ်သည် မိမိ၏ကိုယ်ပိုင်ဆဲလ်များနှင့် တစ်ရှူးများကို မှားယွင်းစွာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ကံမကောင်းစွာဖြင့် အချို့သူများတွင် အဘယ်ကြောင့် ရှိုးဂရန်းဖြစ်ပွား၍အချို့သူများတွင် မဖြစ်ပွားသည်ကို သိပ္ပံပညာရှင်များက ယခုထိသေချာစွာမသိကြသေးပါ။ အချို့သောမျိုးရိုးဗီဇများသည် ဖြစ်ပွားနိုင်ချေကို မြင့်စေသော်လည်း အခြားသော ဘက်တီးရီးယားနှင့် ပိုးမွှားများကလည်းဖြစ်ပွားစေသည့် အကြောင်းအရင်းတွင် လိုအပ်နေကြောင်းသိရသည်။ ရှိုးဂန်းရောဂါတွင် သင်၏ ခုခံအားစနစ်သည် မျက်လုံးနှင့် ပါးစပ်ရှိအရည်ထုတ်အကျိတ်များကိုအရင် ပစ်မှတ်ထားတိုက်ခိုက်တတ်သည်။ သို့သော်လည်း အခြားသောပျက်စီးထိခိုက်ခံရနိုင်သည့် အစိတ်အပိုင်းများမှာ။အဆစ်အမြစ်များ။သိုင်းရွိုက်အကျိတ်။အသည်း။အဆုတ်။အရေပြား။အကြောများ စသည်ဖြင့်ဖြစ်ကြသည်။ရှိုးဂရန်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်အရွယ် – အသက်40 ကျော်သူများတွင် အများအားဖြင့်တွေ့ရသည်။လိင် – အမျိုးသမီးများတွင် ပို၍ဖြစ်နိုင်ချေများသည်။လေးဘက်နာရောဂါ။ရှိုးဂရန်းရှိသော သူများတွင် အများအားဖြင့် အဆစ်အမြစ်ကိုက် နှင့် SLE စသော လေးဘက်နာရောဂါများရှိတတ်သည်။ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အကယ်၍သင်၏ဆရာဝန်မှ သင့်တွင် ထိုရောဂါရှိသည်ဟုသံသရရှိပါက သင့်အားကြည့်ရှူထိတွေ့စမ်းသပ်ခြင်းနှင့် အခြားသော လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်တတ်သည်။ အခြားသော လုပ်ဆောင်နေကျစစ်ဆေးမှုများမှာ။သွေးစစ်ခြင်း။မတူညီသောသွေးဆဲလ်များ၏ပမာဏများအားစစ်ဆေးခြင်း။ရှိုးဂရန်းရောဂါစုတွင် ရှိနေကျဖြစ်သည့် အန်တီဘော်ဒီများရှိမရှိကိုစစ်ဆေးခြင်း။ရောင်ရမ်းစေသည့်အခြေအနေများရှိမရှိစစ်ဆေးခြင်း။အသည်းနှင့် ကျောက်ကပ်တို့တွင် ပြဿနာရှိမရှိစစ်ဆေးခြင်း။မျက်လုံးအားစစ်ဆေးခြင်း။Schirmer tear test ဟုခေါ်သော စစ်ဆေးမှုတခုဖြင့် သင့်မျက်လုံး၏ ခြောက်သွေ့မှုကို သင့်ဆရာဝန်မှ တိုင်းတာနိုင်ပါသည်။ ထိုစစ်ဆေးမှုတွင် ဆီစုပ်စက္ကူကဲ့သို့သော စက္ကူအပိုင်းအစငယ်အား အောက်မျက်ခွံ၏အောက်တွင် ထားခြင်းဖြင့် မျက်ရည်မည်မျှထုတ်လုပ်နေမှုအခြေအနေကို စမ်းသပ်သည်။ဖောက်ထွင်းကြည့်ရှူစစ်ဆေးမှုများ။အချို့သော ဖောက်ထွင်းကြည့်ရှူ စစ်ဆေးမှုများမှလည်း သွားရည်ထုတ်အကျိတ်များ၏ စွမ်းဆောင်ရည်ကို သိရှိနိုင်သည်။အသားစယူခြင်း။ရှိုးဂရန်းရောဂါစုကို ဖော်ပြသည့် ရောင်ရမ်းနေသည့် နှုတ်ခမ်းဆဲလ်များရှိမရှိကို သင်၏ဆရာဝန်မှ နှုတ်ခမ်းအသားစယူကာ စစ်ဆေးခြင်းများလည်းပြုနိုင်ပါသည်။ဆရာဝန်မှ ထောက်ခံသော ကုသမှုများမှာ။ရောဂါလက္ခဏာအပေါ်မူတည်၍ ပေးသောဆေးများ။သွားရည်ထုတ်လုပ်ခြင်းအား အားကောင်းစေသော ဆေးဝါးများ ဥပမာ ပိုင်လိုကာပင်း နှင့် cevimeline တို့သည် သွားရည်ထုတ်လုပ်ခြင်းကို အားကောင်းစေပြီး တခါတရံ မျက်ရည်ထုတ်လုပ်ခြင်းကိုပါ အားကောင်းစေသည်။ဘေးထွက်ဆိုးကျိုးများမှာ ချွေးပြန်နေခြင်း၊ဗိုက်အောင့်ခြင်း၊အသားအရေနီရဲပူနွေးလာခြင်း၊နှင့် ဆီးသွားများခြင်း တို့ဖြစ်သည်။တိကျထူးခြားသော နောက်ဆက်တွဲရလဒ်များကို ကုသခြင်း။အဆစ်အမြစ်များရောင်လာပါက စတီးရွိုက်မဟုတ်သော အရောင်အရမ်းကျဆေးများ (သို့) အခြား အဆစ်အမြစ်ရောင်ပျောက်ဆေးများအားအသုံးပြုခြင်းမှလည်း အကျိုးထူးနိုင်ပါသည်။ အလွယ်တကူအပြင်ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည့် မျက်ဆင်းဆေးများသည် မထိရောက်ပါက ဆရာဝန်ညွှန်ကြားသည် မျက်ဆင်းဆေးများအား လိုအပ်နိုင်ပါသည်။ ပါးစပ်အတွင်းရှိ မှိုရောဂါပိုးများအား မှိုသတ်ဆေးများဖြင့် ကုသသင့်ပါသည်။တစ်ကိုယ်လုံးအနှံ့ဖြစ်ပွားသော ရောဂါလက္ခဏာများအား ကုသပါ။Hydroxychloroquine ဟူသော ငှက်ဖျားပိုးအားကုသသည့် ဆေးတစ်မျိုးသည် ရှိုးဂရန်းရောဂါစုအားကုသရာတွင် မကြာခဏထိရောက်ခြင်းကိုတွေ့ရသည်။ ခုခံအားဖိနှိပ်ကျဆင်းစေသည့် ဆေးများ ဥပမာ မီသောက်ထရက်ဆိပ်ကိုလည်း ဆရာဝန်မှ ညွှန်ပေးနိုင်သည်။ခွဲစိတ်ခြင်း။မျက်စိခြောက်ကပ်ခြင်းကို သက်သာရန် မျက်ရည်များအားထုတ်ပေးသည့် မျက်ရည်ပြွန်များအားပိတ်ဆို့မှုများအား လမ်းကြောင်းဖွင့်ပေးသော အသေးစားမျက်စိခွဲစိတ်မှုများကိုပြုလုပ်ရန်လည်း စဉ်းစားရနိုင်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရှိူးဂရန်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။မျက်ရည်တုများနှင့် မျက်ဆင်းရည်များအသုံးပြုခြင်းသည် မျက်စိခြောက်ကပ်၍သက်သောင့်သက်သာမဖြစ်မှုတို့ကို သက်သာပျောက်ကင်းစေပါသည်။စိုစွတ်မှုအားတိုးမြှင့်ပါ။လေသလပ်ခြင်းတို့ကို လျှော့ချ၍ အတွင်းပိုင်းစိုစွတ်မှုအားတိုးမြှင့်ပေးခြင်းသည် မျက်လုံးများအား သက်သောင့်သက်သာမဖြစ်လောက်အောင် ခြောက်သွေ့သွားမှုတို့အား ကာကွယ်နိုင်ပါသည်။ဥပမာ ပန်ကာ(သို့)လေအေးပေးစက်အရှေ့တည့်တည့်တွင် ထိုင်ခြင်း နှင့် နေကာမျက်မှန်(သို့) မျက်လုံးကို ကာကွယ်သည့်ပစ္စည်းများကို အပြင်ထွက်သောအခါ အသုံးပြုခြင်းတို့ဖြစ်သည်။အရည်များများသောက်ခြင်းဖြင့် အထူးသဖြင့် ရေသောက်ခြင်းသည် ပါးစပ်ခြောက်ခြင်းကို လျှော့ချနိုင်ပါသည်။ သွားရည်ထွက်ခြင်းကို လှုံ့ဆော်ပေးပါ။ သကြားမပါသော ပီကေများ (သို့) မာကြောသောသကြားလုံးများသည် သွားရည်များများထွက်ရန်အားပေးပါသည်။ ရှိုးဂရန်းရောဂါစုသည် သွားပိုးစားနိုင်ချေကို များစေသောကြောင့် အချိုလျှော့စားခြင်း ကို အထူးသဖြင့် ထမင်းစားချိန်များကြားတွင်ဖြစ်သည်။ လီမွန်ဖျော်ရည်သည်လည်း သွားရည်များများထွက်စေသည်။သွားရည်အတုများအား စမ်းသုံးကြည့်ပါ။ထိုသွားရည်အတုများသည် ရိုးရိုးရေထက် ပိုထိရောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရည်များတွင် ပါးစပ်အား ကြာရှည်စွာ စိုစွတ်စေနိုင်သည့် ချောဆီဓါတ်တစ်မျိုးပါဝင်နေ၍ဖြစ်သည်။နှာခေါင်းအတွင်းဖြန်းပက်ရသော ဆားရည်တစ်မျိုးသည်လည်း နှာခေါင်းအတွင်းတစ်ခုလုံးကို ကောင်းစွာရှင်းရှင်းလင်းလင်းစိုစွတ်၍ အသက်ရှူလို့ကောင်းစေသည်။ ထူထဲခြောက်ကပ်နေသောနှာခေါင်းကြောင့် ပါးစပ်ဖြင့် အသက်ရှူနေရနိုင်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/sjogren-syndrome-%e1%80%9b%e1%80%be%e1%80%ad%e1%80%af%e1%80%b8%e1%80%82%e1%80%9b%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%85%e1%80%af/
အသားဓာတ် ချို့တဲ့ရင် ဘာတွေ ဖြစ်လာမလဲ
အသားဓာတ် ဆိုတာ ပရိုတင်း လို့လည်း ခေါ်ကြတဲ့ ဓာတ်ပေါ့။ အသား မပါလို့ မစားတတ်သူ တွေမှာ ဒီပြဿနာ မရှိနိုင်လောက်ပေမယ့် အသား မကြိုက်သူတွေ၊ သက်သတ်လွတ် စားတဲ့သူ တွေမှာတော့ အသားဓာတ် ချို့တဲ့နိုင်ပါတယ်။အသား ဓာတ် ချို့တဲ့ရင် ဒီလို ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိထားကြပါနော်။ ကံကောင်းတာ တစ်ခုက အသား ဓာတ် ကို အသား မဟုတ်တဲ့ တခြားအစားအစာ ကနေ လည်း ရနိုင်တာပါပဲ။ထိုင်ခုံ အပုလေးပေါ်ကနေ ပြုတ်ကျတာ၊ ချော်လေးလဲတာလောက်နဲ့တင် အရိုး အက် အရိုးကျိုး သွားပြီ ဆိုရင် သေချာပါတယ်။ သင့်ကိုယ်ထဲမှာအသားဓာတ်ချို့တဲ့နေပါပြီ။ အရို းတစ်ခု ကြံ့ခိုင်ဖို့ ကယ်လ်ဆီယမ်ဓါတ် က အရေးကြီးသလိုပဲ ပရိုတင်း များများရှိုဖို့ကလည်း အဓိကကျပါတယ်။ဒါအပြင် ကိုယ်တွင်းက ကလီစာတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ အတွက် ပရိုတင်း များများ ရှိဖို့လိုပါတယ်။ဆံသား နဲ့ လက်သည်းတွေ အတွက် အသားဓာတ်အဓိက လိုအပ်တာကြောင့် အသားဓာတ် ချို့တဲ့နေတဲ့အခါ လက်သည်းတွေ ပျော့နေတာ ကျိုးကြေလွယ်တာတွေ ဖြစ်တတ်ပြီး ဆံပင် တွေ လည်း နှစ်ခွဖြစ်တာ၊ အဖျားမှာ ကျိုးပြတ်တာမျိုး တွေ ဖြစ်တတ်ပါတယ်။ကြာလာရင် ဆံပင် တွေ ကျွတ်ကုန်ပြီး အသစ်ပြန်ပေါက်ဖို့ အသား ဓာတ် လည်း အလုံအလောက် မရှိတော့တာကြောင့် ဆံပင် ပါးတဲ့ ပြဿနာတွေ ပါရင်ဆိုင်ရတတ်ပါတယ်။ပိန်သွားတယ် ၊ ဝိတ်ကျသွားတယ် လို့ ပျော်မနေနဲ့ဦး။ အသားဓာတ် လုံးဝဖြတ်ပြီး အရွက်ချည်းစား၊ ဝိတ်ချသူ တွေဟာ ကိုယ်ခံအား ပါ နည်းသွားပြီး ကျန်းမာရေး ယိုင်နဲ့လာမှာနော်။ ဘယ်လောက် အစား ဆင်ခြင်ပါစေ၊ အာဟာရ တော့ ပါအောင် စားရပါမယ်။ကြွက်သားတွေ အတွက် အသားဓာတ် လုံလောက်အောင် မစားမိတဲ့အခါ ဒီဓာတ်ကို လိုအပ်နေတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေက ကြွက်သားတို့ အရိုးတို့ဆီက ပရိုတင်းတွေကို ဖြိုခွဲပြီး သုံးတတ်ကြပါတယ်။ ဒီလိုနဲ့နောက်ပိုင်း ကြွက်သားတွေ လျော့ရဲလာပြီး ကိုယ်အလေးချိန်ပါ ကျဆင်းလာမှာ ဖြစ်ပါတယ်။အသားဓာတ်မလုံလောက်တာကြောင့် ချက်ချင်းကြီးတော့ ပင်ပန်းသွားမှာ မဟုတ်ပေမယ့် တဖြည်းဖြည့်းကြာလာတဲ့အခါ အခြားသူတွေထက်ပိုပြီး နုန်းခွေမောပန်းတဲ့ ပြဿနာတွေ ကြုံတွေ့ရမှာပါ။ ကြွက်သားတွေ အားနည်းရုံ သာမက သွေးနီဥဖြစ်တဲ့ hemoglobin ဖွဲ့စည်းဖို့ အသား ဓာတ် လိုအပ်တာကြောင့် သွေးအားနည်းတဲ့ ပြဿနာတွေပါ ခံစားရမှာပါ။ကိုယ်ခံအားစနစ်အတွက် အသားဓာတ်က မရှိမဖြစ် အရေးကြီးတဲ့ အရာ တစ်ခုပါ။ကိုယ်ခံအားစနစ်ရဲ့ immunoglobulin ကို amino protein နဲ့ပဲ ဖွဲ့စည်းရတာ ဆိုတော့ အသား ဓာတ် ချို့တဲ့တဲ့အခါ ခုခံအား လည်း အလိုလို အားနည်းသွားပါလိမ့်မယ်။ဒါ့ကြောင့် အသားဓာတ်မနည်းရအောင် ဒီလို အဓိကအစားအစာ အုပ်စု ကိုတော့ တစ်နည်းနည်းနဲ့ ပါအောင်စားသုံးပေးဖို့ လိုပါမယ်နော်-။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%93%e1%80%ac%e1%80%90%e1%80%ba-%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%b2%e1%80%b7%e1%80%9b%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%90/
မိခင်နို့တိုက်ခြင်းက ရင်သားတွဲကျခြင်းကို မလွဲမသွေဖြစ်စေနိုင်သလား
ကလေးနို့တိုက်ခြင်းဟာ ရင်သားတွဲကျစေမယ်ဆိုတဲ့ ယုံတမ်းစကား ရှိခဲ့ပြီး ဒါဟာ မိခင် အသစ်တွေအတွက် ကြောက်မက်ဖွယ် ကောင်းပါတယ်။ တကယ်လို့ သင်ဟာ ကလေးကို နို့တိုက်ချင်ပေမယ့် ဒါကို စိတ်ပူနေတယ်ဆိုရင် စိတ်မပူပါနဲ့တော့။ သုတေသနတွေက ကလေးနို့တိုက်ခြင်းဟာ ရင်သားရဲ့ ပုံပန်းသဏ္ဍာန်ကိုရော၊ အရွယ်အစားကိုပါ အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုကြပါတယ်။သင်ဒါကို သတိထားမိပြီး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သားတွေကို ထောက်ပံ့ပေးရတဲ့ အရွတ်တွေဟာ ဆန့်လာတာကြောင့် ရင်သားတွေဟာ ပြည့်လာပြီး လေးလံလာပါလိမ့်မယ်။ ဒီလို ဆွဲဆန့်ခြင်းဟာ သင်ကလေးကို နို့တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ ကလေးမွေးပြီးချိန်မှာ ရင်သားတွဲကျခြင်းရဲ့ အဓိက တရားခံဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ် ကိုယ်ဝန် ရှိတိုင်းမှာ ဒါဟာ ပိုပြီး သိသာ ထင်ရှားလာနိုင်ပါတယ်။ အသက်ကြီးခြင်းနဲ့ ဆေးလိပ်သောက်ခြင်းဟာလည်း အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို နည်းပါးစေတာကြောင့် ရင်သားတွဲကျခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်များခြင်း၊ ရင်သားကြီးခြင်းတွေကလည်း အတူတူပါပဲ။ ဒါကြောင့် ရင်သားတွဲကျခြင်းအတွက် ကလေးနို့တိုက်ခြင်းကိုသာ အပြစ်တင်ခြင်း မပြုသင့်ပါဘူး။ရင်သား ပင့်တင့်ပေးတဲ့ ဘရာတွေဟာ ရင်သားတွဲကျခြင်းကို ကာကွယ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒါကို ထောက်ခံပေးမယ့် သက်သေတော့ မရှိပါဘူး။ တကယ်လို့ အိပ်တဲ့အချိန်မှာ ဘရာဝတ်ခြင်းဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေတယ်ဆိုရင် ဝတ်ပါ။ ဒါပေမယ့် ဒါဟာ သင့်ရင်သားတွေအတွက် စိတ်ချရတယ်လို့တော့ မမျှော်လင့်ပါနဲ့။ ဒါပေမယ့် ကျွမ်းကျင်သူတွေက လေ့ကျင့်ခန်းလုပ်တဲ့အခါ ရင်သား တုန်ခါမှု များခြင်းကနေ ကာကွယ်ဖို့ အထူးဘရာ တွေ ဝတ်ဆင်ဖို့တော့ အကြံပြုထားကြပါတယ်။ဖြစ်နိုင်ပါတယ်။ ရင်သားသေးငယ်တဲ့ အမျိုးသမီးတွေဟာလည်း ကလေးနို့တိုက်သည်ဖြစ်စေ၊ မတိုက်သည်ဖြစ်စေ တွဲကျနိုင်ပါတယ်။ ရင်သားတွဲကျခြင်းဟာ သင့်ရဲ့ ရင်သားတစ်ရှူးနဲ့ အဆီ အချိုးအစားပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သင့်မှာ အဆီနဲ့ ယှဉ်ရင် ရင်သားတစ်ရှူးတွေ များနေတယ်ဆိုရင် သင့်ရဲ့ ရင်သားသိပ်သည်းမှု များတာကြောင့် ရင်သားသိပ်သည်းမှု နည်းသူတွေနဲ့ ယှဉ်ရင် ရင်သားတွဲကျနှုန်းနည်းပါးမှာ ဖြစ်ပါတယ်။အဖြေကတော့ ကူညီမပေးနိုင်ပါဘူး။ ရင်သားတွေမှာ ကြွက်သား မပါဝင်ပါဘူး။ ဒါကြောင့် ရင်သားကို ပြန်လည်တင်းရင်းစေတဲ့ လေ့ကျင့်ခန်း မရှိပါဘူး။ ဒါပေမယ့် ရင်ဘတ်လေ့ကျင့်ခန်းတွေကတော့ အနည်းငယ် ကူညီပေးနိုင်ပါတယ်။ ရင်သားပတ်ပတ်လည်က ကြွက်သားတွေကို မြှင့်တင်ခြင်းဟာ ရင်သားတွေကို အနည်းငယ် ကြည့်ကောင်းစေမှာ ဖြစ်ပါတယ်။ရင်သားတွဲကျခြင်းဟာ ကလေးမွေးပြီးချိန်မှာ ရှောင်လွှဲလို့မရပေမယ့် ဒါကို နည်းပါးစေမယ့် နည်းလမ်းတွေတော့ရှိပါတယ်။မိခင်တစ်ယောက် အနေနဲ့ ကလေးနို့တိုက်ခြင်းဟာ ကလေးငယ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ သင့်ကလေးကို ပြုစုပျိုးထောင်ပေးတဲ့အချိန်မှာ ရင်သားတွဲကျမှာကြောက်တဲ့ စိတ်တွေ မဝင်လာသင့်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%9b%e1%80%84/
ဆံပင်ကျွတ်သူတိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။
ဆံပင်ပါးတယ်၊ ဆံပင်ကျွတ်လွန်းပြီးထိပ်ပြောင်နေတယ်၊ နဖူးပြောင်နေတယ်ဆိုတာဟာ လူတိုင်းရဲ့ စိတ်ကို အနှောင့်အယှက်ပေးနေတဲ့ ပြဿနာတစ်ခုပါ။ ဆံပင်ဆိုတာ အတိုဖြစ်ဖြစ် အရှည်ဖြစ်ဖြစ် ကျွတ်မှာပဲဆိုတဲ့ စကားလေးအတိုင်း ဆံပင်ကျွတ်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဆိုပေမယ့် ပုံမှန်ထက်များတဲ့ ပမာဏနဲ့ ဆံပင်ကျွတ်နေရင်တော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို့ ပြောလို့မရတော့ပါဘူး။ ဆံပင်ကျွတ်သူတိုင်း  ဘာကြောင့် ဖြစ်ရတာလဲဆိုတာနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာတွေကို သိထားဖို့ လိုလာပါပြီ။ပုံမှန်ထက်ကျော်ပြီး ဆံပင်ကျွတ်တာ မကောင်းဘူးဆိုတော့ ပုံမှန် ဆံပင်ကျွတ်တဲ့ပမာဏ ဘယ်လောက်ရှိလဲဆိုတာ သိထားဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ဒီတော့ ၁၀၀ ထက်ကျော်လာပြီဆိုရင် ပုံမှန်ဖြစ်နေကျ ဆံပင်ကျွတ်တယ်လို့ ပြောလို့မရတော့ပါဘူး။ ရှင်းရှင်းပြောရရင် ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ တစ်ထွေးလိုက်ကြီးပါလာတာ၊ လက်နဲ့ ဆုပ်ကိုင်လိုက်ရင်တောင် ဆံပင်တွေ အလွယ်တကူပါလာတာမျိုးတွေပေ့ါ။ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ သူတို့တွေကတော့။လူတစ်ယောက်ဟာ ပုံမှန် တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်ရမယ့်အစား ဒီပမာဏထက်ပိုပြီး ကျွတ်လာတာကို သတိထားမိတဲ့အချိန်၊ ဆံပင် အကွက်လိုက်၊ အထွေးလိုက် ကျွတ်နေတဲ့ အချိန်မျိုး ရောက်လာပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သေချာပြသပြီးပြဿနာအရင်းအမြစ်ကို အဖြေရှာဖို့ လိုလာပါပြီ။ ပြဿနာကို အဖြေရှာရုံနဲ့တင် မပြီးသေးပါဘူး။ ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတဲ့အပိုင်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး။အဓိကကတော့ ဆံပင်ကျွတ်တဲ့အကြောင်းအရင်းကို အရင်ရှာပြီး အဲဒီ ပြဿနာကို ဖြေရှင်းနိုင်ရင် ဆံပင်ကျွတ်တာကိုလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ။ နောက်တစ်ခုကတော့ ပါးသွား ၊ ကျွတ်သွားတဲ့ ဆံပင်နေရာမှာ ဆံပင်တွေ ပြန်ပေါက်လာစေဖို့၊ ပါးနေတဲ့ ဆံပင်တွေ ပြန်သန်စေဖို့အတွက် ထုတ်ထားတဲ့ အဆီတွေ လိမ်းပေးလို့ရပါတယ်။ အလှအပဆိုင်ရာ ဆေးခန်းတွေမှာလည်း ကုထုံးတွေ ခံယူလို့ ရပါတယ်။(၁) ဆံပင် အတွက် အဓိက လိုအပ်တဲ့သံဓာတ်နဲ့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ နေ့စဉ်စားပေးပါ။(၂) ဆံပင်ကို ပုံမှန်လျှော်ပေးပါ။ ခဏခဏရှောင်တာကို ရှောင်ပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း အပြင်းစား shampoo တွေကို မသုံးပါနဲ့။(၃) အပူပေးတဲ့ ကိရိယာတွေနဲ့ ဆံပင်ကိုကောက်တာ ဖြောင့်တာ၊၊ မြန်မြန်ခြောက်အောင် စိုနေတဲ့ဆံပင်မှာ dryer အပူသုံးတာမျိုးက ဆံပင်ကျွတ်တာကို အများဆုံး ဖြစ်စေပါတယ်။(၄) ဒီတော့ ခေါင်းလျှော်ပြီးဆံသားကို သဘာဝအတိုင်း ခြောက်သွေ့အောင် ထားပါ။ဒါမှမဟုတ် blow  dryမှုတ်ပါ။ မလိုအပ်ဘဲ ဆံပင်ကို မကိုင်ပါနဲ့။ မပွတ်ဆွဲပါနဲ့။ ဘီးအစိတ်အစား ဘီးအကျဲတွေကို သုံးပြီး ခေါင်းဖြီးပါ။(၅) ဆံပင်မွေးညှင်းအိတ်လေးတွေကို ကြွစေလောက်တဲ့အထိ ဆံပင်ကို အရမ်းတင်းနေအောင် စည်းထားတာတွေ မလုပ်ပါနဲ့။(၆) ဆံပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေပူထဲသွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ် အမြဲဆောင်းပါ။(၇) စိတ်ဖိစီးမှုဟာ ကိုယ်ခန္ဓာအတွက်ရော စိတ်ကျန်းမာရေးအတွက်ရော မကောင်းတဲ့အပြင် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ တရားခံလည်းဖြစ်တာကြောင့် စိတ်ဖိစီးမှု မရှိအောင် အတတ်နိုင်ဆုံးနေပါ။ရေးသားသူ – Dr. Thin Yadanar@ Frances။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-fall/
လိင်တံကျိုးတတ်သလား
လိင်တံကျိုးတတ်သလား …. ဒီကိစ္စဟာ ငယ်ငယ်တုန်းက ယောက်ျားလေးတွေအကြား ရေပန်းစားတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့သလို အသက်တော်တော်ကြီးတဲ့အထိလည်း ရေရေရာရာ မသိသေးသူ အတော်များပါတယ်။ ဒါဟာ တကယ်ဖြစ်နိုင်ပါသလားလို့ မေးရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရပါမယ်။ ဒါပေမယ့် လိင်တံမှာ အရိုးမရှိတဲ့အတွက် ခြေကျိုး၊လက်ကျိုးသလို အရိုးသွင်သွင်ကျိုးတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့လေ။ သင့်လိင်တံ ထောင်မတ်နေချိန်မှာ အရာတခုခုနဲ့ အားပြင်းပြင်း ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။လိင်တံကျိုးတတ်သလား ဆိုတော့ လိင်တံကျိုးတဲ့အကြောင်း မပြောခင် လိင်တံရဲ့ ဖွဲ့စည်းပုံလေးကို တစ်ချက်အကျဉ်းချုပ် ပြောကြည့်ချင်ပါတယ်။ သင့်လိင်တံမှာ ရှည်မျောမျောပြွန်လေး သုံးခုပါဝင်ပါတယ်။ ပြွန်အကြီးနှစ်ခုကိုcorporeal bodiesတွေလို့ ခေါ်ပြီး ဒီပြွန်တွေထဲ သွေးတွေ ဝင်ရောက်လာတဲ့အခါ လိင်တံထောင်မတ်လာပါတယ် (ဘောလုံးထဲ လေမှုတ်သွင်းလိုက်သလို စဉ်းစားလိုက်ပါ)။ ဒီပြွန်တွေရဲ့ အပြင်ဖက်အရေပြားကိုတော့ tunica albuginea လို့ခေါ်ပြီး လိင်တံထောင်မတ်ချိန်မှာ အလျားရော၊ဘေးအနံရောပါ ပြန့်ကားထွက်နိုင်စွမ်းရှိပါတယ်။ တတိယမြောက် ပြွန်အသေးလေးကတော့လိင်တံရဲ့ အောက်ဖက်အလျားတလျှောက်မှာ ရှိပြီး ဆီးထွက်ရာ လမ်းကြောင်းလေး ဖြစ်ပါတယ်။လိင်စိတ်ကြွလာတဲ့အခါ ပြွန်အကြီးနှစ်ခုထဲကို သွေးတွေ အများအပြား ဝင်ရောက်လာတဲ့အတွက် ဖိအားလည်း များလာပါတယ်။ ရလာဒ်အနေနဲ့ လိင်တံမာတောင့်လာပြီး ကွေးဖို့မလွယ်ကူတော့ပါဘူး။ ဒီလို အချိန်မျိုးမှာ အရာတခုခုနဲ့ အားပြင်းပြင်း ထိခိုက်မိရင် ဖိအားက ဆထက်ထမ်းပိုး အလွန်အမင်း တက်လာပါတယ် (ဥပမာ ဆက်ဆံဖော် အမျိုးသမီးရဲ့ ဆီးခုံနဲ့ဆောင့်မိခြင်း စသဖြင့်)။ဒီအခါ ဖိအားဒဏ်ကို ခါးစည်းခံနေရတဲ့ ဘေးပတ်ပတ်လည်က တစ်ရှူးတွေဟာ ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ပြဲထွက်သွားပါတော့တယ်။ ဒါကို လိင်တံကျိုးတယ်လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။ လိင်တံကျိုးခြင်းဟာလိင်တံထောင်မတ်နေချိန်မှာပဲ ဖြစ်ပေါ်လာနိုင်ပါတယ်။လိင်တံကျိုးပြီဟေ့ဆိုရင် အချိန်မဆိုင်းဘဲ သင်သတိထားမိမှာပါ။ အထဲက တစ်ရှူးစုတ်ပြဲသွားတဲ့ အသံလေးတစ်ချက်ကိုလည်း သင်ကြားလိုက်ရမှာပဲ ဖြစ်ပါတယ်။ လေမှုတ်ထည့်ထားတဲ့ ပူဖောင်းကို ပင်အပ်လေးနဲ့ ဆတ်ခနဲ ထိုးလိုက်ရင် ဖောင်းခနဲ ပေါက်သွားသလို သင့်လိင်တံလည်း ထောင်မတ်နေရာက ချက်ချင်းပြန်ပျော့သွားမှာပါ။ ဒီနောက်မှာတော့ ရောင်ကိုင်း၊ပြာနှမ်းပြီး သွေးခြေဥလာမှာဖြစ်ကာ နာကျင်မှုကိုလည်း ခံစားရပါမယ်။ တော်တော်ဆိုးဆိုးရွားရွား နာကျင်မှာပါ။ အကယ်၍ဆီးလမ်းကြောင်းပြွန်အသေးလေးကိုပါ ထိခိုက်သွားတယ်ဆိုရင် ဆီးသွားချိန်မှာ သွေးတွေထွက်လာပါလိမ့်မယ်။ ဒါဆိုရင် သင့်ရဲ့ ဆီးပြွန်လေးပါ စုတ်ပြဲသွားပြီဆိုတဲ့ သဘောပေါ့။လိင်တံပြဿနာတက်လို့ ဆေးရုံအရေးပေါ်ဌာနဆီ ပြေးရတာ ကြားလို့တော့ သိပ်မကောင်းလှဘူးပေါ့လေ။ ဒါပေမယ့် အရှက်ထက် အသက်က အရေးကြီးတာမို့ အထက်ဖော်ပြပါ လက္ခဏာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့ ဆေးရုံသာ အမြန်ဆုံးပြေးပါ။ ဆရာဝန်တွေအနေနဲ့ သင့်ရဲ့လိင်တံကို စစ်ဆေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ၊ပုံရိပ်ဖော် စစ်ဆေးမှုတွေကို ပြုလုပ်ပါလိမ့်မယ်။ တခါတရံ သင့်ဆီးပြွန်ထဲ မှန်ပြောင်းထည့်ကြည့်တာမျိုးလည်း လုပ်ရတတ်ပါတယ်။ ဒါမှ ဆီးပြွန်တစ်ရှူးတွေပါ စုတ်ပြဲသွားခြင်း ရှိမရှိ သိနိုင်မှာပါ။ လိင်တံတစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် သင့်တော်တဲ့ ခွဲစိတ်ကုသမှုကို ခံယူရလေ့ ရှိပါတယ်။ ဒါ့အပြင် လိင်တံကျိုးပြီး သုံးရက်အတွင်းမှာ ခွဲစိတ်ကုသဖို့ အထူးအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အချိန်ကြာသွားရင် အမာရွတ်စတင် ဖြစ်ပေါ်လာနိုင်တာမို့ ပြန်ပြင်ဖို့ ခက်သွားပြီး လိင်တံထောင်မတ်ခြင်းကို ဒုက္ခပေးပါလိမ့်မယ်။ ဒါကြောင့်လိင်တံကျိုးပြီဆိုရင် ဆေးရုံဆေးခန်းဆီ အမြန်ပြေးပြီး လိုအပ်တဲ့ ခွဲစိတ်ကုသမှုကို ၇၂နာရီအတွင်း ခံယူဖို့ အရေးတကြီး လိုအပ်ပါတယ်။ အားလုံးအဆင်ပြေတယ်ဆိုရင်တော့ ခွဲစိတ်အပြီး ၄ – ၆ ပတ်လောက်အတွင်းမှာပဲ လိင်ဆက်ဆံခြင်းအမှုကို ပြန်ပြုနိုင်ပါမယ်။လိင်တံကျိုးခြင်းဟာ အင်မတိအင်မတန် ဖြစ်ခဲတဲ့ ရှားပါးပြဿနာတစ်မျိုးပါ။ ဒါကြောင့် သင့်အနေနဲ့ အိပ်ရာထက်မှာ ချစ်ရည်လူးတဲ့အခါ ဒီကိစ္စကြီးကိုပဲ ခေါင်းထဲထည့်ပြီး တွေးကြောက်နေစရာ မလိုပါဘူး။ ဒါပေမယ့် အချို့အချို့သော လိင်ဆက်ဆံမှုပုံစံတွေဟာ လိင်တံကျိုးဖို့ရာ အလားအလာ ပိုများပါတယ်။ အထူးသဖြင့် အမျိုးသမီးက အပေါ်ကနေတဲ့ ပုံစံဟာ လိင်တံကျိုးနိုင်ခြေများတဲ့ ပုံစံအနေအထားတစ်ခု ဖြစ်တယ်ဆိုတာကို သိထားရပါမယ်။ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံတဲ့အခါ သူမရဲ့ ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးက ထောင်မတ်နေတဲ့ လိင်တံပေါ် ကျရောက်နေတဲ့အတွက် ဖြစ်ပါတယ်။ နောက်တစ်ချက်က အမျိုးသမီးရဲ့ ယောနိထဲ လိင်တံထိုးသွင်းတဲ့အခါ လုံးဝထောင်မတ်နေတဲ့ အနေအထားမှာရှိနေမှ ထိုးသွင်းဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်ဝက်တစ်ပျက် ထောင်မတ်နေတဲ့ လိင်တံဟာ လိမ်ပြီးကျိုးနိုင်ခြေ ပိုများတာကြောင့်ပဲ ဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%90%e1%80%b6%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%90%e1%80%ba%e1%80%9e%e1%80%9c%e1%80%ac%e1%80%b8/
အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ
သင်ချစ်မြတ်နိုးရတဲ့ တစ်ယောက်ယောက်နဲ့ ပြတ်စဲလမ်းခွဲရတဲ့အခါ ဘယ်လိုခံစားရလေ့ရှိသလဲ။ အင်မတန်ကို ကြေကွဲဝမ်းနည်းခံစားရမယ်ဆိုတာ ပြောဖို့တောင်မလိုလောက်ပါဘူး။ လမ်းခွဲတာ၊ပြတ်စဲတာဟာဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် (အချိန်ကြာကြီးတွဲခဲ့တာပဲ ဖြစ်ဖြစ်၊ ခဏတဖြုတ်တွဲရသေးတာပဲ ဖြစ်ဖြစ်၊ အင်မတန်ချစ်မြတ်နိုးကြတဲ့ စုံတွဲပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းချစ်သူအဆင့်ပဲဖြစ်ဖြစ်) စိတ်ချင်းဆက်သွယ်ခဲ့ကြပြီးပြီဆိုရင် နာကျင်ခံစားရမှာအသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအသည်းကွဲတာကို ကုသပေးနိုင်တဲ့ နည်းလမ်းဆေးမြီးတိုလေးတွေလည်း ရှိနေပါသေးတယ်။ငိုကြွေးတာကို မကောင်းတဲ့အရာတစ်ခုအဖြစ် လူတွေကသတ်မှတ်ကြပေမယ့်ငိုကြွေးခြင်းဟာ တကယ်တမ်းတော့ ခန္ဓါကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။ လမ်းခွဲပြတ်စဲတဲ့ စိတ်ဖိအားဒဏ်ရာကြောင့် ထွက်ရှိလာတဲ့ ဟော်မုန်းတွေ မျက်ရည်ထဲမှာပါဝင်ပါတယ်။ ဆိုလိုတာက ငိုကြွေးလိုက်မယ်ဆိုရင် ဒီမကောင်းတဲ့ ဟော်မုန်းတွေ ခန္ဓါကိုယ်ထဲကနေ အပြင်ကိုထွက်ရှိသွားလိမ့်မယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် လမ်းခွဲပြတ်စဲပြီးတဲ့အချိန်မှာ ပထမဆုံးလုပ်ရမယ့်အလုပ်က အားပါးတရငိုလိုက်ဖို့ပါပဲ။ ဘာကိုမှ ဂရုစိုက်မနေပါနဲ့။ အကျယ်ကြီး အော်ငိုလိုက်ပါ။ မျက်ရည်တွေကုန်သွားပြီလို့ထင်ရတဲ့အထိ ငိုပစ်ပါ။ငိုတာ ရှက်စရာမဟုတ်ပါဘူး။ သိပ္ပံနည်းကျ ပြောရရင် ငိုကြွေးခြင်းဟာ ဝမ်းနည်းမှု၊ စိတ်ထိခိုက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ကူညီပေးပါတယ်။ ဒါကြောင့် ဒီတစ်ရက်တော့ ငိုလိုက်ပါ။ပြင်ပကမ္ဘာနဲ့ ခဏတဖြုတ်အဆက်အသွယ်ဖြတ်ပါ။ ဒီလိုပြောလိုက်လို့ လနဲ့ချီပြီး အခန်းတံခါးပိတ်နေဖို့ ပြောတာမဟုတ်ပါဘူး။ တခြားလူတွေနဲ့ ခဏတဖြုတ်အဆက်အသွယ်မလုပ်ဖို့ဆိုလိုတာ ဖြစ်ပါတယ်။ သင့်အသည်းကို ခွဲသွားသူကို သွားပြီးအဆက်အသွယ်မလုပ်ဖို့ကတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူးနော်။ လမ်းခွဲပြတ်စဲတာကြောင့် နာကျင်ခံစားရတာတွေဟာ အချိန်ပေးဖို့လိုပါတယ်။ အချိန်ကြာလာရင် သူ့အလိုလို ပြန်ကောင်းလာမှာပါ။ သင်ဘာဖြစ်နေလဲ၊ ဘာကြားချင်လဲဆိုတာကို တဖက်ကနားလည်ပေးနိုင်တဲ့အချိန်မျိုးဆိုရင်တော့ ရင်ဖွင့်ရတာ၊ စကားပြောရတာ အကျိုးရှိပါတယ်။ သင်သိထားဖို့က ဟိုအရင်ချိန်တွေက သင်တခုခုလုပ်ချင်ပေမယ့် သင့်ချစ်သူကမလုပ်ချင်တဲ့အတွက်၊ မကြိုက်တဲ့အတွက် လက်လျှော့လိုက်ရတာ၊ အလျှော့ပေးလိုက်ရတာတွေကို သတိရဖို့ပါပဲ။ အခုသင်လုပ်ချင်တာတွေကို အားပါးတရလုပ်ပါတော့။ကဲ အခု စကားပြောရမယ့်အပိုင်း လာပါပြီ။ ဒါပေမယ့် အတင်းဖိအားပေးခံရလို့ စကားပြောတာမျိုးကိုတော့ မလုပ်ပါနဲ့၊ သင်တကယ်ပြောချင်စိတ်၊ ရင်ဖွင့်ချင်စိတ်ပေါက်လာမှ ပြောပါ။ ဒီနေရာမှာ တစ်ခုသတိထားသင့်တဲ့အချက်က သင့်အနေနဲ့ အကူအညီလိုအပ်နေတဲ့အကြောင်း တခြားလူတွေကိုမပြောပြဖူးဆိုရင် သူတို့အနေနဲ့ တစ်ခါတရံမှာ အခြေအနေတွေကို ပိုဆိုးရွားသွားအောင်၊ သင့်အနေနဲ့ ပိုခံစားသွားရအောင် လုပ်မိတတ်ကြတယ်ဆိုတာပါပဲ (တကယ့်ကိုတခါတရံမှပါ)။ ဒါ့ကြောင့် သင့်အနေနဲ့ ဘယ်လောက်တောင် ဆိုးဆိုးရွားရွားခံစားနေရတဲ့အကြောင်းနဲ့ ဒီရက်ပိုင်းအတွင်း အကူအညီလို၊ နှစ်သိမ့်ပေးဖို့လိုအပ်နေတဲ့အကြောင်း သူတို့ကို သေချာပေါက်ပြောပြပါ။သူငယ်ချင်းဘော်ဒါတွေအနေနဲ့ သင့်ကိုအများကြီးပျော်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မမေ့ဖို့လိုပါတယ်။ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ခရီးသွားပါ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ၊ လုပ်ချင်တာတွေအကုန် လျှောက်လုပ်ပါ။ ဒါဆိုရင် သင်လက်ရှိခံစားနေရတဲ့ အသည်းကွဲတဲ့ ရောဂါကို မေ့သွားမှာပဲ ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ သိထားသင့်တဲ့အချက်က “မျှော်လင့်ချက်မကုန်ဆုံးဖို့” ပဲ ဖြစ်ပါတယ်။မျှော်လင့်ခြင်းဟာ ရှင်သန်ခြင်းရဲ့အဓိကသော့ချက်ပဲ ဖြစ်ပြီး ပိုပြီးကောင်း၊ ပိုပြီးသင့်တော်တဲ့ လက်တွဲဖော်ကို ထပ်မံတွေ့ရှိစေဖို့အတွက်တောင် ကူညီပေးနိုင်ပါသေးတယ်။ သင့်အနေနဲ့ လက်လျှော့အရှုံးပေးလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး မျှော်လင့်ချက်ကင်းမဲ့စိတ်ပျက်တာမျိုး ဖြစ်နေမှာအမှန်ပါ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့၊ မျှော်လင့်ချက်ရှင်သန်ပါစေ။ဘယ်လိုအရာကိုမဆို အချိန်ကကုစားပေးနိုင်ပါတယ်။ တစ်ခုသောမနက်ခင်းမှာ သင်မျက်စိနှစ်လုံးပွင့်လာတဲ့အခါ သင့်ရဲ့ “ကြေကွဲခြင်းကာလ” ကုန်ဆုံးပြီဆိုတာ သင်သတိထားမိလာမှာဖြစ်ပြီး ဘဝကိုမူလကအတိုင်း ဆက်လက်ရှင်သန်ပါ။ အားမွေးပါ။ လူတိုင်းလူတိုင်းဟာ အတိတ်ကိုချန်ထားခဲ့ပြီး ရှေ့ဆက်သွားနိုင်ဖို့အားအင်တွေရှိပါတယ်။ ဒါပေမယ့် ဒီအားအင်တွေကိုရှာတွေ့ဖို့ အချိန်ကာလတော့ အနည်းငယ်လိုအပ်ပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%80%e1%80%bc%e1%80%b2%e1%80%b1%e1%80%9d%e1%80%92%e1%80%94%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af/
အလင်းရောင်နဲ့ မထိတွေ့ချင်ဖြစ်နေပြီလား
သွေးစုပ်ဖုတ်ကောင်ပုံပြင်တွေထဲမှာဆိုရင် ထရန်ဆယ်လ်ဗေးနီးယား တောင်တန်းပေါ်က မြို့စားကြီး ဒရာကူလာဟာ အလင်းရောင်ဒဏ်ကို မခံနိုင်တာကြောင့် ညဘက်မှ အပြင်ထွက်တယ်လို့ ဆိုလေ့ရှိတယ်။စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတွေ၊ စာပေဝတ္ထုတွေမှာဆိုရင်လဲVampireသွေးစုပ်ဖုတ်ကောင်တွေဟာ နေ့အလင်းရောင်နဲ့ ထိတွေ့နိုင်ကြခြင်းမရှိကြပဲ အလင်းရောင်ကို ရှောင်ဖယ်နေတတ်ကြတယ်လို့ အဆိုရှိကြတယ်။ဒီကနေ့ခေတ်မှာ သိပ္ပံပညာနဲ့ ဆေးပညာတွေဟာ တစ်ချိန်က လူတွေရဲ့ ယုံတမ်းစကားတွေ၊ အစွဲအလမ်းတွေနဲ့ အစွန်းရောက်ယုံကြည်မှုတွေကို သက်သေအထောက်အထားအမျိုးမျိုးနဲ့ တစ်ထပ်ခြင်း တစ်လွှာခြင်း ဆွဲခွာပြနေကြတာပါ။ရှေးခေတ်ပုံပြင်တွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက Vampire ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်တွေ အလင်းရောင်ကို ရှောင်ဖယ်ကြတာ၊ ညအချိန်မှ အပြင်ထွက်ကြတာဟာ တခြားအကြောင်းအရင်းကြောင့်မဟုတ်ပဲPhotophobiaကြောင့်များလားဆိုတဲ့ ယူဆချက်တွေ ဒီကနေ့ခေတ်မှာ ရှိလာနေပါတယ်။အလင်းဒဏ်မခံနိုင်တာ ဒါမှမဟုတ် အလင်းရောင်ကို ကြောက်ရွံ့တာမျိုးကို Photophobia လို့ ခေါ်ဆိုပါတယ်။ ရုတ်တရက်ဆိုရင် နေရောင်ကို ကြောက်ရွံ့တဲ့ Heliophobia နဲ့ ဆင်တူပါတယ်။Photophobia ကတော့ အလင်းနဲ့ Sensitive ဖြစ်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီဝေဒနာ ခံစားနေရပြီဆိုရင် ယေဘုယျအားဖြင့် အလင်းရောင်နဲ့ ထိတွေ့မိတိုင်း စိတ်မသက်မသာဖြစ်တာမျိုး၊ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။Photophobia ဟာ နာတာရှည်ခေါင်းကိုက် ဝေဒနာ၊အတွင်းတိမ်နဲ့ မျက်လုံးထိခိုက်မှုတွေရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်သလို မူးယစ်ဆေးဝါးကို ပထမဆုံးအကြိမ် စတင်အသုံးပြုချိန်မျိုးတွေမှာလည်း ကြုံရတတ်ပါတယ်။ အထူးသဖြင့် Jimsonweed လို အပင်မျိုးကရတဲ့ မူးယစ်ဆေးမျိုးကိုစတင် အသုံးပြုချိန်မျိုးမှာ ကြုံရတတ်ပါတယ်။Photophobia ဖြစ်စေတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိပေမယ့် အဓိကကျတဲ့ အကြောင်းတရားတွေကတော့ ပြင်းထန်တဲ့ မျက်စိဝေဒနာတစ်စုံတစ်ရာ စွဲကပ်နေတာ၊ဦးနှောက်ကို ပြင်းထန်စွာ ထိခိုက်တာ၊ ဦးနှောက်အောက်ပိုင်းကပီကျူထရီ(Pituitary Gland) ချို့ယွင်းနေတာ၊ ခေါင်းကိုက်ဝေဒနာနဲ့ မျက်နှာ၊ ဦးခေါင်းစတာတွေ ပြင်းထန်စွာ နာကျင်နေတာတွေပါပဲ။ နောက်ပြီး အများသိကြတဲ့ ခွေးရူးရောဂါမှာလည်း Photophobiaက လက္ခဏာ တစ်ခုပါပဲ။ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ကြောင့်လည်း ဒီဝေဒနာ ခံစားရနိုင်ပါတယ်။ ပူပင်သောကများတာ၊ စိတ်ဖိစီးမှုများတာ၊ ပြင်းထန်တဲ့ စိတ်ဝေဒနာ စွဲကပ်နေတာ၊ ကလေးဘဝကတည်းက အထီးကျန်နေတာ၊ မူးယစ်ဆေးဝါးသုံးတာနဲ့ မူးယစ်ဆေးဝါးအသုံးပြုနေရာကနေ ဖြတ်ဖို့ ကြိုးပမ်းတာတွေကြောင့်လည်း Photophobia ဖြစ်စေနိုင်ပါတယ်။Photophobia ရောဂါ စွဲကပ်နေပြီလားဆိုတာကို သိနိုင်စေမယ့် လက္ခဏာတစ်ချို့ရှိပါတယ်။ ဒါတွေကတော့။အမြဲတစေမဟုတ်ပေမယ့်၊ တစ်ခါတစ်ရံမှာ Photophobia ဝေဒနာခံစားရသူတွေဟာ ဦးခေါင်းနာကျင်တာ၊ အော့အန်တာနဲ့ ပင်ပန်းနွမ်းနယ်တာလိုမျိုး လက္ခဏာတွေလည်း ကြုံရတတ်ပါတယ်။အရေးကြီးတာကတော့ Photophobia လက္ခဏာ တစ်စုံတစ်ရာ ပြသလာပြီဆိုရင် ချက်ချင်း ကုသမှုခံယူဖို့ လိုအပ်တာပါပဲ။ ဒီဝေဒနာဟာ အချိန်ဆွဲလေလေ ပိုမိုဆိုးရွားလာလေလေဖြစ်ပါတယ်။အလင်းရောင်ကို ကြောက်ရွံ့တာကြောင့် ခေါင်းကိုက်တာတွေ၊ မျက်လုံးက သွေးယိုစီးတာတွေအထိ ဖြစ်နိုင်ပြီး အန္တရာယ်များတဲ့ ရောဂါ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီဝေဒနာ ဖြစ်မလာအောင် တားဆီးနိုင်ဖို့ လိုအပ်သလို ဖြစ်လာပြီဆိုရင်လည်း သက်သာလျော့ပါးအောင် ကုစားနိုင်ဖို့ အရေးကြီးပါတယ်။ဒီရောဂါသက်သာစေဖို့ဆိုရင် အောက်ပါအချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/overview-of-photophobia/
Amino Acid Profile (အမိုင်နိုအက်ဆစ်စစ်ဆေးခြင်း)
Amino acid စစ်ဆေးခြင်းသည် ခန္ဓါကိုယ်တွင်းမှ အမိုင်နိုအက်စစ်များကို စစ်ဆေးပြီး ၎င်းတို့၏ ဇီဝရုပ်ဖြစ်ပျက်မှု မူမမှန်ခြင်းများကို သိနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ အမိုင်နိုအက်စစ်များသည် ပရိုတင်းများ၊ ဟော်မုန်းများ၊ nycleic အက်စစ်များကို တည်ဆောက်ရန် လိုအပ်သောပစ္စည်းများ ဖြစ်သည်။ထို့အပြင် ၎င်းတို့သည် neurotransmitter များ၊ အင်ဇိုင်းများ အဖြစ်ပါ လုပ်ဆောင်ကြသည်။ အမိုင်နိုအက်စစ်ကို အဓိကအားဖြင့် နေ့စဉ်စားသော အစားအသောက်များမှ စုပ်ယူရရှိသည်။ ခန္ဓါကိုယ်အတွင်းသို့ ရောက်ပါက ၎င်းတို့ကို တခြားသော အမိုင်နိုအက်စစ်အဖြစ် ပြောင်းလိုက်၏။သို့သော် သင့်ခန္ဓါကိုယ်မှ မထုတ်လုပ်နိုင်သော အမိုင်နိုအက်စစ် ၈ မျိုးရှိလေသည်။ ၎င်း ၈ မျိုးကို နေ့စဉ် အစားအသောက်များတွင် ပါရန်လိုအပ်သည်။အမိုင်နိုအက်စစ်များ၏ ဇီဝရုပ် ဖြစ်ပျက်ခြင်းတွင် (သို့) သယ်ယူ ပို့ဆောင်ရေးစနစ်တွင် ချို့ယွင်းမှု ရှိလာပါက အမိုင်နို အက်စစ်များ သွေးထဲ ဆီးထဲတွင် ပါလာနိုင်သည်။ အမိုင်နိုအက်စစ် ဇီဝရုပ်ဖြစ်ပျက်ခြင်း၌ ချို့ယွင်းမှုရှိခြင်း အများစုသည် မွေးရာပါဖြစ်သည်။အမိုင်နိုအက်စစ်များနှင့် ဆိုင်သော ရောဂါ နောက်ဆက်တွဲများသည် အလွန်အားပျော့သလို အလွန်ဆိုးဝါးခြင်းလည်း ဖြစ်နိုင်သည်။ (စိတ်မနှံ့ခြင်း၊ ကြီးထွားမှု နှောင့်နှေးခြင်းနှင့် ဝက်ရူးပြန်ခြင်း)။အမိုင်နိုအက်စစ်များ၏ ဇီဝရုပ် ဖြစ်ပျက်ခြင်းနှင့် ဆက်စပ်သည့် ရောဂါများမှာ Phenylketo urethra (PKU), syrup urine disease (MSUD), homocystin urinary and cystic fibrosis တို့ ဖြစ်ကြသည်။သင့်၌ အောက်ပါတို့ရှိကြောင်း ဆရာဝန်က သံသယဝင်လျှင် ဤစစ်ဆေးမှုကို လုပ်ပါလိမ့်မည်။အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။မစစ်ဆေးခင် ဆရာဝန်က အောက်ပါတို့ကို မေးပါလိမ့်မည်။ယေဘုယျအားဖြင့် သွေးမဖောက်မခင် ၁၂ နာရီကြာ အစားမစာဘဲ နေဖို့ိလို၏။လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။စစ်ဆေးမှု အထမြောက်စေရန် အတွက် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။အကယ်၍ ဆီးစစ်ရမည်ဆိုလျှင် နံနက်ခင်းပေါက်သော ပထမဆုံးဆီးကို ယူရန် ကျွမ်းကျင်သူများက လမ်းညွှန်ပါလိမ့်မည်။အပ်စိုက်ရာတွင် နာကျင်မည် မဟုတ်ပါ။ တချို့သူများတွင် အရေပြားအား အပ်နှင့်ထိုးသည့် နာကျင်မှုကို ခံစားရနိုင်သည်။ သို့သော် အပ်က သွေးပြန်ကြောထဲ ရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကို မခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမို နားလည်စေရန် အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ပုံမှန်တန်ဖိုးများသည် အမိုင်နိုအက်စစ် တစ်ခုနှင့်တစ်ခု မတူပါ။ လုံးဝကို မူမမှန်သည့်ရလဒ် အဖြေကသာ မျိုးရိုးလိုက်ခြင်း ရှိကြောင်း သက်သေမရှိသော အခြေအနေကို အဖြေထုတ်နိုင်မည် ဖြစ်သည်။အမိုင်နိုအက်စစ် လယ်ဗယ်သည် အရွယ်ရောက်ပြီးသူများထက် မွေးကင်းစနှင့် ကလေးငယ်များ၌ ပိုမြင့်နေပါသည်။သွေးတွင်း အမိုင်နိုအက်စစ် လယ်ဗယ်သည် အောက်ပါတို့ကြောင့် ဖြစ်နိုင်သည်။ဆီးတွင်းမှ အမိုင်နိုအက်စစ် လယ်ဗယ်သည် အောက်ပါ အခြေအနေများတွင် မြင့်နိုင်၏။အမိုင်နိုအက်စစ် လယ်ဗယ်သည် အောက်ပါတို့ကြောင့် ကျနေနိုင်သည်။တိကျသော ရောဂါအမည် တပ်နိုင်ရန်အတွက် ဆရာဝန်က တခြားသော စစ်ဆေးမှုများ၊ စမ်းသပ်မှုများနှင့် ပေါင်းစပ် အဖြေထုတ်ရမည် ဖြစ်သည်။ မစစ်ဆေးခင်နှင့် စစ်ဆေးပြီးနောက် တိကျသော ရောဂါအမည် တပ်နိုင်ဖို့ရာ အထူးကု သို့မဟုတ် သင့်ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးနိုင်သည်။ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး amino acid profile ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/amino-acid-profile-%e1%80%a1%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%94%e1%80%ad%e1%80%af%e1%80%a1%e1%80%80%e1%80%b9%e1%80%86%e1%80%85%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%86/
ကိုယ်တွင်းခရီးစွန့်စားခန်း
ကျွန်တော့်နာမည် Riceပါ။ မြန်မာနာမည်ကတော့ထမင်းပေါ့။ အခုကျွန်တော်နဲ့အတူ သူငယ်ချင်း (၃)ယောက်ပါတယ်။ Chicky လို့ခေါ်တဲ့ ခန္ဓာကိုယ်ခပ်တောင့်တောင့် ကြက်သားတုံးလေးရယ် … Veggie လို့ခေါ်တဲ့ ဟင်းရွက်စိမ်းစိမ်းလေးရယ်။ ကျွန်တော်တို့တွေလူ့ခန္ဓာကိုယ်ဆိုတာကြီးထဲကို အခုပဲခရီးထွက်ကြတော့မှာလေ။Fruity လို့ခေါ်တဲ့ သူငယ်ချင်း လုံးလုံးလေးကတော့ နောက်ဆုံးမှလိုက်ခဲ့မယ် … မင်းတို့သွားနှင့်တဲ့။ သူကတော့ အဲ့လိုပါပဲ။ သူကပန်းသီးဆိုတော့ နည်းနည်းဘဝင်မြင့်တတ်တယ်။လူတွေကလည်း ‘သူ့ကိုတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးနေလို့ရတယ်’ လို့ သူ့စူပါပါဝါတွေကို တင်စားပြီးပြောထားမိတာကိုး။ကျွန်တော်တို့အားလုံးမှာလည်း ကိုယ်ပိုင်‘အာဟာရဓာတ်’စူပါပါဝါကိုယ်စီရှိကြပါတယ်။ကျွန်တော်တို့လာကြတော့မယ်ဆိုတာ ‘ဦးနှောက်’ဆိုတဲ့ တစ်ယောက်က တစ်ကိုယ်လုံးကို သတင်းပို့လိုက်ပြီတဲ့။ ကျွန်တော်တို့ကို ဧည့်ခံကြိုဆိုနေရာချထားပေးမယ့် သူတွေဆီကိုပေါ့။ သူတို့ကို ကိုယ်တွင်းအင်္ဂါတွေ ကိုယ်တွင်းကလီစာတွေ လို့လည်းခေါ်တာပေါ့။ လူ့ခန္ဓာကိုယ်ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ကိုယ်တွင်းအင်္ဂါဌာနက ဝန်ထမ်းတွေလို့ပဲပြောရမလား။ကျွန်တော်တို့နဲ့ တိုက်ရိုက်အလုပ်လုပ်ရမှာကတော့ပါးစပ်၊ လျှာ ၊ သွား၊ Salivary တံတွေးဂလင်း၊ အစာရေမြိုပြွန်၊ အစာအိမ်၊ အသည်း၊ ပန်ကရိယ၊ သည်းခြေ နဲ့ အူတွေလို့တော့ သိထားတယ်။ကဲ သွားကြည့်ရအောင်။ပါးစပ်ထဲရောက်တော့ ‘သွား’တွေက တက်တက်ကြွကြွ ကြိတ်ချေကြတယ်။ ‘လျှာ’ကတော့ စပ်စပ်စုစုနဲ့ ကျွန်တော်တို့အားလုံးကို လိုက်တို့ပြီးအရသာခံနေတာပေါ့။တံတွေးဂလင်းတွေကထုတ်ပေးလိုက်တဲ့ Salivary Amylase ဆိုတဲ့ အင်ဇိုင်းတွေက ကျွန်တော်သယ်လာတဲ့ ကစီဓာတ်တွေကို အထုပ်ဖြည်ကြည့်ပြီး ‘ဟေး’ လို့ ဝမ်းသာအားရအော်ကြတယ်။ပျော်သင့်တာပေါ့။ ဒါတွေက Human Body Organization ကြီးအတွက် ‘စွမ်းအင်’ နဲ့ ‘ခွန်အား’ဖြစ်နေတာကိုး။ ကျွန်တော့်သူငယ်ချင်းတွေလည်း သူတို့သယ်လာတာတွေ ထုတ်ပြဖို့ မစောင့်နိုင်လောက်အောင်ဖြစ်နေကြပြီ။ဟေ့ တို့တွေ ခဏနေရင် Esophagus လို့ခေါ်တဲ့အစာရေမြိုပြွန်စခန်းကို ရောက်တော့မယ်လို့ ကျွန်တော်ပြောနေတုန်းမှာပဲ အားလုံး ဒလိမ့်ကောက်ကွေး ပြွန်ကြီးတစ်ခုထဲကို တွန်းချခံလိုက်ရတယ်။ နည်းနည်းလန့်သွားပေမဲ့ လေပြွန်ထဲကျပြီး သီးသွားတာထက်စာရင်တော့ တော်သေးတာပေါ့လို့တွေးရတယ်။အစာရေမြိုပြွန်မှာ ဘယ်လောက်မှတောင်မကြာလိုက်ဘူး။ Peristalsis လို့ခေါ်တဲ့ အစာရေမြိုပြွန်ကြွက်သားတွေ လှုပ်နေတဲ့လှိုင်းလေးတွေနဲ့ အလိုက်သင့် လှိမ့်ဆင်းလာလိုက်တာ အစာအိမ်ထဲရောက်ခဲ့ပြီ။ဒီမှာတော့ ကျွန်တော်တို့ နည်းနည်းပိုကြာကြာနေရမယ်တဲ့။ ကျွန်တော်တို့အားလုံး ဒီမှာ အထုပ်ဖြည် … အဝတ်အစားလဲ … ပုံစံပြောင်း … ပါလာတဲ့ စူပါပါဝါတွေ ထုတ်ပေးရတော့မယ်လေ။အပေါ်ကိုမော့ကြည့်လိုက်တော့ Lower Esophageal Sphincter လို့ခေါ်တဲ့ အစာအိမ်အဝင် တံခါးပေါက်လေး အခြေအနေကောင်းနေသေးတာတွေ့လို့ စိတ်အေးရတယ်။သူမကောင်းတော့ရင်အစာအိမ်ထဲက အက်ဆစ်ရည်တွေအကုန်အပေါ်လျှံတက်ပြီး လောင်ကုန်မှာ။ အဲ့ဒါက ကြာရင်ကင်ဆာတောင် ဖြစ်နိုင်တယ်တဲ့။ဟော…ဟိုးအပေါ်မှာ ပန်းသီးလေး Fruity တောင် တစ်ယောက်တည်းဆင်းလာနေပြီ။ခုဆိုရင်တော့ တအိအိလှုပ်ရှားနေတဲ့အစာအိမ်ထဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေရယ် .. အစာအိမ်က ထုတ်ပေးတဲ့ ချဉ်စူးစူး အစာခြေရည် အက်ဆစ်တွေ ၊အင်ဇိုင်းတွေရယ် စုံကြပြီလေ။အရမ်းစပ်တာ ပူတာတွေမပါလာတာတော့ စိတ်ချမ်းသာရတယ်။ ဒါနဲ့ ခရီးစဉ်အစမှာတုန်းက ‘လျှာ’ဆိုတဲ့ တစ်ယောက်ကို တွေ့ခဲ့တယ်မလား။ သိပ်လည်း စပ်စုတတ်သလို ဟိုဟာလေးမှ ..ဒီဟာလေးမှ .. အစပ်ကလေးပါမှ.. အချဉ်လေးပါမှနဲ့ အရမ်းဇီဇာကြောင်တာ။ သူလုပ်လို့ အစာအိမ်မှာ ရောင်ရ၊ နာရ ဒုက္ခရောက်ရပေါင်းလည်း မနည်းကြတော့ဘူး။အစာအိမ်ဆိုတာ နံရံက ကြွက်သားတွေနဲ့လုပ်ထားတာလေ။ သံမှမဟုတ်တာ။ ဝင်လာသမျှအစာတွေအားလုံးကို ငြင်းဆန်ခွင့်မရှိ လက်ခံပြီး ကြိတ်ခြေပေးရတာ တွေးကြည့်ရင်သနားစရာ။၂ နာရီ ကျော်ကျော်လောက်ကြာတော့ ကျွန်တော်တို့အားလုံး အူသိမ်ထဲရောက်ကြပြီ။ ဒီမှာတော့ ကျွန်တော်တို့ကိုစောင့်နေတာအသည်း၊ပန်ကရိယနဲ့ သည်းခြေအိတ်က ပို့ပေးလိုက်တဲ့ အင်ဇိုင်းတွေပေါ့။အသည်းကလည်း တော်တော်အလုပ်ကြိုးစားနေတယ်တဲ့။ ကျွန်တော်တို့အတွက် အင်ဇိုင်းတွေထုတ်ပေးရုံတင်မက ကျွန်တော်တို့ သယ်လာတာတွေထဲက အဆိပ်အတောက်ဖြစ်နိုင်တာတွေလည်း သူက ရှင်းပေးရတာကိုး။ တစ်ခါတလေ ကျွန်တော်တို့နဲ့အတူ ဆေးတွေဘာတွေ ပါလာရင်လည်း ဆေးအာနိသင်ရဖို့ဘာညာ သူပဲတာဝန်ယူဆက်လုပ်ပေးတာ။သည်းခြေအိတ်ထဲသိမ်းထားပြီး ဒီကိုပို့ပေးတဲ့ သည်းခြေရည်တွေကိုလည်း သူ့ဆီကပဲထုတ်တာလေ။ပန်ကရိယလေးလည်း ကျန်းမာတယ်ပြောတာပဲ။ သူမကျန်းမာလို့လည်း မဖြစ်ဘူးလေ။ သူထုတ်ပေးတဲ့ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းရှိမှ ..ရှိရင်လည်း ကောင်းကောင်းအလုပ်လုပ်ပေးမှ ကျွန်တော်သယ်လာတဲ့ အချိုဓာတ်တွေအကုန် တစ်ကိုယ်လုံးဆက်သွားလို့ရမှာ။ မဟုတ်ရင် သွေးထဲတဝဲလည်လည်ဖြစ်နေမှာ။ ဟုတ်တယ်။ ဆီးချိုရောဂါဆိုတာ အဲ့ဒါပေါ့။အဲ့ဒီ့ ပန်ကရိယလေးက အကောင်သေးပေမဲ့ ‘အိုး..အမေးဇင်း’ လို့အော်ပြီး ကျေးဇူးတင်ပေးရမယ့် ကလီစာထဲမှာပါတယ်။  Exocrine စနစ်နဲ့ အစာခြေအင်ဇိုင်းတွေထုတ်ပေးသလို Endocrine စနစ်နဲ့လည်းအင်ဆူလင်နဲ့ ဂလူကာဂွန်လို သွေးတွင်းသကြားဓာတ်ကို မျှခြေမှာထိန်းပေးတဲ့ ဟော်မုန်းတွေလည်း ထုတ်ပေးသေးတာကိုး။ အလုပ်သိပ်ကြိုးစားတဲ့ ပန်ကရိယလေး။အူသိမ်အဆုံးမှာတော့ ကျွန်တော်တို့အချင်းချင်းတောင် သိပ်မမှတ်မိနိုင်လောက်အောင် တော်တော်လေးတော့ ပုံစံပြောင်းနေကြပြီ။ အူတွေကလည်း လှုပ်လိုက်တာ။ ရထားစီးနေရသလိုပဲ။ ပျော်ဖို့တော့ ကောင်းသား။ရှေ့မှာတွေ့ရမှာတွေက နည်းနည်းတော့ ဆိုးမယ်နော်တဲ့။ အူထဲက Micrflora အကျိုးပြုပိုးကောင်လေးတွေက တိုးတိုးလေး လှမ်းပြောပြသေးတယ်။သူတို့ကိုလည်း ပိစိညှောင့်တောက် အမှုန်အမွှားလေးတွေဆိုပြီး သွားအထင်မသေးနဲ့။ တကယ့်ဆရာကြီးတွေ။အူအတွင်းနံရံတွေပိုတောင့်တင်းဖို့၊ အစာခြေစနစ်ကို ကူညီဖို့၊ ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့၊ ကိုယ်ခံအားတက်စေဖို့ ..သူတို့လုပ်ပေးတာတွေလည်းအများကြီး။ကျွန်တော်တို့ခရီးမှာ အကောင်းဆုံးအကူအညီပေးခဲ့တဲ့ ကျေးဇူးတင်ထိုက်သူ စာရင်းမှာ သူတို့လည်းပါတာပေါ့။ဒီလိုနဲ့ပဲ ကျွန်တော်တို့ခရီးစဉ်ဆုံးသွားခဲ့ပါတယ်။ ကျွန်တော်တို့ ပေးတဲ့ စူပါပါဝါတွေသုံးပြီး Human Body Organization ဆိုတဲ့ လူ့ခန္ဓာကိုယ်ကြီးကတော့ ဘဝလမ်းခရီးပေါ် ဆက်သွားနေတုန်းပါပဲ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/the-journey-to-the-center-of-the-body/
ထိပ်ပြောင်တာနဲ့ ပတ်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများ။ ။
ထိပ်ပြောင်တာနဲ့ ပတ်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများ။ ။ အကြောင်း နည်းနည်းလောက် လေ့လာကြည့်လိုက်ရအောင်နော်။ထိပ်ပြောင်တာနဲ့ ပတ်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများကတော့။Q ဘာကြောင့် ထိပ်ပြောင်ရတာလဲ။ ။Q အသက်ဘယ်လောက်ဆို ထိပ်စပြောင်တတ်လဲ။ ။Q ထိပ်ပေါ်က ဆံပင်တွေ အကုန်ကုန်သွားဖို့ ဘယ်လောက်ကြာလဲ။ ။Q ကိုယ့်ဆံပင်တွေ စပါးလာပြီးဆို နောက်ပိုင်းဘာတွေ ဆက်ကြုံတွေ့ရမှာလဲ။ ။၁ ။ဆံပင်ကျွတ်တာ သိပ်မသိသာသေးဘူး။၂ ။နဖူးနဲ့ ထိပ်တွေမှာ ဆံပင်တွေ စပါးလာပြီ။ သိသိသာသာတော့ ဆံပင် မကျွတ်သေးဘူး။၃ ။မှန်ထဲကြည့်လိုက်တဲ့ အချိန်မှာ နဖူးကဆံစပ်အနားလိုင်း နောက်ဆုတ်တာ သိသာလာပြီ။ ထိပ်ပေါ်က ဆံပင်လေးတွေဆို ထိလိုက်တာနဲ့တင် ကျွတ်လာပြီ။၄ ။ဆံပင်လိုင်းက သိသိသာသာနောက်ဆုတ်လာပြီး ပြောင်နေတဲ့နေရာနဲ့ မပြောင်ဘဲကျန်ခဲ့တဲ့နေရာကို ခွဲခြားမြင်လာရပြီ။ နဖူးနဲ့ ထိပ်က ဆံပြင်ပြောင်တဲ့နေရာတွေကတော့ ဆက်မနေသေးဘူး။၅ ။နဖူးနဲ့ ထိပ်က ဆံပြင်ပြောင်တဲ့နေရာတွေကြားက ဆံပင်တွေ စပါးလာပြီ။၆ ။နောက်ဆုံး အဆင့်အနေနဲ့ နဖူးနဲ့ ထိပ်က ပြောင်နေတဲ့နေရာနှစ်ခုဆက်သွားပြီး နားထင်မှာပဲ ဆံပင်တွေကျန်ခဲ့တယ်။ ။Q ထိပ်ပြောင်ရင် ဘယ်လိုနည်းတွေနဲ့ ကုသလို့ရမလဲ။ ။Q ထိပ်ပြောင်တာကို ကြိုတင်ကာကွယ်လို့ရလား။ ။စိတ်ဖိစီးမှုတွေ လျော့အောင်နေမယ်၊ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေစားပေးမယ်၊ ဆံပင်ကိုခဏခဏ ဆေးဆိုး တာမျိုးတွေ မလုပ်ဘူး၊ဗီတာမင် Aဗီတာမင် C နဲ့ ဇင့်ဓါတ်ကြွယ်ဝတာတွေ စားပေးမယ်ဆိုရင် ထိပ်ပြောင်တာကို အနည်းနဲ့ အများတော့ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/mostly-asked-questions-about-balding-2/
သင့်ဝှေးစေ့နာကျင်စေတဲ့ အချက် (၄)ချက်
ငယ်ငယ်က သူငယ်ချင်း အချင်းချင်း နောက်ကြပြောင်ကြရင်း ပေါင်ခွကြားကို ကန်မိရင် နာသွား၊အောင့်သွားတာမျိုး ယောက်ျားလေး အတော်များများ ခံစားဖူးကြမှာပါ။ ဒီလို အကန်မခံရဖူးရင်တောင် သင့်ဘဝမှာ အနည်းဆုံး တခါလောက်တော့ ဝှေးစေ့နာကျင်ခြင်း ဝေဒနာကို ခံစားကောင်း ခံစားဖူးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အမျိုးသားတွေ ကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေတရပ် ဖြစ်တာကြောင့်ပါ။ တခုခုဆိုရင် အစိုးရိမ်လွန်တတ်တဲ့သူတွေအဖို့ ဝှေးစေ့နာကျင်တဲ့အခါ ဝှေးစေ့ကင်ဆာ ဖြစ်နေပြီလားလို့ပါ တဆုံးတွေးတတ်ကြပါသေးတယ်။ ဒါပေမယ့် ဝှေးစေ့ကင်ဆာ အများစုဟာ (အခြားကင်ဆာတွေနည်းတူ) နာကျင်တဲ့ လက္ခဏာပြလေ့ မရှိပါဘူး။ ပြီးတော့ ဝှေးစေ့ကင်ဆာဆိုရင် အလုံးစမ်းမိတတ်ပါတယ်။ တခါ ပျော်တတ်ပါးတတ်သူတွေကျပြန်တော့ ဝှေးစေ့အောင့်နေ၊နာနေရင် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတခုခု ဖြစ်နေပြီလားလို့ ထင်တတ်ကြပြန်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ရောဂါအများစုဟာ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကိုသာ အဓိက ပြလေ့ရှိတာမို့ ဆီးကျဉ်၊ဆီးပူ၊ဆီးအောင့်ခြင်းတွေကိုပဲ ခံစားရမှာပါ။ဟုတ်ပြီ။ ဒါဖြင့်ရင် ဝှေးစေ့နာကျင်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုကြည့်ပါဦး။(၁) ဝှေးစေ့လိမ်ခြင်း။ဝှေးစေ့နဲ့ တွဲလျက်ရှိနေတဲ့ သုတ်ရည်ကြော လည်သွားတဲ့အခါ ဝှေးစေ့လိမ်ခြင်း ဖြစ်ပေါ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကပ္ပါယ်အိတ်ဆီ သွေးအသွားအလာတွေ ပိတ်ဆို့ကုန်ပါတယ်။ ဒီလို သွေးကောင်းစွာမရရှိတော့တဲ့အတွက် ဝှေးစေ့နာကျင်တဲ့ ခံစားချက် ဖြစ်ပေါ်လာရပါတယ်။ အခြေအနေ အကြောင်းအရင်း အမျိုးမျိုးကြောင့် ဝှေးစေ့လိမ်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ် (ဥပမာ အားကစားလုပ်နေစဉ်၊လိင်ဆက်ဆံနေစဉ်၊အိပ်နေစဉ်မှာတောင် ဖြစ်နိုင်ပါသေးတယ်)။ ဝှေးစေ့လိမ်တဲ့အခါ နာကျင်ရောင်ရမ်းမှုအပြင် ဗိုက်အောင့်ဗိုက်နာခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝှေးစေ့နေရာမမှန်ခြင်း စတဲ့ လက္ခဏာတွေ ပြပါလိမ့်မယ်။ ဝှေးစေ့လိမ်နေပြီလို့ သံသယရှိရင် နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက် ပြသရပါမယ်။ ခွဲစိတ်ကုသဖို့ လိုမလိုကိုတော့ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။(၂) ဆီးကျောက်တည်ခြင်း၊ဝမ်းချုပ်ခြင်း၊အူကျခြင်း သို့မဟုတ် အစာအိမ်ဆိုင်ရာ ပြဿနာများ။သင့်ဝှေးစေ့ကို အထောက်အပံ့ပေးထားတဲ့ အာရုံကြောတွေဟာ အစာအိမ်၊ကျောက်ကပ်နဲ့ အစာခြေလမ်းကြောင်းအပါအဝင် ဝမ်းဗိုက်တွင်း နေရာအများအပြားက ထွက်ပေါ်လာပါတယ်။ ဒါကြောင့် သင်ဝမ်းချုပ်ပြီး အစာဟောင်းတွေ စုပုံလာတဲ့အခါ ဒါမှမဟုတ် ဆီးကျောက်တည်တဲ့အခါ အစာဟောင်း/ဆီးကျောက်ဟာ အဆိုပါ အာရုံကြောတွေပေါ် ဖိသလို ဖြစ်တာကြောင့် ဝှေးစေ့နာကျင်တဲ့ ခံစားချက် ဖြစ်ပေါ်လာပါတယ်။ အူကျတဲ့အခါ၊အူကျလို့ ခွဲစိတ်ထားတဲ့အခါမှာလည်း အဆိုပါ အာရုံကြောတွေ ရောင်ရမ်းလာတာကြောင့် ဝှေးစေ့နာကျင်လာတတ်ပါတယ်။ ဒါကို ဆေးပညာဝေါဟာရနဲ့ ‘referred pain’ လို့ ခေါ်ပါတယ်။ ပြဿနာ အမှန်တကယ် ဖြစ်ပေါ်တဲ့နေရာက တနေရာ၊နာကျင်မှုခံစားရတဲ့ နေရာက အခြားတနေရာ …. ဒီလိုအခြေအနေကို referred pain လို့ခေါ်တာ ဖြစ်ပါတယ်။ ပြဿနာက ကျောက်ကပ်တို့၊အစာခြေလမ်းကြောင်းတို့မှာ ဖြစ်ပေမယ့် ဝှေးစေ့မှာ လာနာတာပါ။(၃) သားကြောဖြတ်ထားခြင်း။သုတ်ရည်တွေကို ဝှေးစေ့ထဲကနေ ဆီးလမ်းကြောင်းဆီ ရောက်ရှိအောင် သယ်ဆောင်ပေးတဲ့ သုတ်ရည်ပို့ပြွန်လေးအား ပိတ်ဆို့လိုက်ခြင်းအားဖြင့် ကလေးမရတော့အောင် ပြုလုပ်ခြင်းကို သားကြောဖြတ်ခြင်းလို့ ခေါ်ပါတယ်။ ဒီလို သားကြောဖြတ်ခြင်းဟာ ခွဲစိတ်ကုသမှု တမျိုးပဲဖြစ်တာကြောင့် ဝှေးစေ့နာကျင်ခြင်း ဝေဒနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်နိုင်ချေဟာ အင်မတန်မှကို နည်းပါးလှပါတယ်။ သားကြောဖြတ်ထားတဲ့ အမျိုးသားတွေရဲ့ ၁ – ၂ ရာခိုင်နှုန်းလောက်မှာပဲ ဝှေးစေ့/ကပ္ပါယ်အိတ်နာကျင်ခြင်းကို ခံစားရတတ်တယ်လို့ ဆိုပါတယ်။ သားကြောဖြတ်တာနဲ့ ဝှေးစေ့နာကျင်တာ ဘယ်လိုဆက်စပ်နေသလဲ အတိအကျ မသိရှိရသေးပေမယ့် အနားတဝိုက်က အာရုံကြောတွေကို ထိခိုက်မိတာကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။(၄) မုတ္တရောဂါ။သင့်ဝှေးစေ့ရဲ့ ခန္ဓါဗေဒ ဖွဲ့စည်းပုံကို လေ့လာကြည့်မယ်ဆိုရင် သူတို့တွေဟာ ကြိုးလေးတချောင်းစီနဲ့ ချည်ထားသလို တွဲလျားလေးကျနေတာကို တွေ့ရပါလိမ့်မယ်။ ဒီကြိုးလေးကိုတော့ သွေးကြောတွေ၊အာရုံကြောတွေ၊တစ်ရှူးတွေနဲ့ ပူးပေါင်းပါဝင်ဖွဲ့စည်းထားပါတယ်။ ဝှေးစေ့နဲ့ ကြိုးလေးတွေတဝိုက်မှာ အရည်အနည်းငယ် ရှိနေတတ်ပြီး ဒါဟာ အမျိုးသားတိုင်းမှာ ရှိပါတယ်။ လုံးဝပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ဒီအရည်လေးတွေဟာ (အကြောင်းအမျိုးမျိုးကြောင့်) ပုံမှန်ထက် ပမာဏများပြားလာတတ်ပါတယ်။ ကပ္ပါယ်အိတ်ထဲမှာ အရည်တွေ အများအပြား စုပုံနေပြီဆိုရင်တော့ မုတ္တရောဂါဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ ယေဘုယျအားဖြင့် မုတ္တရောဂါဟာ နာကျင်လေ့မရှိပေမယ့် ရောင်ရမ်းလေးလံနေတဲ့ ကပ္ပါယ်အိတ်ကြီးက အောက်ကို ဆွဲချထားတာ ကာလကြာလာရင်တော့ နာကျင်လာတတ်ပါတယ်။ ဒါကြောင့် သင့်ဝှေးစေ့နာကျင်နေတယ်၊မုတ္တရောဂါရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက် ပြသပါ။ သူ့အလိုလို ပျောက်သွားတတ်သလို ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေလည်း ရှိနေတတ်တာကြောင့်ပါ။ဘယ်လိုအခြေအနေတွေမှာ ဆရာဝန်နဲ့ ပြသင့်သလဲ။‘နာတာ ဘယ်လောက်ကြာပြီလဲ’၊’ဘယ်လောက်နာသလဲ’ စတဲ့ မေးခွန်းလေးတွေကို သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ အခုနာ၊အခုပျောက်ဆိုသလို သိပ်အချိန်မကြာလိုက်တဲ့၊နာကျင်မှုလည်း သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင် စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ၁၅ မိနစ်ထက် ပိုကြာကြာ နာနေပြီ၊နာလွန်းလို့ ညည်းစီစီနဲ့ ချွေးတွေပါပျံလာပြီဆိုရင်တော့ အရေးပေါ်ဋ္ဌာနကို အမြန်ပြေးသင့်ပါတယ်။အချိန်ဆွဲနေရင် ဝှေးစေ့တဖက် ထုတ်လိုက်ရတဲ့အထိ အခြေဆိုက်သွားနိုင်တာကြောင့် မပေါ့ဖို့တော့ လိုပါလိမ့်မယ်။ ဝှေးစေ့ပြဿနာ မဟုတ်ဘူးဆိုရင်တောင် (အထက်မှာ ပြောခဲ့သလို) ဆီးကျောက်တည်တာ၊အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာရှိတာ၊အူအတက်ပေါက်တာ စတဲ့ ပြဿနာတွေ ဖြစ်နေနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9d%e1%80%be%e1%80%b1%e1%80%b8%e1%80%85%e1%80%b1%e1%80%b7%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%b1%e1%80%90%e1%80%b2%e1%80%b7/
Anal Fissure (စအိုကွဲခြင်း)
စအိုကွဲခြင်းဆိုသည်မှာ အစာဟောင်းအိမ်၏အောက်ပိုင်းရှိ အပေါ်ယံလွှာတွင် အနည်းငယ်ပြဲသွားသောကြောင့် ဝမ်းသွားလျှင်နာကျင်ပြီး သွေးထွက်လာခြင်းဖြစ်သည်။ရေတိုဖြစ်လျှင် ကွဲရုံသာဖြစ်ပြီး ရေရှည်တွင်မူ ကွဲနေသောနေရာမှ အသားပိုထွက်လာပြီး အတွင်းလိပ်ခေါင်းနှင့် အပြင်လိပ်ခေါင်းဖြစ်ခြင်းတို့ဖြစ်လာနိုင်သည်။စအိုကွဲခြင်းသည် ပြင်းထန်သောကျန်းမာရေးပြသနာမဟုတ်ပါ။ ရေတိုတွင်ဖြစ်သော စအိုကွဲနာများသည် ၄ ပတ်မှ ၆ ပတ်အတွင်း ပျောက်သွားတတ်ကြသည်။အများစုသော စအိုကွဲနာများသည် အမျှင်ဓါတ်ကြွယ်ဝသောအစာများစားခြင်း၊ ဆေးရည်ထိုင်ခြင်းတို့ဖြင့်ကောင်းသွားကြသည်။ သို့သော် ၈ ပတ်မှ ၁၂ပတ်ကြာသည်အထိ အနာမကျက်ပါက ရေရှည်ဖြစ်သော စအိုကွဲနာဟုသတ်မှတ်ရမည်ဖြစ်ပြီး ဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ပြုလုပ်မှသာ ပြန်မဖြစ်ရန်နှင့် ဘေးပတ်လည်ရှိကြွက်သားများပျက်စီးခြင်းတို့ကိုလည်းကာကွယ်နိုင်ပါသည်။စအိုကွဲခြင်းသညအလွန်အတွေ့ရများပါသည်။ အထူးသဖြင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသည်။ သို့သော် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ပုံမှန်အားဖြင့် တွေ့ရလေ့ရှိသော ရောဂါလက္ခဏာများမှာ။အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အဖြစ်များသော အကြောင်းများမှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် သင့်ရောဂါရာဇဝင်ကိုမေးမြန်းပြီး သင့်စအိုကွဲကြောင်းကို ကြည့်ရှုစစ်ဆေးမှုများပြုလုပ်လိမ့်မည်။ အချို့သောလူနာများတွင် စအိုထဲသို့လက်အိတ်ဖြင့်နှိုက်ပြီး စမ်းသပ်ခြင်း၊ စအိုလမ်းကြောင်းကိုကြည့်သော ကိရိယာဖြင့်စမ်းသပ်ခြင်းတို့ကို ပြုလုပ်လိမ့်မည်ဖြစ်သည်။သင့်အနာသည် အလွန်နာကျင်နေပါက ဆရာဝန်က အနာကျက်အောင်ဆေးပေးပြီးမှ စမ်းသပ်ခြင်း၊ တိုတောင်းသောမှန်ပြောင်းဖြင့် ကြည့်ခြင်းတို့ကို ပြုလုပ်ပေးလိမ့်မည်။ထိုသို့ကြည့်ရှုစစ်ဆေးခြင်းဖြင့် ခရုန်းရောဂါကဲ့သို့သော အူရောင်သည့်ရောဂါများကိုတွေ့ရှိနိုင်မည်ဖြစ်သည်။ အခြားပြုလုပ်နိုင်သော စမ်းသပ်မှုများမှာ။ထိုစမ်းသပ်မှုကို အသက်၅၀အောက်နှင့် အူသိမ်၊ အူမကြီးရောဂါရှိနိုင်ချေမရှိသောသူများတွင် အသုံးပြုနိုင်သည်။ထိုစမ်းသပ်မှုကို အသက်၅၀အထက်နှင့် အူမကြီးရောဂါရှိနိုင်ချေမရှိသောသူများ၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့မရှိမှ ပြုလုပ်နိုင်သည်။ရေတိုအားဖြင့် အစားအသောက်စားရာတွင် အမျှင်ဓါတ်များစားခြင်း၊ ရေများများသောက်ခြင်းတို့ပြုလုပ်လျှင် ရက်သတ္တပတ်အနည်းငယ်အတွင်း အနာကျက်စေရုံသာမက ဝမ်းလည်းပျော့စေပါသည်။သို့သော် စအိုကွဲခြင်းကို တောက်လျှောက်ခံစားနေရပါက အခြားသောကုသမှုများပြုလုပ်ရန်လိုအပ်ပေသည်။အောက်ပါအိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်စအိုကွဲခြင်းဖြစ်သူများအတွက် အကူအညီဖြစ်စေနိုင်ပါသည်။အသီးအနှံများ၊ ဟင်းရွက်များ ၊ပဲများ၊ အစေ့အဆန်များကိုနေ့စဉ်စားသုံးပေးပါ။လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်အစာအိမ်လှုပ်ရှားမှုကိုကောင်းမွန်စေပြီး သွေးလည်ပတ်မှုကောင်းစေသဖြင့် အနာကျက်မြန်စေသည်။သင် ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/anal-fissure-%e1%80%85%e1%80%a1%e1%80%ad%e1%80%af%e1%80%80%e1%80%bd%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ခါးဆစ်ရိုးထုံဆေးနှင့် ကလေးမွေးခြင်း- သင်သိသင့်သည့်အချက် ၆ ချက်
ခါးဆစ်ရိုးထုံဆေးဟာ ကလေးမွေးစဉ် နာကျင်မှုမရှိအောင်သုံးတဲ့ ထိရောက်ပြီး လူကြိုက်များတဲ့ နည်းလမ်းတခု ဖြစ်လာပါတယ်။ မိခင်နဲ့ ကလေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့် မီးဖွားစဉ် နာကင်ျမှုဝေဒနာ မခံရအောင် ဘေးကင်းထိရောက်တဲ့ နည်းစနစ်ဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။ မျှော်လင့်ချက်ထားလွန်းတဲ့ မိခင်တွေအတွက် ပူပင်စရာ ၂ခုရှိပါတယ်။ အဲဒါတွေကတော့ ဆေးသုံးလိုက်ပေမယ့် ကလေးမွေးချိန်မှာ ခံစားမိမှာစိုးရိမ်တာ၊ နောက်တချက်က သူတို့ဘေးကင်းဖို့ရော ကလေးဘေးကင်းဖို့ပါ စိုးရိမ်တာ ဖြစ်ပါတယ်။ခါးဆစ်ရိုးထုံဆေးဆိုတာ ခါးနောက်ပိုင်းမှာ ကျေားရိုးအာရုံကြောမကြီး နေရာမှာ ထုံဆေးထိုးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးထိုးလိုက်တဲ့ နေရာတဝိုက်ကို ထုံသွားစေပြီး မီးဖွားချိန်မှာတော့ သတိရနေမှာဖြစ်ပါတယ်။ ပုံမှန်မွေးဖွားခြင်းဖြစ်စေ၊ ခွဲစိတ်မွေးဖွားခြင်း ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ကိုယ်ပူချိန်ကို မြင့်တက်စေပြီး အဖျားတက်လာနိုင်ပါတယ်။ နာကျင်မှုကြောင့် သွေးထဲကို ဟော်မုန်းဓါတ်တွေ ဝင်လာနိုင်ပြီး နှလုံးခုန်မြန်လာစေပြီး သားအိမ်ရဲ့ သွေးစီးဆင်းမှုကို ပြောင်းလဲစေပါတယ်။ နာကျင်မှုကြောင့် အသက်ရှူမြန်လာပြီး အချင်းကိုလာတဲ့ သွေးစီးဆင်းမှု ပြောင်းသွားနိုင်ပါတယ်။ (အချင်းဆိုတာ သင့်ရဲ့ကလေး အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ ရအောင်လုပ်ပေးတဲ့ သားအိမ်ရဲ့ အစိတ်အပိုင်းပါပဲ။ ခါးဆစ်ရိုးထုံဆေး ထိုးလိုက်ရင် ဒီသက်ရောက်မှုတွေ မဖြစ်နိုင်တော့ပါဘူး။အမျိုးသမီးတော်တော်များများဟာ ကလေးမွေးရမှာထက် ခါးဆစ်ရိုးဆေးထိုးရမှာ ပိုကြောက်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးအများစုဟာ အကြောဆေးထိုး သလောက်တောင် မခံစားရဘူးလို့ ဆိုပါတယ်။ ခါးဆစ်ရိုးအပ် မဝင်ခင်မှာတင် ထုံသွားစေမယ့် သေးငယ်တဲ့အပ်ချောင်းလေးကို အသုံးပြုထားလို့ပါပဲ။ ဒါပေမယ့် အပ်သွင်းစဉ်မှာတော့ ထုံဆေးဝင်သွားတာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ၅စက္ကန့်လောက်ပဲ နာပါလိမ့်မယ်။ ၅မိနစ်မှာ ဆေးစွမ်းပြလာပြီး ၁၀ မိနစ်အတွင်း အမြင့်ဆုံးအခြေအနေကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့် စတင်ပြင်ဆင်ချိန်ကနေ သက်တောင့်သက်သာဖြစ်သွားချိန်အထိ ၁၅မိနစ်ခန့် ပုံမှန်အားဖဖြင့် ကြာတတ်ပါတယ်။သင့်မှာ ရွေးချယ်စရာ မလိုပါဘူး။ ဆေးထိုးလိုက်တဲ့အခါ ခါးဆစ်ရိုးဟာ ထုံတဲ့နေရာတဝိုက်ကို ဝင်သွားပါတယ်။ ထုံဆေးပါတဲ့ ပြွန်လေးဟာ အာရုံကြောနေရာထဲကို မနာကျင်စေဘဲ ဝင်ရောက်သွားပါတယ်။ ပြွန်ချောင်းလေးကို ကျောမှာမကပ်ထားခင် အပ်ကိုဆွဲနုတ်ပါလိမ့်မယ်။ သင့်ကိုသက်တောင့်သက်သာ လှဲခိုင်းပါလိမ့်မယ်။ ထုံဆေးကိုတော့ ပြွန်ချောင်းလေးကတဆင့် သွင်းပါလိမ့်မယ်။ နောက်ဆုံးမှာ သင်မွေးဖွားတဲ့အချိန်အထိ ထုံဆေးပေးစက်နဲ့ ဆက်သွယ်ထားပါလိမ့်မယ်။သားအိမ်ညှစ်ခြင်းဟာ နှစ်မိနစ်တခါလောက် ဖြစ်နေတတ်ပါတယ်။ ထုံဆေးထိုးဖို့ ပြင်နေစဉ်မှာလည်း သားအိမ်ညှစ်တာ ဖြစ်တတ်ပေမယ့် အဆင်ပြေပါတယ်။ ထုံဆေးထိုးခြင်းဟာ အရမ်းအနုစိတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အမျီုးသမီးအချို့ဟာ ထုံဆေးထိုးနေစဉ်မှာ အနည်းငယ်လှုပ်ရှားတတ်လို့ ထိုးရတာ နှေးနိုင်ပေမယ့် အများစုကတော့ အဆင်ပြေအောင် နေနိုင်ပါတယ်။ထုံဆေးထိုးသူအနေနဲ့ အပ်ပြောင်းလဲပုံကို ခံစားမိပြီး ခါးဆစ်ရိုးထဲ ရောက်မရောက် သိနိုင်ပါတယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်ဟာ ခါးဆစ်ရိုးကို ခံစားမိချိန်မှာ ပြွန်ငယ်လေးကို ထိုးပါတယ်။ အများစုထင်တာ မှားနေတာက ထုံဆေးဟာ အာရုံကြောမကြီးကို ထိုးထည့်တယ်ထင်နေကြတာပါ။ တကယ်တော့ အပ်ရော ဆေးပြွန်ပါ အာရုံကြောဖြတ်သန်းသွားတဲ့ ကြားနေရာကို ထိုးခြင်း ဖြစ်ပါတယ်။ခါးဆစ်ရိုးနေရာနားမှာ အကာအကွယ်ပေးထားတဲ့ ကျောရိုးရှိပါတယ်။ ကျောရိုးထဲကို ခါးဆစ်ရိုးထိုးတဲ့အပ် ဝင်ခြင်းဟာ သင့်ကို မနာကျင်စေပါဘူး။ တကယ်တော့ မေ့ဆေးဆရာဝန်က အပ်ထိုးထည့်လိုက်တယ်ဆိုတာ သင်သတ်ထောင်ပြုမိမှာ မဟုတ်ပါဘူး။ အာရုံကြောတခုခု အထူးသဖြင့် အာရုံကြောမကြီးကို ထိုးထည့်ဖို့ရာ အတော်ကို ခက်ခဲပါတယ်။ အာရုံကြောတွေဟာ ဘေးဖက်က ဝင်ရောက်တာဖြစ်ပြီး အပ်ကအလယ်ကနေ ထိုးတာ ဖြစ်ပါတယ်။အဲဒီအချိန်မှာ သင့်ခြေထောက်တေါဟာ အနည်းငယ် အားနည်းနေနိုင်ပါတယ်။ လမ်းလျှောက်ဖို့ အဆင်မပြေသေးပါဘူး။ အများစုအတွက်ကတော့ မီးတွင်းကာလမှာ အိပ်ယာထဲပဲ နေသင့်ပါတယ်။ ဒါ့အပြင် သားဖွားဆရာဝန်တွေဟာ သင့်ကလေးရဲ့ နှလုံးခုန်နှုန်းကို မကြာခဏစောင့်ကြည့် စစ်ဆေးတတ်တာမို့ အိပ်ရာမှာ နေတာက အဆင်ပြေပါတယ်။သင့်မှာ အဆင်မပြေတာတွေရှိရင် သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး။ ခါးဆစ်ရိုးထုံဆေးဟာ ဆေးရပ်လိုက်တာနဲ့ နှစ်နာရီအတွင်း ဆေးအရှိန်ပြယ်သွားတတ်ပါတယ်။ ဆေးအရှိန်ပြယ်သွားပြီးရင် ပေါင်ထိပ်နဲ့ နောက်ကျောဖက်က နာလာတတ်ပါတယ်။ ဆေးထိုးထားတဲ့နေရာမှာ အနည်းငယ်သွေးခြေဥတာ အရေပြားနာတာ ဖြစ်တတ်ပါတယ်။ ဒါတွေဟာ တရက်နှစ်ရက်အတွင်း ကောင်းသွားနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/%e1%80%81%e1%80%ab%e1%80%b8%e1%80%86%e1%80%85%e1%80%b9%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%b6%e1%80%af%e1%80%b1%e1%80%86%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%80/
အမျိုးသားတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ အရေးပါပုံ
ကျန်းမာရေးနဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့နဲ့ တစ်နေ့တာလုံး တက်ကြွရွှင်လန်းနေစေဖို့ ပိုပြီးတောင် ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။ခေါင်းအစ ခြေအဆုံး သန့်ရှင်းသပ်ရပ်တဲ့ အမျိုးသားတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာလန်းဆန်းတက်ကြွလာမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုရနိုင်တဲ့အပြင် ဆန့်ကျင်ဘက်လိင်ကိုပါ ဆွဲဆောင်မှု ရှိစေတယ်။ မိမိကိုယ်ကိုယုံကြည်မှုရှိစေလို့ အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့စေတယ်။ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေပြီးအားအင်တွေ အပြည့် ရှိနေမှာပါ။ဒါဆိုရင် အမျိုးသားတွေအတွက် အလွန်အရေးကြီးပြီး မေ့ထားလို့ မဖြစ်တဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ခုခေတ်မှာတော့ အမျိုးသားတော်တော်များများ အမွှေးနံ့သာတွေကို အသုံးပြုလာကြပါတယ်။ ဆံသားနဲ့ မျက်နှာအတွက်သာမက ရေမွှေး၊ ချိုင်းလိမ်းဆီ၊ ကိုယ်ခန္ဓာအတွက် ဖျန်းတဲ့ စပရေး အစရှိတဲ့ အမွှေးနံ့သာတွေ ရေပန်းစားလာပါတယ်။ နေပူမရှောင်၊ မိုးရွာမရှောင် အပြင်ထွက် သွားလာနေရတဲ့ အမျိုးသားတွေအတွက်ဆို ပိုပြီးတောင် လိုအပ်ပါတယ်။ ဒါ့အပြင် ချွေးထွက်သန်တဲ့ အမျိုးသားတွေဆိုရင်လည်း ပိုပြီး သုံးသင့်ပါတယ်။ မွှေးရနံ့သင်းပျံ့နေတဲ့အခါမှာ အလုပ်လုပ်ရတာလည်း စိတ်ကို ကြည်လင်စေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။ တစ်ပါးသူကိုလည်း ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။မနက်အိပ်ရာ ထတဲ့အချိန်နဲ့ ညအိပ်ခါနီး အချိန် တစ်နေ့ကို ၂ကြိမ်တိတိမျက်နှာသစ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ အပြင်သွားပြီး ပြန်လာရင် ပင်ပန်းလွန်းတာကြောင့် မျက်နှာမသစ်၊ ကိုယ်လက်မဆေးကြောပဲ တန်းအိပ်တတ်တဲ့ အကျင့်ရှိရင်တော့ ခုကတည်းက ဖျောက်သင့်ပါပြီ။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ တစ်နေ့ကို ၂ကြိမ် မှန်မှန် မျက်နှာသစ်ပေးခြင်းဖြင့် အသားအရေ ခြောက်တာ၊ အဆီပြန်တာ၊ အရောင်မညီတာ လျော့နည်းစေပြီး မျက်နှာကိုလည်း နုပျိုလန်းဆန်းစေပါတယ်။အပြင်ပန်းအလှကို ဂရုစိုက်ပြီး ခံတွင်းကိုလည်း မေ့လို့မဖြစ်ပါဘူး။ ကိုယ့်ရဲ့ ခံတွင်းကို သေချာသန့်ရှင်းရေးမလုပ်ဘူးဆိုရင် အနံ့ဆိုးတွေ ထွက်နိုင်လို့ ကိုယ်အပါအဝင် ဘေးနားက လူတွေပါ စိတ်ကသိကအောက် ဖြစ်စေပါတယ်။ ဒါ့အပြင် သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကပ်ငြိနေရင် ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာနိုင်ပြီး သွားကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ ၂ကြိမ်သွားသေချာတိုက်ပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ စားကြွင်းစားကျန်တွေကို ဖယ်ရှားပစ်ဖို့ သွားပွတ်ကြိုးကို နေ့စဉ်အသုံးပြုပေးပါ။အဝတ်အစားတွေတော့ နေ့တိုင်းလဲဝတ်ပြီးအတွင်းခံတွေကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက်နဲ့ပေါင်ခြံတဝိုက်မှာ ချွေးမကြာခဏ ထွက်နိုင်တဲ့အတွက် အတွင်းခံဟာ ဘက်တီးရီးယားတွေ အပေါက်ဖွားနိုင်ဆုံး နေရာဆိုလည်း မမှားပါဘူး။ ဒါကြောင့် အပြင်ကနေ ပြန်လာတာနဲ့ ကိုယ့်ရဲ့ အဝတ်အစားတွေ အကုန်လုံးကို လျှော်ပါ။ နေ့စဉ် သန့်ရှင်းတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပေးပါ။ရာသီဥတုအေးလို့၊ အချိန်မရှိလို့၊ ပျင်းလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရေမချိုးပဲ နေတာတွေ ရပ်လိုက်ပါတော့။ အမျိုးသားတွေရဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုမှာ ရေမှန်မှန်ချိုးပေးဖို့လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ၁ကြိမ်၊ အပြင်သွားရတဲ့ နေ့တွေမှာဆိုရင် ၂ကြိမ် ရေအေးနဲ့ ဖြစ်စေ၊ရေပူရေနွေးနဲ့ဖြစ်စေ ရေချိုးပေးဖို့ အရေးကြီးပါတယ်။ ဒါမှပဲ အပြင်ကနေ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေအပြင် ကိုယ်ခန္ဓာမှာ ပေါက်ဖွားလာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို သန့်ရှင်းပေးနိုင်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေမှာပါ။ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှုအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှု လုပ်ရာမှာ လက်သည်း၊ ခြေသည်းတွေကို မေ့ထားလို့ မဖြစ်ပါဘူး။ လက်သည်းတွေ ရှည်နေတဲ့အခါ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်နေနိုင်တဲ့အပြင် ကုတ်မိတဲ့အခါမှာလည်း ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းရှည်နေတာကို ကြည့်နေရတဲ့သူအဖို့ စိတ်ထဲ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်သည်း၊ ခြေသည်းတွေ ရှည်နေပြီဆိုရင် အမြန်ဆုံး ညှပ်ပစ်ဖို့ မမေ့သင့်ပါဘူး။မျက်နှာပေါ်ကအမွေးအမျှင်တွေဟာ လူကို ပိုပြီး အိုမင်းရင့်ရော်စေသလို ကြည့်ရတာလည်း မကောင်းပါဘူး။ ကိုယ်ခန္ဓာ အထူးသဖြင့် ချိုင်းလို နေရာမျိုးမှာ အမွေးအမျှင်တွေ များလွန်းရင် ချွေးထွက်တဲ့အခါ အနံ့အသက်လည်း မကောင်းနိုင်သလို ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့လည်း ပိုမိုလွယ်ကူစေပါတယ်။ ဒါကြောင့် အမွေးအမျှင်တွေကို ပုံမှန်ရိတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်လည်း အရေးပါသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ တိုးစေနိုင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/men-personal-hygiene/
အသည်းရှိအဆိပ်အတောက်များကို သန့်စင်ပေးသော အစားအသောက်များ
သင့်ခန္ဓါကိုယ်တွင် နှလုံးပြီးလျှင် အသည်းသည် ဒုတိယအလုပ်လုပ်ရဆုံးအင်္ဂါဖြစ်သည်။ Bilirubin (အဝါဓါတ်)၊ အမိုးနီးယားနှင့် သွေးကြောထဲရှိအခြားသောအဆိပ်အတောက်များကိုအသည်းမှသန့်စင်ပေးရသည်။ ထိုကြောင့်သင့်အသည်းကိုဖြစ်နိုင်လျှင် အဆိပ်အတောက်များကြောင့် ထိခိုက်မှုနည်းနိုင်သမျှနည်းစေရန် သန့်စင်ပေးနိင်ရန် ကျန်းမာရေးဗဟုသုတအချို့ကို မျှဝေပေးချင်ပါသည်။အသည်းသည်သွေးကြောထဲရှိအခြားသောအဆိပ်အတောက်များကိုသန့်စင်ပေးခြင်း၊ အဆီကိုချေဖျက်ရန် အစာချေရည်ထုတ်ပေးခြင်း၊ ဟော်မုန်းအချို့ကိုဖျက်ပေးခြင်း၊ လိုအပ်သောသတ္တုဓါတ်၊ သံဓါတ်စသည်တို့ကိုသိုလှောင်ပေးခြင်းစသည့်လုပ်ငန်းတို့ကိုလုပ်ဆောင်ရသည်။ခန္ဓါကိုယ်အတွက်လိုအပ်သောအာဟာရနှင့် မလိုအပ်သောပစ္စည်းများကိုလည်းခွဲခြားပေးသည်။ ထိုကြောင့် အသည်းသည် အဆိပ်အတောက်များနှင့် ပိတ်ဆို့နေလျှင် အထက်ပါ အရေးကြီးသည့်လုပ်ငန်းဆောင်တာများကိုမလုပ်နိုင်တော့ဘဲအောက်ပါလက္ခဏာများခံစားရနိုင်ပါသည်။• ရေဖျဉ်းစွဲခြင်း။• အသည်းတည်ရှိရာဗိုက်၏ညာဘက်အပေါ်ပိုင်းတွင်အောင့်ခြင်း။• ဗိုက်အဆီများစုဝေးလာခြင်း။• အဆီများသောအစားအစာများစားလျှင် အစာမကြေဖြစ်ခြင်း။• သည်းခြေအိတ်ထုတ်လိုက်ရခြင်း။• ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်း။• အရေပြားပေါ်တွင် အသည်းအားနည်းခြင်းကြောင့် အမည်းစက်များပေါ်လာခြင်း။• ချွေးထွက်များခြင်းနှင့် ပုံမှန်ထက်ပူအိုက်တတ်လာခြင်း။• ဝက်ခြံနှငိ နီရဲသောဝက်ခြံများ၊ ယားယံသောအကွက်များထွက်ခြင်း။• ကိုယ်အလေးချိန် အလွန်အမင်းတက်လာခြင်းနှင့် အစားအသောက်ထိန်းသော်လည်းကိုယ်အလေးချိန်ကျမသွားခြင်း။အထက်ပါအချက်များကိုသတိပြူမိပါကသင့်ထံတွင် အသည်းရောဂါ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသင့် အသည်းကိုအဆိပ်အတောက်သန့်စင်သင့်ပါသည်။အရက်သေစာနှင့် မူးယစ်ဆေးများကိုရှောင်ကြဉ်ပါ။၎င်းတို့ကိုသွေးကြောထဲတွင်အဆိပ်အတောက်ပမာဏနည်းစေရန် အသည်းမှသန့်စင်ပေးရသည်။ ထိုအခါ အသည်းသည် ပုံမှန်ထက်များစွာအလုပ်လုပ်ရသဖြင့် ပျက်စီးလာရသည်။ ထိုအခါ သင့်ခန္ဒါကိုယ်၏ဇီဝကမ္မဖြစ်စဉ်တွင်လိုအပ်သောစွမ်းအင်များဆုံးရှုံးပြီး နွမ်းနယ်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ အိပ်ငိုက်ခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းတို့ဖြစ်လာရသည်။ရေများများသောက်ပါ။ရေလောက် သင့်အသည်းကိုသန့်စင်ပေးနိုင်သောအရာမရှိပါ။ ရေတွင် သဘာဝသတ္တုဓါတ်များပါဝင်သည်။ ရေသောက်လျှင် သံရာရည်အနည်းငယ်ထည့်သောက်ခြင်းဖြင့် သင့်ကိုယ်တွင်း alkali (အယ်လ်ကာလီ)ဓါတ်ကိုထိန်းညှိပေးပြီးသွေးသားကိုသန့်စင်စေသည်။ သံပုရာသီး အပါအဝင် အခြားချဉ်သောအသီးများသည် ဗီတာမင်စီဓါတ်နှင် သတ္တုဓါတ်များစွာပါဝင်သောကြောင့် သင့်ခန္ဒါကိုယ်၏စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီးအသည်း၏ အဆိပ်အတောက်သန့်စင်နိုင်မှုကိုလည်းတိုးမြှင့်ပေးသည်။အကောင်းဆုံးသောအစာများကိုစားပါ။သန့်ရှင်းလတ်ဆတ်ပြီးမဂ္ဂနီဆီယမ်၊ ကလိုရိုဖီးလ်၊ ဗီတာမင်အေ နှင့် ဗီတာမင်စီ ကြွယ်ဝသော အသီးအရွက်များကိုစားပါ။ ၎င်းတို့သည် သင့်အသည်းကိုသန့်စင်စေမည့် အကောင်းဆုံးသောအစာများဖြစ်သည့်အပြင် ငင့်အတွက်စွမ်းအင်လည်းတိုးပေမည်။မစားသုံးသင့်သောဆီများကိုရှောင်ကြဉ်ပါ။အသည်း၏တာဝန်သည် အဆီကိုချေဖျက်ရန် အစာချေရည်ထုတ်ပေးရခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် စားသုံးသင့်သောဆီနှင့် မစားသင့်သောဆီများကိုသေချာစွာသိရန်လိုအပ်သည်။ တိရိစ္ဆာန်မှရသောအဆီနှင့် ပြောင်းဖူးဆီ၊ ပဲပိစပ်ဆီတို့သည် သွေးကြောထဲတွင်ပိတ်နိုင်သဖြင့် ရှောင်ကြဉ်သင့်သည်။သင့်အသည်းအတွက်ကျန်းမာစေရန် အကောင်းဆုံးဆီများမှာမက်မွန်ဆီ၊ အုန်းဆီ၊ သစ်ကြားသီးဆီ၊ လျှော်ဆီ၊ နှမ်းကြတ်ဆီ၊ ဖရုံဆီ၊ နေကြာဆီ၊ သံလွင်ဆီနှင့်ထောပတ်သီးဆီတို့ဖြစ်သည်။အချုပ်ဆိုရသော် သင်သည် အထက်ဖော်ပြပါ အသည်းနှင့်ပက်သက်သောလက္ခါများခံစားနေရပါကသင့်အသည်းကိုသန့်စင်အောင်နေထိုင်ပြီး ကျန်းမာသောဘဝကို ရယူလိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%be%e1%80%ad%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%a1%e1%80%90%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%bb%e1%80%ac/
Cholera (ကာလဝမ်းရောဂါ)
ကာလဝမ်းရောဂါဟာ Vibrio cholera ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ ကာလဝမ်းရောဂါက အသက်အန္တရာယ်ဖြစ်နိုင်ပေမယ့် ရောဂါကို လွယ်ကူစွာ ကာကွယ်လို့လည်းရသလို ကုသလို့လည်းရတယ်။ကာလဝမ်းရောဂါရဲ့ လက္ခဏာအများစုက သာမန်ဝမ်းလျှောတာနဲ့တူပြီး တခြားအကြောင်းကြောင့်ဖြစ်တဲ့ ဝမ်းရောဂါတွေနဲ့ ခွဲရခက်တတ်ပါတယ်။ဒီရောဂါက ဖြစ်ခဲပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ ဖြစ်စေနိုင်တဲ့အချက်တွေကို လျှော့ချပြီး ရောဂါကာကွယ်နိုင်တယ်။ ထပ်မံသိလိုသော အချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ကာလဝမ်းရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာများမှာ-။ဒီအထဲမှာ မပါတဲ့အချက်တွေလည်း ရှိနေနိုင်တယ်။ ရောဂါလက္ခဏာအကြောင်း သေချာသိလိုလျှင်ဆရာဝန်နှင့် ဆွေးနွေးပါ။တကယ်လို့ သင်ဟာ အပေါ်ကရောဂါလက္ခဏာ ခံစားနေရရင်ဖြစ်ဖြစ်၊ မေးမြန်းစရာရှိရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းရဲ့ ကိုယ်ခန္ဓါက တုံ့ပြန်မှုမတူတတ်ကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နဲ့ဆွေးနွေးတာက အကောင်းဆုံးပါ။ကာလဝမ်းရောဂါဟာ Vibrio cholera ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ ဒါပေမယ့် ရောဂါကို ဖြစ်စေတဲ့ အဓိကအချက်ကတော့ CTX လို့ခေါ်တဲ့ အဆိပ်အတောက်တမျိုးကြောင့်ဖြစ်ပြီး အဲ့ဒါကို အူသိမ်တွေမှာ ဘက်တီးရီးယားပိုးက ထုတ်ပေးတယ်။CTX က အူသိမ်နံရံတွေမှာ ကပ်တွယ်ပြီး ဆိုဒီယမ်နဲ့ ကလိုရိုက်တွေရဲ့ ပုံမှန်စီးဆင်းမှုကို တားမြစ်တယ်။ ဒါက ကိုယ်တွင်းမှာ ရေတွေအများအပြားစွန့်ထုတ်စေပြီး ဝမ်းလျှောစေတဲ့အပြင် အရည်နဲ့ ဆားဓါတ်တွေဆုံးရှုံးမှုကို ဖြစ်စေတယ်။ကာလဝမ်းရောဂါဟာ Vibrio cholera ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ ဒါပေမယ့် ရောဂါကို ဖြစ်စေတဲ့ အဓိကအချက်ကတော့ CTX လို့ခေါ်တဲ့ အဆိပ်အတောက်တမျိုးကြောင့်ဖြစ်ပြီး အဲ့ဒါကို အူသိမ်တွေမှာ ဘက်တီးရီးယားပိုးက ထုတ်ပေးတယ်။CTX က အူသိမ်နံရံတွေမှာ ကပ်တွယ်ပြီး ဆိုဒီယမ်နဲ့ ကလိုရိုက်တွေရဲ့ ပုံမှန်စီးဆင်းမှုကို တားမြစ်တယ်။ ဒါက ကိုယ်တွင်းမှာ ရေတွေအများအပြားစွန့်ထုတ်စေပြီး ဝမ်းလျှောစေတဲ့အပြင် အရည်နဲ့ ဆားဓါတ်တွေဆုံးရှုံးမှုကို ဖြစ်စေတယ်။ကာလဝမ်းရောဂါကို ဖြစ်စေတဲ့အချက်တွေ များစွာရှိတယ်။ ဒါတွေကတော့..။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကာလာဝမ်းရောဂါမဖြစ်စေဖို့ ထိရောက်တဲ့ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးက ဘာတွေလဲ။အောက်ပါနေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက သင့်ကို ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။သင့်အနေနဲ့ မေးမြန်းလိုတာများရှိလျှင် ဆရာဝန်နှင့် တွေ့ဆုံခြင်းဖြင့် သင့်အတွက် အကောင်းဆုံးအဖြေများ ရယူနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/cholera-%e1%80%80%e1%80%ac%e1%80%9c%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း)
သိုင်းရွိုက်အကျိတ်ဖြစ်ခြင်းဆိုတာ သိုင်းရွိုက်ဂလင်းထဲမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တွေဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းကြီးထွားလာခြင်းကို သေချာစွာ မကုသရင် ဖြစ်တတ်ပါတယ်။ တခါတရံ ကင်ဆာလို ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ သိုင်းရွိုက်အကျိတ်အများစုဟာ ဟော်မုန်းပမာဏကို မပြောင်းလဲစေနိုင်ပါဘူး။ တခါတရံမှာ ဟော်မုန်းပမာဏကို ပိုပြီး များလာစေတတ်ပါတယ်။အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။လူတချို့မှာ လက္ခဏာမပြတတ်ပါဘူး။ တခါတရံ အစာမျိုရခက်တဲ့ လက္ခဏာမျိုး ပြတတ်ပါတယ်။ များသောအားဖြင့် ပုံမှန်စမ်းသပ်ခြင်းတွေ ပြုလုပ်ပေးရာကနေ သိုင်းရွိုက်အကျိတ်ဖြစ်နေတာကို သိသွားရခြင်းမျိုး ရှိပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။သိုင်းရွိုက်အကျိတ်ကိုဖြစ်စေတဲ့ အကြောင်းမျိုးစုံရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။အောက်ပါအချက်တွေက မြင့်မားစေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။အကြောင်းအရင်းကိုလိုက်ပြီး ကုသမှုနည်းလမ်းတွေ ကွဲပြားပါတယ်။ကင်ဆာမဟုတ်သော အကျိတ်များကုသခြင်း။ကင်ဆာမဟုတ်သော အကျိတ်တွေအတွက် အောင်ပါနည်းလမ်းတွေ ရှိပါတယ်။သိုင်းရွိုက်ဂလင်းအလုပ်အလွန်လုပ်ခြင်းကို ကုသခြင်း။အောက်ပါနည်းတွေ ပါဝင်ပါတယ်။ကင်ဆာအကျိတ်များ ကုသခြင်း။များသောအားဖြင့် ခွဲစိတ်ကုသပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/thyroid-cancer/thyroid-nodules-%e1%80%9e%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%bc/
လောကဓံကို ဘာလို့ အရှုံးပေးရမှာလဲ
နေ့စဉ်လူနေမှုဘဝမှာစိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ မိသားစုအဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေဟာ ကြုံတွေ့ရနေကြ လောကဓံတရားတွေဖြစ်ပါတယ်။ ဒီလိုရုံးကန်လှုပ်ရှားနေရတဲ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒါဏ်တွေ၊ နာမကျန်းမှု ဝေဒနာတွေနဲ့ ပြင်းထန်လှတဲ့ စိတ်ဖိစီးမှုတွေကို မတွန်းလှန်နိုင်ကြတော့တဲ့သူတွေဟာ ရှိနေတဲ့ လူ့ဘဝကို စွန့်ခွာပြီး ကိုယ်လွတ်ရုံးဖို့ ကြိုးစားကြလေ့ရှိပါတယ်။WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ ကို လူတစ်ဦးနှုန်း မိမိကိုယ်ကို သေကြောင်းကြံစည်နေကြပါတယ်။ ဆိုလိုတာက တစ်နှစ်ကို လူပေါင်း ၈ သိန်းခန့် ကိုယ့်ကိုယ်ကို သတ်သေနေကြတဲ့ သဘောဖြစ်ပါတယ်။ အဲ့ဒီထဲက ၇၉% ဟာ တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့ (ဒါမှမဟုတ်) ဝင်ငွေအလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့အချက်ကတော့ သေဆုံးသူတေါရဲ့ ပျမ်းမျှ အသက်အရွယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်အကြား အသက်အရွယ်မှာဖြစ်ပွားနေကြတာပါပဲ။မြန်မာနိုင်ငံမှာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ အကြာခဏဖြစ်ပွားနေတာကို ကြားသိနေရပါတယ်။ အများစုသော အဖြစ်အပျက်တွေဟာ မိသားစုစားဝတ်နေရေးနဲ့ သက်ဆိုင်နေကြတာမို့ တိုင်းပြည်ဆဲရဲမွဲတေနေမှုဟာ အခြေခံလူတန်းစားတွေရဲ့ လူမှုဘဝအပေါ် ပြင်းထန်တဲ့ ဖိအားတွေဖြစ်နေစေတယ်လို့ မှတ်ယူရပါတယ်။မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး စိတ်ဝေဒနာတွေထဲမှာ စိတ်ကျဝေဒနာ (Depression) ဟာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေနဲ့ အများဆုံးဆက်စပ်မှုရှိတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တခြားမြန်မာနိုင်ငံမှာ အဖြစ်များတဲ့ စိတ်ဝေဒနာတွေကတော့စိတ်ကြွ စိတ်ကျရောဂါ (Bipolar Disorder)၊စိတ်ပူပန်မှုရောဂါ (Anxiety Disorder)၊စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)၊အသိမှတ်ဉာဏ်လျော့ပါးလာသည့်ရောဂါ (Dementia)နဲ့ အရက်၊ မူးယစ်ဆေးစွဲရောဂါ (Alcohol & Substance Misuse Disorder) တွေပါပဲ။စိတ်အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုတာဟာ စိတ်ရောဂါလက္ခဏာတွေပါ။ စိတ်ဖိစီးမှုဟာ ဖြစ်နိုင်ချေအမြင့်ဆုံး စိတ်ဝေဒနာတွေထဲမှာ ပါဝင်နေပြီတော့ တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ ဒီဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ဖိစီးမှုဝေဒနာခံစားရလေ့ရှိပါတယ်။စိတ်ဖိစီးမှုများပြီး စိတ်အားငယ်တာဟာ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ အဖြစ်များ စိတ်ဖိစီးမှုဝေဒနာ (Major Depression) ၊နာတာရှည် စိတ်ဖိစီးမှု (Dysthymia)၊ ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ဖိစီးမှု (Atypical Depression) ၊ Postpartum Depression ၊ အာရုံထွေပြား စိတ်ဖိစီးမှု (Bipolar Depression) ၊ ပြင်းထန်စိတ်ဖိစီးမှု (Psychotic Depression) ၊ ရာသီအလိုက်ဖြစ်တဲ့ စိတ်ဖိစီးမှု (Seasonal Depression/SAD) ၊ ဆေးယဉ်ပါး စိတ်ဖိစီးမှု (Treatment-Resistant Depression) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဆိုပါ ရောဂါဝေဒနာတွေ ကိုယ့်မှာ ရှိနေသလားဆိုတာကို ကြိုတင်သတိထား စောင့်ကြည့်လို့ရပါတယ်။အဆိုပါ စိတ်ဝေဒနာအားလုံးဟာ အခြေခံကျတဲ့ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပါတယ်။ ဒါတွေကတော့ စိတ်အားတက်ကြွမှု နည်းပါးလာတာ၊ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲလာတာ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကင်းမဲ့လာတာ၊ အရာရာ အပြစ်ရှိသလို ခံစားလာရတာ၊ အလွယ်တကူ စိတ်ဆိုးဒေါသထွက်လွယ်လာတာ၊ ပူပင်သောကများလာတာ၊ အိပ်မပျော်တာ၊ ရုပ်ပိုင်းဆိုင်ရအရ နာကျင်မှုဝေဒနာများ ခံစားလာရတာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအဆင့်တွေကို ဖြတ်ကျော်ပြီးရင်တော့ ကိုယ့်ကိုယ်ကို သတ်သေလိုစိတ် ပေါ်လာမှာဖြစ်ပါတယ်။စိတ်ဖိစီးမှုလွန်ကဲလာရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ ပြဿနာက အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာ နေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီးဘဝကို အဆုံးသတ်ချင်စိတ်မကြာခနပေါ်လာနေပါလိမ့်မယ်။ ဒါဟာ အရေးပါတဲ့ အဆင့်တစ်ခုဖြစ်ပြီး ခုလို ခံစားလာရပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်ပါတယ်။နောက်ထပ် အရင်းခံတစ်ခုကတော့ စိတ်ဓာတ်ကျတာပါပဲ။ ဒီလိုတွေဖြစ်လာဖို့ တွန်းအားပေးနေတဲ့ အကြောင်းတရားတွေလည်း ရှိနေပါတယ်။ ဖြစ်နိုင်ချေအများဆုံးကိစ္စတွေကတော့ ဘဝရဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေ၊ အလှည့်အပြောင်းတွေနဲ့ ရုတ်တရက် ကြုံရတာမျိုး၊ အရက် ဒါမှမဟုတ် မူးယစ်ဆေး အလွန်အကျွံစွဲလာတာ၊ နာတာရှည် အခြားရောဂါအခံရှိနေတာမျိုး၊ ပြင်းထန်တဲ့ ပဋိဇီဝဆေးတွေ သောက်သုံးနေရတာမျိုး၊ မိသားစုဝင်တွေ ဒါမှမဟုတ် မျိုးရိုးမှာ စိတ်ဝေဒနာရှင်တွေ ရှိဖူးတာမျိုးနဲ့ ဟိုမုန်းပြောင်းလဲမှုတွေပါပဲ။လူတစ်ယောက် စိတ်ဓာတ်ကျလာပြီဆိုရင် အမြဲလိုလို အကြောင်းမဲ့စိတ်နှလုံးညိုးနွမ်းလာမယ်၊ ဝမ်းနည်း ငိုကြွေးလွယ်လာမယ်၊ အမြဲလို မောပန်းနွမ်းနယ်နေမယ်၊ လေးလံထိုင်းမှိုင်းနေမယ်၊ အာရုံစူးစိုက်မှု လျော့နည်းလာမယ်၊ မပျော်မရွှင်ဖြစ်လာမယ်၊ အစား အအိပ်မမှန်ဖြစ်လာမယ် (မအိပ်တော့တာ၊ အလွန်အကျွံအိပ်တာ၊ အိပ်ချိန် မမှန်တော့တာ) ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးလာတာတွေဖြစ်လာမယ်၊ အနာဂတ်မျှော်လင့်ချက်ကင်းမဲ့တယ်လို့ ခံစားရလာမယ်။ ဒါတွေထဲ အတော်များများဖြစ်ပြီးရင်တော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုစိတ် ပေါ်လာမှာပါပဲဖြစ်ပါတယ်။သာမန် စိတ်ခံစားချက်မျိုးရှိနေတဲ့ သူတိုင်းက ဘာကြောင့် သတ်သေဖြစ်သွားကြတာလဲလို့ ရိုးရိုးရှင်းရှင်း တွေးတတ်ကြတယ်။ ဒါပေမယ့် တကယ်တမ်း လေ့လာချက်တွေအရ ကိုယ့်ကိုယ်ကို သတ်သေသူအများစုဟာ ဒီလိုပြုလုပ်ဖို့ အမှန်တကယ် စိတ်ဆန္ဒမရှိကြပါဘူး။ သူတို့ရဲ့ နာကျင်မှုတွေကို တားဆီးဖို့ ဒီနည်းလမ်းသာရှိတော့တယ်လို့ စိတ်ထဲယုံကြည်သွားလို့ ရွေးချယ်လိုက်ကြတာသာဖြစ်ပါတယ်။တကယ်လို့များ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကို သတ်သေချင်နေပြီလို့ ဆိုလာခဲ့ရင် ဘယ်လောက်သေးမွှားတဲ့ အခြေအနေလေးပဲဖြစ်နေပါစေ သိပြုဖို့ လိုအပ်ပါတယ်။ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ မဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးနဲ့ လျစ်လျူရှုခဲ့မယ်ဆိုရင် တကယ်ဖြစ်လာချိန်မှာ ပိုမိုနာကျင်ကြေကွဲရမှာပါ။များသောအားဖြင့် အဆုံးစီရင်ဖို့နီးစပ်နေတဲ့ သူတွေဟာ သူတို့ရဲ့ ဖိအားတွေ၊ နာကျင်နေမှုတွေဟာ ဘယ်လောက်တောင်ဆိုးရွားနေပြီလဲဆိုတာကို ပတ်ဝန်းကျင်က ယုံကြည်ရတဲ့သူတွေဆီ ဖွင့်ဟဖို့ အနည်းဆုံး တစ်ကြိမ်တော့ ကြိုးပမ်းကြလေ့ရှိပါတယ်။ ဒီလူတွေဆီက လစ်လျူရှုမှုမျိုးခံလိုက်ရရင်တော့ သူတို့အနေနဲ့ မလျှောက်သင့်တဲ့လမ်းကို လျှောက်မိသွားကြတော့တာပါပဲ။ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ကူးမိတဲ့လူတိုင်းနီးပါးဟာ ဖြစ်ကတတ်ဆန်း လုပ်ကြလေ့မရှိပါဘူး။ ဘယ်လိုနည်းလမ်းမျိုးနဲ့ အဆုံးစီရင်မလဲဆိုတာကို သေချာအရင်လေ့လာလေ့ရှိပါတယ်။ အမြင့်က ခုန်ချမှာလား၊ ဆွဲကြိုးချမှာလား၊ စသည်ဖြင့်ပေါ့။ နည်းလမ်းရှာဖွေကြလေ့ရှိပါတယ်။ အများစုဟာ သတ်သေချိန်မှာ သေတမ်းစာရေးထားခဲ့တာမျိုးလည်း လုပ်လေ့ရှိပါတယ်။လက်ရှိမှာ လူမှုကွန်ယက်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့Facebookဟာ သူတို့ရဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ (AI) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်ထားပါတယ်။ ၂၀၁၇ ခုနှစ်မှာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခန ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ်။Facebook ကတော့ သူတို့ရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားက စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ လက္ခဏာတွေက ဘယ်လိုလဲဆိုတာကို သိနိုင်ဖို့ AI နည်းပညာအသုံးပြုထားတဲ့Algorithmတွေဖန်တီးထားပြီးတော့ အဆိုပါ နည်းပညာကနေတဆင့် ဘယ်သူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေရှိနေတယ်ဆိုတာကို ဆန်းစစ်နေတာဖြစ်ပါတယ်။လက်ရှိမှာလည်း လူမှုကွန်ယက်အသုံးပြုသူတွေအကြားက ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ဆန္ဒရှိနေသူတွေဟ ဘယ်လို အကြောင်းအရာမျိုးတွေကို ပြောဆိုရေးသားတတ်လဲဆိုတာကိုလည်း အသိပေးထားပါတယ်။ သူတို့ရဲ့ ဖော်ပြချက်တွေအရ။ဒီလို အချက်တွေနဲ့ တိုက်ရိုက်တူညီတဲ့ ဒါမှမဟုတ် နှီးနွယ်စပ်ဆက်တဲ့ အကြောင်းအရာတွေကိုဆက်တိုက် တင်နေပြီဆိုရင် အဆိုပါ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားတယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့် အဲဒီလိုလူမျိုးတွေကို ပိုမိုသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ကိုယ့်မှာ စိတ်ဖိစီးမှုလက္ခဏာတွေ၊ စိတ်ဓာတ်ကျဆင်းနေတဲ့လက္ခဏာတွေကို မကြာခနကြုံလာနေရပြီဆိုရင် ဒါမှမဟုတ် နေ့စဉ်ရက်ဆက်နဲ့ ရက်သတ္တပတ် ၂ ပတ်လောက် ကြာနေပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ အမြန်ဆုံးတိုင်ပင် ဆွေးနွေးသင့်ပါပြီ။ဒီလိုမဟုတ်ရင်တောင်မှ မိမိကိုယ်ကို သတိကပ်ပြီး အပြောင်းအလဲတွေဖြစ်လာအောင် လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ဒီနေရာမှာတစ်ခုရှိတာက ကျွန်တော်တို့ တိုင်းပြည်က လူအများစုဟာ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျတဲ့ ဝေဒနာတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖို့ရန် ဝန်လေးနေတတ်ကြပါတယ်။လူအတော်များများက ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာဝေဒနာများကိုသာ ဆရာဝန်ဆီပြသကြပြီး ဒီလိုစိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုတော့ ကုသရမယ့် ဝေဒနာတစ်ခုအဖြစ် မမြင်တတ်ကြပါဘူး။ ဒီလိုဝေဒနာရှင်တွေက မိသားစုဝင်တွေ၊ မိတ်ဆွေတွေနှင့် ဆရာဝန်များကို ခံစားရတာတွေဖွင့်ပြောတိုင်ပင် အကူအညီရယူရမယ့် နည်းလမ်းမှန်ကို မစဉ်းစားမိတတ်ဘဲ အဆုံးစီရင်ခြင်းလမ်းကို ရွေးမိသွားတာမျိုးဖြစ်ပါတယ်။နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHO နဲ့ International Association for Suicide Prevention (IASP) လို အဖွဲ့တွေရဲ့ လေ့လာချက်တွေအရဆိုရင် တစ်ချို့သော စိတ်ပင်ပန်းမှုဒဏ်ကို ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ၂၅ ကြိမ်အထိ ကြိုးစားခဲ့ကြတယ်လို့ ဆိုထားပါတယ်။ဒီလို အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြတာကို ပတ်ဝန်းကျင်က မသိကြဘူးဆိုတာက တကယ်သတိမမူဖြစ်တာဖြစ်နိုင်သလို၊ ဂရုစိုက်ပေးရမယ်ဆိုတာကို နီးစပ်ရာပတ်ဝန်းကျင်က နားမလည်နိုင်ကြတာလဲ ဖြစ်တတ်ပါတယ်။ တခါတရံမှာ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေကို ဒီလိုရင်နာစရာဒီလိုနည်းမျိုးနဲ့ လက်လွှတ်ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။စိတ်ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပေမယ့်စကားပြောကုသနည်း (Psychotherapy)၊ဆေးဝါးကုသနည်း (Antidepressants Medication)၊လျှပ်စစ်ဓာတ်ဖြင့်ကုသနည်း (Electroconvulsive Therapy)စတာတွေနဲ့ ကုသပေးလို့ရပါတယ်။၈၀% သော စိတ်ကျဝေဒနာရှင်တွေက သူတို့ရဲ့စိတ်ကျမှုဖြစ်စေတဲ့ စိတ်အမူအကျင့် ၊ အတွေးအခေါ်တွေကိုပြောင်းလဲပေးဖို့ အဓိကနည်းတွေဖြစ်တဲ့ စကားပြောကုသနည်းနဲ့ ဆေးဝါးကုသနည်းနှစ်မျိုးတည်းနဲ့တင် ပြန်လည်ကောင်းမွန်လာလေ့ ရှိပါတယ်။ တချို့တွေတွက်လည်း တရားထိုင်တာလို နည်းလမ်းမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အနီးအနားမှာ ဘဝကို အရှုံးပေးဖို့ ရည်သန်နေတဲ့သူတွေ ရှိနေခဲ့ရင် ဖေးမဖို့ ကြိုးစားကြည့်ပါ။ ဖျောင်းဖြကြည့်ပါ။ အားပေးကူညီပါ။ ကိုယ့်ရဲ့ တွဲလက်တွေ၊ ကြင်နာနွေးထွေးမှုတွေဟာ သူတို့အတွက် အားဆေးတစ်ခွက်ဖြစ်မယ်ဆိုတာကို သိနားလည်ထားပေးရင်း ဘဝတွေကို ကယ်တင်ပေးဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/suicide-prevention/what-are-warning-signs-for-suicide/
Carpel Tunnel syndrome (လက်ဖဝါးထုံကျင် အားမရှိခြင်း) နဲ့ ပက်သက်လို့မှားသိနေကြတာများ။
ကိုယ့်လက်ချောင်းလေးတွေ ညည ထုံနေတယ် ။လက်ချောင်း လေးတွေ ကျင်နေတယ် ။ လက်ဖဝါးတွေ အားမရှိသလိုခံစားနေရပြီး ပစ္စည်းတွေ ကိုင်လိုက်တိုင်း လွတ်ကျသွားတဲ့ ပြဿနာတွေ ခံစားနေရပြီဆိုရင် သေချာပါတယ် သင့်မှာ Carpel Tunnel syndrome လို့ခေါ်တဲ့ အကြောညှပ်ပြီးလက်ဖဝါးထုံကျင် အားမရှိတဲ့ ပြဿနာခံစားနေရတယ်ဆိုတာပါ။ ရှေ့တွေမှာလည်း Carpel Tunnel syndrome နဲ့ပက်သက်တဲ့ အကြောင်းလေးတွေ ပြောပြပြီးဖြစ်တာကြောင့် ဒီဆောင်းပါးထဲမှာတော့ Carpel Tunnel syndrome နဲ့ပက်သက်လို့ မှားသိနေတာလေးတစ်ချို့ မျှဝေပေးချင်ပါတယ် ။Carpal Tunnel syndrome ကြောင့် လက်ဖဝါးနာတာဖြစ်ရပေမယ့် လက်ဖဝါးနာ သူတစ်ခုတည်းကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ trigger finger ( လက်မအောက်ပိုင်း နာကျင်ရောင်ရမ်းခြင်း) နဲ့de Quervain’s tendinosisလို့ခေါ်တဲ့ လက်မနဲ့လက်ကောက်ဝတ်နာကျင်တဲ့ ပြဿနာတွေဟာလည်း လက်ဖဝါးနာကျင်ခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပါပဲ။ကွန်ပျူတာတွေ အသုံးများတာကြောင့် ဒီ Carpel Tunnel syndrome ဖြစ်လာတာဆိုပေမယ့် ကွန်ပျုတာတွေ မပေါ်ခင် ဟိုး ၁၈၀၀ ခုနှစ်လောက်တည်းက ဒီ ပြဿနာရှိခဲ့တာပါ။ Carpal Tunnel syndrome ကိုသက်သာစေတဲ့ ခွဲစိတ်မှုကတော့ ၁၉၃၀ လောက်မှ ပေါ်လာတာပဲ ဖြစ်ပါတယ်။ကွန်ပျူတာနဲ့ တုန်ခါစက်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုတဲ့သူတွေ အဖြစ်များတယ်ဆိုပေမယ့် လူတိုင်းCarpel Tunnel syndromeဖြစ်နိုင်ပါတယ်။ အသက် ၂၀ မကျော်ခင် Carpel Tunnel syndrome ဖြစ်တာရှားပေမယ့် အသက်ကြီးလာလေလေ ဖြစ်နိုင်ချေ များလေလေပါ။ အမျိုးသမီးတွေကအမျိုးသားတွေ ထက် ပိုဖြစ်နိုင်ပါတယ်။Carpel Tunnel syndrome ခွဲစိတ်ပြီးနောက်ပိုင်း ရက်အနည်းငယ်လောက်မှာတင်ချုပ်ရိုးနဲ့ ပတ်တီးတွေကို ဖြည်နိုင်မှာဖြစ်ပြီး ပေါ့ပေါ့ပါးပါး အလုပ်တွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ ၂ ပတ်လောက်ကြာတဲ့အချိန်မှာတော့ လက်လှုပ်ရှားမှုအားလုံးကို ပြန်လုပ်နိုင်မှာ ဖြစ်ပြီး အရင်တုန်းက ခံစားခဲ့ရတဲ ဝေဒနာတွေ သက်သာသွားမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီး ၆ ပတ်ကြာတဲ့အချိန်မှာတော့ တော်တော်များများ လှုပ်ရှားလို့ ရမှာ ဖြစ်ပါတယ်။Carpel Tunnel syndrome အတွက်တော့ ခွဲစိတ်ပြီး ကုသတာဟာ ၉၀ ရာခိုင်နှုန်းထိပျောက်ကင်းနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း လက်ချောင်းတွေကျင်လို့ ညဘက်ကောင်းကောင်းမအိပ်နိုင်တဲ့ ပြဿနာတွေ လုံးဝ သက်သာသွားမှာ ဖြစ်ပါတယ်။ လက်ချောင်းထုံတဲ့ပြဿနာတွေကတော့ ၃ လလောက်ကြာရင် သက်သာသွားမှာ ဖြစ်ပါတယ်။ခွဲစိတ်ပြီးနောက် Carpel Tunnel syndrome ပြန်ဖြစ်တာ ရှားပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/carpel-tunnel-syndrome-2/
ဝက်ခြံ လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ အရေပြားပြဿနာ ။ ။
အရွယ်လေးရောက်လာပြီဆိုတာနဲ့ ဝက်ခြံဖုလေးတွေံက လူတိုင်းဆီကို မဖိတ်ခေါ်ဘဲ လာတတ်ပါတယ်။ ဝက်ခြံလို့ဆိုလိုက်တာနဲ့ ရုပ်ကိုအလှပျက်အောင်လုပ်တဲ့၊ စိတ်ကိုညစ်အောင်လုပ်တဲ့ တရားခံအဖြစ် အားလုံးကလက်ခံထားကြပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ကလေးတုန်းက ပြောင်ချောနေတဲ့ မျက်နှာလေးမှာ ဝက်ခြံ အနီဖုတွေ ပေါက်လာတော့ ရုပ်ကြီးက ကြမ်း၊ ဒီ ဝက်ခြံတွေက နာလည်းနာ၊ တစ်ခါ ပေါက်ရင် တော်တော်နဲ့လည်း မပျောက်၊ ပျောက်သွားရင်တောင် အမာရွတ်တွေ ကျန်ခဲ့သေးတာ ဆိုတော့ ဝက်ခြံပေါက်တဲ့ ပြဿနာဟာ အရမ်းကို စိတ်ညစ်စရာကောင်းတာပေါ့။ ဒီတော့ လူတိုင်းလိုလို ကြုံနေရတဲ့ စိတ်ညစ်စရာကောင်းတဲ့ အရေပြားပြဿနာ ဝက်ခြံ ဘာ့ကြောင့်ပေါက်တာလဲ၊ ဝက်ခြံသက်သာအောင် ဘယ်လိုဆင်ခြင်ရမလဲဆိုတာတွေ အပြင် ဝက်ခြံနဲ့ ပက်သက်တဲ့ အခြားသိသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒါလေးတွေ သိထားတော့ ဝက်ခြံသက်သာအောင် ဆင်ခြင်စရာရှိတာ ဆင်ခြင်လို့ရတာပေါ့။မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းလေးကနေ အဆီတွေ အထုတ်များပြီး ဖုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောသွားလို့ ချွေးပေါက်ပိတ်ရာကနေ ရောင်လာပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။သူများမျက်နှာလေးတွေမှာ ဝက်ခြံမရှိဘဲ ပြောင်ချောလေးဖြစ်နေပေမယ့် ကိုယ့်မျက်မှာပေါ်မှာတော့ ဝက်ခြံတွေ အပြည့်ဆိုရင် ကိုယ့်မျိုးရိုးနဲ့ ဟော်မုန်းတွေကိုသာ အပြစ်တင်ရမှာပါ ။အဆီပြန်ပြီးချွေးပေါက်ပိတ်လို့ ဝက်ခြံပေါက်တတ်တာ သိပြီးဆိုတော့ အသားခြောက်တဲ့သူတွေမှာ ဝက်ခြံ မပေါက်ဘူးလားလို့ မေးစရာရှိပါတယ်။ အသားခြောက်တဲ့သူတွေမှာလည်း ဝက်ခြံပေါက်နိုင်ပါတယ်။အသားခြောက်တော့ ဆဲလ်သေတွေ မျက်နှာများ အများကြီးရှိနေတတ်ပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံပေါက်နိုင်ပါတယ်။စိတ်ဖိစီးမှုများရင် ဝက်ခြံပေါက်တယ်လို့ ကြားဖူးကြမှာပါ။ ဒါတွေဟာစိတ်ဖိစီးမှုကို ပြန်တုန့်ပြန်တဲ့ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းအလဲဖြစ်သွားလို့ ဖြစ်ရတာပါ။ စိတ်ဖိစီးမှုကြောင့် မျက်နှာမှာ အဆီတွေ ပိုပြန်လာတဲ့အပြင် မွေးညှင်းအိတ်လေးတွေ ကို ရောင်စေလို့ ဝက်ခြံတွေ ထွက်လာရတာပါ ။တစ်ချို့ ဝက်ခြံမပေါက်ချင်ရင် ရှောင်ရတဲ့အစားအစာတွေ ရှိတယ်လို့ ပြောတာတွေကြားဖူးမှာပါ။ တကယ်တော့ အစားအသောက်တွေက ဝက်ခြံတွေ အပေါ်မှာ သက်ရောက်မှု မရှိသလောက်ရှားပါတယ်။ချော့ကလက်စားလို့ ၊ အစပ်စားလို့၊အငန်စားလို့၊ ပင်လယ်စာတွေစားလို့ ဝက်ခြံပေါက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဝက်ခြံဆိုတာ ဖုန်၊ အဆီနဲ့ ဘက်တီးရီးယားတွေရောသွားလို့ ဖြစ်ရတာပါ။သိပ် ပေါက်နိုင်ပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ အလှကုန်ပစ္စည်းမှာ အဆီတွေ အများကြီးပါလို့ မျက်နှာကို အဆီပိုပြန်စေပြီး ချွေးပေါက်ပိတ်စေပြီး ဝက်ခြံတွေပိုထွက်လာနိုင်ပါတယ်။ ဝက်ခြံချက်ချင်းမထွက်ရင်တောင်အဆီဖုလေးတွေ ထွက်လာပြီး နောက်ပိုင်း ဝက်ခြံတွေ အဖြစ်ပြောင်းသွားနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်နေတဲ့ မျက်နှာကို အတင်းမိတ်ကပ်တွေ ဖိလိမ်းရင် ချွေးပေါက်တွေထဲ မိတ်ကပ်ဝင်သွားတာကြောင့် ချွေးပေါက်ပိုပိတ်၊ ဝက်ခြံပိုထွက်နိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းထားတဲ့ မိတ်ကပ်တွေကို အကုန်ဖျက် မျက်နှာ သစ်ပြီးမှ အိပ်ရာဝင်သင့်တာပါ ။တစ်ချို့ အလှကုန်တွေရဲ့ ဘူးနောက်ကျောမှာnon-comedogenic( အဆီဖုကို မဖြစ်စေ) ဆိုတဲ့ စာသားလေးတွေ ထည့်ပေးထားတာတွေ့ရပါလိမ့်မယ်။ ဒါမျိုး အလှကုန်တွေကို ဝယ်သုံးလို့ရပါတယ်။ ဒါမှမဟုတ်non-comedogenicစာသား မပါရင်တော့ မဝယ်ခင် ကိုယ့်လက် အတွင်းသားလေးမှာ အရင်စမ်းကြည့်ပြီး အဖုလေးတွေ ပေါက်မလာဘူးဆိုတော့မှ အဲဒီ အလှကုန်ပစ္စည်းတွေကို ဝယ်သုံးတာ အကောင်းဆုံးပါ။မျက်နှာခဏခဏ သစ်ပေးရင် ဝက်ခြံပျောက်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။မျက်နှာသစ်ဆေးအများစုဟာ မျက်နှာပေါ်ကအဆီပိုတွေကို ဖယ်ရှားပေးလို့ အဆီမပြန်စေဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ခဏခဏ မျက်နှာသစ်ရင် မျက်နှာခြောက်သွားပြီး မရှိတော့တဲ့အဆီတွေနေရာ အစားထိုးဖို့အတွက် အဆီဂလင်းတွေက အလုပ်တွေပိုလုပ်၊ အဆီတွေ ပိုထုတ်ရပါတယ်။ ဒီလိုနဲပဲ မျက်နှာသစ်လိုက် အဆီတွေများများပြန်ထွတ်လိုက် နဲ့ သံသရာလည်နေတော့မှာပါ။ဝက်ခြံတစ်ဖုပေါက်လာပြီဆိုရင် အထဲ အမြစ်ထွက်သွားဖို့၊ ဝက်ခြံမြန်မြန်ပိန်စေဖို့အတွက် ဝက်ခြံညှစ်တာ လက်နဲ့ဆွတာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုဝက်ခြံကို ညှစ်တာ၊ ဆွတာမျိုး တဲ့အခါ လက်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေက ဝက်ခြံဆီ ရောက်သွားနိုင်တဲ့အပြင် လက်ပူလိုက်ပြီး ဝက်ခြံဖု ပိုကြီးလာနိုင်ပါတယ် ။ ဝက်ခြံညှစ်ရင် နောက်ပိုင်း ပျောက်ဖို့ ခက်တဲ့အမာရွတ်တွေနဲ့ ချိုင့်ခွက်တွေကျန်ခဲ့တတ်တယ်ဆိုတာလည်း အားလုံးအသိပါ။ဝက်ခြံပေါက်တတ်တဲ့သူတွေက ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ အသားအရေထိန်း ပစ္စည်းတွေ၊ အဆီပြန်ခြင်းကို ထိန်းပေးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ဓါတ်မတည့်တာမျိုးကို မဖြစ်စေတဲ့ ထုတ်ကုန်တွေကို အဓိကဝယ်သုံးသင့်ပါတယ်။ ဝယ်တဲ့အခါမှာလည်း ဆေးဝါးထောက်ခံချက် FDA လက်မှတ်ရထားတဲ့ ပစ္စည်းတွေကို ရွေးဝယ်ခဲ့ဖို့လည်း မမေ့နဲ့နော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/cc-acne/
Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း)
သွေးမလျှောက်၍ပုပ်ခြင်းဆိုတာ သွေးစီးဆင်းမှုမရှိလို့ အရိုးတစ်သျှူးများ ပုပ်သွားခြင်း ဖြစ်ပါတယ်။ အရိုးပုပ်ခြင်းလို့လည်း ခေါ်ပြီး အရိုးအတွင်းမှာ ကျိုးပဲ့မှုလေးတွေ ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ အရိုးတချောင်းလုံး ကျိုးသွားနိုင်ပါတယ်။ အရိုးကျိုးသွားရင် အဆစ်လွဲရင် အရိုးရဲ့ အကန့်လေးတွေထဲကို သွေးမရောက်စေတော့ပါဘူး။ သွေးမလျှောက်၍ပုပ်ခြင်းဟာ စတီးရွိုက်ဆေးများကို ရေရှည်သောက်နေခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသက် ၃၀နဲ့၆၀ကြားမှာ အဖြစ်များပါတယ်။ ရေရှည်အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လူအများဟာ စဖြစ်ခါစမှာ သတိမထားမိတတ်ကြပါဘူး။ အခြေအနေတွေဆိုးလာတဲ့အခါ အလေးချိန်ကို ထမ်းထားရဲ့ အဆစ်ဟာ နာလာပါတယ်။ နောက်ဆုံးမှာ လှဲနေရင်တောင် နာတတ်ပါတယ်။ဒါ့အပြင် နာကျင်မှုဟာ အတော်အတန်ကနေ ဆိုးရွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တင်ပဆုံမှာဖြစ်တဲ့ နာကျင်မှုဟာ ပေါင်ခြံ၊ ပေါင်နဲ့ တင်ပါးတွေမှာ ရောဂါဖြစ်လို့ ဖြစ်နိုငပါတယ်။ ဒီလိုပဲ သက်ရောက်မှုရှိတဲ့နေရာတွေဟာ ပခုံး၊ ဒူး၊ လက် စတာတွေမှာ ဖြစ်နိုင်ပါတယ်။တချို့တွေမှာ ၂ဖက်စလုံးမှာ ဖြစ်တတ်ပါတယ်။စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အရိုးဆီကိုသွားတဲ့ သွေးောကာပြတ်တောက်မှု၊ လျော့ကျမှုဖြစ်ရင် ဖြစ်တတ်ပါတယ်။ အောက်ပါအကြောင်းအရာတွေကြောင့် ဖြစ်နိုငပါတယ်။သွေးမလျှောက်၍ပုပ်ခြင်း ၂၅%ခန့်မှာတော့ သွေးလျှောက်နည်းသွားရတဲ့ အကြောင်းအရင်းကို မသိရပါဘူး။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။Sickle cell သွေးအားနည်းခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ဖြစ်တဲ့ အရိုးအဆစ်နားမှာ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ လှုပ်ရှားမှုခက်ခဲလား သိရအောင် အဆစ်တွေကို ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားကြည့်ပါလိမ့်မယ်။အောက်ပါ စစ်ဆေးမှုတွေလည်း ပါဝင်ပါလိမ့်မယ်။အရိုးပုံရိပ်ဖော်ခြင်း။ ရေဒီယိုကြွတဲ့ အရာတချို့ကို သွေးပြန်ကြောထဲ ထိုးသွင်းပါတယ်။ အဲဒီအရာတွေဟာ ထိခိုက်မှုရှိနေတဲ့ အရိုးတွေဆီ ရောက်သွားပြီး ပုံရိပ်မှာ တောက်ပတဲ့ အစက်ကလေးတွေအနေနဲ့ တွေ့နိုင်ပါတယ်။အရိုးအဆစ်တွေမှာ နောက်ထပ်ထိခိုက်မှုတွေ မဖြစ်အောင် ကုသပါလိမ့်မယ်။ ဆေးဝါးသောက်သုံးခြင်း၊ လေ့ကျင့်ခန်း၊ လျှပ်စစ်လှုံ့ဆော်ခြင်း၊ အဆစ်မှာ အလေးချိန်အနည်းငယ်ဆွဲခြင်း စတာတွေ ပါဝင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ ပါဝင်ပါတယ်။လူအများစုမှာ ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/avascular-necrosis-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%99%e1%80%b1%e1%80%9c%e1%80%bd%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%81%8d%e1%80%95%e1%80%af%e1%80%95%e1%80%b9%e1%80%bb%e1%80%81%e1%80%84/
ရှားပါးရောဂါအခြေအနေကနေ ရှင်သန်လာခဲ့တဲ့မျှော်လင့်ချက်
ခြေထောက်ကိုဆုံးရှုံးရတော့မယ်လို့ သိလိုက်ရပြီးတဲ့နောက်မှာ လူနာတွေဖြစ်နေကျစိတ်ကူးအတိုင်း ဘာကများ ဒီအခြေအနေကိုပြောင်းလဲစေနိုင်မလဲဆိုတာကိုရှာဖွေခဲ့ပါတယ်။နောက်ဆုံးတော့ လူနာက စင်ကာပူမှာ ကုသမှုခံယူဖို့ဆုံးဖြတ်လိုက်ပါတယ်။Indah Melati Setiawan ဟာ ၂၀၀၉ ခုနှစ် မတ်လမှာ ဘယ်ဘက်ပေါင်မှာ ပုံမှန်မဟုတ်တဲ့ နာကျင်မှုတစ်မျိုးကို စတင်ခံစားခဲ့ရပါတယ်။ ဒီနာကျင်မှုက အရမ်းရှားပါးတဲ့ အရိုးကင်ဆာတစ်မျိုးဖြစ်တဲ့Ewing’s sarcoma ရောဂါ ဖြစ်နေမယ်လို့ သူ့အနေနဲ့ စိတ်တောင်မကူးမိခဲ့ပါဘူး။ ဒီရောဂါက ညဘက်ဆိုအိပ်မရတဲ့အထိနာကျင်သလို အရိုးတွေကျိုးအက်ပျက်စီးတာမျိုးအထိဖြစ်စေနိုင်ပါတယ်။နေ့တိုင်းနာကျင်မှုကိုခံစားနေရပြီး တဖြည်းဖြည်းချင်း လမ်းလျှောက်ဖို့ခက်လာခဲ့ပါတယ်။ဒီရောဂါကဖြစ်ခဲတာကြောင့်Indah ဟာ အင်တာနက်ကနေပဲရောဂါကိုရှာဖွေခဲ့ပါတယ်။ သူ့ရဲ့ညီမဖြစ်တဲ့Linda ကလည်း အွန်လိုင်းကနေ ဝိုင်းရှာပေးခဲ့ပါတယ်။ သူတို့ရဲ့ကြိုးစားမှုအရာထင်ခဲ့ပါတယ်။sarcomasရောဂါကို ကုသမှုပေးနိုင်တဲ့Mount Elizabeth Hospital က အရိုးခွဲစိတ်ကုဆရာဝန်ဒေါက်တာSuresh Nathan နဲ့ဆက်သွယ်မိခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။Indah ဟာဒေါက်တာSuresh ဆီကနေ အကြောင်းပြန်မှုကိုရရှိခဲ့ပြီး စင်ကာပူမှာလာရောက် ကုသမှုခံယူဖို့ ယုံကြည်မှုတွေတိုးလာခဲ့ပါတယ်။Mount Elizabeth Hospital က ကစင်ကာပူကထိပ်တန်းဆေးရုံတစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကIndah ကိုယုံကြည်မှုပိုစေခဲ့ပါတယ်။ဒေါက်တာSuresh ကအရိုးနဲ့ကြွက်သားကုသမှုနယ်ပယ်၊ခြေထောက်နဲ့လက်အရိုး စတီးရိုးအစားထိုးကုသခြင်း၊ ဒူးအစားထိုးကုသမှု နယ်ပယ်တွေမှာ အတွေ့အကြုံရှိသူတစ်ဦးဆိုတဲ့အသိကြောင့်Indah ရဲ့ဒေါက်တာSuresh အပေါ်ယုံကြည်မှုကတော်တော်လေးကောင်းလာပါတယ်။ သုတေသနလုပ်ငန်းစဉ်တွေမှာပါဝင်မှုနဲ့ များပြားလှတဲ့ အစောပိုင်းလေ့လာမှုတွေကြောင့်Indah ရဲ့ခြေထောက်တွေကိုဖြတ်တောက်စရာမလိုဘဲကုသလို့ရနိုင်မယ်၊လို့ သိရှိခဲ့ပါတယ်။ဒေါက်တာSuresh နဲ့မတွေ့ခင် ဆရာဝန်တွေတော်တော်များများနဲ့တွေ့ပြီး ကုသမှုခံယူခဲ့ပေမယ့်Indah ရဲ့ခြေထောက်ကို အရင်းနားကနေဖြတ်တောက်ကုသမှရမယ်လို့သာပြောခဲ့ကြပါတယ်။Indah ရဲ့ ခွဲစိတ်ကုသမှုကို ၂၀၁၀ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ စတင်လုပ်ဆောင်ခဲ့ပြီး တစ်ညလုံးလုပ်ဆောင်ခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ ပထမဆုံးမနက်ခင်းမှာတော့ ခွဲစိတ်မှုကအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ ခွဲစိတ်မှုခံယူပြီး တစ်ပတ်အကြာလောက်မှာတော့Indah ဟာ မတ်တတ်စရပ်နိုင်ပါပြီ။ ခွဲစိတ်မှုခံယူပြီးတဲ့နောက်မှာလည်း ဓါတု ကုထုံးနဲ့ ဓါတ်ရောင်ခြည်ကုထုံးတွေကို ခံယူခဲ့ရ ပါသေးတယ်။ ကင်ဆာအထူးကုဒေါက်တာKhoo Kei Siong ဆီမှာ အဆုတ်နဲ့ရင်ခေါင်းမှာပြန့်နှံ့နေတဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားဖို့ ကုသမှုခံယူခဲ့ရပါသေးတယ်။Indah ဟာကင်ဆာဝေဒနာကြောင့် ရင်ခေါင်းအတွင်းနံရံမှာ ကင်ဆာကျိတ်ဖြစ်နေတာကိုလည်း ခံစားနေရပါတယ်။ဒေါက်တာSuresh နဲ့ ရင်ခေါင်းခွဲစိတ်ကုဆရာဝန် ဒေါက်တာThirugnanam Agasthian တို့ရဲ့ ပူပေါင်းဆောင်ရွက်မှုကြောင့် ကင်ဆာကျိတ်ကိုလည်းအောင်မြင်မြင်ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာလည်းဒေါက်တာSuresh ကIndah ကိုတာဝန်ယူကုသပေးမှု အပိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေဆဲပါ။ သူကIndah ကိုလမ်းပြန်လျှောက်လာနိုင်အောင်ကူညီပေးပါတယ်။ လူနာကို စိတ်ဓါတ်မကျအောင်အားပေးပြီးပြန်လည်နလန်ထူလာအောင်လုပ်ဆောင်ပေးပါတယ်။ အင်ဒိုနီးရှားကိုပြန်ရောက်ချိန်မှာတော့ဒေါက်တာSuresh ကWhatsApp ကနေတဆင့် ဘယ်လိုဂရုစိုက်နေထိုင်ရမလဲ ဆိုတာကိုပြောပြပေးပြီး မိသားစုဝင်တွေကိုလည်းIndah ကိုဂရုစိုက်ပေးရမယ့် နည်းလမ်းတွေကိုပြောပြပေးပါတယ်။ ခွဲစိတ်မှုခံယူပြီး တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ အပြည့်အဝပြန်လည်ကျန်းမာမှုကို ရရှိခံစားရပြီဖြစ်ပါတယ်။ အားလုံးရဲ့ ဂရုတစိုက် ကုသစောင့်ရှောက်မှုနဲ့အတူIndah တစ်ယောက်လမ်းပြန်လျှောက်နိုင်ခဲ့သလိုဝေဒနာဘေးကနေလည်း လွတ်မြောက်ခဲ့ပါပြီ။ ယနေ့ထိလည်းIndah ရဲ့ကျန်းမာရေးအခြေအနေကိုဒေါက်တာSuresh ကအပြည့်အဝကုသစောင့်ရှောက်မှုပေးနေဆဲပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/bone-cancer-cancer/%e1%80%9b%e1%80%bd%e1%80%ac%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%b1%e1%80%bb%e1%80%81%e1%80%a1%e1%80%b1%e1%80%94%e1%80%a1%e1%80%90%e1%80%bc/
အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး
အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး ရှိတယ်လို့များ ကြားဖူးကြလား!။“အသည်းကွဲတယ်ဆိုတာ…. အရူးလိုပဲလား ..”။နင်ဇီမေရဲ့ သီချင်းသံလေးနဲ့က အသည်းကွဲဖူးတဲ့လူတိုင်းရင်ထဲ ထိစေမှာတော့ အမှန်ပါပဲ ။မှန်ပါတယ် ။ လူတိုင်းကနှလုံးသားရေးရာ ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊  ချစ်ရတဲ့လူတွေကို ရုတ်တရက် ဆုံးရှုံးရတဲ့အချိန်မှာ ဖြစ်ဖြစ် နှလုံးစိတ်ကြေကွဲတတ်ကြပါတယ် ။ ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက တအားကြီးမားတဲ့အတွက် နာကျင်မှုသက်သာအောင်လုပ်ရမယ့် နည်းလမ်းကို မရှာတွေ့တတ်ကြပါဘူး ။ ဒါ့ကြောင့် “အသည်းကွဲရင် ပျောက်တဲ့ဆိုတဲ့ ဆေး”ဆိုတာ မရှိသေးပေမဲ့စိတ်ဆင်းရဲမှုဒဏ်ကို ဘယ်လိုမြန်မြန်သက်သာအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး တော့ မရှိပါဘူး။ ဒီနည်းလမ်းလေးတွေနဲ့တော့ သက်သာအောင် လုပ်လို့ ရပါတယ်။ပြတ်စဲခြင်းတွေက သင့်ရဲ့ စိတ်ကိုအထီးကျန်စေခြင်း၊ နောက်ထပ်ချစ်ဖို့ ကြောက်ရွံခြင်း ၊ စိတ်ဓာတ်ကျခြင်း  စတာတွေကို ခံစားရစေတဲ့ မီးပွားတစ်ချက်ပါပဲ ။  ဒါ့ကြောင့် ‌ဆံပင်ကောက်တာ ၊ shopping ထွက်တာ စတဲ့စိတ်ဖြေစရာတွေက အာရုံလွှဲတာသာဖြစ်ပြီး မူရင်းပြသနာကို လွတ်သွားတတ်ပါတယ် ။ ကြာလာလေလေ စိတ်ဓာတ်ကျလေလေ ၊ ကိုယ့်ကိုယ်ကိုလည်း image ကျစေတတ်တဲ့အတွက် ကိုယ်ဘာဖြစ်နေလဲဆိုတာ သိဖို့ အရေးကြီးပါတယ် ။ ဒီအတွက် ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို သိဖို့အတွက် အချိန်ယူပါ ။ချစ်သူဟောင်းရဲ့ Facebook account ထဲ မကြာခဏ ဝင်ကြည့်နေခြင်းက သင့်စိတ်ကို ကြေကွဲဒေါသဖြစ်စေရုံကလွဲပြီး ဘာမှထူးလာမှာ မဟုတ်ပါဘူး ။ အထူးသဖြင့် တစ်ဖက်လူက ပျော်နေရင် ကိုယ်ပါစိတ်ဓာတ်ကျခြင်းကို ခံစားရမှာ အသေအချာပါပဲ ။ အသည်းကွဲနေချိန်မှာ Facebook ၊ Instagramစတဲ့ social media တွေကို ခဏရပ်ထားပါ ။မြန်မာလို လူသိအများဆုံးကတော့ တရားထိုင်ခြင်းပါ ။ တနည်းအားဖြင့် ဘုရားကုကုခြင်းလို့ အမည်ပေးလို့ရပါတယ်။ အရာအားလုံးကို သူ့သဘာဝအတိုင်းပဲ ရှိစေပြီး  ဖြစ်ပျက် မှတ်နေခြင်းက သင့်ကိုယ်ရော စိတ်ကျန်းမာရေးအတွက် ထိရောက်တဲ့ကုသမှု တစ်ခုပါ ။တရားထိုင်ခြင်းအပြင် ယောဂကျင့်ခြင်း စတဲ့နည်းလမ်းတွေကလည်း အပူတွေကို သက်သာစေပြီး စိတ်ရဲ့ ငြိမ်းချမ်းမှုတွေ ရစေမှာ အသေအချာပါပဲ ။ပြတ်စဲသွားတဲ့နောက်မှာတော့ အတူတူရည်ရွယ်ထားတဲ့ ဘဝမှတ်တိုင်တွေ ပျက်စီးသွားတာ အသေအချာပါပဲ။ ဒီအတွက်ဝမ်းနည်းတာဖြစ်သင့်သလို ကိုယ်ကိုယ်တိုင် ဘယ်သူမှ အားမကိုးဘဲ ကြိုးစားရမယ့် လမ်းကြောင်းကိုလည်း အချိန်မနှောင်းခင် ပြန်လည်စီစဉ်ပါ ။ အထူးသဖြင့် ဘယ်နှစ်မှာတော့ ဘယ်အဆင့်ရောက်နေသင့်ပြီဆိုတဲ့ career development အတွက်ကို ပြန်လည် ဂရုစိုက်ပါ။ ဒါမှသာ အသည်းကွဲပြီးတဲ့နောက် ကိုယ့်ဘဝပါ မပျောက်ဆုံးအောင် ဖြစ်ပါတယ် ။အားလုံးပဲ ကျေးဇူးတင်ပါတယ်။ကွဲအက်သွားတဲ့ နှလုံးသားက ဒဏ်ရာတွေ အမြန် အနာကျက်နိုင်ပါစေ။ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/meds-that-relieve-heartbroken/
ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။
ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့က အတော်လေး အရေးပါပါတယ်။ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထက် နည်းနေရင်လည်း မကောင်းသလို ရှိသင့်တာထက် များနေတာ၊ အဝလွန်နေတာကလည်း မကောင်းပါဘူး။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာ၊ နည်းနေတာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  ၃ ချိုး တစ်ချိုးလောက်ကရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊အဝလွန်နေတာတွေကို ခံစားနေရပါတယ်။ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာကသွေးတွင်းကိုလက်စထရောကို ထိန်းရာရောက်သလိုသွေးပေါင်ချိန်၊သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာရောက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းတာက ကိုယ်အ​လေးချိန်ကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ နှလုံးရောဂါ၊ ဆီးချို၊ အဆစ်ရောင်နာ၊ ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်တာပါ။အစားအစားတွေကို အလွန်အကျွံ စားမယ်။ အဆီများတာတွေကို စားမယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင် ကိုယ်အလေးချိန်က ရှိသင့်တာထက် ပိုတာ၊ အဝလွန်တာတွေ ဖြစ်လာမှာပါ။ ဒီတော့သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် ကယ်လ်လိုရီ စားသုံးမှုကို လျှော့ဖို့လိုပါမယ်။အကြမ်းအားဖြင့်တော့ ကယ်လ်လိုရီ များများစားလေလေ ခန္ဓာကိုယ်က အဆီတက်လေလေပါ။ ဒါ့ပြင် ဟော်မုန်းပြဿနာတွေ၊ မျိုးဗီဇတွေကလည်း မိမိရဲ့ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။နေ့စဉ် မှန်ကန်တဲ့ စားသောက်မှုနဲ့ သင့်တင့်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းလို့ ရပါတယ်။ တစ်နေတာမှာ နေထိုင်မှုပုံစံ၊ လုပ်ငန်းခွင် အလေ့အထတွေက ကယ်လ်လိုရီ လောင်ကျွမ်းမှုအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။အထိုင်များသူတွေ၊ အထိုင်များတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေရသူတွေက ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ခက်ပါတယ်။ ဒါကြောင့် အလုပ်က အထိုင်များမယ်ဆိုရင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ လိုပါမယ်။အကြမ်းဖျင်း ခန့်မှန်းချက်အရ အသက် ၃၁ နှစ် ကနေ အသက် ၅၀ အရွယ်သူတွေဟာ အထိုင်များတဲ့ နေထိုင်မှုပုံစံရှိကြပါတယ်။ သူတို့အနေနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိဖို့ဆိုရင် နေ့စဉ် စားတဲ့ ကယ်လ်ကိုရီပမာဏကို လျှော့ချဖို့ ဒါမှမဟုတ် သုံးတဲ့ ကယ်လ်လိုရီကို မြှင့်ဖို့ လိုပါတယ်။ အကြမ်းအားဖြင့် တစ်ရက်ကို ကယ်လ်လိုရီ ၅၀၀ လောင်ကျွမ်းနိုင်ရင် တစ်ပတ်ကို ၁ပေါင်လောက်ကျပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းချင်တယ်။ အဝလွန်တာ အပါအဝင် ဝတာကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း မခံစားချင်ဘူးဆိုရင် ကယ်လ်လိုရီ စားသုံးမှု လျှော့တာနဲ့အတူ ကိုယ်လက်လှုပ်ရှားမှုတွေကို များများ လုပ်ပေးဖို့လည်း လိုပါမယ်။ သင့်တင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းချင်တယ်ဆိုရင်။ဒီအချက်တွေကို သေချာ လိုက်နာမယ်ဆိုရင် ကိုယ်အလေးချိန်ကို အထိရောက်ဆုံး ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ဝတာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ရှောင်လွှဲ နိုင်မှာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/weight-management/
အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက ယောက်ျားမိန်းမ မရွေး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ဒုက္ခအတော်ပေးတယ်ဆိုပြီး သိထားကြပြီးသားပါ။ ဒါပေမယ့် ခုဆောင်းပါးမှာ အမျိုးသားတွေ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုသာ ဖော်ပြသွားမှာပါ။ ဒါဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ၊ ဘာအန္တရာယ်တွေ ရှိလဲ၊ ဘယ်လို ကာကွယ်မလဲ၊ ကုသမှုတွေက ဘာတွေလဲ။ အောက်မှာဖော်ပြထားတဲ့ ဆောင်းပါးက အဲ့ဒီအကြောင်းအရာတွေရဲ့ အချက်အလက်များကို ပေးသွားမှာပါ။ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ သင့်ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုး ဝင်ရောက်ပြီးနောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ သင်ဆီးသွားတဲ့အခါ သင့်ဆီးလမ်းကြောင်းထဲကို ဝင်ထားတဲ့ ဘက်တီးရီးယား အများစုက ထုတ်ပစ်ခြင်းခံလိုက်ရပါတယ်။ ဒါပေမယ့် ကျန်ခဲ့တယ့် တချို့ဘက်တီးရီးယားတွေကြောင့် Urinary Tract Infection (UTI) ဖြစ်တာပါ။အကယ်၍ သင်က ပိုးသတ်ဆေးတွေကို မလိုအပ်ဘဲ ခဏခဏ သောက်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ခံနိုင်ရည်ပိုရှိလာတတ်ပါတယ်။ ရလဒ်အနေနဲ့ သူတို့ကို လုံးဝရှင်းလင်းဖို့ အတော်ခက်ခဲတဲ့အထိ အဆင့်မြင့်လာနိုင်ပါတယ်။ဆိုလိုတာက သင့် UTI က ပြန်လည် ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိရောက်တဲ့ကုသမှုမရှိရင် ဒီ infection က သင့်ကို အတော်လေးကို ထိခိုက်ဖျက်ဆီးနိုင်ပါတယ်။ ဘက်တီးရီးယားက သင့်ကျောက်ကပ်တွေအထိ ပြန့်နှံ့နိုင်ပြီး pyelonephritis ဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေမှာ ဘက်တီးရီးယားက သွေးထဲကို ရောက်ပြီး သင့်အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ဘယ်လောက်ပြင်းထန်လဲပေါ်မူတည်ပြီး လူနာတစ်ယောက်ချင်းဆီရဲ့ ကုသမှုတွေက မတူညီကြပါဘူး။ ဒါပေမယ့် UTI အတွက် အသုံးအများဆုံး ကုသနည်းကတော့ ပိုးသတ်ဆေး (antibiotics) အသုံးပြုတာပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ infection ကို တိုက်ဖျက်ဖို့ ရည်ရွယ်ပါတယ်။ပြင်းထန်မှုပမာဏကို လျှော့ချဖို့ သို့မဟုတ် ဆီးသွားတဲ့အခါ (သင်ခံစားရရင်) နာကျင်တာ၊ အဆင်မပြေဖြစ်တာကို သက်သာစေဖို့ အဆင့်အတော်များများကို လုပ်ဆောင်ရပါမယ်။– နေ့စဉ် ရေပမာဏ လုံလုံလောက်လောက် ဂရုတစိုက် သောက်သုံးပါ။( ရေကသာ သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးဆိုတာ သိထားပါ။ အရက်နဲ့ gas ပါတဲ့၊ အမြှုပ်ထွက်တဲ့ သောက်စရာ စတာတွေကို ရှောင်ကြဉ်ပါ။ )။–တခြားကုသမှုတွေက သက်မှတ်ထားတဲ့ ဆေးတွေကို သင်ဆီးသွားတဲ့အခါ ခံစားရတဲ့ အဆင်မပြေဖြစ်တာ၊ ဆီးပူတာ၊ နာကျဉ်တာတွေကို သက်သာစေဖို့ အသုံးပြုပါတယ်။ဒါ့အပြင် ဆေးဝါးပစ္စည်းတွေက သင့်ရဲ့မကြာခဏ ဆီးသွားလိုတဲ့စိတ်ကိုလဲ ကူညီ ပယ်ဖျက်ပေးပါလိမ့်မယ်။ တခြားတစ်ဖက်မှာကတော့ ဒီဆေးတွေသုံးစွဲခြင်းက သင့်ဆီးအရောင်ကို အနီရောင် သို့မဟုတ် လိမ္မော်ရောင် လိုမျိုး ပြောင်းလဲသွားနိုင်ပါတယ်။–ဆီးအရမ်းသွားလိုတဲ့အချိန် အတင်းအကြပ်ထိန်းထားတာက သင့်ဆီးအိမ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ်ဆိုတာ နားလည်ပါ။ ဒီလိုအပြုအမူတွေက ရေရှည်မှာ ပြင်းထန်ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားချင်တယ်လို့ ခံစားရတာနဲ့ သွားပါ။Urinary Tract Infection က အမျိုးသားတွေရဲ့ဘဝကို အဆိုးရွားဆုံးတွေ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် UTI ကနေ ဘေးကင်းချင်တယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေ၊ ကာကွယ်မှုတွေကို အမှတ်ရပါ။ ဒါ့အပြင် သင့်မှာ UTI ရှိတယ်လို့ သံသယရှိပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူ ဆီ သွားပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်၊ ရောဂါရှာဖွေအမည်တပ်ဖို့၊ ကုသမှု တွေအတွက် တုံ့ဆိုင်းမနေပဲ သွားရောက်ပြသသင့်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%a1%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%ac%e1%80%b8-%e1%80%86%e1%80%ae%e1%80%b8%e1%80%9c%e1%80%99%e1%80%bb%e1%80%b8%e1%80%b1%e1%80%bd/
ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ သင့်ရဲ့ ဝါသနာပါရာ အလေ့အထလေးများ
လူတိုင်းလိုလိုမှာ သူတို့ဝါသနာပါရာတွေတော့ ရှိစမြဲပါ။ ဝါသနာဆိုတာက လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေတဲ့အရာပါ။ ဒီဝါသနာလေးတွေက အပျင်းပြေစေရုံ စိတ်လက်ပေါ့ပါး စေရုံတင် မဟုတ်ပါဘူး။အားလပ်ချိန်မှာ ပြုလုပ်လေ့ရှိတဲ့ ဝါသနာပါရာ အလေ့အထတွေက စိတ်ပျော်ရွှင်စေရုံတင် မဟုတ်ဘဲကျန်းမာရေးကိုပါ အထောက်အကူပြုပေးနေပါတယ်။ ဝါသနာပါရာအလေ့အထလေးတွေက ဘယ်လိုမျိုးများ ကျန်းမာရေးကို အထောက်အကူပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား………..။ဝါသနာပါရာ အလေ့အထတစ်ခုချင်းစီက ကျန်းမာရေးကို တစ်မျိုးချင်းစီ အထောက်အပံ့ပေးပါတယ်။ကတာက သင့်ဝါသနာဆိုရင်။ကတာကလည်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့ အကောင်းဆုံးသော လှုပ်ရှားမှုပါ။ ကတာက အားကစားကစားပစ္စည်းတွေ မလိုအပ်သလို စိတ်လွတ်ကိုယ်လွတ် ကနိုင်ပါတယ်။ ကတာကလည်း ခေါင်းအစ ခြေအဆုံးကို လှုပ်ရှားရတာပါ။စိတ်ပျော်ရွှင်စေသလိုတစ်ကိုယ်လုံးကို လှုပ်ရှားဖြစ်စေပါတယ်။ ကတာက ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှားရတာ ဖြစ်တာကြောင့်နာကျင်မှုကင်းကင်းနဲ့ အကြောတွေကိုပြေလျော့စေမှာပါကတာကလေ့ကျင့်ခန်းလုပ်သလို လုပ်တဲ့ နည်းစနစ်မှားနေတာမျိုး ဖြစ်နေမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။ကတာက။• ခန္ဓာကိုယ်ကို အင်အားပြည့်စေတယ်။•နှလုံးကျန်းမာရေးစေနိုင်တယ်။• သက်လုံကောင်းစေနိုင်တယ်။•အရိုးတွေသန်မာစေနိုငတယ်။•ကြွက်သားတွေကို ဖွံ့ဖြိုးစေနိုင်တယ်။• ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်စေတယ်။• ဦးနှောက်ကျန်းမာစေနိုင်တယ်။•Dementiaခံစားရနိုင်ခြေ နည်းစေတယ်။ ဒီလိုအကျိုးကျေးဇူးတွေရဖို့ တစ်ပတ်ကို ၃ ကြိမ်လောက် ကပေးရုံပါ။သစ်ပင်ပန်းမန်စိုက်တာကို လေ့ကျင့်ခန်းတစ်ခုလို့ သင့်အနေနဲ့ မှတ်ယူချင်မှာ မှတ်ယူပါလိမ့်မယ်။ ဒါပေမယ့် သစ်ပင်တွေစိုက်ပျိုးတာက ကျန်းမာရေးအကျိုးကျေးဇူးတော်တော်များများပေးနိုင်ပါတယ်။အပင်စိုက်တဲ့အခါ မြေတူးဆွမယ်။ ပေါင်းပင်မြက်ပင်တွေနုတ်မယ် ဒါတွေက အဖြစ်မနေလုပ်ရမှာဖြစ်သလို ဒါတွေကလည်းကိုယ်လက်လှုပ်ရှားမှုတွေပါပဲ။ ကြွက်သားတွေကို သန်မာစေပြီး အကြောတွေကိုပြေလျော့စေမယ့် နည်းလမ်းကောင်း တစ်ခုပေါ့။နောက်တစ်ချက်ကသဘာဝပတ်ဝန်းကျင်ကို ထိတွေ့ခံစားရမှုကြောင့် စိတ်လက်လန်းဆန်းမှုကို ခံစားရနိုင်တာပါ။သစ်ပင်စိုက်တာက။• ကိုယ်လက်လှုပ်ရှားမှုဖြစ်တယ်။• ကြွက်သားတွေ သန်မာစေတယ်။• အရိုးတွေသန်မာစေတယ်။• ဦးနှောက်ကျန်းမာစေတယ်။•သက်လုံကောင်းစေတယ်။• အကြောတွေပြေလျော့စေတယ်။• နေရောင်ထဲမှာ သစ်ပင်တွေကို စိုက်ပျိုးတာကြောင့် ဗီတာမင် D ရရှိစေနိုင်တယ်။• Dementia ခံစားရနိုင်ခြေ နည်းစေတယ်။စားပွဲမှာ ထိုင်ပြီး လက်ရေးနဲ့ပဲရေးရေး၊ လက်ပ်တော့နဲ့ပဲဖြစ်ဖြစ် စာရေးရတာက သင့်ဝါသနာလား….. ဒါဆိုအထိုင်များလို့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလး အထိုင်များတယ်လို့ ပြောစရာအကြောင်းရှိပေမယ့် တကယ်ကတော့ ဒီလိုစာရေးတာက။• စိတ်ရော ကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။• စာရေးတဲ့ အလေ့အထလေးက။•အနာကျက်စေနိုင်တယ်။• စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တယ်။•မှတ်မိနိုင်စွမ်း ကောင်းစေတယ်။• စိတ်ဖိစီးမှု ပြေလျော့စေနိုင်တယ်။•အိပ်ရေးဝဝအိပ်ပျော်စေနိုင်တယ်။ တစ်နေ့ကို မိနစ် ၂၀ လောက် စာရေးပေးရုံနဲ့ အခုလို အကျိုးကျေးဇူးတွေ ရရှိစေမှာပါ။အလုပ်ပင်ပန်းလို့ဖြစ်ဖြစ် အပန်းဖြေတဲ့နည်းနဲ့ဖြစ်ဖြစ် သင့်ဝါသနာကသီချင်းနားထောင်တာ ဆိုရင်တော့ သင်က စိတ်ရော ကိုယ်ပါကျန်းမာမှုကို ပိုင်ဆိုင်နိုင်မယ့်သူပါ။ သီချင်းနားထောင်တာက စိတ်လက်ပေါ့ပါး လန်းဆန်းမှုကိုရပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။• သီချင်းနားထောင်တာက။•ကိုယ်ခံအားကောင်းစေနိုင်တယ်။• စိတ်ဖိစီးမှု ပြေလျော့စေတယ်။• စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်တယ်။•အနာကျက်မြန်စေတယ်။• ပြန်လည် နလန်ထူချိန်ကိုမြန်ဆန်စေတယ်။• ညဘက် အိပ်ပျော်စေတယ်။• စဉ်းစားဉာဏ်ရင့်သန်စေတယ်။အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ရတာက သင့်ဝါသနာဆိုရင်။တစ်နေကုန်ပင်ပန်းကြီးစွာ အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့အခါ ဆီးကြိုတတ်တဲ့ ချစ်စရာတိလေးတွေနဲ့ အတူနေရတာကိုပျော်တယ်။ သူတို့လေးတွေနဲ့ဆော့ရတာက သင့်ဝါသနာဆိုရင် သင်က ကျန်းမာရေး အကျိုးကျေးဇူး အများ အပြားရရှိနေတယ်ဆိုတာပါ။သူတို့လေးတွေနဲ့ ပြေးလွှားဆော့တာက သင့်ဝါသနာဆိုရင်တော့။ကဲ…စာဖတ်ပရိသတ်ကြီးရဲ့ဝါသနာကရော ဘာများလဲ…… ကိုယ်ဝါသနာပါရာတွေကို လုပ်ဆောင်ရင်း ကျန်းမာရေးကို စောင့်ရှောက်လိုက်ကြစို့လား………….။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/hobbies-that-can-improve-your-health/
ဘယ်အချိန်မှာ အသည်းကိုသန့်စင်ရမလဲ
အသည်းသည် ခန္ဒါကိုယ်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သာ်လည်း လူအတော်များများသည် အသည်းနှင့်ပက်သက်သည့်ရောဂါလက္ခဏာများကို အသည်းကြောင့်ဖြစ်ကြောင်း သတိမပြုမိကြပါ။အောက်ပါ သတိပေးချက် ၅ချက် သည် သင့်အသည်းနှင့်ပက်သက်ပြီး လျစ်လျူမရှုသင့်သော အချက်များဖြစ်သည်။သင့်အသည်းသည် ကပ်ပါးပိုးကောင်များ၊ ဘက်တီးရီးယားများ၊ ဆေးများ၊ ဓါတုဗေဒပစ္စည်းများပါဝင်သော အစားသောက်များစသည် ခန္ဒါကိုယ်ကို အန္တရာယ်ရှိစေမည့်အဆိပ်အတောက်များကိုသန့်စင်ပေးသောနေရာဖြစ်သည်။၎င်းသည် သကြားဓါတ်၊ ခန္ဒါကိုယ်အတွက်လိုအပ်သောဗီတာမင်နှင့် သတ္တုဓါတ်များကိုသိုလှောင်ရာနေရာလည်းဖြစ်သည်။ ထို့ကြောင့် သင့်အသည်းသည် သန့်စင်မှုပြုလုပ်ပေးနေမှသာလျှင် သူ့လုပ်ငန်းများကိုကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။သင့်အသည်းတွင် ပြသနာတစုံတရာရှိပါကအောက်ပါ လက္ခဏာများခံစားရနိုင်ကြောင်းအရင်သိရှိထားရမည်။အသည်းသည် အဆီကိုချေဖျက်နိင်ရန် အစာချေရည်တမျိုး (သည်းခြေရည်) ကိုထုတ်ပေးသည်။ အဆီကိုချေဖျက်နိုင်မှ အရိုးများအတွက်လိုအပ်သောဗီတာမင်ဒီကဲ့သို့သောဓါတ်မျိုးကိုရရှိနိုင်မည်ဖြစ်သည်။သင့်အသည်းသည် ဆီများကိုကောင်းစွာမချေနိုင်တော့သည့်အခါ အသားတွင်အဆီဖုများထွက်လာခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်းနှင့် အဝလွန်ခြင်းတို့ဖြစ်လာနိုင်ပါသည်။၎င်းလက္ခဏာကို NASH ဟုခေါ်သောအရက်ကြောင့်မဟုတ်သောအသည်းရောင်ခြင်းဖြစ်သောလူနာများတွင်တွေ့ရသည်။ အသည်းသည် သင့်ဝမ်းဗိုက်ထဲတွင် အတိုင်းအတာတခုအထိနေရာယူထားသဖြင့် အသည်းကြီးလာလျှင် သင်သည် ပြည့်အင့်ခြင်း၊ ဗိုက်ကယ်ခြင်းတို့ကိုခံစားလာရပါသည်။လေ့ကျင့်ခန်းလုပ်နေရင်းအစားအသောက်ထိန်းနေရင်းကပင် ကိုယ်အလေးချိန်အလွံအကျွံတက်လာလျှင် အသည်းပြဿနာကြောင့်ဖြစ်တတ်သည်။ အသည်းမကောင်းတော့သောအခါ အင်ဆူလင်ဟော်မုန်းထုတ်ခြင်း၊ အဆီများကိုချေဖျက်ခြင်းနှင့် သကြားဓါတ်ထိန်းညှိခြင်းတို့ ကောင်းမွန်စွာမလုပ်ဆောင်နိုင်တော့သောကြောင့် ဝလာရခြင်းဖြစ်သည်။ ကိုယ်အလေးချိန်မထိန်းနိုင်လျှင် သင့်အရိုးများ၏သိပ်သည်းဆလျော့နည်းကာအရိုးကျိုးလွယ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။အသည်းရောင်လာပြီးအလုပ်ကောင်းစွာမလုပ်နိုင်တော့သောအခါ ထိုသို့ဖြစ်တတ်သည်။ အသည်းကြောင့်ဗိုက်ရွှဲခြင်းသည် ရိုးရိုးဝ၍ဗိုက်ပူခြင်းများနှင့် ပုံစံမတူဘဲဗိုက်အပေါ်ပိုင်းတွင် အဆီများစုဝေးလာခြင်းဖြစ်သည်။၎င်းသည် အသည်းမှ ဟော်မုန်းထုတ်လွှတ်မှုမညီမျှခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ အသည်းသည် ခန္ဓါကိုယ်၏အပူချိန်ကိုထိန်းညှိပေးသောဦးနှောက်ရှိနေရာ (Hypothalamus) နှင့် ဆက်စပ်နေပြီး Hypothalamus သည် အရိုးများကိုထိခိုက်စေသော Cortisol ဓါတ်ကိုထုတ်ပေးခြင်းဖြင့် ဟော်မုန်းများကိုထိန်းချုပ်ပေးသည်။အချုပ်ဆိုရသော် ဈေးကွက်ထဲတွင် သင့်ကိုကိုယ်အလေးချိန်ကျစေပြီးကျန်းမာစေမည်ဟုအာမခံကာမက်လုံးပေးရောင်းချနေသောဆေးများစွာရှိပါသည်။ သို့သော် အချို့သောဆေးများသည် သင့်ကို အန္တရာယ်ရှိစေနိင်သောကြောင့် သင့်ကိုယ်အလေးချိန်ကျဆင်းစေရန် သေချာစွာစိစစ်ပြီးမှရွေးချယ်ပါ။ အသည်းကိုအဆိပ်အတောက်သန့်စင်ပေးနိုင်သောအစားအစာများကိုရွေးချယ်စားသုံးခြင်းဖြင့် ကျန်းမာသက်ရှည်စွာနေထိုင်နိုင်ရန် အကြံပြုလိုက်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%98%e1%80%9a%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%94/
ဝက်ခြံလေးတွေ ဝေးဝေးပြေးစေဖို့ဆို ဒါလေးတွေ သိထားမှဖြစ်မယ်နော်
ဝက်ခြံကထွက်နေပြန်ပြီ၊ စိတ်ညစ်လိုက်တာ။ ဘာဝယ်သုံးသုံးအဆင်မပြေဘူး၊ မျက်နှာပေါ်က ဝက်ခြံဧည့်သည်က လုံးဝမပြန်ဘူးဖြစ်နေတယ်။ အခန့်မသင့်ရင် အမာရွတ်ကဖြစ်ကျန်မှာဆိုတော့ ဝက်ခြံသက်သာအောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ အရာရာဟန်ချက်ညီအောင်ထိန်းဖို့ဆိုတဲ့အချက်ပဲ ရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းထဲမှာဟော်မုန်းအပြောင်းအလဲဖြစ်လို့၊ အိပ်စက်ပုံမူမမှန်လို့၊ အစားအသောက်မဆင်ခြင်လို့၊ သန့်ရှင်းမှုကိုဂရုမစိုက်လို့၊ချွေးပေါက်ပိတ်လို့၊ချွေးပေါက်ကျယ်လို့ စတာတွေပါဝင်ပါတယ်။ ဒါတွေကိုထိန်းညှိနိုင်ရင် ဝက်ခြံဆိုတာ ဘယ်ရှာရမှန်းသိမှာတောင် မဟုတ်တော့ပါဘူး။ဝက်ခြံပျောက်ချင်ရင် အရင်ဆုံး မမေ့သင့်တဲ့အချက်က –။ဝက်ခြံဖြစ်လာရင် ညှစ်မယ်ဆိုတာချည်းပဲနော်။ ညှစ်လိုက်လို့ အဆံထွက်သွားရင် ဝက်ခြံပျောက်မယ်လို့ ဘယ်သူပြောလဲမသိ။ အခန့်မသင့်ရင် ပိုးဝင်မယ်၊ ဝက်ခြံပိုရင်းပြီးပျောက်ဖို့ကြာမယ်၊ပျောက်ရင်လည်း အမာရွတ်တွေ၊ ချိုင့်ခွက်တွေဖြစ်ကျန်မယ်ဆိုတာလေး မသိကြဘဲကိုး။ ဝက်ခြံအမာရွတ်ဖြစ်ပြီဆိုရင် သေချာဂရုစိုက်ရင်တောင် လုံးဝပျောက်ကင်းဖို့ လနဲ့ချီပြီးစောင့်ရတတ်ပါတယ်။အရေပြားက မွှေးညှင်းပေါက်လေးတွေမှာ ဆဲလ်သေတွေနဲ့ အဆီတွေပိတ်ဆို့မှုကြောင့်ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပိတ်ဆို့နေတဲ့ချွေးပေါက်ထဲကို ဘက်တီးရီးယားတွေဝင်ရောက်သွားတဲ့အခါ နီမြန်းရောင်ရမ်းနေတဲ့ ဝက်ခြံတွေထွက်လာပါတော့တယ်။ ချွေးပေါက်တွေပိတ်ဆို့မှုကို သက်သာစေဖို့ဆိုရင် မျက်နှာအရေပြားပေါ်ကမွှေးညှင်းပေါက်တစ်ခုချင်းစီကို သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။ဝက်ခြံဖြစ်တတ်လို့ သန့်အောင်ဆိုပြီး ခဏခဏမျက်နှာသစ်ရင်လည်းပိုဆိုးစေနိုင်တယ်နော်။ တစ်နေ့ကို နှစ်ကြိမ်ပဲ မျက်နှာသစ်တာ အကောင်းဆုံးပါ။ ဝက်ခြံဖြစ်တတ်တဲ့သူတွေအတွက် သီးသန့်ထုတ်တဲ့ မျက်နှာသစ်ဆေးတွေကိုပဲသုံးဖို့ သင့်တော်ပါလိမ့်မယ်။ မဟုတ်ရင် ကိုယ်နဲ့မသင့်တော်တဲ့ မျက်နှာသစ်ဆေးရဲ့ပါဝင်ပစ္စည်းတွေကြောင့် အခြေအနေပိုဆိုးစေနိုင်တယ်နော်။ဝက်ခြံဖြစ်တတ်တဲ့သူတွေဟာ သိပ်မပြင်းတဲ့ facial scrubတွေသုံးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးသင့်ပါတယ်။ Scrubတွေက အရေပြားအပေါ်ယံအလွှာက ဆဲလ်သေတွေကိုဖယ်ရှားပေးတာမို့ချွေးပေါက်တွေကိုပွင့်စေပါတယ်။ တစ်ပတ်တစ်ကြိမ်တော့scrub သုံးပါ။မျက်နှာကို သန့်စင်စေမယ့်နည်းတွေတော့လုပ်ပြီး toner မသုံးဘူးဆိုရင်ချွေးပေါက်တွေကျယ်စေနိုင်ပါတယ်။ချွေူးပေါက်ကျယ်ရင် ဆားဝက်ခြံတွေပိုဆိုးစေပြီး ဝက်ခြံကြီးတွေလည်းဖြစ်လာနိုင်ခြေပိုများစေပါတယ်။ချွေးပေါက်ပြန်ကျဉ်းပြီး အသားအရေနူးညံ့စေဖို့ မျက်နှာသန့်စင်ပြီးတိုင်း toner သုံးပါ။ဒါတွေလုပ်ပြီးရင် အသားအရေကို အစိုဓါတ်ပြန်ထိန်းပေးဖို့ moisturizer တစ်ခုခုသုံးသင့်ပါတယ်။ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် အသားအရေနဲ့ လိုက်ဖက်မယ့်Moisturizer သုံးဖို့လိုပါမယ်။ဝက်ခြံသက်သာစေနိုင်တဲ့ ခရင်မ်တွေကို လုံလောက်တဲ့ ပမာဏအတိုင်း မကြာခဏလိမ်းပေးတာက ဝက်ခြံတွေကို အချိန်တိုအတွင်းပျောက်ကင်းစေနိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့ပြပြီး ကုသမှုခံယူနေတာဆိုရင်တော့ သုံးရမယ့် ခရင်မ်တွေ၊ ဆေးတွေကို ဆရာဝန်ကညွှန်းပေးမှာပါ။လူတစ်ယောက်နဲ့တစ်ယောက် အရေပြားအမျိုးအစားချင်းမတူကြပါဘူး။ ဝက်ခြံသက်သာစေဖို့ အရေပြားသုံးပစ္စည်းတွေသုံးတဲ့အခါမျိုးမှာလည်း ကိုယ့်အသားအရေ အမျိုးအစားနဲ့လိုက်ဖက်တာကိုရွေးချယ် အသုံးပြုဖို့လိုအပ်ပါတယ်။ အဆီဓါတ်မပါဝင်တဲ့ အစိုဓါတ်ထိန်းခရင်မ် နဲ့ ဂျယ်လ်အမျိုးအစား အစိုဓါတ်ထိန်းခရင်မ်တွေကိုရွေးချယ်ဝယ်ယူပါ။နေလောင်ကာခရင်မ်ဝယ်ယူတဲ့အခါမှာလည်း ဂျယ်လ်ကို အခြေခံပြီးထုတ်ထားတာမျိုးကို အဓိကထားဝယ်ယူပေးပါ။အချိုဓါတ်များတဲ့ အစားအသောက်တွေကသွေးတွင်း သကြားဓါတ်ကိုတိုးစေနိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုကို လည်းတိုးလာစေပါတယ်။သွေးတွင်း အင်ဆူလင်ပမာဏ တိုးလာတဲ့အခါမွှေးညှင်းပေါက်လေးတွေကို ပိတ်ဆို့စေပြီး အဆီတွေပိုထွက်လာစေပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အသီးအရွက်တွေ၊ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ ထည့်သွင်းစားသုံးပေးပါ။ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ကန့်သတ်လိုက်ပါ။မျက်နှာအသားအရေနဲ့ နေ့တိုင်း ထိတွေ့ရနိုင်တဲ့အရာတွေကတော့ ခေါင်းအုံး၊ စောင်နဲ့ မျက်နှာသုတ်ပဝါတွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒါတွေ မသန့်ရှင်းရင် အရေပြားယားယံတာမျိုးနဲ့ ဓါတ်မတည့်တာမျိုးကို ဖြစ်စေတတ်ပါတယ်။ စောင်နဲ့ ခေါင်းအုံးစွပ်တွေကို မကြာခဏလဲပေးပါ။ သူတို့ကို လျှော်တဲ့အခါမှာလည်း အမွှေးနံ့မပြင်းတဲ့ ဆပ်ပြာကိုသုံးပါ ၊ ပြင်းထန်တဲ့ အစွန်းချွတ်ဆေးနဲ့ ချီးချွတ်ဆေးတွေမသုံးမိဖို့ ဂရုစိုက်ပါ။ညဘက် အိပ်ရေးပျက်တာတွေများလာရင်ဝက်ခြံပြဿနာပိုဖြစ်စေတတ်ပါတယ်။ အရင်တည်းက ကိုယ်က ဝက်ခြံပြဿနာရှိတဲ့သူဆိုရင် ပိုဆိုးလာပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ရေးပျက်ရင် မျက်နှာပေါ်က အဆီဂလင်းတွေပို အလုပ်လုပ်ရပြီးအဆီပြန်တာများတတ်လို့ပါ။စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေက ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့ကော်တီဆောနဲ့ အက်ဒရီနယ်လင်ဟော်မုန်းတွေကို တိုးစေနိုင်ပါတယ်။ ဒီဟော်မုန်းတွေက အဆီဂလင်းတွေကို အဆီထုတ်လုပ်မှုတိုးစေပြီးချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ်။အသားအရေကို နည်းလမ်းမှန်မှန်၊ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးရင် မိတ်ကပ်လိမ်းနည်းသင်တန်းတွေတက်စရာမလို၊ လိမ်းပြင်စရာမလိုဘဲ ကြည်လင်လှပတဲ့မျက်နှာလေးကို ဝက်ခြံကင်းကင်းနဲ့ အလိုလိုပိုင်ဆိုင်ရပါလိမ့်မယ်။ မယုံမရှိနဲ့၊ ဒီအချက်တွေသာ လိုက်နာလိုက်ပါတော့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%9d%e1%80%b1%e1%80%b8%e1%80%9d%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%b1%e1%80%b8/
ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေ ဘယ်လို skin care မျိုးရွေးချယ်သင့်သလဲ ။ ။
ဝက်ခြံဆိုတာကြီးကြီးသေးသေး စိတ်ညစ်စရာကောင်းပြီး ပင်ကိုယ်အလှတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဝက်ခြံပေါက်တတ်တဲ့ပြဿနာက သူတစ်ခုတည်းတင်မကဘူး။ အများအားဖြင့် ဝက်ခြံရှိတဲ့သူတွေမှာ ချွေးပေါက်ကျယ်တဲ့ပြဿနာလည်း တစ်ခါတည်းပါနေတတ်တယ်။ ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံပေါင်းလိုက်ရင် နဂိုလှပတဲ့မျက်နှာလေးတောင် ကြည့်ရဆိုးသွားတတ်တယ်။ဘယ်လောက်ပဲမိတ်ကပ်တွေမှုန်နေအောင် လိမ်းထားပါစေ ချွေးပေါက်ကျယ်ပြီးအဆီတွေပြန်နေတယ်၊ ဝက်ခြံပေါက်နေတယ် ဆိုရင် သိပ်ပြီးကြည့်မကောင်းပါဘူး။ ဒီတော့ မိတ်ကပ်ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကတော့ အသေအချာပါ။ ဒါ့ကြောင့် အသားအရေကို ထိန်းသိမ်းပေးတဲ့ skin care products တွေ ပေါ်ထွက်လာရတာဖြစ်ပါတယ်။အိမ်တစ်အိမ်အတွက် အရေးအကြီးဆုံးက အုတ်မြစ်ပါ။ အုတ်မြစ်သေချာခိုင်မှ အပေါ်ဆက်တက်လို့ရသလိုပဲ လှပပြီး ပြည့်စုံတဲ့မျက်နှာတစ်ခုပိုင်ဆိုင်ဖို့ အရေးအကြီးဆုံးက မျက်နှာအသားအရေပါ။ ဒီတော့မျက်နှာအသားအရေကို ထိန်းသိမ်းဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ မှန်ကန်ရမှာပေါ့။မျက်နှာ အသားအရေကို ထိန်းသိမ်းတဲ့အဆင့်မှာမျက်နှာသစ်တာကနေ မိတ်ကပ်မလိမ်းခင်အဆင့်ထိ အဆင့်တွေ အများကြီးရှိတာဆိုတော့ အဆင့်အလိုက်ကြည့်လိုက်ရအောင်။( ၁ )မိတ်ကပ်နဲ့ တခြားအညစ်အကြေးတွေကို သန့်စင်ပါ။– တစ်နေ့လုံးလိမ်းထားတဲ့ မိတ်ကပ်တွေ၊ ကပ်နေတဲ့ ဖုန်တွေနဲ့ မျက်နှာပေါ်က အဆီပိုတွေကို အသန့်ရှင်းပေးနိုင်ဆုံးကတော့ မိတ်ကပ်ဖျက်မျက်နှာသန့်စင်ဆေးရည်တွေပဲ ဖြစ်ပါတယ်။ မျက်နှာသစ်သန့်စင်ဆေးရည်တွေထဲမှာ အရေပြား အနက်ရှိုင်းဆုံးအတွင်းပိုင်းထိသန့်စင်ပေးပြီး ပိုလျှံနေတဲ့အဆီတွေကိုဖယ်ရှားပေးတဲ့Micellar waterအမျိုးအစားကို ပိုရွေးချယ်သင့်ပါတယ်။( ၂ )မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။-ဝက်ခြံတွေရဲ့ အရင်းမြစ်က ချွေးပေါက်ကျယ်ပြီး အဆီပြန်တာဆိုတော့ ဒီပြဿနာကို ဖြေရှင်းပေးမယ့် မျက်နှာသစ်ဆေးအမျိုးအစားကို သုံးကိုသုံးပေးရမှာဖြစ်ပါတယ်။( ၃ )ချွေးပေါက်ကျဉ်းစေတဲ့Pore Refiner သုံးပါ။– Pore Refiner သုံးတဲ့အခါမှာ အဆီပါဝင်မှုနည်းတာကိုရွေးချယ်ပေးပါ။ ဒါမှ အဆီပြန်တာနဲ့ အဆီပြန်တာကြောင့်ဖြစ်တဲ့ ဝက်ခြံတွေဖြစ်တာကို တားဆီးနိုင်မှာပါ။( ၄ )အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။– အစိုဓာတ်ထိန်း moisturizer တွေက ရေဓာတ်နဲ့ အဆီဓာတ် မျှတအောင် ထိန်းပေးလို့ အဆီပြန်တာကို သက်သာစေတဲ့အပြင် အသားခြောက်ပြီး ဆဲလ်သေတွေ ပုံထပ်လာခြင်းကို သက်သာစေတာကြောင့် ဝက်ခြံပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်မှာပါ။(၅)နေလောင်ကာခရင်မ်လူးပါ။– အဆီပြန်တဲ့အသားအရေမှာနေလောင်တာကြောင့် ထပ်ပြီးရောဂါမတိုးစေဖို့ဆိုရင် နေလောင်ကာခရင်မ်ကိုလူးပေးရမှာပါ။ ဒါမှ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးတာကို ကာကွယ်ရာရောက်မှာပါ။ဝက်ခြံအတွက် အဆီပြန်တဲ့သူတွေအတွက် ထုတ်ထားတဲ့ skin care products တွေက အများကြီးဆိုတော့ ကောင်းမယ်ထင်တာ ဝယ်သုံးကြည့်လိုက်တယ်။ မပျောက်တဲ့အပြင် ကိုယ်နဲ့ မတည့်လို့ဆိုပြီး မျက်နှာပေါ်က ဝက်ခြံတွေ ပိုဆိုးသွားတဲ့သူတွေကလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ့်အသားအရေနဲ့ တည့်မယ့် skin care products အမျိုးအစားကို ရွေးချယ်ဖို့ ဒီအချက်တွေသိထားဖို့ လိုတယ်နော်။Alcohol အများကြီးပါတဲ့ အမျိုးအစားတွေကို ရှောင်ရပါမယ်– alcohol များလေလေအသားခြောက်လေလေဖြစ်ပြီး ခြောက်သွားတဲ့ ဆဲလ်အသေတွေ ပုံထပ်လာနိုင်တာကြောင့် ဝက်ခြံပိုပေါက်စေတတ်ပါတယ်။Non comedogenic ဆိုတဲ့ စာတန်းလေးကိုလိုက်ရှာပါ– Non comedogenic ဆိုတာက ချွေးပေါက်တွေကို ပိတ်ဆို့စေတာမျိုးမရှိစေဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီစာတန်းပါတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေကချွေးပေါက်လေးတွေကို အသက်ရှူချောင်စေပြီး ဝက်ခြံတွေကို သက်သာစေမှာ အသေအချာပါ။Glycerin and hyaluronic acid ပါတဲ့ အမျိုးအစားတွေကို အဓိက ရွေးချယ်ပါ။– glycerin and hyaluronic acid တို့ဟာ ချွေးပေါက်ပိတ်တာမျိုးတွေမဖြစ်စေလို့ အဆီဖုတွေ ကင်းရှင်းစေမယ့်အပြင် အသားအရေရဲ့အစိုဓာတ်ကိုပါ ထိန်းပေးဦးမှာပါ။အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်ရပြီးသား၊ FDA အသိအမှတ်ပြူရပြီးသား skin care products တွေဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။နောက်အရေးကြီးတာတစ်ခုကတော့ dermatologically tested ဆိုတာပါ။ ဆိုလိုတာက အရေပြားတွေမှာ သေချာစမ်းသပ်ပြီး ဘာဆိုးကျိုးမှ မဖြစ်စေဘူးဆိုတာကို အာမခံထားတာပေါ့။ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တဲ့အသားအရေတစ်ခုကို အဆင့်ဆင့် ဘယ်လိုထိန်းသိမ်းရတယ်၊ skin care products တွေကို ဘယ်လိုရွေးဝယ်ရမယ်ဆိုတာ သိပြီးတော့ နောက်ထပ် ခေါင်းစားရတာတစ်ခုက အဲဒါတွေအကုန်လုံးကို ဘယ်မှာသွားရှာရမလဲ။BIODERMAရဲ့ Sebium အမျိုးအစားပစ္စည်းတွေကို သုံးကြည့်ဖို့ အကြံပေးပါရစေ။ ချွေးပေါက်ကျယ်ပြီး အဆီပြန်ကာ ဝက်ခြံပေါက်နေတဲ့ အသားအရေအတွက် အဓိကထုတ်ထားတာဖြစ်ပြီး ထိန်းသိမ်းတဲ့အဆင့်အလိုက် အမျိုးအစားတွေ ခွဲပြီး ထုတ်ထားတာဖြစ်လို့ တစ်နေရာတည်းမှာ အစုံရနိုင်မှာလည်းဖြစ်ပါတယ်။ FDA အသိအမှတ်ပြုလည်းဖြစ်၊ ဓာတ်မတည့်တာမျိုးကို မဖြစ်စေဘူးဆိုတဲ့ အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်လည်း တညီတညွတ်တည်းရထားတာကြောင့် သင့်ရဲ့မျက်နှာပေါ်က ဝက်ခြံ နဲ့ အဆီပိုတွေကိုBIODERMAနဲ့ အပြီးတိုင်နှုတ်ဆက်လိုက်နိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/pore/
မိမိဖာသာ ကိုယ်ဝန်ဖျက်ချခြင်း၏ အန ္တရာယ်
ဟိုအရင်တည်းက ကမ္ဘာပေါ်က အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ခြခြင်းဟာ တရားဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ရဲ့ ကျန်းမာရေးကို အထိခိုက်ခံပြီး ကိုယ်တိုင် ဖျက်ချခြင်း(သို့) အန္တရာယ်ရှိတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ပြီး မလိုချင်တဲ့ ကိုယ်ဝန်တွေကို အသုံးသတ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။အခုခေတ်မှာတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ ဆေးပညာ ရှုထောင့်အရ အများဆုံးလုပ်ဆောင်ပေးနေရတဲ့ လုပ်ဆောင်မှု ဖြစ်ပြီး ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးခြင်းဟာ အလွန်တရာ နည်းပါးပါတယ် (ဆယ်သိန်းမှာ ခြောက်ယောက်) လို့ WHO က ပြောပါတယ်။WHO က မသန့်ရှင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုတာဟာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မရှိတဲ့ သူတစ်ယောက်က လုပ်ဆောင်ခြင်း (သို့) ဆေးပညာအရ အနည်းဆုံးလိုအပ်တဲ့ စံနှုန်းမရှိတဲ့ ပတ်ဝန်းကျင်မှာ ဖျက်ချခြင်း (သို့) နှစ်မျိုးလုံးကို ဆိုလိုပါတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။မသန့်ရှင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုတာဟာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မရှိတဲ့ သူတစ်ယောက်က လုပ်ဆောင်ခြင်း (သို့) ဆေးပညာအရ အနည်းဆုံးလိုအပ်တဲ့ စံနှုန်းမရှိတဲ့ ပတ်ဝန်းကျင်မှာ ဖျက်ချခြင်း (သို့) နှစ်မျိုးလုံးကို ဆိုလိုပါတယ်။ မသန့်ရှင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုဟာ တရားမဝင်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းတစ်ဝက်လောက်ဟာ လုံခြုံစိတ်ချရခြင်း မရှိပဲ ဒီလိုဖျက်ချခြင်းတွေရဲ့ ၉၈%ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဖြစ်ပွားပါတယ်။ ဒါဟာ မိခင်သေဆုံးခြင်းရဲ့ အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။မလေးရှားဟာ ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ဥပဒေရှိတာကြောင့် ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ မကျန်းမာရင် တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်ဖျက်ချခြင်းဟာ ဓလေ့ထုံးတမ်းစဉ်လာအရ တားမြစ်ချက်တစ်ခု ဖြစ်နေပါသေးတယ်။ ကိုယ်ဝန်ဖျက်ချတဲ့ ၂၁နှစ်ကနေ ၄၃ နှစ်ကြား အမျိုးသမီး ၃၁ယောက်ကို မြို့ပေါ်က သားဆက်ခြားဆေးခန်းက စည်းရုံးနိုင်ခဲ့ပါတယ်။ အမျိုးသမီးဆယ်ယောက်က တစ်ခါပဲ ကိုယ်ဝန်ဖျက်ချဖူးတယ်လို့ ဖြေကြားပြီး ကျန်တဲ့သူတွေကတော့ ၂ကြိမ်ကနေ ၈ကြိမ်ကြား ဖျက်ချဖူးတယ်လို့ ဖြေကြားခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချဖို့ အချက်အလက်တွေ၊ ဝန်ဆောင်မှုတွေ ရှာဖွေတဲ့အခါမှာ အဆင်မပြေမှုတွေ ရှိခဲ့သော်လည်း သူတို့ကတော့ ကိုယ်ဝန်ဖျက်ချခဲ့တာပါပဲလို့ တွေ့ရှိချက်တွေက ဖေါ်ပြပါတယ်။သူတို့မှာ ကိုယ်ဝန်ဖျက်ချခြင်းရဲ့ အကျိုးဆက်တွေကို ကြောက်ရွံ့ပြီး ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အချက်အလက်တွေကို ပိုပြီးသိလိုကြပါတယ်။ ကိုယ်ဝန်ဖျက်ချပြီးတဲ့ အမျိုးသမီးတွေမှာ ဘယ်လိုခံစားမှုမှ မရှိတာကနေ ဖျက်ချမှုအကြောင်း မတွေးချင်ခြင်း၊ သက်သာရာရခြင်း၊ ဝမ်းနည်းခြင်း၊ ပျောက်ဆုံးခြင်း အစရှိတဲ့ ခံစားမှုအမျိုးမျိုး ရှိတတ်ပါတယ်။ ကိုယ်ဝန်ဖျက်ချမယ့်ဆုံးဖြတ်ချက်တွေကိုတော့ သူတို့ကိုယ်တိုင် ပြုလုပ်ပြီးတော့ အမျိုးသားရဲ့ သဘောတူညီမှုကို ရယူတာ တွေ့ရပါတယ်။ ကိုယ်ဝန်ဖျက်ချဖို့ သူတို့ရဲ့လိုအပ်ချက်တွေကတော့ မဖျက်ချခြင်းနဲ့ ဖျက်ချပြီးမှာ တိုင်ပင်ဆွေးနွေးမှုနဲ့ ကိုယ်ဝန်ဖျက်ချအပြီးမှာ ဆရာဝန်နဲ့ ပြန်လည်ပြသမှု လိုအပ်ခြင်းတွေ ဖြစ်ပါတယ်။PubMed က ကိုယ်ဝန်ဖျက်ချဖို့ သုံးတဲ့နည်းလမ်းတွေကတော့ ဆေးတွေ၊ ကိရိယာတွေ၊ သားအိမ်ခေါင်းချဲ့ခြင်းတွေနဲ့ ကိုယ့်ကိုကိုယ် အန္တရာယ်ပြုခြင်းတွေ ပါဝင်ပါတယ်။ နည်းလမ်းအများစုဟာတော့ နာကျင်စေပြီး အသက် အန္တရာယ် ရှိပါတယ်။ကိုယ်ဝန်ပျက်ဆေးတွေဟာ အမျိုးသမီးတွေကြားမှာ အလွန်ထင်ရှားပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သင်ကိုယ်တိုင် ဆေးဘက်ဝင်အပင်တွေအသုံးပြုတယ်ဆိုရင်တောင် ကျွမ်းကျင်သူက ညွှန်ကြားပေးတာမဟုတ်ရင် အလွန် အန္တရာယ် ရှိပါတယ်။FDAက ဆေးဘက်ဝင်အပင်တွေ အသုံးပြုမှုအပေါ်မှာ ထိန်းချုပ်မှု အားနည်းပါတယ်။ ဒါပေမယ့် ဆေးဘက်ဝင်အပင်တွေမှာ ထုတ်လုပ်ထားတဲ့ဆေးနဲ့ တူညီတဲ့ ပမာဏ ပါဝင်ခဲပါတယ်။ ပါဝင်တဲ့ဓါတုပစ္စည်းတွေဟာ တစ်နှစ်နဲ့ တစ်နှစ်၊ တစ်နေရာနဲ့ တစ်နေရာ ကွာခြားမှု ရှိပါတယ်။ ကွာခြားချက်ကတော့ သူတို့ဟာ အစွမ်းထက်နိုင်ပေမယ့် လိုတာထက် ပိုသုံးမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဖျက်ချဖို့ မှန်ကန်တဲ့ဆေးတွေ သုံးစွဲတာဟာ လုံခြုံစိတ်ချရပါတယ်။ ဒါပေမယ့် အမျိုးသမီး အတော်များများဟာ အခြားသူတွေကို သူတို့ရဲ့ ရည်ရွယ်ချက်ကို မပြောပြချင်တဲ့အတွက် မှားယွင်းတဲ့ဆေးတွေကိုသာ အသုံးပြုလေ့ရှိကြပါတယ်။ အဆိုးဆုံး ပြဿနာကတော့ ဆေးအတုတွေ သုံးမိခြင်းပါပဲ။ တခါတလေမှာ ဒီဆေးအတုတွေမှာ ခဲဓါတ်နဲ့ အဆိပ်အတောက်တွေ ပါဝင်ပြီး သင့်ခန္ဓါကိုယ်ကို ဒုက္ခပေးနိုင်ပါတယ်။နောက်တစ်ခုကတော့ ကူးစက်ရောဂါရရှိခြင်းပဲဖြစ်ပါတယ်။ သားအိမ်ခေါင်းဟာ ကိုယ်ဝန်ဖျက်ချစဉ်မှာ ကျယ်နေတာကြောင့် ရောဂါပိုးဝင်နိုင်ပါတယ်။ ဘက်တီးရီးယားတွေဟာ မျိုးပွားလမ်းကြောင်းထဲ ဝင်သွားနိုင်ပြီးတော့ သားအိမ်၊ သားဥပြွှန်နဲ့ တင်ပါးဆုံတို့မှာ ကူးစက်ရောဂါဖြစ်နိုင်ပြီးတော့ အမျိုးသမီးကို မြုံစေနိုင်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာ သေတောင်သေနိုင်ပါတယ်။အောက်ဖေါ်ပြပါအချက်တွေဟာ ကိုယ်တိုင်ကိုယ်ဝန်ဖျက်ချရင် ကြုံတွေ့နိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/complications/%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%96%e1%80%ac%e1%80%9e%e1%80%ac-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bb/
ကလေးမွေးဖွားစဉ်မွန်းခြင်း
ကလေးမွန်းခြင်းဆိုသည်မှာ လုံလောက်သောအောက်ဆီဂျင် ထောက်ပံ့မှုမရရှိခြင်းဖြစ်သည်။ အ ကယ်၍ကလေးမမွေးစဉ်၊မွေးနေစဉ်နှင့်မွေးပြီးအချိန်တွင်ကလေးသည် လုံလောက်သော အောက်ဆီဂျင်မရရှိဘူးဆိုပါက ထိုအခြေအနေကိုကလေးမွေးဖွားစဉ်မွန်းခြင်းဟုခေါ်ပါသည်။ကလေးမွေးဖွားစဉ်မွန်းခြင်းဖြစ်ပွားရသည့်အကြောင်းအရင်းများမျာ။နေ့စေ့လစေ့မွေးသောကလေးအယောက်တစ်ထောင်အနက်လေးယောက်သည်မွေးဖွားစဉ်မွန်းခြင်းကိုခံစားရတတ်ပါသည်။ လမစေ့ဘဲမွေးသောကလေးများသည်မွေးဖွားစဉ်မွန်းခြင်းကိုခံစားရနှုန်းပိုများသည်။ မွေးဖွားစဉ်မွန်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုသည် အောက်စီဂျင်ဘယ်လောက်များများ ပြတ်လပ်သွားသလဲ သို့မဟုတ် အောက်စီဂျင်ဘယ်လောက်ကြာကြာ ပြတ်လပ်သွားသလဲသို့မဟုတ် ကလေးသည်သင့်လျော်သော ကုသမှုကိုဘယ်လောက်မြန်မြန်ရသလဲစသည့်အချက်များပေါ်မူတည်ပါသည်။ကလေးမွန်းခြင်းမိနစ်အနည်းငယ်ဖြစ်ပေါ်ပါက အောက်စီဂျင်နှင့်သွေးထောက်ပံ့မှုမရရှိခြင်းသည် ဆဲလ်ပျက်စီးမှုကိုဖြစ်စေပါသည။် ဦးနှောက်သို့သွေးနှင့်အောက်စီဂျင်ထောက်ပံ့မှုပြန်လည်ရရှိပြီးနောက်တွင် သွေးရုတ်တရက်ပြန်လည်စီးဆင်းခြင်းထိခိုက်မှုကြောင့် ပျက်စီးသွားသောဆဲလ်များမှ အဆိပ်အတောက်များ ထုတ်လွှတ်ခြင်းကြောင့် သွေးပြန်လည်စီးဆင်းခြင်းဒဏ်ရာရမှုဖြစ်ပွားနိုင်သည်။ အနည်းငယ်သို့မဟုတ် တော် သင့်ရုံမွန်းကျပ်ခြင်းသည် သေရာပါပျက်စီးမှုကို မဖြစ်ပွားစေနိုင်သော်လည်း မွန်းကျပ်ခြင်းကြာရှည်စွာဖြစ်ပါက ကလေး၏ဦးနှောက်နှလုံးနှင့်အခြားအရေးကြီးသောအင်္ဂါများသို့ သေရာပါမည့်ဒဏ်ရာမျိုးဖြစ်ပွားစေနိုင်ပါသည်။ နေ့မစေ့လမစေ့ဘဲမွေးသောကလေးများတွင်မွန်းခြင်းသည် ကလေးများတွင်ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ၊ ဦး နှောက်နှင့်ပက်သက်သောပုံမမှန်သည့်ပြဿနာများ၊အာရုံစူးစိုက်၍မရသောအလွန်အမင်းအတက်ကြွလွန်ပုံမမှန်မှုများ သို့မဟုတ် အမြင်ဆိုင်ရာပုံမမှန်မှုများဖြစ်ပွားစေပါသည်။ ဆိုးဝါးသေားမွန်းခြင်းသည်ကိုယ်အင်္ဂါများ ပုံမှန် လုပ်ဆောင်နိုင်မှုလျော့ကျခြင်းနှင့်သေဆုံးခြင်းကိုပါဖြစ်ပွားစေနိုင်ပါသည်။ကလေးတစ်ယောက်သည် အောက်ပါလက္ခဏာများရှိပါက မွေးဖွားစဉ်မွန်းကြပ်ခြင်းကို ခံစားနေရ သည် ဟုဆိုနိုင်ပါသည်။အနည်းငယ်သာမွန်းသောကလေးများသည် အသက်ရှူခြင်းအထောက်အပံ့နှင့် အနီး ကပ် စောင့်ကြည့် ရန်သာလျှင်လိုပါသည်။ မွန်းခြင်းပိုဆိုးပါက အသက်ရှူကိရိယာ ၊အသက်ရှူကုထုံးနှင့် ဆေးများလိုအပ်ပါသည်။ အူများပုံမှန်ပြန်လည်အလုပ်လုပ်သည့်အချိန်အထိစောင့်ပြီးမှအစာကျွေးသင့်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-due-date]
pregnancy
giving-birth
https://hellosayarwon.com/pregnancy/giving-birth/labor-delivery/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%96%e1%80%bc%e1%80%ac%e1%80%b8%e1%80%85%e1%80%a5%e1%80%b9%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%81/
အရက်မသောက်သူ၏ အသည်းအဆီဖုံးရောဂါဆိုတာ ဘာလဲ
အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (NAFL) ဟာ အမေရိကနဲ့ ဥရောပ အနောက်ပိုင်းမှာ ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းတွေ အဖြစ်များလာကြောင့် ပိုမိုများပြားစွာ တွေ့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အမေရိကနဲ့ အခြားအနောက်ပိုင်းနိုင်ငံတွေမှာ အဖြစ်အများဆုံး အသည်းရောဂါတစ်ခု ဖြစ်နေပါတယ်။ အသည်းအဆီဖုံးခြင်းမှာ အသည်းလုပ်ငန်းဆောင်တာတွေဟာ ပုံမှန်ဖြစ်ပြီး အနုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်လည်း ပုံမှန်ဖြစ်ကာ ဆဲလ်အတွင်း အဆီအနည်းငယ် စုပြုံခြင်းသာ ရှိပါတယ်။ NAFL ကို ဝမ်းဗိုက် Ultrasound ကို အခြားအကြောင်းအရာတွေအတွက် (ဥပမာ သည်းခြေ ကျောက် ရှာဖွေရန်) စစ်ဆေးချိန်မှသာ တွေ့ရှိတတ်ပါတယ်။ အသည်းအတွက် သွေးစစ်ဆေးမှုတွေဟာ ပုံမှန်သော်လည်းကောင်း၊ အသည်းမှ ပြုလုပ်တဲ့ အင်ဇိုင်းနှစ်ခုဖြစ်တဲ့ ALT နဲ့ AST တွေ အနည်းငယ် တက်နေခြင်းသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ အသည်းရောဂါကို ဝမ်းဗိုက်ပေါ်ပိုင်းညာဘက်မှာ Ultrasound နဲ့ စစ်ဆေးခြင်းအားဖြင့် သိနိုင်ပါတယ်။ တကယ်လို့ အသည်းစစ်ဆေးမှုတွေ တက်နေရင် (သို့) အခြားအသည်းရောဂါလက္ခဏာတွေ ရှိနေရင် အသည်း အသားစယူခြင်းကို ပြုလုပ်ပြီး အခြားအသည်းပြဿနာတွေ (ဥပမာ non-alcoholic steatohepatitis NASH) ကို သိရှိစေသင့်ပါတယ်။ အသည်းရောဂါရှိပြီးသူတွေဟာ အသည်းရောင်ရောဂါအေ၊ ဘီ ကာကွယ်ဆေးထိုးထားသင့်ပြီး ကိုယ်အလေးချိန်ကျဆင်းအောင်လုပ်ခြင်းမှအပ အခြားကုသမှု မရှိပါဘူး။အသည်းအဆီဖုံးတဲ့ လူနာတွေဟာ အသည်းလှူဒါန်းမှုအတွက် အသက်ရှင်စဉ်သော်လည်းကောင်း၊ သေဆုံးစဉ်သော်လည်းကောင်း မဖြစ်နိုင်ကြပါဘူး။ NAFL ရှိတဲ့ လူနာ အများစုဟာ ရောင်ရမ်းခြင်း (NASH) ကို မရှိကြပဲ အချို့ကသာ ရှိတတ်ကြပါတယ်။Non-alcoholic steatohepatitis (NASH) ဟာ ရောင်ရမ်းမှုကို ဖြစ်စေပြီး အသည်းတစ်ရှူးအတွင်းမှာ အဆီနဲ့ အမာရွတ်ဖြစ်စေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ သွေးအတွင်းမှာ ရှိတဲ့ အင်ဇိုင်းတွေဟာ NAFL မှာတွေ့ရတဲ့ အင်ဇိုင်းအနည်းငယ်တက်ခြင်းထက် ပိုတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို အရက်သောက်သူတွေမှာလည်း တွေ့ရပေမယ့် Non-alcoholic steatohepatitis (NASH) ဟာ အရက်အနည်းငယ် (သို့) လုံးဝမသောက်တဲ့ သူတွေမှာလည်းတွေ့ရနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အဓိက အကြောင်းရင်းကိုတော့ သိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီရောဂါကို ဆီးချို၊ အဝလွန်ခြင်း၊ insulin resistance အစရှိတဲ့ ကျန်းမာရေးအခြေအနေ ရှိသူတွေမှာ တွေ့ရများပါတယ်။ ရောဂါ ပေါင်းစပ်ဖြစ်ခြင်းကိုတော့ metablic syndrome လို့ ခေါ်ပါတယ်။Non-alcoholic steatohepatitis (NASH) ဟာ ရောဂါလက္ခဏာ မပြတတ်တာကြောင့် လူဘယ်နှစ်ယောက်မှာ ဖြစ်လဲဆိုတာ သိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် Non-alcoholic steatohepatitis (NASH) ကို အသည်းအသားစယူတွေရဲ့ ၃-၅% မှာ တွေ့ရတတ်ပါတယ်။ လူအများစုဟာ အသက် ၄၀-၆၀ အတွင်း ဖြစ်ပြီး ဒီအခြေအနေဟာ အသက် ၁၀နှစ်ကျော် ကလေးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ Non-alcoholic steatohepatitis (NASH) ကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး တွေ့နိုင်ပါတယ်။သုတေသနတွေက ထိရောက်တဲ့ ကုသမှုတွေကို ရှာဖွေဖို့ ကြိုးစားနေပေမယ့် Non-alcoholic steatohepatitis (NASH) ဖြစ်စေတဲ့ အကြောင်းရင်းကိုတော့ သိရှိခြင်း မရှိပါဘူး။ ယခုအချိန်မှာတော့ Non-alcoholic steatohepatitis (NASH) ကုသမှုဟာ သူနဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးအခြေအနေတွေ ဖြစ်တဲ့ ဆီးချို၊ အဝလွန်ခြင်းတွေကို ထိန်းချုပ်ခြင်း နဲ့ ရောဂါပိုမဆိုးအောင် တားဆီးခြင်းတွေပဲ ဖြစ်ပါတယ်။ အချိုကလေ့လာမှုတွေက ကော်ဖီပိုသောက်သူတွေဟာ အသည်းမှာ အမာရွတ်ထင်ကျန်နှုန်းနည်းပြီး အချို့သုတေသီတွေက ကော်ဖီ အနေတော်သောက်ခြင်းဟာ အကျိုးရှိတယ်လို့ ဆိုပါတယ်။ non-alcoholic liver disease ရှိသူတွေမှာ Non-alcoholic steatohepatitis (NASH) ရှိရင် အသည်းရောင် အေပိုးနဲ့ ဘီပိုး ရပြီးမဟုတ်ရင် ကာကွယ်ဆေး ထိုးသင့်ပါတယ်။သင့်မှာ Non-alcoholic steatohepatitis (NASH) ရှိတယ်ဆိုရင် ဘယ်လိုလက္ခဏာမျိုးမှ ပြမှာ မဟုတ်ပါဘူး။ ရှားရှားပါးပါး ဒီရောဂါရှိသူတွေဟာ ပင်ပန်းခြင်း၊ နေမကောင်းခြင်း၊ ဗိုက်အပေါ်ညာဘက်ပိုင်း နေလို့မကောင်းခြင်း အစရှိတဲ့ တိကျမှု မရှိတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။Non-alcoholic steatohepatitis (NASH) ပုံမှန် ဓါတ်ခွဲခန်းစစ်ဆေးမှုတွေမှ အများဆုံးတွေ့ရတတ်ပါတယ်။ အခြား အပိုစစ်ဆေးမှုတွေကိုလည်း ဒီရောဂါကို သိရှိဖို့နဲ့ အခြားရောဂါတွေ မဟုတ်မှန်း သေချာစေဖို့ ပြုလုပ်နိုင်ပါတယ်။ Imaging tests တွေဖြစ်တဲ့ Ultrasound, CT scan, MRI အစရှိတာတွေဟာ အသည်းအဆီဖုံးခြင်းကို ဖေါ်ပြနိုင်ပေမယ့် Non-alcoholic steatohepatitis (NASH) ကို အခြားအကြောင်းရင်းတွေကနေ ခွဲထုတ်နိုင်ခြင်း မရှိပါဘူး။ Non-alcoholic steatohepatitis (NASH) ရောဂါကို သေချာစေဖို့ အခြားအကြောင်းရင်းတွေကို ဖယ်ထုတ်နိုင်ခြင်း မရှိရင် အသည်းအသားစယူခြင်းကို ပြုလုပ်နိုင်ပါတယ်။အသည်းလုပ်ငန်းဆောင်တာ စစ်ဆေးခြင်း – သွေးစစ်ဆေးမှုတွေကို အသည်းက ထုတ်လုပ်တဲ့၊ ဖျက်စီးတဲ့ အရာဝတ္ထုတွေ ပမာဏကို တိုင်းတာဖို့ အတွက် အသုံးပြုပါတယ်။ ဒီပမာဏတွေဟာ Non-alcoholic steatohepatitis (NASH) ရောဂါကို သေချာစေနိုင်ပြီး အရက်ကြောင့် ဖြစ်တဲ့ အသည်းရောင်ခြင်းကနေ ခွဲခြားပေးနိုင်ပါတယ်။ အသည်းအင်ဇိုင်းနှစ်မျိုးဖြစ်တဲ့ ALT နဲ့ AST ပမာဏတွေဟာ ဒီရောဂါဖြစ်သူတွေရဲ့ ၉၀%မှာ ရှိတတ်ပါတယ်။အခြားသွေးစစ်ဆေးမှုများ – အခြားသွေးစစ်ဆေးမှုတွေဟာ အသည်းရောဂါရဲ့ အခြားအကြောင်းရင်းတွေကို ဖေါ်ထုတ်ဖို့ အသုံးဝင်ပါတယ်။ ဒီစစ်ဆေးမှုတွေမှာတော့ အသည်းရောင် ရောဂါပိုး အေ၊ဘီ၊စီ အစရှိတာတွေ ပါဝင်ပြီး အသည်းရောဂါအဖြစ်နည်းတဲ့ အကြောင်းရင်းတွေအတွက် စစ်ဆေးမှုတွေပါ ပါဝင်နိုင်ပါတယ်။အသည်းအသားစယူခြင်းနဲ့ Fibroscan – အခြား စစ်ဆေးမှုတွေဟာ Non-alcoholic steatohepatitis (NASH) ကို အကြံပြုနိုင်ပေမယ့် တခါတရံမှာ အသည်းအသားစ ယူခြင်းကို ပြုလုပ်နိုင်ပါတယ်။ အသည်းအသားစယူခြင်းကို အခြား သွေးစစ်ဆေးမှုတွေ၊ imaging tests တွေက အသည်းရောဂါကို အတည်မပြုနိုင်ရင် ပြုလုပ်နိုင်ပါတယ်။ အသည်းအသားစယူခြင်းဟာလည်း ရောင်ရမ်းခြင်း ပြင်းထန်မှု ကို ပြသပေးပြီး အသည်းအမာရွတ်ထက်ကျန်ခြင်း ရှိမရှိကို သိရှိစေကာ ရောဂါရဲ့ နောက်ဖြစ်မယ့် အခြေအနေတွေကို မှန်းဆပေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုမှာတော့ အသည်းအသားစကို ယူမှာဖြစ်ပြီး ဓါတ်ခွဲခန်းပို့ကာ စစ်ဆေးစေမှာ ဖြစ်ပါတယ်။Fibroscan ဟာ ultrasound ကို အသုံးပြုပြီး အသည်းဘယ်လောက်မာလဲဆိုတာ ဆုံးဖြတ်တဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။ မာကျောမှုဟာ အသည်းအတွင်း အမာရွတ်ထက်ခြင်းကို ခန့်မှန်းခြင်း ဖြစ်ပြီး အသည်းခြောက်ခြင်း ရှိမရှိ သိရှိစေမှာ ဖြစ်ပါတယ်။ တတ်နိုင်ရင် Fibroscan ကို အသည်းအမာရွတ်ထင်ကျန်ခြင်းကို သိရှိစေဖို့ အသည်းအသားစယူခြင်း အစား နောက်တစ်နည်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။Non-alcoholic steatohepatitis (NASH) အတွက် ကုသမှု မရှိပါဘူး။ ကုသမှုတွေဟာ သူနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတွင်း အဆီများခြင်းနဲ့ အဝလွန်ခြင်းတွေကို ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ insulin resistance ကို ကုသတဲ့ ဆေးတွေနဲ့ စမ်းသပ်နေတဲ့ သုတေသန များစွာ ရှိပါတယ်။ကိုယ်အလေးချိန် ကျဆင်းခြင်းဟာ အသည်းအင်ဇိုင်းတွေ၊ အင်ဆူလင်ပမာဏကို ကျစေပြီး ဘဝအရည်အသွေးကို တိုးတက်စေနိုင်ပါတယ် ကိုယ်အလေးချိန်ကျဆင်းခြင်းဟာ ဖြည်းဖြည်းချင်း ဖြစ်သင့်ပြီး ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်းဟာ အသည်းကို ထိခိုကစေနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက ကိုယ်အလေးချိန်ကျဆင်းစေမယ့် အစီအစဉ်တွေ ပြုလုပ်ပေးနိုင်ပါတယ်။Non-alcoholic steatohepatitis (NASH) ဟာ နာတာရှည် အခြေအနေ တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ဒီရောဂါက ဘာဆက်ဖြစ်မယ်ဆိုတာ မှန်းဆနိုင်ဖို့ ခက်ခဲပါတယ်။ အသည်းအသားစယူခြင်းမှာ တွေ့ရတဲ့ အခြေအနေတွေဟာ အသုံးဝင်ပြီး အချို့အချက်တွေကိုတော့ ရောဂါနောက်ဆက်တွဲ ဆက်ဖြစ်ခြင်းကိုမှန်းဆဖို့ အသုံးပြုနိုင်ပါတယ်။သတင်းကောင်းကတော့ ဒီရောဂါရှိသူတွေဟာ ပြင်းထန်တဲ့ အသည်းရောဂါတွေ မဖြစ်ကြပါဘူး။ လေ့လာမှုတစ်ခုက ဒီရောဂါ ရှိသူတွေဟာ မရှိသူတွေလိုပဲ သက်တမ်းပြည့်နေထိုက်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အသည်း လုပ်ငန်းဆောင်တာ စစ်ဆေးမှုတွေမှာ တဖြည်းဖြည်းနဲ့ တည်ငြိမ်လာကြတာကို တွေ့နိုင်ပါတယ်။ဒါပေမယ့်လည်း Non-alcoholic steatohepatitis (NASH) ဟာ လူအချို့မှာတော့ ပိုဆိုးနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ဒီရောဂါရှိသူတွေရဲ့ ၃% မှာ အသည်းပျက်စီးမှု ပြန်ကောင်းလာပြီး၊ ၅၄%မှာ ဒီအတိုင်းဖြစ်ကာ ၄၃%မှာ ပိုဆိုးလာတာကို တွေ့ရပါတယ်။Non-alcoholic steatohepatitis (NASH) ရဲ့ အဆိုးဆုံး နောက်ဆက်တွဲဆိုးကျိုးတစ်ခုက အသည်းခြောက်ခြင်းဖြစ်ပြီး အသည်းအမာရွတ်ထင်ခြင်း အများဆုံးရှိသူတွေမှာ အဖြစ်များပါတယ်။ လေ့လာမှုတစ်ခုမှာ၈-၂၆% သော သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ အသက်ကြီးတဲ့ ဆီးချိုရှိတဲ့ အမျိုးသမီးတွေဟာ ရောဂါဖြစ်နှုန်းများပါတယ်။Non-alcoholic steatohepatitis (NASH) ရောဂါရှိသူတွေဟာ metablic syndrome ဖြစ်နိုင်ပါတယ်။ (insulin resistance, အဝလွန်ခြင်း၊ သွေးအတွင်း အဆီများခြင်း)။ Metablic syndrome ဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ သတင်းကောင်းကတော့ Non-alcoholic steatohepatitis (NASH) ရောဂါကုသမှုတွေဟာ metablic syndrome ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အခြားပြဿနာတွေ ကုသမှုကို ကူညီပေးနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%80%99%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%b0%e1%81%8f-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%86%e1%80%ae%e1%80%96/
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ
လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ က အတော်လေး အရေးပါပါတယ်။လူတွေကအစားအသောက်လို့ ပြောလိုက်ရင်အာဟာရဖြစ်ဖို့ထက်ခံတွင်းတွေ့ဖို့ကို အဓိကထား စားသုံးကြပါတယ်။  တကယ်ကတော့ အစားစားတဲ့အခါ အာဟာရဖြစ်ဖို့ဆိုရင် ခံတွင်းတွေ့ဖို့ထက် ကျန်းမာရေးနဲ့ ညီညွတ်စေဖို့က ပိုအရေးအကြီးပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ က အရေးပါတယ်လို့ ပြောရတဲ့ အကြောင်းအရင်း။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ခန္ဓာကိုယ်ကို အင်အားဖြစ်စေသလိုကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်တယ်ဆိုတာကို သိသူက ခပ်ရှားရှားပါ။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံက အခုလိုလည်းကျန်းမာရေးကို ထောက်ပံ့ပေးပါသေးတယ်။ဘယ်လို စားသောက်ရမလဲ။ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသောက်ရမလဲ………..။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ ဆိုတာက စားသုံးတဲ့ အစားအစာထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာပါ။ အာဟာရ ပြည့်ဝစွာ စားသုံးလေလေ ခန္ဓာကိုယ်က ကျန်းမာလေလေပါ။ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ ဖြစ်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ။သစ်သီးတွေက သဘာဝအမျှင်ဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်မယ့် စားစရာတွေပါ။ ဒါကြောင့် သစ်သီးတွေကို ပုံမှန်လေး စားပေးပါ။ ဖျော်ရည် ဖျော်သောက်တာထက် အသီးကို စားပေးတာက အမျှင်ဓာတ် ပိုရစေပါတယ်။နေ့စဉ် စားသုံးမှုမှာ ဟင်းသီးဟင်းရွက်တွေကို အရောင်အသွေး စုံလင်အောင် စားသုံးပေးပါ။ ဒီလို စားသုံးတာက လိုအပ်တဲ့ ဗီတာမင်တွေကို ပြည့်ဝစေမှာပါ။စ်နေ့တာ စားသုံးမှုမှာ ထမင်း၊ ပေါင်မုန့်ကြမ်း၊ ခရက်ကာ၊ ဆီရီယယ်လိုမျိုး ကောက်နှံတွေကနေရတဲ့ အစားအစား အရင်းအမြစ်တွေ ပါဝင်စေဖို့လည်း ဂရုပြုပါ။နီု့က အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် နဲ့ ဗီတမင် D ကို ဖြည့်ပေးနိုင်ပါတယ်။ အဆီပိုတွေ ကင်းစေဖို့တော့ အဆီထုတ်ထားတဲ့ နို့ကို ရွေးချယ်ပေးပါ။အဆီ မပါတဲ့ အနီရောင်အသား၊ အရေခွံမပါတဲ့ ကြက်သားစတာတွေကို စားပေးပါ။ ဒီလို စားသုံးမှုက အဆီနဲ့ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပြည့်ဝစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။အသားတွေမစားဘူးဆိုရင်တော့ ပရိုတင်းရရှိစေဖို့ ငါး၊ ပဲအမျိုးမျိုး၊တို့ဟူး၊ ပဲပြား စတာတွေကို စားပေးလို့ ရပါတယ်။ကျန်းမာတဲ့ စားသောက်မှုပုံစံရစေဖို့ ဘယ်လို ပြောင်းလဲယူရမလဲ။အခုလောလောဆယ်မှာ ကျန်းမာတဲ့ စားသောက်မှုပုံစံ မရှိဘူးဆိုရင်တောင်မှ ကျန်းမာတဲ့စားသောက်မှုကို အလေ့အကျင့်ဖြစ်စေဖို့ တဖြည်းဖြည်းချင်း ပြောင်းလဲ ယူလို့ ရပါတယ်။ဒီလိုပြောင်းလဲမှုနဲ့အတူ ပိုကျန်းမာလာတာ၊ ခန္ဓာကိုယ်က ပိုမို သန်စွမ်းလာတာကို တွေ့ရမှာပါ။ အချိုရည်တွေအစား ရေကိုပဲ သောက်တာ၊ အဆီပြည့် နို့အစား အဆီထုတ်နို့ကို ပြောင်းသောက်တာ၊ ဆီကြော်စာတွေအစား သစ်သီးတွေကို ပိုစားပေးတာ၊ အဆီများတဲ့ အသားတွေအစား အဆီမပါတဲ့ အသားကို စားပေးတာ၊ သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ မုန့်တွေအစား ဂျုံကြမ်းပေါင်မုန့်ကို စားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ဆီသွတ်ဗူးတွေ အစား လတ်ဆတ်တဲ့ အသား၊ သစ်သီးတွေကို စားပေးတာ၊ အသင့်စား၊ အမြန်စားတွေအစား ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အိမ်ချက် အစားအစားတွေကို စားသုံးတာမျိုး လုပ်ပေးပါ။ တစ်လလောက် မွေးမြူလိုက်ရင်ကို ထိရောက်တဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှုကို ခံစားမိမှာပါ။ကျန်းမာသန်စွမ်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသော်ကမှုပုံစံရရှိစေဖို့ဆိုရင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/important-of-healthy-eating/
ကျောပူတာ ခံနိုင်ပေမယ့် နားပူတာ မခံနိုင်တော့တဲ့အခါ
လူအများစုဟာ နားပူမှာ ကြောက်ကြပါတယ်။ အလုပ်တွေ အများကြီးခိုင်းတာ ခံရတာထက်၊ ဘေးနားကနေ နားမခံသာအောင် လာပြီး ပြောဆိုနေမှာကို ပိုကြောက်တတ်ကြတယ်။ ဒီအခြေအနေမျိုးဟာ ပုံမှန်အားဖြင့်တော့ သဘာဝ အခြေအနေတစ်ရပ်ပါ။ဒါပေမယ့် တချို့တွေအတွက်ကတော့ ဒီမှာတင် မရပ်သွားတတ်ပါဘူး။ ဆူဆူညံညံအသံတွေကြောင့် စိတ်တွေ ဖိစီးလာမယ်၊ စိတ်တွေ ပိုတိုတတ်လာမယ်၊ ပိုခံစားရလာမယ်ဆိုရင် တစ်စုံတစ်ခုတော့ လွဲချော်နေပြီဆိုတာကို သင်နားလည်ထားဖို့ လိုအပ်ပါတယ်။ဒီအခြေအနေကို Misophonia လို့ခေါ်ပါတယ်။ နားပူတာမခံချင်တဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်းဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူတစ်ဖက်သားရဲ့အသက်ရှူသံ၊ အစာဝါးသံ၊ မျိုချသံ၊ ကျယ်လောင်တဲ့နှာချေသံ၊ မော်တော်ကားမောင်းသံ၊ ဗျစ်တောက်ဗျစ်တောက် စကားပြောဆိုသံ၊ ဆူပူကြိမ်းမောင်းသံစတဲ့ ပုံမှန်စိတ်အနှောင့်အယှက်ဖြစ်စရာ အသံဗလံတွေတိုင်းအပေါ် ပြင်းထန်စွာ ခံစားနေတတ်ပါတယ်။ဒီလို အသံဗလံတွေကြောင့် အလွန်အမင်းစိတ်ဆိုးဒေါသထွက်နေတတ်ပြီး မထိန်းချုပ်နိုင်တဲ့ အခြေအနမှာ စိတ်လိုက်မာန်ပါ အပြုအမူတွေလည်း ကျူးလွန်မိလေ့ရှိပါတယ်။တချို့သော လေ့လာချက်တွေအရ ဒီဝေဒနာဟာ ဦးနှောက်လုပ်ဆောင်ချက်တစ်ချို့ ဖောက်လွဲဖောက်ပြန်ဖြစ်တာကြောင့်လို့ ဆိုကြတယ်။ ဒါပေမယ့် ခုချိန်အထိ သတ်မှတ်ချက်တွေအရ ဒီဝေဒနာကို စိတ်ဖောက်ပြန်မှုလို့ အတိအကျ သတ်မှတ်ထားတာမျိုးမရှိသေးဘူး။ နောက်ပြီး အကြားအာရုံဆိုင်ရာ ပြဿနာအဖြစ်လည်း သတ်မှတ်မထားပြန်ဘူး။ဒီတော့ ဒီရောဂါဟာ စိတ်ဝေဒနာလည်း မဟုတ် နားချို့ယွင်းတာလဲမဟုတ်နဲ့ တောမရောက် တောင်မရောက်ဝေဒနာလို့ ဆိုရမယ်။ ဒါပေမယ့် sound–emotion synesthesia ရဲ့ ပုံစံတစ်မျိုးလို့ သတ်မှတ်ချက်တော့ ရှိတယ်။ နောက်ပြီး ပူပင်သောကကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ (anxiety disorders) အဖြစ်လည်း မှတ်ယူကြတယ်။ selective sound sensitivity syndrome လို့လည်း ခေါ်ဆိုကြပါသေးတယ်။ခုချိန်ထိ အများစုသော Misophonia ဝေဒနာရှင်တွေဟာ သတ်သတ်မှတ်မှတ် မုန်းတဲ့ အသံဗလံတွေ ကိုယ်စီရှိတတ်ကြပါတယ်။ တချို့က ရေစက်ကျသံ၊ တချို့ကဆူညံသံ၊ တစ်ချို့က ထုသံနှက်သံစသဖြင့်ပေါ့။ ဒါပေမယ့် ဆူပူကြိမ်းမောင်းခံရတာမျိုး၊ ဗျစ်တောက်ဗျစ်တောက် ပြောဆိုခံရတာမျိုးတွေကျ လူတိုင်း မခံစားနိုင်တဲ့ အသံမို့ သူတို့လိုဝေဒနာရှင်တွေအတွက် ပိုဆိုးတယ်ပဲ ဆိုရပါမယ်။ယျေဘုယျအားဖြင့် Misophonia ဝေဒနာရှင်တွေ သိသိသာသာ သတိထားမိပြီး စိတ်တိုတတ်တဲ့ အသံတွေဟာ တကယ်တော့ လူအများက သတိမထားမိတဲ့ အသံတွေပါ။ ဒီလိုဖြစ်လာအောင် အစပြုပေးတဲ့ အသံတွေကတော့ –။တပေါက်ပေါက် တစက်စက် ကျတဲ့အသံ။ချို့သော ယူဆချက်တွေမှာတော့ ဝေဒနာရှင်တွေရဲ့ဦးနှောက်ထဲက Auditory System ပုံမှန်မဟုတ်ပဲ ချွတ်ချော်မှုရှိနေတာကြောင့်လို့ ဆိုကြပါတယ်။ ဒါကလည်း ယူဆချက် သက်သက်ရယ်ပါ။Misophonia ဝေဒနာရှင်တွေဟာ သူတို့ ကြားနေရတဲ့ ဒီအသံဗလံတွေက ရူးသွပ်သွားစေလောက်အောင် တွန်းအားပေးနေတယ်လို့ ယုံကြည်နေလေ့ရှိပါတယ်။ ဒီလိုအသံတွေကို တခြားလူတွေထက် ပိုကျယ်တဲ့ ကြိမ်နှုံးတွေနဲ့ ကြားရတယ်လို့လည်း သူတို့က ယုံကြည်နေတတ်ကြပါတယ်။ဒီဝေဒနာခံစားရသူတွေဟာ ကိုယ့်ကို စိတ်မသက်မသာဖြစ်စေတဲ့ အသံမျိုးတွေကို ကြားရတဲ့ အချိန်တွေမှာ အောက်ပါ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။Misophonia ဝေဒနာကို ခံစားရတဲ့အခါမျိုးမှာ လူမှုဘဝအပေါ် သက်ရောက်မှုကြီးမားတတ်ပါတယ်။ လူအများအကြားမှာ နေထိုင်ရတာ အဆင်မပြေမှု မကြာခန ဖြစ်လေ့ရှိပါတယ်။ဝေဒနာရှင်တွေဟာ သူတို့ရဲ့ ခံစားချက်အပေါ်ပတ်ဝန်းကျင်အသိုင်းအဝိုင်းက နားလည်ပေးနိုင်ခြင်းမရှိဘူးလို့ ခံစားနေကြရတတ်ပါတယ်။ ဒါကြောင့်လည်း ဒီဝေဒနာရှင်တွေကို ကုစားရာမှာ တချို့အခြေအနေတွေမှာ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ သီးခြားနေထိုင်ဖို့ ကျွမ်းကျင်သူတွေက လမ်းညွှန်တတ်ကြပါတယ်။ဒီဝေဒနာဟာ အသက် ၉ နှစ်နဲ့ ၁၃ နှစ်အကြားမှာ လက္ခဏာစတင်ပြသတတ်ပြီးတော့ ဘဝတစ်သက်တာလုံး တွယ်ညှိနေတတ်တယ်လို့ ယူဆရပေမယ့် တိကျတဲ့ သက်သေမျိုးတော့ မရှိသေးပါဘူး။ မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ဒီဘက်ခေတ်မှာတော့ specialized mindfullness therapy၊ auditory system stimulation၊ specialized CBT၊ Direct counseling နဲ့ brain conditioning protocol နည်းလမ်းတွေ အသုံးပြုပြီး ကုသလို့ရနေပြီဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/misophonia-sounds-really-make-crazy/
Cortisol Blood Test (Cortisol (ကော်တီဇော) တိုင်းတာတဲ့ သွေးစစ်ဆေးချက်)
Cortisol ဆိုတာ Adrenal gland (ကျောက်ကပ် အပေါ်ရှိ ဟော်မုန်းထုတ်တဲ့ အစိတ်အပိုင်းတစ်ခု) မှ ထုတ်တဲ့ steroid (စတီးရွိုက်) ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက် အနားရှိ pituitary gland က ထုတ်တဲ့ (adrenocorticotropic) ACTH လို့ ခေါ်တဲ့ ဟော်မုန်းကို တုံ့ပြန်ပြီး ထွက်ပါတယ်။ ACTH ဟော်မုန်းဟာ ကျောက်ကပ် အပေါ်ရှိ adrenal gland မှ ဟော်မုန်း ထုတ်တာကို အားပေးပါတယ်။Cortisol ဟာ စိတ်ဖိစီးမှုနဲ့ “တိုက်ခိုက်မလား၊ ထွက်ပြေးမလား” တုံ့ပြန်ချက်မှာ ပါဝင်တဲ့ အဓိက ဟော်မုန်း ဖြစ်ပါတယ်။ ဒီလို တုံ့ပြန်တာဟာ သာမန်ဖြစ်စဉ် တစ်ခုဖြစ်ပြီး အန္တရာယ် အခြေအနေ တစ်ခုခု ဖြစ်လာခဲ့ရင် အကာအကွယ် ပြုနိုင်တဲ့ တုံ့ပြန်ချက် ဖြစ်ပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်များအပေါ် တုံ့ပြန်ချက်တွေကလည်း Cortisol ပမာဏကို များစေပြီး အားအင်သစ်တွေ၊ အင်အားတွေ ဖြစ်စေနိုင်ပါတယ်။“တိုက်ခိုက်မလား ၊ ထွက်ပြေးမလား” တုံ့ပြန်ချက်မှာတော့ cortisol ဟာ “တိုက်ခိုက်မလား ၊ ထွက်ပြေးမလား” ဆိုတဲ့ တုံ့ပြန်ချက်အတွက် မလိုအပ်တဲ့၊ အနှောက်အယှက် ဖြစ်နိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို တားမြစ်ပေးထားပါတယ်။ အဲဒီအချိန်မှာ နှလုံးခုန် မြန်နေခြင်း၊ ပါးစပ် ခြောက်သွေ့ခြင်း၊ အစာအိမ် နေထိုင်မကောင်းခြင်း၊ ဝမ်းလျှောခြင်းတို့ကို ခံစားရနိုင်ပါတယ်။Cortisol ထွက်လာတဲ့အခါ ကြီးထွားမှု ဖြစ်စဉ်တွေ၊ အစာခြေ အဖွဲ့အစည်းနဲ့ မျိုးပွား အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ထားပေးပြီး ခုခံအား စနစ်ရဲ့ တုံ့ပြန်မှုတွေကို ပြောင်းလဲစေပါတယ်။Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်အတွက် သွေးနမူနာ ယူရပြီး သွေးထဲမှာ cortisol ဘယ်လောက် ရှိတယ်ဆိုတာ တိုင်းတာပေးပါတယ်။ Cortisol ဆိုတာ adrenal gland မှ ထုတ်တဲ့ steroid (စတီးရွိုက်) ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ adrenal gland ဟာ ကျောက်ကပ်တွေရဲ့ အပေါ်မှာ ကပ်ပြီး ရှိပါတယ်။ Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်ကို serum cortisol စစ်ဆေးချက်လို့လည်း ခေါ်ပါတယ်။Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်ကို Cortisol ထုတ်လုပ်တဲ့ ပမာဏ အရမ်းများနေခြင်း၊ နည်းနေခြင်းတို့ကို စစ်ဆေးရန်အတွက် ပြုလုပ်ပါတယ်။ Addison’s ရောဂါ၊ Cushing’s ရောဂါ ကဲ့သိုသော တချို့ရောဂါတွေဟာ adrenal gland ကနေ cortisol ထုတ်တဲ့ ပမာဏကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ စစ်ဆေးချက်ကို တချို့ ရောဂါတွေကို ရောဂါအမည် သတ်မှတ်ဖို့နဲ့ adrenal gland နဲ့ pituitary gland (ဦးနှောက်အနားရှိ ဟော်မုန်းထုတ်သော အစိတ်အပိုင်းတစ်ခု) တွေ အလုပ် ကောင်းကောင်း လုပ်၊ မလုပ် စစ်ဆေးတဲ့ နည်းလမ်းအနေနဲ့ အသုံးပြုပါတယ်။Cortisol ဟာ ခန္ဓါကိုယ်မှာ ရှိတဲ့ အဖွဲ့အစည်း စနစ်တွေမှာ ပါဝင်ပါတယ်။ အဲဒီ အဖွဲ့အစည်း စနစ်တွေကတော့ –။Cushing’s ရောဂါကို ရောဂါအမည် သတ်မှတ်ဖို့ Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက် ထက်စာရင် ၂၄ နာရီ ဆီးစစ်ဆေးချက်ကို ပိုလုပ်လေ့ ရှိပါတယ်။Pituitary gland နဲ့ adrenal gland တွေ လုပ်ငန်း ကောင်းကောင်း လုပ်၊ မလုပ် စစ်ဆေးပေးနိုင်တဲ့ တခြား စစ်ဆေးချက်တွေ ကတော့ ACTH ကို လှုံ့ဆော်တဲ့ စစ်ဆေးချက်နဲ့ dexamethasone ကို လျှော့ချပြီး စစ်ဆေးတဲ့ စစ်ဆေးချက်တို့ ပါဝင်ပါတယ်။ Addison’s ရောဂါလို့ သံသယ ရှိတဲ့ အခါမှာလည်း ACTH ကို လှုံ့ဆော်ပြီးလုပ်တဲ့ စစ်ဆေးချက်ကို လုပ်ဆောင်နိုင်ပါတယ်။ဆရာဝန်က ဒီစစ်ဆေးချက်ကို နံနက်စောစောမှာ လုပ်ဆောင်ဖို့ ပြောပါလိမ့်မယ်။ အဲဒါက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Cortisol ပမာဏဟာ တစ်နေ့လုံးမှာ အပြောင်းအလဲ ရှိနေနိုင်လို့ပါ။သင့်ကို စစ်ဆေးချက် မလုပ်ခင်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဖို့လည်း မှာကြားနိုင်ပါတယ်။စစ်ဆေးချက် မလုပ်ခင်မှာ အောက်မှာ ဖော်ပြမယ့်ဆေးတွေကို ခဏတာ မသောက်ဖို့ ပြောပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အောက်ပါ ဆေးတွေက ဒီစစ်ဆေးချက် အဖြေအပေါ် သက်ရောက်မှု ရှိနိုင်လို့ပါ။ အဲဒီဆေးတွေကတော့ –။ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ –။အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ထားတဲ့အတွက် အနည်းငယ် တင်းကျပ်တဲ့ ခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့အတွက် ဘာမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်နဲ့ ပတ်သက်ပြီး မေးစရာအချက် တွေရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။နံနက် ၈ နာရီမှာ ယူထားတဲ့ ပုံမှန် ရလဒ်က (၆ – ၂၃) မိုက်ခရို ဂရမ်/ ဒက်ဆီလီတာ ကြားမှာ ရှိပါတယ်။ ဓါတ်ခွဲခန်း တစ်ခုနဲ့ တစ်ခုမှာ တိုင်းတာမှုပုံစံ မတူညီတာကြောင့် ရလဒ် အဖြေတွေဟာ ကွာခြားမှု ရှိနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ဆေးချက် ရလဒ်ကို ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးသင့်ပါတယ်။Cortisol ပမာဏ ပုံမှန်ထက် များနေခြင်းဟာ အောက်ပါရောဂါ အခြေအနေတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။Cushing’s ရောဂါမှာ pituitary ဂလင်း အရမ်း ကြီးလာနိုင်တဲ့အတွက် pituitary ဂလင်း ကနေ ACTH ဟော်မုန်း အများကြီး ထုတ်စေပါတယ်။Cortisol ပမာဏ နည်းနေခြင်းဟာ အောက်ပါ အခြေအနေတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ဓါတု စစ်ဆေးခန်းတွေနဲ့ ဆေးရုံတွေအပေါ် မူတည်ပြီး cortisol စစ်ဆေးချက် ပုံမှန်ပမာဏ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/cortisol-blood-test-cortisol-%e1%80%b1%e1%80%80%e1%80%ac%e1%80%b9%e1%80%90%e1%80%ae%e1%80%b1%e1%80%87%e1%80%ac-%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%ac%e1%80%90/
သင်အသည်းရောဂါ ခံစားနေရချိန် သင်မိသားစုနှင့် သူငယ်ချင်းတွေဆီက အထောက်အပံ့ရအောင် ဘယ်လိုလုပ်မလဲ
လူတွေဟာနေမကောင်း၊ ဖျားနာတဲ့အချိန်တွေမှာအထီးကျန်အဖော်မဲ့နေတယ်လို့ ခံစားရတတ်ကြပါတယ်။ တကယ်တော့ သူတို့ မိသားစုနဲ့ သူငယ်ချင်းတွေဟာသူတို့ကိုကူညီဖို့ အမြဲလိုလားကြပါတယ်။မိသားစုနှင့် သူငယ်ချင်းဆိုတာ ကျွန်ုပ်တို့ဘဝအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတွေဖြစ်ကြတယ်။ သူတို့ဟာ ကျွန်ုပ်တို့ဖျားနာနေချိန်၊ အခက်အခဲဖြစ်နေချိန်မှာကူညီဖို့အမြဲအဆင်သင့်ရှိနေသူတွေလို့ဆိုရင်လည်းမမှားပါဘူး။ အသည်းရောဂါခံစားနေရစဉ် ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနေ့စဉ်လုပ်ငန်းဆောင်တာတွေမှာကူညီပေးနိုင်ရုံသာမက ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကြီးမားသောအထောက်အပံ့များပေးနိုင်ပါသည်။လူတွေနဲ့ ရိုးရိုးရှင်းရှင်းစကားပြောဆိုခြင်းနဲ့ပင် သင့်အခြေအနေကိုနားလည်ဖြေရှုင်းနိုင်ဖို့ မတူညီတဲ့ အတွေးအမြင်အယူအဆသစ်တွေ ရရှိမည်ဖြစ်သည်။ ၎င်းက သင့် စိတ်ဖိစီးမှုနှင့် စိတ်သောကတွေကိုလျော့နည်းစေပြီးအသည်းရောဂါကိုရင်ဆိုင်ဖို့ ပိုမိုကောင်းမွန်ကြံ့ခိုင်တဲ့ စိတ်ဓါတ်ခွန်အားတွေကိုရရှိစေမှာဖြစ်သည်။သင်ဘယ်သူ့ဆီကနေအကူအညီရယူမလဲဆိုတာကိုရွေးချယ်ဖို့ကပထမဆုံးအဆင့်ဖြစ်သည်။ မိသားစုနှင့် သူငယ်ချင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကသင်နဲ့ အရင်းနှီးဆုံးလူတွေဖြစ်ပြီးသင်ဖြတ်သန်းနေရသောအခက်အခဲတွေကိုနားလည်မှုအပေးနိုင်ဆုံးသူတွေလည်းဖြစ်သည်။မိသားစုနှင့် သူငယ်ချင်းများကသင်ဆေးကုသမှုခံယူနေစဉ် တစ်လျှောက်တွင် ကျန်းမာအောင် ကူညီပေးနိုင်သည်။ အသည်းရောဂါကုသမှု အထူးသဖြင့် ခွဲစိတ်မှု ပြီးသွားသောအခါတွင် သင်သည် အနားယူခြင်း နှင့် အသည်းကျန်းမာရေးအတွက် စားသောက်မှုပုံစံအသစ် တို့ကိုလိုအပ်ပါသည်။ တစ်ခါတစ်ရံတွင် သင်သည် အသည်းကုထုံးနည်းလမ်းသစ်၊ ကိရိယာသစ်များနှင့် ကျင့်သားရအောင် လိုက်လျောညီထွေနေနိုင်ဖို့ လိုအပ်သည်။ ထိုအတွက် သင့်မိသားစုနှင့်သူငယ်ချင်းများကသင့်ကိုများစွာကူညီပေးနိုင်ပါတယ်။သင့်မိသားစုနှင့် သူငယ်ချင်းများသည် ဆေးကုသသောအဖွဲ့၏ အကူအညီနှင့် သင့်ကိုကုသမှုခံယူနေစဉ်အတွင်းရော ပြန်လည်နာလန်ထူတဲ့အချိန်မှာပါ ကူညီစောင့်ရှောက်ပေးနိုင်ပါလိမ့်မယ်။ သူတို့သည် သင်ဘာလိုချင်လဲမသိနိုင်၍ တစ်ခါတစ်ရံအကူညီလွန်စေတနာပိုသွားနိုင်သလိုတစ်ခါတစ်ရံသင့်အားတစ်ယောက်တည်းနေချိန်ပေးတာအကောင်းဆုံးဖြစ်မယ်လို့ယူဆကာဂရုမစိုက်သလိုလည်းဖြစ်ကောင်းဖြစ်သွားနိုင်သည်။ သို့ဖြစ်၍ သူတို့ကိုစကားပြောဖို့၊ အကူအညီတောင်းဖို့ အားမနာနေပါနဲ့။ အဲဒီလိုပွင့်ပွင့်လင်းလင်းပြောတာကလည်းသူတို့အတွက် ပိုကောင်းပါတယ်။ဒီမေးခွန်းဟာလွန်စွာရိုးရှင်းလွယ်ကူတယ်လို့ထင်ရပေမဲ့ အချို့လူတွေအတွက်တော့ အလွန်တရာခက်ခဲလှတဲ့ အခြေအနေတစ်ရပ်လည်းဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် သင်ရင်ဖွင့်လိုတဲ့အချိန်မှာဘယ်လိုစကားစပြီးအကူအညီတောင်းရမလဲဆိုတဲ့ နည်းလမ်းအချို့ကိုအောက်တွင်ဖော်ပြလိုက်ပါတယ်။• သင်သက်တောင့်သက်သာဖြစ်ပြီးအာရုံစူးစိုက်နိုင်မဲ့ နေရာနှင့် အချိန်ကိုဦးစွာရွေးချယ်ပါ။• သင်ဘယ်လိုခံစားနေရတယ်၊ ဘာတွေစိုးရိမ်နေလဲဆိုတာကိုဖွင့်ပြောပါ။• သူတို့ဆီကအကြံဉာဏ်ကိုတောင်းခံပါ။ သူတို့သင့်ကိုဘယ်လိုနည်းနဲ့ ကူညီနိုင်လဲဆိုတာကိုရှင်းပြပါ။တခြားလူကို ပြန်မပြောစေချင်ရင် သူ့ကို နှုတ်လုံဖို့ သေချာအောင်ပြောပါ။ ဒီအကြောင်းအရာတွေကိုသင်တို့နှစ်ယောက်ကလွဲပြီးတတိယလူမသိစေချင်ဘူးဆိုတဲ့ သင့်ဆနှ္ဒကိုသူနားလည်သိရှိပါစေ။သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ကိုချစ်သောမိသားစုနှင့် မိတ်ဆွေ၊သူငယ်ချင်းများသင့်အနားမှာရှိပါတယ်။ အကောင်းမြင်စိတ် နဲ့ ပျော်ရွှင်သောဘဝက သင့်ရောဂါအတွက် အကောင်းဆုံးဆေးတစ်လက်ပါ။ သို့ဖြစ်ပါ၍ သင်ချစ်ရသောသူတွေဆီမှ အကူအညီကိုရယူပါ။ အခြားသူတွေကိုလည်းချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုကို မျှဝေပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%9e%e1%80%84%e1%80%ba%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%9b%e1%80%81/
ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု
သင့်ရဲ့ ယောက်ျားတန်ဆာဟာ ထူးခြားပြီး ပုံမှန် အတိုင်း လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ထင်မြင်မိ ပါသလား။ စိတ်မပူပါနဲ့။ သင့်ရဲ့ ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ နောက်ခံ ပြဿနာတွေကြောင့် မဟုတ်ပါဘူး။ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု ကတော့။၁။ ဆီးသွားပြီးချိန်မှာ ဆီး တစက်တစက် ကျတတ်ခြင်းဟာ ယောက်ျားတန်ဆာကွင်း ချို့ယွင်းလို့လား။ဒီကိစ္စဟာ သိပ်ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ဆီးအိမ်ကနေ တန်ဆာထိပ်ကို သွားတဲ့ ဆီးပြွန်ဟာ ဂငယ်ပုံစံ အောက်ကို အနည်းငယ် ကွေးနေပါတယ်။ ဒါကြောင့် ဆီးသွားပြီးချိန်မှာ တစက်နှစ်စက် ကျခြင်းဟာ ကြုံရတတ်ပါတယ်။ ဘောင်းဘီဇစ် ဆွဲပြီးချိန်မှာတောင် မြေဆွဲအားကြောင့် ထွက်ကျတတ် ပါတယ်။၂။ သုက်လွှတ်ပြီးချိန်မှာတောင် ဘာကြောင့် သုတ်ရည်ကြည်တွေ ထွက်လာတတ်သေးတာလဲ။သုက်ရည်ကြည်ဟာလည်း ပြွန်အကွေး တလျှောက် ထွက်လာရတဲ့ အပြင် အနည်းငယ် စေးပျစ်မှု ရှိပါတယ်။ ဒါကြောင့် သုက်လွှတ်ပြီးချိန်မှာတောင်သုက်ရည်အနည်းငယ်ထွက်ကျနေတတ်ခြင်း ဖြစ်ပါတယ်။၃။ ယောက်ျားတန်ဆာဟာ စိုစွတ်နေချိန်မှာ ဘာကြောင့် ရှုံ့နေတတ်သလဲ။ရေထက်စာရင် အေးမြတဲ့ လေနဲ့ ထိတွေ့လို့ ရှုံ့သွားရခြင်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓါ အပြင်ပိုင်းမှာ တွဲကျနေတဲ့ကပ္ပါယ်အိတ်ဟာ ပုံမှန်လုပ်ဆောင်နိုင်ဖို့ တိကျတဲ့ အပူချိန် လိုအပ်ပါတယ်။ ဒါကြောင့်မို့ အေးတဲ့ အချိန်မှာ ကိုယ်ခန္ဓါနဲ့ နီးအောင် ကပ်သွားပြီး ပူတဲ့အချိန်မှာ တွဲကျနေခြင်း ဖြစ်ပါတယ်။၄။ မနက်စောစောမှာ ဘာကြောင့် တင်းမာနေတတ်လဲ။မနက်ပိုင်းမှာ ကျားဟော်မုန်း ပမာဏဟာ ထိပ်ဆုံး ရောက်နေတဲ့ အတွက် တင်းမာနေရခြင်း ဖြစ်ပါတယ်။ နိုးထနေချိန်မဟုတ်ရင်တောင် ကိုယ်ခန္ဓါကနေလိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ဖို့ တင်းမာနေတတ် ပါတယ်။၅။ ယောက်ျား တချို့ဟာ ဘာကြောင့် အိပ်နေစဉ် သုက်လွှတ်တတ်ကြသလဲ။အိပ်နေစဉ် သုက်လွှတ်ခြင်းဟာ အိပ်နေစဉ်မှာ ကျားဟော်မုန်းပမာဏ မြင့်တက်လာခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ခါစလူငယ်တွေမှာကျားဟော်မုန်းပမာဏဟာ မြင့်တက်နေတာမို့ သက်ကြီးပိုင်းများထက်စာရင်အိပ်နေစဉ် သုက်လွှတ်ခြင်းပိုဖြစ်တတ်ပါတယ်။၆။ တခါတရံမှာ ဆီးသွားတဲ့လမ်းကြောင်း ဘာကြောင့် ပြောင်းသွားတတ်လဲ။အဲဒီလိုဆီးထွက်တဲ့လမ်းကြောင်း ပြောင်းသွားခြင်းဟာလိင်ဆက်ဆံခြင်း၊ အာသာဖြေခြင်း၊ အိပ်ရာထဲသုတ်လွှတ်ခြင်း စတာတွေ ဖြစ်ပေါ်ပြီးချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလမ်းကြောင်းပြောင်းခြင်းဟာ အချိန်အနည်းငယ်နဲ့ ပျောက်မသွားဘူးဆိုရင်လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတခုခုကြောင့် အရေပြားအမာရွတ်ကျန်နေလို့ ဖြစ်နိုင်ပါတယ်။၇။ ယောက်ျားတချို့ရဲ့ တန်ဆာဟာ တင်းမာလာချိန်မှာ ဘာကြောင့် အလွန်ကြီးမားပြီး တချို့ဟာ ဘာလို့သေးသလဲ။ဒါဟာ ပြဿနာမဟုတ်ပါဘူး။ မျိုးရိုးဗီဇကြောင့်ပဲ ဖြစ်ပါတယ်။၈။ သင်ဘာစားစားသောက်သောက် ဆီးဟာ ဘာကြောင့်ဝါနေတတ်လဲ။ဆီးမှာurobilinလို့ခေါ်တဲ့ ဓါတုပစ္စည်းတမျိုး ပါဝင်ပြီး သူ့ကြောင့် ဆီးအရောင်ဝါနေရခြင်း ဖြစ်ပါတယ်။၉။ လိင်ဆက်ဆံချိန်မှာ ဘာကြောင့် တင်းမာမှု ရပ်တန့်သွားတတ်သလဲ။စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုကြုံရတဲ့အခါ ပြန်ပြီး ထောင်မတ်နိုင်ဖို့ ခက်ခဲပါတယ်။ဒီကိစ္စတွေဟာ ကြီးမားတဲ့ပြသနာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာအောင် ဆေးရုံဆေးခန်းမှာ စစ်ဆေးမှု ခံယူကြည့်ရင် ပိုကောင်းပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/penis-mysteries/
အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ
အလှအပဆိုတာ ကျား၊ မ မဟူ လူတိုင်းကြိုက်ကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကိုရီးယားမင်းသားလေးတွေလို မိတ်ကပ်တွေ ဖုံနေအောင်လိမ်း၊ နှုတ်ခမ်းနီတွေ ဆိုးထားရမယ်လို့ မဆိုလိုပေမယ့် မိမိနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရသူတွေရဲ့အမြင်မှာ ဆိုးဆိုးရွားရွား ဖြစ်မနေစေဖို့အတွက် ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်တာလေးတွေ ထိန်းသိမ်းရပါမယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ နဲ့ အဆိုပါပြဿနာများကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ မျှဝေတင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ ကတော့။သင် လူလတ်ပိုင်းရောက်လာချိန်မှာ ကျောကုန်းအမွေးအမျှင် အခြေအနေကို သိနိုင်ပါပြီ။ အမွေးမရှိသလောက် နည်းလား၊ လုံးဝမရှိဘူးလား၊အသင့်အတင့်ရှိနေသလား သို့တည်းမဟုတ် တောထနေပြီလား။ ဘရက်ဒလေကူးပါးလို ရင်ဘတ်မွေးက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပေမယ့် ကျောကုန်းမှာ တောထနေတဲ့ အမွေးအမျှင်တွေကတော့ သင့်ကို ဆက်ဆီကျစေမယ် မထင်ပါဘူး။လေဆာနည်းပညာကို အသုံးပြုပြီး အမွေးအမျှင်ရှင်းလင်းခြင်းဟာ အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် ထိရောက်မှုအာနိသင်က တစ်သက်တာလုံးအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် လေဆာနဲ့ အမွေးအမျှင်ရှင်းခြင်းဟာ ငွေကုန်ကြေးကျများစေတဲ့အတွက် မုတ်ဆိတ်ရိတ်ဓားနဲ့ရိတ်ခြင်း၊ ဖယောင်းရည် ဒါမှမဟုတ် ခရင်မ်အသုံးပြုပြီး အမွေးအမျှင်ရှင်းလင်းခြင်း (waxing) စတာတွေကို ရွေးချယ်အသုံးပြုနိုင်ပြီး အာနိသင်ကတော့ ရက်သတ္တပတ်အနည်းငယ်ကြာ ခံပါလိမ့်မယ်။နာမည်ကသာ ဘီယာဗိုက်လို့ ပေးထားပေမယ့် ဘီယာသောက်မှ ဗိုက်ပူတာတော့ မဟုတ်ပါဘူး။ အလှုပ်အရှားနည်းတာ၊ အဆီအဆိမ့်တွေ စားတာ၊ အထိုင်များတာ၊ ဝက်သားတုတ်ထိုးတွေ စားတာ အစရှိတဲ့ အချက်တွေကလည်း သင့်ဗိုက်ကို ပူလာစေနိုင်ပါတယ်။ အမျိုးသားတွေမှာ ဒီပြဿနာကို ပိုမိုရင်ဆိုင်ရလေ့ရှိပြီး ဗိုက်ပူခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း ပိုလာစေပါတယ် (ခါးဆိုဒ်လေးဆယ်ကျော်ရင် ပိုဆိုးပါသတဲ့)။ ဒါပေမယ့် သင်အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းပြန်လုပ်ရင် ဗိုက်အဆီတွေက အရင်ဆုံးကျပါသတဲ့ (သတင်းကောင်းပေါ့လေ)။ယေဘုယျအားဖြင့်အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ချွေးထွက်ပိုများတတ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်နေကုန်လက်ကိုင်ပုဝါလေး ထုတ်ထုတ်ပြီး သုတ်နေရရင်တော့ ဒါဟာပုံမှန်မဟုတ်တော့ပါဘူး။ ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုကြောင့်ပဲဖြစ်ဖြစ်၊ အလကားနေရင်ပဲဖြစ်ဖြစ် ချွေးအလွန်အကျွံထွက်နေရင် ပြဿနာပါ။ ချိုင်းကြား၊ ခြေဖဝါး၊ လက်ဖဝါးတွေမှာ အဓိကထွက်လေ့ရှိပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။နေပူထဲကနေ ပြန်လာတာ ဒါမှမဟုတ် အရက်သောက်ထားတဲ့သူတွေမှာ မျက်နှာနီရဲနေတာ မထူးဆန်းပါဘူး။ အသားဖြူသူတွေမှာ ပိုလို့တောင် သိသာပါသေးတယ်။ ဒါပေမယ့် သင်ဟာ အရက်လည်း မသောက်ပါဘဲနဲ့ မျက်နှာကြီးတစ်ခုလုံး နီရဲနေမယ် ဒါမှမဟုတ် နှာခေါင်းတစ်ခုတည်းကွက်နီနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဒါဟာ ရောဂါအခြေအနေတချို့ရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်လို့ပါ။ဒီပြဿနာဟာလည်း အမျိုးသားတွေကို အထူးသဖြင့် ထိခိုက်စေပါတယ်။ အသက် ၃၅ကျော်လာတာနဲ့အမျှ သင့်ဆံပင်တွေ တဖြည်းဖြည်းပါးလာပြီး ထိပ်ပြောင်စပြုလာပါပြီ။ ဒါမှမဟုတ် ဆံပင်ဘေးလိုင်းနှစ်ခုက ပိုပါးလာပါပြီ။ မျိုးရိုးရှိသူတွေမှာ ပိုလို့တောင် ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် သင်ဟာထိပ်ပြောင်ထိပ်ကွက်ခြင်းကို မလိုလားသူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဆိုရင်တော့ ဆံပင်တွေ စတင်ပါးလာပြီဆိုတာနဲ့ သင့်တော်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။အားကစားလှုပ်ရှားမှုတွေ ပြုလုပ်ထားတဲ့အချိန်နဲ့ တစ်နေကုန် လှုပ်ရှားသွားလာထားချိန်တွေမှာ သင့်တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်နေပြီး အနံ့အသက်တွေလည်း ဆိုးနေနိုင်ပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ ဒီလို အနံ့အသက်ဆိုးရခြင်းရဲ့ အဓိကအကြောင်းရင်းက ချွေးတွေကြောင့် မဟုတ်ဘဲ ချွေးသံရဲရဲဖြစ်နေတဲ့ အရေပြားကို အသုံးချပြီး ပွားများကြီးထွားနေတဲ့ ဘက်တီးရီးယားတွေကြောင့်ပဲ ဖြစ်ပါတယ်။ရေပုံမှန်ချိုးပေးခြင်း၊ မပျော့လွန်းမပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာကို ပုံမှန် အသုံးပြုပေးခြင်း၊ ချွေးနံ့ပျောက်ဆေးများ အသုံးပြုခြင်းစတာတွေနဲ့ အနံ့အသက်ဆိုးခြင်း၊ ဘက်တီးရီးယားပွားများခြင်းတို့ကို တိုက်ထုတ်နိုင်ပါတယ်။ ဒါ့ပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိစတဲ့ အနံ့ပြင်းတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။ထုတ်မပြောကြပေမယ့် အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံဟာ ပန်းသေပန်းညှိုးခြင်း၊ သုက်လွှတ်မြန်ခြင်း အစရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဆီးချို၊ နှလုံး၊ အာရုံကြောဆိုင်ရာ ပြဿနာများ၊ ဆေးလိပ်သောက်ခြင်း၊ သွေးလည်ပတ်မှုဆိုင်ရာပြဿနာများ အပါအဝင် အချို့သော ဆေးတွေဟာ ဒီပြဿနာတွေရဲ့ ရေသောက်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပန်းသေပန်းညှိုးခြင်း၊ သုတ်လွှတ်မြန်ခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ပါးရေနားရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်းစတာတွေကို ရင်ဆိုင်ရမယ့်အပြင် ဆီးကျိတ်ကြီးခြင်းကိုလည်း ကြုံတွေ့ရဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ ဒီလို ဆီးကျိတ်ကြီးခြင်းဟာ အသက်၇၅နဲ့အထက် အမျိုးသားတွေရဲ့ ထက်ဝက်လောက်မှာ ဖြစ်ပွားလေ့ရှိပါတယ်။ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးအိမ်လည်တံအစွန်ကို ပိုမိုဖိညှစ်လာတာကြောင့် သင့်အနေနဲ့ ဆီးမကြာခဏသွားချင်လာပါတယ်။ ကံကောင်းတာက ဒီပြဿနာကို ကုသပေးနိုင်တဲ့၊ ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေက ကြီးငယ်မဟူ အမျိုးသားတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်။ အချို့ပြဿနာတွေဟာ လူကြားသူကြားထဲမှာပဲဖြစ်ဖြစ်၊ မိမိလက်တွဲဖော်ချစ်သူနဲ့ အတူရှိနေချိန်မှာပဲဖြစ်ဖြစ် စိတ်မလုံခြုံမှုကို ဖြစ်စေတာမို့ ကြိုတင်ကာကွယ်သင့်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/awkward-problems-in-men/
ကပ်ပါးပိုးကြောင်း အသည်းပြည်တည်ခြင်းနဲ့ပတ်သက်လို့ သင်ဘာသိသင့်သလဲ။
အမီးဘားရောဂါပိုးကြောင့် အသည်းပြည်တည်ရောဂါဆိုတာက အူတွင်းကပ်ပါးရောဂါပိုးကို တုန့်ပြန့်ပြီး အသည်းမှာပြည်တွေစုလာတာပါ။ဒီရောဂါကိုဖြစ်စေတဲ့ ပိုးက Entamoeba histolytica လို့ခေါ်ပါတယ်။ ဒီပိုးဟာ အမီးဘားဝမ်းကိုက်ရောဂါကိုလည်းဖြစ်စေပါတယ်။ ဝမ်းကိုက်ပြီးနောက် ရောဂါပိုးကို သွေးက အသည်းဆီကို သယ်ဆောင်သွားတာဖြစ်တယ်။ ဒီရောဂါပိုးဟာ ညစ်ညမ်းနေတဲ့ အစားအသောက်တွေက နေတဆင့် ပြန့်ပွားနိုင်ပါတယ်။ လူလူချင်းထိတွေ့မှုကလည်း ကူးဆက်နိုင်ပါတယ်။ဒီရောဂါဟာ တကမ္ဘာလုံးမှာဖြစ်ပွားနိုင်ပေမယ့်လို့ လူနေထူထပ်ပြီး တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့ အပူပိုင်းဒေသတွေမှာ ပိုဖြစ်တတ်ပါတယ်။ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံတွေမှာ သိသိသာသာ အဖြစ်များတာတွေ့ရပါတယ်။ဖြစ်စေနိုင်တဲ့ အကြာင်းအရာတွေကတော့-။• အရက်သောက်ခြင်း။• ကင်ဆာရောဂါ။• ကိုယ်ခံအားကျဆင်းမှုရောဂါ (HIV)။• အာဟာရချို့တဲ့ခြင်း။• အသက်ကြီးခြင်း။• ကိုယ်ဝန်ဆောင်ခြင်း။• လတ်တလော အပူပိုင်းဒေသသို့ ခရီးသွားထားခြင်း။• Steriod သောက်နေခြင်း။ပုံမှန်အားဖြင့်တော့ အူလမ်းကြောင်းပိုးဝင်တာနဲ့ လက္ခဏာမပြတတ်ကြပါဘူး။ ဒါပေမယ့် အမီးဘားရောဂါပိုးကြောင့် အသည်းပြည်တည်ရောဂါကတော့ အောက်ပါရောဂါလက္ခဏာတွေရှိတတ်ပါတယ်။• ဗိုက်နာခြင်း (ညဘက်၊ ဗိုက်အပေါ်ဘက်၊ ဆိုးဆိုးဝါးဝါး ဆက်တိုက်၊ တခုခုနဲ့ ထိုးသလို နာတတ်ပါတယ်)။• ချောင်းဆိုးခြင်း။• ချမ်းတုန်ဖျားခြင်း။• နုန်းချိနေခြင်း။• ဆက်တိုက် ကြို့တိုးခြင်း (ရှား)။• အသားဝါခြင်း။• အစားအသောက်ပျက်ခြင်း။• ချွေးတွက်ခြင်း။• ပိန်လာခြင်း။တကယ်လို့ သင်ဟာ အပူပိုင်းဒေသတွေကို ခရီးသွားထားမယ် ဒီရောဂါလက္ခဏာတွေပေါ်လာမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။အောက်ပါစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုပါတယ်။• Abdominal ultrasound (ဝမ်းဗိုက်အက်ထရာဆောင်း)။• Abdominal CT scan or MRI (ဝမ်းဗိုက် ကွန်ပြူတာဓါတ်မှန် သို့ သံလိုက်ဓါတ်မှန်)။• သွေးစစ်ခြင်း။• အသည်းပြည်ကို စုပ်ထုတ်စစ်ဆေးခြင်း။• Liver scan ( အသည်းစကင်ဖတ်ခြင်း )။• Liver function tests (အသည်းလုပ်ဆောင်ရည် စမ်းသပ်ခြင်းများ)။• Serology for amebiasis ( သွေးတွင်းအမီးဘားရောဂါပိုးစစ်ဆေးခြင်း)။• Stool testing for amebiasis ( ဝမ်းတွင်းအမီးဘားပိုးစစ်ဆေးခြင်း)။ပိုးသတ်ဆေး [meteronidazole (Flagyl) or tinidazole (Tindamax)] တွေတိုက်ရပါမယ်။ အူထဲက အမီးဘားပိုးတွေကို သေစေဖို့နဲ့ ပြန်မဖြစ်အောင် ကာကွယ်ဖို့အတွက် paromomycin (သို့) diloxanide တွေသောက်ဖို့လိုပါတယ်။ ဒီကုသဆေးတွေကိုတော့ အသည်းပြည်ကို ကုသပြီးတော့ ပေးလေ့ရှိပါတယ်။တချို့အခြေအနေတွေမှာတော့ အသည်းထဲက ပြည်တွေကိုဖောက်ထုတ်ပြီး အနာသက်သာအောင်လုပ်ရပါတယ်။မကုသဘူးဆိုရင် ဒီပြည်တွေက ပေါက်တွက်ပြီး တခြားကိုယ်အင်္ဂါတွေဆီ (ဝမ်းဗိုက်၊ အဆုတ်၊ နှလုံး၊ ဦးနှောက်) ပြန့်ပြီး သေဆုံးသည်အထိဖြစ်တတ်ပါတယ်။ သေချာကုသပါက လုံးဝပျောက်ကင်းနိုင်သလို နောက်ဆက်တွဲဆိုးကျိုးတွေ ဆိုးဆိုးဝါးဝါး မဖြစ်နိုင်တော့ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%80%e1%80%95%e1%80%ba%e1%80%95%e1%80%ab%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8/
ဆံသားကျန်းမာရေးကိုလည်း မေ့မထားသင့်တဲ့ မိုးရာသီ ။ ။
နွေရာသီဆို ချွေးတွေထွက်၊ဆံပင်တွေခဏလေး အဆီပြန်ပြီး လုံးသွားလို့၊ ဆောင်းရာသီကျတော့ဦးရေပြား ခြောက်ြပီး ဗောက်ထလို့ ဆိုပြီး ကိုယ့်ဆံပင်လေးတွေ မပျက်စီးရေး ဂရုစိုက်ကြရတယ်မလား။ မိုးရာသီကတော့ နည်းနည်းတော်သေးတယ်ဆိုပြီးတော့ မထင်လိုက်ပါနဲ့။မိုးရာသီရဲ့ စိုထိုင်းတဲ့ ရာသီဥတုကလည်း ဆံသားနဲ့ ဦးရေပြားတွေ ခြောက်သွေ့ပျက်စီးစေတဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်။ ဒါ့ကြောင့်မိုးရာသီမှာလည်းဆံသားကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ ကြည့်ရအောင် ။ ။မိုးရာသီဆိုတော့ အခန့်မသင့် မိုးမိသွားလို့ ဆံပင်တွေ ရွှဲစိုသွားတဲ့အခါမျိုးမှာ ဒီတိုင်း ခြောက်သွားမှာပဲဆိုပြီး ပစ်မထားလိုက်ပါနဲ့။ မိုးရေဆိုတာ လေထုနဲ့ ဖုန်တွေကိုဖြတ်ပြီး ဆင်းလာရတာကြောင့် ဖုန်မှုန့်တွေ ရောနေတတ်ပြီးခေါင်းယားတာမျိုးတွေကိုဖြစ်စေတတ်ပါတယ်။ ဒါေ့ကြာင့် မိုးမိလာပြီဆိုတာနဲ့ ခေါင်းပြန်လျှော်ပြီး ခေါင်းကို ခြောက်အောင် သုတ်ပါ။မိုးအေးတော့ချွေးမထွက်ဘူး၊ နွေရာသီလို ဖုန်တွေလည်း မပေါဘူး၊ ပတ်ဝန်းကျင်မှာ စိုထိုင်းဆလည်းများနေတော့ ဦးရေပြား ခြောက်တာမျိုးတွေလည်း မရှိတော့ ခေါင်းမလျှော်လည်း ဘာမှမဖြစ်ဘူးဆိုပြီး မနေလိုက်ပါနဲံ။ တစ်ပါတ်ကို အနည်းဆုံး ၂ကြိမ်လောက်တော့ ခေါင်းလျှော်ပေးပါ။ ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်က အပျော့စားဆိုရင်နေ့တိုင်းတောင် ခေါင်းလျှော်ပေးလို့ရပါတယ်။ခေါင်းလျှော်ပြီးတိုင်းမှာ ရှုပ်ထွေးနေတဲ့ဆံသားတွေကို ရှင်းပေးဖို့၊ ဆံပင်ကို အားဖြည့်ဖို့နဲ့ ြေခါက်သွေ့နေတဲ့ဆံသားအဖျားတွေကို အစိုဓါတ်ထိန်းပေးဖို့ ခေါင်းလိမ်းဆီတွေ လိမ်းပေးသင့်ပါတယ်။ ဆံပင်ပေါင်းဆေးတွေလည်း တစ်ပတ် တစ်ခါလောက် သုံးပေးသင့်ပါတယ်။ကျစ်ဆ့မြီးကျစ်ထားတဲ့ဆံပင်တွေမိုးစိုသွားတဲ့အခါ ဖွာလန်ကြဲပြီးနှစ်ခွြဖစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စည်းချင်တယ်ဆိုရင် ဆံပင်ကိုမြင့်မြင့် စည်းထားတာ၊ ဖွဖွလေးထုံးထားတာမျိုးလောက်ပဲ လုပ်ပေးသင့်ပါတယ်။အသွားကျဲတဲ့ ဘီးတွေက ဆံပင်ဖြီးရတာလည်း လွယ်ကူစေသလို ဆံသားတွေပြတ်ဆတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာပါ။ဆံသားပျက်စီးတာတွေကို ကာကွယ်ဖို့ ဓါတုပစ္စည်းများတာတွေကို မသုံးချင်ဘူး သဘာဝထွက်တွေပဲ သုံးချင်တဲ့သူတွေအတွက် တရော်ကင်ပွန်း၊ အုန်းဆီ၊သံလွင်ဆီတို့ကို အခြေခံပြီးထုတ်ထားတဲ့ ခေါင်းလျှော်ရည်၊ ေခါင်းလိမ်းဆီ၊ ပေါင်းဆေးတို့ကို သုံးပေးလို့ရပါတယ်။မိုးတွင်းအေးတော့ ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ရေများများသောက်ပါ။ ဆံသားခြောက်သွေ့တာတွေကို ကာကွယ်ဖို့အတွက် ရေများများသောက်ပေးဖို့လိုပါတယ်။ ဆံသား အမြစ်လေးတွေ အားပြည့်အောင်အတွက်သံဓါတ်ြကွယ်ဝတာ၊ပရိုတင်းဓါတ်ကြွယ်ဝတာနဲ့ အိုမီဂါ 3 ကြွယ်ဝတဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။မိုးတွင်းဆိုတော့ ထီးတစ်ချောင်း အမြဲဆောင်ထားသင့်သလို မိုးရေမထိအောင် တစ်ကိုယ်လုံးကို အပြည့်အဝ ကာကွယ်ပေးတဲ့ မိုးကာအကျီၤတွေလည်း ဆောင်သွားသင့်ပါတယ်။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။.။.။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/rain-and-hair/
Enlarged spleen (သရက်ရွက်ကြီးခြင်း)
သရက်ရွက်သည် နံရိုးအိမ်အောက်ဖက် ဗိုက်အပေါ်ဘယ်ဖက်မှ ကျောဖက်အထိရှိသော အင်္ဂါဖြစ်ပါသည်။ ၎င်းသည် ပြန်ရည်စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရောဂါပိုများကိုတိုက်ထုတ်ရာ၌ စွန့်ထုတ်အင်္ဂါအဖြစ် အလုပ်လုပ်၏။သရက်ရွက်မှထုတ်သော သွေးဖြူဥများမှာ ဘက်တီးရီးယား၊ တစ်ရှူးသေများနှင့် ပြင်ပမှပစ္စည်းများကို ငုံပြီးသွေးများနှင့်အတူ ၎င်းဆီစီးဆင်းလာကာ ဖယ်ထုတ်ပေးပါသည်။ သရက်ရွက်သည် သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥများကို မျှတအောင်လည်း ဆောင်ရွက်ပေး၏။ သွေးမွှားဥမှာ သွေးခဲခြင်းအတွက် အရေးပါပါသည်။ သရက်ရွက်သည် သွေးမှမကောင်းသော သွေးဆဲလ်များကို စစ်ထုတ်ပေးပါသည်။ပုံမှန်အားဖြင့် သရက်ရွက်သည် လက်သီးအရွယ်သာရှိ၏။ ပုံမှန်စမ်းသပ်ကြည့်ပါက ထိုအရာကို မစမ်းမိပါ။ သို့သော် ရောဂါများသည် ၎င်းကိုဖောင်းလာစေပြီး ပုံမှန်ထက် အဆများစွာ ကြီးလာနိုင်ပါသည်။ သရက်ရွက်မှာ လုပ်ငန်းစဉ်များစွာကို လုပ်နေရသောကြောင့် အခြေအနေအမျိုးမျိုးက ၎င်းကိုထိခိုက်စေနိုင်ပါသည်။သရက်ရွက်ကြီးတိုင်း ပြဿနာဖြစ်နေပြီတော့မဟုတ်ပါ။ သရက်ရွက်ကြီးလာသည့်အခါ သူ့အလုပ်ကိုပုံမှန်ထက်ပိုပြီး လုပ်နေရသည်ဟု ဆိုလိုပါသည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံတွင် သွေးဆဲလ်များကို ဖယ်ခြင်း ဖျက်ခြင်းကို ပိုလုပ်နေရသည်မျိုး။ ထိုအခြေအနေအား Hypersplenism ဟု ခေါ်၏။ ဖြစ်ရသည့်အကြောင်းရင်းများစွာတွင် သွေးမွှားဥများလွန်းခြင်းနှင့် တခြားသောသွေးရောဂါများ ပါပါသည်။ဒီရောဂါသည် အဖြစ်များ၏။ အရွယ်မရွေး ကျားမမရွေးဖြစ်နိုင်သည်။ အချက်အလက်များကို ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။သရက်ရွက်ကြီးခြင်း ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ။တစ်ချို့တွင်လက္ခဏာမပြပါ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ဗိုက်အပေါ်ဘယ်ဖက်နာနေလျှင် အထူးသဖြင့် အသက်ပြင်းပြင်းရှုသည့်အခါ ပိုနာကျင်လာလျှင် ဆရာဝန်နှင့်ဆက်သွယ်ပါ။ကူးစက်ရောဂါများ။မိုနိုနျူကလီရိုးစစ်လို ဗိုင်းရပ်ပိုးများ၊ တောက်ဇိုပလက်စမိုးစစ်လို ကပ်ပါးပိုးရောဂါ၊ နှလုံးရောင်ခြင်းကဲ့သို့ ဘက်တီးရီးယားပိုးရောဂါများ။ကင်ဆာ။ပုံမှန်မဟုတ်သော သွေးဖြူဥများက ကျန်းမာသော သွေးဖြူဥများကိုနည်းလာစေသော လူကီးမီးယားကင်ဆာ။ပြန့်ရည်တစ်ရှူးများတွင်ဖြစ်သော Hodgkin’s disease လို လင်ဖိုးမားကင်ဆာ။သရက်ရွက်ကြီးခြင်းကိုဖြစ်စေသော တခြားအကြောင်းများ။ဆာကွိုက်ဒိုးစစ်၊ လူးပပ်နှင့် လေးဖက်နာကဲ့သို့ အဆစ်ရောင်ခြင်း စသည့် ရောင်ရမ်းနာများ။ထိခိုက်ဒဏ်ရာရခြင်း။သရက်ရွက်သို့ပျံ့လာသော ကင်ဆာ။ကင်ဆာမဟုတ်သောအရည်များနှင့်ပြည့်နေသည့် အိတ်ငယ်ရောဂါ။ဘက်တီးရီးယားကြောင့် ပြည်တည်နေသော ပြည်နာများ။Gaycher’s disease ၊ အမိုက်လွိုက်ဒိုးစစ်၊ ဂလိုင်ကိုဂျင်သိုလှောင်မှုဆိုင်ရာရောဂါများ။လက္ခဏာများ မပြတတ်သောကြောင့် လူနာအများစုမှာ သရက်ရွက်ကြီးနေကြောင်းမသိကြပါ။ ဆရာဝန်မှ စမ်းသပ်သည့်အခါမှသာ များသောအားဖြင့် သိရ၏။ အောက်ပါတို့မှာ အဖြစ်များသော လက္ခဏာများ ဖြစ်ပါသည်။အစာအများကြီး မစားနိုင်ခြင်း။ဗိုက်အပေါ်ဘယ်ဖက်တွင် မအီမသာဖြစ်ခြင်း၊ ပြည့်ကယ်နေသလိုခံစားရခြင်း၊ နာကျင်နေခြင်း၊ နာကျင်မှုသည် ဘယ်ဖက်ပုခုံးထိ ပျံ့နေခြင်း။အသက်ရှုသည့်အခါ ပိုအောင့်သည်ဆိုပါက ဆရာဝန်ထံ ချက်ချင်းပြသပါ။သရက်ရွက်ကြီးခြင်းဖြစ်လျှင် တခြားသောလက္ခဏာများလည်း ရှိနေနိုင်ပါသည်။ အောက်ခံရောဂါများနှင့် ဆက်နွှယ်၏။မောပန်းလွယ်ခြင်း။ကိုယ်အလေးချိန်ကျခြင်း။မကြာခဏကပိုးဝင်ခြင်း။သွေးထွက်လွယ်ခြင်း။အသားဝါခြင်း။သွေးအားနည်းခြင်း။သရက်ရွက်ကြီးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။မိုနိုနျူကလီရိုးစစ်လို ကူးစက်ရောဂါဖြစ်နေသော ကလေး၊ လူကြီးများ။Gaucher’s disease, Niemann-Pick disease နှင့် အသည်းနှင့် သရက်ရွက်ကိုထိခိုက်သည့် တခြားသော မွေးရာပါ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ကမောက်ကမရောဂါများ။ငှက်ဖျားဖြစ်သောနေရာတွင်နေသူများ သို့ သွားဖူးသူများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သရက်ရွက်ကြီးခြင်းကို ပုံမှန်အားဖြင့် စမ်းသပ်ရုံနှင့် သိနိုင်ပါသည်။ ရောဂါကိုသိ၍ စမ်းသပ်ခြင်းဖြင့်လည်းကောင်း ပုံမှန်စမ်းသပ်ရိုးစမ်းသပ်စဉ် မမျှော်လင့်ပဲသော်လည်းကောင်း သရက်ရွက်ကြီးခြင်းကို သိရှိနိုင်ပါသည်။၎င်းတည်ရှိသောနေရာသည် ဘယ်ဖက်နံရိုးအိမ်အောက်ဖက်ဖြစ်သောကြောင့် ပုံမှန်အားဖြင့်တော့ တစ်ချို့သူများမှလွဲ၍ စမ်းမိမည်မဟုတ်ပါ။ ကြီးလာသည်နှင့် သရက်ရွက်မှာ ဗိုက်အပေါ်ဘယ်ဖက်မှ ချက်ထိအောင် ဆန့်ထုတ်ကြီးလာမည်ဖြစ်သည်။ တစ်ခါတစ်ရံဆရာဝန်မှ လူနာကိုညာဖက်စောင်းပေးရန် ညွှန်ကြားပြီး စမ်းနိုင်ပါသည်။ ကြီးနေသော သရက်ရွက်ကို အဝလွန်သူများတွင် စမ်းမိမည်မဟုတ်ပါ။တခါတစ်ရံတွင် သရက်ရွက်ကြီးခြင်းအား ဓါတ်မှန်၊ တီဗီဓါတ်မှန်၊ စီတီဓါတ်မှန်၊ သံလိုက်ဓါတ်မှန်များမှလည်း သိရှိရနိုင်ပါသည်။သရက်ရွက်ကွဲစေမည့်လှုပ်ရှားမှုများ ဥပမာ ထိမိတိုက်မိနိုင်သော အားကစားများကို ကန့်သတ်ရမည်။ သရက်ရွက်ကွဲပါက သွေးအများအပြားထွက်နိုင်ပြီး အသက်အန္တရာယ်ရှိပါသည်။သရက်ရွက်ကြီးရသည့် အကြောင်းကိုလည်း ရှာဖွေကုသဖို့ အရေးကြီး၏။ မကုသပဲထားပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါသည်။ ဖြစ်ရပ်အများစုတွင် အောက်ခံအကြောင်းရင်းကို ကုသလိုက်ပါက သရက်ရွက်ထုတ်ရခြင်းမှ ကင်းဝေးနိုင်ပါသည်။ တစ်ချို့တွင်တော့ သရက်ရွက်ကို ထုတ်ပစ်မှရသည်မျိုးလည်းရှိနိုင်သည်။ခွဲစိတ်ရန်လိုလာပါက ဆရာဝန်သည် ဗိုက်ဖွင့်ခွဲခြင်းထက် မှန်ပြောင်းဖြင့် ခွဲခြင်းကို ပိုလုပ်ကောင်းလုပ်နိုင်ပါသည်။ ထိုခွဲစိတ်မှုမျိုးသည် အပေါက်ငယ်လေးများဗိုက်တွင်ဖောက်ပြီး မှန်ပြောင်းထည့်ကြည့်ကာ သရက်ရွက်ထုတ်ခြင်းဖြစ်သည်။သရက်ရွက်ထုတ်ရသည်ဆိုပါက ဘက်တီးရီးယားများကို ခန္ဓါကိုယ်မှ ကောင်းမွန်စွာ ထုတ်နိုင်တော့မည်မဟုတ်ပါ။ ရောဂါပိုးကူးစက်ခံရရန် ပိုလွယ်ကူသွားနိုင်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေးများ ထိုးထားခြင်းဖြင့် ရောဂါပိုးများကို ကာကွယ်ထားရန်လို၏။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သရက်ရွက်ကြီးခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။ဘောလုံး၊ ဟောကီ စသည့် ထိခိုက်နိုင်မည့် အားကစားများကိုရှောင်ပါ။ ဆရာဝန်ပြောသည့် လှုပ်ရှားမှုများကိုကန့်သတ်ပေးပါ။ လှုပ်ရှားမှုများကို ပြောင်းလဲခြင်းက သရက်ရွက်ကွဲနိုင်မည့် အန္တရာယ်ကို လျော့ချရာရောက်ပါသည်။ကားစီးတိုင်း ခါးပတ်ပတ်ပါ။ အကယ်၍ ကားအက်စီဒန့်ဖြစ်လျှင်တောင် သရက်ရွက်ကိုမထိစေရန် ကာကွယ်မှုရနိုင်ပါသည်။နောက်ဆုံးအနေဖြင့် သင့်တွင် ပိုးကူးစက်နိုင်ချေများနေသောကြောင့် ကာကွယ်ဆေးများကို မှန်မှန်ထိုးပါ။ ဆိုလိုသည်မှာ တုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးခြင်း၊ မေးခိုင်၊ စုံစို့၊ ကြက်ညှာကာကွယ်ဆေးများကို ၁၀ နှစ်တစ်ခါထိုးခြင်း။ တခြားလိုအပ်မည့် ကာကွယ်ဆေးများကိုလည်း ဆရာဝန်ထံမေးမြန်းပါ။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/enlarged-spleen-%e1%80%9e%e1%80%9b%e1%80%80%e1%80%b9%e1%80%9b%e1%80%bc%e1%80%80%e1%80%b9%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့
ဝိတ်ချတော့မယ်ဟေ့လို့ စိတ်ကူးလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၀ လောက် အရင်ဆုံး တွေးမိတတ်တာကအစားလျှော့စားမယ်ဆိုတဲ့ အတွေးပါပဲ။ အစာမစားရင် ကိုယ်အလေးချိန် လျှော့ကျစေနိုင်တယ်ဆိုတာက မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့ လို့ပေါ့။ဒါပေမယ့် အစားလျှော့ပြီး ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာများလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ ကိုယ့်ကိုယ်ကို ပိတ်ပင်တားဆီးနေတာဟာ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။ တကယ်တော့ကိုယ်အလေးချိန်လျှော့ချနိုင်တဲ့ နည်းလမ်းတွေက အများကြီးပါ။ အစားလျှော့စားတာက ထိရောက်ကောင်းထိရောက်နိုင်ပေမယ့် ရေရှည်အသုံးတည့်တဲ့ နည်းလမ်းမျိုးတော့ မဟုတ်ပါဘူး။ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့ လို့ ပြောရတာက အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာအဝလွန်နေတာထက် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။ ကယ်လိုရီ မှီဝဲမှုကို လျှော့ချဖို့ အစားအသောက်တွေကို ခွဲခြားရွေးချယ်စားသောက်နေတာကြောင့် လိုအပ်တဲ့ အဟာရဓာတ်တွေကို ပြည့်ဝအောင် မဖြည့်ဆည်းနိုင်ဘူးဆိုရင်အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်လည်း အစားအသောက်ကိုအာဟာရမျှတစွာမစားပဲ ဝိတ်ချမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။အစားအသောက်ကို လျှော့ချပြီး ဝိတ်ချတဲ့အခါမှာ အစာအိမ်တွင်းက အစာချေစနစ်ဟာ ထိခိုက်ရပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့ အနည်းဆုံး စွမ်းအင်ပမာဏကိုမရရှိတဲ့အခါ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေဟာ ရှုပ်ထွေးကုန်တတ်ပါတယ်။ လိုအပ်တဲ့ အဟာရဓာတ်မျိုးကို ပြည့်ဝစွာရရှိအောင် စားသောက်ဖို့သင့်ပါတယ်။လူတိုင်းဟာ အလုပ်တွေများနေချိန် ပင်ပန်းနေချိန်တွေမှာ ကိုယ်အလေးချိန်ကျ ဆင်းသွားတတ်ပြီး Weekend လို စားသောက်ပျော်ပါးဖြစ်တဲ့အချိန်မျိုးတွေမှာ ကိုယ်အလေးချိန် ပြန်တိုးလာတတ်ပါတယ်။ ဒါကိုမှ အစာစားတဲ့ ပုံစံကို ပြောင်းလဲပြီး ဝိတ်လျှော့ဖို့ အတင်းအကျပ်ကြိုးပမ်းတဲ့အခါမှာ သွေးဖိအား၊ သွေးတွင်းသကြားပမာဏ၊ကိုလက်စထရောတို့သာမက အစာအိမ်အတွင်းက အဏုဇီဝပိုးမွှားတွေအထိပါ သက်ရောက်လေ့ရှိပါတယ်။ ဒါဟာ အစာအိမ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်စေဖို့ လမ်းစဖြစ်ပါတယ်။အစားလျှော့တယ်ဆိုတာ သက်သောင့်သက်သာ ကိစ္စတော့မဟုတ်ပါဘူး။ စားချင်တာကို မစားဖြစ်အောင် ထိမ်းချုပ်ပြီးနေရတဲ့ ပြင်းထန်တဲ့ ကျင့်စဉ်တစ်ခုလို့တောင်ဆိုလို့ရပါတယ်။ ဒီအတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာနိုင်သလိုSerotoninထုတ်လုပ်မှုပမာဏကိုလည်း လျော့နည်းစေတာမို့ အိပ်မပျော်တာ၊ အိပ်ချိန်မမှန်တာ၊ စိတ်ခံစားချက်မကောင်းတာ၊ စိတ်ဖိစီးမှုများတာမျိုးတွေ ဖြစ်နိုင်ပါတယ်။စိတ်ရှည်ဖို့က အဓိကပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အဟာရကို ပြည့်ဝအောင် စားသောက်ရပါမယ်။ အစားအသောက်ကို ခွဲစားတာမျိုးနဲ့ လေ့ကျင့်ခန်းကို သင့်တော်ရုံ မျှတအောင်လုပ်သင့်ပါတယ်။အထူးသဖြင့် အစာစားတဲ့ ပမာဏကို ထိန်းချုပ်နိုင်အောင် အရင်လုပ်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းနဲ့ အမြောက်အများစားတာဟာ ဝိတ်တက်စေနိုင်ပါတယ်။ အသားနဲ့ အသီးအရွက်ကို မျှတအောင်ပြင်ဆင်ပြီး နည်းနည်းစီစားတာ အကောင်းဆုံးပါပဲ။ ဒီလိုမဟုတ်ရင်တောင်မှာ ပုံမှန် ကိုယ်စားနေကျပမာဏထက် ၁၀% လောက် လျှော့ချစားသောက်ရင်တောင်မှ သင့်အတွက် အကျိုးရှိလာတာမြင်ရပါလိမ့်မယ်။လူတစ်ယောက်ဟာ တစ်နေ့ကိုကယ်လိုရီ၁၅၀၀-၂၀၀၀ ကြားစားပေးနေဖို့ လိုအပ်ပါတယ်။ အစားလျှော့စားမယ်ဆိုရင်တောင်  တစ်နေ့တာ ကယ်လိုရီလိုအပ်ချက် ပမာဏကို တွက်ချက်ပြီးမှ လျှော့သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အလွန်အကျွံ မြင်သမျှကို မစားဘဲ နေလိုက်တာက ကျန်းကျန်းမာမာ ဝိတ်ချနည်း မဟုတ်ပါဘူး။လေ့ကျင့်ခန်းကို မျှမျှတတလုပ်ပြီး အစားအသောက်ကိုလည်း အာဟာရမျှတအောင် စားပေးမယ်ဆိုရင် လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဘေးအန္တရာယ်မရှိဘဲ ရောက်ရှိနိုင်မှာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/skipping-meals-is-not-a-good-idea/
စိတ်ဖိစီးမှုနှင့် သိုင်းရွိုက်ရောဂါများ
စိတ်ဖိစီးမှုဆိုတာ ယနေ့ခေတ်အခါမှာ လက်ပွန်းတတီးဖြစ်နေတဲ့ စကားလုံးပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ကာလရှည်ကြာလာရင် ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်လာစေတဲ့အပြင်သိုင်းရွိုက်အပေါ်ကိုပါ သက်ရောက်မှု ရှိပါတယ်။သိုင်းရွိုက်ဟာ အဒရီနယ်ဂလင်းတွေနဲ့ လိုက်လျောညီထွေ အလုပ်လုပ်ပါတယ်။ အဒရီနယ်ဂလင်းတွေဟာ ကျောက်ကပ်တွေပေါ်မှာ တည်ရှိပြီး စိတ်ဖိစီးမှု အနည်းငယ်မျှလောက်ကို တုံ့ပြန်ကိုင်တွယ်နိုင်ပါတယ်။ စိတ်ဖိစီးချိန်မှာ အဆိုပါဂလင်းများကနေ ကော်တီဆောဟော်မုန်းကို ထုတ်လုပ်ပြီး ကိုယ်ခန္ဓာရဲ့လုပ်ငန်းတာဝန်တွေကို တိုးမြှင့်ဆောင်ရွက်စေပါတယ်။အဖြစ်အများဆုံး သိုင်းရွိုက်ပြဿနာကတော့ မိမိကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါအမျိုးအစားဖြစ်ပြီး သိုင်းရွိုက်ဂလင်းမှာ ဖြစ်ပေါ်ပါတယ်။ ဂရေ့ဗ်စ်ရောဂါနဲ့ ဟာရှီမိုတိုသိုင်းရွိုက်ရောင်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ဂရေ့ဗ်စ်ရောဂါမှာ သိုင်းရွိုက်အလုပ်လုပ်နှုန်း တက်ကြွလွန်းပြီး ဟာရှီမိုတိုရောဂါမှာတော့ သိုင်းရွိုက်ဟာ အလုပ်လုပ်ခြင်း အားနည်းသွားပါတယ်။ စိတ်ဖိစီးမှုသက်သက်နဲ့တော့ အဆိုပါရောဂါတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် ပြဿနာကို ပိုဆိုးသွားစေပါတယ်။စိတ်ဖိစီးမှုကနေ သိုင်းရွိုက်အပေါ် ထိခိုက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ဇီဝဖြစ်ပျက်မှုတွေကို နှေးကွေးသွားစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်း ဆက်စပ်နေတာ ဖြစ်ပါတယ်။ စိတ်ဖိစီးချိန်မှာ သိုင်းရွိုက်လုပ်ငန်းတွေကျဆင်းသွားတဲ့အခါ T3 နဲ့ T4 သိုင်းရွိုက်ဟော်မုန်းတွေလည်း ကျဆင်းသွားပါတယ်။သိုင်းရွိုက်အလုပ်လုပ်ခြင်းအားနည်းချိန်မှာ အင်ဆူလင်မတိုးခြင်းနဲ့ သွေးတွင်းသကြား ထိန်းချုပ်ခြင်း ကိစ္စတွေမှာ ပြဿနာတွေ ရှိလာတတ်ပါတယ်။ စိတ်ဖိစီးချိန်မှာ ပိုထွက်လာတတ်တဲ့ ဂလူကိုကော်တီကွိုက်ဟော်မုန်း မြင့်တက်လာခြင်းဟာ သွေးထဲမှာ TSH ဟော်မုန်းကို ကျဆင်းလာစေပါတယ်။ စိတ်ဖိစီးချိန်ထွက်တဲ့ ဟော်မုန်းများဟာ သိုင်းရွိုက်အပေါ် သက်ရောက်မှုဖြစ်စေပါတယ်။စိတ်ဖိစီးမှု ကာလကြာရှည်လာရင် ကိုယ်ရောစိတ်ပါ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ တစ်ချိန်တည်းမှာပဲ သိုင်းရွိုက်အားနည်းတဲ့ လက္ခဏာတွေ ဥပမာ ပင်ပန်းနွမ်းနယ်ခြင်း၊ကိုယ်အလေးချိန်တက်ခြင်းစတာတွေ ပေါ်လာတတ်ပါတယ်။ နာတာရှည်ဖြစ်လာတဲ့ စိတ်ဖိစီးမှုကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း စတဲ့ရောဂါဝေဒနာတွေ ပေါ်လာတတ်ပြီး အဆိုပါလက္ခဏာနှစ်မျိုးစလုံးဟာ သိုင်းရွိုက်အားနည်းခြင်းရဲ့ လက္ခဏာတွေလည်း ဖြစ်ပါတယ်။စိတ်ဖိစီးမှုလည်းများနေပြီး သိုင်းရွိုက်ရောဂါလည်း ကြုံနေရပြီဆိုရင် သင့်ရဲ့နေ့စဉ် နေထိုင်မှုပုံစံမှာ အောက်ပါအတိုင်း ပြောင်းလဲသင့်ပါတယ်။သင့်တင့်မျှတအောင်စားပါ။ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရသင့်တင့်မျှတတဲ့ စားသောက်မှုပုံစံဖြစ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ် အသီးအနှံနဲ့ ပရိုတိန်းကို မျှတအောင်စားဖို့ လိုပါတယ်။ တနေ့တာကို သကြားနည်းပြီး ပရိုတိန်းနဲ့အမျှင်ဓာတ်များများပါတဲ့ မနက်စာကောင်းကောင်းနဲ့ စတင်သင့်ပါတယ်။ အယ်လ်ကိုဟော၊ ကဖိန်းနဲ့ သကြား စတာတွေကို လျှော့ပြီး သုံးစွဲသင့်ပါတယ်။ဗီတာမင်များသုံးစွဲပါ။သိုင်းရွိုက်ကို အထောက်အပံ့ဖြစ်စေမယ့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သုံးစွဲနိုင်ပါတယ်။ အိုင်အိုဒင်းနည်းခြင်းကြောင့် သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်း ဖြစ်တတ်ပါတယ်။အိုင်အိုဒင်းအပြင် သုံးစွဲသင့်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကတော့။– ဆီလီနီယမ်။– ဇင့်။– သံဓာတ်။– ကော့ပါးဓာတ်။– ဗီတာမင် A B C E စတာတွေ ဖြစ်ပါတယ်။ဒါပေမယ့် ဗီတာမင်အားဆေးတွေသောက်သုံးတော့မယ်ဆိုရင် သင့်တော်တဲ့ပမာဏကို သိရအောင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်သင့်ပါတယ်။အိပ်ရေးဝအောင်အိပ်ပါ။သိုင်းရွိုက်အလုပ်လုပ်ခြင်း အားနည်းချိန်မှာ နှစ်ခြိုက်စွာအိပ်စက်နိုင်ဖို့ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာလည်း ညအခါမှာ အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ ဒါပေမယ့် ညအချိန်မှာ နှစ်ခြိုက်စွာ အနားယူအိပ်စက်နိုင်အောင် ကြိုးစားခြင်းဟာ သိုင်းရွိုက်ကျန်းမာရေးအပေါ် ကောင်းစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထာပါ။ အိပ်စက်ခါနီး ဖုန်း ကွန်ပျူတာများ သုံးခြင်း ရှောင်ပါ။ အိပ်စက်ခါနီး ငြိမ်ငြိမ်သက်သက်နေခြင်းဟာ အဒရီနယ်ဂလင်းများကနေ စိတ်ဖိစီးမှု တုံ့ပြန်တဲ့ ဟော်မုန်းကို လျော့နည်းစေပြီး အနားကောင်းကောင်းရစေပါတယ်။ဖြေလျှော့အနားယူခြင်း။ဖြေလျှော့အနားယူခြင်း၊တရားထိုင်ခြင်းစတာတွေဟာ သင့်စိတ်နဲ့ ကိုယ်ခန္ဓာကို ကောင်းစွာ အနားရစေပါတယ်။ ဒီလိုအနားယူခြင်းကြောင့်လည်း စိတ်ဖိစီးမှုလျော့ကျပြီး သိုင်းရွိုက်အပေါ် ထိခိုက်ခြင်းလည်း သက်သာစေပါတယ်။ ကိုယ်ရောစိတ်ပါဖြေလျှော့နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အပြင်ထွက်လမ်းလျှောက်ခြင်း စတာတွေ ဖြစ်ပါတယ်။နေ့စဉ်ဘဝကနေ စိတ်ဖိစီးမှုအားလုံးကို ဖယ်ထုတ်နိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အစားကောင်းကောင်းစားခြင်း၊ ဗီတာမင် သတ္တုဓာတ်များ သုံးစွဲခြင်း၊ နှစ်ခြိုက်စွာ အိပ်စက်ခြင်း၊ ဖြေလျှော့အနားယူခြင်း စတာတွေဟာ သိုင်းရွိုက်အတွက်ရော အလုံးစုံကျန်းမာရေးကိုပါ ဟန်ချက်ညီမျှတစေပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/stress-and-your-thyroid/
တက်တူးထိုး ထားတဲ့နေရာက ယားနေရင် ဘာလုပ်သင့်လဲ
တက်တူးထိုး ဖူးတဲ့ သူတော်တော်များများက ဒီလိုယားယံမှုမျိုးကို ခံစားဖူးကြမှာပါ။ လတ်လတ်ဆတ်ဆတ်တက်တူးထိုးပြီးကာစမှာ အပ်နဲ့ မင်ရဲ့ ဒဏ်ကြောင့် အရေပြားအပေါ်ယံလွှာ ပျက်စီးပြီး တစ်ခါတစ်ရံ ယားယံခြင်း ဖြစ်တတ်ပါတယ်။ ဘယ်လောက်ပဲ ယားနေပါစေတက်တူးထိုးထားတဲ့ အရေပြားကိုတော့ ကုတ်ဖဲ့တာတွေ မလုပ်သင့်ပါဘူး။ ပြန်ကောင်းဖို့ အရေပြားဆဲလ်တွေ အလုပ်လုပ်နေတဲ့အချိန်မှာ တက်တူးကိုလည်း ပျက်စီးစေနိုင်သလို အရေပြားပိုးဝင်တာတွေလည်း ဖြစ်နိုင်ပါတယ်။၁။ ထိုးပြီးကာစမှာ ယားယံမှု ပိုအဖြစ်များပြီး တက်တူးထိုး ထားတာ တော်တော်ကြာရင်လည်း ယားတတ်ပါတယ်။ ထိခိုက်ပျက်စီးသွားတဲ့ နေရာကို ပြန်လည်ကုစားဖို့ အရေပြားက အလုပ်လုပ်နေတာကြောင့်လည်း ဖြစ်နိုင်သလို ပိုးဝင်တာလည်း ဖြစ်နိုင်ပါတယ်။၂။ တက်တူးထိုးလိုက်တဲ့အခါ ကျန်ခဲ့တဲ့ ဒဏ်ရာကိုအရေပြားက ဖြည်းဖြည်းချင်းကုစားပါတယ်။ ဒဏ်ရာကြောင့် နီရဲနေတဲ့ အရေပြားထဲ ပိုးမဝင်ဖို့၊ အပေါ်ယံတစ်သျှူးတွေကို ပြုပြင်ပေးဖို့ အလုပ်လုပ်နေချိန်မှာ အနည်းငယ် ယားယံနိုင်ပါတယ်။၃။ အရေပြားရဲ့ အပေါ်ယံလွှာ (Epidermis) နဲ့ အလယ်လွှာ (Dermis) ကို မင်နဲ့ အပ်ဖြင့် ထိုးဖောက်လိုက်တဲ့အခါ ပိုးဝင်နိုင်ပါတယ်။ အထူးသဖြင့် ထိုးပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဝင်တာဖြစ်ပြီး ယားယံတာအပြင် ရောင်တာ၊ နီရဲတာ၊ အရည်စိမ့်ထွက်တာဖြစ်နိုင်ပါတယ်။ ပြင်းထန်လွန်းတဲ့အခြေအနေမှာ အပြင်းဖျားပြီး ခိုက်ခိုက်တုန်အောင် ချမ်းနေတတ်လို့ ဆရာဝန်နဲ့ ပြသကြည့်တာ အကောင်းဆုံးပါပဲ။၄။ တက်တူးထိုး တဲ့နေရာမှာ အသုံးပြုတဲ့ မင်နဲ့ဓာတ်မတည့်တဲ့အခါမှာလည်း ယားယံတတ်ပါတယ်။ တချို့သော တက်တူးမင်တွေဟာ ပလတ်စတစ်ကနေ အရောင်ဆိုးဆေးအဖြစ် ပြုလုပ်ထားတာဖြစ်ပြီး အရေပြားအတွင်းသို့ ဝင်ရောက်တဲ့အခါ ဓာတ်မတည့်တာနဲ့အတူ ဆိုးဆိုးရွားရွား ယားယံတာအပြင် အရေပြားနီမြန်းတာ၊ အဖုလေးတွေ အစုလိုက်အပြုံလိုက် ထွက်တာမျိုးတွေလည်း ရှိပါတယ်။ ထိုးပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိကို မင်က အရေပြားထဲမှာ ကျန်နေတဲ့အတွက် ယားယံတတ်ပါတယ်။၅။ ဓာတ်မတည့်တာအပြင် မသန့်ရှင်းတဲ့ မင်တွေသုံးတဲ့အခါမှာလည်း အရေပြားက ယားယံခြင်းတွေ ဖြစ်နိုင်ပါတယ်။၆။ အသားခြောက်ပြီး ပပ်တဲ့သူတွေ၊ အရေပြားနှင်းခူအစရှိတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်နေတဲ့နေရာကို တက်တူးထိုးမိရင်လည်း အင်ပျဉ်ထသလို နီရဲပြီး ယားယံသလို အကွက်တွေထနိုင်ပါတယ်။၆။ ထိုးပြီး တော်တော်ကြာနေတဲ့ တက်တူးတွေမှာ Sarcoidosis လို့ခေါ်တဲ့ ခုခံအားတုံ့ပြန်မှုရောဂါတွေ ဖြစ်နိုင်ပါတယ်။ အရေပြားမှာ အလွန်အမင်း ယားယံပြီး နီရဲခြင်းကို ဖြစ်စေသလို ကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်လာစေနိုင်သည်အထိ ပြင်းထန်တတ်ပါတယ်။အရေပြားယားတဲ့အချိန်ဆို လူတော်တော်များများက လက်သည်းနဲ့ ကုတ်ဖဲ့တတ်ကြပါတယ်။ ပုံမှန်အရေပြားဆိုရင်တောင် ကုတ်လိုက်ရင် အရေပြားပွန်းပဲ့ပြီး ပိုးဝင်နိုင်တာ၊ သူ့ထက် ပိုပါးနေပြီး ပြုပြင်ကုသဖို့ အချိန်ယူနေရတဲ့ အရေပြားဆိုရင် ပိုပြီးတောင် မကုတ်သင့်ပါဘူး။ တက်တူးကိုလည်း ပျက်စီးစေတဲ့အပြင် အရေပြားတွင်းပိုးဝင်သွားတဲ့အခါ ဝေဒနာက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် တက်တူးထိုး ပြီးနောက် အရေပြားယားယံလာပြီဆိုရင် အောက်မှာ ပြထားတဲ့ အိမ်တွင်းနည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။၁။ အရေပြားကို ပုံမှန်အစိုဓာတ်ထိန်းပေးပါ။ ခြောက်နေတဲ့အချိန်ဆိုရင် ပိုပြီးတော့ ယားယံနိုင်တာကြောင့် ဖြစ်ပါတယ်။ တက်တူးထိုးပေးတဲ့သူကို အစိုဓာတ်ထိန်းလို့ရတဲ့ နည်းလမ်းတွေကို မေးမြန်းကြည့်ပြီး အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် အမွှေးရနံ့မရှိ၊ ယားယံခြင်းမဖြစ်စေတဲ့lotionလိမ်းပေးလို့လည်း ရပါတယ်။၂။ ဆေးဆိုင်ကနေ အလွယ်တကူ ဆေးဝယ်ပြီး လိမ်းတာထက် ဆရာဝန်ရဲ့ ဆေးအညွှန်းနဲ့ လိမ်းပေးတာ ပိုကောင်းပါတယ်။ သက်တမ်းနည်းနည်းကြာနေတဲ့ တက်တူးတွေအတွက်ဆိုရင် Hydrocortisone ပါတဲ့ လိမ်းဆေးတွေကို လိမ်းပေးလို့ ရပါတယ်။၃။ တက်တူးထိုးထားတဲ့ နေရာမှာ ရေခဲဝတ်ကပ်ပေးခြင်းဖြင့် ယားယံတာ သက်သာစေသလို အရောင်ကျသွားစေနိုင်ပါတယ်။ ထိုးပြီးကာစ မင်နဲ့ အရေပြား အသားကျဖို့ ၂ပတ်လောက် အနည်းဆုံးကြာတတ်တဲ့အတွက် သည်းမခံနိုင်အောင် ယားလာပြီဆိုမှ ဆရာဝန်ဆီကနေ အကြံဉာဏ်တောင်းကြည့်တာ အကောင်းဆုံးပါပဲ။၄။ တခြားသော အရေပြားပြဿနာတွေ (ဥပမာ – အရေပြားနှင်းခူ၊ပွေး၊ ညှင်း၊ မှိုစွဲရောဂါ) ရှိရင်တော့ ဒီပြဿနာကို အရင်ဆုံးပျောက်ကင်းအောင် ကုသဖို့ လိုပါတယ်။လုံးဝသည်းမခံနိုင်အောင် ယားစေတဲ့ အကြောင်းရင်းက တက်တူးထိုးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ မင်ကြောင့်ပါပဲ။ ဒီမင်က အရေပြားအတွင်းထဲမှာ ကျန်နေတဲ့အခါ ဓာတ်မတည့်တာ၊ ယားယံတာတွေကို ဖြစ်စေတဲ့အတွက် တော်တော်လေး သည်းမခံနိုင်တော့ဘူးဆိုရင် အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသပြီး တက်တူးဖျက်တာ အကောင်းဆုံးပါပဲ။တက်တူးထိုး ထားတဲ့ နေရာယားယံစေဖို့ ဖြစ်နိုင်ခြေ အကြောင်းအရင်း အများကြီးရှိပေမယ့် တော်တော်များများက အလွယ်တကူ ကုသလို့ ရတဲ့ ပြဿနာဖြစ်ပါတယ်။ သတိထားဖို့လိုတာကတော့ ယားနေတဲ့ အရေပြားကို လက်နဲ့ လုံးဝသွားမကုတ်မိဖို့ပါပဲ။ အရေပြားတွင်း ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ အဖျားတက်တာ၊ ချမ်းတုန်တာ၊ နေလို့ထိုင်လို့ မကောင်းသလို ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%90%e1%80%80%e1%80%ba%e1%80%90%e1%80%b0%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%94%e1%80%b1%e1%80%9b%e1%80%ac%e1%80%80-%e1%80%9a/
အဆုတ်ကင်ဆာ အဆင့်များ
သင်သည် အဆုတ်ကင်ဆာ ခံစားနေရပြီဆိုလျှင် ဆရာဝန်ကသင့်တွင်ဖြစ်နေသော ကင်ဆာ အဆင့်ကို သတ်မှတ်ပေးပါလိမ့်မည်။ လူအများ၏အမြင်တွင် ကင်ဆာအဆင့်မြင့်လာလေလေ ရောဂါ ကျွမ်းလာလေလေ ဟု မြင်တတ်ကြပါသည်။ ထိုထင်မြင်ချက်သည် အတိုင်းအတာတစ်ခု အထိမှန်ကန်ပါသည်။ အဆုတ်ကင်ဆာတွင် သတ်မှတ်ထားသော အဆင့်များသည် အဆုတ်တွင် ကင်ဆာဘယ်လောက်ထိ ရှိနေပြီလဲ၊ ဘယ်အပိုင်းတွေကို ပြန့်နှံ့သွားပြီလဲ ဖော်ပြခြင်းဖြစ်ပါသည်။ကင်ဆာ အဆင့်များကို ကြည့်ခြင်းဖြင့် ကင်ဆာ၏ အရွယ်အစား၊ ပြန့်နှံ့မှုတို့ကို သိနိုင်ပါသည်။ ထို့ပြင် ကင်ဆာနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် လူနာကြားထဲတွင် အကောင်းဆုံး နားလည်အောင် ရှင်းပြနိုင်မည့်နည်း ဖြစ်သလို ကင်ဆာကြောင့် လူနာ၏ အခြေအနေကို ခန့်မှန်းနိုင်ရန် ကောင်းသော နည်းလည်းဖြစ်ပါသည်။ထို့ကြောင့် ဆရာဝန်သည် ထိုအဆင့်များကို ကြည့်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်စေမည့် ကုသမှုများကို ရွေးချယ်နိုင်ပါသည်။အဆုတ်ကင်ဆာ အနုစားများကို ကင်ဆာဆေးသွင်းခြင်း၊ ဓါတ်ရောင်ခြည် ပြခြင်းများဖြင့် ကုသနိုင်ပါသည်။အဆုတ်ကင်ဆာကို ဆဲလ်အသေးများမှဖြစ်သော ကင်ဆာနှင့်။ဆဲလ်အသေးများမှမဖြစ်သော ကင်ဆာဟူ၍၂ မျိုးခွဲထားပါသည်။ဆဲလ်အသေးများမှဖြစ်သော ကင်ဆာ။ယင်းသည် အဆင့် ၂ ဆင့်ရှိပြီး ပြန့်ပွားမှုနှုန်းမြန်ပါသည်။ပထမအဆင့်မှာ အဆုတ်တနေရာတည်းတွင် ဖြစ်ပြီး ဒုတိယအဆင့်မှာ အဆုတ် နှစ်ခုလုံးတွင် ပြန့်သွားခြင်း ဖြစ်ပါသည်။ဆဲလ်အသေးများမှ မဖြစ်သော ကင်ဆာ။ယင်းသည် ဆဲလ်အသေးများမှဖြစ်သော ကင်ဆာထက် ပိုရှုပ်ထွေးပြီး အဆင့်များလည်း ပိုများပါသည်။အဆင့် 0။အဆုတ်တွင် ကင်ဆာလုံးကို မတွေ့ရသေးသော်လည်း စစ်ဆေးမှုများ အရ ကင်ဆာဆဲလ်များ တွေ့ရသော အဆင့်ဖြစ်ပါသည်။အဆင့်1A။ကင်ဆာဆဲလ်များကို အဆုတ်၏ အတွင်းဆုံးနှင့် အနက်ရှိုင်းဆုံး တစ်သျုးအလွှာများတွင် တွေ့ရပါသည်။ အရွယ်စားသည် ၃ မီလီမီတာအောက်ဖြစ်ပြီး လေပြွန်များ၊ ပြန်ရည်ကြောဖုများသို့ မပြန့်နှံ့သေးပါ။အဆင့်1B။ကင်ဆာဆဲလ်များသည် ပိုကြီးလာပြီး အဆုတ်တစ်သျူးများအတွင်းသို့ ပိုပြန့်နှံ့လာသည်။ ကင်ဆာကြိတ်သည် အချင်း ၃ စင်တီမီတာထက်ကြီးပြီး အဆုတ်အမြှေး သို့မဟုတ် ပင်မလေပြွန်အတွင်းသို့ပြန့်သွားသည်။သို့သော် ပြန်ရည်ကျောဖုများထဲသို့ မပြန့်သေးပါ။ ခွဲစိတ်ခြင်းနှင့် တစ်ခါတစ်ရံတွင် ကင်ဆာဆေးများဖြင့် အဆင့် ၁အေ နှင့် ၁ ဘီ တို့ကို ကုသပါသည်။အဆင့်2A။ကင်ဆာကြိတ်သည် အချင်း ၃ စင်တီမီတာအောက်ငယ်ပြီး ကင်ဆာဖြစ်သော ဘက် ပြန်ရည်ကြောဖုများသို့ ပြန့်နေပါသည်။အဆင့်2B။ကင်ဆာသည် ပြန်ရည်ကြောဖုများသို့ မပြန့်သော်လည်း ရင်ဘတ်၊ ပင်မလေပြွန်နှင့် နှလုံးကြွက်သားများသို့ ပြန့်နေပါသည်။သို့သော် အောက်ပါအချက်များအနက်မှ တစ်ချက်နှင့် ကိုက်ညီလျှင် ကင်ဆာသည် ပြန်ရည်ကြောဖုများသို့ ပြန့်နေကြောင်း ယူဆနိုင်ပါသည်။ ကင်ဆာကြိတ်သည် အချင်း ၃ စင်တီမီတာထက်ကြီးခြင်း၊ ပင်မလေပြွန်နှင့် အဆုတ်အမြှေးသို့ ပြန့်နေခြင်း တို့ဖြစ်ပါသည်။အဆင့်3A။ကင်ဆာဆဲလ်များကို အဆုတ်နှင့် ရင်ဘတ်အလယ်ရှိ ပြန်ရည်ကြောဖုများတွင် တွေ့ရပါသည်။ ထိုအဆင့်သည် အခြားနေရာများကို မပြန့်သေးသောကြောင့် ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။အဆင့်3B။ကင်ဆာကြိတ်သည် မည်သည် အရွယ်အစားမဆို ဖြစ်နိုင်ပါသည်။ ကင်ဆာသည် အဆုတ် ၂ ဖက်စလုံး၊ လည်ပင်း၊ နှလုံး၊ ပင်မသွေးကြောများ နှင့် အစာရေမြုပြွန်းများကို ပြန့်သွားပြီး ထိုအဆင့်တွင် ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါသည်။ ထို့ပြင် ဆေးသွင်းခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းများလည်း ပြုလုပ်နိုင်ပါသည်။အဆင့်4။ထိုအဆင့်တွင် ကင်ဆာဆဲလ်များသည် တစ်ကိုယ်လုံးသို့ ပြန့်သွားသော ကင်ဆာနောက်ဆုံးအဆင့် ဖြစ်ပါသည်။ လူနာအနေဖြင့် ကောင်းနိုးနိုးဆေးဝါးစမ်းသပ်မှုများကို ပြုလုပ်မှုခံယူခြင်း ၊ ရောဂါဝေဒနာများကို သက်သာစေခြင်း နည်းလမ်းများသာ ရှိပါတော့သည်။အထက်ပါ အဆင့်သတ်မှတ်ချက်များအပြင် TNM စနစ်ဖြင့်လည်း ကင်ဆာ အဆင့်များကို သတ်မှတ်နိုင်ပါသည်။ T သည် ကင်ဆာကြိတ်ကို ကိုယ်စားပြုသည်။ N သည် ပြန်ရည်ကြောဖုများနှင့် M သည် ကင်ဆာပြန့်နှံ့မှုကို ကိုယ်စားပြုပါသည်။ဥပမာ T0သည် ကင်ဆာကြိတ်မရှိဟု ဆိုလိုပြီး N1သည် ကင်ဆာသည် ပြန်ရည်ဖုများသို့ ပြန့်နေကြောင်း ဆိုလိုခြင်းဖြစ်သည်။အချုပ်အားဖြင့် ဆိုသော် အဆုတ်ကင်ဆာကို အဆင့်များခွဲခြင်းဖြင့် ဆရာဝန်သည် ထိုအဆင့်များကို ကြည့်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်စေမည့် ကုသမှုများကို ရွေးချယ်နိုင်ပါသည်။ သို့သော် ထို အဆင့်များသည် လူနာ၏ ရောဂါအခြေအနေ ကြိုတင်သုံးသပ်ချက်များနှင့် အမြဲမသက်ဆိုင်ကြောင်း သတိပြုပါ။ လူနာ၏ ရောဂါအခြေအနေ ကြိုတင်သုံးသပ်ချက်များသည် လူနာ၏ အထွေထွေ ကျန်းမာရေး အခြေအနေ၊ ဆေးကုသမှုကို ခံနိုင်ရည်ရှိခြင်း၊ တိုးတက်မှု ရှိခြင်း မရှိခြင်းများ အပေါ်တွင် များစွာ မူတည်ပါသည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%a1%e1%80%86%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/
သော်ကပင်နဲ့ အသားအရေ ကျန်းမာရေး
အသားအရေ ကျန်းမာမှုက လူတိုင်းအတွက် အတော်လေး အရေးကြီးပါတယ်။ အရေပြားက ခန္ဓာကိုယ်မှာ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်သလို ခန္ဓာကိုယ်ရဲ့ ခံတပ်ဆိုလည်း ဟုတ်ပါတယ်။ ဒီလိုမျိုး အရေးပါတဲ့အသားအရေကို အမြဲမပြတ် ဂရုစိုက်တာကို အရင်က သိပ်မလုပ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ တော်တော်များများ လုပ်ဆောင်လာကြပါတယ်။ ဒီလိုမျိုး အရေးပါတဲ့အသားအရေကိုထောက်ကူပေးမယ့် သဘာဝ ပစ္စည်းလေး တစ်မျိုးဖြစ်တဲ့ သော်ကပင်မှာအသားအရေ ကျန်းမာရေးအတွက် ဘယ်လို အစွမ်းသတ္တိတွေ ပါဝင်နေလဲ ဆိုတာကို  ပြောပြပေးသွားပါမယ်။သော်ကပင် ဆိုတာက မိုးသစ်တောအပင် တစ်မျိုးပါ။ အိန္ဒိယတိုက်ထဲမှာ တွေ့ရနိုင်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အစိမ်းရင့်ရောင် အရွက်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားပါတယ်။ အပင်ရဲ့ ပုံပန်းသဏ္ဍာန်က ကတော့ မှောက်ရက်အနေအထားနဲ့ တူပါတယ်။ လိမ္မော်ရောင် နဲ့ အဝါရောင် ပန်းလေးတွေ အခိုင်လိုက် ပွင့်တတ်ပြီး မကြွေခင်မှာ အနီရောင် ပြောင်းသွားတတ်ပါတယ်။ အိန္ဒိယလူမျိုးတွေ အမြတ်တနိုးထားကြတဲ့ အပင်တစ်မျိုးပါ။သော်ကပင်မှာ များစွာသောအာဟာရဓာတ်တွေပါဝင်နေပါတယ်။ကဲ …. သော်ကပင်နဲ့ အသားအရေ ကျန်းမာရေး အကြောင်း လေ့လာလိုက်ရအောင်နော်။ သော်ကပင်က အသားအရေကို အခုလို ကျန်းမာစေပါတယ်။သော်ကပင် အခေါက်ကို ပြုတ်ပြီး အနှစ်တိုက်လိုက်ပါ။ ပြီးရင် မုန်ညှင်းဆီထည့်ပြီး အအေးခံလို့ အရေပြားပေါ်မှာ လိမ်းပေးတာကဝက်ခြံသက်သာစေနိုင်ပါတယ်။သော်ကပင်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကိုအရေးအကြောင်းတွေ မဖြစ်အောင်ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။သော်ကပင်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့အသားအရောင် မညီတာကို သက်သာစေတာပါ။ အသားအရောင် ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။သော်ကပင်ခေါက်ကို သွေးပြီး သောက်ပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။သော်ကပင်မှာ ပါဝင်နေတဲ့ အာဟာရတွေက ဝက်ခြံကိုတင် သက်သာစေတာ မဟုတ်ပါဘူး။ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေတာပါ။ ဝက်ခြံ အမာရွတ် သက်သာစေဖို့အတွက် အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ရေဓာတ် ကြွယ်ဝတဲ့ သော်ကပင်ကအသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့်အရေပြား ခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ပုံမှန်လေး လိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီး အစိုဓာတ် ထိန်းပေးနိုင်မှာပါ။ အရေပြား ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ ဓာတ်တည့်မှုရှိ၊ မရှိ အရင်စမ်းသပ်သင့်ပါတယ်။သော်ကပင်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက သွေးတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေမှုကအသားအရေ ကြည်လင်စေဖို့ထောက်ကူပေးနိုင်ပါတယ်။ကဲ …… အသားအရေ လှပစေဖို့ သော်ကပင်ကို အားကိုးလို့ ရပါတယ်။ ဒါပေမယ့် သော်ကပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုသေးတာကြောင့် ကိုယ့်ရဲ့ အရေပြားပြဿနာတွေက တအားဆိုးနေရင် စနစ်တကျကုသမှုခံယူပါ။ ဓာတ်မတည့်ပြဿနာရှိသူတွေ၊ ထိခိုက်လွယ်အသားအရေရှိသူတွေဆိုရင်လည်း သတိထားပြီး သုံးဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/asoka-skin-benefits/
Total Serum Protein Test (သွေးတွင်းအလုံးစုံအသားဓါတ်စစ်ဆေးခြင်း)
ဒီစစ်ဆေးနည်းဟာ ကိုယ်ခန္ဓါ အတွင်းမှာ ရှိတဲ့ ပရိုတင်း တွေဖြစ်တဲ့ albumin နဲ့ globulin ဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးတဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။Albumin ကို အသည်းမှာ အဓိက တွေ့ရပါတယ်။ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေမှာ သွေးကြောအတွင်း သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးခြင်း၊ ဆေးအချို့နဲ့ အခြားအရာဝတ္ထုတွေကို သွေးအတွင်း သယ်ဆောင်ပေးခြင်းနဲ့ တစ်ရှူး ကြီးထွားနှုန်းနဲ့ အနာကျက်ခြင်းတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေပါတယ်။Globulin ကို alpha၊ beta နဲ့ gamma လို့ခေါ်တဲ့ ပရိုတင်းအမျိုးအစားတွေက ရရှိပါတယ်။ အသည်း (သို့) ကိုယ်ခံအားစနစ်က globulin ကို ပြုလုပ်ပေးပါတယ်။ အချို့ globulin တွေဟာ ဟေမိုဂလိုဘင် နဲ့ ပေါင်းပါတယ်။globulin ရဲ့ လုပ်ငန်းဆောင်တာတွေကတော့ သံဓါတ်အစရှိတဲ့ သတ္တုဓါတ်တွေကို သွေးအတွင်း သယ်ပို့ပေးခြင်းနဲ့ ရောဂါပိုးကူးစက်ခြင်းကို တိုက်ခိုက်ခြင်းတွေပဲ ဖြစ်ပါတယ်။ သွေးတွင်းပရိုတင်းကို လျှပ်စစ်လှိုင်းဖြတ်စီးပြီး စစ်ဆေးခြင်းနည်း Serum protein electrophoresis တွေဟာ globulin တွေကို အုပ်စုအခွဲတွေအဖြစ် ခွဲခြားပေးပါတယ်။ပရိုတင်းအားလုံး၊albumin နဲ့ globulin ရဲ့ အဖြေတွေကို သွေးတွင်းပရိုတင်းဓါတ်အားလုံးစစ်ဆေးခြင်းနည်းမှာ သီးခြားစီဖေါ်ပြထားပါတယ်။ အချို့ အခြေအနေတွေမှာတော့ ဆရာဝန်ဟာ အခြား globulin အမျိုးအစား (alpha-1 globulin) ကို ထည့်သွင်းစဉ်းစားလေ့ ရှိပါတယ်။သင့်မှာ အာဟာရပြဿနာတွေ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရဲ့ လက္ခဏာတွေရှိတယ်လို့ ကျန်းမာရေးစောင့်ရှောက်သူက သံသယရှိခဲ့ရင် ဒီစစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ပရိုတင်းအားလုံးက ပုံမှန်မဟုတ်ဘူးဆိုရင် ပြဿနာရဲ့ စစ်မှန်တဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အခြားစစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ်။သွေးတွင်းပရိုတင်းကို လျှပ်စစ်လှိုင်းဖြတ်စီးစေပြီး စစ်ဆေးခြင်းနည်း Serum protein electrophoresis test ဟာ သွေးအတွင်းက ပရိုတင်းတွေရဲ့ တိကျတဲ့အုပ်စုကို စစ်ဆေးဖို့ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို သင့်မှာ globulin ပမာဏ ပုံမှန်မဟုတ်ရင် ပြုလုပ်လေ့ရှိပါတယ်။ပျက်စီးနေတဲ့အသည်းဟာ ပရိုတင်းတွေကို မထုတ်လုပ်နိုင်ပါဘူး။ အရင်ကျန်ခဲ့တဲ့ပရိုတင်းတွေက သွေးအတွင်းမှာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျန်နေနိုင်တာကြောင့် သွေးအတွင်းကျဆင်းခြင်းရဲ့ လက္ခဏာတွေကို နှစ်ပတ်လောက်နေမှ ပြတတ်ပါတယ်။ ဒါကြောင့် အသည်းရဲ့ ပရိုတင်းပြုလုပ်နိုင်စွမ်းကနေတစ်ဆင့် အခြားရောဂါတွေရဲ့ အခြေအနေကို ခန့်မှန်းနိုင်ပါတယ်။ကာဗိုဟိုက်ဒရိတ်တွေနဲ့ အဆီတွေကို ကိုယ်ခန္ဓါအတွင်းမှာ သိမ်းထားနိုင်ပေမယ့် ပရိုတင်းကိုတော့ မသိမ်းထားနိုင်ပါဘူး။ ပရိုတင်းတွေဟာ အမိုင်နိုအက်ဆစ်တွေအဖြစ် တောက်လျှောက်ပြိုကွဲနေတာဖြစ်လို့ ပရိုတင်း၊ ဟော်မုန်း၊ အင်ဇိုင်းအသစ်တွေနဲ့ ကိုယ်ခန္ဓါက လိုအပ်တဲ့ အခြားအရာဝတ္ထုတွေကို ဆက်တိုက် ထုတ်လုပ်နေတာဖြစ်ပါတယ်။ပရိုတင်းတွေကို ဆီးအတွင်းမှာလည်း တိုင်းတာနိုင်ပါတယ်။ဒီစစ်ဆေးမှုမပြုလုပ်မီ သင့်ကျန်းမာရေးအခြေအနေ၊ သောက်နေတဲ့ဆေးတွေ၊ ရှောင်သင့်တဲ့အစားအသောက်တွေနဲ့ပတ်သက်ပြီး အကောင်းဆုံးရလဒ်ရစေဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ယေဘုယျအားဖြင့် စံစစ်ဆေးမှု တစ်ခုကို ပြုလုပ်ဖို့ အထူးတလည် ပြင်ဆင်ဖို့ မလိုပါဘူး။စစ်ဆေးမှု အဖြေတွေကို သက်ရောက်မှုရှိတဲ့ ဆေးတွေကတော့။ကိုယ်ဝန်တားဆေး တွေပဲဖြစ်ပါတယ်။သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးပြန်ကြောကိုဖောင်းစေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မှာဖြစ်ပါတယ်။သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။သားရေကြိုးကို လက်မောင်းမှာပတ်ထားတာမို့ တင်းကျပ်မှုကို ခံစားရနိုင်ပါတယ်။ အပ်ထိုးထားတဲ့နေရာက ဘာမှ မခံစားရခြင်း (သို့) အနည်းငယ်စူးရှနာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။ပုံမှန်ထက်များနေတဲ့အဖြေတွေဟာ အောက်ပါရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ပုံမှန်ထက်နည်းတဲ့ အဖြေတွေကတော့ အောက်ပါရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး သွေးတွင်း ပရိုတင်းအားလုံးစစ်ဆေးခြင်းအဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီစစ်ဆေးနည်းနဲ့ ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/total-serum-protein-test-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%85%e1%80%b6%e1%80%af%e1%80%a1%e1%80%9e/
မျက်ကပ်မှန် တပ်သူတို့ မမေ့သင့်တဲ့ အချက်လေးတွေ
မျက်ကပ်မှန်‌ လေးတွေရောင်စုံနဲ့ မျက်ဝန်းကိုအလှဆင်ဖို့ခေတ်စားနေတာ ကြာပါပြီ။မျက်စိပါဝါရှိသူတွေ မျက်မှန်လွတ်ချင်တဲ့အခါ မျက်ကပ်မှန်အစားထိုးတပ်ဆင်ကြသလို အလှသက်သက် အရောင်လေးတွေနဲ့ မျက်ကပ်မှန်တွေ၊ Big Eye မျက်နက်ဆံအကြီးနဲ့ မျက်ကပ်မှန်တွေ တပ်လာကြပါတယ်။မျက်မှန်နဲ့လို ရုပ်မရင့်တော့ဘူး၊ပေါ့ပါးတယ်၊ မျက်ဆံပိုလှ၊ပိုထင်ရှားစေတယ် ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမယ့် မျက်မှန်ထက် ပိုပြီး မျက်လုံးမှာ ထိတွေ့နီးကပ်ရတာမို့ သန့်ရှင်းမှုဂရုစိုက်ဖို့၊မထိခိုက်မိစေဖို့ နဲ့ရောဂါပိုးမဝင်စေဖို့ကို ပိုသတိထားရပါလိမ့်မယ်။ တစ်ကိုယ်လုံးမှာ အနုနယ်ဆုံးပြင်ပအစိတ်အပိုင်းဖြစ်တဲ့ မျက်စိကျန်းမာရေးအတွက် မျက်ကပ်မှန်တပ်သူတွေ သိထားသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။ဒါတွေကိုလိုက်နာရင်း အထိခိုက်မခံနိုင်အောင် နုနယ်တဲ့ မျက်လုံးမှာ မလိုလားအပ်တဲ့ မျက်စိဝေဒနာတွေ မဖြစ်စေဖို့ ကြိုတင်ကာကွယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc-%e1%80%82%e1%80%9b%e1%80%af/
နို့တိုက်မိခင်တွေကြုံရတဲ့ နို့နာ ပြဿနာဘယ်လိုဖြေရှင်းမလဲ
မိခင်တစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးလို့တွေးထားတာက ကလေးရဲ့ကျန်းမာရေးနဲ့အာဟာရကို ဂရုစိုက်ပေးဖို့ပါပဲ။ မေမေတွေက ဒါကိုပဲ အလေးထားကြတော့ ကိုယ့်ဒုက္ခတွေကျမေ့ထားရတာပေါ့။နို့ချိုတိုက်ကျွေးတဲ့ မေမေတွေရဲ့ဒုက္ခတွေထဲက အဖြစ်များတဲ့ပြဿနာတစ်ခုကတော့ နို့နာ ဖြစ်ပါတယ်။မိခင်တွေမှာဖြစ်လေ့ရှိတဲ့ နို့သီးခေါင်းနာကျင်မှုက ယာယီဝေဒနာတစ်ခုဖြစ်တာကြောင့် စိုးရိမ်စရာတော့မရှိပါဘူး။ နို့တိုက်ကျွေးချိန်မှာ နာကျင်ရပေမယ့် စက္ကန့် ၃၀ ထပ်ပိုမကြာတာမျိုး။ ကလေးမွေးပြီးခါစမှာ နာကျင်ရတတ်ပေမယ့် နှစ်ပတ်လောက်အတွင်း သက်သာသွားတတ်ပါတယ်။ တချို့မေမေတွေမှာတော့ ပိုနာကျင်ရပေမယ့် နို့စတိုက်ခါစမှာပဲနာတတ်တာဖြစ်ပြီးတောက်လျှောက်နာကျင်နေတာ၊ နို့တိုက်ပြီးချိန်မှာပါနာကျင်နေတာဆိုရင်တော့ ပိုးဝင်တာလိုမျိုးပြဿနာရှိနေနိုင်ပါတယ်။ကလေးနို့တိုက်တိုင်းနာကျင်နေရတဲ့မေမေတို့အတွက်ဝေဒနာသက်သာစေမယ့်အချက်လေးတွေ အကြံပြုလိုက်ပါတယ်နော် –။(၁) နို့နာသက်သာအောင် နို့မတိုက်သေးတဲ့အချိန်တွေမှာ လိမ်းဆေး (nipple cream)တွေလိမ်းလို့ရပါတယ်။ကလေးအတွက်လည်းဘေးကင်းအောင်ထုတ်လုပ်ထားတဲ့ အမျိုးအစားတွေရှိတာကြောင့် နို့တိုက်ချိန်မှာတောင်ဆေးကိုသုတ်ပစ်၊ဆေးပစ်စရာမလိုဘဲ ထားလို့ရနိုင်ပါတယ်။ စိတ်မချရင်တော့ နို့တိုက်ခါနီးကျ သန့်စင်လိုက်ပါ။(၂)နို့တိုက်တဲ့အခါ nipple shield အသုံးပြုရင် နာကျင်မှုသက်သာစေပါတယ်။နာကျင်နေတဲ့ ဒါမှမဟုတ် ကွဲအက်နေတဲ့ နို့သီးခေါင်းထိပ်ကို အကာအကွယ်ပေးနိုင်ဖို့ နို့တိုက်ချိန်အတွင်း သုံးကြတာပါ။ အပေါက်လေးတွေပါပြီးပျော့ပျောင်းတာကြောင့်မိခင်နို့တိုက်ခြင်းကို အနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။(၃)ကလေးပါးစပ်ကနေ နို့ကိုချွတ်တဲ့အခါဖြည်းဖြည်းချင်းချွတ်ပါ။နို့နဲ့ကလေးရဲ့သွားဖုံးလေးကြားကို ပါးစပ်ဘေးကနေ လက်ချောင်းလေးလျှိုထည့်ပြီး နို့စို့ခြင်းကိုအသာဖြတ်တောက်ပြီးမှ နို့ကိုချွတ်ပါ။(၃) တစ်ဖက်တည်းကို အကြာကြီးမတိုက်ပါနဲ့။သိပ်မတိုက်ဖြစ်တဲ့ရင်သားတစ်ဖက်မှာ နို့ကြောင်းပိတ်တာ ဖြစ်လာနိုင်ပါတယ်။(၄) နာကျင်မှုသက်သာစေဖို့ နို့ညှစ်ကိရိယာနဲ့ တစ်ရက်စာချင်းစီ နို့ရည်ညှစ်ထုတ်ပြီးနို့ဗူးနဲ့တိုက်တာကလည်း အဆင်ပြေနိုင်ပါတယ်။အထိမခံနိုင်အောင် နာကျင်နေတဲ့အချိန် သုံးလေးရက်တော့ဝေဒနာသက်သာတာပေါ့။(၅) အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတချို့ကိုသောက်နိုင်ပါတယ်။(၆) နို့တိုက်ပြီး သန့်စင်ပြီးတဲ့အခါလေနဲ့ပဲခြောက်သွေ့စေတာကောင်းပါတယ်။ဒီလိုလုပ်ခြင်းက အက်ကွဲနေတဲ့၊သွေးထွက်နေတဲ့ နို့နာဝေဒနာကို တကယ်သက်သာစေနိုင်ပါတယ်။ခြောက်သွားမှဆေးလိမ်းချင်လိမ်းပါ။တကယ်လို့ ပုံမှန်ဖြစ်လေ့ရှိတဲ့နို့နာမဟုတ်ဘဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%bc%e1%80%af%e1%80%b6%e1%80%9b/
ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား
ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ….. ကိုယ်ခံအား ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ရွယ်တူတွေထဲမှာ ကိုယ့်ကလေးက ကျန်းမာတယ်၊ ထွားတယ်၊ ပျော်ရွှင်လန်းဆန်းနေတယ်ဆိုတာက မေမေတစ်ယောက်ကို စိတ်ချမ်းသာစေမယ့် အချက်တစ်ခုဆို မမှားလောက်ဘူးထင်ပါတယ်။ ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းလာဖို့ဆိုရင် ကျန်းမာဖို့က အရေးကြီးပါတယ်။ ကျန်းမာဖို့ဆိုရင်တော့ အရေးအကြီးဆုံးအချက်က ကိုယ်ခံအားကောင်းတဲ့ သားသားမီးမီးဖြစ်ဖို့ပါ။ခန္ဓာကိုယ်ကျန်းမာဖို့ ကာကွယ်ပေးတဲ့ ခံတပ်တစ်ခုပါ။ လူတိုင်းဟာမွေးကတည်းကကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ဆဲလ်တွေ၊ပရိုတင်းတွေ၊တစ်ရှူးတွေ နဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ခန္ဓာကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးတဲ့အရာပါ။ကိုယ်ခံအားက ဘာလုပ်ပေးလဲဆိုတော့ ခံတပ်ကြီးဆိုတဲ့အတိုင်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တားဆီးပေးပြီး ကျန်းမာပျော်ရွှင်နေစေဖို့လုပ်ဆောင်ပေးပါတယ်။ ကလေးတစ်ယောက်က ရောဂါကင်းပြီး ကျန်းမာမှ ပျော်ရွှင်စွာနဲ့ ကြီးပြင်းနိုင်မှာပါ။ကလေးတွေကမွေးကာစမှာ ကိုယ်ခံအားကအပြည့်အဝတော့မဖွံ့ဖြိုးသေးပါဘူး။ ကံကောင်းတာတစ်ခုက လူတွေမှာတော့သန္ဓေသားက မိခင်နဲ့ဆက်ထားတဲ့အချင်းကနေတဆင့် ပဋိဇီဝပစ္စည်းတွေကို လက်ခံရယူပြီးရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးထားတာပါ။ နောက်ပိုင်းကာလမှာတော့အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်ကဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေနည်းတူ ဖြည်းဖြည်းချင်း ကြီးထွားဖွံ့ဖြိုးလာပါတယ်။ကိုယ်ခံအားစနစ်က ကလေး ကနေစလို့ လူကြီးတွေအထိ အားလုံးအတွက်အရေးပါတာပါ။ ​ကြီးထွားဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးတစ်ယောက်အတွက်ကတော့ ပိုလို့အရေးပါတာပေါ့။ ဒီလိုပြောရတဲ့ အကြောင်းက ကလေးတွေက သူတို့ရဲ့  ပထမ ၅ နှစ်တာ ကာလအတွင်းမှာ ဦးနှောက်ရော ခန္ဓာကိုယ်ပါ အကောင်းဆုံးဖွံ့ဖြိုးဖို့ လိုအပ်လို့ပါ။ ဒီလို ဖွံ့ဖြိုးဖို့ဆိုတာကလည်း ကိုယ်ခံအားကောင်းပြီး ကျန်းမာဖို့လိုပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာနေတဲ့ ကလေးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားကောင်းသလို ဦးနှောက် ဖွံ့ဖြိုးမှုလည်းကောင်းပါတယ်။ သင်ယူမှုစွမ်းရည်ကလည်း အခြားကလေးတွေထက် ပိုကောင်းတတ်ကြပါတယ်။ ဒီတော့ ကိုယ်ခံအားကောင်းအောင်စောင့်ရှောက်ပေးတာက ကလေးကို ဉာဏ်ကောင်းပျော်ရွှင်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့ လုပ်ဆောင်ပေးတာနဲ့ အတူတူပါပဲ။ကိုယ်ခံအားကောင်းမှ ကလေးကအကောင်းဆုံးဖွံ့ဖြိုးနိုင်မှာပါ။ ဒီတော့ ကိုယ်ခံအားကောင်းအောင် မေမေတို့အနေနဲ့ ဘာလုပ်ပေးရမလဲဆိုပြီး သိချင်နေလောက်မှာပါ။ ဒါကတော့ ရှင်းပါတယ်။ ကလေးကို အာဟာရပြည့်အောင်ကျွေးပေးပါ။ အာဟာရပြည့်ဝမှုက ကလေးကို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်တစ်ရပ်ဖြစ်ဖို့အတွက် အရေးအပါဆုံးတွေထဲကတစ်ခု က ကျန်းမာပြည့်ဝတဲ့အစာအာဟာရပါ။ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးနေချိန်မှာတော့ မိခင်စားသုံးလိုက်တဲ့အာဟာရတွေကနို့ရည်ကနေတဆင့် ကလေးဆီရောက်ရှိသွားနိုင်ပါတယ်။ ကလေးကနို့သောက်တဲ့အရွယ်ကနေကျော်လွန်ပြီး အစားစစားနိုင်ပြီဆိုရင်တော့ အာဟာရပြည့်ဝမျှတအောင်စားမိစေဖို့ မိဘတွေကသေချာပြင်ဆင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ကလေးကအစားစစားနိုင်ပြီဆိုရင် ကိုယ်ခံအားကို အထောက်အပံ့ဖြစ်စေမယ့် အာဟာရပြည့်ဝမျှတတဲ့အစားအသောက်တွေကိုသေချာရွေးချယ်ကျွေးမွေးဖို့လိုအပ်မှာပါ။ ဒါကြောင့်ကလေးကို ပဲအမျိုးမျိုး၊ကြက်ဥ၊ဘဲဥ၊ နွားနို့၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့အစားအသောက်တွေ၊ လတ်ဆတ်တဲ့သစ်သီးတွေနဲ့ အသီးအရွက်တွေသေချာကျွေးမွေးပေးဖို့လိုအပ်မှာပါ။ အသား၊ငါးမျှတအောင်ထည့်သွင်းပြင်ဆင်ပေးဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။နောက်ဆုံးတစ်ချက်အနေနဲ့ ကလေးကို ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မဖြစ်တဲ့အချက်တစ်ခုက ကလေးကို စားသုံးတဲ့ အစားအစာတွေထဲမှာ အကျိုးပြုဘက်တီးရီးယား ပါဝင်အောင်ပြင်ဆင်ပေးဖို့ပါ။ ဒါကြောင့် ကလေးကို ကျန်းမာတဲ့ ကိုယ်ခံအားပိုင်ဆိုင်ပြီး ပျော်ရွှင်စွာကြီးပြင်းစေဖို့ဆိုရင် နေ့စဉ်ပြင်ဆင်ပေးတဲ့ အစာအစာတွေထဲမှာ အကျိုးပြုဘက်တီးရီးယားပါဝင်အောင်ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုပြင်ဆင်ပေးတာက။အူတွေက အာဟာရဓာတ်ကိုကောင်းကောင်းစုပ်ယူနိုင်လေလေ ကလေးက ကိုယ်ခံအားကောင်းပြီး အကောင်းဆုံးကြီးထွားလေလေဆိုတော့ ကလေးကို အခုကစပြီး အကျိုးပြုဘက်တီးရီးယား ပါဝင်အောင်ပြင်ဆင်ပေးလို့ ပျော်ရွှင်စွာကြီးပြင်းလာအောင် ပျိုးထောင်လိုက်ပါ မေမေတို့ရေ…….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/why-your-kids-immunity-is-curcial/
အစာဓာတ်မတည့်ခြင်း
အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ နည်းနည်းလေးကို စားမိရင်တောင်မှအစာမကြေတာ၊ အင်ပြင်တွေ ထတာ၊ လေပြွန်တွေ ရောင်တာလိုမျိုး အစာဓာတ်မတည့်မှု လက္ခဏာတွေ ခံစားရနိုင်ပါတယ်။အစာဓာတ်မတည့်မှု က သိပ်မပြင်းထန်တဲ့ အခြေအနေကနေအသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။အစာဓာတ်မတည့်ခြင်း ကို အသက် ၃ နှစ်အောက်ကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်အထိ ခံစားနေရပြီး အရွယ်ရောက်ပြီးသူ ၃ ရာခိုင်နှုန်းလောက်ဟာလည်း အစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။အစာဓာတ်မတည့်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးကတော့ မရှိသေးပါဘူး။ အချို့ကလေးတွေဟာ ငယ်စဉ်မှာ အစာဓာတ်မတည့်မှုကို ခံစားကြရပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သက်သာသွား တတ်ကြပါတယ်။အစားအသောက်တိုင်းကတော့ အစာဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီ အစားအစာတွေကတော့ အစာဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ အတော်လေး များပါတယ်။အစာဓာတ်မတည့်ခြင်းကိုလက္ခဏာတွေအပေါ် မူတည်ပြီး အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။အစာဓာတ်မတည့်မှုက အမျိုးအစားကိုလိုက်ပြီး မိနစ်ပိုင်း စက္ကန့်ပိုင်းမှာတင် လက္ခဏာတွေ ပေါ်တာ ရှိသလို နာရီပိုင်းလောက် ကြာပြီးမှ လက္ခဏာ ပေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။အတွေ့ရများတဲ့ အစာဓာတ်မတည့်ခြင်း လက္ခဏာတွေက။အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှု (anaphylaxis) ခံစားရမယ်ဆိုရင်တော့။anaphylaxisကို ခံစားရတဲ့အခါ အလျင်အမြန် ကုသမှု ခံယူဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အခုလို အခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြဖို့ အကြံပြုပါရစေ။အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။ အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပေးဖို့ အကြံပြုပါရစေ။[embed-health-tool-bmr]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%a1%e1%80%ac%e1%80%b8%e1%80%86%e1%80%b1%e1%80%b8-%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b7%e1%80%99/
Anion Gap (အန်အိုင်ယွန်းခြားနာချက်)
Anion gap (AG) သည် ဆဲလ်ပြင်ပပိုင်းရှိ cations နှင့် anions ကြား ခြားနားမှု ဖြစ်သည်။ Anion gap ကို ဓါတ်ခွဲခန်းတွင် တိုင်းတာနိုင်၏။ (ဥပမာ – AG = [Na + + K +] – [Cl- + HCO3-])။ဤတွက်ချက်မှုများသည် ဆရာဝန်အား သင့် ကူးစက်ရောဂါ၏ အကြောင်းရင်းကို သတ်မှတ်နိုင်ဖို့ ကူညီသည်။ ဥပမာ Lactic acid များ စုပုံလာခြင်းကြောင့် ဖြစ်သော metabolic acidosis (သွေးအထွက်လွန်ခြင်း သို့မဟုတ် အသက်ရှု ခက်ခြင်းတို့ကြောင့် ဖြစ်သော သွေးလန့်ခြင်း၏ နောက်ဆက်တွဲ ပြဿနာ) သို့မဟုတ် သွေးတွင်း၌ ketones များ စုပုံလာခြင်းကြောင့် ဖြစ်ခြင်း (ဆီးချို၏ နောက်ဆက်တွဲ)။ ဤစစ်ဆေးချက်သည် ၎င်းတို့အား ဓါတ်ပြယ်စေနိုင်ပြီး သွေးတွင်းမှ pH ကို ထိန်းပေးနိုင်သည့် bicarbonate ပမာဏကို ပြသနိုင်ပါသည်။Anion gap ကို တွက်ချက်ခြင်းဖြင့် သွေးတွင်း alkali သို့မဟုတ် acidosis နှင့်ဆိုင်သည့် ရောဂါများရှိသော လူနာများကို စစ်ဆေးနိုင်၏။ ဤစစ်ဆေးချက်ကို disturbances များကို ဖြစ်စေသည့် အကြောင်းရင်းကို ဆုံးဖြတ်နိုင်ပြီး acid အခြေခံသည့် ရောဂါများကို ကုသခြင်းအား လေ့လာစောင့်ကြည့်နိုင်ရန် အတွက်လည်း သုံးနိုင်သည်။ ဆရာဝန်များသည် ဒီစစ်ဆေးချက်ကို သုံးပြီး အောက်ပါရောဂါများကို ရှာဖွေနိုင်သည်။အောက်ပါအချက်များသည် စစ်ဆေးမှု ရလဒ်အပေါ် ထိုခိုက်နိုင်သည်။ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူး သတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဆရာဝန်က သင့်အား စစ်ဆေးမှုအကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာမစားရန်လည်း မလိုအပ်ပါ။လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။စစ်ဆေးမှု အထမြောက်စေရန် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန် သွေးယူမည် ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ပုံမှန်တန်ဖိုး။ပုံမှန်မဟုတ်ဘဲ တိုးနေသောရလဒ်။ပုံမှန်မဟုတ်ဘဲ နည်းနေသောရလဒ်။ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ်မူတည်ပြီး Anion Gap ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/anion-gap-%e1%80%a1%e1%80%94%e1%80%b9%e1%80%b9%e1%80%a1%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9a%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%81/
Anti-Cyclic Citrullinated Peptide Antibody (ဆိုင်ကလစ် ဆစ်ထရုလီနိတ်တဒ် ပတ်တိုက်ကို ဆန့်ကျင်သော အန်တီဘော်ဒီ)
Cyclic Citrullinated Peptide (CPP) ကို အဆစ်ရောင်ခြင်းအား ရောဂါ အမည်တပ်နိုင်ရန် သုံး၏။ Citrullinated Peptide Antigen များသည် အမိုင်နိုအက်စစ် ornithine မှ Arginine အဖြစ်သို့ ပြောင်းရာတွင် ဖြစ်ပေါ်လာနိုင်သည်။ CPP antibodies များသည် လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်း (RA) တွင် အစောဆုံး ပေါ်လာတတ်ပြီး လူနာအများစုတွင် သွေးစစ်ရနိုင်သည်။ Citrulline antibodies များ လူနာ၏ သွေးတွင် ပေါ်လာပါက ၎င်းသည် လူနာတွင် RA ရောဂါ ရှိကိုရှိနေပြီဟု ဆိုလိုသည်။ထို့ကြောင့် CPP antibodies များသည် ဘာကြောင့်မှန်းမသိ အဆစ်ရောင်နေသော လူနာများတွင် ရောဂါ အမည်တပ်နိုင်ရန် အသုံးဝင်၏။ အထူးသဖြင့် စစ်နေကျ သွေးစစ်ဆေးမှုများသည် rheumatoid factor (RF) negative (သို့) 50 units / mL အောက်နည်းနေလျှင် ပိုအသုံးဝင်၏။အဆစ်ရောင်သည့် လက္ခဏာများရှိသော လူနာများကို ရောဂါအမည် မတပ်ရသေးလျှင် (သို့) rheumatoid rheumatism အဖြစ် ရောဂါအမည် တပ်ပြီးလျှင် ဤစစ်ဆေးချက်အား Rheumatoid Factor (RF) စစ်ဆေးမှုနှင့်တွဲ၍ စစ်ဆေးရန် လမ်းညွှန်ပါလိမ့်မည်။ ဤစစ်ဆေးချက်ကို RF negative ရလဒ်ထွက်သော လူနာများကို လေ့လာစောင့်ကြည့်ရန် အသုံးပြုနိုင်သည်။ ၎င်းအခြေအနေမျိုးတွင် ဆရာဝန်များက သင့်အား လေးဖက်နာနှင့် တူသော အဆစ်ရောင်ခြင်းကို ခံစားရနိုင်ကြောင့် သံသယ ရှိပါလိမ့်မည်။လူနာအများအပြားတွင် လေးဖက်နာနှင့်တူသော အဆစ်ရောင်းခြင်း စဖြစ်နေသော်လည်း RF မတက်လာခြင်းမျိုး ရှိနိုင်သည်။ ၎င်းသည် အစောပိုင်း အဆင့်တွင် ရောဂါအမည်တပ်ခြင်းကို အလွန်ခက်စေနိုင်သည်။ လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်းအား RF negative ထွက်လျှင်တောင်မှ Anti-CPP antibodies တက်လျှင် ရောဂါအမည် တပ်နိုင်၏။ Anti-CCP စစ်ဆေးမှုသည် လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်းအား စောစောစီးစီး ရောဂါသိ၍ စောစော ကုသနိုင်ပြီး အဆစ်များ မပျက်စီးအောင် ကာကွယ်နိုင်သောကြောင့် အရေးကြီးပါသည်။ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဆရာဝန်က သင့်အား စစ်ဆေးမှုအကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။ဆရာဝန်က အောက်ပါတို့ကို လုပ်ဆောင်ပါလိမ့်မည်။ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန် သွေးယူမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့် နေရာကိုဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။Anti-Cyclic Citrullinated Peptide Antibody စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ပုံမှန်တန်ဖိုး– Quantitative <20 units / mL။ပုံမှန်မဟုတ်သော ရလဒ်။ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Anti-Cyclic Citrullinated Peptide Antibody ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/anti-cyclic-citrullinated-peptide-antibody-%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%80%e1%80%9c%e1%80%85%e1%80%b9-%e1%80%86%e1%80%85%e1%80%b9%e1%80%91%e1%80%9b%e1%80%af%e1%80%9c%e1%80%ae/
မိုးတွင်းမှာ အသားအရေလေးကို ဘယ်လိုဂရုစိုက်မလဲ
အရေပြားပြဿနာတွေက ရာသီဥတုမရွေး ဖြစ်နိုင်တယ်နော်။ ခုဆို အပြင်မှာ မိုးတွေလည်းရွာနေပြီ၊ ချမ်းစိမ့်စိမ့်လေကလည်း တိုက်နေပြီဆိုတော့ ရာသီအပြောင်းအလဲကာလမှာ ကိုယ့်အသားအရေကို သေချာလေး ဂရုစိုက်ဖို့တော့ လိုမယ်နော်။ အထူးသဖြင့် မိုးရာသီဆိုတော့ အဝတ်အစားတွေ၊ ပြီးရင် ကိုယ့်ရဲ့ အရေပြားက အမြဲတမ်းရေစိုနေမှာပါ။ ဒီအခါ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ ပေါက်ဖို့ ပိုလွယ်ပြီး အရေပြားမှိုစွဲတာတွေအပြင်ပွေး၊ ညှင်း၊ ဝဲခြောက်၊ ယားနာ၊ အဖုအပိမ့်တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခုလို မိုးရာသီမှာ ကိုယ့်ရဲ့ အရေပြားလေး အလှမပျက်စေဖို့ ဂရုစိုက်ပေးနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။မျက်နှာသစ်တယ်ဆိုတာ ရာသီမရွေး လုပ်သင့်တဲ့တစ်ကိုယ်ရေသန့်ရှင်းရေးအလုပ်ဖြစ်ပါတယ်။ မနက်အိပ်ရာထတဲ့တစ်ခါ မျက်နှာသစ်မယ်။ ညအိပ်ခါနီးမျက်နှာသစ်မယ်။ ဒါမှပဲ မျက်နှာက ဘက်တီးရီးယားပိုးတွေကို အမြဲဖယ်ရှားပေးနိုင်ပြီးဝက်ခြံေတွမထွက်လာဖို့ ကာကွယ်ပေးနိုင်မှာပေါ့။ အထူးသဖြင့် အပြင်သွားလိုက်ရင် မျက်နှာက မိုးရေနဲ့ ချွေးရည်နဲ့ ရောသွားတော့ ဘက်တီးရီးယားပွားဖို့ ပိုလွယ်တဲ့အတွက် မျက်နှာကို သန့်ရှင်းအောင် ထားဖို့ အရေးကြီးတယ်နော်။ပြီးရင်လည်း မျက်နှာကို လက်နဲ့ မပွတ်ဖို့၊ မသန့်ရှင်းတဲ့ လက်နဲ့ ဝက်ခြံမညှစ်ဖို့ ဂရုစိုက်ပေးပါ။အပြင်မှာ ရာသီဥတုအေးနေတယ်၊ အရေပြားက အမြဲစိုစွတ်နေတယ်ဆိုလို့ အစိုဓါတ်ရှိတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ခန္ဓါထဲက အပူချိန်တွေ၊ တစ်နေ့လုံး အပြင်ထွက်သွားလာပြီးတဲ့အခါ လူကမောပန်းပြီး ချွေးတွေထွက်မယ်။ အဲ့တော့ အရေပြားက အစိုဓါတ်ကော ရေဓါတ်ပါ ဆုံးရှုံးတော့မှာပေါ့။ ဒါကြောင့် မိုးရာသီဆိုလည်း ရေများများသောက်ဖို့ မမေ့ပါနဲ့။ဟင်းသီးဟင်းရွက်များများစားပါ။ဗီတာမင် စီများတဲ့ အသီးအနှံတွေလည်း စားပေးပါ။ ဗီတာမင် စီ က အသားအရေကို ကြည်လင်စိုပြေစေတဲ့အပြင် ကော်လဂျင်ဆဲလ်ကိုပါ ထုတ်လွှတ်ပေးနိုင်လို့ အသားက မွဲခြောက်ခြောက်မဖြစ်အောင်၊ အသားမပပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ညဘက် မျက်နှာသစ်ပြီးတဲ့အခါ အစိုဓါတ်ထိန်းခရင်မ် ပါးပါးလေး လိမ်းပြီးမှ အိပ်ပါ။အပြင်မှာ မိုးအုံ့နေရင်တောင် နေရောင်ခြည်ဒဏ်က အနည်းနဲ့ အများကျရောက်နိုင်တဲ့အတွက် ကိုယ့်အသားအရေကို မပျက်စီးစေဖို့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ လိုတယ်နော်။ နေလောင်ကာခရင်မ်ရဲ့ အားသာချက်က အသားအရေကိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မပျက်စီးစေဖို့၊ မွဲခြောက်ခြောက်ဖြစ်ပြီး အရောင်မမှိန်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။မိုးရာသီရဲ့ အဓိကပြဿနာက အရေပြားက အမြဲစိုစွတ်နေလို့ မှိုစွဲကပ်ဖို့ အရမ်းလွယ်တာပါပဲ။ လူကလည်း မိုးမိထားတယ်၊ အပြင်မှာ တစ်နေကုန်နေရတဲ့အခါ ခေါင်းက ဗောက်တွေထလာမယ်၊ လှိုင်းအတွန့်တွေ ဖြစ်လာမယ်၊ ယားကျိကျိဖြစ်လာမယ်၊ အဆိုးဆုံးကတော့ အရေပြားမှိုစွဲတာပါ ဖြစ်လာမှာပါ။ ဒါတွေကို ကာကွယ်ပေးဖို့ပန်းသီးရှာလကာရည်ကို ရေနည်းနည်းရောပြီးဦးရေပြားကို နှံ့စပ်နေအောင် လိမ်းပေးရပါမယ်။ ပြီးသွားရင် ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ သေချာခေါင်းလျှော်ပေးရပါမယ်။ အထူးသဖြင့် အပြင်က ခေါင်းစိုစိုနဲ့ ပြန်လာရင် ခေါင်းကိုခြောက်အောင် အဝတ်သန့်သန့်နဲ့ သုတ်ပြီးမှ ခေါင်းလျှော်ဖို့ သတိထားပေးပါနော်။ရာသီဥတုကလည်း အေးနေတော့ တစ်ရက်လောက် ရေမချိုးလည်း ဘာမှမဖြစ်ပါဘူးလို့ ထင်ရင်မှားသွားမယ်နော်။ အရေပြားက ရေတစ်ရက်လောက် မချိုးတာနဲ့ အနံ့အသက်တွေ အောင်းလာပြီးဘက်တီးရီးယားပိုးေတွ အကြိုက် အရေပြားကို ကောင်းကောင်းဒုက္ခပေးတော့မှာပါ။ ဒါကြောင့်မို့ အပြင်မှာ ဘယ်လောက်အေးအေး ရေကိုတော့ မှန်မှန်လေး ချိုးပေးရမယ်နော်။ ရေအေးနဲ့ မချိုးရင်တောင် ရေကျက်နွေးနဲ့ဖြစ်ဖြစ် ချိုးပေးတာ ပိုကောင်းပါတယ်။ကိုယ်ဝတ်တဲ့ အဝတ်အစားတွေ မသန့်ရှင်းရင် ကိုယ့်အရေပြားကိုပဲ အရင်ဆုံးထိခိုက်မှာပါ။အဝတ်စိုစိုကြီးကို နောက်တစ်ကြိမ်ပြန်ဝတ်တာ၊ အမြန်မလျှော်ဘဲ ပုံထားလိုက်မယ်ဆိုရင် အဝတ်က ဖားဥတွေ စွဲလာမယ်၊ မှိုပိုးတွေလည်း ကပ်လာနိုင်တယ်နော်။ ဒါကြောင့် အပြင်က ပြန်လာတာနဲ့ စိုနေတဲ့ အဝတ်တွေကို အမြန်ဆုံးချွတ်ပြီး လျှော်လိုက်ပါ။ ပြီးမှပဲ ရေချိုးပေးနော်။မိုးရာသီမှာ စိတ်ညစ်ရတဲ့ ဒုက္ခတွေထဲမှာ ခြေထောက်မှိုစွဲတာ၊ သဲဝဲစားတာ၊ ဝဲပေါက်တာ၊ ခြေစွယ်ငုတ်တာတွေအပြင် အနာကျက်နှေးတာ၊ အနာထဲ ပိုးဝင်ပြီး ပြည်တည်တာ၊ အနာရင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပြင်ကနေ ပြန်လာတာနဲ့ အဝတ်တွေကို ချွတ်လဲပြီး ခြေထောက်ကို သေချာပြောင်စင်အောင် ဆေးဖို့ လိုပါတယ်။ ဆေးတဲ့အခါ ဆပ်ပြာနဲ့ သေချာတိုက်ပြီး ဒူးခေါင်းကနေ ရေစလောင်းပါ။ ပြီးသွားရင် ခြေချောင်းကြား၊ ခြေသည်းတွေကြားကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဖို့လည်း မမေ့ပါနဲ့။မိုးရာသီမှာ မလိုလားအပ်တဲ့ အရေပြားပြဿနာတွေ မဖြစ်စေဖို့ ဒီနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်လို့ ရတယ်နော်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုသာ အလေးထားဂရုစိုက်မယ်ဆိုရင် ဘယ်ရာသီမှာမဆို အရေပြားပြဿနာတွေ ကင်းဝေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့ရက်တွေကို ဖြတ်သန်းသွားနိုင်မှာ အသေအချာပါပဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/monsoon-skincare-tips/
အသည်းရောဂါ ရဲ့ နောက်ဆက်တွဲဆိုးကျိုးများ။
အသည်းရောဂါ ဆိုတာအသည်းရဲ့လုပ်ဆောင်ချက်တွေမှာ ပျက်ယွင်းမှုတစ်ခုခုရှိနေတာကိုဆိုလိုပါတယ်။ အသည်း ဟာခန္ဓါကိုယ်အတွင်းက အရေးပါတဲ့လုပ်ဆောင်ချက်ပေါင်းများစွာအတွက် အကျိုးပြုနေတဲ့အစိတ်အပိုင်းဖြစ်တဲ့အတွက် သူ့မှာရောဂါဖြစ်တာ၊ ထိခိုက်တာတွေဖြစ်လာရင် ချွတ်ယွင်းမှုတွေက သိသာပါတယ်။အသည်းရောဂါ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။အရက်ကြောင့်။အရက်အလွန်အကျွံသောက်သုံးမှုကြောင့် အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ရောဂါပြင်းထန်မှုက အဆင့်ဆင့်ရှိပြီး လက္ခဏာတွေလည်းအမျိုးမျိုးရှိပါတယ်။ဆေးကြောင့်။ဆေးဝါးတွေကြောင့် အသည်းဆဲလ်တွေ ခဏတာ သို့မဟုတ် ရေရှည်ရောင်ရမ်းလာတာဖြစ်လာနိုင်ပါတယ်။ တချို့ကသောက်သုံးမှုလွန်ကဲတဲ့အခါ အသည်းကိုထိတတ်ပေမယ့် တချို့ဆေးတွေကျ ပုံမှန်ပမာဏနဲ့ပဲ ထိခိုက်စေနိုင်ပါတယ်။ကူးစက်နိုင်တဲ့အသည်းရောင်ရောဂါပိုးကြောင့်။အသည်းရောင်ရောဂါဆိုတာရောဂါပိုးကူးစက်ခံရလို့အသည်းဆဲလ်တွေရာင်ရမ်းလာတာဖြစ်ပါတယ်။ ကပ်ပါးပိုးတွေနဲ့ဗိုင်းရပ်စ်တွေကသွေးသို့မဟုတ် ခန္ဓါကိုယ်အရည်တွေကတဆင့်၊ ရောဂါပိုးပါတဲ့ အစားအစာနဲ့ရေတို့ကတဆင့်၊ ဒါမှမဟုတ်ရောဂါကူးစက်ခံရတဲ့ သူနဲ့နီးနီးကပ်ကပ်နေမိရာကတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး အသည်းကိုပျက်စီးစေပါတယ်။ အသည်းရောဂါဖြစ်စေတဲ့အထဲက အဖြစ်များဆုံးရောဂါပိုးတွေကတော့ –။အသည်းမှာရောဂါဖြစ်လာပြီဆိုတာနဲ့ မဆင်ခြင်၊ မကုသရင် နောက်ဆုံးမှာဖြစ်လာနိုင်တဲ့အန္တရာယ်က အသည်းခြောက်ခြင်းနဲ့အသည်းကင်ဆာပါပဲ။အသည်းခြောက်ခြင်းကိုဖြစ်စေနိုင်တဲ့အရာတွေ။အသည်းခြောက်ခြင်းရဲ့အဖြစ်များဆုံးအကြောင်းရင်းတွေက အသည်းကိုရောဂါပိုးကူးစက်ခံရတာ( အသည်းရောင် B နဲ့ C တို့လို နာတာရှည်အသည်းရောဂါ)၊ဆီးချိုရောဂါ၊အဝလွန်ခြင်းတို့ကြောင့်ဖြစ်လာတဲ့ အသည်းအဆီဖုံးခြင်း၊နဲ့အရက်သောက်သုံးခြင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင် အသည်းကိုထိခိုက်စေတဲ့အရာမှန်သမျှက အသည်းခြောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။အသည်းခြောက်ခြင်းကို စဖြစ်ဖြစ်ချင်းမှာ ဘာလက္ခဏာမှာ မပြတတ်ပါဘူး။ဒါ့ကြောင့်အသည်းကိုတော်တော်လေးထိခိုက်လာတဲ့အဆင့်မှာမှ လက္ခဏာတွေကိုသတိထားမိတတ်ပါတယ်။အဓိက လက္ခဏာတွေက။လက္ခဏာကပိုဆိုးလာတာနဲ့အမျှ ဒါတွေဆက်ဖြစ်လာမယ် –။Cirrhosisမှာ အဆင့်လေးဆင့်ရှိပါတယ်။ ပထမအဆင့်ဆိုရင် အသည်းမှာအမာရွတ်စဖြစ်လာတာပေမယ့် လက္ခဏာသိပ်မပြပါဘူး။ ‘Compensated Cirrhosis လို့ခေါ်တဲ့ ဒီအဆင့်မှာရောဂါအကြောင်းရင်းခံကိုသေချာကုသလိုက်မယ်ဆိုရင် အသည်းကျန်းမာရေး ပြန်ကောင်းနိုင်ပါတယ်။ဒုတိယအဆင့်မှာ Portal Hypertension (အသည်းမှာရှိတဲ့သွေးကြောတွင်းဖိအားမြင့်တက်ခြင်း)တွေပိုဆိုးလာပြီးသွေးကြောထုံးလေးတွေဖြစ်လာတာတွေ( အသည်းကိုသွေးမရောက်အောင် ပိတ်ဆို့နေတဲ့ varices တွေဟာ အသည်းခြောက်ခြင်းကြောင့်ဖြစ်လာတာပါ) ပါဝင်ပါတယ်။တတိယအဆင့်မှာ ဝမ်းဗိုက်ဖောရောင်လာပြီး အသည်းအမာရွတ်ဖြစ်တဲ့ရောဂါအဆင့်ကပိုဆိုးလာပါတယ်။ ဒီအဆင့်ကိုတော့ပြန်လည်ကုသဖို့ခက်ခဲတဲ့decompensated cirrhosis အဆင့်လို့ခေါ်ပါတယ်။ ဒါဆိုရင်ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီး အသည်းပျက်စီးသွားနိုင်ပါတယ်။စတုတ္ထအဆင့်ကတော့ အသက်အန္တရာယ်ရှိလာနိုင်တဲ့အပြင်နောက်ဆုံးအဆင့်အသည်းရောဂါ(ESLD)ကိုရောက်လာပြီး အစားထိုးကုသမှုမလုပ်ရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/complications-of-liver-diseases/
Angiotensin Converting Enzyme (အန်ဂျီရိုတန်စင်ပြောင်းလဲပေးသောအန်ဇိုင်းလ်)
Angiotensin-converting အင်ဇိုင်း (ACE) ကို Sarcoidosis ရောဂါဖြစ်ပွားမှုကို တိုင်းတာရှာဖွေရန် အသုံးပြုပါသည်။Sarcoidosis သည် ရောဂါတစ်မျိုးဖြစ်ပြီး အရေပြားအောက် granuloma နှင့် ခန္ဓါကိုယ် တစ်ခုလုံးမှ အင်္ဂါများတွင် အကျိတ်များ ပေါ်လာခြင်း ဖြစ်သည်။ အကျိတ်ပတ်လည်မှ ဆဲလ်များသည် ACE ထုတ်လုပ်မှုကို များစေ၏။ ထို့ကြောင့် ၎င်း၏ သွေးတွင်း ပမာဏသည် သင့်၌ Sarcoidosis ရှိနေပါက မြင့်တက်နေမည် ဖြစ်သည်။ACE တိုးခြင်း ကျခြင်းသည် ဆရာဝန်အား ရောဂါ၏ ဖြစ်စဉ်ကို သိရှိစေနိုင်ပါသည်။ ထို့အပြင် ဆရာဝန်များသည် corticosteroids များ ပေးပြီး ကုသခြင်းက သက်ရောက်မှု ကောင်း၊ မကောင်းကိုပါ သိရှိနိုင်ပါသည်။ACE တိုင်းတာခြင်းအပြင် ဆရာဝန်သည် AFB ကို ဓါတ်ခွဲတိုင်းတာခြင်း၊ သင့်၌ တဆေးမှိုရောဂါ ရှိ၊ မရှိစစ်ဆေးခြင်း များနှင့် ပေါင်းစပ်ကြည့်ရှုနိုင်သည်။ ဤကဲ့သို့ ပေါင်းကြည့်ခြင်းမှာ ၎င်းရောဂါများသည် granuloma နှင့် sarcoidosis ကို ရောသွား စေနိုင်သောကြောင့် ဖြစ်သည်။ACE သည် အောက်ပါ Sarcoidosis ၏ လက္ခဏာများရှိလျှင် စစ်ရန် လိုအပ်သည်။၎င်းရောဂါသည် အသက် ၂၀ မှ ၄၀ နှစ်အတွင်း အဖြစ်များသော ရောဂါဖြစ်သည်။ သင့်တွင် Sarcoidosis ရှိကြောင်း အဖြေထွက်ပါက သင်၏ ဆရာဝန်သည် ဤစစ်ဆေးမှုအား ရောဂါအခြေအနေ တိုးတက်မှုကိုသိရန် မှန်မှန် စစ်နေပါလိမ့်မည်။အောက်ပါတို့သည် စစ်ဆေးမှုရလဒ်ကို သက်ရောက်စေနိုင်သည်။ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူး သတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ် သိလိုသည်များရှိလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ဆရာဝန်က သင့်အား စစ်ဆေးမှု အကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာ မစားရန်လည်း မလိုအပ်ပါ။လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။စစ်ဆေးမှု အထမြောက်စေရန် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။အပ်စိုက်ရာတွင် နာကျင်မည် မဟုတ်ပါ။ တချို့သူများတွင် အရေပြားအား အပ်နှင့်ထိုးသည့် နာကျင်မှုကို ခံစားရနိုင်သည်။ သို့သော် အပ်က သွေးပြန်ကြောထဲ ရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကို မခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့်နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ပုံမှန် : 8-53 U / L။Index anomaly: while n။ACE မြင့်တက်နေလျှင် –။ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Angiotensin-converting အင်ဇိုင်း ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/angiotensin-converting-enzyme-%e1%80%a1%e1%80%94%e1%80%b9%e1%80%82%e1%80%ba%e1%80%ae%e1%80%9b%e1%80%ad%e1%80%af%e1%80%90%e1%80%94%e1%80%b9%e1%80%85%e1%80%84%e1%80%b9%e1%80%b1%e1%80%bb%e1%80%95/
ဟင်းချက်ဆီလေး သိမ်းဆည်းနည်း မှန်ရဲ့လား............
ဆီ (ဟင်းချက်ဆီ) ဆိုတာကဟင်းလျာတိုင်းမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတစ်ခုပါ။ ဟင်းတစ်ခုကို ချက်ပဲ ချက်ချက်၊ ကြော်ပဲ ကြော်ကြော်၊ အသုပ်ပဲ သုပ်သုပ် ဆီမပါရင် မရပါဘူး။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ငါးခြောက်လေး မီးကင်ပြီးရင်လည်း စားကောင်းအောင်ဆိုပြီး ဆီဆမ်းတယ်၊လက်ဖက်လေး ထောင်းပြီးရင်လည်း ဆီလေး မြုပ်နေအောင် စိမ်ထား တတ်သေးတယ်နော်။ အကြောင်းကတော့ ဆီက ဟင်းလျာတွေရဲ့ အရသာကို တိုးစေလို့ပါ။ဒီလို ဟင်းလျာတိုင်းရဲ့ အရေးပါတဲ့ ဇာတ်ဆောင် ဟင်းချက်ဆီလေးကိုသိမ်းဆည်းတဲ့နည်း မှန်ရဲ့လား………..။ဟင်းချက်ဆီက ဟင်းလျာတွေကို အရသာတိုးစေသလို ဟင်းချက်ဆီက ထိန်းသိမ်းပုံ မမှန်တာကြောင့် ပျက်စီးသွားရင်လည်း ဟင်းလျာတွေရဲ့အရသာကို ပျက်စီးစေပါတယ်။ဟင်းချက်ဆီက သက်တမ်း ကြာတဲ့အခါ ပျက်စီးတတ်သလို ထားသိုပုံ မမှန်တဲ့အခါမျိုးမှာလည်း ပျက်စီးတတ်ပါတယ်။ ဆီချေးစော် နံတယ်ဆိုပြီး ပြောကြတယ်။ ဒါကဟင်းချက်ဆီပျက်စီးတာပါ။ဟင်းချက်ဆီလေးကို မပျက်စီးစေဖို့ဆိုရင်။နေရောင်နဲ့ မထိတွေ့တဲ့ နေရာမှာ ထားပါ–နေရောင်က ဆီကို ပျက်စီးစေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ခုပါ။ ဒါကြောင့် ဆီကို ပုလင်း အနောက် ဒါမှမဟုတ် ဘူး အနောက်ထဲကို ထည့်ထားပါ။ နောက်တစ်ချက်က ဆီပုလင်း၊ ဆီဘူးတွေကို နေရောင်နဲ့ တိုက်ရိုက် မထိတွေ့နိုင်တဲ့ ကြောင်အိမ်လို နေရာမှာ ထားပေးပါ။မီးအပူနဲ့ ဝေးဝေးထားပါ– နောက်ထပ် ဖြစ်တတ်တာ တစ်ခုက ဟင်းချက်ဆီကို ချက်ပြုတ်တဲ့အခါ လွယ်ကူအောင် ဆိုပြီး မိးဖိုနားမှာ ထားတတ်တာပါ။ တကယ်က ဟင်းချက်ဆီကို မီးအပူနဲ့ နီးနီးမှာ ထားတာက ဟင်းချက်ဆီကို ပျက်စီးစေနိုင်ပါတယ်။အေးမြတဲ့နေရာမှာ ထားပါ– ဆီကို အေးမြတဲ့နေရာမှာ ထားတာကအာဟာရတန်ဖိုးမပျက်စီးသလို အရသာလည်း ကောင်းစေပါတယ်။ ဒါကြောင့် ဆီကို အခန်း အပူချိန်မှာပဲ ထားမယ်ဆိုရင်တောင် အေးတဲ့နေရာမျိုးမှာ ထားပေးပါ။ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့လည်း ရပါတယ်။နှမ်းဆီ၊နေကြာဆီ၊ပြောင်းဖူးဆီတွေကို ရေခဲသေတ္တာထဲမှာ သိမ်းတာ အကောင်းဆုံးပါ။လေလုံအောင် ထားပါ– ပျော့သွားနိုင်တဲ့ အရာတွေကို လေလုံအောင် ထားတတ်ပေမယ့် ဆီကိုတော့ လေလုံအောင် ထားမိခဲကြမယ် ထင်ပါတယ်။  တကယ်ကတော့ ဆီကိုလည်း သေချာ လေလုံအောင် ထားဖို့ လိုပါမယ်။ကဲ…အနံ့အရသာပြည့်စုံပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟင်းချက်ဆီလေး ဖြစ်စေဖို့ ဒီအချက်လေးတွေကို လိုက်နာကြည့်လိုက်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/how-to-store-cooking-oil/
ကြောက်စရာဆိုးကျိုးတွေကိုဖြစ်ပေါ်စေနိုင်တဲ့ သကြား
သကြားလုံးစားမယ်……ဂျယ်လီစားမယ်ဆိုပြီး ငိုနေတိုင်း ကလေးငြိမ်ရင်ပြီးရောဆိုပြီး ကျွေးလိုက်ဖို့များစဉ်းစားနေလား။ ဒါက ကောင်းမွန်မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။ လတ်တလောအဆင်ပြေသွားနိုင်ပေမယ့် ရေရှည်မှာကလေးမှာရော အုပ်ထိန်းသူမိဘတွေမှာပါ ထိခိုက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။ ကလေးဆိုတာကတော့ အချိုကြိုက်မှာပါပဲ။မေမေ့ဗိုက်ထဲက ထွက်လာကတည်းက မေမေ့နို့ချိုချိုကိုသောက်ပြီး အာဟာရဖြည့်တင်းခဲ့တဲ့ ကလေးတစ်ယောက်အဖို့ ပထမဆုံးသူခံစားမိတဲ့ အချိုအရသာကိုကြိုက်တာ အဆန်းတကြယ်တော့မဟုတ်ဘူးပေါ့။ပထမဆုံးသူခံစားမိခဲ့တဲ့ မေမေ့နို့ချိုက သဘာဝအချိုတစ်ခုဖြစ်ပြီး ကလေးကအရွယ်ရောက်လာတ့အခါ သူ့စိတ်ကြိုက်စားမိတာတွေက ပြုပြင်ထားတဲ့အချိုတွေဖြစ်ပြီးကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ ကျန်းမာရေးကိုထိခိုက်လာနိုင်စေတယ်ဆိုတဲ့စကားက ပြောတော့သာဘာမှမဟုတ်တယ် ဒီနောက်ဆက်တွဲကို နဖူးတွေ့ဒူးတွေ့ခံစားရတဲ့အခါ တော်တော်လေးတော့ မလွယ်ကူလှပါဘူး။အချိုဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တာမှန်ပေမယ့် အများကြီးစားမိရင်မကောင်းတာအမှန်ပါ။ နောက်တစ်ခုက သကြားက စွဲလမ်းစေတတ်တဲ့အရာတစ်ခုဖြစ်နေတာကြောင့်လည်းပါပါတယ်။ အချိုစားတဲ့အခါ စားပြီးရင်းစားချင်လို့ အတောမသတ်တော့တာသာကြည့်တော့လေ။ အချိုရည်သောက်တာ၊ သကြားလုံး၊ဂျယ်လီ၊ ကွတ်ကီး၊Malted Drinkတွေကနေစလို့ အခွံလှလှလေးတွေနဲ့ ထုပ်ပိုးထားတဲ့ ကလေးကြိုက်မုန့်တော်တော်များများက အချိုပါဝင်မှုမနည်းကြပါဘူး။ ဒီစားစရာတွေကို ပုံမှန်စားသုံးတဲ့အခါ ကလေးတစ်ယောက်စားမိတဲ့ သကြားပမာဏက ဘယ်နည်းပါတော့မလဲ။ကလေးဆိုတာမျိုးက စားလိုက်ရရင်ချိုနေမှ စိတ်ပျော်တတ်ကြသူလေးတွေပါ။ ဒီတော့သူတို့ဘာတွေများစားမယ်ထင်လဲ။သကြားစားတာက ရေတိုအတွက်မကောင်းသလို ရေရှည်မှာလည်း ထိခိုက်မှုများတယ်လို့ပြောရတဲ့အကြောင်းအရင်းက။ချောင်းဆိုးတာ။သကြားအများကြီးစားတဲ့အခါ ကလေးမှာ ချောင်းဆိုးတာကိုခံစားရနိုင်ပါတယ်။ ဒါကတော့ အဖြစ်အများဆုံး သကြားစားခြင်းရဲ့ အကျိုးဆက်ပေါ့။သွားပိုးစားမယ်။သကြားလုံးတွေ၊ အချိုပါတဲ့စားစရာတွေက သွားမှာကပ်ပြီး သွားကိုသေချာမသန့်ရှင်းမိတဲ့အခါ သွားပိုးစားတာ၊ သွားကိုက်တာတွေဖြစ်လာနိုင်ပါတယ်။အာဟာရချို့တဲ့မယ်။ကလေးက တစ်ချိန်လုံးမုန့်အချိုတွေပဲစားမယ်၊ ထမင်းကို ကောင်းကောင်းမစားဘူး။ ကလေးစားပြီးရော ကျွေးမိမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကလေးက လုံလောက်တဲ့ အာဟာရကိုမရတော့ဘဲ အာဟာရချို့တဲ့မှုကိုခံစားလာရနိုင်ပါတယ်။ အကြောင်းကတော့ သကြားမှာ အဆီဓာတ်ပဲပါဝင်ပြီး အာဟာရတန်ဖိုးပါဝင်မှုမရှိတာကြောင့်ပါ။ ဒါကဘာဖြစ်နိုင်လဲဆိုတော့ ကြီးထွားဖွံဖြိုးမှု နှေးသွားတာပေါ့။သွေးတွင်းသကြားဓာတ်မြင့်တက်မယ်။သွေးတွင်းသကြားဓာတ်မြင့်တက်မှုဖြစ်စဉ်က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးကို ငယ်စဉ်မှာ အချိုတွေအများကြီးကျွေးတာက အချိန်ကြာလာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို​ မြင့်တက်စေပြီး ဆီးချိုရောဂါကို ခံစားရတာမျိုးအထိဖြစ်စေနိုင်ပါတယ်။အဝလွန်လာမယ်။သကြားအများကြီးစားမိတဲ့အခါ ခန္ဓာကိုယ်ကမလိုအပ်ဘဲ ဝိတ်တက်လာမှာ အသေအချာပါ။ စားလိုက်တဲ့ အစားအသောက်ချင်းတူတူပဲဆိုရင်တောင်မှ အချိုပါဝင်မှုများနေတဲ့ အစားအသောက်တွေက ဝိတ်တက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ သကြားများများစားမိလေလေ ကိုယ်တွင်းမှာ ကယ်လ်လိုရီ စုပုံမှုက များလာလေလေပါ။ ဒီတော့ ကလေးကို သကြားများများကျွေးနေတာက အဝလွန်ရောဂါဖြစ်အောင် တွန်းပို့နေတာပါပဲ။နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေမယ်။အချိုများတဲ့ အစားအစာတွေကို စားတာကက သွေးတွင်းအဆီဓာတ်ကိုများစေပြီး သွေးကြောပိတ်တာအပါအဝင် နှလုံးကျန်းမာရေးကို ထိခိုက်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ကလေးကို ငယ်စဉ်ကတည်းက အချိုလျှော့ကျွေးတာက တိတ်တဆိတ်လူသတ်သမားရယ်လို့ တင်စားနေကြတဲ့ နှလုံးရောဂါ အန္တရာယ်ကနေ ကာကွယ်ရာရောက်ပါတယ်။ဖွံ့ဖြိုးမှုနှေးကွေးစေမယ်။သကြားအများကြီးစားတာက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် သကြားကို လိုတာထက် ပိုမကျွေးပါနဲ့။ဒါတွေအပြင် သကြားစားသုံးမှုများတာက ကလေးကိုကျောက်ကပ်ရောဂါ၊ အသည်းထိခိုက်တာ၊ ကင်ဆာ နဲ့ အခြားကျန်းမာရေးပြဿနာအမျိုးမျိုးကိုခံစားရစေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါ သဘာဝအချိုဖြစ်တဲ့ သစ်သီးတို့ နို့တို့ကို ထည့်သွင်းပြင်ဆင်ပေးတာမျိုးလုပ်ပေးပါ။ သဘာဝမဟုတ်တဲ့အချိုဓာတ်တွေကို တတ်နိုင်သမျှလျှော့စားဖြစ်အောင် ဂရုစိုက်ပေးပါ။ ဒီလိုလုပ်ဆောင်ပေးတာက ကလေးကို ချစ်ရာရောက်သလို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးအောင် ပျိုးထောင်ရာလည်းရောက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/sideeffects-of-sugar/
သင့်အသည်းကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ကြစို့။
ကျန်းမာတဲ့အသည်းတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ အလွန်ကိုပဲ အရေးကြီးပါတယ်။အသည်းဆိုတာ သူ့ဘာသာသူဆို အကောင်းပါ။ လူတွေ ကြောင့်သာ အသည်းကျန်းမာရေး ယိုယွင်းလာရတာဖြစ်ပါတယ်။ အစားမှာဆို ဆီကြော်မုန့်တွေ၊ ဆိုးဆေးတွေ၊ မှိုတက်နေတဲ့ငရုတ်သီးတွေ၊ ဆေးတွေ ကနေ အသည်းကို ဒုက္ခပေးနိုင်ပြီး အသောက်ဆိုရင်တော့အရက်က အသည်းကို ထိခိုက်စေတဲ့ နေရာမှာ ထိပ်ဆုံးပါ။ အသည်းကို ထိခိုက်စေနိုင်တဲ့အရာတွေကို လူတွေက သိရက်နဲ့ဖြစ်ဖြစ် မသိဘဲနဲ့ဖြစ်ဖြစ် လုပ်မိနေတတ်ကြပါတယ်။ ဒီလိုမျိုး အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေကို လုပ်မိနေပြီဆိုရင်တော့ သင့်အနေနဲ့ အသည်းကျန်းမာအောင် ပြန်ပြီးလုပ်ပေးသင့်တာတွေရှိပါတယ်။ အရက်လျှော့သောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားတာ၊ အသည်းအားဆေးတွေ သောက်တာ၊ မျိုးတွေ လုပ်ပေးနိုင်တဲ့အပြင်ကိုယ်ခန္ဓါကျန်းမာစေဖို့အတွက်လုပ်တဲ့ လေ့ကျင့်ခန်းတွေကလည်း အသည်း အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အသည်းအတွက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးတွေ အကြောင်းပြောပြချင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေး အတွက် ကောင်းတဲ့ အရာတစ်ခုဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ သက်လုံကို ကောင်းစေတယ်။နှလုံးကို ကျန်းမာစေတယ်။ စိတ်ကို ကြည်လင်စေတယ်။ ခုလိုကျန်းမာရေးနဲ့ မညီညွတ်တဲ့စားစရာတွေ ပေါများနေတဲ့ ခေတ်ကြီးမှာ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာမှုကို ထိန်းသိမ်းဖို့ဆိုတာ ဦးစားပေး လုပ်ဆောင်မယ့် အရာဖြစ်လာပါပြီ။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေစားတော့ နှလုံးကိုထိတယ်၊ကိုယ်အလေးချိန်တက်တယ်။ ဒါတွေကိုပြန်လည်ပြုပြင်ဖို့လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ ဒါဆို အရက်သောက်တာ ကြောင့်ထိတဲ့အသည်းအတွက်ရော လေ့ကျင့်ခန်းက ဘယ်လို အခန်းကနေ ပါဝင်ပြီး အသည်းကျန်းမာအောင် လုပ်ပေးမှာလဲ ။ ကြည့်ရအောင်။ဒါကြောင့် အသည်းအတွက်သာမက ကိုယ်ခန္ဓါ တစ်ခုလုံးကျန်းမာစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးဖို့ အလွန်ကို အရေးကြီးပါတယ်။ ဒါဆို ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဒီအပိုင်းကို အသိချင်ဆုံးပဲ မဟုတ်လား။အရေးကြီးတာတစ်ချက်ကတော့ အသည်းရောဂါရှိနေပြီးသားလူတွေကတော့ ကိုယ့်ခန္ဓါကိုယ်ရဲ့ စကားပြောသံကို ပြန်နားထောင်ဖို့ပဲဖြစ်ပါတယ်။ မောပန်းနုန်းခွေတယ်ဆိုတာ အသည်းရောဂါတွေရဲ့ လက္ခဏာ တစ်ခုပါ။ ဒါကြောင့် အသည်းရောဂါရှိသူတွေ အနေနဲ့ အရမ်းနုန်းကျသွားတဲ့ အထိလေ့ကျင့်ခန်းလုပ်ဖို့ မလိုပါဘူး။ စစချင်းမှာ တစ်ပါတ်ကို ၃ ရက်လောက်ပဲလုပ်ပေးသင့်ပါတယ်။ ကျန်းမာရေးကောင်းပြီး အသည်းရောဂါ မရှိတဲ့သူတွေကတော့ တစ်ပါတ်ကို ၅ရက်လောက်တော့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ လုပ်လိုက်တဲ့ လေ့ကျင့်ခန်းတွေမှာ အေရိုးဗစ်လေ့ကျင့်ခန်း နဲ့ ဝိတ်မတာကတော့ မပါမဖြစ်ပါသင့်ပါတယ်။ သင့် ကိုယ်ခန္ဓါကိုရော ၊ သင့်အသည်းကိုရော ကျန်းမာစေဖို့ အပျင်းထူမနေဘဲ လေ့ကျင့်ခန်းလုပ်ပါ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နေစဉ်ရေများများသောက်ေပးပြီး သင့်ကိုယ်ခန္ဓါနဲ့ အသည်းကိုရေဓါတ်ြပည့်ဝအောင်ထားပေးဖို့လည်း မမေ့နဲ့နော်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/liver-healthy-and-exercises-2/
ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ
ဆောင်းရာသီကို ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်တာမို့ရာသီဥတုကလည်းအပူချိန်သိသိသာသာ လျော့နည်းလို့ လာနေပါပြီ။ အထူးသဖြင့်တော့ မနက်ခင်းပိုင်းတွေမှာ ဆိုရင် ရာသီဥတုက အအေး ပိုပြီး နှင်းမြူတွေ ဆိုင်းလို့ စိုထိုင်းစ မြင့်မား နေတတ်ပါတယ်။ ဒီလို ဆောင်းတွင်းမှာ ဖျားနာမှုတွေက ပိုဖြစ်နိုင်ပါတယ်။ရာသီဥတုက အပူချိန် ပြောင်းလဲလာပြီမို့ အကူးအပြောင်း ကာလမျိုးမှာ ဖျားတာနာတာတွေ ပိုပြီး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တုပ်ကွေး ကြီးစိုးတဲ့ အချိန်မျိုးပေါ့။ ခုလိုCOVID-19ထကြွ သောင်းကျန်းနေချိန်မျိုးမှာ ဘယ်လို ဖျားတာနာတာမျိုးမှ မဖြစ်စေဖို့ အထူး အရေးကြီး လှပါတယ်။ခုချိန်မှာ ဖျားရင်နာရင် ကုသဖို့ ခက်ခဲတတ်သလို မတော်တဆCOVID-19 ကူးစက်သွားမှာကိုလည်း စိုးရိမ်ပူပန်ရသေးတယ်မဟုတ်လား။ အကောင်းဆုံးကတော့ မဖျားမနာအောင် ဂရုတစိုက်နေထိုင်ဖို့ပါပဲ။အဖျားအနာ ကင်းပြီး ကျန်းမာစေဖို့ ဆိုရင် အဓိက အကျအဆုံးကတော့ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့က အဓိက ပါပဲ။ ကိုယ်ခံအားစနစ် ကောင်းမွန်နေမယ်ဆိုရင် အအေးမိ၊ ဖျားနာတွေအပြင် COVID-19 အထိကိုပါ ကာကွယ်နိုင်တာကြောင့်ပါ။ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ တွေက ဘာတွေဖြစ်မလဲ။ ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် အခုလို အာဟာရတွေ ဖြည့်စွက်ပေးဖို့ လိုပါမယ်။ဆောင်းတွင်းမှာ ကိုယ်ခံအား ကောင်းမွန်စေဖို့ဆိုရင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်မယ့် အာဟာရဓာတ်တွေကို ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဘယ်လို အာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်လဲ ဆိုတာကို သိနားလည်ထားဖို့ လိုအပ်တယ် မဟုတ်လား။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာ ဗီတာမင် C နဲ့ D တင် မဟုတ်ပါဘူး။ ဒါကြောင့်ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးချင် ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/can-supplements-boost-your-immunity-this-winter/