title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ခန္ဓါကိုယ်နဲ့သံဓါတ်
အသက်ကို ဉာဏ်စောင့်သတဲ့။နေ့စဉ်စားသောက်မှုကစလို့အိပ်စက်ချိန်တွေကိုပါသေချာလေးဂရုစိုက်ပေးနိုင်မှ လူတစ်ယောက်က ကျန်းမာမှာပါ။ ဒါ့အပြင်ဂရုစိုက်ရမှာက ခန္ဓါကိုယ်မှာ လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒီတစ်ခေါက်တော့ခန္ဓါကိုယ်ကျန်းမာနေစေဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုဖြစ်တဲ့ သံဓါတ်အကြောင်းနည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့်တော့ ဒီဓါတ်ကလေဒီလေးတွေမှာလိုအပ်တာပါ။သံဓါတ်က ခန္ဓါကိုယ်အတွက် အရေးပါဆုံးသော သတ္တုဓါတ်တွေထဲက တစ်မျိုးပါ။ ခန္ဓါကိုယ်မှာ ဖွဲ့စည်းထားတဲ့ဆဲလ်တွေတိုင်းမှာ သံဓါတ်ပါဝင်နေပါတယ်။သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။နောက်တစ်ချက်က သံဓါတ်ကပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ကိုယ်ခံအားကောင်းစေဖို့လည်း တာဝန်ယူထားသေးတယ်နော်။ဖျားနာမှုကင်းစေဖို့ လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။သံဓါတ်က လူတိုင်းအတွက် အရေးပါတဲ့ ဓါတ်တစ်မျိုးပါ။ အဓိကလိုအပ်သူတွေကတော့လေဒီတွေပေါ့။ အပျိုဖော်ဝင်ပြီးတဲ့လေဒီလေးတိုင်းမှာ သံဓါတ်ပြည့်ဝနေစေဖို့က မဖြစ်မနေဂရုစိုက်သင့်တဲ့ အချက်တွေထဲကတစ်ခုပေါ့။ သံဓါတ်ပြည့်ဝနေစေဖို့က သံဓါတ်အားဖြည့်ဆေးတွေသောက်လို့ရသလိုအစားအသောက်တွေထဲမှာ သံဓါတ်ပါအောင် စားသုံးပေးလို့လည်းရပါတယ်။ခန္ဓါကိုယ်အတွက် အရေးအပါဆုံး သတ္တုဓါတ်တစ်ခုဖြစ်တာနဲ့အညီ လုပ်ဆောင်ပေးတဲ့ တာဝန်တွေကလည်းတော်တော်လေးတော့များပါတယ်။သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်။သွေးအားနည်းတယ်ဆိုတာ တကယ်တော့ ကိုယ်တွင်းမှာ သံဓါတ်နည်းနေတာပါ။ အခုနောက်ပိုင်းမှာပြောင်းလလြာတဲ့ စားသောက်မှုပုံစံတွေနဲ့နေ့ထိုင်မှုအလေ့အထတွေကြောင့် ကမ္ဘာတလွှားမှာ သံဓါတ်ချို့တဲ့မှုကြောင့်သွေးအားနည်းရောဂါကို ခံစားရသူတွေတော်တော်လေးများလာနေပါတယ်။သွေးအားနည်းရောဂါဖြစ်ရတဲ့ အဓိကအေကြာင်းအရင်းတစ်ခုကသွေးဖြူဥက ရှိသင့်တဲ့ ပမာဏထက်နည်းနေတာကြောင့်ပါ။ လက္ခဏာတွေအနေနဲ့ကတော့။သံဓါတ်ရဲ့ အဓိက လုပ်ငန်းတစ်ခုက ကိုယ်တွင်းမှာသွေးဖြူဥဆဲလ်တွေကိုဖြစ်ပေါ်စေတာပါ။သွေးတွင်းမှာအောက်ဆီဂျင်တွေ သယ်ပိုပပေးဖို့လည်း လုပ်ဆောင်ပေးပါတယ်။သွေးဖြူဥဆဲလ်တွေပြည့်ဝလု့လောက်နေမှုကအနာကျက်မြန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ လစဉ်ရာသီသွေးဆင်းနေရတဲ့လေဒီတွေမှာဆိုရင် သံဓါတ်က မဖြစ်မနေလိုအပ်မှာပါ။အိပ်ပျော်စေတယ်။သံဓါတ်နည်းတာကြောင့်သွေးအားနည်းတာ၊ ခဏခဏဖျားနာတာတွေဖြစ်နိုင်တယ်ဆိုပေမယ့် သံဓါတ်များရင်လည်းအသည်းနဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ သံဓါတ်တွေ စုပုံပြီး ဆဲလ်တွေနဲ့တစ်ရှုးတွေကို ပျက်စီးစေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ ကင်ဆာဖြစ်စေနိုင်တာပါ။သံဓါတ်ကို လိုတာထက် ပိုပြီးသောက်သုံးမိမယ်ဆိုရင် မအီမသာဖြစ်တာ၊အော့အန်တာ၊ ဗိုက်အောင့်တာမျိုးဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံး အကျိုးဆက်အနေဲ့ကတော့ ကိုယ်တွင်းသွေးယိုစိမ့်တာ၊ တက်တာ၊ ကိုမာဝင်တာ နဲ့သေဆုံးတာအထိတောင်ဖြစ်စေနိုင်ပါတယ်။ ကိုယ်တွင်းမှာ လိုအပ်တဲ့ သံဓါတ်ပမာဏထက်များနေမှုက အရေပြားပြဿနာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အတွက် သ့ဒါတ်ကို ပိုလည်းမပိုစေ၊ လိုလည်း မလိုစေဖို့ သေချာလေးဂရုစိုက်ပေးပါလို့ပြောပါရစေ Hello ဆရာဝန် ပရိသတ်ကြီးရေ………………..။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%81%e1%82%8f%e1%81%b6%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%94%e1%80%b2%e1%82%94%e1%80%9e%e1%80%b6%e1%80%93%e1%80%ac%e1%80%90%e1%80%b9/
Fatty Liver (အသည်းအဆီဖုံးခြင်း)
Fatty Liver အသည်းအဆီဖုံးခြင်း သို့မဟုတ် steatosis ဆိုသည်မှာ အသည်းအတွင်းအဆီများစုပုံလာခြင်းကိုခေါ်ဆိုခြင်းဖြစ်သည်။အသည်းတွင် အဆီများရှိသည်မှာ ပုံမှန်ဖြစ်သော်လည်း အသည်း၏အလေးချိန်၅-၁၀ % မှာ အဆီကြောင့်ဆိုပါက အသည်းအဆီဖုံးပြီဟုသတ်မှတ်ပါသည်။ အသည်းအဆီဖုံးခြင်းမှာအပြုအမူြေပါင်းခြင်းဖြင့် ပြန်ကောင်းနိုင်သောအခြေအနေဖြစ်သည်။လက္ခဏာများ မပြတတ်သလို လုံးဝအသည်းပျက်စီးသွားခြင်းကိုလည်း မဖြစ်စေပါ။ အသည်းမှာခန္ဓါကိုယ်အတွင်း ဒုတိယအကြီးဆုံး အင်္ဂါဖြစ်သည်။ အသည်း၏လုပ်ငန်းမှာ ကျွန်ုပ်တို့ နေ့စဉ်စားသောက်သမျှကို ပြုပြင်ပေးပြီးအဆိပ်အတောက်များကို စစ်ပေးခြင်းဖြစ်သည်။ အဆီများလာပါက ထိုလုပ်ငန်းစဉ် အနှောက်အယှက်ခံရပါမည်။အသည်းသည် ဆဲလ်ဟောင်းများ ပျက်စီးသွားသည့်အခါ ဆဲလ်အသစ်များ ထုတ်ပေးခြင်းဖြင့် ပြန်ကောင်းအောင်လုပ်၏။ အသည်းကို ထပ်ခါထပ်ခါ ထိခိုက်မှုရှိလာသည့်အခါ ပြင်မရသည့်အမာရွတ်များအစားထိုးလာပါသည်။ ထိုအခြေအနေကိုအသည်းခြောက်သည်ဟု ခေါ်ခြင်းဖြစ်သည်။ဒီရောဂါသည် အဖြစ်များ၏။ အမေရိကန်တွင် ၁၀ – ၂၀ ရာခိုင်နှုန်းထိလူများ၌ အသည်းရောင်ခြင်း ပျက်စီးခြင်းမရှိသော အသည်းအဆီဖုံးသည့်အခြေအနေ ရှိနေကြပါသည်။ တရားဝင်ကိန်းဂဏန်းများမရှိသော် အထူးသဖြင့် အသည်းရောင်အသားဝါဘီရောဂါပိုးဟာဆိုရင်ကာကွယ်ဆေးထိုးပြီး ထိရောက်စွာ ကာကွယ်နိုင်ပြီဖြစ်လိလည်းမြန်မာနိုင်ငံတွင်လည်း အသည်းအဆီဖုံးသည့် အခြေအနေမှာ အလွန်အဖြစ်များပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အသည်းအဆီဖုံးခြင်းတွင် များသောအားဖြင့်လက္ခဏာများ မရှိတတ်ပါ။ မောပန်းလွယ်ခြင်းဗိုက်ထဲမအီမသာခံစားရခြင်းမျိုးတော့ ဖြစ်တတ်ပါသည်။ အသည်းအနည်းငယ် ကြီးနေတတ်ပြီး ဆရာဝန်မှစမ်းသပ်စဉ် တွေ့ရှိနိုင်ပါသည်။အဆီများခြင်းကအသည်းကိုရောင်စေတတ်သည်။ အသည်းရောင်လာလျှင်အစားအသောက်ပျက်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ဗိုက်အောင့်ခြင်း၊အားနည်းခြင်းနှင့် စိတ်ထွေခြင်းများ ဖြစ်တတ်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။အသည်းအဆီဖုံးခြင်းဖြစ်ရသည့် အများဆုံးအကြောင်းရင်းမှာ အရက်သောက်ခြင်းကြောင့်ဟု ယုံကြည်ထားကြသည်။ ဖြစ်ရပ်အများအပြားတွင်အရက်မသောက်သူများ၌ အသည်းအဆီဖုံးခြင်း၏အကြောင်းရင်းကို ဆရာဝန်များ မသိရပါ။ အသည်းအဆီဖုံးခြင်းမှာ ခန္ဓါကိုယ်မှအဆီထုတ်လုပ်မှု များနေလျှင်သော်လည်းကောင်း အဆီများကို လုံလုံလောက်လောက် မချေဖျက်နိုင်လျှင်သော်လည်းကောင်း ဖြစ်လာတတ်၏။ပိုလျှံနေသော အဆီများကိုအသည်းဆဲလ်များတွင် သိုလှောင်ရာမှာ အသည်းအဆီဖုံးရခြင်းဖြစ်သည်။ အဆီများများစားခြင်းက အသည်းဆီဖုံးခြင်းနှင့် တိုက်ရိုက်တော့လည်း မသက်ဆိုင်တတ်ပါ။အသည်းအဆီဖုံးခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။သင့်၌ ရောဂါရှိနေကြောင်း သံသယရှိပါကစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများကို ပြုလုပ်ပါလိမ့်မည်။ အသည်းအဆီဖုံးခြင်းကို အတည်ပြုရန်…။သွေးစစ်ခြင်း–အသည်းအင်ဇိုင်းများမြင့်တက်နေသည်ကို သွေးစစ်မှုမှသိနိုင်သည်။ ၎င်းမှာ အသည်းအဆီဖုံးခြင်းကို အတည်ပြုနိုင်သည်တော့မဟုတ်ပါ။ ရောင်ရမ်းရသည့်အကြောင်းရင်းကို သိနိုင်ရန် တခြားသော ခွဲခြမ်းစစ်ဆေးမှုများလိုအပ်ပါသေးသည်။တီဗီဓါတ်မှန် –အသည်းတွင်အဆီရှိနေသည့်နေရာများကို တီဗီဓါတ်မှန်၌ အဖြူရောင်အဖြစ်မြင်ရပါမည်။ တခြားသော ပုံရိပ်ဖော်နည်းပညာများကိုလည်း လိုကောင်းလိုပါလိမ့်မည်။ (CT သို့မဟုတ်MRI) ပုံရိပ်ဖော်နည်းပညာများမှာ အသည်းတွင်ရှိသော အဆီများကို သိရနိုင်သော်လည်း ဘယ်လောက်ထိခိုက်နေကြောင်းကိုသိရန် ဆရာဝန်အတွက် အကူအညီသိပ်မဖြစ်ပါ။အသည်းစစစ်ခြင်း–အသည်းစယူရာတွင် ဆရာဝန်သည် အသည်းဆီသို့ ဆေးထိုးအပ်ထိုးပြီးတစ်ရှူးစအနည်းငယ်ကို ယူပါလိမ့်မည်။နာကျင်မှုသက်သာစေရန် ထုံဆေးနှင့်လုပ်မည်ဖြစ်သည်။ အသည်းအဆီဖုံးခြင်းရှိမရှိ တိတိကျကျသိနိုင်သော တစ်ခုတည်းသောနည်းလမ်းလည်း ဖြစ်ပါသည်။ အသည်းစကိုစစ်ခြင်းဖြင့် ဖြစ်ပွားရသည့်အကြောင်းရင်းကို အတိအကျသိရနိုင်၏။ကံမကောင်းစွာဖြင့် အသည်းအဆီဖုံးခြင်းကို ကုသရန် ဆေး သို့မဟုတ်ခွဲစိတ်မှုဆိုတာမျိုး မရှိပါ။ ထိုအစား အန္တရာယ်ရှိသည့် အချက်များကို လျော့ချရန်သာ ဆရာဝန်မှ လမ်းညွှန်ပါလိမ့်မည်။ ထိုလမ်းညွှန်ချက်များမှာ –။အဝလွန်ခြင်း သို့မဟုတ် အစားအသောက်ပုံစံကြောင့် အသည်းအဆီဖုံးရသည်ဆိုပါက ဆရာဝန်မှ သင့်ကို အစားရှောင်ခိုင်းပြီးကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါလိမ့်မည်။ နေ့စဉ်စားသုံးနေသည့် ကယ်လိုရီကိုလျော့ချခြင်းက ကိုယ်အလေးချိန်ကိုကျစေပြီး အသည်းကို ပြန်ကုစားချိန်ရစေပါသည်။အဆီများသောအစာများ၊ သကြားများသော အစာများကို ရှောင်ခြင်း လျော့ခြင်းဖြင့် အသည်းအဆီဖုံးခြင်းမှ ပြန်ကောင်းလာစေပါသည်။ လတ်ဆတ်သောသစ်သီးများ၊ဟင်းသီးဟင်းရွက်များနှင့်ဂျုံကြမ်းများလို ကျန်းမာရေးနှင့် ညီညွှတ်သည်များကို ရွေးချယ်စားသောက်ပါ။အနီရောင်အသားများအစားကြက်သားနှင့်ငါးလို အဆီနည်းသည့်ပရိုတင်းများဖြင့် အစားထိုးလိုက်ပါ။ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပါ။ ဆီးချိုနှင့် ကိုလက်စထရောများခြင်းအတွက် ပေးသောဆေးများကို သေချာသောက်ပါ။ ထို့အပြင် တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ တစ်ပတ်ကို ၅ ရက်ခန့်ကိုယ်လက်လှုပ်ရှားမှုများ လုပ်ပေးခြင်းဖြင့် ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းပါ။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/fatty-liver/
ကလေးနဲ့ လေယာဉ်စီးမယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ
ခရီးသွားဖို့ပြင်ဆင်ရတာက တစ်ကိုယ်တည်းအတွက်ဆိုရင် လွယ်ပါတယ်။ သွားမယ်ဆို ချက်ချင်းထထွက်သွားလည်း ပြင်ဆင်စရာသိပ်မလိုဘူးလေ။ တစ်ယောက်တည်းမဟုတ်ဘဲ ကလေးနဲ့ ၊မိသားစုနဲ့သွားရတော့မယ်ဆိုရင်တော့ မတူတော့ပါဘူး။ ဘာတွေလိုအပ်နိုင်မလဲ ကြိုပြင်ဆင်ရတာက အနည်းဆုံးတစ်ပတ်လောက်အလိုတည်းက အလုပ်ရှုပ်ပါတော့တယ်။မိသားစုဆိုတာထက် ကလေးပါပါလာရင် ပိုဂရုစိုက်ရပါတယ်။ သေးသေးဖွဲဖွဲဂရုစိုက်ရတဲ့ ကလေးဝေယျာဝစ္စနဲ့ အသုံးအဆောင်တွေက နည်းမှာမှမဟုတ်ဘဲ။ ကလေးနဲ့ခရီးသွားရပြီဆိုတာ ကိုယ်ကပြည့်စုံအောင်ပြင်ဆင်လာမှ လမ်းခရီးမှာအဆင်ပြေနိုင်မှာပါ။ သေချာမပြင်ဆင်လာတဲ့အခါ ကားနဲ့သွားရင် လမ်းမှာလိုတာဆင်းဝယ်လို့ရရင်ရနိုင်ပေမယ့်လေယာဉ်နဲ့ဆိုဘယ်လိုလုပ်မလဲ။ဒါ့ကြောင့်လေယာဉ်ခရီးစဉ်မှာ ကလေးနဲ့အတူလိုက်ပါမယ်ဆိုရင် ဒါလေးတွေတော့ပြင်ဆင်သင့်ပါတယ်။ကလေးရဲ့နေ့စဉ်လုပ်နေကျပုံမှန်အချိန်ဇယားကို မပျက်ရအောင် တတ်နိုင်သလောက်ကြိုးစားတာက အပြောင်းအလဲမှာ စိတ်မကြည်ဘဲ ဂျီကျငိုယိုမယ့်အလားအလာ ပိုနည်းစေပါလိမ့်မယ်။ တချို့ကလေးတွေမှာ မနက်အစောပိုင်းနဲ့ ညပိုင်းလေယာဉ်ချိန်ကိုရှောင်တာ အဆင်ပြေနိုင်ပေမယ့် တချို့ကျတော့ အဲဒီအချိန်ကမှ အဆင်ပြေဆုံးဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ကလေးရဲ့အိပ်ချိန်ကမောက်ကမဖြစ်ခဲ့ရင် ဂျီကျတာ၊ ငိုယိုနေတာတွေကြောင့် ထိန်းရခက်၊ချော့ရခက်ပြီး ခရီးစဉ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ကလေးကို နွေးထွေးလုံခြုံအောင် ဝတ်စားပေးပြီး အန်တာ၊ပေကျံတာတွေအတွက် လိုလိုမည်မည်အဝတ်အစားအပိုနှစ်စုံလောက်တော့ အနီးမှာယူထားပါ။ ကလေးက အိုက်လွန်းရင်လည်းမနေ၊ အေးရင်လည်းမကြိုက်၊ ငိုနေရင်ပြဿနာရှိနိုင်လို့ သူသက်တောင့်သက်သာရှိစေဖို့ဦးစားပေးဂရုစိုက်ရပါမယ်။ဘီစကစ်၊ ကိတ်မုန့်တို့လို မသိုးနိုင်တဲ့ စားစရာတွေပဲယူသွားပါ။လေယာဉ်ပေါ်မှာရေဓါတ်မဆုံးရှုံးစေဖို့ ကလေးကို ရေတိုက်ပေးပါ။ သူကြိုက်တတ်တဲ့ မုန့်နဲ့သောက်စရာလေးတွေပြင်ဆင်သွားပေးပါ။ နို့စို့အရွယ်ဆို ဆာတဲ့အခါ တိုက်နိုင်ဖို့ အနွေးဓာတ်ထိန်းတဲ့ဘူးလေးနဲ့ နို့ဘူးဖျော်ပြီးယူလာနိုင်ပါတယ်။ဖျားနာတာ၊ဗိုက်အောင့်တာ၊ လည်ချောင်းနာ၊ ဝမ်းလျှော၊အော့အန်၊ ဓါတ်မတည့်တာ၊လေယာဉ်မူးတာစတဲ့ ဝေဒနာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို ခရီးသွားတိုင်းဆောင်သွားသင့်ပါတယ်။ဘယ်လောက်ပဲ ကြိုပြင်ဆင်၊ သတိထားပါစေ၊ ကလေးတစ်ဖက်နဲ့ခရီးသွားရတာ ကသီလင်တတော့နိုင်မှာပါပဲ။ ရုတ်ရုတ်သည်းသည်းဖြစ်တယ်လို့ဆိုတာ မဟုတ်ဘူးနော်။ ဒါပေမယ့် အနည်းဆုံးတော့ ကလေးရဲ့ငိုသံနဲ့ ဘေးနားကခရီးဖော်တွေရဲ့သက်ပြင်းချသံ ကြားရမှာသေချာသလောက်ပဲ။ အသက်ဝအောင်ရှူပြီး အားတင်းလိုက်ပါ။ ကလေးရှိတဲ့မိဘတိုင်း ဒီအခြေအနေကိုကြုံဖူးကြမှာပဲ၊ လေယာဉ်ဆိုတာလည်း အချိန်တန်ရင်ပြန်ဆင်းသက်ပြီး ကိုယ့်ခရီးကိုရောက်မှာပဲဆိုတော့ ဒီခဏလေးကို တည်ငြိမ်စွာနဲ့ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ပြင်ထားပါ။ ကလေးကိုကျေနပ်အောင်ချော့မော့၊ ထိန်းကျောင်းနိုင်ဖို့ စိတ်ရှည်ပါ။သယ်လာတဲ့ပစ္စည်းပစ္စယတွေ များလွန်းတာဟာ လေယာဉ်ခရီးစဉ်မှာ အတော်တိုင်ပတ်စေနိုင်ပါတယ်။ ဒါပေမယ့် ကလေးပါတယ်ဆိုရင်တော့ ဒါဟာဖြစ်သင့်ပါတယ်။diaperတွေနဲ့ အဝတ်အစားတွေ၊ စားစရာတွေ ပိုထည့်လာပါ။ကလေးအသုံးအဆောင်တွေက အမြဲလိုအပ်နေတာများပါတယ်၊ ပိုတယ်ဆိုတာ သိပ်မရှိပါဘူး။ မတော်လို့လေယာဉ်နောက်ကျနေရင် လေဆိပ်မှာတင် ကလေးအသုံးအဆောင်တွေ သုံးလိုက်ရမှာပဲ။ခရီးတောက်လျှောက်သုံးဖို့ ပစ္စည်းတွေအကုန် ခရီးဆောင်အိတ်မှာ ထည့်ထားပေမယ့် လေယာဉ်စီးရင်း လိုအပ်လာရင်အလွယ်တကူသုံးနိုင်ဖို့ ကိုယ့်အနားမှာယူထားသင့်တဲ့အရာတွေက –။ဒီအချက်လေးတွေပြင်ဆင်ထားပြီးရင်တော့ ဖေဖေမေမေတို့အားလုံး သာယာအဆင်ပြေတဲ့ခရီးစဉ်လေးဖြစ်ပါစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-fly-with-baby/
ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း
ဘားဟိုး (Burr Hole) ဆိုတာဦးခေါင်းခွံမှာ အပေါက်ကလေးများ ဖောက်ခြင်းဖြစ်ပါတယ်။ဦးနှောက်ကို ခွဲစိတ်ကုသရာမှာ အသုံးပြုပါတယ်။ ကုသမှု ပြုလုပ်ချင်တဲ့ ဦးနှောက်ရဲ့နေရာပေါ်မူတည်ပြီး ဘားဟိုးအပေါက်ဖောက်တဲ့နေရာ မျိုးစုံဖြစ်နိုင်ပါတယ်။ ဘားဟိုးဖောက်ပြီး ကုသဖို့လိုအပ်တဲ့ အခြေအနေတွေကတော့။– ဦးနှောက်အမြှေးပါးပြင်ပ သွေးသွန်ခြင်း၊ သွေးလုံးဖြစ်ခြင်း။– ဦးနှောက်အမြှေးပါးအောက် သွေးသွန်ခြင်း၊ သွေးလုံးဖြစ်ခြင်း။–ဦးနှောက်အကျိတ်ဖြစ်ခြင်း။– ဦးခေါင်းအတွင်း အရည်များစုခြင်း စတာတွေ ဖြစ်ပါတယ်။များသောအားဖြင့် ဘားဟိုးဖောက်ခြင်းဟာ အရေးပေါ်ကုသမှုတွေ ဖြစနေတတ်ပါတယ်။ ဦးခေါင်းနဲ့ ဦးနှောက်ပိုင်းကို ထိခိုက်ဒဏ်ရာရပြီးချိန်မှာ ဦးနှောက်အတွင်း သွေးခဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ဖိအားကို သက်သာစေလိုတဲ့အခါ၊ ဦးနှောက်ပိုင်းထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေကို စီးထွက်စေချင်တဲ့အခါ၊ ဦးခွံရိုးအတွင်း ပြင်ပက ပစ္စည်းကိရိယာတခုခု စိုက်ဝင်နေတဲ့အခါ ဘားဟိုးဖောက်ကုသပါတယ်။တကယ်တော့ ဘားဟိုးဆိုတာ အဆင့်မြင့်ရှုပ်ထွေးလှတဲ့ ဦးနှောက်ခွဲစိတ်မှုအဆင့်တွေရဲ့ ပထမအဆင့်ပဲ ဖြစ်ပါတယ်။ ဦးခေါင်းခွံအောက် ဦးနှောက်ပိုင်းကို ကုသမုပြုနိုင်ဖို့အတွက် ဦးခေါင်းခွံကို တစိတ်တဒေသ ဖယ်ရှားဖို့ လိုပါတယ်။ ဘားဟိုးဖောက်လိုက်တဲ့အခါ ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ ဦးနှောက်ထဲကို ကုသမယ့် ပစ္စည်းကိရိယာတွေ ထည့်သွင်းဖို့ လမ်းပွင့်သွားပါတယ်။ တခါတရံမှာ ကုသမှုပြုရမယ့် ဦးနှောက်နေရာ ပိုမိုကျယ်ပြန့်ရင် ဘားဟိုးကို နှစ်ပေါက်သုံးပေါက် ဒါမှမဟုတ် ဒီထက်ပိုပြီး ဖောက်ရင်ဖောက်ရတတ်ပါတယ်။ခွဲစိတ်မယ့်ဆရာဝန်ဟာ လူနာရဲ့ကုသမှုမှတ်တမ်းနဲ့ပုံရိပ်ဖော်စစ်ဆေးခြင်းတွေဖြစ်တဲ့ Xray၊ CT၊ MRI စတာတွေကို ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။ တွေ့ရှိချက်တွေပေါ်မူတည်ပြီး ဘားဟိုးဖောက်ဖို့ လိုအပ်တယ်ဆိုရင် ဘယ်နေရာမှာဖောက်မလဲဆိုတာ သတ်မှတ်ပါတယ်။ ယေဘုယျအားဖြင့် အောက်ပါအဆင့်တွေ ပါဝင်ပါတယ်။၁။ ပထမဦးစွာ သင့်တော်တဲ့မေ့ဆေးအမျိုးအစားကို ပေးပါတယ်။၂။ ဘားဟိုးဖောက်ဖို့လိုအပ်မယ့်နေရာကို ဆံပင်ရိတ်ပါတယ်။ တခါတရံမှာ တခေါင်းလုံးရိတ်ထားတတ်ပါတယ်။ ပြီးရင် သင့်တော်တဲ့ပိုးသတ်ဆေးရည်တမျိုးမျိုးနဲ့ သန့်ရှင်းပေးပါလိမ့်မယ်။ ရောဂါပိုးများ မဝင်နိုင်အောင် သန့်ရှင်းခြင်း ဖြစ်ပါတယ်။၃။ လိုအပ်ရင် ဦးရေပြားပေါ်ကိုလည်း ထုံဆေးထပ်ထိုးပါလိမ့်မယ်။၄။ အဲဒီနောက် ဦးရေပြားကို ခွဲစိတ်ပြီး ဦးခွံရိုးကိုပေါ်လာစေပါတယ်။ အထူးပြုလုပ်ထားတဲ့ လွန်သွားတမျိုးနဲ့ ဦးခွံရိုးကို ဖောက်ပါတယ်။လိုအပ်ချက်ပေါ်မူတည်ပြီး တပေါက်ထက်ပိုရင် ပိုနိုင်ပါတယ်။၅။ အပေါက်ဖောက်ပြီးတဲ့အခါ ဦးခွံရိုးအောက်မှာ ဖိအားဖြစ်ပေါ်နေစေတဲ့ သွေးခဲ ဒါမှမဟုတ် အရည်များကို ဖယ်ရှားပါတယ်။ အပြင်ကို စီးထွက်စေမယ့် ပိုက်တမျိုးမျိုးတပ်ထားပြီး ဦးရေပြားကို ပြန်ပိတ်ပါတယ်။၆။ ဘားဟိုးဖောက်ပြီး ကုသမှုပြုလုပ်ပြီးချိန်မှာတော့ ခွဲစိတ်ပြီးလူနာများထားရှိတဲ့ အခန်းမှာ နေရပါတယ်။ လူနာအခြေအနေပေါ်မူတည်ပြီး ဆေးရုံမှာ တပတ်၊ ဆယ်ရက် စသဖြင့် နေရတတ်ပါတယ်။တခြားသော ခွဲစိတ်ကုသမှုတွေလိုပဲ သွေးယိုခြင်း၊ သွေးခဲခြင်း၊ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုး၊ရောဂါပိုးဝင်နိုင်ခြင်းစတာတွေ တွေ့ကြုံနိုင်ပါတယ်။ ဘားဟိုးဖောက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့။– တက်ခြင်း။–ဦးနှောက်ရောင်ရမ်းခြင်း။– သတိမေ့မျောခြင်း။–ဦးနှောက်မှသွေးယိုခြင်းစတာတွေလည်း ကြုံရတတ်ပါတယ်။များသောအားဖြင့် အရေးပေါ်ကုသမှုဖြစ်တတ်လို့ ကြိုတင်ပြင်ဆင်စရာ အချိန်သိပ်မရှိလှပါဘူး။ လူနာ ဒါမှမဟုတ် လူနာရှင်က ဆရာဝန်သိလိုတဲ့ အချက်များ (ကျန်းမာရေးရာဇဝင်၊ သောက်သုံးနေသည့်ဆေးဝါးများ စသည်) ကို မခြွင်းမချန်ပြောပြပြိး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်ပါလုပ်ဆောင်ရုံပါပဲ။ ဆံပင်ရိတ်ရခြင်း၊ ခွဲစိတ်မှုမပြုမီ အနည်းဆုံး ၈ နာရီခန့်ကြိုတင်ပြီး အစာမစား၊ ရေမသောက်ခြင်း စတာတွေ ပြင်ဆင်ထားရပါမယ်။ခွဲစိတ်မှုပြီးချိန်မှာလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ရပါမယ်။ ဆေးများကို တိကျစွာ သောက်သုံးရပါမယ်။ ဆရာဝန်များက ချိန်းဆိုတဲ့အတိုင်း မပျက်မကွက်ပြသရပါမယ်။ နောက်မှာ ဘားဟိုးဖောက်ထားတဲ့နေရာကို တိုက်တေနီယမ်သတ္တုနဲ့ ပြန်ပိတ်နိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/burr-hole/
တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး
မင်္ဂလာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးများ ကျန်းမာကြပါစေ ။ ဒီတစ်ခေါက် မှာတော့ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေးဆိုတဲ့ အကြောင်းကို ရှင်းပြပေးမှာပါ။တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး အကြောင်း လေ့လာလိုက် ပါဦးနော်။တကယ်တော့ အာသာဖြေခြင်းဆိုတာ သဘာဝကျတဲ့ လိင်စိတ်ဖြေဖျောက်တဲ့ နည်းလမ်း တစ်ခုပါ ။ ဒါ့အပြင် ရောဂါ မကူးစက်တတ်တဲ့အတွက်လည်း စိတ်ချ ယုံကြည်ရတဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ် ။ နိုင်ငံတကာမှာ ပြုလုပ်ထားတဲ့ကျန်းမာရေးစစ်ချက်တွေ အရတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် မိမိ ခန္ဓာကိုယ်ကျန်းမာရေးကို မထိခိုက် စေနိုင်ပါဘူး ။ ဒါပေမဲ့ သာမန်ထက် အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်နေ့စဉ် ဘဝမှာတော့ ပြဿနာ ရှိစေနိုင်ပါတယ် ။ ပုံမှန် အတိုင်းပဲ ဆိုရင်တော့ အာသာဖြေခြင်းက စိတ်နှစ်လိုဖွယ်ရာ ဖြစ်ပြီး ကျန်းမာရေး နဲ့ ညီညွတ်စေတဲ့အမူအကျင့်တစ်ခု ဖြစ်ပါတယ် ။အာသာဖြေခြင်းကြောင့်ခန္ဓာကိုယ်မှာ အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှု မဖြစ်စေပါဘူး ။ ဒါပေမဲ့ တစ်ခါ‌တလေ မှာတော့ မိမိကိုယ်ကို အပြစ်တင်သလို ခံစားချက်တော့ ရှိကောင်း ရှိနိုင်ပါတယ် ။ ဒါက ယဉ်ကျေးမှု ၊ သို့မဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် ကိုယ့်ကိုယ်ကို စိတ်မသန့်ဘူး ဖြစ်တတ်ပါတယ် ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို စိတ်မသက်သာရင်တော့ စိတ်ချ ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ဖွင့်ပြောဖို့ အကြံပြုချင်ပါတယ် ။တချို့လူတွေမှာတော့ အာသာဖြေခြင်းကို အရမ်း စွဲလမ်းတတ်ပါတယ် ။ အာသာဖြေခြင်း တစ်ခုတည်း သီးသန့်အတွက်နဲ့။ဒါဆိုရင်တော့ ဆရာဝန် တစ်ဦးတစ်ယောက်နဲ့ တိုင်ပင်သင့်ပါတယ် ။ အမူအကျင့် ပြောင်းလဲခြင်းအနေနဲ့။ဒါ့ကြောင့် အာသာဖြေခြင်းကိုတန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း မိမိ ကောင်းကျိုးအတွက် ဉာဏ်ရှိသလို အသုံးချပါလို့ ပြောရင်း နိဂုံး ချုပ်ပါတယ် ခင်ဗျား။ရေးသားသူ – Dr.Aung Kyaw Myint။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/masturbation-benefits/
ဘေဘီလေး ဘူးမှုတ်လို့ မေမေ့ဆံပင်ကျွတ်တာ မဟုတ်ရပါ
ပုခက်ထဲကဘေဘီလေးတွေ လုပ်နေကျ အလုပ်တစ်ခုက အားတိုင်း ပါးစပ်က ဘူးမှုတ်နေတာပါပဲ။ တဘူးဘူးနဲ့ ထိုင်မှုတ်နေရင်း တံတွေးတွေထွက်၊ ပူဖောင်းလေးတွေတောင်ဖြစ်နေသေး။ ဒီနေရာမှာ ဘယ်ကအစပြုခဲ့မှန်းမသိတဲ့ အယူအဆတစ်ခုကဝင်လာပါတယ်။ “ဘူးမမှုတ်နဲ့ သမီးရယ်မေမေ့ကိုချစ်တယ်ဆို”ဆိုတဲ့ သီချင်းသံလိုပဲ… ကလေးက ဘူးမှုတ်ရင်မေမေ့ဆံပင်တွေကျွတ်လိမ့်မယ်၊ တစ်ခေါင်းလုံးပြောင်ရပါလိမ့်မယ်တဲ့။ ကလေးက ဘူးမှုတ်လေ မိဘဆံပင်ကျွတ်လေ ဆိုတာ ဘယ်သူကပြောလိုက်ပါလိမ့်။ကလေးလေးတွေ ဘူးမှုတ်နေတာတွေ့ရင် အသံလေးကလည်းချစ်စရာ၊ စချင်စရာလေးလည်းဖြစ်နေတော့ တံတွေးလေးတွေသုတ်ပေးလိုက်ကြ၊ ဝိုင်းရယ်လိုက်ကြနဲ့၊မေမေတွေကလည်း ဆံပင်ကျွတ်မှာကြောက်လိုက်ကြနဲ့ပေါ့။ အမှန်က ကလေးမွေးပြီးရင်ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ရတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒီတော့ ကလေးက မှုတ်မှုတ် မမှုတ်မှုတ် ကျွတ်တာကကျွတ်မှာပါပဲ။ ဒီလိုတိုက်ဆိုင်မှုနဲ့တော့ဘေဘီလေးတွေဘူးမှုတ်တာကို မတားဆီးသင့်ပါဘူးနော်။ဘူးမှုတ်တယ်ဆိုတာ ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အကျိုးပြုပါဝင်တဲ့ အမူအကျင့်လေးတစ်ခုဖြစ်နေလို့ပါပဲ။ အသက် ၂ လလောက်ရှိတဲ့ကလေးတစ်ယောက်က ဘူးမှုတ်တယ်ဆိုတာ သူ့ရဲ့ပါးစပ်ကိုအသုံးချဖို့ စမ်းသပ်နေတဲ့သဘောပါပဲ။ သုတေသနတွေအရတော့ ကလေးတိုင်းဘူးမမှုတ်တတ်ပေမယ့် ဘူးမှုတ်တဲ့ကလေးတွေက စကားပိုတတ်မြန်တယ်လို့ သိရပါတယ်။ သူတို့လေးတွေက ပါးစပ်လှုပ်ရှားမှုတွေအမျိုးမျိုးကို စမ်းသပ်လုပ်ကြည့်ရင်း စကားပြောတတ်ဖို့ သင်ယူနေတာဖြစ်ပါတယ်။ အသက်ခြောက်လလောက်ဆို အသံပေါင်းစုံပြောင်းပြီး ထွက်တတ်နေလောက်ပါပြီ။ဘူးမှုတ်ခြင်းက ကလေးလေးရဲ့အစာချေဖျက်နိုင်စွမ်းမှာလည်းအရေးပါပါတယ်။ အစာချေဖျက်မှုဖြစ်စဉ်အတွင်းကစီဓါတ်ကို သကြားအဖြစ်ပြောင်းလဲနေစဉ်မှာ ပိုထွက်လာတဲ့တံတွေးက အစာအိမ်အက်စစ်တွေကို မလွန်ကဲအောင် ထိန်းညှိဖို့ အထောက်အကူပေးပါတယ်။ ကလေးတွေဘူးမှုတ်တဲ့အခါ တံတွေးပိုထွက်ပြီး အစာခြေရည်ပြန်ဆန်တက်ခြင်းကို ထိန်းချုပ်နိုင်ပြီး စားလိုက်တဲ့အစာတွေကိုပျော့စေတယ်ဆိုတော့ အစာကြေလွယ်တာပေါ့၊ သွားပျက်စီးမှုကိုကာကွယ်နိုင်ပါတယ်။ဘေဘီလေးတွေက တဘူးဘူးနဲ့မှုတ်နေတဲ့အချိန်မှာ တစ်ခုခုကို အာရုံစိုက်နေသလိုလို မျက်နှာအမူအရာလေးကဖြစ်နေတတ်တယ်။ အသံမျိုးစုံလည်းလုပ်တယ်၊ မျက်မှောင်လည်းကျုံ့တယ်။ ဒီလို မျိုးစုံလုပ်နေတာဟာ ကလေးက လျှာ၊ နှုတ်ခမ်း၊ ပါး စတဲ့အစိတ်အပိုင်းတွေကို ထိန်းချုပ်အသုံးပြုနိုင်ဖို့လေ့ကျင့်နေတာဖြစ်ပါတယ်။(၁) မျက်နှာကြွက်သားလေ့ကျင့်ခန်း။တဘူးဘူးမှုတ်နေရင်းနဲ့ဘေဘီလေးရဲ့နှုတ်ခမ်းကို လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ဖို့လိုအပ်တဲ့ ကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်စေပါတယ်။ ဒီအလေ့အကျင့်ကြောင့်ရေတိုက်တာလိုမျိုး ပန်းကန်လုံးနဲ့နှုတ်ခမ်းတေ့ပြီးရေ သို့မဟုတ် တခြားအရည်တွေသောက်တဲ့အခါ မဖိတ်မစဉ်သောက်နိုင်စေပါတယ်။(၂) စကားပြောလေ့ကျင့်ခန်း။ဘူးမှုတ်ခြင်းက ကလေးရဲ့စကားပြောစွမ်းရည်ကို အထောက်အပံ့ဖြစ်စေပါတယ်။ တဘူးဘူး၊ တဂူးဂူး အော်ရင်းနဲ့ပဲ တခြားအသံတွေထွက်ကြည့်မယ်၊ ဘာ ဘာသာနဲ့မှန်းမသိတဲ့ ဗလုံးဗထွေးစကားတွေပြောမယ်၊ဖေဖေမေမေခေါ်ကြည့်လာမယ်။ တဖြည်းဖြည်းပေါ့။(၃) သွားပေါက်တော့မယ့် ရှေ့ပြေးလက္ခဏာ။ကလေးက ဘူးမှုတ်တယ်ဆိုတာ သွားပေါက်ဖို့ အထောက်အကူပြုပါတယ်။ သူမှုတ်ထုတ်နေလို့ တံတွေးပိုထွက်လာတဲ့အခါ သွားဖုံးလေးတွေကို စိုစွတ်ပြီးပျော့ပျောင်းနေစေတာကြောင့် ငယ်သွားပေါက်ဖို့ အဆင်သင့်ဖြစ်စေပါတယ်။ကလေးကို စကားတတ်စေချင်၊ ဘာသာစကားကျွမ်းကျင်စေချင်ရင် ဘူးမှုတ်မှာကိုမကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။မေမေတို့ဘေးကနေ ကူညီပံ့ပိုးပေးနိုင်ဖို့ အကြံပြုချက်လေးတွေပြောပြလိုက်မယ်နော်။ဒီအချက်တွေထဲမှာ ကလေးတွေကိုမြှူရင်းနဲ့ အလိုအလျောက်လုပ်ပေးနေကျလေးတွေလည်းပါတော့ အထူးတလည်လုပ်ပေးစရာတောင်သိပ်မလိုတော့ပါဘူး။ ဘူးမှုတ်တဲ့အရွယ်မှာသာ ကူညီပေးလိုက်ပါ၊ ကြက်ဆီဗူးတောင်ကျွေးစရာမလိုပါဘူး၊ စကားတတ်တဲ့ စကားတောင်စားလေးတွေဖြစ်လာမှာပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%98%e1%80%b0%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%90/
Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း)
သင့် အစာချေစနစ်တွင်ဖြစ်တတ်သောရောဂါလက္ခဏာတစ်မျိုးဖြစ်သည်။ ဝမ်းတွင်သို့မဟုတ် အန်ဖက်တွင်သွေးပါတတ်ပြီး အမြဲတမ်းမျက်စိဖြင့်မမြင်နိုင်ပါ။ သို့သော် ဝမ်းအရောင် အနက်ရောင်ပြောင်းသွားခြင်းတော့မြင်နိုင်သည်။ သွေးထွက်ခြင်းသည် ရောဂါမပြင်းထန်သည်မှ ပြင်းထန်သည် အထိဖြစ်တတ်သည်။အစာအိမ်သို့မဟုတ် အူမကြီးတွင် သွေးထွက်ပါက သတိထားမိရန်လွယ်သော်လည်း အူသေးတွင်ဖြစ်ပါက သတိထားမိရန်ခက်တတ်သည်။ သို့သော် ရှုပ်ထွေးသောပုံရိပ်ဖော်စနစ်များဖြင့် ပြဿနာဖြစ်နေသောနေရာကို သိနိုင်ပြီး ထိုးဖောက်မှုသိပ်မလုပ်သော လုပ်ဆောင်ချက်များဖြင့်ကုသနိုင်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။စအိုသို့မဟုတ်အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း ရှိမရှိကိုသိနိုင်သောအခြေအနေတချို့ရှိပါသည်။ အကယ်၍ သင့်အစာအိမ်မှသွေးထွက်ပါကသင့်ဝမ်းသည် မဲနေခြင်း ကတ္ထရာစီးကဲ့သို့ကပ်ခြင်းများဖြစ်တတ်သည်။စအိုမှသွေးထွက်ပါက အိမ်သာတွင်သွေးတွေ့ခြင်း အိမ်သာသုံးသောစက္ကူပေါ်တွင်သွေးစများတွေ့ခြင်းတို့ဖြစ်တ်သည်။ သွေးအရောင်သည်နီရဲတတ်သည်။ သွေးအန်ခြင်းသည် အစာအိမ်လမ်းကြောင်းတစ်နေရာရာတွင်သွေးထွက်နေခြင်းကိုဖော်ပြသည်။သင့်တွင်အထက်ပါလက္ခဏာများရှိလျင်သို့မဟုတ် ကော်ဖီအနှစ်ရောင်အန်လျင် ဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။ အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်းသည် တခါတရံ အသက်အန္ဓါရာယ်ရှိသောအခြေအနေဖြစ်တတ်သည်။ အရေးပါ်ကုသမှုများလိုတတ်သည်။ အောက်ပါအခြေအနေများရှိပါက ကုသမှုချက်ချင်းခံယူပါ။ဤလက္ခဏာများသည် သွေးထွုက်လွန်နေသည်ကိုဖော်ပြခြင်းဖြစ်နိုင်သည်။အူလမ်းကြောင်းတစ်နေရာတိုင်းတွင် ဖြစ်စေသောအကြောင်းများရှိသည်။အူလမ်းကြောင်းအပေါ်ပိုင်းသွေးထွက်ခြင်း။အစာအိမ်အူအနာသည် အဖြစ်များဆုံးဖြစ်သည်။ အူသိမ်ဦးပိုင်းနှင့် အစာအိမ်တို့တွင်ဖြစ်တတ်သောအနာဖြစ်သည။ အိပ်စ် ပိုင်လောရီကြောင့်လဲ အနာကိုဖြစ်စေတတ်သည်။ထို့ပြင် အစာမျိုပြွန်ရှိ သွေးကြောများဖောင်းလာပြီး ပွတ်တိုက်မှုများကြောင့်သွေးထွက်မှုလဲဖြစ်နိုင်သည်။အစာမျိုပြွန်အောက်ပိုင်း ဆုတ်ပြဲခြင်းကြောင့်လဲသွေးထွက်နိုင်သည်။ ထိုအခြေအနေကို မလက်ရီဝစ် ရောဂါဟုလည်းခေါ်သည်။အူလမ်းကြောင်းအောက်ပိုင်းသွေးယိုခြင်း။အဓိကဖြစ်စေသောအကြောင်းမှာ အူမကြီးယောင်ခြင်းကြောင့်ဖြစ်သည်။ အူမကြီးယောင်စေသောအကြောင်းအရင်းများမှာ။လိပ်ခေါင်းထွက်ခြင်းသည်လည်း စအိုမှသွေးထွက်စေသည်။ လိပ်ခေါင်းထွက်ခြင်းမှာ စအို ရှိ သွေးကြောကြီးသောကြောင့်ဖြစ်သည်။ ထိုသွေးကြောများ များပေါက်ခြင်းသွေးထွက်ခြင်းကြောင့် စအိုသွေးထွက်ခြင်းကိုဖြစ်စေသည်။စအိုပြဲခြင်းကြောင့်လဲ သွေးထွက်နိုင်သည်။ စအိုဝကို ချုံချဲ့သော ကြွက်သားများ ပြတ်ခြင်းကြောင့်ဖြစ်သည်။ ဝမ်းချုပ်ခြင်း ဝမ်းအမာသွားခြင်းတို့မှဖြစ်နိုင်သည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဖြစ်စေသောအကြောင်းအရင်းကိုရှာရန်အရေးကြီးသောကြောင့် ဆရာဝန်မှရောဂါလက္ခဏာများ နှင့် ဖြစ်ခဲ့ဘူးသောရောဂါအခြေအနေများအားမေးလိမ့်မည်။ ဆရာဝန်မှ ဝမ်းနမူနာယူခြင်းဖြင့်သွေးပါမပါစမ်းသက်မည့်အပြင် သွေးအားနည်းခြင်းအတွက် အခြားစမ်း သက် မှုများလည်းလုပ်လိမ့်မည်။အူအပေါ်ပိုင်းသွေးယိုခြင်းအတွက် မှန်ပြောင်းကြည့်ခြင်းကိုလုပ်လိမ့်မည်။ မှန်ပြောင်းကြည့်ခြင်းဆိုသည်မှာ ရှည်၍ ကျုံဆန့်နိုင်သော ပြွန်ထိပ်တွင် ကင်မရာအားတပ်ဆင်ကြည့်ခြင်းကိုခေါ်သည်။ ထိုအရာကို လည်ချောင်းမှမြိုချခိုင်းလိမ့်မည်။ ထိုမှတစ်ဆင့် အစာအိမ်အူလမ်းကြောင်းသို့ရောက်လိမ့်မည်။ကင်မရာမှတစ်ဆင့်သွေးထွက်နေသောနေရာကိုသိနိုင်သည်။ အစာအိမ်မှန်ပြောင်းနှင့် မရပါက အူကြည့်မှန်ပြောင်းကိုသုံးလိမ့်မည်။အူကြည့်မှန်ပြောင်းသည် အစာအိမ်မှန်ပြောင်းနှင့်တူပြီး ပြွန်ရှိကင်မရာထိပ်တွင် ဘောလုံးတွယ်ထားသည်။ ဘောလုံးအားလေဖောင်းလိုက်ပါက အူလမ်းကြောင်းကိုချဲ့ပေးခြင်းကြောင့် ထဲသို့မြင်နိုင်သည်။အူအောက်ပိုင်းသွေးထွက်ခြင်း အကြောင်းအရာကိုသိလိုပါက အူမကြီးကြည့်မှန်ပြောင်းကြည့်လိမ့်မည်။ စအိုမှ သေးပြီးကျုံချုံသော ပြွန် ကိုထည့်လိမ့်မည်။ ကင်မရာတပ်ထားသောကြောင့် အူမကြီးတောက်လျောက်ကိုမြင်နိုင်သည်။ပြွန်အတွင်းလေထည့်လိုက်ခြင်းဖြင့် ပိုမြင်နိုင်သည်။ အသားစယူနိုင်သည်။ အန္ဓါရယ်မရှိသော ရေဒီယိုသတ္ထုကြွ ကိုသွေးအတွင်းတို့သွင်းသည်။ ထိုအရာသည် ဓါတ်မှန်တွင်လင်း၍ပြတတ်သောကြောင့် သွေးထွက်သောနေရာကိုသိနိုင်သည်။သတ္ထုကြွသွင်းခြင်း သို့မဟုတ် မှန်ပြောင်းဖြင့်သွေးထွက်သောနေရာ ကို မမှန်းဆနိုင်က ပင်းကန် စမ်းသက်မှုကိုလုပ်လိမ့်မည်။ ကင်မရာပါသော ဆေးလုံးအားမျိုချခိုင်းမည်။ ထိုကင်မရာမှ ဓါတ်ပုံများရိုက်ပြီး သွေးထွက်သောနေရာကိုဖော်ပြသည်။အစာအိမ်မှန်ပြောင်းကလဲအထောက်အကူပြုနိုင်သည်။ ရောဂါရှာဖွေရာတွင်သာမက ကုသရာတွင်ပါအသုံးဝင်သည်။အထူးပြုလုပ်ထားသော ကင်မရာတပ်ဆင်ထားသည့်မှန်ပြောင်း များအသုံးပြုခြင်း နှင့် ဆေးဝါး များက သွေးထွက်ခြင်းကိုရပ်စေသည်။ ဆရာဝန်မှ မှန်ပြောင်းနှင့်အတူ ချိတ်များကိုသုံးပြီါ် သွေးထွက်ခြင်းကိုရပ်တန့်အောင်လုပ်ပေးသည်။လိပ်ခေါင်းကြောင့်ဖြစ်ပါက ဆေးဆိုင်တိုင်းတွင် ဝယ်နိုင်သောဆေးများက သင့်အားသက်သာစေနိုင်သည်။ ထိုဆေးများကအကူအညီမဖြစ်ပါက လိပ်ခေါင်းအား မီးရှို့ကုသလိမ့်မည်။ ရောဂါပိုးဝင်ခြင်း အတွက် ပဋ္ဋိဇီဝပိုးသတ်ဆေးများပေးသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/gastrointestinal-bleeding-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%a1%e1%80%b0%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး
ဘေဘီလေးတွေရဲ့ အရေပြားက အထိခိုက်မခံနိုင်တာကတော့ သိထားပြီးသားဖြစ်မှာပါ။အရေပြားမှာပြဿနာတွေဖြစ်တဲ့အခါမှာလည် လူကြီးတွေလိုမျိုးဆေးတွေလူးပေးဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ကလေးကငယ်လေလေ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိလေလေပါပဲနော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး ကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် သတင်းကောင်းလေးပါးချင်တာပါ။ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ပွေး ဆိုတာက မှိုပိုးကူးစက်မှုတစ်မျိုးဖြစ်ပါတယ်။ ခြေထောက်မှိုစွဲတာကိုဖြစ်စေတဲ့မှိုပိုးကြောင့်ဖြစ်တာပါ။ အဆိုပါမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီးအရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ အဆိုပါမှိုပိုးကူးစက်ခံရနိုင်ပါတယ်။ပွေးဆိုတာက အရေပြားပေါ်မှာ ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန်လေးဖြစ်ပေါ်တာမျိုးဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြား (သို့) ဦးရေပြားတွေပေါ်မှာ အဖြစ်များပါတယ်။ ခြေလက်တွေနဲ့မျက်နှာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိ ကလေးငယ်တွေမှာဖြစ်တတ်ပါတယ်။ဒါက နို့ပွေးနဲ့ မတူပါဘူး။ နို့ပွေးက အရေပြားရောဂါပါ။ ဒါကတော့ မှိုပိုး ကူးစက်ခံရလို့ ဖြစ်တာပါ။ထိတွေ့မှုတွေကနေတဆင့် အဆိုပါမှိုပိုးက ကူးစက်တာဖြစ်ပါတယ်။ အရုပ်တွေ၊ တဘက်တွေ၊ အခင်းပြားတွေ၊ ခေါင်းဖြီးတဲ့ ဘရှပ်စ်တွေ၊ အဝတ်အစားတွေနဲ့ ဦးထုပ်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေဆီကနေတဆင့်လည်း ကူးစက်နိုင်သလို မှိုပိုးတွေရှိနေတဲ့ မြေကြီးနဲ့ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဥယျာဉ်ထဲမှာပေးဆော့တာ၊ ပန်းခြံထဲမှာပေးဆော့တာမျိုးတွေမလုပ်ပါနဲ့။ အများကူးတဲ့ရေကူးကန်တွေနဲ့ အခြားလူအများနဲ့မျှသုံးရတဲ့နေရာတွေကနေတဆင့်လည်း ကလေးတွေကို မှိုပိုးကူးစက်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ပွေးက တစ်ခါတလေမှာ အရေပြားပေါ်မှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေ တစ်ကွက်လောက်ပဲဖြစ်တာမျိုးရှိသလို တစ်ခါတလေ အကွက်တွေအများကြီးထွက်တာမျိုးလည်းရှိပါတယ်။ တကယ်လို့များ ပွေးက ဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင် အရင်ဆုံးစဉ်စားရမှာက ကလေးကဗောက်ထတာလား ဒါမှမဟုတ် (cradle cap) ကလေးဦးရေပြားမှာအဆီများတာကြောင့် အရေခွံကွာတာလားဆိုတာပဲဖြစ်ပါတယ်။ ပွေးက ဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင် ဆံပင်ကျွတ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ပွေးကမျက်နှာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ ပွေးက ၁ လက်မကနေ ၂ လက်မလောက်ရှိတဲ့ အဝိုင်းလေးဖြစ်ပါတယ်။ အနားသတ်နေရာလေးမှာ အနီရောင်အဖုခပ်ထူထူလေးတွေပေါက်နေတတ်ပြီ အလယ်ဘက်မှာတော့ ဖုလေးတွေမရှိပါဘူး။ ကလေးတွေမှာ အနီရောင်ဖုလေးတွေပေါက်ပြီး ယားယံနေတာမျိုးဖြစ်နေတာကို သတိထားမိနိုင်ပါတယ်။ ပွေးက ကလေးငယ်ရဲ့ ပါးတွေ၊ မေးစေ့တွေ၊ မျက်လုံးတဝိုက်၊ နဖူးနဲ့ နှာခေါင်းတွေမှာဖြစ်တတ်ပါတယ်။ကလေးငယ်လေးတွေက တစ်နေရာကနေတစ်နေရာ မရွှေ့ပြောင်းနိုင်ကြပါဘူး။ သူတို့က အရာဝတ္ထုတွေကို ထိတွေ့နိုင်တာမျိုးလည်း မရှိပါဘဲနဲ့ ရောဂါဘယ်လိုကူးစက်ရတာလဲဆိုတဲ့ အကြောင်းအရင်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ဆရာဝန်ညွှန်ကြားတဲ့ မှိုသတ်ဆေးကုထုံးတွေအတိုင်းလိုက်နာလုပ်ဆောင်ပေးပါ။ဆေးမြီးတိုတွေနဲ့မကုပါနဲ့။ မှားယွင်းကုသမိတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မလိုလားအပ်ဘဲ ရောဂါအခြေအနေဆိုးလာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးကို ဆရာဝန်ဆီသွားမပြနိုင်သေးခင်မှာအုန်းဆီစစ်စစ် ဒါမှမဟုတ် Baby Oilလေးလူးပေးလို့ရပါတယ်နော်။ဦးရေပြားပေါ်မှာ ပွေးဖြစ်မယ်ဆိုရင် အရှင်းပျောက်ဖို့က ၆ ပတ်ကနေ ၈ ပတ်လောက်အထိအချိန်ယူရမှာဖြစ်ပါတယ်။ ဆရာဝန်က ကလေးနဲ့သင့်တော်မယ့် မှိုသတ်ဆေးခေါင်းလျှော်ရည် (သို့) ဆေးပြားလေးတွေကို ညွှန်းပေးပါလိမ့်မယ်။ကလေးမှာ နောက်ဆက်တွဲရောဂါတွေမဖြစ်လာစေဖို့ နဲ့ ခန္ဓာကိုယ်ရဲ့အခြားနေရာတွေကို ရောဂါပိုးတွေ မပြန့်နှံ့စေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာပေးဖို့လိုပါတယ်။ဘယ်လိုကာကွယ်မလဲ။ကဲ ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး ကို ကာကွယ်ပေးလို့ရတဲ့နည်းတွေကိုသုံးပြီး ကာကွယ်ပေးပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တာကိုး။ဖြစ်လာပြီဆိုရင်လဲ သေချာလေးဂရုစိုက်ပေးပါနော်။ အရေပြားပြဿနာကင်းပြီး ကလေးငယ်လေးတွေနေ့တိုင်းပျော်ရွှင်နိုင်ကြပါစေကြောင်း………။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-face-ringworm/
ဖိနပ်ပေါက်လို့ အနာနဲ့ အမာရွတ်တွေ ဖြစ်နေပြီလား
ပျိုပျိုမေလေးတို့ အလှအပတွေနဲ့ ပတ်သက်ပြီး စိတ်ညစ်ရတဲ့အထဲမှာ ဖိနပ်ပေါက်လို့ ခြေထောက်တွေနာပြီး အမာရွတ်တွေ ကျန်ခဲ့တာလည်း ပါ ပါတယ်။ ဖိနပ်အသစ်စီးတိုင်း ဖိနပ်ပေါက်တဲ့ အနာဟာလည်း ပြေးမလွတ်တာမို့ ဖိနပ်လှလှလေးရဲ့နောက်မှာ ပလာစတာနဲ့အနာတွေ ပါလာရစမြဲပါပဲ။ ဒီလိုတွေ ဆက်တိုက် ဖြစ်နေတယ်ဆိုရင်တော့ နည်းလမ်းလေးတွေ ရှာဖို့ လိုနေပါပြီနော်။ ဖိနပ်အသစ်စီးတိုင်း မပေါက်အောင် ဘယ်လိုကာကွယ်ရမလဲ၊ ပြီးတော့ ခြေထောက်နာတာတွေအတွက် သက်သာအောင် လုပ်နည်းလေးတွေ မျှဝေပေးမယ်နော်။ဖိနပ်မပေါက်အောင်။ဖိနပ်မပေါက်အောင် စီးနိုင်ဖို့အတွက် ဖိနပ်ဝယ်တဲ့အခါမှာ ကိုယ့်ခြေထောက်နဲ့ ကိုက်ညီမယ့် ဖိနပ်ကိုသာ ရွေးချယ် ဝယ်ယူပါ။ ဖိနပ်နဲ့ ခြေထောက်က အရမ်းကွက်တိကြီး ဖြစ်ပြီး ကျပ်နေမယ်ဆိုရင် ဖိနပ်ပေါက်တာ ဖြစ်နိုင်ပါတယ်။ ဖိနပ်ရဲ့ သဲကြိုးနေရာက ပေါက်တာဆိုရင်တော့ ဖိနပ်သားကို ပျော့တာလေး အတတ်နိုင်ဆုံး ရွေးချယ်ပါနော်။ ဖိနပ်ဝယ်တဲ့အခါမှာ ဒေါက်သေးသေး မျှင်မျှင်လေးတွေ အတတ်နိုင်ဆုံး ရှောင်ပါနော်။ ကိုယ့်ရဲ့ ခန္ဓါကိုယ် တစ်ခုလုံးကို ဖိနပ်ဒေါက်သေးသေးလေးက ထိန်းထားရတာမို့ ခြေထောက်နဲ့ ခြေချောင်းလေးတွေက ပိုအားစိုက်ရပြီး ဖိနပ်ပိုပေါက်နိုင်ပါတယ်။ ရှူးဖိနပ်လေးတွေ ဝယ်တဲ့အခါမှာ ရှေ့ထိပ်နဲ့ ခြေမ ကွက်တိဖြစ်တာမျိုး မရွေးပါနဲ့နော်။ အနောက်ပိတ်ဘက်က လွတ်နေမယ်ဆိုရင် မနာအောင် shoe capလေးတွေ သုံးနိုင်တာ မမေ့နဲ့နော်။ဖိနပ်ပေါက်အနာတွေအတွက်နည်းလမ်းများ။ဖိနပ်ပေါက်တာကို လက်ခံနိုင်တယ် စီးတဲ့အချိန်ကြာရင် ပျောက်သွားမှာဆိုပေမယ့် အမာရွတ်တွေ ကျန်ခဲ့တာကိုတော့ စိတ်ညစ်ရတယ်ဆိုရင် နည်းလမ်းကောင်းလေးတွေ လုပ်ဆောင်ကြည့်ဖု့ိ တိုက်တွန်းလိုက်ပါတယ်။ရှားစောင်းလက်ပပ်။ရှားစောင်းလက်ပပ်ကတော့ လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းလေး တစ်ခုပါနော်။ ရှားစောင်းလက်ပပ်က ဖိနပ်ပေါက်လို့ ဖြစ်ရတဲ့ နာကျင်တာတွေကို သက်သာစေပြီး အရေပြားတွေ ပျက်စီးကုန်တာကို အလျင်အမြန် သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးကြောပြီး အတွင်းသား ဂျယ်လ်လေးကို ယူလိမ်းလိုက်ပါ။ နောက်တော့ ခြောက်သွားရင် ရေနွေးလေးနဲ့ စိမ်လိုက်ပါ။ ခဏခဏ ပြုလုပ်ပေးနိုင်ပြီး (၃) ရက်လောက်ဆိုရင် သက်သာသွားမှာပါ။ရေခဲ။ရေခဲကတော့ ဖိနပ်ပေါက်တာကြောင့် ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်နော်။ ရေခဲကို အဝတ်စလေးနဲ့ ထုပ်ပြီး နာတဲ့နေရာမှာ ကပ်ထားပေးပါ။ (၁၀) မိနစ်လောက်ဆိုရင်တော့ အေးလာပြီး နာကျင်တာတွေ သက်သာသွားပါလိမ့်မယ်။အုန်းဆီ။အုန်းဆီကလည်း ဖိနပ်ပေါက်တဲ့ အနာတွေကို သက်သာစေပြီး အမာရွတ်တွေ လျော့အောင်လည်း လုပ်နိုင်ပါတယ်။ အုန်းဆီက စုတ်သွားတဲ့ အရေပြားကို ပြန်လည်အားဖြည့်ပေးတာမို့ အနာ နေရာမှာ အုန်းဆီလေး လိမ်းထားပေးလိုက်ပါ။ အရေပြားချောမွေ့လာမှာ ဖြစ်ပြီး မြန်မြန်လည်း ပျောက်ကင်းမှာပါ။Vaseline။Vaseline ကတော့ ဖိနပ်ပေါက်တာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို သက်သာစေပါတယ်။ ညအိပ်ခါနီးတိုင်း အနာနဲ့ အမာရွတ်တွေကို Vasline လေး လိမ်းပြီး အိပ်ပေးနော်။ပျိုပျိုမေတို့ရေ ခြေထောက်လှလှလေး ဖြစ်ဖို့အတွက် ဖိနပ်မပေါက်စေမယ့် နည်းလမ်းတွေအပြင် အနာနဲ့ အမာရွတ်ကိုပါ သက်သာစေနိုင်မယ့် နည်းလမ်းလေးတွေ ဝေမျှပြီးပြီ ဖြစ်လို့ လိုက်နာကြည့်ဖို့ မမေ့ပါနဲ့နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%96%e1%80%ad%e1%80%94%e1%80%95%e1%80%b9%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%82%94-%e1%80%a1%e1%80%94%e1%80%ac%e1%80%94%e1%80%b2%e1%82%94-%e1%80%a1%e1%80%99/
Eye Cancer (မျက်စိကင်ဆာ)
မျက်လုံးတစ်ရှူးထဲမှာ ဖြစ်တဲ့ကင်ဆာကို မျက်စိကင်ဆာလို့ခေါ်ပါတယ်။ အဆုတ်နဲ့ ရင်သားကင်ဆာတွေကြောင့် မျက်လုံးကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ မျက်စိကင်ဆာဖြစ်စေတဲ့ ကင်ဆာအမျိုးမျိုးရှိပါတယ်။• ရောင်ခြယ်ဆဲလ် ကင်ဆာ (အဖြစ်အများဆုံးဖြစ်သည်)။• အရေပြားကင်ဆာ( squamous ဆဲလ်တွေအဖြစ်များပါတယ်)။• ပြန်ရေကျိတ်ကင်ဆာ။• မျက်စိအတွင်းလွှာကင်ဆာ (ငယ်စဉ်မှာအဖြစ်များတတ်)။မျက်စိကင်ဆာဟာရှားပါးပါတယ်။ အမျိုးသမီးရော အမျိုးသားပါဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေပြားနဲ့ ရောင်ခြယ်ဆဲလ်ကင်ဆာ အချို့အမျိုးအစားကတော့ ယောက်ျားတွေမှာပိုဖြစ်ပါတယ်။ ဖြစ်နိုင်ချေတွေကိုလျော့ချလို့ရပါတယ်။ သင့်ဆရာဝန်နဲ့ ဆွေးနွေးပြီးအချက်အလက်ရယူပါ။ယေဘုယျ လက္ခဏာတွေကတော့ –။• အမြင်ချို့ယွင်းခြင်း။• အမြင်အာရုံဝေဝါးခြင်း။• အရိပ၊် အလင်းပြောက် ၊အစက်အကွက် တွေ တွေ့မြင်ခြင်း။• မျက်လုံး(သို့) မျက်ခွံရောင်ခြင်း။စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါတွေ့ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။အထက်ဖော်ပြပါ လက္ခဏာတွေရှိရင်ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆွေးနွေးပါ။မျက်စိကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းကို မသိသေးပါဘူး။ ကင်ဆာဖြစ်ပွားစေတဲ့ မျက်လုံးရဲ့ ဆဲလ်တွင်း မျိုးဗီဇပြောင်းလဲမှုကို သိပ္ပံပညာရှင်တွေ လေ့လာနေကြဆဲပါ။ ဘာကြောင့်ဖြစ်စေ မျက်စိကင်ဆာဟာ အခြားမွေးရာပါရောဂါတွေ ၊ အခြေအနေတွေ နဲ့ဆက်စပ်မှု ရှိနေနိုင်ပါတယ်။မျက်စိကင်ဆာဖြစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အခြားအကြောင်းအရာတွေမှာ-။• အရောင်ပါတဲ့ မျက်ဆံတွေ ဥပမာ စိမ်း၊ပြာ၊မီးခိုးရောင် မျက်လုံးတွေဟာ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ဖို့ ရောင်ခြယ်မရှိခြင်း။• အခြားအရောင်တွေနဲ့ မတူဘဲ နေရောင်သိပ်မခံနိုင်တဲ့ အသားရောင်ဖြူ ရောင်ရှိခြင်း။• ကင်ဆာဖြစ်စေသောမှဲ့ရှိခြင်း။• နေရောင်ထိတွေ့မှုများခြင်း။• မျိုးရိုးလိုက် မျက်စိကင်ဆာရောဂါ ရှိခြင်း။• စသည်တို့နှင့်ဆက်စပ်နေနိုင်ပါတယ်။ဖြစ်နိုင်တဲ့ အခြေအနေများစွာရှိပါတယ်။ ဥပမာ။အသက်အရွယ်: အရွယ်မရွေးဖြစ်တတ်ပေမယ့် လူကြီးတွေမှာပိုဖြစ်တတ်ပါတယ်။ ပျမ်းမျှအသက် ၅၅ နှစ်မှာမျက်စိကင်ဆာဖြစ်တတ်ပြီး ကလေးတွေမှာဖြစ်တာနည်းပါတယ်။လိင်: မျက်စိကင်ဆာဖြစ်သူ ယောက်ျားဦးရေဟာ မိန်းကလေးတွေထက်များတာ တွေ့ရတယ်။လူမျိုး: လူဖြူ တွေဟာ လူမည်း သို့မဟုတ် အာရှသားတွေထက် ပိုဖြစ်တတ်ပါတယ်။မျိုးရိုး: အလွန်ရှားသော်လည်း ရောင်ခြယ်ဆဲလ်ပြသနာဟာ မျိုးရိုးလိုက်နိုင်ပါတယ်။အခြား: အချို့အခြေအနေရှိတဲ့သူတွေ ဥပမာ oculodermal melanocytosis ( မျက်စိရောင်ခြယ်ရောဂါ) ၊Nevi ( မျက်သားတွင်မှဲ့နှင့် အစက်ပြောက်ရှိတာ) နဲ့ dysplastic nerve syndrome တွေမှာ မျက်စိကင်ဆာ ဖြစ်တာများတတ်ပါတယ်။အခြားအခြေအနေ: ပုံမှန်မဟုတ်တဲ့ မှဲ့တွေ၊ အစက်တွေ အရေပြားနဲ့ မျက်လုံးမှာရှိနေရင် ကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။နေရောင်ခြည်နဲ့ ဓါတုပစ္စည်း ထိတွေ့မှုကလည်းမျက်စိကင်ဆာ ဖြစ်နိုင်ချေမြင့်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပထမဆုံး သင့်အခြေအနေ၊ မိသားစုရာဇဝင်နဲ့ လက္ခဏာကိုမေးပါမယ်။မျက်စိစမ်းသပ်ခြင်း: စကုပ်မှန်ပြောင်းကနေ အလင်းနဲ့ မျက်စိက ကင်ဆာကျိတ်ကို ရှာပါမယ်။အက်ထရာဆောင်း: မျက်စိရဲ့ ပုံရိပ်တွေကို အသံလှိုင်းနဲ့ ဖမ်း ယူခြင်း ဖြစ်ပါတယ်။Fluorescein angiography: ဆရာဝန်က အထူးပြုလုပ်ထားတဲ့ ကင်မရာသုံးပြီး မျက်စိသွေးကြောထဲက အကျိတ်ကိုဖမ်းယူရှာဖွေမှာဖြစ်ပါတယ်။အသားစယူခြင်း: ဆဲလ်ထဲကအသားစကို အပ်နှင့် အနုကြည့်မှန်ပြောင်းအောက်မှာ ထုတ်ယူမှာဖြစ်ပါတယ်။အခြားစစ်ဆေးမှုတွေ။သင့် အသည်းနှင့် ကျောက်ကပ်အလုပ်လုပ်မလုပ်ကို သွေးစစ်မှာဖြစ်ပါတယ်။ အက်ထရာဆောင်းနှင့် အသည်းကင်ဆာဆဲလ် ပြန့်ပွားမှုကြည့်ရူပါမယ်။ကုသမှုက အရွယ်အစားနဲ့ နေရာကိုမူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အသုံးများတဲ့ကုသမှုတွေကတော့။ဓါတုဆေးနှင့်ကုသခြင်း : ကင်ဆာဆဲလ်ပြန့်ပွားရင် ဓါတုဆေးသုံးတာက ပိုကောင်းပါတယ်။ ဆေးကို တိကျတဲ့နေရာ သို့မဟုတ်သွေးကြောမှာထိုးတာ သောက်တာလုပ်နိုင်ပါတယ်။Brachytherapy: ရေဒီယိုသတ္တိကြွပစ္စည်းပါဝင်တဲ့ သေးငယ်တဲ့ အပြားလေးတွေ ထည့်သွင်းပြီးကင်ဆာ ဆဲလ်တွေဖယ်ထုတ်မှာဖြစ်ပါတယ်။လေဆာနည်း: ခန္ဓါကိုယ်ကတစ်ရှူ းတွေကို ဖျက်ဆီးပစ်တဲ့ ကုသနည်းပါ။ မျက်လုံးတွင်း ပြန်ရည်ကျိတ်ထက် ရောင်ခြယ်ကင်ဆာကျိတ်ကို ဒီနည်းနဲ့ ပိုကုသပါတယ်။ခွဲစိတ်နည်း: မျက်လုံးတွင်း ရောင်ခြယ်ကင်ဆာကျိတ်တွေ ကုသရာမှာ ပိုသုံးကြပါတယ်။ မျက်လုံးရဲ့ ကင်ဆာဆဲလ် ပြန့်ပွားမှုပေါ်မူတည်ပြီး မျက်စိတစ်စိတ်တစိပိုင်း သော်လည်းကောင်း အကုန်လုံးကိုသော်လည်းကောင်း မျက်စိအထူးကုက ခွဲထုတ်တတ်ပါတယ်။ အောက်ပါအချက်တွေက်တော့ ခွဲစိတ်မှုနည်းလမ်းတွေပါ။Iridectomy: မျက်လုံးရဲ့ အိုင်းရစ် တစ်စိတ်တစ်ပိုင်းကို ဖယ်ခြင်း။Irido trabeculectomy: အိုင်းရစ် နဲ့ မျက်စိအပြင်သားကိုပါ ဖယ်ထုတ်ခြင်း။Iridocyclecomy: အိုင်းရစ် နဲ့ ဆီလီယာရီကြွက်သား ပိုင်းကိုဖယ်ထုတ်ခြင်း။Sclerouvectomy/ endoresection: မျက်စိကိုမခွဲထုတ်ဘဲ choroid အကျိတ်ကိုဖယ်ခြင်း။Ennucleation: အကျိတ်ကအရမ်းကြီးနေပြီး လူနာအမြင်အာရုံပျောက်ရင် မျက်လုံးကိုဖယ်ထုတ်ခြင်းဖြစ်ပါတယ်။ သင့်မျက်လုံးနေရာမှာ အစားထိုးဖို့ မျက်လုံးတုထည့်ရမှာဖြစ်ပါတယ်။ အကျိတ်က သေးနေရင် အကျိတ် (သို့) မျက်လုံးတစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။Ennucleation နည်းကတော့အကျိတ်ကအရမ်းကြီးနေပြီး သင့်ရဲ့ အမြင်အာရုံပျောက်ရင် မျက်လုံးကိုဖယ်ထုတ်ပြီး မျက်လုံးတုထည့်ရမှာဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/eye-cancer-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ
စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေအတွက် သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊ သိကျွမ်းပြီးသား လူတယောက်ရဲ့ နာမည်ကို စဉ်းစားမရဘဲ မေ့နေတာမျိုး ဖြစ်ဖူးပါသလား။ ဒီအခြေအနေတွေကိုဦးနှောက်ထိုင်းသွားခြင်းလို့ ခေါ်ဝေါ်ပါတယ်။ အင်္ဂလိပ်လိုbrain fogသို့မဟုတ် mental fog လို့ သုံးနှုန်းပါတယ်။ ဒီပြဿနာဟာ ရောဂါတခုတော့ မဟုတ်ပါဘူး။ လူတိုင်းလိုလို ခဏတဖြုတ်ကြုံတွေ့ဖူးပါလိမ့်မယ်။ တခြားရောဂါအခံတခုခုရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ဦးနှောက်ရဲ့ သိမှတ်တွေးခေါ်မှုအပိုင်းမှာ ပုံမှန်အနေအထားပျက်သွားပြီး။–မှတ်ဉာဏ်ချို့ယွင်းခြင်း။– စိတ်ရှုပ်ထွေးခြင်း။– အာရုံမစူးစိုက်နိုင်ခြင်း။– တွေးတောကြံဆမှု မလုပ်နိုင်တော့ခြင်း စတဲ့အခြေအနေတွေ ကြုံတွေ့ရပါတယ်။စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မုှကြောင့် ဖြစ်တတ်ပြီး ဖြစ်ပေါ်တဲ့ အတိုင်းအတာအလျောက် စာသင်ခန်းမှာ၊ လုပ်ငန်းခွင်မှာ ထိခိုက်မုှတွေ ကြုံလာနိုင်ပါတယ်။ အမြဲတမ်းတော့ ကြုံရတာ မဟုတ်ပါဘူး။ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ အဓိကကျတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။စိတ်ဖိစီးမှုကို ကာလကြာရှည်ခံစားရရင် သွေးတိုးခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လာပါတယ်။ ဦးနှောက်ဟာ ပင်ပန်းလာပြီး တွေးခေါ်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ အာရုံစူးစိုက်ခြင်း စတာတွေကို မလုပ်နိုငတော့ပါဘူး။လူတယောက်ရဲ့ တနေ့တာလုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ တညမှာ ၇-၈ နာရီလောက် အိပ်စက်ဖို့ လိုပါတယ်။ အိပ်ရေးပျက်တာကြာလာရင် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်လာနိုင်ပါတယ်။ အာရုံစူးစိုက်ရခက်ခြင်း၊ အတွေးများရှုပ်ထွေးပြီး လန်းဆန်းမုှမရှိခြင်း စတာတွေ ဖြစ်လာပါလိမ့်မယ်။ဦးနှောက်ထိုင်းမှိုင်းသွားတဲ့ အခြေအနေဟာ ဟော်မုန်းများပြောင်းလဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စထရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းတွေ မြင့်တက်နေတတ်ပါတယ်။ အဆိုပါ ပြောင်းလဲခြင်းကြောင့် မှတ်ဉာဏ်ကို ထိခိုက်ခြင်းအခြေအနေ ခဏတာဖြစ်ပေါ်တတ်ပါတယ်။ သွေးဆုံးချိန်မှာ အီစထရိုဂျင် ကျဆင်းခြင်းကြောင့်လည်း မကြာခဏမေ့တတ်ခြင်း၊ အာရုံစူးစိုက်ခြင်း၊ စိတ်ရှုပ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ဦးနှောက်ကို အားဖြည့်ပေးတဲ့အရာတွေမှာ အစားအသောက်လည်း ပါဝင်ပါတယ်။ ဥပမာ အစားအသောက်များကတဆင့်ရရှိတဲ့ ဗီတာမင် B12 ဟာ ဦးနှောက်နဲ့ အာရုံကြောအတွက် အထောက်အကူဖြစ်စေပါတယ်။ တဖက်ကကြည့်ရင်လည်း ဗီတာမင် B12 ချို့တဲ့ခြင်းဟာ ဦးနှောက်ထိုင်းသွားခြင်းကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။ တခါတရံမှာ အစားအစာတချို့ကို ဓာတ်မတည့်ခြင်းကြောင့်လည်း စားသောက်ပြီးချိန်မှာ ဦးနှောက်ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေ ဖြစ်ပေါ်စေပါတယ်။ ဥပမာ အချိုမှုန့်၊ ဆေးသကြား၊ မြေပဲ၊ နို့ထွက်ပစ္စည်း စတာတွေ ဖြစ်ပါတယ်။ဆေးဝါးအချို့ကို သောက်သုံးနေချိန်မှာ သင့်ဦးနှောက်ထိုင်းမှိုင်းသွားပြီး အာရုံစူးစိုက်ခြင်း၊ စဉ်းစားခြင်း မပြုနိုင်တော့ပါဘူး။ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါကုသတဲ့ ဆေးဝါးတွေမှာ ဖြစ်တတ်ပါတယ်။ အဆိုပါအခြေအနေကြုံကြိုက်ရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ မိမိသဘောနဲ့ပဲ ဆေးဝါးများကို လျှော့ချခြင်း၊ ရပ်တန့်ခြင်း မပြုရပါဘူး။ပင်ပန်းနွမ်းနယ်ခြင်း၊ သွေးအတွင်းဂလူးကို့စ်ဓာတ်နည်းခြင်းနဲ့ အခြားကျန်းမာရေး အခြေအနေတွေမှာလည်း ဦးနှောက်အလုပ်လုပ်တာ ထိုင်းမှိုင်းသွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါအခြေအနေများကတော့ သွေးအားနည်းခြင်း၊စိတ်ကျရောဂါ၊ ဆီးချို၊ အယ်လ်ဇိုင်းမား၊ သိုင်းရွိုက်ဟော်မုန်းအထွက်နည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း စတာတွေ ဖြစ်ပါတယ်။မိမိလုပ်လက်စအလုပ်များမှ ခဏနားပါ။ စိတ်ပြေလက်ပျောက်နေပါ။ လေ့ကျင့်ခန်းလုပ်ပါ။ သီချင်းနားထောင်ပါ။ အာဟာရမျှအောင်စားပါ။ အဆိုပါနည်းလမ်းများနဲ့ မဖြေရှင်းနိုင်ရင် ဆရာဝန်ပြသပါ။ ဦးနှောက်ထိုင်းသွားခြင်းဟာ ရောဂါအခြေအနေတချို့ကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/brain-fog/
ပန်းသီးအစေ့များတွင် ဆိုင်ယာနိုဒ် အဆိပ် ပါဝင်သည်။
လူတိုင်းနီးပါး ပန်းသီးကြိုက်ကြသည်။ ပန်းသီးမှာ မကြိုက် စရာ ဘာရှိလို့လဲ။ သူတို့သည် အရသာရှိပြီး free radicals များကို တိုက်ထုတ်ပေးသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ သို့သော်လည်း ချိုသော အသီးကိုစားပြီးပါက amygdalin ပါသော အနက်ရောင် အစေ့သေးများ တွေ့ပါ လိမ့်မည်။ Amygdalin သည် လူ၏ အစာခြေလမ်းကြောင်း ထဲရောက်သွားပါက အင်ဇိုင်းများနှင့် ဓါတ်ပြုပြီး ဆိုင်ယာနိုဒ် အဆိပ်ထွက်စေသည်။ဆိုင်ယာနိုဒ်သည် သေစေတတ်ဆုံး အဆိပ်တစ်မျိုး ဖြစ်သည်။ စစ်သုံး ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး သေကြောင်း ကြံသော နည်းတစ်မျိုးလည်း ဖြစ်သည်။ ဆိုင်ယာနိုဒ်၏ ဒြပ်ပေါင်းများ ( amygdalin အပါအဝင်) ကို သဘာဝအားဖြင့် သစ်သီးအစေ့များတွင် တွေ့ရသည်။ ပန်းသီးအစေ့များကို အစာခြေအင်ဇိုင်းများ မဖောက်နိုင်သော မာသော အပြင်လွှာ ဖြင့် ဖုံးအုပ်ထားသည်။သို့သော် သင်သည် မြိုမချမီ အစေ့ကို ဝါးစားပါက ဆိုင်ယာနိုဒ်အဆိပ် ရနိုင်သည်။ သင့်ခန္ဓါကိုယ် သည် ဆိုင်ယာနိုဒ် ပမာဏ အနည်းငယ်ကို ဖယ်ရှားပစ်နိုင် သည်။ သို့သော် ဆိုင်ယာနိုဒ်များလာပါက အန္တရာယ် ရှိနိုင် သည်။ ဆိုင်ယာနိုဒ်အဆိပ်သင့်ခြင်းသည် လျင်မြန်စွာ ဖြစ်ပွား သည်။ အဓိကလက္ခဏာများမှာ အသက်မရှူနိုင်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်သည်။ဆိုင်ယာနိုဒ်ကို သေနိုင်သော ပမာဏရအောင် သင်သည် ပန်းသီးအစေ့ပေါင်း ၂၀၀ လောက် ဝါးစားရမည်။ သို့မဟုတ် ပန်းသီး အလယ်အူတိုင် ၂၀ လောက် စားရမည်။ သေနိုင်သော စားသုံးမှုသည် ၁-၂ မီလီဂရမ်/ကီလိုဂရမ် ဖြစ်ပြီး သင်သည် ၇၀ ကီလိုဂရမ် အလေးချိန်ရှိပါက ထိုမျှလောက် စားရမည် ဖြစ်သည်။ ထို့ကြောင့် ပန်းသီးအစေ့ဖြင့် သင့်ကိုယ်သင် အဆိပ် ခတ်ခြင်းသည် လွယ်ကူသောအရာ မဟုတ်ပါ။ ထိုသို့ စားပြီး အဆိပ်သင့်သွားသော လူမှတ်တမ်းလည်း မရှိသေးပါ။ သင်သည် မတော်တဆ တစ်စေ့ နှစ်စေ့စားမိပါက ဘာမှမဖြစ်ပါဟု စိတ်ချယုံပါ။အဖြေမှာ ရှောင်ကြဉ်သင့်ပါသည်။ သင်သည် ပန်းသီး အစေ့ကြောင့် မသေနိုင်သော်လည်း မစားခြင်းဖြင့် ဘေးကင်း အောင် နေခြင်းမှာ အကောင်းဆုံးဖြစ်သည်။ လေ့လာမှုများအရ ဆိုင်ယာနိုဒ်အနည်းငယ်သည်ပင် ဦးနှောက်နှင့် နှလုံးကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။ ပန်းသီးသာမက အခြား အသီးများ၏ အစေ့မှလဲ ဆိုင်ယာနိုဒ်ရနိုင်သည်။Amygdalin ကို ဇီးချိုသီး ( 14.4 mg/g) ၊ အနီရောင် ချယ်ရီသီး ( 3.9 mg/g) ၊ အနက်ရောင် ချယ်ရီသီး ( 2.7 mg/g) ၊ မက်မွန်သီး ( 2.2 mg/g) ၊ ဆီးသီး ( 2.2 mg/g) ၊ သစ်တော်သီး ( 1.3 mg/g) နှင့် nectarines မက်မွန် ( 0.1 mg/g) တို့တွင်လည်း တွေ့ရသည်။ အစေ့များသည် အရသာလည်း မရှိသော ကြောင့် စားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။ပန်းသီးအစေ့ဆီကို ပန်းသီးဖျော်ရည် ထုတ်ရာတွင် ဘေးထွက်ပစ္စည်း အဖြစ်ရသော ပန်းသီးဖတ်မှ ပြုလုပ်သည်။ ပန်းသီးအစေ့ဆီသည် အသားရည်နှင့် ဆံပင်အတွက် အကျိုး ရှိသည်။ ရနံ့၊ ဆံပင် ပျော့ဆေး သို့မဟုတ် အရေပြားလိမ်းဆေး အဖြစ် အသုံးပြုနိုင်သည်။ လေ့လာမှုများအရ ပန်းသီးအစေ့ ဆီသည် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဘတ်တီးရီးယား သေစေသော ပစ္စည်းများ ကြွယ်ဝသည်ဟု ဆိုသည်။ Amygdalin သည် ပန်းသီးအစေ့ဆီတွင် ပမာဏ အနည်းငယ် သာ ပါဝင်သည်။ ထို့ကြောင့် ၎င်းသည် ယေဘုယျအားဖြင့် အန္တရာယ် မရှိပါ။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%a1%e1%80%85%e1%80%b1%e1%80%b7%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%86%e1%80%ad%e1%80%af/
အစားအစာများဆီမှ သံဓာတ်စုပ်ယူခြင်းကို အားကောင်းစေဖို့
သံဓာတ်ဟာကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးကြီးတဲ့အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ လုံလောက်တဲ့ပမာဏ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ သင်စားလိုက်တဲ့ အစားအစာတွေမှာ သံဓာတ်လုံလောက်စွာ ပါဝင်နိုင်သလို သံဓာတ်ကို ဘယ်လောက်ထိ စုပ်ယူရရှိနိုင်မလဲဆိုတဲ့အပေါ်လည်း မူတည်ပါတယ်။လူတစ်ဦးအတွက် တစ်နေ့တာရရှိသင့်တဲ့ သံဓာတ်ပမာဏကတော့ ၇-၁၈ မီလီဂရမ်ဖြစ်ပြီးကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် ၂၇ မီလီဂရမ်လောက်ထိ လိုအပ်ပါတယ်။သံဓာတ်မှာ heme နဲ့ non-heme ဆိုပြီး နှစ်မျိုးရှိပါတယ်။ heme အမျိုးအစားကို အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါးအမျိုးမျိုး၊ အခွံမာရေသတ္တဝါများကနေ ရရှိနိုင်ပါတယ်။ Non-heme အမျိုးအစားကိုတော့ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များကနေ ရရှိပါတယ်။အစားအစာများကနေ သံဓာတ်ကိုစုပ်ယူ အသုံးချရာမှာ တစ်သမတ်တည်း မရရှိပါဘူး။ တွဲဖက်စားသုံးတဲ့ အစားအစာပေါ်မှာလည်း မူတည်ပါသေးတယ်။ အောက်ပါအစားအစာများကတော့ သံဓာတ်စုပ်ယူမှုကို ပိုမိုအားကောင်းစေမယ့် အစားအစာတွေ ဖြစ်ပါတယ်။ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကတော့ အချဉ်ဓာတ်ရှိတဲ့ အသီးအနှံများ၊ အစိမ်းရင့်ရောင် အသီးအရွက်များ စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ ဟင်းသီးဟင်းရွက်တွေဟာ ကိုယ်ခန္ဓာကနေ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်ဖို့ ကူညီပါတယ်။ သုတေသနတွေအရ ဗီတာမင် C ၁၀၀ မီလီဂရမ်စားသုံးခြင်းဟာ သံဓာတ်စုပ်ယူမှုကို ၆၇ ရာခိုင်နှုန်း ပိုမိုတိုးတက်စေတယ်လို့ ဆိုပါတယ်။ဘီတာကယ်ရိုတင်းဟာ အသီးအနှံတွေ၊ အပင်တွေမှာ တွေ့ရတဲ့ အနီနဲ့ လိမ္မော်ရောင်ခြယ်ပစ္စည်း ဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓာထဲမှာ ဗီတာမင် A အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဘီတာကရိုတင်းနဲ့ ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာတွေကတော့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ တရုတ်ဆီးသီး၊ သခွားမွှေးသီး စတာတွေပဲ ဖြစ်ပါတယ်။ ဗီတာမင် A ဟာ သင်စားသုံးလိုက်တဲ့ အစားအစာတွေကနေ သံဓာတ်ကို ပိုမိုစုပ်ယူရရှိအောင် အထောက်အကူပြုပါတယ်။ကြက်ဘဲ အသားငါး အမျိုးမျိုးဟာ သူတို့ကိုယ်တိုင်က heme သံဓာတ်ကို ပေးရုံတင်မကဘဲ non-heme သံဓာတ်ကိုလည်း စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ သုတေသီတွေရဲ့ အဆိုအရ အသား ၇၅ ဂရမ်စားသုံးခြင်းဟာ non-heme သံဓာတ်ကို စုပ်ယူမှုကို ၂ဆခွဲခန့် မြင့်တက်စေပါတယ်။ဖိုက်တိတ်ဟာ ကောက်နှံ၊ ပဲပိစပ်၊ အခွံမာသီး၊ ပဲ စတာတွေမှာ ပါဝင်ပါတယ်။ ဖိုက်တိတ်ဟာ သံဓာတ်စုပ်ယူမှုကို လျော့ကျစေပါတယ်။ သုတေသနတစ်ခုအရ ဖိုက်တိတ် ၂ မီလီဂရမ်ဟာ သံဓာတ်စုပ်ယူမှုကို ၁၈ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ ဒါပေမယ့် ဗီတာမင် C ပါ စားသုံးရင်တော့ ဖိုက်တိတ်ရဲ့ အာနိသင်ဟာ မထိရောက်တော့ပါဘူး။ကယ်လ်ဆီယမ်ဟာအရိုးများရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်ဆိုပေမယ့် သံဓာတ်စုပ်ယူခြင်းကိုတာ့ အဟန့်အတား ဖြစ်စေပါတယ်။ နွားနို့၊ ဒိန်ခဲ စတာတွေမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ကို ၁၆၅ မီလီဂရမ်ခန့် စားသုံးမိရင် သံဓာတ်စုပ်ယူမှုကို ၅၀ ရာခိုင်နှုန်းထိ လျော့နည်းသွားစေပါတယ်။ဒီနေရာမှာ မေးစရာပေါ်လာပါတယ်။ ကယ်လ်ဆီယမ်ရော သံဓာတ်ပါ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တွေ ဖြစ်တာမို့ ဘယ်လိုစားသုံးမလဲ ဆိုတာပါပဲ။ သုတေသီတွေရဲ့ အကြံပြုချက်ကတော့ အစားတစ်နပ်တည်းမှာ မစားသောက်ဘဲ အချိန်ခွာပြီး စားသောက်ဖို့ပါပဲ။ ဒါဆိုရင် နှစ်မျိုးစလုံးရဲ့ အကျိုးအာနိသင်ကို ရရှိမှာ ဖြစ်ပါတယ်။ပေါ်လီဖီနောကို အသီးအရွက်အချို့၊ ကောက်နှံများ၊ ပဲ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဝိုင် စတာတွေမှာ တွေ့နိုင်ပါတယ်။ ပေါ်လီဖီနောဟာ သံဓာတ်စုပ်ယူခြင်းကို လျော့ကျစေပါတယ်။ ထမင်းစားခါနီး ဒါမှမဟုတ် စားပြီးခါစမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးရင် ပေါ်လီဖီနောပါဝင်တာကြောင့် သံဓာတ်ရရှိမှုကို နည်းပါးစေပါတယ်။ပေါ်လီဖီနောဟာဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာကို အကျိုးပြုပါတယ်။ ဒါပေမယ့် တခြားအစားအစာတွေကနေ သံဓာတ်ရရှိမှုကိုလျော့စေတာမို့ အချိန်ခွာစားသုံးသင့်ပါတယ်။ အထူးသဖြင့် လက်ဖက်ရည်၊ ကော်ဖီကို ထမင်းအနပ်ကြီးနဲ့ အချိန်ခွာပြီး သောက်သုံးသင့်ပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/food-to-provide-iron-absorpation/
ဝှေးစေ့ကင်ဆာ
အတွေ့ရများတဲ့ အန္တရာယ်အရှိဆုံးကင်ဆာတစ်ခုကတော့ ဝှေးစေ့ကင်ဆာပါပဲ။ ဒီကင်ဆာဟာ အမျိုးသားငယ်တွေရဲ့ ဝှေးစေ့မှာ ဖြစ်တတ်ပါတယ်။ အချက်အလက်တွေအရ လူဖြူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အဲဒီအပြင် အသက် ၁၅နှစ်နဲ့ ၃၅နှစ်ကြား အမျိုးသားတွေမှာ ပိုတွေ့ရပါတယ်။ ထူးထူးခြားခြားအနေနဲ့သာ ၁၅နှစ်အောက် ယောကျာ်းလေးတွေနဲ့ လူကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ဝှေးစေ့ကင်ဆာ ဆိုတာဘာလဲ။ဝှေးစေ့ဆိုတာ သင့်လိင်တံဘေးက ကပ္ပါယ်အိတ်ထဲမှာ ရှိနေတဲ့ အရာကိုခေါ်တာပါ။ သုက်ကောင်နဲ့ ဖိုဟော်မုန်းထွက်ဖို့ တာဝန်ယူပေးပါတယ်။ ဝှေးစေ့ကင်ဆာဆဲလ်တွေဟာ ၂မျိုး၂စားရှိပြီး အမျိုးအစားနဲ့ ကင်ဆာအဆင့်ပေါ် မူတည်ပြီး ဆရာဝန်က သင့်အတွက် အကောင်းဆုံးဖြစ်မယ့် ကုသမှုမျိုးကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ဘာကြောင့်ဖြစ်ရသလဲ။ဝှေးစေ့ကင်ဆာ ဖြစ်ရတဲ့အကြောင်းကို ခုထိ မသိသေးပါဘူး။ သုတေသနတွေ့ရှိချက်တွေအရ ဆဲလ်တစ်ချို့ ပုံမမှန်ပွားလာတဲ့အခါမှာ ကင်ဆာဖြစ်လာပါတယ်။ ကျန်တဲ့ ကောင်းမွန်တဲ့ဆဲလ်တွေပါ ပြောင်းလဲကုန်ပြီး ဝှေးစေ့ထဲမှာ အကြိတ်ပုံစံ ဖြစ်လာပါတယ်။ ဒါပေမယ့် ခုဖော်ပြမယ့် အကြောင်းအရင်းတွေကတော့ ဝှေးစေ့ကင်ဆာဖြစ်ဖို့ကို ပိုပြီးတွန်းအားပေးပါတယ်။ရောဂါလက္ခဏာတွေက ဘာတွေလဲ။ကင်ဆာဖြစ်တယ်လို့ မသိမချင်း တချို့လူတွေမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမယ့် အများစုမှာတော့ ဒီလိုလက္ခဏာတွေ ပေါ်လာရင် ဆေးခန်းပြပြီး စစ်ဆေးသင့်ပါတယ်။အကြိတ်ထွက်ခြင်း – အတွေ့ရများဆုံး လက္ခဏာကတော့ ဝှေးစေ့ရောင်လာတာ၊ အလုံးအကြိတ် စမ်းမိတာပါပဲ။ တခါတလေမှာ နာကျင်မှုခံစားရနိုင်တာလည်း ရှိပါတယ်။ ကပ္ပါယ်အိတ်နဲ့ ဗိုက်အောက်ပိုင်းမှာ ကိုက်ခဲတာ၊ လေးပင်နေသလို ခံစားရနေရတာတွေလည်း ရှိနိုင်ပါတယ်။ဘယ်လိုကုသမှုတွေ ရှိသလဲ။အရင်ဆုံးတော့ ကင်ဆာအဆင့် ဘယ်လောက်ရှိနေပြီလဲဆိုတာကို ရှာဖွေရပါတယ်။ အဆင့် ၁ ဆိုရင် ကင်ဆာဆဲလ်တွေဟာ ဝှေးစေ့အပြင် တခြားနေရာကို မရောက်သေးပါဘူး။ အဆင့်မှာတော့ ဗိုက်ထဲက ပြန်ရည်ကြောအဖုတွေဆီ ရောက်နေပြီး အဆင့် ၃ ဆိုရင်တော့ တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့တော့မှာပါ။ အဲဒီလိုအဆင့်သတ်မှတ်ပြီးရင်တော့ ကင်ဆာအမျိုးအစားနှစ်မျိုးထဲက ဘယ်ဟာဖြစ်တယ်ဆိုတာကို သတ်မှတ်ပါမယ်။ ကုသမှုအနေနဲ့တော့ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း၊ ဆေးသွင်းကုသခြင်းဆိုပြီး ၃မျိုး ရှိပါတယ်။ကံကောင်းစွာနဲ့ပဲ ဝှေးစေ့ကင်ဆာဟာ ကုသလို့ရသလို၊ စောစောစီးစီးသိခဲ့ရင် အရှင်းပျောက်ကင်းနိုင်တဲ့ ကင်ဆာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဝှေးစေ့နဲ့ လိင်တံနားမှာ မူမမှန်တဲ့ လက္ခဏာတခုခုရှိလာတာနဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့ လိုပါမယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%b1%e1%81%80%e1%80%bd%e1%80%b8%e1%80%b1%e1%80%85%e1%80%b7%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
Bowel obstruction (အူပိတ်ခြင်း)
အူပိတ်ခြင်းဟာ သင့်ရဲ့ အူသိမ်နဲ့အူမကြီးမှာ တစ်စိတ်တစ်ပိုင်းဖြစ်စေ အကုန်လုံးဖြစ်စေ ပိတ်နေခြင်းကြောင့် ဖြစ်ရပါတယ်။ ဒီလိုပိတ်ခြင်းကြောင့် အစားအသောက် အရည် နဲ့လေတွေက ပုံမှန်လမ်းကြောင်းအတိုင်း မသွားနိုင်ပဲရှိနေပါတယ်။ ဒီလိုပိတ်ခြင်းကြောင့် အရမ်းနာကျင်ခြင်းဟာ ဖြစ်လိုက် ပျောက်လိုက်နဲ့ရှိတတ်ပါတယ်။အူပိတ်ခြင်းဆိုတာ လူတော်တော်များများမှာ တွေ့ရတဲ့အတွေ့ရများတဲ့ပြသနာတစ်ခုတော့မဟုတ်ပါဘူး။(တစ်ခြားအချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အူပိတ်ခြင်းမှာ အတွေ့ရများတဲ့ရောဂါလက္ခဏာတွေကတော့။-နာလိုက် ပျောက်လိုက်နဲ့ဖြစ်သော ဗိုက်နာခြင်း။-အစားအသောက်ပျက်ခြင်း။-ဝမ်းချုပ်ခြင်း။-အန်ခြင်း။-ဝမ်းမသွားခြင်း ဒါမှမဟုတ် လေမလည်ခြင်း။-ဗိုက်ဖောင်းလာခြင်း။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။သင့်ဗိုက်က တအားနာတယ် တောက်လျှောက်နာနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့ချက်ချင်းပြပါ။ ဒါကဘာကိုပြလဲဆိုတော့ သင့်အူမှာသွေးလျှောက်ခြင်း ပြတ်တောက်သွားလို့ ဒါမှမဟုတ် သင့်အူတစ်နေရာရာမှာ အပေါက်ဖြစ်နေတာကိုပြသပြီး ဒါဟာ အရေးပေါ်အခြေအနေဖြစ်ပါတယ်။အလုံးအကြိတ်များ၊ အမာရွတ်တစ်ရှုူးများကပ်ငြိနေခြင်း အူလိမ်ခြင်း အူခေါက်ခြင်းများကနေ အူပိတ်ခြင်းဖြစ်စေပါတယ်။အူသိမ်မှာဆိုရင်တော့အမာရွတ်တစ်ရှုူးတွေမကြာခဏ အဖြစ်များဆုံး ဖြစ်ပါတယ်။ တစ်ခြားအကြောင်းအရင်းတွေကတော့ အူကျွံခြင်း Crohn (ခရုန်းရောဂါ) ၎င်းတို့က အူကျဉ်းခြင်းနှင့် အူလိမ်ခြင်းတို့ကိုဖြစ်စေပါတယ်။ အလုံးအကြိတ်တွေကတော့ အူပိတ်စေပါတယ်။ အူလမ်းကြောင်းတစ်လျှောက်မှာ အူခွေတစ်စိတ်တစ်ပိုင်းဟာ နောက်အူခွေတစ်စိတ်တစ်ပိုင်းမှာ သွားစွပ်နေခြင်းကို အူစွပ်ခြင်းလို့ခေါ်ပြီး ၎င်းကနေလည်း အူပိတ်စေပါတယ်။အူမကြီးမှာဆိုရင်တော့ ကင်ဆာကြောင့်ကတော့အဖြစ်အများဆုံးပါပဲ။ တစ်ခြားအကြောင်းတွေကတော့ စမြင်းတုံးမာခြင်းကြောင့် ဝမ်းတအားချုပ်ခြင်း၊အူယောင်ခြင်းရောဂါများကြောင့် အူကျဉ်းခြင်းတို့ဖြစ်ပါတယ်။အူပိတ်ခြင်းကို ဖြစ်စေတဲ့ အန္တရာယ်အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့။-ဝမ်းဗိုက်နှင့် ဝမ်းဗိုက်အောက်ပိုင်း ခွဲစိတ်ကုသခြင်း ၎င်းတို့က အူတွေကပ်ခြင်းဖြစ်သေပြီး အူပိတ်ခြင်းအဖြစ်များပါတယ်။-Crohnရောဂါ ဒီရောဂါကတော့ အူတွေရဲ့နံရံကိုထူစေပြီး အူလမ်းကြောင်းကိုကျဉ်းစေပါတယ်။-ဗိုက်ထဲမှာ ကင်ဆာရောဂါဖြစ်ခြင်း အထူးသဖြင့် ဗိုက်ထဲအလုံးအကြိတ်ကိုထုတ်ထားရတာမျိုး ဓါတ်ရောင်ခြည်ပြကုသရတာမျိုးဆိုရင် ပိုဖြစ်စေပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က သင့်ရဲ့ရောဂါလက္ခဏာတွေရယ် အခြား အစာခြေလမ်းကြောင်းနဲ့ပတ်သက်တဲ့ပြသနာတွေရှိလား သင်အရင်က ခွဲစိတ်ကုသမှုတွေ လုပ်ဖူးသလားဆိုတာတွေမေးမြန်းပါလိမ့်မယ်။ ဆရာဝန်က သင့်ဗိုက်ဖောင်းနေလား ထိရင်နာနေသလားဆိုတာတွေ စမ်းပါလိမ့်မယ်။သင့်ဆရာဝန်က ဗိုက်ကို ဓါတ်မှန်ရိုက်ကြည့်ပါမယ်။ အူသိမ်နဲ့ အူမကြီးတွေမှာ ပိတ်နေတာတွေရှိလားရှာနိုင်အောင်လို့ပါ။CT ရိုက်ကြည့်ခြင်းနဲ့ ပိတ်နေတာက တစ်စိတ်တစ်ပိုင်းပဲလား အပြည့်ပိတ်တာလားဆိုတာကို သင့်ဆရာဝန်ကကြည့်ပါလိမ့်မယ်။အူပိတ်ခြင်း အများစုဟာ တစ်စိတ်တစ်ပိုင်းပိတ်ခြင်းသာဖြစ်တတ်တဲ့အတွက် သူ့ဘာသာပြန်ကောင်းတတ်ပါတယ်။ တစ်ချိ ု့လူတွေကတော့ ကုသမှုလုပ်ဖို့ လိုအပ်ပါမယ်။ ကုသမှုတွေကတော့ အရည်နှင့် လေ (ဝမ်းချ ဆေး) ဒါမှမဟုတ် ပြွန်ခပ်သေးသေးလေး သုံးပြီး ပိတ်တဲ့နေရာကိုဖွင့်ဖို့ဖြစ်ပါတယ်။ခွဲစိတ်ကုသခြင်းကတော့ အူက အကုန်လုံးအပြည့်ပိတ်သွားချိန် ဒါမှမဟုတ် သွေးထောက်ပံ့တာပြတ်သွားချိန်မှာ မဖြစ်မနေလုပ်ဖို့လိုတတ်ပါတယ်။ သင်က ခွဲပြီးတဲ့နောက်မှာ colostomy ဒါမှမဟုတ် ileostomy တို့လိုအပ်ပါလိမ့်မယ်။ colostomy, ileostomy ဆိုတာ ရောဂါဖြစ်တဲ့အူကိုဖြတ်ထုတ်လိုက်ပြီး ကျန်တဲ့အပိုင်းကို အပြင်ကအရေပြားမှာလာတွဲချုပ်လိုက်ခြင်းကိုခေါ်ပါတယ်။ ဝမ်းတွေကို အဲ့အရေပြားအပြင်မှာတွဲထားတဲ့အပေါက်ကနေပဲစွန့်ထုတ်ပြီး အပြင်က အပေါက်နဲ့တွဲထားတဲ့ ostomy အိတ်ထဲမှာ စုထားပါတယ်။ တစ်ချို့သော အခြေအနေတွေမှာတော့ colostomy ,ileostomyတို့က သင်ပြန်မကောင်းခင်အချိန်မှာယာယီထားတဲ့ဟာမျိုးပဲဖြစ်ပါတယ်။ သင်ကပြန်ကောင်းလာပြီဆိုရင် အူတွေကို ပြန်ဆက်လိုက်ပြီး အပြင်က အရေပြားကပေါက်ကိုလည်း ပြန်ပိတ်လိုက်ပါတယ်။တကယ်လို့သင့်ရဲ့အူပိတ်ခြင်းက တစ်ခြားရောဂါပြသနာဖြစ်တဲ့ အူယောင်ခြင်းကြောင့် ဖြစ်တာမျိုးဆိုရင် ပိတ်တာဟာ ပြန်ဖြစ်တတ်ပါတယ် သင်ကလည်း ကျန်းမာရေးပြသနာကိုသေချာမကုသထားရင်ပေါ့။အူပိတ်တာနဲ့ပတ်သက်ပြီးသင့်ကို ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။အူပိတ်တာနဲ့ပတ်သက်ပြီးသင့်ကို ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့။အူမကြီးကင်ဆာဖြစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ အဆီနည်းနည်းနဲ့ အသီးအရွက်များများ စားပါ၊ ဆေးလိပ်မသောက်ပါနဲ့၊အူမကြီးကင်ဆာရှိမရှိ စမ်းသပ်စစ်ဆေးဖို့ အသက်၅၀ကျော် နောက်ပိုင်းမှာ သင့်ဆရာဝန်နဲ့အမြဲပြသစစ်ဆေးပါ။ အူကျွံခြင်းကိုရှောင်နိုင်ဖို့အတွက် အလေးမခြင်းကို ရှောင်ရပါမယ် အလေးမခြင်းက ဝမ်းဗိုက်ထဲကဖိအားကိုတက်စေပြီး အူတစ်စိတ်တစ်ပိုင်းကို ဝမ်းဗိုက်ရဲ့ ပျော့တဲ့နေရာနား အထိမခံတဲ့နေရာနားမှာ တိုးတွက်လာစေလို့ အူကျွံခြင်းကိုဖြစ်စေပါတယ်။ တကယ်လို့ သင့်မှာပုံမှန်မဟုတ်တဲ့အလုံး တစ်ခုခု သင့်ဗိုက်အရေပြားမှာ ပေါ်လာရင် အထူးသဖြင့် ပေါင်ခြံနေရာနဲ့ခွဲစိတ်ထားတဲ့ အမာရွတ်လိုနားမှာ ပေါ်လာရင် သင့်ဆရာဝန်နဲ့ သေချာပြသပါ။အူပိတ်ခြင်းကို ဘယ်နည်းတွေက သေချာပေါက်ကာကွယ်နိုင်မယ်ဆိုပြီးပြောထားတာမရှိပါဘူး။ ဒါပေမယ့်တစ်ချ ို့ဆရာဝန်တွေကတော့ အသီးအရွက်များများစားခြင်း diverticulaလို့ခေါ်တဲ့အူအပို နေရာလေးမှာ သွားတစ်နေစေမယ့်အစာတွေကိုရှောင်ခြင်းနဲ့ အူပိတ်တဲ့ရောဂါတွေကိုရှောင်နိုင်မယ်လို့ယူဆကြပါတယ်။(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/bowel-obstruction-%e1%80%a1%e1%80%b0%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သြဇာသီး ကြိုက်သူလေးတွေ ရှိလား
ငယ်ငယ်က ကျင်းလေးတူးပြီး သြဇာစေ့ တောက်ခဲ့ဖူးတယ် ဆိုရင်တော့သေချာတာက သင်က သင်က သြဇာသီး ကြိုက်တဲ့သူဆိုတာပါ။ သြဇာသီးတွေကို စားပြီးတိုင်း သြဇာစေ့တွေကို သေချာဗူးနဲ့ ထည့်ပြီး စုခဲ့ရတာ အမောနော်။ ကစားဖို့အတွက် တော်တော်လေး အသုံးတည့်တဲ့ သြဇာသီးတွေကို ရဖို့ သြဇာသီးတွေကို စားခဲ့ဖူးမယ်ဆိုရင်တော့ အခုလို အကျိုးကျေးဇူးတွေကို ခံစားနေရလောက်ပါပြီ။သြဇာသီး ကြိုက်သူလေးတွေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက။သြဇာသီးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေနဲ့ ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့အသားအရေပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်သလို အသားအရေကိုလည်းအစိုဓါတ်ထိန်းပေးပါတယ်။ကိုယ်အလေးချိန်တက်စေနိုင်တယ်။ဝချင်သူလေးတွေအတွက် အဆင်ပြေစေမယ့် နည်းတစ်ခုပေါ့။ သြဇာသီးကိုပျားရည်နဲ့ ရောပြီးနေ့တိုင်း ပုံမှန် စားပေးမယ်ဆိုရင် ကိုယ်အလေးချိန် တိုးလာမှာ အသေအချာပါ။ ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် တက်ချင်သူတွေအတွက် တကယ် အဆင်ပြေစေမှာပါ။ကိုယ်ဝန်ဆောင်မေမေတွေသြဇာသီး စားပေးမယ်ဆိုရင်ဘေဘီလေးရဲ့ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ မတော်တဆ ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်စဉ် ခံစားရတဲ့ ဝေဒနာတွေကိုလည်း လျော့ပါးသက်သာစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့နို့ချိုတိုက်ကျွေးနေရချိန်မှာ သြဇာသီး စားပေးမယ်ဆိုရင် ကလေးကျန်းမာမှာ ဖြစ်သလို မိခင်နို့ထွက်လည်း ကောင်းစေမှာပါ။သြဇာသီးမှာမဂ္ဂနီဆီယမ်ပါဝင်တာကြောင့် နှလုံးကျန်းမာစေပြီး ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဗီတာမင် B6 ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကော့ပါးနဲ့ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်အစာကြေစေနိုင်သလို ဝမ်းမှန်စေနိုင်ပါတယ်။ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။သြဇာသီးမှာ နီကာဆင်နဲ့ အမျှင်ဓါတ် ကြွယ်ဝစွာ ပါဝင်နေတကြောင့်သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်။သြဇာသီးက အအေးဓါတ် ရှိသလို သံဓါတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့်သွေးအားနည်း ရောဂါကို ကုသဖို့ အတွက်ရော ကာကွယ်ဖို့ အတွက်ပါ စားသုံးပေးသင့်ပါတယ်။ကဲ.. အခုလောက်ဆိုရင် သြဇာသီးလေးက စားကောင်းရုံတင် မဟုတ်ဘဲ ခန္ဓါကိုယ် ကျန်းမာဖို့အတွက်လည်း အထောက်အကူပြုပေးတယ် ဆိုတာကို သိလောက်မယ်ထင်ပါတယ်။ ဒါကြောင့် အရသာရှိတဲ့ သြဇာသီးလေး စားရင်း ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/apple-custard-benefits/
သွေးအုပ်စုများ၊ သွေးအုပ်စုနှင့် ပင်ကိုယ်စရိုက် ဆက်စပ်မှု
သွေးအမျိုးအစားသည် ပင်ကိုယ်စရိုက် လက္ခဏာများ နှင့် ဆက်စပ်မှုရှိသည်ဟု ဂျပန်က ယူဆပြီး သွေးအမျိုးအစား လေ့လာမှုများကို ဂျပန်မှ အစပြုလုပ်ဆောင်လာသည်။ ယနေ့ခေတ်တွင် ဂျပန်အပြင် အခြားနိုင်ငံများမှ ထိုအယူအဆ အကြောင်း သုတေသနများ လုပ်ဆောင်နေပါသည်။ သွေးအမျိုးအစားသည် သင်၏ ပင်ကိုယ်စရိုက်ကို ဖော်ပြရုံ သာမက အချို့ရောဂါများ ရနိုင်ချေကိုပါ ဖော်ပြကြောင်း သိပ္ပံနည်းကျ ကောက်ချက်ချနိုင်ခဲ့သည်။ထိုလေ့လာမှုများ စတင်ခဲ့သော ဂျပန်တွင် သင်၏ ဇီဝလက္ခဏာများသည် သင်၏ အလုပ်ကို လွဲချော်နိုင် စေသည်ဟု ယုံကြည်ကြသည်။ သင်သည် အလုပ်တစ်ခုတွင် အခြား အလုပ်များထက် ဘယ်လိုသင့်တော်သလဲ ဆုံးဖြတ် ပေးသည်ဟု ယုံကြည်ကြသည်။အလုပ်ရှင်များသည် အလုပ် သမားများကို ရွေးချယ်ရန်၊ စစ်ဆေးရန် သွေးအမျိုးအစားကို အချက်အလက်တစ်ခုအဖြစ် အသုံးပြုသည်။ ကြင်ဖက်ရှာ ပေးသော ကိုယ်စားလှယ်များသည် သွေးအမျိုးအစားကို ဒိတ်များ စီစဉ်ပေးနိုင်ရန် အသုံးပြုသည်။သွေးအမျိုးအစား ၄ မျိုးရှိသည်။ အေ၊ ဘီ၊ အေဘီ နှင့် အို ဖြစ်သည်။ တစ်ခုချင်းစီတွင် လူတစ်ယောက်၏ ပင်ကိုယ် စရိုက်ကို ပြသနိုင်သော၊ လူတစ်ယောက်သည် အခြားတစ် ယောက်နှင့် ဘယ်လောက်လိုက်ဖက်သလဲကို ပြနိုင်သော၊ ဘယ်လို အရည်အသွေးမျိုး ပိုင်ဆိုင်သလဲကို ပြနိုင်သော တိကျသော လက္ခဏာများ ရှိသည်။အေသွေးများသည် ပြည့်စုံမှုကို လိုလားသူများ ဖြစ်ကြ သည်။ သူတို့ကို သူတို့နှင့် အခြားလူများအပေါ် တောင်းဆိုမှု အလွန်များသည်။ သူတို့သည် အပြင်ပိုင်းတွင် တည်ငြိမ်ပုံ ပေါ်သော်လည်း အတွင်းစိတ်မှာ တကယ် ရဲရင့်ပြီး ပြတ်သား သည်။ သူတို့သည် ရှက်ကြောက်သော်လည်း အလွန်ယုံကြည် စိတ်ချရသည်။ ခံစားရလွယ်ပြီး အနုပညာဆန်ကြသည်။မည်သို့ပင်ဖြစ်စေ အေသွေး အများစုသည် မပေါက်ကွဲ ခင်အထိ သူတို့၏ ခံစားချက်များကို သိမ်းဆည်းထား ကြသည်။ သူတို့၏ စွမ်းရည်သည် ခေါင်းဆောင်ကောင်း လုပ်နိုင်သော်လည်း သူတို့သည် စိတ်ဖိစီးတတ်ကြသည်။ ၎င်းသည် သူတို့၏ စိတ်နှင့် ခန္ဓါအတွက် အကျိုးမရှိ ဖြစ်စေ သည်။အောင်မြင်ကျော်ကြားသော အေသွေးပိုင်ရှင်များမှာ – Geogre H W. Bush, အဒေါ့ ဟစ်တလာ၊ ဘရစ်တနီ စပီးယား၊ Richard Nixton တို့ဖြစ်သည်။ဘီ သွေးများသည် အလွန်စိတ်ဓာတ်ကြံ့ခိုင်သူများ ဖြစ်သည်။ စဉ်းစားတွေးခေါ်တတ်ပြီး ရည်မှန်းချက်ကြီးကြသည်။ သူတို့သည် ဆုံးဖြတ်ပြီးပါက အလွန်စိတ်ပိုင်းဖြတ် နိုင်ပြီး အလုပ်များအားလုံး မပြီးမချင်း ဆက်လက် လုပ်ကိုင်သည်။ သူတို့ဖာသာ သူတို့ ရပ်တည်နိုင်ကြပြီး ဘဝတွင် ရှင်သန်ရန် နည်းလမ်းများ ဖြေရှင်းနိုင်သည်။ဘီသွေးပိုင်ရှင်များသည် အလွန်စာနာ တတ်သည်။ အခြားသူများကို နားလည်ပေးနိုင်သည်။ သို့သော် ပြဿနာများ ဖြေရှင်းရာတွင် အများစုမှာ တုံ့ဆိုင်းကြသည်။အောင်မြင်ကျော်ကြားသော ဘီသွေးပိုင်ရှင်များမှာ လီယိုနာဒို ဒီကာပရီယို၊ Paul McCartney, Luciano Pavarotti, Mia Farrow, Vince Young တို့ဖြစ်သည်။အေ နှင့် ဘီ အရောဖြစ်သောကြောင့် ဤသွေးပိုင်ရှင်များ သည် ပင်ကိုယ်စရိုက် ခွဲထွက်ခြင်း ရှိနိုင်သည်။ သူတို့သည် ဖော်ရွေနိုင်သည်။ သို့မဟုတ် ရှက်ကြောက်နိုင်သည်။ ရဲရင့် နိုင်သည်။ သို့မဟုတ် ကြောက်လန့်နိုင်သည်။ သူတို့သည် ယုံကြည်စိတ်ချရပြီး အခြားသူများကို ကူညီခြင်း၊ ချစ်ခင်ခြင်း၊ ဂရုစိုက်ခြင်း ရှိသည်။အေဘီ သွေးအမျိုးအစားသည် လူဦးရေ အားလုံး၏ ၂-၅ ရာနှုန်းသာ ရှိသည်။ သူတို့သည် အတွင်းမှ ဆွဲဆောင်မှု ရှိသူ များဖြစ်သည်။ သူတို့သည် တာဝန်ယူနိုင်သော်လည်း တာဝန် များ များလာပါက အေသွေးများကဲ့သို့ပင် စိတ်ဖိစီးလာကြ သည်။အောင်မြင်ကျော်ကြားသော အေဘီသွေး ပိုင်ရှင်များမှာ- ဂျွန်အက် ကနေဒီ၊ သောမတ် အက်ဒီဆင်၊ မာရီလင် မွန်ရိုး၊ Miyavi, ဂျက်ကီချမ်း၊ Mick Jagger, Bob Sapp တို့ ဖြစ်သည်။အိုသွေး အမျိုးအစား။အိုသွေးသည် ဆေးလောကနှင့် လူမှုရေးနယ်ပယ်တွင် ရတနာတစ်ပါး ဖြစ်သည်။ အိုသွေး ပိုင်ရှင်များသည် အလွန် ဖော်ရွေကြသည်။ အာရုံစိုက်မှု လိုချင်သော ပွင့်လင်းသော ပျော်တတ်သော သူများဖြစ်ကြသည်။ လူများနှင့် ဆက်ဆံရ သည်ကို နှစ်သက်ကြပြီး အပေါင်းအသင်းကောင်းသော သူများ ဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်စိတ်ချမှု မြင့်သူများ ဖြစ်သည်။သူတို့သည် ထိုးထွင်းသိမြင်သော ညဏ်ကောင်းပြီး မိမိ ကိုယ်ကို အားကိုးသည်။ အာရုံစိုက်မှုလည်း ကောင်းသော ကြောင့် ခေါင်းဆောင်နေရာများ ရသည်။ ထို့အပြင် အိုသွေး ပိုင်ရှင်များသည် အခြားသွေးအမျိုးအစားများထက် စိတ်ဖိစီးမှု ကို ပိုမိုခံနိုင်ပြီး ကိုယ်ခံအားစနစ်လည်း ပိုမိုသန်မာသည်။အောင်မြင်ကျော်ကြားသော အိုသွေးပိုင်ရှင်များမှာ- Queen Elizabeth II, အဲဗစ် ပရစ်စလေ၊ Ronald Reagan, Al Capone, Gerald Ford, John Gotti, John Lennon, Paul Newman တို့ဖြစ်သည်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%af%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%81%8a-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%a1%e1%80%af%e1%80%95/
တက်စတိုစထရုန်းဟော်မုန်းကို သဘာဝအတိုင်း မြှင့်တင်ဖို့
တက်စတိုစထရုန်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အမျိုးသားများ ကြွက်သားထုထည် တောင့်တင်းစေဖို့၊ အရိုးများသိပ်သည်းဆ ကောင်းစေဖို့အပြင် လိင်စိတ်ဆန္ဒကို စေ့ဆောင်မောင်းနှင်ဖို့ အဓိကနေရာက ပါဝင်ပါတယ်။ အရွယ်ရောက်ခါစမှာ တက်စတိုစထရုန်းဟော်မုန်း ထုတ်လုပ်မှုဟာ အမြင့်ဆုံးကို ရောက်လာပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း လျော့ကျသွားပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တက်စတိုစထရုန်းဟော်မုန်းကို ဘယ်လိုမြှင့်တင်ရမလဲ ဆိုတာပါပဲ။တက်စတိုစထရုန်းမြှင့်တင်ရာမှာ နှစ်ခြိုက်စွာအိပ်ခြင်းလောက် သဘာဝကျတဲ့နည်းလမ်းမရှိပါဘူး။ အမေရိကန်ဆေးပညာဂျာနယ်ရဲ့ ဖော်ပြချက်အရ အိပ်ရေးပျက်ခြင်းဟာ ကျန်းမာပြီး ငယ်ရွယ်တဲ့ယောကျ်ားလေးများရဲ့ တက်စတိုစထရုန်းကိုပမာဏကိုတောင် ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ တပတ်နလောက် ဆက်တိုက်အိပ်ရေးပျက်ရင် သိသာလာပါတယ်။တနေ့ကို ဘယ်လောက်အိပ်ရမလဲဆိုတာ အခြေအနေမျိုးစုံပေါ် မူတည်ပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ ပျမ်းမျှအားဖြင့် တညကို အနည်းဆုံး ၇ နာရီကနေ အများဆုံး ၉နာရီထိ အိပ်သင့်ကြောင်း သုတေသနတွေအရ သိရပါတယ်။ ဒါမှသာကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာဆောင်ရွက်ပြီး တက်စတိုစထရုန်းပမာဏကိုလည်း ကောင်းကောင်းထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ကိုယ်အလေးချိန် ရှိသင့်တာထက်များနေတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသားတွေမှာ တက်စတိုစထရုန်းပမာဏ ကျဆင်းနေတတ်ပါတယ်။ ဟော်မုန်းဆိုင်ရာဂျာနယ်တစောင်မှာ ဖော်ပြချက်အရ တက်စတိုစထရုန်းနည်းပါးခြင်းနဲ့ ဆီးချိုဖြစ်ခြင်းတို့ဟာ ဆက်စပ်နေပါတယ်။ ကိုယ်အလေးချိန်ပုံမှန်ထိန်းသိမ်းထားခြင်းဟာ ဆီးချိုဖြစ်နိုင်ခြေကို လျော့စေသလို တက်စတိုစထရုန်းပမာဏကိုလည်း ပုံမှန်ထိန်းနိုင်စေပါတယ်။ဥရောပဟော်မုန်းဆိုင်ရာဂျာနယ်တစောင်ရဲ့ဖော်ပြချက်အရ ကိုယ်အလေးချိန် ပုံမှန်ရှိခြင်းဟာ တက်စတိုစထရုန်းမြင့်မားဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့အတွက် အစားအသောက်ကို အတင်းအကြပ်လျှော့ချစရာတော့ မလိုပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်ပြီးလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။တက်စတိုစထရုန်းနည်းပါးတဲ့ အမျိုးသားတွေမှာ ဇင့်ဓာတ်နည်းပါးနေတာကို တွေ့ရပါတယ်။ သုတေသနတချို့အရ ကျန်းမာရေးကောင်းတဲ့ အမျိုးသားများရဲ့ သွေးအတွင်းတက်စတိုစထရုန်းပမာဏကို ထိန်းသိမ်းပေးရာမှာ ဇင့်ဓာတ်ဟာ အဓိကကျပါတယ်။ဇင့်ဓာတ်များတဲ့ အစားအသောက်တွေဖြစ်တဲ့ ခရုကမာ၊ အသား(Red meat)၊ ကြက်ဘဲ စတာတွေကို ပုံမှန်စားသောက်သင့်ပါတယ်။ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ ဂဏန်း၊ ပုစွန်ထုပ်၊ မပြုပြင်ရသေးတဲ့ အစေ့အဆန်များ စတာတွေမှာလည်း ဇင့်ဓာတ် ကောင်းကောင်းပါဝင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတယောက်အနေနဲ့ တနေ့တာမှာ ဇင့်ဓာတ် ၁၁မီလီဂရမ် လိုအပ်ပါတယ်။သုတေသနစာစောင်တခုမှာ ဖော်ပြချက်အရ ဂလူးကို့စ်ဓာတ် (သကြား) မြင့်တက်ခြင်းဟာ သွေးထဲမှာ တက်စတိုစထရုန်းပမာဏကို ၂၅ရာခိုင်နှုန်း ကျဆင်းစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆီးချိုဖြစ်ပွားနေသူများမှာ တက်စတိုစထရုန်းနည်းပါးတတ်ပါတယ်။လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့တိုက်တွန်းခြင်းဟာ နည်းလမ်းဟောင်းကြီးဖြစ်ပေမယ့် ရေရှည်ပုံမှန် ပြုလုပ်နိုင်ရင် အကျိုးရှိပါတယ်။ အထူးသဖြင့် ဆွဲအားတွန်းအားသုံးပြီး လုပ်ရတဲ့ resistance training လေ့ကျင့်ခန်းတွေဖြစ်တဲ့ အလေးမခြင်း၊ သားရေပြားဆွဲခြင်း၊ ဒိုက်ထိုးခြင်း စတာတွေဟာ အထောက်အကူပြုပါတယ်။အဆိုပါလေ့ကျင့်ခန်းများဟာ စိတ်အခြေအနေကို ကောင်းမွန်စေပြီးဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေကို လှုံ့ဆော်ပေးတာကြောင့် ပျော်ရွှင်မှု၊ မိမိကိုယ်ကိုယုံကြည်မှုတွေ ဖြစ်စေပါတယ်။ ညအခါ ကောင်းစွာ အိပ်ပျော်စေပါတယ်။ ကျွမ်းကျင်သူများရဲ့ အဆိုအရ တနေ့ကို မိနစ်သုံးဆယ်ခန့် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။တက်စတိုစထရုန်းနည်းပါးရင်လိင်စိတ်ဆန္ဒကျဆင်းနေတတ်ပါတယ်။ ပန်းညှိုးတတ်ပါတယ်။ အရိုးများ ကျိုးပဲ့လွယ်ပြီး တခြားကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ အဆိုပါ ပြဿနာတွေရှိလာရင် ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ တက်စတိုစထရုန်းနည်းပါးခြင်းဟာ လိင်မှုကိစ္စအပြင် တကိုယ်ရေကျန်းမာရေးနဲ့ လူနေမှုပုံစံကိုပါ ထိခိုက်စေနိုင်တာကြောင့် ဂရုပြုသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/low-testosterone-natural-boosters/
မျက်ဝန်းလေးအပေါ် သင်လုပ်မိနေတဲ့ အမှား (၁၀) ခု
အချစ်မှာမျက်စိမရှိလို့ ရနိုင်ပေမယ့် လူ့ဘဝမှာ မျက်စိမရှိရင် ဘယ်လောက်ဒုက္ခများမလဲကြည့်လိုက်ပါ။ကိုယ်ရှင်သန်နေတဲ့ဘဝမှာ မျက်စိက သိပ်ကိုအရေးပါတယ်ဆိုတာ လက်ခံတယ်မဟုတ်လား။ အလုပ်ပဲဖြစ်ဖြစ်၊ ဘဝတိုးတက်ရေးပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်စိက သိပ်ကိုအရေးပါတဲ့အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ မျက်လုံး၊ မျက်ခုံးလေး၊ မျက်တောင်လေးကြည့်ကောင်းဖို့ကို ယောကျာ်း၊မိန်းမ မရွေးပြုပြင်ဂရုစိုက်နေကြတာပဲလေ။မျက်စဉ်းလေးဝယ်ခတ်တာ၊ မျက်တောင်ကော့ဆေး သုံးတာလောက်က လုံလောက်တဲ့ဂရုစိုက်မှုမဟုတ်ပါဘူး။ ဒါတင်မကဘဲ မျက်လုံးနဲ့ပတ်သက်ပြီး ကိုယ်လုပ်မိနေတဲ့အမှားတွေ ဘယ်လောက်များရှိနေပြီလဲ။ ဆက်ပြီးကြည့်ရအောင် –။မျက်စိဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပြသမှု ရှိတာကောင်းပါတယ်။ ဒါမှ ဖြည့်သင့်တာဖြည့်၊ ကုသင့်တာကုဖို့ မျက်စိအမြင်အာရုံအခြေအနေကို စောစောသိနိုင်မှာပါ။ မျက်စိပါဝါတက်လာသလား၊ ထိခိုက်မှုရှိသလား၊ တိမ်စွဲနေသလား၊ ကုသဖို့လိုသလား ဆိုတာ စစ်ဆေးမှသိနိုင်မှာပါ။ တစ်ခုခုဖြစ်မှ သွားပြတာထက် ပုံမှန်ပြရင်းစောစောဖြေရှင်းနိုင်တာ ပိုကောင်းပါတယ်။မျက်စိနီပြီး မျက်ရည်တွေထွက်တာ၊ ယားတာ၊ ပူတာတွေက ဓာတ်မတည့်မှုလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဒီလက္ခဏာတွေပါဖြစ်နေတယ်ဆိုရင် ရောဂါပိုးဝင်တာဖြစ်နေနိုင်တယ် –။ဒီလက္ခဏာတွေဖြစ်လာတာနဲ့ ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ ရောဂါပိုးဝင်တာကို မကုသဘဲထားလိုက်ရင် မျက်စိထိခိုက်စေနိုင်ပြီး တခြားသူတွေဆီကိုပါ ကူးစက်သွားနိုင်ပါတယ်။နေကာမျက်မှန်ဆိုတာက စတိုင်ထုတ်ဖို့သက်သက်မဟုတ်ပါဘူးနော်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဒဏ်ကနေ မျက်စိကိုကာကွယ်ပေးတဲ့ မျက်မှန်တွေပါ။ ဒီရောင်ခြည်နဲ့ထိတွေ့တာက အတွင်းတိမ်၊ မျက်စိမှုန်ခြင်းတို့လို ဆိုးကျိုးရလဒ်တွေဖြစ်စေနိုင်တယ်။မျက်လုံးပွတ်တဲ့အကျင့်က မျက်စိသွေးကြောတွေကို ပွန်းပဲ့၊ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လက်မှာက ကိုယ်ထိတွေ့ထားသမျှနေရာတွေဆီက ရောဂါပိုးမွှားတွေ ကပ်ပါလာနိုင်ပါသေးတယ်။ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်းတို့ကို သိပ်ကြည့်လွန်းရင် မျက်လုံးကြွက်သားတွေ ပိုအလုပ်လုပ်ရပါတယ်။ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို ကြည့်ရှုချိန်ကြာရှည်တဲ့အခါ မျက်စိညောင်းလာပြီး ခေါင်းကိုက်လာစေနိုင်တယ်။ ဒါတွေကို မဖြစ်မနေသုံးနေရတဲ့ အခုခေတ်မှာတော့ ၂၀-၂၀-၂၀ နည်းလို့ခေါ်တဲ့ မိနစ် ၂၀ တစ်ကြိမ်လောက် ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာ ကြည့်ပေးတာ အကောင်းဆုံးနည်းပါပဲ။ မျက်လုံးကို အစိုဓာတ်ထိန်းဖို့ မျက်တောင်လည်း မကြာခဏခတ်ပေးပါ။မျက်စိကျန်းမာဖို့ဆိုရင် မျက်မှန်နဲ့မတူဘဲ မျက်လုံးနဲ့ အနီးဆုံးထိတွေ့နေရမယ့် မျက်ကပ်မှန်ကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ မျက်ကပ်မှန်ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် ဝယ်ယူတဲ့ဘူးမှာပါတဲ့အတိုင်း ဆေးရည်နဲ့သန့်စင်ပါ။ သူ့ကိုထည့်တဲ့ဘူးကို ၃ လတစ်ကြိမ် အသစ်လဲပါ။ ညမအိပ်ခင်မှာ ချွတ်ဖို့လည်း အရေးကြီးပါတယ်။မျက်နှာမသစ်ဘဲ အိပ်လိုက်တဲ့အခါ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုးတို့ဆီက အကြွင်းအကျန်အမှုန်တွေက မျက်လုံးထဲဝင်ရောက်ပြီး ပိုးဝင်စေနိုင်ပါတယ်။ ဒါ့ကြောင့် ညတိုင်း မိတ်ကပ်ဖျက်၊ မျက်နှာသန့်စင်ပြီးမှ အိပ်ပါ။လုပ်ငန်းခွင်မှာ ဒါမှမဟုတ် အားကစားလုပ်တဲ့အခါ မျက်စိထိခိုက်မှုကိုကာကွယ်ဖို့အတွက် ဒါတွေတပ်သင့်ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်အမျိုးအစားကိုမူတည်ပြီး အကာအကွယ်မျက်မှန်လေးတွေ တပ်ထားသင့်ပါတယ်။အမြင်အာရုံဆိုတာ အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲနေမှာပါပဲ။ အဓိကအရေးကြီးတာက အဲဒီအပြောင်းအလဲတွေကြားမှာ မျက်စိကျန်းမာရေးကို ဂရုစိုက်အားဖြည့်ပေးဖို့ပါပဲ။ မျက်စိစစ်ဆေးမှုတွေ ပုံမှန်လုပ်ပြီး မျက်မှန်တပ်ဖို့လိုတယ်ဆို တပ်ဖြစ်အောင်တပ်ပါ။ မတပ်ဘဲ ပိုဆိုးလာရင် ကိုယ့်မျက်လုံးပဲ ထိခိုက်နစ်နာမှာပါ။ဆေးလိပ်သောက်တာက ခန္ဓာကိုယ်အတွက်မကောင်းသလို မျက်စိကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်ကြောင့် –။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%95%e1%80%b1%e1%80%ab%e1%80%ba-%e1%80%9e%e1%80%84%e1%80%ba%e1%80%9c%e1%80%af%e1%80%95/
အာရုံကြော အားကောင်းစေမယ့် အဓိကသော့ချက် (၅) ရပ်
အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။ ဒါကြောင့် လူတွေက အာရုံကြော အားကောင်းစေမယ့် နည်းလမ်းတွေ၊ အာရုံကြောက ကျန်းမာစေမယ့် နည်းလမ်းတွေကို စိတ်ဝင်စားကြတာပါ။ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။(၁) အာဟာရတွေ ရွေးချယ်စားပါ။အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင် –။(၂) အသက် ဝဝ ရှူပါ။အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။(၃) ခြေဗလာ နဲ့လမ်းလျှောက်ကြည့်ပါ။မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ ရောင်ရမ်းခြင်း၊ သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။တစ်ခုရှိတာက မြန်မာနိုင်ငံမှာ ခြေထောက်ကနေဝင်တဲ့ သန်ကောင်တွေ အဖြစ်များတာကြောင့် မြေနေရာသန့်တဲ့နေရာမှာ လျှောက်ပါ။(၄)နေရောင်ခြည်နဲ့ ထိတွေ့ပါ။ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။(၅)စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။ဥပမာ –။ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။ ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/5-tips-for-healthy-nerves/
Finger Injury (လက်ချောင်းထိခိုက်ခြင်း )
လက်ချောင်းလေးများ ပိုးဝင်ခြင်း ဆိုသည်မှာ လူတိုင်း ဖြစ်နိုင်သော ကျန်းမာရေး ပြသနာဖြစ်ပါသည်။ သာမန်အခြေအနေမှသည် အလွန် ပြင်းထန်သော အခြေအနေ အထိ ပုံစံ အမျိုးမျိုးဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ယင်းလက်ချောင်း တစ်ချောင်းလုံး အလုပ်မလုပ်တော့ သည်အထိ ဖြစ်ပွားနိုင် ပါသည်။ လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် ဖြစ်ပွားသော နေရာ၊ ဖြစ်ပွားသော အခြေအနေပေါ် မူတည်ပြီး အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။လက်စွယ်ငုတ်ခြင်း။လက်စွယ်ငုတ်ခြင်း ဆိုသည်မှာ လက်သည်း၏ ဘေးအသားများတွင် ပိုးဝင်ခြင်း ဖြစ်ပါသည်။ သို့သော် အရေပြား အပေါ်လွာတွင်သာ ထိခိုက်ခြင်းဖြစ်ပြီး လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် အတွေ့ရ အများဆုံး အခြေအနေပင်ဖြစ်ပါသည်။Felon။Felonဆိုသည်မှာ လက်ချောင်းထိပ်တွင် ပိုးဝင်ခြင်း ဖြစ်ပြီး ယင်းနေရာရှိ အသားများ၊ တစ်ရှုးပျော့များ ပိုးဝင်ခြင်း ဖြစ်ပါသည်။Herpetic whitlow။ဤအခြေအနေ သည်လည်း လက်ချောင်းလေးများ၏ ထိပ်တွင်သာ ပိုးဝင်ခြင်းဖြစ်ပြီး ဗိုင်းရပ်ကြောင့် ဖြစ်သော ရောဂါများတွင် အတွေ့ရ အများဆုံး ဖြစ်ပါသည်။ ယင်းအခြေအ နေမှာ လက်စွယ်ငုတ်ခြင်းနှင့် Felonတို့နှင့် မှားယွင်းနိုင်ပါသည်။တစ်ရှုးရောင်ရမ်းခြင်း။တစ်ရှုးရောင်ရမ်းခြင်းဆိုသည်မှာ အရေပြား အပေါ်ယံလွာနှင့် အောက်ခံ တစ်ရှုးသားတွင် ပိုးဝင်ခြင်း ဖြစ်ပြီး အများအားဖြင့် ကြွက်သားလွာ အထိမရောက်တတ်ပါ။အရွတ်နှင့်အဆစ်များပိုးဝင်ရောင်ရမ်းခြင်း။ လက်ချောင်းလေးများ ကွေးခြင်း နှင့် လက်သီးဆုပ်ခြင်းတို့တွင် ပါဝင်သော အဆစ်များနှင့် အရွတ်နေရာများ အထိ ပိုးဝင်ပြီး ရောင်ရမ်းခြင်းဖြစ်ပါသည်။ အများအားဖြင့် ပင်ကိုယ် ကိုယ်ခံအားနည်းနေသော လူများတွင် တွေ့နိုင်ပါသည်။လက်ချောင်းအတွင်းဆုံးလွာများထိပိုးဝင်ခြင်း။အရွတ်များ၊ သွေးကြောများ၊ အတွင်းသားများအထိ ပိုးဝင်ခြင်းဖြစ်ပြီး တစ်နေရာတည်းမကဘဲလည်း ဖြစ်နိုင်ပါသည်။အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။အထက်တွင် ဖော်ပြထားသလိုပင် လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် အမျိုးအစား များစွာရှိသောကြောင့် တစ်မျိုးခြင်းစီတွင်လည်း ဖြစ်နိုင်သော လက္ခဏာများ ကွဲပြားနိုင်ပါသည်။လက်စွယ်ငုတ်ခြင်း။လက်စွယ်ငုတ်ခြင်းတွင် ရောင်ခြင်း၊ နီခြင်းတို့ဖြစ်နိုင်ပြီး ပြည်တည်နာလည်း ဖြစ်နေနိုင်ပါသည်။ ပြည်တည်ခြင်းကို လက်သည်းဘေးနှင့် အသားကြားတွင် တွေ့ရနိုင်ပြီး အထိမခံနိုင်လောက်အောင် နာကျင်နေမည် ဖြစ်ပါသည်။Felon။Felon တွင် လက်ထိပ်ဖုဖောင်းပြီး နာကျင်မှု့ရှိနေ နိုင်ပါသည်။ တစစ်စစ်ကိုက်ခဲမှု့ နှင့်အတူ ရက်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး ပြည်တည်သည် အထိလည်း ဖြစ်နိုင်ပါသည်။ ဖုဖောင်းနေသော နေရာကို စမ်းကြည့်ပါက ပြည်ရှိနေလျင် ခပ်ပျော့ပျော့ ဖြစ်နေမည် ဖြစ်ပြီး အချိန်ကြာ ပါက အသားမာတက်ပြီး မာသွားမည်ဖြစ်ပါသည်။Herpetic whitlow။လက်ချောင်းလေးများ ထိပ်တွင် နီခြင်း၊ နာခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်းတို့ အပြင် တစ်ခါတစ်ရံ ယားယံနိုင် ပါသည်။ Felon ကဲ့သို့ ဖုဖောင်းလာနိုင်သော်လည်း Felon လောက် ဆိုးရွားခြင်း မရှိပါ။ သို့သော် အနာတစ်ခုတည်း မဟုတ်ဘဲ အနာများစွာ ပေါက်နိုင်ပါသည်။ ယင်းအနာလေးများ စုပေါင်းလာပြီး အရည်ကြည်ဖုကဲ့သို့ ဖြစ်လာနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကိုယ်ပူနိုင်သလို ယင်းလက်ချောင်းနှင့် ဆက်ဆပ်နေသော နေရာများတွင် ပြန့်ရည်ကြော အကျိတ် ရောင်ရမ်းနာကျင်ခြင်း ဖြစ်လာနိုင်ပါသည်။တစ်ရှုးရောင်ရမ်းခြင်း။ဖြစ်ပွားသော အရေပြားနေရာတွင် နီရဲနေပြီး ပုံမှန် အသား အရေထက်နွေးနေနိုင်ပါသည်။ အနည်းငယ် ဖုဖောင်းနေပြီး နာနိုင်ပါသည်။ အတွင်းအသားများ ထိခိုက်မှု့ မရှိခြင်းကြောင့် လှုပ်ရှားမှု့များ ကြောင့် နာကျင်ခြင်း မရှိနိုင်ပါ။ အကယ်၍ လှုပ်ရှားမှု့တွင် အတွင်းမှ နာကျင်ခြင်းရှိနေပါလျင် အခြားရောဂါ အခြေအနေကို ဖော်ပြခြင်း ဖြစ်နေနိုင်ပါသည်။အရွတ်နှင့်အဆစ်များပိုးဝင်ရောင်ရမ်းခြင်း။ ဤရောဂါအခြေအနေတွင်မူ Kanavel cardinal signs ဟုခေါ်သော ရောဂါလက္ခဏာ လေးမျိုးကို တစ်ခုချင်းသော်၎င်း၊ လေးမျိုးစလုံး တပြိုင်နက်သော်၎င်း ဖြစ်နိုင်ပါသည်။၁။ လက်ဖဝါးဘက်ခြမ်းတွင် နာကျင်ခြင်း။၂။ လက်ချောင်း တစ်ခုလုံးဖူးယောင်လာခြင်း။၃။ လက်ချောင်းများကို ဆန့်လျင်နာကျင်ခြင်းနှင့် မကွေးနိုင်တော့ခြင်း။၄။ နောက်ဆုံးအဆင့်တွင်မူ အနည်းငယ်ကွေးသော အနေအထားဖြင့်သာ နေ၍ရတော့ခြင်း။လက်ချောင်းအတွင်းဆုံးလွာများထိပိုးဝင်ခြင်း။အတွင်းဆုံးလွာများတွင် ပိုးဝင်ခြင်းကြောင့် ပြည်တည်ကာ ယင်းပြည်နာသည် အပေါ်ယံအရေပြားကို ဖေက်ထွက်သော အနာဖြစ်လာပါသည်။ ယင်းအနာကို collar button abscess ဟု ခေါ်ပါသည်။ ယင်းအနာသည် အပေါ်ယံ အရေပြားအထိ ပေါက်ထွက်တတ်ပါသည်။ မပေါက်ထွက်ခင်တွင် အတွင်းတွင် အနာရှိသော နေရာသည် နီရဲရောင်ရမ်းကာ နာနေပါမည်။ ထိကြည့်ပါက ပြည်များရှိနေပါက ပျော့နေပါမည်။ အထက်မှာဖော်ပြထားတဲ့ အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေ မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်အနေနဲ့ အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ လက္ခဏာတစ်ခုခု ခံစားနေရရခြင်း ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ သို့မှသာ သင်သည်အကောင်းဆုံး အဖြေကို ရရှိနိုင်ပါမည်။ဗိုင်းရပ်ပိုးကြောင့် ဖြစ်သော herpetic whitlow မှလွဲ၍ အဓိက ဖြစ်စေသော အကြောင်းရင်းများမှာ ဘက်တီးရီးယား ပိုးများကြောင့် ဖြစ်ပါသည်။ ပိုးဝင်ခြင်းတွင် အောက်ပါ ထိမိခိုက်မိသော အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်စေနိုင်ပါသည်။ရှမိခြင်း၊ ဖိကြိတ်မိ ခြင်း၊ စုတ်ပြဲဒဏ်ရာရခြင်း၊ လက်သည်းအရင်းတွင် ပိုးဝင်ခြင်း၊ တိရစ္ဆာန်များ ကြောင့်ထိခိုက်ဒဏ်ရာရခြင်း၊ ထုတ်ချင်းပေါက် ဒဏ်ရာရခြင်း။သို့သော် ဖြစ်စေသော ရောဂါ တစ်မျိုးစီတွင် ဖြစ်စေသော အကြောင်းရင်းများ မတူညီသဖြင့် ရောဂါတစ်ခုချင်းအလိုက် အသေးစိတ်ဖော်ပြပါမည်။လက်စွယ်ငုတ်ခြင်း။အများအားဖြင့် staphylococcal နှင့် streptococcal ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားတတ်ပြီး တစ်ခါတစ်ရံ မှိုပိုးကြောင့် ဆိုပါက ကာလရှည် ဖြစ်ပွားတတ် ပါသည်။ လက်သည်း ထောင့်အစွန်းများကို အလွန်တိုအောင် ညှပ်ပစ်ပါက ယင်းလက်သည်းဘေး အသားများကို ပိုးဝင်နိုင်ပြီး ယင်းမှာ လက်သည်းဘေး အနားမှ လက်သည်းဘေး အရင်းအထိ ပြန့်နှံနိုင်ပါသည်။ ထိုမှသည် လက်သည်း ပတ်ချာလည်ကို ပြန့်နှံစေ နိုင်ပါသည်။Felon။လက်စွယ်ငုတ်ခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားများ ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး လက်ထိပ်အသားတွင် ဖြစ်ပွားပါသည်။ အများအားဖြင့် အသားကို ဖောက်သွားသော ဒဏ်ရာများကြောင့် ဖြစ်နိုင်ပြီး အခြားလက်ချောင်း အစိတ်အပိုင်းများကိုလည်း ပြန့်နှံစေပါသည်။Herpetic whitlow။ ဟားပီးဗိုင်းရပ်များ ( herpes simplex virus ) ကြောင့် ဖြစ်ပွားပြီး ယင်းဗိုင်းရပ်သည် ပါးစပ်နှင့် လိင်အင်္ဂါတွင်လည်း အနာများဖြစ်ပွားစေပါသည်။ အချို့လူများတွင် အလုပ်မှတစ်ဆင့် ကူးစက်တတ်ပါသည်။ ဥပမာ။ သွားဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တံတွေးနှင့် အခြားသော လူ့ခန္ဓါကိုယ်မှ ထွက်သော အရည်များကို ကိုင်တွယ်ရသူများ တွင်လည်း ကူစက်နိုင်ပါသည်။ အချို့လူများတွင်လည်း မိမိခံတွင်းနှင့် လိင်အင်္ဂါမှ တစ်ဆင့် မိမိလက်ကို ပြန်လည်ကူးစက်နိုင်ပါသည်။တစ်ရှုးရောင်ရမ်းခြင်း။staphylococcal နှင့် streptococcal ဘက်တီးရီးယားပိုးများကြောင့်သာ ဖြစ်ပွားပြီး အရေပြားပွင့်သွားသော အနာများကြောင့် ဖြစ်ပွားနိုင်ပါသည်။ တစ်ခါတစ်ရံတွင်လည်း သွေးထဲတစ်ဆင့် လက်ချောင်းများဆီသို့ ပိုးများ ရောက်ရှိ လာတတ်ပါသည်။အရွတ်နှင့်အဆစ်များပိုးဝင်ရောင်ရမ်းခြင်း။ အရွတ်အဖုံးလွာများအထိ ရောက်ရှိစေသော အနာတရဖြစ်မှု့များကြောင့် ပိုးဝင်ရောက်ခြင်း ဖြစ်ပြီး အရွတ်များနှင့် အရွတ်ဖုံး အလွာများတစ်လျောက် ပိုးကူးစက်တတ်ပါသည်။လက်ချောင်းအတွင်းဆုံးလွာများထိပိုးဝင်ခြင်း။အတွင်းအသားလွာများအထိ ထိခိုက်သော ဒဏ်ရာများကြောင့် ပိုးဝင်နိုင်ပြီး ပြည်တည်နိုင်ပါသည်။ ပြည်ပမာဏ များလာပြီး ပြင်ပသို့ ပေါက်ထွက်ခြင်း မရှိပါက အတွင်းတွင် ဖိအားများလာပြီး အခြားလက်ချောင်း အတွင်းများအထိ ပြန့်နှံနိုင်ပါသည်။ဖြစ်ပွားစေသော အကြောင်းအရာများစွာ ရှိနိုင်ပါသည်။ ယင်းတို့မှာ။ထိုးသွင်းဒဏ်ရာများ၊ နက်သော ရှနာများ၊ အရေပြားပွင့်သွားသော အနာများ၊ လက်သည်းကို အလွန်တိုအောင် လှီးဖြတ်ခြင်း၊ အသာမာများကို လှီးဖြတ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ စနစ်မကျသော လက်သည်းအလှပြင်ခြင်း။အချို့ရောဂါဝေဒနာရှင် များတွင်လည်း လက်ချောင်းလေးများ ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ဥပမာ။ ဆီးချိုလူနာများ၊ ကိုယ်ခံအား အလွန်ကျဆင်း နေသူများ၊ အချို့ဝန်ထမ်းများ (သွားဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ စသည့်)၊ ရေနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ရသူများ (ပန်းကန်ဆေး သမားများ စသည့်)။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် လိုအပ်သော စမ်းသပ်မှု့များ ပြုလုပ်ခြင်းဖြင့် လက်ချောင်းလေးများ ပိုးဝင်ခြင်းကို အတည်ပြုနိုင်ပါသည်။ တိကျသော မေးခွန်းများကို မေးမြန်းခြင်းဖြင့် ရောဂါကို တိကျစွာ အတည်ပြုနိုင်ပါသည်။ လက်ချောင်း တစ်နေရာထဲတွင် ဖြစ်ခြင်းနှင့် နာတာရှည် (သို့မဟုတ်) ပိုမိုပြင်းထန်သော ရောဂါ အခြေအနေများတွင် ကုသမှု့ပုံစံ မတူသောကြောင့် ရောဂါကို သေချာစွာ အတည်ပြုရန်မှာ အရေးကြီးပါသည်။ ထို့အတူ ဆီးချိုရောဂါ၊ သွေးကြောရောဂါများနှင့် တွဲ၍ဖြစ်နေသော လူနာများ အတွက်လည်း ကုသပုံများ ကွဲပြားနိုင်ပါသေးသည်။ရောဂါရာဇဝင် မေးမြန်းခြင်းတွင် ဆရာဝန် အနေဖြင့် ရောဂါစဖြစ်သောပုံစံ၊ စဖြစ်သော အချိန်၊ နေရာ၊ ဒဏ်ရာအတွင်း ပြင်ပပစ္စည်းများ ဝင်ရောက်နိုင်ခြေ ရှိမရှိ၊ ဆရာဝန်ထံ မရောက်မီ ဒဏ်ရာကို မိမိဘာသာ ဆေးထည့်ခြင်း/ ဆေးကြောထားခြင်း ရှိမရှိ၊ ေနောက်ဆုံးအကြိမ် မေးခိုင်ကာကွယ်ဆေး ထိုးထားသောရက်/လ/နှစ်၊ ယခုထိခိုက်ဒဏ်ရာ ရသောနေရာတွင် ယခင်ထိခိုက် ခဲ့ခြင်းရှိမရှိ၊ လူနာအနေဖြင့် မပြောပြရသေးသော အခြားကျန်းမာရေး ပြဿ နာများ ရှိမရှိ စသည်ဖြင့် မေးမြန်းပါလိမ့်မည်။ ထို့နောက် ရောဂါတစ်မျိုးစီ အတွက် တိကျသော မေးခွန်းများ မေးမြန်းပါမည်။ဥပမာ။ လက်စွယ်ငုတ်ခြင်းတွင် လက်သည်းကိုက်တတ်သော အကျင့် ရှိမရှိ၊ Felon တွင် ဆူးစူးခြင်းကဲ့သို့ ထိုးသွင်းဒဏ်ရာ သို့မဟုတ် ရှနာ ရှိမရှိနှင့် ဓါတ်မှန်ရိုက်ပြီး ဒဏ်ရာအတွင်း ပြင်ပ ပစ္စည်း ဝင်ရောက်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊။Herpetic whitlow တွင် ဟားပီးဗိုင်းရပ် ပါရှိနိုင်သော ခန္ဓါကိုယ်မှ ထွက်သည့် အရည်များနှင့် ထိမိထားခြင်း ရှိမရှိ၊ ပေါက်သောအနာ များသည် ဟားပီးဗိုင်းရပ်ကြောင့် ဖြစ်သော အနာများနှင့် တူမတူ ကြည့်ရှု့နိုင် သကဲ့သို့ပင် အနာမှထွက်သော အရည်သည် ကြည်နေပါက ဗိုင်းရပ်ပိုးကြောင့် ဟုပြောနိုင်သကဲ့သို့ Tzanck smear ဖြင့် စစ်ဆေးခြင်း မှလည်း အတည်ပြုနိုင်ပါသည်။တစ်ရှုးရောင်ရမ်းခြင်း ရောဂါကို အတည်မပြုမီ အရေပြား ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သော အခြား အခြေအနေများ ( ဥပမာ။ ဂေါက်ရောဂါ၊ အင်ပြင်ထခြင်း၊ ပျားတုတ်ခြင်း၊ အပူလောင်ခြင်း၊ သွေးခဲခြင်း) ကို ခွဲခြားရန် လိုအပ်ပါသည်။ ဓါတ်မှန်ရိုက်ခြင်း ဖြင့်လည်း အရေပြားအောက်တွင် ပြင်ပပစ္စည်းရှိနေ မနေနှင့် လေခိုနေခြင်း များကို တွေ့ရှိနိုင်ပြီး ပြင်းထန်သော တစ်ရှုးရောင်ရမ်းခြင်းကို အတည်ပြု နိုင်ပါသည်။အရွတ်နှင့် အဆစ်များ ပိုးဝင်ရောင်ရမ်းခြင်းတွင် ထိခိုက်ရှနာနှင့် ထိုးသွင်း ဒဏ်ရာ ရှိမရှိ၊ ကနဦးတွင် ဖော်ပြထားသာ လက္ခဏာ လေးမျိုး ရှိမရှိ သေချာစွာ မေးမြန်း စစ်ဆေးခြင်းဖြင့် ရောဂါကို အတည်ပြုနိုင်ပါသည်။ သို့သော် ဂနိုရောဂါနှင့် ဆက်စပ်သော ရောဂါများတွင်လည်း ဤလက္ခဏာများ ရှိတတ်သဖြင့် သေချာစွာ ခွဲခြားနိုင်ရန် အရေးကြီးပါသည်။လက်ချောင်း အတွင်းဆုံးလွာများထိ ပိုးဝင်ခြင်း။ ထိုးသွင်းဒဏ်ရာနှင့် အခြား ဒဏ်ရာများ ရှိမရှိ မေးမြန်းခြင်းသည် အရေးကြီးသကဲ့သို့ လက်ချောင်းများ ကြား ဖောင်းနေခြင်း ရှိမရှိနှင့် ပြည်တည်နာပေါက် ရှိမရှိကို စမ်းသပ်ရပါမည်။လက်ချောင်းလေးများ ပိုးဝင်ခြင်းကို အဓိကအားဖြင့် ပိုးသတ်ဆေး သောက်ဆေးများနှင့် သင့်တော်သော အနာဆေးထည့်နည်းများကို အသုံးပြု၍ ကုသပါသည်။ သင့်တော်သော အနာဆေးထည့်နည်းများတွင် အနာကို ခွဲ၍ ပြည်ထုတ်ခြင်းမှသည်၊ ပိုးဝင်စေသော ပြင်ပပစ္စည်းများဖယ်ရှားခြင်း များလည်း ပါဝင်ပါသည်။ အချို့လူနာများကို ပြင်ပလူနာ အနေဖြင့်သာ ကုသ နိုင်သော်လည်း အချို့သော ပြင်းထန်လူနာများကိုမူ အတွင်းလူနာ အနေဖြင့် ပိုးသတ်ဆေးများ ဆေးထိုးဆေးသွင်း ကုသရပါမည်။လက်စွယ်ငုတ်ခြင်း။အများအားဖြင့် အနာကို ခွဲခန်းသုံး ဓါးလေးဖြင့်သာ ခွဲထုတ်ပြီး ပြည်ကိုထုတ်နိုင်ပါသည်။ အကယ်၍ ပြည်တည်သည့် ပမာဏ ကြီးမားပါက လက်သည်းအစိတ်အပိုင်း အချို့ကိုပါ ထုံဆေးပေးခြင်း၊ ဖြတ်ထုတ်ခြင်း တို့ကို လိုအပ်သလို ကုသမှု့ ပေးပါလိမ့်မည်။ ထို့နောက် ပိုးသတ်ဆေး သောက်ဆေးပေးပြီး ဆေးထည့်ပုံထည့်နည်း သင်ပေးကာ အိမ်ပြန်နားခိုင်းပါလိမ့်မည်။Felon။ လက်ချောင်းထိပ် များတွင်သာ ပြည်တည်ခြင်းကြောင့် ယင်း ပြည်ဖုကို ခွဲကြောင်းပေးကာ ပြည်ကို ထုတ်ပြီး ကုသရပါမည်။ လိုအပ်ပါက ယင်းပြည်ဖု အထဲသို့ ရာဘာပိုက်အသေးလေး ထည့်ခြင်း သို့မဟုတ် ဂွမ်းစများ ထည့်ပြီး ပြည်စီးဆင်းမှု့ ကောင်းအောင် ပြုလုပ်ပေးပါလိမ့်မည်။ ထို့နောက် ပိုးကင်းစင်သော ရေဖြင့် အနာအတွင်းထိ ပြည်များ စင်နိုင်သမျှ စင်အောင် ဆေးကြောပါလိမ့်မည်။ ဤရောဂါ အခြေအနေတွင်မူ ပိုးသတ်ဆေး သေချာပေါက် လိုအပ်ပါလိမ့်မည်။ ထို့နောက် အိမ်တွင် ဆရာဝန်ညွှန်းကြားသည့်အတိုင်း အတိအကျလိုက်နာ၍ အနာဆေး ထည့်ရန် လိုအပ်ပါမည်။Herpetic whitlow။ acyclovir (Zovirax) တို့ ကဲ့သို့ ဗိုင်းရပ်သေဆေးများကို အသုံးပြုခြင်းဖြင့် ရောဂါဖြစ်ပွားမှု့ ကြာချိန်ကို လျော့ချနိုင်ပေလိမ့်မည်။ အနာသက်သာဆေးများ၊ အနာကျက်ဆေးများလည်း တစ်ခါတစ်ရံ လိုအပ်ပါမည်။ ဤရောဂါတွင်မှု အနာကို ဖွင့်ထုတ်လိုက်ခြင်းက အနာကျက်နှုန်းနှေးစေခြင်း၊ အခြားအစိတ် အပိုင်းနှင့် အခြားသူများကို ကူစက်နိုင်ခြင်း၊ ဘက်တီးရီးယားပိုးများပါ ကူးစက်စေပြီး ရောဂါကို ပိုဆိုးစေသဖြင့် အနာကိုမခွဲစိတ် သင့်ပါ။အရွတ်နှင့် အဆစ်များ ပိုးဝင်ရောင်ရမ်းခြင်း။ ဤရောဂါသည် အရေးပေါ် ခွဲစိတ်ရန် လိုအပ်သည့် ရောဂါဖြစ်ပြီး အချိန်မှိ ခွဲစိတ်ကုသမှု့ ခံယူရန်၊ ဆေးရုံတက်ရန်၊ ပိုးသတ်ဆေး ထိုးဆေးဖြင့် ကုသရန်လိုအပ်ပါမည်။ အနာကို ခွဲစိတ်ရာတွင် ပြည်များ၊ မကောင်းသော အသားစများကို ရှင်းလင်းရန် လိုအပ်ပြီး လက်၏ရှုပ်ထွေးသော အတွင်းသား ဖွဲ့စည်းပုံကြောင့် လိုအပ်ပါက လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှု့ အထူးကု ဆရာဝန်မှ ခွဲစိတ်ရန် လိုအပ်ပါသည်။ ခွဲစိတ်ပြီးပါကလည်း ပိုးသတ်ဆေး ထိုးဆေး၊ သောက်ဆေးများ ရက်ရှည် ထိုးရန်၊ သောက်ရန် လိုအပ်ပါမည်။လက်ချောင်း အတွင်းဆုံးလွာများထိ ပိုးဝင်ခြင်း။ အရွတ်နှင့် အဆစ်များ ပိုးဝင် ရောင်ရမ်းခြင်းကဲ့သို့ပင် အရေးပေါ်ကုသမှု့များလိုအပ်ပါသည်။ ပိုးသတ်ဆေး သောက်ဆေးများ ပေးရမည်ဖြစ်ပြီး ပို၍ိဆိုးသော အခြေအေနေတွင်မူ လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှု့ အထူးကုမှ ကုသမှု့ပေးပြီး ပိုးသတ်ဆေးကို ထိုးဆေးများ ပေးရန် လိုအပ်ပါမည်။လက်ချောင်းလေးများ ပိုးဝင်ခြင်းသည် ပိုမိုပြင်းထန်လာနိုင်သောကြောင့် မိမိဘာသာ အိမ်တွင် ကုသမှု့ပေးနေခြင်းကို သတိထားသင့်ပါသည်။ မပြင်း ထန်သော လက်စွယ်ငုတ်ခြင်းတွင်ပင် ဆီးချိုရောဂါ ကဲ့သို့ အခြားရောဂါများ မရှိမှသာ အိမ်တွင်းကုသမှု့ ပေးသင့်ပါသည်။ အခြားရောဂါ အခြေအနေများ အတွက်မှု ဆရာဝန်မှ အရေးပေါ် အခြေအနေ ဟုတ်မဟုတ်ခွဲခြားရန်လိုအပ်ပြီး အရေးပေါ်ကို အချိန်မှိ ကုသမှု့ မပေးနိုင်ပါက လက်ချောင်းလေးများ ဆုံးရှုံးရ ခြင်းနှင့် မသန်စွမ်းတော့ခြင်းများ ဖြစ်လာနိုင်ပါသည်။လက်စွယ်ငုတ်ခြင်းအတွက် သက်သာရန် ရေနွေးစိမ်ပေးခြင်းနှင့် လက်ကို မြောက်ထားခြင်း တို့ကို ပြုလုပ်ထားနိုင်ပြီး အနာသက်သာစေရန်နှင့် အနာနေ ရာကို ချောမွေ့စေရန် Epsom ဆားကို ရေဖျော၍ လက်ကိုစိမ် ပေးနိုင် သောလည်း ပိုးသတ်နိုင်ရန် အထောက်အကူ မပြုနိုင်ပါ။ပန်းသီးရှာလကာရည်ကို အသုံးပြုခြင်းကလည်း ဘက်တီးရီးယားပိုးနှင့် မှိုပိုးသေစေနိုင်သော အာနိသင် ရှိပြီး အိမ်တွင် အလွယ်တကူရရှိနိုင်သော အရည် ဖြစ်ပါသည်။ ဆရာဝန်နှင့် တွေ့ဆုံပြီးလည်း သင့်တော်သော အိမ်သုံး ဆေးဝါးများအတွက် အကူအညီ တောင်းခံနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/finger-injury-%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84/
Nicotine withdrawal (နီကိုတင်းဖြတ်ခြင်းကြောင့် ခံစားရသော လက္ခဏာများ)
· စိတ်တက်ကြွခြင်း။· စိတ်ဓါတ်ကျခြင်းကို သက်သာစေခြင်း။· စိတ်တိုလွယ်ခြင်းကို သက်သာစေခြင်း။· အာရုံစူးစိုက်မှုနှင့် ရေတိုမှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း။· နေလို့ထိုင်လို့ကောင်းခြင်း။· အစာစားချင်စိတ်လျော့နည်းခြင်း တို့ဖြစ်ပါတယ်။နီကိုတင်းဟာ အခြားအရက်၊ ကိုကင်း၊ မော်ဖင်းတို့လို စွဲလမ်းစေတတ်ပါတယ်။ဆေးရွက်ကြီးမှာ နီကိုတင်းအပြင် ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းပေါင်း၇၀ခန့် ပါဝင်ပါတယ်။ ဒီပစ္စည်းတွေကြောင့် ဆေးလိပ်နဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထိုရောဂါတွေကို ကာကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ နှစ်စဉ်ဆေးလိပ်သောက်သူ သန်းနဲ့ချီပြီး ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေကြပါတယ်။နီကိုတင်းဖြတ်ခြင်းကြောင့် ခံစားရသော လက္ခဏာများဟာ ဆေးလိပ်ဖြတ်ခြင်းကို ပိုပြီးခက်ခဲစေပါတယ်။ စွဲလမ်းစေတဲ့အရာတစ်ခုကို မသုံးတော့ဘဲ ရပ်တန့်လိုက်လျှင် ပေါ်လာတဲ့ အခံရခက်သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ဖြစ်ပါတယ်။နီကိုတင်းဖြတ်ခြင်းရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့။· နီကိုတင်းကို အပြင်းအထန်တောင့်တခြင်း။· ခြေလက်များ ထုံကျဉ်ခြင်း။· ချွေးထွက်ခြင်း။· ပျို့ခြင်း၊ ဗိုက်ရစ်နာခြင်း။· ခေါင်းကိုက်ခြင်း။· ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း။· အိပ်မပျော်ခြင်း။· အာရုံစူးစိုက်ရ ခက်ခဲခြင်း။· စိုးရိမ်ပူပန်ခြင်း။· စိတ်တိုလွယ်ခြင်း။· စိတ်ဓါတ်ကျခြင်း။· ကိုယ်အလေးချိန်တက်ခြင်း တို့ဖြစ်ပါတယ်။ဒီလက္ခဏာတွေဟာ နှစ်ရက်သုံးရက်အတွင်း အထွတ်အထိပ်ရောက်လာနိုင်ပြီး နှစ်ပတ်အတွင်း ပျောက်သွားတတ်ပါတယ်။ အချို့လူတွေကတော့ လအနည်းငယ်ထိ ခံစားရတတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နီကိုတင်းဖြတ်ပြီး ခံစားရတဲ့လက္ခဏာများအတွက် ကုသနည်းအမျိုးမျိုး ရှိပါတယ်။ အလွယ်တကူ ဝယ်ယူနိုင်တဲ့ နီကိုတင်းအစားထိုး ပီကေများ၊ ပလာစတာများ၊ ဆရာဝန်ဆေးစာနဲ့ဝယ်ရတဲ့ ရှူဆေးများ၊ နှာခေါင်းဖြန်းဆေးများဟာ သင့်ခန္ဓါကိုယ်ထဲက နီကိုတင်းပမာဏကို တဖြည်းဖြည်းချင်းလျှော့ချပြိး ရောဂါလက္ခဏာများကို သက်သာစေပါတယ်။Zyban, Chantix တို့ကဲ့သို့ နီကိုတင်းမပါသော ဆေးများ ညွှန်းခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။သင်ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေလျှင် အခြားဆေးလိပ်ဖြတ်ဖို့ကြိုးစားနေသူများဆိက အကူအညိရနိုင်ပါတယ်။ ဆေးလိပ်ဖြတ် အစီအစဉ် / ကူညီရေးအဖွဲ့တွင် ပါဝင်ခြင်းဖြင့် သင်အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။သင်ဘယ်လိုပဲလုပ်လုပ် ဆေးလိပ်ဖြတ်နေစဉ် တလျှောက်မှာ တချိန်ချိန်တော့ ဒီလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ သင်ဆေးလိပ်လုံးဝပြတ်ဖို့အတွက် ဒီလက္ခဏာတွေကြောင့်တော့ လက်မလျှော့လိုက်ပါနဲ့။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နီကိုတင်းဖြတ်ခြင်းကြောင့် ခံစားရသော လက္ခဏာများကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်း။နီကိုတင်းဟာ စိတ်ဓါတ်တက်ကြွစေတဲ့အတွက် သင်ဟာနေလို့ထိုင်လို့ကောင်းသယောင် ထင်နေပါလိမ့်မယ်။ ဆေးလိပ်မရှိလျှင် သင်ဟာ အတန်ငယ်စိတ်ဓါတ်ကျသလို ဖြစ်လာပါမယ်။ တစ်နေ့မိနစ်၃၀ခန့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သဘာဝအတိုင်း နေထိုင်ကောင်းစေတဲ့ အန်ဒေါ်ဖင်ဓါတ်များ ခန္ဓါကိုယ်အတွင်း ထွက်လာပြီး စိတ်ဓါတ်ကျခြင်း၊ နွမ်းနယ်ခြင်းတို့ကို ပျောက်စေပါတယ်။ အိပ်လို့လည်းပိုကောင်းစေပါတယ်။ အိပ်ခါနီးလေ့ကျင့်ခန်းမလုပ်လျှင်တော့ အကောင်းဆုံးပါ။ အိပ်ရာမဝင်ခင် သုံးလေးနာရီခန့် အနားယူချိန်ပေးပါ။အိပ်စက်အနားယူခြင်း။နီကိုတင်းစွဲလန်းခြင်းက ရုန်းထွက်ဖို့ ခန္ဓါကိုယ်မှာ အပြောင်းအလဲအများကြီး ဖြစ်နေပါတယ်။ ဆေးလိပ်ဖြတ်နေစဉ် အလွန်ပင်ပန်းနွမ်းနယ်နေတာ ပုံမှန်ဖြစ်ပါတယ်။ နေ့လယ်ခင်း တရေးတမောအိပ်ပါ။ သို့မဟုတ် စောစောအိပ်ရာဝင်ပါ။ သင်အိပ်ပျော်နေစဉ် သင့်ခန္ခါကိုယ်က အဆိပ်အတောက်ဖြေတဲ့ လုပ်ငန်းများလုပ်နေပါတယ်။စိတ်အပြောင်းအလဲဖြစ်စေခြင်း။အချို့လူတွေဟာ နီကိုတင်းကို တောင့်တမှုကို အစာစားခြင်းနဲ့ အစားထိုးဖြေဖျောက်ကြလို့ ကိုယ်အလေးချိန်တက်လာပါတယ်။ ဝမှာကြောက်ပြီး ဆေးလိပ်ဖြတ်ဖို့ အချိန်ဆွဲနေသူများလည်း ရှိပါတယ်။ ဆေးလိပ်ကို တောင့်တလာလျှင် အစားအစာမဟုတ်တဲ့ အခြားအာရုံပြောင်းစရာကို ရှာပါ။ ဂိမ်းဆော့ခြင်း၊ အင်တာနက်ကြည့်ခြင်း၊ လမ်းလျှောက်ထွက်ခြင်းတို့ လုပ်ကြည့်နိုင်ပါတယ်။ သင့်စိတ်ရဲ့ ဖြားယောင်းမှုကို ရှောင်နိုင်ပြီး အခြားစိတ်ကူးများနဲ့ အလုပ်များနေစေရန် ရည်ရွယ်ပါတယ်။ဆေးလိပ်ကင်းစင်သောဘဝကို ထူထောင်ခြင်း။သင့်မိတ်ဆွေနှင့် မိသားစုများကို သင့်ရဲ့ဘဝနေထိုင်မှုပုံစံ အသစ်ကို လေးစားသောအားဖြင့် သင့်အနားမှာ ဆေးလိပ်မသောက်ရန် ပြောပါ။ သင့်အိမ်၊ သင့်ကားထဲမှာမဟုတ်ဘဲ အပြင်မှာသွားသောက်ဖို့ တောင်းဆိုပါ။စိတ်ဖိစီးမှုကိုဖြေရှင်းခြင်း။စိတ်ဖိစီးလာတဲ့အချိန် ဆေးလိပ်ကို အဖော်ပြုတယ်ဆိုတာ အတိတ်မှာကျန်ခဲ့ပါပြီ။ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ပိုမိုကျန်းမာသော နည်းလမ်းများနဲ့ ဖြေရှင်းဖို့ အချိန်တန်ပါပြီ။ လမ်းလျှောက်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ဥယျာဉ်ခြံစိုက်ခြင်းစတဲ့ ကိုယ်လက်လှုပ်ရှားမှုများဟာ နီကိုတင်းတောင့်တခြင်းကို စိတ်မရောက်စေဘဲ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်း၊ တရားထိုင်ခြင်းဟာ သင့်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို အပြုသဘောနည်းလမ်းနဲ့ ဖြေဖျောက်နိုင်စေပါတယ်။ သင့်အတွက်နည်းလမ်းကောင်းကို တွေ့ထားပြီးလျှင် စိတ်တိုတိုင်း ထိုသို့လုပ်ဖို့ မမေ့ပါနှင့်။ယုံကြည်ရသူနှင့် ဆက်သွယ်ခြင်း။သင့်ရဲ့ နီကိုတင်းဖြတ်ခြင်းကြောင့် ခံစားရသည့် လက္ခဏာများကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ သင်ပေးနေတဲ့ ဆင်ခြေတွေကိုလည်း ပြောပြပါ။ ဆေးလိပ်တစ်လိပ်နဲ့တော့ ဘာမှမဖြစ်လောက်ပါဘူး။ ဆေးလိပ်ကို အရမ်းတောင့်တနေလို့ ဒီတစ်လိပ်တော့ သောက်လိုက်မယ်။ စသဖြင့်။သင့်မိတ်ဆွေက ဆေးလိပ်ဖြတ်စီမံကိန်းကို ပျက်စီးစေမယ့် သင့်လုပ်ပုံကိုင်ပုံတွေကို ထောက်ပြပြီး ဆေးလိပ်သောက်ချင်စိတ်ကို ကျော်လွှားဖို့ ကူညီအားပေးပါလိမ့်မယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/nicotine-withdrawal-%e1%80%94%e1%80%ae%e1%80%80%e1%80%ad%e1%80%af%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be/
အသည်းရောင်အသားဝါရောဂါနှင့် စိတ်အားငယ်ခြင်းကိုအားပေးခြင်း
အသည်းရောင်အသားဝါရောဂါဖြစ်ခြင်းသည် ဘဝတွင် အခက်ခဲဆုံးသောတွေ့ကြုံမှုဖြစ်ပါတယ်။ သင်မထမဆုံးရင် ဆိုင်ကြုံတွေ့ရမှာကတော့ စိတ်အလိုမကျခြင်းဖြစ်ပါတယ်။ ၎င်းကိုကျော်လွှား ရန်ခက်ခဲသော်လည်း မိမိစိတ်ကိုထိန်း ချုပ်ရန်နှင့်မကောင်းသောအတွေးများမတွေးရန်ကြိုးစား သင့်ပါတယ်။ အခက်အခဲများကိုသင်ရင်ဆိုင်ကျော်လွှား နိုင်ရန်သတင်းအချက်အလက်အချို့ကိုအောက် တွင်ဖော်ပြထားပါတယ်။သင့်တွင်အသည်းရောင်အသားဝါရောဂါရှိမှန်းသိသောအခါ နောက်ဆက်တွဲစိတ်မတည်ငြိမ်ခြင်းများ(စိတ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အကာအကွယ်မဲ့ခြင်း) ကိုခံစားရနိုင်ပါတယ်။ စိတ်မတည် ငြိမ်ခြင်းကိုကိုင်တွယ်ရသည်မှာသိပ်တော့မလွယ်ကူလှပါဘူး။ မိသားစုနှင့် သူငယ်ချင်းဖေးမမှုများလိုအပ်သလို အခက်အခဲ များကိုကျော်လွှားရန် အဓိကအကြောင်းရင်းမှာသင်ကိုယ် တိုင်ပင်ဖြစ်ပါတယ်။ခန္ဓါကိုယ်ကျန်းမာပြီး အားအင်ပြည့်ဝနေသောအခါ သင့်၏ စိတ်သည်လည်းပို၍ရွှင်လန်းနေမှာပါ။ အားကစားလုပ်ခြင်း၊ အာဟာရရှိသောအစာစားခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း များသည်သင်၏ခန္ဓါကိုယ်ကျန်းမာလှပစေဖို့အခြေခံလိုအပ် သောနည်းလမ်းများဖြစ်ပြီး စိတ်အလိုမကျမှုများကိုပို၍ခံနိုင် ရည်ရှိလာပါလိမ့်မည်။ မကျန်းမာစေသောအလေ့အထများ (ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်ခြင်း၊ ဆရာဝန်မညွှန်ကြားဘဲဆေးသောက်ခြင်း) ကိုရှောင်ကြဉ်ရန် မမေ့ပါနှင့်။သင့်ရောဂါအကြောင်းပို၍သိလာလေ၊ သင်ခံစားနေရသော စိတ်ဖိစီးမှုများလျော့နည်းလာလေဖြစ်မည်။ အဘယ်ကြောင့် ဆိုသော် ရောဂါနှင့်ပတ်သက်၍ဗဟုသုတရှိလျှင် သင့်ကျန်း မာရေးပိုမိုကောင်းမွန်ရန် ဘာလုပ်ရမည်ကိုသိလာသော ကြောင့်ဖြစ်သည်။ ထို့ပြင်သင့်ရောဂါကြောင့်ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကိုကိုင်တွယ်နိုင်ရန်ကူညီပါလိမ့် မည်။သင်ကြိုက်သောအရာများ၊ ဝါသနာများပြုလုပ်ခြင်းသည် သင့်ကိုကောင်းမွန်လာစေနိုင်ပါတယ်။ နာကျင်မှုနှင့်မ ကောင်းသောစိတ်ခံစားမှုများပေါ်တွင်အာရုံစိုက်နေလျှင် သင်နှစ်သက်သောအရာများကိုမလုပ်နိုင်တော့ပါဘူး။ ဒါကြောင့်အိမ်မှာဘဲနေပြီး ရောဂါအကြောင်းစဉ်းစားနေတာ မျိုးမလုပ်ပါနှင့်။ သီချင်းနားထောင်ခြင်းသည်လည်းစိတ်ပျော် ရွှင်မှုတချို့ပေးနိုင်ပါတယ်။ သင်နှစ်သက်သောသီချင်း သို့ တခါမျှနားမထောင်ဖူးသောသီချင်းအသစ်များနှင့် နေ့ရက်ကို စတင်လိုက်ပါ။သဘာဝအသံများ(ရေလှိုင်းသံ၊ သစ်ရွက်လှုပ်သံနှင့် စမ်းချောင်းအသံ) သည်လည်းသင်၏ စိတ်အာရုံကိုကြည်လင်စေနိုင်မှာပါ။ ဖန်တီးမှုများ(ဥပမာ- ပန်းချီဆွဲခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ တူရိယာတီးခြင်း၊ ချက်ပြုတ်ခြင်း) ပြုလုပ်ခြင်းသည်လည်းသင့်စိတ်ကိုအေး ချမ်းတည်ငြိမ်စေမှာပါ။ သဘာဝအလှများကိုခံစားခြင်း (ခရီးတိုသွားခြင်း၊ ကမ်းခြေသွားခြင်း၊ တောင်တက်ခြင်း) သည်အကောင်းဆုံးအရာဖြစ်ပါတယ်။ အကယ်၍သင့်တွင် အချိန်မရလျှင်ပန်းခြံသို့သွားပြီးလမ်းလျှောက်ခြင်းဖြင့်ပျော် ရွှင်ခံစားနိုင်ပါတယ်။အထက်တွင်ဖော်ပြထားသကဲ့သို့ခက်ခဲသောအချိန်များကို သင်တစ်ယောက်တည်းကျော်ဖြတ်ရန်မှာခက်ခဲလှပါတယ်။ မိသားစုသည်သင့်အတွက်အကြီးမားဆုံးခွန်အားဖြစ်သည်ကို သတိရပါ။ ယနေ့ခေတ်တွင်တစ်ယောက်တည်းတသီးတခြား ဖြစ်ရန်လွယ်ကူလှပါတယ်။ သို့သော်လည်းသင့်တွင်အသည်း ရောင်အသားဝါရောဂါရှိလျှင်တော့တစ်ယောက်တည်း မနေသင့်ပါဘူး။ ဆွေမျိုးသားချင်းသူငယ်ချင်းများနှင့် စကားပြောရင်းအချိန်ကုန်ခြင်းဖြင့် ပို၍ရင်းနှီးလာပြီးသူတို့၏ ဖေးမမှုများကိုရရှိလာနိုင်ပါတယ်။စိတ်အလိုမကျမှုများကိုကျော်လွှားနိုင်ရန်အချိန်လိုအပ်ပါလိမ့် မည်။ သို့သော်လည်းသင်တစ်ယောက်တည်းအခက်အခဲများ ကို မဖြေရှင်းနိုင်တာကိုသတိရပါ။ သင့်ဘေးနားတွင်ရှိသော လူများနှင့်တိုင်ပင်ပါ။ အခက်အခဲများကိုသင်လွယ်လွယ်လေး ကျော်ဖြတ်နိုင်မှာပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%9d%e1%80%ab%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%94/
Laparoscopic Gastric Bypass (Laparoscopic gastric bypass ဆိုတာ ဘာလဲ)
Gastric bypass ကသင့်ကိုတစ်သက်စာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ Gastric bypass ကို Roux-en-Y လို့လည်းခေါ်ပြီး အဲဒီခွဲစိတ်မှုမှာ သင့်ရဲ့အစာအိမ်ကို အိတ်အသေးလေးဖြစ်သွားအော င်ကျန်ရှိနေတဲ့အစာအိမ်နဲ့ အူမကြီးတွေကိုရှောင်ပြီးညှပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။ဒီလိုလုပ်ခြင်းက အစားစားတဲ့အခါ စောစောဗိုက်ပြည့်စေခြင်းဖြင့် အစားနည်းစေတဲ့အပြင် သင့်ရဲ့အစာထဲက တချို့ကယ်လိုရီတွေနဲ့အာဟာရတွေကို စုပ်ယူခြင်းမှ ကာကွယ်ပါတယ်။ ဒီခွဲစိတ်မှုအောင်မြင်ခြင်းက စားသောက်မှုအစီအစဉ်အသစ်နဲ့ လေ့ကျင့်ခန်းတွေအပေါ်မှာလည်း မူတည်ပါတယ်။တကယ်လို့သင့်ရဲ့ BMI က၄၀ ကျော်နေရင်ဒီခွဲစိတ်မှုက တစ်သက်တာကိုယ်အလေးချိန်ကျစေပါတယ်။ တကယ်လို့သင့်ရဲ့ BMI က၃၅ ကျော်နေတာပဲ ဖြစ်ဖြစ်၊သင့်မှာဆီးချို type 2 ရှိနေတာပဲဖြစ်ဖြစ် သင့်ကို ဒီခွဲစိတ်မှုကကူညီပါလိမ့်မယ်။သင့်ရဲ့ BMI နဲ့တခြားသော စစ်ဆေးမှုတွေအပေါ် မူတည်ပြီး ဒီခွဲစိတ်မှုကသင့်အတွက်သင့်တော်မှုရှိ၊ မရှိဆုံးဖြတ်မှာဖြစ်ပါတယ်။သင့်အနေနဲ့ ခွဲစိတ်မှုအပြီး တစ်သက်တာကိုယ်အလေးချိန်ကျနိုင်တယ်ဆိုပေမယ့် ဒါကလည်း သင့်ရဲ့နေထိုင်မှုပုံစံအသစ်အပေါ်လည်း။မူတည်ပါသေးတယ်။တစ်သက်တာကိုယ်အလေးချိန်ကျခြင်းကသင့်မှာရှိတဲ့အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကိုသက်သာလာစေမှာပါ။ခွဲစိတ်မှုတွေတိုင်းမှာ စွန့်စားမှုတွေရှိတဲ့အတွက် သင့်ရဲ့ဆရာဝန်ကို ဒီခွဲစိတ်မှုကြောင့် ဘာဆိုးကျိုးတွေရှိမလဲဆိုတာ ရှင်းပြခိုင်းပါ။ခွဲစိတ်မှုတိုင်းရဲ့ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေက အတွင်းပိုင်းသွေးထွက်လွန်ခြင်းနဲ့ သွေးခဲခြင်းတို့ပဲ ဖြစ်ပါတယ်။Laparoscopic gastric bypass ခွဲစိတ်မှုကြောင့် အောက်ပါရှုပ်ထွေးမှုလေးတွေဖြစ်နိုင်ပါတယ်။• သင့်ရဲ့အူမကြီး၊ ဆီးအိမ်၊ သွေးကြောစတဲ့ အစိတ်အပိုင်းတွေထိခိုက်ခြင်း။• အရေပြားတစ်သျှူးအောက် လေခိုခြင်း။• ခွဲစိတ်ရာတစ်ဝိုက်အူကျခင်း။• ညှပ်ချုပ်ရာသွေးယိုခြင်း။• ဆက်ထားသောနေရာမှအရည်ယိုခြင်း။• ဝမ်းဗိုက်အတွင်းအူကျခြင်း။ဒါ့အပြင် အောက်ပါနာတာရှည်ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။• အူမကြီးရဲ့ အလေ့အကျင့်ပြောင်းလဲသွားခြင်း၊ဝမ်းချုပ်ခြင်း။• အာဟာရမလုံလောက်ခြင်း။• ခွဲစိတ်ရာမှာပြည်တည်ခြင်း။• ကျောက်တည်ခြင်း။ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေ ါ်မူတည်ပါတယ်။ခွဲစိတ်မှုကိုမေ့ဆေးပေးပြီး နှစ်နာရီကနေ လေးနာရီအထိ လုပ်ဆောင်ကြပါတယ်။ ခွဲစိတ်ဆရာဝန်က သင့်ရဲ့ဗိုက်ကိုခွဲရာ အများအပြားပေးပြီး မှန်ပြောင်းလိုမျိုး ခွဲစိတ်ခြင်းသုံးကိရိယာတွေထည့်ပြီး သင့်ရဲ့ဝမ်းဗိုက်အတွင်းကြည့်ကာ ခွဲစိတ်မှု ပြုလုပ်ပါလိမ့်မယ်။ခွဲစိတ်ဆရာဝန်က သင့်ရဲ့အစာအိမ်နောက်မှာ ခွဲစိတ်ခန်းသုံးညှပ်စက်ထည့်ဖို့ လှိုဏ်ခေါင်းလေးဖောက်ပြီး သင့်အစာအိမ်ကို ညှပ်စက်နဲ့ညှပ်ကာ အစာအိမ် အိတ်အသေးလေးတစ်ခု ဖြစ်သွားစေပါတယ်။ခွဲစိတ်ဆရာဝန်ကပဲ သင့်အစာအိမ်အောက်က အူကိုပိုင်းဖြတ်ပါလိမ့်မယ်။ ပိုင်းဖြတ်လိုက်တဲ့အူရဲ့အောက်ပိုင်းအဆုံးကို သင့်ရဲ့အစာအိမ်အိတ်အသစ်လေးမှာ တပ်လိုက်ပါမယ်။အဲဒီအခါမှာ အစာအိမ်အသစ်လေးထဲမှာ ပါဝင်တာတွေက သင့်ရဲ့ကျန်ရှိနေတဲ့ အစာအိမ်နဲ့ ပထမအူအစိတ်အပိုင်းကို ရှောင်သွားပါလိမ့်မယ်။သင့်မှာမေခွန်းတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ခွဲစိတ်ပြီးနောက်နေ့မှာ သင်အိမ်ပြန်နိုင်ပါပြီ။ သီတင်းပတ်အနည်းငယ်မှာ သင်အရည်တစ်မျိုးပဲ သောက်လို့ရပြီး တဖြည်းဖြည်း ပျော့တဲ့အစာတွေစားလာနိုင်ပါမယ်။ခွဲစိတ်ပြီးခြောက်ပတ်ကနေ ရှစ်ပတ် ကြာရင်တော့ ပုံမှန်အစာတွေ ပြန်စားနိုင်ပါပြီ။သင့်အနေနဲ့ခွဲစိတ်ပြီး နှစ်ပတ်ကနေ လေးပတ်အကြာမှာ သင့်ရဲ့ခွဲစိတ်မှုနဲ့ သင့်ရဲ့အလုပ်အပေါ်မူတည်ပြီး အလုပ်ပြန်သွားနိုင်ပါပြီ။လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက သင့်ရဲ့ ပုံမှန်လှုပ်ရှားမှုတွေဆီ မြန်မြန်ပြန်ရောက်စေပါလိမ့်မယ်။ သင် လေ့ကျင့်ခန်းမလုပ်ခင် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။ပျမ်းမျှအားဖြင့် ဒီခွဲစိတ်မှုပြုလုပ်ပြီး သူတိုင်းသူတို့ရဲ့အဆီပိုတစ်ဝက်ကျော်ကျော်ကျသွားပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/laparoscopic-gastric-bypass-laparoscopic-gastric-bypass-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%b2/
မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး
အနံ့လေးမွှေးပြီး အရောင်အသွေးက ပြောစရာမရှိအောင် ချစ်ဖို့ကောင်းတဲ့ မက်မွန်သီးလေးက အဆင်းလှရုံတင်မဟုတ်ဘဲ အချင်းနဲ့ပါပြည့်စုံတာပါ။ သဘာဝတရားကပေးစွမ်းတဲ့အရာတွေတိုင်းက လူတွေကို တစ်ဖက်တစ်လမ်းကတော့ အကျိုးပြု စမြဲပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်က ဝူခုန်းကားထဲကနေတဆင့် ရင်းနှီးခဲ့တဲ့ မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး တွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်လား။မက်မွန်သီးဆိုတာက အပေါ်ခွံမှာ အမွေးပွပွလေးတွေပါတဲ့ ပန်းရောင်၊ အနီရောင်နဲ့ အဝါရောင်ရောစပ်ထားတဲ့အခွံရှိတဲ့အသီးပါ။ အသားက အဝါရောင်ရှိပြီး အသီးရဲ့ အလယ်မှာ အစေ့ခပ်ရွယ်ရွယ်တစ်စေ့ပဲ ပါတတ်ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အနံ့မွှေးပြီး စားရတဲ့ အရသာကလည်း ချိုပါတယ်။ အဖန်အရသာအနည်းငယ်ပါတာမျိုးလည်း ရှိပါတယ်။မက်မွန်သီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြားအကျိုးပြုဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ မက်မွန်သီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်။မက်မွန်သီးက ခန္ဓာကိုယ်အတွက် ဒီလိုအကျိုးပြုပါတယ်။အစာခြေစနစ်ကျန်းမာစေနိုင်တယ်။မက်မွန်သီးမှာ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာတွေကို ကြေညက်စေနိုင်သလိုအူနံရံကို အာဟာရဓာတ်တွေ စုပ်ယူနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဝမ်းမမှန်တာနဲ့အစာခြေစနစ်ပြဿနာတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။အူမကြီးကို ကျန်းမာစေနိုင်တဲ့ သစ်သီးလေးတစ်မျိုးပေါ့။နှလုံးကျန်းမာစေနိုင်တယ်။တစ်နေ့ကို မက်မွန်သီးတစ်လုံးစားပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်နေတာပါပဲ။ မက်မွန်သီးမှာ နှလုံးကျန်းမာစေတဲ့ ဓာတ်တွေများစွာပါဝင်နေပါတယ်။မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုတင် နည်းစေတာမဟုတ်ပါဘူး။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရော မြင့်တက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာချင်တယ်ဆိုရင်တော့ မက်မွန်သီးလေးက အဆင်ပြေစေမှာပါ။အသားအရေကို ကျန်းမာစေနိုင်တယ်။မက်မွန်သီးကအရေပြားကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မက်မွန်သီးမှာပါတဲ့ ဒြပ်ပေါင်းက အရေပြားကို အစိုဓာတ်ထိန်းပေးပြိး အသားအရေကို တင်းရင်းစေနိုင်သလို အရေပြားပြဿနာကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။ အသားအရေကိုခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ကင်ဆာကာကွယ်ပေးတယ်။မက်မွန်သီးကလည်း အခြားအသီးတွေလိုပဲ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဒြပ်ပေါင်းများစွာပါဝင်နေသလို ကင်ဆာတိုက်ဖျက်နိုင် တဲ့ ပရိုတင်းလည်း ပါဝင်နေပါတယ်။မက်မွန်သီးရဲ့ အသားလွှာမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ကာရိုတီးနွိုက် နဲ့ caffeic အက်ဆစ်တို့ပါဝင်နေပါတယ်။ လေ့လာမှုတစ်ရပ်အရလေဒီလေးတွေအနေနဲ့ တစ်နေ့ကို မက်မွန်သီး ၂ လုံးပုံမှန်စားပေးတာကရင်သားကင်ဆာဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိလျော့ကျစေနိုင်ပါတယ်တဲ့။ဓာတ်မတည့်မှုကို သက်သာလျော့ပါးစေနိုင်တယ်။ခန္ဓာကိုယ်က ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က histamines လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပါတယ်။ ဒီလိုထုတ်လွှတ်ခုခံတဲ့အခါ ခန္ဓာကိုယ်က နှာချေတာ၊ ယားယံတာနဲ့ချောင်းဆိုးတာလိုမျိုး ဓာတ်မတည့်မှုလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။လေ့လာမှုတွေအရကတော့ မက်မွန်သီးက ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဓာတ်မတည့်ဖြစ်တတ်သူလေးတွေအနေနဲ့ မက်မွန်သီးက စားပေးသင့်တဲ့ အသီးတစ်မျိုးပေါ့။အနာကျက်စေနိုင်တယ်။နူးညံ့ပြီး စားကောင်းတဲ့ မက်မွန်သီးမှာဗီတာမင် Cက ၁၅ ရာခိုင်နှုန်းပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်သလိုအနာတွေကိုလည်း မြန်မြန်ကျက်စေနိုင်ပါတယ်။ ဆဲလ်တွေထိခိုက် ပျက်စီးမှုမရှိအောင် ကာကွယ်ပေး ပါတယ်။အမြင်အာရုံကောင်းစေနိုင်တယ်။မက်မွန်သီးမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ မက်မွန်သီးကို စားလိုက်တဲ့အခါ ဒီဓာတ်က ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် A အဖြစ်ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။ မက်မွန်သီးက အမြင်အာရုံတင်မဟုတ်ဘဲ ကိုယ်ခံအားစနစ်အပါအဝင် ခန္ဓာကိုယ်ကို အများကြီး အထောက်အပံ့ပေးပါတယ်။ဆီးချိုသမားတွေနဲ့ သင့်တော်တယ်။လေ့လာမှုတွေအရ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ပြောချင်တာကတော့ မက်မွန်သီးစားတာက အမျိုးအစား ၁ ဆီးချိုသမားတွေမှာရော အမျိုးအစား ၂ ဆီးချိုသမာတွေမှာပါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်ပါတယ်။မက်မွန်သီးက ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် အလွန်အကျွံ မစားဖို့တော့ လိုပါမယ်။ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-eating-peach/
ဝိတ်ချ တဲ့အခါ အထိမိဆုံး အစားအသောက်အတွဲအစပ် (၁၀) မျိုး
ပိန်ချင်လို့၊ ကျစ်ချင်လို့ အစားလျှော့စားတယ်၊ planတွေလိုက်လုပ်တယ်၊လေ့ကျင့်ခန်းတွေလုပ်တယ်၊ Diet planတွေအသင့်လုပ်ပြီးသား ဝယ်စားတယ်။ ဘယ်နည်းကိုပဲဖြစ်ဖြစ် သေချာကြိုးစားမယ်ဆို ကိုယ်အလေးချိန်က ကျကိုကျပါတယ်။ ဒါပေမယ့် Diet လုပ်နေရင်းနဲ့ ဝိတ်ကျပိုမြန်စေမယ့်၊ ပိုထိရောက်စေမယ့်အတွဲအစပ်တွေနဲ့စားမယ်ဆိုရင် အိုကေပဲပေါ့။ ဘယ်လိုအကျိုးရှိလဲဆိုတော့ ဒီအတွဲအစပ်တွေက ကိုယ့်ကို ပိုအဆာခံစေလိမ့်မယ်၊ အစားရှောင်ရပေမယ့် အာဟာရပြည့်နေစေလိမ့်မယ်၊ အဆီနဲ့ကယ်လိုရီ ပိုလောင်ကျွမ်းစေလိမ့်မယ်ဆိုတာမျိုးတွေ။တော်တော်များများက လူသိများတဲ့ diet planတွေမှာ ပါတတ်တဲ့အတွဲအစပ်တွေပါ။(၁) ထောပတ်သီးနဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေ။ဘိုဆန်တယ်ပဲပြောပြော အစိမ်းရောင်အသီးအရွက်တွေနဲ့ထောပတ်သီးလေးတွေကို မာရိုးနစ်နည်းနည်းနဲ့ saladပြင်ဆင်တာက တကယ်အဆင်ပြေတဲ့အတွဲအဖက်ပါ။မြန်မာလိုပဲစားမယ်ဆို ဟင်းနုနွယ်၊ ကိုက်လံတို့ကို ဆီမပါတပါလေးကြော်ပြီးစား၊ထောပတ်သီးကို အချိုတည်းလို့ရပါတယ်။ အစိမ်းရင့်ရောင်အရွက်တွေက ကယ်လိုရီနည်းပြီး အာဟာရဓာတ်ကြွယ်ဝတယ်။ထောပတ်သီးက အကျိုးပြုအဆီတွေပါဝင်ပြီး အဆာခံစေတယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတယ်ဆိုတော့ တွဲဖက်လို့အကောင်းဆုံးပါ။(၂) ကြက်သားနဲ့ ငရုတ်တောင့်ရှည်။အဆီချ Diet plan တွေမှာ ကြက်ရင်အုံသားကို သိပ်အသုံးများပါတယ်။ ကြက်ရင်အုံသားတစ်တုံးမှာ ပရိုတင်း ၂၇ ဂရမ်အထိပါဝင်ပြီး ကယ်လိုရီ ၁၅၀ ထက်နည်းပါတယ်။ ပရိုတင်းက အစာခြေဖျက်ဖို့အချိန်ပိုကြာပြီးတော်တော်နဲ့မဆာတော့ပါဘူး။ ကြက်ရင်အုံသားကို ကင်/ပြုတ်ပြီး ငရုတ်သီးအနည်းငယ်ပါတဲ့ဆော့စ်နဲ့စားတာက ကယ်လိုရီလောင်ကျွမ်းမှုပိုမြန်စေပြီး အဆာလည်းခံပါလိမ့်မယ်။(၃) အုတ်ဂျုံနဲ့သစ်ကြားသီး။အုတ်ဂျုံရဲ့အမျှင်ဓာတ်က အစောခြေဖျက်မှုကိုနှေးစေပြီး အစာအိမ်ထဲမှာနေရာယူထားပေးပါလိမ့်မယ်။ ရေနွေးပန်းကန်လုံးတစ်လုံးစာမှာ အမျှင်ဓာတ် ၄ ဂရမ်ပါတဲ့ အုတ်ဂျုံဟာ အစားလျှော့တဲ့နေရာမှာ အကောင်းဆုံးအမျှင်ဓာတ်အရင်းအမြစ်ပါပဲ။ အဲဒီထဲကို သစ်ကြားသီးသုံးလုံးလောက်ထည့်စားရင် ပရိုတင်းနဲ့ အကျိုးပြုအဆီဓာတ်ပါ ရနိုင်ပြီပေါ့။(၄) ကြက်ဥ၊ ပဲလွန်း(ပဲနီ)နဲ့ငရုတ်ကောင်း။ပရိုတင်းပြည့်တဲ့ အာဟာရနဲ့ တစ်နေ့တာကိုစတင်လိုက်ပါ။ ကြက်ဥပါတဲ့မနက်စာကို စားသုံးခဲ့တဲ့သူတွေဟာ ကျန်တဲ့တစ်နေ့လုံးစာမှာ တခြားသူတွေထက် အစားပိုနည်းကြတယ်လို့လေ့လာမှုတွေက ဆိုပါတယ်။ ပဲလွန်းနီကိုပြုတ်ပြီး ကြက်ဥပြုတ်လေးနဲ့ ပူပူလေးကိုမှ ငရုတ်ကောင်းလေး၊ဆားလေးဖြူးပြီးစားကြည့်။ ဒီထဲကအမျှင်ဓာတ်ရော၊ပရိုတင်းရောဆို တစ်နေ့လုံး diet လုပ်လို့ရပြီ။(၅) ပဲနဲ့အသီးအရွက် ဟင်းချို။နေ့လယ်စာကို အရိုးပြုတ်ရည်နဲ့တည်တဲ့ အသီးအရွက်စွပ်ပြုတ် သို့မဟုတ် ဟင်းရည်တစ်ခွက်စားလို့ရပါတယ်။ အချိုအငန်အရသာ သိပ်မလေးဖို့ သတိထားပါ။ သုတေသနအရ ဒီလိုဟင်းရည်ကိုသောက်တဲ့သူတွေက အာဟာရလည်းပြည့်ပြီး ကယ်လိုရီစားသုံးမှုလျော့သွားတယ်လို့ ဆိုပါတယ်။မြန်မာလိုဆို ပဲဟင်းချိုပေါ့၊ အရွက်လေး၊ အသီးလေးခတ်လိုက်ပါ။(၆) အသားကင် နဲ့ပန်းဂေါ်ဖီစိမ်း။ဂျင်မ်သွားရတာပင်ပန်းနေပြီလား။ ဝိတ်မတက်ဘဲ အားပြန်ပြည့်အောင် ကူညီပေးမှာက ပရိုတင်းပါ။ အမဲသားက ပရိုတင်းနဲ့ သံဓာတ်အတွက် အကောင်းဆုံးအရင်းအမြစ်ဆိုပေမယ့် အမဲသားမစားရင်၊ ဝက်သား၊ ဆိတ်သား သို့မဟုတ် ကြက်သားကင်/ စတိခ် နဲ့ ပန်းဂေါ်ဖီစိမ်းကို တွဲဖက်စားလို့ရပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှုအားကောင်းအောင်ကူညီပေးနိုင်လို့ပါပဲ။ ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံးတစ်ဝက်စာကနေ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏရဲ့ ၆၅ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။(၇) လက်ဖက်စိမ်းနဲ့ သံပရိုသီး။တစ်ခုခုသောက်ချင်တယ်ဆို လက်ဖက်စိမ်းရည်သောက်ပေးရင် သူ့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းcatechinsကြောင့် ကယ်လိုရီနဲ့အဆီ ပိုလောင်ကျွမ်းစေနိုင်ပါတယ်။ လက်ဖက်စိမ်း တစ်နေ့ ၄ ခွက်သောက်ရင် ဝိတ်ရောသွေးတိုးပါကျစေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်။ အဲဒီထဲမှာ သံပရိုသီးတစ်စိတ်လောက်ညှစ်ထည့်လိုက်ရင်တော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ခန္ဓာကိုယ်က တိုက်ဖျက်နိုင်ဖို့ကူညီပေးပါတယ်တဲ့။(၈) ဆယ်လ်မွန်ငါးနဲ့ ကန်စွန်းဥ။ငါးစားရင် ဉာဏ်ကောင်းတယ်လို့ပြောကြပေမယ့် အဆီချတဲ့နေရာမှာလည်း အကျိုးရှိစေပါတယ်နော်။ ငါးကရတဲ့omega-3 အကျိုးပြုအဆီတွေကြောင့် ခန္ဓာကိုယ်အဆီတွေကျစေနိုင်ပြီး ဆယ်လ်မွန်ငါးကတော့ ထိပ်တန်းပေါ့။ ဒါ့ကြောင်းဈေးကြီးပေးရတဲ့ diet planတွေမှာ ဆယ်လ်မွန်ငါးကိုထည့်ပြီးစီစဉ်ပေးတာတွေ့ရမှာပါ။ ဆယ်လမွန် ၃အောင်စမှာ ပရိုတင်း ၁၇ ဂရမ်ပါဝင်ပါတယ်နော်။ ဆယ်လ်မွန်ကို ကန်စွန်းဥမီးဖုတ်နဲ့ စားမယ်ဆို အလိုက်ဖက်ဆုံးပါ။ ၅ လက်မလောက်ရှိတဲ့ကန်စွန်းဥတစ်လုံးမှာ အမျှင်ဓာတ် ၄ ဂရမ်နဲ့ ၁၁၂ ကယ်လိုရီလောက်ပါဝင်ပါတယ်။(၉) ဒိန်ချဉ်နဲ့ ဘယ်ရီသီး။အဆီချကာလအတွင်း ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီတွေရရှိတဲ့သူတွေက တခြားသူတွေထက် ပိုအဆီကျတယ်လို့လေ့လာတွေ့ရှိထားပါတယ်။ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တစ်ခွက်မှာ တစ်နေ့တာလိုအပ်တဲ့ ကယ်လ်စီယမ် ၃၅ ရာခိုင်နှုန်းပါဝင်နိုင်ပြီး ဘယ်ရီသီးတစ်ဆုပ်စာလောက်ထည့်စားရင်အမျှင်ဓာတ်ရော၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါရရှိနိုင်မှာပါ။ ညစာအတွက် ပိုအဆင်ပြေပါတယ်။(၁၀) ပီစတာချီအို နဲ့ပန်းသီး။ရင်ကွဲသီး လို့ တချို့က ခေါ်တဲ့ ပီစတာချီအို (pistachios) ဟာ ကယ်လိုရီအနည်းဆုံး အခွံမာသီးနဲ့ အစေ့အဆန်အမျိုးအစားထဲမှာပါဝင်ပါတယ်။ Diet လုပ်နေရလို့ ဆာလောင်တဲ့စိတ်ကိုဖြေသိမ့်ပေးနိုင်ဖို့ ပီစတာချီအိုလေးစား၊ ပန်းသီးရဲ့အမျှင်ဓာတ်နဲ့ဗိုက်ပြည့်စေမယ်။ ဒီနှစ်မျိုးတွဲက ပရိုတင်းရယ်၊ အကျိုးပြုအဆီဓာတ်၊ အမျှင်ဓာတ်တွေ မျှမျှတတပါဝင်တာကြောင့် အဆာပြေသရေစာ အဖြစ်ရော၊ နေ့လယ်စာအဖြစ်လည်းစားလို့ရတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%9d%e1%80%ad%e1%80%90%e1%80%b9%e1%80%81%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%a1%e1%80%91%e1%80%ad%e1%80%99%e1%80%ad%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%90/
ဖွံ့ဖြိုးမှုနှေးကွေးခြင်းကြောင့် ဝမ်းဗိုက်ထဲ ဝှေးစေ့ ကျန်နေခဲ့ခြင်း
ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့ကလိင်အင်္ဂါရဲ့ အောက်ဘက် ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ နှစ်ဘက်မှာ တည်ရှိပါတယ်။ မွေးကင်းစ သန္ဓေသားအရွယ်မှာတော့ ဝမ်းဗိုက်အတွင်းမှာ တည်ရှိနေပြီး သန္ဓေသားကြီးလာတာနဲ့အမျှဝှေးစေ့က အောက်ကို ဆင်းလာပါတယ်။ အဲ့လိုဆင်းမလာဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး မွေးလာခဲ့တဲ့ ကလေးတွေမှာ ဝှေးစေ့ပါမလာတတ်ပါဘူး။ ဒီအခြေအနေကို Undescended Testicle – ဝမ်းဗိုက်ထဲဝှေးစေ့ကျန်နေခဲ့ခြင်း (Cryptorchidism) လို့ ခေါ်ပါတယ်။သူ့ဘာသာ ဝှေးစေ့ကပြန်ဆင်းလာတဲ့ ကလေးတွေလည်း ရှိသလို လုံးဝပြန်မကျလာလည်း ဖြစ်နိုင်ပါတယ်။ အများစုက တစ်လုံးက ဗိုက်ထဲမှာ ကျန်ပြီး တစ်လုံးက ကပ္ပာယ်အိတ်ထဲကို ဆင်းလာပါတယ်။အကြောင်းရင်း အတိအကျကို လက်ရှိအခြေအနေ သေချာဖော်ထုတ်ထားခြင်း မရှိသေးပါဘူး။ များသောအားဖြင့် မျိုးရိုးဗီဇကြောင့်၊ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးနဲ့ အစာအာဟာရ ချို့ယွင်းမှု၊ ပတ်ဝန်းကျင်ကပိုးသတ်ဆေး၊ ဆေးလိပ်ငွေ့ အစရှိတဲ့ အဆိပ်သင့်စေတဲ့ ဓာတ်ငွေ့၊ အရည်တွေ ရှူရှိုက်မိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။သတ်မှတ်ရက်ထက် စောမွေးတဲ့ ကလေးတွေရဲ့ ၃ပုံ ၁ပုံလောက်ဟာ ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်ခဲ့နိုင်ခြေ ရှိပါတယ်။ တချို့ကလေးတွေရဲ့ပေါင်ခြံမှာ ရှိတဲ့ တစ်ရှူးအမျှင်တွေ၊ ကြွက်သားတွေ ချုံ့နိုင်၊ ဆန့်နိုင်ခြင်း မရှိတဲ့အတွက်လည်း ဝှေးစေ့က အောက်ကို မကျဘဲ အပေါ်မှာ တစ်သလို ဖြစ်နေနိုင်ပါတယ်။အကယ်လို့သာ ဝမ်းဗိုက်ထဲ ဝှေးစေ့ ကျန်နေခဲ့ခြင်း ကိုခံစားနေရတဲ့ ကလေးတွေ ကုသမှုမခံယူဘဲ ဒီအတိုင်းကြီးလာမယ်ဆိုရင်တော့ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။အကြောင်းရင်းကတော့ ကိုယ်ခန္ဓာထဲ ဝှေးစေ့ကျန်နေခဲ့တာကြောင့် ကိုယ်တွင်းအပူချိန်တွေဟာ ဝှေးစေ့ကို ရိုက်ခတ်နေပြီး အထဲမှာရှိနေတဲ့သုက်ပိုးရဲ့ ကျန်းမာရေး၊ ကူးခတ်နိုင်စွမ်းကို ထိခိုက်စေကာ သုက်ပိုးတွေ သေစေနိုင်တာကြောင့်ပါပဲ။ဒါပေမယ့် ဗိုက်ထဲမှာ ကျန်ခဲ့တာက ဝှေးစေ့တစ်လုံးပဲ ဖြစ်ပြီး နောက်တစ်လုံးက ကပ္ပာယ်အိတ်ထဲမှာ ပုံမှန်အတိုင်းပဲ ရှိနေမယ်ဆိုရင်တော့ ကလေးရနိုင်ပါတယ်။ ဝှေးစေ့တစ်လုံးတည်းရှိရုံနဲ့ ကလေးရနိုင်ပါသေးတယ်။ဝမ်းဗိုက်ထဲဝှေးစေ့ကျန်နေတဲ့ အမျိုးသားတွေမှာ အူကျွံနိုင်ခြေ ပိုများပါတယ်။ အဓိက ဝှေးစေ့က ကိုယ်ခန္ဓာထဲ ကျန်နေခဲ့ခြင်းကြောင့် အစာအိမ်နံရံက ကျဉ်းမြောင်းအားနည်းသွားပြီး အထဲမှာရှိတဲ့ အူတွေကို သူ့လမ်းကြောင်းအတိုင်း အောက်သို့ ကျလာကာ အူကျွံခြင်းကို ဖြစ်စေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ကိုယ့်ရဲ့ ကလေးငယ်ပါမှာ ဝှေးစေ့ပါမလာဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ အကြောင်းရင်းမှန်ကို သေချာသိရအောင် ဓာတ်မှန်၊အာထရာဆောင်းရိုက်ပြီး ကလေးရဲ့ ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်နေခြင်း ရှိမရှိကို စစ်ဆေးမှာပါ။ပေါင်ခြံနဲ့ ကပ္ပာယ်အိတ်အတွင်း အဝင်အထွက်လုပ်လို့ရတဲ့ ဝှေးစေ့ (Retractile Testicle) ကတော့ အနည်းငယ် ဆင်တူနိုင်ပေမယ့် ကုသပုံခြင်း မတူပါဘူး။ကလေးအရွယ်မှာတော့ အသက် ၆လမတိုင်ခင်အထိ သူ့အလိုလို ဝှေးစေ့က အောက်ကို ကျလာနိုင်ပါတယ်။ အသက် ၆လပြတဲ့ အချိန်မှာ ဆရာဝန်နဲ့ ပြန်ပြကြည့်ပြီး ဝှေးစေ့၂လုံးလုံး ပုံမှန်အနေအထားအတိုင်း ရှိမရှိကို စစ်ဆေးကြည့်နိုင်ပါတယ်။အသက် ၁နှစ်ထိ ဝှေးစေ့က လုံးဝအောက်ကို မကျလာဘူးဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။အသက်ကြီးမှ သိတယ်ဆိုရင်တော့ဝှေးစေ့ကို အောက်ရောက်အောင် ခွဲရမှာ မဟုတ်တော့ဘဲ  ထုတ်ပစ်ရတော့မှာဖြစ်ပါတယ်။ အဲ့အချိန်ဆိုရင်တော့ ဝှေးစေ့က ကပ္ပာယ်အိတ်ထဲ ရောက်လာရင်တောင် သုက်ပိုးထုတ်လုပ်နိုင်ခြင်း၊ ကောင်းစွာ အလုပ်လုပ်နိုင်ခြင်း မရှိတော့တာကြောင့်ပါ။ဒီကုသမှုတွေက အောက်ကို ဆင်းမလာတဲ့ ဝှေးစေ့အတွက်ပဲ လိုအပ်တာဖြစ်ပါတယ်။ ကပ္ပာအိတ်ထဲမှာ ပုံမှန်အတိုင်းရှိနေတဲ့ ဝှေးစေ့ကတော့ ပုံမှန်အတိုင်း အလုပ်လုပ်နေမှာပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/facts-about-undescended-testis/
Cirrhosis (အသည်းခြောက်ခြင်း)
အသည်းခြောက်ခြင်းဆိုသည်မှာ အသည်းပျက်စီးပြီး လုပ်ငန်းကောင်းစွာ မလုပ်နိုင်သော အခြေအနေတစ်ခု ဖြစ် ပါသည်။ ရောင်ရမ်းခြင်းသည် အသည်းတစ်ရှူးများအား အမာရွတ်ဖြစ်စေပြီး အသည်းတွင်း သွေးစီးဆင်းခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပိတ်ဆို့စေပါသည်။အသည်းသည် ခန္ဓါကိုယ်တွင် အကြီးဆုံး အတွင်းပိုင်း အင်္ဂါဖြစ်ပါသည်။ အသည်းသည် အရေးကြီးသော ခန္ဓါ ကိုယ် လုပ်ငန်းများစွာကို တာဝန်ယူပြုလုပ်ပေးပါသည်။ အဓိက လုပ်ငန်းများမှာ-။များသောအားဖြင့် အသည်းသည် ပျက်စီးသော တစ်ရှူးများကို ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်ပါ သည်။ သို့သော် ပျက်စီးမှုသည် ပြင်းထန်ပြီး အချိန်အတန် ကြာလာပါက အသည်းတစ်ရှူးများသည် အမာရွတ်တစ်ရှူး များအဖြစ်ပြောင်းလဲသွားပါသည်။ အမျှင်ခဲ ဖြစ်ပေါ်ခြင်းဟု ခေါ်ပါသည်။အသည်းအမာရွတ်ဖြစ်ခြင်းသည် တဖြည်း ဖြည်းနှင့် စုပုံလာပြီး အသည်းခြောက်ခြင်း ဖြစ်ပေါ်လာပါ သည်။ အသည်းခြောက်ခြင်း၏ အစောပိုင်း အဆင့်များတွင် အသည်းသည် ပုံမှန်လုပ်ငန်းများလုပ်ဆောင်နိုင်သော် လည်း နောက်ပိုင်းအဆင့်များတွင် အသည်းပျက်စီးပါသည်။ အသည်းပျက်စီးခြင်းကို ကာကွယ်ရန် ကုသမှုအမြန် ခံယူရန် အရေးကြီးပါသည်။အသည်းခြောက်ခြင်းသည် အဖြစ်များပြီး နာတာရှည် အသည်းရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။ ကမ္ဘာ တစ်ဝန်း သန်း ၅၀ သောသူများသည် နာတာရှည် အသည်း ရောဂါ ခံစားနေရသည်ဟု ခန့်မှန်းထားပါသည်။အသည်း ခြောက်ခြင်းသည် အမျိုးသားများ ရော အမျိုးသမီးများပါ ဖြစ်ပွားသော်လည်း မကြာသေးမီက လေ့လာမှုများအရ အသည်းခြောက်ခြင်းကြောင့် သေဆုံးခြင်းသည် အမျိုးသား များတွင် ပိုဖြစ်ကြောင်း တွေ့ရှိရပါသည်။အသည်းခြောက်ခြင်း၏ ရောဂါလက္ခဏာများသည် ဖျား နာသော အဆင့်ပေါ်တွင် မူတည်ပါသည်။ အသည်းခြောက် ခြင်း၏ အစောပိုင်းအဆင့် ရှိသောလူများသည် ရောဂါ လက္ခဏာ များမပြသပါ။အောက်ပါ ရောဂါ လက္ခဏာများ တွေ့ကြုံ ခံစားရနိုင်ပါသည်။အသည်းခြောက်ခြင်း၏ နောက်ပိုင်းအဆင့်များတွင် အောက်ပါ လက္ခဏာများ ရှိနိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ နောက်ထပ် အသည်းပျက်စီးမှုများမှ ကာကွယ်ရန် အသည်းခြောက်ခြင်း ကိုစောစီးစွာ ကုသရန် အရေးကြီးပါသည်။ အသည်းခြောက် ခြင်းကို စောစီးစွာ သိရှိပါက အသည်းဆဲလ်များကို ပြန်ပြင် ပြီး အသည်းပျက်စီးခြင်းကို ပြန်လည် ကယ်ဆယ်နိုင်ပါ သည်။အသည်းခြောက်ခြင်းကို ဖြစ်စေသော အချက်များစွာ ရှိပါသည်။ တွေ့ရများသော ဖြစ်စေသည့်အကြောင်းရင်း များမှာ-။အခြားတွေ့ရနည်းသော အကြောင်းရင်းများမှာ– ကိုယ် ခံအား ပြန်လည်တိုက်ခိုက်သော အသည်းရောင်ရောဂါ ( ခန္ဓါကိုယ်မှ အသည်းဆဲလ်များကို တိုက်ခိုက်ခြင်း)၊ သည်း ခြေရည်ပြွန် ပျက်စီးခြင်း နှင့် ပိတ်ဆို့ခြင်း၊ မျိုးရိုးဆက်ခံ သော အသည်းရောဂါများ ( Wilson’s Disease, Hemochromatosis) နှင့် အခြားရှားပါးသော အသည်း ရောဂါပိုးကူးစက်မှုများ (အသည်းရောင်ရောဂါ D) တို့ဖြစ် ပါသည်။အသည်းခြောက်ခြင်းဖြစ်နိုင်ချေကို မြင့်စေသော အချက် များစွာရှိပါသည်။ အောက်ပါတို့ ပါဝင်ပါသည်။ရောဂါ အန္တရာယ်ကိုထိန်းချုပ်နိုင်သော နည်းလမ်းများကို ဆရာဝန်နှင့် တိုင်ပင်ပါ။ အန္တရာယ်ကို သင့်တော်စွာ ထိန်းချုပ်ခြင်းဖြင့် အသည်းခြောက်ခြင်းကို ကာကွယ်နိုင် ပါသည်။ ပိုဆိုးမလာနိုင်ရန်လည်း ကာကွယ်နိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် လက်ရှိကျန်းမာရေး အခြေအနေကို ကြည့်ရှုစစ်ဆေးခြင်း နှင့် ဆေးစစ်ဆေးမှုများပြုလုပ်ခြင်း ဖြင့် အသည်းခြောက်ခြင်းကို အတည်ပြုနိုင်ပါသည်။ ရောဂါ အတည်ပြုခြင်း စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်ပါ သည်။အသည်းခြောက်ခြင်း၏ကုသမှုသည် ဖြစ်စေသော အ ကြောင်းရင်းနှင့် ရရှိလာသော ဆိုးကျိုးများအပေါ်တွင် မူတည်ပါသည်။ အသည်းခြောက်ခြင်းဖြစ်စေသော အကြောင်းရင်းကို အရင်ကုသရပါမည်။ အရက်သောက် ခြင်းကိုလျော့ချခြင်း နှင့် အသည်းခြောက်ခြင်းကိုဖြစ်စေ သော ဆေးများသောက်ခြင်းကို လျော့ချရပါမည်။အသည်းရောင်ရောဂါ B နှင့် C ကို ဗိုင်းရပ်စ်သေစေ သောဆေးများဖြင့်ကုသ၍ အသည်းရောင်ခြင်းကို ထိန်း ချုပ်နိုင်ပါသည်။ အသည်းခြောက်ခြင်းကိုလည်း လျော့ချ ပေးပါသည်။ သည်းခြေရည်ပြွန်ပိတ်ခြင်းကြောင့် ဖြစ်ပါက ဆရာဝန်သည် ursodiol ဟုခေါ်သော ဆေးပေးပါလိမ့်မည်။ အသည်းမှ ထုတ်လုပ်သော သည်းခြေအက်စစ်များကို အစားထိုးပေးရန် ဖြစ်ပါသည်။အသည်းခြောက်ခြင်းကြောင့်ဖြစ်သော ဆိုးကျိုးများကို ကုသရန်လည်း လိုအပ်ပါသည်။ ဆိုးကျိုးများတွင် ဝမ်းဗိုက် အောင့်ခြင်း ယားယံခြင်း၊ အစာအိမ်တွင် အရည်များ စုခြင်း (ရေဖျဉ်းစွဲခြင်း)၊ ဝမ်းဗိုက်ရှိ portal သွေးပြန်ကြောတွင် သွေးပေါင်တက်ခြင်း၊ သွေးကြောများကျယ်ခြင်း၊ အသည်း ကင်ဆာ၊ အရိုးပွခြင်း၊ သည်းခြေကျောက်တည်ခြင်း နှင့် အဆိပ်အတောက်များ စုပြုံ၍ ဦးနှောက် လုပ်ငန်းကျဆင်း ခြင်းတို့ ဖြစ်ပါသည်။အခြားကုသမှုများမှာ ခွဲစိတ်ကုသခြင်း၊ သွေးကြောများ ကိုသွေဖယ်ခြင်း နှင့် အသည်းအစားထိုးခြင်းတို့ဖြစ်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အသည်းခြောက်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အသည်းခြောက်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/cirrhosis-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အသည်းရောင်နေသူများတွင် ရှောင်သင့်သော အချက်များ
အသည်းရောင်နေသူများတွင် ကျန်းမာရေးနှင့် မညီညွတ်စွာ နေထိုင်ခြင်းသည် ပိုပြီးနာတာရှည်လာစေပါသည်။ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းသည် အသည်းကို ပျက်စီးခြင်းမှ ကာကွယ်နိုင်သလို အခြားသူများကို ရောဂါ ကူးစက်စေခြင်းမှ လည်း ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ရမည့် ပုံစံများကို သိထားသင့်ပါသည်။အောက်ပါအကျင့်များ သင့်တွင်ရှိလျှင် ဖျောက်ပစ်ဖို့ ကြိုးစားပါ။အသည်းရောင် စီ ပိုးရှိသူများတွင် ဆေးလိပ်သောက်ခြင်းက အသည်းကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။ ထို့ပြင် အဆုတ်ကိုလည်း ထိခိုက်စေပါသည်။ အသည်းအစားထိုးပြုလုပ်နိုင်ချေများလည်း လျော့နည်းစေနိုင်ကာ အသည်းခြောက်ခြင်း၊ နောက်ဆုံး အသည်း အလုပ်မလုပ်ခြင်းတို့အထိဖြစ်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် အင်မတန်ခက်ခဲပါသည်။ ထို့ကြောင့် ဆရာဝန်၊ မိသားစုနှင့် သင်ချစ်သောသူများ၏ အကူအညီဖြင့် ကြိုးစားပြီး ဖြတ်သင့်ပါသည်။ကျန်းမာနေသူများပင်လျှင် အရက်မသောက်သင့်ပါ။ အသည်းရောင်နေသူများတွင် အသည်းမှ အရက်အပါအဝင် အခြားသော အဆိပ်အတောက်များကို ကောင်းစွာ မသန့်စင်နိုင်ပါ။ ထို့ကြောင့် အရက်သည် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်ချေကိုမြင့်တက်စေပါသည်။ ထို့ကြောင့် အရက်ကို ဆက်မသောက်ပါနှင့်၊ ကြိုးစားပြီး ဖြတ်ပါ။ထိုဆေးများကို ရှုခြင်း၊ထိုးခြင်း၊ ဆေးလိပ်ထဲတွင် ထည့်သောက်ခြင်းတို့ကြောင့် AIDS ရောဂါကဲ့သို့ အခြားသော ကူးစက်ရောဂါများ ဝင်လာနိုင်ချေများ ပါသည်။ ထို့ပြင် အသည်းရောင်နေချိန်တွင် အခြားသော အသည်းရောင် ဘီပိုး၊ စီပိုးများပါ ကူးစက်ဝင်ရောက်လာနိုင်ပါသည်။ ထိုအခါ ရောဂါကို ကုသရန် ခက်ခဲသွားပါသည်။အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ဘယ်တော့မှ မပြုလုပ်ပါနှင့်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုခြင်းက သင့်လိင်ဖက်ကို ရောဂါ ကူးစက်စေခြင်းမှလည်း ကာကွယ်နိုင်ပါသည်။ ထို့ပြင် အခြားသော အသည်းရောင်ပိုးများနှင့် လိင်မှ တဆင့် ကူးစက်သော ရောဂါများကိုလည်း ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် အလွယ်တကူ ဝယ်ယူနိုင်သော ကွန်ဒုံးများကို အမြဲဆောင်ထားပါ။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ပြုသည့်တိုင် ကွန်ဒုံးကိုအသုံးပြုပါ။ သို့သော် ထိုအချိန်တွင် ပါးစပ်တွင် အလှဆီများကို လိမ်းထားလျှင် ကွန်ဒုံးကို ပေါက်ပြဲသွားစေနိုင်ကြောင်း သတိပြုပါ။အသည်းရောင်နေလျှင် စိတ်ဖိစီးမှုများကို လျော့နည်းအောင်နေထိုင်ပါ။ စိတ်ဖိစီးမှုများသည် သင့်ကို ပိုပင်ပန်းစေပြီး မကောင်းသောအတွေးများကို ဝင်လာစေပါသည်။ထို့ကြောင့် စိတ်ဖိစီးမှုများနှင့် ကြုံလာလျှင် သင်နှစ်သက်သော အရာများကို ချစ်ခင်ရသူ၊ အပေါင်းအသင်းများနှင့် အတူတူလုပ်ပြီး ဖြေဖျောက်လိုက်ပါ။ ထို့ပြင် သင့်ပြသနာများကို ယုံကြည်ရသူ တစ်ယောက်ယောက်အား ပြောပြခြင်း၊ သင့်ဆရာဝန် သို့မဟုတ် ကူညီထောက်ပံ့ပေးသော လူမှုအဖွဲ့အစည်းများသို့ဆက်သွယ်ကာတိုင်ပင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။တနေရာတည်းတွင် ထိုင်မနေပါနှင့်။သင်သည် ပျင်းရိထိုင်းမှိုင်းနေမည်ဆိုပါက သင့်ကိုယ်ခန္ဓါကလည်း ကျန်းမာမည် မဟုတ်ပါ။ ထိုအခါ စိတ်ဖိစီးမှုများဖြစ်လာခြင်း၊ ပင်ပန်းခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ပါ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် အိမ်အလုပ်များ ကူလုပ်ပေးခြင်း စသည့်တက်ကြွလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် တက်ကြွအောင်နေထိုင်ပါ။ မည်သည့်အလုပ်ကို မဆို ဖြေးဖြေးနှင့် မှန်မှန် နေ့စဉ်လှုပ်ရှားမှု တစ်ခုအနေနှင့် လုပ်သွားပါ။အချုပ်ဆိုရသော် သင့်တွင် အသည်းရောင်ဝေဒနာရှိနေသော်လည်း ဆောင်ရန် ရှောင်ရန်များကို လိုက်နာလျှင် ကျန်းမာစွာနေထိုင်သွားနိုင်ပါသည်။ အကောင်းမြင်စိတ်မွေးရန် မမေ့ပါနှင့်။ ယင်းသည် ပျော်ရွှင်ကျန်းမာသော ဘဝကို ပေးစွမ်းပါလိမ့်မည်။ ထို့ကြောင့် ပထမ အဆင့်အနေနှင့် သင့်တွင်ရှိသော မကောင်းသည့်အကျင့်များကို ကြိုးစားဖျောက်ဖျက်ပြီး ကောင်းသော အကျင့်များကို ပျိုးထောင်ရမည်ဖြစ်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%94%e1%80%b1%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba/
အရေပြားယားယံတာ မှိုစွဲနေလို့လား
အရေပြားယားယံတယ်ဆိုတာ အင်မတန်မှ ကသိကအောက်ဖြစ်စရာ လက္ခဏာပါ။ ကုတ်လေ ကုတ်လေ ယားမပြေဖြစ်သလို လူကြားထဲရောက်ရင်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အရေပြားယားယံတာ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ဥပမာ သာမန်ခြင်ကိုက်ရင်လည်း ယားတတ်ပါတယ်။ အရေပြားပိုးဝင်တာ၊ မှိုစွဲတာတွေ ဖြစ်ရင်လည်း ယားယံတတ်တာပဲ။ နောက်ဆုံး ကျောက်ကပ်ရောဂါ၊ အသည်းရောဂါလို ရောဂါကြီးတွေမှာတောင် ယားတတ်ပါသေးတယ်။ဒီတော့ အရေပြားယားပြီဆို ဘာကြောင့်လဲဆိုတာ သိဖို့ ခက်ခဲပါတယ်။အရေပြားယားယံပြီဆိုရင်ဘာကြောင့်လဲဆိုတာ သိဖို့ ခက်ခဲတယ်ဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မိမိမှာ ဖြစ်နေတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ပြီး ဘာဖြစ်နေလဲဆိုတာ အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံမှာ အရေပြားယားယံတာက မှိုစွဲတာကြောင့် အဖြစ်များပါတယ်။ ခုလို မိုးတွင်းဆို ပိုတောင် ဆိုးပါသေးတယ်။မှိုစွဲတာက ခန္ဓာကိုယ်ရဲ့ ချွေးထွက်များတဲ့ ချောင်တွေ (ဥပမာ ခြေချောင်းကြား၊ ပေါင်ကြား)တွေမှာ အဖြစ်များပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အရေပြား မှိုစွဲရောဂါတွေကတော့။အရေပြားမှိုစွဲတာရဲ့ အတွေ့ရအများဆုံး လက္ခဏာကတော့ ယားယံတာပဲ ဖြစ်ပါတယ်။ ဥပမာသဲဝဲဆို ခြေချောင်းကြားတွေ ယားပါတယ်။ ပေါင်ခြံပွေးဆိုရင် ပေါင်ခြံတစ်ဝိုက်မှာ ယားပါတယ်။ ။ ပွေးတို့၊ ညှင်းတို့ ဆိုရင်လည်း ဖြစ်တဲ့နေရာမှာ ယားနေတတ်ပါတယ်။ ဒီလိုယားယံတာအပြင် တစ်ခုချင်းစီမှာ သီးသန့် လက္ခဏာတွေလည်း ရှိပါသေးတယ်။ပွေးက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ပေါက်နိုင်ပါတယ်။ အရေပြားယားယံတာအပြင်။-ကွင်းပုံစံ အကွက်တွေကို တင်ပါး၊ ကိုယ်လုံး၊ ခြေ၊ လက်တွေမှာ တွေ့ရတတ်ပါတယ်။ ပွေးကွက်တွေနဲ့ တူလို့ ပွေးလို့ ခေါ်တာ ဖြစ်ပါတယ်။-ပွေးကွက်ပုံစံက အလယ်မှာ ဖျော့ပြီး အနားသတ်တွေက အနီရောင်၊ အညိုရောင် ဖြစ်နေတတ်ပါတယ်။-ခပ်ပြားပြား တင်းတင်းပုံစံရှိပါတယ်။-ပွေးကွက်တွေ တစ်ခုနဲ့ တစ်ခု ထပ်နေနိုင်ပါတယ်။သဲဝဲဆိုတာ ဝဲနဲ့ မတူပါဘူး။ နှစ်ခုလုံးက ယားတာမှန်ပေမယ့် သဲဝဲက မှိုကြောင့်ဖြစ်ပြီး ဝဲကတော့ ကပ်ပါးကောင်ကြောင့် ဖြစ်တာပါ။ သဲဝဲဖြစ်တဲ့အခါ ခြေချောင်းကြားတွေမှာ အင်မတန်ယားပါတယ်။ ဒါ့ပြင်။-ခြေချောင်းတွေကြားက အရေပြား လန်တာ၊ ခြောက်သွေ့အက်ကွဲတာတွေ ဖြစ်တတ်ပါတယ်။-ခြေချောင်းလေးတွေ ရောင်ရမ်းတတ်ပါတယ်။-ယားယံတာက ဖိနပ်ချွတ်တဲ့အချိန်၊ ခြေအိတ်ချွတ်တဲ့အချိန်တွေဆို ပိုဆိုးပါတယ်။-စပ်ဖျင်းဖျင်းဖြစ်တဲ့အပြင် အရည်ကြည်ဖုတွေလည်း ပေါက်တတ်ပါတယ်။ညှင်းကလည်း အတွေ့ရများတဲ့ အရေပြားမှိုစွဲရောဂါပါ။ သူ့မှာ အရေပြားယားယံတာက တခြားမှိုစွဲတာတွေလောက် မဆိုးပါဘူး။ သူ့ရဲ့ အဓိက ပြဿနာက အသားအရောင်ထိခိုက်တာပါ။ အရေပြား အနည်းငယ်ယားယံတာအပြင်။-အရေပြားမှာ အဖြူကွက်တွေ ဒါမှမဟုတ် မူလအသားအရောင်ထက် ပိုရင့်တဲ့ အကွက်တွေ ပေါ်နေတတ်ပါတယ်။ ရင်ဘတ်၊ ကျော၊ ဂုတ်၊ လက်မောင်းတွေမှာ တွေ့ရတတ်ပါတယ်။ အကွက်တွေက ထင်းနေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။-အကွက်တွေကနေ အရေပြားအဖက်လေးတွေ ကွာတတ်ပါတယ်။ပေါင်ခြံပွေးကလည်း ပွေးနဲ့ လက္ခဏာချင်း ဆင်တူပါတယ်။ ပေါင်ခြံက ပူနွေးစိုစွတ်ပြီး ချွေးထွက်လွယ်တဲ့နေရာဖြစ်တဲ့အတွက် တခြားနေရာထက်စာရင် ပွေးပေါက်လွယ်ပါတယ်။  ပေါင်ခြံပွေးကတော့ ပေါင်ခြံနဲ့ ပေါင်တံတွေမှာ ယားယံတတ်ပါတယ်။ ဒါ့ပြင်။-ပွေးလိုပဲ ပေါင်ခြံနဲ့ ပေါင်တံမှာ ပွေးကွက်တွေ ပေါက်တတ်ပါတယ်။-အကွက်တွေက စက်ဝိုင်းပုံ၊ လခြမ်းပုံ စသဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။-အကွက်ရဲ့ အနားသတ်မှာ အရည်ကြည်ဖုလေးတွေ ပေါက်တတ်ပါတယ်။-အကွက်တွေကနေ အရေပြားအဖက်လေးတွေ ကွာတတ်ပါတယ်။-ယားတာအပြင် စပ်ဖျဉ်းဖျဉ်း ခံစားရတတ်ပါတယ်။ဒီလိုမျိုးသိထားမယ်ဆိုရင် အရေပြားယားယံလာတာနဲ့ လက္ခဏာတွေ တိုက်စစ်ကြည့်ပြီး မှိုကြောင့်လား၊ တခြားကြောင့်လားဆိုတာကို အကြမ်းဖျင်းခွဲခြားတတ်သွားမှာပါ။ အရေပြားမှိုစွဲတာက ယားယံတာအပြင် နောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်တာ၊ သူများကို ကူးစက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေပြားမှိုစွဲတယ်လို့ သံသယရှိရင် သေချာကုသသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/itchy-skin-due-to-fungal-infection/
သွေးဆိပ်တက်ခြင်း အကြောင်း
သွေးဆိပ်တက်ခြင်းဆိုတာကတော့ သွေးထဲကိုရောဂါပိုးများ ဝင်ရောက်ကူးစက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရခြင်းပဲ ဖြစ်ပါတယ်။ သွေးဆိပ်သင့်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ သွေးဆိပ်တက်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။အဆုတ်၊ အရေပြား ဒါမှမဟုတ် ကိုယ်ခန္ဓာရဲ့ တနေရာရာမှာ ဝင်ရောက်ကူးစက်နေတဲ့ ဘက်တီးရီးယားများဟာ သွေးထဲမှာပါ ပျံ့နှံ့လာတဲ့အခါ သွေးဆိပ်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ သွေးထဲမှာပျံ့နှံ့သွားပြီးတဲ့ ရောဂါပိုးများဟာ ကိုယ်ခန္ဓာအနှံ့ကို ရောက်ရှိနိုင်တာမို့ အန္တရာယ်များတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။သွေးဆိပ်တက်ခြင်းဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမို့ ဆေးရုံမှာ စနစ်တကျကုသမှု ခံယူသင့်ပါတယ်။ နားတည်တတ်ကျွမ်းသူမကုသရင် သွေးလန့်သေဆုံးနိုင်ခြေ ရှိပါတယ်။ဘက်တီးရီးယားပိုးကူးစက်ရာကနေ ဖြစ်ပွားပါတယ်။ သွေးဆိပ်တက်ခြင်းဟာ ကိုယ်ခန္ဓာအခြားတနေရာရာကနေ ပျံ့နှံ့ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ တခါတရံမှာ ဘယ်နေရာကလာသလဲဆိုတဲ့ ရင်းမြစ်ကို တိကျစွာ မသိနိုင်ပါဘူး။ များသောအားဖြင့်။အဆိုပါနေရာများကနေ သွေးထဲကို ရောဂါပိုးဝင်ရောက်ပျံ့နှံ့ခြင်းဟာ မြန်ဆန်ပြီး ရောဂါလက္ခဏာတွေလည်း ချက်ချင်းပြတတ်ပါတယ်။ ဆေးရုံတက်ပြီးကုသမှု ခံယူနေသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဥပမာ ခွဲစိတ်ကုသမှု ခံယူထားသူတွေ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေကို ထပ်ဆင့်ကူးစက်ခြင်း (Secondary Infection) လို့ခေါ်ပြီး အန္တရာယ်ပိုများပါတယ်။ဘက်တီးရီးယားများဟာပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိနေကြလို့ ဖြစ်ပါတယ်။ သွေးဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများတဲ့ အခြားအခြေအနေတွေကတော့။သွေးဆိပ်တက်တဲ့ လက္ခဏာတွေဟာ မြန်ဆန်စွာ ပေါ်လာတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်မှုခံယူခြင်း၊ အခြား ရောဂါကူးစက်မုတခုခုဖြစ်ပွားခြင်း စတဲ့အခြေအနေတွေ ကြုံရပြီးတဲ့နောက်မှာ လူနာဟာ အလွန်အမင်း နေထိုင်မကောင်းဖြစ်သွားပါတယ်။ ပြလာတတ်တဲ့လက္ခဏာတွေကတော့။ဒီထက်ပိုဆိုးလာတဲ့ အခြေအနေမှာတော့။သွေးဆိပ်တက်တဲ့အခြေအနေဟာ ကိုယ်ခန္ဓာ တခုလုံးကို ရောဂါပိုး ပျံ့နှံ့စပြုတဲ့ အခြေအနေ ဖြစ်တာကြောင့် အရေးပေါ် ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးရုံတက်ပြီး ကုသမှုခံယူရမယ့် အခြေအနေ ဖြစ်ပါတယ်။ပဋိဇီဝဆေးများ ပေးခြင်း၊ အရည်ဓာတ်များ ဖြည့်သွင်း ကုသခြင်း၊ လိုအပ်ပါက အောက်ဆီဂျင် ပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆရာဝန်နဲ့သူနာပြုများက အခြေအနေပေါ်မူတည်ပြီး ကုသပါလိမ့်မယ်။ ဆရာဝန်နဲ့ နားလည်တတ်ကျွမ်းသူများရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပေးဖို့ပဲ ဖြစ်ပါတယ်။သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာ ရရှိရင်၊ ရောဂါပိုး တမျိုးမျိုး ဝင်ရောက်တဲ့ လက္ခဏာ ပြနေရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြသသင့် ပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားနည်းပါးသူတွေမှာ ပိုမို ဂရိုစိုက်သင့်ပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/septicemia/
အထွက်နှုန်းတိုးတာ စိတ်ပူရသလား
အထွက်နှုန်းတိုးတာ စိတ်ပူရသလား ။ ခေါင်းစဉ်ကြည့်ပြီး စိုက်ပျိုးရေးအကြောင်းလို့ မထင်ပါနဲ့။ အခုပြောမယ့် အထွက်နှုန်းတိုးတယ်ဆိုတာအမျိုးသားတွေမှာ သုက်ရည်ပုံမှန်ထက်ပိုထွက်တဲ့ အခြေအနေကို ပြောချင်တာပါ။ ရောဂါတစ်ခုမဟုတ်ပေမဲ့ စိတ်ဝင်စားစရာကျန်းမာရေးကိစ္စတစ်ခုဖြစ်ပါတယ်။အမျိုးသားတွေအာသာဖြေတဲ့အခါအမျိုးသားအင်္ဂါ(လိင်တံ) ကနေ သုက်ရည်ထွက်ပါတယ်။ သုက်ရည်ထဲမှာ မျိုးပွားဖို့လိုအပ်တဲ့သုက်ကောင်တွေပါဝင်သလို ဆီးကျိတ်ကထွက်တဲ့ အရည်တချို့လည်း ပါဝင်ပါတယ်။ Hyperspermia ဖြစ်တဲ့အမျိုးသားတွေမှာ သုက်ရည်က ပုံမှန်ထက်ပိုထွက်တတ်ပါတယ်။ တစ်ခုရှိတာက hyperspermia ဖြစ်ရင် သုက်ရည်ပဲပမာဏများတာဖြစ်ပြီး သုက်ရည်ထဲမှာပါတဲ့ သုက်ကောင်ပမာဏကတော့ အပြောင်းအလဲရှိချင်မှ ရှိမှာပါ။ ဒါ့ကြောင့် hyperspermia ဖြစ်လည်း ကိုယ့်ရဲ့မျိုးပွားနိုင်စွမ်းထိခိုက်မှုရှိချင်မှရှိ မှာဖြစ်လို့ ရောဂါလို့ မသတ်မှတ်တာဖြစ်ပါတယ်။Hyperspermia ရဲ့လက္ခဏာကတော့ ရှင်းပါတယ်။ အာသာဖြေတဲ့အချိန်မှာ ပုံမှန်ထက်သုက်ရည်များများထွက်တာက အဓိကလက္ခဏာပါပဲ။ ဘယ်လောက်ထိများသလဲဆိုတာကိုတော့ အတိအကျပြောရခက်ပါတယ်။ လူမျိုး တစ်မျိုးချင်းစီလိုက်ပြီး ကွဲပြားနိုင်သလို အသက်အရွယ်ပေါ်လိုက်ပြီးလည်း မတူညီနိုင်ပါဘူး။ယေဘုယျအားဖြင့်တော့ ထွက်လာတဲ့ သုက်ရည်ပမာဏ ၆ မီလီလီတာကနေ ၆.၅ မီလီလီတာ အတွင်းရှိမယ် (ဒါမှမဟုတ်) ဒီထက်များနေမယ်ဆိုရင် hyperspermia လို့သတ်မှတ်နိုင်ပါတယ်။ Hyperspermia ရှိတဲ့တချို့အမျိုးသားတွေက တခြားအမျိုးသားတွေထက် လိင်ကိစ္စကိုပိုပြီးစိတ်ပါတယ်လို့လည်း ဆိုကြပါတယ်။Hyperspermia ကြောင့် မျိုးပွားနိုင်စွမ်းအပေါ်ထိခိုက်မှုရှိမရှိကိုတော့ အခုချိန်ထိ လေ့လာဆဲဖြစ်ပါတယ်။ သုက်ရည်ပမာဏအများကြီးထွက်ပေမဲ့ ပါဝင်တဲ့သုက်ကောင်ရည်ကပုံမှန်ထက်နည်းနေခဲ့ရင် သုက်ရည်ထဲမှာပါဝင်လာမယ့် သုက်ကောင်ရည်ကျဲသွားမှာပါ။ သုက်ကောင်ရည်နည်းတာကြောင့် အမျိုးသမီးရဲ့မျိုးဥနဲ့ပေါင်းဖို့ အခွင့်အလမ်းလည်း နည်းသွားပါတယ်။ ဒါ့ကြောင့် ကလေးရဖို့တခြားသူတွေထက် အချိန်ပိုကြာကြာ ကြိုးစားရနိုင်ပါတယ်။Hyperspermiaရှိပေမဲ့ သုက်ကောင်ရည်ပုံမှန်အတိုင်းထွက်နေမယ်ဆိုရင်တော့ ကလေးယူဖို့အတွက် ဘာပြဿနာမှ မရှိပါဘူး။ရောဂါတစ်ခုမဟုတ်တာကြောင့် သုက်ရည်အများကြီးထွက်တာက အရေးပေါ်ဆရာဝန်ပြရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က တခြားဘာရောဂါမှမရှိဘူး၊ ကလေးယူဖို့ကြိုးစားနေတာ တစ်နှစ်လောက်ရှိနေပြီး မထူးခြားသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဆရာဝန်အနေနဲ့ အောက်ပါနည်းလမ်းတွေ လုပ်ဖို့ ညွှန်ကြားနိုင်ပါတယ်။သုက်ရည်နမူနာယူပြီး ဓာတ်ခွဲစမ်းသပ်ပေးတာဖြစ်ပါတယ်။ စမ်းသပ်ရမယ့် အမျိုးသားအနေနဲ့လိင်ဆက်ဆံပြီးချိန်မှာ ခွက်တစ်ခုထဲကို သုက်ရည်လွှတ်တာ ဒါမှမဟုတ် မိမိဖာသာအာသာဖြေပြီး သုက်ရည်ကို ခွက်တစ်ခုနဲ့စုဆောင်းရပါမယ်။ ရ။လာတဲ့သုက်ရည်နမူနာကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါတယ်။ ကိုယ့်ရဲ့သုက်ကောင်ရည်ပမာဏ၊ သုက်ကောင်တွေအခြေအနေနဲ့ လှုပ်ရှားမှု တွေကို အသေးစိတ်သိနိုင်တာမို့ အများကြီးအထောက်အကူဖြစ်ပါတယ်။အမျိုးသားခန္ဓာကိုယ်က သုက်ကောင်ထုတ်လုပ်ဖို့အတွက် testosterone (ကျားဟော်မုန်း) နဲ့ တခြားဟော်မုန်းတွေလိုပါတယ်။ကျားဟော်မုန်းပမာဏပုံမှန်ထက်နည်းနေရင်လည်း ယောကျ်ားတစ်ယောက် ရဲ့ မျိုးပွားနိုင်စွမ်းကိုထိခိုက်စေပါတယ်။တစ်ခါတစ်လေကျတော့လည်း ခန္ဓာကိုယ်တည်ဆောက်ပုံမှာ လွဲချော်မှု (ဒါမှမဟုတ်) ချို့ယွင်းချက် လေးတစ်ခုရှိနေတဲ့အတွက် မျိုးပွားနိုင်စွမ်းကျဆင်းသွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ပြီး အမျိုးသားရဲ့ ဝှေးစေ့နဲ့ တခြားအင်္ဂါတွေကို ကြည့်ရှုပြီး စစ်ဆေးနိုင်ပါတယ်။အထွက်နှုန်းတိုးတာ (Hyperspermia) ဆိုတာရောဂါတစ်ခုမဟုတ်တာကြောင့် ကုသဖို့မလိုအပ်ပါဘူး။ ဖြစ်တဲ့သူလည်း ရှားပါတယ်။ အဓိကကတော့ ကလေးယူဖို့ ကြိုးစားနေတဲ့အမျိုးသားတွေပဲ ပိုသတိထားသင့်ပါတယ်။အသက်လည်း ငယ်သေးတယ်၊ ကလေးယူဖို့ ကြိုးစားနေတာ တစ်နှစ်လောက်ကြာနေတယ်ဆိုရင်တော့ အပေါ်မှာပြောသလို သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ပြသပြီး စမ်းသပ်မှုတွေ ခံယူသင့်ပါတယ်။သဘာဝအတိုင်းကလေးယူဖို့ ခက်ခဲနေမယ်ဆိုရင် ဖန်ပြွန်သန္ဓေသားနည်း (ဒါမှမဟုတ်) သားအိမ်ထဲသုက်ကောင်တစ်ခါတည်း ထည့်သွင်းပေးတဲ့နည်းတွေထဲက ကိုယ့်အတွက်အဆင်ပြေစေမဲ့ မျိုးဆက်ပွားနည်းလမ်းကို ရွေးချယ်သုံးစွဲပြီး ကလေးယူဖို့ ကြိုးစားနိုင်ကြောင်းပြောကြားလိုက်ရပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/is-too-much-semen-production-a-problem/
Retinal Detachment Surgery (မြင်လွှာကွာခြင်း ခွဲစိတ်ကုသမှု)
မျက်စိထဲဝင်လာတဲ့ အလင်းတန်းတွေကို ပုံရိပ်အဖြစ်ပြောင်းပြီး ဦးနှောက်ကိုပို့ပေးတဲ့ မျက်စိအနောက်ဖက်ပိုင်းက အတွင်းပိုင်းအလွှာလေးကို မြင်လွှာ (retina) လို့ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီမြင်လွှာလေးဟာ ကွာကျပြီး အမြင်ဝေဝါးတာ ဒါမှမဟုတ် ကြည့်တဲ့အခါ အရိပ်တွေထင်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ မျက်စိရဲ့အလယ်ခေါင်နေရာမှာရှိတဲ့ ဂျယ်လီလိုခပ်ပျစ်ပျစ်အရည်လေးတွေကျုံ့ပြီး မြင်လွှာပေါ်ရောက်လာကာဆွဲခွာသလိုဖြစ်တာကြောင့် မြင်လွှာကွာတာအများဆုံးဖြစ်တတ်ပေမယ့် မျက်လုံးကို ထိခိုက်မိတာ ဒါမှမဟုတ် အရင်ကလုပ်ခဲ့ဖူးတဲ့ မျက်စိခွဲစိတ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။တကယ်လို့သင့်မြင့်လွှာကွာနေရင် ဒါကိုပြုပြင်ဖို့အတွက် ခွဲစိတ်မှု ပြုလုပ်ဖို့လိုပါတယ်။ လေဆာနဲ့ပစ်ပြီးဒါမှမဟုတ်အေးခဲပစ်ပြီးခွဲစိတ်ပြုပြင်လေ့ရှိကာ ခွဲစိတ်ဆရာဝန်အနေနဲ့ဘယ်လိုအကြံပြုမလဲဆိုတာကတော့ သင့်ရောဂါရဲ့ အသေးစိတ်အနေအထားပေါ်မူတည်ပြီး ကွာခြားပါလိမ့်မယ်။ခွဲစိတ်တယ်လို့ယေဘုယျသုံးနှုန်းပေမယ့် တကယ်တမ်းကျတော့ လေဆာနဲ့ပစ်ပြီး ဒါမှမဟုတ် အေးခဲပစ်ပြီး ပေါက်နေတဲ့နေရာ၊ စုတ်ပြဲနေတဲ့နေရာကို ဖာထေးတာဖြစ်တဲ့အတွက် ဘယ်လိုလှီးဖြတ်ခွဲစိတ်မှုမျိုးကိုမှ ပြုလုပ်တာမဟုတ်ပါဘူး။ တစ်ခါတစ်ရံ ကုသမှုအောင်မြင်ဖို့အတွက် ဒုတိယအကြိမ်ထပ်မံခွဲစိတ်ဖို့တော့ လိုကောင်းလိုတတ်ပါတယ်။ ဒီနေရာမှာသိထားသင့်တဲ့အချက်တွေက ဒီလိုခွဲစိတ် ပြုပြင်လိုက်တိုင်း မြင်လွှာကွာနေတာ ပြန်မကောင်းနိုင်သလို မြင်လွှာကွာနေတာ ပြန်ကောင်းတိုင်းလည်း ပုံမှန်အမြင်အာရုံပြန်ရချင်မှ ရမှာဆိုတာပါပဲ။ ခွဲစိတ်ပြီးတဲ့အခါ သင့်အမြင်အာရုံဘယ်လောက်အထိ ပြန်မကောင်းနိုင်မလဲဆိုတာက မြင်လွှာရဲ့အလယ်ပိုင်းလောက်မှာရှိတဲ့ macula ဆိုတဲ့ နေရာလေးဘယ်လောက်ထိခိုက်မှုရှိသလဲဆိုတာနဲ့ အကယ်၍ ထိခိုက်မှုရှိတယ်ဆိုရင် ကာလဘယ်လောက်ကြာပြီလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်။မြင်လွှာကို ခွဲစိတ်ပြုပြင်ပြီးနောက်မှာ သင့်ရဲ့အမြင်အာရုံတဖြည်းဖြည်းနဲ့ ပြန်ကောင်းလာဖို့အတွက် လပေါင်းများစွာအချိန်ယူကောင်းယူရပါလိမ့်မယ်။ တချို့လူနာတွေမှာတော့ လုံးဝပြန်မမြင်တော့တာမျိုးလည်း ရှိတတ်ပါတယ်။ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။ ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေ ါ်မူတည်ပါတယ်။အမျိုးမျိုးသောထုံဆေး၊မေ့ဆေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခွဲစိတ်မှုဟာ မိနစ် ၉၀ကနေ ၂ နာရီလောက်အထိ ကြာမြင့်လေ့ ရှိပါတယ်။သင့်ဆရာဝန်အနေနဲ့ လေဆာ ဒါမှမဟုတ် အေးခဲပစ်တဲ့နည်းလမ်းကိုသုံးပြီး အပေါက်တွေရှိတာ၊ စုတ်ပြဲနေတာတွေကို ကုသပေးပါလိမ့်မယ်။ မျက်လုံးထဲက ဂျယ်လီလို အရာလေးတွေကို ဖယ်ထုတ်ပြီး သူတို့နေရာမှာလေ၊ ဂက်စ် ဒါမှမဟုတ် ဆီလီကွန်အရည်နဲ့ အစားထိုးနိုင်သလို ဆီလီကွန်ရာဘာအပိုင်းသေးသေးလေးကို သင့်မျက်စိမျက်နှာပြင်ပေါ်မှာ တွဲချုပ်ခဲ့တာမျိုးလည်း လုပ်လို့ရပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ခွဲစိတ်ပြီး နောက်တစ်ရက်မှာ အိမ်ပြန်လို့ရပါပြီ။ ခွဲစိတ်ဆရာဝန်က ခွင့်မပြုမချင်း ရေကူးတာ ဒါမှမဟုတ် အလေးအပင်မတာမျိုးတွေ မလုပ်ရပါဘူး။ လေ့ကျင့်ခန်းပုံမှန်လုပ်တာလည်း သင့်ကျန်းမာရေးကို အထောက်အကူပေးနိုင်ပေမယ့် ဒီလိုကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ သင့်ဆရာဝန်ကို အရင်မေးမြန်းတိုင်ပင်ရပါမယ်။တကယ်လို့ မျက်မှန်အသစ်တပ်တာ သင့်အမြင်အာရုံကို ပိုကောင်းစေမယ်လို့ ဆရာဝန်ကယူဆရင် သင့်ကိုအသိပေးပါလိမ့်မယ်။ ခွဲစိတ်ပြီး တစ်လလောက်အကြာမှာ မျက်စိစစ်ဆေးဖို့သင့်ကိုရက်ချိန်းပေးပါလိမ့်မယ်။ သင့်အမြင်အာရုံ ပြန်ကောင်းဖို့အချိန်အတော်အသင့်တော့ ယူရပါလိမ့်မယ်။ တကယ်လို့သင့်မှာမရှင်းလင်းတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို အန္တရာယ်ကတော့ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ခွဲစိတ်ဆရာဝန်ကို မေးမြန်းထားရပါမယ်။ဘယ်လိုခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်တွေက မေ့ဆေးနဲ့မတည့်တာ၊ မေ့ဆေးကိုမူမမှန်တုံ့ပြန်တာ၊ သွေးထွက်လွန်တာ ဒါမှမဟုတ် သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။မြင်လွှာခွဲစိတ်ပြုပြင်မှုအတွက် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေက။• မျက်လုံးထဲမှာဆိုးရွားစွာသွေးယိုစီးခြင်း။• မျက်လုံးတွင်းဖိအားတက်ခြင်း။• မြင်လွှာနောက်တခါထပ်ကွာခြင်း။• အမြင်အာရုံပုံမှန်ထက်အားနည်းခြင်း။• နှစ်ထပ်မြင်ခြင်း။• မျက်လုံးရောင်ရမ်းခြင်း။ခွဲစိတ်မှုမပြုလုပ်ခင် အစာမစားဖို့ ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုးအစရှိတဲ့ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/retinal-detachment-surgery-%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%9c%e1%82%8a%e1%80%ac%e1%80%80%e1%80%bc%e1%80%ac%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%81%e1%80%bc%e1%80%b2%e1%80%85/
ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ် ။ ။
ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။ပင်မှည့်သီးမှာ။ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်။( ၁ ) လူကို လန်းဆန်းစေပါတယ်။ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင့် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။ချဉ်ချိုချို အသီးလေးဖြစ်တာကြောင့်ဗီတာမင် Cပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင်နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီးအမျှင်ဓာတ်၊သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။( ၃ )ခုခံအားကို တက်စေပါတယ်။ခုခံအားအတွက် အရေးကြီးတဲ့ဗီတာမင် Cကြွယ်ဝစွာ ပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။( ၄ )ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင်ကင်ဆာရောဂါမဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။( ၅ )အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ပင်မှည့်သီးကအစာကြေစေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။ဓာတ်မတည့်ပစ္စည်းတွေ ထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးကပန်းနာရင်ကျပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။( ၇ )အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ပင်မှည့်သီးရဲ့ ကြွယ်ဝလှတဲ့ flavonoids တွေက သင့်မျက်လုံး အပေါ် သက်ရောက်တဲ့ ဓာတုပစ္စည်းမှန်သမျှကို ဖယ်ရှားပေးမှာ ဖြစ်လို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှတဲ့အသီးတစ်ခုနော်။( ၈ )သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။ပင်မှည့်သီးမှာပါတဲ့ non-heme iron ( အပင်ကရတဲ့ သံဓာတ်) ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုပေမယ့် အများကြီး စားရင် အစာအိမ် မအီမသာဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/passion-fruit/
ကော်လာဂျင်သောက်ပေးသင့်တဲ့ အကြောင်းအရင်း ၅ ချက်
ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူ။ခန္ဓါကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ပြောပြချင်တဲ့ အချက်တစ်ခုကကော်လာဂျင်က အသားအရေလှရုံ၊ဆံသားတွေသန်စွမ်းရုံ နဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။ဒီလိုဆိုတာနဲ့ကော်လာဂျင်ကို မဖြစ်မနေသောက်ပေးရမှာလားဆိုတော့ မဟုတ်ပါဘူး။ ခန္ဓါကိုယ်ကကော်လာဂျင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အသက် ၃၀ကျော်လာတဲ့အခါမှာတော့ ခန္ဓါကိုယ်ရဲ့ကော်လာဂျင်ထုတ်နိုင်စွမ်းက ကျသွားပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အရေပြားတွေလျော့ရဲလာတာ၊ ဆံသားတွေသန်စွမ်းမှုအားနည်းလာတာ၊ လက်သည်းတွေ ကြွပ်ဆတ်လာတာမျိုးဖြစ်နိုင်သလိုအရွတ်တွေအရိုးနုတွေထိခိုက်မိတာကြောင့် သွားလာလှုပ်ရှားရခက်တာ၊ အဆစ်တွေနာတာမျိုးတွေခံစားရနိုင်ပါတယ်။နေ့စဉ်လုပ်မိနေတဲ့အလေ့အထအချို့ကလည်း ခန္ဓါကိုယ်ရဲ့ကော်လာဂျင်ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။အသက်အရွယ်ရလာတဲ့အခါ အရိုးနုတွေအားနည်းလာသလို တဖြည်းဖြည်းချင်း ပျက်စီးလာမှာပါ။ သွားလာလှုပ်ရှားရခက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဇရာကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကို သက်သာစေဖို့ဆိုရင် အသက် ၃၀ကျော်လာတဲ့အခါကော်လာဂျင်သောက်ပေးသင့်ပါတယ်။ အဆစ်နာရောဂါရှိသူတွေဆိုရင်တော့ အသက် ၂၅ နှစ်အရွယ်လောက်မှာကတည်းကကော်လာဂျင်သောက်ပေးသင့်တာပါ။အသားအရေကို ကျန်းမာနုပျိုစေဖို့။ကော်လာဂျင်က အသားအရေကို နုပျိုကျန်းမာစေတယ်ဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အသားအရေတင်းရင်းနုပျိုစေဖို့ လိုအပ်တဲ့ ပရိုတင်းဖြည့်တင်းပေးဖို့အတွက်ကော်လာဂျင်ကိုသောက်ပေးသင့်ပါတယ်။ အသားအရေကကော်လာဂျင်နည်းလာတဲ့အခါ အရေးအကြောင်းတွေပေါ်လာတာ၊ အသားအရေလျော့ရဲလာတာ၊ခြောက်သွေ့လာတာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေကနေ ကင်းဝေးစေဖို့ကကော်လာဂျင်ကို မဖြစ်မနေသောက်သုံးပေးသင့်ပါတယ်။အဆီတွေလောင်ကျွမ်းစေပြီးကြွက်သားတွေကို သန်မာစေဖို့။ကြွက်သားတစ်ရှုးတွေ သန်မာနေစေဖို့ကော်လာဂျင်က အဓိကအခန်းကဏ္ဍကနေပါဝင်နေတာပါ။ အသက်အရွယ်၇လာတဲ့အခါကြွက်သားတွေက ကျစ်လျစ်မှုအားနည်းပြီးလျော့ရဲလာတတ်ကြပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကကော်လာဂျင်သောက်သုံးတာပါ။ ဒီတော့ကော်လာဂျင်ကလေဒီလေးတွေပဲ သက်ဆိုင်တာမဟုတ်ဘူးဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။ဆံသားနဲ့လက်သည်းခြေသည်းတွေကို သန်စွမ်းစေဖို့။အသက်အရွယ်ရလာတဲ့အခါ ဆံပင်ကျွတ်တာတွေအပါအဝင် ဆံသားကျန်းမာမှုအားနည်းတာခြေသည်းလက်သည်းတွေ ကြွပ်ဆတ်လာတာမျိုး ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကင်းဝေးစေဖို့ဆိုရင်တော့ကော်လာဂျင်ကို မဖြစ်မနေသောက်ပေးဖို့လိုပါမယ်။အစာခြေစနစ်ကျန်းမာစေဖို့။ကော်လာဂျင်ရဲ့နောက်ထပ်အာနိသင်တစ်ခုက အူလမ်းကြောင်းထဲက တွယ်ဆက်တစ်ရှုးတွေကို ကျန်မးာစေနိုင်ပြီး အူနံရံတွေကို သန်စွမ်းစေနိုင်ပါတယ်။ အစာခြေစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကို ကျန်းမာသန်စွမ်းစေတာကြောင့် ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေကိုပြည့်ပြည့်ဝဝရရှိစေပြီး ကျန်းမာစေမှာပါ။ကော်လာဂျင်ကိုသောက်ပေးတာက အလှအပအတွက်တင်မဟုတ်ဘဲ ခန္ဓါကိုယ်ကျန်းမာဖို့အတွက်လည်းလိုအပ်ပါတယ်။ ဒါကြောင့် အသက် ၃၀ကျော်လာတဲ့အခါ ခန္ဓါကိုယ်မှာကော်လာဂျင်ပြည့်ဝပြီး ကျန်းမာစေဖို့ကော်လာဂျင်ပါတဲ့ အစားအစာတွေစားတာနဲ့ကော်လာဂျင်ဖြည့်စွက်ဆေးသောက်သုံးတာမျိုးကို လုပ်ဆောင်ပေးသင့်ပါတယ်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%b1%e1%80%80%e1%80%ac%e1%80%b9%e1%80%9c%e1%80%ac%e1%80%82%e1%80%ba%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1/
ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ
ပွေးဆိုတာ အရေပြားမှာ ယားယံပြီး နေရခက်စေတဲ့ အရေပြား ပြဿနာတစ်မျိုးပါ။ Dermatophytesလို့ ခေါ်တဲ့မှိုပိုးကြောင့် ဖြစ်ရတာပါ။ သူ့ကြောင့်ဖြစ်တဲ့ ရောဂါတွေကို စုပြီး Tinea လို့ခေါ်ပါတယ်။ ကူးစက်မြန်ပါတယ်။ လူတိုင်း အရွယ်သုံးပါးစလုံး ပွေးပေါက်နိုင်ပါတယ်။ ကလေးငယ်လေးတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာတော့ အဖြစ်များပါတယ်။ ဒီတစ်ခါက်တော့ ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။ပွေးက အဖြစ်များတဲ့အရေပြား ပြဿနာတစ်ရပ်ပါ။ ပွေး ဖြစ်ပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ပွေးသက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့။ကြက်သွန်ဖြူကမှိုပိုးကူးစက်တာအပါအဝင် အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ပွေး သက်သာစေဖို့အတွက်လည်း ကြက်သွန်ဖြူကို အသုံးပြုပေးလို့ ရပါတယ်။ကြက်သွန်ဖြူကို ညက်ညက်လေးဖြစ်အောင် ထောင်းပြီး သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီနဲ့ နယ်လိုက်ပါ။ ပြီးရင် ပွေး ဖြစ်တဲ့နေရာကို ခပ်ပါးပါးလိမ်းပေးပါ။ ၂ နာရီလောက် ထားပြီးရင် ရေဆေးချလိုက်ပါ။ တစ်နေ့ကို ၂ ကြိမ် လိမ်းပေးပါ။ မသက်သာမချင်း လိမ်းပေးလို့ ရပါတယ်။# တကယ်လို့ ဒီလို လိမ်းတဲ့အခါ အရေပြားက နီမြန်းတာ၊ တဆစ်ဆစ် နာတာ၊ ရောင်တာမျိုး ဖြစ်မယ်ဆိုရင် ချက်ချင်းရေဆေးချပါ။ ထပ်မလူးပါနဲ့တော့။ပွေး ကူးစက် ပြန့်နှံ့တာမျိုး မဖြစ်စေဖို့ဆိုရင် အရေပြားကို တတ်နိုင်သမျှ သန့်ရှင်းခြောက်သွေ့အောင် ထားဖို့ လိုပါမယ်။ အရေပြားကို ဘယ်လို သန့်ရှင်းရမလဲဆိုတော့ ဆပ်ပြာခပ်ပျော့ပျော့ [ အထူးသဖြင့် မှိုသတ်ပေးတဲ့ ဆပ်ပြာ] ကို ရေနွေးနွေးလေးနဲ့ ဖျော်ပါ။ ပြီးရင်ပွေး ဖြစ်နေတဲ့ အရေပြားတဝိုက်ကို အဓိကထား ဆေးကြောပါ။ ပြီးရင်တော့ ခြောက်သွေ့အောင် သုတ်ပေးပါ။အိမ်သုံးဆေးနည်းတွေ မသုံးခင်မှာ ဒီနည်းလမ်းကို သုံးပြီး အရေပြားကို အရင်သန့်စင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ပုံမှန်ရေချိုးပြီး သန့်စင်ပေးမယ်ဆိုရင်လည်း ရပါတယ်။ပန်းသီးရှာလကာရည်က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပွေး သက်သာစေဖို့ဆိုရင် ပန်းသီးရှာလကာရည်ကို အသုံးပြုပေးလို့ ရပါတယ်။ ပန်းသီးရှာလကာရည်ကို ရေရော၊ ဂွမ်းမှာတို့ပြီး ပွေး ဖြစ်တဲ့နေရာကို ကပ်ထားပေးပါ။ တစ်နေ့ကို ၃ ကြိမ်လောက် သုံးပေးလို့ ရပါတယ်။ရှားစောင်းလက်ပပ်က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်သလို ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီသားကို ခပ်ပါးပါးလွှာပြီး ပွေး ဖြစ်တဲ့ နေရာမှာ တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ်လောက် ကပ်ပေးပါ။ ရှားစောင်းလက်ပပ်က အရေပြားကို အေးစေပြီးယားယံတာ၊ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။အုန်းဆီမှာ ပါတဲ့ fatty acids က မှိုပိုးကပ်တွယ်နေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီက ပွေး အပါအဝင် အရမ်းမပြင်းထန်တဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ဒါကြောင့် ပွေး ဖြစ်နေတယ်ဆိုရင် အုန်းဆီကို တစ်နေ့မှာ ၃ ကြိမ်လောက် ပွေးဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ အုန်းဆီက အစိုဓာတ် ထိန်းပေးပြီး အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်။နနွင်းက အရောင်ကျစေနိုင်ပြီး မှိုပိုးတွေ နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ပွေးသက်သာစေဖို့ နနွင်းကို အစားအစာတွေထဲမှာ ထည့်စားပေးလို့ ရသလို နနွင်းကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ပြီး ပွေးဖြစ်တဲ့ နေရာကို လိမ်းပေးပါ။ ခြောက်သွားအောင် ထားပြီး တစ်သျှူးစနဲ့ သုတ်ပေးလို့ ရပါတယ်။ဒီအိမ်တွင်းနည်းလမ်းတွေက ပွေးရောဂါအတွက် အသုံးပြုလို့ရတယ်ဆိုပေမယ့် အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ဒါကြောင့် အိမ်တွင်းကုထုံးတွေကိုပဲ အားကိုးနေလို့မရပါဘူး။ ဒီနည်းလမ်းတွေက ဆေးရုံ၊ ဆေးခန်းနဲ့ လက်လှမ်းမမီတဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်။အဆင်ပြေမယ်ဆိုရင်တော့ ပွေးလို့ သံသယရှိတာနဲ့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသပါ။ ဆရာဝန်က ညွှန်ကြားတဲ့ မှိုသတ်ဆေးကို သေချာလေး လိမ်းပေးမယ်ဆိုရင်လည်း အရေပြား မှိုပိုးကြောင့် ဖြစ်တဲ့ ပွေးက သိသိသာသာ သက်သာမှာပါ။ ပွေးက သေချာဂရုစိုက်မယ်ဆိုရင် ၂ ပတ် ကနေ ၄ ပတ် အတွင်း သက်သာသွားတတ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/home-remedies-for-ringworm/
နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ
ရာသီဥတုက ပူလာပြီဆိုတော့ လူကြီးတွေတောင်အပူဒဏ်ကို အံတုဖို့ အမျိုးမျိုးကြိုးစားရတာ ကလေးလေးတွေဆို ပိုဆိုးပြီပေါ့။ Hello ဆရာဝန်မှာ ခုတလောအမေးများလာတာက ဘေဘီလေးတွေ မိတ်ထွက်တာ ဘယ်လိုလုပ်ပေးရမလဲဆိုတာပါပဲ။နွေမှာ မိတ်ထွက်တာ သဘာဝပဲဆိုပေမယ့် နုနယ်တဲ့ကလေးလေးမှာတော့ မေမေတို့စိုးရိမ်ကြမှာ သေချာတာပေါ့။ဒါပေမယ့် မပူပါနဲ့။ ကလေးအရေပြားမှာ အဖုလေးတွေ အစုလိုက်ထွက်လာတာ အသည်းယားစရာ၊ မထိရက်စရာဖြစ်နေပေမယ့် ကလေးတွေမှာ အဖြစ်များတဲ့နွေရာသီအရေပြားပြဿနာတစ်ခုပါပဲ။ တစ်ခါတလေ အရည်ကြည်ဖုသေးသေးလေးတွေ၊ အနီဖုလေးတွေတောင် ထွက်တတ်ပါတယ်။မိတ်ဖုထွက်ခြင်းက အသက်အရွယ်မရွေးမှာဖြစ်တတ်တဲ့ အရာဖြစ်ပြီး ခန္ဓာကိုယ်မှာ အပူဒဏ်ခံနေရတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းကြား၊ တံတောင်ဆစ်ကြားတို့လို ကလေးရဲ့ အရေပြားအတွန့်အခေါက်လေးတွေကြားမှာရော၊ ရင်ဘတ်၊ ဗိုက်၊ တင်ပါး တို့အပြင် ဦးရေပြားမှာပါ မိတ်ပေါက်တတ်ပါတယ်။ဒီတော့ ဘေဘီလေးတွေ နွေပူပူမှာ မိတ်ထွက်ရင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ကလေးရဲ့ ခန္ဓာကိုယ်မှာ ချွေးဂလင်းတွေ ပိတ်ဆို့နေတဲ့အတွက် ထွက်လာတဲ့ ချွေးတွေက အရေပြားမျက်နှာပြင်ထိ မထွက်လာတော့ဘဲ ချွေးငုပ်သွားပါတယ်။ မိတ်ဖုထွက်ခြင်းက ဒီအခြေအနေကို ခန္ဓာကိုယ်က တုံ့ပြန်လိုက်တဲ့ လက္ခဏာပါ။ မိတ်ထွက်တဲ့အခါ ကုတ်ချင်လာအောင် ယားတာ၊ စပ်တာလေးတွေခံစားရနိုင်ပါတယ်။ ဘာလို့မိတ်ပေါက်လဲဆိုအပူဒဏ်ခံရတာများလာလို့ပါ။ ကလေးတွေရဲ့အရေပြားမှာ လူကြီးတွေထက် ချွေးပေါက်ပိုကျဉ်းတာမို့လို့ မိတ်ပိုထွက်လွယ်ပါတယ်။စိတ်ပူရတဲ့ ရောဂါလက္ခဏာမဟုတ်ပါဘူး။ ကလေးရဲ့ ခန္ဓာကိုယ်မှာ ပူအိုက်နေတဲ့လက္ခဏာပါ။ ဒါပေမယ့် အပူလွန်ကဲမှုကြောင့် ကလေးမှာဖြစ်လာတဲ့ တခြားလက္ခဏာတွေကိုတော့ သတိထားသင့်ပါတယ်။ကလေးရဲ့အရေပြားပြဿနာက မိတ်ဟုတ်မဟုတ် မသေချာတော့ဘူးဆိုရင်၊ ဥပမာ ဖျားတာလိုမျိုး တခြားလက္ခဏာတွေဖြစ်လာရင်တော့ ဆရာဝန်ပြတာကောင်းပါတယ်။ မိတ်က ရက်အတော်ကြာလာတဲ့အထိ မှေးမှိန်မလျော့သွားဘူးဆိုရင်၊ ပိုဆိုးလာတယ်ဆိုရင် မိတ်မဟုတ်တဲ့ တခြားရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်လို့ပါ။ကဲ …… နွေပူပူမှာ ကလေးတွေ မိတ်ထွက်ရင် အခုလိုသက်သာအောင်လုပ်ပေးလို့ ရပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/home-remedies-to-get-rid-of-prickly-heat-in-babies/
Brain Cancer (ဦးနှောက် ကင်ဆာ)
ဦးနှောက်ကင်ဆာဆိုတာ ဦးနှောက်ထဲမှာ ပုံမှန်မဟုတ်တဲ့ ကင်ဆာ ( malignant tumors ) ဆဲလ်တွေ ပေါက်ဖွားလာတာကို ဆိုလိုပါတယ်။ ဦးနှောက်ကင်ဆာ နှစ်မျိုး ရှိပါတယ်။ ၎င်းတို့ မှာ။ဦးနှောက်ကင်ဆာဟာ ကုလို့မရတဲ့ ရောဂါဖြစ်ပြီး စောစော သိခြင်းက အသက်ရှင်နှုန်းကို မြှင့်တင်ပေးပါတယ်။ ဘယ်လို စစ်ဆေးရမလဲ ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နောက်လိုက် ဦးနှောက်ကင်ဆာက လူကြီးတွေမှာ အဖြစ်များပြီး ပင်မ ဦးနှောက်ကင်ဆာကတော့ ကလေးတွေ နှင့် လူငယ်တွေ ပုံမှန်အားဖြင့် အသက် ၂၀ အောက်တွေ မှာ ဖြစ်တတ်ပါတယ်။ ဦးနှောက်ကင်ဆာဟာ ကင်ဆာကြောင့်သေဆုံးမှုတွေထဲက တစ်ခုဖြစ်ပါတယ်။အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ပါ ရောဂါလက္ခဏာတွေ ရှိလာလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ပင်မ ဦးနှောက်ကင်ဆာ အများစုမှာတော့ ဖြစ်စေတဲ့ အကြောင်းအရာကို သေချာမသိပါ။ တချို့ပင်မ ဦးနှောက်ကင်ဆာတွေကတော့ တစ်ရှူးဆဲလ်တွေမှာ သန္ဓေပြောင်းလဲ ရာကနေ ဖြစ်တတ်ကြပါတယ်။ ထိုသို့ပြောင်းလဲ ခြင်းက ကင်ဆာဆဲလ်ကြီးထွားပြန့်ပွားမှုနှုန်းကို မြန်စေပါတယ်။ ပင်မ ဦးနှောက်ကင်ဆာ အမျိုးအစားများစွာ ရှိပါတယ်။ ထိုအမျိုးအစား အားလုံးဟာ ပါဝင်တဲ့ ဆဲလ်အမျိုးအစားတွေပေါ် မူတည်ပါတယ်။နောက်လိုက်ကင်ဆာကတော့ အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေမှ ကင်ဆာဆဲလ်တွေက ဦးနှောက်ဆီကို ပြန့်ပွားရာကနေ ဖြစ်တတ်ပါတယ်။ အရင် ကင်ဆာဖြစ်ဖူးတဲ့ သူတွေမှာပို အဖြစ်များပါတယ်။ ကင်ဆာတိုင်းက ဦးနှောက်ကို ပြန့်နိုင်ပေမယ့် အောက်မှာ ဖော်ပြထားတဲ့ ကင်ဆာတွေကတော့ အဖြစ်များပါတယ်။brain cancerဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်လျော်တဲ့ ရောဂါအတည်ပြုမှု ရနိင်ရန် ဆရာဝန်မှ အောက်ပါ စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။ဦးနှောက် ကင်ဆာအား ကုသရာမှာ အောက်ပါထဲမှ တစ်ချက် သို့ တစ်ချက်ထက်ပိုပြီး ပါဝင်နိုင်ပါတယ်။ခွဲစိပ်ခြင်း။ဦးနှောက်ခွဲစိပ်ကုသရာမှာ ကင်ဆာ အမျိုးအစား နှင့် နေရာ ပေါ်မူတည်ပြီး ကင်ဆာ အကြိတ်တစ်ခုလုံးကို ထုတ်နိုင် သို့မဟုတ် မထုတ်နိုင် ဆုံးဖြတ်ရပါတယ်။ ထို့ပြင် ခွဲစိပ်ခြင်းဟာ ကင်ဆာရောဂါအဖြေရှာရာမှာ အထောက်အကူဖြစ်ပြီး ဦးနှောက်တွင်း ဖိအားကိုလည်းလျော့ကျစေပါတယ်။ဓါတ်ရောင်ခြည်ပေးခြင်း။ဓါတ်ရောင်ခြည် အထူးကုတွေက ဓါတ်ရောင်ခြည် ပေးခြင်းအား ကင်ဆာကြိတ်ခွဲထုတ်မရခြင်း သို့ ကင်ဆာတစ်ခုလုံးခွဲထုတ်မရခြင်း သို့ ခွဲစိပ်ပြီး ဦးနှောက်ကင်ဆာအတွက်တခါတရံ သုံးတတ်ပါတယ်။ကင်ဆာဆေးသွင်းခြင်း။ကင်ဆာဆေးပေးတာကတော့ ကင်ဆာကုသရာမှာ အသုံးများတဲ့ နည်းဖြစ်သော်လည်း ပင်မကင်ဆာတွေမှာ မသုံးတတ်ပါဘူး။ အတက်ကျဆေး ဥပမာ phenytoin လိုဆေးတွေကို မခွဲခင် နှင့် ခွဲပြီးနောက် အတက်ရောဂါ ကာကွယ်ရန် ပေးတတ်ပါတယ်။ ဦးနှောက်တွင်း ရောင်ခြင်းအတွက် ဆရာဝန်က steroid (dexamethasone) ပေးတတ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် brain cancer ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• သင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်နိုင်ဖို့ သို့မဟုတ် သင့်ကို အားပေးနိုင်ဖို့ ကရုဏာအဖွဲ့တွေကို ရှာဖွေပါ။• သင့်အခြေအနေကို စောင့်ကြည့်ရန် ဆရာဝန်နဲ့ ပုံမှန်ပြပေးပါ။• သင့်မှာ ရောဂါလက္ခဏာအသစ်တေ ပေါ်လာလျှင်ွ သို့ ရောဂါလက္ခဏာတွေ မသက်သာလျှင် ဆရာဝန်ကို ပြောပြပါ။• သင်မှာ အရင်က မဖြစ်ဖူးပဲ ခုမှ ဖြစ်သော အတက်ရောဂါ သို့ ခေါင်းကိုက်ခြင်းဖြစ်လျှင် နောက်ဆက်တွဲရောဂါများအားကာကွယ်နိုင်ရန် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/brain-cancer-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%82%8f%e1%80%bd%e1%80%ac%e1%80%80%e1%80%b9-%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။
ကလေး သေးခံ၊ အနှီးကို ကြည့်ပြီး သင့်ကလေး ကျန်းမာရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ခန့်မှန်းလို့ရတာ သင်သိပါသလား။ ။ ဝမ်းအရောင် ၊ ဝမ်း အပျော့အမာ စတာတွေကို ကြည့်ပြီး ကလေးရဲ့ ကျန်းမာရေးကို ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ရအောင်။ ။ဝမ်းအမည်းရောင် ။ ။ဝမ်းအစိမ်းရောင် ။ ။အဝါရောင်ဝမ်း ။ ။အနီရောင်ဝမ်း ။ ။ဝမ်းအဖြူရောင်။ ။ကဲ ဒီလောက်ဆို ကိုယ့်ကလေးဝမ်းအရောင်နဲ့ ပက်သက်ပြီး ဘယ်ဟာကတော့ ပုံမှန် ၊ ဘယ်ဟာကတော့ စိုးရိမ်ရလဲဆိုတာ မေမေတို့ သိသွားလောက်ပြီလို့ထင်ပါတယ်။ ။ရေးသားသူ− Dr Thin Yadanar @ Frances။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/baby-poop-colours-meaning/
ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis)
ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ဆိုတာ အမျိုးသားလိင်အင်္ဂါဝှေးစေ့အတွင်းသို့ ဘက်တီးရီးယားပိုး သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုး ဝင်ရောက်လာပြီးနောက် ရောင်ရမ်းလာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ဝှေးစေ့၁လုံး ဒါမှမဟုတ် ၂လုံးလုံးကို တစ်ပြိုင်နက်ထဲ ကူးစက်နိုင်ပေမယ့် ရောဂါလက္ခဏာကတော့ တစ်ဘက်ထဲက ပြတာများပါတယ်။အဓိက အတွေ့များတဲ့ လက္ခဏာကတော့ ဝှေးစေ့က နီရဲပြီး ရောင်နေတာ၊ အထဲက အောင့်သလို ခံစားရတာ၊ပေါင်ခြံက နာကျင်နေတာတွေပဲ ဖြစ်ပါတယ်။ တခြားလက္ခဏာအနေနဲ့။ဗိုင်းရပ်စ်ပိုးကြောင့်သာမက ဘက်တီးရီးယားပိုးဝင်ပြီး ကူးစက်ခံရတာကြောင့် အဓိကဖြစ်ပါတယ်။ကလေးတွေမှာ ဖြစ်တတ်တဲ့ပါးချိတ်ရောင်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရမှုဟာ အတွေ့အများဆုံးဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဒီဗိုင်းရပ်စ်ပိုးကို ကူးစက်ခံရတတ်ပါတယ်။ ကူးစက်ခံရပြီးနောက် ၄ရက်မှ ၁၀ရက်အတွင်း တံတွေးဂလင်းတွေ ရောင်လာပြီးမှ နောက်ဆက်တွဲအနေနဲ့ ဝှေးစေ့ရောင်လာပါတယ်။အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ဘက်တီးရီးယားပိုး ကူးစက်ခံရတဲ့ အခါမှာလည်း ဝှေးစေ့ရောင်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTI) နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ဂနိုဆီးပူညောင်းကျရောဂါ၊ ခလက်မီးဒီးယား၊ ဝှေးစေ့ပေါ်မှာ ဖုံးအုပ်နေတဲ့ တစ်ရှူးရောင်ရမ်းခြင်းမှတစ်ဆင့် ဘက်တီးရီးယားပိုးတွေဟာ ဝှေးစေ့ကို ရောက်သွားတဲ့အခါမှာ ရောင်ရမ်းခြင်းဖြစ်စဉ် စတင်ပါတယ်။ယောက်ျားလေးတွေမှာကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်း၊ အရင်တုန်းက လိင်မှတစ်ဆင့် ကူးစက်ရောဂါတစ်မျိုးမျိုး ကူးစက်ခံခဲ့ရခြင်း၊ လိင်ဆက်ဆံဖော်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာရှိခြင်း၊ ကိုယ့်ရဲ့ဆီးလမ်းကြောင်းက ပုံမှန်အနေအထားမဟုတ်ခြင်း၊ ဆီးအိမ်၊ ဆီးပို့ပြွန်ရဲ့ တည်ဆောက်ပုံမှာ ပြဿနာရှိနေတဲ့သူတွေမှာ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ဝှေးစေ့ရောင်ရမ်းတဲ့ လက္ခဏာတွေ့ရပြီဆိုတာနဲ့ ပြင်းထန်သည်ဖြစ်စေ၊ မပြင်းထန်တာဖြစ်စေ ဆီးလမ်းကြောင်းအထူးကုဆရာဝန်နဲ့ သေချာသွားပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါလက္ခဏာတွေ မေးမြန်းပြီး ရောင်နေတဲ့ ဝှေးစေ့ရဲ့ အခြေအနေကို အရင်ဆုံးလေ့လာမှာ ဖြစ်ပါတယ်။ ပြီးမှသာဆီးကျိတ်ရောင်ခြမ်းရှိမရှိကို စအိုဝအတွင်း လက်ညှိုးထည့်ပြီး စမ်းသပ်ခြင်း၊ ဆီးစစ်ခြင်း၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာကို စစ်ဆေးမှာဖြစ်ပါတယ်။ မခံမရပ်နိုင်အောင် နာကျင်နေတယ်ဆိုရင် အာထရာဆောင်းရိုက်ပြီး ဝှေးစေ့နဲ့ထိစပ်နေတဲ့သုက်ပို့ပြွန်လိမ်နေလားဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ဝှေးစေ့ရောင်ရမ်းခြင်းအတွက် ကုစရာဆေးမရှိပေမယ့် ရောဂါလက္ခဏာက သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အရောင်ကျဖို့အတွက် ရေခဲအုံတာ၊ အကိုက်အခဲပျောက်ဆေးသောက်တာ၊အတွင်းခံအကျပ်ဝတ်တာ၊ အိပ်နေစဉ်၊ လဲနေစဉ် ဝှေးစေ့က အောက်ကနေ ပင့်ပေးထားတာ သို့မဟုတ် အဝတ်တစ်ခုခု ခံပေးထားတာမျိုး လုပ်ပေးနိုင်ပါတယ်။ဘက်တီးရီးယားပိုးကြောင့် ဝှေးစေ့ရောင်ရမ်းတာဆိုရင်တော့ အရောင်ကျစေတဲ့ ဆေး၊ ပဋိဇီဝပိုးသတ်ဆေးတွေကို လိုအပ်တဲ့ အချိုးအစားအတိုင်း ဆရာဝန်ကိုယ်တိုင် ဆေးညွှန်းပေးမှာဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ ဝှေးစေ့ရောင်တာ သက်သာပျောက်ကင်းသွားဖို့ ရက်သတ္တပတ် အနည်းငယ်ကြာနိုင်ပါတယ်။ဆေးကုသနေချိန်အတွင်းမှာ အတူနေတာ၊ အလေးအပင်မတာကို ရှောင်ဖို့ လိုပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါကြောင့် ဝှေးစေ့ရောင်တာဆိုရင်တော့ ဆက်ဆံဖော်ကလည်း ဆေးကုဖို့ လိုပါတယ်။ဝှေးစေ့ရောင်တာကို ခံစားရတဲ့ အမျိုးသားအများစုက နောက်ဆက်တွဲ မရှိဘဲ သက်သာသွားကြတာ များပါတယ်။ ဝှေးစေ့ရောင်တာကြောင့် မျိုးမအောင်နိုင်တာကလည်း အင်မတန်ရှားပါတယ်။ တခြားနောက်ဆက်တွဲပြဿနာတွေအနေနဲ့။တချို့ကိစ္စတွေကတော့ ကာကွယ်လို့ မရပါဘူး။ ဥပမာ မွေးရာပါ ဆီးလမ်းကြောင်းပြဿနာတွေ ရှိနေတာမျိုးပေါ့။ တချို့ကိစ္စတွေကတော့ ကာကွယ်လို့ ရပါတယ်။ ဥပမာ ပါးချိတ်ရောင်တာကြောင့် ဝှေးစေ့မရောင်ချင်ဘူးဆိုရင် ကလေးကိုMMR ကာကွယ်ဆေးထိုးထားပေးပါ။လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ မဖြစ်ဖို့ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော်နည်းပါစေ။ဝှေးစေ့ရောင်ခြင်းဟာ အရမ်းကြီးစိုးရိမ်စရာမလိုပေမယ့် အမျိုးသားတွေအတွက် နေရခက်စေနိုင်လောက်တဲ့ ပြဿနာဖြစ်သလို စောစောကုရင်လည်း ပျောက်ဖို့လွယ်နိုင်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/orchitis/
ကင်ဆာဝေဒနာခံစားနေရတဲ့ကလေးတွေကို ဘာတွေ ကျွေးသင့်သလဲ၊ ဘာတွေ မကျွေးသင့်ဘူးလဲ
ကင်ဆာဝေဒနာရှင်တွေကို အစားအစာတွေ အလွန်အမင်းရှောင်တာကရောဂါကို မသက်သာစေတဲ့အပြင် ပိုတောင်ဆိုးသွားစေနိုင်ပါတယ်။ ဆေးဒဏ်၊ ရောဂါဒဏ်ခံနိုင်ဖို့အတွက် က အာဟာရပြည့်ပြည့်ဝဝစားနေဖို့က အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။(၁) ရေ နှင့် ဖျော်ရည်များ။ဆောင်ရန်– ကျိုချက်ပြီးသား ရေကျက်အေး၊ရေခဲရေ၊ အိမ်တွင်ခဲထားသော သန့်သော ရေသန့်ရေခဲတုံး၊ (ရေခဲတုံး ခဲရာတွင် အသားငါး အခြားသောပစ္စည်းများ နှင့် ရောနှော၍ တစ်ထပ်တည်းတွင် မခဲသင့်ပါ)၊ သဘာဝသစ်သီးဖျော်ရည်(ဝမ်းလျှောနေစဉ်ကာလ အတွင်း မတိုက်ရ၊ ပုံမှန်အချိန် တွင်လည်း ၁၀၀-၁၅၀ စီစီ (မီလီလီတာ) လောက်သာတိုက်ပါရန်၊ အိမ်လုပ် သန့်သန့်ရှင်းရှင်းလုပ်ထားတာမျိုး ဖြစ်ရပါမယ်)။ရှောင်ရန်– ရေစိမ်း၊ မကျိုချက်ရသေးတဲ့ရေ၊ ရေပိုက်ခေါင်းမှ ရေ၊ ရေစိမ်းဖြင့်ခဲထားသော ရေခဲတုံး၊ အသားငါးများ နှင့် ရောခဲထားသော ရေခဲတုံး၊ သံဘူး အချိုရည်များ၊ ဂက်စ် ပါသော အအေးများ၊ ဆိုင်ဖျော် အအေးများ၊ အသီးဖျော်ရည်များ၊ ကြံရည်၊ ရေခဲထုပ်၊ ရေခဲချောင်း စတာတွေ မကျွေးသင့်ပါဘူး။(၂) ထမင်း၊ ပြောင်း၊ ပေါင်မုန့်။ဆောင်ရန်–ထမင်း၊ ဂျုံခေါက်ဆွဲ၊ ကြက်ဥ ခေါက်ဆွဲ၊ ကြာဇံ၊ ပဲကြာဇံ၊ နံပြား၊ ပေါင်မုန့်၊ကွေကာအုပ်၊ ပြောင်းဖူး၊ အာလူး၊ကန်ဇွန်းဥ၊ ပိန်းဥ စတာတွေကို ပူပူနွေးနွေး သေချာကျက်အောင် ချက်ကျွေးလို့ရပါတယ်။ရှောင်ရန်– အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ၊ ပြန်နွှေးထားသော ထမင်း၊ ပြန်နွှေးထားသော ဟင်း၊ ယိုအရမ်းများသော ကိတ်မုန့်များ စတာတွေ ရှောင်သင့်ပါတယ်။(၃)နို့ နှင့် နို့ထွက် ပစ္စည်းများ။ဆောင်ရန်– ပိုးသတ်ထားသော၊ သေချာ ကျိုချက်ထားသော နွားနို့၊ သန့်သန့်ရှင်းရှင်း လုပ်ထားသော အိမ်လုပ် ရေခဲမုန့်၊ မစ်ရှိတ်၊ ဆရာဝန် ညွှန်ကြားထားသော ဖြည့်စွက် အာဟာရမှုန့်၊ နို့မှုန့်၊ အိမ်လုပ် နို့ကြက်ဥပူတင်း၊ အိမ်လုပ် နွားနို့ ရေခဲထုပ်၊ အိမ်လုပ် နွားနို့ရေခဲချောင်း (အသား၊ငါး အခြားသော ပစ္စည်းများနှင့် ရော မခဲရ)၊ ပဲနို့၊။ရှောင်ရန်– မကျိုချက်ရသေးသော၊ သေချာ မကျိုချက်ထားသော နွားနို့၊ ဒိန်ချဉ်၊ ပြင်ပမှ လုပ်ရောင်းသော ရေခဲမုန့်၊ ရေခဲချောင်း၊ ရေခဲထုပ် စတာတွေ မကျွေးသင့်ပါဘူး။(၄)ပဲအမျိုးမျိုး။ဆောင်ရန်– ပဲ များများကျွေးပေးရပါမည်။ ဒါမှ အသားဓာတ် ကြွယ်ဝပြီး အာဟာရပြည့်ဝမှာပါ။ ပဲဟင်း၊ ပဲနှပ်၊ ပဲပြုတ်၊ ပဲနို့၊ ပဲကြော်၊ ပဲလှော် (သေချာ ကျက်အောင် ချက်ကျွေးပေးဖို့လိုပါတယ်)။ရှောင်ရန်– အစိမ်း မကျွေးရ၊ ပဲစိမ်းရည် စတာတွေ မတိုက်ရ။(၅)အစေ့အဆန်အမျိုးမျိုး။ဆောင်ရန်– သေချာ ကျက်အောင် လှော်ထားသော၊ ကြော်ထားသာ အစေ့အဆန် များ (ဥပမာ- မြေပဲ၊ သီဟိုစေ့၊ ဗံဒါစေ့) စတာတွေ ကျွေးပေးလို့ရပါတယ်။ (ကလေး အရမ်းငယ်သေးရင် သတိထားပါ။ သီးတတ်ပါသည်)။ရှောင်ရန်– မလှော်ရသေးသော၊ မကြော်ရသေးသော အစိမ်းများ၊ စပျစ်သီးခြောက်များ၊ အသီးခြောက်များ။(၆)အသီးအနှံအမျိုးမျိုး။ဆောင်ရန်– အခွံထူ အသီး အနှံ များ (ဥပမာ – ငှက်ပျောသီး၊ လိမ္မော်သီး၊ ဂျပန်သခွားမွှေး၊ သလဲသီး၊ မာလကာသီး (အစေ့မစားရ)၊ ပန်းသီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ တရုတ်ဇီးသီး၊ ဖရဲသီး၊ သင်္ဘောသီး စတာတွေ ကို ရေသေချာဆေးပြီး အခွံနွှာပြီးကျွေးပေးလို့ရပါတယ်။ အိမ်မှာပဲ သေချာခွဲကျွေးရပါမယ်။ ဆိုင်တွင် ခွဲပြီးသား တုံးပြီးသားတွေ လုံးဝမကျွေးရ။ရှောင်ရန်– စတော်ဘယ်ရီ၊ စပျစ်သီး၊ ချယ်ရီသီး၊ သြဇာသီး၊ လိုင်ချီး စတာတွေ မကျွေးရပါဘူး။(၇)ဟင်းသီးဟင်းရွက်အမျိုးမျိုး။ဆောင်ရန်– ဟင်းရွက်များ ကို ရေသေချာ အထပ်ထပ် ဆေးပြီး မှ ကျွေးပါ။ အနည်းဆုံး မိနစ် သုံးဆယ် ရေစိမ်ပါ။ ရေသုံးခါ ဆေးချပါ။ အခွံနွှာလို့ရတဲ့ ဟင်းသီးဟင်းရွက်များ (ဥပမာ- မုန်လာဥနီ၊ သခွားသီး) များ ကို အခွံနွှာပါ။ အခွံနွာလို့မရသော ဟင်းသီးဟင်းရွက် (ဥပမာ – ခရမ်းချဉ်သီး) များကို ရေနွေးဖြင့် တစ်မိနစ်ခန့် ပြုတ်ပေးပါ။ရှောင်ရန်– မချက်ရသေးသောအစိမ်းများ၊ အခွံ မနွှာရသေးသော ဟင်းသီးဟင်းရွက်များ မကျွေးသင့်ပါ။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/nutrition-for-cancer-child/
Foreign object in the nose (နှာခေါင်းတွင်းသို့ ပြင်ပပစ္စည်းတခုခု ဝင်ခြင်း)
နားထဲကို ပြင်ပအရာတွေဝင်တယ်ဆိုတာ နားစည်လမ်းကြောင်း ( နားစည်နဲ့ အပြင်နှဲု့ ဆက်ထားတဲ့လမ်း) မှာမူလရှိမနေတဲ့ ဘယ်အရာမဆိုရှိနေတာကို ခေါ်ပါတယ်။ လူတစ်ယောက်က နားထဲကို ရည်ရွယ်ချက်နဲ့ ( ဥပမာ ဂွမ်းစ) ဖြစ်စေ မရည်ရွယ်ပဲနဲ့( ဥပမာ နားကပ်) ဖြစ်စေ တစ်ခုခုထည့်သွင်း မိတတ်ပါတယ်။ ကလေးတွဆိုရင် မိခင်နားကိုဖြစ်စေ အခြားကလေးတွေ နားထဲဖြစ်စေ ပစ္စည်းတော်တော်များများ လိုက်ထည့်တတ်ပါတယ်။ တစ်ခါတစ်လေလည်း အင်းဆက်တစ်ကောင်ကောင်က နားထဲဝင်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဂွမ်းပဲဖြစ်စေ အရုပ်ပဲဖြစ်စေ၊ နားထဲဝင်သွားတဲ့ပစ္စည်းဟာ လွယ်လွယ်နဲ့ပြန်မထွက်လာတတ်ပါဘူး။တော်တော်အဖြစ်များပါတယ်။ မိန်းကလေးတွေဟာယောက်ျားလေးတွေထက်ပိုဖြစ်ကြပါတယ်။ အသက်အရွယ်လည်း မရွေးပါဘူး။ ဖြစ်စေတဲ့အရာတွေကိုလျော့ချလို့ရပါတယ်။ အခြား အချက်အလက်များအတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။နားထဲအပြင်ပစ္စည်းတစ်ခုဝင်တာနဲ့ မသက်မသာခံစားရပါလိမ့်မယ်။ နားအကြားအာရုံလည်း ထိခိုက်ပါမယ်။ ပစ္စည်းက နားလမ်းကြောင်းကို ထိခိုက်မှုဖြစ်စေတယ်ဆိုရင် နာတာတွေ ပိုးဝင်တာတွေဖြစ်လာပြီး otitis externa ဖြစ်နိုင်ပါတယ်။ နားထဲမှာ အသံမည်တာတွေဖြစ်နေပြီး ချောင်းဆိုးတာပါကြုံရနိုင်ပါတယ်။ တကယ်လို့ ပိုးကောင်တစ်ကောင်ဝင်တာဆိုရင် တဝီဝီမြည်တာ ယားတာအပြင် ပိုးကောင်က နားလမ်းကြောင်းကို ကိုက်တာပါဖြစ်နိုင်ပါတယ်။ အထက်ပါလက္ခဏာတွေမှာ မပါတာတွေရှိနိုင်ပါသေးတယ်။ သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။ဝင်သွားတဲ့ပစ္စည်းအများစုဟာ လူနာကိုယ်တိုင်ထည့်လိုက်တာကြောင့်ပါ။ သူတို့ခန္ဓါကိုယ်ရော ထူးထူးဆန်းဆန်းအရာတွေကိုပါ စပ်စုတတ်တဲ့ကလေးတွေမှာဒီပြသနာအများဆုံးဖြစ်ပါတယ်။(အထူးသဖြင့် ၉လကနေ ၈နှစ်အရွယ်ထိ)။သူတို့နားထဲအများဆုံးထည့်တဲ့အရာတွေကတော့။ပုတီးစေ့။အစားအသောက်။စာရွက်။ဂွမ်းတံ။ခဲဖျက်။အရုပ်သေးတွေ။ကျောက်စရစ်။အခွံလေးတွေ စတာတွေဖြစ်ပါတယ်။Ear wax : နားဖာချေးတွေဆိုတာ ပုံမှန်ဖြစ်နေကျအရာဆိုပေမယ့် အတွင်းမှာစုပြီး ခဲနေမယ်ဆိုရင် နားမကြားတာ နာကျင်တာတွေဖြစ်နိုင်ပါတယ်။ နားကေ ာ်တံကို အလွန်အသုံးပြုရင် သန့်ရှင်းရေးလုပ်တယ်ဆိုပေမယ့်တကယ်တော့ wax တွေနဲ့ ဆဲလ်အသေတွေကို အထဲထိထိုးထည့်သလိုဖြစ်နေပြီး ရောဂါဖြစ်စေပါတယ်။အင်းဆက်များ။အင်းဆက်တွေဟာ နားလမ်းကြောင်းထဲကိုပျံပြီး ဒါမှမဟုတ် တွယ်ပြီးဝင်ရောက်လာနိုင်ပါတယ်။ ပုံမှန်အးာဖြင့် ကြမ်းပေါ်မှာအိပ်တာ ဒါမှမဟုတ် အပြင်မှာ camp ထွက်ပြီးအိပ်ကြတာဖြစ်ဖြစ် ဒါမျိုးဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကြောက်လန့်ဖို့လည်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပိုးကောင်ရဲ့ တဝီဝီသံက အရမ်းကျယ်သလို အရမ်းလည်းနာကျင်တာကြောင့်ဖြစ်ပါတယ်။ဘယ်အရာတွေက နားအတွင်းပိုင်းပြင်ပအရာဝင်တာမျိုးဖြစ်စေတတ်သလဲ?။ဖြစ်စေတာတွေက အများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က အလင်းဆများတဲ့ otoscope ခေါ်ကိရိယာနဲ့ သင့်နားအတွင်းပိုင်းကို ကြည့်ရှူ ပါလိမ့်မယ်။ အဲ့အခါမှာ ပစ္စည်းကိုတွေ့ပြီး ဘယ်လိုအရာဆိုတာနဲ့ နားစည်ပေါက်ပြဲမှုရှိမရှိ ဆိုတာပါ သေချာစမ်းသပ်နိုင်မယ်ဖြစ်ပါတယ်။သေချာမမြင်ရရင် နားထဲကအရာကို ဖယ်ထုတ်ဖို့မ ကြိုးစားပါနဲ့။ အချို့အရာတွေက နားကိုအောက်စိုက်ထားရုံနဲ့ မြေဆွဲအားကြောင့် အလိုလို ထွက်ကျလာတတ်ပါတယ်။ ကလေးဆိုရင် မျက်နှာကို လူကြီးတွေကကိုင်ပေးထားပြီးနာရွက်အောကိစိုက်ကာ ငြင်သာစွာလှုပ်ဖို့ကြိုးစားကြည့် နိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းထွက်သွားဖို့အတွက် ကလေးကို အားနဲ့လှုပခါတာမျိုးလုံးဝမလုပ်ပါနဲ့ ။ဝါဂွမ်းတွေ စက္ကူ တွေဆိုရင် သင့်လက် ဒါမှမဟုတ်ကိရိယာတွေသုံးပြီးဖယ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေဆီမှာ လိုတဲ့ကိရိယာအစုံရှိတဲ့ အတွက် ဝင်သမျှပစ္စည်းတော်တော်မျူးများကို ဆရာဝန်ထုတ်ပေးတာများပါတယ်။ ဘာလို့လဲဆိုတော့ ဆရာဝန်အကူအညီမယူပဲ မိမိဘာသာထုတ်ခဲ့ရင် ဒဏ်ရာတွေဖြစ်နိုင်လို့ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်က ရေနဲ့လောင်းချတာမျိုးနဲ့ လိုအပ်ရင် ချိတ်လေးကိုပါသုံးနိုငိပါတယ်။ ပြီးတော့ ထုတ်ပြီးချိန်မှာလည်း otoscope နဲ့ပြန်ကြည့်ပြီး ပုံမှန်ဖြစ်မဖြစ်စစ်ဆေးပါတယ်။တကယ်လို့ အင်းဆက်တစ်ကောင်ဝင်နေတယ်ဆိုရင် သင့်လက်နဲ့ထိုးတာမျိုးမလုပ်ပါနဲ့ ။ ကိုက်တတ်လို့ပါ။ ဒီအခါ နားကိုအပေါ်အောက်ကို ခေါင်းမော့ထားပါ။ အင်ဆက်က သူ့ဘာသာထွက်သွားပါလိမ့်မယ်။ မထွက်ရင် ဆီတစ်မျိုးလောင်းထည့်ပါ။ အင်းဆက်သေသွားပါလိမ့်မယ်။ အဲ့အခါမှ ဆရာဝန်က ရေသန့်သန့်နဲ့ နားကိုဆေးချပြီး ပိုးကောင်ကိုထုတ်ယူပါလိမ့်မယ်။နားအတွင်းပြင်ပပစ္စည်းဝင်တာကို ကူညီပေးနိုင်တဲ့ ဆေးနဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?။နားသန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ရှူ းတွေ ပိုးပိတ်တွေ သွားကြားထိုးတံတွေ မသုံးပါနဲ့ ။ နားစည်ပေါက်တာရဲ့ အဓိကအကြောင်းရင်းက ဒီလိုပစ္စည်းတွေင်တာကြောင့်ဖြစ်ပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/foreign-object-in-the-nose-%e1%82%8f%e1%80%bd%e1%80%ac%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%82%95-%e1%80%bb/
နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတွေ ဘယ်လိုဂရုစိုက်မလဲ
ဘာလိုလိုနဲ့ နွေရာသီတောင် ရောက်လာပြီနော်။ ကျောင်းတွေလည်း ပိတ်ပြီဆိုတော့ ကလေးတွေအတွက် ပျော်စရာအားလပ်ချိန်လေး ရပြီပေါ့။ ဒီလို ကျောင်းပိတ်ရက်မှာ ဖျားနာနေမယ်ဆိုရင် ကလေးတွေလည်း စိတ်လွတ်လက်လွတ် မပျော်ရတော့ဘူး။ မိဘတွေလည်း ကလေးခံစားနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရမှာပါ။ ဒါကြောင့် ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ ကိုယ့်ကလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းမာနေစေဖို့ ဂရုစိုက်ပေးသင့်တဲ့ အရာလေးတွေကို မေမေတို့အတွက် ပြောပြပေးမယ်နော်။နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတို့ အနေနဲ့။နွေရာသီမှာ ကလေးတွေ ရေသောက်နည်းတာ၊ ချွေးခဏခဏ ထွက်တာကြောင့် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ရေဓာတ်ခမ်းခြောက်တဲ့အခါ ကလေးတွေခေါင်းမူးပြီးကိုယ်လက်မအီမသာ ဖြစ်မယ်။ နေလို့ထိုင်လို့ မကောင်းတာ၊ မူးဝေမောပန်းပြီး အားမရှိတာ၊ အသားအရေ ခြောက်သွေ့တာ၊ အစာစားချင်စိတ်ပါ နည်းသွားပြီးဖျားနာတာ ဖြစ်ဖို့ ပိုလွယ်သွားမှာပေါ့။ ဒါကြောင့် နွေရာသီမှာ ကလေးတွေ ရေများများသောက်ဖို့၊အရည်ရွှမ်းတဲ့ အသီးအနှံတွေ ကျွေးဖို့ မေမေတွေ သတိထားပေးရမယ်နော်။ကလေးဗိုက်ဝရင်ပြီးရော ဆိုပြီး ဘာစားစား ကျွေးလိုက်တာမျိုး မလုပ်ပါနဲ့။ဗိုက်ဝတာမှန်ပေမယ့် အာဟာရမဖြစ်တာတွေပဲ စားနေရင် ကလေးလည်း တဖြည်းဖြည်း ပိန်လှီပြီး နေမကောင်းပိုဖြစ်လာမယ်။ ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးအာဟာရဖြစ်စေမယ့် အစားအစာတွေကို အဓိက ကျွေးပါ။ အသားငါး၊ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဥ၊ ပဲ၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန် အစရှိသဖြင့်အာဟာရစုံလင်စွာ ချက်ပြုတ်ကျွေးမွေးပေးရပါမယ်။မိဘဆိုတာ ကလေးအတွက် အမြဲ ရင်တထိတ်ထိတ်နဲ့ စိတ်ပူပန်နေရတာပါ။ ကိုယ့်သားလေး ဆော့ကစားရင်း ထိခိုက်မိသွားမလား၊ ချွေးတွေနဲ့ အပူလျှပ်သွားမလား စိုးရိမ်တတ်ကြသလို တချို့မိဘတွေကလည်း ကလေးကို အပြင်ပေးမထွက်ဘဲ အခန်းထဲအောင်းပြီး စာပဲ လုပ်ခိုင်းတာမျိုး ရှိတတ်ပါတယ်။ကလေးအရွယ်ဆိုတာ အမြဲလှုပ်ရှားနေမှ စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွပြီး အာရုံစူးစိုက်မှု ကောင်းနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ကလေး အပြင်ထွက်ပြီး ကစားဖို့ မေမေတွေအနေနဲ့ သေချာပြောပြဖို့ လိုတယ်နော်။မနက်ပိုင်းမှာ မိသားစုစုံစုံလင်လင် လမ်းလျှောက်ထွက်တာ၊အားကစားလုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။နွေရာသီမှာ ရာသီဥတုအလွန်ပူပြင်းတာကြောင့် ချွေးတွေ အလွန်အကျွံထွက်နိုင်ပါတယ်။ အပြင်က ပြန်ရောက်ရောက်ချင်းရေချိုးလိုက်တာ၊ ကိုယ်လက်သန့်စင်တာမျိုး လုပ်လိုက်ရင် ကိုယ်ခန္ဓာက အပူအအေး မမျှတတော့တာမျိုး ဖြစ်နိုင်ပါတယ်။ဒါကြောင့် အပြင်ကနေ ပြန်ရောက်လာရင် ကလေးကို အဝတ်အစားအရင်လဲပေးပါ။ ကိုယ်ပေါ်မှာ ရှိနေတဲ့ ချွေးတွေကို အရင်ခြောက်အောင် သုတ်ပေးပြီး အအေးခံပြီးတော့မှ ခြေလက် အရင်သန့်စင်ပေးပါ။ ပြီးတော့မှပဲ ရေသေချာချိုးပေးရပါမယ်။နွေရာသီရဲ့ ပြင်းလွန်းတဲ့ အပူချိန်ဟာ ကလေးရဲ့အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို SPF 50ပါတဲ့ နေလောင်ကာခရင်မ်လေး လိမ်းပေးဖို့ မမေ့နဲ့နော်။ အပြင်ထွက်တာနဲ့ ချွေးထွက်လာမှာဆိုတော့ ချွေးစုပ်မယ့် ချည်သားအင်္ကျီအပွလေးတွေ ဝတ်ပေးပါ။ကလေးကို ဦးထုပ်ဆောင်းပေးတာဖြစ်စေ၊ ထီးလုံအောင် ဆောင်းပေးပြီးနေရောင်ခြည်နဲ့ ထိတွေ့မှုနည်းအောင် လုပ်ပေးလို့လည်း ရတယ်နော်။အိပ်ချိန်ပြည့်ဝမှုဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် အိပ်ချိန် ပိုပြီးတောင် လိုအပ်ပါသေးတယ်။ ဒါကြောင့် ညနောက်ကျတဲ့အထိ ကလေးကို မထားဘဲ စောစောအိပ်တဲ့ အကျင့်ရအောင် လုပ်ပေးပါ။ နေ့လယ်နေ့ခင်း အချိန်အကြာကြီး တရေးတမောအိပ်တာ၊ ညနောက်ကျမှ ကဖင်းဓာတ်ပါတဲ့ ကော်ဖီတွေ သောက်တာ၊ မုန့်တွေစားတဲ့အခါ ကလေးက ညဘက်မှာ ကောင်းကောင်းမအိပ်နိုင်ဘဲ မျက်စိကြောင်နေမှာပါ။ ဒါကြောင့် ဒီလိုအကျင့်တွေကိုလည်း ဖျောက်ပေးရမယ်နော်။ကလေးတွေအတွက် ပျော်ရွှင်စရာ အားလပ်ချိန် နွေရာသီလေး ဖြစ်စေဖို့ မေမေတို့အနေနဲ့ ဒီအချက်တွေ သေချာလိုက်နာပေးဖို့တော့ လိုမယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/summer-care-tips-for-kids/
Intestinal Obstruction (အူပိတ်ခြင်း)
အူသိမ် ဒါမှမဟုတ် အူမကြီးမှာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ်၊ အကုန်ုလုံးပဲ ဖြစ်ဖြစ် ပိတ်သွားတဲ့ အခါ အူပိတ်တာ ဖြစ်သွားပါတယ်။ အဲ့လို ပိတ်သွားတဲ့အခါ အစာတွေ၊ အရည်တွေ နဲ့ အငွေ့တွေဟာ အူထဲမှာ ပုံမှန်လမ်းကြောင်း အတိုင်းမသွားနိုင်တော့ပဲ ပြင်းထန်တဲ့ နာကျင်မှု ကို ခံစားရပါတော့တယ်။အူပိတ်တယ်ဆိုတာက အများကြီး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။အူပိတ်တာရဲ့ လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ။အပေါ်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ အပြင် တခြား လက္ခဏာတွေလည်း ရှိချင်ရှိနိုင်ပါတယ်။ မေးစရာလေးတွေ ရှိနေမယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။တချိန်လုံး ပြင်းပြင်းထန်ထန် ဗိုက်အောင့်နေမယ်ဆိုရင် ဆရာဝန်ပြပါ။ အဲ့လို ဖြစ်ရတာ အူထဲကို သွေးတွေ မရောက်တော့ ဒါမှမဟုတ် အူမှာ အပေါက်ဖြစ်နေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ဘယ်အချက်တွေက အူပိတ်တာကိုဖြစ်စေသလဲ။အကျိတ်တွေ၊ အမာရွတ်တစ်ရှုး (ကပ်နေတာ) တွေ သို့မဟုတ် အူလိမ်ခြင်း၊ အူကျဉ်းခြင်း စတဲ့ အချက်တွေက အူပိတ်ခြင်းကို ဖြစ်စေပါတယ်။အူသိမ်ထဲမှာ အူပိတ်ရောဂါ ဖြစ်ရင် အမာရွတ်တစ်ရှုးက အတွေ့ရများဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ တခြားဖြစ်နိုင်တဲ့ အကြောင်းရင်း တွေထဲမှာတော့ အူကျရောဂါ၊ အူကို ကျဉ်းစေ လိမ်ခေါက်စေတဲ့ ခရုန်းရောဂါ နဲ့ အူကို ပိတ်စေတဲ့ အကျိတ် တို့ ပါဝင်ပါတယ်။ တကယ်လို့ အူထပ်ခြင်း (အူအစိတ်အပိုင်း တစ်ခုက တခြားအူ တစ်ခုဆီခေါက်ဝင်နေခြင်း) ဖြစ်နေမယ် ဆိုရင်လည်း အူထဲ ပိတ်ဆို့နေတာ ဖြစ်နိုင်ပါတယ်။အူမကြီးထဲမှာ ဆိုရင် ကင်ဆာက ဖြစ်နိုင်ချေ အများဆုံး ဖြစ်ပါတယ်။ တစ်ခါ တစ်လေမှာ မာကျောတဲ့ မစင်ကြောင့် ပိတ်နေတာ၊ အူမကြီးနံရံမှာ အိတ်လိုမျိုး ဖောင်းနေပြီး ရောင်ရမ်းတဲ့ ရောဂါ သို့မဟုတ် အူရောင်တဲ့ ရောဂါကြောင့် ပိတ်နေတာ မျိုးတွေလည်း ရှိတတ်ပါတယ်။ဘယ်အချက်တွေက အူပိတ်ရောဂါ ဖြစ်နိုင်ချေ ပိုများသလဲ။အူပိတ်ရောဂါ ဖြစ်စေမယ့် အချက်တွေ အများကြီး ရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က ရောဂါလက္ခဏာတွေ၊ အစာချေဖျက်တဲ့ စနစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ ဝမ်းဗိုက်မှာ လုပ်ခဲ့သမျှ ခွဲစိတ်မှုတွေကို မေးမြန်းပါလိမ့်မယ်။ သင့်ဗိုက်က ပျော့နေပြီး ဖောရောင်နေသလား ဆိုတာကို လည်း စစ်ဆေးပါလိမ့်မယ်။သင့်ဆရာဝန်က။အူသိမ်နဲ့ အူမကြီးတို့မှာ ဘာတွေက ပိတ်ဆို့နေသလဲ ဆိုတာ စစ်ဆေးဖို့ ဝမ်းဗိုက်ဓါတ်မှန် ရိုက်ခိုင်းပါလိမ့်မယ်။အူပိတ်နေတာ နည်းနည်းလား၊ လုံးဝပိတ်နေတာလား ဆိုတာ သိရအောင်လည်း စီတီ စကန် ရိုက်ခိုင်းပါလိမ့်မယ်။အူပိတ်ရောဂါ အများစုက အူနည်းနည်းပဲ ပိတ်တာ ဖြစ်ပြီး သူ့ဘာသာသူ ပြန်ကောင်းသွားတတ်ပါတယ်။ တချို့ကတော့ ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ စအိုထဲသွင်းရတဲ့ အရည် သို့မဟုတ် ပိုက်ငယ်တွေကို အသုံးပြု ကုသတတ်ပါတယ်။အူလုံးဝပိတ်နေမယ် ဒါမှမဟုတ် အူထဲ သွေးမရောက်တော့ဘူး ဆိုရင်တော့ ခွဲစိတ်ကုသမှု လုပ်ဖို့ အမြဲတမ်း လိုအပ်ပါတယ်။ ခွဲစိတ်ပြီးတဲ့ အခါ အူမကြီးကို ဖောက်တာ ဒါမှမဟုတ် အူသိမ်နောက်ပိုင်းနဲ့ အူမကြီးဆက်စပ်ပေးတာမျိုး လုပ်ဖို့ လိုတတ်ပါတယ်။ ရောဂါ ဖြစ်နေတဲ့ အစိတ်အပိုင်းကို ဖယ်ထုတ်လိုက်ပြီးပြီ ဆိုရင် နောက်ထပ်ကျန်နေတဲ့ အပိုင်းကို အရေပြားကနေ အပေါက်ဖောက်ပြီး ချုပ်ပေးပါလိမ့်မယ်။ တစ်ခါတစ်လေမှာ အူဖောက်တာက ယာယီသာဖြစ်ပြီး ရောဂါ ပြန်ကောင်းသွားတဲ့ အထိသာ ဖြစ်ပါတယ်။ ရောဂါသက်သာလာတာနဲ့အမျှ အူအရင်းပိုင်းဟာ ပြန်ဆက်သွားပြီး အူဖောက်ထားတာကို ပြန်ပိတ်ပေးပါလိမ့်မယ်။တကယ်လို့ အူပိတ်တာဟာ တခြား ရောဂါကြောင့် ( ဥပမာ – အူမကြီးနံရံမှာ အိတ်လိုမျိုး ဖောင်းနေပြီး ရောင်ရမ်းတဲ့ ရောဂါ ) ဆိုရင်တော့ အဲ့ဒီရောဂါကို မကုမချင်း အူပိတ်တာက ဆက်ဖြစ်နေပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။အောက်ပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်း ကုထုံးတွေက အူပိတ်ရောဂါကို ထိန်းချုပ်စေနိုင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/intestinal-obstruction-%e1%80%a1%e1%80%b0%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ပွေးရှိရင် ဘာတွေ မစားရဘူးလဲ
ပွေး ဆိုတာအရေပြားမှာ မှိုစွဲတာကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ ဘေဘီလေးတွေ ကစလို့ ဘိုးဘိုးဘွားဘွားတွေအထိ အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ အရေပြားရောဂါတော်တော်များများက အစားအသောက် ဂရုစိုက်ဖို့ လိုတာမျိုးလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့အရေပြားပြဿနာတစ်ရပ်ဖြစ်တဲ့ ပွေးရှိရင် ဘာတွေ မစားရဘူးလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ပွေး ဆိုတာက အရေပြားပေါ်မှာ ဖြစ်တတ်ပြီး ကူးစက်တတ်တဲ့မှိုရောဂါတစ်မျိုးပါ။ ကူးစက်နှုန်းလည်း မြန်ပါတယ်။ ပွေးက လူတွေမှာတင် ဖြစ်တတ်တာမဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ပွေးကူးခံရပြီဆိုရင် အရင်ဆုံး အရေပြားပေါ်မှာ ခပ်ဝိုင်းဝိုင်း အကွက်လေး ဖြစ်လာပါမယ်။ အကွက်လေးက နီရဲနေပြီး ဘေးအနားသတ်လေးတွေက ဖောင်းကြွကြွလေး ဖြစ်နေမယ်။ အတွင်းအရေပြားက အနားသတ်ထက် ချိုင့်နေမယ်။ ရက်နည်းနည်း ကြာတဲ့အခါ အနားသတ်လေးတွေမှာအရည်ကြည်ဖုလေးတွေလို ဖြစ်လာမယ်။ ယားယံမယ်။ စပ်ဖျဉ်းဖျဉ်း နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ပွေး ရှိနေတဲ့အခါ ပွေး သက်သာစေဖို့ နဲ့ ပွေးကြောင့်အရေပြား ယားယံတာကို သက်သာစေဖို့အတွက် ဒီအစားအစာလေးတွေကို ရှောင်ဖို့ လိုပါမယ်။ ပွေး ရှိရင် ဘာတွေ မစားရဘူးလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ဘာတွေ ရှောင်ရမလဲ။ပွေး ရှိနေမယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ ဒါတွေ မပါအောင် ဂရုစိုက်ပေးပါ။ဘာတွေ စားရမလဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/what-foods-to-avoid-if-you-have-ringworm/
ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ
ဒီနေ့ တစ်နေကုန်သမ်းနေတာပဲ၊ အိပ်ချင်နေတယ်၊ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး စတဲ့ အသံတွေကို သင့်ပတ်ဝန်းကျင်မှာ ကြားနေကျဖြစ်ပါလိမ့်မယ်။ အခုလိုမျိုး ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းဟာ မျိုးစုံရှိနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ဖြစ်နိုင်သလို တခြားသောကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ဘာကြောင့် အရမ်း ပင်ပန်းနွမ်းနယ်နေရသလဲ ဆိုတာကို အတူတူ ဆန်းစစ်ကြည့်ရအောင်နော်။သုတေသီများရဲ့အဆိုအရ အသက်အရွယ်အလိုက် တစ်နေ့တာ အိပ်စက်သင့်တဲ့ အချိန်တွေကတော့။– ကျောင်းနေအရွယ် ကလေးများ။ ၁၀ နာရီမှ ၁၁ နာရီ။– ဆယ်ကျော်သက်များ။ ၈ နာရီမှ ၁၀ နာရီ။– အရွယ်ရောက်ပြီးသူများ။ ၇ နာရီမှ ၉ နာရီ။– အသက်ကြီးပိုင်းများ။ ၇ နာရီမှ ၈ နာရီ စသဖြင့် ဖြစ်ပါတယ်။သင့်အနေနဲ့ ယခုဖော်ပြခဲ့တဲ့အတိုင်း အိပ်စက်သင့်သလောက် မအိပ်ရရင် ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ အိပ်စက်ချိန်နည်းရင် ရေရှည်မှာ မှတ်ဉာဏ်အားနည်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ မတော်တဆဖြစ်နိုင်ခြေ မြင့်မားလာခြင်း၊ကျန်းမာရေးထိခိုက်ခြင်းစတဲ့ပြဿနာတွေ ဝင်လာနိုင်ပါတယ်။အိပ်ရေးမဝခြင်းအပြင် မောပန်းနွမ်းနယ်ခြင်းဖြစ်စေရတဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။သံဓာတ်ချို့တဲ့ခြင်း ဒါမှမဟုတ် သွေးအားနည်းခြင်းဟာ သင့်ကို အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း ဖြစ်စေနိုင်ပါတယ်။ သံဓာတ်ဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရာမှာ အရေးပါပါတယ်။ သွေးနီဥဆဲလ်တွေ လုံလောက်စွာမရှိရင် ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်လုံလောက်စွာ ပို့ဆောင်နိုင်ခြင်း မရှိပါဘူး။ အဆိုပါ အခြေအနေမှာ မောပန်းခြင်းအပြင် အသက်ရှူမဝခြင်း၊ နှလုံးတုန်ခြင်း၊ ဖြူဖျော့ခြင်း စတဲ့လက္ခဏာတွေ ကြုံနိုင်ပါတယ်။အိပ်ပျော်နေစဉ်မှာ လူတချို့ဟာ အသက်ရှူရပ်တန့်သွားခြင်းမျိုး ကြုံရတတ်ပါတယ်။ သူတို့ရဲ့လည်ချောင်းဟာ အိပ်နေစဉ် ယာယီကျဉ်းမြောင်းသွားတတ်ပါတယ်။ တစ်ခါတရံ လုံးဝပိတ်သွားနိုင်ပါတယ်။ အဆိုပါအခြေအနေမှာ အသက်ရှူကျပ်ပြီး ညဖက်တွေမှာ နိုးလာတတ်ပါတယ်။ အိပ်ပျော်စဉ်မှာ အသက်ရှူရပ်တန့်ခြင်းပြဿနာကြောင့် နေ့ဖက်တွေမှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အဝလွန်သူတွေ၊ သက်လတ်ပိုင်း အမျိုးသားတွေမှာ ဒီပြဿနာကို ပိုမိုတွေ့ရတတ်ပါတယ်။ပင်ပန်နွမ်းနယ်နေခြင်းဟာ စိတ်ဓာတ်ကျခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျခြင်းကြောင့် ကိုယ်ခန္ဓာရဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားသလို ခံစားရနိုင်ပါတယ်။ အိပ်စက်ခြင်းကိုလည်း ထိခိုက်နိုင်ပါတယ်။ မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ နာကျင်ကိုက်ခဲခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ ပင်ပန်းနွမ်းနယ်ရတာ သဘာဝဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပထမ သုံးလပတ်ကာလမှာ ကိုယ်ခန္ဓာကနေ ပရိုဂျက်စထရုန်းဟော်မုန်း အများအပြား ထုတ်လုပ်ပေးပါတယ်။ အဆိုပါဟော်မုန်းဟာ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပင်ပန်းနွမ်းနယ်ခြင်းကို တတ်နိုင်သမျှ လျှော့ချရအောင် အိပ်ရေး၀၀အိပ်ခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးသောက်သုံးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ဆီးချိုရောဂါရှိရင် သိသိသာသာ မောပန်းနွမ်းနယ်နေတတ်ပါတယ်။ အလွန်အမင်း ရေငတ်ပါတယ်။ ဆီးလည်း သွားချင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်မြင့်တက်နေတဲ့အတွက် အခုလို ဖြစ်ရခြင်း ဖြစ်ပါတယ်။သိုင်းရွိုက်ဂလင်း ပုံမှန် အလုပ်မလုပ်ရင်လည်း ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ဒီပြဿနာဟာ ဖြည်းဖြည်းချင်း ပေါ်လာတာမို့ ရုတ်တရက်မသိနိုင်ပါဘူး။ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ကျခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/why-am-i-so-tired/
Small Toes Surgery (ခြေချောင်းလေးများ ခွဲစိတ်ကုသမှု)
အဖြစ်များဆုံး ပြဿနာသုံးခုက ခြေချောင်းလေးတွေပုံမမှန်တာ၊ အဆစ်တွေနာတာနဲ့ခြေဖဝါးနာကျင်တာတို့ပဲ ဖြစ်ကြပါတယ်။သင့်ခြေချောင်းလေးတွေကို လှုပ်ရှားအောင်လုပ်ပေးတဲ့ အရွတ်ကြောလေးတွေတင်းလွန်းတာ ဒါမှမဟုတ် အနေအထားမမှန်တာမျိုးကြောင့် ခြေချောင်းလေးတွေ ပုံမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ ခြေချောင်းအချင်းချင်း ပွတ်တိုက်တာ ဒါမှမဟုတ် ရှူးဖိနပ်အတွင်းပိုင်းနဲ့ပွတ်တိုက်တာတွေကြောင့်လည်း ဒဏ်ဖြစ်ပြီး နာလာစေပါတယ်။rheumatoid arthritis လို အဆစ်အမြစ်ရောင်ရောဂါတွေကြောင့် သင့်ခြေဆစ်တွေကို ထိခိုက်စေ၊ ဒဏ်ဖြစ်စေပြီးပုံသဏ္ဍာန် မမှန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။သင့်ခြေချောင်းလေးတွေ ပိုပြီးဖြောင့်လာမှာဖြစ်တဲ့အတွက် ရှူးဖိနပ်ထဲမှာ ပိုပြီးနေသားတကျဖြစ်လာတာကြောင့် နာကျင်ရောင်ရမ်းတာတွေကို သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။ရေမြှုပ်ပျော့ပျော့လေးတွေကို ခြေချောင်းလေးတွေကြားထဲ ခံထားမယ်ဆိုရင် နာကျင်တာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းပြီး နူးညံ့တဲ့ရှူးဖိနပ်တွေကို အသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေသွားနိုင်ပါတယ်။ တကယ်လို့ ဒါတွေနဲ့မလုံလောက်ဖူးဆိုရင်တော့ ဆရာဝန်နဲ့မေးမြန်းတိုင်ပင်ပါ။ အထူးစီမံထားတဲ့ ဖိနပ်အခံပြား ဒါမှမဟုတ် ဖိနပ်တွေကို အသုံးပြုဖို့သင့်ဆရာဝန်ကအကြံပေးပါလိမ့်မယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာ်ဖစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။ဆရာဝန်ရဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။ ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိ အစာစားလို့ရတယ် စသဖြင့်ပေါ့။ အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင်ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဖူး။ ကော်ဖီတို့၊ ရေတို့လို အရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေ ါ်မူတည်ပါတယ်။အမျိုးမျိုးသော ထုံဆေး၊ မေ့ဆေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ တင်းနေတဲ့ အရွတ်ကြောတွေကို ဖြေလျှော့သွားအောင်လုပ်တာ ဒါမှမဟုတ် ရှည်ထွက်အောင်လုပ်တာ၊ လွဲနေတဲ့အဆစ်ကို မူလနေရာ ပြန်ပို့တာ၊ ခြေချောင်းကိုဖြောင့်အောင်ဆွဲဆန့်တာနဲ့ခြေချောင်းရိုးလေးတွေကို အနေအထားတည့်မတ်မှန်ကန်အောင် ပြုလုပ်တာစတဲ့ ပြုပြင်ခွဲစိတ်မှုတွေကို လိုအပ်သလို ပြုလုပ်ပါလိမ့်မယ်။ခွဲစိတ်ပြီးတဲ့နေ့ ဒါမှမဟုတ် နောက်တစ်ရက်မှာပဲ ဆေးရုံဆင်းလို့ရပါပြီ။ ရောင်ရမ်းတာတွေကို သက်သာစေဖို့အတွက် ခွဲပြီးပြီးချင်း ပထမအပတ်မှာ သင့်ခြေထောက်ကို အချိန်အတော်များများ အပေါ်မြှောက်ထားရပါမယ်။ ပုံမှန်စီးနေကျ နူးညံ့တဲ့ရှူးဖိနပ်ပြန်စီးနိုင်ဖို့ အရောင်ကျတဲ့အထိ ရက်သတ္တပတ်ခြောက်ပတ် ဒါမှမဟုတ် ဒီထက်ပိုကြာကြာစောင့်ဆိုင်းရတတ်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မြန်မြန်ဆန်ဆန် ပြန်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ သင့်ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ်။ လူအများစုမှာ ခွဲစိတ်မှုကောင်းစွာအောင်မြင်လေ့ရှိပါတယ်။ တကယ်လို့ သင့်မှာမရှင်းလင်းတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။ဘယ်လိုခွဲစိတ်ကုသမှုမျိုးမဆို အန္တရာယ်ကတော့ရှိတာချည်းပါပဲ။ ဒါကြောင့် ဒီခွဲစိတ်မှုမှာ ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ခွဲစိတ်ဆရာဝန်ကို မေးမြန်းထားရပါမယ်။ဘယ်လိုခွဲစိတ်မှုမျိုးမှာမဆို ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေက မေ့ဆေးနဲ့မတည့်တာ၊ မေ့ဆေးကိုမူမမှန်တုံ့ပြန်တာ၊ သွေးထွက်လွန်တာ ဒါမှမဟုတ် သွေးခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ခြေချောင်းလေးတွေ ခွဲစိတ်မှုအတွက် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေက-။• အာရုံကြောနဲ့သွေးကြောတွေကိုထိခိုက်ခြင်း။• အရိုးက အနာအကျက်နှေးခြင်း။• ခြေချောင်းလေးတွေ မလှုပ်နိုင်တော့ခြင်း။• ခြေထောက်အရမ်းနာကျင်ခြင်း၊ တောင့်တင်းပြီးမလှုပ်နိုင်တော့ခြင်း။• ခြေဖဝါးနာကျင်ခြင်း။• ခြေချောင်းလေးတွေ ပုံစံမမှန်တာ တဖန်ပြန်ဖြစ်ခြင်း။ခွဲစိတ်မှုမပြုလုပ်ခင် အစာမစားဖို့ ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုးအစရှိတဲ့ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/small-toes-surgery-%e1%80%b1%e1%80%bb%e1%80%81%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%81%e1%80%bc%e1%80%b2/
သွေးဖြူဥတွေ များတယ်ဆိုတာ
သွေးစစ်လိုက်လို့သွေးအဖြေမှာ သွေးဖြူဥတွေ များတယ်ဆိုတဲ့ အဖြေထွက်လာရင် လူနာတွေက အဲ့တာ ဘာကိုပြောတာလဲဆိုတာ ပြန်မေးတတ်ကြပါတယ်။ ဒါဆို ပြန်ပြောရမှာက ဘယ်သွေးဖြူဥ အမျိုးအစားက များနေတယ်ဆိုတာပါပဲ။ တခြားသွေးနီဥတွေ၊သွေးဥမွှားတွေနဲ့ မတူတာက သွေးဖြူဥက အမျိုးအစားက ၅မျိုးတောင် ရှိနေတာကြောင့်ပါ။ တစ်ခုချင်းစီမှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ဒါကြောင့် သွေးဖြူဥတွေ များတယ်ဆိုတာ တစ်ခွန်းတည်း ပြောလိုက်ရုံနဲ့ မပြီးပါဘူး။ ဒါဟာ ကျယ်ပြန့်တဲ့ ကိစ္စပါပဲ။သွေးဖြူဥ အမျိုးအစားက ၅မျိုးရှိပါတယ်။ ဒါကြောင့် သွေးဖြူဥများတာ ၅မျိုးရှိတာပေါ့။သွေးဖြူဥများတယ်ဆိုတာ ဆေးစစ်ချက်အဖြေပါ။ လူကို ဒီတိုင်းကြည့်ရုံနဲ့ သွေးဖြူဥများနေတယ်လို့ ပြောဖို့ ခက်ပါတယ်။ နောက်ပြီး သွေးဖြူဥများတာရဲ့ နောက်ကွယ်မှာ တကယ့်ရောဂါတွေ ရှိနေပါတယ်။ ဒါကြောင့် လက္ခဏာတွေဆိုတာလည်း ဒီရောဂါရဲ့ လက္ခဏာတွေပါပဲ။ ဥပမာ။ခုနလိုပဲ တစ်မျိုးချင်းစီကို ပြောပြမှ အဆင်ပြေမှာပါ။ ဥပမာ။သာမန်လူတစ်ယောက်က ပုံမှန်ဆို သွေးဖြူဥ စုစုပေါင်းက ၄၀၀၀ကနေ ၁၁၀၀၀ (သွေး တစ်မိုက်ခရိုလီတာမှာ) လောက်ပဲ ရှိတာပါ။ ကိုယ်ဝန်ဆောင်တွေက လွဲရင်ပေါ့။ ကိုယ်ဝန်ဆောင်တွေက သဘာဝအရ သွေးဖြူဥများတတ်ပါတယ်။ သာမန်လူက ခုနကထက် များနေရင် သွေးဖြူဥများတယ်လို့ သတ်မှတ်ပါတယ်။၅သောင်းနဲ့ တစ်သိန်းကြားဆိုရင် ပိုးဝင်တာ ပြင်းထန်တာ ဒါမှမဟုတ် တစ်နေရာရာမှာ ကင်ဆာဖြစ်နေတာလို့ သံသယရှိပါတယ်။ ၁သိန်းထက်များရင်တော့ သွေးကင်ဆာများလားဆိုပြီး စစ်ဆေးမှုတွေ လုပ်ရမှာပါ။ဒီလိုများမများဆိုတာ သိချင်ရင်တော့။ဒီနည်းလမ်းတွေကတော့ တစ်ဆင့်လုပ်ပြီး လိုရင် နောက်တစ်ဆင့်ကို ဆက်စစ်ဆေးတာပါ။ကုသနည်းတွေကလည်း နောက်ခံအကြောင်းရင်းတွေကို ကုလိုက်ရင် သွေးဖြူဥပမာဏက ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ဥပမာ ပိုးဝင်တာအတွက် ပိုးသတ်ဆေးတွေ ပေးတာမျိုး၊ ရောင်ရမ်းတာတွေအတွက် အရောင်ကျဆေးတွေ ပေးတာမျိုး၊ ကင်ဆာဆိုရင်လည်း လိုအပ်တဲ့ ကုသမှုတွေ ပေးတာမျိုး၊ ဓာတ်မတည့်တာကြောင့်ဆိုရင် အကြောင်းရင်းကို ကုလိုက်တာမျိုး စသဖြင့် အကြောင်းရင်းကို လိုက်ကုရတာပါ။သွေးဖြူဥများတယ်ဆိုတာ အတွေ့ရများပါတယ်။ အထူးသဖြင့် Neutrophil အမျိုးအစားပေါ့။ လုပ်ရမှာက အကြောင်းရင်းကို သေချာရှာပြီး ကုဖို့ပါပဲ။ သွေးဖြူဥများတာ ပြဿနာ မဟုတ်ပါ။ များစေတဲ့ အကြောင်းရင်းကသာ ပြဿနာပါ။ အကြောင်းရင်းကို ရှာပြီး ကုပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/leucocytosis/
ကလေးရဲ့ သွားနဲ့ ခံတွင်းကို ဂရုစိုက်ဖို့ မေ့လျော့နေပြီလား
ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်နေပြီး သွားနဲ့ ခံတွင်းကို ပစ်ထားလို့ မဖြစ်ပါဘူးနော်။ ကလေးဆိုတာ သစ်ရွက်ကလေး လှုပ်တာမြင်ရင်တောင် သွားလေးပေါ်အောင် ပြုံးပြီး ခိုးခိုးခစ်ခစ်နဲ့ ရယ်တတ်ကြတဲ့အရွယ်မလား။ ဒီတော့ သွားနဲ့ခံတွင်းကို ငယ်စဉ်ကတည်းက သေချာဂရုစိုက်မှ ကလေးတွေ ပြုံးလိုက်တိုင်း ညီညာလှပတဲ့ အဖြူရောင်ပုလဲသွယ် သွားလေးတွေကို မြင်ရမှာပေါ့။မိဘတွေအနေနဲ့ ခံတွင်းနဲ့ သွားကျန်းမာရေးကို ပစ်ပယ်ထားလိုက်ရင် ကလေးတွေ အပေါ်ယံကြွေလွှာပျက်စီးပြီးသွားပိုးစားတာ၊ သွားပိုးပေါက်တွေ ဖြစ်လာနိုင်တာ၊ သွားတွေ ဝါထိန်ပြီးသွားချေးတွေတက်လာတာတွေအပြင် ခံတွင်းအနံ့အသက်ဆိုးတွေပါ ထွက်လာနိုင်ပါတယ်။ ကြီးလာရင်လည်း သွားတွေ ပျက်စီးပြီး ကျိုးလွယ်နိုင်တယ်။ခံတွင်းကင်ဆာတွေဖြစ်လာနိုင်တဲ့အထိ ကိုယ့်ရဲ့ ကလေးကို ကျန်းမာရေးဒုက္ခတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲမို့ ကလေးတွေရဲ့ သွားတွေ မပျက်စီးစေဖို့ မိဘတွေအနေနဲ့ ဂရုစိုက်ပေးလို့ ရမယ့် အရာလေးတွေကို ပြောပြပေးမယ်နော်။ကလေးအသက် ၆လပြည့်ပြီဆိုတာနဲ့ သွားလေးတွေဟာ သွားဖုံးကနေ စတင်ထွက်လာပါပြီ။ ဒီလိုအရွယ်မှာကတည်းက မေမေတို့အနေနဲ့ ကလေးရဲ့ သွားလေးတွေကို ဖလိုရွိုက် (Fluoride) ပါဝင်တဲ့သွားတိုက်ဆေးကို နည်းနည်းပဲ ထည့်ပေးပြီး သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားပွတ်တံကောင်းကောင်းနဲ့ တိုက်ပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေ ကြီးလာတဲ့အခါမှာ စနစ်တကျ သွားတိုက်နည်းကို သင်ပေးပြီး ၂မိနစ်ခန့် ကြာအောင် နေ့စဉ်သွားတိုက်ေပးဖို့ ကလေးတွေကို အလေ့အကျင့် လုပ်ထားပေးပါ။ သွားမပေါက်သေးတဲ့ မွေးကင်းစကလေးတွေဆိုရင် ရေနွေးနွေးနဲ့ အဝတ်ကို စွတ်ပြီး သွားဖုံးကို ဖြည်းဖြည်းချင်း ပွတ်ပေးရပါမယ်။အစာစားပြီးတဲ့အချိန် သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ညှပ်ပြီး ကျန်နေတတ်တာ သဘာဝပါပဲ။ ဒီအတိုင်း မဖယ်ရှားပဲ ပစ်ထားလိုက်ရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်လာမယ်။ သွားပိုးစားလာမယ်။ ဒါ့အပြင်ခံတွင်းအနံ့အသက်ဆိုးတွေပါ ထွက်လာနိုင်ပါတယ်။ ဒီလိုခံတွင်းပြဿနာကနေ ကာကွယ်ဖို့ တစ်နေ့ကို တစ်ကြိမ် သွားပွတ်ကြိုးကို အသုံးပြုပြီး သွားကြားထဲမှာ ရှိတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ သွားတိုက်သလိုပါပဲ အစပိုင်းမှာ မေမေတွေ ကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးပြီး နောက်ပိုင်းမှာ ကလေးတွေကို အစာစားပြီးတိုင်း သွားပွတ်ကြိုး အသုံးပြုဖို့ အလေ့အကျင့်လုပ်ထားပေးပါ။သွားတိုက်တဲ့နည်းစနစ်မမှန်တာဟာလည်း ကလေးတွေရဲ့ ခံတွင်းကျန်းမာရေးအတွက် ရေရှည်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားပေါ်က အညစ်အကြေးတွေနဲ့ ရောဂါပိုးတွေကို မသန့်စင်ပေးနိုင်တာကြောင့် ကြာလာရင် သွားတွေ ဝါလာမယ်။ သွားချေးတွေ ထင်ပြီး အနံ့ထွက်လာတာတွေအပြင်သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုစီးပြီးရေစီးကမ်းပြိုလိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါ အပေါ်၊ အောက်၊ အရှေ့၊ အနောက်၊ သွားကြားထဲပါမကျန် စနစ်တကျ တိုက်တတ်အောင် သင်ပေးမှ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကို သန့်ရှင်းစေနိုင်မှာပါ။ဘက်တီးရီးယားပိုးတွေဆိုတာ သွားကြားထဲမှာသာမကလျှာပေါ်မှာပါ တင်ကျန်ပြီး အဖြူရောင် အရိအချွဲတွေ ဖြစ်စေပါတယ်။ ကြာလာတဲ့အခါခံတွင်းအနံ့ဆိုးထွက်ရုံသာမက ခံတွင်းနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်တယ်နော်။ ဒါကြောင့် မေမေတို့အနေနဲ့ ပလတ်စတစ် လျှာခြစ်တံလေးတွေ ဝယ်ထားပြီး သွားတိုက်ပြီးတဲ့အခါတိုင်း ကလေးတွေကို လျှာခြစ်ပေးဖို့ သတိပေးရမယ်နော်။ကော်ဖီ၊ ချောကလက်၊ အစရှိတဲ့ သွားကို အရောင်စွန်းထင်းစေတဲ့ အချိုများသော အစားအစာတွေ၊ အပေါ်ယံကြွေသွားလွှာကို ပျက်စီးစေနိုင်တဲ့ ချဉ်လွန်းတဲ့ အသီးတွေကို တတ်နိုင်သလောက် လျှော့ကျွေးပါ။ ကလေးကျန်းမာရေးအတွက် ကျွေးရမယ်ဆိုရင်တောင် အစာစားပြီးတိုင်း ရေအေးနဲ့ ပလုတ်ကျင်းဖို့ သတိပေးပါ။ အမျှင်ဓါတ်များပြီး သေချာကြေညက်အောင် ဝါးရတဲ့ အစားအစာတွေ၊ ဥပမာ –ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပေးပါ။ကလေးတွေ ငယ်သွားလဲပြီး သွားအသစ်တွေ ပေါက်လာချိန်မှာ အကြောင်းအမျိုးမျိုးကြောင့်သွားမညီတာ၊ သွားတစ်ချောင်းနဲ့ တစ်ချောင်း ထပ်နေတာ၊ သွားကြဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်လာပြီဆိုရင် သွားထိန်းကိရိယာ (Braces) တွေ တပ်ပေးဖို့ လိုအပ်တယ်နော်။ ကလေးတွေကို သွားထိန်းကိရိယာ တပ်ပေးလိုက်တဲ့အခါ ကြဲနေ၊ ထပ်နေတဲ့ သွားတွေကို ညီညာဖြောင့်တန်းသွားစေတဲ့အတွက် ကြီးလာမှ သွားမလှတဲ့ ပြဿနာတွေ မကြုံရတော့ဘူးပေါ့။ သတိပြုရမှာက သွားထိန်းကိရိယာကြားထဲမှာ အစာတွေ ကပ်ငြိနိုင်တဲ့အတွက် သွားပွတ်ကြိုးနဲ့ သေချာသန့်ရှင်းရေးလုပ်ပေးဖို့နဲ့ သွားဆရာဝန်ဆီ ပုံမှန်ပြသပေးဖို့ပါပဲ။ကလေးအများစုအတွက်တော့ သွားဆေးခန်းဆိုတာ ကြောက်စရာနေရာလို ဖြစ်နေတဲ့အတွက် သွားဖို့ ငြင်းဆန်နေမှာပါ။ မေမေတွေအနေနဲ့ ကလေးရဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကို အလေးထားတယ်ဆိုရင်တော့ ကလေးကို အလိုမလိုက်ဘဲ တစ်နှစ်ကို အနည်းဆုံး ၂ကြိမ် သွားဆရာဝန်နဲ့ ပြသပေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ့်ကလေးရဲ့ ခံတွင်းအခြေအနေကို ဆရာဝန်က သေချာကြည့်ရှုပေးလို့ရမယ့်အပြင် လိုအပ်ရင်လည်း သွားပေါ်က ဝါနေတဲ့ သွားချေးတွေကိုလည်း ခြစ်ချပေးနိုင်မှာပါ။ ဒါကြောင့် ဘယ်လောက်ပဲ သွားပုံမှန်တိုက်ပါစေ၊ သန့်ရှင်းရေးကို ဂရုစိုက်ပြီး လုပ်ပေးပါစေ၊ သွားဆရာဝန်နဲ့ မဖြစ်မနေ ပြသပေးဖို့ လိုအပ်ပါတယ်နော်။ဒီအချက်တွေကို မေမေတွေအနေနဲ့ သေချာဂရုစိုက်ပြီး လိုက်လုပ်ပေးမယ်ဆိုရင် ပြုံးလိုက်တိုင်း လှနေတဲ့ ကိုယ့်ရဲ့ ကလေးတွေရဲ့ သွားဖြူဖြူလေးတွေကို မြင်ရမှာ အသေအချာပါပဲ။ သွားကို ဂရုစိုက်ပေးဖို့၊ သွားနဲ့ ခံတွင်းကို သန့်ရှင်းရေးလုပ်ဖို့ဆိုတာ မဖြစ်မနေ နေ့တိုင်းလုပ်ပေးဖို့ လိုအပ်တဲ့ အရာတွေမို့ မေမေတွေလည်း ကိုယ့်ကလေးကို ဒီလိုအလေ့အကျင့်ကောင်းလေးတွေ ငယ်ငယ်ကတည်းက မွေးထားပေးဖို့ လိုမယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/baby-oral-health/
ကလေးကို လုံလောက်တဲ့ အာဟာရဓါတ်တွေ ပေးနေရဲ့လား
မိဘတွေရဲ့ တာဝန်ဝတ္တရားတွေထဲမှာသားသမီးတွေကို အာဟာရပြည့်ဝစွာ ကျွေးမွေးပေးဖို့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ကြီးထွားဖွံ့ဖြိုးဆဲအရွယ်ြဖစ်တဲ့ ကလေးတွေမှာ နေ့စဉ် အာဟာရဓါတ်တွေ လုံလောက်စွာ ရရှိပါမှ ကျန်းမာဖွံ့ဖြိုးပြီးဉာဏ်ရည်ထက်မြက်မှာပါ။ ဒီဆောင်းပါးလေးမှာ ကလေးအာဟာရနဲ့ ပတ်သက်ပြီးမေမေတို့ သိဖို့ လိုအပ်တဲ့ အကြောင်းအရာတွေ၊ ကလေးရဲ့အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုအတွက် ဘယ်လိုအာဟာရဓါတ်တွေ များများကျွေးပေးဖို့ လိုအပ်လဲဆိုတာ ပြောပြပေးမယ်နော်။မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးတာ အကောင်းဆုံးပါပဲ။ မိခင်နို့မှာ ကလေးကျန်းမာရေးနဲ့ဦးနှောက်ဉာဏ်ရည်ထက်မြက်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ၊ ကလေးကြီးထွားမှုအတွက်ပရိုတင်းဓါတ်ေတွ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင်ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေလို့ ကလေးမဖျားနာစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ မိခင်နို့က ကူညီပေးပါတယ်။မိခင်နို့ဟာ နို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတဲ့အတွက် ကလေးကို နို့များများတိုက်ပေးရင် ပိုကောင်းပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီခွဲမှ ၃နာရီကြား တစ်ခါ အချိန်ခြားပြီး နို့တိုက်ပေးရပါမယ်။ ကလေးဗိုက်ဆာမှ မိခင်နို့တိုက်တာထက် တစ်နေ့ကို ၇ကြိမ်မှ ၉ကြိမ်ထိ နို့တိုက်ပေးနိုင်ရင် ကလေးအာဟာရအတွက် လုံလောက်ပါတယ်။မိခင်နို့အပြင် အာဟာရပြည့်နို့နဲ့ အစားအစာတချို့ကို စတင်ကျွေးဖို့ အချိန်တန်ပါပြီ။ ကလေးဆိုတာ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါက လိုအပ်တဲ့ အာဟာရဓါတ်ပမာဏဟာ ပိုများလာမှာပါ။ စစချင်းမှာ ကလေးအတွက် သိပ်မမာတဲ့ အစားအစာတွေ၊ ဒါမှမဟုတ် အစားအစာတွေကို ကြိတ်ချေပြီး ကျွေးလို့ ရပါတယ်။ အစားအစာကို ကလေးနဲ့ စတင်မိတ်ဆက်တဲ့အခါအစာတစ်မျိုးတည်းကို ၃ရက်စီကျွေးပြီးမှ ကလေးအတွက် ခံတွင်းတွေ့မလား၊ တည့်ရဲ့လားဆိုတာကို သိနိုင်မှာပါ။ မိခင်နို့ကိုလည်း ကလေးအသက် ၂နှစ်ထိ တိုက်ကျွေးပေးနိုင်ရင် ပိုကောင်းပါတယ်။ဒီလိုအသက်အရွယ်မှာ ကလေးတွေရဲ့ အစာအိမ်မှာ ပိုကြီးလာပြီဖြစ်တဲ့အတွက် နေ့စဉ် အစာတွေ များများ စားဖို့ လိုအပ်လာပါပြီ။ ဒီလိုအရွယ်မှာ ကလေးတွေအတွက် ပရိုတင်းဓါတ်များတဲ့ အသားနဲ့ ငါးတွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တဲ့ဟင်းသီးဟင်းရွက်ေတွနဲ့ သစ်သီးဝလံတွေ အဓိက ကျွေးပေးရပါမယ်။ ကလေးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲ၊ ဥ၊ အစေ့အဆန်တွေကိုလည်း နေ့စဉ်စုံလင်စွာ ကျွေးပေးဖို့ လိုအပ်ပါတယ်။ကလေးကြီးထွားမှုအတွက် မရှိမဖြစ် အာဟာရဓါတ်တွေကတော့။၁။ ပရိုတင်းဓါတ်– ကလေး ကြီးထွားဖွံ့ဖြိုးမှု၊ အရိုးအဆစ်တွေ သန်စွမ်းစေဖို့၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အလွယ်တကူ မဖျားစေဖို့ ကူညီပေးနိုင်တယ်။ အားအင်တွေကိုဖြည့်တင်ပေးဖို့ ကူညီပေးပါတယ်။ ပရိုတင်းဓါတ်ကို အသား၊ ဥ၊ နွားနို့၊ ပဲအမျိုးမျိုးကနေ အဓိက ရရှိနိုင်ပါတယ်။၂။ သံဓါတ်-အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့ သယ်ယူပို့ဆောင်ပေးတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သံဓါတ်ကို ကြက်သား၊ ပင်လယ်စာ၊ ပဲ၊ ကြက်ဥအနှစ်တွေမှာ အများဆုံးတွေ့ရပါတယ်။၃။ ကယ်လ်စီယမ်ဓါတ်– အရိုးနဲ့ သွား ကျန်းမာစေဖို့၊ အရိုးပါးပြီး အလွယ်တကူ ကျိုးပဲ့ခြင်း မဖြစ်စေဖို့ အဓိက လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပါတယ်။ နွားနို့၊ ငါး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကနေ ကယ်လ်စီယမ်ဓါတ်ကို ရရှိနိုင်ပါတယ်။၄။ အိုင်အိုဒင်းဓါတ်– ကလေးတွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ထက်မြက်စေပြီး အစာစားချင်စိတ်ကိုဖြစ်စေတယ်။ ကလေးကြီးထွားမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ငါးနဲ့ ပင်လယ်စာအပြင် အိုင်အိုဒင်းဆားကနေတစ်ဆင့် ရရှိနိုင်ပါတယ်။၅။ ဗီတာမင်တွေ– ကိုယ်တွင်းအင်္ဂါတွေကောင်းစွာ အလုပ်လုပ်နိုင်စေဖို့၊ ကလေး ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေဖို့၊ ကိုယ်ခန္ဓါအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပါတယ်။ အသားငါး၊ ဟင်းသီးဟင်းရွက်၊ နို့၊ ဥ၊ အစေ့အဆန်နဲ့ ပဲတွေကနေ ကလေးကျန်းမာရေးအတွက် မရှိမဖြစ် ဗီတာမင်အာဟာရ အစုံအလင်ကို ရရှိနိုင်ပါတယ်။ဟင်းချက်ပြုတ်ရမှာ ဆီ၊ ဆား၊သကြားလျှော့သုံးပေးဖို့ သတိထားပေးသင့်တဲ့အပြင် ကလေးတွေအတွက် အာဟာရမဖြစ်စေတဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ ကလေးဗိုက်ဝရင်ပြီးရောဆိုပြီး သူတို့ ကြိုက်တာလေးတွေပဲ ကျွေးတာထက် အစာအာဟာရစုံလင်စွာ ကျွေးမွေးမှ ကလေးကျန်းမာရေးနဲ့ အနာဂတ်အတွက် အကျိုးကျေးဇူးများစွာ ရှိစေမှာပါ။ကိုယ့်ရဲ့ ကလေးက တခြားကလေးတွေနဲ့ ယှဉ်လိုက်လို့ ပိန်လွန်းနေတယ်၊ ဝလွန်းနေတယ်လို့ ခံစားမိရင် ဆရာဝန်နဲ့ ပြသပြီး သေချာတိုင်ပင်ကြည့်သင့်ပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေ၊ ရောဂါအခံတစ်ခုခု ရှိနေတာလား၊ ကလေးက အာဟာရချို့တဲ့မှုကို ခံစားနေရလားဆိုတာ သေချာသိနိုင်မှ ပြဿနာကို အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/baby-nutrients-get-enough/
Intussusception (အူစွပ်ခြင်း )
အူစွပ်ခြင်းသည် အူအားထိခိုက်စေသော အူရောဂါတစ် မျိုးဖြစ်ပါသည်။ သင့်တွင် အူစွပ်ခြင်းဖြစ်ပါက သင့် အူသည် ကပ်လျက်ရှိသော အူအပိုင်းတွင်းသို့ လျောဝင်သွားပါသည်။ အဝေးကြည့်မှန်ပြောင်းတွင် အဆစ်များ ဝင်သကဲ့သို့ဖြစ်ပါ သည်။၎င်းသည် ချက်ချင်း ဆေးကုသမှုခံယူရန် လိုအပ် သော ဆိုးရွားသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အူစွပ် ခြင်းဖြစ်ပါက အစာသည် အူအတွင်း ပုံမှန်အတိုင်း ဖြတ်သန်း မသွားတော့ပါ။ ထို့အပြင် ထိုနေရာသို့ သွေးစီးဆင်းမှုလည်း ပိတ်ဆို့သွားကာ တစ်ရှူးများသေခြင်းကို ဖြစ်စေပါသည်။အူစွပ်ခြင်းသည် ရင်သွေးငယ်များနှင့် အသက် ၃လမှ ၆နှစ် အတွင်း ကလေးငယ်များတွင် ဖြစ်ပွားတတ်ပါသည်။ ကောင်မလေးများထက် ကောင်လေးများတွင် နှစ်ဆမှ သုံး ဆအထိ ပို၍ အဖြစ်များပါသည်။ အရွယ်ရောက်ပြီးသူများ တွင် အူစွပ်ခြင်း ဖြစ်ပွားမှု ရှားပါးပါသည်။သို့သော်လည်း အရွယ်ရောက်ပြီးသူများသည် အကျိတ်ကဲ့သို့ အခြား အစာအိမ် အခြေအနေများကြောင့် အူစွပ်ခြင်း ဖြစ်နိုင် ပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် တုပ်ကွေးဖြစ်ပွားခြင်းကို လျော့ချ နိုင်ပါ သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။အစတွင် အူစွပ်ခြင်း၏ ရောဂါလက္ခဏာသည် မကြာ ခဏ အစာအိမ်အောင့်ခြင်း ဖြစ်ပါသည်။ သင့်ကလေးသည် ပျောက်လိုက် ပေါ်လိုက်ဖြစ်သော အစာအိမ်အောင့်သည်ဟု ညည်းညူပါလိမ့်မည်။ ထို့နောက် သင့်ကလေးသည် မကြာ ခဏ အော့အန်၍ ချွေးများပြန်ကာ ဖျော့တော့လာပါမည်။သင့်ကလေးသည် အားနည်း၍ အချိန်တိုင်း မောပန်း နေပါ လိမ့်မည်။ အခြား ရောဂါ လက္ခဏာများမှာ ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း နှင့် ရေဓါတ်ခန်းခြောက်ခြင်း တို့ဖြစ်ပါ သည်။ ရောဂါဆိုးရွားလာပါက ဝမ်းတွင် သွေးများ အချွဲအကျိ များ တွေ့နိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အူစွပ်ခြင်းသည် အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါ သည်။ ရောဂါလက္ခဏာများတွေ့ရပါက ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့သူကို ချက်ချင်းခေါ်ပါ။ အရေးပေါ် ဖုံးနံပါတ်ကိုခေါ်ပါ သို့မဟုတ် ကလေးကို အရေးပေါ်အခန်း သို့ အမြန်ခေါ်သွားပါ။အူစွပ်ခြင်းကို မကုသပါက ရင်သွေး ငယ်များရော ကလေးငယ်များပါ သေဆုံးနိုင်ပါသည်။ကံမကောင်း စွာဖြင့်ပင် ဤရောဂါ ဖြစ်စေသော အကြောင်းရင်းကို မသိရှိသေးပါ။ တစ်ခါတစ်ရံတွင် အူအား ရောဂါပိုးကူးစက်ခြင်းပြီးနောက် ဖြစ်ပွားတတ်ပါသည်။ အူအ တွင်းမှ အကျိတ်သည်လည်း အူကို ကွင်းဖြစ်စေပြီး အချင်းချင်း စွပ်စေပါသည်။ ထိုဖြစ်စဉ်မှာ ရှားပါးပါသည်။အူစွပ်ခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိ ပါသည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအဖြေရှာခြင်း၏ ပထမအဆင့်တွင် သင့်ကလေး ၏ ဆေးမှတ်တမ်းယူခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း များ ပါဝင်ပါသည်။ ပုံရိပ်ဖော်သော စစ်ဆေးမှုများသည် သင့် ကလေး၏ အူတွင် ပြဿနာတစ်ခု ရှိသလားကို အတည်ပြု နိုင်ပါသည်။ သင့်ကလေးသည် ဘေရီယမ် အရည် သောက် ရပါမည်။ထိုအရည်သည် ဓါတ်မှန်တွင် အူများကို ပို၍ ရှင်းလင်းစွာ မြင်ရန် ပြုလုပ်ပေးပါသည်။ ဘေရီယမ် အရည် သည် ရောဂါအဖြေရှာမှုကို ကူညီပေးပြီး တစ်ခါတစ်ရံ အူကို ဖြောင့်တန်းစေပါသည်။ ထို့ကြောင့် ၎င်းကို ကုသခြင်း အတွက်လည်း အသုံးပြုနိုင်ပါသည်။ရောဂါအဖြေရှာမှု ပြုလုပ်စဉ်တွင် ဘေရီယမ် ပါဝင်သော အရည်တစ်မျိုးကို သောက်သုံးရပါသည်။ အချို့တွင် ဘေရီ ယမ်သည် ကလေး၏ အူအား ဖြောင့်တန်းစေပါသည်။ သွင်း လိုက်သော ဘေရီယမ်သည် အူကို မဖြောင့်တန်းစေပြီး ပိတ် ဆို့မှုကို မရှင်းလင်းနိုင်ပါက ခွဲစိတ်ကုသမှု ခံယူရန် လိုအပ် ပါသည်။ကလေးသည် အလွန်ဖျားနေပါက၊ သွေးဆုံးရှုံးမှု ရှိပါက သို့မဟုတ် ရောဂါ လက္ခဏာများသည် နာရီအတန် ကြာအထိ ဆက်ရှိနေပါက ခွဲစိတ်ကုသခြင်းကို ဦးစားပေး ရွေးချယ်သင့် ပါသည်။ခွဲစိတ်မှုခံယူထားသောကလေးများကို ပဋိဇီဝဆေးများ နှင့် အာဟာရအရည်များကို သွေးကြောမှတစ်ဆင့် ထိုးသွင်း ပေးရပါမည်။ အူအတွင်းမှ ဖိအားများကျစေရန် နှာခေါင်းမှ တစ်ဆင့် အစာအိမ်တွင်းသို့ သွင်းထားသောပိုက်ကို အသုံး ပြုနိုင်ပါသည်။အူစွပ်ခြင်းကို မကုသပါက တစ်ရှူးများသေခြင်းနှင့် ရော ဂါပိုး ပျံ့နှံ့ခြင်း တို့ကို ဖြစ်စေပြီး အသက်အန္တရာယ် စိုးရိမ်ရပါ သည်။ တစ်ခါတစ်ရံ အူစွပ်ခြင်းသည် မပြင်းထန်ပဲ ယာယီ သာဖြစ်ကာ သူ့အလိုလို သက်သာသွားပါသည်။ကလေး ငယ်များ အသက်ကြီးလာလေ ရောဂါပြန်ဖြစ်နိုင်ချေ နည်းပါး လာပါသည်။ ပြန်ဖြစ်ခြင်းသည် ရောဂါကုသပြီး ပထမ ၂၄ နာရီတွင် အဖြစ်အများဆုံးဖြစ်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အူစွပ်ခြင်းကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အူစွပ်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/intussusception-%e1%80%a1%e1%80%b0%e1%80%85%e1%80%bc%e1%80%95%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b8%e1%80%b9/
လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား
လက်ရှိ အမျိုးသားတွေကြားမှာ ရေပန်းစားနေတဲ့အလွဲလေးကတော့တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများလေ ဝက်ခြံပိုပေါက်လေဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲလေး ဘယ်ကစလဲဆိုရင် လူပျိုအရွယ် ခန္ဓာကိုယ်ကပြောင်းလဲလာတတ်တဲ့ အရာတွေကနေ စတယ်လို့ ဆိုရမှာပါ။ လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား ဆိုတာ ကြည့်ကြည့်ရ‌အောင်။ယောက်ျားလေးတွေလူပျိုဖော်ဝင်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေ ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ လိင်ပိုင်းဆိုင်ရာမှာ စူးစမ်းလေ့လာချင်တဲ့စိတ်၊ နိုးကြားတက်ကြွလာတဲ့ စိတ်တွေကြောင့် တစ်ကိုယ်ရေ အာသာဖြေ တဲ့အလေ့အကျင့်ကို စလာတတ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အာသာဖြေလေ ဝက်ခြံပေါက်လေဆိုတဲ့ မဟာအလွဲက ဒီအရာကနေ စတင်လာတယ်လို့ ဆိုရမှာပါ။လူပျိုအရွယ် ပျမ်းမျှ အသက် ၁၀နှစ်မှ ၁၈နှစ်အတွင်းမှာ တက်စတိုစတီရုန်းကျားဟော်မုန်းတွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လွှတ်ပါတယ်။ ဒီကျားဟော်မုန်းတွေကြောင့် ယောက်ျားလေးတွေရဲ့ ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ ဖြစ်လာသလို ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပေးပါတယ်။ ဆိုးကျိုးအနေနဲ့ အရေပြားချွေးပေါက်အတွင်း သဘာဝအဆီ (Sebum) တွေကိုပါ ပိုထွက်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလို အဆီတွေအပြင် အပြင်လေထုထဲမှာ ပါတဲ့ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားပိုးမွှားတွေက ချွေးပေါက်တွေထဲ ပိတ်မိသွားတဲ့အခါဝက်ခြံက စဖြစ်လာတော့တာပါပဲ။ဆယ်ကျော်သက်အရွယ်မှာ ကျားဟော်မုန်း အဆမတန် များလာတဲ့အတွက် ဝက်ခြံပေါက်နိုင်ခြေ ပိုများနိုင်တယ်ဆိုပေမယ့် ဝက်ခြံဆိုတာ အရေပြားပြဿနာဖြစ်တာမို့ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေပြီးနောက်မှာ ကျားဟော်မုန်းအနည်းငယ် မြင့်တက်လာတယ်ဆိုတာ မှန်ပေမယ့် ဝက်ခြံပေါက်လာတဲ့အထိတော့ မဟုတ်ပါဘူး။ ဒါ့အပြင်လိင်စိတ်ဆန္ဒအထွတ်အထိပ်ကို ရောက်ရှိပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ကျားဟော်မုန်းတွေက ပုံမှန်ပမာဏကို ပြန်ရောက်ရှိသွားပါတယ်။ ဒါကြောင့် အာသာဖြေ တဲ့ အကြိမ်ရေများလေ ဝက်ခြံပေါက်လေဆိုတာ အလွဲသက်သက်သာ ဖြစ်ပြီး ဟော်မုန်းအပြောင်းအလဲကြောင့်သာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာပါ။ဝက်ခြံဆိုတာ ချွေးပေါက်အတွင်း အညစ်အကြေးနဲ့ အဆီတွေ ပိတ်မိတာ၊ အရေပြားအပေါ်ယံမှာ ပျက်စီးနေတဲ့ ဆဲလ်အသေတွေ စုပုံလာတာ၊ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ ပွားနေတာကြောင့် ဝက်ခြံပေါက်ရခြင်းဖြစ်ပါတယ်။ ဒီလို နီရဲပြီး ဖောင်းကြွကြွဖြစ်နေတဲ့ အဖုလေးတွေကို လက်နဲ့ ကုတ်မိလိုက်တာ၊ ညှစ်မိလိုက်တဲ့အခါ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်တာကြောင့် ကိုယ့်အရေပြားကို သေချာသန့်ရှင်းအောင် ထားဖို့နဲ့ ဝက်ခြံမပေါက်အောင် ကာကွယ်မှ အဆင်ပြေမှာပါ။ ဘယ်လိုကာကွယ်မလဲဆိုရင်။၁။ မျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပါ။ ပြီးပြီးရော မသစ်ဘဲနဲ့ မျက်နှာရဲ့ နေရာအနှံ့ကို စက်ဝိုင်းပုံစံလေး နှံ့စပ်အောင် ဆပ်ပြာတိုက်ပြီးမှ ရေနဲ့ ပြောင်စင်အောင် ဆေးကြောရမှာပါ။၂။လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန် ချွေးတိတ်အောင် စောင့်ပြီးတာနဲ့ မျက်နှာကို သေချာသန့်စင်ပေးပါ။၃။ မျက်နှာသစ်ပြီး ခြောက်အောင် သုတ်ပြီးသွားတာနဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။၄။ အပြင်မသွားခင် နာရီဝက်အလိုနေလောင်ကာခရင်မ် တစ်ခုခု လိမ်းပေးပါ။ နေပူထဲ မျက်နှာကို ဘာမှမလိမ်းဘဲ ထွက်တဲ့အကျင့်ကို ဖျောက်ပါ။၅။ တစ်ပတ်ကို ၂ကြိမ်လောက် မျက်နှာကို ချေးချွတ် (Scrub တိုက်) ပေးပါ။ ပျက်စီးနေတဲ့ အရေပြားဆဲလ်အသေတွေ ပုံမှန်ဖယ်ရှားဖို့ လိုပါတယ်။ ဒီလိုဆဲလ်အသေတွေက စုပုံလာပြီဆိုရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။၆။ ကိုယ့်အရေပြားအတွက် အသုံးပြုနေတဲ့ အလှကုန်ပစ္စည်း၊ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေက ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိ၊ မရှိ သေချာစစ်ဆေးပါ။၇။ ကိုယ့်ခေါင်းအုံးစွပ်ကို တစ်ပတ် တစ်ကြိမ်လောက် အဝတ်လျှော်ဆပ်ပြာ အပျော့စားနဲ့ စိမ်ပြီး လျှော်ပေးပါ။ အိပ်ရာခင်းတွေကိုလည်း တစ်လ တစ်ကြိမ်လောက် သေချာစိမ်ပြီး လျှော်ဖွပ်ပေးရပါမယ်။၈။ အပြင်အရေပြားကို အစိုဓာတ်ထိန်းဖို့လိုအပ်သလို အတွင်းဘက်မှာ ရေဓာတ်ပြည့်ဝနေဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားပေးပါ။၉။ ညဘက်တွေမှာအိပ်ရေးဝအောင် အိပ်ပါ။ အမျိုးသားတစ်ယောက် ကျန်းမာတက်ကြွနေဖို့ ညဘက်မှာ အနည်းဆုံး ၇နာရီခန့် အပြည့်အဝအိပ်ချိန်ရဖို့ လိုအပ်ပါတယ်။ဒီနည်းလမ်းတွေက ဝက်ခြံကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ အကယ်လို့ ကိုယ်က ဝက်ခြံတွေ အမြဲလိုလို ထွက်နေတယ်။ ကုတ်မိရာကနေ ပိုးဝင်ပြီး အရေပြားပြဿနာတွေ ဖြစ်လာပြီဆိုရင်တော့ အရေပြားအထူးကုနဲ့ ပြသသင့်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့ ဝက်ခြံဟာ ဆက်စပ်မှုမရှိတာမို့ ဝက်ခြံပေါက်မှာ ကြောက်တာနဲ့တော့ တစ်နေ့တာအလုပ်ကို လျှော့ဖို့တော့ မလိုအပ်ပါဘူး ကိုယ့်လူတို့ရေ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/does-masturbation-cause-acne/
Vulvar Cancer ( မိန်းမကိုယ်ကင်ဆာ )
မီးယပ်ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာလို့ ပြောလိုက်ရင် လူသိများပေမယ့် မိန်းမကိုယ်ကင်ဆာ လို့ ပြောလိုက်ရင် အသိနည်းကြပါတယ်။ သားအိမ်ခေါင်းကင်ဆာလောက် အဖြစ်မများပေမဲ့ ဖြစ်တတ်တာကြောင့် သတိထားဖို့ လိုပါတယ်။မိန်းမကိုယ်ကင်ဆာဆိုတာ အမျိုးသမီးရဲ့ မျိုးပွားအင်္ဂါအပြင်ဖက်Vulvaမှာ ဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မိန်းမကိုယ်မှာ မအင်္ဂါခေါင်း၊ မအင်္ဂါနှုတ်ခမ်း၊ မအင်္ဂါစေ့နဲ့ ဆီးစပ်အရိုးနေရာရှိ အရေပြားနဲ့ တစ်ရှူးတို့ ပါဝင်ပါတယ်။မအင်္ဂါကင်ဆာက မအင်္ဂါနှုတ်ခမ်းအပြင်ဖက်ပိုင်းမှာ အဖြစ်များဆုံးဖြစ်ပါတယ်။ အတွင်းနှုတ်ခမ်းသားနဲ့ မအင်္ဂါစေ့တို့မှာ သိပ်မဖြစ်တတ်ပါ။တွေ့ရများတဲ့ လက္ခဏာများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။များသောအားဖြင့် မိန်းမကိုယ်ကင်ဆာက ရောဂါနုချိန်မှာ လက္ခဏာသိပ်မပြတတ်ပါ။ ဒီအချက်တွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသပါ။ဘာကြောင့် ကင်ဆာဖြစ်ရသလဲဆိုတာ သေချာမသိရသေးပါ။ ဒါပေမဲ့ ကင်ဆာတို့ရဲ့ သဘာဝအရ ခန္ဓာကိုယ်ရှိ ဆဲလ်တွေ ပုံမမှန်ပွားခြင်းကနေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒီဆဲလ်တွေက ကင်ဆာအကျိတ်ဖြစ်လာပြီး အနီးရှိတစ်ရှူးများကို ထိုးဖောက်ခြင်း၊ တခြားအင်္ဂါများကို ပျံနှံ့ခြင်းများ ဖြစ်လာပါတယ်။လူတိုင်းမှာ ဖြစ်နိုင်ခြေ ရှိပေမဲ့ တချို့အချက်တွေက မိန်းမကိုယ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်စေပါတယ်။တင်ပဆုံပိုင်း စစ်ဆေးမှုကနေ မအင်္ဂါမှာ ဖြစ်နေတဲ့ အစောပိုင်းပြောင်းလဲမှုများကို သိရှိနိုင်ပါတယ်။ စမ်းသပ်ခြင်းကနေ ရောဂါလက္ခများရှိနေရင် အသားစစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ အသားစစစ်ဆေးမှုမှာ ကင်ဆာဆဲလ်တွေတွေ့ရပါက တခြားပျံ့နှံ့နေတဲ့ နေရာရှိမရှိ ထပ်မံစစ်ဆေးဖို့ လိုအပ်ပါတယ်။သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ မိန်းမကိုယ်မှန်ပြောင်းကြည့်ခြင်း စသဖြင့် လိုအပ်တာတွေကို စစ်ဆေးပါလိမ့်မယ်။လူနာအခြေအနေ၊ ကင်ဆာအမျိုးအစား၊ အရွယ်အစားနဲ့ ပျံ့နှံ့နေမှုအပေါ်မူတည်ပြီး ကုသပုံကွဲနိုင်ပါတယ်။အစက်အပြောက်လောက်သာရှိတဲ့ ကင်ဆာသေးသေး‌လေး‌‌တွေဆိုရင် လေဆာသုံးပြီး ကုသနိုင်ပါတယ်။ ကင်ဆာကျိတ်ကြီးရင်‌တော့ ခွဲစိတ်ကုသဖို့ လိုနိုင်ပါတယ်။ရောင်ခြည်ပြတာ၊ ဆေးသွင်းတာ စတာတွေလည်း အခြေအနေပေါ် မူတည်ပြီး လိုနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက မိန်းမကိုယ်ကင်ဆာကို ကုသတဲ့နေရာမှာ အဆင်ပြေအောင် ကူညီပေးနိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/vulvar-cancer-explained/
Ricin poisoning (ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း)
ရီစင်ဆိုသည်မှာ ကြက်ဆူပင်ရှိ ကြက်ဆူစေ့များအတွင်းတွင်သဘာဝအတိုင်းရှိသော ပရိုတိန်းတစ်မျိုးဖြစ်သည်။ ရီစင်ပရိုတိန်း၏ ပမာဏအနည်းငယ်မျှပင် လူကို သေဆုံးအောင်ပြုလုပ်နိုင်သည်။ စားပွဲတင်ဆားမှုန့်လေးလောက်ပင်သေးငယ်သည့် ကြက်ဆူစေ့အား စားမိပါက(သို့) ရှူမိပါက(သို့) သွေးကြောထဲသို့ထိုးသွင်းမိပါက သေဆုံးရန် လုံလောက်စေသည်။ ကြက်ဆူစေ့အား ဝါး၍ မျိုချမိပါက ရီစင်ပရိုတိန်းသည်ကိုယ်အတွင်းသို့ပြန့်နှံ့သွားနိုင်သည်။ သို့သော် သာမာန်ကြက်ဆူစေ့များကို ဝါးနေခြင်းဖြင့် အသက်သေဆုံးသည်အထိ မဖြစ်နိုင်ကြောင်းသိရသည်။ ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း သည် အဏုဇီဝပိုးမွှားများကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုးမဟုတ်ပါ။ ကူးစက်တတ်သောရောဂါမျိုးလည်းမဟုတ်ပါ။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရီစင်ပရိုတိန်း အဆိပ်သင့်ခြင်း ရဲ့ အဓိကရောဂါလက္ခဏာများသည် အဆိပ်သင့်သောနည်းလမ်းနှင့် ကိုယ်တွင်းသို့ရောက်ရှိသွားသည့်ရီစင်ပရိုတိန်းပမာဏအပေါ်တွင်မူတည်သည်။ ပြင်းထန်ပါက ခန္ဓါကိုယ်အစိတ်အပိုင်းအများအပြားကို ထိခိုက်စေနိုင်သည်။ အဆိပ်သင့်အပြီး ကနဦးလက္ခဏာများမှာ အစောဆုံး 4-8 နာရီ မှ နောက်အကျဆုံး 24 နာရီအတွင်းပေါ်လာတတ်ကြသည်။ အများအားဖြင့် ရီစင်ပရိုတိန်းအား စားသုံးမိအပြီး10နာရီမတိုင်ခင်အတွင်း ကနဦးလက္ခဏာများပေါ်လာတတ်ကြသည်။ရှူသွင်းမိခြင်း – ရီစင်ပရိုတိန်းအား အဆိပ်သင့်စေနိုင်သည်အထိ လုံလုံလောက်လောက် ရှူသွင်းမိအပြီး နာရီပိုင်းအတွင်းတွင် အသက်ရှူရခက်ခြင်း၊အဖျားတက်ခြင်း၊ချောင်းဆိုးခြင်း၊ပျို့ခြင်း၊နှင့် ရင်ကျပ်ခြင်းတို့ဖြစ်ပွားနိုင်သည်။ ချွေးထွက်လွန်ခြင်းနှင့်အတူ အဆုတ်များတွင် ရေများစုပုံလာတတ်ကာ အသက်ရှူခြင်းကို ပိုမိုခက်ခဲစေပြီး အသားအရေများပြာနှမ်းလာသည်အထိဖြစ်လာတတ်သည်။ ထိုသို့စုပုံပိုလျှံနေသည့် အဆုတ်ရှိရေများကို ဆရာဝန်နားကြပ်နှင့် စမ်းသပ်နားထောင်ခြင်းဖြင့်သော်လည်းကောင်း၊။ဓါတ်မှန်ရိုက်ခြင်းဖြင့်သော်လည်းကောင်း စမ်းသပ်တွေ့ရှိနိုင်သည်။ နောက်ဆုံးတွင် သွေးပေါင်ထိုးကျကာ အသက်ရှူရပ်ခြင်းဖြင့် အသက်သေဆုံးသည်အထိဖြစ်နိုင်သည်။ ကြက်ဆူစေ့ကြောင့်အဆိပ်သင့်မှန်းသိနေပါက အသက်ရှူရန်ခက်ခဲနေသူများသည် ချက်ချင်း ဆေးအကူအညီရရှိရန်ကြိုးပမ်းသင့်ပါသည်။စားသုံးမျိုချမိခြင်း – အဆိပ်သင့်ရန် လုံလောက်သည့်ပမာဏအားစားသောက်မိပါက သွေးပါသော အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ရေးဓါတ်လည်းလွန်စွာခန်းခြောက်၍ သွေးပေါင်ထိုးကျသွားနိုင်ပါသည်။ အခြားသောလက္ခဏာရပ်များမှာ တက်ခြင်းနှင့် ဆီးထဲသွေးပါခြင်းတို့ဖြစ်သည်။ ရက်အနည်းငယ်ကြာသောအခါ အဆိပ်သင့်သူ၏ အသည်း၊ဘေလုံး၊နှင့် ကျောက်ကပ်များသည် အလုပ်မလုပ်နိုင်တော့ပဲ သေဆုံးတတ်ပါသည်။အရေပြားနှင့် မျက်လုံးသည် ရီစင်ပရိုတိန်းနှင့် ထိတွေ့မှုရှိခြင်း။ရီစင်ပရိုတိန်းအား သာမာန်အရေပြားမှ စုပ်ယူရန်မဖြစ်နိုင်သလောက်ရှိသည်။ ရီစင်အမှုန့်များ(သို့) အခြားသော ရီစင်ဖြင့်ပြုလုပ်သည့်ပစ္စည်းများဖြင့် ထိတွေ့မိပါက အရေပြားနှင့် မျက်လုံးတို့တွင် နာကျင်ခြင်း၊နီရဲလာခြင်းတို့ဖြစ်ပွားတတ်သည်။ သို့သော်လည်း ရီစင်အား လက်ဖြင့်ထိတွေ့၍ ထိုလက်ဖြင့် အစားအသောက်များကို စားသောက်မိသောအခါ အချို့သောရီစင်များအား စားသုံးမိတတ်သည်။ ရီစင်ပရိုတိန်းသည် အဆိပ်သင့်သောနည်းလမ်းများ(ရှူရှိုက်မိခြင်း၊စားသုံးမိခြင်း(သို့)ထိုးသွင်းမိခြင်း) နှင့် အဆိပ်ပမာဏအပေါ်မူတည်ပြီး ထိတွေ့အဆိပ်သင့်အပြီး 36 နာရီမှ 72နာရီအတွင်း လူတစ်ဦးတယောက်အား သေအောင်ပြုလုပ်နိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရီစင်ပရိုတိန်းသည် ကြက်ဆူပင်များ၏ကြက်ဆူစေ့မှ ရရှိသည်။ အဖြူရောင် ကြိတ်ဖက် ဟုခေါ်သည့် ကြက်ဆူစေ့အားကြိတ်၍ ကြက်ဆူဆီထုတ်ယူရာမှ ဘေးထွက်ကျန်ရှိလာသည့် စွန့်ပစ်ပစ္စည်း၏ ပါဝင်မှုတစ်ခုလည်းဖြစ်သည်။ ထိုရီစင်အား ထိတွေ့မှုပြုပါက ရီစင်အဆိပ်သင့်ခြင်းဖြစ်ပွားနိုင်ပါသည်။ရှူသွင်းမိခြင်း၊စားသုံးမိခြင်း (သို့) ထိုးသွင်းမိခြင်း တို့ပြုလုပ်မိခြင်းသည် ထိတွေ့မှုအား ပိုမိုမြင့်တက်စေခြင်းဖြစ်သည်။ ထိုရီစင်အဆိပ်သည် ဆဲလ်များ၏ ပုံမှန်တာဝန်ဖြစ်သည့် ပရိုတိန်းထုတ်လုပ်ခြင်းကို ဖိနှိပ်တားမြစ်စေသည်။ ဆဲလ်များသည် ပရိုတိန်းများမထုတ်လုပ်နိုင်သောအခါ ပျက်စီးသေဆုံးသွားကြသည်။ လူတစ်ဦး၏ ခန္ဓါကိုယ်ရှိ အရေးကြီးသည့် အစိတ်အပိုင်းများတွင် ပါဝင်သည့်ဆဲလ်များသည် ထိုကဲ့သို့သော ပုံမှန်တာဝန်များအား ဆောင်ရွက်ခြင်းတို့ ရပ်တန့်သွားပါက ထိုလူသည် သေဆုံးသွားနိုင်ပါသည်။ဘယ်အရာတွေက ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်း၏ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။ ရှူသွင်းမိသော။လေထဲနှင့် ရေ၊အစားအသောက်များတွင် ရီစင်ပရိုတိန်း ပါဝင်ညစ်ညမ်းနေမှုအား စမ်းသပ်ရန်မှာ ဖြစ်ပွားသော လက္ခဏာရပ်များနှင့် ဖြစ်ပွားလာပုံတို့အပေါ်တွင်သာ မူတည်သည်။ ရီစင်တစ်မျိုးတည်းအား ကိုယ်အတွင်းသို့ထိုးသွင်းမိပါက စမ်းသပ်တွေ့ရှိရန်အလွန်ခဲယဉ်းသည်။ ပို၍ပြောရလျှင် မည်သည့်တိကျသောစစ်ဆေးမှုများမှ ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်းအား ကောင်းစွာအတည်ပြုနိုင်ပေးခြင်းမရှိသေးသောကြောင့် ရီစင်အား စမ်းသပ်တွေ့ရှိနိုင်ခြင်းမှာ အတိုင်းအတာတခုမျှသာဖြစ်သည်။ သို့သော်လည်း ရီစင်အဆိပ်သင့်ခြင်းဖြစ်နိုင်ချေများရှိနေပါက ဆရာဝန်မှ ခန္ဓါကိုယ်အားကြည့်ရှူထိတွေ့စစ်ဆေးခြင်းများ ပြည့်စုံစွာ ဆောင်ရွက်တတ်သည်။ ခက်ခဲရှူပ်ထွေးလှသော စမ်းသပ်မှုများဖြင့် အဆိပ်သင့်အပြီး 24နာရီအတွင်း ရီစင်အား ခန္ဓါကိုယ်အတွင်းတွင် ရှာဖွေစမ်းသပ်တွေ့ရှိနိုင်ပါသည်။ ဖြစ်ပွားနိုင်သော ကနဦးလက္ခဏာများကို အထက်တွင် ကြည့်ရှူပါ။ရီစင်အဆိပ်သင့်ခြင်းအတွင်း ကာကွယ်ဆေး (သို့) ဖြေဆေးများမရှိသေးပါ။ မည်သည့်နည်းလမ်းဖြင့် အဆိပ်သင့်သည်ဖြစ်စေ ကုသမှုမှာ အများအားဖြင့် ဖြစ်သည့် လက္ခဏာများ သက်သာအောင်ကုသခြင်းသာဖြစ်သည်။အကူအသက်ရှူကိရိယာ အသုံးပြုရန်လိုအပ်တတ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရီစင်ပရိုတိန်းအဆိပ်သင့်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။တခုတည်းသော ထိရောက်သည့် ကာကွယ်မှုမှာ ရီစင်အား ထိတွေ့မှုမရှိစေရန် ရှောင်ကြဉ်ခြင်းဖြစ်သည်။ ကံမကောင်းစွာပဲ ရီစင်အတွက် ဖြေဆေး (သို့) ကာကွယ်ဆေးများမရှိပါ။ ရီစင်ကာကွယ်ဆေးနှင့် ဖြေဆေးများကို ရရှိရန် စမ်းသပ်ဖန်တီးဆောင်ရွက်နေဆဲသာဖြစ်သည်။ ရီစင်အငွေ့များပျံ့နှံ့နေပါက။ကာကွယ်ပေးနိုင်သည့် အလုံအုပ် ကျန်းမာရေး မျက်နှာဖုံးများ(သို့) နှာခေါင်းစည်းများကို အသုံးပြုခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်းသိရသည်။ ရီစင်သည် သာမာန်မျှသာ သက်ရှိများအား ထိခိုက်စေနိုင်သည့်အရာတခုမဟုတ်ပဲ အဓိကအားဖြင့် အစားအသောက်နှင့် ရေများအား ညစ်ညမ်းစေနိုင်သည့် ခြိမ်းခြောက်မှုအန္တာရယ်တစ်ရပ်အဖြစ်ပါ တည်ရှိနေသည်။ ထိုအဆိပ်သည် နေရာတိုင်းတွင် ကျယ်ပြန့်စွာတွေ့ရှိနိုင်ပြီး အလွယ်တကူဖြစ်ပေါ်ထုတ်လုပ်နိုင်သည်။ များပြားလာသော ခြိမ်းခြောက်မှုများနှင့် ကောလဟာလများ၊အင်တာနက်မှ ဆောင်းပါးတိုများအရ ယခုကဲ့သို့ရီစင်၏ ခြိမ်းခြောက်မှုအန္တာရယ်မှာ အမှန်ဖြစ်ပေါ်နိုင်သည့်အလားအလာရှိနေသည်။ ထို့ကြောင့် ရောဂါလက္ခဏာရပ်များကို သိရှိထားရန်အလွန်အရေးကြီးပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/ricin-poisoning-%e1%80%9b%e1%80%ae%e1%80%85%e1%80%84%e1%80%b9%e1%80%95%e1%80%9b%e1%80%ad%e1%80%af%e1%80%90%e1%80%ad%e1%80%94%e1%80%b9%e1%80%b8-%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%9e/
Glucose Tolerance Test (ဂလူးကိုစ့်အရည်တိုက်ပြီး ဆီးချိုတိုင်းတာစစ်ဆေးခြင်း)
Oral Glucose Tolerance Test ဟာ ကိယ်ခန္ဓါရဲ့ အဓိက အားအင်အရင်းအဖြစ်ဖြစ်တဲ့ Glucose လို့ခေါ်တဲ့ သကြားဓါတ်တစ်မျိုးကို အသုံးပြုနိုင်ခြေကို တိုင်းတာပါတယ်။ Oral Glucose Tolerance Test ဟာ ဆီးချိုမဖြစ်ခင်နဲ့ ဆီးချိုဖြစ်ခြင်းတွေကို သိရှိနိုင်ပါတယ်။ Oral Glucose Tolerance Test ကို ကိုယ်ဝန်ဆောင်တွေမှာ ဆီးချိုရှိမရှိတိုင်းတာဖို့ အများဆုံးအသုံးပြုကြပါတယ်။ယေဘုယျအားဖြင့် ဆရာဝန်အများစုဟာ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးအားလုံးကို ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ဆီးချို ကို စစ်ဆေးကြပါတယ်။ ကျွမ်းကျင်သူတွေက ဒီစစ်ဆေးမှုကို ကိုယ်ဝန်၂၄ ပတ်ကနေ ၂၈ ပတ်အတွင်း စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။ဒီစစ်ဆေးမှုကို အသက်ကြီးလာတဲ့အခါ ဆီးချိုဖြစ်နိုင်တယ်လို့ သံသယရှိသူတွေအားလုံးမှာ စစ်ဆေးသင့်ပါတယ်။ကလေးမွေးပြီးတဲ့အခါ ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ဆီးချို ဟာ ပျောက်သွားနိုင်ပေမယ့် သင်နောက်တစ်ကြိမ် ကိုယ်ဝန်ရှိရင် ဆီးချို ဖြစ်ဖို့ ရာနှုန်းများပြီး အသက်ကြီးလာတဲ့ အခါ ဆီးချို အမျိုးအစား ၂ ဖြစ်ပွားနိုင်ပါတယ်။ ကလေးမွေးပြီး ၆-၁၂ ပတ် (သို့) ကလေးနို့တိုက်တာ ရပ်လိုက်ပြီးချိန်မှာ ဒီစစ်ဆေးမှုကို နောက်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ စစ်ဆေးမှုတွေ ပုံမှန်ဖြစ်ရင်လည်း သုံးနှစ်တစ်ကြိမ် ပြန်လည် စစ်ဆေးသင့်ပါတယ်။စစ်ဆေးမှု မပြုခင် ရက်ပေါင်းများစွာကတည်းက ပုံမှန် စားသောက်ပါ။ ဖျားနေရင် (သို့) ဆေးတွေသောက်နေရင် ဒါတွေက စစ်ဆေးမှု အဖြေကို ပြောင်းလဲစေတာကြောင့် သင့်ဆရာဝန်ကို ပြောပြပါ။စစ်ဆေးမှု မပြုခင် ရှစ်နာရီလောက်အထိ စားသောက်ခြင်း မပြုလုပ်သင့်ပါဘူး။ တစ်ညလုံး အစားအသောက် မစားပဲနေပြီး နောက်နေ့မနက်စောစောမှာ စစ်ဆေးနိုင်ပါတယ်။စစ်ဆေးမယ့်နေ့မှာ အောက်ပါအဆင့်တွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။• သင်ရောက်လာတဲ့အခါ သွေးထုတ်ယူမှာဖြစ်ပြီး ဒါဟာ အစာမစားခင် glucose (ဂလူးကိုစ့်)အဖြေ ဖြစ်ပါတယ်။ ဒါကို အခြား glucose စစ်ဆေးမှုတွေနဲ့ နှိုင်းယှဉ်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။• တိုင်းတာထားတဲ့ glucose ပမာဏ ပါဝင်တဲ့ ချိုမြိန်တဲ့ အရည်ကိုသောက်စေမှာ ဖြစ်ပါတယ်။ အရည်ကို လျင်မြန်စွာ သောက်နိုင်ပါတယ်။ ပုံမှန် glucose tolerance test အတွက် 75 g (သို့) 100g သောက်ရမှာ ဖြစ်ပါတယ်။• Glucose သောက်အပြီး ၁နာရီ၊ ၂နာရီနဲ့ ၃ နာရီအကြာမှာ သွေးထုတ်ယူမှာ ဖြစ်ပါတယ်။ သွေးထုတ်ယူမှုတွေကို glucose သောက်အပြီး အနည်းဆုံး မိနစ် ၃၀ ကနေ အများဆုံး ၃ နာရီကျော်အထိ ပြုလုပ်နိုင်ပါတယ်။အစာမစားရတဲ့အတွက် ခေါင်းမူးခြင်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးမှုအပြီးမှာတော့ အစာစားသောက်နိုင်ပါတယ်။စစ်ဆေးမှုအပြီးမှာ ပုံမှန် လှုပ်ရှားမှုတွေကို ပြုလုပ်နိုင်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်အခြေအနေကို ဆွေးနွေးပေးပြီး သင့်လျော်တဲ့ ကုသမှုတွေ ပေးမှာ ဖြစ်ပါတယ်။ တခါတလေမှာတော့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို ဂရုတစိုက် လိုက်နာသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်။အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။ပမာဏများခြင်း။ပမာဏများခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။• ဆီးချို။• ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်း။• လည်းပင်းသိုင်းရွိုက်ဟော်မုန်းအထွက်များခြင်း။• Corticosteroids၊ niacin၊ phenytoin (Dilantin)၊ ဆီးဆေးများ၊ သွေးပေါင်ကျဆေး၊ HIV ကုသရန်ဆေးများ။• မွေးရာပါရောဂါများ (ဥပမာ hemochromatosis)။• Phaeochromocytoma (အက်ဒရီနယ်ဂလင်း အကျိတ်)။ပမာဏနည်းခြင်း။ပမာဏနည်းခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။• ဆီးချို၊ သွေးပေါင်တက်ခြင်းကို ကုသရန်ဆေးများ (ဥပမာ propranolol)၊ စိတ်ကျရောဂါပျောက်ဆေးများ (ဥပမာ isocarboxazid)။• ဟော်မုန်း cortisol နဲ့ aldosterone ထုတ်လုပ်မှု လျော့ကျခြင်း။• သိုင်းရွိုက် (သို့) ပစ်ကျူထရီဂလင်း အလုပ်ကောင်းကောင်း မလုပ်ခြင်း။• မုန့်ချိုအိတ် အကျိတ်ဖြစ်ခြင်း (သို့) အခြားပြဿနာများဖြစ်ခြင်း။• အသည်းရောဂါ။• အခြေအနေအတော်များများဟာ သွေးglucose ပမာဏကို ပြောင်းလဲစေပါတယ်။ သင့်ဆရာဝန်ဟာ ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ပုံမှန်မဟုတ်တဲ့ အဖြေတွေအတွက် သင်နဲ့ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Oral Glucose Tolerance Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Oral Glucose Tolerance Test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/glucose-tolerance-test-%e1%80%82%e1%80%9c%e1%80%b0%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%85%e1%80%b9%e1%80%b7%e1%80%a1%e1%80%9b%e1%80%8a%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%b9/
Keratolytic Action အကြောင်း
Keratolytic Action, Peeling Action အကြောင်းကိုအရေပြားအထူးကုဆရာဝန်ကြီး ကိုယ်တိုင် ပြောပြပေးထားတဲ့အသေးစိတ်အကြောင်းအရာကို အောက်တွင်လေ့လာဖတ်ရှု့နိုင်ပါတယ်။✅ဒေါက်တာမိုးကျော်ထွန်း။✅အရေပြားအထူးကုဆရာဝန်ကြီး။✅အရေပြားရောဂါဌာန။✅အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး။Keratolytic action ကို အသားအရေအတွက် အသုံးပြုလို့ရပါတယ်။အသားအရေကြည်လင်လှပစေဖို့ အတွက် အသုံးပြုလို့ရတဲ့ ကုထုံးတွေက အမျိုးမျိုးပါ။ သာမန်အသားအရေဆိုရင် ကိစ္စမရှိပေမယ့် ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေတို့ ထိခိုက်လွယ်တဲ့ အသားအရေတို့ဆိုရင်တော်တော်လေးဂရုစိုက်ဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအဆင်ပြေစေမယ့် အသားအရေကြည်လင်စေမယ့် ကုထုံးတစ်ခုအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒါကတော့Keratolytic action ပါ။Keratolytic action ကဘယ်လို အလုပ်လုပ်တာလဲဆိုတော့ ကျွန်ုပ်တို့၏ အရေပြားအောက်လွှာတွင်ရှိသောအရေပြားဆဲလ်များသည်၂ပတ်အကြာတွင် အရေပြားအပေါ်ဆုံးအလွှာသို့ ရောက်ရှိပြီး ဆဲလ်သေ (Dead skin cells) များအဖြစ် ပြောင်းလဲသွားပါသည်။Salicylic acidကိုအသုံးပြုခြင်းဖြင့် အရေပြားအပေါ်ဆုံးလွှာရှိဆဲလ်သေ(Dead skin cells) များကို ဖယ်ရှားပေးပြီးကျန်းမာသော အရေပြားဆဲလ်အသစ်များကို အရေပြားအပေါ်လွှာသို့ ရောက်ရှိစေပါသည်။ထိုဆဲလ်သေများကို ဖယ်ရှားပေးခြင်း (Peeling/ Keratolytic action) ကြောင့် တစ်ခါတရံတွင် ဘေးထွက်ဆိုးကျိုးအနေဖြင့် အရေပြားနီရဲခြင်း၊ ပူခြင်း၊ အဖတ်လန်ခြင်းတို့ကို ဖြစ်ပေါ်လာနိုင်ပါသည်။ ၎င်း ဆိုးကျိုးများသည် acid ပြင်းအား၊ acid ပမာဏ၊ သုတ်လိမ်းသည့်အရေပြားတစ်ဦးတစ်ယောက်ချင်းစီ၏အရေပြားအစိုဓါတ်ထိန်းသိမ်းနိုင်ခြင်း နှင့် အရေပြားပုံစံပေါ်မူတည်ပါသည်။Salicylic acid သည်ဆဲလ်သေများကိုဖယ်ရှားပေးခြင်း (Keratolytic action) အပြင်အရေပြားပေါ်တွင် ပိုလျှံနေသောအဆီများကိုလည်း ဖယ်ရှားပေး ပါသည်။ အရေပြားပိုးဝင်နေသောသူများ၊ ဝက်ခြံညှစ်ပြီး အနာမကျက်သေးသောသူများ၊ အရေပြားရောင်ရမ်းနေသော သူများသည် မိမိအရေပြားပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိပြီးမှသာလျှင် Salicylic acid ပါဝင်သောပစ္စည်းများကိုအသုံးပြုသင့်သည်။ Salicylic acid ပါသောအလှကုန်ပစ္စည်းများ (Cream, Moisturizer) များကိုစတင်အသုံးပြု လျှင် ညဘက်တွင် အသုံးပြုပြီးနေသားကျသော အချိန် (ဥပမာ-တစ်ပတ်အကြာ) တွင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်အသုံးပြုနိုင်သည်။ နေ့ဘက်အသုံးပြုမည်ဆိုလျှင်နေလောင်ကာခရင်မ်(Suncream) ထပ်လိမ်းပေးရန်လိုအပ်ပါသည်။ကြည်လင်ပြီး အနာအဆာကင်းတဲ့ အသားအရေအတွက် စဉ်းစားသင့်တဲ့ အသားအရေထိန်းသိမ်းနည်းတစ်ခုပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/keratolytic-action-%e1%80%94%e1%80%b2%e1%82%94-peeling-action-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8/
သင်္ဘောစေ့ရဲ့ အကျိုးပြုအာနိသင် (၅) မျိုး
ရာသီဥတုပူတဲ့အချိန် အသီးအနှံချိုချိုလေးနဲ့မှ ရင်အေးကြတာနော်။ သင်္ဘောသီးက ချိုလည်းချို ဝမ်းလည်းမှန်စေတယ်။အမျှင်ဓါတ်၊ကယ်လ်စီယမ်၊သံဓါတ်နဲ့ ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အကျိုးကျေးဇူးများလှတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့အာနိသင်ကတော့ အူတွင်းလုပ်ဆောင်ချက်ကောင်းစေတယ်(ဝမ်းမှန်စေတယ်)၊ကိုယ်ခံအားကောင်းစေတယ်။အသီးက ချိုမြပြီးရင်အေးစေလို့ အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသုံး၊သောက်သုံးကြပေမယ့် သင်္ဘောစေ့ကိုတော့ သန်ကျစေတယ်လို့ယုံကြည်ပြီးစားသုံးသူအနည်းငယ်သာရှိပါတယ်။ အများစု ကတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကိုမသိကြတဲ့အတွက်၊ အရသာမရှိတဲ့အတွက်၊ စားလို့မရဘူးထင်တဲ့အတွက် စွန့်ပစ်ကြတာဖြစ်ပါတယ်။သင်္ဘောစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၅) မျိုး။(၁) ကျောက်ကပ်ကို ကာကွယ်ပေးတယ်။သင်္ဘောစေ့ကိုစားခြင်းအားဖြင့် ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ကာကွယ်ပေးပြီး ကျောက်ကပ်ရောဂါခံစားနေရသူတွေအတွက်လည်း ကုသမှုမှာအထောက်အကူပေးပါတယ်။ တစ်နေ့ကို ၇ စေ့လောက်ဝါးစားပေးရုံနဲ့လုံလောက်ပါတယ်။(၂) အသည်းကိုသန့်စင်ပေးတယ်။အသည်းရဲ့တာဝန်က ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်တွေကို စစ်ထုတ်ပေးပြီး ရောဂါတွေရန်က ကာကွယ်ပေးရတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်ပါတယ်။ အဲသည်အသည်းက မကောင်းတဲ့အခါ နာတာရှည်ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အသည်းသန့်စင်ဖို့က အရေးကြီးတာပါ။ သင်္ဘောစေ့က အသည်းပြဿနာ၊ အထူးသဖြင့် အသည်းခြောက်ခြင်းတို့မှာ အရမ်းကိုအကျိုးပြုတဲ့အာနိသင်ရှိပါတယ်။ သင်္ဘောစေ့ ၅ စေ့ကိုကြိတ်ပြီး သံပရာရည်တစ်ဇွန်းကိုရော၊ တစ်နေ့နှစ်ကြိမ် တစ်လကြာအောင်သောက်ပေးနိုင်ပါတယ်။(၃) အူကျန်းမာရေးကို ကောင်းစေတယ်။ကပ်ပါးပိုးမွှားတွေကိုသေစေတဲ့အင်ဇိုင်းတွေ ပါဝင်မှုများတဲ့အတွက် အူကျန်းမာရေးကိုကောင်းမွန်စေပါတယ်တဲ့။ carpaine လို့ခေါ်တဲ့ anthelmintic alkaloid ကြောင့် အူတွင်းက ကပ်ပါးပိုးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ သန်ကောင်၊တုတ်ကောင်တွေကို ကျစေနိုင်တယ်လို့ သိထားကြတာဖြစ်ပါတယ်။ သင်္ဘောစေ့ကိုအခြောက်ခံပြီးထောင်းကြိတ်ပါ။ ရလာတဲ့အမှုန့်တစ်ဇွန်းကို ရေနဲ့ဖျော်ပြီးဆူအောင်တည်ပါ။ ပြုတ်ရည်ကို အအေးခံပြီး ပျားရည်ထည့်ပြီးဖြစ်ဖြစ်၊ မထည့်ဘဲဖြစ်ဖြစ် တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်သောက်သုံးနိုင်ပါတယ်။(၄) အစာချေစနစ်ကို အကာအကွယ်ပေးတယ်။သင်္ဘောစေ့ဟာ ဘက်တီးရီးယားကိုသေစေပြီး ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်တွေကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ သင်္ဘောစေ့က အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ရောဂါပိုးတွေကို ခုခံတိုက်ဖျက်နိုင်တယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။ တစ်နေ့ကို ၇ စေ့ သုံးကြိမ် စားသုံးနိုင်ပါတယ်။(၅) အဆီပိုတွေနဲ့ သကြားဓါတ်တွေကို စုပ်ယူပေးတယ်။သင်္ဘောစေ့က ခန္ဓါကိုယ်မှာ အဆီကိုလောင်ကျွမ်းစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။ အစာချေဖျက်မှုကို မြန်ဆန်စေတဲ့အတွက် အဆီပိုတွေနဲ့သကြားဓါတ်တွေကို ခန္ဓါကိုယ်က စုပ်ယူမှုနည်းပါးစေလို့ ဝိတ်လည်းကျစေပါတယ်။သင်္ဘောစေ့နဲ့ ဝိတ်ချနည်း။သင်္ဘောစေ့နဲ့ပတ်သက်ပြီး သိပ်မသိကြတဲ့ အသုံးဝင်ပုံတစ်မျိုးကတော့ ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူပေးတာပဲဖြစ်ပါတယ်။ အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဒါ့အပြင် အစားဆင်ခြင်စားပြီး လေ့ကျင့်ခန်းလည်း မကြာမကြာလုပ်ပေးရပါမယ်။ဂရိတ်ဖရုဖျော်ရည်တစ်ခွက်ထဲမှာ သင်္ဘောစေ့ ၁၅ စေ့ထည့်ပြီး အစာမရှိခင်သောက်ပါ။ အစေ့တွေကို ဆေးလိုမျိုချပါ။ ဒီဖျော်ရည်က အဆီပိုတွေကိုဖယ်ရှားပေးပြီး အစာချေဖျက်မှုမြန်စေပါလိမ့်မယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%80%84%e1%80%ba%e1%80%b9%e1%80%98%e1%80%b1%e1%80%ac%e1%80%85%e1%80%b1%e1%80%b7%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%bc%e1%80%af/
အခါးစားပေးသင့်တဲ့ အကြောင်းအရင်း
အစားအသောက်တွေဆိုရင် အနံ့အရသာနဲ့ ပြည့်စုံမှ စားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့ အရသာလေးကိုမှ ကြိုက်တယ် ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ် အနေနဲ့ အခါးလေး နည်းနည်းလောက် စားပါ၊ လို့ ပြောပါရစေနော်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ ပြောပါရစေ အခါးစားပေးသင့်တဲ့ အကြောင်းအရင်း တွေကို ဆက်လေ့လာရအောင်နော် Hello ဆရာဝန်ပရိသတ်ကြီးရေ…….။အခါးကို နေ့စဉ် မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။  အခါးစားပေးသင့်တဲ့ အကြောင်းအရင်း ကတော့ အခါးဓါတ်ကခန္ဓါကိုယ်ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါး စားပေးတဲ့အခါ။အစာခြေစနစ်ကျန်းမာမယ်။အခါးဓါတ်ကအစာခြေစနစ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အစာခြေရည်တွေ ဖြစ်တဲ့ တံထွေး အပါအဝင် အစာအိမ်က အက်ဆစ်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။ သည်းခြေရည်ကို ဖြစ်ပေါ်စေနိုင်ပြီး အသည်းက အဆီတွေ ချေဖျက်မှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရတာ လွယ်ကူစေပြီး ခန္ဓါကိုယ်ကို လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။အာဟာရစုပ်ယူမှုအားကောင်းစေမယ်။အစာခြေအင်ဇိုင်းကို ပိုမို ထုတ်လုပ်နိုင်စေပြီး စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ပါတဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေတာကြောင့် အာဟာရချို့တဲ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ အိုင်အိုဒင်းစတာတွေကို ပြည့်ဝစွာ ရရှိအောင် ထောက်ပံ့ပေးနိုင်ပါတယ်။အစာခြေစနစ် ပြဿနာကြောင့် အူလမ်းကြောင်း ယိုစိမ့်မှု မဖြစ်အောင် ကာကွယ်ပေးမယ်။ဒီဝေဒနာကို ခံစားရတဲ့အခါ အစာခြေ စနစ်ထဲက အဆိပ်အတောက်တွေ၊ ဘက်တီးရီးယားတွေ နဲ့ အစား အစအနလေးတွေက အစာခြေလမ်းကြောင်း ကနေတဆင့် သွေးကြောထဲကို ရောက်ရှိ သွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ အနေနဲ့ကတော့ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်အလေးချိန် တက်လာတာ၊ အရေပြားပြဿနာ ခံစားရတာ၊ အစာခြေစနစ် ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ဖြစ်စေနိုင်တဲ့အဓိက အကြောင်းအရင်း တစ်ခုက အာဟာရ ချို့တဲ့မှုပါ။ ဒီတော့ အာဟာရ ချို့တဲ့မှုကနေရောအစာခြေစနစ်ပြဿနာကြောင့် အူလမ်းကြောင်းယိုစိမ့်မှုကနေပါ ကာကွယ်ဖို့ဆိုရင် အလွယ်ကူဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အခါးနည်းနည်းလောက် စားပေးတာပါပဲ။အစားစားချင်စိတ်တိုးစေမယ်။အခါးဓါတ်က အစာခြေစနစ်ကျန်းမာဖို့ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓါတ်တစ်ခုပါ။ အစားစားချင်စိတ်မရှိဖြစ်နေသူတွေအတွက် သဘာဝ ဓါတ်စာတစ်ခုပေါ့။ အခါးဓါတ်က အစားစားချင်စိတ်ဖြစ်စေတဲ့ghrelinဟော်မုန်းထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။အခါးဓါတ်ရဲ့နောက်ထပ် အာနိသင်တစ်ခုက ဝမ်းဗိုက်တွင်းမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီသွေးစီးဆင်းရောက်ရှိမှုတိုးစေနိုင်ပါတယ်။ အာရုံခံစားမှုကိုလည်းကောင်းမွန်စေနိုင်ပါသေးတယ်။ ဒါကြောင့် အစားစားချင်စိတ်နည်းနေမယ်ဆိုရင် အခါးလေးနည်းနည်းလောက်စားပေးပါ။အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေမယ်။အစာခြေစနစ်ထဲမှာ ခန္ဓါကိုယ် ကျန်းမာဖွံ့ထွားဖို့အတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက လိုအပ်တဲ့ အာဟာရဓါတ်ကို လုံလောက်စွာ ရရှိပြီး တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်မှ ခန္ဓါကိုယ်က ရောဂါ ကင်းပြီး နေ့စဉ် လှုပ်ရှားဖို့ လိုအပ်တဲ့ အင်အားတွေ ပြည့်နေစေမှာပါ။ ဒါကြောင့်နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းစွာနဲ့ကျော်ဖြတ်နိုင်စေဖို့ အခါးလေးကို ဆေးဖြစ်ဝါးဖြစ်လောက် နည်းနည်း စားပေးပါ။နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေလည်း အခါးဓါတ်ကိုရရှိနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/causes-to-eat-bitter-foods/
Foreign object in the rectum (စအိုထဲတွင်ပြင်ပမှအရာတစ်ခုရှိနေခြင်း)
နားထဲကို ပြင်ပအရာတွေဝင်တယ်ဆိုတာ နားစည်လမ်းကြောင်း ( နားစည်နဲ့ အပြင်နှဲု့ ဆက်ထားတဲ့လမ်း) မှာမူလရှိမနေတဲ့ ဘယ်အရာမဆိုရှိနေတာကို ခေါ်ပါတယ်။ လူတစ်ယောက်က နားထဲကို ရည်ရွယ်ချက်နဲ့ ( ဥပမာ ဂွမ်းစ) ဖြစ်စေ မရည်ရွယ်ပဲနဲ့( ဥပမာ နားကပ်) ဖြစ်စေ တစ်ခုခုထည့်သွင်း မိတတ်ပါတယ်။ ကလေးတွဆိုရင် မိခင်နားကိုဖြစ်စေ အခြားကလေးတွေ နားထဲဖြစ်စေ ပစ္စည်းတော်တော်များများ လိုက်ထည့်တတ်ပါတယ်။ တစ်ခါတစ်လေလည်း အင်းဆက်တစ်ကောင်ကောင်က နားထဲဝင်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဂွမ်းပဲဖြစ်စေ အရုပ်ပဲဖြစ်စေ၊ နားထဲဝင်သွားတဲ့ပစ္စည်းဟာ လွယ်လွယ်နဲ့ပြန်မထွက်လာတတ်ပါဘူး။တော်တော်အဖြစ်များပါတယ်။ မိန်းကလေးတွေဟာယောက်ျားလေးတွေထက်ပိုဖြစ်ကြပါတယ်။ အသက်အရွယ်လည်း မရွေးပါဘူး။ ဖြစ်စေတဲ့အရာတွေကိုလျော့ချလို့ရပါတယ်။ အခြား အချက်အလက်များအတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။နားထဲအပြင်ပစ္စည်းတစ်ခုဝင်တာနဲ့ မသက်မသာခံစားရပါလိမ့်မယ်။ နားအကြားအာရုံလည်း ထိခိုက်ပါမယ်။ ပစ္စည်းက နားလမ်းကြောင်းကို ထိခိုက်မှုဖြစ်စေတယ်ဆိုရင် နာတာတွေ ပိုးဝင်တာတွေဖြစ်လာပြီး otitis externa ဖြစ်နိုင်ပါတယ်။ နားထဲမှာ အသံမည်တာတွေဖြစ်နေပြီး ချောင်းဆိုးတာပါကြုံရနိုင်ပါတယ်။ တကယ်လို့ ပိုးကောင်တစ်ကောင်ဝင်တာဆိုရင် တဝီဝီမြည်တာ ယားတာအပြင် ပိုးကောင်က နားလမ်းကြောင်းကို ကိုက်တာပါဖြစ်နိုင်ပါတယ်။ အထက်ပါလက္ခဏာတွေမှာ မပါတာတွေရှိနိုင်ပါသေးတယ်။ သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။ဝင်သွားတဲ့ပစ္စည်းအများစုဟာ လူနာကိုယ်တိုင်ထည့်လိုက်တာကြောင့်ပါ။ သူတို့ခန္ဓါကိုယ်ရော ထူးထူးဆန်းဆန်းအရာတွေကိုပါ စပ်စုတတ်တဲ့ကလေးတွေမှာဒီပြသနာအများဆုံးဖြစ်ပါတယ်။(အထူးသဖြင့် ၉လကနေ ၈နှစ်အရွယ်ထိ)။သူတို့နားထဲအများဆုံးထည့်တဲ့အရာတွေကတော့။ပုတီးစေ့။အစားအသောက်။စာရွက်။ဂွမ်းတံ။ခဲဖျက်။အရုပ်သေးတွေ။ကျောက်စရစ်။အခွံလေးတွေ စတာတွေဖြစ်ပါတယ်။Ear wax : နားဖာချေးတွေဆိုတာ ပုံမှန်ဖြစ်နေကျအရာဆိုပေမယ့် အတွင်းမှာစုပြီး ခဲနေမယ်ဆိုရင် နားမကြားတာ နာကျင်တာတွေဖြစ်နိုင်ပါတယ်။ နားကေ ာ်တံကို အလွန်အသုံးပြုရင် သန့်ရှင်းရေးလုပ်တယ်ဆိုပေမယ့်တကယ်တော့ wax တွေနဲ့ ဆဲလ်အသေတွေကို အထဲထိထိုးထည့်သလိုဖြစ်နေပြီး ရောဂါဖြစ်စေပါတယ်။အင်းဆက်များ။အင်းဆက်တွေဟာ နားလမ်းကြောင်းထဲကိုပျံပြီး ဒါမှမဟုတ် တွယ်ပြီးဝင်ရောက်လာနိုင်ပါတယ်။ ပုံမှန်အးာဖြင့် ကြမ်းပေါ်မှာအိပ်တာ ဒါမှမဟုတ် အပြင်မှာ camp ထွက်ပြီးအိပ်ကြတာဖြစ်ဖြစ် ဒါမျိုးဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကြောက်လန့်ဖို့လည်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပိုးကောင်ရဲ့ တဝီဝီသံက အရမ်းကျယ်သလို အရမ်းလည်းနာကျင်တာကြောင့်ဖြစ်ပါတယ်။ဖြစ်စေတတ်သောအကြောင်းများ။ဘယ်အရာတွေက နားအတွင်းပိုင်းပြင်ပအရာဝင်တာမျိုးဖြစ်စေတတ်သလဲ?။ဖြစ်စေတာတွေက အများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က အလင်းဆများတဲ့ otoscope ခေါ်ကိရိယာနဲ့ သင့်နားအတွင်းပိုင်းကို ကြည့်ရှူ ပါလိမ့်မယ်။ အဲ့အခါမှာ ပစ္စည်းကိုတွေ့ပြီး ဘယ်လိုအရာဆိုတာနဲ့ နားစည်ပေါက်ပြဲမှုရှိမရှိ ဆိုတာပါ သေချာစမ်းသပ်နိုင်မယ်ဖြစ်ပါတယ်။သေချာမမြင်ရရင် နားထဲကအရာကို ဖယ်ထုတ်ဖို့မ ကြိုးစားပါနဲ့။ အချို့အရာတွေက နားကိုအောက်စိုက်ထားရုံနဲ့ မြေဆွဲအားကြောင့် အလိုလို ထွက်ကျလာတတ်ပါတယ်။ ကလေးဆိုရင် မျက်နှာကို လူကြီးတွေကကိုင်ပေးထားပြီးနာရွက်အောကိစိုက်ကာ ငြင်သာစွာလှုပ်ဖို့ကြိုးစားကြည့် နိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းထွက်သွားဖို့အတွက် ကလေးကို အားနဲ့လှုပခါတာမျိုးလုံးဝမလုပ်ပါနဲ့ ။ဝါဂွမ်းတွေ စက္ကူ တွေဆိုရင် သင့်လက် ဒါမှမဟုတ်ကိရိယာတွေသုံးပြီးဖယ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေဆီမှာ လိုတဲ့ကိရိယာအစုံရှိတဲ့ အတွက် ဝင်သမျှပစ္စည်းတော်တော်မျူးများကို ဆရာဝန်ထုတ်ပေးတာများပါတယ်။ ဘာလို့လဲဆိုတော့ ဆရာဝန်အကူအညီမယူပဲ မိမိဘာသာထုတ်ခဲ့ရင် ဒဏ်ရာတွေဖြစ်နိုင်လို့ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဆရာဝန်က ရေနဲ့လောင်းချတာမျိုးနဲ့ လိုအပ်ရင် ချိတ်လေးကိုပါသုံးနိုငိပါတယ်။ ပြီးတော့ ထုတ်ပြီးချိန်မှာလည်း otoscope နဲ့ပြန်ကြည့်ပြီး ပုံမှန်ဖြစ်မဖြစ်စစ်ဆေးပါတယ်။တကယ်လို့ အင်းဆက်တစ်ကောင်ဝင်နေတယ်ဆိုရင် သင့်လက်နဲ့ထိုးတာမျိုးမလုပ်ပါနဲ့ ။ ကိုက်တတ်လို့ပါ။ ဒီအခါ နားကိုအပေါ်အောက်ကို ခေါင်းမော့ထားပါ။ အင်ဆက်က သူ့ဘာသာထွက်သွားပါလိမ့်မယ်။ မထွက်ရင် ဆီတစ်မျိုးလောင်းထည့်ပါ။ အင်းဆက်သေသွားပါလိမ့်မယ်။ အဲ့အခါမှ ဆရာဝန်က ရေသန့်သန့်နဲ့ နားကိုဆေးချပြီး ပိုးကောင်ကိုထုတ်ယူပါလိမ့်မယ်။နားအတွင်းပြင်ပပစ္စည်းဝင်တာကို ကူညီပေးနိုင်တဲ့ ဆေးနဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?။နားသန့်ရှင်းရေးလုပ်ဖို့အတွက် တစ်ရှူ းတွေ ပိုးပိတ်တွေ သွားကြားထိုးတံတွေ မသုံးပါနဲ့ ။ နားစည်ပေါက်တာရဲ့ အဓိကအကြောင်းရင်းက ဒီလိုပစ္စည်းတွေင်တာကြောင့်ဖြစ်ပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/foreign-object-in-the-rectum-%e1%80%85%e1%80%a1%e1%80%ad%e1%80%af%e1%80%91%e1%80%b2%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%95%e1%80%99%e1%80%bd%e1%80%bd%e1%80%a1/
Growth Hormone Test (ကြီးထွားဟော်မုန်းစစ်ဆေးခြင်း)
Growth Hormone Test ဟာ ကိုယ်ခန္ဓါ အတွင်းမှာ ရှိတဲ့ ကြီးထွားဟော်မုန်း (Growth Hormone) တွေကို တိုင်းတာပါတယ်။ ကြီးထွားဟော်မုန်းတွေကို ဦးနှောက်မှာရှိတဲ့ Pituitary Gland ကနေ ထုတ်ပြီး ကိုယ်ခန္ဓါ ကြီးထွားစေဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓါက အစာကို အားအင်အဖြစ်အသုံးပြုတဲ့ ဖြစ်စဉ်မှာလည်း အရေးကြီးပါတယ်။ သွေးအတွင်းက ကြီးထွားဟော်မုန်း ပမာဏဟာ နေ့အချိန်မှာ ပြောင်းလဲနိုင်ပြီး လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်စက်ခြင်းနဲ့ စိတ်ဖိစီးတို့ပေါ်မှာလည်း မူတည်ပြောင်းလဲနိုင်ပါတယ်။ကလေးဘဝမှာ ကြီးထွားဟော်မုန်း များခြင်းဟာ ကလေးကို ပုံမှန်ထက်ပိုတဲ့ ကြီးထွားမှုကို ဖြစ်စေပါတယ်။ ကလေးဘဝမှာ ကြီးထွားဟော်မုန်း နည်းခြင်းကတော့ ကလေးငယ်ကို ဖွံ့ဖြိုးမှုနည်းစေပါတယ်။ ဒီအခြေအနေနှစ်ခုလုံးကို စောစီးစွာ သိရှိမယ်ဆိုရင် ကုသနိုင်ပါတယ်။လူကြီးတွေမှာတော့ ကြီးထွားဟော်မုန်း အများကြီးထုတ်ခြင်းဟာ Pituitary Gland ရဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်မျိုးကြောင့် ဖြစ်ခြင်း ဖြစ်ပါတယ်။ ကြီးထွားဟော်မုန်း များပြားခြင်းဟာ မျက်နှာ၊ မေးရိုး၊ လက်၊ ခြေထောက်တွေကို ပုံမှန်ထက်ပိုပြီး ကြီးမားစေပါတယ်။ကြီးထွားဟော်မုန်း ဟာ ကြီးထွားမှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပေါ်မှာ အကျိုးသက်ရောက်မှု ရှိတဲ့ အခြားအရာတွေ ထုတ်လုပ်မှုကိုလည်း ဖြစ်စေပါတယ်။ ဒီအရာတစ်မျိုးကတော့ Insulin-like growth factor (IGF-1) ပဲ ဖြစ်ပါတယ်။ ကြီးထွားဟော်မုန်း ပမာဏ အလွန်များခဲ့ရင် IGF-1 ပမာဏဟာလည်း အလွန်များနိုင်ပါတယ်။ ကြီးထွားဟော်မုန်း ပမာဏများပြားခြင်းကို အတည်ပြုဖို့ IGF-1 စစ်ဆေးမှုကိုလည်းပြုလုပ်နိုင်ပါတယ်။Growth Hormone Test ဟာ ကလေးငယ်တွေမှာ ဖွံ့ဖြိုးမှုနည်းတဲ့ လက္ခဏာတွေ ဖြစ်ခဲ့ရင် ပြုလုပ်နိုင်ပါတယ်။ဥပမာ။• ကလေးငယ်စဉ်မှာ ဖွံ့ဖြိုးမှု ကျဆင်းခြင်း။• အခြားအသက်တူ ကလေးငယ်တွေထက် အရပ်ပုခြင်း။• လူပျိုဖော်၊ အပျိုဖော် ဝင်တာ နောက်ကျခြင်း။• အရိုး ဖွံ့ဖြိုးမှု နှေးကွေးခြင်း။လူကြီးတွေမှာတော့ ကြီးထွားဟော်မုန်းမူမမှန်ပြဿနာ နဲ့ Hypopituitarism (Pituitary gland အလုပ်သိပ်မလုပ်ခြင်း)ရဲ့ လက္ခဏာတွေ ရှိခဲ့ရင် စစ်ဆေးနိုင်ပါတယ်။• အရိုးသိပ်သည်းဆ ကျဆင်းခြင်း။• ပင်ပန်းနွမ်းနယ်ခြင်း။• အဆီပမာဏ များခြင်း (ဥပမာ ကိုလက်စထရော များခြင်း)။• လေ့ကျင့်ခန်းလုပ်စဉ် မခံနိုင်ခြင်း။Growth Hormone ဟာ pituitary gland ကနေ အကြိမ်ကွက်ကြား ထုတ်တာမို့ ရှောင်တခင်စစ်ဆေးခြင်းဟာ အကျိုးမရှိပါဘူး။ ပုံမှန်မဟုတ်တဲ့ အဖြေတွေနဲ့ နေ့စဉ် ပြောင်းလဲမှုတွေကြားမှာ တူညီမှုတွေ အများကြီး ရှိနိုင်ပါတယ်။ ကြီးထွားဟော်မုန်း တွေဟာ မနက်ပိုင်းမှာ များပြားပြီး၊ လေ့ကျင့်ခန်းလုပ်ခြင်း (သို့) စိတ်ဖိစီးမှုတွေကြောင့်လည်း များနိုင်ပါတယ်။Growth Hormone Test ကို နှောင့်ယှက်နိုင်တဲ့ အချက်တွေကတော့။• ကြီးထွားဟော်မုန်း များစေတဲ့ဆေးတွေ ဖြစ်တဲ့ amphetamines၊ arginine၊ dopamine၊ estrogens၊ glucagon၊ histamine၊ insulin၊ levodopa၊ methyldopa၊ nicotinic acid။• ကြီးထွားဟော်မုန်း နည်းစေတဲ့ ဆေးတွေဖြစ်တဲ့ corticosteroids နဲ့ phenothiazines။အရပ်ပုတဲ့ အခြေအနေ အများစုဟာ ကြီးထွားဟော်မုန်း နည်းတာကြောင့် မဟုတ်ပါဘူး။ သူတို့ဟာ မိသားစုကြောင့်၊ အခြားရောဂါ အခြေအနေတွေနဲ့ မွေးရာပါ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။Growth Hormone Test အမျိုးအစားတွေတိုင်းမှာ ပြင်ဆင်မှုတွေကို သေချာလိုက်နာသင့်ပါတယ်။ သင့်ဆရာဝန်က အောက်ပါအချက်တွေကို ညွှန်ကြားနိုင်ပါတယ်။• မစစ်ဆေးခင် နာရီပေါင်းများစွာ အစာမစားစေခြင်း။• စစ်ဆေးမှုမပြုခင် ရက်အနည်းငယ်အတွင်းမှာ သောက်ရမည့် ဆေးညွှန်းခြင်း။• စစ်ဆေးမှုမပြုခင် လေ့ကျင့်ခန်းလုပ်ခြင်း။• စစ်ဆေးမှုကို ထိခိုက်နိုင်တဲ့ ဆေးတွေ ရပ်ခြင်း။ကြီးထွားဟော်မုန်း ပမာဏဟာ လျင်မြန်စွာ ပြောင်းလဲနိုင်တာကြောင့် မတူညီတဲ့ ရက်တွေမှာ တစ်ကြိမ်ထက်ပိုပြီး စစ်ဆေးသင့်ပါတယ်။ Insulin-like growth factor ပြောင်းလဲမှုဟာ ပိုမိုနှေးကွေးတာကြောင့် သူ့ကို ပထမဦးစွာ စစ်ဆေးသင့်ပါတယ်။သင့်ဆရာဝန်ဟာ။• လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ဖောင်းလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။• ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။• သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။• သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။• သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။• အပ်ဖယ်လိုက်ပြီး ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။• သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။လက်မောင်းမှာ သားရေကြိုးကိုစည်းထားမှာ ဖြစ်တာကြောင့် တင်းကျပ်မှုကို ခံစားရနိုင်ပါတယ်။ အပ်ထိုးထားတဲ့နေရာက ဘာမှ မခံစားရခြင်း (သို့) အနည်းငယ်စူးရှနာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ဂွမ်းစနဲ့ ပလပ်စတာကို မိနစ် ၂၀-၃၀ ကြာပြီးရင် ဖယ်ရှားနိုင်ပါတယ်။ သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်။အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အပိုင်းတစ်ခြားတစ်ခုနဲ့ ဖေါ်ပြထားပြီး အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအပိုင်းအခြားတွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ အသုံးပြုတဲ့ ပုံမှန် အပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။ပမာဏများခြင်း။ကြီးထွားဟော်မုန်း ပမာဏများခြင်းဟာ ခန္ဓါကိုယ်ကြီးထွားခြင်း (သို့) ခန္ဓါကိုယ်အစိတ်အပိုင်းများ လွန်စွာကြီးမားနေသော အေခရိုမက်ဂလီ ရောဂါ ဖြစ်စေတယ်လို့ ဖေါ်ပြပါတယ်။ ဒီအခြေအနေတွေကို pituitary gland ရဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေကနေ ဖြစ်စေပါတယ်။ Insulin-like growth factor1 (IGF-1) ပမာဏဟာလည်း မြင့်မားနိုင်ပါတယ်။ကြီးထွားဟော်မုန်း ပမာဏများခြင်းဟာ ဆီးချို၊ ကျောက်ကပ်ရောဂါ၊ ဗိုက်ဆာခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေက IGF-1 ပမာဏကိုတော့ မြင့်တက်စေခြင်း မရှိပါဘူး။ပမာဏနည်းခြင်း။ဒီရလဒ်ဟာ ကြီးထွားဟော်မုန်း ချို့တဲ့ခြင်းကို ဖေါ်ပြပြီး hypopituitarism မှာ တွေ့ရပါတယ်။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Growth Hormone Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပုံမှန် Growth hormone (GH) ပမာဏ။အမျိုးသား 5 nanograms per milliliter (ng/mL) (226 picomoles per liter[pmol/L]) ထက်နည်း။အမျိုးသမီး 10 ng/mL (452 pmol/L) ထက်နည်း။ကလေး 20 ng/mL (904 pmol/L) ထက်နည်း။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/growth-hormone-test-%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%91%e1%80%bc%e1%80%ac%e1%80%b8%e1%80%b1%e1%80%9f%e1%80%ac%e1%80%b9%e1%80%99%e1%80%af%e1%80%94%e1%80%b9%e1%80%b8%e1%80%85%e1%80%85%e1%80%b9/
အလုပ်မှာ အားအင်ကုန်ခမ်းနေပြီ ဖြစ်ကြောင်းပြတဲ့ လက္ခဏာ ၅ ခု
အကောင်းဆုံးအလုပ်တောင်မှ အားအင်ကုန်ခမ်း နွမ်းနယ်မှု (Burn-out) ကို ဖြစ်စေနိုင်ပါတယ်။ ပိုပြီး ကြိုးကြိုးစားစား လုပ်လေလေ၊ စိတ်အားထက်သန်မှု ပိုရလေလေ၊ သင့်ခေါင်းထဲကို ဝင်ရောက်လာဖို့ ပိုလွယ်ကူလေလေ ပါပဲ။ Burn-out ဆိုတာ သင့်ဆီမှာ ဘာမှပေးစရာ မကျန်တော့သလိုမျိုး ခံစားမှုပါ။ နာတာရှည် (chronic) Burn-out က ခံစားမှုနဲ့ဆိုင်တဲ့ ကိစ္စတွေ ဖြစ်စေနိုင်ပြီး သင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကျဆင်းစေပါတယ်။ သင် Burn-out ကို ကိုင်တွယ်ဖြေရှင်းမှု မလုပ်ခင်၊ ကြိုတင်ပြီး မကာကွယ်မှုတောင် မလုပ်ခင်၊ ဘယ်အချိန်မှာ ပြုလုပ်ရမလဲဆိုတာ သိအောင် သူ့ရဲ့ သတိပေး လက္ခဏာတွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။Burn-out မှာ သင့်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆိုးကျိုး သက်ရောက်မှု ရှိပါတယ်။ နောက်ကျော နာကျင်မှု၊ စိတ်ဓါတ်ကျခြင်း၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ဒါမှမဟုတ် မကြာမကြာ ဖျားနာခြင်းတွေကို ခံစားရနေရင် သင့်အလုပ်က ဒါမျိုး ဖြစ်စေနေတယ်လို ယူဆချင်မှာပါ။ Burn-out က သင့်ကျန်းမာရေးကို ဘယ်ချိန် ဒုက္ခပေးမလဲဆိုတာ သိပါလိမ့်မယ်။ သင့်အလုပ်လုပ်ပုံက နောက်ဆက်တွဲ သက်ရောက်မှုတွေအတွက် တန်မတန် ဆုံးဖြတ်ရပါလိမ့်မယ်။လတ်တလော လေ့လာချက်အရ စိတ်ဖိအားဒဏ်က ဦးနှောက်ရဲ့ စီမံခန့်ခွဲမှုကို လုပ်ပေးတဲ့ Prefrontal Cortex ဆိုတဲ့ အပိုင်းကို ရိုက်ခတ်ပါတယ်။ စီမံခန့်ခွဲမှုအပိုင်းက သင့်မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်း၊ စိတ်ခံစားချက် ထိန်းချုပ်မှု နဲ့ အာရုံစူးစိုက်မှုကို သက်ရောက်မှု ရှိပါတယ်။ အမှားလုပ်မိတာ၊ ကိစ္စကြီးကြီးမားမားတွေ မေ့တာ၊ စိတ်ခံစားချက်တွေ ပွင့်ထွက်လာတာ၊ ဒါမှမဟုတ် ဆုံးဖြတ်ချက် အမှားတွေ ချမိတာမျိုးတွေကို သတိထားမိရင် သင် Burn-out ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။စိတ်ဖိအားတွေက သင်လုပ်သမျှ အရာတွေ အားလုံးအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် တခြားသူတွေနဲ့ ဆက်ဆံမှုတွေမှာ သက်ရောက်မှုတွေ ရှိပါတယ်။ သင်က သင့်ဖိအားတွေကို အလုပ်မှာ ထိန်းချုပ်နိုင်တယ်လို့ ခံစားရရင်တောင်မှ ဒါက အိမ်ကို ဦးတည်သွားနိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ သင့်ဆက်ဆံရေးတွေမှာ ထိခိုက်လာမှာပါ။ စိတ်ဖိအားက လူတော်တော်များများကို သူတပါးအပေါ် ပုံချစေတတ်ပါတယ်။ စိတ်မထိန်းနိုင်တာ၊ စိတ်ပျက်စရာ မမျှော်လင့်ထားတဲ့ အတိုက်အခံတွေထဲ ပါဝင်သွားတတ်ပါတယ်။ တချို့ကတော့ သူတို့ဂရုစိုက်တဲ့သူတွေကို ရှောင်ပြီး နောက်ဆုတ်သွားတတ်တာမျိုး ပိုပြီး ဖြစ်တတ်ပါတယ်။အိပ်ရာမှာ လှဲနေတဲ့အချိန် သင်မပြီးသေးတဲ့ အလုပ်တွေအကြောင်း စဉ်းစားပြီး ကြီးကြီးမားမား လွဲချော်တာမျိုး မဖြစ်ဖို့ မျှော်လင့်ရတာ ဘယ်လောက်ဆိုးတဲ့ ခံစားမှုလဲဆိုတာ သင်သိရဲ့လား။ ဒီမပြီးပြတ်သေးတဲ့ အလုပ်တွေက အချိန်တိုင်း၊ နေရာတိုင်း သင့်ခေါင်းထဲ ရောက်နေရင်၊ အိမ်မှာတောင်မှ ဆိုရင်တော့ ဒါက သင် Burn-out ဖြစ်နေပြီဆိုတဲ့ ပြင်းထန်တဲ့ လက္ခဏာ တစ်ခုပါ။ကျွန်တော်တို့က အလုပ်ကို အနားယူသလိုမျိုး စတင်ပြီး အရာရာကို နှင်းဆီရောင် မျက်မှန်တပ်ပြီး ကြည့်တတ်ကြပါတယ်။ ဒီအခြေအနေမှာ စိတ်အားထက်သန်မှုက အလိုလို ပေါ်ပါတယ်။ ဒါပေမယ့် သင် burn-out ဖြစ်တဲ့အခါ အလုပ်ပြီးဖို့ စိတ်အားထက်သန်အောင် နေရတာကိုပဲ ဒုက္ခဖြစ်နေပါတယ်။ သင် အလုပ်ပြီးရင် ပြီးပါမယ်၊ ကောင်းကောင်းမွန်မွန် ပြီးသွားရင်တောင်မှ သင့်ကို တွန်းအားပေးနေတဲ့ စိတ်အားထက်သန်မှုက မရှိတော့ပါဘူး။ အလုပ်ကို အလုပ်အတွက်ပဲ လုပ်ရမယ့်အစား သင်ဟာ ကြောက်ရွံ့ခြင်းကနေ စိတ်အားထက်သန်မှုကို ရနေပါလိမ့်မယ်။ သတ်မှတ်ထားတဲ့ ရက်ကို ကျော်သွားမှာ၊ လူတွေကို စိတ်ပျက်စေမိမှာ ဒါမှမဟုတ် ဒါ့ထက်ပိုဆိုးတဲ့ အလုပ်ဖြုတ်ခံရမှာ စတာတွေကို စိုးရိမ်နေပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%a1%e1%80%84%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8/
H. Pylori Test (အစာအိမ်ပိုးစစ်ဆေးခြင်း)
အစာအိမ်ပိုး စစ်ဆေးခြင်းကို အစာအိမ်နဲ့ အူသိမ်အပေါ်ပိုင်းမှာ Helicobacter pylori (H.pylori) အစာအိမ်ရောဂါပိုးကူးစက်ခြင်းကို စစ်ဆေးဖို့ အသုံးပြုပါတယ်။ H.pylori ဟာ အစာအိမ်၊ အူသိမ် အနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် H.pylori ရှိတဲ့ လူအများစုဟာ သူတို့ရဲ့ အစာချေလမ်းကြောင်းထဲမှာ အနာမဖြစ်ကြပါဘူး။H.pylori ကို စစ်ဆေးမှု လေးမျိုးရှိပါတယ်။•Blood antibody test– ဒီစစ်ဆေးမှုဟာ ကိုယ်ခန္ဓါက H.pylori ဘက်တီးရီးယား အတွက် ပဋိပစ္စည်း တွေ လုပ်ပြီးပြီလားဆိုတာ စစ်ဆေးဖို့ အသုံးပြုပါတယ်။ H.pylori antibodies တွေ သွေးထဲမှာ ရှိတယ်ဆိုရင် ဒါဟာ အခုလတ်တလော ရောဂါပိုးဝင်ခြင်း (သို့) အရင်တုန်းက ရောဂါပိုးဝင်ခြင်း ဖြစ်တယ်လို့ ဆိုလိုပါတယ်။•Urea breath test– Urea breath test ဟာ အစာအိမ်အတွင်းမှာ ဘက်တီးရီးယားရှိမရှိ စစ်ဆေးတာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုက သင့်မှာ H.pylori ရောဂါပိုး ရှိမရှိကို ပြောနိုင်ပါတယ်။ H.pylori ကို ပျောက်ကင်းစေတဲ့ ကုသမှု အလုပ်လုပ်မလုပ် သိရှိဖို့လည်း အသုံးပြုနိုင်ပါတယ်။•Stool antigen test– ဒီစစ်ဆေးမှုကတော့ H.pylori ရောဂါပိုးတွေ မစင်ထဲမှာ ရှိနေခြင်းအတွက် တိုက်ထုတ်မယ့် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးတဲ့ ပစ္စည်းတွေ ရှိနေလားဆိုတာကို ဖေါ်ပြပါတယ်။ Stool antigen test ကို H.pylori ရောဂါပိုးကို သိရှိဖို့ (သို့) ရောဂါပိုးအတွက် ကုသမှု အောင်မြင်မှု ရှိမရှိ သိရှိဖို့ အသုံးပြုပါတယ်။•Stomach biopsy– အစာအိမ်နဲ့ အူသိမ်နံရံကနေ မှန်ပြောင်းမှတစ်ဆင့် အသားစယူခြင်း ဖြစ်ပါတယ်။ အသားစယူဖို့ မတူညီတဲ့ စစ်ဆေးမှု အများစုကို ပြုလုပ်နိုင်ပါတယ်။ဗိုက်နာခြင်းတွေ၊ အစာအိမ် အနာဖြစ်ခြင်းတွေရဲ့ လက္ခဏာတွေ ကြုံတွေ့ရမယ်ဆိုရင် စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။ ဒီလက္ခဏာတွေကတော့။• ပေါ်လိုက်ပျောက်သွားလိုက် ဖြစ်နေတဲ့ ဗိုက်နာခြင်း။• မရှင်းပြနိုင်သော ကိုယ်အလေးချိန် ကျဆင်းခြင်း။• အစာမကြေခြင်း။• ဗိုက်ပြည့်ခြင်း (သို့) လေပွခြင်း။• ပျို့ခြင်း။• လေတက်ခြင်း။သင့်မှာ အရေးပေါ်ကုသမှုလိုအပ်တဲ့ ရောဂါလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ ရုတ်တရက်ဖြစ်ပြီးစူးရှတဲ့ ဆက်တိုက် ဗိုက်နာခြင်း၊ ဝမ်းအတွင်း သွေးပါခြင်း (သို့) ဝမ်းမည်းမည်းသွားခြင်း၊ သွေးအန်ခြင်း (သို့) ကော်ဖီရောင် အန်ခြင်း တို့ပဲ ဖြစ်ပါတယ်။H.pylori စစ်ဆေးမှုကို သင့်မှာ H.pylori bacteria ပျောက်သွားပြီလို့ အတည်ပြုနိုင်စေဖို့ ပိုးသတ်ဆေးတွေ သောက်ပြီးရင်ထပ်မံပြုလုပ်နိုင်ပါတယ်။ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးမှုကို လူတိုင်းမှာတော့ ပြုလုပ်ခြင်း မရှိပါဘူး။Urea breath test ကို လူငယ်တွေမှာ ပြုလုပ်လေ့မရှိပါဘူး။ ကလေးတွေမှာ အလုပ်များတဲ့ စစ်ဆေးမှုကတော့ stool antigen test ပဲဖြစ်ပါတယ်။လူတွေမှာ ဗိုက်အောင့်ခြင်းကို အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပြီးတော့ H.pylori ဟာ သူတို့တွေထဲက တစ်ခု ဖြစ်ပါတယ်။စစ်ဆေးမှုမပြုခင် တစ်ပတ်အတွင်းမှာ antacid (အစာအိမ်ဆေး)တွေကို အသုံးပြုနေတယ်ဆိုရင် စစ်ဆေးမှုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ Antimicrobials၊ proton pump inhibitors၊ bismuth တွေဟာ blood antibody test ကလွဲလို့ အခြားစစ်ဆေးမှုအကုန်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။Blood antibody test။ဒီစစ်ဆေးမှု မပြုလုပ်ခင် အထူးတလည် ပြင်ဆင်စရာ မလိုအပ်ပါဘူး။Stool antigen test။ဆေးတွေဟာ အဖြေကို ပြောင်းလဲစေနိုင်ပါတယ်။ သင်သောက်နေတဲ့ ဆေးအကုန်ကို သင့်ဆရာဝန်ကို ပြောပြသင့်ပါတယ်။ သင့်ဆရာဝန်က ဆေးအချို့ကို ရပ်ခိုင်းနိုင်ပါတယ်။ပိုးသတ်ဆေးတွေ (သို့) bismuth ပါဝင်တဲ့ ဆေးတွေကို စစ်မေးမှု မပြုလုပ်ခင် တစ်လ ကြိုတင်ပြီး အသုံးမပြုသင့်ပါဘူး။Proton pump inhibitorsတွေကို စစ်ဆေးမှု မပြုလုပ်ခင် နှစ်ပတ်လောက်ကြိုပြီး ဖြတ်ထားပါတယ်။Stomach biopsy သို့ urea breath test။ဒီစစ်ဆေးမှုတွေမပြုလုပ်ခင် ၆ နာရီကြိုပြီး အစားအသောက်ရပ်ထားရပါမယ်။• ဆေးအတော်များများဟာ ဒီစစ်ဆေးမှုရဲ့ ရလဒ်တွေကို ပြောင်းလဲနိုင်ပါတယ်။ သင်သောက်နေတဲ့ ဆေးတွေအကုန်လုံးကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ သင့်ဆရာဝန်ဟာ ဆေးအချို့ကို ရပ်ခိုင်းနိုင်ပါတယ်။• ပိုးသတ်ဆေးတွေ (သို့) bismuth ပါဝင်တဲ့ ဆေးတွေကို စစ်မေးမှု မပြုလုပ်ခင် တစ်လ ကြိုတင်ပြီး အသုံးမပြုသင့်ပါဘူး။• Proton pump inhibitors တွေကို စစ်ဆေးမှု မပြုလုပ်ခင် နှစ်ပတ်လောက်ကြိုပြီး မသောက်သင့်ပါဘူး။• H2 blockers တွေဖြစ်တဲ့ Pepcid၊ Zantac ၊ axid သို့ Tagamet တွေကို မစစ်ဆေးခင် တစ်ရက်ကြိုပြီး အသုံးရပ်ထားရပါမယ်။စစ်ဆေးမှုလိုအပ်ချက်တွေ၊ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ၊ စစ်ဆေးမှု ဘယ်လိုလုပ်မလဲဆိုတာနဲ့ အဖြေတွေက ဘာကိုဆိုလိုတာလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး သိချင်တာတွေ ရှိရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။Blood antibody test (သွေးတွင်း ပဋိပစ္စည်းစစ်ခြင်း)။ကျန်းမာရေးကျွမ်းကျင်သူက အောက်ပါအဆင့်တွေကို ပြုလုပ်နိုင်ပါတယ်။• လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ဖောင်းလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။• ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။• သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။• သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။• သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။• အပ်ဖယ်လိုက်ပြီး gauze pad (သို့) ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။• သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။Urea breath test (လေမှုတ်ထုတ်ပြီး စစ်ဆေးခြင်း)။ဘောလုံးလေမှုတ်ခြင်း (သို့) အရည်ရှိတဲ့ ပုလင်းတစ်ခုတည်း လေမှုတ်ထည့်ခြင်းတွေ ပြုလုပ်တဲ့အခါမှာ breath sample (မှုတ်ထုတ်လိုက်သောလေနမူနာ) ယူနိုင်ပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူက အောက်ပါအဆင့်တွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။• စစ်ဆေးမှု မစတင်မီ breath sample ယူမှာ ဖြစ်ပါတယ်။• ရေဒီယိုသတ္တိကြွပစ္စည်း ပါတဲ့ ဆေးတောင့် (သို့) ရေ အနည်းငယ် မြိုချစေမှာ ဖြစ်ပါတယ်။• Breath sample ကို မတူညီတဲ့ အချိန်တွေမှာ တိုင်းတာမှာ ဖြစ်ပါတယ်။ Breath sample တွေမှာ ရေဒီယိုသတ္တိကြွပစ္စည်း နဲ့ H.pylori ပိုးထိတဲ့အခါ ထွက်လာတဲ့ ပစ္စည်းတွေ ပါမပါ စစ်ဆေးမှာ ဖြစ်ပါတယ်။Urea breath test ဟာ မိနစ် ၃၀ လောက် ကြာမြင့်တတ်ပါတယ်။Stool antigen test (ဝမ်းစစ်ခြင်း)။အိမ်မှာ ဝမ်းနမူနာကို ခံနိုင်ပါတယ်။ သင်ဟာ ဆေးရုံမှာ ရှိနေခဲ့ရင် ကျန်းမာရေးစောင့်ရှောက်သူက သင့်ကို နမူနာယူဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဝမ်းနမူနာ ယူဖို့အတွက် အောက်ပါအဆင့်တွေကို ပြုလုပ်သင့်ပါတယ်။• ခြောက်သွေ့တဲ့ ခွက်ထဲကို ဝမ်းကို ထည့်သင့်ပါတယ်။ အခဲ (သို့) အရည်တွေကို ထည့်နိုင်ပါတယ်။ ဒီ နမူနာ ထဲကို ဆီး (သို့) အိမ်သာသုံးစက္ကူ ပါမသွားစေဖို့ ဂရုစိုက်သင့်ပါတယ်။• ဘူးအဖုံး မှာ သင့်နာမည်၊ ဆရာဝန်နာမည်နဲ့ နမူနာ ယူတဲ့ ရက်စွဲတွေကို ရေးထားသင့်ပါတယ်။• ဘက်တီးရီးယား ပြန့်ပွားခြင်းကို ကာကွယ်ဖို့ ဝမ်းနမူနာ ယူပြီးရင် လက်ကို သေချာဆေးသင့်ပါတယ်။• ဘူးကို ထုတ်ပိုးပြီး ဆရာဝန် ရုံးခန်း (သို့) ဓါတ်ခွဲခန်းကို ပို့သင့်ပါတယ်။သင့်ဆရာဝန်က စစ်ဆေးမှု ပြုလုပ်စဉ်မှာ ဝမ်းနမူနာ ယူဖို့ စအိုအတွင်းကို ဂွမ်းတုတ်တံ အသုံးပြုခြင်း ယူခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။Stomach biopsy (အစာအိမ် အသားစ စစ်ခြင်း)။အစာအိမ်မှန်ပြောင်းကြည့်ခြင်း ကို အစာအိမ်နဲ့ အူသိမ်ကနေ တစ်ရှူးတွေကို အသားစနမူနာ ယူဖို့ အသုံးပြုနိုင်ပါတယ်။ ဆရာဝန်ဟာ အသားစ နမူနာ ၁၀ခုအထိ ယူနိုင်ပါတယ်။အသားစနမူနာ တွေကို H.pylori ပါလားဆိုတာသိစေဖို့ ဓါတ်ခွဲခန်းအတွင်းမှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ရှားပါးတဲ့ အခြေအနေတွေမှာ အသားစကို H.pylori ပေါက်ပွားခြင်းကို အားပေးတဲ့ ထည့်စရာတစ်ခုခုထဲ ထည့်နိုင်ပါတယ်။ ဒါကို H.pylori ပိုးမွေးတယ် လို့ခေါ်ပါတယ်။ တကယ်လို့ ဒီပိုးဟာ ပိုးမွေးရာမှာ ပေါက်တယ်ဆိုရင် ဘယ်ပိုးသတ်ဆေးကို အသုံးပြုပြီး သတ်နိုင်မလဲဆိုတာကိုပါ ဆုံးဖြတ်နိုင်ပါတယ်။သင့်ဆရာဝန်က ရောဂါအခြေအနေကို ဆွေးနွေးပြီး သင့်လျော်တဲ့ ကုသမှုပေးမှာ ဖြစ်ပါတယ်။ တခါတလေမှာတော့ သင့်ဆရာဝန်က အခြားစစ်ဆေးမှုတွေ ထပ်လုပ်နိုင်ပါသေးတယ်။ ဆရာဝန် ညွှန်ကြားချက်တွေကို သေချာစွာ လိုက်နာသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Urea breath test (သို့) stool antigen test တွေဟာ နာရီအနည်းငယ်အတွင်းအဖြေ ရနိုင်ပါတယ်။Blood antibody test ကတော့ ၂၄ နာရီအတွင်း အဖြေရနိုင်ပါတယ်။အသားစယူတဲ့အဖြေကိုတော့ များသောအားဖြင့် ၄၈ နာရီအတွင်း ရတတ်ပါတယ်။ ပိုးမွေးတဲ့ အဖြေကတော့ ဆယ်ရက်လောက်အထိ ကြာတတ်ပါတယ်။H. pylori stool antigen၊ breath test (သို့) biopsy အဖြေ တစ်ခုခုမှာ အပေါင်းလက္ခဏာ (positive) ထွက်နေပြီဆိုရင်တော့ ဒီလူနာရဲ့ ဗိုက်အောင့်ခြင်းဟာ H.pylori ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အစာအိမ်အနာကြောင့် ဖြစ်ဖို့ များပါတယ်။ ဒီဘက်တီးရီးယားကို သတ်ဖို့နဲ့ နာကျင်မှု၊ အနာဖြစ်မှုတွေကို ကုသဖို့ ပိုးသတ်ဆေးနဲ့ အခြားဆေးတွေကို ပေါင်းပြီး သောက်ဖို့ ညွှန်းပေးနိုင်ပါတယ်။blood test အပေါင်းလက္ခဏာ (positive) အဖြေထွက်ခြင်းဟာ အခု (သို့) အရင်တုန်းက ရောဂါပိုး ဖြစ်ခဲ့ခြင်းကို ဖေါ်ပြပါတယ်။ breath test လိုမျိုး H.pylori test တွေကို ရောဂါပိုးဝင်ခြင်းဟာ အခုအချိန်မှာ ဖြစ်တာလားဆိုတာ သေချာစေဖို့ ပြုလုပ်သင့်ပါတယ်။အဖြေတွေက အနုတ်လက္ခဏာ (negative ) ထွက်နေတယ်ဆိုရင်တော့ လူနာမှာ H.pylori ပိုးဝင်ခြင်း မရှိပဲ ရောဂါလက္ခဏာတွေကလည်း အခြားအကြောင်းရင်းကြောင့် ဖြစ်ဖို့များပါတယ်။ တကယ်လို့ ရောဂါလက္ခဏာတွေ ဆက်ရှိနေတယ်ဆိုရင် နောက်ထပ် စစ်ဆေးမှုတွေ ထပ်လုပ်သင့်ပြီး အသားစ စစ်ခြင်း အပါအဝင် ပိုမိုအသေးစိတ်တဲ့ စစ်ဆေးမှုတွေကို ရောဂါပိုးဝင်ခြင်း မဟုတ်ဘူးဆိုတာ သေချာစေဖို့ ပြုလုပ်သင့်ပါတယ်။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Helicobacter Pylori Tests ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Helicobacter Pylori Tests နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/h-pylori-test-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%86%e1%80%b8%e1%80%bb%e1%80%81%e1%80%84/
Inguina Hernia (အူကျွံခြင်း )
အူကျွံခြင်းဆိုသည်မှာ ဝမ်းဗိုက်ခေါင်းနံရံရှိ အပေါက်မှ အူ ၏ တစ်စိတ်တစ်ပိုင်း တိုးထွက်ခြင်းသော အခြေအနေတစ်ခု ကိုခေါ်ပါသည်။ ထိုအပေါက်သည် ဝမ်းဗိုက်နံရံ၏ ပါးခြင်း အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။ အူမှ ဖိအားသည် ထိုအပေါက်ကို တိုးသောအခါ အမြှေးပါးသည် ပေါက်သွားပြီး အူသည် ထိုအပေါက်တွင်းသို့ ဖြတ်ဝင်သွားပါသည်။အူကျွံခြင်းသည် မကုသဘဲထားပါက ပိုဆိုးလာခြင်း သက်သာသွားခြင်း မရှိပါ။ သို့သော် အသက်အန္တရာယ်ရှိ နိုင် သော ဆိုးကျိုးများ ဖြစ်စေပါသည်။ ထို့ကြောင့် ဆရာဝန် သည် အူကျွံခြင်း ပိုကြီးလာသောအခါ နာကျင်လာသော အခါ ခွဲစိတ်မှုပြုရန် တိုက်တွန်းကြပါသည်။ ထိုရောဂါသည် အစာအိမ် ဖေါင်းခြင်းကို ဖြစ်စေပြီး ချောင်းဆိုးစဉ်၊ ခါးကုန်း စဉ်၊ လှုပ်ရှားမှုပြင်းပြင်းလုပ်စဉ်တွင် နာကျင်ခြင်း ဖြစ်စေပါ သည်။ အစာခြေစနစ်ကိုလည်း အနှောင့်အယှက် ပေးပါ သည်။အူကျွံခြင်းသည် အဖြစ်များပါသည်။ အမျိုးသမီးများ ထက်အမျိုးသားများတွင် ပို၍ ဖြစ်ပွားပါသည်။ မည်သည့် အသက်အရွယ်တွင် မဆို ဖြစ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေ သော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ဖြစ်ပွား ခြင်းကို လျော့ချ နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။တစ်ခါတစ်ရံတွင် အူကျွံခြင်းသည် ရောဂါလက္ခဏာ မပြ ဘဲဖြစ်ပွားနိုင်ပါသည်။ အူကျွံခြင်းသည် သေးငယ်ပါက အပြင် ဘက်မှ ကြည့်၍ မမြင်နိုင်ပါ။ နာကျင်မှုကိုလည်း မခံစားရနိုင် ပါ။ အချို့ကိစ္စများတွင် ပေါင်ခြံတွင် နာကျင်ကိုက်ခဲခြင်း၊ ပြည့်သလိုခံစားရခြင်း တို့ဖြစ်နိုင်ပါသည်။ နောက်သို့မှီခြင်း၊ လဲလျောင်းခြင်းစသော ဝမ်းဗိုက်ဖိအားကို လျော့ချခြင်းဖြင့် အူကျွံခြင်းကို ဝမ်းဗိုက်ခေါင်းအတွင်းသို့ ပြန်သွင်း၍ ရပါ သည်။အူကျွံခြင်းသည် ဝမ်းဗိုက်နံရံတွင် ညပ်နေပါက ဆိုးကျိုး များဖြစ်နိုင်ပါသည်။ ထိုအခါ ကျွံနေသောအူအား သွေး ထောက်ပံ့မှု ပြတ်တောက်ပါလိမ့်မည်။ အူကျွံသော အပိုင်းမှ တစ်ရှူးများ သွေးလုံလောက်စွာ မရရှိသောကြောင့် သေဆုံး ပါသည်။ ထို့အပြင် သင့် အစာခြေစနစ်ကို ပိတ်ဆို့ခြင်း ဖြစ် စေပါသည်။ အူကျွံခြင်းသည် ပြန်မဝင်ပါက အရေးပေါ် အခြေအနေ ဖြစ်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အောက်ပါ ရောဂါလက္ခဏာများရှိပါက ဆရာဝန်နှင့် တိုင် ပင်ဆွေးနွေးပါ။လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း သည် သင်၏ အခြေ အနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါ သည်။အူကျွံခြင်းသည် ဝမ်းဗိုက်နံရံတွင် အားနည်းသော အကွက်ရှိသောကြောင့် ဖြစ်ပါသည်။ ထိုနံရံတွင် ဟာကွက် ဖြစ်လာစေသော အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ အရွယ်ရောက်ပြီးသူများတွင် မွေးရာပါ ချို့ယွင်းချက် ကြောင့် စြဖပါသည်။ ကလေးငယ်များတွင်မူ ထိုနံရံကောင်းစွာ မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်နိုင်ပါသည်။ ဖြစ်စေသော အကြောင်းရင်းပေါ် မူတည်၍ အူကျွံခြင်းသည် ရုတ်တရက် သို့မဟုတ် ဖြည်းဖြည်းချင်း ဖြစ်နိုင်ပါသည်။အူကျွံခြင်းဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါ သည်။ ဥပမာ-။အချို့အလုပ်အကိုင်များ။ အချိန်အကြာကြီး မတ် တပ်ရပ်ရသော သို့မဟုတ် အလုပ်ကြမ်းလုပ်ရသော လူများသည် အူကျွံခြင်းဖြစ်နိုင်ချေမြင့်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်းနှင့် ထိုင်ထပြုလုပ် ခြင်း၊ချောင်းဆိုးခြင်း စသည်တို့ပြုလုပ်၍စစ်ဆေးခြင်း တို့ဖြင့် ရောဂါအဖြေရှာခြင်း ပြုလုပ်နိုင်ပါသည်။ အူကျွံခြင်းကို အပြင် ဘက်မှ မြင်နိုင်ပါက ဆရာဝန်သည် ဖုဖေါင်းခြင်းကို ထိတွေ့ ခံစားပြီး ထိသောနေရာတွင် နာကျင်သလား မေးမြန်းပါမည်။တစ်ခါတစ်ရံတွင် အူကျွံခြင်းကို အတည်ပြုရန်နှင့် အခြား ဆိုးကျိုးများ ရှာဖွေဖော်ထုတ်ရန် ပုံရိပ်ဖော်သော စစ်ဆေးမှု များကို အသုံးပြုနိုင်ပါသည်။ အသုံးများသော ပုံရိပ်ဖော် စစ် ဆေးမှုများမှာ-။အူကျွံခြင်းသည် ဆိုးကျိုးများ မဖြစ်ခင်တွင် ဆရာဝန် သည် ပိုဆိုးခြင်းမှ ကာကွယ်ရန် ခွဲစိတ်ကုသခြင်းကို တိုက် တွန်းပါမည်။ ကလေးငယ်များတွင် အလွန်နာကျင်နိုင်သော ကြောင့် ဖြစ်နိုင်သလောက် အမြန် ခွဲစိတ်မှု ပြုလုပ်ရန် ထောက်ခံထားပါ သည်။ခွဲစိတ်ခြင်းကို ထုံးတမ်းစဉ်လာနည်းလမ်း ( အရေပြား အားခွဲ၍) သို့မဟုတ် laparoscopic နည်းလမ်း အသုံးပြု၍ ပြုလုပ်နိုင်ပါသည်။ Laparoscopic ခွဲစိတ်မှုတွင် ဆရာဝန် သည် အရေပြားပေါ်တွင် ဖြတ်ရာပါးပါး လုပ်ပါသည်။ ထို ဖြတ်ရာမှ ကင်မရာနှင့် အလင်းပါသော ပြွန်ကိုသွင်းကာ အူကျွံသည့်နေရာကို ရှာဖွေဖော်ထုတ်ပါသည်။ ကိရိယာများ တပ်ထားသော အခြားပြွန်ဖြင့် ကျွံသော အူကိုဖမ်းယူကာ ဝမ်းဗိုက်ခေါင်းတွင်းသို့ ပြန်သွင်းပါသည်။ ဝမ်းဗိုက်နံရံမှ အပေါက်ကိုလည်း အပ်နှင့်ချုပ်ကာ ပိတ်လိုက်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အူကျွံခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အူကျွံခြင်း ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/inguina-hernia-%e1%80%a1%e1%80%b0%e1%80%80%e1%81%bd%e1%80%bc%e1%80%b6%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။
ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖြေရှင်းနည်းလေးတွေကို ဖတ်ကြည့်လိုက်တော့နော်။တစ်နေ့လုံးလည်း စားချင်တာတွေ စားပြီးပြီ။ ညအိပ်ရာဝင်ခါနီးကျမှ ဗိုက်က ထပ်ဆာနေတယ်။ ညဘက် စားရင်ဝိတ်တက်မယ် ဆိုတာလည်းသိတယ် ဗိုက်က ဆာနေတော့ မစားဘဲ နေရင်လည်း အိပ်လို့က မရ၊ ဒီနေ့ စားလိုက်ရင် နောက်ရက် ဒီအချိန် ရောက်တိုင်း စားချင်နေတာဆိုတော့ အကျင့်ကပါနဲ့ ညတိုင်း အိပ်ခါနီးအစားတွေ စားမိနေပြီလား။ ဒီအချက်လေးတွေကို တစ်ချက် ဖတ်ကြည့်ပါ။ သူတို့က ဖြေရှင်းပေးနိုင်မှာနော် ။ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီ နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။( ၁ ) ကိုယ်တစ်နေ့တာစားတဲ့အစားအစာတွေထဲမှာပရိုတင်းအဓိကပါပါစေ။ပရိုတင်းကကစီဓာတ်ထက်စာရင်အဆီစုခြင်း ကိုလည်း မဖြစ်စေဘူး စားထားရင်လည်း အဆာခံ စေတာကြောင့် တစ်နေ့တာလုံး စားထားတဲ့အစားအစာတွေကပရိုတင်းဓာတ်ကြွယ်ဝနေဖို့ အရေးကြီးပါတယ်။ ပရိုတင်း ကြွယ်ဝတဲ့ အစားအသောက်တွေ ကတော့ အနီရောင်အသားတွေ၊ပဲ အမျိုးမျိုး၊ ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။( ၂ )အိပ်ချိန်မှန်ပါစေ။ညဘက် အိပ်ရာဝင်တာ နောက်ကျတဲ့အခါ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ghrelin ဟော်မုန်းတွေ အများအပြား ထွက်လာတာကြောင့်ဗိုက်ဆာနေတော့မှာပါ။ လူတစ်ယောက်အတွက် အကောင်းဆုံး အိပ်ချိန် အပိုင်းအခြား ည ၁ဝ နာရီ ကနေ မနက် ၃ နာရီ အတွင်း ရှိတာကြောင့် ညဘက် အစောဆုံး ၁၀ နာရီလောက် အိပ်ပါ။( ၃ ) ရေနွေးနွေးလေးသောက်ပါ။တစ်ခါတစ်လေ ကျရင် ရေဆာတာနဲ့ဗိုက်ဆာတာနဲ့ကို မှားတတ်ကြပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ခါနီးလေးမှာ ကဖင်းဓာတ် အများကြီး မပါတဲ့ လက်ဖက်စိမ်းရည်တို့၊ ရေနွေးနဲ့ သံပရာသီးစိမ် ထားတာတို့ကို သောက်ပေးပါ။ ရေသောက်လိုက်တာကြောင့် ဗိုက်ပြည့်သွားမှာ ဖြစ်သလိုရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/tips-to-solve-late-night-eating-habits/
Melanoma (မှဲ့ကင်ဆာ )
Melanoma ဆိုတာ အလွန် အရေးကြီးတဲ့ အရေပြားကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ melanin ဆိုတဲ့ အရေပြားကို အရောင်တင်ပေးတဲ့ အရာတွေကိုထုတ်ပေးတဲ့ ဆဲလ်(melanocytes) တွေ ကမောက်ကမ ဖြစ်ရာကနေ ဖြစ်ပေါ်လာတဲ့ ရောဂါဖြစ်ပါတယ်။melanoma အများစုကတော့ အသစ်ဖြစ်ပေါ်လာတဲ့ မှည့်တွေကနေ ဖြစ်တတ်ကြသော်လည်း တစ်ချို့မှာ တော့ ရှိပြီးသား မှည့်ကနေ ဖြစ်ကြပါတယ်။ melanoma က မှည့်ကနေအစပြုပြီး အနီးအနားတွေကို ပြန့်နှံ့ရကာနေ အရေပြားအတွင်းထဲသို့ဝင်သွားပြီးနောက် ပြန်ရည်ကျိတ် တွေကနေ နောက်ဆုံးမှာ အဆုတ်၊ အသည်း၊ ဦးနှောက်နှင့် အရိုးတွေထိပဲ ပျံ့နှံ့သွားနိုင်ပါတယ်။Melanoma ဖြစ်နိင်ချေများတာကနော့ အသက် ၄၀ အောက်လူတွေ အထူးသဖြင့် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Melanoma ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။• မှည့်၏ အနားသားများ ပုံမှန်မဟုတ်ခြင်း။• မှည့်က ကြီးလာခြင်း။• မှည့် အရောင် ပြောင်းလာခြင်း။• မှည့်တွေက ပျက်စီးလာပြီး သွေးထွက်လာခြင်း။• ဂလင်း တွေ ရောင်လာခြင်း။• အသက်ရှူကြပ်ခြင်း။• အရိုးကိုက်ခဲခြင်း(မှဲ့ကင်ဆာ က အရိုးကို ရောက်သွားတဲ့ အခါ)။• ခေါင်းကိုက်ခြင်း။• တက်ခြင်း။• အမြင်အာရုံ ပြဿနာများ(မှဲ့ကင်ဆာ က ဦးနှောက်ကို ရောက်သွားတဲ့ အခါ)။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအကြောင်းအရာများရှိပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။• မှည့် ကပျံ့နှံ့လာပြီး အရောင်ရင့်လာလျှင်။• မှည့်အရောင် သို့ အရေပြားရဲ့ အမဲစက်တွေက အနီရောင်ပြောင်းလာပြီး သို့ အမဲစက်တွေရဲ့အနားက အမဲရောင် အရေပြားက အညိုရောင်သန်းလာသောအခါ။• မှည့်တွေမှာ အရည်ထွက်ခြင်း၊ သွေးထွက်ခြင်း သို့ အနာဖြစ်လာလျှင်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Melanoma ကိုဖြစ်စေတဲ့ အရာများမှာ။• နေရောင်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည် သို့ melanin (မယ်လနင်) ဖန်တီးတဲ့လုပ်ငန်းစဉ်ကို ကမောက်ကမ ဖြစ်စေတဲ့ ခရမ်းလွန် အလင်းရောင်။• မျိုးရိုးဗီဇ သန္ဒေပြောင်းလဲခြင်း။Melanoma ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• ပြင်းထန်စွာ နေလောင်ခံရခြင်း။• နူးညံ့တဲ့အသားရေ ပိုင်ဆိုင်ထားခြင်း။• တင်းတိတ်ပေါက်တဲ့ အရေပြား။• အရေပြား အရောင်ချွတ်ဆေးသုံးခြင်း။• Melanoma ဖြစ်ဖူးတဲ့ မိသားစု ရာဇဝင်ရှိခြင်း။• ကိုယ်ခံအားစနစ်အားနည်းခြင်း။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ melanoma မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Melanoma ကို အတည်ပြုပေးမဲ့ စမ်းသပ်ချက် အချို့ကတော့။• မှည့်ရဲ့ ပုံစံ၊ အရွယ်စား၊ နှင့်အရောင်တို့အား လေ့လာစဉ်းစားခြင်း။• အရေပြား အသားစ ယူခြင်း။• ပြန်ရည်ကျိတ်အသားစစစ်ခြင်း။ဓါတ်မှန်၊ ခေါင်းနှင့် အရိုး ကွန်ပျူတာဓါတ်မှန်(CT) ရိုက်ခြင်း။အစောပိုင်း အခြေအနေမှာ ဆိုလျှင် ဆရာဝန်က အရေပြားကင်ဆာနှင့် ၎င်းပတ်ဝန်းကျင်နေရာတစ်ချို့ကို ခွဲစိတ်နိုင်ပါတယ်။ melanoma ဘယ်လောက်ထိ ပျံ့ နှံ့လဲ အပေါ်မူတည်ပြီး အရေပြားပမာဏကို ဖယ်ရှားပါတယ်။ကင်ဆာက ဘေးနားက ပြန်ရည်ကျိတ် တွေထိ ပြန့်နှံ့ နေလျှင် ၎င်း ပြန်ရည်ကျိတ် တွေပါ ဖယ်ရှားရပါလိမ့်မယ်။ ခွဲစိတ်ပီးနောက်မှာတော့ သင့်ကို interferon လို့ခေါ်တဲ့ ဆေးတစ်မျိုးပေးပါလိမ့်မယ်။ကင်ဆာက တစ်ခြားကိုယ်ခန္ဒါအစိတ်အပိုင်းတွေထိ ပျံ့နေပြီ ဆိုရင်တော့ ခွဲစိပ်ခြင်း၊ကင်ဆာဆေးပေးခြင်း နှင့် ဓါတ်ရောင်ခြည်ပေးခြင်းတို့က ရောဂါလက္ခဏာတွေကို သက်သာစေပေမယ့်လဲ လုံး၀ အကင်းမပျောက်စေနိုင်ပါဘူး။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Melanoma ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ရောဂါ အခြေအနေနဲ့ သင့်ကျန်းမာရေးအခြေအနေတို့ကို သိရှိနိုင်ရန် ပုံမှန် ရက်ချိန်းပြန်ပြပြီး စမ်းသပ်မှု ခံယူပါ။• ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။• အသားညိုအောင် လုပ်တဲ့ Tanning booths တွေကို ရှောင်ပါ။• သင့်ကိုယ်တိုင် သင့်အရေပြားကို အနည်းဆုံး တစ်လမှာ တစ်ကြိမ်လောက်တော့ လေ့လာစစ်ဆေးပါ။ သင့်ခန္ဒါကိုယ် အနှံ့က ရှိပြီးသား မှည့်တွေ သို့ မှည့်အသစ်တွေကို ကြည့်ပါ။• နေလောင်ဒဏ်ကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ SPF 30 အထက် ရှိတဲ့ နေလောင်ခံခရင်မ်တွေကို လိမ်းပေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/melanoma-%e1%80%99%e1%80%bd%e1%80%b2-%e1%80%b7%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား
ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ပန်းညှိုးခြင်းဆိုတာကတော့ အမျိုးသားတွေ လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အမြဲတမ်းဖြစ်သွားတတ်သလို ယာယီညှိုးတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ယောက်ျားအများစုအတွက်လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေကို မကြာခဏ ကြုံဖူးနိုင်ပါတယ်။ ရေရှည်မှာ မထောင်မတ်ရင်တော့ ပန်းညှိုးတယ်လို့ သတ်မှတ်နိုင်ပါတယ်။ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပြီးနှလုံးကျန်းမာရေးလည်း အပါအဝင် ဖြစ်ပါတယ်။ သွေးထဲမှာ ကိုလက်စထရောများခြင်းကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာပါပဲ။ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတော့ သုတေသနတွေအရ ပန်းညှိုးခြင်းရဲ့ အဓိကအကြောင်းအရင်းက သွေးကြောများမာပြီး ကျဉ်းမြောင်းသွားလို့ ဖြစ်ပါတယ်။ သွေးကြောများကိုကျဉ်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ကိုလက်စထရောမြင့်မားခြင်းပဲ ဖြစ်ပါတယ်။ ကိုလက်စထရောများဟာသွေးကြောတွေထဲမှာ စုပုံလာတတ်ပြီး သွေးကြောများ ကျဉ်းမြောင်းခြင်းကို ဖြစ်စေပါတယ်။သုတေသီတွေအနေနဲ့ ပန်းညှိုးခြင်းနဲ့ ကိုလက်စထရောများခြင်းအကြား ဆက်စပ်မှုရှိနေတယ်လို့ ယူဆထားခဲ့ကြပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးပေမယ့် ပန်းညှိုးခြင်းကို ကုသတဲ့ဆေးတွေမှာ ကိုလက်စထရောကျဆေးတွေကို ထည့်သွင်းအသုံးပြုဖို့ ကြိုးစားခဲ့ကြပါတယ်။Statin ဆေးများနဲ့ ပန်းညှိုးခြင်း။Statin ဟာ ကိုလက်စထရောကျစေတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ၂၀၁၇ မှာ လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရကိုလက်စထရောကျဆေးatorvastatin နဲ့ ကုသရာမှာ ပန်းညှိုးခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ်။ သုတေသီတချို့ရဲ့ တခြားအယူအဆအရ ကိုလက်စထရောကျခြင်းကြောင့် မဟုတ်ဘဲ သွေးကြောနံရံတွေ ပြန်လည်ကောင်းမွန်လာလို့ ဖြစ်ပါတယ်။စားသောက်ပုံ၊ ကိုလက်စထရောနဲ့ ပန်းညှိုးခြင်း။အဆီအဆိမ့်များတဲ့ အစားအစာတွေ စားသောက်ခြင်းကြောင့် ကိုလက်စထရော တက်နိုင်ပါတယ်။ တစ်နည်းပြောရရင် သင်စားလိုက်တဲ့ အစားအစာတွေဟာ ပန်းညှိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။ စားသင့်တာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ဖွယ်ရာတွေ၊ အထူးသဖြင့် Mediterranean စားသောက်မှုပုံစံ ဖြစ်ပါတယ်။Mediterranean စားသောက်မှုပုံစံတွေမှာ အဓိကပါဝင်တဲ့ ပုံစံတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကတော့။ဗီတာမင် B12 ရေရှည်ချို့တဲ့ခြင်းဟာလည်း ပန်းညှိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ပါတဲ့ စားစရာတွေ၊ အားဆေးတွေ စားသောက်သုံစွဲသင့်ပါတယ်။ပန်းညှိုးခြင်းဖြစ်စေနိုင်တဲ့ အခြားဖြစ်နိုင်ခြေ အကြောင်းအရင်းများကတော့။တချို့သောဆေးဝါးတွေဟာ ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါဆေးတွေကတော့။ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ။သင့်အနေနဲ့ ပန်းညှိုးခြင်းပြဿနာကို သိသိချင်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ပန်းညှိုးခြင်းဟာ နှလုံးရောဂါတခုခုရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကြောင်းအရင်းကို သေချာစွာ စစ်ဆေးသင့်ပါတယ်။ပန်းညှိုးခြင်းကို ရောဂါရှာဖွေနိုင်ဖို့ စမ်းသပ်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ကျားဟော်မုန်းစစ်ဆေးခြင်းလို ဓာတ်ခွဲစစ်ဆေးခြင်းလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ကိုလက်စထရောမြင့်တက်ခြင်းက ဘာလက္ခဏာမှ မပြပါဘူး။ ဒါကြောင့်ကိုလက်စထရောပမာဏကို သိရအောင် သွေးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။ကုသမှုနည်းလမ်းများ။ပန်းညှိုးခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နေ့စဉ် နေထိုင်မှုပုံစံရော ဆေးဝါးကုသခြင်းတွေပါ အကျုံးဝင်ပါတယ်။ ပါဝင်တဲ့နည်းလမ်းတွေကတော့။နိဂုံး။သုတေသီတွေအနေနဲ့ ကိုလက်စထရောမြင့်တက်ခြင်းဟာ ပန်းညှိုးခြင်းကို တိုက်ရိုက်ဖြစ်စေသလား မဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမယ့် ဆက်စပ်မှု ရှိနေတာတော့ သေချာပါတယ်။ ဒါကြောင့် လိင်တံထောင်မတ်ခြင်းနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေသူများဟာ ကိုလက်စထရောကျစေမယ့်နေထိုင်မှုပုံစံတွေ၊ စားသောက်မှုပုံစံတွေကို ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။ ရေရှည်မှာ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/can-high-cholesterol-cause-ed/
သင့်စိတ်ခံစားမှုအပေါ် အားကစား၏ အကျိုးသက်ရောက်မှု
အားကစားပြုလုပ်ခြင်းဟာ သင့်ရဲ့ စိတ်နဲ့ခန္ဓါနှစ်ခုစလုံးကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဘယ်အားကစားမျိုးကိုပဲ လုပ်လုပ် လိုအပ်မှာဖြစ်တဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုကို ခဏဘေးဖယ်ထားမယ်ဆိုရင် သင့်အနေနဲ့ အားကစားပြုလုပ်တဲ့အခါ အာရုံစူးစိုက်နိုင်ဖို့အတွက် စိတ်ဓါတ်အားကောင်းဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ စိတ်ခံစားမှုကို တက်ကြွစေ၊မြှင့်တင်ပေးစေတဲ့ endorphins လိုမျိုး ဓါတ်ပစ္စည်းတွေလည်း (ဘယ်လိုအားကစားမျိုးကိုပဲ လုပ်လုပ်) ထွက်လာစေပါသေးတယ်။ ဒါပေမယ့် သတိပြုသင့်တဲ့အချက်က အားကစားပြုလုပ်ခြင်းဟာ အပျော်သက်သက်ချည်းပဲတော့ မဟုတ်ပါဘူး။အားကစားပွဲတွေမှာ ပါဝင်ကစားမယ်ဆိုရင် သင့်အနေနဲ့ စိတ်ဓါတ်ကျတာတွေ နည်းသွားမှာ ဖြစ်ပါတယ်။ Michael Babyak ဦးဆောင်တဲ့ သုတေသန အဖွဲ့ဟာ စိတ်ကျရောဂါခံစားနေရသူတွေကို အုပ်စုလေးတွေခွဲပြီး လေ့လာမှု ပြုခဲ့ကြပါတယ်။ ဒီလေ့လာချက်အရ အားကစားလှုပ်ရှားမှုတွေကို လေးလတိတိပြုလုပ်ခဲ့တဲ့ စိတ်ကျဝေဒနာရှင်တွေဟာ ဆေးချည်းပဲသောက်တဲ့၊ ဒါမှမဟုတ် ဆေးသောက်တာနဲ့ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာကို တွဲပြီး ကုသမှုခံယူတဲ့ ဝေဒနာရှင်တွေထက် စိတ်ကျရောဂါလက္ခဏာတွေ ပိုနည်းသွားတယ် ဒါမှမဟုတ် လုံးဝမရှိတော့ဖူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။အားကစားလုပ်တာဟာ ဆယ်ကျော်သက်၊မြီးကောင်းပေါက်တွေမှာ စိတ်ဓါတ်ကျတာကို ကုသပေးနိုင်တဲ့ နည်းလမ်းကောင်းတခုပဲလို့ ၂၀၀၆ ခုနှစ်ကထုတ်ဝေခဲ့တဲ့ စိတ်ပညာဂျာနယ်ပါ လေ့လာချက်ဆောင်းပါးတခုကို ကိုးကားပြီး အမေရိကန်အားကစားဆိုင်ရာဆေးပညာ ကောလိပ်က ဆိုပါတယ်။“သင့်အနေနဲ့ စိုးရိမ်ပူပန်မှုသောကတွေ လျော့နည်းလိုပါသလား၊အားကစားလုပ်ပါ” လို့ ၂၀၀၅ခုနှစ် ဒီဇင်ဘာကထုတ်ဝေတဲ့ အမေရိကန် စိတ်ပညာဂျာနယ် ကဆိုပါတယ်။ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း ဝေဒနာခံစားနေရတဲ့ လူနာတွေကို နာရီဝက် တိတိ အားကစားလုပ်ပြီးကာစ အုပ်စုနဲ့ ဘာမှမလုပ်ဘဲ နားနေတဲ့ အုပ်စုဆိုပြီး အုပ်စုနှစ်စု ခွဲပါတယ်။ ဒီနောက် အုပ်စုနှစ်ခုလုံးမှာ ပါဝင်သူတွေကို ဆေးတမျိုးထိုးပြီး panic attack လို့ခေါ်တဲ့ ရုတ်တရက် ဂနာမငြိမ်၊ချွေးစေးပျံပြီး မတည်မငြိမ်ဖြစ်အောင် တမင်ပြုလုပ်လိုက်တဲ့အခါ အုပ်စုနှစ်စုလုံးဟာ အစိုးရိမ်လွန်၊ဂနာမငြိမ်ဖြစ်တဲ့ လက္ခဏာတွေ ပြလာပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ပြီးကာစ အုပ်စုမှာ ဒီလိုမျိုးဖြစ်တဲ့သူအရေအတွက်ဟာ အားကစားမလုပ်ဘဲ နားနေတဲ့ တဖက်အုပ်စုမှာ ဖြစ်တဲ့သူအရေအတွက်ထက် သိသိသာသာကြီးကို လျော့နည်းလို့ နေပါတယ်။သင့်အနေနဲ့ စိတ်ဓါတ်ကျတာတွေလည်း နည်းသွားမယ်၊ စိုးရိမ်သောကတွေလည်း မရှိတော့ပါဘူး၊ အကောင်းမြင်စိတ်တွေလည်း ပိုလာပြီဆိုရင် မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုတိုးလို့ လာမှာပဲ ဖြစ်ပါတယ်။ အားကစားသမားတွေဟာ တနေ့တခြား အားအင်တွေ တိုးတိုးလာတဲ့အတွက် လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ ပိုလို့လွယ်ကူလာစေတယ်လို့ Princeton တက္ကသိုလ်ရှိ ပညာရှင်တွေက ဆိုပါတယ်။ အလားတူ နယူးယောခ့် ကျန်းမာရေးဌာနက ပညာရှင်တွေရဲ့အလိုအရလည်း နေ့စဉ်အားကစားလုပ်ပေးခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုကို မြင့်မားစေပြီး အမှီအခိုကင်းတဲ့ စိတ်ကိုဖြစ်စေတယ်လို့ ဆိုပါတယ်။ပြေးတာပဲ ဖြစ်ဖြစ် ဘောလုံးကန်တာပဲ ဖြစ်ဖြစ် ဘယ်လိုအားကစားမျိုးကိုပဲ လုပ်လုပ် ဒါဟာ လေ့ကျင့်ခန်းဖြစ်ပြီး လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် endorphins လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတမျိုးကို ဦးနှောက်က ထွက်ရှိစေပြီး endorphins ဟာ စိတ်လက်ကြည်သာစေကာ ဖိအားတွေကို လျော့ကျစေပါတယ်။ အလွယ်တကူ မြင်သာအောင် ပြောမယ်ဆိုရင် ကစားပွဲတခုခုမှာ သင်အာရုံစိုက်နေရင် စိုးရိမ်ပူပန်မှုတွေ၊သောကတွေကို တွေးဖို့သင်သတိမရတော့ပါဖူး။ ဒါဟာ အရှင်းဆုံး အချက်ပါပဲ။ အားကစားလုပ်ခြင်းဟာ သင့်ခန္ဓါကိုယ်အပူချိန်ကို မြှင့်တင်ပေးနိုင်ပြီး အကျိုးဆက်အနေနဲ့ သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ဒီအချက်က ပြောနေဖို့တောင် မလိုပါဖူး။ အားကစားလုပ်တဲ့အခါ အဆီပိုတွေကျတဲ့အတွက် ဝသူတွေပိန်ပြီး၊ပိန်သူတွေ ကြွက်သားထွက်လာကာ အရင်ကထက် ပိုကြည့်ကောင်လာတဲ့အတွက် ကိုယ့်ကိုယ်ကို ပိုကျေနပ်လာပါမယ်။”မိမိကိုယ်ကို ကျေနပ်မှု ပိုရှိလာခြင်း” ဟာ အားကစားလုပ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတစ်ခုလို့ “အသုံးချ အားကစားစိတ်ပညာ အသင်းကြီး” က တရားဝင် စာရင်းတို့ထားပါတယ်။ လူပေါင်း ၇၀၀၀နီးနီးမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရလည်း အဆိုပါ အချက်ကို ထောက်ခံနေတာကို တွေ့ရပါတယ်။ အားကစားလုပ်တဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ကြတယ်လို့လည်း သိရှိရပါတယ်။ဒင်္ဂါးပြားရဲ့ မျက်နှာစာ နှစ်ဖက်လိုပါပဲ၊ ကောင်းတာနဲ့ မကောင်းတာဟာ အမြဲဒွန်တွဲနေပါတယ်။ အနိုင်ရလိုစိတ်ပြင်းထန်လာတာနဲ့ ရန်လိုဒေါသကြီးလာတာတွေဟာ ဆယ်ကျော်သက်တွေအတွက် မကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ San Diego မှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကပြုလုပ်တဲ့ ၂၀၁၁ သုတေသန စာတမ်းအရ ရှုံးနိမ့်မှုကြောင့် ဒေါသထွက်ခြင်းက ဘောလုံးသမားတွေ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တဲ့နှုန်းကို (ချစ်သူ/မိန်းမ ကိုရိုက်နှက်တာ) ဆယ်ရာခိုင်နှုန်းလောက်ပိုလာစေတယ်လို့ ဆိုပါတယ်။ ကစားရင်း ထိခိုက်ဒဏ်ရာရပြီး အနားယူနေရတဲ့ အားကစားသမားတွေ အနေနဲ့လည်း ပျင်းရိတာ၊စိတ်ဓါတ်ကျတာ၊ မချင့်မရဲ ဖြစ်တာ အစရှိတဲ့ စိတ်ခံစားမှုတွေကို ခံစားရလေ့ရှိတယ်လို့ သိရပါတယ်။ ဒီဒဏ်ရာတွေကြောင့် ပင်ပန်းနွမ်းနယ်တာ၊ စိတ်တင်းကြပ်တာ၊ ရန်လိုတာ၊ ဒွိဟများတာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။ဒီလိုမျိုး မကောင်းတဲ့ စိတ်ခံစားမှုတွေဟာ သင့်ရဲ့ စိတ်ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ သင့်ခံစားချက်တွေက သင့်ကိုနှိပ်စက်နေတာကြောင့် သင်ဟာ မိမိစွမ်းဆောင်ရည်တွေကို အရင်ကလို မယုံကြည်တော့ပါဘူး။ ပြိုင်ဆိုင် အနိုင်ယူနိုင်မယ်လို့လည်း ကိုယ့်ကိုယ်ကို မထင်တော့ပါဘူး။ မိမိကိုယ်ကို ယုံကြည်မှုတွေ ထိုးဆင်းသွားပြီး မကောင်းတဲ့ အတွေးတွေ၊မကောင်းတဲ့ ခံစားချက်တွေနဲ့ပဲ ပတ်ချာလည်နေပါတော့မယ်။ မကောင်းတဲ့ခံစားချက်တွေဟာ အားကောင်းပြင်းထန်လေ့ရှိတာမို့ သင့်အနေနဲ့ မိမိစွမ်းဆောင်ရည်ကောင်းစေဖို့ အာရုံစူးစိုက်နိုင်ခြင်း မရှိတော့ဘဲ ကိုယ့်ရဲ့ အားနည်းချက်တွေကိုပဲ စိတ်ကရောက်နေစေပါတယ်။ နောက်ဆုံးမှာတော့ အားကစားလုပ်ရတာဟာ ပျော်စရာလည်းမကောင်း၊ကြိုက်လည်း မကြိုက်တော့တဲ့အတွက် အားကစားလုပ်ချင်စိတ်တွေ ပျောက်ဆုံးကုန်ပါတော့တယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%82%88%e1%80%a1%e1%80%b1%e1%80%95%e1%81%9a-%e1%80%a1%e1%80%ac%e1%80%b8/
အရပ်အမောင်း နဲ့ ပတ်သက်ပြီးဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ
အံ့အားသင့်စရာကောင်းတဲ့အချက်တစ်ချက်က လူတော်တော်များများက သူတို့ရဲ့အရပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုမရရှိကြပါဘူး။ အချို့က သူတို့ကိုယ်သူတို့ အရပ်အရမ်းမြင့် တယ်၊လို့ယူဆနေကြပြီး အချို့ကသူတို့အရပ် အရမ်းပုလို့ အလိုမကျဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ အရပ်ရှည်ခြင်း၊ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုး နဲ့ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကလည်းအနည်အကျဉ်းလောက် သက်ရောက်မှုရှိနေပါတယ်။ ဖြစ်ရပ်တော်တော်များများမှာတော့ကျွန်တော်တို့က အရပ် အတိုင်းအထွာ ကို မပြောင်းလဲနိုင်ပါဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ် ရှိတဲ့အရပ်အတိုင်းနေနေကြရပါတယ်။ အရပ်နဲ့ပတ်သက်ပြီးဖြေရှင်းမှုလေးတွေလုပ်ဖို့လိုအပ် ပါလိမ့်မယ်။ အချက်အနည်းငယ်ပြောပါရစေ။၁။ အရပ်အတိုင်းအတာက ပြဿနာတစ်ရပ် မဟုတ်ဘူးဆိုတာကိုသိထားဖို့လိုပါတယ်။အရပ်အမောင်းကြောင့် အနိုင်ကျင့်ဗိုလ်ကျခံရတဲ့ အပေါ်မှာ ပြဿနာကအခြေတည်ပါတယ်။ အရပ်ကြောင့် လူတွေက သင့်ကိုမထီမဲ့မြင် ဆက်ဆံတာကြောင့် ကိုယ့်အရပ်အမောင်းကိုယ် မုန်းနေသလား။ အဖြေကတော့ မဖြစ်သင့်ပါဘူး လို့ ပဲဆိုပါရစေ။ သင့်ရဲ့အတွေးအမြင်ကပဲ လူမှုရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထင်ဟပ်ပုံဖော်ပေး တာဖြစ်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သင်ဟာဘယ်တော့မှစိတ်အလိုကျ ပြီးပြည့်စုံတယ် ရယ်လို့မရှိတာကို သတိထားမိလာပါလိမ့်မယ်။ အရပ်အရမ်းရှည်နေရင်ပဲဖြစ်ဖြစ် ပုနေရင်ပဲဖြစ်ဖြစ် ဝေဖန်နေရတာကိုကြိုက်တဲ့သူတွေက တစ်ခုမဟုတ်တစ်ခုပြောဖို့အကြောင်းအရင်းရှာနေပါလိမ့်မယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက် အတိုင်း လိုက်လုပ်နေစရာတော့ မလိုပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူက သင်ဘာတွေပဲ ဖြစ်နေဖြစ်နေချစ် မှာပါပဲ။ သင့်ကိုအနိုင်ကျင့်တဲ့သူတွေကို အရေး မစိုက်ကြောင်းပြောရပါမယ်။ ကိုယ်ပုံစံကို ကိုယ်နှစ်ခြိုက်သဘောကျတဲ့အကြောင်းပြသရပါမယ်။ ယုံကြည်ချက်ရှိရှိရှေ့ဆက်ပါ။ ခေါင်းမော့ရင်ကော့ ထားပါ။ မျက်လုံးချင်းဆိုင်ပါ။ လူတွေကိုရှက်ကြောက် နေစရာမလိုပါဘူး။ သင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မိဘတွေ၊ဆရာ၊ဆရာမတွေနဲ့ ကြီးကြပ်သူတွေကိုပြောပြဖို့ တွန့်ဆုတ်မနေပါနဲ့ လိုအပ်ပါက ဥပဒေအရအကာအကွယ်ရယူပါ။၂။ အရပ်အမောင်းကြောင့်စိတ်မညစ်ပါနဲ့။အရပ်အနည်းငယ်မြင့်ချင်ရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင်ကကြီးထွားနေဆဲအရွယ်လည်းဖြစ်မယ်။ သင့်တင့်တဲ့ အစားအသောက်နဲ့လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အရပ်လက်မ အနည်းငယ်လောက်ထွက်လာဖို့ဆိုတာ ကဖြစ်နိုင်ပါတယ်။ အရပ်ရှည်ပြီးသား ဆိုရင်တော့လည်း ဆက်လက်မကြီးထွားအောင် လုပ်ဖို့မလိုအပ်ပါဘူး။ အရပ် ရှည်ရှည်၊ပုပု ကိုယ့်ကိုယ်ကို သဘောကျနေဖို့အရေးကြီးပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတွေကိုကြည့်ပြီး ကိုယ်နဲ့လိုက်မယ့် အဝတ်အစားတွေကိုရွေးချယ်ပါ။ အရပ်ရှည်တာကို အကျိုးရှိရှိအသုံးချနိုင်မယ့် အားကစား ကလပ်တွေနဲ့ ဆက်သွယ်ပါ။ ခန္ဓါကိုယ် သေးတဲ့သူတွေအနေနဲ့ လည်း gym ဆော့တာ၊ကတာတွေကို လုပ်ဆောင် လို့ရပါတယ်။ အရပ်မြင့်သူတွေအနေနဲ့လည်း ဘတ်စကတ်ဘောနဲ့ ဘောလီဘောတွေကစားလို့ရ ပါတယ်။ ကျန်းမာပျော်ရွှင်စေမယ့် သင့်တော်မယ့် နည်းလမ်းကိုရှာဖွေဖို့ လိုအပ်ပါတယ်။ရိုးသားရပါမယ်။ အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ကြိုးစားရပါမယ်။ အရပ်အမောင်း နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်ဖို့ မလိုကြောင်းသိထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးလိုက်ပါ။ အနှေးနဲ့အမြန်ဆိုသလို အဖြေ ထွက်လာပါလိမ့်မယ်။ လူတွေကသင့်ကို စိတ်မသက်မသာဖြစ်အောင် လုပ်ကြပါလိမ့်မယ်။ ဒါတွေကို တုံ့ပြန်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး အပျက်သဘော ဆောင်နေသူတွေနဲ့ ခပ်ဝေးဝေးနေဖို့ပဲဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%9b%e1%80%95%e1%80%b9%e1%80%a1%e1%80%b1%e1%80%99%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%94%e1%80%b2%e1%82%94-%e1%80%95%e1%80%90%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%bb%e1%80%95/
အပူအစပ်စားပေးရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရနိုင်လဲ
စားစရာနဲ့ ပတ်သက်လာရင် အပူအစပ်တွေကို လူတော်တော်များများက ရှောင်တတ်ကြပါတယ်။ ခန္ဓါကိုယ်အတွက်၊ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ထင်တာကတစ်ကြောင်း၊ ပူစပ်နေတဲ့ ခံစားချက်ကို မကြိုက်တာကြောင့်ရောပေါ့။ တကယ်တော့ လူတွေထင်ထားကြသလိုအစပ်စားလို့ ကျန်းမာရေးအတွက် ဘေးဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ “တန်ဆေး လွန်ဘေး” ဆိုသလို ဘယ်အစားအစာကိုမဆို တန်သင့်ရုံလောက်သာ စားပေးသင့်တာပေါ့။ လိုတာထက် ပိုပြီး အများကြီးစားရင်တော့ အစပ်မှ မဟုတ်ပါဘူး။ ဆေးတောင်မှ ကိုယ့်ကို ပြန်ဒုက္ခပေးနိုင်ပါတယ်နော်။ ဒီနေ့ဆောင်းပါးလေးမှာတော့အစပ်စားလို့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်နေတဲ့ သူတွေအတွက် သူ့ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြောပြပေးမယ်နော်။လေ့လာတွေ့ရှိချက်တွေအရ အစပ်ကို နည်းနည်းနဲ့ ပုံမှန်လေးစားပေးတဲ့သူတွေမှာ နှလုံးနဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ အစပ်ထဲမှာ ပါတဲ့ ဓါတ်တစ်မျိုးက ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ကိုလက်စထရောေတွကို လျှော့ချပေးနိုင်တယ်။ သွေးတိုးကိုလည်း ကျစေတယ်။ ကိုယ်ခန္ဓါထဲက အဆိပ်အတောက်တွေကို ချွေးအဖြစ်နဲ့ အပြင်က စွန့်ထုတ်ပေးနိုင်ပါတယ်နော်။ကိုယ်အလေးချိန် ချဖို့ စဉ်းစားနေတဲ့ ကိုကို၊ မမတွေအနေနဲ့ အစပ်ကို မစားဘဲတော့ မနေနဲ့နော်။ သွေးတွင်းကကယ်လိုရီဓါတ်ကို လောင်ကျွမ်းစေပြီး အစာစားချင်စိတ်ကို လျှော့ချပေးလို့ မကြာခဏ အစာမစားအောင် ကူညီပေးတယ်။ အားကစားနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာအာဟာရေတွကိုပဲ စားသုံးမယ်။ ဒါ့အပြင် အစပ်လေးပါ တစ်နေ့ နည်းနည်းချင်းစီ စားပေးမယ်ဆိုရင် ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေလို့ ဝိတ်မြန်မြန်ချချင်သူတွေအတွက် အဆင်ပြေတာပေါ့။အစပ်စားလိုက်တဲ့အခါ ပူလောင်တာ၊ ချွေးထွက်တာအပြင် ကိုယ်ခန္ဓါထဲက မကောင်းတဲ့ ဘက်တီးရီးယားတချို့ကိုလည်း သေစေနိုင်တယ်။ခုခံအားစနစ်ကို ကောင်းမွန်စေလို့ ကင်ဆာရောဂါတွေ အလွယ်တကူ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်နော်။အစပ်ကြောင့် ပူစပ်ပူလောင် ဖြစ်နေတဲ့အချိန်မှာ ခန္ဓါကိုယ်ရဲ့ နေရာတချို့က အနည်းငယ်ထုံကျဉ်သွားပြီး နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာကို လျော့ကျသွားစေပါတယ်။ အထူးသဖြင့် ထိခိုက်ဒဏ်ရာရတာ၊ လိမ့်ကျတာ၊ တိုက်မိတာကြောင့် ကြွက်သားက ရောင်နေပြီး နာကျင်နေတယ်ဆိုရင် အစပ်လေး နည်းနည်းစားပေးရုံနဲ့ ဝေဒနာကို အနည်းငယ် သက်သာသွားစေပါတယ်။ဒီတော့ အစပ်ကို လုံးဝမစားဘဲနဲ့တော့ မနေနဲ့နော်။ ကိုယ်ခန္ဓါက ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး အရသာအစုံအလင်ကို နေ့စဉ်စားသုံးပေးမှ ကျန်းမာနေမှာပါ။ လိုတာထက်ပိုပြီး အစပ်စားလိုက်ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေပိုများသွားနိုင်လို့ တစ်နေ့ထဲနဲ့ အများကြီး မစားဖို့ ကိုယ့်ကိုယ်ကိုယ် သေချာထိန်းဖို့တော့ လိုမယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%95%e1%80%b0%e1%80%a1%e1%80%85%e1%80%95%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99/
Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း)
ခေါ်ပါတယ်။ မုန့်ချိုအိတ်မှာအရည်အိတ်အများစုဟာကင်ဆာဖြစ်တာ။တော့သိပ်မရှိပါဘူးများသောအားဖြင့် ဘာလက္ခဏာမှမပြတတ်ပါဘူး။၎င်းတို့က ယေဘုယျအားဖြင့် တစ်ခြားပြသနာတွေအတွက်ပုံရိပ်ဖော်စမ်းသပ်နည်းတွေစမ်းရင်းနဲ့မှ တွေ့လာရတာများပါတယ်။ သင့်ဆရာဝန်က သင့်ရဲ့မုန့်ချိုအိတ်မှာဖြစ်တဲ့အရည်ကိုနမူနာယူစမ်းပြီးမှ ကင်ဆာဆဲလ်တွေပါမပါ ကြည့်မှာပါ။(တစ်ခြားအချက်အလက်တွေကိုသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။)။သင့်ဆီမှာဘာရောဂါလက္ခဏာတွေမှ သိပ်မတွေ့ရနိုင်ပါဘူး။ တစ်ခြားအကြောင်းတွေကြောင့် သင့်ရဲ့ဗိုက်ကိုပုံရိပ်ဖော်စမ်းသပ်နည်းတွေလုပ်ကြည့်ရင်းနဲ့မှ မကြာခဏတွေ့ရှိရတာမျိုးရှိပါတယ်။ တကယ်လို့ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းရဲ့ရောဂါလက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ ၎င်းတို့က။-ဗိုက်တအားနာခြင်းနဲ့နာတာကနောက်ကျောဘက်ကိုပါပြန့်နိုင်ပါတယ်။-ဗိုက်အပေါ်ပိုင်းမှာအလုံးအကြိတ်လိုမျိုးစမ်းမိမှာပါ။-ပျ ို့အန်ခြင်း။(သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။)။Pseudocyst (ယောင်နေသောအရည်အိတ်မျိုး) နဲ့ true cysts(မယောင်သောအရည်အိတ်မျိုး)။ pseudocystsတွေကတော့ benign လို့ခေါ်တဲ့ အန္တရာယ်မပေးတတ်တဲ့အိတ်မျိုးဖြစ်ပြီး true cystsကတော့ benignလည်းဖြစ်နိုင်တယ် ကင်ဆာလည်းဖြစ်နိုင်ပါတယ်။Pseudocystsကတော့ အစာခြေတဲ့အန်ဇိုင်းတွေထွက်တဲ့အတွက် အရမ်းအလုပ်လုပ်ပြီးမုန့်ချိုအိတ်ကိုသွားဆွတဲ့အတွက် နာကျင်တဲ့အခြေအနေတွေ တွေ့ကြုံရတတ်ပါတယ်။pseudocystsကဗိုက်ကိုထိခိုက်တဲ့ဒဏ်ရာတွေ ဥပမာကားအက်စီးဒင့်ဖြစ်တာတွေကနေရရှိတတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။-ကျန်းမာရေးနဲ့ပတ်သက်တဲ့နောက်ကြောင်းမေးမြန်းခြင်း။ အရင်ကဗိုက်မှာဒဏ်ရာရတာတို့ ဒါမှမဟုတ် မုန့်ချ ိုအိတ်ယောင်ခြင်းတို့ကpseudocyst ဖြစ်နိုင်ပါတယ်။-CT ရိုက်ကြည့်ခြင်း။ ဒီပုံရိပ်ဖော်နည်းလမ်းကနေမှ မုန့်ချိုအိတ်မှအရည်အိတ် ရဲ့ အရွယ်အစားတည်ဆောက်ပုံတွေကိုသိနိုင်ပါတယ်။-MRI ရိုက်ခြင်း။ ဒီပုံရိပ်ဖော်နည်းကတော့ မုန့်ချိုအိတ်ကအရည်အိတ်ကိုအသေးစိတ်ပုံဖော်ကြည့်နိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ချေ များတဲ့ အစိတ်အပိုင်းတွေများပါနေမလားဆိုတာထိ ကြည့်လို့ရပါတယ်။-Endoscopic Ultrasound မှန်ပြောင်းထည့်ပြီးတီဗီဓါတ်မှန်ရိုက်ကြည့်ခြင်း။ ဒီနည်းကလည်း MRI လိုပဲအရည်အိတ်ကိုအသေးစိတ်ကြည့်လို့ရပါတယ်။ အရည်အိတ်ထဲကရရှိတဲ့အရည်ကိုဓါတ်ခွဲစမ်းသပ်ခြင်းနဲ့လည်းကင်ဆာဖြစ်နိုင်တဲ့လက္ခဏာတွေရှိနိုင်မလားဆိုတာသိနိုင်ပါတယ်။သင့်ရဲ့အသက်အရွယ် ယောက်ကျားမိန်းမအရည်အိတ်ရဲ့တည်နေရာထူးခြားတဲ့လက္ခဏာတွေပေါ်မူတည်ပြီး ဆရာဝန်တွေက သင့်ဆီမှာဘယ်လိုအရည်အိတ်မျိုးရှိနေတယ်ဆိုတာပြောပြပေးနိုင်ပါတယ်။–။-serous cystadenoma:ဒီအရည်အိတ်မျိုးကတော့ အနီးအနားက အင်္ဂါတွေကို ဖယ်ပစ်တဲ့အထိ ကြီးလာနိုင်ပြီး ဗိုက်နာခြင်းနဲ့ ဗိုက်တင်းခြင်းတွေကို ဖြစ်စေပါတယ်။-mucinous cystadenoma:ဒီ ပုံစံကတော့ မုန့်ချိုအိတ်ရဲ့ အလည်ဘက် ဒါမှမဟုတ် အမြီးဘက် မှာဖြစ်တတ်ကြပြီး အသက်၄၀-၅၀ အရွယ် တွေမှာအများဆုံး တွေ့ရပါတယ်။mucinous cystadenomaက ကင်ဆာဖြစ်နိုင်တဲ့အခြေအနေရှိတဲ့အတွက် မကုသပဲထားပါက ကင်ဆာဖြစ်လာနိုင်ပါတယ်။-intraductal papillary mucinous neoplasm:ဒီပုံစံကတော့ မုန့်ချိ ုအိတ်ရဲ့ လမ်းကြောင်း ဒါမှမဟုတ် သူ့ရဲ့ လမ်းကြောင်းခွဲတစ်ခုမှာ ကြီးထွားမှုဖြစ်ပါတယ်။ ၎င်းဟာလည်း ကင်ဆာဖြစ်နိုင်ပါတယ်။-papillary cystic tumor:ဒီအရည်အိတ်မျိ ုးကတော့ များသောအားဖြင့် မုန့်ချိ ုအိတ်ရဲ့ အလယ်ဘက် ခန္ဓါကိုယ်ပိုင်းနဲ့ အမြီးဘက်မှာ အဖြစ်များပြီး အသက် ၃၅နှစ်အောက်။အမျိ ုးသမီးတွေမှာ အတွေ့ရများပါတယ်။-cystic islet cell tumor:အများအားဖြင့် အခဲပုံစံဖြစ်တတ်ပြီး အရည်အိတ်လိုအပိုင်းလည်းပါဝင်တတ်ပါတယ်။ ဒီ အကြိတ်မျိးကတော့ ရှားပါတယ်။လိမ့်မယ်။-စောင့်ကြည့်ခြင်း၊ ရိုးရိုး ဘာဒုက္ခမှမပေးတဲ့ အရည်အိတ်ဆိုရင် အရမ်းပဲကြီးနေပါစေ ဘာမှ အနှောင့်အယှက်မပေးရင် သူ့ဘာသာ ဒီအတိုင်း ထားနိုင်ပါတယ်။serous cystadenoma က ကင်ဆာဖြစ်သွားတာရှားတဲ့အတွက် ရောဂါလက္ခဏာတွေမပြရင် ကြီးမလာဘူးဆိုရင် ဒီအတိုင်းထားနိုငပါတယ်။ ဒါပေမယ့် ဘယ်အရည်အိတ်ပဲဖြစ်ဖြစ် သေချာ ကြည့်ရှုစောင့်ကြည့်နေရပါမယ်။-မြောင်းဖောက်ခြင်း၊ မုန့်ချိ ုအိတ်က အရည်အိတ်ကနေ ဒုက္ခပေးတဲ့ လက္ခဏာတွေရှိလာရင် ဒါမှမဟုတ် ကြီးလာခဲ့ပါက မြောင်းဖောက်ပြီး အရည်တွေစီးဆင်းစေလို့ရပါတယ်။ နည်းလမ်းက။တော့ ပျော့ပျောင်းတဲ့ ပြွန်ခပ်သေးသေးတစ်ခုကို (endoscope)ကို သင့်ပါးစပ်ကနေ သင့်အစာအိမ်နဲ့ အူသိမ်ထိဖြတ်ခိုင်းတာပါ။ပြီးတော့ ဒီ ပြွန်လေးထည့်တာကို တီဗီ ဓါတ်မှန်မှာကြည့်လို့ရတဲ့ ကိရိယာလေးနဲ့ တွဲထားပြီး မုန့်ချိ ုအိတ်က အရည်အိတ်ကို အပ်လေးနဲ့ဖောက်ကာ အရည်တွေစီးစေတာပါ။ တစ်ခါတစ်လေမှာ။အရေပြားကနေ ဖောက်ချဖို့လိုအပ်ပါတယ်။-ခွဲစိတ်ခြင်း:ခွဲစိတ်ခြင်းကတော့ အရမ်းကြီးမားတဲ့အရည်အိတ်မျိ ုးတွေ ဒါမှမဟုတ် serous cystadenoma လိုမျိ ုးတွေမှာ နာကျင်မှု။ဖြစ်လာရင် ဒါမှမဟုတ် တစ်ခြား ရောဂါလက္ခဏာတွေဖြစ်လာရင် ခွဲစိတ်ဖို့ အကြံပေးပါတယ်။ တစ်ခြား မုန့်ချ ိုအိတ်အရည်အိတ်တွေကလည်း ကင်ဆာ အန္တရာယ်ကို ကြောက်ရတာကြောင့် ခွဲစိတ်ပြီးထုတ်ပစ်ဖို့ ယေဘုယျအားဖြင့် လိုတတ်ပါတယ်။မုန့်ချိုအိတ်အရည်အိတ်ဖြစ်ချိန်မှာ ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။အရည်အိတ်ဖြစ်ခြင်းကို ကာကွယ်နိုင်မယ့် အသုံးဝင်မယ့် နည်းလေးတွေကတော့။-လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့။-သင့်ကို သက်တောင့်သက်သာမဖြစ်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရှောင်ဖို့ကြိုးစားပါ။-အနားယူဖို့နဲ့ နာလန်ထဖို့ကြိုးစားပါ။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/pancreatic-cysts-%e1%80%99%e1%80%af%e1%80%94%e1%80%b7%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%a1%e1%80%ad%e1%80%90%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%a1%e1%80%9b/
ကလေးတွေကို သွားပိုးစားစေတဲ့ အစားအသောက်များ ။ ။
သွားပိုးစားတယ်၊သွားကျင်တယ်၊ သွားမှာ အပေါက်တွေဖြစ်နေတယ်ဆိုတာ ကလေးတွေမှာ အရမ်းအဖြစ်များတဲ့ အရာတစ်ခုပါ။ ကလေးတွေဆိုတာလည်း အချိုဆိုသိပ်ကြိုက်ပြီး အစားအသောက်တွေစားပြီးတိုင်းလည်းပလုတ်ကျင်းလေ့မရှိတဲ့အပြင် ညည အိပ်ရာဝင်ခါနီးသွားတိုက်ဖို့လည်း ပျင်းကြတယ်လေ။ ဒီလိုနဲ့ သွားပိုးစား၊ သွားကိုက်တာတွေ သူတို့မှာဖြစ်ကုန်ရော။ ဒီသွားနဲ့ခံတွင်းဆိုတာကလည်း အစာခြေစနစ်ရဲ့ ထိပ်ဆုံး အပိုင်းတွေဖြစ်တာကြောင့် သူတို့မကျန်းမာရင် ကလေးလည်း အစာမစားနိုင်လို့ အာဟာရချို့တဲ့မှုတွေဖြစ်၊ သွားကိုက်ပြီး ဂျီကျလို့ မိဘတွေလည်း အလုပ်ရှုပ နဲ့ တော်တော်ကြီးကို ဗျာများရပါတယ်။ဒီလိုမျိုး ကိုယ့်ကလေးခံစားနေရတာကို မကြည့်ရက်ရင်၊ ဘယ်လို အစားအသောက်တွေက ကလေးသွားပိုးစားခြင်းကိုဖြစ်စေလဲ ဆိုတာ သိထားဖို့နဲ့ နည်းလမ်းမှန် သွားတိုက်တဲ့ ပုံစံအကြောင်း ကလေးကို သင်ပေးထားဖို့တော့လိုပါလိမ့်မယ်။ ဒါတွေကို ဘယ်လိုသိမှာလဲဆိုပြီး ခေါင်းမစားလိုက်ပါနဲ့။ ဒီဆောင်းပါးလေးထဲမှာကလေးသွားပိုးစားခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေက ဘာတွေလဲဆိုတာ ပြောပြပေးတော့မှာပါ။ ဆက်ကြည့်ရအောင် ။ ။ပြောရမယ်ဆိုရင် ကလေးအကြိုက်ဖြစ်အောင် ထုတ်ထားတဲ့ အချိုကဲတဲ့ သရေစာတွေအားလုံးဟာ သွားပိုးစားခြင်းကိုဖြစ်စေတယ်လို့ ပြောလို့ရပါတယ်။ ဒါတွေကို ကလေးတွေက မစားဘဲလည်း မနေနိုင်ကြဘူးဆိုတော့ သူတို့လေးတွေကို သွားပိုးမစားအောင် ဘယ်လိုလုပ်ပေးကြမလဲ ။ ။သွားတိုက်ခြင်းကသာ သွားပိုးစားခြင်းကို အဓိက ကာကွယ်ပေးတဲ့ အရာပါ။ ဒါကြောင့် ကလေးကို နည်းလမ်းမှန်တဲ့ သွားတိုက်နည်းပုံစံနဲ့ တိုက်တတ်အောင် မိဘတွေဘက် က သင်ပေးရမယ့်အပြင် သွားတိုက်ဖို့ မပျင်းအောင်လည်း စည်းကမ်းတွေချထားပြီး တင်းကြပ်ပေးမှရမှာပါ။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်တယ်မလား ။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/dental-caries-2/
မွေးကင်းစကလေးလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာကြောင့်ဖြစ်ရတာလဲ။ ပုံမှန်ဖြစ်တတ်လား။
မွေးကင်းစကလေးတစ်ယောက်ရဲ့ သေးခံလဲပေးနေတဲ့အချိန်မိန်းမကိုယ်ကနေသွေးဆင်းတာမျိုး မြင်လိုက်ရတဲ့အခါအထိတ်တလန့်ဖြစ်သွားတတ်ကြတာ မိခင်တိုင်းပါ။ မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုတာ အသက် ၁၃ နှစ်အပျိုဖော်ဝင်စ အချိန်မှပဲဖြစ်တတ်တာမျိုးဆိုတော့နို့စို့အရွယ်ကိုယ့်ကလေးရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းတာဟာ ပုံမှန်ဟုတ်ရဲ့လား။ ဘာရောဂါများဖြစ်လို့လဲ ။ ဘာကြောင့်ဖြစ်ရတာလဲ ။ ။မွေးကင်းစကလေးရဲ့မိန်းမကိုယ်ကနေ သွေးဆင်းတာကို မြင်လိုက်ရရင် အရမ်းကြီး ထိတ်လန့်မသွားပါနဲ့။ ဒါက ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ မွေးပြီးခါစ ၂ ရက် ၃ ရက်လောက်မှာ ကလေးတွေရဲ့ မိန်းမကိုယ်ကနေ သွေးဆင်းလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ မိခင်သားအိမ်အတွင်းမှာနေခဲ့စဉ်က ကလေးရဲ့မျိုးပွားအဂါၤအပေါ်သက်ရောက်တဲ့ဟော်မုန်းတွေရဲ့ အရှိန် ကလေးဆီပါလာတာကြောင့် မိန်းမကိုယ်ကနေ သွေးဆင်းတာဖြစ်နိုင်ပါတယ်။ဒီလိုသွေးဆင်းတာမျိုးဟာ ၂ ရက် ၃ ရက်လောက်ကြာတတ်ပါတယ်။ ဟော်မုန်းတွေ ပုံမှန် ပမာဏ ပြန်ရောက်သွားပြီဆိုတာနဲ့ သွေးဆင်းတာ ရပ်သွားပါလိမ့်မယ် ။ ပြီးတော့ ဒီလိုသွေးဆင်းတာမျိုးဟာအပျိုဖော်ဝင်ချိန်မရောက်ခင်နှစ်တွေအတွင်းမှာ တစ်ကြိမ်ပဲ ဖြစ်သင့်ပါတယ်။သွေးဆင်းလို့ ပေကျံနေတဲ့ နေရာကို ရေကြက်သီးနွေးလေးနဲ့ သန့်ရှင်းရေးလုပ်ပေးဖို့က အဓိက ပါပဲ။ ဝမ်းသွားပြီးလို့ သန့်စင်ပေးတဲ့အခါမှာလည်း ဝမ်းကို ရှေ့ကနေ နောက်ကို ဆွဲယူတဲ့နည်းနဲ့ သန့်စင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှမိန်းမကိုယ်ထဲပိုးဝင်တာမျိုး မဖြစ်တော့မှာပါ။ ။မွေးကင်းစ ကလေးတွေမှာ သွေးဆင်းတာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုဆိုပေမယ့်လည်း ဆရာဝန်ဆီကိုသွားပြီး ဆွေးနွေးဖို့တော့ ပေါ့ဆမနေသင့်ပါဘူး။ စိုးရိမ်သင့်တဲ့အချိန်တွေကတော့။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/infant-vaginal-bleeding/
ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း
စားစရာတွေအများကြီး ရှိနေရက်ကမှ ရေခဲပဲ စားချင်တယ်။ အခြားဟာတွေထက်ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာကို ပိုသဘောကျနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။ ဒီအထဲမှာ ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း ကို ပြောပြပေးထားပါတယ်။ရေခဲပဲ စားချင်နေမိတယ်၊ ရေခဲကိုတဂျွတ်ဂျွတ်ဝါးရတာ သဘောကျနေမိတာ ကိုယ်တစ်ယောက်တည်းလား၊ လို့ တွေးနေမိပြီလား။ ဒီလိုဆိုရင် ပြောချင်တာက ရေခဲကို တဂျွတ်ဂျွတ် ဝါးစားချင်နေတာက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ရာသီဥတု ပူလွန်းတဲ့အခါ ရေခဲစားချင်တဲ့ဆန္ဒ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အေးအေးလေးဖြစ်နေတဲ့ ရေခဲကရေငတ်ပြေစေပြီး အပူဒဏ်ကို သက်သာစေနိုင်လို့ပါ။Picaရောဂါ။ကိုယ်ဝန်ဆောင်နေရတာ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/craving-ice-and-what-it-means/
Glycohemoglobin Test (ဟေမိုဂလိုဘင်ကို ပေါင်းစည်းထားသော သကြားဓါတ်ပမာဏ စစ်ဆေးခြင်း)
glycohemoglobin test သို့ hemoglobin A1c စစ်ဆေးမှုဟာ သွေးနီဥထဲမှာ ရှိတဲ့ ဟေမိုဂလိုဘင် ကို ပေါင်းစည်းထားတဲ့ သကြားပမာဏကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဟေမိုဂလိုဘင် နဲ့ ဂလူးကိုစ့် ပေါင်းတဲ့အခါမှာ ဟေမိုဂလိုဘင် ပေါ်မှာ သကြားတစ်ထပ် ဖြစ်ပေါ်လာပါတယ်။ ဒီအထပ်ဟာ သွေးသကြားဓါတ်များလေလ ပိုထူလာလေလေ ဖြစ်ပါတယ်။ A1c tests ဟာ ဒီသကြားထပ်ထားတဲ့ အလွှာ သုံးလအတွင်းမှာ ဘယ်လောက်ထူလဲဆိုတာ တိုင်းတာခြင်းဖြစ်ပြီး သွေးနီဥတွေ ဘယ်လောက်အသက်ရှင်လဲဆိုတာဖေါ်ပြခြင်း ဖြစ်ပါတယ်။ ဆီးချို (သို့) အခြားသွေးတွင်း ဂလူးကိုစ့် ပမာဏ တက်စေတဲ့ အခြေအနေတွေမှာ Glycohemoglobin ပမာဏ ပုံမှန်ထက် များတတ်ပါတယ်။A1c test ဟာ ဆီးချို (သို့) ဆီးချို မဖြစ်ခင် အခြေအနေတွေကို တိုင်းတာဖို့ အသုံးပြုပါတယ်။ A1c test ကို ဆီးချိုရှိတဲ့ လူနာတွေမှာ သွေးသကြားဓါတ်ထိန်းချုပ်မှုကို သိရှိဖို့ အသုံးပြုပါတယ်။ ဆရာဝန် အများစုက A1c test စစ်ဆေးခြင်းဟာ လူနာတစ်ယောက် ဆီးချိုကို ဘယ်လောက် ကောင်းကောင်းထိန်းချုပ်နိုင်လဲဆိုတာ သိရှိဖို့ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုကြပါတယ်။အိမ်မှာ တိုင်းတာတဲ့ စစ်ဆေးမှုဟာ သွေးသကြားဓါတ်ကို အဲဒီအချိန်အတွက်သာ တိုင်းတာနိုင်တာဖြစ်ပါတယ်။ သွေး သကြားဓါတ်ပမာဏဟာ တစ်နေ့တာအတွင်းမှာ အကြောင်းရင်းမျိုးစုံအတွက် ပြောင်းလဲခြင်း ရှိနိုင်ပါတယ်။ (ဆေး၊ အစားအသောက်၊ လေ့ကျင့်ခန်း၊ သွေးအတွင်း အင်ဆူလင် ပမာဏ)။ဂလူးကိုစ့် ဟာ သွေးနီဥအတွင်းမှာ ရှိတဲ့ ဟေမိုဂလိုဘင် ကို ဖြည်းညှင်းစွာ ပေါင်းလိုက်ပါတယ်။ သွေးနီဥတွေရဲ့ သက်တမ်းဟာ ၃-၄ လကြာမြင့်တာကြောင့် A1c test ဟာ သွေးရည်ကြည်ပိုင်းမှာ ဂလူးကိုစ့် ဘယ်လောက်ရှိလဲဆိုတာ ဖေါ်ပြပါတယ်။ ဒီစစ်ဆေးမှုဟာ လွန်ခဲ့တဲ့ ၂-၃ လမှာ ဆီးချို ဘယ်လောက် ကောင်းစွာ ထိန်းချုပ်နိုင်သလဲဆိုတာနဲ့ ကုသမှု အစီအစဉ် ပြောင်းလဲဖို့ လိုလားဆိုတာတွေကို ဖေါ်ပြပေးပါတယ်။A1c test ဟာ သင့်ဆရာဝန်ကို သင့်မှာ ဆီးချို၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံရောဂါ၊ ခြေထောက်၊ ခြေဖဝါးထုံကျင်ခြင်း အစရှိတာတွေဖြစ်ပွားနှုန်း ဘယ်လောက်များလဲဆိုတာ သိမြင်ဖို့ ကူညီပေးပါတယ်။ A1c test ပမာဏ နည်းအောင် ထိန်းထားခြင်းဟာ ဒီပြဿနာတွေ ဖြစ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။သင့်မှာရှိတဲ့ ဆီးချို အမျိုးအစား၊ ဆီးချိုကို ဘယ်လောက်ကောင်းစွာ ထိန်းချုပ်နိုင်လဲဆိုတာနဲ့ ဆရာဝန်ညွှန်ကြားမှု တွေပေါ်မူတည်ပြီး A1c test ကို တစ်နှစ်မှာ ၂-၄ ကြိမ်အထိ ပြုလုပ်သင့်ပါတယ်။ တကယ်လို့ ဆီးချို ပထမဆုံးတွေ့ရှိပြီး ထိန်းသိမ်းမှု မကောင်းဘူးဆိုရင် A1c test ကို မကြာခဏ လုပ်သင့်ပါတယ်။ ရောဂါရှာဖွေဖို့ရည်ရွယ်ပြီး ကျန်းမာရေးစစ်ဆေးခြင်း ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် (သို့) သင့်မှာ သွေးသကြားဓါတ်တက်ခြင်းရဲ့ လက္ခဏာတွေ ကြောင့် ဆီးချိုဖြစ်ပြီလို့ သံသယဖြစ်တဲ့ အခြေအနေတွေမှာလည်း ပြုလုပ်နိုင်ပါတယ်။သွေးသကြားဓါတ်တက်ခြင်းရဲ့ လက္ခဏာတွေကတော့။• ရေပိုငတ်ခြင်း။• ဆီးပိုသွားခြင်း။• ပင်ပန်းခြင်း။• အမြင်အာရုံဝါးခြင်း။• အနာအကျက် နှေးခြင်း တွေပဲ ဖြစ်ပါတယ်။A1c test ဟာ ခဏတာ သွေးသကြားဓါတ် တက်ခြင်း၊ ကျခြင်းနဲ့ လွန်ခဲ့တဲ့ သုံးလေးပတ်အတွင်းမှာ သွေးသကြားဓါတ်ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းတွေကို ဖော်ပြမှာ မဟုတ်ပါဘူး။ သွေးသကြားဓါတ်ပြောင်းလဲမှုတွေကိုလည်း A1c test မှာ တွေ့ရမှာ မဟုတ်ပါဘူး။တကယ်လို့လူတစ်ယောက်မှာ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် အမျိုးအစားရှိမယ်ဆိုရင် (Haemoglobin S) သူတို့မှာ Haemoglobin A ပမာဏ နည်းပါးပါလိမ့်မယ်။ ဒါဟာ A1c test ရဲ့ ဒီလူနာအပေါ်မှာ ဆီးချို ရှိမရှိစစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းတွေရဲ့ အသုံးဝင်မှုကို ကန့်သတ်နိုင်ပါတယ်။ လူနာတစ်ယောက်မှာ သွေးအားနည်းခြင်း ရှိရင်၊ သွေးဆဲလ်ကွဲခြင်း ရှိရင်၊ သွေးအများကြီးဆင်းရင် A1c test အဖြေတွေမှာ မှားယွင်းစွာ နည်းနိုင်ပါတယ်။ သံဓါတ်နည်းတဲ့သူတွေမှာ A1c test ဟာ များနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။သွေးသွင်းထားတဲ့သူမှာ A1c test အဖြေဟာ တိကျမှုမရှိပဲ ၂-၃ လအတွင်း သကြားဓါတ်ထိန်းညှိမှုကို ရောင်ပြန်ဟပ်မှာ မဟုတ်ပါဘူး။အထူးတလည် ပြင်ဆင်ရန် မလိုအပ်ပဲ ဒီစစ်ဆေးမှုကို တစ်နေ့တာရဲ့ ကြိုက်တဲ့အချိန် (အထူးသဖြင့် အစာစားပြီးချိန်မှာတောင်) ပြုလုပ်နိုင်ပါတယ်။သင့်ကျန်းမာရေးကျွမ်းကျင်သူဟာ သွေးထုတ်ယူမှာ ဖြစ်ပါတယ်။• လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ဖောင်းလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။• ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။• သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။• သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။• သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။• အပ်ဖယ်လိုက်ပြီး ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။• သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။သားရေကြိုးနဲ့ပတ်ထားတာကြောင့် တင်းကျပ်မှု ဖြစ်နိုင်ပါတယ်။ အပ်ထိုးထားတဲ့နေရာက ဘာမှ မခံစားရခြင်း (သို့) အနည်းငယ်စူးရှနာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ဂွမ်းစနဲ့ ပလပ်စတာကို မိနစ် ၂၀-၃၀ ကြာပြီးရင် ဖယ်ရှားနိုင်ပါတယ်။ သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆီးချိုရှိကြောင်း အတည်ပြုဖို့ သွေးသကြားဓါတ်စစ်ဆေးမှုကို နောက်တစ်ကြိမ် ပြုလုပ်ခြင်း (သို့) မတူညီတဲ့ စစ်ဆေးမှုတစ်ခုကို နောက်တစ်ရက်မှာ ပြုလုပ်ခြင်းတွေ လုပ်နိုင်ပါတယ်။အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှန်ပမာဏတွေကို အညွှန်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီပမာဏ တွေဟာ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ သင့်ဓါတ်ခွဲခန်းအဖြေမှာ ထိုဓါတ်ခွဲခန်းရဲ့ ပုံမှန် ပမာဏအပိုင်းအခြား ပါသင့်ပါတယ်။ ဒီလိုပဲ သင့်ဆရာဝန်က အဖြေကို ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အဖြေဟာ ပုံမှန်အပိုင်းအခြားကို ကျော်လွန်နေပေမယ့် ဒါဟာ သင့်အတွက် (သို့) သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နိုင်သေးတယ်လို့ ဆိုလိုပါတယ်။ပမာဏ များခြင်း။အချို့ကျန်းမာရေးအခြေအနေတွေဟာ A1c ပမာဏကို မြင့်တက်စေပါတယ်။ ဒါပေမယ့် အဖြေကတော့ ပုံမှန်အညွှန်း အပိုင်းအခြားအတွင်းမှာပဲ ရှိနေနိုင်ပါတယ်။ ဒီအခြေအနေတွေကတော့ Cushing’s syndrome၊ pheochromocytoma နဲ့ polycystic ovary syndrome (PCOS) တွေပဲ ဖြစ်ပါတယ်။Corticosteroid နဲ့ ကုသမှုဟာ A1c ပမာဏကို များစေပါတယ်။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Glycohemoglobin Test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Glycohemoglobin Test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Hemoglobin A1c။ပုံမှန် 5.7% ထက်နည်း။ဆီးချို မဖြစ်ခင် (ဆီးချိုဖြစ်ရန် ရာနှုန်းများ) 5.7%–6.4%။ဆီးချို 6.5% နဲ့အထက်။ဆီးချို အမျိုးအစား ၁ ရှိတဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ A1 c ရှိသင့်သော ပမာဏ။အသက် ၆ နှစ်အောက်ကလေးငယ်- 8.5% ထက်နည်း။အသက် ၆-၁၂ အထိ- 8% ထက်နည်း။အသက် ၁၃-၁၉ နှစ်အထိ- 7.5% ထက်နည်း။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/glycohemoglobin-test-%e1%80%b1%e1%80%9f%e1%80%99%e1%80%af%e1%80%ad%e1%80%82%e1%80%9c%e1%80%ad%e1%80%af%e1%80%98%e1%80%84%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%b1%e1%80%95%e1%80%ab%e1%80%84/
တစ်နေ့တာလုံး ပိုပြီး တက်တက်ကြွကြွ ဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ
တစ်နေ့တာလုံး ပိုပြီး တက်တက်ကြွကြွ ဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ ….. နည်းလမ်း ကောင်းလေးတွေကို ပြောပြပေးထားတာမို့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းနဲ့ ကြွက်သားတက် လေ့ကျင့်ခန်း လုပ်ခြင်းအပြင် တစ်နေ့လုံး တက်ကြွနေစေနိုင်တဲ့ တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ သင် မှတ်ထားရမှာက သင်လှုပ်ရှားလေ သင့် ကိုယ်ထဲက ကယ်လိုရီ ပိုလောင်ကျွမ်းလေ သင့်သွေးချိုနဲ့ သွေးပေါင်ချိန်ကို ပုံမှန် ထားနိုင်လေပဲ ဖြစ်ပါတယ်။အချိန် အကြာကြီး ထိုင်ခြင်းကကျန်းမာရေး အတွက် ထိခိုက်နိုင်လား ဆိုတာ သိစေဖို့ လေ့လာမှုတွေ ပိုပိုပြီး လုပ်နေကြပါတယ်။ ရုံးမှာ ထိုင်နေရင်းက တစ်နာရီတစ်ခါလောက် ခြေလက် အကြောဆန့်ပြီး ရုံးခန်းထဲ လမ်းလျှောက်ပေးခြင်းက ခုံမှာပဲ နာရီပေါင်း များစွာ ထိုင်နေတာထက် သာပါတယ်။ သင်ထပြီး လှုပ်ရှားနိုင်သလောက် လှုပ်ရှားပါ။ အောက်မှာ ဖော်ပြထားတာတွေက သင် လုပ်နိုင်တာလေးတွေပါ။အလုပ်မှာ ဆိုရင် …။အိမ်မှာ ဆိုရင် …။သင် အပြင်ရောက်နေ တဲ့အခါ …။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/how-to-stay-active-in-all-day/
သင့်ဆံပင်အရောင်ကပြောပြတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေး
သင့်ဆံပင်အရောင်ကို မယ်လနင်လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုးက ဖန်တီးပေးတာဖြစ်ပြီး ဒီပစ္စည်းကို ဆံပင်အမြစ်ပိုင်းမှာရှိတဲ့ မယ်လနိုဆိုက်ခေါ် ဆဲလ်လေးတွေက ထုတ်လုပ်တာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဆံပင်အရောင်ဟာ အဲဒီလူရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး တစ်ခုခုပြောပြနိုင်လိမ့်မယ်လို့ လက်ခံယုံကြည်သူတွေ အများကြီးရှိပါတယ်။ခရိုမိုဆုမ်းအမှတ် ၁၆မှာ သန္ဓေပြောင်းမျိုးဗီဇတစ်ခု ရှိနေတဲ့ အနီရောင်ဆံကေသာပိုင်ရှင်တွေဟာ အခြားသူတွေအမြင်မှာ အမြဲလိုလို စွဲမက်ဖွယ်ကောင်းနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဥရောပတိုက်သားတွေဟာ အနီရောင်ဆံကေသာကို တန်ဖိုးထားမြတ်နိုးကြသလို စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံ လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းခန့်ဟာ ဆံပင်အနီရောင်ရှိသူတွေ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံနဲ့ အာရှဒေသ အချို့နေရာတွေမှာလည်း ရှားရှားပါးပါးဆိုသလို အနီရောင်ကေသာပိုင်ရှင်တွေ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယူကေနိုင်ငံမှာတော့ ဆံပင်အနီကို တန်ဖိုးထားစရာအဖြစ် မသတ်မှတ်ကြပါဘူး။ဘာကြောင့်လည်းဆိုတော့ အနီရောင်ဆံပင်ကို ရမယ်ရှာပြီး အနိုင်ကျင့်ခံရ၊ စနောက်ခံရတာမျိုးတွေ ကြုံကြရလို့ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်ကာလတော်တော်ကြာတဲ့အထိ အနီရောင်ဆံပင်ကို မကောင်းဆိုးဝါးရဲ့ သင်္ကေတလို့ လူတွေက မှတ်ယူခဲ့ကြပါတယ်။ ဂျာမနီရိုးရာပုံပြင်တွေမှာဆိုရင် ယုတ်မာတဲ့ စုန်းမကြီးတွေကို ဆံပင်နီနီ၊ မျက်လုံးစိမ်းစိမ်းနဲ့ မိန်းမကြီးတွေအဖြစ် ပုံဖော်လေ့ရှိတာကို လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။အနီရောင်ဆံကေသာပိုင်ရှင်တွေနဲ့ ယှဉ်တွဲနေတဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာတွေကတော့ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ အချစ်နှင့်ပတ်သက်လျှင် စိတ်ကူးယဉ်ဆန်တတ်ခြင်း၊ စိတ်ဆန္ဒပြင်းပြခြင်း၊ ညှို့ငင်ဆွဲဆောင်နိုင်ခြင်း၊ ဒေါသကြီးခြင်း၊ ပေါက်ကွဲတတ်ခြင်း၊ စိတ်မထိန်းနိုင်ခြင်း၊ ခေါင်းမာခြင်းတို့ပဲ ဖြစ်ပါတယ်။ရှားပါးတဲ့အမျိုးအစားထဲမှာ ပါဝင်တဲ့ သဘာဝရွှေရောင် ဆံကေသာပိုင်ရှင်တွေဟာ မြောက်ဥရောပနဲ့ အမေရိကမှာပဲရှိတယ်လို့ လူတွေက ယူဆထားကြပါတယ်။ ဒါပေမယ့် တောင်ပစိဖိတ်ဒေသက ဆော်လမွန်ကျွန်းစုတွေမှာ နေထိုင်သူလူဦးရေရဲ့ ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းဟာလည်း ရွှေရောင်ကေသာပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ များသောအားဖြင့် ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးတွေဟာ သူတပါးအာရုံစိုက်မှုကို အလွန်အမင်း လိုလားကြတယ်လို့ ထင်ကြေးပေးကြသလို အိမ်ထောင်ကွာရှင်းမှုနှုန်းလည်း မြင့်မားတယ်လို့ စစ်တမ်းတစ်ခုက ဆိုထားပြန်ပါတယ်။မိန်းမဆန်ခြင်း၊ ပျိုမြစ်ခြင်း၊ ပြောတိုင်းယုံတတ်ခြင်း၊ နာခံတတ်ခြင်းတို့ဟာ ရွှေရောင်ဆံပင်ရှိသူတွေရဲ့ စရိုက်လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ပုရိသတွေက ဆံပင်ရွှေရောင်မလေးတွေကို ပိုပြီးသဘောတွေ့ကြတာ ဖြစ်ပါလိမ့်မယ်။ဒါကတော့ အာရှ၊ တောင်အမေရိကနဲ့ အာဖရိကဒေသတွေမှာ အများဆုံးတွေ့ရတဲ့ ဆံပင်အရောင် ဖြစ်ပါတယ်။ အညိုရင့်ရောင်ဆံကေသာဟာ အနီရောင်၊ ရွှေရောင်ကေသာတွေထက် ပိုပြီးစွဲဆောင်မှုရှိတယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။ နိုဘယ်လ်ဆုရရှိသူ အတော်များများဟာလည်း အညိုရင့်ရောင်ကေသာပိုင်ရှင်တွေ ဖြစ်ကြပြီး ဒါဟာ အကြောင်းမဲ့တော့ မဟုတ်လောက်ပါဘူး။ ဆံပင်အညိုရင့်ရောင်ရှိသူတွေကို အလုပ်ကြိုးစားသူတွေအဖြစ် တွေ့ရလေ့ရှိပေမယ့် ကြိုးစားသလောက် အလွယ်တကူလက်လျော့တတ်သူတွေလည်း ဖြစ်နေပြန်ပါတယ်။သူတို့တွေဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်လာရင် အခြားသူတွေထက် ပိုပြီးအလေးအနက်ထားတတ်ကြသလို တည်ငြိမ်မှုကို နှစ်ခြိုက်သူတွေလည်း ဖြစ်ပါတယ်။ အညိုရင့်ရောင်ကေသာရဲ့ အားနည်းချက်ကတော့ ထိပ်ပြောင်ဖို့ အခွင့်အလမ်းများခြင်းနဲ့ နီကိုတင်းစွဲလမ်းနိုင်ချေများခြင်းတို့ပဲ ဖြစ်ပါတယ်။ရွှေရောင်ကေသာပိုင်ရှင် အမျိုးသမီးတွေကို အမျိုးသားတွေ ပိုအကြိုက်တွေ့တတ်သလိုပဲ အနက်ရောင်ကေသာပိုင်ရှင် အမျိုးသားတွေဟာလည်း အမျိုးသမီးတွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ပိုပြီးရယူနိုင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ လူတွေက အနက်ရောင်ကို နက်နဲခြင်း၊ အတွေးနယ်ချဲ့ခြင်း၊ တွေးတောဆင်ခြင်တတ်ခြင်း၊ အလေးအနက်ထားတတ်ခြင်း ဆိုတဲ့ လက္ခဏာရပ်တွေနဲ့ တွဲပြီးရှုမြင်လေ့ရှိကြပါတယ်။ဆံကေသာကို အနက်ရောင်ဖြစ်စေတဲ့ ဒီအန်အေကုဒ်အစီအစဉ်ဟာ Non Hodgkins Lymphoma ဆိုတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်ပွားနိုင်ချေကို မြင့်မားစေပါတယ်။ ဆံပင်အနက်ရောင်ရှိသူတွေဟာ ဘာသာရေး၊ ကဗျာလင်္ကာနဲ့ ယုံကြည်သက်ဝင်မှုတို့ကို စိတ်ပါဝင်စားလေ့ရှိပါတယ်။ သူတို့ဟာ တကိုယ်ကောင်းဆန်တတ်ပေမယ့် မိမိကိုယ်ကိုယ် သံသယစိတ်ရှိသူတွေလည်း ဖြစ်နေပြန်ပါတယ်။ များသောအားဖြင့် ထူးချွန်တဲ့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ကုထုံးပညာရှင်တွေဟာ သဘာ၀ အနက်ရောင်ကေသာပိုင်ရှင်တွေ ဖြစ်ကြပါတယ်။Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%95%e1%80%bc/
တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများ
တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ဝှေးစေ့ကနေ အဓိကထုတ်လုပ်တဲ့ ဟော်မုန်းဖြစ်ပြီး အမျိုးသားများရဲ့ သွင်ပြင်ပုံစံနဲ့ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပါတယ်။ အမျိုးသားများရဲ့ လိင်စိတ်ဆန္ဒနဲ့ သုတ်ပိုးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။တက်စတိုစထရုန်း ဟော်မုန်း ထုတ်လုပ်မှုဟာ အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ အသက်ကြီးပိုင်းရောက်လာရင် လျော့နည်းသွားတတ်ပါတယ်။ အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ ပုံမှန်တက်စတိုစထရုန်း ပမာဏကတော့ 300 ng/dl ကနေ 1000 ng/dl ပဲ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးတာမို့ တက်စတိုစထရုန်း နည်းပါးခြင်းရဲ့ လက္ခဏာတွေကိုလည်း သတိပြုသင့်ပါတယ်။ အမျိုးသားများမှာ တက်စတိုစထရုန်း နည်းပါးလာတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။တက်စတိုစထရုန်း ဟော်မုန်း နည်းပါးခြင်း လက္ခဏာများကို ဆက်ကြည့်လိုက်ရအောင်နော်။တက်စတိုစထရုန်းဟာ အမျိုးသားများရဲ့ လိင်စိတ်ကို လှုံ့ဆော်ရာမှာ အဓိကကျပါတယ်။ အမျိုးသားအချို့ဟာ အသက်ကြီးလာတာနဲ့အမျှ လိင်စိတ်ဆန္ဒကျဆင်းလာတတ်တာ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် တက်စတိုစထရုန်းဟော်မုန်း နည်းပါးသူများဟာ ပုံမှန်ထက် လိင်စိတ်ဆန္ဒနည်းပါးနေတာကို တွေ့ရတတ်ပါတယ်။တက်စတိုစထရုန်း ဟော်မုန်းဟာ အမျိုးသားများ လိင်အင်္ဂါထောင်မတ်နိုင်အောင်လည်း အထောက်အကူ ပေးပါတယ်။ လိင်အင်္ဂါထောင်မတ်ခြင်းဟာ တက်စတိုစထရုန်း သက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ တက်စတိုစထရုန်းဟာ ဦးနှောက်ကို လှုံ့ဆော်ပြီး နိုက်ထရစ်အောက်ဆိုဒ်ကို ထွက်လာစေပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်ကစတဲ့ ဓာတ်ပြုဖြစ်စဉ်ကြောင့် လိင်အင်္ဂါထောင်မတ်လာရပါတယ်။ ဒါကြောင့် တက်စတိုစထရုန်း နည်းပါးခဲ့ရင် ပန်းညှိုးနိုင်ခြေ များပါတယ်။တက်စတိုစထရုန်းဟာ သုက်ရည်ထုတ်လုပ်ရာမှာလည်း အရေးပါပါတယ်။ သုက်ရည်ဟာ သုက်ပိုးတွေ ရွေ့လျားသွားလာနိုင်ဖို့ မရှိမဖြစ် အရေးကြီးပါတယ်။ တက်စတိုစထရုန်းနည်းပါးတဲ့အခါ သုက်ရည်ထွက်တာ နည်းသွားနိုင်ပါတယ်။တက်စတိုစထရုန်းဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဆံပင်များထွက်ခြင်းလည်း ပါဝင်ပါတယ်။ အသက်ကြီးလာပြီး တက်စတိုစထရုန်းလည်း နည်းပါးလာမယ်ဆိုရင် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတတ်ပါတယ်။တက်စတိုစထရုန်းဟော်မုန်း နည်းပါးသူ အမျိုးသားများဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေတတ်ပါတယ်။ အိပ်ရေးဝဝအိပ်ပေမယ့် ပင်ပန်းနွမ်းနယ်ခြင်းဟာ မပျောက်ဘဲ ခံစားနေရတတ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့ စိတ်မပါဖြစ်နေတတ်ပါတယ်။ခန္ဓာကိုယ်ကြွက်သားများကို တည်ဆောက်ရာမှာ တက်စတိုစထရုန်းဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ တက်စတိုစထရုန်းနည်းပါးသူ အမျိုးသားများရဲ့ ကြွက်သားထုထည်ဟာ သေးငယ်လာနိုင်ပါတယ်။ ဒါပေမယ့် ကြွက်သားတွေရဲ့ ထုထည်ကိုသာ သက်ရောက်ခြင်းဖြစ်ပြီး အင်အားအပေါ် ပြောင်းလဲခြင်း မဖြစ်စေပါဘူး။အမျိုးသားများ တက်စတိုစထရုန်းဟော်မုန်းနည်းပါးလာရင် ကိုယ်ခန္ဓာမှ အဆီတွေ များလာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ရင်သားမှာအဆီများလာပြီး ရင်သားကြီးခြင်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ အမျိုးသားများမှာ တက်စတိုစထရုန်းနဲ့ အီစထရိုဂျင် ဟန်ချက်မညီခြင်းကြောင့် ဖြစ်နိုင်ပါတယ်။အရိုးပွခြင်းဆိုတာ အမျိုးသမီးတွေနဲ့ပဲဆိုင်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် တက်စတိုစထရုန်း နည်းပါးသူ အမျိုးသားများလည်း ဒီပြဿနာကြုံရတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးလာသူ အမျိုးသားများဟာ အရိုးကျိုးပဲ့လွယ်လာခြင်း ဖြစ်ပါတယ်။တက်စတိုစထရုန်းကျဆင်းလာခြင်းဟာ စိတ်အပြောင်းအလဲ ဖြစ်စေပါတယ်။ တက်စတိုစထရုန်းဟာ ကိုယ်ခန္ဓာထဲက လုပ်ငန်းဆောင်တာတွေအများကြီးအပေါ် အကျိုးသက်ရောက်လို့ ဖြစ်ပါတယ်။ စိတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု မလုပ်နိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။တက်စတိုစထရုန်း ဟော်မုန်း ပမာဏရော သိမှတ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာနိုင်ပါတယ်။ တနည်းပြောရရင် တက်စတိုစထရုန်း ဟော်မုန်း ကျဆင်းလာခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။အမျိုးသားများမှာ တက်စတိုစထရုန်းနည်းပါးလာတဲ့အခါ ဝှေးစေ့အရွယ်အစားပါ သေးငယ်လာတတ်ပါတယ်။ ယောကျ်ားတန်ဆာနဲ့ ဝှေးစေ့ ဖွံ့ဖြိုးကြီးထွားဖို့ဆိုရင် တက်စတိုစထရုန်းဟာ အခရာကျပါတယ်။ တက်စတိုစထရုန်းနည်းပါးသွားရင် ယောကျ်ားတန်ဆာနဲ့ ဝှေးစေ့ဟာ အချိုးကျနစွာ မရှိတော့ဘဲ ဝှေးစေ့သေးငယ်သွားပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/low-testosterone-warning-signs/
ဆံပင်ဖြူသူတွေအတွက် အိမ်တွင်းကုထုံး
ဆံပင်ဖြူတာက အလှပျက်စေတယ်တဲ့အရာလား။ တစ်ခါတလေတာ့ဟုတ်ပါတယ်။ အထူးသဖြင့် အရွယ်မတိုင်ခင်ဆံပင်ဖြူရင်ပေါ့။ အရွယ်ရလာရင်ဆံပင်ဖြူမယ်ဆိုပေမယ့်အရွယ်မရောက်ခင်ဆံပင်ဖြူတာကတော်တော်လေးတော့ စိတ်ညစ်စေတဲ့အရာနော်။ ဆံပင်လေးများခပ်တင်းတင်းလေးစည်းလိုက်ရင် ဆံပင်ဖြူတွေက အတိုင်းသားပေါ်လာတော့တာပါပဲ။ ဒီပြဿနာကို စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ရင်း အတူတူဖြေရှင်းရအောင်လား။ အသက်။လူမျိုးစုတွေအလိုက်ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင်။ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်ကအသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။ကာကွယ်နိုင်တယ်၊ လို့ပဲဆိုရပါမယ်။နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့အလေ့အထတွေက ဆံပင်ဖြူနိုင်ခြေအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။ဆံပင်မဖြူစေဖို့ဆိုရင်။ဆံပင်ဖြူတာကို ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကတော့။အုန်းဆီ-ခေါင်းမလျှော်ခင်တစ်ရက်မှာ ဆံသားကို အုန်းဆီလိမ်းလို့ဦးရေပြားကို နှိပ်နယ်ပေးပါ။နောက်တစ်နေ့မနက်မှာခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။ချင်း (ဂျင်း)-နေ့တိုင်း ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားထဲမှာ ချင်း (ဂျင်း) အရွယ်တော်တစ်ပြားလောက်ထည့်စိမ်လို့ ပုံမှန်စားပေးပါ။ ချင်း (ဂျင်း) ကိုနုတ်နုတ်စဉ်းထားရင် ပိုအဆင်ပြေပါတယ်။ဇီးဖြူသီး-နေ့တိုင်း ဇီးဖြူသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်လေးတစ်ခွက်စာလောက်သောက်ပေးပါ။ ဒါမှမဟုတ် အုန်းဆီလေးထဲမှာ ဇီးဖြူသီးထည့်စိမ်ထားတဲ့ ဆီကိုဦးရေပြားမှာ လိမ်းပြီးနှိပ်နယ်ပေးပါ။နှမ်းနက်စေ့– တစ်ပတ်ကို ၃ ကြိမ်လောက် နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ စားသုံးပေးတာက ဆံပင်ဖြူတာကို သက်သာစေနိုင်ပါတယ်။ကြက်သွန်နီ–ကြက်သွန်နီကို ကြိတ်ပြီးရလာတဲ့အရည်ကို ဆံသားမှာလိမ်းပေးပြီး ခဏလောက်ထားလို့ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်လော် ပုံမှန်လုပ်ပေးပါ။မုန်လာဥနီဖျော်ရည်-နေ့တိုင်းမုန်လာဥနီဖျော်ရည်တစ်ခွက်သောက်သုံးတာက ဆံပင်ဖြူတာကို သိသိသာသာသက်သာစေမှာပါ။ပျဉ်းတော်သိမ်းရွက်– ပျဉ်းတော်သိမ်းရွက်ကိုဒိန်ချဉ်နဲ့ရောလို့ခေါင်းမလျှော်ခင်ပေါင်းတင်လိုက်ပါ။ တစ်ပတ်ကို ပုံမှန် ၃ ကြိမ်လောက်လုပ်ပေးရင် ဆံပင်ဖြူတာကို သိသိသာသာရပ်တန့်စေနိုင်မှာပါ။ဆံပင်ဖြူတာကို ရပ်တန့်နိုင်စေဖို့ ဒါတွေစားပေးလို့ရပါတယ်။ဆံပင်ဖြူတွေကြောင့် စိတ်ညစ်ခံမနေနဲ့တော့နော်။ အနှစ်သက်ဆုံးနည်းလမ်းတစ်ခုကိုရွေးပြီး ရပ်တန့်လိုက်ရအောင်လား…………………..။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%b9%e1%80%bb%e1%80%96%e1%80%b4%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9/
ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ
ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ ….. အမျိုးသားအများစုဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ဂလင်းတွေ ကြီးလာတဲ့ပြဿနာနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ဆီးကျိတ်ကင်ဆာနဲ့ မတူဘဲ ဆီးကျိတ်ကြီးနေတဲ့ ရောဂါကို Benign Prostatic Hyperplasia (BPH) – ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်းလို့ ခေါ်ပါတယ်။ဆီးအိမ်ရဲ့ အောက်နားမှာရှိနေတဲ့ ဆီးကျိတ်ဂလင်းက ကြီးလာတာနဲ့အမျှ ဆီးစွန့်ပြွန်ကနေ ထွက်လာတဲ့ ဆီးတွေကို ပိတ်ဆို့လိုက်ပါတယ်။ ဒီအခါမှာ ဆီးသွားရခက်တာက အဓိကပြဿနာဖြစ်လာပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါဟော်မုန်းမျှခြေ မငြိမ်တော့တာ၊ ဟော်မုန်းအပြောင်းအလဲများလာတာဟာ ဆီးကျိတ်ကြီးစေတဲ့ အဓိကတရားခံဖြစ်ပါတယ်။ အမြန်ဆုံး ကုသမှုခံယူမှသာ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကာကွယ်ပေးနိုင်မှာပါ။အဓိကဆီးလမ်းကြောင်းနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် ဆီးသွားနေတဲ့အချိန်၊ သုက်လွှတ်တဲ့အချိန်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာကို တွေ့လာမှာပါ။ ဒီပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေမှာ။၁။ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်တာ။ရေအများကြီးသောက်ရင်တော့ ဆီးသွားချင်တာ သဘာဝပါပဲ။ အဲ့လိုမဟုတ်ဘဲ ရေကိုလည်း ပုံမှန်သောက်တယ်၊ ခဏခဏလည်း ဆီးကသွားချင်နေတယ်၊ အထူးသဖြင့် ညဘက်တွေမှာ ထပြီးဆီးသွားတဲ့အကြိမ်ရေများလာပြီဆိုရင်တော့ ဆီးကျိတ်ကြီးလာတာကြောင့် ဖြစ်နိုင်ပါတယ်။ တစ်နေ့ကို ၈ကြိမ်ထက် မက ဆီးသွားတတ်ပြီး ဆီးသွားချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်မရတာကြောင့် ဆီးထွက်ကျတာ၊ ဆီးမအောင့်နိုင်တာမျိုးပါ ဖြစ်နိုင်ပါတယ်။၂။ ဆီးသွားရခက်ခဲတာ။ဆီးကျိတ်က ကြီးနေတဲ့အခါ ဆီးစွန့်ပြွန်ကို ဖိအားသက်ရောက်တဲ့အတွက် ဆီးအိမ်မှ လိင်တံတွင်း ဆီးသွားနှုန်းက ပိတ်သွားပါတယ်။ ဒီအခါမှာ ဆီးသွားရခက်သွားတယ်၊ ဆီးသွားပြီးရင်လည်း ဆီးအကုန်မထွက်သွားဘဲ အထဲမှာ ဆီးကျန်သလို ဖြစ်နေတတ်တယ် ဒါမှမဟုတ် ဆီးက တစ်စက် တစ်စက်နဲ့ ကျနေသေးတာမျိုး ဖြစ်တတ်ပါတယ်။၃။ ဆီးသွားနေစဉ်၊ သုက်လွှတ်နေစဉ် နာကျင်ခြင်း။ဆီးသွားဖို့ အခက်အခဲဖြစ်ရုံသာမကသုက်လွှတ်နေစဉ်မှာ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ သုက်ပို့ပြွန်အတွင်း ပိုးကူးစက်ခံရတာ ဖြစ်နိုင်သလို ဆီးကျိတ်ကြီးခြင်းရဲ့ နောက်ဆက်တွဲဝေဒနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။၄။ ဆီးထဲ သွေးပါလာတာ။ဆီးသွားနေစဉ် သွေး သို့မဟုတ် အရောင်နက်နက် ဖြစ်နေတာ၊ ပုံမှန်မဟုတ်တဲ့ အနံ့တစ်မျိုးရနေတာတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးကျိတ်ပေါ်ကသွေးကြောတွေ ပိုကျယ်သွားတဲ့အတွက် ဆီးထဲ သွေးပါလာတတ်ပါတယ်။၅။ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း။ဆီးသွားဖို့ အခက်အခဲဖြစ်တာမဟုတ်ဘဲ လုံးဝသွားမရအောင် ဆီးလမ်းကြောင်း ပိတ်သွားတဲ့အခြေအနေမျိုးမှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးမှုပြုလုပ်ပြီး ဆီးအိမ်ကနေ ဆီးစွန့်ထုတ်ဖို့ ဆီးပိုက်တစ်မျိုးထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆီးကျိတ်က ဘယ်လောက်ကြီးနေလဲဆိုတာပေါ် မူတည်ပြီး လိုအပ်ရင် ခွဲစိတ်ကုသမှု ခံယူရမှာပါ။၆။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။ဆီးကို ကုန်စင်တဲ့အထိ သွားလို့မရဘူးဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တတ်ပါတယ်။ ဆီးအိမ်ထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားလာတဲ့ အကြောင်းရင်းကြောင့် ဆီးလမ်းကြောင်း ပိုးဝင်သွားတဲ့အပြင် ဆီးမှ မကောင်းတဲ့အနံ့ဆိုးထွက်နေတာ၊ သွေးပါလာတတ်ပါတယ်။၇။ ဆီးအိမ်အတွင်း ကျောက်တည်ခြင်း။ဆီးကျိတ်ကြီးတာကို သိနိုင်မယ့် နောက်ထပ် လက္ခဏာတစ်ခုကတော့ ဆီးအိမ်အတွင်း ကျောက်တည်နေတာပါပဲ။ ဆီးကျိတ်ကြီးတာကြောင့် ဆီးအိမ်အတွင်း  ဆီးကျန်ပြီး ကြာလာတဲ့အခါ ကျောက်တည်လာပါတယ်။ ဆီးအိမ်အတွင်းမှာ ကျောက်တည်တဲ့အခါ ပိုးဝင်တာ၊ ဆီးထဲ သွေးပါလာတာ၊ ဆီးအိမ်က ယားယံသလို ခံစားရတာ၊ ဆီးသွားနေစဉ် တစ်ဆို့ဆို့ကြီး ဖြစ်တာ အစရှိတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။၈။ ဆီးအိမ်၊ ကျောက်ကပ်ပျက်စီးလာမယ်။ဆီးအိမ်အတွင်း ဆီးတွေ ကျန်နေတာကြာလာရင် တဖြည်းဖြည်း ကျုံ့ပြီးအားနည်းလာမယ်။ ဆီးအိမ်ရဲ့ ကြွက်သားနံရံတွေမှာ သဘာဝအတိုင်း ကျုံ့နိုင်၊ ဆန့်နိုင်ခြင်း နည်းသွားပြီး ဆီးသွားဖို့ ပိုပြီးအခက်အခဲဖြစ်လာမယ်။ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် ဆီးအိမ်မှာ ဖိအားတွေ သက်ရောက်ပြီး နောက်ဆက်တွဲကျောက်ကပ်ပါ ထိခိုက်ပျက်စီးလာမယ်။ ဆီးအိမ်ကနေ အစတည်လာခဲ့တဲ့ ရောဂါပိုးတွေဟာ ကျောက်ကပ်အထိပါ ဝင်ရောက်လာပြီး ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။အပေါ်မှာ ပြထားတဲ့ ဆီးကျိတ်ကြီးခြင်း လက္ခဏာတွေ တွေ့နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ကျန်းမာရေးမှတ်တမ်းအပြင် တခြားလိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ပြီး ရောဂါရှိကြောင်း အတည်ပြုပြီးမှသာ ဆရာဝန်အနေနဲ့ ဘယ်လိုကုသမှုတွေ လုပ်ပေးနိုင်မလဲ၊ ခွဲစိတ်ဖို့ လိုအပ်လားဆိုတာကို အကြံပေးပါလိမ့်မယ်။ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း ဖြစ်တဲ့အတွက် ပျောက်ကင်းသက်သာဖို့ အခွင့်အလမ်းကတော့ ပိုပြီးများနိုင်ပါတယ်။ ဆရာဝန်နဲ့မပြခင်မှာ တစ်နေ့အတွင်း ကိုယ့်ရဲ့ ဆီးသွားတဲ့အကြိမ်ရေကို သေချာမှတ်ထားဖို့နဲ့ သောက်နေတဲ့ ဆေးဝါးတွေအကြောင်း အကုန်အစင် ပြောပြဖို့လည်း အရေးကြီးပါတယ်။ အပ်နဲ့ ထွင်းရမယ့်ပြဿနာ ပုဆိန်နဲ့ မပေါက်ရလေအောင် စောစီးစွာ ကုသမှုခံယူရင် အဆင်ပြေသွားပါလိမ့်မယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/symptoms-of-bph-in-men/
ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။
ခေါင်းကိုက်လိုက်တာ…… ပြောတော့သာ ဘာမှမဟုတ်သလိုနော်။ ခေါင်းကိုက်ရင် အတော်ခံရခက်ပါတယ်။ အာရုံစိုက်ဖို့ ခက်သလို အလုပ်တွေကိုလည်း သေချာ မလုပ်နိုင်တော့ပါဘူး။ခေါင်းကိုက်တာက ဆေးခန်းပြလောက်အောင် မပြင်းထန်ပေမယ့်နေ့စဉ်ဘဝကို အတော်လေး ထိခိုက်စေတယ်ဆိုတာ ခေါင်းကိုက်ဖူးသူတိုင်း သိမှာပါ။ ခေါင်းကိုက်တာကို မခံစားဘူးသူရယ်ဆိုတာလည်း ခပ်ရှားရှားနေမှာပါ။ကဲ …… ခေါင်းကိုက်လို့ စိတ်ညစ်နေသူတွေ ရှိလား…….. ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ခေါင်းကိုက်တာကြောင့် တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။ခေါင်းကိုက်လာတဲ့အခါ ရေတစ်ခွက်ကို ကုန်အောင် သောက်လိုက်ပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းကရေဓာတ်မလုံလောက်တာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံး ရေသောက်ဖို့ ပြောပါရစေ။လက်ဖက်စိမ်း ရေနွေးကြမ်း၊ ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ရေနွေးကြမ်းတွေက ခေါင်းကိုက်တာကို သက်သာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင် ရေနွေး ခပ်နွေးနွေးလေး တစ်ခွက်လောက် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။ခေါင်းကိုက်လာတဲ့အခါ ပရုတ်အေးနဲ့ လုပ်ထားတဲ့ ဆေးပလာစတာ ကပ်ပေးတာကလည်း ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ပရုတ်အေးရဲ့ ရနံ့က စိတ်ကြည်လင်စေပြီး  ပူရှိန်းရှိန်း ခံစားရမှုက ခေါင်းကိုက်တာကို သက်သာစေမှာပါ။ ဆေးပလာစတာ ရွေးတဲ့အခါ ခေါင်းကိုက်တာလည်း သက်သာ၊ အရေပြား လောင်တာကနေလည်း ကင်းစေဖို့ လေဝင်လေထွက်ကောင်းပြီး ချည်သားနဲ့ လုပ်ထားတဲ့ ပလာစတာမျိုးကို ရွေးသင့်ပါတယ်။ခေါင်းကိုက်လာတဲ့အခါ ဇက်ကြော နဲ့ ဦးရေပြားကို ခပ်ဖွဖွလေး နှိပ်ပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ ခပ်ဖွဖွလေး နှိပ်ပေးတာကိုလည်း စမ်းကြည့်သင့်ပါတယ်။(၅)တရားထိုင်ပါ။ခေါင်းကိုက်လာတဲ့အခါ ဆိတ်ငြိမ်တဲ့ နေရာမှာ မျက်လုံးလေး မှိတ်လို့ ငြိမ်ငြိမ်လေး ထိုင်ပြီး ဝင်သက်ထွက်သက် မှတ်ပေးတာက ခန္ဓာကိုယ်ကို အနားရစေပြီး ကြွက်သားတွေကို ပြေလျော့စေတာ​ကြောင့် ခေါင်းကိုက်တာကို သက်သာစေမှာပါ။(၆)ကော်ဖီ။ကဖင်းက သင့်တင့်တဲ့ ပမာဏဆိုရင် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ ကော်ဖီ နည်းနည်းလောက် သောက်ပေးတာက ခေါင်းကိုက်တာကို သက်သာစေမှာပါ။(၇)ရေခဲဝတ်တင်ပါ။ခေါင်းကိုက်လာတဲ့အခါ တင်းအားတွေ ပြေလျော့စေဖို့ နဖူးပေါ်ကို ရေခဲဝတ် တင်ပေးတာကလည်း ထိရောက်တဲ့ နည်းလမ်း တစ်ခုပါ။ ၁၅ မိနစ် ကပ်ပြီးတိုင်း ၁၅ မိနစ် ပြန်နားဖို့တော့ သတိပြုပါ။ အအေး တအား များရင် အသားအရေ ထိခိုက်တာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။(၈)ရေနွေးဝတ်ကပ်ပါ။ခေါင်းတစ်ဝိုက် ပတ်ချာလည် တင်းပြီးကိုက်တဲ့အခါ ရေနွေးဝတ် ကပ်ပေးတာကလည်း အထိရောက်ဆုံး နည်းလမ်း တစ်ခုပါ။ ရေနွေးဝတ်ကို ဇက်ကြော နဲ့ နောက်စေ့ကို ကပ်ပေးပါ။ ၁၅ မိနစ်လောက်ပေါ့။ဒီလို ကပ်ပေးတာက ကြွက်သားတွေ ပြေလျော့စေပြီးသွေးစီးဆင်းမှုကောင်းစေလို့ ခေါင်းကိုက်တာကို သက်သာစေမှာပါ။(၉)အိပ်စက်အနားယူပါ။ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုက အိပ်ရေးပျက်တာပါ။ ဒါကြောင့် ခေါင်းကိုက်တာ သက်သာစေဖို့ဆိုရင် ခဏလောက် သက်သောင့်သက်သာ အိပ်စက် အနားယူဖို့ ပြောပါရစေ။ကဲ……… ခေါင်းကိုက်တာကြောင့် စိတ်ညစ်မနေနဲ့တော့နော်။ ဒီနည်းလေးတွေ သုံးပြီး ဖြေရှင်းကြည့်လို့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချလိုက်နော်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/simple-tricks-for-fast-relief-of-headaches/
အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဒီလိုကာကွယ်ပါ
ရွယ်တူသူငယ်ချင်းတွေက ဆံပင်မဖြူဘဲ ကိုယ်ကပဲဆံပင်တွေဖြူနေတာစဉ်းစားရလွန်းလို့လား၊ခေါင်းသုံးရလွန်းလို့လား။ဆံပင်တွေအရွယ်မတိုင်ခင်ဖြူရတာခေါင်းသုံးရလွန်းလို့ဖြစ်နိုင်သလို ဒီအချက်တွေကြောင့်လည်းဆံပင်ဖြူရတာပါ။ ဘာတွေကြောင့်များလဲ၊ ဆင်ခြင်ချင်တယ်လေဆိုရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော် Helloဆရာဝန်ပရိသတ်ကြီးရေ…….။လူမျိုးစုတွေအလိုက်ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင် အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပြီး အမေရိကန်လူမျိုးတွေလည်း ထိုနည်းလည်းကောင်းပါပဲ အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။ အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။ ကိုယ်တွေကလည်း အာရှနွယ်ဖွားပါပဲ။ ဒါပေမယ့် အသက် ၂၀ကျော်စလောက်ကတည်းက ဆံပင်စဖြူနေပြီဆိုရင်တော့အရွယ်မတိုင်ခင်ဆံပင်ဖြူနေတယ်လို့ဆိုရတော့မပေါ့။ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်ကအသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။ရွယ်တူတွေ ဆံပင်မဖြူခင် ဆံပင်အရင်ဖြူတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ဗီတာမင် ချို့တဲ့မှုကြောင့်။ခန္ဓာကိုယ်မှာ ဗီတာမင် B6၊ B12၊ ဗီတာမင် D၊ဗီတာမင် Eတွေချို့တဲ့တာက အရွယ်မတိုင်ဆံပင်ဖြူတာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်တွေပြည့်ဝအောင် ဂရုစိုက်ဖို့လည်းလိုပါမယ်။မျိုးဗီဇကြောင့်။မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေက ငယ်ငယ်နဲ့ဆံပင်ဖြူခဲ့တယ်ဆိုရင်တော့ ကိုယ်တိုင်ကလည်း ငယ်ငယ်နဲ့ဆံပင်ဖြူမယ်ဆိုတာ အသေအချာပါနော်။Oxidative stressတွေကြောင့်။ခန္ဓာကိုယ်မှာ Oxidative Stressတွေများလာတာက ရောဂါတွေဖြစ်စေနိုင်သလို မယ်လာနင်ဆဲလ်တွေသေဆုံးမှုများပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူတာကိုဖြစ်စေနိုင်ပါတယ်။သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်။ခန္ဓာကိုယ်မှာရောဂါတစ်ခုခုရှိတာကြောင့်ဆေးတွေသောက်သုံးနေရတာကလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။စိတ်ဖိစီးမှုများတဲ့ ဘဝနေထိုင်မှုပုံစံကြောင့်။နေ့တိုင်းလိုလိုရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ။ခေါင်းစားရတဲ့ ကိစ္စတွေကလည်း သင့်ရဲ့ဆံနွယ်လေးတွေကို အရွယ်မတိုင်ခင် အရောင်ပြောင်းသွားစေနိုင်ပါတယ်။ဆေးလိပ်သောက်သုံးတာကြောင့်။ဆေးလိပ်သောက်သုံးသူတွေက အခြားသူတွေထက် အရွယ်မတိုင်ခင် ဆံပင်ဖြူနိုင်ခြေက ၂၀ ရာခိုင်နှုန်းကျော်လောက်ပိုများနေတယ်၊လို့ ၂၀၁၃ ခုနှစ်က အီတလီမှာလုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ဆံပင်ဆိုးဆေးတွေနဲ့အခြားဆံသားအတွက်သုံးတဲ့ ဓါတုပစ္စည်းတွေကြောင့်။ဆံပင်ဆိုးဆေးတွေ၊ခေါင်းလျှော်ရည်တွေနဲ့ အခြားဆံသားအတွက်သုံးတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်း အရွယ်မတိုင်ခင်ဆံပင်ဖြူတာတွေဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ဒီပစ္စည်းတွေထဲမှာပါတဲ့ ပါဝင်ပစ္စည်းအချို့က မယ်လာနင်တွေကို ပျက်စီးစေတာကြောင့်ပါ။အရွယ်မတိုင်ခင် ဆံပင်မဖြူစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အကောင်းဆုံးကူညီပေးနိုင်မှာပါ။အာဟာရပြည့်ဝအောင်စားပါ။ဆံပင်ဖြူရတဲ့အကြောင်းအရင်းထဲမှာပါဝင်နေတာတစ်ခုက ဗီတာမင် ချို့တဲ့တာကြောင့်ဆိုတော့ ဗီတာမင် ချို့တဲ့မှုမဖြစ်စေဖို့နေ့စဉ်စားသုံတဲ့အစားအစာတွေထဲမှာ ဗီတာမင် B12၊ ဗီတာမင် D၊ ဗီတာမင် E၊ ဗီတာမင် A၊ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊သံဓာတ်၊ကော့ပါးတို့ပါဝင်အောင်စားသုံးပေးပါ။ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊သံလွင်ဆီ၊ ငါး၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊အခွံမာသီးနဲ့ ပဲအမျိုးမျိုးတို့ စားသုံးပေးလို့ရပါတယ်။ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်သောက်သုံးမှုကလည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်စေသလို ဆံသားတွေကိုလည်း အရွယ်မတိုင်ခင် အရောင်ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင်ဆေးလိပ်ဖြတ်ဖို့ အကြံပြူချင်ပါတယ်။သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုပါ။ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကဆံသားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေ ထိခိုက်ပျက်စီးမှုကင်းစေဖို့ ဆံပင်ကို သဘာဝခေါင်းလျှော်ရည်ဖြစ်တဲ့တရော်ကင်ပွန်းသီးတို့လိုမျိုး၊ပန်းသီးရှာလကာရည်တို့လိုမျိုးကိုပဲသုံးပြီး လျှော်စေချင်ပါတယ်။ကဲ…… အရွယ်မတိုင်ခင်ဆံပင်ဖြူတာကိုဖြစ်စေတဲ့အကြောင်းအရင်းလေးတွေ၊ လိုက်နာရမှာလေးတွေကို သိနေပြီဆိုတော့ အခုပဲ အကောင်အထည်ဖော်လိုက်တော့နော်……..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%80%b9%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%81%e1%80%84%e1%80%b9-%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%b9%e1%80%bb%e1%80%96/
Abdominal Migraine (ဝမ်းဗိုက်တစ်ခြမ်းအောင့်ခြင်း)
နာမည်ပေးထားသလိုပဲ ဝမ်းဗိုက်တစ်ခြမ်း အောင့်ခြင်းဆိုတာ ခေါင်းကိုက်သလိုပဲ ဖြစ်ပါတယ်။ အလွန်နာကျင်တတ်ပြီး ပျို့ချင်အန်ချင်တာ၊ ကြွက်တတ်တာ၊ အန်တာ အထိ ဖြစ်တတ်ပါတယ်။ခေါင်းတစ်ခြမ်းကိုက် မိုင်ဂရိန်းရောဂါ ရှိတဲ့ မိသားစုဝင်တွေ ရှိမယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးတွေမှာ ဝမ်းဗိုက်တစ်ခြမ်း အောင့်ခြင်း (ဝမ်းဗိုက်မိုင်ဂရိန်း) ဖြစ်တတ်ပါတယ်။ဝမ်းဗိုက်မိုင်ဂရိန်း ရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့ အမျှ မိုင်ဂရိန်းခေါင်းကိုက်ဝေဒနာကို ခံစားရတတ်ပါတယ်။ မွေးကင်းစကလေးတွေ၊ လေးဖက်ထောက်စ ကလေးတွေ၊ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက် လူငယ် တွေမှာ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်မိုင်ဂရိန်း ဟာ နောက်ပိုင်းမှာ မိုင်ဂရိန်း ဝေဒနာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ လူကြီးတွေမှာ ဆိုရင် ပြင်းထန်တဲ့ ဝမ်းဗိုက်မိုင်ဂရိန်း ကမိုင်ဂရိန်းခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ အစာအိမ်မိုင်ဂရန်း လို့လည်း ရံဖန်ရံခါ ခေါ်လေ့ရှိပါတယ်။ဝမ်းဗိုက်မိုင်ဂရိန်းကို လူကြီးတွေမှာ စမ်းသပ်မတွေ့ရှိနိုင်ပါဘူး။ ဒါကြောင့် လူကြီး အမျိုးသား၊ အမျိုးသမီးတွေ က ဝမ်းဗိုက်မိုင်ဂရိန်း ရောဂါလက္ခဏာတွေကို ခံစားရတဲ့ အခါ တခြား ဖြစ်နိုင်ချေ ရောဂါလက္ခဏာတွေ (ဥပမာ – နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ reflux ၊ lactose intolerance) ကို အရင်ဆုံးစဉ်းစားပါတယ်။လေ့လာချက်တချို့ကတော့ ကလေးငယ် ၁ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းလောက်အထိဟာ ကလေးဘဝမှာ ဝမ်းဗိုက်တစ်ခြမ်းအောင့်ခြင်းကို ခံစားရတယ် လို့ ဆိုပါတယ်။ ဝမ်းဗိုက်မိုင်ဂရိန်း ရှိတဲ့ ကလေးငယ်ရဲ့ မိသားစုရာဇဝင်မှာ မိုင်ဂရိန်း ခေါင်းတစ်ခြမ်းကိုက် ရောဂါ ရှိတဲ့ မိသားစုဝင်တွေ ရှိနေတတ်ပါတယ်။ ဝမ်းဗိုက်မိုင်ဂရိန်းရောဂါရဲ့ ကေ့စ် ၆၅ ရာခိုင်နှုန်း လောက်မှာ မိသားစုအတွင်း မိုင်ဂရိန်း ရောဂါ ဒါမှမဟုတ် အကြောင်းရင်းတစ်စုံတစ်ရာမရှိပဲ မူးဝေအော့အန်တတ်တဲ့ ရာဇဝင်ရှိနေတတ်ပါတယ်။ဝမ်းဗိုက်တစ်ခြမ်းအောင့်ခြင်းရဲ့ လက္ခဏာတွေ အများကြီးရှိပါတယ်။ ကနဦးလက္ခဏာတွေကတော့ ခန္ဓါကိုယ်အလယ်ပိုင်း ဒါမှမဟုတ် ဝမ်းဗိုက်အောက်ခြေနား တစ်ဝိုက် နာကျင်နေပါလိမ့်မယ်။ ဆရာဝန်တွေကတော့ midline abdominal pain လို့ခေါ်တတ်ပါတယ်။ တခြား လက္ခဏာတွေ ကတော့-။အစောပိုင်းစမ်းသပ်ကုသတာက အခြေအနေပိုဆိုးမလာအောင်၊ တခြားအရေးပေါ်အခြေအနေတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ တတ်နိုင်သမျှ မြန်မြန်ပဲ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။ဝမ်းဗိုက်မိုင်ဂရိန်းကို ဘာကဖြစ်စေသလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ သီအိုရီတစ်ခုအရဆိုရင် ခန္ဓါကိုယ်တွင်းက ဒြပ်ပေါင်း ဟာစတာမိုင်း နဲ့ ဆီရိုတိုနင် တို့ရဲ့ ပမာဏတွေ ဟာ ပြောင်းလဲသွားမယ် ဆိုရင် ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ စိတ်အလိုမကျဖြစ်တာ၊ ပူပန်သောက ရောက်တာတွေကလည်း ဝမ်းဗိုက်မိုင်ဂရိန်းကို ဖြစ်စေတယ် လို့ ယူဆကြပါတယ်။ ချောကလက်၊ အချိုမှုန့်ပါတဲ့ အစားအစာတွေ နဲ့ နိုက်ထရိတ် ဓါတ်ပါဝင်တဲ့ ပြုပြင်ထားတဲ့ အသားတွေကလည်း ဝမ်းဗိုက်မိုင်ဂရိန်းကို ဖြစ်စေနိုင်ပါတယ်။လေအမြောက်အမြား မျိုချမိခြင်းကလည်း တူညီတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ ရင်ပြည့်ရင်ကယ် ဖြစ်တာနဲ့ အစာစားရာမှာ ခက်ခဲတာမျိုးတွေ ဖြစ်စေပါတယ်။အောက်ပါအခြေအနေကို ကြုံတွေ့နေရမယ် ဆိုရင် ဝမ်းဗိုက်မိုင်ဂရန်း ဖြစ်ဖို့ အန္တရာယ်ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကလေးတွေမှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်မိုင်ဂရန်း နဲ့ ပုံမှန် ဗိုက်အောင့်ခြင်း ၊ stomach flu ဒါမှမဟုတ် အစာအိမ်၊အူ နဲ့ ပတ်သက်တဲ့ အခြား ပြဿနာတွေ ကို ခွဲရခက်ပါတယ်။ ဝမ်းဗိုက်မိုင်ဂရိန်းက မိသားစု အတွင်းမှာ ဖြစ်တတ်တဲ့ အတွက်ကြောင့် မိသားစုရာဇဝင်မှာ မိုင်ဂရိန်း ခေါင်းကိုက်ရောဂါ ရှိ၊ မရှိကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။ဝမ်းဗိုက်အောင့်ခြင်းကို ဖြစ်စေတဲ့ အခြား အကြောင်းရင်းတွေကို ရှာဖွေဖို့ ကြိုးစားပါလိမ့်မယ်။ ကလေးဆီမှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေက ဝမ်းဗိုက် မိုင်ဂရိန်းရဲ့ လက္ခဏာတွေနဲ့ ဘယ်လောက်တူနေမလဲ ဆိုတာ အသေးစိတ်ကြည့်ပါလိမ့်မယ်။ဝမ်းဗိုက်မိုင်ဂရိန်းရှိနေပြီလို ဆရာဝန်က သံသယ ဖြစ်မယ်ဆိုရင်တော့ အိပ်စ်ရေး ဒါမှမဟုတ် အာထရာဆောင်း ရိုက်ရပါလိမ့်မယ်။တစ်ခါတစ်လေမှာတော့ ဘာက ပြဿနာ ဖြစ်နေသလဲဆိုတာကို သိရင် ကုရတာပိုလွယ်ပါတယ်။ ဝမ်းဗိုက်မိုင်ဂရိန်း ရောဂါအကြောင်းနဲ့ ပတ်သက်ပြီး သေချာမသိရသေးပေမယ့် ဆရာဝန်တွေကတော့ တခြား မိုင်ဂရိန်းရောဂါတွေလိုပဲ ကုတတ်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေ အခြေအနေ ပိုမဆိုးလာသရွေ့တော့ ဆေးမညွှန်းပေးပါဘူး။ rizatriptan (Maxalt) နဲ့ triptans လို့ခေါ်တဲ့ sumatriptan (Imitrex) စတဲ့ ဆေးဝါးတွေကို ကလေးတွေ အတွက် သောက်သုံးခွင့်မပြုပါဘူး။ အသက်နည်းနည်းကြီးတဲ့ ကလေးတွေကတော့ sumatriptan ကို နှာခေါင်းဖြန်း စပရေး အဖြစ်အသုံးပြု နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။ဝမ်းဗိုက်မိုင်ဂရိန်းကို ထိန်းချုပ်နိုင်မယ့် နေထိုင်မှု ပုံစံ နဲ့ အိမ်တွင်း ကုထုံးတွေက ဘာတွေ ဖြစ်မလဲ။လိုက်နာသင့်တဲ့ အချက်အချို့ရှိနေပါတယ်။မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/abdominal-migraine-%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%99%e1%80%ba%e1%80%b8%e1%80%a1%e1%80%b1%e1%80%ac/
Stomach Cancer (အစာအိမ် ကင်ဆာ)
အစာအိမ်ကင်ဆာ ဆိုတာ အစာအိမ်မှာ ကင်ဆာဆဲလ် ပေါက်ဖွားလာခြင်း ဖြစ်ပါတယ်။ အစာအိမ်ထဲက ဆဲလ်တွေ ကင်ဆာအဖြစ် ကြီးထွားမှုများလာတဲ့ အချိန်မှာ ဖြစ်လာပါတယ်။ အစာအိမ်ကင်ဆာဟာ အဖြစ်များတဲ့ ရောဂါဖြစ်ပြီး တခြားအင်္ဂါတွေကို ပျံ့နှံ့နိုင်ပါတယ်။ သေချာကူသမှု မပြုလျှင် အသက်ဆုံးရှူံးနိုင်စေပါတယ်။အသက်အရွယ် မရွေး ကင်ဆာဖြစ်နိုင်ပါတယ်။ သို့သော်လည်း အသက် ၄၀ အထက် အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အစာအိမ်ကင်ဆာအဆင့်နုသေးတဲ့ လူနာတွေမှာ ရောဂါလက္ခဏာတွေ ပြခင်မှ ပြဦးမှာပါ။ ကင်ဆာရင့်လာတာနဲ့ အမျှ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ နှင့် အစားအသောက်ပျက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ တခြားလက္ခဏာတွေ အနေနဲ့ အစာစားပြီး ရင်ပြည့်ခြင်း၊ အစာမျိုရ ခက်ခြင်း၊ နှလုံးအောင့်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းသွေးပါခြင်း၊ အလုံးအခဲ စမ်းမိခြင်း၊ အစာစားပြီး ဗိုက်တင်းခြင်းနှင့် ဝမ်းဗိုက်ဖောခြင်း တို့ဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်ပွားစေသည့် အကြောင်းအရင်းကို သေချာ မသိရသော်လည်း တချို့သော အကြောင်းအရာတွေက ဒီရောဂါကို ဖြစ်လာစေနိုင်မှု မြင့်မားပါတယ်။ nitrates များတဲ့ အစားအစာတွေက ဒီကင်ဆာကို ဖြစ်ပွားနိုင်ချေများ ပါတယ်။ nitrates (နိုက်ထရိတ်) ( မီးဖုတ်ထားတဲ့၊ ဆားဖြူးထားတဲ့ အစာတွေမှာတွေ့ရနိုင်) တွေကို bacteria တွေက nitrites အဖြစ်ပြောင်းစေပြီး nitrites က ကင်ဆာဖြစ်စေပါတယ်။ helicobacter pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ကူးစက်ခံထားရတဲ့ အစာအိမ်ရှိတဲ့ လူတွေမှာ အစာအိမ်ကင်ဆာဖြစ်လာဖို့ အလားအလာ များပါတယ်။အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ အစာအိမ်ကင်ဆာ မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အစာအိမ်ကင်ဆာ ရှိမရှိစစ် ဆေးနိုင်တဲ့ နည်းလမ်းတွေကတော့။ကင်ဆာပျံ့နှံ့မှု အခြေအနေပေါ်မူတည်ပြီး ကုသမှု အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ခွဲစိပ်ခြင်းကတော့ ပျောက်ကင်းဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါတယ်။ ခွဲစိပ်မှုမှာ အစာအိမ်အပိုင်းတစ်ခု ခွဲထုတ်ခြင်းဖြင့် ကင်ဆာကို ဖယ်ရှားခြင်း(subtotal gastrectomy) သို့ အစာအိမ်တစ်ခုလုံးနီးပါး ဖယ်ထုတ်ခြင်းတို့ ပါဝင်ပါတယ်။ ကင်ဆာရင့်နေပြီ ဖြစ်တဲ့ လူတွေနဲ့ ခွဲစိပ်လို့မရနိုင်တဲ့ သူတွေ အတွက်ကတော့ ကင်ဆာဆေးသွင်းခြင်း သို့ ဓါတ်ရောင်ခြည်ပေးခြင်းများ လုပ်နိုင်သော်လည်း ထိုနည်းလမ်းတွေကတော့ ကင်ဆာကို လုံးဝမပျောက်ကင်းစေနိုင်ပါဘူး။ တချို့လူတွေမှာ ခွဲစိပ်ပြီး လမ်းကြောင်းလွှဲခြင်းဖြင့် ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစာအိမ်ကင်ဆာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။• ဆေးလိပ်မသောက်ပါနဲ့။• သစ်သီး နှင့် ဟင်းသီးဟင်းရွက်ပါဝင်တဲ့ ကျန်းမာတဲ့ စားသောက်မှုကို ပြုကျင့်ပါ။• ဆာများပြီး မီးခိုးကျပ်တိုက် အစာတွေကို ရှောင်ပါ။• အရက်မသောက်ပါနဲ့။• အစာအိမ်ကင်ဆာ အခြေအနေကို စောင့်ကြည့်ရန် အချိန်မှန်မှန် အစာအိမ် မှန်ပြောင်း ကြည့်ပေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/stomach-cancer-cancer/stomach-cancer-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%b9-%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
သင်က ဘယ်လို ခန္ဓါကိုယ်အမျိုးအစားပိုင်ရှင်လဲ
လူသားတွေရဲ့ ကိုယ်ခန္ဓါဟာ ဆန်းသစ်တဲ့ အသေးစိတ်ကျမှုတွေနဲ့ လုပ်ငန်းဆောင်တာတွေ ပေါင်းစပ်ထားတဲ့ ရှုပ်ထွေးတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ အရိုးကြွက်သားတွေနဲ့ ပုံဖေါ်ထားမှုနဲ့ ကြွက်သားတွေနဲ့ အဆီတွေ ဖြန့်ဝေမှုပေါ်မူတည်ပြီး ကိုယ်ခန္ဓါပုံစံဆိုတာ ဖြစ်လာတာ ဖြစ်ပါတယ်။ အသက် ဆယ့်ရှစ်နှစ်လောက်ရောက်တဲ့အခါ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါကို သေချာစွာ သတ်မှတ်လို့ရနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘဝပုံစံတွေ ပြောင်းလဲ သွားချိန်မှာတော့ ကိုယ်ခန္ဓါတွေဟာလည်း ပြောင်းလဲသွားကြတာ ဖြစ်ပါတယ်။ယေဘုယျအားဖြင့် လူတွေဟာ ကိုယ်ခန္ဓါပုံစံနဲ့ပတ်သက်ပြီး သိပ်ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ပထမဦးစွာ ကိုယ်ခန္ဓါပုံစံကို သေချာစွာသိရှိခြင်းဟာ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားရွေးချယ်မှုမှာ အသုံးဝင်ပါတယ်။ ဥပမာ သစ်တော်သီးပုံ လူတစ်ယောက်ဟာ သူတို့ခြေထောက်တွေ ကို ကြီးစေတာကြောင့် ဂျင်းတွေကို ဘယ်တော့မှ မဝတ်သင့်ပဲ ပန်းသီးပုံစံရှိတဲ့ သူဟာတော့ ဗိုက်ပူတာကို သိသာစေတာကြောင့် ချက်ပေါ်အင်္ကျီတွေကို မဝတ်သင့်ပါဘူး။ ဒုတိယအနေနဲ့ ကိုယ်ခန္ဓါပုံစံကို သိရှိခြင်းဟာ ကျန်းမာရေးအခြေအနေကို ပိုမိုသိရှိစေပါတယ်။ကိုယ်ခန္ဓါ ပုံပန်းကို ဘယ်လိုသိရှိနိုင်မလဲ။ဒါကို သိရှိဖို့ကတော့ သင့်ရဲ့ ပုခုံး၊ ရင်၊ ခါးနဲ့ တင်တွေကို တိုင်းတာသင့်ပါတယ်။လေးထောင့်ပုံ။ဒီ ကိုယ်ခန္ဓါရှိသူတွေဟာ ကိုယ်အစိတ်အပိုင်းတွေအကုန်လုံးမှာ တူညီတဲ့ အတိုင်းအတာ ရှိကြတာဖြစ်ပါတယ်။ သူတို့ကို ဖြောင့်တန်းတဲ့ (သို့) ပေတံလို ကိုယ်ခန္ဓါ ရှိတယ်လို့ ခေါ်ကြပါတယ်။ ဒီသူတွေဟာ အခြားသူတွေနဲ့ ယှဉ်ရင် ကောက်ကြောင်းနည်းပါးတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရပ်ရှည်၊ ပိန်ပြီး ဖက်ရှင်မော်ဒယ်နဲ့ တူပါတယ်။ ဒီလိုလူတွေဟာ ရှည်လျားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်သင့်ပါတယ်။ ဒါဟာ သူတို့ကို ချစ်စရာကောင်းစေပြီး လိုက်ဖက်ရုံသာမက သူမရဲ့ အစိတ်အပိုင်းတွေကို ထင်ရှားစေနိုင်ပါတယ်။ ခါးပတ် (သို့) ကြိုးတွေသာ သူတို့တွေ အတွက် သင့်လျော်ပါတယ်။သစ်တော်သီးပုံ။သစ်တော်သီးပုံရှိတဲ့လူတွေဟာ တင်ပါးကကြီးပြီး ပုခုံးက သေးငယ်ပါတယ်။ သူတို့ ကိုယ်ခန္ဓါဟာ တြိဂံပုံစံနဲ့ တူပါတယ်။ ဒီလို ကိုယ်ခန္ဓါမျိုးတွေကို အတွေ့ရများပါတယ်။ သူတို့တွေဟာ ဆွဲကြိုးကို ဝတ်ဆင်သင့်ပြီး ဒါဟာ အောက်ပိုင်းထက် အပေါ်ပိုင်းမှာ ဆွဲဆောင်မှု များပြားစေပါတယ်။ သူတို့တွေဟာ အတိုတွေ၊ ဂါဝန်တိုတွေ၊ စကပ်တိုတွေ မဝတ်ဆင်သင့်ပါဘူး။ ဒီဝတ်စုံတွေဟာ အားနည်းချက်တွေကို ဖုံးမပေးနိုင်ပါဘူး။ပန်းသီးပုံ။ပန်းသီးပုံကတော့ သစ်တော်သီးပုံနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ ပန်းသီးပုံရှိသူတွေဟာ ရင်ဘတ်ကျယ်ကြပြီး လက်မောင်းနဲ့ ရင်တွေလည်း ကြီးမားကြပါတယ်။ ဒါပေမယ့် သူတို့မှာ သေးငယ်တဲ့ တင်နဲ့ ခြေထောက်တွေ ရှိပါတယ်။ ဒီ ကိုယ်ခန္ဓါရှိသူတွေဟာ သူတို့နဲ့ လိုက်ဖက်မယ့် အဝတ်အစား ရှာရခက်တတ်ပါတယ်။ သူတို့တွေဟာ သူတို့လက်မောင်းတွေကို ဖုံးကွယ်ဖို့ ပုံမှန် ရိုးရိုးအင်္ကျီတွေကို ဝတ်သင့်ပါတယ်။သဲနာရီပုံစံ။သင့် ကိုယ်ခန္ဓါဟာ သဲနာရီပုံစံရှိရင် သင်ဟာ Kim Kardashian နဲ့ တူပါလိမ့်မယ်။ ဒါဟာ အရမ်းကောင်းပါတယ်။ ပုခုံး၊ တင် တိုင်းတာမှုတူညီပြီး ခါးသေးသူတွေဟာ သဲနာရီပုံစံ ကိုယ်ခန္ဓါ ရှိသူတွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာတော့ ဘယ်လို အင်္ကျီမျိုးမဆို လိုက်ဖက်တာကြောင့် ယုံကြည်မှု ရှိရှိသာ နေသင့်ပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/%e1%80%9e%e1%80%84%e1%80%b9%e1%80%80-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af-%e1%80%81%e1%82%8f%e1%81%b6%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%a1%e1%80%99%e1%80%ba/
အနာကျက် ပုံ အဆင့်ဆင့်
ထိခိုက်ဒဏ်ရာရပြီးရင် ဖြစ်လာမယ့်ဖြစ်စဉ်နှစ်ခု ရှိနေပါတယ်။ တစ်ခုကတော့ အနာကို သေချာဂရုစိုက်တာကြောင့် အနာက ကောင်းကောင်းမွန်မွန်နဲ့ ကျက်သွားတာ၊ နောက်တစ်ခုက အနာကို သေချာဂရုမစိုက်လို့အနာရင်းလာတာပါ။ အနာမရင်းစေဖို့က အနေအထိုင် အစားအသောက်ကစလို့ အစစအရာရာကို ဂရုစိုက်ဖို့လိုပါလိမ့်မယ်။အနာကျက်တဲ့ ဖြစ်စဉ်မှာ အဆင့်ဆင့်ရှိပါတယ်။ ဘာတွေလဲ ဆိုတာကို အောက်မှာ အသေးစိတ်ပြောပြပေးမယ်နော်။ ဆက်ကြည့်လိုက်ရအောင်။အနာကျက် တယ်ဆိုတာက ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ အရေပြားက ထိခိုက်မိတာကြောင့် ပျက်စီးသွားတာတွေကို သူ့အလိုလိုပြင်ဆင်တဲ့ဖြစ်စဉ်ပါ။ နည်းနည်းတော့ရှုပ်ထွေးပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါအပေါ်ယံအရေပြားလွှာက ပျက်စီးသွားပေမယ့် အတွင်းပိုင်းက မပျက်စီးဘဲ ကျန်ရှိနေတဲ့ အရေပြားလွှာက ပြင်ပပတ်ဝန်းကျင်က အရာတွေကြောင့်ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အနာကျက် တဲ့ ဖြစ်စဉ်ကို အဆင့်လေးတွေ ခွဲခြားသတ်မှတ်ထားပါတယ်။ အနာကျက်တဲ့ အဆင့်တွေက –။(၁) သွေးခဲတဲ့ အဆင့်။အနာဖြစ်ပြီးကာစ မိနစ်အနည်းငယ်အကြာမှာဖြစ်တဲ့ အခြေအနေပါ။ သွေးထဲက သွေးကလာပ်စည်းတွေက အနာဖြစ်သွားတဲ့ အရေပြားတွေ ပြန်စေ့သွားစေဖို့ စတင်ဖွဲ့စည်းဖြစ်ပေါ်တဲ့အဆင့်ပါ။ သွေးကလာပ်စည်းတွေက သွေးခဲမြန်စေဖို့ လုပ်ဆောင်ပေးပြီး သွေးခဲမှုဖြစ်စဉ် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာအောင် chemical signals တစ်ရပ်ကို ထုတ်လွှတ်ပေးလိုက်ပါတယ်။ သွေးကလာပ်စည်းတွေ စုစည်းသွားပြီး ထိခိုက်မိတာကြောင့် ပေါက်သွားတဲ့ သွေးကြောကို ဖာထေးပေးတဲ့နည်းနဲ့ သွေးထွက်နှေးသွားအောင် လုပ်ဆောင်ပေးသလို နောက်ထပ်သွေးမထွက်အောင် လုပ်ဆောင်ပေးပါတယ်။ ဒါကတော့ အနာကျက်ဖြစ်စဉ်ရဲ့ ပထမဆုံးအဆင့်ပါ။(၂) အနာတဝိုက် အရေပြားတွေ တင်းလာတဲ့အဆင့်။ဒီအဆင့်မှာတော့ ထိခိုက်ပျက်စီးသွားတဲ့ ဆဲလ်တွေကို ဘက်တီးရီးယားတွေ၊ အခြား အမှိုက်သရိုက်တွေနဲ့အတူ ဖယ်ရှားရှင်းလင်းလိုက်ပါတယ်။ ဒီအဆင့်က ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာကို အလိုလျောက် တုံ့ပြန်တဲ့အဆင့်ပါ။ ထိခိုက်ဒဏ်ရာရပြီးပြီးချင်းမှာ အနာရဲ့ အောက်ဘက်ပိုင်းသွေးကြောတွေက ကျုံ့သွားပြီး သွေးတိတ်သွားအောင် လုပ်ဆောင်လိုက်ပါတယ်။ သွေးခဲစေတဲ့ အဆင့် အောင်မြင်သွားတဲ့အခါ သွေးကြောတွေက အရေးပါတဲ့ ဆဲလ်တွေ၊ပဋိဇီဝပစ္စည်းတွေ၊သွေးဖြူဥဆဲလ်တွေ၊ အင်ဇိုင်းတွေနဲ့ လိုအပ်မယ့်အာဟာရဓာတ်တွေကို ထိခိုက်မိတဲ့နေရာဆီကို ပို့ဆောင်ပေးဖို့ ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိသွားပါတယ်။ အနာတဝိုက် အရေပြားတင်းလာပြီးပြတ်ရှဒဏ်ရာတွေမှာဆိုရင် အရေပြားပြန်စေ့လာပြီး ခပ်တင်းတင်းဖြစ်လာတဲ့အနေအထားပါ။(၃) တစ်ရှူးတွေ ပြန်လည်ဖြစ်ပေါ်လာတဲ့အဆင့်။ထိခိုက်မိတာကြောင့် ပျက်စီးသွားတဲ့ တစ်ရှူးတွေ ပြန်လည်ဖြစ်ပေါ်လာတဲ့အဆင့်ပါ။ ဒီအဆင့်မှာ အရေပြားရဲ့ကော်လာဂျင်တွေ ပြန်ဖြစ်ပေါ်လာမယ်။ အရေပြားအသစ်ဖြစ်လာမယ်၊ အနာဖေးတက်လာမယ်။ ဒါတွေတင်မကသေးပါဘူး ထိခိုက်မိတဲ့ ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အရေပြားအပေါ်ယံလွှာကသွေးကြောမျှင်လေးတွေလည်း အသစ်ဖြစ်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီအဆင့်က အနာကျက် ဖို့ တော်တော်လေးနီးစပ်လာပြီဖြစ်တဲ့ အဆင့်ပါ။(၄) တစ်ရှူးတွေ ဖွံ့ဖြိုးလာတဲ့အဆင့်။ဒီအဆင့်ကတော့ အနာကျက်ဖြစ်စဉ်ရဲ့ နောက်ဆုံးအဆင့်ပါ။အရေပြားဆဲလ်တွေတစ်ရှူးလွှာတွေ ပုံမှန်ပကတိ ပြန်ကောင်းလုနီးပါးဖြစ်နေပါပြီ။ အနာတဝိုက်အရေပြားတွေ တင်းရင်းလာမှုနဲ့အတူ ကော်လာဂျင်တွေလည်း ပုံမှန်အတိုင်းပြန်ဖြစ်ပါပြီ။ ဆဲလ်တွေအနေနဲ့လည်း ဆဲလ်သေတွေကို ဖယ်ရှားဖို့ မလိုအပ်တော့ပါဘူး။ ပုံမှန်အရေပြားအတိုင်း အပြည့်အဝပြန်လည်ဖြစ်ပေါ်လာတဲ့အဆင့်ပါပဲ။အနာကျက်တဲ့ ဖြစ်စဉ်က ရှုပ်ထွေးရုံတင်မက အတိမ်းအစောင်းလည်းမခံပါဘူး။ အနာကို သေချာဂရုမစိုက်တဲ့အခါ အနာကကျက်ဖို့ နှေးသွားတာ၊ အနာရင်းတာတွေ ဖြစ်လာပါတယ်။ ဆီးချိုရောဂါလိုမျိုးနာတာရှည်ရောဂါတစ်ခုခုရှိနေတာ၊ အသက်အရွယ် ကြီးရင့်လာတာ၊ ရောဂါပိုးဝင်တာနဲ့ အာဟာရမပြည့်တာတွေကြောင့် အနာကျက် နှေးနိုင်ပါတယ်။ အနာကိုကောင်းကောင်းမွန်မွန် ကျက်ချင်တယ်ဆိုရင်တော့ သေသေချာချာဂရုစိုက်ဖို့လိုသလို သန့်ရှင်းမှုရှိအောင် ဂရုစိုက်ဖို့လည်း လိုပါမယ်။ အနာပြန်ဖြစ်တာမျိုး မဖြစ်စေဖို့အတွက်လည်းအနာကျက်လာတာကြောင့် အရေပြားတင်းပြီးယားလာတဲ့အခါ မကုတ်ဖဲ့မိအောင် သတိထားဖို့လိုပါမယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/wound_healing/
ချွေးပေါက်ပိတ်ဆို့မှုတွေကို သက်သာစေမယ့် အိမ်တွင်းကုထုံး
ချွေးပေါက်ပိတ်စေရတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အရေပြားပေါ်ကဆဲလ်သေတွေကြောင့်ချွေးပေါက်တွေ ပိတ်ဆို့ရတာပါ။ချွေးပေါက်လေးတွေက အရေပြားအတွင်းပိုင်းထဲကချွေးတွေအဆီတွေကိုပြင်ပကို ထုတ်လွှတ်ပေးဖို့ အဓိက လုပ်ဆောင်ကြပါတယ်။ တကယ်လို့ချွေးပေါက်လေးတွ ပိတ်ဆို့သွားတဲ့ အခါ ဒီအလုပ်တွေကို မလုပ်ဆောင်နိုင်တော့ဘဲ မျက်နှာအသားအရေပေါ်မှာဆားဝက်ခြံတွေ၊ ဝက်ခြံတွေဖြစ်လာရပါတော့တယ်။နောက်ထပ်တွေ့ကြုံရနိုင်တဲ့အရေပြားပြဿနာတစ်ခုက အသားအရေခြောက်သွေ့ညိုမွဲတာမျိုးပါ။အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့မှုကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့။ဆဲလ်သေတွေကို ဖယ်ရှားပါ။အပေါ်မှာပြောခဲ့သလိုပါပဲ။ တစ်ခါတလေမှာ အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့ရတာက ဆဲလ်သေတွေကြောင့် ပါ။ ဒါကြောင့် တစ်ပတ်တစ်ကြိမ်၊ အများဆုံး ၂ ကြိမ်လောက် သဘာဝပစ္စည်းတွေနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ဓါတုပစ္စည်းပါဝင်တဲ့ ဆဲလ်သေဖယ်ရှားတဲ့ ဂျယ်လ်ကို သုံးပြီးဖြစ်ဖြစ် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါ။ရေနွေးငွေ့ခံပါ။မျက်နှာကိုရေနွေးငွေ့ခံပေးတာကလည်းချွေးပေါက်တွေကို ပွင့်စေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကြောင့် မျက်နှာကို သန့်စင်အောင်ဆေးကြော သန့်စင်ပြီးတဲ့အခါရေဇလုံတစ်ခုထဲကိုရေနွေးထည့်လို့ မျက်နှာကိုရေနွေးခံပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးပါ။ အသားအရေကို ကြည်လင်စေဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။ရေနွေးဝတ်ကပ်ပါဒါမှမဟုတ်ရေအေးဝတ်ကပ်ပါ။ချွေးပေါက်ပိတ်တာ၊ ဝက်ခြံတို့ကို သက်သာစေဖို့ရေနွေးဝတ်ကပ်ပေးလို့ရသလိုရေအေးဝတ်ကပ်ပေးလို့လည်းရပါတယ်။ ဒီလိုလုပ်ပေးတာကချွေးပေါက်ထဲက အရာတွေကို ဖယ်ရှားပေးပြီးချွေးပေါက်တွကိုပြေလျော့စေနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက ဝက်ခြံတွေကို သက်သာစေနိုင်ပြီးရောင်ရမ်းမှုကို ပါသက်သာစေနိုင်ပါတယ်။ခရမ်းချဉ်သီးအရည်။ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့တို့ယူလို့ချွေးပေါက်လေးတွေပေါ်မှာ လိမ်းပေးပါ။ပြီးရင် ၅ မိနစ်လောက်ထားပေးပါ။ပြီးရင်တော့ရေဆေးချလိုက်ပါ။ပျားရည်နဲ့ခရမ်းချဉ်သီးအရည်ကိုရောစပ်ပြီးမျက်နှာပေါင်းတင်ဖို့အတွက်လည်း သုံးလို့ရပါတယ်။သံပရာရည်နဲ့သကြား။သံပရာရည်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ သဘာဝပစ္စည်းတစ်ခုပါ။ ဆဲလ်သေတွေဖယ်ရှားပေးမှုနဲ့အတူချွေးပေါက်တွေကိုပါ ပွင့်စေနိုင်ပါတယ်။သံပရာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ရောစပ်လို့သံလွင်ဆီနှစ်စက်လောက်ကို ပါထပ်ရောလိုက်ပါ။ ရလာတဲ့အရောကို သန့်စင်ပြီးရေခြာက်အောင်သုတ်ထားတဲ့ အရေပြားပေါ်မှာ လူးပေးပါ။သကြားနဲ့သံပရာရည်က အရေပြားပေါ်က ဆဲလ်သေတွေကို ထိထိရော်ကရောက်ဖယ်ရှားပေးပြီး သံလွင်ဆီကအစိုဓာတ်ကို ထိန်းပေးမှာပါ။ပြီးရင်တော့ရေနွေးဝတ်သန့်သန့်လေးနဲ့ မျက်နှာကို သန့်စင်ပေးပါ။နနွင်းနဲ့သနပ်ခါး။နနွင်းက အဆီပိုတွေကို ဖယ်ရှားပေးပြီး အရေပြားပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ထိထိရောက်ရောက် နှိမ်နှင်းပေးနိုင်ပါတယ်။ သနပ်ခါးကတော့ အရေပြားကိုချောမွေ့စေနိုင်ပါတယ်။ နနွင်းနဲ့သနပ်ခါးကို ဆတူရောစပ်ပြီး မျက်နှာပေါ်မှာလိမ်းလိုက်ပါ။ခြောက်သွားတဲ့အခါရေနဲ့ဆေးချလိုက်ပါ။တမာရွက်။အရေပြားပြဿနာအမျိုးမျိုးကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားယားယံတာ၊ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ တမာရွက်ကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ထဲကို နနွင်းနည်းနည်းထည့်လိုက်ပါ။ပြီးရင် မျက်နှာပေါ်မှာ လူးပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက အရေပြားချွေးပေါ်တွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%81%e1%81%bd%e1%80%bc%e1%80%b8%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e1%80%86%e1%80%ad%e1%80%af%e1%82%94%e1%80%99%e1%82%88%e1%80%b1%e1%80%90/
Hepatorenal Syndrome (အသည်းနောက်ဆက်တွဲ ကျေက်ကပ်ပျက်စီးသော ရောဂါစု )
Hepatorenal syndrome (HRS) ဆိုသည်မှာအသည်းလုပ်ငန်းချို့ယွင်းမှုကြောင့် ဖြစ်လာသောအသည်းပျက်စီးမှု ရှိသူများတွင်ဆက်စပ်တွေ့ရှိရသောကျောက်ကပ်လုပ်ငန်းချို့ယွင်းမှုတစ်မျိုးဖြစ်သည်။ကျောက်ကပ် အလုပ်လုပ်ခြင်းရပ်တန့်သွားသောအခါ အဆိပ်အတောက် ပစ္စည်းများ ခန္ဓါကိုယ်ထဲတွင် စုပုံစပြုလာပါသည်။ တဖြည်းဖြည်းနှင့် အသည်းချို့ယွင်းမှု ကို ဖြစ်စေပါသည်။ HRS သည် အလွန်အမင်း ပြင်းထန်သောအခြေအနေဖြစ်ပါသည်။ ယခုအခြေအနေဖြစ်ပေါ်ပါကအမြဲတစေလိုလိုသေစေနိုင်ပါသည်။HRS နှစ်မျိုးရှိပါသည်။ဤရောဂါသည် အဖြစ်များပြီးဝမ်းဗိုက်ဖောရောင်ခြင်း ဖြစ်သောလူနာများ၏ ၁၀ ရာခိုင်နှုန်းနှင့် လျင်မြန်စွဖြစ်ပွားသောကျောက်ကပ်ရောဂါ ရှိသူများ၏ ၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပွားပါသည်။အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။HRS ၏ ရောဂါလက္ခဏာများကိုအရေးပေါ်အနေဖြင့် ကုသသင့်ပါသည်။ အောက်ဖော်ပြပါ ရောဂါလက္ခဏာများကိုတွေ့ရပါကဆရာဝန်နှင့် ချက်ချင်းဆက်သွယ်ပါ။ အခြားကျောက်ကပ် ပြဿနာများကိုကုသနေဆဲဖြစ်ပါကကူသမှု အလျင်အမြန် ပြုလုပ်ရန် အရေးကြီးပါသည်။အဖြစ်များသောရောဂါလက္ခဏာများမှာ။စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွှားခြင်းကိုရပ်တန့် ပေးပြီးနောက်ထပ်အရေးပေါ်အခြေအနေဖြစ်ခြင်းကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် အချိန်မီ ပြသပါ။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။Hepatorenal syndrome သည် အသည်းခြောက်သောလူနာများနှင့် သွေးပေါင်တက်သောလူနာများတွင် များသောအားဖြင့် ဖြစ်ပွားတက်ပါသည်။HRS သည် အသည်းခြောက်သောရောဂါတိုင်းတွင် ဖြစ်ပွားသော်လည်းအရက်ကြောင့်ဖြစ်သောအသည်းခြောက်ခြင်းတွင် ပို၍ ဖြစ်ပွားပါသည်။ HRS သည် အသည်းမခြောက်ဘဲအခြားအသည်းအခြေအနေများကြောင့် ရက်တိုအချိန် အတွင်းအသည်းပျက်စီးသောသူများတွင်လည်း ဖြစ်ပွား နိုင်ပါသည်။အောက်ပါအချက်များရှိပါကhepatorenal syndrome ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဤရောဂါရှိသည်ဟုဆရာဝန်ကသံသယရှိပါကရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း ပြုလုပ်ပါမည်။ အသားဝါခြင်းဝမ်းဗိုက်ထဲတွင် အရည်များစုပြုံခြင်းအရေပြားပေါ်တွင် သွေးစုနာများပေါက်ခြင်းရင်သားတစ်ရှူးများရောင်ခြင်းစသော HRS ၏ လက္ခဏာများကိုရှာဖွေ စစ်ဆေးနိုင်ပါသည်။ဆရာဝန်သည် ဆေးမှတ်တမ်းအကြောင်းတိကျသောမေးခွန်းများမေးပါလိမ့်မည်။ သွေးစစ်ခြင်း နှင့် ဆီးစစ်ခြင်းများလုပ်ဆောင်သင့်ပါသည်။ ဤစစ်ဆေးချက် များသည် ဆရာဝန် အားအသည်းနဲ့ ကျောက်ကပ် လုပ်ငန်းများကိုခန့်မှန်းရန် ကူညီနိုင်ပါသည်။တချို့ကိစ္စများတွင် HRS သည် အသည်းခြောက်ခြင်းကြောင့် မဟုတ်ဘဲအခြားအချက်များကြောင့် အသည်းပျက်စီးသောလူနာများတွင် ဖြစ်ပွားနိုင်ပါသည်။ အသည်းခြောက်ခြင်းမရှိပါကဗိုင်းရပ် သို့မဟုတ် အရက်ကြောင့် အသည်းရောင်ခြင်းတို့အတွက် စမ်းသပ်မှုများကိုလုပ်ဆောင် ခိုင်းပါမည်။သွေးကြောကျဉ်းဆေးများဟုခေါ်သောဆေးများသည် HRS ကြောင့်ဖြစ်သောသွေပေါင်ချိန်နည်းခြင်းကိုကူညီနိုင်ပါသည်။ ကျောက်ကပ် ရောဂါလက္ခဏာများကိုသက်သာစေရန် ကျောက်ကပ်ဆေးခြင်းကို ပြုလုပ်နိုင်ပါသည်။ဤသို့ လုပ်ခြင်းသည် သွေးအတွင်းမှ ပိုနေသောဆားများရေ နှင့် အန္တာရယ်ရှိသောအညစ်အကြေးများကိုစစ်ထုတ် နိုင်ပါသည်။ ဆေးရုံသို့မဟုတ် ကျောက်ကပ်ဆေးနိုင်သောဆေးခန်းများတွင ပြုလုပ်နိုင်ပါသည်။အသည်းအစားထိုးခြင်းသည် HRS အတွက် အထိရောက်ဆုံးကုသမှု ဖြစ်ပါသည်။ အသည်းအစားထိုးရန် စောင့်ဆိုင်းမှု သည် ကြာမြင့်ပါသည်။ လူအများစုသည် အသည်းမရရှိခင် သေဆုံးရပါသည်။ အစားထိုးခွင့်ရပါကအသက်ရှင်ရန် အခွင့်အလမ်းများပါသည်။HRS ၏ဆိုးကျိုးများသည် ကျောက်ကပ်ရောဂါ၏ နောက်ဆုံးအဆင့်တွင် ပုံမှန် အားဖြင့်ပေါ်လာပါသည်။ ၎င်းတို့မှာ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကhepatorenal syndrome ကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။HRS ကိုကာကွယ်နိုင်သောတခုတည်းသောနည်းလမ်းမှာအသည်းကျန်းမာရေးကိုထိန်းသိမ်း ခြင်း ဖြစ်သည်။ အသည်းခြောက်ခြင်းကိုလျော့ချရန် အရက် အလွန်အကျွံသောက် ခြင်းကိုရှောင်ရှားပါ။အသည်းရောင်ခြင်းကိုလည်းကာကွယ်ရန်ကြိုးစားသင့်ပါသည်။ အသည်းရောင်ရောဂါအေ နှင့်ဘီကိုကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်ပါသည်။ အသည်းရောင်ရောဂါစီပိုးအတွက် ကာကွယ်ဆေးမရှိသေးပါ။ အသည်းရောင်ရောဂါစီပိုးကိုကာကွယ်ရန် အောက်ပါတို့ကိုလုပ်ဆောင်သင့်ပါသည်။အသည်းခြောက်ခြင်း၏ အချို့ဖြစ်စေနိုင်သောအကြောင်းရင်းများကိုရှောင်ရှား၍ မရပါ။ သင့်တွင် အသည်းခြောက်ရောဂါ ရှိပါကသင့်၏ဆရာဝန်သည် သင့်၏ အသည်းလုပ်ငန်းများကိုပုံမှန် စောင့်ကြည့်ပေးပါမည်။ စောစီးသောရောဂါလက္ခဏာများကိုသိရှိရန် သွေးစစ်ဆေး ခြင်းများနှင့် imaging tests များပြုလုပ်နိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/hepatorenal-syndrome-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%86%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b2-%e1%80%80%e1%80%bb%e1%80%b1/
အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး
အသည်းအဆီဖုံးခြင်းက အဖြစ်များတဲ့ အသည်းရောဂါ တစ်မျိုး ဖြစ်ပါတယ်။ အသည်း တဝိုက်မှာ အဆီပိုတွေ စုလာတဲ့အခါ အသည်းရဲ့ လုပ်ဆောင်ချက်တွေကိုထိခိုက်စေပြီး ရောင်ရမ်းမှုတွေ ဖြစ်စေပါတယ်။ ဒီအခြေအနေကို အစားအသောက် ဆင်ခြင်ပြီး နေထိုင်မှုပုံစံ ပြောင်းလဲတဲ့ နည်းနဲ့ ကုသလို့ ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ရင်းနဲ့ အစား ဆင်ခြင်တဲ့ နေရာမှာ အသည်းအဆီဖုံးခြင်း အတွက် အကောင်းဆုံး အသီးအနှံတွေကို သိထားတယ် ဆိုရင် ပိုအထောက်အကူ ဖြစ်ပါလိမ့်မယ်။ ကဲ …. အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး အကြောင်း လေ့လာလိုက်ရအောင်နော်။အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုးကတော့။(၁) သံပရာသီး။အဆီတွေ လျော့ပါးစေဖို့ သံပရာသီးက အကောင်းဆုံး ဓာတ်စာပါပဲ။ နေ့စဉ် သံပရာရည် သောက်ပေးတာက အသည်းမှာ စုနေတဲ့ အဆီတွေကို အမြန်ဆုံး ကျဆင်းစေပါတယ်။ သံပရာသီးကအဆိပ်အတောက်ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင် စီလည်း ကြွယ်ဝပါတယ်။ သံပရာသီးကြောင့် အစာခြေစနစ် ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။(၂) မန်ကျည်းသီး။ဟင်းချက်တဲ့အခါ ထည့်ချက်နေကျမန်ကျည်းသီးမှာ အစွမ်းသတ္တိတွေ ရှိနေတယ် ဆိုတာ သင်သိပါသလား။ မန်ကျည်းသီးဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှု မြင့်မားလို့ အဆီကြောင့် သွေးကြောကျဉ်းရောဂါ ( arteriosclerosis) ကို ကုသရာမှာ အထောက်အကူ ပေးပါတယ်။ အစာအိမ် နဲ့ အူလမ်းကြောင်းကို အညစ်အကြေး ဖယ်ရှားသန့်စင်ပေးနိုင်စွမ်း ရှိလို့ အစာခြေစနစ်ကို ကောင်းစေပြီး အဆီတွေကို ကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာ သွေးကို သန့်စင်စေပြီး ကိုလက်စထရောတွေ ကျစေတဲ့အပြင် အသည်းမှာ ဖုံးနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်ပါတယ်။(၃) သစ်တော်သီး။သစ်တော်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်တဲ့အပြင် ချိုမြတဲ့ အရသာကြောင့် လူကို လန်းဆန်းစေပါတယ်။ ရေဓာတ် ပါဝင်မှု များပြီး အမျှင်ဓာတ် ပါဝင်မှုများလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် စီအပြင် ဗီတာမင် ဘီအုပ်စု နဲ့ ဗီတာမင် အီးတို့ ပါဝင်ပါတယ်။ သွေးတွင်း ကိုလက်စထရောကို ကျစေပြီး အစာခြေစနစ်ကို ပုံမှန် ဖြစ်စေပါတယ်။ ဒီအချက်တွေကြောင့်ပဲ သစ်တော်သီးက အသည်းကို အကျိုးပြုနေတာ ဖြစ်ပြီး ပန်ကရိယ နဲ့ အသည်းကို သန့်စင်စေပါတယ်။(၄) ဖရဲသီး နဲ့ သင်္ဘော။ဖရဲသီးနဲ့ သင်္ဘောတို့က သဘာဝ ဆေးဖက်ဝင် ပစ္စည်းတွေ ဖြစ်နေတာ သင်သိရဲ့လား။ ဒီနှစ်မျိုးကို ရောကြိတ် ဖျော်စပ်ထားတဲ့ အချိုရည် တစ်ခွက်ဟာ အသည်းကို သန့်စင်စေပြီး အသည်းမှာ စုနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်စွမ်း ရှိပါတယ်။ တစ်နေ့ တစ်ခွက် သောက်ခြင်းအားဖြင့်အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါးစေပါတယ်။(၅) စတော်ဘယ်ရီ။ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီးလေးတွေက အသည်းနဲ့ ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။စတော်ဘယ်ရီမှာ အမျှင်ဓာတ်၊ ဗီတာမင် စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ သွေးတိုးကို ကျစေပြီး ယူရစ်အက်စစ်ကို လျော့ကျစေပါသေးတယ်။ ရေထဲမှာ စတော်ဘယ်ရီ ထည့်၊ သံပရာသီးလေး နည်းနည်း ထည့်ပြီး detox အဖြစ် သောက်လို့ ရပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/5-fruits-for-fatty-liver/
ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကို စားပေးဖို့ မမေ့ပါနဲ့
အသက်ကကြီးလာပြီဆိုရင် ဆံပင်တွေ ကျွတ်မယ်၊ ပါးရေတွေတွန့်မယ်၊ သဘာဝကိုတော့ လွန်ဆန်လို့မရဘူးဆိုပေမယ့် လူတိုင်းကတော့ အသက်ငယ်ငယ်လေးနဲ့ အဘိုးကြီးအဘွားကြီးလို ပုံစံမျိုး ဖြစ်ချင်ကြမယ်မထင်ပါဘူး။ ခုခေတ်မှာ မိန်းကလေးတွေသာမကယောက်ျားလေးတွေပါ ဆံပင်ကို မျိုးစုံပုံသွင်းတာ၊ ဖြောင့်လိုက်၊ ကောက်လိုက်လုပ်တာ၊နေရောင်ခြည်ဒဏ်ကြောင့် ဆံသားတွေပျက်စီးပြီး ဆံပင်တွေ ခဏခဏကျွတ်လာတယ်နော်။ ကြာလာရင် ငယ်ငယ်လေးနဲ့ ထိပ်ကဆံပင်တွေပြောင်ပြီး လေယာဉ်ကွင်းလို့ အလှောင်မခံရအောင် ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကို စားပေးဖို့ ပြောပြချင်ပါတယ်။၁။ ကြက်ဥ။ဆံပင်သန်စွမ်းစေဖို့ပရိုတင်းနဲ့ ဘိုင်အိုတင်ဓာတ်တွေအပြင် ဆံသားအတွက် မရှိမဖြစ်အာဟာရဓာတ်တွေ ဖြစ်တဲ့ ဇင့်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်တွေလည်း ပါဝင်ပါတယ်။၂။ ဘယ်ရီသီး။သစ်သီးအလုံးသေးသေးလေးတွေဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေလို အသီးအနှံတွေမှာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် ဗီတာမင် စီတွေလည်း ပါဝင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ဆံသားမွေးညှင်းပေါက်ကို ထိခိုက်ပျက်စီးစေတဲ့ ဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်လို့ ဆံပင်မကျွတ်အောင်၊ မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။၃။ ငါးကြီးဆီ။ငါးကြီးဆီဆိုတာ သဘာဝငါးကနေ ရရှိတဲ့ အဆီအနှစ်တွေဖြစ်ပြီး ဆေးတောင့်ပုံစံအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။ အရေပြားကို ကျန်းမာစေတယ်။ ဖြူစင်ဝင်းပပြီး အသားအရေကြည်လင်စေတယ်။ ဦးနှောက်ဉာဏ်ရည်နဲ့ မျက်စိအာရုံကြောကိုလည်း အားကောင်းစေတယ်။ဒါ့အပြင် ဆံပင်အမြဲလိုလို ကျွတ်တတ်တဲ့သူတွေအတွက် အဖိုးတန်အာဟာရဓာတ်ဆိုလည်း မမှားဘူးနော်။၄။ ဟင်းနုနွယ်ရွက်။ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ဗီတာမင် အေ နဲ့ ဗီတာမင် စီ အစရှိတဲ့ အာဟာရဓာတ်တွေ စုံလင်စွာပါဝင်တဲ့ ဟင်းနုနွယ်ရွက်ကို ဆံပင်သန်အားဖြည့်စာအဖြစ်လည်း စားပေးလို့ရပါတယ်။သူ့မှာပါဝင်တဲ့ ဗီတာမင်တွေကဦးရေပြားရဲ့ သဘာဝအဆီ (Sebum) ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ဆံသားခြောက်ပြီး ကျိုးပဲ့တာမျိုး မဖြစ်စေဘဲ နူးညံ့ချောမွေ့စေပါတယ်။ သံဓာတ်က သွေးအားကောင်းစေလို့ ဦးရေပြားတွင်း သွေးလည်ပတ်မှုနှုန်း မြန်စေပြီး ဆံပင်အမြန်ပြန်ပေါက်လာအောင် အားဖြည့်ပေးတယ်။၅။ ကန်စွန်းဥ။ဆံသားကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် အေ အများအပြားပါဝင်လို့ ဆံပင်သန်စွမ်းနှုန်းကို မြန်စေတယ်။ ဆံပင်မသန်တဲ့ သူတွေ၊ မကြာခဏဆိုသလိုဆံပင်ကျွတ်တတ်တယ်ဆိုရင်တော့ ကန်စွန်းဥကို တစ်နေ့တစ်လုံးလောက် စားပေးနိုင်ရင် လုံလောက်တယ်နော်။၆။ ထောပတ်သီး။အရသာလည်းရှိ၊ အာဟာရဓာတ်တွေလည်း များစွာပါဝင်တဲ့ အသီးအနှံတစ်မျိုးကို ပြောပါဆိုရင်ထောပတ်သီးက ထိပ်ဆုံးကပဲဖြစ်မှာပါ။ ကိုယ်ခန္ဓာအတွက်မရှိမဖြစ် အာဟာရဓာတ်တွေအပြင် အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက် သဘာဝအဆီတွေ ပါဝင်ပါတယ်။ဗီတာမင် အီး ပါဝင်မှုကြောင့် ဆံသားကိုထိခိုက်ပျက်စီးစေတဲ့ မကောင်းတဲ့ဆဲလ်တွေကို တိုက်ထုတ်ပေးတယ်။ ဦးရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပြီး အာဟာရဓာတ်ဖြည့်တင်းပေးနိုင်တယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကြမ်းပြီး ခြောက်တာ၊ ဆံပင်ပေါက်နှေးတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။၇။ အစေ့အဆန်တွေ။ဗီတာမင် အီး အများဆုံးပါဝင်တဲ့ အစားအစာတွေထဲမှာ အစေ့အဆန်လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ဆံပင်သန်စွမ်းစေတဲ့ ဇင့်ဓာတ်နဲ့ ဆယ်လီနီယမ်ဓာတ်အပြင် ဗီတာမင် ဘီလည်း ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ – ၃ အဆီအနှစ်ကြောင့် ဦးရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့တာအတွက် လက်တစ်ဆုပ်စာလောက် အစေ့အဆန်တွေ စားပေးနိုင်ရင် လုံလောက်ပါတယ်။၈။ ငရုတ်ပွ။ဟင်းအရသာရော အရောင်အဆင်းကိုပါ မြှင့်တင်ပေးနိုင်ပြီး စားတဲ့သူတွေရဲ့ စိတ်အာရုံကို လှည့်စားနိုင်လောက်တဲ့ ဟင်းသီးဟင်းရွက်အဖြစ် ငရုတ်ပွဟာ လူသိများပါတယ်။ ဒီလိုဟင်းချက်တဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ငရုတ်ပွမှာ ဆံသားသန်စွမ်းစေတဲ့ ကောင်းကျိုးများစွာ ပါဝင်နေတယ်နော်။ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကို နှေးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်တာမျိုးလည်း မဖြစ်စေပါဘူး။၉။ ပဲအမျိုးမျိုး။အသားဓာတ်အများဆုံးပါဝင်ပါတယ်။ ဆံသားကို ပြန်လည်ပြုပြင်ပေးပြီး ဆံပင်အမြန်ပြန်ပေါက်လာစေဖို့ ဇင့်ဓါတ်က ကူညီပေးနိုင်တယ်။ ဆံသားကျန်းမာရေးအတွက် မရှိမဖြစ် သံဓာတ်၊ ဘိုင်အိုတင်နဲ့ ဖောလစ်အက်ဆစ်တွေလည်း ပါဝင်တယ်ဆိုတော့ ဆံပင်အုံ ပါးတဲ့သူတွေအနေနဲ့ ပဲတွေကို နေ့တိုင်းစားပေးဖို့တော့ လိုမယ်နော်။ခုအပေါ်မှာ ပြောပြခဲ့တဲ့ အစားအစာ ၉ မျိုးက ဆံပင်ပေါက်နှေးတဲ့သူတွေ၊ မကြာခဏ ပြုပြင်နေလို့ ဆံသားကြမ်းပြီးခြောက်တဲ့သူတွေအတွက် အလွန်အသုံးဝင်တဲ့ ဓာတ်စာတွေပါပဲ။ ဇရာဆိုတာ တားလို့မရဘူးဆိုပေမယ့် ငယ်ငယ်လေးနဲ့ ဆံပင်တွေကျွတ်ပြီး ပါးနေတာ၊ ထိပ်ပြောင်နေရင်တော့ အရမ်းကြည့်ရဆိုးစေတာမို့ ဒါတွေကို နေ့တိုင်း သင့်တော်ရုံပမာဏလောက် စားပေးဖို့ မမေ့ပါနဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/best-foods-for-hair-growth/
Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း)
Gynaecomastia ဆိုတာ ပုံမှန်မဟုတ်ဘဲ ရင်သားကြီးထွားခြင်းဖြစ်ပါသည်။ estrogen နှင့် testosterone ဟော်မုန်းတွေ ကမောက်ကမ ဖြစ်ရာကနေ ရင်သား တစ်ရှူးတွေကြီးထွားမှုတွေ ဖြစ်တာပါ။ ပုံမှန်အားဖြင့် ၎င်းဟာရောဂါမဟုတ်ပါဘူး၊ အပြင်ပန်းလှပမှုဆိုင်ရာ ပြသနာတစ်ခုသာဖြစ်ပါသည်။ဒီကျန်းမာရေး အခြေအနေဟာ လူ့အဖွဲ့ ၃ ဖွဲ့မှာ အဖြစ်များပါတယ်။ကလေးငယ် ယောင်္ကျားလေးများတွင် ပျိုဖော်ဝင်ပြီး ၆ ပတ်ကနေ ၃ နှစ်အထိ ရင်သားက ပုံမှန်ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Gynecomastiaရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အမျိုးသားတွေမှာ ဖြစ်တဲ့ gynaecomastia ဟာ လူပျိုဖော်ဝင်ချိန်မှာ ဟော်မုန်းပြောင်းလဲရာက အဖြစ်များပါတယ်။ ဒီအခြေအနေဟာ မွေးကင်းစ ကလေးငယ် ယောင်္ကျားကလေးများတွင်သာမက အဖိုးအိုတွေမှာလဲ ဖြစ်တတ်ပါတယ်။တချို့သော ကုသမှုတွေ၊ဆေးဝါးတွေ နှင့် ကာယဗလအတွက် ကြွက်သားကြီးဆေး အချို့ကြောင့်လဲ gynecomastia ဖြစ်စေပါတယ် အဘယ်ကြောင့်ဆိုသော် soya မှာ estrogen ဟော်မုန်းအများအပြားပါဝင်ပါတယ်။ဒါ့အပြင် ရင်သားကင်ဆာ၊ နို့အုံအကျိတ်၊ မွေးရာပါချို့ယွင်းချက်၊ အသည်း သို့ ကျောက်ကပ်ရောဂါ ကဲ့သို့ကြောင့်လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။gynaecomastia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသည်း သို့ ကျောက်ကပ်၊ thyroid ရောဂါ၊ ဟော်မုန်းရောဂါ နှင့် Klinefelter syndrome တို့ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်တွေက ရင်ဘတ်နှင့် ရင်သားကို စမ်းသပ်ခြင်းဖြင့် ရောဂါအဖြေရှာလို့ရပါတယ်။ ဟော်မုန်းအဆင့်နှင့် တခြားအရာတွေရျာနိုင်ဖို့ သွေးစစ်ကြည့်နိုင်ပါတယ်။ တခါတရံ ဆရာဝန်တွေက mammography နှင့် ရင်သားကို ultrasound ရိုက်ကြည့်ခြင်းဖြင့် အကျိတ်ရှိမရှိ စမ်းသပ်နိုင်ပါတယ်။အသက် ၁၂ နှစ်မှ ၁၆နှစ် ကောင်လေးတွေနဲံ ကလေးငယ်တွေမှာ အသက်ကြီးလာလျှင် သူ့ဘာသာ ပျောက်သွားနိုင်တာကြောင့် ကုသမှု မလိုအပ်ပါ။ တခြားကူသမှုတွေကတော့။ဟော်မုန်းရောဂါတွေ အတွက်ကတော့ ဟော်မုန်းတည်ငြိမ်စေဖို့နဲ့ ရင်သားတစ်ရှူးတွေကို ပုံမှန်ဖြစ်စေအောင် ထောက်ပံ့ပေးတဲ့ ဆေးဝါးတွေရှိပါတယ်။ မသက်သာခဲ့လျှင် ဆရာဝန်တွေက တစ်ရှူးအပိုတွေဖြတ်ဖို့ ညွှန်ပါလိမ့်မယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Gynecomastia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• အရက်လျှော့သောက်ပါ။• သင်နေ့စဉ် အစားအစာထဲမှာ soya ကထုတ်ထားတဲ့ အစားအစာတွေ မပါပါစေနဲ့။• ဟော်မုန်း estrogen လို ဆေးတွေမသုံးပါနဲ့။• ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးသောက်ပါ။ ညွှန်ကြားချက်မပါပဲ ဆေးသောက်တာ သို့ ဆေးရပ်လိုက်တာ တို့ မလုပ်ပါနဲ့။သင့်ကျန်းမာရေးအခြေအနေနှင့် လက္ခဏာတွေကိုထိန်းချုပ်မှုရှိအောင် ရက်ချိန်းမှန်မှန် သွားရောက်စစ်ဆေးစမ်းသပ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/gynecomastia-%e1%80%95%e1%80%b6%e1%80%af%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac/
သင့်ရဲ့ လိင်တံက ကျုံ့ပြီးတိုသွားနိုင်လား
အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံက သေးသွားနိုင်ပါတယ်။ တကယ်ပဲ အရွယ်အစား သေးသွားတာဖြစ်နိုင်သလို ထောင်မတ်နိုင်စွမ်းကျသွားတာကြောင့် သေးသလိုလို ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ့်ရဲ့ အသက်အရွယ်ကြောင့်၊ ရှိနေတဲ့ ရောဂါတွေကြောင့်ပါပဲ။ တချို့အခြေအနေမှာ ယာယီဖြစ်တာဆိုပေမယ့် ရာသက်ပန်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိသလို လိင်တံသေးသွားလို့လည်း လိင်မှုကိစ္စမှာ အနှောင့်အယှက်ပြဿနာတွေ မဖြစ်စေနိုင်ပါဘူး။အဓိက လိင်တံကို တစ်လက်မထက်မနည်း ကျုံ့ဝင်သွားစေတဲ့ တရားခံတွေကတော့။၁။ အသက်ကြီးလာခြင်း။၂။အဝလွန်လာခြင်း။၃။ ဆီးကျိတ်ကို ခွဲစိတ်ကုသအပြီး။၄။ ပီရိုးနီးရောဂါ (Peyronie’s disease) တွေပဲ ဖြစ်ပါတယ်။ယောက်ျားတစ်ယောက်က အသက်ကြီးလာတာနဲ့အမျှကျားဟော်မုန်း(Testosterone) ထွက်တာ နည်းသွားပြီး လိင်တံနဲ့ ဝှေးစေ့က ပိုပြီးသေးသွားတတ်ပါတယ်။ ထောင်မတ်မှုကို ဖြစ်စေဖို့ လိင်တံအတွင်း သွေးကောင်းစွာ စီးဆင်းနိုင်ဖို့ လိုပါတယ်။ ဒီလိုသွေးစီးဆင်းစေတဲ့ သွေးကြောမှာ အဆီတွေ စုမိနေတဲ့အခါ ပိတ်သလိုဖြစ်သွားပြီး ကောင်းစွာ မထောင်မတ်နိုင်တော့ပါဘူး။အားကစားလုပ်နေစဉ်၊လိင်ဆက်ဆံနေစဉ် ထိခိုက်မိတာ၊ အမာရွတ်ဖြစ်တာတွေ ကြာလာတဲ့အခါ လိင်တံအတွင်းတစ်ရှူးတွေက ဒဏ်ဖြစ်ပြီး သွေးကောင်းစွာ မစီးဆင်းနိုင်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ဟာလည်း လိင်တံအရွယ်အစားနဲ့ ထောင်မတ်နိုင်စွမ်းအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေတဲ့ အချက်တွေထဲမှာ ပါနေပါတယ်။ဝမ်းဗိုက်အောက်ပိုင်းနားမှာ အဆီတွေ စတင်ဖုံးလာတဲ့အခါ လိင်တံက ပိုပြီးသေးသွားရသလို ထင်ရတတ်ပါတယ်။ ဖုံးနေတဲ့ အဆီတွေဟာ လိင်တံထိပ်ဖူးဆီကို ရောက်လာပြီး တဖြည်းဖြည်းနဲ့ တိုဝင်သွားတာဖြစ်ပါတယ်။ဆီးကျိတ်ကင်ဆာကို ခွဲစိတ်ဖယ်ထုတ်ထားတဲ့ အမျိုးသားတွေရဲ့ ၇၀ရာခိုင်နှုန်းဟာ ပုံမှန်ထက် လိင်တံအနည်းငယ်ကျုံ့ပြီး တိုဝင်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ခွဲစိတ်အပြီးမှာ ထောင်မတ်ခြင်းကို ဖြစ်စေတဲ့ တစ်ရှူးကြွက်သားဆဲလ်တွေဟာ ကျုံ့ဝင်သွားပြီး လိင်တံထောင်မတ်ဖို့ ခက်ခဲတာပါ ဖြစ်နိုင်ပါတယ်။ဒီရောဂါဖြစ်နေတဲ့ အမျိုးသားတွေရဲ့ လိင်တံဟာ လွန်လွန်ကဲကဲ ကွေးကောက်နေတတ်ပြီး ထိုးသွင်းဆက်ဆံမှု ပြုလို့မရတာ၊ ဆက်ဆံနေစဉ် အလွန်နာကျင်တာပါ ဖြစ်နိုင်ပါတယ်။ ပီရိုးနီးရောဂါဟာလိင်တံရဲ့ အရှည်နဲ့ လုံးပတ်ကိုလည်း လျော့သွားစေနိုင်သလို ဒီရောဂါကိုဖြစ်စေတဲ့ အမာရွတ်တစ်ရှူးတွေကို ခွဲစိတ်ဖယ်ထုတ်အပြီးမှာလည်း အရွယ်အစား သေးသွားတတ်ပါတယ်။လိင်တံနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမခံယူခင်မှာ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ အရင်ဆုံး မေးမြန်းထားသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာတွေ၊ထောင်မတ်မှုကို အဟန့်အတားဖြစ်စေတဲ့ အမာရွတ်တစ်ရှူးတွေကို ခွဲစိတ်ကုသမှုအပြီးမှာလည်း လိင်တံက တိုဝင်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လိင်တံက ကောက်လာတာ၊ နာကျင်နေတာ၊ ရောင်ရမ်းနေတယ်လို့ ခံစားရပြီဆိုရင်တော့ ပီရိုးနီးရောဂါ ဖြစ်နိုင်ခြေရှိတဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးသင့်ပါတယ်။အသက်အရွယ်နဲ့ အဝလွန်ခြင်းကြောင့် ဖြစ်တဲ့ လိင်တံကျုံ့ဝင်မှုကို ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ကာကွယ်ပေးလို့ ရပါတယ်။ အမျိုးသားတွေအနေနဲ့  လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ အားကစားရုံမှာ အလေးမခြင်းဖြင့် ကိုယ်ခန္ဓာက အဆီပိုတွေ လျှော့ချပေးလို့ရသလို ကြွက်သားထုတက်အောင် လုပ်ပေးခြင်း၊ အစာအာဟာရ ပြည့်ဝစုံလင်စွာ စားပေးတာ၊ ဆေးလိပ်၊ အရက်လျှော့သောက်တာ သို့မဟုတ် ဖြတ်လိုက်မယ်ဆိုရင်တော့ပန်းသေပန်းညှိုးရောဂါ၊ အသက်ကြောင့် လိင်တံတိုဝင်တာ၊အဝလွန်ရောဂါတွေကို ကာကွယ်ပေးနိုင်မှာပါ။ဆီးကျိတ်ကင်ဆာကို ခွဲစိတ်အပြီး လိင်တံတိုဝင်သွားခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ၆လမှ တစ်နှစ်အတွင်း ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားနိုင်ပါတယ်။ ပီရိုးနီးရောဂါဆိုရင်တော့ ဆရာဝန်နဲ့ အရင်ဆုံးပြသပြီး လိင်တံအတွင်း အမာရွတ်ဖြစ်နေတဲ့ တစ်ရှူးတွေကို ခွဲစိတ်ဖယ်ထုတ်သင့်ပါတယ်။ လိင်တံက တိုဝင်သွားလို့ အမျိုးသားတွေရဲ့ လိင်မှုဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ မဖြစ်စေနိုင်လို့ သိပ်ပြီးစိတ်ပူဖို့တော့ မလိုဘူးလို့ ပြောချင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/can-your-penis-shrink/
ရေချိုးပြီးရင် ဝှေးစေ့က အောင့်သလိုခံစားရတာ ဘာကြောင့်လဲ
ဝှေးစေ့အောင့်တယ်ဆိုတာ ပေါ့ဆစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အရင်တုန်းက ထိမိခိုက်မိတာ၊ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးဝင်ပြီး ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတို့ ရေချိုးပြီးရင် ဝှေးစေ့က အောင့်ရခြင်း အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ဘာကြောင့်ဖြစ်လဲဆိုတာ မပြောခင် ဝှေးစေ့အကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ ထိခိုက်ဖို့ အလွယ်ကူဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲမှာ ဝှေးစေ့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ကပ္ပာယ်အိတ်အတွင်းမှာ စက်လုံး ပုံသဏ္ဍာန်နဲ့ တည်ရှိနေပြီး အမျိုးသားတို့ရဲ့ မျိုးအောင်ခြင်းကို ဖြစ်စေပါတယ်။ လိင်စိတ်ဆန္ဒပြီးမြောက်စေဖို့ကျားဟော်မုန်းနဲ့ သုက်ရည်ထုတ်လုပ်ပေးပါတယ်။ ပုံမှန်အားဖြင့် ဝှေးစေ့ ၂လုံးဟာ တစ်လုံးနဲ့ တစ်လုံး အရွယ်မညီသလို တစ်လုံးက အောက်ကို ပိုပြီး နိမ့်ကျနေတတ်ပါတယ်။ရေနဲ့ ထိတွေ့မိချိန် အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးတဲ့အချိန်ဆိုရင် ကပ္ပာယ်အိတ်အရေပြားက ပိုပြီး ထိတွေ့ခံစားနိုင်မှု ကောင်းပါတယ်။ ဒါကြောင့် နဂိုဖြစ်နေတဲ့ နာကျင်မှုဒဏ်ဟာ ရေချိုးပြီးသွားတဲ့အချိန်ဆိုရင် ပိုပြီးဆိုးလာတတ်တာပါ။ဝှေးစေ့နာကျင်ခြင်းလို့ ဆိုရာမှာ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။အားကစားကို ပြင်းပြင်းထန်ထန်လုပ်မိရင်း ဝှေးစေ့မှာ ဒဏ်ဖြစ်သွားတာ၊ မာကျောတဲ့အရာတစ်ခုခုနဲ့ လိင်တံ၊ ဝှေးစေ့ကို ထိခိုက်မိတာကြောင့်လည်း ဖြစ်နိုင်သလို ပိုးဝင်ပြီး ဝှေးစေ့ရောင်တာ၊ သုက်ပို့ပြွန်ရောင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။၁။ သုက်ပို့ပြွန်ရောင်ခြင်း (Epididymitis)။လိင်မှတစ်ဆင့် ကူးစက်ရောဂါဖြစ်တဲ့ ခလက်မီးဒီးယားရောဂါ (Chlamydia) ကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သုက်ပို့ပြွန်ရောင်ရမ်းတာပါ။၂။ ဝှေးစေ့ရောင်ခြင်း (Orchitis)။ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုး ဝင်ရောက်ခြင်းကြောင့် ဝှေးစေ့ရောင်ရမ်းတဲ့ အခြေအနေပါ။ ပိုးဝင်သွားတဲ့အချိန်မှာ ဝှေးစေ့က ပျော့အိအိဖြစ်နေတာ၊ ရောင်နေတာ၊ ထိလိုက်တဲ့အချိန် ပူစပ်ပူလောင်ဖြစ်တဲ့ ခံစားချက်မျိုး ဖြစ်စေပါတါယ်။၃။ သုက်ရည်ပြွန်တွင် အရည်အိတ်တည်ခြင်း (Spermatocele)။ဝှေးစေ့ထဲမှာ ရှိနေတဲ့ အရည်တွေဟာ နာကျင်မှုကို ဖြစ်စေတဲ့အပြင် ဝှေးစေ့သွေးပြန်ကြောတွေက ပိုကြီးလာပြီး အောင့်သက်သက်ဝေဒနာကို ခံစားရပါတယ်။၄။ မုတ္တရောဂါ (Hydrocele)။ဝှေးစေ့ ပတ်လည်မှာ အရည်ဝိုင်းအခြေအနေပါ။ နာကျင်မှုကြောင့် ထုံသလိုလို၊ စူးအောင့်သလို ဝေဒနာပါ ခံစားရနိုင်ပါတယ်။ဒီရောဂါတွေအပြင်အူကျခြင်း၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်း၊ ကပ္ပာယ်အိတ်ထဲ ရောက်မလာဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့တဲ့ ဝှေးစေ့ကြောင့်လည်း နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ယောက်ျားလေးတော်တော်များများက ဝှေးစေ့အောင့်ပြီဆိုရင် ကင်ဆာဖြစ်ပြီလို့ တထစ်ချ ယုံလိုက်တာပါပဲ။ တကယ်တော့ ဝှေးစေ့ကင်ဆာဆိုတာ အမျိုးသားတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် ဒီလောက်ကြီး ပေါများတာတော့လည်း မဟုတ်ပါဘူး၊၊ ကိုယ့်မှာ ကင်ဆာရှိ၊ မရှိကို စောစီးစွာ သိနိုင်ဖို့အတွက် တစ်လကို တစ်ကြိမ်လောက် အိမ်မှာ ကိုယ်တိုင်စစ်ကြည့်လို့ ရတဲ့နည်းလမ်းတွေ ရှိပါတယ်။၁။ ရေနွေးနဲ့ ရေချိုးပြီး၊ ရေစိမ်ပြီးတဲ့အချိန်မှာ ဝှေးစေ့ကို ကိုင်ကြည့်ပါ။၂။ ဝှေးစေ့တစ်လုံးကို လက်နှစ်ဖက် အသုံးပြုပြီး စစ်ဆေးပါ။၃။ လက်မနဲ့ လက်ညှိုးကြားမှာ ဝှေးစေ့ကို အပေါ်၊ အောက် လှိမ့်ပြီး စမ်းကြည့်ပါ။၄။ ပဲစေ့အရွယ်လောက် အလုံးလေး၊ အကြိတ်လေးစမ်းမိတယ်ဆိုတာ ရေအိတ်တည်တာလည်း ဖြစ်နိုင်သလို ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ဒါကြောင့် ဝှေးစေ့မှာ နာကျင်တယ်၊ စူးအောင့်တယ်လို့ ခံစားရတာ၊ ကိုင်ကြည့်လိုက်တဲ့အချိန် ပဲစေ့လေးလို အကြိတ်လုံးစမ်းမိတာဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှုခံယူဖို့ လိုအပ်တယ်လို့ အကြံပေးလိုက်ပါတယ်နော်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/testicular-pin-after-shower/
ဆံပင်ပါးနေတဲ့ကိုယ့်ကလေး ဆံပင်ထူလာအောင် ဘာလုပ်ပေးရမလဲ။ ။
ဆံပင်ဆိုတာ ဒုတိယမျက်နှာပါ။ ဆံပင်ပုံကျမှ၊ ဆံသားကောင်းမှ၊ဆံပင်ထူမှ လူတစ်ယောက်ရဲ့ အလှအပက ပြည့်စုံတာပါ။ ဆံပင်ထူမှ လှတာပါ။ဆံပင်ပါးလို့လှတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ပြည့်စုံလှပတဲ့ ဆံပင်ရဖို့အတွက် ငယ်ငယ်တည်းက ထိန်းသိမ်းခဲ့ဖို့တော့ လိုပါတယ်။ကလေးတိုင်း မတူကြပါဘူး။ တချို့ကလေးတွေရဲ့ ဆံပင်ကထူပြီးဆံပင်ပေါက်သန်သလို တချို့ကလေးတွေ ကျတော့ ဆံပင်ပါးပြီး ဆံပင်ပေါက်နှေးကြပါတယ်။ ဆံပင်ထူအောင် ငယ်ငယ်တည်းက မေမေတို့ မလုပ်ပေးခဲ့ရင် အရွယ်ရောက်လာတဲ့အချိန်မှာလည်း သ့င်ကလေးဆံပင်ပါးပါးလေးပဲ ရှိမှာပါ။ ဒါကြောင့် ဆံပင်ပါးနေတဲ့ သင့်ကလေး ကို ဆံပင်ထူလာအောင်၊ သန်လာအောင် လုပ်ပေးဖို့ မေမေတို့မှာ တာဝန် အပြည့်ရှိပါတယ်။ ။ဆံပင်ပါးနေတဲ့ သင့်ကလေး ဆံပင်ထူလာစေဖို့ ဆံပင်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေ ရနေဖို့နှင့် ဆံပင်ပျက်စီးတာကနေ ကာကွယ်တာထက် ပိုကောင်းတဲ့ နည်းလမ်း မရှိနိုင်တော့ပါဘူး။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/tips-to-childrens-hair-thick-naturally/
Hdl Cholesterol Test (ကောင်းသော အဆီ HDL ကို စစ်ဆေးခြင်း)
HDL cholesterol test ဟာ သွေးအတွင်းမှာရှိတဲ့ ကောင်းတဲ့ ကိုလက်စထရောဓါတ်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။HDL ဟာ High density lipoprotein အတိုကောက် စကားလုံးဖြစ်ပါတယ်။ Lipoproteins တွေမှာ ပရိုတင်းနဲ့ အဆီတွေ ပါဝင်ပါတယ်။ HDL ဟာ မကောင်းတဲ့ ကိုလက်စထရောဓါတ်တွေဖြစ်တဲ့ LDL၊ triglycerides နဲ့ ဆိုးဝါးသော အဆီတွေကို အသည်းကို သန့်စင်ပေးဖို့အတွက် သယ်ပို့ပေးတာကြောင့် သူ့ကို ကောင်းတဲ့ ကိုလက်စထရောဓါတ်လို့ခေါ်ပါတယ်။ HDL ဟာ အသည်းကိုရောက်ရင် အသည်းဟာ LDL ကို ချေဖျက်လိုက်ပြီး သည်းခြေရည် အဖြစ်ပြောင်းလိုက်ကာ ကိုယ်ခန္ဓါ အတွင်းပိုင်းကနေ စွန့်ထုတ်လိုက်ပါတယ်။သုတေသနတွေက HDL များတဲ့ လူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုကြပါတယ်။သွေးတွင်း ပဏာမ ကိုလက်စထရော စစ်ဆေးခြင်းမှာ ကိုလက်စထရောများနေတဲ့ လူတွေအတွက် နောက်ထပ် စစ်ဆေးမှု တစ်ခုအဖြစ် HDL စစ်ဆေးခြင်းကို ပြုလုပ်ကြတာဖြစ်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်စဉ်မှာ HDL cholesterl test ကို သူ့တစ်မျိုးတည်းမဟုတ်ပဲ အခြားစစ်ဆေးမှုတွေဖြစ်တဲ့ Lipid profile (အဆီပါဝင်နှုန်း အပြည့်အစုံ စစ်ဆေးခြင်း) ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ cholesterol ၊ LDL cholesterol နဲ့ tryglycerides တွေနဲ့ အတူစစ်ဆေးလေ့ရှိပါတယ်။ သူ့ကို လူကြီးတွေအကုန်လုံးမှာ ငါးနှစ်တစ်ခါ စစ်ဆေးသင့်ပါတယ်။ Lipid profile ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ HDL cholesterol test ကို နှလုံးရောဂါဖြစ်ဖို့ အချက် တစ်ခုထက် မနည်း ရှိသူတွေမှာ မကြာခဏ စစ်ဆေးသင့်ပါတယ်။နှလုံးရောဂါဖြစ်ပွားနှုန်းမြင့်နိုင်တဲ့ အချက်တွေကတော့။• ဆေးလိပ်သောက်ခြင်း။• အသက် (အမျိုးသားတွေမှာ ၄၅ နှစ်နဲ့အထက်၊ အမျိုးသမီးတွေမှာ ၅၅ နှစ်နဲ့အထက်)။• နှလုံးရောဂါဖြစ်ပွားသူ မိသားစုရာဇဝင်ရှိခြင်း (မိသားစုထဲမှာ နှလုံးရောဂါဖြစ်ပွားသူ – အမျိုးသားတွေမှာ အသက် ၅၅ နှစ်အောက်၊ အမျိုးသမီးတွေမှာ အသက် ၆၅ နှစ်အောက်)။• နှလုံးရောဂါ ရှိခြင်း သို့ နှလုံးရပ်ခြင်း ဖြစ်ဖူးခြင်း။• ဆီးချိုသွေးချိုရောဂါ။Lipid profile စစ်ဆေးခြင်းကို ကလေးတွေရော လူကြီးတွေမှာ ပါ ပြုလုပ်သင့်ပါတယ်။ ကလေးတွေမှာ အသက် ၉-၁၁ နှစ် ကြားမှာ အနည်းဆုံးတစ်ကြိမ် စစ်ဆေးသင့်ပြီး အသက် ၁၇-၂၁ နှစ်ကြားမှာ နောက်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ cholesterol မှန်မှန်ထက်များနေခြင်း (သို့) များနိုင်တဲ့ အချက်တွေ ရှိတဲ့ လူငယ်တွေမှာ အခြားစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်တွေကတော့ နှလုံးရောဂါ ရှိသူ မိသားစုအတွင်း ရှိခြင်း၊ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။ ဆရာဝန်ဟာ မိဘမှာ ကော်လက်စထရောဓါတ်များရင် အသက် ၉ နှစ်အောက်ကလေးမှာ lipid profile စစ်ဆေးစေမှာဖြစ်ပါတယ်။HDL cholesterol test ကို ပုံမှန်စစ်ဆေးသင့်ပြီး ဒါဟာ HDL cholesterol များအောင်ရည်ရွယ်ပြီး ကျန်းမာတဲ့ လူမှုနေထိုင်ပုံ ပြောင်းလဲမှုတွေဖြစ်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေးလိပ်ဖြတ်ခြင်း အစရှိတာတွေရဲ့ အောင်မြင်မှုကို စစ်ဆေးတိုင်းတာနိုင်ပါတယ်။HDL cholesterol test ကို လူနာတစ်ယောက် နေမကောင်းစဉ်မှာ မတိုင်းတာသင့်ပါဘူး။ ရုတ်တရက်ဖြစ်တဲ့ ဖျားနာခြင်းတွေမှာ (နှလုံးရပ်ပြီး၊ စိတ်ဖိစီးမှုဖြစ်စဉ်) ကိုလက်စထရောဓါတ်ဟာ ကျဆင်းတတ်ပါတယ်။ ဒါကြောင့် ကိုလက်စထရောတိုင်းတာဖို့ နေမကောင်းဖြစ်ပြီး အနည်းဆုံးခြောက်ပတ်လောက် စောင့်ဆိုင်းသင့်ပါတယ်။အမျိုးသမီးတွေမှာ HDL cholesterol ဟာ ကိုယ်ဝန်ရှိစဉ်မှာ ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာလည်း HDL cholesterol test စစ်ဆေးဖို့ ကလေးမွေးပြီး ခြောက်ပတ်စောင့်ဆိုင်းသင့်ပါတယ်။သင့်ဆရာဝန်က ညွှန်ကြားချက်တွေ၊ မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ရမလဲဆိုတာတွေကို ပြောပြပါလိမ့်မယ်။ ဒါတွေမှာ အချို့ဆေးတွေ ခဏတာရပ်ခြင်း၊ မစစ်ဆေးခင် ၁၂ နာရီလောက် အစာမစားခြင်းတွေ ပါဝင်ပါတယ်။HDL cholesterol test ဟာ လျင်မြန်ပြီး နာကျင်မှုနည်းပါးပါတယ်။ အပ်ကိုအသုံးပြုပြီး သွေးစုပ်ယူဖို့ လိုပါတယ်။ အပ်ထိုးတဲ့နေရာမှာ စူးရှရှဖြစ်ခြင်းကိုတော့ ခံစားရပါလိမ့်မယ်။ အိမ်မှာစစ်ဆေးတဲ့ စစ်ဆေးမှုတွေကတော့ သွေးတစ်စက်လောက်သာ လိုအပ်ပြီး သွေးဖေါက်တဲ့ ကိရိယာနဲ့ ဖေါက်နိုင်ပါတယ်။လုံလောက်တဲ့ သွေးပမာဏကို အပ်မှာဆက်ထားတဲ့ လေလုံတဲ့ ပုလင်းအတွင်း ထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရမှာဖြစ်ပါတယ်။သွေးအဖြေရဖို့ ဆရာဝန်က ပြန်ချိန်းမှာဖြစ်ပါတယ်။ သင့်အဖြေတွေက ဘာကိုဆိုလိုလဲဆိုတာ ဆရာဝန်က ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အကောင်းဆုံး HDL cholesterol ပမာဏကတော့ –။အမျိုးသားတွေမှာ – 40 mg/dL။အမျိုးသမီးတွေမှာ – 50 mg/dL။HLD cholesterol အမျိုးသမီးတွေမှာ 50 to 59 mg/dL နဲ့ အမျိုးသားတွေမှာ 40 to 50 mg/dL ရှိခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှုကို ပျမ်းမျှအားဖြင့် ဖြစ်နိုင်စေပါတယ်။ HDL နည်းခြင်းဟာ ရောဂါဖြစ်ပွားနှုန်းကို ပိုများစေပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/hdl-cholesterol-test-%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%86%e1%80%ae-hdl-%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%85%e1%80%b9%e1%80%b1/
ပဲပိစပ်ကနေရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများ ။ ။
ပဲနို့၊ပဲငံပြာရည်၊ပဲပိစပ်ဆီဆိုပြီး ပဲပိစပ်နဲ့ပက်သက်တဲ့ ထုတ်ထားတဲ့ ထုတ်ကုန်များစွာကို ကြားဖူး၊ စားဖူးကြမှာပါ။ ဟင်းတစ်ပွဲ ပြင်ဆင်တဲ့နေရာမှာမပါမဖြစ်ဆိုတော့ အိမ်ရှင်မတွေဆို ပိုသိမှာပေါ့။ပဲပိစပ်ဆိုတာ ပဲအမျိုးအနွယ်ဝင်တစ်မျိုးဖြစ်ပြီး အခြား ပဲအမျိုးနွယ်ဝင်တွေထက် ပိုပြီးပရိုတင်းြကွယ်ဝတဲ့ ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို အဆီထွက်တဲ့ ပဲအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့် ပဲပိစပ်ဆီတို့၊ ပဲငံပြာရည် တို့ဆိုပြီး အများကြီးပေါ်ထွက်လာပြီး လူတိုင်းအသည်းကျော် စားစရာဖြစ်လာခဲ့တာပေါ့ ။ ဒါဆို လူတိုင်းကြိုက်ကြတဲ့ ပဲပိစပ်မှာ ဘယ်လို ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အချက်တွေရှိလဲ ။ ။ပဲပိစပ်မှာပါဝင်တဲ့အမျှင်ဓါတ် ေတွက သွေးတွင်းအဆီဓါတ်ကိုလျော့ကျစေပြီး သွေးကြောအတွင် းအဆီတွေ အနည်ကျခြင်းကို ကာကွယ်ပေးတဲ့အတွက်ကြောင့်နှလုံးသွေးကြောကျဉ်းတာ၊လေဖြတ်တာတွေကို ကာကွယ်ပေးပါတယ်။ ပါဝင်တဲ့ fatty acid တွေက သွေးပေါင်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ပဲပိစပ်မှာ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေပါဝင်တာကြောင့်ကင်ဆြာဖစ်စေတဲ့ Free radicals လို့ခေါ်တဲ့ကိုယ်တွင်းက မကောင်းတဲ့ ဓါတုပစ္စည်းတွေကို သူက ဓါတ်တိုးဆန့်ကျင်ပြီး ကင်ဆာကို ကာကွယ်ပေးမှာပါ။ပဲပိစပ်မှာပါတဲ့ ကြွယ်ဝတဲ့အမျှင်ဓါတ်က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းကအဆိပ်အတောက် တွေကို စွန့်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် ဝမ်းလျှောတဲ့သူဖြစ်ဖြစ် ၊ဝမ်းချုပ်တတ်တဲ့သူဖြစ်ဖြစ် လေထိုးလေအောင့်ဖြစ်တတ်တဲ့သူဖြစ်ဖြစ် အစာခြေစနစ်ပြန်ကောင်းအောင်လို့ ပဲပိစပ်ကို စားပေးလို့ရပါတယ်။ပါဝင်တဲ့ ဇင့်၊ ကော်ပါး၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြောင့် ပဲပိစပ်က အရိုးတွေကိုသန်မာစေပြီးအရိုးပွရောဂါကိုတောင် အကာအကွယ်ပေးဦးမှာပါ။ ဒ့ါအပြင် ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေကလည်း အရိုးအပေါ်သက်ရောက်တဲ့ ဓါတုပစ္စည်တွေကို ဆန့်ကျင်ပေးဦးမှာပါ။( ၅ ) – သွေးအားကောင်းစေပါတယ်။ ။ပဲပိစပ်ဟာ သံဓါတ်နဲ့ ကော်ပါးဓါတ်ကြွယ်ဝတာကြောင့် သွေးနီဥထုတ်လုပ်မှုကိုအားပေးပြီး သွေးအားကောင်းစေပါတယ်။ ဒါ့အပြင် haemoglobin လို့ခေါ်တဲ့အောက်ဆီဂျင်သယ်ပေးတဲ့ ေသွးနီဥဆဲလ်ထုတ်ခြင်းကိုလည်း အားပေးတာကြောင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်ရစေပါတယ်။ပဲပိစပ်မှာ ပါဝင်တဲ့မဂ္ဂနီဆီယမ်ဟာ သင့်ကို ညဘက်ကောင်းကောင်းအိပ်ပျော်စေမှာ ဖြစ်လို့ ညညအိပ်မပျော်တဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုနော် ။ပဲပိစမ်မှာပါဝင်တဲ့ isoflavones ဟာအီစတိုဂျင်ေဟာ်မုန်းလိုမျိုး ဆောင်ရွက်ပေးတာကြောင့် သွေးဆုံးချိန်နည်းသွားတဲ့ အီစတိုဂျင်ဟော်မုန်းနေရာကို အစားထိုးဝင်ရောက်ပေးတာကြောင့် သွေးဆုံးချိန်ဖြစ်တဲ့လက္ခဏာတွေကို သက်သာစေပါတယ်။ပဲပိစပ်မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အင်ဆူလင်အာရုံခံနိုင်စွမ်းကိုမြင့်စေတာကြောင့် မြင့်တက်နေတဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းပေးနိုင်စွမ်းရှိပါတယ်။ ခ။ပဲပိစပ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တို့ဟာခုခံအားကိုအားပေးပြီး ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ဒါေ့ကြာင့် ဒီလို ကောင်းကျိုးတွေ အများကြီးရှိတဲ့ ပဲပိစပ်ဟာ လူတွေနဲ့ အသင့်တော်ဆုံး အစားအသောက်တစ်ခုပါ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/soybean/
နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။
နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။ ဒီ ခေါင်းစဉ်လေးဖတ်ပြီးတာနဲ့ခေါင်းလျှော်တယ်ဆိုတာ ကိုယ်ငယ်ငယ်လေးထဲက လုပ်နေကျမို့ ဘာများခက်ခဲလို့ ဒီလိုဆောင်းပါးရေးရတာလဲဆိုတဲ့ အတွေးလေး ခေါင်းထဲ ရောက်မှာ ကျိန်းသေပါတယ်။ ဟုတ်ပါတယ်။ ဒီလို ငယ်ငယ်လေးထဲကလုပ်နေကျ၊ လွယ်ကူတဲ့ ကိစ္စတွေကိုပဲ တလွဲတွေ လုပ်နေတတ်ကြတာ လူတိုင်းနီးပါးပါ။ ဒီတော့ ခေါင်းလျှော်တဲ့ ကိစ္စမှာလည်း လွယ်လွယ်နဲ့ ပြီးစလွယ်လုပ်လိုက်ကြတာများပါတယ်။ ကြာလာတော့ဆံသားတွေ ခြောက်သွေ့အဖျားနှစ်ခွဖြစ်တာ၊ ဦးရေပြားဗောက်ထတာတွေ ဖြစ်လာပါတော့တယ်။နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ဆိုရာမှာ။( ၁ ) နည်းလေးကောင်းလေပါ။ခေါင်းကို နေ့တိုင်း လျှော်တာမျိုးထက် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ခွဲလျှော်တာက ပိုပြီး စနစ်ကျ ပါလိမ့်မယ်။ လူတော်တော်များများကဆံပင်လေးပုံကျချင်လို့အဆီပြန်နေတာ မလိုချင်လို့ ဆိုပြီး ခေါင်းကို နေ့တိုင်း လျှော်တတ်ကြ ပါတယ်။တကယ်တော့ တစ်ပတ်သုံးကြိမ်လောက် လျှော်တာကသာဆံသားအတွက်ရော ဦးရေပြား အတွက်ပါ အကောင်းဆုံး ဖြစ်မှာပါ။ အဆီပြန်တာ မလိုချင်လို့ ခေါင်းကို နေ့တိုင်းလျှော်လေ ခေါင်းက အဆီတွေ ပိုထုတ်လေနဲ့ သံသရာ လည်နေပါလိမ့်မယ်။( ၂ ) ရေပူကြီးနဲ့ ခေါင်းမလျှော်သင့်ပါ။ရေပူကြီးနဲ့ ခေါင်းလျှော်လိုက်ရင် ဆံသားတွေ ခြောက်သွေ့သွားပြီးအဖျားနှစ်ခွပိုပြီး ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ချိန် ရေအပူကြီးတွေ မသုံးဘဲ ရေနွေးနွေးလောက်ပဲ သုံးလို့ရပါမယ်။တတ်နိုင်သလောက် ရိုးရိုးရေနဲ့ လျှော်တာက အကောင်းဆုံးနည်းလမ်းပါ။( ၃ )ဦးရေပြားကို နှိပ်နယ်ပေးပါ။ဆံသားကောင်းခြင်း မကောင်းခြင်းက ဦးရေပြားနဲ့ အများကြီး သက်ဆိုင်နေတာမို့ ခေါင်းလျှော်နေတဲ့ အချိန် ဦးရေပြားကို နှိပ်နယ်ပေးဖို့ အရေးကြီး ပါတယ်။ နှိပ်တဲ့ နေရာမှာလက်သည်းတွေနဲ့ မကုတ်ခြစ်မိဖို့ကလည်း သတိထားရမယ့် အချက်ပါ။ကိုယ်ကသာဆံပင်က စေးကပ်ကပ် ဖြစ်နေလို့ အရမ်း ညစ်ပတ်နေမယ် ထင်ပေမယ့် တကယ်တမ်း အဲလောက်လည်း မညစ်ပတ်တဲ့ အတွက် လက်သည်းနဲ့ အတင်းကုတ်ပြီး ခေါင်းလျှော်စရာ မလိုပါဘူး။ လက်ချောင်းလေးတွေနဲ့ အသာ ဖွပြီး နှိပ်ပေးခြင်းကြောင့် ဦးရေပြားက အကြောတွေ ပြေလျော့ပြီး လန်းဆန်းစေမှာ အသေအချာပါ။( ၄ ) ခေါင်းလျှော်ရည်၂ ကြိမ်ထည့်ပါ။ခေါင်းလျှော်တဲ့အခါ ပထမတစ်ကြိမ်ခေါင်းလျှော်ရည်ထည့်တာက ရှိနေတဲ့ဦးရေပြားက ချေးတွေ စင်သွားအောင်လို့နဲ့ နောက်တစ်ကြိမ်ထည့်တဲ့ ခေါင်းလျှော်ရည်က ကျတော့ ခေါင်းလျှော်ရည်က ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်ကို ရဖို့နဲ့ ဆံသားကို အားဖြည့်ပေးဖို့ ဖြစ်ပါတယ်။ ခေါင်းလျှော်ရည်ရွေးနဲ့ နေရာမှာလည်း ကိုယ့်ဦးရေပြား ဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့လည်း လိုပါသေးတယ်။( ၅ )ပေါင်းဆေးသုံးပါ။ ပျော့ဆေးသုံးပါ။ပေါင်းဆေး ပျော့ဆေးတွေက ဆံသားကို အားဖြည့်ပေး ရုံသာမက ရှုပ်နေတဲ့ ဆံသားတွေကိုပါ ရှင်းပေးတဲ့ အတွက်ကြောင့် ဆံပင် ကျွတ်တာ၊ ဆံပင်ကျွတ်ဆတ်တာတွေကို သက်သာစေမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-washing/
နှလုံးရောဂါ ကာကွယ်နိုင်သော လေ့ကျင့်ခန်းများ
နှလုံးရောဂါသည် ပြင်းထန်သောရောဂါတစ်ခုဖြစ်ပြီး သင့်လျော်သော စားသောက်နေထိုင်မှု ပုံစံမရှိပါက မည်သူမဆို ရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသည် ။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေသည့်အကြောင်းရင်းများမှ တစ်ခုမှာ လှုပ်ရှားမှုနည်းသည့် နေထိုင်မှုပုံစံဖြစ်သည်။ ထို့ကြောင့် ဤရောဂါကို ကာကွယ်သည့် ရိုးရှင်းသောနည်းလမ်းတစ်ခုအဖြစ် လေ့ကျင့်ခန်းလုပ်သင့်သည်။လမ်းသွက်သွက်လျှောက်ခြင်း။လမ်းလျှောက်ခြင်းသည် အလွန်ကောင်းသောလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါက အင်အားစိုက်ထုတ်ရန် မလိုသောကြောင့် နှလုံးနှင့် သွေးကြောဝေဒနာရှင်များအတွက်လည်း သင့်တော်သည်။ နံနက်စောစောလမ်းလျှောက်ခြင်း (သို့) လမ်းသွက်သွက်လျှောက်ခြင်းသည် နှလုံးခုန်နှုန်းကို မြန်စေပြီး မကြာခဏပြုလုပ်ပါက ရုတ်တရက်နှလုံးထိခိုက်မှုအန္တရာယ်ကို လျော့ချနိုင်သည်။ ဤလှုပ်ရှားမှုသည် ခန္ဓာကိုယ်တွင်း မကောင်းသည့်အဆီများကို ကျစေပြီး ကောင်းသည့်အဆီများကို တက်စေသည်။ သွေးပေါင်ကျစေပြီး ကိုယ်အလေးချိန်လည်း ကျကာ စိတ်ခံစားမှုကိုလည်း ကောင်းစေသည်။သင်သည် အိမ်တွင်လမ်းလျှောက်စက်ဖြင့် လျှောက်နိုင်သလို လမ်းမပေါ်တွင်လည်း လျှောက်နိုင်သည်။ လမ်းလျှောက်စဉ်တွင် ချွေးအလွန်ထွက်သည် မောပန်းသည်ဟု ထင်ပါက ခြေလက်များကွေး၍ ဆန့်၍ကောင်းသော အဝတ်အစားများကိုဝတ်ပါ။ မိမိအတွက် သက်တောင့်သက်သာရှိမည့် ဖိနပ်ကိုစီးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်သည့်နှုန်းအတိုင်း တစ်ရက်လျှင် မိနစ် ၃ဝ မှ မိနစ် ၆ဝအတွင်း ထိန်းထားနိုင်လျှင် အထိရောက်ဆုံးဖြစ်သည်။ပြေးခြင်း။ပြေးခြင်းသည် လမ်းလျှောက်ခြင်းထက် စွမ်းအင်ပိုအသုံးချရသော်လည်း နှလုံးရောဂါရှင်များအတွက် အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်သည်။ သင်၏ခန္ဓာကိုယ်ကို ကူညီပေးသည့်အပြင် ခံနိုင်ရည်ကိုလည်း တက်စေသည်။ သင်၏နှလုံးနှင့်သွေးကြောများတစ်ဝိုက်ရှိ အဆီများကိုလည်း ကျစေသည်။ ဤလေ့ကျင့်ခန်းသည် အင်မတန်ရိုးရှင်းသည်။ သင့်ခန္ဓာကိုယ်၏ ကျန်းမာရေးကို တည်ဆောက်ရန်လေ့ကျင့်ခန်းလုပ်မည့် ပြင်းအားနှင့် အချိန်ကို သင်ကိုယ်တိုင် ထိန်းညှိနိုင်သည်။ပြေးသည့်အခါ ပြေးသည့်ခြေလှမ်းတိုင်းတွင် ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားနေပြီး နှလုံးကလည်း အလုပ်ပိုလုပ်ကာ ခံနိုင်ရည်ပိုရှိလာသည်။ တစ်ချိန်တည်းမှာပင် ကြွက်သား၊ အရိုးနှင့် အဆစ်များ၏ လှုပ်ရှားမှုကြောင့် ကယ်လိုရီများလောင်ကျွမ်းကာ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ရန် ကူညီပေးသည်။ သင်သည် အခုမှလေ့ကျင့်ခန်းစလုပ်မည်ဆိုလျှင် ၅ မိနစ် လမ်းသွက်သွက်လျှောက်ခြင်းဖြင့်စပြီး လမ်းလျှောက်ရာမှပြေးလျှင် ယခင်ထက် ၁ မိနစ်-၂ မိနစ် ပိုပြေးပါ။ ထို့နောက် ပြေးချိန်ကို တဖြည်းဖြည်းတိုးလာပြီး လမ်းလျှောက်ချိန်မထားတော့ဘဲ ဆက်တိုက်ပြေးပါ။စက်ဘီးစီးခြင်း။စက်ဘီးစီးခြင်းသည် နှလုံး၊ သွေးကြောများနှင့် အဆုတ်ကျန်းမာရေးအတွက် စိတ်ဝင်စားစရာကောင်းသော လေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။ လေဖြတ်ခြင်းနှင့် ရုတ်တရတ်နှလုံးထိခိုက်ခြင်းအန္တရာယ်များကိုလည်း လျော့ကျစေပါသည်။ တစ်ပတ်လျှင်၃၂ ကီလိုမီတာ စက်ဘီးစီးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို ၅ဝရာခိုင်နှုန်း လျှော့ချနိုင်သည်ဟု သုတေသနများတွင် ဖော်ပြထားသည်။စက်ဘီးစီးစဉ်တွင် ခန္ဓာကိုယ်တစ်ခုလုံးက အလုပ်လုပ်ရသည်။ အထူးသဖြင့် ခြေထောက်များက အလုပ်လုပ်ရပြီး ကယ်လိုရီပေါင်းများစွာကို လောင်ကျွမ်းစေသည်။ သင့်တော်သော ကိုယ်အလေးချိန်ရှိရန်နှင့် နှလုံးကျန်းမာရေးကို ကာကွယ်ရန် နေ့စဉ် မိနစ် ၃ဝ ခန့် အသုံးပြု၍ ဤလေ့ကျင့်ခန်းကို လုပ်ပါ။ ၎င်းသည် အသက်အရွယ်အားလုံးအတွက် သင့်တော်ပါသည်။ရေကူးခြင်း။ရေကူးခြင်းသည်လည်း နှလုံးနှင့်သွေးကြောရောဂါများအတွက် အလွန်ကောင်းသော ရွေးချယ်မှုဖြစ်သည် ။ ရေကူးစဉ်တွင် ခန္ဓာကိုယ်တစ်ခုလုံးသည် လှုပ်ရှားနေပြီး သွေးကြောများကိုနှိပ်နယ်ပေးသကဲ့သို့ ဖြစ်၍ သွေးလှည့်ပတ်မှုကိုကောင်းမွန်စေကာ နှလုံးနှင့်သွေးကြောရောဂါများကို ကာကွယ်၊ ကုသပေးနိုင်သည်။ ရေကူးခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးဖိအား၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုခြင်းကို ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းစေသည်။ ရေအောက်တွင် လဲလျောင်းသည့်ပုံစံဖြင့်နေခြင်းသည် ခြေထောက်မှ သွေးများကို နှလုံးစီရောက်စေပြီး ဦးနှောက်ကိုလည်း လေဖြတ်ခြင်းမှ ကာကွယ်ပေးသည်။ ရေနွေးထဲတွင် ရေကူးခြင်းက ရေအေးတွင်ရေးကူးခြင်းထက် ပိုကောင်းသည်။ ရေထဲမဆင်းမီ အထူးသတိထားရမည့် အချက်များမှာ ဒိုင်ဗင်ထိုးခြင်း၊ ရေကူးပြိုင်ခြင်းတို့သည် အမောဖောက်နိုင်သည့်အန္တရာယ်ရှိသဖြင့် နှလုံးရောဂါရှင်များ မပြုလုပ်သင့်ပါ။ကျန်းမာရေးကို အထောက်အကူပြုရန်အတွက် အားကစားများပြုလုပ်ရာတွင် ပြုလုပ်သည်ဆိုရုံမဟုတ်ဘဲ သင့်လျော်သောပမာဏတစ်ခုထိ ပြုလုပ်ပါက နှလုံးနှင့်သွေးကြောရောဂါရှင်များတွက် အလွန်အကျိုးရှိပါသည်။ သို့သော် နှလုံးရောဂါရှင်များသည် အသေခံတိုက်ခိုက်ရေးသမားစိတ်ဓာတ်မျိုးနှင့် အားကစားလုပ်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမည်။ အင်အားအလွန်အကျွံသုံးပါက အန္တရာယ်ရှိသောကြောင့်ဖြစ်သည်။ နှလုံးအတွက် အကောင်းဆုံးမှာ ပြင်းအားအသင့်အတင့်မှ အနည်းငယ်ခပ်ပြင်းပြင်း (အပြင်းအထန်မဟုတ်) သို့ ဖြည်းဖြည်းချင်းလေ့ကျင့်ယူခြင်းဖြစ်သည်။နေ့စဉ် မိနစ် ၃ဝ မှ မိနစ် ၆ဝ ခန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် နှလုံးသွေးကြောရောဂါများကို ကာကွယ်နိုင်ရန် ကူညီပေးလိမ့်မည်။ ထို့ပြင် ကျန်းမာ၍ အာဟာရပြည့်ဝသော အစားအစာများနှင့် နေထိုင်မှုပုံစံတို့ကိုပါ ၎င်းနှင့်တွဲ၍ လုပ်ဆောင်သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba/
သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)
တစ်ခါတရံမှာ ပြဿနာတစ်ခုခုကြောင့်သွေးနီဥဆဲလ်များဟာ ပုံမှန်ထက် အရွယ်အစား ကြီးမားနေတတ်ပါတယ်။ သွေးနီဥဆဲလ်တွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အခါသွေးအားနည်းတတ်ပါတယ်။အကယ်၍ ကိုယ်ခန္ဓာထဲမှာ သွေးနီဥဆဲလ်များဟာ ပုံမှန်ထက် အရွယ်အစားကြီးမားနေပြီး ပုံမှန်သွေးနီဥဆဲလ်တွေ နည်းပါးလာတဲ့အခါလည်း သွေးအားနည်းတဲ့ အခြေအနေ ဖြစ်ပေါ်ပါတယ်။ အဆိုပါအခြေအနေကို သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းခြင်း (Microcytic Anaemia) လို့ ခေါ်ဝေါ်ပါတယ်။သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းခြင်းဟာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေပေါ်မူတည်ပြီး အမျိုးအစား ခွဲခြားနိုင်ပါတယ်။ အများစုကတော့ဗီတာမင် B12နဲ့ ဖောလိတ်ဓာတ် ချို့တဲ့ပြီး ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။များသောအားဖြင့် သွေးနီဥဆဲလ်ကြီးမားပြီး သွေးအားနည်းဟာ အစောပိုင်းမှာလက္ခဏာမပြတတ်ပါဘူး။ ကြာလာရင်တော့ အောက်ပါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။– အစားပျက်ခြင်း။– ကိုယ်အလေးချိန်လျော့ခြင်း။–ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်လာခြင်း။–နှလုံးခုန်မြန်ခြင်း။– ဝမ်းပျက်ခြင်း။– ပင်ပန်းနွမ်းနယ်ခြင်း။– အသားအရေ ဖျော့တော့ခြင်း။– အသက်ရှူမြန်ခြင်း။– အာရုံစူးစိုက်ရန်ခက်ခဲခြင်း။– မှတ်ဉာဏ်အားနည်းခြင်း။ဖော်ပြခဲ့တဲ့လက္ခဏာ အများအပြားကို ကြုံတွေ့ရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကယ်၍ နှလုံးခုန်နှုန်း ပိုမြန်လာခြင်း၊ အာရုံရှုပ်ထွေးနေခြင်း၊မှတ်ဉာဏ်ချို့တဲ့ခြင်းစတာတွေကြုံရရင်တော့ မြန်နိုင်သမျှ မြန်အောင်ပြသဖို့ လိုပါမယ်။သွေးနီဥဆဲလ်များကြီးမားပြီး သွေးအားနည်းခြင်းကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။သွေးနီဥဆဲလ်တွေကို စတင်ထုတ်လုပ်ရာမှာ မှားယွင်းမှုဖြစ်တဲ့အတွက် ဖြစ်ပွားတတ်ပါတယ်။ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအရင်းတွေကတော့ ဗီတာမင် B12 ချို့တဲ့ခြင်း၊ ဖောလိတ်ချို့တဲ့ခြင်း၊ ဆေးဝါးအချို့ (ဥပမာ ကင်ဆာဆေးများ၊ HIV ဆေးများ) သုံးစွဲနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ဖြစ်နိုင်ခြေ အကြောင်းအရင်းမျိုးစုံရှိပါတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်း၊ အသည်းရောဂါ၊သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းစတာတွေကြောင့် ဖြစ်ပါတယ်။ကုသမှုကတော့ ဖြစ်ပွားစေတဲ့ အကြောင်းအရင်းပေါ် မူတည်ပါတယ်။ သင့်တော်တဲ့နည်းလမ်းကို ဆရာဝန်က ရွေးချယ်ပါလိမ့်မယ်။ အာဟာရဓာတ်ချို့တဲ့မှုရှိနေရင် အာဟာရဓာတ်မျှစေဖို့ ဦးစားပေး ကုသရပါတယ်။ လိုအပ်ရင် ဗီတာမင် B12 နဲ့ ဖောလိတ်ကို အားဆေးအနေနဲ့ သောက်သုံးရတတ်ပါတယ်။ဗီတာမင် B12 ချို့တဲ့မှုမဖြစ်အောင် ဗီတာမင် B12 ကြွယ်ဝတဲ့ ကြက်သား၊ ဥအမျိုးမျိုး၊ အမဲသား၊ ငါးအမျိုးမျိုး စတာတွေ စားသုံးသင့်ပါတယ်။ ဖောလိတ်ဓာတ်ရအောင် ကိုက်လန်၊ ဟင်းနုနွယ်၊ ပဲနီလေး၊ ပဲဝါလေး၊ လိမ္မော်သီး စတာတွေ စားသုံးသင့်ပါတယ်။အရက်ကို အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ဆရာဝန်ပြသတဲ့အခါ မိမိသောက်သုံးနေတဲ့ဆေးဝါးတွေ (အထူးသဖြင့် ကင်ဆာဆေးများ၊ အတက်ရောဂါအတွက်ဆေးများ၊ HIV အတွက် သောက်သုံးတဲ့ ဗိုင်းရပ်စ်ဆန့်ကျင်ဆေးများ) အကြောင်း အသိပေးရပါမယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/macrocytic-anemia/
Gastrointestinal Bleeding (အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း)
အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း ဆိုတာ အစာခြေဖြတ်ရေးလမ်းကြောင်း တစ်လျှောက် မှာဖြစ်နှိင်တဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်တယ်။ ယိုစိမ့်သောသွေးကို စွန့်ပစ် လိုက်သော ဝမ်းထဲမှာသော်လည်းကောင်း၊ အန်ထုတ်လိုက်သော အစာဟောင်းများထဲမှာလည်းကောင်း တွေ့ရတတ်ပါတယ်။ သွေးပါသော ဝမ်းဟာ အမဲရောင် သို့မဟုတ် ကတ္တရာစေးပုံစံဖြစ်နေတတ်ပါတယ်။ သို့သော် သွေးယိုစိမ့်တိုင်း ထိုသို့တွေ့ရမည် မဟုတ်ပါ။ သွေးယိုစိမ့်မှု အဆင့်ပေါ်မူတည်ပြီး ရောဂါလက္ခဏာမှာ အသေးစား မှ ပြင်းထန်/အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိ ရှိတတ်ပါတယ်။အစာအိမ်နဲ့ အူမကြီးမှာ သွေးယိုစိမ့်တယ်ဆိုရင်တော့ အကြောင်းရင်းကိုရှာရလွယ်သော်လည်း အူသိမ်မှာဖြစ်တယ် ဆိုရင်တော့ အကြောင်းရင်းကိုရှာရခက်နိုင်ပါတယ်။ သို့သော် နောက်ဆုံးပေါ် Imaging နည်းပညာတွေသုံးပြီး ရောဂါရဲ့ ဇစ်မြစ်ကိုသိနိုင်သလို၊ ခန္တာကိုယ်ကို အနည်းငယ် ထိုးဖောက်သော နည်းစနစ်များသုံးကာ ကုသနိုင်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီနေရာမှာ အူလမ်းကြောင်း သို့မဟုတ် အစာဟောင်းအိမ် သွေးယိုစိမ့်နေပြီလားလို့ သံသယ ဖြစ်စရာ၊ သတိထားစရာ လက္ခဏာလေးတွေရှိပါတယ်။ သင့်ရဲ့စွန့်ပစ်လိုက်တဲ့ဝမ်းဟာ အနက်ရောင်ဖြစ်မယ်ကတ္ဆရာလိုစေးကပ်နေမယ်၊ ဆိုရင် အစာအိမ် သို့မဟုတ် အပေါ်ပိုင်း အူလမ်းကြောင်း တစ်နေရာရာမှာ သွေးယိုစိမ့်နေနိုင်ပါတယ်။ အစာဟောင်းအိမ်မှာ သွေးယိုစိမ့်တယ်ဆိုရင်တော့ ဝမ်းသွားတဲ့အခါမှာ ဝမ်းထဲ သွေးပါ တာ သို့မဟုတ် အိမ်သာသုံးစက္ကူ သုံးလိုက်ရင် စက္ကူမှာ သွေး တွေ့နိုင်ပါတယ်။ ထိုသွေးဟာ အနီရောင်ရဲရဲဖြစ်နေပါမယ်။ အန်တဲ့အထဲ သွေးပါခြင်းဟာလဲ နောက်ထပ် လက္ခဏာ တစ်ခုဖြစ်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားပြသင့်သလဲ?။အထက်ဖေါ်ပြပါ ရောဂါလက္ခဏာ ထဲကတစ်ခုခု သို့မဟုတ် ကော်ဖီရောင်လို အညိုရောင်တွေ အန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြသင့်ပါတယ်။ တစ်ခါတစ်ရံမှာ အသက်အန္တရာယ်စိုးရိမ်ရတတ်ပါတယ်။ အောက်ပါ ရောဂါလက္ခဏာများဖြစ်ပေါ်လျှင်လည်း ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။စတဲ့ လက္ခဏာများဟာလဲ ပြင်းထန် အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်းရဲ့ လက္ခဏာများဖြစ်တတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။သွေးယိုစိမ့်သောနေရာပေါ်မူတည်ပြီး အစာအိမ်နဲ့အူလမ်းကြောင်းသွေးယိုစိမ့်စေသောအေကြာင်းအရင်းအများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အပေါ်ပိုင်းအူလမ်းကြောင်းသွေးယိုစိမ့်ခြင်း အကြောင်းအရင်းများ။အပေါ်ပိုင်းအူလမ်းကြောင်းသွေးယိုစိမ့်ခြင်း အကြောင်းအရင်းများ ထဲမှာဆိုရင် အစာအိမ်နှင့် အူသိမ် နံရံ အနာဖြစ်ခြင်းဟာ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ H.pylori ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုး ဟာထိုသို့အနာဖြစ်ခြင်းကို လှုံ့ဆော်ပါတယ်။ ထို့အပြင် အစာပြွန်တစ်လျှောက် သွေးပြန်ကြောများ ဖေါင်းကြွပြီး ပေါက်ပြဲခြင်းကြောင့်လည်း သွေးယိုစိမ့်တတ်ပါတယ်။ ထိုအခြေအနေကို ဆေးပညာအရ Mallory-Weiss syndrome လို့ခေါ်ပါတယ်။အောက်ပိုင်းအူလမ်းကြောင်းသွေးယိုစိမ့်ခြင်း အကြောင်းအရင်းများ။အောက်ပိုင်းအူလမ်းကြောင်းသွေးယိုစိမ့်ခြင်း အကြောင်းအရင်းများ ထဲမှာ အဖြစ်အများဆုံးအကြောင်းရင်းဟာ အူမကြီးရောင်ရမ်းခြင်း ပဲဖြစ်ပါတယ်။ အူမကြီးရောင်ရမ်းစေတဲ့ အချက်များမှာ အူမကြီး ပိုးဝင်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ကပ်ပါးပိုးဝင်ခြင်း၊ Cohn’ disease ခေါ် အူမကြီး အနာများဖြစ်၍ ရောင်ရမ်းခြင်း၊ အူမကြီးသို့ သွေးစီးဆင်းမှုနည်းခြင်း၊ တို့ဖြစ်ပါတယ်။ လိပ်ခေါင်းဖြစ်ခြင်းဟာလည်း အောက်ပိုင်းအူလမ်းကြောင်း နှင့် အစာဟောင်းအိမ် သွေးယိုစိမ့်ခြင်း ရဲ့အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ လိပ်ခေါင်းဆိုတာ အစာဟောင်းအိမ်နဲ့ စအိုအူနံရံမှာ ဖေါင်းကြွနေတဲ့ သွေးပြန်ကြောများဖြစ်ပါတယ်။ ထိုဖေါင်းကြွနေတဲ့ သွေးပြန်ကြောများ ပေါက်ပြီး သွေးယိုစိမ့်ခြင်းဖြစ်နိုင်ပါတယ်။စအိုကွဲခြင်းကြောင့်လည်း အောက်ပိုင်းအူလမ်းကြောင်းသွေးယိုစိမ့်ခြင်းဖြစ်တတ်ပါတယ်။ ဝမ်းချုပ်ခြင်း၊ စမြင်းတုံးများသွားခြင်း တို့ကြောင့် စအိုကွဲတတ်ပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပိုင်းအူလမ်းကြောင်းသွေးယိုစိမ့်ခြင်းရဲ့ အကြောင်းရင်းကိုရှာဖွေဖို့ သင့်ဆရာဝန်က သင့်အား ရောဂါရဲ့ လက္ခဏာများနဲ့ ရောဂါရာဇဝင်ကို မေးမြန်းခြင်းနဲ့ အစပြုပါလိမ့်မယ်။ ထို့နောက် ဝမ်းထဲသွေးပါမပါ နှင့် အခြားသော tests များ စစ်ဆေးရန် ဝမ်းနမူနာကိုတောင်းပါလိမ့်မယ်။ သွေးအားနည်းခြင်း လက္ခဏာများကိုလည်းရှာဖွေ ပါလိမ့်မယ်။ အပေါ်ပိုင်းအူလမ်းကြောင်းသွေးယိုစိမ့်ခြင်း ဇစ်မြစ်ကိုရှာဖွေဖို့ Endoscopy ဆိုတဲ့စစ်ဆေးမှုတစ်ခုပြုလုပ်ရနိုင်ပါတယ်။ Endoscopy ဆိုတာ ပြော့ပြောင်းသော ပြွှန်တစ်ခုဧ။်ထိပ်တွင် camera ငယ်လေးတပ်ကာ အစာပြွန်တစ်လျှောက်ထည့်သွင်း၍ ဆရာဝန်မှ စစ်ဆေးခြင်းဖြစ်ပါတယ်။ ထို Camera ငယ်ဖြင့် အစာလမ်းကြောင်းတစ်လျှောက် မည်သည့်နေရာတွင်သွေးယိုစိမ့်နေသည်ကို မြင်နိုင်ပါသည်။ သိုသော် Endoscopy သည် အပေါ်ပိုင်းအူလမ်းကြောင်းကိုသာမြင်နိုင်ပါတယ်။ Endoscopy မှာမမြင်နိုင်တဲ့ သွေးယိုစိမ့်မှုမျိုးဆိုရင် Enteroscopy ပြုလုပ်ရန် ဆရာဝန်က အကြံပြုပါလိမ့်မယ်။ Enteroscopy ဆိုတာ endoscopy နည်းတူပါပဲ။ သို့သော်သူ့မှာ balloon သောကြာင့် ထို balloon ကို လေဖေါင်းလိုက်ခြင်းဖြင့် အူလမ်းကြောင်း ကိုလိုသလိုချဲ့ကြည့်နိုင်ပါတယ်။အောက်ပိုင်းအူလမ်းကြောင်းသွေးယိုစိမ့်ခြင်းရဲ့ အကြောင်းရင်းကိုရှာဖွေဖို့ဆိုရင်တော့ colonoscopy ဆိုတဲ့ စစ်ဆေးမှု ကိုပြုလုပ်ပါလိမ့်မယ်။ Colonoscopy ဆိုတာကတော့ထိပ်တွင် camera တပ်ဆင်ထားသော သေးငယ်ပြော့ပြောင်းတဲ့ ပြွန်လေးကို စအိုမှတစ်ဆင့် အစာဟောင်းအိမ် ထဲသို့ ထည့်ပြီး အူလမ်းကြောင်းတစ်လျှောက် သွေးယိုစိမ့်တဲ့နေရာကိုရှာဖွေခြင်းပဲဖြစ်ပါတယ်။ လိုအပ်ပါက biopsy အသားစအနည်းငယ်ယူပြီး စစ်ဆေးမှုများလည်းလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဓါတ်သတ္တုတစ်မျိုးကို သွေးပြန်ကြောမှတစ်ဆင့် ထည့်သွင်းပြီး ဓါတ်မှန်ကိုအသုံးပြုကာ သွေးယိုစိမ့်တဲ့နေရာကို ရှာဖွေနိုင်ပါတယ်။ ထိုနည်းများနဲ့ မတွေ့ဘူးဆိုရင်တော့ ဆရာဝန်က Pill Cam Test ဆိုတာကို ပြုလုပ်နိုင်ပါတယ်။ Pill Cam Test ဆိုတာကတော့ Camera သေးသေးပါတဲ့ ဆေးလုံးလေးကိုမျိုချရပြီး ထို Camera ကရိုက်လိုက်တဲ့ပုံများ ကတစ်ဆင့် မည်သည့်နေရာတွင် သွေးယိုစိမ့်နေသည်ကိုရှာဖွေခြင်းဖြစ်ပါတယ်။Endoscopy ဟာရောဂါဇစ်မြစ်ရှာဖွေရေးတွက်ပါမက ကုသရေးအတွက်ပါ အသုံးဝင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းထဲ ပိုက်ပျော့ထည့်ရာတွင် camera သာမက သွေးတိတ်စေတဲ့ ဆေးကိုပါ တစ်ပါတည်း ထည့်ပြီး ကုသနိုင်ပါတယ်။ ဒါ့အပြင် သွေးယိုစိမ့်နေသော သွေးကြောကို ညှပ်ရန် Clips ကိုလည်း တစ်ပါတည်းထည့်သွင်း ကုသနိုင်ပါတယ်။အကယ်၍ သွေးယိုစိမ့်ရခြင်းဟာ လိပ်ခေါင်းကြောင့်သာ ဖြစ်ခဲ့ရင် မိမိဘာသာမိမိ ဝယ်ယူရရှိနိုင်သော ဆေးဆိုင်မှဆေးများဖြင့် သက်သာမည်မဟုတ်ပါ။ ဆရာဝန်က လိပ်ခေါင်းကို ကျုံ့စေရန် အပူဓါတ် နှင့် ပိုးသတ်ဆေးများ ကိုအသုံးပြုကုသပါလိမ့်မည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစာအိမ်နဲ့အူလမ်းကြောင်း သွေးယိုစိမ့်မှု ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/gastrointestinal-bleeding-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%b0%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1/
ရေခဲရေ မသောက်ခင် ဒါတွေကို သိထားသင့်တယ်နော်
ခုလို နွေရာသီမှာ လူတော်တော်များများကရေခဲရေသောက်ရမှာကို အရမ်းကြောက်ကြပါတယ်။ အပူလျှပ်မှာ၊ဖျားနာမှာကြောင့် အပြင်က ရာသီဥတုကလည်း အရမ်းပူနေတော့ အေးလွန်းတဲ့ ရေခဲရေဆို မသောက်ဖို့ လူကြီးတွေ အမြဲပြောနေကြတာ ကြားဖူးမယ်ထင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရေခဲရေသောက်ရခြင်းရဲ့ ကောင်းကျိုးတွေနဲ့ တခြား ဆိုးကျိုးအန္တရာယ်တွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါမယ်။၁။ အားကစား၊လေ့ကျင့်ခန်းလုပ်ပြီးချိန် ကိုယ်ခန္ဓာက လွန်လွန်ကဲကဲ ထွက်နေတဲ့ အပူတွေကို ငြိမ်းအေးစေတယ်။ လူကို လန်းဆန်းတက်ကြွစေတယ်။ လူက အေးမြပြီး လန်းဆန်းနေတော့အားကစားလုပ်ရတာ ပိုပြီး ခွန်အားစိုက်ထုတ်လို့ ရတာပေါ့။၂။အချိုများတဲ့ ဖျော်ရည်တွေအစား ရေခဲရေသောက်ပေးခြင်းဟာ အပူချိန်ထိန်းဖို့ ခန္ဓာကိုယ်က အလုပ်ပိုလုပ်ရတဲ့အတွက် ကယ်လိုရီအချို့ကို လောင်ကျွမ်းသွားစေပြီး ကိုယ်အလေးချိန် ကျစေတယ်။၃။ ပူလွန်းတဲ့ နေ့တွေမှာ ရေခဲရေသောက်ပေးခြင်းဖြင့် ကိုယ်တွင်းအပူကို ကျစေတယ်။ရေဓာတ်ကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်လို့ ခေါင်းမူးခေါင်းကိုက်တာ၊ ကိုယ်လက်မအီသာဖြစ်တာ၊ အပူကြောင့် ရုတ်တရက်တက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။၄။နွေရာသီဆိုရင် လူတော်တော်များများက အပူဒဏ်ကြောင့် ပင်ပန်းပြီး ငိုက်နေတတ်တယ်မလား။ ရေခဲရေ နည်းနည်းလေး သောက်လိုက်ရင် စိတ်အာရုံက ချက်ချင်းနိုးထလာပြီး ကိုယ့်ရဲ့ အလုပ်ကို ခေါင်းကြည်ကြည်လင်လင်နဲ့ လုပ်လို့ ရတာပေါ့။၁။ လည်ချောင်းထဲက ချွဲသလိပ်တွေ ထစေတယ်။ အသံဝင်တာ၊လည်ချောင်းနာတာ၊ အာသီးရောင်တာမျိုးတွေ ဖြစ်နိုင်တယ်။၂။ အသက်ရှူလမ်းကြောင်းက ချွဲတွေကို ပိုပျစ်ချွဲသွားစေပြီး နှာပိတ်စေတယ်။ အသက်ရှူရခက်စေနိုင်တယ်။၃။အအေးမိ၊ ဖျားနာ၊ နေမကောင်းဖြစ်နေတဲ့ သူတွေဆို ရေခဲရေတွေ အမြဲသောက်နေရင် အဖျားကာလ ပိုကြာစေတယ်။ ဝေဒနာ သက်သာတာ နှေးကွေးမယ်။၄။ ရေခဲထဲမှာ စိမ်ပြီး အေးစိမ့်နေတာ ဖြစ်တဲ့အတွက် သောက်လိုက်တဲ့အချိန် ခေါင်းထဲမှာ ကျဉ်သွားပြီးခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူတွေအတွက် ပိုပြီး ဒုက္ခဖြစ်စေတယ်။၅။ အစာစားနေတဲ့အချိန် ရေခဲရေကိုပါ ရောသောက်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာက အစာချေဖျက်ရတာ ပိုခက်သွားမယ်။၆။ အပြင်က ပူလွန်းနေတဲ့အချိန် ရေခဲရေသောက်လိုက်တဲ့အခါ ကိုယ်ခန္ဓာက အပူအအေး မမျှတတော့တာ ဖြစ်နိုင်တယ်။၁။ နေပူထဲ အပြင်ထွက်ပြီး ပြန်လာချိန်မှာ ရေခဲရေကို လုံးဝမသောက်ပါနဲ့။ ချွေးတိတ်အောင်၊ ကိုယ်တွင်းက အပူတွေ ကျသွားပြီဆိုမှ ရေကျက်အေး အရင်သောက်ပါ။ ပြီးတော့မှ ရေခဲရေ အနည်းငယ် သောက်ပါ။၂။အအေးမိ၊ ဖျားနာ၊ နှာစေး၊ နှာပိတ် ဖြစ်နေချိန် ရေခဲရေကို တတ်နိုင်သလောက် ရှောင်ပါ။ ရေခဲရေအစား ရေကျက်နွေး သို့မဟုတ်ကြက်စွပ်ပြုတ်လေး သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။၃။ ရေခဲရေဟာလည်း ကိုယ်ခန္ဓာအတွင်း ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်ဆိုပေမဲ့ တစ်နေ့လုံး သောက်နေလို့တော့ အဆင်မပြေပါဘူး။၄။ တစ်နေ့ကို ရေပမာဏ ၃လီတာ သောက်တယ်ဆိုရင် ရေခဲရေကို လီတာဝက် (ရေတစ်ခွက်၊ နှစ်ခွက်) လောက်ပဲ သောက်ပေးတာ ပိုကောင်းပါတယ်။၅။ အစာစားရင်းနဲ့ ရေခဲရေကို မသောက်ပါနဲ့။ အစာမစားခင် သို့မဟုတ် အစာစားပြီး နည်းနည်းကြာသွားတော့မှ ရေခဲရေ သောက်ပေးပါ။၆။ ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်တတ်သူတွေ၊ အလုပ်ခွင်မှာ အမြဲတမ်း စကားပြောဆိုဆက်ဆံနေရတာ၊ အသံကို အခြေပြုပြီး အလုပ်လုပ်နေရတဲ့သူတွေဆိုရင် ရေခဲရေကို တတ်နိုင်သလောက် ရှောင်ပေးရပါမယ်။အားလုံးပဲ နွေနေပူပူကို အန်တုရင်း သာယာပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9b%e1%80%b1%e1%80%81%e1%80%b2%e1%80%9b%e1%80%b1-%e1%80%99%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%84%e1%80%ba-%e1%80%92%e1%80%ab%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad/